ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.45.0-wmf.3
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
100
399
18631
17573
2025-06-02T15:05:40Z
Ninjastrikers
39
18631
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]နှင့် ဆက်စပ်သော လုပ်ဆောင်ချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ထုတ်ပြန်ခဲ့သည်များ ==
* [[မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၁]]
* [[မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၂]]
* [[မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၃]]
* [[မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၄]]
* [[မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၅]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:မြန်မာဘာသာ]]
jaxbr4vivwd6pcl6bxftfws3txic9x7
မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၁
100
400
18633
18564
2025-06-02T15:06:10Z
Ninjastrikers
39
18633
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၁ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၆၂/၂၀၂၁]]
== အမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၀/၂၀၂၁]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၈၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၃၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၅၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၈၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၉၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၉၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၉၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၂၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၃၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၃၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၈၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၈၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၈၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၀၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၀၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၄၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၄၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၅၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၆၆/၂၀၂၁]]
== စစ်အုပ်ချုပ်ရေးအမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၁]]
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
8mfa2juqih20gsg9660sam6h5qqg9rc
18678
18633
2025-06-03T09:59:49Z
Salai Rungtoi
371
/* အမိန့်များ */

* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၀၀/၂၀၂၁]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၈၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၃၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၄၇/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၅၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၈၈/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၉၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၉၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၉၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၂၉/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၃၀/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၃၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၃၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၇၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၈၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၈၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၈၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၀၅/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၀၆/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၂၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၄၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၄၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၅၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၆၆/၂၀၂၁]]
== စစ်အုပ်ချုပ်ရေးအမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၁]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၁]]
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
t3om8z2ly6ldaxqov7ngjhinflsow0k
မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၂
100
401
18634
1382
2025-06-02T15:06:14Z
Ninjastrikers
39
18634
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၂ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၉/၂၀၂၂]]
== အမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၂]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၀/၂၀၂၂]]
== ကြေညာချက်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်အမှတ် ၂/၂၀၂၂]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၂]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၂/၂၀၂၂]]
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
fdocbc3ebvuxatdvy8hpu96dnqytohv
18672
18634
2025-06-03T06:09:47Z

* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂৭/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၃/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၄/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀/၂၀၂၂]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၂]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၀/၂၀၂၂]]
== ကြေညာချက်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်အမှတ် ၂/၂၀၂၂]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၂]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၂/၂၀၂၂]]
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
7hvo2a0p78alube24jozt36c8u25k9h
မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၃
100
402
18635
1385
2025-06-02T15:06:18Z
Ninjastrikers
39
18635
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၃ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၃]]
== အမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀၄/၂၀၂၃]]
== စစ်အုပ်ချုပ်ရေးအမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/၂၀၂၃]]
== ကြေညာချက်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၃]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၃]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၂/၂၀၂၃]]
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
oskdoj32b15mcxmha48vshfbuxs5ecv
18673
18635
2025-06-03T06:11:48Z
Salai Rungtoi
371
/* အမိန့်များ */
18673
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၃ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၃]]
== အမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀/၂၀၂၃]]
== စစ်အုပ်ချုပ်ရေးအမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၆/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၈/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၉/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၀/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၁/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/၂၀၂၃]]
== ကြေညာချက်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၃]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၃]]
* [[အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၂/၂၀၂၃]]
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
skm8cmgaookqk2as8110ve1i8se3xxv
မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၄
100
403
18636
1395
2025-06-02T15:06:24Z
Ninjastrikers
39
18636
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၄ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၆/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၈/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၉/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၀/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၄/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၆/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၇/၂၀၂၄]]
== အမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၀/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၆/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၇/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၉/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၆/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၇/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂/၂၀၂၄]]
== စစ်အုပ်ချုပ်ရေးအမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၄]]
== အမိန့်ကြော်ငြာစာများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၄]]
== ကြေညာချက်များ ==
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
fv4j6d3l7jyquzmb0ywqjg6strc67s8
မုခ်ဝ:မြန်မာနိုင်ငံ
100
422
18640
1479
2025-06-02T15:19:12Z
Ninjastrikers
39
18640
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = မြန်မာနိုင်ငံ
| class = I
| subclass1 = N
| parent =
| reviewed =
| notes = ဤစာမျက်နှာသည် မြန်မာနိုင်ငံနှင့် ဆက်စပ်ပတ်သက်သော စာရွက်စာတမ်းများ စာရင်း ဖြစ်သည်။
| forcecat =
}}
[[File:Flag of Myanmar.svg|right|thumb|alt=မြန်မာနိုင်ငံ၏ အလံ|မြန်မာနိုင်ငံ၏ အလံ]]
==လုပ်ဆောင်ချက်များ==
* [[ကမ္ဘာမကျေ]] - နိုင်ငံတော်သီချင်း
* [[Grammar of the Burmese Language]] - [[Author:ယုဒသန်|အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်)]] (၁၈၈၃)
* [[Government of Burma Act, 1935]]
* [[ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ]] (၁၉၄၃)
* [[ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ]] (၁၉၄၈)
* [[ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]] (၁၉၇၄)
* [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]] (၂၀၀၈)
[[Category:မြန်မာနိုင်ငံ]]
6togbog5gl4tqy8qoknnva0hhqkvitj
မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေ
100
424
18617
1485
2025-06-02T14:45:28Z
Ninjastrikers
39
[[မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေများ]] စာမျက်နှာကို [[မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေ]] သို့ Ninjastrikersက ရွှေ့ခဲ့သည်
1484
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = မြန်မာနိုင်ငံ၏ ဥပဒေများ
| class = K
| subclass1 = N
| subclass2 = L
| reviewed =
| commonscat = Law_of_Myanmar
| shortcut =
| notes =
| portal = ပြည်ထောင်စုအစိုးရအဖွဲ့
}}[[Category:မြန်မာနိုင်ငံ၏ ဥပဒေများ| ]]
== ဖွဲ့စည်းပုံ ==
* [[Government of Burma Act, 1935]]
* [[ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ]] (၁၉၄၃)
* [[ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ]] (၁၉၄၈)
* [[ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]] (၁၉၇၄)
* [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]] (၂၀၀၈)
== ဥပဒေပြုရေး ==
* '''[[Portal:ပြည်ထောင်စုအစိုးရအဖွဲ့/ဥပဒေပြုရေးမဏ္ဍိုင်]]'''
* '''[[Portal:ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ]]'''
== အုပ်ချုပ်ရေး ==
* '''[[Portal:ပြည်ထောင်စုအစိုးရအဖွဲ့/အုပ်ချုပ်ရေးမဏ္ဍိုင်]]'''
== တရားစီရင်ရေး ==
* '''[[Portal:ပြည်ထောင်စုအစိုးရအဖွဲ့/တရားစီရင်ရေးမဏ္ဍိုင်]]'''
* '''[[Portal:ပြည်ထောင်စုတရားလွှတ်တော်ချုပ်]]'''
[[Category:မြန်မာဘာသာ]]
bq7sxt60n0tibj07lw2rgwb50412y59
တမ်းပလိတ်:Library of Congress Classification
10
446
18619
1561
2025-06-02T14:45:48Z
Ninjastrikers
39
အကြောင်းအရာ "{{#invoke:Library of Congress Classification|classification}}<noinclude>{{documentation}}</noinclude>" ဖြင့် အစားထိုးခဲ့သည်
18619
wikitext
text/x-wiki
{{#invoke:Library of Congress Classification|classification}}<noinclude>{{documentation}}</noinclude>
41cghg2zqwno02jqgse1jiyi9qxpztj
တမ်းပလိတ်:PD-Myanmar-exempt
10
451
18677
1574
2025-06-03T06:45:11Z
Salai Rungtoi
371
fixed the dead link to a live one
18677
wikitext
text/x-wiki
{{license
| image = PD-icon.svg
| image_r = Flag of Myanmar.svg
| category = {{{category|PD-MM}}}
| text = ဤဖန်တီးမှုသည် '''မြန်မာနိုင်ငံ'''တွင် အခြေတည်ခဲ့ပြီး အောက်ပါအချက်များကြောင့် '''ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူပိုင်'''အဖြစ် သတ်မှတ်နိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ [https://www.wipo.int/wipolex/en/legislation/details/22939 စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ (၂၀၁၉ ခုနှစ်)] ပုဒ်မ ၁၆ အရ
'''၁၆'''။ ပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာလက်ရာသည် အောက်ပါအချက်အလက် တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးအတွက် အကာအကွယ် မရရှိစေရ-
:(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ် အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
:(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊
:(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊
:(ဃ) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာန များမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊
:(င) တရားရုံးစီရင်ချက်များနှင့်အမိန့်များ၊
:(စ) ပုဒ်မခွဲ (ဂ) မှ (င) အထိပါ အချက်အလက်များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။
}}<noinclude>
{{documentation}}
[[Category:License templates]]
[[Category:မြန်မာဘာသာ တမ်းပလိတ်များ]]
</noinclude>
pfy6mpeux97kqnqvtp5s8kt0b8goxko
တမ်းပလိတ်:မုခ်ဝ အမျိုးအစား
10
468
18642
18492
2025-06-02T15:21:41Z
Ninjastrikers
39
18642
wikitext
text/x-wiki
<div style="background:#f9f9f9; border:solid #aaa 1px; font-size:0.90em; margin:0.5ex 1.00em 1.00em 0; padding:4px; min-width:6em; text-align:center; display:inline-block;">
<div><span style="font-size:0.90em; font-variant:small-caps;">Class</span></div><!-- Title text of the template -->
<div><span style="font-size:144%; font-weight:bold;">{{#if: {{{class|}}}
| {{#switch: {{{class}}}<!-- If defined as "none" (rather than left blank) it will display "n/a" -->
| none = n/a
| #default = [[Portal:{{Library of Congress Classification<!-- If a class if defined, find the right portal -->
| class = {{{class}}}
}}|{{uc:{{{class|}}}}}]]
}}
| {{#switch: {{NAMESPACE}} | {{ns:Portal}} = ? | #default = n/a}}<!-- If no class is defined
In Portal: namespace this will result in a question mark and automatically categorise the portal as unclassified
Elsewhere, this will just result in the term "n/a" appearing.
-->
}}{{#if: {{{subclass1|}}}<!-- The second letter of the classification if provided -->
| [[Portal:{{Library of Congress Classification
| class = {{{class}}}
| subclass1 = {{{subclass1}}}
}}|{{uc:{{{subclass1|}}}}}]]
|<!--Nothing appears if subclass1 is undefined -->
}}{{#if: {{{subclass2|}}}<!-- The third and final letter of the classification if provided -->
| [[Portal:{{Library of Congress Classification
| class = {{{class}}}
| subclass1 = {{{subclass1}}}
| subclass2 = {{{subclass2}}}
}}|{{uc:{{{subclass2|}}}}}]]
|<!--Nothing appears if subclass2 is undefined -->
}}</span></div>
<div style="font-size:0.90em;">[[Portal:မုခ်ဝများ|ပင်မ]]/[[Portal:အညွှန်း|အညွှန်း]]</div><!-- Base text to top and bottom portals of the entire Portal: namspace -->
<!--
The following code is for the automatic subclassification of all portals by class (which is useful for both maintenance and browsing)
-->{{#ifeq: {{{class}}}
| none
| <!-- "none" = no category -->
| {{#switch: {{NAMESPACE}}
| {{ns:မုခ်ဝ}} = [[Category:{{#switch: {{lc:{{{class}}}}}
| a = အထွေထွေ
| b = Ideology
| c = Historiography
| d = ကမ္ဘာ့သမိုင်း
| e = United States
| f = American history
| g = Geo-anthropology
| h = လူမှုရေးသိပ္ပံ
| i = နိုင်ငံ
| j = နိုင်ငံရေးသိပ္ပံ
| k = ဥပဒေ
| l = ပညာရေး
| m = ဂီတ
| n = အနုပညာ
| p = ဘာသာစကား
| q = သိပ္ပံ
| r = ဆေးပညာ
| s = စိုက်ပျိုးမွေးမြူရေး
| t = နည်းပညာ
| u = စစ်ရေး
| v = Naval
| x = Miscellaneous
| z = စာကြည့်တိုက်
| #default = အမျိုးအစား မခွဲထားသော
}} မုခ်ဝများ|{{PAGENAME}}]]
| #default = <!-- no categories in non-Portal namespaces -->
}} <!-- end of namespace #switch -->
}} <!-- end of class=none #ifeq -->
</div><noinclude>
{{documentation}}
[[Category:မြန်မာဘာသာ တမ်းပလိတ်များ]]</noinclude>
s9hkevstuiow9jvpe2zgb0f27lwovn7
တမ်းပလိတ်:အသစ်များ
10
475
18643
17944
2025-06-02T15:29:07Z
Ninjastrikers
39
18643
wikitext
text/x-wiki
===စာမျက်နှာအသစ်များ===
__NOEDITSECTION__<!-- insert new item(s) at the top, then move the equivalent number from the bottom to the second list - please do not use text formatting or link templates in this template -->
<onlyinclude>
{{အသစ်များ/item|အလောင်းမင်းတရား၏ ရွှေပေစာ|အလောင်းမင်းတရား|၁၇၅၆|nowiki=yes|display=ဗြိတိသျှဘုရင် ဒုတိယမြောက်ဂျော့ထံသို့ ပေးပို့သည့် ရွှေပေစာ }}
{{အသစ်များ/item|ဆိုက်ဘာလုံခြုံရေးဥပဒေ|နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|၂၀၂၅|nowiki=yes}}
{{အသစ်များ/item|အာဆီယံ ပဋိညာဉ်စာတမ်း|အရှေ့တောင်အာရှနိုင်ငံများအသင်း |၂၀၀၈|nowiki=yes}}
{{အသစ်များ/item|ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ|ကုလသမဂ္ဂ|၁၉၄၅|nowiki=yes}}
{{အသစ်များ/item|နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ|နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|၂၀၁၀|nowiki=yes}}
{{အသစ်များ/item|မဟာရစ်စေတီ ကျောက်စာ|ဖုန်းမြတ်ကြီးသမန္တဘဒြာမဟာထေရ်|၆၆၂|nowiki=yes}}
{{အသစ်များ/item|ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ|အမတ်ကြီးဣန္ဒပဇ္ဇရာ|၆၅၆|nowiki=yes}}
</onlyinclude>
[[Category:ဗဟိုစာမျက်နှာ တမ်းပလိတ်များ|{{BASEPAGENAME}}]]
rj6vfod3dgh3q8u2bc3qmw71t3xj7i9
ကမ္ဘာမကျေ
0
526
18641
1826
2025-06-02T15:19:56Z
Ninjastrikers
39
18641
wikitext
text/x-wiki
{{header
| title = ကမ္ဘာမကျေ
| author = ဆရာတင်
| section =
| previous =
| next =
| year = 1947
| portal = နိုင်ငံတော်သီချင်းများ
| wikipedia =
| notes = ''ကမ္ဘာမကျေ''သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ်သည်။ သီချင်း၏ အစပိုင်း(ခြေဆင်း) ကို မြန်မာ့ရိုးရာသံစဉ်ဖြင့် တီးခတ်ထားခဲ့သည်။ ထို့နောက် အနောက်တိုင်းဂီတသံစဉ်သို့ ပြောင်းလဲ တီးခတ်ထားသည်ကို တွေ့ရသည်။
''ဤသီချင်းစာသား၊ သံစဉ်များကို ဝိုင်အမ်ဘီ ဆရာတင် ခေါ် သခင်တင် ရေးစပ်သီကုံးထားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ တွင် တိုင်းပြုပြည်ပြု လွှတ်တော် တတိယညီလာခံ ဆဋ္ဌမမြောက် အစည်းအဝေး မှ ကမ္ဘာမကျေ ကို နိုင်ငံတော်သီချင်း အဖြစ် အတည်ပြုခဲ့သည်။''
: — အခမဲ့လွတ်လပ်စွယ်စုံကျမ်း [[w:my:ဗဟိုစာမျက်နှာ|ဝီကီပီးဒီးယား]] ၏ [[w:my:ကမ္ဘာမကျေ|ကမ္ဘာမကျေ]] ဆောင်းပါးမှ ထုတ်နုတ်ထားသည်။
}}
==သီချင်းစာသား==
: တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊
: တို့ပြည်၊ တို့မြေ၊
: များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊
: ခွင့်တူညီမျှ၊ ဝါဒ ဖြူစင်တဲ့ ပြည်၊
: တို့ပြည်၊ တို့မြေ၊
: ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊
: အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ ။
: (ကမ္ဘာမကျေ၊ မြန်မာပြည်၊
: တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။)
: ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊
: ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။
: တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ
: ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။
[[Category:နိုင်ငံတော်သီချင်းများ]]
[[Category:မြန်မာနိုင်ငံ]]
[[Category:မြန်မာဘာသာ]]
j6kg4tro6is41hya7m9b27nwjiwzwdp
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄
0
1312
18606
18593
2025-06-02T14:24:58Z
Ninjastrikers
39
18606
wikitext
text/x-wiki
{{header
| title = တန်းပြည့်စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြေညာခြင်း
| override_author = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| translator =
| section =
| previous =
| next = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄]]
| year = 2024
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး '''<br>
'''အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄)'''<br>
'''၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်'''<br>
'''( ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်)'''<br>
'''တန်းပြည့်စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြေညာခြင်း'''}}
'''၁။''' တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် [[၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ]]ပုဒ်မ ၈ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
'''၂။''' မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများ၊ နယ်ခြားစောင့်တာဝန်၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ကြရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဃ) အရ တန်းပြည့်စစ်မှုထမ်းချိန်၌ စစ်စခန်းတွင်ဖြစ်စေ၊ စစ်ချီနေသည့် အခါတွင်ဖြစ်စေ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုကတာဝန်ပေးခြင်းခံရသူများ၊ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုတွင် အမှုထမ်းရွက်နေသူများ၊ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တန်းပြည့်စစ်မှုထမ်းနေကြရသူများအဖြစ်မှတ်ယူရမည်။
'''၃။''' နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း ဤအမိန့်ကြော်ငြာစာသည် အတည်ဖြစ်သည်။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်ကြော်ငြာစာများ]]
7t116k6kukw0mxbnurzbn9cy2f5razh
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၁/၂၀၂၁
0
1313
18607
18551
2025-06-02T14:25:25Z
Ninjastrikers
39
18607
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း
| override_author = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| translator =
| section =
| previous =
| next = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁]]
| year = 2021
| portal = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikipedia =
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၁/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}}
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
31qbu6zqy4o54310ktp74epe82q2uez
18659
18607
2025-06-03T02:35:10Z
Salai Rungtoi
371
18659
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း
| override_author = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| translator =
| section =
| previous =
| next = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁]]
| year = ၂၀၂၁
| portal = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikipedia =
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၁/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
'''ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် <br>တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''}}
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
0od65y908c25i2dziqstgkj5dpefq5r
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁
0
1314
18666
4346
2025-06-03T02:48:57Z
Salai Rungtoi
371
18666
wikitext
text/x-wiki
{{header
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| translator =
| section =
| previous = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁]]
| next =
| year = ၂၀၂၁
| portal = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikipedia = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၉/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)}}
[[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
{|
|+
|-
| (က) || ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် || ဥက္ကဋ္ဌ
|-
| (ခ) || ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း || ဒုတိယဥက္ကဋ္ဌ
|-
| (ဂ) || ဗိုလ်ချုပ်ကြီး မြထွန်းဦး || အဖွဲ့ဝင်
|-
| (ဃ) || ဗိုလ်ချုပ်ကြီး တင်အောင်စန်း || အဖွဲ့ဝင်
|-
| (င) || ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် || အဖွဲ့ဝင်
|-
| (စ) || ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း || အဖွဲ့ဝင်
|-
| (ဆ) || ဖဒိုမန်းငြိမ်းမောင် || အဖွဲ့ဝင်
|-
| (ဇ) || ဦးသိန်းညွန့် || အဖွဲ့ဝင်
|-
| (ဈ) || ဦးခင်မောင်ဆွေ || အဖွဲ့ဝင်
|-
| (ည) || ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး || အတွင်းရေးမှူး
|-
| (ဋ) || ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး || တွဲဖက်အတွင်းရေးမှူး
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
nf6bgrishxygnw3rq6nrxxpzfgznq9l
18667
18666
2025-06-03T02:51:05Z
Salai Rungtoi
371
18667
wikitext
text/x-wiki
{{header
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| translator =
| section =
| previous = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၁]]
| year = ၂၀၂၁
| portal = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikipedia = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၉/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)}}
[[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
{|
|+
|-
| (က) || ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် || ဥက္ကဋ္ဌ
|-
| (ခ) || ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း || ဒုတိယဥက္ကဋ္ဌ
|-
| (ဂ) || ဗိုလ်ချုပ်ကြီး မြထွန်းဦး || အဖွဲ့ဝင်
|-
| (ဃ) || ဗိုလ်ချုပ်ကြီး တင်အောင်စန်း || အဖွဲ့ဝင်
|-
| (င) || ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် || အဖွဲ့ဝင်
|-
| (စ) || ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း || အဖွဲ့ဝင်
|-
| (ဆ) || ဖဒိုမန်းငြိမ်းမောင် || အဖွဲ့ဝင်
|-
| (ဇ) || ဦးသိန်းညွန့် || အဖွဲ့ဝင်
|-
| (ဈ) || ဦးခင်မောင်ဆွေ || အဖွဲ့ဝင်
|-
| (ည) || ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး || အတွင်းရေးမှူး
|-
| (ဋ) || ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး || တွဲဖက်အတွင်းရေးမှူး
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
rhp3sbeumo2mr2l6ctb3osqjvzk0mhc
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄
0
1822
18674
18466
2025-06-03T06:22:21Z
Salai Rungtoi
371
18674
wikitext
text/x-wiki
{{header
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၄]]
| year = 2024
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၁/၂၀၂၄'''
၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)}}
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
:(က) မိုးမိတ်မြို့နယ်
:(ခ) မဘိမ်းမြို့နယ်
၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။
{{right|အမိန့်အရ<br>
အောင်လင်းဒွေး<br>
ဒုတိယဗိုလ်ချုပ်ကြီး<br>
အတွင်းရေးမှူး<br>
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}
{{PD-Myanmar-exempt}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:စစ်အုပ်ချုပ်ရေးအမိန့်များ]]
53jngqc22y3svf54vd1stnsuq2hjcmg
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃
0
1825
18675
5914
2025-06-03T06:29:30Z
Salai Rungtoi
371
18675
wikitext
text/x-wiki
{{header
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၁/၂၀၂၃]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄]]
| year = 2023
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာချက်များ
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၁၂/၂၀၂၃'''
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်)}}
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၁၀/ ၂၀၂၃ နှင့် အမိန့်အမှတ် ၁၁/၂၀၂၃တို့ဖြင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသ ကွပ်ကဲရေးမှူးတို့အား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်င့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)တို့၏ နယ်မြေများဖြစ်သည့် သတ်မှတ်မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။
၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးတို့၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။
၃။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများသတ်မှတ်၍ စစ်နယ်မြေမှူးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
၄။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့် သော်လည်းကောင်း အောက်ပါကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-
:(က) '''အုပ်ချုပ်ရေး'''
::(၁) လုံခြုံရေးကိစ္စရပ်များ၊
::(၂) လူမှုရေးကိစ္စရပ်များ၊
::(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
::(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
:( ခ ) '''တရားစီရင်ရေး'''
::(၁) '''တရားရုံးများဖွဲ့စည်းခြင်း'''။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေ အရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
::(၂) '''စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း'''။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။
::(၃) '''ပြစ်ဒဏ်ချမှတ်ခြင်း'''။ နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦး အား စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-
:::(ကက) သေဒဏ်၊
:::( ခ ခ ) နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊
:::( ဂ ဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။
::(၄) '''အတည်ပြုခြင်း'''။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးတို့၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည်-
:::(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း။
:::( ခ ခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း။
:::( ဂ ဂ ) ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း။
:::(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်း။
::(၅) '''အယူခံခြင်း'''။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
::(၆) '''ပြင်ဆင်မှုလျှောက်ထားခြင်း'''။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅) ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးများထံသို့ လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးများသည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
:::(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
:::( ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
:::( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊
:::(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
::(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးများက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့် ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့် နိုင်သည်။
၅။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။
၆။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ အစီရင်ခံရမည်။
{{right|အမိန့်အရ<br>
အောင်လင်းဒွေး<br>
ဒုတိယဗိုလ်ချုပ်ကြီး<br>
အတွင်းရေးမှူး<br>
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}
{{right|'''နောက်ဆက်တွဲဇယား(က)'''}}
{{center|'''စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ'''}}
၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊
၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊
၃။ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊
၄။ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက် ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊
၅။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊
၆။ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့် စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊
၇။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊
၈။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊
၉။ လူသတ်မှု၊
၁၀။ လူသေမှု၊
၁၁။ မုဒိမ်းမှု၊
၁၂။ လုယက်မှု၊
၁၃။ ဓားပြမှု၊
၁၄။ အဂတိလိုက်စားမှု၊
၁၅။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊
၁၆။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊
၁၇။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊
၁၈။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊
၁၉။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊
၂၀။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ။
၂၁။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊
၂၂။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊
၂၃။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ၊
{{PD-Myanmar-exempt}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
maz314eiguq9x0pr8or0syivcqla0o4
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၁
0
1835
18676
18455
2025-06-03T06:36:57Z
Salai Rungtoi
371
18676
wikitext
text/x-wiki
{{ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၅/၂၀၂၁
| author = အောင်လင်းဒွေး
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၄/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၃]]
| year = ၂၀၂၁
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၅/၂၀၂၁'''
'''၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်'''
'''( ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်)'''}}
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၃ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်စွဲပါ [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ_စစ်အုပ်ချုပ်ရေးအမိန့်အမှတ်_၄/၂၀၂၁|စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၄ / ၂၀၂၁]]ဖြင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။
၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ ကွပ်ကဲမှုအရ ဆောင်ရွက် ရမည်။
၃။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ် ၍စစ်နယ်မြေမှူးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ် ရေးအမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
၄။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အောက်ပါကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-
:(က) အုပ်ချုပ်ရေး
::(၁) လုံခြုံရေးကိစ္စရပ်များ၊
::(၂) လူမှုရေးကိစ္စရပ်များ၊
::(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
::(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
:( ခ ) တရားစီရင်ရေး
::(၁) တရားရုံးများဖွဲ့စည်းခြင်း။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ် ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်း ထားသောတရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်း သည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
::(၂) စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်း နည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။
::(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန် သူတစ်ဦးအား စစ်ခုံရုံးကပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည်-
:::(ကက) သေဒဏ်၊
:::( ခ ခ ) နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊
:::( ဂ ဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။
::(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက် များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ် စီရင်ပါက ထိုသို့ စီရင်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက် ရရှိမှသာအတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
:::(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း။
:::( ခ ခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း။
:::( ဂ ဂ ) ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့လျော့ပေါ့ ပြောင်းလဲ ခြင်း။
:::(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်း။
::(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက် များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
::(၆) ပြင်ဆင်မှုလျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ် ခြင်းခံရသည့်နေ့မှ(၁၅)ရက်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့် ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
:::(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
:::( ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
:::( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊
:::(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
::(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့်ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့် နိုင်သည်။
၅။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။
၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ အစီရင်ခံရမည်။
{{right|အမိန့်အရ
(ပုံ)အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:စစ်အုပ်ချုပ်ရေးအမိန့်များ]]
jw1ly53y17tkmz01u26idypf7bsqztm
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၁
0
1845
18669
18535
2025-06-03T05:15:56Z
Salai Rungtoi
371
18669
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၁]]
| year = ၂၀၂၁
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia = ပြည်ထောင်စုရှေ့နေချုပ်
| notes =
}}
{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''အမိန့်အမှတ် (၁/၂၀၂၁)'''
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်'''
'''( ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)'''
'''ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း'''}}
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒေါက်တာ သီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
{{right|အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:၁/၂၀၂၁}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
l8ydzl6mw6ajpmtafztwycuknnl21gs
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၁
0
1856
18679
18549
2025-06-03T11:15:09Z
Salai Rungtoi
371
18679
wikitext
text/x-wiki
{{header
| title = တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၁]]
| year = ၂၀၂၁
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''(တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း)'''
'''အမိန့်အမှတ် (၁၆/၂၀၂၁)'''
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်'''
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)'''}}
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်-
{|
|+
|-
| (၁) || စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ || ဥက္ကဋ္ဌ
|-
| (၂) || တပ်မတော်အရာရှိကြီး (၁) ဦး || အဖွဲ့ဝင်
|-
| (၃) || ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး || အဖွဲ့ဝင်
|-
| (၄) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး || အဖွဲ့ဝင်
|-
| (၅) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး || အဖွဲ့ဝင်
|-
| (၆) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး || အတွင်းရေးမှူး
|}
{{right|အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
0y0g1b6gz7a37armph9clcl4ksdr2g9
18680
18679
2025-06-03T11:16:56Z
Salai Rungtoi
371
18680
wikitext
text/x-wiki
{{header
| title = တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၁]]
| year = ၂၀၂၁
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း'''
'''အမိန့်အမှတ် (၁၆/၂၀၂၁)'''
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်'''
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)'''}}
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်-
{|
|+
|-
| (၁) || စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ || ဥက္ကဋ္ဌ
|-
| (၂) || တပ်မတော်အရာရှိကြီး (၁) ဦး || အဖွဲ့ဝင်
|-
| (၃) || ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး || အဖွဲ့ဝင်
|-
| (၄) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး || အဖွဲ့ဝင်
|-
| (၅) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး || အဖွဲ့ဝင်
|-
| (၆) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး || အတွင်းရေးမှူး
|}
{{right|အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
huwk5vkqjpsig9romyfao59khfbmo5x
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
0
4440
18671
18490
2025-06-03T05:33:06Z
Salai Rungtoi
371
18671
wikitext
text/x-wiki
{{header
| title = ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁
| author = နိုင်ငံတော်သမ္မတရုံး
| translator =
| section =
| previous =
| next =
| year = ၂၀၂၁
| portal = အစိုးရပြန်တမ်း
| wikipedia =
| notes =
}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်<br>
'''နိုင်ငံတော်သမ္မတရုံး'''<br>
'''ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်'''<br>
'''အမိန့်အမှတ် (၁/၂၀၂၁)'''<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်'''<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)'''}}
၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။
၂။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆိုးဝါးစွာလွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သဖြင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်နေပါသည်။
၃။ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့် အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေးအစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ#အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ|ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇]] ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့/ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲအလံ လွှင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်စေလျက်ရှိသည်။
၄။ အဆိုပါပြဿနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာလိုက်သည်။
၅။ မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက်သည်။
၆။ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်သည်။
{{right|(ပုံ) မြင့်ဆွေ<br>
ယာယီသမ္မတ<br>
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:မြန်မာနိုင်ငံ အစိုးရပြန်တမ်းများ]]
hc0y4t1yq6vpmxsnwum3tehod7o5fcq
မုခ်ဝ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/၂၀၂၅
100
5388
18632
17574
2025-06-02T15:06:00Z
Ninjastrikers
39
18632
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၅ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၂၅]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
k9ovg7s43cwhhcmlilv47i21opkvzi6
18670
18632
2025-06-03T05:23:46Z
Salai Rungtoi
371
/* ဥပဒေများ */
18670
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| class = J
| subclass1 =
| shortcut =
| wikipedia =
| commonscat =
| notes = ဤသည်မှာ [[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]မှ ၂၀၂၅ အတွင်း ထုတ်ပြန်ခဲ့သော အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ အညွှန်းစာမျက်နှာ ဖြစ်သည်။
}}
== ဥပဒေများ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၂၅]]
== အမိန့်များ ==
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၂/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၃/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၉/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၀/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၁/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၂/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၃/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၆/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂৭/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၉/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၁/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၆/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၇/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၃/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၄/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၅]]
* [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀/၂၀၂၅]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
29jfxy3115h0i2a2vi3s5tj7vs0wpqs
သံအိမ်စံမင်းသား
0
5580
18644
18602
2025-06-02T22:23:50Z
Tejinda
173
18644
wikitext
text/x-wiki
{{header
| title = [[သံအိမ်စံမင်းသား]]
| author = ဖားအောက်ဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section =
| previous = [[အဘယ်ကို ပေးလှူရမှာလဲ?]]
| previous2 =
| next = [[အမေးလေးထွေ အဖြေလေးရပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဝိပဿနာ
| shortcut =
| portal =
}} <h3>သံအိမ်စံမင်းသား</h3>
<p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</b></p>
<h3>နိဒါနကထာ</h3>
<p>တစ်ချိန် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာတော်အပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ခရီးဒေသစာရီ ကြွချီတော်မူသည်ရှိသော် ကောသလမင်းသားတို့၏ <b>ဣစ္ဆာနင်္ဂလ</b>အမည်ရ သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်တော်မူ၏။ ဘုရားရှင်နှင့် သံဃာတော် အရှင် မြတ်အပေါင်းသည် ထို<b>ဣစ္ဆာနင်္ဂလ</b>ရွာအနီး၌ တည်ရှိသော <b>ဣစ္ဆာနင်္ဂလ</b>တောအုပ်အတွင်း၌ သီတင်းသုံး စံနေတော်မူ၏။</p>
<p>ထိုအခါ <b>ဣစ္ဆာနင်္ဂလ</b>ရွာသား ပုဏ္ဏားများနှင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဘုရှားရှင်၏ ထင်ရှားကျော်ကြားတော်မူသော ဂုဏ်တော်ကျေးဇူးတော်တို့အပေါ်၌ ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် ထိုညဉ့် လွန်မြောက် နောက်တစ်နေ့သို့ ရောက်သောအခါ၌ များစွာကုန်သော ခဲဖွယ် စားဖွယ် အသွယ်သွယ်တို့ကို ယူဆောင်ကာ <b>ဣစ္ဆာနင်္ဂလ</b>တောအုပ်အတွင်းသို့ ချဉ်းကပ်ကုန်ပြီးလျှင် တံခါးမုခ်အပြင်ဘက်၌ ပြင်းပြကျယ်လောင်သောအသံ ရှိကုန်သည်ဖြစ်၍ တည်နေကြကုန်၏။</p>
<p>ထိုစဉ်အခါ၌ အရှင်<b>နာဂိတ</b>သည် ဘုရားရှင်၏ အလုပ်အကျွေးရဟန်းတော် ဖြစ်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်<b>နာဂိတ</b>ကို --</p>
<p>နာဂိတ ... ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း?ဟု မေးမြန်းတော်မူ၏။</p>
<p>မြတ်စွာဘုရား ... ဤသူတို့ကား ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားများနှင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ပါတည်း။ များစွာကုန်သော ခဲဖွယ် စားဖွယ် အသွယ်သွယ်ကို ယူဆောင်ကြကာ တံခါးမုခ်အပြင်ဘက်၌ မြတ်စွာဘုရားကိုလည်းကောင်း, ရဟန်းသံဃာတော်ကိုလည်းကောင်း ရည်မှန်းပြီးလျှင် ရပ်တည်နေကြပါကုန်သည် မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားတော်မူ လေသည်။</p>
<p>ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏ --</p>
<p>နာဂိတ ... ငါဘုရားရှင်သည် အခြံအရံ အကျော်အစောနှင့် မဆက်ဆံလိုပါ၊ အခြံအရံ အကျော်အစောသည်လည်း ငါဘုရားရှင်နှင့်အတူ မဆက်ဆံပါစေလင့်။</p>
<p>နာဂိတ ...</p>
<ol>
<li>ဤကာမဂုဏ်မှ ထွက်မြောက်မှု <b>နေက္ခမ္မချမ်းသာ</b>၊</li>
<li>(ပထမစျာန်, ဒုတိယစျာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏ တို့မှ ကင်းဆိတ်မှု <b>ပဝိဝေကချမ်းသာ</b>၊ <b>(အံ၊ဋ္ဌ၊၃၊၆၂။)</b></li>
<li>ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု <b>ဥပသမချမ်းသာ</b>၊ <b>(အံ၊ဋ္ဌ၊၂၊၁၀၄။)</b></li>
<li>လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု <b>သမ္ဗောဓချမ်းသာ</b>။ <b>(အံ၊ဋ္ဌ၊၂၊၁၀၄။)</b></li>
</ol>
<p>ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရရှိ နိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာခံစားလေရာ၏။</p>
<p>နာဂိတ ... ကာမဂုဏ်မှ ထွက်မြောက်မှု <b>နေက္ခမ္မချမ်းသာ</b>, (ပထမစျာန်, ဒုတိယစျာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ် မှု <b>ပဝိဝေကချမ်းသာ</b>, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု <b>ဥပသမချမ်းသာ</b>, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု <b>သမ္ဗောဓချမ်းသာ</b> -- ဤချမ်းသာ သုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရရှိသော ငါဘုရားရှင်သည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာလျှင် သာယာခံစားနိုင်ပါအံ့နည်းဟု မိန့်ကြားတော်မူ၏။</p>
<p>ထိုအခါ အရှင်<b>နာဂိတ</b>မထေရ်မြတ်က ဤသို့လျှောက်ထားတော်မူ၏---</p>
<p>မြတ်စွာဘုရား ... ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါဘုရား၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါဘုရား။ မြတ်စွာဘုရား ... ယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန်အချိန် ဖြစ်ပါသည်။ မြတ်စွာဘုရား ... ယခုအခါ၌ နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားများနှင့် အမျိုးသား အမျိုးသမီးတို့သည် မြတ်စွာဘုရား ကြွတော်မူလေရာရာ အရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါ ကုန်လိမ့်မည်။ မြတ်စွာဘုရား ...မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးဆင်းကျကုန်သကဲ့သို့ မြတ်စွာဘုရား ဤဥပမာအတူသာလျှင် နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားများနှင့် အမျိုးသား အမျိုးသမီးတို့သည် မြတ်စွာဘုရား ကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ --</p>
<p>မြတ်စွာဘုရား ... မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ ကြီးမားတော်မူခြင်းကြောင့် ဖြစ်ပါသည် မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားလေသည်။</p>
<p>ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူပြန်၏ --</p>
<p>နာဂိတ ... ငါဘုရားရှင်သည် အခြံအရံ အကျော်အစောနှင့် မဆက်ဆံလို၊ အခြံအရံ အကျော်အစောသည်လည်း ငါဘုရားရှင်နှင့်အတူ မဆက်ဆံပါစေလင့်၊ နာဂိတ ...ဤကာမဂုဏ်မှ ထွက်မြောက်မှု <b>နေက္ခမ္မ</b> ချမ်းသာ, (ပထမစျာန်, ဒုတိယစျာန်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု <b>ပဝိဝေက</b>ချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု <b>ဥပသမ</b>ချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု <b>သမ္ဗောဓ</b>ချမ်းသာ -- ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရရှိနိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို သာယာခံစားလေရာ၏။</p>
<p>ကာမဂုဏ်မှ ထွက်မြောက်မှု <b>နေက္ခမ္မ</b>ချမ်းသာ, (ပထမစျာန်, ဒုတိယစျာန် တို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော) နီဝရဏတို့မှ ကင်းဆိတ်မှု <b>ပဝိဝေက</b>ချမ်းသာ, ကိလေသာအပူမီးတို့မှ ငြိမ်းအေးမှု <b>ဥပသမ</b>ချမ်းသာ, လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်းသိမှု <b>သမ္ဗောဓ</b>ချမ်းသာ -- ဤချမ်းသာသုခ အဝဝကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရရှိနေသော ငါဘုရားရှင်သည် ထိုမစင် ကြယ်မှုချမ်းသာ, ငိုက်မျဉ်းမှုချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစော ချမ်းသာကို အဘယ်မှာလျှင် သာယာခံစားနိုင်ပါအံ့နည်း။</p>
<p>နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် (<b>ဥပစာရ-အပ္ပနာ</b> နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ်ရှိလျက် ထိုင်နေသော ရွာနီးကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ... ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းကို အာရာမ်စောင့်ကဖြစ်စေ, သာမဏေကဖြစ်စေ, သီတင်းသုံးဖော် တစ်ဦးဦးကဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေလိမ့်မည်ဟု ဤသို့သော စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ထိုကြောင့် ထိုရဟန်းအား ရွာနီးကျောင်းဝယ် နေထိုင်မှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မမူပါ။</p>
<p>နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တောထဲ၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေရဟန်းကို တွေ့မြင်ရ၏။ နာဂိတ ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းသည် ဤအိပ်ချင် ငိုက်မျဉ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်သညာကိုသာလျှင် နှလုံးသွင်းလိမ့်မည်ဟု စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ထိုကြောင့် ထိုတောနေရဟန်းအား တောနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။</p>
<p>နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တောထဲ၌ (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိမရှိသဖြင့်) မတည်ကြည်သော စိတ် ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေ ရဟန်းတစ်ပါးကို တွေ့မြင်ရ၏။ နာဂိတ ...ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းတော်သည်(ဥပစာရ- အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) မတည်ကြည်သော စိတ်ကိုလည်း (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိသို့ ဆိုက်အောင် ပွားများခြင်းဖြင့်) တည်ကြည်စေ လိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်ဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။</p>
<p>နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် တော်ထဲ၌ (ဥပစာရ-အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ် ရှိသည်ဖြစ်၍ ထိုင်နေသော တောကျောင်းနေရဟန်းတော်ကို တွေ့မြင်ရ၏။ နာဂိတ ... ထိုငါဘုရားရှင်အား ယခုအခါ၌ ဤရဟန်းတော်သည် ကိလေသာတို့မှ မလွတ်မြောက်သေးသော စိတ်ကိုလည်း လွတ်မြောက်စေလိမ့်မည်၊ ကိလေသာတို့မှ လွတ်မြောက်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်ဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်တော်မူခဲ့၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းတော်အား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မူ၏။</p>
<p>နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် သင်္ကန်း-ဆွမ်း-ကျောင်း-သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရလေ့ရှိသော ရွာနီးကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏။ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ပါးထီးတည်း ကိန်းအောင်းမှုကို စွန့်လွှတ်ထား၏၊ ရွာနိဂုံးနှင့် ဝေးကွာသည့် အစွန် အဖျားကျသော တောကျောင်း တောင်ကျောင်းတို့ကို စွန့်လွှတ်ထား၏၊ ရွာနိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်ကာ နေထိုင်သီတင်းသုံး၏။ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက်တော်မမူ။</p>
<p>နာဂိတ ... ဤသာသနာတော်၌ ငါဘုရားရှင်သည် သင်္ကန်း-ဆွမ်း-ကျောင်း-သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရလေ့ရှိသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏။ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို စွန့်ပယ်ရှား၍ တစ်ပါးထီးတည်း ကိန်းအောင်းခြင်းကို မစွန့်လွှတ်၊ ရွာနိဂုံးနှင့် ဝေးကွာသည့် အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့ကို မစွန့်လွှတ်၊ နာဂိတ ... ထိုကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါဘုရားရှင်သည် နှစ်သက် တော်မူ၏။</p>
<p>နာဂိတ ... ငါဘုရားရှင်သည် အဓွန့်ရှည်သော လမ်းခရီးကို သွားသည်ရှိသော် ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှ မတွေ့မြင်ရသောအခါ ငါဘုရားရှင်အား အယုတ်ဆုံးအားဖြင့် ကျင်ကြီး ကျင်ငယ် စွန့်ရန်ပင် ချမ်းသာလှပေ၏ဟု မိန့်ကြားတော်မူ၏။ <b>(အံ၊၂၊၂၉၉-၃၀၂။)</b></p>
<p>ဤကား အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်၌ လာရှိသော <b>နာဂိတသုတ္တန်</b> ကောက်နုတ်ချက် ဖြစ်ပါသည်။ ဤသုတ္တန်ကို ကြည့်ခြင်းအားဖြင့် တောကျောင်း တောင်ကျောင်း၌ နေထိုင်သီတင်းသုံးကြကုန်သော တစ်ပါးထီးတည်း ကိန်းအောင်းတော်မူလေ့ရှိကုန်သော ရဟန်းတော်များကို ဘုရားရှင်သည် အလွန်နှစ်ခြိုက်တော်မူကြောင်းကို တွေ့ရှိရ၏။ အလားတူပင် အလောင်းတော်ဘဝကလည်း တောထွက်တော်မူကာ ရသေ့-ရဟန်းပြုပြီးလျှင် စျာန်-အဘိညာဏ် အစရှိသည့် ပါရမီမျိုးစေ့တို့ကို ဘဝပေါင်းများစွာ ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့လေသည်။ နောက်ဆုံးဘဝ၌လည်း ဥရုဝေလတောသို့ တောထွက်တော်မူကာ ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်ကြာအောင်ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့လေသည်။ နောက်ဆုံး ဒုက္ကရစရိယကျင့်စဉ်ကို စွန့်လွှတ်တော်မူပြီးနောက် မဇ္ဈိမပဋိပဒါအကျင့်လမ်းကို ပြောင်းရွှေ့ အားထုတ်တော်မူသည့်အခါ၌လည်း ထိုဥရုဝေလတောအုပ် အတွင်းမှာပင် ဆက်လက်ကာ သီတင်းသုံးတော်မူလျက် ကြိုးစားအားထုတ် တော်မူခဲ့လေသည်။</p>
<p>ထိုကဲ့သို့ အလောင်းတော်ဘဝကလည်း ဘဝပေါင်းများစွာ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ တောထွက်တော်မူပြီးလျှင် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရရာရကြောင်း ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့၏၊ ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌လည်း တောထွက်တော်မူကာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို အရယူတော်မူခဲ့ လေသည်။ ထိုကဲ့သို့ မိမိကိုယ်တော်တိုင် ဖြတ်သန်းခဲ့ရသည့် ဘဝတို့ကို ရဟန်းတော်များကိုလည်း အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် စေလိုတော်မူသော ဆန္ဒတော်ဖြင့် ဤ<b>အယောဃရဇာတ်ဒေသနာတော်</b>ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။</p>
<p>ဤဇာတ်တော်၌ <b>အယောဃရကုမာရ</b> = သံအိမ်စံမင်းသားက သေခြင်းတရား မဆိုက်ရောက်လာမီ အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ် ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလို သည့်အတွက် ရသေ့-ရဟန်းပြုကာ တောထွက်လိုကြောင်းကို မယ်တော် ခမည်းတော်တို့အား တင်ပြထား၏။ ထိုတင်ပြချက်တို့ကား ယနေ့ တရားနာ ပရိသတ်တို့အတွက် ယနေ့ စာဖတ်ပရိသတ်တို့အတွက် အတုယူကာ လိုက်နာ ပြုကျင့်ရမည့် ဆိုဆုံးမစကားရပ်တို့ပင် ဖြစ်ကြပေသည်။ <b>အယောဃရ</b>မင်းသား သတိသံဝေဂ ကြီးစွာ ရသကဲ့သို့ စာဖတ်ပရိသတ်တို့လည်းသတိသံဝေဂ ရကြကာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုသည့် ကုသိုလ်ဆန္ဒဓာတ်များ မိမိတို့သန္တာန်၌ ကိန်းဝပ် လာသည်ဆိုပါက တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ပြောင်းကာ ဤကျမ်းစာကို ရေးသားရကျိုးနပ်ပေပြီဟု ဝမ်းမြောက်နေမည် ဖြစ်ပေသည်။</p>
<p><b>အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။</b></p>
<p><b>န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။</b></p>
<p><b>ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။</b></p>
<p><b>တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတော မုနိ။</b> <b>(မ၊၃၊၂၂၆။)</b></p>
<p>= ယနေ့ ပြုသင့်ပြုထိုက်သည့် သမထ-ဝိပဿနာဘာဝနာလုပ်ငန်းရပ် တို့ကို ယနေ့ပင် ပြုလုပ်ပါ၊ နက်ဖန် သဘက် သေမည်, ရှင်မည် ဤနှစ်လီကို မည်သူသိနိုင်ပါအံ့နည်း။ မှန်ပေသည် -- ငါတို့အား စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနှင့် ဤနေ့ခါမူ သေအံ့ဟူ၍, ဤရက်ခါမူ သေအံ့ဟူ၍, ဤလခါမူ သေအံ့ဟူ၍, ဤနှစ်ခါမူ သေအံ့ဟူ၍ စာချုပ်စာတမ်း စာရွက်တို့နှင့် တကွ သဘောတူ ချိန်းချက်၍ ထားခြင်းမည်သည်ကား မရှိဧကန် မှန်လှ ပေ၏။ ထိုကြောင့် ယနေ့ ပြုသင့်ပြုထိုက်သည့် သမထ-ဝိပဿနာဘာဝနာ လုပ်ငန်းရပ်တို့ကို ယနေ့ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။</p>
<p>ဤသို့လျှင် နေ့ညဉ့်တို့ကာလပတ်လုံး ပျင်းရိငြီးငွေ့မှု မရှိဘဲ ကိလေသာ တို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော <b>သမ္မပ္ပဓာန်</b> လုံ့လဝီရိယရှိလျက် သမထ-ဝိပဿနာဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ် လျက်ရှိသော ထိုသူတော်ကောင်းကို စင်စစ်ဧကန် အမှန်အားဖြင့် ကိလေသာ အပူမီးတို့မှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးတော်မူပြီးသော မုနိထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်က <b>ဘဒ္ဒေကရတ္တ</b> = ကောင်းသော ညတစ်ည ရှိသောရဟန်းဟူ၍ ဟောကြားတော်မူအပ်ပါပေသည်။ <b>(မ၊၃၊၂၂၆။)</b></p>
<p>နတ်<b>ကုဝေရ</b>, <b>ယက္ခိန္ဒ</b>လည်း, ဒေါသသည်းဝှန်, ထက်သည့်မာန်ဖြင့်, ကုမ္ဘဏ်တို့ကို, မျက်တော်ငြို၍, ထိုခဏချင်း, မချုပ်လျင်းဘဲ, လက်တွင်းကိုင် ရှောင်း, လှင်ကန်တောင်းကို, သံချောင်းစကြာ, နတ်ဂဒါဖြင့်, တစ်ခါကြွတ်ကြွတ်, လွှတ်ကပြင်းထန်, ကြွင်းမကျန်အောင်, ကုမ္ဘဏ်တစ်ထွေ, သိန်းကုဋေကို, ဖြတ်ချွေဥက္ခောင်း, ဦးလည်တောင်းလျက်, လျင်ရှောင်းပြန်ကာ, လက်ရောက်လာ၏။ <b>နယနာဝုဓ</b>, ယမမည်ခေါ်, နတ်မင်းကျော်လည်း, မာန်တော် နှိပ်၍, တရိပ်မျက်စောင်း, ထိုးလိုက်ခြောင်းက, အသောင်းဆယ်ဆ, များလှ ကုဋေ, ရက္ခိုသ်တွေကို, ကျွမ်းကြေပြာဖြစ်, ဆားမီးချစ်သို့, ဖျစ်ဖျစ်မည်ထ, ပျောက်ပျက်ရ၏။ ထိုမျှခပင်း, တေဇာပြင်းသား, နတ်မင်းတို့လျက်, တန်ခိုးစက်နှင့်, လက်နက်မျိုးစုံ, စိုးရတုံလည်း, သုံးဘုံအရှင်, သေမင်းသျှင်ကို, ဘယ်တွင်ဘက်ပြိုင်, မဆိုင်ဝံ့ကြ, ထိုမှကျော်ဟိုး, အမျိုးမျိုးတည့်, တန်ခိုးမဟိဒ်, ပုညဇိဒ်နှင့်, ကမ္မဇိဒ်တဖြာ, ဝိဇ္ဇာမယိဒ်, ဣဒ္ဓိဝိဓ်ဖြင့်, ဂုဏ်ဟိတ်ထင်ရှား, လွန်ကြီးမားသား, နဂါးပနန်, သုပဏ်ဣန္ဒ, ဝသနိမ္မိတ်, ဟာရိတ်မဟာ, မိုးဗြဟ္မာက, <b>သမ္မာသမ္ဗုဒ္ဓ</b>, အဆုံးကျအောင်, သေကြမကြွင်း, သေစာရင်းနှင့်, သေမင်းငင်ကြလေကုန်စွ။ <b>(မဃဒေဝ၊၃၅၆။)</b></p>
<p>ရှင်သေမင်းက လက်မဦးမီ မိမိတို့က အလျင်ဦးအောင် အတိတ်သံသရာ တစ်လျှောက်၌လည်းကောင်း, ယခု ပစ္စုပ္ပန်ဘဝ၌လည်းကောင်း, နောင်အနာဂတ်သံသရာခရီးသည် ထင်ရှားရှိနေသေးလျှင် ယင်းအနာဂတ်သံသရာ ခရီး၌ လည်းကောင်း အိုနာသေရေး ဒုက္ခဘေးမှ မလွတ်အောင် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်စေတတ်သည့် စွမ်းအင်ရှိကြကုန်သော <b>အဝိဇ္ဇာ</b>, <b>တဏှာ</b>, <b>ဥပါဒါန်</b>, <b>သင်္ခါရ</b>, <b>ကံ</b>တို့ကို အကြွင်းမဲ့ ပယ်ရှားနိုင်ရန်အတွက် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတို့ကို <b>အယောဃရ</b>မင်းသားနှင့်တကွ ခုနစ်ပြည်ထောင်သော တိုင်းသူပြည်သား လူအများတို့ကို အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်...</p>
<p>သတ္တဝါတို့အပေါ်၌ အစဉ်သနားစောင့်ရှောက်တော်မူတတ်သော ဘုရားရှင်၏ မဟာကရုဏာတော်မြတ်ကို ပူဇော်လျက် ---</p>
<p>ဖားအောက်တောရဆရာတော်</p>
<h3>သံအိမ်စံမင်းသား</h3>
<p>(<b>အယောဃရဇာတ်</b> တရားဒေသနာတော်)</p>
<p>၁၃၅၆-ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ မော်လမြိုင်မြို့၊ သာယာကုန်း ဝတ်ကြီးစေတီတော်အတွင်း၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားတော်မူအပ်သော ဇာတကပါဠိတော် ဝီသတိနိပါတ်၌ လာရှိသော <b>အယောဃရဇာတ်</b> တရား ဒေသနာတော် ---</p>
<p>ဒီနေ့ဟောမယ့် ဒီ<b>အယောဃရဇာတ်</b> တရားဒေသနာတော်က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရသလဲ?</p>
<p><b>ယမေကရတ္တိံ ပဌမန္တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခမနညေဝ အာရဗ္ဘ ကထေသိ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၅။)</b></p>
<p><b>ယမေက ရတ္တိံ ပဌမန္တိ ဣဒံ</b> = ယမေကရတ္တိံ ပဌမံ ဤသို့ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်၍ ထားအပ်သော ဤ<b>အယောဃရဇာတ်</b> တရား ဒေသနာတော်ကို။ <b>သတ္ထာ</b> = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ <b>ဇေတဝနေ</b> = ဇေတဝန်ကျောင်းတိုက်တော်၌။ <b>ဝိဟရန္တော</b> = သီတင်းသုံး စံနေတော်မူဆဲအခါ၌။ <b>မဟာဘိနိက္ခမနညေဝ</b> = မြတ်သော တောထွက်တော်မူခြင်းကိုသာလျှင်။ <b>အာရဗ္ဘ</b> = အကြောင်းပြု၍။ <b>ကထေသိ</b> = ဟောကြားတော်မူခဲ့လေပြီ။</p>
<h3>ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်</h3>
<p><b>အယောဃရဇာတ်</b> တရားဒေသနာတော် ဖြစ်ပေါ်လာပုံကို အဋ္ဌကထာက နိဒါန်းသွယ်ပြီး ပြောပြထားပါတယ်။ တစ်ချိန် မြတ်စွာဘုရားသခင် <b>ဇေတဝန်</b>ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် ရဟန်းသံဃာ တော်အပေါင်းက ယခုလို စည်းဝေးညီမူရာ ဓမ္မာသနဓမ္မာရုံကြီးအတွင်းမှာ စုစည်းမိကြတဲ့ အချိန်အခါမှာ မြတ်စွာဘုရားရှင်ရဲ့ တောထွက်တော်မူခြင်းကို အကြောင်းပြုပြီးတော့ တရားစကားတွေ ဖြစ်ပေါ်နေကြတယ်။ ထိုတရား စကားတွေ ဖြစ်ပေါ်တော်မူခြင်းကိုပဲ အခြေခံပြီးတော့ မြတ်စွာဘုရားက ငါဘုရားရှင်သည် ယခုအခါမှသာ မြတ်သော တောထွက်ခြင်းဖြင့် တောထွက် တော်မူခဲ့သည် မဟုတ်သေး၊ ဟို ရှေးယခင် အလောင်းတော်ဘဝ ဖြစ်စဉ်တုန်းကလည်း ငါဘုရားသည် မြတ်သော တောထွက်တော်မူခြင်းဖြင့် တောထွက် တော်မူခဲ့ဖူးတယ်ဆိုပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်း ဖြစ်တဲ့ ဒီ<b>အယောဃရဇာတ်</b> တရားဒေသနာတော်ကို မြတ်စွာဘုရားရှင် ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။</p>
<p>တစ်ချိန်မှာ ကာသိတိုင်း ဗာရာဏသီပြည်မှာ ဗာရာဏသီ ဘုရင်မင်းကြီး က ထီးဖြူအုပ်ချုပ် မင်းလုပ်တော်မူခဲ့ပါတယ်။ ဗာရာဏသီမင်းရဲ့ မိဖုရားကြီး ဝမ်းကြာတိုက်မှာ သားရတနာကလေး ကိုယ်ဝန်တည်ပြီးတော့ ဖွားမြင်လာတယ် ဆိုကြစို့၊ ဖွားမြင်လာတဲ့ အချိန်အခါမှာ ဘီလူးမတစ်ယောက်က လာပြီးတော့ စားသွားတယ်။ ဘာကြောင့် ဒီဘီလူးမက ဒီလို ကလေးကို လာစားနေ ရသလဲဆိုတော့ ရှေးအတိတ်ဘဝတစ်ခုမှာ မိဖုရားကြီးနဲ့ ဒီဘီလူးမတို့က လင်တူအိမ်ရှင်မများ ဖြစ်ခဲ့ကြပါတယ်။ မိဖုရားကြီးအလောင်းဖြစ်တဲ့ အမျိုးကောင်းသမီးက သားရတနာကလေး ရရှိတယ်။ ဘီလူးမအလောင်းဖြစ်တဲ့ အမျိုးသမီးကတော့ သားရတနာ မရရှိ ဖြစ်နေတယ်။ ဒီလို သားရတနာ ရရှိမှု, မရရှိမှုကို အခြေခံပြီးတော့ တစ်ဦးနဲ့တစ်ဦး မကျေနပ်မှုတွေက ပွားလာ ကြတယ်။ ပွားလာတဲ့ အချိန်အခါမှာ သားမရတဲ့ ဘီလူးမအလောင်းဖြစ်တဲ့ အမျိုးသမီးက ဘာဆုတောင်းသလဲ?</p>
<p><b>တဝ ဇာတံ ဇာတံ ပဇံ ခါဒိတုံ လဘိဿာမိ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၅။)</b></p>
<p><b>တဝ</b> = သင်၏။ <b>ဇာတံ ဇာတံ ပဇံ</b> = မွေးဖွားလာတိုင်း မွေးဖွားလာ တိုင်းသော သားကို။ <b>ခါဒိတုံ</b> = ခဲစားအံ့သောငှာ။ <b>လဘိဿာမိ</b> = အခွင့်အရေးကို ရရလိုပါ၏။</p>
<p>သင့်သားတွေ မွေးလာတိုင်း မွေးလာတိုင်း ငါ စားနိုင်ရလိုပါ၏ ဆိုပြီးတော့ ဒီဆုကို သူက တောင်းတယ်။ အဲဒီ ဆုတောင်းအားလျော်စွာ တစ်ဦးက ဗာရာဏသီမင်းရဲ့ အဂ္ဂမဟေသီ မိဖုရားကြီး လာဖြစ်တယ်၊ တစ်ဦးကတော့ ဘီလူးမ ဖြစ်နေပါတယ်။ သူ့ရဲ့ ဆုတောင်းအားလျော်စွာ သူပြုစု ပျိုးထောင်ခဲ့တဲ့ ကံကလေးက အောင်မြင်မှု ရရှိလာတဲ့ အချိန်အခါမှာ မိဖုရားကြီးက သားရတနာတစ်ဦး မွေးဖွားတဲ့အခါ မိဖုရားကြီးက သားရတနာကို ကြည့်ရှု နေစဉ်မှာပဲ ကြောက်မက် ရွံရှာစက်ဆုပ်ဖွယ် ရုပ်အဆင်းကို ဖန်ဆင်းကာ လာရောက်ပြီး သားရတနာကလေးကို လုယူကာ ထွက်ပြေးသွားတယ်။ မိဖုရား ကြီးကလည်း ဘီလူးမ ... ငါ့သားကို ယူပြေးပြီဆိုပြီး အော်ဟစ်ပါတယ်။ ဒါပေမယ့် ဘီလူးမက ကြာစွယ် ကြာရင်းကို ဝါးစားသလို ဝါးစားပြီးတော့ ဘီလူးမက မိဖုရားကြီးကိုလည်း ကြောက်မက်ဖွယ် လက်ခြေအမူအရာ အမျိုးမျိုးတွေ, အသံအမျိုးမျိုးတွေကို ထင်ရှားပြပြီးတော့ မိဖုရားကြီးအား ခြိမ်းခြောက်ကာ ထွက်ခွာသွားပါတယ်။ ရှင်ဘုရင်ကြီးကလည်း ဒီအကြောင်းကို ကြားလိုက်တဲ့အခါ ဘီလူးမကို ဘာလုပ်နိုင်တော့မှာလဲဆိုပြီး ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ နောက်ထပ်တစ်ကြိမ် မိဖုရားကြီး ကိုယ်ဝန် တည်ပြန်တယ်၊ ကိုယ်ဝန်ကို အစောင့်အရှောက်တွေ ပေးထားပါတယ်။ သို့သော်လည်း မွေးဖွား လာတဲ့ အချိန်အခါမှာ ဒုတိယသားရတနာကိုလည်း တစ်ဖန် လာပြီး ဒီ ဘီလူးမက စားသွားပြန်တယ်။ တတိယအကြိမ် ရောက်လာပါတယ်။</p>
<p>တတိယအကြိမ်မှာတော့ ဒီမိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ စွဲပိုက်တည်နေတဲ့ ပုဂ္ဂိုလ်က ဘုရားအလောင်းတော် သူတော်ကောင်းတစ်ဦး ဖြစ်နေပါတယ်။ ဘုရားအလောင်းတော်တို့ရဲ့ ဘုန်းကံကြောင့် ရှင်ဘုရင်ကြီးလည်း မနေနိုင်တော့ဘူး။ တိုင်းသူပြည်သား လူအများကို စည်းဝေးစေပြီးတော့ လူထုအစည်းအဝေးကြီးတစ်ခု ကျင်းပပါတယ်။ မိဖုရားကြီးမှာ မွေးလာတိုင်း မွေးလာတိုင်း သားရတနာတွေကို ဘီလူးမက လာပြီးတော့ စားနေပြီ၊ ဒါကြောင့် ဒီဘီလူးမ မစားရအောင် နောက်ထပ် ပဋိသန္ဓေ စွဲပိုက်တည်နေတဲ့ ဒီကိုယ်ဝန် သားရတနာကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်သင့်တယ်ဆိုတာကို အကြံဉာဏ်များပေးဖို့ ရှင်ဘုရင်ကြီးဘက်က တင်ပြ တောင်းဆိုပါတယ်။ အဲဒီ အချိန်အခါမှာ တချို့ ပုဂ္ဂိုလ်တွေက ဘယ်လို အကြံဉာဏ်တွေ ပေးကြသလဲ?</p>
<h3>သံနှောင်အိမ်ကြီး</h3>
<p>အရှင်မင်းမြတ် ဘီလူးတို့မည်သည်မှာ ထန်းရွက်ကို သိပ်ပြီး ကြောက် ကြပါတယ်။ ဒါကြောင့် မိဖုရားကြီးရဲ့ ခြေထောက်တွေ လက်တွေ စသည်ဖြင့် ထိုထို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ထန်းရွက်တွေကို ချည်ပေးသင့်တယ် ဆိုပြီး အကြံဉာဏ်ပေးကြတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ ဘယ်လို အကြံ ဉာဏ်ပေးကြသလဲဆိုတော့ အရှင်မင်းမြတ် ဘီလူးတွေဟာ သံနှောင်အိမ်ကို သိပ်ပြီးတော့ ကြောက်ကြပါတယ်။ ဒါကြောင့် မိဖုရားကြီးအတွက် သားရတနာ မွေးဖွားနေတဲ့ အချိန်အခါမှာ သံနှောင်အိမ်တစ်ခု လိုအပ်ပါတယ်ဆိုပြီး ဒီလို အကြံဉာဏ်ပေးကြတယ်။ အဲဒီ အကြံပေးချက်အတိုင်းပဲ ရှင်ဘုရင်ကြီးကလည်း သဘောကျတာနဲ့ ဒီလိုဆိုလျှင်တော့ သားရတနာ မွေးဖွားဖို့ရန် အတွက် သံနန်းတော်ကြီး (= သံနှောင်အိမ်ကြီး)တစ်ခု ပြုလုပ်စေဆိုပြီးတော့ မိမိရဲ့ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ ပန်းပဲသမားတွေကို အမိန့်ချမှတ်လိုက်ပါတယ်။ <b>အာယုတ္တကပုရိသ</b>ခေါ်တဲ့ ပစ္စည်းဘဏ္ဍာတော်ထိန်း (= ဘဏ္ဍာရေး ဝန်ကြီး)ကိုလည်း ဆောက်လုပ်ရန် တာဝန်လွှဲအပ်ပေးလိုက်တယ်။ ဘဏ္ဍာရေး ဝန်ကြီး ဦးဆောင်နေတဲ့ တိုင်းသူပြည်သားတွေလည်း မြို့အတွင်းမှာပဲ မွေ့လျော်ဖွယ်ကောင်းတဲ့ မြေနေရာတစ်ခုကို ရွေးချယ်ပြီး သံနှောင်အိမ်ကြီး (= သံနန်းတော်ကြီး) တည်ဆောက်လိုက်တာ ကိုးလကြာသွားပါတယ်။</p>
<h3>အယောဃရမင်းသား မွေးဖွားပြီ</h3>
<p>ကိုးလကြာတော့ သံနှောင်အိမ်ကြီး ပြီးသွားပြီ ဆိုကြစို့၊ သံနှောင်အိမ်ကြီး ပြီးသွားတဲ့ အချိန်အခါမှာ မိဖုရားကြီးရဲ့ ကိုယ်ဝန်ကလည်း ရင့်ကျက်လာပြီ ဖြစ်တဲ့အတွက် ဒီသံနှောင်အိမ်ကြီးကို တန်ဆာဆင်စေပြီးတော့ မိဖုရားကြီးကို သံနှောင်အိမ်ထဲ သွင်းခေါ်သွားကြတယ်။ မိဖုရားကြီးကို သံနှောင်အိမ်ထဲမှာပဲ နေစေပြီးတော့ ထိုသံနှောင်အိမ်အတွင်းမှာပဲ သားရတနာကို မွေးဖွားစေပါတယ်။ ချမ်းချမ်းသာသာဖြင့် မွေးဖွားပြီး လာခဲ့ရတယ်။ သားရတနာကလေး မွေးဖွားပြီးတဲ့အချိန်မှာ နို့ထိန်းတို့လက်မှာ သားရတနာကို အပ်ပြီးတော့ မိဖုရားကြီးလည်း နန်းတော်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်အခါမှာ ဘီလူးမက ဘယ်လို ဖြစ်နေသလဲဆိုတော့ ဝေဿဝဏ်နတ်မင်းကြီးကို သွားပြီးတော့ ရေကြည်တော် ဆက်သနေရတဲ့အလှည့်နဲ့ ကြုံနေပါတယ်။</p>
<p>အဲဒီလို ရေကြည်တော် ဆက်သရမယ့်အလှည့်မှာပဲ ဒီဘီလူးမကလည်း သက်တမ်းကုန်သဖြင့် ဘဝတစ်ပါး ပြောင်းသွားရှာပါတယ်။ ဘဝတစ်ပါး ပြောင်းသွားရှာတဲ့အတွက် ဘီလူးမရဲ့ အနှောင့်အယှက် ရန်ကတော့ လွတ်သွားပြီ၊ ဒါပေမယ့်လို့ ဘီလူးမရဲ့ အနှောင့်အယှက်ရန် ရှိလိမ့်ဦးမယ်ဆိုတဲ့ အထင်ဖြင့် သားရတနာကို ဒီသံနှောင်အိမ်အတွင်းမှာပဲ ဆက်ပြီး ထားပါတယ်။ သံနှောင်အိမ်အတွင်းမှာ ထားပြီးတော့ အတတ်ပညာဟူသမျှကို အကုန်လုံး သင်ပေးတယ်။ မင်းသားတို့တတ်အပ်တဲ့ အတတ်ပညာတွေသာမက သံသရာဝဋ်ဆင်းရဲဒုက္ခနဲ့ ဆက်စပ်နေတဲ့ အတတ်ပညာတွေပါ သင်ပေး တယ်လို့ပဲ ယူဆရပါတယ်။</p>
<h3>၁၆-နှစ်အရွယ်သို့ ရောက်ရှိလာခြင်း</h3>
<p>သို့သော် သင်ပေးနေတဲ့ ဆရာသမားတွေက အလွန် အမြင်ကျယ်တဲ့ ဆရာသမားတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒီလို ဆရာသမားတွေက အတတ်ပညာတွေကို သင်ကြားပေးပြီးတဲ့ အချိန်အခါမှာ မင်းသား ကလေးလည်း (၁၆)နှစ်အရွယ် ရောက်ရှိလာပါတယ်။ အချိန်တန် အရွယ်ရောက်လာတဲ့ အချိန်အခါမှာ ရှင်ဘုရင်ကြီးကလည်း မိမိရဲ့ သားရတနာ၏ အခြေအနေ အရပ်ရပ်အား မှူးကြီးမတ်ရာတွေကို လှမ်းပြီးတော့ မေးမြန်းပါတယ်။ ထိုအခါမှာ မှူးကြီးမတ်ရာတွေကလည်း အရှင်မင်းမြတ် အရှင်မင်းမြတ်ရဲ့ သားရတနာဟာ (၁၆)နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အလွန်ရဲရင့်တဲ့ ကိုယ်အား, ဉာဏ်အား စွမ်းပကားတွေနှင့် ပြည့်စုံ နေတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေပါပြီ။ ဘီလူးမတစ်ယောက်ကို မဆိုထားဘိ ဘီလူးမ အထောင်ကိုသော်လည်း ချေမှုန်းဖျက်ဆီးနိုင်တဲ့ ကာယအား, ဉာဏအားဆိုတဲ့ စွမ်းအားတွေနဲ့ ပြည့်စုံနေပါပြီဘုရား ...စသည်ဖြင့် သံတော် ဦးတင်ကြတယ်။</p>
<h3>အဘိသိက်ခံရန်</h3>
<p>ဒီလို သံတော်ဦးတင်လိုက်တဲ့ အချိန်အခါမှာ ရှင်ဘုရင်ကြီးကလည်း အင်မတန် သဘောကျကျေနပ်တဲ့အတွက် ကဲ-ဒီလိုဆိုလျှင် ဗာရာဏသီမြို့ကို တန်ဆာဆင်စေ၊ ဗာရာဏသီမြို့ကို တန်ဆာဆင်ပြီးတဲ့ အချိန်အခါမှာ သားရတနာကို တန်ဆာဆင်ပြီး ဗာရာဏသီမြို့ကို လက်ျာရစ် လှည့်စေ၊ လှည့်ပြီးတဲ့ အချိန်အခါမှာ ဒီသားရတနာကို ဒီနေ့ပဲ ထီးဖြူဆောင်းပြီးတော့ အဘိသိက် သွန်းစေ၊ မင်းအဖြစ် တင်မြှောက်စေဆိုပြီးတော့ အမိန့်ချလိုက်ပါတယ်။ ဒီလို အမိန့်ချတဲ့အတိုင်းပဲ မှူးကြီးမတ်ရာတွေကလည်း ဗာရာဏသီပြည်ကို တန်ဆာ ဆင်ပြီးတဲ့ အချိန်အခါမှာ မင်းသားကလေးကိုလည်း တန်ဆာဆင်ပြီးတော့ သံနှောင်အိမ်ကနေ ထုတ်ပြီး အသင့်ပြင်ဆင်ထားတဲ့ မင်္ဂလာဆင်တော် ကျောက်ကုန်းထက်မှာ တင်ပြီးတော့ အရှင်မင်းသား ... အမျိုးအနွယ်ရဲ့ ဥစ္စာဖြစ်တဲ့ တန်ဆာဆင်ထားတဲ့မြို့ကို လက်ျာရစ်လှည့်ပြီးတဲ့အခါ ကာသိတိုင်းရှင် ခမည်းတော် ဘုရင်မင်းမြတ်ကြီးကို ရှိခိုးပါ၊ ယနေ့ပဲ ထီးဖြူကို ရရှိပါလိမ့်မယ်လို့ တင်ပြ လျှောက်ထားပြီးနောက် ဗာရာဏသီမြို့ကို လက်ျာရစ် လှည့်ပြီး ပြသကြပါတယ်။</p>
<p>ဒီလို ဗာရာဏသီမြို့ကို လက်ျာရစ်လှည့်ပြီး ပြသလိုက်တဲ့ အချိန်အခါ မှာတော့ မင်းသားကလေးကလည်း ဗာရာဏသီမြို့ကို မြင်လိုက်ရတဲ့ အချိန်အခါမှာ အင်မတန် အံ့ဩသွားတယ်။ (၁၆)နှစ်တို့ ကာလပတ်လုံး ဒီလောက် မွေ့လျော်ဖွယ်ကောင်းနေတဲ့, မြေညီညာနေတဲ့, အဆောက်အဦးတွေ, ဘုံဗိမာန်တွေ, ဥယျာဉ်တွေ, ရေကန်တွေ အသွယ်သွယ်တို့နဲ့ ပြည့်စုံပြီးတော့ အင်မတန် လှပတင့်တယ်နေတဲ့ ဒီဗာရာဏသီမြို့ကြီးကို ငါ တစ်ခါမှ မမြင်ခဲ့ရ ပါလားဆိုပြီး စိတ်ထဲမှာ အင်မတန် အံ့ဩသွားတယ်။ ဒီလို အံ့ဩမိတဲ့အတွက် မှူးကြီးမတ်ရာ သေနာပတိတွေကို သူက မေးတယ်။ ဘယ်လို မေးသလဲ? ငါ့ရဲ့ ဖခမည်းတော်ဟာ ဤမျှ (၁၆)နှစ်တာ အချိန်ကာလပတ်လုံး သံနှောင်အိမ်ထဲမှာ ငါ့ကို ဘာကြောင့် သွတ်သွင်းပြီး ထားရတာလဲ၊ ဒီလောက် လှပ တင့်တယ်နေတဲ့ ဗာရာဏသီမြို့ကြီးကို မြင်ခွင့်တောင် တစ်ခါမှ မပေးခဲ့ဘူး။ ငါ့မှာ ဘယ်လို အပြစ်တစ်စုံတစ်ရာ ထင်ရှားရှိနေလို့ ဒီလို သံနှောင်အိမ်ထဲမှာ ချထားရတာလဲ စသည်ဖြင့် ဒီလို မေးမြန်းတယ်။</p>
<p>ဒီအချိန်အခါမှာ မှူးကြီးမတ်ရာတွေလည်း အရှင်မင်းသား ... အရှင်မင်းသားမှာ ဘာအပြစ်မှ မရှိပါဘူး၊ အရှင်မင်းသားရဲ့ နောင်တော်နှစ်ဦး မွေးဖွားခဲ့ဖူးပါတယ်၊ ထိုနောင်တော်နှစ်ဦးကို ဘီလူးမက လာပြီးတော့ ခဲစား သွားပါတယ်၊ ဒါကြောင့် အရှင်မင်းသားကို ဘီလူးမရဲ့ ရန်မှ လွတ်ပါစေခြင်း အကျိုးငှာ ရည်ရွယ်တောင့်တပြီးတော့ ဖခမည်းတော်မင်းကြီးက သံနှောင်အိမ်ထဲမှာ အရှင်မင်းသားကို နေထိုင်စေခြင်း ဖြစ်ပါတယ်၊ သံနှောင်အိမ်ထဲ မှာပဲ မွေးဖွားစေခဲ့ပါတယ်၊ သံနှောင်အိမ်ထဲမှာပဲ အတတ်ပညာအရပ်ရပ်ကို သင်ကြားစေခဲ့ပါတယ်။ ဒီသံနှောင်အိမ်ကို အကြောင်းပြုပြီးတော့ အရှင်မင်းသားလည်း အသက်ရှင်ခွင့် ရရှိခဲ့ပါတယ် စသည်ဖြင့် ဒီလို သံတော်ဦးတင် ကြတယ်။ ဒီလို သံတော်ဦးတင်လိုက်တဲ့ အချိန်အခါမှာ မင်းသားကလေးက စဉ်းစားပြီ၊ ဘယ်လို စဉ်းစားသလဲ?</p>
<h3>အယောဃရမင်းသား၏ စဉ်းစားခန်း</h3>
<p>သူ့ကို သံနှောင်အိမ်ကနေ အပြင်ဘက်ကို ခေါ်ဆောင်လာစဉ် အချိန်အခါတုန်းက မှူးကြီးမတ်ရာတွေက မင်းစည်းစိမ်ဖြင့် ဒီနေ့ တင်မြှောက်မယ်၊ ဖခမည်းတော်ကို ရှိခိုးပြီးတော့ ထီးဖြူဆောင်းတော်မူပါဆိုပြီး ဒီလို လျှောက်ထားပြီးတော့ အပြင်ကို ခေါ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီနေရာမှာ သူက နည်းနည်းကလေး စဉ်းစားတယ်။ ဘယ်လို စဉ်းစားသလဲ?</p>
<p>ငါဟာ (၁၀)လတို့ ကာလပတ်လုံး <b>လောဟကုမ္ဘီငရဲ</b>နှင့်လည်း တူနေတဲ့, မစင်ဘင်ပုတ်ငရဲနှင့်လည်း တူနေတဲ့ မိခင်ဝမ်းထဲမှာ (၁၀)လတို့ ကာလပတ်လုံး နေထိုင်ခဲ့ရတယ်။ မိခင်ရဲ့ ဝမ်းကြာတိုက်မှ ထွက်ခဲ့သော်လည်း (၁၆)နှစ်တို့ ကာလပတ်လုံး ဒီသံနှောင်အိမ်ကြီးထဲမှာပဲ ငါဟာ ဆက်လက်ပြီးတော့ နေထိုင် ရပြန်တယ်။ အပြင်ကို နည်းနည်းကလေးမှ ကြည့်ခွင့်တောင် မရခဲ့ဘူး။ <b>ဥဿဒငရဲ</b>ထဲမှာ ဝင်ပြီးတော့ ငရဲခံနေရတာနဲ့ သိပ်တူပါတယ်။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... သားတော်ဟာ ဘီလူးမရဲ့ ဘေးရန်က လွတ်မြောက်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် အိုခြင်းတရားမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး၊ နာခြင်းတရားမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး၊ သေခြင်းတရားမှလည်း ဘယ်တော့မှ မလွတ် မြောက်နိုင်ဘူး၊ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို မည်သည့်သတ္တဝါ တစ်ဦးတစ်ယောက်မျှ အနိုင်ယူဖို့ရန်အတွက် မစွမ်းနိုင်ပါဘူး။ သားတော်သည် ဘဝကြီးငယ်အသွယ်သွယ်မှာ ငြီးငွေ့နေပါတယ်။ ဒါကြောင့် အိုနာသေရေး ဒုက္ခဘေးတို့ သားတော်ထံသို့ မဆိုက်ရောက်လာမီ အချိန်အခါအတွင်းမှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ ဒါကြောင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ရန်အတွက် သားတော် အလိုမရှိပါဘူး။ သားတော်ကို ရသေ့ ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါ စသည်ဖြင့် လျှောက်ထားပြီးတဲ့ အချိန်အခါမှာ မယ်တော်, ခမည်းတော် အမှူးရှိနေတဲ့ မှူးကြီး မတ်ရာ သေနာပတိ အစရှိနေတဲ့ တိုင်းသူပြည်သားတွေကို (၂၄)ဂါထာတို့ဖြင့် တရားဓမ္မ ဟောကြားပြသပေးတော်မူပါတယ်။</p>
<p>အယောဃရမင်းသားကလေးက မိဘတွေကို ဦးတည်ပြီးတော့ ဟောကြားပြသနေတဲ့ တရားဒေသနာတော်ကို ဒီနေ့ တရားနာပရိသတ်တို့ကို ဘုန်းကြီးက တစ်ဆင့် ပြန်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။ သို့သော်လည်း တရားတော်ကို နာယူတဲ့ အချိန်အခါမှာ ဘုန်းကြီးက ဟောနေတယ်လို့ အာရုံ မယူဘဲ တို့ကို အယောဃရမင်းသားကလေးက တရားတော်တွေကို ဟောကြားပြသပေးနေတာပဲလို့ ဒီလို အာရုံယူပြီးတော့ နာယူနိုင်မယ်ဆိုလျှင်တော့ ပိုပြီး အကျိုးကြီးမားလိမ့်မယ်လို့ ဘုန်းကြီးလည်း မျှော်လင့်ပါတယ်။</p>
<p>ဒါကြောင့် အယောဃရမင်းသားကလေးက မယ်တော်, ခမည်းတော် အမှူးရှိတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဟောကြား ပြသနေတဲ့ တရားတော်ကို စတင်ပြီး နာကြားကြည့်ကြရအောင် ---</p>
<h3>မွေးခြင်းမှ သေခြင်းသို့</h3>
<p>၁။ <b>ယမေကရတ္တိံ ပဌမံ၊ ဂဗ္ဘေ ဝသတိ မာဏဝေါ။</b></p>
<p><b>အဗ္ဘုဋ္ဌိတောဝ သော ယာတိ၊ သ ဂစ္ဆံ န နိဝတ္တတိ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၇။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ယံ</b> = ယော <b>မာဏဝေါ</b> = အကြင် သတ္တဝါသည်။ <b>ဧကရတ္တိံ</b> = တစ်ခုသော ညဉ့်အခါ၌။ <b>ပဌမံ</b> = ရှေးဦးစွာ။ <b>ဂဗ္ဘေ</b> = မိခင်၏ ဝမ်းကြာတိုက်၌။ <b>ဝသတိ</b> = ပဋိသန္ဓေ အားဖြင့် ကပ်ရောက် တည်နေရပေ၏။ <b>တဿံ ရတ္တိံ</b> = ထိုညဉ့်အချိန်အခါ ကာလ၌။ <b>သော မာဏဝေါ</b> = ထိုသတ္တဝါသည်။ <b>အဗ္ဘုဋ္ဌိတောဝ</b> = တက်ပြီးသော တိမ်တိုက်ကဲ့သို့။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ပဋိသန္ဓိက္ခဏတော</b> = ဘဝတစ်ခု၌ ရှေးဦးအစ ခဏဟုခေါ်ဆိုအပ်သော ပဋိသန္ဓေခဏမှ။ <b>ပဋ္ဌာယ</b> = စ၍။ <b>မစ္စုဝသံ</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အလိုနိုင်ငံသို့။ <b>ယာတိ</b> = လိုက်ပါ၍ နေရပေ၏။ <b>သ</b> = <b>သော မာဏဝေါ</b> = ထိုသတ္တဝါသည်။ <b>ဧဝံ</b> = ဤသို့။ <b>ဂစ္ဆံ ဂစ္ဆန္တော</b> = သေမင်းထံသို့ သွားနေရသည်ရှိသော်။ <b>န နိဝတ္တတိ</b> = နောက်ကြောင်းသို့ တစ်ဖန်ပြန်၍ လှည့်လည်နိုင်ရိုးဓမ္မတာ မရှိပါပေ။ <b>အညဒတ္ထု</b> = တကယ်စင်စစ်အားဖြင့်။ <b>မရဏမေဝ</b> = ရှင်သေမင်း၏ အထံသို့ သာလျှင်။ <b>ဥပဂစ္ဆတိ</b> = ကပ်ရောက်၍ သွားနေရပေ၏။</p>
<p>ရှေးဦးစွာ ညဉ့်တစ်ညဉ့် ဆိုကြစို့၊ ညဉ့်တစ်ညဉ့်လို့ ပြောရတာက သတ္တဝါ တွေသည် ပဋိသန္ဓေ စွဲပိုက်တည်နေတဲ့ အချိန်အခါမှာ များသောအားဖြင့် ညဉ့်အခါမှာပဲ ပဋိသန္ဓေ တည်နေလေ့ရှိတဲ့အတွက်ကြောင့် ဒီလို ညဉ့်အခါ ဆိုပြီး ဖော်ပြခြင်း ဖြစ်တဲ့အကြောင်း အဋ္ဌကထာက ရှင်းထားတယ်။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၁။)</b></p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... သတ္တဝါတွေဟာ တစ်ခုသော ညဉ့်အခါမှာ ပဋိသန္ဓေ စွဲပိုက်ပြီး မိခင်ရဲ့ ဝမ်းကြာတိုက်မှာ တည်နေကြရပါတယ်။ ဒီလို တည်နေတဲ့ သတ္တဝါတွေကို ကြည့်လိုက်မယ်ဆိုလျှင် တက်ပြီးတဲ့ တိမ်တိုက်လိုပဲ ဘဝတစ်ခုရဲ့ ရှေးဦးအစ ခဏလို့ ခေါ်ဆိုအပ်တဲ့ ပဋိသန္ဓေခဏမှ စပြီး သေမင်းရဲ့ အလိုနိုင်ငံသို့ တရွေ့ရွေ့နဲ့ သွားနေကြရပါတယ်။</p>
<h3>တိမ်တိုက်ပမာ</h3>
<p>တိမ်တိုက်တစ်ခု ဆိုကြစို့၊ ကောင်းကင်မှာ တိမ်တိုက် အစိုင်အခဲကြီးတစ်ခု ဖြစ်ပေါ်လာပြီ။ ထိုဖြစ်ပေါ်လာတဲ့ တိမ်တိုက်အစိုင်အခဲကြီးကို လေပြင်း မုန်တိုင်းက တိုက်ခတ်လိုက်ပြီ ဆိုကြစို့၊ လေပြင်းမုန်တိုင်းက တိုက်ခတ်လိုက်တဲ့ အချိန်အခါမှာ ဒီတိမ်တိုက်ကြီးသည် ရွေ့လျားသွားပြီဆိုတဲ့အခါ နောက်ထပ် တစ်ဖန် မိမိ မူလနေရာကို ပြန်သွားမယ်ဆိုလျှင် မဖြစ်တော့ဘူး။ လေပြင်း မုန်တိုင်းက ရိုက်ခတ်လိုက်လို့ တိမ်တိုက်သည် အစိုင်အခဲတွေ ကွဲအက်ပြိုပျက် သွားပြီဆိုလျှင်တော့ ပျက်စီးသွားတဲ့အတိုင်းသာ တည်နေကြပါတယ်။ နောက်ထပ်တစ်ဖန် ပြန်ပြီး မူလတည်ရှိနေတဲ့ တိမ်တိုက်အစိုင်အခဲအတိုင်း ပြုပြင် ပြောင်းလဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။</p>
<p>ဒီပုံစံအတိုင်းပဲ သတ္တဝါတစ်ဦးဟာ ပဋိသန္ဓေ တည်နေတဲ့ အချိန်အခါ ကနေ စပြီးတော့ သေမင်းဘက်ကို တရွေ့ရွေ့ သွားနေရပါတယ်။ ဒီလို သွားနေရတဲ့ အချိန်အခါမှာလည်း ရှေးဦးအစ ကလလရေကြည်အဖြစ်နဲ့ (၇)ရက်လောက် တည်နေရတယ်။ ဒီလို ကလလရေကြည်အဖြစ်နဲ့ (၇)ရက်လောက် တည်နေပြီးတဲ့ အချိန်အခါမှာ (၇)ရက်လောက်ကျော်တော့ အမြှုပ်ကလေး ဖြစ်သွားပါတယ်။ အမြှုပ်ကလေးအဖြစ်နဲ့ (၇)ရက်လောက် တည်နေပြီးတဲ့ အချိန်အခါ နောက်ထပ် (၇)ရက်လောက်ကြာတော့ ဒီအမြှုပ်ကလေးကနေ ပြောင်းလဲပြီးတော့ အသားစိုင်ကလေး ဖြစ်သွားပါတယ်။ အဲဒီ အသားစိုင် ကလေးအဖြစ်နဲ့ (၇)ရက်လောက် တည်နေပြီး နောက်ထပ် (၇)ရက်လောက် ကြာတဲ့ အချိန်အခါမှာ အသားတုံးကလေး ဖြစ်သွားပါတယ်။ အဲဒီ အသားတုံး ကလေးအဖြစ်နဲ့ (၇)ရက်လောက် တည်ပြီးတဲ့နောက် နောက်ထပ် (၇)ရက်လောက်ကြာတဲ့ အချိန်အခါမှာ ခက်မငါးဖြာ ပေါ်လာပါတယ်။ လက်နှစ်ဘက်, ခြေနှစ်ဘက်, ခေါင်းဆိုတဲ့ အင်္ဂါကလေးတွေ ပေါ်လာပါတယ်။ ဒီလို ပေါ်လာပြီးတဲ့ အချိန်အခါမှာ တစ်ဆင့်တက်ပြီးတော့ တဖြည်းဖြည်း ခြေသည်းတွေ, လက်သည်းတွေ, ဆံပင်တွေ, မွေးညင်းတွေ တဖြည်းဖြည်း ပေါ်လာကြပါတယ်။ ဒီလို ပေါ်လာတဲ့ အချိန်အခါမှာ မိခင်ဖြစ်သူရဲ့ သားအိမ်မှာ ဆက်သွယ်နေတဲ့ ကလေးသူငယ်ရဲ့ ချက်ကြိုးကနေ တစ်ဆင့် မိခင် စားမျို လိုက်တဲ့ အစာအာဟာရတွေသည် ဒီကလေးသူငယ်၏ ခန္ဓာအိမ်အတွင်းသို့ တဖြည်းဖြည်း ပြန့်သွားပါတယ်။ ပြန့်သွားရာကနေ နောက်ဆုံး စက္ခုအကြည် စတဲ့ အကြည်ဓာတ် ရုပ်တရားတွေ တဖြည်းဖြည်း ထင်ရှား ဖြစ်ပေါ်လာလိုက်တာ နောက်ဆုံး ဣန္ဒြေတွေ ပြည့်စုံတဲ့အဆင့်သို့ ရောက်ရှိသွားပါတယ်။</p>
<p>ဒီလို ဣန္ဒြေတွေ ပြည့်စုံတဲ့အဆင့် ရောက်ရှိပြီးလို့ (၉)လ သို့မဟုတ် (၁၀)လ ရံခါ (၇)လပြည့်လို့ ရင့်ကျက်လာတဲ့ အချိန်အခါမှာ မိခင်ရဲ့ ဝမ်းကြာ တိုက်မှ မွေးဖွားထွက်မြောက်လာခဲ့ရပါတယ်။ ဒီလို မွေးဖွားပြီးတဲ့ အချိန်အခါ မှာလည်း ပထမအရွယ်, ဒုတိယအရွယ် စသည်ဖြင့် အရွယ်တွေ အဆင့်ဆင့် ပြောင်းလဲပြီး သွားရပြန်ပါတယ်။ ဒီလို အမြဲမပြတ် ပြောင်းလဲသွားတဲ့ အစဉ် အတိုင်း ရှိနေရာမှာ အမြှုပ်စိုင်ကလေးအဆင့်ကို ရောက်ရှိနေတဲ့ သတ္တဝါဟာ ကလလရေကြည်အဆင့်ကို ပြန်သွားမယ်ဆို သွားလို့ ရနိုင်မလား? မရနိုင် တော့ဘူး။ သားတစ်ကလေးအဆင့် ရောက်နေတဲ့ သတ္တဝါဟာ ငါ အမြှုပ် ကလေးဘဝသို့ ရောက်အောင် ပြန်သွားမယ်ဆိုလျှင်လည်း သွားလို့ ရနိုင် မလား? မရတော့ဘူး။ ပျက်စီးသွားတဲ့ တိမ်တိုက်တွေဟာ မူလတည်ရှိခဲ့တဲ့ နေရာကို ပြန်သွားမယ်ဆိုလျှင် သွားလို့ မရနိုင်သလိုဘဲ ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်တော့ဘူး။</p>
<p>အလားတူပဲ မွေးဖွားပြီးတဲ့ နောက်ပိုင်းမှာလည်း ဒုတိယအရွယ် ရောက်နေတဲ့ပုဂ္ဂိုလ်က ငါဟာ ပထမအရွယ်ကို ပြန်သွားမယ်ဆိုလည်း သွားလို့ မရ တော့ဘူး။ အသက်အရွယ်က သိပ်ကြီးလာပြီ၊ သိပ်ကြီးလာတဲ့ အချိန်အခါမှာ ငါ ငယ်ရွယ်နုနယ်နေတဲ့ အချိန်အခါကာလကို ပြန်ပြီး သွားမယ်ဆိုလျှင်လည်း သွားလို့ ရနိုင်သလား? မရနိုင်တော့ဘူး။ သတ္တဝါတွေဟာ နေ့စဉ်နေ့စဉ် ပဋိသန္ဓေခဏက စပြီးတော့ သေခြင်းမရဏဆိုတဲ့ဘက်သို့ တရွေ့ရွေ့နဲ့ အမြဲတမ်း သွားပြီး နေကြရပါတယ်။ ဘယ်တော့မှ နောက်ပြန်ဆုတ်မယ်ဆိုလျှင် ဆုတ်လို့ မရနိုင်တော့ဘူး။ ဒါတွင်လားဆိုတော့ မကသေးပါဘူး။</p>
<p><b>တသ္မိံ တသ္မိံ ကောဋ္ဌာသေ သင်္ခါရာ ပုရိမာနံ ပုရိမာနံ ပစ္စယာ ဟုတွာ ပစ္ဆတော အနိဝတ္တိတွာ တတ္ထ တတ္ထေဝ ဘိဇ္ဇန္တိ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၁။)</b></p>
<p><b>တသ္မိံ တသ္မိံ ကောဋ္ဌာသေ</b> = ထိုထိုကောဋ္ဌာသအဖို့အစု၌။ <b>ဌိတာ</b> = တည်ရှိကြကုန်သော။ <b>သင်္ခါရာ</b> = ရုပ်နာမ်ဓမ္မသင်္ခါရတရားမှန်သမျှတို့၏။ <b>ပုရိမာနံ ပုရိမာနံ</b> = ရှေးရှေး သင်္ခါရတရားတို့၏။ <b>ပစ္စယာ</b> = အကြောင်းတရား တို့သည်။ <b>ဟုတွာ</b> = ဖြစ်ကြကုန်၍။ <b>ပစ္ဆတော</b> = နောက်ကြောင်းသို့။ <b>အနိဝတ္တိတွာ</b> = တစ်ဖန်ပြန်မလှည့်နိုင်ကြကုန်သည်ဖြစ်၍။ <b>တတ္ထ တတ္ထေဝ</b> = ထိုထိုဖြစ်ဆဲခဏ၌သာလျှင်။ <b>ဘိဇ္ဇန္တိ</b> = ပြိုပျက်စီး၍ သွားကြရလေကုန်၏။</p>
<p>ထိုထို <b>ကောဋ္ဌာသ</b>ဆိုတာက ကလလရေကြည်<b>ကောဋ္ဌာသ</b>, အမြှုပ် <b>ကောဋ္ဌာသ</b>, သားတစ်<b>ကောဋ္ဌာသ</b> စသည်ဖြင့် အမိဝမ်းတွင်းမှာရှိတဲ့ အချိန်အခါမှာလည်း <b>ကောဋ္ဌာသ</b>တွေအဆင့်ဆင့်ပဲ ရှိပါတယ်။ မွေးဖွားပြီးတဲ့နောက်ပိုင်း ကြည့်မယ်ဆိုလျှင်လည်း ပထမအရွယ်, ဒုတိယအရွယ်, တတိယအရွယ်, စတုတ္ထအရွယ် စသည်ဖြင့် အရွယ်တွေ အဆင့်ဆင့်, <b>ကောဋ္ဌာသ</b>အဖို့အစုတွေ အဆင့်ဆင့်ပဲ ရှိပါတယ်။ ဒီလို အဆင့်ဆင့် ပြောင်းလဲလာတဲ့ အချိန်အခါမှာ ထိုထို<b>ကောဋ္ဌာသ</b>မှာ တည်နေရှိတဲ့ ရုပ်နာမ်ဓမ္မ<b>သင်္ခါရ</b>တရားတို့သည် ရှေးရှေး <b>သင်္ခါရ</b>တရားတို့၏ အကြောင်းဖြစ်ကြတယ်။ နောက်ကြောင်း ပြန်မလှည့်ကြဘဲ ဖြစ်ဆဲခဏမှာပဲ ပြိုပျက်သွားကြရတယ်။</p>
<p>ဒီစကားကလေးကို ကြည့်လိုက်မယ်ဆိုလျှင် ဒီ<b>အယောဃရ</b>မင်းသား ကလေးဟာ ရုပ်နာမ်ဓမ္မ<b>သင်္ခါရ</b>တရားတွေကို ပရမတ္ထသစ္စာနယ်သို့ ဆိုက်အောင် သူက သိနေပါတယ်။ ဒီနေရာမှာ ရှေးရှေး, နောက်နောက်ဆိုတာက တော့ မဂ္ဂဂမနနည်းနဲ့ ပြောနေပုံရပါတယ်။ ရှေးရှေးသော <b>သင်္ခါရ</b>တရားတွေက ဖြစ်ပြီးတာနဲ့ ပျက်သွားကြတယ်။ ပျက်သွားပြီဆိုလျှင်လည်း နောက်နောက်သော <b>သင်္ခါရ</b>တရားတွေက အသစ်အသစ် ထပ်ပြီး ဖြစ်ပေါ်လာတယ်။ ရှေးရှေးသော <b>သင်္ခါရ</b>တရားတွေ ပျက်စီးသွားခြင်းသည် နောက်နောက်သော အသစ်အသစ်သော ရုပ်နာမ်ဓမ္မ<b>သင်္ခါရ</b>တရားတို့ ဖြစ်ပေါ်လာဖို့ရန်အတွက် အကြောင်းရင်းဖြစ်တယ်လို့ ဒီလို ဆိုလိုပါတယ်။</p>
<p>ဒီလို ရှေးရှေးသော <b>သင်္ခါရ</b>တရားတွေက ပျက်သွားပြီးတဲ့ အချိန်အခါမှာ နောက်နောက်သော အသစ်အသစ် သင်္ခါရတရားတွေက ထပ်ထပ်ပြီး ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့<b>သင်္ခါရ</b>တရားတွေဟာလည်း ထပ်ထပ်ပြီးတော့ တစ်ဖန် ပျက်ရပြန်တယ်။ ပျက်တဲ့အချိန်အခါမှာလည်း ဘယ်အချိန်အခါမှာ ပျက်သလဲလို့ မေးလျှင်တော့ ထိုထိုဖြစ်ပြီးခဏမှာပဲ ပျက်စီးသွားကြတယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ထိုထိုဥပါဒ်, ဌီ, ဘင်အခိုက်မှာပဲ ပျက်စီးသွားကြတယ်။</p>
<p><b>ဇရာကာလေ သင်္ခါရာ အမှေဟိ ဧသ ပုဗ္ဗေ ယုဝါ ထာမသမ္ပန္နော ကတော၊ ပုန နံ နိဝတ္တိတွာ တတ္ထေဝ ကရိဿာမာတိ န လဘန္တိ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၁။)</b></p>
<p><b>ဇရာကာလေ</b> = အိုမင်းမစွမ်း ဖြစ်ပေါ်နေတဲ့ အချိန်အခါကာလ၌။ <b>ပဝတ္တာ</b> = ဖြစ်ပေါ်၍လာကြကုန်သသော။ <b>သင်္ခါရာ</b> = ရုပ်နာမ်ဓမ္မ<b>သင်္ခါရ</b>တရား မှန်သမျှတို့သည်။ <b>အမှေဟိ</b> = ငါတို့သည်။ <b>ပုဗ္ဗေ</b> = ရှေးယခင်အခါ၌။ <b>ယုဝါ</b> = <b>ထာမသမ္ပန္နော</b> = နုပျိုလျက် စွမ်းအားနှင့်ပြည့်စုံသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ဧသ</b> = <b>ဧသော</b> = ဤ<b>သင်္ခါရ</b>တရားကို။ <b>ကတော</b> = ပြုလုပ်ခဲ့ပြီးလေပြီ။ <b>ပုန</b> = နောက်ထပ်တစ်ဖန်။ <b>နံ</b> = ထို<b>သင်္ခါရ</b>တရားကို။ <b>နိဝတ္တိတွာ</b> = နောက်ကြောင်းသို့ တစ်ဖန်ပြန်စေ၍။ <b>တတ္ထေဝ</b> = ထိုနုနယ်နေတဲ့ အချိန်အခါကာလ၌ တည်ရှိတဲ့ <b>သင်္ခါရ</b>တရားအတိုင်းသာလျှင်။ <b>ကရိဿာမ</b> = ပြုလုပ်ကြပါကုန်အံ့။ <b>ဣတိ</b> = ဤသို့သော အခွင့်အလမ်းမျိုးကို။ <b>န လဘန္တိ</b> = မရရှိနိုင်ကြလေကုန်။</p>
<p>အိုမင်းမစွမ်းဖြစ်လာတဲ့ အချိန်အခါမှာတော့ အိုမင်းနေတဲ့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သတ္တဝါတွေဟာ များသောအားဖြင့် အလိုမရှိကြတော့ဘူး။ ဩော် ...ဟိုရှေးယခင် တစ်ချိန်တုန်းက တို့ဟာ နုပျိုခဲ့တယ်။ ကာယအား ဉာဏအား စွမ်းအားတွေနဲ့ ပြည့်စုံခဲ့တယ်။ ဒီလို ပြည့်စုံခဲ့တဲ့ အချိန် အခါမှာ တည်ရှိခဲ့တဲ့ သင်္ခါရတရားတွေအတိုင်း တစ်ဖန် ပြန်ဖြစ်အောင် တို့ လုပ်ကြမယ်လို့ ဒီလို ပြုလုပ်မယ်ဆိုလျှင် ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဘာဖြစ်လို့လဲ?</p>
<p><b>တတ္ထ တတ္ထေဝ အန္တရဓာယန္တိ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၁။)</b></p>
<p><b>တတ္ထ တတ္ထေဝ</b> = ထိုထိုခဏ၌ပင်လျှင်။ <b>အန္တရဓာယန္တိ</b> = ကုန်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်း၍ သွားကြရလေကုန်၏။</p>
<p>ထို<b>သင်္ခါရ</b>တရားတွေဟာ ဖြစ်ပြီးတာနဲ့ ပျက်သွားကြတယ်။ ပျက်ပြီးလျှင် တစ်နေရာမှာ သွားပြီး စုပုံထပ်နေတာလည်း မရှိကြဘူး။ အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့လျှင် အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာကြတယ်။ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလျှင် အကျိုးတရားတွေလည်း ချုပ်ငြိမ်း သွားကြတယ်။ မဖြစ်ခင်ကလည်း သူဖြစ်ပြီးလျှင် ငါဖြစ်မယ်၊ ငါဖြစ်ပြီးလျှင် သူဖြစ်မယ် စသည်ဖြင့် ဒီလို တန်းစီပြီး စောင့်နေတဲ့သဘောလည်း မရှိကြဘူး။ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း တစ်နေရာမှာ သွားပြီး အလောင်းကောင်တွေ စုပုံပြီး ထပ်နေသလို တစ်နေရာမှာ စုပုံပြီး ထပ်နေတဲ့သဘောလည်း မရှိကြဘူး။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျောက်ပျက်သွားကြတယ်။ ပြန်ပြီး အစားလိုချင်တယ်ဆိုလျှင်လည်း မရနိုင်ဘူး။ ပျက်စီးသွားတဲ့ တိမ်တိုက်သည် တစ်ဖန် ပြန်ပြီးတော့ ဒီတိမ်သားတွေကို စုဝေးပြီး တိမ်တိုက်ကြီးတစ်ခု ဖြစ်အောင်လုပ်မယ်ဆိုလည်း လုပ်လို့ မရနိုင်တော့ဘူး။</p>
<p>ဒီပုံစံအတိုင်းပဲ ရုပ်နာမ်ဓမ္မ<b>သင်္ခါရ</b>တရားတွေသည် ပျက်စီးသွားပြီဆိုလျှင် နောက်ထပ်တစ်ဖန် ပြန်ပြီးတော့ အသစ်ဖြစ်အောင် ပြုလုပ်မယ်ဆိုလျှင် ဘယ်လိုမှ ပြုလုပ်လို့ မရနိုင်တော့ဘူး။ ဒီသဘောတရားတွေကို <b>အယောဃရ</b> မင်းသားကလေးက မြင်နေတယ်။ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီ<b>အယောဃရ</b>မင်းသားကလေး မြင်နေသလို မြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိကြမယ်။ မမြင်သေးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိကြမယ်။ ဒါပေမယ့် ဒီနေရာမှာ မြင်သည်ဖြစ်စေ, မမြင်သည်ဖြစ်စေ ဘုန်းကြီး ပြောလိုတာက ဒီ<b>အယောဃရ</b>မင်းသားကလေးက ဒီလို အသိဉာဏ် တွေကို သူက ဒီ (၁၆)နှစ်ကာလအတွင်းမှာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်း အားဖြင့် ရရှိနိုင်ပါသလဲလို့ ပရိသတ်တွေဘက်ကလည်း စဉ်းစားချင် စဉ်းစား ကြပါလိမ့်မယ်။</p>
<h3>ပါရမီစွမ်းအား</h3>
<p>ဒီအပိုင်းမှာ ဘုန်းကြီး ပါရမီအကြောင်းကို နည်းနည်းကလေး ပြောဖို့ ရည်ရွယ်ထားပါတယ်။ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ရဲ့ ဟို သုမေဓာ ရှင်ရသေ့ဘဝ ဆိုကြစို့၊ <b>ဒီပင်္ကရာ</b>ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပြီးတော့ သဗ္ဗညုတဉာဏ်ကို ရရှိဖို့ရန်အတွက် ဆုတောင်းပန်ထွာခဲ့တဲ့ ဘဝက စပြီးတော့ <b>ကဿပ</b>မြတ်စွာဘုရား သာသနာတော်အတွင်းတိုင်အောင် ဆိုကြပါစို့၊ <b>ဒီပင်္ကရာ</b>မြတ်စွာဘုရားရှင် အဝင်အပါ (၂၄)ဆူသော ဘုရားရှင်တို့နဲ့ တွေ့ကြုံခဲ့ ရပါတယ်။ ထို (၂၄)ဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်သည် ရှင်ရဟန်းဘဝကို ဘယ်နှစ်ကြိမ် ရခဲ့သလဲဆိုတော့ (၉)ကြိမ် ရရှိခဲ့ပါတယ်။</p>
<h3>(၉) ကြိမ်တိုင်အောင် ရှင်ရဟန်းပြုခဲ့ခြင်း</h3>
<p>နံပါတ် (၁)ကတော့ <b>ကောဏ္ဍည</b>မြတ်စွာဘုရား သာသနာတော်အတွင်းမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က <b>ဝိဇိတာဝီ</b>အမည်ရှိတဲ့ စကြဝတေး မင်းကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီစကြဝတေးမင်းကြီးက စကြဝတေးမင်း စည်းစိမ်ကို စွန့်လွှတ်ပြီးတော့ <b>ကောဏ္ဍည</b>မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။</p>
<p>နောက်တစ်ခါ <b>မင်္ဂလ</b>မြတ်စွာဘုရား လောကမှာ ပွင့်ပေါ်လာပြန်ပါတယ်။ အဲဒီ <b>မင်္ဂလ</b>မြတ်စွာဘုရားရဲ့ သာသနာတော်အတွင်းမှာလည်း ဘုန်းကြီးတို့ ဘုရားအလောင်းတော်က သုရုစိအမည်ရှိတဲ့ ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပါတယ်။ မိမိမှာရှိနေတဲ့ စည်းစိမ်ချမ်းသာတွေကို အကုန်စွန့်လွှတ်ပြီးတော့ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ် ဖြစ်ပါတယ်။</p>
<p>နောက်တစ်ခု <b>သုမေဓ</b>မြတ်စွာဘုရား သာသနာတော်တွင်း ဆိုကြစို့၊ <b>သုမေဓ</b>မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဥတ္တရအမည်ရှိတဲ့ လုလင်ကလေးတစ်ဦး ဖြစ်ခဲ့ ပါတယ်။ ထိုလုလင်ဘဝမှာလည်း မိမိ ပိုင်ဆိုင်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို စွန့်လွှတ်ပြီးတော့ ဘုရားရှင်ရဲ့ သာသနာတော်သို့ ဝင်ရောက် ပြီးတော့ ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက တတိယအကြိမ် ဖြစ်ပါတယ်။</p>
<p>နောက်တစ်ခု -- <b>သုဇာတ</b>မြတ်စွာဘုရား သာသနာတော်တွင်း ဆိုကြစို့၊ လောကမှာ <b>သုဇာတ</b>မြတ်စွာဘုရား ပွင့်ထွန်းပေါ်တော်မူလာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က စကြဝတေးမင်းကြီး ဖြစ်နေပါတယ်။ အဲဒီ စကြဝတေးမင်းစည်းစိမ်ကိုလည်း အကုန်စွန့်လွှတ်ပြီးတော့ သုဇတဘုရားရှင်၏ သာသနာတော်တွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တယ်။ ဒါက စတုတ္ထအကြိမ် ဖြစ်ပါတယ်။</p>
<p>နောက်တစ်ကြိမ်ကတော့ <b>ဖုဿ</b>မြတ်စွာဘုရား သာသနာတော်တွင်း ဖြစ်ပါတယ်။ <b>ဖုဿ</b>မြတ်စွာဘုရားရှင် လောကမှာ ပွင့်ထွန်းတော်မူလာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က <b>ဝိဇိတာဝီ</b>အမည်ရှိတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်တစ်ဦး ဖြစ်နေပါတယ်။ မိမိရဲ့ နန်းစည်းစိမ်ဟူသမျှကို အကုန်လုံး စွန့်လွှတ်ပြီးတော့ <b>ဖုဿ</b>ဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ဒါက ပဉ္စမ အကြိမ် ဖြစ်ပါတယ်။</p>
<p>နောက်တစ်ကြိမ်ကတော့ <b>ဝေဿဘူ</b>မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အတွင်း ဖြစ်ပါတယ်။ <b>ဝေဿဘူ</b>မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူ လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က သုဒဿန အမည်ရှိနေတဲ့ ရှင်ဘုရင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီ သုဒဿနမင်းစည်းစိမ်ကိုလည်း စွန့်လွှတ်ပြီးတော့ <b>ဝေဿဘူ</b>မြတ်စွာဘုရား၏ သာသနာတော် အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တယ်။ ဒါက ဆဋ္ဌမအကြိမ် ဖြစ်ပါတယ်။</p>
<p>ခုနစ်ကြိမ်မြောက်ကတော့ <b>ကကုသန္ဓ</b>ဘုရားရှင်ရဲ့ လက်ထက်တော်အခါ ဖြစ်ပါတယ်။ <b>ကကုသန္ဓ</b>မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်လာပြီ ဆိုကြစို့၊ <b>ကကုသန္ဓ</b>မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ခေမအမည်ရှိသော ရှင်ဘုရင်တစ်ဦး ဖြစ်နေပါတယ်။ မိမိရဲ့ နန်းစည်းစိမ်ဟူသမျှကို အကုန်စွန့်လွှတ်ပြီးတော့ <b>ကကုသန္ဓ</b>မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တယ်။</p>
<p>ရှစ်ကြိမ်မြောက်ကတော့ <b>ကောဏာဂုံ</b>မြတ်စွာဘုရား လောကမှာ ပွင့်ပေါ် လာတဲ့ အချိန်အခါမှာ ဖြစ်ပါတယ်။ <b>ကောဏာဂုံ</b>မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာလည်း ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ပဗ္ဗတအမည်ရှိနေတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ မိမိရဲ့ နန်းစည်းစိမ်ဟူသမျှကို အကုန်စွန့်လွှတ်ပြီးတော့ <b>ကောဏာဂုံ</b>မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။</p>
<p>နောက်ဆုံးအကြိမ်ကတော့ <b>ကဿပ</b>မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ဖြစ်ပါတယ်။ <b>ကဿပ</b>မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဟာ ဇောတိပါလအမည်ရှိတဲ့ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ထိုအချိန်အခါမှာလည်း ဒီဇောတိပါလလုလင်က <b>ကဿပ</b>ဘုရားရှင်၏ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ပေါင်းလိုက်တော့ ရှင်ရဟန်းဘဝ ဘယ်နှစ်ကြိမ် ရခဲ့သလဲလို့ မေးလျှင်တော့ ကိုးကြိမ် ရရှိခဲ့ပါတယ်။</p>
<p>ကိုးကြိမ်တိုင်တိုင် ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဘာတွေလုပ်ခဲ့သလဲ? ဉာဏ်တည်းဟူသော ဦးချိုကို ဘယ်တော့မှ ချမထားဘူး။ ဉာဏ်ထက်မြက်အောင် သွေးနေတယ်။ ဘယ်လိုသွေးသလဲ?</p>
<p><b>ဗောဓိသတ္တာ ဟိ ဗုဒ္ဓါနံ သမ္မုခေ ပဗ္ဗဇန္တိ။ ပဗ္ဗဇိတွာ စ ပန ဣတ္တရသတ္တာ ဝိယ ပတိတသိင်္ဂါ န ဟောန္တိ၊ စတုပါရိသုဒ္ဓိသီလေ ပန သုပတိဋ္ဌာယ တေပိဋကံ ဗုဒ္ဓဝစနံ ဥဂ္ဂဏှိတွာ တေရသ ဓုတင်္ဂါနိ သမာဒါယ အရညံ ပဝိသိတွာ ဂတပစ္စာဂတဝတ္တံ ပူရယမာနာ သမဏဓမ္မံ ကရောန္တာ ဝိပဿနံ ဝဍ္ဎေတွာ ယာဝ အနုလောမဉာဏံ အာဟစ္စ တိဋ္ဌန္တိ၊ မဂ္ဂဖလတ္ထံ ဝါယာမံ န ကရောန္တိ။</b> <b>(မ၊ဋ္ဌ၊၃၊၁၉၅။)</b></p>
<p>နံပါတ် (၁)သီလဖြစ်တဲ့ <b>ပါတိမောက္ခသံဝရသီလ</b>လို့ ခေါ်ဆိုအပ်တဲ့ ဝိနည်းကျင့်ဝတ်သိက္ခာပုဒ်တွေကို လုံလုံခြုံခြုံ စောင့်ထိန်းတယ်။</p>
<p>နံပါတ် (၂)သီလဖြစ်တဲ့ <b>ဣန္ဒြိယသံဝရသီလ</b>လို့ ခေါ်ဆိုအပ်တဲ့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရ (၆)ပါးမှ ကိလေသာတွေ မဝင်အောင် မိမိရဲ့စိတ်ကို သမထဘာဝနာ, ဝိပဿနာဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ အာရုံထဲမှာ အမြဲတမ်း သွတ်သွင်းထားတယ်။ ဒီလိုနည်းအားဖြင့် <b>ဣန္ဒြိယသံဝရသီလ</b>ကို လုံခြုံစွာ စောင့်ထိန်းတယ်။</p>
<p>နံပါတ် (၃)သီလဖြစ်တဲ့ <b>အာဇီဝပါရိသုဒ္ဓိသီလ</b>လို့ ခေါ်ဆိုအပ်တဲ့ အသက် မွေးဝမ်းကျောင်းတွေကိုလည်း အထူးသဖြင့် စင်ကြယ်အောင် သုတ်သင်ရှင်းလင်းတယ်။</p>
<p>နံပါတ် (၄)သီလဖြစ်တဲ့ <b>ပစ္စယသန္နိဿိတသီလ</b>လို့ ခေါ်ဆိုအပ်တဲ့ ပစ္စည်း လေးပါးကို သုံးစွဲတဲ့အချိန်အခါမှာ <b>ပစ္စဝေက္ခဏာဉာဏ်</b>ဖြင့် ဆင်ခြင်ပြီးတော့ အမြဲတမ်း သုံးစွဲတယ်။</p>
<p>ဒီသီလကြီး (၄)ပါးကို <b>စတုပါရိသုဒ္ဓိသီလ</b>လို့ ခေါ်ပါတယ်။ ဒီ<b>စတုပါရိသုဒ္ဓိသီလ</b>လို့ ခေါ်ဆိုအပ်တဲ့ မြေကြီးပေါ်မှာ ကောင်းစွာ ရပ်တည်ပြီးတော့ ဘုရားအလောင်းတော်သည် ဘာလုပ်သလဲ? ဓုတင် (၁၃)ပါးကို ဆောက်တည်တယ်၊ တောမှာပဲ နေထိုင်တယ်၊ ပရိယတ္တိဘက်က ပိဋကတ်သုံးပုံကို နှုတ်ငုံရအောင် ဆောင်တော်မူတယ်၊ သမထပိုင်း ပဋိပတ်ဘက်ကို ကြည့်လိုက် မယ်ဆိုလျှင်လည်း စျာန်အဘိညာဏ်တွေကို ရရှိအောင် ကြိုးစားအားထုတ် တော်မူတယ်၊ ဝိပဿနာပိုင်း ကြည့်လိုက်မယ်ဆိုလျှင်လည်း <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းတော်မူ ခဲ့ပါတယ်။ <b>(မ၊ဋ္ဌ၊၃၊၁၉၅။)</b></p>
<p><b>သင်္ခါရုပေက္ခာဉာဏ်</b>တိုင်အောင်ဆိုတော့ ရုပ်တွေ, နာမ်တွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ <b>နာမရူပပရိစ္ဆေဒဉာဏ်</b>တွေလည်း ရရှိခဲ့တယ်။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္စျတ္တသန္တာန်, ဗဟိဒ္ဓသန္တာန် အစရှိတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အကြောင်းတရား, အကျိုးတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိနေတဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>တွေလည်း ရရှိခဲ့တယ်။ အကြောင်းတရားနှင့်တကွ ရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တ သဘောတွေကိုလည်း <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်ခဲ့တယ်။ ဘယ်နှစ်ကြိမ်လဲ? အားလုံးပေါင်းလိုက်လျှင် ကိုးကြိမ်တိုင်တိုင် ထွင်းဖောက် သိမြင်ခဲ့တယ်။ ကိုးကြိမ်တိုင်တိုင် ဒီလို ဖြည့်ကျင့် ခဲ့တဲ့ ပါရမီမျိုးစေ့တွေက အလောင်းတော်ကို ဘဝတိုင်းမှာ လိုက်ပြီးတော့ ကျေးဇူးပြုပေးနေပါတယ်။ ပါရမီဆိုတာ မြုံသွားတဲ့သဘော မရှိပါဘူး။ ဒီလောက်တွင်လားဆိုတော့ မကသေးပါဘူး။ နောက်ထပ် ထူးခြားတဲ့ဘဝတွေ ရှိနေပါတယ်။</p>
<p>ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဟာ <b>ဒီပင်္ကရာ</b>မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာတော့ <b>သုမေဓာ</b>ရှင်ရသေ့ ဖြစ်ခဲ့တယ်။ ထို<b>သုမေဓာ</b> ရှင်ရသေ့ဘဝမှာဆိုလျှင်လည်း စျာန်အဘိညာဏ်တွေကို ရရှိတော်မူခဲ့ပါတယ်။ အကယ်၍ <b>ဒီပင်္ကရာ</b>ဘုရားရှင်က အရဟတ္တဖိုလ်ရောက်ကြောင်း တရားတော်ကလေး တစ်ပုဒ်တစ်ဂါထာလောက် ဟောလိုက်မယ်၊ မိမိကလည်း အရဟတ္တဖိုလ်ကို အလိုရှိခဲ့မယ်ဆိုလျှင် တစ်ပုဒ်တစ်ဂါထာ နာကြားပြီးသည်၏ အဆုံးမှာ အရဟတ္တဖိုလ်ကို ရရှိနိုင်တဲ့ ပါရမီမျိုးစေ့တွေလည်း ပြည့်ပြည့်စုံစုံ ရှိနေတယ်။</p>
<p>ဒီမျိုးစေ့တွေက ဘာတွေလဲလို့ မေးလျှင်တော့ ရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့ တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်တတ်တဲ့ ပါရမီမျိုးစေ့တွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် <b>သုမေဓာ</b>ရှင်ရသေ့ဘဝမှာကတည်းက ဒီမျိုးစေ့တွေက ပြည့်စုံခဲ့ပြီး ဖြစ်ပါတယ်။</p>
<p>နောက်တစ်ခု --- <b>နာရဒ</b>မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာလည်း ရသေ့တစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်အခါတုန်းကလည်း စျာန်အဘိညာဏ်တွေကို ရရှိတဲ့ ရသေ့တစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက <b>အတ္ထဒဿီ</b>မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာလည်းပဲ <b>သုသီမ</b>အမည်ရှိတဲ့ ရသေ့တစ်ဦး ဖြစ်ခဲ့ပါတယ်။ <b>သိဒ္ဓတ္ထ</b>အမည်ရှိတဲ့ မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူလာတဲ့ အချိန်အခါမှာလည်းပဲ <b>မင်္ဂလ</b>အမည်ရှိတဲ့ ရသေ့တစ်ဦး ဖြစ်ခဲ့ပါတယ်။ <b>တိဿ</b>မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီး လောကမှာ ပွင့်ပေါ်တော်မူတဲ့ အချိန် မှာလည်း <b>သုဇာတ</b>အမည်ရှိတဲ့ ရသေ့တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီလို ရသေ့ဘဝ တွေမှာလည်း စျာန်အဘိညာဏ်တွေကို အဝါးဝစွာ လေ့လာခဲ့ပါတယ်။ ဘုရားရှင်တို့ရဲ့ အဆုံးအမတွေကို ဦးထိပ်ရွက် ပန်ဆင်ပြီး သဗ္ဗညုတဉာဏ် ရဖို့အတွက် ရည်ရွယ်တောင့်တပြီးတော့ <b>ဝိဇ္ဇာ</b>မျိုးစေ့ကောင်း, <b>စရဏ</b>မျိုးစေ့ကောင်းတွေကို ဘဝပေါင်းများစွာပဲ ကြဲချစိုက်ပျိုးခဲ့ပါတယ်။</p>
<p>ဒီလို ကြဲချစိုက်ပျိုးခဲ့တဲ့ ပါရမီမျိုးစေ့ကောင်းတွေက ဝိုင်းပြီး ကျေးဇူးပြု လိုက်တဲ့ အချိန်အခါမှာ ဒီ<b>အယောဃရ</b>မင်းသားကလေးဟာ သံနှောင်အိမ် အတွင်းမှာ (၁၆)နှစ်တိုင်တိုင် နေထိုင်ရတဲ့ အချိန်အခါမှာလည်း ဒီစျာန်အဘိညာဏ်တွေကို ဘဝပေါင်းများစွာ ထူထောင်ခဲ့တဲ့ ပါရမီမျိုးစေ့ကောင်းတွေက ဝိုင်းပြီး ကျေးဇူးပြုလိုက်တဲ့ အချိန်အခါမှာ ဒီစျာန်သမာဓိတွေက လွယ်လွယ်နဲ့ သူ့သန္တာန်မှာ ဖြစ်နိုင်တဲ့သဘော ရှိနေပါတယ်။ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့ တိုင်အောင် လေ့လာဆည်းပူးခဲ့တဲ့ ပါရမီမျိုးစေ့တွေက အလွန်ထက်မြက်စူးရှ ခဲ့တဲ့အတွက် ယခုလို <b>အယောဃရ</b>မင်းသားဘဝ ရောက်ရှိတဲ့အချိန်အခါမှာလည်း ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ထိုထိုဖြစ်ဆဲခဏမှာပဲ ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ပျက်သွားနေတဲ့ ဒီအနိစ္စသဘော, ဒုက္ခသဘော, အနတ္တ သဘောတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိနေတယ်။</p>
<p>ဒါကြောင့် ဒီနေ့ သာယာကုန်း ဝတ်ကြီးအသင်းတိုက်မှာ တရားနာနေတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းအပေါင်းတို့လည်း ဒီလို မှန်ကန်တိကျနေတဲ့ ပါရမီမျိုးစေ့ကောင်းတွေကို ရအောင် ထူထောင်ထားဖို့ မလိုဘူးလား? သိပ်လိုအပ်ပါတယ်။ ဒါက သာသနာတော်တွင်းမှာ ဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံခိုက်မှာသာ ရရှိနိုင်တဲ့ အခွင့်အလမ်းထူးကြီး ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် တပည့်တော်တို့လည်း ထူထောင်ချင်ပါတယ်ဘုရား၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီပါရမီမျိုးစေ့တွေကို ထူထောင်ရမလဲလို့ မေးစရာတော့ ရှိလာပါတယ်။</p>
<h3>မဂ္ဂင် (၈) ပါး</h3>
<p>ပါရမီမျိုးစေ့ထူထောင်ပုံအပိုင်းကလေးကို ဘုန်းကြီး အတိုချုပ်ပြီး ဒီနေ့ နည်းနည်း ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ဒီနေ့ အာနာပါန လမ်းစဉ်ကပဲ စတင်ပြီး ဟောကြစို့၊ ရှေးဦးစွာ ဘုန်းကြီးတို့ နိဗ္ဗာန်ကို သွားချင်တယ်ဆိုလျှင်တော့ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ကျင့်ရမယ်ဆိုတာကတော့ ဒီနေ့ ဒီတရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း လက်ခံနိုင်လိမ့်မယ်လို့ ဘုန်းကြီး မျှော်လင့်ပါတယ်။ ဘယ့်နှယ်တုံး တရားနာပရိသတ်တွေ လက်ခံနိုင်ကြလား? လက်ခံနိုင်ရမယ်။ မဂ္ဂင် (၈)ပါးက ဘာတွေလဲ?</p>
<p><b>သမ္မာဒိဋ္ဌိ</b>, <b>သမ္မာသင်္ကပ္ပ</b>, <b>သမ္မာဝါစာ</b>, <b>သမ္မာကမ္မန္တ</b>, <b>သမ္မာအာဇီဝ</b>, <b>သမ္မာဝါယာမ</b>, <b>သမ္မာသတိ</b>, <b>သမ္မာသမာဓိ</b>။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါး ရှိသလဲ? (၈)ပါး ရှိပါတယ်။ <b>သမ္မာဝါစာ</b>, <b>သမ္မာကမ္မန္တ</b>, <b>သမ္မာအာဇီဝ</b>ဆိုပြီး သီလမဂ္ဂင် (၃)ပါး ရှိပါတယ်။ လောကီမဂ္ဂင်ပိုင်းမှာ ဒီသီလမဂ္ဂင် (၃)ပါးကို ကြိုတင်ပြီး ဆောက်တည်ရပါတယ်။ ဒီနေ့ စောင့်သုံးတဲ့ ဥပုသ်သီလမျိုးလည်း ပုံစံတူပါပဲ။ သီလလုံခြုံပြီဆိုလျှင် <b>သမ္မာဝါယာမ</b>, <b>သမ္မာသတိ</b>, <b>သမ္မာသမာဓိ</b>ခေါ်တဲ့ သမာဓိ ကျင့်စဉ်ကို တစ်ဆင့်တက်ပြီး လှမ်းရပါတယ်။</p>
<h3>ဥဂ္ဃဋိတညူပုဂ္ဂိုလ်</h3>
<p>ဘုန်းကြီးတို့ သာဝကတွေမှာ အမျိုးအစား လေးမျိုးလေးစား ရှိကြပါတယ်။ နံပါတ် (၁) <b>ဥဂ္ဃဋိတညူပုဂ္ဂိုလ်</b> = သစ္စာ (၄)ပါးနဲ့စပ်တဲ့ တရားစကား တစ်ပုဒ်တစ်ဂါထာလောက်ကို အကျဉ်းချုပ် တရားနာရရုံနဲ့ နာကြားခွင့် ရရုံမျှနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိမယ့် သူတော်ကောင်းများကို <b>ဥဂ္ဃဋိတညူပုဂ္ဂိုလ်</b>လို့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲ? ဒီလို <b>ဥဂ္ဃဋိတညူပုဂ္ဂိုလ်</b>တွေဟာ များသောအားဖြင့် <b>ပဋိသမ္ဘိဒါပတ္တ</b> = ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ထို<b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိနေတဲ့ သူတော်ကောင်းတွေသည် ရှေးရှေးသော ဘုရားရှင်တို့၏ သာသနာတော်အတွင်းမှာ <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင်သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်း ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ <b>ပုဗ္ဗယောဂ</b>နှင့်လည်း ပြည့်စုံရပါတယ်။ <b>(ဝိသုဒ္ဓိ၊၂၊၇၂။)</b></p>
<p>ဒီလို ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ကတည်းက <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် လေ့လာဆည်းပူးခဲ့တဲ့ <b>ပုဗ္ဗယောဂ</b>တွေ ရှိနေသည့်အတွက် ထိုသူတော်ကောင်းတွေအဖို့ သစ္စာလေးပါးနဲ့စပ်တဲ့ ရုပ်နာမ် ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေနဲ့ ဆက်စပ်ပြီးတော့ တရားဒေသနာတော်တစ်ခုကို ကြားနာခွင့်ရရှိတဲ့ အချိန်အခါမှာ လွယ်လွယ်နဲ့ ကျွတ်တမ်းဝင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လွယ်လွယ်နဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးကို <b>ဥဂ္ဃဋိတညူပုဂ္ဂိုလ်</b>လို့ ခေါ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပါရမီသည် အကြီးအကျယ် စကားပြောပါတယ်။</p>
<h3>ဝိပဉ္စိတညူပုဂ္ဂိုလ်</h3>
<p>နောက် နံပါတ် (၂)ပုဂ္ဂိုလ်ကတော့ <b>ဝိပဉ္စိတညူပုဂ္ဂိုလ်</b> ဖြစ်ပါတယ်။ <b>ဓမ္မစကြာသုတ္တန်</b>တို့လို, <b>အနတ္တလက္ခဏသုတ္တန်</b>တို့လို ခပ်ကျယ်ကျယ်ကလေး တရားတော်ကို ဟောကြားပြသ ဆိုဆုံးမပေးလို့ နာကြားခွင့် ရရှိပါမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုက်နိုင်တဲ့ သူတော်ကောင်းတွေကို <b>ဝိပဉ္စိတညူပုဂ္ဂိုလ်</b>လို့ ခေါ်ပါတယ်။ <b>ဥဂ္ဃဋိတညူ</b>, <b>ဝိပဉ္စိတညူ</b>ဆိုတဲ့ ဒီပုဂ္ဂိုလ်နှစ်မျိုးကတော့ တရားနာရုံနဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ပုံစံထုတ်ပြီး ပြောရမယ် ဆိုလျှင် -- ပဉ္စဝဂ္ဂီငါးဦးတို့ ဆိုကြပါစို့၊ ဒီပုဂ္ဂိုလ်တွေသည် တရားတော်ကို နာကြားခွင့် ရရှိတဲ့အချိန်အခါမှာ <b>ပဋိသမ္ဘိဒါဉာဏ်</b>လေးပါးသို့ ရောက်ရှိ တော်မူတဲ့ <b>ပဋိသမ္ဘိဒါပတ္တ</b>ရဟန္တာအရှင်မြတ်တွေ ဖြစ်ကြပါတယ်။</p>
<p>ထို<b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိတော်မူတဲ့ ဒီသူတော်ကောင်းတွေဟာ ရှေးရှေး သော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့ တိုင်အောင်သော ဝိပဿနာကျင့်စဉ်တွေကိုလည်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့ပြီးတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် ဝိပဿနာဉာဏ်တွေက အလွန် ထက်မြက်စူးရှတဲ့သဘော မရှိတဲ့အတွက် သူတို့ဟာ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားကို ခပ်ကျယ်ကျယ်ကလေး ဟောကြားပြသပေးမှ ကျွတ်တမ်းဝင် နိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားတွေကို ကျင့်ရမယ့်အချိန်သည် တရားနာယူနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ တရားတော်ကို နာယူနေသည့် အချိန်အခါအတွင်းမှာ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတွေကို စုံစုံညီညီ ဖြည့်ကျင့်နိုင်မယ်ဆိုလျှင်တော့ ထိုသူတော်ကောင်းတွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို ရရှိနိုင်ကြပါတယ်။</p>
<h3>နေယျပုဂ္ဂိုလ်</h3>
<p>နံပါတ် (၃)ပုဂ္ဂိုလ်တစ်မျိုးကတော့ <b>တရားနာရုံ</b>နဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်တော့ဘူး။ တရားတော်ကို နာယူပြီးတဲ့ အချိန်အခါမှာ နာယူ ပြီးတဲ့တရားတော်တွေကို ကျကျနန မှတ်သား ဆောင်ထားရပါတယ်။ ဆောင်ထားပြီးတဲ့ အချိန်အခါမှာ လက်တွေ့ကျင့်ရပါတယ်။ ဒီလို လက်တွေ့ကျင့် လိုက်တဲ့ အချိန်အခါမှာ <b>သမ္မာဒိဋ္ဌိဉာဏ်</b>ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ကျွတ်တမ်းဝင်နိုင်တဲ့ သူတော်ကောင်းတွေကိုတော့ <b>နေယျပုဂ္ဂိုလ်</b>လို့ ခေါ်ပါတယ်။</p>
<h3>ပဒပရမပုဂ္ဂိုလ်</h3>
<p>နံပါတ် (၄)ပုဂ္ဂိုလ်ကတော့ <b>ပဒပရမပုဂ္ဂိုလ်</b> ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကတော့ ဒီဘဝမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို မရနိုင်ပါဘူး။ သို့သော် ပါရမီမျိုးစေ့ တွေကို ထူထောင်မယ်ဆိုလျှင်တော့ ထူထောင်ခွင့် ရနိုင်တဲ့ သူတော်ကောင်းမျိုး ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်လေးမျိုးထဲမှာ မိမိတို့က ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ် ဆိုတာကိုတော့ မိမိကိုယ်ကို နည်းနည်းကလေး စဉ်းစားတတ်ဖို့တော့ လိုပါလိမ့်မယ်။</p>
<p>ယခု တရားနာနေတဲ့ ပရိသတ်တွေဟာ တရားတော်တွေကို နာကြားဖူးတာ အကြိမ်တွေ တော်တော် များနေကြပြီ။ တရားနာရုံနဲ့ မိမိတို့ဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရ,မရ မိမိကိုယ်ကို ပြန်ပြီး ဆန်းစစ်လို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒီလို တရားနာရုံနဲ့ မိမိက မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်သေးဘူး ဆိုလျှင်တော့ မိမိက လက်တွေ့ကျင့်ရမယ့် သူတော်ကောင်းဖြစ်တဲ့ <b>နေယျပုဂ္ဂိုလ်</b>စာရင်းထဲမှာ ဝင်နေပြီ။ <b>နေယျပုဂ္ဂိုလ်</b>တို့ရဲ့သဘောက သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာသုံးရပ်အကျင့်မြတ်ကို အစဉ်အတိုင်း စနစ်တကျ ကျင့်ရတဲ့ သဘော ရှိပါတယ်။</p>
<h3>သီလမဂ္ဂင် + သမာဓိမဂ္ဂင်</h3>
<p>ဒီလို အစဉ်အတိုင်း စနစ်တကျ ကျင့်တဲ့အချိန်အခါမှာလည်း သီလပိုင်းမှာ သီလမဂ္ဂင် (၃)ပါးကို ဖြည့်ကျင့်ပြီးလို့ လုံခြုံပြီဆိုလျှင် ထိုပုဂ္ဂိုလ်က <b>သမ္မာဝါယာမ</b>, <b>သမ္မာသတိ</b>, <b>သမ္မာသမာဓိ</b>ခေါ်တဲ့ သမာဓိမဂ္ဂင် (၃)ပါးကို ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစားရပါတယ်။ ဒီမဂ္ဂင် (၃)ပါးထဲမှာ ပါဝင်နေတဲ့ <b>သမ္မာသမာဓိ</b>မဂ္ဂင်ကို <b>မဟာသတိပဋ္ဌာနသုတ္တန်</b>ကျင့်စဉ်ထဲမှာ ဘုရားရှင် ကိုယ်တော်တိုင်က အတိအကျ မေးခွန်းထုတ်ပြီးတော့ အတိအကျ ဖြေကြားထား တော်မူပါတယ်။ ဘယ်လို ဖြေကြားထားတော်မူသလဲ?</p>
<h3>သမ္မာသမာဓိဆိုတာ ဘာလဲ?</h3>
<p><b>ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ? ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။</b> <b>(ဒီ၊၂၊၂၅၀။)</b></p>
<p>စသည်ဖြင့် ဘုရားရှင် ကိုယ်တော်တိုင်က မေးခွန်းထုတ်ပြီး အတိအကျ ပြန်ပြီး ဖြေကြားထားတော်မူပါတယ်။ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို <b>သမ္မာသမာဓိ</b>လို့ ခေါ်ဆိုကြောင်း အတိအကျ ရှင်းထားတော်မူတယ်။ ဒီလို ရှင်းထားတော်မူတဲ့အတွက် ယောဂီသူတော်ကောင်းက နိဗ္ဗာန်ကို တကယ် လိုလားတောင့်တခဲ့မယ်ဆိုလျှင်, မဂ္ဂင် (၈)ပါးကို ကျင့်ရမယ်ဆိုတာကိုလည်း လက်ခံနိုင်တယ်ဆိုလျှင်တော့ <b>သမ္မာသမာဓိ</b>မဂ္ဂင်တစ်ခုနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ရမယ်ဆိုတာကိုလည်း လက်ခံနိုင်ရမယ်။</p>
<p>ဒီလို လက်ခံနိုင်ခဲ့မယ်ဆိုလျှင်တော့ သမာဓိတစ်ခုခုကို ထူထောင်ရ တော့မယ်။ ဘာဖြစ်လို့ ဒီသမာဓိတွေကို ထူထောင်နေရပါသလဲလို့မေးလျှင်တော့ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူတဲ့ ရုပ်တရားတွေ, ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူတဲ့ နာမ်တရားတွေက သမာဓိ ရှိမှ သိနိုင်တဲ့ ရုပ်တရား, နာမ်တရားတွေ ဖြစ်နေတယ်။ ဘုရားရှင် ဟောကြား ပြသ ဆိုဆုံးမထားတော်မူတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောတရားတွေဆိုတာကလည်း သမာဓိရှိမှ သိနိုင်တဲ့တရားတွေ ဖြစ်နေ ပါတယ်။ ဒါကြောင့် သမာဓိတစ်ခုခုကို ထူထောင်ရပါတယ်။ <b>(သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)</b></p>
<p>ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထူထောင်ရမလဲလို့ မေးလျှင် တော့ သမာဓိထူထောင်ပုံအပိုင်းမှာ မြတ်စွာဘုရားသည် ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူပါတယ်။ မိမိတို့ ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိကို စတင်ပြီး ထူထောင်နိုင်ပါတယ်။ ဒီနေ့တော့ ဘုန်းကြီးက <b>အာနာပါနကမ္မဋ္ဌာန်း</b>နဲ့ သမာဓိထူထောင်ပုံကို အကျဉ်းချုပ်ပြီး ဟောဖို့ ရည်ရွယ် ထားပါတယ်။</p>
<h3>အာနာပါနကျင့်စဉ်</h3>
<p><b>အာနာပါနကမ္မဋ္ဌာန်း</b>နဲ့ သမာဓိထူထောင်ပြီဆိုလျှင် ဘာလုပ်ရမလဲ? မိမိရဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီး တင်ပလ္လင်ခွေ ထိုင်ပါ၊ အထက်ပိုင်း ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ သတိ ကလေးကို ကမ္မဋ္ဌာန်းသို့ ရှေးရှုတည်နေပါစေ။ ဒီနေရာမှာ ကမ္မဋ္ဌာန်းဆိုတာက ဘာကို ကမ္မဋ္ဌာန်းခေါ်သလဲလို့ မေးလျှင်တော့ အာရုံကိုပဲ ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ အာရုံက ဒီနေရာမှာ <b>အာနာပါန</b>ဆိုတော့ ဝင်လေထွက်လေ ဖြစ်ပါတယ်။ ဒီဝင်လေထွက်လေကို ဘယ်နေရာကနေ စောင့်ကြည့်ရမလဲလို့ မေးလျှင်တော့ --</p>
<p><b>ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။</b> <b>(ဝိသုဒ္ဓိ၊၁၊၂၇၁။)</b></p>
<p>ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားတဲ့အတွက် ဝင်လေထွက်လေ ထိထိသွားတဲ့နေရာက စောင့်ပြီး သတိကို ကပ်ပြီး ရှုပွားသုံးသပ်မှ ဒီ<b>အာနာပါနဿတိသမာဓိဘာဝနာ</b>သည် ပြည့်စုံနိုင်တယ်လို့ ဒီလို သတ်မှတ်ချက် ပေးထားတဲ့အတွက် ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဒီနှစ်နေရာမှာ တစ်နေရာကနေ စောင့်ကြည့်ရပါတယ်။ ဒီလို ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီးတော့ ဝင်လေ ထွက်လေဆိုတဲ့ အာရုံမှာ သတိကလေးက ရှေးရှုတည်နေပါစေ။ သတိကလေး ကပ်ထားပါ။ ကပ်ပြီးတော့ ဘာလုပ်မလဲ?</p>
<p><b>သော သတောဝ အဿသတိ, သတောဝ ပဿသတိ။</b> <b>(ဒီ၊၂၊၂၃၁။)</b></p>
<p><b>သော</b> = ထို ယောဂါဝစရရဟန်းတော်သည်။ <b>သတောဝ</b> = သတိရှိသည် ဖြစ်၍သာလျှင်။ <b>အဿသတိ</b> = ဝင်လေကို ဖြစ်စေ၏။ <b>သတောဝ</b> = သတိရှိသည်ဖြစ်၍သာလျှင်။ <b>ပဿသတိ</b> = ထွက်လေကို ဖြစ်စေ၏။</p>
<p>ဝင်လေထွက်လေမှာ သတိမြဲအောင် ကြိုးစားရမယ်။ ဘယ်လောက် အထိ မြဲရမလဲလို့ မေးလျှင်တော့ အရဟတ္တဖိုလ် ရောက်သည့်တိုင်အောင် မြဲရမယ့်သဘော ရှိပါတယ်။ မြတ်စွာဘုရားက စတုက္က (၄)ခုနဲ့ ဝင်လေမှာ (၁၆)မျိုး၊ ထွက်လေမှာ (၁၆)မျိုး၊ အားလုံးပေါင်းလိုက်မယ်ဆိုလျှင်တော့ ဝင်လေထွက်လေမှာ (၃၂)မျိုးသော အခြင်းအရာအားဖြင့် ဟောကြားထားတော်မူပါတယ်။ <b>(ပဋိသံ၊၁၇၄။ ဝိသုဒ္ဓိ၊၁၊၂၆၃။)</b> ဒီ (၃၂)မျိုးသော အခြင်းအရာ တွေထဲမှာ ယခု သတိမြဲရမယ့် နံပါတ် (၁) စတုက္ကကို မြတ်စွာဘုရားက ဘယ်လို ဟောကြားထားတော်မူသလဲ?</p>
<p><b>ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။</b> <b>(ဒီ၊၂၊၂၃၁။)</b></p>
<p><b>ဒီဃံ ဝါ</b> = ရှည်စွာမူလည်း။ <b>အဿသန္တော</b> = ဝင်လေကို ဖြစ်စေသည် ရှိသော်။ <b>ဒီဃံ အဿသာမီတိ</b> = ရှည်စွာ ဝင်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိ၏။ <b>ဒီဃံ ဝါ</b> = ရှည်စွာမူလည်း။ <b>ပဿသန္တော</b> = ထွက်လေကို ဖြစ်စေသည်ရှိသော်။ <b>ဒီဃံ ပဿသာမီတိ</b> = ရှည်စွာ ထွက်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိ၏။</p>
<p>အသက်ရှူရာမှာ ဝင်သက်လေ ထွက်သက်လေက ရှည်လျှင် ရှည်တဲ့ အတိုင်း သိနေပါ။ ဒါက နံပါတ် (၁)အချက် ဖြစ်ပါတယ်။ နောက် နံပါတ် (၂) အချက်ကတော့ --</p>
<p><b>ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။</b> <b>(ဒီ၊၂၊၂၃၁။)</b></p>
<p><b>ရဿံ ဝါ</b> = တိုစွာမူလည်း။ <b>အဿသန္တော</b> = ဝင်လေကို ဖြစ်စေသည် ရှိသော်။ <b>ရဿံ အဿသာမီတိ</b> = တိုစွာ ဝင်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိ၏။ <b>ရဿံ ဝါ</b> = တိုစွာမူလည်း။ <b>ပဿသန္တော</b> = ထွက်လေ ကို ဖြစ်စေသည်ရှိသော်။ <b>ရဿံ ပဿသာမီတိ</b> = တိုစွာ ထွက်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိ၏။</p>
<p>အသက်ရှူရာမှာ ဝင်လေထွက်လေက တိုလျှင်လည်း တိုတဲ့အတိုင်း သိပါ။ ဒီနေရာမှာ ရှည်တယ်ဆိုတာက အချိန်ကြာကြာ ဖြစ်တာ၊ တိုတယ် ဆိုတာက အချိန်တိုတို ဖြစ်တာကို ဆိုလိုပါတယ်။</p>
<p><b>ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။</b> <b>(ဝိသုဒ္ဓိ၊၁၊၂၆၃။)</b></p>
<p><b>အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။</b> <b>(မဟာဋီ၊၁၊၃၁၈။)</b></p>
<p>ဒီအရှည်, အတိုအဆင့်ကို ဘယ်လို ကူးရမလဲလို့ မေးလျှင်တော့ ရှေးဦးစွာ များသောအားဖြင့် ဝင်လေထွက်လေအာရုံမှာ သတိကလေး မြဲအောင် တော့ ပထမ ကြိုးစားရပါတယ်။</p>
<h3>ရေတွက်ပေးပါ</h3>
<p>ဒီလို ကြိုးစားတဲ့အပိုင်းမှာ အောင်မြင်မှုက မရဘူး။ စိတ်က သိပ်ပြီး ထွက်နေတယ်ဆိုလျှင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကလေး တစ်ခုကို အသုံးပြုဖို့ရန် ညွှန်ကြားထားပါတယ်။ <b>(ဝိသုဒ္ဓိ၊၁၊၂၇၀။)</b></p>
<p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်</p>
<p>ဝင်လေထွက်လေ နှစ်</p>
<p>ဝင်လေထွက်လေ သုံး</p>
<p>ဝင်လေထွက်လေ လေး</p>
<p>ဝင်လေထွက်လေ ငါး</p>
<p>ဝင်လေထွက်လေ ခြောက်</p>
<p>ဝင်လေထွက်လေ ခုနစ်</p>
<p>ဝင်လေထွက်လေ ရှစ်</p>
<p>ဒီလောက်ဆို တော်လောက်ပြီ ဆိုကြစို့၊ တစ်ကနေ ငါးအထိလည်း ရေတွက်နိုင်ပါတယ်။ တစ်ကနေ တစ်ဆယ်အထိလည်း ရေတွက်နိုင်ပါတယ်။ ငါးထက်လည်း မနည်းစေနဲ့၊ တစ်ဆယ်ထက်လည်း မပိုစေနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက်တော့ ရှိနေပါတယ်။ <b>(ဝိသုဒ္ဓိ၊၁၊၂၇၀။)</b></p>
<p>တစ်ကနေ ရှစ်အထိ ရေတွက်ပြီ ဆိုကြစို့၊ ဒီလို ရေတွက်လိုက်တဲ့ အချိန် အခါမှာ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်ကိုမှ မထွက်စေရဘူးလို့၊ ဒီလို စိတ်ကို ခပ်တင်းတင်းကလေး ထားပြီးတော့ ရေတွက်ပါ၊ မထွက်အောင်လည်း ကြိုးစားပါ။ နောက်တစ်ခါ တစ်ကနေ ရှစ်အထိ မထွက်စေရဘူး။ နောက်တစ်ခါလည်း တစ်ကနေ ရှစ်အထိ မထွက်စေရဘူးလို့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရေတွက်နေမယ်ဆိုလျှင်တော့ ရေတွက်တဲ့ ဂဏနာနည်းရဲ့ စွမ်းအားကြောင့် ဝင်လေထွက်လေအာရုံမှာ သတိကလည်း ကပ်ပြီး တည်နေတတ်ပါတယ်။ စိတ်ကလည်း ငြိမ်သွားတတ်ပါတယ်။</p>
<h3>အရှည် - အတိုကို သိအောင် ကြိုးစားပါ</h3>
<p>ဒီလို ရေတွက်ခြင်း ဂဏနာနည်းရဲ့ အကူအညီဖြင့် ဝင်လေထွက်လေ အာရုံမှာ ဘာဝနာစိတ်ကလေး ငြိမ်သွားတဲ့ အချိန်အခါမှာ ဝင်လေထွက်လေ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ၊ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ၊ ရေလည်း ရေတွက်နေပါ။ ရှည်တယ်ဆိုတာက အသက်ရှူ နှေးတာကို, တိုတယ်ဆိုတာက အသက်ရှူ မြန်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ အသက်ရှူ နှေးအောင်, အသက်ရှူ မြန်အောင်, ရှည်အောင်, တိုအောင် သက်သက်တော့ မကြိုးစားပါနဲ့။ ကြိုးစားလျှင်တော့ မောသွားတတ်ပါတယ်။ သမာဓိလည်း ပျက်တတ်ပါတယ်။</p>
<p>ဒီဝင်လေထွက်လေရဲ့ အရှည်, အတိုအာရုံမှာ သတိကလေးက တော်တော်ကလေး မြဲလာတဲ့ အချိန်အခါမှာ အရှည်, အတိုအာရုံမှာ သတိက ဘယ်လောက်ကြာကြာ မြဲနေရမလဲလို့ မေးလျှင်တော့ အနည်းဆုံး တစ်နာရီလောက် မြဲအောင်တော့ ကြိုစားပါ။ တစ်နာရီလောက် မြဲနေပြီဆိုလျှင် မရေတွက်ဘဲ အရှည်, အတိုကို ကူးလျှင်တော့ ပိုကောင်းပါတယ်။ သတိက နည်းနည်းကလေးပဲ မြဲနေတဲ့အချိန်မှာ မရေတွက်တော့ဘဲ အရှည်, အတိုကို ကူးလိုက်လျှင် အရှည်, အတိုမှာလည်း စိတ်က မငြိမ်ပြန် ဖြစ်တတ်ပါတယ်။</p>
<p>ဒီ အရှည်, အတိုကို ရှုတဲ့အပိုင်းမှာ ရှည်လျှင် ရှည်တဲ့အတိုင်း သိနေပါ၊ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ၊ ရှည်အောင်, တိုအောင်တော့ မကြိုးစား ပါနဲ့။ ဘယ်လောက်ရှည်သလဲ, ဘယ်လောက်တိုသလဲလို့လည်း လိုက်ပြီးတော့ မတိုင်းပါနဲ့။ အသက်ရှူ နှေးလျှင် နှေးတဲ့အတိုင်း သိနေပါ၊ အသက်ရှူ မြန်လျှင် လည်း မြန်တဲ့အတိုင်း သိနေပါ။ ဒီဝင်လေထွက်လေ အရှည်, အတိုမှာ စိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်သွားပြီဆိုလျှင်တော့ ဘာလုပ်ရ မလဲ? ဒီအပိုင်းမှာလည်း နိမိတ်ပေါ်တတ်ပါတယ်။ သို့သော် ပေါ်စမှာ နိမိတ်သည် များသောအားဖြင့် မခိုင်ခံ့တဲ့သဘော ရှိတတ်ပါတယ်။ ခဏခဏ ပျောက်ပျောက် သွားတတ်ပါတယ်။ ဒီလို ပျောက်သွားတဲ့ အချိန်အခါမှာ နိမိတ်ကို မကြည့်ဘဲနဲ့ လေကိုသာ တစ်ဖက်သတ် ကြည့်နေပါ။ ဒီလို လေကိုသာ ကြည့်နေလိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ နိမိတ်ကလည်း မခိုင့်တခိုင် ဖြစ်နေပြီဆိုလျှင်တော့ နောက်တစ်ဆင့် ကူးရပါတယ်။ နောက်တစ်ဆင့်က ဘယ်လိုလဲ?</p>
<h3>အရှည် - အတို၏ အစ - အလယ် - အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ</h3>
<p><b>သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b> <b>(ဒီ၊၂၊၂၃၁-၂၃၂။)</b></p>
<p><b>သဗ္ဗကာယပဋိသံဝေဒီ</b> = ဝင်သက်လေ၏ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>အဿသိဿာမိ</b> = ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b> = ဤသို့။ <b>သိက္ခတိ</b> = ကျင့်၏။ <b>သဗ္ဗကာယပဋိသံဝေဒီ</b> = ထွက်သက်လေ၏ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b> = ထွက်သက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b> = ဤသို့။ <b>သိက္ခတိ</b> = ကျင့်၏။</p>
<p>ဝင်သက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို, ထွက်သက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ။ ဒီနေရာမှာ အစ, အလယ်, အဆုံးဆိုတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းကလေး အယူအဆ မလွဲမိဖို့တော့ သတိထားရပါမယ်။ ထွက်သက်လေရဲ့ အစက ချက်, အလယ်က ရင်ချိုင့်, အဆုံးက နှာသီးဖျား၊ ဝင်သက်လေရဲ့ အစက နှာသီးဖျား, အလယ်က ရင်ချိုင့်, အဆုံးက ချက်။ ဒီလို လိုက်ပြီးတော့ မရှုရပါဘူး။ <b>(ပဋိသံ၊၁၆၅။ ဝိသုဒ္ဓိ၊၁၊၂၇၂။)</b></p>
<p>လေကလေး ထိထိသွားတဲ့ နေရာမှာသာ စိတ်ကလေးကို ကပ်ထားပါ၊ ဝင်လေထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာက လွဲပြီး အတွင်းဘက်ကိုလည်း လျှောက်မလိုက်ပါနဲ့၊ အပြင်ဘက် ကိုလည်း လျှောက်မလိုက်ပါနဲ့။ ဝင်သက်လေကလေး စ,ထိရာကနေ ဆုံးတဲ့အထိ၊ ထွက်သက်လေကလေး စ,ထိရာကနေ ဆုံးတဲ့အထိ၊ ထိမှုထင်ရှားတဲ့ နေရာကနေ စောင့်ပြီး ကြည့်ဖို့သာ လိုရင်းဖြစ်ပါတယ်။ အထဲဘက်ကို လျှောက်ပြီး ကြည့်နေမယ်ဆိုလျှင် အတွင်းဘက်သို့ စိတ်က ပျံ့သွားတတ် ပါတယ်။ အပြင်ဘက်ကို လျှောက်ပြီး ကြည့်နေမယ်ဆိုလျှင်လည်း အပြင်ဘက်ကို စိတ်က ပျံ့သွားတတ်ပါတယ်။ အတွင်းဘက် အပြင်ဘက်တွေမှာ စိတ်တွေက ပျံ့လွင့်နေလျှင်တော့ ငြိမ်သက်တဲ့သမာဓိက ဘယ်လိုမှ မဖြစ် နိုင်ပါဘူး။ <b>(ပဋိသံ၊၁၆၅။)</b></p>
<p>ဒါကြောင့် ထိမှုထင်ရှားတဲ့နေရာကို လွှတ်ပြီးတော့ အတွင်းဘက်, အပြင် ဘက်တွေကို မလိုက်ပါနဲ့၊ ဒီစည်းကမ်းကတော့ ရိုရိုသေသေ လိုက်နာရမယ့် သဘော ရှိပါတယ်။ ယခုလို ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတဲ့အပိုင်းမှာ အသက်ရှူတာနှေးလို့ ရှည်နေလျှင်လည်း ရှည်တဲ့အတိုင်း, အသက်ရှူမြန်လို့ တိုနေလျှင်လည်း တိုတဲ့ အတိုင်း ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင်သာ ရှုနေပါ။</p>
<ol>
<li>ရှည်မှု,</li>
<li>တိုမှု,</li>
<li>အစ-အလယ်-အဆုံး၊</li>
</ol>
<p>ဒီသုံးဆင့်လုံးကို စုပေါင်းပြီး တစ်ပေါင်းတည်းသိအောင် ကျင့်ရမည့် အပိုင်း ဖြစ်ပါတယ်။ အသက်ရှူနှေးလို့ ရှည်နေလျှင်လည်း အစ, အလယ်, အဆုံး အကုန်လုံးကို သိရမယ်။ အသက်ရှူမြန်လို့ တိုနေလျှင်လည်း အစ, အလယ်, အဆုံး အကုန်လုံးကို သိနေရမှာ ဖြစ်ပါတယ်။ အဲဒီ အစ, အလယ်, အဆုံးကို ထင်ထင်ရှားရှား သိပြီ၊ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်လာပြီ ဆိုလျှင်တော့ နောက်တစ်ဆင့် ကူးနိုင်ပါတယ်။ ဒီအဆင့်မှာလည်း နိမိတ် ပေါ်တတ်ပါတယ်။ နိမိတ် ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့်ကို ကူးရပါမယ်။ နောက်တစ်ဆင့်က ဘယ်လိုလဲ?</p>
<h3>ငြိမ်အောင် - ငြိမ်းအောင် ကျင့်ပါ</h3>
<p><b>ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။</b> <b>(ဒီ၊၂၊၂၃၂။)</b></p>
<p><b>ကာယသင်္ခါရံ</b> = ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေဟုခေါ်ဆိုအပ်သော <b>ကာယသင်္ခါရ</b>တရားကို။ <b>ပဿမ္ဘယံ ပဿမ္ဘယန္တော</b> = ငြိမ်းစေလျက်။ <b>အဿသိဿာမိ</b> = ဝင်သက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b> = ဤသို့။ <b>သိက္ခတိ</b> = ကျင့်၏။ <b>ကာယသင်္ခါရံ</b> = ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေဟုခေါ်ဆိုအပ်သော <b>ကာယသင်္ခါရ</b>ကို။ <b>ပဿမ္ဘယံ ပဿမ္ဘယန္တော</b> = ငြိမ်းစေလျက်။ <b>ပဿသိဿာမိ</b> = ထွက်သက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b> = ဤသို့။ <b>သိက္ခတိ</b> = ကျင့်၏။</p>
<p>ဝင်လေထွက်လေကလေး သိမ်မွေ့နူးညံ့အောင် လေ့ကျင့်ပါ။ ဝင်သက်လေမှာပဲဖြစ်ဖြစ်, ထွက်သက်လေမှာပဲဖြစ်ဖြစ် ဒီဝင်လေထွက်လေကလေး သိမ်မွေ့အောင် နူးညံ့အောင် လေ့ကျင့်ပါလို့ ဆိုလိုပါတယ်။ ဘယ်လို သိမ်မွေ့ အောင် နူးညံ့အောင် ကျင့်ရမလဲလို့ မေးလျှင်တော့ သက်သက် ဖြည်းဖြည်းကလေး အသက်ရှူရမယ် ဒီလို မဆိုလိုပါဘူး၊ ပုံမှန် ရှူမြဲတိုင်းပဲ ရှူနေပါ။ ဒါပေမယ့် ဒီဝင်သက်လေ, ထွက်သက်လေကို သိမ်မွေ့စေရမယ်ဆိုတဲ့ အာဘောဂ (= နှလုံးသွင်း)ကလေး ယောဂီရဲ့ သန္တာန်မှာ ထိုအချိန်အခါမှာ ထင်ရှား ရှိနေရပါမယ်။ ဒီလို နှလုံးသွင်းဓာတ်ခံဖြင့် ဝင်လေထွက်လေကို ရှူနေမယ် ဆိုလျှင် သမာဓိက တိုးတက် ဖွံ့ဖြိုးလာတဲ့အခါမှာ တဖြည်းဖြည်း လေကလည်း ငြိမ်သက်သွားပါလိမ့်မယ်။ အလွန့်အလွန် သိမ်မွေ့သွားပါလိမ့်မယ်။ ဝင်သက်လေ, ထွက်သက်လေက အလွန့်အလွန် သိမ်မွေ့သွားပြီဆိုလျှင်တော့ အလွန် သိမ်မွေ့နေတဲ့ အပ်ကလေးတစ်ချောင်းကို အလိုရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ထို အပ်ရဲ့နဖားကို ထွင်းမယ့်စူးသည် အလွန်သိမ်မွေ့ဖို့ လိုအပ်သလိုပဲ အလွန် သိမ်မွေ့နေတဲ့ ဝင်လေထွက်လေအာရုံမှာ အလွန်အားကောင်းတဲ့ သတိပညာတွေက လိုအပ်နေပါတယ်။</p>
<p><b>နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ (အာနာပါနဿတိသမာဓိဘာဝနံ) ဝဒါမိ။</b> <b>(မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။ ဝိသုဒ္ဓိ၊၁၊၂၇၅။)</b></p>
<p>ဒါကြောင့် ဘုရားရှင်က ဝင်လေထွက်လေအာရုံမှာ သတိလက်လွတ် နေတဲ့ ဝင်လေထွက်လေကို ကွဲကွဲပြားပြား သိတတ်တဲ့ <b>သမ္ပဇဉ်ဉာဏ်</b> ကင်းမဲ့ နေတဲ့ ပုဂ္ဂိုလ်မျိုးတွေကို <b>အာနာပါနဿတိသမာဓိဘာဝနာ</b>လုပ်ငန်းကို ငါဘုရား မဟောပါဘူးဆိုပြီး ဒီလို ဟောကြားထားတော်မူပါတယ်။ ဒီလို ဟောကြားတော်မူချက်ဟာလည်း ယခုလို ဝင်လေထွက်လေက အလွန့်အလွန် သိမ်မွေ့သွားတဲ့အပိုင်းကို ရည်ညွှန်းပြီးတော့ ဟောကြားထားတော်မူခြင်း ဖြစ်ကြောင်းကို အဋ္ဌကထာ <b>(ဝိသုဒ္ဓိ၊၁၊၂၇၅။)</b>က ရှင်းပြထားပါတယ်။</p>
<p>အဲဒီလို သတိ, ပညာ အားကောင်းကောင်းဖြင့် ဒီဝင်လေထွက်လေ အာရုံအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစား ရပါတယ်။ ငါ့ ဝင်လေထွက်လေက မထင်ရှားဘူးဆိုပြီးတော့ ထင်ရှားအောင် သက်သက် ပြင်းပြင်းထန်ထန်တော့ မရှူရပါဘူး။ ဒါက ဘုရားရှင် ပေးထားတော်မူတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း လေးဆင့်ကို အစဉ်အတိုင်း ကြိုးစားလိုက်တဲ့ အချိန်အခါမှာ သိမ်မွေ့နူးညံ့နေတဲ့ ဝင်လေထွက်လေအာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါ လိမ့်မယ်။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်လောက် ထိုင်တိုင်းထိုင်တိုင်း ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ နိမိတ် စ,ပေါ်တတ်ပါတယ်။</p>
<h3>နိမိတ်နှင့် အလင်းရောင်</h3>
<p>သို့သော်လည်း ဒီနေရာမှာ နိမိတ်နဲ့ အလင်းရောင်ကို တချို့ယောဂီများ မကွဲ ရှိတတ်ကြပါတယ်။ ဘာဝနာစိတ်က ငြိမ်လာပြီဆိုလျှင် အလင်းရောင် တွေလည်း ထွက်လာတတ်ပါတယ်။ အဲဒီ အလင်းရောင်တွေ ထွက်လာတဲ့ အချိန်အခါမှာ အလင်းရောင်နဲ့ နိမိတ်ဟာ တခြားစီပဲ ဖြစ်ပါတယ်။ တချို့ ယောဂီတွေမှာ နိမိတ်က ဝေးနေတတ်ပါတယ်။ တချို့ယောဂီတွေမှာ နိမိတ်က နီးနေတတ်ပါတယ်။ ဝေးတဲ့နိမိတ်မှာ ဘာဝနာစိတ်က သွားပြီး ကပ်လိုက်မယ် ဆိုလျှင် ထိတဲ့နေရာကို လွှတ်ပြီးတော့ လိုက်နေတဲ့အတွက်ကြောင့် ဘာဝနာ သမာဓိကလည်း ပျက်သွားတတ်ပါတယ်။</p>
<p>သမာဓိပျက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီဝင်လေထွက်လေ နိမိတ်ကလေးဟာလည်း ပျောက်သွားတတ်ပါတယ်။ မပျောက်ဘူးဘဲထား၊ ဘာဝနာ စိတ်က အဲဒီနိမိတ်မှာ သွားကပ်လိုက်လျှင် မငြိမ်တော့ဘူး။ သမာဓိက လျှောကျသွားတတ်ပါတယ်။ ဒီလို ဝေးကွာနေတဲ့နိမိတ်ဟာ နိမိတ်နှင့်တူနေလို့ နိမိတ်လို့ ခေါ်နေရသော်လည်း တကယ့် အာနာပါနနိမိတ်အစစ်တော့ မဟုတ် ပါဘူး။ တကယ့် အာနာပါနနိမိတ်အစစ်ကတော့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ ဝင်လေထွက်လေနှင့် တစ်သားတည်း ဖြစ်နေပါတယ်။ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား ဆိုတဲ့ ဝင်လေထွက်လေ ထိတဲ့နေရာကို လွှတ်ပြီးတော့ လိုက်ကြည့်နေတဲ့ အတွက် သမာဓိက လျှောကျသွားခြင်း ဖြစ်ပါတယ်။</p>
<p><b>ဩကာသေန စ ပရိစ္ဆိန္နံ။</b> <b>(ဝိသုဒ္ဓိ၊၁၊၁၀၉။)</b></p>
<p>ဒီ<b>အာနာပါနကမ္မဋ္ဌာန်း</b>ဟာ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့နေရာကသာ စောင့်ပြီး ရှုရမယ်လို့ နေရာဒေသဖြင့် ပိုင်းခြား သတ်မှတ်ထားတဲ့ ကမ္မဋ္ဌာန်း တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ထိတဲ့နေရာကို မလွှတ်ပါနဲ့၊ နိမိတ်က ဝေးနေလျှင်လည်း နိမိတ်ကို လိုက်မကြည့်ပါနဲ့၊ နိမိတ်က ပေါ်စမှာ မီးခိုးရောင် ကဲ့သို့ ဖြူညစ်ညစ်အရောင် ပေါ်တတ်ပါတယ်။ ပုံသဏ္ဌာန်ကတော့ သတ္တဝါ တွေရဲ့ နှလုံးသွင်းဓာတ်ခံ သို့မဟုတ် ဘာဝနာသညာလို့ ခေါ်ဆိုအပ်တဲ့ သညာရဲ့ ကွဲပြားမှုအပေါ် အခြေတည်ပြီးတော့ ပုံသဏ္ဌာန်အမျိုးမျိုးတော့ ပြောင်းလဲတတ်ပါတယ်။ <b>(ဝိသုဒ္ဓိ၊၁၊၂၇၇။)</b></p>
<p>တချို့ယောဂီမှာ ဒီနိမိတ်က ဆင်စွယ်လို အရှည် ပေါ်တတ်တယ်။ တချို့ ယောဂီမှာ မီးချောင်းလို ပေါ်တတ်တယ်, တချို့ယောဂီမှာ ကန့်လန့်ဖြတ်, တချို့ယောဂီမှာ အဝိုင်း, တချို့ယောဂီမှာ ပြင်လိုက် စသည်ဖြင့် ဒီလို အမျိုးမျိုး ပေါ်တတ်ပါတယ်။ အဲဒီ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က ဘယ်အခါမှာ ကပ်သွားမလဲလို့ မေးလျှင်တော့ ဝင်လေထွက်လေနဲ့ နိမိတ်ဟာ တစ်သားတည်း ဖြစ်လာတဲ့ အချိန်အခါမှာ ကပ်သွားတတ်ပါတယ်။ အလင်းရောင်က သပ်သပ်, ဒီနိမိတ်က သပ်သပ်ဆိုတာကိုလည်း ယောဂီဘက်က နည်းနည်းကလေး ခွဲခြားပြီး သိတတ်ဖို့တော့ လိုအပ်ပါတယ်။</p>
<p>ပကတိဝင်လေထွက်လေကို အမှီပြုပြီးတော့ ဘာဝနာသမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အဲဒီနိမိတ်သည် ပေါ်စမှာ မီးခိုးရောင်လို ညစ်ထပ်ထပ် ဖြစ်နေ တတ်ပါတယ်။ ဝင်လေထွက်လေအာရုံအပေါ်မှာသာ ဘာဝနာစိတ်က ငြိမ်ဝပ် စွာ ကပ်ပြီး ထားခဲ့မယ်ဆိုလျှင် ဝင်လေထွက်လေနှင့် နိမိတ်က တစ်သားတည်း ဖြစ်လာတဲ့အခါမှာ ဘာဝနာစိတ်ကလည်း နိမိတ်အပေါ်မှာ ကပ်သွားပြီ ဆိုလျှင်တော့ နိမိတ်ကိုသာ ဆက်ရှုနေပါက သမာဓိအားကောင်းလာတဲ့ အခါမှာ နိမိတ်ကလည်း တဖြည်းဖြည်း ဖြူလာတတ်ပါတယ်။ ဖြူရာကနေ နောက်ဆုံးတော့ ဘာဝနာစိတ်က ငြိမ်သထက် ငြိမ်လာပြီဆိုလျှင်တော့ သောက်ရှူးကြယ် (= သောကြာကြယ်)ကဲ့သို့ အလွန်ကြည်လင်တောက်ပပြီး လာတတ်ပါတယ်။ အလွန်ကြည်လင်တောက်ပနေတဲ့ နိမိတ်ကို <b>အာနာပါန ပဋိဘာဂနိမိတ်</b>လို့ ခေါ်ပါတယ်။ ဒီလို ကြည်လင်တောက်ပလာတဲ့နိမိတ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ မခွာလိုက်နဲ့တော့။</p>
<p>သို့သော် ဒီနိမိတ်က ဝေးနေလျှင်တော့ ဝေးကွာနေတဲ့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို လိုက်မကပ်ပါနဲ့၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ နိမိတ်က ကပ်နေမှသာ လေနှင့်နိမိတ်ကလည်း တစ်ခုတည်း တစ်သားတည်း ဖြစ်နေမှသာ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ကပ်ထားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာလည်း နိမိတ်က ကပ်နေပြီ၊ ဘာဝနာစိတ် ကလည်း ဒီနိမိတ်မှာ သွားပြီး ငြိနေပြီ, ကပ်နေပြီဆိုလျှင်တော့ မခွာလိုက်နဲ့။ ဒီအချိန်အခါမှာ ပကတိဝင်လေထွက်လေကို မကြည့်တော့ဘဲ နိမိတ်ကိုသာ တစ်ဖက်သတ် ကြည့်နေပါ။ ဒီလို ကြည့်နေမယ်ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်ရဲ့ ဘာဝနာစိတ်က ဒီနိမိတ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။ နိမိတ်ကလည်း အလွန် ကြည်လင်တောက်ပပြီး လာတတ်ပါတယ်။ ထိုအချိန်အခါမှာ <b>ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ</b>လို့ ခေါ်တဲ့ စျာန်အင်္ဂါ ငါးပါးလည်း ထင်ရှားလာပါလိမ့်မယ်။</p>
<p><b>ဝိတက်</b> = <b>အာနာပါနပဋိဘာဂနိမိတ်</b>အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော,</p>
<p><b>ဝိစာရ</b> = <b>အာနာပါနပဋိဘာဂနိမိတ်</b>အာရုံကို ထပ်ကာထပ်ကာ သုံးသပ်နေခြင်းသဘော,</p>
<p><b>ပီတိ</b> = <b>အာနာပါနပဋိဘာဂနိမိတ်</b>အာရုံကို နှစ်သက်နေခြင်း သဘော,</p>
<p><b>သုခ</b> = <b>အာနာပါနပဋိဘာဂနိမိတ်</b>အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော,</p>
<p><b>ဧကဂ္ဂတာ</b> = <b>အာနာပါနပဋိဘာဂနိမိတ်</b>အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်နေခြင်းသဘော။</p>
<p>ပေါင်းလိုက်တော့ စျာန်အင်္ဂါ ငါးပါး ရှိပါတယ်။ ဒီစျာန်အင်္ဂါ ငါးပါးကို ဘယ်အခါမှာ ဆင်ခြင်ရမလဲလို့ မေးလျှင်တော့ နိမိတ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလို့ အနည်းဆုံး ဆယ်ကြိမ်, ဆယ့်ငါးကြိမ်လောက် တောက်လျှောက် ကပ်ပြီး တည်နေပြီဆိုမှ ဆင်ခြင်လျှင်တော့ ပိုကောင်းပါတယ်။ ဘာကြောင့်လဲ?</p>
<h3>စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ၊ စျာန်ဝင်စားမှု များပါစေ</h3>
<p>စ,အားထုတ်စ ယောဂီပုဂ္ဂိုလ်များသည် စျာန်အင်္ဂါဆင်ခြင်မှု နည်းရမယ်၊ ငြိမ်သက်မှု သမာဓိစျာန်ဝင်စားမှု များရမယ်ဆိုတဲ့ ဒီစည်းကမ်း သတ်မှတ်ချက် ရှိနေပါတယ်။ <b>(ဝိသုဒ္ဓိ၊၁၊၁၄၈။)</b> စျာန်အင်္ဂါတွေကို ခဏခဏ ဆင်ခြင်ဖန် များနေလျှင်တော့ ဒီစျာန်က လျှောကျသွားတတ်ပါတယ်။ နိမိတ်ကလည်း ပျောက်ပျက်သွားတတ်ပါတယ်။ ဒါကြောင့် ဒီနိမိတ်မှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။ ဒီလို ထိုင်တိုင်းထိုင်တိုင်း နိမိတ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့အခါမှာ စျာန်အင်္ဂါတွေကို ဆင်ခြင် ကြည့်ပါ။ ရှေးဦးစွာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုကို မှီဖြစ်နေတဲ့ ဘဝင်မနောအကြည် (= မနောဒွါရ)ကို သိမ်းဆည်းပါ။</p>
<p><b>ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။</b> <b>(အံ၊၁၊၉။)</b></p>
<p>ဒီလို ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ ဖလ်သား, မှန်သားလို ကြည်နေတဲ့ <b>ဘဝင်မနောအကြည်ဓာတ်</b> (= <b>မနောဒွါရ</b>)ကို စျာန်မှ ထလျှင် ထချင်း သိမ်းဆည်းပါ။ ယင်း<b>မနောဒွါရ</b>မှာ <b>အာနာပါနပဋိဘာဂနိမိတ်</b>က ထင်လာတဲ့အခါ စျာန်အင်္ဂါတွေကို သိမ်းဆည်းကြည့်ပါ။ ထိုစျာန်အင်္ဂါတွေသည် <b>ဟဒယဝတ္ထု</b>ကို မှီပြီး ဖြစ်ပေါ်နေတဲ့အတွက် <b>ဟဒယဝတ္ထု</b>ရှိရာ နှလုံးအိမ်ဘက်ကို ခေတ္တခဏ လှမ်းပြီး ကြည့်လိုက်တဲ့အခါမှာ ဒီစျာန်အင်္ဂါ ငါးပါးက ထင်ရှားနေတာကို တွေ့ရပါလိမ့်မယ်။ ဒီစျာန်အင်္ဂါ ငါးပါးကလည်း ဆင်ခြင်စမှာ မကျွမ်းကျင် သေးလျှင်တော့ ယောဂီအဖို့ တစ်လုံးစီပဲ မြင်တတ်ပါတယ်။ သို့သော် ထပ်ကာ ထပ်ကာ ဆင်ခြင်လို့ ကျွမ်းကျင်လာပြီ, လေ့ကျင့်ခန်းတွေက အောင်မြင်လာပြီ ဆိုလျှင်တော့ စျာန်အင်္ဂါတွေက ပြိုင်တူဖြစ်နေတာကို တွေ့နိုင်ပါတယ်။</p>
<h3>ဝသီဘော်ငါးတန်</h3>
<p>ဒီလို စျာန်အင်္ဂါတွေ ထင်ရှားလာပြီဆိုလျှင်တော့ မိမိ ရရှိထားတဲ့ ဒီပထမ စျာန်ကို <b>ဝသီဘော်ငါးတန်</b> နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရတယ်၊ စျာန်ကို အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ရတယ်၊ အချိန်မရွေး စျာန်မှ ထလို့ ရနိုင်အောင် လေ့ကျင့်ရတယ်၊ တစ်နာရီ ဝင်စားချင်လျှင် တစ်နာရီ၊ တစ်မိနစ် ဝင်စားချင်လျှင် တစ်မိနစ် ရအောင် လေ့ကျင့်ရတယ်။ ဒီလို လေ့ကျင့်လိုက်လို့ <b>ဝသီဘော်ငါးတန်</b> နိုင်နင်းလာပြီဆိုလျှင်တော့ ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေကို အဆင့်ဆင့် ကူးလို့ ရနိုင်ပါတယ်။</p>
<h3>ဝိပဿနာသို့</h3>
<p>ဒီလို စျာန်တွေကို အဆင့်ဆင့် ကူးနိုင်လို့ ဒီစတုတ္ထစျာန်သမာဓိလောက် အထိ အကယ်၍ ဆိုက်သွားပြီဆိုလျှင်တော့ ထိုစတုတ္ထစျာန်သမာဓိမှ ထတဲ့ အချိန်အခါမှာ ရုပ်တွေ, နာမ်တွေကို သိမ်းဆည်းမယ်ဆိုလျှင်တော့ ပိုပြီးတော့ လွယ်လွယ်ကူကူ သိမ်းဆည်းလို့ ရတဲ့သဘော ရှိပါတယ်။ ဒီအချိန်အခါမှာ နာမ်တရားတွေကနေ စပြီး သိမ်းဆည်းချင်လည်း ရတယ်၊ ရုပ်တရားတွေကနေ စပြီး သိမ်းဆည်းချင်လည်း ရပါတယ်။ မိမိတို့ ကြိုက်နှစ်သက်ရာက စပြီးတော့ သိမ်းဆည်းနိုင်ခွင့် ရှိပါတယ်။</p>
<h3>ရုပ်ကမ္မဋ္ဌာန်း - နာမ်ကမ္မဋ္ဌာန်း</h3>
<p><b>သမထယာနိက</b>ပုဂ္ဂိုလ်များမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့ အနက်က မိမိတို့ ကြိုက်နှစ်သက်ရာက စပြီး သိမ်းဆည်းနိုင်ခွင့် ရှိပါတယ်။ သို့သော်လည်း စျာန်နာမ်တရားတွေက စပြီး မသိမ်းဆည်းချင်တဲ့ <b>သမထယာနိက</b>ပုဂ္ဂိုလ်လည်းဖြစ်မယ်၊ စျာန်သမာဓိကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားချင်တဲ့ <b>သုဒ္ဓဝိပဿနာယာနိက</b>ပုဂ္ဂိုလ်လည်း ဖြစ်မယ်ဆိုလျှင်တော့ ရုပ်ကမ္မဋ္ဌာန်းက စပြီး ရှုရပါတယ်။ ရုပ်ကမ္မဋ္ဌာန်းက စရှုရမယ်ဆိုလျှင် ဘယ်လို စရှုရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ <b>(ဝိသုဒ္ဓိ၊၂၊၂၂၂)</b> ကတော့ ဓာတ်ကြီးလေးပါးကနေ စရှုဖို့ရန် ညွှန်ကြားထားပါတယ်။ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတယ်ဆိုတာ မှန်တယ်။ သို့သော် ဝိပဿနာပိုင်း ရောက်လာတဲ့ အချိန်အခါမှာတော့ ကမ္မဋ္ဌာန်းက ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး နှစ်မျိုးပဲ ရှိတော့တယ်။ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားရှင် ဟောတော်မူပြီ ဆိုလျှင် ဘယ်လိုပုံစံနဲ့သာ ဟောကြားထားတော်မူသလဲ?</p>
<h3>ဓာတ်ကမ္မဋ္ဌာန်း</h3>
<p><b>တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။)</b></p>
<p>ဒီလို အဋ္ဌကထာကြီးများက သတ်မှတ်ချက် ပေးထားပါတယ်။ မြတ်စွာဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ဟောတော်မူပြီဆိုလျှင်တော့ <b>စတုဓာတုဝဝတ္ထာန်</b>လို့ ခေါ်ဆို အပ်တဲ့ ဓာတ်ကြီးလေးပါးကနေ စပြီးတော့ ဟောကြားတော်မူပါတယ်။ ဓာတ်ကြီးလေးပါးကို ဟောကြားတော်မူတဲ့ အချိန်အခါမှာလည်း အကျဉ်းနည်းနဲ့ တစ်ခါတစ်ရံ ဟောကြားတော်မူပါတယ်။ တစ်ခါတစ်ရံ အကျယ်နည်းနဲ့ ဟောကြားတော်မူပါတယ်။ အကျဉ်းနည်းနဲ့ ဘယ်မှာ ဟောကြားတော်မူသလဲလို့ မေးလျှင်တော့ <b>မဟာသတိပဋ္ဌာနသုတ္တန်</b> <b>(ဒီ၊၂၊၂၃၄။)</b>မှာ သတိပဋ္ဌာန် ကျင့်စဉ်အဖြစ်နဲ့ မြတ်စွာဘုရားရှင်က ဓာတ်ကြီးလေးပါးကို အကျဉ်းရှုပွားပုံ နည်းစနစ်ဖြင့် ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။</p>
<p>အကျယ်ရှုပွားနည်းကတော့ <b>မဟာရာဟုလောဝါဒသုတ္တန်</b> <b>(မ၊၂၊၈၄။)</b>စတဲ့ ထိုထိုသုတ္တန်တွေနှင့် အဘိဓမ္မာဝိဘင်းပါဠိတော် <b>(အဘိ၊၂၊၈၄။)</b>တွေမှာ ဟောကြားထားတော်မူပါတယ်။ ယောဂီပုဂ္ဂိုလ်က အကျဉ်းနည်း ကြိုက်နှစ်သက်လျှင်လည်း အကျဉ်းနည်းနဲ့၊ အကျယ်နည်း ကြိုက်နှစ်သက်လျှင်လည်း အကျယ်နည်းနဲ့ ဓာတ်ကြီးလေးပါးကို စရှုရမှာ ဖြစ်ပါတယ်။ ဒီနှစ်နည်းလုံးပဲ ရှုနိုင်ခွင့် ရှိပါတယ်။</p>
<h3>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း</h3>
<p>ဒီနေ့တော့ အကျဉ်းရှုပွားနည်းကနေ စပြီးတော့ ဓာတ်ကြီးလေးပါးရှုပုံကို ဘုန်းကြီး အတိုချုပ်ပြီးတော့ နည်းနည်း ပြောပြပါမယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်ကြီးလေးပါး ရှိပါတယ်။</p>
<p>(၁) ပထဝီဓာတ်က မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော။</p>
<p>(၂) အာပေါဓာတ်က ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော။</p>
<p>(၃) တေဇောဓာတ်က ပူတဲ့သဘော, အေးတဲ့သဘော။</p>
<p>(၄) ဝါယောဓာတ်က ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘော။</p>
<p>အားလုံးပေါင်းလိုက်တော့ သဘောတရား ဆယ့်နှစ်မျိုး ရှိနေပါတယ်။ ဓာတ်အနေနဲ့ ပြောရလျှင်တော့ ဓာတ်ကြီးလေးပါးပဲ ရှိပါတယ်။ ဒီသဘောတရား ဆယ့်နှစ်မျိုးကို ယောဂီပုဂ္ဂိုလ်က ခြေဆုံးခေါင်းဆုံး ပထမတော့ မြင်အောင် လေ့ကျင့်ရပါတယ်။</p>
<p>ဥပမာ --- မာတဲ့သဘောကို ရှုမယ်ဆိုကြစို့၊ မိမိ ကြိုက်နှစ်သက်တဲ့ မာမှုထင်ရှားတဲ့ တစ်နေရာကနေ စပြီးတော့ မာတဲ့သဘောကို ရှုနိုင်ပါတယ်။ တင်ပါးနဲ့ကြမ်း ထိနေတဲ့နေရာမှာ မာမှုထင်ရှားလျှင် ဒီထင်ရှားတဲ့နေရာက စပြီး တစ်ကိုယ်လုံးမှာ မာတဲ့သဘောကို မြင်အောင် ရှုကြည့်ပါ၊ လက်,လက်ချင်း ထပ်ထားတဲ့နေရာ, ခြေထောက် ခြေထောက်ချင်း ထပ်ထားတဲ့နေရာ စသည်ဖြင့် ဘယ်နေရာကမဆို စ,ရှုနိုင်ပါတယ်။</p>
<p>အလားတူပဲ ကြမ်းမှုထင်ရှားတဲ့ တစ်နေရာကနေ စပြီး ကြမ်းတဲ့သဘော, လေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး လေးတဲ့သဘောတွေကို တစ်ကိုယ်လုံး မြင်အောင် ရှုရပါတယ်။ ပျော့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပျော့တဲ့ သဘော, ချောမှုထင်ရှားတဲ့ တစ်နေရာက စပြီး ချောတဲ့သဘော, ပေါ့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပေါ့တဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုရ ပါတယ်။ အောင်မြင်မှုရပြီဆိုလျှင်တော့ အာပေါဓာတ်က နည်းနည်း အရှုရ ခက်တော့ နောက်မှပဲ ရှုပါ။ ပူမှုထင်ရှားတဲ့ တစ်နေရာက စပြီး ပူတဲ့သဘော, အေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး အေးတဲ့သဘောတွေကို တစ်ကိုယ်လုံး မြင်အောင် ရှုကြပါ။ ဒါက တေဇောဓာတ်ရဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။ ထောက်ကန်မှုထင်ရှားတဲ့ တစ်နေရာက စပြီး ထောက်ကန်တဲ့သဘော, တွန်းကန်မှုထင်ရှားတဲ့ တစ်နေရာက စပြီး တွန်းကန်တဲ့သဘောတွေကိုလည်း တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ ဒါက ဝါယောဓာတ်ရဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။</p>
<p>ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဒီဓာတ်သုံးပါး၊ သဘောတရားအနေနဲ့ ဆယ်မျိုးကို စနစ်တကျ ရှုနိုင်လို့ ဒီသဘောတရား ဆယ်မျိုးကို ခြေဆုံးခေါင်းဆုံး ထပ်ကာထပ်ကာ ရှုလိုက်တဲ့ အချိန်အခါမှာ ထိုယောဂီပဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖွဲ့စည်းနေတဲ့ <b>အာဗန္ဓနလက္ခဏာ</b>ရှိတဲ့ သဘောတရားတစ်ခု ပေါ်လာတတ်ပါတယ်။ မထင်ရှားလျှင်တော့ တွန်းတဲ့သဘောနဲ့ မာတဲ့သဘော နှစ်ခုကို ထပ်ကာထပ်ကာ ရှုခဲ့လျှင် ဒီအာပေါဓာတ်ရဲ့ ဖွဲ့စည်း နေတဲ့ သဘောတရားကလေး ပေါ်လာတတ်ပါတယ်။</p>
<p>ဖွဲ့စည်းတဲ့သဘော ပေါ်လာပြီဆိုလျှင်တော့ သွားအရင်းတို့လို, လျှာ အရင်းတို့လို, လျှာဖျားတို့လို အမြဲတမ်း ယိုစီးမှုထင်ရှားနေတဲ့ တစ်နေရာက စပြီး ယိုစီးတဲ့သဘောတရားကို တစ်ကိုယ်လုံး မြင်အောင် ဆက်ပြီး ရှုကြည့်ပါ။ ထိုအချိန်အခါမှာ တစ်ကိုယ်လုံးမှာ ယိုစီးနေတဲ့သဘောတရားကလေးကို တွေ့ရတတ်ပါတယ်။ အထူးသဖြင့်တော့ တစ်ကိုယ်လုံး လည်ပတ်နေတဲ့ သွေးတွေရဲ့ ယိုစီးနေတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုနိုင်ပါတယ်။ ယိုစီးတဲ့သဘော ဖွဲ့စည်းတဲ့သဘော နှစ်ခုက အာပေါဓာတ် ဖြစ်ပါတယ်။ အားလုံးပေါင်းလိုက်မယ်ဆိုလျှင် ဓာတ်ကြီးလေးပါးပဲ ရှိပါတယ်။</p>
<ol>
<li>မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့က ပထဝီဓာတ်၊</li>
<li>ယိုစီး, ဖွဲ့စည်းက အာပေါဓာတ်၊</li>
<li>ပူ, အေးက တေဇောဓာတ်၊</li>
<li>ထောက်, တွန်းက ဝါယောဓာတ်။</li>
</ol>
<p>အားလုံးပေါင်းလိုက်တော့ ဓာတ်ကြီးလေးပါး, သဘောတရား ဆယ့်နှစ်ခု ဖြစ်ပါတယ်။ ဒီသဘောတရား ဆယ့်နှစ်ခုကို ခြေဆုံးခေါင်းဆုံး ထပ်ကာ ထပ်ကာ ရှုလိုက်လို့ အောင်မြင်မှု ရလာပြီ, သွက်သွက်လက်လက် ရှုနိုင်ပြီ, ပြိုင်တူလိုလိုလည်း ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီး ရှုကြည့်ရပါတယ်။ တစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီဓာတ်သဘောတရား ဆယ့်နှစ်ခုကိုလည်း ဉာဏ်ထဲမှာ လွယ်လွယ်ကူကူ တွေ့ပြီ, ပြိုင်တူလိုလိုလည်း တွေ့နေရပြီဆိုတဲ့ အချိန်အခါမှာတော့ နောက်တစ်ဆင့် ဘာလုပ်ရမလဲ?</p>
<ol>
<li>မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့သဘောတရား ခြောက်ခုကို ကြည့်ပြီး ပထဝီဓာတ်၊</li>
<li>ယိုစီး, ဖွဲ့စည်းသဘောတရား နှစ်ခုကို ကြည့်ပြီး အာပေါဓာတ်၊</li>
<li>ပူ, အေးသဘောတရား နှစ်ခုကို ကြည့်ပြီး တေဇောဓာတ်၊</li>
<li>ထောက်ကန်, တွန်းကန်သဘောတရား နှစ်ခုကို ကြည့်ပြီး ဝါယောဓာတ်။</li>
</ol>
<p>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဒီလို မနှေးမမြန် ရှုနေရ ပါတယ်။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် သမာဓိကို ဆက်လက်ပြီး ထူထောင်ပါ။</p>
<p>ဒီလို မနှေးမမြန် ရှုလိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်း ယောဂီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သမာဓိက တော်တော်ကလေး အသားတက်လာပြီဆို လျှင်တော့ အဖြူ စ,ပေါ်တတ်ပါတယ်။ ထိုအဖြူမှာလည်း ဒီဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်ပြီး စိုက်ရှုရပါတယ်။ အဖြူမှာ ဓာတ်ကြီးလေးပါး စိုက်ရှု လိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ အဖြူကလည်း တဖြည်းဖြည်း ဖြူရာကနေ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်နေတဲ့ အကြည်ဓာတ်တစ်မျိုး ပေါ်လာပါတယ်။ အဲဒီ အကြည်ဓာတ်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ မြတ်စွာဘုရားက ရုပ်ပိုင်းမှာ <b>စက္ခုပသာဒ, သောတပသာဒ, ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒ</b>ဆိုပြီး ပသာဒရုပ် ငါးခု ဟောကြားထားတော်မူပါတယ်။</p>
<p>မျက်စိမှာ <b>စက္ခုပသာဒ, ကာယပသာဒ</b> နှစ်မျိုးရှိတယ်၊ နားမှာ <b>သောတပသာဒ, ကာယပသာဒ</b> နှစ်မျိုးရှိတယ်၊ နှာခေါင်းမှာ <b>ကာယပသာဒ, ဃာနပသာဒ</b> နှစ်မျိုး၊ လျှာမှာ <b>ဇိဝှါပသာဒ, ကာယပသာဒ</b> နှစ်မျိုး၊ ကိုယ်မှာတော့ <b>ကာယပသာဒ</b> တစ်မျိုးပဲ ရှိပါတယ်။ ပေါင်းလိုက်တော့ အဲဒီ (၅)ဌာနမှာ <b>ပသာဒရုပ်</b>တွေ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်ရှိနေတယ်။ နှလုံးမှာတော့ <b>ကာယပသာဒ</b>တစ်ခုပဲ ရှိပါတယ်။ ဒီ<b>ပသာဒရုပ်</b>ဆိုတာက ကြည်နေတဲ့ရုပ်တွေ ဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကတော့ --</p>
<p><b>စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)</b></p>
<p><b>စက္ခုပသာဒ</b>စတဲ့ ဒီအကြည်ရုပ် ငါးမျိုးက ရူပါရုံစတဲ့ ဆိုင်ရာဆိုင်ရာ အာရုံကို အာရုံယူတတ်တဲ့ စက္ခုဝိညာဏ်စတဲ့ ဝိညာဏ်ငါးမျိုးတို့ရဲ့ မှီရာအဖြစ် ကျေးဇူးပြုပေးနေတဲ့ ကြေးမုံပြင်လို ကြည်နေတဲ့ အကြည်ဓာတ်တွေပါ ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်။ ဒါက ဘုရားဟောနှင့် စာပေကျမ်းဂန်တွေမှာ လာရှိတဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။</p>
<p>ယောဂီပုဂ္ဂိုလ်က အဖြူမှာ ဓာတ်လေးပါး ဆက်စိုက်လိုက်တဲ့ အချိန် အခါမှာ ဖြူရာကနေ ကြေးမုံအပြင်လို ကြည်နေတဲ့ အကြည်တုံးကြီးကို သွားတွေ့တတ်ပါတယ်။ အကြည်တုံးကြီးကို တွေ့ပြီဆိုလျှင်လည်း အဲဒီ အကြည်တုံးမှာပဲ ဓာတ်လေးပါး ဆက်စိုက်နိုင်ခဲ့မယ်ဆိုလျှင်တော့ ပါရမီရင့်ညောင်းနေတဲ့ သူတော်ကောင်းသာ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ကလာပ်အမှုန် ကလေးတွေကို လွယ်လွယ်နဲ့ တွေ့တတ်ပါတယ်။</p>
<p>ကလာပ်အမှုန်ကို မတွေ့ခဲ့ဘူးဆိုလျှင်တော့ ဒီအကြည်ပြင်မှာ <b>အာကာသဓာတ်</b>လို့ခေါ်တဲ့ အကြားအပေါက်ကလေးကို မြင်အောင် ဆက်ပြီး စိုက်လိုက်တာနဲ့ ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်ကူကူနဲ့ တွေ့နိုင်ပါ တယ်။ ကလာပ်အမှုန်ကို တွေ့လိုက်တဲ့အချိန်အခါမှာ ဒီကလာပ်အမှုန် တစ်ခုတစ်ခုမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဆိုတဲ့ ဒီဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်ပြီး ရှုရပါတယ်။ ဒီလို ဆက်ရှု လိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ ကလာပ်တိုင်း ကလာပ်တိုင်းမှာ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဆိုတဲ့ (၆)ဌာနလုံးမှာ ဆံပင်, မွေးညင်း, ခြေသည်း,လက်သည်း အစရှိတဲ့ (၄၂)ကောဋ္ဌာသလုံးမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးနှင့်တကွ ဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အဆင်း, အနံ့, အရသာ, ဩဇာ စသည်ဖြင့် <b>ဥပါဒါရုပ်</b>တွေကို ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။</p>
<h3>ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတွေကို သိမ်းဆည်းခြင်း</h3>
<p>ဒီလို ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ သူတော်ကောင်းက ရုပ်တရား တွေမှာ အောင်မြင်မှုရတဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေကို မှီတွယ်ပြီး ရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရပါတယ်။ မိမိက <b>သမထယာနိက</b>ပုဂ္ဂိုလ်ဖြစ်လို့ စျာန်တရားတွေ ကိုပါ ရရှိခဲ့မယ်ဆိုလျှင်တော့ မိမိ ရရှိထားတဲ့ စျာန်နာမ်တရားတွေကိုလည်း သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒီရုပ်တရား, နာမ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာတော့ ဒီရုပ်တရား, နာမ်တရားတွေသည် ဘယ်လို အကြောင်းကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး သိမ်းဆည်းရပြန်ပါတယ်။ ဒီရုပ်တရား, နာမ်တရားတွေက အတိတ်က အကြောင်းတရားတွေကြောင့် ဖြစ်ကြတယ်၊ ဒီရုပ်တရား, နာမ်တရားတွေကတော့ ပစ္စုပ္ပန်အကြောင်းတရားကြောင့် ဖြစ်ကြတယ် စသည်ဖြင့် ဒီလို ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရပါတယ်။ ကံကြောင့်ဖြစ်တဲ့ရုပ်, စိတ်ကြောင့်ဖြစ်တဲ့ရုပ်, ဥတုကြောင့်ဖြစ်တဲ့ရုပ်, အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေ ကိုလည်း ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရပါတယ်။<b>(မ၊၁၊၂၈၄။ မ၊ဋ္ဌ၊၂၊၁၆၄၊၊)</b></p>
<p>အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်နေတဲ့ ဒီရုပ်တရား, နာမ်တရားတွေဟာလည်း ဘယ်လို အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ် နေရပါသလဲဆိုပြီး အတိတ်အကြောင်းတရား အဆက်ဆက်တွေကို ဆက်လက်ပြီး ကြိုးစားရပါတယ်။ ဒါက ကြောင်းကျိုးဆက်နွယ်နေတဲ့ <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောကို ရှုပွားသိမ်းဆည်းတဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ပိုင်း ဖြစ်ပါတယ်။ ဒီရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီးတဲ့ ထိုသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရလဲ?</p>
<h3>ဝိပဿနာပိုင်း</h3>
<p>ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနိစ္စ</b>လို့ ရှုရတယ်။ ဖြစ်ခြင်း, ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီး <b>ဒုက္ခ</b>လို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ <b>အနတ္တ</b>လို့ ရှုရတယ်။ ဒီလို ရုပ်တရား, နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနေတဲ့အပိုင်းကိုသာ ဝိပဿနာလို့ ခေါ်ပါတယ်။</p>
<p>ဒီ<b>အယောဃရ</b>မင်းသားကလေးက ဝိပဿနာဉာဏ်လောက်တော့ အထိုက်အလျောက် ရနေတယ်လို့ ယူဆရပါတယ်။ အထိုက်အလျောက် ဆိုသော်လည်း ဘာဖြစ်လို့ ဒီနေရာမှာ အထိုက်အလျောက်လို့ ပြောနေရသလဲ? ပါရမီတွေ ရင့်ညောင်းနေတဲ့ သူတော်ကောင်း ဖြစ်ပါလျက် ဘာဖြစ်လို့ အထိုက် အလျောက်လို့ ပြောနေရသလဲလို့ မေးလျှင်တော့ အနတ္တလက္ခဏာကို ပညတ် တင်ပြီး ဟောကြားပြသ ဆိုဆုံးမနိုင်ခြင်းသည် <b>သဗ္ဗညုသမ္မာသဗ္ဗုဒ္ဓ</b> ဘုရားရှင် တို့ရဲ့အရာသာ ဖြစ်ပါတယ်။ <b>(အဘိ၊ဋ္ဌ၊၂၊၄၆။)</b>တခြားတခြား ပုဂ္ဂိုလ်တွေရဲ့ အရာဌာန မဟုတ်တဲ့အတွက် အလောင်းတော်ဘဝမှာတော့ အနတ္တလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ပညတ်တင်ပြီး ဟောကြားပြသနိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး။ ဒါကြောင့် အထိုက်အလျောက်လို့ ပြောနေခြင်း ဖြစ်ပါတယ်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူတဲ့ အချိန်အခါကျမှသာ အနတ္တလက္ခဏာက ထင်ရှားလာပါတယ်။</p>
<p>ဒီလို ဘဝအဆက်ဆက်က ဆည်းပူးခဲ့တဲ့ <b>သင်္ခါရုပေက္ခာဉာဏ်</b>ကဲ့သို့သော အသိထူး, ဉာဏ်ထူးတွေ ရှိနေတဲ့ ဒီ<b>အယောဃရ</b>မင်းသားကလေးက မိမိရဲ့ ဖခမည်းတော် ဦးဆောင်နေတဲ့ တရားနာပရိသတ်အပေါင်းတွေကို တရား စတင်ပြီး ဟောကြားပါတယ်။ ဒါကြောင့် <b>အယောဃရ</b>မင်းသားကလေး ဟောကြားနေတဲ့ ဂါထာကလေးကို ပြန်ပြီး နိဒါန်းသွယ်ရအောင် --</p>
<p>၁။ ယမေကရတ္တိံ ပဌမံ၊ ဂဗ္ဘေ ဝသတိ မာဏဝေါ။<br>အဗ္ဘုဋ္ဌိတောဝ သော ယာတိ၊ သ ဂစ္ဆံ န နိဝတ္တတိ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၇။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ယံ</b> = <b>ယော မာဏဝေါ</b> = အကြင် သတ္တဝါသည်။ <b>ဧကရတ္တိံ</b> = တစ်ခုသော ညဉ့်အခါ၌။ <b>ပဌမံ</b> = ရှေးဦးစွာ။ <b>ဂဗ္ဘေ</b> = မိခင်၏ ဝမ်းကြာတိုက်၌။ <b>ဝသတိ</b> = ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏။ <b>တဿံ ရတ္တိံ</b> = ထိုညဉ့်အချိန်အခါ ကာလ၌။ <b>သော မာဏဝေါ</b> = ထိုသတ္တဝါသည်။ <b>အဗ္ဘုဋ္ဌိတောဝ</b> = တက်ပြီးသော တိမ်တိုက်ကဲ့သို့။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ပဋိသန္ဓိက္ခဏတော</b> = ဘဝတစ်ခု၌ ရှေးဦးအစ ခဏဟုခေါ်ဆိုအပ်သော ပဋိသန္ဓေခဏမှ။ <b>ပဋ္ဌာယ</b> = စ၍။ <b>မစ္စုဝသံ</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အလိုနိုင်ငံသို့။ <b>ယာတိ</b> = လိုက်ပါ၍နေရပေ၏။ <b>သ</b> = <b>သော မာဏဝေါ</b> = ထိုသတ္တဝါသည်။ <b>ဧဝံ</b> = ဤသို့။ <b>ဂစ္ဆံ ဂစ္ဆန္တော</b> = သေမင်းထံသို့ သွားနေရသည်ရှိသော်။ <b>န နိဝတ္တတိ</b> = နောက်ကြောင်းသို့ တစ်ဖန်ပြန်၍ လှည့်လည်နိုင်ရိုးဓမ္မတာ မရှိပါပေ။ <b>အညဒတ္ထု</b> = တကယ်စင်စစ်အားဖြင့်။ <b>မရဏမေဝ</b> = ရှင်သေမင်း၏ အထံသို့သာလျှင်။ <b>ဥပဂစ္ဆတိ</b> = ကပ်ရောက်၍ သွားနေရပေ၏။</p>
<p>ဒီသင်္ခါရတရားတွေက ဖြစ်လိုက် ပျက်လိုက်, ဖြစ်လိုက် ပျက်လိုက်နဲ့ သွားနေကြတယ်။ ဘယ်ကို သွားနေကြသလဲ? သေရမယ့်ဘက်ကို တာစူပြီး သွားနေကြရတယ်။ ပဋိသန္ဓေ တည်နေတဲ့ အချိန်အခါကာလက စပြီးတော့ ဘဝတစ်လျှောက်မှာ ဖြစ်လိုက် ပျက်လိုက်, ဖြစ်လိုက် ပျက်လိုက်နဲ့ သွားနေတဲ့ ဒီသင်္ခါရတရားတွေသည် သေခြင်းဘက်သို့ သွားနေကြပါတယ်။ သေခြင်း တရားသို့သာလျှင် ကျိန်းသေဧကန်အားဖြင့် နောက်ဆုံး ချဉ်းကပ်ပြီးတော့ နေကြရပါတယ်ဆိုပြီးတော့ ဒီလို မယ်တော်, ခမည်းတော် အမှူးရှိနေတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ကို ဟောကြားပြသပေးလိုက် ပါတယ်။ နောက်ထပ် ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?</p>
<h3>အိုနာသေရေး ဒုက္ခဘေး</h3>
<p>၂။ န ယုဇ္ဈမာနာ န ဗလေန ဝဿိတာ၊ နရာ န ဇီရန္တိ န စာပိ မီယရေ။<br>သဗ္ဗံ ဟိဒံ ဇာတိဇရာယုပဒ္ဒုတံ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၇။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ယုဇ္ဈမာနာ</b> = နှစ်ဘက်အပြိုင်တိုက်သော စစ်မြေပြင်အရပ်၌ စစ်ထိုး၍ နေကြကုန်သော။ <b>ဗလေန</b> = ကိုယ်စွမ်းအား သူရဲကောင်းစွမ်းအားနှင့်။ <b>ဝဿိတာ</b> = ပြည့်စုံကြကုန်သော။ <b>နရာ</b> = စစ်သည်တို့သည်။ <b>န ဇီရန္တိ</b> = မအိုကြသည်ကား။ <b>န</b> = မဟုတ်ကြလေကုန်။ <b>ဇီရန္တိ ဧဝ</b> = အိုကြကုန်သည်သာလျှင်တည်း။ <b>န စာပိ မီယရေ</b> = မသေကြသည်ကား။ <b>န</b> = မဟုတ်ကြလေကုန်။ <b>မီယန္တိ ဧဝ</b> = သေကျေပျက်စီးကြကုန်သည်သာတည်း။ <b>မဟာယန္တေန</b> = ကြီးစွာသော စက်ယန္တရားအတွင်း၌။ <b>ပီဠိယမာနာ</b> = အကြိတ်ခံ၍ နေကြရကုန်သော။ <b>ဥစ္ဆုဃဋိကာ ဝိယ</b> = ကြံချောင်းတို့ကဲ့သို့။ <b>ဣဒံ သဗ္ဗံ</b> = ဤအလုံးစုံကုန်သော သတ္တဝါအပေါင်းသည်။ <b>ဇာတိဇရာယ</b> = အိုနာသေရေး ဒုက္ခဘေးသည်။ <b>ဥပဒ္ဒုတံ</b> = အမြဲမပြတ် ကပ်၍ ညှဉ်းပန်းနှိပ်စက်၍နေအပ်ပါပေ၏။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းအရာကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = ပဋိသန္ဓေ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...နှစ်ဘက်ပြိုင်ပြီးတော့ စစ်တိုက် နေတဲ့ စစ်မြေပြင်အရပ် တစ်ခု ရှိပါတယ်။ အဲဒီ စစ်မြေပြင်အရပ်မှာ ကိုယ်စွမ်းအား, သူရဲကောင်းစွမ်းအားတို့နဲ့ ပြည့်စုံနေတဲ့ စစ်သည်တော်တွေဟာ တစ်ဘက်နဲ့ တစ်ဘက် ထိုးခတ် တိုက်ခိုက်ပြီး နေကြပါတယ်။ ဒီလောက်တောင် ရဲစွမ်းသတ္တိနဲ့ ပြည့်စုံနေတဲ့ သူရဲကောင်းတွေဟာလည်း မအိုကြရတာ မဟုတ်ပါဘူး၊ အိုကြရတယ်။ မသေကြရတာ မဟုတ်ဘူး၊ သေကြရပါတယ်။ အင်မတန်ကြီးမားတဲ့ စက်ယန္တယားကြီးထဲမှာ ကြံချောင်းတွေကို ထည့်ပြီး ကြိတ်လိုက်တဲ့အခါမှာ ကြံချောင်းတွေဟာ အကြိတ်ခံရသလိုပဲ ဒီသတ္တဝါ အားလုံးဟာလည်း အိုနာသေရေး ဒုက္ခဘေးဆိုတဲ့ စက်ယန္တယားကြီးထဲမှာ လည်ပတ်ပြီးတော့ အကြိတ်ခံနေကြရပါတယ်။ ဒီအိုနာသေရေး ဒုက္ခဘေးတွေက သတ္တဝါအပေါင်းကို အမြဲမပြတ် ကပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်နေ ပါတယ်။</p>
<p>ဒါကြောင့် သားတော်သည် ရသေ့ရဟန်းပြုပြီး အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ် ဆန္ဒဓာတ်တွေသည် သားတော်ရဲ့ သန္တာန်မှာ ပြင်းပြစွာ ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သားတော်အား အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်အတွက် ရှင်ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ ခွင့်တောင်းပါတယ်။ ဒီနေရာကလေးမှာ အထူးသဖြင့်တော့ မန်လည်ဆရာတော်ဘုရားကြီးက ဒီဂါထာမျိုးတွေကို အလင်္ကာဂုဏ် ပြောင်မြောက်စွာနဲ့ သီကုံးပြီး ဆိုဆုံးမထားပါတယ်။</p>
<p>မာနဟုံးစုံး, ဘက်မဲ့ကြုံး၍, လက်ရုံးဆန့်မိုး, ပြည်တရိုးကို, စစ်ထိုးဘောင်ဘောင်, ပွဲတိုင်းအောင်လည်း, ဘုန်းခေါင်သနင်း, သျှင်သေမင်းအား, အလျှင်း စစ်ပြိုင်, မအောင်နိုင်ကြောင့်၊ ခုတိုင်မျက်မြင်, လူတို့ခွင်ဝယ်, မထင်ပြက်ပြက်, သေမင်းစက်နှင့်, ပျက်ပျက်ယွင်းယွင်း, ကြေမွလျှင်း၍, သေတွင်းဝင်ကြလေကုန်စွ။ <b>(မဃဒေဝ၊၃၅၄။)</b></p>
<p>ဘယ်လောက်ပင် မာန်မာန ကြီးမားပြီးတော့, ဘုန်းတန်ခိုးတွေ ကြီးမား လာပြီးတော့, အင်မတန် ကြုံးဝါးပြီးတော့, လက်ရုံးတွေ ဆန့်မိုးပြီးတော့ တစ်ဘက်စစ်သည်တွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ချင်ဖြစ်ပါစေ၊ ဒီလောက် စွမ်းအားရှိနေတဲ့ ဒီပုဂ္ဂိုလ်တွေဟာ ပွဲတိုင်းအောင် နေပေမယ့်လို့ သေမင်းကို တိုက်ခိုက်တဲ့ အချိန်အခါမှာ ဘယ်တော့မှ အောင်နိုင်တယ်ဆိုတဲ့သဘောတရား မရှိပါဘူး။ သေမင်းကို တိုက်ပြီဆိုလျှင်တော့ နောက်ဆုံး အရှုံးပေးကြရတာပဲ။ သေမင်းကို အရှုံးပေးပြီးတော့ပဲ ဘဝကို အဆုံးသတ်သွားကြရတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလို ဟောကြားဆုံးမထားပါတယ်။</p>
<h3>သေမင်းကို နိုင်အောင် မတိုက်နိုင်သူများ</h3>
<p>၃။ စတုရင်္ဂိနိံ သေနံ သုဘိံသရူပံ၊ ဇယန္တိ ရဋ္ဌာဓိပတီ ပသယှ။<br>န မစ္စုနော ဇယိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၈။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>စတုရင်္ဂေနိံ</b> = ဆင်, မြင်း, ရထား, ခြေသည်အားဖြင့် (၄)ပါးသောအင်္ဂါရှိသော။ <b>သေနံ စ</b> = စစ်တပ်ကိုလည်းကောင်း။ <b>သုဘိံသရူပံ</b> = အလွန် ကြောက်မက်ဖွယ်ရှိသော။ <b>ရဋ္ဌဓိပတိ စ</b> = တိုင်းကားပြည့်ရှင် ဘုရင်မင်းမြတ်ကိုလည်းကောင်း။ <b>ဧကစ္စေ</b> = အချို့သော ရန်သူမင်းတို့သည်။ <b>ပသယှ</b> = နိုင်ထက်ကလူ နှိပ်စက်မူ၍။ <b>ဇယန္တိ</b> = အောင်ပွဲယူနိုင်ကြလေကုန်၏။ <b>တေပိ</b> = ထိုအောင်ပွဲခံနိုင်ကြကုန်သော မင်းတို့သည်လည်းပဲ။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ <b>သေနံ</b> = စစ်သည်ဗိုလ်ပါ များလှစွာကို။ <b>ဇယိတုံ</b> = အောင်ပွဲခံနိုင်အံ့သောငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထို အကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ... ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်ခေါ်တဲ့ အင်္ဂါလေးပါးနှင့် ပြည့်စုံနေတဲ့ စစ်တပ်တွေ ရှိကြပါတယ်။ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနဲ့ပြည့်စုံနေတဲ့ စစ်တပ်တွေလည်း ရှိကြပါတယ်။ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနဲ့ ပြည့်စုံနေတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်တွေဆိုတာလည်း ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီပုဂ္ဂိုလ်တွေကို တချို့တချို့ ရန်သူမင်းတွေက နိုင်ထက်ကလူ နှိပ်စက်မူပြီးတော့ အောင်ပွဲ ယူနိုင်တဲ့သဘောလည်း ရှိတတ်ပါတယ်။</p>
<p>ဒီလို တချို့တချို့ ရန်သူမင်းတွေဟာ ဘယ်လိုပင် နှိပ်စက်ကလူ နိုင်ထက်မူပြီးတော့ အောင်ပွဲခံယူနိုင်ကြပေမယ့်လို့ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းရဲ့ စစ်သည်ဗိုလ်ပါ များလှစွာကို အောင်ပွဲ ယူဖို့ရန်အတွက် ဘယ်နည်းနဲ့မျှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် သားတော်သည် ရသေ့ရဟန်းပြု၍ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ ဒါကြောင့် သားတော်ကို အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါ ဆိုပြီးတော့ ခွင့်တောင်းပါတယ်။ နောက်တစ်ခု ဘယ်လို ဆက်ပြီး ခွင့်တောင်း သလဲ?</p>
<h3>ရန်သူလက်မှ လွတ်မြောက်နိုင်ပေမဲ့</h3>
<p>၄။ ဟတ္ထီဟိ အေဿဟိ ရထေဟိ ပတ္တိဘိ၊<br>ပရိဝါရိတာ မုစ္စရေ ဧကစ္စေယျာ။<br>န မစ္စုနော မုစ္စိတုမုဿဟန္တိ၊<br>တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၈။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဟတ္တီဟိ</b> = ဆင်တပ်တို့ဖြင့်လည်းကောင်း။ <b>အေဿဟိ</b> = မြင်းတပ်တို့ဖြင့်လည်းကောင်း။ <b>ရထေဟိ</b> = ရထားတပ်တို့ဖြင့်လည်းကောင်း။ <b>ပတ္တီဘိ</b> = ခြေလျင်တပ်တို့ဖြင့် လည်းကောင်း။ <b>ပရိဝါရိတာ</b> = အဝိုင်းခံကြရကုန်သော။ <b>ဧကစ္စေယျာ</b> = အချို့သောမင်းတို့သည်။ ပစ္စာမိတ္တာနံ = ရန်သူမင်းတို့၏။ <b>ဟတ္ထတော</b> = လက်မှ။ <b>မုစ္စရေ</b> = လွတ်မြောက်နိုင်ကြပေကုန်၏။ <b>တေပိ</b> = ထိုရန်သူတို့၏ လက်မှ လွတ်မြောက်နိုင်ကုန်သော မင်းတို့သည်လည်းပဲ။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံ စိုးနင်း ရှင်သေမင်း၏။ <b>ဟတ္ထတော</b> = လက်မှ။ <b>မုစ္စိတုံ</b> = လွတ်မြောက်အံ့သောငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်ဆိုတဲ့ စစ်သည်တွေ အဝိုင်းခံနေရတဲ့ တချို့တချို့ ရှင်ဘုရင်တွေ ရှိကြပါတယ်။ ရန်သူမင်းတို့ရဲ့ အဝိုင်းခံရနေတဲ့ ဒီလို ရှင်ဘုရင်တွေဟာ တစ်ခါတစ်ရံ လွတ်အောင်ရုန်းမယ်ဆိုလျှင် လွတ်အောင်ရုန်းနိုင်တဲ့ သဘောတွေ ထင်ရှားရှိနေပါသေးတယ်။ ဒါပေမယ့်လို့ ရန်သူလက်တွင်းမှ လွတ်အောင်ရုန်းနိုင်သော်လည်း ဒီရှင်ဘုရင်တွေဟာ သေမင်းလက်မှ လွတ်အောင်ရုန်းဖို့ရန်အတွက် ဘယ်နည်းနှင့်မျှ မစွမ်းနိုင်ပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ အတွက် ရှင်ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး ခွင့်တောင်းပါတယ်။</p>
<p>အင်္ဂါလေးပါး, ရထားမြင်းဆင်, အတင်တင်ဖြင့်, မြေပြင်ညီးလင်း, ဗျူဟာကျင်းပြီး, ဗိုလ်သင်းစီမံ, တင်းခုခံလျက်, လေးလှံအဲမောင်း, စိန်ပြောင်း မီးပေါက်, အမြောက် မြတပူ, ပြောထူလက်နက်, ဝန်းရှက်ရံလစ်, လွန်အားသစ်၍, ထိုးပစ်ပါလျှင်း, ထိုသေမင်းကို, အောင်ခြင်းဘယ်ခါ, မရရာခဲ့။ <b>(မဃဒေဝ၊၃၅၇။)</b></p>
<p>ဘယ်လောက်ပဲ စစ်သည်ဗိုလ်ပါ များစွာနဲ့ လက်နက်မျိုးစုံနဲ့ အတင်း ခုခံတိုက်ဖျက်ပြီးတော့ ရှင်သေမင်းရဲ့ ရန်ကို ကာကွယ်ပေမယ့်လို့ ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် --</p>
<p>ဝန်းရှက်ရံလစ်, လွန်အားသစ်၍, ထိုးပစ်ပါလျှင်း, ထိုသေမင်းကို, အောင်ခြင်းဘယ်ခါ, မရရာခဲ့, စားကာ အိပ်ကာ, များသူငါကား, ရက်ကြာလှရှည်, နှစ်ပွားစည်တိုင်း, တူးတည် တူရူ, ရှေးရှူသဖြင့်, သတ်မည်လင့်သည့်, သေမင်းအပါး, ရွေ့ရွေ့သွား၏။ <b>(မဃဒေဝ၊၃၅၇။)</b></p>
<p>တစ်နေ့တစ်နေ့ တရွေ့ရွေ့နဲ့ တရားဟောနေတဲ့ပုဂ္ဂိုလ်တွေ, တရားနာနေတဲ့ပုဂ္ဂိုလ်တွေ အားလုံး ဘယ်ဘက်ကို သွားနေကြသလဲ? တရွေ့ရွေ့နဲ့ သွားနေတာကတော့ သေမင်းဘက်ကို သွားနေကြတာပဲ။ သေမင်းဘက် မသွားတဲ့အချိန်အခါဆိုတာ ရှိသေးသလား? တစ်စက္ကန့်မှ မရှိဘူး။ ဒါကြောင့်-</p>
<p>တူးတည် တူရူ, ရှေးရှူသဖြင့်, သတ်မည်လင့်သည့်, သေမင်းအပါး, ရွေ့ရွေ့သွား၏။ <b>(မဃဒေဝ၊၃၅၇။)</b></p>
<p>ဒီသေမင်းက မိမိကိုသတ်မယ့် သေမင်း ဖြစ်ပါတယ်။ အဲဒီ သေမင်းထံကိုပဲ တရွေ့ရွေ့နဲ့ နေ့စဉ်ပဲ သတ္တဝါအားလုံးဟာ သွားနေကြရတယ်။</p>
<p>ကျားခံတွင်းပေါက်, မြွေအာစောက်သို့, မြောက်တိမြောက်တောက်, မျက်စိမှောက်၍, ဝင်ရောက်သားကောင်, တိုးသော့ယောင်တည့်။ <b>(မဃဒေဝ၊၃၅၇။)</b></p>
<p>ကျားတွေ, မြွေတွေရဲ့ ခံတွင်းထဲသို့ လမ်းချော်ပြီးတော့ ဖြုန်းခနဲ ဝင်သွားမိတာနဲ့ သိပ်တူပါတယ်။ တဖြည်းဖြည်း သွားရင်းသွားရင်းနဲ့ နောက်ဆုံး သေမင်းရဲ့ ခံတွင်းထဲကို ဝင်သွားကြရတယ်။ ဒီလို သေမင်းရဲ့ ခံတွင်းဝသို့ သွားနေရတဲ့အတွက် အိုနာသေရေး ဒုက္ခဘေးနဲ့ တစ်နေ့တော့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အိုနာသေရေး ဒုက္ခဘေးတို့ သားတော်ထံ မရောက်မီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုဖို့ရန် သားတော်ကို အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ လျှောက်ထား တောင်းပန်ပါတယ်။ နောက်တစ်ခု --</p>
<h3>အမုန်ယစ်သော ဆင်ပြောင်ကြီးတို့ပင် ချေမှုန်းလို့ မရနိုင်</h3>
<p>၆။ မတ္တာ ဂဇာ ဘိန္နဂဠာ ပဘိန္နာ၊ နဂရာနိ မဒ္ဒန္တိ ဇနံ ဟနန္တိ။<br>န မစ္စုနော မဒ္ဒိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၈။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဘိန္နဂဠာ ပဘိန္နာ</b> = ပေါက်ကွဲရာအရပ်မှ ယိုစီးသော မုန်ရှိကြကုန်သော။ <b>မတ္တာ ဂဇာ</b> = အမုန်ယစ်နေတဲ့ ဆင်ပြောင်ကြီးတို့သည်။ ပစ္စတ္ထိကရာဇူနံ = ရန်သူမင်းတို့၏။ <b>နဂရာနိ</b> = မြို့တို့ကို။ <b>မဒ္ဒန္တိ</b> = နင်းနှိပ် ချေမှုန်းနိုင်ကြလေကုန်၏။ <b>ဇနံ</b> = ဗိုလ်ထုကို။ <b>ဟနန္တိ</b> = သတ်ဖြတ် ဖျက်ဆီးနိုင်ကြလေကုန်၏။ <b>တေပိ</b> = ထို ဆင်ပြောင်ကြီးတို့သည်လည်းပဲ။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>မဒ္ဒိတုံ</b> = နင်းနယ် ချေမှုန်းခြင်းငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ် လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည် ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ... အမုန်ယစ်နေတဲ့ ဆင်ကြီးတွေ ဆိုတာ ရှိကြပါတယ်။ အမုန်တွေ ပေါက်ကွဲပြီးတော့ အမုန်ယစ်နေတဲ့ ဒီဆင်ပြောင်ကြီးတွေဟာ တစ်ဘက်ရန်သူမင်းတို့ရဲ့ မြို့တွေကို ဖျက်ဆီးပစ်မယ် ဆိုလျှင်လည်း ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေ ရှိနေကြပါတယ်။ တစ်ဘက်ရန်သူတို့ရဲ့ ဗိုလ်ထုကို အသေသတ်မယ်ဆိုလျှင်လည်း သတ်ဖြတ်နိုင်တဲ့စွမ်းအားတွေ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဆင်ပြောင်ကြီးတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို နင်းနှိပ်ကြိတ်ချေဖို့ရန်အတွက် ဘယ်နည်းနဲ့မှ မစွမ်းနိုင် ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်သို့ အိုနာသေရေး ဒုက္ခဘေးတွေ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို သားတော် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ ထိုအိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုဖို့ရန် သားတော်ရဲ့သန္တာန်မှာ ကုသိုလ်ဆန္ဒဓာတ်တွေ ပြင်းပြလှစွာ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန်အတွက် ခွင့်ပြုတော် မူပါဆိုပြီး ဆက်လက် ခွင့်တောင်းပါတယ်။</p>
<p>အောက်ထက်ပြင်းဟုန်, ကွဲပေါက်သုန်၍, ကျမုန်တီးတီး, အာသောက်စီးသား, ပြောင်ကြီးမဟာ, ယတြာမျိုးစစ်, ဆိုးမုန်ယစ်တို့်, သစ်နှင့်သံတိုင်, တုရိုဏ်ပြိုင်လျက်, ကြံ့ခိုင်ကြီးမား, မြို့တံခါးနှင့်, ကျောက်သားတူယောင်, ကျောက်တောင်တူနိုး, သူ့မြို့ရိုးကို, ပစ်ထိုးကော်ကြည်း, ဖြိုဖျက်လှည်း၍, ကြော်ကျည်းကျာကျာ, ငှက်ကြိုးကြာသို့, သံဝါကြွေးလျက်, ဝှေ့ပက်နင်းချိုး, သိသိကျိုး၏, တန်ခိုးပြင်းလတ်, သေမင်းငတ်ကို, မလွတ်အတင်း, ဇွတ်တက်နင်း၍, သတ်ဖြတ်ခြင်းငှာ, မစွမ်းပါခဲ့။ <b>(မဃဒေဝ၊၃၅၆)</b></p>
<p>ဒီဆင်ပြောင်ကြီးတွေဟာ ဘယ်လောက်ပင် စွမ်းအားတွေ ထက်နေ ပေမယ့်လို့ အင်မတန် တန်ခိုးကြီးမားနေတဲ့ ဒီသေမင်းကို ဘယ်လိုမှ သတ်ဖြတ် ခြင်းငှာ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်အတွက် ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။</p>
<h3>လေးသည်တော်များ</h3>
<p>၇။ ဣဿာသိနော ကတဟတ္ထာပိ ဝီရာ၊ ဒူရေပါတီ အက္ခဏဝေဓိနောပိ။<br>န မစ္စုနော ဝိဇ္ဈိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၈။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ကတဟတ္တာ</b> = <b>သုသိက္ခိတာ</b> = ကောင်းစွာ သင်အပ်ပြီးသော လေးအတတ်, မြားအတတ် ရှိကြကုန်သော။ <b>ဝီရာ</b> = ရဲရင့်ကုန်သော။ <b>ဒူရေပါတီ</b> = ဝေးသောအရပ်၌ မြားကို ကျစေခြင်းငှာ စွမ်းနိုင်ကြကုန်သော။ <b>ဣဿာသိနောပိ</b> = လေးသမားတို့သည်လည်းကောင်း။ <b>အက္ခဏဝေဓိနောပိ</b> = မချွတ်မယွင်း မှန်အောင် ပစ်နိုင်သော စွမ်းအားရှိကြကုန်သော လေးသမားတို့သည်လည်းကောင်း။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို။ <b>ဝိဇ္စျိတုံ</b> = မှန်အောင် ပစ်ခွင်းခြင်းငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... အင်မတန် ကျွမ်းကျင်နေတဲ့, ကောင်းစွာ လေ့ကျင့်ထားပြီးတဲ့ လေးသမားတွေ လောကမှာ ရှိကြပါတယ်။ <b>ဝါလဝေဓိ</b>လေးသမားဆိုလျှင် သားမြီးကို မှန်အောင် ပစ်ခွင်းနိုင်တဲ့လေးသမား ဖြစ်ပါတယ်။ မြင်းမြီးတို့လို သားမြီးကလေးတစ်ပင်ရဲ့ ထိပ်မှာ ခရမ်းသီးတစ်လုံးလောက် ချည်ပြီး ဒီမြင်းမြီးကလေးကို တန်းတစ်ခုမှာ ချည်ဆွဲထားတယ် ဆိုကြစို့၊ အဝေးကနေ လှမ်းပြီးတော့ ဒီမြင်းမြီးကို မှန်အောင် ပစ်မယ်ဆိုလျှင် ပစ်နိုင်တဲ့ လေးသမားတွေလည်း ရှိကြပါတယ်။ <b>ဝါလဝေဓိ</b> လေးသမားလို့ ခေါ်ပါတယ်။ နောက် လေးသမားတစ်မျိုးကတော့ <b>အက္ခဏဝေဓိ</b>လေးသမား ဖြစ်ပါတယ်။ ဒီ<b>အက္ခဏဝေဓိ</b>လေးသမားဆိုတာကတော့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ မြား ခုနစ်ဆင့်, ရှစ်ဆင့်ကို ဆက်တိုက် ပစ်ကွင်းကို မှန်အောင် မချွတ်မယွင်း ပစ်ခွင်းနိုင်တဲ့ လေးသမား ဖြစ်ပါတယ်။ အဲဒီ လေးသမားမျိုးကိုတော့ <b>အက္ခဏဝေဓိ</b>လေးသမားလို့ ခေါ်ပါတယ်။ ဒီ<b>အက္ခဏဝေဓိ</b>လေးသမားတွေဟာ ညဉ့်အခါ အမိုက်မှောင် ထဲမှာ တည်ရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကို လျှပ်စစ်လက်လိုက်တဲ့ အချိန်ကလေးအတွင်းမှာ မှန်အောင် ပစ်ခွင်းနိုင်တဲ့ လေးသမားမျိုး ဖြစ်ပါတယ်။</p>
<p>နောက် လေးသမားကတော့ <b>သဒ္ဒဝေဓိ</b>လေးသမား ဖြစ်ပါတယ်။ အသံ ကြားလိုက်လျှင် အသံလာရာအရပ်မှာရှိနေတဲ့ ပစ်ကွင်းကို မှန်အောင် တည့်တည့် ပစ်ခွင်းနိုင်တဲ့ စွမ်းအားရှိတဲ့ လေးသမားမျိုး ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ <b>သရဝေဓိ</b>လေးသမား ဖြစ်ပါတယ်။ ရှေ့ပစ်လိုက်တဲ့ မြားတစ်စင်းကို နောက်မြားတစ်စင်းနဲ့ လှမ်းပြီး မှန်အောင် ပစ်မယ်ဆိုလျှင် ပစ်နိုင် ကြတယ်။ ဒီလို ပစ်နိုင်တဲ့ လေးသမားကြီးတွေ လောကမှာ ရှိကြပါတယ်။ ဒီလေးသမားကြီးတွေဟာ ဒီလောက်တောင် စွမ်းအားရှိနေပေမယ့်လို့ (၃၁) နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို မှန်အောင် ပစ်ပါဆိုလျှင် ဘယ်လိုမှ မှန်အောင် မပစ်နိုင်ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့သန္တာန်သို့ အိုနာသေရေး ဒုက္ခဘေးတွေ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာ လွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို သားတော် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုပါတယ်။ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုဖို့ရန် ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတာ်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန်အတွက် ခွင့်ပြုတော်မူပါဘုရားဆိုပြီး တောင်းပန်ပါတယ်။</p>
<p>ဝါလ-အက္ခဏ, သဒ္ဒ-သရ, နာမမည်ရှိ, ဝေဓိပိုင်းခြား, လေးသမားဟု, မင်းအစုတို့, ယခုဘယ်မှ, ရှာမရပြီ။ <b>(မဃဒေဝ၊၃၅၅။)</b></p>
<p>ဒီလောက် ကျွမ်းကျင်နေတဲ့ လေးသမားတွေ ယခုအချိန်အခါမှာ ရှိသေးသလား? မရှိကြတော့ဘူး။ ထိုလေးသမားတို့ရဲ့ ခစားရာဖြစ်တဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ယခုအခါမှာ ရှိသေးသလား? တစ်ယောက်မှ မရှိကြတော့ဘူး။ ဒါကြောင့် ---</p>
<p>ဝါလ-အက္ခဏ, သဒ္ဒ-သရ, နာမမည်ရှိ, ဝေဓိပိုင်းခြား, လေးသမားဟု, မင်းအစုတို့, ယခုဘယ်မှ, ရှာမရပြီ, မရဏညစ်, သေမင်းစစ်ကို, မပစ်နိုင်စွာ, မကာနိုင်ကြ, ထိုကိစ္စကြောင့်, တကွမနှေး, ဗိုလ်အလှေးနှင့်, လေးပါ မင်းပါ, သေမင်းရွာသို့, လိုက်ရှာကုန်လျင်း, ထိုတသင်းသည်, မကြွင်းစင်ကြ လေကုန်စွ။ <b>(မဃဒေဝ၊၃၅၅။)</b></p>
<p>လေးသမားနှင့်တကွ ဗိုလ်ထုတွေ, မင်းတွေပါ အားလုံး သေမင်းရွာသို့ လိုက်ပါသွားကြပြီ။ ဒီသေမင်းကို မှန်အောင် ပစ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှ မရှိကြဘူး။ ဒါကြောင့် ဒီရှင်သေမင်းကြီး သားတော်ထံသို့ မဆိုက် ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ဖို့ရန်အတွက် ရသေ့ ရဟန်းပြုဖို့ရန် သားတော်ကို အနူးအညွတ် ခွင့်ပြုတော်မူပါလို့ တောင်းပန် တယ်။ နောက်တစ်ခု --</p>
<h3>ကမ္ဘာမီးလောင်ချိန်</h3>
<p>၈။ သရာနိ ခီယန္တိ သသေလကာနနာ၊<br>သဗ္ဗံ ဟိဒံ ခီယတိ ဒီဃမန္တရံ။<br>သဗ္ဗံ ဟိဒံ ဘဉ္ဇရေ ကာလပရိယာယံ၊<br>တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၈။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>သရာနိ</b> = အိုင်ကြီးတို့သည်။ <b>ခီယန္တိ</b> = ကုန်ခန်း ပျက်စီးတတ်ကြပါကုန်၏။ <b>သသေလာကာနနာ</b> = တောင်,တောအုပ်နှင့်တကွသော မြေကြီးအထုသည်လည်းပဲ။ <b>ခီယတိ</b> = ကုန်ခန်းပျက်စီးတတ်ပါပေ၏။ <b>ဣဒံ သဗ္ဗံ</b> = ဤအလုံးစုံသော သက်ရှိသက်မဲ့ သင်္ခါရတရားစု မှန်သမျှသည်။ <b>ဒီဃမန္တရံ</b> = ရှည်မြင့်စွာသော အချိန်ကာလသို့။ <b>ပတွာ</b> = ရောက်ရှိသည်ရှိသော်။ <b>ခီယတိ ဧဝ</b> = ကုန်ခန်း ပျက်စီးရသည်သာလျှင်တည်း။ <b>ဣဒံ သဗ္ဗံ</b> = ဤအလုံးစုံသော သက်ရှိသက်မဲ့ သင်္ခါရတရားစု မှန်သမျှသည်။ <b>ကာလပရိယာယံ</b> = ပျက်ချိန်ကာလအလှည့်သို့။ <b>ပတွာ</b> = ဆိုက်ရောက်ခဲ့သည်ရှိသော်။ <b>ဘဉ္ဇရေ ဟိ</b> = <b>ဘဉ္ဇရေ ဧဝ</b> = ပျက်စီး ကြရသည်သာလျှင်တည်း။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်, မယ်တော်တို့ဘုရား ... တစ်ချိန်မှာ ဒီကမ္ဘာကြီးဟာ ကမ္ဘာမီးလောင်ပြီး ပျက်စီးခြင်းသို့ ရောက်ရပါလိမ့်မယ်။ ထိုအချိန်အခါကို လှမ်းမျှော်ပြီး ကြည့်မယ်ဆိုလျှင် ထိုအချိန်အခါမှာ ဘယ်လို ဖြစ်လာသလဲ? နေတစ်စင်း ဝင်ပြီဆိုတာနဲ့ နောက်ထပ် နေတစ်စင်း ထွက်လာပါလိမ့်မယ်။ နေတစ်စင်းဝင်ပြီး နောက်ထပ် နေတစ်စင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း ဘာဖြစ်လာမလဲ? နေနှစ်စင်း ဖြစ်ပေါ်လာတယ်ဆိုလျှင်ပဲ လောကမှာ မြစ်ငယ်တွေ, ချောင်းတွေ, အိုင်တွေ အားလုံး ခန်းခြောက်ကုန် ပါလိမ့်မယ်။ နောက်ထပ် သုံးစင်းမြောက် နေတစ်စင်း ထွက်ပေါ်လာပြီဆိုလျှင်တော့ မြစ်ကြီးတွေရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ အိုင်ကြီး ခုနစ်အိုင်လည်း အားလုံး ခန်းခြောက် သွားပါလိမ့်မယ်။ ဒီလို အိုင်ကြီးတွေ ခန်းခြောက်ပြီးနောက် လေးစင်းမြောက်ကနေ ငါးစင်းမြောက် နေတစ်စင်း ထွက်ပေါ်လာပြီ ဆိုလျှင်တော့ ပင်လယ်သမုဒ္ဒရာတွေပါ အားလုံး ခန်းခြောက်ကုန်ပါတယ်။ ခြောက်စင်းမြောက် နေတစ်စင်း ထွက်ပေါ်လာတဲ့အခါမှာတော့ ဒီစကြဝဠာ တစ်ခုလုံး အကုန်လုံး အခိုးတွေ ထလာပါတော့တယ်။ ခုနစ်စင်းမြောက် နေတစ်စင်းလည်း ထွက်ပေါ်လာတဲ့ အချိန်အခါမှာ အကုန်လုံး မီးဟုန်းဟုန်း ထပြီး တောက်လောင်ကုန်ပါတယ်။ ဒါကြောင့် သတ္တဝါတွေဟာ သံသရာခရီး မဆုံးကြသေးဘူးဆိုလျှင်တော့ တစ်ချိန်မှာ ဒီကမ္ဘာပျက်တဲ့ ဘေးဒုက္ခကြီးတွေနဲ့ ကျိန်းသေဧကန် တွေ့ကြရမှာ ဖြစ်ပါတယ်။</p>
<p>ဒီလို တွေ့ကြုံရမယ့် ဆင်းရဲဒုက္ခ အဝဝတွေကို သားတော် သိပ်ကြောက် ပါတယ်။ ဒါကြောင့် သားတော်ရဲ့သန္တာန်သို့ ဒီကမ္ဘာပျက်တဲ့ အချိန်အခါမှာ သေရတဲ့ ဘေးဒုက္ခကြီး မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်ဖို့ရန်, ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါ ဆိုပြီး တောင်းပန်တယ်။</p>
<p>နေ့ညညီးညီး, ဇရာမီးတို့, ဖျက်ဆီးပြောင်ရဲ, တောက်လောင်စွဲ၍, ပျက်မြဲဓမ္မတာ, မလွဲသာတည့်, သတ္တဝါထိုထို, သက်ရှိကိုယ်ကား, မဆိုစမာ, သက်မဲ့စွာလျက်, စကြဝဠာလောက, ဩကာသလည်း, ကမ္ဘာ့အလေ့, ပျက်ချိန်စေ့က, ညဉ့်နေ့ဝင်းဝင်း, နေနှစ်စင်းတို့, တစ်စင်းဝင်လျက်, တစ်စင်းထွက်ဖြင့်, ဆက်ဆက်အညီ, ထွန်းပေါ်ချီ၍, ကုန္နဒီပေါင်း, မြစ်လောင်းအိုင်ထုံး, အားလုံး ရေခြောက်, သုံးစင်းမြောက်တွင်, ကုန်ပျောက်မြစ်ကြီး, လေးစင်းညီးမူ, သီးသီး မကြွင်း, အိုင်မင်းခုနစ်သွယ်, ငါးစင်းဝယ်ကား, ပင်လယ်လေးဖြာ, မဟာသမုဒ်, ရေအစုတ်တို့, ခြုတ်ခြုတ်ခန်းကြ, ခြောက်စင်းပသော်, စကြဝဠာတွက်ရေ, ကုဋေသိန်းလုံး, ခိုးဝေဖုံးလျက်, နောက်ဆုံးနေစက်, ခုနစ်ထွက်က, တပြိုင်နက် တောက်, မီးလျှံရောက်၍, ထက်အောက်ဟုန်းဟုန်း, တအုန်းအုန်းဖြင့်, ကျင်းကုန်းသမုဒြာ, ဟေမဝါက, သေလာပံသု, ကျောက်မြေစုနှင့်, နေရုမေရု, သုမေရုဟု, ကြီးထုဗဟို, မြင်းမိုရ်ယုဂန်, သတ္တဗ္ဘဏ်ပါ, မကျန်လောင်ညီး, ထောပတ်မီးသို့, ကျွမ်းပြီးကုန်စင်, စမမြင်အောင်, မထင်မြူလောက်, ကြေပျောက်မချွတ်, ပျက်သတတ်ရှင့်, ဘုံထွတ်နန်းမြင့်, ခုနစ်ဆင့်၌, စံလင့်တပဲး, ငါမင်းရဲလည်း, မလွဲနိုင်စွာ, ဓမ္မတာဖြင့်, ဇရာမီးလျှင်, ဖျက်ဆီးပြောင်ပြောင်, အမြဲလောင်၏, သားချောင်သွေးခန်း, ရွေ့ရွေ့မြန်း၍, မလန်းမလူ, ဇရာဟူသည်, ဆံဖြူသွားကျွတ်, တွတွရွတ်လျက်, ယွင်းချွတ်ပျက်ပြို, နေ့တိုင်းအိုသည်, ဤကိုယ်ပျောက်လိမ့် မနှေးတည်း။ <b>(မဃဒေဝ၊၉၀။)</b></p>
<p>နောက်ထပ် ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?</p>
<h3>အရက်သမားပုဆိုးပမာ</h3>
<p>၉။ သဗ္ဗေသမေဝဥှိ နရာန နာရိနံ၊ စလာစလံ ပါဏဘုနောဓ ဇီဝိတံ။<br>ပဋောဝ ဓုတ္တဿ ဒုမောဝ ကူလဇော၊ တံ မေ မတီ ဟောတိ စရာမိဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၈။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မင်းမြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဣဓ</b> = ဤလောက၌။ <b>ပါဏဘူနော</b> = <b>ပါဏဘူတာနံ</b> = သတ္တဝါဖြစ်၍ ဖြစ်ကြကုန်သော။ <b>နရာနံ စ</b> = အမျိုးသားတို့၏လည်းကောင်း။ <b>နာရီနံ စ</b> = အမျိုးသမီးတို့၏လည်းကောင်း။ <b>သဗ္ဗေသံ</b> = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏။ <b>ဇီဝိတံ</b> = အသက်သည်ကား။ <b>စလာစလံ</b> = တဖျပ်ဖျပ် တုန်လှုပ်၍ နေပါပေ၏။</p>
<p>ဒီလောကမှာ အသက်ရှင်နေတဲ့ သတ္တဝါမှန်ခဲ့လျှင် အမျိုးသားပဲဖြစ်ဖြစ်, အမျိုးသမီးပဲဖြစ်ဖြစ်၊ ဒီသတ္တဝါအားလုံးတို့ရဲ့ အသက်ဟာ အမြဲမပြတ် တဖျပ်ဖျပ် တုန်လှုပ်နေတယ်။ သတ္တဝါတွေဟာ သေဖို့ရန်အချိန်ကို အမြဲတမ်း စောင့်ဆိုင်းနေရတယ်။ ဘယ်တော့ သေမလဲ၊ ဘယ်တော့ သေမလဲ၊ ဘယ်ရောဂါနဲ့ သေမလဲဆိုပြီးတော့ အမြဲတမ်း လှုပ်ရှားနေရတယ်။ ဘာနဲ့ တူသလဲလို့မေးလျှင်တော့ ---</p>
<p><b>ဓုတ္တဿ</b> = သေသောက်ကြူး၏။ <b>ပဋော</b> = ပုဆိုးသည်။ <b>စလော ဣဝ</b> = တဖျပ်ဖျပ် တုန်လှုပ်၍နေသကဲ့သို့။ <b>ကူလဇော</b> = မြစ်ကမ်းပါး၌ ပေါက်ရောက်လျက်ရှိသော။ <b>ဒုမော</b> = သစ်ပင်သည်။ <b>စလော ဣဝ</b> = တဖျပ်ဖျပ် တုန်လှုပ်၍ နေသကဲ့သို့။ <b>သဗ္ဗေသံ</b> = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏။ <b>ဇီဝိတံ</b> = အသက်သည်။ <b>စလော စလံ</b> = တဖျပ်ဖျပ် တုန်လှုပ်၍နေပါပေ၏။</p>
<p>အရက်သမားတို့ရဲ့ ပုဆိုးဟာ တဖျပ်ဖျပ် တုန်လှုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒါယကာကြီး ဒါယိကာမကြီးတွေ ဘယ်လိုများ သဘောပေါက် ကြမလဲ? ဒီပရိသတ်ထဲမှာ အရက်သမားတော့ ပါမယ်မထင်ပါဘူး။ သူက ဘယ်လို တုန်လှုပ်သလဲလို့မေးလျှင်တော့ အရက်သမားက အရက်ကို ဘယ်လောက်ကြိုက်သလဲဆိုလျှင် သူက အရက်သောက်ချင်လို့ ပိုက်ဆံ မရှိတော့ဘူးဆိုလျှင် ပုဆိုးတောင် ချွတ်ပေါင်ပြီးတော့ သောက်တယ်။ ဒါကြောင့် ဒီပုဆိုးက အသက်မရှိသော်လည်း အသက်ရှိသကဲ့သို့ ငါ့ကို ဘယ်တော့များ ချွတ်ပြီး ပေါင်နှံမလဲဆိုပြီး တဖျပ်ဖျပ် တုန်လှုပ်နေရတယ်။ ဒီလို အရက်သမားရဲ့ပုဆိုးဟာ တုန်လှုပ်နေသလိုပဲ သတ္တဝါတွေရဲ့ အသက်ဟာလည်း ဒီအတိုင်းပဲ ငါ့အသက် ဘယ်တော့များ သေရမလဲ၊ ငါ့အသက် ဘယ်တော့များ သေမလဲ၊ ငါ့အသက် ဘယ်တော့များ သေရမလဲဆိုပြီး အမြဲတမ်း တဖျပ်ဖျပ် တုန်လှုပ်နေရတယ်။</p>
<p>မြစ်ကမ်းပါးမှာ ပေါက်ရောက်နေတဲ့ သစ်ပင်ဟာ ဘယ်တော့များ မြစ်ထဲ ပြိုကျမလဲ၊ ဘယ်တော့များ မြစ်ထဲ ပြိုကျမလဲဆိုပြီး တဖျပ်ဖျပ် တုန်လှုပ် နေရသလိုပဲ သတ္တဝါတွေရဲ့ အသက်ဟာလည်း ဘယ်တော့များ သေရမလဲ၊ ဘယ်တော့များ သေမလဲဆိုပြီး တဖျပ်ဖျပ် အမြဲတမ်း တုန်လှုပ်နေရတယ်။ ဒါကြောင့် ဒီသေမင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြစွာ ဖြစ်နေ ပါတယ်။ ဒါကြောင့် သားတော်ကို အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။</p>
<h3>ကြွေကျသော သစ်သီးပမာ</h3>
<p>၁၀။ ဒုမပ္ဖလာနေဝ ပတန္တိ မာဏဝါ၊ ဒဟရာ စ ဝုဒ္ဓါ စ သရီရဘေဒါ။<br>နာရိယော နရာ မဇ္ဈိမပေါရိသာ စ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဒုမပ္ဖလာနိ</b> = သစ်ပင်မှ သစ်သီးတို့သည်။ <b>ပတန္တိ ဣဝ</b> = တဖြည်းဖြည်း ကြွေကျကြကုန်ဘိသကဲ့သို့။ <b>ဒဟရာ စ</b> = ငယ်ရွယ်နုနယ်သည်လည်း ဖြစ်ကြကုန်သော။ <b>ဝုဒ္ဓါ စ</b> = အသက်အရွယ် ကြီးရင့်သည်လည်း ဖြစ်ကြကုန်သော။ <b>နာရီယော စ</b> = အမျိုးသမီးလည်း ဖြစ်ကြကုန်သော။ <b>နရာ စ</b> = အမျိုးသားလည်း ဖြစ်ကြကုန်သော။ <b>မဇ္ဈိမပေါရိသာ စ</b> = ဥဘတောဗျည်း, နပုံးပဏ္ဍုက်လည်းဖြစ်ကြကုန်သော။ <b>ဣမေ မာဏဝါ</b> = ဤသတ္တဝါတို့သည်။ <b>သရီရဘေဒါ</b> = ခန္ဓကိုယ်၏ ပျက်စီးခြင်းကြောင့်။ <b>ပတန္တိ</b> = သေခြင်းတရားတည်းဟူသော မြေပေါ်သို့ တဖြည်းဖြည်း ကြွေကျ၍ နေကြကုန်၏။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထို အကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်း ပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်း ကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...မှည့်နေတဲ့သစ်သီးပဲဖြစ်ဖြစ်, စိမ်းနေတဲ့သစ်သီးပဲဖြစ်ဖြစ်, ငယ်တဲ့သစ်သီးပဲဖြစ်ဖြစ်, ကြီးတဲ့သစ်သီးပဲဖြစ်ဖြစ်, အရွယ်အလတ်စားရှိတဲ့ သစ်သီးပဲဖြစ်ဖြစ် ဘယ်သစ်သီးမဆို လေကတိုက်ခတ်လိုက်ပြီဆိုလျှင်တော့ ကြွေကျတဲ့သဘော ရှိတတ်ပါတယ်။ ဒီအတိုင်းပဲ သတ္တဝါတွေဟာလည်း အသက်ငယ်တဲ့ သတ္တဝါပဲဖြစ်ဖြစ်, အသက်ကြီးတဲ့ သတ္တဝါပဲဖြစ်ဖြစ်, အမျိုးသမီးပဲဖြစ်ဖြစ်, အမျိုးသားပဲဖြစ်ဖြစ်, နပုံးပဏ္ဍုက်ပဲ ဖြစ်ဖြစ်, ဥဘတောဗျည်းပဲဖြစ်ဖြစ်, ဘယ်သတ္တဝါမဆို ဘယ်အခိုက်အတန့်မှာ မဆို ဇရာဆိုတဲ့ လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီဆိုလျှင်, ဗျာဓိဆိုတဲ့ လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီဆိုလျှင်, မရဏဆိုတဲ့ လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီဆိုလျှင် အားလုံး ကြွေကျရတယ်။ သေခြင်းတည်းဟူသော မြေပေါ်မှာ အမြဲတမ်း ကြွေကျတတ်တဲ့သဘော ရှိနေပါတယ်။ ဒါကြောင့် သားတော်ရဲ့သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်အတွက် ရသေ့ရဟန်း ပြုဖို့ရန် ကုသိုလ်ဆန္ဒဓာတ်သည် ပြင်းပြစွာ ဖြစ်ပေါ်နေပါတယ် ဘုရား။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်ပါတယ်။</p>
<h3>ကြယ်တာရာအပေါင်းတို့၏ မင်းဖြစ်သော လနှင့် ပမာမတူပါ</h3>
<p>၁၁။ နာယံ ဝယော တာရကရာဇသန္နိဘော၊ယဒဗ္ဘတီတံ ဂတမေဝ ဒါနိ တံ။<br>ဇိဏ္ဏဿ ဟီ နတ္ထိ ရတီ ကုတော သုခံ၊ တံ မေ မတီ ဟောတိ စရာမိဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>အယံ ဝယော</b> = ဤသတ္တဝါတို့၏အရွယ်သည်။ <b>တာရကရာဇသန္နိဘော</b> = ကြယ်တာရာ အပေါင်းတို့၏ မင်းဖြစ်သော လမင်းကဲ့သို့ လဆုတ်ပက္ခ၌ ဆုတ်လျော့ပြီးလျှင် လဆန်းပက္ခ၌ တစ်ဖန်ပြန်၍ပြည့်သည်။ <b>န ဟောတိ</b> = မဖြစ်နိုင်ပေ။</p>
<p>ကြယ်တာရာအပေါင်းတို့ရဲ့ မင်းဖြစ်တဲ့ လမင်းကို လှမ်းကြည့်လိုက်မယ် ဆိုလျှင် လဆုတ်ပက္ခမှာ တဖြည်းဖြည်း လျော့ပြီးတော့ လဆန်းပက္ခ ရောက်လာတဲ့အခါမှာတော့ တစ်ဖန်ပြန်ပြီး ပြည့်လာပြန်တယ်။ ဒါပေမယ့် သတ္တဝါ တွေရဲ့ သက်တမ်းကို ပြန်ကြည့်လိုက်မယ်ဆိုလျှင်လည်း ဒီလို ယုတ်လျော့ပြီးတော့ ပြန်ပြည့်ရိုးဓမ္မတာ ရှိသလား? မရှိနိုင်ဘူး။ ဒါကြောင့် ---</p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>အယံ ဝယော</b> = ဤသတ္တဝါတို့၏အရွယ်သည်။ <b>တာရကရာဇသန္နိဘော</b> = ကြယ်တာရာ အပေါင်းတို့၏ မင်းဖြစ်သော လမင်းကဲ့သို့ လဆုတ်ပက္ခ၌ ဆုတ်လျော့ပြီးလျှင် လဆန်းပက္ခ၌ တစ်ဖန်ပြန်၍ပြည့်သည်။ <b>န ဟောတိ</b> = မဖြစ်နိုင်။ <b>သတ္တာနံ</b> = သတ္တဝါတို့၏။ <b>ယံ ဝယံ</b> = အကြင် အရွယ်သည်။ <b>အဗ္ဘတီတံ</b> = ကွယ်လွန်၍ သွားခဲ့လေပြီ။ <b>တံ</b> = ထိုကွယ်လွန်ချုပ်ဆုံး၍ သွားပြီးသော အရွယ်သည်ကား။ <b>ဒါနိ</b> = ယခုအခါ၌။ <b>ဂတမေဝ</b> = ကွယ်လွန်၍ သွားပြီးသည်သာလျှင်တည်း။ <b>ဒါနိ</b> = ယခုအခါ၌။ <b>ဇိဏ္ဏဿ</b> = အိုမင်းရင့်ရော်သောပုဂ္ဂိုလ်အဖို့။ <b>ရတိ</b> = ကာမဂုဏ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းမည်သည်။ <b>နတ္ထိ</b> = မရှိသည်သာလျှင်တည်း။ <b>သုခံ</b> = ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ချမ်းသာသုခသည်။ <b>ကုတော</b> = အဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာ လွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... ကြယ်တာရာအပေါင်း တို့ရဲ့ မင်းဖြစ်တဲ့ လမင်းဟာ လဆုတ်ပက္ခမှာ ဆုတ်ယုတ်သွားပေမယ့်လို့ လဆန်းပက္ခမှာ ပြန်ပြီး ပြည့်လာသလို သတ္တဝါတွေရဲ့အရွယ်ဟာလည်း ဆုတ်ယုတ်ပြီးတဲ့ အချိန်အခါမှာ ပြန်ပြီး နုပျိုငယ်ရွယ်တဲ့သဘောဆိုတာ မရှိပါဘူး။ သတ္တဝါတွေရဲ့အရွယ်ဟာ ကုန်ဆုံးတဲ့သဘောသာ ရှိနေပါတယ်။ နောက်ထပ် ပြန်ပြီး နုပျိုလာရိုးဓမ္မတာ ဘယ်တော့မှ မရှိပါဘူး။ အိုမင်းရင့်ရော်နေတဲ့ ပုဂ္ဂိုလ်အဖို့ ကာမဂုဏ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုဆိုတာလည်း မရှိ နိုင်ဘူး။ ကာမဂုဏ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတဲ့အတွက် ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ ချမ်းသာသုခဆိုတာ ဘယ်မှာ ရှိနိုင်ပါတော့မလဲ? ဒါကြောင့် အိုနာသေရေး ဒုက္ခဘေးတို့ သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရှင်ရဟန်းပြုပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြု၍ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဘုရားဆိုပြီး တောင်းပန်တယ်။</p>
<h3>ထွက်လေဖြင့် မှုတ်သတ်နိုင်သူများ</h3>
<p>၁၂။ ယက္ခာ ပိသာစာ အထဝါပိ ပေတာ၊ကုပိတာ တေ အဿသန္တိ မနုဿေ။<br>န မစ္စုနော အဿသိတုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ယက္ခာပိ</b> = တန်ခိုးကြီးမားကြကုန်သော နတ်ဘီလူးတို့သည်လည်းကောင်း။ <b>ပိဿာစာပိ</b> = မြေဘုတ်ဘီလူးတို့သည်လည်းကောင်း။ <b>အထ ဝါ</b> = ထို့ပြင်။ <b>ပေတာပိ</b> = ပြိတ္တာတို့သည်လည်းကောင်း။ <b>ကုပိတာ</b> = အမျက်ထွက်ကြကုန်သည်ဖြစ်၍။ <b>မနုေဿ</b> = လူသားတို့ကို။ <b>အဿသန္တိ</b> = ထွက်သက်လေဖြင့် ပုတ်ခတ် သတ်ဖြတ်နိုင်ကြလေကုန်၏ (ဝါ) ဝင်ပူးနိုင်ကြလေကုန်၏။ <b>တေပိ</b> = ထိုဘီလူး ပြိတ္တာတို့သည်လည်းပဲ။ <b>တထာပိ</b> = ထိုသို့ပင် ပုတ်ခတ်သတ်ဖြတ်နိုင်ကြပါကုန်သော်လည်းပဲ။ <b>တေ</b> = ထိုဘီလူးပြိတ္တာတို့သည်။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံ စိုးနင်း ရှင်သေမင်းအား။ <b>အဿသိတုံ</b> = ထွက်သက်လေဖြင့် ပုတ်ခတ်သတ်ဖြတ်ခြင်းငှာ (ဝါ) ဝင်ပူးခြင်းငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ...လောကမှာ အင်မတန် တန်ခိုးကြီးတဲ့ နတ်ဘီလူးတွေ, တန်ခိုးကြီးတဲ့ မြေဘုတ်ဘီလူးတွေ, တန်ခိုးကြီးတဲ့ တချို့တချို့ ပြိတ္တာတွေ ရှိကြပါတယ်။ ဒီဘီလူးတွေ, ပြိတ္တာတွေဟာ အမျက်ထွက်လာပြီဆိုလျှင် လူတွေကို သူတို့ရဲ့ ထွက်သက်လေဖြင့် မှုတ်ပြီး သတ်မယ်ဆိုလျှင်လည်း သတ်နိုင်ကြပါတယ်။ ဝင်ပူးမယ်ဆိုလျှင်လည်း ဝင်ပူး နိုင်ကြပါတယ်။ ဒါပေမယ့်လို့ ဒီဘီလူးတွေ, ပြိတ္တာတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ထွက်သက်လေဖြင့် ပုတ်ခတ်သတ်ဖြတ်ဖို့ရန်, ဝင်ပူးရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် သားတော်ရဲ့ သန္တာန်မှာ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် ပြင်းပြင်းပြပြ ဖြစ်နေပါတယ်ဘုရား။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြု၍ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ ခွင့်တောင်းပါတယ်။</p>
<h3>ဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမားကြီးများ</h3>
<p>၁၃။ ယက္ခေ ပိသာစေ အထဝါပိ ပေတေ၊ ကုပိတေပိ တေ နိဇ္ဈပနံ ကရောန္တိ။<br>န မစ္စုနော နိဇ္ဈပနံ ကရောန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ကုပိတေ</b> = အမျက်ဒေါသထွက်၍ နေကြကုန်သော။ <b>ယက္ခေပိ</b> = တန်ခိုးကြီးမားတဲ့ နတ်ဘီလူးတို့ကိုလည်းကောင်း။ <b>ပိသာစေပိ</b> = မြေဘုတ်ဘီလူးတို့ကိုလည်းကောင်း။ <b>အထဝါ</b> = ထို့ပြင်။ <b>ပေတေပိ</b> = ပြိတ္တာတို့ကိုလည်းကောင်း။ <b>ဘူတဝေဇ္ဇာ</b> = ဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမားတို့သည်။ <b>နိဇ္ဈပနံ</b> = ပူဇော်သောအမှုဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။ <b>ကရောန္တိ</b> = ပြုလုပ်ပေးနိုင်ကြလေကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် ပြုလုပ်၍ ပေးနိုင်ကြပါကုန်သော် လည်းပဲ။ <b>တေ</b> = ထိုဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမား တို့သည်။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>နိဇ္ဈပနံ</b> = ပူဇော်သောအမှုဖြင့် သည်းခံစေခြင်း ကြည်ညိုစေခြင်းကို။ <b>န ကရောန္တိ</b> = ပြုလုပ်၍ မပေးနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤ သို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ မြေဘုတ်ဘီလူးတွေ, တန်ခိုးကြီးမားတဲ့ နတ်ဘီလူးတွေ, ပြိတ္တာတွေဟာ အင်မတန် ဒေါသထွက် လာပြီဆိုလျှင် လူတွေကို ရန်ရှာတတ်ကြပါတယ်။ ဒီလို ရန်ရှာလာပြီဆိုလျှင်လည်း လောကမှာ ဘုတ်ထွက်အတတ်ကို တတ်နေတဲ့ ဆေးသမားတွေ ရှိကြပါတယ်။ ဒီဆေးဆရာတွေကို ပင့်ပြီးတော့ ဒီနတ်ဘီလူးတွေ, ပြိတ္တာတွေကို ကျေနပ်သွားအောင် ပူဇော်ပသပြီးတော့ ကန်တော့ တောင်းပန်မယ်ဆိုလျှင် ဒီနတ်, ဘီလူး, ပြိတ္တာတွေဟာ အေးချမ်းသွားတဲ့သဘော, ခွင့်လွှတ်နိုင်တဲ့ သဘောတွေ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဘုတ်ထွတ်အတတ်ကို တတ်နေတဲ့ ဆေးသမားတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ပူဇော်ပသမှုဖြင့် သည်းခံစေခြင်း, ကြည်ညိုစေခြင်းကို ပြုလုပ်မယ်ဆိုလျှင် ဘယ်လိုမှ ပြုလုပ်မပေးနိုင်ကြပါဘူး။ ဒါကြောင့် သားတော်ထံသို့ ဒီအိုနာသေရေး ဒုက္ခဘေးတွေ မဆိုက်ရောက်လာမီ ဒီအိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန်အတွက် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ တောင်းပန်တယ်။</p>
<p>လူတို့ဓမ္မတာ, ဘုံသုံးရွာတွင်, ခန္ဓာပဉ္စ, ဧက-စတု, ဒု-သုပုဂ္ဂိုလ်, ထိုထိုအမျိုး, ကောင်းဆိုး ယုတ်မြတ်, များလူနတ်ကို, မလွတ်စေရ, သန္ဓေစက, စေ့ငကုန်အောင်, ယူဆောင်မကြွင်း, သေစာရင်း၌, သွင်း၍အညီ, မှတ်ပြီးပြီကြောင့်။ <b>(မဃဒေဝ၊၁၃၄။)</b></p>
<p>လောကမှာ ခန္ဓာငါးပါးရှိတဲ့ သတ္တဝါတွေလည်း ရှိကြတယ်၊ ခန္ဓာလေးပါး ရှိတဲ့ သတ္တဝါတွေလည်း ရှိကြတယ်၊ ခန္ဓာတစ်ပါးရှိတဲ့ သတ္တဝါတွေလည်း ရှိကြတယ်၊ <b>တိဟိတ်ပုဂ္ဂိုလ်</b>ဆိုတဲ့ ဉာဏ်ပညာထက်မြက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ <b>ဒွိဟိတ်ပုဂ္ဂိုလ်</b>ဆိုတဲ့ ဉာဏ်ပညာနုံ့နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ <b>အဟိတ်ပုဂ္ဂိုလ်</b>တွေ, <b>သုဂတိပုဂ္ဂိုလ်</b>တွေ စသည်ဖြင့် ပုဂ္ဂိုလ်တွေ အမျိုးမျိုး ရှိကြပါတယ်။ဘယ်ပုဂ္ဂိုလ်မျိုးမဆို ပဋိသန္ဓေ စပြီး တည်နေရပြီ ဆိုကတည်းက ဒီပုဂ္ဂိုလ်တွေကို သေရမယ်ဆိုပြီးတော့ ရှင်သေမင်းက အမြဲတမ်း စာရင်းကောက်ထားတယ်။ ဒါကြောင့် ---</p>
<p>ဇောဂီဆရာ, ဝိဇ္ဇာယောက်ျား, သမားဆေးတတ်, နတ်ဇီဝက, သမ္ဗရနှင့်, မယအသူရာ, ဣန္ဒဇာဖြင့်, မာယာအတတ်, လှည့်ပတ်ထွေပြား, ပြုတုံငြားလည်း, ကုစားမရ, လက်မှိုင်ချလျက်, တို့ကသာသေ, သူကခွေ၍, သရေစရိုး, မရှိနိုးတည့်။ <b>(မဃဒေဝ၊၁၃၄။)</b></p>
<p>ကျွမ်းကျင်နေတဲ့ ဇော်ဂျီတွေ, <b>ဝိဇ္ဇာဓိုရ်</b>တွေ, ဆေးသမားတွေက မသေအောင် ဘယ်လိုပင်ကုသော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ သရေပွဲဆိုတာ ဘယ်တော့မှ မရှိဘူး။ သေမင်းကသာ နောက်ဆုံး အနိုင်ရသွားပါတယ်။ ဒါကြောင့် ဒီသေခြင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန်အတွက် သားတော်ကို ရသေ့ ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ တောင်းပန်ပါတယ်။</p>
<h3>ဒဏ်ထားလို့ မရနိုင်</h3>
<p>၁၄။ အပရာဓကေ ဒူသကေ ဟေဌကေ စ၊<br>ရာဇာနော ဒဏ္ဍေန္တိ ဝိဒိတွာန ဒေါသံ။<br>န မစ္စုနော ဒဏ္ဍယိတုဿဟန္တိ၊<br>တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>အပရာဓကေ စ</b> = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်အား ပြစ်မှားကြကုန်သော လူတို့ကိုလည်းကောင်း။ <b>ဒူသကေ စ</b> = ပြည်ရွာတိုင်းကားကို ဖျက်ဆီးကြကုန်သော လူတို့ကိုလည်းကောင်း။ <b>ဟေဌကေ စ</b> = တိုင်းသူပြည်သား လူအများကို ညှဉ်းပန်းနှိပ်စက်လျက် ရှိကြကုန်သော လူတို့ကိုလည်းကောင်း။ <b>ရာဇာနော</b> = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တို့သည်။ <b>ဒေါသံ</b> = အပြစ်ကို။ <b>ဝိဒိတွာန</b> = သိရှိကြကုန်သည်ရှိသော်။ <b>ဒဏ္ဍေန္တိ</b> = ဒဏ်ထားနိုင်ကြလေကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် ဒဏ်ထားနိုင်ကြပါကုန်သော်လည်းပဲ။ <b>တေ</b> = ထိုတိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တို့သည်။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>ဒဏ္ဍယိတုံ</b> = ဒဏ်ထားအံ့သောငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ ရှင်ဘုရင်ကို ပြစ်မှား နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်၊ သတ္တဝါတွေကို ဓားပြတိုက်ခြင်း, ဖောက်ထွင်းခြင်း စသည်ဖြင့် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း လောကမှာ ရှိကြ တယ်။ မင်းပြစ်မင်းဒဏ် သင့်နေတဲ့ ဒီပုဂ္ဂိုလ်တွေကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေက သိရှိတဲ့အချိန်အခါမှာ ဒီအပြစ်ဒေါသတွေကြောင့် ဒဏ်အမျိုးမျိုးကို ပေးကြပါတယ်။</p>
<p>ဒီလို မင်းပြစ်မင်းဒဏ်သင့်နေတဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုပင် ဒဏ်ပေးနိုင်သော်လည်းပဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဒီပုဂ္ဂိုလ်တွေဟာ (၃၁) နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ဒဏ်တပ်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် ဒီသေခြင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာသေဘေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရသေ့ရဟန်းပြုပြီးတော့ သားတော် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို ပါတယ်။ ရသေ့ရဟန်းပြု၍ တောထွက်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုရန် ခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့ တောင်းပန်တယ်။</p>
<h3>တောင်းပန်လို့ မရနိုင်</h3>
<p>၁၅။ အပရာဓကာ ဒူသကာ ဟေဌကာ စ၊ လဘန္တိ တေ ရာဇိနော နိဇ္ဈပေတုံ။<br>န မစ္စုနော နိဇ္ဈပနံ ကရောန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>အပရာဓကာ</b> = တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့်ပုဂ္ဂိုလ်အား ပြစ်မှားကြကုန်သော လူတို့သည်လည်းကောင်း။ <b>ဒူသကာ စ</b> = ပြည်ရွာတိုင်းကားကို ဖျက်ဆီးကြကုန်သော လူတို့သည်လည်းကောင်း။ <b>ဟေဌကေ စ</b> = တိုင်းသူပြည်သား လူအများကို ညှဉ်းပန်းနှိပ်စက်ကြကုန်သော လူတို့သည်လည်းကောင်း။ <b>ရာဇိနော</b> = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်အား။ <b>နိဇ္ဈပေတုံ</b> = သက်သေတို့ဖြင့် မိမိ၏အပြစ် မရှိသည်အဖြစ်ကို ထင်ရှားပြလျက် ကြည်ညိုစေခြင်း, သည်းခံစေခြင်းငှာ။ <b>လဘန္တိ</b> = အခွင့်ကို ရရှိနိုင်ကြလေကုန်၏။</p>
<p><b>တထာပိ</b> = ထိုသို့ပင် အခွင့်ရရှိနိုင်ကြပါကုန်သော်လည်းပဲ။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>နိဇ္ဈပနံ</b> = မိမိ၏ အပြစ်မရှိသည် အဖြစ်ကို ထင်ရှားပြလျက် ကြည်ညိုစေခြင်း, ခွင့်လွှတ်စေခြင်းကို။ <b>န ကရောန္တိ</b> = မပြုနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို, တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ ရှင်ဘုရင်ကို ပြစ်မှား နေတဲ့ပုဂ္ဂိုလ်တွေ, တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ပုဂ္ဂိုလ်တွေ, တိုင်းသူပြည်သား တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ တစ်ခါ တစ်ရံ ကျွမ်းကျင်လိမ္မာလာပြီဆိုလျှင် ယခုခေတ်အပြောနဲ့ ပြောလျှင်တော့ ရှေ့နေတို့, ဘာတို့ စသည်နဲ့ ပေါင်းပြီးတော့ မိမိတို့မှာ အပြစ်မရှိကြောင်းကို တရားရုံးမှာ ထင်ရှားပြကြပြီးတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေကို ကြည်ညိုစေမယ်, ခွင့်လွှတ်စေမယ်ဆိုလျှင် ရနိုင်တဲ့သဘော ရှိကောင်းရှိနိုင်ပါတယ်။</p>
<p>ဒါပေမယ့်လို့ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကိုတော့ မိမိတို့မှာ အပြစ်မရှိတဲ့အကြောင်း သက်သေပြပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းပန်မယ်ဆိုလျှင် ဘယ်လိုမှ အခွင့်အရေး မရနိုင်ကြပါဘူး။ ဒါကြောင့် ဒီသေခြင်းတရား သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ သားတော်ရဲ့သန္တာန်မှာ ရသေ့ရဟန်းပြုပြီးတော့ တောထွက်လို, တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် ပြင်းပြင်း ပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းပန်တယ်။</p>
<h3>ငဲ့ကွက်တွယ်တာမှု မရှိပါ</h3>
<p>၁၆။ န ခတ္တိယောတိ န စ ဗြာဟ္မဏောတိ၊ န အဍ္ဎကာ ဗလဝါ တေဇဝါပိ။<br>န မစ္စုရာဇဿ အပေက္ခမတ္ထိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၄၉၉။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>အယံ</b> = ဤသူသည်ကား။ <b>ခတ္တိယောတိ</b> = မင်းတည်းဟူ၍။ <b>ဧဝံ</b> = ဤသို့လျှင်။ <b>မစ္စုရာဇဿ</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>အပေက္ခံ</b> = ငဲ့ကွက်တွယ်တာမှုမျိုးသည်။ <b>န စ အတ္ထိ</b> = မရှိသည်သာလျှင်တည်း။ <b>အယံ</b> = ဤသူကား။ <b>ဗြဟ္မဏောတိ</b> = ပုဏ္ဏားဟူ၍။ <b>မစ္စုရာဇဿ</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>အပေက္ခံ</b> = ငဲ့ကွက်တွယ်တာမှုမျိုးသည်။ <b>န စ အတ္ထိ</b> = မရှိသည်သာလျှင်တည်း။ <b>ဣမေ</b> = ဤသူတို့ကား။ <b>အဍ္ဎကာ</b> = ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တို့တည်း။ <b>ဣမေ</b> = ဤသူတို့ကား။ <b>ဗလဝါ</b> = ကိုယ်အားဉာဏ်အား စွမ်းပကားနှင့် ပြည့်စုံကြတဲ့ ပုဂ္ဂိုလ်တို့တည်း။ <b>ဣမေ</b> = ဤသူတို့ကား။ <b>တေဇဝါ</b> = ဘုန်းတန်ခိုးကြီးမားတဲ့ ပုဂ္ဂိုလ်တို့တည်း။ <b>ဧဝမ္ပိ</b> = ဤသို့လည်းပဲ။ <b>မစ္စုရာဇဿ</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>အပေက္ခံ</b> = ငဲ့ကွက်တွယ်တာမှုမျိုးသည်။ <b>န စ အတ္ထိ</b> = မရှိသည်သာလျှင်တည်း။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ... ရှင်သေမင်းဆိုတာက ငဲ့ကွက် တွယ်တာတဲ့သဘော ဘယ်တော့မှ မရှိပါဘူး။ ဒီပုဂ္ဂိုလ်ကတော့ ရှင်ဘုရင်ပဲ, ဒီပုဂ္ဂိုလ်ကတော့ ပုဏ္ဏားပဲ, ဒီပုဂ္ဂိုလ်တွေကတော့ သူဌေးသူကြွယ်တွေပဲ, ဒီ ပုဂ္ဂိုလ်တွေကတော့ ကာယအား, ဉာဏအားဆိုတဲ့ စွမ်းအားတွေနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတွေပဲ, ဒီပုဂ္ဂိုလ်တွေကတော့ ဘုန်းတန်ခိုး အာနုဘော် ကြီးမားကြတဲ့ ပစ္စေကဗုဒ္ဓဘုရားရှင်တွေ, သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ, ရဟန္တာ အရှင်မြတ်တွေ ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလို ငဲ့ကွက်တွယ်တာတဲ့သဘော ရှင်သေမင်းမှာ လုံးလုံး မရှိပါဘူး။</p>
<p>ဒါကြောင့် ဒီသေခြင်းတရား သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရသေ့ရဟန်းပြုပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုပြီးတော့ တရားအားထုတ်ဖို့ရန် အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းပန်တယ်။</p>
<p>အာဒိကပ္ပ, ကမ္ဘာစက, ကာလခုတောင်, ပြည်ကျိုးဆောင်သည်, ဘုန်းခေါင်မဟာ, ကြီးတေဇာနှင့်, စကြာစိုးရ, မင်းထိုမျှက, ဗုဒ္ဓ ပစ္စေကဗုဒ္ဓါ, ရဟန္တာဟု, ခီဏာသဝ, ဝိသုဒ္ဓိဖျား, အရှင်များလည်း, တစ်ပါးမျှတိ, မြဲမရှိဘူး။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p>တိုင်းပြည်ရဲ့အကျိုးကို ရွက်ဆောင်လာကြတဲ့ <b>စကြဝတေး</b>မင်းကြီးတွေ, မင်းကောင်းမင်းမြတ်တွေ လောကမှာ ထင်ရှားရှိခဲ့ဖူးပါတယ်။ သတ္တဝါအားလုံး တို့ရဲ့ ချမ်းသာသုခကို ရွက်ဆောင်ပေးနေတဲ့ <b>သမ္မာသမ္ဗုဒ္ဓ</b>ဘုရားရှင်တွေ, <b>ပစ္စေကဗုဒ္ဓ</b>ဘုရားရှင်တွေ, ရဟန္တာအရှင်မြတ်တွေ လောကမှာ ရှိခဲ့ကြပါတယ်။ ဒီလို သတ္တဝါအားလုံးတို့ရဲ့ ချမ်းသာကို ရွက်ဆောင်ပေးနေတဲ့ သူတော်ကောင်းကြီးတွေသော်လည်း ဒီနေ့ လောကမှာ ရှိကြသေးသလား? မရှိကြတော့ဘူး။ ဒါကြောင့် ---</p>
<p>အာဒိကပ္ပ, ကမ္ဘာစက, ကာလခုတောင်, ပြည်ကျိုးဆောင်သည်, ဘုန်းခေါင်မဟာ, ကြီးတေဇာနှင့်, စကြာစိုးရ, မင်းထိုမျှက, ဗုဒ္ဓ ပစ္စေကဗုဒ္ဓါ, ရဟန္တာဟု, ဝိသုဒ္ဓိဖျား, အရှင်များလည်း, တစ်ပါးမျှတိ, မြဲမရှိဘူး, မျက်စိ-နား-နှာ, ကိုယ်အင်္ဂါကား, အိုနာသေမျိုး, နိမိတ်ဆိုးတည့်။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p>လောကမှာရှိတဲ့ သတ္တဝါတိုင်းမှာ မျက်စိ, နား, နှာခေါင်းစတဲ့ ကိုယ်အင်္ဂါတွေ ရှိနေကြတယ်။ အဲဒါတွေဟာ ဘာတွေလဲ? သေဖို့ရန်အတွက် နိမိတ်ဆိုးတွေပါပဲ။ အသက်ရှင်ဖို့အတွက် ဟုတ်ကြသလား? မဟုတ်ကြဘူး။</p>
<p>မျက်စိ-နား-နှာ, ကိုယ်အင်္ဂါကား, အိုနာသေမျိုး, နိမိတ်ဆိုးတည့်, ရိုးရွလှုပ်လက်, အုတ်ကျွက်ညံဆူ, နေဘိမူလည်း, ရန်သူသေမင်း, ချောင်းနေလျင်းခဲ့။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p>သတ္တဝါတွေဟာ လှုပ်လှုပ်ရွရွနဲ့ နေ့စဉ်နှင့်အမျှ ရုန်းကန်ပြီး နေကြရတယ်။ ဘယ်လိုပင် အုတ်အုတ်ကျွတ်ကျွတ်နဲ့ ရုန်းကန် လှုပ်ရှားနေရပေမယ့်လို့ သေမင်းက အမြဲတမ်း ချောင်းမြောင်းနေတယ်။</p>
<p>ငြင်း၍မရ, ခ၍မသာ, ဤခန္ဓာအား, ကြင်နာမဲ့ငြား, သေမင်းဖျားလျှင်, သနားကင်းလစ်, သူမချစ်ဘူး။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p>ဒီခန္ဓာအိမ်ကြီးဟာ ဘယ်တော့မှ မသေဖို့ရန်အတွက် ငြင်းပယ်လို့လည်း မရဘူး။ ဒီခန္ဓာအိမ်ကြီးကို သေမင်းတရားက ဘယ်တော့မှ ကြင်နာမှုလည်း မရှိဘူး။ မသေပါရစေနဲ့လို့ ဘယ်လိုပင် ငြင်းနေပေမယ့်လို့ ငြင်းလို့လည်း မရနိုင်ဘူး။ ဒီခန္ဓာအိမ်ကြီးကို သေမင်းက ဘယ်တော့မှ မချစ်ဘူး။ သတ္တဝါတွေကသာ ဒီခန္ဓာအိမ်ကြီးကို ချစ်နေကြတယ်။ ဒါကြောင့် --</p>
<p>ငြင်း၍မရ, ခ၍မသာ, ဤခန္ဓာအား, ကြင်နာမဲ့ငြား, သေမင်းဖျားလျှင်, သနားကင်းလစ်, သူမချစ်ဘူး, ပစ္စရက္ခ, ဝဓကသို့, မုချဆတ်ဆတ်, တွေ့ရာသတ်လိမ့်။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p><b>ဝဓက</b>ဆိုတာက လူသတ်သမားတွေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်က <b>အာသီဝိသောပမသုတ္တန်</b> <b>(သံ၊၂၊၃၈၁။)</b>များမှာ <b>ဝဓက</b>ဆိုတဲ့အသုံးအနှုန်းနဲ့ ဟောကြားထားပါတယ်။ ခန္ဓာငါးပါးဟာ လူသတ်သမားကြီးတွေ ဖြစ်ကြပါတယ်၊ သတ္တဝါတွေရဲ့ နောက်ကနေ ဓားမိုးပြီးတော့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ပုတ်မယ်ဆိုပြီးတော့ အမြဲတမ်း လိုက်နေကြပါတယ်။</p>
<p><b>ရူပက္ခန္ဓာ</b>ခေါ်တဲ့ ရုပ်တရားတွေက ဖောက်ပြန် ပျက်စီးလာပြီဆိုလျှင်လည်း သတ္တဝါတွေဟာ သေကြရတယ်။ ခံစားချက်တွေက ပြင်းထန်လာပြီ ဆိုလျှင်လည်း သတ္တဝါတွေဟာ သေကြရတယ်။ မှတ်သားမှုတွေက ပြင်းထန် လာပြီ, တဏှာရာဂတွေက သိပ်အားကောင်းလာပြီ, ဒေါသတွေက သိပ်အားကောင်းလာပြီဆိုလျှင်လည်း သတ္တဝါတွေဟာ သေကြရတယ်။ စိတ်တွေ ဖောက်ပြန် ပျက်စီးလာပြီဆိုလျှင်လည်း သတ္တဝါတွေဟာ သေကျေပျက်စီး ကြရတယ်။ ဒါကြောင့် ဒီခန္ဓာငါးပါးကို ပိုင်နေတဲ့ သတ္တဝါတွေဟာ လူသတ်သမားကြီး ငါးဦးကို စိုးပိုင်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် --</p>
<p>ပစ္စရက္ခ, ဝဓကသို့, မုချဆတ်ဆတ်, တွေ့ရာသတ်လိမ့်။ <b>(မဃဒေဝ၊၁၃၃)</b></p>
<p>ဒီခန္ဓာငါးပါးဆိုတဲ့ လူသတ်သမားကြီးတွေက ဘယ်နေရာမှာပဲတွေ့တွေ့ တွေ့တဲ့နေရာမှာ အခွင့်ရလျှင် သတ်ဖို့ အမြဲတမ်း စောင့်ဆိုင်းနေကြပါတယ်။</p>
<p>ပစ္စရက္ခ, ဝဓကသို့, မုချဆတ်ဆတ်, တွေ့ရာသတ်လိမ့်, မှတ်လော့စင်းလျင်း, သွေမယွင်းသည်, ကွင်း၍ မတတ်နိုင်ရေးတည်း။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p>ဒီသေခြင်းတရားကို ဘယ်သတ္တဝါမှ ရှောင်ကွင်းမယ်ဆိုလျှင် ရှောင်ကွင်းလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲ? ခန္ဓာငါးပါး ကိုယ်တိုင်က လူသတ်သမားကြီး ဖြစ်နေတဲ့အတွက် လူသတ်သမားကြီးကို စိုးပိုင်ထားနေတဲ့ ဒီခန္ဓာ ငါးပါး ပိုင်ရှင်တွေဟာ ဒီသေမင်းကို ဘယ်လိုမှ ရှောင်ကွင်းလို့ မရနိုင်ဘူး။ ဒါကြောင့် ဒီသေမင်းတရားကြီး သားတော်သန္တာန်သို့ မရောက်လာမီ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။ အိုနာ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းကို ရသေ့ ရဟန်းပြုပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့ သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား ရသေ့ရဟန်းပြုဖို့ရန် ခွင့်ပြုတော်မူပါ ဆိုပြီးတော့ တောင်းပန်တယ်။</p>
<h3>ရက်စက် ကြမ်းကြုတ်သည့် သားကောင်များ</h3>
<p>၁၇။ သီဟာ စ ဗျဂ္ဃါ စ အထောပိ ဒီပိယော၊ ပသယှ ခါဒန္တိ ဝိပ္ဖန္ဒမာနံ။<br>န မစ္စုနော ခါဒိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>သီဟာ စ</b> = ခြင်္သေ့တို့သည်လည်းကောင်း။ <b>ဗျဂ္ဃါ စ</b> = ကျားတို့သည်လည်းကောင်း။ <b>အထော</b> = ထို့ပြင်။ <b>ဒီပိယော စ</b> = သစ်တို့သည်လည်းကောင်း။ <b>ဝိပ္ဖန္ဒမာနံ</b> = ကြောက်ရွံ့ တုန်လှုပ်လျက်ရှိသောသားကောင်ကို။ <b>ပသယှ</b> = နိုင်ထက်ကလူ နှိပ်စက်မူ၍။ <b>ခါဒန္တိ</b> = ခဲစားနိုင်ကြလေကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် ခဲစားနိုင် ကြပါကုန်သော်လည်းပဲ။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို။ <b>ခါဒိတုံ</b> = ခဲစားအံ့သောငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာ လွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ် ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...လောကမှာ ခြင်္သေ့တွေ, ကျားတွေ, သစ်တွေ ရှိကြပါတယ်။ ဒီခြင်္သေ့တွေ, ကျားတွေ, သစ်တွေဟာ မိမိတို့ကို ကြောက်ရွံ့တုန်လှုပ်နေတဲ့ သားကောင်တွေကို အရဖမ်းပြီးတော့ နှိပ်စက်ကလူ ညှဉ်ဆဲမူပြီးတော့ ခဲစားမယ်ဆိုလျှင် ခဲစားနိုင်တဲ့သဘော ရှိကြပါတယ်။ ဒါပေမယ့် အဲဒီခြင်္သေ့တွေ, ကျားတွေ, သစ်တွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်းတဲ့ ရှင်သေမင်းကိုတော့ ခဲစားပါဆိုလျှင် ဘယ်လိုမှလည်း ခဲစားလို့ မရနိုင်ကြဘူး။ ဒါကြောင့် သားတော်သန္တာန်သို့ သေမင်းတရား မရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ရသေ့ရဟန်းပြု၍ သားတော် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် အတွက် တောထွက်လို တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် ပြင်းပြလှစွာ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်ပြီး ရသေ့ ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။</p>
<p>ကျားဆိုး သစ်ဆိုး, သားရဲမျိုးနှင့်, တောစိုးခြင်္သေ့, ဟူသ၍လည်း, တွေ့တွေ့ရာရာ, သတ္တဝါကို, ဖမ်းကာလတ်လတ်, ကိုက်စားတတ်လျက်, လောကတ္တယ, စိုးပိုင်သသည့်, မရဏဗိုလ်, သေမင်းကိုမူ, မမျိုနိုင်တတ်, မသတ်နိုင်ကြ။ <b>(မဃဒေဝ၊၃၅၆။)</b></p>
<p>ခြင်္သေ့တွေ, သစ်တွေ, ကျားတွေ ဘယ်လိုပင် မိမိတို့ကို ကြောက်ရွံ့ တုန်လှုပ်နေတဲ့ သတ္တဝါတွေကို ကိုက်စားနိုင်တဲ့စွမ်းအားတွေ ရှိနေပေမယ့်လို့ တစ်လောကလုံးကို စိုးမိုး အုပ်ချုပ်ထားတဲ့ ဒီရှင်သေမင်းဆိုတဲ့ ဗိုလ်ကြီးကိုတော့ ဘယ်လိုမှ သတ်ဖြတ်နိုင်တဲ့စွမ်းအား မရှိပါဘူး။ ဒါကြောင့် ဒီသေမင်းတရားကြီး သားတော်ထံသို့ မရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် နိုင်ရန်အတွက် တောထွက်လို တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်အား တောထွက်ဖို့ရန် ရသေ့ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းပန်တယ်။</p>
<h3>မျက်လှည့်သမားများ</h3>
<p>၁၈။ မာယာကာရာ ရင်္ဂမဇ္ဈေ ကရောန္တာ၊ မောဟေန္တိ စက္ခူနိ ဇနဿတာဝဒေ<br>န မစ္စုနော မောဟယိတုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>မာယာကာရာ</b> = မျက်လှည့်သမားတို့သည်။ <b>ရင်္ဂမဇ္ဈေ</b> = ပွဲသဘင်အလယ်၌။ <b>မာယံ</b> = မျက်လှည့်ကို။ <b>ကရောန္တာ</b> = ပြသကြကုန်သည်ရှိသော်။ <b>တာဝဒေ</b> = ထိုခဏ၌။ <b>စက္ခူနိ</b> = မျက်လှည့်ကြည့်နေကြကုန်သော သတ္တဝါတို့၏ မျက်စိတို့ကို။ <b>မောဟန္တိ</b> = မဟုတ်သည်ကို အဟုတ်ထင်ရှားပြ၍ တွေဝေစေနိုင်ကြလေကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် တွေဝေစေနိုင်ကြပါကုန်သော်လည်းပဲ။ <b>တေ</b> = ထို မျက်လှည့်သမားတို့သည်။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>မောဟယိတုံ</b> = မဟုတ်သည်ကို အဟုတ်ထင်ရှားပြ၍ တွေဝေစေခြင်းငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထို အကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်း ပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ...မျက်လှည့်သမားတွေဟာ မျက်လှည့်ပြပြီဆိုလျှင် လူအပေါင်းကို မဟုတ်တာကို အဟုတ်လုပ်ပြီး ထင်ရှားပြတတ်ကြပါတယ်။ ရွှေမဟုတ်တာကို ရွှေလုပ်ပြီး ပြတတ်ကြပါတယ်။ ငွေမဟုတ်တာကိုလည်း ငွေလုပ်ပြီး ပြတတ်ကြပါတယ်။ ဒါပေမယ့်လို့ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို မဟုတ်တာကို အဟုတ်လုပ်ပြီးတော့ ထင်ရှားပြဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒီလို မစွမ်းနိုင်တဲ့အပြင် တစ်နေ့မှာတော့ သေမင်းနောက်သို့ လိုက်ပါသွားကြရပါတယ်။ ဒါကြောင့် ဒီသေခြင်းတရား သားတော်သန္တာန်သို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ဖို့ရန်အတွက် ရသေ့ရဟန်းပြုလိုတဲ့ တောထွက်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန်, တောထွက်ဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်ပါတယ်။</p>
<h3>အဆိပ်ပြင်းထန်သော မြွေဆိုးကြီးများ</h3>
<p>၁၉။ အာသီဝိသာ ကုပိတာ ဥဂ္ဂတေဇာ၊ ဍံသန္တိ မာရေန္တိပိ တေ မနုဿေ။<br>န မစ္စုနော ဍံသိတုမုဿဟန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဥဂ္ဂတေဇာ</b> = အဆိပ်တည်းဟူသော ထက်မြက်သော တန်ခိုးအာနိသင်နှင့် ပြည့်စုံကုန်သော။ <b>အာသီဝိသာ</b> = လျင်မြန်သော အဆိပ်ရှိကြကုန်သော မြွေဆိုးကြီးတို့သည်။ <b>ကုပိတာ</b> = အမျက်ထွက်ကြကုန်သည်ရှိသော်။ <b>မနုေဿ</b> = လူသားတို့ကို။ <b>ဍံသန္တိ</b> = ကိုက်လည်း ကိုက်ခဲကြကုန်၏။ <b>မာရေန္တိပိ</b> = သတ်လည်း သတ်ဖြတ်ပစ်ကြကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် ကိုက်ခဲ သတ်ဖြတ်နိုင်ကြပါကုန်သော်လည်းပဲ။ <b>တေ</b> = ထိုမြွေဆိုးကြီးတို့သည်။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းအား။ <b>ဍံသိတုံ</b> = ကိုက်ဖြတ်သတ်ခြင်းငှာ။ <b>န ဥဿဟန္တိ</b> = မစွမ်းနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ... အင်မတန်မှ ထက်မြက် စူးရှတဲ့ အဆိပ်နဲ့ပြည့်စုံနေတဲ့, အဆိပ်ပြင်းထန်တဲ့ လျင်မြန်တဲ့အဆိပ်ရှိတဲ့ မြွေဆိုးကြီးတွေ လောကမှာ ရှိကြပါတယ်။ ဒီမြွေဆိုကြီးတွေဟာ အမျက်ဒေါသ ချောင်းချောင်း ထွက်လာပြီဆိုလျှင် သူတစ်ပါးတွေကို ကိုက်သတ်နိုင်တဲ့သဘော ရှိကြတယ်။ ဒီမြွေဆိုးကြီးတွေဟာ ဘယ်လိုပင် လူတွေကို ကိုက်သတ်နိုင်သော်လည်း (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကိုက်သတ်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် ဒီသေမင်းကြီး သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် သားတော်ရဲ့သန္တာန်မှာ တောထွက်လို, ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်သည် ပြင်းပြင်းပြပြ ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်၍ ရသေ့ရဟန်း ပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။</p>
<h3>ဘုတ်ထွက်အတတ်ကို တတ်ကြကုန်သော ဆေးသမားကြီးများ</h3>
<p>၂၀။ အာသီဝိသာ ကုပိတာ ယံ ဍံသန္တိ၊ တိကိစ္ဆကာ တေသ ဝိသံ ဟနန္တိ။<br>န မစ္စုနော ဒဋ္ဌဝိသံ ဟနန္တိ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>အာသီဝိသာ</b> = ပြင်းထန်သော အဆိပ်ရှိကုန်သော မြွေဆိုးကြီးတို့သည်။ <b>ကုပိတာ</b> = အမျက် ထွက်ကြကုန်သည်ရှိသော်။ <b>ယံ</b> = အကြင်သတ္တဝါကို။ <b>ဍံသန္တိ</b> = ကိုက်ခဲကြကုန်၏။ <b>တေသံ</b> = ထိုမြွေဆိုးကြီတို့၏။ <b>ဝိသံ</b> = အဆိပ်ကို။ <b>တိကိစ္ဆကာ</b> = ဆေးသမားတို့သည်။ <b>ဟနန္တိ</b> = ဖျောက်ဖျက်၍ ပေးနိုင်ကြလေကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် ဖျောက်ဖျက်၍ ပေးနိုင်ကြပါကုန်သော်လည်းပဲ။ <b>တေ</b> = ထိုဆေးသမားကြီးတို့သည်။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ <b>ဒဋ္ဌဝိသံ</b> = ကိုက်ခဲအပ်သောအဆိပ်ကို။ <b>န ဟနန္တိ</b> = ဖျောက်ဖျက်၍ မပေးနိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏ သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... ဒီလောကမှာ အင်မတန် အဆိပ်ပြင်းထန်နေတဲ့ မြွေဆိုးကြီးတွေ ရှိကြပါတယ်။ ဒီမြွေဆိုးကြီးတွေဟာ တစ်ခါတစ်ရံ ဒေါသထွက်လာပြီဆိုလျှင် သတ္တဝါတွေကို ကိုက်ခဲ ကြပါတယ်။ ဒီလို ကိုက်ခဲခံရတဲ့ သတ္တဝါတွေမှာ ကျရောက်နေတဲ့အဆိပ်ကို နှိမ်နင်းနိုင်တဲ့ ဆေးသမားတွေက ဒီအဆိပ်ကို ဖျောက်ဖျက်ပစ်မယ်ဆိုလျှင် ဖျောက်ဖျက်ပေးနိုင်တဲ့စွမ်းအားတွေ ရှိကြပါတယ်။ ဒီဆေးဆရာတွေဟာ မြွေဆိုးကြီးတွေရဲ့အဆိပ်ကို ဖျောက်ဖျက်ပေးနိုင်သော်လည်း သေမင်းကိုက်ခဲတဲ့အဆိပ်ကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်ပေးနိုင်တဲ့သဘော မရှိကြပါဘူး။ ဒါကြောင့် ဒီသေခြင်းတရား သားတော်ထံသို့ မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန် တောထွက်လို တရားအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်ပါတယ်။</p>
<p>၂၁။ ဓမ္မန္တရီ ဝေတ္တရဏီ စ ဘောဇော၊ ဝိသာနိ ဟန္တွာန ဘုဇင်္ဂမာနံ။<br>သုယျန္တိ တေကာလကတာ တထေဝ၊ တံ မေ မတီ ဟောတိ စရာမိဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဓမ္မန္တရီ</b> = ဓမ္မန္တရီမည်သော ဆေးဆရာကြီးသည်လည်းကောင်း။ <b>ဝေတ္တရဏီ စ</b> = ဝေတ္တရဏီမည်သော ဆေးဆရာကြီးသည်လည်းကောင်း။ <b>ဘောဇော စ</b> = ဘောဇ မည်သော ဆေးဆရာကြီးသည်လည်းကောင်း။ <b>ဘုဇင်္ဂမာနံ</b> = အဆိပ်ပြင်းထန် ကြကုန်သော မြွေနဂါးတို့၏။ <b>ဝိသာနိ</b> = အဆိပ်တို့ကို။ <b>ဟန္တွာန</b> = ဖျောက်ဖျက် ကြကုန်၍။ <b>သုယျန္တိ</b> = ကောင်းစွာ သွားနိုင်ကြလေကုန်၏။ <b>တေ</b> = ထို ဆေးဆရာကြီးတို့သည်လည်းပဲ။ <b>တထေဝ</b> = ထို့အတူပင်လျှင်။ <b>ဒဋ္ဌဿ</b> = ကိုက်ခဲအပ်သော။ <b>မစ္စုနော</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ <b>ဝိသာနိ</b> = အဆိပ်တို့ကို။ <b>န ဟနန္တိ</b> = ဖျောက်ဖျက်၍ မပေးနိုင်ကြလေကုန်။ <b>ကာလကတာ</b> = ကွယ်လွန်၍ သွားကြလေကုန်၏။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထို အကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရား ကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား ... လောကမှာ တစ်ချိန်တုန်းက <b>ဓမ္မန္တရီ</b>အမည်ရှိတဲ့ ဆေးဆရာကြီးတွေ, <b>ဝေတ္တရဏီ</b>အမည်ရှိတဲ့ ဆေးဆရာကြီးတွေ, <b>ဘောဇ</b>အမည်ရှိတဲ့ ဆေးဆရာကြီးတွေ အထင်အရှား ရှိခဲ့ဖူးပါတယ်။ အဲဒီ ဆေးဆရာကြီးတွေဟာ အင်မတန် ပြင်းထန်လှတဲ့ မြွေ နဂါးတို့ရဲ့ အဆိပ်တွေကို ပယ်ဖျောက်ပေးမယ်ဆိုလျှင် ပယ်ဖျောက်နိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဆေးဆရာကြီးတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း ကိုက်ခဲနေတဲ့ ဒီအဆိပ်ကို ပယ်ဖျောက်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ကြပါဘူး။ ဒီလို မစွမ်းနိုင်တဲ့အတွက် ဒီဆေးဆရာကြီးတွေဟာ ဒီနေ့ လောကမှာ ထင်ရှားမရှိဘဲ ကွယ်လွန်သွားကြရပါတယ်။ ဒါကြောင့် သားတော်ထံသို့ ဒီသေမင်းတရား မဆိုက်ရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့အတွက် တောထွက်လို, ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ် ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို တောထွက်၍ ရသေ့ရဟန်းပြုဖို့ရန် ခွင့်ပြုတော်မူပါဆိုပြီး လျှောက်ထား တောင်းပန်တယ်။ နောက်တစ်ခု ---</p>
<h3>ဝိဇ္ဇာဓိုရ်ယောက်ျားများ</h3>
<p>၂၂။ ဝိဇ္ဇာဓရာ ဃောရမဓီယမာနာ၊ အဒဿနံ ဩသဓေဟိ ဝဇန္တိ။<br>န မစ္စုရာဇဿ ဝဇန္တဒဿနံ၊ တံ မေ မတီ ဟောတိ စရာမိ ဓမ္မံ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဝိဇ္ဇာဓရာ</b> = ဝိဇ္ဇာဓိုရ်ယောက်ျားတို့သည်။ <b>ဃောရံ</b> = ဃောရအမည်ရှိသော ဝိဇ္ဇာဓိုရ် အတတ်ကို။ <b>အဓီယမာနာ</b> = သင်ယူကြကုန်၍။ <b>ဃောရံ ဝါ ဝိဇ္ဇံ</b> = ဃောရ အမည်ရှိတဲ့ ဝိဇ္ဇာအတတ်ပညာကိုလည်းကောင်း။ <b>ဂန္ဓာရိံ ဝါ ဝိဇ္ဇံ</b> = ဂန္ဓာရီ အမည်ရှိတဲ့ ဝိဇ္ဇာအတတ်ကိုလည်းကောင်း။ <b>သာဝေတွာ</b> = ပြောကြားကုန်၍။ <b>ဩသဓံ</b> = ဆေးကို။ <b>အာဒါယ</b> = ယူဆောင်ကြကုန်၍။ <b>တေဟိ ဩသဓေဟိ</b> = ထိုဆေးတို့ဖြင့်။ <b>ပစ္စတ္ထိကာနံ</b> = ရန်သူတို့၏။ <b>အဒဿနံ</b> = မမြင်ရာအရပ်သို့။ <b>ဝဇန္တိ</b> = သွားရောက်နိုင်ကြလေကုန်၏။ <b>တထာပိ</b> = ထိုသို့ပင် သွားရောက်နိုင်ကြပါကုန်သော်လည်းပဲ။ <b>တေ</b> = ထိုဝိဇ္ဇာဓိုရ်ယောက်ျားတို့သည်။ <b>မစ္စုရာဇဿ</b> = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏။ <b>အဒဿနံ</b> = မမြင်ရာအရပ်သို့။ <b>န ဝဇန္တိ</b> = မသွားရောက်နိုင်ကြလေကုန်။ <b>တံ</b> = <b>တေန ကာရဏေန</b> = ထိုအကြောင်းတရားကြောင့်။ <b>အဟံ</b> = သားတော်သည်။ <b>ပဗ္ဗဇိတွာ</b> = ရသေ့ ရဟန်းပြု၍။ <b>ဓမ္မံ</b> = အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို။ <b>စရာမိ</b> = ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပေတော့အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>မေ</b> = သားတော်၏သန္တာန်၌။ <b>မတိ</b> = တောင့်တလင့်ဆို တောထွက်လို တရားအားထုတ်လိုသော ကုသိုလ်ဆန္ဒတော်သည်။ <b>ဟောတိ</b> = ပြင်းပြလှစွာ ဖြစ်နေပါသည်ဘုရား။</p>
<p>မယ်တော်, ခမည်းတော်တို့ဘုရား ... လောကမှာ ဝိဇ္ဇာဓိုရ်ယောက်ျားတွေ ရှိကြပါတယ်။ အဲဒီ ဝိဇ္ဇာဓိုရ်ယောက်ျားတွေဟာ ဃောရအမည်ရှိတဲ့ ဝိဇ္ဇာဓိုရ်အတတ်ပညာတွေကို သင်ကြားကြပါတယ်။ သင်ပြီးတဲ့ အချိန်အခါမှာ <b>ဃောရ</b>အမည်ရှိတဲ့ ဝိဇ္ဇာအတတ်ကိုသော်လည်းကောင်း, <b>ဂန္ဓာရီ</b>အမည်ရှိတဲ့ ဝိဇ္ဇာအတတ်ကိုလည်းကောင်း မန်းမှုတ်ကြပါတယ်။ မန်းမှုတ်ပြီးတော့ မိမိတို့ အလိုရှိတဲ့ ဆေးတွေကို ရအောင် ရှာဖွေကြပါတယ်။ အဲဒီဆေးတွေကို ယူပြီးတော့ ရန်သူတို့ မမြင်တဲ့နေရာကို သွားမယ်ဆိုလျှင် သွားနိုင်တဲ့စွမ်းအားတွေ ဒီဝိဇ္ဇာဓိုရ်ယောက်ျားတွေရဲ့သန္တာန်မှာ ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီဝိဇ္ဇာဓိုရ် ယောက်ျားတွေဟာ (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းရဲ့ မမြင်ရာအရပ်သို့ သွားမယ်ဆိုလျှင် ဘယ်လိုမှ ရောက်အောင် မသွားနိုင်ကြပါဘူး။</p>
<p>ဒါကြောင့် သေမင်းတရားကြီး သားတော်ထံ မရောက်လာမီ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန် ရသေ့ရဟန်းပြုပြီး အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်း ထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတော်ကို ရသေ့ရဟန်းပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး တောင်းပန်တယ်။</p>
<p>ရှစ်သောင်းတပသီ, ဇောဂီတက္ကသိုလ်, ဝိဇ္ဇာဓိုရ်တို့, ထိုထိုများစွာ, ပညာဆေးဝါး, အပါးပါးတိ, ပြဒါးမီးနေ, သံသေဓာတ်ပြာ, ရသာယန, ဩသဓစု, အာယုဝါဇီ, ဝသီကရဏ, စသည်လိမ်းသပ်, စားမျိုအပ်နှင့်, အာထဗ္ဗဏာ, ဝိဇ္ဇာမယိဒ်, ဣဒ္ဓိဝိဓ်သို့, မဟိဒ္ဓိမျိုး, တန်းခိုးနတ်ရှိ, သိဒ္ဓိလိုရာ, ပြီးနိုင်စွာသား, မဟာဂန္ဓာရီ, လောကီဉာဏ်ပေါင်း, အင်းကောင်းတတ်ပွန်, မန္တန်မွန်ဖြင့်, ပြုဟန် ပယောဂ, မကျန်ရအောင်, အဋ္ဌသာခါ, ယတြာက, ဂါထာမန်းမှုတ်, အစုတ်အနှံ, ကာယံကိုယ်တွင်း, ဘောက်ကာထွင်း၍, သွင်းသော်လည်းကောင်း, လွတ်ကြောင်းသေဘေး, မထင်ဝေးခဲ့, ပြေး၍ဆုန်းဆုန်း, ဘယ်တွင်ပုန်းအံ့, ကျင်းကုန်းကောင်းကင်, ပင်လယ်ပြင်နှင့်, ဥမင်လိုဏ်ခေါင်း, အောင်းလည်းမလွတ်, မချွတ်မှန်ဘိ, လွဲမရှိဘူး, သိဒ္ဓိပြီးငြား, ဓာတ်ဆေးဝါးနှင့်, ပြဒါးသံပြာ, စားကာမျိုပြု, လုပ်ရတ်မှုဖြင့်, အာယုသမား, ဆရာများတို့, ထင်ရှားခုထိ, ဘယ်မျှရှိခဲ့။ <b>(မဃဒေဝ၊၁၃၃။)</b></p>
<p>နောက်ထပ် အယောဃရမင်းသားကလေးက ဘယ်လို ဆက်ပြီး တရားဟောကြားထားသေးသလဲ?</p>
<h3>တရားကျင့်သူကို တရားက ပြန်လည်စောင့်ရှောက်ပါတယ်</h3>
<p>၂၃။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။<br>ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊ န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။ <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၀။)</b></p>
<p><b>ဓမ္မော</b> = သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ <b>ဟဝေ</b> = စင်စစ်ဧကန် အမှန်အားဖြင့်။ <b>ဓမ္မစာရိံ</b> = သုစရိုက်ဆယ်ပါး ဓမ္မအပြားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသောပုဂ္ဂိုလ်ကို။ <b>ရက္ခတိ</b> = တစ်ဖန်ပြန်လည်၍ စောင့်ရှောက်တတ်ပေ၏။</p>
<p>သုစရိုက်ဆယ်ပါး ကုသိုလ်တရားဆိုတာက ဒီသုစရိုက်ဆယ်ပါး ကုသိုလ် တရားကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်ကို တစ်ဖန်ပြန်ပြီးတော့ စောင့်ရှောက်ပေးတယ်။ ဒါက သိပ်အားရဖို့ ကောင်းပါတယ်။ ဒီသုစရိုက်ဆယ်ပါးက ဘယ်တရားတွေဆိုတာက တရားနာပရိသတ်အားလုံး သိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒီသုစရိုက်တရား ဆယ်ပါး ထဲမှာ နောက်ဆုံးနံပါတ် ဆယ်ခုမြောက်တရားကတော့ <b>သမ္မာဒိဋ္ဌိ</b> ဖြစ်ပါတယ်။ အဲဒီ <b>သမ္မာဒိဋ္ဌိ</b>ကတော့ ဒီနေရာမှာ တော်တော်ကလေး အရာကျယ်ပါတယ်။ တချို့နေရာမှာတော့ ကံ,ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ <b>ကမ္မဿကတာသမ္မာဒိဋ္ဌိ</b>ကို ရည်ညွှန်းထားပါတယ်။ ဒီနေရာမှာကတော့ <b>သမ္မာဒိဋ္ဌိ</b> အားလုံးကိုပဲ ရည်ညွှန်းထားတဲ့သဘော ရှိပါတယ်။ ဒီ<b>သမ္မာဒိဋ္ဌိ</b>ကို အခြေခံ အားဖြင့် အဆင့်ဆင့် ပြောမယ်ဆိုလျှင်တော့ --</p>
<ol>
<li>နံပါတ် (၁)က <b>ကမ္မဿကတာသမ္မာဒိဋ္ဌိ</b> = ကံ,ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ <b>သမ္မာဒိဋ္ဌိဉာဏ်</b>ကို ဆိုလိုပါတယ်။</li>
<li>နံပါတ် (၂)က <b>စျာနသမ္မာဒိဋ္ဌိ</b> = စျာန်တွေကို ရရှိအောင် ကြိုးစားတယ်၊ စျာန်သမာဓိတွေကို ရရှိအောင် ကြိုးစားတဲ့အခါမှာ စျာန်ရဲ့ အာရုံကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိနေတဲ့ <b>သမ္မာဒိဋ္ဌိ</b>မျိုး ဖြစ်ပါတယ်။</li>
<li>နံပါတ် (၃)ကတော့ <b>ဝိပဿနာသမ္မာဒိဋ္ဌိ</b> ဖြစ်ပါတယ်။ ဒီ <b>ဝိပဿနာသမ္မာဒိဋ္ဌိ</b>ကတော့ <b>ကမ္မဿကတာသမ္မာဒိဋ္ဌိ</b>အပေါ်မှာ အခြေခံထားပါတယ်။ ဘာဖြစ်လို့လဲ?</li>
</ol>
<p>မှန်းဆပြီး သိနေတဲ့ <b>ကမ္မဿကတာသမ္မာဒိဋ္ဌိ</b> ရှိသလို တကယ် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိနေတဲ့ <b>ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်</b>လည်း ရှိနေပါတယ်။ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေတဲ့ ဒီ<b>သမ္မာဒိဋ္ဌိဉာဏ်</b>က ဘယ်လိုသဘောလဲလို့မေးလျှင်တော့ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း <b>ဒုက္ခသစ္စာ</b>အမည်ရနေတဲ့ ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေကို ယောဂါဝစရပုဂ္ဂိုလ်က ပထမဆုံး သိအောင် ကြိုးစားရပါတယ်။ <b>ဒုက္ခသစ္စာ</b> အမည်ရတဲ့ ဒီခန္ဓာငါးပါးကို ဟုတ်တိုင်းမှန်စွာ သိပြီးတဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေသည် ဘယ်လိုအကြောင်းတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်နေရသလဲဆိုပြီး အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ယောဂါဝစရပုဂ္ဂိုလ်က သိအောင် ကြိုးစားရပါတယ်။ အဲဒီ အကြောင်းတရားတွေသည် <b>သမုဒယသစ္စာ</b> ဖြစ်ကြပါတယ်။ အဲဒီ <b>သမုဒယသစ္စာ</b>ကြောင့် <b>ဒုက္ခသစ္စာ</b>ဖြစ်ပုံကိုလည်း ဟုတ်တိုင်းမှန်စွာ <b>သမ္မာဒိဋ္ဌိဉာဏ်</b>ပညာဖြင့် သိပြီဆိုလျှင် ဒီအချိန်မှာ <b>ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်</b>ပညာကို ရရှိပြီလို့ ပြောနိုင်ပါတယ်။</p>
<p>ဒီလို <b>ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်</b>အမြင် ရရှိနေတဲ့ သူတော်ကောင်း တစ်ဦးက ဒီ<b>ဒုက္ခသစ္စာ</b>အမည်ရတဲ့ ရုပ်တရား, နာမ်တရား၊ <b>သမုဒယသစ္စာ</b> အမည်ရနေတဲ့ အကြောင်းတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့ အခြင်းအရာတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ ရှုရပါတယ်၊ ဖြစ်ခြင်း ပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရပါတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုရပါတယ်။</p>
<p>ဒီလို ရှုလိုက်မယ်ဆိုလျှင် ဒီ<b>ဒုက္ခသစ္စာ</b>တရား, <b>သမုဒယသစ္စာ</b>တရား တို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာကို ဟုတ်တိုင်း မှန်စွာ ထိုးထွင်းသိနေတဲ့ <b>ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်</b>တွေ ပေါ်လာပါမယ်။ အဲဒီ <b>ဝိပဿနာသမ္မာဒိဋ္ဌိ</b>ကနေ တစ်ဆင့်တက်ပြီးတော့ ယောဂီပုဂ္ဂိုလ်က ဒီ ဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် လေ့ကျင့်ခဲ့မယ်ဆိုလျှင်တော့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ <b>မဂ်ဉာဏ်</b>ပေါ်လာပါမယ်။ ဒီ<b>မဂ်ဉာဏ်</b>ကိုတော့ <b>မဂ္ဂသမ္မာဒိဋ္ဌိ</b>လို့ ခေါ်ပါတယ်။ <b>မဂ်ဉာဏ်</b>ရဲ့အဆုံးမှာ <b>ဖိုလ်ဉာဏ်</b> ပေါ်လာပါမယ်။ ထို<b>ဖိုလ်ဉာဏ်</b>ကိုတော့ <b>ဖလသမ္မာဒိဋ္ဌိ</b>လို့ ခေါ်ပါတယ်။</p>
<p>ထို<b>မဂ္ဂသမ္မာဒိဋ္ဌိ</b>, <b>ဖလသမ္မာဒိဋ္ဌိ</b>လို့ ခေါ်ဆိုအပ်တဲ့ <b>သမ္မာဒိဋ္ဌိဉာဏ်</b>တွေက <b>အသင်္ခတဓာတ်</b> အငြိမ်းဓာတ် <b>နိဗ္ဗာန်</b>ကို လှမ်းပြီး အာရုံပြုနေကြပါတယ်။ ဒီလို <b>အသင်္ခတဓာတ်</b> အငြိမ်းဓာတ် <b>နိဗ္ဗာန်</b>ကို လှမ်းပြီး အာရုံယူနိုင်တဲ့အဆင့်ထိ ရောက်ခဲ့မယ်ဆိုလျှင် အကယ်၍ ဒီ<b>အသင်္ခတဓာတ်</b> အငြိမ်းဓာတ် <b>နိဗ္ဗာန်</b>ကို သော်လည်းပဲ <b>မဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>ဖြင့် ထွင်းဖောက်သိခဲ့မယ်ဆိုလျှင်တော့ ထို<b>သောတာပတ္တိမဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>ကို မျက်မှောက်ပြုနေတဲ့ သို့မဟုတ် <b>သောတာပတ္တိမဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>ရဲ့ တည်ရာဖြစ်တဲ့ <b>ပရမတ္ထသစ္စာ</b>အားဖြင့် ခန္ဓာငါးပါး, <b>သမ္မုတိသစ္စာ</b>အားဖြင့် ပုဂ္ဂိုလ်သတ္တဝါလို့ ခေါ်ဆိုအပ်တဲ့ ဒီသတ္တဝါကို အပါယ်လေးဘုံသို့ မကျရောက်အောင် ထုတ်ဆောင် ကယ်တင်ပေးနိုင် ပါတယ်၊ စောင့်ရှောက်ပေးနိုင်ပါတယ်။</p>
<p>အကယ်၍ မိမိက <b>သကဒါဂါမိမဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>ကို ရရှိခဲ့မယ်ဆိုလျှင်တော့ ကာမဘုံကို တစ်ကြိမ်ပဲ ပြန်လာခွင့်ရှိတော့တယ်။ <b>အနာဂါမိမဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>သာ ရရှိခဲ့မယ်ဆိုလျှင်တော့ ကာမဘုံမှ ကွင်းလုံးကျွတ် လွတ်သွား ပါတယ်။ <b>အရဟတ္တမဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>နဲ့ ယှဉ်နေတဲ့ <b>သမ္မာဒိဋ္ဌိဉာဏ်</b>သာ ရရှိခဲ့မယ်ဆိုလျှင်တော့ (၃၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပါတယ်။</p>
<p>ဒါကြောင့် တရားတော်ကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းကို တရားတော်က တစ်ဖန်ပြန်ပြီးတော့ စောင့်ရှောက်တဲ့သဘော ရှိနေပါတယ်။ ဒီအခြင်းအရာတွေကို အယောဃရမင်းသားကလေးက ဟုတ်တိုင်းမှန်စွာ သိနေတယ်။ ဒီလို သိနေတဲ့အတွက် မယ်တော်, ခမည်းတော် တို့ကိုလည်း ဒီ<b>သမ္မာဒိဋ္ဌိဉာဏ်</b>တွေနဲ့ ပြည့်စုံအောင် သို့မဟုတ် သုစရိုက်တရား ဆယ်ပါးနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် တိုက်တွန်းချင်တယ်။ ဒါကြောင့် ---</p>
<p><b>မဟာရာဇ</b> = ခမည်းတော်မြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဓမ္မော</b> = သုစရိုက် (၁၀)ပါး ကုသိုလ်တရားသည်။ <b>ဟဝေ</b> = စင်စစ်ဧကန် အမှန်အားဖြင့်။ <b>ဓမ္မစာရိံ</b> = သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသောပုဂ္ဂိုလ်ကို။ <b>ရက္ခတိ</b> = တစ်ဖန်ပြန်လည်၍ စောင့်ရှောက်တတ်ပေ၏။ <b>သုစိဏ္ဏော</b> = ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်၍ထားအပ်သော။ <b>ဓမ္မော</b> = သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ <b>သုခံ</b> = လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို။ <b>အာဝဟတိ</b> = ရွက်ဆောင်၍ ပေးတတ်ပါပေ၏။ <b>သုစိဏ္ဏေ</b> = ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ ထားအပ်သော။ <b>ဓမ္မေ</b> = သုစရိုက်ဆယ်ပါး ကုသိုလ်တရား၌။ <b>ဧသာ</b> = <b>ဧသော</b> = ဤကဲ့သို့သော လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရောက်အောင်မသွေ ပို့ဆောင်၍ ပေးနိုင်ခြင်းသည်။ <b>အာနိသံသော</b> = အကျိုးအာနိသင်ပါပေတည်း။ <b>ဓမ္မစာရီ</b> = သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသောသူသည်။ <b>ဒုဂ္ဂတိံ</b> = အပါယ်ဘူမိ ဒုဂ္ဂတိသို့။ <b>န ဂစ္ဆတိ</b> = ဘယ်တော့မှ မလားရောက်ရတော့ပေ။</p>
<p>သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို စံချိန်မီ တကယ်သာ လက်တွေ့ ကျင့်ကြည့်ပါ။ ဒီသုစရိုက်တရားတွေက သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာ သုံးရပ် အကျင့်မြတ်မှာ အားလုံး အကျုံးဝင်နေပါတယ်။ စံချိန်မီအောင်သာ တကယ်လက်တွေ့ ကျင့်ကြည့်ပါ။ ဒီတရားတော်က တရားတော်ကို ကျင့်နေတဲ့ပုဂ္ဂိုလ်ကို တစ်ဖန်ပြန်လည်ပြီး စောင့်ရှောက်မှာ ဖြစ်ပါတယ်။ ကောင်းစွာ ပြည့်ပြည့်စုံစုံ ကျင့်ထားအပ်တဲ့ ဒီသုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေက လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရောက်အောင်မသွေ ပို့ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ ထားအပ်တဲ့ ဒီသုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေဟာ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရောက်အောင်မသွေ ပို့ဆောင်နေခြင်းဆိုတဲ့ ဒီသဘောတရားသည် သုစရိုက်ဆယ်ပါး ကုသိုလ်တရားတို့ကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သားတော်လည်း တရားတော်ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့အတွက် သားတော်ကို တောထွက်ပြီး ရသေ့ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်ပြု တော်မူပါဆိုပြီး တောင်းပန်တယ်။</p>
<p>(၁) ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ, မွေ့သိမ်နက်ကိ, ပါဠိထင်ရှား, ဟောမြွက်ကြားတိုင်း, တရားမထောင့်, အမှန်စောင့်က, စောင့်သည့်တရား, စောင့်သူအားကို, မမှားဆတ်ဆတ်, စောင့်သတတ်တည့်, ယွင်းချွတ်မရှိ, ဟုတ်လှဘိ၏, သု-စိ-ပု-ဘား, စကားလေးလုံး, စွဲသုံးလေ့လာ, မလွတ်ရာဘူး, သမ္မာဝါဒ, မြဲမခွနှင့်။ <b>(မဃဒေဝ၊၂၆၆။)</b></p>
<p>(၂) ဤလောက၌, မုချတရား, မဟုတ်ငြားသည့်, ဟူးရားအလို, နက္ခတ်ဂြိုဟ်နှင့်, လက်ကိုသတ်တတ်, စနေနတ်နှင့်, စန်းသတ်ရာဟု, နံကိုထုသည့်, သတြုဂြိုဟ်, ဤအဆိုက, နဂိုရ်ယာယီ, လောကီဝါဒ, ဟူသမျှကား, ဓမ္မမစောင်း, သူတော်ကောင်းအား, ပျက်ကြောင်းစင်စစ်, အပြစ်တစ်ခု, မပြုနိုင်ရာ, မှန်လှစွာ၏။ <b>(မဃဒေဝ၊၂၈၁။)</b></p>
<p>(၃) ရှေးကပြုသား, ကောင်းမှုဟုဆို, ကုသိုလ်အဘို့, ပြည့်စုံမြို့၍, မချို့ဘုန်းကံ, အခံပုည, ရှိကြသူမှာ, ဇာတာမူလ, ဇနမနှိုက်, ပါပဂြဟ, စီးနင်းကျလည်း, ကိုယ်မှတစ်ပါး, ခြွေရံများနှင့်, ကျွဲနွားမျှသာ, ပျက်စီးရာ၏, ကိုယ်မှာချမ်းမြေ့, ဘေးမတွေ့ဘူး, မ-ဟေ့ကုသိုလ်, လူထိုထိုကား, ကိုယ်နှင့်တကွ, ပျက်တတ်စွတည့်, သုခဒုက္ခ, ကြောင်းမူလကို, ကမ္မတရား, နှစ်ပါးဖြင့်သာ, ကျမ်း၌လာ၏, ပုညာ-ပုည, ဝိသေသကို, ဒိဋ္ဌမြော်ငဲ့, ရှုမြင်ပြဲ့လော့, ဘုန်းမဲ့ခြံရံ, ဘုန်းရှိစံ၏, ကံလျှင်အရင်း, စီမံခြင်းဖြင့်, မင်းချင်းရှင်ကျွန်, မလွန်ဓမ္မတာ, ထင်ရှားစွာခဲ့။ <b>(မဃဒေဝ၊၂၅၁။)</b></p>
<p>ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီလို တောထွက်ပြီးတော့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒီလိုဆိုလျှင် တောထွက်နိုင်ကြပါ့မလား? ဒီအချိန်ကတော့ မိမိ ကိုယ်ကို ပြန်ပြီး မေးကြည့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?</p>
<h3>ဓမ္မနှင့် အဓမ္မ - အကျိုးပေးခြင်း မတူညီပါ</h3>
<p><b>၂၄။ န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမဝိပါကိနော။<br>အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။</b> <b>(ဇာတက၊ဋ္ဌ၊၄၊၅၀၁။)</b></p>
<p><b>မဟာရာဇ</b> = ခမည်းတော်မင်းမြတ် သောင်းလုံးနတ်တို့ဘုရား။ <b>ဓမ္မော စ</b> = သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်လည်းကောင်း။ <b>အဓမ္မော စ</b> = ဒုစရိုက်ဆယ်ပါး မသူတော်တို့၏ အကုသိုလ်တရားသည်လည်းကောင်း။ <b>ဥဘော</b> = ကုသိုလ်တရား, အကုသိုလ်တရား နှစ်ပါးစုံတို့သည်။ <b>သမဝိပါကိနော</b> = ညီမျှသော အကျိုးပေးခြင်း ရှိကြကုန်သည်။ <b>န ဟိ ဟောန္တိ</b> = မဖြစ်ကြလေကုန်။</p>
<p>တစ်ဘက်က သုစရိုက်ဆယ်ပါး ကုသိုလ်တရား ရှိပါတယ်။ တစ်ဘက်က ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားဆိုတာ ရှိပါတယ်။ ဒီကုသိုလ်တရားနဲ့ အကုသိုလ်တရား နှစ်မျိုးဟာ အကျိုးပေးညီမျှခြင်းသဘော ဘယ်လိုမှ မရှိနိုင်ပါဘူး။</p>
<p><b>အဓမ္မော</b> = ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားသည်။ <b>နိရယံ</b> = ငရဲသို့။ <b>နေတိ</b> = ရောက်အောင်မသွေ ပို့ဆောင်တတ်ပါပေ၏။ <b>ဓမ္မော</b> = သုစရိုက် ဆယ်ပါး ကုသိုလ်တရားသည်။ <b>သုဂတိံ</b> = လူ နတ် နိဗ္ဗာန် သုံးတန်ဟု ခေါ်ဆိုအပ်သော အကောင်းဆုံး သုဂတိသို့။ <b>ပါပေတိ</b> = မုချမသွေ ရောက်ရှိစေနိုင်ပါပေ၏။</p>
<p>ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားက ငရဲသို့ရောက်အောင် ကျိန်းသေ ပို့ဆောင်ပေးနိုင်တဲ့စွမ်းအား ရှိနေပါတယ်။ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကလည်း လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကောင်းဆုံး သုဂတိသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့စွမ်းအား ရှိနေပါတယ်။</p>
<p>ဒါကြောင့် ဓမ္မနဲ့အဓမ္မ နှစ်ခုမှာ တစ်ခုနဲ့တစ်ခု အကျိုးပေးညီမျှမှုသဘော ဘယ်လိုမှ မရှိနိုင်ပါဘူး။ ဒါကြောင့် သားတော်သည် အပါယ်ဘေးမှ အနည်းဆုံးအားဖြင့် လွတ်မြောက်စေတတ်တဲ့ စွမ်းအားရှိနေတဲ့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေသည် သားတော်ရဲ့သန္တာန်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ ဒါကြောင့် သားတာ်ကို ရသေ့ရဟန်းပြု၍ တောထွက်ခွင့် ပြုတော် မူပါဆိုပြီးတော့ တောင်းပန်တယ်။</p>
<h3>ကံအရေးကြီးပါသည်</h3>
<p><b>ဗာလအမှု, လေ့လာပြုလျက်, ဒုစရိတ, ဒုကမ္မဖြင့်, ပါပမွေ့လျော်, မသူတော်ကား, နေသော်နေမှား, သွားသော် သွားဆိုး, မကောင်းကျိုးတိ, ကြိုးသို့လည်းငြိ, ဘေးသာထိရှင့်, ပြုမိသမျှ, အပြစ်ရခဲ့။</b> <b>(မဃဒေဝ၊၂၈၁။)</b></p>
<p>လူမိုက်ဆိုတာ မကောင်းတဲ့အလုပ်ဖြစ်တဲ့ အကုသိုလ် ဒုစရိုက်တရား တွေကို ကျိန်းသေဧကန် လုပ်နေပြီဆိုလျှင် သူ့သန္တာန်မှာ အကုသိုလ်တရား တွေက ဆက်တိုက် ဖြစ်နေပါတယ်။ ဒီလို အကုသိုလ်တရားတွေ ဆက်တိုက် ဖြစ်နေတဲ့ ဒီသတ္တဝါရဲ့သန္တာန်မှာ အတိတ်က အကျိုးပေးဖို့ရန်အတွက် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေကလည်း အခွင့်အရေး ပိုပြီး သာလာတတ်ပါတယ်။ ရွာတစ်ရွာမှာ ရွာခံဓားပြတွေက သိပ်အားကောင်းနေပြီဆိုလျှင် ဘေးကဓားပြတွေ ဝင်ရောက်ဖို့ လွယ်ကူနေသလိုပဲ အကုသိုလ်အခံဓာတ်တွေက သိပ်အားကောင်းနေတဲ့ သတ္တဝါတွေရဲ့သန္တာန်မှာ အတိတ်က အကျိုးပေးချင်တဲ့ အကုသိုလ်ကံတွေကလည်း အခွင့်အရေး ပိုပြီးတော့ ရလာတတ်ပါတယ်။ ဒီလို အကုသိုလ်ကံတွေက အခွင့်အရေး ရလာတဲ့အချိန်အခါမှာ ဒီသတ္တဝါတွေဟာ ဘယ်လို ဖြစ်လာသလဲ?</p>
<p><b>ဗာလအမှု, လေ့လာပြုလျက်, ဒုစရိတ, ဒုကမ္မဖြင့်, ပါပမွေ့လျော်, မသူတော်ကား, နေသော်နေမှား, သွားသော် သွားဆိုး, မကောင်းကျိုးတိ။</b> <b>(မဃဒေဝ၊၂၈၁။)</b></p>
<p>နေလျှင်လည်း သူက အမှားနဲ့ပဲ ဖြစ်နေတတ်တယ်။ ဘာလုပ်လုပ် အမှား တွေနဲ့ပဲ တွေ့နေရတယ်။ သွားလျှင်လည်း ဘယ်သွားသွား အမှားနဲ့ပဲ တွေ့နေရတယ်။ ဘာလုပ်လုပ် မကောင်းတဲ့အကျိုးတွေက သူ့သန္တာန်မှာ တွေ့ဖို့ရန် အခံ့သင့် ဖြစ်နေကြတယ်။</p>
<p><b>ကြိုးသို့လည်းငြိ, ဘေးသာထိရှင့်။</b> <b>(မဃဒေဝ၊၂၈၁။)</b></p>
<p>လည်ပင်းမှာ ကြိုးနဲ့ ငြိနေသလို ဘယ်နေရာပဲ သွားလိုက် သွားလိုက် ဘေးနဲ့ပဲ အမြဲ သွားပြီးတော့ တွေ့နေတတ်တယ်။ ဒါကြောင့် ---</p>
<p><b>ဗာလအမှု, လေ့လာပြုလျက်, ဒုစရိတ, ဒုကမ္မဖြင့်, ပါပမွေ့လျော်, မသူတော်ကား, နေသော်နေမှား, သွားသော် သွားဆိုး, မကောင်းကျိုးတိ, ကြိုးသို့လည်းငြိ, ဘေးသာထိရှင့်, ပြုမိသမျှ, အပြစ်ရခဲ့။</b> <b>(မဃဒေဝ၊၂၈၁။)</b></p>
<p>ဘယ်အလုပ်ပဲ လုပ်လုပ် သူလုပ်သမျှတွေဟာ အကုသိုလ်အပြစ်တွေချည်းပဲ ဖြစ်နေတော့တယ်။</p>
<p><b>ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်ရာတည့်။</b> <b>(မဃဒေဝ၊၂၈၉။)</b></p>
<p>အတိတ်က အကျိုးပေးမယ်ဆိုတဲ့ ကုသိုလ်ကံကလေးတွေက ရှိနေကြတယ်။ အဲဒီ ကံတွေကလည်း အောင်အောင်မြင်မြင် အကျိုးပေးခွင့် မသာတော့ဘူးဆိုလျှင်တော့ ဘာဖြစ်လာမလဲ?</p>
<p><b>ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်သာတည့်။</b> <b>(မဃဒေဝ၊၂၈၉။)</b></p>
<p>အားလုံး ပျက်စီးတတ်တဲ့သဘော ဖြစ်လာတတ်ပါတယ်။ မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ ပုံစံလိုပဲ ဘာပဲလုပ်လုပ် မကောင်းတဲ့အကျိုးတွေက အမြဲတမ်း ဆီးကြိုနေတတ်တဲ့သဘော ရှိတတ်ပါတယ်။ ဒါကြောင့် ---</p>
<p><b>ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်ရာတည့်, ကလျာဏာကလျာဏ, ကျင့်ကမ္မဖြင့်, ပုညပါပ, ကိစ္စအမှု, ခွဲဝေရှုသော်, အကုသိုလ်-ကုသိုလ်, နှစ်ခုကိုလည်း, မပြုလိုခဲ, ပြုလိုရဲ၏။</b> <b>(မဃဒေဝ၊၂၈၉။)</b></p>
<p>ကုသိုလ်နဲ့ အကုသိုလ် နှစ်မျိုး ရှိပါတယ်။ ဘယ်တရားပဲဖြစ်ဖြစ် မပြုလိုဘူးဆိုလျှင်တော့ အင်မတန် ပြုလုပ်ဖို့ရန် ခဲယဉ်းနေတတ်ပါတယ်။ ပြုလိုတယ်ဆိုလျှင်လည်း အင်မတန် လွယ်ကူတဲ့သဘောလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ---</p>
<p><b>ကြောင်းရင်းကြမ္မာ, ကံမပါလျှင်, ကြံရာမပြီး, အချည်းနှီးဖြင့်, ပျက်စီးတတ်စွာ, မချွတ်ရာတည့်, ကလျာဏာကလျာဏ, ကျင့်ကမ္မဖြင့်, ပုညပါပ, ကိစ္စအမှု, ခွဲဝေရှုသော်, အကုသိုလ် ကုသိုလ်, နှစ်ခုကိုလည်း, မပြုလိုခဲ, ပြုလိုရဲ၏။ ကံမွဲမပြောင်, ကံမဆောင်လျှင်, ဂုဏ်ရောင်မလှ, မထွန်းပဘူး, ဒုက္ခလူ့ဘောင်, ဆင်းရဲခေါင်လိမ့်။</b> <b>(မဃဒေဝ၊၂၈၉။)</b></p>
<p>လောကမှာ ကံကသာ မဆောင်ဘူးဆိုလျှင် ဘယ်လိုမှ ဂုဏ်ပြောင်နိုင်တဲ့ သဘော မရှိတော့ပါဘူး။ ဘဝတစ်ခုမှာ ဆင်းရဲတွေကပဲ အမြဲ အထွတ်တပ်ထားပါလိမ့်မယ်။</p>
<h3>သေသူနှင့် ရှင်သူ</h3>
<p><b>ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတမည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်။</b> <b>(မဃဒေဝ၊၂၉၁။)</b></p>
<p>သုစရိုက်ဆယ်ပါး ကုသိုလ်တရားဆိုတဲ့ ဒါန, သီလ, ဘာဝနာ, သမထ- ဝိပဿနာကျင့်စဉ်တွေကို စနစ်တစ်ကျ တကယ်လက်တွေ့ ပြည့်ပြည့်စုံစုံသာ ကျင့်ထားပါ။ ဒီလို ကျင့်ထားတဲ့ သူတော်ကောင်းသည် ဘယ်လို ဖြစ်လာမလဲ?</p>
<p><b>ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတမည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်, ယူစွဲမုချ, ယွင်းမခွဘူး။</b> <b>(မဃဒေဝ၊၂၉၁။)</b></p>
<p>လူ့ပြည်, နတ်ပြည်ရဖို့ ဘာမှ သိပ်မခက်ခဲတော့ပါဘူး။ အကယ်၍ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း အာနာပါနစျာန်တွေကို စတုတ္ထစျာန်သို့ တိုင်အောင် ပေါက်ပေါက်ရောက်ရောက် အားထုတ်နိုင်မယ်၊ သမာဓိထူထောင် နိုင်မယ်၊ ဒီစျာန်တွေကိုလည်း မလျောကျနိုင်အောင် ထိန်းကွပ်ထားနိုင်မယ်၊ ရုပ်တရား, နာမ်တရားတွေကို သိမ်းဆည်းနိုင်မယ်၊ အကြောင်းတရား, အကျိုးတရားတွေကို သိမ်းဆည်းနိုင်မယ်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ထိုးထွင်း သိနိုင်မယ်။ ဒီလို သိနိုင်တဲ့ ဝိပဿနာဉာဏ်တွေ ရရှိလို့ မိမိတို့ရဲ့ ပါရမီအားလျော်စွာ ထိုဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ် ပေါ်လာခဲ့မယ်ဆိုလျှင်တော့ ဒီအရိယာသူတော်ကောင်းရဲ့သန္တာန်မှာ စျာန်တရား တွေသည် လျောကျသွားရိုးဓမ္မတာ ဘယ်တော့မှ မရှိတော့ဘူး။</p>
<p>ဒါကြောင့် သောတာပန်အဖြစ်နဲ့ စျာန်တရားတွေကလည်း မလျောကျဘဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့မယ်ဆိုလျှင် မိမိကလည်း အလိုရှိခဲ့မယ်ဆိုလျှင်တော့ ဗြဟ္မာ့ပြည်, ဗြဟ္မာ့ချမ်းသာကြီးက ကျိန်းသေဧကန် စောင့်ဆိုင်းပြီးတော့ ဆီးကြိုနေပါတယ်။ လာပါ လာပါဆိုပြီးတော့ လှမ်းပြီး လက်ဆွဲခေါ်နေမှာ ဖြစ်ပါတယ်။ ဒီလို ကျိန်းသေနေတဲ့ ကျင့်စဉ်တွေကို လက်တွေ့ကျင့်ရမယ် ဆိုလျှင် အရှင်ဘုရား ဘယ်လောက်ကြာကြာ ကျင့်ရမလဲလို့တော့ မေးစရာ ရှိပါတယ်။ ဒါကတော့ ပါရမီအပေါ်မှာ မူတည်နေပါတယ်။</p>
<p>လပိုင်းလောက်နဲ့ ရနိုင်တဲ့သူတော်ကောင်းတွေလည်း ရှိကောင်းရှိနိုင် ပါတယ်၊ နှစ်ပိုင်းလောက်နဲ့ ရနိုင်တဲ့သူတော်ကောင်းတွေလည်း ရှိကောင်းရှိနိုင် ပါတယ်။ ဘာမှ ဆွေမတော်မျိုးမတော်တဲ့ သူများသားသမီးကိုတောင် ကျွန်ခံ နိုင်သေးလျှင် ဒီလို အိုနာသေရေး ဒုက္ခဘေးကြီးမှ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ ဗြဟ္မာ့ချမ်းသာကြီးက ဆီးကြိုနေမယ့် ကျင့်စဉ်တွေကို တစ်နှစ်လောက်တော့ ကျင့်ဖို့မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘယ့်နှယ်တုံး တရားနာ ပရိသတ်တွေ မကျင့်နိုင်ကြဘူးလား? ကျင့်နိုင်ရမယ်။ ဒါကြောင့် ---</p>
<p><b>ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတစ်မည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်, ယူစွဲမုချ, ယွင်းမခွဘူး, ဒါနသီလ, ကုသလ၌, လုံ့လလွှတ်လျှော့, လေဘင်ပေါ့၍, မေ့လျှော့သော့အား, တည်နေငြားက, ပျော်ပါးသောက်ယစ်, ဇောခုနစ်နှင့်, စင်စစ်ထို့သူ, သူသေတူ၏။</b> <b>(မဃဒေဝ၊၂၉၁။)</b></p>
<p>ဒါန, သီလ, သမထ, ဝိပဿနာကျင့်စဉ်တွေမှာ မေ့မေ့လျော့လျော့နဲ့ နေထိုင်နေတဲ့ပုဂ္ဂိုလ်တွေကို လူသေတွေလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ? အပါယ်လေးဘုံက သူတို့ကို အမြဲတမ်း ဆီးကြိုနေမယ်။ အပါယ်လေးဘုံမှာ ထပ်ခါထပ်ခါ သေနေရမယ်။ မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်တဲ့ မဂ္ဂင်လမ်းမကြီးပေါ်သို့ တက်ရောက်ကာ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် မလျှောက်သွားနိုင်သေးတဲ့အတွက် မသေရာ အမြိုက်နိဗ္ဗာန်သို့ မရောက်နိုင်သေး ဖြစ်နေကြတယ်။ မသေရာ အမြိုက်နိဗ္ဗာန်လမ်းပေါ်သို့ မလျှောက်နိုင်သေးဘဲ ထပ်ခါထပ်ခါ သေနေရမယ့် ဒုစရိုက်လမ်းမပေါ်မှာသာ လျှောက်ဆဲ ဖြစ်နေသေးတဲ့အတွက် ဒီပုဂ္ဂိုလ်တွေဟာ ရှင်နေပေမယ့်လို့ သေတဲ့ပုဂ္ဂိုလ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။</p>
<p><b>ဆယ်ပါးပညတ်, ကုသိုလ်ရပ်ကို, ပြုအပ်ပြီးသည်, လူတစ်မည်ကား, လူ့ပြည်နတ်ပွဲ, ရမခဲတည့်, ယူစွဲမုချ, ယွင်းမခွဘူး, ဒါနသီလ, ကုသလ၌, လုံ့လလွှတ်လျှော့, လေဘင်ပေါ့၍, မေ့လျှော့သော့အား, တည်နေငြားက, ပျော်ပါးသောက်ယစ်, ဇောခုနစ်နှင့်, စင်စစ်ထို့သူ, သူသေတူ၏။ အလှူသီတင်း, မကင်းဘာဝနာ, မချာရက်နေ့, မမေ့လျော့တတ်, ထိုသူမြတ်ကား, လူနတ်ခန္ဓာ, ပြောင်းလဲကာလျှင်, ချမ်းသာသုခ, မပျက်ကြကြောင့်, ဘဝသဘော, ရွေ့လျောခြင်းဟူ, စုတိမူလည်း, သေသူမမည်, ဟူတုံသည်တည့်။</b> <b>(မဃဒေဝ၊၂၉၁)</b></p>
<p>ဒါန, သီလ, သမထ, ဝိပဿနာကျင့်စဉ်တွေကို အောင်အောင်မြင်မြင် တကယ်လက်တွေ့ ကျင့်နိုင်တဲ့သူတော်ကောင်းတွေကတော့ ဘဝတစ်ခုနှင့် တစ်ခု ပြောင်းလဲပြီး သေနေရပေမယ့်လို့ တကယ်သေတဲ့ပုဂ္ဂိုလ်မျိုးတွေ မဟုတ် ကြဘူး။ ဘာကြောင့်လဲ?</p>
<p>လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာ အမျိုးမျိုးတွေက ဒီသတ္တဝါတွေကို အမြဲတမ်း ဆီးကြိုပြီး စောင့်ဆိုင်းနေတယ်။ ဒီလို စောင့်ဆိုင်းနေတဲ့အတွက်ကြောင့် ဒီသတ္တဝါတွေကို သေနေတဲ့ ပုဂ္ဂိုလ် တွေလို့ ဘယ်တော့မှ မခေါ်တော့ဘူး။ ရှင်နေတဲ့ပုဂ္ဂိုလ်လို့ပဲ လောကမှာ ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ---</p>
<h3>ဝိပ္ပလ္လာသအားကောင်းလျှင်</h3>
<p><b>ဝိပ္ပလ္လာသ, ဖောက်ပြန်ကလည်း, မောဟလွှမ်းပြီး, အယူသီး၏, စပါးကြီးချက်ငြိ, ဟူတုံဘိသို့, အဝီစိသွား, အကျင့်မှားကို, မြစ်တားမရ, ဆုံးမမနာ, ရှိတတ်စွာခဲ့။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p><b>သညာဝိပ္ပလ္လာသ</b> = အမှတ်မှားမှု, <b>စိတ္တဝိပ္ပလ္လာသ</b> = အသိမှားမှု, <b>ဒိဋ္ဌိဝိပ္ပလ္လာသ</b> = အယူမှားမှုဆိုတဲ့ ဝိပ္ပလ္လာသတရားတွေက ဖောက်ပြန်လာပြီဆိုလျှင် မောဟတွေကလည်း အလွန် ဖိစီးလာတတ်ပါတယ်။ ဒီလို မောဟတရားတွေကလည်း အလွန် အားကောင်းလာပြီဆိုလျှင် ဘာဖြစ်မလဲ?</p>
<p><b>ဝိပ္ပလ္လာသ, ဖောက်ပြန်ကလည်း, မောဟလွှမ်းပြီး, အယူသီး၏။ စပါးကြီးချက်ငြိ, ဟူတုံဘိသို့, အဝီစိသွား, အကျင့်မှားကို, မြစ်တားမရ, ဆုံးမမနာ, ရှိတတ်စွာခဲ့။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>အဝီစိကို ရောက်မယ့်ကျင့်စဉ်သာ ဖြစ်ပါစေ၊ ဘယ်လိုပင် တားမြစ်နေ ပေမယ့်လို့ မရတော့ဘူး။ ဆုံးမပေမယ့်လို့လည်း ဘယ်တော့မှ မနာယူတော့ဘူး။ ဝိပ္ပလ္လာသတရား အားကောင်းနေတဲ့ သတ္တဝါတွေရဲ့သန္တာန်မှာ ဒီလို ဖြစ်ရိုးဓမ္မတာတစ်ခု ဖြစ်တတ်ပါတယ်။</p>
<p><b>ပညာအားနည်း, သဒ္ဓါသည်းက, အရည်းမည်ကာ, ယူမိစ္ဆာ၌, သဒ္ဓါလေးမြတ်, ဆည်းကပ်တတ်၏။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>သဒ္ဓါတရားကတော့ သိပ်ပြီး အားကောင်းနေတယ်။ သို့သော် ပညာက အားနည်းနေတယ်ဆိုလျှင်လည်း အရည်းမည်ကာ...တဲ့။ အရည်းဆိုတာကတော့ ရှေးခေတ် ပုဂံခေတ်တုန်းကတော့ ဘုန်းကြီးတွေကို အရည်းလို့ ခေါ်ပါတယ်။</p>
<p><b>အရည်းမည်ကာ, ယူမိစ္ဆာ၌၊</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>အမည်နာမ ကြည့်လိုက်မယ်ဆိုလျှင်တော့ ရဟန်းပဲ၊ ဒါပေမယ့် အယူဝါဒ ကြည့်လိုက်မယ်ဆိုလျှင်တော့ မှားယွင်းနေတဲ့ မိစ္ဆာအယူဝါဒတွေကို လက်ဆုပ် လက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြတယ်။ ဒီလို မှားယွင်း ဖောက်ပြန် နေတဲ့ အယူဝါဒတွေကို လက်ကိုင်ထားတဲ့ အရည်းအမည်ရှိနေတဲ့ ရဟန်းတွေ ကိုသော်လည်း အရိုအသေ အလေးအမြတ် ပြုပြီး သွားဆည်းကပ်တတ်တယ်။ ဘာဖြစ်လို့လဲ? သဒ္ဓါက အားကောင်းပြီး ဉာဏ်ပညာက မရှိတော့ဘူး။ နောက်တစ်ခု ---</p>
<h3>သဒ္ဓါနုံ့နဲ ပညာကဲသော်</h3>
<p><b>ပရမတ်အရာ, မလိမ္မာဘဲ, သဒ္ဓါနုန့်နဲ့, ပညာကဲလည်း, အလွဲပြေးဝင်, အမြင်ယွင်းခွ, တိမ်းပါးကြရှင့်, မီးပြသမား, တွင်းကျွံမှားသို့, ဆယ်ပါးကောင်းမှု, လှူဝတ္ထုကို, စွန့်ပြုမလွှတ်, စိတ္တုပ္ပါဒ်မျှ, ဒါနအလှူ, မြောက်သောဟူ၍, အယူဖောက်လွှဲ, မိစ္ဆာစွဲ၏။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>သဒ္ဓါတရားကလည်း အားလျော့နေပြန်တယ်။ ပရမတ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ပညာကလည်း သိပ်ပြီး အားနည်း နေတယ်။ သဒ္ဓါတရားကလည်း သိပ်ပြီးတော့ နုံ့နေတယ်၊ <b>ပရမတ္ထသစ္စာ</b>ကို ထိုးထွင်းသိတတ်တဲ့ ပညာကလည်း နုံ့နေတယ်။ သို့သော် ဝေဖန်ရေးသမား သက်သက် လုပ်နေတဲ့ ဉာဏ်ပညာအတုအယောင်ကတော့ လွန်ကဲနေပြန်တယ်။ ဒီလို သဒ္ဓါက နုံ့လာပြီ, ဝေဖန်ရေးသမားသက်သက် လုပ်နေတဲ့ ပညာ အတုအယောင်ကလည်း လွန်ကဲလာပြီဆိုလျှင်လည်း သူက ဘယ်လို ဖြစ်လာသလဲ?</p>
<p>ရှေ့က မီးပြသွားတဲ့ပုဂ္ဂိုလ်က တွင်းထဲ, ချောက်ထဲ ကျသွားသလိုပဲ နောက်က လိုက်နေတဲ့ပုဂ္ဂိုလ်တွေ အကုန်လုံးလည်း အမှားဆိုတဲ့ ချောက်ကြီးထဲကို အကုန်လုံး ဆင်းကြရတော့တယ်။ ဒါကြောင့် ---</p>
<p><b>မီးပြသမား, တွင်းကျွံမှားသို့, ဆယ်ပါးကောင်းမှု, လှူဝတ္ထုကို, စွန့်ပြု မလွှတ်, စိတ္တုပ္ပါဒ်မျှ, ဒါနအလှူ, မြောက်သောဟူ၍, အယူဖောက်လွှဲ, မိစ္ဆာစွဲ၏။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>ပညာကလည်း ပရမတ်အရာမှာ မလိမ္မာဘူး။ သဒ္ဓါကလည်း အားပျော့လာပြီ ဆိုလျှင်တော့ -- အလှူဒါနဆိုတာ တကယ်လှူမှ မဟုတ်ပါဘူး။ စိတ်ထဲက လှူလျှင်လည်း အလှူဒါန မြောက်ပါတယ် ဆိုပြီးတော့ ဖောက်ပြန် ချွတ်ယွင်းနေတဲ့ မိစ္ဆာအယူတွေကို သွားပြီးတော့ စွဲမိတတ်ပြန်တယ်။ ဒါကြောင့် သဒ္ဓါနဲ့ပညာ မျှတဖို့က အရေးမကြီးဘူးလား?သိပ်အရေးကြီးတယ်။ ယုံကြည်ချက် သဒ္ဓါတရားလည်း ရှိရမယ်၊ ပရမတ်အရာမှာ လိမ္မာကျွမ်းကျင်နေတဲ့ အသိအလိမ္မာ ဉာဏ်ပညာတွေလည်း ရှိဖို့လိုပါတယ်။</p>
<p>ရုပ်တရား, နာမ်တရားတွေ ဟုတ်တိုင်းမှန်စွာသိတဲ့ပညာ, အကြောင်းတရား, အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ပညာ, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ ပညာ။ ဒီအသိအလိမ္မာ ဉာဏ်ပညာတွေရှိဖို့ လိုအပ်နေတယ်။ ဒီလို ဉာဏ်ပညာတွေ မရှိဘူးဆိုလျှင်တော့ ဘာဖြစ်တတ်သလဲ?</p>
<p><b>လိပ်ခဲပမာ, မြဲမြံစွာလျက်, သတ္တဝါတစ်ယောက်, ယူမှားမှောက်ကို, သိန်းလောက်ဘုရား, လှန်သောအားဖြင့်, ဟောကြားခြေချွတ်, ဖြေမလွှတ်ဘူး။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>လိပ်တွေများ အရာဝတ္ထုတစ်ခုခုကို ကိုက်ခဲလိုက်ပြီဆိုလျှင် သိပ်ပြီးတော့ မြဲမြံတဲ့သဘော ရှိတတ်တယ်။ လိပ်တွေဟာ အရာဝတ္ထုတစ်ခုကို ကိုက်ခဲ ထားသလိုပဲ အယူဝါဒတစ်ခုကို သွားပြီး စွဲယူမိမယ်ဆိုလျှင်လည်း မြဲမြဲမြံမြံနဲ့ ဒီသတ္တဝါတစ်ယောက်က ဆုပ်ကိုင်ထားတတ်တဲ့သဘော ရှိနေတတ်တယ်။ ဒီလို မြဲမြံစွာဖြင့် ဖောက်ပြန်ချို့ယွင်းနေတဲ့ မမှန်ကန်တဲ့ ဝါဒတစ်ခု, ကျင့်ဝတ် တစ်ခုကို ဆုပ်ကိုင်ထားပြီဆိုလျှင်တော့ ဒီအယူမှောက်မှားနေတဲ့ သတ္တဝါကို တစ်သိန်းလောက်ရှိတဲ့ ဘုရားတွေက လာပြီးတော့ ပြောင်းပြန်လှန်ပြီး ချေချွတ် ပေးပေမယ့်လို့ ဒီသတ္တဝါဟာ ဘယ်တော့မှ ကျွတ်နိုင်တဲ့သဘော မရှိတော့ဘူး။</p>
<p>ဒါကြောင့် ဒါယကာကြီးတွေ ဒီလို သံသရာခရီး ကျင်လည်နေတဲ့ အချိန်အခါမှာ ပရမတ်ဉာဏ်ပညာမျက်စိကလေးတွေကို ရရှိအောင် ယခုလို သာသနာနဲ့ တွေ့ခိုက်ကြုံခိုက်မှာ ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်နေပါတယ်။ ပရမတ်ဉာဏ်ပညာမရှိလျှင်တော့ အယူဝါဒတွေဟာ တစ်ခါတစ်ရံ ဘဝတစ်ခုမှာ ဖောက်လွှဲဖောက်ပြန် ဖြစ်နိုင်တဲ့သဘော မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒီလို ဖောက်လွှဲဖောက်ပြန် ဖြစ်ပြီဆိုလျှင်တော့ တစ်သိန်းလောက် ရှိနေတဲ့ ဘုရားတွေက ဝိုင်းပြီး ချေချွတ်သော်လည်း ကျွတ်တမ်းဝင်နိုင်တဲ့ သဘော ရှိသေးသလား? မရှိတော့ဘူး။</p>
<p><b>အကျွတ်မရ, နိယတဖြင့်, ဝါဒအလို, မြေကြီးမျိုလည်း, ယူကိုစွန့်ဘဲ, အကျင့်လွဲ၍, ငရဲခံလိမ့်မည်သောကြောင့်။</b> <b>(မဃဒေဝ၊၃၁၉။)</b></p>
<p>ဒီလို ဘုရားရှင် အဆူဆူတွေက ဘယ်လောက်ပဲ ချေချွတ်ပေးနေပေမယ့်လို့ သစ္စကပရိဗိုဇ်တို့လို မိမိရဲ့ အယူဝါဒကို မိမိက အမြဲတမ်း ဆုပ်ကိုင် ထားမယ်။ မြေမျိုပြီး သေရမယ်ဆိုလျှင်တောင်မှ ဒီအယူဝါဒကို စွန့်လွှတ်နိုင်တဲ့ သဘော မိမိမှာ မရှိတော့ဘူး။ ဒါကြောင့် သာသနာတော်နဲ့ တွေ့ခိုက်ကြုံခိုက် ကလေးမှာ ဒီလို ဖောက်ပြန်မှားယွင်းနေတဲ့ အယူဝါဒတွေကို သုတ်သင် ရှင်းလင်းကြောင်းဖြစ်တဲ့ ဘုရားရှင်ရဲ့ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။</p>
<p>ဒီလို တကယ်လက်တွေ့ ကြိုးစားအားထုတ်ဖို့ကောင်းတဲ့ ထုံးကလေးတွေနဲ့ ပတ်သက်ပြီးတော့ အယောဃရမင်းသားကလေးက ဂါထာပေါင်း (၂၄) ဂါထာနဲ့ မယ်တော်, ခမည်းတော်အမှူးရှိတဲ့ ပရိသတ်အပေါင်းကို ဟောကြားပြီး တောထွက်လို တရားအားထုတ်လိုတဲ့အတွက် ရသေ့ရဟန်းပြုခွင့်ကို တောင်းပန်ပါတယ်။</p>
<p>ဒီလို (၂၄)ဂါထာနဲ့ တရားဟောပြီးတော့ ဟောရုံတွင် ပြီးရောလား ဆိုတော့ မဟုတ်သေးပါဘူး။ ဘုရားအလောင်း သူတော်ကောင်းတွေရဲ့ ဓမ္မတာက <b>ယထာဝါဒီ တထာကာရီ</b> = ပြောတဲ့အတိုင်း လိုက်နာပြုကျင့်တဲ့ သဘော ရှိပါတယ်။</p>
<p>ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ပြောတဲ့အတိုင်း လိုက်နာပြုကျင့်နိုင်တဲ့သဘော ရှိကြရဲ့လား? ဒီပရိသတ်ထဲမှာတော့ လိုက်နာပြုကျင့်နိုင်တဲ့ပုဂ္ဂိုလ် ရှိ,မရှိတော့ မပြောတတ်ဘူး။ အယောဃရမင်းသားကတော့ တောထွက်သွားပါတယ်။</p>
<p><b>အယောဃရ</b>မင်းသားကလေးတောထွက်ပြီဆိုတဲ့အခါမှာတော့မယ်တော်, ခမည်းတော်တို့ကလည်း လိုက်ပါပြီးတော့ တောထွက်ကြပါတယ်။ နန်းတွင်းသူ နန်းတွင်းသား အားလုံး, မှူးကြီးမတ်ရာ စစ်သေနာပတိ အားလုံး, တိုင်းသူ ပြည်သားအားလုံး တောထွက်ကြပါတယ်။ ပရိသတ် ဘယ်လောက် ရှိသွားသလဲဆိုလျှင်တော့ ဆယ့်နှစ်ယူဇနာ အတိုင်းအရှည် ရှိပါတယ်။ အဲဒီဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိနေတဲ့ ဒီပရိသတ်တွေကို <b>အယောဃရ</b>မင်းသားကလေးက ခေါ်ဆောင်ပြီးတော့ ဟိမဝန္တာသို့ ရှေးရှု တောထွက်သွားပြီ။ <b>အယောဃရ</b>မင်းသား ဦးဆောင်နေတဲ့ တိုင်းသူပြည်သား လူအများတို့ တောထွက်လာပြီဆိုတာ သိတဲ့အတွက် သိကြားမင်းကြီးကလည်း <b>မာတလိ</b> နတ်သားကို ရသေ့ရဟန်းတို့နဲ့ ထိုက်တန်တဲ့ ကျောင်းသင်္ခမ်းတွေ, ပရိက္ခရာတွေကို စီမံဖန်တီးဖို့ရန်အတွက် ခိုင်းစေလိုက်ပါတယ်။ အားလုံး ဖန်ဆင်းပြီးပြီ ဆိုကြစို့ ---</p>
<p>အဲဒီ (၁၂)ယူဇနာလောက် ရှိနေတဲ့ ဒီပရိသတ်ကို <b>အယောဃရ</b>မင်းသား ကလေးက စျာန်အဘိညာဏ်တရားတွေကို ရရှိအောင် နည်းလမ်းစနစ်တွေကို သွန်သင်ပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ဘာကြောင့်လဲ? အတိတ်ဘဝ သံသရာအဆက်ဆက်က ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ စျာန်အဘိညာဏ်တွေကို ရရှိအောင် ကြိုးစားအားထုတ်ခဲ့ခြင်း, ဝိပဿနာပိုင်းမှာလည်း <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့ တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့ဖူးခြင်းကြောင့် ဒီသူတော်ကောင်းတွေကို စျာန်အဘိညာဏ်တွေကို ရရှိအောင် ဆိုဆုံးမဖို့ရန်အတွက် သူ့အတွက်လည်း မခက်ခဲတော့ဘူး။ သူကိုယ်တိုင် လက်တွေ့ ပြန်ပြီး ကျင့်လိုက်တဲ့အချိန်အခါမှာလည်းပဲ လွယ်လွယ်ကူကူနဲ့ ရရှိတဲ့သဘော ရှိနေပါတယ်။</p>
<p>ဒီလို ရရှိတဲ့အတွက် ဒီပရိသတ်တွေကို ဆိုဆုံးမလိုက်တာ ဒီပရိသတ် အားလုံးရဲ့ သုံးပုံ ပုံလိုက်လျှင် နှစ်ပုံလောက်ကတော့ ကွယ်လွန်တဲ့ အချိန်အခါမှာ ဗြဟ္မာ့ပြည်ကို အားလုံး ရောက်ရှိသွားကြပါတယ်။ ကျန်နေတဲ့ တစ်ပုံကိုလည်း ထပ်ပြီး သုံးပုံ ပုံလိုက်မယ်ဆိုလျှင် တစ်ပုံက ဗြဟ္မာ့ပြည်ကို ရောက်ရှိ ကြပါတယ်။ တစ်ပုံကတော့ နတ်ပြည်ကို ရောက်ရှိကြပါတယ်။ ကျန်နေတဲ့ တစ်ပုံကတော့ လူ့ပြည်မှာပဲ ချမ်းသာတဲ့ အမျိုးအနွယ်ဖြစ်တဲ့ ပုဏ္ဏားမျိုး, မင်းမျိုး, သူဌေးမျိုးဆိုတဲ့ ဒီအမျိုးအနွယ်တွေမှာပဲ သွားပြီး လူလာပြီး ဖြစ်ကြပါတယ်။ ဒီလို အမျိုးအနွယ် သုံးခုမှာ သွားပြီးတော့ လူဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးလျှင်တော့ ဒီနေ့ သာယာကုန်း ဝတ်ကြီးအသင်းတိုက်မှာ ဂေါပကလူကြီးတွေ ရှိကြပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး တွေလို့ ဘုန်းကြီးကတော့ သဘောပေါက်ပါတယ်။ ဘာဖြစ်လို့လဲ? ဘုရား ဝေယျာဝစ္စ, သံဃာ့ဝေယျာဝစ္စ အစရှိတဲ့ ဒီဝေယျာဝစ္စကိုတော့ သူတို့က ဝါသနာပါကြတယ်။ တကယ်လက်တွေ့ တရားအားထုတ်ဖို့တော့ သူတို့က ဝါသနာမပါကြဘူး။</p>
<p>ဒီလို တောထဲမှာ ဆယ့်နှစ်ယူဇနာလောက်ရှိတဲ့ ပရိသတ်ကြီး တရား အားထုတ်နေတဲ့ အချိန်အခါမှာ သူတို့က တရားအားထုတ်တဲ့ဘက်က မနေဘဲ၊ ဝေယျာဝစ္စဆောင်ရွက်တဲ့ဘက်ကပဲ နေတဲ့အတွက် ဗြဟ္မာ့ပြည်လည်း မရောက်နိုင်ဘူး၊ နတ်ပြည်လည်း မရောက်နိုင်ဘဲ လူ့ပြည်မှာပဲ မင်းမျိုး, သူဌေးမျိုး, ပုဏ္ဏားမျိုးဆိုတဲ့ အမျိုးသုံးခုမှာပဲ လူလာပြီး ဖြစ်ကြရတယ်။ အထက်တန်းကျတာနဲ့ အောက်တန်းကျတာ ဘယ်ဟာက ပိုကောင်းသလဲ? အထက်တန်းကျတာက ပိုကောင်းတယ်ဆိုလျှင်တော့ ဒီနေ့ သာယာကုန်း ဝတ်ကြီးအသင်းတိုက်မှာ ဂေါပကလူကြီး ပြုလုပ်နေကြတဲ့ သူတော်ကောင်းတို့လည်း ရှေးရှေးသော သူတော်ကောင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တဲ့ လမ်းစဉ်အတိုင်း ဒါန, သီလ, သမထ, ဝိပဿနာဘာဝနာ ကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ ကဲ တရားသိမ်းကြစို့ ---</p>
<p><b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။<br>တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b></p>
<p><b>သန္တော</b> = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။</p>
<p><b>ဂမ္ဘီရစိန္တကာ</b> = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။</p>
<p><b>ကာမေ</b> = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။</p>
<p><b>ဟိတွာ</b> = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။</p>
<p><b>ပဗ္ဗဇိံသု</b> = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။</p>
<p><b>တုမှေပိ</b> = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။</p>
<p><b>ပဗ္ဗဇိတာ</b> = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။</p>
<p><b>သုပေသလာ</b> = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။</p>
<p><b>တေ</b> = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။</p>
<p><b>အနုသိက္ခာဝှေါ</b> = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။</p>
<p>သာဓု သာဓု သာဓုပါဘုရား . . .</p>
<p>___________</p>
9p6cq7u6dwasmbcbo9lb3vadmz6ivkh
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁
0
5671
18608
18556
2025-06-02T14:25:44Z
Ninjastrikers
39
18608
wikitext
text/x-wiki
{{header|title=တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၁/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]|year=2021|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၂/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
rd0m6123aeo5y5unwxqpf9axujczwgs
18638
18608
2025-06-02T15:15:16Z
Ninjastrikers
39
[[commons:Help:Gadget-HotCat|HotCat]]ကို အသုံးပြု၍ [[Category:မြန်မာဘာသာ]]ကို ဖယ်ရှားခဲ့သည်၊ [[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]ကို ပေါင်းထည့်ခဲ့သည်
18638
wikitext
text/x-wiki
{{header|title=တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၁/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]|year=2021|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၂/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
gvh62kwebvcqbyzkttzze33aegx6v6l
18658
18638
2025-06-03T02:31:34Z
Salai Rungtoi
371
18658
wikitext
text/x-wiki
{{header|title=တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၁/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]|year=2021|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၂/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
'''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
dcz3qir7grym9z6hjmjt1vhhdmdg7bl
18661
18658
2025-06-03T02:38:00Z
Salai Rungtoi
371
18661
wikitext
text/x-wiki
{{header|title=တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၁/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]|year=၂၀၂၁|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၂/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
'''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်<br> တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
rmr265wxopt7khkubqnis6xmswymf7o
မုခ်ဝ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
100
5672
18614
18555
2025-06-02T14:28:17Z
Ninjastrikers
39
[[စာရေးသူ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]] မှ [[မုခ်ဝ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]] သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Ninjastrikers က ရွှေ့ခဲ့သည်
18555
wikitext
text/x-wiki
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
k9czpux633gfj1qdldibyikyii5a2tb
18621
18614
2025-06-02T14:49:03Z
Ninjastrikers
39
18621
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| class = U
| subclass1 = B
| wikipedia = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikiquote =
| commons =
| commonscat =
| notes =
}}
7celvoq0edkn7dv2rd8yjvn7jazs7bt
18622
18621
2025-06-02T14:52:11Z
Ninjastrikers
39
18622
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| class = U
| subclass1 = B
| wikipedia = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikiquote =
| commons =
| commonscat =
| notes = တပ်မတော် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့နှင့်ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်သည်။[၁][၂] ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကိုခံယူရသည်။
}}
[[File:Flag of the Commander-in-Chief of Defence Services (Myanmar).svg|thumb|right|တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ]]
==လုပ်ဆောင်ချက်များ==
[[ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
2nfqpelfnw5wprcl0wn2qv9d6ulgtvk
18624
18622
2025-06-02T14:57:02Z
Ninjastrikers
39
/* လုပ်ဆောင်ချက်များ */

===အမိန့်များ===
====၂၀၂၁====
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၁/၂၀၂၁]]
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁]]
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁]]
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁]]
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁]]
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁]]
===အမိန့်ကြော်ငြာစာများ===
====၂၀၂၄====
* [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄]]
[[ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
3gs81217zfgc8uwfj60zxrljb2sxve3
18629
18624
2025-06-02T15:02:22Z
Ninjastrikers
39
18629
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| class = U
| subclass1 = B
| wikipedia = တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
| wikiquote =
| commons =
| commonscat =
| notes = တပ်မတော် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့နှင့်ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်သည်။ [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ|၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ]]အရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကိုခံယူရသည်။

8g9ge8s66r5c643jjoiwtk0a97zt7my
18649
18629
2025-06-03T01:53:16Z

===ထုတ်ပြန်ချက်များ===
====၂၀၂၅====
* [[ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်]]
[[ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
n7a246f39ny23mn6c6yfz29jv79j4an
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁
0
5673
18609
18566
2025-06-02T14:26:05Z
Ninjastrikers
39
18609
wikitext
text/x-wiki
{{header|title= အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁]]|year=2021|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၃/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
992kvcrswpm3bl1i87wiaus4x6aln1n
18657
18609
2025-06-03T02:30:48Z
Salai Rungtoi
371
18657
wikitext
text/x-wiki
{{header|title= အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁]]|year=2021|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၃/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
'''အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း'''}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
3rm1c39alwi6c39pq4juc2dl73nwvtd
18660
18657
2025-06-03T02:36:56Z
Salai Rungtoi
371
18660
wikitext
text/x-wiki
{{header|title= အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၂/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁]]|year=၂၀၂၁|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၃/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
'''အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း'''}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
eagka64mqr9vgrq5hs8i0zvzqyop9dv
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁
0
5674
18610
18565
2025-06-02T14:26:07Z
Ninjastrikers
39
18610
wikitext
text/x-wiki
{{header|title= မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁]]
|year=၂၀၂၁|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
''' မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၄/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
chqonnqu2lc59cm98791kxmzsfpbe7c
18656
18610
2025-06-03T02:29:52Z
Salai Rungtoi
371
18656
wikitext
text/x-wiki
{{header|title= မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=
|previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၃/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁]]
|year=၂၀၂၁|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၄/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း'''}}ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
6rsoxar4gbp65uwk6kobqn6v1me0uam
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁
0
5676
18611
18570
2025-06-02T14:26:27Z
Ninjastrikers
39
18611
wikitext
text/x-wiki
{{header|title=ဒုတိယဝန်ကြီးများ တာဝန်မှရပ်စဲခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
''' ဒုတိယဝန်ကြီးများ တာဝန်မှရပ်စဲခြင်း'''<br>
'''အမိန့်အမှတ် (၅/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}} အောက်ဖော်ပြပါအမည်နှင့် ယှဉ်တွဲဖော်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများအား ယနေ့မှစ၍ တာဝန်မှရပ်စဲလိုက်သည် -
{|
|+
|-
| (၁) || ဦးခင်မောင်တင် || နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
|-
| (၂) || ဦးမင်လွင် || နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
|-
| (၃) || ဦးတင်မြင့် || ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
|-
| (၄) || ဦးမောင်မောင်ဝင်း || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၅) || ဦးဆက်အောင် || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၆) || ဒေါက်တာမင်းရဲပိုင်ဟိန်း || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၇) || ဦးဗရတ်ဆင်း || ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၈) || ဦးဟောက်ဒိုဆွမ်း || အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
|-
| (၉) || ဦးအောင်လှထွန်း || ပြန်ကြားရေးဝန်ကြီးဌာန
|-
| (၁၀) || ဦးကြည်မင်း || သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
|-
| (၁၁) || ဦးလှကျော် || စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
|-
| (၁၂) || ဦးကျော်မျိုး || ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၁၃) || ဦးသာဦး || ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၁၄) || ဒေါက်တာရဲမြင့်ဆွေ || သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
|-
| (၁၅) || ဒေါက်တာထွန်းနိုင် || လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
|-
| (၁၆) || ဦးခင်မောင်ဝင်း || လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
|-
| (၁၇) || ဦးအောင်ထူး || စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
|-
| (၁၈) || ဦးမြင့်ကြိုင် || အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
|-
| (၁၉) || ဦးဝင်းမောင်ထွန်း || ပညာရေးဝန်ကြီးဌာန
|-
| (၂၀) || ဒေါက်တာမြလေးစိန် || ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
|-
| (၂၁) || ဦးကျော်လင်း || ဆောက်လုပ်ရေးဝန်ကြီးဌာန
|-
| (၂၂) || ဦးစိုးအောင် || လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
|-
| (၂၃) || ဦးတင်လတ် || ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
|-
| (၂၄) || ဦးလှမော်ဦး || တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
h3julz76wj22ypybp3evug1hxwksqff
18655
18611
2025-06-03T02:28:57Z
Salai Rungtoi
371
18655
wikitext
text/x-wiki
{{header|title=ဒုတိယဝန်ကြီးများ တာဝန်မှရပ်စဲခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၄/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၅/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' ဒုတိယဝန်ကြီးများ တာဝန်မှရပ်စဲခြင်း'''}} အောက်ဖော်ပြပါအမည်နှင့် ယှဉ်တွဲဖော်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများအား ယနေ့မှစ၍ တာဝန်မှရပ်စဲလိုက်သည် -
{|
|+
|-
| (၁) || ဦးခင်မောင်တင် || နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
|-
| (၂) || ဦးမင်လွင် || နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
|-
| (၃) || ဦးတင်မြင့် || ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
|-
| (၄) || ဦးမောင်မောင်ဝင်း || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၅) || ဦးဆက်အောင် || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၆) || ဒေါက်တာမင်းရဲပိုင်ဟိန်း || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၇) || ဦးဗရတ်ဆင်း || ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၈) || ဦးဟောက်ဒိုဆွမ်း || အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
|-
| (၉) || ဦးအောင်လှထွန်း || ပြန်ကြားရေးဝန်ကြီးဌာန
|-
| (၁၀) || ဦးကြည်မင်း || သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
|-
| (၁၁) || ဦးလှကျော် || စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
|-
| (၁၂) || ဦးကျော်မျိုး || ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၁၃) || ဦးသာဦး || ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၁၄) || ဒေါက်တာရဲမြင့်ဆွေ || သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
|-
| (၁၅) || ဒေါက်တာထွန်းနိုင် || လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
|-
| (၁၆) || ဦးခင်မောင်ဝင်း || လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
|-
| (၁၇) || ဦးအောင်ထူး || စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
|-
| (၁၈) || ဦးမြင့်ကြိုင် || အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
|-
| (၁၉) || ဦးဝင်းမောင်ထွန်း || ပညာရေးဝန်ကြီးဌာန
|-
| (၂၀) || ဒေါက်တာမြလေးစိန် || ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
|-
| (၂၁) || ဦးကျော်လင်း || ဆောက်လုပ်ရေးဝန်ကြီးဌာန
|-
| (၂၂) || ဦးစိုးအောင် || လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
|-
| (၂၃) || ဦးတင်လတ် || ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
|-
| (၂၄) || ဦးလှမော်ဦး || တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
dg92h7tos18il5fnhhat05t6zdenboc
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁
0
5677
18612
18571
2025-06-02T14:26:31Z
Ninjastrikers
39
18612
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
''' ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၆/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}} ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန်အပ်တာဝန်ပေးအပ်လိုက်သည် -
{|
|+
|-
| (၁) || ဦးဝဏ္ဏမောင်လွင် || နိုင်ငံခြားရေးဝန်ကြီးဌာန
|-
| (၂) || ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် || ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
|-
| (၃) || ဗိုလ်ချုပ်ကြီးမြထွန်းဦး || ကာကွယ်ရေးဝန်ကြီးဌာန
|-
| (၄) || ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် || နယ်စပ်ရေးရာဝန်ကြီးဌာန
|-
| (၅) || ဦးဝင်ရှိန် || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၆) || ဦးအောင်နိုင်ဦး || ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၇) || ဦးကိုကိုလှိုင် || အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
|-
| (၈) || ဦးချစ်နိုင် || ပြန်ကြားရေးဝန်ကြီးဌာန
|-
| (၉) || ဦးကိုကို || သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
|-
| (၁၀) || ဦးမြင့်ကြိုင် || အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
|-
| (၁၁) || ဒေါက်တာသက်ခိုင်ဝင်း || ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
cgbhk552gfgpo28vxx1i5ufivznaas2
18651
18612
2025-06-03T02:22:12Z
Salai Rungtoi
371
18651
wikitext
text/x-wiki
{{header|title=တာဝန်မှ ရပ်စဲခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၇/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' တာဝန်မှ ရပ်စဲခြင်း'''
}}
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယနေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်သည် -
(၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ <br>
(၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
jv56zn9isbhwpuscyp9qota7vtov8vd
18652
18651
2025-06-03T02:23:07Z
Salai Rungtoi
371
[[Special:Contributions/Salai Rungtoi|Salai Rungtoi]] ([[User talk:Salai Rungtoi|ဆွေးနွေး]]) ၏ တည်းဖြတ်မူ [[Special:Diff/18651|18651]] ကို ပြန်လည်ပယ်ဖျက်လိုက်သည်
18652
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
''' ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''<br>
'''အမိန့်အမှတ် (၆/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)}} ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန်အပ်တာဝန်ပေးအပ်လိုက်သည် -
{|
|+
|-
| (၁) || ဦးဝဏ္ဏမောင်လွင် || နိုင်ငံခြားရေးဝန်ကြီးဌာန
|-
| (၂) || ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် || ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
|-
| (၃) || ဗိုလ်ချုပ်ကြီးမြထွန်းဦး || ကာကွယ်ရေးဝန်ကြီးဌာန
|-
| (၄) || ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် || နယ်စပ်ရေးရာဝန်ကြီးဌာန
|-
| (၅) || ဦးဝင်ရှိန် || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၆) || ဦးအောင်နိုင်ဦး || ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၇) || ဦးကိုကိုလှိုင် || အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
|-
| (၈) || ဦးချစ်နိုင် || ပြန်ကြားရေးဝန်ကြီးဌာန
|-
| (၉) || ဦးကိုကို || သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
|-
| (၁၀) || ဦးမြင့်ကြိုင် || အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
|-
| (၁၁) || ဒေါက်တာသက်ခိုင်ဝင်း || ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
cgbhk552gfgpo28vxx1i5ufivznaas2
18654
18652
2025-06-03T02:28:20Z
Salai Rungtoi
371
18654
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၅/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၆/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''}} ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန်အပ်တာဝန်ပေးအပ်လိုက်သည် -
{|
|+
|-
| (၁) || ဦးဝဏ္ဏမောင်လွင် || နိုင်ငံခြားရေးဝန်ကြီးဌာန
|-
| (၂) || ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် || ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
|-
| (၃) || ဗိုလ်ချုပ်ကြီးမြထွန်းဦး || ကာကွယ်ရေးဝန်ကြီးဌာန
|-
| (၄) || ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် || နယ်စပ်ရေးရာဝန်ကြီးဌာန
|-
| (၅) || ဦးဝင်ရှိန် || စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
|-
| (၆) || ဦးအောင်နိုင်ဦး || ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
|-
| (၇) || ဦးကိုကိုလှိုင် || အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
|-
| (၈) || ဦးချစ်နိုင် || ပြန်ကြားရေးဝန်ကြီးဌာန
|-
| (၉) || ဦးကိုကို || သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
|-
| (၁၀) || ဦးမြင့်ကြိုင် || အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
|-
| (၁၁) || ဒေါက်တာသက်ခိုင်ဝင်း || ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန
|}
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:မြန်မာဘာသာ]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
or7lw9sb280xlblkozes0bq1mzuhcvq
18665
18654
2025-06-03T02:48:48Z
Salai Rungtoi
371
18665
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|translator=|section=|

1bi9d084xfdzpvgh7bevms77b8wel6k
မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်
0
5681
18646
18599
2025-06-02T23:21:33Z
Tejinda
173
18646
wikitext
text/x-wiki
{{header
| title = [[မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်]]
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်</b>
| previous = [[သံအိမ်စံမင်းသား]]
| previous2 =
| next = [[အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်</h3>
<p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</b></p>
<h3>နိဒါနကထာ</h3>
<p>လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က သုမေဓာပညာရှိ သူတော်ကောင်းသည် မြတ်သော ပြာသာဒ်ထက်သို့ တက်ရောက်ကာ ထက်ဝယ်ဖွဲ့ခွေထိုင်နေလျက် ဤသို့ စဉ်းစားခဲ့၏ ---</p>
<p>အမောင် ပညာရှိသူတော်ကောင်း ...တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရခြင်းမည်သည်ကား ဆင်းရဲလှ၏၊ အလားတူပင် ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌ ခန္ဓာကိုယ်၏ သေကျေပျက်စီးရခြင်းသည်လည်း ဆင်းရဲ လှ၏၊ ငါသည်လည်း ပဋိသန္ဓေတည်နေရခြင်း သဘောတရား ထင်ရှားရှိနေသူသာ ဖြစ်၏၊ အိုခြင်း (= ဇရာတရား) ထင်ရှားရှိနေသူသာ ဖြစ်၏၊ ဖျားနာရခြင်း (= ဗျာဓိတရား) ထင်ရှားရှိနေသူသာ ဖြစ်၏၊ သေခြင်း (= မရဏတရား) ထင်ရှားရှိနေသူသာ ဖြစ်၏။</p>
<p>ဤကဲ့သို့သော ပဋိသန္ဓေဘေးဆိုးကြီး, အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးတို့ ထင်ရှားရှိနေသေးသော ငါသည် ပဋိသန္ဓေ မနေရာ, မအိုရာ, မနာရာ, ဆင်းရဲမရှိရာ, ချမ်းသာရာ, အေးမြရာ, မသေရာ အမြိုက် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရှာမှီးခြင်းငှာ သင့်လှပေ၏၊ မချွတ်ဧကန် အမှန် အားဖြင့် ဘဝမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း တစ်ခုသော လမ်းကောင်းသည် ရှိသင့်လေရာ၏။</p>
<p>ဥပမာမည်သည်ကား --- မစင်တွင်း၌ နစ်မြုပ်နေသော ယောက်ျားသည် ခပ်လှမ်းလှမ်း တစ်နေရာဝယ် လှပတင့်တယ် ရှုချင်စဖွယ် ရှိလှသည့် အရောင်အဝါ ငါးမျိုးတို့ဖြင့် အလှဆုံး တန်ဆာဆင်ထားသည့် ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းလျက်ရှိသော တစ်ဖက်ဆည်ကန်အိုင်ကြီးတစ်ခုကို မြင်တွေ့နေရလျှင် အဘယ်လမ်းခရီးဖြင့် ဤအိုင်ကြီးသို့ သွားရပါမည်နည်းဟု ထိုအိုင်ကြီးသို့ သွားရာလမ်းကို ရှာဖွေသင့်၏၊ ထိုယောက်ျား၏ ထိုအိုင်ကြီးသို့ သွားရာလမ်းကို မရှာဖွေခြင်းသည် ထိုအိုင်ကြီး၏ အပြစ်ကား မဟုတ်၊ ထိုယောက်ျား၏ အပြစ်သာ ဖြစ်လေရာ၏။ ---</p>
<p>ဤဥပမာအတူပင်လျှင် ကိလေသာအညစ်အကြေးတို့ကို ဖြူစင်သန့်ရှင်းအောင် ဆေးကြောသုတ်သင်ရာဖြစ်သော မသေရာ အမြိုက်နိဗ္ဗာန်တရား တော်မြတ်ကြီးတည်းဟူသော တစ်ဖက်ဆည်ကန်အိုင်ကြီးသည် ထင်ရှား ရှိနေသည် ဖြစ်ပါလျက် ထိုမသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးသို့ သွားရာသွားကြောင်း ရောက်ရာရောက်ကြောင်းဖြစ်သည့် လမ်းကောင်းလမ်းမြတ်ကြီးကို မရှာဖွေခြင်းသည် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီး တည်းဟူသော တစ်ဖက်ဆည်ကန်အိုင်ကြီး၏ အပြစ်ကား မဟုတ်ပေ။</p>
<p>ဥပမာတစ်မျိုးသော်ကား --- ခိုးသားဓားပြတို့ဖြင့် ဝန်းရံခံနေရသော ယောက်ျားသည် ယင်းခိုးသားဓားပြတို့၏ ဘေးရန်အန္တရာယ် အသွယ်သွယ်မှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးဖို့ရန် လမ်းကောင်းသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် အကယ်၍ ထွက်မပြေးခဲ့ငြားအံ့။ ထိုသို့ ထွက်မပြေးခြင်းသည် လမ်းခရီး၏ အပြစ်ကား မဟုတ်ပေ၊ သိလျက် မြင်လျက် ဇွတ်မှိတ်ကာ ထွက်မပြေးလိုသော ထိုယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။ ---</p>
<p>ဤဥပမာအတူပင်လျှင် ကိလေသာခိုးသားဓားပြတို့က ဝန်းရံကာလျက် အဖမ်းဆီးခံနေရသော ယောက်ျားသည် ကိလေသာအပူမီးတို့မှ အငြိမ်းကြီး ငြိမ်းရာ အအေးကြီးအေးရာ အလွတ်ကြီးလွတ်ရာ အကျွတ်ကြီးကျွတ်ရာ ဖြစ်သည့် နိဗ္ဗာန်ရွှေပြည်သို့ သွားရာသွားကြောင်း လမ်းကောင်း လမ်းမြတ်ကြီးသည် ထင်ရှားတည်ရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန်သို့ သွားရာသွားကြောင်း လမ်းကောင်း လမ်းမြတ်ကို မရှာဖွေခြင်းမည်သည် နိဗ္ဗာန်သို့ သွားရာသွားကြောင်း လမ်းကောင်းလမ်းမြတ်၏ အပြစ်ကား မဟုတ်ပေ၊ နိဗ္ဗာန်သို့ သွားရာ သွားကြောင်း ဖြစ်သည့် လမ်းကောင်း လမ်းမြတ်ကို မရှာဖွေသူ၏ အပြစ်သာ ဖြစ်ပေသည်။</p>
<p>ဥပမာတစ်မျိုးသော်ကား --- ဖျားနာခြင်း (= ဗျာဓိတရား)ဖြင့် အနှိပ်စက် ခံနေရသော ယောက်ျားသည် ဖျားနာခြင်း (= ဗျာဓိတရား)ကို ကုစားတတ်သော အနာရောဂါ ပျောက်ကင်းကြောင်း ဆေးဆရာသမားကောင်းသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် ထိုဆေးဆရာသမားကောင်းကို ရှာမှီး၍ ဖျားနာခြင်း (= ဗျာဓိရောဂါ)ကို အကယ်၍ မကုစားသည် ဖြစ်ငြားအံ့။ ထိုသို့ မကုစားခြင်းသည် ဆေးဆရာသမားတော်ကြီး၏ အပြစ်ကား မဟုတ်၊ ထို ယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။</p>
<p>ဤဥပမာအတူပင်လျှင် ကိလေသာ အနာရောဂါအမျိုးမျိုးဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေရသော အကြင်ယောက်ျားသည် ကိလေသာ အပူမီးတို့၏ ငြိမ်းအေးကြောင်း အကျင့်လမ်းကောင်း၌ ကျွမ်းကျင်လိမ္မာသော ဆရာကောင်း သမားကောင်းသည် ထင်ရှားရှိနေပါလျက် အကယ်၍ ဆရာကောင်း သမားကောင်းကို မရှာဖွေသည် ဖြစ်ငြားအံ့။ ထိုယောက်ျား၏သာလျှင် အပြစ် ဖြစ်လေရာ၏၊ ကိလေသာ အပူမီးကို ဖျက်ဆီးပေးတတ်သော အကျင့်လမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတတ်သော ဆရာသမားကောင်း၏ အပြစ်ကား မဟုတ်သည်သာ ဖြစ်ပေသည်။</p>
<p>ဥပမာတစ်မျိုးသော်ကား --- အလှတွင် သရဖူဆောင်းကာ လှလှပပ ကျကျနန ဝတ်စားဆင်ယင် တန်ဆာဆင်ထားသော ယောက်ျားသည် လည်ပင်း၌ ဆွဲချိတ်ထားသော သူသေကောင်ပုပ်ကို စွန့်ပစ်နိုင်ခဲ့သော် ချမ်းသာခြင်း သုခရှိသူ၏အဖြစ်သို့ ရောက်ရှိလေရာ၏။</p>
<p>ဤဥပမာအတူပင်လျှင် ငါသည်လည်းပဲ ဤငါ၏ ခန္ဓာကိုယ်တည်းဟူသော အပုပ်ကောင်ကြီးကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်ထားခဲ့ပြီးနောက် အပုပ်ကောင် အမျိုးမျိုးတို့၏ မရှိရာ အမြိုက်နိဗ္ဗာန်တည်းဟူသော ရွှေမြို့တော်ကြီးသို့ ဝင်ရောက်ထိုက်လှပေ၏။</p>
<p>ဥပမာတစ်မျိုးသော်ကား --- အမျိုးသား အမျိုးသမီးတို့သည် မစင်စွန့်ရာ အရပ်၌ ကျင်ကြီး ကျင်ငယ်ကို စွန့်ပြီးနောက် ထိုကျင်ကြီး ကျင်ငယ်ကို ခါးပုံစ ထဲ၌ ထည့်ယူ၍လည်းကောင်း, ပုဆိုးစွန်းဖြင့် ထုပ်ယူ၍လည်းကောင်း မသွားကြကုန်၊ ရွံရှာစက်ဆုပ်ကြကုန်လျက် ငဲ့ကွက်တွယ်တာမှု မရှိကြကုန်ဘဲ သာလျှင် စွန့်ပစ်ကာ သွားကြကုန်၏။ ဤဥပမာအတူသာလျှင် ငါသည်လည်းပဲ ဤခန္ဓာကိုယ် အပုပ်ကောင် မစင်တုံးကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ မစင်ပုံကြီးကဲ့သို့ စွန့်ပစ်ထားခဲ့ပြီးနောက် ခန္ဓာကိုယ် အပုပ်ကောင် မစင်တုံးကြီးတို့၏ ကင်းချုပ်ရာဖြစ်သည့် မသေရာ အမြိုက်နိဗ္ဗာန်မြို့ကြီး အတွင်းသို့ ဝင်ရောက်သင့်လှပေ၏။</p>
<p>ဥပမာတစ်မျိုးသော်ကား --- လှေသူကြီးတို့မည်သည် ဆွေးမြည့်ယိုယွင်း အိုမင်းလျက်ရှိသော လှေအိုစုတ်ကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုကြတော့ဘဲ စွန့်ပစ်ကာ သွားကြကုန်သကဲ့သို့ ဤဥပမာအတူ ငါသည်လည်းပဲ ကိုးပေါက်ဒွါရ အမာဝတို့မှ တစီစီ ယိုစီးကျဆင်းလျက်ရှိသော လှေအိုစုတ်ကြီးနှင့် ပမာတူသည့် ဤခန္ဓာကိုယ်ကောင်စုတ်ကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ စွန့်ပစ်ထားခဲ့ပြီးနောက် ခန္ဓာကိုယ်ကောင်စုတ်ကြီးတို့၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သည့် နိဗ္ဗာန်တည်းဟူသော မြို့တော်ကြီး၏ အတွင်းသို့ ဝင်ရောက်၍ သွားပေတော့အံ့။ ---</p>
<p>ဥပမာတစ်မျိုးသော်ကား --- လက်ဝတ်တန်ဆာ အဖိုးတန်ရတနာ အမျိုးမျိုးတို့ကို ယူဆောင်ကာ ခိုးသားဓားပြတို့နှင့် အတူတကွ လမ်းခရီးတစ်ခုကို သွားမိသော ယောက်ျားသည် မိမိ၏ အဖိုးတန်ရတနာ အမျိုးမျိုးတို့၏ ပျက်စီး ဆုံးရှုံးရမည့် ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်မှ ကြောက်ရွံ့သောကြောင့် ထိုခိုးသားဓားပြတို့ကို စွန့်ပစ်ကာ ဘေးကင်းသော လမ်းကို ယူပြီးနောက် မိမိလိုရာခရီးသို့ ဆက်လက်ကာ သွားသကဲ့သို့ --- ဤဥပမာအတူပင် ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ကရဇကာယအမည်ရသော ဤရူပကာယကြီး သည်လည်း မဏိဇောတ ပြည်တန်ပတ္တမြားကဲ့သို့သော အဖိုးတန်ရတနာ အမျိုးမျိုးတို့ကို လုယက်ဖျက်ဆီးတတ်သော ခိုးသားဓားပြနှင့် တူလှ၏။</p>
<p>[ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော အကြောင်းတရား လေးမျိုးတို့တွင် တစ်မျိုးမျိုးသည် ဖောက်ပြန် ပျက်စီးလာပါက, ဓာတ်ကြီးလေးပါး တို့တွင်လည်း တစ်ပါးပါးသည် ဖောက်ပြန် ပျက်စီးလာပါက ဤခန္ဓာကိုယ်ကြီးသည် အချိန်မရွေး ပျက်စီးဆုံးရှုံးသွားနိုင်၏။ ထိုကြောင့် ယင်းအကြောင်းတရားတို့သည်လည်းကောင်း, ဓာတ်ကြီးလေးပါးတို့သည်လည်းကောင်း မိမိတို့ကို အသေသတ်မည့် မြွေကြီးလေးကောင်တို့နှင့်လည်း တူလှ၏၊ ခိုးသား ဓားပြ လူသတ်သမားကြီးတို့နှင့်လည်း တူလှ၏။ (အာသီဝိသောပမသုတ္တန် သံ၊၂၊ ၃၈၁-၃၈၂။)] ငါသည် အကယ်၍ ခိုးသားဓားပြနှင့်တူသော ဤခန္ဓာအိမ်ကြီး အပေါ်၌ တွယ်တာမက်မောမှု တဏှာတရားကို ထင်ရှားပြုနေသည် ဖြစ်ငြားအံ့။ နိဗ္ဗာန်သို့သွားရာ တစ်ခုတည်းသော လမ်းကြောင်းအစစ် ဧကန်ဖြစ်သည့် အရိယမဂ်ကုသိုလ်တရားရတနာကြီးသည် ငါ၏သန္တာန်၌ ပျောက်ပျက်၍ သွားပေလတ္တံ့၊ ထိုကြောင့် ငါသည် ခိုးသားဓားပြတို့နှင့် တူညီနေသည့် ကိလေသာ ခိုးသားဓားပြတို့ ထကြွသောင်းကျန်းရာ ဤရူပကာယခန္ဓာအိမ်ကြီးကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ စွန့်ပစ်ကာ ထားခဲ့ပြီးနောက် ကိလေသာ ခိုးသားဓားပြတို့၏ ချုပ်ငြိမ်းရာ ကိလေသာ ခိုးသားဓားပြတို့၏ စံအိမ်ဖြစ်သည့် ခန္ဓာအိမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော မြို့ကြီး အတွင်းသို့ ဝင်ရောက်သွားခြင်းငှာ သင့်တော်တော့သည်သာတည်း။</p>
<p>ဤသို့လျှင် သုမေဓာရှင်ရသေ့သည် ဥပမာအမျိုးမျိုးတို့ဖြင့် နေက္ခမ္မဓာတ် နှင့် ဆက်စပ်နေသော အနက်သဘောတို့ကို စဉ်းစားဆင်ခြင်တော်မူပြီးနောက် မိမိနေအိမ်အတွင်း၌ အတိုင်းအတာပမာဏမရှိသော စည်းစိမ်ဥစ္စာစုကို ငဲ့ကွက်တွယ်တာမှု အလျဉ်းပင် မပြုတော့ဘဲ လွတ်လွတ်ကြီး စွန့်လွှတ်ကာ ကြီးစွာသော အလှူဒါနကို ပြုပြီးနောက် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု တည်းဟူသော လိုချင်စရာ ဝတ္ထုကာမနှင့် ယင်းဝတ္ထုကာမအပေါ်၌ တွယ်တာ မက်မောတတ်သည့် တဏှာတရားတည်းဟူသော ကိလေသာကာမတို့ကို ပယ်ရှား၍ အမရဝတီ အမည်ရသော နေပြည်တော်မှ တစ်ဦးတည်းပင် ထွက်ခွာခဲ့ပြီးနောက် ဟိမဝန္တာအရပ်သို့ ရှေးရှုကာ တောထွက်တော်မူခဲ့လေသည်။</p>
<p>ဟိမဝန္တာအရပ်ဝယ် ဓမ္မိကမည်သော တောင်ကို အမှီပြုကာ သစ်ရွက်မိုး သင်္ခမ်းကျောင်းကိုလည်း ဆောက်လုပ်လိုက်၏၊ လမ်းလျှောက်ကာ တရားရှုပွား ရန်အတွက် စင်္ကြံကိုလည်း ဖန်ဆင်းလိုက်လေသည်၊ လူဝတ်ကြောင်ဝတ်စုံကို စွန့်လွှတ်ကာ ရသေ့ဝတ်စုံကို ဆင်မြန်းပြီး ရသေ့ရဟန်းပြုလေသည်။ ထို့နောင် ကသိုဏ်းပရိကမ်တို့ကို စီးဖြန်းလျက် စျာန်အဘိညာဏ်တို့ကို ကြိုးစား အားထုတ်တော်မူရာ လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီအဘိညာဏ် (၅)ပါးတို့ကို ခုနစ်ရက်အတွင်းမှာပင် ရရှိတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃-၇။)</p>
<p>ဤသည်တို့ကား သုမေဓာရှင်ရသေ့၏ တောထွက်တော်မူခန်း၌ လာရှိသည့် သုမေဓာရှင်ရသေ့ တောထွက်ကာ ရသေ့ရဟန်းပြုရာ၌ ထားရှိသည့် မွန်မြတ်သော ဦးတည်ချက်ပင် ဖြစ်ပေသည်။ အလားတူပင် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုသူတိုင်း ပြုသူတိုင်းသည်လည်းကောင်း, နိဗ္ဗာန်သို့ ရောက်ရန် ရည်မျှော်ကာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည်လည်းကောင်း သုမေဓာရှင်ရသေ့ကဲ့သို့ မွန်မြတ်သော ဦးတည်ချက် ရှိဖို့ကား အထူး လိုအပ်လှပေသည်။</p>
<p>သို့သော် ဤကဲ့သို့သော မွန်မြတ်သော ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပင် ပြုငြားသော်လည်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို တကယ်လက်တွေ့ ကျင့်ရာ၌မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်ဟု အမည်တပ်ထားသော ဣန္ဒြိယဇာတ်တော်ဝယ် လာရှိသည့် ရဟန်းတော်ကဲ့သို့ တစ်ခါတစ်ရံ တရားဘာဝနာတွေကို အပတ် တကုတ် ကြိုးစားအားထုတ်နေရင်း ကျူအိမ်ကို သူရိန်မှေးသကဲ့သို့ ကိလေသာအပူရှိန်မီးတို့က တစ်ရှိန်ထိုး တက်လာသည့်အခါ မိမိ အားထုတ်နေဆဲ ဖြစ်သည့် သမထ-ဝိပဿနာဘာဝနာကုသိုလ်တရားတို့အပေါ်၌ မေ့လျော့ခြင်း (=ပမာဒတရား)၏ လွှမ်းမိုးဖိစီးမှုကြောင့် ကိလေသာအပူမီးတို့၏ လောင်မြိုက်သည့် ဒဏ်ချက်ကို မရှုမလှ အသက်ပါ ကြွေလုမတတ် ခံစားနေရတတ် ပေသည်။</p>
<p>ယင်းကဲ့သို့ ခံစားနေရသော် မိမိ၏ မွန်မြတ်သော ဦးတည်ချက်ပန်းတိုင်သို့ ရောက်အောင် ပို့ဆောင်ပေးမည့် စွမ်းအင် အပြည့်အဝရှိသော သီလ ကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တို့ကို အောင်အောင်မြင်မြင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန်မှာ တော်တော်ကလေး အလှမ်းဝေးလျက် ရှိနေမည် ဖြစ်ပေသည်။ ထိုကြောင့် ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကကနိပါတ် ပဏိဟိတအစ္ဆဝဂ်တွင် ဤသို့ မိန့်ကြားထားတော်မူခဲ့၏။</p>
<p>ရဟန်းတို့ ...ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောင်ဘင်ခတ်၏၊ ညွန်အနည်ထ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်တည်ကာ ကြည့်ရှုလတ်သော် ထိုရေအိုင်ထဲ၌ သွားနေသည်လည်း ဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွားခရုကိုလည်း ကောင်း, ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း, ငါးအပေါင်းကိုလည်း ကောင်း မမြင်နိုင်ရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ --- ရဟန်းတို့ ...ရေ၏ ညွန်အနည်ဖြင့် နောက်ကျုနေခြင်းကြောင့်တည်း။</p>
<p>ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ထိုရဟန်းတော်သည် နောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိ၏အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ သူတစ်ပါး၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွား ကိုလည်း သိလတ္တံ့၊ အရိယာသူတော်ကောင်း သူမြတ်လောင်းတို့အားသာ လျော်လျောက်ပတ် မြင့်မြတ်သည့် ဉာဏ်အမြင်ထူးဖြစ်သော လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်သော စျာန်မဂ်ဖိုလ် တရားထူး တရားမြတ်ကိုလည်း မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းတရားသည် မရှိနိုင်၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ ---- ရဟန်းတို့ ... စိတ်၏ ကိလေသာညွန်အနည်ဖြင့် နောက်ကျုနေခြင်းကြောင့်တည်း။ (အံ၊၁၊၈။ သုတ္တန်နံပါတ်၊၄၅။)</p>
<p>ဤယခုကျမ်းစာတွင် ရေးသား တင်ပြထားသော ဣန္ဒြိယဇာတ်တော်၌ လာရှိသော မယားဟောင်း၏ ဖြားယောင်းမှုဒဏ်ချက်ကို အလူးအလဲ ခံနေရသော ရဟန်းတော်ကဲ့သို့ ဒေါ်မုဆိုးက ပစ်လွှတ်လိုက်သော မြားဒဏ်ချက်က အသည်းခိုက်အောင် စူးဝင်နေသောအခါ ကိလေသာညွန်အနည်ဖြင့် နောက်ကျုနေသော စိတ်ဓာတ်ဖြင့် စျာန်မဂ်ဖိုလ်စတဲ့ တရားထူးတရားမြတ်တို့ကို ရရှိအောင် ဆက်လက် ကြိုးပမ်းဖို့ရန်မှာ အလွန် ခက်ခဲလှပေသည်။ သို့သော် ကိလေသာညွန်အနည်ဖြင့် နောက်ကျုနေသော ထိုစိတ်ဓာတ်ကို မည်သို့ ပြုကျင့်ရမည်နည်း? ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူပြန်၏။ ---</p>
<p>ရဟန်းတို့ ...ဥပမာသော်ကား --- ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်းကင်း၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်တည်ကာ ဤရေအိုင်ထဲ၌ သွားနေသည်လည်းဖြစ်သော, ရပ်တည် နေသည်လည်းဖြစ်သော ယောက်သွားခရုကိုလည်းကောင်း, ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း, ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ -- ရဟန်းတို့ ...ရေ၏ ညွန်အနည်ဖြင့် မနောက်ကျုခြင်းကြောင့်တည်း။</p>
<p>ဤဥပမာအတူပင် ထိုရဟန်းသည် မနောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိ၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ သူတစ်ပါး၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကိုလည်း သိလတ္တံ့၊ အရိယာသူတော်ကောင်း သူမြတ်လောင်းတို့အားသာ လျော်လျောက်ပတ် မြင့်မြတ်သည့် ဉာဏ်အမြင်ထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်သော စျာန်မဂ်ဖိုလ်စတဲ့ တရားထူး တရားမြတ်ကိုလည်း မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းတရားသည် ထင်ရှားရှိပါ၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ-- ရဟန်းတို့ ... စိတ်၏ ကိလေသာညွန်အနည်ဖြင့် မနောက်ကျုခြင်းကြောင့်တည်း။ (အံ၊၁၊၈။ သုတ္တန်နံပါတ်၊၄၆။)</p>
<p>ယင်းသို့ဖြစ်လျှင် စိတ်ကို ကိလေသာညွန်အနည်ဖြင့် နောက်ကျုခြင်း ကင်းအောင် အရိယာသူတော်ကောင်း သူမြတ်လောင်းတို့အားသာ လျော်လျောက်ပတ် မြင့်မြတ်သည့် စျာန်မဂ်ဖိုလ်စတဲ့ တရားထူး တရားမြတ်ကို မျက်မှောက်ပြုနိုင်အောင် မည်သို့လေ့ကျင့်ပေးရမည်နည်း, မည်သို့မည်ပုံ လိုက်နာပြုကျင့်ရမည်နည်းဟု မေးရန်ရှိ၏။ ဘုရားရှင်က ဤသို့ မိန့်ကြားထားတော်မူပြန်၏။ ---</p>
<p>ရဟန်းတို့ ...ဥပမာသော်ကား အမှတ်မရှိကုန်သော သစ်ပင်မျိုးတို့သည် ရှိကြကုန်၏။ ထိုသစ်ပင်မျိုးတို့တွင် ကြို့ပင်ကို နူးညံ့သည်၏အဖြစ် ကြောင့်လည်းကောင်း, ထိုထိုအမှုကို (= စားပွဲ, ကုလားထိုင် စသည့် ထိုထိုအမှုကို) ပြုလုပ်ဖို့ရန် သင့်လျော် လွယ်ကူသည်၏အဖြစ်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုအပ်၏။</p>
<p>ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် (သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့်, တစ်နည်း-စတုတ္ထစျာန်သမာဓိ၏ အစွမ်းဖြင့်)ပွားများထားအပ် ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်းဖြစ်သကဲ့သို့ ထိုထိုဘာဝနာအမှုကို ပြုခြင်းငှာ သင့်လျော် လွယ်ကူသည်လည်းဖြစ်သော အခြားတစ်ခုသော တရားကိုသော်မျှလည်း ငါဘုရားရှင်သည် မြင်တော်မမူ။</p>
<p>ရဟန်းတို့ ...(သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့်, တစ်နည်း- စတုတ္ထစျာန်သမာဓိ၏ အစွမ်းဖြင့်) ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်၏၊ ထိုထိုဘာဝနာအမှုကို ပြုခြင်းငှာ သင့်လျော်လွယ်ကူသည်လည်း ဖြစ်၏။ (အံ၊၁၊၈-၉၊၄၇။)</p>
<p><b>စိတ္တံ ဘိက္ခဝေ ဘာဝိတံ ဗဟုလီကတန္တိ ဧတ္ထ သမထဝိပဿနာဝသေန ဘာဝိတေဉ္စ ပုနပ္ပုနကတဉ္စ စိတ္တံ အဓိပ္ပေတံ၊ ကုရုန္ဒကဝါသီ ဖုဿမိတ္တတ္ထေရော ပနာဟ ဧကန္တံ မုဒု စေဝ ကမ္မနိယဉ္စ စိတ္တံ နာမ အဘိညာပါဒကစတုတ္ထဇ္ဈာနစိတ္တမေဝ အာဝုသောတိ။</b> (အံ၊ဋ္ဌ၊၁၊၄၄-၄၅။)</p>
<p>ဤ၌ ပွားများထားအပ်ပြီးသော စိတ်, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော စိတ်ဟူသည် သမထဘာဝနာ ဝိပဿနာဘာဝနာတို့၏ အစွမ်းဖြင့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ အဖန်ဖန် အထပ်ထပ် အလေ့အလာပြုအပ်ပြီးသော သမထ ဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်ကို ဆိုလိုပေသည်။</p>
<p>ကုရုန္ဒကအရပ်၌ သီတင်းသုံးတော်မူသော ဖုဿမိတ္တမထေရ်ကြီးကတော့ --- ငါ့ရှင်...တကယ်စင်စစ် နူးညံ့တဲ့စိတ်, တကယ်စင်စစ် ထိုထို ဘာဝနာအမှု၌ ပြုကျင့်ဖို့ရန် ခံ့ညားနေတဲ့ အခံ့သင့်ဖြစ်နေတဲ့ စိတ်ဆိုတာ အဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်တဲ့ စတုတ္ထစျာန်စိတ်ကိုသာ ဆိုလိုပါတယ်ဟု မိန့်တော်မူလေသည်။ (အံ၊ဋ္ဌ၊၁၊၄၄-၄၅။)</p>
<p>ဤအထက်ပါ ဘုရားဟောဒေသနာနှင့် ယင်းဒေသနာတော်ကို ဖွင့်ဆို ထားတော်မူသည့် အဋ္ဌကထာအဖွင့်တို့နှင့်အညီ ---- ကိလေသာဗွက်ညွန်ဖြင့် နောက်ကျုနေသောစိတ်ကို သမထ-ဝိပဿနာဘာဝနာ နှစ်မျိုးစလုံးကို အဝါးဝစွာ လေ့လာအားထုတ်နေဆဲ ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါမူ မိမိပွားများ နေဆဲဖြစ်သည့် သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို တစ်ဖန် ပြန်၍ ပွားများအားထုတ်ခြင်းဖြင့် မိမိ၏ စိတ်ကို နောက်ကျုစေသည့် ကိလေသာ ဗွက်ညွန်တွေကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ပါ။ အကယ်၍ ဝိပဿနာဘာဝနာသို့ မတက်လှမ်းရသေးသော ယောဂီသူမွန်ဖြစ်ခဲ့ပါမူ စတုတ္ထစျာန်သမာဓိကို သို့မဟုတ် စျာန်သမာဓိတစ်ခုခုကို ရရှိအောင် ကြိုးပမ်းပါ။ ထိုသို့ ကြိုးပမ်းရာ၌ မေဃိယသုတ္တန်တွင် ဘုရားရှင်က ဤသို့ ညွှန်ကြားထားတော်မူ၏။ ---</p>
<p>၁။ <b>အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ၊</b></p>
<p>၂။ <b>မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ၊</b></p>
<p>၃။ <b>အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ၊</b></p>
<p>၄။ <b>အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါတာယ၊</b></p>
<p><b>အနိစ္စသညိနော ဟိ မေဃိယ အနတ္တသညာ သဏ္ဌာတိ၊</b></p>
<p><b>အနတ္တသညီ အသ္မိမာနသမုဂ္ဃါတံ ပါပုဏာတိ၊ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနန္တိ။</b> (ဥဒါန၊၁၂၀။)</p>
<p>၁။ တွယ်တာတပ်မက်မှု ရာဂတရားကို ပယ်ရှားနိုင်ရေးအတွက် အသုဘ ဘာဝနာကို ပွားများအားထုတ်ပါ။</p>
<p>၂။ ဗျာပါဒ (= ဒေါသ)ကို ပယ်ရှားနိုင်ရေးအတွက် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။</p>
<p>၃။ အကုသလဝိတက်အမျိုးမျိုးကို ဖြတ်တောက်နိုင်ရေးအတွက် အာနာပါနဿတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါ။</p>
<p>၄။ ငါ-ငါဟု တက်ကြွ ထောင်လွှားနေသည့် မာန်မာနကို ပယ်နုတ်နိုင်ရေး အတွက် ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ အနိစ္စသညာကို ပွားများအားထုတ်ပါ။</p>
<p>မှန်ပေသည် ချစ်သားမေဃိယ ...ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အပေါ်၌ အနိစ္စသညာရှိနေသည့် ပုဂ္ဂိုလ်၏သန္တာန်၌ အနတ္တသညာသည် ကောင်းစွာ တည်လာပါတယ်။ အနတ္တသညာရှိနေသည့် ပုဂ္ဂိုလ်သည် ငါ-ငါဟု တက်ကြွထောင်လွှားနေသည့် မာန်မာနကို ပယ်နုတ်နိုင်ခြင်းသို့ ရောက်ရှိနိုင်ပါတယ်၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိလေသာ အပူမီး တို့၏ ငြိမ်းအေးခြင်းသို့ ရောက်ရှိနိုင်ပါတယ်ဟု မိန့်ကြားတော်မူ၏။ (ဥဒါန၊၁၂၀။)</p>
<p>ဤကဲ့သို့သော ဘုရားရှင်၏ ညွှန်ကြားထားတော်မူသည့် ဒေသနာတော် များကို ဦးထိပ်ရွက် ပန်ဆင်လျက် ဣန္ဒြေတို့ကို မစောင့်စည်းမှုကို အခြေခံကာ ဖြစ်ပေါ်လာကြသည့် ကိလေသာအပူမီးတို့ကို ငြိမ်းအေးစေခြင်းငှာ ရည်ရွယ် တောင့်တကာ မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့် ဟူသော အမည်ဖြင့် ဤဣန္ဒြိယဇာတ်ဒေသနာတော်ကို ရေးသား တင်ပြလိုက်ပါသည်။ ကျင့်စဉ်ပိုင်းတွင်ကား သမထပိုင်းဝယ် အာနာပါနကျင့်စဉ်, ကသိုဏ်းကျင့်စဉ်တို့ကိုလည်း အကျဉ်းချုပ်ကာ ဖော်ပြထားပါသည်၊ ဝိပဿနာပိုင်းကိုလည်း သဘောပေါက်လောက်နိုင်ရုံမျှ အကျဉ်းချုပ်ကာ ရေးသား တင်ပြထားပါသည်။</p>
<p>[အာနာပါနကျင့်စဉ်, ကသိုဏ်းကျင့်စဉ်, အသုဘဘာဝနာကျင့်စဉ်, မေတ္တာဘာဝနာကျင့်စဉ် အစရှိသည့် သမထပိုင်းကျင့်စဉ် အရပ်ရပ်တို့ကို လည်းကောင်း, ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်အရပ်ရပ်တို့ကိုလည်းကောင်း ပြည့်ပြည့်စုံစုံ သိရှိလိုပါက, ကျင့်လိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသည့် ကျမ်းစာကြီး (၅)တွဲတွင် ကြည့်ရှုလေ့လာကြပါကုန်။]</p>
<p>ဤကျမ်းစာကို ဖတ်ရှုလေ့လာနေသော သူတော်ကောင်း သူမြတ်လောင်းသည်လည်း မိမိ၏ ဣန္ဒြေတို့ကို ကိလေသာမြေခွေးအိုတို့ ဝင်ရောက်ကာ မနှောင့်ယှက်နိုင်အောင် သီလတည်းဟူသော မြေပေါ်ဝယ် ခိုင်ခိုင်ခံ့ခံ့ ရပ်တည်လျက် သမထ (= သမာဓိ)တည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာ သွေး၍ထားအပ်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် တည်းဟူသော ဉာဏ်သန်လျက်ဖြင့် အမြစ်ပြတ် ခုတ်ထွင် ရှင်းလင်း နိုင်ပါစေသောဝ် --- ဟု ဆုမွန်ကောင်းတောင်းလျက် ---</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>__________</p>
<h3>မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်</h3>
<p>(ဣန္ဒြိယဇာတ် တရားဒေသနာတော်)</p>
<p>၁၃၅၅-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၃)ရက်နေ့၊ မော်လမြိုင်မြို့၊ မောင်ငံတိုက်ခန်းရပ်ကွက်၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားတော်မူအပ်သော ဇာတ်အဋ္ဌကထာ တတိယတွဲ (၄၂၃)ခုမြောက် ဇာတ်တော်ဖြစ်သည့် ဣန္ဒြိယဇာတ်တရားဒေသနာတော် ---</p>
<p>ဒီနေ့ည ဘုန်းကြီး ဣန္ဒြိယဇာတ် ဒေသနာတော်ကို ဟောကြားဖို့ ရည်ရွယ်ထားပါတယ်။ ဒီဣန္ဒြိယဇာတ်တော်မှာ အခြေခံအကြောင်းရင်း ဖြစ်တော်မူတဲ့ ရဟန်းတော်က ဇာတ်တော်ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆိုက်သွားတော်မူတဲ့ ရဟန်းတော် ဖြစ်ခြင်းကြောင့် ရတနသုတ္တန်မှာ ဟောကြားထားတော်မူတဲ့ သောတာပန် ပုဂ္ဂိုလ်သူမြတ်တို့၏ ဂုဏ်ရည်ကို စံပြုကာ သစ္စာဆိုထားတဲ့ တရားဂါထာ တစ်ခုဖြင့် တရားဒေသနာတော်ကို နိဒါန်းပျိုးကြရအောင် ---</p>
<p><b>ယထိန္ဒခီလော ပထဝိဿိတော သိယာ၊</b></p>
<p><b>စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။</b></p>
<p><b>တထူပမံ သပ္ပုရိသံ ဝဒါမိ၊</b></p>
<p><b>ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။</b></p>
<p><b>ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊</b></p>
<p><b>ဧတေန သစ္စေန သုဝတ္ထိ ဟောတု။</b></p>
<p><b>ပထဝိဿိတော</b> = မြေ၌စွဲမှီ ကောင်းစွာတည်သော။ <b>ဣန္ဒခီလော</b> = မြို့တံခါးတိုင်ကြီးသည်။ <b>စတုဗ္ဘိ ဝါတေဟိ</b> = အရပ်လေးမျက်နှာတို့မှ တိုက်ခတ် လာသော လေပြင်းမုန်တိုင်းတို့သည်။ <b>အသမ္ပကမ္ပိယော</b> = မလှုပ်ရှားစေနိုင်သည်။ <b>သိယာ ယထာ</b> = ဖြစ်ဘိသကဲ့သို့။ <b>ယော သပ္ပုရိသော</b> = အကြင် သူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန်ပုဂ္ဂိုလ်သူမြတ်သည်။ <b>အရိယသစ္စာနိ</b> = သစ္စာလေးရပ်တရားမြတ်တို့ကို။ <b>အဝေစ္စ</b> = သောတာပတ္တိမဂ်ဉာဏ်ဖြင့် သက်ဝင်၍။ <b>ပဿတိ</b> = သိတော်မူ မြင်တော်မူ၏။</p>
<p><b>တံ သပ္ပုရိသံ</b> = ထိုသူတော်မျိုးမှန် အဖိုးတန်သည့် သောတာပန်ပုဂ္ဂိုလ် သူမြတ်ကို။ <b>တထူပမံ</b> = အရိယသစ္စာလေးပါးတည်းဟူသော တရားမြေ၌ မြဲစွာစိုက်၍ တည်နေခြင်းကြောင့် ထိုတံခါးတိုင်ကြီးလျှင် ပုံပမာရှိ၏ဟူ၍။ <b>အဟံ</b> = ငါဘုရားသည်။ <b>ဝဒါမိ</b> = ဟောတော်မူ၏။ <b>သံဃေ</b> = သောတာပန် သံဃာတော်မြတ်၌။ <b>ဣဒမ္ပိ ရတနံ</b> = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ <b>ပဏီတံ</b> = ထူးမြတ်တော်မူလှပါပေ၏။ <b>ဧတေန သစ္စေန</b> = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ <b>ပါဏီနံ</b> = အပေါင်းများစွာ သတ္တဝါတို့အား။ <b>သုဝတ္ထိ</b> = ဘေးရန် ကုန်ကင်းချမ်းသာအေးမြခြင်းသည်။ <b>ဟောတု</b> = မုချမသွေ ဖြစ်ပါစေသတည်း။</p>
<p>[သာဓု သာဓု သာဓု ...]</p>
<h3>ပစ္စုပ္ပန်ဝတ္ထုဇာတ်ကြောင်း</h3>
<p><b>ယော ဣန္ဒြိယာနန္တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ပုရာဏဒုတိယိကာပလောဘနံ အာရဗ္ဘ ကထေသိ။</b> (ဇာတက၊ဋ္ဌ၊၃၊၄၃၈....။)</p>
<p><b>ယော ဣန္ဒြိယာနန္တိ ဣဒံ</b> = ယော ဣန္ဒြိယာနံ --- ဤသို့ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်၍ထားအပ်သော ဤဣန္ဒြိယဇာတ် တရားဒေသနာတော်ကို။ <b>သတ္ထာ</b> = လူနတ်တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော ဘုရားရှင်သည်။ <b>ဇေတဝနေ</b> = ဇေတဝန်ကျောင်းတိုက်တော်၌။ <b>ဝိဟရန္တော</b> = သီတင်းသုံး စံနေတော်မူဆဲအခါ၌။ <b>ပုရာဏဒုတိယိကာပလောဘနံ</b> = လူ့ဘဝက အိမ်ရှင်မဟောင်းဖြစ်သော အမျိုးကောင်းသမီး၏ ဖြားယောင်းမှုကို။ <b>အာရဗ္ဘ</b> = အကြောင်းပြု၍။ <b>ကထေသိ</b> = ဟောကြားတော်မူခဲ့လေပြီ။</p>
<p>ဒီဇာတ်တော်ဒေသနာ ဖြစ်ပေါ်လာပုံကို အဋ္ဌကထာက နိဒါန်းသွယ်ပြ ထားပါတယ်။ တစ်ချိန် ဘုန်းကြီးတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန် ရွှေကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော် နေတော်မူခိုက် --- ရဟန်းတော်တစ်ပါးကို လူ့ဘဝတုန်းက အိမ်ရှင်မ တော်စပ်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးက ဖြားယောင်းမှုကို အကြောင်းခံပြီးတော့ ဒီဇာတ်တော်ဒေသနာကို မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။</p>
<p>ဒီအမျိုးသမီးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြားယောင်း သလဲ? ပစ္စုပ္ပန်ဝတ္ထုအကြောင်းကတော့ ဒီလိုပါ--တစ်ချိန်မှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားဒေသနာတော်တွေကို ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့အခါ သာဝတ္ထိမှာရှိတဲ့ အမျိုးကောင်းသားတစ်ဦးက ဘုရားရှင်ရဲ့ တရားဒေသနာတော်တွေကို ကြားနာရတဲ့ အချိန်အခါမှာ အလွန်သဒ္ဓါတရားတွေ ဖြစ်သွားပြီး သူ့စိတ်ထဲ ဘယ်လိုစဉ်းစားသလဲ? ---</p>
<h3>ရှင်ရဟန်း ပြုဖို့ရန် အကြံ</h3>
<p><b>န သက္ကာ အဂါရမဇ္ဈေ ဝသန္တေန ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ ဗြဟ္မစရိယံ စရိတုံ။</b></p>
<p><b>အဂါရမဇ္ဈေ</b> = အိမ်ရာတည်ထောင် လူတို့ဘောင်အလယ်၌။ <b>ဝသန္တေန</b> = စိုးအုပ်နေထိုင်လျက်ရှိသော ငါသည်။ <b>ဧကန္တပရိပုဏ္ဏံ</b> = စင်စစ်ထက်ဝန်းကျင် ပြည့်စုံလျက်ရှိသော။ <b>ဧကန္တပရိသုဒ္ဓံ</b> = စင်စစ်ထက်ဝန်းကျင် ဖြူစင်သန့်ရှင်းလျက်ရှိသော။ <b>ဗြဟ္မစရိယံ</b> = ဗြဟ္မစရိယဟုခေါ်ဆိုအပ်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကြုံးရေတွက်အပ်သော မြင့်မြတ်သော သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယကို။ <b>စရိတုံ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းငှာ။ <b>န သက္ကာ</b> = မတတ်ကောင်းပေ။</p>
<p>ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူလိုက်ရတဲ့ အချိန်အခါမှာ သူစဉ်းစားတာက ဘုရားရှင်ရဲ့ တရားတွေက <b>ဧကန္တပရိပုဏ္ဏံ</b> = တကယ် ထက်ဝန်းကျင် ပြည့်စုံနေတယ်။ အထူးသဖြင့် မဂ္ဂင်ရှစ်ပါးပဲ ဆိုကြစို့၊ မဂ္ဂင်တစ်ပါး ပိုနေတယ်ဆိုပြီး မဂ္ဂင်ခုနစ်ပါး ပြုလုပ်ကြည့်၊ မရနိုင်ဘူး၊ နုတ်ပယ်ဖို့လည်း မလိုဘူး၊ မဂ္ဂင်တစ်ပါး လိုသေးတယ်ဆိုပြီး မဂ္ဂင် (၉)ပါးပြုလုပ်ကြည့်၊ ထပ်ထည့် ဖို့လည်း မလိုဘူး၊ ဘုရားရှင်ရဲ့ တရားတွေက အားလုံး ပြည့်စုံနေတယ်။</p>
<p>အဲဒီလို စင်စစ် ပြည့်စုံတဲ့ ဒီတရားတွေကို ကြည့်လိုက်လျှင် <b>ဧကန္တပရိသုဒ္ဓံ</b> = တကယ် ထက်ဝန်းကျင် ဖြူစင်သန့်ရှင်းနေတယ်။ ပွတ်သစ်စ ခရုသင်းကဲ့သို့ အလွန် ဖြူစင်သန့်ရှင်းနေတဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို သာသနဗြဟ္မစရိယလို့ ခေါ်ပါတယ်။ အရိယမဂ်ဉာဏ်ကိုတော့ မဂ္ဂဗြဟ္မစရိယလို့ခေါ်တယ်။ ဒီသာသန ဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယ အမည်ရနေတဲ့ ဒီမြတ်သော ကျင့်စဉ်တွေကို အိမ်ရာတည်ထောင် လူတို့ဘောင်အလယ်၌ စိုးအုပ်နေထိုင်နေတဲ့ ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် မလွယ်ဘူးလို့ သူက စဉ်းစားတယ်။</p>
<p>ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေလည်း စဉ်းစားကြည့်ပေါ့၊ ဘုရားရှင်ရဲ့ တရားတွေက သိပ်ပြီး ဖြူစင်နေတော့ အိမ်ရာတည်ထောင် လူ့ဘောင် ဆိုတာက တစ်ခါတစ်ရံ မလွဲမရှောင်သာတဲ့ ကိစ္စကလေးတွေ အမျိုးမျိုး ပေါ်လာတတ်တယ်။ တစ်ခါတုန်းက ဒါယကာကြီး တစ်ဦးက တပည့်တော် တစ်ခါတလေ စိတ်မကောင်းဘူးဘုရားလို့ လျှောက်ထားဖူးတယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်တယ်၊ အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် မုသား ပြောရတော့မယ်ဆိုတာကိုလည်း သိတယ်၊ မုသား ပြောနေပြီဆိုတာကိုလည်း သိတယ်၊ မုသား ပြောပြီးသွားပြီဆိုတာကိုလည်း သိတယ်ဘုရား၊ ဒီတော့ တပည့်တော် စိတ်မကောင်းဘူးဘုရားဆိုပြီး လျှောက်ထားတယ်။</p>
<p>လူ့လောကမှာ တစ်ခါတလေ အကြောင်းကလေးတွေဆိုတာက ဆုံလာ တတ်တယ်၊ မလွဲမရှောင်သာတဲ့ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ သီလ ကလေးကို ချိုးဖောက်သင့်တဲ့ အချိန်အခါမှာ လွယ်လွယ်ကလေးနဲ့ ချိုးဖောက် လိုက်ရတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတွေက အလွန် ဖြူစင်သန့်ရှင်း နေတဲ့ တရားတွေ ဖြစ်တယ်။ အိမ်ရာတည်ထောင် လူတို့ဘောင်မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက အပြစ်အနာအဆာတွေနဲ့ လူးလဲပေကျံနေတဲ့ ပုဂ္ဂိုလ် များတယ်။</p>
<p>အဲဒီလို အပြစ်အနာအဆာ များခြင်းကြောင့် အိမ်ရာတည်ထောင် လူတို့ဘောင်မှာ စိုးအုပ် နေထိုင်လျက်ရှိတဲ့ ငါသည် တကယ်ဖြူစင်သန့်ရှင်းပြီး တကယ်ပြည့်စုံနေတဲ့ သာသနဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယခေါ်တဲ့ ဘုရားရှင်ရဲ့ ညွှန်ကြားပြသနေတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး ရနိုင်ဖို့ကတော့ မလွယ်ဘူး။</p>
<p><b>နိယျာနိကသာသနေ ပဗ္ဗဇိတွာ ဒုက္ခဿန္တံ ကရိဿာမိ</b></p>
<p><b>နိယျာနိကသာသနေ</b> = သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ <b>ပဗ္ဗဇိတွာ</b> = ရှင်ရဟန်းပြုသောအားဖြင့် ဝင်ရောက်၍။ <b>ဒုက္ခဿန္တံ</b> = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို။ <b>ကရိဿာမိ</b> = ငါပြုပေတော့အံ့။</p>
<p>သူ့ရဲ့ ဦးတည်ချက် စဉ်းစားခန်းကလေးကို ကြည့်လိုက်မယ်ဆိုလျှင်တော့ အလွန်မွန်မြတ်တဲ့ ဦးတည်ချက်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သိပ်ကောင်းတယ်၊ သို့သော် ပြဿနာတစ်ခုက ဘာပေါ်လာသလဲ? သူက ဒီနေ့မှ ရဟန်းဖြစ်စ ရဟန်းသစ်ကလေး ဖြစ်တယ်။ ဒီတော့ သံဃာအများနှင့် စီတန်းပြီး မြို့ထဲ ဆွမ်းခံကြွပြီဆိုလျှင် နောက်ဆုံးက လိုက်ရတယ်။</p>
<h3>ရသတဏှာဖြင့် နှောင်ဖွဲ့ခံရပုံ</h3>
<p>နောက်ဆုံးက လိုက်ရတဲ့ ရဟန်းတော်ဆိုတာက သံဃာက သိပ်များနေတော့ ဆွမ်းရသော်လည်း ရှိတတ်တယ်၊ မရသော်လည်း ရှိတတ်တယ်။ ရပြန်သော်လည်း ဆွမ်းတွေက ခပ်ပါများတော့ နောက်ဆုံး ကျိုးကြေနေတဲ့ ဆွမ်း အကြေကလေးလောက် ရတတ်တယ်၊ တစ်ခါတစ်ရံ ဆွမ်းချိုးလောက် ရတတ် တယ်၊ ဟင်းရပြန်လျှင်လည်း ပုန်းရည်ဟင်းကလေးလောက် အညံ့စားဟင်းမျိုး တစ်ခါတစ်ရံ ရတတ်တယ်၊ မရသော်လည်း ရှိတတ်တယ်။</p>
<p>အလားတူပဲ ရှေးအခါက ရွာထဲမှာ ဆွမ်းစားဇရပ်တွေ တော်တော် ခပ်များများ ဆောက်လုပ်ထားကြတယ်။ ဆွမ်းစားဇရပ်တစ်ခုကို ဝင်ထိုင်လိုက်ပြီ ဆိုလျှင် သူက အငယ်ဆုံးရဟန်းဖြစ်တော့ အစွန်အဖျား အညံ့စားနေရာမှာ ဝင်ပြီး ထိုင်ခွင့်ရတယ်။ အညံ့စားနေရာမှာ ရှိနေတဲ့ ရဟန်းတော်အတွက်ရရှိတဲ့ ဟင်းလျှာဟာလည်း အညံ့စားပဲ ဖြစ်နေတယ်။ ဒီလို စားရေးသောက်ရေး အတွက် မမျှတတဲ့ အခက်အခဲကလေးက နည်းနည်း ကြုံလာတဲ့အခါ ဘာဖြစ် လာသလဲ?အိမ်ရှင်မကို နည်းနည်း ပြန်ပြီး သတိရတယ်။ ယခုကာလ ယောဂီတွေ တရားလာပြီး အားထုတ်ကြတယ်၊ စားရေးသောက်ရေးက နည်းနည်း ပုံမကျဘူး၊ ပါးစပ်ကလေးက သိပ်ပြီး အာမသွက်ဘူးဆိုလျှင် ဘာဖြစ်လာကြသလဲ? အိမ်ရှင်မကို ပြန်ပြန်ပြီးတော့ သတိရတဲ့ ပုံစံမျိုး ဖြစ်လာတယ်။</p>
<p>အဲဒီပုံစံစနစ်နဲ့ အိမ်ရှင်မကို ပြန်သတိရတဲ့အခါမှာ သူက ဘာလုပ်သလဲ? အိမ်ရှင်မထံ ဆွမ်းခံကြွလိုက်တယ်။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါမှာ အိမ်ရှင်မကလည်း သပိတ်ကို ယူပြီး ရှိခိုးတယ်၊ သပိတ်ထဲရှိနေတဲ့ ပစ္စည်း မှန်သမျှ အားလုံး မှောက်သွန်လိုက်ပြီးတော့ အလွန် မွန်မြတ်လှပါတယ်ဆိုတဲ့ ယာဂု, ဆွမ်း, ပဲဟင်း, ဟင်းလျာတွေ အားလုံး အပြည့်ထည့်ပြီး ဆက်ကပ်လိုက် တယ်။ အင်မတန် ကျေနပ်သွားတယ်။ စားရေးသောက်ရေးအတွက် ပြေလည် သွားပြီဖြစ်တဲ့ အခါမှာတော့ နေ့စဉ် သူက ဒီအိမ်ကို မကြွဘဲ မနေနိုင်အောင် ဖြစ်သွားပြီ။ မနေနိုင်တဲ့အခါမှာ ဘာဖြစ်ပြန်သလဲ? ---</p>
<p><b>မဟလ္လကော ရသတဏှာယ ဗဇ္ဈိတွာ ပုရာဏဒုတိယိကံ ဇဟိတုံ န သက္ကောတိ။</b></p>
<p><b>မဟလ္လကော</b> = အသက်အရွယ် ကြီးရင့်သော အချိန်အခါ၌ သာသနာ့ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ကိုယ်တော်ကြီးသည်။ <b>ရသတဏှာယ</b> = ရသတဏှာဖြင့်။ <b>ဗဇ္ဈိတွာ</b> = နှောင်ဖွဲ့ခံရသည်ဖြစ်၍။ <b>ပုရာဏဒုတိယိကံ</b> = လူ့ဘဝက အိမ်ရှင်မဟောင်းကို။ <b>ဇဟိတုံ</b> = ပယ်စွန့်အံ့သောငှာ။ <b>န သက္ကောတိ</b> = မစွမ်းနိုင်ဖြစ်နေ၏။</p>
<p>ရသတဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု ခံနေရတဲ့ ဒီကိုယ်တော်ကြီး လူ့ဘဝက အိမ်ရှင်မဟောင်းကို စွန့်လွှတ်နိုင်တဲ့ စွမ်းအား မရှိဖြစ်နေတယ်၊၊ဒီလို ပယ်စွန့်နိုင်တဲ့ စွမ်းအား မရှိ ဖြစ်နေတဲ့ အချိန်အခါမှာ အိမ်ရှင်မကြီးကလည်း နည်းနည်း စျေးကိုင်တတ်တယ်။ အိမ်ရှင်မ စျေးကိုင်ပုံကို ဘုန်းကြီးကတော့ ဒါယိကာမကြီးတွေကို နည်းစနစ် ပေးရမလို ဖြစ်နေတယ်၊၊ ဒီတော့အိမ်ရှင်မက စျေးကိုင်တာက ဘယ်လိုလဲ? ---</p>
<h3>အိမ်ရှင်မ၏ လှည့်ကွက်</h3>
<p><b>သာ စိန္တေသိ ဗဒ္ဓေါ နု ခေါ၊ နောတိ ဝီမံသိဿာမိ နန္တိ။</b></p>
<p><b>သာ</b> = ထိုအိမ်ရှင်မသည်။ <b>စိန္တေသိ</b> = ကြံစည်စိတ်ကူးလေ၏။ <b>သော</b> = ထိုကိုယ်တော်ကြီးသည်။ <b>မေ</b> = ငါ၏အပေါ်၌။ <b>ဗဒ္ဓေါ နု ခေါ</b> = တွယ်တာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု ရှိနေသေးသလော။ <b>နော ဗဒ္ဓေါ နု ခေါ</b> = တွယ်တာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု မရှိဘဲ ဖြစ်လေသလော။ <b>နံ</b> = ထိုကိုယ်တော်ကြီးကို။ <b>အဟံ</b> = ငါသည်။ <b>ဝီမံသိဿာမိ</b> = စူးစမ်းပေတော့အံ့။</p>
<p>သူက စဉ်းစားခန်းတစ်ခုဝင်တယ်၊ ဘယ်လို စဉ်းစားခန်းဝင်သလဲ? ဒီ ကိုယ်တော်ကြီး ငါ့အပေါ်မှာ တွယ်တာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့မှု, တွယ်တာ မက်မောမှုတွေ ရှိနေသေးသလား, မရှိတော့ဘူးလား? ငါ လက်တွေ့ စမ်းသပ် ကြည့်မယ်၊ ဒီလို အကြံအစည်တစ်ခု ပေါ်လာတယ်။ ပေါ်လာလိုက်တဲ့ အချိန်အခါမှာတော့ ဘာလုပ်သလဲ? ---</p>
<p>တစ်နေ့မှာ ဇနပုဒ်ဘက်က ရုပ်ရည် ခပ်သန့်သန့်ပြန့်ပြန့် အမျိုးကောင်းသားတစ်ယောက်ကို ကျကျနန မြေဖြူတွေနဲ့ ရေချိုးစေပြီးတော့ စင်စင် ကြယ်ကြယ် အဝတ်အစားတွေ ဝတ်စားစေပြီး အိမ်မှာ အသင့်ပြင်ထားလိုက်တယ်။ အဖော်လေးငါးယောက်လောက်လည်း ခေါ်ထားလိုက်တယ်၊ အိမ်ရှေ့မှာ လှည်းတွေနဲ့ အသင့်ပြင်ဆင်ထားလိုက်တယ်၊ ပစ္စည်းတွေလည်း တင်တန် သလောက် တင်ထားလိုက်တယ်၊ လှည်းတစ်စီးလည်း အလွတ် အသေအချာ ထားလိုက်တယ်၊ ထားပြီးတော့ သူက အိမ်နောက်ဖေးမှာ ဝင်နေတယ်၊ ဧည့်သည်တွေကိုတော့ ကျွေးတန်သလောက် မွေးတန်သလောက်လည်း အိမ်ရှေ့မှာ ကျွေးမွေးခိုင်းထားတယ်။</p>
<p>သူကတော့ အိမ်နောက်ဖေးမှာ သွားပြီး ချက်ပြုတ် ကြော်လှော်မှု လုပ်ငန်းရပ်တွေနှင့် ရှုပ်ထွေးနေတယ်။ အဲဒီ အချိန်အခါမှာ ကိုယ်တော်ကြီး ကလည်း အိမ်ရှေ့မှာ လာပြီး ဆွမ်းရပ်တယ်၊ ဆွမ်းရပ်တဲ့ အချိန်အခါမှာ ဧည့်သည်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက နောက်ဖေးခန်းရှိ အိမ်ရှင်မထံ ဝင်ပြီး အိမ်ရှေ့မှာ ကိုယ်တော်ကြီးတစ်ပါး ဆွမ်းရပ်နေတယ်လို့ လာပြောတယ်။ ဒီလို လာပြောလိုက်တဲ့ အချိန်အခါမှာ ကိုယ်တော်ကြီးကို ကန်တော့ဆွမ်း လောင်းလိုက်ပါဆိုပြီး ပြန်ပြောလိုက်တယ်။ အမျိုးကောင်းသားကလည်း ကိုယ်တော်ကြီးထံ သွားပြီးတော့ အရှင်ဘုရား ...ကန်တော့ဆွမ်းပါ၊ ရှေ့ကိုသာ ခရီးဆက်ကြွတော်မူပါ ဆိုပြီးတော့ ကန်တော့ဆွမ်း လောင်းလိုက်တယ်။ အဲဒီလို ကန်တော့ဆွမ်း လောင်းလိုက်တဲ့ အချိန်အခါမှာလည်း ကိုယ်တော်ကြီး က ရှေ့ဆက်မကြွဘူး၊ ပေကပ်ပြီး ရပ်နေတယ်။ ထပ်ခါထပ်ခါ ကန်တော့ဆွမ်း ပြောနေသော်လည်း မသွားဘဲနဲ့ ပေရပ်နေတော့ နောက်ဖေးမှာ အလုပ်ရှုပ်နေတဲ့ အိမ်ရှင်မထံ ပြေးသွားပြီးတော့ အကျိုးအကြောင်းပြောတယ်။</p>
<p>အကျိုးအကြောင်း ပြောလိုက်တော့ အိမ်ရှင်မလည်း လိုက်လာပြီး လိုက်ကာကို မြှောက်ကြည့်လိုက်ပြီးတော့ ပြောတယ်။ ဘယ်လို ပြောသလဲ? ဩော် - အမောင်တို့ ...ဒီကိုယ်တော်ကြီးက တခြားက ကိုယ်တော်ကြီးတော့ မဟုတ်ပါဘူး၊ အိမ်က ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့ ကိုယ်တော်ကြီး တစ်ပါး ဖြစ်ပါတယ်လို့ ပြောပြီးတော့ အပြင်ထွက်လာတယ်၊ ကိုယ်တော်ကြီး ထံမှ သပိတ်ကို ယူတယ်၊ အိမ်ပေါ်ပင့်ပြီး တစ်နေရာမှာ မွန်မြတ်တဲ့ ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေနဲ့ ဆက်ကပ်လှူဒါန်းတယ်။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးတဲ့ အချိန်အခါမှာ ကျကျနန ရှိခိုးပြီးတော့ ကိုယ်တော်ကြီးကို သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားသလဲ? ---</p>
<p><b>ဘန္တေ တုမှေ ဣဓေဝ ပရိနိဗ္ဗာယထ၊ မယံ ဧတ္တကံ ကာလံ အညံ ကုလံ န ဂဏှိမှ၊ အသာမိကေ ပန ဃရေ ဃရာဝါသော န သဏ္ဌာတိ၊ မယံ အညံ ကုလံ ဂဏှာမ၊ ဒူရံ ဇနပဒံ ဂစ္ဆိဿာမ၊ တုမှေ အပ္ပမတ္တာ ဟောထ၊ သစေ မေ ဒေါသော အတ္ထိ၊ ခမထာတိ အာဟ။</b></p>
<p><b>ဘန္တေ</b> = အရှင်ဘုရား။ <b>တုမှေ</b> = အရှင်ဘုရားတို့သည်။ <b>ဣဓေဝ</b> = ဤ သာဝတ္ထိပြည်၌ပင်လျှင်။ <b>ပရိနိဗ္ဗာယထ</b> = ပရိနိဗ္ဗာန် စံတော်မူကြပါကုန်ဘုရား။ <b>မယံ</b> = ဘုရားတပည့်တော်မတို့သည်။ <b>ဧတ္တကံ ကာလံ</b> = ဤမျှလောက်သော အချိန်ကာလပတ်လုံး။ <b>အညံ ကုလံ</b> = တခြားအမျိုးသားတစ်ယောက်ကို။ <b>န ဂဏှိမှ</b> = မယူဘဲ နေထိုင်ခဲ့ကြပါကုန်၏။ <b>အသာမိကေ</b> = အိမ်ရှင်ယောကျ်ား မရှိသော။ <b>ဃရေ</b> = အိမ်၌။ <b>ဃရာဝါသော ပန</b> = အိမ်ရာတည်ထောင်ကြကုန်သော လူတို့ရဲ့ လုပ်ငန်းကိစ္စ အဝဝသည်ကား။ <b>န သဏ္ဌာတိ</b> = ကောင်းစွာ မတည်နိုင်ပါ။ <b>မယံ</b> = ဘုရားတပည့်တော်မတို့သည်။ <b>အညံ ကုလံ</b> = တခြား အမျိုးသားတစ်ယောက်ကို။ <b>ဂဏှာမ</b> = ယူပါတော့မည်။ <b>ဒူရံ</b> = ဝေးကွာသော။ <b>ဇနပဒံ</b> = ဇနပုဒ်သို့။ <b>ဂစ္ဆိဿာမ</b> = လိုက်သွားကြပေတော့အံ့။ <b>တုမှေ</b> = အရှင်ဘုရားတို့သည်။ <b>အပ္ပမတ္တာ</b> = ကုသိုလ်တရားတို့၌ မမေ့မလျော့ကြကုန်ဘဲ။ <b>ဟောထ</b> = ဖြစ်တော်မူကြပါကုန်။ <b>မေ</b> = ဘုရားတပည့်တော်မအား။ <b>ဒေါသော</b> = အပြစ်တစ်စုံတစ်ရာသည်။ <b>စေ အတ္ထိ</b> = အကယ်၍ ရှိခဲ့ပေအံ့။ <b>ခမထ</b> = သည်းခံတော်မူကြပါဘုရား။ <b>ဣတိ</b> = ဤသို့။ <b>အာဟ</b> = လျှောက်ထားလေပြီ။</p>
<p>လျှောက်ထားတဲ့စကားကလေး ကြည့်လိုက်လျှင်တော့ တော်တော်ကလေး ကောင်းတယ်လို့ ထင်ရတယ်။ အရှင်ဘုရားတို့ကတော့ ဒီသာဝတ္ထိပြည်မှာပဲ ပရိနိဗ္ဗာန် စံတော်မူပါကုန်၊ တပည့်တော်မသည် အရှင်ဘုရားတို့ ရဟန်းဝတ်သွားတဲ့ အချိန်ကစပြီး ယခုအချိန်အထိ တခြား အမျိုးသား တစ်ယောက်ကို မယူခဲ့သေးပါဘူး။ အိမ်ရှင်ယောက်ျားမရှိတဲ့ အိမ်မှာ လုပ်ငန်းကိစ္စ အဝဝတွေဟာ ကောင်းစွာ တည်နိုင်တဲ့စွမ်းအား မရှိပါဘူး။ တပည့်တော်မ တခြား အမျိုးသားတစ်ယောက်ကို ယခုတော့ ယူပါတော့မယ်၊ အရှင်ဘုရားတို့ကတော့ ကုသိုလ်တရားတို့၌ မမေ့မလျော့ မပေါ့မဆသော သတိ တရားဖြင့် တရားဘာဝနာကိုသာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူကြပါ၊ တပည့်တော်မမှာ အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုလျှင် သည်းခံခွင့်လွှတ်တော်မူပါဆိုပြီးတော့ ကန်တော့ပါတယ်။</p>
<p>ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ခုနေများ အိမ်ရှင်မတွေက အဲဒီ စကားကလေးတွေ လျှောက်ကြမယ်ဆိုလျှင် ဒါယကာကြီးတွေစိတ်ထဲ ဘယ်လို ဖြစ်သွားကြမလဲ? ဒါယကာကြီးတွေစိတ်ထဲ ဘယ်လို ဖြစ်ကြမယ်တော့ မပြော တတ်ဘူး။ ကိုယ်တော်ကြီးစိတ်ထဲ ဖြစ်ပုံကလေးကို အဋ္ဌကထာက ဖော်ပြထားတယ်။</p>
<h3>ကိုယ်တော်ကြီး၏ ခံစားချက်</h3>
<p><b>မဟလ္လကဿ ဟဒယဖာလနကာလော ဝိယ အဟောသိ။ အထ နံ အဟံ တံ ဇဟိတုံ န သက္ကောမိ၊ မာ ဂစ္ဆ၊ ဝိဗ္ဘမိဿာမိ၊ အသုကဋ္ဌာနေ မေ သာဋကံ ပေသေဟိ၊ ပတ္တစီဝရံ ပဋိစ္ဆာပေတွာ အာဂစ္ဆိဿာမီတိ အာဟ။</b></p>
<p><b>မဟလ္လကဿ</b> = အသက်အရွယ်ကြီးရင့်သောအချိန်ရောက်မှ သာသနာဘောင်သို့ ဝင်ပြီး ရှင်ရဟန်းပြုလာတဲ့ ကိုယ်တော်ကြီးရဲ့ သန္တာန်၌။ <b>ဟဒယဖာလနကာလော ဝိယ</b> = နှလုံးကွဲသွားသော အချိန်အခါကဲ့သို့။ <b>အဟောသိ</b> = ဖြစ်ပေါ်၍သွားလေ၏။ <b>အထ</b> = ထိုအခါ၌။ <b>နံ</b> = ထိုအမျိုးသမီးကို။ <b>သော</b> = ထိုကိုယ်တော်ကြီးက။ <b>ဧဝံ</b> = ဤသို့။ <b>အာဟ</b> = ပြောဆိုလေ၏။ <b>ကိံ</b> = အဘယ်သို့ ပြောဆိုလေသနည်း။</p>
<p><b>အဟံ</b> = ငါသည်။ <b>တံ</b> = သင့်ကို။ <b>ဇဟိတုံ</b> = စွန့်အံ့သောငှာ။ <b>န သက္ကောမိ</b> = မစွမ်းနိုင်ပါ။ <b>မာ ဂစ္ဆ</b> = လိုက်၍ မသွားပါလင့်။ <b>ဝိဗ္ဘမိဿာမိ</b> = ငါ လူထွက် ပေတော့အံ့။ <b>အသုကဋ္ဌာနေ</b> = ဤမည်သောအရပ်၌။ <b>မေ</b> = ငါ့အား။ <b>သာဋကံ</b> = ပုဆိုးကို။ <b>ပေသေဟိ</b> = အပို့ခိုင်းလိုက်ပါ။ <b>ပတ္တစီဝရံ</b> = သပိတ် သင်္ကန်းကို။ <b>ပဋိစ္ဆာပေတွာ</b> = ဥပဇ္ဈာယ်ဆရာတော်အား အပ်နှင်း၍။ <b>အာဂစ္ဆိဿာမိ</b> = ငါ ပြန်လာခဲ့ပေအံ့။ <b>ဣတိ</b> = ဤသို့။ <b>အာဟ</b> = ပြောပြလေ၏။</p>
<p>ရင်ထဲ နှလုံးထဲ ကွဲထွက်သွားတယ်လို့တောင် ထင်လိုက်တယ်။ နောက် ကိုယ်တော်ကြီးက အိမ်ရှင်မကို ပြန်ပြောတယ်။ ဘယ်လို ပြောသလဲ? သင့်ကို ငါ စွန့်လွှတ်ဖို့တော့ ဘယ်လိုမှ မစွမ်းနိုင်ဘူး၊ ဤမည်သောနေရာမှာ ငါ့အတွက် ပုဆိုးပို့ပေးလိုက်ပေတော့၊ ဥပဇ္ဈာယ်ဆရာတော်ကို ခွင့်ပန်ပြီး သပိတ် သင်္ကန်း အပ်နှင်းပြီးတော့ ငါ ပြန်လာမယ်၊ ပုဆိုးသာ ပို့ပေးလိုက်တော့လို့ ဒီလို ပြောတယ်။</p>
<p>အဲဒီလို ပြောပြီး ကျောင်းပြန်ရောက်တဲ့ အချိန်အခါမှာ ဥပဇ္ဈာယ်ဆရာတွေထံ ချဉ်းကပ်ပြီးတော့ တပည့်တော် လူထွက်တော့မယ်ဆိုပြီးတော့ သပိတ် သင်္ကန်းတွေ အပ်နှင်းတဲ့အခါမှာ ဥပဇ္ဈာယ်ဆရာတော်တွေကလည်း ငဲ့ညှာတဲ့ စိတ်ထား ရှိတော်မူကြပါတယ်။ မြတ်စွာဘုရားလည်း ဇေတဝန်ကျောင်းတိုက်မှာ ထင်ရှားရှိနေတော်မူပါတယ်။ ဒါကြောင့် ဘာလုပ်ကြသလဲ? သူ့အလိုမတူသော်လည်း အတင်းဆွဲခေါ်ပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်သွားကြတယ်၊ မြတ်စွာဘုရားထံ ရောက်ရှိသွားတဲ့ အချိန်အခါ အကြောင်းအကျိုး စစ်ဆေးမေးမြန်းလိုက်တယ်၊ အိမ်ရှင်မဟောင်းက ဖြားယောင်းနေတဲ့အတွက်ကြောင့် တပည့်တော် လူထွက်လိုတဲ့အကြောင်း အမှန်အတိုင်း တင်ပြလျှောက် ထားတယ်။ အဲဒီလို တင်ပြလျှောက်ထားတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ? ---</p>
<hr>
<h3>ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း</h3>
<p><b>ဘိက္ခု န ဣဒါနေဝ သာ ဣတ္ထီ တုယှံ အနတ္ထကာရိကာ၊ ပုဗ္ဗေပိ တွံ တံ နိဿာယ စတူဟိ စျာနေဟိ ပရိဟီနော မဟာဒုက္ခံ ပတွာ မံ နိဿာယ တမှာ ဒုက္ခာ မုစ္စိတွာ နဋ္ဌဇ္ဈာနံ ပဋိလဘိ</b></p>
<p><b>ဘိက္ခု</b> = ချစ်သားရဟန်း ...။ <b>ဣဒါနေဝ</b> = ဤယခုအခါ၌ပင်လျှင်။ <b>သာ ဣတ္ထီ</b> = ထိုအမျိုးသမီးသည်။ <b>တုယှံ</b> = သင့်အား။ <b>အနတ္ထကာရိကာ</b> = အကျိုးမဲ့ကို ပြုလေ့ရှိသည်။ <b>န</b> = မဟုတ်သေး။ <b>ပုဗ္ဗေပိ</b> = ရှေးယခင် ဘဝတုန်းကလည်းပဲ။ <b>တွံ</b> = သင်သည်။ <b>တံ</b> = ထိုအမျိုးသမီးကို။ <b>နိဿာယ</b> = အမှီပြု၍။ <b>စတူဟိ စျာနေဟိ</b> = စျာန်လေးပါးတို့မှ။ <b>ပရိဟီနော</b> = ဆုတ်ယုတ်ခဲ့သည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>မဟာဒုက္ခံ</b> = ကြီးကျယ်သော ဆင်းရဲဒုက္ခသို့။ <b>ပတွာ</b> = ရောက်ရှိရသည်ဖြစ်၍။ <b>မံ</b> = ငါဘုရားအလောင်းတော် သရဘင်္ဂရှင်ရသေ့ကို။ <b>နိဿာယ</b> = အမှီပြု၍။ <b>တမှာ ဒုက္ခာ</b> = ထိုဆင်းရဲဒုက္ခမှ။ <b>မုစ္စိတွာ</b> = လွတ်မြောက်ခဲ့သည်ဖြစ်၍။ <b>နဋ္ဌဇ္ဈာနံ</b> = ပျောက်ပျက်သွားတဲ့ စျာန်တရားကို။ <b>ပဋိလဘိ</b> = တစ်ဖန်ပြန်၍ ရရှိဖူးလေပြီ။</p>
<p>ယခုဘဝမှာသာ ဒီအမျိုးသမီးသည် သင်၏ အကျိုးစီးပွားမဲ့အောင် ပြုလုပ်တာ မဟုတ်ပါဘူး။ ဒီစကားကလေးကို နည်းနည်းကလေး စဉ်းစားကြည့် စမ်းပါ။ အကျိုးစီးပွားမဲ့ကို အခုမှလုပ်တာ မဟုတ်သေးဘူးဆိုတော့ ဘုရားရှင်ရဲ့ အလိုတော်အရ ပြောမယ်ဆိုလျှင်တော့ အိမ်ရှင်မတစ်ဦးက အိမ်ရှင်ယောက်ျား တစ်ဦးဖြစ်နေတဲ့ ရဟန်းတော်တစ်ပါးကို လူထွက်ခိုင်းတယ်ဆိုလျှင် အကျိုး စီးပွားမဲ့အောင်လုပ်တဲ့ လုပ်ငန်းလို့ အဓိပ္ပါယ်မရဘူးလား? ရနေတယ်။ ဒါကြောင့် အိမ်ရှင်မတိုင်းဟာ ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။</p>
<p>ဒီအမျိုးသမီးဟာ အခုဘဝမှာသာလျှင် သင်ရဲ့ အကျိုးစီးပွားမဲ့ကို ပြုလုပ်ခဲ့သည် မဟုတ်သေးဘူး၊ ရှေးယခင် ဘဝတစ်ခုတုန်းကလည်း သင်ဟာ ဒီအမျိုးသမီးကို အမှီပြုပြီးတော့ စျာန်တွေ လျောကျခဲ့ဖူးတယ်၊ ကြီးစွာသော ဆင်းရဲဒုက္ခလည်း ရောက်ခဲ့ဖူးတယ်၊ ငါဘုရားအလောင်းတော်ဖြစ်တဲ့ သရဘင်္ဂ ရှင်ရသေ့ကို အမှီပြုပြီးတော့ သင်ဟာ ဒီဆင်းရဲဒုက္ခမှ တစ်ချိန်တုန်းက လွတ်မြောက်ခဲ့ဖူးတယ်၊ ပျောက်ပျက်သွားတဲ့ လျောကျတဲ့စျာန်တွေကိုလည်း တစ်ဖန် ပြန်ရခဲ့ဖူးတယ် ဆိုပြီးတော့ မြတ်စွာဘုရားက အတိတ်ဇာတ်ကြောင်း နိဒါန်းကလေးကို ပြန်ပြောပြတော်မူပါတယ်။</p>
<p>အဲဒီအချိန်အခါမှာ ရဟန်းတော်အများကလည်း ဝိုင်းပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဟောဖို့ရန် လျှောက်ထားတောင်းပန်တဲ့အတွက် မြတ်စွာဘုရားက အတိတ်ဇာတ်ကြောင်း ကို အကျယ်ဝေဖန်သောအားဖြင့် ပြန်ပြောင်းပြီး ဟောတော်မူပါတယ်။</p>
<hr>
<h3>သရဘင်္ဂရှင်ရသေ့</h3>
<p>တစ်ချိန်မှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဗာရာဏသီပြည်မှာပဲ ဆိုကြပါစို့။ ဗြဟ္မဒတ်မင်းကြီး တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်နေတဲ့အချိန်မှာ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ အိမ်ရှင်မဖြစ်တဲ့ ပုဏ္ဏေးမကြီး ဝမ်းကြာတိုက်မှာ ပဋိသန္ဓေစွဲပြီး တည်နေတော်မူပါတယ်။ အချိန်တန် အရွယ်ရောက်တော့ တက္ကသိုလ်မှာ သွားပြီး ပညာသင်ပါတယ်၊ ပညာတွေ တတ်တဲ့ အချိန်အခါမှာတော့ တိုင်းပြည်ကို ပြန်လာပြီး ရှင်ဘုရင်ကိုလည်း မိမိရဲ့ တတ်ကျွမ်းခဲ့တဲ့ အတတ်ပညာတွေကိုလည်း ပြသတယ်၊ နောက်တော့ ဘယ်သူကိုမျှ မပြောဘဲ တောထွက်ပြီးတော့ ရသေ့ရဟန်း ပြုသွားတော်မူပါတယ်။</p>
<p>ရသေ့ရဟန်း ပြုပြီးတော့ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ စျာန်အဘိညာဏ်တွေကို မကြာမီ အချိန်ကာလ အတွင်းမှာပဲ ရရှိသွားတော်မူခဲ့ပါတယ်။ ဒီပုဏ္ဏားလုလင်ကလေး မွေးဖွားလာစဉ် အချိန်အခါတုန်းက တစ်မြို့လုံးမှာ လက်နက်တွေအားလုံး အလျှံတပြောင်ပြောင် တောက်ခဲ့ဖူးတယ်။ ဒီအလျှံတပြောင်ပြောင် တောက်ခဲ့ဖူးတာကို အကြောင်းပြုပြီးတော့ <b>ဇောတိပါလကုမာရ</b> = ဇောတိပါလသတို့သားဆိုပြီး ဒီလို အမည်နာမ တပ်ခဲ့ဖူးပါတယ်။</p>
<p>အခုလို တောထွက်လာသည်နှင့် တစ်ပြိုင်နက်တည်း သူတော်ကောင်းတို့ရဲ့ ဘုန်းကံကြောင့် သိကြားမင်းကြီးက မနေနိုင်တဲ့အတွက် <b>ကဝိဋ္ဌကအဿမ</b>လို့ ခေါ်ဆိုအပ်တဲ့ ကဝိဋ္ဌကသင်္ခမ်းကျောင်းကလေးတွေကို ဖန်ဆင်း ပေးတော်မူပါတယ်။ ထိုကျောင်းမှာပဲ စျာန်အဘိညာဏ်တွေ ရသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး နေလိုက်တာ မကြာမီ ကာလ အတွင်းတပည့်ပရိသတ်တွေ များစွာ ပေါ်ထွန်းလာခဲ့ပါတယ်။ <b>သရဘင်္ဂ ရှင်ရသေ့</b>ဟု ထင်ရှားကျော်ကြားတော်မူခဲ့ပါတယ်။</p>
<hr>
<h3>အနတ္တလက္ခဏာ၏ ခက်ခဲပုံ</h3>
<p>ဒီ<b>သရဘင်္ဂရှင်ရသေ့</b>က ဉာဏ်ပညာ အလွန်ထက်မြက်တဲ့ ရသေ့ကြီး တစ်ဦး ဖြစ်ခြင်းကြောင့် တပည့်ပရိသတ်တွေကို စျာန်အဘိညာဏ်တွေကို ရသည့်တိုင်အောင် သွန်သင်ပြသ ဆိုဆုံးမပေးနိုင်တဲ့ စွမ်းအားလည်း ရှိခဲ့ပါတယ်။ ဒီတပည့်ပရိသတ်တွေကို ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာ, ဒုက္ခအခြင်းအရာတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်လည်း သွန်သင်ပြသ ဆိုဆုံးမပြီး ဟောကြားပြသပေးနိုင်တဲ့ စွမ်းအား ရှိခဲ့ပါတယ်။ သို့သော် အနတ္တလက္ခဏာကိုတော့ ပညတ်တင်ပြီး ဟောကြားနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး။ ဘာကြောင့်လဲ? ---</p>
<p><b>အနိစ္စဒုက္ခလက္ခဏာနိ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ပညာယန္တိ၊ အနတ္တလက္ခဏံ ဝိနာ ဗုဒ္ဓုပ္ပါဒါ န ပညာယတိ၊ ဗုဒ္ဓုပ္ပါဒေယေဝ ပညာယတိ။ မဟိဒ္ဓိကာ ဟိ မဟာနုဘာဝါ တာပသပရိဗ္ဗာဇကာ သရဘင်္ဂသတ္ထာရာဒယောပိ အနိစ္စံ ဒုက္ခန္တိ ဝတ္တုံ သက္ကောန္တိ၊ အနတ္တာတိ ဝတ္တုံ န သက္ကောန္တိ။ သစေ ဟိ တေ သမ္ပတ္တပရိသာယ အနတ္တာတိ ဝတ္တုံ သက္ကုဏေယျုံ၊ သမ္ပတ္တပရိသာယ မဂ္ဂဖလပဋိဝေဓေါ ဘဝေယျ။ အနတ္တလက္ခဏပညာပနဥှိ အညဿ ကဿစိ အဝိသယော၊ သဗ္ဗညုဗုဒ္ဓါနမေဝ ဝိသယော။ (အဘိ၊ဋ္ဌ၊၂၊၄၆။)</b></p>
<p><b>အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ</b>တွေကတော့ တထာဂတဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့ အခါမှာပဲ ဖြစ်စေ, မပွင့်တဲ့ အခါမှာပဲ ဖြစ်စေ ထင်ရှား ကြပါတယ်။ <b>အနတ္တလက္ခဏာ</b>ကတော့ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့ အခါမှာသာ ထင်ရှားပါတယ်။ <b>အနတ္တလက္ခဏာ</b>ကို ပညတ်တင်ပြီး ဟောကြားပြသ ဆိုဆုံးမနိုင်တာကတော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်တယ်၊ တခြားတခြား ပုဂ္ဂိုလ်တို့ရဲ့ အရာဌာန မဟုတ်ပါဘူး။ ဒါကြောင့် အလောင်းတော် <b>သရဘင်္ဂရှင်ရသေ့</b>က သာဝကတွေကို စျာန်အဘိညာဏ်တွေ ရသည့်တိုင်အောင်သာမက ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်တွေကိုလည်း ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိအောင် ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအား ရှိခဲ့ဖူးပါတယ်။</p>
<p>အကယ်၍ <b>သရဘင်္ဂရှင်ရသေ့</b>သည် ထိုအချိန်ကာလက မိမိထံသို့ ဆိုက်ရောက်လာတဲ့ သာဝကတွေကို <b>အနတ္တလက္ခဏာ</b>ကိုပါ ထည့်သွင်းပြီးတော့ ပညတ်တင်ကာ ဟောကြားပြသ ဆိုဆုံးမနိုင်ခဲ့မယ်ဆိုလျှင် ဆိုက်ရောက်လာတဲ့ ပရိသတ်တွေလည်း အားလုံး မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဆိုက်နိုင်ပါတယ်ဆိုပြီးတော့ သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးမှာ ဖွင့်ဆိုထားပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)</p>
<p>ထိုအချိန်ကာလတုန်းက <b>သရဘင်္ဂရှင်ရသေ့</b>မှာ တပည့်ပရိသတ်တွေက သိပ်များတော့ ဘုရားပွင့်တော်မူတဲ့ အချိန်အခါမှာ သာသနာတော် ထွန်းကား သကဲ့သို့ <b>သရဘင်္ဂရှင်ရသေ့</b>ရဲ့ လက်ထက်မှာလည်း တပည့်ရသေ့တွေ တောထဲမှာ နေထိုင်ကြတာ သိပ်ပြီး စည်ကားကြတယ်။ အလွန်များပြားတဲ့ ပရိသတ် တွေထဲမှာ <b>သရဘင်္ဂရှင်ရသေ့</b>ရဲ့ တပည့်ကြီးတွေက ခုနစ်ဦး ရှိပါတယ်။</p>
<hr>
<h3>တပည့်ရသေ့ကြီး (၇) ဦး</h3>
<p>အဲဒီ ခုနစ်ဦးထဲမှာ <b>သာလိဿရ</b> အမည်ရှိနေတဲ့ တပည့်ရသေ့ကြီး တစ်ဦးကတော့ <b>ကဝိဋ္ဌကသင်္ခမ်းကျောင်း</b>ကနေ ထွက်ပြီးတော့ <b>သုရဋ္ဌဇနပုဒ် ပုရတ္ထိမဇနပုဒ်</b> အပါအဝင်ဖြစ်တဲ့ <b>သာတောဒိကာ</b> အမည်ရှိနေတဲ့ မြစ်ကမ်းပါး တစ်နေရာမှာ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်တွေ ခြံရံပြီးတော့ နံပါတ် (၁) အုပ်စုခွဲအဖြစ် နေတော်မူပါတယ်။</p>
<p>နံပါတ် (၂) တပည့်ကြီးဖြစ်သော <b>မေဏ္ဍိဿရ</b> အမည်ရှိတဲ့ ရသေ့ကြီး တစ်ဦးကတော့ <b>ပဇ္ဇောတကပဉ္စာလမင်း</b>ရဲ့ တိုင်းနိုင်ငံအတွင်းမှာ <b>ကလဗ္ဗစူဠက</b> အမည်ရှိနေတဲ့ နိဂုံးရွာကြီးတစ်ခုကို အမှီပြုပြီးတော့ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်တွေ ခြံရံပြီးတော့ သီတင်းသုံး စံနေတော်မူပါတယ်။</p>
<p>နောက် နံပါတ် (၃) တပည့်ကြီးဖြစ်သော <b>ပဗ္ဗတ</b> အမည်ရှိတဲ့ ရသေ့ကြီး တစ်ဦးကတော့ <b>အဋဝိဇနပဒ</b>ခေါ်တဲ့ တောအုပ်ဇနပုဒ်တစ်ခုကို အမှီပြုပြီးတော့ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်များ ခြံရံပြီးတော့ သီတင်းသုံး စံနေတော်မူပါတယ်။</p>
<p>နောက် နံပါတ် (၄) တပည့်ကြီးဖြစ်သော <b>ကာဠဒေဝိလ</b> အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦးကတော့ <b>အဝန္တိဒက္ခိဏပထတိုင်း</b>အတွင်းမှာ တည်ရှိနေတဲ့ တစ်ခဲနက် ထူထပ်တဲ့ ကျောက်တောင်ကြီးတစ်ခုကို အမှီပြုပြီးတော့ ထောင်ပေါင်းများစွာသော တပည့်ရသေ့ပရိသတ်တွေ ခြံရံပြီးတော့ သီတင်းသုံး စံနေတော်မူတယ်။</p>
<p>နံပါတ် (၅) တပည့်ကြီးဖြစ်သော <b>ကိသဝစ္ဆ</b> အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦး ကတော့ <b>ဒဏ္ဍကီမင်း</b>ရဲ့ <b>ကုမ္ဘဝတီ</b>အမည်ရှိတဲ့ နေပြည်တော်ကို အမှီပြုပြီးတော့ မင်းဥယျာဉ်တော်မှာပဲ တစ်ပါးတည်း သီတင်းသုံး စံနေတော်မူပါတယ်။</p>
<p>နံပါတ် (၆) တပည့်ကြီးဖြစ်သော <b>အနုပိယ</b>အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦး ကတော့ ဘုရားအလောင်းတော် <b>သရဘင်္ဂရှင်ရသေ့</b>ကြီးထံမှာပဲ ချဉ်းကပ်ပြီးတော့ အလုပ်အကျွေးအဖြစ်ဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။</p>
<p>နံပါတ် (၇) တပည့်ကြီးဖြစ်သော <b>နာရဒ</b> အမည်ရှိတဲ့ ရသေ့ကြီးတစ်ဦး ကတော့ <b>ကာဠဒေဝိလရသေ့</b>ရဲ့ ညီငယ်တစ်ဦး ဖြစ်ပါတယ်။ သူက ဘယ်မှာ သွားပြီး သီတင်းသုံးသလဲဆိုတော့ <b>မဇ္ဈိမဒေသ အာရဉ္ဇရဂိရိတောင်</b>မှာ တောင်ကွန်ယက်တို့ရဲ့ အကြားတစ်ခုဖြစ်သော လိုဏ်ဂူကြီးတစ်ခုအတွင်းမှာ တစ်ပါးတည်း သီတင်းသုံး စံနေတော်မူပါတယ်။</p>
<hr>
<h3>နာရဒရှင်ရသေ့နှင့် ဒေါ်ဝဏ္ဏဒါသီ</h3>
<p>ဒီ<b>အာရဉ္ဇရဂိရိ</b> အမည်ရှိနေတဲ့ တောင်ဝှမ်းရဲ့ တစ်ဖက်မှာ နိဂုံးရွာကြီး တစ်ရွာ ရှိနေတယ်။ အဲဒီ နိဂုံးရွာကြီးက လူမျိုးပေါင်းစုံတို့ဖြင့် ရောပြွမ်းနေတဲ့ အလွန် စည်းကားတဲ့ မြို့တစ်မြို့ ဆိုကြပါစို့။ ယခုခတ်အနေနဲ့ ဆိုလျှင်တော့ လူမျိုးစုံ ရောပြွမ်းနေတဲ့ နိဂုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ အဲဒီ နိဂုံးမြို့နှင့် <b>အာရဉ္ဇရဂိရိ</b>ခေါ်တဲ့ <b>နာရဒရှင်ရသေ့</b>နေထိုင်တဲ့ တောင်နှစ်ခုအကြားမှာ အလွန်ကြီးမားတဲ့ မြစ်ကြီးတစ်စင်းကလည်း ဖြတ်ပြီး စီးဆင်းလျက် ရှိနေပါတယ်။ အဲဒီ မြစ်ကမ်းပါးတစ်လျှောက်မှာ ဘာဖြစ်နေသလဲ? ---</p>
<p><b>ဥတ္တမရူပဓရာ ဝဏ္ဏဒါသိယောပိ ပုရိသေ ပလောဘယမာနာ တဿာ နဒိယာ တီရေ နိသီဒန္တိ။</b></p>
<p><b>ဥတ္တမရူပဓရာ</b> = မြင့်မြတ်သော ရုပ်အဆင်းကို ဆောင်ထားနိုင်ကြကုန်သော။ <b>ဝဏ္ဏဒါသိယောပိ</b> = ပြည့်တန်ဆာမတို့သည်လည်း။ <b>ပုရိသေ</b> = ယောက်ျားတို့ကို။ <b>ပလောဘယမာနာ</b> = ဖြားယောင်းကြကုန်လျက်။ <b>တဿာ နဒိယာ</b> = ထိုမြစ်၏။ <b>တီရေ</b> = ကမ်းပါးတစ်နေရာ၌။ <b>နိသီဒန္တိ</b> = နေထိုင်ကြကုန်၏။</p>
<p>အဲဒီ မြစ်ကမ်းပါး တစ်နေရာမှာတော့ ပြည့်တန်ဆာမတွေ တော်တော် ခပ်များများ နေထိုင်ကြတယ်။ ဒီပြည့်တန်ဆာမတွေကလည်း အညံ့စားတွေတော့ မဟုတ်ကြပါဘူး။ <b>ဥတ္တမရူပဓရာ</b> = မြင့်မြတ်သော အမျိုးသမီးတို့ရဲ့ ရုပ်အဆင်းကို ဆောင်ထားနိုင်သော စွမ်းအားရှိနေတဲ့ အမျိုးသမီးတွေ ဖြစ်ကြတယ်။ အဲဒီလို နေထိုင်ကြတော့ ဒီ<b>နာရဒရှင်ရသေ့</b>က ဘာဖြစ်လာသလဲ?--</p>
<p><b>နာရဒတာပသော တာသု ဧကံ ဒိသွာ ပဋိဗဒ္ဓစိတ္တော ဟုတွာ စျာနံ အန္တရဓာပေတွာ နိရာဟာရော ပရိသုဿန္တော ကိလေသဝသံ ဂန္တွာ သတ္တာဟံ ဝသိတွာ နိပဇ္ဇိ။</b></p>
<p><b>နာရဒတာပသော</b> = နာရဒရှင်ရသေ့သည်။ <b>တာသု</b> = ထိုပြည့်တန်ဆာမတို့တွင်။ <b>ဧကံ</b> = တစ်ယောက်သော ပြည့်တန်ဆာမကို။ <b>ဒိသွာ</b> = တွေ့မြင် ရသည်ဖြစ်၍။ <b>ပဋိဗဒ္ဓစိတ္တော</b> = တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့အပ်သော စိတ်ထားရှိသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>စျာနံ</b> = စျာန်ကို။ <b>အန္တရဓာပေတွာ</b> = ကွယ်ပျောက်စေ၍။ <b>နိရာဟာရော</b> = အစာအာဟာရ မစားသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ပရိသုဿန္တော</b> = အသားအရေ ခြောက်ကပ်လျက်။ <b>ကိလေသဝသံ</b> = ကိလေသာ၏ အလိုနိုင်ငံသို့။ <b>ဂန္တွာ</b> = လိုက်ပါ၍။ <b>သတ္တာဟံ</b> = ခုနစ်ရက်တို့ ကာလပတ်လုံး။ <b>ဝသိတွာ</b> = နေထိုင်၍။ <b>နိပဇ္ဇိ</b> = အိပ်စက်လျက် နေပေ၏။</p>
<p>ခုနစ်ရက်ကာလပတ်လုံး အစာမစားဘဲနဲ့ အိပ်နေတယ်၊ စွဲလမ်းမှု တစ်ခုကို အကြောင်းပြုပြီး ရရှိတဲ့ ဆင်းရဲဒုက္ခ ဖြစ်တယ်။ တော်တော်ကလေး ကြောက်ဖို့ကောင်းတယ်။ ဒီတော့ သူက အမျိုးသမီးတစ်ဦးအပေါ် ဒီလောက် စွဲလမ်းတပ်မက်တဲ့ စိတ်ထားကြောင့် အစာတောင် လုံးလုံး မစားတော့ဘဲ အငတ်ခံပြီးတော့ အိပ်နေလိုက်တယ်။ အိပ်နေလိုက်တဲ့ အချိန်အခါမှာတော့ ဘာဖြစ်လာသလဲ? ခန္ဓာကိုယ် အသားအရေတွေဟာ အကုန်လုံး ခြောက်ကပ် သွားတယ်၊ ခြောက်ကပ်ပြီး ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေကို ခံစားနေရတယ်။</p>
<p>အစ်ကိုဖြစ်နေတဲ့ <b>ကာဠဒေဝိလရသေ့</b>ကြီးက ဒိဗ္ဗစက္ခုအဘိညာဏ် ဝင်စားပြီး ငါ့ညီ ဘယ်လို အခြေအနေရှိသလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ အဲဒီလို ဆင်းရဲဒုက္ခဝေဒနာတွေကို ခံစားနေရတာကို သွားတွေ့ပြီ၊ တွေ့လိုက်တဲ့ အချိန်အခါမှာ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကလေး, စိတ်နေ စိတ်ထားကလေးတွေ ဒီနေရာမှာ အင်မတန် ကြည်ညိုဖို့ကောင်းတယ်။ တစ်ဦးတစ်ယောက် ဆင်းရဲဒုက္ခ ရောက်လာပြီဆိုလျှင် ဒီကောင် ဒီလောက်တောင် ညံ့တဲ့ကောင် သေပလေ့စေကွာ ဒီလိုစိတ်ထားမျိုး မရှိကြဘူး။</p>
<p>ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသူတော်ကောင်းတစ်ဦးကို ထုတ်ဆောင်ကယ်တင်ရမလဲ၊ သူတော်ကောင်းတစ်ဦး ပြန်ဖြစ်လာအောင် တို့တစ်တွေ ဘယ်လို ကူညီရမလဲဆိုတဲ့ ဒီစိတ်ထားကိုပဲ မွေးမြူကြတယ်။ ဒါဟာ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကလေးတစ်ခုပါ။ တရားတွေ စုပေါင်း အားထုတ်နေတဲ့ယခုလို ဖားအောက်တောရဌာနတစ်ခုပဲ ဆိုကြပါစို့။ သီတင်းသုံးဖော် တရားကျင့်ဖော်အချင်းချင်း တစ်ဦးအပေါ်မှာ တစ်ဦးက ဒီလို ကူညီ ရိုင်းပင်းလိုတဲ့ စိတ်ထားတွေ ရှိကြမည်ဆိုလျှင် ဒီစိတ်ထားတွေသည် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ မွန်မြတ်တဲ့ စိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်၊ သိပ်ကောင်းပါတယ်။</p>
<p>ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ ဆင်းရဲဒုက္ခတစ်ခုခု ဖြစ်နေပြီဆိုလျှင် ဒီဆင်းရဲဒုက္ခကို တို့တစ်တွေ ဘယ်လို ထုတ်ဆောင်ကယ်တင်ပေးရမလဲဆိုတဲ့ ဒီစိတ်ထားတွေသည် သူတော်ကောင်းတိုင်းမှာ ရှိသင့်တဲ့ စိတ်ထားပဲ။ ဒီလို ဆိုလျှင် သူတော်ကောင်းတိုင်းမှာ ရှိသင့်တဲ့ စိတ်ထားကို သူတော်ကောင်း မဟုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ မရှိရဘူးလားဆိုလျှင်လည်း ရှိသင့်ပါတယ်။ ပုဂ္ဂိုလ် အားလုံးရဲ့ သန္တာန်မှာ ရှိသင့်ပါတယ်။</p>
<hr>
<h3>မုသာဝါဒဖြင့် အနှိပ်ကွပ်ခံရခြင်း</h3>
<p>ဆင်းရဲဒုက္ခရောက်နေသူကို ကယ်တင်လိုတဲ့ စိတ်ထား ရှိနေတဲ့အတွက်ကြောင့် <b>ကာဠဒေဝိလရသေ့</b>ကြီးက ညီတော် <b>နာရဒရသေ့</b>ထံကို ကြွရောက် လာပြီးတော့ အကျိုးအကြောင်း မေးမြန်းတော်မူပါတယ်။ ဘာဖြစ်လို့ ကြွလာသလဲဆိုပြီးတော့ <b>နာရဒရှင်ရသေ့</b>က ပြန်လျှောက်ထားတယ်။သင် မကျန်းမမာ ဖြစ်နေတဲ့အတွက်ကြောင့် သတင်းမေးခြင်းဖြစ်တဲ့အကြောင်း ပြန်ပြောလိုက်တဲ့ အခါ <b>နာရဒရှင်ရသေ့</b>က အစ်ကိုဖြစ်နေတဲ့ ဒီ<b>ကာဠဒေဝိလရသေ့</b>ကြီးကို ဘယ်လို ပြန်ပြောသလဲ? ---</p>
<p><b>အဘူတံ ကထံ ကထေသိ၊ အလိကံ တုစ္ဆံ ကထေသီတိ မုသာဝါဒေန နိဂ္ဂဏှိ။</b></p>
<p><b>အဘူတံ ကထံ</b> = မဟုတ်မမှန်တဲ့ စကားကို။ <b>ကထေသိ</b> = ပြောဆိုိ၍ နေဘိ၏။ <b>အလိကံ</b> = ချွတ်ယွင်းတဲ့ စကားကို။ <b>တုစ္ဆံ</b> = အချည်းနှီး မမှန်ကန်တဲ့ စကားကို။ <b>ကထေသိ</b> = ပြောဆို၍ နေဘိ၏။ <b>ဣတိ</b> = ဤသို့။ <b>မုသာဝါဒေန</b> = မုသာဝါဒစကားဖြင့်။ <b>နိဂ္ဂဏှိ</b> = နှိပ်ကွပ်လိုက်၏။</p>
<p>အလကား မဟုတ်တာတွေ လာပြောနေတယ်၊ သူ မကျန်းမာတာ မဟုတ်ဘူး၊ သူ ကျန်းမာနေတယ်လို့ သူက ဒီလို ဆိုလိုပါတယ်။ မကျန်းမာလို့ လာမေးတယ်ဆိုတဲ့ ဒီစကားဟာ သက်သက် မုသားပြောနေတာပဲ၊ မဟုတ် မမှန် ချွတ်ယွင်းဖောက်ပြန်နေတဲ့ စကားတွေကို လာပြောနေတာပဲ၊ သင်ဟာ မုသားပြောနေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး မုသာဝါဒဖြင့် နှိပ်ကွပ်လိုက်တယ်။</p>
<p>အဲဒီလို နှိပ်ကွပ်လိုက်တဲ့ အချိန်အခါမှာ နောက်ထပ် <b>သာလိဿရ</b> အမည်ရှိတဲ့ သူတော်ကောင်း ရသေ့ကြီးကလည်း သိတော်မူတော့ ကြွလာတော်မူပါတယ်။ <b>မေဏ္ဍိဿရ</b>အမည်ရှိတဲ့ ရသေ့သူတော်ကောင်းကြီးကလည်း ကြွလာတော်မူပါတယ်။ <b>ပဗ္ဗတ</b>အမည်ရှိတဲ့ သူတော်ကောင်းကြီးလည်း ကြွလာတော်မူပါတယ်။ ဒီလို ကြွလာတော်မူပြီး သတင်းစကား မေးမြန်းတဲ့ အခါမှာလည်း အကုန်လုံးကို <b>နာရဒရှင်ရသေ့</b>က မုသာဝါဒနဲ့ နှိပ်ကွပ်တော့တယ်။ နှိပ်ကွပ်လိုက်တော့ ဒီ<b>နာရဒရှင်ရသေ့</b>ကို ဘယ်လိုမှ ချော့လို့မရ ဖြစ်နေတော့ ဘာလုပ်ရသလဲ? ---</p>
<p>ဆရာဖြစ်တဲ့ <b>သရဘင်္ဂရှင်ရသေ့</b>ကြီးကို သွားပင့်မှ တော်မယ်ဆိုပြီး စျာန်အဘိညာဏ်တွေ ဝင်စားပြီး <b>သရဘင်္ဂရှင်ရသေ့</b>ကြီးထံ သွားပြီး အကြောင်းကြားကြတယ်။ အဲဒီလို အကြောင်းကြားလိုက်တဲ့ အချိန်အခါမှာ <b>သရဘင်္ဂ ရှင်ရသေ့</b>ကြီးကလည်း ဒီကောင် သင်းထိုက်နဲ့ သင်းကံ ရှိပစေ သေပလေ့စေ ဆိုတဲ့ ဒီစိတ်ထားမျိုး ရှိသလား? မရှိပါဘူး။ သူတော်ကောင်းတို့ရဲ့ စိတ်ထားကလေးတွေ အလွန်ကြည်ညိုဖို့ ကောင်းပါတယ်။ အပင်ပန်းခံပြီး စျာန်အဘိညာဏ်တွေ ဝင်စားပြီး ကြွလာတော်မူပါတယ်။</p>
<hr>
<h3>သရဘင်္ဂရှင်ရသေ့ ကြွလာတော်မူခြင်း</h3>
<p><b>သော အာဂန္တွာ တံ ဒိသွာ ဣန္ဒြိယဝသံ ဂတောတိ ဉတွာ ကစ္စိ နာရဒ၊ ဣန္ဒြိယာနံ ဝသံ ဂတောတိ ပုစ္ဆိ။</b></p>
<p><b>သော</b> = ထို<b>သရဘင်္ဂရှင်ရသေ့</b>သည်။ <b>အာဂန္တွာ</b> = ကြွလာတော်မူ၍။ <b>တံ</b> = ထို<b>နာရဒရသေ့</b>ကို။ <b>ဒိသွာ</b> = မြင်၍။ <b>ဣန္ဒြိယဝသံ</b> = ဣန္ဒြေတို့၏ အလိုနိုင်ငံတော်သို့။ <b>ဂတော</b> = လိုက်ပါ၍ နေသည်ဟူ၍။ <b>ဉတွာ</b> = သိရှိတော်မူ၍။</p>
<p>ပရစိတ္တဝိဇာနနအဘိညာဏ် (= သူတစ်ပါးတို့ရဲ့ စိတ်အကြံကို သိနိုင်တဲ့ အဘိညာဏ်)ကို ဝင်စားပြီး လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဩော်! ဒီ<b>နာရဒရသေ့</b>ကတော့ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါနေပြီဆိုတာ သိတော်မူတယ်။</p>
<p><b>ဣန္ဒြေ</b>ဆိုတာက မျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ် ဆိုပြီး ပေါင်းလိုက်တော့ ဘယ်နှစ်ခု ရှိသလဲ? ခြောက်ခု ရှိပါတယ်။ ဣန္ဒြေခြောက်ပါးလို့လည်း ခေါ်ပါတယ်။ ဘာကြောင့် ဣန္ဒြေလို့ ခေါ်ရသလဲ? မြင်တဲ့နေရာမှာ ဒီမျက်စိ ခေါ်တဲ့ <b>စက္ခုအကြည်ဓာတ်</b>က အစိုးရတယ်။ <b>စက္ခုအကြည်ဓာတ်</b>တွေ ချွတ်ယွင်း ပျက်စီးသွားပြီ၊ မျက်စိ မရှိတော့ဘူးဆိုလျှင် ဒီပုဂ္ဂိုလ် မြင်နိုင်သေးသလား? မမြင်နိုင်တော့ဘူး။ မြင်နိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို ဒီမျက်စိ အကြည်ဓာတ်က အစိုးရတဲ့အလုပ်ကို ပြုလုပ်ပါတယ်။ သူ့ကို <b>ဣန္ဒြေ</b>လို့ သတ်မှတ်ထားပါတယ်။</p>
<p>အလားတူပဲ နားထိုင်းသွားပြီ, နားပင်းသွားပြီ, နားအကြည်ဓာတ်တွေ မရှိတော့ဘူးဆိုလျှင် အသံမကြားရတော့ဘူး။ <b>သောတပသာဒ</b>ဆိုတဲ့ <b>သောတ</b> အကြည်ဓာတ်သည် အသံကို ကြားတဲ့နေရာမှာ အစိုးရတယ်။ အလားတူပဲ <b>ဃာနအကြည်ဓာတ်</b>က အနံ့ကို သိတဲ့နေရာမှာ အစိုးရတယ်။ လျှာအကြည်ဓာတ်က အရသာကို သိတဲ့နေရာမှာ အစိုးရတယ်။ ကိုယ်အကြည်ဓာတ်ကလည်း ထိတာကို သိတဲ့နေရာမှာ အစိုးရတယ်။ <b>မန</b>ခေါ်တဲ့ အသိစိတ် <b>မနိန္ဒြေ</b>ကလည်း ဓမ္မသဘော အမျိုးမျိုးလို့ ခေါ်ဆိုအပ်တဲ့ အာရုံခြောက်ပါးလုံးကို သိတဲ့နေရာမှာ သူက အစိုးရတယ်။ အဲဒါကြောင့် သူတို့ကို <b>ဣန္ဒြေ</b>လို့ ခေါ်တယ်။</p>
<p>ဒီမျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ်လို့ ခေါ်ဆိုအပ်တဲ့ ဒီ<b>ဣန္ဒြေ</b>တို့ရဲ့ အလိုကို လိုက်ပါတာတော့ ဘုရားရှင်လည်း မကြိုက်ပါဘူး။ အလိုလိုက်တယ် ဆိုတာက ဘာပြောတာလဲ? မျက်စိက ဒါကြည့်လိုတယ်ဆိုလျှင် တော်၏, မတော်၏, သင့်၏, မသင့်၏, ကုသိုလ် ဖြစ်နိုင်၏, အကုသိုလ် ဖြစ်နိုင်၏, စူးစမ်းဆင်ခြင်မူ မရှိဘဲ ကြည့်လိုတယ်ဆိုလျှင် သွားကြည့်လိုက်တာပဲ။ လွတ်လွတ်လပ်လပ် သွားကြည့်လိုက်တယ်။</p>
<p>အသံတစ်ခု နားထောင်လိုတယ်၊ ကုသိုလ်ဖြစ်နိုင်သလား, အကုသိုလ် ဖြစ်နိုင်သလား, တော်သလား, မတော်သလား, မစဉ်းစားဘူး၊ နားထောင်လိုလျှင် သွားပြီးနားထောင်လိုက်တာပဲ။ အနံ့တစ်ခု နမ်းရှူလိုတယ်ဆိုလျှင်လည်း လွတ်လွတ်လပ်လပ်ပဲ ကျေကျေနပ်နပ်ကြီး သွားပြီးနမ်းရှူလိုက်တယ်။ အစားအစာတစ်ခု စားလိုတယ်၊ တော်မတော် မစဉ်းစားဘူး၊ သတ်စားလိုလျှင်လည်း သတ်စားရပလေ့စေ အကုန်လုံး စားလိုက်တာပဲ။</p>
<p>စားလိုတာနဲ့ ပတ်သက်ပြီး အစင်ကကြွလာတဲ့ ဘုန်းတော်ကြီး တစ်ပါးက ယောဂီတစ်ယောက်ရဲ့ အကြောင်းကို ဘုန်းကြီးကို ပြောပြဖူးပါတယ်။ကျောင်းမှာ ယောဂီတစ်ယောက်ကို သူက အသုဘကမ္မဋ္ဌာန်း အရှုခိုင်းနေတယ်။ ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေ တိရစ္ဆာန်တွေပါ အားလုံး ထည့်သွင်းပြီးတော့ အသုဘ အရှုခိုင်းနေတယ်။ ပဋိကူလမနသိကာရအဖြစ်ဖြင့် အရှုခိုင်းလိုက်တဲ့ အချိန်အခါမှာ အရှင်ဘုရား တပည့်တော် ကြက်နှင့်ဝက်ကို အသုဘရှုလို့မရ ဖြစ်နေပါတယ်လို့ လျှောက်ထားတယ်။ ဘာဖြစ်လို့ ရှုလို့မရသလဲလို့ မေးတဲ့ အခါ ကြက်တွေ ဝက်တွေကို လင်းရောင်ခြည်စွမ်းအားဖြင့် လှမ်းကြည့်လိုက်တဲ့အခါ မြင်လိုက်တာနဲ့ စားချင်တဲ့စိတ်က အာရုံထဲမှာ ပေါ်လာတယ်။ ဒါကြောင့် တပည့်တော် ကြက်နှင့်ဝက်ကတော့ အသုဘရှုလို့မရ ဖြစ်နေပါတယ်လို့ ပြန်လျှောက်တယ်။</p>
<p><b>ဣန္ဒြေ</b>ရဲ့ အလိုကို လိုက်တယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ။ စိတ်ထဲမှာ ဘာဖြစ်လာသလဲ? ဖြစ်လာတဲ့အတိုင်း စိတ်ထဲက ကြက်သားစားလိုတယ် ဆိုလျှင် ရိုက်ချက်ပြီး စားလိုက်တယ်။ ဒါမျိုးကို <b>ဣန္ဒြေ</b>ရဲ့ အလိုကို လိုက်တယ်လို့ ခေါ်ပါတယ်။ ဝက်သားစားလိုတယ်ဆိုလျှင်လည်း ရတဲ့နည်းနဲ့ ရှာဖွေပြီး စားလိုက်တာပဲ။ ဒါမျိုးကို <b>ဣန္ဒြေ</b>ရဲ့ အလိုကို လိုက်တယ်လို့ ခေါ်ပါတယ်။ အဲဒီအတိုင်းပဲ ဖောဋ္ဌဗ္ဗာရုံတစ်ခု တွေ့ထိလိုတယ်ဆိုလျှင်လည်း ဒီအတိုင်းပဲ၊ အပ်တယ်, မအပ်တယ်, ကုသိုလ်, အကုသိုလ် သတ်မှတ်ရွေးချယ်မနေဘူး၊ တွေ့ထိလိုက်တာပဲ။ စဉ်းစားစရာ စိတ်ကူးစရာ တစ်ခုခု ရှိခဲ့မယ်ဆိုလျှင်လည်း စဉ်းစားလိုရာ စဉ်းစားလိုက်တာပဲ၊ ဘာမှ စူးစမ်းဆင်ခြင်မှု မရှိဘူး။ ကုသိုလ် အကုသိုလ် နားမလည်ဘူး၊ လွတ်လွတ်လပ်လပ်ကြီး တွေးခေါ်နေလိုက်တယ်။ ဒါကို <b>ဣန္ဒြေ</b>ရဲ့ အလိုကို လိုက်တယ်လို့ ခေါ်တယ်။</p>
<p>ဒီနေရာမှာလည်း <b>နာရဒရှင်ရသေ့</b>ကတော့ ပြည့်တန်ဆာမတစ်ဦး အပေါ်မှာ နှစ်သက်နှောင်ဖွဲ့နေတဲ့ စိတ်ထားတွေ ရှိနေတယ်၊ ဒီစိတ်ထားကို သူက ပြန်လည်ရုပ်သိမ်းလိုတဲ့ ဆန္ဒဓာတ် မရှိဘူး။ ရစ်ပတ်နှောင်ဖွဲ့တဲ့အတိုင်းပဲ လွတ်လွတ်လပ်လပ်ကြီး ဆက်လက်ပြီး နှစ်သက်နှောင်ဖွဲ့နေတဲ့ စိတ်ဓာတ်တွေကိုပဲ မွေးမြူနေတယ်။ ဒါကို <b>ဣန္ဒြေ</b>ရဲ့ အလိုကို လိုက်နေတယ်လို့ ခေါ်ပါတယ်။</p>
<hr>
<h3>ဣန္ဒြေတို့၏ အလိုနိုင်ငံသို့ လိုက်ပါနေသူတို့၏ သွားရာလမ်း</h3>
<p>ဒီလိုဆိုလျှင် ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း ဣန္ဒြေရဲ့ အလိုကို လိုက်ပါနေတဲ့အထဲမှာ ပါသလား, မပါဘူးလား?ပါလိမ့်မယ် ထင်ပါတယ်။ နည်းနည်း စဉ်းစားသင့်ပါတယ်။ ဒီလို ဣန္ဒြေရဲ့ အလိုကို လိုက်နေတာ ကောင်းသလားဆိုတော့ မကောင်းဘူး။ ဒါကို <b>သရဘင်္ဂရှင်ရသေ့</b>က သိတော့ ဘာလုပ်သလဲ? ---</p>
<p><b>သော အာဂန္တွာ တံ ဒိသွာ ဣန္ဒြိယဝသံ ဂတောတိ ဉတွာ ကစ္စိ နာရဒ ဣန္ဒြိယာနံ ဝသံ ဂတောတိ ပုစ္ဆိ။</b></p>
<p><b>သော</b> = ထို<b>သရဘင်္ဂရှင်ရသေ့</b>သည်။ <b>အာဂန္တွာ</b> = ကြွလာတော်မူ၍။ <b>တံ</b> = ထို<b>နာရဒရှင်ရသေ့</b>ကို။ <b>ဒိသွာ</b> = မြင်၍။ <b>ဣန္ဒြိယဝသံ</b> = ဣန္ဒြေ၏ အလို နိုင်ငံသို့။ <b>ဂတောတိ</b> = လိုက်ပါနေသူဟူ၍။ <b>ဉတွာ</b> = သိရှိရသည်ဖြစ်၍။ <b>နာရဒ</b> = ချစ်သားနာရဒ။ <b>ကစ္စိ</b> = အသို့ပါနည်း။ <b>ဣန္ဒြိယာနံ</b> = ဣန္ဒြေတို့၏။<b>ဝသံ</b> = အလိုနိုင်ငံသို့။ <b>ဂတော</b> = လိုက်ပါ၍နေပါသလား။</p>
<p>ချစ်သား<b>နာရဒ</b> ... ဘယ်လိုတုန်း သင်ဟာ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လေလားလို့ မေးကြည့်လိုက်တယ်။ အဲဒီလို မေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ---</p>
<p><b>ဣတရေန တံ သုတွာဝ ဥဋ္ဌာယ ဝန္ဒိတွာ အာမ အာစရိယာတိ ဝုတ္တေ နာရဒ ဣန္ဒြိယဝသံ ဂတာ နာမ ဣမသ္မိံ အတ္တဘာဝေ သုဿန္တာ ဒုက္ခံ အနုဘဝိတွာ ဒုတိယေ အတ္တဘာဝေ နိရယေ နိဗ္ဗတ္တန္တိ။</b></p>
<p><b>ဣတရေန</b> = <b>နာရဒရှင်ရသေ့</b>က။ <b>တံ</b> = ထို<b>သရဘင်္ဂရှင်ရသေ့</b> မေးမြန်းတဲ့ မေးခွန်းကို။ <b>သုတွာဝ</b> = ကြား၍သာလျှင်။ <b>ဥဋ္ဌာယ</b> = နေရာမှ ထ၍။ <b>ဝန္ဒိတွာ</b> = <b>သရဘင်္ဂရှင်ရသေ့</b>ကို ရှိခိုး၍။ <b>အာမ အာစရိယ</b> = ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပါပေသော <b>သရဘင်္ဂရှင်ရသေ့</b> မှန်လှပါပေ၏။</p>
<p>မှန်ပါပေတယ်၊ တပည့်တော်ဟာ ဣန္ဒြေရဲ့ အလိုကို လေ့လာလိုက်စားမိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ <b>သရဘင်္ဂရှင်ရသေ့</b>ကြီးက ---</p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဣန္ဒြိယဝသံ</b> = ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့။ <b>ဂတာ နာမ</b> = လိုက်ပါ၍နေတဲ့ ပုဂ္ဂိုလ်မည်သည်ကား။ <b>ဣမသ္မိံ အတ္တဘာဝေ</b> = ဤခန္ဓာကိုယ်အတ္တဘော၌။ <b>သုဿန္တာ</b> = ခြောက်သွေ့ကြကုန်သည်ဖြစ်၍။ <b>ဒုက္ခံ</b> = ဆင်းရဲဒုက္ခကို။ <b>အနုဘဝိတွာ</b> = အစဉ်ခံစားကြရကုန်သည်ဖြစ်၍။ <b>ဒုတိယေ အတ္တဘာဝေ</b> = နှစ်ခုမြောက်ဖြစ်တဲ့ အတ္တဘော၌။ <b>နိရယေ</b> = ငရဲ၌။ <b>နိဗ္ဗတ္တန္တိ</b> = ဖြစ်ကြရလေကုန်၏။</p>
<p>ချစ်သား<b>နာရဒ</b> ...ဣန္ဒြေတို့ရဲ့ အလိုကို လေ့လာလိုက်စားနေတဲ့ ပုဂ္ဂိုလ် မှန်ခဲ့လျှင် ဒီခန္ဓာကိုယ်အတ္တဘောလည်း တဖြည်းဖြည်း ခြောက်သွေ့ပြီးတော့ ဆင်းရဲဒုက္ခ ရောက်သွားတတ်တယ်။ ဒုတိယဘဝ ခန္ဓာကိုယ်အတ္တဘောကို လှမ်းမျှော်ပြီး ကြည့်လိုက်လျှင်လည်း ငရဲမှာ သွားပြီး ဖြစ်နိုင်ပါတယ် ဆိုပြီးတော့ ဂါထာကလေးတစ်ခုနဲ့ ဆိုဆုံးမတော်မူတယ်။</p>
<p><b>ယော ဣန္ဒြိယာနံ ကာမေန၊ ဝသံ နာရဒ ဂစ္ဆတိ။</b></p>
<p><b>သော ပရိစ္စဇ္ဇုဘော လောကေ၊ ဇီဝန္တောဝ ဝိသုဿတိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ယော ပုရိသော</b> = အကြင်ယောက်ျားသည်ကား။ <b>ကာမေန</b> = ဝတ္ထုကာမတို့ကို လိုလားတောင့်တခြင်းတည်းဟူသော ကိလေသာကာမ၏ အစွမ်းဖြင့်။ <b>ဣန္ဒြိယာနံ</b> = ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့။ <b>ဂစ္ဆတိ</b> = လိုက်ပါ၍နေလေ၏။ <b>သော</b> = ထိုဣန္ဒြေတို့၏ အလိုနိုင်ငံသို့ လိုက်ပါ၍နေတဲ့ ထိုယောက်ျားသည်။ <b>ဥဘော လောကေ</b> = လူလောက နတ်လောကဟု ခေါ်ဆိုအပ်တဲ့ နှစ်ပါးစုံသော လောကတို့ကို။ <b>ပရိစ္စဇ္ဇ</b> = စွန့်လွှတ်ပယ်ထား ခဲ့၍။ <b>နိရယာဒီသု</b> = ငရဲအစရှိသော အပါယ်လေးဘုံတို့၌။ <b>နိဗ္ဗတ္တတိ</b> = ဖြစ်ရတတ်ပေ၏။ <b>သော ပုရိသော</b> = ထိုယောက်ျားသည်။ <b>ဇီဝန္တောဝ</b> = အသက် ရှင်လျက်ပင်လျှင်။ <b>ဝိသုဿတိ</b> = ကြီးစွာသော ဆင်းရဲပင်ပန်းမှု အမျိုးမျိုးဖြင့် ခြောက်သွေ့ခြင်းသို့ ရောက်ရှိရပေ၏။</p>
<p>ချစ်သား<b>နာရဒ</b> ...ဣန္ဒြေတို့ရဲ့ အလိုကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ် မှန်ခဲ့လျှင်တော့ လူ့လောက နတ်လောကလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော လောကကို တစ်နေ့မှာ စွန့်ခွာသွားရမယ့် ပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။ အဲဒီလို စွန့်ခွာပြီးတော့ သူက ဘယ်ရောက်မလဲဆိုလျှင် ငရဲအစရှိတဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံကိုတော့ ဧကန်ရောက်တော့မယ်။ ငရဲမရောက်မီ လူဘဝမှာ အသက်ရှင်နေသေးတယ်ဆိုလျှင်လည်း ပင်ပန်းဆင်းရဲခြင်း အမျိုးမျိုးဖြင့် ခြောက်ကပ်ပြီး ဆင်းရဲဒုက္ခကြီးစွာ ရောက်ရတဲ့ပုဂ္ဂိုလ် ဖြစ်တတ်ပါတယ် ဆိုပြီးတော့ ဒီလို ဆုံးမတော်မူပါတယ်။ ဒီဆုံးမစကားကလေးက ဘာပြောလိုတာလဲ? ---</p>
<p><b>နာရဒ ယော ပုရိသော ရူပါဒီသု သုဘာကာရံ ဂဟေတွာ ကိလေသကာမဝသေန ဆန္နံ ဣန္ဒြိယာနံ ဝသံ ဂစ္ဆတိ။ ပရိစ္စဇ္ဇုဘော လောကေတိ သော မနုဿလောကဉ္စ ဒေဝလောကဉ္စာတိ ဥဘောလောကေ ပရိစ္စဇိတွာ နိရယာဒီသု နိဗ္ဗတ္တန္တိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ယော ပုရိသော</b> = အကြင်ယောက်ျားပုဂ္ဂိုလ် သည်ကား။ <b>ရူပါဒီသု</b> = အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိ-ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ အာရုံခြောက်ပါးတို့၌။ <b>သုဘာကာရံ</b> = တင့်တယ်လှပ ကောင်းမြတ်၏ဟု ခေါ်ဆိုအပ်တဲ့ သုဘအခြင်းအရာကို။ <b>ဂဟေတွာ</b> = စွဲယူထား၍။ <b>ကိလေသကာမဝသေန</b> = ကိလေသာကာမ၏ အစွမ်းအားဖြင့်။ <b>ဆန္နံ ဣန္ဒြိယာနံ</b> = ခြောက်ပါးကုန်သော ဣန္ဒြေတို့၏။ <b>ဝသံ</b> = အလိုနိုင်ငံသို့။ <b>ဂစ္ဆတိ</b> = လိုက်ပါ၍ နေတတ်ပေ၏။</p>
<p>ရူပါရုံတစ်ခု မြင်လိုက်ရလျှင်လည်း လှလိုက်တာ၊ အသံတစ်ခု ကြားလိုက်ရလျှင်လည်း ကောင်းလိုက်တာ၊ အနံ့ကလေးတစ်ခု နမ်းရှူလိုက်ရ လျှင်လည်း ကောင်းလိုက်တာ၊ အရသာကလေးတစ်ခု စားလိုက်ရလျှင်လည်း ကောင်းလိုက်တာ၊ အတွေ့အထိကလေးတစ်ခု တွေ့ထိလိုက်ရလျှင်လည်း ကောင်းလိုက်တာ၊ ကိုယ်စဉ်းစားလိုတာကလေးတစ်ခု စဉ်းစားရလျှင်လည်း စဉ်းစားလို့ ကောင်းလိုက်တာဆိုပြီးတော့ သူက ကောင်းလိုက်တာနဲ့ပဲ စိတ်ထဲမှာ ကျေနပ်နေတယ်။ ဒါကို သုဘအခြင်းအရာအားဖြင့် အာရုံကို စွဲယူတယ်လို့ ခေါ်ပါတယ်။</p>
<p>အဲဒီလို သုဘအခြင်းအရာအားဖြင့် အာရုံတွေကို ဣန္ဒြေခြောက်ပါး အပေါ်မှာ စွဲယူတဲ့အဆင့်နှင့် ရပ်တည်မနေဘဲ၊ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါသွားတယ်။ လှတယ်ဆိုတဲ့ ရူပါရုံ သွားကြည့်လိုက်တာပဲ၊ ဝအောင်ကို ကြည့်တယ်၊ ကောင်းတယ်ဆိုတဲ့ အသံကို ဝအောင်ကို သွားပြီးတော့ နားထောင်လိုက်တယ်၊ ကောင်းတယ်ဆိုတဲ့ အနံ့ကို ဝအောင်ကို သွားရှူလိုက်တယ်၊ ကောင်းတယ်ဆိုတဲ့ အရသာကို ဝအောင်ကို စားလိုက်တယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း အကုန်လုံး ခံစားလိုက်တယ်၊ ကောင်းတယ်ဆိုတဲ့ အတွေ့အထိကို စိတ်ကြိုက် ဝအောင်ကို ခံစားလိုက်တယ်၊ အဲဒီလို ဣန္ဒြေတို့ရဲ့ အလိုသို့ လိုက်ပါခံစားနေတာကို အာရုံတွေရဲ့ အလိုကို လိုက်ပါနေတယ်လို့ ခေါ်တယ်။ အဲဒီလို ဣန္ဒြေရဲ့ အလိုကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ်သည် ဘာဖြစ်မလဲ?</p>
<p><b>သော</b> = ထိုဣန္ဒြေတို့ရဲ့ အလိုသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်မျိုးသည်ကား။ <b>မနုဿလောကဉ္စ</b> = လူလောကကိုလည်းကောင်း။ <b>ဒေဝလောကဉ္စ</b> = နတ် လောကကိုလည်းကောင်း။ <b>ဣတိ</b> = ဤသို့။ <b>ဥဘော လောကေ</b> = နှစ်ပါးစုံ ဖြစ်သော လောကတို့ကို။ <b>ပရိစ္စဇိတွာ</b> = စွန့်လွှတ်ပယ်ထားခဲ့၍။ <b>နိရယာဒီသု</b> = ငရဲစသည်တို့၌။ <b>နိဗ္ဗတ္တန္တိ</b> = ဖြစ်ကြရကုန်၏။</p>
<p>ဒီလို ဣန္ဒြေတို့ရဲ့ အလိုကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နေ့မှာ ငရဲအစရှိတဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံမှာ ကျိန်းသေဧကန် ဖြစ်ကြရမယ်။ ဒီလို <b>သရဘင်္ဂရသေ့</b>ကြီးက ထွင်းဖောက်ပြီး မြင်တော်မူတဲ့အတွက် ဆိုဆုံးမ နေခြင်း ဖြစ်ပါတယ်။ ဆရာသမားရဲ့ မေတ္တာကရုဏာဓာတ် ကြီးမားပုံကို အလွန် ကြည်ညိုဖို့ ကောင်းပါတယ်၊ အရှည်ကို လှမ်းမျှော်ပြီးတော့ ဆိုဆုံးမတော်မူခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု အဲဒီပုဂ္ဂိုလ်သည် အသက်ရှင်နေလျှင်လည်း ဘာဖြစ်မလဲ?</p>
<p><b>ဇီဝန္တောယေဝ အတ္တနာ ဣစ္ဆိတံ ကိလေသဝတ္ထုံ အလဘန္တော သောကေန ဝိသုဿတိ၊ မဟာဒုက္ခံ ပါပုဏာတိ။</b></p>
<p><b>ဇီဝန္တောယေဝ</b> = အသက်ရှင်နေစဉ်မှာပင်လျှင်။ <b>အတ္တနာ</b> = မိမိသည်။ <b>ဣစ္ဆိတံ</b> = အလိုရှိအပ်သော။ <b>ကိလေသဝတ္ထုံ</b> = ကိလေသာကာမဖြင့် လိုလား တောင့်တအပ်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို။ <b>အလဘန္တော</b> = မရရှိသည်ဖြစ်၍။ <b>သောကေန</b> = စိုးရိမ်ပူဆွေးရခြင်း သောကတရားဖြင့်။ <b>ဝိသုဿတိ</b> = ပင်ပန်းဆင်းရဲမှုဖြင့် ခြောက်သွေ့၍ နေရပေ၏။ <b>မဟာဒုက္ခံ</b> = ကြီးစွာသော ဆင်းရဲဒုက္ခသို့။ <b>ပါပုဏာတိ</b> = ရောက်ရှိ၍ နေရတတ်ပေ၏။</p>
<p>ဒီအာရုံတစ်ခုခုကို သူက သိပ်လိုချင်နေပြီ၊ မိမိလိုလားတောင့်တနေတဲ့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု တစ်ခုခုကို မရခဲ့ဘူးဆိုလျှင် မရရှိခြင်း တည်းဟူသော အကြောင်းကြောင့်လည်း သောကတွေ စိုးရိမ်ပူဆွေးမှုတွေက သိပ်ပြီး အားကောင်းလာတယ်။ သောကတွေ နှိပ်စက်နေတဲ့အတွက်ကြောင့်လည်း ဆင်းရဲမလား, ချမ်းသာမလား? ဆင်းရဲနေပြန်ပြီ။ ကြီးစွာသော ဆင်းရဲဒုက္ခကို ရောက်ရှိတတ်ပါတယ် ချစ်သား ဆိုပြီးတော့ ဒီလို <b>နာရဒ ရှင်ရသေ့</b>ကို <b>သရဘင်္ဂရှင်ရသေ့</b>ကြီးက ဆိုဆုံးမတော်မူပါတယ်။ ဒီလို ဆုံးမတဲ့ အချိန်အခါမှာ ဒီ<b>နာရဒရှင်ရသေ့</b>က ဘာပြန်လျှောက်ထားသလဲ? ---</p>
<h3>သုခနှင့် ဒုက္ခ, ဒုက္ခနှင့် သုခ</h3>
<p><b>အာစရိယ ကာမသေဝနံ နာမ သုခံ၊ ဧဝရူပံ သုခံ ကိံ သန္ဓာယ ဒုက္ခန္တိ ဝဒသိ။</b></p>
<p><b>အာစရိယ</b> = ဆရာဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့။ <b>ကာမသေဝနံ နာမ</b> = ကာမဂုဏ်ကို မှီဝဲခြင်းမည်သည်ကား။ <b>သုခံ</b> = ချမ်းသာ လှပါပေ၏။ <b>ဧဝရူပံ သုခံ</b> = ဤကဲ့သို့သော ချမ်းသာသုခကို။ <b>ကိံ</b> = အဘယ်ကို။ <b>သန္ဓာယ</b> = ရည်ရွယ်တော်မူ၍။ <b>ဒုက္ခန္တိ</b> = ဒုက္ခဟူ၍။ <b>ဝဒသိ</b> = ပြောဆို၍ နေပါသနည်း။</p>
<p>ဆရာဖြစ်တော်မူသော သရဘင်္ဂရှင်ရသေ့ဘုရား ..ကာမဂုဏ်ကို ခံစားတယ်ဆိုတာက အင်မတန် ချမ်းသာပါတယ်။ ဒီလောက် ချမ်းသာနေတဲ့ ဒီကာမသုခကို ဘာကို ရည်ရွယ်ပြီးတော့ ဒုက္ခလို့ ပြောနေရတာလဲ လို့ နာရဒ ရှင်ရသေ့က ပြန်မေးတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ အဲဒီ စကားကလေးကို နည်းနည်းကလေး ပြန်စဉ်းစားကြည့်ကြစမ်း! ကာမဂုဏ် ခံစားတယ် ဆိုတာက ချမ်းသာတယ်လို့ သူက ပြောနေတယ်။ ချမ်းသာနေတဲ့ ကာမဂုဏ် ချမ်းသာကို ဘာကြောင့် ဒုက္ခလို့ ပြောနေရသလဲလို့သူက ပြန်ပြီး မေးနေတယ်။ အဲဒီ မေးခွန်းမျိုးတွေကို ဒါယကာကြီးတွေကို မေးမယ်ဆိုလျှင်လည်း ဘယ်လိုများ ဖြေကြမလဲ? ပြုံးကုန်ပြီ။ သရဘင်္ဂရှင်ရသေ့က ဘာပြန်ဖြေသလဲ? ---</p>
<p><b>သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ။</b></p>
<p><b>သောသိ ပတ္တော သုခါ ဒုက္ခံ၊ ပါဋိကင်္ခ ဝရံ သုခံ။</b></p>
<p><b>သတ္တာ</b> = သတ္တဝါတို့သည်ကား။ <b>သုခဿ</b> = ကာမသုခ၏။ <b>အနန္တရံ</b> = အခြားမဲ့၌။ <b>ဒုက္ခံ</b> = ငရဲဒုက္ခသို့။ <b>ပါပုဏန္တိ</b> = ရောက်ရှိ၍ သွားကြကုန်၏။ <b>ဒုက္ခဿ</b> = သီလကို စောင့်ထိန်းရခြင်းဒုက္ခ, သမထ-ဝိပဿနာဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရခြင်းဒုက္ခ၏။ <b>အနန္တရံ</b> = အခြားမဲ့၌။ <b>သုခံ</b> = လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို။ <b>လဘတိ</b> = ရရှိနိုင်ပါပေ၏။</p>
<p>အဲဒီ အဖြေကလေးက သိပ်ကောင်းတဲ့ စကားကလေးပဲ၊ ကာမသုခရဲ့ တစ်ဖက်မှာ ဒုက္ခရှိတယ်၊ ကာမသုခရဲ့ အခြားမဲ့မှာ ငရဲဒုက္ခကို ကျရောက်စေတဲ့သဘော ရှိပါတယ်။ နောက်တစ်မျိုးကို ပြောကြရအောင် သီလတွေကို မစောင့်ထိန်းလိုသော်လည်း စောင့်ထိန်းရတယ်၊ ဒီသီလကို စောင့်ထိန်းရတယ် ဆိုတဲ့ လုပ်ငန်းတစ်ခုသည် ဆင်းရဲတဲ့ဒုက္ခတစ်မျိုးပဲ ဖြစ်ပါတယ်။ အလားတူပဲ သမထ-ဝိပဿနာဘာဝနာတွေကို အပင်ပန်းခံပြီး ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရတော့လည်း ဆင်းရဲရပါတယ်။</p>
<p>တစ်ခါတုန်းက ဒါယကာတစ်ယောက်က လျှောက်ထားဖူးတယ်၊ တရား ထိုင်တာ (၁၀)ရက်လောက်ကြာတော့ ခန္ဓာကိုယ်ကို ထုရိုက်ထားသလို တော်တော်ကလေး ပင်ပန်းလာတယ်။ တပည့်တော်ဘုရား တောင်ပေါ်ကို (၁၀)ခေါက်တက်တာ ဒီလောက်မပင်ပန်းဘူး အောက်မေ့ပါတယ် ဆိုပြီး လျှောက်ထားတယ်။ တရားထိုင်ရတဲ့ ဒီဆင်းရဲဒုက္ခ, သီလစောင့်ထိန်းရတဲ့ ဆင်းရဲဒုက္ခ, သမထ-ဝိပဿနာ ဘာဝနာတွေကို ပွားများနေရတဲ့ ဆင်းရဲဒုက္ခ၊ အဲဒီ ဒုက္ခတွေရဲ့ အခြားမဲ့မှာ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ သုခကြီးက နောက်က ရှိနေပါတယ်။</p>
<p><b>သောသိ ပတ္တော သုခါ ဒုက္ခန္တိ သော တွံ နာရဒ ဣဒါနိ စျာနသုခံ နာသေတွာ တတော သုခါ မဟန္တံ ကာမနိဿိတံ စေတသိကဒုက္ခံ ပတ္တော။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>သော တွံ</b> = ထိုသင်သည်။ <b>ဣဒါနိ</b> = ယခု အခါ၌။ <b>စျာနသုခံ</b> = စျာန်ချမ်းသာကို။ <b>နာသေတွာ</b> = ပျက်စီးစေ၍။ <b>တတော သုခါ</b> = ထိုစျာန်ချမ်းသာမှ။ <b>မဟန္တံ</b> = ကြီးကျယ်သော။ <b>ကာမနိဿိတံ</b> = ကာမဂုဏ်ကိုမှီ၍ ဖြစ်ပေါ်လာသော။ <b>စေတသိကဒုက္ခံ</b> = စိတ်၌ဖြစ်သော ဆင်းရဲဒုက္ခကို။ <b>ပတ္တော</b> = ရောက်ရှိ၍ နေပေ၏။</p>
<p>ယခုအခါမှာ သင်သည် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သမထ ဘာဝနာရဲ့ စွမ်းအားကြောင့် ရရှိနေတဲ့ စျာန်ချမ်းသာကြီးတစ်ခုကို ပျက်စီး သွားအောင် ဖျက်ဆီးပစ်လိုက်ပြီ၊ ဖျက်ဆီးပြီးတဲ့အခါမှာ အလွန်အဆင့်အတန်း မြင့်မားနေတဲ့ ဒီစျာန်ချမ်းသာမှ အင်မတန် ယုတ်ညံ့နေတဲ့ ကာမဂုဏ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲခြင်းဒုက္ခကို သင်သည် အကြီးအကျယ် ရောက်ရှိနေပြီ။</p>
<p>စာပေကျမ်းဂန်များမှာတော့ ချမ်းသာသုခ အဆင့်အတန်းတွေကို ခွဲခြားပြီး ဖော်ပြထားပါတယ်။ ကာမသုခထက် စျာနသုခက ပိုပြီး ချမ်းသာတယ်၊ စျာနသုခထက် ဝိပဿနာသုခက ပိုပြီး ချမ်းသာတယ်၊ ဝိပဿနာသုခထက် မဂ္ဂသုခ, ဖလသုခ, နိဗ္ဗာနသုခခေါ်တဲ့ ဒီသုခတွေက ပိုပြီး ချမ်းသာတယ်၊ အဆင့်ဆင့် ပိုပြီး ချမ်းသာသွားကြတယ်၊ ဒီလို မိန့်ဆိုထားပါတယ်။ အဲဒီတော့ ဒီနေရာမှာ အလွန် အဆင့်တန်း မြင့်မားနေတဲ့ စျာန်ချမ်းသာကြီးကို ဖျက်ဆီး ပြီးတော့ အလွန် အဆင့်နိမ့်နေတဲ့ ကာမဂုဏ်ကို အမှီပြုပြီးတော့ စိတ်ဆင်းရဲခြင်းဆိုတဲ့ စေတသိကဒုက္ခကို သင်ရောက်နေပြီ။ ဒါကြောင့် သင်သည် ဘာလုပ်သင့်သလဲ? ---</p>
<p><b>ပါဋိကင်္ခါတိ ဣဒံ ကိလေသဒုက္ခံ ဆဍ္ဍေတွာ ပုန တဒေဝ ဝရံ ဥတ္တမံ စျာနသုခံ ဣစ္ဆ ပတ္ထေဟီတိ။</b></p>
<p><b>ဣဒံ ကိလေသဒုက္ခံ</b> = ကိလေသာဝဋ်ဆင်းရဲဒုက္ခကို။ <b>ဆဋ္ဋေတွာ</b> = စွန့်ပစ် ထားလိုက်၍။ <b>ပုန</b> = နောက်ထပ်တစ်ဖန်။ <b>ဝရံ ဥတ္တမံ</b> = အလွန့်အလွန် မြင့်မြတ်နေတဲ့။ <b>တဒေဝ စျာနသုခံ</b> = ထိုစျာန်ချမ်းသာကိုပင်လျှင်။ <b>ဣစ္ဆ ပတ္ထေဟိ</b> = လိုလားတောင့်တပါလေလော့။</p>
<p>ယခုအခါမှာ သင်သည် ဤကာမဂုဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ် ဆင်းရဲခြင်းဆိုတဲ့ စေတသိကဒုက္ခကြီးကို စွန့်ပယ်ထားလိုက်စမ်းပါ။ စွန့်ပယ် ထားပြီးတဲ့ အချိန်အခါမှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ စျာန်ချမ်းသာကို တစ်ဖန်ရအောင် လိုလားတောင့်တစမ်းပါ။ စျာန်ချမ်းသာကို လိုလား တောင့်တတဲ့စိတ်ဖြင့် ဒီစျာန်ချမ်းသာတွေကို ရအောင် ပြန်လည် ကြိုးစား အားထုတ်စမ်းပါဆိုပြီးတော့ တိုက်တွန်းတော်မူပါတယ်။ အဲဒီလို တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ဒီစကားကလေးက ဘာပြောလိုသလဲ? ---</p>
<p><b>နာရဒ ဣမေ ဟိ သတ္တာ ကာမသေဝနသမယေ ကာလံ ကတွာ ဧကန္တဒုက္ခေ နိရယေ နိဗ္ဗတ္တန္တိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဣမေ ဟိ သတ္တာ</b> = ဤသတ္တဝါတို့သည်ကား။ <b>ကာမသေဝနသမယေ</b> = ကာမဂုဏ်ကို သုံးဆောင်ခံစားနေရတဲ့ အချိန်အခါမျိုး၌။ <b>ကာလံ ကတွာ</b> = သေလွန်သွားခဲ့သည်ရှိသော်။ <b>ဧကန္တဒုက္ခေ</b> = ဆင်းရဲအတိဖြစ်သော။ <b>နိရယေ</b> = ငရဲ၌။ <b>နိဗ္ဗတ္တန္တိ</b> = ဖြစ်ကြရကုန်၏။</p>
<p>ပုဂ္ဂိုလ်တစ်ဦးက ကာမဂုဏ်တစ်ခုခု ခံစားနေပြီ ဆိုကြစို့၊ ကိုယ်နှစ်သက်တဲ့ အဆင်းတစ်ခု ကြည့်နေတုန်း, ကိုယ်နှစ်သက်တဲ့ အသံကလေးတစ်ခု နားထောင်နေတုန်း, ကိုယ်နှစ်သက်တဲ့ အနံ့တစ်ခု နမ်းရှူနေတုန်း, ကိုယ်နှစ်သက်နေတဲ့ အရသာတစ်ခု စားနေတုန်း, ကိုယ်နှစ်သက်နေတဲ့ အတွေ့အထိတစ်ခု တွေ့ထိနေတုန်း, ကိုယ်နှစ်သက်နေတဲ့ ရာဂဖြစ်လောက်တဲ့ အာရုံတစ်ခုကို ကြံစည်စိတ်ကူးနေတုန်း ဒီလို အာရုံအမျိုးမျိုးတွေကို ခံစားစိတ်ကူးနေတာတွေကို <b>ကာမသေဝန</b> (= ကာမဂုဏ် ခံစားနေတဲ့ အချိန်အခါ)လို့ ခေါ်တယ်။ အဲဒီလို ကာမဂုဏ် ခံစားနေတဲ့ အချိန်အခါကလေးမှာ ဘာဖြစ်သလဲ? ---</p>
<p><b>ကာမသေဝနသမယေ</b> = ကာမဂုဏ်ခံစားနေတဲ့ အချိန်အခါမျိုး၌။ <b>ကာလံ ကတွာ</b> = သေလွန်၍ သွားခဲ့သည်ရှိသော်။ <b>ဧကန္တဒုက္ခေ</b> = ဆင်းရဲအတိဖြစ်သော။ <b>နိရယေ</b> = ငရဲ၌။ <b>နိဗ္ဗတ္တန္တိ</b> = ဖြစ်ကြရကုန်၏။</p>
<p>ကာမဂုဏ်ကို ခံစားနေတဲ့ နှစ်သက်သာယာမှုဖြစ်နေတဲ့ အချိန်ကလေးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင် ဆင်းရဲဒုက္ခအတိရှိတဲ့ ငရဲကို ရောက်ကြရ တော့မယ်။ သရဘင်္ဂရှင်ရသေ့ဟာ အလောင်းတော်ဘဝက ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ဒီကာမဂုဏ်ခံစားနေစဉ် သေသွားတဲ့ သတ္တဝါတွေ ငရဲရောက်တာကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့အခါ သူက အသေအချာ မြင်နေတယ်။ ဒီလို အသေအချာ မြင်ရတဲ့အတွက် ဒီစကားကလေးကို သူက ပြောနေခြင်း ဖြစ်ပါတယ်။</p>
<p>အလောင်းတော် သရဘင်္ဂရှင်ရသေ့ မြင်သလိုပဲ ဘုန်းကြီးတို့ ဘုရားရှင်လည်း ဘုရားဖြစ်တော်မူလာတဲ့ အချိန်အခါမှာ ပုံစံတူပဲ အာဒိတ္တပရိယာယသုတ္တန်မှာ ဟောထားပါတယ်။ အဘိဓမ္မာနည်းအားဖြင့် ပြောမယ်ဆိုလျှင် အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိ-ဓမ္မသဘောဆိုပြီးတော့ အာရုံ (၆)ပါး၊ သုတ္တန်ဒေသနာတော်နည်းအရ ပြောမယ်ဆိုလျှင်တော့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု၊ ဝိနည်းဒေသနာတော်နည်းအရ ပြောမယ်ဆိုလျှင်တော့ ပစ္စည်းလေးပါး၊ အဲဒီ အာရုံ (၆)ပါး သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်အခါမျိုးမှာ သေသွားခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ---</p>
<p><b>တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။ (သံ၊၂၊၃၇၇။)</b></p>
<p><b>တသ္မိံ သမယေ</b> = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ ထိုအချိန်အခါမျိုး၌။ <b>စေ ကာလံ ကရေယျ</b> = အကယ်၍များ သေသွားငြားအံ့။ <b>ဧဝံ သတိ</b> = ဤသို့ သေသွားခဲ့သည်ရှိသော်။ <b>နိရယံ ဝါ</b> = ငရဲမူလည်းဖြစ်သော။ <b>တိရစ္ဆာနယောနိံ ဝါ</b> = တိရစ္ဆာန်မူလည်းဖြစ်သော။ <b>ဒွိန္နံ ဂတီနံ</b> = နှစ်မျိုးသော ဂတိတို့တွင်။ <b>ယံ အညတရံ ဂတိံ</b> = အကြင် အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ <b>ဂစ္ဆေယျ</b> = လားရောက်လေရာ၏။ <b>ဧတံ ဌာနံ</b> = ဤငရဲတိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော အကြောင်းတရားသည်။ <b>ဝိဇ္ဇတိ</b> = ထင်ရှားဧကန် ရှိသည်သာတည်း။</p>
<p>အာရုံ (၆)ပါး သို့မဟုတ် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမျိုးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေပါတယ်လို့ ဒီလို ဘုရားရှင်က ဟောထားတော်မူပါတယ်။</p>
<p>ဒီလိုဆိုလျှင် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ဒီစိတ်အစဉ်ကလေးတွေကို တိုက်ဖျက်ပစ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်ကလေးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင် ကောင်းရာသုဂတိ ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။</p>
<p>အဘိဓမ္မာမှာ စည်းကမ်းတစ်ခု ရှိပါတယ်။ မရဏာသန္နဇောလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်ခုမှာ နောက်ဆုံး ဖြစ်ပေါ်သွားတဲ့ ဇောဝီထိစိတ်အစဉ်သည် လောဘ-ဒေါသ-မောဟ ပြဓာန်းနေတဲ့ အကုသိုလ်ဇောတစ်ခုခုသာ စောခဲ့ပါစေ၊ ကျိန်းသေ အပါယ်လေးဘုံ ရောက်မယ်၊ ကောင်းရာသုဂတိကို ဘယ်လိုမှ မရောက်နိုင်ဘူး။ ဒီလိုဆိုလျှင် သတ္တဝါတွေဟာလည်း အချိန်မရွေး သေနိုင်တဲ့သဘော ရှိနေတဲ့အတွက် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို အမြဲတမ်း အကုသိုလ်တရားတွေ မဝင်အောင် တားမြစ်ပိတ်ဆို့ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အဲဒီသဘောကို ရည်ရွည်ပြီးတော့ သရဘင်္ဂရှင်ရသေ့ကြီးက နာရဒရှင်ရသေ့ကို ဆိုဆုံးမနေခြင်း ဖြစ်ပါတယ်။</p>
<p><b>နာရဒ ဣမေ ဟိ သတ္တာ ကာမသေဝနသမယေ ကာလံ ကတွာ ဧကန္တဒုက္ခေ နိရယေ နိဗ္ဗတ္တန္တိ၊ သီလံ ရက္ခန္တာ ဝိပဿနာယ ကမ္မံ ကရောန္တာ စ ပန ကိလမန္တိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဣမေ သတ္တာ</b> = ဤသတ္တဝါတို့သည်ကား။ <b>ကာမသေဝနသမယေ</b> = ကာမဂုဏ်ကို သုံးဆောင်ခံစား၍နေသော အချိန်အခါ၌။ <b>ကာလံ ကရေယျ</b> = သေလွန်၍ သွားခဲ့သည်ရှိသော်။ <b>ဧကန္တဒုက္ခံ</b> = ဆင်းရဲဒုက္ခအတိဖြစ်သော။ <b>နိရယေ</b> = ငရဲ၌။ <b>နိဗ္ဗတ္တန္တိ</b> = ဖြစ်ကြရကုန်၏။</p>
<p>ဒီသတ္တဝါတွေဟာ ကာမဂုဏ် သုံးဆောင်ခံစားနေတဲ့ အချိန်အခါကလေးမှာ ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုလျှင်တော့ ဆင်းရဲဒုက္ခအတိဖြစ်တဲ့ ငရဲကို သွားဖြစ်ကြရတော့မယ်။ သို့သော် တစ်ဖက်က ဘာရှိသလဲ? ---</p>
<p><b>သီလံ</b> = သီလကို။ <b>ရက္ခန္တာ</b> = ထိန်းသိမ်းစောင့်ရှောက်ကြကုန်သော သူတို့သည်လည်းကောင်း။ <b>ဝိပဿနာယ ကမ္မံ</b> = ဝိပဿနာဘာဝနာအမှုကို။ <b>ကရောန္တာ စ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်သော သူတော်ကောင်းတို့သည်လည်းကောင်း။ <b>ကိလမန္တိ</b> = ပင်ပန်းဆင်းရဲကြရကုန်၏။</p>
<p>သီလစောင့်ထိန်းတယ်ဆိုတာက ကာယကံဖြင့် ပြုလုပ်လိုရာကို မပြုလုပ်ရအောင် စိတ်ကို ချုပ်တည်းခြင်း ဖြစ်တယ်၊ ဝစီကံဖြင့် ပြောလိုရာတွေကို မပြောမိအောင် စိတ်ကို ချုပ်တည်းခြင်း ဖြစ်တယ်၊ ဒီလို ချုပ်တည်းခြင်းလည်း ပင်ပန်းဆင်းရဲခြင်း တစ်မျိုးတော့ ဖြစ်တယ်။ အလားတူပဲ သမထ-ဝိပဿနာ တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတာလည်း ပင်ပန်းကြတယ်၊ သို့သော် ဒီပင်ပန်းမူတွေက ဘာဖြစ်သလဲ? ---</p>
<p><b>တေ ဒုက္ခေန သီလံ ရက္ခိတွာ သီလဗလေန ဝုတ္တပ္ပကာရံ သုခံ လဘန္တိ။</b></p>
<p><b>တေ</b> = ထိုသူတော်ကောင်းတို့သည်။ <b>ဒုက္ခေန</b> = ဒုက္ခဖြင့်။ <b>သီလံ</b> = သီလကို။ <b>ရက္ခိတွာ</b> = ထိန်းသိမ်းစောင့်ရှောက်ကြကုန်လျက်။ <b>သမထဝိပဿနာဘာဝနံ</b> = သမထ-ဝိပဿနာဘာဝနာကို။ <b>အနုယုေဉ္ဇန္တော</b> = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြကုန်လျက်။ <b>သီလဗလေန</b> = သီလ၏စွမ်းအားကြောင့်။ <b>သီလဗလေန</b> = သီလ-သမာဓိ-ပညာတို့၏ စွမ်းအားကြောင့်။ <b>ဝုတ္တပ္ပကာရံ သုခံ</b> = ဆိုအပ်ခဲ့ပြီးသော အပြားရှိသော လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို။ <b>လဘန္တိ</b> = ရရှိကြလေကုန်၏။</p>
<p>သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတည်းဟူသော အကြောင်းကြောင့် သမထ-ဝိပဿနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းတည်းဟူသော အကြောင်းကြောင့် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို တစ်ဖက်က ရနိုင်တယ်။ ဒါကြောင့် ---</p>
<p><b>ဣဒံ ဒုက္ခံ သန္ဓာယာဟံ ဧဝံ ဝဒါမိ။</b></p>
<p><b>ဣဒံ ဒုက္ခံ</b> = ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို။ <b>သန္ဓာယ</b> = ရည်ရွယ်၍။ <b>အဟံ</b> = ငါဘုရားအလောင်းတော် သရဘင်္ဂရှင်ရသေ့သည်။ <b>ဧဝံ</b> = ဤသို့။ <b>ဝဒါမိ</b> = ဟောကြား၍နေခြင်းဖြစ်ပါ၏။</p>
<p>သရဘင်္ဂရှင်ရသေ့က ဘယ်လို ဟောတော်မူသလဲ? ကာမဂုဏ်ကို မှီဝဲတယ်ဆိုတာက အင်မတန် ချမ်းသာတဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒီလို ချမ်းသာနေတဲ့ သုခတစ်ခုကို ဒုက္ခလို့ ဘာကြောင့် ပြောနေရပါသလဲလို့ နာရဒ ရှင်ရသေ့က မေးနေတဲ့အတွက်ကြောင့် ကာမဂုဏ်ချမ်းသာရဲ့ နောက်ဆွယ်မှာ ကပ်နေတဲ့ ငရဲဒုက္ခကို ရည်ရွယ်ပြီး ငါက သုခရဲ့ အခြားမဲ့မှာ ဒုက္ခရှိတယ်လို့ ပြောနေခြင်း ဖြစ်ပါတယ်။</p>
<p>သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်း, သမထ-ဝိပဿနာဘာဝနာ တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒုက္ခရဲ့ နောက်ဆွယ်မှာ ကပ်နေတဲ့ ထိုကုသိုလ်ကံတွေကြောင့် ရရှိနိုင်တဲ့ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို ရည်ရွယ်တော်မူပြီးတော့ ငါကလည်း ဒုက္ခရဲ့ အခြားမဲ့၌ သုခရှိကြောင်းကို ပြောနေခြင်း ဖြစ်တယ်လို့ ဒီလို သရဘင်္ဂရှင်ရသေ့ကြီးက ပြန်ပြီးတော့ အမိန့်ရှိတော်မူလိုက်ပါတယ်။</p>
<p>အဲဒီလို အမိန့်ရှိတော်မူလိုက်ပြီးတဲ့နောက် အင်မတန် အဆင့်အတန်း မြင့်မားနေတဲ့ ဒီစျာန်ချမ်းသာကို သင်ချစ်သား ပြန်ရအောင် ကြိုးစားပါ ဆိုပြီးတော့ တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းတဲ့ အချိန်အခါမှာ နာရဒ ရှင်ရသေ့က ဘာပြန်ပြောသလဲ? ---</p>
<hr>
<h3>ဒုက္ခကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပါ</h3>
<p><b>ဣဒံ အာစရိယ ဒုက္ခံ ဒုဿဟံ၊ န တံ အဓိဝါသေတုံ သက္ကောမိ။</b></p>
<p><b>အာစရိယ</b> = ဆရာဖြစ်တော်မူသော သရဘင်္ဂရှင်ရသေ့။ <b>ဣဒံ ဒုက္ခံ</b> = ဤဆင်းရဲဒုက္ခတွေက။ <b>ဒုဿဟံ</b> = သည်းခံနိုင်ခဲလှပေ၏။ <b>တံ</b> = ထိုဆင်းရဲ ဒုက္ခကို။ <b>အဓိဝါသေတုံ</b> = သည်းခံခြင်းငှာ။ <b>အဟံ</b> = ကျွန်တော်မျိုးသည်။ <b>န သက္ကောမိ</b> = မစွမ်းနိုင်ပါ။</p>
<p>ဆရာ ... ဒီဒုက္ခဆိုတာက အလွန် သည်းခံနိုင်ခဲပါတယ်၊ ဒီဒုက္ခကို တပည့်တော်တော့ သည်းခံဖို့ရန် မစွမ်းနိုင် ဖြစ်နေပါတယ်။ ဒီစကားက ဘာပြောတာလဲ? ကာမဂုဏ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဒီဆင်းရဲ ဒုက္ခကို ကျွန်တော်မျိုး မစွန့်လွှတ်နိုင်ဘူး။ ဒုက္ခဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဆက်ပြီးတော့ ဒုက္ခခံနေမယ်လို့ သူက ဒီလို ပြန်ပြောတယ်။</p>
<p>ဒါယကာကြီးတွေကို ဘုန်းကြီးတွေကနေ ခုနေ ဒါယကာကြီးတွေ အိမ်ထောင်ရေးလောကဆိုတာက အင်မတန် ကြီးကျယ်တဲ့ ဒုက္ခရှိတယ်၊ အဲဒီ ဒုက္ခတွေ စွန့်လွှတ်လိုက်ပါဆိုလျှင် ဒါယကာကြီးတွေ ဘယ်လို ပြန်ပြောမလဲ? အခု စကားမျိုး ပြောမှာပဲ။ ဒီအိမ်ထောင်ရေးလောကသည် ဒုက္ခကြီးတာတော့ မှန်တယ်၊ သို့သော် ဒီဒုက္ခကို စွန့်လွှတ်ဖို့ရန် မလွယ်ကူဘူး၊ သူက ဒီလို ပြန်ပြောတယ်။ ဒီဒုက္ခကို စွန့်လွှတ်ဖို့ရန် မလွယ်တဲ့အကြောင်းကို ပြန်ပြီး လျှောက်ထားတဲ့ အချိန်အခါမှာ သရဘင်္ဂရှင်ရသေ့ကြီးက ဘာအမိန့် ရှိသလဲ?</p>
<p><b>နာရဒ ဒုက္ခံ နာမ ဥပ္ပန္နံ အဓိဝါသေတဗ္ဗမေဝ</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဒုက္ခံ နာမ</b> = ဒုက္ခမည်သည်။ <b>ဥပ္ပန္နံ</b> = ဖြစ်ပေါ်၍ လာခဲ့သည်ရှိသော်။ <b>အဓိဝါသေတဗ္ဗမေဝ</b> = သည်းခံသင့် သည်းခံထိုက်သည်သာလျှင်တည်း။</p>
<p>ဒုက္ခဆိုတာ ဖြစ်ပေါ်လာမယ်ဆိုလျှင် ဒီဒုက္ခကို မဖြစ်အောင် သည်းခံရမယ်။ သည်းခံရမယ်ဆိုတာက ဒီဒုက္ခကို တွန်းလှန်ပေးရမယ်။ ဘယ်လို တွန်းလှန်ရမလဲ? သီလဖြင့် ဒီဒုက္ခကို တွန်းလှန်လို့ရလျှင် သီလဖြင့် တွန်းလှန် ရမယ်၊ သမထလက်နက်ဖြင့် တွန်းလှန်လို့ ရမယ်ဆိုလျှင် သမထလက်နက်ဖြင့် တွန်းလှန်ရမယ်၊ ဝိပဿနာလက်နက်ဖြင့် တွန်းလှန်လို့ ရမယ်ဆိုလျှင် ဝိပဿနာလက်နက်ဖြင့် တွန်းလှန်ရမယ်။ ဒါကို ရည်ရွယ်တော်မူပြီးတော့ သရဘင်္ဂရှင်ရသေ့က ဘာအမိန့် ရှိသလဲ? ---</p>
<p><b>ကိစ္ဆကာလေ ကိစ္ဆသဟော၊ ယော ကိစ္ဆံ နာတိဝတ္တတိ။</b></p>
<p><b>သ ကိစ္ဆန္တံ သုခံ ဓီရော၊ ယောဂံ သမဓိဂစ္ဆတိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ယော ဓီရော</b> = အကြင်ပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ <b>ကိစ္ဆကာလေ</b> = ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရှိနေတဲ့ အချိန်အခါမျိုး၌။ <b>ကိစ္ဆသဟော</b> = ဆင်းရဲဒုက္ခကို ပယ်ခြင်း၏ အကြောင်းရင်းကို ရှာဖွေ ပြုပြင်လျက် ဆင်းရဲဒုက္ခကို သည်းခံနိုင်ခြင်းရှိသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ကိစ္ဆံ</b> = ဆင်းရဲဒုက္ခ၏နောက်သို့။ <b>နာတိဝတ္တတိ</b> = အစဉ်တစိုက်လိုက်၍ မနေပေ။ <b>သော ဓီရော</b> = ထိုပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ <b>ယောဂံ</b> = ကြိုးစားအားထုတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာရသော။ <b>ကိစ္ဆန္တံ</b> = ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သော။ <b>သုခံ</b> = ကာမဂုဏ်ကို မှီတွယ်မှုမရှိတဲ့ နိရာမိသ စျာန်ချမ်းသာ သုခကို။ <b>သမဓိဂစ္ဆတိ</b> = ကောင်းစွာ ရရှိနိုင်ပါပေ၏။</p>
<p>ဒီစကားက ဘာပြောလိုတာလဲ? ---</p>
<p><b>နာရဒ ယော ကာယိကစေတသိကဒုက္ခသင်္ခါတဿ ကိစ္ဆဿ ဥပ္ပန္နကာလေ အပ္ပမတ္တော တဿ ကိစ္ဆဿ ဟရဏူပါယံ ကရောန္တော ကိစ္ဆသဟော ဟုတွာ တံ ကိစ္ဆံ နာနုဝတ္တတိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ယော ဓီရော</b> = အကြင်ပညာရှိတဲ့ ပုဂ္ဂိုလ်သည်ကား။ <b>ကာယိကစေတသိကဒုက္ခသင်္ခါတဿ</b> = ကာယိကဒုက္ခ စေတသိက ဒုက္ခဟု ခေါ်ဆိုအပ်သော။ <b>ကိစ္ဆဿ</b> = ဆင်းရဲပင်ပန်းခြင်း၏။ <b>ဥပ္ပန္နကာလေ</b> = ဖြစ်ပေါ်လာသော အချိန်အခါကာလ၌။ <b>အပ္ပမတ္တော</b> = သီလ-သမာဓိ-ပညာဟု ခေါ်ဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်တို့၌ မမေ့မလျော့ခြင်း သတိတရား လက်ကိုင်ထားသည်ဖြစ်၍။ <b>တဿ ကိစ္ဆဿ</b> = ထိုဆင်းရဲ ပင်ပန်းခြင်းဒုက္ခကို။ <b>ဟရဏူပါယံ</b> = ပယ်ဖျောက်ခြင်း၏ အကြောင်းဥပါယ်ကို။ <b>ကရောန္တော</b> = လိုက်နာပြုကျင့်လျက်။</p>
<p>သီလဖြင့် တိုက်ဖျက်ရမယ်ဆိုလျှင် သီလကို ဆောက်တည်လျက်, သမာဓိဖြင့် တိုက်ဖျက်ရမယ်ဆိုလျှင် သမာဓိကို ရအောင် ထူထောင်လျက်, ဝိပဿနာဘာဝနာဖြင့် တိုက်ဖျက်ရမယ်ဆိုလျှင် ဝိပဿနာဘာဝနာဉာဏ်တွေကို ရအောင် ကြိုးစားလျက် ဒီလို အကြောင်းဥပါယ်တွေကို လိုက်နာပြုကျင့်ရမယ်။</p>
<p><b>တဿ ကိစ္ဆဿ</b> = ထိုဆင်းရဲဒုက္ခကို။ <b>ဟရဏူပါယံ</b> = ပယ်ဖျောက်ခြင်း၏ အကြောင်းဖြစ်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟု ခေါ်ဆိုအပ်တဲ့ အကြောင်းဥပါယ်ကို။ <b>ကရောန္တော</b> = လိုက်နာပြုကျင့်လျက်။ <b>ကိစ္ဆသဟော</b> = ဆင်းရဲပင်ပန်းခြင်းဒုက္ခကို သည်းခံနိုင်သည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>တံ ကိစ္ဆံ</b> = ထိုဆင်းရဲဒုက္ခ၏နောက်သို့။ <b>နာနုဝတ္တတိ</b> = အစဉ်တစိုက်လိုက်၍ မနေပေ။</p>
<p>ဆင်းရဲဒုက္ခတစ်ခု ဖြစ်ပေါ်လာပြီဆိုလျှင် ဒီဆင်းရဲဒုက္ခနောက်ကို သူတော်ကောင်းတွေဆိုတာ ဘယ်တော့မှ အစဉ်တစိုက် ကောက်ကောက် ပါအောင် လိုက်ပြီး မနေရဘူး။ ဆင်းရဲမှန်းသိလျှင် ဒီဆင်းရဲဒုက္ခကို တွန်းလှန် ပစ်ရတယ်။ သီလကျင့်စဉ်ကို ကျင့်၍, သမာဓိကျင့်စဉ်တွေကို ကျင့်၍, ပညာ ကျင့်စဉ်တွေကို ကျင့်၍ ဒီဆင်းရဲဒုက္ခကို သူက တွန်းလှန်ပစ်တယ်၊ လက်ခံ မထားဘူး။ လက်ခံမထားဘဲနဲ့ ရှေ့ဆက်ပြီး ဘာလုပ်သလဲ? ---</p>
<hr>
<h3>ဆင်းရဲဒုက္ခကို ဖျက်ဆီးပစ်ပါ</h3>
<p><b>တဿ ဝသေ အဝတ္တိတွာ တေဟိ တေဟိ ဥပါယေဟိ တံ ကိစ္ဆံ အဘိဘဝတိ ဝိနာသေတိ။</b></p>
<p><b>တဿ</b> = ထိုဆင်းရဲဒုက္ခ၏။ <b>ဝသေ</b> = အလိုနိုင်ငံသို့။ <b>အဝတ္တိတွာ</b> = မလိုက်ပါမူ၍။ <b>တေဟိ တေဟိ ဥပါယေဟိ</b> = ထိုထို သီလ-သမာဓိ-ပညာဟု ခေါ်ဆိုအပ်သော အကြောင်းဥပါယ်တို့ဖြင့်။ <b>တံ ကိစ္ဆံ</b> = ထိုဆင်းရဲဒုက္ခကို။ <b>အဘိဘဝတိ</b> = <b>ဝိနာသေတိ</b> = ဖျက်ဆီး၍ ပစ်လိုက်၏။</p>
<p>ဆင်းရဲလျှင်လည်း ဆင်းရဲပါစေ၊ ပေါက်တဲ့ နဖူး မထူးတော့ဘူး။ ဒီအတိုင်းပဲ ဆက်ပြီး ဆင်းရဲဒုက္ခကို ငါ အံကြိတ်ပြီး ခံတော့မယ်ဆိုပြီး ရှေ့ဆက်လက်ပြီး သူက မသွားတော့ဘူး၊ နောက်ဆုတ်တယ်၊ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့ကျင့်ပြီးတော့ ဆင်းရဲဒုက္ခတွေကို ဖျက်ဆီးပစ်တယ်။ အခုဖြစ်နေတဲ့ ဆင်းရဲဒုက္ခက ဘာလဲ? စိတ်ဆင်းရဲ နေတဲ့ ဒုက္ခပဲ။ ပြည့်တန်ဆာမ အမျိုးသမီးတစ်ဦးအပေါ်မှာ စွဲလမ်းနေတဲ့ ရာဂကို အကြောင်းခံပြီး ဖြစ်ပေါ်နေတဲ့ စိတ်ဆင်းရဲတဲ့ ဒုက္ခပဲ။ အဲဒီ ဒုက္ခကို သူက သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဆိုတဲ့ နည်းလမ်းကောင်း အကြောင်းဥပါယ်တွေဖြင့် တိုက်ဖျက်ပစ်ပါ၊ ဖျက်ဆီးပစ်ပါလို့ ဒီလို တိုက်တွန်းနေတယ်။</p>
<p><b>သော ဓီရော ကိစ္ဆဿ အန္တိမသင်္ခါတံ နိရာမိသသုခသင်္ခါတံ စျာနသုခံ အဓိဂစ္ဆတိ။</b></p>
<p><b>သော ဓီရော</b> = ထိုကဲ့သို့သော ဖျက်ဆီးပစ်နိုင်တဲ့ ပညာရှိ သူတော်ကောင်းသည်။ <b>ကိစ္ဆဿ</b> = ဆင်းရဲဒုက္ခ၏။ <b>အန္တိမသင်္ခါတံ</b> = အဆုံးအပိုင်းအခြားဟု ခေါ်ဆိုအပ်သော။ <b>နိရာမိသသုခသင်္ခါတံ</b> = ကာမဂုဏ်နှင့် ဆက်စပ်မှု မရှိသည့်အတွက်ကြောင့် နိရာမိသအမည်ရသော သုခဟု ခေါ်ဆိုအပ်သော။ <b>စျာနသုခံ</b> = စျာန်ချမ်းသာကို။ <b>အဓိဂစ္ဆတိ</b> = ရရှိနိုင်ပါပေ၏။</p>
<p>ဒီဆင်းရဲဒုက္ခကိုသာ သင်သည် တိုက်ဖျက်နိုင်ပါစေ၊ အဲဒီလို တိုက်ဖျက်နိုင်ခဲ့မယ်ဆိုလျှင်တော့ ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်နေတဲ့ <b>နိရာမိသသုခ</b> (= ကာမဂုဏ်နှင့် ဆက်စပ်မှုမရှိတဲ့သုခ)လို့ အမည်ရနေတဲ့ ဒီစျာနသုခကို သင်ချစ်သား ရနိုင်ပါတယ်။</p>
<p><b>တံ ဝါ ကိစ္ဆန္တံ ယောဂသုခံ အဓိဂစ္ဆတိ၊ အကိလမန္တောဝ ပါပုဏာတိ။</b></p>
<p><b>တံ ကိစ္ဆန္တံ</b> = ထိုဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်တဲ့။ <b>ယောဂသုခံ</b> = ကြိုးစားအားထုတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော စျာန်ချမ်းသာကို။ <b>အဓိဂစ္ဆတိ</b> = ရရှိနိုင်ပါ၏။ <b>အကိလမန္တောဝ</b> = မပင်ပန်း မဆင်းရဲမူ၍သာလျှင်။ <b>ပါပုဏာတိ</b> = ရောက်ရှိနိုင်ပါပေ၏။</p>
<p>သင်ကသာ တိုက်ဖျက်ပစ်မယ်ဆိုတဲ့ စိတ်ထားကလေးကို မွေးမြူလိုက်စမ်းပါ။ ကြိုးစားအားထုတ်လိုက်မယ်ဆိုလျှင်တော့ ပျောက်ပျက်သွားတဲ့ ဒီစျာန်ချမ်းသာကလေးဟာ သင့်သန္တာန်မှာ မကြာမီအချိန်အတွင်း ပေါ်လာမှာ ဖြစ်ပါတယ်၊ ဒီစျာန်ချမ်းသာကို မကြာခင် ရောက်ရှိသွားမှာ ဖြစ်ပါတယ်လို့ ဒီလို တိုက်တွန်းတယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ အဲဒီလောက် တိုက်တွန်းမယ်ဆိုလျှင်လည်း နားထောင်ဖို့တော့ မကောင်းဘူးလား? ကောင်းတော့ ကောင်းတယ်၊ ဘာဖြစ်သလဲ? နာရဒရှင်ရသေ့က ပြန်လျှောက်ပြန်တယ်။</p>
<p><b>အာစရိယ ကာမသုခံ နာမ ဥတ္တမသုခံ၊ န တံ ဇဟိတုံ သက္ကောမိ။</b></p>
<p><b>အာစရိယ</b> = ဆရာဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့။ <b>ကာမသုခံ နာမ</b> = ကာမသုခမည်သည်ကား။ <b>ဥတ္တမသုခံ</b> = မြင့်မြတ်တဲ့ ချမ်းသာ သုခပါပေတည်း။ <b>တံ</b> = ထိုမြင့်မြတ်တဲ့ ချမ်းသာသုခကို။ <b>ဇဟိတုံ</b> = ပယ်စွန့်အံ့သောငှာ။ <b>န သက္ကောမိ</b> = မစွမ်းနိုင်ပါ။</p>
<p>ဆရာဖြစ်တော်မူပါပေသော သရဘင်္ဂရှင်ရသေ့ ...ကာမသုခဆိုတာက အလွန် ချမ်းသာမြင့်မြတ်တဲ့ ချမ်းသာသုခတစ်ခု ဖြစ်တယ်၊ ဒီလို မြင့်မြတ် နေတဲ့ ချမ်းသာတစ်ခုကို တပည့်တော်တော့ မစွန့်လွှတ်နိုင် ဖြစ်နေပါတယ် ဘုရားဆိုပြီး လျှောက်ထားတယ်။ သူ့ကို လွန်တယ်လို့ ပြောလို့ ရမလား? မရဘူး။ သူ မစွန့်လွှတ်နိုင်တဲ့အတွက် မစွန့်လွှတ်နိုင်ဘူးလို့ ပြောတာပဲ။ ဒါယကာကြီးတွေကို ဘုန်းကြီးဝတ်ပါလားလို့ တိုက်တွန်းတဲ့အခါ မဝတ်နိုင်တဲ့ အတွက် မဝတ်နိုင်ဘူးလို့ လျှောက်တဲ့ပုံစံပဲ၊ ဟုတ်သလား? ဟုတ်တယ်။ အဲဒီ အချိန်အခါမှာ သရဘင်္ဂရှင်ရသေ့ကြီးက ဘာပြန်ပြီး အမိန့်ရှိသလဲ? ---</p>
<h3>ဓမ္မသဘောတရားကို မဖျက်ဆီးပါနှင့်</h3>
<p>မပြုသင့်တဲ့ လုပ်ငန်းရပ် လေးမျိုး</p>
<p><b>နာရဒ ဓမ္မော နာမ န ကေနစိ ကာရဏေန နာသေတဗ္ဗော</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဓမ္မော နာမ</b> = ဓမ္မမည်သည်ကို။ <b>ကေနစိ ကာရဏေန</b> = တစ်စုံတစ်ခုသော အကြောင်းဥပါယ်အားဖြင့်။ <b>န နာသေတဗ္ဗော</b> = မဖျက်ဆီးသင့် မဖျက်ဆီးထိုက်ပေ။</p>
<p>ဓမ္မသဘောတရားဆိုတာ ဘယ်လို အကြောင်းကြောင့်မှ ပျက်စီးအောင် မဖျက်ဆီးထိုက်ပါဘူး။</p>
<p><b>န ဟေဝ ကာမာန ကာမာ၊ နာနတ္ထာ နာတ္ထကာရဏာ။</b></p>
<p><b>န ကတဉ္စ နိရင်္ကတွာ၊ ဓမ္မာ စဝိတုမရဟသိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ကာမာနံ ကာမာ</b> = ဝတ္ထုကာမတို့ကို လိုလား တောင့်တခြင်းတည်းဟူသော ကိလေသာကာမ၏ စွမ်းအားကြောင့်။ <b>ဓမ္မာ</b> = မိမိရရှိထားပြီးတဲ့ ဓမ္မသဘောတရားမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ ဧဝ</b> = မထိုက်တန်သည်သာလျှင်တည်း။</p>
<p>သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို လိုလားတောင့်တနေတဲ့ ကိလေသာကာမကို အကြောင်းခံပြီးတော့ မိမိရရှိထားတဲ့ စျာနဓမ္မအမည်ရနေတဲ့ ကုသိုလ်ဓမ္မမှ ရွေ့လျောသွားဖို့ရန်အတွက် မထိုက်တန်ပါဘူး ချစ်သားဆိုပြီး အမိန့်ရှိတယ်။ နောက်တစ်ခု ---</p>
<p><b>အနတ္ထာ</b> = အကျိုးမဲ့ဖြစ်သဖြင့်။ <b>ဓမ္မာ</b> = ဓမ္မသဘောတရားမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ</b> = မထိုက်တန်ပေ။</p>
<p>အကျိုးမဲ့တစ်ခုခု ဖြစ်သွားတယ်၊ အကျိုးစီးပွား ဆုတ်ယုတ်သွားတယ်၊ ဒီလို အကျိုးမဲ့တစ်ခုခု, ဆုတ်ယုတ်မှုတစ်ခုခုကို အကြောင်းခံပြီးတော့ မိမိရရှိထားတဲ့ ဓမ္မသဘောတရားမှ ရွေ့လျော မသွားသင့်ဘူး၊ စွန့်ပယ် မသွားသင့်ဘူး။</p>
<p><b>အတ္ထကာရဏာ</b> = အကျိုးစီးပွားတစ်ခုခုကို ရရှိလိမ့်မည်ဟူသော မျှော်လင့်ချက် အကြောင်းတရားကြောင့်လည်းပဲ။ <b>ဓမ္မာ</b> = မိမိရရှိထားတဲ့ ဓမ္မသဘောတရားမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ</b> = မထိုက်တန်သည်သာလျှင်တည်း။</p>
<p>အကျိုးစီးပွား တစ်ခုခု ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေး ထားပြီးတော့ မိမိရရှိနေတဲ့ တရားသဘောတွေကို မဖျက်ဆီးပစ်သင့်ပါဘူး။</p>
<p><b>ကတဉ္စ</b> = ပြုအပ်ပြီးသော စျာန်ချမ်းသာကိုလည်းပဲ။ <b>နိရင်္ကတွာ</b> = ဖျက်ဆီး၍။ <b>ဓမ္မာ</b> = ဓမ္မသဘောတရားမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ</b> = မထိုက်တန်သည်သာလျှင်တည်း။</p>
<p>ရရှိပြီးတဲ့ စျာန်တရားတွေကို ဖျက်ဆီးပြီးတော့ မိမိရရှိထားတဲ့ စျာန်တရားမှ ရွေ့လျောသွားဖို့ရန်လည်း မထိုက်တန်ပါဘူး ချစ်သားဆိုပြီးတော့ ဆုံးမတယ်။ ဒါက ဘာပြောလိုတာလဲဆိုတော့ ---</p>
<p><b>နာရဒ န ဟေဝ ဝတ္ထုကာမပတ္ထနာယ ဓမ္မာ စဝိတုမရဟသိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဝတ္ထုကာမပတ္ထနာယ</b> = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို လိုလားတောင့်တခြင်း ကိလေသာကာမတည်းဟူသော အကြောင်းတရားကြောင့်။ <b>ဓမ္မာ</b> = ဓမ္မသဘောတရားမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န ဟေဝ အရဟသိ</b> = မထိုက်တန်သည်သာလျှင်တည်း။</p>
<p>လိုချင်စရာ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို <b>ဝတ္ထုကာမ</b>လို့ ခေါ်ပါတယ်။ ထိုဝတ္ထုကာမတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာတရားကိုတော့ <b>ကိလေသာကာမ</b>လို့ ခေါ်တယ်။ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုလို့ ခေါ်ဆိုအပ်တဲ့ ဝတ္ထုကာမတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ကိလေသာကာမကို အကြောင်းခံပြီးတော့ မိမိရရှိထားတဲ့ ကုသိုလ်ဓမ္မတွေမှ ရွေ့လျောသွားဖို့ရန်အတွက်တော့ မထိုက်တန်ပါဘူး။ ဒါက နံပါတ် (၁)ပဲ။</p>
<p><b>ဧကသ္မိံ အနတ္ထေ ဥပ္ပန္နေ တံ ပဋိဟနိတုကာမော နာနတ္ထာ န အတ္ထေနပိ ကာရဏဘူတေန ဓမ္မာ စဝိတုမရဟသိ။</b></p>
<p><b>ဧကသ္မိံ အနတ္ထေ</b> = တစ်ခုသော အကျိုးစီးပွားမဲ့သည်။ <b>ဥပ္ပန္နေ</b> = ဖြစ်ပေါ်၍ လာခဲ့သည်ရှိသော်။ <b>တံ</b> = ထိုအကျိုးစီးပွားမဲ့ကို။ <b>ပဋိဟနိတုကာမော</b> = ပယ်ဖျက်လိုသည်ဖြစ်၍။ <b>အနတ္ထာ</b> = အကျိုးစီးပွားမဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ <b>ဓမ္မာ</b> = မိမိရရှိထားတဲ့ ကုသိုလ်ဓမ္မမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ</b> = မထိုက်တန်သည်သာလျှင်တည်း။</p>
<p>နောက်တစ်ခု မထိုက်တန်တာက -- အကျိုးစီးပွားမဲ့ တစ်ခုခု မိမိသန္တာန်မှာ ဖြစ်ပေါ်လာပြီ၊ ဒီအချက်ကလေးကို ဖြုန်းခနဲတော့ နားလည်ချင်မှ နားလည်နိုင်မယ်။ ဥပမာ -- တရားအားထုတ်တယ် ဆိုကြပါစို့၊ တရားအားထုတ်ပြီဆိုလျှင်တော့ ဝန်ထမ်းကလည်း ဝန်ထမ်းလုပ်ငန်း စွန့်လွှတ်ထားခဲ့ရတယ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိတဲ့ ပုဂ္ဂိုလ်ကလည်း ဒီလုပ်ငန်းတွေ စွန့်လွှတ်ထားခဲ့ရတယ်။ စွန့်လွှတ်ထားလိုက်တဲ့ အချိန်အခါမှာ ရသင့်ရထိုက်တဲ့ အကျိုးတရားတွေကတော့ ခေတ္တခဏတော့ ရပ်ဆိုင်းပြီး မသွားဘူးလား? ရပ်ဆိုင်းသွားပါတယ်၊ ရသင့်ရထိုက်တဲ့ အကျိုးစီးပွားတွေ ခေတ္တ ပျက်စီး သွားတာကို အကြောင်းပြုပြီးတော့ မိမိရရှိနေတဲ့ အားထုတ်နေတဲ့ ကုသိုလ် တရားကလေးကို ဖျက်သိမ်းပစ်ဖို့ရန်တော့ မတော်ဘူးလို့ ဒီလို ဆုံးမနေတာ၊ ဒီတော့ မိမိရရှိထားတဲ့ ဒီအကျိုးစီးပွား ဆုတ်ယုတ်မှုကလေးတစ်ခုကို အခြေခံပြီး မိမိရရှိတဲ့ ကုသိုလ်တရားတွေမှ လျောကျသွားအောင်တော့ မပြုသင့်ပါဘူး။ ဒါက နံပါတ် (၂)ပဲ။ နောက်တစ်ခု ဘာပြောသလဲ? ---</p>
<p><b>န အတ္ထေနပိ ကာရဏဘူတေန ဓမ္မာ စဝိတုမရဟသိ။</b></p>
<p><b>အတ္ထေနပိ ကာရဏဘူတေန</b> = အကျိုးစီးပွား တစ်ခုခုကို ရရှိခြင်း တည်းဟူသော အကြောင်းကြောင့်လည်းပဲ။ <b>ဓမ္မာ</b> = မိမိရရှိထားတဲ့ ကုသိုလ် ဓမ္မမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ</b> = မထိုက်တန်ပေ။</p>
<p>တစ်ဖက်ကနေပြီး နည်းနည်း မက်လုံးကလေး ပေးထားတယ်၊ နက်ဖြန်လောက် တရားခွင်က ထွက်လာခဲ့လေ၊ တရားခွင်က ထွက်လာမယ်ဆိုလျှင် သန်ဘက်ခါလောက်မှာ အရောင်းအဝယ်တစ်ခုခု သို့မဟုတ် လုပ်ငန်း တစ်ခုခု လုပ်လိုက်မယ်ဆိုလျှင် အကျိုးအမြတ်က ဘယ်လို ရလိမ့်မယ်ဆိုပြီးတော့ မက်လုံးကလေးတစ်ခု တစ်ဖက်က ပြထားတယ်။ အဲဒီလို မက်လုံးကလေး တစ်ခု ပြလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ? ---</p>
<p><b>အသုကော နာမ မေ အတ္ထော ဥပ္ပဇ္ဇိဿတီတိ ဧဝမ္ပိ အတ္ထကာရဏာပိ န ဓမ္မာ စဝိတုမရဟသိ။</b></p>
<p><b>မေ</b> = ငါ့အား။ <b>အသုကော နာမ အတ္ထော</b> = ဤအမည်ရှိသော အကျိုး စီးပွားသည်။ <b>ဥပ္ပဇ္ဇိဿတိ</b> = ဖြစ်ပေါ်၍ လာပေတော့မယ်။ <b>ဣတိ ဧဝမ္ပိ</b> = ဤသို့ နှလုံးပိုက်၍လည်းပဲ။ <b>အတ္ထကာရဏာပိ</b> = အကျိုးစီးပွားကို ရရှိခြင်း တည်းဟူသော အကြောင်းကြောင့်လည်းပဲ။ <b>ဓမ္မာ</b> = မိမိရရှိထားတဲ့ ကုသိုလ်ဓမ္မမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>န အရဟသိ</b> = မထိုက်တန်ပေ။</p>
<p>အကျိုးစီးပွား တစ်ခုခုတော့ ကျိန်းသေဧကန် ရတော့မယ်။ ဒါကြောင့် ဒီတရားခွင်က ထွက်လိုက်ပါ၊ ဒီကုသိုလ်တရားတွေကို စွန့်လွှတ်လိုက်ပါလို့ ပြောခဲ့လျှင်လည်း အကျိုးစီးပွားတစ်ခု ရရှိခြင်းတည်းဟူသော အကြောင်းကို အခြေခံပြီးတော့ မိမိရရှိထားတဲ့ ကုသိုလ်တရားမှ ရွေ့လျောပြီး မသွားသင့်ပါဘူးလို့ ပြန်ပြောတယ်။ ဒါကတော့ နံပါတ် (၃)ပဲ။နောက်တစ်ခု နံပါတ် (၄)-</p>
<p><b>ကတံ ပန နိပ္ဖာဒိတံ စျာနသုခံ နိရင်္ကတွာ ဝိနာသေတွာ နေဝ ဓမ္မာ စဝိတုမရဟသိ။</b></p>
<p><b>ကတံ နိပ္ဖာဒိတံ</b> = မိမိကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ပြီးစီး၍နေသော။ <b>စျာနသုခံ</b> = စျာနသုခကို။ <b>နိရင်္ကတွာ</b> = <b>ဝိနာသေတွာ</b> = ဖျက်ဆီး၍။ <b>ဓမ္မာ</b> = ဓမ္မသဘောတရားမှ။ <b>စဝိတုံ</b> = ရွေ့လျော၍ သွားခြင်းငှာ။ <b>နေဝ အရဟသိ</b> = မထိုက်တန်သည်သာလျှင်တည်း။</p>
<p>မိမိကိုယ်တိုင် ကြိုးစားအားထုတ်လို့ ရရှိထားတဲ့ စျာန်ချမ်းသာကလေးတွေ ရှိကြတယ်၊ အဲဒီ စျာန်ချမ်းသာကလေးတွေကို ပျက်စီးအောင် ဖျက်ဆီးပြီးတော့ ဒီစျာန်ချမ်းသာမှ ရွေ့လျောအောင်လည်း မပြုသင့်ပါဘူးဆိုပြီးတော့ မပြုသင့်တဲ့ လုပ်ငန်းလေးခုကို သရဘင်္ဂရှင်ရသေ့က ဆိုဆုံးမပါတယ်။ အဲဒီလို ဆိုဆုံးမပြီးတဲ့ အချိန်အခါမှာ နာရဒရှင်ရသေ့ရဲ့ အစ်ကိုအရင်း ဖြစ်တော်မူတဲ့ ကာဠဒေဝိလရသေ့ကြီးကလည်း ထပ်ပြီး ငါးခုမြောက် ဂါထာကလေးတစ်ခုနှင့် သာဓုတရား လေးပါးအကြောင်းနှင့်စပ်ပြီး ဆုံးမတော်မူပါတယ်။</p>
<hr>
<h3>သာဓုတရား လေးပါး</h3>
<p><b>ဒက္ခံ ဂဟပတီ သာဓု၊ သံဝိဘဇ္ဇဉ္စ ဘောဇနံ။</b></p>
<p><b>အဟာသော အတ္ထလာဘေသု၊ အတ္ထဗျာပတ္တိ အဗျထော။</b></p>
<p><b>နာရဒ</b> = ညီထွေးနာရဒ။ <b>ဂဟပတီ</b> = အိမ်ကို စိုးအုပ်နေထိုင်ကြကုန်သော အိမ်ရှင်ယောက်ျားတို့အဖို့။ <b>ဒက္ခံ</b> = စီးပွားဥစ္စာရကြောင်း လုပ်ငန်းရပ်၌ မပျင်းမရိ လိမ္မာသည်၏ အဖြစ်သည်။ <b>သာဓု</b> = ကောင်းခြင်းတရားပါပေတည်း။</p>
<p>နံပါတ် (၁) သာဓုတရားက အိမ်ရာတည်ထောင် လူ့ဘောင်ကို စိုးအုပ် နေထိုင်တဲ့ ပုဂ္ဂိုလ်တို့အဖို့ စီးပွားဥစ္စာ ရဖို့ရန်အတွက် လုပ်ငန်းရပ် အသွယ်သွယ်တို့၌ ကျွမ်းကျင်လိမ္မာခြင်း ဖြစ်တယ်။ နံပါတ်(၂) သာဓုတရားက ဘာလဲ?</p>
<p><b>သံဝိဘဇ္ဇ</b> = <b>သံဝိဘဇိတွာ</b> = တရားစောင့်ကုန်သော သမဏဗြာဟ္မဏတို့နှင့်တကွ ခွဲခြားဝေဖန်၍။ <b>ဘောဇနံ စ</b> = မိမိရရှိတဲ့ စည်းစိမ်ဥစ္စာကို သုံးစွဲ ခြင်းသည်လည်း။ <b>သာဓု</b> = ကောင်းခြင်းတရားပါပေတည်း။</p>
<p>မိမိဆင်းရဲသဖြင့် ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေ ရှိတယ်။ အဲဒီ စည်းစိမ်ဥစ္စာတွေကို တရားစောင့်နေတဲ့ သမဏဗြာဟ္မဏတွေနှင့်အတူ ခွဲခြား ဝေဖန်ပြီးတော့မှ သုံးစွဲခြင်းသည် ဒုတိယကောင်းတဲ့ သာဓုတရား တစ်ခုပဲ၊ ဒါကတော့ သူတော်ကောင်းတို့ရဲ့ အကျင့်ပါ။ မိမိတို့ နဖူးမှချွေး ခြေမ ကျအောင် ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ရှိကြပါတယ်။ ဒီစည်းစိမ် ဥစ္စာတွေကို မိမိတို့ချည်း မသုံးစွဲဘဲ တရားရှိတော်မူတဲ့ သမဏဗြာဟ္မဏ အမည်ရတဲ့ သူတော်ကောင်းတွေနှင့် ခွဲခြားဝေဖန်ပြီး သုံးစွဲခြင်းသည် ဒုတိယ အကောင်းဆုံး သာဓုတရားတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု နံပါတ် (၃)-</p>
<p><b>အတ္ထလာဘေသု</b> = အကျိုးစီးပွား အမျိုးမျိုးတို့ကို ရရှိခြင်းတို့၌။ <b>အဟာသော</b> = မမေ့မလျော့သည်၏ အစွမ်းဖြင့် မပေါ်မလွင် မရွှင်လန်းသည်၏ အဖြစ်သည်လည်း။ <b>သာဓု</b> = ကောင်းခြင်းတရားပါပေတည်း။</p>
<p>ဒါက တတိယသာဓုတရား ဖြစ်ပါတယ်၊ မိမိက ဆင်းဆင်းရဲရဲ အပင်ပန်း ခံပြီးတော့ စည်းစိမ်ဥစ္စာတွေကို ရှာဖွေလိုက်တယ်၊ ရှာဖွေလိုက်တဲ့ အချိန်အခါမှာ မိမိတို့ရဲ့ ကံအားလျော်စွာ စည်းစိမ်ဥစ္စာတွေ ဖြစ်ထွန်းလာတယ်။ ကံဆိုတာက အတိတ်ကံ ပစ္စုပ္ပန်ကံဆိုပြီး နှစ်မျိုးရှိတယ်၊ အတိတ်က အကျိုး ပေးဖို့ရန် ကံကလေးက အခွင့်သာတယ်၊ ပစ္စုပ္ပန်မှာလည်း မိမိက နည်းမှန် လမ်းမှန် စနစ်တကျ ကြိုးစားအားထုတ် ရှာဖွေတယ်။</p>
<p>ပစ္စုပ္ပန်မှာ ရှာဖွေခြင်းကိုတော့ <b>ပစ္စုပ္ပန်ကံ</b>လို့ ခေါ်တယ်။ အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေတဲ့ ကံကိုတော့ <b>အတိတ်ကံ</b>လို့ ခေါ်တယ်။ ထိုအတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်ရပ်တို့ ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် စည်းစိမ် ဥစ္စာတွေက တော်တော်ကလေး ဖြစ်ထွန်းလာတယ်။ အဲဒီလို ဖြစ်ထွန်းလာတဲ့ အချိန်အခါမှာ ဒီစည်းစိမ်ဥစ္စာတွေနှင့် မူးယစ်မေ့လျော့ပြီး နေထိုင်ရမလား? မနေထိုင်ရဘူး။ သူတော်ကောင်းတို့ရဲ့ သဘောက ဘယ်လိုရှိသလဲ? ---</p>
<p><b>အပ္ပမာဒဝသေန အဟာသော အနုပ္ပိလာဝိတတ္တံ တတိယံ သာဓု။</b></p>
<p><b>အပ္ပမာဒဝသေန</b> = ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒ တရား လက်ကိုင်ထားသည်၏ အစွမ်းဖြင့်။ <b>အဟာသော</b> = အလွန် ရွှင်လန်း ဝမ်းမြောက်ခြင်း မရှိသည်ဖြစ်၍။ <b>အနုပ္ပိလာဝိတတ္တံ</b> = ပေါ်လွင်တက်ကြွ မြင့်မောက်သောစိတ်ထား မရှိသည်၏အဖြစ်သည်။ <b>တတိယံ</b> = သုံးခုမြောက်သော။ <b>သာဓု</b> = ကောင်းခြင်းတရားပါပေတည်း။</p>
<p>စီးပွားတွေ သိပ်ချမ်းသာတိုးတက်လာပြီ၊ လုပ်ငန်းခွင်တွေမှာ အောင်မြင်မှုတွေက ရလာပြီ၊ အဲဒီ အချိန်အခါမှာ ဘာဖြစ်သလဲ? စိတ်ဓာတ်တွေက သိပ်ပြီး တက်ကြွတတ် မြင့်မောက်တတ်တယ်၊ ဘူးတောင်းတစ်ခုကို ရေထဲ ချထားလိုက်လျှင် ပေါလောပေါ်နေသလို စိတ်ဓာတ်တွေက အလွန် တက်ကြွ မြင့်မောက်ပြီး နေပြီဆိုလျှင် ဒီပုဂ္ဂိုလ်ကို ဘဝင်မြင့်တယ်လို့ ခေါ်တယ်။ အဲဒီလို ဘဝင်တွေမြင့်ပြီး မိမိကိုယ်ကို မိမိ သိပ်အထင်ကြီးနေလျှင် ဒီပုဂ္ဂိုလ်သည် ထိုအချိန်အခါမှာ ကုသိုလ်ကောင်းမှုတို့ကို မေ့လျော့နေတတ်တယ်။ သီလ ကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, သမာဓိကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့ လုံးလုံး မေ့ထားလိုက်တယ်။ အဲဒီလို မေ့လျော့မှုမရှိဘဲ အလွန် ချမ်းသာကြွယ်ဝလာလို့ စည်းစိမ်ဥစ္စာတွေ ရရှိလာတဲ့ အချိန်အခါမှာလည်း စိတ်ဓာတ်တက်ကြွ မြင့်မောက်မှု မရှိခြင်းသည် တတိယဖြစ်တဲ့ သာဓုတရားတစ်ခု ဖြစ်ပါတယ်။ စတုတ္ထသာဓုတရားက ဘာလဲ? ---</p>
<p><b>ယဒါ ပန အတ္တနော အတ္ထဗျာပတ္တိ ယသဝိနာသော ဟောတိ။ တဒါ အဗျထော စတုတ္ထံ သာဓု။</b></p>
<p><b>ယဒါ</b> = အကြင်အခါ၌။ <b>အတ္တနော</b> = မိမိ၏။ <b>အတ္ထဗျာပတ္တိ</b> = အကျိုး စီးပွား၏ ပျက်စီးခြင်းသည်။ <b>ယသဝိနာသော</b> = အခြံအရံအကျော်အစော၏ ပျက်စီးခြင်းသည်။ <b>ဟောတိ</b> = ဖြစ်ပေါ်၍ လာပေ၏။ <b>တဒါ</b> = ထိုကဲ့သို့ ပျက်စီးခြင်း ဖြစ်ပေါ်၍လာရာ အချိန်အခါ၌။ <b>အဗျထော</b> = စိတ်ပင်ပန်းခြင်း မရှိခြင်းသည်ကား။ <b>စတုတ္ထံ</b> = လေးခုမြောက်သော။ <b>သာဓု</b> = ကောင်းခြင်း တရားပါပေတည်း။</p>
<p>ကံတရားဆိုတာ အင်မတန် ဆန်းကြယ်ပါတယ်။ အတိတ်က စီးပွားဥစ္စာ ပျက်စီးဖို့ရန်အတွက် အကြောင်းတရားကလေးတွေကို မိမိက ထူထောင် ထားခဲ့တယ်။ စီးပွားဥစ္စာ ပျက်စီးဖို့ရန်အကြောင်းဆိုတာက ဘာတွေလဲ? အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ သူတစ်ပါးတို့ရဲ့ ပစ္စည်းကို မတရား ယူမိတဲ့ <b>အဒိန္နာဒါနကံ</b>ပဲ။ တစ်ဖက်က ကုသိုလ်ကံက မြှင့်တင်ပေးလိုက်လို့ လူ့ဘဝ ရောက်ရှိလာတဲ့အခါ တစ်ဖက်က ကုသိုလ်ကံတွေကြောင့် စီးပွားဥစ္စာ ချမ်းသာတာကတော့ မှန်တယ်၊ ဒါပေမယ့် ဒီစီးပွားဥစ္စာတွေ ချမ်းသာနေတဲ့ အချိန်အခါမှာ တစ်ဖက်က အတိတ်ဘဝထိုထိုက ထူထောင်ခဲ့တဲ့ အဒိန္နာဒါနကံဖြစ်တဲ့ အကုသိုလ်ကံကလေးတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာလျှင် ဒီစီးပွားဥစ္စာတွေသည် အလိုလို ပျက်စီးသွားတတ်တယ်။</p>
<p><b>အဒိန္နာဒါနကံ</b>ဆိုတာက သူတစ်ပါးတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ပျက်စီးအောင် ဖျက်ဆီးခဲ့တဲ့ မတရားယူခဲ့တဲ့ ကံပဲ။ သူတစ်ပါးတွေရဲ့ စည်းစိမ် ဥစ္စာတွေကို ပျက်စီးအောင် ဖျက်ဆီးခဲ့တဲ့ကံက မိမိ၏ စည်းစိမ်ဥစ္စာတွေကို ပျက်စီးအောင် တစ်ဖန်ပြန်ပြီးတော့ အကျိုးပေးပြန်တယ်၊ ရန်သူငါးတန်တွေကို ဖျက်ဆီးဖို့ရန် ယင်းကံက ပို့ဆောင်ပေးတတ်တယ်၊ လမ်းဖွင့်ပေးတတ်တယ်။</p>
<p>အဲဒီလို စီးပွားဥစ္စာတွေ ပျက်စီးသွားတဲ့ အချိန်အခါမှာလည်း စိတ်ထဲမှာ တုန်လှုပ်ဖောက်ပြားမှု မရှိဘဲ, ဝမ်းနည်းကြေကွဲမှု မရှိဘဲ စိတ်ကြည်ကြည် လင်လင် ထားနိုင်ခြင်းသည် စတုတ္ထသာဓုတရားတစ်ခု ဖြစ်တယ်ဆိုပြီးတော့ ကာဠဒေဝိလဖြစ်တဲ့ အစ်ကိုတော် ရသေ့ကြီးကလည်း ထပ်ပြီး ဆိုဆုံးမတော်မူပါတယ်။ အဲဒီလို ဆိုဆုံးမတော်မူတဲ့ ရည်ရွယ်ချက်က ဘယ်သဘော လဲ? ---</p>
<p><b>တသ္မာ တွံ နာရဒ စျာနံ မေ အန္တရဟိတန္တိ မာ သောစိ။ သစေ ဣန္ဒြိယာနံ ဝသံ န ဂမိဿသိ။ နဋ္ဌမ္ပိ တေ စျာနံ ပုန ပါကတိကမေဝ ဘဝိဿတိ။</b></p>
<p><b>တသ္မာ</b> = ထိုကြောင့်။ <b>နာရဒ</b> = ညီထွေးနာရဒ။ <b>တွံ</b> = သင်သည်။ <b>မေ</b> = ငါ၏သန္တာန်၌။ <b>စျာနံ</b> = စျာန်တရားသည်။ <b>အန္တရဟိတံ</b> = ကွယ်ပျောက်၍ သွားခဲ့လေပြီ။ <b>ဣတိ</b> = ဤသို့။ <b>မာ သောစိ</b> = စိုးရိမ်ကြောင့်ကြမှု မဖြစ်ပါလင့်။</p>
<p>ငါ၏သန္တာန်မှာတော့ စျာန်တရားတွေတော့ ပျောက်ပျက်သွားပြီဆိုပြီးတော့ မိမိရရှိထားတဲ့ ချမ်းသာသုခကလေး ပျောက်ပျက်ခြင်းတည်းဟူသော အကြောင်းကြောင့် သင့်သန္တာန်မှာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်မနေနဲ့၊ စိတ်ဆင်းရဲမှုတွေ ဖြစ်မနေပါနဲ့။</p>
<p><b>သစေ</b> = အကယ်၍။ <b>ဣန္ဒြိယာနံ</b> = ဣန္ဒြေတို့၏။ <b>ဝသံ</b> = အလိုနိုင်ငံသို့။ <b>န ဂမိဿသိ</b> = မလိုက်ပါခဲ့သည် ဖြစ်ခဲ့ပါမူ။ <b>တေ</b> = သင်ညီထွေးရဲ့ သန္တာန်၌။ <b>နဋ္ဌံ</b> = လျောကျပျက်စီး၍သွားသော။ <b>စျာနမ္ပိ</b> = စျာန်တရားသည်လည်းပဲ။ <b>ပုန</b> = နောက်ထပ်တစ်ဖန်။ <b>ပါကတိကမေဝ</b> = ပင်ကိုပကတိအတိုင်း တည်ရှိနိုင်သည်သာလျှင်။ <b>ဘဝိဿတိ</b> = ဖြစ်ပေလိမ့်မယ်။</p>
<p>အကယ်၍ ဣန္ဒြေရဲ့ အလိုကို မလိုက်ခဲ့ဘူးဆိုလျှင် သင့်သန္တာန်မှာ ပျောက်ပျက်သွားတဲ့ ဒီစျာန်တရားသည် ပင်ကိုပကတိအတိုင်း ပြန်ပြီးတော့ တည်လာမှာ ဖြစ်ပါတယ်။ ပြန်ကြိုးစားလိုက်မယ်ဆိုလျှင် ဒီစျာန်တရားတွေ လွယ်လွယ်ကလေးနှင့် မကြာခင် ရနိုင်ပါလိမ့်မယ်လို့ ချော့တယ်။ အဲဒီလို ချော့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်က ဘုရားဖြစ်တော်မူတဲ့ အချိန်အခါမှာ ဂါထာကလေးတစ်ခုနဲ့ ဒီနေရာမှာ ကာဠဒေဝိလရသေ့ရဲ့ ဆိုလိုရင်း သဘောတရားကလေးကို ထပ်ပြီးတော့ ဟောတော်မူပါတယ်။</p>
<hr>
<h3>ဆိုလိုရင်းသဘော</h3>
<p><b>ဧတ္တာဝတေတံ ပဏ္ဍိစ္စံ၊ အပိ သော ဒေဝိလော ဗြဝိ။</b></p>
<p><b>န ယိတော ကိဉ္စိ ပါပိယော၊ ယော ဣန္ဒြိယာနံ ဝသံ ဝဇေ။</b></p>
<p><b>ဧတ္တာဝတာ</b> = ဤမျှလောက်သော အတိုင်းအရှည်အားဖြင့်။ <b>ဧတံ ပဏ္ဍိစ္စံ</b> = ထိုပညာရှိသူတော်ကောင်းကို။ <b>သော ဒေဝိလော</b> = ထိုကာဠဒေဝိလရသေ့သည်။ <b>အဗြဝိ</b> = တရားစကား ပြောကြားခဲ့လေ၏။ <b>ယော</b> = အကြင်သူသည်။ <b>ဣန္ဒြိယာနံ</b> = ဣန္ဒြေတို့၏။ <b>ဝသံ</b> = အလိုနိုင်ငံတော်သို့။ <b>ဝဇေ</b> = လိုက်ပါ၍ နေပေ၏။ <b>ဣတော</b> = ဤဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါ၍နေတဲ့ ပုဂ္ဂိုလ်ထက်။ <b>ပါပိယော</b> = သာလွန်၍ ယုတ်မာသော။ <b>ကိဉ္စိ</b> = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ <b>လောကေ</b> = လောက၌။ <b>န အတ္ထိ</b> = မရှိသည်သာလျှင် တည်း။</p>
<p>တရားစကားတွေနှင့် နားဝင်လာအောင် အကြောင်းအမျိုးမျိုးနှင့် ချော့နေတယ်။ ပညာရှိသူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ နာရဒရသေ့ကို ကာဠဒေဝိလရသေ့ကြီးက ဆိုဆုံးမနေတယ်။ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လောက် အလွန် အဆင့်အတန်း နိမ့်ကျယုတ်မာနေတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူး။ လောကမှာ အယုတ်မာဆုံးပုဂ္ဂိုလ်သည် ဘယ်လို ပုဂ္ဂိုလ်လဲဆိုလျှင် ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်တယ်။ တစ်နည်းတော့ ကာမဂုဏ်အလိုကို လိုက်ပြီး ကာမဂုဏ်ကို အပြည့် အဝ သုံးဆောင်ခံစားနေတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်။</p>
<p>ကြည့်လိုတယ်ဆိုလျှင် ကြည့်လိုက်တာပဲ၊ ကြည့်လိုက်ရမှ ကျေနပ်တယ်၊ နားထောင်လိုတယ်ဆိုလျှင် နားထောင်လိုက်တာပဲ၊ နမ်းရှူလိုတယ်ဆိုလျှင် နမ်းရှူလိုက်တာပဲ၊ စားလိုတယ်ဆိုလျှင် စားလိုက်တာပဲ၊ ထိလိုတယ်ဆိုလျှင် ထိလိုက်တာပဲ၊ စဉ်းစားလိုတယ်ဆိုလျှင် စဉ်းစားပြီး နေလိုက်တာပဲ၊ သီလ ကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, သမာဓိကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့ လုံးလုံး မေ့ထားလိုက်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဣန္ဒြေရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။</p>
<p>အဲဒီလို ဣန္ဒြေရဲ့ အလိုနိုင်ငံသို့ လိုက်ပါနေတဲ့ ပုဂ္ဂိုလ်လောက် ယုတ်မာတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူးလို့ ဒီလို ဘုရားရှင်က ဟောတော်မူပါတယ်။ ဘာကြောင့်လဲ? ဒီဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါနေတဲ့ ပုဂ္ဂိုလ်တွေသည် သေခါနီးကာလမှာလည်း ဒီအတိုင်းပဲ ဣန္ဒြေတို့ရဲ့ အလိုနိုင်ငံကို လိုက်ပါနေတဲ့ စိတ်ထားတွေဖြင့် ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရမယ်ဆိုလျှင် ဘာဖြစ်မလဲ? အပါယ်လေးဘုံက ဆီးပြီးတော့ ကြိုနေမှာ ဖြစ်တယ်။ ဒါကြောင့် အပါယ် လေးဘုံကိုရောက်မည့် အကြောင်းတရားမှန်လျှင် အလွန်မွန်မြတ်တဲ့ လုပ်ငန်းလို့ ပြောရမလား, ယုတ်မာတဲ့ လုပ်ငန်းရပ်လို့ ပြောရမလား? ယုတ်မာတဲ့ လုပ်ငန်းရပ်လို့ ပြောရမယ်။</p>
<p>ပရိသတ်တွေ နည်းနည်း စဉ်းစားကြည့်ပါ။ ပရိသတ်တွေဟာ များသောအားဖြင့် ကာမဂုဏ်ခံစားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ မိမိတို့ ဒီလို ကာမဂုဏ်ခံစားခြင်းသည် မိမိတို့အတွက် အကျိုးဘယ်လောက် ပျက်စီးဆုတ်ယုတ်စေနိုင်တယ်ဆိုတာကလေးကိုတော့ သဘောပေါက်ဖို့ သိပ်လိုနေတယ်။ ကိုယ့်အိုး, ကိုယ့်အိမ်, ကိုယ့်ကာမဂုဏ်ပဲ ကိုယ်ခံစားတော့ ဘာဖြစ်သလဲဆိုတဲ့ ဒီစိတ်ထားမျိုးကို သိပ်မွေးဖို့ မတော်ဘူး။ ဒါ တော်တော်ကလေး သတိရှိဖို့ လိုနေတယ်။</p>
<p>ဒီလိုဆိုလျှင် အရှင်ဘုရား ဘုရားရှင်လက်ထက်အခါက သောတာပန်, သကဒါဂါမ် အစရှိတဲ့ သူတော်ကောင်းတွေ အိမ်ထောင်သားမွေးဘဝနဲ့ သောတာပန် သကဒါဂါမ် ဖြစ်သွားကြတာ မဟုတ်ဘူးလား? ဒီလို ပုဂ္ဂိုလ်တွေလည်း ကာမဂုဏ်တွေ ခံစားကြတာပဲ၊ အဲဒီလို ပုဂ္ဂိုလ်တွေကို လူယုတ်မာတွေလို့ ပြောရမလားလို့ ဒီလိုတော့ မေးစရာရှိတယ်။</p>
<p>ဒီအချက်ကလေးနှင့် ပတ်သက်ပြီးတော့ ဘုန်းကြီးဘက်က နည်းနည်းကလေးတော့ ရှင်းရန်တာဝန် ရှိလာပါတယ်။ အဲဒီ သူတော်ကောင်းကြီးတွေက သူတို့ ကာမဂုဏ် ခံစားတယ်ဆိုပေမယ့် သူတို့မှာ မွန်မြတ်နေတဲ့ ကုသိုလ် ဆန္ဒဓာတ်ကလေးတွေက တစ်ဖက်က ကိန်းဝပ်လျက် ရှိကြပါတယ်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်မြတ်နိုးမှု တဏှာပေမတရား ထင်ရှားရှိနေကြသော်လည်း သမထဘာဝနာကုသိုလ်, ဝိပဿနာဘာဝနာကုသိုလ်, မဂ် ကုသိုလ်ဆိုတဲ့ ဒီလို အဆင့်အတန်း မြင့်နေတဲ့ ကုသိုလ်တွေရဲ့ အကူအညီကို ရခဲ့မယ်ဆိုလျှင်တော့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးမှုဆိုတဲ့ ဒီတဏှာ ပေမတရားက အဲဒီ သူတော်ကောင်းတွေကို အပါယ်ကို ပစ်ချနိုင်လောက်အောင် စွမ်းအားတွေ မရှိကြတော့ပါဘူး။</p>
<p>ဥပမာ --- ကျောက်ခဲတစ်ခဲ ဆိုကြစို့၊ ကျောက်ခဲချည်း သက်သက် ရေထဲကို ပစ်ချလိုက်မယ်ဆိုလျှင်တော့ အဲဒီကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ် သွားမှာပဲ။ ဒါပေမယ့် အဲဒီကျောက်ခဲကို ရေထဲကို ပစ်မချဘဲ လှေပေါ်မှာ တင်ပြီးတော့ သွားမယ်ဆိုလျှင်တော့ ဒီကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ်ပြီးတော့ မသွားတော့ဘူး။ လှေ၏ အလိုကျအတိုင်း လှေသွားတဲ့ နေရာကို လှေပေါ်ကနေပြီးတော့ လိုက်ပါသွားရတယ်။</p>
<p>အဲဒီ ဥပမာအတိုင်းပဲ လှေနှင့်တူတဲ့ အလွန် အဆင့်မြင့်နေတဲ့ သမထ ကုသိုလ်, ဝိပဿနာကုသိုလ်, မဂ်ကုသိုလ်တွေ၏ အကူအညီကို ရနေတဲ့ ဒီကျောက်ခဲနှင့် တူနေတဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးမှု တဏှာပေမ တရားဟာလည်း အားကောင်းတဲ့ ကုသိုလ်၏ အလိုကျအတိုင်းပဲ လိုက်ပါသွားရပါတယ်။ ဒါကြောင့် ဇာတ်နိပါတ်တော်တွေမှာ တဏှာပေမ မကင်းသူ အချင်းချင်း ရင်းနှီးစွာ အကျိုးပေးကာ ပါရမီဖြည့်ဘက်များ ဖြစ်နေကြတာကို များစွာပဲ တွေ့နိုင်ကြပါတယ်။ ပုံစံထုတ်ပြမယ်ဆိုလျှင် နကုလပိတာနှင့် နကုလမာတာ ဇနီးမောင်နှံ ဆိုကြစို့ --</p>
<hr>
<h3>နကုလပိတာနှင့် နကုလမာတာ</h3>
<p>ဒီဇနီးမောင်နှံတို့က ဘုရားရှင်ရဲ့ မိဘအဖြစ်နဲ့ ဘဝပေါင်းငါးရာ, မိကြီး, မိထွေး, ဘကြီး, ဘထွေးအဖြစ်နဲ့ ဘဝပေါင်း ငါးရာစီဆိုတော့ ဘဝပေါင်း တစ်ထောင့်ငါးရာစီလောက် ဆွေမျိုး ဆက်တိုက် တော်စပ်ခဲ့ဖူးကြပါတယ်။ ဒါကြောင့် မြတ်စွာဘုရား သုသုမာရဂိရိတောင်ခြေ ဘေသကဠာဝနအမည် ရနေတဲ့ ရွာနိဂုံးကြီးသို့ ရောက်ရှိတဲ့ အချိန်အခါမှာ နကုလပိတာ နကုလမာတာခေါ်တဲ့ ဒီဇနီးမောင်နှံ နှစ်ဦးက ဘုရားရှင်ကို မြင်လျှင်မြင်ချင်း သားဟူသော ချစ်ခြင်းဖြင့် အလွန်အမင်း ချစ်ခင်မြတ်နိုးတဲ့အတွက် ခြေဖက်ပြီး ငိုကြတယ်၊ သားလို့ပဲ ခေါ်ကြတယ်။ သူတို့ရဲ့ အတွင်းရေး အိမ်ထောင်ရေး လုပ်ငန်းကိစ္စရပ်တွေကိုလည်း ပွင့်ပွင့်လင်းလင်း လျှောက်ထားကြတယ်။ သူတို့က ဘာလျှောက်သလဲ? ---</p>
<p>တစ်ချိန်မှာ မြတ်စွာဘုရားကို ဆွမ်းပင့်ပြီး ကပ်လှူတယ်၊ ဆွမ်းစားခြင်း ကိစ္စ ပြီးတဲ့အချိန်အခါမှာ နကုလပိတာအမည်ရှိတဲ့ ဒါယကာကြီးက ဘာလျှောက်သလဲ? ---</p>
<p>မြတ်စွာဘုရား ...တပည့်တော်သည် ငယ်စဉ်အရွယ်ကတည်းက နကုလမာတာအမျိုးသမီးကို တပည့်တော်အိမ်သို့ ခေါ်ဆောင်ခဲ့ပါတယ်၊ ထိုအချိန်အခါက စပြီးတော့ ယနေ့တိုင်အောင် နကုလမာတာအမျိုးသမီးက လွဲလျှင် အခြားအမျိုးသမီးတွေ အပေါ်၌ စိတ်ဖြင့်သော်လည်း တပည့်တော် တစ်ခါမှ ဖောက်ပြားခဲ့တယ်လို့ မရှိခဲ့စဖူးပါဘူး၊ ကာယကံမြောက် ဝစီကံမြောက် လွန်ကျူးဖို့ဆိုတာ အဘယ်မှာ ဆိုဖွယ်ရာရှိပါမလဲ မြတ်စွာဘုရား၊ တပည့်တော်သည် ဒီဘဝမှာလည်း နကုလမာတာအမျိုးသမီးကိုပဲ အမြဲတမ်း မြင်ချင် တွေ့ချင်နေပါတယ်၊ နောင်သံသရာ အဆက်ဆက်မှာလည်း ဒီနကုလမာတာအမျိုးသမီးကို မြင်ချင် တွေ့ချင်နေပါတယ် မြတ်စွာဘုရား ... ဆိုပြီးတော့ လျှောက်ထားတယ်။</p>
<p>အဲဒီစကားကို ကြားလိုက်တော့ နကုလမာတာ ဒါယိကာမကြီးကလည်း အားကျမခံ မြတ်စွာဘုရားကို ပြန်ပြီးတော့ ဘယ်လို လျှောက်ထားသလဲ?</p>
<p>မြတ်စွာဘုရား ...တပည့်တော်မကို ဒီနကုလပိတာအမျိုးကောင်းသားက ငယ်ရွယ်စဉ်အခါကတည်းက လက်ထပ်ထိမ်းမြားပြီး အိမ်ကို ခေါ်ဆောင်ခဲ့ပါတယ်၊ ထိုအချိန်အခါမှ စပြီး တပည့်တော်မသည် တခြား တခြားသော ယောက်ျားတို့အပေါ်၌ စိတ်ဖြင့် ဖောက်ပြားခြင်းကို အမှတ် မရစဖူးပါ မြတ်စွာဘုရား၊ ကာယကံမြောက် ဝစီကံမြောက် လွန်ကျူးဖို့ဆိုတာ အဘယ်မှာ ပြောဆိုဖွယ်ရာ ရှိပါမလဲ မြတ်စွာဘုရား၊ တပည့်တော်မသည် ဒီဘဝမှာလည်း ဒီနကုလပိတာ အမျိုးကောင်းသားကို မြင်တွေ့လိုပါတယ်၊ နောင်သံသရာ အဆက်ဆက်မှာလည်း ဒီနကုလပိတာ အမျိုးကောင်းသားကို မြင်တွေ့လိုပါတယ်ဆိုပြီးတော့ လျှောက်ထားတယ်။</p>
<hr>
<h3>သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာ တူညီပါစေ</h3>
<p>အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဒီဇနီးမောင်နှံ နှစ်ဦးကို မြတ်စွာဘုရားက သူတို့ရဲ့ လိုလားတောင့်တချက်တွေကို ပြည့်ဝလာအောင် ဖြည့်ဆည်းပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ နည်းလမ်းကောင်း (၄)ချက်ကို ဟောကြားပေးတော်မူပါတယ်။ အဲဒီနည်းလမ်းကောင်း ကျင့်စဉ် (၄)ချက်ကိုတော့ ဒီနေ့ တရားနာပရိသတ်တွေ နှစ်ခြိုက်မယ်ဆိုလျှင်လည်း လက်ခံကြပေါ့။ မနှစ်ခြိုက်လျှင်လည်း ပယ်လှန်နိုင်တဲ့သဘော ရှိပါတယ်။ ဘယ်လို နည်းပေးထားသလဲ? ---</p>
<p><b>အာကင်္ခေယျုံ စေ ဂဟပတယော ဥဘော ဇာနိပတယော ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ ဥဘောဝ အဿု သမသဒ္ဓါ သမသီလာ သမစာဂါ သမပညာ။ တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿန္တိ အဘိသမ္ပရာယဉ္စ အညမညံ ပဿန္တိ (အံ၊၁၊၃၇၂-၃၇၃။ အံ၊ဋ္ဌ၊၂၊၃၀၇-၃၀၈။)</b></p>
<p><b>ဂဟပတယော</b> = ဒါယကာတုိ့။ <b>ဥဘော ဇာနိပတယော</b> = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်။ <b>ဒိဋ္ဌေ စေဝ ဓမ္မေ</b> = မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်း။ <b>အညမညံ</b> = အချင်းချင်း။ <b>ပဿိတုံ</b> = တွေ့မြင်ခြင်းငှာ။ <b>အဘိသမ္ပရာယဉ္စ</b> = တမလွန်လောက၌လည်းပဲ။ <b>အညမညံ</b> = အချင်းချင်း။ <b>ပဿိတုံ</b> = တွေ့မြင်ခြင်းငှာ။ <b>စေ အာကင်္ခေယျုံ</b> = အကယ်၍ အလိုရှိကြကုန်ငြားအံ့။ <b>ဥဘောဝ</b> = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်ပင်။ <b>သမသဒ္ဓါ</b> = ညီမျှသော သဒ္ဓါတရား ရှိကြကုန်သည်လည်းကောင်း။ <b>သမသီလာ</b> = ညီမျှသော ကိုယ်ကျင့်သီလ ရှိကြကုန်သည်လည်းကောင်း။ <b>သမစာဂါ</b> = ညီမျှသော ပေးကမ်းစွန့်ကြဲခြင်း စာဂတရား ထင်ရှားရှိကြကုန်သည်လည်းကောင်း။ <b>သမပညာ</b> = ညီမျှသော အသိအလိမ္မာ ဉာဏ်ပညာ ထင်ရှားရှိကြကုန်သည် လည်းကောင်း။ <b>အဿု</b> = ဖြစ်ကြလေကုန်ရာ၏။ <b>တေ</b> = ထိုဇနီးမောင်နှံ နှစ်ဦးသားတို့သည်။ <b>ဒိဋ္ဌေ စေဝ ဓမ္မေ</b> = မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်းပဲ။ <b>အညမညံ</b> = အချင်းချင်း။ <b>ပဿန္တိ</b> = တွေ့မြင်နိုင်ကြကုန်၏။ <b>အဘိသမ္ပရာယဉ္စ</b> = တမလွန်လောက၌လည်းပဲ။ <b>အညမညံ</b> = အချင်းချင်း။ <b>ပဿန္တိ</b> = တွေ့မြင်နိုင်ကြလေကုန်၏။</p>
<p>ဘုရားရှင်ပေးတဲ့နည်းက ဘာလဲ? ဇနီးမောင်နှံ နှစ်ဦးတို့က ဒီဘဝမှာလည်း တစ်ဦးနှင့်တစ်ဦး မြင်ချင်ကြတယ်၊ နောက်နောင်ဘဝမှာလည်း တစ်ဦးနှင့်တစ်ဦး မြင်ချင်ကြတယ်ဆိုလျှင် ဇနီးမောင်နှံနှစ်ဦးသားတို့ဟာ ---</p>
<p>နံပါတ် (၁) သဒ္ဓါတရားချင်း တူညီရမယ်၊</p>
<p>နံပါတ် (၂) ကိုယ်ကျင့်သီလချင်း တူညီရမယ်၊</p>
<p>နံပါတ် (၃) ပေးကမ်းစွန့်ကြဲခြင်း စာဂတရားချင်း တူညီရမယ်၊</p>
<p>နံပါတ် (၄) ဉာဏ်ပညာချင်း တူညီရမယ်၊</p>
<p>ဒီဇနီးမောင်နှံ နှစ်ဦးလုံးကတော့ ဘုရားရှင်ကို ခေါင်ဆုံး ဖူးတွေ့ရတဲ့ အချိန်အခါက စပြီး သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် ဉာဏ် ပညာတွေ ရင့်ကျက်ထားပြီးတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။</p>
<p>ဒီတော့ သူတို့ ဇနီးမောင်နှံ နှစ်ဦးက သဒ္ဓါတရားချင်းလည်း တူတယ်၊ ကိုယ်ကျင့်သီလချင်းလည်း တူတယ်၊ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားချင်းလည်း တူတယ်၊ ဒါယကာကြီးက လှူလျှင် ဒါယိကာမကြီးက ကြည်ဖြူတယ်၊ ဒါယိကာမကြီးက လှူပြန်လျှင်လည်း ဒါယကာကြီးက ကြည်ဖြူတယ်၊ ပညာချင်း ကြည့်လိုက်ပြန်တော့လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်၊ ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာချင်းလည်း အားလုံး တူညီနေကြတယ်၊ အဲဒီလို တူညီခဲ့မယ်ဆိုလျှင်တော့ ဒီဘဝမှာလည်း အချင်းချင်းတွေ့မြင်နိုင်တယ်၊ နောင်သံသရာ အဆက်ဆက်မှာလည်း အချင်းချင်း တွေ့မြင်နိုင်ကြပါတယ်လို့ ဒီလို နည်းပေးတယ်။ ဘာကြောင့်လဲ? ---</p>
<p>ဒီသူတော်ကောင်းတွေကတော့ ခုနက တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားတာ မဟုတ်ဘူးလားလို့ မေးစရာရှိတယ်။ တစ်ဖက်ကနေ ကြည့်လျှင်တော့ တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့တယ်ဆိုတဲ့ သဘောတရား ရှိတန်သလောက် ရှိသော်လည်း အားမကောင်းပါဘူး။ ဘာကြောင့် အားမကောင်းဘူးလို့ ပြောရ သလဲ? ဒီသူတော်ကောင်းတွေက တစ်ဦး နိဗ္ဗာန်ရရှိရေးအတွက် တစ်ဦးက ဝိုင်းပြီးတော့ ပါရမီဖြည့်ပေးချင်တဲ့ ကုသိုလ်ဆန္ဒဓာတ်တွေ သူတို့မှာ ကိန်းဝပ် နေပါတယ်။ တစ်ဦးကောင်းစားရေးအတွက် တစ်ဦးက လိုလားတောင့်တ နေတဲ့ စိတ်ထားသာ ဖြစ်တယ်။ ကာမဂုဏ် ခံစားဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ သူတို့က တွေ့ကြမြင်ကြလိုတာ မဟုတ်ကြပါဘူး။</p>
<p>သုမေဓာရှင်ရသေ့နှင့် သုမိတ္တာအမျိုးသမီး</p>
<p>သူတော်ကောင်းအချင်းချင်း နောက်ထပ် ပေါင်းသင်းဆက်ဆံဖို့ တွေ့ရဖို့ ဆုံရဖို့ ကြုံရဖို့ဆိုတာက တမင်တကာ ဆုတောင်းယူမှ ရနိုင်တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ကြပါတယ်။ နမူနာ ဆိုကြစို့ ၊ ဘုန်းကြီးတို့ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တွေ ရရှိရေးအတွက် ဒီပင်္ကရာ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပြီးတော့ ဘုရားဆုကို ပန်ထွာနေတဲ့ အချိန်အခါမှာ သုမိတ္တာအမျိုးသမီးကလည်း အလောင်းတော် သုမေဓာရှင်ရသေ့ရဲ့ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ကူညီပြီး ပါရမီဖြည့်ဖို့ ဆုတောင်း တယ်၊ ကာမဂုဏ်ခံစားဖို့ သူက ဆုတောင်းတာ မဟုတ်ပါဘူး၊ ကုသိုလ်ဆန္ဒဓာတ်နှင့် ဆုတောင်းခြင်း ဖြစ်ပါတယ်။</p>
<p>ဒီကုသိုလ်ဆန္ဒဓာတ်တွေကြောင့် ဒီသုမေဓာရှင်ရသေ့ဘဝ မတိုင်မီ ဘဝထိုထိုကနေ စပြီးတော့ နောက်ဆုံး ဂေါတမမြတ်စွာဘုရားဘဝဖြစ်သည့် တိုင်အောင် သုမိတ္တာအမျိုးသမီးက ဘာလုပ်ခဲ့သလဲ? ဘုန်းကြီးတို့ ဘုရားအလောင်းတော်ရဲ့ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် သူ့အသက်ကို ဘဝ ထောင်ပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့တယ်၊ မျက်လုံးအစုံကို ထုတ်ပြီးတော့လည်း ဘဝထောင်ပေါင်းများစွာ စွန့်လွှတ် လှူဒါန်းခဲ့တယ်၊ အင်မတန် ချစ်ခင်ကြင်နာ ယုယဖွယ်ရာကောင်းတဲ့ သားရတနာ သမီးရတနာတွေကိုလည်း ဘဝထောင်ပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့တယ်၊ ကိုယ့်အသက်ကိုလည်း ဘဝထောင်ပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့တယ်၊ မိမိက အလို မတူပါဘဲလျက် သဗ္ဗညုတဉာဏ်အလို့ငှာ အလောင်းတော်က သူတစ်ပါးရဲ့ သားမယားအဖြစ် လှူဒါန်းလိုက်လို့ သူတစ်ပါးရဲ့ သားမယားအဖြစ် လိုက်ပါ သွားရတဲ့ ဘဝတွေလည်း ထောင်ပေါင်းများစွာ ရှိခဲ့တယ်။</p>
<p>ဒီလို ကုသိုလ်တွေကို ဝင်ရောက်ပြီးတော့ ကူညီဖြည့်စွက်ချင်တဲ့ ကုသိုလ် ဆန္ဒဓာတ်တွေက တစ်ဖက်က ကိန်းဝပ်နေပါတယ်၊ ကာမဂုဏ် ခံစားဖို့ဆိုတဲ့ ဦးတည်ချက် တဏှာသက်သက်ဖြင့် ဒီလို ဆုတောင်းနေခြင်း မဟုတ်ပါဘူး။ အကယ်၍သာ ယသောဓရာသည် ဘုန်းကြီးတို့ ဂေါတမဘုရားအလောင်းတော်ဖြစ်တဲ့ သုမေဓာရှင်ရသေ့ကို အခုလို ဝိုင်းပြီးတော့ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း အချိန်ကာလပတ်လုံး ပါရမီတွေ မဖြည့်ခဲ့ဘူးဆိုလျှင် ဘုန်းကြီးတို့ ဘုရားအလောင်းတော်လည်း ပါရမီတွေ စုံညီတဲ့အဆင့် ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။</p>
<p>ဒါကြောင့် ဘုန်းကြီးတို့သည် တစ်ဖက်က ဘုရားရှင်ကို ဖခင်အဖြစ်နဲ့ လက်ခံနိုင်မယ်ဆိုလျှင် ယသောဓရာကိုလည်း တစ်ဖက်က မိခင်အဖြစ်နဲ့ လက်ခံဖို့ရန် သိပ်ပြီးတော့ ဝန်လေးဖွယ်တော့ မရှိပါဘူး။ ကျေးဇူးတင်ထိုက်ပါတယ်။ ဒီသူတော်ကောင်းကြီးတွေက တို့နှင့်အတူ ကာမဂုဏ် ခံစားဖို့ဆိုတဲ့ ဦးတည်ချက် သက်သက်ဖြင့် သူတို့က တမင်တကာ ဆုတောင်းနေကြတဲ့ ဆုတောင်းခန်းမျိုးတွေ မဟုတ်ကြပါဘူး။ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ဝိုင်းဝန်းပြီး ပါရမီတွေ ဖြည့်မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တကယ်လည်း လက်တွေ့ ပါရမီဖြည့်ခဲ့တဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြပါတယ်။</p>
<p>အဲဒီ ကုသိုလ်ဆန္ဒဓာတ်ရှိနေတဲ့ သူတော်ကောင်းကြီးတွေမှာ ဘဝစဉ်ဆက် အမြဲတမ်း အခုလို တွေ့ကြ ဆုံကြဖို့ဆိုတဲ့ အပိုင်းမှာ သဒ္ဓါတရားချင်း တူညီရမယ်၊ သီလတရားချင်း တူညီရမယ်၊ စာဂတရားချင်း တူညီရမယ်၊ ပညာတရားချင်းလည်း တူညီရမယ်၊ ဒီတော့ ဒီအချက်ကိုပဲ ကြည့်ပြီးတော့ ပဉ္စာဝုဓပျို့ကို ရေးသားတော်မူတဲ့ ဆရာတော်က ဘာရေးထားသလဲ? ---</p>
<p>လူ့မြေရွာခွင်, အိမ်ရှင်အိမ်သူ, မြတ်ရည်တူလျက်, ဆွတ်ယူညီမျှ, လှူဒါနနှင့်, သီလမယိုင်, သဒ္ဓါပြိုင်မူ, ဘုန်းနိုင်ကျော်ကြား, မိုးနတ်သားနှင့်, ဆွေဝါအနှီး, နတ်သမီးသို့, သောင်းချီးအံ့ရာ, ဆုံမိရှာလျက်, သံသာနောင်လည်း, ချစ်စည်း မပြေ, ရှည်ကြာလေ၏။</p>
<p>ဒီစကားကလေးကို ရေးထားတယ်၊ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာတို့ စုံညီနေတဲ့ သူတော်ကောင်း အချင်းချင်းဆိုလျှင်တော့ မကွေမကွာ နေရတဲ့ ထုံးကလေးကို ထောက်ပြထားတယ်။ ဒါပေမယ့် ဒီထုံးသည် ကောင်းသလားလို့ မေးလျှင်တော့ ဘုရားရှင်ဘက်က မကောင်းဘူးဆိုတာကိုလည်း တစ်ဖက်က သတိပေးထားပါတယ်။ ဘယ်လို သတိပေးထားသလဲ? ---</p>
<p>မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင် ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ဧကန်ရှိသလို ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင် ဖြစ်ပါစေ၊ ဘယ်ဘဝကိုမှ ငါဘုရား မချီးမွမ်းပါဘူး (အံ၊၁၊၃၆။) ဆိုပြီးတော့ ဒီလို တစ်ဖက်ကလည်း သတိပေးထားပါတယ်။ ဘာကြောင့်လဲ? ဘဝတိုင်းမှာ ပဋိသန္ဓေနေရတဲ့ဒုက္ခ ရှိတယ်၊ အိုဘေးဆိုးကြီး ရှိတယ်၊ နာဘေးဆိုးကြီး ရှိတယ်၊ သေဘေးဆိုးကြီး ရှိတယ်၊ မိမိက ရာဂမကင်းသေးတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ် ဆိုလျှင် မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို အကြောင်းခံပြီးတော့ ရာဂမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရမယ်၊ ဒေါသမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရမယ်၊ မောဟမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရမယ်။</p>
<p>တစ်ဖန် မိမိက ကိလေသာ မကင်းသေးတဲ့ပုဂ္ဂိုလ် ဖြစ်မယ်ဆိုလျှင် မိမိ ပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေ ဖောက်ပြန်ပျက်စီးသွားခြင်း တည်းဟူသော အကြောင်းကြောင့် စိုးရိမ်ရတဲ့ဒုက္ခ, ပူဆွေးရတဲ့ဒုက္ခ, ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာ ပူပန်ရတဲ့ ဒုက္ခ, ဒီဒုက္ခမီးတွေရဲ့ လောင်မြိုက်တဲ့ဒဏ်ကို ခံရဦးမယ်။</p>
<p>ဒါကြောင့် ဘဝဆိုတာ ဒုက္ခတွေ အထွတ်တပ်ထားတဲ့ ဘဝတွေသာ ဖြစ်တယ်။ ဒုက္ခတွေ အထွတ်တပ်ထားတဲ့ ဘဝတွေသာ ဖြစ်နေခြင်းကြောင့် ဘယ်ဘဝကိုမျှ ငါဘုရားသည် မချီးမွမ်းပါဘူးဆိုပြီးတော့ မြတ်စွာဘုရားက တစ်ဖက်ကတော့ သတိပေးထားတယ်။</p>
<p>ဒါပေမယ့် သတ္တဝါတွေရဲ့ဆန္ဒက ကောင်းမှုကုသိုလ်တစ်ခု ပြုပြီဆိုလျှင်တော့ အိမ်သူအိမ်သားတွေ စုံစုံလင်လင် ရှိစေချင်တဲ့ ဆန္ဒဓာတ်တော့ မရှိကြ ဘူးလား? ရှိကြတယ်။ ဒါယိကာမကြီး မရှိသေးလျှင်လည်း ဒါယကာကြီးက ကောင်းမှုကုသိုလ် မပြုချင်သေးဘူး၊ ဆွမ်းကျွေးဖို့ ခဏဆိုင်းထားသေးတယ်။ ဒါယကာကြီး မရှိသေးဘူးဆိုလျှင်လည်း ဒါယိကာမကြီးက ဆွမ်းကျွေးဖို့ကိစ္စ ခဏဆိုင်းထားသေးတယ်။ ဒါယကာကြီးတွေလာမှ သားတွေ သမီးတွေ စုံညီမှ ဒီကောင်းမှုကုသိုလ် ပြုချင်ကြတယ်။ ဒါက သတ္တဝါတွေရဲ့ ဓမ္မတာပဲ။</p>
<p>ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေဟာ တစ်ဦးနဲ့တစ်ဦး ညီမျှနေတဲ့ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာတို့ စုံညီမှု မရှိခဲ့ဘူးဆိုလျှင် သူတို့ ဆန္ဒဓာတ်တွေ ပြည့်ဝနိုင်ပါ့မလား? မပြည့်ဝနိုင်ဘူး။ ဒါ စဉ်းစားဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ မပြည့်ဝနိုင်တဲ့ ထုံးကလေးတစ်ခု ရှိပါတယ်။ ဘုန်းကြီး အဲဒီ ထုံးကလေး တစ်ခု ဒီနေ့ည ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဇာတ်တော်ကလေးကတော့ အဿကဇာတ်တော်လို့ ခေါ်ပါတယ်။</p>
<h3>အဿကဇာတ်တော်</h3>
<p>ဒီအဿကဇာတ်တော်ကလေးက ဘုန်းကြီးတို့ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ ဇာတ်တော်တစ်ခု ဖြစ်ပါတယ်။ လူထွက်ချင်တဲ့ ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားရှင်က ဒီဇာတ်တော်ကို လည်း ဟောရခြင်းပဲ ဖြစ်ပါတယ်။ ကာသိတိုင်း ပါဋလိမြို့မှာ အဿကမင်းက ထီးဖြူအုပ်ချုပ် မင်းလုပ်တော်မူပါတယ်။ ဒီအဿကမင်းမှာ ဥပရိအမည်ရှိ နေတဲ့ မိဖုရားတစ်ဦး ရှိခဲ့တယ်။ ဒီမိဖုရားက ရုပ်အဆင်းက အင်မတန် လှပ တင့်တယ်တယ်၊ လူတို့ရဲ့အဆင်းကို ကျော်လွန်ပြီး နတ်အဆင်းတမျှနီးနီး လှပတင့်တယ်တယ်။ ဒါပေမယ့် နတ်တို့ရဲ့ အဆင်းကိုတော့ မမီဘူး၊ အလွန် လှပတယ်။ အလွန် လှပတဲ့အတွက်ကြောင့် သူရဲ့ ရုပ်အဆင်းအပေါ်မှာလည်း အလွန် တွယ်တာမက်မောတဲ့စိတ်ထား ရှိတယ်။ မိမိရဲ့ ရုပ်အဆင်းအပေါ်မှာ အလွန် မက်မောတွယ်တာတဲ့ စိတ်ထားဆိုတာက ဘာပြောတာလဲ? ---</p>
<p>ဒါယကာကြီးတွေတော့ တွေ့ဖူးကောင်း တွေ့ဖူးမလားတော့ မသိပါဘူး၊ ဘုန်းကြီးကတော့ တစ်ချိန်က အမှတ်တမဲ့ တွေ့ဖူးပါတယ်။ သွားလေရာ လက်ပွေ့အိတ်ထဲမှာ ဘာကလေး ထည့်ထားသလဲ? မှန်လေး ထည့်ထားတယ်။ ဟိုနေရာရောက်လည်း ဒီမှန်ကလေး ထုတ်ကြည့်လိုက်၊ ဒီနေရာ ရောက်လည်း ဒီမှန်ကလေး ထုတ်ကြည့်လိုက်၊ ကိုယ့်ရုပ်ကို တပြင်ပြင် ဖြစ်နေတယ်၊ သိပ်လှတယ်လို့ ထင်နေတယ်။</p>
<p>အဲဒီလိုပဲ ဒီမိဖုရားက အလှကြိုက်တဲ့ မိဖုရားဖြစ်တော့ ရုပ်ကလည်း တကယ်လှတယ်၊ လှလွန်းတဲ့အခါမှာတော့ ကွမ်းသီးကြိုက်ကြီး တောင်ငူ ပို့လိုက်သလိုပဲ၊ အဲဒီမှာ အဿကမင်းကလည်း ဒီဥပရိမိဖုရားကို အင်မတန် ချစ်ခင်မြတ်နိုးတော့ တောင်ညာစံမိဖုရားအဖြစ်နဲ့ မြှောက်စားထားတယ်။ တစ်ချိန် မမျှော်လင့်ဘဲနဲ့ ဥပရိမိဖုရား ဖြုန်းခနဲ သေသွားတယ်။</p>
<p>အဲဒီလို သေသွားလိုက်တဲ့ အချိန်အခါမှာ ဥပရိမိဖုရားရဲ့ အလောင်းကို တလားထဲ ထည့်ပြီး ဆီနှစ်တွေနဲ့ စိမ်ထားတယ်။ မစွန့်ရက်နိုင်ဘဲ သူ့ရဲ့ ကုတင် ဘေးမှာ တလားကို ချထားပြီးတော့ တငိုငို တရီရီ ဖြစ်နေတယ်။ အင်မတန် အကြီးအကျယ် လွမ်းဆွတ်နေတယ်။ မယ်တော် ခမည်းတော်တို့ကဘယ်လိုပင် ဆိုဆုံးမသော်လည်း မရဘူး။ မှူးကြီးမတ်ရာတွေအားလုံး ဝိုင်းပြီးတော့ ဘယ်လို ချော့သော်လည်း ချော့လို့မရ ဖြစ်နေတယ်။ ခုနစ်ရက်ပတ်လုံး အစာမစားဘဲ အငတ်ခံပြီး ငိုပွဲကြီး ဆင်နေတယ်၊ အကြီးအကျယ် လွမ်းဆွေးနေတယ်။</p>
<p>အဲဒီ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဟိမဝန္တာ တောထဲမှာ တောထွက်ပြီး ရသေ့ရဟန်း ပြုပြီးတော့ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတဲ့အတွက် စျာန်အဘိညာဏ်တွေကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်နေပါတယ်။ ထိုနေ့မှာ ဘုရားအလောင်းတော်ရသေ့ကြီးက ဒိဗ္ဗစက္ခုအဘိညာဏ် ဝင်စားပြီး လောကကို လှမ်းမျှော် ကြည့်ရှုလိုက်တဲ့ အချိန်အခါ အဿကမင်းကြီး သောက အကြီးအကျယ် ဆိုက်ရောက်နေတာကို ဉာဏ်ကွန်ယက်ထဲမှာ ထင်လာတယ်။ ငါ သွားကယ်မှ တော်တော့မယ်ဆိုပြီး စျာန်အဘိညာဏ် ဝင်စားပြီး ကောင်းကင် ခရီးဖြင့် ကြွလာတော်မူပါတယ်။</p>
<p>မင်းဥယျာဉ်မှာ ဆင်းပြီးတော့ လုလင်တစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် ဆိုကြစို့၊ လုလင်တစ်ဦးကို ဒီဘုရားအလောင်းတော်ရသေ့ကြီးက မှာလိုက်တယ်၊ ဥပရိမိဖုရားနဲ့ တွေ့ချင်တယ်ဆိုလျှင် မိဖုရားနှင့် တွေ့ရအောင် ခေါ်ဆောင်ပေးနိုင်တဲ့ ရသေ့ကြီးတစ်ပါး ဥယျာဉ်တော်မှာ ရောက်ရှိနေကြောင်း အဿကဘုရင်ကြီးကို သွားလျှောက်ပါလို့ မှာလိုက်တယ်။ လုလင်ကလည်း အဿကမင်းထံ အကျိုးအကြောင်း သွားပြီး တင်ပြလျှောက်ထားတယ်။ ဥပရိနှင့် တွေ့ရမယ်ဆိုတော့ တစ်ခါတည်း အကြီးအကျယ် လွမ်းဆွေးနေတဲ့ ဘသားချော အကြီးအကျယ် ဝမ်းသာပြီး ချက်ချင်း လိုက်လာတယ်။ ဥယျာဉ်တော်မှာရှိတဲ့ ရသေ့ကြီးထံ ရောက်တဲ့အချိန်အခါမှာ ရသေ့ကြီးက စကား စမြည် နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဥပရိမိဖုရား ဘယ်ဘဝ ရောက်ရှိ နေတယ်ဆိုတာကို သူက ပြောပြတယ်။ ဘယ်လို ပြောပြလဲ? ---</p>
<p><b>သာ ခေါ မဟာရာဇ ရူပသ္မိံယေဝ မတ္တာ ပမာဒမာဂမ္မ ကလျာဏကမ္မံ အကတွာ ဣမသ္မိံယေဝ ဥယျာနေ ဂေါမယပါဏကယောနိယံ နိဗ္ဗတ္တာ</b> (ဇာတက၊ဋ္ဌ၊၂၊၁၄၃။)</p>
<p><b>မဟာရာဇ</b> = ဒါယကာတော်မင်းကြီး။ <b>သာ ခေါ</b> = ထိုဥပရိမိဖုရားသည်။ <b>ရူပသ္မိံယေဝ</b> = မိမိရဲ့ ရူပါရုံအဆင်းအပေါ်၌ပင်လျှင်။ <b>မတ္တာ</b> = မူးယစ် မေ့လျော့သော စိတ်ထား ရှိသည်ဖြစ်၍။ <b>ပမာဒံ</b> = ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းကို။ <b>အာဂမ္မ</b> = အကြောင်းပြု၍။ <b>ကလျာဏကမ္မံ</b> = ကောင်းမှု ကုသိုလ်ကို။ <b>အကတွာ</b> = မပြုလုပ်ခဲ့မိသည့်အတွက်။ <b>ဣမသ္မံယေဝ ဥယျာနေ</b> = ဤဥယျာဉ်အတွင်း၌ပင်လျှင်။ <b>ဂေါမယပါဏကယောနိယံ</b> = နွားချေးပိုး အမျိုးအနွယ်၌။ <b>နိဗ္ဗတ္တာ</b> = ဖြစ်၍နေရပေ၏။</p>
<p>မင်းဥယျာဉ်အတွင်းမှာ နွားချေးပိုးမကလေး လာပြီး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ? ဒီဥပရိမိဖုရားက မိမိရဲ့ ရုပ်အဆင်းအပေါ်၌ အလွန် သာယာ တပ်မက်နေတဲ့ စိတ်ထား ရှိနေတယ်။ ကောင်းမှုကုသိုလ်ဆိုလျှင် ဘာတစ်ခုမျှ မပြုခဲ့ဖူးဘူး၊ ရုပ်အဆင်းအပေါ်၌ တွယ်တာတပ်မက်နေတဲ့ လောဘဇော တွေက မရဏာသန္နဇောနေရာကို ယူသွားတယ်။ သေခါနီးကာလမှာ မိမိရဲ့ ရုပ်အဆင်းပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီလောဘဇောက နွားချေးပိုးဘဝကို ရောက်အောင် ပစ်ချပေးလိုက်တယ်။</p>
<p>ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ကြားဖူးကြပါလိမ့်မယ်။ ဘုရားရှင် လက်ထက်တော် အချိန်အခါတုန်းက သင်္ကန်းသစ်ကလေးတစ်စုံ အပေါ်မှာ တွယ်တာမက်မောနေတဲ့ တိဿရဟန်းဟာ ဒီသင်္ကန်းကလေးမှာပဲ သွားပြီးတော့ သန်းဖြစ်နေရတဲ့ ပုံစံလိုပဲ၊ ဒီဥပရိမိဖုရားက မိမိရဲ့ ရုပ်အဆင်းအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာလောဘတရားရဲ့ စွမ်းအားကြောင့် နွားချေး ပိုးဘဝကို ရောက်ရှိသွားတယ်။ အဲဒီ နွားချေးပိုးဘဝ ရောက်ရှိသွားတာကို အဿကမင်းကလည်း မယုံကြည်နိုင် ဖြစ်နေတယ်။ ဥပရိမိဖုရားကြီး နွားချေးပိုးမ ဖြစ်နေတယ်ဆိုတာကို မယုံကြည်နိုင်တော့ ဘုရားအလောင်းတော် ရသေ့ကြီးက ဘာလုပ်သလဲ? ---</p>
<p>နွားချေးပိုးဖို နွားချေးပိုးမ နှစ်ဦးဟာ ထိုအချိန်မှာ အလုံးအသွင်သဏ္ဌာန်ပဲ ရှိသေးပါတယ်။ မြင်ဖူးတဲ့ ပရိသတ်တွေလည်း ရှိပါလိမ့်မယ်။ ဒီပိုးဥလို့တော့ ခေါ်တယ်ထင်တယ်။ များသောအားဖြင့် ရှေးခေတ်က ကစားကြတဲ့ ကတ္တီပါ ဘောလုံးပမာဏလောက်တော့ ရှိပါလိမ့်မယ်။ အဲဒီဥနှစ်လုံးကို ဖောက်ခွဲပြီးတော့ နွားချေးပိုး ဇနီးမောင်နှံ ရှေ့တော်မှောက်သို့ လာရောက်စေသတည်း ဆိုပြီးတော့ အဘိညာဏ်တန်ခိုးဖြင့် အဓိဋ္ဌာန်လိုက်တယ်။</p>
<p>နွားချေးပိုး ဖိုမနှစ်ကောင် ရှေ့တော်မှောက်သို့ ရောက်လာတယ်။ ရောက်လာတဲ့ အချိန်အခါမှာ လူ့ဘာသာစကားဖြင့် ပြောကြားစေသတည်း ဆိုပြီးတော့ ထပ်ပြီး အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။ အဓိဋ္ဌာန်ပြီးတဲ့အခါမှာ ဘုရားအလောင်းတော်ရသေ့ကြီးက ဒီနွားချေးပိုးမကလေးကို သင်ဟာ ဘယ်သူလဲလို့ မေးတော်မူလိုက်တယ်။</p>
<p>သူဟာ တစ်ချိန်က အဿကမင်းရဲ့ ဥပရိအမည်ရှိတဲ့ မိဖုရားကြီးတစ်ဦး ဖြစ်ခဲ့တဲ့အကြောင်း လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားတဲ့ အချိန်အခါမှာ အလောင်းတော်ရသေ့ကြီးက ဘာဆက်မေးသလဲ? အဿကမင်းနှင့် ယခု အသစ်စက်စက်ဖြစ်နေတဲ့ ကြင်ယာတော် နွားချေးပိုးဖို နှစ်ဦးမှာ ဘယ်သူ့ကို ပိုပြီး ချစ်ပါသလဲလို့ မေးကြည့်တယ်။ အဲဒီလို မေးကြည့်လိုက်တဲ့ အချိန်အခါမှာ နွားချေးပိုးမကလေးက ဘာပြန်လျှောက်ထားသလဲ? ---</p>
<p><b>ဘန္တေ သော မယှံ ပုရိမဇာတိယာ သာမိကော၊ တဒါ အဟံ ဣမသ္မိံ ဥယျာနေ တေန သဒ္ဓိံ ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ အနုဘဝမာနာ ဝိစရိံ။ ဣဒါနိ ပန မေ ဘဝသင်္ခေပဂတကာလတော ပဋ္ဌာယ ကိံ ဟောတိ။</b> (ဇာတက၊ဋ္ဌ၊၂၊၁၄၃။)</p>
<p><b>ဘန္တေ</b> = အရှင်ဘုရား။ <b>သော အဟံ</b> = ထိုဘုရားတပည့်တော်မသည်။ <b>ပုရိမဇာတိယာ</b> = ရှေးလူဖြစ်စဉ် အမျိုးသမီးဘဝတုန်းက။ <b>သော</b> = ထိုအဿက မင်းသည်။ <b>မယှံ</b> = ဘုရားတပည့်တော်မ၏။ <b>သာမိကော</b> = အိမ်ရှင်ယောက်ျားသည်။ <b>အဟောသိ</b> = ဖြစ်ခဲ့ပါလေပြီ။ <b>တဒါ</b> = ထိုအခါ၌။ <b>အဟံ</b> = ဘုရားတပည့်တော်မသည်။ <b>ဣမသ္မိံ ဥယျာနေ</b> = ဤဥယျာဉ်တော် အတွင်း၌။ <b>တေန</b> = ထိုအဿကမင်းနှင့်။ <b>သဒ္ဓိံ</b> = အတူတကွ။ <b>ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ</b> = ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကို။ <b>အနုဘဝမာနာ</b> = အစဉ် တစိုက် အတူတွဲ၍ ခံစားလျက်။ <b>ဝိစရိံ</b> = လှည့်လည်ကျက်စား၍ နေထိုင်ခဲ့ ပါ၏။</p>
<p>ဒီအဿကမင်းဆိုတာက ရှေးယခင် လူဖြစ်စဉ် အချိန်အခါတုန်းက တပည့်တော်မရဲ့ အိမ်ရှင်ယောက်ျား ဖြစ်ခဲ့ဖူးတာ မှန်ပါတယ်။ ထိုလူ့ဘဝ အချိန်တုန်းက ဒီအဿကမင်းနှင့် အတူတကွ တပည့်တော်မဟာ အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိလို့ ခေါ်ဆိုအပ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ဒီဥယျာဉ်တော်အတွင်းမှာပဲ လှည့်လည်ပြီး အတူတကွ ခံစားခဲ့ပါတယ်။</p>
<p><b>ဣဒါနိ ပန</b> = ဤယခုအခါ၌ကား။ <b>ဘဝသင်္ခေပဂတကာလတော</b> = ဘဝဖုံးလွှမ်းခြင်းသို့ ရောက်ရှိ၍သွားသော အချိန်အခါကာလမှ။ <b>ပဋ္ဌာယ</b> = စ၍။ <b>သော</b> = ထိုအဿကမင်းသည်။ <b>မေ</b> = ဘုရားတပည့်တော်မအတွက်။ <b>ကိံ</b> = အဘယ်သို့လျှင်။ <b>ဟောတိ</b> = ဖြစ်နိုင်ပါတော့အံ့နည်း။</p>
<p>ယခုအခါမှာတော့ တပည့်တော်မနှင့် ဒီအဿကမင်းက ဘဝချင်း ကွာခြားသွားပြီ ဖြစ်ပါတယ်။ ဘဝချင်း ကွာခြားသွားတဲ့ ဒီအဿကမင်းဟာ တပည့်တော်မအတွက် ဘာတန်ဖိုးရှိမှာလဲဆိုပြီး လျှောက်ထားတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ သူပြောတဲ့ စကားကလေးက မှားသလား, မှန်သလား? မှန်နေတယ်။ အဲဒီစကားလောက်တင် ရပ်သွားလျှင်တော့ အကောင်းသားပဲ၊ ဒါပေမယ့် သူက မရပ်ဘဲ ရှေ့နည်းနည်းကလေး ဆက်ပြီးတော့ လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားသလဲ? ---</p>
<h3>လည်ချောင်းသွေးနှင့် ခြေဆေးပေးချင်ပါတယ်</h3>
<p><b>အဟဥှိ ဣဒါနိ အဿကရာဇာနံ မာရေတွာ တဿ ဂလလောဟိတေန မယှံ သာမိကဿ ဂေါမယပါဏကဿ ပါဒေ မက္ခေယျံ။</b>(ဇာတက၊ဋ္ဌ၊၂၊၁၄၃။)</p>
<p><b>အဟံ</b> = ဘုရားတပည့်တော်မသည်။ <b>ဣဒါနိ</b> = ယခုအခါ၌။ <b>အဿကရာဇာနံ</b> = အဿကမင်းကို။ <b>မာရေတွာ</b> = သတ်၍။ <b>တဿ</b> = ထို အဿကမင်း၏။ <b>ဂလလောဟိတေန</b> = လည်ချောင်းသွေးဖြင့်။ <b>မယှံ</b> = ဘုရားတပည့်တော်မ၏။ <b>သာမိကဿ</b> = အိမ်ရှင်ယောက်ျား ဖြစ်နေသော။ <b>ဂေါမယပါဏကဿ</b> = နွားချေးပိုးဖို၏။ <b>ပါဒေ</b> = ခြေတို့ကို။ <b>မက္ခေယျံ</b> = လိမ်းကျံပေးချင်ပါ၏။</p>
<p>ခုနစ်ရက်ပဲ ရှိသေးတယ်၊ ခုနစ်ရက်အတွင်းမှာ စိတ်ဓာတ်တွေ ပြောင်းလဲ သွားတယ်။ သူပြောလိုက်တဲ့ စကားကလေး ကြည့်စမ်း! တပည့်တော်မဟာ အခုအချိန်အခါမှာဆိုလျှင် ဒီအဿကမင်းကို သတ်ပြီးတော့ ဒီအဿကမင်းရဲ့ လည်ချောင်းသွေးနှင့် တပည့်တော်မရဲ့ အိမ်ရှင်ယောက်ျား အသစ် ဖြစ်တဲ့ နွားချေးပိုးဖိုကလေးရဲ့ ခြေထောက်တွေကို ဆေးပေးချင်ပါတယ် ဘယ့်နှယ်တုံး ဒါယကာကြီးတွေ လည်ချောင်းသွေးဖြင့် ခြေဆေးခံချင်ကြ သလား? စဉ်းစားကြ ဒါယကာကြီးတွေ၊ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာတို့ မစုံညီတဲ့ ပုဂ္ဂိုလ်တွေ တစ်ချိန်မှာ လည်ချောင်းသွေးနှင့် ခြေဆေး ခံရတဲ့ဘဝ မရောက်ဘူးလို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ သတိရှိဖို့ သိပ်ကောင်းတယ်။</p>
<p>ဒီတော့ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာနှင့် စုံညီနေတဲ့ သူတော်ကောင်းတွေရဲ့ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဖို့ရန်အတွက် ဆုတောင်းခြင်းကတော့ သိပ်ပြီး အပြစ်ပြောဖို့ မလိုလှဘူး။ သဒ္ဓါလည်း မရှိဘူး၊ သီလလည်း မရှိဘူး၊ စာဂ-ပညာတွေကလည်း လုံးဝ ကင်းဆိတ်နေပြီဆိုလျှင် ထို ပုဂ္ဂိုလ်သည် ဘယ်လိုပင် ဆုတောင်းသော်လည်း တစ်ဦးနှင့်တစ်ဦး အကြောင်း ညီညွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ လည်ချောင်းသွေးနဲ့ ခြေဆေး ခံရတဲ့ဘဝကို ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ ကဲ - ဣန္ဒြိယဇာတ်ကို ဆက်ပြီး ပြောကြရအောင် ---</p>
<h3>ပုဏ္ဏားလုလင်တစ်ဦး၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း</h3>
<p>ဒီအခါမှာ သရဘင်္ဂရှင်ရသေ့က ဒီနာရဒရှင်ရသေ့ကို ဆိုဆုံးမလို့ မရတဲ့ အတွက် သရဘင်္ဂရှင်ရသေ့က အတိတ်ဝတ္ထုဇာတ်ကြောင်းကလေး တစ်ခုကို ထပ်လောင်းပြီးတော့ ဟောပြတော်မူပါတယ်။ ဘယ်လို ဟောပြတော်မူသလဲ?</p>
<p><b>နာရဒ ဣဒံ တာဝ သုဏ ယော ဟိ ပဌမမေဝ ကတ္တဗ္ဗယုတ္တကံ န ကရောတိ၊ သော အရညံ ပဝိဋ္ဌမာဏဝကော ဝိယ သောစတိ ပရိဒေဝတိ။</b></p>
<p><b>နာရဒ</b> = ချစ်သားနာရဒ။ <b>ဣဒံ</b> = ဤစကားကို။ <b>တာဝ</b> = ရှေးဦးစွာ။ <b>သုဏ</b> = နာပေတော့။ <b>ယော</b> = အကြင်သူသည်ကား။ <b>ပဌမမေဝ</b> = ရှေးဦးစွာ ပင်လျှင်။ <b>ကတ္တဗ္ဗယုတ္တကံ</b> = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းရပ်ကို။ <b>န ကရောတိ</b> = မပြု။ <b>သော</b> = ထိုပုဂ္ဂိုလ်သည်။ <b>အရညံ</b> = တောသို့။ <b>ပဝိဋ္ဌမာဏဝကော ဝိယ</b> = ဝင်ရောက်၍သွားသော ယောက်ျားကဲ့သို့။ <b>သောစတိ</b> = စိုးရိမ်ရတတ် ပေ၏။ <b>ပရိဒေဝတိ</b> = ငိုကြွေးမြည်တမ်းရတတ်ပေ၏။</p>
<p>ပုဂ္ဂိုလ်တစ်ဦးဦးဟာ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းရပ်ကို ပထမအရွယ်မှာ ပြုပါ။ မပြုဘဲ နေခဲ့မယ်ဆိုလျှင်တော့ တောထဲကို ဝင်သွားတဲ့ ယောက်ျား တစ်ယောက်လို စိုးရိမ်ရတဲ့ ငိုကြွေးရတဲ့ ယောက်ျားမျိုး ဖြစ်တတ်ပါတယ်လို့ ဒီလို ဟောပြတော်မူပါတယ်။ ဒါက ဘာပြောတာလဲ? ---</p>
<p>တစ်ချိန်က ကာသိတိုင်း နိဂုံးရွာတစ်ရွာမှာ ပုဏ္ဏားလုလင်တစ်ဦး ရှိခဲ့ပါတယ်၊ ဒီပုဏ္ဏားလုလင်ကလေးတစ်ဦးက တစ်နေ့မှာ စဉ်းစားတယ်၊ လယ်ထွန်ခြင်း ကုန်သွယ်ခြင်းစတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးတော့ မိဘတွေကို ငါသည် ပြုစုလုပ်ကျွေးနေလို့ ဘာအကျိုးရှိမှာလဲ? သားမယားတွေကို လုပ်ကျွေးနေလို့လည်း ငါ့အဖို့ ဘာအကျိုးရှိမှာလဲ? ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ကောင်းမှုကုသိုလ်တွေ ပြုနေလို့လည်း ငါ့အတွက် ဘာအကျိုးရှိမှာလဲ? ဘယ်သူ့ကိုမှ ငါပြုစုလုပ်ကျွေးခြင်း မပြုတော့ဘဲ, ဘယ်ကောင်းမှုကုသိုလ်ကိုမျှလည်း ငါမပြုတော့ဘဲ တောထဲဝင်ပြီး သားသမင်တွေ သတ်ဖြတ်ခြင်းဖြင့် မိမိကိုယ်ကိုသာလျှင် မွေးမြူရမယ်ဆိုလျှင်တော့ သိပ်ကောင်းမှာပဲလို့ ဒီလို သူက စဉ်းစားတယ်။</p>
<p>အဲဒီလို စဉ်းစားပြီးတဲ့ အချိန်အခါမှာ သူက ဘာလုပ်သလဲ? တောထဲ ဝင်တယ်။ တောထဲဝင်ပြီးတော့ တောင်ကွန်ယက်တစ်ခုရဲ့ အကြားမှာ သူက နေထိုင်တယ်။ မလှမ်းမကမ်းမှာ မြစ်တစ်ခုလည်း ရှိနေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူက ဘယ်လိုစဉ်းစားသလဲ? ငါဟာ အခါခပ်သိမ်း စွမ်းအား နှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်တော့ မဖြစ်နိုင်ဘူး၊ အသက်အရွယ် ကြီးရင့်လာတဲ့ အချိန်အခါမှာ လှည့်လည်ပြီးတော့ သားသမင်တွေကို ရှာဖွေဖို့ရန်အတွက်လည်း ငါဟာ စွမ်းနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါသည် အခုအခါမှာပဲ သားသမင်အမျိုးမျိုးတွေကို ဒီတောင်ကွန်ယက်ထဲ ခြံသွင်း ပိတ်လှောင်ထားမယ်။ ဒီလို ခြံတံခါး လုံလုံခြုံခြုံနဲ့ ပိတ်လှောင်ထားပြီး နေထိုင်မယ်ဆိုလျှင်တော့ အသက်ကြီးတဲ့အခါမှာ ငါ့အတွက် ဒီသားသမင်တွေကို သတ်စားဖို့ရန် ဖူလုံ လိမ့်မယ်လို့ သူက ဒီလို မျှော်လင့်တယ်။</p>
<p>အဲဒီ မျှော်လင့်ချက်နှင့်ပဲ သူက အဲဒီတောင်ကွန်ယက်ထဲမှာ သားသမင်တွေ မောင်းသွင်းပြီးတော့ ခြံတံခါး လုံလုံခြုံခြုံနဲ့ လှောင်ထားလိုက်တယ်။ လှောင်ပြီးတော့ ဒီလိုပဲ သတ်စားနေတယ်။ ဒါပေမယ့် သူ့မှာ ဘယ်လို ဖြစ်လာသလဲဆိုတော့ ဒိဋ္ဌဓမ္မ (= မျက်မှောက်ဘဝ)မှာ အကျိုးပေးဖို့ရာအတွက် အကုသိုလ်ကံက အထွတ်အထိပ်သို့ ရောက်လာတယ်။</p>
<p>အဲဒီလို အထွတ်အထိပ်သို့ ရောက်လာတဲ့ အချိန်အခါမှာ မိမိရဲ့ ခြေတွေ လက်တွေဖြင့် လျှောက်ပြီး သွားဖို့ရန်လည်း မစွမ်းနိုင် ဖြစ်လာတယ်။ ဟိုဘက်လှည့် ဒီဘက်လှည့် လှည့်ဖို့ရန်လည်း မစွမ်းနိုင် ဖြစ်လာတယ်။ တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကိုလည်း စားဖို့သောက်ဖို့ မစွမ်းနိုင် ဖြစ်လာတယ်။ နောက်ဆုံး ရေကလေးတောင်မှ မသောက်နိုင် ဖြစ်နေပြီ။ အဲဒီ အချိန်အခါမှာ ခန္ဓာကိုယ်က ညှိုးနွမ်းလာပြီ၊ ညှိုးနွမ်းပေမယ့် အကုသိုလ်ကံက နှိပ်စက်နေတဲ့ အတွက် မသေသေးဘူး၊ လူ့ပြိတ္တာ ဖြစ်နေတယ်၊ မစားရဘဲနဲ့ မသေဘဲနဲ့ ဒီအတိုင်းပဲ နေနေရတယ်။ ဘာနဲ့ တူနေသလဲလို့မေးလျှင် နွေကာလမှာ လယ်ကွက်ထဲမှာရှိတဲ့ မြေတွေဟာ ခြောက်သွေ့သွားတဲ့ အခါမှာ ပပ်ကြားတွေ ကွဲအက်လာသလိုပဲ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်လျှင် အကုန်လုံး အသားတွေက ကွဲအက်ကုန်တယ်၊ အရေးအကြောင်းတွေ အကုန်လုံး ထင်နေတယ်၊ ပုံသဏ္ဌာန် ကြည့်လိုက်လျှင် အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ် ရုပ်အဆင်း ပုံသဏ္ဌာန်တွေနဲ့ အကြီးအကျယ် ဒုက္ခခံစားနေရတယ်။ အဲဒီလို ခံစားနေရတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ---</p>
<p>သိဝိမင်းကြီးကလည်း ငါသည် တောလိုက်ပြီးတော့ သားသမင်တွေကို သတ်ဖြတ်စားသောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တောထဲ ရောက်လာတယ် ဆိုကြစို့။ ရောက်လာတော့ ခုနက လူ့ပြိတ္တာဖြစ်နေတဲ့ ဒီမုဆိုးကြီးကို သွားတွေ့ လိုက်တဲ့ အချိန်အခါမှာ သင်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲလို့ မေးမြန်းလိုက်တယ်။ အဲဒီလို မေးမြန်းလိုက်တဲ့ အချိန်အခါမှာ ဒီမုဆိုးကြီးကနေပြီးတော့ ဒီဂါထာကလေးတွေနဲ့ တင်ပြလျှောက်ထားတယ်။</p>
<p><b>အမိတ္တာနံဝ ဟတ္ထတ္ထံ၊ သိဝိ ပပ္ပေါတိ မာမိဝ။</b></p>
<p><b>ကမ္မံ ဝိဇ္ဇဉ္စ ဒက္ခေယျံ၊ ဝိဝါဟံ သီလမဒ္ဒဝံ။</b></p>
<p><b>ဧတေ စ ယသေ ဟာပေတွာ၊ နိဗ္ဗတ္တော သေဟိ ကမ္မေဟိ။</b></p>
<p><b>သောဟံ သဟဿဇီနောဝ၊ အဗန္ဓု အပရာယဏော။</b></p>
<p><b>အရိယဓမ္မာ အပက္ကန္တော၊ ယထာ ပေတော တထေဝဟံ။</b></p>
<p><b>သုခကာမေ ဒုက္ခာပေတွာ၊ အာပန္နောသ္မိ ပဒံ ဣမံ။</b></p>
<p><b>သော သုခံ နာဓိဂစ္ဆာမိ၊ ဌိတော ဘာဏုမတာမိဝ။</b></p>
<p><b>သိဝိ</b> = သိဝိမင်းကြီး။ <b>မာမိဝ</b> = အကျွန်ုပ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ကား။ <b>အမိတ္တာနံ</b> = ရန်သူတို့၏။ <b>ဟတ္ထတ္ထံ</b> = လက်အတွင်းသို့။ <b>ပပ္ပေါတိ ဣဝ</b> = ရောက်ရှိ၍ နေသကဲ့သို့။ <b>ဝိနာသံ</b> = ပျက်စီးခြင်းသို့။ <b>အဟံ</b> = ကျွန်တော်မျိုးသည်။ <b>ပပ္ပေါတိ</b> = ရောက်ရှိ၍ နေရပါပေ၏။</p>
<p>ကျွန်တော်မျိုးကဲ့သို့သော ပုဂ္ဂိုလ်တွေဟာ ရန်သူလက်တွင်း၌ ပျက်စီးခြင်းသို့ ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေလိုပဲ ယခုအချိန်အခါမှာ ကျွန်တော်မျိုးသည် ပျက်စီးခြင်းသို့ ရောက်ရှိနေရပြီ ဖြစ်ပါတယ်။</p>
<p><b>ကမ္မဉ္စ</b> = စီးပွားဥစ္စာ ရကြောင်းဖြစ်တဲ့ လယ်ထွန်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်ကိုလည်းကောင်း။ <b>ဝိဇ္ဇဉ္စ</b> = ဆင်စီးအတတ် အစရှိသော သိပ္ပံပညာ အရပ်ရပ်ကိုလည်းကောင်း။ <b>ဒက္ခေယျဉ္စ</b> = စည်းစိမ်ဥစ္စာကို ဖြစ်စေခြင်း၌ လိမ္မာသည်၏ အဖြစ်ကိုလည်းကောင်း။ <b>ဝိဝါဟဉ္စ</b> = လက်ထပ်ထိမ်းမြားခြင်းကို လည်းကောင်း။ <b>သီလမဒ္ဒဝဉ္စ</b> = ကိုယ်ကျင့်သီလ ခိုင်မြဲခြင်း နူးညံ့သောစကားကို ဆိုဆုံးမတတ်သော အဆွေခင်ပွန်းကောင်း ဆရာကောင်းတို့ကို ပေါင်းဖော် ခြင်းကိုလည်းကောင်း။ <b>ဧတေ စ ယသေ</b> = ဤစည်းစိမ်ဥစ္စာ ရကြောင်း မိတ်ကောင်းဆွေကောင်းတို့ကို။ <b>ဟာပေတွာ</b> = ဆုတ်ယုတ်ပျက်စီးစေ၍။ <b>သော အဟံ</b> = ထိုအကျွန်ုပ်သည်။ <b>သဟဿဇီနောဝ</b> = ဥစ္စာထောင်ထုပ် ရှုံးသောသူ ကဲ့သို့။ <b>အဗန္ဓု</b> = အဆွေခင်ပွန်းမရှိသည်။ <b>အပရာယဏော</b> = ပုန်းအောင်း လဲလျောင်း မှီခိုရာ မရှိသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>သေဟိ ကမ္မေဟိ</b> = ထိုမိမိ ပြုခဲ့မိတဲ့ မကောင်းမှုအကုသိုလ်ကံတို့ကြောင့်။ <b>နိဗ္ဗတ္တော</b> = လူ့ပြိတ္တာဖြစ်၍ နေရပေ၏။</p>
<p><b>အရိယဓမ္မာ</b> = အရိယာသူတော်ကောင်းတို့ရဲ့ တရားမှ။ <b>အပက္ကန္တော</b> = ဖယ်ခွာခဲ့သည်ဖြစ်၍။ <b>ယထာ</b> = အကြင်အခြင်းအရာအားဖြင့်။ <b>ပေတော</b> = လူ့ပြိတ္တာသည်။ <b>အဟောသိ</b> = ဖြစ်ပေါ်၍နေရပေ၏။ <b>တထေဝ</b> = ထိုအခြင်း အရာအားဖြင့်သာလျှင်။ <b>အဟံ</b> = အကျွန်ုပ်သည်။ <b>သုခကာမေ</b> = ချမ်းသာကို လိုလားတောင့်တလျက် ရှိကြကုန်သော သတ္တဝါတို့ကို။ <b>ဒုက္ခာပေတွာ</b> = သတ်ဖြတ်ခြင်းဖြင့် ဆင်းရဲဒုက္ခသို့ ရောက်စေသည်ဖြစ်၍။ <b>အဟမ္ပိ</b> = ကျွန်တော်မျိုး သည်လည်းပဲ။ <b>ဣမံ ပဒံ</b> = ဤဆင်းရဲဒုက္ခအစုသို့။ <b>အာပန္နော</b> = ရောက်ရှိ၍ နေသည်။ <b>အသ္မိ</b> = ဖြစ်ပါပေ၏။ <b>သော အဟံ</b> = ထိုအကျွန်ုပ်သည်။ <b>ဘာဏုမတာမိဝ</b> = မီးနီတို့ဖြင့် ထက်ဝန်းကျင်မှ ရံနေဘိသကဲ့သို့။ <b>ဌိတော</b> = ပူလောင်မှုဖြင့် ရပ်တည်ရလျက်။ <b>သုခံ</b> = ချမ်းသာသုခကို။ <b>နာဓိဂစ္ဆာမိ</b> = မရရှိနိုင်ပါ။</p>
<p>သူ့ရဲ့ ဆင်းရဲဒုက္ခ အကြောင်းကလေးတွေကို တင်ပြလျှောက်ထားတယ်။ ရန်သူလက်တွင်းကို သက်ဆင်းနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လိုပဲ ယခုအခါမှာ ကျွန်တော်မျိုးသည် ဆင်းရဲဒုက္ခ ရောက်နေရပြီ ဖြစ်ပါတယ်။ ကုန်သွယ်ခြင်း လယ်လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေကိုလည်း စွန့်လွှတ်ပြီး ထားခဲ့တယ်၊ ဆင်စီးအတတ် မြင်းစီးအတတ် အစရှိတဲ့ အတတ်ပညာအရပ်ရပ်တွေကို စွန့်လွှတ်ထားခဲ့မိတယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်၌ ကျွမ်းကျင် လိမ္မာမှုဖြစ်အောင် ရွက်ဆောင်မှု သင်ကြားမှုဆိုတဲ့ လုပ်ငန်းရပ်တွေလည်း အားလုံး စွန့်လွှတ်ထားခဲ့မိတယ်၊ လက်ထပ်ထိမ်းမြားခြင်းလည်း မရှိခဲ့ဘူး၊ နူးညံ့သောစကားကို ပြောဆိုဆုံးမတတ်တဲ့ အဆွေခင်ပွန်းကောင်း မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်းတွေကိုလည်း မဆည်းကပ်ခဲ့မိဘူး။</p>
<p>ဒီလုပ်ငန်းရပ်တွေဟာ တကယ်ကြည့်လိုက်မယ်ဆိုလျှင်တော့ စည်းစိမ် ဥစ္စာတွေကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အဲဒီ စည်းစိမ် ဥစ္စာကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကို ဆုတ်ယုတ်ပျက်စီးစေပြီးတော့ ဘဝမှာ ကျွန်တော်မျိုးသည် နေထိုင်ခဲ့ပါတယ်။ ဘာနှင့် တူနေသလဲ ဆိုလျှင် အသပြာထောင်ထုပ် ရှုံးသွားတဲ့ ပုဂ္ဂိုလ်လို ဖြစ်နေပါပြီ။ အခုအခါမှာ မိတ်ဆွေလည်း တစ်ယောက်မျှ မရှိပါ။ ကိုးကွယ်အားထားရာလည်း တစ်ယောက်မျှ မရှိဘဲ လူ့ပြိတ္တာ ဖြစ်ပြီးတော့ မိမိပြုတဲ့ မကောင်းမှု အကုသိုလ်ကံတွေကြောင့် လူ့ပြိတ္တာဘဝ ရောက်ရှိနေရပါတယ်။</p>
<p>အရိယာသူတော်ကောင်းတို့ရဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာ ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တရားတွေကို ဖဲခွာ ရှောင်ကြဉ်ထားပြီးတော့ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို သတ်ဖြတ်ညှဉ်းဆဲခြင်းဖြင့် ဆင်းရဲဒုက္ခကို ရောက်စေပြီးတော့ နေထိုင်မိခဲ့တဲ့အတွက် ကျွန်တော်မျိုးဟာလည်း အခုအခါမှာ ဆင်းရဲဒုက္ခအစုစုသို့ ရောက်ရှိပြီး နေရပါတယ်။ ဒါကြောင့် ---</p>
<p><b>အဟံ မဟာရာဇ သုခကာမော ပရံ ဒုက္ခာပေတွာ ဒိဋ္ဌေဝ ဓမ္မေ မနုဿပေတော ဇာတော၊ တသ္မာ တွံ ပါပံ မာ ကရိ၊ အတ္တနော နဂရံ ဂန္တွာ ဒါနာဒီနိ ပုညာနိ ကရောဟိ။</b></p>
<p><b>မဟာရာဇ</b> = မြတ်သောမင်းကြီး။ <b>အဟံ</b> = ကျွန်တော်မျိုးသည်။ <b>သုခကာမော</b> = ချမ်းသာကိုလည်း လိုလားတောင့်တသော စိတ်ထားရှိသည်။ <b>ဟုတွာဝ</b> = ဖြစ်ပါလျက်။ <b>ပရံ</b> = သူတစ်ပါးကို။ <b>ဒုက္ခာပေတွာ</b> = ဆင်းရဲဒုက္ခသို့ ရောက်စေ၍။ <b>ဒိဋ္ဌေဝ ဓမ္မေ</b> = မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။ <b>မနုဿပေတော</b> = လူ့ပြိတ္တာသည်။ <b>ဇာတော</b> = ဖြစ်ခဲ့ရပေ၏။ <b>တသ္မာ</b> = ထိုကြောင့်။ <b>တွံ</b> = သင်သည်။ <b>ပါပံ</b> = မကောင်းမှုကို။ <b>မာ ကရိ</b> = မပြုပါလင့်။<b>အတ္တနော</b> = မိမိ၏။ <b>နဂရံ</b> = မြို့သို့။ <b>ဂန္တွာ</b> = ပြန်သွား၍။ <b>ဒါနာဒီနိ</b> = ဒါန-သီလ-သမထ-ဝိပဿနာဘာဝနာဟု ခေါ်ဆိုအပ်သော ကောင်းမှုကုသိုလ်တို့ကို။ <b>ကရောဟိ</b> = ပြုတော်မူပါ။</p>
<p>မြတ်သောမင်းကြီး ...ကျွန်တော်မျိုးဟာ ချမ်းသာသုခကို လိုလား တောင့်တတဲ့ စိတ်ထားရှိသည် ဖြစ်ပါလျက် သူတစ်ပါးတွေကို ဆင်းရဲဒုက္ခကို ရောက်စေခဲ့မိတယ်။ ဒီမကောင်းမှုတွေကြောင့် ယခု မျက်မှောက်ဘဝမှာပဲ လူ့ပြိတ္တာဘဝသို့ ရောက်ရှိနေခဲ့ရပါတယ်။ ကျွန်တော်မျိုးလို ဒီမျက်မှောက် ဘဝမှာ ဆင်းရဲဒုက္ခရောက်နေရတဲ့ လူ့ပြိတ္တာ မဖြစ်ချင်ဘူးဆိုလျှင် မကောင်းမှုကို မပြုကျင့်ပါနှင့်၊ မိမိရဲ့ နေပြည်တော်ကိုသာ ပြန်သွားပြီးတော့ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုကျင့်တော်မူပါဆိုပြီး ပြန်လည်ပြီးတော့ လျှောက်ထားလိုက်တယ်။</p>
<p>ဘယ်လိုကြောင့် လူ့ပြိတ္တာ ဖြစ်ရသလဲ? ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခ ရောက်အောင် ပြုလုပ်ခဲ့မိတယ်။ ဒီလိုဆိုလျှင် သတ္တဝါအချင်းချင်း အခုလို ယှဉ်တွဲပြီး နေထိုင်တဲ့ အချိန်အခါမှာ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်ကောင်းပါ့မလား? မပြုလုပ်ကောင်းဘူး။ ဒီအချက်ကိုလည်း သတိရှိကြပါ။</p>
<p>မိမိရဲ့ တစ်ဘဝစာ တစ်နပ်စာကလေးအတွက် ရည်ရွယ်တောင့်တပြီးတော့ တစ်ဖက်သားတွေကို စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်ခြင်းသည် မိမိ ဆင်းရဲဖို့အကြောင်း ဖြစ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကဲ - အဲဒီ အချိန်အခါမှာ ခုနက သိဝိမင်းကြီးကလည်း မိမိရဲ့ တိုင်းပြည်ကိုပြန်သွားတယ်။ သူပြောတဲ့အတိုင်း ကောင်းမှုကုသိုလ်တွေ ပြုတဲ့အတွက် နတ်ပြည် နတ်လောကကို ရောက်ရှိသွားတယ်။ အဲဒီ ဇာတ်ကြောင်းကလေးကို ပြန်ပြောင်းပြီးတော့ သရဘင်္ဂရှင်ရသေ့က နာရဒရှင်ရသေ့ကို ဟောပြတော်မူပါတယ်။</p>
<p><b>သရဘင်္ဂသတ္ထာ ဣမံ ကာရဏံ အာဟရိတွာ တာပသံ သညာပေသိ။</b></p>
<p><b>သရဘင်္ဂသတ္ထာ</b> = သရဘင်္ဂဆရာရသေ့သည်။ <b>ဣမံ ကာရဏံ</b> = ဤ အကြောင်းအရာကို။ <b>အာဟရိတွာ</b> = ဆောင်တော်မူ၍။ <b>တာပသံ</b> = နာရဒ ရှင်ရသေ့ကို။ <b>သညာပေသိ</b> = အသိပေးတော်မူ၏။</p>
<p>ချမ်းသာကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခ ရောက်စေတဲ့ လုပ်ငန်းရပ်တွေသည် ဘယ်လို မကောင်းတဲ့အကျိုးကို ရရှိစေနိုင်သလဲ? ဒီစကားကလေးက အမှတ်တမဲ့ဆိုလျှင်တော့ ခပ်ပေါ့ပေါ့လို့ ထင်ရတယ်။ ဒါပေမယ့် ဒါယကာကြီးတွေ နည်းနည်း စဉ်းစားကြည့်စမ်းပါ။ ဒီနေရာမှာ ယခု နာရဒရှင်ရသေ့က ပြည့်တန်ဆာမတစ်ယောက်အပေါ်မှာ စွဲလမ်းနေတဲ့ စိတ်ထားကို အလိုလိုက်ပြီးတော့ ဒီပြည့်တန်ဆာမကို သွားပြီး အိမ်ထောင်ပြုခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ---</p>
<p>သရဘင်္ဂရှင်ရသေ့က ဒီအိမ်ထောင်ပြုမှုကို ရည်ညွှန်းပြီး ပြောနေခြင်း ဖြစ်ပါတယ်။ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတစ်ဦးကို ဆင်းရဲဒုက္ခ ရောက်စေတယ်လို့ ဒီလို ပြောလိုခြင်း ဖြစ်ပါတယ်။ ဒီတော့ အိမ်ထောင်ပြုခြင်းသည် ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါ တစ်ဦးကို ဆင်းရဲဒုက္ခ ရောက်စေတဲ့ လုပ်ငန်းရပ်မျိုးလို့ သရဘင်္ဂရှင်ရသေ့က ပြောနေခြင်း ဖြစ်ပါတယ်။</p>
<p>ဒီလိုဆိုလျှင် ဒါယကာကြီးတွေ အိမ်ထောင်ပြုသင့်သလား? ဘယ်လိုတုန်း နောက်ဆုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းနေပြီ။ ချမ်းသာသုခကို လိုလားတောင့်တမှုဟာ သတ္တဝါတိုင်းမှာ ရှိကြတယ်။ အဲဒီ ချမ်းသာသုခကို လိုလားတောင့်တနေတဲ့ သတ္တဝါတိုင်းကို ဆင်းရဲဒုက္ခ ရောက်စေသင့်သလား? မရောက်စေသင့်ဘူးလို့ ဒီလို ပြောနေတယ်။ အဲဒီလို မရောက်စေသင့်တဲ့ အကြောင်း ပြောလိုက်တဲ့အခါမှာတော့ ဘာဖြစ်လာသလဲ? ---</p>
<p><b>တဿ ဓမ္မကထာယ သံဝေဂံ ပဋိလဘိတွာ တံ ဝန္ဒိတွာ ခမာပေတွာ ကသိဏပရိကမ္မံ ကတွာ နဋ္ဌံ စျာနံ ပဋိပါကတိကံ အကာသိ။</b> (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)</p>
<p><b>သော</b> = နာရဒရှင်ရသေ့သည်။ <b>တဿ</b> = ထိုသရဘင်္ဂရှင်ရသေ့၏။ <b>ဓမ္မကထာယ</b> = တရားစကားကြောင့်။ <b>သံဝေဂံ</b> = ထိတ်လန့်သော သံဝေဂ ဉာဏ်ကို။ <b>ပဋိလဘိတွာ</b> = ရရှိသည်ဖြစ်၍။ <b>တံ</b> = ထိုသရဘင်္ဂရှင်ရသေ့ကို။ <b>ဝန္ဒိတွာ</b> = ရှိခိုးပြီး၍။ <b>ခမာပေတွာ</b> = အပြစ်ကို ဝန်ချတောင်းပန်ခြင်းဖြင့် သည်းခံစေ၍။ <b>ကသိဏပရိကမ္မံ</b> = ကသိုဏ်းပရိကမ်ကို။ <b>ကတွာ</b> = ပြု၍။ <b>နဋ္ဌံ စျာနံ</b> = ပျောက်ပျက်သွားသော စျာန်တရားကို။ <b>ပဋိပါကတိကံ</b> = ပင်ကို ပကတိအတိုင်း ရရှိအောင်။ <b>အကာသိ</b> = ပြုတော်မူ၏။</p>
<p>ဆရာရသေ့ပြောတာ မှန်တာပဲ၊ ချမ်းသာကို လိုလားတောင့်တနေတဲ့ သတ္တဝါတွေကို ငါသည် ဆင်းရဲဒုက္ခရောက်အောင် သွားပြီးတော့ မပြုလုပ်သင့်တော့ဘူးဆိုတာကို သူက သံဝေဂဖြစ်သွားတယ်။ သံဝေဂဖြစ်သွားတဲ့ အတွက် ဘာဖြစ်လာသလဲ? ရရှိခဲ့ဖူးတဲ့ စျာန်ကလေးတွေကို ပင်ကိုပကတိ အတိုင်း ရရှိအောင် တစ်ဖန်ပြန်ပြီး ကြိုးစားတယ်။ ဘာစျာန်တွေလဲလို့ မေးလျှင်တော့ ပထဝီကသိုဏ်းစတဲ့ ကသိုဏ်းတွေကို အခြေခံပြီး စီးဖြန်းထားတဲ့ စျာန်တွေပဲ ဖြစ်ပါတယ်။</p>
<p><b>သရဘင်္ဂေါ တဿ တတ္ထ ဝသိတုံ အဒတွာ တံ အာဒါယ အတ္တနော အဿမံ ဂတော။</b> (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)</p>
<p><b>သရဘင်္ဂေါ</b> = သရဘင်္ဂရှင်ရသေ့သည်။ <b>တံ</b> = ထိုနာရဒရှင်ရသေ့ကို။ <b>တတ္ထ</b> = ထိုနေရာ၌။ <b>ဝသိတုံ</b> = နေခွင့်ကို။ <b>အဒတွာ</b> = မပေးမူ၍။ <b>တံ</b> = ထိုနာရဒရှင်ရသေ့ကို။ <b>အာဒါယ</b> = ခေါ်ဆောင်၍။ <b>အတ္တနော</b> = မိမိ၏။ <b>အဿမံ</b> = ကဝိဋ္ဌကအမည်ရတဲ့ သင်္ခမ်းကျောင်းသို့။ <b>ဂတော</b> = ခေါ်ဆောင်၍ သွားပေ၏။</p>
<p>နာရဒရှင်ရသေ့ကို အဲဒီ အာရဉ္ဇရဂိရိခေါ်တဲ့ တောင်လိုဏ်ခေါင်းထဲမှာ နေခွင့်မပေးတော့ဘဲ တစ်ပါတည်း မိမိနေရာဖြစ်တဲ့ ကဝိဋ္ဌကသင်္ခမ်းကျောင်း ရှိတဲ့ ဟိမဝန္တာတောအတွင်း ပြန်ပြီးတော့ ခေါ်ဆောင်သွားတယ်။ အဲဒီလို ခေါ်ဆောင်သွားပြီးတဲ့ အချိန်အခါမှာ ---</p>
<p><b>သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေတွာ ဇာတကံ သမောဓာနေသိ။</b> (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)</p>
<p><b>သတ္ထာ</b> = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ <b>ဣမံ ဓမ္မဒေသနံ</b> = ဤဓမ္မဒေသနာတော်ကို။ <b>အာဟရိတွာ</b> = ဆောင်တော်မူ၍။ <b>သစ္စာနိ</b> = သစ္စာလေးရပ် တရားမြတ်တို့ကို။ <b>ပကာသေတွာ</b> = ထင်ရှား ပြတော်မူ၍။ <b>ဇာတကံ</b> = ဇာတ်တော်ကို။ <b>သမောဓာနေသိ</b> = ပေါင်းတော်မူ၏။</p>
<h3>အရိယသစ္စာလေးပါး</h3>
<p>ဘုရားရှင်က ဒီနေရာမှာ ဇာတ်တော်ကို ပေါင်းလိုက်တယ်။ ဒါပေမယ့် ဇာတ်တော်မပေါင်းမီ ဘာလုပ်သလဲ? <b>သစ္စာနိ</b> = သစ္စာလေးရပ် တရားမြတ်တို့ကို။ <b>ပကာသေတွာ</b> = ထင်ရှားပြတော်မူ၍။ သစ္စာလေးပါးကို အရင်ရှေ့ထား ဟောပြီးမှ ဇာတ်တော်ကို ပေါင်းပေးတော်မူပါတယ်။ ဒီနေ့ ဘုန်းကြီးက အဲဒီ သစ္စာလေးပါးကို အတိုချုပ်ပြီးတော့ နည်းနည်းကလေး ဟောဖို့ ရည်ရွယ်ထား ပါတယ်။</p>
<p>ဒီတော့ သစ္စာလေးပါးကို ပရိသတ်အားလုံး ကြားဖူးကြလိမ့်မယ်။ ဘာတွေလဲ? ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ၊ အဲဒီ သစ္စာ လေးပါးကို ဘုရားရှင်က ထင်ရှားစွာ ဟောပြတော်မူပါတယ်။ ဒီသစ္စာလေးပါးကို ဟောပြတဲ့ ဘုရားရှင်ရဲ့ ဦးတည်ချက်က ဒီသစ္စာလေးပါးကို သိစေချင်တဲ့ ဦးတည်ချက် ရှိတယ်။ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ ခေါ်တဲ့ သစ္စာလေးပါးကို သိအောင် ရှေးဦးစွာ ဘာလုပ်ရသလဲ? ---</p>
<p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b> (သံ၊၃၊၃၆၃။)</p>
<p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့ ...။ <b>သမာဓိံ</b> = သမာဓိကို။ <b>ဘာဝေထ</b> = ပွားများကြပါကုန်လော့။ <b>သမာဟိတော ဘိက္ခု</b> = သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ <b>ယထာဘူတံ</b> = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိ၏။</p>
<p><b>ကိဉ္စ ယထာဘူတံ ပဇာနာတိ?</b></p>
<p><b>ကိဉ္စ</b> = အဘယ်တရားကိုလည်း။ <b>ယထာဘူတံ</b> = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိလေသနည်း။</p>
<p>ဘယ်တရားတွေကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိသလဲ? ---</p>
<p><b>ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။</b> (သံ၊၃၊၃၆၃။)</p>
<p>ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား သမုဒယသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား နိရောဓ သစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား မဂ္ဂသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ အဲဒီလို ကွဲကွဲပြားပြား သိအောင် ဘာလုပ်ရမလဲ? ---</p>
<p>သမာဓိတစ်ခုခုကို ကြိုတင်ပြီး ထူထောင်ရပါတယ်။ အဲဒီလို သမာဓိ တစ်ခုခုကို ထူထောင်တဲ့အပိုင်းမှာ အခုဟောနေတဲ့ ဇာတ်တော်မှာတော့ ဒီရသေ့တွေက ကသိုဏ်းပရိကံကို အခြေခံပြီး သမာဓိထူထောင်ကြတော့ ဘုန်းကြီးလည်း ဒီကသိုဏ်းပရိကံကို အခြေခံပြီး သမာဓိထူထောင်ပုံစနစ်ကလေးကို ဒီည ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဘုန်းကြီး သုတေသန ပြုကြည့်ရာမှာ လွယ်ကူတဲ့ သူတော်ကောင်းတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။</p>
<p>များသောအားဖြင့် ကသိုဏ်းကို စပြီး အားထုတ်ခိုင်းလိုက်တယ်ဆိုလျှင် ခက်ခဲတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ တွေ့ရခြင်းကြောင့် များသောအားဖြင့် ဘုန်းကြီးကတော့ ကသိုဏ်းကို စတင်ပြီး သင်မပေးဘဲ ကြိုတင်ပြီးတော့ ဓာတ်ကမ္မဋ္ဌာန်းနဲ့ ဖြစ်စေ, အာနာပါနကမ္မဋ္ဌာန်းနဲ့ ဖြစ်စေ သမာဓိတစ်ခုခုကို ရအောင် ထူထောင်ပြီးမှ ကသိုဏ်းကို ကူးပေးပါတယ်။ ဒါကြောင့် ဒီည အာနာပါနကမ္မဋ္ဌာန်းကနေ ကသိုဏ်းကူးတဲ့ စနစ်ကလေးတစ်ခုကို နည်းနည်းကလေး အတိုချုပ်ပြီး ပြောကြရအောင် ---</p>
<h3>အာနာပါနကျင့်စဉ် အကျဉ်း</h3>
<p>အာနာပါနကျင့်စဉ်မှာ ပထမ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ စိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားလိုက်ပါ၊ ထိမှုကို မကြည့်ဘဲ ထိနေတဲ့ လေကလေးကို ကြည့်ရမယ်၊ အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်ဝပ်စွာ ကပ်ပြီး ထားလိုက်လို့ စိတ်က မငြိမ်မသက် ဖြစ်နေခဲ့လျှင်တော့ ရေတွက်တဲ့နည်းကို အသုံးပြုရတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)</p>
<p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်</p>
<p>ဝင်လေထွက်လေ နှစ်</p>
<p>ဝင်လေထွက်လေ သုံး</p>
<p>ဝင်လေထွက်လေ လေး</p>
<p>ဝင်လေထွက်လေ ငါး</p>
<p>ဝင်လေထွက်လေ ခြောက်</p>
<p>ဝင်လေထွက်လေ ခုနစ်</p>
<p>ဝင်လေထွက်လေ ရှစ်</p>
<p>တစ်မှ ရှစ်အထိ ငါ့ရဲ့စိတ် ဘယ်မှ မထွက်စေရဘူးဆိုပြီးတော့ စိတ်ကို ခိုင်ခိုင်မြဲမြဲ ထားရပါတယ်။ ခိုင်ခိုင်မြဲမြဲ စိတ်ကလေး ကပ်ပြီးတော့ သတိအား ကြီးကြီးကလေးနဲ့ ရှုလိုက်မယ်ဆိုလျှင် မကြာမီ ရေတွက်တဲ့ စွမ်းအားကြောင့် စိတ်ဟာလည်း ငြိမ်သက်သွားတတ်ပါတယ်။ နာရီဝက် တစ်နာရီ စသည်ဖြင့် စိတ်က ငြိမ်သက်သွားပြီဆိုလျှင် ရေတွက်တဲ့နည်းကို လွှတ်ပြီးတဲ့ အချိန်အခါမှာတော့ ဘာကို ဆက်ပြီး ပြုလုပ်ရမလဲ? ---</p>
<p>၁။ <b>ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။</b></p>
<p>၂။ <b>ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။</b> (မ၊၁၊ရဝ။)</p>
<p>ဝင်သက်လေ ထွက်သက်လေ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ၊ ဝင်သက်လေ ထွက်သက်လေ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ။ ရှည်တယ် တိုတယ်ဆိုတာက ဘာပြောတာလဲ? အချိန်ကြာကြာ ဖြစ်နေတာကို ရှည်တယ်၊ အချိန်တိုတိုကလေး ဖြစ်သွားတာကိုတော့ တိုတယ်လို့ခေါ်ပါတယ်။ ရှည်အောင် သို့မဟုတ် တိုအောင် သက်သက် မကြိုးစားနဲ့၊ ပုံမှန် ရှူမြဲတိုင်းသာ ရှူပါ၊ ဒါပေမယ့် တစ်ကြိမ် အသက်ရှူတာနဲ့ တစ်ကြိမ် အသက်ရှူတာ ညီတူ ညာတူ ဘယ်လိုမှ မဖြစ်ဘူး၊ ထိတဲ့ လေအပေါ်မှာ စိတ်ကပ်ဖို့သာ အဓိက လိုအပ်တယ်။</p>
<p>ထိမှုသဘော အပေါ်မှာ စိတ်မကပ်နဲ့၊ ထိတဲ့ လေအပေါ်မှာ စိတ်ကပ်ပါ၊ စကားလုံးချင်း မတူဘူး၊ သေသေချာချာ ဂရုစိုက် နားထောင်ပါ။ အဲဒီ ထိတဲ့ လေကလေးက ရှည်လည်း ရှည်တဲ့အတိုင်းသိပါ၊ တိုလည်း တိုတဲ့အတိုင်းသိပါ။ တစ်နည်းပြောလျှင်တော့ အသက်ရှူနှေးလည်း နှေးတဲ့အတိုင်းသိပါ၊ အသက် ရှူမြန်လည်း မြန်တဲ့အတိုင်း သိအောင် ကြိုးစားပါ။ တစ်နည်း ထပ်ပြောလျှင်တော့ အသက်ရှူ အချိန်ကြာကြာဖြစ်လည်း ဖြစ်တဲ့အတိုင်း သိပါ၊ အချိန်တိုတို ဖြစ်လည်း ဖြစ်တဲ့အတိုင်း သိနေအောင် ကြိုးစားပါ။</p>
<p>အဲဒီအဆင့်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် စိတ်က ငြိမ်ဝပ်ပြီဆိုလျှင်တော့ နိမိတ်ပေါ်တတ်ပါတယ်။ နှစ်ရက် သုံးရက်လောက် ဆက်တိုက် အားထုတ်လိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်သော်လည်း နိမိတ်က မပေါ်ဖြစ်နေခဲ့လျှင် သို့မဟုတ် နိမိတ်ပေါ်ခဲ့လျှင်လည်း ထိုပုဂ္ဂိုလ်သည် ဘာဆက်လုပ်ရမလဲ? တတိယအဆင့် ကူးရပါတယ်။</p>
<p>၃။ <b>သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b> (မ၊၁၊ရဝ-၇၁။)</p>
<p>ဝင်လေထွက်လေ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုရတယ်။ ဒါက အစ, ဒါက အလယ်, ဒါက အဆုံး ဒီလိုလည်း လိုက်မမှတ် ရဘူး။ မှတ်ချင်လျှင် ဝင်လေထွက်လေလို့ပဲ မှတ်ပါ။ ထိတဲ့နေရာကလေးကသာ စောင့်ကြည့်ပါ။ ထိတဲ့နေရာကို ကျော်လွှားပြီးတော့ နှာခေါင်း အထဲလည်း လိုက်မကြည့်နဲ့၊ နှာခေါင်းအပြင်လည်း လိုက်မကြည့်နဲ့၊ ထိမှု ထင်ရှားတဲ့ နေရာကနေ စောင့်ပြီးတော့ ဝင်လေထွက်လေ ရှည်လျှင်လည်း အစအဆုံး တောက်လျှောက် သိအောင်, တိုလျှင်လည်း အစအဆုံး တောက်လျှောက် သိအောင် ကြိုးစားရပါတယ်။ သတိ ပိုခိုင်မြဲအောင် ပိုစိတ်ငြိမ်အောင် လေ့ကျင့် ရတယ်။</p>
<p>အဲဒီလို လေ့ကျင့်လိုက်လို့ စိတ်က တော်တော်ကလေး ငြိမ်ဝပ်လာပြီ၊ တစ်ခါတစ်ခါ ထိုင်ပြီဆိုလျှင် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်း ဆယ်ကြိမ်လောက် ငြိမ်နေပြီဆိုလျှင်တော့ များသောအားဖြင့် နိမိတ် စတင် ပေါ်တတ်ပါတယ်။ ပထမတော့ အဖြူရောင် သို့မဟုတ် မီးခိုးရောင် စတင် ပေါ်တတ်ပါတယ်။ မီးခိုးရောင်ကိုတော့ ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ ဝါဂွမ်းစိုင်လို တဖြည်းဖြည်း ဖြူလာတတ်တယ်။ အဲဒီ အဖြူကိုတော့ ဥဂ္ဂဟ နိမိတ်လို့ ခေါ်တယ်။ နောက်ဆုံး သောက်ရှူးကြယ်တို့လို အလွန် ကြည်လင် တောက်ပပြီး လာတတ်တယ်၊ အဲဒါကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။</p>
<p>အဲဒီ နိမိတ်ပေါ်စမှာ များသောအားဖြင့် ယောဂီတွေမှာ နိမိတ်က မခိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်။ နိမိတ်မခိုင်သေးမီမှာ နိမိတ်အပေါ်မှာ စိတ်မကပ်ဘဲ ပကတိလေအပေါ်မှာသာ စိတ်ငြိမ်အောင် ကပ်ထားလိုက်လျှင် စိတ်က ငြိမ်သည်ထက် ငြိမ်လာပြီဆိုလျှင်တော့ နိမိတ်ကလည်း ခိုင်သွားတတ်ပါတယ်။ ခိုင်သွားပြီဆိုလျှင် နိမိတ်အပေါ်မှာ ပြောင်းပြီးတော့ စိတ်ကလည်း ကပ်သွားတတ်တယ်။ သို့သော် နိမိတ်က ဝေးကွာနေခဲ့မယ်ဆိုလျှင်တော့ မခိုင်တတ်ပါဘူး။ စိတ်သွားကပ်လိုက်လျှင်လည်း မခိုင် ဖြစ်တတ်ပါတယ်။ နိမိတ်နှင့် လေကတစ်ထပ်တည်းဖြစ်နေဖို့ လိုပါတယ်။ နိမိတ်သည်ပင် ဝင်လေထွက်လေ, ဝင်လေထွက်လေသည်ပင် နိမိတ်ဖြစ်ပြီဆိုလျှင်တော့ ဝင်လေထွက်လေကို ရှုနေရင်းဖြင့် နိမိတ်ပေါ်မှာ စိတ်က ကပ်သွားတတ်ပါတယ်။</p>
<p>ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျားမှာပဲ ကပ်ပြီး ပေါ်လျှင်တော့ နိမိတ်က ခိုင်တတ်ပါတယ်။ နိမိတ်ကလည်း ခိုင်ပြီ, နိမိတ် အပေါ်မှာ စိတ်က ကပ်သွားပြီဆိုလျှင် ပကတိ ဝင်လေထွက်လေကို ပြန်မကြည့်ဘဲ ဒီနိမိတ် အပေါ်မှာသာ စိတ်ကလေး ကပ်ထားပါ။ ဒီနိမိတ်သည် အဖြူရောင် များသောအားဖြင့် ရှိတတ်တယ်။ ပုံသဏ္ဌာန်ကတော့ ယောဂီတွေရဲ့ ဘာဝနာသညာ အပေါ်မှာ အခြေတည်ပြီးတော့ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ စိတ်ညွတ်တိုင်း ပြောင်းလဲသွားတဲ့ ပုံသဏ္ဌာန်ကလေးတွေကို မိမိက စိတ်မညွတ်ဘဲ ခုနက နိမိတ်အလယ်ခေါင် တည့်တည့် လောက်မှာ စိတ်ကလေး ငြိမ်နေအောင်သာ ကပ်ထားပါ။</p>
<p>နိမိတ်မှာ စိတ်ကလေး ငြိမ်ဝပ်စွာ ကပ်နေလျှင် တဖြည်းဖြည်း ညိုရာကနေ ဖြူလာမယ်၊ ဖြူရာကနေ နောက်ဆုံးတော့ အလွန်ကြည်လင်တောက်ပ လာပြီဆိုလျှင် အဲဒီ ကြည်လင်တောက်ပလာတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ် အပေါ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ အဲဒီလို ကြိုးစားလိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဆိုတဲ့ စျာန်တွေကို ကူးနိုင်ပါတယ်။ ထိုအချိန်အခါမှာ ဒီနိမိတ်ကလည်း လင်းရောင်ခြည်တွေ တဖျပ်ဖျပ် ထွက်လာပြီး အလွန် အားကောင်းလာတတ်ပါတယ်။</p>
---
<h3>(၃၂) ကောဋ္ဌာသသို့</h3>
<p>အထူးသဖြင့် စတုတ္ထစျာန်လောက် ပေါက်သွားပြီဆိုလျှင်တော့ လင်းရောင်ခြည်က ပိုပြီး ခိုင်ခံ့လာတတ်တယ်၊ ပိုပြီးတော့လည်း အားကောင်းလာတတ်တယ်။ အဲဒီအချိန်အခါမှာ ဒီလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ စသည်ဖြင့် (၃၂)ကောဋ္ဌာသတွေကို လှမ်းပြီးတော့ ကြည့်လိုက်မယ်ဆိုလျှင်တော့ မကြာမီ အချိန်အတွင်းမှာ ဒီလင်းရောင်ခြည်ရဲ့ စွမ်းအားကြောင့် (၃၂)ကောဋ္ဌာသ တရားတွေကို ထင်ထင်ရှားရှားကြီး တွေ့နိုင်ပါတယ်။</p>
<p>အဲဒီလို (၃၂)ကောဋ္ဌာသတွေကို တွေ့ပြီဆိုလျှင်တော့ ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင် အစအဆုံး တောက်လျှောက် တစ်ခဏအတွင်း တိုးလျှိုပေါက် မြင်အောင် လေ့ကျင့်ရပါတယ်။ ကျွမ်းကျင်လာပြီ ဆိုလျှင်တော့ ဗဟိဒ္ဓ သက်ရှိလောကမှာ လူသားတွေသာမက ကျွဲနွားအစရှိတဲ့ တိရစ္ဆာန်တွေကိုပါ ထည့်သွင်းပြီး ရှုကြည့်ရပါတယ်။ လင်းရောင်ခြည် သွားလမ်းထဲမှာ တွေ့နေတဲ့ သတ္တဝါမှန်သမျှ အကုန်လုံး (၃၂)ကောဋ္ဌာသ အစု အပုံကြီးအဖြစ် မြင်အောင် ကြည့်ရတယ်၊၊အဇ္ဈတ္တရှုလိုက် ဗဟိဒ္ဓရှုလိုက် အဲဒီလို ရှုရပါတယ်။</p>
---
<h3>လမ်း (၃) သွယ်</h3>
<p>အဲဒီလို ရှုလိုက်လို့ အောင်မြင်မှု ရလာပြီဆိုလျှင်တာ့ အဲဒီမှာ (၃၂)ကောဋ္ဌာသက လမ်းသုံးသွယ် ရှိပါတယ်။ ဝဏ္ဏကသိုဏ်းလို့ခေါ်တဲ့ အရောင် ကသိုဏ်းလမ်း ကူးမယ်ဆိုလျှင် သမာပတ်ရှစ်ပါးလုံး ဆိုက်နိုင်ပါတယ်။ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလမနသိကာရအနေနဲ့ နှလုံးသွင်းခဲ့မယ် သို့မဟုတ် အသုဘအနေနဲ့ နှလုံးသွင်းခဲ့မယ်ဆိုလျှင်တော့ ပထမစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ ဓာတ်အနေနဲ့ နှလုံးသွင်းခဲ့မယ်ဆိုလျှင်တော့ အဲဒီ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဥပစာရသမာဓိအထိ ဆိုက်နိုင်ပါတယ်။ အဲဒီ သမာဓိ တွေကို အခြေခံပြီးတော့ ဝိပဿနာကူးရမှာ ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)</p>
---
<h3>ဝဏ္ဏကသိုဏ်း</h3>
<p>(၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တသန္တာန်မှာသာမက ဗဟိဒ္ဓသန္တာန်မှာပါ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန် နှစ်မျိုးစလုံးမှာ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှင်းရှင်းလင်းလင်း အသိဉာဏ်မှာ ထင်လာအောင် မြင်လာအောင် ရှုနိုင်ပြီ ဆိုလျှင်တော့ အရောင်ကသိုဏ်း (= ဝဏ္ဏကသိုဏ်း) လေးမျိုးကို ရှုလိုက ရှုနိုင်ပါတယ်။ အရောင်ကသိုဏ်းလေးမျိုးက ဘာတွေလဲ? ---</p>
<p>နံပါတ် (၁)ကတော့ ဆံပင်တို့လို သည်းခြေတို့လို ညိုနေတဲ့ အညိုရောင် ရှိနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း (=<b>နီလကသိုဏ်း</b>)ကို ရှုနိုင်တယ်။</p>
<p>နံပါတ် (၂)ကတော့ ကျင်ငယ်တို့လို အဆီခဲတို့လို ဝါနေတဲ့ အဝါရောင် ရှိနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အဝါရောင်ကသိုဏ်း (=<b>ပီတ ကသိုဏ်း</b>)ကို ရှုနိုင်တယ်။</p>
<p>နံပါတ် (၃)ကတော့ သွေးတို့လို အနီရောင်သန်းနေတဲ့ အသားတုံးတို့လို ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အနီရောင်ကသိုဏ်း (= <b>လောဟိတကသိုဏ်း</b>)ကို ရှုနိုင်တယ်။</p>
<p>နံပါတ် (၄)ကတော့ အရိုးတို့လို သွားတို့လို ဖြူနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ အဖြူရောင်ကသိုဏ်း (= <b>ဩဒါတကသိုဏ်း</b>)ကို ရှုနိုင်တယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p>
<p>ယခုလို ရှုတဲ့အပိုင်းမှာ ရှင်းလင်းတင်ပြဖို့ အချက်အလက်ကလေးတွေလည်း ရှိနေပါတယ်။ ရှေးဦးစွာ အဘိဘာယတနစျာန် အကြောင်းကို ပြောကြရအောင် ---</p>
<p>အဘိဘာယတနစျာန်ဆိုတာကတော့ ဒီလိုပါ --- ခုပြောခဲ့တဲ့ အရောင် ကသိုဏ်း (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းရုပ်ကို အာရုံယူကာ စနစ်တကျ ပွားများလိုက်တဲ့အတွက် စျာန်သမာဓိသို့ ဆိုက်ရောက်သွားခဲ့လျှင် ယင်းစျာန်ကို ဆန့်ကျင်ဘက် ကိလေသာနီဝရဏတရားတွေနှင့် အရောင် ကသိုဏ်းအာရုံတွေကို အလွယ်တကူနှင့် လွှမ်းမိုးနိုင်နင်းလျက် ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် အဘိဘာယတနစျာန်လို့ ခေါ်ဆိုခြင်း ဖြစ်တယ်။</p>
<p>ဒီအဘိဘာယတနစျာန်တွေ အကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၆။)မှာလည်း ဟောကြားတော်မူခဲ့တယ်။ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် အဘိဘာယတနသုတ္တန် (အံ၊၃၊၁၂၅-၁၂၆၊၊) မှာလည်း ဟောကြားထားတော်မူခဲ့တယ်။ ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌအဘိဘာယတနကထာ (အဘိ၊၁၊၅၅-၅၆။)မှာလည်း ဟောကြားထားတော်မူခဲ့ပါတယ်။ ပုံစံတစ်ခုလောက် ပြောပြမယ်။ နာကြည့်ပါ ---</p>
<p><b>အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမိ။</b> (အဘိ၊၁၊၅၅။)</p>
<p><b>အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဧဝံ သညီ ဟောတိ။</b> (ဒီ၊၂၊၉၂။ အံ၊၃၊၁၂၆။)</p>
<p>ဒီပါဠိတော်တွေက ဘာကို ဆိုလိုတာလဲ? ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ဒီလိုပါ ---</p>
<p><b>အဇ္ဈတ္တံ အရူပသညီတိ အလာဘိတာယ ဝါ အနတ္ထိကတာယ ဝါ အဇ္ဈတ္တရူပေ ပရိကမ္မသညာဝိရဟိတော။</b> (အဘိ၊ဋ္ဌ၊၁၊၂၃၃။)</p>
<p>ဒီလို အဋ္ဌသာလိနီ အဋ္ဌကထာက ဖွင့်ဆိုထားတယ်၊ တချို့ ယောဂီ ပုဂ္ဂိုလ်တွေဟာ ခုလို အရောင်ကသိုဏ်းတွေကို ရှုတဲ့အပိုင်းမှာ အဇ္ဈတ္တ (၃၂) ကောဋ္ဌာသတွေရဲ့ အညို-အဝါ-အနီ-အဖြူ ဆိုတဲ့ အရောင်ကသိုဏ်း ရုပ်တွေကို ---</p>
<p>၁။ ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိဆိုတဲ့ သမာဓိတစ်ခုခုသို့ ဆိုက်အောင် ရှုလို့မရတဲ့ ယောဂီတွေလည်း ရှိကြတယ်။</p>
<p>၂။ ရှုလို့ရသော်လည်း မရှုချင်တဲ့ ယောဂီတွေလည်း ရှိကြတယ်။</p>
<p>အဲဒီ ပုဂ္ဂိုလ်တွေဟာ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတွေရဲ့ အရောင်တွေကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင် ကသိုဏ်း, အဖြူရောင်ကသိုဏ်းဆိုတဲ့ ကသိုဏ်းရုပ်တွေကို မရှုကြတော့ဘူး။ ဘာတွေကို သူတို့ ရှုကြသလဲ?</p>
<p>ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတွေရဲ့ အရောင်တွေကိုသာ အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်းတွေကို ရှုကြတယ်။ အဲဒီလို အဇ္ဈတ္တ ကောဋ္ဌာသတွေမှာ အရောင်ကသိုဏ်းတွေကို ရှုမရတဲ့ပုဂ္ဂိုလ်, မရှုချင်တဲ့ပုဂ္ဂိုလ်တွေကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က အဘိဘာယတနစျာန်ပိုင်းကို ဟောကြားထားတော်မူ ပါတယ်။</p>
<p>ဒါပေမယ့် ဘုရားရှင်က ဝိမောက္ခစျာန်တွေကိုလည်း ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၆၅။), မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၄-၉၅။), အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် ဝိမောက္ခသုတ္တန် (အံ၊၃၊၁၂၆-၁၂၇။)တို့မှာ ထပ်ပြီး ဟောကြား ထားတော်မူပါတယ်။</p>
<p>အဲဒီ ဝိမောက္ခစျာန်တွေမှာတော့ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတွေကပဲ ဖြစ်စေ, ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတွေကပဲဖြစ်စေ အထက်က ပြောခဲ့တဲ့အတိုင်း အဲဒီကောဋ္ဌာသတွေရဲ့ အရောင်တွေကို အာရုံယူပြီးတော့ အညိုရောင် ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်း ဆိုတဲ့ ကသိုဏ်းရုပ်တွေရဲ့ ရှုကွက်တွေကို ဆက်ပြီး ဟောကြားထားတော်မူ ပါတယ်။ ဒီဟောကြားတော်မူချက်တွေကတော့ အဇ္ဈတ္တကောဋ္ဌာသ ဗဟိဒ္ဓ ကောဋ္ဌာသ နှစ်မျိုးလုံးမှာပဲ အရောင်ကသိုဏ်းတွေကို ---</p>
<p>၁။ ရှုလို့ရတဲ့ပုဂ္ဂိုလ်</p>
<p>၂။ ရှုချင်တဲ့ပုဂ္ဂိုလ်</p>
<p>အဲဒီပုဂ္ဂိုလ် နှစ်မျိုးလုံးတို့ကို ရည်ညွှန်းပြီး ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။</p>
<p>ဒီတော့ (၃၂)ကောဋ္ဌာသမှ ကသိုဏ်းကူးတော့မယ်ဆိုလျှင်တော့ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသကဖြစ်စေ, ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသကဖြစ်စေ၊ အဲဒီကောဋ္ဌာသ တွေရဲ့ အရောင်ကို အာရုံယူကာ အရောင်ကသိုဏ်းလမ်းကို ကူးနိုင်ပါတယ်။</p>
<p>ဥပမာ --- ဗဟိဒ္ဓဆံပင် ဆိုကြစို့၊ ဆံပင်က ညိုနေတယ်၊ ဆံပင်ကို နှလုံး မသွင်းဘဲ အညိုရောင်ကို နှလုံးသွင်းလိုက်မယ်ဆိုလျှင် ဆံပင်တွေ ပျောက်ပြီး အညိုရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာတတ်တယ်။ အဲဒီ ကသိုဏ်း အဝန်းအဝိုင်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ဒီအဝန်းအဝိုင်းမှာ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားမယ်ဆိုလျှင် ပထမစျာန်ကနေစပြီး နေဝသညာနာသညာယတနစျာန်အထိ သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်၊ <b>နီလကသိုဏ်း</b>လို့ ခေါ်တယ်။</p>
<p>အဲဒီ <b>နီလကသိုဏ်း</b>ကို ပွားများပြီးတဲ့ ပုဂ္ဂိုလ်က မကျေနပ်သေးလို့ <b>ပီတ ကသိုဏ်း</b> (= အဝါရောင်ကသိုဏ်း) ပွားချင်တယ်ဆိုလျှင် ဗဟိဒ္ဓမှာ ကျင်ငယ် ဆိုကြစို့၊ ကျင်ငယ်ဟာ အလွန် စက်ဆုပ်ရွံရှာဖွယ် ကောင်းနေတဲ့ တရားတစ်ခု ဖြစ်ပေမယ့်လို့ မိမိက ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်မယ်ဆိုလျှင် အဲဒီ ကျင်ငယ်ရဲ့ အဝါရောင်ကလေးကို အဝါ အဝါလို့ နှလုံးသွင်း ရှုပွား ရပါတယ်။ အဝါရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာတဲ့ အချိန်အခါမှာ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက် ရှုပွားပြီး မိမိကြိုက်နှစ်သက်တဲ့ တစ်နေရာမှာ ဘာဝနာစိတ်ကလေး ငြိမ်ဝပ်စွာ ကပ်ထားလိုက်မယ်ဆိုလျှင် ပထမစျာန်ကနေ နေဝသညာနာသညာယတနစျာန်အထိ သမာပတ်ရှစ်ပါးလုံး ပေါက်တယ်။ <b>ပီတကသိုဏ်း</b>လို့ ခေါ်တယ်။</p>
<p>အလွန် ရွံရှာဖွယ် စက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီလို ကျင်ငယ်ထဲက ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်မယ်ဆိုလျှင် ထုတ်ယူလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒါတွေဟာ နည်းလမ်းနှင့် အဆင့်အတန်း ကွာခြားမှု သို့မဟုတ် မိမိရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးမှုကြောင့် ရရှိလာတဲ့ အကျိုးအာနိသင်တွေပဲ။ ကျင်ငယ်ကို ကျင်ငယ်လို့ နှလုံးသွင်းပြီး သွားလွှင့်ပစ်လိုက်လို့လည်း မိမိအတွက် ဘာအကျိုး ရှိဦးမလဲ? ဘာမျှ အကျိုးမရှိဘူး။ ဒီကျင်ငယ်ကို မိမိက အဝါရောင်ကသိုဏ်းအဖြစ်နဲ့ ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်မယ်ဆိုလျှင် မိမိအတွက် အကျိုးမရှိဘူးလား? အကျိုးသိပ်ရှိပါတယ်။</p>
<p>အလားတူပဲ ဝါနေတဲ့ မစင်ကျင်ကြီးမှာ အဝါ အဝါလို့ နှလုံးသွင်း ရှုပွားလည်း သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်။ ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ယူတတ်လျှင် ယူလို့ရပါတယ်။</p>
<p>နောက်တစ်ခု --- <b>လောဟိတကသိုဏ်း</b> ပွားချင်တယ်ဆိုလျှင် မိမိရှေ့မှာ ထိုင်နေတဲ့ ယောဂီတစ်ဦးရဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့သွေး သို့မဟုတ် နှလုံးအိမ်ဝန်းကျင် အသည်းဝန်းကျင်တို့မှာ အိုင်နေတဲ့သွေးပဲ ဆိုကြစို့၊ အဲဒီသွေးကို လှမ်းအာရုံယူပြီးတော့ သွေးရဲ့ အရောင်ကို နှလုံးသွင်းမယ်ဆိုလျှင် မကြာမီ အနီရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာတတ်တယ်။ အဲဒီ အနီရောင်ကသိုဏ်း အဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီးတော့ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းမယ်ဆိုလျှင် သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်။</p>
<p>နောက်တစ်ခု --- ဦးခေါင်းခွံရိုး ဆိုကြစို့၊ အဲဒီ ဦးခေါင်းခွံရိုးကိုလည်း အဖြူသက်သက်ကို ကွက်ပြီး နှလုံးသွင်းလိုက်မယ်ဆိုလျှင် အဖြူရောင် <b>ကသိုဏ်း</b> ဖြစ်သွားတယ်။ အရိုးတွေ ပျောက်ပြီး အဖြူရောင်ကသိုဏ်း အဝန်းအဝိုင်း ကျန်တယ်၊ အဲဒီကသိုဏ်း အဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ပွားများမယ်ဆိုလျှင် သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်ပါတယ်။</p>
<p><b>နီလကသိုဏ်း</b>, <b>ပီတကသိုဏ်း</b>, <b>လောဟိတကသိုဏ်း</b>, <b>ဩဒါတကသိုဏ်း</b>တွေကတော့ အရောင်ကသိုဏ်းလေးခု ဖြစ်တယ်။ (၃၂)ကောဋ္ဌာသမှ ကူးပြောင်း ရှုပွားနိုင်တယ်။ အဲဒီကသိုဏ်းတွေကို အောင်မြင်နေတဲ့ ယောဂီ သူတော်ကောင်းတစ်ဦးက မြေကြီးတွေကို ကြည့်ပြီးတော့ မြေကသိုဏ်း ပွားမယ်၊ ရေကို ကြည့်ပြီးတော့ ရေကသိုဏ်း ပွားမယ်၊ မီးကိုကြည့်ပြီးတော့ မီးကသိုဏ်း ပွားမယ်၊ လေကို အာရုံယူပြီးတော့ လေကသိုဏ်း ပွားမယ် ဆိုလျှင်လည်း အဲဒီကသိုဏ်းတွေ အားလုံး ပေါက်နိုင်ပါတယ်။ပေါင်းလိုက်လျှင် ကသိုဏ်းရှစ်ပါး ဖြစ်သွားတယ်။</p>
<h3>ဓာတ်ကမ္မဋ္ဌာန်း</h3>
<p>အဲဒီ ကသိုဏ်းရှစ်ပါးကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် ကြိတ်ခြေ နိုင်ခဲ့မယ်ဆိုလျှင်တော့ ခုနက သရဘင်္ဂရှင်ရသေ့တွေလို မြေလျှိုးမိုးပျံနိုင်တဲ့ အဆင့် ရောက်နိုင်ပါတယ်။ အဲဒီအဆင့်ကို မိမိက အလိုမရှိဘူးဆိုလျှင် ဒီကသိုဏ်းသမာဓိ တစ်ခုခုကို ဝင်စားပြီး ဒီကသိုဏ်းသမာဓိတို့ရဲ့ စွမ်းအား ရှိန်စော် အာနုဘော်အရှိန်အဝါကို လက်ခံပြီးတော့ ထိုကသိုဏ်းစျာန်တွေမှ ထပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ ခန္ဓာအိမ်မှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို စတင် ရှုရတယ်။</p>
<p>မာမှုထင်ရှားတဲ့ တစ်နေရာက စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုပါ၊ ကြမ်းမှုထင်ရှားတဲ့ တစ်နေရာက စပြီး ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှုပါ၊ လေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး လေးတဲ့ သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှုပါ၊ ပျော့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပျော့တဲ့သဘော, ပေါ့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပေါ့တဲ့သဘော, ချောမှုထင်ရှားတဲ့ တစ်နေရာက စပြီး ချောတဲ့သဘော, ဒီသဘောတရားတွေကိုလည်း တစ်ကိုယ်လုံး မြင်အောင်ရှုပါ။ ပထဝီဓာတ်သဘောတရားခြောက်ပါး ဖြစ်ပါတယ်။</p>
<p>ပူမှုထင်ရှားတဲ့ တစ်နေရာက စပြီး ပူတဲ့သဘော, အေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး အေးတဲ့သဘော, တွန်းမှုထင်ရှားတဲ့ တစ်နေရာက စပြီး တွန်းတဲ့သဘော, ထောက်မှုထင်ရှားတဲ့ တစ်နေရာက စပြီး ထောက်တဲ့ သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဓာတ်သုံးပါး ရသွားပြီ။ ဒီဓာတ်သုံးပါး ထင်ရှားတဲ့ ယောဂီ ပုဂ္ဂိုလ်က ယိုစီးမှုထင်ရှားတဲ့ တစ်နေရာက စပြီး ယိုစီးတဲ့သဘော, ဖွဲ့စည်းမှု ထင်ရှားတဲ့ တစ်နေရာက စပြီး ဖွဲ့စည်းမှုသဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုနိုင်မယ်ဆိုလျှင် အာပေါဓာတ်လည်း ရသွားပြီ။ ပေါင်းလိုက်တော့ ဓာတ်လေးပါး ဖြစ်သွားပါတယ်။</p>
<p>ဒီဓာတ်လေးပါးကို သွက်လက်အောင် ရှုပြီးတော့ တစ်ကိုယ်လုံးကို ခြုံကြည့်ရတယ်။ ခြုံကြည့်လိုက်လို့ သွက်လာပြီဆိုလျှင် အဲဒီမှာ မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းဆိုတဲ့ သဘောတရား (၁၂)ခုကို လေးစု စုလိုက်ပါ။ မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့ကို ကြည့်ပြီး ပထဝီဓာတ်၊ ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီး အာပေါဓာတ်၊ ပူ-အေးကို ကြည့်ပြီး တေဇောဓာတ်၊ ထောက်-တွန်းကို ကြည့်ပြီး ဝါယောဓာတ် ဆိုပြီး လေးချက်ရှုရပါတယ်။</p>
<p>အဲဒီလို ရှုလိုက်မယ်ဆိုလျှင် မကြာမီ အချိန်အတွင်းမှာ အဖြူ စပေါ်တတ်ပါတယ်။ အဖြူမှာလည်း ဒီဓာတ်လေးပါးကို မြင်အောင် ဆက်စိုက်နိုင်မယ်ဆိုလျှင် မကြာမီ အကြည်ဓာတ်တွေ ပေါ်လာမယ်။ အဲဒီမှာ ဒီအကြည် ဓာတ်နဲ့ ပတ်သက်ပြီး ဘုရားရှင်က ပသာဒလို့ ဟောထားပါတယ်။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာကတော့ ---</p>
<p><b>အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။</b> (ဝိသုဒ္ဓိ၊၂၊၈၁။)</p>
<p>ကြေးမုံအပြင်ကဲ့သို့ ကြည်နေတယ်ဆိုပြီး ဒီလို ဖွင့်ဆိုထားပါတယ်။ တကယ်ကြည်နေတဲ့ အကြည်ဓာတ်တွေ ဖြစ်ပါတယ်။ လက်တွေ့ ရှုလို့ရနေတဲ့ ယောဂီများကတော့ နားလည်ကြပါတယ်။ အဲဒီ အကြည်ဓာတ်မှာ ဓာတ်လေးပါး မြင်အောင် ဆက်စိုက်လိုက်တဲ့ အချိန်အခါမှာ ပါရမီရှိတဲ့ သူတော်ကောင်းများဟာ ကလာပ်အမှုန်ကလေးတွေကို မကြာခင် တွေ့တတ်ပါတယ်။</p>
<p>မတွေ့ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ဒီအကြည်ပြင်မှာ အာကာသဓာတ်ကို မြင်အောင် စိုက်လိုက်မယ်ဆိုလျှင် ကလာပ်အမှုန်လေးတွေ လွယ်လွယ်ကူကူ တွေ့လာပါတယ်။ တွေ့လာတဲ့ အချိန်အခါ အဲဒီ ကလာပ်အမှုန် တစ်ခုတစ်ခုမှာလည်း ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို မြင်အောင် စပြီး ရှုနိုင်ပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ပရမတ္ထသစ္စာနယ် ကူးသွားပြီ။ ရုပ်တရားကို စတင် သိရှိပြီ။</p>
<p>ကလာပ်တိုင်းမှာ ဓာတ်လေးပါးကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ ရှေ့ဆက်ပြီးတော့ ဥပါဒါရုပ်တွေကို ရှုရပါတယ်။ အဲဒီ ဘူတရုပ် ဥပါဒါရုပ်ဆိုတဲ့ ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရတယ်။ ဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ပထမ စပြီး လေ့ကျင့်ရပါတယ်။ အဲဒီ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းလိုက်လျှင် ဒီရုပ်နာမ်တွေကို ခန္ဓာနည်းအရ ခန္ဓာဖွဲ့လိုက်တော့ ခန္ဓာ ငါးပါး ဖြစ်တယ်။ သစ္စာဒေသနာတော်နည်းအရ -- <b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊</b> (သံ၊၃၊၃၆၉။) ဆိုတဲ့အတိုင်း ယင်းခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ၊ အဲဒီ ဒုက္ခသစ္စာက ပစ္စုပ္ပန် ခန္ဓာငါးပါးတင်လားဆိုတော့ မဟုတ်သေးဘူး။</p>
<p><b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော ။ ပ ။</b> (သံ၊၂၊၃၉။)</p>
<p>ခန္ဓဝဂ္ဂသံယုတ် ခန္ဓသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်ဖြင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရား၊ ဒီဒုက္ခသစ္စာဖြစ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါးတွေကို မြင်အောင် ရှုရတယ်။ ရှုပြီးတဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါးတွေသည် ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်။</p>
<p>အကြောင်းတရား ရှာဖွေပုံအပိုင်းမှာ ယောဂီတစ်ဦးရဲ့ ဖြစ်စဉ်ထုံးကလေး နည်းနည်း သဘောပေါက်အောင် ပြောပြပါမယ်။ ဒီပစ္စုပ္ပန် ရုပ်နာမ်တွေကနေ စပြီးတော့ အတိတ်ဘက်ကို တာစူပြီး ရုပ်တွေနာမ်တွေကို တစ်စတစ်စ သိမ်းဆည်းသွားလိုက်တာ ပဋိသန္ဓေကလလရေကြည်တိုင်အောင် ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီရုပ်နာမ်တွေ ဘယ်က ဖြစ်ပေါ် လာသလဲလို့ သိချင်တဲ့စိတ်နဲ့ ဟိုဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ ကျိုက်ထီးရိုးစေတီတို့လို စေတီတစ်ဆူပဲ ဆိုကြစို့ ...။</p>
<p>အဲဒီစေတီတစ်ဆူမှာ ဆီမီးတွေ ပူဇော်နေတဲ့အာရုံဟာ ဉာဏ်ကွန်ယက်ထဲ ထင်လာတယ်။ ဆီမီးပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတဲ့ အထဲမှာ တစ်ယောက်ပြီးတစ်ယောက် ဓာတ်လေးပါး လှမ်းပြီး အစိုက်ခိုင်းလိုက်တဲ့ အချိန်အခါ, ရှုခိုင်းလိုက်တဲ့ အချိန်အခါ အဲဒီအထဲမှာ ဆင်းရဲနွမ်းပါးနေတဲ့ အမျိုးသမီးကလေးတစ်ဦး ပါနေတယ်။ အဲဒီ အမျိုးသမီးကလေးရဲ့ ရုပ်နာမ် အစဉ်နှင့် ယောဂီပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်အစဉ်ကို ဆက်စပ်ကြည့်လိုက်တော့ သန္တာန် အစဉ်အားဖြင့် တစ်တန်းတည်း ဖြစ်နေတယ်။</p>
<p>တစ်ဖန် တခြား ဆီမီးလှူနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်နာမ်သန္တာန်တွေကို ဓာတ်လေးပါး စိုက်ပြီး ရှုလိုက်တဲ့အခါ သန္တာန်ချင်း ဆက်စပ်မှု မရှိဘူး။ ဘယ်ပုဂ္ဂိုလ်သည် မိမိ၏သန္တာန်အစဉ် ဖြစ်တယ်ဆိုတာကိုသေချာသိနေတယ်။ သိလိုက်တဲ့ အချိန်အခါမှာ အဲဒီ ဆီမီးပူဇော်နေတဲ့ ဒီဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးကလေးတစ်ဦးရဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုရုပ်ကို မိအောင် ပြန်ပြီး အရှုခိုင်းရတယ်။ ဘာဖြစ်လို့လဲ? ဒီဟဒယဝတ္ထုရုပ်ကို မှီပြီးတော့ အိမ်ရှင်ဘဝင်မနောအကြည်ဓာတ်တွေက အများဆုံး ဖြစ်ပါတယ်။အဲဒီ ဟဒယဝတ္ထုကို ရှာဖွေတွေ့ရှိတဲ့ သူတော်ကောင်းက ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်မနောအကြည်ဓာတ်ကို လှမ်းရှုလျှင် ရှုလို့ရတယ်။</p>
<p>ရှုလို့ရတဲ့ အချိန်အခါမှာ ဘဝင်မနောအကြည်ဓာတ်ကို ရှေ့တိုး နောက်ဆုတ် ကြည့်လိုက်တဲ့အခါ ယင်းဘဝင်မနောအကြည် = မနောဒွါရတွေရဲ့ အကြားအကြားမှာ ဖြစ်ပေါ်သွားခဲ့ကြတဲ့ ဝီထိစိတ် စေတသိက်တွေကို သိမ်းဆည်းနိုင်တဲ့ အဆင့်အထိ ရောက်ရှိသွားတယ်။အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်းတရားတွေကို ရှာဖွေကြည့်ပြန်တယ်။ ဘာဆု တောင်းနေသလဲဆိုတဲ့ ဆုတောင်းနေတဲ့ စိတ်အစဉ်ကလေးတွေကို ပြန်ပြီး အကြည့်ခိုင်းလိုက်တယ်။</p>
<p>အဲဒီ ဆီမီးလှူနေတဲ့ အချိန်အခါမှာ မလှမ်းမကမ်း တစ်နေရာကို လှမ်းကြည့်လိုက်တော့ ဘီးဆံပတ်နဲ့ အင်မတန် ခံ့ညားတဲ့ အမျိုးသမီးတစ်ဦးကို သွားတွေ့ရတယ်။ အဲဒီလို အမျိုးကောင်းသမီး ဖြစ်ချင်နေတဲ့ ဆန္ဒဓာတ်ဖြင့် ဒီစေတီတော်ကို သူက ဆီမီးပူဇော်နေတယ်။ ပရမတ္ထသစ္စာနယ်မှာ ဘီးဆံပတ်နဲ့ အလွန် ထည်ဝါခံ့ညားတဲ့ အမျိုးသမီးဆိုတာ လောကမှာ မရှိပါဘူး၊ သမ္မုတိသစ္စာနယ်မှာတော့ ရှိပါတယ်။ ပရမတ္ထသစ္စာနယ်က အဲဒီ ဘီးဆံပတ်နဲ့ ထည်ဝါခံ့ညားနေတဲ့ အမျိုးသမီးကိုလည်း ဓာတ်လေးပါး ဖမ်းစိုက်နိုင်လျှင် ရှုနိုင်လျှင် ကလာပ်အမှုန်ကလေးတွေပဲ တွေ့ရပါမယ်။ ဆက်လက်ပြီး ပရမတ် ရုပ်နာမ်တွေကို သိမ်းဆည်းရတယ်။ အားလုံး ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား ဒုက္ခတရား အနတ္တတရားတွေပဲ၊ ရုပ်သဘောတရား နာမ်သဘောတရားတွေသာ ဖြစ်ကြပါတယ်။</p>
<p>ဒါပေမယ့် ရုပ်နာမ်လို့ မသိဘဲ အမျိုးသမီးလို့သိလျှင် ဒီအသိကို မှားတယ်လို့ ခေါ်ရတယ်။ အဲဒီ အသိမှားမှုက အဝိဇ္ဇာ၊ အဲဒီလို အမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ-တဏှာ-ဥပါဒါန်သုံးခု ခြံရံပြီးတော့ စေတီတော်အား ဆီမီးလှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်စေတနာတွေကို ပြုစုပျိုးထောင်တယ်။ ဒီကုသိုလ်စေတနာတွေက သင်္ခါရ၊ ဒီသင်္ခါရတရားတွေသည် အနိစ္စတရားတွေသာ ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။</p>
<p>ဒါပေမယ့် ပျက်သွားတဲ့ အချိန်အခါမှာ ဒီရုပ်နာမ်သန္တာန်အစဉ်မှာ နောင်တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ ထည်ဝါခံ့ညားနေတဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ဖို့ရန်အတွက် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံဆိုပြီးတော့ အကြောင်းတရားငါးခု စုံညီသွားတယ်။ အဲဒီ အကြောင်းတရား ငါးခုထဲမှာ တဏှာက ဦးဆောင်နေတဲ့အတွက် ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာလို့ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။</p>
<p>အဲဒီ ကမ္မသတ္တိနဲ့ လက်ရှိ ပဋိသန္ဓေကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေနာမ်တွေနဲ့ ကြောင်းကျိုးဆက်စပ်မှု ရှိ-မရှိကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာလည်း ကြောင်းကျိုးဆက်စပ်မှု ရှိနေတာကို တွေ့ရတယ်။ တွေ့ရတဲ့အတွက် တဏှာဦးဆောင်နေတဲ့ ဒီအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံတွေက သမုဒယသစ္စာ၊ အဲဒီ ဒုက္ခသစ္စာ သမုဒယသစ္စာတရား နှစ်ပါးကို သိပြီးတဲ့အခါ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိအောင် ဆက်လက်ပြီး ကြိုးစားရပါတယ်။ ဝိပဿနာဉာဏ်တွေ ရအောင် စီးဖြန်းရပါတယ်။</p>
<p>အဲဒီလို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက် လာလို့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ မဂ်ဉာဏ်ပေါ်ခဲ့သော် ထိုမဂ်ဉာဏ်က ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က နိရောဓသစ္စာ၊ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာဖြစ်တယ်။</p>
<p>အဲဒီ သစ္စာလေးပါးကို သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပုံ နည်းစနစ်နှင့်တကွ မြတ်စွာဘုရားက ဒီရဟန်းကို ဆက်လက်ပြီး သစ္စာ လေးပါးနှင့် ဆက်စပ်နေတဲ့ တရားဒေသနာတော်ကို ဆက်လက်ကာ ဟောကြားပေးတော်မူလိုက်တယ်။ အဲဒီလို ဟောကြားပေးတဲ့ အပိုင်းကိုပဲ ရည်ရွယ်ပြီးတော့ အဋ္ဌကထာက ---</p>
<p><b>သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေတွာ ဇာတကံ သမောဓာနေသိ။</b> (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)</p>
<p>သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဣမံ ဓမ္မဒေသနံ = ဤဣန္ဒြိယဇာတ် တရားဒေသနာတော်ကို။ အာဟရိတွာ = ဆောင်တော်မူ၍။ သစ္စာနိ = သစ္စာလေးရပ် တရားမြတ်တို့ကို။ ပကာသေတွာ = ထင်ရှားပြတော်မူ၍။ ဇာတကံ = ဇာတ်တော်ကို။ သမောဓာနေသိ = ပေါင်းတော်မူ၏။</p>
<p><b>သစ္စပရိယောသာနေ ဥက္ကဏ္ဌိတဘိက္ခု သောတာပတ္တိဖလေ ပတိဋ္ဌဟိ။</b> (ဇာတက၊ဋ္ဌ၊၃၊၄၄၅။)</p>
<p>သစ္စပရိယောသာနေ = သစ္စာလေးရပ် တရားမြတ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူပြီးသည့် သစ္စာဒေသနာတော်မြတ်၏အဆုံး၌။ ဥက္ကဏ္ဌိတဘိက္ခု = သာသနာတော်၌ မမွေ့လျော်ဘဲ ငြီးငွေ့နေတဲ့ လူထွက်ချင်နေသော ရဟန်းတော်သည်။ သောတာပတ္တိဖလေ = သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိ = တည်တော်မူလေပြီ။</p>
<p>သာသနာတော်မှာ မမွေ့လျော်ဘဲ အိမ်ရှင်မဟောင်းကနေ လူထွက်ဖို့ အကြောင်း ဖြားယောင်းတဲ့အတွက် လူထွက်ချင်တဲ့စိတ်ဓာတ် ရှိနေတဲ့ ဒီရဟန်းတော်သည် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်မှာ တည်သွားပြီ။</p>
<p><b>တဒါ နာရဒေါ ဥက္ကဏိ္ဌတဘိက္ခု အဟောသိ၊ နဂရသောဘိဏီ ပုရာဏဒုတိယိကာ၊ သာလိဿရော သာရိပုတ္တော၊ မေဏ္ဍိဿရော ကဿပေါ၊ ပဗ္ဗတော အနုရုဒ္ဓေါ၊ ကာဠဒေဝိလော ကစ္စာယနော၊ အနုပိယော အာနန္ဒော၊ ကိသဝစ္ဆော မဟာမောဂ္ဂလ္လာနော၊ သရဘင်္ဂေါ ပန အဟမေဝ အဟောသိံ။</b></p>
<p>တဒါ = ထိုအခါ၌။ နာရဒေါ = နာရဒရှင်ရသေ့သည်ကား။ ဥက္ကဏ္ဌိတဘိက္ခု = သာသနာတော်၌ ငြီးငွေ့ပြီး လူထွက်ချင်နေတဲ့ ရဟန်းတော်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ နဂရသောဘိဏီ = ပြည့်တန်ဆာမသည်ကား။ ပုရာဏဒုတိယိကာ = အိမ်ရှင်မဟောင်းသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။</p>
<p>ဒီကိုယ်တော်ကြီး လူထွက်အောင် အခုဘဝမှာ ဖြားယောင်းလိုက်တဲ့ အိမ်ရှင်မဟောင်းက ဟိုတစ်ချိန်ဘဝတုန်းက နာရဒရှင်ရသေ့ အင်မတန် စွဲလမ်းခဲ့တဲ့ ပြည့်တန်ဆာမ ဖြစ်ခဲ့ဖူးတယ်။ ဒီလိုဆိုလျှင် သတ္တဝါတွေဟာ ဘဝတစ်ခုနှင့် တစ်ခုမှာ အကြောင်းဆက်နေတဲ့အတွက် စွဲလမ်းချက်တွေဟာ ကြောက်မက်ဖွယ် မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘဝတစ်ခုမှာ စွဲလမ်းခဲ့တဲ့ အစွဲအလမ်းသည် ဒီရဟန်းဘဝအထိ ပျောက်ပျက်သွားသလား? မပျောက်ပျက်သေးဘူး။ သိပ်ကြောက်ဖို့ကောင်းတယ်။</p>
<p>သာလိဿရော = သာလိဿရရှင်ရသေ့သည်ကား။ သာရိပုတ္တော = အရှင်သာရိပုတြာမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ မေဏ္ဍိဿရော = မေဏ္ဍိဿရရှင်ရသေ့သည်။ ကဿပေါ = အရှင်မဟာကဿပမထေရ် မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ပဗ္ဗတော = ပဗ္ဗတရှင်ရသေ့သည်။ အနုရုဒ္ဓေါ = အရှင်အနုရုဒ္ဓါမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ကာဠဒေဝိလော = ကာဠဒေဝိလရှင်ရသေ့သည်ကား။ ကစ္စာယနော = အရှင်မဟာကစ္စည်းမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ အနုပိယော = အနုပိယရှင်ရသေ့သည်ကား။ အာနန္ဒော = အရှင်အာနန္ဒာမထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ကိသဝစ္ဆော = ကိသဝစ္ဆရှင်ရသေ့သည်ကား။ မဟာမောဂ္ဂလ္လာနော = အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ သရဘင်္ဂေါ ပန = သရဘင်္ဂရှင်ရသေ့သည်ကား။ အဟမေဝ = ငါဘုရားသည်သာလျှင်။ အဟောသိံ = ဖြစ်ခဲ့လေပြီ။ ဣတိ = ဤသို့လျှင်။ ဇာတကံ = ဇာတ်တော်ကို။ သမောဓာနေသိ = ပေါင်းတော်မူ၏။</p>
<p>ဇာတ်ပေါင်းလိုက်တဲ့ အချိန်အခါမှာ ဣန္ဒြိယဇာတ်ဒေသနာတော်လည်း ပြီးဆုံးသွားပြီ ဖြစ်တယ်။ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း အခု ဟောဖော်ပြသခဲ့တဲ့ ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အမှီပြုပြီးတော့ သာသနာတော်မှာ ငြီးငွေ့နေတဲ့ စိတ်ထားတွေ ဖျောက်ဖျက်လျက် စျာန်မဂ်ဖိုလ်တရားတွေကို ရအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါလို့ တိုက်တွန်းရင်း တရားသိမ်းကြရအောင် ---</p>
<p><b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။</b></p>
<p><b>တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b></p>
<p>သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။</p>
<p>ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။</p>
<p>ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။</p>
<p>ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။</p>
<p>ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။</p>
<p>တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။</p>
<p>ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။</p>
<p>သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။</p>
<p>တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။</p>
<p>အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။</p>
<p>(သာဓု သာဓု သာဓု ...)</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း</p>
<p>ဖားအောက်တောရ</p>
<p>မော်လမြိုင်မြို့နယ်</p>
<p>မွန်ပြည်နယ်။</p>
<p>___________</p>
43jbmt1j8b4oqp21nc9dcwxehltaxxg
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
0
5684
18613
18605
2025-06-02T14:26:37Z
Ninjastrikers
39
18613
wikitext
text/x-wiki
{{header|title=ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|translator=|section=|previous=|next=|year=၂၀၂၅|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|wikipedia=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး|notes=}}{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်<br>
'''(မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်<br>
'''၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်}}
၁။ အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ် သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။ လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့်အစိုးရရုံးဌာနများ၊ ပြည်သူများ၏အိုးအိမ်နှင့်လမ်းပန်း ဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက် ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိသည်။
၃။ အလားတူ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း မဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်လျက်ရှိသည်။
၄။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်သည်။
၅။ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့်အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
{{right|
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး}}
[[ကဏ္ဍ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
lcj3e48wcfta2mumu688wsjz8ik112b
မော်ဂျူး:Library of Congress Classification
828
5685
18615
2025-06-02T14:33:41Z
Ninjastrikers
39
"require('strict') local p = {} local getArgs = require('Module:Arguments').getArgs local class_data = mw.loadData('Module:Library of Congress Classification/data') function p._classification(args) local class = args['class'] local subclass1 = args['subclass1'] local subclass2 = args['subclass2'] if not class then return class_da..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18615
Scribunto
text/plain
require('strict')
local p = {}
local getArgs = require('Module:Arguments').getArgs
local class_data = mw.loadData('Module:Library of Congress Classification/data')
function p._classification(args)
local class = args['class']
local subclass1 = args['subclass1']
local subclass2 = args['subclass2']
if not class then
return class_data['default']
end
class = string.lower(class)
if not class_data[class] then
return class_data['default']
elseif type(class_data[class]) == 'string' then
return class_data[class]
elseif not subclass1 then
return class_data[class]['nosubclass'] or class_data['default']
end
subclass1 = string.lower(subclass1)
if not class_data[class][subclass1] then
subclass1 = 'default'
end
if not class_data[class][subclass1] then
return class_data['default']
elseif type(class_data[class][subclass1]) == 'string' then
return class_data[class][subclass1]
end
if not subclass2 then
subclass2 = class_data[class]['subclass2_default'] or 'default'
end
subclass2 = string.lower(subclass2)
return class_data[class][subclass1][subclass2] or class_data[class][subclass1]['default'] or class_data['default']
end
function p.classification(frame)
return p._classification(getArgs(frame))
end
return p
8fjn0d8fpdt7pzpm1r01u9keb2011al
မော်ဂျူး:Library of Congress Classification/data
828
5686
18616
2025-06-02T14:43:32Z
Ninjastrikers
39
"return { a = { nosubclass = 'အထွေထွေ လုပ်ဆောင်ချက်များ', -- c default = { a = 'Collections', b = 'Series', default = 'Collective works' }, e = 'စွယ်စုံကျမ်းများ', g = { a = 'Reference Works', default = 'Dictionaries and general refere..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18616
Scribunto
text/plain
return {
a = {
nosubclass = 'အထွေထွေ လုပ်ဆောင်ချက်များ',
-- c
default = {
a = 'Collections',
b = 'Series',
default = 'Collective works'
},
e = 'စွယ်စုံကျမ်းများ',
g = {
a = 'Reference Works',
default = 'Dictionaries and general reference'
},
i = 'Indexes',
m = {
a = 'Collectors and collecting',
default = 'ပြတိုက်များ'
},
n = 'သတင်းစာများ',
p = 'Periodicals',
s = 'Academies and learned societies',
y = {
a = 'Almanacs',
b = 'အဘိဓာန်များ',
default = 'Yearbooks'
},
z = {
a = 'Humanities',
default = 'History of scholarship and learning'
}
},
b = {
nosubclass = 'ဒဿနိက၊ စိတ်ပညာနှင့် ဘာသာရေး',
default = 'General philosophy',
c = 'Logic',
d = 'Speculative philosophy',
f = 'Psychology',
h = 'Aesthetics',
j = 'Ethics',
l = {
a = 'Mythology',
b = 'Rationalism',
default = 'Religion'
},
m = 'Judaism',
p = {
a = 'Bahá\'í Faith',
b = 'Theosophy',
default = 'Islam'
},
q = 'ဗုဒ္ဓဘာသာ',
r = 'ခရစ်ယာန်',
s = 'The Bible',
t = 'Doctrinal theology',
v = 'Practical theology',
x = 'Christian denominations'
},
c = {
nosubclass = 'Sciences of History',
default = 'History of civilization', -- b
c = 'Archaeology',
d = {
a = 'Archives',
b = 'Seals',
d = 'Diplomatics'
},
e = 'Technical chronology and calendar',
j = 'Numismatics',
n = 'Inscriptions and epigraphy',
r = 'Heraldry',
s = 'Genealogy',
t = 'Biography'
},
d = {
nosubclass = 'ကမ္ဘာ့သမိုင်း',
default = 'အထွေထွေ သမိုင်း',
a = 'History of Great Britain',
b = {
a = 'History of Liechtenstein',
b = 'History of Hungary',
c = 'History of Czechoslovakia',
default = 'History of Austria'
},
c = {
a = 'History of Andorra',
b = 'History of Monaco',
default = 'History of France'
},
d = 'History of Germany',
e = 'History of the Greco-Roman World',
f = 'History of Greece',
g = {
a = 'History of Malta',
default = 'History of Italy'
},
h = 'History of the Low Countries',
j = {
k = 'History of Eastern Europe',
default = 'History of the Netherlands'
},
k = {
b = 'History of the former Soviet Republics',
c = 'History of Poland',
default = 'History of Russia'
},
l = 'History of Scandinavia',
p = {
a = 'History of Portugal',
default = 'History of Spain'
},
q = 'History of Switzerland',
r = 'History of the Balkan Peninsula',
s = 'အာရှတိုက်၏ သမိုင်း',
t = 'History of Africa',
u = 'History of Oceania',
x = 'History of the Romanies'
},
e = 'အမေရိကန် ပြည်ထောင်စု၏ ပြည်နယ်များ',
f = 'အမေရိကန် သမိုင်း',
g = {
nosubclass = 'ပထဝီဝင်၊ မနုဿဗေဒနှင့် အပန်းဖြေခြင်း ',
default = {
a = 'Atlases and maps',
default = 'ပထဝီဝင်'
},
a = {
a = 'Cartography',
default = 'Mathematical geography'
},
b = 'Physical geography',
c = 'Oceanography',
e = 'Environment',
f = 'Human geography',
n = 'Anthropology',
r = 'Folklore',
t = 'Manners and customs',
v = 'Recreation and leisure'
},
h = {
nosubclass = 'လူမှုရေးသိပ္ပံ',
default = 'General social sciences',
a = 'Statistics',
b = {
a = 'Demography',
default = 'Economic theory'
},
c = 'Economic history and conditions',
d = {
a = 'Land use',
b = 'Labor',
default = 'Industries'
},
e = 'Transportation and communications',
f = 'Commerce',
g = 'Finance',
j = 'Public finance',
m = 'Sociology',
n = {
a = 'Social problems',
b = 'Social reform',
default = 'Social history'
},
q = {
a = 'Marriage',
b = 'Women',
default = 'The Family'
},
s = 'Societies',
t = {
a = 'Classes',
b = 'Race studies',
default = 'Communities'
},
v = {
a = 'Social and public welfare',
b = 'Criminology',
default = 'Social pathology'
},
x = {
a = 'Communism',
b = 'Anarchism',
default = 'Socialism'
}
},
i = {
nosubclass = 'နိုင်ငံအလိုက် စာသားများ',
default = 'နိုင်ငံအလိုက် စာသားများ',
c = 'နိုင်ငံများ',
n = 'နိုင်ငံများ',
r = 'ဒေသများ',
s = 'ပြည်နယ်များ',
t = 'မြို့များ',
v = 'ရွာများ',
z = 'တိုက်ကြီးများ'
},
j = {
nosubclass = 'နိုင်ငံရေးသိပ္ပံ',
default = 'အထွေထွေ ဥပဒေပြုရေးနှင့် စီရင်ထုံးများ',
a = 'အထွေထွေ နိုင်ငံရေးသိပ္ပံ',
c = 'နိုင်ငံရေးသီအိုရီ',
f = 'နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး',
j = 'မြောက်အမေရိကတိုက်၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး',
k = 'အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး',
l = 'အမေရိက၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး',
n = 'ဥရောပတိုက်၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး',
q = 'ကမ္ဘာ့ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး',
s = 'ဒေသခံအစိုးရ',
v = {
a = 'လူဝင်မှုကြီးကြပ်ရေး',
default = 'ကိုလိုနီများနှင့် နယ်ချဲ့ခြင်းများ'
},
z = 'နိုင်ငံတကာ ဆက်ဆံရေးများ'
},
k = {
nosubclass = 'ဥပဒေ',
default = 'အထွေထွေ ဥပဒေ', -- a
b = {
m = 'Jewish law',
p = 'Islamic law',
r = 'History of canon law',
u = 'Law of the Roman Catholic Church',
default = 'Religious law'
},
c = {
a = 'Law of Anguilla',
b = 'Law of Aruba',
c = 'Law of Barbados',
d = 'Law of Bonaire',
e = 'Law of the British Leeward Islands',
f = 'Law of the British Virgin Islands',
g = 'Law of the British West Indies',
h = 'Law of the British Windward Islands',
j = 'Law of Dominica',
k = 'Law of the Netherlands Antilles',
l = 'Law of the Dutch Windward Islands',
m = 'Law of the French West Indies',
n = 'Law of Grenada',
p = 'Law of Guadeloupe',
q = 'Law of Martinique',
r = 'Law of Montserrat',
s = 'Law of Saint Kitts and Nevis',
t = 'Law of Saint Lucia',
u = 'Law of Saint Vincent and the Grenadines',
v = 'Law of Sint Eustatius',
w = 'Law of Sint Maarten',
default = 'Law of the Caribbean' -- default duplicates another subclass to prevent errors
},
d = {
a = 'Law of the United Kingdom',
b = 'Law of England',
c = 'Law of Scotland',
d = 'Law of Wales',
e = 'Law of Northern Ireland',
g = 'Law of the Isle of Man and Channel Islands',
k = 'Law of Ireland',
u = 'History of law in America',
v = 'Organization of American States',
w = 'Law of Bermuda',
x = 'Law of Greenland',
y = 'Law of St. Pierre and Miquelon',
z = 'Law of North America',
default = 'Law of the United Kingdom and Ireland'
},
e = {
a = 'Law of Alberta',
b = 'Law of British Columbia',
j = 'Law of Newfoundland',
k = 'Law of the Northwest Territories',
l = 'Law of Nova Scotia',
m = 'Law of Manitoba',
n = 'Law of New Brunswick',
o = 'Law of Ontario',
p = 'Law of Prince Edward Island',
q = 'Law of Quebec',
s = 'Law of Saskatchewan',
y = 'Law of the Yukon Territory',
z = 'Municipal law of Canada',
default = 'Law of Canada'
},
f = {
a = 'Federal law of the United States',
b = 'State law of the United States',
x = 'Municipal law of the United States',
y = 'Law of the North West Territory of the United States',
z = 'Law of the Confederate States of America',
default = 'Law of the United States'
},
g = {
a = 'Law of Belize',
b = 'Law of Costa Rica',
c = 'Law of El Salvador',
d = 'Law of Guatemala',
e = 'Law of Honduras',
f = 'Law of Mexico',
g = 'Law of Nicaragua',
h = 'Law of Panama',
i = 'Law of the Panama Canal Zone',
j = 'Law of the Caribbean',
k = 'Law of Antigua and Barbuda',
l = 'Law of the Bahamas',
m = 'Law of the Cayman Islands',
n = 'Law of Cuba',
p = 'Law of Curaçao',
q = 'Law of Dominican Republic',
r = 'Law of the Dutch Leeward Islands',
s = 'Law of Haiti',
t = 'Law of Jamaica',
u = 'Law of the Navassa Islands',
v = 'Law of Puerto Rico',
w = 'Law of Saba',
x = 'Law of Trinidad and Tobago',
y = 'Law of the Turks and Caicos Islands',
z = 'Law of the Virgin Islands of the United States',
default = 'Law of Latin America'
},
h = {
a = 'Law of Argentina',
c = 'Law of Bolivia',
d = 'Law of Brazil',
f = 'Law of Chile',
h = 'Law of Colombia',
k = 'Law of Ecuador',
l = 'Law of the Falkland Islands',
m = 'Law of French Guiana',
n = 'Law of Guyana',
p = 'Law of Paraguay',
q = 'Law of Peru',
s = 'Law of Surinam',
u = 'Law of Uruguay',
w = 'Law of Venezuela',
default = 'Law of South America'
},
j = {
a = 'Roman Law',
b = 'History of law in Europe',
c = 'Regional comparative and uniform law of Europe',
d = 'Germanic Law',
e = 'Regional organization and integration of Europe',
g = 'Law of Albania',
h = 'Law of Andorra',
j = 'Law of Austria',
k = 'Law of Belgium',
m = 'Law of Bulgaria',
n = 'Law of Cyprus',
p = 'Law of the Czech Republic',
q = 'Law of Slovakia',
r = 'Law of Denmark',
s = 'Law of Estonia',
t = 'Law of Finland',
u = 'Law of France',
v = 'National Laws of France',
w = 'Regional Law of France',
default = 'Law of Europe'
},
k = {
a = 'Law of East Germany',
b = 'Regional Law of Germany',
e = 'Law of Greece',
f = 'Law of Hungary',
g = 'Law of Iceland',
h = 'Law of Italy',
i = 'Law of Latvia',
j = 'Law of Liechtenstein',
k = 'Law of Luxembourg',
l = 'Law of Monaco',
m = 'Law of the Netherlands',
n = 'Law of Norway',
o = 'Law of Malta',
p = 'Law of Poland',
q = 'Law of Portugal',
r = 'Law of Romania',
s = 'Law of San Marino',
t = 'Law of Spain',
v = 'Law of Sweden',
w = 'Law of Switzerland',
x = 'Law of Turkey',
y = 'Law of Ukraine',
z = 'Law of Yugoslavia',
default = 'Law of Germany'
},
l = {
a = 'Law of Imperial and Soviet Russia',
b = 'Law of Russia',
d = 'Law of the Armenian Soviet Socialist Republic',
e = 'Law of Azerbaijan',
f = 'Law of Belarus',
h = 'Law of Georgia (country)',
j = 'Law of Lithuania',
m = 'Law of Moldova',
n = 'Law of the Russian Socialist Federative Soviet Republic',
o = 'Law of the Transcaucasian Socialist Federal Soviet Republic',
p = 'Law of Ukraine',
q = 'Law of the Bukhara People\'s Soviet Republic',
r = 'Law of Kazakhstan',
s = 'Law of Kyrgyzstan',
t = 'Law of Tadjikistan',
u = 'Law of the Khorezm Socialist Soviet Republic',
v = 'Law of Turkmenistan',
w = 'Law of Uzbekistan',
default = 'History of law in Asia'
},
m = {
a = 'Law of the Middle East',
b = 'Law of Bahrain',
c = 'Regional comparative and uniform law of the Middle East',
e = 'Regional organization and integration of the Middle East',
f = 'Law of Armenia',
g = 'Law of Palestine',
h = 'Law of Iran',
j = 'Law of Iraq',
k = 'Law of Israel',
l = 'Law of Jerusalem',
m = 'Law of Jordan',
n = 'Law of Kuwait',
p = 'Law of Lebanon',
q = 'Law of Oman',
s = 'Law of Qatar',
t = 'Law of Saudi Arabia',
u = 'Law of Syria',
v = 'Law of the United Arab Emirates',
x = 'Law of Yemen',
y = 'Law of the People\'s Democratic Republic of Yemen',
default = 'Law of Asia'
},
n = {
c = 'Regional comparative and uniform law of South East Asia',
e = 'Regional organization and integration of South East Asis',
f = 'Law of Afghanistan',
g = 'Law of Bangladesh',
h = 'ဘူတန်နိုင်ငံ၏ ဥပဒေ',
k = 'ဘရူနိုင်းနိုင်ငံ၏ ဥပဒေ',
l = 'မြန်မာနိုင်ငံ၏ ဥပဒေ',
m = 'ကမ္ဘောဒီးယားနိုင်ငံ၏ ဥပဒေ',
n = 'Law of Imperial China',
p = 'တရုတ်သမ္မတနိုင်ငံ၏ ဥပဒေ',
q = 'Law of China',
r = 'Law of Hong Kong',
s = 'Law of India',
t = 'State law of India',
u = 'Municipal law of India',
v = 'Law of French Indochina',
w = 'အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေ',
x = 'ဂျပန်နိုင်ငံ၏ ဥပဒေ',
y = 'Municipal law of Japan',
default = 'အရှေ့တောင်အာရှ၏ ဥပဒေ'
},
p = {
a = 'Law of South Korea',
c = 'Law of North Korea',
e = 'Law of Laos',
f = 'Law of Macao',
g = 'Law of Malaysia',
h = 'Law of the States of East and West Malaysia',
i = 'Law of the Maldives',
j = 'Law of Mongolia',
k = 'Law of Nepal',
l = 'Law of Pakistan',
m = 'Law of the Philippines',
p = 'Law of Singapore',
s = 'Law of Sri Lanka',
t = 'Law of Thailand',
v = 'Law of Vietnam',
w = 'Law of South Vietnam',
default = 'Law of South East Asia' -- default duplicates another subclass to prevent errors
},
q = {
a = 'History of law in Africa',
c = 'Regional comparative and uniform law of Africa',
e = 'Regional organization and integration of Africa',
g = 'Law of Algeria',
h = 'Law of Angola',
j = 'Law of Benin',
k = 'Law of Botswana',
m = 'Law of the British Central Africa Protectorate',
p = 'Law of the British Indian Ocean Territory',
q = 'Law of British Somaliland',
t = 'Law of Burkina Faso',
v = 'Law of Burundi',
w = 'Law of Cameroon',
x = 'Law of Cape Verde',
default = 'Law of Africa'
},
r = {
b = 'Law of the Central African Republic',
c = 'Law of Chad',
e = 'Law of Comoros',
g = 'Law of Congo',
k = 'Law of Djibouti',
l = 'Law of the East Africa Protectorate',
m = 'Law of Egypt',
n = 'Law of Eritrea',
p = 'Law of Ethiopia',
r = 'Law of French Equatorial Africa',
s = 'Law of French West Africa',
u = 'Law of Gabon',
v = 'Law of Gambia',
w = 'Law of German East Africa',
x = 'Law of Ghana',
y = 'Law of Gibraltar',
default = 'Law of Africa' -- default duplicates another subclass to prevent errors
},
s = {
a = 'Law of Guinea',
c = 'Law of Guinea-Bissau',
e = 'Law of Equatorial Guinea',
f = 'Law of Ifni',
g = 'Law of Italian East Africa',
h = 'Law of Côte d’Ivoire',
i = 'Law of Italian Somaliland',
k = 'Law of Kenya',
l = 'Law of Lesotho',
m = 'Law of Mayotte',
n = 'Law of Liberia',
p = 'Law of Libya',
r = 'Law of Madagascar',
s = 'Law of Malawi',
t = 'Law of Mali',
t = 'Law of Micronesia',
u = 'Law of Mauritania',
v = 'Law of Mauritius',
v = 'Law of the Midway Islands',
w = 'Law of Morocco',
x = 'Law of Mozambique',
y = 'Law of Namibia',
z = 'Law of Niger',
default = 'Law of Africa' -- default duplicates another subclass to prevent errors
},
t = {
a = 'Law of Nigeria',
c = 'Law of Réunion',
d = 'Law of Rwanda',
e = 'Law of Saint Helena',
f = 'Law of São Tomé and Principe',
g = 'Law of Senegal',
h = 'Law of Seychelles',
j = 'Law of Sierra Leone',
k = 'Law of Somalia',
l = 'Law of South Africa',
n = 'Law of Spanish West Africa',
o = 'Law of Spanish Sahara',
q = 'Law of Sudan',
r = 'Law of Swaziland',
s = 'Law of Zanzibar',
t = 'Law of Tanzania',
u = 'Law of Togo',
v = 'Law of Tunisia',
w = 'Law of Uganda',
x = 'Law of Zaire',
y = 'Law of Zambia',
z = 'Law of Zimbabwe',
default = 'Law of Africa' -- default duplicates another subclass to prevent errors
},
u = {
a = 'Law of Australia',
b = 'Law of New South Wales',
c = 'Law of the Northern Territory',
d = 'Law of Queensland',
e = 'Law of South Australia',
f = 'Law of Tasmania',
g = 'Law of Victoria',
h = 'Law of Western Australia',
i = 'Law of the Ashmore and Cartier Islands',
j = 'Law of Christmas Island',
k = 'Law of the Cocos (Keeling) Islands',
l = 'Law of the Coral Sea Islands Territory',
n = 'Law of Norfolk Island',
q = 'Law of New Zealand',
default = 'Law of Oceania'
},
v = {
a = 'History of law in Oceania',
b = 'Regional comparative and uniform law of Australia and New Zealand',
c = 'Regional comparative and uniform law of Oceania',
e = 'Regional organization and integration of Oceania',
h = 'Law of American Samoa',
j = 'Law of British New Guinea',
l = 'Law of the Cook Islands',
m = 'Law of Easter Island',
n = 'Law of Fiji',
o = 'Law of German New Guinea',
p = 'Law of French Polynesia',
q = 'Law of Guam',
r = 'Law of Kiribati',
s = 'Law of the Marshall Islands',
u = 'Law of Nauru',
w = 'Law of New Caledonia',
x = 'Law of Netherlands New Guinea',
default = 'Law of Oceania' -- default duplicates another subclass to prevent errors
},
w = {
a = 'Law of Niue',
c = 'Law of the Northern Mariana Islands',
e = 'Law of the Trust Territory of the Pacific Islands',
g = 'Law of Palau',
h = 'Law of Papua New Guinea',
l = 'Law of Pitcairn Island',
m = 'Law of the Solomon Islands',
p = 'Law of Tonga',
q = 'Law of Tuvalu',
r = 'Law of Vanuatu',
t = 'Law of Wake Island',
u = 'Law of Wallis and Futuna',
w = 'Law of Western Samoa',
x = 'Law of Antarctica',
default = 'Law of Oceania' -- default duplicates another subclass to prevent errors
},
z = {
a = 'Law of the sea',
d = 'Law of outer space',
default = 'Law of nations'
}
},
l = {
nosubclass = 'ပညာရေး ',
default = 'General education',
a = 'History of education',
b = 'Theory and practice of education',
c = 'Special aspects of education',
d = 'Educational institutions of the United States',
e = 'Educational institutions of America',
f = 'Educational institutions of Europe',
g = 'Educational institutions of the world',
h = 'College and school magazines and papers',
j = 'Student fraternities and societies',
t = 'Textbooks'
},
m = {
nosubclass = 'ဂီတ',
default = 'General music',
l = 'Literature on music',
t = 'Musical instruction and study'
},
n = {
nosubclass = 'သုခုမအနုပညာများ',
default = 'Visual arts',
a = 'Architecture',
b = 'Sculpture',
c = 'Drawing, design and illustration',
d = 'Painting',
e = 'Print media',
k = 'Decorative arts',
x = 'Arts in general'
},
p = {
nosubclass = 'ဘာသာစကားနှင့် စာပေ',
default = 'Philology and linguistics',
a = {
a = 'Latin language and literature',
default = 'Greek language and literature'
},
b = {
a = 'Celtic languages',
default = 'Modern languages'
},
c = 'Romanic languages',
d = {
a = 'Scandinavian languages',
default = 'Germanic languages'
},
e = 'English language',
f = 'West Germanic languages',
g = {
a = 'Baltic languages',
b = 'Albanian language',
default = 'Slavic languages and literatures'
},
h = {
a = 'Basque language',
default = 'Uralic languages'
},
j = 'Oriental languages and literature',
k = 'Indo-Iranian languages and literature',
l = {
a = 'Languages and literatures of Africa',
b = 'Languages and literatures of Oceania',
default = 'Languages and literatures of Eastern Asia'
},
m = {
a = 'American languages',
b = 'Artificial languages',
default = 'Hyperborean languages'
},
n = 'General literature',
q = 'Romanic literature',
r = 'English literature',
s = 'American literature',
t = 'Germanic literature',
z = 'Fiction and juvenile belles lettres'
},
q = {
nosubclass = 'သိပ္ပံ',
default = 'General Science',
a = 'Mathematics',
b = 'Astronomy',
c = 'Physics',
d = 'Chemistry',
e = 'Geology',
h = 'Natural History and Biology',
k = 'Botany',
l = 'Zoology',
m = 'Human Anatomy',
p = 'Physiology',
r = 'Microbiology'
},
r = {
nosubclass = 'ဆေးပညာ',
default = 'General medicine',
a = 'Public aspects of medicine',
b = 'Pathology',
c = 'Internal medicine',
d = 'Surgery',
e = 'Ophthalmology',
f = 'Otorhinolaryngology',
g = 'Gynecology and obstetrics',
j = 'Pediatrics',
k = 'Dentistry',
l = 'Dermatology',
m = {
a = 'Pharmacology',
default = 'Therapeutics'
},
s = 'Pharmacy and materia medica',
t = 'Nursing',
v = 'Botanic, Thomsonian and eclectic medicine',
x = 'Homeopathy',
z = 'Other systems of medicine'
},
s = {
nosubclass = 'စိုက်ပျိုးမွေးမြူရေး',
default = 'General agriculture', -- a
b = 'Plant culture',
d = 'Forestry',
f = 'Animal culture',
h = {
a = 'Angling',
default = 'Aquaculture and fisheries'
},
k = 'Hunting sports'
},
t = {
nosubclass = 'နည်းပညာ',
default = 'General technology',
a = 'Civil engineering',
c = {
a = 'Ocean engineering',
default = 'Hydraulic engineering'
},
d = {
a = 'Sanitary engineering',
default = 'Environmental technology'
},
e = 'Highway engineering',
f = 'Railroad engineering and operation',
g = 'Bridge engineering',
h = 'Building construction',
j = 'Mechanical engineering and machinery',
k = {
a = 'Electronics',
b = 'Nuclear engineering',
default = 'Electrical engineering'
},
l = {
a = 'Aeronautics',
b = 'Astronautics',
default = 'Motor vehicles'
},
n = {
a = 'Metallurgy',
default = 'Mining engineering'
},
p = 'Chemical technology',
r = 'Photography',
s = 'Manufactures',
t = 'Handicrafts, arts and crafts',
x = 'Home economics'
},
u = {
nosubclass = 'စစ်ရေးသိပ္ပံ',
default = 'General military science',
a = 'Armies',
b = 'Military administration',
c = 'Maintenance and transportation',
d = 'Infantry',
e = 'Cavalry',
f = 'Artillery',
g = {
a = 'Air forces',
default = 'Military engineering'
},
h = 'Other military services'
},
v = {
nosubclass = 'ရေကြောင်းသိပ္ပံ',
default = 'General naval science',
a = 'Navies',
b = 'Naval administration',
c = 'Naval maintenance',
d = 'Naval seamen',
e = 'Marines',
f = 'Naval ordnance',
g = 'Minor services of navies',
k = {
a = 'Merchant marine',
default = 'Navigation'
},
m = 'Shipbuilding and naval architecture'
},
x = {
nosubclass = 'ဝီကီရင်းမြစ်',
default = 'WikiProjects', -- a
e = 'Era',
p = 'Processes',
y = 'Years'
},
z = {
nosubclass = 'ကျမ်းပြုနှင့် စာကြည့်တိုက်သိပ္ပံ',
default = 'Information resources', -- a
b = 'Books',
c = 'Writing',
d = 'Paleography',
e = 'Book industries and trade',
f = 'Libraries',
g = 'Bibliography'
},
default = 'အညွှန်း'
}
3ixf18cplbwo7tjlgymoiqxt2udp80r
18620
18616
2025-06-02T14:48:43Z

default = 'အထွေထွေ စစ်ရေးသိပ္ပံ',
a = 'စစ်တပ်များ',
b = 'စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲရေး',
c = 'Maintenance and transportation',
d = 'Infantry',
e = 'Cavalry',
f = 'Artillery',
g = {
a = 'လေတပ်များ',
default = 'Military engineering'
},
h = 'Other military services'
},
v = {
nosubclass = 'ရေကြောင်းသိပ္ပံ',
default = 'General naval science',
a = 'ရေတပ်များ',
b = 'ရေတပ် စီမံခန့်ခွဲရေး',
c = 'Naval maintenance',
d = 'Naval seamen',
e = 'Marines',
f = 'Naval ordnance',
g = 'Minor services of navies',
k = {
a = 'Merchant marine',
default = 'Navigation'
},
m = 'Shipbuilding and naval architecture'
},
x = {
nosubclass = 'ဝီကီရင်းမြစ်',
default = 'WikiProjects', -- a
e = 'Era',
p = 'Processes',
y = 'ခုနှစ်များ'
},
z = {
nosubclass = 'ကျမ်းပြုနှင့် စာကြည့်တိုက်သိပ္ပံ',
default = 'Information resources', -- a
b = 'Books',
c = 'Writing',
d = 'Paleography',
e = 'Book industries and trade',
f = 'Libraries',
g = 'Bibliography'
},
default = 'အညွှန်း'
}
fgwsqpoqvxl25x74bzk6j0zsdm8rb1d
မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေများ
100
5687
18618
2025-06-02T14:45:29Z
Ninjastrikers
39
[[မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေများ]] စာမျက်နှာကို [[မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေ]] သို့ Ninjastrikersက ရွှေ့ခဲ့သည်
18618
wikitext
text/x-wiki
#REDIRECT [[မုခ်ဝ:မြန်မာနိုင်ငံ၏ ဥပဒေ]]
bkdq9ypa3brs5tzsq8mfvzickbca0rq
အသုံးပြုသူ ဆွေးနွေးချက်:Salai Rungtoi
3
5688
18623
2025-06-02T14:55:21Z
Ninjastrikers
39
/* Author */ အပိုင်းသစ်
18623
wikitext
text/x-wiki
== Author ==
Author: (စာရေးသူ:) အမည်ညွှန်းက လူပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်တဲ့အမည်ညွှန်းဖြစ်တာကြောင့် header တမ်းပလိတ်သုံးရင် လူပုဂ္ဂိုလ်မဟုတ်တာတွေအတွက် <nowiki><code>|author= </code></nowiki>အစား <nowiki><code>|override_author= </code></nowiki> ကို သုံးပေးပါ။ မကြာသေးမီက ဖန်တီးခဲ့တဲ့ <nowiki>[[စာရေးသူ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]</nowiki> ကို [[မုခ်ဝ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]] ဆီကို ရွှေ့လိုက်ပါတယ်။ [[User:Ninjastrikers|<span style="font-variant:small-caps;color:blue;font-family:century gothic;">Ninja<span style="color:red">✮</span>Strikers</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Ninjastrikers|☎]]»</span></sup> ၂၁:၂၅၊ ၂ ဇွန် ၂၀၂၅ (+0630)
5ho3twnzhhwlheneizmqe6ii1k5ut6d
18626
18623
2025-06-02T14:58:48Z
Salai Rungtoi
371
/* Author */ အကြောင်းပြန်ခြင်း
18626
wikitext
text/x-wiki
== Author ==
Author: (စာရေးသူ:) အမည်ညွှန်းက လူပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်တဲ့အမည်ညွှန်းဖြစ်တာကြောင့် header တမ်းပလိတ်သုံးရင် လူပုဂ္ဂိုလ်မဟုတ်တာတွေအတွက် <nowiki><code>|author= </code></nowiki>အစား <nowiki><code>|override_author= </code></nowiki> ကို သုံးပေးပါ။ မကြာသေးမီက ဖန်တီးခဲ့တဲ့ <nowiki>[[စာရေးသူ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]</nowiki> ကို [[မုခ်ဝ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]] ဆီကို ရွှေ့လိုက်ပါတယ်။ [[User:Ninjastrikers|<span style="font-variant:small-caps;color:blue;font-family:century gothic;">Ninja<span style="color:red">✮</span>Strikers</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Ninjastrikers|☎]]»</span></sup> ၂၁:၂၅၊ ၂ ဇွန် ၂၀၂၅ (+0630)
:ကျေးဇူးပါ။ what's the difference? သင်ယူချင်လို့။ [[အသုံးပြုသူ:Salai Rungtoi|Salai Rungtoi]] ([[အသုံးပြုသူ ဆွေးနွေးချက်:Salai Rungtoi|ဆွေးနွေး]]) ၂၁:၂၈၊ ၂ ဇွန် ၂၀၂၅ (+0630)
009m96o4cirqo8vvcb6mp8pke6kmqbg
ကဏ္ဍ:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
14
5689
18625
2025-06-02T14:57:54Z
Ninjastrikers
39
"{{plain sister}} [[ကဏ္ဍ:တပ်မတော်|ကာကွယ်ရေးဦးစီးချုပ်ရုံး ]]" အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18625
wikitext
text/x-wiki
{{plain sister}}
[[ကဏ္ဍ:တပ်မတော်|ကာကွယ်ရေးဦးစီးချုပ်ရုံး ]]
suvveymze4bp5etzpngpm7nwqepffnn
ကဏ္ဍ:တပ်မတော်
14
5690
18627
2025-06-02T14:59:07Z
Ninjastrikers
39
"{{plain sister}} [[ကဏ္ဍ:နိုင်ငံအလိုက် စစ်ရေး]] [[ကဏ္ဍ:မြန်မာနိုင်ငံ]]" အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18627
wikitext
text/x-wiki
{{plain sister}}
[[ကဏ္ဍ:နိုင်ငံအလိုက် စစ်ရေး]]
[[ကဏ္ဍ:မြန်မာနိုင်ငံ]]
nnocpaavgvmy0uk0i32b484vcdnebv0
ဆွေးနွေးချက်:ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
1
5691
18628
2025-06-02T15:02:19Z
Salai Rungtoi
371
/* တပ်ဦးစီးချုပ်ရုံးမုဒ်ဝကို ထည့်ပေးလို့ရမလား */ အပိုင်းသစ်
18628
wikitext
text/x-wiki
== တပ်ဦးစီးချုပ်ရုံးမုဒ်ဝကို ထည့်ပေးလို့ရမလား ==
help please. Thanks @[[အသုံးပြုသူ:Ninjastrikers|Ninjastrikers]] [[အသုံးပြုသူ:Salai Rungtoi|Salai Rungtoi]] ([[အသုံးပြုသူ ဆွေးနွေးချက်:Salai Rungtoi|ဆွေးနွေး]]) ၂၁:၃၂၊ ၂ ဇွန် ၂၀၂၅ (+0630)
iy8924vj16bmdgaq30xdljktsgqywio
18630
18628
2025-06-02T15:03:31Z
Ninjastrikers
39
/* တပ်ဦးစီးချုပ်ရုံးမုဒ်ဝကို ထည့်ပေးလို့ရမလား */ အကြောင်းပြန်ခြင်း
18630
wikitext
text/x-wiki
== တပ်ဦးစီးချုပ်ရုံးမုဒ်ဝကို ထည့်ပေးလို့ရမလား ==
help please. Thanks @[[အသုံးပြုသူ:Ninjastrikers|Ninjastrikers]] [[အသုံးပြုသူ:Salai Rungtoi|Salai Rungtoi]] ([[အသုံးပြုသူ ဆွေးနွေးချက်:Salai Rungtoi|ဆွေးနွေး]]) ၂၁:၃၂၊ ၂ ဇွန် ၂၀၂၅ (+0630)
:header တမ်းပလိတ်ထဲမှာ <nowiki><code>|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး </code></nowiki> ပါထားပြီးသားပါ။ [[User:Ninjastrikers|<span style="font-variant:small-caps;color:blue;font-family:century gothic;">Ninja<span style="color:red">✮</span>Strikers</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Ninjastrikers|☎]]»</span></sup> ၂၁:၃၃၊ ၂ ဇွန် ၂၀၂၅ (+0630)
qsmuc8469mx57y8ubei18j3j1n1i9dl
မုခ်ဝ:နိုင်ငံရေးသိပ္ပံ
100
5692
18637
2025-06-02T15:12:39Z
Ninjastrikers
39
"{{မုခ်ဝ ခေါင်းစီး | title = နိုင်ငံရေးသိပ္ပံ | class = J | shortcut = [[P:POL]] | wikipedia = Portal:နိုင်ငံရေးသိပ္ပံ | wikibooks = | wikiversity = နိုင်ငံရေးသိပ္ပံ | wikiquote = Politics | notes..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18637
wikitext
text/x-wiki
{{မုခ်ဝ ခေါင်းစီး
| title = နိုင်ငံရေးသိပ္ပံ
| class = J
| shortcut = [[P:POL]]
| wikipedia = Portal:နိုင်ငံရေးသိပ္ပံ
| wikibooks =
| wikiversity = နိုင်ငံရေးသိပ္ပံ
| wikiquote = Politics
| notes = Class J: နိုင်ငံရေးသိပ္ပံ အတွက် ထိပ်ဆုံးအဆင့် မုခ်ဝ
| reviewed =
}}
<!--
Start of first (left-hand) column:-
--><div style="float:left; width:50%;">
{{Box-header
| title = Subclass J: အထွေထွေ ဥပဒေပြုရေးနှင့် စီရင်ထုံးများ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/J
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/J
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/J}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass J|classification...]]</small>}}
{{Box-header
| title = Subclass J: အထွေထွေ နိုင်ငံရေးသိပ္ပံ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JA
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JA
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JA}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JA|classification...]]</small>}}
{{Box-header
| title = Subclass JC: နိုင်ငံရေးသီအိုရီ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JC
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JC
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JC}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JC|classification...]]</small>}}
{{Box-header
| title = Subclass JF: နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JF
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JF
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JF}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JF|classification...]]</small>}}
{{Box-header
| title = Subclass JJ: မြောက်အမေရိကတိုက်၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JJ
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JJ
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JJ}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JJ|classification...]]</small>}}
{{Box-header
| title = Subclass JK: အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JK
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JK
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JK}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JK|classification...]]</small>}}
</div><!--
End of the first column.
Start of second (right-hand) column:-
--><div style="float:right; width:49%;">
{{Box-header
| title = Subclass JL: အမေရိက၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JL
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JL
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JL}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JL|classification...]]</small>}}
{{Box-header
| title = Subclass JN: ဥရောပတိုက်၏ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JN
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JN
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JN}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JN|classification...]]</small>}}
{{Box-header
| title = Subclass JQ: ကမ္ဘာ့ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JQ
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JQ
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JQ}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JQ|classification...]]</small>}}
{{Box-header
| title = Subclass JS: ဒေသခံအစိုးရ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JS
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JS
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JS}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JS|classification...]]</small>}}
{{Box-header
| title = Subclass JV: ကိုလိုနီများနှင့် နယ်ချဲ့ခြင်းများ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JV
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JV
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JV}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JV|classification...]]</small>}}
{{Box-header
| title = Subclass JVA: လူဝင်မှုကြီးကြပ်ရေး
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JVA
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JVA
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JVA}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JV|classification...]]</small>}}
{{Box-header
| title = Subclass JZ: နိုင်ငံတကာ ဆက်ဆံရေးများ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JZ
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/JZ
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/JZ}}
{{Box-footer|<small>[[Library of Congress Classification/Class J#Subclass JZ|classification...]]</small>}}
{{Box-header
| title = ပြင်ပရင်းမြစ်များ
| editpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/Resources
| viewpage = {{SUBJECTSPACE}}:{{BASEPAGENAME}}/Resources
| border = #36A
| titleforeground = black
| titlebackground = #DDE
| background = white
| foreground = black
}}
{{/Resources}}
{{Box-footer|}}
</div>
[[Category:နိုင်ငံရေးသိပ္ပံ| ]]
b6bf1xsnm38dirjxqpbjy7v0rsplgey
ကဏ္ဍ:Pages with override author
14
5693
18639
2025-06-02T15:16:46Z
Ninjastrikers
39
"{{plain sister}} {{maintenance category}} {{CategoryTOC}} [[Category:ယာယီ ထိန်းသိမ်းရေး ကဏ္ဍများ]] [[Category:နောက်ယောင်ခံ ကဏ္ဍများ]]" အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18639
wikitext
text/x-wiki
{{plain sister}}
{{maintenance category}}
{{CategoryTOC}}
[[Category:ယာယီ ထိန်းသိမ်းရေး ကဏ္ဍများ]]
[[Category:နောက်ယောင်ခံ ကဏ္ဍများ]]
1wo77vosp6cahjai1k4g8ps7qhfevti
မမုန်းပါစေနှင့်
0
5694
18645
2025-06-02T23:05:49Z
Tejinda
173
"{{header | title = [[မမုန်းပါစေနှင့်]] | author = သာသနာရေးဦးစီးဌာန | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>မမုန်းပါစေနှင့်</b> | previous = မွန်မြတ်သော ဦးတည..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18645
wikitext
text/x-wiki
{{header
| title = [[မမုန်းပါစေနှင့်]]
| author = သာသနာရေးဦးစီးဌာန
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>မမုန်းပါစေနှင့်</b>
| previous = [[မွန်မြတ်သော ဦးတည်ချက် မပျက်ပါစေနှင့်]]
| previous2 =
| next = [[နိဗ္ဗာနဂါမိနိပဋိပဒါ-ပထမတွဲ]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>မမုန်းပါစေနှင့်</h3>
<h3>နိဒါနကထာ</h3>
<p><b>သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခံ သဒ္ဓမ္မသဝနံ။</b></p>
<p><b>သုခံ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။</b></p>
<p>(ဓမ္မပဒ-ဂါထာနံပါတ်-၁၉၅။)</p>
<p>လောက၌ ဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည် ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်၏။ သူတော်ကောင်းတရားကို နာကြားခွင့်ရရှိခြင်းသည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ သံဃာတော်၏ ညီညွတ်ခြင်းသည်လည်း (သတ္တဝါတို့အချင်းချင်း ညီညွတ်မှုကို ရရှိခြင်းသည်လည်း) ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ ညီညွတ်သူတို့၏ သီလ-သမာဓိ-ပညာ (= သိက္ခာသုံးရပ် အကျင့်မြတ်)တို့ကို အညီအညွတ်ကျင့်ခြင်းသည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ (ဓမ္မပဒ-ဂါထာနံပါတ်-၁၉၅။)</p>
<p>လောက၌ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူလာသောအခါ ဘုရားရှင်တို့သည် လူ့ချမ်းသာကို အလိုရှိသူတို့အား လူ့ချမ်းသာကို ရရှိကြောင်း အကျင့်ကောင်းတို့ကိုလည်းကောင်း, နတ်ချမ်းသာကို အလိုရှိသူတို့အား နတ်ချမ်းသာကို ရရှိကြောင်း အကျင့်ကောင်းတို့ကိုလည်းကောင်း, ဗြဟ္မာ့ချမ်းသာကို အလိုရှိသူတို့အား ဗြဟ္မာ့ချမ်းသာကို ရရှိကြောင်း အကျင့်ကောင်းတို့ကိုလည်းကောင်း ညွှန်ကြားပြသ ဆိုဆုံးမပေးတော်မူ၏။ ဆိုဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်သူတို့သည်လည်း လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို ရရှိကြ၏။ သို့သော် ယင်း ချမ်းသာတို့ကား အိုခြင်းတရား ထင်ရှား ရှိနေသော ချမ်းသာတို့သာ ဖြစ်ကြ၏။ နာခြင်းတရား ထင်ရှား ရှိနေသော ချမ်းသာတို့သာ ဖြစ်ကြ၏။ သေခြင်းတရား ထင်ရှား ရှိနေသော ချမ်းသာတို့သာ ဖြစ်ကြ၏။ ဘုရားရှင် ချီးမွမ်းတော်မူသည့်, နှစ်ခြိုက်တော်မူသည့် ချမ်းသာသုခတို့ကား မဟုတ်ကြပေ။ ထိုကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏။</p>
<p><b>သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တကောပိ ဂူထော ဒုဂ္ဂန္ဓော ဟောတိ၊ ဧဝမေဝံ ခေါ အဟံ ဘိက္ခဝေ အပ္ပမတ္တကမ္ပိ ဘဝံ န ဝဏ္ဏေမိ အန္တမသော အစ္ဆရာသံဃာတမတ္တမ္ပိ။</b> (အံ၊၁၊စာပိုဒ်-၃၂၀။)</p>
<p>= ချစ်သားရဟန်းတို့ ... မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် မကောင်းသော အနံ့အသက်သာရှိသကဲ့သို့ ချစ်သားရဟန်းတို့ ... အလားတူပင် ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ။ ယုတ်စွအဆုံး လက်ဖျစ်တစ်တွက်ခန့်မျှလောက်သာ ကြာညောင်းသည့် ဘဝ ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ။ (အံ၊၁၊စာပိုဒ်-၃၂၀။)</p>
<p>ဤသို့လည်း ဘုရားရှင်သည် သတိပေးဆုံးမတော်မူခဲ့၏။ တစ်ဘက်တွင်လည်း အို-နာ-သေရေး ဒုက္ခဘေးတို့မှ လွတ်ရာလွတ်ကြောင်းဖြစ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကဲ့သို့သော နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်း တရားတို့ကိုလည်း ညွှန်ကြားပြသ ဆိုဆုံးမတော်မူခဲ့၏။ ဆိုဆုံးမတော်မူသည့် အတိုင်း လိုက်နာပြုကျင့်သူတို့သည်လည်း စျာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဟူသည့် ချမ်းသာထူးကြီးများကို သုံးဆောင် ခံစားကြရ၏။ အိုခြင်းတရားထင်ရှားရှိနေသည့် ဘဝမှ လွတ်မြောက်ကာ မအိုရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏။ နာခြင်းတရားထင်ရှား ရှိနေသည့် ဘဝမှ လွတ်မြောက်ကာ မနာရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏။ သေခြင်းတရား ထင်ရှားရှိနေသည့် ဘဝမှ လွတ်မြောက်ကာ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏။ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံသွားတော်မူခဲ့ကြ၏။ ထိုကြောင့် လောက၌ ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာခြင်းသည် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာတို့အတွက် ချမ်းသာသုခအဝဝတို့ကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်ပေသည်။</p>
<p>ထိုကြောင့် ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့၏။</p>
<p><b>မမဥှိ အာနန္ဒ ကလျာဏမိတ္တံ အာဂမ္မ ဇာတိဓမ္မာ သတ္တာ ဇာတိယာ ပရိမုစ္စန္တိ၊ ဇရာဓမ္မာ သတ္တာ ဇရာယ ပရိမုစ္စန္တိ၊ ဗျာဓိဓမ္မာ သတ္တာ ဗျာဓိတော ပရိမုစ္စန္တိ၊ မရဏဓမ္မာ သတ္တာ မရဏေန ပရိမုစ္စန္တိ၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ သတ္တာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသေဟိ ပရိမုစ္စန္တိ။</b> (သံ၊၁၊၈၈။)</p>
<p>အာနန္ဒာ ... ငါဘုရားရှင်တည်းဟူသော မိတ်ကောင်းဆွေကောင်းကို အစွဲပြု၍ ပဋိသန္ဓေတည်နေရခြင်း (= ဇာတိ)တရား ထင်ရှား ရှိနေကြသော သတ္တဝါတို့သည် ပဋိသန္ဓေတည်နေရခြင်း (= <b>ဇာတိ</b>)တရားမှ လွတ်မြောက်သွားကြကုန်၏။ အိုခြင်း (= <b>ဇရာ</b>)တရား ထင်ရှား ရှိနေကြသော သတ္တဝါ တို့သည် အိုခြင်း (= <b>ဇရာ</b>)တရားမှ လွတ်မြောက်သွားကြကုန်၏။ နာခြင်း (= <b>ဗျာဓိ</b>)တရား ထင်ရှားရှိနေကြသော သတ္တဝါတို့သည် နာခြင်း (= <b>ဗျာဓိ</b>) တရားမှ လွတ်မြောက်သွားကြကုန်၏။ သေခြင်း (= <b>မရဏ</b>)တရား ထင်ရှား ရှိနေကြသော သတ္တဝါတို့သည် သေခြင်း (= <b>မရဏ</b>)တရားမှ လွတ်မြောက်သွားကြကုန်၏။ စိုးရိမ်ရခြင်း (= <b>သောက</b>), ငိုကြွေးမြည်တမ်းရခြင်း (= <b>ပရိဒေဝ</b>), ကိုယ်ဆင်းရဲရခြင်း (= <b>ဒုက္ခ</b>), စိတ်ဆင်းရဲရခြင်း (= <b>ဒေါမနဿ</b>), ပြင်းစွာ ပူပန်ရခြင်း (= <b>ဥပါယာသ</b>)တရား ထင်ရှားရှိနေကြသော သတ္တဝါတို့သည် စိုးရိမ်ရခြင်း (= <b>သောက</b>), ငိုကြွေးမြည်တမ်းရခြင်း (= <b>ပရိဒေဝ</b>), ကိုယ်ဆင်းရဲရခြင်း (= <b>ဒုက္ခ</b>), စိတ်ဆင်းရဲရခြင်း (= <b>ဒေါမနဿ</b>), ပြင်းစွာ ပူပန်ရခြင်း (= <b>ဥပါယာသ</b>)တရားတို့မှ လွတ်မြောက်သွားကြကုန်၏။ (သံ၊၁၊၈၈။)</p>
<hr>
<h3>ပညာကြီးပွားကြောင်းတရား</h3>
<p><b>စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ပညာဝုဒ္ဓိယာ သံဝတ္တန္တိ။ ကတမေ စတ္တာရော? သပ္ပုရိသသံသေဝေါ သဒ္ဓမ္မသဝနံ ယောနိသောမနသိကာရော ဓမ္မာနုဓမ္မပ္ပဋိပတ္တိ။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော ဓမ္မာ ပညာဝုဒ္ဓိယာ သံဝတ္တန္တီတိ။</b> (အံ၊၁၊စာပိုဒ်-၂၄၈။)</p>
<p>ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသဖြင့် -</p>
<p>၁။ ဘုရားအစရှိသော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊</p>
<p>(= <b>သပ္ပုရိသသံသေဝေါ</b>)</p>
<p>၂။ ထိုသူတော်ကောင်းတို့ထံမှ အရိယသစ္စာလေးပါးတို့ကို ထိုးထွင်း သိမြင်ကြောင်း သူတော်ကောင်းတရားတို့ကို နာကြားခြင်း၊</p>
<p>(= <b>သဒ္ဓမ္မသဝနံ</b>)</p>
<p>၃။ နာကြားထားသည့်အတိုင်း ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ရုပ်+နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဉ် သုံးတန်သို့တင်ကာ နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း၊</p>
<p>(= <b>ယောနိသောမနသိကာရ</b>)</p>
<p>၄။ လောကုတ္တရာတရားကိုးပါးအားလျော်သည့် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း၊</p>
<p>(= <b>ဓမ္မာနုဓမ္မပ္ပဋိပတ္တိ</b>)</p>
<p>ဤတရားလေးပါးတို့ကား အရိယမဂ်ပညာ, အရိယဖိုလ်ပညာစသည့် အဆင့်အတန်းမြင့်မားလှသည့် မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သည့် စွမ်းအင် အပြည့်အဝရှိသည့် ပညာတရားတို့ကို ကြီးပွားတိုးတက်စေသော အကြောင်းတရားလေးပါးတို့ ဖြစ်ကြ၏။</p>
<p>ထိုတရားလေးမျိုးတို့တွင် <b>သဒ္ဓမ္မသဝနံ</b> = အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ကြောင်းဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကဲ့သို့သော သူတော်ကောင်းတရားတို့ကို နာကြားခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် အလွန် အရေးပါလှသော အကြောင်းအင်္ဂါရပ်တစ်ခုပင် ဖြစ်ပေသည်။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့်ကား ဖူးတွေ့ခွင့် ဆုံတွေ့ခွင့်ကို ရရှိ၏။ သို့သော် မိမိဘက်က ကာမဂုဏ်ရေယာဉ်ကြောတွင် အသာမျှောကာ ရေသာစီးလိုသည့် စိတ်ဓာတ်က လွှမ်းမိုးဖိစီးနေသဖြင့် တရားတော်ကို နာကြားလိုစိတ်မရှိ ဖြစ်နေငြားအံ့၊ သို့မဟုတ် ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ ခေါင်းဟိုဘက် ဘာမျှမရှိဟု သေလျှင် ပြတ်စဲသည့် ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော အယူဝါဒဆိုးကြီးကို စွဲလမ်းဆုပ်ကိုင်ထားသဖြင့် သူတော်ကောင်းတရားကို နာယူလိုစိတ်မရှိ ဖြစ်နေငြားအံ့၊ ယင်းသို့ဖြစ်ခဲ့သော် <b>ယောနိသောမနသိကာရ</b>ခေါ်သည့် နည်းမှန်လမ်းမှန် နှလုံးသွင်းမှု, <b>ဓမ္မာနုဓမ္မပ္ပဋိပတ္တိ</b>ခေါ်သည့် လောကုတ္တရာတရားကိုးပါးတို့အား လျော်သည့် ကျင့်ဝတ်ပဋိပတ်အရပ်ရပ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်မှုကား မဖြစ်နိုင်တော့ပေ။ ယင်းသို့ဖြစ်ခဲ့သော် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ကား မိုးနှင့်မြေကြီးပမာ အလွန့်အလွန် ဝေးကွာလျက်သာ ရှိနေဦးမည် ဖြစ်ပေသည်။</p>
<p>သမ္မာသမ္ဗောဓိအလောင်းအလျာသူတော်ကောင်းကြီးများနှင့် ပစ္စေကဗုဒ္ဓါအလောင်းအလျာ သူတော်ကောင်းကြီးတို့ကား မိမိတို့ ဖြည့်ကျင့်ဆည်းပူး စုဆောင်းခဲ့သည့် ပါရမီကုသိုလ်ကံအရှိန်အဝါတို့ကြောင့် မိမိတို့ မျှော်မှန်းထားသည့် သမ္မာသမ္ဗောဓိဉာဏ်တော်, ပစ္စေကဗောဓိဉာဏ်တော်များကို ဆရာမကူ သယမ္ဘူဉာဏ်တော်မြတ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူနိုင်ကြ၏။ သို့သော် သာဝကတို့ကား - <b>ပရတောဃောသ</b> ခေါ်သည့် သူတစ်ပါးတို့ထံမှ သစ္စာလေးပါးနှင့်ဆက်စပ်သည့် တရားတော်များကို နာကြားခွင့် ရရှိကြပါမှသာလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေသည်။ သစ္စာလေးပါးနှင့်ဆက်စပ်သည့် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဘုရားအစရှိကုန်သော သူတော်ကောင်းတို့ထံမှ နာကြားခွင့်ကို ရရှိကြသောအခါ မိမိတို့ နာယူခဲ့သော တရားတော်၌ လာရှိသည့်အတိုင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တို့သို့တင်ကာ တွင်တွင်ကြီး နှလုံးသွင်းခြင်း (= <b>ယောနိသောမနသိကာရ</b>), လောကုတ္တရာတရား ကိုးပါးအား လျော်ညီသည့် ကျင့်ဝတ်ပဋိပတ် အရပ်ရပ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း (= <b>ဓမ္မာနုဓမ္မပ္ပဋိပတ္တိ</b>)အမှုတို့ကို တွင်တွင်ကြီး ပြုလုပ်နိုင်ကြမည် ဖြစ်ပေသည်။ ယင်းသို့ပြုကျင့်နိုင်ပါမှ, လုံလောက်သော ပါရမီလည်း ရှိပါမှ မိမိ မျှော်မှန်းထားသည့် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာများကို ရယူနိုင်ကြမှာ ဖြစ်ပေသည်။</p>
<p>ထိုကြောင့် ဘုရားရှင်သည် ပထမဦးဆုံးဝါတွင် ဗာရာဏသီပြည်အနီး ဣသိပတနအမည်ရသည့် မိဂဒါဝုန်ကျောင်းတိုက်အတွင်း၌ ဝါဆိုဝါကပ်တော်မူပြီးနောက် ဝါကျွတ်သောအခါ မိမိတပည့်သာဝက ရဟန္တာမထေရ် ခြောက်ကျိပ်တို့အား တစ်ကြောင်းတည်းသော လမ်းကို နှစ်ပါးအတူမသွားဘဲ တစ်ကြောင်းတည်းသော လမ်းကို တစ်ပါးစီသာ ကြွချီလျက် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသည့် တရားတော်တို့ကို ဟောကြားပြသ ဆိုဆုံးမတော်မူရန် သာသနာပြုခရီးကို စေလွှတ်တော်မူရာတွင် ဤသို့ မိန့်မှာတော်မူလိုက်၏။</p>
<p><b>သန္တိ သတ္တာ အပ္ပရဇက္ခဇာတိကာ၊ အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ။ ဘဝိဿန္တိ ဓမ္မဿ အညာတာရော။</b> (ဝိ၊၃၊၂၈။)</p>
<p>= ချစ်သားရဟန်းတို့ ... လောက၌ ပညာမျက်စိဝယ် ကိလေသာမြူမှုန် အနည်းငယ်သာ ရှိကြသည့် သတ္တဝါတို့ ထင်ရှားရှိကြပါကုန်၏။ သစ္စာ လေးပါးနှင့် စပ်သည့် တရားစကားတော်ကို နာကြားခွင့် မရရှိကြသည့် အတွက် သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက်သိမြင်ခြင်းမှ ဆုတ်ယုတ် ပျက်စီးကြရကုန်၏။ သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက်သိမြင်သော သူတို့သည် ထင်ရှား ဖြစ်ပေါ်လာကြပါကုန်လတ္တံ့ဟု မိန့်မှာတော်မူလိုက်၏။ (ဝိ၊၃၊၂၈။)</p>
<p>ထိုသာသနာပြုခရီးတွင် တစ်ပါးအပါအဝင် ဖြစ်တော်မူသော ပဉ္စဝဂ္ဂီ ရဟန်းတော် ငါးဦးတို့တွင် အငယ်ဆုံးလည်း ဖြစ်တော်မူသော အရှင်အဿဇိ မထေရ်မြတ်ထံမှ သစ္စာလေးပါးနှင့် စပ်သည့် တရားဂါထာတစ်ပုဒ်ကို နာကြားခွင့်ရရှိရုံမျှဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ် အလောင်းအလျာ ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်သည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက် သိမြင်တော်မူခဲ့ရလေသည်။ ဤကဲ့သို့ ပါရမီရင့်ညောင်းတော်မူသည့် အရှင်သာရိပုတ္တရာအလောင်းအလျာ သူတော်ကောင်းကြီးတို့သော်မှလည်း သူတစ်ပါးတို့ထံမှ သစ္စာလေးပါးနှင့် စပ်သည့် တရားစကားတော်ကို နာကြားခွင့် ရရှိပါမှ သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူနိုင်ကြ၏။ မဂ်-ဖိုလ်-နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူနိုင်ကြ၏။ ထိုကြောင့် သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတော်ကို နာကြားခွင့် ရရှိခြင်းသည်လည်း မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကဲ့သို့သော ချမ်းသာထူး ချမ်းသာမြတ်ကြီးတို့ကို ရရှိခြင်း၏ အကြောင်းရင်း တစ်ခုပင် ဖြစ်ရပေသည်။</p>
<hr>
<h3>ညီညွတ်ခြင်း၏ စွမ်းအား</h3>
<p>သံဃာတော်၏ ညီညွတ်ခြင်းသည်လည်း ချမ်းသာသုခကို ရရှိခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။ ဘုရားရှင်၏ တပည့်သာဝကတို့ကား ရဟန်းယောက်ျားပရိသတ်, ရဟန်းမိန်းမပရိသတ်, လူဥပါသကာယောက်ျား ပရိသတ်, လူဥပါသိကာအမျိုးသမီးပရိသတ်ဟု ပရိသတ်လေးမျိုးရှိ၏။ ယင်း ပရိသတ်လေးမျိုးတို့တွင် ရဟန်းယောက်ျားပရိသတ်ကား ပဓာန (= ပြဓာန်းသော)ပရိသတ်ဖြစ်သဖြင့် သံဃာတော်၏ ညီညွတ်ခြင်းကို ဦးတည်ကာ ဟောကြားထားတော်မူခြင်းဖြစ်၏။ သို့အတွက် သံဃာတော်၏ ညီညွတ်ခြင်းသာမက ရွာသူရွာသားတို့၏ ညီညွတ်ခြင်း, မြို့သူမြို့သားတို့၏ ညီညွတ်ခြင်း, တိုင်းသူပြည်သားတို့၏ ညီညွတ်ခြင်း, ကမ္ဘာသူကမ္ဘာသားတို့၏ ညီညွတ်ခြင်း- ဤအရပ်ရပ်သော စည်းလုံးညီညွတ်ခြင်းတို့သည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။</p>
<hr>
<h3>ညီညွတ်သူတို့၏ ကျင့်ဝတ်စွမ်းအင်</h3>
<p>အချင်းချင်းညီညွတ်မှု ရှိသဖြင့် တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်နူးမှုကို ရရှိနေသော လူ့အဖွဲ့အစည်းတစ်ခုသည် အကယ်၍ အညီအညွတ် သီလ ကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟု ဆိုအပ်သည့် အကျင့်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါက လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွင်သာမက နိဗ္ဗာန်ချမ်းသာအထိ ချမ်းသာသုခအဝဝတို့ုကို ရရှိနိုင်ပေသည်။ သို့အတွက် လူသားအချင်းချင်း အဖွဲ့အစည်းအချင်းချင်း ညီညွတ်မှုရှိခြင်း, ညီညွတ်သူတို့အချင်းချင်း အညီအညွတ် သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကျင့်ခြင်းတို့သည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းများပင် ဖြစ်ကြပေသည်။</p>
<p>၁။ အငြင်းပွားမှုကို ပြုလုပ်တတ်ခြင်း,</p>
<p>၂။ သိက္ခာသုံးရပ်ကို မလိုလားခြင်း,</p>
<p>၃။ ယုတ်မာသော အလိုဆိုးရှိခြင်း,</p>
<p>၄။ အမျက်ဒေါသကြီးခြင်း = မေတ္တာဓာတ် ကင်းမဲ့ခြင်း,</p>
<p>၅။ သူ့ကျေးဇူးကို ချေဖျက်တတ်ခြင်း,</p>
<p>၆။ ကောက်ကျစ်စဉ်းလဲခြင်း,</p>
<p>၇။ တစ်ဦးအပေါ်တစ်ဦး လှည့်စားတတ်ခြင်း,</p>
<p>၈။ လောကုတ္တရာတရားတို့ကို မဆောင်ထားခြင်း,</p>
<p>၉။ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ မကိန်းအောင်း မမွေ့လျော်ခြင်း,</p>
<p>၁၀။ ပဋိသန္ထာရ = အစေ့အစပ်စကား မပြုတတ်ခြင်း = ဘုကန့်လန့် ပြောတတ်ခြင်း</p>
<p>ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးတို့ကား အဖွဲ့အစည်းတစ်ခု၏ ညီညွတ်မှုကို ပျက်ပြားစေတတ်သော, မညီညွတ်မှုကို ဖြစ်စေတတ်သော စိတ်နေစိတ်ထားများပင် ဖြစ်ကြ၏။</p>
<p>၁။ အငြင်းပွားမှုကို မပြုလုပ်တတ်ခြင်း,</p>
<p>၂။ သိက္ခာသုံးရပ်ကို လိုလားခြင်း,</p>
<p>၃။ အလိုရမ္မက်နည်းပါးခြင်း,</p>
<p>၄။ အမျက်မထွက်တတ်ခြင်း = မေတ္တာဓာတ် အားကောင်းခြင်း,</p>
<p>၅။ သူ့ကျေးဇူးကို မချေဖျက်တတ်ခြင်း,</p>
<p>၆။ မကောက်ကျစ် မစဉ်းလဲခြင်း,</p>
<p>၇။ တစ်ဦးအပေါ်တစ်ဦး မလှည့်စားတတ်ခြင်း,</p>
<p>၈။ လောကုတ္တရာတရားတို့ကို ဆောင်ထားနိုင်ခြင်း,</p>
<p>၉။ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း မွေ့လျော်ခြင်း,</p>
<p>၁၀။ ပဋိသန္ထာရ = အစေ့အစပ်စကား ပြောကြားတတ်ခြင်း = ဘုကန့်လန့် မပြောတတ်ခြင်း</p>
<p>ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးတို့ကား မညီညွတ်သူတို့ကို ညီညွတ် အောင်, ညီညွတ်ပြီးသူတို့ကိုလည်း ညီညွတ်မှုခိုင်မြဲအောင် ပြုလုပ်ပေးနိုင်သည့် စွမ်းအားရှိသော စိတ်နေစိတ်ထားများပင် ဖြစ်ကြ၏။ ယင်းကဲ့သို့သော ညီညွတ်မှုကို ပျက်ပြားစေတတ်သော မကောင်းသော စိတ်နေစိတ်ထားများကို ပယ်ရှားနိုင်ရန်, ညီညွတ်မှုကို ခိုင်မြဲစေသည့် ကောင်းသော စိတ်နေစိတ်ထား များ ကိန်းဝပ်လာနိုင်စေရန် ရည်သန်တောင့်တလျက် ဤ နပ္ပိယသုတ္တန်ကို ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့တင်ပြရာ၌ ညီညွတ်မှုကို ပျက်ပြားစေတတ်သည့် ယုတ်မာသော စိတ်နေစိတ်ထားများကို တိုက်ဖျက်ရာ၌ များစွာကုန်သော နည်းလမ်းတို့တွင် အကောင်းဆုံးသော လက်နက်တစ်ခုသဖွယ်ဖြစ်သည့် မေတ္တာကမ္မဋ္ဌာန်းပွားများပုံ အစီအစဉ်ကိုလည်း ဤကျမ်းစာငယ်တွင် ထည့်သွင်းကာ ရေးသား တင်ပြထားပေသည်။</p>
<p>ဥတ္တရာဥပါသိကာမနှင့် သာမာဝတီမိဖုရားအမှူးရှိသော ငါးရာကုန်သော မိဖုရားတို့၏ ထုံးကို အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေသောဝ် ... ဟူသော ဆန္ဒမွန်ဖြင့် ---</p>
<p>သူတော်ကောင်းဓာတ် တရားမြတ်၊ လွှမ်းပတ် ကမ္ဘာတည်စေသောဝ်...</p>
<p>မေတ္တာရေချမ်း ပက်ကာဖျန်း၊ အေးချမ်းကြသည် ဖြစ်စေသောဝ်...</p>
<p>ဖားအောက်တောရဆရာတော်</p>
<hr>
<h3>မမုန်းပါစေနှင့်</h3>
<p>[နပ္ပိယသုတ္တန် (အံ၊၃၊၃၈၉-၃၉၂။)]</p>
<p>ဤသုတ္တန်ကို ဘုရားရှင်သည် ပျံလွန်တော်မူသော ရဟန်းတော်တစ်ပါးကို အကြောင်းပြု၍ ရဟန်းတော်တို့အား ဟောကြားတော်မူခဲ့၏။ ရဟန်းတော် တစ်ပါး ပျံလွန်တော်မူသွားသောအခါ ကြွင်းကျန်သော ရဟန်းတော်တို့ လိုက်နာ ပြုကျင့်သင့်သည့် အချက်အလက်များကို ဤသုတ္တန်တွင် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ဤသုတ္တန်တွင် ရဟန်းတော်တို့ လိုက်နာပြုကျင့်ရန် အချက်ပေါင်း (၁၀)ချက်တို့ ပါဝင်ကြ၏။ ထိုအချက် (၁၀)မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။</p>
<hr>
<h3>၁။ အငြင်းပွားမှု = အဓိကရုဏ်းကို ပြုတတ်သူ</h3>
<p>ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် အငြင်းပွားမှု = အဓိကရုဏ်းကို ပြုတတ်၏၊ အငြင်းပွားမှု = အဓိကရုဏ်းငြိမ်းခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ရဟန်းတို့ ...ဤကဲ့သို့ အငြင်းပွားမှု အဓိကရုဏ်း ကို ပြုတတ်ခြင်း၊ အငြင်းပွားမှု = အဓိကရုဏ်းငြိမ်းခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါး နှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)</p>
<p>ဤကား အမှတ်တစ် မနှစ်သက်အပ်သည့် တရားပင်ဖြစ်၏။ <b>အဓိကရဏိက</b> = အဓိကရုဏ်း = (အငြင်းပွားမှု)ကို ပြုလုပ်တတ်သော ရဟန်းတည်း။ ဤအရာဝယ် <b>အဓိကရဏ</b> = အဓိကရုဏ်းကား လေးမျိုးရှိ၏။ <b>ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိစ္စာဓိကရုဏ်း</b>ဟု အဓိကရုဏ်း လေးမျိုး ရှိပေသည်။ (ဝိ၊၁၊၂၅၀။)</p>
<p><b>ဝိဝါဒါဓိကရုဏ်း</b>။ ။ ဓမ္မ, အဓမ္မ စသည်ဖြင့် အငြင်းပွားမှုများသည် သံဃာကွဲပြားခြင်းကို ပြုလုပ်တတ်ကုန်သော ဘေဒကရဝတ္ထုတို့တည်း။ ထို ဘေဒကရဝတ္ထု (၁၈)မျိုးတို့ကို အမှီပြုကာ ဖြစ်ပေါ်လာသော အငြင်းပွားမှု သည် ဝိဝါဒါဓိကရုဏ်း မည်၏။ (ဝိ၊ဋ္ဌ၊၂၊၁၈၀။)</p>
<p><b>အနုဝါဒါဓိကရုဏ်း</b>။ ။ ရဟန်းတစ်ပါးက ရဟန်းတစ်ပါးကို (၁)သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း, (၂) အကျင့်အာစာရ ပျက်စီးမှုဖြင့် စွပ်စွဲခြင်း, (၃) အယူဝါဒ ပျက်စီးမှုဖြင့် စွပ်စွဲခြင်း, (၄) အသက်မွေးဝမ်းကျောင်း ပျက်စီးမှုဖြင့် စွပ်စွဲခြင်း၊ ဤသို့လျှင် ပျက်စီးခြင်း လေးမျိုးတို့ကို အမှီပြု၍ ဖြစ်ပေါ်လာ သော စွပ်စွဲခြင်းသည် အနုဝါဒါဓိကရုဏ်း မည်၏။ (ဝိ၊၄၊၂၁၂။ ဝိ၊ဋ္ဌ၊၂၊၁၈၀။)</p>
<p><b>အာပတ္တာဓိကရုဏ်း</b>။ ။ သမထတို့ဖြင့် ငြိမ်းအေးစေအပ်သော အာပတ် (၅)မျိုး, အာပတ် (၇)မျိုးသည် အာပတ္တာဓိကရုဏ်း မည်၏။ မာတိကာ ပါဠိတော်၌ လာရှိသော ပါရာဇိကအာပတ်, သံဃာဒိသေသ်အာပတ်, ထုလ္လစ္စဉ်းအာပတ်, နိဿဂ္ဂိယပါစိတ်အာပတ်, ပါစိတ်အာပတ်ဟူသော အာပတ် (၅)မျိုး, ဝိဘင်္ဂ၌လာရှိသော ဒုက္ကဋ်အာပတ်, ဒုဗ္ဘာသိအာပတ်ဟူသော အာပတ် (၂)မျိုး၊ နှစ်ရပ်ပေါင်းသော် အာပတ် (၇)မျိုးတည်း။ (ဝိ၊ဋ္ဌ၊၂၊၁၈၀။ ကင်္ခါ၊၂၈၉။)</p>
<p><b>ကိစ္စာဓိကရုဏ်း</b>။ ။ (၁) သံဃာအား ပန်ကြား၍ ဆောင်ရွက်အပ်သော ကံ = <b>အပလောကနကံ</b>, (၂) သံဃာအား အသိပေးခြင်း = ဉတ်ကို ရွတ်ဖတ်၍ ဆောင်ရွက်အပ်သော ကံ = <b>ဉတ္တိကံ</b>, (၃) ယင်းဉတ်တစ်ကြိမ်, ကမ္မဝါစာတစ်ကြိမ် ဤသို့လျှင် ဉတ်လျှင် နှစ်ကြိမ်မြောက် ရွတ်ဖတ်၍ ဆောင်ရွက် ရသော ကံ = <b>ဉတ္တိဒုတိယကံ</b>, (၄) ယင်းဉတ်တစ်ကြိမ်, ကမ္မဝါစာ သုံးကြိမ် ဤသို့လျှင် ဉတ်လျှင် လေးကြိမ်မြောက် ရွတ်ဖတ်၍ ဆောင်ရွက်ရသော ကံ = <b>ဉတ္တိစတုတ္ထကံ</b> ဤလေးမျိုးသော သံဃကိစ္စသည် ကိစ္စာဓိကရုဏ်း မည်၏။ (ဝိ၊ဋ္ဌ၊၂၊၁၈၀။)</p>
<p>ဤသည်တို့ကား သမထတို့ဖြင့် ငြိမ်းအေးစေအပ်သော အငြင်းပွားမှု လေးမျိုးတို့တည်း။</p>
<p>ဘုရားရှင်ကား ဤကဲ့သို့သော အငြင်းပွားမှုများကို ရှောင်ရှားစေလိုသော ဆန္ဒဓာတ် ရှိတော်မူ၏။ ဤကဲ့သို့သော အငြင်းပွားမှုသည် ရဟန်းတစ်ပါးနှင့် တစ်ပါး ချစ်ခင်မြတ်နိုးဖို့ရန်လည်း မဖြစ်၊ ရဟန်းတော်တစ်ပါးနှင့်တစ်ပါး ရိုသေ လေးစားမှု ဂါရဝ နိဝါတမင်္ဂလာတရားများ ထင်ရှားဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ။ အငြင်းပွားမှုတွေက များပြားနေပါက ယင်းအငြင်းပွားမှုတွေအတွက် အချိန်တွေကို များစွာအသုံးပြုနေရသဖြင့် သမထ-ဝိပဿနာဘာဝနာတို့ကို ပွားများဖို့ရန် အချိန်များလည်း လျော့နည်းသွားတော့မည်သာ ဖြစ်၏။ သမထ- ဝိပဿနာဘာဝနာကုသိုလ်တို့၏ တိုးတက်ဖွံ့ဖြိုးလာဖို့ရန် အခွင့်အလမ်းများ လည်း လျော့နည်းသွားတော့မည်သာ ဖြစ်ပေသည်။ သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းတို့ တိုးတက်ဖွံ့ဖြိုးမှု မရှိလျှင်ကား မိမိတို့ မျှော်လင့်တောင့်တ နေသော ရဟန်းအဖြစ်ကို ပြီးစေတတ်သည့် ရဟန်းဖြစ်ရကျိုးနပ်စေသည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတို့ ထင်ရှားဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်နိုင် တော့ပေ။ ကောသမ္ဗီပြည်ဝယ် ရဟန်းတော်တို့၏ အငြင်းပွားမှုကို စံနမူနာ ယူကြည့်ပါ။</p>
<hr>
<h3>၂။ သိက္ခာသုံးရပ်ကို မလိုလားသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သီလ-သမာဓိ- ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသော စိတ်ထားမရှိ၊ သိက္ခာသုံးရပ်အကျင့်မြတ်ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသော စိတ်ထားမရှိခြင်း, သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်း ဟူသော ဤတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)</p>
<p>ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထား တော်မူခဲ့၏---</p>
<p>ရဟန်းတို့ ...ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်ဓာတ်သန့်ရှင်း စင်ကြယ်ဖို့ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးမြည်တမ်းခြင်းတို့ကို ကျော်လွှား လွန်မြောက်ဖို့ရန်, ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်းဒုက္ခတို့ ချုပ်ငြိမ်းဖို့ရန်, အရိယမဂ်ကို ရရှိဖို့ရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင် တည်း။ (မ၊၁၊ရဝ။)</p>
<p>သာဝကတစ်ဦးအနေဖြင့် ရဟန်းအဖြစ်ကို ပြီးစီးစေနိုင်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရေးအတွက် လိုက်နာပြုကျင့်ရမည့် တရားကား ဤသတိပဋ္ဌာန်ကျင့်စဉ်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် သတိပဋ္ဌာန်ကျင့်စဉ် ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လိုပါက ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် (မ၊၁၊၈၈-၈၉။) အကျုံးဝင်သော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို လိုက်နာ ပြုကျင့်ရမည် ဖြစ်ပေသည်။ ထိုမဂ္ဂင် (၈)ပါးတို့တွင် <b>သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ</b>တို့ကား သီလသိက္ခာ = သီလကျင့်စဉ်တည်း။ <b>သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ</b>တို့ကား သမာဓိသိက္ခာ = သမာဓိကျင့်စဉ်တည်း။ <b>သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ</b>တို့ကား ပညာသိက္ခာ = ပညာကျင့်စဉ်တည်း။ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားဟူသည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကျင့်စဉ်သာ ဖြစ်၏။ ထိုကျင့်စဉ်သည် ရဟန်းစစ် ရဟန်းမှန်ဟူသည့် ပရမတ္ထသံဃာ ဖြစ်ရေးအတွက်, မဂ်-ဖိုလ်-နိဗ္ဗာန် ရရှိရေးအတွက် တစ်ကြောင်းတည်းသော ကျင့်စဉ်လမ်း ဖြစ်၏။ ရဟန်း ဖြစ်ပါလျက် သီလကျင့်စဉ်ကိုလည်း မချစ်မြတ်နိုးတတ်ပါက, သမာဓိကျင့်စဉ် ကိုလည်း မချစ်မြတ်နိုးတတ်ပါက, ပညာကျင့်စဉ်ကိုလည်း မချစ်မြတ်နိုးတတ် ပါက ရဟန်းအဖြစ်ကို ပြီးစီးစေတတ်သည့် မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရရှိရေးမှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်ပေသည်။</p>
<hr>
<h3>သီတင်းသုံးဖော်တို့၏ ချစ်မြတ်နိုးမှု</h3>
<p>ဘုရားရှင်သည် အာကင်္ခေယျသုတ္တန် (မ၊၁၊၃၉။), အာကင်္ခသုတ္တန် (အံ၊၃၊၃၆၁။)တို့တွင် ဤသို့ ဟောကြားထားတော်မူ၏ ---</p>
<p>ရဟန်းတို့ ...ရဟန်းသည် သီတင်းသုံးဖော်တို့က ချစ်ခင်မြတ်နိုး အပ်သူ, သီတင်းသုံးဖော်တို့၏ စိတ်နှလုံး၌ ကုသိုလ်တရားကို တိုးပွားစေတတ် သူ, သီတင်းသုံးဖော်တို့က ရိုသေလေးစားအပ်သူ ချီးမွမ်းအပ်သူ ဖြစ်လို၏ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြူဖြူစင်စင် ဖြည့်ကျင့်သူ, မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ဓာတ်ငြိမ်းအေးအောင် သမထကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစားအားထုတ်သူ, မလျောကျသော စျာန်ရှိသူ, ဝိပဿနာ ဉာဏ်နှင့် ပြည့်စုံသူ, ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းတို့ကို တိုးပွား စေသူသာလျှင် ဖြစ်ရာ၏။ (မ၊၁၊၃၉။ အံ၊၃၊၃၆၁။)</p>
<p>သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြူဖြူစင်စင် အောင်အောင်မြင်မြင် ဖြည့်ကျင့်နိုင်သဖြင့် ယင်းသိက္ခာသုံးရပ် အကျင့်မြတ် တို့နှင့် ပြည့်စုံကုံလုံနေသော သူတော်ကောင်းတစ်ဦးကို သီတင်းသုံးဖော်တို့က အလွန် ချစ်မြတ်နိုးကြသည်သာ ဖြစ်၏။ အကောင်းဆုံးသော ပိယဆေးဖြစ်၏။ ယင်းပိယဆေးထက် သာလွန်မြင့်မြတ်သည့် ပို၍ ပို၍ ကောင်းမွန်သည့် ပိယဆေးကား လောက၌ မရှိနိုင်ပေ။ ထိုကြောင့် ဓမ္မပဒပါဠိတော်၌ ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏ ---</p>
<p><b>သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။</b></p>
<p><b>အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။</b> (ဓမ္မပဒ၊၄၅။ ဂါထာနံပါတ်-၂၁၇။)</p>
<p>= စတုပါရိသုဒ္ဓိသီလနှင့်လည်း ပြည့်စုံ, မဂ်ဉာဏ် ဖိုလ်ဉာဏ်အမြင်နှင့် လည်း ပြည့်စုံသော လောကုတ္တရာတရားကိုးပါး၌ ရပ်တည်နေသော သစ္စာ လေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တတ်သော, မိမိ၏ ပြုကျင့်သင့် ပြုကျင့်ထိုက်သော သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်လေ့ရှိသော သူကို လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။ (ဓမ္မပဒ၊၄၅။)</p>
<p>ထိုသို့ သိက္ခာသုံးရပ်အကျင့်မြတ်ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နေသော သူတော်ကောင်းတစ်ဦးကို လူများအပေါင်းက ချစ်မြတ်နိုးရုံတွင်သာမက ဖူးမြင် လို၏ ရှိခိုးလို၏ ပစ္စည်းလေးပါးဖြင့် ပူဇော်လို၏ဟု ဆိုလိုပေသည်။</p>
<p>သီလတည်းဟူသော မြေပေါ်၌ ကောင်းစွာရပ်တည်ကာ သမာဓိတည်း ဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာသွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ဖောက်ခွဲနိုင်ပါမှသာလျှင် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် လည်ပတ် နေသော သံသရာစက်ရဟတ်ကို ဖောက်ခွဲနိုင်မည် ဖြစ်ပေသည်။ သီလကိုလည်း ဖြူစင်အောင် မဖြည့်ကျင့်သဖြင့် မလုံခြုံသော သီလရှိသော, သမာဓိကိုလည်း စံချိန်မီ မဖြည့်ကျင့်သဖြင့် နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးသော စိတ်ဓာတ်မရှိသော, ဝိပဿနာဘာဝနာကိုလည်း တကယ် ပေါက်ပေါက်ရောက်ရောက် အားမထုတ်သဖြင့် ရုပ်နာမ်မျှကိုပင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကောင်းစွာ မသိသေးသောသူကို အဘယ်မည်သောသူတော်-ကောင်း သီတင်းသုံးဖော်က ရိုသေမြတ်နိုးမှု ရိုသေလေးစားမှုရှိနိုင်ပါအံ့နည်း?</p>
<p>ရဟန်းတော်အချင်းချင်း သီတင်းသုံးဖော်အချင်းချင်း ရေပူနှင့်ရေအေး ရောသကဲ့သို့ တစ်သားတည်း ညီညွတ်မှု မရှိခြင်းသည်ကား သီလကို စိတ်တူ သဘောတူ ဖြူဖြူစင်စင် ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်ကြခြင်း, သမာဓိကို မထူထောင်ကြသဖြင့် နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးသော စိတ်ဓာတ်မရှိကြခြင်း, ဝိပဿနာဘာဝနာကို နည်းမှန်လမ်းမှန် မကျင့်ကြသဖြင့် အမှန်တရား သစ္စာတရားကို မသိကြခြင်း-ဟူသည့် အဓိကအကြောင်းသုံးရပ် တို့ကြောင့် ရဟန်းတို့ အချင်းချင်း တပေါင်းတစည်းတည်း စည်းလုံးညီညွတ်မှု မရှိကြခြင်း ဖြစ်ပေသည်။</p>
<p>ဤကဲ့သို့ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြူဖြူစင်စင် အောင်အောင် မြင်မြင် မဖြည့်ကျင့်သူတို့သည်ကား နိဗ္ဗာန်တရားတော်မှ အဝေးကြီး ဝေးကွာ နေသူတို့သာ ဖြစ်ကြပေသည်။</p>
<hr>
<h3>၃။ အလိုဆိုးရှိသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် အလိုဆိုးရှိသူ ဖြစ်၏၊ အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ အလိုဆိုးရှိခြင်း, အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်၊ ရဟန်း တစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းအဖြစ်ကို ပြုလုပ်ပေးတတ်သော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်။ (အံ၊၃၊၃၈၉။)</p>
<hr>
<h3>ပါပိစ္ဆ = အလိုဆိုး</h3>
<p>ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ---</p>
<p>၁။ မိမိ၌ သဒ္ဓါတရား မရှိပါဘဲလျက် သဒ္ဓါတရားရှိသူဟု ငါ့ကို လူများ အပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။</p>
<p>၂။ သီလမရှိပါဘဲလျက် သီလရှိသူဟု ငါ့ကို လူများအပေါင်းက သိပါစေ သတည်းဟု အလိုရှိ၏။</p>
<p>၃။ ဘုရားရှင်၏ တရားတော်များကို <b>အာဂမသုတ</b>ဟူသော သင်သိ, <b>အဓိဂမ</b> သုတဟူသော ကျင့်သိ, ဤအသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုဿုတ များပြားသူ မဟုတ်ပါဘဲလျက် ဗဟုဿုတ များပြားသူဟု ငါ့ကို လူများ အပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။</p>
<p>၄။ အပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်ပါလျက် ကင်းကင်းရှင်းရှင်း နေလိုသည့် ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက်သူ ဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။</p>
<p>၅။ ပျင်းရိသူ ဖြစ်ပါလျက် အပြင်းအထန် ကြိုးစားအားထုတ်သည့် လုံ့လဝီရိယရှိသူဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။</p>
<p>၆။ သတိလက်လွတ်နေသူ ဖြစ်ပါလျက် ထင်လင်းသော သတိရှိသူဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။</p>
<p>၇။ စိတ်ဓာတ် မတည်ကြည်သော, သမာဓိ မရှိသော ပုဂ္ဂိုလ်ဖြစ်ပါလျက် တည်ကြည်သော သမာဓိရှိသော ပုဂ္ဂိုလ်ဟု (ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိရှိသော ပုဂ္ဂိုလ်မျိုးဟု) ငါ့ကို လူများအပေါင်းက သိပါစေ သတည်းဟု အလိုရှိ၏။</p>
<p>၈။ ပရိယတ္တိပညာ ပဋိပတ္တိပညာ မရှိပါဘဲလျက်, ဝိပဿနာပညာ မဂ်ပညာ မရှိပါဘဲလျက် ပညာရှိ၏ဟု ငါ့ကို လူများအပေါင်းက သိပါစေ သတည်းဟု အလိုရှိ၏။</p>
<p>၉။ ကိလေသာ အာသဝေါ ကုန်ခန်းသည့် ရဟန္တာ မဟုတ်ပါဘဲလျက် ကိလေသာ အာသဝေါကုန်ခန်းသည့် ရဟန္တာဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။ ဤကဲ့သို့သော အလိုရှိမှုမျိုးနှင့် ပြည့်စုံ နေသူကို ယုတ်မာသော အလိုဆိုးရှိသူဟု ခေါ်ဆိုသည်။(အဘိ၊၂၊၃၆၄၊၊) ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့သည်ကား သာသနာတော်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရသည်တိုင်အောင် ကြီးပွားတိုးတက်မှု မရှိနိုင်သူ တို့သာ ဖြစ်ကြသည်။</p>
<hr>
<h3>၄။ အမျက်ဒေါသကြီးသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် အမျက်ဒေါသကြီးသူ ဖြစ်၏၊ အမျက်ဒေါသကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ အမျက်ဒေါသကြီးခြင်း အမျက်ဒေါသကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန် လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)</p>
<p>ရဟန်းတို့ ...အမျက်ထွက်မှု <b>ကောဓ</b>ကို (ဝိပဿနာပညာ မဂ်ပညာ ဟူသော) ထူးသောဉာဏ်ဖြင့် မသိသူ, ပိုင်းခြား၍ မသိသူ, ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် မပြုနိုင်သူ, ကိလေသဝဋ်ကို မပယ်စွန့်နိုင်သူသည် (= ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိသူသည်) သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။ ရဟန်းတို့ ... အမျက်ထွက်မှု <b>ကောဓ</b>ကို ထူးသော ဉာဏ်ဖြင့်သိသူ, ပိုင်းခြား၍သိသူ, ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင် ပြုနိုင်သူ, ကိလေသဝဋ်ကို ပယ်စွန့်နိုင်သူသည် (= ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်း ခြားခြားသိသူသည်) သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏။</p>
<p><b>ယေန ကောဓေန ကုဒ္ဓါသေ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။</b></p>
<p><b>တံ ကောဓံ သမ္မဒညာယ၊ ပဇဟန္တိ ဝိပဿိနော။</b></p>
<p><b>ပဟာယ န ပုနာယန္တိ၊ ဣဒံ လောကံ ကုဒါစနံ။</b> (ဣတိဝုတ္တက၊၂၀၀။)</p>
<p>= အကြင်<b>ကောဓ</b>တရားဖြင့် အမျက်ထွက်သူတို့သည် မကောင်းသော လားရာ အပါယ်ဒုဂ္ဂတိသို့ လားရောက်ကြရကုန်၏။ ထို<b>ကောဓ</b>ကို ကောင်းစွာ သိ၍ ခန္ဓာငါးပါးတို့ကို အနိစ္စစသော အခြင်းအရာတို့ဖြင့် ဝိပဿနာရှုသူ တို့သည် ယင်း<b>ကောဓ</b>ကို ပယ်စွန့်နိုင်သောကြောင့် ဤလောကသို့ တစ်ရံတစ်ဆစ်မျှ မလာရောက်ကြရကုန်။ (ဣတိဝုတ္တက၊၂၀၀။)</p>
<hr>
<h3>ဘုရားမှ ဝေးနေသူ</h3>
<p>ရဟန်းတို့ ...ရဟန်းသည် အဘိဇ္ဈာများပြားသူ, ကာမတို့၌ အားကြီးသော တပ်မက်မှုရာဂရှိသူ, ဒေါသဖြင့် ဖောက်ပြန်ပျက်စီးနေသော စိတ်ဓာတ် ရှိသူ, ဒေါသဖြင့် ပြစ်မှားလိုသော စိတ်အကြံရှိသူ, သတိလက်လွတ်သူ, ဆင်ခြင်ဉာဏ် ကင်းမဲ့သူ (ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ မရှိသဖြင့်) မတည်ကြည်သော စိတ်ဓာတ်ရှိသူ, တုန်လှုပ်သော စိတ်ဓာတ် ရှိသူ, မစောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရားရှင်၏ ခြေရာပေါ်၌ မိမိ၏ ခြေကို ချနင်းလျက် ငါဘုရားရှင်၏ နောက်မှ နောက်မှ အစဉ်တစိုက် လိုက်ပင်လိုက်နေသော်လည်း ထိုရဟန်းသည် ငါဘုရားမှ ဝေးကွာနေသည်သာတည်း။ ငါဘုရားသည်လည်းထိုရဟန်းမှ ဝေးကွာနေသည်သာတည်း။ အကြောင်းကား အဘယ်နည်း? ရဟန်းတို့ ထိုရဟန်းသည် တရားကို မမြင်၊ တရားကို မမြင်သည်ရှိသော် ငါဘုရားကို မမြင်သောကြောင့်ပင်တည်း။ (ဣတိဝုတ္တက၊၂၅၆။)</p>
<hr>
<h3>ဘုရားနှင့် နီးသူ</h3>
<p>ရဟန်းတို့ ...ရဟန်းသည် အဘိဇ္ဈာမများပြားသူ, ကာမတို့၌ အားကြီးသော တပ်မက်မှုရာဂ မရှိသူ, ဒေါသဖြင့် ဖောက်ပြန်ပျက်စီးနေသောစိတ်ဓာတ် မရှိသူ, ဒေါသဖြင့် ပြစ်မှားလိုသော စိတ်အကြံ မရှိသူ, ထင်လင်းသော သတိ ရှိသူ (သင်္ခါရတရားတို့ကို ကွဲကွဲပြားပြား သိတတ်သော) ဆင်ခြင်ဉာဏ် = သမ္ပဇဉ်ဉာဏ်ရှိသူ, (ဥပစာရ အပ္ပနာနှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ်ရှိသူ, မတုန်လှုပ်သော စိတ်ဓာတ်ရှိသူ, စောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာဝေးကွာသော အရပ်၌ နေပင်နေသော်လည်း ငါဘုရားရှင်နှင့် နီးကပ်နေသည်သာတည်း၊ ငါဘုရားသည်လည်း ထိုရဟန်းနှင့် နီးကပ်နေသည်သာတည်း။ အကြောင်းကား အဘယ်နည်း? ရဟန်းတို့ ...ထိုရဟန်းသည် တရားကို မြင်၏၊ တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့်ပင်တည်း။ (ဣတိဝုတ္တက၊၂၅၆။)</p>
<hr>
<h3>၅။ သူ့ကျေးဇူးကို ချေဖျက်တတ်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ သူ့ကျေးဇူးကို ချေဖျက်တတ်ခြင်း, သူ့ကျေးဇူးချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်း တရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)</p>
<hr>
<h3>ငြင်းခုံခြင်း၏ အကြောင်းရင်း</h3>
<p>ရဟန်းတို့ ...ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်မျိုး တို့တည်း။ အဘယ်ခြောက်မျိုးတို့နည်းဟူမူကား ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ---</p>
<p>၁။ အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏။</p>
<p>၂။ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။</p>
<p>၃။ ငြူစူစောင်းမြောင်းတတ်၏၊ ဝန်တိုတတ်၏။</p>
<p>၄။ ကောက်ကျစ်စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏။</p>
<p>၅။ ယုတ်မာသော အလိုဆိုးရှိ၏၊ မှားယွင်းသော အယူဝါဒရှိ၏။</p>
<p>၆။ မိမိအယူမှားကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူမှားကို စွဲမြဲစွာ ဆုပ်ကိုင်ထားတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။</p>
<p>ရဟန်းတို့ ...</p>
<p>၁။ အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည်။ ပ ။</p>
<p>၆။ မိမိအယူမှားကို မှားသောအားဖြင့် စွဲလမ်းတတ်သူ, မိမိအယူမှားကို စွဲမြဲစွာ ဆုပ်ကိုင်ထားတတ်သူ, စွန့်လွှတ်နိုင်ခဲသူသည် ---</p>
<p>မြတ်စွာဘုရား၌လည်း ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ သိက္ခာသုံးရပ် အကျင့်မြတ်၌လည်း ဖြည့်ကျင့်လေ့ မရှိ။</p>
<p>ရဟန်းတို့ ...မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေသော, တရားတော်၌ ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍နေသော, သံဃာတော်၌ ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍နေသော, သိက္ခာသုံးရပ်အကျင့်မြတ်၌ ဖြည့်ကျင့်လေ့ မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏။ ယင်းငြင်းခုံခြင်းသည် လူများအပေါင်းတို့ အကျိုးစီးပွားမဲ့ရန် ဖြစ်၏၊ လူများ အပေါင်းတို့ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်၏။</p>
<p>ရဟန်းတို့ ...ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ဖြစ်စေ, သူတစ်ပါးသန္တာန်၌ဖြစ်စေ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရှားရန် လုံ့လကြိုးကုတ် အားထုတ်ကုန်လော့။ ရဟန်းတို့ ...သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ဖြစ်စေ, သူတစ်ပါးသန္တာန်၌ဖြစ်စေ အကယ်၍ မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထို ငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွားစေရန် ကျင့်ကြကုန်လော့။</p>
<p>ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည်မည်၏၊ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွားစေသည်မည်၏။ (ဝိ၊၄၊၂၁၃။ ဝိ၊၅၊၁၆၆။ ဒီ၊၃၊၃၇၊၂၀၄။ အံ၊၂၊၂၉၄။)</p>
<p>အရှင်ဒေဝဒတ်သည် ဘုရားရှင်၏ သာသနာတော်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် သမထဘာဝနာတို့ကို ပွားများအားထုတ်လေရာ ပထမဝါအတွင်း၌ပင် လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီအဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူ၏။ သို့သော် ဘုရားရှင်ကို ဆရာမဟုတ်ပါဟု သူ့ကျေးဇူးကို ချေဖျက်ခဲ့သူဖြစ်၏။ သူ့ကျေးဇူးကို ချေဖျက်သူတို့ သွားရာလမ်းကို လိုက်ပါသွားရ၏၊ သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ရောက်ရှိသွားခဲ့၏။ တစ်လုတ်စားဖူး သူ့ကျေးဇူးကို အထူးသိတတ်ဖို့ လိုအပ်ပေသည်။</p>
<hr>
<h3>၆။ ကောက်ကျစ်စဉ်းလဲသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် ကောက်ကျစ် စဉ်းလဲ၏၊ ကောက်ကျစ်စဉ်းလဲခြင်းကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲခြင်း, ကောက်ကျစ်စဉ်းလဲခြင်းကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်း ဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)</p>
<hr>
<h3>၇။ လှည့်စားတတ်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် လှည့်စား တတ်၏၊ လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ လှည့်စားတတ်ခြင်း, လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့် တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်း အချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)</p>
<p><b>မာယာနှင့် သာဌေယျ</b></p>
<p><b>သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ (အသန္တဂုဏပကာသနလက္ခဏံ) သာဌေယျံ။</b> (မဟာဋီ၊၁၊၈၄၊၁၂၈။)</p>
<p>မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို ဖုံးလွှမ်းထားခြင်းသဘောလက္ခဏာ ရှိသော တရားကား <b>မာယာ</b>တည်း။ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း ထင်ရှားဖော်ပြခြင်း သဘောလက္ခဏာရှိသော တရားကား <b>သာဌေယျ</b>တည်း။ (မဟာဋီ၊၁၊၈၄၊၁၂၈။)</p>
<p>မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို ဖုံးကွယ်ကာ အပြစ်မရှိယောင် ဟန်ဆောင်တတ်သည့် <b>မာယာ</b>ကို လှည့်စားခြင်းဟု အထက်တွင် ဘာသာပြန်ဆို ထား၏။ အပြစ်ရှိပါလျက် မရှိလေယောင် လှည့်ပတ်ခြင်းသဘောတရားတည်း။ <b>သာဌေယျ</b>ကို ကောက်ကျစ်စဉ်းလဲခြင်းဟု အထက်တွင် ဘာသာပြန်ဆိုထား၏။ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ရှိလေဟန်ဆောင်ကာ ထုတ်ဖော်ပြောကြားခြင်းတည်း၊ ဝါကြွားခြင်းတည်း။ ယင်းနှစ်မျိုးစလုံးကား တဏှာလောဘ၏ စွမ်းအားများပင်တည်း။</p>
<p>မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရသုတ္တန် (မ၊၂၊၂၉၈။)တွင် သမထ-ဝိပဿနာဘာဝနာဟု ခေါ်ဆိုအပ်သော ပဓာနကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်သည့် ယောဂါဝစရပုဂ္ဂိုလ်တို့၌ ရှိရမည့် ပဓာနိယင်္ဂတရား (၅)ပါး တို့ကို ဟောကြားထားတော်မူ၏။ ယင်း (၅)ပါးတို့တွင် <b>မာယာ သာဌေယျ</b> ကင်းစင်ခြင်းကိုလည်း အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းကာ ဟောကြားထားတော်မူ၏။ မဂ်ဖိုလ် နိဗ္ဗာန်ရရှိရေးအတွက် ရှိရမည့် အင်္ဂါရပ်တစ်ခုပင် ဖြစ်သည်။ နိဗ္ဗာန် ရရှိရေးအတွက်သာ မဟုတ်၊ လူမှုဆက်ဆံရေး၌လည်း <b>မာယာ သာဌေယျ</b> ကင်းစင်ဖို့ လိုအပ်ပေသည်။</p>
<p><b>မာယာ</b>သည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံး ရွှေခဲထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤ<b>မာယာ</b>သည်လည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ် သုံးစွဲနေသော စိတ်ဓာတ်တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။</p>
<h3>မိန်းမတို့မာယာ သဲကိုးဖြာ</h3>
<p>ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့်တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ အမျိုးသမီးသည် အခြား ယောကျ်ားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြားသော နေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။ မဖောက်ပြားရသော နေ့၌ကား ကျွန်ကဲ့သို့ သဘောထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက အမျိုးသမီးတို့၏ ပြုမူတတ်ပုံ သဘာဝမှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။</p>
<p>ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောကျ်ားနှင့် ဖောက်ပြားခွင့်ရသော နေ့ဝယ် ကျေနပ်မှုရရှိသဖြင့် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤ<b>မာယာ</b>ပင်တည်း။ ဤ<b>မာယာ</b>ကိုပင် အချို့အရာ၌ <b>တင်္ခဏုပ္ပတ္တိဉာဏ်</b> = ရုတ်တရက် တစ်ခဏချင်း ဖြစ်ပေါ်လာသော ဉာဏ်ဟု ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ်မဟုတ်ပါ <b>မာယာ</b>ပင်ဖြစ်သည်။</p>
<h3>ရသေ့မာယာ</h3>
<p>အမျိုးသမီးတို့၌သာ <b>မာယာ</b>ရှိသည်မဟုတ်၊ ယောကျ်ားယုတ်တို့၌လည်း <b>မာယာ</b>ရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာ တစ်ယောက် ကိုးကွယ်ဆည်းကပ်ထားသော ဆရာရသေ့တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင် နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထားပြီးလျှင် အရှင်ဘုရား ...သတိပြုလိုက်ပါဟု မှာထား သွား၏။ ထိုအခါ ဆရာရသေ့က ဟဲ့ ဒါယကာ - ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကြားကောင်းဘူး။ ငါ့အဖို့ကား သူတစ်ပါးတို့ ဥစ္စာပစ္စည်း၌ လောဘမည်သည် မရှိပါဟု မိန့်ကြားလိုက်လေသည်။ လောဘတရား ထင်ရှားရှိပါလျက် မရှိဟန်ဆောင်ကာ လှည့်စားလိုက်ခြင်းပင်တည်း။</p>
<p>ထို့နောက် ရသေ့၌ အကြံဖြစ်သည်မှာ --- ရွှေစင် နိက္ခတစ်ရာလောက် ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည် ရှိပြီဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။ နောက်တစ်နေ့ နံနက် ဆွမ်းစားအပြီးတွင် ဒါယကာ ...ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော်ကြာညောင်းခဲ့လေပြီ၊ ကြာလွန်းတော့လည်း သံယောဇဉ် ဖြစ်တတ်သည်၊ သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်ဟု ပြောပြလေရာ ရိုးသားသော ဒါယကာကလည်း အခါခါ တားရှာလေသည်။ ဘယ်လိုပင် အခါခါ တားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။</p>
<p>ထို့နောက် ရသေ့သည် အတန်ကြာအောင် တော်တော်ကလေး ခရီး သွားရောက်ပြီးကာမှ တစ်ဖန် ပြန်လာ၍ ဒါယကာ ... သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်၊ ရသေ့ရဟန်းဆိုတာ ပိုင်ရှင်တို့က မပေးလှူအပ်သော အရာကို မြက်တစ်ပင်မျှသော်လည်း မယူကောင်းပါဟု ပြောပြလေ၏။ ရိုးသားရှာသော ဒါယကာကလည်း ငါ၏ဆရာရသေ့သည် သိပ်ပြီး သီလရှိတာပဲဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။</p>
<p>သို့ရာတွင် ထိုအချိန်အခါ၌ ထိုဒါယကာ၏ အိမ်ဝယ် အလောင်းတော် ပညာရှိဖြစ်သည့် အလွန်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေ သဖြင့် ထိုဧည့်သည်က မိတ်ဆွေ ...မိတ်ဆွေ၏ ဆရာထံမှာ ဘာများအပ်နှံ ထားပါသလဲ၊ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါဟု သတိပေးမှ သွား၍ကြည့်လေရာ ရွှေများ မရှိတော့သဖြင့် ဧည့်သည် နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများနှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၉၈-၃၉၉-ကုဟကဇာတ်။)</p>
<p>ဤဝတ္ထု၌ ရသေ့၏ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ရွှေကို ခိုးပါလျက် မခိုးယောင်ဆောင်တတ်သည့် ဤ<b>မာယာ</b>ပင် ဖြစ်သည်။ ဤသို့လျှင် ပရိယာယ်<b>မာယာ</b>သည် ရသေ့ရဟန်း အချို့သို့တိုင်အောင် ပျံ့နှံ့လျက်ရှိရကား ယခုကဲ့သို့ ပရိယာယ် တစ်ထောင် <b>မာယာ</b>တစ်သိန်း အပလိန်းအနန္တ သဲကိုးဖြာ မလောက်လို့ ရှားကိုးပင်က ရှားရွက်တွေကိုပါ ရောနှောက်၍ ရေတွက်ရသည်ဟူသော ဉာဏ်နီဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော <b>မာယာ</b>တွေ ရေလို လေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ <b>ပုဗ္ဗေ စ ကတပုညတာ</b>စက်ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။</p>
<h3>သာဌေယျ</h3>
<p>အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘတစ်မျိုးကိုပင် <b>သာဌေယျ</b>ဟု ခေါ်သည်။ <b>မာယာ</b>ကား မိမိမှာ ရှိသောအပြစ်ကို ဖုံးကွယ်၍ အပြစ်ကင်းဟန်ဆောင်၏။ <b>သာဌေယျ</b>ကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ်, အပလီဉာဏ်, အကောက်ဉာဏ်မျိုးချည်းတည်း။ သီလမရှိဘဲ သီလ ရှိဟန်, သမာဓိမရှိဘဲ သမာဓိရှိဟန်, ပညာမရှိဘဲ ပညာရှိဟန်, အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်, စာပေကျမ်းဂန်မတတ်ဘဲ စာပေကျမ်းဂန် တတ်ဟန် ဟန်ဆောင်ခြင်းဟူသမျှသည် <b>သာဌေယျ</b>ချည်းပင်တည်း။</p>
<p>လူ့လောက၌လည်း သီလ-သမာဓိ-ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု, ဘွဲ့မရဘဲ ဘွဲ့ရဟန်ဆောင်မှု, ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု, လူတကာ အထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်မှု, စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု, ဟိတ်ဟန်ထုတ်မှု စသည်တို့သည်လည်း <b>သာဌေယျ</b>ပင်တည်း။</p>
<h3>ဗိဠာရဝတဇာတ်တော်</h3>
<p>သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန် ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါဘဲ လျက် ရှိလေဟန်ဆောင်တတ်သော, ဒါယကာ ဒါယိကာမတို့၏ စိတ်အစဉ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။</p>
<p>အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေတည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ်တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။</p>
<p>တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ရ၍ ဤကြွက်တို့ကို လှည့်ပတ် ဖြားယောင်းလျက် စားပေအံ့ဟု စိတ်အကြံဖြစ်၍ ကြွက်တို့၏နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်ကို မျက်နှာမူလျက် လေကို သောက်လျက် ခြေတစ်ဖက်တည်းဖြင့် ရပ်တည်နေ၏။</p>
<p>ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည် လတ်သော် ထိုမြေခွေးကို တွေ့မြင်သောအခါ ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည်ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ အရှင်ဘုရားသည် အဘယ်အမည် ရှိပါသနည်းဟု မေးမြန်းလျှောက်ထားကြည့်သောအခါ <b>ဓမ္မိက</b> အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏၊ (<b>ဓမ္မိက</b> ဟူသည် တရားစောင့်သူ, တရားရှိသူ, တရားကျင့်သုံးသူဟု အဓိပ္ပါယ်ရ၏။) ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထားဘဲ အဘယ်ကြောင့် ခြေထောက်တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ ငါ၏အခြေလေးချောင်းတို့ကို မြေကြီး ပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင်ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက်တစ်ချောင်းတည်းဖြစ်သာလျှင် ရပ်တည်နေရပါ၏ဟု ပြန်ပြောလေ၏။</p>
<p>ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်းဟု မေးကြည့်သောအခါ ငါသည် အခြားသော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏ဟု အဖြေပေးပြန်၏။ ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးမြန်းလိုက်သောအခါ နေကို ရှိခိုးပါ၏ဟု ဖြေဆိုပြန်၏။</p>
<p>ဘုရားအလောင်းတော်သည် ထိုမြေခွေး၏ စကားကို ကြား၍ ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ တစ်နေ့လျှင် ညဉ့် နံနက် နှစ်ကြိမ် ထိုမြေခွေးအား ဆည်းကပ် ခစား၏။</p>
<p>ထိုအခါ မြေခွေးသည် ကြွက်အပေါင်းက မိမိအား ဆည်းကပ် ခစားလာသော အခါဝယ် နောက်ဆုံးပိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကို သုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဉ်းစားမိကြ၏၊ ရှေးယခင် အခါတုန်းက ငါတို့၏ ဤနေရာကြွက်တွင်းသည် ကြွက်တို့ဖြင့် နေရာမဆံ့ ဖြစ်နေ၏၊ ကြွက်တို့သည် နေရာအကြားအလပ်မရှိ တည်နေကြရ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေကြရ၏။ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာကြွက်တွင်းသည် မပြည့်ဖြစ်နေ၏၊ ဤအကြောင်းကား အသို့နည်းဟု စဉ်းစားမိကြ၏။</p>
<p>ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော်သည်လည်း စဉ်းစားဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံးဖြတ်ချက်ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ရှေ့ကသွားစေ၍ မိမိက နောက်မှ လိုက်ပါသွား၏။ မြေခွေး သည် ထိုဘုရားအလောင်း ကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားအလောင်း ကြွက်ထံသို့ ပြေးလာ၏။ ဘုရားအလောင်း ကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ ပြန်ဆုတ်ကာ ဤသို့ပြောဆို၏။</p>
<p>အိုမြေခွေး ...သင်၏ကျင့်ဝတ်ကို ဆောက်တည်ကျင့်သုံးထားခြင်းသည် တရားတော်၏ ကောင်းသော တရားဓမ္မဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဉ်းဆဲလိုသည့်အတွက် တရားကို တံခွန်အလံပြု၍ လှည့်လည်ကျက်စားဘိ၏။ ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို ရွတ်ဆိုလေ၏ ---</p>
<p><b>ယော ဝေ ဓမ္မံ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။</b></p>
<p><b>ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။</b> (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)</p>
<p>အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁၀)ပါးတည်း ဟူသော တရားတံခွန်အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်, ဤသူကား သီလရှိသူတည်းဟူသော အမှတ်သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏။ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ်ရာ၌ မကောင်းမှုတို့ကို ပြုနေသော သူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဉ်းလဲသော အကျင့်ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)</p>
<p>ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ-သမာဓိ-ပညာ စသည့် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင် ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခုခေါ်သော ရဟန်းတော် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံကျင့်သုံးခဲ့သော ဝါသနာဓာတ်ငွေ့တို့ကား အရှိန်အဝါသတ္တိ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။</p>
<p>ဤ<b>မာယာ သာဌေယျ</b>တို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မှု လောဘထက်ပင် သာလွန်၍ ဆိုးရွား၏။ တစ်ဦးတစ်ယောက်ကို ဖြစ်စေ, ကျောင်းတိုက်တစ်ခုကို ဖြစ်စေ, သံဃာ့အဖွဲ့အစည်း တစ်ခုကို ဖြစ်စေ, လူအများကို ဖြစ်စေ, တစ်တိုင်း တစ်ပြည်လုံးကို ဖြစ်စေ ဘုရားမဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိ ဆရာကြီးများကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးရွားသောတရားဟု ဆိုထိုက်ပေသည်။ သံဃာ့အဖွဲ့အစည်း တစ်ခု, လူ့အဖွဲ့အစည်းတစ်ခုကို စည်းလုံးညီညွတ်မှု မရှိအောင် ရွက်ဆောင် ပေးတတ်သော တရားဆိုးများလည်း ဖြစ်ကြ၏။ ထိုမျှလောက် ဆိုးရွားသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက်ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထို<b>မာယာ သာဌေယျ</b>သမား လူအများတွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးရွားသော တရားတို့ကို မိမိ သန္တာန်မှာလည်း မဖြစ်အောင်, မိမိနှင့် ဆက်သွယ်သူများ၌လည်း မဖြစ်စေရအောင် အထူး သတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။</p>
---
<h3>၈။ လောကုတ္တရာတရားတို့ကို မဆောင်ထားသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း သဘောရှိသူ မဟုတ်၊ လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ လောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်းသဘောရှိသူ မဟုတ်ခြင်း, လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်း တစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)</p>
<p>သံဃာတော်၏ မညီညွတ်မှုကို ရွက်ဆောင်ပေးနေသော တရားဆိုးတို့ကား ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယစသည့် ကိလေသာ တရားဆိုးတို့သာ ဖြစ်ကြ၏။ ယင်းကိလေသာ တရားဆိုးတို့ ထင်ရှားမရှိသော အဖွဲ့အစည်းတစ်ခု၌ မညီညွတ်မှုဟူသည် မရှိစကောင်းသော အရာသာ ဖြစ်၏။ ယင်းကိလေသာ အာသဝေါတရားတို့ကား မည်သည့်အခါ၌ ကုန်ခန်းသွားကြမည်နည်း? အောက်ပါ အာသဝက္ခယသုတ္တန်ကို ဆက်လက် ဖတ်ရှုကြည့်ပါ။</p>
<h3>အာသဝက္ခယသုတ္တန်</h3>
<p><b>ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော အပဿတော။ ကိဉ္စ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခသမုဒယောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။</b></p>
<p><b>တသ္မာတိဟ ဘိက္ခဝေ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော။ ပ ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယောဂေါ ကရဏီယော။</b> (သံ၊၃၊၃၈၀။)</p>
<p>= ရဟန်းတို့ ...ဉာဏ်ဖြင့် သိသောသူအား, ဉာဏ်ဖြင့် မြင်သော သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မူ၏။ ဉာဏ်ဖြင့် မသိသောသူအား ဉာဏ်ဖြင့် မမြင်သောသူအား အာသဝေါတရား တို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မမူ။ ရဟန်းတို့ ...အဘယ်သို့ သိသောသူအား, မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်သနည်း?</p>
<p>ရဟန်းတို့ ...<b>ဤကား ဒုက္ခအရိယသစ္စာတည်း</b>ဟု ဉာဏ်ဖြင့် သိသောသူအား ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်း သည် ဖြစ်၏။ <b>ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်း</b>ဟု ဉာဏ်ဖြင့် သိသောသူအား ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။ <b>ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတည်း</b>ဟု ဉာဏ်ဖြင့် သိသောသူအား ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။ <b>ဤကား ဒုက္ခချုပ်ရာနိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတည်း</b>ဟု ဉာဏ်ဖြင့် သိသောသူ အား, ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ... ဤသို့ ဉာဏ်ဖြင့် သိသောသူအား, ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။</p>
<p>ရဟန်းတို့ ...ထို့ကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့ တစ်တွေသည် --- <b>ဤကား ဒုက္ခအရိယသစ္စာတရားတည်း</b>ဟု သိအောင် ကြိုးစားအားထုတ်ပါ။ <b>ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တည်း</b>ဟု သိအောင် ကြိုးစားအားထုတ်ပါ။ <b>ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်း</b>ဟု သိအောင် ကြိုးစားအားထုတ်ပါ။ <b>ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယ သစ္စာတည်း</b>ဟု သိအောင် ကြိုးစားအားထုတ်ပါ။ ဤသို့ မိန့်ကြားတော်မူ၏။ (သံ၊၃၊၃၈၀။)</p>
<p><b>ဒုက္ခအရိယသစ္စာ</b> --- <b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။</b> (သံ၊၃၊၃၆၉။) ဟူ၍ ဓမ္မစကြာဒေသနာတော် စသည့် ထိုထိုဒေသနာတော်တို့၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း <b>ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ</b>-ဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားမည်၏။</p>
<p><b>ဥပါဒါနက္ခန္ဓာ</b> --- အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိ တို့သည် ငါ - ငါ့ဟာဟု စွဲယူအပ်သော အတိတ်, အနာဂတ်, ပစ္စုပ္ပန်,အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (အကြမ်း), သုခုမ (အနု), ဟီန (အယုတ်), ပဏီတ (အမြတ်), ဒူရ (အဝေး), သန္တိက (အနီး) ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ---</p>
<p>၁။ ရုပ်တရားအစုအပုံသည် <b>ရူပုပါဒါနက္ခန္ဓာ</b>,</p>
<p>၂။ ဝေဒနာအစုအပုံသည် <b>ဝေဒနုပါဒါနက္ခန္ဓာ</b>,</p>
<p>၃။ သညာအစုအပုံသည် <b>သညုပါဒါနက္ခန္ဓာ</b>,</p>
<p>၄။ သင်္ခါရအစုအပုံသည် <b>သင်္ခါရုပါဒါနက္ခန္ဓာ</b>,</p>
<p>၅။ ဝိညာဏ်အစုအပုံသည် <b>ဝိညာဏုပါဒါနက္ခန္ဓာ</b> မည်ပေသည်။ (ခန္ဓသုတ်၊သံ၊၂၊၃၉။)</p>
<p>ဤအထက်ပါ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။</p>
<p><b>သမုဒယသစ္စာ</b> --- သစ္စဝိဘင်းပါဠိတော်၌ (အဘိ၊၂၊၁၁၂၊၁၁၅။) ဘုရားရှင်သည် -</p>
<p>၁။ တဏှာကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။</p>
<p>၂။ ကိလေသာ (၁၀)ပါးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော် မူ၏။</p>
<p>၃။ အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထား တော်မူ၏။</p>
<p>၄။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော အလောဘ, အဒေါသ, အမောဟ ကုသလမူလတရား သုံးပါးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။</p>
<p>၅။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထား တော်မူ၏။</p>
<p><b>တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။</b> (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)</p>
<p>ဤအထက်တွင် တင်ပြထားသော သစ္စဝိဘင်းပါဠိတော်ကြီးကိုပင် ကိုးကားလျက် - စေတနာ, စေတနာနှင့် ယှဉ်ဖက်သမ္ပယုတ်တရားဟု အထူး အထွေ မပြောတော့ဘဲ သာမညအားဖြင့် ပြောဆိုရမူ သစ္စဝိဘင်းပါဠိတော်၌ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဟူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏ဟု အဋ္ဌကထာများက ဖွင့်ဆိုထားပေသည်။</p>
<p>တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊ ၁၇၈။)၌- <b>အဝိဇ္ဇာပစ္စယာ သင်္ခါရာ</b>-စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း, တစ်နည်းဆိုရသော် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောတရားကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။</p>
<p><b>နိရောဓသစ္စာ</b> --- <b>အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော</b> - ဤသို့စသည်ဖြင့် အဝိဇ္ဇာ၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရ၏ အကြွင်းမဲ့ချုပ်ငြိမ်းခြင်းသည် ဖြစ်၏- ဤသို့စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း နိရောဓသစ္စာဟု ယင်း တိတ္ထာယတနသုတ္တန်၌ပင် (အံ၊၁၊၁၇၈။) ဟောကြားထားတော်မူ၏။</p>
<p><b>ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။</b> (ဝိသုဒ္ဓိ၊၂၊၂၆၇။)</p>
<p>အထက်ပါ တိတ္ထာယတနသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-ဟူသော အကြောင်း တရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ-ဟူသော အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထား၍ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကိုလည်း နိရောဓသစ္စာဟု အဋ္ဌကထာများက ဖွင့်ဆိုထား၏။ ဤနိရောဓသစ္စာကား <b>ဥဒယဗ္ဗယဉာဏ်</b>၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အကြောင်းတရားအားဖြင့် အပျက်ကို (= အချုပ်ကို) ရှုမြင်တတ်သည့် <b>ပစ္စယတော ဝယဒဿနဉာဏ်</b>ဖြင့် သိမြင်အပ်သော နိရောဓသစ္စာတည်း။အကြောင်း တရားတို့၏ ယင်းသို့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို <b>သဥပါဒိသေသနိဗ္ဗာန်</b>, အကျိုးခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို <b>အနုပါဒိသေသနိဗ္ဗာန်</b>ဟုလည်း အသီးသီး ခေါ်ဆိုပေသည်။ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သော သစ္စာတရားဖြစ်ခြင်း ဟူသော ဤအကြောင်းပရိယာယ်အားဖြင့် လောကီနိရောဓသစ္စာဟူ၍လည်း ခေါ်ဆိုနိုင်ပေသည်။</p>
<p><b>လောကုတ္တရာ နိရောဓသစ္စာ</b> --- <b>ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော</b> ...(အဘိ၊၂၊၁၀၈။)</p>
<p><b>အသေသဝိရာဂနိရောဓောတိ အာဒီနိ သဗ္ဗာနိ နိဗ္ဗာနဝေဝစနာနေဝ။ နိဗ္ဗာနဥှိ အာဂမ္မ တဏှာ အသေသာ ဝိရဇ္ဇတိ နိရုဇ္ဈတိ၊ တသ္မာ တံ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓောတိ ဝုစ္စတိ။</b> (အဘိ၊ဋ္ဌ၊၂၊၁၀၅-၁၀၆။)</p>
<p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား လောကုတ္တရာနိရောဓသစ္စာ မည်၏။</p>
<p><b>မဂ္ဂသစ္စာ</b> --- လောကုတ္တရာနိရောဓသစ္စာဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ---</p>
<p>၁။ လောကီမဂ္ဂသစ္စာ အမည်ရသည့် လောကီမဂ္ဂင် (၈)ပါး,</p>
<p>၂။ လောကုတ္တရာမဂ္ဂသစ္စာ အမည်ရသည့် လောကုတ္တရာမဂ္ဂင် (၈)ပါး-</p>
<p>ဤနှစ်မျိုးသော ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂသစ္စာတရားတို့ကို ပွားများရမည် ဖြစ်ပေသည်။ ထိုတွင်လည်း လောကုတ္တရာမဂ္ဂသစ္စာသို့ ဆိုက်ရောက်ရေးအတွက် လောကီမဂ္ဂသစ္စာတရားတို့ကို ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်က ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၂၊၁၆၅၊၊)</p>
<p>ထိုတွင် လောကီမဂ္ဂသစ္စာကား လောကီဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော <b>သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ</b> ဟူသော မဂ္ဂင်တရားကိုယ် ငါးပါးနှင့် ကြိုတင်၍ ဆောက်တည်ကျင့်သုံးထားအပ်သော <b>သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ</b>ဟူသော သီလမဂ္ဂင် သုံးပါး, ပေါင်း (၈)ပါးတည်း။</p>
<p>လောကုတ္တရာမဂ္ဂသစ္စာကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုနေသော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတည်း။</p>
<p>ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော လောကီမဂ္ဂင်တရားတို့က သင်္ခါရ တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို အာရုံပြုကြ၏။ သမုဒယသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း အာရုံပြုကြ၏။ လောကုတ္တရာမဂ္ဂသစ္စာတရားတို့က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုကြ၏။</p>
<p><b>ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။</b> (သံ၊၁၊၃၄၄။)</p>
<p>သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာ၌ တည်သော <b>ဓမ္မဋ္ဌိတိ</b> အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးကဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)</p>
<p>ဤသို့ ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင်း သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်နေသော <b>ဓမ္မဋ္ဌိတိ</b>အမည် ရသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာလျှင် အရိယမဂ်ဉာဏ်သည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာနိုင်သည့် အတွက် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်သော <b>ဓမ္မဋ္ဌိတိ</b>အမည်ရသော ဝိပဿနာဉာဏ်ကို ရအောင် ရှေးဦးစွာ ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှလည်း အရိယသစ္စာလေးပါးတို့ကို ပြည့်ပြည့်စုံစုံ နေရာတကျ ထိုးထွင်းသိမည် ဖြစ်ပေသည်။</p>
<p>ထိုသို့ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် မည်သို့ လိုက်နာပြုကျင့်ရမည်နည်းဟူမူ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပါ-ဟူပေ။ ရှေးဦးစွာ <b>သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ</b>ဟူသည့် သီလမဂ္ဂင်သုံးပါးကို ပြည့်ပြည့် စုံစုံ ဖြူစင်အောင် ဖြည့်ကျင့်ပါ။ ထို့နောင် သမာဓိကျင့်စဉ်ပိုင်းကို တက်လှမ်းပါ။</p>
<p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b> (သံ၊၃၊၃၆၃။)</p>
<p>သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် သမာဓိကို ထူထောင်ရန် ဘုရားရှင်က ညွှန်ကြား ထားတော်မူ၏။ (သံ၊၃၊၃၆၃။) သမထကမ္မဋ္ဌာန်း (၄၀)တို့တွင် မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ပါ။ ဥပစာရ သမာဓိသို့ ဆိုက်အောင် သို့မဟုတ် အပ္ပနာသမာဓိသို့ ဆိုက်အောင် သမာဓိကို စနစ်တကျ ထူထောင်ပြီးသော ပုဂ္ဂိုလ်သည် ---</p>
<p>၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ပထမ သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။</p>
<p>၂။ ယင်းဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယသစ္စာတရားတို့ကို ဒုတိယသိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။</p>
<p><b>တတ္ထ ပုရိမာနိ ဒွေသစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ။</b> (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p>ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ဤသစ္စာနှစ်ပါးတို့ကား <b>ဝဋ္ဋသစ္စာ</b> တည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာ ဤသစ္စာ နှစ်ပါးတို့ကား <b>ဝိဝဋ္ဋသစ္စာ</b>တည်း။ ထိုနှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းမည့် ယောဂါဝစရ ရဟန်းသည် ဝဋ္ဋသစ္စာတရားနှစ်ပါးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းအမှုကို ပြုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p>ထို့ကြောင့် ဤဒုက္ခသစ္စာ သမုဒယသစ္စာတရားနှစ်ပါးတို့ကား ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏။ ယင်းသစ္စာတရား နှစ်ပါးတို့ကား ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က အညီအညွတ် ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာရသော တရားတို့ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရတရားတို့ကို ---</p>
<p>၁။ ယင်းတို့၏ ဖြစ်ပြီးလျှင် ပျက်နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ <b>အနိစ္စ</b>ဟုလည်းကောင်း,</p>
<p>၂။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ <b>ဒုက္ခ</b>ဟုလည်းကောင်း,</p>
<p>၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေ သည့် အတ္တမဟုတ်သည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ <b>အနတ္တ</b>ဟုလည်းကောင်း-</p>
<p>ဤသို့လျှင် လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာ ဉာဏ်စဉ်အတိုင်း ရှုပွားခဲ့သော် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ လောကုတ္တရာနိရောဓသစ္စာဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူ၍ အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ယင်းအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကား လောကုတ္တရာနိရောဓ သစ္စာတည်း။ ယင်းအရိယမဂ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ကား လောကုတ္တရာမဂ္ဂသစ္စာတည်း။</p>
<p>ဝိပဿနာအခိုက် ဖြစ်ပေါ်သွားကြသော မဂ္ဂင်တရားကိုယ်တို့ကား လောကီမဂ္ဂသစ္စာတည်း။ လောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော အကြောင်းသင်္ခါရတရား, အကျိုးသင်္ခါရ တရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းဟူသော အနုပ္ပါဒနိရောဓသဘောကား လောကီနိရောဓသစ္စာတည်း။</p>
<p>လောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ်တို့က ကိလေသာ အာသဝေါတရားတို့ကို <b>တဒင်္ဂ</b>အားဖြင့် ပယ်ရှားသွား၏။ လောကုတ္တရာမဂ္ဂသစ္စာ အမည်ရသည့် အရိယမဂ်တရားတို့က ဆိုင်ရာ ဆိုင်ရာ ကိလေသာ အာသဝေါတရားတို့ကို အဆင့်ဆင့် အကြွင်းမဲ့ = <b>သမုစ္ဆေဒ</b>အားဖြင့် ပယ်ရှား လိုက်၏။ အရဟတ္တမဂ်သို့ ဆိုက်ရောက်သောအခါ ကိလေသာအာသဝေါတို့ လုံးဝကုန်ခန်းသွားပြီ ဖြစ်၏။ ထို့ကြောင့် အရိယသစ္စာလေးပါးတို့ကို ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့ဖြင့် သိသောသူအားသာလျှင် မြင်သောသူအား သာလျှင် အာသဝေါတရားတို့၏ ကုန်ခြင်းကို ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပေသည်။</p>
<p>ထိုကဲ့သို့ အာသဝေါတရားတို့ ကုန်ခန်းသွားသော ပုဂ္ဂိုလ်သည် အရိယမဂ်လေးပါး, အရိယဖိုလ်လေးပါး, နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားနိုင်သူဟု ခေါ်ဆိုထိုက်ပြီ ဖြစ်ပေသည်။</p>
<p><b>ဓမ္မာနံ န နိသာမကဇာတိကောတိ နဝန္နံ လောကုတ္တရဓမ္မာနံ န နိသာမနသဘာဝေါ န ဥပဓာရဏသဘာဝေါ။</b> (အံ၊ဋ္ဌ၊၃၊၃၂၅။)</p>
<p>ရဟန်းတော်တစ်ပါးအနေဖြင့် ဤလောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ မဆောင်ထားနိုင်သေးစေကာမူ ယင်းလောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးတို့ကို ပြောကြားတတ်ဖို့ကား လိုအပ်ပေသည်။ အကယ်၍ ရဟန်းတော်တစ်ပါး အနေဖြင့် ထိုလောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍လည်း မဆောင်ထားနိုင်သည်ဖြစ်အံ့၊ သို့မဟုတ် ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း မပြောဆိုတတ်သည် ဖြစ်ငြားအံ့၊ ထိုကဲ့သို့သော ရဟန်းတော်မျိုးကို သီတင်းသုံးဖော်တို့က ချစ်ခင်ရန် ရိုသေလေးစားရန်လည်း မဖြစ် နိုင်ပေ။ ထိုရဟန်းသည် မိမိသန္တာန်၌ ထိုလောကုတ္တရာတရားကိုးပါးတို့ကို ရကြောင်းရောက်ကြောင်းဖြစ်သည့် သမထဘာဝနာကုသိုလ် ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း ပွားများအားထုတ်တော့မည် မဟုတ်ပေ။ ပရမတ္ထသံဃာအစစ်ဖြစ်အောင် ရွက်ဆောင်ပေးတတ်သည့် ရဟန်းဖြစ်ကြောင်းတရားဟူသည့် အရိယမဂ်တရား ဖိုလ်တရားတို့သည်လည်း <b>ဓမ္မဋ္ဌိတိ</b>အမည်ရသော ဝိပဿနာဉာဏ်ကို ပွားများမှု မရှိသဖြင့် ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။</p>
<p>ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ်တရား, ဘုရားရှင် ဟောကြား ထားတော်မူသည့် နာမ်တရား, ဘုရားရှင် ဟောကြားထားတော်မူသည့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သာဝကတို့သည် ရှုမရနိုင်ဟူသော ဆင်ခြေ ဆင်လက် အမျိုးမျိုးတို့ကို အကြောင်းပြကာ ဝေဖန်ရေးသမားသက်သက် ပြုလုပ်နေတတ်၏။ <b>လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါ တစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားချေချွတ်၊ ဖြေမလွတ်ဖူး</b> (မဃဒေဝ-စာပိုဒ်-၃၁၉။)ဟူသော ဆိုရိုး စကားအတိုင်း အသိန်းမကသော ဘုရားရှင်တို့ ဝိုင်း၍ ချွတ်သော်လည်း မကျွတ်နိုင်သူ ဖြစ်နေတတ်သည်။ <b>ဓမ္မဋ္ဌိတိ</b> အမည်ရသော ဝိပဿနာဉာဏ် တို့ကို တကယ်လက်တွေ့ မကျင့်သဖြင့် လောကုတ္တရာအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်ခွင့် မရှိရကား ကိလေသာအာသဝေါတရားတို့၏ ကုန်ခန်းမှုမှာ မမျှော်မှန်းနိုင်သော အရာဌာနတစ်ခုသာ ဖြစ်ပေလိမ့်မည်။</p>
<p>ထိုကဲ့သို့ ကိလေသာ အာသဝေါတို့ ထူပြောနေသော ရဟန်းတော်တို့ အချင်းချင်းသည် ရာဂ ဒေါသ မောဟစသည့် ထိုကိလေသာ အာသဝေါတို့၏ ထူပြောမှု စွမ်းအားကြောင့် တစ်ပါးနှင့်တစ်ပါး ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ဖြစ်ဖို့ရန် စည်းလုံးညီညွတ်မှု ရှိဖို့ရန်ကား မမျှော်မှန်း သင့်သောအရာ ဖြစ်နေပေသည်။ ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ-စသည့် ကိလေသာတရားဆိုးတို့က စည်းလုံးညီညွတ်မှုကို ပျက်ပြား စေတတ်သောကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားရှင်က ဤ<b>နပ္ပိယသုတ္တန်</b>တွင် ဤသို့ ဟောကြားတော်မူခြင်း ဖြစ်၏။</p>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် လောကုတ္တရာ တရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း သဘောရှိသူမဟုတ်၊ လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ... ဤကဲ့သို့ လောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်းသဘော ရှိသူမဟုတ်ခြင်း, လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်း တစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ်, ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်း အချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)</p>
---
<h3>၉။ န ပဋိသလ္လာနော = တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ မကိန်းအောင်း မမွေ့လျော်သူ</h3>
<p><b>နာနာရမ္မဏတော ပဋိသံဟရိတွာ ကမ္မဋ္ဌာနဘူတေ ဧကသ္မိံယေဝ အာရမ္မဏေ စိတ္တဿ သမ္မဒေဝ လယနံ ပဋိသလ္လာနံ။</b> (မဟာဋီ၊၁၊၆၃၊၊)</p>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်တတ်သူ မဟုတ်၊ တစ်ပါးထီး တည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်သူ မဟုတ်ခြင်း, တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ်, ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန် လည်း မဖြစ်ပေ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)</p>
<p><b>ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ၊၊</b> (အံ၊၃၊၆၅။)</p>
<p>ရဟန်းတို့ ...ဤလောကုတ္တရာတရားကိုးပါးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ပုဂ္ဂိုလ်သတ္တဝါ အပေါင်းအဖော်, ကိလေသာ အပေါင်းအဖော်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)</p>
<p><b>ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေက</b>-ဟု ဝိဝေကသုံးပါးရှိ၏။ ဂိုဏ်းအပေါင်းအဖော်ကို စွန့်လွှတ်၍ တစ်ပါးထီးတည်း သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, စားခြင်း စသည်ဖြင့် တစ်ပါးထီးတည်း နေလေ့ရှိခြင်းသည် <b>ကာယဝိဝေက</b> မည်၏။ ကာယဝိဝေကမျှနှင့် လောကုတ္တရာတရားကိုးပါးသည် မပြီးစီးမပြည့်စုံနိုင်ရကား ကသိုဏ်းပရိကံများကို ပြုစုပျိုးထောင်၍, ပွားများ အားထုတ်၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၏။ ဤသမာပတ် (၈)ပါးသည် သို့မဟုတ် သမာပတ် (၈)ပါးတို့ကို ဝင်စားလျက် နေထိုင်ခြင်းသည် ကိလေသာ အပေါင်းအဖော်မှ စိတ်ကို ကင်းရှင်းစေလျက် နေထိုင်ခြင်း ဖြစ်သောကြောင့် <b>စိတ္တဝိဝေက</b> မည်၏။ စိတ္တဝိဝေက အမည်ရသည့် သမာပတ် (၈)ပါးမျှဖြင့်လည်း လောကုတ္တရာတရားကိုးပါးသည် မပြီးစီးမပြည့်စုံနိုင်ရကား ယင်းစျာန်သမာပတ်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လေသော် <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးတို့နှင့် အတူတကွ အရဟတ္တမဂ်သို့ ဆိုက်ရောက်တော်မူ၏။ ဤအရဟတ္တဖိုလ် နိဗ္ဗာန်သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် <b>ဥပဓိဝိဝေက</b> မည်၏။ ထိုနိဗ္ဗာန်သည် <b>ကာမုပဓိ</b>အမည်ရသည့် ကာမဂုဏ်ဥပဓိတို့မှလည်း ကင်းဆိတ်၏။ <b>ကိလေသုပဓိ</b> အမည်ရသည့် ကိလေသာဥပဓိတို့မှလည်း ကင်းဆိတ်၏။ ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ်သော <b>အဘိသင်္ခါရုပဓိ</b> အမည်ရသည့် အဘိသင်္ခါရဥပဓိတရားတို့မှလည်း ကင်းဆိတ်၏။ <b>ခန္ဓုပဓိ</b> အမည်ရသည့် ခန္ဓာငါးပါး ဥပဓိတရားတို့မှလည်း ကင်းဆိတ်၏။ ထို့ကြောင့် ယင်းနိဗ္ဗာန်သည် <b>ဥပဓိဝိဝေက</b> = ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ တရားမည်၏။ ဤသို့ ဝိဝေကသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်သည် ဆိုက်ရောက်လာသော ပရိသတ်အား ဝိဝေကသုံးဖြာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန်, ဝိဝေကသုံးဖြာသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိရန် ညွှန်ကြားလျက် ပြန်လွှတ်ကာ သမထ-ဝိပဿနာဘာဝနာ တို့ကိုသာ အားထုတ်လေသည်။ (အံ၊၃၊၆၆။ အံ၊ဋ္ဌ၊၃၊၂၆။)</p>
<p>ဤကဲ့သို့ ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်လျက် တစ်ပါး ထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း နေထိုင်ခြင်း, စျာန်သမာပတ်တို့ကို ဝင်စားလျက် နေထိုင်ခြင်း, ဖလသမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းတို့ကိုပင် <b>ပဋိသလ္လာန</b> = တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော် နေစံပျော်ခြင်းဟု ဆိုသည်။ ယင်းကဲ့သို့သော <b>ပဋိသလ္လာန</b>ဂုဏ်နှင့် မပြည့်စုံခြင်း, <b>ပဋိသလ္လာန</b>ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရား သည်ကား ရဟန်းတော် တစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်, ရိုသေလေးစားဖို့ရန် လည်း မဖြစ်ပေ၊ သမထ-ဝိပဿနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ အရိယာရဟန်းအဖြစ်ကို ပြုလုပ်ပေးတတ်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ကို ရရှိဖို့ရန်လည်း မဖြစ်နိုင်တော့ပေ။ ထိုကဲ့သို့ သမထ-ဝိပဿနာဘာဝနာတို့ကို အောင်အောင်မြင်မြင် အားမထုတ်နိုင်ပါက အာသဝေါတရားတို့ ကုန်ခန်းဖို့အရေးမှာလည်း အလွန်အလှမ်းကွာဝေးလျက်ပင် ရှိနေပေမည်။ ရာဂ, ဒေါသ, မောဟ-စသည့် ကိလေသာတွေ ထူပြောနေသည့် အဖွဲ့အစည်း တစ်ခု၌ကား ညီညွတ်မှုကို ရရှိဖို့ရန်လည်း အလွန် ခက်ခဲဖွယ်ရာ ရှိပေသည်။</p>
<h3>မြင်းယုတ်ဥပမာ</h3>
<p>ရဟန်းတို့ ...ဥပမာသော်ကား --- မြင်းယုတ် မြင်းကြမ်းအား ငါ့ကို အကယ်၍ လူတို့သည် အာဇာနည်မြင်းရာထူး၌ ထားကြမူ, အာဇာနည်မြင်း စားသော အစာကို ကျွေးကြမူ, အာဇာနည်မြင်းကို ပွတ်သပ်ပေးခြင်း (ဆုပ်နယ်ပေးခြင်း)ကဲ့သို့သော ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) ပွတ်သပ်ကြကုန်မူ (ဆုပ်နယ်ကြကုန်မူ) ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်ငြားသော်လည်း ထိုမြင်းယုတ်ကို စင်စစ်အားဖြင့် လူတို့သည် အာဇာနည်မြင်းရာထူးတို့၌လည်း မထားကြကုန်၊ အာဇာနည်မြင်းစားသည့် အစာကိုလည်း မကျွေးကြကုန်၊ အာဇာနည်မြင်းကို (ပွတ်သပ်ပေးခြင်း, ဆုပ်နယ် ပေးခြင်းကဲ့သို့သော) ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) မပွတ်သပ်ပေးကြကုန် (မဆုပ်နယ်ပေးကြကုန်)။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ တတ်သိနားလည်သော လူတို့သည် ထိုမြင်း၏ ထိုစဉ်းလဲခြင်း, ကိုင်းခြင်း, ကောက်ခြင်း, ကွေးခြင်းတို့ကို မပယ်ရသေးသည်ကို မြင်ကုန်သောကြောင့်တည်း။</p>
<p>ရဟန်းတို့ ...ဤဥပမာအတူပင် ဤသို့ပြောဆိုအပ်ပြီးသော သဘော ရှိသော ရဟန်းအား အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေ ပြုကြကုန်မူ, အလေးပြုကြကုန်မူ, မြတ်နိုးကြကုန်မူ, ပူဇော်ကြကုန်မူ ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်ငြား သော်လည်း ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် အရိုအသေလည်း မပြုကြကုန်၊ အလေးဂရုလည်း မပြုကြကုန်၊ မြတ်နိုးလည်း မမြတ်နိုးကြကုန်၊ ပူဇော်လည်း မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ တတ်သိနားလည်သော သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပယ်ရသေးသည်ကို မြင်ကြသောကြောင့်တည်း။ (အံ၊၃၊၃၉၀-၃၉၁။)</p>
<p>ဤသို့လျှင် ဘုရားရှင်သည် --- ရဟန်းတော်အချင်းချင်း တစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖို့ရန်, ရိုသေလေးစားဖို့ရန်, သမထ-ဝိပဿနာဘာဝနာကုသိုလ် တရားတို့ တိုင်းထက်အလွန် တိုးပွားဖို့ရန်, ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်အတွက် ရဟန်းတစ်ပါး၏ သန္တာန်ဝယ် မရှိသင့်သော အင်္ဂါရပ် (၁၀)ချက်တို့ကို ဟောကြားတော်မူပြီးနောက် - တစ်ဖန် ပဋိလောမ = အပြန်အားဖြင့် ရှိသင့်သော အင်္ဂါရပ် (၁၀)ချက်တို့ကို အောက်ပါအတိုင်း ဆက်လက်ဟောကြားတော်မူ၏။ သီတင်းသုံးဖော်တို့၏ ချစ်ခင်မှု အရိုအသေ ပြုမှု အလေးဂရုပြုမှု မြတ်နိုးမှု ပူဇော်မှုတို့ကို အလိုရှိသူတိုင်း သံဃာတော်၏ ညီညွတ်စည်းလုံးမှုကို အလိုရှိသူတိုင်း လိုက်နာပြုကျင့်သင့်သော အင်္ဂါရပ်တို့ပင် ဖြစ်ကြပေသည်။ ယင်းအင်္ဂါရပ်တို့မှာ ဤသို့ ဖြစ်ကြ၏ ---</p>
<h3>၁။ အငြင်းပွားမှု = အဓိကရုဏ်းကို မပြုတတ်သူ</h3>
<p>ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် အငြင်းပွားမှု = အဓိကရုဏ်းကို မပြုတတ်၊ အငြင်းပွားမှု = အဓိကရုဏ်း ငြိမ်းအေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ အငြင်းပွားမှု = အဓိကရုဏ်းကို မပြုတတ်ခြင်း၊ အငြင်းပွားမှု = အဓိကရုဏ်းကို ငြိမ်းခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း ဖြစ်၏၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း ဖြစ်၏၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်းဖြစ်၏။ (အံ၊၃၊၃၉၁။)</p>
<h3>၂။ သိက္ခာသုံးရပ်ကို လိုလားသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တသော စိတ်ထားရှိ၏။ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တသော စိတ်ထားရှိခြင်း၊ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၁။)</p>
<h3>၃။ အပ္ပိစ္ဆ = အလိုနည်းပါးသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် အလိုနည်းပါး၏၊ အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ဤကဲ့သို့ အလိုနည်းပါးခြင်း အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖို့ရန်လည်းဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်းဖြစ်၏။ (အံ၊၃၊၃၉၁။)</p>
<p><b>အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။</b> (အံ၊၃၊၆၅။)</p>
<p>ရဟန်းတို့ ...ဤလောကုတ္တရာတရားကိုးပါးသည် အလိုနည်းပါးသော = လိုချင်မှု ဣစ္ဆာ တဏှာ မရှိသော <b>အပ္ပိစ္ဆပုဂ္ဂိုလ်</b>၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရားကိုးပါးသည် အလိုရမ္မက် ကြီးမားလှသော <b>မဟိစ္ဆပုဂ္ဂိုလ်</b>၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)</p>
<p>ပစ္စည်းလေးပါးကို များများလှူလျှင် နည်းနည်းသာ အလှူခံ၍, နည်းနည်း လှူလျှင်လည်း လှူသည့်အောက် ယုတ်လျော့၍ နည်းနည်းကိုသာ အလှူခံပြီးလျှင် အကုန်လုံးကို အလှူမခံသော ပစ္စည်းလေးပါး၌ အလိုနည်းပါးသော <b>ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်</b>, (၁)</p>
<p>မိမိ မဂ်ဖိုလ် တရားထူး တရားမြတ် ရသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော <b>အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်</b>, (၂)</p>
<p>မိမိ ပရိယတ်ဗဟုဿုတ ပေါများတတ်ကျွမ်းသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော <b>ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ်</b>, (၃)</p>
<p>မိမိ ဓုတင် ဆောက်တည်ကျင့်သုံးထားသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော <b>ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ်</b>, (၄)</p>
<p>ဤသို့အားဖြင့် အလိုနည်းပါးသော <b>အပ္ပိစ္ဆပုဂ္ဂိုလ်</b> လေးမျိုးရှိ၏။</p>
<p>ထိုအလိုနည်းပါးသော <b>အပ္ပိစ္ဆပုဂ္ဂိုလ်</b>သည် <b>အပ္ပိစ္ဆပုဂ္ဂိုလ်</b>ဖြစ်သော်လည်း အလိုနည်းပါးသော <b>အပ္ပိစ္ဆပုဂ္ဂိုလ်</b>ဟု သူတစ်ပါးတုိ့ သိမှာကို အလိုမရှိ။ ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သူဖြစ်လျက် ရောင့်ရဲလွယ်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဖြစ်လျက် ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထက်သန်သော လုံ့လဝီရိယရှိသူ ဖြစ်လျက် ထက်သန်သော လုံ့လဝီရိယရှိသူဟု သူတစ်ပါးတို့က သိမှာကို အလို မရှိ။ ထင်လင်းသော သတိရှိသူ ဖြစ်လျက် ထင်လင်းသော သတိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ ရှိသူဖြစ်လျက် သမာဓိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်လျက် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ သံသရာကို ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဖြစ်လျက် ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထိုမျှ အလိုနည်းပါးသူ ဖြစ်၏။ (အံ၊၃၊၆၆။)</p>
<h3>၄။ အမျက်မထွက်တတ်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် အမျက် မထွက်တတ်, အမျက်ထွက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ အမျက်မထွက်တတ်ခြင်း, အမျက်ထွက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘော တရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။(အံ၊၃၊၃၉၁၊၊)</p>
<p><b>အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။</b></p>
<p><b>ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။</b> (ဓမ္မပဒ၊၄၆။ ဂါထာ-၂၂၃။)</p>
<p>အမျက်ထွက်သော သူကို မေတ္တာတရားဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ မကောင်းသောသဘောရှိသော သူကို ကောင်းသောသဘောဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ နှမြောဝန်တိုသော သူကို ပေးကမ်းခြင်းဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ မဟုတ်မမှန် ပြောဆိုသော သူကို အဟုတ် အမှန်ကို ပြောဆိုခြင်းဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ (ဓမ္မပဒ၊၄၆။)</p>
<p>ဤညွှန်ကြားချက်များနှင့် အညီ အမျက်မထွက်လိုသူ ဖြစ်လိုပါက ဥတ္တရာဥပါသိကာမနှင့် သာမာဝတီတို့ကဲ့သို့ မေတ္တာစျာန်ကို နိုင်နိုင်နင်းနင်း လျင်လျင်မြန်မြန် ဝင်စားနိုင်အောင် ကြိုးစားပါ။</p>
<h3>၅။ သူ့ကျေးဇူးကို မချေဖျက်တတ်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သူ့ကျေးဇူးကို မချေဖျက်တတ်၊ သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ဤကဲ့သို့ သူ့ကျေးဇူးကို မချေဖျက်တတ်ခြင်း, သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၁။)</p>
<h3>တစ်လုတ်စားဖူး သူ့ကျေးဇူး</h3>
<p>တစ်ချိန်တွင် ရာဓပုဏ္ဏားကြီးက ရဟန်းတော်တို့ထံသို့ ချဉ်းကပ်ကာ ရှင်ရဟန်းပြုပေးပါရန် တောင်းပန်လျှောက်ထားခဲ့၏။ ရဟန်းတော်တို့ကလည်း ထိုပုဏ္ဏားကြီးကို အသက်အရွယ်ကြီးရင့်မှုကြောင့် ရှင်ရဟန်းပြုပေးဖို့ရန် အလိုမရှိ ဖြစ်နေကြ၏။ ထိုပုဏ္ဏားကြီးသည် ရဟန်းတော်တို့အထံ၌ ရှင်ရဟန်း ပြုပေးဖို့ရန် အခွင့်အလမ်းကို မရရှိသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ ပိန်ကြုံလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိနေ၏။ ထိုပုဏ္ဏားကြီး၏ အခြေအနေ အရပ်ရပ်ကို ဘုရားရှင် သိတော်မူသောအခါ ရဟန်းတို့ကို ဘုရားရှင်က ရဟန်းတို့ ...ထိုပုဏ္ဏားကြီး၏ ပြုခဲ့ဖူးသည့် ကျေးဇူးကို မည်သူ အမှတ်ရပါသနည်းဟု မေးမြန်းတော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ထိုပုဏ္ဏားကြီး၏ သူ့အပေါ်၌ ပြုခဲ့ဖူးသည့် ကျေးဇူးကို အမှတ်ရပါကြောင်းကို ဘုရားရှင်အား လျှောက်ထားတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က မည်ကဲ့သို့ပြုခဲ့ဖူးသော သူ့ကျေးဇူးကို သင်သည် အမှတ်ရပါသနည်းဟု မေးမြန်းတော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်က ဘုရားရှင်အား ဤသို့ လျှောက်ထားတော်မူ၏ မြတ်စွာဘုရား ... ထိုပုဏ္ဏားကြီးသည် တပည့်တော် ဤရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ဝင်ရောက်ခဲ့စဉ် တစ်ခါက ဆွမ်းတစ်ဇွန်းကို လောင်းလှူခဲ့ဖူးပါသည်။ တပည့်တော်သည် ထိုပုဏ္ဏားကြီး၏ ဤသို့ပြုခဲ့ဖူးသော ကျေးဇူးကို အမှတ်ရပါသည်ဘုရားဟု တင်ပြလျှောက်ထားတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က <b>သာဓု သာဓု သာရိပုတ္တရာ - သူတော်ကောင်းတို့သည်ကား သူတစ်ပါးတို့ ပြုခဲ့ဖူးသည့် ကျေးဇူးကို သိတတ်ကြ၏။ သူ့ကျေးဇူးကို ကျေးဇူးတုံ့ဆပ်ရမည်ကို သိတတ်သူတို့ ဖြစ်ကြ၏။ သာရိပုတ္တရာ ထိုသို့ဖြစ်လျှင် သင်သည် ထိုပုဏ္ဏားကြီးကို ရှင်ရဟန်းပြုပေးလိုက်ပါ</b>ဟု မိန့်ကြားတော်မူလိုက်၏။</p>
<p>ထိုအချိန်အခါမှာ သရဏဂုံဖြင့် ရှင်ရဟန်းအဖြစ်ကို ခွင့်ပြုမှုကို ရုပ်သိမ်းကာ ဉတ်လျှင် လေးကြိမ်မြောက်ရှိသည့် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်း ပြုရန် ခွင့်ပြုတော်မူလိုသည့် ဘုရားရှင်၏ ဆန္ဒတော်ကို သိရှိတော်မူသည့် အတွက် မည်သို့ ရှင်ရဟန်းပြုပေးရပါမည်နည်းဟု အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဘုရားရှင်အား ထပ်မံလျှောက်ထားတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က ရှေးယခင်က ခွင့်ပြုထားပြီးဖြစ်သည့် သရဏဂုံဖြင့် ရဟန်းပြုခွင့်ကို ရုပ်သိမ်းတော်မူကာ ယခုကာလ သုံးစွဲနေသည့် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုခွင့်ကို စတင်ခွင့်ပြုတော်မူလေသည်။ (ဝိ၊၃၊ရဝ။)</p>
<p>အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ရဟန်းသစ်ဖြစ်သော အရှင်ရာဓကို ရွာငယ်တောကျောင်းတစ်ကျောင်းသို့ ခေါ်ဆောင်သွားကာ ကမ္မဋ္ဌာန်းတရားများကို သင်ကြားပေးလျက် ပစ္စည်းလေးပါးဖြင့်လည်း မငြိုငြင် မပင်ပန်းရအောင် ထောက်ပံ့လျက် သမထ-ဝိပဿနာဘာဝနာတို့ကို အားထုတ်စေလေရာ မကြာမီအချိန်ကာလအတွင်းမှာပင် အရှင်ရာဓလည်း ရဟန္တာ အဖြစ်သို့ ရောက်ရှိသွားတော်မူလေသည်။ (အံ၊ဋ္ဌ၊၁၊၂၅၄။)</p>
<p>သံယုတ်ပါဠိတော် (သံ၊၂၊၁၅၄-၁၆၅။)၌ လာရှိသော <b>ရာဓသံယုတ်</b> တစ်ခုလုံးသည် အရှင်ရာဓမထေရ်မြတ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော သုတ္တန်တို့ ဖြစ်ကြ၏။</p>
<h3>ဧတဒဂ်ဘွဲ့ထူးရတော်မူခြင်း</h3>
<p>နောင်တစ်ချိန်၌ မြတ်စွာဘုရားသည် မထေရ်မြတ်တို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်ရာဓမထေရ်ကို ---</p>
<p><b>ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိဘာနေယျကာနံ ယဒိဒံ ရာဓော။</b> (အံ၊၁၊၂၆။)</p>
<p>= ရဟန်းတို့ ...ငါဘုရားရှင်၏ တရားဟောဆိုကြောင်းဖြစ်သည့် ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို ဖြစ်စေတတ်ကြသော ငါဘုရားရှင်၏ တပည့်သာဝကရဟန်းတို့တွင် ရာဓရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်၏။ (အံ၊၁၊၂၆။)</p>
<p>ဤသည်တို့ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ တစ်လုတ် စားဖူး သူ့ကျေးဇူးကို သိတတ်မှု <b>ကတညုတ ကတဝေဒီဂုဏ်</b>ကို အကြောင်းခံကာ ဖြစ်ပေါ်လာကြသည့် ဂုဏ်ကျေးဇူးတို့ပင်တည်း။ ထို့ကြောင့် သူတော်ကောင်းမှန်သမျှတို့သည် တစ်လုတ်စားဖူး သူ့ကျေးဇူးကို အထူး သိထိုက်လှပေသည်။ ကျေးဇူးတုံ့ဆပ်ရမည်ကိုလည်း သိထိုက်လှပေသည်။</p>
<p>ဘုရားရှင်ကလည်း အရှင်ရာဓမထေရ်မြတ်၏ အသိအမြင်ဉာဏ်ဖြစ်ပုံ, တရားတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ကြီးမားပုံတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် အသစ်အသစ်ဖြစ်သော တရားဟောဆိုကြောင်း = <b>ဓမ္မဒေသနာ</b> အသိဉာဏ်ပညာတို့ တိုးပွားလာမှု တိုး၍ တိုး၍ ဖြစ်ပွားလာမှုကို အကြောင်းခံကာ ယင်းဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူခြင်း ဖြစ်သည်။</p>
<h3>၆။ မကောက်ကျစ် မစဉ်းလဲသူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် မကောက်ကျစ် မစဉ်းလဲတတ်၊ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ မကောက်ကျစ် မစဉ်းလဲခြင်း, ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်း မိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)</p>
<h3>၇။ မလှည့်စားတတ်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် မလှည့်စားတတ်, လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ မလှည့်စားခြင်း, လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)</p>
<p>ကောက်ကျစ်စဉ်းလဲသူ လှည့်စားတတ်သူတို့ကား သီလပျက်စီးသူတို့ ဖြစ်ကြ၏။ မကောက်ကျစ် မစဉ်းလဲသူ မလှည့်စားတတ်သူတို့ကား သီလရှိသူတို့ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့၏ ခြားနားချက်ကို ဘုရားရှင်က ဤသို့ မိန့်ကြားထားတော်မူ၏။</p>
<p>ရဟန်းတို့ ...အခက်အရွက်ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့, အခွံအခေါက်သည်လည်း၊ အကာသည်လည်း၊ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ရဟန်းတို့ ဤဥပမာအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှု (<b>အဝိပ္ပဋိသာရ</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှု (<b>ပါမောဇ္ဇ</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှု (<b>ပီတိ</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းချမ်းမှု (<b>ပဿဒ္ဓိ</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှု (<b>သုခ</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား တည်ကြည်မှု (<b>သမာဓိ</b>) သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ တည်ကြည်မှု သမာဓိ မရှိလတ်သော် တည်ကြည်မှု သမာဓိ ပျက်စီးသူအား ဟုတ်တိုင်းမှန်စွာ သိမြင်မှု (<b>ယထာဘူတဉာဏဒဿန</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော် ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု (<b>နိဗ္ဗိဒါဝိရာဂ</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု မရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု ပျက်စီးသူအား ကိလေသာမှ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် (<b>ဝိမုတ္တိဉာဏဒဿန</b>)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ (အံ၊၃၊၂၅၉-၂၆၀။)</p>
<p>ရဟန်းတို့ ...အခက်အရွက်နှင့်ပြည့်စုံသော သစ်ပင်အား အပွေးသည် လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့, အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤဥပမာအတူပင် သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်း ပြည့်စုံ၏။ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ ငြိမ်းချမ်းမှု ရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှု (<b>သမ္မာသမာဓိ</b>) သည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ ကောင်းသော တည်ကြည်မှု ရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအား ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော် ဟုတ်တိုင်းမှန်စွာ သိမြင်သူအား ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှုသည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ ငြီးငွေ့မှုနှင့် တပ်မက် ခြင်းကင်းမှု ရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု ပြည့်စုံသူအား (ကိလေသာမှ)လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ (အံ၊၃၊၂၆၀။)</p>
<h3>၈။ လောကုတ္တရာတရားတို့ကို ဆောင်ထားနိုင်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် လောကုတ္တရာ တရားတို့ကို ဆောင်ထား၏၊ လောကုတ္တရာတရားတို့ကို ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ လောကုတ္တရာ တရားတို့ကို ဆောင်ထားခြင်း, လောကုတ္တရာတရားတို့ကို ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)</p>
<h3>၉။ ပဋိသလ္လာန = တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း မွေ့လျော်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်တတ်၏၊ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်တတ်ခြင်း, တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း မွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)</p>
<h3>၁၀။ ပဋိသန္ထာရ = အစေ့အစပ်စကား ပြုတတ်သူ</h3>
<p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သီတင်းသုံးဖော်တို့အား ပဋိသန္ထာရ = အစေ့အစပ်စကား ပြုတတ်၏၊ ပဋိသန္ထာရ=အစေ့အစပ်စကား ပြုခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ... ဤကဲ့သို့ ပဋိသန္ထာရ = အစေ့အစပ်စကား ပြုတတ်ခြင်း, ပဋိသန္ထာရ = အစေ့အစပ်စကား ပြုခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘော တရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း ဖြစ်၏၊ သမထဘာဝနာကုသိုလ်, ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း ဖြစ်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း ဖြစ်၏၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)</p>
<p>ရဟန်းတို့ ...ဤသို့ သဘောရှိသော (အင်္ဂါ ၁၀-ပါးနှင့်ပြည့်စုံသော) ရဟန်းအား အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ, အလေးဂရုပြုကြကုန်မူ, မြတ်နိုးကြကုန်မူ, ပူဇော်ကြကုန်မူ ကောင်းလေ ရာ၏ဟု ဤသို့ အလိုဆန္ဒသည် မဖြစ်ရာ။ (ထိုရဟန်းတော် ရရှိထားသော လောကုတ္တရာတရားတို့က ယင်းကဲ့သို့သော အလိုဆန္ဒ ကိလေသာတရားဆိုးတို့ကို ပယ်သတ်ထားပြီး ဖြစ်သောကြောင့်တည်း။) ထိုသို့ပင် မဖြစ်သော်လည်း ထိုရဟန်း ကို စင်စစ်အားဖြင့် သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်၏၊ အလေး ဂရုပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ... တတ်သိနားလည်သော ပညာရှိ သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော (အလိုဆန္ဒစသည့်) အကုသိုလ်တရားတို့ကို ပယ်ထားပြီးသည်ကို တွေ့မြင်သောကြောင့်တည်း။ (အံ၊၃၊၃၉၂။)</p>
<h3>အမျိုးကောင်း အာဇာနည်မြင်းပမာ</h3>
<p>ရဟန်းတို့ ...ဥပမာသော်ကား --- အမျိုးကောင်း အာဇာနည်မြင်းအား အကယ်၍ ငါ့ကိုလူတို့က အာဇာနည်မြင်းရာထူး၌ ထားကြကုန်မူ, အာဇာနည်မြင်းစားသော အစာကို ကျွေးကြကုန်မူ, အာဇာနည်မြင်းကို ပွတ်သပ် ပေးခြင်း (ဆုပ်နယ်ပေးခြင်း)ကဲ့သို့သော ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) ပွတ်သပ်ကြကုန်မူ (ဆုပ်နယ်ကြကုန်မူ) ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် မဖြစ်လေရာ။ ထိုသို့ပင် မဖြစ်သော်လည်း ထိုမြင်းကို လူတို့က အာဇာနည်မြင်း ရာထူး၌ ထားကြကုန်၏၊ အာဇာနည်မြင်းစားသော အစာကို ပေးကြကုန်၏၊ အာဇာနည်မြင်းကို (ပွတ်သပ်ပေးခြင်း, ဆုပ်နယ်ပေးခြင်းကဲ့သို့သော) ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) ပွတ်သပ်ကြကုန်၏ (ဆုပ်နယ်ကြကုန်၏)။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ...တတ်သိနားလည်သော လူသားတို့က ထိုမြင်း၏ ထိုစဉ်းလဲခြင်း, ကိုင်းခြင်း, ကောက်ခြင်း, ကွေးခြင်းတို့ကို ပယ်ထားပြီးသည်ကို မြင်ကုန်သောကြောင့်တည်း။</p>
<p>ရဟန်းတို့ ...ဤဥပမာအတူပင် ဤသို့သဘောရှိသော(အင်္ဂါ ၁၀-ပါးနှင့် ပြည့်စုံသော) ရဟန်းအား အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ, အလေးဂရုပြုကြကုန်မူ, မြတ်နိုးကြကုန်မူ, ပူဇော်ကြကုန်မူ ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် မဖြစ်လေရာ။ ထိုသို့ပင် မဖြစ်သော်လည်း ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် အရိုအသေ ပြုကြကုန်၏၊ အလေးဂရု ပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ...တတ်သိနားလည်သော ပညာရှိသီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကို ပယ်ထားပြီးသည်ကို မြင်ကုန်သောကြောင့်တည်း။ ဤသို့ မိန့်ကြား တော်မူ၏။ (အံ၊၃၊၃၉၂။)</p>
<h3>ဥတ္တရာ ဥပါသိကာမ</h3>
<p>ဤတွင် <b>နပ္ပိယသုတ္တန်</b>ကား ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ထိုသုတ္တန်တွင် ဟောကြားထားတော်မူသော ရဟန်းတော်တစ်ပါး၏ သန္တာန်၌ ပြည့်စုံရမည့် အင်္ဂါရပ် (၁၀)ချက်တို့တွင် --- အမျက်မထွက်တတ်သူ- အမှတ် (၄)အင်္ဂါရပ်တွင် ဥတ္တရာဥပါသိကာမနှင့် သာမာဝတီတို့ကဲ့သို့ မေတ္တာစျာန်ကို လျင်လျင် မြန်မြန် ဝင်စားနိုင်သူများဖြစ်အောင် ကျင့်ရန် တိုက်တွန်းထားခဲ့၏။ ဤအကြောင်းအရာနှင့် ဆက်စပ်၍ ဥတ္တရာဥပါသိကာမအကြောင်းနှင့် သာမာဝတီ မိဖုရားအကြောင်းကို ဆက်လက်၍ အကျဉ်းချုပ်ကာ တင်ပြလိုပေသည်။ ရှေးဦးစွာ ဥတ္တရာဥပါသိကာမအကြောင်းကို တင်ပြအပ်ပါသည်။ ထိုဥတ္တရာ အမျိုးကောင်းသမီးတွင် နန္ဒအမည်ရှိသော သားတစ်ယောက်ရှိသည့်အတွက် ဥတ္တရာ နန္ဒမာတာ ဟူ၍လည်း ထိုအမျိုးသမီးကို ခေါ်ဆိုကြပေသည်။</p>
<h3>ရရှိသည့် ဧတဒဂ်ဘွဲ့ထူး</h3>
<p><b>ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ စျာယီနံ ယဒိဒံ ဥတ္တရာ နန္ဒမာတာ။</b> (အံ၊၁၊၂၇။)</p>
<p>= ရဟန်းတို့ ...စျာန်ဝင်စားလေ့ရှိကြသည့် ငါဘုရားရှင်၏ တပည့်မ = သာဝိကာ ဥပါသိကာမတို့တွင် နန္ဒသူငယ်၏ အမိဖြစ်သူ ဥတ္တရာဥပါသိကာမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၂၇။)</p>
<p>ဤကဲ့သို့သော မြင့်မြတ်သည့် ဧတဒဂ်ဘွဲ့ထူးကို ရရှိဖို့ရန် ထိုအမျိုးကောင်းသမီးသည် မည်သို့ ကြိုးပမ်းခဲ့ပါသနည်းဟူမူ ကမ္ဘာတစ်သိန်းနှင့်ချီကာ ကြိုးပမ်းခဲ့သူ ဖြစ်ပေသည်။</p>
<h3>ရှေးဆုတောင်း</h3>
<p>လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့သော ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်အခါဝယ် ဟံသာဝတီမင်းနေပြည်ဝယ် ဥတ္တရာ၏ အလောင်းလျာသည် အမျိုးကောင်းသမီးတစ်ဦး ဖြစ်ခဲ့၏။ ချမ်းသာကြွယ်ဝ သည့် သူဌေးသမီးတစ်ဦး ဖြစ်ခဲ့၏။ ထိုအချိန်အခါ၌ လူတို့၏ သက်တမ်းကား အနှစ်တစ်သိန်းတမ်း ဖြစ်ခဲ့၏။ တစ်နေ့တွင် ဘုရားရှင်က အမျိုးကောင်းသမီး တစ်ဦးကို <b>စျာနာဘိရတ</b> = စျာန်ဝင်စားခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ, စျာန်ဝင်စားလေ့ရှိသူ အမျိုးကောင်းသမီး ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးဂုဏ်ပြုသည်ကို ဥတ္တရာအလောင်းလျာ ဖြစ်သည့် ထိုအမျိုးသမီးက တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှုကုသိုလ်ပြုကာ ထိုဧတဒဂ်ဘွဲ့ထူးမျိုး ရရှိဖို့ရန် ဆုတောင်းပန်ထွာခဲ့၏။ လူတို့ သက်တမ်း အနှစ်တစ်သိန်းအတွင်း ထိုဘွဲ့ထူးရရှိရေးအတွက် မျှော်မှန်းကာ ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ပါရမီအရပ်ရပ်တို့ကို အသက်ထက်ဆုံး ဖြည့်ကျင့်ဆည်းပူးခဲ့လေသည်။ (၇)ရက်လောက် (၁၀)ရက်လောက် တရားစခန်းတစ်ခုကို ဝင်ရောက်ကာ အားထုတ်သည့် ပုံစံမျိုးကား မဟုတ်ပေ။ အဆင့်မြင့် ဧတဒဂ်ရာထူးကို မျှော်မှန်းထားသူပီပီ ဒါန သီလမျှနှင့်သာ ရပ်တည်မနေဘဲ <b>အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်</b>ဟူသော နှစ်မျိုးသော စျာန်တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လျင်လျင်မြန်မြန် ဝင်စားနိုင်ရန် ပါရမီမျိုးစေ့ကောင်းတွေကို အနှစ်တစ်သိန်း ကာလအတွင်း၌ စွမ်းအားရှိသလောက် ထူထောင်ခဲ့သူ ဖြစ်ပေသည်။ ယင်း ပါရမီမျိုးစေ့တို့ကား <b>အဓိကာရကောင်းမှုကုသိုလ်</b>တို့ ဖြစ်ကြ၏။</p>
<p>ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ စုံဆန်ကျင်လည်ခဲ့ရာ ဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်မြို့၌ သုမနသူဌေးကြီးကို မှီခိုကာနေရသည့် ပုဏ္ဏသီဟ အမည်ရှိသော အလုပ်သမားနှင့် ဇနီးဖြစ်သူ ဥတ္တရာတို့၏ သမီးဖြစ်လာလေသည်။ ထိုသမီး၏ အမည်ကိုလည်း အမိအမည်နှင့် အလားတူပင် ဥတ္တရာ ဟူ၍ မှည့်ခေါ်ကြကုန်၏။</p>
<p>တစ်နေ့တွင် မောင်ပုဏ္ဏတို့ ဇနီးမောင်နှံနှစ်ဦးသားတို့သည် နိရောဓသမာပတ်မှ ထသစ်စဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား မိမိတို့ လယ်ထွန်ရာ လယ်တော၌ပင် ဆွမ်းတစ်ထပ်စာ မျှတအောင် လှူဒါန်းပူဇော်ခွင့်ကို ရရှိခဲ့ကြလေသည်။ သူဌေးဖြစ်နိုင်လောက်သည့် ရှေးကောင်းမှု = <b>ဥပနိဿယ</b>ကလည်း ရှိနေသဖြင့် ထိုဆွမ်းအလှူဒါန ကောင်းမှု ကုသိုလ်ကလည်း <b>ဒိဋ္ဌဓမ္မ</b> = မျက်မှောက်လက်ငင်း ခံစံရမည့် အကျိုးတရားတို့ကို ဖြစ်ထွန်းစေပြန်သည်။</p>
<p>ရှင်းလင်းချက် --- ယခုကဲ့သို့ ဒါနကောင်းမှု တစ်ခုခုကို ပြုစုပျိုးထောင် လိုက်လျှင် မဟာကုသိုလ် ဇောဝါရဝီထိပေါင်း များစွာ ဖြစ်ကြလေရာ တစ်ဝီထိ တစ်ဝီထိတို့၌ ကုသိုလ်ဇော (၇)ကြိမ်တို့ ဖြစ်ရှိကြလေသည်။ ထိုဇော (၇)ကြိမ်တို့ အနက် ပထမဇောစိတ်တို့၌ ပါရှိသော ကုသိုလ်စေတနာကို အကြောင်း ညီညွတ်လျှင် မျက်မှောက်ဘဝ၌ <b>အနုပါဒိဏ္ဏက</b> = သက်မဲ့ဖြစ်သည့် ရွှေ ငွေ စသော ရုပ်ဝတ္ထုအကျိုးတရားတို့ကို ဖြစ်စေတတ်သောကြောင့် <b>ဒိဋ္ဌဓမ္မဝေဒနီယကံ</b> = မျက်မှောက်ဘဝ၌ အကျိုးကို ခံစားထိုက်သောကံဟူ၍ ခေါ်ဆိုအပ်ပေသည်။</p>
<p>ထို<b>ဒိဋ္ဌဓမ္မဝေဒနီယကံ</b>က အကျိုးပေးဖို့ရန်မှာ ပစ္စုပ္ပန်အကြောင်း အတိတ် အကြောင်းတရားတို့ ပေါင်းဆုံမိဖို့ လိုအပ်ပေသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်း၌ အကြောင်းတရားလေးမျိုးနှင့် ပြည့်စုံဖို့ လိုအပ်သည်။ ယင်းတို့မှာ ---</p>
<p>၁။ <b>ဝတ္ထုသမ္ပဒါ</b> = အလှူခံပုဂ္ဂိုလ်က အနာဂါမ်အရိယာ သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်ဖြစ်ခြင်း,</p>
<p>၂။ <b>ပစ္စယသမ္ပဒါ</b> = လှူဖွယ်ဝတ္ထုက တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုဖြစ်ခြင်း,</p>
<p>၃။ <b>စေတနာသမ္ပဒါ</b> = အလှူပေးပုဂ္ဂိုလ်၏ မလှူမီစေတနာ, လှူဆဲစေတနာ, လှူပြီးစေတနာဟူသော စေတနာသုံးတန်နှင့် ပြည့်စုံညီညွတ်ခြင်း,</p>
<p>၄။ <b>ဂုဏာတိရေကသမ္ပဒါ</b> = အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထသစ်စ ဖြစ်ခြင်း,</p>
<p>ဤအကြောင်းတရား လေးပါးတို့ကား ပစ္စပ္ပုန်ဘဝ၌ ပြည့်စုံရမည့် အကြောင်းတရားတို့ ဖြစ်ကြ၏။ တစ်ဖန် အတိတ်အကြောင်းတရား တစ်ခုကား ရှေးဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကောင်းမှုကုသိုလ်ဟူသော အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားဖြစ်၏။</p>
<p>ယခု မောင်ပုဏ္ဏဇနီးမောင်နှံတို့၏ အလှူဒါနမှာလည်း အထက်ပါ ပစ္စုပ္ပန်အကြောင်းတရားလေးပါးတို့နှင့် ပြည့်စုံသည့်ပြင် မောင်ပုဏ္ဏကိုယ်တိုင်ကပင် သူဌေးဖြစ်ရန် အတိတ်ဘဝ ရှေးကောင်းမှု = <b>ဥပနိဿယ</b>နှင့်လည်း ပြည့်စုံသူဖြစ်၍ ထိုနေ့မှာပင် မဟာဓနသူဌေးကြီး ဖြစ်အောင် <b>အနုပါဒိဏ္ဏက</b> = သုံးမကုန် စွဲမကုန်နိုင်သည့် သက်မဲ့ ရွှေတုံး ရွှေခဲ ရွှေစိုင် ရုပ်ဝတ္ထုအကျိုးတို့ကို ပေးလေသည်။</p>
<p><b>မဟာဓနသေဋ္ဌိ</b>အမည်ရှိသော ပုဏ္ဏသီဟသူဌေးကြီးသည် သူဌေးဘွဲ့ရ မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပလတ်သော် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူလေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ထံမှ <b>ဘတ္တာနုမောဒန</b> = ဆွမ်းအနုမောဒနာတရားကို နာကြားခွင့်ရရှိကြ၏။ ထိုတရားဒေသနာတော်တွင် ဘုရားရှင်က သစ္စာလေးပါးနှင့်စပ်သော တရားစကားတို့ကိုပါ ထည့်သွင်း ဟောကြားတော်မူသည့်အတွက် ထိုတရားတော်ကို နာယူရင်း ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ကျင့်သုံးနိုင်ကြသောကြောင့် (၁) ပုဏ္ဏသူဌေးကြီး (၂) သူဌေးကတော်ကြီး ဥတ္တရာ (၃) သမီးဥတ္တရာ = ဤမိသားစု သုံးယောက်လုံးတို့ပင် <b>သောတာပတ္တိဖိုလ်</b>၌ တည်ကြလေကုန်၏။ သောတာပန်အရိယာ သူတော်ကောင်းတို့ ဖြစ်သွားကြကုန်၏။</p>
<p>ယခုကဲ့သို့ သစ္စာလေးပါးနှင့်စပ်သော တရားစကားကို ခပ်ကျယ်ကျယ် ဟောပြလိုက်သည့်အခါ ထိုတရားတော်ကို နာယူပြီးသည့်အခါ ကျွတ်တမ်းဝင်သူတို့ကား <b>ဝိပဉ္စိတညူပုဂ္ဂိုလ်</b>တို့ ဖြစ်ကြ၏။ အတိတ်က ဝိပဿနာ မကျင့်သုံးဖူးသူတို့ သန္တာန်၌ ဖြစ်နိုင်သည့် အရာဌာနမျိုး မဟုတ်ပေ။ အတိတ်က ဆည်းပူးခဲ့သော <b>စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း</b> ရှိသူတို့သန္တာန်၌သာ ထိုကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိခြင်းဟူသော အကျိုးတရားများ ထင်ရှား ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုလေရာသည်။</p>
<p>နောက်ပိုင်းတွင် သုမနသူဌေးကြီး၏ တိုက်တွန်းတောင်းပန်ချက်အရ သုမနသူဌေးကြီး၏ သားနှင့် ပုဏ္ဏသူဌေးကြီး၏ သမီးဥတ္တရာတို့သည် လက်ဆက်ကြကုန်၏။ ပုဏ္ဏသီဟသူဌေးကြီးသည် ကျေးဇူးသိတတ်သူ <b>ကတညူတ ကတဝေဒီပုဂ္ဂိုလ်</b>ဖြစ်ခြင်းကြောင့် ထိုသို့ လက်ဆက်ဖို့ရန် သဘောတူညီလိုက်ခြင်းဖြစ်၏။ သို့သော် ဥတ္တရာအဖို့ ယောက္ခမအိမ်တွင် ဥပုသ်စောင့်သုံးခွင့် စသည့် ကုသိုလ်ရေးအခွင့်အလမ်းတို့ကား အလွန်ခက်ခဲနေ၏။ သို့အတွက် သိရိမာပြည်တန်ဆာမကို အဖိုးအခပေးကာ မိမိ၏ အိမ်ရှင်ယောက်ျားကို မိမိကိုယ်စား ပြုစုလုပ်ကျွေးဖို့ရန် တာဝန်ပေးအပ်လိုက်၏။ နာမည်ကျော် သိရိမာနှင့် ပျော်ပါးရတော့မည်ဖြစ်ခြင်းကြောင့် အိမ်ရှင်ယောက်ျားကလည်း ဥတ္တရာ၏ အလိုဆန္ဒအတိုင်း ဥပုသ်စောင့်သုံးရန်နှင့် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းဖြင့် ပြုစုလုပ်ကျွေးရန်တို့ကို သဘောတူလိုက်၏။ ဥတ္တရာသည် လဝက်ဥပုသ်စောင့်သုံးလျက် နေ့တိုင်းနေ့တိုင်း စောစောပင်လျှင် ကျွန်မအပေါင်း ခြံရံအပ်လျက် မြတ်စွာဘုရားရှင်အတွက် ကိုယ်တိုင်ကိုယ်ကျ ခဲဖွယ်ဘောဇဉ်များကို စီမံပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော်အား ဆက်ကပ်လေ၏။ ဆွမ်းစားခြင်းကိစ္စပြီးဆုံး၍ ဘုရားရှင်နှင့် သံဃာတော်တို့ ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ ဥတ္တရာသည် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်လျက် သီလတို့ကို ဆင်ခြင်ကာ တရားဘာဝနာတို့ကို စွမ်းအား ရှိသလောက် ကျင့်သုံးလေသည်။ စျာန်ဝင်စားမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက် သူ ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိမည့်သူ ဖြစ်သဖြင့် စျာန်ဝင်စားမှုကို အထူးသဖြင့် မေတ္တာစျာန်ဝင်စားမှုကို အထူး အလေးဂရုပြုကာ တရားကျင့်သုံးနေလေသည်။</p>
<p>ဤသို့ ကျင့်သုံးနေသည့် အချိန်ကာလကား ဝါတွင်းကာလ ဝါမကျွတ်ခင် သီတင်းကျွတ်လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဖြစ်၏။ ဥပုသ်ထွက်မည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့သို့ ရောက်သောအခါ စောစောစီးစီးပင် ယာဂု ခဲဖွယ် စသည်တို့ကို ကိုယ်တိုင်အုပ်ချုပ် ချက်ပြုတ်စီမံလျက် လှည့်လည်နေလေ၏။</p>
<p>ထိုအချိန်၌ သူဌေးသားသည် သိရိမာနှင့် အတူတကွ ပြာသာဒ်ထက်ဝယ် မွေ့လျော်ပျော်ပါးနေရာက ဇာလေသာပြူတင်းကို ဖွင့်ပြီးလျှင် အိမ်ဝိုင်း အတွင်းကို ကြည့်ကာ ရပ်တည်နေလေ၏။ ဥတ္တရာသည် ထိုအခိုက်မှာ လေသာပြူတင်းပေါက်ဖြင့် အထက်ကို မော့၍ ကြည့်မိလေ၏။ အကြည့်ချင်းကား ဆုံစည်း၍ သွားလေပြီ။ သူဌေးသားသည် ဥတ္တရာကို ကြည့်ကာ ဤဥတ္တရာသည် ငရဲသူမ သဘောရှိလေစွတကား၊ ဤသို့သဘောရှိသော သူဌေးမ စည်းစိမ်ကို စွန့်ပယ်ပြီးလျှင် ထမင်းအိုး ဟင်းအိုးတို့မှ မဲအိုး, မီးသွေးတို့မှ မဲအိုးတို့ဖြင့် လူးလဲညစ်ပေကာ အကြောင်းမဲ့ ကျွန်မတို့၏အကြား၌ ဟိုသွား ဒီသွား လှည့်လည်ကျက်စားနေဘိ၏ဟု ကြံစည်အောက်မေ့ကာ ပြုံးရွှင်မှုကို ပြုလေ၏။ ဥတ္တရာကလည်း သူဌေးသား၏ ကုသိုလ်ကောင်းမှုတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်သည်ကိုသိ၍---- ဤသူမိုက်မည်သည်ကား မိမိ၏ စည်းစိမ်သည် အခါခပ်သိမ်း တည်နေလိမ့်မည်ဟု မှတ်ထင်သည်ဖြစ်ပေလိမ့်မည်ဟု ဆင်ခြင်မိကာ ပြုံးရွှင်မှုကို ပြုလေ၏။ အပြုံးချင်း တူညီသော်လည်း အပြုံးတို့၏ နောက်ဆွယ်တွင် တည်ရှိနေသော အတွေးအခေါ် အယူအဆချင်းကား အလွန် ကွာဟလျက် ရှိနေ၏။</p>
<p>ထိုအခါ သိရိမာသည် ဤကျွန်မကား ငါရှိလျက်ပင် ဤကဲ့သို့ ငါ့အရှင်နှင့် ပြုံးရွှင်မှုကို ပြုဘိ၏ဟု အမျက်ထွက်ကာ အောက်ထပ်သို့ ပြေးဆင်းလာလေ၏။</p>
<p><b>ဝတ္ထုကာမ၊ သဘာဝကား၊ ကာလရှည်ကြာ၊</b></p>
<p><b>သုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊</b></p>
<p><b>သူ့ဟာကိုပင်၊ ကိုယ့်ဟာ ထင်၏။</b></p>
<p>သူ့ဟာကို ကိုယ့်ဟာထင်ကာ ဒေါသထွက်နေခြင်း ဖြစ်၏။ ဥတ္တရာသည် သိရိမာ၏ ဒေါသတကြီးဖြင့် ပြေးဆင်းလာပုံဖြင့်ပင် ဤအမိုက်မသည် လဝက်မျှ ဤအိမ်၌ နေရခြင်းကြောင့် ဤအိမ်သည် ငါ့အိမ်ဟု အမှတ်ရှိသူ ဖြစ်မှားလေပြီဟု သိရှိ၍ ထိုခဏမှာပင် မေတ္တာအပ္ပနာစျာန်ကို ဝင်စားကာ ဣန္ဒြေမပျက် ရပ်တည်လျက်သာ နေလေ၏။ (အံ၊ဋ္ဌ၊၁၊၃၄၆။)</p>
<p>သိရိမာသည်လည်း ကျွန်မတို့အကြားမှ ပြေးလာပြီးလျှင် ယောက်ချို တစ်ခုကို ဆွဲယူကာ မုန့်ကြော်ရာအရပ်၌ရှိသည့် အိုးကင်းထဲမှ ကျိုက်ကျိုက်ဆူ ပွက်ပွက်ဆူနေသော ဆီကို ယောက်ချိုအပြည့် ခပ်ယူခဲ့ပြီးလျှင် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ တအား သွန်လောင်းချလိုက်လေ၏။</p>
<p><b>မေတ္တာစျာနဿ ဝိပ္ဖာရေန ဥတ္တရာယ မတ္ထကေ အာသိတ္တံ ပက္ကုထိကတေလံ ပဒုမပတ္တေ အာသိတ္တဥဒကံ ဝိယ ဝိနိဝတ္တိတွာ ဂတံ။</b> (အံ၊ဋ္ဌ၊၁၊၃၄၆။)</p>
<p>= မေတ္တာစျာန်၏ ပြန့်ကားနေသော စွမ်းအားကြောင့် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ လောင်းချအပ်သည့် ကျိုက်ကျိုက်ဆူ ပွက်ပွက်ဆူသော ဆီပူသည် ပဒုမာကြာရွက်ပေါ်၌ လောင်းချအပ်သည့် ရေကဲ့သို့ လျှော၍သာ ကျသွားလေ၏။ (အံ၊ဋ္ဌ၊၁၊၃၄၆။)</p>
<p>ဤကဲ့သို့ စွမ်းအင်ကြီးမားသော မေတ္တာစျာန်ကို ရရှိအောင် မည်သို့မည်ပုံ ပွားများအားထုတ်ရမည်နည်းဟု မေးရန်ရှိ၏။ ဤတွင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းပုံ အစီအရင်ကို အကျဉ်းချုပ်ကာ ဆက်လက် တင်ပြအပ်ပါသည်။</p>
<h3>မေတ္တာဘာဝနာ</h3>
<p>ရှေးဦးစွာ ဒေါသ၏ အပြစ်နှင့် ခန္တီတရား၏ အကျိုးကို ဆင်ခြင်ပါ</p>
<p>ဤမေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒေါသကို ပယ်ရှားပါ။ သည်းခံခြင်း = ခန္တီတရားကို ရရှိအောင် ကြိုးစား အားထုတ်ပါ။ သည်းခံခြင်း = ခန္တီတရားဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏။ ဤ၌ <b>အဓိဝါသနခန္တီ</b> = သည်းခံခြင်း ခန္တီတရားဟူသည် ပရမတ္ထတရားကိုယ် သဘောအားဖြင့် ပြောဆိုရသော် အဒေါသ ပြဓာန်းသော နာမ်ခန္ဓာလေးပါးတည်း။ <b>အဒေါသ</b>ဟူသည် ဒေါသ၏ ဆန့်ကျင်ဘက်တည်း။ တစ်ဖက်သား အပေါ်၌ မဖျက်ဆီးလိုသော စိတ်ထားတည်း။ တစ်ဖက်သား၏ အကျိုးကို လိုလားသော စိတ်ထားတည်း။ ဥပမာ ဥတ္တရာက သိရိမာအပေါ်၌ ထားရှိသော စိတ်ထားမျိုးတည်း။ ဥတ္တရာသည် သိရိမာ ဒေါသထွက်လာသည်ကို မြင်လိုက်သောအခါ တစ်ဖန်ပြန်၍ ဒေါသမထွက်ဘဲ သိရိမာ၏ ကောင်းကျိုးကို အလိုရှိသော စိတ်ထားမျိုးကိုသာ မွေးမြူလိုက်၏။ သိရိမာ၏ ဒေါသကြောင့် ရရှိမည့်အပြစ်များကိုလည်း ဆင်ခြင်မိ၏။ ထိုအပြစ်များကို မရရှိစေလိုသည့်စိတ်ထား ကောင်းကျိုးချမ်းသာကိုသာ မြင်လိုသည့်စိတ်ထားများ ကိုသာ ဥတ္တရာက မွေးမြူလိုက်၏။ သိရိမာက ကူညီသဖြင့်သာ မိမိအနေဖြင့် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခွင့်ကိုလည်း ရရှိ၏။ ဥပုသ်သီတင်း ဆောက်တည်ကျင့်သုံးခွင့်ကိုလည်း ရရှိ၏။ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့်ကိုလည်း ရရှိ၏။ ဤသို့ စသည်ဖြင့် သိရိမာ၏ ကောင်းသည့် ဂုဏ်ကျေးဇူးကိုသာ တစ်ဖက်သတ် နှလုံးသွင်းပြီးလျှင် သည်းခံခြင်း = ခန္တီတရားကို ရရှိအောင် ပထမကြိုးစားလိုက်၏။</p>
<p>မည်သည့်တရားကိုမဆို အပြစ်ကို မမြင်ပါက ပယ်ရှားဖို့ရန် အလွန် ခက်ခဲလှ၏။ အကျိုးဂုဏ်အင် အာနိသင်ကို မသိရှိခဲ့လျှင်လည်း ရရှိဖို့ရန် ခက်ခဲလှ၏။ ထို့ကြောင့် မေတ္တာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒေါသ၏ အပြစ်ကိုလည်း ဆင်ခြင်သင့်၏။ ဒေါသတရားဖြင့် သိရိမာကဲ့သို့ စိတ်ဓာတ်တွေဖောက်ပြန်ပျက်စီးနေသော, ဒေါသ တရား၏ လွှမ်းမိုးဖိစီးမှုကို ခံယူနေရသော, ဒေါသတရားက သိမ်းကျုံးယူငင် ထားသော စိတ်ထားရှိသော ပုဂ္ဂိုလ်သည် သိရိမာက ဥတ္တရာအပေါ်၌ ဆီပူဖြင့် လောင်းသတ်လိုသည့် စိတ်ထားမျိုးကဲ့သို့ သူ့အသက်ကိုလည်း သတ်တတ်၏၊ သူတစ်ပါးပစ္စည်းကိုလည်း ဖျက်ဆီးပစ်တတ်၏။--- ဤသို့စသည်ဖြင့် ဒေါသကြောင့် ရရှိနိုင်သည့် အပြစ်အာဒီနဝများကိုလည်း ဆင်ခြင်ပါ။ ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။</p>
<p><b>ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။</b>(ဒီ၊၂၊၄၂။ ခု၊၁၊၄၁။)</p>
<p>= <b>တိတိက္ခာ</b>ဟုအမည်ရသော သည်းခံမှု = ခန္တီတရားသည် မြတ်သော အကျင့်တည်း။ နိဗ္ဗာန်တရားတော်မြတ်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောကြားတော်မူအပ်ကုန်၏။ (ဒီ၊၂၊၄၂။ ခု၊၁၊၄၁။)</p>
<p><b>ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။</b> (ခု၊၁၊ရဝ။၃၇၆။)</p>
<p>= သည်းခံခြင်း = ခန္တီခွန်အားတည်းဟူသော စစ်သည်ဗိုလ်ပါ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ (= မကောင်းမှုမှ အပပြုအပ်ပြီးသော ပုဂ္ဂိုလ်)ဟု ငါဘုရား ဟောကြားတော်မူ၏။ (ခု၊၁၊ရဝ။၃၇၆။)</p>
<p><b>ခန္တျာ ဘိယျော န ဝိဇ္ဇတိ။</b> (သံ၊၁၊၂၂၃။)</p>
<p>= သည်းခံခြင်းထက် လွန်မြတ်သော အကျိုးတရားကား မရှိ။ (သံ၊၁၊၂၂၃၊၊)</p>
<p>ဤသို့စသော ခန္တီတရား၏ အကျိုးအာနိသံသကိုလည်း သိရှိပါလေ။ သို့သော် မေတ္တာစျာန်ကို အောင်အောင်မြင်မြင်ကျင့်သုံးနိုင်ပါက <b>တိတိက္ခာ</b> အမည်ရသော သည်းခံခြင်း = ခန္တီတရားသည်လည်း ပြီးစီးပြည့်စုံပြီးသာ ဖြစ်ပေသည်။ ဤသို့လျှင် ဒေါသ၏ အပြစ် အာဒီနဝကို ဆင်ခြင်ကာ ဒေါသမှ စိတ်ကို လွတ်အောင်ကြိုးစားပါ။ ခန္တီတရား၏ အကျိုးဂုဏ်အင် အာနိသင်ကို သိရှိသည့်အခါ စိတ်အစဉ်ကို ခန္တီတရားဖြင့် ယှဉ်စပ်ပေးခြင်းငှာ ဦးတည်လျက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါ။</p>
---
<h3>ရှေးဦးစွာ မေတ္တာပွားသင့်သောပုဂ္ဂိုလ် - မပွားသင့်သောပုဂ္ဂိုလ်</h3>
<p>ဤမေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားအပ်၊ ဤပုဂ္ဂိုလ်တို့၌ အချင်းခပ်သိမ်း မေတ္တာဘာဝနာကို မပွားအပ်ဟု မေတ္တာဘာဝနာကို ဖျက်ဆီး တတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏။</p>
<p>၁။ <b>အပ္ပိယပုဂ္ဂလ</b> = မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ် (= မိမိ၏လည်းကောင်း, မိမိ ချစ်သူ၏လည်းကောင်း အကျိုးစီးပွားကို ရွက်ဆောင် မပေးသော ပုဂ္ဂိုလ်၊ မိမိ မုန်းသူ၏ အကျိုးစီးပွားကို ရွက်ဆောင်ပေးသော ပုဂ္ဂိုလ်၊ ရန်ငြိုးဖွဲ့ခြင်း (၉)မျိုး၏ တည်ရာ ပုဂ္ဂိုလ်။)</p>
<p>၂။ <b>အတိပ္ပိယသဟာယက</b> = အလွန်ချစ်ခင်အပ်သော အဖော်သူငယ်ချင်း,</p>
<p>၃။ <b>မဇ္ဈတ္တ</b> = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,</p>
<p>၄။ <b>ဝေရီပုဂ္ဂလ</b> = ရန်သူပုဂ္ဂိုလ် (= မိမိ၏လည်းကောင်း, မိမိ ချစ်သူ၏လည်းကောင်း အကျိုးစီးပွားမဲ့ကို ရွက်ဆောင်ပေးသော ပုဂ္ဂိုလ်)</p>
<p>ဤပုဂ္ဂိုလ် (၄)မျိုးတို့ကား ရှေးဦးစွာ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်တို့တည်း။</p>
<p>၅။ <b>လိင်္ဂဝိသဘာဂ</b> = လိင်မတူသော ပုဂ္ဂိုလ် (ဤပုဂ္ဂိုလ်ကား သီးသန့် တစ်ဦးခြင်း အာရုံပြု၍ မေတ္တာမပွားကောင်းသော ပုဂ္ဂိုလ်တည်း။)</p>
<p>၆။ <b>ကာလကတ</b> = ကွယ်လွန်သွားသော ပုဂ္ဂိုလ် (ဤပုဂ္ဂိုလ်ကား လုံးဝ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်တည်း၊၊)</p>
---
<h3>အကြောင်းပြချက်</h3>
<p>အကြောင်းကား - ဤသို့တည်း။ မချစ်မနှစ်သက်အပ်သော <b>အပ္ပိယပုဂ္ဂိုလ်</b>ကို ချစ်ခင်နှစ်သက်အပ်သော <b>ပိယပုဂ္ဂိုလ်</b>အရာ၌ ထားကာ မေတ္တာ ဘာဝနာကို စီးဖြန်းရသော ယောဂါဝစရပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။ အလွန် ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်ဖြစ်သည့် <b>အတိပ္ပိယပုဂ္ဂိုလ်</b>ကို အလယ်အလတ် မချစ်မမုန်း <b>မဇ္ဈတ္တပုဂ္ဂိုလ်</b>အရာ၌ ထားလျက် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရရဟန်း၏ စိတ်သည်လည်း ပင်ပန်း တတ်၏။ မပြောစလောက် အနည်းငယ်မျှသာ ဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်လာလတ်သော် မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငိုအပ်သောအခြင်းအရာသို့ ရောက်အံ့သကဲ့သို့ ဖြစ်တတ်၏။ မချစ်မမုန်း လျစ်လျူရှုထိုက်သည့် <b>မဇ္ဈတ္တပုဂ္ဂိုလ်</b>ကို အလေးဂရု ပြုထိုက်သော ပုဂ္ဂိုလ်အရာ၌လည်းကောင်း ချစ်မြတ်နိုးအပ်သော <b>ပိယပုဂ္ဂိုလ်</b> အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည်လည်း ပင်ပန်းတတ်၏။ ရန်သူပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်ဒေါသသည် ဖြစ်ပေါ်လာတတ်၏။ ထို့ကြောင့် ဤပုဂ္ဂိုလ်လေးမျိုးတို့၌ ရှေးဦးစွာ မေတ္တာမပွားအပ်။ (သို့သော် မေတ္တာစျာန်ကို ရရှိပြီးရာ အခါ၌ကား ယင်းပုဂ္ဂိုလ် တို့ကို အာရုံယူကာ ဖော်ပြလတ္တံ့သော အစီအစဉ်အတိုင်း မေတ္တာပွားနိုင်သည်။)</p>
<p>လိင်မတူသော ပုဂ္ဂိုလ်ကို သီးသန့်တစ်ဦးချင်း အာရုံပြုကာ မေတ္တာပွားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရာဂဖြစ်လာတတ်၏။ သေလွန်သွားသော ပုဂ္ဂိုလ်ကို အာရုံပြုကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် မေတ္တာစျာန်ကို မရရှိနိုင်။ ထို့ကြောင့် လိင်မတူသူကို သီးသန့်တစ်ဦးချင်း အာရုံပြုကာ မေတ္တာမပွားအပ်။ သေသူကိုကား အချင်းခပ်သိမ်း မပွားအပ်။ သို့သော် မေတ္တာစျာန်ကိုရရှိပြီးရာ ပုဂ္ဂိုလ်အပိုင်းအခြား = သီမကို ဖြိုဖျက်ပြီးရာ အခါ၌ကား - <b>သဗ္ဗာ ဣတ္ထိယော အဝေရာ ဟောန္တု, သဗ္ဗေ ပုရိသာ အဝေရာ ဟောန္တု</b> = အမျိုးသမီးအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ၊ အမျိုးသား အားလုံးတို့သည် ဘေးရန်ကင်းကြပါစေ - ဤသို့ စသည်ဖြင့် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို အပ္ပနာစျာန် ဆိုက်သည်တိုင်အောင် စီးဖြန်းနိုင်ပေသည်။</p>
---
<h3>မေတ္တာပွားသင့်သော ပုဂ္ဂိုလ်အစဉ်</h3>
<p>မေတ္တာပွားသင့်သော ပုဂ္ဂိုလ်အစဉ်မှာ ဤသို့ဖြစ်၏ ---</p>
<p>၁။ <b>အဟံ အဝေရော ဟောမိ</b> = ငါသည် ဘေးရန် ကင်းပါစေ၊</p>
<p>၂။ <b>အဟံ အဗျာပဇ္ဇော ဟောမိ</b> = ငါသည် စိတ်ဆင်းရဲ ကင်းပါစေ၊</p>
<p>၃။ <b>အဟံ အနီဃော ဟောမိ</b> = ငါသည် ကိုယ်ဆင်းရဲ ကင်းပါစေ၊</p>
<p>၄။ <b>အဟံ သုခီ အတ္တာနံ ပရိဟရာမိ</b> = ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင် နုိင်ပါစေ။</p>
<p>ဤသို့ မိမိကိုယ်ကို အာရုံယူကာ ရှေးဦးစွာ အချိန်အနည်းငယ် မေတ္တာ ပွားပါ။ ထိုသို့ မိမိကိုယ်ကို အာရုံယူကာ မေတ္တာပွားခြင်းမှာ မေတ္တာစျာန်ကို ရရှိရေးအတွက် ပွားများသည်ကားမဟုတ်ပေ။ ငါသည် ချမ်းသာကိုသာ အလို ရှိ၏၊ ဆင်းရဲကို ရွံရှာစက်ဆုပ်၏၊ အသက်ရှင်လို၏၊ မသေလို။ အလားတူပင် အခြားသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိ၏၊ ဆင်းရဲကို ရွံရှာစက်ဆုပ် ကြ၏၊ အသက်ရှင်လိုကြ၏၊ မသေလိုကြပေ။ --- ဤသို့လျှင် မိမိကိုယ်ကို သက်သေပြုကာ အခြားသတ္တဝါတို့၏အပေါ်၌ အကျိုးစီးပွားချမ်းသာကို လိုလားတောင့်တသော စိတ်ဓာတ်သည် ဖြစ်ပေါ်လာ၏။ ဤကဲ့သို့သော စိတ်ဓာတ်ကိန်းဝပ်လာရေး ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်တောင့်တကာ မိမိကိုယ်ကို သက်သေအဖြစ်၌ ထားသည်၏အစွမ်းဖြင့် မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပွားရန် ဖွင့်ဆိုခြင်းဖြစ်သည်။ မေတ္တာစျာန်ကို အလိုရှိ၍ မေတ္တာစျာန်ကို ရအောင် ပွားများအားထုတ်ရမည့် မေတ္တာစျာန်၏တည်ရာ ပုဂ္ဂိုလ်အစဉ်မှာ အောက်ပါအတိုင်း ဖြစ်၏။</p>
<p>၁။ <b>ပိယဂရုဘာဝနီယ</b> = ချစ်ခင် လေးစားအပ်သော ပုဂ္ဂိုလ်၊</p>
<p>၂။ <b>အတိပ္ပိယသဟာယက</b> = အလွန် ချစ်ခင်အပ်သော သူငယ်ချင်း အပေါင်းအဖော်၊</p>
<p>၃။ <b>မဇ္ဈတ္တ</b> = မချစ် မမုန်း အလယ်အလတ် လျစ်လျူရှု ထိုက်သော ပုဂ္ဂိုလ်၊</p>
<p>၄။ <b>ဝေရီ</b> = ရန်သူပုဂ္ဂိုလ်၊</p>
<p>ဤပုဂ္ဂိုလ်လေးမျိုးတို့ကို အစဉ်အတိုင်း မေတ္တာပွားရမည်ဖြစ်ပေသည်။ သို့သော် ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လိင်တူ ပုဂ္ဂိုလ်တို့သာ ဖြစ်စေရမည်။</p>
<p><b>ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၈၉။)</p>
<p>= အမှတ် (၁) ဖြစ်သည့် ချစ်ခင်လေးစားအပ်သော လိင်တူပုဂ္ဂိုလ်ကို မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် အပ္ပနာစျာန်သို့ကား ဆိုက်ရောက် နိုင်၏။ အပ္ပနာစျာန် ဖြစ်နိုင်သော်လည်း ထိုအပ္ပနာစျာန်ကို ရရှိရုံမျှဖြင့် ကျေနပ်မှုသို့ မရောက်စေသေးဘဲ <b>သီမသမ္ဘေဒ</b> = အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်သည့်တိုင်အောင် ဆက်လက်ကာ မေတ္တာပွားရမည် ဖြစ်ပေသည်။</p>
<p>ဤညွှန်ကြားချက်များနှင့်အညီ <b>ပိယဂရုဘာဝနီယ</b> = ချစ်ခင်လေးစားအပ်သော ဆရာသမားကဲ့သို့သော လိင်တူ ပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ အပ္ပနာစျာန် သမာဓိသို့ ဆိုက်သည့် တိုင်အောင် ပွားများရမည်ဖြစ်ပေသည်။ ထိုသို့ မေတ္တာပွားရာ၌ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာပါမှ အခြားပုဂ္ဂိုလ် ကောဋ္ဌာသတစ်ခုသို့ အစဉ်အတိုင်း ပြောင်းရွှေ့၍ မေတ္တာစျာန်ကို ရရှိသည်တိုင်အောင် မေတ္တာဘာဝနာကို ပွားများအပ်ပေသည်။</p>
---
<h3>ပွားများပုံ</h3>
<p>၁။ <b>အယံ သပ္ပုရိသော အဝေရော ဟောတု၊</b></p>
<p>၂။ <b>အယံ သပ္ပုရိသော အဗျာပဇ္ဇော ဟောတု၊</b></p>
<p>၃။ <b>အယံ သပ္ပုရိသော အနီဃော ဟောတု၊</b></p>
<p>၄။ <b>အယံ သပ္ပုရိသော သုခီ အတ္တာနံ ပရိဟရတု၊</b></p>
<p>၁။ ဤသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ၊</p>
<p>၂။ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ၊</p>
<p>၃။ ဤသူတော်ကောင်းသည် ကိုယ်ဆင်းရဲကင်းပါစေ၊</p>
<p>၄။ ဤသူတော်ကောင်းသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊</p>
<p>မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း မိမိကိုယ်ကို အချိန်အနည်းငယ် မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားမှုမှာ မေတ္တာစျာန်ကို ရအောင် အားမထုတ်မီ အခြားသတ္တဝါတို့အပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တသော စိတ်ဓာတ် ဖြစ်ပေါ်ရေးအတွက်သာ ပွားများ ခြင်း ဖြစ်သည်။ <b>ပိယဂရုဘာဝနီယပုဂ္ဂလ</b> = ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ် စသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသဖြင့် မေတ္တာစျာန်သို့ ဆိုက်ပြီးနောက်ပိုင်း၌ကား မိမိကိုယ်ကို ပွားများရန် မလိုပေ။ သို့သော် နောက်ပိုင်းတွင် ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ မေတ္တာစျာန်ကို နိုင်နိုင်နင်းနင်းရအောင် အားထုတ်ပြီးရာ အခါ၌ကား အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးခြင်း = <b>သီမသမ္ဘေဒ</b> အတွက်ကား မိမိကိုယ်ကိုလည်း ထိုအခါကျမှ ထပ်မံပွားများရမည်သာ ဖြစ်သည်။ ထိုသို့ မိမိကိုယ်ကို မေတ္တာပွားပြီးနောက် မေတ္တာစျာန်ရရှိရေး အတွက် ချစ်ခင်လေးစားအပ်သော <b>ပိယဂရုဘာဝနီယပုဂ္ဂိုလ်</b>တစ်ဦးကို အာရုံယူကာ မေတ္တာကမ္မဋ္ဌာန်းကို စတင်ကာ စီးဖြန်းနိုင်ပါသည်။</p>
---
<h3>ကောင်းမွန်သော စနစ်တစ်ခု</h3>
<p>မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ကြသော ပုဂ္ဂိုလ်ခပ်များများကို သုတေသနပြုကြည့်ရာ၌ အထက်ပါ အစီအစဉ်အတိုင်း မေတ္တာကမ္မဋ္ဌာန်းကို စတင်အားထုတ်သောအခါ မိမိ၏ ကမ္မဋ္ဌာန်းအာရုံဖြစ်သည့် <b>ပိယဂရုဘာဝနီယ</b> = ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားများလိုက်သောအခါ မိမိရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံဖြစ်သည့် ပုဂ္ဂိုလ်၏ပုံသည် ခဏခဏ ပျောက်ကွယ်သွားသည်ကို တွေ့ရတတ်ကြ၏။ ကမ္မဋ္ဌာန်းအာရုံက မမြဲသဖြင့် သမာဓိလည်း မမြဲဖြစ်နေတတ်ကြ၏။</p>
<p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်း သို့မဟုတ် <b>ဩဒါတကသိုဏ်း</b> သို့မဟုတ် <b>အာလောကကသိုဏ်း</b>တို့ကို စတုတ္ထစျာန်သို့ ဆိုက်အောင် ပွားများထားပြီးသူဖြစ်ပါက ထိုမိမိရရှိထားသည့် စတုတ္ထစျာန်သမာဓိကို ထိုင်တိုင်းထိုင်တိုင်း ပြန်လည်ထူထောင်ပြီးပါမှ ထိုစတုတ္ထစျာန်သမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့်ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိချစ်ခင်လေးစားအပ်သော လိင်တူ ဆရာသမား တစ်ဦးကိုဖြစ်စေ, ဆရာသမားနှင့် အလားတူပုဂ္ဂိုလ်တစ်ဦးကို ဖြစ်စေ လှမ်းအာရုံယူလိုက်ပါက ထိုပုဂ္ဂိုလ်၏ ရုပ်ပုံသည် ရှေးရှေးသမာဓိတို့၏ အားကြီးသောမှီရာ <b>ဥပနိဿယပစ္စယသတ္တိ</b>ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိကြောင့် ဉာဏ်လင်းရောင်ခြည်၏ အောက်တွင် လွယ်လွယ်နှင့် ပျောက်ပျက်မသွားသည်ကို တွေ့ကြရ၏။ ကမ္မဋ္ဌာန်းအာရုံဖြစ်သည့် ရုပ်ပုံလွှာက လွယ်လွယ်နှင့် မပျောက်ပျက်သည့်အတွက်ကြောင့် ထိုရုပ်ပုံလွှာကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားများခဲ့သော် မကြာမီ အချိန်ကာလအတွင်းမှာပင် ထိုရုပ်ပုံလွှာအာရုံ၌ ငြိမ်ဝပ်စွာကပ်တည်နေသော သမာဓိကို ထူထောင် ၍ ရသည်ကို တွေ့ကြရ၏။</p>
<p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်းကိုဖြစ်စေ ကသိုဏ်းတစ်ခုခုကိုဖြစ်စေ အားမထုတ်ဖူးသေးသူ ဖြစ်နေပါက ဓာတ်ကမ္မဋ္ဌာန်းကိုသာ အားထုတ်ဖူးသူ ဖြစ်နေပါက မိမိ အားထုတ်ဖူးသည့် ဓာတ်ကမ္မဋ္ဌာန်းဖြင့် ပြန်လည်၍ သမာဓိကို ထူထောင်ပါ။ အကယ်၍ ဓာတ်ကမ္မဋ္ဌာန်းမျှကိုပင် အားမထုတ်ဖူးသေးသူ ဖြစ်နေပါက သမထကမ္မဋ္ဌာန်း တို့တွင် အာနာပါနကမ္မဋ္ဌာန်းကိုဖြစ်စေ, ကသိုဏ်းတစ်ခုခုကိုဖြစ်စေ သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းကိုဖြစ်စေ ရှေးဦးစွာ စတင်အားထုတ်သင့်ပေသည်။</p>
---
<h3>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း</h3>
<p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို စတင်အားထုတ်လိုပါက မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အားထုတ်ပါ။ အားထုတ်စဉ်ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။</p>
---
<h3>ပထဝီဓာတ်</h3>
<p>၁။ <b>ကက္ခဠ</b> = မာမှုသဘော</p>
<p>၂။ <b>ဖရုသ=ခရိဂတ</b> = ကြမ်းမှုသဘော</p>
<p>၃။ <b>ဂရုက</b> = လေးမှုသဘော</p>
<p>၄။ <b>မုဒုက</b> = ပျော့မှုသဘော</p>
<p>၅။ <b>သဏှ</b> = ချောမှုသဘော</p>
<p>၆။ <b>လဟုက</b> = ပေါ့မှုသဘော (အဘိ၊၁၊၁၇၀။ အဘိ၊ဋ္ဌ၊၁၊၃၆၈။)</p>
---
<h3>အာပေါဓာတ်</h3>
<p>၁။ <b>ဒြဘောဝ</b> = <b>ပဂ္ဃရဏလက္ခဏာ</b>=ယိုစီးမှုသဘော</p>
<p>၂။ <b>အာဗန္ဓနဘာဝ</b> = <b>အာဗန္ဓနလက္ခဏာ</b>=ဖွဲ့စည်းမှုသဘော</p>
---
<h3>တေဇောဓာတ်</h3>
<p>၁။ <b>ဥဏှဘာဝ</b> = <b>ဥဏှတေဇော</b>=ပူမှုသဘော</p>
<p>၂။ <b>သီတဘာဝ</b> = <b>သီတတေဇော</b>=အေးမှုသဘော</p>
---
<h3>ဝါယောဓာတ်</h3>
<p>၁။ <b>ဝိတ္ထမ္ဘနဘာဝ</b> = ထောက်ကန်မှုသဘော</p>
<p>၂။ <b>သမုဒီရဏဘာဝ</b> = တွန်းကန်မှုသဘော</p>
<p>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤအထက်ပါ ဓာတ်ကြီးလေးပါး = မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း ဟူသော သဘောတရား (၁၂)ခုကို တစ်ခုပြီးတစ်ခု ခြေဆုံးခေါင်းဆုံး မြင်အောင် ပထမရှုပါ။ ယင်းတို့ကို ခြေဆုံးခေါင်းဆုံး တစ်ခုပြီးတစ်ခု သွက်သွက်လက်လက် ရှုနိုင်ပါက တစ်ကိုယ်-လုံးကို ခြုံငုံကာ ယင်းသဘောတရား (၁၂)မျိုးကို တစ်ခုပြီးတစ်ခု ရှုနေပါ။ ယင်းသဘောတရားတို့ကို ပြိုင်တူလိုလို ပြိုင်တူလောက်နီးနီး ဉာဏ်ဖြင့်တွေ့မြင် နေပါက ထိုအခါတွင် ---</p>
<p>၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်၍ ပထဝီဓာတ်,</p>
<p>၂။ ယိုစီး-ဖွဲ့စည်းကို ကြည့်၍ အာပေါဓာတ်,</p>
<p>၃။ ပူ-အေးကို ကြည့်၍ တေဇောဓာတ်,</p>
<p>၄။ ထောက်-တွန်းကို ကြည့်၍ ဝါယောဓာတ်-ဟု</p>
<p>ကာလအရာ ကာလအထောင် ကာလအသိန်း ရှုနေပါ။ သမာဓိကို ထူထောင်ပါ။ ဘာဝနာသမာဓိက ဓာတ်လေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်လာသောအခါ ထိုသမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်နေပါ။ ထိုင်တိုင်းထိုင်တိုင်း ဓာတ်လေးပါးကို အာရုံယူကာ ရှုပွားနေသကဲ့သို့ စင်္ကြံလျှောက်စဉ် ရပ်စဉ် အိပ်စဉ်တို့၌လည်း ပုံစံတူပင် ရှုနေပါ။ ဣရိယာပုထ် စပ်အောင် ရှုနိုင်ပါက သမာဓိပို၍ အဖြစ်မြန်တတ်သည်။ ထိုင်တိုင်းထိုင်တိုင်း တစ်နာရီခန့် တစ်နာရီကျော်ကျော် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်တည်နေပါက (၃)ရက် (၄)ရက်အတွင်းဝယ် ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံ အဖြစ်ဖြင့်သာ တွေ့ရှိနေမည်ဖြစ်သည်။ ထိုဓာတ်ကြီးလေးပါး အာရုံ၌ပင် သမာဓိကို ဆက်လက် ထူထောင်နေပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ခန္ဓာကြီးကို မတွေ့တော့ဘဲ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်အရောင် အတုံးအခဲကြီးကိုသာ တွေ့ရှိ နေမည် ဖြစ်ပေသည်။</p>
<p>ယင်းမီးခိုးရောင်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့သော် မီးခိုးရောင် အတုံးအခဲကို မတွေ့တော့ဘဲ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော အတုံးအခဲကြီးကိုသာ တွေ့ရှိနေမည် ဖြစ်ပေသည်။ ယင်းအဖြူရောင် အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းကာ ယင်းဓာတ်ကြီးလေးပါး အာရုံ၌ သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့သော် ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသည့် အတုံးအခဲကြီးကိုသာ တွေ့ရှိနေမည် ဖြစ်ပေသည်။ ယင်းအကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းကာ ယင်းဓာတ်ကြီးလေးပါး အာရုံ၌ သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့သော် ထိုအကြည်ပြင် အကြည်အတုံးအခဲထဲမှ လင်းရောင်ခြည်များ တဖြတ်ဖြတ် ထွက်ပေါ်လာမည် ဖြစ်ပေသည်။</p>
---
<h3>အကြည်ပြင် အကြည်တုံးဆိုတာဘာလဲ?</h3>
<p><b>စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။</b> (ဝိသုဒ္ဓိ၊၂၊၈၁။)</p>
<p>ဤအဋ္ဌကထာအဖွင့်နှင့်အညီ စက္ခုပသာဒစသည့် ပသာဒရုပ် (၅)မျိုးတို့ကား ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ အာရုံကို စက္ခုဝိညာဏ်စသည့် ဆိုင်ရာ ဆိုင်ရာ ဝိညာဏ်ဖြင့် အာရုံရယူနိုင်ဖို့ရန် စက္ခုဝိညာဏ်စသည့် ဆိုင်ရာဆိုင်ရာ ဝိညာဏ် နာမ်တရားစုတို့၏ မှီရာအဖြစ်ဖြင့် ရပ်တည်ကာ ကြေးမုံပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် <b>ပသာဒရုပ်</b>ဟူသော အမည်ကို ရရှိကြသည်။ (ဝိသုဒ္ဓိ၊၂၊၈၁။)</p>
---
<h3>အဝဘာသနပညာ</h3>
<p><b>ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၇။)</p>
<p>ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာရောင်ဖြင့် ထွန်းပြခြင်း <b>အဝဘာသနကိစ္စ</b>ရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် အပ္ပနာစျာန်သို့ မဆိုက်ရောက်သော (သဒိသူပစာရအားဖြင့်) ဥပစာရမျှသာဖြစ်သော သမာဓိသည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၇၊၊)</p>
<p>ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူကာ သမာဓိကို ထူထောင်လိုက်သောအခါ သမာဓိက ရင့်ကျက်လာသောအခါ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲ မပြိုသေးသည့် အတုံးလိုက် အခဲလိုက် ဖြစ်နေသော ရေခဲတုံး၊ ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်ဓာတ် အတုံးအခဲကြီးကို စတင်တွေ့ရှိခြင်း ဖြစ်ပေသည်။ အထူးသဖြင့် အကြည်ဓာတ် = <b>ပသာဒရုပ်</b> ငါးမျိုးတို့တွင် <b>ကာယပသာဒ</b> = ကိုယ်အကြည်ဓာတ်ကား တစ်ကိုယ်လုံး အနှံ့အပြားရှိသော ရုပ်တရားဖြစ်၏။ ရုပ်ကလာပ်များကို မမြင်သေးမီ အတုံးလိုက် အခဲလိုက်ကြီး ယင်းပသာဒရုပ်တို့ကို ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေခြင်းဖြစ်၏။ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) စသည်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ထိုအကြည်ပြင်၌ တည်ရှိသော အာကာသဓာတ်ကို မြင်အောင် ရှုနိုင်ခဲ့သော် ရုပ်ကလာပ်များကို စတင် တွေ့ရှိနိုင်ပေသည်။ သို့သော် ရုပ်ကလာပ်များကို မတွေ့မီ ထိုအကြည်ဓာတ် အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ထိုအကြည်ဓာတ်အတုံးအခဲကြီးထဲမှ အလင်းရောင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပကာ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ် ဝန်းကျင်ပတ်ချာသို့ ပျံ့နှံ့ကာ ထွက်ပေါ်လာပေသည်။ ဤတွင် ဤအလင်းရောင် = ဉာဏ်ရောင်အကြောင်းကို ဆွေးနွေးတင်ပြလိုပေသည်။</p>
<p>ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဩဘာသသုတ္တန် (အံ၊၁၊၄၅၇။) စသည်တို့တွင် (၁) လ-အလင်းရောင် (၂) နေ-အလင်းရောင် (၃) မီး-အလင်းရောင် (၄) ပညာ-အလင်းရောင်ဟု အရောင်အလင်း လေးမျိုးရှိကြောင်းကို ဟောကြားထားတော်မူ၏။ တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် အဓိစိတ္တသုတ္တန် ခေါ် နိမိတ္တသုတ္တန် (အံ၊၁၊၂၅၈။) (အံ၊ဋ္ဌ၊၂၊၂၂၇-၂၂၈။)၌ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသောအလင်းရောင်ကို ဖြစ်စေနိုင်ကြောင်းကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။</p>
<p>အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၄၅။)၌ ဖွင့်ဆိုထားသည့်အတိုင်း စိတ်၌ သို့မဟုတ် စိတ်နှင့်ယှဉ်သော ဉာဏ်၌ အရောင်အလင်းကား မရှိပါ။ သို့သော် ယင်းဉာဏ်ပြဓာန်းသော စိတ်သည် အလင်းရောင်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိပေသည်။ <b>ဟဒယဝတ္ထုရုပ်</b>ကို မှီတွယ်ကာ <b>ပဝတ္တိအခါဝယ်</b> ဖြစ်ပေါ် နေကြသော စိတ်တိုင်းစိတ်တိုင်းသည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ <b>ဥပါဒ်ကာလ</b>တိုင်း ဥပါဒ်ကာလတိုင်း၌ ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။ စိတ်တစ်ခုတစ်ခုသည် <b>စိတ္တဇဩဇဋ္ဌမက</b> ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်သည့်စွမ်းအားရှိ၏။ အကယ်၍ ထိုစိတ်သည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့သော <b>ပဏီတ</b> = မွန်မြတ် သော စိတ်ဖြစ်ပါမူ ထိုစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသော <b>စိတ္တဇဩဇဋ္ဌမက</b> ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော <b>ဝဏ္ဏဓာတ်</b> = ရူပါရုံသည် <b>ဘာသုရရူပ</b> (မဟာဋီ၊၂၊၄၂၈။) အလွန်တောက်ပသော ရူပါရုံ ဖြစ်နေ၏။ ရုပ်ကလာပ် တစ်ခု၌ တည်ရှိသော <b>ဝဏ္ဏဓာတ်</b> = ရူပါရုံနှင့် အခြားရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရူပါရုံတို့ ပွတ်ချုပ်ထိခိုက်ကာ ဖြစ်ပေါ်လာကြသဖြင့် ကလာပ်တစ်ခု၏ အရောင်အလင်းနှင့် ကလာပ်တစ်ခုတို့၏ အရောင်အလင်းတို့ ပေါင်းစပ်မိသောအခါ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသူအနေဖြင့် အလင်းရောင်အစုအပုံအနေဖြင့် တွေ့မြင်ရခြင်းဖြစ်၏။</p>
<p>တစ်ဖန် ယင်း<b>ပဏီတ</b>ဖြစ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်ဖြစ်သော <b>စိတ္တဇဩဇဋ္ဌမက</b> ရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် = ဥတုလည်း ပါဝင်ပြန်၏။ ယင်းတေဇောဓာတ် ဥတုတိုင်းကလည်း ယင်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သောဉာဏ်၏ စွမ်းအင်ကြီးမားမှုအပေါ်မူတည်ကာ ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေပြန်၏။ ယင်းဥတုဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော <b>ဝဏ္ဏဓာတ်</b> = ရူပါရုံကလည်း <b>ဘာသုရရူပ</b> = အလွန်တောက်ပသော ရူပါရုံဖြစ်၏။</p>
<p>ယင်း<b>စိတ္တဇဩဇဋ္ဌမက</b>ရုပ်ကလာပ်တို့၌ တည်ရှိကြသော ရူပါရုံ, ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိကြသော ရူပါရုံနှစ်မျိုးတို့၏ အရောင်အလင်းကိုပင် အကျိုးရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်း ဉာဏ်အပေါ်၌ တင်စားကာ <b>ဖလူပစာရ</b>အားဖြင့် ဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းဖြစ်၏။ ယင်းနှစ်မျိုးကုန်သော အရောင်အလင်းတို့တွင် စိတ္တဇရုပ်ကလာပ်တို့၏ အရောင်အလင်းကား ယောဂီပုဂ္ဂိုလ်၏ ကိုယ်တွင်း<b>အဇ္ဈတ္တ</b>တွင်သာ ပျံ့နှံ့တည်ရှိ၏၊ ဥတုဇရုပ်ကလာပ်တို့၏ အရောင်အလင်းကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ယောဂီပုဂ္ဂိုလ်၏ ဝန်းကျင် ပတ်ချာ၌ ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ပျံ့နှံ့လျက် တည်နေပေသည်။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)</p>
<p>အလားတူပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လာရာ သမာဓိရင့်ကျက်လာသောအခါ၌ ထိုဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးလျှင် အာရုံရှိသော သမထဘာဝနာစိတ်နှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များ ထွက်ပေါ်လာသဖြင့် အဋ္ဌကထာဆရာတော်က --- <b>ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာရောင်ဖြင့် ထွန်းပြခြင်း <b>အဝဘာသနကိစ္စ</b>ရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော (ဝိသုဒ္ဓိ၊၁၊၃၄၇။)ဟု ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။</p>
---
<h3>၃၂-ကောဋ္ဌာသသို့</h3>
<p>ယောဂါဝစရပုဂ္ဂိုလ်က ထိုကဲ့သို့ အကြည်တုံးအကြည်ပြင်မှ အလင်းရောင်များ တဖြတ်ဖြတ် ထွက်ပေါ်လာသောအခါ ထိုလင်းရောင်ခြည် စွမ်းအင်များ ပိုမိုတောက်ပလာအောင် ကြာရှည်လည်း တည်တံ့သွားအောင် ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာကိုပင် အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်နေပါ။ ထိုအချိန်အခါတွင် အာကာသဓာတ်ကို မြင်အောင် မကြည့်သေးဘဲ ဓာတ်လေးပါးကိုသာ အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လိုက်သဖြင့် တစ်နာရီခန့်လောက်အထိ ထိုအလင်းရောင် များက တည်ရှိနေခဲ့သော် ထိုအခါတွင် ထိုဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် မိမိ၏ (၃၂)<b>ကောဋ္ဌာသ</b>တို့ကို စတင်သိမ်းဆည်းပါက အောင်မြင်နိုင်ပေသည်။ အဇ္ဈတ္တတွင် (၃၂)<b>ကောဋ္ဌာသ</b>တို့ကို ရှင်းရှင်းလင်းလင်း အဝါးဝစွာ သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ထို(၃၂)<b>ကောဋ္ဌာသ</b>တို့ကို သိမ်းဆည်းရှုပွားနေသော သမထဘာဝနာစိတ်နှင့် ယှဉ်သောဉာဏ်ကြောင့် ထပ်မံဖြစ်ပေါ်လာသော ဉာဏ်အလင်းအရောင်အကူအညီဖြင့်ပင် ဗဟိဒ္ဓ၌ တည်ရှိကြသော (၃၂)<b>ကောဋ္ဌာသ</b>တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါက အောင်မြင်မှုကို ရရှိနိုင်ပေသည်။ အရပ် (၁၀)မျက်နှာသို့ ဖြန့်ကျက်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် (၃၂)<b>ကောဋ္ဌာသ</b>တို့ကို အဝါးဝစွာ သိမ်းဆည်းနိုင်ပါက လမ်းသုံးသွယ်တို့တွင် မိမိတို့ ကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်နိုင်ခွင့် ရှိပေသည်။</p>
---
<h3>စိတ်ဓာတ်၏ ထက်မြက်သော စွမ်းအင်သတ္တိ</h3>
<p><b>သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ ဧဝံ သဗ္ဗကောဋ္ဌာသေသု ပါကဋီဘူတေသု အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ကောဋ္ဌာသရာသိဝသေနေဝ ဥပဋ္ဌဟန္တိ။ တေဟိ စ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ကောဋ္ဌာသရာသိမှိ ပက္ခိပိယမာနမိဝ ဥပဋ္ဌာတိ။</b> (အဘိ၊ဋ္ဌ၊၂၊၂၃၆။)</p>
<p>= တစ်ဖန် ဗဟိဒ္ဓလောကသို့လည်း (၃၂)<b>ကောဋ္ဌာသ</b>ကို နှလုံးသွင်းခြင်း <b>မနသိကာရ</b>ကို အကယ်၍ ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည်ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်လတ်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ <b>ကောဋ္ဌာသ</b>အားလုံးတို့သည် ထင်ရှားသည်ဖြစ်၍ ဖြစ်ကုန်လတ်သည် ရှိသော် လှည့်လည်ကျက်စား သွားလာနေကြကုန်သော လူတိရစ္ဆာန် အစရှိသော သတ္တဝါတို့ကို လှမ်းအာရုံယူကြည့်လိုက်သောအခါ သတ္တဝါဟူသော အခြင်းအရာကိုစွန့်ကာ <b>ကောဋ္ဌာသ</b>အစုအပုံအဖြစ်ဖြင့်သာ ထင်လာကုန်၏။ ထိုသတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ် စားဖွယ် အစရှိသော အာဟာရသည် <b>ကောဋ္ဌာသ</b>အစုအပုံ၌ ထည့်သွင်းအပ်သကဲ့သို့ ထင်လာ၏၊၊ (အဘိ၊ဋ္ဌ၊၂၊၂၃၆။)</p>
<p>စိတ်ဓာတ်၏ စွမ်းအင်သတ္တိကား အလွန် ထက်မြက်၏၊ တစ်သက်လုံး တိရစ္ဆာန်အကောင်အထည်, လူပုံသဏ္ဌာန်ကို မြင်လာခဲ့သော်လည်း ဆံပင် မွေးညင်းစသော <b>ကောဋ္ဌာသ</b>အစုအပုံကို တစ်ခုစီ တစ်ခုစီ ကြည့်ရှုဖန်များ သောအခါ တိရစ္ဆာန်ဟု၊ လူကောင်ကြီးဟု မမြင်တော့ဘဲ ဆံပင် မွေးညင်း စသော <b>ကောဋ္ဌာသ</b>အစုအပုံကိုသာ မြင်နေတော့၏။ ထို့ကြောင့်လည်း ထိုသို့ သိမြင်တော်မူကြသည့် သူတော်ကောင်းတို့သည် တရားထူး တရားမြတ်ကို ရရှိတော်မူကြခြင်းဖြစ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဓာတ်၌လည်း ထိုကဲ့သို့သော စွမ်းအင်များသည် တည်ရှိနေသည်သာ ဖြစ်သည်။ ထိုစွမ်းအင်သတ္တိများ ထွက်ပေါ်လာအောင် မိမိ၏ စိတ်ဓာတ်ကို ဘာဝနာ ရေစင်ဖြင့် ဆေးကြောပေးပါ။</p>
---
<h3>လမ်းသုံးသွယ်</h3>
<p><b>ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော, အာကင်္ခမာနဿ ပဋိကူလတော, အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)</p>
<p>= (၃၂)<b>ကောဋ္ဌာသ</b>တို့ကို အဝါးဝစွာ လေ့လာပြီးရာ အခါမှစ၍ ---</p>
<p>၁။ <b>ဝဏ္ဏကသိုဏ်း</b> = အရောင်ကသိုဏ်းလမ်း,</p>
<p>၂ ။ <b>ပဋိကူလ</b> = ရွံရှာစက်ဆုပ်ဖွယ် <b>ပဋိကူလမနသိကာရ</b>လမ်း,</p>
<p>၃။ <b>သုညတ</b> = အတ္တမှ ဆိတ်သုဉ်းသည့် <b>သုညတဓာတ်ကမ္မဋ္ဌာန်း</b>လမ်း,</p>
<p>ဤသုံးမျိုးကုန်သော နိဗ္ဗာန်သို့ ဝင်ရာ အဝင်ပေါက် မုခ်ဦးကြီးတို့တွင် တစ်ခုသော အဝင်ပေါက် မုခ်ဦးကြီးဖြင့် နိဗ္ဗာန်သို့ ဝင်နိုင်အောင် ကြိုးစားခဲ့သော် ကိလေသာတို့မှ လွတ်မြောက်နိုင်ပေလိမ့်မည်။ (၃၂)<b>ကောဋ္ဌာသ</b>တို့ကို အဝါးဝစွာ လေ့လာပြီးသောအခါ၌ ကမ္မဋ္ဌာန်းသည် ---</p>
<p>၁။ <b>ဝဏ္ဏ</b> = အရောင်အဆင်းအားဖြင့်သော်လည်းကောင်း,</p>
<p>၂။ <b>ပဋိကူလ</b> = ရွံရှာစက်ဆုပ်ဖွယ် <b>ပဋိကူလသဘော</b>အားဖြင့်သော် လည်းကောင်း,</p>
<p>၃။ <b>သုညတ</b> = အတ္တမှ ဆိတ်သုဉ်းသည့် <b>သုညတဓာတ်သဘော</b>အားဖြင့် သော်လည်းကောင်း,</p>
<p>ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာမည်ဖြစ်ပေ၏။ ပ ။</p>
<p>၁။ အလိုရှိခဲ့သော် <b>ဝဏ္ဏကသိုဏ်း</b> = အရောင်ကသိုဏ်းအားဖြင့်သော် လည်းကောင်း,</p>
<p>၂။ အလိုရှိခဲ့သော် ရွံရှာစက်ဆုပ်ဖွယ် <b>ပဋိကူလသဘော</b>အားဖြင့်သော် လည်းကောင်း,</p>
<p>၃။ အလိုရှိခဲ့သော် <b>သုညတဓာတ်သဘော</b>အားဖြင့်သော်လည်းကောင်း --</p>
<p><b>ကောဋ္ဌာသကမ္မဋ္ဌာန်း</b>သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှား လာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)</p>
<p>ဤ<b>ကာယာနုပဿနာ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်း</b>ကို မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၃၁။ မ၊၁၊၇ဝ။) ဒေသနာတော်၌ ရွံရှာစက်ဆုပ်ဖွယ် သဘောအားဖြင့် နှလုံးသွင်းရှုပွားရသော <b>ပဋိကူလမနသိကာရကမ္မဋ္ဌာန်း</b>၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂။), မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃။), ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁။), ဓာတုဝိဘင်္ဂပါဠိတော် (အဘိ၊၂၊၈၄၊၈၆။)တို့၌ ဓာတ်၏အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော <b>ဓာတ်ကမ္မဋ္ဌာန်း</b>၏အစွမ်းဖြင့် ဟောကြားထားတော်မူ၏။ တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော် <b>အနုပဒဝဂ် ကာယဂတာသတိသုတ္တန်</b> (မ၊၃၊ ၁၃၀။) ဒေသနာတော်မြတ်၌ကား <b>ကောဋ္ဌာသ</b>တို့ကို နှလုံးသွင်းရာ၌ အရောင်အဆင်းအားဖြင့် ထင်လာသော ယောဂါဝစရပုဂ္ဂိုလ်အား ရည်ရွယ်တော်မူ၍ <b>ဝဏ္ဏကသိုဏ်း</b>လမ်း၏ အစွမ်းအားဖြင့် စျာန်လေးပါးတို့ကို ဝေဖန်ခွဲခြားလျက် ဟောကြားတော်မူလေသည်။ ထိုတွင် ဓာတ်ကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်သော <b>ကောဋ္ဌာသ ကာယာနုပဿနာကမ္မဋ္ဌာန်း</b>သည် <b>ဝိပဿနာကမ္မဋ္ဌာန်း</b>ဖြစ်၏။ <b>ပဋိကူလမနသိကာရ</b>၏ အစွမ်းဖြင့် ဟောကြား ထားတော်မူအပ်သော <b>ကောဋ္ဌာသ ကာယာနုပဿနာကမ္မဋ္ဌာန်း</b>သည်သမထ- ကမ္မဋ္ဌာန်းဖြစ်၏။ ထို<b>ကောဋ္ဌာသ ကာယာနုပဿနာကမ္မဋ္ဌာန်း</b>ကို ဤအဘိဓမ္မာဝိဘင်းပါဠိတော် သတိပဋ္ဌာနဝိဘင်း၌ သမထကမ္မဋ္ဌာန်းဖြစ်ရကား သာမညအားဖြင့် <b>ဝဏ္ဏကသိုဏ်း</b>လည်းရနိုင်အောင် <b>ပဋိကူလမနသိကာရ</b>လည်း ရနိုင်အောင် အလုံးစုံသော သမထကမ္မဋ္ဌာန်းတို့နှင့် ဆက်ဆံသည်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်သေး၏။ ဤသို့ မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၂၊၂၁၆။)</p>
<h3>အဘိဘာယတနစျာန် - ဝိမောက္ခစျာန်</h3>
<p>မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၆။)၌လည်းကောင်း, အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် (အံ၊၃၊၁၂၅-၁၂၇။)၌လည်းကောင်း, ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၅၅-၅၆။)၌လည်းကောင်း ဤသို့စသော ဒေသနာတော်အရပ်ရပ်တို့၌ အဘိဘာယတနစျာန် ဝိမောက္ခစျာန်များကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။ ဤ၌ မဟာပရိနိဗ္ဗာနသုတ္တန်၌ လာရှိသော ပထမအဘိဘာယတနစျာန်ကို ပုံစံထုတ်ကာ ရှေးဦးစွာ တင်ပြအပ်ပါသည်။</p>
<p>၁။ တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တ သန္တာန်၌ တည်ရှိသော (၃၂) ကောဋ္ဌာသတို့၏ အညို, အရွှေ, အဝါ, အနီ, အဖြူဟူသော အရောင်အဆင်းရုပ်၌ ကသိုဏ်းပရိကမ္မဘာဝနာရှိ၍ အပြင်အပ ဗဟိဒ္ဓ၌ တည်ရှိသော ကောင်းသော အဆင်းရှိကြသည့်, မကောင်းသော အဆင်းရှိကြသည့် ငယ်သော ကသိုဏ်းရုပ်တို့ကို အပ္ပနာဘာဝနာဖြင့် ရှု၏၊ ထိုငယ်သော ကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာစျာန်ကို ဝင်စား၏၊ ထိုစျာန်မှ ထသောအခါ ထိုကသိုဏ်းရုပ်တို့ကို ငါသိသည် ငါမြင်သည်ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤကား ပထမအဘိဘာယတနစျာန်တည်း။ (ဒီ၊၂၊၉၂။)</p>
<p>ဤသို့စသည်ဖြင့် အဘိဘာယတနစျာန် (၈)မျိုးတို့ကို ဟောကြားထားတော်မူ၏။ ဤစျာန်များသည် စျာန်၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း လွှမ်းမိုးနိုင်၏၊ ကသိုဏ်းပညတ်အာရုံကိုလည်း အလိုရှိသလို နိုင်နိုင် နင်းနင်း ပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့, ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် လွှမ်းမိုးနိုင်၏။ နီဝရဏတရားတို့သည် စျာန်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ယင်းနီဝရဏတရားတို့ကို ဤစျာန်တရား တို့က လွှမ်းမိုးနိုင်ခြင်းဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်အလွန်ထက်မြက်သောကြောင့် ကသိုဏ်းပညတ်အာရုံကို နိုင်နိုင်နင်းနင်း လွှမ်းမိုးနိုင်ခြင်း ဖြစ်၏။ ထို့ကြောင့်ယောဂါဝစရပုဂ္ဂိုလ်က အလွန် ဉာဏ်ကြီးမြတ်သူဖြစ်သည့်အတွက် အလွယ်တကူနှင့်ပင် ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း ပယ်ရှားနိုင် လွှမ်းမိုးနိုင်သည့်ပြင် စျာန်၏ အာရုံဖြစ်သော အရောင်ကသိုဏ်းရုပ်တို့ကို ငယ်သော ကြီးသောမဟူ အလွယ်တကူနှင့်ပင် နိုင်နင်းစွာ ရှုမှတ်ပွားများ၍ ရရှိအပ်သော စျာန်ကို အဘိဘာယတနစျာန်ဟူ၍ ခေါ်ဆိုသည် မှတ်ပါ။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ ဒီ၊ဋီ၊၂၊၁၅၉။)</p>
<p>ဘုရားရှင်သည် ဝိမောက္ခတရား (၈)ပါးကိုလည်း ဟောကြားတော်မူခဲ့၏။ ယင်းဝိမောက္ခတရား (၈)ပါးတို့တွင် ပထမဝိမောက္ခတရားနှင့် ဒုတိယဝိမောက္ခ တရားတို့မှာ ဤသို့ဖြစ်၏။</p>
<p>၁။ <b>ရူပီ ရူပါနိ ပဿတိ၊ အယံ ပဌမော ဝိမောက္ခော။</b></p>
<p>၂။ <b>အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခော။</b> (အံ၊၃၊၁၂၆။)</p>
<p><b>ရူပီ ရူပါနိ ပဿတီတိ ဧတ္ထ အဇ္ဈတ္တံ ကေသာဒီသု နီလကသိဏာဒိဝသေန ဥပ္ပါဒိတံ ရူပဇ္ဈာနံ ရူပံ၊ တဒဿတ္ထီတိ ရူပီ။ ဗဟိဒ္ဓါပိ နီလကသိဏာဒီနိ ရူပါနိ စျာနစက္ခုနာ ပဿတိ။ ဣမိနာ အဇ္ဈတ္တဗဟိဒ္ဓဝတ္ထုကေသု ကသိဏေသု ဥပ္ပါဒိတဇ္ဈာနဿ ပုဂ္ဂလဿ စတ္တာရိ ရူပါဝစရဇ္ဈာနာနိ ဒဿိတာနိ။ အဇ္ဈတ္တံ အရူပသညီတိ အဇ္ဈတ္တံ န ရူပသညီ၊ အတ္တနော ကေသာဒီသု အနုပ္ပါဒိတရူပါဝစရဇ္ဈာနောတိ အတ္ထော။ ဣမိနာ ဗဟိဒ္ဓါ ပရိကမ္မံ ကတွာ ဗဟိဒ္ဓါဝ ဥပ္ပါဒိတဇ္ဈာနဿ ရူပါဝစရဇ္ဈာနိ ဒဿိတာနိ။</b> (အံ၊ဋ္ဌ၊၃၊၂၄၅။)</p>
<p>အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။</p>
<p>၁။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ရှိသည်ဖြစ်၍ အပြင်ဗဟိဒ္ဓ သန္တာန်၌လည်း ကသိုဏ်းရုပ် စျာန်တို့ကို ရှု၏။ ဤကား ပထမ လွတ်မြောက်မှု ဝိမောက္ခတည်း။</p>
<p>၂။ မိမိ၏ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ကို မရှုမူ၍ အပြင်ဗဟိဒ္ဓ သန္တာန်၌ ကသိုဏ်းရုပ်စျာန်တို့ကို ရှု၏။ ဤကား ဒုတိယလွတ်မြောက်မှု ဝိမောက္ခပေတည်း။ (အံ၊၃၊၁၂၆။)</p>
<p>ဤတွင် အဋ္ဌကထာက အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ဆံပင်စသော ကောဋ္ဌာသတို့၌ နီလကသိုဏ်း စသည်တို့၏ အစွမ်းဖြင့် ဖြစ်စေအပ်သော ရူပါဝစရစျာန်ရှိသော ပုဂ္ဂိုလ်ကို <b>ရူပီ</b> = ကသိုဏ်းရုပ်စျာန်ရှိသော ပုဂ္ဂိုလ်ဟု ဖွင့်ဆိုထား၏။ အဇ္ဈတ္တကောဋ္ဌာသတို့၌ ရူပါဝစရကသိုဏ်းရုပ်စျာန်တို့ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုလည်း စျာန်စက္ခုဖြင့် ရှုပြန်၏ = ဗဟိဒ္ဓကောဋ္ဌာသတို့၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ အဇ္ဈတ္တ-ဗဟိဒ္ဓကောဋ္ဌာသနှစ်မျိုးလုံး၌ ရူပါဝစရစျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တည်း။ ပထမဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။</p>
<p>ဒုတိယပုဂ္ဂိုလ်ကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် မကြိုးစားတော့ဘဲ ဗဟိဒ္ဓကောဋ္ဌာသတို့၌သာလျှင် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ ဒုတိယဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။ (အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅...။)</p>
<p>သို့သော် အချို့သော ပုဂ္ဂိုလ်တို့၌ကား အဇ္ဈတ္တသန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့၏ အညို အဝါ အနီ အဖြူဟူသော အရောင်ကသိုဏ်းရုပ်တို့ကား ဗဟိဒ္ဓ၌ တည်ရှိသော ကောဋ္ဌာသတို့၏ အရောင်ကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားပေ။ ထိုသို့ အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့၏ ဗဟိဒ္ဓ အရောင်ကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားခြင်းကြောင့် အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် နိုင်နိုင်နင်းနင်း ရှုပွား၍ မရနိုင် ဖြစ်နေ၏။ ထိုအဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို ဘာဝနာစိတ်က နိုင်နိုင်နင်းနင်း မလွှမ်းမိုးနိုင်သောကြောင့် ပဋိဘာဂနိမိတ်သို့ မဆိုက်ရောက်နိုင်ရကား ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း မလွှမ်းမိုးနိုင် ဖြစ်နေ၏။ ထိုသို့ အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် ဘာဝနာစိတ်က မလွှမ်းမိုးနိုင်ခြင်း, ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း မလွှမ်းမိုးနိုင်ခြင်းကြောင့် အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို နှလုံးသွင်း ရှုပွားခြင်းဖြင့် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မရရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့ကို ရည်ရွယ်ကာ အဘိဘာယတနစျာန်တို့ကို ဟောကြားတော်မူခြင်း ဖြစ်သည်။ သို့သော် အဇ္ဈတ္တကောဋ္ဌာသတို့၌ ဝဏ္ဏကသိုဏ်းဘာဝနာကို စီးဖြန်းရာ၌ ပရိကမ္မဘာဝနာသာ ရရှိနိုင်သော ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို မရရှိနိုင်သော ယောဂါဝစရပုဂ္ဂိုလ်, အားထုတ် လိုသော ဆန္ဒဓာတ်မရှိသော ယောဂါဝစရပုဂ္ဂိုလ်ရှိသကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓကောဋ္ဌာသ နှစ်မျိုးလုံး၌ ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာ သုံးမျိုးလုံးကို ရရှိနိုင်သော ယောဂါဝစရပုဂ္ဂိုလ်, အားထုတ်လိုသော ဆန္ဒဓာတ် ရှိသော ပုဂ္ဂိုလ်တို့လည်း ရှိကြလေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့အတွက် ဝိမောက္ခစျာန်များကိုလည်းဘုရားရှင်သည် ဟောကြားထားတော်မူခဲ့ပေသည်။</p>
<p>အဇ္ဈတ္တကောဋ္ဌာသ၌ ဖြစ်စေ, ဗဟိဒ္ဓကောဋ္ဌာသ၌ ဖြစ်စေ ---</p>
<p>၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) ဆံပင်၌ ဖြစ်စေ, (ခ) သည်းခြေ၌ ဖြစ်စေ, (ဂ) မျက်နက်ဝန်း၌ ဖြစ်စေ <b>နီလံ နီလံ နီလံ</b> = အညို အညို အညိုဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။</p>
<p>၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) အဆီခဲ၌ ဖြစ်စေ, (ခ) အရည်၌ ဖြစ်စေ, (ဂ) လက်ဖမိုး ခြေဖမိုး၌ ဖြစ်စေ, (ဃ) မျက်စိအတွင်း ဝါရွှေသောအရပ်၌ ဖြစ်စေ, (င) ဝါရွှေသော ကျင်ငယ်၌ ဖြစ်စေ <b>ပီတံ ပီတံ ပီတံ</b> = အဝါ အဝါ အဝါဟု, သို့မဟုတ် အရွှေ အရွှေ အရွှေဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။</p>
<p>၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) အသား၌ ဖြစ်စေ, (ခ) အသွေး၌ ဖြစ်စေ, (ဂ) လျှာ၌ ဖြစ်စေ, (ဃ) မျက်စိအတွင်း နီမြန်းရာအရပ်၌ ဖြစ်စေ <b>လောဟိတံ လောဟိတံ လောဟိတံ</b> = အနီ အနီ အနီဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။</p>
<p>၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) အရိုး၌ ဖြစ်စေ, (ခ) သွား၌ ဖြစ်စေ, (ဂ) ခြေသည်း လက်သည်း၌ ဖြစ်စေ, (ဃ) မျက်ဖြူ၌ ဖြစ်စေ <b>ဩဒါတံ ဩဒါတံ ဩဒါတံ</b> = အဖြူ အဖြူ အဖြူဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၅၊၊)</p>
<hr>
<h3>ဩဒါတကသိုဏ်း</h3>
<p>ဤတွင် ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းရှုကွက်ကို အကျဉ်းချုပ်ကာ တင်ပြလိုပေသည်။ အဇ္ဈတ္တ-ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှုထားပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ အဇ္ဈတ္တအရိုးစုကိုဖြစ်စေ ဗဟိဒ္ဓအရိုးစုကိုဖြစ်စေ အာရုံယူကာ ဉာဏ်ဖြင့် သိမ်းဆည်းပါ ရှုပါ။ အကယ်၍ ဗဟိဒ္ဓအရိုးစုကို ရွေးချယ်ကာ ရှုသည်ဖြစ်မူ မိမိ ရှေ့တည့်တည့်တွင် တည်ရှိသော ယောဂီပုဂ္ဂိုလ်၏ အရိုးစုတစ်ခုလုံးကို ဖြစ်စေ, မိမိဘက်သို့ ကျောပေးထားသော ဦးခေါင်းခွံကိုဖြစ်စေ အာရုံယူကာ အဖြူ အဖြူ အဖြူဟု ရှုနေပါ။ အဖြူရောင်အာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်တည်သွားသောအခါ အရိုးစု ကောဋ္ဌာသပျောက်ကာ အဖြူအဝန်းအဝိုင်းသာ ကျန်ရှိနေပါက ထိုအဖြူရောင် ကသိုဏ်းဝန်း၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါ။ အလွန် မဖြူသေးသော ကသိုဏ်းဝန်းကား ပရိကမ္မနိမိတ်တည်း။ ဆွတ်ဆွတ်ဖြူလာသော ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ ထိုဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူကာ အဖြူ အဖြူဟု နှလုံးသွင်းလျက် သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် သမာဓိက ပို၍ ပို၍ ငြိမ်လာသောအခါ နက်ရှိုင်းလာသော အခါ ဥဂ္ဂဟနိမိတ်မှ ကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်ဘက်သို့ အဖြူရောင်ကသိုဏ်းဝန်းနိမိတ်သည် ကူးပြောင်းသွားပေလိမ့်မည်။ ထိုပဋိဘာဂနိမိတ်၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီစသည်ခန့် ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါက သမာဓိမှာ ပို၍ ပို၍ နက်ရှိုင်းလာရာက ပဋိဘာဂနိမိတ်ထဲသို့ နစ်ဝင်သွားသည်ကို ယောဂီပုဂ္ဂိုလ်က သိရှိနိုင်ပေသည်။ ထိုကဲ့သို့သော ပဋိဘာဂနိမိတ်ကို နှစ်လက်မ သုံးလက်မ စသည်ဖြင့် ပိုင်းခြားကာ နိမိတ်ကို ဖြန့်ကြက်ကာ စကြဝဠာတစ်ခုလုံးသို့ ပြန့်အောင် သို့မဟုတ် ထိုထက် ပိုလွန်ကာ ဖြန့်ကြက်ပါ။</p>
<p>ထိုနောင် မိမိ နှစ်ခြိုက်ရာ ရှေ့တည့်တည့် တစ်နေရာတွင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်လျက် အဖြူ အဖြူ အဖြူဟု ရှုနေပါ။ ဘာဝနာစိတ်သည် အဖြူရောင်ကသိုဏ်းဝန်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်နေပေလိမ့်မည်။ ကသိုဏ်းဝန်းမှာလည်း သမာဓိအားကောင်းလာသည်နှင့်အမျှ ရှေးကထက် ပို၍ ပို၍ ကြည်လင်တောက်ပလာပေမည်။ ဘာဝနာစိတ်သည်လည်း အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာကပ်တည်နေရာက နစ်မြုပ်သည့် အဆင့်သို့ ကူးကာ ကြာရှည်စွာ တည်တံ့နေပေလိမ့်မည်။ ထိုသို့ ကြာရှည်စွာ နစ်မြုပ်နေသော သမာဓိကား --- စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန် စျာန်ဟု ခေါ်သတတ် --- ဟူသော လယ်တီဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း အပ္ပနာစျာန်သမာဓိ ဖြစ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းအပ္ပနာစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရ၏။ ဝသီဘော်ငါးတန် နိုင်နင်းပြီးသောအခါ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့သို့ ဆိုက်အောင် အဆင့်ဆင့် ဆက်လက် အားထုတ်ပါလေ။ အကယ်၍ စတုတ္ထစျာန်သမာဓိအထိ ပေါက်ရောက်ပါက ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ <b>ပရိသုဒ္ဓ ပရိယောဒါတ</b> = ထက်ဝန်းကျင် စင်ကြယ်သန့်ရှင်းကာ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပနေမည် ဖြစ်ပေသည်။ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်၏ အကူအညီကို ယူကာ ကြွင်းကျန်နေသည့် ကသိုဏ်းတို့ကို ပြောင်းရှုပါက ကသိုဏ်း (၉)ပါးလုံးကိုပင် လွယ်လွယ်ကူကူ ရှု၍ ရရှိနိုင်ပေသည်။ ထိုမှ တစ်ဆင့် အရူပစျာန်တို့သို့ ကူးလိုက ကူးနိုင်ပေသည်။ အကယ်၍ မေတ္တာဘာဝနာဘက်သို့ ကူးလိုကလည်း ကူးနိုင်ပေပြီ။ ယခုအခါ မေတ္တာစျာန်ကို ရရှိအောင် အားထုတ်ပုံ အစီစဉ်ကို ဆက်လက် တင်ပြပေအံ့ ---</p>
<hr>
<h3>ဩဒါတကသိုဏ်းမှ - မေတ္တာပထမစျာန်သို့</h3>
<p>ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့်ဖြစ်ပေါ်လာသည့် အလင်းရောင် အကူအညီဖြင့် မိမိ ရှေးဦးစွာ မေတ္တာပွားလိုသည့် <b>ပိယဂရုဘာဝနီယ</b> = ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးကို သို့မဟုတ် ဆရာသမားတစ်ဦးကို လှမ်းပြီး အာရုံယူပါ။ ထိုပုဂ္ဂိုလ်၏ ပုံမှာ မိမိမြင်ဖူးခဲ့စဉ်က စိတ်အကြည်နူးဆုံးပုံ ဖြစ်ပါစေ။ ထိုပုဂ္ဂိုလ်ကို သို့မဟုတ် ထိုပုဂ္ဂိုလ်၏ ပုံကို ညအခါ အမိုက်မှောင်အတွင်းဝယ် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည့်အခါ ထင်ထင်ရှားရှား မြင်ရသကဲ့သို့ အထက်ဖော်ပြပါ ဉာဏ်အလင်းရောင် အကူအညီဖြင့် ထင်ထင် ရှားရှား မြင်ရအောင် ကြည့်ပါ။ ပြုံးနေသည့်ပုံ, တရားထိုင်နေသည့်ပုံ, မတ်တပ်ရပ် တရားနှလုံးသွင်းနေသည့်ပုံ စသည်တို့တွင် မိမိ အကြိုက်နှစ်သက်ဆုံးပုံကို ရွေးချယ်ကာ ပြန်လည်၍ အာရုံယူပါ။ အသက်ထင်ရှား မြင်နေရသကဲ့သို့ ပကတိမျက်စိဖြင့် မြင်နေရသကဲ့သို့ ထိုပုဂ္ဂိုလ်ကို မြင်အောင် ကြည့်ပါ။ ထိုပုဂ္ဂိုလ်ကို ဉာဏ်အလင်းရောင်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်သောအခါ ---</p>
<p>ဤသူတော်ကောင်းသည် ---</p>
<p>၁။ ဘေးရန် ကင်းပါစေ၊</p>
<p>၂။ စိတ်ဆင်းရဲ ကင်းပါစေ၊</p>
<p>၃။ ကိုယ်ဆင်းရဲ ကင်းပါစေ၊</p>
<p>၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊</p>
<p>ဤသို့လျှင် အချိန်အနည်းငယ် မေတ္တာဘာဝနာကို ပွားများကြည့်ပါ။ ဤသို့ အချိန်အနည်းငယ် သို့မဟုတ် အကြိမ်အနည်းငယ် ပွားများပြီးသော အခါ ထိုမေတ္taပွားနည်း (၄)မျိုးမှ မိမိကြိုက်နှစ်သက်ရာ, မေတ္taပွား၍ စိတ်တွင် နှစ်နှစ်ကာကာ ဖြစ်ရာ မေတ္taပွားနည်း တစ်ခုကို ရွေးချယ်ပါ။ ဥပမာ --- ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ - ဟူသော မေတ္taပွားနည်းကို ရွေးချယ်လိုက်သည် ဆိုကြပါစို့။ ထိုသူတော်ကောင်း၏ စိတ်ကြည်နူး၍ ပြုံးရွှင်ကြည်လင်နေသော ပုံကို ဉာဏ်လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် မြင်အောင် စိုက်ကြည့်ပါ။ ထိုသူတော်ကောင်းကို မိမိ မြင်ခဲ့ဖူးစဉ်က စိတ်အချမ်းသာဆုံးပုံ ဖြစ်ပါစေ၊ အသက်ရှင်နေဆဲပုံလည်း ဖြစ်ပါစေ။ ထိုပုဂ္ဂိုလ် သတ္တဝါပညတ်ကို အာရုံပြု၍ ---</p>
<p>ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ, စိတ်ဆင်းရဲ ကင်းပါစေ ---</p>
<p>ဤသို့လျှင် ကြိမ်ဖန်များစွာ ပွားများပါ။ ထိုပြုံးရွှင်လျက် စိတ်ကြည်နူး နေသော သတ္တဝါပညတ်အာရုံ၌ မေတ္taဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းဖြင့် စတုတ္ထစျာန်သမာဓိသို့တိုင်အောင် ထူထောင်ထားသော ရှေးရှေးဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် ယင်းမေတ္taဘာဝနာစိတ်သည် ထိုသတ္တဝါပညတ်အာရုံ၌ အချိန်အနည်းငယ် အတွင်းမှာပင် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ အကယ်၍ ထိုသတ္တဝါပညတ်အာရုံမှာ ပျောက်ပျောက်သွားခဲ့သော် ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ဝင်စားပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုသတ္တဝါပညတ်ကို တစ်ဖန်ပြန်၍ အာရုံယူပါ။ ထိုသတ္တဝါပညတ်အာရုံသည် တစ်ဖန်ပြန်၍ ထင်ရှားလာသောအခါ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းပါ။</p>
<p>ထိုချစ်ခင်လေးစားအပ်သော ပိယဂရုဘာဝနီယပုဂ္ဂိုလ်ဟူသည့် သတ္တဝါပညတ်အာရုံ၌ မေတ္taဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီစသည် အချိန်မျှလောက် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် မေတ္taဘာဝနာစိတ်သည် ထိုသတ္တဝါပညတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ထိုသမာဓိသည်လည်း ထိုင်တိုင်းရ၍ ခိုင်မြဲလာသောအခါ စျာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။ စျာန်အင်္ဂါငါးပါးတို့ ထင်ရှား နေပါက ပထမစျာန်သမာဓိသို့ ဆိုက်ပြီ ဖြစ်၏။ ယင်းပထမစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p>
<hr>
<h3>ပထမစျာန် - စျာန်အင်္ဂါငါးပါး</h3>
<p>၁။ <b>ဝိတက်</b> = သတ္တဝါပညတ် အာရုံ၌ မေတ္တာဘာဝနာစိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော၊</p>
<p>၂။ <b>ဝိစာရ</b> = သတ္တဝါပညတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော၊</p>
<p>၃။ <b>ပီတိ</b> = သတ္တဝါပညတ် အာရုံကို နှစ်သက်ခြင်းသဘော၊</p>
<p>၄။ <b>သုခ</b> = သတ္တဝါပညတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊</p>
<p>၅။ <b>ဧကဂ္ဂတာ</b> = သတ္တဝါပညတ် အာရုံတစ်ခုတည်းပေါ်၌ မေတ္တာဘာဝနာစိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော၊</p>
<p>ဤစျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသည့် မေတ္တာစျာန်ကို နာရီဝက် သို့မဟုတ် တစ်နာရီခန့် တစ်ဖန် ပြန်၍ ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။ ထိုမနောဒွါရ၌ ထိုသတ္တဝါပညတ်အာရုံသည် ထင်လာသောအခါ အထက်ပါ စျာန်အင်္ဂါတို့ကို တစ်ခုစီ သိမ်းဆည်းပါ။ စျာန်ကို ဝင်စားလိုက်, ဝိတက်ကို သိမ်းဆည်းလိုက်၊ တစ်ဖန် စျာန်ကို ပြန်ဝင်စားလိုက် ဝိစာရကို သိမ်းဆည်းလိုက် --- ဤသို့စသည်ဖြင့် ပြုကျင့်ပါ။ ထိုသို့ ပြုကျင့်သဖြင့် စျာန်အင်္ဂါတို့ကို တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်းနိုင်သောအခါ ပြိုင်တူလိုလို မြင်အောင် သိမ်းဆည်းပါ။ ထိုနောင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p>
<hr>
<h3>ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ</h3>
<p><b>ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ</b>။ (အံ၊၁၊၉။)</p>
<p><b>စိတ္တန္တိ ဘဝင်္ဂစိတ္တံ</b>။ (အံ၊ဋ္ဌ၊၁၊၄၅။)</p>
<p>ဤအထက်ပါ ဒေသနာတော်များအရ ဘဝင်စိတ်သည် <b>ပဘဿရ</b> = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပ၏။ သို့သော် စိတ်၌ အရောင် ရှိပါသလားဟု မေးခဲ့သော် မရှိပါဟု ဖြေဆိုရာ၏။ စိတ်သည် အရောင်မရှိသော်လည်း အရောင်အလင်းကို ဖြစ်စေနိုင်သော စွမ်းအားကား ရှိ၏။ ဉာဏ်ရောင်အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် ဤဘဝင်စိတ်သည် လည်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ကို ဖြစ်စေနိုင်သည့်စွမ်းအား ရှိပေသည်။ ဘဝင်စိတ် တစ်ခုတစ်ခုသည် မိမိ၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ ယင်းရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံကလည်း ကြည်လင်တောက်ပ၏။ တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမကကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်တိုင်းကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ယင်းရုပ်ကလာပ်တိုင်း၌ ပါဝင် တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံကလည်း ကြည်လင်တောက်ပ၏။ ယင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်နှစ်မျိုးတို့၌ ပါဝင် တည်ရှိကြသော ဝဏ္ဏဓာတ် = ရူပါရုံ၏ ကြည်လင်တောက်ပမှုကို ဃနခေါ်သည့် ရုပ်အတုံးအခဲကို မဖြိုခွဲနိုင်မီ အကြည်ဓာတ် အတုံးအခဲလိုက် ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေခြင်းဖြစ်၏။ ဖလ်သား မှန်သားကဲ့သို့ ကြည်လင် တောက်ပနေသည့် သဘာဝတစ်ခု ဖြစ်၏။ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲနေသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပ၏။ သို့အတွက် အကျိုးဖြစ်သော ရုပ်တရားတို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ ကြည်လင်တောက်ပမှုကို အကြောင်းဖြစ်သော ဘဝင်စိတ် အပေါ်၌ တင်စားကာ ဖလူပစာရအားဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုသည်။ အာရုံခြောက်ပါးတို့သည် ယင်း ဘဝင်မနောအကြည်ဓာတ် မနောဒွါရ၌ လာရောက်ကာ ထိုက်သလို ထင်ကြ၏။ ထိုအခါ ယင်းထင်လာသော အာရုံကို အာရုံပြုကာ ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြ၏။ စျာန်အင်္ဂါငါးပါးရှိသော ပထမစျာန် ဝီထိနာမ်တရားတို့လည်း အလားတူပင် ဖြစ်ပေါ်လာကြ၏။</p>
<hr>
<h3>ဝသီဘော်ငါးတန်</h3>
<p><b>ဝသီ</b> = လေ့လာခြင်း, အလိုအားလျော်စွာဖြစ်ခြင်း, နိုင်နင်းခြင်း, အလိုအားလျော်စွာ ဖြစ်စေနိုင်သောသတ္တိသည် ဝသီမည်၏။ ယင်းတို့ကား <b>အာဝဇ္ဇနဝသီ သမာပဇ္ဇနဝသီ အဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ ပစ္စဝေက္ခဏာဝသီ</b>ဟု ငါးမျိုး ရှိကုန်၏။</p>
<p>၁။ <b>အာဝဇ္ဇနဝသီ</b> ---မိမိရရှိထားပြီးသော စျာန်ကို အကြင်အကြင် အလိုရှိရာ အရပ်၌ အကြင်အကြင် အလိုရှိတိုင်းသော စျာန်အင်္ဂါကို အကြင် အလိုရှိ သမျှကာလပတ်လုံး ဆင်ခြင်နိုင်၏။ ဆင်ခြင်ခြင်းအာဝဇ္ဇန်းဖြစ်ခြင်း၏ နှေးဖြည်းသည်၏ အဖြစ်သည် မရှိငြားအံ့၊ ဤသို့တတ်နိုင်လတ်သော် အာဝဇ္ဇနဝသီမည်၏။ စျာန်အင်္ဂါကို ဆင်ခြင်မှု၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိသည် အာဝဇ္ဇနဝသီမည်၏။</p>
<p>၂။ <b>သမာပဇ္ဇနဝသီ</b> --- မိမိ ရရှိထားပြီးသော စျာန်ကို အကြင်အကြင် အလိုရှိရာအရပ်၌ အကြင်အကြင် အလိုရှိတိုင်း အကြင်အကြင် အလိုရှိသမျှကာလပတ်လုံး ဝင်စားနိုင်၏၊ စျာန်ဝင်စားခြင်း၏ နှေးဖြည်းသည်၏ အဖြစ်သည် မရှိငြားအံ့၊ ဤသို့တတ်စွမ်းနိုင်လတ်သော် သမာပဇ္ဇနဝသီမည်၏။ စျာန်ကို ဝင်စားလိုသော ဆန္ဒဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပိုမကျတော့ဘဲ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဖြစ်၍ အလိုရှိသမျှ စျာန်ဇောစိတ်များစွာကို ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသီမည်၏။ စျာန်ကို ရအပ်သည်နှင့် ထပ်တူထပ်မျှ ယှဉ်ဖက်သမ္ပယုတ်တရားနှင့်တကွသော စျာန်သို့ ကောင်းစွာ ရောက်ရှိနေခြင်းသည် <b>သမာပဇ္ဇန</b> = စျာန်ကို ဝင်စားခြင်းမည်၏။ စျာန်နှင့် ပြည့်စုံနေသည်၏အဖြစ်ကို ဆိုလိုပေသည်။</p>
<p>၃။ <b>အဓိဋ္ဌာနဝသီ</b> --- လက်ဖျစ်တစ်တွက် အတိုင်းအရှည်ရှိသော ခဏပတ်လုံးလည်းကောင်း, လက်ဖျစ်ဆယ်တွက် အတိုင်းအရှည်ရှိသော ခဏပတ်လုံးလည်းကောင်း, တစ်နာရီ, တစ်နံနက်, တစ်ရက် စသည်ဖြင့် မိမိ အလိုရှိသမျှ ကာလပတ်လုံးလည်းကောင်း ပိုလည်း မပိုရ, လိုလည်း မလိုရအောင် ဝင်စားလိုရာ အချိန်စေ့အောင် ရေကာတာရိုးသည် ရေကို တားထားသကဲ့သို့ ဘဝင်အယဉ်ကို တားဆီး၍ စျာန်ဇောစိတ်အစဉ်ကို တည်တံ့အောင် ထားခြင်းငှာ စွမ်းနိုင်သော သတ္တိသည် အဓိဋ္ဌာနဝသီမည်၏။</p>
<p>၄။ <b>ဝုဋ္ဌာနဝသီ</b> --- အလားတူပင် လက်ဖျစ်တစ်တွက် အတိုင်းအရှည်ရှိသော ကာလပတ်လုံးလည်းကောင်း, လက်ဖျစ်ဆယ်တွက် အတိုင်းအရှည် ရှိသော ကာလပတ်လုံးလည်းကောင်း တစ်နာရီ, တစ်နံနက်, တစ်ရက် စသည်ဖြင့် မိမိတို့ အလိုရှိသမျှ ကာလပတ်လုံးလည်းကောင်း တစ်ခဏမျှ ခပ်တိုတို ဝင်စားလိုလျှင် ခပ်တိုတို ဝင်စား၍ ကြာရှည်စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍ ရည်မှန်းထားသော အချိန်ကာလကို ပိုလည်းမပိုရ လိုလည်း မလိုရအောင် စျာန်ဇောစိတ်အစဉ်မှ လျင်မြန်စွာ ထခြင်းငှာ စွမ်းနိုင်သော သတ္တိသည် ဝုဋ္ဌာနဝသီမည်၏။</p>
<p>(စျာန်စိတ်ချည်း ဆက်၍ ဆက်တိုက် ဖြစ်နေခြင်းကို စျာန်ဝင်စားသည်ဟု ခေါ်၍ စျာန်ဇောစိတ်အစဉ်ပြတ်၍ ဘဝင်စိတ်ဖြစ်ပေါ်လာမှုကို စျာန်မှ ထသည်ဟု ခေါ်ဆို၏။)</p>
<p>၅။ <b>ပစ္စဝေက္ခဏာဝသီ</b> --- စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏နောက်၌ ပစ္စဝေက္ခဏာဇောများ ဆက်၍ စော၏။ ယင်းပစ္စဝေက္ခဏာဇောတို့သည်လည်း စျာန်အင်္ဂါတို့ကိုပင် ဆက်လက်၍ ဆင်ခြင် ကြ၏။ စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော ယင်းပစ္စဝေက္ခဏာဇော တို့၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုပေသည်။ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိတို့၏ တစ်ဝီထိနှင့် တစ်ဝီထိ အကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာဆက်ကာ ဆင်ခြင်နိုင်သော စွမ်းအင်သတ္တိတည်း။ ထို့ကြောင့် အာဝဇ္ဇနဝသီဘော် ပြီးစီး အောင်မြင်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးအောင်မြင်တော့သည်သာဟု သိရှိပါလေ။ စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏ စွမ်းအင်သတ္တိကို အာဝဇ္ဇနဝသီဟုလည်းကောင်း၊ ယင်း မနောဒွါရာဝဇ္ဇန်း၏နောက်၌ ဆက်လက် ဖြစ်ပေါ်လာသော စျာန်အင်္ဂါတို့ကိုပင် အမြန်ဆုံး ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဇောတို့၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟုလည်းကောင်း နှစ်မျိုးခွဲခြား ထားသည်ဟု မှတ်သားပါ။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီကာ၊၁၊၁၇၈-၁၈၀၊၊)</p>
<p>ယခုတစ်ဖန် မေတ္တာကမ္မဋ္ဌာန်းကို ဆက်လက်ကာ တင်ပြအပ်ပါသည်။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသော မေတ္တာပထမစျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ပထမစျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းပြီးသောအခါ ဒုတိယစျာန်သို့ ကူးနိုင်ပေသည်။</p>
<hr>
<h3>မေတ္တာဒုတိယစျာန်</h3>
<p>ဤဝသီဘော်ငါးတန်တို့၌ လေ့ကျက်အပ်ပြီး လေ့လာအပ်ပြီး နိုင်နင်းပြီးသော ဝသီဘော်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် နိုင်နိုင်နင်းနင်း လေ့လာထားအပ်ပြီးသော ပထမစျာန်မှထ၍ ---</p>
<p>၁။ ဤပထမစျာန်သမာဓိသည် (နီဝရဏကို ပယ်ခွါရာ၌ ရှေးဦးဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။</p>
<p>၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိ၏-ဟု ထိုပထမစျာန်၌ အပြစ်ကို မြင်အောင်ကြည့်၍ ---</p>
<p>၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါသုံးပါးရှိသော ဒုတိယစျာန်ကို ပထမစျာန်ထက်ပို၍ ငြိမ်သက်သော တရားဟု နှလုံးသွင်း၍ ---</p>
<p>၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်ခန်းစေ၍ ---</p>
<p>ဒုတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းမေတ္တာဘာဝနာမှုကို ပြုလုပ်အပ်၏။ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေဟုပင် မေတ္တာဘာဝနာကို ဆက်လက် စီးဖြန်းအပ်၏။ ပထမစျာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန် ပြန်၍ အားထုတ်အပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၀။)</p>
<p>ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ရှေးရှုသက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာကုန်၏။ ပီတိ သုခ စိတ္တေကဂ္ဂတာတို့သည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာကုန်၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါတို့ကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါတို့ကို ရရှိခြင်းငှာလည်းကောင်း ထိုသတ္တဝါပညတ် အာရုံကိုပင် စိတ်ဆင်းရဲ ကင်းပါစေဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိတက် ဝိစာရ မရှိသော, ပီတိ သုခ စိတ္တေကဂ္ဂတာဟူသော စျာန်အင်္ဂါသုံးပါးရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။</p>
<p>ဒုတိယစျာန်ကို ရရှိသည့်တိုင်အောင် ဆက်လက် ကြိုးစားပါ။ ရရှိပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p>
<hr>
<h3>မေတ္တာတတိယစျာန်</h3>
<p>ဤသို့သော ဘာဝနာဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော်ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျက်အပ် လေ့ကျင့်အပ်ပြီးသော ဝသီရှိသည်ဖြစ်၍ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားအပ်ပြီးသော ဒုတိယစျာန်မှ ထ၍ ---</p>
<p>၁။ ဤဒုတိယစျာန် သမာပတ်သည် နီးကပ်သော ဝိတက်, ဝိစာရဟူသော ရန်သူရှိ၏၊</p>
<p>၂။ ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာအားဖြင့် အကြင် (သတ္တဝါပညတ် အာရုံကို) နှစ်သက်ခြင်း ပီတိသည် ရှိ၏၊ ဤပီတိကြောင့်သာလျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဟောကြားတော်မူအပ်၏။ (ဒီ၊၁၊၃၄။) ဤသို့ ဟောကြားထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းကြမ်းတမ်းသည်၏အဖြစ်ကြောင့် အားနည်းသော အင်္ဂါရှိ၏ဟု ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍,</p>
<p>၃။ တတိယစျာန်ကို (ဒုတိယစျာန်ထက် ပို၍) ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p>
<p>၄။ ဒုတိယစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်ခန်းစေ၍,</p>
<p>တတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်အပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)</p>
<p>ထိုသို့ ကြိုးစားအားထုတ်ခဲ့သော် မကြာမီ အချိန်ကာလအတွင်းမှာပင် ဒုတိယစျာန်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွားမည် ဖြစ်၏။ တတိယစျာန်သို့ ရောက်ရှိရေးအတွက် ဦးတည်ကာ ယခင်သတ္တဝါပညတ် အာရုံကိုပင် တစ်ဖန် ပြန်၍ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေဟူသော နှလုံးထားဖြင့် မေတ္တာဘာဝနာကို ဆက်လက်ကာ ပွားများခြင်းကြောင့် ဒုတိယစျာန်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွားခြင်းဖြစ်၏။ ထိုသို့ ဒုတိယစျာန်ကို တစ်ဖန် ပြန်၍ ဝင်စားမှုကို ကြိုးစားအားထုတ်ရာဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ သတိသမ္ပဇဉ်ဉာဏ်ယှဉ်လျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်လတ်သည်ရှိသော် ပီတိသည် ရုန့်ရင်းကြမ်းတမ်းသော သဘောအားဖြင့် ထင်လာ၏၊ သုခနှင့် ဧကဂ္ဂတာသည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော ပီတိစျာန်အင်္ဂါကို ပယ်ခြင်းငှာ, ငြိမ်သက်သော သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးရှိသော တတိယစျာန်ကို ရရှိခြင်းငှာ ထိုသတ္တဝါပညတ်အာရုံကိုပင် စိတ်ဆင်းရဲကင်းစေလိုသော နှလုံးသွင်းဖြင့် မေတ္တာဘာဝနာကို ရှုပွားလျက်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် မကြာမီ အချိန်ကာလအတွင်းမှာပင် ပီတိပြုတ်ကာ သုခ, ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးရှိသော တတိယစျာန်သို့ ဆိုက်ရောက်ပေလိမ့်မည်။</p>
<p>ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို စက်ဆုပ်ခြင်း လွန်သွားခြင်းကြောင့်လည်းကောင်း, ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်လည်းကောင်း တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုသည် ဖြစ်၍လည်း နေ၏။ (သတ္တဝါပညတ်)အာရုံကို အမှတ်ရတတ် သိမ်းဆည်းတတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍လည်းကောင်း, (သတ္တဝါပညတ်)အာရုံကိုပင် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍လည်းကောင်း ကာယိကသုခ စေတသိကသုခ ကိုလည်း နာမကာယဖြင့် ခံစား၏။ အကြင် တတိယစျာန်ဟူသော အကြောင်း ကြောင့် ယင်းတတိယစျာန်နှင့် ပြည့်စုံသော စျာနလာဘီပုဂ္ဂိုလ်ကို ဘုရား အစရှိသော အရိယာအရှင်ကောင်း အရှင်မြတ်တို့သည် တတိယစျာန်ချမ်းသာ ကိုပင် လျစ်လျူရှုပေသသူ သတိကောင်းပေသသူ ချမ်းသာစွာ နေပေသသူ ဟူ၍ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ ထိုတတိယစျာန်ကို ပြည့်စုံ စေ၍, ထိုတတိယစျာန်သို့ ကပ်ရောက်၍ နေထိုင်ပေ၏။ (ဒီ၊၁၊၇၁။ အဘိ၊၁၊၄၅။ ဝိသုဒ္ဓိ၊၁၊၁၅၄။)</p>
<p>ဤသို့လျှင် - တတိယစျာန်သို့ ဆိုက်ရောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းတတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေဟူသော နည်းစနစ်ဖြင့် ပွားများအားထုတ်သော မေတ္တာဘာဝနာ၌ တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးသောအခါ အောက်ပါအစီအစဉ်အတိုင်း ထပ်မံ၍ ထိုသတ္တဝါပညတ်အာရုံကိုပင် အာရုံယူကာ ---</p>
<p>ဤသူတော်ကောင်းသည် ---</p>
<p>၁။ ဘေးရန် ကင်းပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)</p>
<p>၂။ စိတ်ဆင်းရဲ ကင်းပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)</p>
<p>၃။ ကိုယ်ဆင်းရဲ ကင်းပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)</p>
<p>၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)</p>
<p>ဤမေတ္တာပို့သနည်း လေးနည်းတို့တွင် တစ်နည်းတစ်နည်း၌ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် ဒေသနာစဉ်အတိုင်း မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ လေ့ကျင့်ပါ။ မေတ္တာစျာန်ကို အဝါးဝစွာ ဝင်စားပါ။ စိတ်ဆင်းရဲ ကင်းပါစေ-ဟူသော မေတ္တာပို့သနည်းမှာ ရှေးဦးစွာ ရှုထားပြီး ပွားများထားပြီး ဖြစ်သော်လည်း ယခုထပ်မံ၍ ရှုပွားခိုင်းခြင်းမှာ ဒေသနာစဉ်အတိုင်း မှတ်သား လွယ်ကူစေရန် ထပ်ပြီး ပွားများခိုင်းခြင်း ဖြစ်ပေသည်။ နောက်ပုဂ္ဂိုလ်သတ္တဝါတို့ကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားများရာ၌ ထိုဒေသနာတော်စဉ်အတိုင်း ပွားများစေလိုသောကြောင့် ဖြစ်သည်။</p>
<p><b>ပိယဂရုဘာဝနီယပုဂ္ဂိုလ်, အတိပ္ပိယသဟာယကပုဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ်</b>တို့ကို ယခုကဲ့သို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်တို့သို့ ဆိုက်အောင် အဘယ်ကြောင့်ပွားများနေရပါသနည်း? ကျမ်းဂန်အထောက်အထား ရှိပါရဲ့လားဟု မေးရန်ရှိ၏။ အောက်ပါ အဋ္ဌကထာ, ဋီကာ အဖွင့်တို့ကို ဖတ်ရှုကြည့်ပါ။</p>
<p><b>သစေ ပနဿ ဝေရိမှိ စိတ္တမုပသံဟရတော တေန ကတာပရာဓာနုဿရဏေန ပဋိဃမုပ္ပဇ္ဇတိ၊ အထာနေန ပုရိမပုဂ္ဂလေသု ယတ္ထ ကတ္ထစိ ပုနပ္ပုနံ မေတ္တံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပုနပ္ပုနံ တံ ပုဂ္ဂလံ မေတ္တာယန္တေန ပဋိဃံ ဝိနောဒေတဗ္ဗံ</b>။ (ဝိသုဒ္ဓိ၊၁၊၂၉၀။)</p>
<p><b>ပုရိမပုဂ္ဂလေသူတိ ပိယာဒီသု စျာနဿ အာရမ္မဏဘူတေသု ပုရိမေသု ပုဂ္ဂလေသု။ မေတ္တံ သမာပဇ္ဇိတွာတိ ပဋိဃံ ဝိက္ခမ္ဘေတွာ ဥပ္ပါဒိတံ မေတ္တာစျာနံ သမာပဇ္ဇိတွာ</b>။ (မဟာဋီ၊၁၊၃၅၅။)</p>
<p>ဤအထက်ပါ အဋ္ဌကထာ, ဋီကာတို့က <b>ဝေရီ</b> = ရန်သူပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ မေတ္တာစျာန်ကို ရရှိသည်တိုင်အောင် အောင်မြင်မှုကို မရဖြစ်နေခဲ့သော် ပိယဂရုဘာဝနီယပုဂ္ဂိုလ်, အတိပ္ပိယသဟာယကပုဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်တို့တွင် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်၌ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ မေတ္တာစျာန်ကို အဖန်ဖန်ဝင်စား၍ ဝေရီပုဂ္ဂိုလ်၌ တစ်ဖန်ပြန်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါဟု ညွှန်ကြားထား၏။ ဤညွှန်ကြားချက်များနှင့် အညီ ပုဂ္ဂိုလ်တစ်ဦးဦးကို အာရုံပြုကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများအားထုတ်ဖို့ လိုအပ်ပေသည်။ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားနိုင်ဖို့ လိုအပ်ပေသည်။</p>
<hr>
<h3>စတုတ္ထစျာန် ?</h3>
<p>အဘယ်ကြောင့် စတုတ္ထစျာန်သို့ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို မစီးဖြန်းရပါသနည်းဟု မေးရန်ရှိ၏။ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ --- ဘေးရန် ကင်းစေလိုသော စိတ်ထား, စိတ်ဆင်းရဲကင်းစေလိုသော စိတ်ထား, ကိုယ်ဆင်းရဲကင်းစေလိုသော စိတ်ထား, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်စေလိုသော စိတ်ထား --- ဤစိတ်နေစိတ်ထားတို့ကား လျစ်လျူရှုမှု ဥပေက္ခာသဘောနှင့် အလှမ်းကွာဝေးလျက် ရှိကြ၏။ ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ အကျိုးစီးပွားချမ်းသာကို လိုလားတောင့်တသော စိတ်နေစိတ်ထားသည် --- ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ လျစ်လျူရှုမှု သဘော မျိုးမဟုတ်ပေ။ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ အကျိုးစီးပွားချမ်းသာကို လိုလား တောင့်တသော စိတ်ထားဖြင့် မေတ္တာဘာဝနာကို ပွားများအားထုတ်ပါမှသာလျှင် မေတ္တာစျာန်များကို ရရှိနိုင်၏။ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ လျစ်လျူရှုမှု = ဥပေက္ခာသဘောထားဖြင့် မေတ္တာဘာဝနာကို စီးဖြန်း၍ကား မရနိုင်၊ ထိုသို့သော စိတ်ထားဖြင့် မေတ္တာပွားသည်ပင် ဆိုဦးတော့ မေတ္တာစျာန်ကိုကား မည်သို့မျှ မရရှိနိုင်။ စတုတ္ထစျာန်ဟူသည်မှာလည်း ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါနှစ်ပါးရှိသော စျာန်သာဖြစ်၏။ ထို့ကြောင့် မေတ္တာဘာဝနာ၌ စတုတ္ထစျာန်သို့ မဆိုက်ရောက်နိုင်ခြင်းဖြစ်၏။</p>
<p>ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါအတိုင်း <b>ပိယဂရုဘာဝနီယ</b> = ချစ်ခင်လေးစားအပ်သော ဆရာသမားကိုဖြစ်စေ, ဆရာသမားနှင့်အလားတူ ကြည်ညိုလေးစားထိုက်သူကိုဖြစ်စေ အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသဖြင့် ပထမစျာန်မှသည် တတိယစျာန်သို့တိုင်အောင်သော မေတ္တာစျာန်ကို အောင်မြင်စွာ ရရှိပြီးသောအခါ ယင်းမေတ္တာစျာန်ကိုလည်း ဝသီဘော်ငါးတန်နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ နောက်ထပ် ကြည်ညို လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးကို ပြောင်း၍ အလားတူပင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ မေတ္တာပွားနည်း (၄)နည်းလုံး၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာစျာန်ကိုရရှိအောင် ပွားများပါ။</p>
<p><b>ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနီယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ</b>။ (ဝိသုဒ္ဓိ၊၁၊၂၈၉၊၊)</p>
<p><b>စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ</b> အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)</p>
<p>မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို မေတ္တာစျာန်ရသည့်တိုင်အောင် ပွားများ အားထုတ်ရမည့် <b>ပုဂ္ဂလကောဋ္ဌာသ</b> = ပုဂ္ဂိုလ်အုပ်စုသည် ပိယဂရုဘာဝနီယ, အတိပ္ပိယသဟာယက, မဇ္ဈတ္တ, ဝေရီ-ဟု လေးအုပ်စုရှိ၏။ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ပုဂ္ဂိုလ်အုပ်စု တစ်ခု တစ်ခု၌ စိတ်ဓာတ်ကို နူးညံ့အောင် မေတ္တာဘာဝနာအမှု၌ ခံ့ညားအောင် ပြုပြင်ပြီးမှ = မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စား၍ စိတ်ဓာတ်ကို နူးညံ့အောင် ပြုပြင်ပြီးမှ နောက်ပုဂ္ဂိုလ်အုပ်စု တစ်ခုတစ်ခု၌ မေတ္တာစျာန်စိတ်ကို ရှေးရှုဆောင်အပ် ဖြစ်စေအပ်၏-ဟု အထက်ပါ အဋ္ဌကထာ, ဋီကာတို့က ညွှန်ကြားထားသောကြောင့် ပုဂ္ဂိုလ်အုပ်စု တစ်မျိုးတစ်မျိုး၌ အနည်းဆုံး ဆယ်ယောက် အယောက်နှစ်ဆယ်ခန့်လောက် မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။</p>
<p>၁။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်၌ အယောက် (၂၀)ခန့်၊</p>
<p>၂။ အတိပ္ပိယသဟာယကပုဂ္ဂိုလ်၌ အယောက် (၂၀)ခန့်၊</p>
<p>၃။ မဇ္ဈတ္တပုဂ္ဂိုလ်၌ အယောက် (၂၀)ခန့်၊</p>
<p>၄။ ဝေရီပုဂ္ဂိုလ် သို့မဟုတ် မုန်းသည့်ပုဂ္ဂိုလ်ရှိခဲ့လျှင် ရှိသမျှ ပုဂ္ဂိုလ် ---</p>
<p>ဤသို့ အုပ်စုအသီးအသီး၌ တည်ရှိသော ပုဂ္ဂိုလ်အသီးအသီးကို အာရုံယူကာ အထက်ပါအစဉ်အတိုင်း မေတ္တာပွားပါ။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်၌ မေတ္တာစျာန်ကို ဝင်စား၍ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာသောအခါ အတိပ္ပိယသဟာယကပုဂ္ဂိုလ်၌ ပြောင်း၍ မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားပါ။ အနည်းဆုံး ဆယ်ယောက် အယောက်နှစ်ဆယ်ခန့်၌ မေတ္တာစျာန်ကို ရရှိအောင် ပွားများပါ။ ထိုအခါ ပိယဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်သည် ညီတူသွား၍ ထိုပုဂ္ဂိုလ်နှစ်မျိုးသည် ပီယပုဂ္ဂိုလ် အုပ်စု၌တည်၍ ညီမျှသွားပေမည်။ ထိုအခါ မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဉ်မှာ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟု လေးမျိုးရှိသွားပေမည်။</p>
<hr>
<h3>မဇ္ဈတ္တပုဂ္ဂိုလ် - ဝေရီပုဂ္ဂိုလ်</h3>
<p>ပိယဂရုဘာဝနီယ ပုဂ္ဂိုလ်အုပ်စုနှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်အုပ်စုသည် တပြေးတညီတည်းဖြစ်၍ မေတ္တာချင်း ညီမျှသွားသော် မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားသဖြင့် စိတ်ဓာတ်သည် နူးညံ့ပျော့ပျောင်း၍ မချစ်မမုန်း အလယ်လတ် မဇ္ဈတ္တပုဂ္ဂိုလ်အုပ်စု၌ ပြောင်း၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန် ခံ့ညားလတ်သော် <b>မဇ္ဈတ္တ</b> = မချစ်မမုန်း လျစ်လျူရှုထိုက်သူ အလယ်အလတ် ပုဂ္ဂိုလ်တစ်ဦးကို အာရုံယူ၍ အထက်တွင် တင်ပြခဲ့သည့် နည်းအတိုင်း မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းပါ။ မေတ္တာပွားနည်း (၄)နည်းလုံး၌ မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် နောက်ထပ် မဇ္ဈတ္တပုဂ္ဂိုလ်တစ်ယောက်၌ အလားတူ မေတ္တာပွားပါ။ အနည်းဆုံး အယောက် (၂၀)ခန့် မေတ္တာပွားပါ။ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။</p>
<p>ယင်းသို့ မဇ္ဈတ္တပုဂ္ဂိုလ် တစ်ဦးတစ်ဦးကို အာရုံယူကာ မေတ္တာပွားနည်း (၄)နည်း အသီးအသီး၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားနိုင်သဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် နူးညံ့ပျော့ပျောင်းလာ၍ <b>ဝေရီ</b> = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်အုပ်စု၌ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် ခံ့ညားလတ်သော် ရန်သူပုဂ္ဂိုလ် တစ်ယောက် သို့မဟုတ် မုန်းသည့် ပုဂ္ဂိုလ် တစ်ယောက်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို အထက်တွင်ရေးသားတင်ပြခဲ့သည့် နည်းစနစ်အတိုင်း စတင်၍ စီးဖြန်းပါ။ အနည်းငယ်မျှ မကျေမနပ် ဖြစ်ဖူးသူကို ရှေးဦစွာ မေတ္တာပွားပါ။ အမုန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံးထားကာ မေတ္တာပွားပါ။ ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ် မကျေမနပ်ဖြစ်ဖူးသည့်ပုဂ္ဂိုလ် မရှိပါက သီးသန့် ရှာကြံ၍ မေတ္တာပွားရန် မလိုပါ။ ရန်သူပုဂ္ဂိုလ်ရှိမှသာလျှင် ရန်သူပုဂ္ဂိုလ်အုပ်စုကို ပွားရန်ဖြစ်သည်။ ရန်သူပုဂ္ဂိုလ်ရှိနေပါက ရှိသမျှပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ကုန်စင်အောင် မေတ္တာပွားပါ။</p>
<h3>အာဃာတပဋိဝိနယသုတ္တန်နည်း</h3>
<p>ရန်သူပုဂ္ဂိုလ် သို့မဟုတ် မုန်းသည့်ပုဂ္ဂိုလ်ကို အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ထိုသူ၏ ကျူးလွန်ထားသည့် အပြစ်များကို သတိရကာ ဒေါသ ခဏခဏ ဖြစ်နေပါက မေတ္တာလည်း ပွား၍မရဖြစ်နေပါက အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဒုတိယ အာဃာတပဋိဝိနယသုတ္တန်၌ လာရှိသော အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အကြံပေးညွှန်ကြားချက် များကို လိုက်နာပြုကျင့်သင့်၏။ ညွှန်ကြားချက်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။</p>
<p>၁။ ပုဂ္ဂိုလ်တစ်ယောက်သည် မစင်ကြယ်သော ကိုယ်ကျင့်တရားရှိ၏။ သို့သော် စင်ကြယ်သော နှုတ်အကျင့်ရှိနေ၏။ မေတ္တာပွားမည့် ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ မစင်ကြယ်သော ကိုယ်ကျင့်တရားကို နှလုံးမသွင်းဘဲ စင်ကြယ်သော နှုတ်အကျင့်တရားကိုသာ နှလုံးသွင်းကာ ထိုပုဂ္ဂိုလ်ကို မေတ္တာပွားပါ။</p>
<p>၂။ ပုဂ္ဂိုလ်တစ်ယောက်ကား မစင်ကြယ်သော နှုတ်အကျင့် ရှိ၏။ သို့သော် စင်ကြယ်သော ကိုယ်အကျင့်တရား ရှိနေ၏။ မေတ္တာပွားမည့် ထိုအခါ၌ မစင်ကြယ်သော နှုတ်အကျင့်ကို နှလုံးမသွင်းဘဲ၊ စင်ကြယ်သော ကိုယ်အကျင့်တရားကိုသာ နှလုံးသွင်းကာ ထိုပုဂ္ဂိုလ်ကို မေတ္တာပွားပါ။</p>
<p>၃။ ပုဂ္ဂိုလ်တစ်ယောက်သည်ကား မစင်ကြယ်သော ကိုယ်အကျင့်တရားလည်း ရှိ၏။ မစင်ကြယ်သော နှုတ်အကျင့်တရားလည်း ရှိ၏။ သို့သော် ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ ရံဖန်ရံခါ သမထဘာဝနာကို နှလုံးသွင်းခဲ့သော် သမထဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကို ရရှိနိုင်၏။ ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ ရံဖန်ရံခါ ဝိပဿနာဘာဝနာကို နှလုံးသွင်းခဲ့သော် ဝိပဿနာဘာဝနာစိတ်ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကို ရရှိနိုင်၏။ မေတ္တာဘာဝနာကို ပွားများတော့မည့် ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ ထိုမစင်ကြယ်သော ကိုယ်ကျင့်တရား နှုတ်အကျင့်တရားတို့ကို နှလုံးမသွင်းတော့ဘဲ ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ဖြစ်ပေါ်လာနိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကိုသာ နှလုံးသွင်းကာ ထိုပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကို ပွားပါ။</p>
<p>[မှတ်ချက် - ယခုကဲ့သို့ ဩဒါတကသိုဏ်းဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပွားများထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုမစင်ကြယ်သော ကာယကံ ဝစီကံ ရှိနေသူတစ်ဦးကို အာရုံပြုကာ ထိုပုဂ္ဂိုလ်၏ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းလိုက်ပါက လွယ်လွယ်ကူကူနှင့်ပင် ရရှိနိုင်ပေသည်။ ထို (၃၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသတစ်ခုကို ဖြစ်စေ, အများစုကို ဖြစ်စေ အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအားဖြင့် နှလုံးသွင်းခဲ့သော် ဥပစာရသမာဓိသို့ ဆိုက်နိုင်၏။ ထိုပုဂ္ဂိုလ်၏ ထိုထိုကောဋ္ဌာသတို့၏ အညို, အဝါ (အရွှေ), အနီ, အဖြူအရောင်တို့ကို အာရုံယူကာ အညိုရောင်ကသိုဏ်း အဝါရောင်ကသိုဏ်း အနီရောင် ကသိုဏ်း အဖြူရောင်ကသိုဏ်းတို့ကို ပွားများပါက စတုတ္ထစျာန်သမာဓိအထိ ဆိုက်ရောက်နိုင်၏။ ဤကား သမထဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်တည်း။ တစ်ဖန် ထိုပုဂ္ဂိုလ်၏ သန္တာန်၌တည်ရှိသော ဓာတ်ကြီးလေးပါး, ကောဋ္ဌာသအသီးအသီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စနစ်တကျ သိမ်းဆည်းလိုက်ပါက ရုပ်ကလာပ်တို့ကိုလည်း ဉာဏ်ဖြင့် မြင်နိုင်၏။ ရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကိုလည်း သမ္မာဒိဋ္ဌိဉာဏြ်ဖင့် တွေ့မြင်နိုင်၏။ ယင်းရုပ်တရားတို့ကို သိမ်းဆည်းပြီးလျှင် လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် ဝိပဿနာစိတ်များ ဝိပဿနာဉာဏ်များကိုလည်း ရရှိနိုင်၏။ ဤကား ဝိပဿနာဘာဝနာစိတ်ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်တည်း၊၊]</p>
<p>တစ်ဖန် ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ရရှိနိုင်ခဲ့လျှင် ထိုပုဂ္ဂိုလ်သန္တာန်၌ တည်ရှိသော စိတ်ကြည်လင်မှု သဒ္ဓါတရားကို ဖြစ်စေနိုင်သည့် အပြုအမူ အပြောအဆိုစသည့် အာရုံကိုသာ နှလုံးသွင်းကာ မေတ္တာပွားပါ။ [ရှေ့ပိုင်းတွင် ရေးသားတင်ပြခဲ့သော ဥတ္တရာဥပါသိကာမ၏ သိရိမာပေါ်၌ နှလုံးသွင်းမှုမျိုးတည်း။]</p>
<p>၄။ ပုဂ္ဂိုလ်တစ်ယောက်ကား မစင်ကြယ်သော ကိုယ်ကျင့်တရားလည်း ရှိ၏၊ မစင်ကြယ်သော နှုတ်အကျင့်တရားလည်းရှိ၏၊ ထိုပုဂ္ဂိုလ်ကို အာရုံ ယူကာ ရံဖန်ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ ဖြစ်ပေါ်လာခြင်းဟူသည် အခွင့်အလမ်း အကြားအပေါက်ကိုလည်း မရရှိနိုင်ဖြစ်နေ၏၊ စိတ်ကြည်လင်မှုကိုလည်း မရနိုင်ဖြစ်နေ၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်အပေါ်၌ သနားခြင်း = ကရုဏာတရားကိုသာ ရှေးရှူဖြစ်စေပါ၊ ကြင်နာခြင်း = အနုဒ္ဒယာတရားကိုသာ ရှေးရှူဖြစ်စေပါ။ အစဉ်သနားစောင့်ရှောက်လိုခြင်း = အနုကမ္ပတရားကိုသာ ရှေးရှူဖြစ်စေ ပါ။ ဤအရှင်သည် ကာယဒုစရိုက်ကို စွန့်ပယ်ကာ ကာယသုစရိုက်ကို ပွားများအားထုတ်ပါမူ ကောင်းလေစွ၊ ဝစီဒုစရိုက်ကို စွန့်ပယ်ကာ ဝစီသုစရိုက်ကို ဖြည့်ကျင့်ပါမူ ကောင်းလေစွ၊ မနောဒုစရိုက်ကို စွန့်ပယ်ကာ မနောသုစရိုက်ကို ပွားများပါမူ ကောင်းလေစွ။ အဘယ်ကြောင့်နည်း? ဤအရှင်သည် ခန္ဓာကိုယ်ပျက်စီးပြီးနောက် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌ အပါယ်ဒုဂ္ဂတိသို့လည်းကောင်း ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့လည်းကောင်း မရောက်ပါစေလင့်၊၊ ဤသို့ အပါယ်ဒုဂ္ဂတိငရဲသို့ ရောက်နိုင်သောကြောင့် ဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အပေါ်၌ ကရုဏာကို ဖြစ်စေလျက် မေတ္တာပွားပါ။</p>
<p>၅။ ပုဂ္ဂိုလ်တစ်ယောက်သည်ကား စင်ကြယ်သော ကိုယ်ကျင့်တရားလည်း ရှိ၏၊ စင်ကြယ်သော နှုတ်အကျင့်လည်းရှိ၏၊ ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ ရံဖန်ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကိုလည်း ရရှိနိုင်၏။ စိတ်ကြည်လင်မှုကိုလည်း ရရှိနိုင်၏။ (သို့သော် ထိုပုဂ္ဂိုလ်မျိုးအပေါ်၌သော်လည်း မေတ္တာပွားမည့် ပုဂ္ဂိုလ်က ရံခါ မကျေမနပ် ဖြစ်နေတတ်၏။) ထိုအခါ၌ ထိုပုဂ္ဂိုလ်ကို အာရုံယူကာ မေတ္တာပွားတော့မည့် ပုဂ္ဂိုလ်သည် ထိုပုဂ္ဂိုလ်၏ စင်ကြယ်သော ကိုယ်ကျင့်တရားကိုလည်း နှလုံးသွင်းပါ။ စင်ကြယ်သော နှုတ်အကျင့်တရားကိုလည်း နှလုံးသွင်းပါ။ ရံဖန်ရံခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ ရရှိနိုင်သည့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကိုလည်း နှလုံးသွင်းပါ၊ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ရရှိအောင် နှလုံးသွင်းပါ။ ထိုနောင် ထိုပုဂ္ဂိုလ်အပေါ်၌ မေတ္တာဘာဝနာကို ပွားများပါ။ (အံ၊၂၊၁၆၄-၁၆၆။)</p>
<p>[အဘက်ဘက်၌ အပြစ်အနာအဆာ လွတ်ကင်းနေသော ဘုရားရှင် အပေါ်၌ အရှင်ဒေဝဒတ်၏ မကျေနပ်မှုမျိုး သုပ္ပဗုဒ္ဓ၏ မကျေနပ်မှုမျိုးတည်း။]</p>
<p>ယခုရေးသားတင်ပြခဲ့သော မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သော ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်အုပ်စုအားလုံးသည် လိင်တူသည့် အသက်ရှင်ဆဲ ပုဂ္ဂိုလ်သာ ဖြစ်စေရမည်။ အောင်မြင်မှုကို ရရှိပါက သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားပြိုရန် ဆက်လက်၍ အားထုတ်ပါ။</p>
<hr>
<h3>သီမာသမ္ဘေဒ = အပိုင်းအခြားဖြိုရန်</h3>
<p>ဤသူကိုအာရုံပြု၍ မေတ္တာဘာဝနာကို ပွားများခဲ့သော် မေတ္တာစျာန်ကို ရရှိ၏၊ ဤသူကို အာရုံပြု၍ မေတ္တာဘာဝနာကိုပွားခဲ့သော် မေတ္တာစျာန်ကို မရနိုင်ဟုဆိုလျှင် အပိုင်းအခြားရှိနေသေး၏၊ အပိုင်းအခြားကား မပြိုသေးပေ။ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားရသည်မှာ ပို၍ ကောင်း၏၊ လွယ်ကူ၏၊ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားရသည်မှာ သိပ်မကောင်းလှ, မလွယ်ကူလှဟု ဆိုလျှင်လည်း အပိုင်းအခြား ရှိနေသေး၏၊ အပိုင်းအခြား မပြိုသေးပေ။ မေတ္တာချင်းမညီမျှသမျှ အပိုင်းအခြားကား ရှိနေသေးသည်သာ ဖြစ်၏။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်လေးမျိုးလုံး၌ မေတ္တာစိတ်ဓာတ် ညီမျှအောင် ကြိုးစားအားထုတ်ရ၏။ ပုဂ္ဂိုလ်အုပ်စု အပိုင်းအခြားပြိုအောင် ပုဂ္ဂိုလ်အုပ်စု တစ်ခုနှင့်တစ်ခု မေတ္တာစိတ်ဓာတ် ညီမျှသွားအောင် ကြိုးစားရာ၌ အောက်ပါအစဉ်အတိုင်း ကြိုးစားအားထုတ်ပါ။</p>
<p>၁။ အတ္တ = မိမိ,</p>
<p>၂။ ပိယ = ပိယဂရုဘာဝနီယ + အတိပ္ပိယသဟာယက,</p>
<p>၃။ မေဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,</p>
<p>၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်,</p>
<p>ထိုတွင် မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ကား မေတ္တာစျာန်ကို မရရှိနိုင်။သို့သော် ဤအပိုင်း၌ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အုပ်စုအပိုင်းအခြား ပြိုရန်အတွက်သာ ပွားများခြင်းဖြစ်သည်။ ထိုကြောင့် မိမိကိုယ်ကို အာရုံပြု၍ အချိန်အနည်းငယ် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။</p>
<p>၁။ <b>အဟံ အဝေရော ဟောမိ</b> = ငါသည် ဘေးရန်ကင်းပါစေ၊</p>
<p>၂။ <b>အဟံ အဗျာပဇ္ဇော ဟောမိ</b> = ငါသည်စိတ် ဆင်းရဲကင်းပါစေ၊</p>
<p>၃။ <b>အဟံ အနီဃော ဟောမိ</b> = ငါသည် ကိုယ်ဆင်းရဲကင်းပါစေ၊</p>
<p>၄။ <b>အဟံ သုခီ အတ္တာနံ ပရိဟရာမိ</b> = ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ---</p>
<p>ဤသို့လျှင် အချိန်အနည်းငယ် မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ်တစ်ဦး၌ တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်တစ်ဦး၌လည်း တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် ဝေရီပုဂ္ဂိုလ်တစ်ဦး၌လည်း တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ပိယ, မဇ္ဈတ္တ, ဝေရီ - ပုဂ္ဂိုလ်သုံးဦးလုံး၌ - <b>အဝေရော ဟောတု, အဗျာပဇ္ဇော ဟောတု, အနီဃော ဟောတု, သုခီ အတ္တာနံ ပရိဟရတု</b>-ဟု (၄)ချက်စီ (၄)ချက်စီ ပွားပါ။ တစ်ချက် တစ်ချက်၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ---</p>
<p>၁။ အတ္တ = မိမိကိုယ်ကို တစ်ဖန် ပြန်ပွားပါ။</p>
<p>၂။ ပိယ = နောက်ချစ်သည့် ပိယပုဂ္ဂိုလ်တစ်ယောက်,</p>
<p>၃။ မဇ္ဈတ္တ = နောက် မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်တစ်ယောက်,</p>
<p>၄။ ဝေရီ = နောက် ရန်သူပုဂ္ဂိုလ် တစ်ယောက် ---</p>
<p>အလားတူပင် ထပ်၍ မေတ္တာပွားပါ။ အတ္တ၌ မေတ္တာစျာန်ကို မရနိုင်သော်လည်း ပိယ, မဇ္ဈတ္တ, ဝေရီ-ပုဂ္ဂိုလ်တို့ကို မေတ္တာပွားတိုင်း မေတ္တာပွားတိုင်း (၄)ချက်လုံး ပွားပါ။ တစ်ချက်တစ်ချက်၌ တတိယစျာန်သို့ ဆိုက်ပါစေ။ ဤသို့လျှင် ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက်, တစ်ယောက်ပြီး တစ်ယောက် ပြောင်း၍ ပြောင်း၍ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော အစဉ်အတိုင်း အကြိမ်များစွာ အခေါက်ပေါင်းများစွာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုသို့ မေတ္တာပွားရာ၌ မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါပညတ်များသည် တစ်ယောက်ပြီး တစ်ယောက် ပြောင်းနေပါသော်လည်း မေတ္တာဘာဝနာစိတ် မေတ္တာစျာန်စိတ်မှာ ညီမျှမှုရှိနေအောင် အကြိမ်များစွာ ပွားများပါ။ မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါပညတ်တွေသည် မည်သို့ပင် ပြောင်းသွားစေကာမူ တူညီသော မေတ္တာဘာဝနာစိတ် တစ်မျိုးတစ်စားတည်းသာ, တူမျှသော မေတ္တာစျာန်တစ်မျိုးတစ်စားတည်းသာ တည်ရှိနေပါက သီမာသမ္ဘေဒဟူသော ပုဂ္ဂိုလ် အပိုင်းအခြားကား ပြိုသွားပြီဖြစ်၏၊ ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲနိုင်ပြီဖြစ်၏။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်လေးမျိုးတို့တွင် မည်သူ့ကို သတ်ဖို့ရန် ခေါ်သွားပါဟု ပြောဆိုနိုင်သေးလျှင် သီမာသမ္ဘေဒ မဖြစ်သေး၊ ပုဂ္ဂိုလ်အပိုင်းအခြား ရှိနေသေး၏။ မည်သူ့ကို သတ်ဖို့ရန် ခေါ်သွားပါဟု မပြောရက်လျှင် ပုဂ္ဂိုလ်လေးမျိုးလုံး၌ ညီမျှသော မေတ္တာစိတ်ဓာတ်ရှိလျှင် သီမာသမ္ဘေဒဖြစ်ပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြားကား ပြိုလေပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်လေပြီ။</p>
<hr>
<h3>မေတ္တာဥပစာရစျာန်နှင့် နိမိတ်</h3>
<p><b>ဧဝံ သီမာသမ္ဘေဒသမကာလမေဝ စ ဣမိနာ ဘိက္ခုနာ နိမိတ္တဉ္စ ဥပစာရဉ္စ လဒ္ဓံ ဟောတိ။ သီမာသမ္ဘေဒေ ပန ကတေ တမေဝ နိမိတ္တံ အာသေဝန္တော ဘာဝေန္တော ဗဟုလီကရောန္တော အပ္ပကသိရေနေဝ ပထဝီကသိဏေ ဝုတ္တနယေနေဝ အပ္ပနံ ပါပုဏာတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၀၁။)</p>
<p>ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ပုဂ္ဂိုလ်အပိုင်းအခြားကို ပယ်ဖျက်သည်နှင့် မျှသော အချိန်ကာလ၌သာလျှင် ဤမေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော မေတ္တာကမ္မဋ္ဌာနိက ရဟန်းတော်သည် ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော (အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ဟူသော) သတ္တဝါပညတ် နိမိတ်ကို လည်းကောင်း, ဥပစာရစျာန်ကိုလည်းကောင်း ရရှိသည် ဖြစ်၏။ ပုဂ္ဂိုလ် အပိုင်းအခြားကို ပယ်ဖျက်ခြင်း = သီမာသမ္ဘေဒကို ပြုပြီးလတ်သော်ကား ထိုသီမာသမ္ဘေဒ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပိုင်းအခြား ကင်းနေသော သတ္တဝါပညတ်ဟူသော ထိုသမထနိမိတ်ကိုပင်လျှင် ရိုသေစွာ မှီဝဲခဲ့သော် ပွားများခဲ့သော် ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သော် မငြိုမငြင်သဖြင့်လျှင် ပထဝီကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အပ္ပနာစျာန်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၃၀၁။)</p>
<p>နိမိတ် --- ကသိုဏ်းကမ္မဋ္ဌာန်းစသည်တို့၌ ထိုထိုကသိုဏ်းဝန်းစသည်ကို သိမ်းဆည်းခြင်းကို အရင်းခံပြုသဖြင့် ဘာဝနာ၏ စွမ်းအားကြောင့် ရရှိလာသော ဥဂ္ဂဟနိမိတ်ကို အမှီပြု၍ စျာန်၏ ကျက်စားရာ အာရုံအဖြစ်ဖြင့် ပဋိဘာဂနိမိတ်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာသကဲ့သို့ ဤမေတ္တာကမ္မဋ္ဌာန်း၌ အလားတူ ထင်လာသော ပဋိဘာဂနိမိတ်မည်သည် မရှိပေ။ စင်စစ်အားဖြင့်သော်ကား ဆိုအပ်ခဲ့ပြီးသော အကြင်သို့သော ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးခြင်း ဤသီမာသမ္ဘေဒကို ယောဂါဝစရပုဂ္ဂိုလ်သည် ရရှိ၏၊ ထိုသီမာသမ္ဘေဒဖြစ်သော ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါပညတ်အာရုံသည်သာလျှင် ပဋိဘာဂနိမိတ်ကဲ့သို့ ဖြစ်ခြင်းကြောင့် (သဒိသူပစာရအားဖြင့်) နိမိတ်မည်၏။ မှန်ပေသည် --- ယောဂါဝစရပုဂ္ဂိုလ်သည် အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်လေးမျိုးတို့အပေါ်၌ မေတ္တာဘာဝနာ၏ စွမ်းအားကြောင့် ညီမျှသော မေတ္တာနှင့်ယှဉ်သော စိတ်ထားကို ရရှိသဖြင့် ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်းဟူသော ထိုသီမာသမ္ဘေဒကို ရရှိလတ်သော် မေတ္တာဘာဝနာ၏ လွန်ကဲသောစွမ်းအား ရှိလာသည့် အတွက်ကြောင့် နီဝရဏတို့သည် ကွာကျသွားကြကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ကိလေသာတို့သည် ငြိမ်ဝပ်သွားကြကုန်သည် ဖြစ်ကုန်၏၊ ဥပစာရသမာဓိဖြင့် မေတ္တာဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာသည် သာလျှင် ဖြစ်၏။ ထို့ကြောင့် ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါနိမိတ်ကိုလည်းကောင်း, ဥပစာစျာန်ကိုလည်းကောင်း ရရှိသည် ဖြစ်၏။ --- ဤသို့ စသော အထက်ပါစကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းဖြစ်၏။ (မဟာဋီ၊၁၊၃၆၃။)</p>
<p>ထူးခြားချက် --- ပုဂ္ဂိုလ်အပိုင်းအခြားကင်းခြင်း = သီမာသမ္ဘေဒကို မရရှိခင်တုန်းကလည်း ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်တို့ကို အာရုံယူ၍ ဥပစာရမေတ္တာစျာန် အပ္ပနာမေတ္တာစျာန်တို့ကို ရရှိခဲ့သည်သာ ဖြစ်၏။ ယခု တစ်ဖန် ရရှိသော ဥပစာရစျာန် အပ္ပနာစျာန်တို့ကား ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်း သီမာသမ္ဘေဒကို ရရှိပြီးနောက်မှ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော သတ္တဝါပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥပစာရစျာန် အပ္ပနာစျာန်ဟူသော မေတ္တာစျာန်တို့ကိုသာ ရည်ညွှန်းထားသည်ဟု မှတ်ပါ။ ဤမှ သီမာသမ္ဘေဒကို ရရှိပြီးနောက် ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါပညတ်အာရုံဟူသည် ထို အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ညီမျှသော မေတ္တာ၏ အာရုံဖြစ်သည့် သတ္တဝါပညတ်အာရုံပင်တည်း။</p>
<hr>
<h3>တန်ခိုးကြီးမားသော မေတ္တာစျာန်ကို ရရှိရေး</h3>
<p>ထိုသို့ သီမာသမ္ဘေဒကို ရရှိပြီးနောက် ယောဂါဝစရပုဂ္ဂိုလ်သည် ---</p>
<p>၁။ အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၅)မျိုး၊</p>
<p>၂။ ဩဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၇)မျိုး၊</p>
<p>၃။ ဒိသာ ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၁၀)မျိုး ---</p>
<p>ဤမေတ္တာစေတောဝိမုတ္တိတို့ကို ဆက်လက်၍ အားထုတ်နိုင်ပေသည်။ စွမ်းအင်ကြီးမားသော တန်ခိုးကြီးမားသော မေတ္တာများတည်း။ ထိုကဲ့သို့ တန်ခိုးကြီးမားသည့် စွမ်းအင်အလွန်ထက်မြက်သည့် မေတ္တာစေတောဝိမုတ္တိတရားတို့ကို ဥတ္တရာဥပါသိကာမကား နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားပြီးသူ ဖြစ်ပေသည်။ သို့သော် ဤကဲ့သို့သော မေတ္တာစေတောဝိမုတ္တိ တရားတို့ကို ပွားများ၍ အောင်မြင်မှုကို ရရှိနိုင်သော ပုဂ္ဂိုလ်တို့၏ အရည်အချင်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာတို့က ဤသို့ စည်းကမ်းသတ်မှတ်ကာ ဖော်ပြထားကြ၏။</p>
<p><b>ပဌမဇ္ဈာနာဒိဝသေန အပ္ပနာပ္ပတ္တစိတ္တေဿဝ ဟိ အယံ ဝိကုဗ္ဗနာ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၀၁။)</p>
<p><b>တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၃၀၂။)</p>
<p><b>အပ္ပနာပ္ပတ္တစိတ္တေဿဝ န ဥပစာရမတ္တလာဘိနော။ ပဂုဏဗလဝဘာဝါပါဒနေန ဝေပုလ္လာဒိဝိသေသပ္ပတ္တဿ ဩဓိသော အနောဓိသော စ ဒိသာဖရဏာဒိဝသေန စျာနဿ ပဝိဇမ္ဘနာ ဝိကုဗ္ဗနာ ဝိဝိဓာ ကိရိယာတိ ကတွာ။</b> (မဟာဋီ၊၁၊၃၆၃။)</p>
<p>ဤအထက်ပါ အဋ္ဌကထာတို့၏ ညွှန်ကြားတော်မူချက်နှင့်အညီ အနောဓိသော ဖရဏာ မေတ္တာ, ဩဓိသော ဖရဏာ မေတ္တာ, ဒိသာ ဖရဏာ မေတ္တာတို့ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သီမာသမ္ဘေဒကို ရရှိပြီးနောက် ပိယ, မဇ္ဈတ္တ, ဝေရီဟူသော သတ္တဝါပညတ်အာရုံ၌ စတုက္ကနည်းအရ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်၊ ပဉ္စကနည်းအရ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဟူသော မေတ္တာစျာန်တို့ကို ရရှိပြီးသူဖြစ်ရပေမည်။ ဥပစာရစျာန်မျှလောက်ကိုသာ ရရှိရုံမျှဖြင့်ကား မလုံလောက်သေးဟူလိုသည်။</p>
<hr>
<h3>အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၅) မျိုး</h3>
<p>၁။ <b>သဗ္ဗေ သတ္တာ</b> (က) <b>အဝေရာ ဟောန္တု</b>၊</p>
<p>( ခ ) <b>အဗျာပဇ္ဇာ ဟောန္တု</b>၊</p>
<p>( ဂ ) <b>အနီဃာ ဟောန္တု</b>၊</p>
<p>(ဃ) <b>သုခီ အတ္တာနံ ပရိဟရန္တု</b>။</p>
<p>၂။ <b>သဗ္ဗေ ပါဏာ</b> ။ ပ ။</p>
<p>၃။ <b>သဗ္ဗေ ဘူတာ</b> ။ ပ ။</p>
<p>၄။ <b>သဗ္ဗေ ပုဂ္ဂလာ</b> ။ ပ ။</p>
<p>၅။ <b>သဗ္ဗေ အတ္တဘာဝပရိယာပန္နာ</b> (က) <b>အဝေရာ ဟောန္တု</b>၊</p>
<p>( ခ ) <b>အဗျာပဇ္ဇာ ဟောန္တု</b>၊</p>
<p>( ဂ ) <b>အနီဃာ ဟောန္တု</b>၊</p>
<p>(ဃ) <b>သုခီ အတ္တာနံ ပရိဟရန္တု</b>။</p>
<p>၁။ ခပ်သိမ်းကုန်သော ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ သတ္တာ) ---</p>
<p>(က) ဘေးရန်ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)</p>
<p>(ခ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)</p>
<p>(ဂ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)</p>
<p>(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (ပ-ဒု-တ-စျာန်)</p>
<p>၂။ ခပ်သိမ်းကုန်သော ထွက်သက်ဝင်သက်ရှိကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ ပါဏာ) ။ ပ ။</p>
<p>၃။ ခပ်သိမ်းကုန်သော ကံ ကိလေသာကြောင့် ထင်ရှားဖြစ်ကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ ဘူတာ) ။ ပ ။</p>
<p>၄။ ခပ်သိမ်းကုန်သော ငရဲသို့ ကျရောက်ခြင်း သဘောရှိကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ ပုဂ္ဂလာ) ။ ပ ။</p>
<p>၅။ ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ အတ္တဘာဝပရိယာပန္နာ) ။ ပ ။</p>
<hr>
<h3>ဩဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၇) မျိုး</h3>
<p>၁။ <b>သဗ္ဗာ ဣတ္ထိယော</b> (က) <b>အဝေရာ ဟောန္တု</b>၊</p>
<p>(ခ) <b>အဗျာပဇ္ဇာ ဟောန္တု</b>၊</p>
<p>(ဂ) <b>အနီဃာ ဟောန္တု</b>၊</p>
<p>(ဃ) <b>သုခီ အတ္တာနံ ပရိဟန္တု</b>၊</p>
<p>၂။ <b>သဗ္ဗေ ပုရိသာ</b> ။ ပ ။</p>
<p>၃။ <b>သဗ္ဗေ အရိယာ</b> ။ ပ ။</p>
<p>၄။ <b>သဗ္ဗေ အနရိယာ</b> ။ ပ ။</p>
<p>၅။ <b>သဗ္ဗေ ဒေဝါ</b> ။ ပ ။</p>
<p>၆။ <b>သဗ္ဗေ မနုဿာ</b> ။ ပ ။</p>
<p>၇။ <b>သဗ္ဗေ ဝိနိပါတိကာ</b> (က) <b>အဝေရာ ဟောန္တု</b>၊</p>
<p>( ခ ) <b>အဗျာပဇ္ဇာ ဟောန္တု</b>၊</p>
<p>( ဂ ) <b>အနီဃာ ဟောန္တု</b>၊</p>
<p>(ဃ) <b>သုခီ အတ္တာနံ ပရိဟန္တု</b>၊</p>
<p>၁။ ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည် ---</p>
<p>(က) ဘေးရန် ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)</p>
<p>( ခ ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)</p>
<p>( ဂ ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)</p>
<p>(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နုိင်ကြပါစေ။ (ပ-ဒု-တ-စျာန်)</p>
<p>၂။ ခပ်သိမ်းကုန်သော အမျိုးသားတို့သည် ။ ပ ။</p>
<p>၃။ ခပ်သိမ်းကုန်သော အရိယာသူတော်ကောင်းတို့သည် ။ ပ ။</p>
<p>၄။ ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုထုဇန်တို့သည် ။ ပ ။</p>
<p>၅။ ခပ်သိမ်းကုန်သော နတ် (ဗြဟ္မာ) တို့သည် ။ ပ ။</p>
<p>၆။ ခပ်သိမ်းကုန်သော လူသားတို့သည် ။ ပ ။</p>
<p>၇။ ခပ်သိမ်းကုန်သော အပါယ်သားသတ္တဝါတို့သည် ။ ပ ။</p>
<p>အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၅)မျိုး, ဩဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၇)မျိုး, နှစ်ရပ်ပေါင်းသော် (၁၂)မျိုးတည်း။ တစ်မျိုးတစ်မျိုး၌ ဘေးရန်ကင်းကြပါစေ- စသည်ဖြင့် (၄)ချက် (၄)ချက်စီ, တစ်ချက် တစ်ချက်၌လည်း တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာ ပွားရသဖြင့် (၄_၁၂ = ၄၈)မျိုးသော မေတ္တာစေတောဝိမုတ္တိတရားတို့ဖြစ်ကြ၏။</p>
<h3>ပွားများအားထုတ်ပုံ အစီအစဉ်</h3>
<p>၁။ မိမိရရှိထားပြီးသော ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းကို အာရုံပြုကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပါ။</p>
<p>၂။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် = သီမာသမ္ဘေဒကို ရရှိအောင် မေတ္တာဘာဝနာကို ပွားများပါ။ ထိုသို့ ပွားများအားထုတ်ရာ၌ ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ် သုံးမျိုးတို့ကို မေတ္တာပွားတိုင်း ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ ယင်းသတ္တဝါပညတ်အာရုံ၌ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။</p>
<p>၃။ မေတ္တာညီမျှသောအခါ ကျောင်းဝင်းတစ်ခုအတွင်း၌ သို့မဟုတ် ခြံဝင်း တစ်ခုအတွင်း၌ တည်ရှိကြသော အထက်ပါ သတ္တဝါပညတ် (၁၂)မျိုး တို့ကို (<b>သဗ္ဗေ သတ္တာ</b> မှ <b>သဗ္ဗေ ဝိနိပါတိကာ</b>-အထိ သတ္တဝါပညတ် ၁၂-မျိုးတို့ကို) ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် (= ဩဒါတ ကသိုဏ်း စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်, ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ သီမာသမ္ဘေဒဖြစ်အောင် ပွားများ ထားအပ်သော မေတ္တာစျာန်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်ဟူသော ဉာဏ်လင်းရောင်ခြည် စွမ်းအင်အကူအညီဖြင့်) မြင်အောင် ကြည့်ပါ။ အမျိုးသား အမျိုးသမီး အရိယာ ပုထုဇန် လူနတ် တိရစ္ဆာန်အဝင်အပါ အပါယ်သားသတ္တဝါတို့ကို မြင်အောင်ကြည့်ပါ။ မြင်သောအခါ ထိုသတ္တဝါအားလုံးကို အာရုံပြု၍ ---</p>
<p>၁။ (<b>သဗ္ဗေ သတ္တာ</b>) = ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်းရှိကြကုန်သော သတ္တဝါအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ ...</p>
<p>ဤသို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ စီးဖြန်းပါ။ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းပါ။ အောင်မြင်မှုကို ရရှိပါက ယင်းသတ္တဝါတို့ကိုပင် အာရုံယူကာ ---</p>
<p>၂။ စိတ်ဆင်းရဲ ကင်းကြပါစေ ...(တတိယစျာန်သို့ ဆိုက်သည်အထိ)</p>
<p>၃။ ကိုယ်ဆင်းရဲ ကင်းကြပါစေ ...(တတိယစျာန်သို့ ဆိုက်သည်အထိ)</p>
<p>၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင် နိုင်ကြပါစေ ... (တတိယစျာန်သို့ဆိုက်သည်အထိ)</p>
<p>ဤသို့လျှင် ဆက်လက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ <b>သဗ္ဗေ သတ္တာ</b>-၌ (၄)ချက် မေတ္တာပွားရသကဲ့သို့ <b>သဗ္ဗေ ပါဏာ</b>-စသည်တို့၌လည်း အလားတူပင် (၄)ချက်စီ မေတ္တာပွားပါ။ အားလုံးပေါင်းသော် (၁၂_၄ = ၄၈) မျိုးသော မေတ္တာစျာန်များကို ရရှိအောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။</p>
<p>သတိပြုရန် --- ထိုသို့ မေတ္တာပွားရာ၌ သတ္တဝါတွေကို မျက်ရန်းမှန်းဆ၍ မေတ္တာပွားခြင်းမျိုး မဖြစ်ပါစေနှင့်။ အထက်က ရေးသားတင်ပြခဲ့သည့်အတိုင်း စျာန်သမာဓိတို့နှင့် ယှဉ်သောဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အလင်းရောင် အကူအညီဖြင့် မိမိ ပိုင်းခြားကန့်သတ်ထားသည့် နယ်မြေအတွင်း၌ တည်ရှိကြသော လူတွေ နတ်တွေ တိရစ္ဆာန်တွေ ပြိတ္တာတွေ ကျန်အပါယ်သား သတ္တဝါတွေကို မြင်အောင် ကြည့်ပါ။ မိမိ ပိုင်းခြားသတ်မှတ်ထားသည့် နယ်မြေအတွင်းဝယ် အောက်ဘက် မဟာပထဝီမြေကြီးအတွင်းသို့ ယင်းဉာဏ် အလင်းရောင် အကူအညီဖြင့် ထိုးစိုက်ကာ ကြည့်လိုက်ပါက အချို့သော ငရဲသားသတ္တဝါတို့ကိုပါ တွေ့ရှိနိုင်ပါသည်။ အလားတူပင် ပတ်ဝန်းကျင်ကို လှမ်းအာရုံယူကာ ကြည့်လိုက်သောအခါ သစ်ပင်စသည်တို့၌ တည်ရှိကြသော နတ်တို့ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထိုသို့ တွေ့မြင်သောအခါမှ ထိုသတ္တဝါတွေကို အာရုံယူကာ အထက်ပါအတိုင်း မေတ္တာပွားပါ။ မှန်းဆ၍ မေတ္တာပွားခဲ့သော် ကုသိုလ်ပင် ရရှိနိုင်သော်လည်း မေတ္တာစျာန်ရရှိဖို့ရန် ခက်ခဲဖွယ်ရာ ရှိပေသည်။</p>
<p>ကျောင်းဝင်းတစ်ခု အတွင်း၌ (၄၈)မျိုးသော မေတ္တာဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းနိုင်သဖြင့် အောင်မြင်မှုကို ရရှိသောအခါ ကျောင်းတိုက်နှစ်တိုက် သုံးတိုက်အတွင်း၌ သို့မဟုတ် ခြံဝင်းနှစ်ခု သုံးခုတို့၏အတွင်း၌ (၄၈)မျိုး, ရပ်ကွက်တစ်ခုအတွင်း၌ သို့မဟုတ် ကျေးရွာတစ်ခုအတွင်း၌ (၄၈)မျိုး, မြို့နယ်တစ်ခုအတွင်း၌ (၄၈)မျိုး, ပြည်နယ်တစ်ခုအတွင်း၌ (၄၈)မျိုး, သို့မဟုတ် တိုင်းတစ်ခုအတွင်း၌ (၄၈)မျိုး, တိုင်းပြည်တစ်ပြည်အတွင်း၌ (၄၈)မျိုး, တစ်ကမ္ဘာလုံး၌ (၄၈)မျိုး, (၃၁)ဘုံဟူသော စကြဝဠာတစ်ခုလုံး၌ (၄၈)မျိုး, အနန္တစကြဝဠာတို့၌ (၄၈)မျိုး --- ဤသို့ စသည်ဖြင့် တဖြည်းဖြည်း ဖြန့်ကြက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။</p>
<p>သတိပြုရန် --- ထိုသို့ ကျောင်းဝင်းတစ်ဝင်း သို့မဟုတ် ခြံဝင်းတစ်ဝင်းကို အစပြုကာ တဖြည်းဖြည်းနယ်မြေကို တိုးချဲ့၍ တိုးချဲ့၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်း၏တည်ရာ အာရုံဖြစ်သည့် သတ္တဝါပညတ်အာရုံကို အာရုံယူရာ၌ နားလည်သဘောပေါက်မြန်စေရန်အလို့ငှာသာလျှင် အထက်ပါအတိုင်း ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ မိမိ၏ ဉာဏ်အာနုဘော်၏ စွမ်းအားအပေါ် မူတည်၍သာ နယ်မြေကို တစ်စတစ်စတိုးချဲ့ကာ တိုးချဲ့ကာသာ မေတ္တာ ပွားပါ။ ခပ်ကျယ်ကျယ် ခပ်မြန်မြန် နယ်မြေကို တိုးချဲ့လိုက်ပါက အချို့ယောဂီများ၌ ထိုနယ်မြေအတွင်း၌ တည်ရှိကြသော သတ္တဝါတို့ကို သဲသဲကွဲကွဲ မတွေ့ဘဲ ရှိတတ်ကြသည်။ သို့အတွက် မိမိ၏ ဉာဏ်အာနုဘော်၏ စွမ်းအင်ကို ချိန်ဆ၍သာ နယ်မြေကို တစ်စတစ်စ တိုးချဲ့ပါ။ ထိုတိုးချဲ့လိုက်သော နယ်မြေ အတွင်း၌ တည်ရှိကြသော သတ္တဝါအမျိုးမျိုးတို့ကို သဲသဲကွဲကွဲ မြင်တွေ့ရဖို့က လိုရင်းဖြစ်သည်။ ထိုသတ္တဝါတွေကို သဲသဲကွဲကွဲ မြင်တွေ့ရပါမှ ထိုသတ္တဝါတို့ကို အာရုံယူကာ မေတ္တာဘာဝနာကို စီးဖြန်းခဲ့သော် မေတ္တာစျာန်များသို့ အလွယ်တကူ ဆိုက်ရောက်နိုင်မည်ဖြစ်ပေသည်။</p>
---
<h3>ဒိသာဖရဏာ မေတ္တာစေတောဝိမုတ္တိ (၁၀) မျိုး</h3>
<p>အထက်ပါအတိုင်း အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် (၄၈)မျိုးသော မေတ္တာစျာန်တို့ကို ရရှိသောအခါ ---</p>
<p>၁။ အရှေ့တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၂။ အနောက်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၃။ မြောက်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၄။ တောင်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၅။ အရှေ့တောင်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၆။ အနောက်မြောက်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၇။ အရှေ့မြောက်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၈။ အနောက်တောင်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၉။ အောက်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,</p>
<p>၁၀။ အထက်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး, ---</p>
<p>ဤသို့လျှင် အရပ် (၁၀)မျက်နှာတို့၌ (၁၀_၄၈ = ၄၈၀)သော မေတ္တာစျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်လျက် ပွားများထားအပ်သော ယခင်မေတ္တာစျာန် (၄၈)မျိုးကိုပါ ထပ်၍ပေါင်းသော် (၄၈+၄၈၀ = ၅၂၈)သွယ်သော မေတ္တာကမ္မဋ္ဌာန်း မေတ္တာစျာန်များကို ရရှိနိုင်ပေသည်။ ဤ (၅၂၈)သွယ်သော မေတ္တာစျာန်တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝင်စားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တသုတ္တန်စသော ထိုထို သုတ္တန်တို့၌ လာရှိသော မေတ္တာပွားနည်းများကို ပြောင်း၍ ပွားများအားထုတ်ပါက မေတ္တာစျာန်များကို လွယ်ကူစွာပင် ရရှိနိုင်ပေသည်။</p>
---
<h3>မေတ္တာစျာန်၏ အကျိုးဂုဏ်အင်အာနိသင် (၁၁) ပါး</h3>
<p>ရဟန်းတို့ ... စင်စစ်အားဖြင့် အရပ် (၁၀)မျက်နှာ အနန္တစကြဝဠာတို့၌ သတ္တဝါအားလုံးတို့အပေါ်ဝယ် ဖြန့်ကြက်၍ ရိုသေသဖြင့် မှီဝဲအပ်သော, မေတ္တာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများ၍ ထားအပ်သော, မေတ္တာစျာန်ဝင်စားခြင်းကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သော, ကပြီးသော ယာဉ်ကဲ့သို့ပြုအပ်ပြီးသော, စွဲစွဲမြဲမြဲ ခိုင်ခိုင်ခံ့ခံ့ တည်တံ့အောင် ဆောက်တည် ထားအပ်သော, ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသော, စိတ်၏ ဒေါသစသော ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းဖြစ်သော မေတ္တာစေတောဝိမုတ္တိ၏ (၁၁)ပါးကုန်သော အကျိုးတရားတို့ကို မချွတ် ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ် (၁၁)ပါးတို့နည်းဟူမူ-</p>
<p>၁။ ချမ်းသာစွာ အိပ်စက်ရ၏။</p>
<p>၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။</p>
<p>၃။ ယုတ်မာသော မကောင်းသော အိပ်မက်ဆိုးကို မမြင်မက်ရ။</p>
<p>၄။ လူသားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရ၏။</p>
<p>၅။ နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရ၏။</p>
<p>၆။ နတ်တို့သည် ရင်ဝယ်သားကဲ့သို့ သနားစောင့်ရှောက်ကုန်၏။</p>
<p>၇။ ထိုမေတ္တာစျာန်ကို ဖြန့်ကြက်လေ့ရှိသသူအား မီးသည်လည်းကောင်း, အဆိပ်သည်လည်းကောင်း, လက်နက်သည်လည်းကောင်း မရောက် မကပ်။</p>
<p>၈။ မေတ္တာစျာန်ဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်၏စိတ်သည် လျင်မြန်စွာ တည်ကြည်၏၊ သမာဓိ အဖြစ်မြန်၏။</p>
<p>၉။ မျက်နှာအဆင်းသည် ကြည်လင်၏။</p>
<p>၁၀။ မတွေမဝေသည်ဖြစ်၍ စုတေရ၏။</p>
<p>၁၁။ မေတ္တာစျာန်သမာပတ်ထက်အလွန်ဖြစ်သော အရဟတ္တဖိုလ်တိုင်အောင်သော အထက်မဂ်ဖိုလ်ကို ထိုးထွင်း မသိခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။ (အံ၊၃၊၅၄၂။)</p>
---
<h3>ဥတ္တရာဥပါသိကာမ၏ မေတ္တာစွမ်းအား</h3>
<p>ဥတ္တရာဥပါသိကာမ၏ မေတ္တာဘာဝနာစွမ်းအားကား အထက်ပါမေတ္တာ အကျိုး (၁၁)ပါးတို့အနက် အမှတ် (၇)ဖြစ်သည့် မေတ္တာ၏အကျိုး၌ ဖော်ပြထားသည့်အတိုင်း --- <b>ဥတ္တရာယ ဥပါသိကာယ ဝိယ အဂ္ဂိ ဝါ န ကမတိ</b>။ (ဝိသုဒ္ဓိ၊၁၊၃၀၇။) ဆီပူမီးမကူးနိုင်လောက်အောင် ကြီးမားသော စွမ်းအားရှိသော မေတ္တာမျိုးဖြစ်၏။ အရပ် (၁၀)မျက်နှာ အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်ထားအပ်သော စွမ်းအင်ကြီးမားသော မေတ္တာစျာန်မျိုးဖြစ်၏။ သိရိမာက ဆီပူဖြင့် လောင်းချလိုက်သောအခါ ထိုလေ့ကျက်ခဲ့ဖူးသော စွမ်းအင်ကြီးမားသော မေတ္တာကို အခြေခံလျက် ကြိမ်ဖန်များစွာ မေတ္တာဓာတ်ဖြင့် ထုံမွမ်းထားအပ်သော မိမိ၏ စိတ်ဓာတ်ကို သိရိမာတစ်ဦးတည်း ပေါ်သို့ စူးစိုက်ကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် မေတ္တာစျာန်ကို ဝင်စားကာ နေလေသည်။ ထိုမေတ္တာစျာန်မှာလည်း ရှေးယခင်က လေ့ကျက် ထားအပ်ပြီးသော စွမ်းအင်ကြီးမားသော မေတ္တာစျာန်တို့၏ အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံထားရသော မေတ္တာမျိုးဖြစ်သဖြင့် စွမ်းအင်ကြီးမားသော မေတ္တာတစ်မျိုးပင် ဖြစ်ပေသည်။</p>
---
<h3>ဝိပဿနာ၏ အထောက်အပံ့ကို ရရှိသော မေတ္တာ</h3>
<p>တစ်ဖန် ဥတ္တရာဥပါသိကာမ၏ မေတ္တာကား ဝိပဿနာဉာဏ်တို့ဖြင့် ခြံရံထားအပ်သောကြောင့်လည်း စွမ်းအင်ကြီးမားခြင်း ဖြစ်ပေသည်။ ထိုအချိန် အခါတွင် ဥတ္တရာဥပါသိကာမကား သောတာပန်အရိယာ သူတော်ကောင်း ဖြစ်နေပေပြီ။</p>
<p><b>ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။</b> (သံ၊၁၊၃၄၄။)</p>
<p>= သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးကဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် (ယင်းဝိပဿနာဉာဏ်၏) နောက်ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)</p>
<p>ဤသို့လျှင် သုသိမသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ဥတ္တရာဥပါသိကာမ၏ နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသော သောတာပတ္တိမဂ်ဉာဏ်သည် ထိုဥပါသိကာမ၏ ဝိပဿနာဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်လာရ၏။ ဥတ္တရာဥပါသိကာမ၏ ဝိပဿနာဉာဏ်သည်လည်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော ဉာဏ်သာလျှင်ဖြစ်၏။ ဆိုလိုသည်မှာ ဥတ္တရာဥပါသိကာမသည် ထိုအချိန်အခါဝယ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုလည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းထားပြီးသူဖြစ်ပေသည်။ ထိုဝိပဿနာဉာဏ်တို့၏ စွမ်းအားကြောင့်လည်း ထိုဥတ္တရာ၏ မေတ္တာဘာဝနာသည် အစွမ်း ထက်မြက်နေ၏။ အောက်ပါ မူလပဏ္ဏာသအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဖတ်ရှုကြည့်ပါ။</p>
---
<h3>သမာပတ်နှင့် ဝိပဿနာ</h3>
<p><b>ယဿ ဟိ သမာဓိပိ တရုဏော၊ ဝိပဿနာပိ။ တဿ ဝိပဿနံ ပဋ္ဌပေတွာ အတိစိရံ နိသိန္နဿ ကာယော ကိလမတိ၊ အန္တော အဂ္ဂိ ဝိယ ဥဋ္ဌဟတိ၊ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ မတ္ထကတော ဥသုမဝဋ္ဋိ ဝိယ ဥဋ္ဌဟတိ၊ စိတ္တံ ဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တံ ပရိဒမေတွာ မုဒုကံ ကတွာ သမဿာသေတွာ ပုန ဝိပဿနံ ပဋ္ဌပေတိ။ တဿ ပုန အတိစိရံ နိသိန္နဿ တထေဝ ဟောတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တထေဝ ကရောတိ။ ဝိပဿနာယ ဟိ ဗဟူပကာရာ သမာပတ္တိ ။ ပ ။</b></p>
<p><b>ကိဉ္စာပိ ဟိ သမာပတ္တိံ နိဿာယ ဝိပဿနံ ပဋ္ဌပေတိ၊ ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ။ ထာမဇာတံ ကရောတိ။</b>(မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈၊၊)</p>
<p>= အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သမာဓိသည်လည်း နုနယ်နေသေး၏။ ဝိပဿနာဉာဏ်ကလည်း နုနယ်နေသေး၏။ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ကိုယ်သည် ပင်ပန်းနွမ်းနယ်လာ၏။ ခန္ဓာကိုယ်အတွင်း၌ မီးကဲ့သို့ အပူဓာတ်များ ထတောက်နေ၏၊ လက်ကတီးကြားတို့မှ ချွေးသီးချွေးပေါက်တို့သည်လည်း ယိုထွက်လာကြကုန်၏၊ ဦးထိပ် ထက်မှ အပူခိုးလိပ်ကဲ့သို့သော အပူဓာတ်ငွေ့သည် ထလာ၏၊ စိတ်သည် ပင်ပန်းနေ၏ နွမ်းနယ်နေ၏ တုန်လှုပ်နေ၏။</p>
<p>ထိုယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် သမာပတ်ကို ဝင်စား၏။ ထိုကိုယ်ပင်ပန်းနွမ်းနယ်မှု စိတ်ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအောင် ဆုံးမပြုပြင်၍ နူးညံ့အောင် ပြုလုပ်လျက် သက်သာရာရစေ၍ တစ်ဖန် ဝိပဿနာဉာဏ်ကို ဖြစ်စေ ပြန်၏။ နောက်တစ်ကြိမ် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောစိတ်ပါ နွမ်းနယ်မှု ရှေးနည်းတူ ဖြစ်လာပြန်၏။ နောက်ထပ် တစ်ဖန်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် သမာပတ်ကို ဝင်စား၍ ရှေးနည်းတူပင်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအောင် ပြုလုပ်လျက် ဝိပဿနာဉာဏ်ကို ဖြစ်ပေါ်လာအောင် ပြုလုပ်၏။ ဤသို့လျှင် သမာပတ်သည် ဝိပဿနာအား လွန်စွာ ကျေးဇူးများလှပေသည်။ ပ ။ (မ၊ဋ္ဌ၊၁၊၃၈၇၊၊)</p>
<p>ဤနေရာတွင် ယင်းအဋ္ဌကထာက အောက်ပါ ဥပမာကို ဆက်လက် ဖော်ပြထား၏။ ---</p>
<p>လောကူပမာ --- သစ်သားခံတပ်မည်သည်ကား စစ်သည်တော်အား လွန်စွာ ကျေးဇူးများလှ၏။ ထိုစစ်သည်တော်သည် ထိုသစ်သားခံတပ်ကို အမှီပြု၍ စစ်မြေပြင်သို့ ဝင်ရောက်သွား၏။</p>
<p>[မှတ်ချက် - ရှေးယခင်က စစ်တိုက်ပုံ စနစ်ကို အာရုံယူထားပါ။ တိုင်းသူ ပြည်သားများ မနစ်နာစေရန် ရည်သန်ကာ စစ်မြေပြင်တစ်ခုကို သတ်မှတ်ကာ တစ်ဘက်နှင့် တစ်ဘက် စစ်ထိုးကြ၏။ စစ်တပ်အသီးအသီး၏ နောက်ဆွယ်တွင် အနားယူရန် စစ်တလင်း၏ နောက်ပိုင်း အစွန်အဖျားတွင် သစ်သားဖြင့် ခံတပ်တစ်ခုစီ ဆောက်လုပ်ထားကြ၏။ စစ်တလင်းတွင် စစ်တိုက်နေသော စစ်သည်တော်များ ပင်ပန်းနွမ်းနယ်လာသည့်အခါ အနားယူရန် စားရန် သောက်ရန်အတွက် ထိုသစ်သားခံတပ်ကို ပြုလုပ်ထားကြ၏။ ထိုခံတပ်သည် တစ်ဘက်ရန်သူ၏ လေး, မြားဒဏ်ချက်ကိုလည်း ခိုင်ခိုင်ခံ့ခံ့ ကာကွယ်နိုင်၏။ စစ်သည်တို့သည် စိတ်ချလက်ချ အနားယူနိုင်၏၊ စားနိုင်သောက်နိုင်၏။ ဤကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားသော သစ်သားခံတပ်ကို အာရုံယူထားပါ။]</p>
<p>ထိုစစ်မြေပြင်၌ ဆင်တပ် မြင်းတပ် ခြေလျင်စစ်တပ်တို့နှင့် အတူတကွ စစ်ထိုးခြင်းအမှုကို ပြုလုပ်သည်ရှိသော် ရံခါ လက်နက် ခဲယမ်းမီးကျောက်များ ကုန်ဆုံးသွား၏၊ ရံခါ ဆာလောင်မွတ်သိပ်လာ၏။ --- ဤသို့စသော အကြောင်း တစ်ခုခု ပေါ်လာသော် စစ်မြေပြင်မှ နောက်သို့ ပြန်ဆုတ်ခဲ့၍ သစ်သားခံတပ် အတွင်းသို့ ဝင်ရောက်ကာ လက်နက်တို့ကိုလည်း ထပ်ယူ၏၊ အပန်းလည်း ဖြေ၏၊ စားလည်းစား၏၊ သောက်လည်း သောက်၏၊ ချပ်ဝတ်တန်ဆာကို လည်း ထပ်မံဝတ်ဆင်၏၊ ပြုသင့်ပြုထိုက်ရာ ထိုထိုအမှုကို ပြုပြီးသော် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏၊ ထိုစစ်မြေပြင်၌ စစ်ထိုးခြင်းအမှုကို ပြုလုပ်ပြန်သော် ကျင်ကြီးကျင်ငယ် နှိပ်စက်ခြင်းစသော အကြောင်းတစ်စုံတစ်ရာ ရှိပြန်သော် သစ်သားခံတပ်အတွင်းသို့ တစ်ဖန်ပြန်၍ ဝင်ရောက်ပြန်၏၊ ထိုခံတပ်အတွင်း၌ မိမိကိုယ်ကို ထောက်ပံ့ခိုင်ခံ့စေပြီးနောက် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏၊ ဤသို့လျှင် စစ်သည်တော်အား သစ်သားခံတပ်သည် အလွန်ကျေးဇူးများသကဲ့သို့ အလားတူပင် စျာန်သမာပတ်သည်လည်း ဝိပဿနာအား လွန်စွာ ကျေးဇူးများလှ၏။ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)</p>
<p>တစ်ဖန် စစ်မြေပြင်ကို ကူးခတ်လာသော, စစ်မြေပြင်ကို ကျော်လွှားလွန်မြောက်လာသော စစ်သည်တော်၏ သစ်သားခံတပ်ထက်လည်း ဝိပဿနာသည် စျာန်သမာပတ်အား သာလွန်၍ ကျေးဇူးများလှ၏။ အကယ်၍ စင်စစ်မှာမူ သမာပတ်ကို အမှီပြု၍ ဝိပဿဉာဏ်ကို ဖြစ်စေရသည်ကား မှန်၏။ သို့သော် စွမ်းအင်အပြည့်အဝ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်ကား သမာပတ်ကိုလည်း စောင့်ရှောက်ပေး၏။ စွမ်းရည်အပြည့်အဝ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး၏။ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)</p>
<p>လောကူပမာ -- လှေသည်လည်းကောင်း, လှေပေါ်၌တင်လာသည့် ဘဏ္ဍာသည်လည်းကောင်း ကြည်းကုန်းထက်သို့ ရောက်သောအခါ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်လိုသော် လှည်းပေါ်သို့တင်၍ သယ်ဆောင် ရ၏။ တစ်ဖန် ရေထဲသို့ ရောက်ရှိသောအခါ၌ကား လှည်းကိုလည်းကောင်း လှည်းပေါ်၌တင်ထားသော ဘဏ္ဍာကိုလည်းကောင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်လိုသော် လှေပေါ်သို့တင်၍ သယ်ဆောင်ရ၏။ လှေသည် ရေယဉ်ကြောကို ဖြတ်ကျော်လျက် ဆိပ်ကမ်းကောင်းသို့ ချောချောမောမော ရောက်အောင် ပို့ဆောင်ပေး၏။</p>
<p>ဤဥပမာအတူပင်လျှင် စျာန်သမာပတ်ကို အမှီပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေရသည်မှန်ငြားသော်လည်း စွမ်းအင် ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်ကား စျာန်သမာပတ်ကို ခိုင်ခံ့အောင် စောင့်ရှောက်ပေး၏။ စွမ်းအင်ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး၏။ ကြည်းကုန်း ထက်သို့ ရောက်သောအခါ လှည်းကဲ့သို့ စျာန်သမာပတ်ကို မှတ်သားပါ။ ရေထဲသို့ရောက်သောအခါ လှေကဲ့သို့ ဝိပဿနာကို မှတ်သားပါ။ (မ၊ဋ္ဌ၊၁၊၃၈၈၊၊)</p>
<p>ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်အရ ဝိပဿနာဉာဏ်နှင့် စျာန်သမာပတ်တို့ကား အပြန်အလှန် အချင်းချင်း တစ်ခုသည် တစ်ခုကို ခိုင်ခံ့အောင် စွမ်းအင်ပြည့်ဝလာအောင် စောင့်ရှောက်ပေးနေသော တရားများ ဖြစ်ကြ၏။</p>
<p>ယောဂါဝစရပုဂ္ဂိုလ်သည် ဝိဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသောအခါ ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် စျာန်နာမ်တရားတို့လည်း ပါဝင်ကြ၏။ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရှုပွားလိုသော စျာန်ကို ရှေးဦးစွာ ဝင်စားရ၏။ တစ်ဖန် ထိုစျာန်မှ ထကာ ယင်းစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော စျာန်နာမ်တရားစုနှင့်တကွသော နာမ်တရားစုတို့ကို ဝိပဿနာရှုရ၏။ တစ်ဖန် စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုလိုက် စသည်ဖြင့် ကြိမ်ဖန် များစွာ ပြုလုပ်ရ၏။ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုလုပ်ခြင်းကြောင့် ဝိပဿနာဉာဏ်လည်း ထက်မြက်လာ၏, သန့်ရှင်းလာ၏, စွမ်းအင် ကြီးမားလာ၏။ အလားတူပင် စျာန်သမာပတ်သည်လည်း ခိုင်ခံ့လာ၏။ စွမ်းအင် ပြည့်ဝလာ၏။ စွမ်းအင်ကြီးမားလာ၏။</p>
<p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဩဒါတကသိုဏ်း စတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ သို့မဟုတ် မေတ္တာစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ထိုစျာန်သမာပတ်ကို အမှီပြုရ၍ ဝိပဿနာဉာဏ်သည်လည်း စွမ်းအင်တဖြည်းဖြည်း ပြည့်ဝလာ၏။</p>
<p><b>သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ</b>။ (သံ၊၃၊၃၆၃။)</p>
<p>ဤသို့စသော ဒေသနာတော်များနှင့် အညီ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိရှိသော ရဟန်းတော်သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ဟုတ်တိုင်းမှန်စွာ ယထာဘူတကျကျ သိနိုင်၏, မြင်နိုင်၏။</p>
<p>ထို့ကြောင့် စျာန်သမာပတ်ကို အမှီပြုရ၍ ဝိပဿနာဉာဏ်သည်လည်း စွမ်းအင်တဖြည်းဖြည်း ပြည့်ဝလာရ၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ထွင်းဖောက်သိမြင်သည်အထိ စွမ်းအင်အပြည့််အဝ ဖြစ်ပေါ်လာနိုင်၏။ တစ်ဖန် စွမ်းအင်ပြည့်ဝလာသော ဝိပဿနာဉာဏ်ကလည်း ထိုစျာန်သမာပတ်များကို ခိုင်ခံ့အောင် စောင့်ရှောက်ပေးပြန်၏။ အထက်က တင်ပြခဲ့သည့် အတိုင်း စျာန်ကို ဝင်စားလိုက် စျာန်မှ ထကာ စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုလိုက် စသည်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုလုပ်နေသည့် အတွက်ကြောင့် စျာန်သမာပတ်တို့မှာ ခိုင်ခံ့လာခြင်းလည်း ဖြစ်ပေသည်။ တစ်ဖန် ယင်းဝိပဿနာဉာဏ်တို့က မိမိ ရရှိထားပြီးဖြစ်သည့် စျာန်တရားတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်ရှား ပေးလိုက်၏။ ဤကဲ့သို့သော အကြောင်းကြောင့်လည်း စျာန်သမာပတ်တို့မှာ ခိုင်ခံ့လာခြင်း ဖြစ်၏။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဥတ္တရာဥပါသိကာမတို့ကဲ့သို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ခဲ့လျှင် ထိုအရိယမဂ်ဉာဏ်က မိမိ ရရှိထားသည့် စျာန်သမာပတ်တရားတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် သမ္မောဟတရားကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်ရှားလိုက်၏။ ဆိုလိုသည်မှာ အရိယမဂ်တရားတို့သည် သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်း ထားသည့် သမ္မောဟတရားကို ပယ်ရှားနိုင်ခြင်းကြောင့် ဒုက္ခသစ္စာ သို့မဟုတ် သမုဒယသစ္စာတွင် အကျုံးဝင်သော ထိုမိမိရရှိထားသည့် စျာန်သမာပတ်တရားတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် သမ္မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်ရှားလိုက်သည်ဟု ဆိုခြင်းဖြစ်၏။ တစ်ဖန် ထိုဝိပဿနာဉာဏ် တို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ရရှိသော စျာန်သမာပတ်များကား ခိုင်ခံ့နေသည့်အတွက် လွယ်လွယ် ကူကူဖြင့် လျှောကျခြင်းသဘောလည်း မရှိပေ။</p>
<p>ဤမျှဆိုလျှင် ဥတ္တရာဥပါသိကာမ၏ မေတ္တာဘာဝနာ မေတ္တာစျာန်၏ စွမ်းအင်ကြီးမားမှုကို သဘောပေါက်သင့်ပေပြီ။ ယခုတစ်ဖန် ဆက်လက်ကာ သာမာဝတီမိဖုရား၏ မေတ္တာဘာဝနာ စွမ်းအားကို ဆက်လက်တင်ပြအပ်ပါသည်။</p>
<h3>သာမာဝတီမိဖုရား</h3>
<p>သာမာဝတီကား --- <b>မေတ္တာဝိဟာရီ</b> = မေတ္တာဖြင့် နေလေ့ရှိသော ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိသော သူတော်ကောင်းတစ်ဦး ဖြစ်၏။ ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီထူထောင်ခဲ့သူ ဖြစ်၏။ ပဒုမုတ္တရာဘုရားရှင်၏ သာသနာတွင်း၌ ဟံသာဝတီမင်းနေပြည်တော်ဝယ် သူဌေးသမီးဖြစ်ခဲ့စဉ်က အဓိကာရကောင်းမှုကုသိုလ်ပြုကာ မေတ္တာဝိဟာရီ ဧတဒဂ်ဘွဲ့ထူးရှင်ဖြစ်ရေးအတွက် ဆုတောင်းပန်ထွာခဲ့သူလည်း ဖြစ်၏။</p>
<p>အဓိကာရကောင်းမှုကုသိုလ်ဟူသည် မိမိ မျှော်လင့်ထားသည့် မေတ္တာဝိဟာရီပုဂ္ဂိုလ်ဘဝဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေးအတွက် ပြုစုပျိုးထောင် ထားအပ်သော ဒါန သီလ သမထဘာဝနာဟူသော စရဏမျိုးစေ့ကောင်း, ဝိပဿနာဘာဝနာဟူသော ဝိဇ္ဇာမျိုးစေ့ကောင်းတို့ပင်တည်း။ လူတို့၏ သက်တမ်း အနှစ်တစ်သိန်းအသက်ရှည်ရာ ခေတ်အခါကြီး၌ ယင်းစရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတို့ကို နှစ်ပေါင်းတစ်သိန်းခန့် အောင်အောင် မြင်မြင် ထူထောင်ခဲ့သူ ဖြစ်ပေသည်။ ထိုဘဝမှ စုတေသောအခါ နတ်ပြည်သို့ ရောက်ရှိသွားခဲ့၏။ ဤသို့လျှင် နတ်ပြည် လူ့ပြည်တို့၌ စုန်ဆန် ကျင်လည်ရာက နောက်ဆုံးဘဝတွင် နတ်ပြည်မှ စုတေခဲ့ကာ ဘဒ္ဒဝတိယတိုင်း ဘဒ္ဒိယမြို့ဝယ် ဘဒ္ဒဝတိယသူဌေးကြီး၏ သမီးဖြစ်လာလေသည်။ နောက်ပိုင်းတွင် ကောသမ္ဗီပြည့်ရှင်ဘုရင် ဥတေန၏ မိဖုရားကြီး ဖြစ်ခဲ့လေသည်။</p>
<p>သာမာဝတီမိဖုရား၌ အလုပ်အကျွေးလူယုံတော် ခုဇ္ဇုတ္တရာ အမည်ရှိသည့် အမျိုးသမီးတစ်ဦးလည်း ရှိလေသည်။ ခုဇ္ဇုတ္တရာသည် ဘုရားရှင်၏ တရားတော်ကို နာယူရသဖြင့် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို နှုတ်ငုံရသူလည်း ဖြစ်၏။ နာကြား ရတိုင်းသော တရားတို့ကို တစ်ဆင့် ပြန်လည်ဟောပြနိုင်သည့် ပဋိသမ္ဘိဒါဉာဏ်ကိုရသည့် သေက္ခသောတာပန် အရိယာသူတော်ကောင်းလည်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။) ခုဇ္ဇုတ္တရာသည် ယင်း သေက္ခပဋိသမ္ဘိဒါဉာဏ်၌ တည်၍ သာမာဝတီအမှူးရှိသော မင်းမိန်းမပေါင်း ငါးရာတို့အား တရားဟောလေ၏။ ထိုတရားတော်များကို နာကြားရသည့်အတွက် သာမာဝတီအမှူးရှိသော အလုံးစုံသော မင်းမိန်းမ ငါးရာတို့သည် သောတာပန်အရိယာသူတော်ကောင်း တို့ ဖြစ်သွားခဲ့ကြ၏။ ထိုသူတော်ကောင်းတို့ကား မေတ္တာဘာဝနာကမ္မဋ္ဌာန်းကိုလည်း အလေးပေးကာ စီးဖြန်းလျက် မေတ္တာစျာန်ကို ဝင်စားကာ နေထိုင်လေ့ရှိသူ <b>မေတ္တာဝိဟာရီ</b>ပုဂ္ဂိုလ်တို့လည်း ဖြစ်ကြ၏။ တစ်နေ့တွင် ထိုမေတ္တာ၏ စွမ်းအင်ကို အသုံးချခွင့် ရရှိကြ၏။</p>
<p>ဥတေနမင်းဝယ် (၁) သာမာဝတီမိဖုရား, (၂) ဥဇ္ဇေနီပြည် စဏ္ဍပဇ္ဇောတမင်း၏သမီး ဝါသုလဒတ္တာမိဖုရား, (၃) မာဂဏ္ဍီမိဖုရားဟူ၍ မိဖုရားသုံးယောက်တို့ ရှိလေရာ မိဖုရားတစ်ယောက် တစ်ယောက်လျှင် မောင်းမမိဿံ ရံရွေဖော် ငါးရာငါးရာစီ ရှိလေသည်။ ဥတေနမင်းသည် ထိုမိဖုရား သုံးယောက် တို့တွင် တစ်ယောက် တစ်ယောက်သော မိဖုရား၏နေရာ နန်းပြာသာဒ်၌ ခုနစ်ရက်စီ ခုနစ်ရက်စီ အလှည့်အလည် စံနေမြဲ ဖြစ်ပေ၏။</p>
<p>တစ်နေ့ဝယ် မာဂဏ္ဍီမိဖုရားသည် မြွေဟောက်ငယ်တစ်ကောင်ကို ဝါးကျည်ဆစ်၌ ထည့်စေ၍ မိမိ၏ နေရာအနီး၌ ထားလေ၏၊ ဥတေနမင်း၏ အဖို့အရာမှာလည်း မည်သည့်နေရာသို့ သွားသွား ဆင်ချစ်သော စောင်းကို ယူ၍သာလျှင် သွားမြဲ ဓမ္မတာ ဖြစ်၏။ မာဂဏ္ဍီမိဖုရားသည် ဥတေနမင်း မိမိထံသို့ လာသောအခါ၌ မင်းကြီးမသိအောင် ထိုမြွေဟောက်ငယ်ကို စောင်းခွက်အတွင်း၌ ထည့်၍ အပေါက်ကို ပိတ်ထားစေလေ၏။</p>
<p>ထိုနောင်မှ သာမာဝတီမိဖုရားထံသို့ သွားခါနီးဖြစ်သော ဥတေနမင်းကို အရှင်မင်းမြတ် သာမာဝတီမိဖုရားဆိုသည်မှာ ရဟန်းဂေါတမ၏ အပင်းအသင်းဖြစ်ပါသည်၊ အရှင်မင်းကြီးတို့ကို မြက်တစ်ပင်လောက်မျှ မရေတွက်ပါ၊ တစ်စုံတစ်ခု ပြုပြီးလျှင် အရှင်မင်းကြီးတို့၏ အပြစ်ကိုသာလျှင် ကြံစည်နေသူ ဖြစ်ပါသည်။ မမေ့မလျော့ သတိရှိရှိ နေတော်မူခဲ့ကြပါဟု ဥတေနမင်း၏ အကျိုးကို အလိုရှိဟန်ဆောင်ကာ မှာကြားပြောဆိုလိုက်၏။</p>
<p>[မာဂဏ္ဍီကား ဘုရားရှင်အပေါ်၌ မကျေနပ်သူ တစ်ဦးဖြစ်၏။ သူ့ကို လက်ထပ်ဖို့ရန် ပစ်ပစ်ခါခါ ငြင်းဆိုမှုကို အကြောင်းခံကာ ဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့နေသူ ဖြစ်၏။ သာမာဝတီမိဖုရားအမှူးရှိသော အမျိုးကောင်းသမီးတို့ကလည်း ရတနာသုံးပါးကို လောကုတ္တရာ သရဏဂုံဖြင့် ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်နေကြသည့် အရိယာသူတော်ကောင်းတို့ ဖြစ်ကြ၏။ မာဂဏ္ဍီကား ဘုရားရှင်အပေါ်၌ မကျေနပ်သဖြင့် ဘုရားရှင်၏ တပည့်မတို့ အပေါ်၌လည်း မကျေမနပ် ဖြစ်နေခြင်း ဖြစ်၏။ သို့အတွက် ဥတေနမင်းကို အကြိမ်ကြိမ် ကုန်းတိုက်နေသူ ဖြစ်၏။ ဤအကြိမ်ကား တတိယအကြိမ် ကုန်းတိုက်ဖို့ရန် အကွက်ဆင်ထားခြင်းဖြစ်၏။]</p>
<p>ဥတေနမင်းသည် သာမာဝတီမိဖုရား၏ နန်းပြာသာဒ်၌ (၇)ရက် စံပျော်ပြီးနောက် မာဂဏ္ဍီမိဖုရား၏ အဆောင်တော်သို့ ကူးလာခဲ့၏။ ထိုအခါ မာဂဏ္ဍီက မိမိကြိုတင်ကာ အကွက်ဆင်ထားသည့်အတိုင်း ဥတေနမင်း၏ လက်မှစောင်းကိုယူကာ စုံစမ်းဟန်ဆောင်လေသော် စောင်းအတွင်း၌ အသံ တစ်ခုခု ကြားမှုကို မင်းကြီးသိအောင် ပြုလုပ်ကာ မိမိ မူလက စီမံထားသည့် အပေါက်ကို ဖွင့်လိုက်၏။ မြွေဟောက်ကား ထိုအပေါက်မှ ထွက်ခဲ့လေပြီ။ ထိုအခါ မာဂဏ္ဍီက စောင်းကိုပစ်ကာ ထွက်ပြေးလိုက်၏။ မာဂဏ္ဍီ၏ ရန်တိုက် ခြင်းကား အောင်မြင်လေပြီ။</p>
<p>ထိုအခါ ဥတေနမင်းသည် မီးလောင်သည့် ဝါးတောအလား, ဆားထည့်လိုက်သည့် မီးဖိုပမာ အမျက်ဒေါသဖြင့် တဖျစ်ဖျစ်မြည်လျက် အလျင်အမြန် အခြံအရံနှင့် တကွသော သာမာဝတီကို ခေါ်ခဲ့ကြလော့ဟု အမိန့်ပေးလေ၏။ မင်းချင်းယောက်ျားတို့သည် အမိန့်တော်မြတ် သတ်မှတ်ချက်အတိုင်း သွား၍ ခေါ်ဆောင်ကြရ၏။</p>
<p>သာမာဝတီမိဖုရားသည် ဥတေနမင်း အမျက်ထွက်သည်ကို သိသဖြင့် မိမိ၏ အခြံအရံ မင်းမိန်းမတို့အား မင်းကြီးသည် တို့ကို သတ်လို၍ ခေါ်၏၊ ယနေ့ တစ်နေ့လုံးလုံး ဥတေနမင်း တစ်ဦးတည်းကိုသာလျှင် ရည်ညွှန်းလျက် <b>ဩဒိဿကမေတ္တာ</b>ဖြန့်ခြင်းဖြင့် မင်းကြီးကို မေတ္တာဖြန်းကြလော့ဟု တရားအချက်အမှတ်ပေးလေ၏။ သာမာဝတီနှင့် တကွသော ထိုသူတော်ကောင်း အားလုံးတို့သည် သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်ထားသော စွမ်းအင် အလွန် ကြီးမားသော မေတ္တာကို ခေတ္တရုပ်သိမ်းကာ ဥတေနမင်း တစ်ဦးတည်း ကိုသာလျှင် စူးစူးစိုက်စိုက် မေတ္တာဘာဝနာကို စီးဖြန်းကာ နေကြ၏။ ထိုသူတော်ကောင်းတို့ကား မေတ္တာစျာန်ကို ဝင်စားလျက်ရှိကြ၏။</p>
<p>သို့သော် ဒေါသအိုးကြီး ဥတေနကား သာမာဝတီမိဖုရားနှင့် တကွသော ထိုမောင်းမ ငါးရာတို့ကို တန်းစီစေကာ လေးကြီးကို စွဲကိုင်၍ အဆိပ်လူးမြားကို ဖွဲ့ပြီးလျှင် လေးညှို့ကို ညှိလျက် ရပ်တည်လာ၏။</p>
<p>ထိုခဏ၌ သာမာဝတီအမှူးရှိသော မင်းမိန်းမတို့သည် ဒေါသအိုးကြီး ဥတေနမင်းကို စူးစိုက်ကာ <b>ဩဒိဿကမေတ္တာ</b>ကို ပက်ဖြန်းကာ မေတ္တာစျာန်ကို ဝင်စားလျက် ရှိကြ၏။ သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်ထားသော စွမ်းအင်ကြီးမားသော မေတ္တာမှ ဆင်းသက်လာသော မေတ္တာ, ဝိပဿနာဉာဏ်များဖြင့်လည်း ထုံမွမ်းထားသော မေတ္တာ ဖြစ်ကြသဖြင့် အလွန် စွမ်းအင် ပြည့်ဝနေသော မေတ္တာများဖြစ်ကြ၏။ ထိုမေတ္တာစျာန်တို့၏ စွမ်းအားကြောင့် ဥတေနမင်းသည် မြားကို ပစ်ရန်လည်း မစွမ်းနိုင်, ဖယ်ရှားရန်လည်း မစွမ်းနိုင် ဖြစ်နေ၏၊ ခန္ဓာကိုယ်မှ ချွေးသီးချွေးပေါက်များလည်း တဖြိုင်ဖြိုင် ယိုထွက်လာကြကုန်၏။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်လှုပ်၍နေ၏၊ ခံတွင်းမှလည်း တံတွေးများ စီးကျလာ၏၊ လက်ဖြင့် ဆွဲကိုင်စရာလည်း မမြင်နိုင် ဖြစ်နေ၏၊ အလွန် ပင်ပန်းနေ၏။</p>
<p>ထိုအခါ ဥတေနမင်းကို သာမာဝတီက အရှင်မင်းမြတ် ... ပင်ပန်းတော်မူပါသလောဟု မေးလေလျှင် ဥတေနမင်းက အရှင်မိဖုရား ... ပင်ပန်းလှ၏၊ သင်သည် ငါ၏ မှီခိုအားထားရာ ဖြစ်ပါလော့ဟု ပြောဆိုလေ၏။ ထိုအခါ သာမာဝတီမိဖုရားက မြားကို မဟာပထဝီမြေကြီးဘက်သို့ ရှေးရှူပစ်ရန် အကြံပေးလိုက်၏။ သာမာဝတီ၏ အကြံပေးချက်အတိုင်း ဥတေနမင်းကလည်း လိုက်နာပြုကျင့်လေ၏။ သာမာဝတီကလည်း ဥတေနမင်း လက်မှ မြားသည် လွတ်စေသတည်းဟု အဓိဋ္ဌာန်လိုက်လေ၏။ ထိုခဏမှာပင် မြားသည် ဥတေနမင်း၏ လက်မှ လွတ်ထွက်သွားလေသည်။</p>
<p>ဤကဲ့သို့သော စွမ်းအင်ကြီးမားသော မေတ္တာစျာန်ဖြင့် နေလေ့ရှိမှုကို အကြောင်းပြုကာ ဘုရားရှင်ကလည်း ----</p>
<p><b>ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ မေတ္တာဝိဟာရီနံ ယဒိဒံ သာမာဝတီ။</b> (အံ၊၁၊၂၇။)</p>
<p>ရဟန်းတို့ ... မေတ္တာစျာန်ဖြင့် နေလေ့ရှိကြကုန်သော ငါဘုရားရှင်၏ တပည့်သာဝိကာ ဥပါသိကာမတို့တွင် သာမာဝတီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၂၇။)</p>
<p>ဤကဲ့သို့သော <b>မေတ္တာဝိဟာရီ</b> ဧတဒဂ်ဘွဲ့ဖြင့် ချီးကျူးမြှောက်စားတော်မူခြင်း ဖြစ်ပေသည်။</p>
<p>ဥတေနမင်းကြီးသည် ထိုခဏမှာပင် ရေ၌ ငုပ်၍ ပြန်လာပြီးသော် စိုသောဆံ စိုသောအဝတ်ရှိလျက် သာမာဝတီ၏ ခြေတို့၌ တုပ်ဝပ်ပြီးလျှင် အရှင်မိဖုရား ... ငါ့အား သည်းခံပါလော့၊ ငါသည် ကုန်းချောသူ မာဂဏ္ဍီ၏ စကားဖြင့် မစူးစမ်း မဆင်ခြင်ဘဲ ဤအမှုကို ပြုမှားအပ်ခဲ့လေပြီဟု တောင်းပန်ဝန်ချစကား ပြောကြားလေ၏။ သာမာဝတီ မိဖုရားကလည်း ခွင့်လွှတ်သည်းခံစကား ပြောကြားလိုက်လေသော် ဥတေနမင်းကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သာမာဝတီမိဖုရားနှင့်တကွ မောင်းမမိဿံအပေါင်းတို့၏ အလိုဆန္ဒအတိုင်း မြတ်စွာဘုရားအား အလှူဒါနကို ပြုရန် နေလွဲအခါ ကျောင်းတော်သို့ သွားရောက်ကာ တရားနာယူရန်တို့ကို ခွင့်ပြုလိုက်၏။ အစောင့်အရှောက်ကိုလည်း ပေးသနားလိုက်၏။</p>
<p>ထိုသူတော်ကောင်းတို့သည် ဆက်လက်၍ တရားဘာဝနာတို့ကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြရာ အချို့ကား သကဒါဂါမ်, အချို့ကား အနာဂါမ်အဆင့်သို့တိုင်အောင် တက်လှမ်းသွားနိုင်ကြ၏။(ဓမ္မပဒ၊ဋ္ဌ၊၁၊၁၄၁။)</p>
<p>သို့သော် သူတို့၏ အတိတ်ကံဝဋ်ကြွေးကြောင့် တစ်နေ့တွင် မာဂဏ္ဍီ၏ လုပ်ကြံမှုဖြင့် မီးရှို့မြိုက်ခံလိုက်ကြရ၏။ ထိုနေ့၌ ရှေးအတိတ်ဘဝက ပြုအပ်ခဲ့သော ကပ်၍ နှိပ်စက်တတ်သော <b>ဥပပီဠကကံ</b>, ကပ်၍ ဖြတ်တတ်သော <b>ဥပဃာတကကံ</b>တို့၏ စွမ်းအားကြောင့် ထိုသူတော်ကောင်းတို့သည် စျာန်သမာပတ်တို့ကိုလည်းကောင်း ဖလသမာပတ်တို့ကိုလည်းကောင်း ဝင်စားဖို့ရန် မစွမ်းနိုင် ရှိနေကြ၏။ မိမိတို့ နေထိုင်ရာ နန်းပြာသာဒ်ဆောင်အတွင်း၌ပင် မီးရှို့မြိုက်ခံကြရသဖြင့် သေကျေပျက်စီးသွားကြရ၏။ တရားခံလက်သည် ဖြစ်ကြသော မာဂဏ္ဒီမိဖုရားအမှူးရှိသော ဆွေတော် မျိုးတော်တို့အားလည်း ဥတေနမင်းက တစ်ဖန် ကွပ်မျက်ပြန်လေသည်။</p>
<hr>
<h3>သာမာဝတီတို့၏ ရှေးအကုသိုလ်ကံ</h3>
<p>သာမာဝတီမိဖုရားအလောင်း အမျိုးကောင်းသမီးသည် ဘုရားပွင့်တော် မမူမီ တစ်ခုသော ဘဝဝယ် ထိုအမျိုးသမီး ငါးရာတို့နှင့်အတူ ဂင်္ဂါမြစ်၌ ရေကစားအပြီး ဆိပ်ကမ်း၏ အပြင်အပ၌ ရပ်တည်နေစဉ် အချမ်းအအေးဓာတ် ပြင်းထန်စွာ ဖြစ်လတ်သော် မနီးမဝေးသော အရပ်၌ ပစ္စေကဗုဒ္ဓါ ဘုရားရှင်တစ်ဆူ၏ သစ်ရွက်မိုး သင်္ခမ်းကျောင်းကလေးကို မြင်ရ၍ သင်္ခမ်းကျောင်းအတွင်း၌ ပစ္စေကဗုဒ္ဓါဘုရားရှင် ရှိ-မရှိကို မစူးစမ်း မဆင်ခြင်ဘဲ ပြင်ပမှ ကျောင်းကို မီးတိုက်ကာ မီးလှုံကြလေသည်။ သင်္ခမ်းကျောင်း အတွင်း၌ကား ပစ္စေကဗုဒ္ဓါဘုရားရှင်သည် <b>နိရောဓသမာပတ်</b>ကို ဝင်စားလျက် ထိုင်နေတော်မူဆဲ ဖြစ်၏။ ထိုအမျိုးသမီးတို့သည် မီးတောက်မီးလျှံများ ပြတ်စဲသွားသောအခါမှ ပစ္စေကဗုဒ္ဓါဘုရားရှင်ကို မြင်တွေ့ကြရ၏။</p>
<p>ဤမီးတိုက်မှု၌ ပစ္စေကဗုဒ္ဓါဘုရားရှင်အပေါ်၌ သေစေလိုသော စိတ်စေတနာမရှိသဖြင့် အပြစ်မရှိသော်လည်း နောက်ထပ် ပြစ်မှုတစ်ခုကို ထပ်မံ လွန်ကျူးကြပြန်၏။ ထိုပစ္စေကဗုဒ္ဓါ ဘုရားရှင်ကား ရှင်ဘုရင် ကိုးကွယ်ဆည်းကပ်နေသည့် ဘုရားရှင်ဖြစ်တော်မူသည့်အတွက် မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့သဖြင့် လက်စဖျောက်ရန် ရည်ရွယ်ကာ ထင်းများကို ရှာဖွေစုဆောင်းလျက် မီးတိုက်ကြပြန်၏။ ဤပြစ်မှုကား သေစေလိုသော စိတ်စေတနာ ပါရှိနေသဖြင့် အလွန် အပြစ်ကြီးမားသော မှားကွက် ဖြစ်သွား၏။ သို့သော် ပစ္စေကဗုဒ္ဓါဘုရားရှင်သည် အချိန်စေ့သောအခါ နိရောဓသမာပတ်မှ ထတော် မူကာ ကောင်းကင်ခရီးဖြင့် ကြွချီသွားတော်မူလေသည်။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် အမျိုးသမီးအပေါင်းတို့သည် ငရဲ၌ ကျက်ကြရပြီးလျှင် ဝိပါက်အကြွင်းအနေဖြင့် ဤယခုမီးလောင်တိုက် အသွင်းခံရကာ သေကျေ ပျက်စီးခြင်းသို့ ရောက်ကြရပြန်သည်။</p>
<hr>
<h3>သေသူနှင့် မသေသူ (= ရှင်သူ )</h3>
<p>သာမာဝတီအမှုးရှိသော ငါးရာကုန်သော အရိယာသူတော်ကောင်းတို့လည်း မီးရှို့မြိုက်ခံရသဖြင့် သေကျေပျက်စီးကြရ၏။ မာဂဏ္ဍီအမှုးရှိသော ဆွေတော်မျိုးတော်တို့လည်း ဥတေနမင်းက ပြစ်ဒဏ်ပေးသဖြင့် သေကျေ ပျက်စီးကြရ၏။ ထိုသေပွဲနှစ်ခုတို့ကို အကြောင်းပြုကာ ရဟန်းတော်တို့ အချင်းချင်း ဓမ္မသဘင်၌ ဆုံစည်းခိုက် ဤသို့ ဆွေးနွေးမိကြ၏။ ဤအုပ်စု နှစ်အုပ်စုတို့တွင် အဘယ်သူတို့သည် အသက်ရှင်သူတို့ မည်ကြသနည်း၊ အဘယ်သူတို့သည် သေသူတို့မည်ကြသနည်း ဤသို့ ဆွေးနွေးကြ၏။ ဘုရားရှင်သည် တရားတော်ကို ဟောကြားပြသတော်မူရန် ဓမ္မာသနပလ္လင်ထက်သို့ ကြွလာတော်မူပြီးနောက် ရဟန်းတော်တို့အား မည်သည့် အကြောင်းအရာကို ဆွေးနွေးကာ ထိုင်နေကြပါသနည်းဟု ဘုရားရှင်က မေးမြန်းတော်မူလိုက်သောအခါ ရဟန်းတော်တို့က ဆွေးနွေးကြသည့် အကြောင်းအခြင်းအရာကို တင်ပြလျောက်ထားတော်မူကြ၏။ ထိုအခါ ဘုရားရှင်က ရဟန်းတို့ ... အကြင်သူတို့သည်ကား ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ နေထိုင်တတ်ကြကုန်၏။ ထိုသူတို့သည် နှစ်ပေါင်းတစ်ရာ အသက်ရှင်နေကြသော်လည်း သေသူတို့သာ မည်ကြကုန်၏။ အကြင်သူတို့ကား ကုသိုလ်တရားတို့၌ မမေ့မလျော့ နေထိုင်ကြကုန်၏။ ထိုသူတို့ကား သေကုန်သော်လည်း အသက်ရှင်သူတို့သာ မည်ကြကုန်၏။ ထို့ကြောင့် မာဂဏ္ဍီသည် အသက်ရှင်နေသော်လည်း သေနေသူသာ မည်၏။ သာမာဝတီ အမှူးရှိသော ငါးရာကုန်သော အမျိုးသမီးတို့သည်ကား သေကုန်သော်လည်း အသက်ရှင်နေသူတို့သာ မည်ကြကုန်၏။ ရဟန်းတို့ ကုသိုလ်တရားတို့၌ မမေ့လျော့သူတို့ကား မသေသူတို့သာ မည်ကြကုန်၏။ဟု ဟောတော်မူပြီးနောက် အောက်ပါဂါထာတို့ကို ဆက်လက်ကာ ဟောကြားတော်မူ၏။</p>
<p><b>အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။</b></p>
<p><b>အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။</b></p>
<p><b>ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။</b></p>
<p><b>အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။</b></p>
<p><b>တေ စျာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။</b></p>
<p><b>ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။</b> (ဓမ္မပဒ၊ခု၊၁၊၆။ ဂါထာ၊၂၁၊၂၂-၂၃။)</p>
<p><b>အပ္ပမာဒေါ</b> = ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ် ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း = အပ္ပမာဒတရားသည်ကား။ <b>အမတပဒံ</b> = မသေရာအမြိုက်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက်ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်ပါပေ၏။ <b>ပမာဒေါ</b> = ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်း ပမာဒတရားသည်ကား။ <b>မစ္စုနော ပဒံ</b> = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်ပါပေ၏။ <b>အပ္ပမတ္တာ</b> = ဒါန, သီလ, သမထ , ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သော သူတို့သည်ကား။ <b>န မီယန္တိ</b> = မသေသည့် ပုဂ္ဂိုလ်တို့ မည်ကြပါပေကုန်၏။ <b>ယေ</b> = အကြင်သူတို့ကား။ <b>ပမတ္တာ</b> = ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ ဆဆ နေထိုင်တတ်ကြပါပေကုန်၏။ <b>တေ</b> = ထိုသူတို့်သည်ကား။ <b>ယထာ မတာ</b> = သေသူတို့ မည်ကြပါပေကုန်၏။</p>
<p><b>ဧဝံ</b> = ဤသို့လျှင်။ <b>ပဏ္ဍိတာ</b> = ပညာရှိသူတော်ကောင်းတို့သည်။ <b>ဝိသေသတော</b> = ပမာဒတရား အပ္ပမာဒတရား နှစ်မျိုးနှစ်စားတို့၏ ထူးထွေ ကွဲပြားကြောင်း သဘောတရားကို။ <b>ဉတွာ</b> = သိရှိကြကုန်သည်ဖြစ်၍။ <b>အပ္ပမာဒမှိ</b> = အပ္ပမာဒတရား၌။ <b>ဌတွာ</b> = ရပ်တည်ကြကုန်လျက်။ <b>အပ္ပမာဒေ</b> = အပ္ပမာဒတရား၌။ <b>ပမောဒန္တိ</b> = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်၏။ <b>အရိယာနံ</b> = ဘုရားအစရှိကုန်သော အရိယာတကာ သူတော်စွာတို့၏။ <b>ဂေါစရေ</b> = သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော ကျက်စားရာ အာရုံ ဂေါစရ၌။ <b>ရတာ</b> = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြလေကုန်၏။</p>
<p><b>တေ</b> = ထိုပညာရှိသူတော်ကောင်းတို့သည်။ <b>စျာယိနော</b> = အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန် တည်းဟူသော နှစ်မျိုးကုန်သော စျာန်တို့ကို အဖန်ဖန် အထပ်ထပ် ဝင်စားကြကုန်လျက်။ <b>သာတတိကာ</b> = စွဲမြဲသော လုံ့လဝီရိယရှိကြကုန်သော။ <b>နိစ္စံ</b> = အမြဲ။ <b>ဒဠှပရက္ကမာ</b> = စွဲစွဲမြဲမြဲ ခိုင်ခိုင်ခံ့ခံ့ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် ကြိုးစားအားထုတ်ခြင်း ဇွဲလုံ့လဝီရိယ ရှိကြကုန်သော။ <b>တေ ဓီရာ</b> = ထိုပညာရှိသူတော်ကောင်းတို့သည်။ <b>ယောဂက္ခေမံ</b> = ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော။ <b>အနုတ္တရံ</b> = ကဲသာလွန်ဘိ တုမရှိသော။ <b>နိဗ္ဗာနံ</b> = ကိလေသာအပူမီးတို့၏ အငြိမ်းကြီးငြိမ်းရာ အအေးကြီးအေးရာဖြစ်သော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို။ <b>ဖုသန္တိ</b> = ဖလသမာပတ်ကို ဝင်စားလျက် အရိယဖိုလ်ဉာဏ်ဖြင့် တွေ့ထိဆိုက်ရောက်ကြလေကုန်၏။</p>
<p>= ဒါန, သီလ, သမထ, ဝိပဿနာအစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း <b>အပ္ပမာဒတရား</b>သည်ကား မသေရာ အမြိုက် နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်၏။ ဒါန, သီလ, သမထ, ဝိပဿနာအစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်း <b>ပမာဒတရား</b>သည်ကား သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်၏။ ဒါန, သီလ, သမထ, ဝိပဿနာအစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း <b>အပ္ပမာဒတရား</b> လက်ကိုင်ထားလျက် နေထိုင်ကြကုန်သော သူတို့သည်ကား မသေသူတို့ မည်ကြကုန်၏။ အကြင်သူတို့သည်ကား ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကြကုန်၏။ ထိုသူတို့ သည်ကား သေသူတို့ မည်ကြကုန်၏။</p>
<p>ဤသို့လျှင် ပညာရှိသူတော်ကောင်းတို့သည် <b>ပမာဒတရား အပ္ပမာဒတရား</b> နှစ်ပါးတို့၏ ထူးထွေကွဲပြားကြောင်း သဘောတရားကို သိရှိကြကုန်လျက် <b>အပ္ပမာဒတရား</b>၌ ရပ်တည်ကြကာ <b>အပ္ပမာဒတရား</b>၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်၏။ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတကာ သူတော်စွာတို့၏ ကျက်စားရာအာရုံဖြစ်သည့် သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော <b>ဂေါစရ</b>အာရုံ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်၏။</p>
<p>ထိုပညာရှိသူတော်ကောင်းတို့သည် <b>အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်</b>တည်းဟူသော နှစ်မျိုးကုန်သော စျာန်တို့ကို ဝင်စားတော်မူကြကုန်၏။ စွဲမြဲသော လုံ့လဝီရိယ ရှိတော်မူကြကုန်၏။ ယောက်ျားတို့၏ ဇွဲလုံ့လ ဝီရိယ မိန်းမမြတ်တို့၏ ဇွဲလုံ့လဝီရိယဖြင့် ရောက်နိုင်သည့် အရာဌာနသို့ မရောက်မချင်း ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ ရပ်တန့်သွားခြင်း မည်သည် မရှိစေရဟု အမြဲမပြတ် စွဲမြဲသော အဆင့်ဆင့် ကြိုးစားအားထုတ်မှု ဇွဲလုံ့လဝီရိယ ရှိကြကုန်၏။ ထိုပညာရှိတို့သည် ယောဂလေးပါးတို့၏ ကုန်ရာ အတုမရှိ လွန်မြတ်သော နိဗ္ဗာန်တရားတော်မြတ်ကို ဖလသမာပတ်ကို ဝင်စားကာ အရိယဖိုလ်ဉာဏ်ဖြင့် တွေ့ထိနေထိုင်ကြကုန်၏။ (ဓမ္မပဒ၊ခု၊၁၊၁၆။)</p>
<p>[<b>အာရမ္မဏူပနိဇ္ဈာနစျာန်</b> --- သမာပတ်ရှစ်ပါးတို့သည် ပထဝီကသိုဏ်း စသော သမထနိမိတ်အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန်ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဝိပဿနာ မဂ်ဖိုလ်တို့သည်ကား <b>လက္ခဏူပနိဇ္ဈာနစျာန်</b>မည်၏။ ထိုတွင် ဝိပဿနာသည် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ ရှုတတ်သောကြောင့် <b>လက္ခဏူပနိဇ္ဈာနစျာန်</b>မည်၏။ ဝိပဿနာဉာဏ်ဖြင့် ပြုလုပ်အပ်သော ကိစ္စ၏ အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရခြင်းကြောင့် အရိယမဂ်သည် <b>လက္ခဏူပနိဇ္ဈာနစျာန်</b> မည်၏။ အရိယဖိုလ်သည် <b>နိရောဓသစ္စာ နိဗ္ဗာန်</b>တရားတော်မြတ်၏ သန္တိလက္ခဏာဟူသော ဟုတ်မှန်တိုင်းသော သဘောလက္ခဏာကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ရှုတတ်သောကြောင့် <b>လက္ခဏူပနိဇ္ဈာနစျာန်</b>မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)]</p>
<p>ဤတရားဒေသနာတော်ကို အကြောင်းပြုကာ မန်လည်ဆရာတော်ဘုရားကြီးကလည်း မိမိ၏ မဃဒေဝလင်္ကာတွင် ဤသို့ စပ်ဆိုထားတော်မူ၏။</p>
<p>ဆယ်ပါးပညတ်၊ ကုသလကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည် နတ်ပွဲ၊ ရမခဲတည့်၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ ဒါန သီလ၊ ကုသလ၌၊ လုံ့လလွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏။ အလှူသီတင်း၊ မကင်းဘာဝနာ၊ မခြာနေ့ရက်၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူနတ်ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျှောခြင်းဟူ၊ စုတေမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည်း။</p>
<p>မာဂဏ္ဍီမိဖုရားအမှူးရှိသည့် ဆွေတော်မျိုးတော် တစ်စုတို့ကား အသက်ပင် ရှင်နေသော်လည်း သေနေသူတို့သာ ဖြစ်ကြ၏။ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်ကုန်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့သည် သူတို့၏ သန္တာန်၌ ကိန်းဝပ်မှု မရှိကြသောကြောင့် မသေရာ အမြိုက်နိဗ္ဗာန်သို့ မရောက်နိုင်သေးသူတို့သာ ဖြစ်ကြ၏။ သူတို့တစ်တွေကား သီလမဂ္ဂင်ဟု ခေါ်ဆိုအပ်သည့် သီလကျင့်စဉ်ကိုလည်း= ဖြူဖြူစင်စင် မဖြည့်ကျင့်သူတို့ဖြစ်ကြ၏။ မေတ္တာစျာန်ကဲ့သို့သော သမာဓိ တစ်ခုခုကိုလည်း စံချိန်မီ မထူထောင်ထားသူတို့ ဖြစ်ကြ၏။ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ထိုးထွင်းသိသူတိုိ့ မဟုတ်ကြသဖြင့် ပညာကျင့်စဉ်ကိုလည်း မဖြည့်ကျင့်ရသေးသူတို့သာ ဖြစ်ကြ၏။ ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အောင်အောင်မြင်မြင် မဖြည့်ကျင့်ရသေးသည့်အတွက် မသေရာ အမြိုက်နိဗ္ဗာန်သို့ သွားရာ လမ်းမပေါ်သို့ မတက်ရောက်ဖူးသေးသူတို့သာ ဖြစ်ကြ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တို့သည်ကား သံသရာခရီး၌ ထပ်ကာ ထပ်ကာ တစ်ဘဝပြီး တစ်ဘဝ သေကျေပျက်စီးရမည့် သေဘေးဆိုးကြီးမှ မလွတ်မြောက်သေးသဖြင့် ထပ်ကာထပ်ကာသာ သေနေရမည့် ပုဂ္ဂိုလ်တွေဖြစ်ခြင်းကြောင့် အသက်ပင် ရှင်နေသော်လည်း သေနေသူတို့သာ ဖြစ်ကြ၏။</p>
<p>တစ်ဖန် သာမာဝတီမိဖုရားအမှူးရှိသော အမျိုးသမီး ငါးရာတို့သည်ကား မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အောင်အောင်မြင်မြင် ဖြည့်ကျင့်ထားပြီးဖြစ်သည့် သူတော်ကောင်းတို့ ဖြစ်ကြ၏။ သီလကျင့်စဉ်ကို ဖြူဖြူစင်စင် ဖြည့်ကျင့်နေသူတို့လည်း ဖြစ်ကြ၏။ မေတ္တာစျာန်ကဲ့သို့သော သမာဓိကျင့်စဉ်များကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသူတို့လည်း ဖြစ်ကြ၏။ မေတ္တာစျာန်ဖြင့်လည်း နေလေ့ရှိကြသည့် <b>မေတ္တာဝိဟာရီ</b>ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ အချို့ကား သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင်, အချို့ကား သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင်, အချို့ကား အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ပညာသိက္ခာ = ပညာကျင့်စဉ်ဟု ခေါ်ဆိုအပ်သည့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ဖြည့်ကျင့်ထားပြီးသူတို့လည်း ဖြစ်ကြ၏။ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်, သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်, အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု ခေါ်ဆိုအပ်သော မိမိတို့ ရရှိထားသည့် အသီးအသီးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုထားပြီးသူ မျက်မှောက်ပြုနိုင်သူတို့လည်း ဖြစ်ကြ၏။ မိမိတို့ ရရှိထားသည့် ဖိုလ်ဉာဏ်အသီးအသီးဖြင့် <b>ဖလသမာပတ်</b>ကို ဝင်စားလျက် မသေရာ အမြိုက် နိဗ္ဗာန် တရားတော်မြတ်ကြီးကို မျက်မှောက်ပြုကာ နေထိုင်နိုင်သူတို့လည်း ဖြစ်ကြ၏။ ထို့ကြောင့် ထိုသူတော်ကောင်းတို့သည် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ဉာဏ်ဖြင့် တွေ့ထိနေသူတို့လည်း ဖြစ်ကြ၏။ မသေရာ အမြိုက်နိဗ္ဗာန်သို့သွားရာ မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းမပေါ်သို့ တက်ရောက်ကာ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် လျှောက်သွားနေသူတို့လည်း ဖြစ်ကြ၏။ ထိုသူတော်ကောင်းတို့ ထိုးထွင်း သိမြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိသုခ = အငြိမ်းဓာတ် ချမ်းသာကြီး၏ ပျက်စီးသွားခြင်းမည်သည် မရှိသည်သာ ဖြစ်၏။ တစ်နေ့တွင် မသေရာ အမြိုက်နိဗ္ဗာန်သို့ ဧကန် ဆိုက်ရောက်မည့် သူတော်ကောင်းတို့သာ ဖြစ်ကြ၏။ ထိုသို့ မိမိရရှိထားသည့် နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီး၏ ယုတ်လျော့ ပျက်စီးသွားမှုမရှိခြင်း, မသေရာ အမြိုက်နိဗ္ဗာန်သို့ တစ်နေ့တွင် ဧကန် ဆိုက်ရောက်မည် ဖြစ်ခြင်းကြောင့် ထိုပုဂ္ဂိုလ်တို့သည် သေပင်သေသော်လည်း မသေသူတို့သာ ဖြစ်ကြလေသည်။ ရှင်သူတို့သာ ဖြစ်ကြလေသည်။</p>
<p>ဤစာမူကို ဖတ်ရှုနေသော သူတော်ကောင်းတို့သည်လည်း သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အောင်အောင်မြင်မြင် ဖြည့်ကျင့်နိုင်ကြသဖြင့် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုနိုင်ကြကာ မသေသူများအဖြစ်သို့ ရောက်ရှိကြကုန်ပြီးလျှင် တစ်ဦးနှင့်တစ်ဦး မုန်းတီးခြင်း၏ အကြောင်းရင်းစစ် ဖြစ်ကြကုန်သော ကိလေသာ အညစ်အကြေးတို့ကို မိမိတို့ရရှိခဲ့သည့် အရိယမဂ်တရားဖြင့် ပယ်ရှားနိုင်ကြပြီးလျှင် တစ်ဦးနှင့်တစ်ဦး မမုန်းသူများဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေ။ သာမာဝတီ မိဖုရားအမှူးရှိသည့် သူတော်ကောင်းတို့ကဲ့သို့ အောင်အောင်မြင်မြင် မေတ္တာစျာန်များကို ဝင်စားနိုင်ကြပါစေဟု တိုက်တွန်းလျက် မမုန်းပါစေနှင့်ဟူသော ဤကျမ်းစာကို အဆုံးသတ်လိုက်ပါသတည်း။</p>
<p><b>စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။</b></p>
<p>ဘုရားရှင်၏ အဆုံးအမသာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသတည်း။</p>
<p>သဒ္ဓမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း</p>
<p>ဖားအောက်တောရ</p>
<p>မော်လမြိုင်မြို့နယ်</p>
<p>မွန်ပြည်နယ်။</p>
<p>___________</p>
izxy2ekw1bqnckxwjcn9a27v7jjo2ea
18647
18645
2025-06-02T23:31:56Z

cm00m6iy1orrxn1hmfa971lvx3xyz3s
ဓမ္မစာစဉ်များ
0
5695
18648
2025-06-02T23:45:23Z
Tejinda
173
"{{header | title = [[ဓမ္မစာစဉ်များ]] | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>ဓမ္မစာစဉ်များ</b> | previous = [[မမုန်းပါစေနှင့်]] |..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18648
wikitext
text/x-wiki
{{header
| title = [[ဓမ္မစာစဉ်များ]]
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>ဓမ္မစာစဉ်များ</b>
| previous = [[မမုန်းပါစေနှင့်]]
| previous2 =
| next = [[နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဓမ္မစာစဉ်များ</h3>
<hr>
<h3>အနုဂ္ဂဟအဖွဲ့ အစည်းအဝေးမှကောက်နုတ်ချက်</h3>
<p>: လောကမှာ <b>ဓမ္မ</b>နှင့် <b>အဓမ္မ</b>ဆိုပြီးတော့ လမ်းကြောင်းနှစ်ခုကို မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပါတယ်။ လောကမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ <b>ဓမ္မ</b>ဆိုတဲ့ သုတ္တန်, ဝိနည်း, အဘိဓမ္မာလမ်းကြောင်းအတိုင်း ဆောင်ရွက်တတ်ဖို့ လိုပါတယ်။</p>
<p>: <b>အဓမ္မ</b>ဆိုတဲ့ မသမာမှုတွေကိုလည်း ရှောင်ရှားတတ်ဖို့ လိုပါတယ်။ အဲဒီလို <b>ဓမ္မ</b>ဆိုတဲ့ လမ်းကြောင်းပေါ်ကနေ သွားတဲ့အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာရှိဖို့ လိုအပ်ပါတယ်။</p>
<p>: တစ်ဦးကိုတစ်ဦး ချစ်ခင်တဲ့ မေတ္တာမျက်လုံးနှင့် ကြည့်တတ်ဖို့ လိုပါတယ်၊ ကြင်နာသနားတဲ့ ကရုဏာမျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်၊ တစ်ဦးရဲ့ကြိုးပမ်းမှုကို တစ်ဦးက ဝမ်းမြောက်တဲ့ မုဒိတာမျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။ တစ်ဦးရဲ့ ကံကြမ္မာကို တစ်ဦးက နားလည်တဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။</p>
<p>: အနုဂ္ဂဟအဖွဲ့ အစည်းအဝေးမှ</p>
<p>ကောက်နုတ်ချက်</p>
<hr>
<h3>ဖားအောက်တောရ ဆရာတော်၏ဩဝါဒမိန့်ကြားချက်</h3>
<p>ဤကျောင်းမှာ လုပ်နေတဲ့ လုပ်ငန်းခွင်တွေက (၃)ချောင်း ထောက် (၄)ချောင်းထောက်ပုံစံမျိုး ဖြစ်နေတယ်။ (၃)ချောင်းထောက် ကိရိယာက (၃)ချောင်းထောက်မှ ရပ်တည်နိုင်တဲ့ သဘောတရား ရှိတယ်။ (၄)ချောင်းထောက်တဲ့ ကိရိယာကလည်း (၄)ချောင်းကို ပုံစံမှန်ထောက်မှ ရပ်တည်နိုင်တဲ့သဘော ရှိပါတယ်။ အခု ဒီကျောင်း မှာက ရဟန်းသံဃာပိုင်း, သီလရှင်ပိုင်း, အားပေးထောက်ပံ့နေတဲ့ ဒါယကာ ဒါယိကာမပိုင်း, ဝေယျာဝစ္စဆောင်ရွက်နေတဲ့ ဒါယကာ ဒါယိကာမပိုင်း ဆိုပြီးတော့ အပိုင်း (၄)ကဏ္ဍ ရှိပါတယ်။ ဒီခြေထောက် (၄)ချောင်းက ညီညီညာညာထောက်မှ ဖြစ်နိုင်တဲ့သဘော ရှိတယ်။ အဲဒီလို ညီညီညာညာထောက်မှ လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။ ညီညာတယ်ဆိုတာက ဘာကိုပြောတာလည်း ဆိုတော့ မိမိတစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ မဆောင်ရွက်ဘဲ အများ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်တာကို ဆိုလိုတာပါ။ အဲဒီလို ဆောင်ရွက်ရာမှာ ဘယ်လို မူဝါဒကို မူတည်ပြီးတော့ မှီငြမ်းဆောင်ရွက်ရမလဲဆိုတာ အနည်းငယ် ပြောပြချင်ပါတယ်။</p>
<p>လောကမှာ <b>ဓမ္မ</b>နှင့် <b>အဓမ္မ</b>ဆိုပြီးတော့ လမ်းကြောင်းနှစ်ခုကို မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပါတယ်။ လောကမှာ အောင်မြင်ချင် တယ်ဆိုရင်တော့ <b>ဓမ္မ</b>ဆိုတဲ့ သုတ္တန်, ဝိနည်း, အဘိဓမ္မာလမ်းကြောင်း အတိုင်း ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ <b>အဓမ္မ</b>ဆိုတဲ့ မသမာမှုတွေ ကိုလည်း ရှောင်ရှားတတ်ဖို့ လိုပါတယ်။ အဲဒီလို <b>ဓမ္မ</b>ဆိုတဲ့ လမ်း ကြောင်းပေါ်ကနေ သွားတဲ့အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး ကာယကံ မေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ရှိဖို့ လိုအပ်ပါတယ်။ ဒီလို မေတ္တာရှိရမယ့်အပိုင်းမှာ ဘုရားရှင်က --- <b>အာဝိ စေဝ ရဟော စ</b> = မျက်မှောက်မှာရော မျက်ကွယ်မှာရော ---ဆိုပြီးတော့ မျက်မှောက် မျက်ကွယ် နှစ်မျိုးလုံးမှာပဲ မေတ္တာထားဖို့ကို အတော်ခပ်များများ နေရာတွေမှာ ဆုံးမထားပါတယ်။</p>
<p>ဒါကြောင့်မို့လို့ တစ်ဦးအပေါ်မှာ တစ်ဦးက မျက်မှောက်မှာလည်း ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာရှိဖို့ လိုအပ်ပါတယ်။ မျက်ကွယ်မှာလည်း ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို မေတ္တာဓာတ်တွေ ခြံရံပြီးတော့ - နောက် တစ်နည်းအားဖြင့်ပြောလျှင် ဗြဟ္မစိုရ်ဓာတ်တွေ ခြံရံပြီးတော့ မေတ္တာ ထားသင့်တဲ့ သတ္တဝါအပေါ်မှာ မေတ္တာထားလို့, ကရုဏာထားသင့်တဲ့ သတ္တဝါအပေါ်မှာ ကရုဏာထားလို့, ဝမ်းမြောက်ရမယ့် မုဒိတာတရား ထားရမယ့် သတ္တဝါအပေါ်မှာ မုဒိတာတရားတွေ ပွားများလို့, ဥပေက္ခာတရားတွေထားရမယ့် သတ္တဝါအပေါ်မှာ ဥပေက္ခာတရားတွေ ပွားများပြီးတော့ ညီညီညွတ်ညွတ် ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ တစ်ဦးကိုတစ်ဦး ချစ်ခင်တဲ့ မေတ္တာမျက်လုံးနှင့် ကြည့်တတ်ဖို့ လိုပါတယ်၊ ကြင်နာသနားတဲ့ ကရုဏာမျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်၊ တစ်ဦးရဲ့ကြိုးပမ်းမှုကို တစ်ဦးက ဝမ်းမြောက်တဲ့ မုဒိတာ မျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။ တစ်ဦးရဲ့ ကံကြမ္မာကို တစ်ဦးကနားလည်တဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။ တစ်ဦးကို တစ်ဦး ချစ်စရာသတ္တဝါအဖြစ် မြင်တတ်ရမယ်၊ ကြင်နာသနားစရာသတ္တဝါအဖြစ် မြင်တတ်ရမယ်၊ ဝမ်းမြောက်စရာ သတ္တဝါအဖြစ် မြင်တတ်ရမယ်၊ ကံအားလျော်စွာ ကောင်းကျိုး ဆိုးကျိုးကို ခံစံနေရတဲ့ သတ္တဝါအဖြစ် မြင်တတ်ရမယ်။ ဒီလို ကံအားလျော်စွာ ကောင်းကျိုး ဆိုးကျိုးကို ခံစံနေရတဲ့ သတ္တဝါအဖြစ် မြင်ခြင်းကိုပဲ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ကြည့်ခြင်းလို့ ဆိုလိုပါတယ်။ အဲဒီလိုမှ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မစိုရ်မျက်လုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး မကြည့်ဘဲ ကိုယ်ကြည့်နေကျ မျက်လုံး, ကိုယ်ကြည့်ချင်တဲ့မျက်လုံး, အိမ်မှာကြည့်တဲ့မျက်လုံး, ဟိုမှာ ကြည့်တဲ့မျက်လုံး, ဒီမှာကြည့်တဲ့မျက်လုံးစတဲ့ အဲဒီလို မျက်လုံးအမျိုးမျိုး တွေနဲ့ ကြည့်ပြီးတော့ ဆက်ဆံကြမယ်ဆိုရင်တော့ ဒီလုပ်ငန်းတွေ အောင်မြင်မယ်လို့ မထင်ပါဘူး။</p>
<p>ဒါကြောင့် မေတ္တာတရား ပွားသင့်တဲ့သတ္တဝါအပေါ်မှာ မေတ္တာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့, ကရုဏာတရား ပွားသင့်တဲ့သတ္တဝါ အပေါ်မှာ ကရုဏာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့, မုဒိတာတရား ပွားသင့်တဲ့သတ္တဝါအပေါ်မှာ မုဒိတာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့, ဥပေက္ခာတရား ပွားသင့်တဲ့ သတ္တဝါအပေါ်မှာ ဥပေက္ခာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့ လုပ်ငန်းတွေကို ဆောင်ရွက်ပြီး နေထိုင်သွားကြဖို့ လိုအပ်ပါတယ်။ ဒီကျောင်းတိုက်ရဲ့ သာသနာပြုလုပ်ငန်းတွေဟာ ရဟန်းပိုင်း, သီလရှင်ပိုင်း, အားပေးထောက်ပံ့နေတဲ့ ဒါယကာ ဒါယိကာမပိုင်း, ဝေယျာဝစ္စပိုင်းဆိုတဲ့ ခြေထောက် (၄)ချောင်း ထောက်မှ ဆက်လက်ပြီးတော့ တည်တံ့နိုင်တဲ့သဘော ရှိပါတယ်။ ခြေထောက် (၄)ချောင်းလုံးမှာ ဘယ်ခြေထောက်ကိုပဲ ကြည့်ကြည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်မျက်လုံးတွေနဲ့ အမြဲတမ်းကြည့် နေတဲ့ ခြေထောက်တွေ ဖြစ်အောင်လို့ ကြိုးစားကြပါလို့ တိုက်တွန်း နှိုးဆော်ပါတယ်။</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊</p>
<p>၁၃၆၆-ခု၊ ဝါဆိုလကွယ်နေ့၊</p>
<p>၁၅ . ၈ . ၂၀၀၄။</p>
<p>ဤစာစဉ်ကို ဓမ္မဒါနအဖြစ် ကူးယူပုံနှိပ်ခွင့် ရှိသည်။</p>
<p>: အပြစ်တင်ခြင်းဟာ အပြစ်တင်ခံရတဲ့သူကို မိမိဘက်ကနေ ပြန်လည်ပြီးတော့ ဟုတ်ဟုတ်, မဟုတ်ဟုတ် ထုချေလွှာတင်ဖို့ အခွင့်အလမ်းပေးလိုက်တာနဲ့ အတူတူပါဘဲ။</p>
<p>: မိမိကိုယ်ကို မိမိ အဆုံးအဖြတ် မခံလိုတဲ့အရာနဲ့ သူတစ်ပါးကို မဆုံးဖြတ်ချင်ပါနဲ့ကွယ်။</p>
<p>: မိမိရဲ့မြင့်မြတ်မှုကို မိမိရဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေနဲ့ ပြသကြစမ်းပါ။</p>
<p>: မိမိရဲ့အကြောင်းကို သိချင်လို့ရှိရင် မိမိကို မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက ဘယ်လိုဆက်ဆံ သလဲဆိုတာကို နည်းနည်းလေး စူးစမ်းကြည့်ရင် သိနိုင်ပါတယ်။</p>
<p>: အပြစ်ပြောခြင်းဆိုတာဟာ ညီညွတ်မှုကို အင်မတန် အနှောင့်အယှက်ပေးတဲ့ကိစ္စ ဖြစ်ပါတယ်။</p>
<p>: နာယကအစည်းအဝေး၌ ညီညွတ်ရေး</p>
<p>လျှောက်ကြားချက်။</p>
<hr>
<h3>အကျိုးဆောင်သူများသို့</h3>
<p>ဖားအောက်တောရ တရားရိပ်သာကြီးဟာ အခုဆိုရင် တစ်စထက်တစ်စ ကြီးကျယ်လာပြီး အစစအရာရာ တိုးတက်လာနေတာ တွေ့နေရပါတယ်။ အဲဒီ တိုးတက်ခြင်းနှင့်အတူ ရောက်ရှိလာကြတဲ့ လူယောဂီ ရှင်ယောဂီ အစရှိသည့် ပရိသတ်တစ်တွေ ချမ်းချမ်းသာသာနဲ့ တရားအားထုတ်နိုင်ကြပါစေဆိုတဲ့ ဆရာတော်ကြီးရဲ့ ဆန္ဒတော်က ပိုကြီးမားတဲ့အတွက် ကျောင်းတိုက်တာဝန်တွေကို ကူညီထမ်းဆောင်ပေးဖို့ အကူအညီတောင်းခြင်းဆိုတဲ့ ကိစ္စမျိုးတွေကို ဆရာတော် ဘုရားပြောခဲ့တာ အလွန်နည်းပါးပါတယ်။ တစ်ပါးထဲ စိတ်ပင်ပန်းခံ ကိုယ်ပင်ပန်းခံပြီးတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာကိုပဲ ကာလကြာမြင့်စွာ တွေ့ခဲ့ရပါတယ်။ အဲဒီလို လုပ်ကိုင်ရာမှာ လိုအပ်လာတဲ့ အနေ အထား တိုးတက်လာတဲ့ အနေအထားအရ သဒ္ဓါတရားကို အခြေခံပြီး မိမိတို့ဆန္ဒ အားလျော်စွာ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေ, သီလရှင် ဒါယကာ ဒါယိကာမတွေ ရှိခဲ့ကြပါတယ်။ အချို့သော ပုဂ္ဂိုလ်တွေကတော့ လက်ရှိ ဖားအောက်တောရမှာ မရှိတော့ပေမယ့် ဆရာတော်ကြီး သာသနာပြုလုပ်ငန်းတွေ စတင်ဆောင်ရွက်ချိန်မှ အစပြုပြီး အခုအချိန်အထိ ဝိုင်းဝန်းကူညီနေကြတဲ့ ဆရာတော် သံဃာတော်တွေ, သီလရှင် ဒါယကာ ဒါယိကာမတွေလည်း အခုအချိန်ထိ ရှိနေကြပါသေးတယ်။ အခု ဒီစာကို ဖတ်နေကြတဲ့ အထဲမှာလည်း ပါကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။</p>
<p>ဆရာတော်ကြီးနှင့် ယခုအချိန်အထိ လက်တွဲညီညီ သာသနာပြု လုပ်ငန်းတွေကို လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါမှာ ဆရာတော်ဘုရား ဖြစ်စေလိုတဲ့ ဆန္ဒကို ရှေးရှုပြီး နောက်ကနေ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ဆန္ဒဓာတ်နှင့်သာ လုပ်ကိုင်နေကြတာကို ယနေ့ထိ တွေ့မြင်နေရဆဲပါ။ တရားနှင့် လျော်ညီတဲ့ ဆရာတော်ဘုရားရဲ့ ဆန္ဒတော်တွေကို အလေးဂရုပြုပြီး သာသနာ့တာဝန်, ကျောင်းတိုက် တာဝန်တွေကို ထမ်းဆောင်နေခဲ့ကြခြင်းသာ ဖြစ်တယ် ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဆရာတော်ဘုရားကြီးနှင့် လက်တွဲပြီး သာသနာ့တာဝန်ကို ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များဟာ ဆရာတော် ဘုရားကြီးကဲ့သို့ပင် ရောက်ရှိလာတဲ့ ယောဂီသူတော်ကောင်းတို့ကို ချမ်းချမ်းသာသာဖြင့် တရားအားထုတ်နိုင်စေလိုတဲ့အတွက် အနည်းငယ်သော ပုဂ္ဂိုလ်များဖြင့်သာ ပင်ပန်းကြီးမားလှတဲ့ တာဝန်တွေကို ယူပြီး မညည်းမညူ လက်တွဲလုပ်ဆောင်ခဲ့တာ ဖြစ်လေတော့ ယခုဆိုရင် ကြီးမားလာတဲ့, တိုးတက်လာတဲ့ အရှိန်အဟုန်တွေကြောင့် တာဝန်တွေလည်း အတော်ပဲ ပိလာနေကြပါပြီ။ တစ်ခါတစ်ရံမှာ မွန်းကြပ်မှုတွေ ဖြစ်ပေါ်ခဲ့ကြရတာတွေကိုလည်း မြင်တွေ့ကြရပါ တယ်။ သို့သော်ငြားလည်း သူတော်ကောင်းတို့ရဲ့ ရှေးထုံးအစဉ်အလာ အတိုင်း သည်းခံခြင်းတရား ဦးထိပ်ထားပြီး အခက်အခဲမြောက်များစွာကို ဉာဏ်မှီသမျှ အတွေ့အကြုံတွေအပေါ် အခြေခံလျက် ဗြဟ္မစိုရ် တရား လက်ကိုင်ထားပြီး ယနေ့အချိန်အထိ ကျော်လွှားဖြေရှင်း နေကြဆဲပါ။</p>
<p>ဥပမာပေါ့လေ...စကားလေးတစ်ခွန်းဟာ ဘာမှ မပြောပ လောက်ပေမယ့် တဖြည်းဖြည်းနဲ့ ပြောကြပါများတော့ အဓိပ္ပါယ် ယူဆချက် အမျိုးမျိုးတွေဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး နားမလည်နိုင်မှုတွေ ဖြစ်ခဲ့ကြရ, ဖြစ်နေကြရတာတွေကို ရံခါရံခါ တွေ့နေရပါသေးတယ်။ ဒီလိုနားမလည်မှုတွေ, အထင်လွဲခံရမှုတွေကြားမှာ ကျောင်းတိုက်ရဲ့ တာဝန်တွေကို ကိုယ်စီကိုယ်စီ ဆောင်ရွက်နေကြရလေတော့ ဒီလို ဆောင်ရွက်နေကြရတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီလိုတာဝန်တွေ ယူနေကြရတာ ဟာ ပိုပြီးတော့လည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရလိမ့်မယ် လို့လည်း တွေးမိပါတယ်။</p>
<p>အခုဆိုရင် တိုက်တာရဲ့ တာဝန်တွေကို ရောက်ရှိလာတဲ့ ဆရာတော်, သံဃာတော်, သီလရှင်, ယောဂီ, ဒါယကာ, ဒါယိကာမအဖွဲ့ တွေနဲ့ ဝိုင်းဝန်းပြီး တာဝန်ယူလာကြလေတော့ ဒီလိုအခက်အခဲတွေဟာ အတော်အတန် သက်သာမှု ရလိမ့်မယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ဥပမာတစ်ခုနဲ့ ထုတ်ဆောင် တင်ပြချင်တာလေးတစ်ခု ရှိနေပါတယ်။ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ဆိုင်ရာ ဆိုင်ရာ အသိပညာရှင်တွေ အတတ်ပညာရှင်တွေဟာ တိုင်းပြည်အတွက် ဆိုင်ရာဆိုင်ရာ ထောင့်တစ်နေရာရာကနေ ပူးပေါင်းပါဝင်ပြီး တည်ဆောက်လိုက်ပါမှ ကောင်းမွန်တိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်ပေါ် လာသလိုပါပဲ၊ အခု ဖားအောက်တောရမှာလည်း ဆိုင်ရာဆိုင်ရာ တာဝန်တွေကို သဒ္ဓါတရား ရှေ့ထားပြီး လုပ်ကိုင်နေကြတာတွေကို ကြည့်လိုက်တဲ့အခါမှာ အဖွဲ့အစည်းများစွာနဲ့ ဖွဲ့စည်းပြီး လုပ်နေကြရတာကို တွေ့မြင်နေရပါတယ်။</p>
<p>ရေရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့အဖွဲ့ ဆိုပါတော့။ သူတို့သာ ရေကို လုံလောက်အောင် လုပ်ထားမပေးနိုင်ဘူးဆိုရင် အခုလို တောတောင်ထဲမှာ နေထိုင်သီတင်းသုံးကြရတဲ့ ရဟန်းသံဃာတွေ ယောဂီပရိသတ်တွေဟာ ဘယ်လိုမှ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒီတာဝန်ကို ယူထားကြရတဲ့ ပုဂ္ဂိုလ်တွေဟာ အင်မတန်မှ ပင်ပန်းကြ ပါတယ်။ ကျေးဇူးအလွန်များကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍမရှိဘဲနဲ့ ဘယ်သူမှ ချမ်းချမ်းသာသာ တရားအားထုတ်နိုင်ကြမှာ မဟုတ်ပါဘူး။</p>
<p>မီးရရှိရေး, အဆင်ပြေရေးအတွက် ကြိုးပမ်းနေကြရတဲ့ အဖွဲ့တွေကို ကြည့်လိုက်ရင်လည်း နေပူမရှောင် မိုးရွာမရှောင် ရေရရှိရေး အဖွဲ့တွေလိုပဲ ကြိုးစားပမ်းစား ဆောင်ရွက်နေကြပါတယ်။ အန္တရာယ် ကြီးမားပေမယ့် သာသနာတော်ကို စွမ်းနိုင်သမျှသော ကာယ, ဉာဏအားနဲ့ ပံ့ပိုးမယ်ဆိုတဲ့ သူတို့ရဲ့စိတ်ဓာတ်ကို တကယ်ပဲ လေးစားမိပါတယ်။ သူတို့သာ မစွမ်းဆောင်ခဲ့ရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာတွေက အများကြီးပါ။ မီးမလာရင် ရေမရနိုင်ပါဘူး။ ရေမရရင် ဆွမ်းချက်တဲ့ ကိစ္စကအစ အစစအရာရာမှာ အခက်အခဲတွေ မြောက်မြားစွာ ဖြစ်လာနိုင်ပါတယ်။ ဒီအဖွဲ့တွေလည်း သူ့အဖွဲ့နဲ့သူ စွမ်းဆောင်နိုင်သမျှ တာဝန်တွေကို ယူထားကြတာပါ။</p>
<p>ပြီးတဲ့အခါ ဆောက်လုပ်ရေးအဖွဲ့...သူတို့တစ်တွေ ကြိုးကြိုးစားစားနဲ့ ကြီးကြပ်ပြီး မဆောက်ခဲ့ကြရင်လည်း လုံလောက်တဲ့ အဆောက်အဦ မရှိတဲ့အတွက် ရောက်လာတဲ့ယောဂီ ပရိသတ်တွေ အားလုံးဟာ ဘယ်လိုမှ ချမ်းချမ်းသာသာနဲ့ သီတင်းသုံးနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအဖွဲ့ကို ကြည့်လိုက်လို့ရှိရင်လည်း သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်တဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမသာသနာတော်ကို တိုးတက်ကြီးပွားအောင် ပံ့ပိုးရွက်ဆောင်တဲ့နေရာမှာ အလွန်အရေးပါ အရာရောက်တာကို သိနိုင် မြင်နိုင်ကြပါတယ်။</p>
<p>နောက်တစ်ခုက ဆွမ်းချက်တဲ့ ကိစ္စပါ။ သီလရှင် ဆရာကြီး ဆရာလေးတွေနဲ့ ဝေယျာဝစ္စလုပ်အားဒါနရှင်တွေရဲ့ တကယ့်ကို ကြိုးကြိုး စားစားနဲ့ လာရောက်ဖြည့်ဆည်းပေးနေကြတာဟာ သာသနာတော်ကို ကြီးစွာသော ထောက်ပံ့မှုတွေ ပေးနေခြင်းပဲ ဖြစ်ပါတယ်။ တစ်နေ့လျှင် လူဦးရေ (၇၀၀) ကျော်လောက်ကို အဆင်ပြေစေတဲ့ အာဟာရတွေ ရရှိစေနိုင်ရေးအတွက် စီမံရခြင်းဟာ ကြီးမားလှတဲ့ တာဝန်တစ်ခု ဆိုတာ စာရှုသူတို့အနေနဲ့ ခန့်မှန်းကြည့်နိုင်ပါတယ်။ လူအများအတွက် တစ်ချိန်ထဲမှာ အဆင်ပြေအောင်လို့ စီမံရတဲ့ ဒယ်အိုး, ဒန်အိုးတွေက မသေးကြသလို မီးဖိုတွေကလည်း မသေးကြပါဘူး။ မီးဖိုတွေက ကြီးတော့ မီးတောက် မီးလျှံတွေရဲ့ အပူဒဏ်တွေကို နေ့စဉ်နှင့်အမျှ ကျော်လွှားနေရတဲ့ မီးဖိုနားက စီမံနေတဲ့သူတွေဟာ အလွန်ပင်ပန်းကြပါတယ်။ ဒီအဖွဲ့အနေနဲ့ သဒ္ဓါတရား ရှေ့ထားပြီး မိမိတို့ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ မဆောင်ရွက်ပေးနေဘူးဆိုရင် ဘယ်လိုမှ ချမ်းချမ်းသာသာနဲ့ တရားဘာဝနာတွေ ကျင့်ကြံနိုင်ကြမှာ မဟုတ်ပါဘူး။ သာသနာတော်ကိုလည်း ပြန့်ပွားအောင် ဖြန့်ဖြူးလို့ မရနိုင်ပါဘူး။</p>
<p>နောက်အလုပ်များကြတဲ့ နေရာကတော့ သံဃာယောဂီ, လူယောဂီ လက်ခံနေရာချထားရေးအဖွဲ့, ကွန်ပြူတာအဖွဲ့တွေပါဘဲ။ အင်မတန်မှ အလုပ်များကြပါတယ်။ တကယ်လက်တွေ့ လုပ်ကိုင်နေကြရတဲ့ သူတွေကတော့ ပိုပြီး သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါ တယ်။ ဘေးကနေ ကြည့်ရတာနဲ့ကို အများကြီး သဘောပေါက် နားလည်မိပါတယ်။ ပုဂ္ဂိုလ်မျိုးစုံ စရိုက်မျိုးစုံတွေကို ဘယ်လောက်ထိ သည်းခံစိတ်ထားပြီး ဆက်ဆံနေရမယ်, အားလုံးသောအဖွဲ့အစည်းများသည်လည်း အခက်အခဲတွေကြားထဲက အလုပ်လုပ်နေကြရမယ် ဆိုတာကိုလည်း မျှဝေခံစားမိပါတယ်။</p>
<p>ဖားအောက်တောရရဲ့ တိုးတက်လာနေတဲ့ တိုးတက်မှုနှင့်အတူ လိုအပ်ချက်တွေကို စွမ်းနိုင်သမျှ ပြည့်စုံအောင်လို့ ကြိုးစားဆောင်ရွက်နေတဲ့ နေရာမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော, အလှူရှင်တွေရော လက်တွဲညီညီနဲ့ ဆောင်ရွက်နေကြလို့ အခုဆိုရင် အတော်ကြီး ဖြည့်ဆည်းပေးနေနိုင်တာကို တွေ့မြင်နေရပါတယ်။ သာသနာတော်ကြီး စည်ပင်ပြန့်ပွားစေဖို့, သူတော်ကောင်းတွေ တရားထူး တရားမြတ် ရရှိဖို့အတွက် စွမ်းနိုင်သမျှ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေလို့ ဆိုရင် မမှားပါဘူး။</p>
<p>ဒါကြောင့်မို့လို့ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းရဲ့ တာဝန်တွေကို လေးလေးစားစားနဲ့ အသိအမှတ်ပြုစေချင်ပါတယ်။ လူတိုင်း လူတိုင်းဟာ မိမိကိုယ်ကို မိမိ အထင်ကြီးကြပါတယ်။ မိမိလုပ်တဲ့ အလုပ်သည် သာလျှင် တကယ့်ကို ကောင်းတယ်၊ အဓိပ္ပါယ်ရှိတယ်၊ ငါဟာ အရေးအကြီးဆုံးပုဂ္ဂိုလ်ပဲလို့ ရင်ထဲကနေ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ များကြပါ တယ်။ ဒါတွေဟာ သတ္တဝါတို့ရဲ့ သဘာဝတစ်ခု ဖြစ်တဲ့အတွက် ကြောင့် ဒါကို အပြစ်လို့ မဆိုချင်ပါဘူး။ ဒါပေမယ့် မိမိတို့ တစ်ဦး တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဆိုတာကိုတော့ နားလည် သဘောပေါက်စေချင်ပါတယ်။ အားလုံးစွမ်းနိုင်ပါမှ ကြိုးစားနိုင်ပါမှသာလျှင် ဖြစ်နိုင်တဲ့ အလုပ်တွေ ဖြစ်ကြပါတယ်။ အဲဒီတော့ တခြားသော အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့...စည်းကမ်းထိန်းသိမ်းရေး, ဓမ္မဒေသနာပြန့်ပွားရေး, နိုင်ငံခြားသားယောဂီ ရဟန်းယောဂီ လူယောဂီများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး, အဆောက်အဦများ သန့်ရှင်းသာယာ သပ်ရပ်စေရေး, ကျန်းမာရေး ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးရေး, ဂိလာနသံဃာတော်များအတွက် အာဟာရပြည့်စုံအောင် သီးသန့်စီစဉ်ပေးရေး စသည့် တာဝန်တွေ အပြင် ဆွမ်းချက်ရုံ, ဆွမ်းလောင်းရုံများ၌ တာဝန်အသီးသီး ယူထားသူတွေလည်း ရှိပါတယ်။ သိသူနည်းပါးပြီး အင်မတန် ပင်ပန်းလှတဲ့ တာဝန်တွေကို ယူထားတဲ့ ပုဂ္ဂိုလ်အချို့၊ အဖွဲ့အချို့ကို ကြည့်လိုက်လျှင် သဒ္ဓါတရားကို အခြေခံပြီးတော့ လုပ်နေကြတာပါ။ ရေရရှိရေး အတွက် တာဝန်ယူထားကြတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တစ်ခါတစ်ရံ တစ်ညလုံးမအိပ်ဘဲနဲ့ လုပ်ကြရတာတွေလည်း ရှိပါတယ်။</p>
<p>ဒါတွေကို ကြည့်လိုက်ရင် ဖားအောက်တောရဟာ အရှိန်ပြင်းပြင်းနဲ့ လည်ပတ်နေတယ်ဆိုတာ သိသာနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းတိုက်ကြီးဟာ သိပ်ကြီးမားလာတဲ့ အခါကျတော့ ပင်ပန်းနေကြပါပြီ။ ရဟန်းတော်များ အပိုင်းရော, သီလရှင်များ, အနုဂ္ဂဟအဖွဲ့များလည်း ပင်ပန်းနေကြပါတယ်။ ဒါပေမယ့် သဒ္ဓါတရားအခြေခံပြီး ဆရာတော်ကိုလည်း ကြည်ညိုလို့, သာသနာတော်ကိုလည်း ကြည်ညိုလို့, ကျင့်စဉ်ပိုင်းကိုလည်း စိတ်ချယုံကြည်ကြလို့ တော်ပြီ ... ဒါတွေမလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက် ခဏခဏချပြီးပါလျက်နဲ့ ပြန်ပြီး လုပ်နေကြတာဟာ စွန့်လွှတ်နေကြတာပါ, သည်းခံ နေကြတာပါ, တကယ့် မေတ္တာနဲ့ ရှေးရှုပြီး လုပ်နေကြတာပါလို့ မြင်မိပါတယ်။ မေတ္တာနဲ့ သည်းခံခြင်းဟာ မရှိမဖြစ် လိုအပ်တယ်။ လို့ တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်တဲ့ စကားဟာ ကိုယ်တွေ့ကနေ ဖြစ်ပေါ်လာတဲ့ အလွန်လက်တွေ့ကျတဲ့ စကားလုံးပဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်မိပါတယ်။</p>
<p>အများအကျိုးဆောင်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ထားကြရပြီးတော့ သည်းခံခြင်းဆိုတာကို အတော်လေး လက်ကိုင်ပြုပြီး သွားကြရတဲ့သဘော ရှိပါတယ်။ အခုလို အဖွဲ့အစည်းတွေ ရှိအောင်လို့ ကြိုးစားကြရတဲ့ ရည်ရွယ်ချက်က လုပ်ငန်းကြီး မလည်ပတ်လို့ မဟုတ်ပါဘူး။ လည်ပတ်နေတဲ့ လုပ်ငန်းကြီးကို ဆထက် ထမ်းပိုး တိုးပြီး အချိတ်အဆက် ညီညီနဲ့ အခုလိုမျိုး အနည်းငယ်မျှသော ပုဂ္ဂိုလ်တွေ ပင်ပန်းနေကြရတာကို မျှဝေခံစားပြီး လုပ်နိုင်ရေးအတွက် ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။ လုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာ တကယ့်ကို အနစ်နာခံပြီးတော့ လုပ်နေကြတာပါ။ ဒါပေမယ့် အဲဒီလို တစ်ဦးတစ်ယောက်တည်း လုပ်တဲ့အတွက်ကြောင့် သတ္တဝါတွေ အများဆုံး ဖြစ်တတ်တာက ဘေးကနေကြည့်ပြီးတော့ မကောင်းပြောတတ်တဲ့ သဘာဝရှိပါတယ်။ အဲဒီသဘာဝဟာ စာရေးသူမှာလည်း ရှိမယ်လို့ ဝန်ခံပါတယ်။ အခြားသူများမှာ ရှိမယ် မရှိဘူးဆိုတာ တော့ လူ့သဘာဝကို နားလည်ပြီး ရိုးရိုးသားသားနဲ့ ဆင်ခြင်ကြမယ်ဆိုရင် သိနိုင်ပါတယ်။</p>
<p>ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ ပြန်ဆန်းစစ်လိုက်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘာတွေ လုပ်နေကြရတယ် ဆိုတာကို အတွင်းကျကျ မသိတာကြောင့် ဖြစ်ရတာပါ။ တကယ်တော့ တကယ် တမ်း လုပ်နေရသူတွေမှာ အင်မတန် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ များစွာကို သည်းခံပြီးတော့ သာသနာတော်အတွက်, သတ္တဝါတွေ ချမ်းသာဖို့အတွက်, ဤသူတော်ကောင်းတွေ တရားရကြပါစေဆိုတဲ့ ဆန္ဒကို ပြန်ပြန်တည့်မတ်ပြီး လုပ်နေကြရတာပါ။ ဒါတွေကို အားလုံးသော တာဝန်ရှိသူတွေက တစ်ပါးနဲ့တစ်ပါး, တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆွေးနွေး တိုင်ပင်ကြပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားကြမယ်ဆိုရင် ဘယ်နေရာကတော့ဖြင့် ဘယ်လောက်ထိ ပင်ပန်းတယ်။ ဘယ်နေရာကတော့ဖြင့် ငါဝင်သင့်တယ်။ ဘယ်နေရာကတော့ဖြင့် သူနဲ့ ထိုက်တန် တယ် အစရှိတဲ့ မိမိ သူတစ်ပါးရဲ့ အရည်အချင်းတွေကို ကောင်းကောင်း နားလည်ပြီးတော့ သူလုပ်နေတဲ့ အလုပ်အပေါ်မှာ မကျေနပ်တဲ့ စိတ်ထားတွေ, <b>ဣဿာ မစ္ဆရိယတရား</b>တွေ ဖြစ်နိုင်ခွင့် နည်းပါး လာမှာ ဖြစ်သလို မိမိလုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ကျန်နေတဲ့ သူတစ်ပါးတွေက နားလည်မှု ဝင်လာကြပြီး ဖြစ်တတ်တဲ့ မကျေနပ်မှု တွေဟာ ဝင်ရောက်ခွင့် မရတော့ဘဲ လက်တွဲပြီးတော့ လုပ်ကိုင်သွား နိုင်ကြမှာ ဖြစ်တယ်။</p>
<p>တကယ်လုပ်ကြည့်တော့မှ ဘာတွေ လုပ်ရတယ်ဆိုတာကို သိကြ ရတာပါ။ အပြင်က ကြည့်မယ်ဆိုရင် အပေါ်ယံကြောအားဖြင့် နားမလည်နိုင်တာတွေ အများကြီး ရှိပါတယ်။ တချို့သောအရာတွေ ဉာဏ် သက်ဝင်နိုင်ပေမယ့် တချို့သောအရာတွေဟာ ဉာဏ်မသက်ဝင်နိုင် ပါဘူး။ ရဟန္တာတွေတောင်မှ မိမိတို့ မသင်ခဲ့ရတာကို မသိနိုင်ပါဘူး။ စာရေးသူ စာဖတ်သူတို့အနေနဲ့ မသိတာတွေ အများကြီး ရှိပါသေးတယ်။ ပြီးတော့ <b>သက္ကာယဒိဋ္ဌိ</b>တန်းလန်းနဲ့ ငါစွဲဆိုတာတွေ ရှိနေကြသေးတော့ အရာရာကို ငါဆိုတဲ့ အတ္တနဲ့ ဆုံးဖြတ်ပြီးတော့ ပြောဆို လုပ်ကိုင်ချင်ကြတဲ့ သဘာဝလေးတွေကိုလည်းပဲ အနည်းငယ် ဆင်ခြင် ကြစေချင်ပါတယ်။ ငါဆိုတဲ့ <b>သက္ကာယဒိဋ္ဌိ</b>ရဲ့ ကျေးကျွန်တွေ ဖြစ်နေကြရတဲ့, ဘေးနဲ့နီးတဲ့ မိမိတို့ရဲ့ ဘဝကိုလည်း မြင်အောင် ကြည့်ကြပါ။ <b>သက္ကာယဒိဋ္ဌိ</b>တန်းလန်းနဲ့ အသက်ရှင်နေရတဲ့ ပုထုဇန်တို့ရဲ့ ဘဝက ဘေးအမျိုးမျိုးနဲ့ အမြဲဆက်ဆံနေရတဲ့သဘော ရှိတာကို သတိရှိစေ ချင်တယ်။ အများနဲ့ အလုပ်လုပ်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှု ရှိကြပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ဦးတစ်ယောက်တည်းနဲ့ ဘယ်လိုမှ မလည်ပတ်နိုင်တဲ့ ကြီးမားလှတဲ့ သာသနာတော်ကြီးရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သူများပီပီ တစ်ပါးနဲ့တစ်ပါး အချိတ်အဆက်ညီညီနဲ့ သွားနိုင်ဖို့ဆိုတာက တစ်ပါးကိုတစ်ပါး လေးစားဖို့ လိုပါတယ်။ ငယ်တဲ့သူအများစုဟာ ကြီးတဲ့သူတွေကို လေးစားပြီးသား ဖြစ်ပါတယ်။ ကြီးတဲ့သူများဘက်ကလည်း ငယ်တဲ့သူတွေကို လေးစားမယ်ဆိုရင် ရှိပြီးသား လေးစားကြည်ညိုမှုဟာ ပိုပြီး တိုးလာမှာ ဖြစ်ပါတယ်။ ပညာရှိတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မိမိရဲ့ မြင့်မြတ် မှုကို မိမိရဲ့ အပြုအမူ, အပြောအဆို, အနေအထိုင်တွေနဲ့ ပြသကြစမ်းပါတဲ့။ မိမိတို့ရဲ့ မြင့်မြတ်မှုကို မိမိတို့ရဲ့ အပြုအမူ အပြောအဆိုတွေက သတ်မှတ်ကြသလို နိမ့်ကျတဲ့ စိတ်ဓာတ်တွေကိုလည်း မိမိတို့ရဲ့ အပြုအမူ အပြောအဆိုက ဖော်ပြပေးနေကြ သတ်မှတ်ပေးနေကြ တာပါ။ မိမိရဲ့ အကြောင်းကို သိချင်လို့ရှိရင် မိမိကို မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ဘယ်လို ဆက်ဆံသလဲ ဆိုတာကို နည်းနည်းလေး စူးစမ်းကြည့်ရင် သိနိုင်ပါတယ်လို့ ပညာရှိတွေက ဆိုကြပါ တယ်။ အလွန်မှန်ပါတယ်။ မိမိကို ဘယ်လို ပုဂ္ဂိုလ်တွေက ဘယ်လို ဆက်ဆံကြသလဲဆိုတာဟာ မိမိနဲ့ထိုက်တန်တဲ့ အပြုအမူကို ပြန်လည် တုံ့ပြန်ကြတဲ့ သဘောပါ။ အဲဒါလေးတွေကို သတိထား ကြည့်ပြီး ငါတို့ ဘာတွေ ပြုပြင်သင့်သလဲ? မိမိကိုယ်ကို မိမိ ပြန်ပြီး ဆင်ခြင်ပေး စေချင်ပါတယ်။ ဆင်ခြင်ပေးဖို့ လိုပါတယ်။</p>
<p>အများနဲ့ လုပ်ဆောင်တဲ့နေရာမှာ ညီညွတ်မှု အလွန်အရေးကြီး ပါတယ်။ အပြစ်ပြောခြင်းဆိုတာဟာ ညီညွတ်မှုကို အင်မတန် အနှောင့်အယှက်ပေးတဲ့ ကိစ္စဖြစ်ပါတယ်။ အမေရိကန်သမိုင်းကြောင်းကို အလွန်အားကောင်းကောင်းနဲ့ ပြောင်းပေးခဲ့တဲ့ သမ္မတလင်ကွန်းဆိုတာ ရှိခဲ့ဖူးပါတယ်။ သူသေခါနီးအချိန်မှာ သူ့ရဲ့စစ်ဝန်ကြီး ကနေ ပြောခဲ့တဲ့ စကားလေးကို ပြောပြချင်ပါတယ်။ အခု ဒီမှာ လဲလျောင်းနေတဲ့ ပုဂ္ဂိုလ်ဟာ လူတွေကို အုပ်ချုပ်တဲ့နေရာမှာ အင်မတန်တော်တဲ့, အင်မတန်အစွမ်းထက်တဲ့ ထိပ်တန်းအကျဆုံး ပုဂ္ဂိုလ်ပဲလို့ ဥဒါန်းကျူးပြီးတော့ ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ တစ်ချိန်က (သမ္မတမဖြစ်ခင်) ပုဂ္ဂိုလ်တစ်ယောက်ကို ဆောင်းပါးရေးပြီး ကလောင်သွားနဲ့ အပြစ်တင်ကာ မချိမဆံ့ မခံနိုင်အောင်လို့ကို သရော် ခဲ့ အပြစ်ပြောခဲ့ဖူးပါတယ်။ ဒီလို သရော်ပြီး အပြစ်တင်တဲ့ ဆောင်းပါးကို လူတွေက ဖတ်ရတဲ့အခါမှာ အလွန်မှ သဘောကျပြီး အူတက်အောင် ရယ်ကြပါတယ်။ ဆောင်းပါးထဲမှာ သရော်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ဒီစာကို ဘယ်သူရေးတာလည်းဆိုတာကို စုံစမ်းတော့ (သမ္မတလင်ကွန်း ဖြစ်လာမယ့်) ဒီပုဂ္ဂိုလ်ပဲဆိုတာ သိခဲ့ပါတယ်။ သိလိုက်တော့ သိပ်ကို ဒေါသဖြစ်သွားပါတယ်။ သတ္တိရှိရင် မင်းနဲ့ငါ အသက်သေသည်အထိ ဓားချင်းယှဉ်ခုတ်မယ်ဆိုပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ ဆောင်းပါးရေးတဲ့ (သမ္မတလင်ကွန်း ဖြစ်လာမယ့်) သူက မခုတ်ချင်ပေမယ့်လည်း ဂုဏ်ကိုငဲ့ပြီး လက်ခံလိုက်ရပါတယ်။ ဓားခုတ်တဲ့ပညာလည်း မတတ်လေတော့ ချိန်းတဲ့ရက် မတိုင်မီ ဓားခုတ်တဲ့ပညာကို အမြန်သင်ရပါတယ်။ သူတို့ဟာ ကိုယ့်အုပ်စုနဲ့ကိုယ် ချိန်းတဲ့ရက်, ချိန်းတဲ့ နေရာကို သွားခဲ့ကြတယ်။ တစ်ယောက်ကို တစ်ယောက် အသေခုတ်သတ်ရန် တွေ့ဆုံကြတဲ့ပွဲမှာ ဒီအုပ်စု (၂)စုက သူတို့နှစ်ဦးကို ဝိုင်းပြီး ဖြန်ဖြေပေးလိုက်ကြတဲ့အတွက် ဓားခုတ်ပွဲတော့ မဖြစ်ခဲ့ပါဘူး။ အဲဒီမှာ သမ္မတလင်ကွန်း ဖြစ်လာမယ့်ပုဂ္ဂိုလ်ဟာ အကြီးအကျယ် နောင်တ ရခဲ့ပါတယ်။ ဒီပြဿနာဟာ သေလောက်အောင် ဖြစ်မယ့် ပြဿနာဘဲ။ ဒါဟာ အပြစ်တင်ခြင်းကြောင့်, တစ်ပါးသူကို အပြစ်ပြောဆိုမိတဲ့ အတွက်ကြောင့် ဖြစ်လာရတာဘဲဆိုပြီး သုံးသပ်မိသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူဟာ အပြစ်တင်ခြင်းဆိုတဲ့ လုပ်ငန်းကို လုံးဝစွန့်လွှတ်ခဲ့ပါတယ်။ သမ္မတဖြစ်လာတဲ့ အခါကျတော့ တစ်ချိန်မှာပေါ့လေ, စစ်ဝန်ကြီးတွေ တစ်ဦးပြီး တစ်ဦး ပြောင်းခဲ့ရတဲ့ အခြေအနေ တစ်ခု ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူ့ဇနီးသည်က သူ့ကို ဒီလိုပြောပါလားဆိုပြီး အကြံပေးတော့ သမ္မတလင်ကွန်းက မိမိကိုယ်ကို မိမိ အဆုံးအဖြတ် မခံလိုတဲ့အရာနဲ့ သူတစ်ပါးကို မဆုံးဖြတ်ချင် ပါနဲ့ကွယ်ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ အပြစ်တင်မှုကို ဘယ်သူက လက်ခံချင်ပါသလဲ?လို့ မေးရင် ဘယ်သူမှ လက်မခံချင်ပါဘူး။ တကယ်မှားသွားတာပဲ ဖြစ်ပါစေ။ လူတိုင်း လူတိုင်းဟာ မိမိကိုယ်ကို မိမိ အထင်ကြီးပြီး မှန်တယ်ထင်လို့ လုပ်ကြတာပါပဲ။ အဲဒီတော့ အပြစ်တင်လိုက်ခြင်းသည် ဘယ်လို ဖြစ်လာသလဲဆိုတော့ အပြစ်တင် ခံရသူကို ပြန်လည်ပြီးတော့ အကြောင်းအကျိုးနဲ့ ချေပဖို့ရန် နှိုးဆော် လိုက်တာနဲ့ အတူတူပါ။ အပြစ်တင်ခြင်းဟာ အပြစ်တင် ခံရတဲ့သူကို မိမိဘက်ကနေ ပြန်လည်ပြီးတော့ ဟုတ်ဟုတ်, မဟုတ်ဟုတ် ထုချေလွှာတင်ဖို့ အခွင့်အလမ်း ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဘာကြောင့် လဲ? မိမိကိုယ်ကို မိမိ အထင်ကြီးနေတဲ့အတွက်ကြောင့် အပြစ်တင်တာကို ဘယ်လိုမှ လက်မခံပါဘူး။ ပြီးတော့ ပိုဆိုးတာကတော့ အပြစ်တင်ခံရတဲ့သူဟာ မိမိရဲ့ အထင်ကြီးနေတဲ့စိတ်ကို ချိုးနှိမ်ခံ လိုက်ရတဲ့ အတွက်ကြောင့် အပြစ်တင်တဲ့ ပုဂ္ဂိုလ်ကို တစ်သက်လုံး မုန်းတီးသွား တတ်ပါတယ်။ အဲဒီလို မုန်းတီးမှုတွေဟာ ဖားအောက်တောရတရားရိပ်သာမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ရှိနေခဲ့ရင်တော့ ပွင့်လင်းစွာ ဆွေးနွေးမှုကို အခြေပြုပြီး တစ်ပါးကိုတစ်ပါး တစ်ဦးကိုတစ်ဦး လေးစားသော စိတ်ထားဖြင့် ပြုမူဆက်ဆံပေးကြပါ။ မိမိကိုယ်ကို မိမိ အထင်ကြီးလေးစားတဲ့စိတ်ထား ကိုယ်စီ ရှိကြတာကို သဘောပေါက်ကြပြီးတော့ အပြစ်မတင်ကြဘဲ ချီးမွမ်းသင့်တာ ချီးမွမ်း၊ လျစ်လျူရှုသင့်တာ လျစ်လျူရှုပြီး မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေနဲ့ ရှေ့ဆက်ပြီး ဒီအဖွဲ့အစည်းတွေက အောင်မြင်အောင် လျှောက်လှမ်းကြမယ်ဆိုရင် ဒီဖားအောက်တောရ တရားရိပ်သာကြီးဟာ တင့်တင့်တယ်တယ်ဖြင့် လောကအလယ်မှာ ထွန်းလင်းနေမှာ ဖြစ်ပါတယ်။ ဒါမှသာ တက်ညီလက်ညီနဲ့ သာသနာတော်ရဲ့ အကျိုး, သာသနာတော်ကို မှီခိုဆည်းကပ်နေကြတဲ့ ဒါယကာ ဒါယိကာမတွေရဲ့ အကျိုး, ကမ္ဘာအရပ်ရပ်မှ ပါရမီရှင်တွေရဲ့ အကျိုးကို ရွက်ဆောင်ပေးနိုင်ကြမှာ ဖြစ်တယ်။</p>
<p>အဲဒီတော့ အားလုံးအားလုံးသော ပုဂ္ဂိုလ်တို့သည် မြတ်စွာ ဘုရားရှင် ထူထောင်ထားတဲ့ သာသနာတော်လို့ ခေါ်ဆိုတဲ့ အဆုံးအမ အောက်မှာ တစ်ဦးတစ်ယောက် တစ်ဖွဲ့ဆိုတဲ့ အယူအစွဲတွေ မထားကြဘဲ လူသားတွေအားလုံး၊ သတ္တဝါတွေ အားလုံးအတွက်ဆိုတဲ့ စိတ်ထားမျိုးကို မွေးမြူကြစေချင်တယ်။ သတ္တဝါတိုင်း, လူမျိုးတိုင်းရဲ့ အားကိုးထိုက် ဆည်းကပ်ထိုက်တဲ့ ဘုရားရှင်ရဲ့ သားတော် သမီးတော် တွေ ဖြစ်နိုင်အောင်, ဖြစ်လာအောင်, ညီညွတ်စွာနဲ့ ပြုပြင်သင့်တာ ပြုပြင်ကြပါ။ မိမိရဲ့အပြစ်ကို ရှုသင့်တာရှုရင်းနဲ့ မိမိရဲ့ အားနည်းချက်, သူတစ်ပါးရဲ့ အားနည်းချက်, မိမိရဲ့ အားသာချက်, သူတစ်ပါးရဲ့ အားသာချက်တွေကို မြင်အောင် ကြိုးစားပြီး၊ ခွင့်လွှတ်သင့်တဲ့အရာ ခွင့်လွှတ်, ချီးမွမ်းသင့်တဲ့အရာမှာ ချီးမွမ်း, ဖေးမသင့်တဲ့အရာမှာ ဖေးမပြီး၊ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ပြီး သွားလိုက်ကြ မယ်ဆိုရင်တော့ လည်ပတ်နေပြီးဖြစ်တဲ့ ဖားအောက်တောရ တရားရိပ်သာရဲ့ လုပ်ငန်းစဉ်တွေဟာ ဆထက်ထမ်းပိုး လည်ပတ်နိုင်မှာ ဖြစ်တယ်။ ဒီလို လည်ပတ်နေပါမှလည်း မှီခိုရာ အားထားရာ လဲလျောင်းရာအစစ် ဖြစ်တော်မူတဲ့ ဘုရားအဆုံးအမ သာသနာတော်မှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်တို့ကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုတဲ့ သူတော်ကောင်းတို့အတွက် <b>ပဋိဝေဓ</b>သို့ ဆိုက်သည်ထိ တိုင်အောင် ကျင့်ကြံအားထုတ်နိုင်တဲ့ အခွင့်အလမ်း ဌာနကြီးတစ်ခုဟာ လောက အလယ်မှာ နှစ်ပေါင်းရှည်ကြာ တည်တံ့နေမှာ ဖြစ်ပါတယ်။</p>
<p>သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ သာသနာတော်ကြီး အရှည် တည်တံ့ပါစေ။ တည်တံ့အောင် ကြိုးစားနိုင်ကြပါစေ။ တည်တံ့အောင် ကြိုးစားကြပါစို့...။</p>
<p>အရှင်ရေဝတ</p>
<p>စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊</p>
<p>၁၃၆၆-ခု၊ နယုန်လဆုတ် ၈ - ရက်၊</p>
<p>10. 6..2004/</p>
<p>: သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင်</p>
<p>တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။</p>
<p>: ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။</p>
<p>: ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။</p>
<h3>ဓာတ်သဘာဝဟူသည်</h3>
<p>တစ်ချိန် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုအခါ ရဟန်းတော်တို့ကို ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏။</p>
<hr>
<p>ရဟန်းတို့ ...သတ္တဝါတို့သည် <b>ဓာတ်သဘာဝ</b>အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။</p>
<p>ရဟန်းတို့...လွန်လေပြီးသော အတိတ်ကာလ၌လည်း သတ္တဝါ တို့သည် <b>ဓာတ်သဘာဝ</b>အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်ပြီ၊ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်ပြီ။</p>
<p>ရဟန်းတို့ ...နောင်အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် <b>ဓာတ်</b>အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့၊ ကောင်းသော မွန်မြတ် သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့။</p>
<p>ရဟန်းတို့ ...ယခုပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် <b>ဓာတ်</b> အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်း တည်း တစ်သားတည်း ဖြစ်ကုန်၏ဟု မိန့်ကြားတော်မူ၏။ (<b>ဟီနာဓိမုတ္တိကသုတ်၊ သံ၊၁၊၃၆၈။</b>)</p>
<p>ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိသူ အချင်းချင်း တစ်ပေါင်းတည်း တစ်သားတည်းဖြစ်ပုံကို ဘုရားရှင်က ဥပမာဆောင်ကာ ဤသို့ ဟောကြားတော်မူပြန်၏။</p>
<hr>
<p>ရဟန်းတို့ ...ဥပမာသော်ကား မစင်ကျင်ကြီးသည် မစင် ကျင်ကြီးနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ကျင်ငယ်သည် ကျင်ငယ်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ တံတွေးသည် တံတွေးနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ပြည်သည် ပြည်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ သွေးသည် သွေးနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏။ ရဟန်းတို့ ...ဤဥပမာ အတူသာလျှင် သတ္တဝါတို့သည် <b>ဓာတ်</b>အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ (<b>သဂါထာသုတ္တန်၊ သံ၊၁၊၃၇၀။</b>)</p>
<p>ထိုသို့ <b>ဓာတ်</b> တူရာ တူရာ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ပုံကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ ပုံစံတူပင် ဟောကြားထားတော်မူပေသည်။ တစ်ဖန် ကောင်းသော ဓာတ်ခံရှိသူ အချင်းချင်း တစ်ပေါင်းတည်း တစ်သားတည်းဖြစ်ပုံကိုလည်း ဤသို့ ဥပမာဆောင်ကာ ဆက်လက် ဟောကြားထားတော်မူပြန်၏။</p>
<hr>
<p>ရဟန်းတို့ ...ဥပမာသော်ကား နို့ရည်သည် နို့ရည်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ဆီသည် ဆီနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ထောပတ်သည် ထောပတ်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ပျားရည်သည် ပျားရည်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ တင်လဲသည် တင်လဲနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ရဟန်းတို့ ...ဤဥပမာအတူသာလျှင် သတ္တဝါ တို့သည် <b>ဓာတ်</b>အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏၊ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ (<b>သဂါထာသုတ်၊ သံ၊၁၊၃၇၀။</b>)</p>
<p>အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ ပုံစံတူ ဟောကြားထားတော်မူပေသည်။ တစ်ဖန် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ ရှိမှုနှင့် ဆက်စပ်ကာ ပုံစံအချို့ကို ဘုရားရှင်က (<b>အဿဒ္ဓသံသန္ဒနသုတ္တန်၊ သံ၊၁၊၃၇၁-၃၇၂။</b>)၌ ဆက်လက်ကာ ဟောကြားထားတော်မူ၏။ ယင်းသုတ္တန်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။</p>
<p>၁။ <b>သဒ္ဓါတရား</b> မရှိကုန်သော သူတို့သည် <b>သဒ္ဓါတရား</b> မရှိသူတို့ အချင်းချင်း,</p>
<p>၂။ (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်တတ်သည့်)<b>အရှက်</b> မရှိသူတို့သည် <b>အရှက်</b>မရှိသူတို့ အချင်းချင်း,</p>
<p>၃။ (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်တတ်သည့်) <b>ဩတ္တပ္ပတရား</b> မရှိသူတို့သည် <b>ဩတ္တပ္ပတရား</b> မရှိသူတို့ အချင်းချင်း,</p>
<p>၄။ (ရုပ် နာမ်ပရမတ်တရားနှင့် အကြောင်းတရားတို့ကို သင်သိ ကျင့်သိဖြင့် မသိတတ်သည့်) <b>ဗဟုဿုတ</b>မရှိသူတို့သည် <b>ဗဟုဿုတ</b> မရှိသူတို့ အချင်းချင်း,</p>
<p>၅။ <b>ပျင်းရိသော</b> သူတို့သည် <b>ပျင်းရိသူတို့</b> အချင်းချင်း,</p>
<p>၆။ <b>သတိလွတ်ကင်းသူတို့</b>သည် <b>သတိလွတ်ကင်းသူတို့</b>အချင်းချင်း,</p>
<p>၇။ <b>ပညာမဲ့ကုန်သော</b> သူတို့သည် <b>ပညာမဲ့သူတို့</b> အချင်းချင်း, ---</p>
<p>လွန်လေပြီးသော အတိတ်ကာလကလည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်၏၊ နောင်အနာဂတ်ကာလ၌လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့၊ ယခု ပစ္စုပ္ပန်ကာလ၌ လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ (<b>သံ၊၁၊၃၇၁-၃၇၂။ အဿဒ္ဓသံသန္ဒနသုတ္တန်၊</b>)</p>
<p>တစ်ဖန် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိမှုနှင့် ဆက်စပ်ကာ ပုံစံအချို့ကိုလည်း အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့၏။</p>
<p>၁။ <b>သဒ္ဓါတရား</b> ရှိကုန်သော သူတို့သည် <b>သဒ္ဓါတရား</b>ရှိသူတို့ အချင်း ချင်း,</p>
<p>၂။ <b>ဟိရီတရား</b>ရှိသူတို့သည် <b>ဟိရီတရား</b>ရှိသူတို့ အချင်းချင်း,</p>
<p>၃။ <b>ဩတ္တပ္ပတရား</b>ရှိသူတို့သည် <b>ဩတ္တပ္ပတရား</b>ရှိသူတို့ အချင်းချင်း,</p>
<p>၄။ (ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့ကို သင်သိ ကျင့်သိဖြင့် အကြားအမြင်) <b>ဗဟုဿုတ</b>ရှိသူတို့သည် <b>ဗဟုဿုတ</b> ရှိသူတို့ အချင်းချင်း,</p>
<p>၅။ (သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားတို့၌) အပြင်း အထန် ကြိုးစားအားထုတ်သည့် <b>လုံ့လဝီရိယ</b>ရှိသူတို့သည် အပြင်း အထန် ကြိုးစားအားထုတ်သည့် <b>လုံ့လဝီရိယ</b>ရှိသူတို့ အချင်းချင်း,</p>
<p>၆။ (ကာယ+ဝေဒနာ+စိတ္တ+ဓမ္မအမည်ရသည့် သင်္ခါရတရားတို့၌) ထင်လင်းသော <b>သတိ</b>ရှိသူတို့သည် ထင်လင်းသော <b>သတိ</b>ရှိသူတို့ အချင်းချင်း,</p>
<p>၇။ (ဝိပဿနာပညာ + မဂ်ပညာဟူသည့်) <b>ပညာ</b>ရှိသူတို့သည် <b>ပညာ</b> ရှိသူတို့ အချင်းချင်း,</p>
<p>လွန်လေပြီးသော အတိတ်ကာလကလည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်၏၊ နောင်အနာဂတ် ကာလ၌လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့။ ယခုပစ္စုပ္ပန် ကာလ၌ လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏ဟု မိန့်ကြားတော် မူ၏။ (<b>သံ၊၁၊၃၇၂။ အဿဒ္ဓသံသန္ဒနသုတ္တန်။</b>)</p>
<p>ထိုကဲ့သို့ <b>ဓာတ်သဘာဝ</b>အားဖြင့်သာလျှင် သတ္တဝါတို့သည် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြပုံနှင့် ဆက်စပ်၍ သုတ္တန် တစ်ခုကိုလည်း ဟောကြားထားတော်မူခဲ့၏။</p>
<p>တစ်ချိန် ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုအချိန်တွင် စင်္ကြံကြွနေတော် မူသော မြတ်စွာဘုရားအား အရှင်ဒေဝဒတ်က ကျောက်မောင်းဆင်ကာ သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခဲ့၏။ ယင်းသို့ ကြိုးစားအားထုတ်မှုကို အကြောင်းခံကာ ရဟန်းသံဃာတော်တို့က ဘုရားရှင်အား စောင့်ရှောက်ရန်အတွက် ဘုရားရှင်နှင့် မလှမ်းမကမ်းတွင် လမ်းလျှောက်တော်မူနေကြ၏။ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်, အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင်ပုဏ္ဏ (မန္တာဏီပုတ္တ), အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ဒေဝဒတ် အစရှိသော မထေရ်ကြီး မထေရ်ကျော်တို့သည် မိမိ မိမိတို့၏ ပရိသတ်တို့နှင့်အတူ အုပ်စုအလိုက် အုပ်စုအလိုက် ဘုရားရှင်၏ မနီးမဝေးသော အရပ်၌ စင်္ကြံလျှောက် တော်မူနေကြ၏။ ထိုပရိသတ်တို့ကို ကြည့်ရှုတော်မူကာ ဘုရားရှင်က ရဟန်းသံဃာတော် အပေါင်းကို ဤသို့ မိန့်ကြားတော်မူ၏။</p>
<hr>
<p>ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော သာရိပုတ္တရာကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူ၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံကုန်သော ထိုရဟန်း တို့သည် ကြီးမားသော <b>ပညာ</b>ရှိကြကုန်၏။ (၁)</p>
<p>ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော မောဂ္ဂလ္လာန်ကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူပြန်၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ... အလုံးစုံသော ထိုရဟန်းတို့သည် ကြီးမားသော <b>တန်ခိုးဣဒ္ဓိပါဒ်</b> ရှိကြကုန်၏။ (၂)</p>
<p>ရဟန်းတို့ ... များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေ သော ကဿပကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူ ပြန်၏။ မြတ်စွာဘုရား...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ... အလုံးစုံသော ထိုရဟန်းတို့သည် <b>ဓုတင်ဆောင်</b>တို့ ဖြစ်ကြကုန်၏။ (၃)</p>
<p>ရဟန်းတို့ ... များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော အနုရုဒ္ဓါကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူပြန်၏။ မြတ်စွာဘုရား ... တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ... အလုံးစုံသော ထိုရဟန်းတို့သည် အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်မြင်နိုင်သော နတ်မျက်စိနှင့်တူသော မျက်စိဟူသည့် <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>ကို ရရှိကြကုန်၏။ (၄)</p>
<p>ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူပြန်၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါ ကုန်၏ဟု ပြန်လည်လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် <b>တရားဟော = ဓမ္မကထိက</b>တို့ ဖြစ်ကြကုန်၏။ (၅)</p>
<p>ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော ဥပါလိကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူပြန်၏။ မြတ်စွာဘုရား ... တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် <b>ဝိနည်းဆောင်</b>တို့ ဖြစ်ကြကုန်၏။ (၆)</p>
<p>ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော အာနန္ဒာကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူပြန်၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် များသော အကြား + အမြင် = <b>ဗဟုဿုတ</b> ရှိကြကုန်၏။ (၇)</p>
<p>ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော ဒေဝဒတ်ကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူ ပြန်၏။ မြတ်စွာဘုရား...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် <b>ယုတ်မာသည့် အလိုဆိုး</b> ရှိကြကုန်၏။ (၈)</p>
<p>ရဟန်းတို့ ... သတ္တဝါတို့သည် <b>ဓာတ်သဘာဝ</b>အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ (<b>သံ၊၁၊၃၆၈-၃၆၉။ စင်္ကမသုတ်။</b>)</p>
<p>အရှင်သာရိပုတ္တရာ မထေရ်မြတ်ကား ပညာအရာ၌ ဧတဒဂ် ရတော်မူ၏၊ ထိုကြောင့် ခန္ဓာ, အာယတန, <b>ဓာတ်</b>, သစ္စာ, သတိပဋ္ဌာန် စသည့် ဗောဓိပက္ခိယတရားထူးတို့ကိုလည်းကောင်း ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်း အရာ, အနတ္တအခြင်းအရာဟူသော လက္ခဏာရေးသုံးတန်နှင့် စပ်သော နက်နဲသော ပြဿနာအရပ်ရပ်ကိုလည်းကောင်း မေးမြန်း ကြကုန်အံ့ဟု နှလုံးပိုက်ကာ ကြီးမားသော <b>ပညာ</b>ရှိ ရဟန်းတော်တို့က သာလျှင် ထိုအရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ခြံရံလျက် ရှိကြကုန် ၏။ ထိုမထေရ်မြတ်ကလည်း မဟာပထဝီမြေကြီးကို ဖြန့်ပြလိုက် သကဲ့သို့, မြင်းမိုရ်တောင်ခြေမှ သဲစုကို ထုတ်ဆောင်ယူကာ ပြလိုက်ဘိ သကဲ့သို့, စကြဝဠာတောင်ကို ခွဲပြလိုက်ဘိသကဲ့သို့, မြင်းမိုရ်တောင်ကို မြှောက်ချီပြလိုက်ဘိသကဲ့သို့, အာကာသကောင်းကင်လွှာကို ဖြန့်ပြလိုက်ဘိသကဲ့သို့, လ နေတို့ကို ထွက်ပေါ်လာစေသကဲ့သို့ မေးမြန်းတိုင်း မေးမြန်းတိုင်းသော မေးခွန်းအရပ်ရပ်ကို ဖြေကြားပေးတော်မူ၏။ ထိုကြောင့် ထိုရဟန်းတို့အားလုံး ကြီးမားသော <b>ပညာ</b>ရှိတော်မူကြ ကုန်၏။ (၁)</p>
<p>အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကိုလည်း ဘုရားရှင်က <b>တန်ခိုးဣဒ္ဓိပါဒ်</b> ကြီးမားတော်မူကြသည့် ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်ထားတော်မူ၏။ ထိုကြောင့် ထို မထေရ်မြတ်ကို တန်ခိုးဖန်ဆင်းပုံ၏ အခြေခံပရိကမ်လုပ်ငန်းရပ်ကို လည်းကောင်း, အကျိုးအာနိသင်ကိုလည်းကောင်း, အဓိဋ္ဌာန်ပုံကို လည်းကောင်း, တန်ခိုးဖန်ဆင်းပုံကိုလည်းကောင်း မေးမြန်းကုန်အံ့ဟု နှလုံးပိုက်ကာ တန်ခိုးကြီးမားကြသည့် ရဟန်းတော်တို့ကသာလျှင် ခြံရံလျက် ရှိကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့၏ မေးတိုင်း မေးတိုင်းသော မေးခွန်းကို တိတိကျကျ ဂဃနဏ အဖြေပေးကာ သင်ကြားပေးတော်မူ၏။ ထိုကြောင့် ထိုရဟန်းအားလုံးတို့လည်း <b>တန်ခိုးဣဒ္ဓိပါဒ်</b> ကြီးမားတော်မူကြကုန်၏။ (၂)</p>
<p>အရှင်မဟာကဿပ မထေရ်မြတ်ကိုလည်း ဘုရားရှင်က <b>ဓုတင်</b> (၁၃)ပါးကို ဆောင်တော်မူကြသည့် <b>ဓုတင်</b>တရားကို ဟောကြားတော် မူကြသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို <b>ဓုတင်</b>ဆောင်ပုံ, <b>ဓုတင်</b>၏အကျိုးအာနိသင်, <b>ဓုတင်</b>ဆောက်တည် အဓိဋ္ဌာန်ပြုပုံ, <b>ဓုတင်</b> စုပေါင်း ဆောက်တည်ပုံ, <b>ဓုတင်</b> တစ်ခုနှင့်တစ်ခု ကွဲပြားပုံ တို့ကို မေးမြန်းလျှောက်ထားကြကုန်အံ့ဟု နှလုံးပိုက်ကာ <b>ဓုတင်</b>ဆောင်ရဟန်းတော်တို့က ခြံရံကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့ကို <b>ဓုတင်</b>နှင့် ဆက်စပ်သည့် မေးခွန်း အရပ်ရပ်ကို ဖြေကြား ပေးတော်မူ၏။ ထိုကြောင့် အရှင်မဟာကဿပ မထေရ်မြတ်ကို ခြံရံကြသည့် ရဟန်းတို့သည် <b>ဓုတင်ဆောင်</b> ရဟန်းတို့ချည်း ဖြစ်ကြကုန်၏။ (၃)</p>
<p>အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကိုလည်း ဘုရားရှင်က <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>အရာ၌ ဧတဒဂ် ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံကို အကုန်သိမြင် နိုင်သည့် <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>၏ ရအောင်စီးဖြန်းပုံ ပရိကမ်, အကျိုးအာနိသင်, ညစ်နွမ်းပုံ အရပ်ရပ်ကို မေးမြန်းလျှောက်ထား ကြကုန်အံ့ ဟု နှလုံးပိုက်ကာ <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>ကို လေ့လာလိုကြသည့် ရရှိကြသည့် ရဟန်းတို့သာ ခြံရံနေကြကုန်၏။ ထိုမထေရ်မြတ်ကလည်း မေးတိုင်း မေးတိုင်းသော မေးခွန်းအရပ်ရပ်ကို မဆိုင်းမတွ ဖြေကြားတော်မူ၏၊ သင်ပြပေးတော်မူ၏။ ထိုကြောင့် ထိုရဟန်းအားလုံး တို့သည်လည်း <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>ကို ရရှိကြသည့် ရဟန်းတို့သာ ဖြစ်ကြကုန်၏။ (၄)</p>
<p>မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်သော အရှင်ပုဏ္ဏမထေရ်ကိုလည်း ဘုရားရှင်က တရားဟောေကောင်းသည့် <b>ဓမ္မကထိက</b>အရာ၌ ဧတဒဂ် ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ထံသို့လည်း ဟောကြားမည့် ဓမ္မကထာ၏ အကျဉ်းချုပ်ပုံစနစ်, အကျယ်ချဲ့ပုံစနစ်, နက်နဲအောင် ဟောကြားပုံစနစ်, ပေါ်လွင်အောင် ဟောကြားပုံစနစ်, ဆန်းကြယ်အောင် ဟောကြားပုံစနစ် စသည်တို့၌ ထိုထိုအခြင်းအရာ အာကာရကို မေးမြန်းကြကုန်အံ့ဟု နှလုံးပိုက်ကာ <b>ဓမ္မကထိက</b> ရဟန်းတော်တို့က သာလျှင် ခြံရံလျက် ရှိကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့အား ငါ့ရှင်တို့ ... <b>ဓမ္မကထိက</b>ဆိုတာ တရားစလျှင် စခြင်း ပရိသတ်ကို ချီးမွမ်းဖို့ရန် သင့်၏၊ တရား၏ အလယ်၌ ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ နိစ္စ, သုခ, အတ္တ, သုဘ သဘာဝတို့မှ ဆိတ်သုဉ်းနေသည့် <b>သုညတကမ္မဋ္ဌာန်း</b>ကို = <b>ဝိပဿနာ ကမ္မဋ္ဌာန်း</b>ကို ထင်ရှား ဟောပြဖို့ရန် သင့်၏၊ တရား၏ အဆုံး၌ သစ္စာလေးပါးကို ထင်ရှားပြသည်၏ အစွမ်းဖြင့် ဟောကြားထားသော တရားတော်၏ အထွဋ်ကို ယူဆောင်ပြဖို့ရန် သင့်၏ဟု ဤသို့လျှင် ထိုထိုတရားဟောကြားပုံ နည်းစနစ်ကို သင်ကြား ပို့ချပေးတော်မူ၏။ ထိုကြောင့် အရှင်ပုဏ္ဏမထေရ်မြတ်ကို ခြံရံနေသော ရဟန်းအားလုံး တို့သည် တရားဟောကောင်းသည့် <b>ဓမ္မကထိက</b> ရဟန်းတို့သာ ဖြစ်ကြကုန်၏။ (၅)</p>
<p>အရှင်ဥပါလိ မထေရ်မြတ်ကိုလည်း ဘုရားရှင်က ဝိနည်းကို ဆောင်ကုန်သော <b>ဝိနယဓရ</b> ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်အရာ၌ ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ထံသို့ ကြီးလေးသော <b>ဂရုကအာပတ်</b>, ပေါ့ပါးသော <b>လဟုကအာပတ်</b>, ကုစား၍ ရနိုင်သေးသော <b>အာပတ်</b>, ကုစား၍ မရနိုင်သော <b>အာပတ်</b>, <b>အာပတ်</b>သင့်ပုံ, <b>အာပတ်</b>မသင့်ပုံ အရပ်ရပ်တို့ကို မေးမြန်းကြကုန်အံ့ဟု နှလုံးပိုက်ကာ ဝိနည်းကို ဆောင်ကြသည့် <b>ဝိနယဓရ</b> ပုဂ္ဂိုလ်တို့ကသာလျှင် ခြံရံနေကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့အား မေးတိုင်း မေးတိုင်းသော မေးခွန်းအရပ်ရပ်ကို ရှင်းရှင်းလင်းလင်း ဖြေကြားပြသတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို ခြံရံနေကြ သော ရဟန်းအားလုံးတို့သည် ဝိနည်းကို ဆောင်ကြသည့် <b>ဝိနယဓရ</b> ရဟန်းတို့သာ ဖြစ်ကြကုန်၏။ (၆)</p>
<p>အရှင်အာနန္ဒာ မထေရ်မြတ်ကိုလည်း ဘုရားရှင်က ဘုရားရှင်၏ တရားတော်၌ အကြားအမြင် = <b>ဗဟုဿုတ</b>များပြားကြကုန်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်အရာ၌ ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ထံသို့ ဆယ်မျိုးသော <b>ဗျဉ္ဇနဗုဒ္ဓိ</b>, တရားတော်၏ ဖြစ်ပေါ်လာပုံ အတ္ထုပ္ပတ်, တရားတော်နှင့် ဆက်စပ်နေသည့် အနုသန္ဓေစကားရပ်, တရားတော်၏ ရှေ့ပိုင်း နောက်ပိုင်း စသည့် အရပ်ရပ်သော တရားတို့ကို မေးမြန်းကြကုန်အံ့ဟု နှလုံးပိုက်ကာ ဘုရားရှင်၏တရားတော်၌ အကြား အမြင် = <b>ဗဟုဿုတ</b>များပြားကြသည့် ရဟန်းတို့သည်သာလျှင် ခြံရံကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့အား ဤတရားတော်ကို ဤသို့ ပြောဆိုရ၏၊ ဤတရားတော်ကို ဤသို့ အနက်အဓိပ္ပါယ် ယူဆရ၏စသည်ဖြင့် အလုံးစုံကို အဖြေပေးတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို ခြံရံကြသော ရဟန်းအားလုံးတို့သည် <b>ဗဟုဿုတ</b>များပြားသူတို့သာ ဖြစ်ကြ ကုန်၏။ (၇)</p>
<p>အရှင်ဒေဝဒတ်ကား <b>ယုတ်မာသော အလိုဆိုး</b>ရှိသူ ဖြစ်၏၊ <b>ယုတ်မာသော အလိုဆိုး</b>၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ချက်ကို ခံနေရသူ ဖြစ်၏။ ထိုကြောင့် ထိုအရှင်ဒေဝဒတ်ကို ဒါယကာ ဒါယိကာမတို့ကို ချီးမြှောက်ပုံ အဆောင်အယောင်ကိုလည်းကောင်း, ဒါယကာ ဒါယိကာမ တို့၏ သန္တာန်၌ ချီးမွမ်းအံ့ဩမှုဖြစ်အောင် ပြုလုပ်ပုံ နည်းလမ်းအမျိုးမျိုးကိုလည်းကောင်း မေးမြန်းသင်ယူကြကုန်အံ့ဟု နှလုံးပိုက်ကာ အရှင်ဒေဝဒတ်ကဲ့သို့ <b>ယုတ်မာသည့် အလိုဆိုး</b>ရှိကြသူ ရဟန်းတို့က သာလျှင် ခြံရံလျက် ရှိကြကုန်၏။ အရှင်ဒေဝဒတ်ကလည်း ထိုရဟန်းတို့အား ထိုထို နည်းလမ်းအသွယ်သွယ်ကို သင်ကြားပေးပြန်၏။ ထိုကြောင့် အရှင်ဒေဝဒတ်ကို ခြံရံနေကြသည့် ထိုရဟန်းအားလုံးတို့ သည်လည်း <b>ယုတ်မာသည့် အလိုဆိုး</b>ရှိကြသည့် ရဟန်းတို့သာ ဖြစ်နေ ကြ၏။ (၈) (<b>သံ၊ဋ္ဌ၊၂၊၁၂၉-၁၃၁။</b>)</p>
<p>ဤအထက်ပါ အချက်အလက်တို့ကား သတ္တဝါတို့ သဘာဝ <b>ဓာတ်ခံ</b>ချင်း တူညီရာ တူညီရာ ပေါင်းစပ်ပုံ သာဓကအချို့တို့ ဖြစ်ကြ၏။ အထူးသဖြင့် ဤ လေးစားခြင်း ဟူသော စာစဉ်တွင် ---</p>
<p>၁။ မိမိကိုယ်ကို မိမိ နားလည်မှု မရှိခြင်း,</p>
<p>၂။ သူတစ်ပါးတို့ကို နားလည်မှု မရှိခြင်း,</p>
<p>၃။ တစ်ဦးအပေါ်တစ်ဦး <b>ဣဿာ မစ္ဆရိယတရားဆိုး</b>တို့ လွှမ်းမိုး ဖိစီးနှိပ်စက်မှုကြောင့် ချမ်းသာသုခကို မရရှိခြင်း</p>
<p>ဤအချက်တို့ကို ဦးစားပေးကာ ဖော်ပြထား၏။ တစ်ဦး တစ်ယောက်၏ သန္တာန်၌ ဖြစ်ပေါ်နေသော <b>ဣဿာ မစ္ဆရိယ</b>တရားမှ တစ်ဆင့် <b>ဓာတ်</b> တူရာ တူရာ စုပေါင်းလိုက်မိသဖြင့် <b>ဣဿာ မစ္ဆရိယ</b> ထူပြောသူ အချင်းချင်း ပေါင်းစပ်ကာ ဖြစ်ပေါ်လာသော အများစု၏ <b>ဣဿာ မစ္ဆရိယ</b>တရားကား ပို၍ ပို၍ အရှိန်အဝါ မြင့်မားကာ ချမ်းသာ သုခ အဝဝကို ပျက်စီးအောင် ဖျက်ဆီးတတ်ပေသည်။ အဆင့်မြင့်မား လှသော <b>စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ</b> တို့ကိုပင် မရအောင် တားမြစ် နှောင့်ယှက်တတ်ပေသည်။ အရှင်ဒေဝဒတ်ကဲ့သို့ ရရှိပြီး <b>စျာန်သမာပတ်</b>မှလည်း လျှောကျတတ်ပေသည်။ ထိုကဲ့သို့ <b>ဣဿာ မစ္ဆရိယ</b>သမား အချင်းချင်း <b>ဓာတ်</b> တူရာ တူရာ စုပေါင်းကာ <b>ဣဿာ မစ္ဆရိယ</b> ထူပြောသည့် လောကသစ်တစ်ခုကို တည်ထောင် ဖန်တီးလိုသူတို့သည် အောက်ပါ ဘုရားရှင်၏ အဆုံးအမတော်ကို သတိပြုသင့်ကြပေသည်။</p>
<p><b>ပုရိသဿ ဟိ ဇာတဿ၊ ကုဌာရီ ဇာယတေ မုခေ။</b></p>
<p><b>ယာယ ဆိန္ဒတိ အတ္တာနံ၊ ဗာလော ဒုဗ္ဘာသိတံ ဘဏံ။</b></p>
<p><b>ဇာတဿ</b> = မွေးဖွားလာသော။ <b>ပုရိသဿ</b> = ယောကျ်ား၏။ <b>မုခေ</b> = ပါးစပ်အတွင်း၌။ <b>ကုဌာရီ</b> = ဓားမကြီးသည်။ <b>ဇာယတေ</b> = ဖြစ်ပေါ်၍ နေ၏(= ပါလာ၏)။ <b>ဗာလော</b> = လူမိုက်သည်။ <b>ယာယ</b> = ယင်းဓားမကြီးဖြင့်။ <b>ဒုဗ္ဘာသိတံ</b> = မကောင်းစကားကို။ <b>ဘဏံ</b> = ပြောဆိုလျက်။ <b>အတ္တာနံ</b> = မိမိကိုယ်ကို။ <b>ဆိန္ဒတိ</b> = ပိုင်းဖြတ်တတ်၏။ (<b>သံ၊၁၊၁၅၄။</b>)</p>
<p>ကောကာလိက ရဟန်းကို အကြောင်းပြု၍ ဤအထက်ပါ တရားတော်ကို ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်၏။ ကောကာလိက ရဟန်းကား <b>ဣဿာ မစ္ဆရိယ</b>တရားဆိုးတို့ကို အလွန် မွှေးကြိုင်သည့် ပန်းရနံ့ကဲ့သို့ သဘောထားကာ လှလှကြီး ဝဝကြီး ပန်ဆင်လျက် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ကို မဟုတ်မတရား စွပ်စွဲခဲ့၏။ ယင်း မကောင်းမှု အကုသိုလ်ကြောင့် သေလောက်သည့် အနာကြီးများ ပေါက်ကာ သေကျေပျက်စီးပြီးနောက် ငရဲသို့ ဆိုက်ရောက်သွားခဲ့၏။ ယင်းဝတ္ထုကို အကြောင်းပြုကာ ဘုရားရှင်က ---</p>
<p>မွေးလာသော ယောကျ်ား၏ ပါးစပ်ထဲ၌ ဓားမကြီး တစ်လက် ပါလာ၏၊ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်း ပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏ ---</p>
<p>ဟု ဟောကြားတော်မူခြင်း ဖြစ်၏။ <b>ဣဿာ မစ္ဆရိယ</b>အဆိပ်ပန်းတို့ကို လှလှကြီး ဝဝကြီး ပန်ဆင်လျက် သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲလိုသူတိုင်း သတိပြုသင့်လှပေသည်။</p>
<p>ရဟန်းတို့ ...<b>တဏှာ</b>ဖြင့် ကပ်ငြိခြင်းကြောင့် <b>ကိလေသာ</b> တောအုပ်ကြီးသည် ပေါက်ရောက် ဖြစ်ပေါ်လာ၏။ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ်သော သစ်တုံးကို တက်စီး မိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ <b>သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်</b>ကို ဖြူဖြူစင်စင် ဖြည့်ကျင့်ဖို့ရန် ပျင်းရိသောသူကို (= <b>ဣဿာ မစ္ဆရိယ</b> အဆိပ်ပန်းတို့ကို လှလှကြီး ပန်ဆင်လျက် သူတစ်ပါး တို့အား မဟုတ်မတရား စွပ်စွဲလေ့ရှိသူကို) အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူမှသော်လည်း နစ်မြုပ်ရ၏၊ ထိုကြောင့် ယုတ်ညံ့သော <b>လုံ့လဝီရိယ</b>ရှိသော (= <b>သီလ သမာဓိ ပညာ</b> အစဖြာသည့် ကုသိုလ်တရားတို့၌) ဖြူဖြူစင်စင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ဖို့ရန် ပျင်းရိသော ထိုသူကို ရှောင်ကြဉ်ရာ၏။</p>
<p>ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လေ့ရှိကုန်သော ဖြူစင်သော <b>ကိုယ်ကျင့်တရား</b> ထင်ရှားရှိ ကြကုန်သော <b>နိဗ္ဗာန်</b>သို့ စေလွှတ်ထားသော စိတ်ထားရှိကြကုန်သော <b>လောကီစျာန် လောကုတ္တရာစျာန်</b>တို့ကို ဝင်စားလေ့ရှိကြကုန်သော ကုသိုလ်တရားတို့၌ ထက်သန်သော <b>လုံ့လ ဝီရိယ</b>ရှိကြကုန်သော <b>ပညာ</b>ရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော် ယှဉ်တွဲ မှီဝဲဆည်းကပ် နေထိုင်လေရာ၏။ (<b>သံ၊၁၊၃၇၁။</b>)</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊</p>
<p>၁၃၆၆-ခု၊ တော်သလင်းလဆုတ် ၁၀-ရက်၊</p>
<p>[၈.၁၀.၂၀၀၄။]</p>
<p>: လေးစားခြင်းဟူသည် စင်စစ် သိက္ခာရှိရှိဖြင့် နေခွင့်ပေးခြင်း ဖြစ်၏။</p>
<p>: မိမိ၏ အလိုဆန္ဒနှင့် မကိုက်ညီသည့်အတွက်ကြောင့် တားမြစ်ခြင်း၊ လုပ်ပိုင်ခွင့်မပေးခြင်းသည် မလေးစားခြင်းသာလျှင် ဖြစ်၏၊ လေးစားခြင်း မဟုတ်ပေ။</p>
<p>: လေးလေးစားစား ပြုမူပြောဆိုခြင်းကို သည်းခံခြင်း <b>ခန္တီတရား</b>ကို ဖြည့်ကျင့်ခြင်းဟု ဆိုရ၏။</p>
<p>: မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ <b>သညာ</b>ရှိဟုသာ ခေါ်ရ၏၊ <b>ပညာ</b>ရှိဟု မခေါ်နိုင်သေးပေ။</p>
<p>: သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးခြင်း သည် <b>မေတ္တာ</b> ဖြစ်သည်။ မိမိဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည်ကား <b>လောဘ</b>သာ ဖြစ်ပေသည်။</p>
<p>: မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည် မိမိကိုယ်ကို ရှေ့တန်းတင်ခြင်း, သူတစ်ပါးကို နှောင့်ယှက်ခြင်း ဖြစ်သည်။</p>
<h3>လေးစားခြင်း</h3>
<p>လူသားတစ်ဦးအနေဖြင့် တစ်ဦးတစ်ယောက်တည်း နေထိုင်ခွင့်သည် ရခဲ၏။ အများစုပေါင်း၍ နေထိုင်ရခြင်းသာ များ၏။ ထိုသို့ နေထိုင်သည့် အခါ၌ တစ်ဦးအပေါ်တစ်ဦး မည်သို့သော စိတ်ထားဖြင့် မည်သို့ ပြုမူ ပြောဆို ဆက်ဆံကြမည်နည်း။ ထိုအချက်ကို ညီညွတ်စွာ နေထိုင်လိုသူ အကျိုးစီးပွားလိုလားသူ ထိုထိုလူသားတို့ သိရှိသင့်၏။ မည်သို့သော စိတ်ထားဖြင့် မည်သို့ ပြုမူ ပြောဆို ဆက်ဆံကြမည်ဆိုက မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားအလို့ငှာ များထိုလူတို့၏ အကျိုးစီးပွားအလို့ငှာ ဖြစ်မည်နည်း။ တစ်ဦးအပေါ်တစ်ဦး လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံနိုင်သော စိတ်ထားရှိခြင်းသည် ဤ၌ လိုရင်းဖြစ်သည်။</p>
<p>အများစုပေါင်း ယှဉ်တွဲနေထိုင်သည့် ယခုကဲ့သို့သော အခါသမယ တွင် တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိခြင်းသည် အရေးကြီးလှပေ၏။ ဆောင်ရွက်ဖွယ်ဟူသမျှတို့သည် တစ်ဦးတစ်ယောက်ဖြင့် ပြီးစီးနိုင်သည် ကား မဟုတ်ပေ၊ အများအင်အားဖြင့် စုပေါင်းဆောင်ရွက်မှသာ ပြီးစီး နိုင်၏။ ထိုသို့ စုပေါင်းဆောင်ရွက်ခြင်း၌ တစ်ဦးအပေါ်တစ်ဦး လေးစားခြင်းသည် လိုအပ်ချက်ကြီးတစ်ခု ဖြစ်၏။ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိလျှင် ရှိသလောက် ဆောင်ရွက်ဖွယ်ဟူသမျှတို့သည် လွယ်ကူ သွားကြ၏၊ ချောမွေ့သွားကြ၏။ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင် ကြသည့် အလျောက် စိတ်ချမ်းမြေ့စွာ လုပ်ကိုင်နိုင်ကြမည် ဆိုသည်ကို လည်း နားလည်မိ၏။</p>
<h3>လေးစားမှုဟူသည် . . .</h3>
<p>လေးစားမှုဟူသော အကြောင်းကို နှစ်ပိုင်းခွဲ၍ ပြောမည်ဆိုက ပို၍ နားလည်, ပို၍ သက်ဝင်ပေလိမ့်မည်။ လေးစားမှုဟူသောအကြောင်း ကို ဆိုက တစ်ပါးသောသူတို့အား လေးစားခြင်းဟူ၍သာ သဘောပေါက်ကြ၏။ အမှန်ကို ဆိုရမူ လေးစားခြင်း၌ မိမိကိုယ်ကို လေးစားခြင်းလည်း ပါ၏၊ သူတစ်ပါးကို လေးစားခြင်းလည်း ပါ၏။ မိမိကိုယ်ကို လေးစားခြင်း မရှိသောသူ၌ သူတစ်ပါးကို လေးစားခြင်းသည် မဖြစ်ပေ။ မိမိကိုယ်ကို လေးစားနိုင်သည့် စွမ်းရည် မရှိသူ၌ သူတစ်ပါးကို လေးစားနိုင်သည့် စွမ်းရည်သည်လည်း မရှိနိုင်ပေ။ မိမိကိုယ်ကို လေးစားသမှု ပြုသောအားဖြင့် ပြုမူ ဆက်ဆံ ပြောဆိုလေ့ မရှိသောသူ၌ သူတစ်ပါး တို့ကို လေးစားသမှုပြုခြင်းဟူသည့် အမူအရာကို ပြသဖို့ရန်သည်လည်း ဖြစ်နိုင်တော့မည် မဟုတ်ပေ။</p>
<p>လေးစားခြင်းဟူသော အကြောင်းကို ဆိုက မြတ်ဗုဒ္ဓ၏အကြောင်း ကို မဆို၍ မဖြစ်တော့ပေ။ လောကအပေါ် လေးစားနိုင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်၍ ဖြစ်၏။ နိမ့်ကျသော ဘဝကို ရရှိထားသူဖြစ်၍ လောကကို လေးလေးစားစား ဆက်ဆံနေရခြင်း မဟုတ်သည်ကိုကား စာရေးသူ စာဖတ်သူများ သိကြ၏။ တကယ်စင်စစ်သော်ကား ---</p>
<p>တစ်လောကလုံး၏ အထူးမြတ်ဆုံးသော ပုဂ္ဂိုလ်, အမွန်မြတ်ဆုံးသော ပုဂ္ဂိုလ်ကို ပြမည်ဆိုက မြတ်ဗုဒ္ဓသည် တစ်လောကလုံး၏ အထူးမြတ်ဆုံးသော ပုဂ္ဂိုလ်, အမွန်မြတ်ဆုံးသော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။ တစ်လောကလုံး၏ ကိုးကွယ်ရာ အားထားရာ ပုဂ္ဂိုလ်ကို ပြမည်ဆိုလျှင် လည်း မြတ်ဗုဒ္ဓသည် တစ်လောကလုံး၏ ကိုးကွယ်ရာ အားထားရာ ပုဂ္ဂိုလ်အစစ် ဖြစ်တော်မူ၏။ အနှိုင်းမဲ့ပုဂ္ဂိုလ်ကို ပြမည်ဆိုလျှင်လည်း မြတ်ဗုဒ္ဓသည် တစ်လောကလုံး၌ တူသူမရှိသည့် အနှိုင်းမဲ့ပုဂ္ဂိုလ် ဖြစ်သကဲ့သို့, နတ်တို့ထက်နတ် ဗြဟ္မာတို့ထက်ဗြဟ္မာ လူတို့ထက်လူ အထွတ်အမြတ် အကြီးအမှူး ဖြစ်တော်မူသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ကြီးဟူသည့် ဘွဲ့ထူးဝိသေသနှင့် သက်ဆိုင်သူသည်လည်း မြတ်ဗုဒ္ဓသာ ဖြစ်၏။ အလုံးစုံသိတော်မူသည့် <b>သဗ္ဗညုတဉာဏ်တော်မြတ်</b>ကို ပိုင်သသူလည်း ဖြစ်ပေသည်။</p>
<p>ထိုသို့ အလုံးစုံကို သိတော်မူသည့် မြတ်ဗုဒ္ဓသည် အများနှင့် ယှဉ်တွဲနေထိုင်လျက် အများအကျိုး လောကအကျိုးကို ဆောင်ရွက်ခဲ့ပေသည်။ အများအကျိုး လောကအကျိုးကို ဆောင်ရွက်ခဲ့သော မြတ်ဗုဒ္ဓ၏ စိတ်ထား, ပြုမူ ဆက်ဆံ ပြောဆိုပုံတို့သည် စံပြုထိုက် အတုယူထိုက်သော စံနမူနာကောင်းများပင် ဖြစ်ကြသည်။ ထိုစံနမူနာ ကောင်းများကို သင်နှင့် အကျွန်ုပ်တို့ သိသင့်၏။ သိခွင့်ရမည်ဆိုက အကျိုးများကြပေလိမ့်မည်။ အတု အတူလိုက်၍ ဖြည့်ကျင့်ကြပေလိမ့်မည်၊ ပြုကျင့်ကြပေလိမ့်မည်။</p>
<h3>ပါရမီမြောက်သော ဖြည့်ကျင့်မှု</h3>
<p>လောကရှိသည့် အကျိုးဆောင်နိုင်သော ပုဂ္ဂိုလ်များထဲ၌ မြတ်ဗုဒ္ဓကဲ့သို့ အကျိုးဆောင်နိုင်သော ပုဂ္ဂိုလ်သည် မရှိခဲ့ပေ။ အခြားတစ်ပါးသော အကျိုးဆောင်သူတို့ မည်သည်ကား ရယူခြင်းအတွက် စွန့်လွှတ်ကြ၏။ ရယူလိုခြင်းကြောင့် ပေးကမ်းကြ၏၊ ဤသို့သော နှလုံးသွင်းဖြင့် ပြုသူက များ၏။ ဘဝအတွက် လောကကို အသုံးချခြင်းဖြင့် အကျိုးဆောင်သူဟူသော အမည်ထူး ဂုဏ်ထူးကို ချိတ်ဆွဲနိုင်ရန် အားထုတ်၏။ အနည်းငယ်မျှသော သူတို့သည်သာ မိမိတို့၏ဘဝကို လောကအတွက် အသုံးချခြင်းဖြင့် အကျိုးဆောင်ခြင်းမည်သည် ဖြစ်နိုင်၏၊ ဤသို့ နားလည်၏။ နားလည်သည့် အတိုင်းလည်း ဖြည့်ကျင့်၏။ ဤသို့ ဖြည့်ကျင့်ခြင်းသည် အနှစ်မရှိသည့် ခန္ဓာအိမ်မှ အနှစ်သာရကို ထုတ်ယူ နေခြင်း ဖြစ်သည်။ ဒုက္ခဘဝထဲမှ သုခကို ရှာဖွေနေခြင်းဟုလည်း ဆိုနိုင်၏။ လောကအတွက် ဘဝကို အသုံးချနေခြင်းဟူသည် <b>ပါရမီ</b>မြောက်သော ဖြည့်ကျင့်မှု ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်ကို <b>နိဗ္ဗာန်</b>ဟူသော ဟိုမှာဘက်ကမ်းသို့ ချဉ်းကပ်ဖို့ရန် ဖောင်ပေါ်သို့ တက်စီးနေသည့် ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။</p>
<h3>ခေါင်းတစ်လုံးသာသူများ</h3>
<p>မြတ်ဗုဒ္ဓကဲ့သို့သော အကျိုးဆောင်နိုင်သောပုဂ္ဂိုလ် မရှိနိုင်သည့် အကြောင်းသည် အဘယ်ကြောင့်နည်း။ <b>ကိလေသာ</b> မကင်းခြင်းသည် ဤ၌ ပဓာနအကြောင်း ဖြစ်၏။ <b>ကိလေသာ</b> မကင်းသူတို့၏ အကျိုးဆောင်မှု ဟူသမျှ၌ အပြစ်ကင်းနိုင်ဖွယ် အခွင့်သည် ရသည်လည်း ရှိ၏၊ မရသည်လည်း ရှိ၏။ အမှားများထဲမှ သင်ခန်းစာယူယင်း အမှန်ရောက်အောင် ကြိုးစားနေကြသူများသာ ဖြစ်ကြသည်။ ဤသို့ ကြိုးစားခြင်းကြောင့် စိတ်လွတ် ကိုယ်လွတ် ပြုတတ်သူတို့ထက် ခေါင်းတစ်လုံးသာသူများ အကျိုးဆောင်သူများ ဖြစ်လာကြပေသည်။</p>
<p>အကျိုးဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၏ ပြုမူနေထိုင်ပုံ နည်းစနစ် တို့သည် မြတ်ဗုဒ္ဓ၏ ပြုမူနေထိုင်ပုံ နည်းစနစ်ထဲသို့ သက်ဝင်သွားကြ ရသည်မှာ ဓမ္မတာတစ်ခုသဖွယ် ဖြစ်နေ၏။ သူတော်ကောင်းဖြစ်အောင် ကြိုးစားနေသူ, သူတော်ကောင်းဖြစ်လာသူ ဟူသမျှတို့၏ အတွေးအကြံတို့သည် အမှန်တရားကို မြတ်နိုးသူတို့၏ အတွေးအကြံများ အဖြစ်သို့ ပြောင်းလဲလာကြ၏။ အမှန်တရားဟူသော အမှန်တရားကို အကုန်အစင် သိသောသူအား ပြမည်ဆိုက မြတ်ဗုဒ္ဓတစ်ဆူတည်းသာ ရှိပေသည်။</p>
<h3>လေးစားနိုင်ဆုံးသောဗုဒ္ဓ</h3>
<p>မြတ်ဗုဒ္ဓ၏ ပြုမူနေထိုင်ပုံ နည်းစနစ်ကို သိရမည်ဆိုက လောကအကျိုးကို ဆောင်လိုသူ, ဆောင်နေသူများအဖို့ အကျိုးဖြစ်ထွန်းအောင် ဆောင်နိုင်ခွင့်ကို ပုံစံမှန် ရရှိကြမည် ဖြစ်သည်။ အတုလိုက်၍ ကျင့်ကြံခွင့် ဖြည့်ဆည်းခွင့်ကိုလည်း ရကြပေလိမ့်မည်။ မတူညီသော အလွှာ အသီးသီးရှိ ပုဂ္ဂိုလ်တို့အား မြတ်ဗုဒ္ဓ အဘယ်သို့ ပြုမူ ဆက်ဆံ ပြောဆိုလေသနည်း။</p>
<p>အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် <b>ကကုဓဝဂ်</b>လာ <b>သီဟသုတ်</b> သည် မြတ်ဗုဒ္ဓ၏ လောကအပေါ် ပြုမူ ဆက်ဆံ ပြောဆိုပုံ နည်းစနစ်ကို ညွှန်ပြပေးနေ၏၊ သင်ပြပေးနေ၏။ အတု အတူလိုက်၍ ပြုမူ ဖို့ရန်သာ လို၏။ ထိုသုတ္တန်၌ မြတ်ဗုဒ္ဓ အဘယ်သို့ ဟောကြားထားလေသနည်း။</p>
<p>လောကအပေါ် မိမိ၏ ပြုမူ ဆက်ဆံ ပြောဆိုပုံ နည်းစနစ်ကို ဟောကြားလိုသော မြတ်ဗုဒ္ဓသည် လောကသားတို့ နားလည်နိုင်သော လောကဥပမာကို ဦးစွာဆောင်လျက် တရားကို ဟောကြားတော်မူ၏။</p>
<p>ချစ်သားရဟန်းတို့ ...သားရဲတို့၏အရှင် ခြင်္သေ့မင်းဟူသည် လောက၌ ရှိ၏။</p>
<p>ထိုခြင်္သေ့မင်းသည် ညနေချမ်းအချိန် မိမိနေထိုင်ရာ နေရာမှ ထွက်၍ ကွန့်မြူးလျက် ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို စောင်းငဲ့ကြည့်ရှုပြီးနောက် သုံးကြိမ်ဟောက်လျက် ကျက်စားရန် ထွက်သွား၏။</p>
<p>ထိုခြင်္သေ့မင်းသည် ...</p>
<p>အကယ်၍ ဆင်ကို သတ်ပုတ်မူလည်း လေးလေးစားစား သာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။</p>
<p>ကျွဲကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။</p>
<p>နွားကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။</p>
<p>သစ်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။</p>
<p>အယုတ်သဖြင့် ယုန် ကြောင်စသော ငယ်သော သတ္တဝါ တို့ကိုပင် သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။</p>
<p>ထိုသို့ လေးလေးစားစား သတ်ပုတ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ၏ အားထုတ်မှု လမ်းစဉ်သည် မပျက်စီးပါ စေလင့်ဟု နှလုံးသွင်းသောကြောင့်တည်း။</p>
<p>ရဟန်းတို့ ခြင်္သေ့ဟူသော အမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်တော်ပင် ဖြစ်၏။ ရဟန်းတို့ ပရိသတ်၌ တရားဟောခြင်းသည်ပင် ထိုမြတ်စွာဘုရား၏ ခြင်္သေ့သံ ဖြစ်၏။</p>
<p>ရဟန်းတို့ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟောမူ လည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေးမစား မဟောကြား။</p>
<p>ရဟန်းတို့ မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေး မစား မဟောကြား။</p>
<p>ရဟန်းတို့ မြတ်စွာဘုရားသည် ဥပါသကာတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေး မစား မဟောကြား။</p>
<p>ရဟန်းတို့ မြတ်စွာဘုရားသည် ဥပါသိကာမတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေး မစား မဟောကြား။</p>
<p>ရဟန်းတို့ မြတ်စွာဘုရားသည် အယုတ်သဖြင့် ထမင်းစား ကျွန်ခံ မုဆိုးစသော ပုထုဇဉ်တို့ကိုပင် တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေးမစား မဟောကြား။</p>
<p>ထိုသို့ လေးလေးစားစား ဟောကြားတော်မူခြင်းသည် အဘယ်ကြောင့်နည်း။</p>
<p>ရဟန်းတို့ မြတ်စွာဘုရားသည် တရားကို လေးစား, တရားကို ရိုသေတော်မူသောကြောင့်တည်းဟု မိန့်တော်မူ၏။ (<b>အံ၊မြန်၊ဒု-တွဲ၊၁၃၀။</b>)</p>
<h3>သူတော်ကောင်းတို့၏ အလေ့</h3>
<p>သားတို့သနင်း ခြင်္သေ့မင်းသည် မိမိ၏ အားထုတ်မှုလမ်းစဉ်ကို မပျက်စီးစေခြင်းငှာ နှလုံးသွင်း စောင့်ရှောက်၏။ အားထုတ်မှုလမ်းစဉ်ကို မပျက်စီးစေခြင်းငှာ နှလုံးသွင်း စောင့်ရှောက်ခြင်းဟူသည် အသွယ်သွယ်သော သားကောင်တို့အား လေးလေးစားစား သတ်ပုတ်ခြင်းကို ဆိုခြင်း ဖြစ်၏။</p>
<p>မြတ်ဗုဒ္ဓသည်လည်း တရားကို လေးစား, တရားကို ရိုသေတော်မူသောအားဖြင့် မတူကွဲပြားသော ပုဂ္ဂိုလ်တို့အား လေးလေးစားစားသာလျှင် တရားကို ဟောကြားတော်မူမြဲ ဖြစ်သည်။ ဤသည်ပင် ဘုရားရှင်တို့၏ အလေ့, ဘုရားရှင်တို့၏ အားထုတ်မှုလမ်းစဉ်ဟု နားလည်ရ၏။</p>
<p>သင်နှင့် အကျွန်ုပ်ဟူသော လူသားတို့၏ အားထုတ်မှုလမ်းစဉ်သည်လည်း ရှိရပေမည်။ ထိုလမ်းစဉ် မပျက်စီးအောင်လည်း နှလုံးသွင်း စောင့်ရှောက်ရပေမည်။</p>
<p>သားတို့သနင်း ခြင်္သေ့မင်းသည်လည်း လေးစားခြင်းဟူသော လမ်းစဉ်ကို အလေးဂရုပြု၏။</p>
<p>အလုံးစုံသိတော်မူသော ဘုရားရှင်သည်လည်း လေးစားခြင်း ဟူသော လမ်းစဉ်ကို အလေးဂရုပြု၏။</p>
<p>သင်နှင့် အကျွန်ုပ်ဟူသော လူသားတို့သည်လည်း လေးစားခြင်းဟူသော လမ်းစဉ်ကို အလေးဂရုပြုရပေမည်။</p>
<p>လေးစားခြင်းဟူသော လမ်းစဉ်ကို သင်နှင့် အကျွန်ုပ်တို့၏ အားထုတ်မှု လမ်းစဉ်ဟူ၍လည်း သတ်မှတ်ရပေတော့မည်။ သို့မှသာ သူတော်ကောင်းတို့၏ အလေ့ သူတော်ကောင်းတို့၏ လမ်းစဉ်ကို အတု အတူလိုက်သူတို့ ဖြစ်ကြပေလိမ့်မည်။</p>
<h3>လေးလေးစားစား ဟောကြားရခြင်းဟူသည် . . .</h3>
<p>မြတ်ဗုဒ္ဓသည် ပုဂ္ဂိုလ်အသီးသီးတို့အား တရားဟောရမည်ဆိုက လေးလေးစားစားသာလျှင် ဟောတော်မူ၏၊ မလေးမစား ဟောတော်မမူ။</p>
<p>အမှန်ကိုပြောရပါမူ တရားနာပရိသတ်ဟူသမျှသည် မြတ်ဗုဒ္ဓအောက် နိမ့်ကျသော ပုဂ္ဂိုလ်များသာလျှင် ဖြစ်ကြ၏၊ မြင့်မားနေသူများ မဟုတ်ကြပေ။ မြတ်ဗုဒ္ဓ၏ အတုမရှိ ဉာဏ်တော်နှင့် နှိုင်းယှဉ်မည်ဆိုက ထိုထိုပရိသတ်သည် မြတ်ဗုဒ္ဓအောက် နိမ့်ကျသော အလွန်နိမ့်ကျသော, နုံ့သော အလွန်နုံ့သော, ငယ်သော အလွန်ငယ်သော သူများသာလျှင် ဖြစ်ကြ၏၊ မြင့်မားနေသူများ မဟုတ်ကြပေ။</p>
<p>ထိုသို့ နိမ့်ကျသော အလွန်နိမ့်ကျသော, နုံ့သော အလွန်နုံ့သော, ငယ်သော အလွန်ငယ်သော အသိဉာဏ်ရှိသူများကိုပင်လျှင် တရားဟောရမည်ဆိုက လေးလေးစားစားသာလျှင် ဟောကြားတော်မူ၏။ အဘယ်ကြောင့်နည်း၊ ထိုသူတို့၏အကျိုးကို ဆောင်ချင်သောကြောင့် ဖြစ်၏။ ထိုသူတို့၏ဘဝကို မြှင့်တင်ပေးလိုသောကြောင့် ဖြစ်၏။</p>
---
<h3>လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံကြည့်ကြစို့</h3>
<p>သင်နှင့် အကျွန်ုပ်တို့သည်လည်း ပုဂ္ဂိုလ်တစ်ဦးကို လေးလေး စားစား ပြုမူ ပြောဆို ဆက်ဆံကြည့်သင့်၏၊ ဘာဖြစ်လာနိုင်သနည်း။ ထိုပုဂ္ဂိုလ်၏ မိမိအပေါ် စိတ်နူးညံ့ ပျော့ပြောင်းသွားခြင်းဟူသည့် ရလာဒ်ကောင်း တစ်ခုကို သင်နှင့် အကျွန်ုပ်တို့ ဦးစွာ တွေ့ရပေမည်။ အကျိုးဆောင်ချင်သူမှန်က ချီးမွမ်းခြင်း၌သော်လည်း လေးလေးစားစား ချီးမွမ်းရ၏။ အပြစ်ပြ ပြောဆိုခြင်း၌သော်လည်း လေးလေးစားစား သာလျှင် ပြောဆိုရ၏။ မလေးမစား မပြောဆိုသင့်ပေ။</p>
<p>လောက၌ မိမိနှင့် တန်းတူရည်တူသည့် ပုဂ္ဂိုလ်များ ရှိကြ၏။ ထိုသူတို့အား လေးလေးစားစားဖြင့် ဆက်ဆံကြည့်မည်ဆိုက ထိုပုဂ္ဂိုလ် တို့သည်လည်း မိမိအပေါ် ချစ်ခင်မှု ကြည်ညိုမှု လေးစားမှု ထပ်ဆင့်၍ တိုးလာသည်ကို သင် လက်တွေ့ မြင်ရပေလိမ့်မည်။</p>
<p>မိမိထက်ပို၍ အဆင့်အတန်းမြင့်မားသူများဟု ဆိုရမည့် ပုဂ္ဂိုလ်တို့ သည်လည်း လောက၌ ရှိကုန်၏။ ထိုသူတို့အားလည်း လေးလေးစားစားဖြင့် ဆက်ဆံကြည့်သင့်၏။ ထိုသို့ အဆင့်အတန်းမြင့်မားသူများသည် သင့်အား အဘယ်သို့ ပြောဆိုကြမည်နည်း, အဘယ်သို့ ထင်မြင်ကြမည်နည်း, အဘယ်သို့ ယူဆကြမည်နည်း, အဘယ်သို့ သတ်မှတ်ကြမည်နည်း။</p>
<p>ဩော် ...ဒီသူဟာ ဘယ်လို ပုဂ္ဂိုလ်နှင့် ဘယ်လိုစကားမျိုး ပြောဆိုရမည်ကို သိတဲ့ပုဂ္ဂိုလ်, မိမိ သူတစ်ပါး အကျိုးများအောင် ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်, ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါပေ၏ ဟူ၍ သတ်မှတ်ကြပေလိမ့်မည်။ မိမိအကျိုးကို တကယ်ဆောင်တတ်တဲ့ ပုဂ္ဂိုလ်, သူတစ်ပါးအကျိုးကိုလည်း အလိုက်သိသိဖြင့် ဆောင်တတ်တဲ့ ပုဂ္ဂိုလ် ဆိုပြီး မိမိထက် အဆင့်အတန်းမြင့်မားသူများက ပြောဆိုကြပေလိမ့်မည်, ထင်မြင်ကြပေလိမ့်မည်, ယူဆကြပေလိမ့်မည်, သတ်မှတ်ကြပေလိမ့်မည်။ ထိုသူတို့၏ ရင်ထဲ၌ အသိအမှတ် ပြုသွားကြပေလိမ့်မည်။</p>
<p>လောက၌ မိမိထက်နိမ့်ကျသော ပုဂ္ဂိုလ်များလည်း ရှိကြ၏။ ထိုသူတို့အား လေးလေးစားစားဖြင့် ပြုမူပြောဆို ဆက်ဆံကြည့်ကြဦးစို့၊ မိမိသည် အလွန်တရာ မြင့်မြတ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်၊ အလွန် အထက်တန်းကျနေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ထိုသို့ မြင့်မြတ်သော အထက်တန်းကျသော ဘဝကို ရရှိထားသည့် မိမိအနေဖြင့် အလွန်နိမ့်ကျနေသော ပုဂ္ဂိုလ်တို့အား လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံ၏၊ ထိုသူတို့ အဘယ်သို့ ပြောဆိုကြမည်နည်း, အဘယ်သို့ ထင်မြင်ကြမည်နည်း, အဘယ်သို့ ယူဆကြမည်နည်း, အဘယ်သို့ သတ်မှတ်ကြမည်နည်း။</p>
<p>ဩော် ...မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီလိုပါလား၊ အထက်တန်းကို ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ဒီလိုစိတ်ထားမျိုး ဒီလိုစိတ်ဓာတ်မျိုး ရှိကြသူတွေပါလား၊ ငါတို့ကဲ့သို့ နိမ့်ကျနေတဲ့ ပုဂ္ဂိုလ်တွေကို သော်လည်း အရေးတယူ ရည်တူထားတဲ့ စကားလုံးတွေနှင့်သာ လေးလေးစားစား ဆက်ဆံကြတယ်။ ငါတို့ကဲ့သို့ နိမ့်ကျနေတဲ့ ပုဂ္ဂိုလ်တွေက ဘာကြောင့်များ ခက်ထန်တဲ့ နိမ့်ကျတဲ့ စကားလုံးတွေနှင့် ပြောဆိုရမှာလည်း၊ အလွန်မှ ယုတ်ညံ့တဲ့ အလွန်မှ အဆင့်အတန်းမရှိတဲ့ စကားလုံးတွေနှင့် ငါတို့က ဘာကြောင့် ပြောဆိုရမှာလည်း၊ ဩော် ... ငါတို့ဟာ အတုယူထိုက်တဲ့ ပုဂ္ဂိုလ်, လေးစားထိုက်တဲ့ ပုဂ္ဂိုလ်, အထက်တန်းကျသူဟု ခေါ်ဆိုထိုက်တဲ့ ပုဂ္ဂိုလ်ကို တွေ့ရတာပဲ ဆိုသည့် အလွန်ကျေနပ်သည့် စိတ်တို့သည် တဖွားဖွား ဖြစ်ပေါ်လာ ကြပေမည်။ ထိုသို့ ဖြစ်ပေါ်လာသည့်အပြင် မိမိတို့ဘဝ၏ စံနမူနာ အဖြစ် မှတ်ယူကြ၏၊ ပြယုဂ်တစ်ခု အဖြစ်လည်း သတ်မှတ်ကြ၏။</p>
<p>ထိုသို့သော ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားမည် ဆိုသည့် မှန်သော အတုလိုက်မှုသည် ထိုသူ၌ ဖြစ်ပေါ်လာ၏။ တစ်ပါးသူတို့အား ချိုးနှိမ်၍ ပြောဆိုခြင်းကို မည်သို့သော အကြောင်းကြောင့်သော်လည်း ခွင့်မပြုချင်တော့ပေ၊ ခွင့်မပြုနိုင်သည့် စိတ်မွန်စိတ်မြတ် စိတ်ထားကောင်းတို့ သည်လည်း ကူးစက်သွားတော့၏။ လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံခြင်း၏ အကျိုးရှိမှုတည်း။</p>
---
<h3>မလေးမစား ပြုမူ ပြောဆိုခဲ့သော် . . .</h3>
<p>ယနေ့ခေတ်ကို ကြည့်မည်ဆိုက အများစုသည် တစ်ဦးကိုတစ်ဦး အဘယ်သို့ ပြုမူ ဆက်ဆံ ပြောဆိုနေကြပါသနည်း။ လေးစားသောစိတ်, ကြည်ညိုသောစိတ်, ချစ်ခင်သောစိတ်ထားတို့ဖြင့် ပြုမူဆက်ဆံ ပြောဆိုနေသည်က နည်းလှ၏။ ထိုသို့ ဖြစ်ခြင်းသည် ပစ္စုပ္ပန် သံသရာ အကျိုးရှိမှုကို နားလည်သက်ဝင်မှု အားနည်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ပြုချင်သလိုပြု ပြောချင်သလိုပြောပြီး နေထိုင်သည့် နေထိုင်ပုံ နည်းစနစ်များ လောက၌ လွှမ်းမိုးလာခြင်း ဖြစ်သည်။</p>
<p>မိမိတို့ထက် စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိန် နိမ့်ကျနေသည့် သူတို့ကို ခက်ထန်သည့် စကားလုံးတို့ဖြင့် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏၊ နှိမ်ချသည့် အသုံးအနှုန်းတို့ဖြင့် ဆက်ဆံချင်ကြ၏ ဆက်ဆံကြ ၏၊ အထင်သေးသည့် မျက်လုံးတို့ဖြင့်ကြည့်လျက် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏၊ ကြမ်းတမ်းသည့်စကားလုံး, မောက်မာသည့်စကားလုံး တို့ဖြင့် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏။ ဤသို့ ပြောဆိုကြခြင်းသည် သူတစ်ဖက်သားကို နိမ့်ကျသောပုဂ္ဂိုလ်များဟု ယူဆနှိမ့်ချလျက် မိမိကိုယ်ကိုမိမိ အဆင့်အတန်းမြင့်မားသူဟု အထင်ရောက်နေသည့် သူတို့၏ လောကအပေါ် ပြုမူ ဆက်ဆံ ပြောဆိုပုံတည်း။ ထိုသို့ ပြုမူ ပြောဆိုခြင်း၏ ရလာဒ်ကား အဘယ်ပါနည်း။ ချစ်ခင်ခြင်းလော, ကြည်ညိုခြင်းလော၊ မဟုတ်ပေ ...တကယ်စင်စစ်သော်ကား ထိုသို့ သော ပုဂ္ဂိုလ်တို့နှင့် မဆက်ဆံလိုကြပေ။ ထိုသို့သော ပုဂ္ဂိုလ်မျိုး၏ လက်အောက်၌လည်း အလုပ် မလုပ်ချင်ကြပေ။ စွမ်းနိုင်မည်ဆိုက ချက်ချင်းပင် ထွက်ခွာလိုကြ၏၊ စွန့်ခွာလိုကြ၏။ ရွံရှာသောစိတ် မုန်းတီးသောစိတ် ကလဲ့စားချေလိုသည့် စိတ်များသော်လည်း ဝင်ရောက်လာတတ်၏။ ဤသည် မလေးမစား ပြုမူ ပြောဆို ဆက်ဆံခြင်း၏ အကျိုးမဲ့မှုတည်း။</p>
<p>စိုးရွံ့ခြင်းကြောင့် ကြောက်ရွံ့ခြင်းကြောင့်သာ အားမတန် မာန်ကို လျှော့လျက် မိမိတို့၏လက်အောက်၌ နေကြပေလိမ့်မည်၊ မိမိတို့အပေါ် ကြည်ညို၍တော့ မဟုတ်ပေ။ မိမိတို့နှင့် စကားပြောဆိုလိုသည့် စိတ်ဓာတ်များလည်း ထိုသူတို့၌ ဖြစ်ပေါ်လာမည်ကား မဟုတ်ပေ။</p>
---
<h3>လူကြီးများ သတိရှိကြစေ</h3>
<p>အထက်တန်းကျနေသည့် ပုဂ္ဂိုလ်များဟု ကမ္ပည်းတပ်ခံထားရသည့် သူများ လောက၌ ရှိ၏။ မိဘတို့ကို ကြည့်မည်ဆိုက သားသမီး တို့ထက် အထက်တန်းကျနေသည့် ပုဂ္ဂိုလ်များ သားသမီးတို့ထက် မြင့်မားနေသည့် ပုဂ္ဂိုလ်များဟု ဌာနန္တရအရ ဆိုရ၏။ ဆရာတို့ကို ကြည့်မည်ဆိုကလည်း တပည့်တို့ထက် အထက်တန်းကျနေသည့် ပုဂ္ဂိုလ်များ တပည့်များထက် မြင့်မားနေသည့် ပုဂ္ဂိုလ်များဟု ဆိုရပေမည်။ ထိုကဲ့သို့ပင် လူကြီးဟူသော ပုဂ္ဂိုလ်တို့သည် လူကြီးဟူသော ဌာနန္တရ၌ ရပ်တည်နေရသောကြောင့် လူငယ်တို့နှင့် နှိုင်းစာမည်ဆိုက မြင့်မားနေသောပုဂ္ဂိုလ်, အထက်တန်းကျနေသော ပုဂ္ဂိုလ်များဟူ၍ ဆိုရပေမည်။</p>
<p>ထိုသို့သော ဌာနန္တရ၌ ရပ်တည်လျက်နေသော သူတို့၏ ပြုမူဆက်ဆံ ပြောဆိုပုံတို့သည် အဘယ်သို့ ဖြစ်သင့်ပါသနည်း။</p>
<p>လူ့လောကကို ကြည့်မည်ဆိုက လူအများစုသည် ကောင်းချင်သည့် ဆန္ဒရှိသူ များပါ၏။ မှန်ကန်သည့် အသိဉာဏ် ချင့်ချိန်နိုင်သည့် အသိဉာဏ် အားနည်းသည့်အတွက် အတုယူမှားသွားသည်လည်း ရှိ၏။ မှန်ကန်သော အတုလိုက်မှုကို ရမည်ဆိုက ကောင်းလာနိုင်သော သဘောသဘာဝ အခွင့်သည် ရှိ၏။ အလွန်ဆိုးရွားသော ဓာတ်ခံရှိသူများကိုတော့ မဆိုလိုချင်ပေ။</p>
<p>သူတော်ကောင်းဖြစ်ချင်၍ သူတော်ကောင်းအလုပ်ကို လုပ်နေသည့်ပုဂ္ဂိုလ်များ လောက၌ ရှိကြ၏။ ထိုသူတို့ကို ကြည့်မည်ဆိုက မိမိတို့ထက် ရှေ့ရောက်နေသော မိမိတို့၏ အထက်၌ရှိသော ပုဂ္ဂိုလ်တို့အား အတုလိုက်ကာ ပြုမူနေထိုင်ကြသည်က များ၏။ မိမိတို့၏ အထက်၌ရှိသော ပုဂ္ဂိုလ်တို့၌ လေးစားထိုက် ကြည်ညိုထိုက်သော ဂုဏ်များကို တွေ့မည်ဆိုက ဩော်.. ငါတို့၏ အထက်မှာရှိနေတဲ့ ခေါင်းဆောင်တွေ လူကြီးသူမတွေဟာ အလွန်တရာ မြင့်မြတ်ကြတာပဲ၊ တို့ကိုသော်လည်း လေးလေးစားစားနှင့် ပြောဆိုဆက်ဆံခြင်း ရှိကြတယ်ဆိုပြီး ဦးဆောင်ဦးရွက် ဖြစ်ကြသည့် ခေါင်းဆောင်တို့အပေါ် ဆရာသမားတို့အပေါ် မိဘတို့အပေါ်၌ ပို၍ ပို၍ ကြည်ညိုလာကြပေ၏။ ကြည်ညိုသည့်အလျောက် ထိုသူတို့ ဖြစ်စေလိုသည့် လုပ်စေချင်သည့် ပြောဆိုသည့် ကိစ္စများကိုလည်း လိုက်နာ ဆောင်ရွက်ဖို့ရန် စိတ်ဓာတ်များ ဖြစ်ပေါ်လာကြပေ၏။</p>
<p>လူကြီးဟူ၍ ခေါ်နိုင်သည့်ပုဂ္ဂိုလ်များ လောက၌ များစွာရှိ၏။ ထိုသူတို့သည် လူကြီးဟူသော ဌာနန္တရ၌ ရပ်တည်လျက် လူငယ်ဟု ခေါ်ဆိုအပ်သည့် ပုဂ္ဂိုလ်, တပည့်ဟု ခေါ်ဆိုအပ်သည့် ပုဂ္ဂိုလ်, သားသမီးဟု ခေါ်ဆိုအပ်သည့် ပုဂ္ဂိုလ်များနှင့် မိမိတို့၏ အနာဂတ်မျိုးဆက်ဟု ခေါ်ဆိုရမည့် နောင်လာ နောက်သား လူငယ်တို့အား လေးလေး စားစားနှင့် ဆက်ဆံဖို့ရန် တွန့်ဆုတ်နေတတ်ကြသည်ကို တွေ့ရ၏၊ အဘယ်ကြောင့်နည်း။ လူကြီးတို့၏ စိတ်၌ ဖြစ်ပေါ်နေသည့် ခံယူချက်ကို နားလည်သည့်အတိုင်း တင်ပြရပါမူကား ...လူငယ်ဖြစ်သော ထိုသူတို့အား လေးလေးစားစား ဆက်ဆံလိုက်မည်ဆိုက မိမိတို့၏ ခေါင်းပေါ်တက်မည်ကို စိုးရွံ့ကြ၏။ အရိုအသေတန်မည်ကိုလည်း စိုးရိမ်ကြ၏၊ မိမိတို့အပေါ် မလေးမစား ဖြစ်မည်ကိုလည်း တွေးကြောက် ကြ၏။ ဤသို့ဖြစ်ခြင်းကို ကာကွယ်ခြင်းဟု ဆိုရ၏၊ ကြောက်ရွံ့ခြင်းဟုလည်း ဆိုရပေမည်၊ မိမိသူတစ်ပါး အကျိုးမများသော ပိတ်ဆို့မှုစနစ် တစ်ခုသာ ဖြစ်ပြီး မရင့်ကျက်သေးသော လူကြီးများ၏ ကလေးဆန်သော အပြုအမူသာ ဖြစ်ပေသည်။ ရင့်ကျက်သူတို့၏ အမူအကျင့် မဟုတ်ပေ။ တကယ်စင်စစ်မူကား လူငယ်ဟူသော ဌာနန္တရ၌ ရပ်တည်လျက် နေထိုင်သော သူတို့သည် လူကြီးတို့၏ လေးစားမှုကို ခံယူလိုသည့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ငယ်သူတို့၏ တောင့်တချက် တစ်ခုဟု လူကြီးများ နားလည်သင့်၏။ ငယ်သူတို့၏ လူကြီးတို့အပေါ် ဖြစ်စေချင်သည့် စေတနာဟုလည်း ဆိုနိုင်၏။ အသက်ကြီး၍ လူကြီးဟု အခေါ်ခံရခြင်းမျိုး မဖြစ်စေချင်ကြပေ။ လူကြီးဟု ခေါ်ဆိုနိုင်သော တကယ့်လူကြီးများကို မြင်တွေ့လိုကြ၏။ ကောင်းသော အတုလိုက်ခွင့်ကို ရရှိရန် ဓမ္မဓိဋ္ဌာန်ကျကျ ကျိတ်၍ တောင့်တခြင်း တောင်းခံခြင်းဟုလည်း ဆိုနိုင်၏။ စာရေးသူအနေနှင့် စေ့စပ်ခြင်း အမှုကို ပြုသင့်၏ဟု ယူဆ၍ ဖြစ်သည်။ လူကြီးများ သတိရှိကြစေ။</p>
---
<h3>သိက္ခာရှိရှိ နေခွင့်ပေးပါ</h3>
<p>လူငယ်တစ်ဦးကို လေးလေးစားစားဖြင့် ဆက်ဆံကြည့်သင့်၏။ လူကြီးတစ်ဦး၏ လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုမှုကို ခံရသည့် အရေးတယူပြုမူမှုကို ခံရသည့် လူငယ်တစ်ယောက်သည် ထို အပြုအမူ အပြော အဆိုတို့ကို တောင့်တနေသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားတော့၏။ လူကြီးဖြစ်သူများက မိမိအား မလေးမစား ပြုမူလာ မည် ပြောဆိုလာမည်ကို စိုးရွံ့၏၊ အထင်သေးသည့်မျက်လုံး အထင်သေးသည့်စကားလုံးတို့ဖြင့် ကြည့်ရှုပြောဆိုခြင်း ခံရမည်ကို အဖြစ်မခံနိုင်သည့် စိတ်ထားများလည်း ဝင်လာကြ၏။ လူကြီးသူမများ လက်မခံနိုင်သည့် မကောင်းသည့် အရာတို့ကို မပြုမိ မပြောမိရန် ကြိုးစား လာကြ၏။ ထိုသို့သော အရာများကို ရှောင်ရှားမည်ဆိုသည့် စိတ်ဓာတ် တို့သည်လည်း လေးလေးစားစား ပြုမူ ဆက်ဆံခြင်းခံရသည့် လူငယ်တစ်ဦး၏ နှလုံးအိမ်၌ ကိန်းဝပ်လာတော့သည်။ လူကြီးတစ်ဦး၏ မလေးမစား ကဲ့ရဲ့ပြစ်တင်ခြင်း ခံရမည့် အဖြစ်ကို ဖြစ်ခွင့် မပေးနိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်ကို မိမိတို့ကိုယ်တိုင် စမ်းသပ်ကြည့်မည်ဆိုက လက်တွေ့ သိကြပေလိမ့်မည်။</p>
<p>လူငယ်တစ်ဦး အမှားမဖြစ်ဖို့ရန် အမှားကို မလုပ်မိဖို့ရန်နှင့် အမှားကို မလွန်ကျူးမိစေရန် အဘယ်အရာဖြင့် ထိန်းပေးနိုင်သနည်း။ လေးစားခြင်းဟူသည့် အရာတစ်ခုဖြင့် ထိန်းပေးလိုက်နိုင်၏။ လေးလေး စားစား အလေးထား ပြုမူဖို့သာ လို၏။ လေးစားခြင်းဟူသည့် အရာတစ်ခုဖြင့် ထိန်းပေးလိုက်မည်ဆိုက ထိုလူငယ်တစ်ဦး၏ ဘဝကြီးပြင်းမှုသည် လေးလေးနက်နက် တည်တည်တံ့တံ့ သိက္ခာရှိရှိဖြင့် ကြီးပြင်း လာပေမည်။ ထိုကဲ့သို့ သိက္ခာရှိရှိဖြင့် ကြီးပြင်းလာမည်ဆိုသည့် အချက် ကိုလည်း အသင်သူတော်ကောင်းအနေဖြင့် ကိုယ်တိုင် စမ်းသပ်ကြည့် မည်ဆိုက ကိုယ်တိုင် တွေ့မြင်ပေလိမ့်မည်။</p>
<p>လေးစားခြင်းဟူသည် စင်စစ် သိက္ခာရှိရှိဖြင့် နေခွင့်ပေးခြင်း ဖြစ်၏။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ ကိုယ်ပိုင်အခွင့်အလမ်းဟူသည် ရှိ၏၊ ထိုအခွင့်အလမ်းကို ဝင်ရောက်စွက်ဖက်ရန် မကောင်းပေ။ သူတစ်ထူး၏ ဓမ္မနည်းလမ်းကျသော လုပ်ပိုင်ခွင့် အခွင့်အလမ်းကို ဝင်ရောက် စွက်ဖက်ခြင်းသည် သိက္ခာရှိရှိ နေခွင့်မပေးခြင်း ဖြစ်သည်။ လေးစားတတ်သော ပုဂ္ဂိုလ်တစ်ယောက်သည် တစ်ပါးသော ပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ပိုင်အခွင့်အလမ်းကို ဝင်ရောက်စွက်ဖက်မည် မဟုတ် ပေ။ တရားနည်းလမ်းကျသော လုပ်ပိုင်ခွင့်ကို ပေးတတ်ဖို့ လို၏။</p>
<p>မိမိ၏ အလိုဆန္ဒနှင့် မကိုက်ညီသည့်အတွက်ကြောင့် တားမြစ်ခြင်း၊ လုပ်ပိုင်ခွင့်မပေးခြင်းသည် မလေးစားခြင်းသာလျှင် ဖြစ်၏၊ လေးစားခြင်း မဟုတ်ပေ။</p>
<p>မိမိကိုယ်ကို ပြန်လည်စဉ်းစားသင့်၏၊ မိမိဟူသောပုဂ္ဂိုလ်သည် သူတစ်ထူး၏ လုပ်ပိုင်ခွင့်ကို ဟန့်တား၏၊ ကန့်ကွက်၏။ သူတစ်ထူးတို့ အဘယ်သို့ ခံစားရမည်နည်း။ မိမိ၏ တရားနည်းလမ်းကျသော လုပ်ပိုင်ခွင့်ကို ပုဂ္ဂိုလ်တစ်ယောက်သည် ဟန့်တား၏၊ ကန့်ကွက်၏၊ လုပ်ခွင့်မပေးပေ။ ထိုအခါ၌ မိမိ အဘယ်သို့ ခံစားရမည်နည်း။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အတူယှဉ်တွဲ နေထိုင်လိုသည့်ဆန္ဒ, အတူယှဉ်တွဲ အလုပ် လုပ်ကိုင်လိုသည့်ဆန္ဒများ ရှိပါဦးမည်လော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား မိမိ၏ ခေါင်းဆောင်အနေဖြင့် ချီးမြှောက်နိုင်မည်လော၊ ကြည်ညိုနိုင်မည်လော၊ လေးစားနိုင်မည်လော။ ဤသည်တို့သည် ဖြစ်နိုင်ခဲသော အရာများသာ ဖြစ်ပေလိမ့်မည်။</p>
<p>လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံခြင်းဖြင့် သိက္ခာရှိရှိနေခွင့် ပေးသင့်၏။ မည်သူ့ကိုမျှ အတင်းအကြပ် ခိုင်းစေခြင်း မပြုသင့်ပေ။အတင်းအကြပ် ခိုင်းစေခြင်းဟူသည် လေးစားမှုမရှိသော သိက္ခာရှိရှိနေခွင့်မပေးသော သဘောထားပင် ဖြစ်၏။ မိမိလည်း သိက္ခာရှိရှိ နေချင်သည်, သူတစ်ပါးတို့အားလည်း သိက္ခာရှိရှိနေခွင့်ရစေချင်သည်ဆိုက ပြုသင့်ပြုထိုက် ပြောသင့်ပြောထိုက်သည့် ပုံစံဖြင့်သာ လေးလေးစားစား ပြုမူ ပြောဆိုသင့်ကြ၏။</p>
---
<h3>လေးလေးစားစား မဆက်ဆံနိုင်စေသော တရားဆိုးများ</h3>
<p>တစ်ဦးအပေါ်တစ်ဦး လေးစားမှုမရှိသော ပြုမူ ဆက်ဆံ ပြောဆိုမှုများ ဖြစ်ပေါ်လာသည့် အချိန်အခါ၌ ပြဿနာများစွာတို့ ဖြစ်ပေါ် လာ၏၊ နားမလည်မှု များစွာတို့ကို ဖြစ်ပေါ်စေခြင်း၏ အကြောင်းလည်း ဖြစ်၏။</p>
<p>လေးလေးစားစားဖြင့် ပြုမူ ဆက်ဆံ ပြောဆိုနိုင်ခြင်းဟူသည် <b>ဣဿာ</b> <b>မစ္ဆရိယ</b>တရားတို့ မရှိခြင်း နည်းပါးခြင်းကြောင့်သာ ဖြစ်၏။ ကိလေသာ ထင်ရှားရှိနေသည့် ပုဂ္ဂိုလ်များထံ၌ <b>ဣဿာ</b> <b>မစ္ဆရိယ</b>တရားဆိုးများ ကိန်းဝပ်နေကြသည်သာ၊ မရှိဟူ၍ ပြောဆိုခြင်းငှာ မစွမ်းနိုင်ပေ။ ထိုသို့ပင်ဖြစ်သော်လည်း <b>ဣဿာ</b> <b>မစ္ဆရိယ</b>တရားတို့ဟူသည် တစ်ဦးအပေါ်တစ်ဦး လေးလေးစားစားဆက်ဆံနိုင်သော ဆက်ဆံမှုကို မဖြစ်အောင်ပြုနေသည့် တရားဆိုးများဟူ၍ သိသင့်၏။</p>
<p><b>ဣဿာ</b>ဟူသည် မနာလိုခြင်းဖြစ်၏၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြီးပွားလာပြီ ချမ်းသာလာပြီ အခြွေအရံပရိသတ် အကျော်စော အလွန်များလာပြီ လာဘ်လာဘ ပေါများလာပြီဆိုက ကိလေသာ မစင်သည့် သဘာဝရှိသော သတ္တဝါတို့၌ မနာလိုသည့် <b>ဣဿာ</b>တရားဆိုးတို့ တဖွားဖွား ဖြစ်ပေါ်လာတတ်ကြ၏။ ဤသို့သော မနာလိုမှုများ မိမိတို့၏ စိတ်အစဉ်၌ ဖြစ်ပေါ်လာသည်ကိုလည်း မသိနိုင် ဖြစ်ခဲ့၏။ သိရှိသော်ငြားလည်း ထိုတရားဆိုးကို နှိပ်ကွပ်ဆုံးမခြင်း အချိန်မီ မပြုလိုက်နိုင်က မှန်ကန်သော သဘောထား, ကြည်လင်သော စိတ်ထား ဖြစ်ပေါ်မလာတော့ပေ။ ထိုသို့ ဆုံးမခြင်း မပြုလိုက်နိုင်သည့် အတွက်ကြောင့်ပင် သူတစ်ထူး၏ အောင်မြင်မှုကို မနာလိုသည့် စိတ်ထားများသည် ဖြစ်ပေါ်လာတော့၏။ ထိုစိတ်ထားတို့ဖြင့် ဖျက်လို ဖျက်ဆီး ပြုမူတော့မည်, ပြောဆိုတော့မည်, ဆက်ဆံတော့မည် ဖြစ်၏။ ထိုသို့ ပြုမူ ပြောဆိုခြင်းမည်သည် ကံ, ကံ၏ အကျိုးတရားကို သက်ဝင် ယုံကြည်မှု မရှိသည့် ပုဂ္ဂိုလ်တို့၏ အပြုအမူ အပြောအဆိုသာလျှင် ဖြစ်၏။ လေးလေးနက်နက် ဆင်ခြင်မည်ဆိုက ပရိသတ်အခြွေအရံ အကျော်စော များခြင်းမည်သည် ထိုသူတို့၏ ပါရမီကံအားလျော်စွာ ဖြစ်ပေါ်လာသော အကျိုးတရားများသာလျှင် ဖြစ်၏။ လာဘ်လာဘတို့သည်လည်း ထိုသူတို့၏ ပါရမီကံအားလျော်စွာ ဖြစ်ပေါ်လာသော အကျိုးတရားများသာလျှင် ဖြစ်၏။ ထိုသူတို့၏ ဘုန်းကံပါရမီအားလျော်စွာ ချစ်ခင်ကြည်ညိုသည့် မျက်လုံးတို့ဖြင့် ကြည့်ရှုမည့်ပုဂ္ဂိုလ်များ ဆည်းကပ်မည့်ပုဂ္ဂိုလ်များ ထင်ရှားဖြစ်ပေါ်လာကြ၏။ ဤသည်တို့သည် ထိုသူတို့၏ ကံအားလျော်သော အကျိုးများသာ ဖြစ်ကြ၏။</p>
---
<h3>ကြွေးဆပ်ခွင့် တောင်းခံကြခြင်းသာ</h3>
<p>ကံ, ကံ၏အကျိုးတရားကို သက်ဝင်နားလည်နိုင်သော စိတ်ထားဖြင့် မိမိတို့၏ စိတ်ကို ဆုံးမဖို့ရန်ကား လိုအပ်လှပေသည်။ ထိုသို့ ဆုံးမခြင်း မရှိခဲ့ပါမူ ထိုထိုပုဂ္ဂိုလ်တို့၏ ပျက်စီးရာ ပျက်စီးကြောင်းဖြစ်သော စိတ်ဖြင့် မဟုတ်သည်ကို အဟုတ်လုပ်၍ ပြောဆိုတတ်သော သဘာဝများ ဖြစ်ပေါ်လာကြပေတော့မည်။ စင်စစ်သော်ကား ထိုသို့ မဟုတ်သည်ကို အဟုတ်လုပ်၍ ပြောဆိုခြင်းမည်သည် မိမိကိုယ်ကို မိမိ မလေးစားသော စိတ်ပင် ဖြစ်သည်။</p>
<p>အဘယ်အကြောင်းကြောင့်နည်း၊ ထိုကဲ့သို့ ပြုမူပြောဆိုခြင်းဟူသည် မြင့်မြတ်နေသည့် မိမိတို့၏ စိတ်ဓာတ်ကို ယုတ်ညံ့သည့် စိတ်ဓာတ်အဖြစ်သို့ ပြောင်းလဲသွားအောင် ပြုခြင်းသာ ဖြစ်၏။ မြင့်မားသည့် စိတ်ဓာတ်သဘာဝမှ နိမ့်ပါးသည့် စိတ်ဓာတ်သဘာဝအဖြစ်သို့ ပြောင်းလဲခွင့်ပေးလိုက်ခြင်းဟုလည်း ဆိုရ၏။ မိမိ၏ တန်ဖိုးကို ယုတ်နိမ့်သွားခြင်းငှာ နိမ့်ကျသွားခြင်းငှာ ပြုသူကို ပြသခြင်းလည်း မည်၏။ ဤသို့ဆိုလျှင် ထိုသို့သော အပြုအမူ အပြောအဆိုတို့ကို ပြုသောသူအား မိမိကိုယ်ကို လေးစားသူဟူ၍ ခေါ်နိုင်ပါမည်လော၊ မခေါ်နိုင်တော့ပေ။</p>
<p>သံသရာခရီးနှင့်ချီ၍ စဉ်းစားခန်းဝင်ကြဦးစို့၊ ကိလေသာ အာသဝေါတရား မကင်းသူမှန်က သံသရာခရီး ဆက်ကြရဦးမည့် သူများသာ ဖြစ်၏။ ထိုသို့ မနာလိုသည့် <b>ဣဿာ</b>စိတ်ဖြင့် ပြုမိပြောမိသော ကံတို့သည် ဝန်ကို ရုန်းကန်နေသည့် နွားလားကြီး၏နောက်သို့ အစဉ်တစိုက် ထပ်ချပ်မကွာ လိုက်ပါ၍နေရသည့် လှည်းဘီးစက်ဝန်းကဲ့သို့ ထိုသို့ ပြုမိပြောမိသူသို့ အစဉ်တစိုက် လိုက်ပါ၍ နေကြမည်သာ ဖြစ်၏။ မနာလိုသည့်စိတ်ဖြင့် ပြုမိပြောမိသော ကံ၏ အကျိုးပေးခွင့်သည် အခါအခွင့် သင့်ငြားအံ့၊ ထိုအကျိုးပေးခွင့်ကို လက်သင့်ခံရသည့် ဘဝ၌ ပရိသတ်အခြွေအရံ အကျော်စော နည်းပါးခြင်း၊ မရှိခြင်းသည် ဖြစ်ပေါ်လာ၏။ မိမိပြုမိသည့် ကံအတွက် မိမိကိုယ်တိုင် ကြွေးဆပ်ခွင့် တောင်းခြင်းသာ ဖြစ်၏။ မည်သူ့ကြောင့်မှ မဟုတ်ပေ။</p>
---
<h3>မတင့်တယ်သော အကျိုးတရား</h3>
<p>မိမိကိုယ်ကို မလေးစား တန်ဖိုးမထားခြင်းလျှင် အကြောင်းရှိသော မနာလိုသည့်စိတ်ဖြင့် ပြုမိပြောမိခြင်းကြောင့် အလွန်ယုတ်နိမ့်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် လောက၏ ပြောင်းလဲရှုမြင်, အထင်သေး သတ်မှတ်ခြင်းကို ပစ္စုပ္ပန်ကာလ၌ ခံကြရ၏။ သံသရာခရီး၌လည်း ပရိသတ် အခြွေအရံ အကျော်စောနည်းပါးခြင်း မရှိခြင်းဟူသည့် မတင့်တယ်သော အကျိုးတရားကို ရရှိမည် ဖြစ်သည်။ ကောင်းခြင်း အဘယ်များ ရှိလေသနည်း။</p>
<p>ဘုန်းကံကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးအား မနာလိုသည့်စိတ်ဖြင့် စွပ်စွဲ ပြောဆိုခြင်း ကုန်းတိုက်ခြင်းကို ပြု၏။ ထိုသို့ ပြုခြင်းသည် မိမိ ကိုယ်ကို မလေးစားခြင်းလျှင် အကြောင်းရှိ၏ဟု ဆိုခဲ့၏။ တစ်မျိုးသော်ကား ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာကို လေးလေးစားစား ပြုမူပြောဆိုခြင်း မဟုတ်ဘဲ မလေးမစားဖြင့် ပြုမူပြောဆိုခြင်းဟူ၍လည်း ဆိုရ၏။ ထိုသို့ ပြုမူလိုက်ခြင်းသည် အဘယ်နှင့် ဥပမာတူလေသနည်း။ သာသနာတော်၌ ထင်ရှားသော အကြောင်းဥပမာသည် ရှိခဲ့၏၊ မနာလို ဝန်တိုသည့် စိတ်ထားကို ချိုးနှိမ်တတ်ဖို့ ဟောကြားထားသော ဥပမာတစ်ခုပင် ဖြစ်သည်၊ အဘယ်ပါနည်း။</p>
<p>တစ်ချိန် ဝက်တို့နေထိုင်သည့်နေရာနှင့် မလှမ်းမကမ်း၌ ခြင်္သေ့ တစ်စင်းသည် ကိန်းအောင်းနေထိုင်လျက် ရှိ၏၊ ထိုခြင်္သေ့ကိန်းအောင်း နေထိုင်သည့် နေရာသည် မြဂူတစ်ခု ဖြစ်၏။ ဝက်တို့သည် မြဂူအတွင်းရှိ ခြင်္သေ့ကို တွေ့မြင်နေကြရသဖြင့် အမြဲကြောက်ရွံ့လျက် နေထိုင်ကြရ၏။ ခြင်္သေ့ကို ကြောက်ရွံ့နေကြသည့် ဝက်တို့သည် ခြင်္သေ့ နေထိုင်သည့် မြဂူ၏ အရောင်အဝါကိုလည်း အပြစ်မြင်လာကြ၏။ မြဂူကို အပြစ်မြင်လာကြသည့် ဝက်တို့သည် မြဂူ အရောင်အဝါ တောက် ပြောင်နေသည်ကို မနာလိုကြ မရှုစိမ့်နိုင်ကြတော့ပေ။ မြဂူ၏ အရောင်အဝါ မှေးမှိန်ညှိုးနွမ်းခြင်းကို အလိုရှိလာကြ၏။ မိမိတို့၏ ကိုယ်ကို ရွှံ့ညွန်၌ လူး၍ ရွှံ့ညွန်ပေကျံနေသည့် ကိုယ်ဖြင့် မြဂူကို ပွတ်တိုက်ကြ၏။ မြဂူ၏အရောင် မညှိုးဘဲ တိုး၍ပင် ပြောင်လာတော့၏။</p>
<p>ထို့အတူပင် အဘက်ဘက်၌ မိမိထက်သာ၍ အထက်တန်းရောက်နေသောသူတို့အား မနာလို ဝန်တိုသည်ဖြစ်၍ ပြုမိ ပြောမိခြင်းသည် ထိုသူတို့အား တိုး၍ တောက်ပြောင်ဖွယ်ရာသာ ဖြစ်၏။ <b>ဣဿာ</b> ထူပြောသူ မိမိအတွက်မူ အပါယ်သို့ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကံကို ပြုခြင်းသာ ဖြစ်၏။ မကောင်းမှု အကုသိုလ်ကံတည်း ဟူသော လက်မှတ်ကောင်းတို့ကို ရှာမှီးစုဆောင်းပြီးလည်း ဖြစ်တော့၏။ သံသရာ အဆက်ဆက်၌လည်း ပရိသတ် အခြွေအရံနည်းပါးကြောင်း အရှိန်အဝါ အကျော်စောမဲ့ကြောင်း မကောင်းမှုတို့ကို ဆည်းပူးပြီးလည်း ဖြစ်တော့၏။</p>
<p>ဤသည် <b>ဣဿာ</b>ထူပြောခြင်းကြောင့် လေးစားမှု မရှိခြင်းကို ဖြစ်ပေါ်စေသော သဘာဝတစ်ခု ဖြစ်၏။ ယခုကဲ့သို့ အများစုပေါင်း နေထိုင်ကြသည့် ကာလ၌ <b>ဣဿာ</b>တရားဆိုးကို မမွေးမြူဘဲ ချိုးနှိမ်လျက် နေထိုင်နိုင်ပါမှသာလျှင် တစ်ဦးအပေါ်တစ်ဦး လေးလေးစားစား သိက္ခာရှိရှိဖြင့် နေထိုင်ခွင့် ပြောဆိုခွင့် ပြုမူခွင့် ပေးနိုင်ကြမည် ဖြစ်သည်။</p>
---
<h3>အားပြိုင်နေသော လောက</h3>
<p>လောကကိုကြည့်ပါက မနာလို ဝန်တိုသည့်စိတ်ကြောင့် အားပြိုင်မှုဟူသည့် သဘောတရားများ ထင်ရှားဖြစ်လာ၏။ ထင်ထင်ရှားရှား အားပြိုင်သည်လည်း ရှိ၏၊ မထင်မရှား အားပြိုင်သည်လည်း ရှိ၏။ အားပြိုင်ခြင်းသည် ဆင်းရဲခြင်း, မချမ်းသာခြင်း, ချမ်းသာစွာ မနေထိုင်ရခြင်း၏ အကြောင်းဟူ၍ နားမလည်ကြပေ။ ချမ်းသာခြင်း၏ အကြောင်းဟူ၍ တလွဲ နားလည်ကြ၏။ ထိုကြောင့်လည်း ပြိုင်ဆိုင်နိုင်ကြခြင်း ဖြစ်သည်။</p>
<p>အားပြိုင်ကြပြီ ဆိုသည်နှင့် သူတစ်ဖက်သား၏ ကျေးဇူးမဲ့ကို ပြောဆိုဖို့ရန် ကြိုးစားကြ၏။ သူတစ်ထူး၏ ဂုဏ်ကျေးဇူးတို့ကို ပိတ်ဖုံး၍ ထားဖို့ရန် ကြိုးစားကြခြင်း ဖြစ်သည်။ ကျေးဇူးမဲ့ကို ပြောဆိုခြင်း ဟူသည် ပုဂ္ဂိုလ်တစ်ဦး၏ ကောင်းခြင်းဂုဏ်ကို ချေဖျက်ပစ်သည့် သဘောသာ ဖြစ်သည်။ ဤသည်ကိုပင် ပြိုင်ဆိုင်ခြင်း အားပြိုင်ခြင်းဟု ဆိုရ၏။</p>
<p>တစ်နည်းဆိုရမူကား မိမိ၏အယူအဆ မိမိ၏မူဝါဒ မိမိ၏လမ်းစဉ်ကို ရှေ့တန်းရောက်စေချင်၍ ဖြစ်သည်။ ထို့ကြောင့်ပင် မိမိ၏ အယူအဆ မူဝါဒ ဌာနန္တရအတွက် မိမိနှင့် သဘာဂဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခု၌ မရှိသည့် ဂုဏ်ကျေးဇူးတို့ကို ရှိသယောင်ယောင် ဖန်တီး ပြောဆိုခြင်းသည် ဖြစ်ပေါ်လာ၏။ မိမိနှင့် သဘာဂမဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုတွင် ထင်ရှားရှိနေသည့် ဂုဏ်ကျေးဇူးတို့ကိုမူကား မရှိသယောင်ယောင်ပြု၍ ဖန်တီးကာ ပြောဆို ဖျက်ဆီးပစ်ကြ၏။ ဤသည် <b>ဣဿာ</b>ထူပြောခြင်း၏ လက်ချက်ပင် ဖြစ်သည်။ ဤမည်သော တရားကို ချိုးနှိမ်နိုင်ပါမှ တစ်ဦးအပေါ်တစ်ဦး လေးလေးစားစားဖြင့် ဆက်ဆံနိုင်ကြပေမည်။ တစ်ဦး၏ ကြီးပွားချမ်းသာမှုကိုလည်း တစ်ဦးအနေနှင့် ကြည်ညိုသည့်စိတ် လေးစားသည့်စိတ် အားရသည့်စိတ်တို့ဖြင့် ဩော် ... ဤသူသည် ဘုန်းကံကြီးမားသည့် ပုဂ္ဂိုလ်ပင်တည်း ဟူ၍ လက်ခံနိုင်မည် ဖြစ်သည်။</p>
<p>အားပြိုင်ခြင်းဟူသည် <b>ဓမ္မ</b>ကို အ<b>ဓမ္မ</b>ဟူ၍, အ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍ ပြောဆိုနေသူတို့၏ လုပ်ငန်းစဉ်ကို ခေါ်ခြင်းသာ ဖြစ်သည်။ <b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍, အ<b>ဓမ္မ</b>ကို အ<b>ဓမ္မ</b>ဟူ၍ ပြောဆိုနေသူတို့၏ လုပ်ငန်းစဉ်ကို ခေါ်ခြင်း မဟုတ်ပေ။ <b>ဓမ္မ</b>ကို အ<b>ဓမ္မ</b>ဟူ၍, အ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍ ပြောဆိုဝံ့သော သူတို့မည်သည် မိမိ၏ အကျိုးစီးပွားမဲ့ခြင်းငှာ သူတစ်ပါးတို့၏ အကျိုးစီးပွားမဲ့ခြင်းငှာ ကျင့်နေသောသူများသာ ဖြစ်ကြပေသည်။ မိမိ၏ အကျိုးစီးပွားအလို့ငှာ သူတစ်ပါးတို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်နေသူများ မဟုတ်ကြပေ။</p>
<p>ဓာတ် တူရာ တူရာစုကြသည့် သဘာဝကို မမေ့သင့်ပေ။ ထိုသဘာဝအရပင် <b>ဓမ္မ</b>ကို အ<b>ဓမ္မ</b>ဟူ၍လည်းကောင်း, အ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍ လည်းကောင်း ပြောဆိုနေသူတို့ထံ၌ ဓာတ်တူသူတို့ စုစည်းမိကြ၏။ လောက၌ အကြောင်းအကျိုး မြင်သိသူ လူလိမ္မာ ပညာရှိသည် နည်း၏။ အကြောင်းအကျိုး မသိသူ လူမိုက်သာ များ၏။ ဤသည်လည်း ဓမ္မတာတစ်ခု ဖြစ်သည်။ ထို့ကြောင့် အ<b>ဓမ္မ</b>အင်အားသည် <b>ဓမ္မ</b>အင်အားကို နိုင်သကဲ့သို့ ထင်ရ၏။ ထိုသို့ မဟုတ်ပေ။ အ<b>ဓမ္မ</b>ဟူသည် အသိဉာဏ်မဲ့သူတို့၏ အလုပ်ကို ပြောခြင်းသာ ဖြစ်၏။ အသိဉာဏ် ရှိသူတို့၏ အလုပ် မဟုတ်ပေ။ အသိဉာဏ်မဲ့သူတို့၏ အလုပ်သည် မည်းညစ်၏၊ မည်းညစ်သော တရားဟူသည် အကုသိုလ်သာ ဖြစ်ပြီး အကုသိုလ် အကျိုးပေးက မကောင်းကျိုးကိုသာ ပေး၏၊ ကောင်းကျိုးကို ပေးသည်ကား မဟုတ်ပေ။ မည်းညစ်သော အကုသိုလ်တရားကို လုပ်ကိုင်နေသူတို့၏ စိတ်သည် ညစ်နွမ်းလျက် ရှိ၏။ ထို့ကြောင့် ပစ္စုပ္ပန်၌လည်း ပင်ပန်းရ၏။ သံသရာခရီး၌လည်း ပင်ပန်းကြရပေဦးမည်။</p>
<p>အ<b>ဓမ္မ</b>ဟူက အ<b>ဓမ္မ</b>၏ သဘောအတိုင်း အရှုံးကြီး ရှုံးပြီးသည့် တရားသာ ဖြစ်၏။ အနိုင်ဟူသော တရား မဟုတ်ပေ။</p>
<p><b>ဓမ္မ</b>ဟူက <b>ဓမ္မ</b>၏သဘောအတိုင်း အနိုင်ကြီး နိုင်ပြီးသည့် တရားသာ ဖြစ်၏။ အရှုံးဟူသော တရား မဟုတ်ပေ။</p>
<p><b>ဓမ္မ</b>ကို ပြောဆိုရ၏၊ အားပြိုင်ခြင်းငှာ မဟုတ်ပေ။ အားပြိုင်ခြင်း သည်လည်း <b>ဓမ္မ</b>၏ သဘာဝ မဟုတ်ပေ။ <b>ဓမ္မ</b>သည် ရိုးသားပြီးသော မှန်ကန်ပြီးသော တရားသာ ဖြစ်၏။ <b>ဓမ္မ</b>ကို ပြောဆိုခြင်းသည် ရိုးသားခြင်း မှန်ကန်ခြင်းသာ ဖြစ်၏။ အမှန်ကို ဆိုခြင်းသည် အားပြိုင်ခြင်း အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။ သူ့သဘာဝ၌ သူ့ကို တင့်တယ်စေခြင်းသာ ဖြစ်သည်။ သို့သော် သင့်တင့်လျောက်ပတ်သော အခါကို သိရန်လို၏။ ပြောချင်တိုင်း ပြောရသည်တော့ မဟုတ်ပေ။ လက်မခံနိုင်သေးသော်ငြားလည်း ပြောသင့်က ပြောထားရ၏၊ ဟောသင့်က ဟောထားရ၏။ အချိန်ရောက်က <b>ဓမ္မ</b>သည် ထင်ရှားလာ၏၊ <b>ဓမ္မ</b>ကိုချစ်မြတ်နိုးသူ သူတော်ကောင်းတို့ ရှိကြသည်သာ။ <b>ဓမ္မ</b>၏ အင်အားသည် အတိုင်းအဆ မရှိပေ။ <b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍ ပြသူတို့အား လူမိုက်တို့က အားပြိုင်သည်ဟု အယူရှိကြ၏။ မိမိကိုယ်ကို မလေးစားသော မိမိ၏ စိတ်ထားကိုကား သတိမပြုမိပေ။</p>
<p>အ<b>ဓမ္မ</b>ကိုပြသူ ပြောသူတို့သည် မိမိ၏အယူအဆ မိမိ၏မူဝါဒ မိမိ၏လမ်းစဉ် တည်တံ့ရေးအတွက် အာသာငန်းငန်း ဖြစ်နေသည့် သူများသာ ဖြစ်ကြသည်။ လောဘတဏှာ နှိပ်စက်ခံနေရသည့် ပူလောင်နေသည့် သူများသာ ဖြစ်ကြပေသည်။</p>
<p><b>ဓမ္မ</b>ကို ပြသူ ပြောသူတို့မည်သည်ကား <b>ဓမ္မ</b>ကို <b>ဓမ္မ</b>၏နေရာ၌တင့်တယ်နေစေခြင်းငှာ ကြိုးစားကြခြင်းသာ ဖြစ်သည်။ လောဘ တဏှာ၏ နှိပ်စက်မှုကို ခံနေရသူတို့ မဟုတ်ကြပေ။</p>
<p>အ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟုပြသူ ပြောသူတို့မည်သည် လောဘ၏အလို ဒေါသ၏အလို မောဟ၏အလိုသို့ လိုက်၍ ဖြည့်ဆည်းပေးနေရသည့် ကျွန်နှင့်တူသူများသာ ဖြစ်ကြသည်။ မိမိ၏အလိုကို ချီးမြှောက်လျက် <b>ဓမ္မ</b>ကို နှိမ့်ချခြင်း ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကို မသိခြင်းပင်တည်း။ မိမိကိုယ်ကို မလေးစားခြင်းဟုလည်း ဆိုရ၏။</p>
<p><b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟု ပြသူ ပြောသူတို့မည်သည်ကား လောဘ၏အလို ဒေါသ၏အလို မောဟ၏အလိုသို့ မလိုက်ဘဲ လောကကောင်းကျိုးကို ဖြည့်ဆည်းပေးနေသည့် အရှင်နှင့်တူသူများသာ ဖြစ်ကြသည်။ မိမိ၏အလိုကို နှိမ့်ချလျက် <b>ဓမ္မ</b>ကို ချီးမြှောက်ခြင်းသာ ဖြစ်သည်။ မိမိ၏အကျိုးစီးပွားကို သိခြင်းပင်တည်း။ မိမိကိုယ်ကို လေးစားခြင်းဟုလည်း ဆိုရ၏။</p>
<p>အ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟု ပြခြင်းသည် ငါကို ရှေ့တန်းတင်ခြင်းသာ ဖြစ်သည်။ <b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟု ပြခြင်းသည်ကား ငါကို ရှေ့တန်းမတင်ဘဲ <b>ဓမ္မ</b>ကို ရှေ့တန်းတင်ခြင်းသာ ဖြစ်သည်။</p>
---
<h3>သူတော်ကောင်းတရားနှင့် မသူတော်တရား</h3>
<p>မိုးနှင့် မြေကြီးသည် ဝေးလှ၏၊ ဤမှာဘက်ကမ်းနှင့် ဟိုမှာဘက်ကမ်းသည်လည်း ဝေးလှ၏။ ထို့ထက်အလွန် သူတော်ကောင်း တရားနှင့် မသူတော်တို့၏တရားသည်ကား အလွန့်အလွန် ဝေးလှပေ၏။</p>
<p>အ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍, <b>ဓမ္မ</b>ကို အ<b>ဓမ္မ</b>ဟူ၍ ပြောဆိုခြင်းသည် မသူတော်တို့၏ တရားသာ ဖြစ်၏။ မမှန်ကို ပြောဆိုခြင်းဟုလည်း ဆိုရ၏။</p>
<p><b>ဓမ္မ</b>ကို <b>ဓမ္မ</b>ဟူ၍, အ<b>ဓမ္မ</b>ကို အ<b>ဓမ္မ</b>ဟူ၍ ပြောဆိုခြင်းသည်ကား သူတော်ကောင်းတို့၏ တရားသာ ဖြစ်၏။ အမှန်ကို ပြောဆိုခြင်းဟုလည်း ဆိုရ၏။</p>
---
<h3>အမှန်ကို ပြောဆိုခြင်း</h3>
<p>မှန်ကန်သည့်စကားကို ပြောဆိုခြင်းသည် လေးလေးစားစား ဆက်ဆံခြင်းသာ ဖြစ်၏။ ထိုသို့ပြောဆိုခြင်းသည် ပုဂ္ဂိုလ်တစ်ဦး၏ ထင်ရှားရှိသည့် ဂုဏ်ကို ထင်ရှားရှိကြောင်း ပြောဆိုခြင်းလည်း မည်၏။ ပုဂ္ဂိုလ်တစ်ဦး၏ ထင်ရှားမရှိသည့် ဂုဏ်ကို ထင်ရှားမရှိကြောင်း ပြောဆိုခြင်းလည်း မည်၏။ ဤသို့ အမှန်ကို ပြောဆိုခြင်းသည် ဘက်မလိုက်ခြင်း အဂတိမလိုက်ခြင်းလည်း မည်ပေ၏။ အမှန်ကို ပြောဆိုခြင်း တည်းဟူသော အကြောင်းကြောင့် ထင်ရှားထိုက်သော ပုဂ္ဂိုလ်သည် လောက၌ ထင်ရှားလာပေလိမ့်မည်။ မထင်ရှားထိုက်သော ပုဂ္ဂိုလ်သည်လည်း လောက၌ ထင်ရှားလာတော့မည် မဟုတ်ပေ။</p>
<p>တင့်တင့်တယ်တယ်ဖြင့် သတ္တဝါတို့၏အကျိုးကို ဆောင်နိုင်သည့် ပုဂ္ဂိုလ်အား အကျိုးဆောင်ခွင့်ကို ပေးအပ်ရန် လို၏။ ထိုသို့ ပေးအပ်နိုင်ခွင့်သည် အမှန်ကို ပြောဆိုခြင်းကြောင့်သာလျှင် ဖြစ်၏၊ မမှန်ကို ပြောဆိုခြင်းကြောင့် ဖြစ်သည် မဟုတ်ပေ။ အမှန်ကို ပြောဆိုခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ပုဂ္ဂိုလ်အား ဖြစ်သင့်ဖြစ်ထိုက်သည့် ဌာနန္တရ၌ ဖြစ်နေခြင်းငှာ, ရှိသင့်ရှိထိုက်သည့် ဌာနန္တရ၌ ရှိနေခြင်းငှာ, ပြုသင့်ပြုထိုက်သည့် အလုပ်ကို ပြုခွင့်ရစေခြင်းငှာ ပြုစုပျိုးထောင်ပေးခြင်း ထောက်ခံပေးခြင်းပင် ဖြစ်သည်။</p>
<p>ပြောဆိုသည့် စကားတို့သည် အမှန်မဟုတ်တော့အံ့၊ အဂတိ လိုက်ကြပေတော့မည်။ မိမိနှင့် ချစ်ကျွမ်းဝင်သောကြောင့် ပုဂ္ဂိုလ်တစ်ဦးကို မထိုက်တန်ပါဘဲလျက် ချီးမြှောက်၏။ မိမိ၏စကားကို လိုက်နာသော, နားထောင်သော ပုဂ္ဂိုလ်ကို အထက်သို့ရောက်အောင် တွန်းတင်၏။ ထိုက်တန်သူ ရှိပါလျက် မထိုက်တန်သူအား ချီးမြှောက်ခြင်းမည်သည် <b>ဆန္ဒာဂတိ</b> လိုက်ခြင်း <b>မောဟာဂတိ</b> လိုက်ခြင်းပင် ဖြစ်သည်။ ကြီးလေးသည့် တာဝန်နှင့် မထိုက်တန်သော ပုဂ္ဂိုလ်တစ်ဦးအား တာဝန်မပေးမိရန် လို၏။ မထိုက်တန်သူအား တာဝန်ပေးမိခြင်းသည် ထိုသူအား မှီခိုခွင့် ကြည်ညိုခွင့် လဲလျောင်းခွင့် ထောက်ပံ့ခွင့် ရသူတို့၏ အကျိုးကို ဆုတ်ယုတ်စေတတ်ပေသည်။</p>
<p>သာသနာတော်နှင့် ဆက်စပ်၍ ပြောရပါမူကား ဘုန်းကံနည်းပါးသော မထိုက်တန်သော ပုဂ္ဂိုလ်တစ်ဦးအား <b>ဆန္ဒာဂတိ</b>ဖြင့် ချီးမြှောက်မှု မပြုမိရန်, ထောက်ပံ့မှု မပြုမိရန် အရေးကြီး၏။ ဘုန်းကံနည်းသော သူတို့မည်သည် လေးနက်သော အသိဉာဏ် ရှိခဲလှ၏၊ လေးနက်ခိုင်ခံ့သည့် စိတ်ဓာတ်လည်း ရှိခဲလှ၏။ ရင့်ကျက်သော အသိဉာဏ် မရှိက သာသနာတော်ကြီးကို တည်တံ့အောင် အရှည်ခံ့အောင် ပြုစုပျိုးထောင်မည့်ပုဂ္ဂိုလ် ဖြစ်မလာနိုင်ပေ။</p>
<p>သာသနာတော်ကို မှီခိုခွင့် ကြည်ညိုခွင့် လဲလျောင်းခွင့် ထောက်ပံ့ခွင့် ရရှိထားကြသည့် သူတော်ကောင်းတို့၏ အကျိုးစီးပွားကိုလည်း ကောင်းစွာ ဆောင်နိုင်မည် မဟုတ်ပေ။ သာသနာ ကွယ်ရာ ကွယ်ကြောင်းကို ဖြစ်အောင် လုပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်၏။ ထိုသို့နားလည် သက်ဝင်လျက် အမှန်တရားကို ပြောဆိုခြင်း, အမှန်ဖြစ်အောင် ကြိုးစားခြင်းဖြင့် မိမိကိုယ်ကို လေးစားသည့် စိတ်ထား ကို ဖြစ်စေသင့်၏။ ဤသို့ ပြုမူပြောဆိုခြင်းသည် မိမိကိုယ်ကို မိမိ လေးစားမှုရှိခြင်းလည်း မည်၏။ သူတစ်ပါးတို့အား လေးလေးစားစား ပြုမူပြောဆိုခြင်းလည်း မည်ပေ၏။ သာသနာတော်ကြီးကိုလည်း လေးစားကြည်ညိုသည့် စိတ်ဖြင့် ပြုစုပျိုးထောင်နေခြင်းဟု ဆိုရပေမည်။</p>
<p>လေးစားခြင်းဟူသည် လောကကြီးကို လှပအောင် ကြီးစွာဆောင်နိုင်သောအရာ ဖြစ်၏။ လေးစားခြင်း ရှိနေသည့် ပုဂ္ဂိုလ်အချင်းချင်း၌ ငြင်းခုံခြင်း ပြဿနာဖြစ်ခြင်းဟူသည် အလွန် ဖြစ်ခဲလှ၏။ ပြဿနာဖြစ်ပြီ ငြင်းခုံကြပြီဆိုက အကြောင်းရင်းကို ကြည့်တတ်ဖို့ လို၏။ အကြောင်းမဲ့ ဖြစ်သည်ကား မဟုတ်ပေ၊ အကြောင်းအထောက်ပံ့ကား ရှိနေ၏။</p>
<p>ပုဂ္ဂိုလ်တစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက်အား မလေးမစား ပြုမူ ပြောဆို၏၊ ပုဂ္ဂိုလ်တစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက်အား နှိမ်ချပြောဆို၏။ ထိုအခါ အထင်လွဲမှု အထင်သေးမှုများ ဖြစ်ပေါ်လာတော့၏။ အဘယ်ကြောင့်နည်း...တစ်ဦးကိုတစ်ဦး ငဲ့ကွက်သည့် စိတ်ထား, တစ်ဦး၏သိက္ခာကို တစ်ဦးမှ ထိန်းထိန်းသိမ်းသိမ်း ပြုမူ ပြောဆို ဆက်ဆံမည်ဟူသည့်စိတ်ထား, တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးမှ ဆောင်ရွက်မည်ဟူသည့်စိတ်ထား, သူတစ်ထူး အကျိုးမဲ့ မဖြစ်စေခြင်းငှာ စောင့်ရှောက်ပေးမည် ထိန်းသိမ်းပေးမည်ဟူသည့် စိတ်ထားများ မရှိသောကြောင့် ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းသည် မိမိကိုယ်ကို လေးစားသောစိတ်ထား, သူတစ်ပါးအပေါ် အလေးထား လေးစားသော စိတ်ထားတို့ကို မမွေးမြူတတ်ခြင်း မပျိုးထောင်တတ်ခြင်း မစောင့်ရှောက်တတ်ခြင်းကြောင့်သာ ဖြစ်သည်။</p>
<p>အကုသိုလ်တရားများကို အလိုမရှိကြပေ၊ မဖြစ်ပေါ်စေချင်ကြပေ။ ထိုသို့ အလိုမရှိသော် မဖြစ်ပေါ်စေချင်သော် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကို ဆောင်တတ်သော သဘာဝကို မွေးမြူဖို့ လို၏။ ထိုသဘာဝသည် လေးလေးစားစားဖြင့် ပြုမူဆက်ဆံခြင်းပင် ဖြစ်သည်။</p>
<p>ကုသိုလ်တရားများ ဆထက်ထမ်းပိုး တိုးပွားခြင်းကို အလိုရှိကြ၏။ ထိုသို့တိုးပွားခြင်းကို အလိုရှိသော် လေးစားခြင်းဟူသော သူတော်ကောင်းတို့၏ လမ်းစဉ်ကို အလေးဂရုပြုခြင်းသည်သာ လိုရင်း ဖြစ်၏။</p>
<p>သံသရာခရီးမဆုံးသေးသည့် သံသရာခရီးကိုဆက်ရဦးမည့် ပုဂ္ဂိုလ်များသာ လောက၌ များ၏။ ထိုသို့ ခရီးဆက်ရဦးမည့် သူတို့သည် လေးစားခြင်းဟူသော သူတော်ကောင်းတို့၏ လမ်းစဉ်ကို အလေးဂရုပြု ထိန်းသိမ်း စောင့်ရှောက်သင့်ပေသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ခြင်းကြောင့် ကြောက်မက်ဖွယ်ကောင်းသော, အလွန် ကြောက်မက်ဖွယ် ကောင်းသော အကုသိုလ်ကံများကို ရှောင်ရှားပြီးသား ဖြစ်သည့်အပြင် ကုသိုလ်တရားများကို ဆောင်ထားပြီးလည်း ဖြစ်ပေသည်။</p>
---
<h3>ပညာဉာဏ် ရှိသူများ</h3>
<p>လေးလေးစားစားဖြင့် ပြုမူဆက်ဆံခြင်းဟူသည် မိမိ ပြုချင် ပြောချင်သည့်စကားကို ပြုချင် ပြောချင်သည့်အတိုင်း မပြု မပြောဘဲ၊ ပြုသင့် ပြောသင့်သည့်စကားကို ပြုမူပြောဆိုဖို့ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ ထိုကြောင့် လေးလေးစားစား ပြုမူပြောဆိုခြင်းကို သည်းခံခြင်း <b>ခန္တီ</b>တရားကို ဖြည့်ကျင့်ခြင်းဟု ဆိုရ၏။ ပါရမီတရားတို့ တိုးပွားခွင့် ရကြခြင်း ဖြစ်သည်။ သည်းခံခြင်း ထင်ရှားရှိနေသည့် သူတို့၏ အပြုအမူတို့သည်သာ လေးစားသော အပြုအမူ ဖြစ်နိုင်၏။ သည်းခံခြင်း ထင်ရှားမရှိသော သူတို့၌ ဖြစ်နိုင်သည်ကား မဟုတ်ပေ။</p>
<p>သည်းခံခြင်း <b>ခန္တီ</b>တရား ထင်ရှားရှိသူတို့သည် ပညာဉာဏ် ရှိသူတို့သာ ဖြစ်ကြသည်။ ပညာဉာဏ် ကြီးသူများဟုလည်း ခေါ်နိုင်၏။ မည်သည့် ပုဂ္ဂိုလ်အား မည်သို့ ပြောရမည်, မည်သည့်နေရာ၌ ပြောရမည်, မည်သည့် အချိန်၌ ပြောရမည်ကို သိ၏။ ဤသို့ သိခြင်းသည် ပညာ၏အလုပ် ဖြစ်သည်။ ပညာဉာဏ် ရှိသူတို့၏ သည်းခံခြင်းဟူသည် အကြောင်းအကျိုးကို သိတတ်ခြင်းပင် ဖြစ်သည်။ အကျိုးရှိ အကျိုးမဲ့ကို သိတတ်ခြင်း ပြုတတ်ခြင်း ပြောတတ်ခြင်းဟုလည်း ဆိုရ၏။</p>
<p>လောဘသည် လိုချင်၏၊</p>
<p>ဒေါသသည် ခက်ထန်၏၊</p>
<p>မာနသည် ထောင်လွှား၏။</p>
<p>ထိုလောဘတရား ဒေါသတရား မာနတရားတို့သည် အကြောင်း အကျိုးကို မသိအောင်ပြုသော တရားဆိုးများသာ ဖြစ်၏။</p>
<p>အကျိုးရှိ အကျိုးမဲ့ကို သိတတ်သော တရားများ မဟုတ်ကြပေ။ လိုချင်ခြင်း လောဘ, ခက်ထန်ခြင်း ဒေါသ, ထောင်လွှားခြင်း မာနတရားတို့သည် သတ္တဝါတို့အား ပျက်စီးအောင် ဖျက်ဆီးနေ၏။ အကျိုးမဲ့ဖြစ်အောင် ရွက်ဆောင်ပေးနေကြ၏။ မလေးမစား ပြုဖို့ရန်လည်း တာဝန်ယူကြ၏၊ မထီမဲ့မြင် ပြုဖို့ရန်လည်း တာဝန်ယူကြ၏၊ ဝန်လေးဖွယ်ဖြစ်သည့် ရက်စက် ကြမ်းကြုတ်သော အမှုတို့ကို ပြုဖို့ရန်လည်း မတွန့်ဆုတ်တတ်ကြပေ။ လောဘ ဒေါသ မာနတရားတို့ကို တာဝန်မပေးပါဘဲ ယူတတ်သူများဟု ဆိုနိုင်၏။</p>
---
<h3>သညာနှင့် ပညာ</h3>
<p>လောကသားတို့အနေနှင့် <b>သညာ</b>နှင့် <b>ပညာ</b>ကို ခွဲ၍ နားမလည် ကြပေ။ <b>သညာ</b>ကို <b>ပညာ</b>ဟု နားလည်ကြ၏၊ ထို့ကြောင့်လည်း <b>သညာ</b>ရှိသူမျှသာ ဖြစ်သော မိမိကိုယ်ကို ပညာရှိဟူ၍ မြှင့်တင် ဝင့်ကြွားနိုင်ခြင်း ဖြစ်သည်။ ထောင်လွှားနိုင်ခြင်း ဖြစ်သည်။</p>
<p><b>သညာ</b>သည် သင်အံလေ့ကျက်ခြင်းကို အမှီပြု၍ ဖြစ်ပေါ်လာသော <b>ဗဟုဿုတ</b>ရှိခြင်းကို ခေါ်ခြင်း ဖြစ်သည်။ ထို<b>သညာ</b>ဖြင့် မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ <b>သညာ</b>ရှိဟုသာ ခေါ်ရ၏၊ <b>ပညာ</b>ရှိဟု မခေါ်နိုင်သေးပေ။</p>
<p><b>သညာ</b>ကြောင့် ရင့်ကျက်လာသူ ရှိသည်သာ၊ လိုက်နာပြုကျင့်၍ ဖြစ်သည်။</p>
<p><b>သညာ</b>ကြောင့် မာန်မာနထောင်လွှားလာသူ များ၏၊ ထို့ကြောင့်ပင် <b>သညာ</b>ကို ဒုက္ခဟူ၍ မြတ်ဘုရား ဟောတော်မူခြင်း ဖြစ်သည်။ ထို<b>သညာ</b>ကို အမှီပြု၍ ဆင်ခြင်ပြုမူနိုင်သော <b>ပညာ</b>အဖြစ်ဖြင့် လက်တွေ့ကျင့်သုံးနိုင်သော အဆင့်၌မူကား လိုချင်ခြင်း လောဘ၏အပြစ်, ခက်ထန်ခြင်း ဒေါသ၏အပြစ်, ထောင်လွှားခြင်း မာန၏အပြစ်တို့ကို မြင်လာကြ၏။ ထင်ရှား ဖော်ပြရမည်ကို ရှက်လာကြ၏။ <b>သညာ</b>ရှိအဖြစ်မှ <b>ပညာ</b>ရှိအဖြစ်သို့ ကူးပြောင်းစ ပြုလာပြီဟု ဆိုရပေမည်။</p>
<p><b>သညာ</b>ရှိအဖြစ်မှ <b>ပညာ</b>ရှိအဖြစ်သို့ ကူးပြောင်းလာပါမှသာ ရင့်ကျက်မှုကို တွေ့ရ၏။ <b>ပညာ</b>ရှိဟူက လေးလေးစားစား ဆက်ဆံကြသည်သာ။</p>
<p>လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုခြင်းကြောင့် ထိုသို့ပြုသူကို နှစ်သက်ကြကုန်၏၊ ချစ်ခင်ကြကုန်၏၊ လေးစားကြကုန်၏၊ ကြည်ညိုကြကုန်၏။</p>
<p>လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုခြင်းသည် အပြုခံရသူတို့၏ စိတ်နှလုံးကို မွေ့လျော်စေ၏၊ နူးညံ့စေ၏။ မိမိသူတစ်ပါး နှစ်ဦးသားတို့အား နှိပ်စက်ကလူ ပြုတတ်သည့် လောဘ ဒေါသ မာန တရားတို့ကို ထိုသူ၏ စိတ်၌ မဖြစ်အောင် ကူညီပြီးလည်း ဖြစ်ပေသည်။ ဤသို့ ပြုနိုင်ခြင်းသည် အကြောင်းအကျိုး မြင်သိ ဉာဏ်<b>ပညာ</b>ရှိခြင်းကို ဖော်ပြခြင်း ဖြစ်သည်၊ သည်းခံခြင်း <b>ခန္တီ</b>တရား ရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။</p>
---
<h3>လေးစားခြင်းဆိုတာ အကျိုးလိုလားခြင်းပါ</h3>
<p>ထိုထက်အလွန်ကို ဆိုရမူ လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုနိုင်ခြင်းသည် <b>မေတ္တာ</b>ဓာတ်ခံကြောင့်သာ ဖြစ်သည်။ <b>မေတ္တာ</b>ဟူသည် သူတစ်ထူး၏ အကျိုးကို လိုလားခြင်း ဖြစ်သည်။ သူ အကျိုးရှိရာ ရှိကြောင်းကို ဆောင်ရွက်ပေးခြင်းဟုလည်း ဆိုရ၏။ သူ အကျိုးမဲ့ရာ မဲ့ကြောင်း မဖြစ်အောင် စောင့်ရှောက်ပေးခြင်းလည်း မည်၏။ သူ ဖြစ်နိုင်သည့်အရာ၌ သူ့ကို ကူညီပေးခြင်းလည်း မည်၏။ သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးခြင်း သည် <b>မေတ္တာ</b> ဖြစ်သည်။ မိမိဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည်ကား လောဘသာ ဖြစ်ပေသည်။ မိမိဖြစ်စေချင်သည့် အတိုင်း ဖြစ်အောင် လုပ်ခြင်းသည် သူတစ်ဖက်သား၏ ဘဝကို အလေးမထားခြင်း မလေးစားခြင်း ဖြစ်သည်။ သူတစ်ဖက်သား၏ ဖြစ်နိုင်ခွင့်ကို မသိခြင်း, သိအောင် မကြိုးစားခြင်း, စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့်လည်း ဖြစ်ပေသည်။</p>
<p>အကျိုးဆောင်သူတိုင်း ဘုရားရှင်တို့၏ ထုံးကို နှလုံးမူသင့်၏။ ပုဂ္ဂိုလ်တစ်ယောက်ကို ကူညီလိုသည့် မြတ်စွာဘုရားရှင်သည် ထိုပုဂ္ဂိုလ်တို့၌ ရှိသော အရည်အချင်းကို သိအောင် ပြုတော်မူ၏။ ထိုသူတို့၌ရှိသည့် အရည်အချင်း အားလျော်စွာ ဘုရားရှင်သည် ကူညီ၏။ <b>သရဏဂုံ</b>တည်နိုင်သည့် အရည်အချင်း ရှိသူအား <b>သရဏဂုံ</b> တည်စေခြင်းငှာ အားထုတ်၏။ <b>သောတာပန်</b>တည်နိုင်သည့် အရည်အချင်း ရှိသူအား <b>သောတာပန်</b>တည်စေခြင်းငှာ အားထုတ်၏။ ထို့ကြောင့်ပင် သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးခြင်းသည် <b>မေတ္တာ</b>ဖြစ်ကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။ ဤသို့ အားထုတ်ခြင်းသည် သူတစ်ဖက်သား၏ ဖြစ်နိုင်ခွင့်ကို သိအောင် ကြိုးစားခြင်းဖြင့် ဖြစ်နိုင်ခွင့်ကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပေသည်။ လေးစားခြင်းဟုလည်း ဆိုရ၏။</p>
<p>မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည် မိမိကိုယ်ကို ရှေ့တန်းတင်ခြင်း, သူတစ်ပါးကို နှောင့်ယှက်ခြင်း ဖြစ်သည်။ သူတစ်ဖက်သား၏ ဘဝကို အလေးမထားခြင်း မလေးစားခြင်းဟုလည်း ဆိုရ၏။</p>
---
<h3>လေးစားတတ်မှ ဥပေက္ခာ</h3>
<p>သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးခြင်းသည် <b>မေတ္တာ</b> ဖြစ်သည်။ ထိုထက်အလွန် အားထုတ်ခြင်းကို ပြုသင့်က ပြု၏၊ မပြုသင့်ဟုသိက မပြုပေ။ ထိုသို့ သိ၍ မပြုခြင်းသည် <b>ဥပေက္ခာ</b> မည်၏။ <b>ဥပေက္ခာ</b>တရား ရှိရန် လို၏။ <b>ဥပေက္ခာ</b>တရား မရှိက အတင်းအကြပ်ပြုခြင်းကို လက်ကိုင်ပြုတတ်၏။ ထိုသို့ ပြုခြင်းကို <b>မေတ္တာ</b>ဟု တလွဲ နားလည်ကြပြန်၏။ စင်စစ်မူ ထိုသို့ ပြုခြင်းသည် အကျိုးမဖြစ်ထွန်းတတ်၍ <b>မေတ္တာ</b>ဟု မဆိုသာပေ။ အတင်းအကြပ်ပြုခြင်းသည် မလေးစားခြင်းသာ ဖြစ်၏။ <b>ဥပေက္ခာ</b>တရား ရှိခြင်း မည်သည်ကား လေးစားမှု ရှိခြင်းသာတည်း။</p>
<h3>သင်နှင့် ကျွန်ုပ်တို့၏ လမ်းစဉ်အဖြစ် သတ်မှတ်ကြစို့</h3>
<p>ဤနေရာ၌ မေတ္တသုတ်လာ ဘုရားအဆုံးအမကို အမှတ်ရစေချင် ၏။</p>
<p><b>န ပရော ပရံ နိကုဗ္ဗေထ၊</b></p>
<p><b>နာတိမညေထ ကတ္ထစိ န ကဉ္စိ။</b></p>
<p><b>ဗျာရောသနာ ပဋိဃသည၊</b></p>
<p><b>နာညမညဿ ဒုက္ခမိစ္ဆေယျ။</b></p>
<p>တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်ခြင်းဖြင့်လည်းကောင်း, ရန်လိုသော စိတ်ဖြင့်လည်းကောင်း, မထီမဲ့မြင် မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်ဟူ၍ ဖြစ်သည်။</p>
<p>ဘုရားရှင်သည် တစ်စုံတစ်ယောက်ကိုသော်လည်း အမျက်မထွက်စေလိုပေ။ အမျက်ထွက်စေတတ်သော အပြုအမူ အပြောအဆိုတို့ကို တစ်ဦးနှင့်တစ်ဦး ရှောင်ရှားစေလို၏။ မည်သို့သော ကိစ္စ၌ သော်လည်း တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်သော အပြုအမူ အပြောအဆို, ရန်လိုသော အပြုအမူ အပြောအဆို, မထီမဲ့မြင်ပြုသော အပြုအမူ အပြောအဆိုတို့ကို မပြုစေလိုပေ။ ဆင်းရဲမှုကို ရှောင်၍ ချမ်းသာခြင်းကို ဆောင်တတ်သော ပြုမူနေထိုင်ခြင်းကိုသာ အလိုရှိ တော်မူ၏။ ဘုရားရှင်၏ မေတ္တာဓာတ်တည်း။</p>
<p>တစ်ယောက်သည် တစ်ယောက်ကို အမျက်ထွက်အောင် ပြုခြင်း ဟူသည် လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံခြင်း မဟုတ်ပေ။ မလေးမစား ပြုမူ ပြောဆို ဆက်ဆံခြင်းသာ ဖြစ်သည်။ ချုပ်ချယ်ခြင်းသည် မလေးစားခြင်းသာ ဖြစ်ပြီး ရန်လိုခြင်းသည်လည်း မလေးစားခြင်းသာ ဖြစ်သည်။ မထီမဲ့မြင် ပြုခြင်းသည် လေးစားခြင်း မဟုတ်ပေ။ မလေးစားခြင်းသာ ဖြစ်ပေသည်။</p>
<p>ဆင်းရဲခြင်းကို အလိုမရှိပါမူ ချုပ်ချယ်ခြင်းကို အလိုမရှိသင့်ပေ။</p>
<p>ချမ်းသာခြင်းကို အလိုရှိပါမူ ရန်လိုခြင်းကို အလိုမရှိသင့်ပေ။</p>
<p>ညီညွတ်ခြင်းကို အလိုရှိပါမူ မထီမဲ့မြင်ပြုခြင်းကို အလိုမရှိသင့်ပေ။</p>
<p>လေးစားခြင်းသည် အမျက်မထွက်စေသော ဆေးကောင်း ဖြစ်၏၊ လေးစားစွာ ပြုမူခြင်းသည် မချုပ်ချယ်သော အလေ့သာ ဖြစ်၏။ လေးစားခြင်းကြောင့် ချမ်းသာခြင်းကို ဖြစ်ပေါ်စေ၏။</p>
<p>လေးစားခြင်းတည်းဟူသော သူတော်ကောင်းတို့၏ အလေ့, သူတော်ကောင်းတို့၏ လမ်းစဉ်ကို အတု အတူလိုက်၍ ပြုမူနေထိုင် ပြောဆိုကြခြင်း မည်သည် ငြိမ်းချမ်းသော နေထိုင်မှု, အပြစ်ကင်းသော နေထိုင်မှု, အကျိုးကြီးသော နေထိုင်မှု, ရင့်ကျက်သော နေထိုင်မှုပင် ဖြစ်သည်။</p>
<p>လေးစားခြင်းဟူသည့် လမ်းစဉ်အား သင်နှင့်အကျွန်ုပ်တို့၏ အားထုတ်မှု လမ်းစဉ်အဖြစ် သတ်မှတ်ကြပါစို့။ လေးစားသောစိတ် အလေးထားသော စိတ်ဖြင့် အချင်းချင်း ပြုမူ ဆက်ဆံ ပြောဆိုကြပါစို့။</p>
<p>အစဉ်လေးစားလျက်</p>
<p>အရှင်ရေဝတ</p>
<p>စိတ္တလတောင်ကျောင်း - ဖားအောက်တောရ?</p>
<p>၁၃၆၆-ခု၊ ဝါခေါင်လဆုတ် ၂-ရက်၊</p>
<p>1. 9..2004/</p>
<p>: မည်းညစ်သော ကံတို့က သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင်, ဖြူစင်သော ကံတို့က သတ္တဝါတို့ကို မြင့်မြတ်သူဖြစ်အောင် ခွဲခြား ဝေဖန်ပေး၏။ သို့သော် မမည်း မဖြူသည့် အရိယမဂ်ကံတို့က ယင်းမြင့်မြတ်သူ သတ္တဝါတို့ကို နိဗ္ဗာန်သို့ တစ်ဆင့် ရောက်အောင် ပို့ဆောင်ပေးကြ၏။ (နှာ-၂၅။)</p>
<h3>စေတနာ၏ စွမ်းအား</h3>
<p><b>စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။</b> (အံ၊၂၊၃၆၃။)</p>
<p>ရဟန်းတို့ ...စေ့ဆော်တိုက်တွန်း၍ ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့် ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုရကား စေတနာကို ကံဟူ၍ ငါဘုရား ဟောကြားတော်မူ၏။ (အံ၊၂ ၊ ၃၆၃)</p>
<p>အနုသယဓါတ် မကင်းသေးသူတို့၏ ပြုပြုသမျှ ကာယကံ ပြောပြောသမျှ ဝစီကံနှင့် ကြံကြံသမျှ မနောကံဟူသမျှသည် ကံအရာ၌ တည်လျက်ပင် ရှိ၏။ ပြုပြုသမျှ ပြောပြောသမျှ ကြံကြံသမျှ ကာယကံမှု ဝစီကံမှု မနောကံမှု မှန်သမျှသည် ရင့်ကျက်လာသော တစ်နေ့တွင် သံသရာခရီး မဆုံးသေးသူတို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ ထိုက်သင့်သောအကျိုးကို ဖြစ်စေနိုင်သော စွမ်းအားကား တည်ရှိလျက်ပင် ရှိ၏။ ထိုကြောင့် ယင်းကာယကံမှု ဝစီကံမှု မနောကံမှုတို့ကို ပြုလုပ်နေခြင်းကိုပင် ကံကို ပြုစုပျိုးထောင်နေခြင်းဟု ဆိုရ၏။ ထိုကံကို ပြုစုပျိုးထောင် ရာ၌ စေတနာကား ပြဓာန်းလျက် ရှိ၏။ စေတနာ၏ အနုံ့အထက်ပေါ် မူတည်၍ အကျိုးတရား၏ အနုံ့အထက်သည် ထင်ရှား ဖြစ်ပေါ်လာ ရ၏။ ထိုကြောင့် စေတနာကို ကံဟူ၍ ဘုရားရှင်က ဟောကြားထားတော်မူခြင်း ဖြစ်၏။</p>
<p>ထိုကံသည် ကုသိုလ်ကံ အကုသိုလ်ကံဟူ၍ နှစ်မျိုး ရှိ၏။ ကုသိုလ်ကံက ကောင်းသော ချမ်းသာသော အကျိုးကို ပေး၍ အကုသိုလ်ကံက မကောင်းသော ဆင်းရဲသော အကျိုးကို ပေးတတ်၏။ (မ၊၃၊၂၅၁။) ယင်းကံက အကျိုးပေးပုံကို သဘောပေါက်နိုင်ရန် အောက်ပါသုတ္တန်များကို ဖတ်ရှုကြည့်ပါ။</p>
<h3>အမှောင်နှင့်အလင်း</h3>
<p>ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် တမောတမ သုတ္တန်တွင် ယင်းကံတို့ကို အောက်ပါအတိုင်း လေးမျိုးခွဲကာ ဟောကြားထားတော်မူ၏။</p>
<p>ရဟန်းတို့ ...လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိ ကြကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ ---</p>
<p>၁။ အမှောင်ထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်၊</p>
<p>၂။ အမှောင်ထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်၊</p>
<p>၃။ အလင်းထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်၊</p>
<p>၄။ အလင်းထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်တို့တည်း။</p>
<h3>၁။ အမှောင်ထဲမှ အမှောင်ထဲသို့</h3>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသောပုဂ္ဂိုလ် ဖြစ်လေသနည်း။</p>
<p>ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့် သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း, နှီးသမားမျိုး၌သော်လည်းကောင်း, တံငါမုဆိုးမျိုး၌သော်လည်းကောင်း, သားရေလုပ်သမားမျိုး၌သော်လည်းကောင်း, ပန်းမှိုက်သွန် (မစင်ဘင်ကျုံးသမား)မျိုး၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ဆင်းရဲ၏၊ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏(=မဝတဝစားရ၏၊)၊ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ အသက်မွေးရ၏။ ယင်းအမျိုးအနွယ် ဘဝ၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရရှိရ၏။ ထိုသူသည် ရုပ်အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ ( အသားက သပိတ်ရောင်, လည်ပင်းက ဖားလည်ပင်း, ခါးကလည်း လိပ်ခါးမျိုးတည်း။) အနာရောဂါလည်း များပြား၏။ ကန်းသူသော်လည်းကောင်း, ကောက်သူသော်လည်းကောင်း, ခွင်သူသော်လည်းကောင်း, ဆွံ့သူသော်လည်းကောင်း ဖြစ်ရ၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူကား မဟုတ်။ [ဤကား အမှောင်ထဲ၌ လူဖြစ်လာရပုံတည်း။]</p>
<p>ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ [သူ့အသက်ကို လက်ရဲဇက်ရဲ သတ်ဖြတ်၏။ သူ့ပစ္စည်းကို လက်သွက်သွက်ဖြင့် မတရားယူ၏။ သူ့သားမယားကို မရှက်မကြောက် ဖျက်ဆီး၏။ မုသားစကားကို ရေလို ပေါပေါများများ အသုံးပြု၏။ ကုန်းစကားကို ရဲရဲဝံ့ဝံ့ ပြောတတ်၏။ ကြမ်းတမ်းသည့် စကားကို အာရဲလျှာရဲ ပြောတတ်၏။ ပြိန်ဖျင်းသည့် စကားကို ပုံကြီးချဲ့တတ်၏။ မတရားသော နည်းလမ်းဖြင့် သူတစ်ပါး၏ စည်းစိမ်ကို ရယူဖို့ ကြံစည်၏။ သူတစ်ပါးတို့ ဆင်းရဲဒုက္ခရောက်အောင် သေကြေပျက်စီးအောင် ကြံစည်၏။ ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏။ ခေါင်းဟိုဘက် ဘာမျှမရှိ စသည်ဖြင့် ကံ, ကံ၏အကျိုးကို ပစ်ပယ်သည့် အယူမှားကို စွဲလမ်း ဆုပ်ကိုင်ထား၏။ (= ဒုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်၏)ဟု ဆိုလို၏။] ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, သွားလိုသည့် အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရပြန်၏။</p>
<p>ရဟန်းတို့...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသောပုဂ္ဂိုလ် ဖြစ်ပေ၏။</p>
<h3>၂။ အမှောင်ထဲမှ အလင်းထဲသို့</h3>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ် ဖြစ်လေသနည်း။</p>
<p>ရဟန်းတို့ ...ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့် သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း, နှီးသမားမျိုး၌သော်လည်းကောင်း, တံငါမုဆိုးမျိုး၌သော်လည်းကောင်း, သားရေလုပ်သမားမျိုး၌သော်လည်းကောင်း, ပန်းမှိုက်သွန် (မစင်ဘင်ကျုံးသမား)မျိုး၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ဆင်းရဲ၏၊ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏ (=မဝတဝစားရ၏၊)၊ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ အသက်မွေး ရ၏။ ယင်းအမျိုးအနွယ် ဘဝ၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရရှိရ၏။ ထိုသူသည် ရုပ်အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏၊ အနာရောဂါလည်း များပြား၏။ ကန်းသူသော်လည်းကောင်း, ကောက်သူသော်လည်းကောင်း, ခွင်သူသော် လည်းကောင်း, ဆွံ့သူသော်လည်းကောင်း ဖြစ်၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူကား မဟုတ်။</p>
<p>ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏။ (သူ့အသက်ကို မည်သည့်အခါမျှ မသတ်၊ သူ့ပစ္စည်းကို မည်သည့် နည်းပရိယာယ်နှင့်မျှ မတရား မယူ၊ သူ့သားမယားကို မည်သည့်အခါမျှ မဖျက်ဆီး။ မုသားစကား, ကုန်းစကား, ကြမ်းတမ်းသည့်စကား, ပြိန်ဖျင်း သည့်စကားတို့ကို မပြောဆို၊ သူ့ပစ္စည်းကို မတရားယူဖို့ မကြံစည်၊ သူတစ်ပါး ပျက်စီးကြောင်းကို မကြံစည်။ ရုပ်+နာမ် ပရမတ် = ဒုက္ခသစ္စာတရားတို့ကို ဟုတ်တိုင်းမှန်စွာသိသည့် သမ္မာဒိဋ္ဌိ, ကံ ကံ၏အကျိုးတရား = သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာသိသည့် သမ္မာဒိဋ္ဌိ, သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဟုတ်တိုင်းမှန်စွာသိသည့် ဝိပဿနာသမ္မာဒိဋ္ဌိ, နိဗ္ဗာန် = နိရောဓသစ္စာကို ဟုတ်တိုင်းမှန်စွာသိသည့် မဂ္ဂသမ္မာဒိဋ္ဌိ ဖလသမ္မာဒိဋ္ဌိ စသည့် သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံအောင် ကျင့်၏။ အောက်ထစ်ဆုံးအားဖြင့် ပရမတ် ရုပ်+နာမ် = ဒုက္ခသစ္စာကို သိသည့် သမ္မာဒိဋ္ဌိ, ကြောင်း+ကျိုး = ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား = သမုဒယသစ္စာကို သိသည့် သမ္မာဒိဋ္ဌိနှင့် ပြည့်စုံအောင် ကျင့်၏။ (= သုစရိုက် ဆယ်ပါးကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၏ဟု ဆိုလို၏)</p>
<p>ဤသို့ ကောင်းသောအကျင့်ကို ကျင့်ခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည် နတ်လောက၌ ဖြစ်ရ၏။ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ်ဖြစ်ပေ၏။</p>
<h3>၃။ အလင်းထဲမှ အမှောင်ထဲသို့</h3>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရသည် ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ် ဖြစ်လေသနည်း။</p>
<p>ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟုဆိုအပ်သော ခတ္တိယမဟာသာလမျိုး (= မင်းသူဋ္ဌေး သူကြွယ်မျိုး)၌သော်လည်းကောင်း, ဗြာဟ္မဏမဟာသာလမျိုး (= ပုဏ္ဏားသူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း, ဂဟပတိမဟာသာလမျိုး (= အိမ်ရှင်သူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ကြွယ်ဝချမ်းသာ၏၊ များသောဥစ္စာနှစ် ရှိ၏၊ များသောရွှေငွေ ရှိ၏၊ များသောနှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏၊ များသောဥစ္စာစပါး ရှိ၏။ ထိုသူသည် ရုပ်အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်ညိုဖွယ်လည်း ရှိ၏၊ ကောင်းမြတ်သော ရုပ်အဆင်းသဏ္ဌာန် = လုံးရပ်သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူ ဖြစ်၏။</p>
<p>ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ (အထက်တွင် ဖော်ပြထားသော ဒုစရိုက်အမျိုးမျိုးတို့ကို လွန်ကျူး၏။) မကောင်းသောအကျင့်ကို ကျင့်ခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းသော မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော သွားလို ရောက်လို ဖြစ်လိုသည့် အလိုဆန္ဒမရှိဘဲ ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ် ဖြစ်ရပေ၏။</p>
<h3>၄။ အလင်းထဲမှ အလင်းထဲသို့</h3>
<p>ရဟန်းတို့...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ် ဖြစ်လေသနည်း။</p>
<p>ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟုဆိုအပ်သော ခတ္တိယမဟာသာလမျိုး (= မင်းသူဋ္ဌေး သူကြွယ်မျိုး)၌သော်လည်းကောင်း, ဗြာဟ္မဏမဟာသာလမျိုး (= ပုဏ္ဏားသူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း, ဂဟပတိမဟာသာလမျိုး (= အိမ်ရှင်သူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ကြွယ်ဝချမ်းသာ၏၊ များသောဥစ္စာနှစ် ရှိ၏၊ များသော စည်းစိမ် ရှိ၏၊ များသောရွှေငွေ ရှိ၏၊ များသောနှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏၊ များသောဥစ္စာစပါး ရှိ၏။ ထိုသူသည် ရုပ်အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်ညိုဖွယ်လည်း ရှိ၏၊ ကောင်းမြတ်သော ရုပ်အဆင်းသဏ္ဌာန် = လုံးရပ်သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူ ဖြစ်၏။ ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏။ (စင်ကြယ်သော ကာယသုစရိုက်တရား, စင်ကြယ်သော ဝစီသုစရိုက်တရား, စင်ကြယ်သော မနောသုစရိုက်တရားနှင့် ပြည့်စုံ၏။)</p>
<p>ကောင်းသောအကျင့်ကို ကျင့်ခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောက၌ ဖြစ်ရ၏။</p>
<p>ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ် ဖြစ်ပေ၏။ ရဟန်းတို့ ...လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏ဟု မိန့်ကြားတော်မူ၏။ (အံ၊ ၁၊ ၃၉၇-၃၉၈။)</p>
<h3>စင်ကြယ်သော သုစရိုက်တရားနှင့် ပြည့်စုံရန်</h3>
<p>စင်ကြယ်သော ကာယသုစရိုက်တရား ဝစီသုစရိုက်တရားနှင့် ပြည့်စုံရန်အတွက် သီလကျင့်စဉ်ပိုင်းကို ဖြူဖြူစင်စင် ဖြည့်ကျင့်ရမည် ဖြစ်၏။ စင်ကြယ်သော မနောသုစရိုက်တရားနှင့် ပြည့်စုံရေးအတွက် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ရမည် ဖြစ်၏။ ထိုသို့ ဖြည့်ကျင့်ရာ၌ မည်သို့ စိတ်ထားရမည်နည်း။</p>
<p>မည်သို့သော စိတ်ဓာတ်ဖြင့် သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်ရမည်နည်း။ မဟာသုတသောမဇာတ်တော်၌ လာရှိသော အောက်ပါ ဘုရားဟော ဒေသနာတော်ကို ဖတ်ရှုကြည့်ပါ။</p>
<p><b>စဇေ ဓနံ အင်္ဂဝရဿ ဟေတု၊</b></p>
<p><b>အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။</b></p>
<p><b>အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊</b></p>
<p><b>စဇေ နရော ဓမ္မ မနုဿရန္တော။</b> (ဇာတက၊ ဋ္ဌ၊ ၅၊ ၅၄၂။)</p>
<p><b>ပဏ္ဍိတော ပုရိသော</b> = ပညာရှိသည့် ယောက်ျားသည်။</p>
<p><b>အင်္ဂဝရဿ</b> = မွန်မြတ်သော ကိုယ်အင်္ဂါ၏။</p>
<p><b>ဟေတု</b> = အကြောင်းကြောင့် (= အဖြတ်ခံရမည့် အကြောင်းကြောင့်)။</p>
<p><b>ဓနံ</b> = စည်းစိမ်ဥစ္စာကို။</p>
<p><b>စဇေ</b> = စွန့်လွှတ်ရာ၏။</p>
<p><b>ဇီဝိတံ</b> = အသက်ကို။</p>
<p><b>ရက္ခမာနော</b> = စောင့်ရှောက်လိုသောသူသည်။</p>
<p><b>အင်္ဂံ</b> = ကိုယ်အင်္ဂါကို။</p>
<p><b>စဇေ</b> = စွန့်လွှတ်ရာ၏။</p>
<p><b>ဓမ္မံ</b> = သူတော်ကောင်းတရားကို။</p>
<p><b>အနုဿရန္တော</b> = အစဉ်အောက်မေ့လျက်ရှိသော။</p>
<p><b>နရော</b> = လူသားသည်။</p>
<p><b>အင်္ဂဉ္စာပိ</b> = ကိုယ်အင်္ဂါကိုလည်းကောင်း။</p>
<p><b>ဓနဉ္စာပိ</b> = စည်းစိမ်ဥစ္စာကိုလည်းကောင်း။</p>
<p><b>ဇီဝိတဉ္စာပိ</b> = အသက်ကိုလည်းကောင်း။</p>
<p><b>သဗ္ဗံ</b> = အလုံးစုံကို။</p>
<p><b>စဇေ</b> = စွန့်လွှတ်ရာ၏။ (ဇာတက၊ ဋ္ဌ၊ ၅၊ ၅၄၂။)</p>
<p>ပညာရှိယောက်ျားကား --- စည်းစိမ်ဥစ္စာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း နှစ်ခုတို့တွင် တစ်ခုခုကို စွန့်လွှတ်ဖို့ရန် အကြောင်းပေါ်ခဲ့သော် စည်းစိမ်ဥစ္စာကိုသာ စွန့်လွှတ်၏။ ကိုယ်အင်္ဂါကိုကား မစွန့်လွှတ်ပေ။</p>
<p>တစ်ဖန် အသက်နှင့် ကိုယ်အင်္ဂါနှစ်ခုတို့တွင် တစ်ခုခုကို စွန့်လွှတ်ဖို့ရန် အကြောင်းပေါ်ခဲ့သော် ကိုယ်အင်္ဂါကိုသာ စွန့်လွှတ်၏။ အသက်ကိုကား မစွန့်လွှတ်ပေ။</p>
<p>တစ်ဖန် သူတော်ကောင်းတရားနှင့် ကိုယ်အင်္ဂါ, စည်းစိမ်ဥစ္စာ, အသက်တို့တွင် တစ်ဘက်ဘက်ကို စွန့်လွှတ်ဖို့ရန် အကြောင်းပေါ်ခဲ့သော် ကိုယ်အင်္ဂါကိုလည်းကောင်း, စည်းစိမ်ဥစ္စာကိုလည်းကောင်း, အသက်ကိုလည်းကောင်း အားလုံးကို စွန့်လွှတ်၏။ သူတော်ကောင်း တရားကိုကား မစွန့်လွှတ်ပေ။</p>
<p>အသက်ကိုသာ စွန့်အံ့၊ သီလကို မစွန့်အံ့၊</p>
<p>အသက်ကိုသာ စွန့်အံ့၊ သူတော်ကောင်းတရားကို မစွန့်အံ့။</p>
<p>ဤကဲ့သို့သော စိတ်ထားမျိုးကား သူတော်ကောင်းတရားနှင့် ပြည့်စုံအောင် ကြိုးပမ်းရာ၌ မရှိမဖြစ် လိုအပ်သည့် စိတ်နေစိတ်ထားမျိုးပင် ဖြစ်သည်။</p>
<p>အမှောင်မှ အမှောင်သို့ရောက်အောင်, အမှောင်မှ အလင်းသို့ရောက်အောင်, အလင်းမှ အမှောင်သို့ရောက်အောင်, အလင်းမှ အလင်းသို့ရောက်အောင် ပို့ဆောင်ပေးနေသော တရားမှာ စေတနာကံတရားပင် ဖြစ်၏။ ယင်းသို့ဖြစ်လျှင် စေတနာနှင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် အတူယှဉ်တွဲ ဖြစ်ကြသည့် ရာဂ, ဒေါသ, မောဟ (သို့မဟုတ်) အလောဘ, အဒေါသ, အမောဟ စသည် ယှဉ်ဖက်သမ္ပယုတ်တရားစုတို့သည်လည်း ကံမမည်လေသလောဟု မေးရန် ရှိ၏။ စေတနာနှင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့သည်လည်း ကံမည်ကြသည်သာ ဖြစ်ပေသည်။ ယင်းယှဉ်ဖက်သမ္ပယုတ်တရားတို့က ကံတစ်ခုကို ဖြူအောင် (သို့မဟုတ်) မည်းအောင် အရောင်ချယ်ပေးနေသော တရားစုတို့ ဖြစ်ကြ၏။ ယင်းသဘောတရားကို သဘောပေါက် နိုင်ရန် အောက်ပါ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ကမ္မဝဂ်၌ လာရှိသော သောဏကာယနသုတ္တန်ကို ဆက်လက်ကာ ဖတ်ရှုကြည့်ပါ။</p>
<h3>သောဏကာယနသုတ္တန်</h3>
<p>ထိုအခါ (ဦးထိပ်အလယ်၌ ဆံထုံး ထုံးထားသော) သိခါမောဂ္ဂလ္လာန်ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ထံတော်မှောက်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားရှင်အား ---</p>
<p>အသျှင်ဂေါတမ ယခင့် ယခင်နေ့တို့၌ သောဏကာယနလုလင်သည် တပည့်တော်ထံသို့ ချဉ်းကပ်ကာ --- ရဟန်းဂေါတမသည် ကံအားလုံးကို မပြုရဟု ပညတ်၏၊ ကံအားလုံးတို့ကို မပြုရဟု ပညတ်သူသည် သတ္တလောက၏ ပြတ်စဲခြင်း = ဥစ္ဆေဒအယူဝါဒကို ပြောဆိုရာ ရောက်၏။ အသျှင်ဂေါတမ ဤသတ္တလောကသည် ကံသဘော ရှိ၏။ ကံကို အားထုတ်ခြင်းကြောင့် တည်၏ဟု တပည့်တော်သည် ဤစကားကို ဆိုပါသည်ဟု လျှောက်ထား၏။ (ကံကို အားထုတ်ပါမှ သာလျှင် သတ္တဝါသည် တည်တံ့နိုင်၏။ ကံကို အားမထုတ်ခဲ့သော် မတည်တံ့နိုင်၊ ပြတ်စဲ၏ဟု ဆိုလို၏။) (အံ၊ ဋ္ဌ၊ ၂၊ ၃၉၂။)</p>
<p>ထိုအခါ မြတ်စွာဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူ ပေသည်။ ---</p>
<p>ဒါယကာတော်ပုဏ္ဏား ...သောဏကာယနလုလင်ကို မြင်ဖူးသည်မျှကိုလည်း ငါဘုရားရှင်သည် မသိစဖူးပါ။ ဤသို့သဘောရှိသော စကားကို ပြောဟောသည်ဟူသော အကြောင်းအရာသည်ကား အဘယ်မှာလျှင် ဖြစ်နိုင်ပါအံ့နည်း။</p>
<p>ဒါယကာတော်ပုဏ္ဏား...ငါဘုရားရှင်ကိုယ်တော်တိုင် ထူးသော ဉာဏ်တော်မြတ်ဖြင့် မျက်မှောက်ပြု၍ ငါဘုရားဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ ---</p>
<p>၁။ ဒါယကာတော်ပုဏ္ဏား ... မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံသည် ရှိ၏။</p>
<p>၂။ ဒါယကာတော်ပုဏ္ဏား ...ဖြူစင်၍ ဖြူစင်သော အကျိုးရှိ သည့် ကံသည် ရှိ၏။</p>
<p>၃။ ဒါယကာတော်ပုဏ္ဏား ...မည်းညစ် + ဖြူစင်၍ မည်းညစ်+ ဖြူစင်သော အကျိုးရှိသည့် ကံသည် ရှိ၏။</p>
<p>၄။ ဒါယကာတော်ပုဏ္ဏား ...မမည်းညစ် + မဖြူစင်၍ မမည်း ညစ် မဖြူစင်သော အကျိုးရှိသည့် ကံသည် ရှိ၏။</p>
<h3>၁။ အမည်းကံ (<b>ကဏှကမ္မ</b>)</h3>
<p>ဒါယကာတော်ပုဏ္ဏား ...မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ဒါယကာတော်ပုဏ္ဏား ... ဤလောက၌ အချို့သောသူသည် အပြစ်ရှိသော <b>ကာယသင်္ခါရ</b> (= ကာယဒွါရ၌ဖြစ်သော အကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်ရှိသော <b>ဝစီသင်္ခါရ</b> (= ဝစီဒွါရ၌ ဖြစ်သော အကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်ရှိသော <b>မနောသင်္ခါရ</b> (= မနောဒွါရ၌ဖြစ်သော အကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏။ (ကာယဒုစရိုက် သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါးဟူသော ဒုစရိုက် ဆယ်ပါးတို့ကို ပြုစုပျိုးထောင်၏။)</p>
<p>ထိုသူသည် အပြစ်ရှိသော ကာယသင်္ခါရကို ပြုစုပျိုးထောင်သော ကြောင့်, အပြစ်ရှိသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိသော မနောသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိသော လောက၌ (= ဆင်းရဲ အတိဖြစ်သော လောက၌) ဖြစ်ရ၏။ အပြစ်ရှိသော တွေ့ထိခြင်း <b>ဖဿ</b>တို့သည် (ဒုက္ခအတိဖြစ်သော တွေ့ထိခြင်း = ဖဿတို့သည်) တွေ့ထိကုန်၏။ အပြစ်ရှိသော တွေ့ထိခြင်း ဖဿဖြင့် တွေ့ထိလတ်သော် ထိုသူသည် ငရဲ၌ဖြစ်သော သတ္တဝါတို့ကဲ့သို့ အပြစ်ရှိသော စင်စစ်ဆင်းရဲသည့် ဝေဒနာကို ခံစားရ၏။ ဒါယကာတော်ပုဏ္ဏား ...ဤကံမျိုးကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။</p>
<h3>၂။ အဖြူကံ (<b>သုက္ကကမ္မ</b>)</h3>
<p>ဒါယကာတော်ပုဏ္ဏား ...ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် အပြစ်မရှိသော <b>ကာယသင်္ခါရ</b>ကို (= ကာယဒွါရ၌ ဖြစ်သော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်မရှိသော <b>ဝစီသင်္ခါရ</b>ကို (= ဝစီဒွါရ၌ ဖြစ်သော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်မရှိသော <b>မနောသင်္ခါရ</b>ကို (= မနောဒွါရ၌ဖြစ်သော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏။ (သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်၏။)</p>
<p>ထိုသူသည် အပြစ်မရှိသော ကာယသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်မရှိသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်သော ကြောင့်, အပြစ်မရှိသော မနောသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်မရှိသော လောက၌ ဖြစ်ရ၏။ အပြစ်မရှိသော လောက၌ ဖြစ်လတ်သော် ထိုသူကို အပြစ်မရှိသော (= ချမ်းသာသော) တွေ့ထိခြင်း ဖဿတို့သည် တွေ့ထိကုန်၏။ အပြစ်မရှိသော တွေ့ထိခြင်း ဖဿတို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် <b>သုဘကိဏှာဗြဟ္မာ</b>တို့ကဲ့သို့ အပြစ်မရှိသော စင်စစ်ချမ်းသာသည့် ဝေဒနာကို ခံစားရ၏။ ဒါယကာတော်ပုဏ္ဏား ...ဤကံကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။ (ရွှေတုံး ရွှေခဲကဲ့သို့ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ရောပြွမ်းလျက် တောက်ပလျက်ရှိသော တတိယစျာန်သုံးဘုံတို့တွင် အမြင့်ဆုံး ဗြဟ္မာကို <b>သုဘကိဏှာဗြဟ္မာ</b>ဟု ဆိုသည်။) (အဘိ၊ ဋ္ဌ၊ ၂၊ ၅၀၃။)</p>
<h3>၃။ အမည်း + အဖြူကံ (= <b>ကဏှသုက္ကကံ</b>)</h3>
<p>ဒါယကာတော်ပုဏ္ဏား ...မည်းညစ် + ဖြူစင်၍ မည်းညစ် + ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။</p>
<p>ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် အပြစ်ရှိ + မရှိ ရောနှောသော <b>ကာယသင်္ခါရ</b>ကို (= ကာယဒွါရ၌ ဖြစ်သော အပြစ်ရှိသော အကုသိုလ်စေတနာ + အပြစ်မရှိသော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်ရှိ + မရှိ ရောနှောသော <b>ဝစီသင်္ခါရ</b>ကို ပြုစုပျိုးထောင်၏၊ အပြစ်ရှိ + မရှိ ရောနှောသော <b>မနောသင်္ခါရ</b>ကို ပြုစုပျိုးထောင်၏၊ ထိုသူသည် အပြစ်ရှိ + မရှိ ရောနှောသော ကာယသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိ + မရှိ ရောနှောသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိ + မရှိ ရောနှောသော မနောသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့် အပြစ်ရှိ + မရှိ ရောနှောသော လောက၌ ဖြစ်ရ၏။ အပြစ်ရှိ + မရှိ ရောနှောသော လောက၌ ဖြစ်လတ်သော် ထိုသူကို အပြစ်ရှိ + မရှိ ရောနှောသော တွေ့ထိခြင်း <b>ဖဿ</b> တို့သည် တွေ့ထိကုန်၏။ အပြစ်ရှိ + မရှိ ရောနှောသော တွေ့ထိခြင်း ဖဿ တို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် လူနှင့် အချို့သောနတ် အချို့သော <b>ဝေမာနိကပြိတ္တာ</b>တို့ကဲ့သို့ ချမ်းသာ + ဆင်းရဲ ပြိုးပြွမ်းသော ဝေဒနာကို ခံစားရ၏။ ဒါယကာ တော်ပုဏ္ဏား ...ဤကံကို မည်းညစ် + ဖြူစင်၍ မည်းညစ် + ဖြူစင်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။</p>
<h3>၄။ မမည်း + မဖြူသည့်ကံ (= <b>အကဏှ + အသုက္ကကံ</b>)</h3>
<p>(= <b>ကမ္မက္ခယကံ</b> = ကံကိုကုန်စေသည့်ကံ)</p>
<p>ဒါယကာတော်ပုဏ္ဏား ...မမည်းညစ် + မဖြူစင်၍ မမည်းညစ် + မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟူသည် အဘယ်နည်း။</p>
<p>ဒါယကာတော်ပုဏ္ဏား ...ထိုကံတို့တွင် မည်းညစ်၍ မည်းညစ် သော အကျိုးရှိသော ကံကို ပယ်ရှားရန် စေ့ဆော်တတ်သည့် = ဝဋ်ကင်းရာနိဗ္ဗာန်သို့ ရောက်စေတတ်သည့် + ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော ကံကို ပယ်ရှားရန် စေ့ဆော်တတ်သည့် = ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သည့် <b>အရိယမဂ်</b> ကုသိုလ်စေတနာကို မမည်းညစ် + မဖြူစင်၍ မမည်းညစ် + မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟု ဆိုအပ်၏။</p>
<p>ဒါယကာတော်ပုဏ္ဏား ...ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ငါဘုရားရှင် ဟောကြားတော်မူအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု မိန့်ကြားတော်မူ၏။ (သောဏကာယနသုတ်၊ အံ၊ ၁၊ ၅၅၅-၅၅၆။)</p>
<h3>ကံကိုကုန်စေတတ်သည့် = <b>ကမ္မက္ခယကံ</b></h3>
<p>၁။ <b>သောတာပတ္တိမဂ်</b> ကုသိုလ်စေတနာသည် အပါယ်သို့ ရောက် စေတတ်သည့် အကုသိုလ်ကံမှန်သမျှကို ကုန်စေ၏။</p>
<p>၂။ <b>သကဒါဂါမိမဂ်</b> ကုသိုလ်စေတနာသည် လူဘုံ၌ တစ်ကြိမ်- ထက် ပို၍ ဖြစ်စေနိုင်သည့် ကုသိုလ်ကံမှန်သမျှကို ကုန်စေ၏။</p>
<p>၃။ <b>အနာဂါမိမဂ်ဉာဏ်</b>သည် ကာမသုဂတိဘုံ၌ ဖြစ်စေတတ် သည့်ကုသိုလ်ကံမှန်သမျှကို ကုန်စေ၏။</p>
<p>၄။ <b>အရဟတ္တမဂ်ဉာဏ်</b>သည် သုဂတိဘုံတို့၌ ဖြစ်စေတတ်သည့် ကံအားလုံးတို့ကို ကုန်စေ၏။</p>
<p>ထိုကြောင့် <b>အရိယမဂ်</b>စေတနာတို့ကို <b>ကမ္မက္ခယကံ</b> = ကုသိုလ်ကံ + အကုသိုလ်ကံတို့ကို ကုန်စေတတ်သည့် ကံဟူ၍ ခေါ်ဆို၏။ သုစရိုက် (၁၀)ပါးတို့တွင် ပါဝင်သော <b>သမ္မာဒိဋ္ဌိ</b> စာရင်းတွင် ဤ<b>အရိယမဂ္ဂ သမ္မာဒိဋ္ဌိ</b>တို့ကား အထွတ်အထိပ်သို့ ရောက်ရှိနေသော <b>သမ္မာဒိဋ္ဌိ</b>တို့ ဖြစ်ကြ၏။ <b>ကိလေသာ</b> အညစ်အကြေးတို့မှ ကင်းဝေးစင်ပ ဖြူစင်လှသော <b>သမ္မာဒိဋ္ဌိ</b>တို့ ဖြစ်ကြ၏။</p>
<h3>ယုတ်ညံ့သူ + မြင့်မြတ်သူဖြစ်အောင်</h3>
<p><b>ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။</b></p>
<p>(မ၊ ၃၊ ၂၄၄။)</p>
<p>= ဒါယကာတော် သုဘလုလင် ...သတ္တဝါတို့သည် ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံ၏အမွေခံတို့သာ ဖြစ်ကြ ကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏၊ ကံသာလျှင် အဆွေခင်ပွန်း ရှိကြကုန်၏၊ ကံသာလျှင် မှီခိုအားထားရာ ရှိကြကုန်၏၊ သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင်, မြင့်မြတ်သူဖြစ်အောင် ကံကသာလျှင် ခွဲခြားဝေဖန်ပေး၏။ (မ၊ ၃၊ ၂၄၄။)</p>
<p>မည်းညစ်သော ကံတို့က သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင်, ဖြူစင်သော ကံတို့က သတ္တဝါတို့ကို မြင့်မြတ်သူဖြစ်အောင် ခွဲခြားဝေဖန်ပေး၏။ သို့သော် မမည်း + မဖြူသည့် <b>အရိယမဂ်</b>ကံတို့က ယင်းမြင့်မြတ်သူ သတ္တဝါတို့ကို <b>နိဗ္ဗာန်</b>သို့ တစ်ဆင့်ရောက်အောင် ပို့ဆောင်ပေးကြ၏။ အိုဘေးဆိုးကြီးမှ လွတ်အောင်, နာဘေးဆိုးကြီးမှ လွတ်အောင်, သေဘေးဆိုးကြီးမှ လွတ်အောင် နောက်ထပ်တစ်ဖန် ပဋိသန္ဓေတည်နေရမည့် ဘေးဆိုးကြီးမှ လွတ်အောင် ဘေးဒုက္ခ အဝဝတို့၏ ကင်းရာ ကုန်ရာ ချုပ်ရာ ငြိမ်းရာဖြစ်သော အငြိမ်းကြီးငြိမ်း အအေးကြီးအေးရာဖြစ်သည့် မသေရာ <b>အမြိုက်နိဗ္ဗာန်</b>သို့ ရောက်အောင် ပို့ဆောင်ပေးကြ၏။</p>
<p>အသင်<b>ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်</b>သည် အဘယ်လမ်းသို့ လိုက်မည်နည်း? ရွေးချယ်ရန် အချိန်သို့ကား ရောက်ရှိနေပေပြီ မဟုတ်ပါ လော?</p>
<p>ကြိုးစားက ဘုရားဖြစ်နိုင်၏...။</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊</p>
<p>၁၃၆၆-ခု၊ ပြာသိုလဆန်း ၁-ရက်၊</p>
<p>၁၀ . ၁ . ၂၀၀၅။</p>
<p>: လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ <b>ကိလေသာ</b>တရားဆိုးတို့ကို နှိပ်ကွပ်ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာ ဖြစ်ပြီး၊ <b>ကိလေသာ</b>တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာ ဖြစ်သည်။ (နှာ- ။)</p>
<h3>ဆန့်ကျင်ဘက်တရားများ</h3>
<p>မသိသူတို့၏ ပျော်ခွင့်</p>
<p>နေ့နှင့်ည, အလင်းနှင့်အမှောင်, အဖြူနှင့်အမည်း, အကောင်းနှင့် အဆိုး, အမှန်နှင့်အမှား, ကုသိုလ်နှင့်အကုသိုလ်စသည့် အသုံးအနှုန်း တို့သည် ဆန့်ကျင်ဘက် ဖြစ်စဉ်တို့ကို ဖော်ပြနေကြ၏။</p>
<p>နေ့နှင့်ည, အလင်းနှင့်အမှောင်, အဖြူနှင့်အမည်း ခွဲဖို့ မခက်ပေ။</p>
<p>နေ့နှင်ည, အလင်းနှင့်အမှောင် ကွဲပြားသကဲ့သို့ အကောင်းနှင့် အဆိုး, အမှန်နှင့်အမှားတို့ကို အမြဲခွဲနိုင်ကြသည်တော့ မဟုတ်ပေ။</p>
<p>အသိဉာဏ်ရှိသူ လူသားတို့သည်ပင် ကုသိုလ်နှင့်အကုသိုလ်ကို ကွဲကွဲ ပြားပြား မသိနိုင် ဖြစ်တတ်ကြ၏။ ထို့ကြောင့်ပင် တရားသော အမှု မတရားသောအမှုတို့ကို ထိုသူတို့ ပြုနေကြသည် မဟုတ်လော။ အမှန် မသိမှုကြောင့် ကုသိုလ်ကို အကုသိုလ်ဟူ၍ အကုသိုလ်ကို ကုသိုလ်ဟူ၍ ယူဆလုပ်ကိုင်ခွင့် ရနေကြ၏။ မသိသည့်အတွက် မသိသူတို့ လောက၌ ပျော်ခွင့်ရကြခြင်း ဖြစ်သည်။ ဥပမာဆောင်၍ ဆိုရပါမူ ---</p>
<p>အထင်ကြီးခြင်းကို <b>မာန</b>ဟု ဆို၏။ အထင်ကြီးခြင်း <b>မာန</b>နှင့် ယုံကြည်ခြင်း <b>သဒ္ဓါ</b>ကို မကွဲကြ။ ထိုကြောင့်ပင် မိမိကိုယ်ကို အထင်ကြီးခြင်းကို မိမိကိုယ်ကို ယုံကြည်ခြင်းဟု မှတ်ယူကျင့်သုံးနေသူများ လောက၌ ရှိနေရခြင်း ဖြစ်သည်။ ထိုသို့ ကျင့်သုံးနေခြင်းသည် မသိ၍ ဖြစ်သည်။ မသိသူတို့၏ အမှားဖြင့် ပျော်ခွင့်တစ်မျိုးဟုလည်း ဆိုရ၏။</p>
<h3>ဆုံနိုင်ခွင့်မရှိသော တရားများ</h3>
<p>ယုံကြည်ခြင်းသည် ကုသိုလ်စေတသိက် ဖြစ်ပြီး <b>မာန</b>သည်ကား အကုသိုလ်စေတသိက်သာ ဖြစ်သည်။ မိမိကိုယ်ကို အထင်ကြီးခြင်း <b>မာန</b>ကို မိမိကိုယ်ကို ယုံကြည်ခြင်း<b>သဒ္ဓါ</b>ဟု မှတ်ယူခြင်းသည် အကုသိုလ်နှင့် ကုသိုလ် မကွဲခြင်း ဖြစ်သည်။ အကုသိုလ်ကို ကုသိုလ်ဟူ၍ မှတ်ယူခြင်းနှင့်လည်း တူ၏။ အကုသိုလ်သည် ကုသိုလ် မဖြစ်နိုင်သကဲ့သို့ ကုသိုလ်သည်လည်း အကုသိုလ် မဖြစ်နိုင်ပေ။ မျဉ်းပြိုင်သွားနေသည့် တရားများ ဖြစ်ကြ၍ ဆုံနိုင်ခွင့်မရှိသော တရားများသာ ဖြစ်ကြသည်။</p>
<p>ကုသိုလ်တရားဟူသမျှသည် ပွားများရမည့်တရား တိုးပွားအောင် ကျင့်ရမည့် တရားများသာ ဖြစ်ကြပြီး အကုသိုလ်တရားတို့သည်ကား နှိပ်ကွပ်ရမည့်တရား ယုတ်လျော့အောင် ပြုရမည့် တရားများသာ ဖြစ်ကြပေသည်။ မိမိကိုယ်ကို အထင်ကြီးခြင်းကို မိမိကိုယ်ကို ယုံကြည်ခြင်းဟု မှတ်ယူနေခြင်းသည် ယုတ်လျော့အောင် ပြုရမည့်တရားကို တိုးပွားအောင် ပြုရမည့်တရားအဖြစ် မှတ်ယူနေခြင်းနှင့် တူ၏။ နှိပ်ကွပ် ရမည့်တရားကို ပွားများနေခြင်းနှင့်လည်း တူ၏။ အမှန်ကို အမှား, အမှားကို အမှန်ဟု မြင်အောင် ပြုတတ်သည့် <b>အဝိဇ္ဇာ</b>၏ လက်ချက်ပင် ဖြစ်သည်။ <b>ဝိဇ္ဇာ</b>ဉာဏ်အလင်း မရသေးသမျှ <b>အဝိဇ္ဇာ</b> အမှောင်ထု အတွင်း၌ စမ်းတဝါးဝါး လျှောက်လှမ်းနေကြရမည် ဖြစ်သည်။</p>
<p><b>မဂ္ဂင်ရှစ်ပါး</b> အကျင့်မြတ်တရားကို စနစ်တကျ ကျင့်ကြံနိုင်၍ <b>မဂ်ဉာဏ် ဖိုလ်ဉာဏ်</b> ဆိုက်ပါမူကား <b>ဝိဇ္ဇာဉာဏ်</b> အလင်းဓာတ်ကို ရ၍ <b>အဝိဇ္ဇာ</b> အမှောင်ထုအတွင်း စမ်းတဝါးဝါး လျှောက်လှမ်းခွင့်လည်း အပြီးတိုင် ရပ်တန့်မည် ဖြစ်သည်။</p>
<h3>ကြောက်မက်ဖွယ်အကောင်းဆုံး အမှောင်</h3>
<p>အမှောင်ထုအတွင်း၌ လျှောက်လှမ်းလိုသူ မရှိပေ၊ ထို့ကြောင့်ပင် အလင်းရောင်ကို ညှိထွန်းလျက် လျှောက်လှမ်းဖို့ရန် အားထုတ်ကြ၏။ အမှောင်ကို ကြောက်သောကြောင့် အလင်းကို ညှိထွန်းဖို့ အသိ သတိဝင်ကြခြင်း ဖြစ်သည်။</p>
<p><b>အဝိဇ္ဇာ</b> အမှောင်ထုအတွင်း လျှောက်လှမ်းနေရသည်ကိုကား ကြောက်ရွံ့သူတို့ မရှိလှ။ သဘာဝအမှောင်ထက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုအတွင်း လျှောက်လှမ်းနေရသည့် မိမိတို့၏ ဘဝမှန်ကိုလည်း မသိကြ။ ထို့ကြောင့်ပင် သဘာဝအမှောင်ကို ကြောက်သကဲ့သို့ ကြောက်ရကောင်းမှန်း မသိနိုင် ဖြစ်ရခြင်း ဖြစ်သည်။ <b>အဝိဇ္ဇာ</b> အမှောင်ထု၏ ကြောက်မက်ဖွယ်အတိ ဖြစ်ပုံကို သိဖို့လို၏။</p>
<h3>သတ္တဝါတို့ မချိညှိုးနွမ်း ပင်ပန်းနေကြရခြင်းသည်</h3>
<p>သတ္တဝါတို့ မချိညှိုးနွမ်း ပင်ပန်းနေကြရခြင်းသည် အမှန်မသိမှု <b>အဝိဇ္ဇာ</b>ကြောင့် ဖြစ်ပြီး, အမိုက်ကြီးမိုက် အမှားကြီးမှားနေကြရခြင်းသည်လည်း အမှန်မသိမှု <b>အဝိဇ္ဇာ</b>ကြောင့်ပင် ဖြစ်သည်။ <b>အဝိဇ္ဇာ</b> အမှောင်ထုအတွင်း လျှောက်လှမ်းနေသူတို့၏ ဘဝမှ <b>ဝိဇ္ဇာဉာဏ်</b> အလင်းဓာတ်ကို ရ၍ ထာဝရအလင်းကို ဆောင်နိုင်သူ ဖြစ်အောင် ကြိုးစားဖို့ လို၏။ <b>ဝိဇ္ဇာဉာဏ်</b> အလင်းဓာတ်ကို ညှိထွန်းဖို့ အသိ သတိဝင်ကြစေလိုခြင်း ဖြစ်သည်။</p>
<p>နေမင်း ပွင့်ထွန်းလာသည့်အခါ ညအမှောင် ပျောက်၍ နေရောင် ဆိတ်သုဉ်းသွားသည့်အခါ ညအမှောင် ရောက်သည်ပင်။ ဤဖြစ်စဉ်သည် နေ့နှင့်ည အလင်းနှင့်အမှောင်ကို ခွဲခြားပြနေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သဘာဝတရားသည်ပင် အမြဲ မှောင်ခွင့်မရ၊ လင်းရ၏။ အမြဲ လင်းခွင့်မရ၊ မှောင်ရပြန်၏။ ဤဖြစ်စဉ်ကို သဘာဝတရား၏ သဘာဝအတိုင်းဖြစ်သော သဘာဝအတိုင်းကျင့်သုံးသော ဖြစ်စဉ်ဟု နားလည်နိုင်ပေသည်။</p>
<p>ကုသိုလ်ဖြစ်က အကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်ကလည်း ကုသိုလ် မဖြစ်ပေ။ ဤသို့ ဖြစ်ခြင်းသည်လည်း သဘာဝဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။ နေ့နှင့်ည အလင်းနှင့်အမှောင်ကဲ့သို့ ပြောင်းလဲဖြစ်နေခြင်း ဖြစ်ပြီး ဤဖြစ်စဉ်ကို လက်ခံကျင့်သုံးနေသမျှ ဤဖြစ်စဉ် အတွင်း၌ပင် ကျင်လည်ကြရပေမည်။ ကုသိုလ်အကျိုးပေးက <b>သုဂတိဘုံ</b>သို့ ဦးလှည့်၍ အကုသိုလ်အကျိုးပေးမူကား <b>ဒုဂ္ဂတိဘုံ</b>သို့ ဦးလှည့်ရပေမည်။ နေ့နှင့်ည ပြောင်းသကဲ့သို့ ပြောင်းလဲနေသည့် ပြောင်းလဲမှုဖြစ်စဉ်ထက် မလွန်သော ဖြစ်စဉ်သာ ဖြစ်ပြီး ကုသိုလ်အကျိုးပေးနှင့် အကုသိုလ်အကျိုးပေးမှုထက် မလွန်သော ဖြစ်စဉ်ဟူ၍လည်း ဆိုနိုင်၏။ <b>ဝိဇ္ဇာဉာဏ်</b> အလင်းဓာတ်ကို ရရှိခြင်းကား မဟုတ်သေးပေ။ <b>အဝိဇ္ဇာ</b> အမှောင်ထု အတွင်း၌ စမ်းတဝါးဝါး လျှောက်လှမ်းခွင့်ကို ရရှိဆဲသာ ဖြစ်၏။ <b>အဝိဇ္ဇာ</b> အမှောင်ထုအတွင်း၌ လျှောက်လှမ်းနေသမျှ ကုသိုလ်နှင့်အကုသိုလ်ကို ပြုဖြစ်နေကြဦးမည် ဖြစ်ပေသည်။</p>
<h3><b>တဏှာ</b>၏အလိုနိုင်ငံသို့ လိုက်ပါနေရသူများ</h3>
<p><b>ဝိဇ္ဇာဉာဏ်</b> အလင်းဓာတ် မရသေးသည့် ပတ္တမြားထွင်းသမားကြီး၏ အရှင်တိဿမထေရ် အပေါ် အမှားကြီး မှားခဲ့ပုံကို သတိမူသင့်ပေသည်။ ပတ္တမြားရတနာကို အကြောင်းပြု၍ သံဃာရတနာကို တန်ဖိုးမထားနိုင်ခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ တန်ဖိုးမထားခြင်းနှင့် တန်ဖိုးထားခြင်းဟူသော ဆန့်ကျင်ဘက်တရားတို့သည် <b>အဝိဇ္ဇာ</b> အမှောင်ထုအတွင်း လျှောက်လှမ်းနေသူတို့ ပြောင်းလဲကျင့်သုံးတတ်သည့် ပြောင်းလဲမှုဖြစ်စဉ် တစ်ခု ဖြစ်သည်။ <b>အဝိဇ္ဇာ</b> အမှောင်ထု အတွင်း၌ လျှောက်လှမ်းနေသူတို့၏ အကြိုက်သဘာဝသည်ကား <b>တဏှာ</b>ကျက်စားရာ အာရုံထိုထိုတို့သာ ဖြစ်ကြပြီး <b>အဝိဇ္ဇာ</b>ကြောင့် <b>တဏှာ</b>ကြိုက်ရာ အာရုံကို တန်ဖိုးထားတတ်၍ <b>အဝိဇ္ဇာ</b>ကြောင့်ပင် <b>တဏှာ</b>မကြိုက်ရာ အာရုံကို တန်ဖိုးမထား ဖြစ်တတ်ကြပေသည်။</p>
<p>ဘဝကို တွယ်တာတပ်မက်သည့် <b>ဘဝနိကန္တိတဏှာ</b>ဖြင့် ဘဝရလာသူများပီပီ <b>တဏှာ</b>၏အလိုသို့ အမြဲလိုက်ပါနေကြရ၏။ နွားတို့သည် မောင်းနှင်သည့် နှင်တံ၏အလိုသို့ လိုက်ပါနေကြရသကဲ့သို့ အလုံးစုံသောသတ္တဝါတို့သည် မိမိတို့ကို မောင်းနှင်နေသည့် <b>တဏှာ</b>၏ အလိုနိုင်ငံသို့ လိုက်ပါနေကြရ၏။</p>
<p>အရှင်တိဿမထေရ်ဟူသည် ပတ္တမြားထွင်းသမား ဇနီးမောင်နှံတို့ ကြည်ညို၍ ဆွမ်းဆက်ကပ်လှူဒါန်း ဆည်းကပ်နေသော သံဃာတော်တစ်ပါးသာ ဖြစ်သည်။ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် မိမိတို့၏ အိမ်၌ပင် ဆွမ်းဆက်ကပ် လှူဒါန်းလျက် ထိုမထေရ်၏ ချီးမြှောက်မှုကို နှစ်ထောင်း အားရ ခံယူနေကြသူများ ဖြစ်ကြသည်။ သံဃာရတနာအဖြစ် ဆည်းကပ် လုပ်ကျွေးနေကြခြင်း ဖြစ်သည်။</p>
<p>ပတ္တမြားထွင်းခြင်းသည် ပတ္တမြားထွင်းသူ၏ အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သည်။ ထို့ကြောင့် ပတ္တမြားထွင်းသူထံသို့ ပတ္တမြား ထွင်းလိုသူတို့ လာကြ၏။</p>
<p>ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ကိုင်ကြရသော သတ္တဝါတို့၌ လူလည်း ပါ၏။ လူသားတို့သည် စားချိန်စားကြ၍ အိပ်ချိန် အိပ်ကြ၏၊ စားချိန် စားနိုင်ဖို့ အလုပ်လုပ်ချိန်၌ အလုပ်လုပ်ကြရသကဲ့သို့ စားချိန်စားနိုင်ဖို့ ချက်ပြုတ်ချိန်၌ ချက်ပြုတ်ကြရ၏။ ပတ္တမြားထွင်းသူ ဒါယကာကြီးသည်လည်း စားချိန်စားနိုင်ဖို့ ချက်ပြုတ်ဖို့ရန် ပြင်ဆင်နေ၏။ အသားတို့ကို ခုတ်လှီးနေခြင်း ဖြစ်သည်။ ထိုအချိန်၌ မထေရ်ကြီးလည်း ရောက်နှင့်နေပြီး မထေရ်ကြီး၏ အရှေ့၌ပင် ခုတ်လှီးနေခြင်း ဖြစ်သည်။ ဒါယကာ၏ ဤအားထုတ်မှုသည် စားဖို့နှင့် လှူဒါန်းဖို့ ဟူသော အဖို့နှစ်ခုအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။ <b>လောဘ</b>နှင့် <b>အလောဘ</b>ဟူသော ဆန့်ကျင်ဘက်တရားနှစ်ခုအတွက် ပြင်ဆင်နေခြင်းဟုလည်း ဆိုနိုင်၏။</p>
<p>ထိုအချိန်၌ပင် သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းကြီးထံမှ ပွတ်ထွင်းဖို့ရန် ပတ္တမြားကို ပို့လာ၏။ အသားကို ခုတ်လှီးနေသည့် ဒါယကာ၏ လက်တို့သည် သွေးတို့ဖြင့် ပေကျံနေပြီး ထိုလက်ဖြင့်ပင် ပတ္တမြားကို ယူလျက် ပခြုပ်တစ်လုံးပေါ်သို့ တင်လိုက်၏။ ပေကျံနေသည့် သွေးတို့ကို ဆေးကြောမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အိမ်အတွင်းသို့ ဝင်သွားစဉ်ခဏ၌ ၎င်းင်းမွေးမြူထားသည့် ကြိုးကြာငှက်သည် သွေးပေကျံနေသည့် ပတ္တမြားလုံးကို အသားတုံးဟု မှတ်ထင်လျက် ကောက်မြိုတော့သည်။ မိမိ၏ ရှေ့မှောက်၌ ဖြစ်ပျက်သွားသော ထိုအခြင်းအရာ အားလုံးကို မထေရ်ကြီးသည် တွေ့နေရ၏။ <b>အနံ့သညာ</b> ကြောင့် ကြိုးကြာငှက် အမှားပြုမိခြင်း ဖြစ်သည်။ <b>သညာ</b>မှားခြင်း ကြောင့် ကံကြမ္မာတစ်မျိုး ဖန်လာတတ်သည်ပင်။</p>
<h3>အပြစ်ရှာတတ်သော မျက်လုံး</h3>
<p>လက်ဆေးကြောပြီး၍ ပြန်ထွက်လာသော ဒါယကာ၏ မျက်လုံးတို့က ပတ္တမြားတင်ခဲ့ရာ ပခြုပ်ဆီသို့ ဦးလှည့်လိုက်ကြ၏။ ပခြုပ်ပေါ်၌ ပတ္တမြားကို မတွေ့ရတော့၊ ဘယ်များ ရောက်သွားသနည်း၊ ဘယ်သူများ ယူသွားသနည်းစသည့် အတွေးများ ဝင်ရောက်လာ၏။ ဇနီးသည်ကို မေးမြန်းကြည့်၏၊ မယူကြောင်း အဖြေကို ရ၏။ သားသမီးတို့ကို လည်း မေးမြန်းပြန်၏၊ မိမိတို့ မယူမိ၍ မယူမိပါဟူ၍သာ ဖြေဆိုကြ၏။</p>
<p>သူတို့ မယူလျှင် ယူသူတစ်ဦးတော့ ရှိရပေမည်ပေါ့၊ မေးဖို့ သံသယဖြစ်ဖို့ မည်သူ ကျန်သေးသနည်း။ ဩော် ...သူတို့ မယူမှတော့ ကျန်သူ တစ်ဦးသာ ရှိ၏။ ဆွမ်းဘုဉ်းကြွ မထေရ်...ဒီမထေရ် ယူသည် ဖြစ်မည်ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။ ထိုစိတ်ဖြင့် ဇနီးသည်၏ သဘောတူညီမှုကို ယူကြည့်၏၊ ချစ်ဇနီး...ပတ္တမြားကို ဒီမထေရ်ယူတာ ဖြစ်ရမည်ဟု မိမိ၏ အထင်ကို ပြော၏။ ထိုအခါ ဇနီးသည်က အရှင်...တစ်ဆယ့်နှစ်နှစ်တာ ကာလပတ်လုံး မထေရ်ကြီး၏ အပြစ်တစ်စုံတရာကို ရှေး၌ မတွေ့ခဲ့စဖူးပါ၊ ဤသို့ မတွေး မကြံပါလင့်ဟု အကြောင်းအကျိုးပြလျက် ဖြောင်းဖြ ပြောဆိုသည်ပင်။</p>
<h3><b>ဒေါသ</b>ကြောင့် ဆိုထွက် ဆိုရက်သည်သာ</h3>
<p>ပတ္တမြားထွင်းသမား ဒါယကာအဖို့ မည်သူ ယူသည်ကို သိဖို့သည်သာ ပဓာန ဖြစ်သည်။ ဇနီးသည်၏ ဖြောင်းဖြစကားသည်လည်း နားထဲ မဝင်တော့။ စွပ်စွဲသော အမေးစကားဖြင့် မထေရ်မြတ်ကို မေးမိ၏၊ အရှင်ဘုရား...ဤနေရာ၌ ထားသော ပတ္တမြားကို ယူပါသလော၊ ဘုန်းကြီး မယူပါ ဒါယကာ ဤသည် မထေရ်ကြီး၏ အဖြေစကား ဖြစ်သည်။</p>
<p>ပတ္တမြားထွင်းသမား ဒါယကာ၏ စိတ်တို့ ဗလောင်ဆူနေပေပြီ၊ သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းကြီး၏ ပတ္တမြားရတနာလည်း ဖြစ်နေသည် မဟုတ်လော။ မင်းပြစ်မင်းဒဏ်ကိုလည်း ကြောက် ရွံ့ပေမည်ပေါ့။ ထို့ကြောင့်ပင် စိတ်ကို ထိန်းချုပ်၍ မရတော့၊ သံသယ<b>ဒေါသ</b>တို့ ဝင်လာ၏၊ အရှင်ဘုရား...ဤနေရာ၌ အရှင်ဘုရားမှ လွဲ၍ တစ်ခြားတစ်ပါးသောသူမည်သည် မရှိပါ၊ ပတ္တမြားကို ယူသူသည် အရှင်ဘုရားသည်သာ ဖြစ်ရပေမည်၊ ပတ္တမြားကို ပြန်ပေးပါဟု <b>ဒေါသ</b>ကြောင့် ဆိုထွက် ဆိုရက်လေ၏။ <b>ဝိဇ္ဇာဉာဏ်</b>အလင်း မကွန့်မြူးသေးသူတို့၏ <b>တဏှာ</b>တုန်လှုပ်ခြင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အခြင်းအရာတို့ကို ဖြစ်ပေါ်စေတတ်သည်ပင်။</p>
<h3>သက်မဲ့ပစ္စည်းအောက် မရောက်သင့်သော လူ့တန်ဖိုး</h3>
<p>ဇနီးသည် ရှိရာသို့ လှည့်၍ ဒီရဟန်းကြီးသည်သာ ပတ္တမြားကို ယူတာ၊ သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီး မေးမှ ဖြစ်တော့မည်ဟု ဒေါသကြောင့် ဆိုပြန်၏။ ထိုအခါ ဇနီးသည်မှ အရှင်...အကျွန်ုပ်တို့အား မဖျက်ဆီးပါလင့်၊ ပတ္တမြား ပျောက်ဆုံးသွားပြီဆိုက ဘုရင်မင်းကြီးထံ ကျွန်အဖြစ်ဖြင့် အကျွန်ုပ်တို့ ကပ်ရောက် ခံယူခြင်းသာ မြတ်ပါ၏၊ မထေရ်မြတ်အား ထိုသို့ ပြုလိုခြင်းသည် မသင့်ပါဟု တောင်းပန် ပြောဆို၏။ သံသယဒေါသ နှိပ်စက်ခံနေရသည့် ခင်ပွန်းသည်ဖြစ်သူကမူ ငါတို့အားလုံး ကျွန်အဖြစ် ကပ်ရောက်သော်လည်း ပတ္တမြား၏ တန်ဖိုးကို မီသည်မဟုတ်ဟု ဆိုလျက် မထေရ်ကြီး၏ ဦးခေါင်းကို ကြိုးဖြင့် ချည်တုပ်ပြီး တုတ်လှံတံဖြင့် ဦးခေါင်းကို ရိုက်နှက်တော့သည်။ မထေရ်၏ ဦးခေါင်း နား နှာခေါင်းတို့မှ သွေးတို့ ယိုစီးကျလာကြ၏၊ မျက်လုံးတို့သည်လည်း အပြင်သို့ထွက်အံ့သော အသွင်သို့ ရောက်တော့ သည်။ ထိုသို့သော ဒဏ်ရာဒဏ်ချက်ကြောင့် ဆင်းရဲသော ဝေဒနာဖြင့် ထိုနေရာ၌ပင် မထေရ်မြတ်ကြီးသည် မေ့မျောလျက် မြေကြီး၌ ဗုန်းဗုန်း လဲခဲ့လေသည်။</p>
<p>အသိဉာဏ်မရှိသော ကြိုးကြာငှက်အဖို့ မထေရ်ထံမှ ယိုစီးကျလာကြသော သွေးနံ့ကြောင့် အနီးသို့ ကပ်၍ သွေးကို သောက်၏။ မထေရ်မြတ်အပေါ် ဖြစ်ပေါ်နေသည့် ဒေါသအမျက်ကြောင့် ဆင်ခြင်ဉာဏ်မရှိ၍ မသိ မလိမ္မာသည့် ကြိုးကြာငှက်ကို သင် အဘယ်ကို ပြုလေသနည်းဟု ခြေဖြင့် ကန်ထုတ်လိုက်သည်ပင်။ ထိုတစ်ချက်တည်းသော ကန်ကျောက်မှုဖြင့် ကြိုးကြာငှက်လည်း ထိုနေရာ၌ပင် သေပွဲဝင်ခဲ့တော့သည်။</p>
<hr>
<h3>စွန့်ရမည်ဆိုက</h3>
<p>ထိုအခြင်းအရာကို မြင်သည့် မထေရ်မြတ်ကြီးသည် ထိုကြိုးကြာငှက်၏ ဇီဝိတိန္ဒြေ ပြတ်စဲမှု မပြတ်စဲမှုကို သိလိုသောစိတ်ဖြင့် ဒါယကာ အား မေးမြန်း၏။ ဇီဝိတိန္ဒြေ ပြတ်စဲပြီဖြစ်သည့် ကြိုးကြာငှက်၏ အဖြစ်ကို သိသော ဒါယကာသည် ဤသတ္တဝါ သေကျေပျက်စီးသကဲ့သို့ သင်လည်း သေစေရမည်ဟု မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးစေတတ်သည့် ခက်ထန်သည့် ဒေါသဖြင့် မထေရ်အား ဆိုခဲ့သည်သာ။</p>
<p>ထိုအခါမှသာ ထိုကြိုးကြာငှက်၏ ပတ္တမြားလုံး မျိုထားသည့် အဖြစ်ကို အသိပေးတော့သည်။ အကယ်၍ ကြိုးကြာငှက်၏ ဇီဝိတိန္ဒြေ မပြတ်စဲပါမူ သင်ရိုက်နှက်သော ဒဏ်ချက်ဖြင့် သေခြင်းကိုသာ ငါ ယူမည် ဖြစ်သည်၊ ပတ္တမြားလုံးကို မျိုထားသည့် ကြိုးကြာငှက်၏ အဖြစ်ကို အသိပေးမည် မဟုတ်ပါ...ဒါယကာဟု မထေရ်မြတ်ကြီး ဆိုတော်မူခဲ့သည်ပင်။ ဤအပြုအမူတို့သည် မြတ်စွာဘုရား၏ အဆုံးအမတော်ကို ဦးထိပ်ရွက်ပန်ဆင်လျက် သီလကို ဖြည့်ကျင့်သည့် သူတော်ကောင်းတို့၏ အလေ့သာ ဖြစ်သည်။</p>
<p>ဘုရားရှင်အနေဖြင့် စည်းစိမ်ဥစ္စာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွန့်ရမည်ဆိုက စည်းစိမ်ဥစ္စာကိုသာ စွန့်စေလို၏။ ကိုယ်အင်္ဂါ အစိတ်အပိုင်းနှင့် သီလ တစ်ခုခုကို စွန့်ရမည်ဆိုကလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းကိုသာ စွန့်စေလို၏။ အသက်နှင့် သီလ တစ်ခုခုကို စွန့်ရမည်ဆိုက အသက်ကိုသာ စွန့်စေလို၏။</p>
<p>မထေရ်မြတ်ကြီးသည် မြတ်စွာဘုရား၏ အဆုံးအမတော်သို့ အစဉ်လိုက်သော သူတော်ကောင်းတို့၏ အကျင့်ကို လက်တွေ့ကျင့်လျက် အတုယူခွင့် ပေးခဲ့သူ ဖြစ်သည်။</p>
<hr>
<h3>တဏှာအတွက် ကာကွယ်ရေးလုပ်နေသူများ</h3>
<p>ဒါယကာသည်ကား တဏှာအတွက် ကာကွယ်ရေးလုပ်သည့် ကျင့်စဉ်ကို လက်တွေ့ကျင့်လျက် လက်တွေ့ကျင့်ဦးမည့် နောင်လာနောက်သားတို့အား သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် မမိုက်ဖို့ မမှားဖို့ ပညာပေးသွားသူအဖြစ် မှတ်ယူနိုင်ကြစေလို၏။ တဏှာအတွက် ကာကွယ်ရေးလုပ်နေသူများ၏ ဘဝမှ လွတ်မြောက်အောင် ကြိုးစား ကြဖို့ရန် သတိပေးသကဲ့သို့ ဖြစ်သည်ပင်။ တဏှာအတွက် ကာကွယ်ရေးလုပ်နေသူများ၏ ဘဝမှ လွတ်မြောက်ခြင်းဟူသည် ဒုက္ခမှ လွတ်မြောက်ခြင်း ဖြစ်သည်။</p>
<p>ဒေါသသည် ဖျက်ဆီးအပ်သည် ဖြစ်၍ အမှားကြီးမှား အမိုက်ကြီး မိုက်မိပြီ ဖြစ်သည့် ဒါယကာသည် ကြိုးကြာငှက်၏ရင်ကို ခွဲလျက် ပတ္တမြားကို ရှာသည်ရှိသော် ပတ္တမြားကို တွေ့သည်သာ။</p>
<hr>
<h3>သံသရာဝဋ်ဆင်းရဲ၏သာလျှင်...</h3>
<p>နောင်မှ ရတတ်သော နောင်တတရား၏ နှိပ်စက်မှုကို ခံနေရပြီဖြစ်သည့် ဒါယကာ၏ စိတ်တို့ ဗလောင်ဆူရပေပြီ။ မသိသည့် အလျောက် အမှားကြီးမှား အမိုက်ကြီးမိုက်မိပြီဖြစ်သည့် မိမိ၏ အပြုအမူအတွက် ခွင့်လွှတ်သည်းခံပါမည့်အကြောင်း မထေရ်ကြီးအား တောင်းပန်တော့သည်။ ယူကြုံးမရ လွန်စွာ ခံစားနေရသည့် ဒါယကာအား မထေရ်ကြီး အပြစ်တင်ပါသလော၊ အပြစ်မတင်သည်သာ။ ဒါယကာ...သင်လည်း အပြစ်မရှိ၊ ဘုန်းကြီးလည်း အပြစ်မရှိပါ၊ အမှန်စင်စစ် သံသရာဝဋ်ဆင်းရဲ၏သာလျှင် အပြစ် ဖြစ်ပါ၏။ ဘုန်းကြီး သည်းခံပါ၏ ဟူသည့် သူတော်ကောင်းတို့၏ စကားသည်ကား ကြက်သီးမွေးညင်းထဖွယ် အလွန်ကြည်ညိုဖွယ် ကောင်းပေစွ။ သည်းခံ ခြင်းဟူသည် ပညာရှိသူတော်ကောင်းတို့၏ ခွန်အားဖြစ်သည် မဟုတ် လော၊ အတုယူဖို့ ကောင်းပေစွ။</p>
<p>ထိုနှိပ်စက်မှု ဒဏ်ချက်ကြောင့် မကြာမြင့်မီပင် မထေရ်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော်မူ၏။ ကြိုးကြာငှက်မှာမူ ဒါယိကာမ၏ ဝမ်း၌ ပဋိသန္ဓေကို ယူခဲ့ပြီး ပတ္တမြားထွင်းသမား ဒါယကာမှာမူကား သေဆုံးပြီးနောက် ငရဲသို့ ကျရောက်ခဲ့ရ၏။ မထေရ်အပေါ် နူးညံ့သော စိတ်နှလုံး ရှိသည့် ဒါယိကာမမှာမူ နတ်ပြည် နတ်လောက၌ ဖြစ်ခဲ့သည်ပင်။ ကုသိုလ်က ကုသိုလ်အကျိုးကို ပေးလျက် အကုသိုလ်က အကုသိုလ်အကျိုးကို ပေးခဲ့ခြင်း ဖြစ်သည်။ အကြောင်းတရားနှင့် အကျိုးတရား တို့၏ လုပ်ငန်းလည်ပတ်မှု ဖြစ်သည်။</p>
<hr>
<h3>မပြုနိုင်သောကံဟူသည် မရှိ</h3>
<p>တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ဆွမ်းပြုစုလုပ်ကျွေးခဲ့ကြသည့် ဇနီးမောင်နှံတို့၏ သဒ္ဓါတရားသည် သာမန် သဒ္ဓါတရားမျိုး မဟုတ်ပေ။ ပြုနိုင်ခဲသော အတုယူဖွယ် အားရဖွယ် ကြည်ညိုဖွယ် သဒ္ဓါတရားမျိုး သာ ဖြစ်သည်။ ကုသိုလ်အတွက် ရဲရင့်ကြခြင်း ဖြစ်သည်။ ကုသိုလ်ရေး၌ ခိုင်ခံ့သောစိတ်ထားရှိသူ ရဲရင့်သူများဟု တစ်ဆယ့်နှစ်နှစ်ဟူသော ကာလအပိုင်းအခြားဖြင့် ဆိုနိုင်၏။ မပြောင်းလဲနိုင်တော့သည့် ပုဂ္ဂိုလ်များဟုလည်း လောကအမြင်အရ ထင်စရာ ရှိသည်ပင်။ ဗုဒ္ဓ ဓမ္မ သံဃတည်းဟူသော ရတနာသုံးပါး အပေါ်၌ နစ်မြုပ်သက်ဝင်နေပြီဖြစ်သည့် ဝိဇ္ဇာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရသေးသည့် အတွက် ပြောင်းလဲနိုင်သေးသော ပုဂ္ဂိုလ်များဟု ဓမ္မအမြင်အရ ဆိုရ၏။</p>
<p>ထို့ကြောင့်ပင် ဆန့်ကျင်ဘက်တရားတို့ကို ပြောင်းလဲကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။</p>
<p>ပုထုဇဉ်မျှသာ ဖြစ်သော ဒါယကာ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ခိုင်ခံ့သော အသိဉာဏ်တို့ မဖြစ်ထွန်းသေး၍ မမှားနိုင်သော အမှားဟူသည် မရှိပေ။ ပုထုဇဉ်ဟူသည် ကောင်းသည့်အခါ ကောင်း၍ မိုက်သည့်အခါ မိုက်သူများ ဖြစ်ကြသည်။ မင်းသားဖြစ်သည့်အခါ ဖြစ်၍ ဘီလူးဖြစ်သည့်အခါ ဖြစ်သူများလည်း ဖြစ်ကြသည်။ ကုသိုလ်လုပ်သည့်အခါ လုပ်၍ အကုသိုလ်လုပ်သည့်အခါ လုပ်ကြသူများ ဖြစ်ကြ ဦးမည်ပင်။ မပြုနိုင်သောကံဟူ၍ မရှိသော သူများကို ပုထုဇဉ်များဟု ခေါ်၏။</p>
<p>ကုသိုလ်နှင့် အကုသိုလ် မကွဲဘဲ တလွဲထင်နေ တလွဲပြုနေသည့်သူ မဖြစ်ဖို့ သတိထားရမည်ပင်။ ကုသိုလ်နှင့် အကုသိုလ် ကွဲသော်လည်း ကုသိုလ်အတွက် မရဲရင့်နိုင်ဘဲ အကုသိုလ်အတွက် ရဲရင့်နေကြသည့် လောကကြီးသည် ရံဖန်ရံခါ အလွဲလွဲ အမှားမှား ထင်မှတ်မှားရလောက်အောင် လှည့်စားနိုင်လွန်း၏။ သူတော်ကောင်းဟူ၍ မှတ်ထင်ထား သူတို့အား သူတော်ကောင်း ဟုတ်မှ ဟုတ်ပါရဲ့လားဟူသည့် အထင်မှားမှုကို ဖြစ်စေနိုင်သည်အထိ လှည့်စားတတ်၏။ ကိလေသာတရားဆိုး တို့၏ ချယ်လှယ်မှုကို ခံကြရသောကြောင့် ဖြစ်သည်။</p>
<hr>
<h3>အစွမ်းကုန် မိုက်ရဲ မှားရဲသူ</h3>
<p>လောဘ ဒေါသ မောဟ အားကောင်းလာသည်နှင့် ထိုလောဘ ဒေါသ မောဟ ထင်ရှားဖြစ်ပေါ်နေသည့် သူ၏ ရုပ်နာမ်သန္တာန်အစဉ်ကို အသွင်ပြောင်းပစ်၏။ လူကောင်း သူကောင်းအသွင်မှ လူညံ့ လူဖျင်း လူမိုက်အသွင် အဖြစ်သို့ ပြောင်းပစ်၏။ လူကောင်း သူကောင်းတစ်ဦး မဟုတ်ပါလားဟု လောကကို နားလည်စေ၏။ စင်စစ်မူကား လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာတရားဆိုးတို့ကို နှိပ်ကွပ်ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာ ဖြစ်ပြီး၊ ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာ ဖြစ်သည်။</p>
<p>ပုဂ္ဂိုလ် သတ္တဝါတို့မှ ဆိတ်သုဉ်းနေသည့် သဘာဝဓမ္မကို မြင်တတ်ဖို့ လို၏။ သဘာဝဓမ္မကို မြင်တတ်ခြင်းဟူသည် အကြောင်းတရားထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ခြင်းကို မြင်တတ်ခြင်း ဖြစ်သည်။ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယ တရားတို့ကြောင့် လူမိုက်အဖြစ် တဒင်္ဂ ပြောင်းသွားတတ်၏၊ မြင်စေတတ်၏။ အမြဲတစေ ပြောင်းလဲသွားသည်တော့ မဟုတ်ပေ၊ လူမိုက် ဟူ၍ အစဉ်တစိုက် မှတ်ယူသင့်သည့် အရာလည်း မဟုတ်ပေ။ ကောင်းပိုင်ခွင့် မှန်ပိုင်ခွင့် ပြောင်းလဲပိုင်ခွင့် ရှိသည်ပင်။ ထိုအခွင့်ကို ယူ၍ ပြောင်းလဲလာသည့် အခါ၌ လူကောင်းဟူ၍ လက်ခံနိုင်ရပေမည်။</p>
<p>ကောင်းရာမှ ဆိုးသွားသူများကိုလည်း လောဘကြောင့် ဒေါသကြောင့် မောဟကြောင့် လူမိုက် တဒင်္ဂဖြစ်ရပြီဟူ၍သာ မှတ်ယူသင့်၏။ ပုထုဇဉ်အများစုသည် ကောင်းသည့်အခါ ကောင်း၍ မိုက်သည့်အခါ မိုက်ကြ၏။ ကောင်းသည့်အခါ ကောင်းသလို ရူးသည့်အခါလည်း ရူးနေကြ၏။ ထို့ကြောင့် <b>ပုထုဇ္ဇနော ဥမ္မတ္တကော</b> ပုထုဇဉ်ဟူသမျှ အရူးများဟု မြတ်ဘုရား ဆိုခြင်း ဖြစ်သည်။ ပုထုဇဉ်တို့၏ ဘဝဟူသည် ဘေးနီးသော ဘဝတစ်ခု ဖြစ်သည်။ ဘေးနှင့် အမြဲဆက်ဆံနေကြ ရသည့် ဘဝပိုင်ရှင်များသာ ဖြစ်ကြသည်။ မမှားနိုင်သော အမှားဟူ၍လည်း မရှိ၊ မပြုနိုင်သော အမှား, မပြုရဲသော အမှုဟူ၍လည်း မရှိပေ။ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံး၌ အစွမ်းကုန် မိုက်ရဲ မှားရဲသောသူတို့အား ပုထုဇဉ်များဟု ခေါ်ရ၏။</p>
<p>ထို့ကြောင့်ပင် အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက် အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင်နေဘိ သနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း၊ အမှန်ကို မသိခြင်းတည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်ကြီး ပိတ်ဆီး နေပါလျက် အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးရောင်ကို သင်တို့ မရှာဘဲ နေကြပါကုန်သနည်းဟု ဓမ္မပဒ၌ မြတ်ဘုရား မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။</p>
<p><b>ပုထု ကိလေသေ ဇနေန္တီတိ ပုထုဇ္ဇနာ</b>ဟု ဆိုသည့်အတိုင်း များသော ကိလေသာရှိသည့် ပုထုဇဉ်တို့မည်သည် ကိလေသာမီး တညီးညီး တောက်လောင်နေသည့် သူများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ...</p>
<p>အမိကိုလည်း သတ်ရဲ၏၊ အဖကိုလည်း သတ်ရဲ၏၊ ရဟန္တာကိုလည်း သတ်ရဲ၏၊ သံဃာကွဲပြားအောင်လည်း ပြုရဲ၏၊ ဘုရားအား သွေးစိမ်းတည်အောင်လည်း ပြုရဲသူတည်း။ ထိုထက်မိုက်သူ အဘယ်သူ ရှိသေးသနည်း။ အမိုက်တကာ့ အမိုက်ဆုံးပုဂ္ဂိုလ်အဖြစ် ပုထုဇဉ် ဟူသမျှ ဖြစ်ခွင့် ရှိကြ၏။ သင်သည် ပုထုဇဉ် ဖြစ်ငြားအံ့၊ ထိုမိုက်ခွင့်တို့ သင့်မှာ ရှိနေသေး၏ဟူ၍ သိအပ်၏။ သိရုံနှင့် မလုံလောက်၊ ပုထုဇဉ် ငမိုက်သားအဖြစ်မှ အရိယာ အမြိုက်တရားကို ထိုးထွင်းသိအပ်သူ ဖြစ်အောင် ကြိုးစားရပေမည်။</p>
<hr>
<h3>အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည်ပင်...</h3>
<p>အရိယာအမြိုက်တရားကို ထိုထွင်းမသိသေးသည့်အတွက် ပုထုဇဉ် အဖြစ်ဖြင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာကိုယ်တိုင် လွန်ကျူး၍ ကျင့်ခဲ့မိသည့် ဘဝဖြစ်စဉ်ကို ပုထုဇဉ်ပုဂ္ဂိုလ်တို့ မမေ့သင့် မမေ့ထိုက်။</p>
<p>ထိုဘဝကို ရစဉ်အခါက အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ အမျိုးကောင်းသား၏ အသိဉာဏ်, စိတ်နေ စိတ်ထားကို သုံးသပ်သင့်ပေသည်။ ကျေးဇူးသိသူ၏အဖြစ်နှင့် ကျေးဇူးမသိသူ၏ အဖြစ်, ကုသိုလ်ပြုတတ်သူ၏အဖြစ်နှင့် အကုသိုလ်ပြုတတ်သူ၏ အဖြစ်စသည့် ဆန့်ကျင်ဘက်တရားတို့၏ ဖြစ်နိုင်ခွင့်ကို သိစေလို၍ ဖြစ်သည်။</p>
<p>ထိုဘဝ၌ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည် မျက်မမြင် မိဘနှစ်ပါးကို နှစ်လိုဝမ်းမြောက် အားရခြင်းနှင့်အတူ ရှာဖွေ ပြုစုလုပ်ကျွေးနေသော သားကောင်းရတနာတစ်ဦး ဖြစ်ခဲ့သည်ပင်။ ကျေးဇူးသိသူ၏ အဖြစ်ဖြင့် နေထိုင်ခဲ့သည်ကို တွေ့ရသည်။ မိမိကိုယ်တိုင်သာလျှင် စပါးကို ထောင်း ဆန်ကို ဖွပ်လျက် ထမင်းဟင်း ချက်ပြုတ်ခြင်းစသည်တို့ကို ပြုပြီး မိဘနှစ်ပါးအတွက် ကြောင့်ကြသမှု ပြုလျက် နေထိုင်ခဲ့သူ ဖြစ်သည်။ စားဝတ်နေရေးအတွက် တောသို့ဝင်လျက် လုပ်ကိုင်ရှာဖွေခြင်းဖြင့်လည်း ကျေးဇူးဆပ်ခွင့်ကို ဝဝကြီး အရ ယူခဲ့သူ ဖြစ်သည်။</p>
<p>အမှုကြီးငယ် မှန်သမျှ မိမိတို့၏ သားငယ် တစ်ဦးတည်း လုပ်ကိုင် နေရသည်ကို ကရုဏာ ဖြစ်သည့်အတွက် မိဘနှစ်ပါးတို့ တိုက်တွန်းမိ ကြသည်။ ချစ်သား...ချစ်သားတစ်ဦးတည်း ပင်ပန်းလှပါသည်၊ မျှဝေခံစားနိုင်ရန် အမျိုးသမီးတစ်ဦးနှင့် လက်ဆက်ပါလောဟူ၍ တိုက်တွန်းကြခြင်း ဖြစ်သည်။</p>
<p>အကျိုးအပြစ်ကို သိသူ လိမ္မာသူဖြစ်သည့်အတွက် အမိအဖတို့ အသက်ရှည်သမျှ ကာလပတ်လုံး ကျွန်ုပ်၏ လက်တို့ဖြင့် ကိုယ်တိုင်သာလျှင် ပြုစု လုပ်ကျွေးလိုပါသည်၊ အိမ်ထောင်ပြုခြင်းကို အလိုမရှိပါဟု ငြင်းဆိုခဲ့သည်သာ။ ထိုသို့ ငြင်းဆိုပါသော်လည်း သားဖြစ်သူ အား အဖန်ဖန် အထပ်ထပ် ဆိုလျက် အမျိုးသမီးတစ်ဦးနှင့် လက်ဆက် ပေးခဲ့ကြသည်ပင်။</p>
<hr>
<h3>ငါနှင့်လူတို့သည်</h3>
<p>ထိုအမျိုးသမီးသည်ကား အမျိုးကောင်းသား၏ မိဘတို့အပေါ် ရေရှည်ကောင်းနိုင်ခဲ့သူ မဟုတ်ပေ။ နှစ်ရက်သုံးရက်မျှသာ ကောင်းကောင်း မွန်မွန် ပြုစုလုပ်ကျွေး၍ နောက်ကာလ၌ ဆန့်ကျင်ဘက် အပြုအမူတို့ကို ပြုမူလာ၏။ မြင်တွေ့နေရခြင်းမျှကိုသော်လည်း အလိုမရှိသည် ဖြစ်၍ အပြစ်ရှာလျက် ဤအိုမင်းမစွမ်းသူတို့နှင့် အတူမနေထိုင်လိုကြောင်း ခင်ပွန်းဖြစ်သူ အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာအား မိမိဘက်ပါအောင် နည်းအမျိုးမျိုးဖြင့် မာယာဆင် ပြောဆို ၏။</p>
<p>မိမိတို့ပြောဆိုသည့် စကားအတိုင်း လက်ခံကျင့်သုံးခြင်းကို မြင်ချင်ကြ၏။ မိမိတို့ပြောဆိုသည့်စကားကို အရေးတယူပြုစေချင်ခြင်း ဖြစ်သည်။ ဤသည်ကို လောဘဟု ခေါ်၏။ အရေးတယူပြုခံရခြင်းကို လူတိုင်း အလိုရှိကြသည် မဟုတ်လော။ ထိုကြောင့် အရေးတယူ မပြုသည့် ခင်ပွန်းသည်ကို အရေးတယူပြုလာအောင် အားထုတ်၏။ မှန်ကန်သော အားထုတ်မှုဆိုက ကြိုဆိုရမည် ဖြစ်သည်။ လိုချင်သူ တစ်ဦးအတွက် မိမိလိုချင်သည့် အရာကို ပဓာနပြုလျက် မမှန်ကန်သော အားထုတ်မှုကို ပြုတတ်ကြသည်ပင်။</p>
<p>ကျေးဇူးသိတတ်သူ သားလိမ္မာတစ်ဦးအဖြစ် မြင်တွေ့နေရခြင်းသည် အလိုရှိအပ် တောင့်တအပ်သော ဣဋ္ဌာရုံကို မြင်တွေ့နေရခြင်း ဖြစ်၍ ဝမ်းမြောက်သင့်၏။ ဆန့်ကျင်ဘက်အလိုရှိသူ မနာလို ဝန်တိုသူ အတွက်မူ ထိုဣဋ္ဌာရုံကို မြင်တွေ့နေရခြင်းသည် အနိဋ္ဌာရုံ သဖွယ် ဖြစ်ပေလိမ့်မည်။ စင်စစ် အာရုံဟူသည် သူ့သဘာဝအတိုင်း သူရှိသော တရားသာ ဖြစ်သည်။ နှလုံးသွင်း မှန်ခြင်း မမှန်ခြင်းကြောင့် အမျိုးမျိုး မြင်တတ်ကြ၏။ ငါနှင့်လူတို့သည် ငါ့အလိုအတွက် အာရုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်ပင်။ လိုကတစ်မျိုး မလိုကတစ်မျိုး ဖွင့်ဆို ပြုမူတတ်သူသာ များပေသည်။</p>
<hr>
<h3>ပါရမီသမ္ဘာရ ရှိသူကြီးသည်ပင်...</h3>
<p>အိုမင်းသူနှစ်ဦးကို အလိုမရှိတော့၊ ထိုကြောင့်ပင် အဖြူကို အမဲဖြစ်အောင် ပြုသကဲ့သို့ အေးချမ်းသော အနေအထိုင်ရှိသူကို မအေးချမ်းသော အနေအထိုင်ရှိသူအဖြစ်, ညီညွတ်သော အနေအထိုင် ရှိသူကို မညီညွတ်သော အနေအထိုင်ရှိသူအဖြစ် မြင်အောင် မာယာဆင်၏။ ယာဂု ထမင်း စသည်တို့ကို အိမ်ကြမ်းပြင်၌ ကြဲဖြန့်လျက် ပေကျံခြင်းကို ပြု၏။ ခင်ပွန်းသည် ပြန်လာသည့် အခါ၌ မြင်နိုင်ခြင်းငှာ မာယာဆင်ထားခြင်း ဖြစ်သည်။ ထိုအခြင်းအရာတို့ကို တွေ့မြင်သော ခင်ပွန်းသည်သည် မည်သူ ဤသို့ ပြုသနည်းဟု မေးသည်ပင်။ မျက်စိကန်းနေသည့် ဤလူအိုကြီးတို့၏ မလျော်သောအမှုပါ အရှင်။ တစ်အိမ်လုံး ညစ်နွမ်းပေကျံအောင်ပြုလျက် နေထိုင်ကြသည့် ဤလူအိုကြီးတို့နှင့် ကျွန်တော်မ နေခြင်းငှာ မစွမ်းနိုင်တော့ပါ။ မိမိ၏အလို ပြီးမြောက်ရေးအတွက် အထပ်ထပ် အခါခါ ပြောဆိုခဲ့သည်ပင်။ ကြားရဖန်များတော့ ဖြည့်ဆည်းပူးအပ်ပြီးသော ပါရမီသမ္ဘာရရှိသူ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည်ပင် မြင်းမိုရ်တောင်မျှမက ဂုဏ်ကျေးဇူးဝိသေသတို့နှင့် ပြည့်ဝစုံလင်သော မိဘနှစ်ပါး၏ ဂုဏ်ကျေးဇူးတို့ကို မသိမမြင်နိုင် ဖြစ်လာတော့သည်။ ကောင်း၏ မကောင်း၏, သင့်၏ မသင့်၏ မဆင်ခြင်နိုင်တော့။ တဏှာဟူသော နှောင်ကြိုး၏ လှည့်ပတ်ဖြားယောင်းမှုကို ခံနေရသူများ၏ ဘဝဟူက မကောင်းသည်သာ။</p>
<p>မိဘတို့အပေါ် မိမိလက်ဖြင့် ကိုယ်တိုင်သာ ပြုစုလုပ်ကျွေးချင်ခဲ့သောသား, ကျေးဇူးသိတတ်သော သားကောင်းရတနာတစ်ဦး၏ ခိုင်ခံ့သော စိတ်တို့ အမျိုးသမီးတည်းဟူသော အနှောင်အဖွဲ့ကြောင့် ယိုင်နဲ့ကုန်တော့သည်။</p>
<p>ဆွေမျိုးတို့သည် အမိအဖတို့အား တွေ့မြင်လိုကြပါသည်ဟု ပြောဆို၏။ မုသားပြောဆိုခြင်း ဖြစ်၍ မမှန်သော အားထုတ်မှုဟု ဆိုရပေမည်။ သားမောင် လိုက်ပို့လိုပါသည်ဟု ဆိုပြန်၏။ မမှန်သော စေတနာသာ ဖြစ်သည်။ ထိုဆိုသည့်အတိုင်းပင် လှည်းယာဉ်ဖြင့် တောလမ်းခရီးကို ဖြတ်လျက် ခရီးထွက်ခဲ့ကြသည်။ တောအုပ်၏ အလယ်သို့ ရောက်သည့်အခါ အဖ ...ဤကြိုးကို ကိုင်ပါလော့၊ နွားတို့သည် နှင်တံအမှတ်ဖြင့် သွားကြပါကုန်လတ္တံ့၊ ဤတောအုပ်၌ ခိုးသူတို့ နေထိုင်ကြသောကြောင့် သားမောင် လှည်းမှ ခေတ္တ သက်ဆင်းလိုပါ သည်ဟု ဆိုလျက် လှည်းထက်မှ ဆင်းလိုက်၏။</p>
<hr>
<h3>မိဘတို့၏ ကြီးမားသော မေတ္တာ</h3>
<p>ခရီးအတန်ငယ် သွားမိသည်ရှိသော် ဖောက်ပြန်သော အသံကို ပြလျက် ခိုးသူတို့လာသော အခြင်းအရာကို ပြု၏။ မျက်မမြင် မိဘနှစ်ပါးတို့သည်ကား ခိုးသူတို့ ထကြွကုန်ပြီဟူသော အမှတ်ဖြင့် အိုချစ်သား ... အမိအဖတို့သည် အိုမင်းကြပါပြီ၊ ငယ်ရွယ်နုပျိုသော အသင်သားမောင်သည် အမိအဖတို့အတွက် ကြောင့်ကြမဖြစ်ပဲ မိမိကိုယ်ကိုသာ ဘေးမှလွတ်ကြောင်း ပုန်းအောင်း စောင့်ရှောက်ပါလော့ ဟု ဟစ်အော် ပြောဆိုကြကုန်၏။ မိဘတို့၏ ကြီးမားသော မေတ္တာသည်ကား တုနှိုင်းဖွယ် မရှိလေစွ။</p>
<p>ဇနီးဟူသော အနှောင်အဖွဲ့ကြောင့် အမှောင်ထုအတွင်းသို့ သက်ဆင်းမိပြီဖြစ်သည့် ထိုယောကျ်ားသည် မိမိအကျိုးငှာ ကြီမားသောမေတ္တာ ကြီးမားသောချစ်ခြင်းဖြင့် ဟစ်အော် ပြောဆိုနေကြသော မိဘ နှစ်ပါးကိုသော်လည်း ကရုဏာမဖက် ခိုးသူအသံကို ပြလျက် ရက်ရက် စက်စက် ရိုက်နှက်ပုတ်ခတ် သေအောင် သတ်လျက် တောအုပ်၌ စွန့်ပစ်ခဲ့ပြီး အိမ်သို့ ပြန်သွားနိုင်သည်အထိ ခက်ထန်ကြမ်းကြုတ်သည့် အပြုအမူကို ပြုဝံ့ခဲ့သူ ဖြစ်သည်။ စာရေးသူ၏စိတ်ကို လွန်စွာ ထိခိုက်အောင် ပြု၏။ ထိတ်လန့်သံဝေဂ ဖြစ်ရ၏။ ဤသို့သော အဖြစ်မျိုး မည်သူ့ကိုမှ မဖြစ်စေလိုပေ၊ မဖြစ်အောင်လည်း ကြိုးစားစေချင်၏။ ထို့ကြောင့်ပင် ဤစာစဉ်ကို ရေးရခြင်း ဖြစ်သည်။ မိုက်သူများ အဖြစ်မှ လွတ်မြောက်အောင် ကြိုးစားစေလိုခြင်း ဖြစ်သည်။ မမိုက်ချင်က ကြိုးစားကြရမည်သာ။ မကြိုးစားက မိုက်ကြဦးမည် ဖြစ်သည်။</p>
<hr>
<h3>မာယာက လှည့်စားခွင့်ပေးပေမယ့် ကံက လှည့်စားခွင့်မပေးသည်သာ</h3>
<p>ထိုမိုက်ပြစ်ကြောင့် ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော ငရဲ၌ နှစ်သိန်း ပေါင်းများစွာ နှိပ်စက်ခံလျက် အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ နေထိုင်ခဲ့ရ၏။ ငရဲမှ လွတ်သော်လည်း အကျိုးအကြွင်းအကျန် ဖြင့် ဘဝပေါင်းတစ်ရာ၌ ယခုနောက်ဆုံးဘဝ နည်းတူသာလျှင် ရိုက်နှက်ပုတ်ခတ် ထုချေ၍ မှုန့်မှုန့်ညက်ညက် ကျေစေလျက် သေအောင် သတ်သူတို့ ပေါ်လာသည်ပင်။ မာယာက လှည့်စားခွင့်ပေးပေမယ့် ကံက လှည့်စားခွင့် မပေးသည်သာ။ ရဟန္တာ ဖြစ်သည့် နောက်ဆုံးဘဝထိ ရှောင်မရနိုင်သော ကြီးလေးသော အမိအဖသတ်ခြင်း ဂရုကံကို မာယာဆင်လျက် ရက်ရက်စက်စက် လွန်ကျူးမိခဲ့သည် မဟုတ်လော။ ထို့ကြောင့်ပင် ---</p>
<p>ကျောက်မှဖြစ်သော စိန်သည် မိမိမှီရာဖြစ်သော ထိုကျောက်ကိုပင်လျှင် ထွင်းဖောက်ဖျက်ဆီးသကဲ့သို့ မိမိပြုသော မိမိ၌ဖြစ်သော မိမိကြောင့်ဖြစ်သော မကောင်းမှုသည် ထိုသူမိုက်ကိုပင်လျှင် ဖျက်ဆီးလေ၏ဟု အလုံးစုံသိတော်မူသော ဘုရားရှင် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။</p>
<hr>
<h3>မငြိမ်သက်မှုဟူသမျှ</h3>
<p>မိုက်မဲသူဟူသမျှ ပုထုဇဉ်များသာ ဖြစ်သည်။ အရိယာသူတော်ကောင်းများ မဟုတ်ကြပေ။ ထို့ကြောင်ပင် မငြိမ်သက်မှုဟူသမျှ တို့သည် လူမိုက်ကြောင့်သာ ဖြစ်၏။ လူလိမ္မာ ပညာရှိကြောင့် ဖြစ်သည် မဟုတ်ပေ ဟူ၍ မြတ်ဘုရား ဟောခဲ့ခြင်း ဖြစ်သည်။ သင်နှင့် အကျွန်ုပ်တို့သည် ပုထုဇဉ် ဖြစ်ငြားအံ့၊ မငြိမ်သက်မှုဟူသမျှကို ပြုလုပ်ဦး မည့်သူများသာ ဖြစ်ကြသည်။ ဤဘဝ၌ မပြုဖြစ်သေးသော်လည်း ဘဝတစ်ခုခု၌ ပြုနိုင်သူများသာ ဖြစ်ကြပေသည်။</p>
<p>တဏှာအလိုဆိုး နှိပ်စက်ခံနေရသည့် သူကို ပြမည်ဆိုကလည်း ပုထုဇဉ်ကို ပြရ၏။ တဏှာအလိုဆိုး အနှိပ်စက်ခံနေရသမျှ အမှားများ ပြုမည့်သူ ဖြစ်၏။</p>
<hr>
<h3>ပုထုဇဉ်ဘဝနှင့် အရိယာဘဝဟူသည်</h3>
<p>ပုထုဇဉ်ဘဝနှင့် အရိယာဘဝသည် အကွာကြီးကွာသည့် ဘဝနှစ်ခုသာ ဖြစ်သည်။ ပုထုဇဉ်ဘဝနှင့် သောတာပန် အရိယာသူတော်ကောင်း ဘဝသည် အမြင်အားဖြင့် မကွဲပြားသကဲ့သို့ မြင်ရပြီး အသွင် အားဖြင့်လည်း မကွဲပြားသကဲ့သို့ ထင်ရပေသည်။ ဤသို့ ထင်ခြင်းသည် မမြင်ရသည့် အသွင်၏ နောက်ကွယ်ရှိ အနှစ်သာရကို မမြင်နိုင်ကြ၍ ဖြစ်သည်။</p>
<p>ပုထုဇဉ်ပုဂ္ဂိုလ်နှင့် သောတာပန် အရိယာသူတော်ကောင်းတို့၏ ကွဲပြားမှုကို နခသိခသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်ပင်။</p>
<p>မြတ်စွာဘုရားသည် မိမိ၏လက်သည်းဖျားပေါ်၌ မြေမှုန့် အနည်းငယ်ကို တင်လျက် ရဟန်းတို့ကို မေးတော်မူ၏။ ချစ်သားရဟန်းတို့ ...ငါဘုရား၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန့်ပမာဏနှင့် မဟာပထဝီ မြေကြီး၌တည်ရှိသော မြေမှုန့်ပမာဏကို တိုင်းတာနှိုင်းစာမည်ဆိုက အဘယ်ပမာဏသည် ပိုများပါသနည်းဟု မေးတော်မူ၏။</p>
<p>ထိုအခါ ရဟန်းတော်တို့သည် ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား ...မဟာပထဝီ မြေကြီး၌ တည်ရှိသော မြေမှုန့်ပမာဏသည် အလွန့်အလွန် များပြားလှပါ၏။ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန့်ပမာဏသည်ကား အလွန့်အလွန် နည်းပါး လှပါသည် မြတ်စွာဘုရား။ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော အနည်းငယ်မျှသော မြေမှုန့်ပမာဏသည် မဟာပထဝီ မြေကြီး၌ တည်ရှိသော မြေမှုန့်ပမာဏနှင့် နှိုင်းစာပါက အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါ၊ အစိတ်တစ်ထောင် စိတ်၍လည်း တစ်စိတ်ကိုမျှ မမီနိုင်ပါ၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှသော်လည်း မမီနိုင်သည်သာ ဖြစ်ပါသည် မြတ်စွာဘုရားဟု ပြန်လည် လျှောက်ထားကြ ကုန်၏။</p>
<p>ထိုအခါ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ... ဤဥပမာ အတူသာလျှင် အရိယာတို့၏ ဉာဏ်အမြင်နှင့် ပြည့်စုံသော, သစ္စာလေးပါးကို ထိုးထွင်း၍ သိပြီးသောသူအား ကုန်ဆုံးပြီးသော ဆင်းရဲ ဒုက္ခသည်သာလျှင် အလွန်များ၏။ ကြွင်းကျန်သော ဆင်းရဲဒုက္ခသည် အနည်းငယ်သာ ဖြစ်၏။ ခုနစ်ဘဝ အတိုင်းအရှည်ရှိသော ဆင်းရဲ အစုသည် ရှေး၌ ကုန်ဆုံးပြီးသော ဆင်းရဲအစုနှင့် တိုင်းတာနှိုင်းစာလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်သကဲ့သို့ အစိတ်တစ်ထောင် စိတ်သော်လည်း တစ်စိတ်ကိုမျှ မီနိုင်သည် မဟုတ်ပေ၊ အစိတ် တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှသော်လည်း မမီနိုင်သည်သာတည်း။ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဤသို့ အကျိုးကြီးလှ၏။ သောတာပတ္တိမဂ်ဉာဏ် <b>ဓမ္မစက္ခု</b>ကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု အလုံးစုံသိတော်မူသည့် ဘုရားရှင် မိန့်တော်မူခဲ့၏။</p>
<p>ထို့အတူ ပေါက္ခရဏီသုတ်၌လည်း ချစ်သားရဟန်းတို့ ... စတုရန်းပတ်လည် ယူဇနာ ၅၀-ကျယ်သော ရေကန်တွင်းရှိ ရေနှင့် စာလျှင် ထိုကန်မှ သမန်းမြက်ဖျားဖြင့် ထုတ်အပ်သော ရေသည် မပြောပလောက် နည်းပါးသကဲ့သို့ ပုထုဇဉ်ဘဝက ဒုက္ခနှင့်စာလျှင် သောတာပန် အရိယာသူတော်ကောင်း ဖြစ်ပြီးနောက် ကြွင်းကျန်သော ဒုက္ခသည် နည်းပါးလှ၏။ သစ္စာလေးပါးကို သိရခြင်း, သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းသည် ကျေးဇူးများလှ၏ဟု မိန့်တော်မူခဲ့ပေသည်။</p>
<p>ပုထုဇဉ်ဟူက လောဘ ဒေါသ မောဟ ရှိ၏။ သောတာပန်ဟူကလည်း လောဘ ဒေါသ မောဟ ရှိသည်ပင်။ ထိုသို့ဖြစ်က ထိုသူနှစ်ဦး မည်သို့ ကွဲပြားကြပါသနည်း။</p>
<p>ပုထုဇဉ်တို့၏ လောဘ ဒေါသ မောဟသည် အပါယ်သို့ ပစ်ချနိုင်စွမ်း ရှိကြပြီး သောတာပန်တို့၏ လောဘ ဒေါသ မောဟသည်ကား အပါယ်သို့ ပစ်ချနိုင်စွမ်း မရှိကြတော့ပေ။</p>
<hr>
<h3>ငါစွဲ မပြုတ်သေးသမျှ</h3>
<p><b>သက္ကာယဒိဋ္ဌိ</b> ငရဲမီးနှင့် <b>ဝိစိကိစ္ဆာ</b> ထင်ရှားရှိသည့် ဘဝကို ပုထုဇဉ် ဘဝဟု ခေါ်၏။ ထိုသက္ကာယဒိဋ္ဌိ ငရဲမီးကြောင့် ပုထုဇဉ်တို့ အပါယ်ဘေးဆိုးကြီးနှင့် ဆက်ဆံကြရခြင်း ဖြစ်သည်။</p>
<p>သောတာပန်ဟူသည်ကား သက္ကာယဒိဋ္ဌိ ငရဲမီးနှင့် ဝိစိကိစ္ဆာ ထင်ရှား မရှိတော့သည့် ပုဂ္ဂိုလ်ကို ဆိုခြင်း ဖြစ်၏။ သက္ကာယဒိဋ္ဌိ ငရဲမီး ထင်ရှား မရှိတော့ခြင်းကြောင့် အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်ခွင့် ရကြသလို ဆင်းရဲဒုက္ခတို့ အလွန်နည်းသွားကြပြီ ဖြစ်သည်။</p>
<p>အပါယ်သို့ ပစ်ချကြောင်းကို ပြမည်ဆိုက သက္ကာယဒိဋ္ဌိ ငရဲမီးကို ပြရ၏။ <b>သန္တော ကာယော သက္ကာယော</b>အရ သက္ကာယဟူသည် ထင်ရှားရှိသည့် ခန္ဓာငါးပါးကို ခေါ်ခြင်း ဖြစ်ပြီး ထိုခန္ဓာငါးပါးအပေါ်၌ ငါ သူတစ်ပါး ယောကျ်ား မိန်းမဟူ၍ အမှတ်မှားနေသည့် ဒိဋ္ဌိတရားကိုမူ သက္ကာယဒိဋ္ဌိဟု ခေါ်ခြင်း ဖြစ်သည်။</p>
<p>ငါစွဲ မပြုတ်သေးသမျှ ငါနှင့် လုပ်ကြသကဲ့သို့ ငါစွဲ မပြုတ်သေးသမျှ ငါအတွက် လုပ်ကြမည်သာ။</p>
<p>ရုပ်တရားကိုလည်း ငါ့ရုပ်ဟု စွဲယူ၏၊ ခံစားမှုဝေဒနာကိုလည်း ငါ့ဝေဒနာဟု စွဲယူ၏၊ မှတ်သားမှု <b>သညာ</b>ကိုလည်း ငါ့သညာဟု မှတ်ယူ၏။ စေ့ဆော်အားထုတ်မှု <b>စေတနာသင်္ခါရ</b>ကိုလည်း ငါ့စေတနာဟု သဘောပေါက် နားလည်၏။ အသိစိတ်<b>ဝိညာဏ်</b>ကိုလည်း ငါ့အသိစိတ်ဝိညာဏ်ဟူ၍သာ သိနိုင်ကြ၏။</p>
<p>ငါ့ကို မထိနှင့် မီးပွင့်သွားမည်ဟု ဆိုကြ၏။ ငါနှင့် ပတ်သက်က အထိမခံနိုင်ကြချေ။ ငါကို မထိသေးသမျှ သဘောထားကြီးနိုင်ကြ၏၊ ငါကို ထိပါးလာသည်နှင့် သဘောထား မကြီးနိုင်ကြတော့ပေ။ ထို့ကြောင့်ပင် ပတ္တမြားထွင်းသမားကြီး အမှားကြီး မှားခဲ့ရသည် မဟုတ်လော။</p>
<p>ငါအတွက် ကာကွယ်ကြ တုံ့ပြန်ကြ၏၊ ငါ ရပ်တည်နိုင်ရေး တင့်တယ်ရေး ဒုက္ခမရောက်ရေးအတွက် သူ့အကြောင်း မကောင်းပြောမှ ဖြစ်တော့မည်ဟု သိက လက်ဦးမှုယူလျက် ပြောကြ၏။ မှန်သည်လည်း ပါ၏၊ မမှန်သည်လည်း ပါ၏၊ စုံးစုံးမြုပ်သွားအောင် ချဲ့ကား၍ ပြောသင့်က ပြောကြသည်ပင်။ ဤသည် ပုထုဇဉ်တို့၏အလေ့ ဖြစ်သည်။ လိုအပ်ပါက ထိုထက်အလွန် ညှဉ်းပန်းနှိပ်စက်ရန်လည်း လက်မတွန့်ကြ, သတ်ဖြတ်ရန်လည်း ဝန်မလေးကြပေသည်။</p>
<hr>
<h3>အကျိုးပေးပြောင်းသွားရခြင်းသည်...</h3>
<p>ဆင်ခြင်ဉာဏ်ရှိ၍ လူဟုခေါ်ရသည့် ပတ္တမြားထွင်းသမားကြီး၏ ဆင်ခြင်ဉာဏ်တို့သည် ငါကြောင့် ပျောက်ပျက်ကြကုန်၏။ ပတ္တမြားထွင်းသမားကြီးသည် ငါနှင့် ငါနှင့်ဆက်စပ်နေသော ဒုက္ခ သုခတို့ကို ဖြစ်ပေါ်စေတတ်သည့် ကာမဂုဏ်အတွက် ပတ္တမြားရတနာကို ရှေ့တန်းတင်မိခဲ့ခြင်း ဖြစ်သည်။ မိမိ ဒုက္ခ မဖြစ်လို၊ သုခသာ ဖြစ်လို၏။ ထိုသုခအတွက် တဏှာခိုင်းသည့်အတိုင်း ကြိုးစားမိခဲ့ခြင်း ဖြစ်သည်။</p>
<p>တစ်ဆယ့်နှစ်နှစ်တာကာလပတ်လုံး ကုသိုလ်တရားတို့ စိုက်ပျိုးရာ လယ်ယာမြေကောင်းအဖြစ် ဆည်းကပ်ကိုးကွယ်လာခဲ့သော သံဃာရတနာ၌ အမိုက်တရား စိုက်ပျိုးရာ လယ်ယာမြေအဖြစ် ပုထုဇဉ်ငမိုက်သား ပတ္တမြားထွင်းသမားကြီး ပြောင်းလဲကျင့်သုံးမိခဲ့သည် မဟုတ် လော။ အနှစ်သာရမပြောင်းသည့် လယ်ယာမြေကောင်းသည် ကံပြောင်းမှုကြောင့် အနှစ်သာရ ပြောင်းသကဲ့သို့ ဖြစ်ခဲ့ရ၏။ ကုသိုလ်ကံမျိုးစေ့ ချခြင်းမှ အကုသိုလ်ကံမျိုးစေ့ ချခြင်းသို့ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။</p>
<p>ပတ္တမြားထွင်းသမားကြီး တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ကောင်းခဲ့သည်ပင်။ ထိုမှနောက်၌ အနည်းငယ်မျှသော ပတ္တမြားရတနာအတွက် သံဃာရတနာကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် အမိုက်ကြီး မိုက်ခွင့်ကို ပေးခဲ့မိ၏၊ အသေသတ်မည်ဟုလည်း ကြိမ်းဝါးခဲ့ပေသည်။</p>
<p>လောဘ ဒေါသ မောဟတရားဆိုးတို့၏ နှိပ်စက်ခံရမှုကို ပုံစံမှန် မသိပဲ ငါခံရသည်ဟု ပုံစံမမှန် သိမှုကြောင့် မိုက်မဲခဲ့ခြင်း ဖြစ်သည်။ ငါနှင့် ငါ့မိသားစုအတွက် ဒီလောက်တော့ လုပ်ရပေမည်ဟု ပတ္တမြားထွင်းသမား ပုထုဇဉ်လူမိုက်ကြီး ခံယူပုံရ၏။ ထို့ကြောင့်လည်း မိုက်တွင်း နက်ခဲ့ခြင်း ဖြစ်သည်။ မထေရ်၏အကျိုးကို လိုလားသော အ<b>ဒေါသ မေတ္တာ</b>စိတ်နှင့် မထေရ်၏ အကျိုးမဲ့ မိမိ၏အကျိုးမဲ့ကို ဖြစ်စေသော ခက်ထန်ကြမ်းတမ်းသည့် ဒေါသစိတ်ဟူသော ဆန့်ကျင်ဘက်တရားတို့ကို သတိပြုစေလို၏။</p>
<p>မိဘနှစ်ပါးအပေါ် လွန်စွာချစ်ခင် ကြည်ညိုမှုရှိသော နူးညံ့သော စိတ်နှလုံးရှိသူ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည်ပင် အလွန် ကြမ်းတမ်း ယုတ်ညံ့သော စိတ်နှလုံးရှိသူ ရက်စက်သူအဖြစ် ပြောင်းလဲသွားခြင်းသည် ပုထုဇဉ်တို့၏ မခံ့ကျန်းသောဘဝ ဘေးနီးသောဘဝကို ဖွင့်လှစ် ပြောဆိုနေခြင်း ဖြစ်သည်။</p>
<hr>
<h3>ငါစွဲပြင်းထန်သူတို့၏ ပန်းတိုင်</h3>
<p>သင်သည်လည်း ပုထုဇဉ် ဖြစ်၏၊ ငါနှင့် နေသူ ဖြစ်၏၊ ငါအတွက် ထိုသို့ (ဝါ) ထိုထက်အလွန် မှားနိုင်သူ မိုက်နိုင်သူသာ ဖြစ်ပေသည်။ သတိရှိပါလေ။</p>
<p>ငါနှင့် ငါ့မိသားစု, ငါနှင့် ငါ့အဖွဲ့အစည်း, ငါနှင့် ငါ့လူမျိုး, ငါနှင့် ငါ့နိုင်ငံ စသည့် ငါဟူသော စွဲလမ်းချက် ပြင်းထန်သူမှန်က ပုထုဇဉ်သာ ဖြစ်သည်။ ငါနှင့် ငါ့မိသားစုကို မထိသေးသမျှ ခံစားချက်မရှိသူ သဘောထားကြီးသူကဲ့သို့ ထင်ရ၏။ ငါနှင့် ငါ့မိသားစုကို ထိပါးလာသည်နှင့် ဒေါသမီး ဟုန်းဟုန်း တောက်လောင်ကြ၏။ ထို့ကြောင့် ပတ္တမြားထွင်းသမားကြီး ဒေါသမီး ဟုန်းဟုန်း တောက်လောင်ခဲ့ခြင်း ဖြစ်သည်။</p>
<p>ငါ ချမ်းချမ်းသာသာ သက်တောင့်သက်သာ နေချင်၏။ ထိုအတွက် မည်သူ့ကို အသုံးချရမည်နည်း။ မည်သူ့ကို လွှမ်းမိုးထားဖို့ လိုသနည်း။ အသုံးချရန် လွှမ်းမိုးထားရန် ကြိုးစား၏။ ငါ ချမ်းသာရေးသည် ငါစွဲ သက္ကာယဒိဋ္ဌိသမား၏ ပန်းတိုင် ဖြစ်သည်။</p>
<hr>
<h3>ကိလေသာခိုင်းသမျှ ရိုင်းနေကြသူများ</h3>
<p>ရှင်ဒေဝဒတ်သည် လာဘ်လာဘ ပေါများလို၏။ ထို့ကြောင့် ပေါများအောင် အားထုတ်၏။ ထိုမျှနှင့် အားမရ၊ ဘုရားဖြစ်လိုပြန်၏။ ဘုရားဖြစ်လိုသည့်အတွက် ဘုရားကို သတ်ရမည်ဟု မကောင်းသော အကြံကို ကြံ၏။ ကြံရုံနှင့် ရပ်လိုက်သည်မဟုတ်။ ထိုအကြံ အောင်မြင်ဖို့ အသုံးချရမည့်သူကို ရှာ၏၊ အသိဉာဏ်နုနယ်သူ အိမ်ရှေ့မင်းသား အဇာတသတ်ကို တွေ့သည်ပင်။ တန်ခိုးကို ပြလျက် အိမ်ရှေ့မင်းသား အဇာတသတ်ကို လွှမ်းမိုးထားဖို့ရန် အားထုတ်၏။ ဤသို့ ပြုခြင်းသည် ငါစွဲ သက္ကာယဒိဋ္ဌိကြောင့် လောဘ၏ တိုက်ကွက်ကို မရှုမလှခံရခြင်း ဖြစ်သည်။ လောဘကို လောဘအဖြစ် အသိမှန် သိဖို့လို၏။ ငါ့လောဘဟု အသိမှား သိက မိုက်ကြ မှားကြ၏။ ကိလေသာခိုင်းသမျှ ရိုင်းနေကြရခြင်း ဖြစ်သည်။ ကိလေသာခိုင်းသမျှ ရိုင်းနေကြရခြင်းသည် <b>အဝိဇ္ဇာ</b> ဖုံးလွှမ်းထားသောကြောင့်ပင် ဖြစ်ပေသည်။</p>
<hr>
<h3>တဏှာကျွန်</h3>
<p>လောကသားတို့ကို ကိလေသာ၏ ကျေးကျွန်များဟုသာ ကမ္ပည်း တပ်နိုင်၏။ အရှင်သခင်များဟု ကမ္ပည်းတပ်နိုင်သည် မဟုတ်ပေ။ ငါဟာ ငါ့ဘဝ၏ အရှင်သခင်ဟု ဆိုလျက် အားထုတ်ကြ၏။ စင်စစ် တဏှာ၏ကျေးကျွန် အဖြစ်ဖြင့် တဏှာ၏အလိုနိုင်ငံသို့ ရောက်အောင် သွားနေကြခြင်းသာ ဖြစ်သည်။ တဏှာအတွက် ကာကွယ်ရေးလုပ်ခြင်း ကို ငါ့ဘဝ၏ အရှင်သခင်ဖြစ်အောင် လုပ်ခြင်းဟု ထင်ကြခြင်းသာ ဖြစ်သည်။ အမှားကို အမှားမှန်း မသိအောင် အမှန်ကို အမှန်မှန်း မသိအောင် (တစ်နည်း) အမှားကို အမှန်ဟု အမှန်ကို အမှားဟု သိအောင် ပြုနေသည့် အဝိဇ္ဇာ၏ လက်ချက် ဖြစ်သည်။ အမှန်သိဖို့ ခဲယဉ်းလှသည်ပင်။</p>
<p>လောဘတိုက်တွန်းသည့်အတွက် လောဘ၏အလိုကျ ရှင်ဒေဝဒတ် ကျွန်ခံခြင်း ဖြစ်သည်။ လောဘနှင့်တစ်သားတည်း ဖြစ်အောင် ပြုခြင်းကို အရှင်သခင်ဖြစ်အောင် ပြုခြင်းဟု လောက၌ ဆိုကြ၏။ အဝိဇ္ဇာသိအားဖြင့် မှန်သည်ဟု ထင်မည်ပင်။</p>
<p>လောဘတိုက်တွန်းသည့်အတွက် လောဘ၏အလိုကျ အဇာတသတ်သည်လည်း ကျွန်ဖြစ်ခဲ့ရသည်ပင်။ အဇာတသတ် ရှင်ဘုရင် ဖြစ်ချင်၏။ ရှင်ဘုရင် ဖြစ်ချင်၍ ရှင်ဘုရင် ဖြစ်အောင် အားထုတ်ခြင်းကို အရှင်သခင်ဖြစ်အောင် အားထုတ်ခြင်းဟု အဇာတသတ်လည်း ထင်မည်ပင်။ ရှင်ဒေဝဒတ်နှင့် အဇာတသတ်တို့ ဦးတည်ချက် တူခဲ့ကြ၏။ ကျွန်ဖြစ်ပုံခြင်း တူကြသည်ဟု ဆိုခြင်း ဖြစ်သည်။</p>
<hr>
<h3>များသောဆရာရှိသူ</h3>
<p><b>ပုထု သတ္ထာရာနံ မုခုလ္လောခိကာတိ ပုထုဇ္ဇနာ</b> များစွာကုန်သော ဆရာတို့၏ မျက်နှာကို မော်ကြည့်နေရသူများကို ပုထုဇဉ်များဟု ဆိုကြ၏။ အမှန်သိမှု <b>ဝိဇ္ဇာဉာဏ်</b>ကို မရရှိသေးသူများဖြစ်သည့်အတွက် ဆရာတို့ကို ခွဲခြားနိုင်သော အသိဉာဏ် မရှိကြသေးပေ။ ထို့ကြောင့်ပင် မိမိ၏တဏှာအကြိုက်ကို ဖြည့်ဆည်းပေးနိုင် လှုံ့ဆော်ပေးနိုင်သည့် သူများကို ရှာဖွေတတ် ဆရာတင်မိတတ်ကြ၏။ မိမိအလိုအကြိုက် မပြည့်က ဖြည့်ဆည်းပေးနိုင်မည်ထင်သည့် ဆရာတစ်ဦးသို့ ပြောင်းကြသည်ပင်။ ထို့ကြောင့် ပုထုဇဉ်တို့အား များစွာကုန်သော ဆရာတို့၏ မျက်နှာကို မော်ကြည့်နေရသူများဟု အဋ္ဌကထာ၌ ဖွင့်ဆိုခြင်း ဖြစ်သည်။</p>
<p>အရှင်ဒေဝဒတ်သည် အဆန်းတကြယ် အံ့ဖွယ်သော တန်ခိုးကို ပြလျက် အသိဉာဏ်နုနယ်သော အဇာတသတ်မင်းသား၏ ကြည်ညိုမှု အထင်ကြီးမှုကို အရယူ၏။ စျာန်အဘိညာဉ် တန်ခိုးကြောင့် အဇာတသတ်မင်းသား ကြည်ညိုပြီ အထင်ကြီးပြီ ဖြစ်သည်။ ဆရာအဖြစ်လည်း မော်ကြည့်မိပြီ ဖြစ်သည်။ အလိုဆိုး ရှိသူတို့၏ တန်ခိုးပြခြင်း မည်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ဆင်းရဲခြင်းကို ပြုခြင်းသာ ဖြစ်ပြီး မိမိကိုယ်ကို နှောင်ဖွဲ့ခြင်းနှင့် သူတစ်ပါးကို နှောင်ဖွဲ့ခြင်းဟုလည်း ဆိုနိုင်၏။</p>
<p>ဖြည့်ကျင့်ခဲ့သည့် ပါရမီအားလျော်စွာ လာဘ်လာဘ အခြွေအရံ အကျော်အစောတို့သည် ဘုရားရှင်အား ဆီးကြိုနေကြ၏။ အဂ္ဂသာဝက မဟာသာဝကများထံသို့လည်း လှူဖွယ်ပစ္စည်းဝတ္ထုတို့ လာ ရောက်လှူဒါန်းသူ ဒါယကာ ဒါယိကာမများ များကြသည်ပင်။ အရှင်ဒေဝဒတ်နှင့် အတူရဟန်းပြုဖက်ဖြစ်သော အရှင်ဘဒ္ဒိယ, အရှင်အာနန္ဒာ, အရှင်အနုရုဒ္ဓါ, အရှင်ကိမိလ, အရှင်ဘဂုတို့ထံ၌လည်း ထိုနည်း နှင်နှင် ဖြစ်သည်။ ရှင်ဒေဝဒတ်ထံသို့ လာရောက်လှူဒါန်းသော ဒါယကာ ဒါယိကာမများမူကား မရှိသလောက် ဖြစ်သည်။</p>
<p>ထိုအတွက် ရှင်ဒေဝဒတ် ရှက်နိုးလာပုံရသည်။ လာဘ်လာဘ အခြွေအရံ အကျော်အစော ပေါများလို၏။ ထို့ကြောင့် စျာန်အဘိညာဉ်ဖြင့် ရှင်ဒေဝဒတ် တန်ခိုးပြာဋိဟာကို ပြခြင်း ဖြစ်သည်။ ဤဖြစ်စဉ် တို့သည် မြတ်စွာဘုရားရှင် (၉)ဝါမြောက် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော အခါကာလ၌ ဖြစ်ခဲ့သော ဖြစ်စဉ်တို့သာ ဖြစ်ကြပေသည်။</p>
<p>အဇာတသတ်မင်းသား၏ ကြည်ညိုမှု အထင်ကြီးမှုကြောင့် ရှင်ဒေဝဒတ် ထံ၌ လာဘ်လာဘ ပေါများလာ၏။ အဇာတသတ်မင်းသား မှ နေ့စဉ် ဆွမ်းအုပ် (၅၀၀)ပို့၍ ဖြစ်သည်။</p>
<p>သတ္တဝါတို့မည်သည် အလိုပြည့်နိုင်ခဲ၏။ ထို့ကြောင့်ပင် သံသရာခရီးသွား သတ္တဝါတို့သည် တဏှာမြှားဒဏ်ကို အဖန်ဖန် ခံနေရ၏။ သတ္တဝါတို့၏ သန္တာန်၌ အလျှံဖြိုးကြွ အခိုးထနေသည်ကား အာရုံထိုထို လိုချင်မှု <b>ဣစ္ဆာ</b>တည်းဟူ၍ သံယုတ်ပါဠိတော်၌ မြတ်ဘုရား ဆိုခဲ့ခြင်း ဖြစ်သည်။</p>
<p>လာဘ်လာဘ ပေါများမှုလောက်နှင့် ရှင်ဒေဝဒတ် မကျေနပ်နိုင်။ မြတ်စွာဘုရားကဲ့သို့ သံဃာအပေါင်း ခြံရံလျက် <b>ဒေသစာရီ</b> လှည့်လို၏။ ဘုရားလုပ်လိုခြင်း ဖြစ်သည်။ တဏှာအလိုဆိုး နှိပ်စက်ခံနေရသည့် ရှင်ဒေဝဒတ်သည် မိမိ၏ ပမာဏကို မသိတော့။ မိမိဖြစ်လိုသည်ကို ဖြစ်အောင် ပြုဖို့ရန်သာ သိ၏။ ထို့ကြောင့် မြတ်စွာဘုရားကို လျှောက်၏-</p>
<p>မြတ်စွာဘုရား ...ယခုအခါ မြတ်စွာဘုရားသည် အိုမင်းရင့်ရော်သော အရွယ်သို့ ရောက်ပါပြီ၊ ရဟန်းသံဃာတော်များနှင့် ပတ်သက်၍ ကြောင့်ကြမဲ့ နေတော်မူပါ၊ <b>ဖလသမာပတ်</b>ချမ်းသာကို ဝင်စားတော်မူလျက် မျက်မှောက်သောကိုယ်ဖြင့် ချမ်းချမ်းသာသာ နေတော်မူပါ၊ ရဟန်းသံဃာတော်အပေါင်းကို တပည့်တော် ဦးဆောင် ပါအံ့၊ တပည့်တော်အား ရဟန်း သံဃာအပေါင်းကို လွှဲအပ်တော်မူပါဟု လျှောက်ခဲ့သည်ပင်။ အနုနည်းဖြင့် ကြိုးစားကြည့်ခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် ဝါတော် (၂၀)ရသော ကာလဖြစ်ပြီး ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက် ဖြစ်သည်။</p>
<p>မြတ်စွာဘုရားရှင်သည် ကဲ့ရဲ့တော်မူလျက် ပယ်မြစ်တော်မူခဲ့ခြင်းကြောင့် ရှင်ဒေဝဒတ်သည် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့လေသည်။</p>
<p>အနုနည်းဖြင့် မရသဖြင့် အကြမ်းနည်းဖြင့် ရအောင်ယူခြင်းငှါ ကြံစည်ပြန်၏။ အကြမ်းနည်း အဓမ္မနည်းဖြင့် ဘုရားရာထူးကို အရယူဖို့ မင်း၏ အကူအညီကို ယူလို၏။ ထို့ကြောင့် အဇာတသတ်မင်းသားအား ထီးနန်းအုပ်ချုပ် မင်းလုပ်သူ ဖြစ်စေလိုခြင်း ဖြစ်သည်။ ထိုအတွက် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား သတ်ဖို့ရန် တိုက်တွန်းရပေမည်။ ရှင်ဒေဝဒတ်၏ မိုက်မဲသည့် အကြံများသာ ဖြစ်ကြသည်။</p>
<p>အဇာတသတ်မင်းသားသည် အဆန်းတကြယ် အံ့ဖွယ်သော တန်ခိုးကို တွေ့မြင်ခဲ့ရခြင်းကြောင့် ရှင်ဒေဝဒတ်ကို ကောင်းစွာသိသူဟု ယုံကြည်နေပြီ ဖြစ်သည်။ မိမိအကျိုးကို လိုလားသူဟုလည်း ထင်နေပြီ ဖြစ်သည်။ ယုံကြည်မိပြီဆိုက ပြောသမျှ လက်ခံတတ်ကြသည်ပင်။</p>
<p>မင်းသား ...ရှေးအခါက လူတို့၏သက်တမ်း ရှည်ကြကုန်၏၊ ယခု အခါ၌မူကား လူတို့၏သက်တမ်း တိုလာပြီ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် သင် သေလွန်သွားနိုင်သည်ပင်။ မသေမီ မင်းစည်းစိမ်ကို ခံစားချင်က သင်၏ ဖခမည်းတော် ဘုရင်ကြီးကို သတ်လျက် ထီးနန်းကို ယူလော့၊ ငါသည်လည်း ဘုရားကို သတ်လျက် ဘုရားအဖြစ်ကို ယူမည် ဟု ဆို၏။</p>
<p>အဇာတသတ်မင်းသားသည် ရှင်ဒေဝဒတ်၏ အကြံဖြင့် ဖခမည်းတော် မင်းကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်၏။ မင်းကြီး သိ၍ ထီးနန်းကို ကြည်ကြည်သာသာ အပ်သည်ပင်။ သားအပေါ်ထားရှိသည့် မိဘမေတ္တာကြောင့် ဖြစ်သည်။ မိမိ၏ အကြံအစည် ပြီးမြောက်ဖို့ အဇာတသတ်၏ မင်းစည်းစိမ်ကို ရှင်ဒေဝဒတ် ကြောင့်ကြပြန်၏။ ဗိမ္ဗိသာရမင်းကြီးမှ ထီးနန်း ပြန်လည် လုယူမည်ကို တွေးကြောက်ခြင်း ဖြစ်သည်။ မိမိ အကြံအစည် မပြီးမြောက်မည် စိုး၍ ဖြစ်သည်။ မိမိအကျိုးအတွက် သူတစ်ပါးအကျိုးကို လိုလားဟန်ပြတတ်သော သူတို့၏ စိတ်မှ ရှက်နိုးဖွယ်ရာ အပြုအမူ အပြောအဆိုများ ပြုဖြစ် ပြောဖြစ်အောင် တိုက်တွန်းတတ်ကြသည်ကို သတိပြုသင့်ပေသည်။ ထို့ကြောင့်ပင် ထောင်သွင်း အကျဉ်းချဖို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ထိုနောင် အစာဖြတ်ဖို့ တိုက်တွန်းပြန်၏။ နောက်ဆုံး စင်္ကြံလျှောက်ခြင်းဖြင့် မျှတနေသည်ကိုပင် မလိုချင်တော့။ စင်္ကြံမလျှောက်နိုင်အောင် ခြေထောက် ဓားခွဲ ဆားသိပ်လျက် မီးကင်ဖို့ရန် အမိန့်တော်ကို ချမှတ်စေပြန်၏။</p>
<p>ထိုဝေဒနာ နှိပ်စက်မှုဖြင့်ပင် ဗိမ္ဗိသာရမင်းကြီးသည် လွန်တော်မူခဲ့ခြင်း ဖြစ်သည်။ ကြမ်းကြုတ်သည့် အစီအရင်များကို အဇာတသတ် မင်းသားအား စေခိုင်းနေသကဲ့သို့ တစ်ဖက်၌လည်း လေးသမားများ လွှတ်၍ ဘုရားရှင်ကို လုပ်ကြံစေ၏။ ရှေ့အဖွဲ့ကို ကွပ်မျက်ဖို့ နောက်အဖွဲ့ကို စေလွှတ်၏။ ကိလေသာတို့၏ ကျွန်ပြုမှုသည် ထိတ်လန့်ဖွယ် ကောင်းပေစွ။ မအောင်မြင်သောအခါ ဂိဇ္ဈကုဋ်တောင်ပေါ်၌ ကိုယ်တိုင် ကျောက်မောင်းဆင်လျက် ကျောက်တုံး လှိမ့်ချပြီး သတ်ပြန်၏။ မအောင်မြင်သောအခါ နာဠာဂီရိဆင်ကို အရက်မူးအောင် တိုက်လျက် နင်းသတ်ခိုင်းဖို့ရန် အားထုတ်ပြန်သည် မဟုတ်လော။</p>
<p>ဝိဇ္ဇာဉာဏ်အလင်း မထွန်းတောက်သေးသမျှ အလိုဆိုး နှိပ်စက်မှု ဒဏ်ကို ခံကြရဦးမည် ဖြစ်သည်။ ကိလေသာတရားဆိုးတို့ ချယ်လှယ်နေသမျှ အကျည်းတန် အရုပ်ဆိုးမှုတို့ လောက၌ ထင်ရှား ဖြစ်ပေါ်နေ ဦးမည်သာ ဖြစ်သည်။</p>
<h3>လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်</h3>
<p>ရှင်ဒေဝဒတ်သည် သံဃာသင်းခွဲခြင်း အမှုကို ပြုခဲ့သူလည်း ဖြစ်သည်။</p>
<p>ဤအမှုတို့သည် လာဘ သက္ကာရ သိလောကကို လိုချင်မှုကြောင့် ဖြစ်ပေါ်လာသော တရားဆိုးများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း စူးရှ၏ဟူ၍ ဘုရားရှင် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။</p>
<p>လာဘ်ပူဇော်သကာ အကျော်အစော၌ များသောအလိုရှိသော ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားအား ခမည်းတော်မင်းမြတ် ဗိမ္ဗိသာရမင်းကြီးကိုပင် သတ်ဖို့ရန် တိုက်တွန်း၏၊ နည်းနာကို ပေး၏၊ မနောကံမြောက် ဝစီကံမြောက် ကာယကံမြောက် အားထုတ်သော အားထုတ်စေသော မိုက်သူတစ်ဦး ဖြစ်ခဲ့သည်ပင်။ လာဘ်ပူဇော်သကာ အကျော်အစောသည် ဤမျှ ခက်ထန်၏ ထက်မြက်၏ ကြမ်းတမ်း စူးရှ၏။</p>
<p>ထိုလာဘ်ပူဇော်သကာ အကျော်အစောကြောင့် အတုမရှိမြတ်သော ဘုရားကိုပင်လျှင် အံတုဝံ့သူ ဖြစ်သည်။ မည်သူ၏ လုံ့လပယောဂကြောင့်မှ အသက်၏ကုန်ခြင်းသို့ မရောက်သော ဘုရားရှင်ကိုသော်လည်း အဆုံးစီရင်ဖို့ရန် နည်းမျိုးစုံ အားထုတ်၏။ ကြီးလေးသည့် ကံတို့တွင် တစ်ခု အဝင်အပါ ဖြစ်သည့် သံဃာသင်းခွဲခြင်းသည်လည်း လာဘ်ပူဇော်သကာ အကျော်အစောကြောင့်ပင် ရှင်ဒေဝဒတ်၌ ဖြစ်ခဲ့သည် မဟုတ်ပါလော။ လာဘ်ပူဇော် သကာ အကျော်အစောကို အကြောင်းပြု၍ ရှင်ဒေဝဒတ်အား ကုသိုလ်တရား ဖြူစင်သော တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ပြတ်ခြင်းသို့ ရောက်ကုန်၏။ အတုမရှိ သော အရဟတ္တဖိုလ်ကို မျက်မှောက် မပြုနိုင်ခြင်းငှါ အန္တရာယ်ကို ပြုခဲ့ပေသည်။</p>
<p>လာဘ်ပူဇော်သကာ အကျော်အစော၏ ခက်ထန် ထက်မြက် ကြမ်းတမ်း စူးရှမှုကို သက်ဝင် နားလည်သင့်ပေသည်။ မိမိနှင့် မဆက်ဆံ သော ဘုရားရာထူးကိုသော်လည်း လာဘ်ပူဇော်သကာ အကျော်အစောကြောင့် ရှင်ဒေဝဒတ် လိုချင်ခြင်း ဖြစ်သည်။ အကြောင်းကံ ပါရမီတို့ စုံညီပါမှ ဖြစ်ပေါ်လာနိုင်သော ဘုရားအဖြစ်ကိုသော်လည်း ဖန်တီး၍ ယူချင်လောက်အောင် လာဘ်ပူဇော်သကာ အကျော်အစော ၏ စေ့ဆော်တိုက်တွန်းမှုသည် ထက်မြက် စူးရှလှပေသည်။ ရပ်တည်နိုင်ရေးအတွက် ကြိုးစားမှုမှန်သမျှ လာဘ်ပူဇော်သကာ အကျော် အစော ရရှိရေးသို့ ဦးတည်နေကြမည် ဖြစ်သည်။ အနှစ်သာရ မရှိသည့် ခန္ဓာကိုယ် မွေးမြူခြင်းသို့ ဦးတည်နေကြခြင်းသာ ဖြစ်ပေသည်။</p>
<p>မိမိကိုယ်ကို သတ်ခြင်းငှါ အသီး,သီးသော ငှက်ပျောပင်ကဲ့သို့ ခက်ထန် ကြမ်းတမ်းစူးရှသော လာဘ်ပူဇော်သကာ အကျော်အစော သည် ရှင်ဒေဝဒတ်အား သတ်သည်ပင်။</p>
<p>ကုသိုလ်ပြုချင်၍ ရဟန်းပြုခဲ့သူ အရှင်ဒေဝဒတ်သည် ကိလေသာ နှင့်ငါ မကွဲမှုကြောင့် အကုသိုလ်ပြုဖို့ ရဟန်းပြုသူကဲ့သို့ ဖြစ်ခဲ့ရပေသည်။ ထွက်မြောက်မှုလမ်းကို ရှေးရှုသည့် အဆုံးအမသာသနာတော်၌ ဆန့်ကျင်ဘက် နှောင်ဖွဲ့မှုလမ်းကို ရှင်ဒေဝဒတ် ရွေးခဲ့ခြင်းကြောင့် မိမိပြုသည့် ကံနှင့်လျော်သော အကျိုးတရားကို ရရှိခဲ့ခြင်းသာ ဖြစ်သည်။</p>
<p>ကြီးလေးသော ဂရုကံများဖြစ်သည့် အဖသတ်သည့်ကံ, ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသည့်ကံ, သံဃာသင်းခွဲသည့်ကံတို့ကို ပြုလုပ်ခဲ့ကြသော ရှင်ဒေဝဒတ်နှင့် အဇာတသတ်တို့ ငရဲ၌ ကြီးစွာသော ဆင်းရဲဒုက္ခကို ယခု ခံစားနေကြဆဲ ဖြစ်ကြသည်။</p>
<p>အကောင်းနှင့် အဆိုး, အမှန်နှင့် အမှား, ကုသိုလ်နှင့် အကုသိုလ် စသည့် ဆန့်ကျင်ဘက် ဖြစ်စဉ်တို့ကို လောကအတွင်း နေထိုင်သူတို့ ပြုခွင့် ရနေကြသည်ပင်။ တွေ့ကြုံကြရသည့် လောကဓံများကြောင့် ပြုလုပ်ကြခြင်း ဖြစ်သည်။ ထိုလောကဓံတို့ကို ခံနိုင်ရည်ရှိဖို့ လို၏။ ထိုခံနိုင်ရည်တို့သည် ဝိဇ္ဇာဉာဏ်အလင်းဓာတ် မရသေးသူတို့၌ လှုပ်ရှား မယိုင် ကြံ့ကြံ့ခိုင်နေမည်ဟု မဆိုသာ။ လောကဓံ လေပြင်းမုန်တိုင်းတို့ အတိုက်ခံရသည့် အခါမှ ခံနိုင်မည်ထင်သည့် အရည်အချင်းတို့ မရှိဖြစ်ရသည့် အဖြစ်တို့ကို အသင် သူတော်ကောင်းတို့ ဖတ်ရှုခဲ့ကြရပြီး ဖြစ်သည်။ လှုပ်ရှားမယိုင် ခိုင်ခံ့သည့် အသိဉာဏ်ကို ရရှိပါမှ ရခဲသော လူ့ဘဝရရှိခြင်း၏ တန်ဖိုးသည် မချွတ်ဧကန် ပြည့်စုံနိုင်မည် ဖြစ်ပေသည်။</p>
---
<h3>ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ</h3>
<p>သံဝေဂရဖွယ် တန်ဖိုးရှိသည့် စကားလက်ဆောင်တစ်ခု စာရေးသူ ရရှိခဲ့ဖူး၏။ နိုင်ငံခြားသား ရဟန်းတော်တစ်ပါးထံမှ ဖြစ်ပေသည်။ အဘယ်နည်း ဟူမူကား ---</p>
<p>Suffering arises out of desire not to suffer.ဟူ၍ ဖြစ်ပြီး ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါဟု ဆိုခြင်း ဖြစ်သည်။</p>
<p>အဓိပ္ပါယ် လေးနက်သည်သာမက ဘဝထဲချ၍ လေးလေးနက်နက် အသုံးချတတ်ဖို့ အသိကို ပေး၏။ နက်ရှိုင်းသော အသိဉာဏ် ကိုလည်း ဖြစ်စေ၏။ သတိသမ္ပဇဉ်ဉာဏ်ယှဉ်လျက် ပြုမူနေထိုင်ဖို့လည်း ပြော၏။ ဘဝတွင် နေတတ်၍ သေတတ်ဖို့ အသိ သတိပေးနေသည့် စာကြောင်းတစ်ခု ဖြစ်သည်။ ဘုရားရှင်၏ တရားတော်များကို လေ့လာခြင်းကြောင့် ထုတ်ယူထားနိုင်ခဲ့သည့် အဆီအနှစ်တစ်ခုဟူ၍ စာရေးသူ နားလည်မိပေသည်။</p>
<p>တစ်လောကလုံး ရင်ဆိုင်နေကြရသည့် ဒုက္ခဟူသမျှသည် လိုချင်ခြင်းကြောင့် ရရှိလာသော ဒုက္ခများသာ ဖြစ်ကြသည်။ မလိုချင်ဘဲနှင့် ရရှိလာသော အရာများ မဟုတ်ကြပေ။ ရသတဏှာအတွက် သူ့အသက် သတ်လျက် စားသောက်ကြ၏။ ရသတဏှာ၏အလိုသို့ လိုက်ပါ ဖြည့်ဆည်းခွင့် မပေးမိက ခံစားရမည့် မွတ်သိပ်မှု ဒုက္ခကို မခံစား လိုကြ။ ထိုဒုက္ခကို မခံစားလို၍ သူ့အသက်သတ်ခြင်း အကုသိုလ်ကံကို ပြုမိလျက် ဒုက္ခကို ရကြ၏။ ဤသည်ကား ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရခြင်း ဖြစ်သည်။</p>
<p>မိမိကို ဆဲရေး၏၊ ဆဲရေးခြင်းကို မခံစားနိုင်ပေ။ မခံစားနိုင်သည့် အတွက် တုံ့လှည့်တစ်ဖန် ဆဲရေး၏။</p>
<p>မိမိကို သူတစ်ပါးတို့ နှိပ်စက်မည်ဟု သိ၏၊ ထိုနှိပ်စက်မှုကို မခံစားနိုင်သည့်အတွက် လက်ဦးမှုကို ယူလျက် နှိပ်စက်၏။</p>
<p>သူ့ပစ္စည်းကို မတရား လိုချင်၏၊ လိုချင်သည့်စိတ်ကို သည်းမခံနိုင် မခံစားနိုင်၍ မတရားယူ၏ အနိုင်အထက်ယူ၏ ခိုးယူ၏။ ဤသည်တို့သည် ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရသော သာဓကများ ဖြစ်ကြပေသည်။</p>
<p>သီလဆောက်တည်ကျင့်သုံးသော အမှုကို အနေကျဉ်းကြပ်သည်ဟု ယူဆကြ၏။ ကိုယ့်ကိုယ်ကို နှိပ်စက်သောအကျင့်ဟု တစ်ချို့ ဆိုကြ၏။ ထို့ကြောင့်ပင် လူတို့က လူ့သီလ, ရဟန်းတို့က ရဟန်းသီလကို မဆောက်တည်လိုကြခြင်း ဖြစ်သည်။ အကွပ်မရှိသည့် တောင်း၏ ပရမ်းပတာ ဖြစ်ခြင်းကဲ့သို့ သီလအကွပ် မရှိသည့်အတွက် ပရမ်းပတာ ကျရောက် ခံစားရမည့် အပါယ်ဒုက္ခကို မမြင်နိုင်ကြ။ အနေမကြပ် လိုကြ၊ အနေချောင်လိုကြ၏။ အနေချောင်က အသေကြပ်ကြမည်သာ၊ အနေကြပ်မှ အသေချောင်မည် ဖြစ်သည်။</p>
<p>ပစ္စုပ္ပန် ကာမဂုဏ်ချမ်းသာတို့ကို အလိုရှိတိုင်း ဖြည့်ဆည်းခွင့် မပေးသည့် သီလဆောက်တည်ခြင်း ကိုယ်နှုတ်ချုပ်တည်းခြင်းကို မပြုလိုကြ၊ အကွပ် ကွပ်ခြင်းကို ဆင်းရဲခြင်း ဒုက္ခဟုသာ မြင်နိုင်ကြ၍ ဖြစ်သည်။</p>
<p>ပစ္စုပ္ပန်တခဏ ခံစားရမည့် ချမ်းသာအတွက် ခံစားခွင့်မရမည့် ဒုက္ခကို အလိုမရှိကြ။ ထို့ကြောင့်ပင် ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် သံသရာခရီး၌ ဒုက္ခဖြစ်ရခြင်း ဖြစ်သည်။</p>
<p>များစွာသောလူတို့သည် ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်ရေးအတွက် ဦးတည်၍ အလုပ်လုပ်နေကြ၏။ သတိပြုကြည့်က သိနိုင်သည်သာ။</p>
<p>ပတ္တမြားထွင်းသမား၏ တုံ့ပြန်မှုကို ကြည့်က ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း တွေ့ရ၏။</p>
<p>အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ အမျိုးကောင်းသား၏ မာယာတို့သည်လည်း ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ပြုမိခြင်း ဖြစ်သည်။</p>
<p>အရှင်ဒေဝဒတ်သည်လည်း လာဘ သက္ကာရ သိလောက မရရှိမှု ပစ္စုပ္ပန်တခဏ ဒုက္ခကို မခံစားလို ဒုက္ခ မဖြစ်လိုပေ။ ထိုဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ရှင်ဒေဝဒတ် ငရဲ၌ ဒုက္ခဖြစ်နေရပြီ ဖြစ်သည်။</p>
<p>အဇာတသတ်မင်းသားသည်လည်း အရှည်သဖြင့် မင်းစည်းစိမ်ကို ယစ်မူးလို၏။ တခဏမျှ ခံစားရခြင်း အနည်းငယ်မျှ ခံစားရခြင်းသည် အလိုကြီးသူအတွက် ဒုက္ခသာ ဖြစ်သည်။ ခမည်းတော် ဗိမ္ဗိသာရ မင်းကြီးမှ ထီးနန်း ပြန်လည် လုယူမည်ကိုလည်း ကြောက်ရွံ့၏။ ရယူလိုသူ ဆုပ်ကိုင်ထားလိုသူတို့အတွက် စွန့်လွှတ်ရခြင်းသည် ဒုက္ခသာ ဖြစ်သည်။ ထို့ကြောင့်ပင် မင်းဟူသော အာဏာဖြင့် ခမည်းတော် မင်းကြီးကို သတ်၏။ ဤသို့ ဖြစ်ခြင်းသည် ပစ္စုပ္ပန်တခဏ ခံစားလိုသည့် ချမ်းသာအတွက် ခံစားခွင့် မရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်။ လိုချင်သူအတွက် မရရှိခြင်းသည် ဒုက္ခပင် မဟုတ်လော။ ထိုဒုက္ခကို မခံစားလိုသော ဆန္ဒကြောင့် ဒုက္ခဖြစ်ကြောင်းကံကို အဇာတသတ် ပြုမိခြင်း ဖြစ်သည်။</p>
<p>ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဆရာကြီး ရှင်ဒေဝဒတ် ဒုက္ခဖြစ်နေရသကဲ့သို့ တပည့်ကြီး အဇာတသတ်လည်း ငရဲ၌ ဒုက္ခဖြစ်နေရပြီ ဖြစ်သည်။</p>
<p>သင်နှင့် ကျွန်ုပ်တို့သည်လည်း ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရသည့် ဘဝပိုင်ရှင်များ ဖြစ်နိုင်ပါသလော။ အမှန် မသိသေးက ဖြစ်နိုင်ခွင့် ရှိနေသည်သာ။ ဖြစ်အောင် တွန်းပို့ပေးတတ်သော လောဘ ဒေါသ မောဟ ကိလေသာတရားဆိုးတို့၏ အလုပ်လုပ်ပုံကို သတိ သမ္ပဇဉ် ဉာဏ်ယှဉ်လျက် နှိပ်ကွပ်နိုင်က ဖြစ်နိုင်ခွင့်တို့ သက်သာကြမည် ဖြစ်သည်။</p>
---
<h3>စစ်တလင်းနှင့်တူသော ခန္ဓာ</h3>
<p>လောဘက အလောဘကို နိုင်သည့်အခါ ရှိသလို၊ အလောဘက လောဘကို နိုင်သည့် အခါလည်း ရှိ၏။</p>
<p>ဒေါသက အဒေါသကို အနိုင်ယူသည့်အခါ ရှိသလို၊ အဒေါသက ဒေါသကို အနိုင်ယူသည့် အခါလည်း ရှိ၏။</p>
<p>မောဟက အမောဟကို အနိုင်ရသည့်အခါ ရှိသလို၊ အမောဟက မောဟကို အနိုင်ရသည့် အခါလည်း ရှိပေသည်။</p>
<p>ခန္ဓာဟူသော လောကသည် စစ်မြေပြင် တစ်ခုသာ ဖြစ်သည်။ ဆန့်ကျင်ဘက်တရားတို့၏ တိုက်ခိုက်မှု တိုက်စစ်ဆင်မှုကို တွန်းလှန် နေကြရသည့် စစ်တလင်းကြီးနှင့် တူ၏။ အနိုင်တိုက်နိုင်သည့် အခါလည်း ရှိသလို အရှုံးကြီး ရှုံးရသည့် အခါလည်း ရှိ၏။ အရှင်သခင် ဖြစ်သည့် အခါလည်း ရှိသလို ကျွန်ဖြစ်ရသည့် အခါလည်း ရှိ၏။ ဝမ်းသာရသည့် အခါလည်း ရှိသလို ရှိုက်ကြီးတငင်ငင် ဝမ်းနည်း ငိုကြွေး ရသည့် အခါလည်း ရှိ၏။</p>
<p>ဝိဇ္ဇာဉာဏ် မရသေးသမျှ ဤဆန့်ကျင်ဘက်တရားတို့၏ တိုက်ခိုက်မှု တိုက်စစ်ဆင်မှု စစ်ပွဲကို သင်ကိုယ်တိုင် အလိုတူ အလိုပါ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အခါအခွင့်သင့်က ပါဝင်ဆင်နွှဲနေဦးမည်သာ ဖြစ် သည်။</p>
<p>ဆန့်ကျင်ဘက်တရားတို့၏ တိုက်ပွဲ၌ အရှုံးကြီး ရှုံးရသူ မဖြစ်အောင် သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် မိမိတို့၏စိတ်ကို နှိပ်ကွပ် ဆုံးမ ကြရမည် ဖြစ်သည်။</p>
<p>သတိ သမ္ပဇဉ်ဉာဏ်မယှဉ်မှုကြောင့် တဏှာ၏အလိုနိုင်ငံသို့ လိုက်ပါခွင့်ရလျက် ဒုက္ခဖြစ်ကြရခြင်း ရှုံးကြရခြင်း ဖြစ်သည်။</p>
---
<h3>ကျွမ်းကျင်အောင် ကြိုးစားကြစမ်းပါ</h3>
<p>ထိုဒုက္ခအပေါင်းတို့မှ လွတ်မြောက်လိုက မိမိတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူဖြစ်အောင် ကြိုးစားဖို့ လို၏။ ထို့ကြောင့်ပင် သူတစ်ပါးတို့၏ စိတ်ဖြစ်ပုံ၌ မကျွမ်းကျင်သူ ဖြစ်ချင်ဖြစ်ပါစေ၊ မိမိတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူ ဖြစ်အောင် ကြိုးစားကြစမ်းပါဟု သစိတ္တသုတ်၌ ဘုရားရှင် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။</p>
<p>သူတစ်ပါးတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူ ဖြစ်ဖို့ရန်သည် လွယ်ကူသည် မဟုတ်ပေ။ ကြိုးစားမည်ဆိုက မဖြစ်နိုင်သည့် အရာဟူ၍ ဆိုခြင်းတော့ မဟုတ်ပေ။ ကြိုးစားက ဖြစ်နိုင်သည့် တရားသာ ဖြစ်ပေသည်။</p>
<p>မိမိတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူ ဖြစ်အောင် ကြိုးစားမည်ဆိုက ကြိုးစား၍ ရနိုင်သော အခွင့်သည် သေချာသောအခွင့် ဖြစ်ပြီး သူတစ်ပါးစိတ်ဖြစ်ပုံကို သိအောင် ကြိုးစားခြင်းထက် လွယ်ကူသော လုပ်ငန်းရပ်လည်း ဖြစ်ပေသည်။</p>
<p>မိမိစိတ်ဖြစ်ပုံကို ကောင်းစွာ သိရှိလာသူတို့ ရင့်ကျက်ခွင့် ရကြ၏၊ လူ့သဘောအမှန်ကို သိခွင့် နားလည်ခွင့် ရကြပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်သည့် အရည်အချင်းတို့ကိုလည်း ရရှိလာမည် ဖြစ်သည်။ ထို အရည်အချင်းတို့ကြောင့် ဘဝ၌ အမှားနည်းလာကြမည် ဖြစ်သည်။</p>
---
<h3>ဆန့်ကျင်ဘက်တရားများ</h3>
<p>ပွဲကြည့်ပရိသတ် တစ်ဦးအနေဖြင့် မိမိတို့၏ စိတ်ကို ကြည့်ရှုဆင်ခြင်သည့် အလေ့အထကို ပြုသင့်၏။ ထိုသို့ ပြုမိက လေးစားထိုက် ကြည်ညိုထိုက်သော စိတ်သဘာဝတို့ကိုလည်း မိမိတို့၏ စိတ်၌ မြင်ခွင့်ရကြ၏။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော စိတ်ညစ် စိတ်နွမ်းတို့ကိုလည်း မြင်ခွင့်ရကြ၏။ ကြင်နာသနားတတ်သောစိတ်, နိုင်ထက်ကလူ ပြုတတ်သော စိတ်တို့ကိုလည်း မြင်ခွင့်ရကြ၏။ ဖြောင့်မတ်သည့်စိတ် ကွေ့ကောက်သည့်စိတ်, နူးညံ့သည့်စိတ် ခက်ထန်သည့် စိတ်တို့ကိုလည်း လေ့လာခွင့်ရကြ၏။ အကျိုးလိုလားသည့်စိတ်, အကျိုးမဲ့ပြုလို သည့် စိတ်သဘာဝတို့ကိုလည်း မြင်ခွင့်ရကြ၏။ လွန်ကျူးပြီး ကျင့်လို သည့်စိတ် စောင့်ရှောက်ပေးလိုသည့်စိတ် စသည့် ဆန့်ကျင်ဘက် သဘာဝတို့ကိုလည်း မြင်ကြရ၏။ ကိုယ်ထက်သာ မနာလိုသည့်စိတ်, အထိမခံလိုသည့် ဝန်တိုသည့် စိတ်တို့သည်လည်း မိမိတို့၌ ဖြစ်နေကြ၏။ တည်ကြည်သည့်စိတ်, ပျံ့လွင့်သည့်စိတ်၊ ယုံကြည်သည့်စိတ်, သံသယစိတ်တို့ ဖြစ်ပေါ်တတ်ပုံကိုလည်း မြင်ကြရ၏။ စွန့်လွှတ်ဝံ့သည့်စိတ်, ဆုပ်ကိုင် သိမ်းပိုက်ထားလိုသည့်စိတ် စသည်တို့၏ နှိပ်စက်မှုကို ခံနေကြရသည့် သဘာဝများကိုလည်း သိခွင့်ရကြ၏။</p>
<p>ထိုသို့ သိခွင့်ရရှိခြင်းကြောင့် ဖြူစင်တတ်သည့် မိမိတို့၏စိတ်ကို သိခွင့် ရလာ၏။ ညစ်နွမ်းယုတ်မာတတ်သည့် မိမိတို့၏ စိတ်ကိုလည်း မြင်ခွင့် ရလာ၏။ အလိုဆိုး နှိပ်စက်သည်ဖြစ်၍ တဏှာ၏အလိုနိုင်ငံသို့ အစဉ်တစိုက် လိုက်ပါနေရသည့် မိမိတို့၏ ဘဝမှန်ကိုလည်း သိခွင့်ရလာ၏။ ထိုသို့ သိခွင့်ရလာသည့် သူတစ်ဦးအနေနှင့် မိမိကိုယ်ကို မြတ်နိုးသည့်အခါ မြတ်နိုး၍ ရှက်နိုးသည့်အခါ ရှက်နိုးတတ်လာ၏။ ကြည်ညိုနိုင်သည့်အခါ ကြည်ညိုမိ၍ မကြည်ညိုနိုင်သည့်အခါ မကြည်ညို နိုင်သည်အထိ ရွံရှာဖွယ်ကောင်းသော နိမ့်ကျသော မိမိတို့၏ စိတ်ဖြစ်ပုံကိုလည်း သိခွင့်ရလာ၏။ ထိုသို့ သိခွင့်ရလာသည့်အတွက် ကောင်းခြင်း ဆိုးခြင်း, နူးညံ့ခြင်း ခက်ထန်ခြင်း, ရိုးသားခြင်း မရိုးသားခြင်းစသည့် ဆန့်ကျင်ဘက်တရားတို့၏ နှိပ်စက်မှုကို ခံနေရသည့် စိတ်၏ သဘောမှန်ကို နားလည်ခွင့် ရလာ၏။ အမှန်ကို ဖွင့်ကြည့်ခွင့် လေ့လာခွင့် ရလာကြခြင်း ဖြစ်သည်။</p>
<p>ထိုအခါ တစ်လောကလုံးကို မြင်လာ၏၊ တစ်လောကလုံးကို နားလည်စ ပြုလာ၏။ ခွင့်လွှတ်နိုင်လာ၏၊ သည်းခံနိုင်လာ၏၊ မိမိကိုယ်ကို သနားတတ်လာ၏၊ သူတစ်ပါးကိုလည်း သနားတတ်လာ၏။ မိမိကိုယ်ကို မေတ္တာ ဥပေက္ခာ ထားတတ်လာ၏၊ သူတစ်ပါးကိုလည်း မေတ္တာ ဥပေက္ခာ ထားတတ်လာ၏။ မိမိအကျိုးကိုလည်း ဆောင်တတ် လာ၏။ အကျိုးမဲ့ ဖြစ်စေတတ်သည့် အရာများကိုလည်း လျစ်လျူရှု တတ်လာ၏။ မိမိ ရရှိထားသည့် ခန္ဓာ၏ သဘောမှန်ကို ရိပ်မိစ ပြုလာခြင်း ဖြစ်သည်။</p>
---
<h3>မည်သည်ကို အလှဆင်ကြမည်</h3>
<p>ထိုသို့ သိဖို့ရန်အတွက် လုပ်သင့်သည်ကိုလုပ်ဖို့ ကြိုးစားရမည် ဖြစ်သည်။ မိမိတို့၏ မျက်နှာရိပ်၌ အညစ်အကြေး မဲ့ခြောက်များ စွန်းထင်းနေသည်ကို သိ၏၊ သိသည့်အလျောက် ထိုအညစ်အကြေး မဲ့ခြောက်များကို ပယ်ရှားဖို့ရန် နည်းမျိုးစုံ ကြိုးစားကြ၏။ မကြိုးစားပဲ နေကြသည်တော့ မဟုတ်ပေ။ မိမိတို့၏ မျက်နှာကို လှလှပပ မြင်ချင် သကဲ့သို့ မြင်တွေ့သူတို့အားလည်း လှလှပပ မြင်စေချင်၍ ဖြစ်သည်။</p>
<p>ထိုနည်းတူပင် မိမိတို့၏ စိတ်၌ လောဘ ဒေါသ မောဟ ကိလေသာ အညစ်အကြေးများ ဖြစ်ပြီဆိုက ဖြစ်မှန်းသိအောင် ဘုရားရှင်သည် ကြိုးစားစေချင်၏။ မိမိတို့၏မျက်နှာကို ကြေးမုံမှန်ပြင်၌ နေ့စဉ်မှန်မှန် ကြည့်ရှုဆင်ခြင်သကဲ့သို့ မိမိတို့၏ စိတ်ဖြစ်ပုံကို စိတ်တည်းဟူသော ကြေးမုံမှန်ပြင်၌ အမြဲမပြတ် ကြည့်ရှုဆင်ခြင်နိုင်ဖို့ လို၏။ ကြေးမုံမှန်ပြင်၌ ထင်သော မျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သည်ထက် ပိုလွန်သော သတိ ပိုလွန်သော သမ္ပဇဉ်ဉာဏ်ကို ပြုလျက် ကြိုးစားပါမှ မိမိတို့၏ စိတ်ဖြစ်ပုံကို သိနိုင်မည် ဖြစ်သည်။ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် သိအောင် မကြိုးစားက အမိုက်ကြီးမိုက် အမှားကြီးမှားခဲ့သူများ သွားသည့်လမ်းကို မိမိတို့လည်း လိုက်ပါကြရဦးမည် ဖြစ်သည်။</p>
<p>မိမိတို့၏ ရူပကာယ လှလှပပ ဖြစ်စေရေးအတွက် ကြိုးစားခြင်း ကဲ့သို့ မိမိတို့၏ နာမကာယ လှလှပပ ဖြစ်စေရေးအတွက် ကြိုးစားသူများ မရှိသလောက် နည်းသည်ပင်။ ရူပကာယ လှပခြင်းကြောင့် သုဂတိဘုံကို ရောက်နိုင်ကြသည်မဟုတ်။ မိမိတို့၏ နာမကာယ လှပခြင်းကြောင့်သာ သုဂတိဘုံသို့ ရောက်ကြရခြင်း ဖြစ်သည်။ မိမိတို့၏ စိတ်ကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ဆင်ခြင်ကြပါမှ လောဘ ဒေါသ မောဟဖြစ်က လောဘ ဒေါသ မောဟဖြစ်မှန်း သိကြပေလိမ့်မည်။ ထိုသို့ ဆင်ခြင်ခြင်းကြောင့် လိုချင်သည့် လောဘ၏ အာသာမပြေ ဆာလောင်နေသည့် ပူလောင်မှုသဘာဝကို ပုံစံမှန် သိလာနိုင်သကဲ့သို့ မိမိ သူတစ်ပါး နှစ်ဦးသားတို့အား ဖျက်ဆီးတတ်သည့် ဒေါသ၏ ခက်ထန်ကြမ်းတမ်း ရက်စက်မှုတို့ကိုလည်း တစ်စနှင့်တစ်စ ပုံစံမှန် သိလာကြမည် ဖြစ်သည်။ အမှန်မသိမှု မောဟတရား၏ တွေဝေမိုက်မဲစေတတ်ပုံကိုလည်း နားလည်လာနိုင်ပေသည်။ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ဆင်ခြင်မိခြင်းကြောင့် ကိလေသာ၏ကျေးကျွန်များသာ ဖြစ်သော မိမိတို့၏ ဘဝမှန်ကို ကြည့်ခွင့် သိခွင့် ရလာကြပေလိမ့်မည်။ ထိုသို့ သိပါမှ လောဘ ဒေါသ မောဟ၏ အပြစ်ကို မြင်လျက် အားနည်း အောင် ပြုချင်မည်, မဖြစ်အောင် ပြုချင်မည်, ကင်းပြတ်အောင် ပြုချင်မည် ဖြစ်သည်။</p>
---
<h3>ရွံ့ရှာစက်ဆုပ်ဖွယ်အတိဖြစ်သော ခန္ဓာ</h3>
<p>လောဘ ဒေါသ မောဟ ကိလေသာတရားဆိုးတို့၏ ဆိုးရွားလှသည့် လှည့်ကွက်ကို ကောင်းကောင်းကြီး သိရှိလာက ရွံရှာစက်ဆုပ်ဖွယ်အတိဖြစ်သော ခန္ဓာကြီးကို ရရှိထားသူ တစ်ဦးသာ ဖြစ်နေ ပါပေါ့လားဟု အသိ သတိဝင်လျက် မိမိဘဝကို အပြစ်မြင်လာမည် ရှက်နိုးလာမည် ဖြစ်သည်။ ထိုသို့ အပြစ်မြင်ခြင်းကို <b>အာဒီနဝ</b>ဟု ခေါ်၏။</p>
<p>တဏှာအကြိုက် လိုက်ခဲ့မိစဉ် လောဘဖြင့်ပျော် ဒေါသဖြင့်ပျော် မောဟဖြင့် ပျော်ခဲ့မိ၏။ လောဘလိုချင်သည့်အစာ ဒေါသလိုချင်သည့် အစာ မောဟလိုချင်သည့်အစာတို့ကို ရှာဖွေ ဖြည့်ဆည်းပေးခဲ့သည်ပင်။ ထိုသို့ ရှာဖွေ ဖြည့်ဆည်းပေးပါသော်လည်း အလိုမပြည့် ငြိုငြင်ခြင်းကိုသာ ရကြသဖြင့် မချိညှိုးနွမ်း ပင်ပန်းခြင်းဒဏ်ကို မရုန်းနိုင် မပြုံးနိုင် ဘဝဆုံးတိုင် နှိပ်စက်ခံသွားကြရသူများကိုသာ တွေ့မြင်နေရသောကြောင့် လောဘ ဒေါသ မောဟတို့၏ နှစ်သက်ဖွယ်မရှိ အပြစ်အတိပြီးသည့် သဘာဝကို သိခွင့် မြင်ခွင့် ရလာကြ၏။ ထိုသို့ သိခွင့် မြင်ခွင့် ရလာကြခြင်းကြောင့် ထိုလောဘ ထိုဒေါသ ထိုမောဟ ကိလေသာတရားအပေါင်းမှ ထွက်မြောက်လိုသည့် စိတ်ဓာတ်များလည်း ကိန်းဝပ် လာနိုင်ပေသည်။ ထိုသို့ ထွက်မြောက်လိုမှုကို <b>နိဿရဏ</b>ဟု ခေါ်၏။ ထွက်မြောက်လိုသည့်အတွက် ထွက်မြောက်ရာသို့ ပို့ဆောင်ပေးနိုင်သော မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို ကျင့်သူ သူတော်ကောင်းများ ဖြစ်လာနိုင်ပေသည်။</p>
<p>ဆန့်ကျင်ဘက်တရားတို့၏ နှိပ်စက်မှုကို ခံနေရသည့် ပုထုဇဉ် ငမိုက်သားဘဝကို စက်ဆုပ်ကြစေလို၏။</p>
<p>ပုထုဇဉ်ဘဝဟူသည် မမြဲသောလားရာဂတိ ရှိသူတို့သာ ဖြစ်ကြသည်။ မိုက်သည့်အခါ မိုက်၍ ကောင်းသည့်အခါ ကောင်းသူများ ဖြစ်သောကြောင့် မြဲသောဂတိ မရှိကြ။ တရားသဖြင့် လုပ်ကိုင်ရှာဖွေ စားသောက်သည့် အခါလည်း ရှိသလို မတရားသဖြင့် လုပ်ကိုင်ရှာဖွေ စားသောက်သည့် အခါလည်း ရှိ၏။ အဖြူအမဲ ကုသိုလ်အကုသိုလ် စသည့် ဆန့်ကျင်ဘက်ကံတို့ကို ထူထောင်တတ်သူများလည်း ဖြစ်ကြသည်။</p>
<p>ဆန့်ကျင်ဘက်တရားတို့၏ နှိပ်စက်မှုမှ သက်သာရာရသည့် အောက်ထစ်ဆုံး သောတာပန် အရိယာသူတော်ကောင်းဘဝကို မြတ်နိုးကြစေလို၏။ ကြိုးစားစေလိုခြင်း ဖြစ်သည်။</p>
<p>သောတာပန် အရိယာသူတော်ကောင်းဘဝဟူသည် မြဲသောလားရာဂတိရှိသော အထက်မဂ်လျှင် လဲလျောင်းရာရှိသော သူတို့သာ ဖြစ်ကြသည်။ တရားသဖြင့် လုပ်ကိုင်ရှာဖွေစားသောက်ခြင်းသာ သူတို့မှာ ရှိတော့သည်။ မတရားသဖြင့် ရှာမှီးခြင်းမည်သည် သူတို့မှာ မရှိတော့။</p>
---
<h3>ဆန့်ကျင်ဘက်တရားတို့ ချုပ်ငြိမ်းသွားချိန်</h3>
<p>နောက်တစ်ဆင့်အနေဖြင့် ကိလေသာထင်ရှားရှိသော ဘဝကို အပြစ်မြင်လျက် ကိလေသာကင်းသော ဘဝကိုသာ အနှစ် မြင်စေလို၏။ ရဟန္တာဖြစ်အောင် ကြိုးစားစေလိုခြင်း ဖြစ်သည်။ ရဟန္တာ မဖြစ်သေးသမျှ တဏှာတုန်လှုပ်ခြင်း ရှိသည်ပင်။ တဏှာတုန်လှုပ်ခြင်းရှိက စိတ်ညှိုးနွမ်းပင်ပန်းကြရ၏။ တဏှာတုန်လှုပ်ခြင်း ကင်းသော ဘဝသည် အဘယ်မျှ ငြိမ်းချမ်းနေမည် တည်ငြိမ်နေမည်ကို မှန်းမျှော် ကြည့်မိ၏။ ချုပ်ဆုံးသော ကိလေသာရှိသည့် ဘဝသည်သာ တောင့်တ အပ်သောဘဝ ဖြစ်သည်။ ချုပ်ဆုံးသော ကိလေသာရှိသူတို့၌ ဆန့်ကျင်ဘက်တရားတို့ ဖြစ်ပေါ်ခွင့် မရကြတော့။ ကုသိုလ်နှင့်အကုသိုလ် အကောင်းနှင့်အဆိုးစသည့် ဆန့်ကျင်ဘက်တရားတို့ တိုက်စစ်ဆင်ရာ စစ်တလင်းနှင့်တူသည့် ခန္ဓာအိမ်လည်း မဟုတ်တော့ပေသည်။</p>
<p>ရဟန္တာဖြစ်ချိန်ဟူသည် အထွတ်အထိပ်ဖြစ်သော <b>အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ် ဝိဇ္ဇာဉာဏ်</b>ကို ရရှိချိန်ဖြစ်၍ ဆန့်ကျင်ဘက်တရားတို့၏ တိုက်ခိုက်မှု တိုက်စစ်ဆင်မှု အပြီးတိုင် ချုပ်ငြိမ်းသွားချိန် ဖြစ်သည်။ အကျိုးတစ်စုံတစ်ရာ မရှိတော့သည့် ဘဝတစ်ခုကို တည်ဆောက်ပြီးချိန်လည်း ဖြစ်ပေသည်။</p>
<p>အကျိုးတစ်စုံတစ်ရာ မရှိတော့သည့် ဘဝကို ရရှိခြင်းငှါ ကျင့်ကြံနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့သည် သာသနာတော်၌ ထင်ရှားရှိနေသော အခွင့်အလမ်းများသာ ဖြစ်ကြသည်။ ထိုအခွင့်ကို အရယူလျက် ဆန့်ကျင်ဘက်တရားတို့ ချုပ်ငြိမ်းခြင်းငှါ သင်နှင့်အကျွန်ုပ်တို့ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့။</p>
<p>ဤကောင်းမှုသည် ဆန့်ကျင်ဘက်တရားတို့ ချုပ်ငြိမ်းခြင်း၏ အကြောင်းအထောက်အပံ့သည် ဖြစ်ပါစေသတည်း။</p>
<p>ဤကောင်းမှု၏ အဖို့ဘာဂကို ကွယ်လွန်လေပြီးသူ ခမည်းတော်နှင့် ၃၁-ဘုံ ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေပါ၏။</p>
<p>အမျှရ၍</p><p>သာဓု သာဓု သာဓု ခေါ်စေသောဝ်။</p>
<p>ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြပါစေ</p>
<p>အရှင်ရေဝတ</p>
<p>စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊</p>
<p>၁၃၆၆-ခု၊ နတ်တော်လဆန်း ၈-ရက်၊</p>
<p>19 . 12 . 2004/</p>
saqg0nrp7iri1c6cvflj52viqfxmskd
သာသနာ့အမွေကို ခံယူခြင်း
0
5696
18650
2025-06-03T02:01:15Z
Tejinda
173
"{{header | title = [[သာသနာ့အမွေကို ခံယူခြင်း]] | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>သာသနာ့အမွေကို ခံယူခြင်း</b> | previou..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18650
wikitext
text/x-wiki
{{header
| title = [[သာသနာ့အမွေကို ခံယူခြင်း]]
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>သာသနာ့အမွေကို ခံယူခြင်း</b>
| previous = [[ဓမ္မစာစဉ်များ]]
| previous2 =
| next = [[မမုန်းပါစေနှင့်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>သာသနာ့အမွေကို ခံယူခြင်း</h3>
<h3>ဓမ္မဒါယာဒသုတ္တန် ရှေ့ပိုင်း</h3>
<p>ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် သားရတနာ သမီးရတနာ တို့ကို ရရှိလာကြသောအခါ သာသနာ့အမွေကို ခံယူကြမည်ဟု အားခဲထားကြ၏။ သာသနာ့အမွေကို ခံယူချင်သည့်အတွက် အရွယ် ရောက်လာသော သားရတနာ သမီးရတနာတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းကာ ရှင်ရဟန်း ပြုပေးကြ၏။ ဝမ်းအသာကြီး သာကြ၏။ အကြည်နူးကြီး ကြည်နူးကြ၏။ သို့သော် ဤသို့ ရှင်ရဟန်း ပြုကြရာ၌ ဘုရားရှင် နှစ်ခြိုက်တော်မူသည့် သာသနာ့အမွေခံ ဖြစ်ဖို့ကား အလွန် အရေးကြီးလှပေသည်။ သာသနာဝန်ထမ်း ရှင်ရဟန်းတို့သည် ဘုရားရှင်တော်ထံမှ မည်ကဲ့သို့သော အမွေကို ခံယူသင့်သည်ဟူသော အကြောင်းအရာသည်ကား မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် <b>ဓမ္မဒါယာဒသုတ္တန်</b>တွင် လာရှိပေသည်။</p>
<p><b>ဓမ္မဒါယာဒသုတ္တန်</b> ရှေ့ပိုင်း</p>
<p><b>ဓမ္မဒါယာဒသုတ္တန်</b> ဖြစ်ပေါ်လာပုံ</p>
<p>မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၉၁-၉၂။)က ဤသို့ ရှင်းလင်း တင်ပြထား၏။ ---</p>
<p>သာသနာတော်ဝယ် လာဘ်လာဘတို့ ပေါများလာခြင်း ပူဇော် သက္ကာရပြုမှုတို့ များပြားလာခြင်းကို အကြောင်းခံကာ ဘုရားရှင် သည် ဤ <b>ဓမ္မဒါယာဒသုတ္တန်</b>ကို ဟောကြားတော်မူခြင်း ဖြစ်၏။ ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင်အားလည်း ကြီးမားလှ သော လာဘ်ပူဇော်သက္ကာရသည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပေ၏။ <b>နိယတဗျာဒိတ်</b>ပန်းကို ဆင်မြန်းတော်မူခဲ့ပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိတော်မူရန် ရည်သန်တောင့်တ တော်မူကာ ပါရမီတရားအပေါင်းတို့ကို ---</p>
<p>(၁) သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို စွန့်လွှတ်လျက် ဖြည့်ကျင့် ဆည်းပူးတော်မူခြင်းဟူသော ပါရမီ (၁၀)ပါး,</p>
<p>(၂) အင်္ဂါခြေလက်တို့ကို စွန့်လွှတ်လျက် ဖြည့်ကျင့် ဆည်းပူးတော်မူ ခြင်းဟူသော <b>ဥပပါရမီ</b> (၁၀)ပါး,</p>
<p>(၃) အသက်တစ်ချောင်းကိုပင်သော်လည်း စွန့်လွှတ်ကာ ဖြည့်ကျင့် ဆည်းပူးတော်မူခြင်းဟူသော <b>ပရမတ္ထပါရမီ</b> (၁၀)ပါး,</p>
<p>ဤ အပြားသုံးဆယ်ကုန်သော ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏။ ထိုပါရမီတော်မြတ်အပေါင်း၏ စွမ်းအားကြောင့် ခပ်သိမ်းသော အရပ်မျက်နှာတို့၌ ထက်အောက် စုန်ဆန် သည်းထန်စွာ ရွာသွန်းနေသော မိုးကြီးကဲ့သို့ အလုံးစုံသော ပါရမီတော်တို့သည် တစ်ခုသော နောက်ဆုံးဘဝ၌ အကျိုးပေးကြ ကုန်အံ့ဟု တစ်ပေါင်းတစ်စုတည်းဖြစ်ကာ လာဘ်ပူဇော်သက္ကာရ တည်းဟူသော မိုးကြီးကို ရွာသွန်းစေခဲ့ကြ၏၊ ဖြစ်ပေါ်စေခဲ့ကြ၏။ ထိုထိုအရပ်ဒေသမှ ဆွမ်းအဖျော်ယမကာအမျိုးမျိုး, ယာဉ်အမျိုးမျိုး, အဝတ်သင်္ကန်းအမျိုးမျိုး, ပန်းနံ့သာ နံ့သာပျောင်းအမျိုးမျိုး, ဆီမီး အမျိုးမျိုးစသည့် လှူဖွယ်ဝတ္ထုအစုစုတွေကို လက်ဝယ်စွဲကိုင်ကြကာ မင်းသူဌေးသူကြွယ်, ပုဏ္ဏားသူဌေးသူကြွယ်, ဂဟပတိသူဌေးသူကြွယ် စသည့် အလှူရှင်တို့သည် ဘုရားရှင် ရှိတော်မူရာ အရပ်သို့ လာ ရောက်ကာ ဗုဒ္ဓဘုရားရှင်သည် အဘယ်မှာနည်း? ဘုန်းတော်ကြီး မြတ်တော်မူသော ဘုရားရှင်သည် အဘယ်မှာနည်း? လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်မှာနည်း? ဤသို့စသည့် မေးခွန်းတို့ကို ဦးထိပ်ရွက်ပန်ဆင်ကာ ဘုရားရှင်၏ အထံတော်သို့ ချဉ်းကပ်လာကြ၏။ လှည်းအစီးပေါင်း အရာတို့ဖြင့်သော်လည်း ပစ္စည်းတို့ကို သယ်ဆောင်ကာ လှူဒါန်းဖို့ရန် အခွင့်အလမ်းကို မျှော်လင့်စောင့်စားပြီး နေကြရ၏။ လှူဒါန်းခွင့်ကို မရရှိကြသည့်အခါ ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတိုက် ဝန်းကျင်ဝယ် တစ်ဂါဝုတ် ပမာဏမျှလောက်သော အရပ်သို့တိုင်အောင်သော်လည်း လှည်းဦးတစ်ခုဖြင့် လှည်းဦးတစ်ခုကို ထိကာ လှူခွင့်ကို စောင့်ဆိုင်းကာ ရပ်တည်နေကြရ၏။ တချို့ကား ဘုရားရှင် ဒေသစာရီ ကြွချီတော်မူရာနောက်သို့ အစဉ်တစိုက် လိုက်ပါကာ လှူဒါန်းနိုင်မည့် အခွင့်အလမ်းကို စောင့်မျှော်နေကြရ၏။ ထိုကဲ့သို့ လာဘ်ပူဇော်သက္ကာရ များပြားမှုမှာ ဘုရားရှင်မှာသာ မဟုတ်သေးဘဲ ရဟန်းသံဃာအပေါင်းမှာလည်း အလားတူပင် ပေါများခဲ့၏။ ထိုသို့ လာဘ်ပူဇော်သက္ကာရများပြားမှုနှင့် ဆက်စပ်ကာ အချို့အချို့သော ပါဠိတော်များဝယ် ဤကဲ့သို့ ဖေါ်ပြထားပေသည်။ ---</p>
<p>ထိုအခါဝယ် ဘုရားရှင်သည် လူများအပေါင်း၏ အရိုအသေ ပြုမှုကို ခံယူရ၏၊ လေးစားမှုကို ခံယူရ၏၊ မြတ်နိုးမှုကို ခံယူရ၏၊ ပူဇော်မှုကို ခံယူရ၏၊ ပသမှုကို ခံယူရ၏၊ ဆွမ်း သင်္ကန်း ကျောင်းနှင့် သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေးပစ္စည်း ပရိက္ခရာ တို့ကို ရလေ့ရှိတော်မူ၏။ (ခု၊၁၊၈၉။)</p>
<p>ချစ်သား <b>စုန္ဒ</b> ...ယခုအခါမှာ အကြင်မျှလောက်သော အတိုင်းအရှည်ဖြင့် သံဃာအဖွဲ့အစည်းသည်သော်လည်းကောင်း, ဂိုဏ်းအဖွဲ့အစည်းသည်သော်လည်းကောင်း လောကမှာ ထင်ရှား ဖြစ်ပေါ်လာ၏၊ ချစ်သား <b>စုန္ဒ</b> ...ငါဘုရားရှင်၏ သာသနာတွင်း ရဟန်းသံဃာမှာကဲ့သို့ လာဘ်လာဘ၏ အထွတ်အထိပ်သို့ ရောက်ရှိ နေသော, ထင်ရှားကျော်ကြားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေ သော, အခြံအရံများပြားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အခြားအခြားသော တစ်ခုသော သံဃာအဖွဲ့အစည်းကိုသော်လည်း ငါဘုရားရှင်သည် မြင်တော်မမူပေ။ (ဒီ၊၃၊၁၀၄။)</p>
---
<h3>ရဟန်းသံဃာတော်၏ လာဘ်လာဘ ပေါများမှု</h3>
<p><b>ဘိက္ခူနမ္ပိ ယေဘုယျေန ကပ္ပသတသဟဿံ တတော ဘိယျောပိ ပူရိတဒါနပါရမိသဉ္ဇယတ္တာ တဒါ မဟာ လာဘသက္ကာရော ဥပ္ပဇ္ဇိ။</b> (မ၊ဋီ၊၁၊၁၈၀။)</p>
<p>= ရဟန်းသံဃာတို့အားလည်း များသောအားဖြင့် ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံးသော်လည်းကောင်း ထိုထက် အလွန်သော်လည်းကောင်း ဖြည့်ကျင့်ဆည်းပူး စုဆောင်းအပ်ပြီးသော ဒါန ပါရမီတရားအပေါင်း၏ စွမ်းအားကြောင့် ထိုအခါဝယ် များပြားလှ သော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပေါ်ခဲ့ပေ၏။ (မ၊ဋီ၊၁၊၁၈၀။)</p>
<p>ဤနေရာဝယ် လာဘ်လာဘပေါများမှုကို ခေတ္တရပ်နားပြီးလျှင် သာဝကတို့ ဖြည့်ကျင့်ရမည့်ပါရမီနှင့် ပါရမီဖြည့်ကျင့်ရာ အချိန်ကာလ အကြောင်းကို ဆက်လက်ပြီး ဆွေးနွေး တင်ပြလိုပေသည်။ ---</p>
---
<h3>ပါရမီအကြောင်း သိကောင်းစရာ</h3>
<p>ပါရမီဖြည့်ကျင့်တော်မူရာ အချိန်ကာလ</p>
<p><b>တသ္မာ ပစ္စေကဗုဒ္ဓဗုဒ္ဓသာဝကာနံ သဗ္ဗေသံ ပတ္ထနာ စ အဘိနီဟာရော စ ဣစ္ဆိတဗ္ဗော။</b> (အပဒါန၊ဋ္ဌ၊၁၊၁၅၅။)</p>
<p>ဤအဋ္ဌကထာအရ ဘုရားရှင်၏ တပည့်သာဝကအားလုံးတို့ အား ---</p>
<p>(၁) မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်း ပန်ထွာခြင်း = <b>ပတ္ထနာ</b>ကိုလည်းကောင်း,</p>
<p>(၂) မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးတတ်သည့် ပါရမီတရားအပေါင်းတည်း ဟူသော <b>အဘိနီဟာရ</b>ကိုလည်းကောင်း အလိုရှိအပ်ပေသည်။</p>
<p><b>ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။</b> (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)</p>
<p>ဘုရားရှင်၏ တပည့်သာဝကအားလုံးတို့အား ---</p>
<p>(၁) <b>အဓိကာရ</b>ကောင်းမှုကုသိုလ်ရှိခြင်း,</p>
<p>(၂) မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်ပြင်းပြခြင်း ---</p>
<p>ဟူသော အင်္ဂါရပ်နှစ်ပါးနှင့် ပြည့်စုံပါမှသာလျှင် <b>အဘိနီဟာရ</b> = မိမိ လိုလားတောင့်တသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှု သယ်ဆောင်ပေးသည့် ပါရမီတရားအပေါင်းနှင့် ပြည့်စုံသည် မည်ပေ သည်။</p>
<p>ထိုကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် အထက်ပါ <b>အဓိကာရ</b>ကောင်းမှုကုသိုလ်နှင့် ဆန္ဒဓာတ်တည်းဟူသော ပါရမီတရား အပေါင်းကို ရှေးဦးစွာ ဖြည့်ကျင့်ဆည်းပူးတော်မူရမည် ဖြစ်ပေသည်။</p>
---
<h3>အဓိကာရကောင်းမှုကုသိုလ်</h3>
<p>ဤအရာဝယ် <b>အဓိကာရ</b>ကောင်းမှုကုသိုလ်အကြောင်းကို ဆက် လက်ပြီး ရှင်းလင်း တင်ပြလိုပေသည်။ ဘုရားရှင်၏ တပည့်သာဝက တို့မှာလည်း ---</p>
<p>(၁) <b>အဂ္ဂသာဝက</b></p>
<p>(၂) <b>မဟာသာဝက</b></p>
<p>(၃) <b>ပကတိသာဝက</b>ဟု သုံးမျိုးသုံးစား ရှိကြ၏။</p>
<p>ထိုသုံးမျိုးတို့တွင် ---</p>
<p>(၁) အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့သော <b>အဂ္ဂသာဝက</b>တို့သည် <b>အဂ္ဂသာဝကဗောဓိဉာဏ်</b> ရရှိရေးအတွက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး,</p>
<p>(၂) အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင်မဟာကစ္စည်း, အရှင်အာနန္ဒာ အစရှိကုန်သော မဟာသာဝကကြီးတို့သည် <b>မဟာသာဝကဗောဓိဉာဏ်</b> ရရှိရေးအတွက် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး,</p>
<p>(၃) <b>ပကတိသာဝက</b>တို့သည် <b>အဘိနီဟာရ</b>တရားတို့ ပြည့်စုံလုံ လောက်သည့် ဘဝတို့ကာလပတ်လုံး</p>
<p>မိမိတို့ မျှော်မှန်းထားသည့် လိုလားတောင့်တသည့် <b>အဂ္ဂသာ ဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိ ဉာဏ်</b>ဟူသည့် ဗောဓိဉာဏ်အသီးအသီးသို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးနိုင်သည့် <b>အဘိနီဟာရ</b>တည်းဟူသော ပါရမီတရား အပေါင်းကို ဖြည့်ကျင့်ဆည်းပူးတော်မူကြရမည် ဖြစ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)</p>
<p>ဤသာဝက သုံးမျိုးတို့တွင် <b>အဂ္ဂသာဝက, မဟာသာဝက</b>နှင့် အချို့အချို့သော <b>ပကတိသာဝက</b>တို့သည် မိမိတို့ လိုလားတောင့်တ ထားသည့် သို့မဟုတ် ဆုတောင်းပန်ထွာထားသည့် ဗောဓိဉာဏ် အသီးအသီးသို့ ဆိုက်ရောက်တော်မူသောအခါ <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးတို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြပေသည်။ ထို သူတော် ကောင်း တို့၏ <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့၏ သန့်ရှင်းမှုတို့ကို ဖြစ်ပေါ်စေ တတ်သော အကြောင်းတရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။ အဘိ၊ဋ္ဌ၊၂၊၃၇၂။) တို့တွင် အောက်ပါအတိုင်း ဖေါ်ပြထားကြပေသည်။</p>
---
<h3>ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများ</h3>
<p>(၁) <b>အဓိဂမ</b> = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခြင်း,</p>
<p>(၂) <b>ပရိယတ္တိ</b> = ဘုရားရှင်၏ တရားစကားတော်ကို သင်ယူခြင်း,</p>
<p>(၃) <b>သဝန</b> = အရိုအသေ အလေးအမြတ်ပြုကာ တရားတော်ကို နာယူခြင်း,</p>
<p>(၄) <b>ပရိပုစ္ဆာ</b> = ပါဠိအဋ္ဌကထာ စသည်တို့၌ ခက်ခဲသော အထုံး အဖွဲ့ အနက်ပုဒ်တို့၏ အဆုံးအဖြတ်ကို သင်ယူ ခြင်း, သို့မဟုတ် အဋ္ဌကထာကို သင်ယူခြင်း, (အဘိ၊ဋ္ဌ၊၂၊၃၇၂။)</p>
<p>(၅) <b>ပုဗ္ဗယောဂ</b> ဟု ---</p>
<p>ပြုသင့် ပြုထိုက်သည့် <b>အဘိနီဟာရ</b>တရား (၅)မျိုးကို ဖေါ်ပြ ထားကြ၏။ ထိုတွင် <b>ပုဗ္ဗယောဂ</b>နှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ရှင်းလင်း တင်ပြထားပေသည်။</p>
<p><b>ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။</b> (ဝိသုဒ္ဓိ၊၂၊၇၂။)</p>
<p><b>ယာဝ အနုလောမံ ဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။</b> (မဟာဋီ၊၂၊၈၄။)</p>
<p><b>ပုဗ္ဗယောဂ</b> မည်သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော် အတွင်းဝယ် ---</p>
<p>(၁) ဆွမ်းခံရွာသို့ ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် = ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လျက် သွားခြင်း,</p>
<p>(၂) ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် = ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လျက် ပြန်လာခြင်း -</p>
<p>ဟူသော <b>ဂတပစ္စာဂတိကဝတ်</b>ကို ဖြည့်ကျင့်လျက် <b>အနုလောမဉာဏ် ဂေါတြဘုဉာဏ်</b>တို့၏ အနီးအပါးဝယ် တည်ရှိသည့် <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့ တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ခြင်းကို ဆိုလိုပေသည်။</p>
<p><b>သမ္မောဟဝိနောဒနီ</b>အဋ္ဌကထာကြီးကား --- <b>ပုဗ္ဗယောဂေါ နာမ ပုဗ္ဗယောဂဝစရတာ အတီတဘဝေ ဟရဏပစ္စာဟရဏနယေန ပရိဂ္ဂဟိတကမ္မဋ္ဌာနတာ။</b> (အဘိ၊ဋ္ဌ၊၂၊၃၇၂။) = <b>ပုဗ္ဗယောဂ</b>မည်သည် လွန်လေပြီးသော ဘဝက ဆွမ်းခံ အသွားအပြန်ဝယ် သိမ်းဆည်း အပ်ပြီးသည့် ကမ္မဋ္ဌာန်းတရား ရှိခြင်းဟူသည့် ရှေးရှေးဘဝက ကမ္မဋ္ဌာန်းလေ့ကျင့်ခဲ့ဖူးခြင်းကို ဆိုလိုသည်ဟု ရှင်းပြထားပေသည်။ ရှေးရှေးဘဝဟုသာ ဆို၏၊ ရှေးရှေးဘုရားရှင်တို့၏ သာသနာဟု မဖွင့် ဆိုပေ။ ဝိပဿနာဉာဏ်စဉ်ကိုလည်း မည်ရွေ့မည်မျှဟု ပိုင်းခြား သတ် မှတ်မှု မရှိပါ။</p>
<p>ယခုပြောခဲ့သည့် <b>ပုဗ္ဗယောဂ</b>ဟူသည့် အင်္ဂါရပ်နှင့် ပြည့်စုံနေသော သာဝကတစ်ဦးသည် ---</p>
<p>(၁) ရုပ်တရား, နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထွင်းဖောက်သိမြင်ခြင်း = <b>နာမရူပပရိစ္ဆေဒဉာဏ်</b> = ဒုက္ခသစ္စာ၌ သိသော ဉာဏ်,</p>
<p>(၂) ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်သော, ဟုတ်တိုင်းမှန်စွာသိသော <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> = သမုဒယသစ္စာကို သိသော ဉာဏ်,</p>
<p>(၃) ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ = သင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်တတ်သော ဝိပဿနာဉာဏ် (အဘိ၊ဋ္ဌ၊၂။၃၇၂။) သို့မဟုတ် (သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော) ဝိပဿနာဉာဏ် --- (ဝိသုဒ္ဓိ၊၂၊၇၂။)</p>
<p>ဤ (၃)မျိုးသော ဉာဏ်တို့ကို ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်းကတည်းက သို့မဟုတ် ရှေးရှေး ဘဝတည်းက ရရှိခဲ့ပြီးဖြစ်သည်ဟူသည့် အချက်ကိုကား မှတ်သားထားပါ။ နောက်တစ်ခု အနေဖြင့် ဆွမ်းခံ အသွားအပြန်တို့တွင် ကမ္မဋ္ဌာန်းတရားကို ပွားများ အားထုတ်သည်ဆိုသည့် စကားကို ကြည့်မည်ဆိုပါက ရဟန်းဘဝဖြင့် ပါရမီဖြည့်ကျင့်သည်ဟူသော အချက်သည်လည်း ပေါ်လွင်နေပေသည်။</p>
<p>ယခု တင်ပြခဲ့သည့် အင်္ဂါရပ် (၅)ချက်တို့သည်ကား <b>ပဋိသမ္ဘိဒါ ဉာဏ်</b> သန့်ရှင်းစင်ကြယ်ရေးအတွက် ဖြည့်ကျင့်ရမည့် အင်္ဂါရပ်တို့ပင် ဖြစ်ကြပေသည်။ ဤအင်္ဂါရပ်တို့တွင် --- အမှတ် (၁) <b>အဓိဂမ</b>ဆိုသည့် အင်္ဂါရပ်သည် <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့ကို ရရှိမည့် နောက်ဆုံးဘဝတွင် ပြည့်စုံ ရမည့် အင်္ဂါရပ်ပင် ဖြစ်ပေသည်။ အမှတ် (၂) <b>ပရိယတ္တိ</b>, အမှတ် (၃) <b>သဝန</b>, အမှတ် (၄) <b>ပရိပုစ္ဆာ</b> အင်္ဂါရပ်တို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတွင်းမှာရော သို့မဟုတ် လွန်လေပြီးသည့် အတိတ် ဘဝတွေမှာရော နောက်ဆုံး <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့ကို ရရှိမည့် ဘဝမှာပါ ဖြည့်ကျင့်ရမည့် အင်္ဂါရပ်များ ဖြစ်ကြပေသည်။ အမှတ် (၅) <b>ပုဗ္ဗယောဂ</b> အင်္ဂါရပ်သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတွင်းကတည်းက သို့မဟုတ် လွန်လေပြီးသည့် အတိတ်ဘဝများ ကတည်းက ဖြည့်ကျင့်ဆည်းပူးရမည့် အင်္ဂါရပ် ဖြစ်ပေသည်။</p>
<p>ဤ<b>ပရိယတ္တိ, သဝန, ပရိပုစ္ဆာ, ပုဗ္ဗယောဂ</b>ဆိုသည့် အင်္ဂါရပ်တို့ကို <b>အဓိကာရ</b>ကောင်းမှုကုသိုလ်များဟု ခေါ်ဆိုပေသည်။ ဤ<b>အဓိကာရ</b> ကောင်းမှုကုသိုလ်ဟု ခေါ်ဆိုသည့် ပါရမီမျိုးစေ့တို့သည် မိမိတို့ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်အသီးအသီးကို ရရှိရေး အတွက် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့်, ဆည်းပူးသင့် ဆည်းပူး ထိုက်သည့်, ဖြည့်ကျင့်သင့် ဖြည့်ကျင့်ထိုက်သည့် ပါရမီမျိုးစေ့ဆိုသည့် လုပ်ငန်းရပ်များပင် ဖြစ်ကြပေသည်။ ဤကဲ့သို့ ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့် အပိုင်းဝယ် မိမိမျှော်လင့်ထားသည့် အသီးအသီးသော ဗောဓိဉာဏ်တော်မြတ်ကို လိုလားတောင့်တသည့် အာသာဆန္ဒဓာတ် အပြည့်အဝဖြင့် ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်ပေ သည်။ တစ်နည်းဆိုရသော် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ် တို့ကို ပြုလုပ်ချင်သည့် စိတ်ဓာတ် အပြည့်အဝဖြင့် ပြုလုပ်လိုသည့် ပြုလုပ်ချင်သည့် ဆန္ဒဓာတ်ကို ရှေ့သွားပြုကာ မိမိလိုလားတောင့်တ ထားသည့် ဗောဓိဉာဏ်တော်မြတ်ပန်းတိုင်သို့ ရောက်သည့်တိုင်အောင် ပြုလုပ်ရမည် ဖြစ်ပေသည်။</p>
<p>ဤကဲ့သို့ ပြုကျင့်ပါမှလည်း ----</p>
<p>(၁) <b>အဓိကာရ</b>ကောင်းမှုကုသိုလ်ရှိခြင်း,</p>
<p>(၂) ပြင်းပြသော ဆန္ဒဓာတ်ရှိခြင်း</p>
<p>ဟူသည့် သာဝကပါရမီဉာဏ်အတွက် လိုအပ်သည့် ဤအင်္ဂါရပ် နှစ်ပါးနှင့် ပြည့်စုံမည် ဖြစ်ပေသည်။</p>
---
<h3>သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်</h3>
<p><b>ပရိယတ္တိ-သဝန-ပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တိ။</b> (အဘိ၊ဋ္ဌ၊၂၊၃၇၃။)</p>
<p>ယခုတင်ပြခဲ့သည့် အကြောင်းတရား (၅)မျိုးတို့တွင် <b>ပရိယတ္တိ, သဝန, ပရိပုစ္ဆာ</b>ဆိုသည့် ဤအင်္ဂါရပ် (၃)မျိုးကား <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့၏ ထူးထွေကွဲပြားမှု အဆင့်အတန်း မြင့်မားမှု အဆင့်အတန်း မမြင့်မားမှုတို့၏ အားကြီးသော မှီရာအကြောင်းတရားတို့ ဖြစ်ကြသည်။ <b>ပုဗ္ဗယောဂ</b>ဟူသော အင်္ဂါရပ်သည်ကား <b>အဓိဂမ</b>ဟုခေါ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိဖို့ရန်အတွက် အားကြီးသော အကြောင်း တရားလည်း ဖြစ်သည်။ <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့၏ ထူးထွေကွဲပြားဖို့ရန် အတွက် အကြောင်းတရားလည်း ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)</p>
<p>ဤ အကြောင်းတရားတို့တွင် <b>ပရိယတ္တိ, သဝန, ပရိပုစ္ဆာ</b>ဆိုသည့် အကြောင်းအင်္ဂါရပ် (၃)မျိုးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်အတွင်းဝယ် သို့မဟုတ် လွန်လေပြီးသည့် အတိတ်ဘဝတို့ဝယ် ပြုစု ပျိုးထောင် စုဆောင်းခဲ့မှု ရှိချင်လည်း ရှိကြပါစေ၊ မရှိချင်လည်း မရှိကြပါစေ၊ <b>ပုဗ္ဗယောဂ</b>ဆိုသည့် အကြောင်းတရားသည်ကား ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်အတွင်းမှာသော်လည်းကောင်း, ယခုဘုရားရှင်၏ သာသနာတော်အတွင်းမှာသော်လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် <b>သင်္ခါရ</b>တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တလက္ခဏာယာဉ် သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်ခြင်း ဝိပဿနာ <b>သမ္မသန</b>လုပ်ငန်းရပ်နှင့်ကင်း၍ <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိခြင်းမည်သည် မရှိစကောင်းပေ။</p>
<p>(၁) <b>ပုဗ္ဗယောဂ</b>ရှိခြင်း,</p>
<p>(၂) <b>အဓိဂမ</b> = မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိခြင်း,</p>
<p>ဤအကြောင်းတရားနှစ်မျိုးတို့ တစ်ပေါင်းတည်း ဖြစ်ပေါ်လာပါမှ ယင်းအကြောင်းတရားတို့က အားပေးထောက်ပံ့လိုက်သည့် အခါဝယ် <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့သည် သန့်ရှင်းလာကြပေသည်။ ဤ အကြောင်းတရားနှစ်မျိုးတို့က <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့ကို သန့်ရှင်းအောင် ပြုလုပ်ပေးကြပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)</p>
<p>သို့သော် အရိယသာဝကတိုင်းသည် <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိနိုင်ပါသလားဟူ၍ မေးစရာရှိပေသည်။ အောက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ကြည့်ပါလေ ----</p>
<p><b>အရိယသာဝကော နော ပဋိသမ္ဘိဒါပတ္တော နာမ နတ္ထိ။</b> (အဘိ၊ဋ္ဌ၊၂၊၃၇၂။)</p>
<p><b>ပဋိသမ္ဘိဒါဉာဏ်</b>သို့ မရောက်ရှိသော = <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို မရရှိသော အရိယာသူတော်ကောင်းမည်သည် မရှိစကောင်းပေ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)</p>
---
<h3>ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး</h3>
<p>အထက်ပါအဋ္ဌကထာ၏ ဖွင့်ဆိုချက်မှာ ဝိဘင်းပါဠိတော်တွင် လာရှိသော <b>သစ္စဝါရ</b> ဒေသနာတော်စသည့် ဒေသနာတော်များကို ရည်ညွှန်းထားပေသည်။ <b>သစ္စဝါရ</b>ဒေသနာတော်၌ ဘုရားရှင်က <b>ပဋိသမ္ဘိဒါဉာဏ်</b>တော်များကို အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည် ----</p>
<p><b>ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။</b> (အဘိ၊၂၊၃၀၇။)</p>
<p>၁။ ဒုက္ခသစ္စာ၌ သိသော ဉာဏ်သည် <b>အတ္ထပဋိသမ္ဘိဒါဉာဏ်</b> မည်၏။</p>
<p>၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိသော ဉာဏ်သည် <b>ဓမ္မပဋိသမ္ဘိဒါဉာဏ်</b> မည်၏။</p>
<p>၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသော ဉာဏ်သည် <b>အတ္ထပဋိသမ္ဘိဒါဉာဏ်</b> မည်၏။</p>
<p>၄။ ဒုက္ခချုပ်ရာ <b>နိရောဓ</b> (= နိဗ္ဗာန်)သို့ ရောက်ကြောင်း ကျင့်စဉ် (= မဂ္ဂသစ္စာ)၌ သိသောဉာဏ်သည် <b>ဓမ္မပဋိသမ္ဘိဒါဉာဏ်</b> မည်၏။</p>
<p>ထိုအတ္ထ + ဓမ္မတို့၌ အခေါ်အဝေါ်အသုံးအနှုန်း၌ သိသော ဉာဏ်သည် <b>နိရုတ္တိပဋိသမ္ဘိဒါဉာဏ်</b> မည်၏။</p>
<p>ထို <b>အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်</b>တို့ကို တစ်ဖန်ပြန်၍ သိသော ဉာဏ်သည် <b>ပဋိဘာနပဋိသမ္ဘိဒါဉာဏ်</b> မည်၏။ (အဘိ၊၂၊၃၀၇။)</p>
<p>ဤအထက်ပါ <b>ပဋိသမ္ဘိဒါဉာဏ်</b>တို့တွင် သစ္စာလေးပါးတို့ကို ထိုးထွင်းသိသော ဉာဏ်တို့သည် <b>အတ္ထပဋိသမ္ဘိဒါဉာဏ် ဓမ္မပဋိသမ္ဘိဒါဉာဏ်</b>တို့ ဖြစ်ကြသည်ဆိုသည့် အချက်ကိုလည်း မှတ်သားထားပါလေ။</p>
---
<h3>ဝဋ္ဋသစ္စာနှင့် ဝိဝဋ္ဋသစ္စာ</h3>
<p><b>တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။</b> (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p>= ထိုသစ္စာလေးပါးတို့တွင် ရှေးဖြစ်ကုန်သော ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်မျိုးတို့ကား သံသရာဝဋ်၌ လည်ပတ်နေသော <b>ဝဋ္ဋသစ္စာ</b>တည်း။ နောက်ဖြစ်ကုန်သော <b>အသင်္ခတဓာတ် နိဗ္ဗာန်</b>တရားတော်မြတ်တည်းဟူသော နိရောဓသစ္စာနှင့် ယင်းနိရောဓသစ္စာကို ထွင်းဖောက်သိမြင်သော <b>အရိယမဂ်ဉာဏ်</b>နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော ဒုက္ခချုပ်ရာ <b>နိရောဓနိဗ္ဗာန်</b>သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတို့ကား သံသရာဝဋ်မှ ကင်းရာ ချုပ်ရာဖြစ်သည့် <b>ဝိဝဋ္ဋသစ္စာ</b>တည်း။ ထို <b>ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ</b> နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် <b>ဝဋ္ဋသစ္စာ</b>ဖြစ်သည့် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ တရားစုတို့၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း အမှုကို ပြုလုပ်ရမည် ဖြစ်သည်။ <b>ဝိဝဋ္ဋသစ္စာ</b> တရားနှစ်မျိုးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းသည် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
---
<h3>ဝိပဿနာဉာဏ်၏ အရှုခံအာရုံ</h3>
<p>အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဒုက္ခသစ္စာ တရားစုနှင့် သမုဒယသစ္စာ တရားစုတို့ကို ဝိပဿနာရှုပွား ရမည် ဖြစ်ပေသည်။ ဤ <b>ဝဋ္ဋသစ္စာ</b> တရားနှစ်ပါးတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဓမ္မတို့ ဖြစ်ကြပေသည်။</p>
<p><b>အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။</b> (အဘိ၊ဋ္ဌ၊၁၊၁၇၅။)</p>
<p>= အနိစ္စာ စသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ + သမုဒယသစ္စာဓမ္မတို့ကို ရှုပွားတတ်သောကြောင့် <b>ဝိပဿနာ</b> မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)</p>
<p>ဤ အထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။</p>
<p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။</b> (သံ၊၃၊၃၆၉။မ၊၁၊၈၂။)</p>
<p>ဤအထက်ပါ <b>ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် မဟာသတိပဋ္ဌာန သုတ္တန်</b>စသည့် ထိုထို ဒေသနာတော်တို့တွင် လာရှိသည့်အတိုင်း ---- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, <b>အဇ္ဈတ္တ</b> (= ကိုယ်တွင်း), <b>ဗဟိဒ္ဓ</b> (= ပြင်ပ), <b>ဩဠာရိက</b> (= အကြမ်း), <b>သုခုမ</b> (= အနု), <b>ဟီန</b> (= အယုတ်), <b>ပဏီတ</b> (= အမြတ်), <b>ဒူရ</b> (= အဝေး), <b>သန္တိက</b> (= အနီး) ဟူသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါန်တို့၏ အာရုံ ဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့သည် ဒုက္ခသစ္စာတရားများ ဖြစ်ကြ၏။</p>
<p>အင်္ဂုတ္တရနိကာယ် တိကနိပါတ် <b>တိတ္ထာယတနသုတ္တန်</b> (အံ၊၁၊၁၇၈၊၊) ၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း + ကျိုး = ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားများသည်, (တစ်နည်းဆိုရသော်) -- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းတရား ငါးပါးတို့သည် သမုဒယသစ္စာတရားများ ဖြစ်ကြ၏။</p>
<p>ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-ဟူသည့် သမုဒယသစ္စာတရားတို့ကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသည့် အကျိုး ဒုက္ခသစ္စာ တရားများ ထင်ရှားဖြစ်ပုံကို ရှေးဦးစွာ ဝိပဿနာမရှုမီ ကြိုတင်ပြီး ရှုထားရမည် ဖြစ်ပေသည်။</p>
<p>ဤ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့သည် ဝိပဿနာဉာဏ်ဖြင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ကြိတ်ခြေရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ <b>ဝဋ္ဋသစ္စာ</b>တရားများ ဖြစ်ကြပေသည်။</p>
<p>ယောဂီပုဂ္ဂိုလ်က ဝိပဿနာနယ်ထဲသို့ ရောက်ရှိသွားသည့်အခါ <b>ဥဒယဗ္ဗယဉာဏ်</b>ပိုင်းသို့လည်း ရောက်ရှိသည့်အခါ ---</p>
<p><b>သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။</b> (မ၊၁၊၇၁။)</p>
<p>စသည်ဖြင့် <b>မဟာသတိပဋ္ဌာနသုတ္တန်</b> ဒေသနာတော်တွင် ဘုရားရှင် ညွှန်ကြားထားတော်မူသည့်အတိုင်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသည့် အကြောင်းသမုဒယသစ္စာတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားများ ထင်ရှား ဖြစ်ပေါ်လာပုံကိုသာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရသည် မဟုတ်သေး။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသည့် အကြောင်း သမုဒယသစ္စာတရားတို့သည် အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် <b>အနုပ္ပါဒနိရောဓ</b>သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း <b>ပရိနိဗ္ဗာနစုတိ</b>ကို နောက်ဆုံးထားကာ နောက်ထပ် တစ်ဖန် ဘယ်သောအခါမှ မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် <b>အနုပ္ပါဒနိရောဓ</b>သဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် ရှုရမည် ဖြစ်ပေသည်။</p>
<p>ယင်းသို့ အကြောင်းတရားတို့၏ <b>အနုပ္ပါဒနိရောဓ</b>သဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားတို့၏ <b>အနုပ္ပါဒနိရောဓ</b>သဘောအားဖြင့် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုသဘောကိုလည်း နိရောဓသစ္စာ (= လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် နိရောဓသစ္စာ)ဟု <b>တိတ္ထာယတနသုတ္တန်</b> (အံ၊၁၊၁၇၈။)မှာပင် ဘုရားရှင်သည် ဟောကြားထား တော်မူပေသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၆၇။)နှင့် ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ (မဟာဋီ၊၂၊၄၂၁။)တို့ကလည်း ပုံစံတူ ထပ်မံ ဖွင့်ဆိုထားကြ ပေသည်။</p>
<p>ယခု တင်ပြခဲ့သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟု ခေါ်ဆိုအပ်သည့် <b>သင်္ခါရ</b>တရားတို့၏ ဖြစ်ခြင်း + ပျက်ခြင်း ဥဒယဗ္ဗယ ကို ရှုမြင်တတ်သည့် ဝိပဿနာဉာဏ်အခိုက် ဖြစ်ပေါ်သွားကြသည့် မဂ္ဂင်တရားကိုယ်များကိုလည်း လောကီမဂ္ဂသစ္စာဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၆၈။)တွင် ဆက်လက် ဖွင့်ဆိုထားပေ သည်။</p>
<p>ယောဂါဝစရပုဂ္ဂိုလ်သည် လောကုတ္တရာမဂ္ဂသစ္စာ အမည်ရသည့် <b>အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်</b>တရားတော်မြတ်ကြီးကို <b>လောကုတ္တရာမဂ္ဂသစ္စာ</b>ဖြစ်သည့် အရိယမဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်ရေးအတွက် ယခုတင်ပြခဲ့သည့် လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိအပ်သည့် သစ္စာလေးပါးကို ရှေးဦးစွာ ထိုးထွင်းသိအောင် ကြိုးစား အားထုတ်ရမည် ဖြစ်ပေသည်။</p>
<p>ယခု တင်ပြခဲ့သည့် လောကီဝိပဿနာဉာဏ်တွေကို ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်းမှာ သို့မဟုတ် ယခုဘုရားရှင်၏ သာသနာတွင်း လွန်လေပြီးသည့် အတိတ်ဘဝတို့တွင် အထိုက် အလျောက် ဖြည့်ကျင့်နိုင်ခဲ့လျှင် ယင်းဝိပဿနာကို <b>ပုဗ္ဗယောဂ</b> ကျင့်စဉ်ဟု ခေါ်ဆိုပေသည်။ ယင်း<b>ပုဗ္ဗယောဂ</b>ကျင့်စဉ်ကို <b>အဓိကာရ</b> ကောင်းမှုကုသိုလ်ဟုလည်း ခေါ်ဆိုပေသည်။ <b>အဓိကာရ</b>ကောင်းမှု ကုသိုလ်ရှိခြင်း, နိဗ္ဗာန်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်ပြင်းပြခြင်း ဟူသည့် ဤအင်္ဂါရပ်နှစ်မျိုးသည် သာဝကပါရမီဉာဏ်အရာဝယ် မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်တော်မြတ်ကို ရရှိရေးအတွက် လိုအပ်သည့် ပါရမီဖြစ်သည်ဟု အထက်တွင် တင်ပြထားသည့် အပဒါန်အဋ္ဌကထာက မိန့်ဆိုနေပေသည်။</p>
<p>သို့သော် လယ်တီဆရာတော်ဘုရားက <b>ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်</b>အဖွင့်တွင် လာရှိသည့် အဋ္ဌကထာ ဋီကာ စကားရပ်များကို ရည်ညွှန်းလျက် သာဝကပါရမီဉာဏ်အရာမှာ <b>အဓိကာရ</b>ကောင်းမှု ကုသိုလ်အရ ----</p>
<p>(၁) <b>ဝိဇ္ဇာ</b>မျိုးစေ့,</p>
<p>(၂) <b>စရဏ</b>မျိုးစေ့</p>
<p>နှစ်မျိုးလုံးကိုပင် ဆိုလိုကြောင်းကို မိမိ၏ ပါရမီဒီပနီတွင် ရှင်း လင်းတင်ပြထားပေသည်။</p>
---
<h3>ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့</h3>
<p><b>တတ္ထ ဝိဇ္ဇာသမ္ပဒါ ဘဂဝတော သဗ္ဗညုတံ ပူရေတွာ ဌိတာ။ စရဏသမ္ပဒါ မဟာကာရုဏိကတံ။ သော သဗ္ဗညုတာယ သဗ္ဗသတ္တာနံ အတ္ထာနတ္ထံ ဉတွာ မဟာကာရုဏိကတာယ အနတ္ထံ ပရိဝဇ္ဇေတွာ အတ္ထေ နိယောဇေတိ။ ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နော။ တေနဿ သာဝကာ သုပ္ပဋိပန္နာ ဟောန္တိ၊ နော ဒုပ္ပဋိပန္နာ ဝိဇ္ဇာစရဏဝိပန္နာနံ သာဝကာ အတ္တန္တပါဒယော ဝိယ။</b> (ဝိသုဒ္ဓိ၊၁၊၁၉၇။)</p>
<p><b>တတ္ထ ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နောတိ ယထာ အညောပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ တေန ဝိဇ္ဇာစရဏသမ္ပန္နေဿဝါယံ အာဝေဏိကာ ပဋိပတ္တီတိ ဒေဿတိ။ သာ ပနာယံ သတ္ထု ဝိဇ္ဇာစရဏသမ္ပဒါ သာသနဿ နိယျာနိကတာယ သာဝကာနံ သမ္မာပဋိပတ္တိယာ ဧကန္တကာရဏန္တိ ဒေဿတုံ တေနဿာတိအာဒိ ဝုတ္တံ။</b> (မဟာဋီ၊၁၊၂၃၃။)</p>
<p>အထက်ပါ အဋ္ဌကထာ, ဋီကာတို့၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ဖြစ်၏ ----</p>
<p>ဘုရားရှင်သည် <b>ဝိဇ္ဇာ</b>(၈)ပါးတည်းဟူသော <b>ဝိဇ္ဇာ</b>တရားနှင့်လည်း ပြည့်စုံတော်မူ၏၊ <b>စရဏ</b>တရား (၁၅)ပါးတည်းဟူသော <b>စရဏ</b>တရား နှင့်လည်း ပြည့်စုံတော်မူ၏။ ထို<b>ဝိဇ္ဇာ</b>တရားနှင့် ပြည့်စုံခြင်း <b>စရဏ</b> တရားနှင့် ပြည့်စုံခြင်းဟူသော နှစ်မျိုးသော ပြည့်စုံခြင်းတို့တွင် <b>ဝိဇ္ဇာ</b> တရားနှင့် ပြည့်စုံခြင်းသည် ဘုရားရှင်၏ <b>သဗ္ဗညုတဉာဏ်တော်</b>မြတ်ကို ပြည့်စုံစေ၍ တည်၏ = ပြည့်စုံစေ၏။ ဘုရားရှင်၏ <b>စရဏ</b>တရားနှင့် ပြည့်စုံခြင်းသည် မဟာကရုဏာတော်ကို ပြည့်စုံစေ၍ တည်၏ = ပြည့်စုံစေ၏။</p>
<p>ထိုဘုရားရှင်သည် <b>သဗ္ဗညုတဉာဏ်တော်</b>မြတ်ဖြင့် သတ္တဝါအား လုံးတို့၏ အကျိုးရှိမှု + အကျိုးမရှိမှုကို = အကျိုးရှိသည့် လုပ်ငန်းရပ် + အကျိုးမရှိသည့် လုပ်ငန်းရပ်ကို သိရှိတော်မူ၍ မဟာကရုဏာတော်ဖြင့် အကျိုးမရှိသည့် လုပ်ငန်းရပ်ကို ရှောင်ကြဉ်စေ၍ အကျိုးရှိ သည့် လုပ်ငန်းရပ်တို့ကို ယှဉ်စေတော်မူ၏ = ပြုစေတော်မူ၏။</p>
<p><b>ဝိဇ္ဇာ</b>တရား <b>စရဏ</b>တရားနှင့် ပြည့်စုံတော်မူသော အခြားအခြား သော ရှေးရှေးဘုရားရှင်သည်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်ကို ယှဉ်စေသကဲ့သို့ = ပြုကျင့်လိုက်နာစေသကဲ့သို့ အလားတူပင် ဤဂေါတမဘုရားရှင်သည်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်ကိုသာ = ကျင့်စဉ်ကိုသာ ယှဉ်စေ၏ = လိုက်နာပြုကျင့်စေ၏။</p>
<p>ထိုကဲ့သို့ အကျိုးမရှိသည့် ကျင့်စဉ်ကို ရှောင်ကြဉ်စေခြင်း, အကျိုးရှိသည့် ကျင့်စဉ်ကိုသာ ယှဉ်စေခြင်း = လိုက်နာပြုကျင့်စေခြင်းဖြင့် ထိုဘုရားရှင်၏ တပည့်သာဝကတို့သည် <b>ဝိဇ္ဇာ</b>တရား <b>စရဏ</b>တရားတို့နှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် <b>သုပ္ပဋိပန္န</b>ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။</p>
<p><b>ဝိဇ္ဇာ</b>တရား <b>စရဏ</b>တရား ချို့တဲ့ကုန်သော တိတ္ထိတို့၏ တပည့်သာဝကဖြစ်ကြကုန်သော <b>အတ္တန္တပ</b>အစရှိကုန်သော တိတ္ထိငယ်တို့သည် မကောင်းသော အကျင့်ရှိကုန်သည့် <b>ဒုပ္ပဋိပန္န</b>ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန် သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝကတို့သည်ကား (<b>ဝိဇ္ဇာ</b>တရား <b>စရဏ</b>တရားနှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နေကြသည့် <b>သုပ္ပဋိပန္န</b>ပုဂ္ဂိုလ်တို့ ဖြစ်ကြ သောကြောင့်) ကျင့်စဉ်လွဲချော်နေသည့် အကျင့်မကောင်းသည့် <b>ဒုပ္ပဋိပန္န</b>ပုဂ္ဂိုလ်တို့ကား မဟုတ်ကြလေကုန်။ (ဝိသုဒ္ဓိ၊၁၊၁၉၇။)</p>
<p>ဘုရားရှင်၏ ယင်း<b>ဝိဇ္ဇာ</b>တရား <b>စရဏ</b>တရားနှင့် ပြည့်စုံခြင်းသည် သာသနာတော်၏ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း <b>နိယျာနိက</b>တရားကောင်း၏ အဖြစ်ကြောင့် တပည့်သာဝကတို့၏ <b>ဝိဇ္ဇာ</b>တရား <b>စရဏ</b>တရားနှင့် ပြည့်စုံအောင် ကောင်းမွန် မှန်ကန်စွာ ကျင့်ခြင်း <b>သမ္မာပဋိပတ်</b>၏ ဧကန် အကြောင်းတရားပင် ဖြစ်သည်ဟု ညွှန်ပြလို သည့်အတွက် အထက်ပါ စကားရပ်ကို အဋ္ဌကထာက ဖွင့်ဆို ထားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၂၃၃။)</p>
<p>အထက်ပါ အဋ္ဌကထာအဖွင့် ဋီကာအဖွင့်တို့၌ လာရှိသည့် အတိုင်း ဘုရားရှင်၏ တပည့်သာဝကတို့သည် <b>ဝိဇ္ဇာ</b>တရား, <b>စရဏ</b>တရားနှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် <b>သုပ္ပဋိပန္န</b>ဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် တပည့်သာဝကတို့ ဖြစ်ကြ၏။ သံဃာဂုဏ်တော် (၉)ပါးတို့တွင် <b>သုပ္ပဋိပန္န</b>ဂုဏ်တော်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။</p>
<h3>ဝိဇ္ဇာ (၃) ပါး, ဝိဇ္ဇာ (၈) ပါး</h3>
<p>ဝိဇ္ဇာ (၃)ပါးကား (= <b>ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်</b> ဤသုံးပါးကား) ဘယဘေရဝသုတ္တန် (မ၊၁၊၂၆။) ၌ လာရှိပေသည်။</p>
<p>ဝိဇ္ဇာ (၈)ပါးကား အမ္ဗဋ္ဌသုတ္တန် (ဒီ၊၁၊၉၄။)၌ လာရှိပေသည်။</p>
<p>(၁) <b>ဝိပဿနာဉာဏ်</b> = ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်တရား + နာမ်တရား, သမုဒယသစ္စာအမည်ရသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသော အကြောင်းတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာကို ထွင်းဖောက် သိမြင်သောဉာဏ်,</p>
<p>(၂) <b>မနောမယိဒ္ဓိဉာဏ်</b> = စိတ်ဖြင့်ပြီးသော ခန္ဓာကိုယ်ကို အရာအထောင်စသည်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်,</p>
<p>(၃) <b>ဣဒ္ဓိဝိဓဉာဏ်</b> = မြေလျှိုး မိုးပျံခြင်းစသည့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်,</p>
<p>(၄) <b>ဒိဗ္ဗသောတဉာဏ်</b> = နတ်နားကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံသော အသံကို အလိုရှိက ကြားသိနိုင်သောဉာဏ်,</p>
<p>(၅) <b>စေတောပရိယဉာဏ်</b> = သူတစ်ပါး၏ စိတ်ကို သိနိုင်သောဉာဏ်,</p>
<p>(၆) <b>ပုဗ္ဗေနိဝါသာနုဿတိဉာဏ်</b> = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျောက်၍ သိနိုင်သောဉာဏ်,</p>
<p>(၇) <b>ဒိဗ္ဗစက္ခုဉာဏ်</b> = နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ ရူပါရုံ အမျိုးမျိုးကို အလိုရှိက သိနိုင်သောဉာဏ်,</p>
<p>(၈) <b>အာသဝက္ခယဉာဏ်</b> = အရိယသစ္စာ (၄)ပါးကို အထွတ်အထိပ် သို့ရောက်အောင် ထွင်းဖောက်သိမြင်သော ကိလေသာအာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သည့် အရဟတ္တမဂ်ဉာဏ် ---</p>
<p>ဤ (၈)ပါးတို့ကား ဝိဇ္ဇာ (၈)ပါးတို့ ဖြစ်ကြ၏။ ဤ ဝိဇ္ဇာ (၈)ပါးတို့တွင် အမှတ် (၈) ဝိဇ္ဇာဉာဏ်ဖြစ်သည့် <b>အာသဝက္ခယဉာဏ်</b>သည် သို့မဟုတ် <b>အာသဝက္ခယဉာဏ်</b>နှင့်တကွသော အရိယမဂ်ဉာဏ်သည် အထက်တွင် တင်ပြထားခဲ့သည့် ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများထဲက အဓိဂမအင်္ဂါရပ်ပင် ဖြစ်ပေသည်။ အမှတ် (၁)ဝိဇ္ဇာဖြစ်သည့် <b>ဝိပဿနာဉာဏ်</b>သည်ကား ပုဗ္ဗယောဂအင်္ဂါရပ် ဖြစ်ပေသည်။ သာဝကပါရမီဉာဏ်အရာဝယ် ယင်း ပုဗ္ဗယောဂအမည်ရသည့် <b>ဝိပဿနာဉာဏ်</b>ဆိုသည့် ဝိဇ္ဇာတရားသည်လည်း လိုအပ်သည့် အဓိကာရကောင်းမှုကုသိုလ်ပင် ဖြစ်ပေသည်။</p>
<hr>
<h3>စရဏတရား (၁၅) ပါး</h3>
<p>စရဏတရား (၁၅)ပါးတို့ကား မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် သေခသုတ္တန် (မ၊၂၊၁၇-၁၉။)မှာ လာရှိပေသည်။</p>
<p>(၁) <b>သီလသံဝရ</b> = သီလကို စောင့်စည်းခြင်း,</p>
<p>(၂) <b>ဣန္ဒြိယေသု ဂုတ္တဒွါရတာ</b> = မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဟူသော ဒွါရ (၆)ပါးမှ ကိလေသာများ မဝင်အောင် သမထ ဝိပဿနာ ဘာဝနာအာရုံ၌ စိတ်ကို သွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း,</p>
<p>(၃) <b>ဘောဇနေမတ္တညုတာ</b> = အစာအာဟာရ၌ အတိုင်းအရှည် ပမာဏကို သိခြင်း, ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲခြင်း,</p>
<p>(၄) <b>ဇာဂရိယာနုယောဂ</b> = ညဉ့်သုံးယာမ် တစ်ယာမ်မျှလောက်သာ ကျိန်းစက်လျက် ရဟန်းတရားကို ပွားများအားထုတ်ခြင်း,</p>
<p>(၅-၁၁) <b>သတ္တ သဒ္ဓမ္မ</b> = သူတော်ကောင်းတရား (၇)ပါး,</p>
<p>(၁၂-၁၅) ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော ရူပါဝစရစျာန် (၄)ပါး ---</p>
<p>အားလုံးပေါင်းသော် စရဏတရား (၁၅)ပါး ဖြစ်သည်။ သူတော်ကောင်းတရား (၇)ပါးကို ထပ်မံပြီး ရှင်းပြပါမည် ---</p>
<hr>
<h3>သူတော်ကောင်းတရား (၇) ပါး</h3>
<p>(၁) <b>သဒ္ဓါ</b> = ရတနာသုံးတန် ကံ ကံ၏အကျိုးတရား စသည်တို့၌ ယုံကြည်ခြင်း,</p>
<p>(၂) <b>ဟိရီ</b> = ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ရှက်ခြင်း,</p>
<p>(၃) <b>ဩတ္တပ္ပ</b> = ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ကြောက်ခြင်း,</p>
<p>(၄) <b>ဗဟုဿုတ</b> = အကြား+အမြင် = ဗဟုဿုတများပြားခြင်း,</p>
<p>(၅) <b>အာရဒ္ဓဝီရိယ</b> = အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း (= သမထ + ဝိပဿနာတို့ကို ကြိုးစားအားထုတ်ခြင်း),</p>
<p>(၆) <b>သတိမာ</b> = သတိအားကောင်းခြင်း,</p>
<p>(၇) <b>ပညာ</b> = ဒုက္ခသစ္စာ, သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာကို ထိုးထွင်းသိမြင်သည့် ဝိပဿနာဉာဏ်နှင့် ပြည့်စုံခြင်း,</p>
<p>ဤ (၇)ပါးတို့ကား သေခသုတ္တန် (မ၊၂၊၁၈-၁၉။)မှာ လာရှိသည့် သူတော်ကောင်းတရား (၇)ပါးတို့ ဖြစ်ကြသည်။ ဤသူတော်ကောင်းတရား (၇)ပါးထဲမှ <b>ဗဟုဿုတ</b>အင်္ဂါရပ်ကို ထပ်မံပြီး ရှင်းပြပါမည်။</p>
<hr>
<h3>ဗဟုဿုတအင်္ဂါရပ်</h3>
<p><b>ဗဟုဿုတ</b> = အကြား+အမြင် များပြားခြင်းဆိုသည့် အချက်နှင့် ပတ်သက်၍ ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည်။</p>
<p><b>ဗဟုဿုတော ဟောတိ၊ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။</b> (မ၊၂၊၁၉။)</p>
<p><b>ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုပ္ပဋိဝိဒ္ဓါ။</b> (မ၊ဋ္ဌ၊၂၊၁၅၄၊၊)</p>
<p><b>ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။</b> (အံ၊ဋ္ဌ၊၂၊၃၆၄၊၊)</p>
<hr>
<h3>ဆိုလိုရင်းသဘော</h3>
<p>= အကြား+အမြင် <b>ဗဟုဿုတ</b> များပြား၏၊ အကြားအမြင် <b>ဗဟုဿုတ</b>ကို နှုတ်ငုံဆောင်ထား၏။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူသည့် အနက်သဒ္ဒါနှင့် ပြည့်စုံနေသည့် ဘုရားရှင်၏တရားတော်များ ရှိကြ၏။ ထိုတရားတို့သည် ပြည့်ပြည့်စုံစုံနှင့် ထက်ဝန်းကျင် အဘက်ဘက်မှ စင်ကြယ်နေသည့် မြတ်သော ကျင့်စဉ်တို့ကို ဖေါ်ပြနေကြ၏။ ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် ထိုကဲ့သို့သော တရားတို့ကို နှုတ်ငုံ ဆောင်ထား၏။ ဤသို့ နှုတ်ငုံဆောင်ထားနိုင်သည့် သဘောကိုကား <b>အာဂမသုတ</b>ဟု ခေါ်ဆိုပေသည်။ ဆရာသမားထံမှ နားဖြင့် နှုတ်ငုံ သင်ယူထားသည့် အကြား <b>ဗဟုဿုတ</b> ဖြစ်ပေသည်။ အထူးအားဖြင့် အထက်ပါ အင်္ဂုတ္တရအဋ္ဌကထာ အဖွင့်အရ အတ္ထအမည်ရသည့် ဒုက္ခသစ္စာတရား = ဥပါဒါနက္ခန္ဓာ (၅)ပါးနှင့် ကာရဏအမည်ရသည့် သမုဒယသစ္စာတရားတို့ကို စိတ်ဖြင့် အဖန်ဖန်အထပ်ထပ် ရှု၏၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိ၏။ ဤသို့ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မှုကိုကား <b>အဓိဂမသုတ</b> = ဉာဏ်အမြင် <b>ဗဟုဿုတ</b>ဟု ခေါ်ဆိုပေသည်။ ဘုရားရှင်၏ တပည့်သာဝက တစ်ဦးသည် ဤကဲ့သို့သော <b>ဗဟုဿုတ</b> တရားများနှင့် ပြည့်စုံ၏။</p>
<p>ဤစကားရပ်သည် အထူးသဖြင့် <b>နာမရူပပရိစ္ဆေဒဉာဏ်</b>ဖြင့် ရုပ်နာမ် ပရမတ်တရားတို့ကို ပိုင်းခြားသိခြင်း, <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ဖြင့် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိခြင်းကို ရည်ညွှန်းထား ပေသည်။ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိခြင်းကို သို့မဟုတ် ထွင်းဖောက်သိတတ်သည့် ဉာဏ်ကိုပင် <b>ဗဟုဿုတ</b>အင်္ဂါရပ်နှင့် ပြည့်စုံသည်ဟု ဆိုလိုသည်။မဇ္ဈိမပဏ္ဏာသအဋ္ဌကထာကလည်း ----</p>
<p><b>ဣတိ ဣမေ ရူပါရူပဓမ္မာ ဧဝံ ဥပ္ပဇ္ဇိတွာ ဧဝံ နိရုဒ္ဓါတိ သရတိ စေဝ အနုဿရတိ စ၊ သတိသမ္ဗောဇ္ဈင်္ဂံ သမုဋ္ဌာပေတီတိ အတ္ထော။</b> (မ၊ဋ္ဌ၊၃၊၂၁။)</p>
<p>ဤသို့လျှင် သတိ၏အာရုံကို ဖွင့်ဆိုထားပေသည်။ သတိဆိုသည့် သူတော်ကောင်းတရားကလည်း ရုပ်နာမ်တို့၏ ဤအကြောင်းကြောင့် ဤသို့ ဖြစ်၏၊ ဤအကြောင်းကြောင့် ဤသို့ ချုပ်၏ဟု အမှတ်ရကြောင်းကို ဖွင့်ဆိုထားပေသည်။</p>
<p>ဤသူတော်ကောင်းတရား (၇)ပါးထဲတွင် <b>ဝိပဿနာဉာဏ်</b>ပညာလည်း ပါဝင်နေပေသည်။ <b>ဗဟုဿုတ</b>အင်္ဂါရပ်ဖြင့် သိမ်းဆည်းထားသည့် အကြောင်းသမုဒယသစ္စာတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ဒုက္ခသစ္စာတရားဟု ခေါ်ဆိုအပ်သည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာတို့ကို ဤ<b>ဝိပဿနာဉာဏ်</b>က ထိုးထွင်း သိနေပေသည်။ ဤသို့ ထိုးထွင်းသိသည့် ပညာကို မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာက (မ၊ဋ္ဌ၊၃၊၂၂။) <b>ဝိပဿနာဉာဏ်</b>များသာမက အရိယမဂ်ဉာဏ်ပါ ပါဝင်ကြောင်းကို ဖွင့်ဆိုထားပေသည်။ ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများထဲတွင် <b>ဝိပဿနာဉာဏ်</b>များသည် ပုဗ္ဗယောဂအင်္ဂါရပ်ထဲမှာ ပါဝင်ပြီး အရိယမဂ်ဉာဏ်က အဓိဂမအင်္ဂါရပ် ထဲမှာ ပါဝင်နေပေသည်။ ဤနေရာမှာကား ပါရမီအကြောင်းကို ဆွေးနွေးနေသည့်အတွက် <b>ဝိပဿနာဉာဏ်</b>ကို စရဏတရားဖြစ်ကြောင်းကို ပြောလိုရင်း ဖြစ်ပေသည်။</p>
<p>ဤရှင်းလင်းချက်များနှင့်အညီ <b>ဝိပဿနာဉာဏ်</b>သည် စရဏတရား (၁၅)ပါးထဲမှာလည်း ပါဝင်၏၊ ဝိဇ္ဇာတရား (၈)ပါးထဲမှာလည်း ပါဝင်၏ဟု မှတ်သားထားပါလေ။ ဝိဇ္ဇာ - စရဏ နှစ်ဘက်ရတရား ဖြစ်ပေသည်။</p>
<hr>
<h3>ဝိဇ္ဇာနှင့် စရဏ</h3>
<p>နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်လိုက်သည့် စရဏတရားတို့ကား လက်ခြေနှင့် တူကြ၏။ လက်ခြေရှိသည့်သူသည် လိုရာအရပ်ကို သွားနိုင်သကဲ့သို့ အလိုရှိရာပစ္စည်းဝတ္ထုကို ကောက်ယူ ကိုင်ယူနိုင်သကဲ့သို့ အလားတူပင် နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်ထားအပ်သည့် စရဏတရားတို့က နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ဟောကြားပြသ ဆိုဆုံးမပေး မည့် ဘုရားအစရှိသော သူတော်ကောင်းတို့နှင့် တွေ့အောင် မိကောင်း ဖကောင်း, မိတ်ကောင်း ဆွေကောင်း, ဆရာကောင်း သမားကောင်း တို့နှင့် တွေ့အောင် ပို့ဆောင်ပေးမည် ဖြစ်သည်။</p>
<p>ဤကဲ့သို့ ဘုရားအစရှိသော သူတော်ကောင်းတို့နှင့် တွေ့ဆုံသည့်အခါ, ဘုရားအစရှိသော သူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတို့ကို နာကြားခွင့် ရရှိသည့်အခါဝယ် ယင်းသစ္စာလေးပါးကို ထွင်းဖောက်သိမြင်နိုင်ဖို့ရန် မိမိ ထူထောင် ထားခဲ့သည့် ဝိဇ္ဇာမျိုးစေ့ဟုဆိုအပ်သည့် ပါရမီတရားတို့က မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးမည့် <b>အဘိနီဟာရ</b>တရားများ ဖြစ်ကြပေသည်။ ဝိဇ္ဇာမျိုးစေ့တို့က သစ္စာလေးပါးကို ထွင်းဖောက်သိမြင်အောင် ရွက်ဆောင်ပေးမှာ ဖြစ်ကြသည်ဟု ဆိုလိုသည်။</p>
<p>လယ်တီဆရာတော်ဘုရားက မိမိ၏ ပါရမီဒီပနီတွင် ဝိဇ္ဇာမျိုးစေ့သာ အောင်မြင်ပြီး စရဏမျိုးစေ့က မအောင်မြင်ခဲ့လျှင်လည်း ဓမ္မပဒ အဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁။)မှာ လာရှိသည့် မဟာဓနသူဌေးသား ဇနီးမောင်နှံတို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း, စရဏမျိုးစေ့သာ အောင်မြင်ပြီး ဝိဇ္ဇာမျိုးစေ့ချို့တဲ့ခဲ့လျှင် မအောင်မြင် ခဲ့လျှင်လည်း စူဠသစ္စကသုတ္တန် (မ၊၁၊၂၈၉-၂၉၉) မဟာသစ္စကသုတ္တန် (မ၊၁၊၂၉၉-၃၁၇) မှာ လာရှိသည့် သစ္စကပရိဗိုဇ်တို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း ဆုံးဖြတ်ထားပေသည်။</p>
<p>မဟာဓနသူဌေးသား ဇနီးမောင်နှံတို့သည် ပထမအရွယ်တွင် သတိသံဝေဂရကာ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုခဲ့ကြမည် ဆိုလျှင် အမျိုးသားက ရဟန္တာ, အမျိုးသမီးက အနာဂါမ် ဖြစ်နိုင်ကြ၏။ ဒုတိယအရွယ်တွင် ရှင်ရဟန်းပြုကြမည်ဆိုလျှင် အမျိုးသားက အနာဂါမ်, အမျိုးသမီးက သကဒါဂါမ် ဖြစ်နိုင်ကြ သေး၏။ အကယ်၍ တတိယအရွယ်တွင် ရှင်ရဟန်းပြုကြမည် ဆိုလျှင် လည်း အမျိုးသားက သကဒါဂါမ်, အမျိုးသမီးက သောတာပန်တော့ ဖြစ်နိုင်ကြသေး၏။ သူတို့တွင် တည်ရှိနေကြသည့် လုံလောက်သည့် ဝိဇ္ဇာမျိုးစေ့တို့ပင် ဖြစ်ကြ၏။ သို့သော် သူတို့တွင် စရဏမျိုးစေ့တွေက ချို့တဲ့နေခဲ့သည့်အတွက် အချိန်မီ ဘုရားရှင်နှင့် တွေ့ကြုံခွင့်ကို မရခဲ့ ကြပေ။ အရွယ်သုံးပါးကိုလွန်ကာ အလွန်ကြီး အိုမင်းမစွမ်းဖြစ်သည့် အချိန်အခါသို့ ရောက်ရှိကြပါမှ ဘုရားရှင်နှင့် တွေ့ဆုံခွင့်ကို ရခဲ့ကြ၏။ ထိုအချိန်အခါ၌ကား ဘုရားရှင်ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရား စကားတို့ကို ခံယူနိုင်သည့် စွမ်းအင်တို့ ကုန်ခန်းနေကြပြီ ဖြစ်သည့် အတွက် ဘုရားရှင်ကလည်း တရားတော်ကို ဟောကြားပေးတော် မမူခဲ့ပေ။ ဝိဇ္ဇာမျိုးစေ့တွေက လုံလောက်မှုရှိသော်လည်း စရဏမျိုးစေ့ တွေက မအောင်မြင်ခဲ့သည့်အတွက် ဘုရားရှင်၏ သာသနာတော်နှင့် လွဲချော်သွားခဲ့ကြရ၏။</p>
<p>သစ္စကပရိဗိုဇ်သည်ကား စရဏမျိုးစေ့တို့က အောင်မြင်ခဲ့သည့် အတွက် သစ္စာလေးပါးနှင့် စပ်သည့် တရားစကားတို့ကို ဟောကြား ပြသ ဆိုဆုံးမပေးတော်မူမည့် ဘုရားရှင်နှင့် အချိန်မီ လာရောက် တွေ့ဆုံခွင့်ကို ရရှိခဲ့ပေ၏။ သို့ပါသော်လည်း ဝိဇ္ဇာမျိုးစေ့တို့ကို အောင်အောင်မြင်မြင် မထူထောင်ခဲ့မိသည့်အတွက် ဝိဇ္ဇာမျိုးစေ့က ချို့တဲ့ နေသည့်အတွက် ဘုရားရှင်ထံမှ ခန္ဓာငါးပါးကို အနတ္တဖြစ်ကြောင်း ခိုင်ခိုင်မာမာ ဟောကြားပြသမှုကို နာကြားခွင့် ရရှိသော်လည်း သူက အတ္တဖြစ်ကြောင်းကို ပြန်လည်ငြင်းဆိုခဲ့၏။ ခံယူနိုင်သည့်စွမ်းအင် မရှိ ဖြစ်ခဲ့ရ၏။ သို့သော် ဘုရားရှင်ဘက်ကလည်း သစ္စက၏ သန္တာန်မှာ ဝိဇ္ဇာဝါသနာဓာတ်ငွေ့ ကပ်ပါ,ပါစေခြင်း အကျိုးငှာ, ဝိဇ္ဇာပါရမီ မျိုးစေ့တို့ ကိန်းဝပ်တည်ရှိပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တတော်မူလျက် အလွန်ရှည်လျားလှစွာသော စူဠသစ္စကသုတ္တန် (မ၊၁၊၂၈၉-၂၉၉။) မဟာသစ္စကသုတ္တန် (မ၊၁၊၂၉၉-၃၁၇။)ဟူသည့် သုတ္တန် ကြီးနှစ်ခုကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက်၏။ သို့သော် ကျွတ်တမ်း ဝင်မသွားခဲ့ပေ၊ သရဏဂုံပင် ဆောက်တည်မသွားခဲ့ပေ။ သို့သော် ...ယင်းတရားတော်တို့ကို နာကြားခွင့်ရရှိခဲ့သည့်အတွက် သစ္စက၏ စိတ်အစဉ်ဝယ် ခန္ဓာငါးပါးသည် အနတ္တဖြစ်သည်ဟူသော အချက်ကို သဘောကျ လက်ခံသွားခဲ့၏။ သို့သော် မိမိ၏ နောက်လိုက်ဖြစ်ကြသည့် လိစ္ဆဝီမင်းသားတို့၏ ရှေ့မှောက်ဝယ် နှုတ်နှင့် ထုတ်ဖေါ် ဝန်ခံဖို့ရန် ဝန်လေးနေသည့်အတွက် စိတ်ထဲက သဘောကျသော်လည်း နှုတ်ကမူ ထုတ်ဖေါ်ကာ ဝန်ခံမသွားခဲ့ပေ။ စိတ်ထဲက နေ၍ ခန္ဓာငါးပါးသည် အနတ္တဖြစ်ပါသည်ဟု သဘောကျသွားခြင်း သည်ပင် သစ္စကအတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ရန် လုံလောက်သည့် ဝိဇ္ဇာပါရမီမျိုးစေ့ ဖြစ်သွားခဲ့ပေသည်။ (မ၊ဋ္ဌ၊၂၊၁၁၄။ မ၊ ဋ္ဌ၊၂၊၁၉၄။)</p>
<p>ဤကဲ့သို့ အောင်အောင်မြင်မြင် ထူထောင်ခဲ့သည့် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ ဟူသည့် ပါရမီတရားအပေါင်းတို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ကျော် (၃၀၀) ပတ်ဝန်းကျင်လောက်သို့ ရောက်ရှိချိန်ဝယ် သီဟိုဠ်သာသနာ ခေတ်ဦးပိုင်းလောက်တွင် သီဟိုဠ်ကျွန်းဝယ် ပိဋကသုံးပုံကို နှုတ်ငုံဆောင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ပွားများ အားထုတ်နိုင်ခဲ့သည့်အတွက် <b>မဟာကာဠဗုဒ္ဓရက္ခိတ</b> ဟူသော အမည်ဖြင့် ပဋိသမ္ဘိဒါဉာဏ်တော် လေးပါးတို့ကိုပါ ရရှိတော်မူသည့် ရဟန္တာ အရှင်မြတ်ကြီးတစ်ပါး ဖြစ်သွားတော်မူခဲ့ပေသည်။ (မ၊ဋ္ဌ၊၂၊၁၉၂-၁၉၄။)</p>
<hr>
<h3>ဝိပဿနာသည် နှစ်ဘက်ရ</h3>
<p>ယခုတင်ပြခဲ့သည့် အချက်အလက်တို့ကို ကြည့်မည်ဆိုလျှင် <b>ဝိပဿနာဉာဏ်</b>တို့သည် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ နှစ်ဘက်လုံးမှာ ပါဝင်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊ ၆၀။)ဝယ် <b>သင်္ခါရုပေက္ခာဉာဏ်</b>ကဲ့သို့သော <b>ဝိပဿနာဉာဏ်</b>ကို ယောဂါဝစရ ပုဂ္ဂိုလ်က နှစ်သက်မြတ်နိုးခဲ့လျှင် ဤကဲ့သို့သော <b>သင်္ခါရုပေက္ခာဉာဏ်</b>သည်ပင် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေ နိုင်ကြောင်းကို ဟောကြားထားတော်မူခဲ့ပေသည်။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူပြန်သည်။---</p>
<p>ပုထုဇန်ပုဂ္ဂိုလ်၏ <b>သင်္ခါရုပေက္ခာဉာဏ်</b>နှင့်ယှဉ်သော စေတနာ ဟူသော ကံ၏ အားကောင်းသည်၏ အဖြစ်ကြောင့် ထိုကံသည်ပင်လျှင် ကာမသုဂတိ ပဋိသန္ဓေအကျိုးကို ပေးလတ်သော် <b>သင်္ခါရုပေက္ခာဉာဏ်</b>ကို နှစ်သက်ခြင်းဟု ဆိုအပ်သော လောဘကိလေသာ သည် အနာဂတ် ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းတရား ဖြစ်၏။ လောဘတည်းဟူသော ကိလေသာ အပေါင်းအဖေါ်၏ အားပေး ထောက်ပံ့မှုကို ရရှိသော <b>သင်္ခါရုပေက္ခာဉာဏ်</b>နှင့် ယှဉ်တွဲလျက် ရှိသော စေတနာကံသည် ကာမသုဂတိပဋိသန္ဓေ စသော အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏။ ထို့ကြောင့် <b>သင်္ခါရုပေက္ခာဉာဏ်</b>နှင့် ယှဉ်သော စေတနာ ကံသည် အကျိုးဝိပါက်ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။ <b>သင်္ခါရုပေက္ခာဉာဏ်</b>ကို နှစ်သက်တတ်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား ဖြစ်၏။ ပ ။</p>
<p>သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့၏ <b>သင်္ခါရုပေက္ခာဉာဏ်</b>နှင့်ယှဉ်သော စေတနာ ဟူသော <b>သင်္ခါရုပေက္ခာကံ</b>သည် အကျိုးပေးအပ်သော ကာမသုဂတိ ပဋိသန္ဓေ၏ <b>သင်္ခါရုပေက္ခာဉာဏ်</b>ကို နှစ်သက်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်း တရား ဖြစ်၏။ စျာန်ရဖြစ်ကြကုန်သော သောတာပန် သကဒါဂါမ် တို့နှင့် အနာဂါမ်ပုဂ္ဂိုလ်တို့၏ ဗြဟ္မာပြည်၌သာလျှင် ပဋိသန္ဓေယူခြင်း သဘောရှိသောကြောင့် <b>သင်္ခါရုပေက္ခာဉာဏ်</b>ကို နှစ်သက်သော လောဘကိလေသာသည် ယင်း ဗြဟ္မာပဋိသန္ဓေစသော အကျိုးဝိပါက်၏ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း တရားသည် မဖြစ်နိုင်ပေ။ <b>အနုလောမ ဂေါတြဘုဉာဏ်</b>တို့နှင့် ယှဉ်တွဲလျက်ရှိသော စေတနာဟူသော ကံတရားတို့က အကျိုးပေးအပ်သော ပဋိသန္ဓေ၏လည်း ဤ<b>သင်္ခါရုပေက္ခာဉာဏ်</b>ကို နှစ်သက်တတ်သော လောဘ ကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)</p>
<p>အကယ်၍ အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသည့် အတိုင်း <b>ဝိပဿနာဉာဏ်</b>က ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ယင်း<b>ဝိပဿနာဉာဏ်</b>သည် ဝိဇ္ဇာမျိုးစေ့လည်းဖြစ်၍ စရဏမျိုးစေ့လည်း ဖြစ်ပေသည်။ အကယ်၍ <b>ဝိပဿနာဉာဏ်</b>က ပဋိသန္ဓေအကျိုးကို မပေးခဲ့သော် ယင်း<b>ဝိပဿနာဉာဏ်</b>မှာ ဝိဇ္ဇာမျိုးစေ့သာ ဖြစ်ပြီး စရဏ မျိုးစေ့ကား မဖြစ်နိုင်ဟု မှတ်သားပါလေ။</p>
<p>ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားတို့ ချို့တဲ့နေသည့် တိတ္ထိတို့၏ တပည့်သာဝကတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြပေ။ ထိုကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းတို့သည် မိမိ လိုလားတောင့်တ နေသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေး နေသည့် <b>အဘိနီဟာရ</b>တရားများ ဖြစ်ကြပေသည်။ ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းတို့ကိုပင် <b>အဓိကာရ</b> ကောင်းမှုကုသိုလ်တရားများဟု ခေါ်ဆိုပေသည်။ ဤ<b>အဓိကာရ</b> ကောင်းမှုကုသိုလ်တရားတို့သည် သာဝကတို့ နိဗ္ဗာန်ကို ရရှိရေးအတွက် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် ဖြည့်ကျင့်သင့် ဖြည့်ကျင့်ထိုက်သည့် ပါရမီလုပ်ငန်းရပ်များပင် ဖြစ်ကြပေသည်။ ဤပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့်အပိုင်းဝယ် နိဗ္ဗာန်ကို လိုလားတောင့်တနေသည့် ဆန္ဒဓာတ်များ, နိဗ္ဗာန်ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကို တစ်နည်းဆိုရသော် <b>အဓိကာရ</b>ကောင်းမှု ကုသိုလ်တို့ကို ဖြည့်ဆည်းပူးလိုသည့် ဆန္ဒဓာတ်များနှင့် ပြုလုပ်ရမည် ဖြစ်သည်။ ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ်ကို ပြုလုပ်ချင်သည့် ဆန္ဒဓာတ်ဖြင့် ပြုလုပ်ရမည် ဖြစ်ပေသည်။ အထက်က ရှင်းပြခဲ့သည့်အတိုင်းပင် ---</p>
<p>(၁) <b>အဓိကာရ</b>ကောင်းမှုကုသိုလ်ရှိခြင်း</p>
<p>(၂) ပြင်းပြသော ဆန္ဒဓာတ်ရှိခြင်း ---</p>
<p>ဟူသည့် ဤအင်္ဂါရပ်နှစ်ခုသည် သာဝကများအတွက် မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနေသည့် <b>အဘိနီဟာရ</b>တရားများ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)</p>
<p>တစ်နည်းတစ်ဖုံအားဖြင့် ထပ်၍ ဆိုရပါမူ ဤကဲ့သို့သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ကို ပြုစုပျိုးထောင်နေခြင်းသည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဖြည့်ကျင့်နေခြင်း စုဆောင်းနေခြင်း, မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ ပြီးပြည့်စုံလာအောင် ပြုလုပ်နေခြင်းပင် ဖြစ်ပေ၏။ ဤကဲ့သို့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပြည့်စုံလာအောင် ဖြည့်ကျင့်ဆည်းပူးသည့် အပိုင်းဝယ် ရှေးရှေးဘုရားရှင်တို့၏ သာသနာ တွင်းမှာလည်း ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်၏။ သို့မဟုတ် ယခု ဘုရားရှင်တို့၏ သာသနာတွင်းဝယ် လွန်ခဲ့သော အတိတ်ဘဝတို့၌လည်း သစ္စကပရိဗိုဇ်တို့ကဲ့သို့ ဆည်းပူးရမည် ဖြစ်သည်။ ယခု ဘုရားရှင်တို့၏ သာသနာတွင်းမှာလည်း <b>အဓိဂမ</b>ခေါ်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့်တိုင်အောင် သီလ သမာဓိ ပညာသိက္ခာသုံးရပ် တို့ဖြင့် သိမ်းကျုံး ရေတွက်ထားသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဆည်းပူးရမည် ပြည့်စုံအောင် ဖြည့်ကျင့်ရမည် ဖြစ်သည်။ ဤကဲ့သို့ ပါရမီတို့ကို ဆည်းပူး ဖြည့်ကျင့်သည့်အပိုင်းဝယ် ----</p>
<p>၁။ <b>အဂ္ဂသာဝက</b>တို့က တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး</p>
<p>၂။ <b>မဟာသာဝက</b>တို့က ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့်ကြရမည် ဖြစ်သည်။</p>
<p>၃။ <b>ပကတိသာဝက</b>တို့နှင့် ပတ်သက်၍မူကား ဘဝ မည်ရွေ့မည်မျှဟု အတိအကျ သတ်မှတ်ချက် မရှိပေ။</p>
<p>လယ်တီဆရာတော်ဘုရားကမူကား ---- သစ္စကပရိဗိုဇ် စသည့် သူတော်ကောင်းတို့၏ ထုံးကို ထောက်ဆကာ ဘဝအနည်းငယ် အတွင်းမှာသော်လည်း ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်လောက်အောင် ပြည့်စုံနိုင်သည်ဟု သူ၏ ပါရမီဒီပနီတွင် ဆုံးဖြတ်ထားတော်မူလေသည်။</p>
<p>၁။ အတိတ်ဘဝ ထိုထိုဝယ် <b>အဘိနီဟာရ</b> အမည်ရသည့် ပါရမီတရား အပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးခဲ့စဉ်က --- ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်း သိသည့် ဝိဇ္ဇာမျိုးစေ့ တို့သည်ကား ဤဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် အကောင်းဆုံးသော မျိုးစေ့များ ဖြစ်ကြပေသည်။</p>
<p>၂။ <b>နာမရူပပရိစ္ဆေဒဉာဏ်</b>နှင့် <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> နှစ်မျိုးလောက်ကိုပင် ရရှိခဲ့မည်ဆိုလျှင်ကား ဤဝိဇ္ဇာမျိုးစေ့သည် ဒုတိယတန်း ကောင်းသည့် ဝိဇ္ဇာမျိုးစေ့ပင် ဖြစ်ပေသည်။</p>
<p>၃။ <b>နာမရူပပရိစ္ဆေဒဉာဏ်</b>မျှလောက်ကိုသာ ရရှိခဲ့မည်ဆိုလျှင်ကား တတိယတန်းကောင်းသည့် ဝိဇ္ဇာမျိုးစေ့ပင် ဖြစ်ပေသည်။ ဤသို့ လည်း လယ်တီဆရာတော်ဘုရားက ပါရမီဒီပနီတွင် ဆုံးဖြတ် ထားတော်မူပေသည်။</p>
<p>ဤကဲ့သို့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဟု ခေါ်ဆိုအပ်သည့် ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ကို <b>အဓိဂမ</b>ခေါ်သည့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိသည့် တိုင်အောင် ပြုလုပ်နေခြင်း ဖြည့်ကျင့်ဆည်းပူးနေခြင်းသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ သို့မဟုတ် နိဗ္ဗာန်ကို ရောက်လို ရလိုသည့် သူတော်ကောင်းအပေါင်းတို့ ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ်ကို ပြုလုပ်နေခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ်သင့် သည်ကို ပြုလုပ်သည့် အပိုင်းဝယ် မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ်, မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကို ပြုလုပ်ချင်သည့် ဆန္ဒဓာတ်, ပြုလုပ်ချင်သည့် စိတ်ဓာတ်ဖြင့် ပြုလုပ်ရမည် ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ်သင့်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ် ချင်သည့် စိတ်ဓာတ်ဖြင့် ပြုလုပ်နေခြင်းသည် --- ဘုရားရှင် ထံတော်မှ ရသင့်ရထိုက်သည့် သာသနာ့အမွေကို ခံယူနိုင်အောင် ကြိုးစား အားထုတ်နေခြင်းပင် ဖြစ်ပေသည်။</p>
<hr>
<h3>သေခသုတ္တန်ကောက်နုတ်ချက်</h3>
<p>ဤအထက်ပါအရပ်ရပ်သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့နှင့် ပတ်သက်သော ရှင်းလင်းတင်ပြချက် အရပ်ရပ်တို့တွင် ဝိဇ္ဇာမျိုးစေ့ပိုင်း၌ ဝိဇ္ဇာ (၈)ပါးတို့တွင် <b>ဝိပဿနာဉာဏ်</b>ဟူသော ဝိဇ္ဇာမျိုးစေ့ကိုသာ ပဓာနထားကာ ရှင်းလင်းတင်ပြထားပေသည်။ ဤရှင်းလင်းချက်များအရ သာဝကတို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် အဓိက အလိုရှိအပ်သည့် ဝိဇ္ဇာမျိုးစေ့မှာ ဝိဇ္ဇာ (၈)ပါးတို့တွင် <b>ဝိပဿနာဉာဏ်</b>ဟူသော ဝိဇ္ဇာတရားသာလျှင် ပဓာန ဖြစ်ပေသည်။ အခြား အခြားသော ဝိဇ္ဇာတရားများကို ရရှိလျှင်လည်း ကောင်း၏၊ မရရှိ လျှင်လည်း သာဝကတို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရေး အတွက် အနှောင့်အယှက် အတားအဆီးကား မဖြစ်နိုင်ဟု မှတ်သား ပါ။ ဤအဆိုပြုချက်နှင့် ပတ်သက်သည့် ခိုင်လုံသည့် ကျမ်းဂန် အထောက်အထားတစ်ခုကား အောက်တွင် ဖေါ်ပြထားသော မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော်၌ လာရှိသော သေခသုတ္တန် ကောက် နုတ်ချက် (မ၊၂၊ ၁၉-၂၀။)ပင် ဖြစ်ပါသည်။</p>
<p><b>ယတော ခေါ မဟာနာမ အရိယသာဝကော ဧဝံ သီလသမ္ပန္နော ဟောတိ၊ ဧဝံ ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ၊ ဧဝံ ဘောဇနေ မတ္တညူ ဟောတိ၊ ဧဝံ ဇာဂရိယံ အနုယုတ္တော ဟောတိ၊ ဧဝံ စတုန္နံ စျာနာနံ အဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ။ အယံ ဝုစ္စတိ မဟာနာမ အရိယသာဝကော သေခေါ ပဋိပဒေါ။ အပုစ္စဏ္ဍတာယ သမာပန္နော ဘဗ္ဗော အဘိနိဗ္ဘိဒါယ၊ ဘဗ္ဗော သမ္ဗောဓာယ၊ ဘဗ္ဗော အနုတ္တရဿ ယောဂက္ခေမဿ အဓိဂမာယ။</b> (မ၊၂၊၁၉-၂၀။)</p>
<p>= ဒါယကာတော် မဟာနာမ် ...မြတ်စွာဘုရားရှင်၏ တပည့်သာဝကသည် ---</p>
<p>၁။ ဤသို့ သီလနှင့် ပြည့်စုံ၏။</p>
<p>၂။ ဤသို့ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏။</p>
<p>၃။ ဤသို့ ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။</p>
<p>၄။ ဤသို့ နိုးကြားမှု၌ အားထုတ်၏။</p>
<p>၅-၁၁။ ဤသို့ သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏။</p>
<p>၁၂-၁၅။ ဤသို့ အထူးစင်ကြယ်သော မွန်မြတ်သော စိတ်၌ အပါအဝင် ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းချမ်းသာသာနေမှု ဖြစ်ကုန်သော (ရူပါဝစရ) စျာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏။</p>
<p>ဒါယကာတော် မဟာနာမ် ... ဤကဲ့သို့သော စရဏတရား (၁၅)ပါးနှင့် ပြည့်စုံခြင်းတည်းဟူသော အကြောင်းကြောင့် ဤ မြတ်စွာ ဘုရားရှင်၏ တပည့်သာဝကကို <b>သေခအကျင့်မြတ်</b>နှင့် (အောက်ကျင့်ဆဲ အရိယာပုဂ္ဂိုလ်တို့၏ အကျင့်မြတ်နှင့်) ပြည့်စုံသော သူဟူ၍ ဆိုရ၏။ မပုပ်သော ဥကဲ့သို့ ကိလေသာတို့ဖြင့် ပုပ်ခြင်းမရှိသော <b>ဝိပဿနာဉာဏ်</b>နှင့် ပြည့်စုံသည်ဖြစ်၍ အဝိဇ္ဇာတည်းဟူသော ဥခွံမှ ဖောက်ခွဲထွက်လာခြင်းငှါ ထိုက်၏။ သစ္စာလေးပါး မြတ်တရားကို ထိုထွင်း၍ သိခြင်းငှါ ထိုက်၏။ ယောဂလေးပါးတို့၏ ကုန်ရာ အတုမဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကို ရခြင်းငှါ ထိုက်၏။ (မ၊၂၊၁၉-၂၀။)</p>
<hr>
<h3>မေးမြန်းဖွယ် အချက်နှစ်ရပ်</h3>
<p>၁။ ဤ အထက်ပါဒေသနာတော်ကား <b>အရှင်အာနန္ဒာမထေရ်မြတ်</b>က မဟာနာမ်သာကီဝင်မင်းသား အမှူးရှိသော သာကီဝင် မင်းညီမင်းသားတို့အား ဟောကြားတော်မူသည့် တရားဒေသနာတော်ဖြစ်၏။ ဤဒေသနာကို ဟောကြားတော်မူသော <b>အရှင်အာနန္ဒာမထေရ်မြတ်</b>ကား ထိုအချိန်အခါတွင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူပြီးသော <b>သေက္ခ</b> = ကျင့်ဆဲအရိယာ သူတော်ကောင်း ဖြစ်၏။ <b>သေက္ခ</b>ဘုံသို့ ဆိုက်အောင် မည်သို့မည်ပုံ ကျင့်ရမည်ဟူသည့် ကျင့်စဉ်အရပ်ရပ်ကို ကိုယ်တိုင်ကျင့်ပြီး၍ နားလည် ပြီးသည့် အရိယာသာဝကတစ်ဦးလည်း ဖြစ်တော်မူ၏။ သို့သော် ဘုရားဟောမဟုတ်ပါဟူ၍ကား လွယ်လွယ်နှင့် ဤတရားကို မပယ်ရှားသင့်ပေ။ ဘုရားရှင်ကိုယ်တော်တိုင်က ထိုသုတ္တန် ပြီးဆုံးသောအခါ <b>သာဓု</b>ခေါ်တော်မူကာ <b>ဗုဒ္ဓတံဆိပ်</b> ခပ်နှိပ်ထားပြီးသည့် ဒေသနာတော် တစ်ရပ် ဖြစ်ပေသည်။ ထိုသေခသုတ္တန်၏ အဆုံးတွင် ဤသို့ လာရှိ ပေသည်။</p>
<p><b>သာဓု သာဓု အာနန္ဒ၊ သာဓု ခေါ တွံ အာနန္ဒ ကာပိလဝတ္ထဝါနံ သကျာနံ သေခံ ပါဋိပဒံ အကာသိ။</b> (မ၊၂၊၂၂။)</p>
<p>အာနန္ဒာ ...<b>သာဓု သာဓု</b> = ကောင်းပေစွ ကောင်းပေစွ။ အာနန္ဒာ ... သင်သည် ကပိလဝတ်ပြည်သား သာကီဝင်မင်းသား မင်းသမီးတို့အား <b>သေက္ခပုဂ္ဂိုလ်</b>တို့၏ လိုက်နာပြုကျင့်ရမည့် ကျင့်စဉ်ကို ကောင်းစွာသာလျှင် ဟောကြားအပ်ပါပေ၏။ ---- (မ၊၂၊၂၂။)</p>
<p>၂။ တစ်ဖန် စရဏတရား (၁၅)ပါးနှင့် ပြည့်စုံရုံမျှဖြင့် အဘယ် အကြောင်းကြောင့် <b>ဝိပဿနာဉာဏ်</b>နှင့်လည်း ပြည့်စုံပါကြောင်းကို ဟောကြားတော်မူရပါသနည်းဟု ဤသို့လည်း မေးမြန်းကောင်း မေးမြန်းနိုင်ဖွယ်ရာ ရှိ၏။ အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း စရဏတရား (၁၅)ပါးတို့တွင် သူတော်ကောင်းတရား (၇)ပါးတို့လည်း ပါဝင်ရာ, ယင်း သူတော်ကောင်းတရား (၇)ပါးတို့တွင် ပညာ = <b>ဝိပဿနာပညာ</b>လည်း ပါဝင်ကြောင်းကို တစ်နည်း --- <b>ဝိပဿနာပညာ</b> မဂ်ပညာ နှစ်မျိုးလုံး ပါဝင်ကြောင်းကို သဘောပေါက်ပါလေ။ ထို ကြောင့် <b>ဝိပဿနာဉာဏ်</b>နှင့်တကွသော စရဏတရား (၁၅)ပါးတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ပါက <b>သေက္ခဘုံ</b>နှင့် <b>အသေက္ခဘုံ</b>ဟု ဆိုအပ် သည့် အရိယာသူတော်ကောင်း အဆင့်သို့ ရောက်ရှိနိုင်သည်ဟု မှတ်သားပါလေ။</p>
<hr>
<h3>ဒါနကျင့်စဉ်</h3>
<p>ဤသို့လျှင် <b>အဓိကာရ</b>ကောင်းမှုကုသိုလ်ဖြစ်သည့် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကို ပြုစုပျိုးထောင်သည့် အပိုင်းတွင် သာဝကတို့သည် အခါအခွင့်သင့်သလို ဒါနပါရမီတို့ကိုလည်း ပြုစုပျိုးထောင်ခဲ့ကြ၏။ ဤဒါနကျင့်စဉ် သည်လည်း သူတော်ကောင်းတို့ လိုက်နာပြုကျင့်အပ်သည့် စရဏ တရား (၁၅)ပါးထဲတွင် ပါဝင်သည့် သီလကျင့်စဉ် တစ်မျိုးပင် ဖြစ်ပေ သည်။ ပါရမီအကြောင်းကို ဤနေရာဝယ် ရပ်နားပြီးလျှင် ဓမ္မဒါယာဒသုတ္တန် အဋ္ဌကထာအဖွင့်ကို ဆက်လက်တင်ပြပေအံ့ ---</p>
<hr>
<h3>ဓမ္မဒါယာဒသုတ္တန် နောက်ပိုင်း</h3>
<h4>ဒါနပါရမီ၏ စွမ်းအင်</h4>
<p>သာဝကတို့သည် နိဗ္ဗာန်ရောက်ကြောင်း စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတို့ကို စုဆောင်းရှာဖွေသည့် ဘဝတို့တွင် အခါအခွင့် သင့်သလို ပြုစုပျိုးထောင်ခဲ့ဖူးသည့် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ ခြံရံထားသည့် ဒါနပါရမီတို့၏ စွမ်းအားကြောင့် ဘုရားရှင်၏ တပည့် သာဝကတို့တွင် လာဘ်လာဘတို့သည် အလွန် ပေါများခဲ့ပေသည်။</p>
<p>ဘုရားရှင်အား ဖြစ်ပေါ်ခဲ့သည့် လာဘ်ပူဇော်သက္ကာရနှင့် ရဟန်း သံဃာအား ဖြစ်ပေါ်ခဲ့သည့် လာဘ်ပူဇော်သက္ကာရနှစ်မျိုးတို့ တစ်ပေါင်းတည်း ဖြစ်ပေါ်လာသည့်အခါ မြစ်ကြီးနှစ်ခုတို့ ပေါင်းစုကာ စီးဆင်းလာသည့် ရေအလား လာဘ်ပူဇော်သက္ကာရတို့သည် မရေမတွက်နိုင်အောင် များပြားခဲ့ပေ၏။ တဖြည်းဖြည်းနှင့် ရဟန်းတော် တို့သည် ပစ္စည်းလေးပါးကို အလေးဂရု ပြုလာကြ၏။ ပစ္စည်းလေးပါး ပေါများလာအောင် ကြိုးစားအားထုတ်လာကြပြန်၏။ မွန်းလွဲပိုင်း ညနေပိုင်း ကာလတို့၌ ပျား, တင်လဲ စသည့် လှူဖွယ်ဝတ္ထုတို့ကို ဆောင် ယူလာကြသည့်အခါ ခေါင်းလောင်းစည်ကို ရိုက်တီးပြီး တပည့်တော်တို့၏ ဆရာသမားအတွက် ပေးကြပါ၊ တပည့်တော်တို့၏ ဥပဇ္ဈာယ်အတွက် ပေးကြပါ။ ဟူသည့် ကျယ်လောင်ပြင်းပြသည့် အသံ တို့ကို ပြောဆိုပြုမူနေကြ၏။ ဤအပြုအမူတို့သည် ဘုရားရှင်၏ မျက်မှောက်တော်မှာလည်း ထင်ရှားနေပေ၏။ ထိုအခါတွင် ဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သာသနာတော်နဲ့ မလျော် မလျောက်ပတ်သည့် လုပ်ငန်းရပ်ပဲဟု ဓမ္မသံဝေဂ ဖြစ်တော်မူ၏။ ထိုအခါမှာ ဘုရားရှင်က အောက်ပါအတိုင်း စဉ်းစားတော်မူပေသည် ---</p>
<hr>
<h3>ဘုရားရှင် စဉ်းစားတော်မူပုံ</h3>
<p>ပစ္စည်းအာမိသတို့သည် ရဟန်းတော်တို့အဖို့ မအပ်စပ်ကုန် ဟု ဤသို့ကား သိက္ခာပုဒ်ကို ပညတ်တော်မူဖို့ရန်သည် မသင့်တော်ပေ။ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အဖို့ ရဟန်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ဖို့သည် ပစ္စည်းလေးပါးနှင့် ဆက်စပ်နေကြ၏။ ပစ္စည်းလေးပါးကို အမှီပြုရမှသာ ရဟန်းတရားကို ပွားများအားထုတ်နိုင်မည် ဖြစ်၏။ ငါဘုရားသည် ယခုအခါ၌ <b>ဓမ္မဒါယာဒပဋိပဒါ</b> = လောကုတ္တရာတရားတည်းဟူသော ဓမ္မအမွေခံ ကျင့်စဉ်ကို ဟောကြားပေးတော်မူမည်။ ယင်းကျင့်စဉ်သည် သီလ, သမာဓိ, ပညာဟု ခေါ်ဆိုအပ်သည့် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အဖို့ --- မြို့တံခါးဝတွင် တပ်ဆင်ထားသည့် ကိုယ်လုံးပေါ်မှန်ကဲ့သို့ -- သိက္ခာပုဒ်တော်ကို ပညတ်ထားတော်မူ သကဲ့သို့ ဖြစ်ပေလိမ့်မည်။ မြို့တံခါးဝမှာ တပ်ဆင်ထားသည့် ကိုယ်လုံးပေါ်မှန်ထဲတွင် အမျိုးလေးပါးတို့သည် မိမိ၏အရိပ်ကို = ရုပ်ပုံလွှာကို မြင်တွေ့သည့်အခါ မိမိကိုယ်ပေါ်မှာ တည်ရှိနေသည့် အပြစ်ကို ဖယ်ရှားကာ အပြစ်အနာအဆာ မရှိအောင် ပြုလုပ်ကြသကဲ့သို့ အလားတူပင် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လိုကြသည့် အမျိုးကောင်းသား အမျိုးကောင်း သမီးတို့သည် သီလ, သမာဓိ, ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဟူသည့် လုံ့လ ပယောဂ အဆင်းတန်ဆာဖြင့် မိမိကိုယ်ကို တင့်တယ်သွားအောင် တန်ဆာဆင်လိုကြကုန်သည်ဖြစ်၍ ဤကိုယ်လုံးပေါ်မှန် ဥပမာရှိသော တရားဒေသနာတော်ကို ဆင်ခြင်၍ ပစ္စည်းလေးပါး အာမိသလျှင် အမွေခံရှိသော ကျင့်ဝတ်ပဋိပတ်ကို ရှောင်ကြဉ်ကာ လောကုတ္တရာ တရား (၉)ပါးတည်းဟူသော ဓမ္မအမွေခံ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ကြကုန်သည်ရှိသော် လျင်မြန်စွာသာလျှင် ဘဝသစ်ဝယ် ပဋိသန္ဓေ တည်နေရခြင်း = <b>ဇာတိဒုက္ခ</b>, အိုရခြင်း = <b>ဇရာဒုက္ခ</b>, သေကျေ ပျက်စီးရခြင်း = <b>မရဏဒုက္ခ</b>၏ အဆုံးအပိုင်း အခြားကို ပြုလုပ်နိုင်စွမ်း ရှိကြပေလိမ့်မည်ဟု ဤသို့လျှင် ဘုရားရှင်၏ သန္တာန်တော်ဝယ် စိတ်အကြံ ဖြစ်တော်မူခဲ့ပေသည်။</p>
<p>ယခု ရှင်းလင်းတင်ပြခဲ့သော အကြောင်းအတ္ထုပ္ပတ္တိကြောင့် ဤ <b>ဓမ္မဒါယာဒသုတ္တန်</b>ကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ယင်းသုတ္တန်ကို ဖတ်ရှုကြည့်ကြစို့ ---</p>
<hr>
<h3>ဓမ္မဒါယာဒသုတ္တန် (မ၊၁၊၁၅-၁၉။)</h3>
<p>အခါတစ်ပါးဝယ် ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား သည် အနာထပိဏ်သူဌေး၏ အာရာမ်ဖြစ်သော သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ ဘုရားရှင်သည် ရဟန်းတော်တို့ကို ရဟန်းတို့ ... ဟု ခေါ်တော် မူလိုက်၏။ ထိုရဟန်းတို့ကလည်း အရှင်ဘုရား ... ဟု ပြန်လည် ကာ လျှောက်ထားကြကုန်၏။ ထိုအခါ ဘုရားရှင်က ဤ <b>ဓမ္မဒါယာဒသုတ္တန်</b>ကို ဟောကြားတော်မူလေသည်။</p>
<p>ချစ်သားရဟန်းတို့ ...သင်ချစ်သားတို့သည် ငါဘုရားရှင်၏ <b>ဓမ္မအမွေခံ</b>တို့သာ ဖြစ်ကြပါကုန်လော့၊ <b>အာမိသအမွေခံ</b>တို့ မဖြစ်ကြ ပါကုန်လင့်။ (မ၊၁၊၁၅။)</p>
<h3>အဋ္ဌကထာ၏ ရှင်းလင်းချက်များ</h3>
<p>ဤ၌ ဓမ္မသည် နိပ္ပရိယာယဓမ္မ, ပရိယာယဓမ္မဟု နှစ်မျိုး ရှိပေသည်။ အာမိသသည်လည်း နိပ္ပရိယာယအာမိသ, ပရိယာယအာမိသဟု နှစ်မျိုးပင် ရှိပေသည်။ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်ဟု ဆိုအပ်သော (၉)ပါးသော လောကုတ္တရာတရားသည် <b>နိပ္ပရိယာယဓမ္မ</b> = ပရိယာယ်မဖက် မုချဖြစ်စေထိုက်သည့် ဓမ္မ မည်၏။ မည်သည့် အကြောင်းပရိယာယ် အရိပ်အမြွက်နှင့်မျှ ဓမ္မ မမည်သည်ကား မဟုတ်ပေ။ အလားတူပင် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်ကိုသာ ရည်မှန်းကာ ပြုစုပျိုးထောင်ထားသည့် ဒါန သီလ သမထ-ဝိပဿနာ အစဖြာသည့် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဝိဝဋ္ဋကုသိုလ်တရားသည်လည်း အစဉ်တစိုက် လိုက်နာ ပြုကျင့်မည်ဆိုလျှင် နိပ္ပရိယာယဓမ္မဖြစ်သည့် မသေရာ အမြိုက် နိဗ္ဗာန်ကို ရရှိမည်ဖြစ်သည့် အတွက်ကြောင့် ဤအကြောင်းပရိယာယ် တစ်မျိုးအားဖြင့် <b>ပရိယာယဓမ္မ</b> မည်ပေသည်။ ယင်းနိပ္ပရိယာယဓမ္မ, ပရိယာယဓမ္မဟူသည့် နှစ်မျိုးသော ဓမ္မတို့ကို အမွေဆက်ခံသည့် ရဟန်းတော်များဖြစ်အောင် ကျင့်ဖို့ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူပေသည်။ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးဟူသည့် ပစ္စည်း လေးပါးတို့သည် <b>နိပ္ပရိယာယအာမိသ</b> = ပရိယာယ်မဖက် မုချ သက်သက် အာမိသများ ဖြစ်ကြ၏။ မည်သည့် အကြောင်း ပရိယာယ်နှင့်မျှ အရိပ်အမြွက်နှင့်မျှ အာမိသ မမည်သည်ကား မရှိစကောင်းပေ။ အလားတူပင် သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်နေသည့် ဒါန, သီလ, သမထဘာဝနာ အစဖြာသည့် သံသရာဝဋ်ကို မှီနေသည့် ဝဋ္ဋနိဿိတကုသိုလ်တရားတို့သည်လည်း အစဉ် တစိုက် အားထုတ်ခဲ့မည်ဆိုလျှင် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ ချမ်းသာများကို ဖြစ်စေနိုင်သည့် အကြောင်းပရိယာယ်အားဖြင့် <b>ပရိယာယအာမိသ</b> မည်၏။ ယင်း နိပ္ပရိယာယအာမိသနှင့် ပရိယာယအာမိသ နှစ်မျိုးလုံးကို ဘုရားရှင်ထံမှ အမွေမခံဖို့ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၉၂။)</p>
<p>ယင်း ဓမ္မနှစ်မျိုးတို့တွင် <b>နိပ္ပရိယာယဓမ္မ</b>သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ပေသည်။ မှန်ပါပေသည်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဘုရားရှင်က ညွှန်ကြားပြသ ဆိုဆုံးမ ပေးတော်မူသည့် အတွက်ကြောင့်သာ သာဝကတို့သည် မဂ်ဖိုလ် နိဗ္ဗာန်သို့ သွားရမည့် လမ်းဟူသည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတို့ကို သိရှိခွင့်ရကြ၏။ သိရှိကြသည့်အတိုင်း တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် အတွက်ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရရှိကြခြင်းလည်း ဖြစ်ကြ၏။</p>
<p>ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးကိုလည်း အရှင်အာနန္ဒာမထေရ်မြတ်က ဤစကားကို မိန့်ကြားထားတော်မူခဲ့ဖူး၏။ ဒကာတော် မောဂ္ဂလ္လာနပုဏ္ဏား...မှန်ပါပေသည်။ ----- ထိုမြတ်စွာဘုရားသည် ကဿပမြတ်စွာဘုရားရှင်၏ သာသနာတော်ကွယ်ပသည့် အချိန်ကာလက စပြီးလျှင် ဂေါတမဘုရားရှင်၏ သာသနာတော်သို့ တိုင်အောင် ထိုးထွင်းသိသည့် သာဝကမရှိသေးသည့် အတွက်ကြောင့် မဖြစ်သေး သည့် အရိယမဂ်တရား (= နိဗ္ဗာန်သို့ သွားရာလမ်း)ကိုလည်း ဖြစ်စေတော်မူတတ်ပါပေ၏။ မဖြစ်ပေါ်ဖူးသေးသည့် အရိယမဂ်တရား (= နိဗ္ဗာန်သို့ သွားရာလမ်း)ကိုလည်း ဟောကြားတော်မူတတ်ပါပေ၏။ မဟောကြားအပ်သေးသည့် အရိယမဂ်တရား (= နိဗ္ဗာန်သွားရာလမ်း)ကိုလည်း ဟောကြားတော်မူတတ်ပါပေ၏။ (နိဗ္ဗာန်သို့ သွားရာလမ်း =) အရိယမဂ်တရားကို သိတော်မူလေ့ ရှိပါ၏၊ အရိယမဂ် တရားကို သိတော်မူတတ်ပါ၏၊ အရိယမဂ်တရား၌ ကျွမ်းကျင် လိမ္မာတော်မူပါ၏။ ယခုအခါမှာ ရှိနေကြသည့် တပည့်သာဝက တို့သည် ဘုရားရှင် ဟောကြားထားတော်မူသည့် (နိဗ္ဗာန်သို့ သွားရာလမ်း =) အရိယမဂ်တရားသို့ အစဉ်လိုက်ကာ ကျင့်ကြကုန်သည့် အတွက် နောက်ပိုင်းကာလဝယ် အရိယမဂ်တရားနှင့် ပြည့်စုံကုန်ကာ သာသနာတော်တွင် နေထိုင်နိုင်ကြပါကုန်၏။ (မ၊၃၊၅၉။)</p>
<p>အလားတူပင် အရှင်မဟာကစ္စာန မထေရ်မြတ်ကလည်း သီတင်းသုံးဖေါ် ရဟန်းတို့ကို မဓုပိဏ္ဍိကသုတ္တန် (မ၊၁၊၁၅၇။)တွင် ဤစကားကို မိန့်ကြားတော်မူခဲ့၏။ -----</p>
<p>မှန်ပါပေသည် ----- ငါ့ရှင်တို့ ...ထိုဘုရားရှင်သည် သိထိုက် သည်ကို သိတော်မူပါ၏၊ မြင်ထိုက်သည်ကို မြင်တော်မူပါ၏၊ စက္ခုငါးတန် ဉာဏ်အမြင်သို့ ရောက်တော်မူပါ၏။ ဉာဏ်သို့ ဆိုက်ရောက် တော်မူပါ၏။ ဗောဓိပက္ခိယဓမ္မသို့ ဆိုက်ရောက်တော်မူပါ၏။ အရိယမဂ်သို့ ဆိုက်ရောက်တော်မူပါ၏။ သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူပါ၏။ သစ္စာလေးပါး မြတ်တရားကို သာဝကတို့၏ အသိဉာဏ်မှာ ဖြစ်ပေါ်လာအောင် ဟောကြားပေးတော်မူတတ် ပါ၏။ သစ္စာလေးပါး မြတ်တရား၏ အနက်အဓိပ္ပါယ်ကို ထုတ်ဆောင် ပေးတော်မူတတ်ပါ၏။ (မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းကို ညွှန်ကြားပြသကာ) မသေရာ အမြိုက်နိဗ္ဗာန်ကို ပေးသနားတော်မူတတ်ပါ၏။ တရား၏ ပိုင်ရှင် ဖြစ်တော်မူပါ၏။ ရှေးဘုရားတို့နှင့်တူစွာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဟောကြားပေးတော်မူပါ၏။ (မ၊၁၊၁၅၇။)</p>
<p>အထက်ပါ ဒေသနာတော်များနှင့်အညီ <b>နိပ္ပရိယာယဓမ္မ</b>သည် ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်တော်မူပါပေသည်။ အလားတူပင် <b>ပရိယာယဓမ္မ</b>သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်တော် မူပါ၏။ မှန်ပေသည်။ မြတ်စွာဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတွက်ကြောင့်သာ သာဝကတို့သည် ဤကဲ့သို့ သိရှိခွင့်ကို ရရှိကြ၏။ သံသရာဝဋ်မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို တောင့်တလျက် ဒါနကို ပေးလှူခဲ့လျှင်, သီလကို ဆောက်တည်ခဲ့လျှင်, ဥပုသ်ကို ကျင့်သုံးခဲ့လျှင်, နံ့သာပန်းစသည့် ဝတ္ထုပူဇာကို ပူဇော်ခဲ့လျှင်, တရားတော်ကို နာယူခဲ့လျှင်, တရားတော်ကို ဟောကြားခဲ့လျှင်, စျာန် သမာပတ်တို့ကို ဖြစ်စေခဲ့လျှင်, အစဉ်အတိုင်း ဝိပဿနာဘာဝနာကို ကျင့်ခဲ့လျှင် မသေရာအမြိုက်နိဗ္ဗာန်ကို ရရှိနိုင်၏ဟု ဤကဲ့သို့ သိခွင့်ရကြခြင်း ဖြစ်ပေ၏။ ထိုကြောင့် <b>ပရိယာယဓမ္မ</b>သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ပေသည်။</p>
<p>အလားတူပင် <b>နိပ္ပရိယာယအာမိသ</b>ခေါ်သည့် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးပစ္စည်းတို့သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာများ သာ ဖြစ်ကြ၏။ မှန်ပါပေသည်။ ဘုရားရှင်က ခွင့်ပြုတော်မူသော ကြောင့်သာ ရဟန်းတော်တို့သည် ဇီဝကဝတ္ထု (ဝိ၊၃၊၃၉၂။)ကို အစ ပြုကာ မွန်မြတ်သော သင်္ကန်းကို ရရှိခြင်း ဖြစ်၏။ ဝိနည်း မဟာဝါပါဠိတော် (ဝိ၊၃၊၃၉၂။)မှာ ဘုရားရှင်က ဤကဲ့သို့ မိန့်ကြားထားတော် မူခဲ့၏။ --- ရဟန်းတို့ ... လူဒါယကာတို့ လှူဒါန်းသည့် သင်္ကန်းကို ငါဘုရား ခွင့်ပြုတော်မူ၏။ အလိုရှိသည့် ရဟန်းသည် ပံသုကူ (ပံ့သကူ) သင်္ကန်းကို ဆောင်စေ၊ အလိုရှိသည့် ရဟန်းသည် လူ ဒါယကာတို့ လှူသည့် သင်္ကန်းကို သာယာစေ၊ ရဟန်းတို့ ...ငါဘုရားရှင်သည် ကား ရရသမျှသော သင်္ကန်းဖြင့် ကျေနပ်ရောင့်ရဲခြင်းကိုသာလျှင် ချီးမွမ်းတော်မူပါ၏။ (ဝိ၊၃၊၃၉၂။)</p>
<p>ဆွမ်း ----- ရဟန်းတော်တို့သည် ဘုရားရှင် ခွင့်ပြုတော်မမူခင် ရှေးယခင်ပိုင်းက မွန်မြတ်သော ဆွမ်းကို မရရှိခဲ့ကြပေ။ သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် အိမ်အစဉ်အတိုင်း လှည့်လည်ကာ ဆွမ်းခံ ခြင်းဖြင့် ရရှိသည့် ဆွမ်းသာ ရဟန်းတို့ဝယ် ဖြစ်ပေါ်ခဲ့ကြ၏။ ရာဇဂြိုဟ်မှာ သီတင်းသုံး နေထိုင်တော်မူစဉ် ဘုရားရှင်က ရဟန်းတို့ကို ရဟန်းတို့ ...သံဃာကို လှူဒါန်းသည့် ဆွမ်း, သံဃာက ညွှန်ကြားပေးလိုက်သည့် သံဃာကို လှူဒါန်းသည့် ဆွမ်း, ပင့်ဖိတ်လှူဒါန်းသည့် ဆွမ်း, စာရေးတံ ဆွမ်း, ဥပုသ်အထွက် တစ်ရက်နေ့၌ လှူဒါန်းသည့် ဆွမ်း ---- ဤဆွမ်း အမျိုးမျိုးကို ငါဘုရား ခွင့်ပြုတော်မူ၏။ (ဝိ၊၃၊၃၉၂။) ဤကဲ့သို့ ဘုရားရှင်က ခွင့်ပြုတော်မူသည့် အတွက်ကြောင့်သာလျှင် မွန်မြတ်သော စားဖွယ်ဘောဇဉ်ကို ရရှိကြခြင်း ဖြစ်၏။</p>
<p>ကျောင်း ---- အလားတူပင် ကျောင်းကိုလည်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့၏။ မှန်ပေသည် ---- ရှေးယခင် ကျောင်းကို ဘုရားရှင်က ခွင့်ပြုတော်မမူခင်က ရဟန်းတို့သည် မပြုပြင်ရသေးသည့် တောင်ရှိုင် ဝှမ်းများ တောင်ခေါင်းများ သစ်ပင်ရင်းတည်းဟူသော ကျောင်းများကို အမှီပြုကာ နေထိုင်ကြရ၏။ သို့သော် တစ်ချိန်ဝယ် ဘုရားရှင်က --- ရဟန်းတို့ ...ကိန်းအောင်းဖို့ရာ လိုဏ်ငါးမျိုးတို့ကို ငါဘုရား ခွင့်ပြုတော်မူ၏။ (ဝိ၊၄၊၂၉၀။) စသည်ဖြင့် ဘုရားရှင်က ခွင့်ပြုတော်မူ လိုက်သည့် အတွက်ကြောင့် နှစ်ဘက်မိုးကျောင်း, တစ်ဘက်မိုး ကျောင်း, ပြသာဒ်, ပြသာဒ်မပါသည့် အမိုးကတုံးရှိသည့်ကျောင်း, လိုဏ်ဂူဟူသည့် ကျောင်းတို့ကို ရဟန်းတို့ ရရှိကြ၏။</p>
<p>ဆေး --- အလားတူပင် ဆေးပစ္စည်းကို ရှေးယခင် ဘုရားရှင် ခွင့်ပြုတော်မမူခင်က ရဟန်းတော်တို့သည် နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်သည့် ဇီးဖြူသီး ဖန်ခါးသီး စသည့် ဆေးတို့ကို ပြုစီရင် ကြရ၏။ သို့သော် နောက်ပိုင်း ကာလဝယ် ဘုရားရှင်ကပင် --- ရဟန်းတို့ ...ထောပတ်, ဆီဦး (= ဆီဥ), ပျားရည်, တင်လဲဟူသည့် ဤဆေးငါးမျိုးကို ငါဘုရား ခွင့်ပြုတော်မူ၏။ (ဝိ၊၃၊၂၉၀။) ဤသို့ စသည်ဖြင့် ဘုရားရှင်က ခွင့်ပြုတော်မူသည့် အတွက်ကြောင့်သာလျှင် ဆေးအမျိုးမျိုးတို့ကို ရဟန်းတော်တို့ သုံးစွဲခွင့် ရရှိကြခြင်း ဖြစ်၏။ ထိုကြောင့် <b>နိပ္ပရိယာယအာမိသ</b>ခေါ်သည့် ပစ္စည်းလေးပါးလုံးသည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ပေသည်။</p>
<p><b>ပရိယာယအာမိသ</b> ---- ခေါ်သည့် သံသရာဝဋ်ကို လည်ပတ်စေ တတ်သည့် ဝဋ္ဋနိဿိတကုသိုလ်တရားတို့သည်လည်း ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာတို့သာ ဖြစ်ကြ၏။ မှန်ပေသည်။ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတွက်ကြောင့် လူချမ်းသာ နတ် ချမ်းသာ ဗြဟ္မာ့ချမ်းသာခေါ်သည့် ပြည့်စုံသည့် သမ္ပတ္တိဘဝကို လိုလား တောင့်တသည့် ပုဂ္ဂိုလ်သည် ဒါနကို ပြုကျင့်၏၊ သီလကို ဆောက်တည် ကျင့်သုံး၏၊ ဥပုသ် ကျင့်သုံး၏၊ စျာန်သမာပတ်တို့ကို ဖြစ်စေ၏၊ ဤသို့ အစဉ်တစိုက် ကျင့်မည်ဆိုပါက လူချမ်းသာ စည်းစိမ်, နတ်ချမ်း သာ စည်းစိမ်, ဗြဟ္မာ့ချမ်းသာ စည်းစိမ်ကို ရနိုင်၏ စသည်ဖြင့် လူနတ် တို့သည် သိရှိခွင့်ကို ရကြပေ၏။</p>
<p>ယခုတင်ပြခဲ့သော အကြောင်းပြချက်တို့ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ဟု ခေါ်ဆိုအပ်သည့် <b>နိပ္ပရိယာယဓမ္မ</b>ပင် ဖြစ်ချင် ဖြစ်ပါစေ၊ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည့် ဝဋ္ဋနိဿိတ ကုသိုလ်တည်းဟူသော <b>ပရိယာယဓမ္မ</b>ပင် ဖြစ်ချင် ဖြစ်ပါစေ၊ ပစ္စည်း လေးပါးတည်းဟူသော <b>နိပ္ပရိယာယအာမိသ</b>ပင် ဖြစ်ချင် ဖြစ်ပါစေ၊ သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် ဝဋ္ဋနိဿိတကုသိုလ်တည်း ဟူသော <b>ပရိယာယအာမိသ</b>ပင် ဖြစ်ချင် ဖြစ်ပါစေ၊ အားလုံးသည် ကား ဘုရားရှင်၏ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်၏။ ထိုကြောင့် ယခုပြောခဲ့သည့် နှစ်မျိုးသော ဓမ္မနှင့် နှစ်မျိုးသော အာမိသတို့၌ မိမိပိုင်ဆိုင်မှု ရှိသည့်သဘောကို ထင်ရှားပြတော်မူလိုသည့်အတွက် ဘုရားရှင်က ရဟန်းတို့ ...သင်တို့သည် <b>ဓမ္မအမွေခံ</b>တို့သာ ဖြစ်ကြပါကုန်လော့၊ <b>အာမိသအမွေခံ</b>တို့ မဖြစ်ကြပါကုန်လင့်ဟု မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၉၂-၉၄။)</p>
<p>ဆိုလိုရင်းသဘော --- ယင်း နှစ်မျိုးသော ဓမ္မသည်လည်း ငါ ဘုရားရှင်၏ ဓမ္မသာ ဖြစ်သည်။ ယင်း ဓမ္မ၏ အမွေခံတို့သာ ဖြစ်ကြ ပါစေ၊ ငါဘုရားရှင် ပိုင်ဆိုင်သည့် အာမိသ၏ အမွေခံ ရဟန်းတော်များ မဖြစ်ကြပါစေနှင့်။ ဓမ္မအဖို့အစု၏ ပိုင်ရှင်များသာ ဖြစ်ကြပါစေ၊ အာမိသအဖို့အစု၏ ပိုင်ရှင်များ မဖြစ်ကြပါစေနှင့်။ ရဟန်းတော် တစ်ပါးသည် ငါးမာရ်အောင်မြင် ဘုရားရှင်၏ သာသနာတော်တွင်းသို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် ပစ္စည်းလေးပါး ရရှိဖို့ရန် အတွက်သာ ကြောင့်ကြစိုက်ကာ ကြိုးစားအားထုတ်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေကာ သာသနာတော်ဝယ် နေထိုင်၏။ ပစ္စည်းလေးပါးတို့ အပေါ်၌ တွယ်တာမက်မောမှု တဏှာတရား ထင်ရှားဖြစ်ပေါ်လာမှုကို သာ ထင်ထင်ရှားရှား ဖေါ်ပြလျက် လောကုတ္တရာတရား (၉)ပါးအားလျော်ညီသည့် ကျင့်ဝတ်ပဋိပတ်၌ တာဝန်မဲ့ နေထိုင်၏။ ကမ္မဋ္ဌာန်း ဝန်ထုပ်ဝန်ပိုးကို ဘေးမှာ ဖယ်ထားလိုက်၏။ ဤသို့ နေထိုင်သည့် ပုဂ္ဂိုလ်မျိုးသည် ဘုရားရှင်ထံတော်မှ ပစ္စည်းလေးပါး အာမိသကိုသာ အမွေဆက်ခံပြီး သာသနာတော်မှာ နေထိုင်သည့် ပုဂ္ဂိုလ်မည်၏။ <b>အာမိသဒါယာဒ</b>ပုဂ္ဂိုလ်ဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေ မဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဟု ဘုရားရှင်က တိုက်တွန်းထားတော်မူပေသည်။</p>
<p>ရဟန်းတော်တစ်ပါးသည်ကား ဘုရားရှင် ခွင့်ပြုထားတော်မူသည့် ပစ္စည်းလေးပါးတို့ အပေါ်၌ အလိုနည်းပါးခြင်း = <b>အပိစ္ဆတာဂုဏ်</b>တို့ကို အမှီပြု၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ ပစ္စည်း လေးပါးတို့ကို သုံးဆောင် မှီဝဲ၏။ သီလ, သမာဓိ, ပညာဟုဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို တကယ် လက်တွေ့ ကျင့်ခြင်း ဟူသည့် ပဋိပတ္တိလျှင် လွန်မြတ်သော အဆုံးအပိုင်းအခြား ရှိပြီးလျှင် နေထိုင်၏။ <b>အရိယဝံသတရား</b> လေးပါးတို့၌ ထင်လင်းသော စိတ်ဓာတ်ဖြင့် နေထိုင်၏။ [ရရသမျှသော (၁) သင်္ကန်း, (၂) ဆွမ်း, (၃) ကျောင်းဖြင့် ရောင့်ရဲခြင်း, (၄) သမထ-ဝိပဿနာဘာဝနာ၌ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်ခြင်း - ဤလေးပါးကား <b>အရိယဝံသတရား</b> လေးပါးတည်း။ (အံ၊၁၊၃၃၆-၃၃၇။)] ဤကဲ့သို့ နေထိုင်သည့် ပုဂ္ဂိုလ်မျိုးသည်ကား <b>ဓမ္မဒါယာဒ</b> = ဘုရားရှင်ထံတော်မှ ဓမ္မကို အမွေခံယူသည့် ပုဂ္ဂိုလ် ဖြစ်၏။ ထိုကဲ့သို့သော ဓမ္မအမွေကို ခံယူသည့် သူတော်ကောင်းများ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါဟု ဆိုလိုပေ သည်။ (မ၊ဋ္ဌ၊၁၊၉၃-၉၄။)</p>
<p>အသို့ပါနည်း? ဘုရားရှင်သည် တပည့်သာဝကတို့အား လာဘ် လာဘရရှိမှုကို မလိုလားသောကြောင့် ဤကဲ့သို့ မိန့်ကြားတော် မူလေသလောဟု အချို့ရဟန်းတော်တို့၏ စိတ်သန္တာန်ဝယ် စိတ် အကြံ ဖြစ်ကောင်း ဖြစ်နိုင်၏၊ နောင်အနာဂတ် ရဟန်းတို့၏ စိတ် သန္တာန်မှာလည်း ဖြစ်လတ္တံ့ကောင်း ဖြစ်လတ္တံ့ ဖြစ်နိုင်၏။ ထိုကြောင့် ယင်း ရဟန်းတို့မှာ အလွန် မွန်မြတ်သည့် လာဘ်လာဘ ပေါများမှုကို အလိုရှိတော်မူသော ငါဘုရားရှင်သည် ဤကဲ့သို့သော စကားတော်ကို မိန့်ကြားတော်မူခြင်း ဖြစ်သည်ဟု သိစေတော်မူလိုသည့်အတွက် တရားဒေသနာတော်ကို ဆက်လက်ကာ ဟောကြားတော်မူပြန်လေ သည်။ (မ၊ဋ္ဌ၊၁၊၉၄။) ...သုတ္တန်ကို ဆက်ဖတ်ပါလေ ----</p>
---
<h3>အစဉ်သနားစောင့်ရှောက်လိုသည့် စိတ်ဓာတ်</h3>
<p>ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ်အကြောင်းဖြင့် ဓမ္မကိုသာ အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာအံ့နည်း၊ အာမိသကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာအံ့နည်း ဟု ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ်သနား စောင့်ရှောက်လိုသည့် စိတ်ဓာတ်သည် ထင်ရှား တည်ရှိ နေပါ၏။ (မ၊၁၊၁၅။)</p>
<p>[အဋ္ဌကထာ၏ ရှင်းလင်းချက်များကို ဆက်လက် တင်ပြအပ်ပါသည်။ ---- အထက်ပါ စကားရပ်၏ ဆိုလိုရင်းအနက်သဘောမှာ ဤသို့ ဖြစ်၏။ ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ်သနားစောင့်ရှောက်လိုသည့် စိတ်ဓာတ်, သင်ချစ်သားတို့၏ အကျိုးစီးပွားကို လိုလားတောင့်တသည့် စိတ်ဓာတ် အပြည့်အဝ ရှိနေ ပါ၏၊ မည်ကဲ့သို့သော အကြောင်းဥပါယ်တံမျဉ်ဖြင့် တပည့်သာဝက တို့သည် ဓမ္မကိုသာ အမွေခံယူကြသည့် ဓမ္မအဖို့အစုတွေကို ပိုင်ဆိုင် သည့် ပုဂ္ဂိုလ်များ ဖြစ်ကုန်ကြပါအံ့နည်း? အာမိသကို အမွေခံယူသည့် ပုဂ္ဂိုလ်မျိုးတို့ မဖြစ်ကုန်ကြပါအံ့နည်း? လွန်လေပြီးသော အချိန်ကာလ ကဿပဘုရားရှင်၏ သာသနာတော်တွင်းက အာမိသကို အလေးဂရု ပြုခဲ့ကြသည့် အာမိသ၌ ချွတ်ချော်မှု ဖောက်ဖောက်ပြန်ပြန် ကျင့်မှု ရှိခဲ့ကြသည့် ကပိလရဟန်းတို့ကဲ့သို့သော ရဟန်းများကိုလည်းကောင်း, သင်္ကန်းတို့ အလျှံပြောင်ပြောင် မီးဟုန်းဟုန်း တောက်လောင် နေကြသည့် ယုတ်မာကြသည့် ရဟန်းယောက်ျားပြိတ္တာ ရဟန်းမိန်းမ ပြိတ္တာ သိက္ခာမာန်ပြိတ္တာ စသည့် ပြိတ္တာများကိုလည်းကောင်း, အရာမက များပြားကြသည့် အပါယ်ဘုံကို ပြည့်စေသည့် သူများကိုလည်းကောင်း, မိမိ၏ သာသနာတွင်းမှာလည်း အရှင်ဒေဝဒတ် စသည့် ရှင်ရဟန်း ပြုကြသည့် အကျင့်ဖောက်ပြန်သူတို့ကိုလည်းကောင်း ဘုရားရှင်သည် မြင်တော်မူ၏။ တစ်ဘက်တွင်လည်း အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အစရှိကြသည့် ဓမ္မကိုသာ အလေး ဂရုပြုတော်မူကြသည့် အဘိညာဏ်ဂုဏ် ပဋိသမ္ဘိဒါဂုဏ် စသည့် ဂုဏ်ကျေးဇူးတို့ကို ရရှိတော်မူကြသည့် သာဝကတို့ကိုလည်း မြင်တော်မူ၏။ ဤသို့ မြင်တော်မူသည့်အတွက် ထို သာဝကတို့အပေါ်ဝယ် အပါယ်ဘေးမှ လွတ်မြောက်မှုကိုလည်းကောင်း, ရဟန်းတို့၏ ဂုဏ်ကျေးဇူး အားလုံးတို့နှင့် ပြည့်စုံမှုကိုလည်းကောင်း အလိုရှိတော်မူသော ဘုရားရှင်သည် --- ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ် အကြောင်းဖြင့် ဓမ္မကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာ အံ့နည်း၊ အာမိသကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာ အံ့နည်းဟု မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။</p>
<p>တစ်ဖန် --- ပစ္စည်းလေးပါးကိုသာ အလေးဂရုပြုသည့် ပုဂ္ဂိုလ် သည် ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, လူဥပါသကာယောက်ျား ပရိသတ်, လူဥပါသိကာမ ပရိသတ်ဟူသည့် ပရိသတ်လေးမျိုးတို့၏ အလယ်၌ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် အားဖြင့် ထယ်ဝါမှု မရှိသည့်အတွက် အသပြာအတုကဲ့သို့ ဖြစ်ကာ မီးတောက်မီးလျှံ ငြိမ်းပြီးသော ပြာပူဖုံးအုပ်ထားသည့် မီးကျီးခဲကဲ့သို့ ဖြစ်ကာ ထွန်းတောက်ပသည့် တန်ခိုးမရှိ အရောင်အဝါမရှိ ဖြစ်တတ် ပေသည်။ ထိုကြောင့် ပစ္စည်းလေးပါး ရမှုမှ တွန့်ဆုတ်သည့် စိတ်ထားရှိသည့်, ဓမ္မကိုသာ အလေးဂရုပြုသည့် သူတော်ကောင်းသည်ကား ပရိသတ်လေးပါးတို့၏ အလယ်သို့ ရောက်ရှိသည့်အခါ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်အားဖြင့် ထွန်းလင်းတောက်ပသည့် တန်ခိုးဂုဏ် ရှိသည်ဖြစ်၍ မကြောက်မရွံ့ ရဲဝံ့သည့် ခြင်္သေ့ကဲ့သို့ ဖြစ်ကာ ပရိသတ်လေးပါးကို လွှမ်းမိုးပြီးလျှင် မိမိ ကျင့်သင့်ကျင့်ထိုက် သည့် ဓမ္မကိုသာ ကျင့်လေ့ရှိပေသည်။ ဤကဲ့သို့သော အကြောင်းတရားတို့ကြောင့် ဘုရားရှင်ထံတော်မှ ဓမ္မကိုသာ အမွေခံယူသူ ဖြစ်အောင်, အာမိသကို အမွေဆက်ခံသူ မဖြစ်အောင် ကျင့်ကြဖို့ရန် ဘုရားရှင်က အဆုံးအမ ဩဝါဒ ပေးသနားတော်မူခြင်း ဖြစ်ပေသည်။ ဓမ္မအမွေခံတို့သာ ဖြစ်အောင်ကျင့်ဖို့ အာမိသအမွေခံတို့ မဖြစ်အောင် ကျင့်ဖို့ တိုက်တွန်းတော်မူသည့် ဤစကားကို သာဝကတွေ အပေါ်ဝယ် အစဉ်သနား စောင့်ရှောက်လိုသည့် စိတ်ဓာတ်ဖြင့် မွန်မြတ်သည်ထက် မွန်မြတ်သော လာဘ်လာဘကို ရစေလိုသည့် စိတ်ဓာတ်ဖြင့်သာ မိန့်ဆိုတော်မူခြင်း ဖြစ်၏။ လာဘ်လာဘတို့ကို မရစေလိုသည့် စိတ်ဓာတ်ဖြင့် မိန့်ဆိုတော်မူခြင်းကား မဟုတ်ပါဟု ကြားသိစေပြီးသည့် နောက်ဝယ် ဤကဲ့သို့သော အဆုံးအမဩဝါဒကို မပြုလုပ်ခြင်း = မပေးခြင်း၌ ရရှိနိုင်သည့် အပြစ်တင်မှုကို ထင်ရှား ပြတော်မူလိုသည့် အတွက် အောက်ပါဒေသနာတော်ကို ဆက်လက်ကာ ဟောကြား တော်မူပါသည်။ (မ၊ဋ္ဌ၊၁၊၉၅။)]</p>
---
<h3>အကဲ့ရဲ့ခံ လူတန်းစားများ</h3>
<p>ချစ်သားရဟန်းတို့ ... သင်တို့သည်ကား ငါဘုရားရှင်၏ အာမိသကိုသာ အမွေခံယူသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကုန်ငြားအံ့၊ ဓမ္မကို အမွေခံယူသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကုန်ငြားအံ့။ ယင်းကဲ့သို့သော အကြောင်းကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် အာမိသ ကိုသာ အမွေ ခံယူကုန်လျက် သာသနာတော်မှာ နေထိုင်ကြကုန်၏၊ ဓမ္မကို အမွေ ခံယူကာ မနေထိုင်ကြပါကုန်ဟု ဤကဲ့သို့လျှင် သင်ချစ်သားတို့သည် အကဲ့ရဲ့ခံ လူတန်းစားတို့ ဖြစ်ကုန်ရာ၏။ ယင်းကဲ့သို့ သော အကြောင်းကြောင့်ပင် ဘုရားရှင်၏ တပည့်သာဝကတို့သည် အာမိသကိုသာ အမွေခံယူကုန်လျက် သာသနာတော်မှာ နေထိုင်ကြ ကုန်၏၊ ဓမ္မကို အမွေခံယူကာ မနေထိုင်ကြပါကုန်ဟု ဤသို့လျှင် ငါဘုရားရှင်သည်လည်း အကဲ့ရဲ့ခံအပ်သည် ဖြစ်ပေရာ၏။ (မ၊၁၊၁၅။)</p>
<p>[ဤစကားရပ်ကို ဘုရားရှင်က ထိုရဟန်းတော်တို့၏ စိတ်အစဉ်ဝယ် လွန်လွန်ကဲကဲ နူးညံ့ပျော့ပျောင်းမှုကို ပြုလုပ်လိုသည့် အတွက် မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤနေရာ၌ ဆိုလိုရင်း အဓိပ္ပါယ်သည်ကား ချစ်သား ရဟန်းတို့ ...သင်တို့တတွေသည် အကယ်၍ အာမိသ အပေါ်ဝယ် လျှပ်ပေါ်လော်လီသည့် အကျင့် တို့ကို ကျင့်ကြမည်ဆိုလျှင် ဤသို့ ကျင့်သည့်နေရာဝယ် --- ခပ်သိမ်း ဥဿုံ အလုံးစုံသော တရားတို့ကို သိရှိတော်မူသည့် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပါလျက် မိမိ၏ တပည့်သာဝကတို့ကို ဓမ္မကိုသာ အမွေ ခံယူကြသည့်သူများ ဖြစ်အောင် အာမိသကို အမွေခံယူကြသည့် သူများ မဖြစ်အောင် အဘယ်အကြောင်းကြောင့် မပြုလုပ်နိုင်ရပါသနည်းဟု ဤသို့လျှင် ပညာရှိသူတော်ကောင်းတို့က ငါဘုရားရှင်ကို ကဲ့ရဲ့ကြလိမ့်မည်။ ရဟန်းတို့၏ အသွင်အပြင်နှင့် မတူကြသည့် ရဟန်းတို့ကို မြင်တွေ့သည့်အခါ အဘယ်သူ၏ <b>သဒ္ဓိဝိဟာရိက</b> = အတူနေ တပည့်တွေလဲ? ဘယ်သူ၏ <b>အန္တေဝါသိက</b> = အတွင်းနေ တပည့်တွေလဲ?ဟုပြောဆိုကာ ကဲ့ရဲ့ကြသကဲ့သို့ မိမိတို့ အမျိုးအနွယ် မှာ ရှိကြသည့် သီလ မရှိကြသည့် ယုတ်မာသည့် ကိုယ်ကျင့်တရား ရှိနေကြသည့် သတို့သားငယ် သတို့သမီးငယ်တွေကို တွေ့မြင်ကြသည့်အခါ ဘယ်သူ့ သားတွေလဲ? ဘယ်သူ့ သမီးတွေလဲ?ဟု ပြောဆိုကာ မိဘတို့ကို ကဲ့ရဲ့ကြသကဲ့သို့, အလားတူပင် ခပ်သိမ်း ဥဿုံ အလုံးစုံသော တရားတို့ကို သိရှိတော်မူသည့် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပါလျက် မိမိ၏ တပည့်သာဝကတို့ကို ဓမ္မကိုသာ အမွေ ခံယူကြသည့်သူများ ဖြစ်အောင်, အာမိသကို အမွေခံယူကြသည့် သူများ မဖြစ်အောင် အဘယ်အကြောင်းကြောင့် မပြုလုပ်နိုင်ရပါသနည်းဟု ဤသို့လျှင် ပညာရှိသူတော်ကောင်းတို့က ငါဘုရားရှင်ကို ကဲ့ရဲ့ကြလိမ့်မည်ဟု ဆိုလိုပေသည်။ ဤသို့လျှင် ဤကဲ့သို့သော အဆုံးအမဩဝါဒကို မပေးခြင်း၌ ရရှိနိုင်သည့် အပြစ်ကို ထင်ရှား ဖေါ်ပြပြီးသည့်အခါ အဆုံးအမဩဝါဒကို ပေးခြင်း၌ အကျိုးအာနိသင်ကို ထင်ရှားပြတော်မူလိုသည့်အတွက် ဘုရားရှင်က ဒေသနာတော်ကို အောက်ပါအတိုင်း ဆက်လက်ကာ ဟောကြားတော်မူပြန် ပေသည်။ (မ၊ဋ္ဌ၊၁၊၉၅-၉၆။)]</p>
---
<h3>အချီးမွမ်းခံ လူတန်းစားများ</h3>
<p>ချစ်သားရဟန်းတို့ ... သင် ချစ်သားတို့သည် ငါဘုရားရှင်၏ ဓမ္မကိုသာ အမွေခံယူကြသည့်သူတို့ ဖြစ်ကုန်ငြားအံ့၊ အာမိသကို အမွေ ခံယူကြသည့်သူတို့ မဖြစ်ကုန်ငြားအံ့၊ ယင်းကဲ့သို့သော အကြောင်းတရားကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဓမ္မကိုသာ အမွေခံယူကြကုန်လျက် သာသနာတော်မှာ နေထိုင်ကြကုန်၏၊ အာမိသကို အမွေခံယူကာ မနေထိုင်ကြပါကုန်ဟု ဤသို့လျှင် သင်ချစ်သားတို့သည် အချီးမွမ်းခံရသူတို့သာ ဖြစ်ကြကုန်လျက် အကဲ့ရဲ့ ခံရသူတို့ မဖြစ်ကြကုန်ရာ။ ယင်းကဲ့သို့သော အကြောင်း တရားကြောင့်ပင် --- ဘုရားရှင်၏ တပည့်သာဝကတို့သည် ဓမ္မကိုသာ အမွေခံယူကြကုန်လျက် သာသနာတော်မှာ နေထိုင်ကြကုန်၏၊ အာမိသကို အမွေခံယူကာ မနေထိုင်ကြပါကုန်ဟု ဤသို့လျှင် ငါဘုရားရှင်သည်လည်း အချီးမွမ်း ခံတော်မူရသည်ဖြစ်၍ အကဲ့ရဲ့ခံအပ်သည် မဖြစ်လေရာ။ ထိုကြောင့် ချစ်သားရဟန်းတို့ ... သင် ချစ်သားတို့သည် ငါဘုရားရှင်၏ <b>ဓမ္မအမွေခံ</b>တို့သာ ဖြစ်ကြပါကုန် လော့၊ <b>အာမိသအမွေခံ</b>တို့ မဖြစ်ကြပါကုန်လင့်။ ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ်အကြောင်းဖြင့် ဓမ္မကို အမွေခံယူ ကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာအံ့နည်း၊ အာမိသကို အမွေခံ ယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာအံ့နည်းဟု ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ်သနား စောင့်ရှောက်တော်မူလိုသည့် စိတ်ဓာတ်သည် ထင်ရှားတည်ရှိနေပါ၏။</p>
<p>(မ၊၁၊၁၅-၁၆။)</p>
<p>[သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ဖြည့်ကျင့်သင့် ဖြည့်ကျင့် ထိုက်သည့် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို ဦးထိပ်ရွက် ပန်ဆင်ကာ ရိုရိုသေသေ လေးလေးမြတ်မြတ် လိုလိုလားလား ဖြည့်ကျင့်နေကြသည့်, ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် ပါဠိတော်နှင့် ယင်း ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆို ကြောင်းဖြစ်သည့် အဋ္ဌကထာတည်းဟူသော စာပေကျမ်းဂန် အရပ်ရပ်ကို တကယ်လက်တွေ့ ကျင့်မည်ဆိုသည့် ဦးတည်ချက် အပြည့်အဝဖြင့် သင်အံ လေ့ကျက်နေကြသည့် ဝါတစ်ရာ ရပြီးသည့် မထေရ်ကြီးတို့ကဲ့သို့ ရဟန်းတို့၏ အသွင်အပြင် အပြုအမူတို့နှင့် ပြည့်စုံနေကြသည့် ရဟန်းငယ်တို့ကို ဖူးတွေ့လိုက်ရသည့်အခါ --- အဘယ်မည်သော ဆရာသမား၏ အတူနေ တပည့်တွေလဲ? အဘယ်မည်သော ဆရာသမား၏ အတွင်းနေ တပည့်တွေလဲ? စသည့် မေးခွန်းတို့ကို မေးမြန်းကြည့်လိုက်သည့်အခါ အဘယ် မည်သော ဆရာတော်၏ တပည့်တွေပဲလို့ သိရှိခွင့်ကို ရရှိသည့်အခါ ကြည်နူးဝမ်းမြောက်စွာ မထေရ်မြတ်ကြီးအား ဤတပည့်တို့သည် လျော်လျောက်ပတ် ကောင်းမြတ်လှပါပေ၏၊ တပည်တို့ကို တစ်ကြိမ် တစ်ခါ ဆိုဆုံးမဖို့ရန် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆိုဆုံးမဖို့ရန် စွမ်းနိုင်သည့် ဆရာတစ်ဆူ ဖြစ်တော်မူပါပေစွဟု ပြောကြားကာ အကဲ့ရဲ့ မခံကြရသည့် ဆရာဥပဇ္ဈာယ်တွေ ဖြစ်ကြရသကဲ့သို့ ---</p>
<p>အလားတူပင် --- သင် ချစ်သားတို့တတွေ၏ ငါဘုရားရှင် ထံတော်မှ ယင်းကဲ့သို့ ဓမ္မကိုသာ အမွေခံယူကြသည့်သူတွေ အာမိသကို အမွေမခံယူကြသည့်သူတွေ ဖြစ်ကြသည့်အတွက် <b>နာလကကျင့်ဝတ်</b> (သုတ္တနိပါတ၊၃၈၅-၃၉၀။ သုတ္တနိပါတ၊ဋ္ဌ၊၂၊၂၀၂-၂၀၃။) <b>တုဝဋ္ဋက ကျင့်ဝတ်</b> (မဟာနိဒ္ဒေသ၊၂၆၃။မဟာနိဒ္ဒေသ၊ဋ္ဌ၊၃၂၆။) <b>စန္ဒူပမကျင့်ဝတ်</b> = လနှင့်ပမာ တူစွာကျင့်သော ကျင့်ဝတ် (သံ၁၊၄၀၁။ သံ၊ဋ္ဌ၊၂၊၁၅၄။) <b>ရထဝိနီတကျင့်ဝတ်</b> = ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ် (မ၊၁၊၁၉၉-၂၀၅။) <b>မဟာဂေါသိင်္ဂသာလ ကျင့်ဝတ်</b> = အင်ကြင်းတောကြီးကို စံထားကာ ကျင့်ဖို့ရန် ဟောကြားထားသောကျင့်ဝတ် (မ၊၁၊၂၇၃-၂၈၁။) <b>မဟာသုညတကျင့်ဝတ်</b> (မ၊၃၊၁၅၁-၁၅၉။) စသည့် အလွန် အဆင့်အတန်း မြင့်မားလှသည့် ကျင့်ဝတ် ပဋိပတ်တို့ကို တကယ် လက်တွေ့ ကျင့်နေ ကြသည့် တပည့်သာဝကများ ဖြစ်ကြသည့်အတွက်, ပစ္စည်းလေးပါး တို့၌ ရောင့်ရဲလွယ်ခြင်း သမထ ဝိပဿနာ နှစ်ဖြာသော ဘာဝနာ လုပ်ငန်းရပ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းတည်းဟူသော အရိယဝံသတရားတို့၌ တကယ် လက်တွေ့ ကျင့်နေကြသည့် သူတော် ကောင်းတွေပါဟု သက်သေပြထိုက်ကြသည့် တပည့်သာဝကတွေ ဖြစ်ကြကာ ပစ္စည်းလေးပါး အပေါ်၌ တွယ်တာမက်မောမှုမှ ဆုတ်နစ် သော စိတ်ထားရှိကြကုန်လျက် တိမ်တိုက်မှ လွတ်ထွက်လာသော လမင်းကြီးကဲ့သို့ တင့်တယ်စွာ သာသနာတော်မှာ နေထိုင်ကြပါပေ တယ်ဟု ငါဘုရားရှင်သည်လည်း အကဲ့ရဲ့ မခံရသည့်သူ ဖြစ်တော် မူပေလိမ့်မယ်။ ဘယ်သူ့ တပည့်သာဝကတွေပါလိမ့်လို့ မေးကြည့် လိုက်သည့်အခါ ရဟန်းကြီး အရှင်ဂေါတမ၏ တပည့်သာဝက တွေပါဟု သိသွားကြသည့်အခါ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို ဆရာမကူ <b>သယမ္ဘူဉာဏ်</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသည့် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူပါပေစွ၊ တပည့်သာဝက တွေကို အာမိသ အမွေခံယူခြင်း ကျင့်ဝတ်ကို စွန့်လွှတ်စေကာ ဓမ္မကိုသာ အမွေခံယူခြင်း ကျင့်ဝတ်ပဋိပတ်ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့် နိုင်အောင် ပြုလုပ်နိုင်စွမ်း ဆိုဆုံးမနိုင်စွမ်း ရှိတော်မူပါပေစွဟု ချီးမွမ်းစကားတို့ကို ပြောကြားလာကြသည့်အတွက် ငါဘုရားရှင်သည်လည်း ပညာရှိ သူတော်ကောင်းတို့၏ အကဲ့ရဲ့ မခံရသည့်သူ ဖြစ်ပါ ပေလိမ့်မည်။ ဤကဲ့သို့လျှင် အဆုံးအမဩဝါဒကို ပြုကျင့်ခြင်း၌ အကျိုးအာနိသင်ကို ဖေါ်ပြပြီးနောက် ထိုအဆုံးအမတို့ကို တပည့် သာဝကတို့၏ လက်ဝယ်သို့ အရောက် အပ်နှင်းလိုသည့် အတွက်ကြောင့် အထက်တွင် ဖေါ်ပြထားသည့် ဓမ္မကိုသာ အမွေခံယူသည့် သူတွေ ဖြစ်အောင်, အာမိသကို အမွေခံယူသည့် သူတွေ မဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ စသည့် အဆုံးအမဩဝါဒ ကို ပေးသနားတော်မူခြင်း ဖြစ်ပေသည်။ ယင်းကဲ့သို့သော အဆုံးအမ ဩဝါဒကို ရဟန်းတော်တို့အား အပ်နှင်းတော်မူပြီးနောက် ယခုအခါ ယင်း ဓမ္မအမွေခံ ကျင့်ဝတ်ပဋိပတ်ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်သူကို ချီးမွမ်းတော်မူခြင်းငှာ ဓမ္မဒါယာဒသုတ္တန်ကို အောက်ပါအတိုင်း ဆက်လက် ဟောကြားတော်မူပြန်သည်။ (မ၊ဋ္ဌ၊၁၊၉၆)]</p>
---
<h3>ရဟန်းတော်နှစ်ပါး</h3>
<p>ချစ်သားတို့ ...ငါဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ဖြစ်၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်၏၊ ဆွမ်းဘုဉ်းပေးခြင်းကိစ္စလည်း ပြီးဆုံးပြီး ဖြစ်၏၊ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်၏၊ လိုအပ်သလောက် ဘုဉ်းပေးပြီးလည်း ဖြစ်၏၊ သို့သော် ငါဘုရားရှင်၏ သပိတ်အတွင်း၌ ဆွမ်းကလည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ ထိုအခါ ရဟန်းနှစ်ပါး တို့သည် ဆာလောင်ခြင်း အားနည်းခြင်းတို့သည် နှိပ်စက်အပ်ကုန် သည် ဖြစ်ကာ ငါဘုရားထံသို့ ဆိုက်ရောက်လာကုန်ရာ၏။ ငါဘုရားရှင်က ထိုရဟန်းတို့ကို ---- ချစ်သားရဟန်းတို့ ...ငါဘုရားရှင်သည် ဆွမ်းစားပြီး ဖြစ်၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်၏၊ ဆွမ်းစားခြင်း ကိစ္စလည်း ပြီးဆုံးပြီး ဖြစ်၏၊ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်၏၊ လိုအပ်သလောက် စားပြီးလည်း ဖြစ်၏၊ သို့သော် ငါဘုရားရှင်၏ သပိတ်အတွင်း၌ ဆွမ်းကလည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ ဤဆွမ်းကလည်း သပိတ်အတွင်းမှာ ထင်ရှားရှိလည်း ရှိနေသေး၏။ အကယ်၍ သင် ချစ်သားတို့ စားလိုက စားကြပါ၊ အကယ်၍ သင်ချစ်သားတို့ မစားလို ကုန်အံ့၊ ငါဘုရားရှင်သည် ယခုအခါမှာ စိမ်းလန်းစိုပြည်နေသော မြက်သစ်ပင် မရှိရာအရပ်၌မူလည်း စွန့်ပစ်တော်မူပေအံ့၊ ပိုးမွှားမရှိရာ ရေထဲ၌မူလည်း နစ်မြုပ်စေအံ့၊ --- ဤသို့ ငါဘုရားရှင်က ပြောဆို ရာ၏။</p>
---
<h3>ပထမ ရဟန်းတော်၏ စိတ်ထား</h3>
<p>ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါး၏ သန္တာန်ဝယ် --- ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ဖြစ်တော်မူ၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်တော်မူ၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်တော်မူ၏၊ ဆွမ်းဘုဉ်းပေးခြင်းကိစ္စလည်း ပြီးဆုံးပြီး ဖြစ်တော်မူ၏။ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်တော်မူ၏၊ လိုအပ်သလောက် ဘုဉ်းပေးပြီးလည်း ဖြစ်တော်မူ၏။ သို့သော် ဘုရားရှင်၏ သပိတ်တော်အတွင်း၌ ဆွမ်းက လည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ အကယ်၍ ငါတို့ မစားသုံးကြကုန်သည် ဖြစ်ငြားအံ့။ ယခုအခါ၌ ဘုရားရှင်သည် စိမ်းလန်းစိုပြည်နေသော မြက်သစ်ပင် မရှိရာ အရပ်၌မူလည်း စွန့်ပစ်တော်မူပေလတ္တံ့။ ပိုးမွှားမရှိရာ ရေထဲ၌မူလည်း နစ်မြုပ်စေတော်မူ လတ္တံ့။ သို့သော် ဘုရားရှင်က ချစ်သားရဟန်းတို့ ...သင်ချစ်သား တို့သည် ငါဘုရားရှင်၏ <b>ဓမ္မ အမွေခံ</b>တို့သာ ဖြစ်ကြကုန်လော့၊ <b>အာမိသ အမွေခံ</b>တို့ မဖြစ်ကြပါကုန်လင့်ဟူသော ဤစကားတော်ကို ဆိုဆုံးမထားတော်မူ၏။ ဘုရားရှင်၏ သပိတ်တော်အတွင်း၌ ပိုလွန်နေသော ယင်း ဆွမ်းသည်ကား အာမိသလေးမျိုးတို့တွင် တစ်မျိုး အပါအဝင် ဖြစ်၏။ ငါသည် ဤဆွမ်းကို မစားမူ၍ ဤဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာလျှင် ဤလက်ရှိ အခြေအနေအတိုင်း ဤညဉ့်နေ့ကို ကုန်လွန်စေရပါမူကား ကောင်းလေစွဟူသော ဤကဲ့သို့သော စိတ် အကြံအစည်သည် ဖြစ်ပေါ်ခဲ့လေရာ၏။ ထိုရဟန်းသည် ထိုဆွမ်းကို မစားသုံးမူ၍ ထိုဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာလျှင်, ဤ လက်ရှိ အခြေအနေအတိုင်းသာလျှင် ဤညဉ့်နေ့ကို <b>သမဏဓမ္မ</b> အမည်ရသည့် သမထဝိပဿနာ အစဖြာသည့် ရဟန်းတရားကို ပွားများ အားထုတ်ခြင်းဖြင့် ကုန်လွန်စေ၏။ (မ၊၁၊၁၆။)</p>
<p>[ထိုရဟန်းတော်ကား နတ်နှင့်တကွသော တစ်လောကလုံးက ဦးထိပ်ရွက် ပန်ဆင်ကာ ခံယူဖို့ရန် ထိုက်တန်သည့်, ဘုရားရှင် ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် ကြွင်းကျန်နေသေးသည့် ထိုဆွမ်းကို ပင်သော်လည်း မစားသုံးတော့ဘဲ ဘုရားရှင်ထံမှ ဓမ္မကိုသာ အမွေ ခံယူသည့် ရဟန်းဘဝကိုသာ လိုလားတောင့်တလျက် --- ဦးခေါင်း = ဦးထိပ်ထက်၌ မီးလောင်ခံနေရသော ယောက်ျားသည် ထိုမီးကို ငြိမ်းအောင် မငြိမ်းသတ်သေးဘဲ <b>သက္ကာယဒိဋ္ဌိ</b> ငရဲမီးကြီးကို ငြိမ်းသွားအောင် သမထ ဝိပဿနာဘာဝနာတို့ကို အပြင်းအထန် ကြိုးစား အားထုတ်ရမည်ဟူသော ဦးထိပ်ထက်၌ မီးလောင်ခံနေရသော ယောက်ျားဥပမာရှိသော ဘုရားရှင်၏ အဆုံးအမတရားတော်ကို ဉာဏ်ဖြင့် ဆင်ခြင်ကာ ထိုဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာ ဤလက်ရှိ အခြေအနေအတိုင်း ထိုညဉ့်နေ့ကို ကုန်လွန်စေရာ၏။ (မ၊ဋ္ဌ၊၁၊၉၈-၉၉။)]</p>
---
<h3>ဒုတိယ ရဟန်းတော်၏ စိတ်ထား</h3>
<p>ဒုတိယရဟန်းတော်၏ သန္တာန်၌ကား ဘုရားရှင်သည် ဆွမ်း ဘုဉ်းပေးပြီး ဖြစ်တော်မူ၏၊ တော်ပြီဟု ပယ်မြစ်အပ်ပြီးလည်း ဖြစ်တော် မူ၏၊ ဆွမ်းဖြင့် ပြည့်စုံပြီးလည်း ဖြစ်တော်မူ၏၊ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စလည်း ပြီးဆုံးပြီး ဖြစ်တော်မူ၏၊ ဆွမ်းဖြင့် တင်းတိမ်ပြီးလည်း ဖြစ်တော်မူ၏၊ လိုအပ်သလောက် ဘုဉ်းပေးပြီးလည်း ဖြစ်တော်မူ၏၊ သို့သော် ဘုရားရှင်၏ သပိတ်တော်အတွင်း၌ ဆွမ်းကလည်း ပိုလျှံနေ၏၊ စွန့်ပစ်ရမည့် သဘောလည်း ရှိနေ၏။ အကယ်၍ ငါတို့ မစားသုံးကြကုန်သည် ဖြစ်ငြားအံ့၊ ယခုအခါ၌ ဘုရားရှင်သည် စိမ်းလန်း စိုပြည်နေသော မြက်သစ်ပင် မရှိရာ အရပ်၌မူလည်း စွန့်ပစ်တော် မူပေလတ္တံ့၊ ပိုးမွှားမရှိရာ ရေထဲ၌မူလည်း နစ်မြုပ်စေတော်မူလတ္တံ့။ ငါသည် ဤ ဆွမ်းကို စားသုံးပြီးကာ ဆာလောင်ခြင်း အားနည်းခြင်းကို ပယ်ဖျောက်ပြီးနောက် ဤပယ်ဖျောက်ပြီးသည့် အခြေအနေအတိုင်း သမထ ဝိပဿနာ အစဖြာသည့် <b>သမဏဓမ္မ</b>အမည်ရသည့် ရဟန်း တရားတို့ကို ပွားများအားထုတ်လျက် ဤညဉ့်နေ့ကို ကုန်လွန်စေရ ပါမူကား ကောင်းလေစွဟူသော ဤကဲ့သို့သော စိတ်အကြံအစည် သည် ဖြစ်ပေါ်လေရာ၏။ ထိုရဟန်းသည် ထိုဆွမ်းကို စားသုံးပြီးကာ ဆာလောင်ခြင်း အားနည်းခြင်းကို ပယ်ဖျောက်ပြီးနောက် ဤပယ်ဖျောက်ပြီးသည့် အခြေအနေအတိုင်း ဤညဉ့်နေ့ကို ကုန်လွန်စေ ရာ၏။ (မ၊၁၊၁၆။)</p>
<p>[ဤအရာ၌ အဋ္ဌကထာ၏ ရှင်းလင်းချက်ကို အကျဉ်းချုပ်ကာ ဆက်လက် တင်ပြအပ်ပါသည် --- ထိုဒုတိယရဟန်းတော်၏ သန္တာန်၌ ကား အထက်တွင် တင်ပြထားသည့်အတိုင်း ဘုရားရှင်ထံမှ ကြွင်း ကျန်နေသော ဆွမ်းအာမိသကို ဘုဉ်းပေးသုံးဆောင်ကာ ဆာလောင်ခြင်း ပင်ပန်းခြင်းကို ပယ်ဖျောက်ပြီးနောက် <b>သမဏဓမ္မ</b>အမည်ရသည့် သမထ ဝိပဿနာ အစဖြာသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုသည့် ရဟန်းတရားတို့ကို အားထုတ်ခြင်းဖြင့် ဤညဉ့်နေ့ကို ကုန်လွန်စေရ ပါမူကား ကောင်းလေစွဟု ကြံစည် စဉ်းစားစဉ် ဤသို့လည်း ကြံစည်မိ လေရာ၏။ သားရဲတိရစ္ဆာန် ပေါများသည့် တောထဲတွင် ဆေးကို ရှာဖွေဖို့ရန် ပင်ပန်းဆင်းရဲမှု ရှိသကဲ့သို့ ရဟန်းတော်တစ်ပါးအဖို့ အာရုံငါးပါး ကာမဂုဏ်တရားတည်းဟူသော သားရဲတို့ဖြင့် ရောပြွမ်း နေသည့် ရွာထဲဝယ် ဆွမ်းကို ရှာဖွေဖို့ရန်မှာလည်း ဆင်းရဲပင်ပန်းလှ ပေသည်၊ ဤယခု ဆွမ်းသည်ကား ယခုပြောခဲ့သည့်အပြစ်မှ လွတ်မြောက်သည့် ဆွမ်းလည်း ဖြစ်၏၊ ဘုရားရှင် ဘုဉ်းပေးသုံးဆောင်တော်မူပြီး၍ ကြွင်းကျန်နေသည့် ဆွမ်းလည်း ဖြစ်၏၊ အမိဘက်, အဘဘက်ဆိုသည့် အမျိုးအနွယ် နှစ်ဘက်စလုံးမှ စင်စင်ကြယ်ကြယ် ကောင်းစွာ မွေးဖွားလာသည့် မင်းသားငယ်ကဲ့သို့ အလွန်စင်ကြယ်သည့် ဆွမ်းလည်း ဖြစ်၏။ အကြောင်းတရား ငါးမျိုးတို့ဖြင့် ဘုရားရှင် ပယ်မြစ်ထားတော်မူသည့် ဆွမ်းမျိုးလည်း မဟုတ်ပေ။</p>
<p>၁။ သီလကို မချစ်မြတ်နိုးသည့်, ဝိနည်းကို မလေးစားသည့် <b>အဂတိ</b> အမျိုးမျိုး လိုက်စားနေသည့် ဝိနည်း သိက္ခာပုဒ်တို့ကို ချိုးဖောက် ရမည်ကို မရှက်တတ်သည့် အရှက်မရှိသည့် <b>အလဇ္ဇီပုဂ္ဂိုလ်</b> ပိုင်ဆိုင်သည့် ဆွမ်းကိုလည်း အလဇ္ဇီပုဂ္ဂိုလ်ကို ကဲ့ရဲ့ကာ မဘုဉ်းပေးရဟု တားမြစ်ထားတော်မူ၏။</p>
<p>၂။ ဘိက္ခုနီ ရဟန်းမက စီမံဆောင်ရွက်ထားသည့် ဆွမ်းနှင့် (စျာန်, မဂ်, ဖိုလ်စသည့် ဂုဏ်ကျေးဇူးတွေ မိမိမှာ ထင်ရှားမရှိပါဘဲလျက် ရှိသယောင် ဟန်ဆောင်ကာ, သီလမရှိပါဘဲလျက် ရှိသယောင် ဟန်ဆောင်ကာ, စာမေးပွဲ မအောင်ပါဘဲလျက် အောင်သယောင် ဟန်ဆောင်ကာ ဤသို့ စသည်ဖြင့်) မိမိမှာ ထင်ရှား မရှိသည့်ဂုဏ်တို့ကို ရှိသယောင် ဟန်ဆောင်ကာ ဝါကြွားပလွှား ပြောကြားခြင်းကြောင့် ရရှိလာသည့် ပစ္စည်းများကိုလည်း မစင်မကြယ် ဖြစ်ပေါ်လာသည့်အတွက်ကြောင့် မသုံးစွဲရဟု တားမြစ်ထားတော်မူ၏။</p>
<p>၃။ ဆွမ်းကို ပိုင်ဆိုင်သည့် ရဟန်းတော်က ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရသည် ဆိုလျှင်လည်း ထိုဆွမ်းပိုင်ရှင် ရဟန်းတော်ကို အစဉ် သနားစောင့်ရှောက်သည့် အနေဖြင့် ထိုဆွမ်းကိုလည်း မဘုဉ်းပေးရဟု တားမြစ်ထားတော်မူ၏။</p>
<p>၄။ အတွင်းနေ = <b>အန္တေဝါသိက</b>တပည့်တွေ, ယင်းတပည့်တွေနှင့် ဆက်စပ်နေကြသည့် အခြားသူတွေက ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေကြရသည် ဆိုလျှင်လည်း ထိုဆွမ်းကို စီမံခန့်ခွဲနေသည့် ရဟန်းတော်က ယင်း အတွင်းနေတပည့် စသူတို့အပေါ်မှာ အစဉ်သနား စောင့်ရှောက်လိုသည့် စိတ်ဓာတ်ဖြင့် ယင်းဆွမ်းကို မသုံးဆောင်ရဟု တားမြစ်ထားတော် မူ၏။</p>
<p>၅။ နောက်တစ်မျိုးသည်ကား ဆွမ်းပိုင်ရှင် ရဟန်းတော်က လှူဒါန်း ဖို့ရန် သဒ္ဓါတရားမရှိသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေသည် ဆိုလျှင်လည်း ထိုဆွမ်းကို စီမံ ဆောင်ရွက်ပေးနေကြသည့် ရဟန်းတော်တို့က ဆွမ်းရှင်ရဟန်းတော်၏ သဒ္ဓါတရား ခေါင်းပါးမှုကို အကြောင်းပြုကာ ယင်းဆွမ်းကို မဘုဉ်းပေးကြရဟု တားမြစ်တော်မူ၏။</p>
<p>ယခု ရဟန်းတော် သုံးစွဲဖို့ရန် စဉ်းစားနေသည့် ဘုရားရှင်၏ သပိတ်တော် အတွင်းမှာ တည်ရှိနေသည့် ပိုလျှံနေသည့် ဆွမ်းသည် ယင်းဖေါ်ပြပါ ငါးမျိုးသော အကြောင်းတရားတို့မှလည်း လွတ်နေပေသည်။ အကြောင်းမူကား ဤသို့ဖြစ်၏ ---</p>
<p>၁။ ဘုရားရှင်သည် သီလကို ချစ်မြတ်နိုးကြသည့် သိက္ခာပုဒ်တော်ကို လွန်ကျူးဖို့ရန် အရှက်ရှိကြသည့် သူတော်ကောင်း အပေါင်း တို့တွင် အသာဆုံး အမြတ်ဆုံး သူတော်ကောင်း ဖြစ်တော်မူ၏။</p>
<p>၂။ ဘုရားရှင်၏ ဆွမ်းသည်လည်း အလွန် စင်စင်ကြယ်ကြယ် ဖြစ်ပေါ်လာသည့် ဆွမ်းဖြစ်၏။</p>
<p>၃။ ဘုရားရှင် ကိုယ်တော်တိုင်က ဆွမ်းခံဝတ်ဖြင့် ကောင်းစွာ စီမံထားတော်မူသည့် ဆွမ်းလည်း ဖြစ်၏။</p>
<p>၄။ ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရသည့် ယင်းဆွမ်းကို လိုလားတောင့်တနေသည့် အခြား တစ်ပါးသော ပုဂ္ဂိုလ်ကလည်း မရှိ ဖြစ်နေ၏။</p>
<p>၅။ လောကတွင် သဒ္ဓါတရားရှိကြသည့် ပုဂ္ဂိုလ်တို့တွင် ဘုရားရှင် သည် အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ (မ။ဋ္ဌ၊၁၊၉၉)</p>
<p>ဤကဲ့သို့ ကြံစည်စိတ်ကူးကာ ထိုဒုတိယ ရဟန်းတော်က ဘုရားရှင်ထံဝယ် ပိုလွန်နေသည့် ထိုဆွမ်းကို ဘုဉ်းပေးပြီးနောက် <b>သမဏဓမ္မ</b> အမည်ရသည့် ရဟန်းတရားများကို (= မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့)ကို ပွားများအားထုတ်လျက် ညဉ့်နေ့ကို ကုန်လွန်စေရန် စဉ်းစား လိုက်ခြင်း ဖြစ်၏။</p>
<p>ယင်းဆွမ်းကို မစားဘဲ ရဟန်းတရားကို ပွားများအားထုတ်သည့် ရဟန်းတော်သည်လည်း စားသင့်သည့် ဆွမ်းကို မစားခြင်းမျှသာ ဖြစ်၏။ ယင်းဆွမ်းကို စားပြီးနောက် ရဟန်းတရားကို ပွားများ အားထုတ်သည့် ရဟန်းတော်သည်လည်း စားသင့်သည့် ဆွမ်းကို စားခြင်းမျှသာ ဖြစ်၏။ ဆွမ်းနှင့် ပတ်သက်၍ကား ထူးခြားမှု မရှိပေ။ စားသည့် ပုဂ္ဂိုလ် မစားသည့်ပုဂ္ဂိုလ်နှင့် ပတ်သက်၍သာလျှင် ထူးခြားမှုကား ရှိနေပေ၏။ ယင်းထူးခြားမှုကို ထင်ရှားပြတော်မူလိုသည့် အတွက် ဘုရားရှင်က အောက်ပါအတိုင်း ဒေသနာတော်ကို ဆက်လက် ဟောကြားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၉၉။)]</p>
<h3>ဘုရားရှင် ချီးမွမ်းထိုက်သူ</h3>
<p>ချစ်သားရဟန်းတို့ ... ထိုရဟန်းသည် ထိုဆွမ်းကို စားသုံးပြီးကာ ဆာလောင်ခြင်း အားနည်းခြင်းကို ပယ်ဖျောက်ပြီးနောက် ဤသို့ ပယ်ဖျောက်ပြီးသည့် အခြေအနေအတိုင်း ထိုညဉ့်နေ့ကို အကယ်၍ကား ကုန်လွန်စေရာ၏။ ထိုသို့ပင် ကုန်လွန်စေသော်လည်း ငါဘုရားရှင်၏ တပည့်သာဝကဖြစ်သော ရှေးဖြစ်သော ဤရဟန်း သည်သာလျှင် အလွန်လည်း ပူဇော်ထိုက်၏၊ အလွန်လည်း ချီးမွမ်း ထိုက်၏။ ထိုသို့ ပူဇော်ထိုက် ချီးမွမ်းထိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူကား ---</p>
<p>ချစ်သားရဟန်းတို့ ... အကြောင်းကို ပြောဆိုရသော် ထို ရဟန်းတော်က ထိုဆွမ်းကို ပယ်ရှားလိုက်ခြင်းသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ထိုရဟန်းတော်၏ ---</p>
<p>၁။ အလိုရမ္မက် နည်းပါးသူဖြစ်ခြင်းငှာ (<b>အပ္ပိစ္ဆတာယ</b>),</p>
<p>၂။ ရောင့်ရဲလွယ်ခြင်းငှာ (<b>သန္တုဋ္ဌိယာ</b>),</p>
<p>၃။ ကိလေသာ ခေါင်းပါးခြင်းငှာ (<b>သလ္လေခါယ</b>),</p>
<p>၄။ မွေးမြူလွယ်သူဖြစ်ခြင်းငှာ (<b>သုဘရတာယ</b>),</p>
<p>၅။ (အကုသိုလ်တရားတို့ကို ပယ်နိုင်ဖို့ရန် ကုသိုလ်တရားတို့တိုး ပွားလာဖို့ရန် ပြည့်စုံလာဖို့ရန် သမထ ဝိပဿနာဘာဝနာတို့ကို) အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ တိုးပွား လာခြင်းငှာ (<b>ဝီရိယာရမ္ဘာယ</b>)</p>
<p>ကောင်းစွာ ဖြစ်ပေလတ္တံ့။ ထိုကဲ့သို့သော အကြောင်းတရားကြောင့် ရှေးဖြစ်သော ဤပထမ ရဟန်းသည်သာလျှင် အလွန်လည်း ပူဇော်ထိုက်၏၊ အလွန်လည်း ချီးမွမ်းထိုက်၏။ (မ၊၁၊၁၆-၁၇။)</p>
<p>ထို့ကြောင့် ချစ်သားရဟန်းတို့ ... ဤငါဘုရားရှင်၏ သာသနာ တော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် ငါဘုရားရှင်၏ ဓမ္မအမွေခံတို့သာ ဖြစ်ကြပါကုန်လော့၊ အာမိသအမွေခံတို့ မဖြစ်ကြပါကုန်လင့်။ ငါဘုရားရှင်၏ တပည့်သာဝကတို့သည် အဘယ်အကြောင်းဖြင့် ဓမ္မကိုသာ အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်ရာအံ့နည်း၊ အာမိသကို အမွေခံယူကြသည့် ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်ရာအံ့နည်းဟု ငါဘုရားရှင်၏ စိတ်အစဉ်တော်ဝယ် သင်ချစ်သားတို့ အပေါ်၌ အစဉ် သနားစောင့်ရှောက်လိုသည့် စိတ်ဓာတ်သည် ထင်ရှား တည်ရှိနေ ပါ၏ဟု မိန့်ကြားတော်မူ၏။ (မ၊၁၊၁၇။)</p>
<p>ဤ တရားစကားတော်ကို ဘုရားရှင်သည် မိန့်ကြားတော်မူ၏။ ဤတရားစကားတော်ကို မိန့်ကြားတော်မူပြီးနောက် ကောင်းသော စကားကို ပြောဆိုတော်မူတတ်သော သုဂတဂုဏ်ရှင် ဘုရားရှင်သည် တရားဟောတော်မူရာ နေရာမှ ထတော်မူပြီးနောက် ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူလေသည်။ (မ၊၁၊၁၇။)</p>
<p>[အဋ္ဌကထာ၏ ရှင်းလင်းချက်များကို ဆက်လက်ကာ တင်ပြ အပ်ပါသည်။ ဒုတိယရဟန်းတော်က ဘုရားရှင်၏ ပိုလွန်နေသော ဆွမ်းကို သုံးဆောင်တော်မူ၏၊ ယင်းသို့ သုံးဆောင်ခြင်းသည် အပြစ် မရှိသော သုံးဆောင်ခြင်းသာ ဖြစ်၏။ ယင်းရဟန်းကိုလည်း ယင်း ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားဟူသည့် သမဏဓမ္မ အမည်ရသည့် ရဟန်းတရားတို့ကို ဆက်လက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သည့်အတွက် ချီးမွမ်း ထိုက်ပါ၏။ ထို ဒုတိယရဟန်းတော်သည် ဤသို့ ဘုဉ်းပေးသုံးဆောင်သင့် သုံးဆောင်ထိုက်သည့် ဆွမ်းကို ဘုဉ်းပေး သုံးဆောင်ပြီးနောက် လိုက်နာပြုကျင့်သင့် လိုက်နာပြုကျင့်ထိုက်သည့် ရဟန်းတရား အမည် ရသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ဆက်လက်ပြီး ကျင့်ပင် ကျင့်ငြားသော်လည်း ပထမ ရှေးရဟန်းတော်သည်ကား ထိုဆွမ်းကို ပယ်မြစ်ကာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဟူသည့် သမဏဓမ္မ အမည် ရသည့် ရဟန်းတရားတို့ကိုသာ တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူသည့် သူတော်ကောင်း ဖြစ်၏။ ငါဘုရားရှင်၏ သာဝက ဖြစ်ကြကုန်သော ရဟန်းနှစ်ပါးတို့တွင် ရှေးဖြစ်သော ထိုပထမရဟန်းကသာလျှင် ရဲရင့်သူ နှစ်ဦးတို့တွင် သာလွန်၍ ရဲရင့်သူ ကဲ့သို့ ပညာရှိသူနှစ်ဦးတို့တွင် သာလွန်၍ ပညာရှိသူကဲ့သို့ လွန်ကဲသော ပူဇော်ခြင်းဖြင့် အလွန်လည်း ပူဇော်ထိုက်၏၊ အလွန်လည်း ချီးမွမ်းထိုက်၏။ (မ၊ဋ္ဌ၊၁၊၉၉-၁၀၀။)</p>
<h3>အကြောင်းပြချက်များ</h3>
<p>ထိုပထမရဟန်းတော်က ထိုဆွမ်းကို ပယ်ရှားလိုက်ခြင်းသည် ထိုရဟန်းတော်၏ ရှည်မြင့်စွာသော ညဉ့်နေ့ပတ်လုံး အလိုရမ္မက် ကင်းသူ ဖြစ်ခြင်းငှာ ရောင့်ရဲလွယ်ခြင်းငှာ ကိလေသာခေါင်းပါးခြင်းငှာ မွေးမြူလွယ်သူ ဖြစ်ခြင်းငှာ (အကုသိုလ်တရားတွေကို ပယ်နိုင်ဖို့ရန်, ကုသိုလ်တရားတွေကို တိုးပွားစေဖို့ရန် ပြည့်စုံလာစေဖို့ရန်) ကြိုးစား အားထုတ်ခြင်း လုံ့လဝီရိယ၏ တိုးပွားလာခြင်းငှာ ကောင်းစွာ ဖြစ်ပေလတ္တံ့ဟု ဤသို့လျှင် ဘုရားရှင်က ဟောကြားထားတော်မူပေ သည်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထိုသို့ ဖြစ်လာနိုင်ပါ သနည်းဟု မေးရန် ရှိလာပြန်၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်ပေ သည်။</p>
<h3>ချွန်း = ပညာချွန်း</h3>
<p>နောက်ပိုင်းကာလ တစ်ချိန်ချိန်ဝယ် ယင်း ပထမရဟန်းတော်၏ သန္တာန်ဝယ် ပစ္စည်းလေးပါးတို့၌ ---</p>
<p>၁။ သူတစ်ပါးတို့ ရရှိထားသည့် ပစ္စည်းလာဘ်လာဘတွေ အပေါ်ဝယ် အလွန် လိုလားတောင့်တနေခြင်း <b>အတြိစ္ဆာ</b>,</p>
<p>၂။ မိမိမှာ ထင်ရှားမရှိသည့် ဂုဏ်ပုဒ်တွေကို ထုတ်ဖေါ် ချီးမွမ်းလိုခြင်း ပစ္စည်းလေးပါးကို ခံယူရာ၌ မိမိ၏ အတိုင်းအရှည် ပမာဏကို မသိခြင်းဟူသည့် ယုတ်မာသည့် အလိုဆိုးရှိခြင်း <b>ပါပိစ္ဆာ</b>,</p>
<p>၃။ ပစ္စည်းများများ လိုချင်ခြင်း, မွန်မွန်မြတ်မြတ် ပစ္စည်းကောင်းကောင်းကိုမှ လိုချင်ခြင်း <b>မဟိစ္ဆာ</b> ---</p>
<p>ဤ (၃)မျိုးသော မကောင်းတရားများသည် ထိုရဟန်း၏ စိတ်အစဉ်ဝယ် ထင်ရှား ဖြစ်ခဲ့သော် ထိုကဲ့သို့သော ယုတ်မာသည့် အလိုဆိုးများ ဖြစ်ပေါ်လာသော အချိန်အခါမျိုး၌ ဤရဟန်းတော်ကို ဤဘုရားရှင်၏ ဆွမ်းကို ပယ်မြစ်ခဲ့ခြင်းဟူသည့် ပညာချွန်းက --- အမောင်ယောက်ျား ... သင်သည် ဘုရားရှင်၏ ကြွင်းကျန်နေသော ဆွမ်းကိုပင်သော်လည်း မစားသုံးဘဲ ပယ်မြစ်ခဲ့ပြီးမှ ယခုကဲ့သို့ ယုတ်ညံ့သည့် လိုလားတောင့်တမှုမျိုးကို သင့်၏ သန္တာန်မှာ ဖြစ်ပေါ် စေရသေးသလားဟု ဤသို့ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ ပစ္စဝေက္ခဏာချွန်းဖြင့် တားမြစ်ပေလိမ့်မည်။ အလားတူပင် မိမိမှာ ရရှိထားပြီးဖြစ်သည့် ပစ္စည်းမျှဖြင့် မရောင့်ရဲနိုင်သည့်အခါ, မိမိ၏ သန္တာန်ဝယ် ကိလေသာတို့က ခေါင်းပါးမသွားဘဲ တိုးပွားလာသည့် အခါတို့မှာလည်း ဖြစ်ပေါ်လာသည့် ကိလေသာတို့ကို ပုံစံတူပင် ပစ္စဝေက္ခဏာပညာချွန်းဖြင့် တားမြစ်နိုင်ပေလိမ့်မည်။ (မ၊ဋ္ဌ၊၁၊၁၀၀။)</p>
<h3>မွေးမြူရ ခက်ခဲသူ</h3>
<p>ဤသာသနာတော်ဝယ် အချို့သော ရဟန်းတော်သည်ကား ပစ္စည်းများများ ပစ္စည်းကောင်းကောင်းကိုသာ အလိုရှိသည့် <b>မဟိစ္ဆ</b> ပုဂ္ဂိုလ်မျိုး ဖြစ်နေ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား ပစ္စည်း လေးပါးကို လှူဒါန်းနေကြသည့် ပစ္စယဒါယကာတို့ဘက်က ပစ္စည်း လေးပါးကို လှူဒါန်းခြင်းဖြင့် မွေးမြူဖို့ရန် မစွမ်းနိုင်သကဲ့သို့ အလားတူပင် ပစ္စည်းလေးပါးကို ရှာဖွေခြင်းဖြင့် မိမိကိုယ်တိုင်က မိမိကိုယ်ကို မွေးမြူဖို့ရန်လည်း မစွမ်းနိုင်ရှိတတ်၏။ မွေးမြူဖို့ရန် အလွန်ခက်ခဲသည့် ပုဂ္ဂိုလ်မျိုး ဖြစ်တတ်၏။ သို့သော် အချို့အချို့သော ရဟန်းတော် သည်ကား မိမိကိုယ်တိုင်ကရော အလုပ်အကျွေး ဒါယကာတို့ကရော မွေးမြူဖို့ရန် အလွန် လွယ်ကူသူ ဖြစ်နေတတ်ပြန်၏။</p>
<p>ရဟန်းတော်တစ်ပါးကား အချဉ်စသည်တို့ကို ရရှိခဲ့သော် အချို စသည်တို့ကို ရှာဖွေတတ်ပြန်၏၊ အိမ်တစ်အိမ်မှာ ရရှိလာသော လှူဖွယ်ဝတ္ထုကို အခြားအိမ်တစ်အိမ်ဝယ် စွန့်ပစ်ထားခဲ့ကာ တစ်ရွာလုံးကို လှည့်လည်ပြီးနောက် အချည်းနှီးသော သပိတ်ကိုသာလျှင် စွဲကိုင်ကာ ကျောင်းတွင်းသို့ ဝင်ရောက်ပြီး အိပ်စက်နေတတ်၏၊ ဆာလောင်ခြင်း အင်အားနည်းပါးခြင်း ဒုက္ခကို ခံစားနေတတ်၏။ ဤကဲ့သို့သော ရဟန်းမျိုးသည်ကား မိမိကိုယ်ကို မိမိကိုယ်တိုင်က မွေးမြူ ဖို့ရန် ခက်ခဲသည့် ပုဂ္ဂိုလ်မျိုးဖြစ်ပေ၏။ မည်သည့် လှူဖွယ်ဝတ္ထုကိုမျှ ကျေနပ်မှု မရနိုင်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေ၏။ နောက်ဆုံး ရရှိသည့် လှူဖွယ်ဝတ္ထုကိုလည်း အားရတင်းတိမ်မှု မရှိသည့်အတွက် စွန့်လွှတ် လိုက်ပြန်၏။ နောက်ထပ်လည်း မည်သည့် လှူဖွယ်ဝတ္ထုကိုမျှ မရရှိတော့သည့်အတွက် စားစရာလုံးဝ မရှိသည့် ဗလာကျင်းနေသည့် သပိတ်ဖြင့် ကျောင်းသို့ ပြန်လာကာ အိပ်စက်ရခြင်း ဖြစ်သည်။ (မ၊ဋ္ဌ၊၁၊၁၀၀။ မ၊ဋီ၊၁၈၆-၁၈၇။)</p>
<p>ရဟန်းတော်တစ်ပါးသည်ကား အသားပြွမ်းသည့် သလေးဆွမ်း (= ဒန်ပေါက်ဆွမ်း) စသည်တို့ကို သပိတ်ထဲ၌ အပြည့်ထည့်ကာ လှူဒါန်းလိုက်ပါသော်လည်း မျက်နှာမသာမယာသည့် သဘောကိုသာ ထင်ရှား ပြတတ်၏၊ မနှစ်ခြိုက်သည့် သဘောကိုသာ ထင်ရှား ပြတတ်၏။ ယင်း အလှူရှင်တို့၏ မျက်မှောက်မှာပင် ထိုဆွမ်းကို သင်တို့တွေ ဘာတွေကို လှူနေတာလဲဟူသည့် မောင်းမဲသည့်စကား အပြစ်တင်စကားတို့ကိုသာ ပြောကြားကာ ရှင်သာမဏေ လူဥပါသကာ စသူတို့အား ပေးလိုက်တတ်၏။ ဤကဲ့သို့သော ရဟန်းတော်မျိုးသည်ကား အလုပ်အကျွေး ဒါယကာတို့က အမွေးမြူရခက်သော ရဟန်းတော်မျိုးပင် ဖြစ်၏။ ဤရဟန်းမျိုးကို မြင်တွေ့ရသည့်အခါ လူဒါယကာ ဒါယိကာမတို့က --- မွေးမြူရ အလွန် ခက်ခဲသည့် ရဟန်းပါလား၊ ဤကဲ့သို့သော ရဟန်းမျိုးကို မွေးမြူ စောင့်ရှောက်ဖို့ ကတော့ ဖြစ်နိုင်စရာ မရှိတော့ပြီဟု နှလုံးပိုက်ကာ ခပ်ဝေးဝေးကပင် ရှောင်ရှားသွားကြ၏။ (မ၊ဋ္ဌ၊၁၊၁၀၀။)</p>
<h3>မွေးမြူရ လွယ်ကူသူ</h3>
<p>ရဟန်းတော်တစ်ပါးသည်ကား ကြမ်းတမ်းခေါင်းပါးသည့် အစာအာဟာရကိုပင် ဖြစ်စေ, မွန်မြတ်သည့် အစာအာဟာရကိုပင် ဖြစ်စေ မည်သည့် အာဟာရကို မဆို ရရှိသည့်အခါ ရရသမျှသော ဆွမ်းကို ကျေနပ်ရောင့်ရဲသည့် စိတ်ဓာတ်ဖြင့်ပင် ဘုဉ်းပေးသုံးဆောင်ပြီးနောက် နောက်ထပ် ရှာဖွေမှုကို လုံးဝမပြုလုပ်တော့ဘဲ ကျောင်းသို့ ပြန်ကြွကာ မိမိ လိုက်နာပြုကျင့်ရမည့် သမထ ဝိပဿနာ အစဖြာသည့် သမဏဓမ္မ အမည်ရသည့် ရဟန်းတရားကိုပင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်၏။ ဤကဲ့သို့သော ရဟန်းတော်မျိုးသည်ကား မိမိကိုယ်ကို မိမိက မွေးမြူရလွယ်ကူသည့် ရဟန်းမျိုးပင် ဖြစ်၏။ (မ၊ဋ္ဌ၊၁၊၁၀၀။)</p>
<p>ရဟန်းတော်တစ်ပါးသည်ကား သူတစ်ပါးတို့က နည်းပါးသည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ, များပြားသည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ ကြမ်းတမ်းသည့် ညံ့ဖျင်းသည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ, မွန်မြတ် သည့် လှူဖွယ်ဝတ္ထုကိုပင် ဖြစ်စေ ပေးလှူသည့်အခါ ရရသမျှသော လှူဖွယ်ဝတ္ထုကို ကဲ့ရဲ့ရှုတ်ချမှု လုံးဝမပြုဘဲ ကျေနပ်ရောင့်ရဲမှု <b>သန္တောသတရား</b>ကို လက်ကိုင်ထားကာ နှစ်လိုဝမ်းမြောက်သော စိတ်ထား ကြည်လင်ရွှင်ပြသော မျက်နှာရှိလျက် ယင်းအလှူရှင်တို့၏ မျက်မှောက်မှာပင် ဘုဉ်းပေးသုံးဆောင်ပြီးနောက် ကျောင်းတော်သို့ ပြန်ကြွကာ သမထ ဝိပဿနာ အစဖြာသည့် <b>သမဏဓမ္မ</b> အမည်ရသည့် ရဟန်းတရားကိုပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၏။ ဤကဲ့သို့သော ရဟန်းမျိုးသည်ကား အလုပ်အကျွေး ဒါယကာ ဒါယိကာမ တို့က မွေးမြူရလွယ်ကူသည့် ရဟန်းမျိုး ဖြစ်၏။ ဤကဲ့သို့သော ရဟန်းတော်မျိုးကို မြင်တွေ့ရသည့်အခါ လူဝတ်ကြောင် ဒါယကာ ဒါယိကာမတို့က အလွန် ချစ်ကျွမ်းဝင်သည့် စိတ်ထား အလွန် ကြည်ညိုမြတ်နိုးသည့် စိတ်ထားရှိကြ၏။ ငါတို့ ကိုယ်းကွယ်ဆည်းကပ်နေသည့် အရှင်သည် မွေးမြူရလွယ်ကူသည့် ရဟန်းတော်တစ်ပါး ဖြစ်၏၊ အနည်းငယ်မျှသော လှူဖွယ်ဝတ္ထုဖြင့်သော်လည်း ကျေနပ် ရောင့်ရဲ၏၊ ဤရဟန်းတော်ကို ငါတို့ပင် ပြုစုလုပ်ကျွေးကြတော့မည် ဟု ဤသို့ နှလုံးပိုက်ကာ သူတို့၏ ကျောင်းမှာပင် နေထိုင်သီတင်းသုံးဖို့ရန် ပဋိညာဉ် ဝန်ခံချက်ကို ပြုလုပ်ကာ မွေးမြူကြ၏။ (မ၊ဋ္ဌ၊၁၊၁၀၀။)</p>
<h3>ပထမ ရဟန်းတော်</h3>
<p>ယခုဆွေးနွေးတင်ပြနေသည့် <b>ဓမ္မဒါယာဒသုတ္တန်</b>မှာ လာရှိသည့် ပထမ ရဟန်းတော်, ဒုတိယ ရဟန်းတော်ဟူသည့် ရဟန်းတော်နှစ်မျိုး တို့တွင် ဘုရားရှင်၏ ဆွမ်းကိုပင် ပယ်မြစ်ခဲ့ဖူးသည့် ပထမရဟန်းတော်သည် နောင်တစ်ချိန်ဝယ် ယင်းရဟန်းတော်၏ သန္တာန်မှာ မိမိ ကိုယ်တိုင်ကပင် ဖြစ်စေ အလုပ်အကျွေး ဒါယကာ ဒါယိကာမတို့ကပင် ဖြစ်စေ မိမိကို မွေးမြူဖို့ရန် ခက်ခဲလှသည့်, နည်းလမ်း တစ်မျိုးမျိုးဖြင့် မွေးမြူရ ခက်ခဲလှသည့် စိတ်ဓာတ် ထင်ရှား ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင် ထိုအခါမှာ ယင်း ရဟန်းတော်ကို ဤဘုရားရှင်၏ ဆွမ်းကို ပယ်မြစ်ခဲ့ ဖူးခြင်းဟူသည့် ပညာချွန်းက--- အမောင်ယောက်ျား ... သင်သည် ဘုရားရှင်၏ ကြွင်းကျန်နေသည့် ဆွမ်းကိုပင်သော်လည်း ပယ်မြစ်ခဲ့ဖူး ပါလျက် ယခုကဲ့သို့ ယုတ်ညံ့သည့် စိတ်ဓာတ်မျိုးကို ဖြစ်ပေါ်စေရ သေးသလား ဟု ဤကဲ့သို့သော <b>ပစ္စဝေက္ခဏာဉာဏ်</b>ဖြင့် ဆင်ခြင်ကာ တားမြစ်ပေလိမ့်မည်။ အကယ်၍ ထိုရဟန်းတော်၏ သန္တာန်၌ သမထ ဝိပဿနာ အစဖြာသည့် ရဟန်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သည့်အခါဝယ် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိမှု = <b>ကောသဇ္ဇတရား</b> ထင်ရှားဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လည်း ယင်း ပျင်းရိမှု = <b>ကောသဇ္ဇတရား</b>ကိုလည်းပဲ ယင်း ပညာချွန်းကပင် --- အို အမောင်ယောက်ျား ...တစ်ချိန်က သင်သည် ဘုရားရှင်၏ ကြွင်းကျန်နေသေးသည့် ဆွမ်းကိုပင်သော်လည်း ပယ်မြစ်ခဲ့ဖူး၏၊ ဤကဲ့သို့ ပယ်မြစ်ပြီးနောက် အစာမရှိသည့်အတွက် ဆာလောင်မှု ပင်ပန်းမှုဖြင့် အနှိပ်စက်ခံနေခဲ့ရသော်လည်း <b>သမဏဓမ္မ</b> အမည်ရသည့် ရဟန်းတရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူး၏။ ယခုလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသည့် သင်ကဲ့သို့သော ပုဂ္ဂိုလ် တစ်ယောက်သည် ယနေ့ကျမှ ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိနေခြင်း = <b>ကောသဇ္ဇတရား</b>ကို အဖန်ဖန် အားထုတ်နေရသေးသလားဟု ဤသို့ ဆင်ခြင်လိုက်သည့်အခါ ယင်း ဆင်ခြင်လိုက်သည့် ပစ္စဝေက္ခဏာ ပညာချွန်းက ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိခြင်း = <b>ကောသဇ္ဇတရား</b>ကို တားမြစ်ပိတ်ပင် ပေးပါလိမ့်မည်။ ဤသို့ တားမြစ် ပိတ်ပင်နိုင်ခဲ့သော် ထိုရဟန်းတော်၏ သန္တာန်ဝယ် အကုသိုလ်တရား တို့ကို ပယ်ရှားနိုင်ရန် ကုသိုလ်တရားတို့ကို တိုးပွားလာစေရန် ပြည့်စုံ လာစေရန် ဘာဝနာလုပ်ငန်းကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = လုံ့လဝီရိယသည် အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာပေ လိမ့်မည်။ ဤသို့လျှင် ဤဘုရားရှင်၏ ဆွမ်းကို ပယ်မြစ်လိုက်ခြင်းသည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလပတ်လုံး ထိုရဟန်းတော်၏ ---</p>
<p>၁။ အလိုရမ္မက် နည်းပါးသူဖြစ်ခြင်းငှာ (<b>အပ္ပိစ္ဆတာယ</b>)</p>
<p>၂။ ရောင့်ရဲလွယ်ခြင်းငှာ (<b>သန္တုဋ္ဌိယာ</b>)</p>
<p>၃။ ကိလေသာ ခေါင်းပါးခြင်းငှာ (<b>သလ္လေခါယ</b>)</p>
<p>၄။ မွေးမြူလွယ်သူ ဖြစ်ခြင်းငှာ (<b>သုဘရတာယ</b>)</p>
<p>၅။ (အကုသိုလ်တရားတွေကို ပယ်နိုင်ဖို့ရန် ကုသိုလ်တရားတွေ၏ တိုးပွားလာဖို့ရန် ပြည့်စုံလာဖို့ရန် သမထ + ဝိပဿနာဘာဝနာ တို့ကို) အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ တိုးပွားလာခြင်းငှာ ကောင်းစွာ ဖြစ်ပေလိမ့်မည်။ ဤဂုဏ်ကျေးဇူး ငါးမျိုးတို့နှင့် ပြည့်စုံနေသော ရဟန်းတော်သည် <b>ကထာဝတ္ထု</b> ဆယ်ပါးတို့ကိုလည်း ပြည့်စုံအောင် ဖြည့်ကျင့်ပေလိမ့်မည်။ (မ၊ဋ္ဌ၊၁၊၁၀၀-၁၀၁။)</p>
<h3>ကထာဝတ္ထု (၁၀) ပါး</h3>
<p>၁။ <b>အပ္ပိစ္ဆကထာ</b> = အလိုရမ္မက်နည်းပါးခြင်းနှင့် စပ်သော စကား,</p>
<p>၂။ <b>သန္တုဋ္ဌိကထာ</b> = ရောင့်ရဲလွယ်ခြင်းနှင့် စပ်သော စကား,</p>
<p>၃။ <b>ပဝိဝေကကထာ</b> = ဝိဝေကသုံးဖြာမှ ကင်းဆိတ်ခြင်းနှင့် စပ်သော စကား,</p>
<p>၄။ <b>အသံသဂ္ဂကထာ</b> = ပုဂ္ဂိုလ်သတ္တဝါ အပေါင်းအဖေါ်, ကိလေသာ အပေါင်းအဖေါ်နှင့် ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သော စကား,</p>
<p>၅။ <b>ဝီရိယာရမ္ဘကထာ</b> = အကုသိုလ်တရားတို့ကို ပယ်နိုင်ရန် ကုသိုလ် တရားတို့ကို တိုးပွားစေရန် ပြည့်စုံစေရန် သမထ ဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = လုံ့လ ဝီရိယနှင့် စပ်သော စကား,</p>
<p>၆။ <b>သီလကထာ</b> = သီလနှင့် စပ်သော စကား,</p>
<p>၇။ <b>သမာဓိကထာ</b> = သမာဓိနှင့် စပ်သော စကား,</p>
<p>၈။ <b>ပညာကထာ</b> = ဝိပဿနာပညာ မဂ်ပညာနှင့် စပ်သော စကား,</p>
<p>၉။ <b>ဝိမုတ္တိကထာ</b> = ကိလေသာမှ လွတ်မြောက်ကြောင်း (အရ ဟတ္တဖိုလ်) နိဗ္ဗာန် (= <b>ဝိမုတ္တိ</b>) နှင့် စပ်သော စကား,</p>
<p>၁၀။ <b>ဝိမုတ္တိဉာဏဒဿနကထာ</b> = <b>ဝိမုတ္တိဉာဏ်</b>အမြင်နှင့် စပ်သော စကား -</p>
<p>ဤ (၁၀)ပါးသည်ကား ရဟန်းတို့ ပြောဆိုသင့်သော <b>ကထာ</b> = စကား (၁၀)မျိုးပင် ဖြစ်၏။ ဤ (၁၀)မျိုးတို့တွင် အမှတ် (၁) <b>အပ္ပိစ္ဆကထာ</b>, အမှတ် (၂) <b>သန္တုဋ္ဌိကထာ</b>, အမှတ် (၅) <b>ဝီရိယာရမ္ဘကထာ</b> ဟူသည့် <b>ကထာ</b> = စကား (၃)မျိုးကိုကား ဘုရားရှင်သည် တိုက်ရိုက် အမည်တပ်ကာ ယခု တင်ပြနေသည့် <b>ဓမ္မဒါယာဒသုတ္တန်</b>ဝယ် ဟောကြားထားတော်မူပါသည်။ ကျန်နေသည့် <b>ကထာ</b> = စကား အမျိုးမျိုး ကိုကား <b>သလ္လေခကထာ</b> = ကိလေသာ ခေါင်းပါးအောင် ကျင့်ရမည့် ကျင့်စဉ်စကားအဖြစ် စုပေါင်းကာ ဟောကြားထားတော်မူပါသည်။ ထိုကဲ့သို့ ဟောကြားထားတော်မူသည့် ထုံးဟောင်းတစ်ရပ်သည်ကား ဥပရိပဏ္ဏာသပါဠိတော် <b>မဟာသုညတသုတ္တန်</b>မှာ လာရှိပေသည်။---</p>
<p>ညီဘွား အာနန္ဒာ ...အကြင်စကားသည် <b>သလ္လေခ</b> = ကိလေသာတို့ကို ခေါင်းပါးစေတတ်၏၊ စိတ်၏ <b>နီဝရဏ</b>မှ ကင်းခြင်းငှာ လျောက်ပတ်၏၊ စိတ်ဓာတ်ကို အမှန်တရားကို မမြင်အောင် ဖုံးလွှမ်း ထားတတ်သည့် <b>နီဝရဏ</b> အဖုံးအပိတ်ကို ဖွင့်လှစ်ပြခြင်းဟု ခေါ်ဆိုအပ်သော သမထ ဝိပဿနာ ဘာဝနာတို့အား လျောက်ပတ်၏။ စင်စစ် <b>သင်္ခါရတရား</b>တို့မှ တစ်နည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ ခြင်းငှာ တပ်မက်မှု<b>ရာဂ</b> ကင်းခြင်းငှာ တပ်မက်မှု<b>ရာဂ</b> ချုပ်ငြိမ်းခြင်းငှာ, တစ်နည်း သံသရာဝဋ်ဒုက္ခ၌ တပ်မက်ခြင်း ကင်းခြင်းငှာ, သံသရာဝဋ်ဒုက္ခ၏ ချုပ်ငြိမ်းခြင်းငှာ, သိသင့်သိထိုက်သော <b>သစ္စာလေးပါး</b> အစရှိသည့် <b>အဘိညေယျတရား</b>စုကို ထိုးထွင်း သိမြင်ခြင်းငှာ, <b>အရိယမဂ်ဉာဏ်</b>ကို ထိုးထွင်း သိမြင်ခြင်းငှာ, ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန် မရှိသည့် <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b> ဝင်စံရန် အလို့ငှာ ကောင်းစွာ ဖြစ်၏။ ယင်းစကားသည်ကား ---</p>
<p>၁။ <b>အပ္ပိစ္ဆကထာ</b> = အလိုရမ္မက်နည်းပါးခြင်းနှင့် စပ်သော စကား ။ပ။ ၁၀။ <b>ဝိမုတ္တိဉာဏဒဿနကထာ</b> = <b>ဝိမုတ္တိဉာဏ်</b>အမြင်နှင့် စပ်သော စကားတည်း။ (မ၊၃၊၁၅၅။)</p>
<p>ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည့် ထုံးဟောင်းတစ်ရပ်လည်း ထင်ရှား ရှိနေပေသည်။ ထို့ကြောင့် ဤဂုဏ်ကျေးဇူး ငါးမျိုး တို့ကို ပြည့်စုံစေသော ရဟန်းတော်တို့သည် <b>ကထာဝတ္ထု</b> (၁၀)ပါးတို့ကို ပြည့်စုံစေကြပေကုန်လတ္တံ့။ (မ၊ဋ္ဌ၊၁၊၁၀၁။)</p>
<h3>ပဝိဝေကကထာ</h3>
<p>ယခု တင်ပြနေသည့် <b>ကထာဝတ္ထု</b> (၁၀)မျိုးတို့တွင် ပါဝင်နေသည့် <b>ပဝိဝေကကထာ</b> အကြောင်းကို အနည်းငယ် ထပ်မံ ရှင်းလင်းတင်ပြ လိုပေသည် --- (၁) <b>ကာယဝိဝေက</b>, (၂) <b>စိတ္တဝိဝေက</b>, (၃) <b>ဥပဓိဝိဝေက</b> ဟု <b>ဝိဝေက</b> သုံးမျိုး ရှိ၏။ ---</p>
<p>(၁) <b>ကာယဝိဝေက</b> --- ဂိုဏ်း အပေါင်းအဖေါ်ကို စွန့်လွှတ်ကာ တစ်ယောက်ထီးတည်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း စားခြင်း စသည်ဖြင့် တစ်ယောက်ထီးတည်း နေလေ့ရှိခြင်း သဘောသည် <b>ကာယဝိဝေက</b> မည်၏။</p>
<p>(၂) <b>စိတ္တဝိဝေက</b> --- သို့သော် <b>ကာယဝိဝေက</b>မျှနှင့် လောကုတ္တရာ တရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်သည့်အတွက် ကသိုဏ်းပရိကမ်များကို ပြုကာ <b>စျာန်သမာပတ်</b> (၈)ပါးတို့ကို ဖြစ်ပေါ်လာအောင် ကျင့်ရ၏။ ဤ<b>စျာန်သမာပတ်</b>တို့သည် စိတ်အစဉ်ဝယ် <b>နီဝရဏကိလေသာ</b> အညစ်အကြေးတို့မှ ကင်းဝေးအောင် ကင်းစင်အောင် ဆောင်ရွက်ပေးနိုင်သည့်အတွက် <b>စိတ္တဝိဝေက</b> မည်၏။</p>
<p>(၃) <b>ဥပဓိဝိဝေက</b> --- <b>စျာန်သမာပတ်</b> (၈)ပါးကို ရရှိရုံမျှဖြင့်လည်း လောကုတ္တရာတရားကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်သည့်အတွက် ယင်း<b>စျာန်သမာပတ်</b>ကို ဝိပဿနာ၏ <b>အခြေပါဒက</b>ပြုကာ <b>ဒုက္ခသစ္စာ သမုဒယသစ္စာ</b> အမည်ရသည့် <b>သင်္ခါရတရား</b>တို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ <b>အရဟတ္တဖိုလ်</b> ဆိုက်သည်တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရ၏။ ယင်း <b>အရဟတ္တဖိုလ် နိဗ္ဗာန်</b> သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် <b>ဥပဓိဝိဝေက</b> မည်၏။</p>
<p>ထိုနိဗ္ဗာန်သည် <b>ကာမုပဓိ</b>အမည်ရသည့် ကာမဂုဏ်တို့မှလည်း ကင်းဆိတ်၏၊ <b>ကိလေသုပဓိ</b> အမည်ရသည့် ကိလေသာတို့မှလည်း ကင်းဆိတ်၏၊ <b>အဘိသင်္ခါရုပဓိ</b> အမည်ရသည့် ဘဝသစ်ကို ပြုပြင်တတ်သည့် <b>အဘိသင်္ခါရတရား</b>တို့မှလည်း ကင်းဆိတ်၏၊ <b>ခန္ဓုပဓိ</b> အမည်ရသည့် ခန္ဓာငါးပါးတို့မှလည်း ကင်းဆိတ်၏။ ဤသို့ <b>ဥပဓိလေးဖြာ</b>တို့မှ ကင်းဆိတ်နေသည့် အတွက်ကြောင့် နိဗ္ဗာန်တရားတော်မြတ်သည် <b>ဥပဓိဝိဝေက</b> မည်၏။ ဤကဲ့သို့သော <b>ဝိဝေက</b> သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သည့် ရဟန်းတော်သည် မိမိထံမှောက်သို့ ဆိုက်ရောက်လာသည့် ပရိသတ်ကို <b>ဝိဝေက</b> သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန် <b>ဝိဝေက</b>သုံးဖြာသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိရန် ပြောကြားကာ ညွှန်ကြားကာ ပရိသတ်ကို ပြန်လွှတ်ပြီးနောက် သမထ ဝိပဿနာ ဘာဝနာဆိုသည့် ရဟန်းတရားကိုသာ ဆက်လက်ကြိုးပမ်း၏။ (အံ၊၃၊၆၆။ အံ၊ဋ္ဌ၊၃၊၂၆။)</p>
<p>ကြွင်းကျန်သော <b>ကထာ</b> = စကားရပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ဤ<b>ကထာဝတ္ထု</b>ဆယ်ပါးကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်သည့် သူတို့သည် သီလ-သမာဓိ-ပညာဆိုသည့် သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်ကြမည် ဖြစ်၏။</p>
<p>ဤ<b>ကထာဝတ္ထု</b> ဆယ်ပါးတို့တွင် <b>အပ္ပိစ္ဆကထာ</b>, <b>သန္တောသကထာ</b> ( = <b>သန္တုဋ္ဌိကထာ</b>), <b>အသံသဂ္ဂကထာ</b>, <b>သီလကထာ</b> --- ဤလေးမျိုးတို့ကို <b>အဓိသီလသိက္ခာ</b>ဝယ်၊ <b>ပဝိဝေကကထာ</b>, <b>ဝီရိယာရမ္ဘကထာ</b>, <b>သမာဓိကထာ</b>တို့ကို <b>သမာဓိသိက္ခာ</b>ဝယ်၊ <b>ပညာကထာ</b>, <b>ဝိမုတ္တိကထာ</b>, <b>ဝိမုတ္တိဉာဏဒဿနကထာ</b>တို့ကို <b>အဓိပညာသိက္ခာ</b>ဝယ် --- ထည့်သွင်း ရေတွက်ရ၏။ ဤနည်းဖြင့် <b>ကထာဝတ္ထု</b> ဆယ်ပါးတို့ကို <b>အရဟတ္တဖိုလ်</b>ပေါက် ပြည့်ပြည့်စုံစုံ လိုက်နာပြုကျင့်နိုင်သည့် သူတို့သည် သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကိုလည်း <b>အရဟတ္တဖိုလ်</b>ပေါက် ပြည့်စုံအောင် ဖြည့်ကျင့်နိုင်ကြပေလိမ့်မည်။ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို <b>အရဟတ္တဖိုလ်</b>ပေါက် ပြည့်စုံအောင် ဖြည့်ကျင့်နိုင်သည့် သူတို့သည် ငါးပါး ကုန်သော <b>အသေက္ခဓမ္မက္ခန္ဓာ</b>တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်ကြ ပေလိမ့်မည်။</p>
<p><b>အရဟတ္တဖိုလ်</b>ပေါက် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားသည့် <b>အဓိသီလသိက္ခာ</b>က <b>အသေက္ခ-သီလက္ခန္ဓ</b> = ရဟန္တာပုဂ္ဂိုလ်တို့၏ သီလဂုဏ် ကျေးဇူး အစု ဖြစ်၏။ <b>အဓိစိတ္တသိက္ခာ</b>က <b>အသေက္ခ-သမာဓိက္ခန္ဓ</b> = ရဟန္တာပုဂ္ဂိုလ်တို့၏ သမာဓိဂုဏ်ကျေးဇူးအစု ဖြစ်၏။ <b>အဓိပညာသိက္ခာ</b>က <b>အသေက္ခ</b> = <b>ပညာက္ခန္ဓ</b>, <b>ဝိမုတ္တိက္ခန္ဓ</b>, <b>ဝိမုတ္တိဉာဏဒဿနက္ခန္ဓ</b> = ရဟန္တာပုဂ္ဂိုလ်တို့၏ ပညာဂုဏ်ကျေးဇူး အစု, <b>ဝိမုတ္တိဂုဏ်</b>ကျေးဇူး အစု, <b>ဝိမုတ္တိဉာဏဒဿန</b> = <b>ဝိမုတ္တိဉာဏ်</b>အမြင် ဂုဏ်ကျေးဇူး အစုတို့ ဖြစ်ကြ၏။ ထိုကြောင့် သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို <b>အရဟတ္တဖိုလ်</b>ပေါက် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်သူတို့သည် <b>အသေက္ခ</b> = ရဟန္တာ အရှင်မြတ်တို့၏ ငါးမျိုးသော ဂုဏ်ကျေးဇူး အစုတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပြီး ဖြစ်ကြ၏။ ဤငါးမျိုးသော <b>ဓမ္မက္ခန္ဓ</b> = ဓမ္မဂုဏ်ကျေးဇူး တို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပြီးသူတို့သည် မသေရာ အမြိုက်နိဗ္ဗာန်သို့ ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန် မရှိသည့် <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>ဖြင့် ဝင်စံကြရမည် ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၁။)</p>
<p>နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ --- တောင်ထိပ်လွင်ပြင်ပေါ်၌ သည်းထန်စွာ ရွာသွန်းချနေသော မိုးကြီးသည် ရေထုထည်က အလွန် များပြား စွတ်စိုစေခဲ့သော် တောင်ချောက်ကမ္ဘား ရှိုင်ဝှန်း (ချိုင့်ဝှမ်း) ရှိုမြောင်တို့ကို ရေဖြင့် ပြည့်နှက်စေ၏၊ ယင်းရေထုထည်တို့က ပြည့်လျှံလာသောအခါ တစ်ဘက်ဆည်ကန်တို့ကို ပြည့်စေပြန်၏၊ ယင်း တစ်ဘက်ဆည်ကန်ရေတွေက ပြည့်လျှံလာသောအခါ ယင်းရေတို့က မြစ်ငယ်တို့ကို ပြည့်စေပြန်၏၊ တစ်ဖန် မြစ်ငယ်အတွင်း လျှံလာသော ရေတို့က မြစ်ကြီးတို့ကို ပြည့်စေပြန်၏။ မြစ်ကြီးအတွင်းမှာ လျှံတက်လာသော ရေတို့က မဟာသမုဒ္ဒရာကို ပြည့်စေပြန်၏။</p>
<p>ဤဥပမာအတိုင်းပင် ဤ<b>ဓမ္မဒါယာဒသုတ္တန်</b>ဝယ် ဟောကြားထားတော်မူသည့်အတိုင်း <b>အပ္ပိစ္ဆတာ</b> = အလိုနည်းပါးခြင်းစသည့် ငါးမျိုးသော ဂုဏ်ကျေးဇူးတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်သည့် ရဟန်းတော်သည် <b>ကထာဝတ္ထု</b> ဆယ်ပါးကို အစထားကာ မသေရာ အမြိုက်နိဗ္ဗာန်သို့ <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>ဖြင့် ဝင်စံရသည် တိုင်အောင်သော ကျင့်ဝတ်ပဋိပတ်ကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်မည် ဖြစ်သည်။ ဤသို့လျှင် ဤပထမရဟန်းတော်သည် ဘုရားရှင်ထံမှ အာမိသကို အမွေမခံယူဘဲ ဓမ္မကိုသာ အမွေခံယူခြင်းဟူသည့် <b>ဓမ္မဒါယာဒ</b> ကျင့်ဝတ်ပဋိပတ်ကို ကျင့်ခဲ့သော် အမြတ်ဆုံးသော ဓမ္မကိုသာ အမွေခံယူခြင်း = <b>ပရမဓမ္မဒါယာဒ</b> အမွေကို ဘုရားရှင်ထံမှ ရရှိနိုင်ပါသည် ဟူသည့် ဤသဘောတရားကို ထင်ရှား ပြတော်မူလိုသည့်အတွက်ကြောင့် ဘုရားရှင်က ပထမရဟန်းတော်သည်သာလျှင် အလွန်ပူဇော်ထိုက်သည့် ရဟန်းဖြစ်ကြောင်း အလွန်ချီးမွမ်းထိုက်သည့် ရဟန်းဖြစ်ကြောင်း စသည့် စကားတော်များကို မိန့်ကြားသွားတော်မူခြင်း ဖြစ်ပေသည်။ ဘုရားရှင်ထံမှ အာမိသကို အမွေမခံယူဘဲ ဓမ္မကိုသာ အမွေခံယူရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၁-၁၀၂။)</p>
<h3>တရားတော်ကို ချီးမွမ်းတော်မူလိုခြင်း</h3>
<p>ဤ<b>ဓမ္မဒါယာဒသုတ္တန်</b> တရားဒေသနာတော်ကို ဤမျှလောက် ကိုသာ ဘုရားရှင်က ဟောကြားတော်မူကာ တရားဒေသနာတော် မပြီးဆုံးမီမှာပင် ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူ၏။ တရားဒေသနာတော် မပြီးဆုံးမီ ယခုကဲ့သို့ ဂန္ဓကုဋိကျောင်းတော်တွင်း သို့ ဝင်ရောက်သွားခြင်းသည် ---</p>
<p>၁။ <b>ပုဂ္ဂလထောမနတ္ထံ</b> = ပုဂ္ဂိုလ်ကို ချီးမွမ်းလိုခြင်း -</p>
<p>၂။ <b>ဓမ္မထောမနတ္ထံ</b> = တရားတော်ကို ချီးမွမ်းလိုခြင်းဟူသည့် အကြောင်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းကြောင့် သာ ဖြစ်ပေသည်။</p>
<p>တစ်ခါတစ်ရံ အရှင်သာရိပုတ္တရာ အရှင်မဟာကစ္စည်း အရှင် အာနန္ဒာ အစရှိသည့် သူတော်ကောင်းတို့ကို ချီးမြှောက်တော်မူလိုသည့်အတွက် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားထားသည့် အကျယ် မဝေဖန်အပ်သေးသည့် တရားတော်ကို သိလိုကြသည့် တရားနာနေကြသည့် ရဟန်းတော်တို့သည် အာနန္ဒာ သို့မဟုတ် ကစ္စာနတို့ထံ ချဉ်းကပ်ကာ မေးမြန်းလျှောက်ထားကြလိမ့်မည်၊ ထိုရဟန်းတွေကလည်း ငါဘုရားရှင်၏ ဉာဏ်တော်နှင့် နှီးနှောကာ ဖြေဆိုကြလိမ့်မည်။ ထိုအခါမှာ တရားနာပရိသတ်ဖြစ်သည့် ရဟန်းတော်တို့က တစ်ဖန် ငါဘုရားထံသို့ ချဉ်းကပ်ကာ မေးမြန်း လျှောက် ထားကြလိမ့်မည်၊ ထိုအခါမှာ ငါဘုရားရှင်က ယင်း ရဟန်းတို့ကို ချစ်သားရဟန်းတို့ ...အာနန္ဒာသည် ကောင်းစွာ ဟောကြား အပ်ပါပေ၏၊ ကစ္စာနသည် ကောင်းစွာ ဟောကြားအပ်ပါပေ၏၊ သင်ချစ်သားတို့တတွေသည် ငါဘုရားရှင်ထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းအရာကိုပဲ မေးမြန်း လျှောက်ထားကြမည်ဆိုလျှင် ငါဘုရားရှင်ကလည်း ဤအတိုင်းပင် ဖြေဆိုမည် ဖြစ်ပေသည်၊ ဤသို့စသည့် စကားတို့ကို ပြောကြားကာ အရှင်အာနန္ဒာ အရှင် မဟာကစ္စာနစသည့် ထိုပုဂ္ဂိုလ်တို့ကို ချီးမွမ်းတော်မူမည် ဖြစ်၏။ ဤကဲ့သို့ ချီးမွမ်းသံကို နာခံရသည့် ရဟန်းတော်တို့သည် ထိုအရှင် အာနန္ဒာ အရှင်မဟာကစ္စာနစသည့် ထိုပုဂ္ဂိုလ်တို့ အပေါ်ဝယ် ရိုသေလေးစားသည့် စိတ်ထားတို့ကို ဖြစ်စေပြီးနောက် ထိုရဟန်းတော် တို့ထံသို့ ချဉ်းကပ်ကြလိမ့်မည်၊ ထိုချဉ်းကပ်လာကြသည့် ရဟန်းတွေ ကိုလည်း အကျိုးတရားတွေမှာရော အကြောင်းတရားတွေမှာရော ယှဉ်စပ်ပြကြပေလိမ့်မည်။ ထိုအခါဝယ် တရားနာရဟန်းတို့သည် အရှင်အာနန္ဒာ အရှင်မဟာကစ္စာနစသည့် ထိုပုဂ္ဂိုလ်တို့က အကျိုးတရား အကြောင်းတရားတို့ကို ယှဉ်စပ်ပြလိုက်သည့်အခါ တိုက်တွန်း နှိုးဆော်လိုက်သည့်အခါ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်ကာ သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ် နိုင်စွမ်း ရှိကြပေလိမ့်မည်။ ဤကဲ့သို့ ပုဂ္ဂိုလ်ကို ချီးမွမ်းလိုသည့် အတွက်ကြောင့်လည်း ဘုရားရှင်သည် တရားမပြီးဆုံးမီ ဂန္ဓကုဋိကျောင်းတော် အတွင်းသို့ ကြွဝင်သွားတော်မူခြင်း ဖြစ်သည်။ (မ၊ဋ္ဌ၊၁၊၁၀၂-၁၀၃။)</p>
<p>တရားတော်ကို ချီးမွမ်းထောမနာလိုသည့်အတွက် ကျောင်းတော်သို့ ဝင်ရောက်သွားတော်မူသည့် အခါဝယ် ဘုရားရှင်၏ စိတ် အကြံအစည်တော်မှာ ဤသို့ ဖြစ်၏။ ယခု ဆွေးနွေး တင်ပြနေသည့် <b>ဓမ္မဒါယာဒသုတ္တန်</b>မှာကဲ့သို့ မှတ်ပါလေ။ ဘုရားရှင်က ဤသို့ စဉ်းစားတော်မူပေသည် ---</p>
<p>ငါဘုရားရှင်သည် ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူသည့်အခါ ယင်းအာမိသကို အမွေခံယူခြင်းကို ကဲ့ရဲ့ရှုတ်ချကာ ဓမ္မကို အမွေခံယူခြင်းကို ချီးမွမ်းမြှောက်စားတော်မူလျက် ဤတရားနာ ပရိသတ်ထဲမှာပင် ထိုင်နေသည့် သာရိပုတ္တရာသည် တရားဟော လိမ့်မည်၊ ဤသို့ဟောခဲ့လျှင် တို့နှစ်ပါးလုံးတို့၏ တူညီသော <b>အဇ္ဈာသယဓာတ်</b> အလိုဆန္ဒဖြင့် ဟောကြားလိုက်သည့် ဤဒေသနာတော် သည် မွန်မြတ်သည့် ဒေသနာတော်လည်း ဖြစ်လိမ့်မည်၊ ကျောက်ထီး တန္တုကဲ့သို့ အလေးဂရုပြုအပ်သည့် တရားဒေသနာတော်လည်း ဖြစ်လိမ့်မည်။ <b>ဩဃ</b> = ရေအယဉ် လေးမျိုးမှ ထွက်မြောက်ကြောင်း ဆိပ်ကမ်းကောင်း၌ တည်ထားအပ်သည့် လှေကဲ့သို့, လမ်းခရီး ကောင်းသို့ သွားရောက်ကြောင်း ဖြစ်သည့် အာဇာနည်မြင်းလေးကောင် ကထားသည့် အာဇာနည် ရထားကဲ့သို့ ဖြစ်ပေလိမ့်မည်။ ဤအမှုကို ဤသို့ ပြုလုပ်သူအား ဤသို့ ဒဏ်ထားရမည်ဟု ပရိသတ် အလယ်၌ အာဏာကို တည်ထားကာ ဘုရင်မင်းမြတ်က နေရာမှ ထကာ ပြာဿဒ်ထက်သို့ တက်သွားခဲ့သော် ယင်းပရိသတ်ထဲမှာပင် ထိုင်နေသည့် စစ်သူကြီးက ထိုရှင်ဘုရင် တည်ထားခဲ့သည့် အာဏာစက်ကို လည်ပတ်စေသကဲ့သို့ အလားတူပင် ငါဘုရားရှင် တည်ထား အပ်သည့် တရားဒေသနာတော် <b>ဓမ္မစက်</b>ကို ဤတရားနာပရိသတ် ထဲမှာပင် ထိုင်နေသည့် သာရိပုတ္တရာက ချီးမွမ်းမြှောက်စားကာ တရား ဟောပေလိမ့်မည်၊ ဤသို့ ဟောခဲ့လျှင် ငါတို့ နှစ်ဦးလုံးတို့၏ တူညီသည့် အလိုဆန္ဒဖြင့် ဟောကြားအပ်သည့် ဤဒေသနာတော်သည် မွန်းတည့် အခါ နေမင်းကဲ့သို့ အလွန် အရှိန်အဝါ အားကောင်းကောင်းနှင့် ထွန်းလင်းတောက်ပပေလိမ့်မည်ဟု ဘုရားရှင်၏ သန္တာန်တော်မှာ ဤကဲ့သို့ စိတ်အကြံအစည် ဖြစ်တော်မူခဲ့၏(မ၊ဋ္ဌ၊၁၊၁၀၃။)။ တရားတော်ကို ချီးမွမ်းတော်မူလိုသည့် စိတ်အကြံအစည် ဖြစ်၏။</p>
<p>ဤကဲ့သို့သော နေရာမျိုးတို့၌ ဘုရားရှင်သည် ထိုင်ကာတရား ဟောတော်မူသည့် <b>ဓမ္မာသနပလ္လင်</b>နေရာမှာပင် ကွယ်ပတော်မူကာ ဤငါ၏ <b>ရူပကာယ</b> ခန္ဓာကိုယ်သည် ဤစိတ်ကဲ့သို့ ဖြစ်စေသတည်း ဟု ခန္ဓာကိုယ်နှင့် စိတ်တို့ တူညီသော သွားလာမှုရှိအောင် အဓိဋ္ဌာန် ပြုတော်မူကာ ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူ သည်ဟု သိရှိပါလေ။ အကယ်၍ ခန္ဓာကိုယ်ဂတိအတိုင်း ကြွသွား မည်ဆိုလျှင် အလုံးစုံသော တရားနာပရိသတ်တို့သည် မြတ်စွာဘုရား ကို ခြံရံကာ လိုက်ပါသွားကြမည် ဖြစ်၏။ တရားနာပရိသတ်တို့သည် ယခုကဲ့သို့ ကွဲပြားသွားပြီဆိုလျှင် တစ်စုတစ်ရုံးတည်း ဖြစ်အောင် ပြန်လုပ်ဆောင်ရာ၌ ခက်ခဲမှု ရှိတတ်ပေသည်။ ထိုကြောင့် ဘုရားရှင် သည် စိတ်တော်၏ <b>ဂတိ</b>အတိုင်း တရားဟောတော်မူရာ ပလ္လင်ထက် မှာပင် ကွယ်ပတော်မူကာ ဂန္ဓကုဋိကျောင်းတော်တွင်းသို့ ကြွဝင်သွားတော်မူလေသည်။ (မ၊ဋ္ဌ၊၁၊၁၀၃။)</p>
<h3>အရှင်သာရိပုတ္တရာ တရားဟောတော်မူပုံ</h3>
<p>ဘုရားရှင် ကြွသွားတော်မူပြီးနောက် မကြာမီ အချိန်ကာလ အတွင်းမှာပင် အရှင်သာရိပုတ္တရာ မထေရ်မြတ်က စတင်ပြီး တရား ဟောကြားတော်မူပေသည်။ ယင်းတရားတော်ကို အကျဉ်းချုပ်ကာ တင်ပြအပ်ပါသည်။ ---</p>
<p>ငါ့ရှင်တို့ ...ဘုရားရှင်သည် <b>ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေက</b> ဆိုသည့် <b>ဝိဝေက</b>သုံးဖြာကို မှီတင်းကာ နေထိုင်တော် မူသကဲ့သို့ အဘယ်မျှလောက်သော အတိုင်းအရှည်ဖြင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာကို မကျင့်ကုန်သနည်း? အဘယ်မျှလောက်သော အတိုင်း အရှည်ဖြင့် ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b> သုံးဖြာကို ကျင့်ကုန် သနည်း?</p>
<p>ဤမေးခွန်းနှစ်ခုဖြင့် တရားနိဒါန်းပျိုးကာ တရားတော်ကို ဆက်လက် ဟောကြားတော်မူပေသည်။ သာသနာတော်ဝယ် (၁၀)ဝါမှ စတင်ကာ (၁၀)ဝါအထက် ရဟန်းတော်များကို <b>ထေရ</b>ဟု, ငါးဝါမှ (၉)ဝါအထိ ရဟန်းတော်များကို <b>မဇ္ဈိမ</b>ဟု, ငါးဝါအောက် ရဟန်းတော် များကို <b>နဝ</b>ဟု ခေါ်ဝေါ်သုံးစွဲပေသည်။ သီတင်းကြီး, သီတင်းလတ်, သီတင်းငယ်ဟု ဆိုလိုသည်။ ယင်း ရဟန်းအားလုံးကို ရည်ညွှန်းကာ တရားတော်ကို ဟောကြားထားတော်မူပေသည်။</p>
<h3>ဝိဝေက သုံးဖြာကို မလိုက်နာသူများ</h3>
<p>ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာကို မကျင့်ကြသည့် <b>ထေရ, မဇ္ဈိမ, နဝ</b> ဆိုသည့် သာဝကတို့သည် ---</p>
<p>၁။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် တရားတို့ကိုလည်း မပယ်စွန့်ကြကုန်၊</p>
<p>၂။ ပစ္စည်းလေးပါး ပေါများရန်ပင် ကျင့်နေကြ၏၊ သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို လျော့လျော့ရဲရဲ ယူဆထားကြ၏။</p>
<p>၃။ အောက်အပါယ်ဘုံသို့ သက်ဆင်းစေတတ်သည့် <b>နီဝရဏ</b> ငါးပါးကို ရှေ့တန်းတင်ထားကြ၏၊ <b>ဥပဓိလေးဖြာ</b>တို့မှ ကင်းဆိတ်ရာ ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်မှု မရှိဘဲ ကြိုးစားအားထုတ်ရမည့် တာဝန်ကို ပစ်ချကာ တာဝန်မဲ့ နေထိုင်ကြ၏။</p>
<p>ငါ့ရှင်တို့ ထိုတပည့်သာဝကတို့တွင် <b>ထေရ</b> (<b>မဇ္ဈိမ, နဝ</b>) ဖြစ်ကြ သည့် ရဟန်းတော်တို့သည် သုံးမျိုးကုန်သော အကြောင်းတို့ဖြင့် ကဲ့ရဲ့ထိုက်ကြကုန်၏။ ---</p>
<p>၁။ ဘုရားရှင်သည် <b>ဝိဝေက</b>သုံးဖြာကို မှီတင်းကာ သီတင်းသုံး နေထိုင်တော်မူသကဲ့သို့ ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာတို့ကို ရရှိအောင် အစဉ်လိုက်ကာ မကျင့်ခြင်းဟူသည့် ဤပထမအကြောင်းဖြင့်လည်း ကဲ့ရဲ့ထိုက်ကြကုန်၏။</p>
<p>၂။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် တရား တို့ကို မပယ်စွန့်ခြင်းဆိုသည့် ဤဒုတိယအကြောင်းဖြင့်လည်း ကဲ့ရဲ့ထိုက်ကြ၏။</p>
<p>၃။ ပစ္စည်းလေးပါး ပေါများရန်ကိုပင် ကျင့်နေကြခြင်း, သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို လျော့လျော့ရဲရဲ ယူဆထားကြခြင်း, အောက်အပါယ် ဘုံသို့ သက်ဆင်းစေတတ်သည့် <b>နီဝရဏတရား</b>ငါးပါးကို ရှေ့တန်းတင်ထားကြခြင်း, <b>ဥပဓိလေးဖြာ</b>တို့မှ ကင်းဆိတ်ရာ ဖြစ် သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်မှု မရှိဘဲ ကြိုးစားအားထုတ်ရမည့် တာဝန်ကို ပစ်ချကာ တာဝန်မဲ့ နေထိုင်ကြခြင်းဆိုသည့် ဤတတိယအကြောင်းဖြင့်လည်း ကဲ့ရဲ့ ထိုက်ကြကုန်၏။</p>
<p>ငါ့ရှင်တို့ ...ဤမျှလောက်သော အတိုင်းအရှည်ဖြင့် <b>ထေရ</b> (<b>မဇ္ဈိမ-နဝ</b>) ဖြစ်ကြသည့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာကို မကျင့်ကြသည် မည်ကုန်၏။ (မ၊၁၊၁၇-၁၈။)</p>
<h3>ကဲ့ရဲ့ကြသည်</h3>
<p>[၁။ သီတင်းကြီးတွေပင် ဖြစ်ကြသော်လည်း အစွန်းအဖျား ကျသည့် ဆိတ်ငြိမ်သည့် တောကျောင်း တောင်ကျောင်းတွေကို မချဉ်း ကပ်နိုင် ဖြစ်နေကြ၏။ ရွာနီးကျောင်းတွေကို မစွန့်နိုင် ဖြစ်နေကြ၏၊ အပေါင်းအဖေါ်၌ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်မှုကို တိုးပွားအောင် ဆောင်ရွက်ကာ နေထိုင်ကြ၏၊ <b>စိတ္တဝိဝေက ဥပဓိဝိဝေက</b>ကို ထားလိုက်ဘိဦး၊ <b>ကာယဝိဝေက</b>မျှကိုသော်လည်း မဖြည့်ကျင့်နိုင်ကြဘူး။ သီတင်းငယ် သီတင်းလတ် အရွယ်တွေတုန်းကဆိုလျှင် ဘယ်လိုများ နေခဲ့ကြမည်မသိ --- ဤသို့ စသည်ဖြင့် ကဲ့ရဲ့ကြ၏။ ငါ့ရှင်တို့သည် <b>ဝိဝေက</b>သုံးဖြာနှင့် ပြည့်စုံအောင် မကျင့်ကြဘူးဆိုလျှင် ဤကဲ့သို့ ကဲ့ရဲ့မှုမျိုးတွေကို ငါ့ရှင်တို့ ခံယူကြရမှာ ဖြစ်ကြပေသည်ဟု အရှင်သာရိပုတ္တရာမထေရ်မြတ်က ညွှန်ပြ ပြောဆိုနေပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၆။)</p>
<p>၂။ ငါ့ရှင်တို့ ... ဤမထေရ်ကြီးတို့သည် မထေရ်ကြီးပင် ဖြစ် နေကြသော်လည်း ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော် မူသည့် <b>လောဘ ဒေါသ မောဟ</b> စသည့် တရားဆိုးတွေကို မပယ်စွန့်ကြသေးပါလား၊ လက်ဖျစ်တစ်တွက် ကာလမျှလောက်သော်လည်း သင့်တင့် လျောက်ပတ်သည့်နေရာမှာ ထိုင်ကာ (တရားဘာဝနာကို နှလုံးသွင်းလိုက်လျှင်) စိတ်တည်ကြည်မှုကိုသော်လည်း မရရှိကြသေး ပါလား၊ သီတင်းငယ် သီတင်းလတ် အရွယ်တုန်းက မည်ကဲ့သို့များ ဖြစ်ခဲ့ကြမည်မသိဟု ပြောဆိုကာ ကဲ့ရဲ့ထိုက်သည့် ပုဂ္ဂိုလ်တွေ ဖြစ်ကြ ၏။ ငါ့ရှင်တို့လည်း ဤကဲ့သို့ ကဲ့ရဲ့မှုမျိုးတွေကို ရရှိနိုင်ကြသည်ဟု အရှင်သာရိပုတ္တရာ မထေရ်မြတ်က ညွှန်ပြ ပြောဆိုနေပေသည်။ (မ၊ဋ္ဌ၊၁၊၁၀၆။)</p>
<p>၃။ ငါ့ရှင်တို့ ...ဤမထေရ်ကြီးတို့သည် မထေရ်ကြီးပင် ဖြစ်နေကြသော်လည်း ရရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သည့် စိတ်ဓာတ် တွေ မရှိကြပါလား၊ သင်္ကန်း သပိတ် ပရိက္ခရာ ကျောင်းအိပ်ရာ နေရာတွေ ရရှိဖို့ ဤခန္ဓာကိုယ် အပုပ်ကောင်ကြီးကို တန်ဆာဆင် ပေးဖို့ကိုပဲ အစဉ်တစိုက် ကြောင့်ကြစိုက်ကာ ကြိုးစားအားထုတ်ပြီး နေထိုင်ကြ၏၊ <b>ဥပဓိလေးဖြာ</b>တို့မှ ကင်းဆိတ်ရာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတို့ကို ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်ကြဘဲ နေထိုင်နေကြ၏။ သီတင်းငယ် သီတင်းလတ်တွေ ဖြစ်ခဲ့ကြစဉ်က မည်ကဲ့သို့များ ဖြစ်ခဲ့ ကြမည် မသိ --- ဤသို့ စသည်ဖြင့် ပြောဆိုကာ ကဲ့ရဲ့ထိုက်သည့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြ၏။ ငါ့ရှင်တို့ ...သင်တို့တတွေသည်လည်း ဤကဲ့သို့သော ကဲ့ရဲ့မှုမျိုးတွေကို ရရှိနိုင်ကြပါသည်ဟု ဤသို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ညွှန်ပြ ပြောဆိုတော်မူပေသည်။ သီတင်းလတ် သီတင်းငယ် ရဟန်းတို့၌လည်း နည်းတူပင် အကဲ့ရဲ့ခံရမှုကို သဘောပေါက်ပါလေ။ မထေရ်ကြီးဖြစ်သည့်အခါ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြမည်လည်း မသိ၊ မထေရ်လတ်တွေ ဖြစ်သည့်အခါ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြမည်လည်း မသိ --- ဤသို့ စသည်ဖြင့် အကဲ့ရဲ့ခံရမှုကို သဘောပေါက် ပါလေ။ (မ၊ဋ္ဌ၊၁၊၁၀၆။)]</p>
<h3>ဝိဝေကသုံးဖြာကို အတုလိုက်ကာ ကျင့်ကြသူများ</h3>
<p>ငါ့ရှင်တို့...ဤသာသနာတော်ဝယ် နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသည့် ဘုရားရှင်သည် <b>ဝိဝေက</b>သုံးဖြာကို မှီတင်းကာ သီတင်းသုံး နေထိုင်တော်မူ၏။ ဘုရားရှင်၏ တပည့်သာဝက ဖြစ်ကြသည့် (<b>ထေရ မဇ္ဈိမ နဝ</b>) ဟူသည့် ရဟန်းတော်တို့သည် ဘုရားရှင်သို့ အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာကို အစဉ်တစိုက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြ၏။</p>
<p>၁။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် တရား တွေကိုလည်း ပယ်စွန့်ကြ၏။</p>
<p>၂။ ပစ္စည်းလေးပါး ပေါများဖို့ရန်လည်း မကျင့်ကြပေ။ သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့် စဉ်တွေကို လျော့လျော့ရဲရဲ မယူဆကြပေ။ အလေးအနက် ထားကြ၏။</p>
<p>၃။ အောက်အပါယ်ဘုံသို့ သက်ဆင်းစေတတ်သည့် <b>နီဝရဏတရား</b> ငါးပါးကို ပယ်စွန့်ထားကြ၏၊ <b>ဥပဓိလေးဖြာ</b>တို့မှ ကင်းဆိတ်ရာ ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်ရမည့် တာဝန်ဝတ္တရားကို ရှေ့တန်းတင်ထားကြ၏။</p>
<p>ငါ့ရှင်တို့ ...ထိုတပည့်သာဝကတို့တွင် <b>ထေရ</b>ဖြစ်တော်မူကြသည့် ရဟန်းတော်တို့သည် သုံးမျိုးကုန်သော အကြောင်းတရားတို့ဖြင့် ချီးမွမ်းထိုက်သည့် ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။</p>
<p>၁။ ဘုရားရှင်သည် <b>ဝိဝေက</b>သုံးဖြာကို မှီတင်းကာ သီတင်းသုံးနေထိုင်တော်မူသကဲ့သို့ ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာတို့ကို ရရှိအောင် အစဉ်လိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြ၏ ဟူသည့် ဤပထမအကြောင်းတရားဖြင့်လည်း ချီးမွမ်းထိုက် ကြ၏။</p>
<p>၂။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားထားတော်မူသည့် (<b>လောဘ ဒေါသ မောဟ</b> စသည့်) တရားတို့ကို ပယ်စွန့်ခြင်း ဟူသည့် ဤဒုတိယအကြောင်းတရားဖြင့်လည်း ချီးမွမ်းထိုက်ကြ၏။</p>
<p>၃။ ပစ္စည်းလေးပါး ပေါများရန် မကျင့်ကြခြင်း, သာသနာတော်မှာ လာရှိသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို လျော့လျော့ရဲရဲ မယူဆကြဘဲ အလေးအနက် ထားကြခြင်း, အောက်အပါယ်ဘုံသို့ သက်ဆင်းစေတတ်သည့် <b>နီဝရဏတရား</b> ငါးပါးကို ပယ်စွန့်ထားခြင်း, <b>ဥပဓိလေးဖြာ</b>တို့မှ ကင်းဆိတ်ရာ ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို ရရှိဖို့ရန် ကြိုးစားအားထုတ်မှုကို ရှေ့တန်းတင်ထားခြင်းဟူသည့် ဤတတိယအကြောင်း ဖြင့်လည်း ချီးမွမ်းထိုက်ကြ၏။ (<b>မဇ္ဈိမ</b>ရဟန်း <b>နဝ</b>ရဟန်းတို့၌လည်း ပုံစံတူပင် မှတ်ပါလေ)</p>
<p>ငါ့ရှင်တို့ ...ဤမျှလောက်သော အတိုင်းအရှည်ဖြင့် <b>ထေရ</b> (<b>မဇ္ဈိမ, နဝ</b>) ဖြစ်ကြသည့် ဘုရားရှင်၏ တပည့်သာဝကတို့သည် ဘုရားရှင်ကို အတုလိုက်ကာ <b>ဝိဝေက</b>သုံးဖြာကို ကျင့်နေကြသည် မည်ပါ၏။ (မ၊၁၊၁၈-၁၉။)</p>
<h3>ချီးမွမ်းကြသည်</h3>
<p>[၁။ ဤ ရဟန်းတော်တို့သည် မထေရ်ကြီးများပင် စင်စစ်ဖြစ်ကြလင့်ကစား ယူဇနာအဆက်ဆက်က ကြွလာတော်မူကာ တောကျောင်းတောင်ကျောင်း အစွန်းအဖျားကျသည့် ကျောင်းအိပ်ရာနေရာ တို့ကို မှီဝဲကြ၏။ ရွာနီးကျောင်းသို့ ချဉ်းကပ် သီတင်းသုံးဖို့ရန် သင့်တင့် လျောက်ပတ်သည့် အိုမင်းမစွမ်းဖြစ်နေသည့် အသက်အရွယ်၌သော်လည်း ရွာနီးကျောင်းသို့ မချဉ်းကပ်ကြဘူး။ ဤကဲ့သို့ အိုမင်း ရင့်ရော်နေသည့် ကိုယ်ခန္ဓာတွေ ရှိနေကြလင့်ကစား အကုသိုလ် တရားတို့ကို ပယ်ရှားဖို့ရန် ကုသိုလ်တရားတွေနှင့် ပြည့်ပြည့်စုံစုံ ဖြစ်လာဖို့ရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ ရှိကြကာ ပစ္စည်းလေးပါးတို့ကို လှူဒါန်းပူဇော်နေကြသည့် အလှူရှင်တို့၏ သန္တာန်မှာ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ထင်ရှား ဖြစ်ပေါ် စေကြ၏၊ သီတင်းငယ် သီတင်းလတ် ဖြစ်ခဲ့စဉ် အရွယ်ကဆိုလျှင် မည်ကဲ့သို့များ ဖြစ်ခဲ့ကြကုန်မည်လည်း မသိ --- ဤကဲ့သို့ ချီးမွမ်း ထိုက်သည့် စကားတို့ကို ပြောဆိုကာ ချီးမွမ်းထိုက်အောင် ဓမ္မအမွေ ကိုသာ ခံယူလျက် သာသနာတော်၌ နေထိုင်ခြင်းဟူသည့် ဤပထမ အကြောင်းတရားဖြင့် မထေရ်ကြီး ရဟန်းတို့သည် ချီးမွမ်းထိုက် ကြသည့် သူတော်ကောင်းတွေ ဖြစ်ကြ၏၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့အထံမှ အချီးမွမ်းခံရမှုကို ရရှိကြ၏။</p>
<p>၂။ ဘုရားရှင်က ပယ်စွန့်ဖို့ရန် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် <b>လောဘ</b>စသည့် ကိလေသာတရားဆိုးတို့ကို ပယ်စွန့် ကုန်ကာ စိတ္တဝိဝေက အမည်ရသည့် ကသိုဏ်းပရိကမ်စသည့် သမထကမ္မဋ္ဌာန်းတို့ကို ပွားများကာ စျာန်သမာပတ်တို့ကို ပြီးစီး ပြည့်စုံစေကြ၏၊ ဤမထေရ်မြတ်ကြီးသည် အတူနေတပည့် အတွင်းနေ တပည့်များ ခြံရံကာ နေထိုင်ဖို့ သင့်တင့်လျောက်ပတ်သည့် အချိန် ကာလ, သင့်တင့်လျောက်ပတ်သည့် အသက်အရွယ်သို့ ဆိုက်ရောက်နေပင်ငြားသော်လည်း မနေဘဲ ဆွမ်းစားခြင်းကိစ္စပြီးသည်နှင့် ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်ရောက်ကာ ညနေချမ်းကျမှ ကျောင်းတွင်းက ထွက်လာတော်မူ၏၊ တစ်ဖန် ညနေချမ်းအချိန်ဝယ် ကမ္မဋ္ဌာန်း ကျောင်းတွင်းသို့ ဝင်ရောက်သွားပြန်လျှင်လည်း နံနက်စောစောကျမှ ကမ္မဋ္ဌာန်းကျောင်းတွင်းက ပြန်ထွက်လာ၏၊ ကသိုဏ်းပရိကမ်တွေကို ပွားများ အားထုတ်တော်မူ၏၊ စျာန်သမာပတ်တွေကို ဖြစ်စေတော် မူ၏၊ မဂ်တရား ဖိုလ်တရားတွေကို ရရှိတော်မူ၏၊ နိဗ္ဗာန်တရားတော်မြတ်ကြီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုတော် မူနိုင်၏၊ ကသိုဏ်းပရိကမ်တွေကို ပွားများခါစ အစပိုင်း ဝိပဿနာကို ပွားများခါစ အစပိုင်းတို့တွင် <b>တဒင်္ဂ</b> = အခိုက်အတန့်အားဖြင့် ကိလေသာတို့မှ စိတ်ကို လွတ်မြောက်စေလျက်, စျာန်သမာပတ်တွေကို ရရှိသည့်အခါ ကိလေသာတို့ကို ခပ်ကြာကြာ ခွာထားနိုင်ခြင်း = <b>ဝိက္ခမ္ဘန</b>အားဖြင့်, အရိယမဂ်ဉာဏ်တို့သို့ ဆိုက်ရောက်သွားသည့်အခါ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ခြင်း = <b>သမုစ္ဆေဒ</b>စွမ်းအားဖြင့်, အရိယဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သည့်အခါ ကိလေသာတို့ကို ငြိမ်းသည်ထက် ငြိမ်းအောင် ငြှိမ်းသတ်ခြင်း = <b>ပဋိပဿဒ္ဓိ</b> စွမ်းအားဖြင့် မိမိ၏စိတ်ကို အချင်းခပ်သိမ်း ကိလေသာတို့မှ ကင်းဆိတ်ခြင်း စိတ္တဝိဝေကတရားကို ပြီးစီးပြည့်စုံစေ၏။ ဤသို့လျှင် ဓမ္မအမွေကိုသာ ခံယူလျက် သာသနာတော်မှာ နေထိုင်ခြင်းဟူသည့် ဤဒုတိယ အကြောင်းဖြင့်လည်း မထေရ်ကြီး ရဟန်းတို့သည် ချီးမွမ်းထိုက်သည့် သူတော်ကောင်းများ ဖြစ်ကြ၏၊ ဘုရားအစရှိသော သူတော်ကောင်း တို့ထံမှ အချီးမွမ်းခံရမှုကို ရရှိကြ၏။</p>
<p>၃။ အိုမင်းမစွမ်း ဖြစ်လာသည့် တစ်ချိန်မှာ မထေရ်ကြီး ရဟန်းတော်အတွက် <b>ပဋ္ဋုန္နတိုင်းဖြစ်သင်္ကန်း ဘွဲ့ဖြူသင်္ကန်း ပိုးသင်္ကန်း</b>စသည့် ချမ်းသာသည့် အတွေ့အထိ ရှိကြသည့် ပေါ့ပါးသည့် သင်္ကန်းစသည် တို့သည် သင့်တင့်လျောက်ပတ်ကြ၏၊ သို့သော် ဤကဲ့သို့ အိုမင်းမစွမ်း ဖြစ်လာသည့် အချိန်အခါမျိုးမှာသော်လည်းပဲ ဤမထေရ်မြတ်ကြီး သည် <b>ပံသုကူသင်္ကန်း</b>တို့ကိုပင် ဝတ်ရုံသုံးဆောင်လေ့ရှိ၏။ ဘုရားရှင် ဆိုဆုံးမထားတော်မူသည့် သီလ သမာဓိ ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်ထားသည့် ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို လျော့လျော့ရဲရဲ မယူဆဘဲ အလွန်အလေးဂရု ပြုကာ ဦးထိပ်ရွက်ပန်ဆင်ပြီး <b>နီဝရဏ</b> ကိလေသာ အညစ်အကြေးတို့ ကင်းကင်းရှင်းရှင်းဖြင့် <b>ဖလသမာပတ်</b>ကို ဝင်စားတော်မူကာ <b>ဥပဓိ</b> လေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်တရားတော်မြတ်ကို ပြည့်စုံစေလျက် ဆိုက်ရောက်လျက် သာသနာတော်မှာ နေထိုင်တော်မူ၏။ သီတင်းငယ် သီတင်းလတ် အရွယ်မှာဆိုလျှင် အဘယ်မှာလျှင် ပြောဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း --- ဤသို့လျှင် ဘုရားရှင်ထံတော်မှ ဓမ္မအမွေ ကိုသာ ခံယူကာ သာသနာတော်မှာ နေထိုင်ခြင်းဟူသည့် ဤတတိယ အကြောင်းဖြင့်လည်း မထေရ်ကြီးတို့သည် ချီးမွမ်းထိုက်သည့် သူတော်ကောင်းများ ဖြစ်ကြ၏။ ဘုရားအစရှိကုန်သော သူတော်ကောင်း တို့ထံမှ အချီးမွမ်းခံရမှုကို ရရှိနိုင်ကြ၏။ (သီတင်းလတ်, သီတင်းငယ် ရဟန်းတို့၌လည်း နည်းတူပင် မှတ်ပါလေ။) (မ၊ဋ္ဌ၊၁၊၁၀၆။)</p>
<p>ယခု တင်ပြခဲ့သည့် အကြောင်းအရာတို့ကို အကျဉ်းချုပ်လိုက် သော် --- ဘုရားရှင်ထံတော်မှ အာမိသအမွေကို ခံယူကြသည့် မထေရ်ကြီး = သီတင်းကြီးများအတွက် ကဲ့ရဲ့ထိုက်သည့် အကြောင်းတရား သုံးမျိုး, သီတင်းလတ် ရဟန်းတို့အတွက်လည်း အလားတူ သုံးမျိုး, သီတင်းငယ် ရဟန်းတို့အတွက်လည်း အလားတူ သုံးမျိုး ဖြစ်သည့် အတွက် အားလုံးပေါင်းလိုက်သော် ကဲ့ရဲ့ထိုက်သည့် အကြောင်းတရား (၉)မျိုး ဖြစ်၏။</p>
<p>အလားတူပင် ဘုရားရှင်ထံတော်မှ ဓမ္မအမွေကိုသာ ခံယူကြ သည့်အတွက် သီတင်းကြီး = မထေရ်ကြီး ရဟန်းများအတွက် ချီးမွမ်း ထိုက်သည့် အကြောင်းတရား (၃)မျိုး, သီတင်းလတ် ရဟန်းများ အတွက် အလားတူ (၃)မျိုး, သီတင်းငယ် ရဟန်းများအတွက် အလား တူ (၃)မျိုး ဖြစ်သည့်အတွက် အားလုံးပေါင်းလိုက်သော် ချီးမွမ်းထိုက် သည့် အကြောင်းတရား (၉)မျိုး ဖြစ်၏။</p>
<p>ကဲ့ရဲ့ထိုက်သည့် အကြောင်းတရား (၉)မျိုး, ချီးမွမ်းထိုက်သည့် အကြောင်းတရား (၉)မျိုး, နှစ်ရပ်ပေါင်းသော် (၁၈)မျိုးသော အကြောင်းအရာတို့ဖြင့် အာမိသကို အမွေခံယူခြင်း, ဓမ္မကို အမွေခံ ယူခြင်းတို့ကို ဟောကြားတော်မူပြီးနောက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ပယ်ရှားရမည့် တရားများကို ဆက်လက်ကာ ဟောကြား တော်မူပါသည်။ ယင်း တရားတို့၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---</p>
<hr>
<h3>ပယ်ရှားရမည့် တရားများ</h3>
<p>၁။ <b>လောဘ</b> = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု အပေါ်၌ တွယ်တာ မက်မောမှု, ထိုထိုအာရုံ ထိုထို ဘုံဘဝ၌ တွယ်တာမက်မောမှု၊</p>
<p>၂။ <b>ဒေါသ</b> = သူတစ်ပါးတို့ကို ဖျက်ဆီးလိုမှု၊</p>
<p>၃။ <b>ကောဓ</b> = အမျက်ဒေါသ ကြီးမားမှု၊</p>
<p>၄။ <b>ဥပနာဟ</b> = ရန်ငြိုးဖွဲ့မှု၊</p>
<p>၅။ <b>မက္ခ</b> = သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်မှု၊</p>
<p>၆။ <b>ပဠာသ</b> = ဂုဏ်အင်ပြိုင်ဆိုင်မှု၊</p>
<p>၇။ <b>ဣဿာ</b> = ကိုယ့်ထက်သာ မနာလိုမှု၊</p>
<p>၈။ <b>မစ္ဆေရ</b> = မိမိပိုင် အရာဝတ္ထုကို အထိမခံနိုင်မှု ဝန်တိုမှု၊</p>
<p>၉။ <b>မာယာ</b> = မိမိမှာ ထင်ရှားရှိနေသည့် အပြစ်ကို ဖုံးကွယ်ထားမှု = မူယာမာယာများမှု၊</p>
<p>၁၀။ <b>သာဌေယျ</b> = မိမိမှာ ထင်ရှားမရှိသည့် ဂုဏ်ပုဒ်တို့ကို ထုတ်ဖေါ်ချီးမွမ်းမှု = ကောက်ကျစ်စဉ်းလဲမှု၊</p>
<p>၁၁။ <b>ထမ္ဘ</b> = စိတ်ဓာတ် ခက်ထန်တင်းမာမှု၊</p>
<p>၁၂။ <b>သာရမ္ဘ</b> = သူတစ်ပါးတို့အား ချုပ်ချယ်မှု၊</p>
<p>၁၃။ <b>မာန</b> = စိတ်ဓာတ် တက်ကြွမြင့်မောက်မှု = မာနကြီးမှု၊</p>
<p>၁၄။ <b>အတိမာန</b> = အလွန် မာန်မာနကြီးမှု၊</p>
<p>၁၅။ <b>မဒ</b> = အကုသိုလ်တရားတို့၌ ယစ်မူးနေမှု၊</p>
<p>၁၆။ <b>ပမာဒ</b> = ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ် တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်မှု</p>
<p>ဤတရားတို့သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ သန္တာန်ဝယ် မရှိသင့် မရှိထိုက်သည့် တရားများ, သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ပယ်သင့်ပယ်ထိုက်သည့် တရားများ ဖြစ်ကြ၏။ ပယ်စွန့်ရ မည့် တရားများ ဖြစ်ကြ၏။ ရှင် ရဟန်းရယ်လို့ ဖြစ်လာကြလျှင် သိမ်းပိုက်ထားရမည့် တရားများ, မွေးမြူထားရမည့် တရားများ မဟုတ်ကြပေ။ ဤတရားဆိုးတို့သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်း အချင်းချင်း မသင့်မြတ်အောင်, သီလရှင် အချင်းချင်း မသင့်မြတ်အောင်, ဗုဒ္ဓဘာသာဝင် အချင်းချင်း မသင့်မြတ်အောင်, လူသား အချင်းချင်း မသင့်မြတ်အောင် ရွက်ဆောင်ပေးနေသည့် တရားဆိုးများ ဖြစ်ကြ၏။</p>
<p>ဤတရားများထဲတွင် လောဘသည် ဘုရားရှင်၏ ထံတော်မှ ပစ္စည်းအာမိသကို အမွေခံယူနေသည့် ရဟန်းတော်တစ်ပါး ဖြစ်အောင် ပို့ဆောင်ပေးသည့် တရားတစ်ခု ဖြစ်၏။ ဘုရားရှင်ထံမှ ပစ္စည်း အာမိသကို အမွေခံယူသည့် ရဟန်းတော်၏ သန္တာန်ဝယ် ယင်းပစ္စည်း အာမိသတို့ကို ရရှိသည့်အခါ ယင်းပစ္စည်းအာမိသ အပေါ်ဝယ် တွယ်တာမက်မောမှု လောဘ ဖြစ်ပေါ်လာတတ်၏။ အကယ်၍ မိမိ အမွေခံယူချင်သည့် ပစ္စည်းအာမိသကို မရရှိခဲ့ဘူးဆိုလျှင်လည်း မကျေနပ်ချက် ဒေါသတရား ထင်ရှား ဖြစ်ပေါ်လာတတ်ပြန်၏။ လောဘကြောင့်ပင် မရသေးသည့် ပစ္စည်းအာမိသကို ရရှိဖို့ရန် တောင့်တပြန်၏။ ဒေါသကြောင့် ယင်းပစ္စည်းအာမိသကို တောင့်တ သည့်အတိုင်း မရရှိခဲ့ပြန်လျှင်လည်း ပင်ပန်းဆင်းရဲမှု ဖြစ်တတ်ပြန်၏။ တောင့်တတိုင်း ရရှိပြန်လျှင်လည်း ရရှိလာသည့် လှူဖွယ်ဝတ္ထု ပစ္စည်းစု အပေါ်၌ တပ်မက်မှု လောဘက ထင်ရှား ဖြစ်တတ်ပြန်၏၊ မပေးလှူသည့် အခါမှာဖြစ်စေ သဘောမတူသည့် လှူဖွယ်ဝတ္ထုကို ပေးလှူသည့် အခါမှာဖြစ်စေ ယင်းမလှူသည့် ပုဂ္ဂိုလ်အပေါ်မှာ သို့မဟုတ် သဘောမတူသည့် အရာဝတ္ထုကို ပေးလှူသည့် သူအပေါ် မှာ သို့မဟုတ် ယင်းပစ္စည်း ဝတ္ထုအပေါ်မှာ မကျေနပ်မှု ဒေါသက ဖြစ်ပေါ်လာတတ်ပြန်၏။ ပစ္စည်းအာမိသအပေါ်ဝယ် တပ်မက်မှု <b>တဏှာ</b>ကို အစွဲပြု၍ ပစ္စည်းကို ရအောင် ရှာဖွေခြင်း, ရှာဖွေခြင်းကို အစွဲပြု၍ လာဘ်လာဘရရှိခြင်း --- ဤသို့စသည့် တဏှာလျှင် အကြောင်းရင်းခံရှိသည့် (၉)မျိုးကုန်သော တရားတို့သည် လောဘ ကြောင့် ပြီးစီးပြည့်စုံလာ၏။</p>
<hr>
<h3>တဏှာမူလကတရား (၉) မျိုး</h3>
<p>[တဏှာလျှင် အကြောင်းရင်းခံရှိသောတရား (၉)မျိုး</p>
<p>၁။ ပစ္စည်းအာမိသအပေါ်ဝယ် တပ်မက်မှု<b>တဏှာ</b>ကို အစွဲပြု၍ ပစ္စည်းအာမိသကို ရရှိအောင် ရှာဖွေခြင်း (<b>ပရိယေသန</b>)</p>
<p>၂။ ရှာဖွေခြင်းကို အစွဲပြု၍ လာဘ်လာဘရရှိခြင်း (<b>လာဘ</b>)</p>
<p>၃။ ရရှိလာသည့် လာဘ်လာဘကို အစွဲပြု၍ --- ဤမျှသည်ကား ငါ၏ ရူပါရုံအတွက်, ဤမျှသည်ကား သဒ္ဒါရုံအတွက်, ဤမျှသည်ကား ငါ့အတွက်, ဤမျှသည်ကား သူ့အတွက်, ဤမျှကို အသုံးပြုအံ့, ဤမျှကို သိုမှီး သိမ်းဆည်းထားအံ့၊ ဤသို့ စသည်ဖြင့် ဆုံးဖြတ်ခြင်း (<b>ဝိနိစ္ဆယ</b>)</p>
<p>၄။ ဆုံးဖြတ်ခြင်းကို အစွဲပြု၍ ယင်းပစ္စည်းဝတ္ထုအပေါ်၌ အားနည်းသော တပ်မက်ခြင်း, ပြင်းထန်သော တပ်မက်ခြင်း (<b>ဆန္ဒရာဂ</b>)</p>
<p>၅။ လိုလားတပ်မက်ခြင်းကို အစွဲပြု၍ မျိုမတတ် စွဲလန်းခြင်း (<b>အဇ္ဈောသာန</b>)</p>
<p>၆။ မျိုမတတ်စွဲလန်းခြင်းကို အစွဲပြု၍ သိမ်းပိုက်ထားခြင်း (<b>ပရိဂ္ဂဟ</b>)</p>
<p>၇။ သိမ်းပိုက်ထားခြင်းကို အစွဲပြု၍ ဝန်တိုခြင်း = သူတပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း (<b>မစ္ဆရိယ</b>)</p>
<p>၈။ ဝန်တိုခြင်းကို အစွဲပြု၍ စောင့်ရှောက်ရခြင်း (<b>အာရက္ခ</b>)</p>
<p>၉။ စောင့်ရှောက်ရခြင်းကို အစွဲပြု၍ တုတ်ကိုင်ခြင်း, လက်နက် ကိုင်ခြင်း, ငြင်းခုံခြင်း, ခိုက်ရန်ဖြစ်ခြင်း နင်ပဲ ငဆ အငြင်း ပွားခြင်း, ဂုံးတိုက်ခြင်း, မုသားပြောခြင်း စသည့် ယုတ်မာကုန်သော များပြားလှကုန်သော အကုသိုလ်တရားတို့ ထင်ရှား ဖြစ်ပွားလာကြ၏။ (အံ၊၃၊၂၀၁။)]</p>
<p>ကျောင်းအာဝါသ အပေါ်၌ မနာလိုဝန်တိုခြင်း, သူတစ်ပါးတို့၏ ရရှိကြသည့် လာဘ်လာဘ အပေါ်၌ မနာလိုဝန်တိုခြင်း, ဒါယကာ ဒါယိကာမတို့ အပေါ်၌ မနာလိုဝန်တိုခြင်း, ရုပ်အဆင်းအပေါ်၌ မနာလိုဝန်တိုခြင်း, ဓမ္မအပေါ်၌ မနာလို ဝန်တိုခြင်းဟူသည့် ဤ ဝန်တိုခြင်း ငါးမျိုးတို့ကိုလည်း ဒေါသတရားက ပြည့်အောင် ဖြည့်ပေး တတ်၏။</p>
<p>ယခု တင်ပြနေသည့် ကိလေသာတရားဆိုးတို့သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ပါးကို ဘုရားရှင်ထံမှ အာမိသကိုသာ အမွေ ခံယူသည့်, ဓမ္မကို အမွေမခံယူသည့် ရှင်ရဟန်းတစ်ပါး ဖြစ်အောင် ပို့ဆောင်ပေးနေသည့် တရားဆိုးများ ဖြစ်ကြ၏။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ပယ်ရှားရမည့် တရားတွေလည်း ဖြစ်ကြ၏။ ထိုကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အောက်ပါအတိုင်း ဆက်လက်ကာ တရားတော်ကို ဟောကြားပေးတော်မူပေသည်။ ---</p>
<p>သီတင်းသုံးဖေါ် ငါ့ရှင်တို့ ...</p>
<p>၁။ <b>လောဘ</b>သည်လည်း ယုတ်မာသည့် တရားဆိုးဖြစ်၏။</p>
<p>၂။ <b>ဒေါသ</b>သည်လည်း ယုတ်မာသည့် တရားဆိုးဖြစ်၏။ပ။ (<b>ကောဓ, ပဠာသ, ဣဿာ, မစ္ဆေရ, မာယာ, သာဌေယျ, ထမ္ဘ, သာရမ္ဘ, မာန, အတိမာန, မဒ,</b>) ...</p>
<p>၁၆။ <b>ပမာဒ</b>သည်လည်း ယုတ်မာသည့် တရားဆိုးဖြစ်၏။</p>
<p>ယင်း ယုတ်မာသည့် လောဘ ။ပ။ ပမာဒဟူသည့် တရားဆိုးတို့ကို ပယ်ရှားဖို့ရန် မဇ္ဈိမပဋိပဒါဟု ခေါ်ဆိုသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော အလယ်အလတ် ကျင့်စဉ်လမ်းသည် ထင်ရှား ရှိနေ၏။ ယင်း မဇ္ဈိမပဋိပဒါဟူသည့် အလယ်အလတ် ကျင့်စဉ်လမ်းသည် ---</p>
<p>၁။ သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက် သိမြင်တတ်သည့် ပညာမျက်စိကိုလည်း ပြုလုပ်ပေးတတ်၏၊ (<b>စက္ခုကရဏီ</b>)</p>
<p>၂။ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိတတ်သည့် ပညာဉာဏ် ကိုလည်း ပြုလုပ်ပေးတတ်၏၊ (<b>ဉာဏကရဏီ</b>)</p>
<p>၃။ လောဘ = ရာဂ ။ပ။ ပမာဒဆိုသည့် ကိလေသာ အပူမီးတို့ ငြိမ်းအေးဖို့ရန်လည်း ဖြစ်၏၊ (<b>ဥပသမာယ</b>)</p>
<p>၄။ သစ္စာလေးရပ် တရားမြတ်ကို ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ဖို့ရန်လည်း ဖြစ်၏၊ (<b>အဘိညာယ</b>)</p>
<p>၅။ အရိယမဂ်ဉာဏ်ကို ထိုးထွင်းသိမြင်ဖို့ရန် အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန်လည်း ဖြစ်၏၊ (<b>သမ္ဗောဓာယ</b>)</p>
<p>၆။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ဖို့ရန်လည်း ဖြစ်၏။</p>
<p>(<b>နိဗ္ဗာနာယ</b>)</p>
<hr>
<h3>မဇ္ဈိမပဋိပဒါလမ်းစဉ်</h3>
<p>၁။ <b>စက္ခုကရဏီ</b> = သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက်သိမြင် တတ်သည့် ပညာမျက်စိကို ပြုလုပ်ပေးတတ်သည့်</p>
<p>၂။ <b>ဉာဏကရဏီ</b> = သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက်သိတတ်သည့် ပညာဉာဏ်ကို ပြုလုပ်ပေးတတ်သည့်</p>
<p>၃။ <b>ဥပသမာယ</b> = လောဘ = ရာဂ ။ပ။ ပမာဒဆိုသည့် ကိလေသာ အပူမီးတွေ ငြိမ်းအေးဖို့ရန် ဖြစ်သည့်</p>
<p>၄။ <b>အဘိညာယ</b> = သစ္စာလေးရပ် တရားမြတ်ကို ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ဖို့ရန်ဖြစ်သည့်</p>
<p>၅။ <b>သမ္ဗောဓာယ</b> = အရိယမဂ်ဉာဏ်ကို ထိုးထွင်း သိမြင်ဖို့ရန် ဖြစ်သည့် = (မဂ်ဉာဏ်ကို ရရှိဖို့ရန် ဖြစ်သည့်)</p>
<p>၆။ <b>နိဗ္ဗာနာယ</b> = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် တရားတော် မြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ဖို့ရန် ဖြစ်သည့် ယင်း မဇ္ဈိမပဋိပဒါ = အလယ်အလတ် လမ်းစဉ်ဟူသည် အဘယ်နည်း?</p>
<p>ဖြူစင်မြင့်မြတ်သည့် ဤမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားပင် ဖြစ်၏။ အဘယ် ရှစ်ပါးတို့နည်း?</p>
<p>၁။ <b>သမ္မာဒိဋ္ဌိ</b> = သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ခြင်း,</p>
<p>၂။ <b>သမ္မာသင်္ကပ္ပ</b> = သစ္စာလေးရပ် တရားမြတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်း,</p>
<p>၃။ <b>သမ္မာဝါစာ</b> = ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ကာ မှန်ကန်သည့် စကားကို ပြောဆိုခြင်း,</p>
<p>၄။ <b>သမ္မာကမ္မန္တ</b> = ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ကာ (သမထ ဝိပဿနာဘာဝနာမှုစသည့်) မှန်ကန်သည့် လုပ်ငန်းရပ်တွေကို ပြုလုပ်ခြင်း,</p>
<p>၅။ <b>သမ္မာအာဇီဝ</b> = မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်ကာ မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်ဖြင့် အသက်မွေးခြင်း,</p>
<p>၆။ <b>သမ္မာဝါယာမ</b> = အကုသိုလ်တရားတွေကို ပယ်နိုင်ရန် ကုသိုလ် တရားတွေနှင့် ပြည့်စုံလာရန် မှန်ကန်သည့် ကြိုးစားအားထုတ်ခြင်း,</p>
<p>၇။ <b>သမ္မာသတိ</b> = သမထအာရုံ ဝိပဿနာအာရုံဖြစ်သည့် အာရုံကို မှန်မှန်ကန်ကန် အမှတ်ရခြင်း,</p>
<p>၈။ <b>သမ္မာသမာဓိ</b> = ဥပစာရသမာဓိနှင့် တကွသော စျာန်သမာပတ် ရှစ်ပါးတည်းဟူသော မှန်ကန်သည့် စိတ်တည်ကြည်ခြင်း သမာဓိ, (လောကီစျာန် လောကုတ္တရာစျာန် နှစ်မျိုးလုံးပင် ဖြစ် သည်။)</p>
<p>သီတင်းသုံးဖေါ် ငါ့ရှင်တို့ ... သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက် သိမြင်တတ်သည့် ပညာမျက်စိကို ပြုလုပ်ပေးတတ်သည့်, သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိတတ်သည့် ပညာဉာဏ်ကို ပြုလုပ်ပေးတတ်သည့်, ကိလေသာ အပူမီးတွေ ငြိမ်းအေးဖို့ရန် ဖြစ်သည့် သစ္စာလေးရပ် တရားမြတ်ကို ထူးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ဖို့ရန် ဖြစ်သည့်, အရိယမဂ်ဉာဏ်ကို ထိုးထွင်း သိမြင်ဖို့ရန် (= အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန်) ဖြစ်သည့်, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ဖို့ရန် ဖြစ်သည့် ယင်း <b>မဇ္ဈိမပဋိပဒါ</b> = အလယ်အလတ် ကျင့်စဉ်လမ်းဟူသည် ဤသည်ပင်တည်းဟု မိန့်ကြားတော်မူလေသည်။ (မ၊၁၊၁၈-၁၉။)</p>
<p>ဤနေရာမှာပင် <b>ဓမ္မဒါယာဒသုတ္တန်</b>သည် ပြီးဆုံးသွားပြီး ဖြစ်သည်။ ဘုရားရှင့်ထံတော်မှ အာမိသအမွေကို ခံယူသည့် တပည့် သာဝက မဖြစ်ရေး, ဓမ္မအမွေကိုသာ ခံယူသည့် တပည့်သာဝက ဖြစ်ရေးအတွက် ကျင့်ရမည့် ကျင့်စဉ်မှာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားပင် ဖြစ်၏။ ယင်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို စနစ်တကျ ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်သည့်အတွက် <b>အရဟတ္တမဂ် အရဟတ္တဖိုလ်</b> တိုင်အောင်သော အဆင့်ဆင့်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် သစ္စာလေးရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင် ပြီးသောအခါ ---</p>
<p><b>ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ</b> ... (သံ၊၂၊၅၆။)</p>
<p>= သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတွေကို ငါ ကျင့်သုံး၍ ပြီးလေပြီ၊ သာသနာတော်မှာ ပြုသင့်ပြုထိုက်သည့် မဂ်ကိစ္စကို ငါပြု၍ ပြီးလေပြီ။ (သံ၊၂၊၅၆...)</p>
<p>ဤကဲ့သို့သော အနတ္တလက္ခဏသုတ္တန်စသည့် ထိုထို ဒေသနာတော်များမှာ လာရှိသည့်အတိုင်း သာသနာတော်မှာ ပြုသင့်ပြုထိုက် သည့် လုပ်ငန်းရပ်ကို ပြုလုပ်ပြီးသည့် ပုဂ္ဂိုလ် ဖြစ်သွားပေပြီ။</p>
<p>ယင်းကဲ့သို့ သာသနာတော်မှာ ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ် တွေကို ပြုလုပ်ပြီးသည့် တပည့်သာဝကတစ်ဦး ဖြစ်ရေးအတွက် အထက်တွင် တင်ပြခဲ့ပြီးသည့် အတိုင်း ---</p>
<p>၁။ ရှေးရှေး ဘုရားရှင်တို့၏ သာသနာတွင်းမှာ သို့မဟုတ် ဤ ဘုရားရှင်၏ သာသနာတွင်းမှာလည်း ရှေးရှေးဘဝတို့က <b>ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့</b>ဟု ခေါ်ဆိုအပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတည်းဟူသော <b>အဓိကာရ</b> ကောင်းမှုကုသိုလ် ရှိခဲ့ဖူးခြင်း,</p>
<p>၂။ မိမိမျှော်မှန်းထားသည့် <b>ဗောဓိဉာဏ်တော်</b>ကို လိုလားတောင့်တသည့် <b>ဆန္ဒဓာတ်</b>ရှိခြင်းဆိုသည့် အင်္ဂါရပ်နှစ်ခု ---</p>
<p>၁။ ယခုမျက်မှောက် ဘုရားရှင်၏ သာသနာတွင်းမှာလည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိမည့် နောက်ဆုံးဘဝတွင် <b>ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့</b>ဟု ခေါ်ဆိုအပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်း ဟူသော <b>အဓိကာရ</b> ကောင်းမှုကုသိုလ်တို့ကို မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လောက်အောင် ရင့်ကျက်အောင် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ကြိုးစားအားထုတ်ခြင်း,</p>
<p>၂။ မိမိမျှော်မှန်းထားသည့် <b>ဗောဓိဉာဏ်တော်</b>မြတ်ကို လိုလား တောင့်တသည့် <b>ဆန္ဒဓာတ်</b>ပြင်းပြခြင်း သို့မဟုတ် မိမိ လိုလား တောင့်တနေသည့် ဗောဓိဉာဏ်သို့ ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ် လိုသည့် <b>ဆန္ဒဓာတ်</b>ပြင်းပြခြင်း ---</p>
<p>ဤအင်္ဂါနှစ်ရပ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ရမည် ဖြစ်သည်။ သို့မှသာလျှင် ---</p>
<p><b>ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။</b> (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)</p>
<p>ဤသို့ ဖွင့်ဆိုထားသည့် အဋ္ဌကထာနှင့်အညီ <b>အဓိကာရ</b> ကောင်းမှု ကုသိုလ်နှင့် <b>ဆန္ဒဓာတ်</b>တည်းဟူသော အင်္ဂါနှစ်ပါးနှင့် ပြည့်စုံမည် ဖြစ်သည်။ ယင်း အင်္ဂါနှစ်ပါး စုံညီပါမှသာလျှင် ယင်း ပါရမီကုသိုလ် တို့က မိမိမျှော်လင့်ထားသည့် <b>ဗောဓိဉာဏ်</b>သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးနေသည့် <b>အဘိနီဟာရ</b>ခေါ်သည့် ပါရမီတရား အပေါင်း ဖြစ်နိုင်ပေသည်။</p>
<hr>
<h3>ဆန္ဒဓာတ်</h3>
<p>ယင်းသို့ <b>အဘိနီဟာရ</b>ခေါ်သည့် မိမိမျှော်လင့်တောင့်တနေသည့် <b>ဗောဓိဉာဏ်</b>သို့ ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနေသည့် ပါရမီ တရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးသည့်အပိုင်းဝယ် လိုလား တောင့်တမှု = ပြုလုပ်လိုမှု <b>ဆန္ဒဓာတ်</b>သည် မရှိမဖြစ် လိုအပ်ပါ သလားဟု မေးရန် ရှိ၏။</p>
<p>ဤနေရာဝယ် <b>ဣဒ္ဓိပါဒ်</b>လေးပါး = မိမိလိုလားတောင့်တနေသည့် <b>ဗောဓိဉာဏ်</b> အသီးအသီးကို ပြီးစီးပြည့်စုံစေနိုင်သည့် အခြေခံ အကြောင်းရင်းဖြစ်သည့် စွမ်းအင်ကြီး လေးခုကို သိထားသင့်ပေသည်။ ယင်း စွမ်းအင်ကြီး လေးခုတို့မှာ ---</p>
<p>၁။ <b>ဆန္ဒ</b> = ပြင်းထန်သော ဆန္ဒဓာတ်,</p>
<p>၂။ <b>ဝီရိယ</b> = အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လဝီရိယ,</p>
<p>၃။ <b>စိတ္တ</b> = ပြင်းထန်သည့် အသိစိတ်ဓာတ်,</p>
<p>၄။ <b>ဝီမံသ</b> = (အနိစ္စ, ဒုက္ခ, အနတ္တ စသည်ဖြင့်) စူးစမ်းဆင်ခြင် တတ်သည့် ထက်မြက်ပြင်းထန် စူးရှသည့် ဉာဏ်ပညာ ---</p>
<p>ဤသို့လျှင် <b>ဣဒ္ဓိပါဒ်</b> လေးမျိုး ရှိ၏။ မိမိ မျှော်လင့်ထားသည့် <b>ဗောဓိဉာဏ်</b> တစ်ခုခုသို့ ရောက်ကြောင်း ပါရမီ တရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူး ရှာဖွေ စုဆောင်းသည့် လုပ်ငန်းရပ်တို့ကို လိုက်နာ ပြုကျင့်သည့် လုပ်ငန်းအပိုင်းဝယ် ယင်း<b>ဣဒ္ဓိပါဒ်</b> လေးမျိုးတို့တွင် တစ်မျိုးမျိုးက ဦးစီးခေါင်းဆောင် ဖြစ်နေလျှင် အကြီးအကဲ <b>အဓိပတိ</b> ဖြစ်နေလျှင် ကျန်သုံးမျိုးက နောက်လိုက်များ ဖြစ်ကြ၏။</p>
<p>ဥပမာ <b>ဆန္ဒ</b>က အကြီးအကဲ <b>အဓိပတိ</b> ဖြစ်နေလျှင် <b>ဝီရိယ, စိတ္တ, ဝီမံသ</b>တို့က <b>ဆန္ဒ</b>၏ နောက်လိုက် အလုပ်ကို ပြုလုပ်ကြ၏။ အလားတူပင် <b>ဝီရိယ, စိတ္တ, ဝီမံသ</b>တို့တွင် တစ်ခုခုက အကြီးအကဲ <b>အဓိပတိ</b> ဖြစ်နေလျှင် <b>ဆန္ဒ</b>နဲ့တကွ ကျန်တရားတို့က နောက်လိုက် အလုပ်ကို ပြုလုပ်ကြ၏။ ထိုကြောင့် တစ်ခါတစ်ရံ တချို့တချို့သော ပါရမီ တရားတို့ကို ဖြည့်ကျင့်သည့် အပိုင်းဝယ် တစ်နည်းပြောရပါမူ မိမိ မျှော်မှန်းထားသည့် <b>ဗောဓိဉာဏ်</b>သို့ ရောက်ရှိရေးအတွက် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကဲ့သို့သော ပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့်အပိုင်းဝယ် ပြုလုပ်လိုသည့် ဆန္ဒဓာတ်ကို ရှေ့တန်းတင်ပြီး ယင်း<b>ဆန္ဒဓာတ်</b>က အကြီးအကဲ <b>အဓိပတိ</b>နေရာကို ယူကာ ပြုလုပ် ဆောင်ရွက်သည့် အပိုင်းလည်း ရှိ၏။ တစ်ခါတစ်ရံ <b>ဝီရိယ, စိတ္တ, ဝီမံသ</b> တစ်ခုခုက အကြီးအကဲ <b>အဓိပတိ</b> နေရာကို ယူပြီးလျှင် ယင်း ပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ်ကို ပြုလုပ်သည့်အခါ <b>ဆန္ဒ</b>က နောက်လိုက်အနေနှင့်ပဲ ပါဝင်ဆောင်ရွက်သည့် အပိုင်းလည်း ရှိတတ်ပါ၏။ ထိုကြောင့် ပြုကျင့်သင့် ပြုကျင့်ထိုက်သည့် <b>အဘိနီဟာရ</b> ခေါ်သည့် ပါရမီ တရားအပေါင်းတို့ကို ဖြည့်ကျင့်သည့် အပိုင်းဝယ် တစ်ခါတစ်ရံ ပြုလုပ်လိုသည့် <b>ဆန္ဒ</b>က ရှေ့သွားခေါင်းဆောင် ဖြစ်နေ ငြားသော်လည်း တစ်ခါတစ်ရံ၌ကား နောက်လိုက်လည်း ဖြစ်နေ တတ်သည်ဟု မှတ်သားပါလေ။</p>
<p>သာသနာတော်ဝယ် ပြုသင့် ပြုထိုက်သည့် မဂ်ကိစ္စတို့ကို ပြုလုပ် ပြီးသည့်အခါ တစ်နည်းပြောရလျှင် သာသနာတော်ဝယ် ပြုသင့်ပြုထိုက် ကျင့်သင့်ကျင့်ထိုက်သည့် <b>လောကီမဂ္ဂင်ရှစ်ပါး လောကုတ္တရာ မဂ္ဂင်ရှစ်ပါး</b>ဟူသည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်ပြီးကြသည့် အခါ ယင်းသို့ ပြုလုပ်ပြီးကြသည့် ရဟန္တာ အရှင်မြတ်တို့သည် <b>ပရိနိဗ္ဗာန်</b>မစံမီ စပ်ကြား ကာလ မျက်မှောက် ဘဝမှာပင် ချမ်းချမ်းသာသာ နေထိုင်လိုသည့် ဆန္ဒဓာတ်ဖြင့် ---</p>
<p>၁။ စျာန်သမာပတ်များကို ဝင်စားနေခြင်း,</p>
<p>၂။ <b>အရဟတ္တဖလသမာပတ်</b>ကို ဝင်စားနေခြင်း,</p>
<p>၃။ <b>နိရောဓသမာပတ်</b>ကို ဝင်စားနေခြင်း,</p>
<p>၄။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်း,</p>
<p>၅။ <b>အဘိညာဏ်</b> ဉာဏ်များကို လေ့ကျက်ခြင်း ဟူသည့် လုပ်ငန်းရပ် တို့ကိုလည်း ပြုလုပ်တော်မူကြ၏။</p>
<p>တစ်ခါတစ်ရံမှာမူကား ---</p>
<p>၆။ မိမိတို့ကိုယ်တိုင် သစ္စာလေးရပ် တရားမြတ်ကို <b>အရဟတ္တဖိုလ်</b>ပေါက် ထွင်းဖောက်သိမြင်သကဲ့သို့ သူတစ်ပါးတို့ကိုလည်း သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်အောင် တရား ဓမ္မများကို ဟောကြားပြသ ဆိုဆုံးမခြင်း,</p>
<p>၇။ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့အောင် သင်္ဂါယနာ အထပ် ထပ် တင်တော်မူခြင်း,</p>
<p>၈။ ပရိယတ်တရားတော်ကို သင်ကြားပို့ချခြင်း ---</p>
<p>ဤသို့စသည့် ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်များကိုလည်း <b>ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသ</b>ဟူသည့် <b>အဓိပတိ</b>= အကြီးအကဲ လေးမျိုးတို့တွင် တစ်မျိုးမျိုးကို ရှေ့တန်းတင်ကာ ပြုကျင့်တော်မူကြ၏။ ထိုသို့ ပြုကျင့်သင့်သည့် လုပ်ငန်းရပ်တို့ကို ပြုကျင့် လုပ်ဆောင်သွားတော်မူ ကြသည့် ရဟန္တာ အရှင်မြတ်တို့တွင် ဤ<b>ဓမ္မဒါယာဒသုတ္တန်</b> နောက်ပိုင်းတွင် လာရှိသည့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်ကား သာသနာတော်ဝယ် စံ ထားထိုက်သည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်ပေသည်။ သူတော်မှ ကိုယ်ကောင်းသည့် သူတော်ကောင်းမျိုး မဟုတ်ဘဲ, သူတော်သည် ဖြစ်စေ မတော်သည် ဖြစ်စေ မိမိဘက်က ထာဝစဉ် ကောင်းနေသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်ပေသည်။ ယင်းသို့ သူတော်ကောင်း အစစ် ဖြစ်တော်မူသည့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် လိုက်နာ ပြုကျင့် သွားတော်မူသည့် ကျင့်စဉ်များစွာတို့တွင် ကျင့်စဉ်တစ်ရပ်သည်ကား အင်္ဂုတ္တရနိကာယ် နဝကနိပါတ် <b>သီဟနာဒသုတ္တန်</b>တွင် လာရှိပေသည်။ ယင်းသုတ္တန်တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ လိုက်နာ ပြုကျင့်သွားတော်မူသည့် ကြည်ညိုဖွယ်ရာ စိတ်နေစိတ်ထား, မွန်မြတ်သည့် စိတ်နေစိတ်ထား, အတုယူကာ လိုက်နာပြုကျင့်သင့်သည့် စိတ်နေ စိတ်ထားများကို ဖေါ်ပြထားပေသည်။ ဆက်လက်ကာ ဖတ်ရှုလေ့လာ ကြည့်ပါလေ ---</p>
<hr>
<h3>သီဟနာဒသုတ္တန်ပိုင်း</h3>
<h4>သီဟနာဒသုတ္တန် ဖြစ်ပေါ်လာပုံ</h4>
<p>တစ်ချိန်ဝယ် ...ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင် သည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ် ကျောင်းဒါယကာကြီး ဆောက်လုပ် လှူဒါန်းထားအပ်သည့် <b>ဇေတဝန်ကျောင်းတိုက်တော်</b>တွင် ဝါဆို ဝါကပ်တော်မူလေသည်။ ဝါကျွတ်သည့်အခါဝယ် ဘုရားရှင် သည် ခရီးဒေသစာရီ ကြွချီတော်မမူသေး ဖြစ်နေ၏။ ထို အချိန်အခါဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ...</p>
<p>အကယ်၍ ဘုရားရှင်သည် ခရီးဒေသစာရီ ကြွချီတော်မူလို သည်ဆိုလျှင် ဤကဲ့သို့သော အချိန်အခါမျိုးမှာ ကြွချီတော်မူလေ ရာ၏။ ယခုမှာမူကား ဘုရားရှင် ကြွချီတော်မမူသေး ဖြစ်နေ၏။ ယင်းသို့ ဖြစ်လျှင် ယခုအခါ ငါသည် ခရီးဒေသစာရီ ကြွချီဖို့ရန် ဘုရားရှင်အား ပန်ကြား လျှောက်ထားမည်ဟု ဤသို့ စဉ်းစား ဆင်ခြင်တော်မူပြီးနောက် ရဟန်း သံဃာတော်အပေါင်း ခြံရံကာ ဘုရားရှင်ထံသို့ ချဉ်းကပ်တော်မူလေသည်။</p>
<p>ဘုရားရှင်အား ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် သင့်တင့်လျောက် ပတ်သည့် တစ်နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရား ... တပည့်တော်၏ သာဝတ္ထိ၌ ဝါဆိုဝါကပ်ခြင်းသည် ထမြောက်ပြီး ဖြစ်ပါသည်၊ တပည့်တော်သည် ဇနပုဒ်၌ ခရီးဒေသစာရီ ကြွချီလိုပါသည် မြတ်စွာ ဘုရားဟု လျှောက်ထားတော်မူလေသည်။ ဘုရားရှင်ကလည်း သင် သွားသင့်သည့် အချိန်ကာလကို သင်ပင် သိပါ၏ဟူ၍ မိန့်ဆိုကာ ခွင့်ပြုတော်မူလိုက်ပေသည်။ များပြားလှသော ရဟန်း သံဃာ အခြံ အရံနှင့်တကွ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း <b>ဇေတဝန်ကျောင်းတိုက်တော်</b>မှ ထွက်ခွာတော်မူခဲ့လေသည်။ (အံ၊၁၊၁၈၀။)</p>
<p>ထိုအချိန်ဝယ် ရဟန်းတစ်ပါး၏ သန္တာန်၌ <b>အဋ္ဌာနကောပ</b>ဟု ခေါ်ဆိုသည့် အမျက်ဒေါသ မဖြစ်သင့်သည့်နေရာဝယ် အမျက်ဒေါသ တစ်ခု ထင်ရှား ဖြစ်ပေါ်ခဲ့၏။ ထိုရဟန်းက များစွာသော ရဟန်း သံဃာတော်အပေါင်း ခြံရံကာ ကြွသွားသည်ကို ကြည့်ပြီးလျှင် ဤ ရဟန်းတို့သည် ဘုရားရှင်ကို စွန့်ပယ်ပြီးလျှင် အရှင်သာရိပုတ္တရာကို ခြံရံကာ ထွက်ခွာသွားကြ၏။ ထိုအရှင်သာရိပုတ္တရာ၏ ခရီးသွားမှုကို ရပ်ဆိုင်းသွားအောင် ငါ ပြုလုပ်မည်ဟု စဉ်းစားကာ အရာဌာန မဟုတ်သည်၌ အမျက်ဒေါသကို ဖွဲ့ချည်ထားလိုက်၏။</p>
<p>ဤကဲ့သို့ ခရီးသွားမှုကို ပျက်စီးစေလိုသည့် ဖျက်ဆီးလိုသည့် မပြောပလောက်သည့် အကြောင်းအရာ တစ်ခုသည်ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကိုယ်တော်အားဆယ်ပါး, ဉာဏ်တော်အားဆယ်ပါးတို့နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်ကို ရှိခိုးပြီး နောက် နေရာမှထကာ ကြွသွားတော်မူသည့်အခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ နှစ်ထပ်သင်္ကန်းစွန်းက ထိုရဟန်းတော်၏ ခန္ဓာကိုယ်ကို ထိမိသွားခြင်းဖြစ်၏။ အရှင်သာရိပုတ္တရာ ကြွသွားသည့်အခါ ဖြစ်ပေါ်လာသည့် လေအဟုန်ကလေးက သူ၏ကိုယ်ပေါ်မှာ သွားပြီး ထိမိသည်ဟုလည်း ဆိုကြ၏။</p>
<p>ဤကဲ့သို့ မပြောပလောက်သည့် အကြောင်းအရာကလေးတစ်ခုကို အခြေခံကာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး အပေါ်ဝယ် ရန်ငြိုးဖွဲ့ချည်ကာ များပြားလှသည့် ရဟန်းသံဃာ အခြံအရံများနှင့် ခရီးဒေသစာရီ ကြွချီသည်ကို မြင်တွေ့ရသည့်အခါ ငြူစူစောင်းမြောင်းသည့် စိတ်ဓာတ်ဖြင့် ခရီးသွားလာမှုကို အနှောင့် အယှက်ပေးခြင်း ဖြစ်၏။ (အံ၊ဋ္ဌ၊၃၊၂၆၂။)</p>
<p>သို့သော် ဓမ္မပဒအဋ္ဌကထာ၌ကား ယခုပြောခဲ့သည့် အကြောင်းပြချက်အပြင် အခြားအကြောင်းပြချက် တစ်ခုကိုလည်း ထပ်မံ ဖေါ်ပြထား၏။ ယခုကဲ့သို့ ဘုရားရှင်ထံ ပန်ကြား လျှောက်ထားပြီးနောက် ဘုရားရှင်အား ရှိခိုးဝတ်ပြုပြီးလျှင် အခြံအရံ ပရိသတ်နှင့်အတူ <b>ဇေတဝန်ကျောင်းတိုက်တော်</b>မှ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ထွက်ခွာတော်မူလာ၏။ ထိုအခါဝယ် မိမိ၏ အခြံအရံ ရဟန်းများသာမက အခြားရဟန်းများသည်လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ နောက်တော်သို့ အစဉ်လိုက်လာကြပြန်၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း အမည်အနွယ်အားဖြင့် ထင်ရှားတော်မူကြသည့် ရဟန်းတော်တို့ကို အမည်အနွယ်အားဖြင့် ခေါ်တော် မူကာ ပြန်ကြွစေတော်မူ၏။ ထိုရဟန်းတို့ထဲတွင် ယခုကဲ့သို့ ရန်ငြိုးဖွဲ့နေသည့် အမည်အနွယ်အားဖြင့် မထင်ရှားသည့် အညတရ ရဟန်း တစ်ပါးလည်း ပါဝင်နေခဲ့၏။</p>
<p>ယင်း ရဟန်းက ငါ့ကိုလည်း အမည်အနွယ်အားဖြင့် ချီးမြှောက်ပြောဆိုကာ ပြန်လှည့်စေမည်ဆိုလျှင် သိပ်ကောင်းမှာပဲဟု ဤသို့ မျှော်လင့် စောင့်ဆိုင်းနေ၏။ သို့သော် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် များပြားလှသည့် သံဃာ့အလယ်ဝယ် ရှိနေသည့် ထိုရဟန်းကို အသိအမှတ် မပြုမိ ဖြစ်သွားခဲ့၏။ ထိုရဟန်းက အရှင် သာရိပုတ္တရာသည် အခြားအခြား ရဟန်းတို့ကို ချီးမြှောက်တော် မမူသကဲ့သို့ ငါ့ကိုကား မချီးမြှောက်ဘူးဟု ယူဆကာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အပေါ်ဝယ် ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏။ အရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ နှစ်ထပ်သင်္ကန်းစွန်းကလည်း ထိုကိုယ်တော်၏ ခန္ဓာကိုယ်ကို မတော်တဆ အနည်းငယ် ထိမိသွား ၏။ ဤကဲ့သို့ ထိမိတာကလေးကိုလည်း ရေးကြီးခွင်ကျယ်လုပ်ကာ ရန်ငြိုးထပ်ပြီး ဖွဲ့ခဲ့ပြန်၏။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၉၀။)</p>
<p>ဤ မပြောပလောက်သည့် ရန်ငြိုးကို အခြေခံကာ ယင်း ရဟန်းတော်က ယခုအခါဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် နောက်လိုက် ရဟန်းသံဃာနှင့်အတူ <b>ဇေတဝန်ကျောင်းတိုက်တော်</b>၏ ဥပစာကိုကား ကျော်သွားလောက်ပြီဟု သိသည့်အတွက် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် သူက လျှောက်ထား၏။ ---</p>
<p>မြတ်စွာဘုရား ... အရှင်သာရိပုတ္တရာသည် အရှင်ဘုရား တို့၏ <b>အဂ္ဂသာဝက</b> ဖြစ်သည်ဆိုပြီးလျှင် တပည့်တော်ကို နားရွက်ကို ရိုက်ခွဲလိုက်သလို ထိပါးပုတ်ခတ်ပြီးလျှင် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ လှည့်လည်ဖို့ရန် ထွက်ခွာသွားပါသည် မြတ်စွာဘုရား ဟု စကားလုံး အပိုတွေကို ထပ်ဆောင်းကာ တင်ပြလျှောက်ထား လေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၉၀။)</p>
<p>ထိုအခါမှာ ဘုရားရှင်က ထိုရဟန်းတော်၏ စကားကို ကြားပြီး သည့်အခါ ရဟန်း ... သာရိပုတ္တရာသည် သင့်ကို ပုတ်ခတ်သည် မဟုတ်ပါဟု ပြောခဲ့မည်ဆိုလျှင် အရှင်ဘုရား ... အရှင်ဘုရား တို့သည် မိမိ၏ <b>အဂ္ဂသာဝက</b> ဘက်တော်သားအဖြစ်သာ ရွက်ဆောင် တော်မူကြ၏။ တပည့်တော်၏ ဘက်တော်သားအဖြစ်နဲ့ ရွက်ဆောင်တော် မမူကြပါဘူးဟု ပြောဆိုကာ ငါဘုရားရှင်အပေါ်ဝယ် စိတ်ဖြင့် ပြစ်မှားခြင်းအမှုကို လွန်ကျူးမိမည် ဖြစ်၏။ ဤကဲ့သို့ ပြစ်မှားခဲ့လျှင် ဤရဟန်းသည် သေသည်၏ အခြားမဲ့၌ အပါယ်ကိုတော့ ရောက်တော့မှာပဲဟု သိရှိတော်မူသည့်အတွက် သာရိပုတ္တရာကို ခေါ်စေတော်မူပြီးလျှင် ဒီအကြောင်းအရာကို မေးမြန်းမှ သင့်တော်လိမ့်မည်ဟု ဤကဲ့သို့ နှလုံးပိုက်တော်မူကာ ရဟန်းတော်တစ်ပါးကို ---</p>
<p>ရဟန်း လာလော့ ... သင်သည် ငါဘုရားရှင်၏ စကားဖြင့် သာရိပုတ္တရာကို အရှင်ဘုရား သာရိပုတ္တရာ ... အရှင်ဘုရားကို မြတ်စွာဘုရားက ခေါ်တော်မူနေသည်လို့ လျှောက်ထားကာ ခေါ်ချေ လော့ဟု အမိန့် ရှိတော်မူလိုက်လေသည်။</p>
<p>ထိုအခါဝယ် ထိုရဟန်းက ဘုရားရှင်အား မှန်ပါ့ မြတ်စွာဘုရား ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် အရှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်ကာ ဘုရားရှင်က ခေါ်တော်မူကြောင်းကို တင်ပြလျှောက် ထားလိုက်လေသည်။</p>
<p>ထိုအခါဝယ် အရှင်မဟာမောဂ္ဂလ္လာန်နှင့် အရှင်အာနန္ဒာ မထေရ် မြတ်ကြီး နှစ်ပါးတို့က သံကောက် သော့ကို ယူဆောင်ကာ ကျောင်းစဉ် လှည့်လည်ပြီး အရှင်ဘုရားတို့ ... ကြွတော်မူကြပါ ကြွတော် မူကြပါ။ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်ဝယ် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့သည့် လွန်မြတ်သော ကြုံးဝါးသည့် တရားသံကို လျှောက်ဆိုလိမ့်မည်ဟု ပြောဆို လျှောက် ထားကြ၏။ မထေရ်မြတ်ကြီး နှစ်ပါးတို့က ယခုကဲ့သို့ တိုက်တွန်း ပြောဆို လျှောက်ထားလိုက်ကြသည့်အခါ ရဟန်းသံဃာ အပေါင်း သည် ညဉ့်သန့်စင်ရာ နေရာ, နေ့သန့်စင်ရာ နေရာတို့ကို ပယ်စွန့် ထားခဲ့ပြီး ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကြ၏။</p>
<p>အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကလည်း ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကာ ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးနောက် သင့်တင့်လျောက်ပတ်သည့် တစ်နေရာ၌ ထိုင်တော်မူလိုက်၏။ ထိုအခါဝယ် ဘုရားရှင်က အရှင်သာရိပုတ္တရာကို ---</p>
<p>သာရိပုတ္တရာ ... သီတင်းသုံးဖေါ် ရဟန်းတစ်ပါးသည်ကား သင့်အပေါ်ဝယ် ရှုတ်ချခြင်းသဘောသို့ ရောက်ရှိနေ၏။ မြတ်စွာ ဘုရား ...အရှင်သာရိပုတ္တရာသည် အရှင်ဘုရားတို့၏ <b>အဂ္ဂသာဝက</b> ဖြစ်သည်ဆိုပြီးလျှင် တပည့်တော်ကို နားရွက်ကို ရိုက်ခွဲလိုက်သကဲ့သို့ ထိပါး ပုတ်ခတ်ပြီးလျှင် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ လှည့်လည်ဖို့ရန် ထွက်ခွာသွားပါသည် မြတ်စွာဘုရားဟု လာရောက် လျှောက်ထားနေသည်ဟု ဘုရားရှင်က မိန့်ကြားတော်မူလိုက်လေ သည်။</p>
<p>ထိုအခါဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက <b>သီဟနာဒ</b>ခေါ်သည့် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့သည့် မွန်မြတ်သည့် တရားစကားတော်ကို မိန့်မြွက်တော်မူလေသည်။</p>
<h3><b>သီဟနာဒ</b> (၉) မျိုး</h3>
<p>၁။ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါး ပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေ ရာ၏။ မြတ်စွာဘုရား ...<b>မဟာပထဝီမြေကြီး</b>ပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း စွန့်ပစ်ချကြကုန်၏၊ မစင်ကြယ်သော အရာ ဝတ္ထုကိုလည်း စွန့်ပစ်ချကြကုန်၏၊ ကျင်ကြီးကိုလည်း စွန့်ပစ်ချ ကြကုန်၏၊ ကျင်ငယ်ကိုလည်း စွန့်ပစ်ချကြကုန်၏၊ တံတွေးကိုလည်း စွန့်ပစ်ချကြကုန်၏၊ ပြည်ကိုလည်း စွန့်ပစ်ချကြကုန်၏၊ သွေးကိုလည်း စွန့်ပစ်ချကြကုန်၏။ <b>မဟာပထဝီမြေကြီး</b>သည် ထိုသို့ ပစ်ချထားခြင်း တည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု (ဝမ်းမြောက်မှု ဝမ်းနည်းမှု) မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော (= အကုသိုလ် တည်းဟူသော အတွင်းရန်, ရန်သူပုဂ္ဂိုလ်တည်းဟူသော အပြင်ရန် မရှိသော) ငြိုငြင်မှု မရှိသော (= စိတ်မချမ်းသာမှု ဒေါမနဿ မရှိသော) <b>မဟာပထဝီမြေကြီး</b>နှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီး နောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ ပါ၏။</p>
<p>၂။ မြတ်စွာဘုရား ... ရေ၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေး ကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း ဆေးကြောကြကုန်၏၊ ရေသည် ထိုသို့ ဆေးကြောခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော, ငြိုငြင်မှု မရှိသော ရေနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာ ဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၃။ မြတ်စွာဘုရား ... မီးသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်၏။ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း လောင်၏။ မီးသည် ထိုကဲ့သို့ လောင်ရခြင်း တည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော, မြင့်မြတ်သော, အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှုမရှိသော, မီးနှင့်တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၄။ မြတ်စွာဘုရား ... လေသည် စင်ကြယ်သော အရာဝတ္ထု ကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွားပါ၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွား ပါ၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည် ကိုလည်း, သွေးကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွား ပါ၏။ လေသည် ထိုကဲ့သို့ တိုက်ခတ်ကာ အနံ့ကို သယ်ဆောင် သွားရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, လေနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံ စေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၅။ မြတ်စွာဘုရား ...ဖုံသုတ်အဝတ်သည် စင်ကြယ်သော အရာဝတ္ထုကိုလည်း သုတ်ရ၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း သုတ်ရ၏။ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း သုတ်ရ၏။ ဖုံသုတ်အဝတ်သည် ထိုကဲ့သို့ သုတ်ရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှုမရှိသကဲ့သို့ မြတ်စွာဘုရား ...အလားတူပင် တပည့်တော် သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, ဖုံသုတ်အဝတ်နှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံ စေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၆။ မြတ်စွာဘုရား ... ခွက်လက်စွဲကာ စုတ်ပြတ်သည့် အဝတ် ကိုသာ ဝတ်ဆင်ထားသော ဒွန်းစဏ္ဍား လုလင်ပျိုသည်လည်းကောင်း၊ ဒွန်းစဏ္ဍား လုံမပျိုသည်လည်းကောင်း ရွာနိဂုံးအတွင်းသို့ ထမင်းအစာ ရှာဖွေရန် အလို့ငှာ ဝင်ရောက်လာလတ်သော် မာန်,မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ကိုသာလျှင် ဖြစ်စေ၍ ထမင်းအရှာ ဝင်ရောက်၍ လာသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, ဒွန်းစဏ္ဍား လုလင်ပျို, လုံမပျိုနှင့် တူညီသော စိတ်ဓာတ်ဖြင့်(= မာန်,မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ဖြင့်) နေထိုင်ပါ၏။ မြတ်စွာဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံ စေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၇။ မြတ်စွာဘုရား ...ဦးချိုကျိုးထားသည့် အကျင့်ကောင်းမွန်သည့် ယဉ်ကျေးပြီး ဆုံးမအပ်ပြီးသည့် နွားလားဥသဘကြီးသည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့, လမ်းဆုံ တစ်ခုမှ လမ်းဆုံ တစ်ခုသို့ လှည့်လည်လတ်သော် ခြေဖြင့်သော်လည်းကောင်း, ဦးချိုဖြင့်သော် လည်းကောင်း (မိမိကို ကိုင်တွယ်လာသူကိုလည်းကောင်း, ဆုပ်နယ် နေသူကိုလည်းကောင်း) တစ်စုံတစ်ယောက်သောသူကိုမျှ မညှဉ်းဆဲ သကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှုမရှိသော, ဦးချိုကျိုးပြီးသော နွားလား ဥသဘနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏။ မြတ်စွာဘုရား စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၈။ မြတ်စွာဘုရား...ငယ်ရွယ်နုပျိုနေသည့် အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့်တကွ ရေချိုးပြီးသည့် လုံမပျိုသည်လည်းကောင်း, လုလင်ပျိုသည်လည်းကောင်း မြွေကောင်ပုပ်ကို ဖြစ်စေ, ခွေးကောင် ပုပ်ကို ဖြစ်စေ, လူကောင်ပုပ်ကို ဖြစ်စေ လည်ပင်း၌ ဆွဲလိုက်ပါမူ ငြီးငွေ့ ရှက်နိုး ရွံရှာ စက်ဆုပ်သကဲ့သို့ မြတ်စွာဘုရား ...အလား တူပင် တပည့်တော်သည် ဤတပည့်တော်၏ ခန္ဓာကိုယ် အကောင် ပုပ်ကြီးဖြင့် ငြီးငွေ့ပါ၏, ရှက်နိုးပါ၏, ရွံရှာစက်ဆုပ်ပါ၏။ မြတ်စွာ ဘုရား ...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>၉။ မြတ်စွာဘုရား ...ယောက်ျားတစ်ဦးသည် အပေါက်ကြီးငယ်ရှိသည့် အထက်မှလည်း လျှံကျနေသည့် (= အထက်သို့လည်း လျှံတက်နေသည့်) အောက်မှလည်း ယိုကျနေသည့် အမဲဆီအိုးကို ရွက်ဆောင် နေရသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် အပေါက်ကြီးငယ် ရှိနေသည့် အထက်မှလည်း လျှံကျနေသည့် (= အထက်သို့လည်း လျှံတက်နေသည့်) အောက်မှလည်း ယိုကျနေသည့် ဤခန္ဓာကိုယ်ကြီးကို ရွက်ဆောင်နေရပါ၏။ မြတ်စွာဘုရား...စင်စစ် ခန္ဓာကိုယ်၌ <b>ကာယဂတာသတိ</b> မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖေါ် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာပါ၏။</p>
<p>ဤသို့လျှင် အရှင်<b>သာရိပုတ္တရာ</b> မထေရ်မြတ်ကြီးက သာသနာတော်မှာ မိမိကိုယ်တိုင် လိုက်နာကျင့်သုံးနေသည့် စိတ်နေစိတ်ထား တို့ကို ၉-မျိုးသော အခြင်းအရာတို့ဖြင့် ဘုရားရှင်အား တင်ပြ လျှောက် ထားလိုက်သောအခါ အရှင်<b>သာရိပုတ္တရာ</b> မထေရ်မြတ်အား ပြစ်မှား မိသော ထိုရဟန်းသည် ထိုင်ရာနေရာမှ ထကာ၊ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ် ဧကသီကို စမ္ပယ်တင်ပြီးနောက် မြတ်စွာဘုရား ၏ ခြေတော်အစုံ ကြာပဒုံတို့ကို ဦးတိုက်ကာ မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထားလေသည် ---</p>
<p>မြတ်စွာဘုရား...တပည့်တော်သည် မိုက်သည့်အလျောက်, တွေဝေသည့်အလျောက်, မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ တပည့်တော်သည် အရှင်<b>သာရိပုတ္တရာ</b> မထေရ်မြတ်ကြီးကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အကြောင်းအရာဖြင့် စွပ်စွဲမိပါသည်။ မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းနိုင်ရန် အပြစ်ဟု လက်ခံတော်မူပါ မြတ်စွာဘုရား ...ဟု လျှောက်ထားလေသည်။</p>
<p>ရဟန်း...မိုက်သည့်အလျောက်, တွေဝေသည့်အလျောက်, မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် <b>သာရိပုတ္တရာ</b>ကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အကြောင်းအရာဖြင့် စွပ်စွဲခဲ့၏။ ရဟန်း ...သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို အပြစ်ဟု ငါဘုရားရှင်တို့ လက်ခံကြပါကုန်၏။ ရဟန်း ...အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ထိုသူ၏ ဤသို့ ကုစားခြင်း စောင့်စည်းခြင်းသည် ဖြူစင်မြင့်မြတ်သည့် အရိယာသူတော်ကောင်း၏ ဝိနည်း အဆုံးအမတော်၌ ကြီးပွားကြောင်း တရားပင်တည်းဟု ဘုရားရှင်က မိန့်ကြားတော်မူ လေသည်။</p>
<p>ထိုအခါ မြတ်စွာဘုရားသည် အရှင်<b>သာရိပုတ္တရာ</b> မထေရ် မြတ်ကြီးကို <b>သာရိပုတ္တရာ</b> ...ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားအား ထိုအရပ်၌ပင် ထိုယောက်ျား၏ ဦးထိပ်သည် ခုနစ်စိတ် ခုနစ်မြွှာ မကွဲမီ သည်းခံလေလော့ဟု မိန့်ကြားတော်မူလေသည်။</p>
<p>ထိုအခါ အရှင်<b>သာရိပုတ္တရာ</b> မထေရ်မြတ်က မြတ်စွာဘုရားအား မြတ်စွာဘုရား ...အကယ်၍ ထိုအရှင်သည် တပည့်တော်ကို သည်းခံတော်မူပါဟု ဤသို့ ပြောဆို လျှောက်ထားလာပါမူ တပည့်တော်သည် ထိုအရှင်အား သည်းခံပါ၏၊ ထိုအရှင်ကလည်း တပည့်တော်အား သည်းခံပါစေဟု လျှောက်ထားလေသည်။ (အံ၊၃၊၁၈၀-၁၈၄။)</p>
<p>သာသနာတော်ဝယ် ပြုသင့်ပြုထိုက်သည့် လောကီမဂ္ဂင် ၈-ပါး၊ လောကုတ္တရာမဂ္ဂင် ၈-ပါးဟူသည့် မဂ်ကိစ္စကို <b>အရဟတ္တမဂ်</b>သို့ တိုင်အောင် လိုက်နာပြုကျင့်တော်မူပြီးနောက် သာသနာတော်ဝယ် ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ဆက်လက်ကာ လိုက်နာ ပြုကျင့်သွားတော်မူသည့် ရှေးထုံးဟောင်း ကျင့်စဉ်တို့တွင် စံထိုက်သော အတုယူကာ လိုက်နာပြုကျင့်ဖွယ် ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်ထားသည့် ကျင့်စဉ်တစ်ရပ်ပင် ဖြစ်ပေသည်။</p>
---
<h3><b>ကာယဂတာသတိ</b>ဆိုသည်မှာ . . .</h3>
<p>မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်ဝယ် <b>ကာယဂတာသတိသုတ္တန်</b> (မ၊၃၊၁၃၀-၁၄၀။) ဟူသော အမည်ဖြင့် သုတ္တန်တစ်ခု လာရှိပေ သည်။ ယင်း <b>ကာယဂတာသတိသုတ္တန် အဋ္ဌကထာ</b>က <b>ကာယဂတာ သတိ</b>၏ အဓိပ္ပာယ်ကို ဤသို့ ရှင်းပြထားပေသည်။</p>
<p><b>ကာယဂတာသတိန္တိ ကာယပရိဂ္ဂါဟိကမ္ပိ ကာယာရမ္မဏမ္ပိ သတိံ။ ကာယပရိဂ္ဂါဟိကန္တိ ဝုတ္တေ သမထော ကထိတော ဟောတိ၊ ကာယာရမ္မဏန္တိ ဝုတ္တေ ဝိပဿနာ။ ဥဘယေန သမထဝိပဿနာ ကထိတာ ဟောန္တိ။</b> (မ၊ဋ္ဌ၊၄၊၁၀၂။)</p>
<p>ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ <b>ကာယဂတာသတိ</b> ဟူသည် ---</p>
<p>၁။ <b>ကာယ</b>ကို သိမ်းဆည်းတတ်သော သတိကိုလည်း <b>ကာယဂတာသတိ</b>ဟု ခေါ်ဆို၏။</p>
<p>၂။ <b>ကာယ</b>လျှင် အာရုံရှိသော သတိကိုလည်း <b>ကာယဂတာသတိ</b>ဟု ခေါ်ဆို၏။</p>
<p><b>သတိသီသေန တံသဟဂတေ ဘာဝနာဓမ္မေ ဝဒတိ။</b> (မ၊ဋီ၊၃၊၃၁၅။)</p>
<p>အထက်ပါ ဋီကာအဖွင့်အရ <b>ကာယ</b>လျှင် အာရုံရှိသော သတိအရ သတိတစ်ခုတည်းကိုသာ မဆိုလိုပေ။ သတိနှင့် အတူတကွ ဖြစ်ကြကုန်သော <b>ဘာဝနာဓမ္မ</b> အားလုံးတို့ကိုပင် ဆိုလိုပေသည်။ သတိနှင့် <b>စိတ္တက္ခဏ</b>တစ်ခုအတွင်း, <b>ဇောဝီထိ</b>တစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြသော <b>နာမ်တရား</b>စုကို ဆိုလိုသည်။</p>
<p>ထိုတွင် <b>ကာယပရိဂ္ဂါဟိကသတိ</b> = <b>ကာယ</b>ကို သိမ်းဆည်း တတ်သော သတိဟုဆိုလျှင် <b>သမထကမ္မဋ္ဌာန်း</b>ပိုင်းကို ဆိုလိုပေသည်။ <b>ကာယာရမ္မဏသတိ</b> = <b>ကာယ</b>လျှင် အာရုံရှိသော သတိဟုဆိုလျှင် <b>ဝိပဿနာကမ္မဋ္ဌာန်း</b>ကို ဆိုလိုပေသည်။ (မ၊ဋ္ဌ၊၄၊၁၀၂။)</p>
<p><b>ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။</b> (ပဋိသံ၊၁၈၁။)</p>
<p>ဤအထက်ပါ <b>ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် အာနာပါနဿတိ ကမ္မဋ္ဌာန်း</b>ပိုင်းတွင် ဟောကြားထားတော်မူသည်နှင့်အညီ <b>ကာယဂတာသတိ</b>ဟူသော စကားရပ်၌ <b>ကာယ</b>ဟူသည် ---</p>
<p>၁။ <b>နာမကာယ</b> = နာမ်တရား အပေါင်းအစု</p>
<p>၂။ <b>ရူပကာယ</b> = ရုပ်တရား အပေါင်းအစု</p>
<p>ဤနှစ်မျိုးလုံးသော ရုပ်-နာမ် အပေါင်းအစုကို <b>ကာယ</b>ဟု ဆိုလိုပေသည်။ ထိုတွင် <b>ရူပကာယ</b>အရ - <b>ဘူတရုပ်</b>၊ <b>ဥပါဒါရုပ်</b>ဟူသော ရုပ်ပရမတ်တရားများတွင်သာမက ---</p>
<p>၁။ <b>အဿာသ ပဿာသကာယ</b></p>
<p>၂။ ယင်း <b>အဿာသ ပဿာသကာယ</b>ကို အမှီပြု၍ ဖြစ်ပေါ်လာ သော <b>အာနာပါနနိမိတ်</b>တို့လည်း ပါဝင်ကြောင်းကို ယင်း<b>ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်</b> (ပဋိသံ၊၁၈၁။)တွင် ဆက်လက်ဟောကြား ထားတော်မူပါသည်။</p>
<p>ဤ ရှင်းလင်းချက်များအရ <b>ကာယပရိဂ္ဂါဟိကသတိ</b> = <b>ကာယ</b>ကို သိမ်းဆည်းတတ်သော သတိသည် <b>သမထကမ္မဋ္ဌာန်း</b>ပိုင်းကို ရည်ညွှန်းထားသဖြင့် <b>ကာယ</b>အရ - <b>အဿာသ ပဿာသကာယ</b> = ဝင်သက်လေ + ထွက်သက်လေ အပေါင်းအစု = <b>ကာယ</b>နှင့် ယင်း ဝင်သက်လေ, ထွက်သက်လေကို အမှီပြုကာ <b>ဘာဝနာ</b>စွမ်းအားကြောင့် ဖြစ်ပေါ်လာသော <b>အာနာပါနနိမိတ်</b>စသည့် <b>သမထအာရုံ</b> တို့ကို ဆိုလိုသည်ဟု မှတ်ပါ။ ယင်း <b>သမထအာရုံ</b>တို့ကို အောက်တွင် ဆက်လက်ကာ ဖေါ်ပြပါမည်။</p>
<p><b>ကာယာရမ္မဏသတိ</b> = <b>ကာယ</b>လျှင် အာရုံရှိသော သတိဟု ဆိုလျှင် <b>ဝိပဿနာကမ္မဋ္ဌာန်း</b>ပိုင်းကို ရည်ညွှန်းထားသည် ဖြစ်ရကား <b>ကာယ</b>အရ <b>ဝိပဿနာဉာဏ်</b>ဖြင့် လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်ထိုက်သည့် <b>နာမကာယ</b> = နာမ်တရား အပေါင်းအစုနှင့်၊ <b>ရူပကာယ</b> = ရုပ်တရား အပေါင်းအစုကို ဆိုလိုသည်ဟု မှတ်ပါ။</p>
<p>ဤရှင်းလင်းချက်များအရ <b>ယောဂါဝစရ</b> ပုဂ္ဂိုလ်တစ်ဦးသည် <b>ကာယဂတာသတိ ကမ္မဋ္ဌာန်း</b>ကို ပွားသည်ဟုဆိုလျှင် တစ်နည်းဆို ရသော် <b>ကာယဂတာသတိ</b>၌ ထင်လင်းသော သတိရှိသည်ဟု ဆိုလျှင် <b>သမထ</b>ပိုင်း <b>ဝိပဿနာ</b>ပိုင်း နှစ်ပိုင်းလုံးကိုပင် ပွားများအားထုတ်နေ သည်ဟု မှတ်သားပါလေ။</p>
<p><b>ကာယဂတာသတိသုတ္တေ ပန ယဿ ဝဏ္ဏတော ဥပဋ္ဌာတိ၊ တံ သန္ဓာယ စတ္တာရိ စျာနာနိ ဝိဘတ္တာနိ။</b> (အဘိ၊ဋ္ဌ၊၂၊၂၁၆။)</p>
<p><b>မဟာသတိပဋ္ဌာနသုတ္တေ စုဒ္ဒသဝိဓေန ကာယာနုပဿနာ ကထိတာ၊ စုဏ္ဏကဇာတာနိ အဋ္ဌိကာနိ ပရိယောသာနံ ကတွာ ကာယာနုပဿနာ နိဒ္ဒိဋ္ဌာ၊ ဣဓ ပန ကေသာဒီသု ဝဏ္ဏကသိဏဝသေန နိဗ္ဗတ္တိတာနံ စတုန္နံစျာနာနံ ဝသေန ဥပရိဒေသနာယ ဝဍ္ဎိတတ္တာ အဋ္ဌာရသဝိဓေန ကာယဂတာသတိ ဘာဝနာ။</b> (မ၊ဋီ၊၃၊၃၁၅။)</p>
<p>ဤအထက်ပါ အဋ္ဌကထာနှင့် ဋီကာတို့၏ ဖွင့်ဆိုချက်နှင့်အညီ <b>မဟာသတိပဋ္ဌာနသုတ္တန်</b>တွင် <b>ကာယာနုပဿနာ</b>ပိုင်းကို တစ်နည်း ဆိုရသော် <b>ကာယဂတာသတိ ကမ္မဋ္ဌာန်း</b>ကို (၁၄)မျိုးသော အခြင်း အရာအားဖြင့် ဟောကြားထားတော်မူပေသည်။ ဤ<b>ကာယဂတာသတိသုတ္တန်</b>တွင်ကား ၃၂-ကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူကာ <b>ဝဏ္ဏ</b> = အရောင်ကသိုဏ်း လေးမျိုးတို့ကို စျာန်လေးမျိုးသို့ ဆိုက် ရောက်အောင် ပွားများပုံများကိုပါ ထည့်သွင်းကာ ဟောကြားထားတော်မူသည့်အတွက် ၁၈-မျိုးသော <b>ကာယဂတာသတိ ကမ္မဋ္ဌာန်း</b>တို့ကို ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ ယင်းကမ္မဋ္ဌာန်းတို့ကို အကျဉ်း ချုပ်ကာ ရေတွက်ပြပေအံ့ ---</p>
<p>၁။ <b>အာနာပါနကမ္မဋ္ဌာန်း</b>ပိုင်း</p>
<p>၂။ <b>ဣရိယာပထ</b>ပိုင်း</p>
<p>၃။ <b>သမ္ပဇဉ်</b>ပိုင်း</p>
<p>၄။ ၃၂-ကောဋ္ဌာသတို့ကို ရွံရှာ စက်ဆုပ်ဖွယ် အနေဖြင့် ရှုပွားသည့် <b>ပဋိကူလမနသိကာရ</b>ပိုင်း</p>
<p>၅။ <b>ဓာတ်ကမ္မဋ္ဌာန်း</b>ပိုင်း</p>
<p>၆-၁၄။ <b>နဝသိဝထိက</b> = သုသာန်သချုႋင်းနှင့် စပ်သည့် အသုဘ <b>ဘာဝနာ</b> ၉-မျိုး</p>
<p>ပေါင်းလိုက်လျှင် ၁၄-မျိုး ဖြစ်၏။ ဤ ၁၄-မျိုးကား <b>မဟာသတိပဋ္ဌာနသုတ္တန်</b>မှာလည်း လာရှိ၏။ <b>ကာယဂတာသတိသုတ္တန်</b> မှာလည်း ဘုရားရှင်က ထပ်မံပြီး ဟောကြားထားတော်မူ၏။ ယင်း ၁၄-မျိုးတို့အပြင် ၃၂-ကောဋ္ဌာသတို့မှ အရောင်တို့ကို အာရုံယူကာ အရောင်ကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ရရှိသည့် <b>ရူပါဝစရ စျာန်</b>လေးပါးတို့ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင်မူ <b>ကာယဂတာသတိ</b> ၁၈-မျိုး ဖြစ်သွားပေသည်။</p>
<p>၁။ ဆံပင်တို့ကဲ့သို့ ညိုသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အညိုရောင်ကသိုဏ်း = <b>နီလကသိုဏ်း</b>၊</p>
<p>၂။ ကျင်ငယ်တို့ကဲ့သို့ ဝါသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အဝါရောင်ကသိုဏ်း = <b>ပီတကသိုဏ်း</b>၊</p>
<p>၃။ သွေးတို့ကဲ့သို့ နီသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အနီရောင် ကသိုဏ်း = <b>လောဟိတကသိုဏ်း</b>၊</p>
<p>၄။ အရိုးတို့ကဲ့သို့ ဖြူသည့် ကောဋ္ဌာသတွေကို အာရုံယူပြီး အဖြူရောင်ကသိုဏ်း = <b>ဩဒါတကသိုဏ်း</b>၊</p>
<p>ဤ <b>ဝဏ္ဏ</b> = အရောင်ကသိုဏ်း လေးမျိုးတို့ကို ပွားများလိုက် သည့်အခါ ကသိုဏ်း တစ်မျိုးတစ်မျိုးမှာ <b>ရူပါဝစရစျာန်</b> လေးပါးစီ ရရှိနိုင်ပေသည်။</p>
<p>[ဤကမ္မဋ္ဌာန်း အမျိုးမျိုးတို့ကို ပြည့်ပြည့်စုံစုံ ပွားများအားထုတ် လိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသည့် ကျမ်းစာကြီး (၅)တွဲမှာ ကြည့်ရှုပါလေ။]</p>
<p>ယင်း <b>ကာယဂတာသတိသုတ္တန်</b>တွင် ၁၈-မျိုးသော အခြင်းအရာအားဖြင့် <b>ကာယဂတာသတိကမ္မဋ္ဌာန်း</b>ကို ပွားများအားထုတ်ပါက တစ်နည်းဆိုရသော် ၁၈-မျိုးသော အခြင်းအရာအားဖြင့် <b>ကာယဂတာသတိ</b> အမည်ရသည့် <b>သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်း</b> တို့ကို ပွားများ အားထုတ်ခဲ့သော် ရရှိနိုင်သော အကျိုးတရား ၁၀-မျိုးတို့ကိုလည်း ဘုရားရှင်က ဆက်လက် ဟောကြားထားတော်မူပေ သည်။</p>
---
<h3><b>ကာယဂတာသတိ</b>၏ အကျိုးအာနိသင် (၁၀) ပါး</h3>
<p>၁။ <b>သမထ ဝိပဿနာ</b> အစဖြာသည့် ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်း, ကာမဂုဏ်၌ မွေ့လျော်ခြင်းကို လွှမ်းမိုးနိုင်၏။</p>
<p>၂။ ကြောက်တတ်သော စိတ်, ကြောက်မက်ဖွယ် အာရုံတို့ကို လွှမ်းမိုး နိုင်၏။</p>
<p>၃။ အပူဒဏ်, အအေးဒဏ်, ဆာလောင်ခြင်း, မွတ်သိပ်ခြင်းတို့ကို သည်းခံနိုင်၏။ မှက် ခြင် ယင် လေ နေပူ မြွေ ကင်း သန်းတို့၏ ကိုက်ခဲခြင်း အတွေ့တို့ကို သည်းခံနိုင်၏။ မကောင်းသဖြင့် ပြော ဆိုလာကုန်သည့်, မကောင်းသဖြင့် ဆိုက်ရောက်လာကုန်သည့် စကားတို့ကို (အရှင်<b>သာရိပုတ္တရာ</b> မထေရ်မြတ်ကြီးကဲ့သို့) သည်း ခံနိုင်၏။ ဆင်းရဲကုန်သည့်, ထက်မြက် စူးရှကုန်သည့်, ကြမ်းတမ်း ကုန်သည့်, ခါးစပ်ကုန်သည့်, သာယာခြင်းမှ ကင်းကုန်သည့်, စိတ်နှလုံးဝယ် ကုသိုလ်တရားတို့ကို မတိုးပွားစေကုန်သည့်, မမြတ်နိုးအပ်ကုန်သည့်, အသက်ကို ဆောင်ယူသွားနိုင်ကုန် သည့် ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာကြသည့် ဝေဒနာ အမျိုးမျိုး တို့ကို သည်းခံနိုင်သည့် သဘောရှိ၏။</p>
<p>၄။ <b>ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်</b> ဆိုသည့် <b>ရူပါဝစရစျာန်</b>လေးပါးတို့ကို မငြိုမငြင် မပင်မပန်း လွယ်လွယ် ကူကူ ရရှိနိုင်၏။</p>
<p>၅။ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သည့် <b>ဣဒ္ဓိဝိဓအဘိညာဏ်</b>။</p>
<p>၆။ နတ်နားကဲ့သို့ ကြားနိုင်သည့် <b>ဒိဗ္ဗသောတအဘိညာဏ်</b>။</p>
<p>၇။ သူတစ်ပါးတို့၏ စိတ်ကို သိနိုင်သည့် <b>ပရစိတ္တဝိဇာနနအဘိညာဏ်</b>။</p>
<p>၈။ ရှေးက ဖြစ်ခဲ့ဖူးသည့် ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်သည့် <b>ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်</b>။</p>
<p>၉။ နတ်မျက်စိကဲ့သို့ မြင်နိုင်သည့် <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>။</p>
<p>၁၀။ <b>အာသဝေါတရား</b>တို့၏ ကုန်ရာကုန်ကြောင်းဖြစ်သည့် <b>အာသ- ဝက္ခယဉာဏ်</b>တို့ကို ရရှိနိုင်၏။</p>
<p>ဤအကျိုးတရား ၁၀-ပါးတို့ကို <b>ကာယဂတာသတိ ကမ္မဋ္ဌာန်း</b>ကို ပွားများအားထုတ်ပါက ရရှိနိုင်ပေသည်။ (မ၊၃၊၁၃၉-၁၄၀။)</p>
<p>အရှင်<b>သာရိပုတ္တရာ</b> ကိုယ်တော်မြတ်ကြီးသည်ကား ဤ ၁၀-မျိုးသော အကျိုးတရားတွေတွင်သာမက <b>အဂ္ဂသာဝက ဗောဓိဉာဏ်တော်</b>မြတ်ကိုပါ ရရှိအောင် <b>ကာယဂတာသတိ ကမ္မဋ္ဌာန်း</b>ကို ပွားများ အားထုတ်ထားပြီး ဖြစ်တော်မူပေသည်။ ဤကဲ့သို့ ပွားများအားထုတ်ပြီး ဖြစ်တော်မူသည့်အတွက် တစ်နည်းပြောဆိုရသော် သာသနာတော်မှာ ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်လိုသည့် <b>ဆန္ဒဓာတ်</b> အဝင်အပါ <b>ဣဒ္ဓိပါဒ်</b>လေးပါးတို့တွင် တစ်ပါးပါးကို ရှေ့တန်းတင်ကာ လိုက်နာပြုကျင့်တော်မူသည့်အတွက် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့စွာ အထက်ပါ <b>သီဟနာဒသုတ္တန်</b>တွင် တင်ပြထား သည့် <b>သီဟနာဒ</b> အမည်ရသည့် ၉-မျိုးသော တရားစည်ကြီးကို (၁၁)ခွင်ရပ် သွက်လျင်ခတ် ပဲ့တင်ထပ်အောင် ရိုက်တီးတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားရှင်ထံတော်မှ အာမိသအမွေကို မခံယူဘဲ ဓမ္မအမွေကိုသာ ခံယူသွားကြသည့် ရှေးသူဟောင်းတို့၏ စံထားရမည့် ဂုဏ်ယူဖွယ်, မြတ်နိုးဖွယ်, ကြည်ညိုဖွယ်, အတုယူဖွယ် ကျင့်စဉ် တစ်ရပ်ပင် ဖြစ်ပေသည်။</p>
<p>ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင်သူတော်ကောင်း သည်လည်း ရှေးသူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ အတုယူကာ <b>ကာယဂတာသတိကမ္မဋ္ဌာန်း</b>ကို အောင်အောင်မြင်မြင် ပွားများ အားထုတ်ခြင်းဖြင့် သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့အောင် ရွက်ဆောင်နိုင်ပါစေသောဝ် ...၊ တရားစည်ကြီးကို ရိုက်တီးနိုင်ပါ စေသောဝ် ... ဟူသော ဆန္ဒမွန်ဖြင့် ...။</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊</p>
<p>၁၃၆၇-ခု၊ ဝါဆိုလဆုတ် ၈-ရက်၊</p>
<p>(၂၈.၇.၂၀၀၅) ကြာသပတေးနေ့။</p>
---
<h3>ငါ လုပ်ချင်တာ</h3>
<p>မေးရမည့် အမေး</p>
<p>မိမိ ဘာလုပ်ချင်ပါသနည်း၊ ထို မေးခွန်းကို မေးဖို့ လို၏။ မိမိ ဘာလုပ်နေပါသနည်း၊ ထို မေးခွန်းကိုလည်း မေးဖို့ လိုပါ၏။</p>
<p>မိမိ ဘာလုပ်ချင်သည် ဘာလုပ်နေသည်ကို သိပါမှ မိမိ လုပ်ချင် သည်နှင့် လုပ်နေသည်တို့ ညီညွတ်မှု ရှိ မရှိ သိမည် ဖြစ်သည်။</p>
<p>လူဟူက တစ်ခုမဟုတ် တစ်ခု လုပ်နေကြရ၏။ ထိုသို့ ပြုလုပ်ရာ၌ လောကရေးကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ ရှိကြသလို လောကဓမ္မ နှစ်ဖြာသောအရေးတို့ကို အကြောင်းအားလျော်စွာ လုပ်ဆောင်နေသူများလည်း ရှိကြ၏။ ထို့အပြင် လောကမှ ထွက် မြောက်ကြောင်း အလုပ်ကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ လည်း ရှိကြပေ၏။</p>
<p>လောကရေးကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ အတွင်း၌ သော်လည်းကောင်း, လောကဓမ္မ နှစ်ဖြာသောအရေးတို့ကို အကြောင်း အားလျော်စွာ လုပ်ဆောင်နေသူများ အတွင်း၌သော်လည်းကောင်း, လောကမှ ထွက်မြောက်ကြောင်း အလုပ်ကို ပဓာနပြုလျက် လုပ်ဆောင်နေသူများ အတွင်း၌သော်လည်းကောင်း မိမိတို့ လုပ်ချင်သည့် အရာကို အမှန်ပင် လုပ်နေကြသည် မလုပ်နေကြသည်ကို သိဖို့လို၏။</p>
<p>လုပ်ချင်သည်ကို လုပ်နေသူများ ရှိကြသလို လုပ်ချင်သည်ကို လုပ်နေ၏ မလုပ်နေ၏ဟု မသိသူများလည်း ရှိကြ၏။ လုပ်ချင်သည်ကို လုပ်ဖို့ ကြိုးစားရမည်လော, လုပ်သင့်သည်ကို လုပ်ဖို့ ကြိုးစားရ မည်လော၊ ဤမေးခွန်းနှစ်ခုကိုလည်း မေးဖို့လို၏။</p>
<p>လုပ်ချင်သည်ကို လုပ်နိုင်ဖို့ လုပ်သင့်သည်ကို ဦးစွာ လုပ်ရ၏ဟု ဖြေရပေမည်။ လုပ်သင့်သည်ကို လုပ်ခြင်းဟူသည် လုပ်ချင်သည်ကို လုပ်နိုင်ဖို့ ပြင်ဆင်ခြင်း, လုပ်ချင်သည်ကို လုပ်နိုင်ဖို့ သည်းခံခြင်း, လုပ်ချင်သည်ကို လုပ်ပြီးဖြစ်ဖို့ အချိန် စောင့်ဆိုင်းခြင်းပင် ဖြစ်၏။ စိတ်ကို ခံနိုင်ရည်ရှိဖို့ လေ့ကျင့်ပေးခြင်းဟုလည်း ဆိုရ၏။</p>
<p>လောကရေးကို ပဓာနပြုလျက် လောက၌ ကျင်လည်ဖို့ ကြိုးစား နေသူများ, လောကဓမ္မ နှစ်ဖြာသောအရေးတို့ကို အကြောင်းအားလျော်စွာ လုပ်ဆောင်နေသူများနှင့် လောကမှ ထွက်မြောက်ကြောင်း အကျင့်ကို ကြိုးပမ်း အားထုတ်နေသူများအတွက်ပါ ရည်၍ ဆိုရသော စကား ဖြစ်၏။</p>
---
<h3>စိတ်၏ အလိုအတိုင်း</h3>
<p>ထိုသို့ လေ့ကျင့်ခြင်း၌ ---</p>
<p><b>စိတ္တံ ဝသံ ဝတ္တေတိ နော စ သာရိပုတ္တော စိတ္တဿ ဝသေန ဝတ္တတိ။</b></p>
<p>ဟူသော အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်လျက် ---</p>
<p>စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့, စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့အထိ ရည်ရွယ်ချက် ရှိရ၏။</p>
<p>ထိုရည်ရွယ်ချက်ဖြင့် စိတ်ကို လေ့ကျင့်ပေးရ၏၊ ထိုသို့ လေ့ကျင့်နိုင်မှ တော်ကာကျ၏။</p>
<p><b>စိတ္တေန နီယတေ လောကော</b>အရ စိတ်သည် သတ္တဝါတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်၏။ ထို့ကြောင့်ပင် ခေါင်းဆောင်ဖြစ်သော စိတ်၏ ဦးဆောင်မှုကို နာခံကြရ, စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါကြရ၏။ ကောင်းသော စိတ်ကြောင့် ကောင်းသောစိတ်၏ အလိုနိုင်ငံသို့ လိုက်ပါခွင့် ရကြသလို မကောင်းသော စိတ်ကြောင့် မကောင်းသော စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါခွင့် ရနေကြ၏။ မည်သို့ပင် ဖြစ်စေ စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေဖို့ စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ ပန်းတိုင်ထား ကြိုးစားရမည်ပင်။</p>
<p>ဖြစ်ချင်သည့်အရာ လုပ်ချင်သည့်အရာအတွက် ဖြစ်သင့်သည့် အရာ လုပ်သင့်သည့်အရာကို ကြားခံပေးရ၏။</p>
<p>ထို့ကြောင့်ပင် လုပ်သင့်သည်ကို လုပ်ဖို့ရန် လောကက အကြံပြု နေခြင်း ဖြစ်၏။ လုပ်သင့်သည်ကို လုပ်ခြင်း၌ ဘဝ၏အဓိပ္ပါယ် ဘဝ၏ ပန်းတိုင်သို့ ဦးတည်နေခြင်း ရှိ မရှိ မြော်မြင်နိုင်ဖို့ လိုသလို ဖြစ်ချင်သည့် ဆန္ဒ ပြီးပြည့်စုံနိုင်ရေး ခရီးပန်းတိုင်သို့ ဦးတည်နေခြင်း ရှိ မရှိ ဆင်ခြင်နိုင်ဖို့လည်း လို၏။</p>
<p>ပန်းတိုင်မတူသူတို့၏ ဘဝအဓိပ္ပါယ် ဖွင့်ဆိုမှု တူကြမည် မဟုတ်ပေ။ မတူသူတို့၏ မတူမှုကို ကြောင့်ကြဖို့ မလိုဟု စာရေးသူ ယူဆ၏။ ပန်းတိုင်တူသူတို့၏ ဘဝအဓိပ္ပါယ် ဖွင့်ဆိုမှုကိုကား တူစေချင်ပါ၏။ ပန်းတိုင်တူဟူရာ၌ အသွင်တူကာမျှ တူခြင်းကို ဆိုခြင်း မဟုတ်၊ အနှစ်သာရ တူခြင်းကို ဆိုခြင်း ဖြစ်၏။</p>
<p>ရဟန်းဟူက အသွင်အားဖြင့် တူ၏၊ အပြင်အသွင် တူခြင်းသာ ဖြစ်၏။ ထိုမြင်ရသည့် အပြင်အသွင် တူကာမျှ တူခြင်းကို စာရေးသူ မဆိုလိုပေ။ အနှစ်သာရ တူခြင်းကိုသာ ဆိုလိုပါ၏။ အနှစ်သာရ ဟူသည် ရောက်အောင်သွားရမည့် ပန်းတိုင်ကို ဆိုခြင်း ဖြစ်၏။</p>
<p>မြင့်မြတ်သည့် ဘုရားမြတ်စွာ သာသနာတော်သည် မြင့်မြတ် လိုသူ, လွတ်မြောက်လိုသူ, ထွက်မြောက်လိုသူတို့အတွက် တည်ထောင်ထားခြင်း ဖြစ်၏။ မြင့်မြတ်ခြင်းဟူသည် ယဉ်ကျေးခြင်း, ရိုးသားခြင်း, လေးစားခြင်း, သည်းခံခြင်း, မချုပ်ချယ်ခြင်း စသည့် အပြုအမူတို့ကို ကိုယ်စားပြု၏။ သူတစ်ပါးတို့၏ အကျိုးကို လိုလားခြင်း, လောကအပေါ် သနားကြင်နာ စောင့်ရှောက်ခြင်း, အောင်မြင်နေသည့် လောကအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း, ဥပေက္ခာ ထားချိန်တန်က ဥပေက္ခာထားနိုင်ခြင်းတို့သည် မြင့်မြတ်ခြင်းတို့ပင် ဖြစ်ကြ၏။</p>
<p>မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်အတွင်း ရဟန်းအသွင်ကို ယူပြီးနောက် ကိုယ်ကျင့်တရားတို့ အရောင်တက်လာကြ၏, အနစ်နာခံနိုင်မှု အားကောင်းလာ၏, စွန့်လွှတ်မှုကို အနှစ်သာရအဖြစ် ကျင့်သုံးလာသည်ဆိုက အသွင်မျှမက အနှစ်ပါ ပါလာ၏။ အသွင်မျှမက အနှစ်ပါ တူလာ၏။</p>
<p>အမျိုး ဇာတ် ဂုဏ်သိမ် စည်းစိမ် ကြီးကျယ်မြင့်မြတ် ခြားနားမှုက သာနာတော်၌ အနှစ်သာရ မကျ။ အမျိုး ဇာတ် ဂုဏ်သိမ် စည်းစိမ် တို့က ထိုသူတို့ကို မမြင့်မြတ်စေနိုင်ကြ။ လွတ်မြောက်မှု ပန်းတိုင်သို့ မပို့ဆောင် ပေးနိုင်ကြ။ မြတ်စွာဘုရား တည်ထောင်တော်မူသည့် သံဃာ့အဖွဲ့အစည်းဟူသည် မြတ်သောအကျင့်ကို ကျင့်လိုသူ ထွက်မြောက်လိုသူများအတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။ ရဟန်းဖြစ်လာက မတူညီသော အမျိုး ဇာတ် ဂုဏ်သိမ် စည်းစိမ်တို့ ပျောက်၍ သာကီဝင် မင်းသား ဘုရားသားတော် ရဟန်းတော်ဟူသော တူညီမှုကို ရကြ၏။ အယုတ် အလတ် အမြတ် ရွေးချယ်ခြင်း မရှိ၊ အသားအရောင် ခွဲခြားခြင်း မရှိသည့် မျှတသော အဖွဲ့အစည်း တစ်ခုသာ ဖြစ်၏။</p>
<p>သဒ္ဓါတရားဖြင့် ရဟန်းပြုလာသူတို့၏ ပန်းတိုင်ဟူသည် ထွက်မြောက်ခြင်း ပန်းတိုင်သို့ ချီတက်ခြင်းသာ ဖြစ်၏။</p>
<p>အနှစ်သာရဟူသော ထွက်မြောက်ခြင်း ပန်းတိုင်သို့ ချီတက်ရာ၌ လမ်းစဉ်တူဖို့ လို၏။ လမ်းစဉ်တူမှ ပန်းတိုင်တူကြ၏။ လမ်းစဉ် မတူက ပန်းတိုင် မတူနိုင်ကြ။ ထိုနည်းတူစွာ ပန်းတိုင်တူက လမ်းစဉ် တူကြ၏။ ပန်းတိုင် မတူက လမ်းစဉ် မတူနိုင်ကြ။ လုပ်သင့်သည်ကို လုပ်ခြင်းသည် လမ်းစဉ်ကို ပြောခြင်းသာ ဖြစ်၏။ မြင့်မြတ်သော အဆုံးပန်းတိုင်သို့ ရောက်လိုသူတို့၏ လမ်းစဉ်ဟူက မြင့်မြတ်မှု သဘာဝ တူကြ၏။</p>
<p>အလုံးစုံသိတော်မူသည့် <b>သမ္မာသမ္ဗုဒ္ဓဉာဏ်ရှင်</b> ဘုရားရှင်တို့ ပွင့်ထွန်းတော်မူခြင်းသည် ရှိ၏။ ထိုပန်းတိုင်သို့ ချီတက်ရသည့် လမ်းစဉ် သည်လည်း ရှိ၏။ ထူးခြားသည်က လမ်းစဉ်တူခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပန်းတိုင်တစ်ခုသို့ ဦးတည်နေသူများ၏ လမ်းစဉ်တို့ တူကြ ရခြင်း ဖြစ်၏။ မြင့်မြတ်သော ပန်းတိုင်ရှိသူဟူက မြင့်မြတ်သော လမ်းစဉ်ကို လက်ကိုင်ပြုကြရ၏။</p>
<p>အိုရသည့်ဒုက္ခ နာရသည့်ဒုက္ခ သေရသည့်ဒုက္ခ စသည့် ဒုက္ခ အပေါင်းတို့ ချုပ်ရာ ငြိမ်းရာသည် ရှိ၏။ ထိုဒုက္ခအပေါင်းတို့ ချုပ်ရာ ငြိမ်းရာ နိဗ္ဗာန်ဟူသော ဟိုမှာဘက်ကမ်းသို့ ရောက်အောင် ကျင့်ကြံရသည့် ကျင့်စဉ် လမ်းစဉ်သည်လည်း ရှိ၏။ ထိုကျင့်စဉ် လမ်းစဉ်ကို <b>မဂ္ဂင်ရှစ်ပါးကျင့်စဉ်</b>ဟု ခေါ်၏။ ထိုကျင့်စဉ် ထိုလမ်းစဉ် တူမှ နိဗ္ဗာန် ရ၏။ ထိုကျင့်စဉ် ထိုလမ်းစဉ် မတူက နိဗ္ဗာန် မရ။ ထိုကျင့်စဉ် ထိုလမ်းစဉ် မရှိသော အဆုံးအမသာသနာ၌ နိဗ္ဗာန်ကို ထိုထွင်းသိသူဟူ၍ မတွေ့ရ။ ထိုလမ်းစဉ်ကို ကျင့်ခြင်းသည် လုပ်သင့်သည်ကို လုပ်ခြင်း ဖြစ်၏။</p>
---
<h3>လုပ်ချင်တာ လုပ်ခွင့်ရဖို့</h3>
<p>ထိုလမ်းစဉ်ကို ကျင့်သူတိုင်း ထိုပန်းတိုင်သို့ တစ်နေ့ ရောက်ကြ မည် ဖြစ်သည်။ အချိန်ကာလ ဘဝအားဖြင့်မူ ကွာခြားနိုင်၏။ ဖြည့်သင့်သည့် ပါရမီတို့ကို ဖြည့်ဆည်းပြီးသူ, အဆုံးစွန်သော ဘဝကို ရရှိထားသူ သူတော်ကောင်းများ အနေဖြင့် ထိုထို ဘဝသည် ထိုသူ တို့၏ အဆုံးပန်းတိုင်ပင် ဖြစ်ပေလိမ့်မည်။ ဖြည့်သင့်သည့် ပါရမီတို့ကို ဖြည့်ကျင့်ခြင်းဟူသည် လုပ်သင့်သည့် အလုပ်ကို လုပ်ခြင်းသာ ဖြစ်၏။ ပါရမီ မပြည့်မချင်း လုပ်သင့်သည့် အလုပ်ကို လုပ်ကြရ၏။ ထို အလုပ်ကို လုပ်ဖို့ မမေ့လျော့ဖို့ သတိရှိဖို့ လိုပါ၏။</p>
<p><b>မဂ္ဂင်ရှစ်ပါးကျင့်စဉ်</b>ကို <b>သီလ-သမာဓိ-ပညာ</b>ကျင့်စဉ်ဟုလည်း ဆိုနိုင်၏။ အခြေခံသီလကိုမှ မစောင့်ထိန်းနိုင်သူအတွက် သီလစောင့် ထိန်းဖို့ရန် ကြိုးစားခြင်းသည် လုပ်သင့်သည်ကို လုပ်ခြင်း ဖြစ်၏။ သီလစောင့်နိုင်လာသူအတွက် <b>သမာဓိ</b>စခန်းကို တက်လှမ်းရ၏။ <b>သမာဓိ</b>စခန်းကို တက်လှမ်းခြင်းမည်သည် <b>ပညာ</b>စခန်းအတွက် လုပ်သင့်သည်ကို လုပ်ခြင်းပင် ဖြစ်၏။ <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး</b> သုံးတန်တင်လျက် တွင်တွင်ကြီး <b>ဝိပဿနာ</b>ရှုခြင်းကို ပြုလိုသည့် ပုဂ္ဂိုလ်တို့၏ လုပ်ချင်သည့်ဆန္ဒ ပြည့်ဖို့ဟူသည် <b>သမာဓိ</b>ကို ထူထောင်ခြင်းဟူသည့် လုပ်သင့်သည်ကို လုပ်ခြင်းကြောင့်သာ ဖြစ်ပေါ်လာရ၏။ ထို<b>သမာဓိ</b>ကြောင့် ရုပ် <b>နာမ်ဓမ္မ သင်္ခါရတရား</b>တို့ကို <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားနိုင်လာ၏။ ရုပ် <b>နာမ်ဓမ္မ သင်္ခါရ တရား</b>တို့ကို <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားနိုင်ပါမှ <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး</b>သုံးတန် တင်လျက် <b>ဝိပဿနာကမ္မဋ္ဌာန်း</b>ကို စီးဖြန်းနိုင်မည် ဖြစ်၏။ ယင်းသို့ စီးဖြန်းနိုင်ပါမှသာလျှင် ရင့်ကျက်သော <b>ဝိပဿနာဉာဏ်</b>တို့၏ အဆုံး၌ အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်ကို ကိုယ်တိုင် ထွင်းဖောက် မျက်မှောက်ပြုနိုင်မည် ဖြစ်ပေ၏။ ထို့ကြောင့် အမြင့်ဆုံးပန်းတိုင်ဟု ခေါ်ဆိုအပ်သည့် နိဗ္ဗာန်သို့ရောက်ရှိရန် နိဗ္ဗာန်ရောက်ကြောင်း <b>သီလ-သမာဓိ-ပညာကျင့်စဉ်</b>ကို ကျင့်ကြံခြင်းသည် လုပ်သင့်သည်ကို စတင် ပြုလုပ်ခြင်းပင် ဖြစ်၏။ ထိုသို့ လုပ်သင့်သည်ကို လုပ်ရာ၌ <b>ဆန္ဒာဓိပတိ</b>ဟု ခေါ်ဆိုနိုင်သည့် ပြုချင် လုပ်ချင်သည့် ဆန္ဒဓါတ်ကို အကြီးအမှူးပြုလျက် ပြုသင့် ပြုထိုက်သည့် လုပ်ငန်းရပ် တို့ကို ပြုလုပ်ပါမှ ပြုချင် လုပ်ချင်သည့် ဆန္ဒ၏ ပြီးပြည့်စုံမှု အထွတ် အထိပ်သို့ ရောက်မည် ဖြစ်၏။</p>
<p>လောက၌ ကျင်လည်ဖို့ လောကလူသားတို့ လုပ်သင့်သည်ကို လုပ်နေကြ၏။ လောက၌ ကျင်လည်ဖို့ လုပ်သင့်သည်ကို လုပ်နေခြင်းသည် လုပ်ချင်သည်ကို လုပ်ခွင့် မရသေး၍ ဖြစ်၏။ တစ်နည်းဆိုရမူ ထိုသို့ လုပ်သင့်သည်ကို လုပ်နေခြင်းသည် လုပ်ချင်သည်ကို လုပ်ခွင့်ရဖို့ ဖြစ်ပေ၏။ လုပ်ချင်သည်ကို လုပ်ပြီး ဖြစ်နိုင်သည်တော့ မဟုတ်ပေ။</p>
<p>လောကမှ ထွက်မြောက်ရာအကျင့်ကို ကျင့်နေသူတို့သည်လည်း လုပ်သင့်သည်ကို လုပ်နေကြရသည်ပင်။ လောကမှ ထွက်မြောက်ချင် သည့် ဆန္ဒကြောင့် လုပ်သင့် လုပ်ထိုက်သည့် ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်နေခြင်းသည် ဖြစ်ချင် လုပ်ချင်သည့် ဆန္ဒကို ဖြစ်အောင် လုပ်ပြီး ပြုပြီး ဖြစ်ဖို့ ဖြစ်ပေ၏။ ဤသို့ နားလည်သင့်၏။</p>
<p>ဖြစ်ချင်သည်ကို ဖြစ်အောင်ပြုဖို့ လုပ်သင့်သည်ကို လုပ်ကြရ၏။</p>
<p>လူသားတိုင်း၌ လိုချင် နှစ်သက် စွဲလမ်း တပ်မက်မှု <b>လောဘ</b> ရှိ၏။ ထို<b>လောဘ</b>ကြောင့် လုပ်ချင်သည်ကို လုပ်ခွင့်ရဖို့ အားထုတ် လိုကြခြင်း ဖြစ်သည်။ <b>လောဘ</b>ကြောင့် ဖြစ်ပေါ်လာသည့် ချင်နှင့် ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် ချင်တို့ မတူကြ။</p>
---
<h3>ပန်းတိုင်ကို ဦးတည်ခြင်း</h3>
<p>လုပ်ချင်သည်ကို လုပ်ဖို့ ဦးတည်ချက် ရှိရ၏။ လုပ်ချင်သည်ကို လုပ်ဖို့ ဦးတည်ခြင်းသည် ပန်းတိုင်ကို ဦးတည်ခြင်း ဖြစ်၏။ ပါရမီ ပြည့်မီနေသူတို့ ပန်းတိုင်သို့ တိုက်ရိုက် ချီတက်ခွင့် ရကြ၏၊ ပန်းတိုင်သို့ တိုက်ရိုက် ချီတက်ခြင်းဟူသည် လုပ်ချင်သည်ကို လုပ်လျက် ချီတက်ခြင်းကို ဆိုခြင်း ဖြစ်၏။ ထိုအခွင့်ကို ရသူ နည်းလှ၏။ ထို့ကြောင့် လုပ်ချင်သည်ကို လုပ်နိုင်ဖို့, လုပ်ချင်သည့်ဆန္ဒ ပြီးပြည့်စုံဖို့ လုပ်သင့် သည်ကို ဦးစွာ လုပ်ဖို့ လို၏။</p>
<p>ခိုင်ခံ့သည့် အိမ်ကြီး အိမ်ကောင်း၌ နေချင်သူအဖို့ အုတ်မြစ် ချခြင်း အစရှိသည့် ပြုသင့်သည့် ပြုဖွယ်ကိစ္စတို့ကို ပြုရသကဲ့သို့ ဖြစ်၏။ ထိုသို့ အုတ်မြစ်ချခြင်းသည် ပြုသင့် ပြုထိုက်သည့် အရာတို့၏ အစ မဟုတ်ပေ။ ထိုအမှုကို မပြုခင် ရှာဖွေ စုဆောင်းရသည့် အမှုတို့ကို ပြုခြင်းသည် ရှိ၏။ ထိုအမှုတို့ကို ပြုခြင်းသည် ပြုသင့် ပြုထိုက်သည့် အရာတို့၏ အစဟု ဆိုသင့်၏။</p>
<p>ထို့ကြောင့် လုပ်ချင်သည့် အရာအတွက် လုပ်သင့်သည်ကို သိဖို့ လုပ်ဖို့ လို၏။ လုပ်သင့်သည်ကို မလုပ်ပါဘဲလျက် လုပ်ချင်သည်ကို ရှေ့တန်းတင်၍ လုပ်ကိုင်ခြင်းသည် လုပ်ချင်သည်ကို လုပ်ခွင့်ရဖို့ ပြီးစီးစေဖို့ မဖြစ်စေသော အဟန့်အတား တစ်ခု ဖြစ်တတ်၏။</p>
<p>ရှင်<b>ဒေဝဒတ်</b> ဘုရားဖြစ်ချင်၏၊ ဘုရားဖြစ်အောင် ဖြည့်သင့်သည့် ပါရမီတို့ကိုတော့ မဖြည့်။ လုပ်ချင်သည်ကို လုပ်ဖို့ ကြိုးစားမိ၍ ရှင်<b>ဒေဝဒတ်</b> ပျက်စီးခဲ့ရ၏။ စိတ်၏ အလိုအတိုင်း လုပ်မိခြင်း ဖြစ်သည်။</p>
---
<h3>မိမိဘဝကို စတေးရက်သူများ</h3>
<p>မိမိ ဘာလုပ်ချင်ပါသနည်း၊ မိမိ ဘာလုပ်ချင်သည်ကို သိဖို့ လို၏။ မိမိ လုပ်နေသော အရာသည် မိမိ ရင်ထဲ၌ အစစ်အမှန် လုပ်ချင်သော အရာ ဟုတ်မှ ဟုတ်ပါ၏လော သို့မဟုတ် လောက၏ လက်ခံမှု, လောက၏ အထင်ကြီးမှု, လောက၏ ချီးမြှောက်မှု, လောက၏ ကြည်ညိုမှု, လောက၌ ပြည့်စုံမှု, လောက၌ ကျော်စောမှုအတွက် တောင်းဆိုနေသည့် <b>ကိလေသာ</b>၏ အလိုအတွက် လုပ်ဆောင်နေခြင်းလော ဤသည်ကို ခွဲခြမ်းသိဖို့ လိုလာ၏။</p>
<p>လောက၌ ပြည့်စုံမှု, လောက၌ ကျော်စောမှုအတွက် တောင်းဆို နေသည့် <b>ကိလေသာ</b>၏ အလိုကို မိမိ၏ အလိုဟု နားလည်မိခဲ့သည့် ရှင်<b>ဒေဝဒတ်</b> စိတ်၏ အလိုနိုင်ငံသို့ လိုက်ခဲ့မိ၏။ ထို့ကြောင့် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့, စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ ပန်းတိုင်ထား ကြိုးစားဖို့ တိုက်တွန်းရခြင်း ဖြစ်၏။</p>
<p>သူတစ်ပါးတို့၏ လက်ခံမှု အထင်ကြီးမှု ချီးမြှောက်မှု ကြည်ညိုမှု အတွက် မိမိဘဝကို စတေးလျက် လျှောက်လှမ်းနေသူများကိုသာ လောက၌ များစွာ တွေ့ရ၏။ ထိုအထဲ ရှင်<b>ဒေဝဒတ်</b>လည်း ပါခဲ့၏။ သူတစ်ပါးတို့၏ အမြင်များအောက်၌ လမ်းဆုံးနေကြရခြင်း ဖြစ်၏။ သူတစ်ပါးတို့၏ အထင်ကြီးမှု လက်ခံမှုအတွက် ဘဝကို ကုန်ဆုံးခွင့် ပေးနေကြသူများဟု ဆိုနိုင်သကဲ့သို့ သူတစ်ပါးတို့၏ နားလည်မှုကို တောင့်တသော စိတ်ဖြင့် ဘဝကို စတေးနေကြသူများဟုလည်း ဆိုသင့်၏။</p>
<p>မိမိ၏ သဘောထားမှန် ဆန္ဒမှန်ကို သတိမပြုနိုင်ကြ၊ လောက ကြီး၏ မိမိအပေါ် ထားရှိသည့် သဘောထား အမြင်ကိုသာ သတိပြု အလေးဂရုပြုလျက် နေထိုင်ကြ၏။ မိမိ၏ သဘောထားမှန် ဆန္ဒမှန်ကို မသိဘဲ နေထိုင်နေသမျှ စစ်မှန်သောငြိမ်းချမ်းမှု စစ်မှန်သောချမ်းသာမှုကို ရမည် မဟုတ်ပေ။ မိမိ၏ သဘောထားမှန် ဆန္ဒမှန်ကို မသိက ရသည့်ဘဝ အချည်းအနှီး ဖြစ်ရ၏။ မိမိ အစစ်အမှန် လုပ်ချင်သော အရာကို မသိသေးသမျှ စိတ်၏ငြိမ်းချမ်းမှု စိတ်၏တည်ကြည် မှုကို မရ။</p>
<h3>နားလည်မှုကို ငံ့လင့်နေသော လောက</h3>
<p>တစ်ပါးသူတို့၏ နားလည်မှုကို ငံ့လင့်နေသော လောကကြီးသည် ထိုအရာ ရရှိရေးအတွက် ပင်ပန်းနေကြရ၏။ လောက၏ နားလည်မှုကို လိုချင်နေသမျှ ခံစားရမည့် ဒုက္ခများပင်တည်း။</p>
<p>ဤလောကကို မိမိကိုယ်ကို နားလည်ဖို့, မိမိ၏ သဘောထား အမှန်ကို နားလည်ဖို့ သတိလက်လွတ်နေသော မေ့လျော့နေသော လောကဟု ဆိုသင့်၏။ သူတစ်ပါးတို့၏ နားလည်မှုအတွက် အသက်ရှင်နေသော လောကဟုလည်း ဆိုသင့်၏။</p>
<p>လောကကြီး၏ လက်ခံမှု အထင်ကြီးမှု ချီးမြှောက်မှု ကြည်ညိုမှု ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်နိုင်ဖို့ တန်ဖိုးရှိသည့် ဘဝကို စတေး နေကြခြင်းသာ ဖြစ်၏။ တန်ဖိုးရှိသည့် ဘဝတစ်ခု ဖြစ်ဖို့ လုပ်ဆောင် ရမည့် အရာတို့ကို လျစ်လျူရှုလျက် လောကကြီး၌ မျက်နှာပန်းလှဖို့ တပ်စခန်းချဖို့ ဘဝကို ကုန်ဆုံးခွင့် ပေးနေကြသူများဟုလည်း ဆိုရ၏။ လောကစည်းဝိုင်းထဲမှာ ပျော်မွေ့ဖို့ လောကစည်းဝိုင်းထဲမှာ အထင်ကရ ဖြစ်ဖို့ လောကသားတို့ ပင်ပန်းနေကြရ၏။ ထိုသို့ ဖြစ်ခြင်းသည် လောဘကြောင့် ဖြစ်၏။</p>
<p>မိမိ အကျိုးစီးပွားကို လိုလားပါသော်လည်း လောဘကြောင့် မိမိ၏အကျိုးစီးပွားကို မသိသော ပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲ သွားကြ၏။ လောဘ၏အလိုအတွက် ရအောင် ပြုနိုင်ခြင်းသည်ပင်လျှင် မိမိ၏အကျိုးစီးပွားကို ပြုခြင်းဟု လောက၌ နားလည်နေ ကြ၏။ ထို့ကြောင့်ပင် <b>လုဒ္ဓေါ အတ္ထံ န ဇာနာတိ</b> လောဘ ထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိဟု မြတ်ဘုရား ဆိုခဲ့ခြင်း ဖြစ်၏။</p>
<p>ဘဝကို တန်ဖိုးရှိရှိ အသုံးချလိုသည့် ပုဂ္ဂိုလ်များဟူက အေးချမ်းသော စိတ်ကို ဖြစ်ပေါ်စေသည့် အလုပ်ကို လုပ်ကြ၏။ မိမိ လုပ်ချင်သော အရာသည်လည်း အေးချမ်းသော စိတ်ကို ဖြစ်ပေါ်စေနိုင်သည့် အလုပ်သာ ဖြစ်ရပေမည်။ လောဘ ကိလေသာ၏ လှည့်ကွက်ကို နားမလည်ပါဘဲ မိမိ ဖြစ်ချင်သည့်အရာဟု နားလည်သောကြောင့် ဘဝကို တန်ဖိုးရှိရှိ အသုံးပြုလိုပါလျက် အသုံးမပြုနိုင် ဖြစ်နေသည့် ပူလောင်နေသည့် လောကသားတို့ကို များစွာ တွေ့ရ၏။ အဘယ်ကြောင့် ပူလောင်နေကြပါသနည်း၊ အဘယ်ကြောင့် မအေးချမ်းကြ ပါသနည်း။ စူးစမ်းခွင့် နားလည်ခွင့်ပင် မရနိုင် ရှိကြ၏။</p>
<p>စူးစမ်းခွင့် နားလည်ခွင့်ကို ပေးရပေမည်။</p>
<p>မိမိ လုပ်ချင်တာ ဘာပါနည်း၊ မိမိ လုပ်ချင်သည်မှာ ဤအရာပါဟု မိမိစိတ်ထဲ၌ ရှိဖို့ မိမိကိုယ်တိုင် သိဖို့ လို၏။ ထိုသို့ သိလျက် သိသည့် အတိုင်း လုပ်ခဲ့သူများ အတိတ်၌လည်း ရှိခဲ့ကြ၏၊ ပစ္စုပ္ပန်၌လည်း ရှိကြပါ၏၊ အနာဂတ်၌လည်း ရှိကြမည်ပင်။</p>
<p>သိလျက် သိသည့်အတိုင်း မလုပ်ခဲ့သူများ အတိတ်၌လည်း ရှိခဲ့ကြ၏၊ ပစ္စုပ္ပန်၌လည်း ရှိကြပါ၏၊ နောင်အနာဂတ်၌လည်း ရှိကြ မည်ပင်။</p>
<hr>
<h3>မတူမှု၌ တူမှု</h3>
<p>လောကသားတို့ ဖြစ်ချင်သည့်အရာ လုပ်ချင်သည့်အရာဟူသမျှ မတူကြ။ လောက၌ ကျင်လည်ဖို့ ကြိုးစားနေသူတို့၏ ပန်းတိုင်နှင့် လောကမှ လွန်မြောက်အောင် ကြိုးစားနေသူတို့၏ ပန်းတိုင်တို့သည် အလွန်ဝေးကွာလှ၏။ အပြိုင်သွားနေသည့် မျဉ်းနှစ်ကြောင်းနှင့် တူ၏။</p>
<p>လောက၌ ကျင်လည်ဖို့ ကိုယ့်လမ်း ကိုယ်ထွင်လျက် ကိုယ့်စခန်း ကိုယ်တွင်အောင် သွားနေကြရ၏။ ကိုယ့်ခရီး ကိုယ်ရောက်ဖို့ ပဓာန ပြုလျက် သွားနေကြခြင်းသာ ဖြစ်၏။ ထိုခရီး၏ ရောက်နိုင်ခွင့်ကို သဲသဲကွဲကွဲ သိသည်တော့ မဟုတ်ပေ။ စမ်းတဝါးဝါး လျှောက်လှမ်း နေကြခြင်းသာ ဖြစ်၏။ လောကသားတို့၏ ခရီးသည်ကား မြင်စရာနှင့် ကြားစရာသို့ ဦးတည်ထားသော ခရီးသာ ဖြစ်၏။ ထိုဦးတည်ချက် အတွက် ချီတက်နေကြ လျှောက်လှမ်းနေကြရ၏။</p>
<p>လောကသားတို့ မည်သည်ကား မိမိတို့လျှောက်နေသည့် ပစ္စုပ္ပန် ခဏ ဘဝခရီး၏ ရောက်နိုင်ခွင့်ကိုပင် ကျိန်းသေ သိသူများ မဟုတ်ကြ၊ သံသရာခရီး၏ ရောက်နိုင်ခွင့်ကို သိဖို့ရန်သည် ပြောဖို့ခက်တော့၏။</p>
<p>လောက၌ ကျင်လည်ဖို့ လျှောက်လှမ်းနေသူတို့၏ ဘဝခရီးသည် မတူသည် မှန်၏။ မတူမှု၌ တူမှု သဘောသည် ရှိ၏။ အဘယ်သို့ မတူမှု၌ တူမှု သဘောတရားသည် ဖြစ်နေပါသနည်း။ မတူဟူရာ၌ ပန်းတိုင် မတူခြင်းသာ ဖြစ်၏။ တူဟူရာ၌ မတူသောပန်းတိုင်ကို ချီတက်သော လမ်းတွင် ကိုင်စွဲရသည့် လက်နက်တို့၏ တူခြင်းကို ဆိုခြင်း ဖြစ်၏။ ပန်းတိုင် မတူစေကာမူ လောက၌ ကျင်လည်ဖို့ ကိုင်ဆောင်ရသည့် လက်နက်တို့ တူကြ၏။ လောဘဟူသော လက်နက်, ဒေါသဟူသော လက်နက်, မောဟဟူသော လက်နက်တို့ကို ကိုင်စွဲရပုံ တူကြခြင်း ဖြစ်၏။ လောက၌ ကျင်လည်ဖို့ လောဘကို ကိုင်စွဲရ၏၊ ဒေါသကို ကိုင်စွဲရ၏၊ မောဟကို ကိုင်စွဲရ၏။</p>
<p>ထိုတရားတို့ မရှိက လူ့ဘဝ လူ့အဓိပ္ပါယ် မရှိသကဲ့သို့ မြင်ကြ၏။</p>
<p>ထိုတရားတို့ မရှိက မရှင်သန်နိုင်တော့သည့် အဖြစ်မျိုးသို့ ရောက်ကြတော့မည်ကဲ့သို့ မြင်ကြ၏။</p>
<p>ထိုတရားတို့ မရှိက ရှိအောင် လှုံ့ဆော်ပေးကြ၏။</p>
<hr>
<h3>ဆရာမလိုသော ပညာ</h3>
<p>ထို့ကြောင့်ပင် ရှင်သန်ခွင့်ရဖို့ ထိုတရားတို့ကို မွေးမြူရမည်ဟု အထူးတလည် သင်ပေးစရာ မလိုပဲ ထိုတရားတို့က ကိုယ့်သဘော ကိုယ်ဆောင်နိုင်ကြ, အရာဝင်နိုင်ကြ, အစွမ်းပြနိုင်ကြ၏။ ဘဝရရှိခြင်းနှင့်အတူ ရရှိလာသည့် ထိုတရားတို့က ကိုယ့်သဘော ကိုယ်ဆောင်လျက် ကြောင့်ကြဗျာပါရ ပြုပေးနေကြ၏။</p>
<p>ဓမ္မကို ကျင့်သူတို့၌ ဓမ္မဗျာပါရသည် ဖြစ်လာသကဲ့သို့ ထို တရားတို့ကို ကျင့်သူတို့၌ ထိုတရားတို့၏ ဗျာပါရသည် ဖြစ်လာ၏။ ထိုဗျာပါရကြောင့် ဒုက္ခကို ရကြ၏။ မည်သူမျှ မသင်ပေးသော်လည်း တတ်ကျွမ်းနိုင်သည့် လောကပညာရပ်တစ်ခု အဖြစ် တွေ့ရ၏။ ထို့ကြောင့်ပင် လောဘဖြင့် ယှဉ်ပြိုင် ဒေါသဖြင့် ယှဉ်ပြိုင်လျက် ဘဝခရီးကို လျှောက်လှမ်းခွင့် ရကြ၏။ ဖြတ်သန်းခွင့် ရကြ၏။ ထိုတရား တို့ဖြင့် ဘဝရပ်တည်ဖို့ အလုပ်လုပ်ဖို့ ဖြစ်လာကြ၏။</p>
<p>ထိုတရား ထိုလက်နက်တို့ကြောင့် လောကသားတို့ အကျိုးမဲ့ကို ပြုတတ်လာ၏၊ အပြစ်ရှိကို ပြုတတ်လာ၏၊ ကန်းအောင်ပြုတတ်သော အမိုက်တိုက်သဖွယ် ထိုလောဘ ဒေါသ မောဟတရားတို့က လှည့်ပတ်နိုင်လွန်းလှ၏။ ထို့ကြောင့်ပင် ---</p>
<p><b>လုဒ္ဓေါ အတ္ထံ န ဇာနာတိ</b> လောဘထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိ၊</p>
<p><b>ဒုဋ္ဌော အတ္ထံ န ဇာနာတိ</b> ဒေါသထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိ၊</p>
<p><b>မူဠော အတ္ထံ န ဇာနာတိ</b> မောဟထင်ရှား ဖြစ်ပေါ်လာသော သူသည် အကျိုးစီးပွားကို မသိဟူ၍ မြတ်ဘုရား ဆိုခဲ့ခြင်း ဖြစ်၏။ ထိုတရားသုံးပါးတို့က အပြစ်ရှိကို မမြင်အောင် ပြုနေကြသကဲ့သို့ ကန်းအောင်လည်း ပြုနေကြ၏ဟူ၍ ဆိုတော်မူခဲ့ပေ၏။</p>
<hr>
<h3>တဒင်္ဂအမှန်</h3>
<p>လောက၌ ကျင်လည်ဖို့ ကြိုးစားနေသူတို့မည်သည် သာယာဖွယ် အသာဒကို လိုက်ရှာနေကြခြင်းသာ ဖြစ်၏။ သာယာဖွယ် မရှိသည် မဟုတ်၊ ရှိသည်ပင်။ ကောင်းမွန်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့သည် ရှိကုန်၏။ ထိုအာရုံငါးပါး ကာမဂုဏ်တရား တို့ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်း ဝမ်းသာခြင်းသည် ထိုကာမတရားတို့၏ သာယာဖွယ် အသာဒပင် ဖြစ်၏။</p>
<p>အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကောင်းကောင်း တို့ကို လိုချင်ကြ၊ နှစ်သက်ကြ၊ တမ်းတကြ၏။ ထိုအရာတို့ကို မြင်တွေ့ လိုကြ၊ နာယူလိုကြ၊ ခံစားလိုကြ၊ တွေ့ထိလိုကြ၏။ ထို့ကြောင့်ပင် ထိုသာယာဖွယ် အသာဒအတွက် အလုပ် လုပ်ကြ၏။ သာယာဖွယ် အသာဒကို ရှာဖွေနေကြခြင်း ဖြစ်၏။ သာယာဖွယ် အသာဒကို အလိုရှိသူတို့၏ ပန်းတိုင်သည် ထိုသာယာဖွယ်တို့ကို ရရှိခံစားဖို့ ဖြစ်၏။ ထိုသာယာဖွယ်ကို ရရှိခံစားဖို့ လုပ်ရသော အလုပ်ကို မိမိ လုပ်ချင်သည့်အလုပ်ဟု ဆိုကြ၏။</p>
<p>သာယာဖွယ်ကို ရရှိ ခံစားလိုသည့် အလိုဆန္ဒ ကြီးစိုးနေချိန်ဖြစ်၍ မိမိ လုပ်ချင်သည့်အလုပ်ဟု ဆိုနိုင်သည့် အချိန် ဖြစ်၏။ ထိုသူတို့ အတွက် အမှန်ဟု ယူဆခွင့်ရသည့် အချိန်လည်း ဖြစ်၏။ သာယာဖွယ် တို့၏ နောက်၌ ရှိသည့် အပြစ်အာဒီနဝကို မမြင်သေးသမျှ မှန်နေမည့် တဒင်္ဂအမှန်သာ ဖြစ်၏၊ ထာဝရအမှန်တော့ မဟုတ်ပေ။ ကာမဂုဏ် တို့၏ အပြစ်အာဒီနဝကို မြင်သည်နှင့် ထိုအမှန် ပျောက်တော့၏။ အမှန်မဟုတ်သည်တို့၌ မွေ့လျော်ဖွယ် သာယာဖွယ်တို့ကို လိုက်ရှာ နေသူတို့၏ ဘဝသည်ကား အမောကြီး မောရသည့် ဘဝသာ ဖြစ်ပေ၏။</p>
<hr>
<h3>ဘဝဆိုတာ ဒီလိုလုပ်ဖို့ပဲ မဟုတ်ပါလား</h3>
<p>ထိုသာယာဖွယ်တို့ကို ရရှိအောင် ကြိုးစားကြရသည်က ခဏမျှ မဟုတ်၊ ရရှိအောင် ကြိုးစားကြရသည့် အချိန်နှင့် ခံစားကြရသည့် အချိန်တို့ကို တိုင်းတာနှိုင်းစာက ရင်မောစရာ ကောင်းလှ၏၊ သနားဖို့ရာ ကောင်းလှ၏၊ ရှက်နိုးဖွယ်ရာ ကောင်းလှ၏။ သို့သော်လည်း မမောနိုင် မပန်းနိုင် မသနားနိုင် မရှက်နိုင်ကြ။ ဘဝဆိုတာ ဒီလိုလုပ်ဖို့ပဲ မဟုတ်ပါလားဟု ထောက်ခံမေးခွန်းမျိုး မေးကြဦးမည်ပင်။</p>
<p>သာယာဖွယ်တို့ကို ရရှိဖို့ အထူးသဖြင့် ကိုင်စွဲရသည့် လက်နက် တို့ကို ကြည့်မည်ဆိုက လောဘ ဒေါသ မောဟတရားတို့သာ ဖြစ်ကြ၏။ လောဘဖြင့် ကြိုးစားရသည်လည်း ရှိသလို ဒေါသဖြင့် ကြိုးစား ရသည်လည်း ရှိ၏။ လောဘ ဒေါသဖြစ်က မောဟ ပါ၏။ အပြစ်နှင့် တစ်ကွ ဖြစ်သော ကြိုးစားအားထုတ်မှုများသာ ဖြစ်ကြပေ၏။</p>
<p>လောဘတရား၏ စေ့ဆော်မှုကြောင့် လိုချင်သည်ကို ရဖို့ အပူဒဏ်ကို ရင်ဆိုင်ကြရ၏၊ အအေးဒဏ်ကိုလည်း ရင်ဆိုင်ကြရ၏။ လိုချင်သည်ကို ရဖို့ ခြင် မှက် စသည်တို့၏ ကိုက်ခဲမှု ဒဏ်ကိုလည်း ခံကြရ၏။ ကိုက်ခဲခံရသည့် ဝေဒနာကြောင့် ကိုက်ခဲသည့် ထိုထို သတ္တဝါတို့ကို သတ်ဖြတ်ကြ၏၊ ကြိတ်ခြေပစ်ကြ၏၊ ကိစ္စတုံးအောင် ပြုကြ၏။ လောဘအတွက် ဒေါသကို အဖော်ခေါ်ကြခြင်း ဖြစ်၏။ လိုချင်သည့်အရာ ရမည် မရမည် မသိ ငတ်တလှည့် ပြတ်တလှည့် အသက်ကို အရင်းတည်လျက် အားထုတ်ဖို့လိုက မမောနိုင် မပန်းနိုင် အားထုတ်ကြ၏။ လောဘ၏ ခိုင်းစေ နှိပ်စက်မှုကို လောကသားတို့ ခံကြရခြင်း ဖြစ်၏။ လောဘကြောင့် လောကသားတို့ ပင်ပန်းကြရ၏။ အမှန်မသိမှု အဝိဇ္ဇာ၏ လှည့်ကွက်ထဲ ဝင်ရောက်မိကြခြင်း ဖြစ်၏။</p>
<p>ဤဆင်းရဲတို့သည် ကာမဂုဏ်တို့၌ ရှိသည့် သာယာဖွယ် အသာဒကို ခံစားနိုင်ဖို့ ခံကြရသည့် ဆင်းရဲဒုက္ခများသာ ဖြစ်ကြပေ၏။ ကာမ အထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာ ရှိကြပေ၏၊ ကာမဂုဏ်တို့ကြောင့်သာလျှင် ဖြစ်ပေါ်သော ဤမျက်မှောက် ဆင်းရဲ အစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။ ထိုအပြစ် အာဒီနဝကို မြင်မှ လုပ်သင့်သည်ကို သိ၏။ လုပ်ချင်သည့် လုပ်ရမည့် အရာကိုလည်း အမှန်တကယ် မြင်လာမည် ဖြစ်ပေ၏။</p>
<hr>
<h3>ကံတည်းဟူသော အကြွေး</h3>
<p>သာယာဖွယ်အတွက် အပါယ်ရောက်ကြောင်း ကံကြွွေးတို့ကို လောဘ ဒေါသ မောဟကြောင့် စုဆောင်းမိကြ၏။ ကံရှိက အကြွေး ရှိ၏။ ထိုကံကြွေးအတွက် တစ်ချိန်ချိန်၌ ပေးဆပ်ရမည်မှာ ဓမ္မတာ ဖြစ်၏။ အပါယ် (၄)ဘုံသို့ ရောက်ရပါလို၏ဟူ၍ ဆုတောင်းသူ မရှိ။ လောဘ ဒေါသ မောဟတရားတို့ဖြင့် ကံကို ပြုက အပါယ် (၄)ဘုံသို့ ရောက်ရပါလို၏ဟူ၍ ဆုမတောင်းသော်လည်း ဆုတောင်းသကဲ့သို့ပင် ဖြစ်တော့သည်။ ထိုကံတို့ အခွင့်သာက အပါယ်ရောက်အောင် ပို့ဆောင်ကြဦးမည် ဖြစ်သည်။</p>
<p>အလိုရှိသည့် ထိုထို ကာမဂုဏ်တို့ကို မရသည်လည်း ရှိ၏။ မရသည့်အတွက် ဝမ်းနည်းကြ, ပူဆွေးကြ, ငိုကြွေးကြ, ရင်ပတ်စည်တီး မြည်တမ်းကြ၏။ တွေဝေ ပင်ပန်း ဆင်းရဲခြင်းသို့ ရောက်ကြရ၏။ လိုချင်ခြင်းကြောင့် ရရှိလာသည့် ဆင်းရဲဒုက္ခများသာ ဖြစ်ကြပေ၏။</p>
<p>ဤဆင်းရဲတို့သည် ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဆင်းရဲ ဒုက္ခများသာ ဖြစ်ကြ၏။ ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤ မျက်မှောက်ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ ၏။ လိုချင်သည်ကို မရရှိခြင်းကြောင့် ရရှိလာသည့် အပြစ်အာဒီနဝ များဟု နားလည်သင့်၏။</p>
<p>အလိုရှိသည့် ကာမဂုဏ်တို့ကို ရရှိခြင်းကြောင့် ရရှိခြင်း၏ဒုက္ခကို ခံကြရ၏။ ရှိသည့်အတွက် ဘေးအမျိုးမျိုးတို့မှ စောင့်ရှောက်ရ၏၊ ထိန်းသိမ်းရ၏။ စောင့်ရှောက် ထိန်းသိမ်းရခြင်း ဒုက္ခတို့ တိုးပွားလာ ကြခြင်း ဖြစ်၏။ ထိုဒုက္ခအပေါင်းတို့မှ သက်သာခွင့် ရလိုက ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မအကျင့်ကို ကျင့်ရ၏။</p>
<hr>
<h3>သားတစ်နှင့်တူသော ကာမချမ်းသာ</h3>
<p>ကာမဂုဏ်ချမ်းသာဟူသည် ချမ်းသာဟု ထင်ရသည့် ဒုက္ခသာ ဖြစ်၏။ နေက္ခမ္မချမ်းသာသည်ကား ဆင်းရဲဟု ထင်ရသည့် ချမ်းသာသာ ဖြစ်ပေ၏။ နေက္ခမ္မချမ်းသာကို ရဖို့ နေက္ခမ္မကျင့်စဉ်ကို သိဖို့လို၏။ တောထွက် ရဟန်းပြုခြင်းကို နေက္ခမ္မကျင့်စဉ်ဟု ခေါ်သလို တပ်မက်ဖွယ် အာရုံဟူသမျှမှ ရှောင်ခွာ၍နေခြင်းကိုလည်း နေက္ခမ္မကျင့်စဉ်ဟု ခေါ်၏။ နေက္ခမ္မကျင့်စဉ်ကို ကျင့်ခြင်းဟူသည် ကိလေသာမြူ ပါးအောင်, ကိလေသာမြူ ကင်းအောင် ကျင့်ခြင်းပင် ဖြစ်၏။ ကိလေသာတိမ်လိပ် တို့ကို မှုတ်လွှင့်ဖို့, ဘေးအမျိုးမျိုးတို့မှ လွတ်မြောက်ဖို့လည်း ဖြစ်၏။</p>
<p>ကာမဂုဏ်တို့ကြောင့် ဘေးအမျိုးမျိုးမှ လွတ်မြောက်လိုသူတို့ လွတ်မြောက်ခွင့်ကို မရကြ။ ကာမဂုဏ်တို့က ကာမဂုဏ်တို့ကို နှစ်သက် တပ်မက်သည့် သတ္တဝါတို့ကို ဆွဲဆောင်နေကြ၏။ ထို့ကြောင့်ပင် ကာမဂုဏ်ကို သားတစ်နှင့် တူ၏ဟု ဥပမာဆောင်ခြင်း ဖြစ်သည်။ သားတစ်ကို ကိုက်ချီထားသည့် သိမ်းစွန်ငှက်ကို ဝိုင်းအုံထိုးဆိတ် နေကြသည့် ငှက်အပေါင်း၏ ရည်ရွယ်ချက်သည် ထိုသားတစ်ကို ရရှိဖို့ ဖြစ်၏။ သားတစ်နှင့် တူသည့် ထိုကာမဂုဏ်တို့ကြောင့် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားကြရ, ပင်ပန်းကြရ၏။</p>
<hr>
<h3>ကိလေသာဆိုတာ အားဆေးလား</h3>
<p>ကာမဂုဏ် ဝန်ထုပ်ကြီးကို ထမ်းထားသမျှ လေးလံသည့် ဆင်းရဲ ဒုက္ခမှ မလွတ်ကြ။ မိမိ၏ အဇ္ဈတ္တ ခန္ဓာဝန်ကို ထမ်းထားရသည်ကပင် လေးလွန်းလှ၏။ ဗဟိဒ္ဓ သက်ရှိသက်မဲ့ ကာမဂုဏ် ဝန်ထုပ်ဝန်ပိုးကြီးကို ထပ်တိုး၍ ထမ်းခြင်းဟူသည်ကား မနိုင်ဝန်ကို ထမ်းခွင့် တောင်းကြ ခြင်းသာ ဖြစ်၏။ မနိုင်ဝန်ကို နိုင်အောင်ထမ်းဖို့ ကိလေသာ တိမ်လိပ်တို့ တရိပ်ရိပ် ထောင်တက်လျက် အားဆေးအသွင် ဆောင်ရွက်နေကြ၏။ ကိလေသာတို့သည်ပင်လျှင် လောကသားတို့၏ အားဆေးသဖွယ် ဖြစ်လာ၏။ လုပ်စမ်းပါ ယူလိုက်စမ်းပါဟု ဆိုနေကြ၏။ မိမိ၏ ကိလေသာဝန်ကို ထမ်းလို့မှ အားမရ, သူတစ်ပါးတို့၏ ကိလေသာဝန်ကိုပါ ထမ်းခွင့် တောင်းကြခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဆင်းရဲမှု ပင်ပန်းမှုကို ရယူခြင်း တောင်းခံခြင်းဟုသာ ဆိုနိုင်၏။ ချမ်းသာခြင်း ငြိမ်းချမ်းခြင်းကို ရယူခြင်း တောင်းခံခြင်းဟု မဆိုနိုင်ပေ။ ထိုပင်ပန်း ဆင်းရဲခြင်း ဟူသော ဒုက္ခမှ လွတ်မြောက်လိုက ကာမဂုဏ်တည်းဟူသော ထို သားတစ်ကို လွှတ်ချရ၏။ ချမ်းသာလိုက ကာမဂုဏ်တည်းဟူသော သားတစ်ကို ရက်ရက်မကွာ စွန့်လွှတ်နိုင်ဖို့ ကြိုးစားရ၏။ မစွန့်နိုင်သမျှ မစွန့်နိုင်သည့် သူတို့၏ ဒုက္ခကို ခံစားကြရ၏။ သေခြင်းသို့သော်လည်း ရောက်ရ၏။ ထိုသို့ မဟုတ်က သေလောက်သော ဒုက္ခဝေဒနာကိုသော်လည်း ခံစားကြရ၏။</p>
<hr>
<h3>ဘေးတို့ကို ဖိတ်ခေါ်နေကြ</h3>
<p>သတ္တဝါအပေါင်းတို့သည်ကား ဘေးရန်အမျိုးမျိုးကို ကြောက်ရွံ့ စိုးထိတ်ကြပေ၏။ ကြောက်ရွံ့ခြင်း ကင်းလိုကြ, စိုးထိတ်ခြင်း ကင်းလို ကြသော်လည်း ကာမဂုဏ်တို့ကြောင့် ဘေးရန်အမျိုးမျိုးမှ ကင်းလွတ်ခွင့် မရကြ။ ကာမဂုဏ်ကို နှစ်သက်တပ်မက်သည့် မင်းတို့၏ ဘေးနှင့်လည်း ဆက်ဆံကြရ၏။ ခိုးသူတို့၏ ဘေးနှင့်လည်း ဆက်ဆံကြရ၏။ မချစ်မနှစ်သက်သူတို့၏ ဘေးနှင့်လည်း ဆက်ဆံကြရ၏။ ကာမဂုဏ် တို့က မင်းဘေး ခိုးသူဘေးတို့ ဖြစ်ပေါ်လာအောင် ဆွဲဆောင်နေ ကြခြင်း ဖြစ်၏။</p>
<p>ကာမဂုဏ်တို့သည် သစ်သီးတို့ဖြင့် ဝေဆာ တင့်တယ်နေသည့် အပင်နှင့် တူလှ၏။ ထိုဝေဆာ တင့်တယ်နေသည့် ကာမဂုဏ် သစ်သီး တို့ကြောင့် လိုချင်သူတို့ ဝန်းရံလာကြ၏။ ခဲဖြင့်သော်လည်းကောင်း, တုတ်ဖြင့်သော်လည်းကောင်း, ဓားဖြင့်သော်လည်းကောင်း ပေါက်ကြ ရိုက်ကြ ခုတ်ကြ၏။ ကာမဂုဏ်အသီး သီးခြင်းသည် ဝေဆာ လှပ တင့်တယ်သည် မှန်၏။ ထိုအလှ ကာမဂုဏ်တို့က သုံးဆောင်လိုသူ ဖျက်ဆီးလိုသူတို့ ပေါ်ထွက်လာအောင် ဆွဲဆောင်နေကြ၏။ အသီး မသီးသည့် သစ်ပင်၏ တင့်တယ်မှုသည် အသီးသီးသည့် သစ်ပင် ဖျက်ဆီးခံရက ထင်ရှားလာ၏။</p>
<p>ရှိသည့်ဘဝကို ကောင်း၏ဟု ယူဆနေသမျှ ချမ်းသာစစ်ကို မရ။ မရှိသည့်ဘဝကို ကောင်း၏ဟု အယူအဆဝင်က ချမ်းသာစစ်ကို ရကြ ၏။ မရှိသည့်ဘဝဟူသည် စွန့်လွှတ်နိုင်သူတို့၏ဘဝကို ဆိုခြင်းသာ ဖြစ်၏။ ရှိခြင်း၏ဒုက္ခကို သိ၍ စွန့်လွှတ်သွားသူများကို ရည်ရွယ်ခြင်း ဖြစ်ပေ၏။</p>
<p>ကာမဂုဏ်ရှိက ကာမဂုဏ်ကို နှစ်သက်တပ်မက်သည့် သတ္တဝါ အမျိုးမျိုးတို့၏ ဘေးသည် ဖြစ်ပေါ်လာတတ်သကဲ့သို့ ကံကြွေးရှိက ကံကြွေးရှိသူတို့ထံသို့ ထိုကံကြွေးတို့က အကြွေးဆပ်ဖို့ရန် ကြွေးတောင်းလာလေ့ ရှိကြ၏။</p>
<hr>
<h3>ခြိမ်းခြောက်ခံနေရသော လောက</h3>
<p>သံသရာခရီးတစ်လျှောက် မူမမှန်သည့်ကံတို့ကို ထူထောင်ထား သူတို့ ရှိကြ၏။ ထိုကံတို့ အကျိုးပေးချိန်ရောက်က သက်မဲ့ဖြစ်သည့် ရေတို့သည် လျှံတက်လာကြ၏၊ မီးတို့သည် တောက်လောင်လာကြ ၏။ သက်မဲ့ဖြစ်သည့် အရာတို့က ဖျက်ဆီးပစ်မည် သတ်ဖြတ်ပစ်မည်ဟု ကံကြွေးရှိသူတို့ကို သက်ရှိတို့ကဲ့သို့ ခြိမ်းခြောက်နေကြ၏။ ထိုခြိမ်းခြောက်မှုဟူသမျှတို့သည် ကာမဂုဏ်ကို လိုချင်သည့် တဏှာကြောင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။</p>
<p>ဤသည်တို့သည် ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤမျက်မှောက် ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။ အချိန်မရွေး ထိုအပြစ်တို့ ဆိုက်ရောက်လာနိုင်၏။ ထို အပြစ်တို့ကို မြင်အောင်ကြည့်လျက် စင်အောင်ပြုတတ်ဖို့ လို၏။</p>
<hr>
<h3>လုပ်ငန်းတူသူတို့၏ ဒုက္ခ</h3>
<p>ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာနေသည့် လူတန်းစား အသီးသီး ရှိပေ၏။ မင်းဟူသော လူတန်းစား, ပုဏ္ဏားဟူသော လူတန်းစား, သူဋ္ဌေး သူကြွယ် အစရှိသည့် လူတန်းစားတို့ပင် ဖြစ်ကြပေ၏။</p>
<p>ကာမဂုဏ်တို့သည် ကာမဂုဏ်တို့ကို နှစ်သက်သည့် သတ္တဝါ အပေါင်း၏ စိတ်ကို ညှို့ငင်လျက် ရှိကုန်၏။ လူတန်းစားအလွှာ မတူသော်ငြားလည်း ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာမှုက တူကြ၏။ ထို့ကြောင့်ပင် ထိုကာမဂုဏ်တို့ကို အကြောင်းပြု၍ မင်းတို့သည် မင်းတို့နှင့် ငြင်းခုံကြကုန်၏၊ ပုဏ္ဏားတို့သည် ပုဏ္ဏားတို့နှင့် ငြင်းခုံကြ ကုန်၏၊ သူဋ္ဌေး သူကြွယ်တို့သည် သူဋ္ဌေး သူကြွယ်တို့နှင့် ငြင်းခုံကြ ကုန်၏။ လုပ်ငန်းတူက ငြင်းခုံရ၏။ လုပ်ငန်းတူက ရန်သူ ဖြစ်ကြ၏၊ လုပ်ငန်းတူခြင်းကြောင့် ရန်သူ ဖြစ်လွယ်ခြင်း ဖြစ်၏။ စင်စစ်မူ လုပ်ငန်း တူခြင်းက ရန်သူ ဖြစ်အောင် ပြုသည် မဟုတ်၊ မိမိထက် သာလွန် သွားမည်ကို မနာလိုသည့် ဣဿာ, မိမိခံစားရမည့် သာယာဖွယ်တို့ကို မခွဲဝေနိုင်သည့် ဝန်တိုခြင်း မစ္ဆရိယတရားဆိုးတို့က ချယ်လှယ်ကြခြင်းကြောင့်သာ ဖြစ်၏။ မဟုတ်တမ်းတရားတို့ကို အဟုတ်တမ်း ကစားလျက် အလုပ်များနေကြခြင်း ဖြစ်၏။</p>
<p>လောကသားတို့မည်သည် တဏှာဒါသဟုခေါ်သည့် တဏှာ၏ ကျေးကျွန်များသာ ဖြစ်ကြ၏။ ကိလေသာအလိုဆိုး နှိပ်စက်ခံနေရသည့် စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါနေကြရ၏။ စိတ်၏ အလိုအတိုင်း လုပ်နေကြရသည်ကို မသိနိုင်ကြ။ ကိလေသာနှင့် ငါ တစ်သားတည်း ဖြစ်နေသည့် သူများ၏ ဘဝဟူက လောဘကိုပင် ငါ, ဒေါသကိုပင် ငါ, မောဟကိုပင် ငါဟု မြင်နေသည့် ဘဝသာ ဖြစ်၏။ အဝိဇ္ဇာ၏ ချယ်လှယ်မှုကို ခံရခြင်း ဖြစ်၏။ ထို့ကြောင့်ပင် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့, စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ ခက်နေကြ၏။</p>
<p>လိုချင်က ငါ လိုချင်တာ၊ မကျေနပ်က ငါ မကျေနပ်တာဟု မှားသော အသိဖြင့် လက်ခံခြင်းကိုသာ စွမ်းနိုင်ကြ၏။</p>
<p>ထို့ကြောင့်ပင် လိုချင်သည့် ကာမဂုဏ်တို့ကို အကြောင်းပြု၍ သားအမိ အချင်းချင်း, သားအဖ အချင်းချင်းတို့သည်လည်း ငြင်းခုံကြ ကုန်၏။ ညီအစ်ကို မောင်နှစ်မ အချင်းချင်းတို့သည်လည်း ငြင်းခုံကြ ကုန်၏။ မိတ်ဆွေ အပေါင်းအဖော် အချင်းချင်းတို့သည်လည်း ငြင်းခုံ ကြကုန်၏။ ချစ်ခင်သူ ချစ်ကျွမ်းဝင်သူ ရင်းနှီးချစ်ကြည်နေသူတို့ ကာမ ဂုဏ်ကြောင့် ငြင်းခုံခြင်းသို့ ရောက်ကြရ၏။</p>
<p>ထိုသို့ ငြင်းခုံကြခြင်းကြောင့် သဘောထားကွဲလွဲခြင်း ရန်ဖြစ်ခြင်းသို့ ရောက်ကြကုန်လျက် အချင်းချင်း လက်တို့ဖြင့်လည်း ပုတ်ခတ် ကြကုန်၏၊ ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏၊ တုတ်တို့ဖြင့်လည်း ရိုက်နှက်ကြကုန်၏၊ ဓားတို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။</p>
<p>ထိုသူတို့သည် ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ပေါ်ရသည့် ရန်ပွဲကြောင့် ထိုဖြစ်ရာအရပ်၌ပင် သေခြင်းသို့သော်လည်း ရောက်ရ၏။ ထိုသို့ မဟုတ်က သေလောက်သော ဒုက္ခဝေဒနာကိုသော်လည်း ခံစားကြရ၏။</p>
<p>ဤသည်တို့သည် ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့် ဤ မျက်မှောက် ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီနဝဟု ခေါ်ရ၏။ အချိန်မရွေး ထိုအပြစ်တို့ ဆိုက်ရောက်လာနိုင်၏။ ထို အပြစ်တို့ကို မြင်အောင်ကြည့်လျက် စင်အောင်ပြုတတ်ဖို့ လို၏။</p>
<hr>
<h3>ကြိုတင်ဘွတ်ကင် လုပ်ထားသူများ</h3>
<p>ကာမဂုဏ်ကို ရရှိခံစားဖို့ အားထုတ်စဉ်က စုဆောင်းမိပြီဖြစ်သည့် အကုသိုလ်မှု အစုစုတို့က မနည်းလှ။ လိုချင်သည့် ကာမဂုဏ်ကို အကြောင်းပြု၍ ပစ္စုပ္ပန်ဘဝ၌လည်း ဆင်းရဲရ ပင်ပန်းရ ငိုကြွေးရ ပြင်းစွာ ပူပန်ကြရ၏။ စုဆောင်းမိပြီဖြစ်သည့် အကုသိုလ်ကံကြွေး တို့ကလည်း အနာဂတ်ဘဝ အနာဂတ်ခန္ဓာဖြင့် အကြွေးဆပ်ဖို့ ကြိုတင် ဘွတ်ကင် လုပ်ထားကြ၏။</p>
<hr>
<h3>မှန်ဖို့သာ ပဓာန</h3>
<p>မြင်စရာလောက်သာ မြင်တတ်၍ ကြားစရာလောက်သာ ကြားတတ်သူဖြစ်က မမြင်ရ မကြားရသည့် အနာဂတ်ဘဝအတွက် ဆောင် စရာ ရှောင်စရာကို ဆောင်ဖို့ ရှောင်ဖို့ မလွယ်လှ။ လောကလူသားတို့ အနေဖြင့် မမြင်ရသည်ကို ကြည့်တတ်ဖို့ မကြားရသည်ကို အဓိပ္ပါယ် ဖော်တတ်ဖို့ လို၏။ အမှန်ကို သိနိုင်ဖို့ဟူသည် မြင်စရာနှင့် ကြားစရာနောက်ရှိ မမြင် မကြားရသည့် အပိုင်းထိ မြင်တတ် ကြည့်တတ် အဓိပ္ပါယ်ဖော်တတ်မှ ရ၏။ မြင်စရာနှင့် ကြားစရာ၌ သောင်တင် မနေဖို့ လို၏။</p>
<p>မြင်စရာနှင့် ကြားစရာအတွက် အလှဆင်ဖို့ ကံကို မျက်ကွယ် ပြု၍ ရသည် မဟုတ်။ အလှကို မြင်စရာ ကြားစရာတို့ဖြင့် ပြဖို့လောက်သာ သိသော အမိုက်ဉာဏ်ဖြင့် ဘဝကို တန်ဖိုးတက်အောင် လုပ်နိုင်သည် မဟုတ်။ အမြင်ကောင်းရုံ အကြားကောင်းရုံဖြင့် ကံတို့ ငြိမ်းသွားကြမည်လည်း မဟုတ်။ မြင်စရာနှင့် ကြားစရာနောက် လိုက်နေသည့် လောကကြီး၏ အထင်ကြီးမှု လက်ခံမှုအတွက် အသက်ရှင်ဖို့ ဘဝရလာသည် မဟုတ်။ လောကကြီး၏ အထင်ကြီးမှု လက်ခံမှုက ပဓာန မကျ၊ မှန်ဖို့သာ ပဓာနကျ၏။</p>
<hr>
<h3>မိမိကိုယ်ကို ကျွန်ပြုနေသူများ</h3>
<p>ကာမဂုဏ်ချမ်းသာကို ရရှိဖို့ လုပ်ချင်သည်ကို လုပ်ကြ၏။ ထိုသို့ လုပ်ချင်သည်ကို လုပ်ခြင်းသည် ကိလေသာကြောင့်ဟု ဆိုရ၏။ စိတ်၏ အလိုအတိုင်း မိမိ ဖြစ်ခြင်း ဖြစ်သည်။</p>
<p>ကာမဂုဏ်မှ လွတ်မြောက်ကြောင်း အကျင့်ကို ကျင့်လိုကြ၏။ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်လိုခြင်း ဖြစ်၏။ ထိုသို့ ကျင့်ခြင်းသည် စျာန်ချမ်းသာ, ဝိပဿနာချမ်းသာ, မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဟု ဆိုအပ်သော ချမ်းသာ တို့ကို ရရှိခံစားလိုသည့် ဆန္ဒကြောင့်ပင် ဖြစ်ပေ၏။ ဖြစ်ချင်သည့် အရာအတွက် လုပ်သင့်သည်ကို လုပ်ခြင်းဟု ဆိုနိုင်၏။ ထိုချမ်းသာ တို့ကို ရရှိခြင်းငှာ လုပ်သင့်သည်ကို လုပ်ခြင်းသည် ဉာဏ်ကြောင့်ဟု ဆိုရ၏။ စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေခြင်းဟု ဆိုနိုင်၏။</p>
<p>ကာမဂုဏ်၌ သာယာဖွယ်ကို ရှာဖွေနေသူတို့၏ အလိုသည် ကိလေသာ၏ အလိုသာ ဖြစ်၏။ သာယာဖွယ် အသာဒအတွက် ဘဝဆက်နေရသူဟူက ကိလေသာအတွက် ဘဝဆက်နေရသူသာ ဖြစ်၏။ သာယာဖွယ် အသာဒအတွက် ပင်ပန်းနေရခြင်းဟူက ကိလေသာအတွက် ပင်ပန်းနေရခြင်းသာ ဖြစ်၏။ မိမိဘဝကို ကိလေသာဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။ ကိလေသာကို အရှင်ပြုလျက် မိမိကိုယ်ကို ကျွန်ပြုခြင်း ဖြစ်၏။</p>
<p>ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာနေသမျှ ငါ လုပ်ချင်တာဟု ဆို၍ မရ။ ကိလေသာ လုပ်ချင်တာကို လိုက်လုပ်ပေးနေရခြင်းဟုသာ ဆို၍ ရ၏။</p>
<hr>
<h3>ဆက်ရဦးမည့် ပင်ပန်းမှု ခရီး</h3>
<p>ကိလေသာ မကင်းသူမှန်က ကိလေသာ၏ လှည့်စားမှုကို ခံကြ ရ၏။ ကိလေသာ ဓာတ်ခံတို့၏ လွှမ်းမိုးမှုကို နာခံကြရ၏။</p>
<p>အမျိုးသမီးဘဝဟူက အမျိုးသမီးဘဝနှင့် သက်ဆိုင်သည့် ကိလေသာအလိုကို ဖြည့်ဆည်းကြရ၏။</p>
<p>အမျိုးသားဘဝဟူကလည်း အမျိုးသားဘဝနှင့် သက်ဆိုင်သည့် ကိလေသာအလိုကို ဖြည့်ဆည်းနေကြရသည်ပင်။</p>
<p>အမျိုးသမီးတို့သည် အမျိုးသားတို့ကြောင့် ပင်ပန်းကြရ၏။</p>
<p>အမျိုးသားတို့သည်လည်း အမျိုးသမီးတို့ကြောင့် ပင်ပန်းနေကြ ရ၏။</p>
<p>ထို့ကြောင့်ပင်</p>
<p><b>နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ။ ဣတ္ထိရူပံ ဘိက္ခဝေ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတီတိ။</b></p>
<p>ဟူ၍ အင်္ဂုတ္တရနိကာယ်၌ မြတ်ဘုရား မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။</p>
<p>အမျိုးသမီး၏ အဆင်းသည် အမျိုးသား၏စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏၊ အမျိုးသမီး၏ အဆင်းကဲ့သို့ အမျိုးသား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော တစ်ခုသော အဆင်းကို ငါ ဘုရားရှင် မြင်တော်မမူပေ။ အမျိုးသမီး၏ အဆင်းသည် အမျိုးသား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူခဲ့၏။</p>
<p>ထို့အတူ အမျိုးသား၏ အဆင်းသည် အမျိုးသမီး၏စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏၊ အမျိုးသား၏ အဆင်းကဲ့သို့ အမျိုးသမီး၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော တစ်ခုသော အဆင်းကို ငါ ဘုရားရှင် မြင်တော်မမူပေ။ အမျိုးသား၏ အဆင်းသည် အမျိုးသမီး၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူခဲ့သည်ပင်။</p>
<p>သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း အလားတူပင် အပြန်အလှန် ဟောခဲ့ပေ၏။</p>
<p>ထို့ကြောင့်ပင် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ အစရှိသည့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဟူသော ကာမဂုဏ်တို့ကို အကြောင်းပြု၍ သတ္တဝါအပေါင်းတို့ မချိညှိုးနွမ်း ပင်းပန်းနေကြရ၏။ သံသရာခရီး မဆုံးသေးသမျှ ပင်ပန်းရဦးမည့် ပင်ပန်းမှုကြီးပင် ဖြစ်သည်။ သံသရာခရီး ဆုံးအောင် ပြုနိုင်ပါမူကား ချမ်းသာကြမည် ဖြစ်၏။ သံသရာခရီး ဆုံးအောင် ပြုခြင်းဟူသည် တဏှာကုန်အောင် ပြုခြင်းသာ ဖြစ်၏။</p>
<p>စင်စစ်မူ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဟူသော ကာမဂုဏ်တို့ကြောင့် သတ္တဝါအပေါင်းတို့ ပင်ပန်းဆင်းရဲနေကြရသည် မဟုတ်။ ထိုကာမဂုဏ်တို့၌ နှစ်သက်တပ်မက်သည့် တဏှာရှိခြင်းကြောင့် ပင်ပန်းနေကြရခြင်းသာ ဖြစ်ပေ၏။ တဏှာမကုန်သေးသမျှ ထိုပင်ပန်းမှု ခရီးရှည်ကြီးကို ဆက်ကြရဦးမည် ဖြစ်သည်။</p>
<hr>
<h3>ရှက်နိုးဖွယ်ဘဝ</h3>
<p>အကြောင်းနှင့် ကင်းသည့် အကျိုးတရားရှိ၏ဟူ၍ မြတ်ဘုရား ဟောတော်မမူခဲ့ပေ။ အကျိုးဖြစ်က အကြောင်းရှိ၏။ ထိုအဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံငါးပါး ကာမဂုဏ် တရားတို့၌ လိုလားတပ်မက်ခြင်း တဏှာကို ဖြစ်ပေါ်စေသည့် အကြောင်း ရှိသည်ပင်။ ထို အကြောင်းတို့၏ စတင်မှုကို ဆိုရမူ --</p>
<p>ဘဝဟူက ဘဝကို တွယ်တာတပ်မက်သည့် ဘဝနိကန္တိတဏှာဖြင့် စခဲ့ကြ၏။ ထိုနောက် ရက်သတ္တပတ် (၁၁)ပတ်အတွင်း အဆင်း အသံ အနံ့ အရသာဟူသော ကာမဂုဏ်အာရုံတို့ကို ယူနိုင်သည့် မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်တို့သည် ထိုက်သည့်အားလျော်စွာ ဖြစ်ပေါ်လာကြ၏။ အတွေ့အထိ အာရုံကို ယူနိုင်သည့် ကာယအကြည်သည်ကား ပဋိသန္ဓေ တည်စကပင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေ၏။</p>
<p>ထိုအကြည်ရုပ်တို့ အဘယ်ကြောင့် ဖြစ်ပေါ်လာကြပါသနည်း။ အဘယ်လျှင် အကြောင်းရင်းခံ ရှိပါသနည်း။ ဤသည်ကို သိဖို့ လို၏။</p>
<p>ရူပါရုံကို မြင်ချင်သည့် ရူပတဏှာလျှင် အကြောင်းရင်းခံရှိသည့် ကံကြောင့် ဖြစ်ပေါ်လာသော ရုပ်သည် စက္ခုအကြည်ရုပ်ပင် ဖြစ်၏၊ ထို ကြည်လင်မှုသည် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသာ ဖြစ်၏။ ထိုအနက်ကို <b>ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု</b>ဟူသော စကားရပ်က ဆိုနေ၏။</p>
<p>ထို့အတူ သောတအကြည်သည်လည်း သဒ္ဒါရုံကို ကြားချင်သည့် သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသည့် ကံကြောင့် ဖြစ်ပေါ်လာရ သည့် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသဘောဟု <b>သောတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ သောတံ</b>ဟူ သော စကားရပ်က ဆိုနေ၏။</p>
<p>ကျန်သည့် အကြည်ရုပ်တို့သည်လည်း ဆိုင်ရာတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်သာလျှင် ဖြစ်ပေါ်လာကြ၏။</p>
<p>ရူပါရုံကို မြင်ချင်သည့် ရူပတဏှာ ခိုင်းသမျှ ရူပါရုံကို ရှာဖွေ ပေးကြရ၏။ သဒ္ဒါရုံကို မြင်ချင်သည့် သဒ္ဒတဏှာ ခိုင်းသမျှ သဒ္ဒါရုံကို ရှာဖွေပေးကြရ၏။ ငါကြည့်ချင်တာ ငါမြင်ချင်တာပါဟူသည့် အယူမှားတို့ ပျောက်မှ ချမ်းသာခွင့် ရ၏။</p>
<p>အမျိုးသားအတွက် အမျိုးသမီးတို့၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့သည် အညှို့ငင်နိုင်ဆုံး ဖြစ်သကဲ့သို့ အမျိုးသမီး အတွက် အမျိုးသားတို့၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့သည် အညှို့ငင်နိုင်ဆုံး ဖြစ်၏။ ထို့ကြောင့်ပင် အမျိုးသမီးဟူသော ရူပါရုံက အမျိုးသားတို့၏ စိတ်ကို သိမ်းကြုံးယူငင်၍ တည်နိုင်သကဲ့သို့ အမျိုးသားဟူသော ရူပါရုံကလည်း အမျိုးသမီးတို့၏ စိတ်ကို သိမ်းကြုံး ယူငင်၍ တည်နိုင်ခြင်း ဖြစ်၏။</p>
<p>ရူပါရုံကို မြင်ချင်သည့် ရူပတဏှာ၏ အလိုသို့ လိုက်ပါနေ ရခြင်းကို မိမိ၏ အလိုသို့ လိုက်ပါနေရခြင်းဟု နားလည်နေမိသည့် မိမိတို့၏ ဘဝကို မသိကြ။ ရူပါရုံကို မြင်ချင်သည့် ရူပတဏှာလျှင် အကြောင်းရင်းခံရှိသည့် စက္ခုအကြည်၏ မြင်ချင်မှုကို ငါ မြင်ချင်တာဟု လက်ခံ ကျင့်သုံးနေရသည့် ဘဝက ရှက်နိုးဖွယ်ရာသာ ဖြစ်၏။ အမှားကို အမှန်အဖြစ် လက်ခံကျင့်သုံးနေသည့် ဘဝဟုသာ ခေါ်ရ၏။</p>
<p>အကြည်ရုပ်ငါးမျိုး ရရှိခြင်း၏ အကြောင်းရင်းခံကို ကြည့်က ဒုက္ခဖြစ်ဖို့ရန်သာ ဖြစ်၏။ ဘဝခန္ဓာ မဆုံးသေးသမျှ ကျွန်ခံကြရမည့် အရေးက မသေးလှ။ စေ့စေ့တွေးက မအေးရသည့် ဘဝဒုက္ခကိုသာ မြင်ရ၏။ ဩော် ... ဘဝဟူသမျှ မကောင်းတာ မှန်ပေစွ၊ ဘဝဒုက္ခ ကြီးကျယ်လှပေစွ ဟူ၍သာ ညည်းတွားမိတော့၏။</p>
<h3>ပင်ပန်းနေကြရခြင်းသည်</h3>
<p>ထို့ကြောင့်ပင် အာယတန (၆)ပါး ဖြစ်ပေါ်လာသည်ရှိသော် လောက ဖြစ်ပေါ်လာ၏ဟု ကျမ်းဂန်တို့၌ ဆို၏။ အာယတန (၆)ပါး ဟူသည် အကြည်ရုပ်ငါးပါးနှင့် မနာယတနကို ဆိုခြင်း ဖြစ်၏။ အဘိဓမ္မာ အသုံးအနှုန်း ကွဲပြားခြင်းသာ ဖြစ်ပြီး ထိုအာယတန (၆)ပါး ဖြစ်ပေါ်လာခြင်းကြောင့် သတ္တဝါတို့ မချိညှိုးနွမ်း ပင်ပန်းကြရ၏ဟူ၍ ဘုရားရှင် မိန့်ဆိုတော်မူခဲ့၏။</p>
<p><b>စက္ခု</b>အကြည်ဟု ခေါ်ဆိုအပ်သည့် <b>စက္ခာယတန</b>ကြောင့် သတ္တဝါတို့ ပင်ပန်းကြရ၏။</p>
<p><b>သောတ</b>အကြည်ဟု ခေါ်ဆိုအပ်သည့် <b>သောတာယတန</b>ကြောင့် လည်း သတ္တဝါတို့ ပင်ပန်းနေကြရ၏။</p>
<p><b>ဃာန</b>အကြည်ဟု ခေါ်ဆိုအပ်သည့် <b>ဃာနာယတန</b>ကြောင့်လည်း သတ္တဝါတို့ ပင်ပန်းကြရ၏။</p>
<p><b>ဇိဝှါ</b>အကြည်ဟု ခေါ်ဆိုအပ်သည့် <b>ဇိဝှါယတန</b>ကြောင့်လည်း သတ္တဝါတို့ ပင်ပန်းနေကြရ၏။</p>
<p><b>ကာယ</b>အကြည်ဟု ခေါ်ဆိုအပ်သည့် <b>ကာယာယတန</b>ကြောင့်လည်း သတ္တဝါတို့ ပင်ပန်းကြရ၏။</p>
<p><b>မနာယတန</b>ကြောင့်လည်း သတ္တဝါတို့ ပင်ပန်းနေကြရသည်ပင်။</p>
<p>အာယတနဟူသော အကြောင်းကြောင့် အာရုံထိုထိုတို့၏ တွေ့ထိမှု <b>ဖဿ</b>သည် ဖြစ်ပေါ်လာသကဲ့သို့ ထို<b>ဖဿ</b>ဟူသော အကြောင်း ကြောင့် ခံစားမှု <b>ဝေဒနာ</b>သည် ဖြစ်ပေါ်လာ၏။ ထိုထို အာရုံတို့ကို ခံစားလိုသည့် <b>ဝေဒနာ</b>ဟူသော အကြောင်းကြောင့် စွဲလမ်း နှစ်သက်ခြင်း <b>ဆန္ဒရာဂ</b>တရားတို့သည် ဖြစ်ပေါ်ကြလာ၏။ ရူပါရုံကို မြင်ချင် သည့် <b>ရူပတဏှာ</b>, သဒ္ဒါရုံကို ကြားချင်သည့် <b>သဒ္ဒတဏှာ</b> အစရှိသည့် <b>တဏှာ</b>ဆန္ဒတို့ ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။ ထိုနှစ်သက် စွဲလမ်းခြင်း <b>တဏှာ</b>ဟူသော အကြောင်းကြောင့် ပြင်းစွာ စွဲလမ်းခြင်း <b>ဥပါဒါန်</b> တရားတို့သည် ဖြစ်ပေါ်လာကြသကဲ့သို့ ပြင်းစွာ စွဲလမ်းခြင်း <b>ဥပါဒါန်</b>ဟူသော အကြောင်းကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတည်း ဟူသော <b>ကမ္မဘဝ</b>ကို အားထုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ <b>ကမ္မဘဝ</b> ဟူသော အကြောင်းကြောင့် <b>ဇာတိ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ</b> တရားတို့သည် ဖြစ်ပေါ်လာကြကုန်၏။</p>
<p>ပဋိသန္ဓေနေရခြင်း ဒုက္ခ, အိုရခြင်း ဒုက္ခ, သေရခြင်း ဒုက္ခ, စိုးရိမ်ရခြင်း, ငိုကြွေးရခြင်း, ကိုယ်ဆင်းရဲရခြင်း, စိတ်ဆင်းရဲရခြင်း, ကြီးစွာသော စိတ်၏ ပင်ပန်းရခြင်း ဒုက္ခတရားတို့ ထင်ရှား ဖြစ်ပေါ် လာကြခြင်း ဖြစ်သည်။ ဒုက္ခတရားတို့ မွေးဖွားလာကြခြင်းပင် ဖြစ်၏။ စင်စစ်မူ ထိုသို့ ဖြစ်ခြင်းသည် ထိုထိုအာရုံတို့အပေါ် နှလုံးသွင်းမှားမှု <b>အယောနိသောမနသိကာရ</b>, အသိမှားမှု <b>အဝိဇ္ဇာ</b>တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေ၏။</p>
<p>လိုချင်တပ်မက်မှု <b>ဆန္ဒရာဂ</b>ဟူသမျှ ဤအာယတနများကြောင့် ဖြစ်ရ၏။ ဒုက္ခဟူသမျှ ဤအာယတနများမှ စကြ၏။ ပင်ပန်းမှုဟူသမျှ ဤအာယတနများမှ ရကြ၏။ ညစ်ညူးမှုဟူသမျှ ဤအာယတနများမှ မွေးဖွားလာကြ၏။ ပူလောင်မှုဟူသမျှ ဤအာယတနများက မွေးပေး ကြ၏။</p>
<h3>ယူတတ်ကြသည့် စာချုပ်မဲ့ သဘောတူညီမှု</h3>
<p><b>စက္ခု</b>အကြည်ကို ရရှိခြင်းကြောင့် အဆင်းမျိုးစုံ အလှမျိုးစုံ အရွယ်မျိုးစုံတို့အပေါ်၌ တပ်မက်မှု <b>ဆန္ဒရာဂ</b> ဖြစ်ပေါ်လာကြ၏။ လူ့စည်းမစောင့်သည့် သူတို့ကို အထင်သေးကြ ရှုတ်ချကြ၏။ အကြည်ညို ကင်းကြ၏။</p>
<p>အရွယ်အမျိုးမျိုးတို့၏ အဆင်းတို့၌ ကျက်စားချင်သလို ကျက်စားလျက် စည်းမစောင့်သည့် အမှုကို ပြုတတ်သည့် ပညာမျက်စိကန်း နေကြသော ပုထုဇဉ်ငမိုက်သားတို့ လောကဝယ် မိမိတို့ကိုယ်ကို အထင်သေးသူ ရှုတ်ချသူတို့ မရှိကြ။ အကြည်ညိုကင်းသူကိုလည်း မတွေ့ရ။ ထိုစည်းမစောင့်ခွင့်အတွက် လောကသားတို့ စာချုပ်မဲ့ သဘောတူညီမှု ရကြ၏။ ဒါ လူ့ဓမ္မတာဟု ဆိုကြမည်လား စာရေးသူ တွေးမိ၏။ အဘယ်မျှ ရှက်နိုးဖွယ် ရွံရှာဖွယ် ကောင်းပါသနည်း။ အဘယ်မျှ စက်ဆုပ်ဖွယ် ကောင်းပါသနည်း။ အဘယ်မျှ အကြည်ညို ကင်းဖို့ ကောင်းသည့် ဘဝကို ရရှိထားပါသနည်း။</p>
<p>ထိုတပ်မက်မှု <b>ဆန္ဒရာဂ</b>ကြောင့် ထိုထိုအဆင်းတို့ကို ရရှိခြင်းငှါ ကြိုးစားကြ၏။ တရားသည်လည်း ရှိသလို မတရားသည်လည်း ရှိ၏။ ရရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ချမ်းသာဟူက ရေမျက်နှာပြင် ထက်သို့ တက်သည့် ရေပွက်ပမာ ခဏသာ ဖြစ်၏။ ရရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခက အမြစ်ပမာ တစ်သက်တာ စူးဝင် နှိပ်စက် ကြ၏။</p>
<p>ရရှိခြင်းကြောင့် စိတ်၏ပင်ပန်းခြင်းသည် ဖြစ်ပေါ်လာသကဲ့သို့ စိတ်၏ညှိုးနွမ်းခြင်း စိတ်၏ညစ်ညူးခြင်းတို့သည်လည်း ဖြစ်ပေါ် လာကြ၏။ ရရှိခြင်းကြောင့် စိတ်၏တုန်လှုပ်ခြင်း စိတ်၌ ဆာလောင်ခြင်းတို့သည် ဖြစ်ပေါ်လာသကဲ့သို့ စိတ်၌ မွတ်သိပ်ခြင်းတို့ ဖြစ်ပေါ် လာကြ၏။ ပူလောင်မှုဒုက္ခတို့ ဖြစ်ပေါ်လာကြခြင်းသာ ဖြစ်၏။ အေးချမ်းမှုသုခကို ရရှိသည်တော့ မဟုတ်ပေ။</p>
<p>ဤသည်တို့သည် <b>ကာမ</b>အထောက်အပံ့ <b>ကာမ</b>အရင်းခံ <b>ကာမ</b>လျှင် တည်ရာ ရှိကြကုန်၏၊ <b>ကာမဂုဏ်</b>တို့ကြောင့် ဖြစ်ပေါ်သည့် ဤ မျက်မှောက် ဆင်းရဲအစုကို <b>ကာမဂုဏ်</b>တို့၏ အပြစ်<b>အာဒီနဝ</b>ဟု ခေါ်ရ၏။</p>
<h3>ငါလုပ်ချင်တာ</h3>
<p><b>ကာမဂုဏ်</b>တို့၏ သာယာဖွယ်-<b>အသာဒ</b>အတွက် အလုပ်လုပ်ခြင်းကို ငါ လုပ်ချင်တာဟု မဆိုရ။ <b>တဏှာ</b> လုပ်ချင်သည်ကို လုပ်ပေး နေရခြင်းဟုသာ ဆိုရ၏။ <b>ကိလေသာ</b>၏ အလိုအတိုင်း မိမိ ဖြစ်ခြင်း ဖြစ်သည်။</p>
<p>မိမိ လုပ်ချင်တာ ဘာပါနည်း၊ မိမိ လုပ်ချင်သည်မှာ <b>ကိလေသာ</b>၏ အလိုအတွက်လား, <b>ကိလေသာ</b>မှ လွတ်မြောက်ရေးအတွက်လား ဟူသည့် အမေးနှစ်ခုကိုလည်း မေးသင့်၏။</p>
<p><b>အသာဒ</b>ဟုခေါ်သည့် သာယာဖွယ်အတွက် ကြိုးစားမှုမှန်က <b>ကိလေသာ</b>အတွက် လုပ်ချင်တာဟူ၍ ဆိုရ၏။</p>
<p><b>ကာမဂုဏ်</b>တို့၌ ရှိနေသည့် အပြစ်<b>အာဒီနဝ</b>ကို မြင်လာ၏။ ထို အပြစ်တို့မှ ထွက်မြောက်ခြင်း လွတ်မြောက်ခြင်း <b>နိဿရဏ</b>ကို အလိုရှိလာ၏။ ထိုအပြစ်တို့မှ လွတ်မြောက်လိုသည့်အတွက် လွတ်မြောက် ကြောင်း အလုပ်ကို လက်တွေ့ လုပ်လာ၏။ ထိုသို့ လုပ်ခြင်းကို <b>ကိလေသာ</b>မှ လွတ်မြောက်ရေးအတွက် လုပ်ချင်တာဟူ၍ ဆိုရပေမည်။</p>
<p><b>ကိလေသာ</b>မှ လွတ်မြောက်ရေးအတွက် အလုပ်လုပ်ပါမှ ဘဝ ရရှိခြင်း၏ အနှစ်သာရ ဘဝရရှိခြင်း၏ အဓိပ္ပါယ် ပြည့်စုံမည် ဖြစ်၏။</p>
<p><b>ကိလေသာ</b>၏ အလိုအတွက် အလုပ်လုပ်ခြင်းဟူသည် သံသရာ တစ်လျှောက် လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်တို့ကို ထပ်၍ လုပ်နေခြင်းသာ ဖြစ်၏။ ဘဝရရှိခြင်း၏ အနှစ်သာရ ဘဝရရှိခြင်း၏ အဓိပ္ပါယ်ကို ပြည့်စုံစေနိုင်သည် မဟုတ်ပေ။</p>
<p><b>ကိလေသာ</b> လုပ်ခိုင်းတာလုပ်ဖို့ မိမိကိုယ်ကို ခွင့်ပြုနေသူတို့ကို ငါ လုပ်ချင်တာ လုပ်နေသူများဟု မဆိုရ။ <b>ကိလေသာ</b>၏ အလိုအတိုင်း မိမိ လုပ်ပေးနေရခြင်းဟုသာ ဆိုရ၏။ ထိုဘဝမှ လွတ်မြောက်အောင် ပြုသင့်လှ၏။</p>
<p><b>ကိလေသာ</b>မှ ထွက်မြောက်ကြောင်း အလုပ်ကို လုပ်ပါမှ ငါ လုပ်ချင်တာ လုပ်နေတာဟု ဆိုနိုင်၏။ <b>ကိလေသာ</b> အလိုအတိုင်း မလုပ်ဘဲ မိမိ အလိုအတိုင်း လုပ်သူများဟုလည်း ဆိုရ၏။</p>
<h3>စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့</h3>
<p>စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေဖို့ စိတ်၏ အလိုအတိုင်း မိမိ မဖြစ်စေဖို့ <b>သီလ သမာဓိ ပညာ သိက္ခာသုံးရပ်</b> အကျင့်မြတ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ရ၏။</p>
<p><b>သီလ</b>ကျင့်စဉ်ကို ကျင့်ခြင်းဟူသည် <b>ကိလေသာ</b>အလိုကို ချိုးနှိမ်ခြင်း ဖြစ်၏။ <b>ကာယကံ</b> မစင်ကြယ်မှု <b>ဝစီကံ</b> မစင်ကြယ်မှု မဖြစ်အောင် ကျင့်ခြင်းပင် ဖြစ်၏။</p>
<p><b>မနောကံ</b> စင်ကြယ်ဖို့ <b>သမာဓိ</b>ကျင့်စဉ်ကို ကျင့်ရ၏။ အာရုံတစ်ခု တည်းပေါ်၌ စိတ်ကို တည်တံ့ ခိုင်ခံ့နေအောင် လေ့ကျင့်ပေးခြင်းပင် ဖြစ်၏။ ထိုသို့ လေ့ကျင့်ခြင်းကြောင့် <b>သမာဓိ</b>စံချိန်မီက စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေနိုင်၏။ အာရုံတစ်ခုတည်းပေါ်၌ စိတ်တည်ငြိမ် နေသမျှ <b>မနောကံ</b>၏ စင်ကြယ်ခြင်းကိုလည်း ရနေမည် ဖြစ်သည်။ <b>သမာဓိ</b>ကျင့်စဉ်ကို ကျင့်ခြင်းကြောင့် <b>မနောကံ</b> စင်ကြယ်မှုကို <b>တဒင်္ဂ</b> ရ၏။ အစဉ်ထာဝရ စင်ကြယ်လိုက ပညာတကာ့ ပညာတို့တွင် အစဉ် သာလှသည့် <b>ဝိပဿနာ</b>ကျင့်စဉ်ကို မြှင့်တင်ကာ တက်လှမ်းဖို့ အခွင့် အလမ်း ပေးရပေတော့မည်။</p>
<p><b>ဝိပဿနာ</b>ကျင့်စဉ်ဟူသည် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟု ခေါ်ဆိုအပ်သည့် <b>သင်္ခါရ</b>တရားတို့ကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> <b>လက္ခဏာရေးသုံးတန်</b>တင်လျက် တွင်တွင်ကြီး ရှုပွါး သုံးသပ်ခြင်းကို ခေါ်ခြင်း ဖြစ်၏။</p>
<p>ရုပ် နာမ်ဓမ္မ <b>သင်္ခါရ</b>တရားတို့ အပေါ်၌ <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်</b>တင်လျက် <b>ဝိပဿနာ</b> ရှုပွါးသုံးသပ်နိုင်ဖို့ဟူသည် ရုပ်တရား နာမ်တရားတို့ကို <b>ပရမတ်</b>ဆိုက်အောင် သိမ်းဆည်းပြီးမှသာ ဖြစ်နိုင်၏။ ရုပ်တရား နာမ်တရားတို့ကို <b>ပရမတ်</b>သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းခြင်းဟူသည် <b>နာမရူပပရိစ္ဆေဒဉာဏ်</b>ကို အားသစ်ခြင်းပင် ဖြစ်ပေ၏။</p>
<p>ထို့နောက် <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ရရှိရေးအတွက် အကြောင်းတရား အကျိုးတရားတို့ကို ရှုပွါးသိမ်းဆည်းရမည် ဖြစ်ပေသည်။</p>
<p>ထိုရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟု ခေါ်ဆိုအပ်သည့် <b>သင်္ခါရ</b>တရားတို့ကို <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်</b>တင်လျက် တွင်တွင်ကြီး <b>ဝိပဿနာ</b> ရှုပွါးသုံးသပ်ခြင်းကြောင့် <b>ဝိပဿနာဉာဏ်</b>တို့၏ အဆုံး၌ <b>မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>တို့ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာမည်ဆိုက စိတ်ကို မိမိ အလိုအတိုင်း ဖြစ်အောင် ပြုပြီးသူ ဖြစ်လာပေလိမ့်မည်။</p>
<p>စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေဖို့ စိတ်၏ အလိုအတိုင်း မဖြစ်စေဖို့ ကျင့်သုံးပြီးသူလည်း ဖြစ်ပေလိမ့်မည်။ ပြုချင်သည့် အရာအတွက် ပြုသင့်သည်ကို ပြုပြီး ဖြစ်သူလည်း ဖြစ်ပေလိမ့်မည်။</p>
<h3>စိတ်အဆင့်ဆင့် မြင့်တက်ခြင်း</h3>
<p>လောက၌ သာယာဖွယ်<b>အသာဒ</b>မျှ မြင်နိုင်သူတို့ လုပ်ချင်သည့် အရာဟူသည် <b>ကိလေသာ</b>၏ အလိုအကြိုက်သာ ဖြစ်ပေ၏။ <b>ကာမဂုဏ်</b>တို့၌ သာယာဖွယ်ကို မြင်နေသမျှ <b>ကိလေသာ</b>အကြိုက် လိုက်ကြ ရ၏။ သာယာဖွယ်အဖြစ် မြင်သူများ နေရာမှ ကြည့်က <b>ကာမဂုဏ်</b>၌ အလှကို တွေ့ရ၏။</p>
<p>ထို့ကြောင့်ပင် <b>ကာမဂုဏ်</b>တို့၌ သာယာဖွယ်သည် မရှိငြားအံ့၊ သတ္တဝါတို့သည် <b>ကာမဂုဏ်</b>တို့၌ မတပ်မက်ကုန်ရာ။ <b>ကာမဂုဏ်</b>တို့၌ သာယာဖွယ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် တပ်မက်ကြ ကုန်၏ဟူ၍ မြတ်ဘုရား မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။</p>
<p><b>ကာမဂုဏ်</b>တို့၏ ငြီးငွေ့ဖွယ် <b>အာဒီနဝ</b>ကို သိမြင်လာသည့် သူတို့နေရာမှ ကြည့်က <b>ကာမဂုဏ်</b>တို့၌ အပြစ်<b>အာဒီနဝ</b>ကို တွေ့ရ၏။</p>
<p>ထို့ကြောင့်ပင် <b>ကာမဂုဏ်</b>တို့၌ ငြီးငွေ့ဖွယ် အပြစ်သည် မရှိငြားအံ့၊ သတ္တဝါတို့သည် <b>ကာမဂုဏ်</b>တို့၌ မငြီးငွေ့ကုန်ရာ။ <b>ကာမဂုဏ်</b> တို့၌ ငြီးငွေ့ဖွယ် အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ငြီးငွေ့ကြကုန်၏ဟူ၍ မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။</p>
<p><b>ကာမဂုဏ်</b>တို့၏ အပြစ်ကို ကောင်းစွာ သိမြင်လာသူတစ်ဦး အနေဖြင့် ထိုထို<b>ကာမဂုဏ်</b>တို့နှင့် အတူခရီးဆက်လိုသည့် ဆန္ဒတို့ လျော့နည်း ခြောက်ခမ်းလာ၏။ <b>ကာမဂုဏ်</b>တို့မှ ထွက်မြောက်မှု <b>နိဿရဏ</b>ကိုသာ အလိုရှိလာ၏။ ထိုဆန္ဒကြောင့် ထွက်မြောက်ရာ လမ်းကို ရှာမှီးကြ၏။ ဤသို့ အဆင့်ဆင့် ပြောင်းလဲလာခြင်းသည် စိတ်အဆင့်ဆင့် မြင့်တက်ခြင်းပင် ဖြစ်၏။</p>
<p>ထို့ကြောင့်ပင် <b>ကာမဂုဏ်</b>တို့မှ ထွက်မြောက်ရာသည် မရှိငြားအံ့၊ သတ္တဝါတို့သည် <b>ကာမဂုဏ်</b>တို့မှ မထွက်မြောက်နိုင်ကုန်ရာ။ <b>ကာမဂုဏ်</b>တို့မှ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ထွက်မြောက်နိုင်ကြကုန်၏ဟူ၍ မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။</p>
<p><b>ကာမဂုဏ်</b>မှ ထွက်မြောက်ရာလမ်း ထွက်မြောက်ရာကျင့်စဉ်ဟူသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော်၌သာ ထင်ရှားရှိသော ကျင့်စဉ် ဖြစ်၏။</p>
<p>ထွက်မြောက်မှု <b>နိဿရဏ</b>ကို အလိုရှိသည့် သူတော်ကောင်း တစ်ဦး ဖြစ်လာပါမှ <b>ကိလေသာ</b>မှ ထွက်မြောက်ကြောင်း အလုပ်ကို လုပ်ဖို့ ညွတ်ကိုင်းရှိုင်းတော့၏။ လုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို လုပ်ဖို့ ညွတ်ကိုင်းရှိုင်းလာခြင်း ဖြစ်၏။ ထိုအခါမှ ငါ လုပ်ချင်တာ ဒါပါဟု ဆိုနိုင်သည့် အရည်အချင်းကို ရ၏။ ငါ လုပ်ချင်တာ ဒါပါဟု ဆိုအပ်သည့် ထွက်မြောက်ကြောင်းအကျင့်ဟူသည် <b>မဂ္ဂင်ရှစ်ပါး</b> ကျင့်စဉ်တရားကို ဆိုခြင်း ဖြစ်၏။ ထို မိမိလုပ်ချင်သည့် ထွက်မြောက်ကြောင်း လုပ်သင့် လုပ်ထိုက်သည့် <b>မဂ္ဂင်ရှစ်ပါး</b> ကျင့်စဉ်တရားကို အားထုတ်ခြင်းကြောင့် အဆုံး၌ <b>တဏှာ</b>ချုပ်ဆုံးခြင်းဟု ဆိုအပ်သည့် <b>ကိလေသာ</b>မှ လွတ်မြောက်ခြင်းသည် ဖြစ်ပေါ်လာ၏။ စိုးရိမ်ရမှု ပူဆွေးရမှုဟူသမျှ ပြီးဆုံးသွားခြင်း ဖြစ်၏။ ပြုဖွယ်ရာကို ပြုပြီးသွားခြင်းဟုလည်း ဆိုရ၏။</p>
<h3>တဏှာနှင့် ပညာတို့ ဝိဝါဒ ကွဲကြခြင်း</h3>
<p><b>ကာမဂုဏ်</b>၌ သာယာဖွယ်မျှ မြင်သည့် ပုဂ္ဂိုလ်တို့၏ သာယာဖွယ်ကို ရရှိခြင်းဟူသည် အာသာပြေငြိမ်းသွားသည့် <b>တဏှာ</b>ချုပ်ငြိမ်း သွားသည့် ဘဝကို ရရှိခြင်း မဟုတ်ပေ။ လိုချင်သည်ကို ရပြီးမှ ငါ တကယ်လိုချင်တာ ဒါမဟုတ်ပါလားဟု အသိဝင်တတ်ကြ၏။ ထိုအသိဝင်ခြင်းသည် <b>ကာမဂုဏ်</b>ကို မြတ်နိုးသည့် <b>တဏှာ</b>နှင့် အမှန်ကို မြတ်နိုးသည့် <b>ပညာ</b>တို့ <b>ဝိဝါဒ</b> ကွဲပြားကြခြင်း ဖြစ်၏။ <b>ကာမဂုဏ်</b>၏ အပြစ်ကို မမြင်သေးသမျှ ငါ လိုချင်တာ ဒါပါဟု အဖြေမှန်ကို ရနိုင်မည်တော့ မဟုတ်ပေ။ ထို့ကြောင့်ပင် <b>ကာမဂုဏ်</b>ကို မြတ်နိုးသည့် <b>တဏှာ</b>၏ အလိုသို့သာ လိုက်ကြရပြန်၏။ <b>တဏှာ</b>လှည့်ကွက်ထဲသို့ ပြန်ဝင်ကြခြင်း ဖြစ်၏။ အာရုံထိုထို လိုချင်သည့် <b>တဏှာ</b>အလိုအတိုင်း မိမိကိုယ်ကို တစ်ဖန် ဖြစ်ခွင့်ပေးခြင်းပင် ဖြစ်၏။ <b>တဏှာ</b>ရှိက လိုချင်မှု အသစ်တစ်ခု ဖြစ်ပေါ်လာပေဦးမည်။ <b>တဏှာ</b>ရှိနေက လိုချင်မှုတို့ အဆုံးသတ်ကြမည် မဟုတ်။ နောက်ထပ် အသစ်ဖြစ်သော သာယာဖွယ်ကို လိုချင်မှုကြောင့် လုပ်ချင်တာတစ်ခုခု ထွက်ပေါ်လာဦးမည့် ဘဝသာ ဖြစ်၏။</p>
<h3>ငါ လုပ်ချင်တာ ထွက်မြောက်မှု နိဿရဏပါ</h3>
<p>ထွက်မြောက်မှုကို ရခြင်းသည်ကား အာသာပြေငြိမ်းသွားသည့် <b>တဏှာ</b>ချုပ်ငြိမ်းသွားသည့် ဘဝကို ရရှိခြင်းသာ ဖြစ်၏။ လုပ်ချင်တာ တစ်ခု ထပ်မံ ထွက်ပေါ်မလာတော့သည့်, ငါ လုပ်ချင်တာကို လုပ်ပြီးသွားသည့်သူ စစ်စစ် ထိုအခါ၌ ဖြစ်လာပေတော့၏။</p>
<p>ငါ လုပ်ချင်တာ ထွက်မြောက်မှု <b>နိဿရဏ</b>ပါဟု ဆိုနိုင်သည့် ပါရမီတို့ ပြည့်ညီနိုင်ကြပါစေ။</p>
<p>ပါရမီတို့ ပြည့်ညီ၍ <b>သီလ သမာဓိ ပညာ သိက္ခာသုံးရပ်</b> အကျင့်မြတ်ဟု ခေါ်ဆိုအပ်သည့် ထွက်မြောက်ကြောင်းအကျင့်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေ။</p>
<p>ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ၍ <b>နိဗ္ဗာန်</b>ဟူသော ဟိုမှာဘက်ကမ်းသို့ ကူးမြောက် ရောက်ရှိနိုင်ကြပါစေဟု ဆန္ဒပြုလျက်...။</p>
<p>ဆန္ဒမွန်ဖြင့်</p>
<p>အရှင်ရေဝတ</p>
<p>စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊</p>
<p>၁၃၆၇-ခု၊ နယုန်လဆန်း ၆-ရက်၊</p>
<p>(၁၂.၆.၂၀၀၅) တနင်္ဂနွေနေ့။</p>
jz55ydojjvtujdlc2d2iholudif90qb
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁
0
5697
18653
2025-06-03T02:24:33Z
Salai Rungtoi
371
"{{header|title=တာဝန်မှ ရပ်စဲခြင်း |override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |translator=|section=| previous=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18653
wikitext
text/x-wiki
{{header|title=တာဝန်မှ ရပ်စဲခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၆/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၇/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' တာဝန်မှ ရပ်စဲခြင်း'''
}}
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယနေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်သည် -
(၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ <br>
(၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
4uhofiiwhc3uurnkqe7d9om0ct3jetx
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁
0
5698
18662
2025-06-03T02:43:57Z
Salai Rungtoi
371
"{{header|title=ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း |override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |translator=|section=| previous=တပ်မတော်က..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18662
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=ပြည်ထောင်စု ရာထူးဝန်အဖွဲ့
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၇/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း'''
}}
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
(၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ <br>
(၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
cir7twln9e14dadh5nqfux3udkph93u
18663
18662
2025-06-03T02:44:19Z
Salai Rungtoi
371
18663
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=ပြည်ထောင်စု ရာထူးဝန်အဖွဲ့
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၇/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း'''
}}
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
9lmchs7pze9odrz70cii5kgan8ic6bl
18664
18663
2025-06-03T02:44:42Z
Salai Rungtoi
371
18664
wikitext
text/x-wiki
{{header|title=ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
|override_author=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|translator=|section=|
previous=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၇/၂၀၂၁]]
|next=[[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁]]|
year=၂၀၂၁
|portal=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
|wikipedia=ပြည်ထောင်စု ရာထူးဝန်အဖွဲ့
|notes=}}
{{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''<br>
'''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး'''<br>
'''အမိန့်အမှတ် (၇/ ၂၀၂၁)<br>
'''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်<br>
'''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)<br>
''' ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း'''
}}
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသောအာဏာကို ကျင့်သုံးလျက် ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
{{right|(ပုံ) မင်းအောင်လှိုင်<br>
ဗိုလ်ချုပ်မှူးကြီး<br>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်}}
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[Category:အမိန့်များ]]
[[Category:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
qucwwux43pfoq34kdhfb86wwdmvbvsj
ရေဥပမာရှိသူများ နှင့် လူတွေဘာလုပ်နေကြတာလဲ
0
5699
18668
2025-06-03T04:16:10Z
Tejinda
173
"{{header | title = [[ရေဥပမာရှိသူများ နှင့် လူတွေဘာလုပ်နေကြတာလဲ]] | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>ရေဥပမာရှိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18668
wikitext
text/x-wiki
{{header
| title = [[ရေဥပမာရှိသူများ နှင့် လူတွေဘာလုပ်နေကြတာလဲ]]
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>ရေဥပမာရှိသူများ နှင့် လူတွေဘာလုပ်နေကြတာလဲ</b>
| previous = [[သာသနာ့အမွေကို ခံယူခြင်း]]
| previous2 =
| next = [[ဓမ္မစာစဉ်များ]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ရေဥပမာရှိသူများ</h3>
<p>ရေဥပမာရှိသော ပုဂ္ဂိုလ် (၇)ဦး (<b>ဥဒကူပမာသုတ္တန်</b>၊အံ၊၂၊၄၀၃။)</p>
<p>လောက၌ ရေဥပမာရှိကုန်သော ပုဂ္ဂိုလ် (၇)မျိုးတို့သည် ထင်ရှား ရှိကြကုန်၏။ အဘယ် (၇)မျိုးတို့နည်းဟူမူ - ဤလောက၌ ---</p>
<p>၁။ တစ်ကြိမ် နစ်မြုပ်သွားသော် နစ်မြုပ်၍သာ နေသောပုဂ္ဂိုလ်,</p>
<p>၂။ ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားသောပုဂ္ဂိုလ်,</p>
<p>၃။ ပေါ်လာပြီးလျှင် ရပ်တည်နေသောပုဂ္ဂိုလ်,</p>
<p>၄။ ပေါ်လာပြီးလျှင် ထိုထိုဤဤ ကြည့်ရှုနေသောပုဂ္ဂိုလ်,</p>
<p>၅။ ပေါ်လာပြီးလျှင် ကူးခတ်နေသောပုဂ္ဂိုလ်,</p>
<p>၆။ ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်,</p>
<p>၇။ ပေါ်လာပြီးလျှင် ကမ်းတစ်ဘက်သို့ အရောက်ကူးမြောက်ပြီးနောက် (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ ရပ်တည်နေသော မကောင်းမှုဟူသမျှတို့ကို အပပြုအပ်ပြီး သောပုဂ္ဂိုလ် ---</p>
<p>ဤသို့လျှင် ရေဥပမာရှိသော ပုဂ္ဂိုလ် (၇)မျိုးတို့ ရှိကြပေသည်။</p>
<h3>၁။ တစ်ကြိမ် နစ်မြုပ်သွားသော် နစ်မြုပ်၍သာ နေသောပုဂ္ဂိုလ်</h3>
<p>ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မှားယွင်းဖောက်ပြန် မမှန်ကန်သည့် အကျိုးပေးမြဲသည့် <b>နိယတမိစ္ဆာဒိဋ္ဌိ</b>အယူဝါဒကို စွဲလမ်း ဆုပ်ကိုင်ထား၏။</p>
<p><b>နတ္ထိကဒိဋ္ဌိ</b> --- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်ကား --- ပေးလှူအပ်သည့် အလှူဒါနမည်သည် ရှိ၏။ တစ်စုံတစ်ယောက်သော သူအား တစ်စုံတစ်ခုကို ပေးလှူနိုင်၏ဟု သိ၏။ သို့သော် ယင်းအလှူဒါန၏ အကျိုးတရားဟူသည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ အကြီး အကျယ် အလှူဒါနပွဲကြီးတွေကို ပူဇော်သင့်သည်ဟု သိ၏။ သို့သော် ယင်းအလှူဒါနပွဲကြီး၏ အကျိုးတရားမည်သည် မရှိပါဟု စွဲလမ်း ဆုပ်ကိုင်ထား၏။ အလွန်ဝေးကွာသော အရပ်ဒေသမှ ပစ္စည်းလေးပါး တို့ကို သယ်ဆောင်လာကာ သီလရှိသည့် အရှင်ကောင်း အရှင်မြတ်တို့အား လှူဒါန်းပူဇော်သင့်သည်ဟု သိရှိ၏။ အရပ် (၈)မျက်နှာမှ ဆိုက်ရောက်လာကြကုန်သော ချစ်မြတ်နိုးအပ် စိတ်နှလုံးကို နှစ်သက် ရွှင်ပြမှုဖြင့် တိုးပွားစေတတ်ကုန်သော အဆွေအမျိုး မိတ်ဆွေ ခင်ပွန်းကောင်းတို့အတွက် ကျကျနန စီမံထားသည့် လှူဖွယ်ဝတ္ထုတွေကို ထိုရည်မှန်းထားသည့် ဧည့်သည်အာဂန္တုတို့အား မလှူဘဲ သံဃာတော်အား လှူဒါန်းသင့်သည်ဟု သိ၏။ မင်္ဂလာကိစ္စအလို့ငှာ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ပေးလှူသင့်သည်ဟု သိ၏။ သို့သော် ထိုအလှူ ဒါန အမျိုးမျိုး၏ အကျိုးတရားမည်သည် မရှိနိုင်ပါဟု စွဲလမ်းဆုပ်ကိုင် ထား၏။</p>
<p><b>သုစရိုက်</b> (၁၀)ပါး ကုသိုလ်တရားတို့ကို ပြုကျင့်ခြင်းမည်သည် ရှိပါ၏။ <b>ဒုစရိုက်</b> (၁၀)ပါး အကုသိုလ်တရားတို့ကို ပြုကျင့်ခြင်းမည်သည် ရှိပါ၏ဟု သိ၏။ သို့သော် ထို<b>သုစရိုက်</b>တရား, <b>ဒုစရိုက်</b>တရားတို့၏ ကောင်းကျိုး ဆိုးပြစ်ဟူသည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။</p>
<p>အခြားသော လောကမှ ဤလောကသို့ လာရောက်ကာ ပဋိသန္ဓေ တည်နေသော ပုဂ္ဂိုလ်မည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ဤလောကမှ အခြားသော လောကသို့ သွားရောက်ကာ ပဋိသန္ဓေ တည်နေသော ပုဂ္ဂိုလ်မည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ထိုလောကမှာ သေလျှင် ထိုလောကမှာပင် ပြတ်၏။ ဤလောကမှာ သေလျှင် ဤလောကမှာပင် ပြတ်၏ဟု စွဲလမ်း ဆုပ်ကိုင်ထား၏။</p>
<p>မိဘနှစ်ပါး ထင်ရှားရှိသည်ကိုကား သိပါ၏။ သို့သော် ထိုမိဘတို့ အပေါ်၌ ကောင်းမှု, မကောင်းမှုတို့ကို ပြုကျင့်ခြင်းကြောင့် တစ်စုံ တစ်ခုသော အကျိုးတရားမည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။</p>
<p>ရှေးဘဝမှ <b>စုတေ</b>ရွေ့လျောလာကာ နောက်ဘဝ၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေလာသော သတ္တဝါမည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ထိုထိုဘဝမှာပင် သေပြီးက ပြတ်၏ဟု စွဲလမ်း ဆုပ်ကိုင်ထား၏။</p>
<p>နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဟု ခေါ်ဆိုအပ်သည့် <b>သီလ</b>ကျင့်စဉ်, <b>သမာဓိ</b>ကျင့်စဉ်, <b>ပညာ</b>ကျင့်စဉ်တို့ကို ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့်, တရားစောင့်ကြသည့် <b>သမဏ ဗြဟ္မဏ</b>တို့ဆိုသည်မှာ မရှိပါ။ ဤလောကကိုလည်းကောင်း, တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိမြင် ကာ တရားတော်ကို ဟောကြားပြသ ဆိုဆုံးမနိုင်သည့် <b>သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်</b>မည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ဤ အယူဝါဒကား ကံ၏အကျိုးတရား မရှိဟု ယူသော <b>နတ္ထိကဒိဋ္ဌိ</b> အယူဝါဒတည်း။ (ဓမ္မသင်္ဂဏီ၊၂၄၁။အဘိ၊ဋ္ဌ၊၁၊၄၁၅-၄၁၆။) ဤအယူဝါဒကား ကံ၏အကျိုးတရားကို ပစ်ပယ်သော အယူဝါဒတည်း။ အကျိုး<b>ဝိပါက်</b>ကို ပစ်ပယ်သဖြင့် အကျိုးကို ဖြစ်စေတတ်သည့် အကြောင်းကံကိုလည်း ပစ်ပယ်တားမြစ်ပြီးပင် ဖြစ်တော့သည်။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။) အဇိတကေသကမ္ဗလ အမည်ရှိသော <b>တိတ္ထိဆရာကြီး</b> စွဲယူသော အယူဝါဒတည်း။ (ဒီ၊၁၊၅၁-၅၂။)</p>
<p><b>အဟေတုကဒိဋ္ဌိ</b> --- သတ္တဝါတို့ ညစ်နွမ်းဖို့ရန်အတွက် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော <b>ဟေတု</b>အကြောင်းတရား, အားပေးထောက်ပံ့တတ်သော <b>ပစ္စယ</b>အကြောင်းတရားသည် မရှိ၊ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော <b>ဟေတု</b>အကြောင်းတရား, အားပေးထောက်ပံ့တတ်သော <b>ပစ္စယ</b>အကြောင်းတရား ထင်ရှားမရှိဘဲ သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏။ သတ္တဝါတို့ စင်ကြယ်ဖို့ရန်အတွက် တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော <b>ဟေတု</b>အကြောင်းတရား, အားပေးထောက်ပံ့တတ်သော <b>ပစ္စယ</b>အကြောင်းတရားသည် မရှိ၊ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော <b>ဟေတု</b>အကြောင်းတရား, အားပေးထောက်ပံ့တတ်သော <b>ပစ္စယ</b>အကြောင်းတရား မရှိဘဲသာလျှင် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (ဒီ၊၁၊၅၀။) ဤသို့ယူဆသော အယူဝါဒကား <b>အဟေတုကဒိဋ္ဌိ</b> = အကြောင်းရင်းကံကို ပစ်ပယ်သော အကြောင်းမရှိဟု စွဲယူသော အယူဝါဒတည်း။ အကြောင်းကံကို မရှိဟု ယူဆသဖြင့် အကြောင်း ကံကြောင့်ဖြစ်မည့် အကျိုးတရားကိုလည်း မရှိဟုပင် ဆိုရာရောက်၏။ သို့အတွက် ဤအယူဝါဒကား ကံနှင့် ကံ၏ အကျိုးတရား နှစ်မျိုးလုံးကိုပင် ပစ်ပယ်သော အယူဝါဒတည်း။ ဤအယူဝါဒကား မက္ခလိဂေါသာလ ဆရာကြီး စွဲယူသော အယူဝါဒတည်း။ (ဒီ၊၁၊၅၀။)</p>
<p><b>အကိရိယဒိဋ္ဌိ</b> --- မကောင်းမှုကို ပြုလုပ်သောသူအား ပြုလုပ်စေသောသူအား ။ပ။ မကောင်းမှုကို ပြုလုပ်သည် မမည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် မကောင်းမှုဟူသည် မရှိ၊ မကောင်းမှု၏ ဆိုက်ရောက်လာခြင်းမည်သည် မရှိ။ပ။ ပေးလှူသောသူအား, ပေးလှူစေသောသူအား, အလှူကြီးပေးလှူသောသူအား, အလှူကြီးကို ပေးလှူစေသောသူအား ထိုပေးလှူခြင်းတည်းဟူသော အကြောင်းကြောင့် ကောင်းမှုကုသိုလ်မည်သည် မရှိ၊ ကောင်းမှုကုသိုလ်၏ ဆိုက်ရောက် လာခြင်းမည်သည် မရှိ။ ဒါနကြောင့်, <b>ဣန္ဒြေ</b>တို့ကို စောင့်စည်းခြင်း <b>ဣန္ဒြိယသံဝရသီလ</b>ကြောင့်, ဥပုသ်ကျင့်သုံးခြင်းကြောင့်, သီလစောင့်စည်းခြင်းကြောင့်, သစ္စာစကားကို ပြောဆိုခြင်းကြောင့် ကောင်းမှု ကုသိုလ်မည်သည် မရှိ၊ ကောင်းမှုကုသိုလ်၏ ဆိုက်ရောက်လာခြင်းမည်သည် မရှိ။ (ဒီ၊၁၊၄၉။) ဤသို့ စသည်ဖြင့် ကောင်းမှု, မကောင်းမှုကို ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်ဟု ပြုလုပ်သည့်ကံကို တားမြစ်ပိတ်ပင်သော ဝါဒဖြစ်၏။ အကြောင်းကံကို မရှိဟု တားမြစ်သဖြင့် အကြောင်းကံကြောင့် ဖြစ်မည့် အကျိုးတရားကိုလည်း မရှိဟုပင် တားမြစ်ရာရောက်၏။ ထို့ကြောင့် ဤဝါဒသည်လည်း ကံ-ကံ၏ အကျိုးတရားကို လက်မခံဘဲ ပယ်လှန်သော ဝါဒပင် ဖြစ်၏။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။) ဤဝါဒကို ပူရဏကဿပ ဂိုဏ်းဆရာကြီးက လက်ခံကျင့်သုံးခဲ့၏။ (ဒီ၊၁၊၄၉။)</p>
<p>ဤ<b>နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ</b>ဟူသော <b>မိစ္ဆာဒိဋ္ဌိ</b> သုံးမျိုးလုံးသည်ပင် အနက်သဘောအားဖြင့် ကံနှင့် ကံ၏အကျိုး နှစ်မျိုးလုံးကိုပင် ပယ်ရှားနေကြသော ဝါဒဆိုးကြီးတို့ ဖြစ်ကြပေသည်။</p>
<p>အကြင်ပုဂ္ဂိုလ်တို့သည် ထိုဂိုဏ်းဆရာကြီးတို့၏ ယင်း <b>မိစ္ဆာဒိဋ္ဌိ</b> ဝါဒဆိုးကြီး တစ်ခုခုကိုဖြစ်စေ, အားလုံးကိုဖြစ်စေ လက်ခံယူ၍ ညဉ့်သန့်ရာ နေ့သန့်ရာ နေရာတစ်ခုခု၌ ထိုင်နေလျက် ထိုအယူဝါဒကို ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏၊ စူးစမ်းဆင်ခြင်ကြည့်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ -----</p>
<p>၁။ <b>နတ္ထိဒိန္နံ</b> = အလှူဒါန၏ အကျိုးတရားသည် မရှိ၊</p>
<p><b>နတ္ထိ ယိဋ္ဌံ</b> = အလှူကြီး ပေးလှူရခြင်း၏ အကျိုးတရားသည် မရှိ။</p>
<p>၂။ <b>နတ္ထိ ဟေတု နတ္ထိပစ္စယာ</b> = သတ္တဝါတို့ ညစ်နွမ်းဖို့ရန်, သတ္တဝါတို့ ဖြူစင်ဖို့ရန် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော <b>ဟေတု</b>အကြောင်းတရား, အားပေးထောက်ပံ့တတ်သော <b>ပစ္စယ</b>အကြောင်းတရားသည် မရှိ၊</p>
<p>၃။ <b>ကရောတော န ကရိယတိ ပါပံ</b> = မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်။</p>
<p><b>မတော ဥစ္ဆိဇ္ဇတိ</b> = သေလျှင် ပြတ်၏။</p>
<p>ဤသို့ စသည်ဖြင့် ထိုထိုဖော်ပြပါ အာရုံ တစ်မျိုးမျိုး၌ မှားယွင်း သော <b>မိစ္ဆာသတိ</b>သည် ကောင်းစွာ တည်လာ၏။ စိတ်တည်ကြည်မှု, ယင်းအာရုံတစ်ခုတည်းပေါ်၌ စိတ်ကျရောက်တည်နေမှု <b>ဧကဂ္ဂတာ</b>သည် ဖြစ်ပေါ်လာ၏။ <b>မိစ္ဆာဒိဋ္ဌိ</b> = မှားယွင်းသော ခံယူချက် ပြဓာန်းလျက်ရှိသော အကုသိုလ် <b>လောဘမူဇော</b>တို့သည် စောကုန်၏၊ ပထမ ဇော၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ အလားတူပင် ဒုတိယ ဇောအခိုက် စသည်တို့၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ သတ္တမဇောတိုင် ဆိုက်ရောက်သွားသော အခါ၌ကား အရိဋ္ဌရဟန်း, ကဏ္ဋကသာမဏေတို့ကဲ့သို့ ဘုရားရှင်တို့မှသော်လည်း ကုစား၍ မရနိုင်သော, ပြန်လည်ခြင်းသဘော မရှိသော, အပါယ်သို့ ရောက်ရှိဖို့ရန် ကိန်းသေမြဲသော <b>နိယတမိစ္ဆာဒိဋ္ဌိ</b> အဆင့်သို့ ရောက်ရှိသွား၏။ (<b>နိယတ</b> = သေသည်၏ အခြားမဲ့၌ အပါယ်သို့ ရောက်ရှိဖို့ရန် ကိန်းသေမြဲသော။ <b>မိစ္ဆာဒိဋ္ဌိ</b> = မှားယွင်းသော ခံယူချက်။ <b>နိယတမိစ္ဆာဒိဋ္ဌိ</b> = သေသည်၏ အခြားမဲ့၌ အပါယ်ဘုံသို့ ရောက်ရှိဖို့ရန် ကိန်းသေမြဲသော မှားယွင်းသော ခံယူချက်။)</p>
<p>ထို<b>မိစ္ဆာဒိဋ္ဌိ</b>ကြီး သုံးမျိုးတို့တွင် တစ်ယောက်ကား <b>မိစ္ဆာဒဿန</b> (= မှားယွင်းသော အမြင်) တစ်ခုသို့ သက်ဝင်သွား၏။ တစ်ယောက်ကား <b>မိစ္ဆာဒဿန</b> နှစ်ခုတို့သို့, တစ်ယောက်ကား သုံးခုလုံးတို့သို့ သက်ဝင်သွား၏။ တစ်ခု၌သော်လည်းကောင်း, နှစ်ခုတို့၌သော်လည်းကောင်း, သုံးခုလုံးတို့၌သော်လည်းကောင်း သက်ဝင် တည်နေသော်လည်း <b>နိယတမိစ္ဆာဒိဋ္ဌိ</b> ဖြစ်သည်သာတည်း။ ယင်း <b>နိယတမိစ္ဆာဒိဋ္ဌိ</b>သို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ကို ယင်း<b>နိယတမိစ္ဆာဒိဋ္ဌိ</b>က နတ်ရွာသုဂတိ = ကောင်းရာသုဂတိသို့ မရောက်အောင်လည်း တားထား၏။ ထို<b>နိယတမိစ္ဆာဒိဋ္ဌိ</b>ဝါဒကို လက်ခံထားသော ထိုခန္ဓာကိုယ် <b>အတ္တဘော</b>၏ နတ်ရွာသုဂတိသို့ သွားခြင်းငှာလည်း မစွမ်းနိုင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ရောက်ရှိနိုင်ဖို့ရန်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ ဤသတ္တဝါသည်ကား <b>ပထဝီဂေါပက</b>အမည်ရသော မဟာပထဝီမြေကြီးကို အမြဲ စောင့်နေရသော <b>ဝဋ္ဋခါဏု</b> = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ သစ်ငုတ်ကြီး မည်ပေ၏။ ဤပုဂ္ဂိုလ်သည် တစ်ခုသော ဘဝ၌သာလျှင် အပါယ်၌ ကျရောက်ခြင်းသဘော မြဲလေသလော၊ သို့မဟုတ် အခြားသော ဘဝ၌လည်း ကျရောက်ခြင်းသဘော မြဲလေသလောဟု မေးရန် ရှိ၏။ တစ်ခုသော ဘဝ၌သာလျှင် မြဲ၏ဟူပေ။ သို့သော် ထိုဝါဒကို အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း = <b>အာသေဝန</b>၏ အစွမ်းဖြင့် ဘဝတစ်ပါး၌ ထို<b>မိစ္ဆာဒိဋ္ဌိ</b>ဝါဒကို နှစ်သက်မြတ်နိုးနေသည်သာ ဖြစ်၏။ မှန်ပေသည် --- ဤသို့ သဘောရှိသော <b>နိယတမိစ္ဆာဒိဋ္ဌိ</b> အယူကို စွဲလမ်းဆုပ်ကိုင်ထားသော ပုဂ္ဂိုလ်အား ယေဘုယျ အားဖြင့် အပါယ်ဘဝမှ ထမြောက်ခြင်းမည်သည် မရှိနိုင်တော့ပေ။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။ မ၊ဋ္ဌ၊၃၊၈၅။)</p>
<h3><b>နတ္ထိကဒိဋ္ဌိ</b>သမားကြီး နန္ဒက (ပေတဝတ္ထု၊၂၀၁-၂၀၆။)</h3>
<p>သုရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလမင်းဝယ် နန္ဒက အမည်ရှိသော စစ်သူကြီးတစ်ဦး ရှိခဲ့၏။ ပိင်္ဂလမင်းနှင့် နန္ဒကစစ်သူကြီး နှစ်ဦးသားတို့ကား ကံ-ကံ၏အကျိုးတရားကို လုံးဝလက်မခံ ပယ်လှန် တူးဖြိုနေသော <b>နတ္ထိကဒိဋ္ဌိ</b>ကို စွဲလမ်းဆုပ်ကိုင်ထားကြသည့် <b>နိယတမိစ္ဆာဒိဋ္ဌိ</b> သမားကြီးတို့ ဖြစ်ကြ၏။ သူတို့၏ ခံယူချက်မှာ ဤသို့ဖြစ်၏ ---</p>
<p>သတ္တဝါ အသီးအသီး၏ သန္တာန်၌ <b>အတ္တ</b>ရှိ၏၊ ယင်း<b>အတ္တ</b>သည် မပျက်စီးဘဲ အကျိတ်အခဲ အမြဲတည်၏၊ သတ္တဝါတစ်ဦးအတွက် မည်သည့်အချိန်၌ ကောင်းကျိုးများကို ခံစားရမည်ဟုလည်းကောင်း, မည်သည့်အချိန်အခါ၌ ဆိုးကျိုးများကို ခံစားရမည်ဟုလည်းကောင်း အမြဲသတ်မှတ်ထားပြီး ဖြစ်၏၊ မဟာကပ်ပေါင်း (ရှစ်သန်းလေးသိန်း) ကြာသောအခါ သတ္တဝါသည် အလိုအလျောက် ပြတ်စဲသွား၏ ဟူသော <b>ဥစ္ဆေဒဒိဋ္ဌိဝါဒ</b>တည်း။</p>
<p>ဤကဲ့သို့သော <b>ဥစ္ဆေဒဒိဋ္ဌိဝါဒ</b>ကို လက်ခံယုံကြည်ထားသူများ ဖြစ်ကြ၏။ ကောင်းမှုပြုသော်လည်း ကောင်းကျိုးမရ၊ မကောင်းမှု ပြုသော်လည်း မကောင်းကျိုးမရ၊ ကောင်းကျိုး ဆိုးပြစ် ခံစံဖို့ရန် အမြဲ သတ်မှတ်ထားပြီး ဖြစ်သည်ဟု ယုံကြည်ထားသည့်အတွက် သူတစ်ပါး တို့၏ ဒါနစသော ကောင်းမှုကုသိုလ်တို့ကိုလည်း တားမြစ်ခဲ့သူ, ကဲ့ရဲ့ ရှုတ်ချခဲ့သူများလည်း ဖြစ်ကြ၏။</p>
<p>တစ်နေ့တွင် နန္ဒကစစ်သူကြီးသည် ကွယ်လွန်သွားခဲ့၏၊ မိမိ၏ <b>နတ္ထိကဒိဋ္ဌိ</b>တည်းဟူသော <b>နိယတမိစ္ဆာဒိဋ္ဌိ</b>ကို သေသည်တိုင်အောင် မစွန့်လွှတ်ဘဲ ရင်ဝယ်ထွေးပိုက်ကာ ကွယ်လွန်သွားရှာ၏၊ ပြိတ္တာဘဝသို့ ရောက်ရှိသွားခဲ့၏။</p>
<p>နန္ဒကစစ်သူကြီး၌ ဥတ္တရာ အမည်ရှိသော သမီးတစ်ဦး ရှိ၏။ ဥတ္တရာကား ရတနာသုံးပါးကို ကိုယ်းကွယ်ဆည်းကပ်သော <b>လောကုတ္တရာ သရဏဂုံ</b>တည်သူ <b>သောတာပန် အရိယာဥပါသိကာမ</b>တစ်ဦး ဖြစ်၏။ ဖခင် နန္ဒကစစ်သူကြီး ကွယ်လွန်သွားသောအခါ မိမိ၏ အိမ်တံခါးဝသို့ ဣန္ဒြေသိက္ခာ ပြည့်စုံစွာဖြင့် ဆွမ်းခံကြွဝင်တော်မူလာသော ရဟန်းတော်တစ်ပါးကို အိမ်ပေါ်သို့ ပင့်တင်ကာ မုန့်တစ်ပွဲနှင့် သောက်တော်ရေ တစ်ခွက်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် ---</p>
<p><b>ပိတာ မေ ကာလကတော ဘန္တေ၊ တေဿတံ ဥပကပ္ပတု။</b> (ပေတဝတ္ထု၊ ၂၀၅။)</p>
<p>= အရှင်ဘုရား ...တပည့်တော်မ၏ ဖခင်သည် ကွယ်လွန်သွားခဲ့ပါ၏၊ ဤကောင်းမှုသည် ထိုဖခင်အား ကပ်ရောက်ပါစေ သတည်း။</p>
<p>ဤသို့ ကောင်းမှုကုသိုလ်ပြုကာ အမျှအတန်း ပေးဝေလိုက်၏။ ထိုခဏမှာပင် နန္ဒကပြိတ္တာသည် ပညောင်ပင်ကြီး တစ်ပင်ဝယ် နတ်စည်းစိမ်ကဲ့သို့ ကြီးမားသော စည်းစိမ်သုခကို ရရှိခံစားရလေသည်။ သို့သော် ပြဿနာကား ရှိနေသေး၏။</p>
<p>သုရဋ္ဌတိုင်းရှင် ဘုရင်ပိင်္ဂလမင်းသည် ဓမ္မာသောကမင်းတို့၏ မင်းဆက်ဖြစ်သော မောရိယမင်းတို့ကို အခွန်ပဏ္ဏာ ဆက်သပြီး ခစားပြီး အပြန်တွင် နန္ဒကပြိတ္တာ၏ တန်ခိုးကြောင့် စီးလာသော ရထားသည် နန္ဒကပြိတ္တာရှိရာ ပညောင်ပင်သို့ ဆိုက်ရောက်သွား၏။ နန္ဒကပြိတ္တာကလည်း နတ်စည်းစိမ်တမျှ ကြီးမားသော စည်းစိမ်တို့ကို ထင်ရှားပြလျက် ဧည့်ခံကျွေးမွေး၏။ ပိင်္ဂလမင်းက အကျိုးအကြောင်း မေးမြန်းသောအခါ မိမိမှာ နတ်မဟုတ်ကြောင်း, နန္ဒကစစ်သူကြီးဘဝက လက်ခံကျင့်သုံးခဲ့သော <b>ဥစ္ဆေဒဒိဋ္ဌိ</b> = <b>နတ္ထိကဒိဋ္ဌိ</b> အကုသိုလ်ကံကြောင့် ပြိတ္တာဘဝသို့ ရောက်ရှိလာကြောင်း, သမီးဥတ္တရာ၏ ကောင်းမှုကုသိုလ်ပြုကာ အမျှအတန်း ပေးဝေမှုကြောင့် ဤမျှ ကြီးကျယ်ခမ်းနားသော စည်းစိမ်တို့ကို ခံစား စံစားရကြောင်း စသည်တို့ကို ပြောပြလေသည်။</p>
<p>သို့သော် --- ဤစည်းစိမ်များကို နောက်ထပ် (၆)လသာ ခံစားရတော့မည်ဖြစ်ကြောင်း, (၆)လပြည့်ပါက အဝီစိငရဲသို့ ကျရောက်တော့မည် ဖြစ်ကြောင်းတို့ကိုလည်း ဝမ်းနည်းကြေကွဲစွာ ဆက်လက်၍ ပြောပြရှာလေသည်။ (ပေတဝတ္ထု၊၂၀၁-၂၀၆။)</p>
<p>ဤဝတ္ထုဇာတ်လမ်းကား <b>နိယတမိစ္ဆာဒိဋ္ဌိ</b>ဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ပါက သေသည်၏အခြားမဲ့၌ အပါယ်ဘုံသို့ ကိန်းသေ ရောက်ရှိသည်ဟူသော ခိုင်လုံသော သက်သေ သာဓက တစ်ရပ်လည်း ဖြစ်၏။ <b>ပထဝီဂေါပက</b> = မဟာပထဝီမြေကြီးကို အမြဲစောင့်နေရသော, <b>ဝဋ္ဋခါဏု</b> = သံသရာဝဋ်ဒုက္ခ၏ သစ်ငုတ်တိုကြီး ဘဝသို့ ရောက်ရှိသွားသော သက်သေ သာဓကတစ်ရပ်လည်း ဖြစ်ပေသည်။ ဘယ်သောအခါမှ အဝီစိငရဲမှ ကျွတ်မည်ဆိုသည်ကို ခန့်မှန်း၍ကား မရနိုင်ပေ။</p>
<p>ရှေးရှေးသော အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကောင်းမှု ကုသိုလ်က ပစ်လွှင့်လိုက်သောကြောင့် လူ့ဘဝတွင် လူလာဖြစ်ရပြန်၏၊ ရေပေါ်သို့ တစ်ကြိမ်ပေါ်လာသူ ဖြစ်ရ၏။ သို့သော် <b>နိယတမိစ္ဆာဒိဋ္ဌိ</b> ဝါဒဆိုးကြီးကို လက်ဆုပ်လက်ကိုင်ပြုကာ ကွယ်လွန်သွားရှာသဖြင့် အပါယ်သံသရာ ဝဲဩဃရေအယဉ်ထဲသို့ တစ်ဖန် နစ်မြုပ် သွားရပြန်၏။ သို့သော် ဤပုဂ္ဂိုလ်မျိုးကား တစ်ကြိမ် နစ်မြုပ်သွားသော် ဆက်လက်၍ နစ်မြုပ်နေရမည့် ပုဂ္ဂိုလ်မျိုးသာ ဖြစ်ပေသည်။ ပြိတ္တာဘဝတည်းဟူသော အပါယ်ဘုံဘဝ၌ ရှေးဦးစွာ နစ်မြုပ်သွားရ၏။ တစ်ဖန် ထိုနစ်မြုပ်ရာမှ အဝီစိငရဲ၌ ဆက်လက်ကာ နစ်မြုပ်နေရပြန်၏။ အဝီစိငရဲ၌ နစ်မြုပ်မြဲ နစ်မြုပ်နေရမည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ရည်ညွှန်းလျက် ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏ ---</p>
<p>ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် တစ်ကြိမ် နစ်မြုပ်သွားလျှင် နစ်မြုပ်နေတော့သည်သာ ဖြစ်လေသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စင်စစ် မည်းညစ်ကုန်သော (<b>နိယတမိစ္ဆာဒိဋ္ဌိ</b>တည်းဟူသော။ အံ၊ဋ္ဌ၊၃၊ ၁၄၈။) အကုသိုလ်တရားတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် တစ်ကြိမ် နစ်မြုပ်သွားလျှင် နစ်မြုပ်နေတော့ သည်သာ ဖြစ်လေ၏။ (အံ၊၂၊၄၀၃။)</p>
<h3>၂။ ပေါ်လာပြီး၍ တစ်ဖန် နစ်မြုပ်သွားသောပုဂ္ဂိုလ်</h3>
<p>ပုဂ္ဂိုလ်တစ်ယောက်ကား သာသနာတော်နှင့် တွေ့ကြုံခွင့်ကို ရရှိသဖြင့် ဘုရားအစရှိသော သူတော်ကောင်း သူမြတ်လောင်းတို့နှင့် ဆုံစည်းခွင့်ကို ရရှိခဲ့၏၊ သူတော်ကောင်းတရားများကိုလည်း နာကြားခွင့် ရရှိခဲ့၏။ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ ယုံကြည်ချက် <b>သဒ္ဓါ</b>တရား, မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း = <b>ဟိရီ</b>တရား, မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ရွံ့ခြင်း = <b>ဩတ္တပ္ပ</b>တရား, ကုသိုလ်တရားတို့၌ ပြည့်စုံအောင် ကြိုးစားအားထုတ်ခြင်း = <b>ဝီရိယ</b>တရား, ကုသိုလ်တရားတို့၌ အသိအလိမ္မာ ဉာဏ်<b>ပညာ</b>တရားတို့နှင့် အထိုက် အလျောက်ကား ပြည့်စုံ၏။ သို့သော် ထိုပုဂ္ဂိုလ်၏ <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>တရားတို့ကား တည်တံ့ခိုင်မြဲမှု ကြီးပွားတိုးတက်မှုကား မရှိ၊ ဆုတ်ယုတ်မှုသာ ထင်ရှား တည်ရှိခဲ့၏။</p>
<p>ဤအရာ၌ အရှင်ဒေဝဒတ်၏ဝတ္ထုကို ထောက်ရှုကြည့်ပါ။</p>
<p>ဘုရားရှင်သည် တစ်ဝါရတော်မူပြီးနောက် ပထမဦးဆုံးအကြိမ် ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူပြီးနောက် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်သို့အပြန် လမ်းခုလတ်တစ်နေရာ၌ တည်ရှိသော မလ္လာမင်းတို့၏ အနူပိယနိဂုံးရွာကြီးအနီး အနူပိယသရက် ဥယျာဉ်၌ ခေတ္တသီတင်းသုံးတော်မူခိုက် ဘဒ္ဒိယမင်းသား, အနုရုဒ္ဓမင်းသား, အာနန္ဒမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ္တ မင်းသားဟူသော သာကီဝင်မင်းသား (၆)ဦးတို့နှင့် ဥပါလိဆတ္တာသည် အားလုံးပေါင်း ခုနှစ်ဦးသားတို့သည် ရှင်ရဟန်းပြုတော်မူကြ၏။ (ဝိ၊၄၊၃၃၈-၃၃၉။)</p>
<p>ထိုနှစ် ဝါတွင်းတွင် ထိုသူတော်ကောင်းတို့သည် ရဟန်းတရားများကို ပွားများ အားထုတ်တော်မူကြရာ အရှင်ဘဒ္ဒိယမထေရ်ကား <b>ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်</b> = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့တတ်သော အဘိညာဏ်, <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b> = နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ မြင်နိုင်စွမ်းရှိသော အဘိညာဏ်, <b>အာသဝက္ခယဉာဏ်</b> = ကိလေသာ အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တမဂ်ဉာဏ်ဟူသော <b>ဝိဇ္ဇာသုံးပါး</b>ကို မျက်မှောက် ပြုတော်မူခဲ့၏။ အရှင်အနုရုဒ္ဓါမထေရ်ကား <b>ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်</b>ကို ဖြစ်စေတော်မူခဲ့၏။ အရှင်အာနန္ဒာမထေရ်ကား <b>သောတာပတ္တိဖိုလ်</b>ကို မျက်မှောက်ပြုတော်မူခဲ့၏။ အရှင်ဒေဝဒတ်ကား ပုထုဇန်ဘဝဖြင့် <b>လောကီစျာန်သမာပတ်</b> (၈)ပါးနှင့် <b>လောကီအဘိညာဏ်</b> (၅)ပါးကို ပြီးစီးစေတော်မူခဲ့၏။ (ဝိ၊၄၊၃၃၉။)</p>
<p>အရှင်ဒေဝဒတ်၏ <b>စျာန်အဘိညာဏ်</b>တို့ကား <b>စျာနသမ္မာဒိဋ္ဌိဉာဏ်ပညာ</b>များ ဖြစ်ကြပေသည်။ ဤကဲ့သို့သော အဆင့်မြင့် ပညာတစ်ရပ်ကို ရရှိခဲ့သော်လည်း <b>လာဘသက္ကာရသိလောက</b> = လာဘ်လာဘ ပေါများလိုခြင်း, အရိုအသေပြုမှုကို ခံယူလိုခြင်း, နာမည်သတင်း ကျော်ကြားလိုခြင်းဆိုတဲ့ အကုသိုလ်တရားဆိုးတို့က လွှမ်းမိုး ဖိစီးလာသဖြင့် မိမိရရှိထားပြီးသည့် <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>တို့ကို တိုးပွားအောင် မပြုနိုင်ဘဲ ဆုတ်ယုတ်အောင်သာ ပြုလုပ်ခဲ့၏။ ဘုရားရှင်အား သွေးစိမ်းတည်စေခဲ့၏၊ သံဃာကို သင်းခွဲခဲ့၏။ ထို့ကြောင့် ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏---</p>
<p><b>တီဟိ ဘိက္ခဝေ အသဒ္ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒေဝဒတ္တော အာပါယိကော နေရယိကော ကပ္ပဋ္ဌော အတေကိစ္ဆော။ ကတမေဟိ တီဟိ။ ပါပိစ္ဆတာ၊ ပါပမိတ္တတာ၊ ဩရမတ္တကေန ဝိသေသာဓိဂမေန အန္တရာ ဝေါသာနံ အာပါဒိ။ ဣမေဟိ ခေါ ဘိက္ခဝေ တီဟိ အသဒ္ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒေဝဒတ္တော အာပါယိကော နေရယိကော ကပ္ပဋ္ဌော အတေကိစ္ဆောတိ။</b> (ဝိ၊၄၊၃၆၆။)</p>
<p>= ရဟန်းတို့ ...သုံးမျိုးကုန်သော မသူတော်တရားတို့က လွှမ်းမိုးဖိစီးထားအပ်သော, သိမ်းကျုံးယူငင်ထားအပ်သော စိတ်ထားရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်လတ္တံ့၊ ငရဲ၌ ဖြစ်လတ္တံ့၊ <b>အာယုကပ်ပတ်လုံး</b> တည်လတ္တံ့။ ကုစား၍ကား မရနိုင်တော့ပြီ။ အဘယ် မသူတော်တရား သုံးပါးတို့နည်းဟူမူကား ---</p>
<p>(၁) လာဘ်လာဘ ပေါများလိုခြင်း, အရိုအသေ အပြုခံလိုခြင်း, နာမည်သတင်း ကျော်ကြားလိုခြင်းဟူသည့် = ယုတ်မာသော အလိုဆိုးရှိခြင်း,</p>
<p>(၂) ယုတ်မာသော မိတ်ဆွေရှိခြင်း၊</p>
<p>(၃) (<b>စျာန်အဘိညာဏ်</b>တည်းဟူသော) အနည်းငယ်မျှလောက်သော တရားထူးကို ရရှိခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မရမီ စပ်ကြားကာလ၌ ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခြင်းတို့ပင်တည်း။</p>
<p>ရဟန်းတို့ ...ဤမသူတော်တရားသုံးပါးတို့သည် လွှမ်းမိုး ဖိစီးထားအပ်သော, သိမ်းကျုံးယူငင်ထားအပ်သော စိတ်ထားရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်လတ္တံ့၊ ငရဲ၌ ဖြစ်လတ္တံ့၊ <b>အာယုကပ်ပတ်လုံး</b> တည်လတ္တံ့၊ ကုစား၍ကား မရနိုင်တော့ပြီဟု မိန့်ကြားတော်မူ၏။ (ဝိ၊၄၊၃၆၆။)</p>
<p>တစ်ဖန် ဝိနည်းစူဠဝါပါဠိတော် (ဝိ၊၄၊၃၄၅-၃၄၆။)တွင်လည်း အရှင် ဒေဝဒတ်၏ ယုတ်မာသော အလိုဆိုးရှိမှုနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လာရှိပြန်၏ ---</p>
<p>ထို့နောက် မြတ်စွာဘုရားသည် ကောသမ္ဗီပြည်၌ မွေ့လျော်တော် မူသရွေ့ သီတင်းသုံးစံနေတော်မူပြီးလျှင် အစဉ်အတိုင်း ခရီးဒေသစာရီ လှည့်လည်တော်မူခဲ့သည်ရှိသော် ရာဇဂြိုဟ်မြို့သို့ ဆိုက်ရောက်တော်မူလာ၏။ မြတ်စွာဘုရားသည် ထိုရာဇဂြိုဟ်မြို့ ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ များစွာကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်၏ ထံတော်မှောက်သို့ ချဉ်းကပ်တော်မူကြပြီးနောက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကြ ကာ ---</p>
<p>မြတ်စွာဘုရား ...အဇာတသတ်မင်းသားသည် ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဒေဝဒတ်အား ဆည်းကပ်၏၊ ဆွမ်းအုပ် ငါးရာတို့ကိုလည်း ပို့ပါ၏ဟု လျှောက်ထားကြကုန်၏။</p>
<p>ရဟန်းတို့ ...ဒေဝဒတ်၏ လာဘ်သပ်ပကာ ကျော်စောမှုကို မမြတ်နိုးကြကုန်လင့်၊ ရဟန်းတို့ အဇာတသတ်မင်းသားသည် ဒေဝဒတ်အား ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်နေသမျှ ကာလပတ်လုံး, ဆွမ်းအုပ် ငါးရာတို့ကို ပို့နေသမျှ ကာလပတ်လုံး ဒေဝဒတ်အား ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုကိုသာ အလိုရှိအပ်၏၊ ကြီးပွားမှုကို အလိုမရှိအပ်။</p>
<p>ရဟန်းတို့ ...ဥပမာသော်ကား ကြမ်းတမ်းသော ခွေး၏ နှာခေါင်းပေါက်တွင်း၌ ဝံ-စသော တိရစ္ဆာန်သည်းခြေကို ထည့်ကုန်ရာ၏၊ ရဟန်းတို့ ...ဤသို့ ထည့်လတ်သော် ထိုခွေးသည် အတိုင်းထက်အလွန် ကြမ်းတမ်းရာသကဲ့သို့, ရဟန်းတို့ ...ဤဥပမာအတူပင် အဇာတသတ်မင်းသားသည် ဒေဝဒတ်အား ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်နေသမျှ ကာလပတ်လုံး, ဆွမ်းအုပ် ငါးရာတို့ကို ပို့နေသမျှ ကာလပတ်လုံး ဒေဝဒတ်အား ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုကိုသာ အလိုရှိအပ်၏၊ ကြီးပွားမှုကို အလိုမရှိအပ်။</p>
<p>ရဟန်းတို့ ...မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှား ဖြစ်ပေါ်လာ၏။</p>
<p>ရဟန်းတို့ ...ဥပမာသော်ကား ငှက်ပျောပင်သည် မိမိကိုယ်ကို သတ်ခြင်းငှာ အသီးသီးသကဲ့သို့, ပျက်စီးခြင်းငှာ အသီးသီးသကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။</p>
<p>ရဟန်းတို့ ...ဥပမာတစ်နည်းသော်ကား ဝါးပင်သည် မိမိကိုယ်ကို သတ်ခြင်းငှာ အသီးသီးသကဲ့သို့, ပျက်စီးခြင်းငှာ အသီး သီးသကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။</p>
<p>ရဟန်းတို့ ... ဥပမာတစ်နည်းသော်ကား ကျူပင်သည် မိမိကိုယ်ကို သတ်ခြင်းငှာ အသီးသီးသကဲ့သို့, ပျက်စီးခြင်းငှာ အသီး သီးသကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။</p>
<p>ရဟန်းတို့ ...ဥပမာတစ်နည်းသော်ကား <b>အဿတိုရ်မြင်းမ</b>သည် မိမိကိုယ်ကို သတ်ခြင်းငှာ ကိုယ်ဝန်ဆောင်သကဲ့သို့, ပျက်စီးခြင်းငှာ ကိုယ်ဝန်ဆောင်သကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။</p>
<p>(မှတ်ချက် --- <b>အဿတိုရ်</b> မြင်းမ၏ ကိုယ်ဝန်သားငယ်သည် မွေးဖွား လာသောအခါ မိခင်<b>အဿတိုရ်မြင်းမ</b>၏ ဝမ်းဗိုက်ကို ဖောက်ခွဲပြီး ထွက်လာ၏။ ထို့ကြောင့် <b>အဿတိုရ်မြင်းမ</b>သည် သေကျေပျက်စီးသွားရ၏။)</p>
<p><b>ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။</b></p>
<p><b>သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ။</b> (ဝိ၊၄၊၃၄၆။)</p>
<p>ငှက်ပျောသီးသည် စင်စစ် ငှက်ပျောပင်ကို သတ်သကဲ့သို့, ဝါးသီး သည် ဝါးပင်ကို သတ်သကဲ့သို့, ကျူသီးသည် ကျူပင်ကို သတ်သကဲ့သို့, ကိုယ်ဝန်သည် <b>အဿတိုရ်မြင်းမ</b>ကို သတ်သကဲ့သို့ လာဘ်ပူဇော်သက္ကာရသည် ယုတ်မာသော ယောက်ျားကို သတ်၏ဟု မိန့်ကြားတော်မူ၏။ (ဝိ၊၄၊၃၄၅-၃၄၆။)</p>
<p>အရှင်ဒေဝဒတ်ကား <b>လောကီစျာန်သမာပတ်</b> (၈)ပါးနှင့် <b>လောကီ အဘိညာဏ်</b> (၅)ပါးတို့ကို ဖြစ်စေနိုင်သော်လည်း တစ်ဖန် ဘုရားရှင်ကို အတိုက်အခံ ပြုလုပ်ခြင်းကြောင့် ထိုဂုဏ်တို့မှ ဆုတ်ယုတ် ပျက်စီးခဲ့ရ၏၊ ဘုရားရှင်အား သွေးစိမ်းတည်စေသောကံ, သံဃာသင်းကွဲအောင် ပြုလုပ်သည့် အကုသိုလ်ကံတို့ကြောင့် ငရဲ၌ နစ်မြုပ်သွားရပြန်၏။ ဤ သာသနာတော်၌ <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, စျာနသမ္မာဒိဋ္ဌိပညာ</b> များကို အထိုက်အလျောက် ရအောင် ကြိုးစားအားထုတ်ခဲ့သော်လည်း ယင်းကုသိုလ်တရားတို့ကို တည်တံ့အောင်, တိုးပွားအောင် မပြုစု မပျိုးထောင်နိုင်ဘဲ ဆုတ်ယုတ်အောင်သာ ကြိုးစားအားထုတ်ခဲ့သည့်အတွက် အပါယ်သံသရာ၌ တစ်ဖန် နစ်မြုပ်သွားရပြန်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ရည်ရွယ်တော်မူကာ ဘုရားရှင်က <b>ဥဒကူပမာ သုတ္တန်</b>တွင် အမှတ် (၂)ပုဂ္ဂိုလ်ကို ဤသို့ မိန့်ကြားတော်မူခဲ့၏ ---</p>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားပြန်သနည်း? ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ <b>သဒ္ဓါ</b>တရားသည် ကောင်းမြတ်၏၊ <b>ဟိရီ</b>တရားသည် ကောင်းမြတ်၏ ။ပ။ <b>ဩတ္တပ္ပ</b>တရားသည် ကောင်းမြတ်၏၊ <b>ဝီရိယ</b>သည် ကောင်းမြတ်၏၊ ကုသိုလ်တရားတို့၌ <b>ပညာ</b>သည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထို<b>သဒ္ဓါ</b>တရားသည် မတည်တံ့၊ မတိုးပွား၊ ဆုတ်ယုတ်သည်သာလျှင်တည်း။ ထိုပုဂ္ဂိုလ်၏ ထို<b>ဟိရီ</b>တရားသည် ။ပ။ ထို<b>ဩတ္တပ္ပ</b>တရားသည် ။ပ။ ထို<b>ဝီရိယ</b>သည် ။ပ။ ထို<b>ပညာ</b>တရားသည် မတည်တံ့၊ မတိုးပွား၊ ဆုတ်ယုတ်သည်သာလျှင်တည်း။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားပြန်၏ (အံ၊၂၊၄၀၃)</p>
<p>ဤအမှတ် (၁)နှင့် အမှတ် (၂) ပုဂ္ဂိုလ်တို့ကား <b>ဩဃတရဏသုတ္တန်</b> (သံ၊၁၊၁။) နည်းအရ ပြောဆိုရမူ အကုသိုလ်တရားတို့၌ ရပ်တည်မိသဖြင့် အပါယ်သံသရာ၌ နစ်မြုပ်သွားကြရသူများပင် ဖြစ်ကြပေသည်။</p>
<h3>၃။ ပေါ်လာပြီးလျှင် ရပ်တည်နေသောပုဂ္ဂိုလ်</h3>
<p>ပုဂ္ဂိုလ်တစ်ယောက်သည်ကား ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရား စသည်တို့အပေါ်၌ ယုံကြည်ချက် <b>သဒ္ဓါ</b>တရားလည်း ရှိ၏၊ မကောင်းမှုအကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း ကြောက်ခြင်း <b>ဟိရီ+ဩတ္တပ္ပ</b>တရားတို့နှင့်လည်း ပြည့်စုံသဖြင့် ကိုယ်ကျင့် <b>သီလ</b>လည်း ဖြူစင်၏၊ ကုသိုလ်တရားတို့၌ ကြိုးစားအားထုတ်မှု လုံ့လ<b>ဝီရိယ</b>လည်း ရှိ၏၊ <b>ဝိပဿနာပညာ</b>စသည့် ဉာဏ်<b>ပညာ</b>နှင့်လည်း အထိုက် အလျောက် ပြည့်စုံ၏။ သို့သော် မိမိ ရရှိထားသည့် <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>တရားတို့ကို တိုးပွားအောင်ကား မကြိုးစားပေ။</p>
<p>မိမိရရှိထားသည့် <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>တည်း ဟူသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ဖြည့်ကျင့်ဆည်းပူးဖို့ရန် မစွမ်းနိုင်သော အချိန်ကာလ၌လည်း မယုတ်လျော့သွားအောင်ကား ကြိုးစားထား၏၊ သို့သော် ယင်းကုသိုလ်တရားတို့ကို တိုးပွားလာဖို့ရန် ဖြည့်ကျင့်ဆည်းပူးနိုင်သော အချိန်အခါကာလ၌လည်း တိုးပွားအောင် မကြိုးစားပေ။ ရပ်တန့်နေ၏။ ဤသဘောတရားကို <b>အဂါရိက</b> = အိမ်ရာတည်ထောင် လူ့ဘောင်၌ နေထိုင်သူနှင့် <b>အနဂါရိက</b> = အိမ်ရာ မတည်ထောင်သည့် ရဟန်းဘောင်၌ နေထိုင်သူအားဖြင့် နှစ်မျိုးလုံး ကိုပင် ဤအရာ၌ ထင်ရှားပြထိုက်ပေသည်။ (အံ၊ဋီ၊၃၊၁၅၄။)</p>
<p>အချို့သော <b>အဂါရိက</b> = လူဥပါသကာ-ဥပါသိကာမသည် ကုသိုလ်တရားတို့ကို ဖြည့်ကျင့်ဆည်းပူးဖို့ရန် မစွမ်းနိုင်သော အချိန်ကာလ၌ တစ်ဆယ့်ငါးရက် တစ်ကြိမ် သံဃာတော်အား ဆွမ်းလှူဒါန်းခြင်း = <b>ပက္ခိကဘတ်</b>ကိုသော်လည်းကောင်း, တစ်နှစ်လျှင် တစ်ကြိမ် ဝါဆိုသင်္ကန်းလှူဒါန်းခြင်း ကျင့်ဝတ်ကိုလည်းကောင်း ဝတ်မပျက်အောင် တည်ထားကာ လှူဒါန်းပူဇော်၏။ ထိုပုဂ္ဂိုလ်သည် နောက်ပိုင်း ကာလ၌ စီးပွားရေး လုပ်ငန်းခွင်များ အဆင်ပြေ ချောမောလာခြင်း, ကျန်းမာရေး ကောင်းမွန်လာခြင်း စသည့် အကြောင်းတရားတို့ကြောင့် မိမိရရှိထားသည့် ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားနိုင်သည့် အချိန်အခါကာလ၌လည်း <b>ပက္ခိကဘတ်</b>လှူဒါန်းခြင်း, ဝါဆိုသင်္ကန်း လှူဒါန်းခြင်း စသည်မျှကိုသာ ဖြစ်စေ၏။ ထိုထက်အလွန် တိုးပွားအောင်ကား မကြိုးစားပေ။ (အံ၊ဋီ၊၃၊၁၅၄။)</p>
<p><b>အနဂါရိက</b> = အိမ်ရာမထောင်သည့် သာသနာ့ဘောင်၌ နေထိုင်သော ရဟန်းတော်သည်လည်း အစပိုင်း၌ ကျန်းမာရေး ချို့တဲ့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မိမိရရှိထားပြီးသည့် <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>တရားတို့ကို တိုးပွားအောင် ဖြည့်ကျင့်ဖို့ရန် မစွမ်းနိုင်သော အချိန်အခါကာလ၌ ပါဠိတော်<b>ဥဒ္ဒေသ</b>ကို သင်ယူခြင်း ကိုလည်း ပြု၏၊ <b>ဓုတင်</b> ကျင့်ဝတ်ပဋိပတ်ကိုလည်း ဆောက်တည် ကျင့်သုံး၏။ <b>ဝိပဿနာပညာ</b>စသည့် <b>ပညာ</b>နှင့် ပြည့်စုံလာခြင်း, <b>ကာယဗလ</b>စွမ်းအား <b>ဉာဏဗလ</b>စွမ်းအားနှင့် ပြည့်စုံလာခြင်း, ကုသိုလ်တရား တို့၌ ကြိုးစားအားထုတ်မှု လုံ့လ<b>ဝီရိယ</b>နှင့် ပြည့်စုံလာခြင်းကြောင့် ကုသိုလ်တရားတို့ကို ဆက်လက် ကြိုးစားအားထုတ်ဖို့ရန် စွမ်းနိုင်သော အချိန်ကာလ၌ မိမိရရှိထားပြီးသည့် <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>ထက် သာလွန် မြင့်မြတ်သော အထက်အထက်သော တရားထူး တရားမြတ်ကို ရရှိဖို့ရန် လိုက်နာပြုကျင့်မှုကား မရှိပေ။ ဤသို့လျှင် မိမိရရှိထားသမျှသော <b>သဒ္ဓါ</b>စသော တရားတို့၌ ကျေနပ်ကာ ရပ်တည်နေသောပုဂ္ဂိုလ်ကို ပေါ်လာပြီးနောက် ရပ်တည်နေသောပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်ပေသည်။ (အံ၊ဋီ၊၃၊၁၅၄။) ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်က <b>ဥဒကူပမာသုတ္တန်</b>တွင် ဤသို့ ဟောကြားထားတော်မူ၏ ---</p>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ရပ်တည်နေသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ <b>သဒ္ဓါ</b>တရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ <b>ဟိရီ</b>တရားသည် ကောင်းမြတ်၏။ပ။ <b>ဩတ္တပ္ပ</b>တရားသည် ကောင်းမြတ်၏။ပ။ <b>ဝီရိယ</b>သည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ <b>ပညာ</b>တရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။</p>
<p>ထိုပုဂ္ဂိုလ်၏ ထို<b>သဒ္ဓါ</b>တရားသည် မဆုတ်ယုတ်၊ မတိုးပွား၊ တည်မြဲတိုင်း တည်တံ့ ရပ်တည်နေ၏။ ထိုပုဂ္ဂိုလ်၏ ထို<b>ဟိရီ</b>တရားသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထို<b>ဩတ္တပ္ပ</b>တရားသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထို<b>ဝီရိယ</b>သည်။ပ။ ထိုပုဂ္ဂိုလ်၏ ထို<b>ပညာ</b>တရားသည် မဆုတ်ယုတ်၊ မတိုးပွား၊ တည်မြဲတိုင်း တည်တံ့ ရပ်တည်နေ၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ရပ်တည်နေ၏။ (အံ၊၂၊၄၀၄။)</p>
<p>ဘုရားရှင်သည် အောက်တွင် ဆက်လက်တင်ပြမည့် အမှတ် (၄)ပုဂ္ဂိုလ်မှစ၍ <b>အရိယာ</b>သူတော်ကောင်းတို့ကို ရည်ညွှန်းကာ ဟောကြားထားတော်မူသဖြင့် ဤအမှတ် (၃)ပုဂ္ဂိုလ်စာရင်းတွင် <b>လောကီစျာန်သမာပတ်</b> (၈)ပါးတို့ကို ရရှိတော်မူကြသည့် <b>စျာနလာဘီ</b> ပုထုဇန်သူတော်ကောင်းများ, <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင်သော <b>ဝိပဿနာဉာဏ်</b>တို့တွင် အချို့အချို့သော <b>ဝိပဿနာဉာဏ်</b>တို့ကို ရရှိတော်မူကြသည့် ပုထုဇန်သူတော်ကောင်းများလည်း ပါဝင်ကြပေသည်။ အထက်အထက်ဖြစ်သော <b>သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b> စသည် တို့ကို ရအောင် အားမထုတ်ကြဘဲ မိမိတို့ ရရှိထားသမျှသော <b>စျာနသမ္မာဒိဋ္ဌိပညာ, ဝိပဿနာသမ္မာဒိဋ္ဌိပညာ</b>မျှနှင့် ကျေနပ်ရောင့်ရဲနေသူများလည်း ပါဝင်ကြပေသည်။ <b>စျာန်</b>တရားနှင့် <b>ဝိပဿနာဉာဏ်</b>တို့ကို မရရှိသော်လည်း <b>သီလ</b>ကို ဖြူဖြူစင်စင် ဖြည့်ကျင့်ကာ <b>ဓုတင်</b>ကျင့်ဝတ် ပဋိပတ်တို့ကို ဆောက်တည် ကျင့်သုံးလျက် ရှိကြကုန်သော <b>ပရိယတ္တိ ဗဟုဿုတပညာ</b>မျှနှင့် ကျေနပ်ရောင့်ရဲ နေကြကုန်သော ပုထုဇန် သူတော်ကောင်းတို့လည်း ပါဝင်ကြပေသည်။ <b>ဩဃတရဏသုတ္တန်</b> (သံ၊၁၊၁။) နည်းအရ ပြောဆိုရပါမူ ထိုပုဂ္ဂိုလ်တို့သည်လည်း သံသရာ ဝဲဩဃရေယဉ်ကြောတွင် အခိုက်အတန့်အားဖြင့် မျောပါနေကြသူများပင် ဖြစ်ကြပေသည်။ သူတို့ ပြုစုပျိုးထောင်ထားသည့် <b>သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ</b>တည်းဟူသော <b>လောကီပုညာဘိသင်္ခါရ</b> ကုသိုလ်တရားတို့က ထိုထိုသုဂတိဘုံဘဝ ရေယဉ်ကြော၌ ထိုကဲ့သို့ မျောနေအောင် တည်ထောင် ဖန်ဆင်းပေးထားသောကြောင့်ပင် ဖြစ်ပေသည်။</p>
<h3>၄။ ပေါ်လာပြီးလျှင် ထိုထိုဤဤ ကြည့်ရှုနေသောပုဂ္ဂိုလ်</h3>
<p>ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကြည့်ရှုသနည်း? ထိုမှ ဤမှ ကြည့်ရှုသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ---</p>
<p>၁။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အတ္တဟု စွဲလမ်းယုံကြည်သော သက္ကာယဒိဋ္ဌိသံယောဇဉ်,</p>
<p>၂။ ရတနာသုံးတန်, သိက္ခာသုံးရပ် အကျင့်မြတ်, အတိတ်ဘဝ = အတိတ်ခန္ဓာ, အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ, အတိတ် အနာဂတ်ဘဝ = အတိတ် အနာဂတ်ခန္ဓာ, ကံ-ကံ၏ အကျိုးတရားရှိမှုကို ထင်ရှားဖော်ပြသည့် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာသံယောဇဉ်,</p>
<p>၃။ နွားအကျင့် - ခွေးအကျင့် စသည်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏, သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏ဟု ယုံမှားသောအားဖြင့် သုံးသပ်တတ်သော သီလဗ္ဗတပရာမာသ သံယောဇဉ်တည်းဟူသော ---</p>
<p>သုံးပါးကုန်သော သံယောဇဉ် = အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ ကုန်ဆုံးသွားခြင်းကြောင့် အပါယ်ဘုံသို့ ကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိသော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကြည့်ရှု၏၊ ထိုမှ ဤမှ ကြည့်ရှု၏။ (အံ၊၂၊၄၀၄။)</p>
<p>သောတာပတ္တိမဂ္ဂသမ္မာဒိဋ္ဌိ = မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာသူတော်ကောင်းသည် သဒ္ဓါစသော ကုသိုလ်တရားတို့၌ ပေါ်လာပြီးနောက် = ပထမမဂ်ဉာဏ် ဆိုက်သည်တိုင်အောင် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာပြီးနောက် ထိုမှ ဤမှ ကြည့်ရှု၏ဟူသည် အဘယ်သို့ ကြည့်သနည်းဟု မေးရန်ရှိ၏။ အဘိဓမ္မာဝိဘင်းပါဠိတော် ဉာဏ်ဝိဘင်း (အဘိ၊၂၊၃၄၈-၃၄၉။)၌ ဤသို့ လာရှိ၏ ---</p>
<p>သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော သောတာပန် ပုဂ္ဂိုလ်သည် ဘုံသုံးပါးအတွင်း၌ တည်ရှိသော တစ်စုံတစ်ခုသော တေဘူမကသင်္ခါရတရားကို ---</p>
<p>၁။ <b>နိစ္စ</b>အားဖြင့် စွဲယူကပ်ရောက်ရာသော အကြောင်းသည် မရှိ။</p>
<p>၂။ <b>ဧကန္တသုခီ အတ္တာ ဟောတိ အရောဂေါ ပရမ္မရဏာ။</b> (မ၊၃၊၁၈-၂၂။) = အတ္တသည် သေပြီးသည်၏နောက်၌ အနာရောဂါမရှိ စင်စစ် ချမ်းသာ၏ဟု သုခအားဖြင့် စွဲယူကပ်ရောက်ရာသော အကြောင်းသည် မရှိ။</p>
<p>၃။ တစ်စုံတစ်ခုသော ဓမ္မကို အတ္တအားဖြင့် စွဲယူကပ်ရောက် ရာသော အကြောင်းသည် မရှိ။</p>
<p>၄။ အမိကို သတ်ရာသော အကြောင်းမရှိ။</p>
<p>၅။ အဖကို သတ်ရာသော အကြောင်းမရှိ။</p>
<p>၆။ ရဟန္တာပုဂ္ဂိုလ်အား သတ်ရာသော အကြောင်းမရှိ။</p>
<p>၇။ ပစ်မှားသော စိတ်ဖြင့် ဘုရားရှင်အား သွေးစိမ်းတည်စေရာ သော အကြောင်းမရှိ။</p>
<p>၈။ သံဃာကို သင်းခွဲရာသော အကြောင်းမရှိ။</p>
<p>၉။ ဘုရားရှင်မှ တစ်ပါးသော သာသနာပပုဂ္ဂိုလ်တို့အား ကိုယ်းကွယ်အားထားရာ ဆရာအဖြစ် ရည်ညွှန်းရာသော အကြောင်းမရှိ။</p>
<p>၁၀။ ရှစ်ကြိမ်မြောက်ဖြစ်သော ဘဝကို ဖြစ်စေရာသော အကြောင်းသည် မရှိ။ (အဘိ၊၂၊၄၄၈-၄၄၉။)</p>
<p><b>ပုထုဇ္ဇနော ဟိ ယံ ယံ နိစ္စံ သုခံ အတ္တာတိ ဂဏှာတိ၊ တံ တံ အရိယသာဝကော အနိစ္စံ ဒုက္ခံ အနတ္တာတိ ဂဏှန္တော ဂါဟံ ဝိနိဝေဌေတိ။</b> (အဘိ၊ဋ္ဌ၊၂၊၄၀၆။)</p>
<p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ကျမ်းဂန် အဆိုအမိန့်များနှင့်အညီ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် သင်္ခါရ တရားတို့ကို သောတာပန် အရိယာသူတော်ကောင်းသည် --- <b>အနိစ္စ</b>ဟု, <b>ဒုက္ခ</b>ဟု, <b>အနတ္တ</b>ဟု ထိုထို ဤဤ ကြည့်ရှုတတ်ပေသည်။ ထိုကဲ့သို့ ကြည့်ရှုတတ်သောကြောင့်ပင် <b>နိယတော သဗ္ဗောဓိပရာယဏော</b> (အံ၊၂၊၃၀၄။) ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိသောပုဂ္ဂိုလ်ဟု အထက်ပါ ဥဒကူပမာသုတ္တန် စသည်တို့တွင် ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။</p>
<p>၁။ နောက်ထပ် တစ်ဘဝသာ ပဋိသန္ဓေတည်နေရပြီး ယင်းဘဝတွင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရမည့် ဧကဗီဇိသောတာပန်,</p>
<p>၂။ နှစ်ဘဝမှ ခြောက်ခုမြောက် ဘဝအတွင်း တစ်ခုခုသောဘဝ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရမည့် ကောလံကောလ သောတာပန်,</p>
<p>၃။ ခုနစ်ခုမြောက်သောဘဝ၌ ကိန်းသေဧကန် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရမည့် သတ္တက္ခတ္တုပရမသောတာပန်,</p>
<p>ဤသို့လျှင် သောတာပန်အရိယာသူတော်ကောင်း သုံးမျိုး သုံးစား ရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၁၁။)</p>
<p>ထိုပုဂ္ဂိုလ် သုံးမျိုးလုံးတို့သည်ပင် အထက်ဖော်ပြပါ တစ်ခုသော ဘဝ၌ ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ တစ်စုံတစ်ယောက်သော သောတာပန်အရိယာ ပုဂ္ဂိုလ်သည်ကား ခုနစ်ဘဝတို့၏ ကိန်းသေမြဲသော သဘောမည်သည် မရှိ။ (သောတာပန်အားလုံးသည် ခုနစ်ဘဝ အမြဲနေရမည်ဟု ဆိုလိုသည်မဟုတ်ဟူပေ။) သောတာပန်အရိယာသာဝက တစ်ဦးသည် တစ်စုံတစ်ခုသော အခြင်းအရာ အာကာရအားဖြင့် နုံ့နှေးသော ပညာရှိသည် ဖြစ်သော်လည်း ရှစ်ကြိမ်မြောက်ဘဝသို့ မရောက်ဘဲ အကြားကာလ တစ်ခုသော ဘဝ၌သာလျှင် ပရိနိဗ္ဗာန် ပြုရ၏။ သံသရာဝဋ်၌ ပျော်မွေ့သော ဒါယကာတော် သိကြားမင်းကြီးနှင့်တူသော ဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ်သော်မှလည်း သောတာပန် ဖြစ်ပြီးနောက် ခုနစ်ခုသော ဘဝသို့သော်လည်း ရောက်ရှိသွား၏။ ယင်းခုနစ်ခုမြောက်သော ဘဝ၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ မေ့မေ့လျော့လျော့ နေထိုင်နေသော သောတာပန်ပင် ဖြစ်သော်လည်း ဝိပဿနာဉာဏ်သည် ရင့်ကျက်ခြင်းသို့ ရောက်ရှိသွား၏၊ အနည်းငယ်မျှသော အာရုံ၌ သော်လည်း ငြီးငွေ့မှု = နိဗ္ဗိန္ဒဉာဏ်သို့ ဆိုက်ရောက်ကာ ကိလေသာ အပူမီး ငြိမ်းအေးခြင်းသို့ ရောက်ရှိသွား၏။ (အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွား၏။) ထိုသောတာပန် သူတော်ကောင်း၏ ခုနစ်ခုမြောက်သော ဘဝ၌ အိပ်ပျော်ခြင်းသို့ သက်ရောက်နေစဉ်မှာသော်လည်းကောင်း, ရန်သူပုဂ္ဂိုလ်ကို ကျောပေးကာ ခရီးသွားနေစဉ်မှာသော်လည်းကောင်း နောက်မှရပ်ကာ ထက်လှစွာသော ဓားဖြင့် တစ်စုံ တစ်ယောက်သော သူကပင် ဦးခေါင်းကို ခုတ်ဖြတ်ကာ မြေသို့ ကျရောက်စေငြားအံ့၊ ရေထဲ၌မူလည်း နှစ်သတ်ငြားအံ့၊ ထိုသောတာပန် သူတော်ကောင်း၏ ဦးထိပ်ထက်၌ မိုးကြိုးစက်ဝန်းသော်လည်း ကျရောက်လာငြားအံ့၊ ဤကဲ့သို့သဘောရှိသော အချိန်ကာလ၌သော်လည်း နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်းသဘော ရှိသော သေရခြင်းမည်သည် မရှိသည်သာ ဖြစ်၏၊ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီးမှသာလျှင် ပရိနိဗ္ဗာန် စံရ၏။ ထို့ကြောင့် ဘုရားရှင်က <b>အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ</b> = ရှစ်ကြိမ်မြောက်ဘဝကို ဖြစ်စေငြားအံ့၊ ဤအကြောင်းအရာသည် မရှိသည်သာတည်း (အဘိ၊ ၂၊၃၄၉။)ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၁၁။)</p>
<p>ထိုကဲ့သို့ ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိခြင်းသဘောတရားကို အဘယ်တရားက မြဲစေပါသနည်း? ရှေးအတိတ် ပါရမီအကြောင်းတရားကပင် မြဲစေသလော? သို့မဟုတ် မိမိရရှိထားပြီးသည့် သောတာပတ္တိအရိယမဂ်တရားကပင် မြဲစေသလော? သို့မဟုတ် မိမိ ရလတ္တံ့သော အထက်မဂ်သုံးပါးကပင် မြဲစေပါသလော? ဤသို့ မေးရန် ရှိ၏။</p>
<p>ဤသဘောတရားကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်က အမည်နာမပညတ်ကို ထုတ်ယူဆောင်ကာ ပညတ်တင်ကာ ဟောကြားထားတော် မူအပ်သော အမည်နာမမျှသာ ဖြစ်ပေသည်။ ကိန်းသေမြဲသော ပုဂ္ဂိုလ်မည်သည် မရှိပါ။</p>
<p>မှန်ပေသည် --- ရှေးအတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့သော ပါရမီအကြောင်းတရားက ဤသဘောတရားကို မြဲစေပါသည်ဟု ပြောဆိုခဲ့သော် ထိုပါရမီအကြောင်းတရားက အထက်မဂ်သုံးပါးတို့၏ အားကြီးသော မှီရာ ဥပနိဿယအကြောင်းတရားကို ပြောဆိုအပ်သည်ပင် ဖြစ်၏။ သောတာပတ္တိမဂ်ဟူသော ပထမအရိယမဂ်၏ အားကြီးသော မှီရာ ဥပနိဿယအကြောင်းတရား ထင်ရှားမရှိမှု သဘောသည် ရောက်ရှိလာ၏။ ဤသို့လျှင် ထိုပထမမဂ်၏ အတိတ်က ပြုစုပျိုးထောင်ခဲ့သော ပါရမီတည်းဟူသော ဟေတုအကြောင်းတရား, ပစ္စယအကြောင်းတရား မရှိဘဲ ဖြစ်ပေါ်လာခြင်းသဘောသို့ ဆိုက်ရောက်သွားပြန်၏။ မိမိ ရရှိထားပြီးသည့် သောတာပတ္တိမဂ်တရားကပင် ရှစ်ကြိမ်မြောက်ဘဝ၌ ပဋိသန္ဓေ မနေမှုတည်းဟူသော ယင်းသဘောတရားကို မြဲစေပါသည်ဟု ပြောဆိုခဲ့မည် ဆိုလျှင်လည်း အထက်မဂ်သုံးပါးတို့က ပြုလုပ်ဖွယ်လုပ်ငန်းကိစ္စ မရှိသလို ဖြစ်သွားကုန်ပြန်၏။ ပထမမဂ်ကသာလျှင် ယင်းသဘောတရားကို ရွက်ဆောင် ပေးသည့် လုပ်ငန်းကိစ္စရှိသည့်သဘော ဖြစ်နေပြန်၏။ ယင်းသို့ ဖြစ်လျှင် ပထမမဂ်ကသာလျှင် ကိလေသာတို့ကို ကုန်ခန်းစေပြီးနောက် ပရိနိဗ္ဗာန်စံရမည့်သဘော ဖြစ်နေ၏။ တစ်ဖန် အထက်မဂ်သုံးပါးတို့ကသာလျှင် ယင်းသဘောတရားကို မြဲစေကြပါသည်ဟု ပြောဆို ပြန်လျှင်လည်း ပထမမဂ်က ပြုလုပ်စရာ လုပ်ငန်းကိစ္စ မရှိသလို ဖြစ်သွားပြန်၏။ အထက်မဂ်သုံးပါးတို့ကသာလျှင် ယင်းသဘောတရားကို ပြုလုပ်နိုင်သည့် လုပ်ငန်းကိစ္စ ရှိကြသည့် တရားတို့ ဖြစ်ကြပြန်၏။ ယင်းသို့ဖြစ်လျှင် ပထမမဂ်ကို မဖြစ်စေဘဲ အထက်မဂ်သုံးပါးတို့ကိုသာ ဖြစ်စေထိုက်ကုန်သည် ဖြစ်ကြပြန်၏။ ယင်းသို့ဖြစ်လျှင် ပထမမဂ် မဖြစ်ဘဲသာလျှင် ပထမမဂ်ဖြင့် ပယ်သတ်ရမည့် ကိလေသာတို့သည် ကုန်ခန်းသွားကြသည် ဖြစ်ကုန်ရာ၏။</p>
<p>ထို့ကြောင့် အခြားတစ်စုံတစ်ခုသော အကြောင်းတရားက မြဲစေသည်မဟုတ်။</p>
<p><b>ဥပရိ တိဏ္ဏံ မဂ္ဂါနံ ဝိပဿနာဝ နိယာမေတိ။</b> (အဘိ၊ဋ္ဌ၊၂၊၄၁၀။)</p>
<p>အထက်မဂ်သုံးပါးတို့၏ ဝိပဿနာကသာလျှင် ရှစ်ကြိမ်မြောက်ဘဝ၌ ပဋိသန္ဓေမနေရခြင်းဆိုသည့် ယင်းသဘောတရားကို မြဲစေပါသည်ဟူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၁၀။)</p>
<p>၁။ အကယ်ဤ ထိုသောတာပန်အရိယာသူတော်ကောင်းတို့က အထက်မဂ်သုံးပါးတို့ကို ရရှိရန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ရာ၌ ယင်းပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်တို့က ထက်ထက် မြက်မြက် ရဲရဲရင့်ရင့်ဖြစ်ကာ ဝိပဿနာလုပ်ငန်းခွင်ကို ရွက်ဆောင်သွားခဲ့သည် ဖြစ်ငြားအံ့၊ တစ်ခုသော အနာဂတ်ဘဝကိုသာ ဖြစ်စေပြီးနောက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်ပြုရမည်ဖြစ်၏။ ဧကဗီဇိသောတာပန် ဖြစ်ပေသည်။</p>
<p>၂။ ထိုထက်နုံ့သော ဝိပဿနာဉာဏ်ပညာရှိသော သောတာပန်အရိယာသူတော်ကောင်းသည်ကား ဒုတိယမြောက်ဘဝ၌သော်လည်းကောင်း, တတိယမြောက်ဘဝ၌သော်လည်းကောင်း, စတုတ္ထ = လေးခုမြောက်ဘဝ၌သော်လည်းကောင်း, ပဉ္စမ = ငါးခုမြောက် ဘဝ၌သော်လည်းကောင်း, ဆဋ္ဌ = ခြောက်ခုမြောက်ဘဝ၌သော်လည်းကောင်း, အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်ပြုရမည် ဖြစ်၏။ ကောလံကောလသောတာပန် ဖြစ်ပေသည်။</p>
<p>၃။ ယင်းအထက်ဖော်ပြပါ သောတာပန်ပုဂ္ဂိုလ် အားလုံးတို့အောက် နုံ့သော ဝိပဿနာဉာဏ်ပညာရှိသော သောတာပန်အရိယာ သူတော်ကောင်းသည်ကား ခုနစ်ခုမြောက်သောဘဝကို ဖြစ်စေပြီးနောက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်ပြုရမည့်ပုဂ္ဂိုလ် ဖြစ်ပေသည်။ ရှစ်ကြိမ်မြောက်ဘဝ၌ ပဋိသန္ဓေ တည်နေရမှု သဘောတရားသည်ကား ထင်ရှား မရှိတော့ပေ။ သတ္တက္ခတ္တုပရမသောတာပန် ဖြစ်ပေသည်။</p>
<p>ဤသို့လျှင် ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်း ရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟူသော ဤသဘောတရားကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်က အမည်နာမပညတ်ကို ထုတ်ယူဆောင်ကာ ပညတ်တင်ကာ ဟောကြားထားတော်မူအပ်သော အမည်နာမပညတ်မျှသာ ဖြစ်ပေသည်။ ကိန်းသေမြဲသော ပုဂ္ဂိုလ်မည်သည် မရှိပါ။ (ပရမတ္ထသစ္စာနယ်၌ ပုဂ္ဂိုလ် သတ္တဝါကား မရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်သည့် ရုပ်နာမ်အစုအပုံမျှသာ ရှိသောကြောင့် ဖြစ်ပေသည်။) (အဘိ၊ဋ္ဌ၊၂၊၄၁၀-၄၁၁။)</p>
<p>ဤအထက်ပါ ကျမ်းဂန် အဆိုအမိန့်များအရ သောတာပန် အရိယာသူတော်ကောင်းတို့သည် သောတာပန်ဖြစ်တော်မူပြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းတော်မူကြသည်သာ ဖြစ်ပေသည်။ အထက်ပါ သောတာပန်သုံးမျိုးတို့တွင် အရှင်အာနန္ဒာ ကိုယ်တော်မြတ် စသည့် သူတော်ကောင်းများကဲ့သို့ ပစ္စက္ခဘဝမှာပင် အရဟတ္တဖိုလ်ဆိုက်မည့် သူတော်ကောင်းများကား မပါဝင်ကြပေ။ မည်သည့် သောတာပန်မဆို သောတာပန်အားလုံးတို့သည် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသည်သာ ဖြစ်ကြပေသည်။</p>
<hr>
<h3>ဝိပဿနာဉာဏ်၏ အရှုခံအာရုံ</h3>
<p>အရိယသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်မျိုးတို့ကား သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် ဝဋ္ဋသစ္စာ တရားနှစ်ပါးတို့ ဖြစ်ကြ၏။ နိရောဓသစ္စာ, မဂ္ဂသစ္စာ တရားနှစ်ပါးတို့ကား သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သည့် ဝိဝဋ္ဋသစ္စာ တရားနှစ်ပါးတို့ ဖြစ်ကြ၏။</p>
<p><b>တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။</b>(အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p>ထိုဝဋ္ဋသစ္စာ, ဝိဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရရဟန်းတော်သည် ဝဋ္ဋသစ္စာ တရားနှစ်ပါး၌သာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရမည် ဖြစ်ပေသည်။ ဝိဝဋ္ဋသစ္စာတရား နှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရန် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p>ဤကျမ်းဂန် အဆိုအမိန့်များအရ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့သည် ဝိပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ် ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြပေသည်။ ယင်းတရားတို့ကား အကြောင်းတရား ထင်ရှားရှိကြသော သပ္ပစ္စယတရားတို့ ဖြစ်ကြ၏။ မိမိတို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများက အညီအညွတ် ပေါင်းစု၍ ပြုပြင်ပါမှ ဖြစ်ပေါ်လာကြရသော သင်္ခါရဓမ္မ = သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရဓမ္မတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြပေသည်။</p>
<hr>
<h3>ဝိပဿနာဟူသည်</h3>
<p><b>အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။</b> (အဘိ၊ဋ္ဌ၊၁၊၁၇၅။)</p>
<p>ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းဖွင့်ဆိုချက်နှင့်အညီ ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် သင်္ခါရဓမ္မတို့ကို <b>အနိစ္စ</b>ဟု, <b>ဒုက္ခ</b>ဟု, <b>အနတ္တ</b>ဟု အထူးအထူးသော အခြင်းအရာ = အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်တတ်သော ဉာဏ်သည် ဝိပဿနာဉာဏ် မည်ပေသည်။</p>
<hr>
<h3>ဒုက္ခသစ္စာတရား</h3>
<p>ယင်းသို့ဖြစ်လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ဒုက္ခသစ္စာတရားဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏။ <b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။</b> (သံ၊၃၊၃၆၉။)</p>
<p>= လိုရင်း တိုရှင်းကို ပြောရသော် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားဖြစ်သည်ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် -- ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတည်းဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရား ဖြစ်ပေသည်။</p>
<p><b>ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။</b> (သံ၊၂၊၃၉။)</p>
<p>ဤသို့ စသော ခန္ဓသုတ္တန်ဒေသနာတော်များနှင့်အညီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ(=အတွင်း), ဗဟိဒ္ဓ(=အပ), ဩဠာရိက(=အကြမ်း), သုခုမ(=အနု), ဟီန(=အယုတ်), ပဏီတ(=အမြတ်), ဒူရ(=အဝေး), သန္တိက(=အနီး)ဟု ဆိုအပ်သော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသော အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော တဏှာဒိဋ္ဌိက ငါ-ငါ့ဟာဟု စွဲလမ်းအပ်ကုန်သော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့သည် ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတို့ အသီးအသီး ဖြစ်ကြပေသည်။</p>
<p>ယင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။ ယင်းဒုက္ခသစ္စာတရားတို့ကား အမှတ် (၁) ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြသည်။ ဝိပဿနာ ရှုရမည့် တရားများ ဖြစ်ကြပေသည်။</p>
<hr>
<h3>သမုဒယသစ္စာဟူသည်</h3>
<p>အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။) ၌ --- <b>အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ</b> ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သမုဒယသစ္စာဟု ဟောကြားထားတော်မူခဲ့၏။</p>
<p>ထိုဒေသနာတော်ကား ---</p>
<p><b>အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။</b></p>
<p><b>ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။</b> (အဘိ၊ဋ္ဌ၊၂၊၁၈၂။)</p>
<p>ဤသို့ စသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး(ပဋိသံ၊၅၀။)ကို ကိုးကား၍ ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာ အဖွင့်များနှင့်အညီ ---</p>
<p>အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော သမုဒယသစ္စာ အကြောင်းတရားကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကျိုး ဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော သမုဒယသစ္စာ အကြောင်းတရားကြောင့် အနာဂတ်တွင် ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ဒုက္ခသစ္စာ အကျိုးတရားများ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုရန် ညွှန်ထားတော်မူသော ဒေသနာတော် ဖြစ်ပေသည်။</p>
<p>ထိုတွင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကား အကြောင်း သမုဒယသစ္စာတရားတို့ ဖြစ်ကြ၏။ ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကား အကျိုး ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။</p>
<p>ဤရှင်းလင်းတင်ပြထားသော ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတို့ကား ဝိပဿနာဉာဏ်ဖြင့် <b>အနိစ္စ</b>ဟု, <b>ဒုက္ခ</b>ဟု, <b>အနတ္တ</b>ဟု လက္ခဏာရေး သုံးတန်သို့တင်ကာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ သင်္ခါရဓမ္မတို့ ဖြစ်ကြ၏။ သောတာပန်ဖြစ်တော်မူကြပြီးသော ပဉ္စဝဂ္ဂီငါးဦးတို့သည် အထက်မဂ်, အထက်ဖိုလ် သုံးပါးတို့ကို ရရှိရေးအတွက် --- အနတ္တလက္ခဏသုတ္တန် ဒေသနာတော်နည်း အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူကြသကဲ့သို့, အလားတူပင် သောတာပန်အရိယာသူတော်ကောင်း ဖြစ်ပြီးသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း အထက်မဂ်သုံးပါး, အထက်ဖိုလ်သုံးပါးတို့ကို ရရှိရေးအတွက် ထိုရှေးရှေး နောင်တော့် နောင်တော် ဖြစ်တော်မူကြကုန်သော မထေရ်မြတ်ကြီးတို့ ကျင့်သုံးသွားတော်မူသည့် ရှေးထုံးဟောင်းကို အတုယူကာ ---</p>
<p>၁။ ရံခါ အတိတ်ခန္ဓာငါးပါး,</p>
<p>၂။ ရံခါ အနာဂတ်ခန္ဓာငါးပါး,</p>
<p>၃။ ရံခါ ပစ္စုပ္ပန်ခန္ဓာငါးပါး, ထိုတွင်လည်း -----</p>
<p>၄။ ရံခါ အဇ္ဈတ္တခန္ဓာငါးပါး,</p>
<p>၅။ ရံခါ ဗဟိဒ္ဓခန္ဓာငါးပါး, ထိုတွင်လည်း -----</p>
<p>၆။ ရံခါ ဩဠာရိကခန္ဓာငါးပါး,</p>
<p>၇။ ရံခါ သုခုမခန္ဓာငါးပါး,</p>
<p>၈။ ရံခါ ဟီနခန္ဓာငါးပါး,</p>
<p>၉။ ရံခါ ပဏီတခန္ဓာငါးပါး,</p>
<p>၁၀။ ရံခါ ဒူရခန္ဓာငါးပါး,</p>
<p>၁၁။ ရံခါ သန္တိကခန္ဓာငါးပါး, ထိုတွင်လည်း -----</p>
<p>၁၂။ ရံခါ ရုပ်တရား,</p>
<p>၁၃။ ရံခါ ဝေဒနာတရား,</p>
<p>၁၄။ ရံခါ သညာတရား,</p>
<p>၁၅။ ရံခါ စေတသိက် သင်္ခါရတရား,</p>
<p>၁၆။ ရံခါ အသိစိတ် = ဝိညာဏ်တရား, ထိုတွင်လည်း -----</p>
<p>၁၇။ ရံခါ ရုပ်တရား,</p>
<p>၁၈။ ရံခါ (ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်) = နာမ်တရား။</p>
<p>ဤသင်္ခါရတရား အသီးအသီးကို ---</p>
<p>၁။ ရံခါ အနိစ္စလက္ခဏာသို့ တင်၍ <b>အနိစ္စ</b>ဟု,</p>
<p>၂။ ရံခါ ဒုက္ခလက္ခဏာသို့ တင်၍ <b>ဒုက္ခ</b>ဟု,</p>
<p>၃။ ရံခါ အနတ္တလက္ခဏာသို့ တင်၍ <b>အနတ္တ</b>ဟု ---</p>
<p>ဤသို့ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ <b>အနိစ္စ</b>ဟု, <b>ဒုက္ခ</b>ဟု, <b>အနတ္တ</b>ဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပေသည်။ ယင်းသို့ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်တို့ကလည်း အထက်အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရနိုင်လောက်အောင် ရင့်ကျက်လာပါမှ အထက်မဂ်ဖိုလ်သို့ ဆိုက်ရောက်မည် ဖြစ်ပေသည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်ပုံ အပိုင်းကို ရည်ရွယ်တော်မူကာ ဘုရားရှင်က ဥဒကူပမာသုတ္တန်တွင် ပေါ်လာပြီးလျှင် ထိုထို ဤဤ ကြည့်ရှုနေသောပုဂ္ဂိုလ်ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။</p>
<hr>
<h3>၅။ ပေါ်လာပြီးလျှင် ကူးခတ်နေသောပုဂ္ဂိုလ်</h3>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ကူးခတ်နေသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် (သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသတည်း ဟူသော) သုံးပါးကုန်သော သံယောဇဉ် အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် ရာဂ, ဒေါသ, မောဟတို့၏ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ကာမဘုံသို့ ပြန်လာ၍ သံသရာဝဋ်ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုသော သကဒါဂါမ်ဖြစ်၏။ (အံ၊၂၊၄၀၄။)</p>
<hr>
<h3>သကဒါဂါမ်ပုဂ္ဂိုလ် (၅)မျိုး</h3>
<p>၁။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည် လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါ ဂါမ်ပုဂ္ဂိုလ်,</p>
<p>၂။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ နတ်ပြည် နတ်လောက (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,</p>
<p>၃။ နတ်ပြည် နတ်လောက၌ (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ယင်းနတ်ပြည် နတ်လောက၌ (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ပင် ပရိနိဗ္ဗာန်စံ ရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,</p>
<p>၄။ ကာမာဝစရ နတ်ပြည် နတ်လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည် လူ့လောက၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက် ဖြစ်ပေါ်ပြီးနောက် ဤလူ့ပြည် လူ့လောကမှာပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,</p>
<p>၅။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ကာမာဝစရ နတ်ပြည် နတ်လောက၌ အသက်ထက်ဆုံး နေပြီးလျှင် တစ်ဖန် ဤလူ့ပြည် လူ့လောကသို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ကာ ဤလူ့ပြည် လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ် ---</p>
<p>ဤသို့အားဖြင့် သကဒါဂါမ်ပုဂ္ဂိုလ် ငါးမျိုး ရှိပေသည်။ ထိုပုဂ္ဂိုလ် ငါးမျိုးတို့တွင် အမှတ် (၅)ပုဂ္ဂိုလ်ကို ပဓာနနည်းအားဖြင့် ရည်ညွှန်းကာ သကဒါဂါမ်ဟူသော အမည်ဖြင့် ဟောကြားထားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၃၊၄၈။ မဟာဋီ၊၂၊၅၃၁။)</p>
<h3>ကိလေသာ ခေါင်းပါးမှု</h3>
<p>အားကောင်းမောင်းသန်သော ကာမရာဂ, ဗျာပါဒတို့၏ ခေါင်းပါးမှုကို အဘယ်သို့သော အကြောင်းဖြင့် သိအပ်ပါသနည်းဟူမူ---</p>
<p>၁။ ရံခါ ကြိုးကြား ကြိုးကြားသာ ဖြစ်သဖြင့်လည်းကောင်း,</p>
<p>၂။ စိတ်အစဉ်တွင် ဥပါဒ်-ဌီ-ဘင် အနေဖြင့် ထင်ထင်ရှားရှား ထကြွဖြစ်ပေါ်လာမှု ပရိယုဋ္ဌာနသဘော၏ နုံ့သည်၏ အဖြစ်, အားပျော့သည်၏ အဖြစ်ဖြင့်လည်းကောင်း ---</p>
<p>ဤနှစ်မျိုးကုန်သော အကြောင်းတို့ဖြင့် ကာမရာဂ, ဗျာပါဒတို့၏ ခေါင်းပါးသည်၏အဖြစ်, ကျဲပါးသည်၏အဖြစ်, သေးသိမ် နုံ့ညံ့သည်၏ အဖြစ်ကို သိအပ်ပေ၏ဟူပေ။ သံသရာဝဋ်သို့ အစဉ်လမ်းလျှောက်နေသော လူများစု၏ သန္တာန်၌ ကိလေသာတို့သည် အမြဲမပြတ် ဖြစ်နေကြကုန်သကဲ့သို့ သကဒါဂါမ်ပုဂ္ဂိုလ်အား ကိလေသာတို့သည် အမြဲမပြတ် မဖြစ်ကြကုန်။ ရံခါ ရံခါ ကြိုးကြား ကြိုးကြား၌သာလျှင် ကျဲသော, ပါးသော အခြင်းအရာရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကုန်၏။ ထိုသို့ ရံခါ ကြိုးကြား ကျဲပါးသော အခြင်းအရာအားဖြင့် ဖြစ်ကုန် သော်လည်း နှိမ်နင်းကုန်လျက်, ဖုံးလွှမ်းကုန်လျက်, အမိုက်မှောင်ကို ပြုကုန်လျက် အရမ်းမဲ့ မဖြစ်ပေါ်လာကြကုန်။ စင်စစ်အားဖြင့်သော် ကား သောတာပတ္တိမဂ်, သကဒါဂါမိမဂ်တည်းဟူသော နှစ်ပါးသော အရိယမဂ်တရားတို့ဖြင့် ပယ်ရှားထားအပ်ပြီးသည်၏ အဖြစ်ကြောင့် အလွန် နုံ့ကုန်သည်, ကျဲပါးသော အခြင်းအရာ ရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ဖြစ်မှုကို ကြည့်၍ ခေါင်းပါးမှုကို သိရှိပါလေ။ (မဟာဋီ၊၂၊၄၈၇)</p>
<hr>
<h3>၆။ ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသောပုဂ္ဂိုလ်</h3>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ---</p>
<p>၁။ သက္ကာယဒိဋ္ဌိသံယောဇဉ်,</p>
<p>၂။ ဝိစိကိစ္ဆာသံယောဇဉ်,</p>
<p>၃။ သီလဗ္ဗတပရာမာသသံယောဇဉ်,</p>
<p>၄။ ကာမရာဂသံယောဇဉ်, ( = ကာမဘုံ၌ တွယ်တာသော သံယောဇဉ်)</p>
<p>၅။ ပဋိဃသံယောဇဉ် (= စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းမှု ဒေါသ သံယောဇဉ်)ဟူသော ---</p>
<p>အောက်ပိုင်း ကာမဘုံကို ဆွဲငင်တတ်ကုန်သော အောက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ကိုယ်ထင်ရှား ဘွားကနဲဖြစ်သည့် ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုမည့် ထိုဘုံမှ အောက်ကာမဘုံသို့ ပြန်လည်ခြင်း သဘောမရှိသူ အနာဂါမ်ဖြစ်၏။ ရဟန်းတို့ ...ဤသို့လျှင် ထိုပုဂ္ဂိုလ်သည် ထောက်တည်ရာသို့ ရောက်ရှိသွား၏။ (အံ၊၂၊၄၀၄။)</p>
<p>ထိုအနာဂါမ် အရိယာသူတော်ကောင်းသည် ပဋိသန္ဓေ၏ အစွမ်း ဖြင့်သာ ထိုဗြဟ္မာ့ပြည်မှ ဤကာမဘုံသို့ မလာခြင်းသဘော ရှိ၏၊ ဘုရားအား ဖူးမြော်ရန်, တရားတော်ကို နာယူရန်ဟူသော အကျိုးတရားများ အတွက်ကား ဤလူ့လောက အပါအဝင်ဖြစ်သော ကာမလောကသို့ လာရောက်သည်သာ ဖြစ်ပေသည်။ သနင်္ကုမာရဗြဟ္မာတို့ ကဲ့သို့ သုဓမ္မာသဘင်တွင် တရားဟောရန်အတွက်လည်း ကာမလောကသို့ လာရောက်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၈၈-၄၈၉။)</p>
<hr>
<h3>အနာဂါမ်ပုဂ္ဂိုလ် ငါးမျိုး</h3>
<p>ထိုအနာဂါမ်ပုဂ္ဂိုလ်သည် ကိလေသာတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သော အရဟတ္တဖိုလ် ဝိမုတ္တိဉာဏ်ကို ရင့်ကျက်စေတတ် ကုန်သော သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတည်းဟူသော ဣန္ဒြေတို့၏ ထက်သည်, နုံ့သည် = ရင့်သည်, နုသည်၏ အစွမ်းဖြင့် ---</p>
<p>၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ်,</p>
<p>၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်,</p>
<p>၃။ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,</p>
<p>၄။ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,</p>
<p>၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမိအနာဂါမ်-ဟု ငါးမျိုး ရှိပေသည်။ (အံ၊၂၊၄၅၀-၄၅၂။ ဝိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)</p>
<p>၁။ <b>အန္တရာပရိနိဗ္ဗာယီ</b> = သုဒ္ဓါဝါသငါးဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေပြီးနောက် သက်တမ်းအပိုင်း အခြား အလယ်သို့ မရောက်မူ၍သာလျှင် = သက်တမ်းတစ်ဝက် မကြိုးမီမှာပင် ကိလေသပရိနိဗ္ဗာန်အားဖြင့် ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည် အန္တရာပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။)</p>
<p>၂။ <b>ဥပဟစ္စပရိနိဗ္ဗာယီ</b> = သက်တမ်း အပိုင်းအခြား၏ အလယ်ကို လွန်ပြီးမှ = သက်တမ်းတစ်ဝက်ကျော်ပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည် ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။)</p>
<p>၃။ <b>အသင်္ခါရပရိနိဗ္ဗာယီ</b> = သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတည်းဟူသော ဣန္ဒြေငါးပါးတို့က ထက်မြက်နေသောကြောင့် လွန်လွန် ကဲကဲ အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လပယောဂနှင့် ကင်းသော ဝိပဿနာအကျင့်ဖြင့် = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်း အထန် လွန်လွန်ကဲကဲ အားမထုတ်ရဘဲ သက်သာ လွယ်ကူ ချောမောသော ဝိပဿနာအကျင့်ဖြင့် အရဟတ္တမဂ်တည်းဟူသော အထက်မဂ်ကို ဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည် အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။)</p>
<p>၄။ <b>သသင်္ခါရပရိနိဗ္ဗာယီ</b> = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု လုံ့လပယောဂ ရှိပါမှ ယင်းလုံ့လပယောဂ ဝီရိယ၏ အားပေးထောက်ပံ့ မှုရှိသော ဝိပဿနာအကျင့်ဖြင့် အရဟတ္တမဂ်တည်းဟူသော အထက်မဂ်ကို ဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည် သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။) (သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတည်းဟူသော ဣန္ဒြေတို့က နုံ့နေသည့်အတွက်ကြောင့် ပင်ပင် ပန်းပန်း ခက်ခက်ခဲခဲ ငြိုငြိုငြင်ငြင် ဆင်းဆင်းရဲရဲဖြင့် အရဟတ္တမဂ်ကို ဖြစ်စေနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၅၃၂။)</p>
<p>၅။ <b>ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ</b> = အဝိဟာ, အတပ္ပာ, သုဒဿာ, သုဒဿီ, အကနိဋ္ဌဟူ၍ သုဒ္ဓါဝါသ ငါးဘုံရှိ၏။ ထိုတွင် ထိုက်သင့်ရာ အဝိဟာစသည့် သုဒ္ဓါဝါသဘုံ တစ်ခုခုတွင် အနာဂါမ်အရိယာသူတော်ကောင်းသည် ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရ၏။ ရှေးဦး ပဋိသန္ဓေဖြစ်ရာ ထိုဘုံမှ အထက်အထက် ဘုံ၌ ထပ်မံ ပဋိသန္ဓေ နေသောအခါ အကနိဋ္ဌဘုံသို့တိုင်အောင် တက်ရောက်ကာ ပဋိသန္ဓေ တည်နေရ၏။ ထိုအကနိဋ္ဌဘုံ၌ ကိလေသပရိနိဗ္ဗာန် ဝင်စံရသော အနာဂါမ်ပုဂ္ဂိုလ်သည် ဥဒ္ဓံသောတော အကနိဋ္ဌဂါမီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)</p>
<hr>
<h3>ဥဒ္ဓံသောတ အကနိဋ္ဌဂါမိစတုက္က</h3>
<p>အနာဂါမ်သူတော်ကောင်းတို့၏ ထူးထွေကွဲပြားမှုကို သိရှိနိုင်ရန် အနာဂါမိစတုက္ကကို သိထားသင့်ပေသည် ---</p>
<p>၁။ <b>ဥဒ္ဓံသောတော အကနိဋ္ဌဂါမိ</b> = အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးသည်ကား အဝိဟာဘုံမှစ၍ ပဋိသန္ဓေ ယူပြီးနောက် အတပ္ပာဘုံ, သုဒဿာဘုံ, သုဒဿီဘုံတို့၌ အစဉ်အတိုင်း ပဋိသန္ဓေ တည်နေပြီးနောက် အကနိဋ္ဌဘုံသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေကာ ထိုအကနိဋ္ဌဘုံမှာပင် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူ၏ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ (ဤသူတော် ကောင်းမျိုးကိုပင် ရည်ရွယ်တော်မူကာ ဘုံစဉ်စံ အရိယာသူတော်ကောင်းဟု ခေါ်စမှတ်ပြုလေသည်။) ဤကဲ့သို့သော အနာဂါမ် သူတော်ကောင်းသည်ကား ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံသို့ တက်ရောက်ပြီးနောက် အကနိဋ္ဌဘုံသို့ တိုင်အောင် ရောက်ရှိသွားသော အနာဂါမ် ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၄၉။ မဟာဋီ၊၂၊၅၃၂။)</p>
<p>၂။ <b>ဥဒ္ဓံသောတော န အကနိဋ္ဌဂါမိ</b> = အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးသည်ကား အဝိဟာ, အတပ္ပာ, သုဒဿာဟူသော အောက် သုဒ္ဓါဝါသ သုံးဘုံ၌ အစဉ်အတိုင်း တစ်ဘုံပြီး တစ်ဘုံ ပဋိသန္ဓေကို ယူပြီးနောက် စတုတ္ထမြောက် သုဒဿီဗြဟ္မာ့ပြည်၌ ပဋိသန္ဓေကို ယူပြန်၏။ ထိုသုဒဿီဘုံ၌ ရပ်တည်ကာ ကိလေသပရိနိဗ္ဗာန် ဝင်စံလေ၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်သည်ကား ဥဒ္ဓံသောတော န အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံသို့ကား တက်ရောက်၏၊ သို့သော် အကနိဋ္ဌဘုံသို့ မရောက်ရှိသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၄၉-၅၀။ မဟာဋီ၊၂၊၅၃၂။)</p>
<p>၃။ <b>န ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ</b> = အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးသည် ဤကာမဘုံမှ အကနိဋ္ဌဘုံသို့သာလျှင် ပဋိသန္ဓေ အားဖြင့် ကပ်ရောက်တည်နေပြီးနောက် ထိုအကနိဋ္ဌဘုံမှာပင် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်သည်ကား န ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံတို့သို့ အစဉ်အတိုင်းမသွားဘဲ အကနိဋ္ဌဘုံသို့သာ တိုက်ရိုက်ရောက်ရှိသွားသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၅၀။ မဟာဋီ၊၂၊၅၃၂။)</p>
<p>၄။ <b>န ဥဒ္ဓံသောတော န အကနိဋ္ဌဂါမီ</b> = အကြင် အနာဂါမ် အရိယာသူတော်ကောင်း တစ်ဦးသည်ကား အဝိဟာ, အတပ္ပာ, သုဒဿာ, သုဒဿီဟူသော အောက် သုဒ္ဓါဝါသ လေးဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေပြီးနောက် ထိုပဋိသန္ဓေ ယူရာဘုံ၌ပင်လျှင် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထို အနာဂါမ်ပုဂ္ဂိုလ်မျိုးကား န ဥဒ္ဓံသောတော န အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံတို့သို့ တစ်ဘုံပြီး တစ်ဘုံ မတက်ရောက်တော့ဘဲ အကနိဋ္ဌဘုံသို့လည်း ရောက်အောင် မသွားသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၅၀။မဟာဋီ၊၂၊ ၅၃၂။)</p>
<p>ဤအနာဂါမ်အရိယာသူတော်ကောင်း အားလုံးကိုပင် ဘုရားရှင်က ဥဒကူပမာသုတ္တန်၌ ပေါ်လာပြီးလျှင် ထောက်ရာတည်ရာသို့ ရောက်ရှိသွားသောပုဂ္ဂိုလ်ဟု ဟောကြားထားတော်မူပေသည်။</p>
<p>ဩဃတရဏသုတ္တန် (သံ၊၁၊၁။) ဒေသနာတော်နည်းအရ ပြောဆိုရမူ ဤသောတာပန်, သကဒါဂါမ်, အနာဂါမ် အရိယာသူတော်ကောင်းတို့ကား ဩဃလေးဖြာ သံသရာရေယဉ်ကြောအတွင်း၌ မြုပ်နေသော ပုဂ္ဂိုလ်တို့လည်း မဟုတ်ကြပေ။ မျောနေသော ပုဂ္ဂိုလ်တို့လည်း မဟုတ်ကြပေ။ ဩဃလေးဖြာ သံသရာရေယဉ်ကြောမှ လွတ်ရန် ထိုမှာဘက်ကမ်းသို့ ရောက်ရန် ကူးခတ်နေဆဲ သူတော်ကောင်းတို့သာ ဖြစ်ကြပေသည်။ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်နေဆဲ = သေက္ခအရိယာသူတော်ကောင်းတို့သာ ဖြစ်နေကြသောကြောင့် ဖြစ်၏။ တစ်နည်းတစ်ဖုံအားဖြင့် ပြောဆိုရပါမူ ဩဃလေးဖြာ သံသရာရေပြင်ကျယ်ကြီးကို လေးပုံ ပုံလိုက်ပါက သောတာပန် အရိယာသူတော်ကောင်းသည် တစ်ပုံ ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်၏။ သို့မဟုတ် နှစ်ဆယ့်ငါးရာခိုင်နှုန်း ကူးခတ် လွန်မြောက်ပြီးသူ ဖြစ်၏။ သကဒါဂါမ်အရိယာသူတော်ကောင်းကား လေးပုံတွင် နှစ်ပုံ = ထက်ဝက် ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်၏။ သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်း ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်၏။ အနာဂါမ်အရိယာသူတော်ကောင်းကား လေးပုံတွင် သုံးပုံ ကူးခတ် လွန်မြောက်ပြီးသူ ဖြစ်၏။ တစ်နည်းပြောဆိုရပါမူ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်း ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်ပေသည်။</p>
<p>သို့သော် အနာဂါမ်အရိယာသူတော်ကောင်း ရောက်ရှိသွားသော ဩဃလေးဖြာ သံသရာရေပြင်ကျယ်ကား အင်္ဂုတ္တရဋီကာ (အံ၊ဋီ၊၃၊ ၁၅၅။) အဖွင့်အရ ပြောဆိုရပါမူ ခါး ပမာဏမျှလောက်သာ နက်ရှိုင်းသော ရေရှိရာအရပ်သို့ ရောက်ရှိနေသဖြင့် ထိုရေပြင်အတွင်း၌ စိတ်အေးလက်အေး ရပ်တည်နေနိုင်သောအဆင့်, မတ်တပ်ရပ်လျက်ပင် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ လျှောက်သွားနိုင်သော အဆင့်သို့ ရောက်ရှိနေပေသည်။ ထို့ကြောင့် ဘုရားရှင်က အနာဂါမ် အရိယာသူတော်ကောင်းကို ဥဒကူပမာသုတ္တန်တွင် --- ပေါ်လာပြီးနောက် ထောက်တည်ရာသို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်ဟု ဟောကြားသွားတော်မူခြင်း ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကား ဤမှာဘက်ကမ်းတည်းဟူသော နောက်ကြောင်းသို့ တစ်ဖန် ဘယ်သောအခါမျှ မပြန်တော့သော ပုဂ္ဂိုလ်တည်း။</p>
<hr>
<h3>၇။ ပေါ်လာပြီးနောက် ကမ်းတစ်ဘက်သို့အရောက် ကူးမြောက် ပြီးသော ကြည်းကုန်းထက်၌ ရပ်တည်နေသောပုဂ္ဂိုလ်</h3>
<p>ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကူးမြောက်ပြီးသူ ကမ်းတစ်ဘက်သို့ ရောက်ပြီးသူ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ ရပ်တည်၍ မကောင်းမှု ဟူသမျှကို အပပြုအပ်ပြီးသူ ဖြစ်သနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ကိလေသာအာသဝေါတရားတို့၏ ကုန်ဆုံးသွားခြင်းကြောင့် ကိလေသာအာသဝေါတရား ကင်းသော, ကိလေသာအာသဝေါတရားတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာအာသဝေါတရားတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုမျက်မှောက်ဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်ရှိ၍ နေပေ၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကူးမြောက်ပြီးသူ, ကမ်းတစ်ဘက်သို့ ရောက်ပြီးသူ, နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ ရပ်တည်နေသူ, မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသူ ဖြစ်ပေ၏။ (အံ၊၂၊၄၀၄-၄၀၅။)</p>
<p>ရဟန်းတို့ ...လောက၌ ရေဥမာရှိကုန်သော ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် ထင်ရှားရှိကြကုန်၏ဟု မိန့်ကြားတော်မူ၏။ (အံ၊၂၊၄၀၅။)</p>
<p>ဥဒကူပမာသုတ္တန်ကား ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပေသည်။ ဤသုတ္တန်တွင် ပုဂ္ဂိုလ် ခုနစ်မျိုးတို့ကို ရေဥပမာဖြင့် ထင်ရှားပြကာ ဘုရားရှင်က ဟောကြားထားတော်မူပေသည်။ ဤနေရာတွင် အင်္ဂုတ္တရ ဋီကာဆရာတော်က ခြေလျင်ကုန်သည်များ ဥပမာဖြင့် သုတ္တန်၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း ရှင်းလင်း ဖွင့်ဆိုထားပေသည် ---</p>
<hr>
<h3>ခြေလျင်ကုန်သည်များ ဥပမာ</h3>
<p>ခုနစ်ဦးကုန်သော ခြေလျင်ကုန်သည်တို့သည် အဓွန့်ရှည်သော လမ်းခရီးတစ်ခုကို သွားကြကုန်သည်ရှိသော် လမ်းခရီးအကြား တစ်နေရာတွင် ရေပြည့်နေသော မြစ်ကြီးတစ်ခုသို့ ဆိုက်ရောက်သွားကြ၏။ ထိုသူတို့တွင် ရှေးဦးစွာ မြစ်တွင်းသို့ သက်ဆင်းလိုက်သော သူကား ရေကြောက်တတ်သော ယောက်ျား ဖြစ်နေ၏။ ထိုသူသည် မြစ်ရေအတွင်းသို့ သက်ဆင်းလိုက်မိသော နေရာ၌ပင်လျှင် ရေထဲသို့ နစ်မြုပ်သွားသဖြင့် တစ်ဖန် ပြန်လည် ရပ်တည်ခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ မချွတ်ဧကန်အားဖြင့် ငါးလိပ်တို့၏ အစားအစာသာ ဖြစ်သွားခဲ့ရ၏။</p>
<p>ဒုတိယ မြစ်ရေအတွင်းသို့ သက်ဆင်းလိုက်သော သူကား မြစ်ရေအတွင်းသို့ သက်ဆင်းမိရာနေရာ၌ ရေထဲသို့ မြုပ်သွားပြီးနောက် ရေထဲမှ ရေပေါ်သို့ တစ်ကြိမ် ထလာခဲ့၏, ပေါ်လာခဲ့၏။ သို့သော် နောက်တစ်ကြိမ် ထပ်မံ နစ်မြုပ်သွားသည်ရှိသော်ကား ရေပေါ်သို့ တစ်ဖန် ထလာခြင်းငှာ, ပေါ်လာခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ မြစ်ရေ အတွင်းမှာပင် ငါးလိပ်တို့၏ အစားအစာသာ ဖြစ်သွားခဲ့ရ၏။</p>
<p>တတိယမြောက် မြစ်ရေအတွင်းသို့ သက်ဆင်းသွားသော သူသည်ကား ရေထဲသို့ မြုပ်သွားပြီးနောက် ရေပေါ်သို့ တစ်ဖန် ပြန်ပေါ်လာသည်ရှိသော် ထပြီး ဆက်လက် ကူးခတ်လေရာ မြစ်၏ အလယ်သို့တိုင်အောင် ဆိုက်ရောက်သွားခဲ့၏။ သို့သော် မြစ်အလယ်သို့ ဆိုက်ရောက်သွားသော်လည်း ထိုမြစ်လယ်မှာပင် ရပ်တန့်နေကာ ဤမှာဘက်ကမ်းသို့ ပြန်လာဖို့ရန်လည်း မစွမ်းနိုင်၊ ထိုမှာဘက်ကမ်းသို့ ဆက်လက် ကူးခတ်သွားဖို့ရန်လည်း မစွမ်းနိုင် ဖြစ်နေပေသည်။</p>
<p>စတုတ္ထမြောက် မြစ်ရေအတွင်းသို့ သက်ဆင်းကာ ကူးခတ်သွားသော သူသည်ကား ရေထဲသို့ မြုပ်သွားပြီးနောက် ရေထဲမှ တစ်ဖန် ပြန်ပေါ်လာသည်ရှိသော် ထပြီး ဆက်လက် ကူးခတ်လေရာ တစ်နေရာတွင် ရပ်လျက် မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို လှမ်းကြည့်နေလေသည်။</p>
<p>ပဉ္စမမြောက် ပုဂ္ဂိုလ်ကား မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို လှမ်းမြော်ကြည့်လျက် ရပ်တည်မနေဘဲ ဆက်လက် ကူးခတ်လေသည်။</p>
<p>ဆဋ္ဌ = ခြောက်ယောက်မြောက် ပုဂ္ဂိုလ်ကား ထို မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို မြင်ရ၍ ထိုမှာဘက်ကမ်း ဆိပ်ကမ်းသို့ အရောက်သွားလေသော် ခါးပမာဏမျှရှိသော ရေထဲ၌ ရပ်တည် နေ၏။</p>
<p>သတ္တမ = ခုနစ်ယောက်မြောက် ပုဂ္ဂိုလ်ကား ထိုမှာဘက်ကမ်းသို့ ချောချောမောမော ဆိုက်ရောက်သွားကာ နံ့သာမှုန့် စသည်တို့ဖြင့် ရေချိုး၍ မွန်မြတ်ကောင်းမွန်သော အဝတ်ပုဆိုး စသည်တို့ကို ဝတ်ဆင်လျက် အမွှေးနံ့သာ လိမ်းကျံကာ ကြာညိုပန်း စသည့် ပန်းတို့ကို ပန်ဆင်ပြီးနောက် အမျိုးမျိုးသော တန်ဆာတို့ဖြင့် လှပအောင် တန်ဆာဆင်ထားသော မြို့ကြီးအတွင်းသို့ ဝင်ရောက်ကာ ပြာသာဒ်ထက် တက်ပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားသုံးလေသည်။</p>
<p>ထိုဥပမာစကားရပ်၌ ခြေလျင်ကုန်သည် ခုနစ်ဦးတို့ကဲ့သို့ ဤဥဒကူပမာသုတ္တန်တွင် ဟောကြားတော်မူအပ်သော ခုနစ်မျိုးသော ပုဂ္ဂိုလ်တို့ကို မှတ်သားပါလေ။ မြစ်ရေပြင်ကျယ်ကဲ့သို့ သံသရာဝဋ်ဒုက္ခ ဝဲဩဃရေအယဉ်ကို မှတ်သားပါလေ။</p>
<p>ပထမဦးဆုံး မြစ်ရေအတွင်းသို့ သက်ဆင်းသွားသော, ရေကို ကြောက်တတ်သော ယောက်ျား၏ မြစ်ရေအတွင်းသို့ ဆင်းသက်မိရာ အရပ်ဌာန၌ပင် နစ်မြုပ်သွားခြင်းနှင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသော ပုထုဇန်ငမိုက်သား၏ အပါယ်သံသရာ ဝဲဩဃရေယဉ်ကြောအတွင်း၌ ဦးခေါင်း မပေါ်နိုင်လောက်အောင် နစ်မြုပ်နေခြင်းသည် တူညီပေသည်။</p>
<p>ရေပေါ်သို့ ပေါ်လာပြီးနောက် တစ်ဖန် နစ်မြုပ်သွားသော ပုဂ္ဂိုလ်နှင့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတရားတို့ ဖြစ်ပေါ်လာကာမျှဖြင့် ပေါ်လာပြီးနောက် ထိုတရားတို့၏ ဆုတ်ယုတ်သွားခြင်းကြောင့် နစ်မြုပ်သွားသော ပုဂ္ဂိုလ်သည် တူညီနေပေသည်။</p>
<p>မြစ်ရေယဉ်အလယ်၌ ရပ်တည်နေသောပုဂ္ဂိုလ်နှင့် သဒ္ဓါစသော တရားတို့၏ တည်တံ့ခြင်းဖြင့် ရပ်တည်နေသောပုဂ္ဂိုလ်သည် တူညီနေပေသည်။</p>
<p>မိမိ ကူးတက်ရမည့် ဆိပ်ကမ်းကို လှမ်းမြော်ကြည့်နေသော သူနှင့် သောတာပန်ပုဂ္ဂိုလ်သည် တူညီနေပေသည်။</p>
<p>မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို တွေ့မြင်နေရသဖြင့် ယင်းဆိပ်ကမ်းသို့ ရောက်အောင် ကူးခတ်နေသော ယောက်ျားနှင့် ကိလေသဝဋ်, ကာမဝဋ် ဝဲဩဃရေယဉ်မှ ကျော်လွှား လွန်မြောက်သွားရန် ကူးခတ်နေသော သကဒါဂါမ်ပုဂ္ဂိုလ်သည် တူညီပေသည်။</p>
<p>ကူးတက်ရမည့် ဆိပ်ကမ်းကို လှမ်းမြော်ကြည့်ကာ မြစ်ရေယဉ်ကြောကို ကူးခတ်ပြီးနောက် ခါးပမာဏမျှလောက်ရှိသော ရေထဲ၌ ရပ်တည်နေသော ပုဂ္ဂိုလ်နှင့် ကာမာဝစရ သံသရာတည်းဟူသော ဤမှာဘက်ကမ်းသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ပြန်လည်လာခြင်း သဘော မရှိသော အနာဂါမ်ပုဂ္ဂိုလ်နှင့် တူညီပေသည်။ ဤပုဂ္ဂိုလ်ကား ထိုမှာဘက်ကမ်းသို့ ရောက်ခါနီးနေသဖြင့် သက်သက်သာသာ လမ်းလျှောက်သွားရုံသာရှိသော ပုဂ္ဂိုလ်မျိုးတည်း။ ဤမှာ ဘက်ကမ်းတည်းဟူသော ကာမာဝစရ သံသရာကို တွယ်တာမက်မောနေသည့် ကာမတဏှာကို ကျော်လွှား လွန်မြောက်ပြီးဖြစ်သော ဤမှာဘက်ကမ်းကို လှည့်ကြည့် လှည့်ကြည့်ဖြင့် လွမ်းဆွတ် တသ နေသူမျိုးကား မဟုတ်တော့ပေ။ ကာမ (၁၁)ဘုံမှ အလွတ်ကြီးလွတ်ကာ အကျွတ်ကြီး ကျွတ်ပြီးသူပင် ဖြစ်ပေသည်။ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသော အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်နေရခြင်းသဘောမှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ရပြီးသူ ဖြစ်ပေသည်။</p>
<p>ရေချိုးပြီးနောက် ထိုမှာဘက်ကမ်းသို့ ကူးတက်ကာ ကြည်းကုန်းထက်၌ တည်နေသော ယောက်ျားနှင့် ဩဃလေးဖြာ သံသရာဝဲဩဃ ရေယဉ်တို့ကို ကူးခတ်လွန်မြောက်ပြီးနောက် နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ ရပ်တည်နေသော ကိလေသာအာသဝေါတရား ကင်းစင်တော်မူသည့် ကိလေသာတို့မှ အပြီးတိုင် စင်ကြယ်သွားခြင်းကြောင့် မကောင်းမှုဟူသမျှတို့ကို အပပြုအပ်ပြီးသည့် ဝိသုဒ္ဓိဗြဟ္မဏအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ရဟန္တာသခင် အရှင်မြတ်သည် တူညီပေသည်။ ကြည်းကုန်းထက်၌ ရပ်တည်နေရသော ယောက်ျား၏ မြို့တွင်းသို့ ဝင်ရောက်ကာ ပြသာဒ်ထက်သို့ တက်၍ မွန်မြတ်သော ဘောဇဉ်ကို စားသုံးသကဲ့သို့ ကိလေသာအာသဝေါ လျောကျကင်းကွာတော်မူသည့် ရဟန္တာသခင် အရှင်မြတ်၏ မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ အရဟတ္တဖိုလ် ဖလသမာပတ်ကို ဝင်စားတော်မူလျက် အရဟတ္တဖိုလ် ဖလသမာပတ် အငြိမ်းဓာတ် အရသာမြတ်ကြီးကို သုံးဆောင်ခံစားတော်မူလျက် တန်ဖိုးရှိသော အချိန်ကို ကုန်လွန်စေခြင်းကို သိရှိအပ်ပေသည်။ (အံ၊ဋီ၊၃၊၁၅၄-၁၅၅။)</p>
<hr>
<h3>ဩဃလေးဖြာ သံသရာ ရေပြင်ကျယ်</h3>
<p><b>ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃ</b>ဟု ဩဃလေးပါး ရှိ၏။ ကာမ (၁၁)ဘုံ၌ = ကာမ (၁၁)ဘုံအတွင်းရှိ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကား, တစ်နည်းဆိုရသော် ကာမဘဝ၌ တွယ်တာမက်မောနေသော တဏှာတရားကား <b>ကာမောဃ</b> = ကာမဝဲဩဃမည်၏။ ရူပဘဝ, အရူပဘဝ၌ တွယ်တာမက်မောနေသော ရူပရာဂ, အရူပရာဂ = ရူပတဏှာ, အရူပတဏှာကား <b>ဘဝေါဃ</b> = ဘဝဝဲဩဃမည်၏။ နိယတမိစ္ဆာဒိဋ္ဌိနှင့်တကွသော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုး မျိုးကား <b>ဒိဋ္ဌောဃ</b> = ဒိဋ္ဌိဝဲဩဃမည်၏။ သိသင့်သိထိုက်သော သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ မသိဘဲ မသိသင့် မသိထိုက်သည့် ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် အသိမှားနေခြင်းသဘောသည်ကား <b>အဝိဇ္ဇောဃ</b> = အဝိဇ္ဇာဝဲဩဃ မည်၏။</p>
<p>သတ္တဝါတို့ကား အဝိဇ္ဇာနှင့် တဏှာတို့၏ စွမ်းအင်ဖြင့် ထိုထို ဘုံဘဝ၌ ရပ်တည်နေကြရ၏။ သစ္စာလေးပါး အမှန်တရားကို မသိမှု၊ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် အသိမှားမှု အဝိဇ္ဇာကို အခြေတည်၍ ထိုယောက်ျားဘဝ, မိန်းမဘဝ, လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတို့ကို တွယ်တာမက်မောမှု တဏှာတရား ထင်ရှား ဖြစ်ပေါ်လာရ၏။ ထိုအဝိဇ္ဇာနှင့် တဏှာအပေါ်၌ အခြေတည်လျက်, ရပ်တည်လျက် ထိုထိုဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သည့် ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရဟု ခေါ်ဆိုအပ်သည့် ဘဝသစ်ကို ဖြစ်ပေါ်လာအောင် စီမံဆောင်ရွက်ပေးတတ်သည့် အဘိသင်္ခါရအမည်ရသည့် ကံတရားတို့ကို ထူထောင်ကြ၏။ ထိုအဘိသင်္ခါရတရားတို့ကြောင့် သံသရာဝဲဩဃရေယဉ်ကြော၌ အမျောကြီး မျောပါနေကြရခြင်း ဖြစ်၏။ ထိုသို့ မျောနေရာ၌ သစ္စာလေးပါး အမှန်တရားကို မသိသေးသမျှ ကာလပတ်လုံး ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို အစွဲပြု၍ နိစ္စ-သုခ-သုဘ-အတ္တ စသည်ဖြင့် နှလုံးသွင်းမှားမှု = ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု နှလုံးမသွင်းတတ်မှု = အယောနိသော မနသိကာရကို အကြောင်းခံကာ အသစ်အသစ်သော အဝိဇ္ဇာ, အသစ် အသစ်သော တဏှာတရားတို့လည်း ထပ်ကာထပ်ကာ တိုးပွားနေကြရသည်သာ ဖြစ်၏။ ထိုအသစ်အသစ်သော အဝိဇ္ဇာ, တဏှာတို့ အပေါ်၌ ရပ်တည်ကာ ဒိဋ္ဌောဃ စသည် အကုသိုလ်သင်္ခါရတရားတို့ကိုလည်း မသူတော်တို့နှင့် ပေါင်းဖော်မိသဖြင့် ထူထောင်မိကြပြန်၏။ ဒါန, သီလ, သမထ-ဝိပဿနာ အစဖြာသည့် ကုသိုလ်အဘိသင်္ခါရတရားတို့ကိုလည်း သူတော်ကောင်းတို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခွင့် ရသောအခါ ထပ်မံ ထူထောင်ကြပြန်၏။ သို့သော် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည့်တိုင်အောင် မထူထောင်နိုင်သေးပါက ယင်းကုသိုလ်အဘိသင်္ခါရ, အကုသိုလ်အဘိသင်္ခါရတရားတို့ကြောင့် သံသရာဝဲဩဃ ရေယဉ်ကြောတွင် ဆက်လက်ကာ မျောနေကြရဦးမည်သာ ဖြစ်ပေသည်။</p>
<p>ထိုသို့ သံသရာဝဲဩဃ ရေယဉ်ကြော၌ မျောပါနေရသူတို့တွင် ဤ ဥဒကူပမာသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသော အမှတ် (၁) ပုဂ္ဂိုလ်ဖြစ်သည့် --- တစ်ကြိမ် နစ်မြုပ်သွားသော် နစ်မြုပ်၍သာ နေသောပုဂ္ဂိုလ်သည်ကား ဒိဋ္ဌောဃရေယဉ်ကြောတွင် အမျောကြီး မျောမိသဖြင့် အပါယ်သံသရာတွင် အမြုပ်ကြီး မြုပ်နေရသည့် ပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။</p>
<p>အမှတ် (၂) ပုဂ္ဂိုလ်ဖြစ်သည့် --- ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားသောပုဂ္ဂိုလ်သည်လည်း ကာမောဃရေယဉ်ကြောတွင် အမျောကြီး မျောခဲ့သဖြင့် အပါယ်သံသရာ ရေယဉ်ကြောတွင် အမြုပ်ကြီး မြုပ်နေသူပင် ဖြစ်ပေသည်။</p>
<p>အမှတ် (၃)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ရပ်တည်နေသော ပုဂ္ဂိုလ်, အမှတ် (၄)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ထိုထိုဤဤ ကြည့်ရှု နေသောပုဂ္ဂိုလ်, အမှတ် (၅)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ကူးခတ် နေသောပုဂ္ဂိုလ် --- ဤပုဂ္ဂိုလ် သုံးမျိုးတို့တွင် အချို့ကား ကာမောဃ ရေယဉ်ကြောတွင်, စျာနလာဘီ = စျာန်ကို သေသည်တိုင်အောင် ရရှိထားကြသည့် ခိုင်ခံ့နေသည့် သောတာပန်, သကဒါဂါမ်အချို့တို့ကား ဘဝေါဃရေယဉ်ကြောတွင်, စျာန်ကို ရရှိသည့် ပုထုဇန် စျာနလာဘီအချို့ကား ရံခါ ကာမောဃရေယဉ်ကြောတွင်, ရံခါ ဘဝေါဃရေယဉ်ကြောတွင် မျောပါနေကြရသူများပင် ဖြစ်ကြပေသည်။</p>
<p>သာမညအားဖြင့် ပြောဆိုရမူ သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ပုဂ္ဂိုလ်တို့ကား ဒိဋ္ဌောဃရေယဉ်ကြောကို ကူးခတ်လွန်မြောက် သွားကြသူများ ဖြစ်ကြပေသည်။</p>
<p>အမှတ် (၆)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသောပုဂ္ဂိုလ်သည်ကား ဘဝေါဃရေယဉ်ကြောတွင် မျောပါနေသူပင် ဖြစ်ပေသည်။ အကြောင်းမူ အနာဂါမိမဂ်ဉာဏ်သည် ကာမောဃရေယဉ်ကြောကိုသာ ကူးခတ်လွန်မြောက် သွားနိုင်သောကြောင့် ဖြစ်၏။</p>
<p>အမှတ် (၇)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ကမ်းတစ်ဘက်သို့ အရောက် ကူးမြောက်ပြီးနောက် နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ ရပ်တည်နေသော မကောင်းမှုဟူသမျှတို့ကို အပပြုအပ်ပြီးသည့်ပုဂ္ဂိုလ်သည်ကား <b>ဘဝေါဃ, အဝိဇ္ဇောဃ</b>တည်းဟူသော ကြွင်းကျန်သော ဩဃတို့ကို ကူးခတ်လွန်မြောက်ပြီးသောပုဂ္ဂိုလ် ဖြစ်တော်မူပေသည်။</p>
<p>မှန်ပေသည်၊ လေးဆင့်သော အရိယမဂ္ဂဘာဝနာကြောင့် ကိလေသာ၏ အစွမ်းဖြင့် ဩဃလေးဖြာ ဝဲဩဃရေယဉ်ကြော၌ ကိလေသာ၏ အစွမ်းဖြင့် ရပ်တည်နေရမှု, ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သည့် ကုသိုလ်အဘိသင်္ခါရ, အကုသိုလ်အဘိသင်္ခါရ၏ အစွမ်းဖြင့် အားထုတ်မှုကား ပြတ်စဲခဲ့လေပြီ။ ထို့ကြောင့် ထိုရဟန္တာသခင် အရှင်မြတ်သည် ဩဃလေးပါးလုံးတို့ကို ကောင်းစွာ ကူးခတ်လွန်မြောက်ပြီး, ပယ်ရှားပြီး ဖြစ်ပေသည်။</p>
<p><b>တတ္ထ တဏှာဝိဇ္ဇာ အဘိသင်္ခါရော စ သမုဒယသစ္စံ၊ တေသံ အဓိဋ္ဌာနဘူတာ ရူပါရူပဓမ္မာ ဒုက္ခသစ္စံ၊ တေသံ အပ္ပဝတ္တိ နိရောဓသစ္စံ၊ နိရောဓပဇာနနာ ပဋိပဒါ ဩဃတရဏပရိယာယေန ဝုတ္တာ မဂ္ဂသစ္စံ။</b> (သံ၊ဋီ၊၁၊၅၉။)</p>
<p>အဝိဇ္ဇာ, တဏှာ, (ဥပါဒါန်) အဘိသင်္ခါရ, (ကံ)တို့ကား သမုဒယသစ္စာတည်း။ ထိုသမုဒယသစ္စာတရားတို့၏ စွဲမှီရာ တည်ရာ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့ကား ဒုက္ခသစ္စာတည်း။ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာတရားတို့၏ မဖြစ်ခြင်းသဘော = မဖြစ်ကြောင်းသဘောသည်ကား နိရောဓသစ္စာတည်း။ ဩဃလေးဖြာကို ကူးမြောက်ကြောင်း ဒေသနာတော်အဖြစ် ဟောကြားထားတော်မူအပ်သော နိရောဓသစ္စာကို သိတတ်သော ကျင့်ဝတ်ပဋိပတ်သည်ကား မဂ္ဂသစ္စာတည်း။ (သံ၊ဋီ၊၁၊၅၉။)</p>
<p>ထို့ကြောင့် ဩဃလေးဖြာ သံသရာဝဲဩဃရေယဉ်ကြီးကို ကူးခတ် လွန်မြောက်လိုသော သူတော်ကောင်းမှန်သမျှသည် သို့မဟုတ် ဩဃလေးဖြာ သံသရာဝဲဩဃရေယဉ်ကြော၌ မြုပ်လည်း မမြုပ်လို, မျောလည်း မမျောလိုသော သူတော်ကောင်းမှန်သမျှသည် အရိယသစ္စာလေးရပ် တရားမြတ်ကို ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းလေရာသည်။ ယင်းဩဃလေးဖြာဟု ခေါ်ဆိုအပ်သော ကိလေသာ အာသဝေါတရားတို့ကို အရိယမဂ္ဂဘာဝနာဟု ခေါ်ဆိုအပ်သော ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိတရားတို့က တစ်ဆင့်ပြီး တစ်ဆင့် ပယ်ရှားပေးမည် ဖြစ်ပေသည်။</p>
<hr>
<h3>အာသဝက္ခယသုတ္တန် (သံ၊၃၊၃၈၀။)</h3>
<p>ချစ်သားရဟန်းတို့ ...သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မူ၏။ မသိသောသူအား, မမြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မမူ။</p>
<p>ချစ်သားရဟန်းတို့ ...အဘယ်တရားကို သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာပါသနည်း?</p>
<p>၁။ ချစ်သားရဟန်းတို့ ...ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါ တရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။</p>
<p>၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါ တရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။</p>
<p>၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။</p>
<p>၄။ ဤကား ဒုက္ခချုပ်ရာ = နိရောဓ = နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။</p>
<p>ချစ်သားရဟန်းတို့ ...ဤသို့ သိသောသူအားသာလျှင်, ဤသို့ မြင်သောသူအားသာလျှင် ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။</p>
<p>ချစ်သားရဟန်းတို့ ...ထိုသို့သော အကြောင်းတရားကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့, သင်ချစ်သမီးတို့သည် --- ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယ သစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။ ဤကား ဒုက္ခချုပ်ရာ = နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါဟု မိန့်ကြားတော်မူ၏။ (သံ၊၃၊၃၈၀။)</p>
<p>ကူးခတ်လွန်မြောက်ဖို့ရန် အလွန့် အလွန် ခက်ခဲလှစွာသော ဩဃလေးဖြာ သံသရာခရီးကို ကူးခတ်လွန်မြောက်နိုင်ရန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။</p>
<p>ဆန္ဒမွန်ဖြင့်</p>
<p>ဖားအောက်တောရဆရာတော်</p>
<p>စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊</p>
<p>သာသနာတော်သက္ကရာဇ် ၂၅၄၉-ခု၊</p>
<p>ကောဇာသက္ကရာဇ် ၁၃၆၇-ခု၊ တပေါင်းလဆုတ် ၈-ရက်၊ (၂၁.၃.၂၀၀၆) အင်္ဂါနေ့။</p>
<h3>လူတွေ ဘာလုပ်နေကြတာလဲ</h3>
<p>လူတွေ ဘာလုပ်နေကြပါသနည်း</p>
<p>လူတွေ ဘာလုပ်နေကြပါသနည်းဟု မေးမည်ဆိုက စာဖတ်သူတို့ မည်သို့ ဖြေဆိုကြမည်နည်း။</p>
<p>လူတွေ ဘာလုပ်နေကြပါသနည်းဟု လူသားထဲတွင် အဝင်အပါ ဖြစ်သည့် မိမိကိုယ်ကို မိမိ မေးခြင်းသည် မေးသင့် မေးထိုက် မေးဖို့ လိုသည့် မေးခွန်း တစ်ခု ဖြစ်၏။ လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီး လူသားတစ်ဦးအဖြစ်ပင် နေထိုင်လျက် လူသားတစ်ဦးအဖြစ်ပင် လောကကြီးထဲမှ တစ်နေ့ ထွက်ခွါရဦးမည် ဖြစ်သည်။ မွေးခြင်းနှင့် သေခြင်းကြား၌ လူသားဟု ခေါ်ဆိုအပ်သော သင်နှင့် ကျွန်ုပ်တို့ ဘာလုပ်နေကြပါသနည်း။</p>
<p>အမေးလွယ်သလောက် အဖြေ ခက်၏။ အတွေးကြွယ်သလောက် အဖြေယှက်မည်သာ ဖြစ်၏။</p>
<p>ကြီးပွားဖို့, ချမ်းသာဖို့, ဂုဏ်သတင်းကြီးဖို့, အခြွေအရံ အကျော်အစောများဖို့, အထင်ကြီးခံရဖို့, အရိုအသေခံရဖို့, အကြည်ညိုခံရဖို့, ရပ်တည်စရာ နေရာကလေးရဖို့, ဘွဲ့ထူး ဂုဏ်ထူးတွေရဖို့ စသည့် ဖို့ပေါင်းများစွာအတွက် အလုပ်လုပ်နေကြတာပါဟု ဆိုကြပေမည်။ ထိုသို့ ဆိုခြင်းသည် သူနှင့်ငါ အတူတူနှင့် အနူနူပါပဲဟု ပြောဆိုသည့် စကားမျိုးသာ ဖြစ်၏။ ဘဝရလာသူ ပန်းတိုင်တူ လောကလူသားတို့ အချင်းချင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တဏှာမပျက်သုဉ်းသွားဖို့ ထိန်းသိမ်းစောင့်ရှောက်နည်း တစ်မျိုးပင် ဖြစ်၏။ တဏှာ မပျက်သုဉ်းရေးအတွက် လောကစည်းဝိုင်းတစ်ခုကို တည်ဆောက်ကြခြင်း လောကနယ်ပယ်တစ်ခုကို တည်ထောင်ကြခြင်းသာ ဖြစ်၏။ ထိုစည်းဝိုင်း ထိုနယ်ပယ်အတွင်း ပျော်မွေ့နေထိုင်သူများကို ကြိုဆိုရေး လုပ်ကြ၏။ ထိုနယ်ပယ်မှ ထွက်မြောက်အောင် ကြိုးစားလိုသူများကို နှစ်နှစ်ကာကာ မကြိုဆိုလိုကြ။ ပန်းတိုင်တူခဲ့ဖူးသူ၏ ပြောင်းလဲကျင့်သုံးတော့မည့် အမူအရာအတွက် နားမလည်နိုင်ကြ။ မျက်လုံးစိမ်းတို့ဖြင့် ဝိုင်းကြည့်ကြ၏။ ချစ်ခင်သူများက ချစ်ခင်သည့်အတွက် တဏှာ ပျက်သုဉ်းရေးလမ်းကို မရွေးချယ်စေလိုကြ။ မုန်းသူများက မုန်းသည့် အတွက် အချည်းအနှီးပုဂ္ဂိုလ်အဖြစ် ရှုမြင်သုံးသပ်ကြ၏။ မြင်နိုင် ကြားနိုင်သည့် ပမာဏထက် လွန်၍ နားလည်ပေးနိုင်ဖို့ ခက်၏။ လောကနယ် အတွင်း အတူတကွ ပျော်မွေ့နေထိုင်သွားခြင်းကိုသာ ပို၍ အလိုရှိကြ၏။ ဖို့ပေါင်းများစွာအတွက် ခရီးဆက်ပေးကြပါဟု အမူအရာ အမျိုးမျိုးဖြင့် တောင်းဆိုနေကြ၏။ အစွဲအလမ်း တစ်ခုခု အပေါ် အခြေ တည်၍ ဖြစ်ပေါ်လာသော အမြင်များသာ ဖြစ်ကြပေ၏။ ဥပါဒါန် တရားအပေါ် အခြေခံသော ရှုထောင့်များသာ ဖြစ်ကြ၏။ အမှန်ကို သိ၍ အမှန်ရှုထောင့်မှ ဆိုခြင်းတော့ မဟုတ်ပေ။ အမှန်ကို သိဖို့ အမှန်ကို မြင်ဖို့ လွယ်ကူသည် မဟုတ်။</p>
<h3>တဏှာအတွက် အစွမ်းပြသွားကြသူများ</h3>
<p>တဏှာအတွက် အသက်ရှင်, တဏှာအတွက် အကွက်ဆင်နေကြသည့် လူသားတို့အနေဖြင့် တဏှာမပျက်သုဉ်းရေးအတွက် ကာကွယ်နိုင်သမျှ ကာကွယ်ကြ၏။ တဏှာမပျက်သုဉ်းရေးလမ်းစဉ် အတွက် ဒီလို လုပ်သင့်သည် မဟုတ်ဘူးလားဟု တဏှာပျက်သုဉ်းရေး လမ်းစဉ်ကို ကျင့်သုံးတော့မည့် သူများကို အကြောင်းပြ ဖျောင်းဖြတတ်ကြ၏။ အမှန်ကို တဏှာဖြင့် ကြည့်တတ် အမှန်ကို တဏှာဖြင့် ဆုံးဖြတ်တတ်ကြသည် မဟုတ်လော။ ထို့ကြောင့် အမှန်ကို သိဖို့ ခက်၏။</p>
<p>လူတွေ ဘာလုပ်နေကြပါသနည်းဟူသည့် မေးခွန်းသည် စာရေးသူကိုယ်တိုင် သိချင်ခဲ့သည့် မေးခွန်းတစ်ခုသာ ဖြစ်၏။ ထိုအမေးအတွက် အဖြေကို လွယ်လွယ်နှင့် ရခဲ့သည် မဟုတ်။ အတွေး ဋီကာ ချဲ့သော်လည်း အတွေးသံသရာထဲမှာ မျောပါရုံသာ ရှိခဲ့၏။ အဖြေမှန်ကို မရနိုင်ခဲ့။ မွေးခြင်းနှင့် သေခြင်းဟူသည့် ကြားကာလ၌ စား ဝတ် နေရေး စီးပွားရေး ကြီးပွားရေး စသည့်အရေးတို့ကို လုပ်ဆောင်နေ ကြရုံမျှ လုပ်ဆောင်နေကြခြင်းကို လူ့ဘဝ၏ အဓိပ္ပါယ်ဟု စာရေးသူ မယူဆခဲ့။ ဘဝ၏အနှစ်သာရဟု စာရေးသူ နားမလည်မိခဲ့။ ဘဝဆိုတာ ဤမျှပင်လော၊ ဘဝကို ဤမျှနှင့် အဆုံးသတ်ခွင့် ပေးရမည်လော။ မသေခင်လေး လုပ်နေကြသည့် အလုပ်ဟူသမျှ စား ဝတ် နေရေး အတွက်သာ များ၏။</p>
<p>ထူးထူးခြားခြား လုပ်ဆောင်သွားသူဟု လောကက ဆိုသော်လည်း တဏှာတည်းဟူသော အလိုအတွက် အစွမ်းပြသွားကြသူများ သာ ဖြစ်ကြ၏။ တဏှာအတွက် ကာကွယ်ရေး လုပ်သွားကြသူများဟု လည်း နားလည်ရ၏။ ဘဝရတာ ဤမျှအတွက် မဖြစ်သင့်။ ဤထက် အလွန် လုပ်ဆောင်နိုင်မှ တော်မည်ဟု စာရေးသူ နားလည်မိ၏။</p>
<p>ထိုသို့ပင် နားလည်သော်လည်း ဘာလုပ်ရမည်ကို ကျကျနန ဂဃနဏ သိသည်တော့ မဟုတ်ခဲ့ပေ။ စမ်းတဝါးဝါးဖြင့် လှမ်းသင့်သည်တို့ကို လှမ်းကြည့်နေခဲ့ရ၏။</p>
<p>ဘာလုပ်ရမည်ကို သိဖို့ဟူသည် မိမိတို့ ဘာလုပ်နေသည်ကို သိပါမှ ဖြစ်ပေမည်။ မိမိဘာလုပ်နေသည်ကို မသိက မိမိဘာလုပ်ရမည်ကို သိနိုင်မည် မဟုတ်ပေ။</p>
<p>ထို့ကြောင့် လူသားတစ်ဦးဖြစ်သည့် မိမိ ဘာလုပ်နေသနည်း၊ ထိုအမေး၏ အဖြေကို သိဖို့ လိုလာ၏။ ထိုသည်ကို သိဖို့ လောကနယ် အတွင်းဖြစ်စဉ်လောက်သာ သိသည့် လောကပညာများထဲ၌ ရှာဖွေ ကြည့်၏၊ အဖြေကို မတွေ့။ လောကနှင့်တကွ လောကနယ်လွန်အသိ ရှိတော်မူသည့် အလုံးစုံ သိတော်မူသည့် ဘုရားရှင်၏ နက်ရှိုင်းသည့် တရားဓမ္မ၌ စူးစမ်းရှာဖွေမိ၏။ ထိုစူးစမ်းရှာဖွေမှုကို အကြောင်းပြု၍ လူတွေ ဘာလုပ်နေကြပါသနည်းဟူသည့် အဖြေကို ရလာ၏။ ထိုအဖြေကိုမျှ ရသည် မဟုတ်။ လူတွေ ဘာလုပ်ရဦးမည်ဆိုသည့် အဖြေကိုလည်း တစ်ပါတည်း ရ၏။</p>
<p>စာရေးသူအနေဖြင့် လူတွေ ဘာလုပ်နေကြပါသနည်းဟူသည့် အပိုင်းတစ်ပိုင်းနှင့် လူတွေဘာလုပ်ရဦးမည်ဟူသည့် အပိုင်းတစ်ပိုင်း ပေါင်း နှစ်ပိုင်းကို ရေးသား တင်ပြသွားမည် ဖြစ်၏။</p>
<p>လူတွေ ဘာလုပ်နေကြပါသနည်း။</p>
<p>ဤမေးခွန်း၏ အဖြေကို ရခြင်းသည် ဘုရားရှင်တို့ ပွင့်ထွန်းခြင်း တရားဓမ္မကို ဟောကြားတော်မူခဲ့ခြင်းကြောင့်သာ ဖြစ်၏။</p>
<p>ထိုဟောကြားတော်မူခဲ့သော တရားတော်များထဲမှ တရားဒေသနာတော် တစ်ခုဖြစ်သည့် သဂါထာဝဂ္ဂသံယုတ်လာ ဩဃတရဏသုတ္တန်သည် မိမိတို့ ဘာလုပ်နေကြသည်ကို သိဖို့, မိမိတို့ ဘာလုပ်ရဦးမည် ဆိုသည်ကို သိဖို့ ထွန်းလင်းပြနေသည့် ဆီမီးတန်ဆောင်သဖွယ် အလင်းဆောင်သည့် တရားဆီမီးရောင်တစ်ခုသာ ဖြစ်ပေ၏။</p>
<p>ထိုတရားတော်ကို တစိမ့်စိမ့် ခံစားကြည့်ကြစို့ ...။</p>
<p>အနာထပိဏ်သူဋ္ဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော နှလုံးမွေ့လျော်ဖွယ်ရာဖြစ်သော ဇေတဝန်ကျောင်းတိုက်တော်ကြီးသည် သာဝတ္ထိပြည်၌ ထင်ရှားရှိခဲ့၏။ ထိုကျောင်းတိုက်တော်ကြီးတွင် မြတ်စွာ ဘုရားရှင် သီတင်းသုံး စံနေတော်မူခိုက် ဤတရားဒေသနာတော် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေ၏။</p>
<p>သန်းခေါင်ယံတစ်ခုဝယ် လူတို့၏ အသက်, လူတို့၏ အဆင်း, လူတို့၏ ချမ်းသာ, လူတို့၏ အခြွေအရံ အကျော်အစော, လူတို့၏ အစိုးရခြင်းတို့ထက် သာလွန်သော နတ်သားတစ်ဦးသည် နတ်ပြည် နတ်လောကမှ လူ့ပြည် လူ့လောကသို့ ဆင်းသက်လာ၏။</p>
<p>နတ်နှင့် ရူပဗြဟ္မာတို့မည်သည် အလွန်တရာ နူးညံ့သိမ်မွေ့သော ရုပ်ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ် ရှိသူများ ဖြစ်သောကြောင့် လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ကြပေ။ လူတို့၏ သာမန်မျက်စိထက် သာလွန်သောမျက်စိ ရှိတော်မူသည့် ဘုရားရှင်သည်ကား နတ်တို့ကို မြင်နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးစီးပွားကို ဆောင်နိုင်စွမ်းသော အတု အတူမရှိသည့် ပုဂ္ဂိုလ်ထူးကြီး တစ်ဦးသာ ဖြစ်ပေ၏။</p>
<p>ထိုပုဂ္ဂိုလ်ထူးကြီးကို ချဉ်းကပ် ဆည်းကပ်လိုသော နတ်ပြည် ဗြဟ္မာပြည်မှ နတ် ဗြဟ္မာအပေါင်းတို့သည် ဘုရားရှင် သီတင်းသုံး စံနေတော်မူသည့် လူတို့ဌာနေ လူ့နေပြည်သို့ သန်းခေါင်ယံ အချိန်၌ ဆင်းသက်လာလေ့ ရှိကြ၏။</p>
<p>ထိုသို့ ဆင်းသက်လာခြင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြော်ခြင်းငှာ, သိလိုသည့် မေးခွန်းတို့ကို မေးမြန်းလျှောက်ထားခြင်းငှာ ဆင်းသက်လာကြခြင်း ဖြစ်၏။ နတ်ဟူသည် မိမိတို့၏ ကုသိုလ်ကံအားလျော် စွာ ထွန်းလင်းတောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသူများ ဖြစ်ကြ၏။</p>
<p>နတ် ဗြဟ္မာ အပေါင်းတို့သည် သန်းခေါင်ယံအချိန်ကို ဗဟိုပြု၍ အဘယ်ကြောင့် မြတ်စွာဘုရားထံ ချဉ်းကပ်လာကြပါသနည်းဟု မေးမြန်းဖွယ် ရှိ၏။ စာဖတ်ပရိသတ်၏ ကြည်ညိုသဒ္ဓါ တိုးပွားခွင့်ကို ပေးလိုသည့် စာရေးသူ အနေဖြင့် အဖြေကို ဖြေချင်သောကြောင့် ထိုအမေးကို မေးရခြင်း ဖြစ်၏။ ထိုအဖြေသည် ဗုဒ္ဓကိစ္စဟု ဆိုအပ်သော ဘုရားရှင်တို့ နေ့စဉ်မပြတ် ဆောင်ရွက်အပ်သည့် လုပ်ငန်းကိစ္စများကို ဖွင့်ဆိုရာ သံယုတ္တအဋ္ဌကထာ အင်္ဂုတ္တိုရ်အဋ္ဌကထာတို့၌ လာရှိပေ၏။</p>
<p>ဘုရားရှင်သည် လုပ်ငန်းကိစ္စ (၅)ရပ်ကို နေ့စဉ်မပြတ် ဆောင်ရွက်တော်မူ၏။ ထို (၅)ရပ်သည်ကား ---</p>
<p>(၁) ဆွမ်းမစားမီ ရှေးအဖို့၌ ပြုအပ်သော ပုရေဘတ္တကိစ္စ,</p>
<p>(၂) ဆွမ်းစားပြီးနောက် ပြုအပ်သော ပစ္ဆာဘတ္တကိစ္စ,</p>
<p>(၃) ညဉ့်ဦးယံ၌ ပြုအပ်သော ပုရိမယာမကိစ္စ,</p>
<p>(၄) သန်းခေါင်ယံ၌ ပြုအပ်သော မဇ္ဈိမယာမကိစ္စ နှင့်</p>
<p>(၅) မိုးသောက်ယံ၌ ပြုအပ်သော ပစ္ဆိမယာမကိစ္စ ဟူသော လုပ်ငန်းကိစ္စများပင် ဖြစ်ကြပေ၏။</p>
<h3>ဘုရားရှင်တို့ နေ့စဉ်မပြတ် ဆောင်ရွက်အပ်သည့် ဗုဒ္ဓကိစ္စများ</h3>
<p>ဆွမ်းမစားမီ ရှေ့ပိုင်းကာလ ဗုဒ္ဓကိစ္စ</p>
<p>ဘုရားရှင်သည် နံနက်စောစောကပင်လျှင် ထတော်မူ၍ အလုပ်အကျွေးဖြစ်သော ရဟန်းတော်ကို ချီးမြှောက်ခြင်းငှါ, ရူပကာယတော်ကို ချမ်းသာစေခြင်းငှါ မျက်နှာတော်သစ်ခြင်း အစရှိသည့် ကိုယ်လက် သုတ်သင်ခြင်း အမှုတို့ကို ပြုတော်မူ၏။</p>
<p>ထို့နောင် ဆိတ်ငြိမ်ရာအရပ်ဝယ် ဖလသမာပတ်ကို ဝင်စားလျက် ဆွမ်းခံဝင်ချိန်တိုင်အောင် အချိန်ကို ကုန်လွန်စေတော်မူ၏။ ဆွမ်းခံချိန် ၌ကား သင်းပိုင်ကို ပြင်ဝတ်၍ ခါးပန်းကြိုးကို ပတ်၏၊ သင်္ကန်းတော်ကို ရုံတော်မူ၍ သပိတ်ကို ပိုက်ကာ ရံခါ တစ်ကိုယ်တည်း, ရံခါ ရဟန်းသံဃာအပေါင်း ခြံရံလျက် ရွာနိဂုံး စသည်တို့သို့ ဆွမ်းခံရန် အလို့ငှာ ကြွဝင်တော်မူ၏။ ရံခါ ပကတိသော ကြွဝင်တော်မူခြင်းဖြင့် ကြွဝင်တော်မူပြီး, ရံခါ များစွာသော တန်ခိုးပြာဋိဟာတို့ဖြင့် ကြွဝင်တော်မူလေ့ရှိ၏။</p>
<p>ထိုသို့ ကြွဝင်တော်မူသော မြတ်စွာဘုရား၏ ရှေ့တော် ရှေ့တော်မှ လေပြည် လေညင်းတို့သည် တိုက်ခတ်လျက် မြေအပြင်ကို စင်ကြယ်အောင် ပြုကြကုန်၏။</p>
<p>တိမ်တိုက်တို့သည် ရေစက်ရေပေါက်တို့ကို တဖွားဖွား လွှတ်ကုန်လျက် ဘုရားရှင် ကြွတော်မူသည့် လမ်းခရီးဝယ် နိုးကြားထကြွနေကြကုန်သော မြူမှုန်တို့ကို အိပ်စက်အောင်ပြု၍ ဘုရားရှင်၏ အထက်မှ မျက်နှာကျက်သဖွယ် တည်လျက် လိုက်ပါကြကုန်၏။</p>
<p>တစ်ပါးသော လေတို့သည်ကား ပွင့်သောပန်းရှိသည့် အပင်တို့မှ ပန်းမျိုးစုံတို့ကို သယ်ဆောင်လျက် ဘုရားရှင် ကြွတော်မူသည့် လမ်းကို ပန်းခင်းသောလမ်း ဖြစ်အောင် ကြဲဖြန့်ကြကုန်၏။</p>
<p>ပင်ကိုက မြင့်ကုန်မြင့်ကုန်သော မြေအရပ်တို့သည် အလိုလို နှိမ့်ဝှမ်းညွတ်ဆင်းလျက် တညီတညွတ်တည်း ဖြစ်ကြကုန်သကဲ့သို့ ပင်ကိုက နိမ့်ကုန်နိမ့်ကုန်သော မြေအရပ်တို့သည်ကား အလိုလို မို့မောက်လျက် တညီတညွတ်တည်း ဖြစ်ကြကုန်၏။ ကျောက်တုံး ကျောက်ခဲ ကျောက်စရစ်ခဲ အိုးခြမ်းကွဲနှင့် သစ်ငုတ် ဆူးငြောင့်များသည်လည်း သူတို့ အလိုလို ဖယ်ရှားနှင့်ကြကုန်၏။</p>
<p>ထိုထို မြို့ရွာ အဝင်ဝ တံခါးခုံအတွင်း လကျ်ာခြေဖဝါးတော်ကို ချစဉ်ပင် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ကွန့်မြူး လျက် ထိုရွာနိဂုံးရှိ ပြာဿာဒ် တန်ဆောင်း စုလစ်မွမ်းချွန် အထွဋ်တို့ကို ရွှေရည်ဖြင့် သွန်းလောင်းဘိသကဲ့သို့, ဆန်းကြယ်သော အဝတ်ပုဆိုးတို့ဖြင့် ရံကုန်ဘိသကဲ့သို့ ဖြစ်စေ၍ အရောင်ပြိုးပြက် တလက်လက် ထွက်အောင် ပြုလျက် ရောင်ခြည်တော် ခြောက်သွယ်တို့သည် ဟိုမှ ဒီမှ ပြေးသွားနေကြကုန်၏။</p>
<p>ဆင် မြင်း ကျေးငှက် အစရှိသော သတ္တဝါတို့သည် မိမိတို့ နေရာ ဌာန၌ တည်နေလျက်ပင်လျှင် ချိုမြိန်သာယာသော အသံကို တွန်ကြ မြည်ကြ ဟီကြကုန်၏။</p>
<p>စည်ကြီး, စောင်း အစရှိသော တူရိယာတို့သည်လည်း တီးခတ်သူ မရှိပါဘဲ သာယာသော အသံကို မြည်ဟီးကြသကဲ့သို့ လူတို့ ဝတ်ဆင်ထားသော ပုတီး နားဋောင်း လက်ကောက် အစရှိသည့် လက်ဝတ်တန်ဆာတို့သည်လည်း သာယာသော အသံကို ပြုကြကုန်၏။</p>
<p>သက်မဲ့ဖြစ်သော လေတို့က သက်ရှိတို့ကဲ့သို့ အသက်ဝင် လှုပ်ရှားလျက် ပူဇော်နေကြသည်မှာ ဘုရားရှင်၏ ဘုန်းကံ ပါရမီတော်တို့ကြောင့်ပင် မဟုတ်ပါလော၊ အံ့ဖွယ် ကောင်းပါပေစွ။</p>
<p>အသိစိတ်မရှိသော သညာမရှိသော တိမ်တိုက်တို့က အသိစိတ်ရှိသော သညာရှိသော သူတို့ကဲ့သို့ အချိန်ကို သိလျက် အမှတ်ရှိလျက် မိမိပြုရမည့် အမှုကို ပြုနေကြသည်မှာ အံ့ဩဖွယ် ကောင်းပါပေစွ။ ဤမျှ ကြည်နူးဖွယ်, ဤမျှ ကြည်ညိုဖွယ် ကောင်းသည့် မြင်ကွင်းတို့ကို ဖူးမြင်နေရသူတို့ မည်သို့ ခံစားရမည်ကို မှန်းမျှော်ကာ လွမ်းရော်ရော် အတွေးဖြင့် ဖူးမြော်ကြည့်မိသည်ပင် ရင်ထဲ ပီတိ ဖြစ်လှပါဘိ။</p>
<p>စာဖတ်သူနှင့် စာရေးသူတို့ ထိုအခြင်းအရာတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ခဲ့ဖူးသူများဟု ဂုဏ်တင်ကာ ဆိုချင်သော်လည်း မကျွတ်လွတ်သေးသူများသာ ဖြစ်သည့်အတွက် ဂုဏ်တင်ကာ ဆိုဖို့ မဝံ့လှ။ သံသရာခရီးတစ်လျှောက် လုပ်သင့်တာ မလုပ်ဘဲ မလုပ်သင့်တာ လုပ်ဖို့ ရဲရင့်ခဲ့သူများ ကျွန်ုပ်တို့ ဖြစ်ခဲ့လေသလားဟု မဝံ့တဝံ့ဖြင့် ဆုံးဖြတ်လိုက်မိ၏။ မိမိကိုယ်ကို အောက်ဆုံးကို ချလိုသည့် စိတ်မရှိသည့်သူ များသည့် လောကသားတို့အတွက် အောက်ချပြီး ဆိုဖို့ မသင့်လေတော့ ဤမျှဆိုခြင်းသည် သင့်၏ဟု စာရေးသူ ယူဆ၏။</p>
<p>ထိုအခြင်းအရာ ထိုအမှတ်သညာဖြင့် ငါတို့၏ မြို့ရွာသို့ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားရှင် ဆွမ်းခံ ကြွဝင်တော်မူလာပြီဟု ထိုမြို့ရွာနေ လူတို့ သိခွင့် ရကြ၏။</p>
<p>သင်နှင့် ကျွန်ုပ်တို့ အလွဲကြီးလွဲခဲ့သော အခွင့်အလမ်း တစ်ခုပင် ဖြစ်ပေ၏။ ထိုအခွင့်ကို ရရှိကြကုန်သော ...</p>
<p>အိမ်နေလူတို့သည် အဝတ်ကောင်း အရုံကောင်းတို့ကို ဝတ်ရုံကြကုန်လျက် နံ့သာ ပန်းတို့ကို လက်စွဲကာ မိမိ မိမိတို့၏ အိမ်မှ အသီးသီး ထွက်လာကြ၏။ မြို့လယ်လမ်းမသို့ တစုတရုံးတည်း သွားရောက်ကြ၏။ မြတ်စွာဘုရားရှင်ကို နံ့သာ ပန်းတို့ဖြင့် ရိုသေစွာ ပူဇော်ကြ ရှိခိုးကြ၏။ ထိုသို့ ပူဇော်ကြပြီးနောက် ---</p>
<p>ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား...တပည့်တော်တို့အား (၁၀)ပါးသော ရဟန်းတော်တို့ကို ဆွမ်းဖြင့် ပြုစု လုပ်ကျွေးနိုင်ရန် အလို့ငှါ ပေးကြပါကုန်ဘုရား။ တပည့်တော်တို့အား (၂၀)သော ရဟန်းတော်တို့ကို၊ တပည့်တော်တို့အား (၁၀၀)သော ရဟန်းတော်တို့ကို ဆွမ်းဖြင့် ပြုစု လုပ်ကျွေးနိုင်ရန်အလို့ငှါ ပေးတော်မူကြပါကုန် မြတ်စွာဘုရားဟု အသီးသီး လျှောက်ထားကြကုန်၏။ မြတ်စွာဘုရား၏ သပိတ်ကို ယူ၍ နေရာကို ခင်းလျက် ဆွမ်းဖြင့် ရိုသေစွာ ပြုစု လုပ်ကျွေးကြကုန်၏။</p>
<p>ကြည်နူးဖွယ် ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် ကောင်းလှပါဘိ။ အတုမရှိ မြတ်တော်မူသည့် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခွင့် မရရှိခဲ့သူများအတွင်း သင်နှင့် အကျွန်ုပ်တို့ ပါဝင်နေမည်လော ...၊ စဉ်းစားသင့်၏။ အခွင့်အလမ်းကောင်းဟူသမျှ ဆုံးရှုံးခဲ့ရသည့် ဘဝပိုင်ရှင်များ၏ ကံကို ပြုပြင်ပြောင်းလဲဖို့ သင်နှင့် အကျွန်ုပ်တို့ လေးလေးနက်နက် စဉ်းစားဖို့ လိုလာ၏။ စိတ်ကို မနိုင်နင်းသည့်အလျောက် တစ်သံသရာလုံး ခံစားခဲ့ဖူးသည့် ကာမဂုဏ် တောကြီး၌ အပျော်ကြီးပျော် အမော်ကြီးမော်လျက်သာ နေကြမည်လော၊ ဤသည်ကိုလည်း ချင့်ချိန်စဉ်းစားဖို့ လိုလာ၏။</p>
<p>ဆွမ်းဘုဉ်းခြင်းကိစ္စ ပြီးစီးတော်မူသည့် မြတ်စွာဘုရားရှင်သည် အလှူရှင်အပေါင်းတို့၏ ဤဘဝ ရှေးဘဝတို့၌ ဖြစ်သော စိတ်အစဉ်ကို ကြည့်တော်မူ၏။ ထိုသို့ ကြည့်တော်မူပြီးနောက် ထိုသူတို့၏ အဇ္ဈာသယနှင့်လျော်ညီသော တရားကို ဟောတော်မူ၏။ အကြင်တရားကို ဟောတော်မူ၏။ ထိုတရားကို ဟောတော်မူခြင်းကြောင့် အကြင်သူတို့သည် သရဏဂုံ၌ တည်သူ, ငါးပါးသီလ၌ တည်သူတို့သည် ဖြစ်ကြကုန်လတ္တံ့ဟု သိတော်မူသောကြောင့် ထိုတရားကို ဟောကြားတော်မူ၏။</p>
<p>ထို့အတူ သောတာပန်, သကဒါဂါမ်, အနာဂါမ်တည်နိုင်သည့် ဥပနိဿယရှိသူတို့အတွက်လည်း ထိုသူတို့နှင့် လျော်ညီသော တရားကို ဟောကြားပေးတော်မူသည်ပင်။</p>
<p>ရဟန်းအဖြစ်ကို ခံယူပြီးနောက် အမြတ်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သူများကိုလည်း မြင်တော်မူ၍ ထိုသူတို့နှင့် လျော်သော တရားစကားကို ဟောကြားတော်မူ၏။</p>
<p>ဤနည်းဖြင့် လူများအပေါင်းကို ချီးမြှောက်တော်မူပြီး မိမိ၏ နေရာမှ ထတော်မူကာ ကျောင်းတော် အတွင်းသို့ ကြွဝင်တော်မူ၏။ ကျောင်းတော်အတွင်း မြတ်သော ဘုရားနေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့၏ ဆွမ်းစားခြင်းကိစ္စ ပြီးစီးမည့် အချိန်ကို စောင့်တော်မူ၏။</p>
<p>အလုပ်အကျွေး ရဟန်းတော်မှ လျှောက်ထားသည့်အတွက် ရဟန်းတော်များ၏ ဆွမ်းစားခြင်းကိစ္စ ပြီးစီးကြောင်းကို သိရှိတော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိတော်အတွင်းသို့ ကြွဝင်တော်မူ၏။</p>
<h3>ဆွမ်းစားပြီး နောက်ပိုင်းကာလ ဗုဒ္ဓကိစ္စ</h3>
<p>ဂန္ဓကုဋိအနီး ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူလျက် ခြေတော်တို့ကို ဆေးကြောတော်မူ၏။ ခြေဆေးအင်းပျဉ်ပေါ်၌ ရပ်တည်လျက်ပင် ချစ်သားရဟန်းတို့ သိက္ခာသုံးရပ် အကျင့်မြတ်၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားလျက် ကြိုးစားအားထုတ်ကြကုန်လော့၊ လောက၌ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ဖြစ်ပွင့်တော်မူရာ အခါကာလကို ရခဲလှ၏၊ လူ့အဖြစ်ကိုလည်း ရခဲလှ၏၊ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကိုလည်း ရခဲလှ၏၊ ရှင်ရဟန်းအဖြစ်ကိုလည်း ရခဲလှ၏၊ သူတော်ကောင်း တရားကို ကြားနာရန် အခွင့်ကိုလည်း ရခဲလှ၏ဟု အကျဉ်းမျှသော ဆုံးမဩဝါဒကို ပေးတော်မူ၏။</p>
<p>တစ်ဦးချင်း၏ စရိုက်ကို သိတော်မူသည့်အလျောက် ကမ္မဋ္ဌာန်းကို တောင်းကြကုန်သော ရဟန်းတော်တို့၏ စရိုက်နှင့် လျော်ညီသော ကမ္မဋ္ဌာန်းကို သင်ကြားပေးတော်မူသည်ပင်။</p>
<p>ထို့နောင် ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီး မိမိ မိမိတို့၏ နေ့ သီတင်းသုံးနေထိုင်ရာ, ညဉ့် သီတင်းသုံး နေထိုင်ရာ နေရာဌာနတို့သို့ ဖယ်ခွါ ကြွသွားကြကုန်၏။</p>
<p>အချို့က တောအရပ်, အချို့က သစ်ပင်ရင်း, အချို့က တောင်စသည်တို့တွင် တစ်ပါးပါးသော အရပ်တို့သို့ ဖယ်ခွါ ကြွသွားကြ၏။</p>
<p>အချို့ကား စတုမဟာရာဇ် နတ်ပြည်, အချို့ကား တာဝတိံသာ နတ်ပြည်, အချို့ကား ယာမာနတ်ပြည်, အချို့ကား တုသိတာနတ်ပြည်, အချို့ကား နိမ္မာနရတီနတ်ပြည်, အချို့ကား ပရနိမ္မိတဝသဝတ္တီနတ်ပြည်တို့သို့ အသီးသီး ဖယ်ခွါ ကြွသွားကြကုန်၏။</p>
<p>ထို့နောင်၌ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိကျောင်းတော် အတွင်းသို့ ကြွဝင်တော်မူပြီး အလိုတော်ရှိက လကျ်ာနံတောင်းဖြင့် တခဏမျှ မြတ်သော လျောင်းစက်ခြင်းကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ပြုတော်မူပေ၏။</p>
<p>သက်သာစေအပ်ပြီးသော ကိုယ်တော်ရှိသော မြတ်စွာဘုရားသည် လျောင်းစက်ရာမှ ထတော်မူ၍ နေ့၏ ဒုတိယအဖို့၌ လောက ကြီးကို ဘုရား၏ဉာဏ်တော်ဖြင့် တစ်ဖန် ကြည့်တော်မူပြန်၏။</p>
<p>ဘုရားရှင်နှင့်တကွ ရဟန်းသံဃာအပေါင်းတို့ ဂေါစရဂါမ်ပြုလျက် သီတင်းသုံးနေထိုင်သော ရွာနိဂုံး၌ နေသူ လူအပေါင်းတို့သည်ကား နံနက်ခင်း အလှူကို ပေးလှူခဲ့သူများ ဖြစ်ကြပေ၏။ ထိုလူအပေါင်းသည် နေ့၏ တတိယအဖို့ဖြစ်သော မွန်းလွဲအခါ၌ အဝတ်ကောင်း အရုံကောင်းတို့ကို ဝတ်ရုံကြလျက် နံ့သာ ပန်း အစရှိသည်တို့ကို ယူဆောင်ကာ မြတ်စွာဘုရားရှင် သီတင်းသုံး စံနေတော်မူသည့် ကျောင်းတိုက်တော် အတွင်း၌ တရားနာယူရန် အညီအညွတ် စုဝေး ရောက်ရှိလာကြပြန်၏။</p>
<p>စုဝေး ရောက်ရှိနေပြီဖြစ်သည့် ပရိသတ်အား လျော်လျောက်ပတ်သော တန်ခိုးပြာဋိဟာဖြင့် ကြွတော်မူ၍ ဓမ္မသဘင်၌ ခင်းထားအပ်သော နေရာတွင် ထိုင်တော်မူကာ အချိန်ကာလ အတိုင်းအရှည် ပမာဏနှင့် သင့်လျော်လျောက်ပတ်သော တရားစကားတော်ကို ဟောကြားပေးတော်မူ၏။</p>
<p>တရားတော်ကို ဟောကြားတော်မူပြီးနောက် ပြန်ရမည့် အချိန်ကို သိစေတော်မူသည်ရှိသော် တရားနာ ပရိသတ်အပေါင်းသည် ဘုရားရှင်ကို ရှိခိုးကြ၏။ ထိုနောက် ဖဲခွါ ထွက်သွားကြကုန်၏။</p>
<p>ဤသည်ကား ပစ္ဆာဘတ္တကိစ္စဟု ဆိုအပ်သော ဆွမ်းစားပြီးနောက် ပြုအပ်သော ဘုရားရှင်တို့၏ လုပ်ငန်းကိစ္စပင်တည်း။</p>
<h3>ညဉ့်ဦးယံပိုင်း ဗုဒ္ဓကိစ္စ</h3>
<p>ပစ္ဆာဘတ္တ လုပ်ငန်းကိစ္စနောင်၌ ရေသုံးသပ်ခြင်းကို အလိုရှိမူ အလုပ်အကျွေးရဟန်းသည် စီမံထားအပ်သော နေရာသို့ ကြွတော်မူ၍ ရေသနုပ်ကို ယူလျက် ရေချိုးအိမ်သို့ ဝင်တော်မူသည်ပင်။</p>
<p>ဘုရားရှင် ရေသုံးသပ်တော်မူဆဲ အချိန်တွင် အလုပ်အကျွေး ရဟန်းတော်သည် ဘုရားရှင်၏ နေရာတော်ကို ဆောင်ယူ၍ ဂန္ဓကုဋိ ပရိဝုဏ်အတွင်း ဘုရားရှင် သီတင်းသုံး ထိုင်နေရာကို ခင်းထားလိုက်၏။ ရေသုံးသပ်ခြင်း ပြီးစီးတော်မူသော မြတ်စွာဘုရားသည် နှစ်ထပ်သင်္ကန်းကို ဝတ်ရုံတော်မူ၍ ခါးပန်းကြိုးကို ပန်းတော်မူပြီးလျှင် လက်ကတော့ ထိုးလျက် တစ်ပါးထီးတည်း ထိုနေရာ၌ တခဏမျှ အပန်းဖြေကာ ထိုင်နေတော်မူ၏။</p>
<p>ထိုအခါ၌ ထိုထို နေ့ သီတင်းသုံး နေထိုင်ရာ, ညဉ့် သီတင်းသုံး နေထိုင်ရာ အရပ်တို့မှ ပြန်ကြွလာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ဆည်းကပ်ခစားကြ၏။ အချို့သော ရဟန်းတို့က ပြဿနာကို မေးလျှောက်ကြ၍, အချို့သော ရဟန်းတို့က ကမ္မဋ္ဌာန်းတရားကို မေးမြန်း လျှောက်ထားကြ၏။ အချို့သော ရဟန်းတို့သည်ကား တရားဟောပါမည့်အကြောင်း တောင်းပန် လျှောက်ထားကြကုန်၏။</p>
<p>မြတ်စွာဘုရားရှင်သည်ကား ပြဿနာ မေးလျှောက်သောရဟန်း, ကမ္မဋ္ဌာန်းတရား မေးမြန်းလျှောက်ထားကြကုန်သော ရဟန်းတို့နှင့်, တရားနာယူလိုကြောင်း တောင်းပန်လျှောက်ထားကြကုန်သော ရဟန်း အားလုံးတို့၏ လိုလားတောင့်တချက်ကို ပြည့်စုံအောင် ချီးမြှောက်တော်မူလျက် ညဉ့်ဦးယံအချိန်ကို လွန်စေတော်မူ၏။</p>
<p>ဤသည်ကား ပုရိမယာမကိစ္စဟု ဆိုအပ်သော ညဉ့်ဦးယံ၌ ပြုအပ်သော ဘုရားရှင်တို့၏ လုပ်ငန်းကိစ္စပင်တည်း။</p>
<h3>သန်းခေါင်ယံပိုင်း ဗုဒ္ဓကိစ္စ</h3>
<p>(သန်းခေါင်ယံ အချိန်အပိုင်းအခြားကို သီရိလင်္ကာဆရာတော် ဘဒန<b>ŭနာရဒ</b> ရေးသားအပ်သောA Manual of Buddhism ည (၁၀းဝဝ) နာရီမှ နံနက် (၂းဝဝ)နာရီအထိဟု ဖော်ပြထားပေ၏၊)</p>
<p>ညဉ့်ဦးယံအတွင်း ပြဿနာ မေးလျှောက်သောရဟန်း, ကမ္မဋ္ဌာန်း တရား မေးမြန်း လျှောက်ထားကြကုန်သော ရဟန်းတို့နှင့်, တရား နာယူလိုကြောင်း တောင်းပန်လျှောက်ထားကြကုန်သော ရဟန်းသံဃာ အပေါင်းတို့သည် မိမိတို့၏ လိုလားတောင့်တချက်များ ပြီးပြည့်စုံကြပြီ ဖြစ်၍ဘုရားရှင်ကို ရှိခိုးဝတ်ပြုကာ ဖဲခွာသွားကြလေကုန်၏။</p>
<p>စကြဝဠာ တိုက်တစ်သောင်း၌ နေထိုင်ကြကုန်သော နတ် ဗြဟ္မာ အပေါင်းတို့သည်ကား မြတ်စွာဘုရားရှင်အား ချည်းကပ် ဆည်းကပ်ခွင့်ကို အလိုရှိကြသူများ ဖြစ်ကြပေ၏။ ထိုအခွင့်ကို ရဟန်းတော်များ ဖဲခွာ ကြွသွားကြသော အခါမှ ရတော့၏။ ထိုအခါ၌ နတ် ဗြဟ္မာ အပေါင်းတို့သည် မြတ်စွာဘုရားရှင်ထံ ချည်းကပ်ကြပြီး အမေးပြဿနာတို့ကို မေးမြန်း လျှောက်ထားကြ၏။ အယုတ်ဆုံး အပိုင်းအခြားအားဖြင့် အက္ခရာ လေးလုံးမျှ ရှိသော ပြဿနာကိုသော်လည်း မြတ်စွာဘုရားရှင်ထံ မေးမြန်းလျှောက်ထားကြ၏။ ဘုရားရှင်သည် ထိုထို နတ် ဗြဟ္မာတို့ မေးလျှောက်အပ်သော ပြဿနာဟူသမျှကို တစ်ခုမကျန် ဖြေရှင်းတော်မူကာ သန်းခေါင်ယံ အချိန်ကို ကုန်လွန်စေတော်မူပေ၏။</p>
<p>ဤသည်ကား မဇ္ဈိမယာမကိစ္စဟု ဆိုအပ်သော သန်းခေါင်ယံ၌ ပြုအပ်သော ဘုရားရှင်တို့၏ လုပ်ငန်းကိစ္စပင် ဖြစ်ပေ၏။</p>
<p>ဤမျှဆိုက နတ် ဗြဟ္မာအပေါင်းတို့သည် သန်းခေါင်ယံ အချိန်ကို ဗဟိုပြု၍ မြတ်စွာဘုရားရှင်ထံ အဘယ်ကြောင့် ချည်းကပ် ဆည်းကပ် လာကြပါသနည်းဟူသော အမေးကို ဖြေပြီး ဖြစ်တော့၏။</p>
<p>သန်းခေါင်ယံ အချိန်သည်ကား ကာမဂုဏ်ခံစားသူ လူသားတို့ အိပ်တန်း ဝင်ချိန် ဖြစ်ပေ၏။ သတ္တဝါတို့အပေါ် မဟာကရုဏာကြီးစွာ ဖြစ်တော်မူသော လူသားဘုရားရှင်သည်ကား သတ္တဝါတို့ ချမ်းသာရေး အတွက် အတု အတူမရှိသော လုံ့လဝီရိယဖြင့် အလုပ်လုပ်နေတော်မူချိန် ဖြစ်၏။</p>
<p>ထိုသို့ အားထုတ်တော်မူခြင်းသည် တစ်ရက်မျှ အားထုတ်အပ်သည် မဟုတ်၊ (၄၅)ဝါပတ်လုံး တစ်နေ့မပျက် အားထုတ်တော်မူခဲ့ခြင်း ဖြစ်၏။ ထိုမျှသော ကာလအတွင်းဝယ် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်သည့် ပါရမီရှင်အပေါင်းတို့ကို ထုတ်ဆောင်ကယ်တင်လျက် နိဗ္ဗာန်ဟူသော ဟိုမှာဘက်ကမ်းကို ပို့ဆောင်ပေးခဲ့၏။ ထုတ်ဆောင် ကယ်တင်ခံခဲ့ရသူတို့အတွင်း သင်နှင့် အကျွန်ုပ်တို့ မပါဝင်ခဲ့ခြင်းသည် အကြောင်း ရှိပေမည်။ အကြောင်းနှင့် ကင်းသည့် အကျိုးတရား မရှိသည့်အတွက် အကျိုးမရခဲ့သူ သင်နှင့် အကျွန်ုပ်တို့သည်ကား အမိုက်ကြီး မိုက်နေခဲ့သူများ အရှုံးကြီး ရှုံးခဲ့သူများသာ ဖြစ်ကြပေ၏။ အတိတ်အတွက် ဝမ်းနည်းနေဖို့တော့ မလိုလှ၊ ပစ္စုပ္ပန်ဘဝ၌ အမိုက်ကြီး မိုက်နေသူ မဖြစ်ဖို့, အရှုံးကြီး ရှုံးရသူ မဖြစ်ဖို့ သတိကြီးကြီးထားလျက် ကြိုးစားရမည်ပင်။ မိုးသောက်ယံ ဘုရားရှင်၏ လုပ်ငန်းကိစ္စကို ဆက်ကြဦးစို့။</p>
<h3>မိုးသောက်ယံပိုင်း ဗုဒ္ဓကိစ္စ</h3>
<p>မိုးသောက်ယံကို သုံးပိုင်းပိုင်း၍ ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်တော်မူ၏။ နံနက်အချိန်မှ အစပြု၍ ထိုင်ခြင်း ဣရိယာပုထ်ဖြင့် နှိပ်စက်အပ်သော ရူပကာယတော်သည်ကား ပင်ပန်းနွမ်းနယ်လျက် ရှိ၏။ ထိုပင်ပန်းနွမ်းနယ်နေသော ရူပကာယတော်ကို သက်သာစေခြင်းငှာ မိုးသောက်ယံ၏ ပထမပိုင်း အချိန်ကို စင်္ကြံကြွတော်မူခြင်းဖြင့် မျှတ ကုန်လွန်စေတော်မူ၏။</p>
<p>ဒုတိယပိုင်းအချိန်၌ကား ဂန္ဓကုဋိကျောင်းတော် အတွင်းသို့ ဝင်တော်မူ၍ လကျ်ာနံတောင်းဖြင့် သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။</p>
<p>တတိယအချိန်ပိုင်း၌မူကား လျောင်းစက်ရာမှ ထတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏၊ ထိုသို့ ထိုင်နေတော်မူပြီးနောက် ရှေးရှေး ဘုရားရှင်တို့၏ အထံတော်၌ ဒါန သီလ အစရှိသော အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ကို ပိုင်းခြား ထင်ထင် သိမြင်ခြင်းငှာ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိနိုင်သော အာသယာနုသယဉာဏ်, သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို ခွဲခြားနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တည်းဟူသော ဗုဒ္ဓစက္ခုတော်ဖြင့် သတ္တလောကကို ကြည့်ရှုတော်မူ၏။ (သံ၊ဋ္ဌ၊၁၊၂၂၄-၂၂၆။ အံ၊ဋ္ဌ၊၁၊၄၈-၅၀။)</p>
<p>ဤဉာဏ်တော်နှစ်ပါးသည်ကား ဘုရားရှင်တို့၌သာ ဖြစ်ခွင့် ရှိသော ဉာဏ်တော်များ ဖြစ်ကြပေ၏။ ထိုကြောင့်ပင် ဗုဒ္ဓစက္ခုဟု ခေါ်၏။ (သဂါထာဝဂ္ဂအဋ္ဌကထာနှင့် ဧကကနိပါတအဋ္ဌကထာတို့၌ ဖေါ်ပြထားသော ဖွင့်ဆိုချက်များသာတည်း။)</p>
<p>သုတ္တနိပါတအဋ္ဌကထာ၌မူကား ---</p>
<p><b>တတော ပစ္ဆိမယာမံ စတ္တာရော ဘာဂေ ကတွာ ဧကံ ဘာဂံ စင်္ကမံ အဓိဋ္ဌာတိ၊ ဒုတိယဘာဂံ ဂန္ဓကုဋိံ ပဝိသိတွာ ဒက္ခိဏေန ပေဿန သတော သမ္ပဇာနော သီဟသေယျံ ကပ္ပေတိ၊ တတိယဘာဂံ ဖလသမာပတ္တိယာ ဝီတိနာမေတိ၊ စတုတ္ထဘာဂံ မဟာကရုဏာသမာပတ္တိံ ပဝိသိတွာ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေတိ အပ္ပရဇက္ခမဟာရဇက္ခာဒိသတ္တဒဿနတ္ထံ။</b> (သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၂၁။)</p>
<p>ဤသို့ ဖွင့်ဆိုထားသောကြောင့် မိုးသောက်ယံပိုင်းကို လေးပိုင်းပိုင်း၍ ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်တော်မူ၏ဟု တစ်နည်း ဆိုရမည် ဖြစ်သည်။</p>
<p>မိုးသောက်ယံ၏ ပထမပိုင်းအချိန်၌ စင်္ကြံကြွတော်မူ၏။</p>
<p>ဒုတိယပိုင်းအချိန်၌ကား ဂန္ဓကုဋိကျောင်းတော်အတွင်းသို့ ဝင်တော်မူ၍ လကျ်ာနံတောင်းဖြင့် သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။</p>
<p>တတိယပိုင်းအချိန်၌မူကား ဖလသမာပတ်ကို ဝင်စားတော်မူ၏။</p>
<p>စတုတ္ထအချိန်ပိုင်း၌မူကား မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော်မူ၍ ဉာဏ်မျက်စိ၌ ကိလေသာမြူ နည်းကုန်, များကုန်သော သတ္တဝါတို့ကို ပိုင်းခြား ထင်ထင် သိမြင်ခြင်းငှာ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိနိုင်သော အာသယာနုသယဉာဏ်, သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို ခွဲခြားနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တည်းဟူသော ဗုဒ္ဓစက္ခုတော်ဖြင့် သတ္တလောကကို ကြည့်ရှုတော်မူ၏။</p>
<h3>ဘုရားရှင်၏ ချေချွတ်မှုကို ခံယူခွင့်ရသူများ</h3>
<p>ရှေးရှေး ဘုရားရှင်တို့၏ လက်ထက်၌ ဒါန သီလ အစရှိသော အဓိကာရကောင်းမှုကုသိုလ် ရှိလျက် ဉာဏ်မျက်စိ၌ ကိလေသာမြူ နည်းကုန် ပါးကုန်သော သူတို့သည်ကား မြတ်စွာဘုရားရှင်၏ ဉာဏ်တော်ဖြင့် ထိတွေ့ခွင့်ရကြ၏။ မြတ်စွာဘုရားရှင်၏ ဉာဏ်ကွန်ယက်ထဲ ထင်ခွင့်ရကြ၏။ မြတ်စွာဘုရားရှင်၏ ချေချွတ်မှုကို ခံယူခွင့်ရကြ၏။ ဘေးတွေ ဝိုင်းခြုံနေသည့် လောကဘေးဒုက္ခ အပေါင်းမှ လွတ်မြောက်ခွင့် ရကြ၏။ ထိုသူတို့အထဲ သင်နှင့် အကျွန်ုပ်တို့ မပါဝင်ခဲ့သည်မှာ မလွဲသင့်သော အခွင့်အလမ်းကြီး တစ်ခုဖြင့် အလွဲကြီး လွဲခဲ့ကြရခြင်းပင် ဖြစ်ပေ၏။ ထိုအထဲ သင်နှင့် အကျွန်ုပ်တို့ မပါခဲ့ခြင်းကို ထောက်က ချွတ်ချော်တိမ်းပါးစေသော ကံအကြောင်းတို့ကြောင့်ပင် ဖြစ်ပေမည်။ ဘဝ၌ နေချင်သလို နေခဲ့၍ သေချင်သလို သေလျက် ရှင်ချင်သလို ရှင်ခဲ့ရသည့် ရပ်ပြစ်ရှစ်ပါးအတွင်းဝင် ဘဝပိုင်ရှင်များ ဖြစ်ခဲ့ကြလေသလောဟု တွေးမိ၏။</p>
<h3>ရပ်ပြစ်ရှစ်ပါး၌ ဖြစ်ခြင်းဟူသည်</h3>
<p>- အလွန်ပြင်းထန် ဆင်းရဲလှသည့် ဆင်းရဲမှုဒဏ်ချက်ကို အပြင်း အထန် ခံလျက် အဆင်းသန္တာန်ပျက်ကာ အတွင်းအာသာ ဆန္ဒ စိုးစဉ်းမျှ မရှိပါဘဲ အခံခက်စွာ အသက်ရှင်နေကြရသည့် ငရဲဘုံ၌ဖြစ်နေလေသလော, (၁)</p>
<p>- စားဖို့ အိပ်ဖို့ ကာမဂုဏ်ခံစားဖို့သာ သိသည့် တိရစ္ဆာန်ဘုံ၌ ဖြစ်နေလေသလော, (၂)</p>
<p>- အမြဲတစေ ပူလောင်ခြောက်ကပ်ကာ ရေငတ် အစာငတ်ခြင်း</p>
<p>ဒဏ်ချက်ဖြင့် အပြင်းအထန် အနှိပ်စက်ခံနေရသည့် ပြိတ္တာ ဘုံ၌ ဖြစ်နေလေသလော, (၃)</p>
<p>- သူတော်ကောင်းတရားကို နာကြားနိုင်သည့် သောတပသာဒ (= နားအကြည်) ကင်းမဲ့နေသည့် အသညသတ်ဘုံ၌ ဖြစ်နေလေသလော, (၄)</p>
<p>(မှတ်ချက် - ဤဘုံ၌ ဖြစ်သူများကို နေချင်သလို နေခဲ့သူများဟု မဆိုနိုင်ပေ။ နည်းပေးလမ်းညွှန်ကောင်းကို မရခဲ့သည့်အတွက် အထွဋ် အမြတ်ထားကာ ပွားများမိသည့် ဘာဝနာကမ္မဋ္ဌာန်းကြောင့် ထိုဘုံ ထိုဘဝ၌ ဖြစ်ရခြင်းသာ ဖြစ်၏။ ဆရာကောင်း သမားကောင်းကို ရှာဖို့ လိုကြောင်း မပြောသော်လည်း ပြောနေသကဲ့သို့ပင် ဖြစ်၏။)</p>
<p>- နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြား</p>
<p>ပေးနိုင်သည့် ဘုရားရှင်၏ သားတော် သမီးတော်များ ရောက်</p>
<p>ပေါက်ဖို့ရန် ခက်ခဲသည့် အစွန်အဖျားကျသည့် ပစ္စန္တရစ် အရပ်၌ ဖြစ်နေလေသလော, (၅)</p>
<p>- မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်နေလေသလော, (၆)</p>
<p>- ကံ ကံ၏အကျိုးတရားကို တတ်သိနားလည်သည့် ဉာဏ်မရှိ သူ, မိုက်မဲ ဆွံ့အသူ, ကောင်းသောစကား မကောင်းသော စကားဟူ၍ အနက်အဓိပ္ပါယ်ကို သိနားလည်ရန် မစွမ်းနိုင် သော ပညာမဲ့သူ မိုက်မဲသူ ဖြစ်နေလေသလော, (၇)</p>
<p>- ဘုရားမပွင့်ထွန်းသည့် အခါ၌ ဖြစ်နေလေသလော (၈)</p>
<p>စသည့် ချွတ်ချော်တိမ်းပါးစေသော ကံအကြောင်းတို့ ရှိခဲ့မည်ပင်။လုပ်သင့်တာ မလုပ်ဘဲ လုပ်ချင်တာကို ရှေ့တန်းတင်၍ လုပ်ခဲ့သူ အတူတူနှင့် အနူနူထဲ သင်နှင့် အကျွန်ုပ်တို့ ပါခဲ့မည် ထင်၏။</p>
<p>ဒီဘဝတော့ လုပ်သင့်တာ လုပ်နိုင်ဖို့ ဩဃတရဏသုတ္တန်ကို ပြန်ဆက်ကြဦးစို့။</p>
<h3>ဩဃတရဏသုတ္တန်</h3>
<p>ညဉ့်ဦးယံအတွင်း ချဉ်းကပ် ခစားမေးမြန်း လျှောက်ထားလာကြသော ရဟန်းတော်များသည် ဘုရားရှင်ကို ရှိခိုးဝတ်ပြု၍ ဖယ်ခွာ သွားကြပြီ ဖြစ်၏။ ထိုသို့ ဖယ်ခွာကြွသွားကြခြင်းသည်ပင်လျှင် ဆည်း ကပ်ခွင့်ကို စောင့်နေကြသည့် နတ် ဗြဟ္မာတို့အတွက် မဟာသမယကြီး ပင် ဖြစ်တော့၏။ ထို သန်းခေါင်ယံအချိန်သည်ကား လူတို့နေရာ လူ့ဌာနေ၌ အမှောင်ချ၍ လျောင်းစက်ရာ အချိန်ပင် ဖြစ်၏။</p>
<p>ဘုရားရှင် သီတင်းသုံးစံနေတော်မူရာ ဇေတဝန်ကျောင်းတိုက်တော်ကြီးသည်ကား ချဉ်းကပ်လာသူ နတ်သား၏ ကိုယ်ရောင် ကိုယ်ဝါကြောင့် အမှောင်ချ၍ လျောင်းစက်ရာ လူတို့ဌာနေ သန်းခေါင်ယံ အချိန်၌ ခန်းရောင်ဝါ ထိန်ထိန်လင်းလျက် စန်းသော်တာ လမင်းကြီးသာနေသလို တင့်တယ်လျက် ရှိနေပေတော့သည်။</p>
<p>ထိုနတ်သားသည် မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီး တစ်ခုသော အရပ်၌ ရပ်တည်လျက် သိလိုသည့် မေးခွန်းကို လျှောက်ထား၏။ အဘယ်သို့ လျှောက်ထားလေသနည်း ...</p>
<p><b>ကထံ နုတွံ မာရိသ ဩဃမတရီတိ</b>၊ (သံ၊၁၊၁။)</p>
<p>How did you cross the flood, Buddha?</p>
<p>မြတ်စွာဘုရား ...မြတ်စွာဘုရားသည် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ အဘယ်သို့ ကူးခတ်လွန်မြောက်တော်မူခဲ့ပါသနည်း ဟူသော အမေးကို မေးမြန်း လျှောက်ထား၏။</p>
<p>ထိုသို့ မေးမြန်းလျှောက်ထားသည် ရှိသော် ---</p>
<p><b>အပ္ပတိဋ္ဌံ ခွါဟံ အာဝုသော အနာယူဟံ ဩဃမတရိန္တိ</b> (သံ၊၁၊၁။)</p>
<p>By not stopping, by not struggling I have crossed the flood difficult to cross.</p>
<p>အမောင်နတ်သား ... ငါဘုရားသည် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ မရပ်တည်ပဲ အားမထုတ်ပဲ ကူးခတ်လွန်မြောက်တော်မူခဲ့ပါ၏ဟု ပြန်လည် ဖြေကြားတော်မူခဲ့ပေ၏။</p>
<h3>မည်သို့ ပြောရမည်ကို သိသောပုဂ္ဂိုလ်</h3>
<p>ထိုမေးခွန်းကို မေးလျှောက်သည့် နတ်သားဟူသည် မိမိကိုယ်ကို မိမိ အထင်ကြီးနေသူ တစ်ဦးသာ ဖြစ်၏။ သူစဉ်းစားမိသည့် အချက်တို့ကို သိဖို့လိုလာ၏။ ငါသည် ဩဃလေးဖြာကို သိသူ ဖြစ်၏။ မြတ်စွာဘုရားသည်ကား ထိုဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်ပြီးသူ ဖြစ်ပေ၏။ ထိုအရာ ကိုလည်း ငါ သိ၏။ ငါ မသိသည်ကား ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ကူးခတ် လွန်မြောက်ခဲ့ကြောင်းကို မသိခြင်းမျှသာတည်း။ လွန်မြောက်ပုံ လွန်မြောက်နည်းကလေးကို အနည်းငယ်မျှ ပြောပြမည်ဆိုက နားလည်နိုင်စွမ်း ရှိသူသည် ငါမည်သော နတ်သားသာတည်းဟု မိမိကိုယ်ကို အထင်ကြီးနေသူ တစ်ဦး ဖြစ်၏။ မာနဓာတ်ခံဖြင့် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်လာသူလည်း ဖြစ်၏။ သူတစ်ထူး၏ စိတ်ကို သိတော်မူသည့် မြတ်စွာဘုရားသည် ထိုမာန ဓာတ်ခံကို ကျသွားစေလိုသည့်အတွက် နတ်သား မေးလိုက်သော အမေးကို နားလည်ဖို့ရန် ခက်ခဲသော အဖြေဖြင့် ဖြေကြားတော်မူခဲ့၏။ ဤသို့ ဖြေကြားတော်မူခြင်းသည် မြတ်စွာဘုရားရှင်၏ ကြီးမားသောကရုဏာ, ကြီးမားသော မေတ္တာတော်ကြောင့်သာ ဖြစ်ပေ၏။</p>
<p>မည်သည့်အချိန် မည်သည့်နေရာ၌ မည်သို့သောပုဂ္ဂိုလ်ကို မည်သို့ ပြောရမည်ကို အလုံးစုံ သိသူဟူက အလုံးစုံ သိတော်မူသည့် ဘုရားရှင်သာ ဖြစ်ပေ၏။</p>
<p>မိမိကိုယ်ကို အထင်ကြီးလျက် ဘုရားရှင်ထံ မေးမြန်းလျှောက်ထားနေသော နတ်သားသည်ကား ဘုရားရှင် ဖြေဆိုတော်မူသည့် စကားကို နားမလည်နိုင်တော့ပေ။ အဓိပ္ပါယ် တိမ်မြုပ်နေသည့် ထိုစကားဝှက်ကြောင့် မိမိ မျှော်မှန်းထားသကဲ့သို့ မဟုတ်ပဲ နားမလည် အခက်ကြုံရပြီ ဖြစ်သည့် ထိုနတ်သားသည် မြတ်စွာဘုရားရှင်ကို ထပ်မံ မေးမြန်းလျှောက်ထားရတော့၏။ အဘယ်သို့ လျှောက်ထားလေသနည်းဟူမူ ---</p>
<p><b>ယထာ ကထံ ပန တွံ မာရိသ အပ္ပတိဋ္ဌံ အနာယူဟံ ဩဃမတရီတိ</b>၊ (သံ၊၁၊၁။)</p>
<p>How is it that by not stopping, by not struggling you have crossed the flood difficult to cross?</p>
<p>မြတ်စွာဘုရား ...မြတ်စွာဘုရားသည် အဘယ်သို့ မရပ်တည် အဘယ်သို့ အားမထုတ်ဘဲ ကူးခတ်ဖို့ရန် ခက်ခဲသော ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော် မူခဲ့ပါသနည်းဟု တဖန် မေးမြန်းလိုက်ခြင်းပင် ဖြစ်၏။ ထိုအခါ၌ ဘုရားရှင်က ---</p>
<p><b>ယဒါ ခွါဟံ အာဝုသော သန္တိဋ္ဌာမိ တဒါဿု သံသီဒါမိ၊ ယဒါ ခွါဟံ အာဝုသော အာယူဟာမိ တဒါဿု နိဗ္ဗုယှာမိ။ ဧဝံ ခွါဟံ အာဝုသော အပ္ပတိဋ္ဌံ အနာယူဟံ ဩဃမတရိန္တိ။</b> (သံ၊၁၊၁။)</p>
<p>ဟူ၍ ဖြေတော်မူ၏။ ဆိုလိုရင်းကား ---</p>
<p>If I came to a standstill, I sank. If I struggled, I got swept away. In this way, I crossed the flood difficult to cross.</p>
<p>အမောင်နတ်သား ...အကြင်အခါ၌ ငါသည် ရပ်တည်၍ နေ၏၊ ရပ်တည်၍နေသော ထိုအခါ၌ နစ်မြုပ်၍ သွား၏။ အကြင်အခါ၌ ငါသည် အားထုတ်၏၊ အားထုတ်သော ထိုအခါ၌ မျောပါ၍ သွား၏။ ထိုသို့သော အကြောင်းဖြင့် မရပ်တည်ဘဲ အားမထုတ်ဘဲ ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟု</p>
<p>ဖြေဆိုလိုက်သော စကားတို့သည်ကား စာရေးသူနှင့် စာဖတ်သူတို့အတွက် ကွယ်ဝှက်နေသော ပဟေဠိဆန်ဆန် စကားများသာ ဖြစ်နေကြသေး၏။ အဖြေကို ကြားခွင့်ရသည့် အမေးရှင် နတ်သားသည်ကား ထိုအဖြေ၏ အဆုံး၌ သောတာပန် တည်ခဲ့ပေ၏။</p>
<h3>ကျွန်ုပ်တို့၏ ပေတုံးလှသည့် ဉာဏ်</h3>
<p>စာရေးသူအတွက်မူကား ဤတရားတော်ကို ဖတ်ရှုလေ့လာစဉ် အခါက နားလည်ဖို့ရန်ပင် အခက်ကြုံခဲ့ရ၏။ အဋ္ဌကထာဆရာတော်များ၏ ရှင်းလင်းချက်နှင့် အဘိဓမ္မာဆိုင်ရာ ဗဟုဿုတ အကူအညီ မရက နားလည်နိုင်ခဲ့မည် မဟုတ်ပေ။</p>
<p>နတ် ဗြဟ္မာတို့သည်ကား ထက်သော ဉာဏ်ရှိသူများ ဖြစ်ကြ၏။ ထိုသို့သော ဉာဏ်ရှိသူ နတ် ဗြဟ္မာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော သဂါထာဝဂ္ဂသံယုတ်ပါ ဒေဝတာသံယုတ်၌ လာရှိသော သုတ္တန်တို့သည်ကား ကျစ်လျစ်သော တရားတိုများသာ ဖြစ်ကြပေ၏။ ထိုသို့ ကျစ်လျစ် တိုတောင်းသော အမေးနှင့် အဖြေတို့သည်ကား နတ် ဗြဟ္မာတို့၏ ဉာဏ်၌ ထင်နိုင် မြင်နိုင် ထိုးထွင်း၍ သိနိုင်ရန် ထိုက်တန် လုံလောက်နေပေ၏။ လူသားများ ဖြစ်ကြသည့် စာရေးသူနှင့် စာဖတ်သူတို့အတွက်မူ နားလည်ဖို့ရန်ပင် မလုံလောက်လှပေ။ အဋ္ဌကထာဆရာတော်များ၏ ရှင်းလင်းချက်နှင့် အဘိဓမ္မာဆိုင်ရာ ရှင်းလင်းချက်များဖြင့် တန်ဆာဆင်မှု အကူအညီကို ရပါမှ တင့်တယ်လာနိုင်သည့် ကျွန်ုပ်တို့၏ ပေတုံးလှသည့် ဉာဏ်အတွက် တာဝန်တစ်ရပ်သဖွယ် တန်ဆာဆင်ကြရဦးမည် ဖြစ်ပေ၏။</p>
<p>နတ်သား မေးလျှောက်သည့် အမေးထဲ၌ ပါရှိသော ဩဃလေးဖြာဟူသော စကား၏ အဓိပ္ပါယ်ကိုလည်း သိဖို့လိုလာ၏။</p>
<p>ဘုရားရှင် ဖြေတော်မူသည့် အဖြေထဲ၌ လာရှိသော ရပ်တည်မည်ဆိုလျှင် နစ်မြုပ်သွားရ၏ အားထုတ်မည်ဆိုက မျောပါသွားရ၏ဟု ဆိုအပ်သော စကားရပ်အတွင်းဝယ် ရပ်တည်ခြင်း, အားထုတ်ခြင်း နစ်မြုပ်ခြင်း, မျောပါခြင်း အစရှိသော စကားရပ်တို့၏ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိဖို့လိုလာ၏။ မရပ်တည်ဘဲ အားမထုတ်ဘဲ ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟူသော စကားရပ်၌ ပါသည့် မရပ်တည်ဘဲ အားမထုတ်ဘဲဟူသော စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိဖို့လိုပေ၏။</p>
<h3>ဩဃလေးဖြာဟူသည်</h3>
<p>လောက၌ ရှိသည့် သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို လွှမ်းမိုး နစ်မြုပ်တတ်သော ကြီးစွာသော ရေအဟုန်ကို ဩဃဟု ခေါ်၏။ ဤသုတ္တန်၌ လာရှိသော ဩဃလေးဖြာသည်လည်း သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို လွှမ်းမိုး နစ်မြုပ်တတ်သော ကြီးစွာသော ရေအဟုန်နှင့် တူသောကြောင့် ဩဃလေးဖြာဟုပင် ခေါ်ဆိုရခြင်း ဖြစ်ပေ၏။</p>
<p>ဩဃလေးဖြာတည်းဟူသော သံသရာသမုဒ္ဒရာကြီးကို အမှီပြုလျက် ပျော်နိုင်ကြကုန်သော သတ္တဝါတို့သည်ကား သံသရာသမုဒ္ဒရာ ဝဲဩဃမှ လွတ်မြောက်ခွင့် ရခြင်းကို အလိုမရှိသူများနှင့် တူလှ၏။</p>
<p>သမုဒ္ဒရာဝဲဩဃထဲသို့ ဝင်ရောက်သွားမိသူတို့ကို ထိုဝဲဩဃထဲမှ လွတ်မြောက်ခွင့် မရအောင် စုပ်ယူထားသကဲ့သို့ ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃဟု ဆိုအပ်သော ဩဃလေးဖြာထဲ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေကြကုန်သော သူတို့ကိုလည်း ဤဝဲဩဃမှ လွတ်မြောက်ခွင့် မရအောင် စုပ်ယူထားကြ၏။</p>
<h3>ကာမောဃဟူသည်</h3>
<p><b>ကာမောဃ</b>ဟူသည်ကား လူ့ဘုံ နတ်ဘုံ အပါယ်လေးဘုံတို့၌ရှိသည့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟု ဆိုအပ်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့အပေါ်၌ တွယ်တာစုံမက် နှစ်သက်နေသည့် တဏှာပင် ဖြစ်၏။ ဤတဏှာကပင် ကာမဘုံဝယ် နစ်မြုပ်နေအောင် လွှမ်းမိုးဖိစီးထား၏။ ကာမ (၁၁)ဘုံတည်းဟူသော ဝဲဩဃမှ လွတ်မြောက်ခွင့် မရအောင် ပြုနေသောကြောင့် ဤတဏှာကို ကာမောဃဟု ခေါ်ရခြင်း ဖြစ်၏။ လောကဥပမာဖြင့် ခိုင်းနှိုင်းပြရပါမူကား ---</p>
<h3>လေ့ကျင့်ခန်း ဝင်နေသောလောက</h3>
<p>လောကလူသားတို့ မည်သည် ---</p>
<p>ရူပါရုံ အမျိုးမျိုးကို မြင်တွေ့လိုသူများသာ ဖြစ်ကြပေ၏။ ရူပါရုံ အမျိုးမျိုးကို မြင်ခွင့်ရဖို့ ရှာဖွေနေကြ အားထုတ်နေကြ၏၊ ထိုအတွက် ပင်ပန်းနေကြ၏။ ရူပါရုံကို နှစ်သက် တပ်မက်သည့် တဏှာကြောင့် သူ့ကိုမှ မရလျှင် သေရပါတော့မည်ဟု ဆိုလျက် မစားနိုင် မအိပ်နိုင်ပဲ အိပ်ရာထဲ ဘုန်းဘုန်းလဲသည် အထိ ဖြစ်ခဲ့သူများ ဘုရားဟောထဲ တွေ့ခွင့်ရ၏။ ရှေး၌လည်း ဤဖြစ်စဉ်တို့ ဖြစ်ခဲ့၏၊ ယခုလည်း ဖြစ်နေကြသကဲ့သို့ နောင်လည်း ဖြစ်ကြဦးမည်ပင်။</p>
<p>ထိုကဲ့သို့ ဣန္ဒြေမဲ့သည်အထိ မဖြစ်သော်လည်း ဣန္ဒြေရှိရှိဖြင့် မိမိ လိုချင်သည့် ရူပါရုံကို ရရှိခြင်းငှာ အသက်ရှင်နေကြသူများအဖြစ် လူသားတို့ကို မြင်ရ၏။ ထိုစကားကို ကျကျနန တွေးစေလို၏။ မိမိ အတွက်ဟု ထင်ကြသော်လည်း မိမိအတွက် မဟုတ်ပေ။ ကျွန်ခံဖို့ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခန်း ဝင်နေကြပုံမျိုးသာ ဖြစ်၏။ ဤလောကကို ဤသို့ ဤပုံ လေ့ကျင့်ခန်း ဝင်နေသောလောကဟုဆိုက မှားမည် မထင်ပေ။</p>
<h3>မောင်-မယ်ရွေးပွဲ ကျင်းပနေကြတာပါ</h3>
<p>သိမ်းပိုက်လိုသည့် ရူပါရုံအတွက် ကျွန်ခံဖို့အရေး သူသူငါငါ ကြိုးစားနေကြရသည် မဟုတ်လော။ ဓနအင်အား စည်းစိမ်အင်အား ရာထူး ဂုဏ်သိမ် အဆင်း အရွယ်အင်အား စသည်တို့ကို အပြိုင်ပြလျက် ငါ့ကို မောင်အဖြစ် ရွေးကြပါ, ငါ့ကို မယ်အဖြစ် ရွေးကြပါဟု မောင်-မယ်ရွေးပွဲ ကျင်းပနေကြသော လောကထဲ စာဖတ်သူ ပါဝင်နေပါသလောဟု မိမိကိုယ်ကိုသာ ပြန်မေးသင့်တော့၏။</p>
<p>ကာမပိုင်ရှိသည့် ရူပါရုံကို အလိုရှိသည့်အတွက် ပိုင်သူကို သေအောင်သတ်လျက် အရယူဖို့ ကြံစည်ကြသည့် ဖြစ်ရပ်များလည်း ဘုရားဟောထဲ ဖတ်ရ၏။ ရှေး၌လည်း ဤဖြစ်စဉ်တို့ ဖြစ်ခဲ့၏၊ ယခုလည်း ဖြစ်နေကြသကဲ့သို့ နောင်လည်း ဖြစ်ကြဦးမည်ပင်။</p>
<p>ရူပါရုံအဆင်းတို့အပေါ် တွယ်တာမက်မောခြင်းတည်းဟူသော လောဘတဏှာကြောင့် <b>ကာမောဃ</b> ရေအဟုန်မှ လွတ်မြောက်ခွင့် မရသကဲ့သို့ <b>ကာမောဃဝဲ</b>၏ စုပ်ယူခြင်းကိုလည်း ခံကြရ၏။ <b>ကာမောဃ</b> ရေအဟုန်မှ လွတ်မြောက်ခွင့် မရစေသော တဏှာဟူသည် ဗဟိဒ္ဓ ရူပါရုံတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်း ရှိ၏။ အဇ္ဈတ္တ ရူပါရုံတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်း ရှိ၏။</p>
<p>အဇ္ဈတ္တ ဗဟိဒ္ဓ ရူပါရုံအဆင်းတို့အပေါ် တွယ်တာမက်မောခြင်းတည်းဟူသော လောဘတဏှာကြောင့် <b>ကာမောဃ</b> ရေအဟုန်မှ လွတ်မြောက်ခွင့် မရနိုင်ကြပေ။</p>
<p>ကြေးမုံမှန်ပြင်ရှေ့ဝယ် အကောင်းဆုံး အလှဆုံးဖြစ်အောင် ကြည့် ရှု ပြင်ဆင်တတ်သည့် အလေ့ဟူသည် မိမိကိုယ်ကို လွန်စွာ တွယ်တာ နှစ်သက်နေသည့် တဏှာကြောင့်ပင် ဖြစ်၏။ ထို တဏှာကြောင့် ဘဝသစ်တစ်ဖန် ဖြစ်ကြရခြင်းဟူသော အကျိုးတရားကို လက်ခံကြရမည် ဖြစ်၏။ <b>ကာမောဃ</b> ရေအဟုန်မှ လွတ်မြောက်ခွင့်မရအောင် ဆွဲငင်ထားကြမည်သာ ဖြစ်ပေ၏။</p>
<h3>အထင်ကြီးခြင်း၏ ဒုက္ခ</h3>
<p>သတ္တဝါတို့မည်သည် မိမိကိုယ်ကို စိတ်အဝင်စားဆုံး အထင်ကြီးဆုံး ပုဂ္ဂိုလ်များသာ ဖြစ်ကြပေ၏။</p>
<p>မိမိကိုယ်ကို စိတ်အဝင်စားဆုံး အထင်ကြီးဆုံးသော သူတို့သည် မိမိကို စိတ်ဝင်စားသူ အထင်ကြီးသူများကိုလည်း တွေ့လိုကြ၏။ မိမိ ကိုယ်ကို လွန်စွာ စိတ်ဝင်စားတတ် အထင်ကြီးတတ်သော စိတ်ကြောင့် မိမိကို စိတ်ဝင်စားသူ အထင်ကြီးသူများ ပေါ်ပေါက်လာခြင်းကို အလိုရှိကြ၏။ ဆက်လက်တည်တံ့နေရေးအတွက် ကြိုးစားကြ၏။ ထို့ကြောင့် တစ်ဦးကို တစ်ဦး နှောင်ဖွဲ့ကြသည်လည်း ရှိ၏။ အနှောင်အဖွဲ့ တစ်ခုဖြင့် အနှောင်အဖွဲ့တစ်ခုကို ထပ်ဆင့် ယူလျက် ဒုက္ခကို သိမ်းပိုက်ကြခြင်း ဖြစ်၏။ မိမိကိုယ်ကို လွန်စွာ စိတ်ဝင်စားတတ် အထင် ကြီးတတ်သော စိတ်က မိမိကို စိတ်ဝင်စားသူ အထင်ကြီးသူများကိုပါ စိတ်ဝင်ဝင်စားစေအောင် ပြုနိုင်စွမ်းသော ငါစွဲ အတ္တ၏ လှည့်စားမှုကို သတ္တဝါတို့ ခံကြရ၏။</p>
<p>သတ္တဝါတို့မည်သည် မိမိကိုယ်ကို ချစ်မြတ်နိုးဆုံး ပုဂ္ဂိုလ်များသာ ဖြစ်ကြပေ၏။ မိမိထက်ပိုပြီး ချစ်မြတ်နိုးအပ်သူ မရှိကြောင်း ဘုရားရှင် ကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့သည်ပင်။</p>
<p>မိမိကိုယ်ကို ချစ်မြတ်နိုးဆုံးသော သူတို့သည် မိမိ ချစ်မြတ်နိုးသော ဤခန္ဓာကိုယ်ကြီးကို ချစ်မြတ်နိုးပါသည်ဟု ဆိုလာကြသည့် ပုဂ္ဂိုလ်များကိုလည်း အလိုရှိကြ၏။ မိမိတစ်ကိုယ်တည်း စောင့်ရှောက်ပေးရသည့် ဘဝမှ သူတစ်ပါးတို့၏ အစောင့်အရှောက်ကိုပါ တောင့်တခြင်း ဖြစ်၏။ မိမိကို ဂရုစိုက်မည့်သူဟု အထင်ရောက်မိသောကြောင့် လက်ဆက်ဖို့ လက်ခံလိုက်မိသည် မဟုတ်လော။</p>
<p>တကယ်စင်စစ်မူ မိမိကိုယ်ကို အချစ်ဆုံး ပုဂ္ဂိုလ်အချင်းချင်း တွေ့ဆုံကြသည့် ပွဲ၌ မိမိတို့ ထင်သလို ဖြစ်မလာကြသည်ကိုကား စာဖတ်သူတို့ ကိုယ်တွေ့ ဖြစ်ပေလိမ့်မည်။</p>
<p>တစ်ခုသော ဘဝ၌ ဘုရားအလောင်းတော် ဆိုခဲ့သော စကားကို စာဖတ်သူများအား သိစေလို၏။ မိဘများက သားမောင် ဖြစ်သူကို အမျိုးသမီးတစ်ဦးနှင့် လက်ဆက်စေလို၏။ အကျိုးအပြစ်ကို သိသူ ဉာဏ်ပညာ အဆင်အခြင်ရှိသူ ဘုရားအလောင်းတော်သည်ကား လက်မခံခဲ့ပေ။ အကြောင်းအကျိုးကို ပြသောအားဖြင့် လေးနက်သော စကားကို မိဘများအား ဆိုခဲ့၏။ ထိုစကားသည်ကား ချမ်းသာခြင်းကို အလိုရှိတဲ့ ပုဂ္ဂိုလ်များကို ဆင်းရဲအောင် မပြုလုပ်ချင်ပါဘူးဟူ၍ ဖြစ်၏။</p>
<p>လေးနက်သော အဓိပ္ပါယ်တို့သည်ကား ဤစကား၏ နောက်ဝယ် တည်ရှိနေကြ၏။ လေးလေးနက်နက် စဉ်းစားကြဖို့ လို၏။ လေးလေးနက်နက် စဉ်းစားက ထိုစကား၏ နောက်ကွယ်ရှိ ကွယ်ဝှက်နေသော အဓိပ္ပါယ်တို့ကို နားလည် သက်ဝင်ကြပေလိမ့်မည်။ လက်ဆက်ခြင်းဟူသည် ဝန်ထုတ် ဝန်ပိုးတစ်ခုကို ထပ်တိုး၍ ထမ်းခြင်းသာ ဖြစ်၏။ ထိုသို့ ထမ်းခြင်းကြောင့် ချမ်းသာသုခတို့ လျော့၍ လျော့၍ သွား၏။ ဒုက္ခတို့ တိုး၍ တိုး၍လာ၏။ ငါနှင့် တဏှာက ဒုက္ခဟု မမြင်အောင် ပြုပေး၏။ ထိုကြောင့်ပင် ဒုက္ခကို သုခဟု မြင်ကြ၏။ ထိုဒုက္ခကို ထမ်းပိုးခွင့်ရခြင်းကိုပင် လူကြီးဖြစ်ပြီဟု စိတ်ကြီးဝင်လျက် ဘဝင်မြင့်တတ်ကြသေးသည် မဟုတ်လော။</p>
<p>ကိလေသာ အလိုအတွက် အလိုဖြည့်ပေးနေကြရသူများဟု အမှန် မသိကြ။ အလိမ်ခံနေရသည်ကိုလည်း မသိကြ။ ထို့ကြောင့်ပင် <b>ကာမောဃ</b> ရေအယဉ်မှ လွတ်မြောက်ခွင့် မရနိုင် ဖြစ်ကြရ၏။</p>
<h3>သဒ္ဒါရုံ သံစဉ်တောထဲ နစ်မြောနေကြသူများ</h3>
<p>သဒ္ဒါရုံ အမျိုးမျိုးကို နားဆင်လိုကြ၏၊ ထိုအတွက် အားထုတ်နေကြ ရှာဖွေနေကြ၏။ သဒ္ဒါရုံ သံစဉ်တောထဲ နစ်မြောနေသူ လူသားတို့ သဒ္ဒါရုံ၏ ညိုှ့ငင်အားကို ကောင်းစွာ နားလည်ကြ၏။ အသံနှင့် ကင်း၍ မနေနိုင်ကြ။ အသံကောင်းသူတို့၏ ညိုှ့ငင်အား စက်ကွင်းထဲမှ မရုန်းထွက်နိုင်ကြ။ အသံပေးလျက် ကျွန်ခံဖို့အရေး ကြိုးစားခဲ့ဖူးသည့် အပြုအမူများကို မှတ်မိကြပေလိမ့်မည်။ အသံပေးလျက် မောင်အဖြစ် ရွေးချယ်ခံရဖို့ ကြိုးစားခဲ့မိသည့်အတွက် အဆင်းရဲကြီး ဆင်းရဲနေရသည့် ဘဝပိုင်ရှင်များသည်ကား <b>ကာမောဃ</b> ရေအယဉ်၏ စုပ်ယူ ဆွဲငင်မှုကို ခံခဲ့ကြရခြင်းပင် ဖြစ်ပေ၏။</p>
<h3>ဂန္ဓာရုံနှင့် ရသာရုံ</h3>
<p>ဂန္ဓာရုံဆိုးကို အလိုမရှိကြသော်လည်း ကံ ကိလေသာကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ကြီးသည်ကား အလိုမရှိအပ်သော အနံ့ဆိုး တို့ကို ထုတ်လုပ်ပေးနေသည့် အညစ်ကြေးထုတ်လုပ်ရာ စက်ယန္တရားကြီးသဖွယ် ဖြစ်နေ၏။ မကောင်းသော အနံ့အသက်တို့ တလှိုင်လှိုင် ထွက်လျက် အပုပ်ကောင်သဖွယ်ပင် ဖြစ်တော့၏။ ရေချိုးခြင်း အမွေးနံ့သာတို့ဖြင့် လိမ်းကျံပေးခြင်း အစရှိသည့် ပြုပြင်စီရင်မှု အစုစုကို နေ့စဉ် ပြုလျက် အပုပ်ကောင်ကို အပုပ်ကောင်မှန်း မသိအောင် ပြုနေ ကြရ၏။ အနံ့ဆိုး မကြိုက်သည့် သူတို့ အနံ့ဆိုးကို ထုတ်လုပ်နေသည့် ခန္ဓာကိုယ်ကြီးကို အချိန်မီ သုတ်သင်လျက် ခန္ဓာကိုယ်ကြီး၏ သဘောမှန်ကို ကွယ်နိုင် ကာနိုင်အောင် ကြိုးစားကြ၏။ ထိုသို့ ကြိုးစားခြင်းသည် အရှိအတိုင်း အမြင်မခံနိုင်၍ မရှိသည်ကို အရှိလုပ်လျက် လှည့်စားကြခြင်းသာ ဖြစ်၏။ အရှိအတိုင်းထားက မိမိကိုယ်ကို မိမိပင် မသတီစရာ ဖြစ်သည့် ခန္ဓာကိုယ်ကြီးကို ရရှိထားသည် မဟုတ်လော။ ထို့ကြောင့် မရှိသည်ကို အရှိလုပ်ဖို့ အမွှေးအထုံတို့ဖြင့် လိမ်းကျံခြင်းကို အလိုရှိအပ်သော အမှုသဖွယ် လောကသားတို့ လက်ခံ ကြိုဆိုကြ၏။ အနံ့အသက် မကောင်းက အနံ့အသက်ကောင်းတို့ဖြင့် ဖုံးကွယ်ဖို့ ကိုယ်အမူအရာ နှုတ်အမူရာ အမျိုးမျိုးတို့ဖြင့် တိုက်တွန်းနေကြ စေ့ဆော်နေကြ၏။ ထိုကဲ့သို့ လှည့်စားခြင်းကို လှည့်စားခြင်းဟု မမြင်ကြ။ ကာမဂုဏ် အာရုံကောင်းတို့ကို နှစ်သက်တပ်မက်သည့် တဏှာက ထိုသို့ လှည့်စားခံချင်စမ်းပါဘိဟု ပြောနေသကဲ့သို့ပင် ဖြစ်၏။ မိမိကိုယ်ကို လှည့်စားဖို့နှင့် သူတစ်ပါးတို့ကို လှည့်စားနိုင်ဖို့ ဂန္ဓာရုံ အမျိုးမျိုး ကို အသုံးပြုလျက် ဟန်ဆောင်နေကြသည့် လောကကြီးသည် မမှန်တရားကို မြတ်နိုးသည့် လောကကြီးပါလောဟု စဉ်းစားဖွယ်ပင် ဖြစ် တော့၏။ တစ်ဦးကို တစ်ဦး နှောင်ဖွဲ့နိုင်ဖို့ ဂန္ဓာရုံအမျိုးမျိုးဖြင့် ညိုှ့ငင် ဖမ်းယူနေသည့် ကာမဂုဏ်တောကြီးအတွင်း နေထိုင်ကြသူများ ဂန္ဓာရုံကြောင့် ပင်ပန်းနေကြရ၏။ ထို့အတူပင် ---</p>
<p>ရသာရုံကောင်းကောင်းကို အလိုရှိကြ၏။ ကောင်းကောင်း စားချင်ခြင်း ဖြစ်၏။ ကောင်းကောင်းစားရဖို့ လောကသားတို့ မရပ်မနား ဘဝခရီး သွားနေကြ၏။ ကောင်းကောင်းစားရဖို့ လောကသားတို့ ဗျာများနေကြရသည် မဟုတ်လော။ လောကမှ ထွက်မြောက်ကြောင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ကို လက်တွေ့ကျင့်ကြံနေကြကုန်သော သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည်ပင် ကျော့ကွင်း များစွာကို လွန်မြောက်လာခဲ့ပြီးမှ ရသာရုံကာမဂုဏ်ကျော့ကွင်းမိ၍ ရဟန်းဘဝမှ ရွေ့လျောခဲ့ကြရသည့် ဖြစ်ရပ်များ သာသနာတော်၌ ရှိခဲ့ဖူး၏။ ရသာတဏှာ၏ ညိုှ့ငင်မှုစွမ်းအားသည်ကား ယုတ်မာသော သဘောရှိလှပေ၏။ ရသာရုံကို နှစ်သက်သည့် အာဟာရဒုက္ခကြောင့် များစွာသော ဒုက္ခတို့ တိုးပွားလာကြ၏။ အာဟာရဒုက္ခကြောင့် ဒုဂ္ဂတိဘုံသို့ ပို့ဆောင်ပေးတတ်သော အကုသိုလ်ကံများစွာကိုလည်း ထူထောင်မိလျက်သား ဖြစ်ကြရသည် မဟုတ်လော။</p>
<p>အာဟာရဒုက္ခကြောင့် သူ့အသက် သတ်ကြ၏၊ သူ့ပစ္စည်းကို ခိုးယူကြ၏၊ လိမ်ကြ၏၊ ညာကြ၏၊ ကုန်းတိုက်ကြ၏၊ ကြမ်းတမ်းသော စကားကို ဆိုကြ၏၊ ပိန်ဖျင်းသောစကားကိုလည်း ဆိုမိကြ၏။ ဤအမှုတို့ကြောင့် <b>ကာမောဃ</b> ရေအယဉ်မှ လွတ်မြောက်ခွင့် မရနိုင်ကြ။ ဤသည်လည်း <b>ကာမောဃ</b>ဟု ဆိုအပ်သော ဝဲဩဃထဲ၌ နေထိုင်ပုံ နည်းစနစ် တစ်ခုပင် ဖြစ်ပေ၏။</p>
<h3>ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသော အတွေ့</h3>
<p>ဖောဋ္ဌဗ္ဗာရုံ အတွေ့ကောင်းကို တွေ့ထိလိုကြ၏။ အတွေ့၌ သာယာဖူးကုန်သော သူတို့မည်သည် အတွေ့ဟူသော ဝဲဩဃအတွင်း သက်ဆင်းဖို့ရန် အဖန်ဖန် ဝဲပျံနေသည့် သူများသာ ဖြစ်ကြ၏။ အတွေ့ဟူသည် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသော ဝဲဩဃတစ်ခုသာ ဖြစ်ပေ၏။</p>
<p>အတွေ့ဟူသော ဝဲဩဃအတွင်း သက်ဆင်းမိခြင်းကြောင့် အလွန်တရာ အကျည်းတန် အရုပ်ဆိုးသော်လည်း ထူးသော အတွေ့ရှိသည့် ပဉ္စပါပီ သတို့သမီးကိုပင် မိဖုရားတင်မြှောက်ရသည်အထိ နစ်မြုပ်အောင် စုပ်ယူခံခဲ့ရသူမှာ ဗကမည်သော ဘုရင်မင်းမြတ်ကိုယ်တိုင် ဖြစ်ခဲ့ဖူးသည် မဟုတ်လော။ သင်သည်လည်း ထိုအတွေ့ ဟူသော ဝဲဩဃ၏ စုပ်ယူ ဆွဲငင်မှုကို ခံနေရပြီလော။ ကူးခတ်လွန်မြောက်ဖို့ရန် ကြိုးစားပါလေ။</p>
<p>လိုရင်းကို ဆိုရမူ <b>ကာမောဃ</b>ဟူသည် လူ့ဘုံ, နတ်ဘုံ, အပါယ် (၄)ဘုံတို့၌ ရှိသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟု ဆိုအပ်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့အပေါ် တွယ်တာစုံမက် နှစ်သက်နေသည့် တဏှာကို ဆိုခြင်း ဖြစ်၏။ ဤတဏှာကြောင့် လူ့ဘုံ, နတ်ဘုံ, အပါယ် (၄)ဘုံစသည့် ကာမဘုံတို့၌ နစ်မြုပ်နေအောင် လွှမ်းမိုးဖိစီးနေကြ၏။ ထို့ကြောင့် ဤတဏှာကို <b>ကာမောဃ</b>ဟု ခေါ်ရ ၏။</p>
<p>လူသားတို့က လူ့အဆင်း လူ့အသံ လူ့အနံ့ လူ့အရသာ လူ့အတွေ့ အထိ၌ နစ်မြုပ်နေကြချိန်, နတ်သား နတ်သမီးတို့က နတ်တို့၏အဆင်း, နတ်တို့၏အသံ, နတ်တို့၏အနံ့, နတ်တို့၏အရသာ, နတ်တို့၏အတွေ့အထိဟူသော ဝဲဩဃထဲ၌ နစ်မြုပ်နေကြ၏။</p>
<p>ဒုဂ္ဂတိဘုံသား တိရစ္ဆာန်တို့သော်လည်း သူ့ဘုံ သူ့ဘဝ သူရရှိနေသည့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့၌ ပျော်ပိုက်နေကြ မွေ့လျော်နေကြ နစ်မြုပ်နေကြသည် မဟုတ်လော။</p>
<p>ကိုယ့်ဘဝ ကိုယ်ပျော်ကြတာ ဓမ္မတာ တစ်ခုဟု ဆိုနိုင်သော်လည်း ထိုသို့ ပျော်နိုင်ခြင်းသည် မသိမှု <b>အဝိဇ္ဇာ</b>ကြောင့်သာ ဖြစ်၏။ <b>အဝိဇ္ဇာ</b>ကြောင့် ပျော်ပိုက်နိုင်ကြခြင်းသာ ဖြစ်ပေ၏။</p>
<h3>ဘဝေါဃဟူသည်</h3>
<p><b>ဘဝေါဃ</b>အကြောင်း ဆိုကြဦးစို့ ---</p>
<p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊</b> (သံ၊၃၊၃၆၃။)</p>
<p>Bhikkhus, develop concentration. A bhikkhu who is concentrated knows and sees things as they really are.</p>
<p>ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြ၊ သမာဓိရှိသော ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဆိုခဲ့သော ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် ---</p>
<p>ယနေ့ ဖားအောက်တောရတရားစခန်းဌာန၌ အာနာပါနကမ္မဋ္ဌာန်းကို အခြေပါဒကပြုလျက် သမာဓိကျင့်စဉ်ကို သင်ကြားပြသ ပေးလျက် ရှိပေ၏။ ပါရမီမျိုးစေ့ကောင်းတို့ ရှိကြကုန်သော တိုင်းရင်းသား တိုင်းရင်းသူ, နိုင်ငံခြားသား နိုင်ငံခြားသူတို့သည်ကား အာနာပါန ကမ္မဋ္ဌာန်းကို ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိ အထိ ဆိုက်အောင် ရှုမှတ်ပွားများနိုင် ကြ၏။ အလွန်အစွမ်းထက်သော သမာဓိများပင် ဖြစ်ကြပေ၏။</p>
<p>ထိုသမာဓိတို့ကို ထူထောင်နေကြသည့် ရည်ရွယ်ချက်သည်ကား ရုပ်တရား နာမ်တရားတို့ကို ပရမတ် ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းနိုင်ရေးအတွက် လိုအပ်သောကြောင့် ဖြစ်ပေ၏။ သမာဓိရှိသော ပုဂ္ဂိုလ်သည်ကား ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဆိုအပ်သော ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင်ခြင်းသာ ဖြစ်၏။</p>
<p>သမာဓိစခန်း၌ အောင်မြင်ကြသော ယောဂီသူတော်ကောင်းတို့၏ အခြေအနေကို သုံးသပ်၍ သမာဓိသိက္ခာ၌ ဘုရားရှင် ညွှန်ကြားတော်မူအပ်သော ကမ္မဋ္ဌာန်း (၄၀)လုံးနီးပါးကို လိုအပ်ပါက ဆက်လက် သင်ကြားပေးပေ၏။ ဝိပဿနာသို့ တက်လှမ်းချင်ပါပြီဟု ဆိုလာသည့် ယောဂီများအတွက် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းတို့ကို သင်ကြားပေး၏၊ ထို့နောင် အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိခြင်းငှာ လက်တွေ့ကျင့်စဉ်ကို သင်ကြား ပေးလျက် ဝိပဿနာပိုင်းကို ဆက်လက် အားထုတ်စေပါ၏။</p>
<p>ရုပ်တရား နာမ်တရားတို့ကို ပရမတ် ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းပြီးသူ, အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသူများအတွက် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေသည့် ဓမ္မသဘာဝများကိုလည်း မြင်နိုင်ကြပြီ ဖြစ်၏။ ထိုအချိန်ဝယ် ယောဂီသူတော်ကောင်းတို့ လျှောက်ထားတတ်ကြ၏။ မည်သည့် ဘဝကိုမျှ အလိုမရှိတော့ပါဘုရား၊ အလွန်တရာမှ ဆင်းရဲ လှပါ၏ဟူ၍ ဖြစ်၏။ ကြိုးစားကြပါ၊ ပါရမီအတိုင်း ဖြစ်ကြမှာပါ ဟူ၍ တိုက်တွန်းရ၏။ တစ်ခါတစ်ရံ ယောဂီတို့ကို မေးမိ၏။ ပါရမီတို့ မပြည့်မီသည့် အတွက် ဘဝသစ် တစ်ခုကို လက်ခံရဦးမည်ဆိုက ဘယ်ဘုံဘဝကို လက်ခံလိုပါသနည်းဟု မေးမိသည့်အခါ စျာန်သမာဓိ အထိ ဆိုက်အောင် ပွားများအားထုတ်ထားသည့် ယောဂီအများစုတို့သည်ကား ဗြဟ္မာဘဝကို အလိုရှိကြောင်း လျှောက်ထားလာကြ၏။ အဘယ်ကြောင့် ဗြဟ္မာဘဝကို အလိုရှိပါသနည်းဟု မေးမြန်းကြည့်၏။ တရားအလုပ် အားထုတ်နေကြသည့် ယောဂီတို့မည်သည်ကား လူ့ဒုက္ခ လူ့ဝန်းကျင်အကြောင်းကို ကောင်းစွာ သိသူ, ကောင်းစွာ တွေ့ကြုံ ခံစား အပူများခဲ့ကြပြီးသူ များကြ၏။ အစာရှာဖွေရသည့် ဒုက္ခ, ဘဝရပ်တည်နိုင်ဖို့ ကြိုးစားရသည့် ဒုက္ခတို့နှင့် အမြဲ ဆက်ဆံနေကြရသည့် အပြင် ဣဿာ မစ္ဆရိယတရား ထူပြောသည့် ဤလူ့လောကကြီးထဲ ထပ်မံ မလာလိုကြ။</p>
<p>အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့ကို ငါ အလိုရှိ၏၊ သင်တို့ ငါ့အတွက် ရှာဖွေပေးကြပါ ဖြည့်ဆည်းပေးကြပါဟု တဆာဆာ တောင်းခံနေကြသည့် စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်တို့ကြောင့် တမြည့်မြည့် လောင်မြိုက်မှုဒဏ်ကို ခံနေရသည့် ဤလူ့ဘဝ လူ့ဒုက္ခကို ထပ်မံ၍ မခံစားလိုကြ။</p>
<p>ချမ်းသာကြီးသော နတ်ပြည်သည်လည်း အာရုံ (၅)ပါး ကာမဂုဏ် တရားတို့ဖြင့် လောင်မြိုက်ခံနေရသည့် ဘုံဘဝသာ ဖြစ်သည့်အတွက် အလိုမရှိကြ။ တရားနာလို ဘုရားဖူးလိုသည့်ဆန္ဒ ပြည့်စုံလုံလောက်သော စက္ခုအကြည် နားအကြည်သာ ရှိသည့်, ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်တို့ မရှိကြသည့် ဗြဟ္မာဘုံဘဝကိုသာ လက်ခံလိုကြ၏။ နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် မရှိသော ဗြဟ္မာတို့၏ သက်သာခွင့် ချမ်းသာခွင့်ကို နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ရှိခြင်းကြောင့် သက်သာခွင့် ချမ်းသာခွင့် မရသော လူသားတို့ သက်ဝင်ကြမည်ဟု ယူဆမိ၏။</p>
<p>သေခါနီး မရဏာသန္နအခါ အာနာပါနနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ်ကို အာရုံပြုကာ ပထမစျာန်ဝင်စားလျက် ဘဝကို အဆုံး သတ်သွားမည်ဆိုက သေသည်၏ အခြားမဲ့၌ ပထမစျာန်ဗြဟ္မာဘဝကို လက်ခံရရှိမည် ဖြစ်၏။</p>
<p>ဗြဟ္မာတို့မည်သည်ကား စျာန်ပီတိတည်းဟူသော အစာဖြင့် နေကြသူများ ဖြစ်ကြ၏။ စျာန်ဝင်စားလျက် နေကြခြင်းသည်ပင် သူတို့၏ အစာဖြစ်၏။ အစာရှာဖွေရသည့် ဒုက္ခ မရှိ။ အမျိုးသား အမျိုးသမီးဟူ၍ မရှိသည့်အတွက် အမျိုးသားကြောင့် ဖြစ်ပေါ်ရသည့် ဒုက္ခ, အမျိုးသမီးကြောင့် ဖြစ်ပေါ်ရသည့် ဒုက္ခတို့ကို မခံစားကြရတော့ပေ။ ပူညံပူညံ လုပ်တတ်သည့် မယ်မင်းကြီးမတို့၏ အသံကိုလည်း ကြားရတော့မည် မဟုတ်ပေ။ ထိုသို့ များစွာသော အကြောင်းတို့ကြောင့် ဗြဟ္မာဘဝကို အလိုရှိကြခြင်း ဖြစ်၏။</p>
<p>လိုရင်းကို ဆိုရမူ ဗြဟ္မာဘဝနှင့် ဗြဟ္မာဘဝကို ရောက်ရှိကြောင်း စျာန်တရားတို့၌ တွယ်တာစုံမက် နှစ်သက်နေသည့် တဏှာကို <b>ဘဝေါဃ</b>ဟု ဆိုပါ၏။ ဤတဏှာကြောင့် <b>ဘဝေါဃ</b>ဟု ဆိုအပ်သော ဝဲဩဃထဲမှ မလွတ်မြောက်နိုင် ဖြစ်ကြရ၏။</p>
<p>ဤသည်ကား <b>ဘဝေါဃ</b>ဟု ဆိုအပ်သော ဝဲဩဃထဲ၌ နေထိုင်ပုံ နည်းစနစ်တစ်ခု ဖြစ်၏။</p>
<h3>ဒိဋ္ဌောဃဟူသည်</h3>
<p><b>ဒိဋ္ဌောဃ</b>ဟူသည်ကား ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ မှားယွင်းစွာ စွဲယူထားသော အမြင်များပင် ဖြစ်၏။ မှားယွင်းသော အမြင် (၆၂)ပါးရှိသည် မှန်၏။ ထိုသို့ပင် ရှိသော်လည်း ပဓာနဖြစ်သည့် <b>သက္ကာယဒိဋ္ဌိ</b> အကြောင်းကိုသာ အထူး ပြောလို၏။</p>
<p><b>သန္တော ကာယော သက္ကာယော</b>အရ <b>သက္ကာယ</b>ဟူသည် ထင်ရှားရှိသည့် ခန္ဓာငါးပါးကို ခေါ်ခြင်း ဖြစ်ပြီး ထိုခန္ဓာငါးပါးအပေါ်၌ ငါ သူတစ်ပါး ယောကျ်ား မိန်းမဟူ၍ အမှတ်မှားနေသည့် <b>ဒိဋ္ဌိ</b>တရားကိုမူ <b>သက္ကာယဒိဋ္ဌိ</b>ဟု ခေါ်၏။ ဤ<b>သက္ကာယဒိဋ္ဌိ</b>ကို အစွဲပြု၍ အမှားပေါင်း မြောက်များစွာကို လုပ်ကြ၏။ ခန္ဓာငါးပါးကို ခန္ဓာငါးပါးဟု မမြင်ပဲ ငါဟုမြင်သည့် သူတို့ ငါဟူသော အစွဲကြောင့် ဘေးများ ဝိုင်းအုံလျက် ရှိကြ၏။</p>
<p>ငါနှင့် ငါနှင့် ပတ်သက်သူတို့ကို မထိပါးသေးသမျှ သဘောထားကြီးသူကဲ့သို့ မြင်ရ၏။ ထိပါးလာပြီဆိုက မီးဟုန်းဟုန်းတောက်ကြ၏။ ငါနှင့် ငါနှင့် မပတ်သက်သောသူတို့ကို ထိပါးလာက ငါနှင့် ငါနှင့် ပတ်သက်သော သူတို့၌ကဲ့သို့ မခံစားကြရ။ ငါစွဲ မကင်းသူတို့၏ ဒုက္ခ ကြီးလှ၏။ အပါယ်ရောက်ကြောင်း ကံတို့ကို မီးကုန်ယမ်းကုန် အားထုတ် နိုင်ကြခြင်းသည်လည်း ငါစွဲ <b>သက္ကာယဒိဋ္ဌိ</b>ကြောင့်ပင် ဖြစ်၏။ ထိုတရား မရှိက အပါယ်တံခါး လုံးလုံး ပိတ်သွားတော့၏။ ထို<b>သက္ကာယဒိဋ္ဌိ</b> ကြောင့်ပင် ---</p>
<p>လောဘဖြစ်က ငါ့လောဘဟု နားလည်ကြသကဲ့သို့ ဒေါသဖြစ်က ငါ့ဒေါသဟုသာ နားလည်ကြ၏။ ဣဿာ မစ္ဆရိယ မာန်မာန တရားတို့၌လည်း ဤနည်းတူပင် ဖြစ်၏။ ကိလေသာခိုင်းသမျှ လုပ်ပေးနေရသူများဟု မသိကြ။</p>
<p>တစ်ပါးသူတို့၏ အမိန့်ပေးစေခိုင်းမှုကို မခံနိုင်ကြ၊ ထိုသို့ စေခိုင်းတတ်သူများ၏ လက်အောက်၌လည်း မနေလိုကြ။ ကိလေသာတို့ကို ခိုင်းနေသူဟု မြင်က အခိုင်းခံနေရသည့် ဘဝမှ လွတ်မြောက်လိုမည်ဟု စာရေးသူ ထင်၏။ ကိလေသာတို့မည်သည် ပြင်ပ စေခိုင်းနေသူတို့ကဲ့သို့ တစ်ခါတစ်ရံမှသာ တွေ့ခွင့်ရကြသည် မဟုတ်ပေ။ မိမိတို့၏ ရုပ်နာမ် သန္တာန်အစဉ်၌ အစဉ်လိုက်ပါလျက် အမိန့်ပေး စေခိုင်းနေကြသော အတွင်းလူများပင် ဖြစ်ကြ၏။ အမိန့်ပေး စေခိုင်းနေကြသည့် ထိုကိလေသာတို့၏ လက်အောက်ဝယ် ပျော်ပျော်ကြီး နေနိုင်ကြသည်မှာ အံ့ဩဖွယ် ကောင်းလှ၏။ ငါစွဲ မကင်းသည့် ငါကြောင့် ကိလေသာတို့၏ အမိန့်ကို နာခံနေရသည်ဟု မသိဘဲ ငါလုပ်ချင်တာ ငါလုပ်နေတာပါ, ငါလိုချင်တာ ငါရအောင် ရှာနေတာပါဟု နားလည်နေကြခြင်းသည် မှားယွင်းသော အမြင်များပင် ဖြစ်ကြ၏။ ထို ငါဟူသော အသိကြောင့် အပါယ်ရောက်ကြောင်း ကံတို့ကို သဲကြီးမဲကြီး အားထုတ်လျက် စိတ်ပါလက်ပါ လျှောက်လွှာ တင်ဝံ့သူများ ဖြစ်လာကြ၏။</p>
<p>ဤကဲ့သို့ ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ အပေါ်၌ မှားယွင်းစွာ စွဲယူထားသော အမြင်တို့ကြောင့် ဤအမြင်တို့ကပင် သံသရာဝဲဩဃ အတွင်းမှ မလွတ်မြောက်အောင် လွှမ်းမိုးနစ်မြုပ်ထားကြ၏။ ထို့ကြောင့် <b>ဒိဋ္ဌောဃ</b>ဟု ခေါ်ဆိုခြင်း ဖြစ်၏။</p>
<h3>အဝိဇ္ဇောဃဟူသည်</h3>
<p><b>အဝိဇ္ဇာ</b>ဟူသည် ဟိုဟာ မသိမှု, ဒီဟာ မသိမှုကို ဆိုခြင်း မဟုတ်ပေ။ သစ္စာလေးပါး အမှန်တရားကို မသိအောင် ပိတ်ဖုံး ကာဆီး ထားသည့် <b>အဝိဇ္ဇာ မောဟ</b>တရားကို ဆိုခြင်းသာ ဖြစ်၏။</p>
<p>အမျိုးသမီးဆိုတာ မရှိဘူး၊ အမျိုးသားဆိုတာ မရှိဘူး။ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေသာ ရှိကြ၏ဟု ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်ပြီး မသိသေးသမျှ ဤဩဃထဲမှ လွတ်မြောက်ခွင့် အကြောင်းအထောက်အပံ့ကို ရနိုင်မည် မဟုတ်ပေ။</p>
<p>ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဒုက္ခသစ္စာ စာရင်းဝင် တရားများသာ ဖြစ်ကြပေ၏။</p>
<p>ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဖြစ်ပေါ်စေသည့် အတိတ် အကြောင်းတရားတို့ကို သိအောင် မြင်အောင် ရှုပွားသုံးသပ်ပါမှ သမုဒယသစ္စာကို သိမြင်သည် မည်၏။</p>
<p>ထို ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကို ဟုတ်တိုင်း မှန်စွာ သိနိုင် မြင်နိုင်ဖို့ မဂ္ဂသစ္စာအမည်ရသည့် လောကီ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ရမည် ဖြစ်ပေ၏။</p>
<p>နိရောဓသစ္စာဟူသည်ကား ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ချုပ်ရာ ငြိမ်းရာဖြစ်သော အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်ကို ကိုယ်တိုင် မျက်မှောက် အာရုံပြုသောအားဖြင့် ထိုးထွင်း၍ သိခြင်းပင် ဖြစ်၏။</p>
<p>ထို ဒုက္ခသစ္စာအမည်ရသည့် ခန္ဓာငါးပါး ရုပ်တရား နာမ်တရား, သမုဒယသစ္စာအမည်ရသည့် အကြောင်းတရား အကျိုးတရားတို့ကို ပရမတ်ဆိုက်အောင် သိဖို့ဟူသည် ---</p>
<p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊</b> (သံ၊၃၊၃၆၃။)</p>
<p>ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြ၊ သမာဓိရှိသော ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏။</p>
<p>And what does he know and see as it really is?</p>
<p>မည်သည့် တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိနိုင် မြင်နိုင်သနည်း ဟူမူကား ---</p>
<p>He knows and sees: the suffering, the origin of suffering, the cessation of suffering and the way leading to the cessation of suffering.</p>
<p>ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့ကို ဟုတ်တိုင်းမှန်စွာ သိမည် မြင်မည် ဖြစ်၏</p>
<p>ဟု မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ ဘုရားရှင် ကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့၏။ ထိုသို့ အာမခံ၍ ဟောကြားတော်မူအပ်သော ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် သမာဓိကို ထူထောင်ဖို့ လို၏။ ထိုသို့ သမာဓိကို ထူထောင်ပါမှ သစ္စာလေးပါး အမှန်တရားကို သိမည် မြင်မည် ဖြစ်၏။</p>
<p>ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပရမတ်ဉာဏ်အမြင်ဆိုက်အောင် မရှုပွား မသုံးသပ်နိုင်သေးသမျှ ဒုက္ခသစ္စာကို သိသူဟု မခေါ်နိုင်သေးပေ။ ဒုက္ခသစ္စာ စာရင်းဝင် ပရမတ်ရုပ်တရားတို့မည်သည် ကလာပ်ဟု ခေါ်သည့် အသေးဆုံး ပညတ်အဖွဲ့အစည်းအတွင်း တည်ရှိနေကြ၏။ ရုပ်ကလာပ်ကို မြင်ပါမှ ထိုရုပ်ကလာပ်အတွင်း ထင်ရှားရှိသည့် ရုပ်ပရမတ် သဘောတရားတို့ကို ရှုပွားသုံးသပ်နိုင်မည် ဖြစ်၏။</p>
<p>ဒုက္ခသစ္စာ စာရင်းဝင် ပရမတ်ရုပ်တရားတို့ကို သိခြင်း, ရူပပရိဂ္ဂဟဉာဏ်ကို ရရှိခြင်းသည် ရုပ် (၂၈)ပါးကို သိမ်းဆည်းပြီးပါမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ရုပ် (၂၈)ပါးဟူသည်ကား အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ဖူးသူတို့ ရင်းနှီးပြီးသား ရူပပရိဂ္ဂဟဉာဏ်ရရှိရေးအတွက် ရှုပွား သုံးသပ်ရမည့် ဘုရားဟော ရုပ်များသာ ဖြစ်ကြ၏။ ထို ရုပ် (၂၈)ပါးကို မသိမ်းဆည်းပါပဲ ရူပပရိဂ္ဂဟဉာဏ်ကို ရရှိနိုင်မည်ဟု ဘုရားရှင် မဟော ခဲ့ပေ။</p>
<p>သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း (၄၀)ရှိသည် မှန်၏။ ဝိပဿနာပိုင်း၌မူကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ဆိုအပ်သော ကမ္မဋ္ဌာန်း နှစ်မျိုးကိုသာ ဘုရားရှင် ညွှန်ကြားထားတော်မူ၏။</p>
<p>ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်နိုင်ဖို့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း အကျယ်နည်း ဤနှစ်နည်းကိုလည်း မြတ်ဘုရား ညွှန်ကြားတော်မူ၏။ ဤအချက်ကိုကား သတိရှိဖို့ လို၏။</p>
<p>ဘုရားရှင်၏ စကားတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် ရူပပရိဂ္ဂဟဉာဏ် ရရှိခြင်းငှါ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း နှစ်နည်းစလုံးဖြင့် ယောဂီများကို စနစ်တကျ သင်ကြားပေးလျက် ရှိပေ၏။ <b>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်</b> စသည့် ဓာတ်ကြီးလေးပါးကို ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ စနစ်တကျ သိမ်းဆည်း ရှုပွားနိုင်ခြင်းကြောင့် ယောဂီတို့၌ သမာဓိ စတင် ဖြစ်လာကြ၏။ သမာဓိ ဖြစ်လာက ခန္ဓာကိုယ်၌ မီးခိုးရောင် စတင်ပြီး ပေါ်လာကြသည်ကို ယောဂီများ လျှောက်ထားကြ၏။ ထိုအချိန်၌ ဓာတ်သဘောတရားတို့ကို ခန္ဓာကိုယ်၌ ဆက်လက်ပြီး နှလုံးသွင်းက မီးခိုးရောင်မှ ဖြူလာကြောင်း လျှောက်ထားကြ၏။ ထိုမှ တစ်ဆင့် ရေခဲတုံး မှန်တုံးကဲ့သို့ ကြည်လာပြီးနောက် ထိုအကြည်တုံး အကြည်ခဲ၌ ဓာတ်ကြီးလေးပါးကို ဆက်လက် သိမ်းဆည်း ရှုပွားရ၏။ ထိုသို့ သိမ်းဆည်းရှုပွားမှုကြောင့် ထိုအကြည်တုံး အကြည်ခဲကြီး ပြိုကွဲသွားပြီး ရုပ်ကလာပ်များကို ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်နေကြသည့် တိုင်းရင်းသား တိုင်းရင်းသူ, နိုင်ငံခြားသား နိုင်ငံခြားသူ ယောဂီတို့ လျှောက်ထားလာကြ၏။ ရုပ်ကလာပ်တွေက အလွန့် အလွန်ပဲ သေးငယ်လှပါ၏၊ ခဏမစဲ တသဲသဲ အလွန် လျင်လျင် မြန်မြန်ကြီး ဖြစ်ပျက်နေကြပါ၏ဟူ၍ ဖြစ်၏။</p>
<p>ထိုရုပ်ကလာပ်တို့တွင် <b>ပထဝီ, အာပေါ, တေဇော, ဝါယော</b>, အဆင်း, အနံ့, အရသာ စသည့် အနည်းဆုံး ပရမတ်ရုပ်သဘောတရား (၈)မျိုး ပါဝင်နေကြ၏။ ထိုထက်အလွန် (၉)မျိုး (၁၀)မျိုး ပါဝင်သော ရုပ်ကလာပ်များလည်း ရှိနေကြ၏။ ထိုရုပ်သဘောတရားတို့ကို အတွင်း အဇ္ဈတ္တသန္တာန်၌ ရှုပွားသုံးသပ်စေပြီးနောက် ဗဟိဒ္ဓသန္တာန်၌ ရှုပွား သုံးသပ်စေ၏။ ဘုရားရှင်၏ စကားတော်ကို ဦးထိပ်ရွက် ပန်ဆင်ခိုင်းခြင်းသာ ဖြစ်၏။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနစလုံး၌ ရှုပွားသုံးသပ်နေသည့် ယောဂီတို့အဖို့ မိမိ၏ ခန္ဓာကိုယ်ကိုလည်း မတွေ့တော့၊ သူတစ်ပါးတို့၏ ခန္ဓာကိုယ်ကိုလည်း မတွေ့တော့၊ ဖြစ်ပျက်နေကြသည့် ရုပ်ကလာပ်များကိုသာ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနစလုံး၌ တွေ့နေကြ၏။ အမျိုးသား အမျိုးသမီး တိုက်တာ အိုးအိမ် တော တောင် သစ်ပင်ဟူသမျှ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက ထိုသက်ရှိ သက်မဲ့ အရာဝတ္ထုတို့ကို မတွေ့မြင်ကြတော့ပဲ ရုပ်ကလာပ်များ ကိုသာ တွေ့နေကြသည့် ယောဂီအပေါင်းတို့ ထိုအခါမှ ဘုရားစကားတော်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိခြင်းအားဖြင့် လက်ခံကြတော့၏။ တစ်လောကလုံးသည်ကား atom ထက် လွန်စွာ သေးငယ်သည့် အဋ္ဌကလာပ်ဟု ခေါ်ဆိုအပ်သည့် ရုပ်ကလာပ်မှုန်များဖြင့် တည်ဆောက်ထားခြင်းသာ ဖြစ်၏ဟု ဘုရားရှင် မိန့်တော်မူခဲ့သည် မဟုတ်လော။</p>
<p>ထို့နောင် နာမ်တရားတို့ကို ပရမတ်ဆိုက်အောင် ရှုပွားသုံးသပ်နိုင်ဖို့ နာမ်ကမ္မဋ္ဌာန်းကို ဆက်လက်သင်ကြားပေးလျက် ရှိပေ၏။ နာမ်တရားတို့ မည်သည် ဝီထိဟု ဆိုအပ်သော စိတ်အစဉ်အတန်း အဖြင့် ဖြစ်ပေါ်နေကြသော ဓမ္မသဘာဝများလည်း ရှိကြ၏၊ ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်ခေါ် ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့လည်း ရှိကြ၏။ ရူပါရုံစသည့် အာရုံ (၆)ပါးကို ထိုက်သလို သိနေကြ၏။ နာမ်တရားတို့ကို စိတ္တနိယာမအတိုင်း ဝီထိစိတ်အစဉ်အားဖြင့် ဖြစ်-ပျက်နေကြသည့် တရားများဟုသာ မြတ်ဘုရား ဟောကြားထားတော်မူ၏။ တခြားတစ်ပါးသော ပုံစံဖြင့်ကား ဟောကြားထားတော်မူခြင်း မရှိပေ။</p>
<p>ထိုဓမ္မသဘာဝများကို တိုင်းရင်းသား တိုင်းရင်းသူ, နိုင်ငံခြားသား နိုင်ငံခြားသူတို့ ရှုပွားနေနိုင်ကြပြီး ဖြစ်၏။ အကျေနပ်ကြီး ကျေနပ်ကြ, အားအရကြီး အားရနေကြသည့် ထိုသူတို့၏ လျှောက်ထားချက်တို့က လာလှည့် ရှုလှည့်ပါဟု ဖိတ်ခေါ်ထိုက်သည့် တရားတော်၏ ဂုဏ်ကို ထောက်ခံနေကြ ဖော်ကျူးပေးနေကြ၏။ ထိုးထွင်းသိပြီးသူ ဘုရား သားတော် ရဟန်းတော်တို့ ဝမ်းအသာကြီး ဝမ်းသာနေကြ၏။ ထိုးထွင်း မသိသေးသူ ဘုရားသားတော် ရဟန်းတော်များနှင့် ယောဂီသူတော်ကောင်းတို့ ဝမ်းအသာကြီး ဝမ်းသာနိုင်ဖို့ လာလှည့် ရှုလှည့်ကြပါဟု ဖိတ်ခေါ်ထိုက်သည့် တရားဂုဏ်တော်ဖြင့် ဖိတ်ခေါ်လိုက်ရပေ၏။ ပညာရှိတို့သာ သိနိုင်သည့် တရားများ ဖြစ်ကြသည် မဟုတ်လော။</p>
<p>လောက၌ အမျိုးသား အမျိုးသမီးဟူ၍ မရှိ ရုပ်နှင့် နာမ်သာ ရှိ၏ဟူသော ဘုရားစကားတော်ကို ရုပ်နှင့် နာမ်တို့ကို ပရမတ် ဆိုက်အောင် ရှုပွားနိုင်သော ယောဂီတို့ ကောင်းစွာပိုင်ပိုင် သက်ဝင်ကြတော့၏။ ဤသို့ သက်ဝင်ခြင်းသည် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိခြင်းအားဖြင့် သက်ဝင်ခြင်းသာ ဖြစ်ပေ၏။</p>
<p>ထိုသို့ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိသောအခါမှ ဘုရားရှင် မိန့်ဆိုတော်မူခဲ့သည့် တရားစကားတော်တို့သည် ပြောဆိုသည့်အတိုင်း မှန်သည်သာလျှင်တည်းဟု သက်ဝင်သွားကြတော့၏။ ဆရာအပြောနှင့် လွမ်းနေရသည့် ဘဝမှ လွတ်မြောက်ခွင့် ရကြ၏။</p>
<p>ဤသို့ သိသူ ဤသို့ မြင်သူကိုသာ ဒုက္ခသစ္စာကို သိသူ မြင်သူဟု ခေါ်ဆိုနိုင်၏။ ထိုသို့ သိခြင်း မြင်ခြင်းသည် သမာဓိကို ထူထောင်ပါဟု ညွှန်ကြားတော်မူသည့် ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင် ခြင်းကြောင့်သာ ဖြစ်၏။ သမာဓိကို မထူထောင်က သိနိုင် မြင်နိုင်ကြမည် မဟုတ်ပေ။</p>
<p>ဥပစာရသမာဓိ အပ္ပနာသမာဓိ တစ်ခုခုကို မထူထောင်က သစ္စာလေးပါး အမှန်တရားကို မသိအောင် ပိတ်ဖုံး ကာဆီးထားသည့် <b>အဝိဇ္ဇာမောဟ</b>တရားကို ဖယ်ခွာနိုင်မည် မဟုတ်ပေ။ <b>အဝိဇ္ဇာမောဟ</b>တရားကို မဖယ်ခွာနိုင်က <b>အဝိဇ္ဇောဃ</b> ရေအယဉ်မှ လွန်မြောက်နိုင်မည် မဟုတ်ပေ။</p>
<p>အမှန်မသိမှု <b>အဝိဇ္ဇာ</b>ကြောင့် <b>ကာမောဃဝဲ</b> အစုပ်ခံကြရပြန်၏။</p>
<p><b>အဝိဇ္ဇာမောဟ</b>တရားဟူသည် အမှန်ကို အမှားဟု, အမှားကို အမှန်ဟု မြင်အောင် ပြုပေးနေသည့် တရားသာ ဖြစ်၏။ သစ္စာလေးပါး အမှန်တရားကို မသိအောင် ပိတ်ဖုံးထားသည့် ထို<b>အဝိဇ္ဇာမောဟ</b>တရားကြောင့် ဒုက္ခသစ္စာဟု ခေါ်ဆိုအပ်သည့် ရုပ်တရား နာမ်တရား, သမုဒယသစ္စာဟု ခေါ်ဆိုအပ်သည့် အကြောင်းတရား အကျိုးတရားတို့ကို မသိနိုင် မမြင်နိုင်ကြပေ။</p>
<p>ထိုသို့ မသိ မမြင်ခြင်းကြောင့် ထင်ရှားရှိသည့် ခန္ဓာ (၅)ပါး ရုပ်နာမ်နှစ်ပါးကို ခန္ဓာ (၅)ပါး ရုပ်နာမ်နှစ်ပါးအဖြစ် မမြင်နိုင်ကြပဲ အမျိုးသမီးဟု မြင်၏၊ အမျိုးသားဟု မြင်၏။ အမျိုးသမီးဟု အသိမှားခြင်း, အမျိုးသားဟု အသိမှားခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ခြင်းကို <b>အဝိဇ္ဇာ</b>ဟု ခေါ်၏။</p>
<p><b>အဝိဇ္ဇာမောဟ</b>တရားကြောင့် <b>ကာမောဃဝဲ</b> အစုပ်ခံကြရပုံကို ဥပမာဆောင်လို၏။</p>
<h3>ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်ရပါလို</h3>
<p>ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်လာခဲ့သည့် အမျိုးသမီး ယောဂီ တစ်ဦး ရှိခဲ့၏။</p>
<p>ပြီးခဲ့သည့် အတိတ်ဘဝဝယ် ခေတ်ပညာ မတတ်, ဆင်းရဲနွမ်းပါးလှသည့် ကျေးလက်တောသူဘဝကို ရရှိခဲ့သူ ဖြစ်၏။ ထိုဘဝဝယ် သံဃာတော်တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းခဲ့ဖူး၏။ ထိုအလှူဒါနကို ပြုနေသည့် အချိန်ဝယ် မိမိ၏ ပညာမတတ် ဆင်းရဲနွမ်းပါးလှသည့် ကျေးလက်တောသူဘဝကို နာကြည်းလျက် ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်ရန် ဆုတောင်းနေသည့် စိတ်အစဉ်တို့ ဖြစ်ခဲ့၏။ ထိုဘဝ သေခါနီး မရဏာသန္နအခါ၌ ထိုသစ်သီးဆွမ်း လှူဒါန်းနေသည့် ကံအာရုံနိမိတ်သည်ကား အသစ်တစ်ဖန် ပြုနေသကဲ့သို့ ပေါ်လာပြန်၏။ ထိုကံ၏ အကျိုးအဖြစ် ဤဘဝ၌ ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်လာခဲ့ရ၏။</p>
<p>- ခေတ်ပညာတတ် မြို့ကြီးသူဟု အသိမှားခြင်း <b>အဝိဇ္ဇာ</b>,</p>
<p>- ခေတ်ပညာတတ် မြို့ကြီးသူဘဝကို တွယ်တာတပ်မက်နေ သည့် တဏှာ,</p>
<p>- ထိုဘဝကို ပြင်းစွာ စိတ်ကပ်စွဲနေသည့် ဥပါဒါန်,</p>
<p>- ထိုပြင်းစွာ စိတ်ကပ်စွဲနေသည့် ဥပါဒါန်ကို အကြောင်းပြု၍ ထိုဘဝကို ရရှိကြောင်း သင်္ခါရကို ပြုလုပ်ခဲ့၏။ ဤ၌ သံဃာ တော် တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းခဲ့သော ကံသည် သင်္ခါရပင် ဖြစ်၏။</p>
<p>- ထိုသင်္ခါရသည်ကား နောင်တစ်ချိန်ဝယ် အကျိုးပေးနိုင်သည့် ကမ္မသတ္တိအဖြစ် ရုပ်နာမ်သန္တာန် အစဉ်ဝယ် မြှုပ်နှံပြီးမှ ချုပ် ပျက်သွားခြင်း ဖြစ်၏။</p>
<p>ထိုကဲ့သို့ <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b>ဟု ဆိုအပ်သော အကြောင်းတရားငါးပါးတို့ စုံစုံညီညီဖြင့် အကျိုးပေးလိုက်သည့်အတွက် ခေတ်ပညာတတ် မြို့ကြီးသူဘဝကို ရရှိလာ၏။</p>
<p>ခေတ်ပညာတတ် မြို့ကြီးသူအဖြစ် အသိမှားမှု <b>အဝိဇ္ဇာမောဟ</b>တရားသည်ကား ခေတ်ပညာတတ် မြို့ကြီးသူဘဝ၌ ရရှိနိုင်သည့် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့အပေါ် နှစ်သက်တပ်မက်ခြင်း တဏှာ, ပြင်းစွာ စွဲလမ်းခြင်း ဥပါဒါန်တရားတည်းဟူသော လောဘတရားတို့ကို ဖြစ်ပေါ်လာအောင် ထောက်ပံ့ပေးနေ၏။ <b>အဝိဇ္ဇာမောဟ</b> တရားကြောင့် <b>ကာမောဃဝဲ</b> အစုပ်ခံရခြင်း ဖြစ်ပေ၏။</p>
<p><b>အဝိဇ္ဇာမောဟ</b>တရား၏ ချယ်လှယ်နိုင်မှု စွမ်းအားသည်ကား ကြီးမားလှ၏။</p>
<p>ကန္တာရ ခရီးခဲ ဖြတ်ကျော်ခဲ့ရသည့် ဇနီးမောင်နှံ နှစ်ဦး ရှိခဲ့ဖူး၏။ အစာရေစာ ပြတ်လပ်မှုကြောင့် ကြီးစွာ ပင်ပန်းဆင်းရဲနေကြ၏။ ထိုခရီး အဆုံး၌ ရွာတစ်ရွာသို့ ဆိုက်ရောက်သွား၏။</p>
<p>ကရုဏာတရားရှိသည့် ရွာသားတစ်ဦးသည် မွန်မြတ်သည့် အစာအာဟာရကို တည်ခင်းဧည့်ခံခြင်းဖြင့် ထိုသူနှစ်ဦး၏ ဆာလောင်မှု ဒုက္ခကို သက်သာရာ ရစေ၏။ ခင်ပွန်းသည် ဖြစ်သူ အမျိုးသားသည်ကား ဆာလောင်မွတ်သိပ်ခြင်းကြောင့် တနင့်တပိုး စားသုံးမိ၏။ အိမ်ရှင် ရွာသားသည်ကား ထိုပုဂ္ဂိုလ်နှစ်ဦးအား ဧည့်ခံကျွေးမွေးသည့် အစာအာဟာရမျိုးကိုပင် မိမိ၏ ခွေးကိုလည်း ကောင်းစွာ ကျွေးမွေးထားချိန် ဖြစ်၏။ မိမိ စားသုံးနေသည့် မွန်မြတ်သည့် အစာအာဟာရကိုပင် စားသုံးခွင့်ရနေသည့် ထိုခွေးဘဝကို အားကျသည့် စိတ်တို့က ငတ်မွတ်မှု ဒုက္ခကို ခံခဲ့ရသူ ထိုအမျိုးသား၏ စိတ်အစဉ်ဝယ် ဖြစ်ပေါ်လာတော့၏။</p>
<p>အမှန်မသိမှု <b>အဝိဇ္ဇာမောဟ</b>တရားကြောင့် သတ္တဝါတို့သည် မနှစ်သက်သင့်သည်တို့၌ နှစ်သက်မိတတ်ကြ၏၊ မစွဲလမ်းသင့်သည်တို့၌ စွဲလမ်းတတ်ကြပြန်၏။</p>
<p>ပင်ပန်းဆင်းရဲခြင်းကြောင့် မိမိဘဝကို စိတ်ပျက်နေသည့် ထိုအမျိုးသား၏ စိတ်အစဉ်သည် မိမိထက် ကောင်းကောင်း စားခွင့် ရနေသည့် ခွေးဘဝကိုသော်လည်း နှစ်သက် စွဲလမ်း တောင့်တမှုတို့ ဖြစ်အောင် ဖိစီးလွှမ်းမိုးနိုင်စွမ်း ရှိလှ၏။ မိမိထက် ကောင်းကောင်း စားခွင့် ရနေသည့် ခွေးဘဝဟု အသိမှားခြင်း <b>အဝိဇ္ဇာ</b>ကြောင့်သာ ဖြစ်ပေ၏။ အမှန်မသိမှု <b>အဝိဇ္ဇာ</b>ကြောင့် အနှစ်သာရမရှိသည့် ဘဝကို အနှစ်သာရဟု ထင်တတ်၏။ အနှစ်သာရ ရှိသည့် ဘဝကို အချည်းအနှီး ထင်တတ်ပြန်၏။</p>
<p>ရသတဏှာတည်းဟူသော <b>ကာမောဃဝဲ</b> အစုပ်ခံခဲ့ရသည့် တနင့် တပိုး စားသုံးမိသူ ထိုအမျိုးသားသည်ကား ထိုနေရာ၌ပင် သေဆုံးခဲ့ရ၏။ သေဆုံးပြီးနောက် ထိုခွေး၏ ဝမ်း၌ ပဋိသန္ဓေနေလျက် ထိုအိမ်၌ ပင် ခွေးဖြစ်ခဲ့ရ၏။ ဓမ္မပဒအဋ္ဌကထာလာ ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။</p>
<p>အမှန်မသိမှု <b>အဝိဇ္ဇာ</b>ကြောင့် စွဲမိစွဲရာ စွဲတတ်သည့် စာဖတ်သူတို့၏ စိတ်ကို ကြီးစွာ သတိပြု စောင့်ရှောက်ဖို့ လို၏။</p>
<p>အကျဉ်းကျနေသည့် အကျဉ်းသားတစ်ဦးအနေဖြင့် လွတ်လပ်စွာ ပျံသန်းနေသည့် ငှက်ငယ်ကလေး တစ်ကောင်၏ ဘဝကို နှစ်သက် အားကျတတ်သကဲ့သို့ အမှန်မသိမှု <b>အဝိဇ္ဇာမောဟ</b>တရားကြောင့် ပရမ်းပတာ နှစ်သက်တတ်သည့် မိမိတို့၏ စိတ်သည်ကား ဘေးတို့ဖြင့် ဝိုင်းအုံခံနေရသကဲ့သို့ပင် ဖြစ်၏။</p>
<p>ဤသည်ကား ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထိုထို ဘုံဘဝကို ရရှိလာတတ်ကြကြောင်း စာဖတ်သူတို့ သိစေဖို့ ဖြစ်၏။</p>
<p>ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည် ကြောင်းကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောတရားတို့ကို ရှုပွားသုံးသပ်ဖို့ရန် ညွှန်ကြားထားတော်မူသည့် ဘုရားရှင်၏ အဆုံးအမ စကားတော်ကို ဦးထိပ်ရွက်ပန်ဆင်လျက် လက်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်သူများသာ ရရှိနိုင်သည့်ဉာဏ် ဖြစ်၏။ ဦးထိပ်ရွက် မပန်ဆင်သူများအတွက် ရရှိနိုင်သည့်ဉာဏ် မဟုတ်ပေ။ သမာဓိကို ထူထောင်သူများအတွက်သာ ဖြစ်၏။ မထူထောင်သူများ ရရှိနိုင်သည် မဟုတ်ပေ။</p>
<p>သင်သိနှင့် ထိုးထွင်းသိမှုနှစ်ခုကို ခွဲဖို့ကား လိုပါ၏။ ဆရာအပြောနှင့် လွမ်းနေရသည့် ဘဝကို မိမိကိုယ်တိုင် သိသကဲ့သို့ မမှတ်ယူမိဖို့လည်း လိုပါ၏။ ရိုးသားဖို့ လို၏၊ ကြိုးစားဖို့ လို၏။ တကယ်သိအောင် ကြိုးစားရမည်ပင်။ သင်သိဖြင့် တကယ်သိသူဟူ၍ ယူဆနေသူထဲ မပါဝင်စေလိုပေ။ လက်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်ဖို့ ကြိုးစားစေလို၍ ဖြစ်၏။</p>
<p>ထိုအဆုံးအမတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် ထိုကြောင်းကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတို့ကို ရှုပွားသုံးသပ်သော လက်တွေ့ ကျင့်စဉ်ကို သင်ကြားပြသပေးလျက် ရှိပါ၏။</p>
<p>ဤမျှဆိုက <b>ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃ</b>ဟု ဆိုအပ်သော ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာသမုဒ္ဒရာကြီးတို့ကို စာဖတ်သူတို့ သက်ဝင်နိုင်လောက်ပြီဟု ယူဆ၏။</p>
<p>ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာဟူ၍ ဆိုခြင်းသည် ဆိုသင့် ဆိုထိုက်၍ ဆိုခြင်းသာ ဖြစ်၏။ <b>အတိဿယဝုတ္တိ</b> အလင်္ကာမြောက်အောင် ပြောဆိုနေခြင်းမျိုး မဟုတ်ပေ။</p>
<p>လူတို့က လူ့ကာမဂုဏ် လူ့အာရုံတို့၌ နစ်မြုပ်နေကြချိန် နတ်တို့က နတ်ကာမဂုဏ် နတ်အာရုံတို့၌ နစ်မြုပ်နေကြ၏။</p>
<p>လူတို့က လူ့ကာမဂုဏ် လူ့အာရုံတို့မှ တခဏမျှ ရှောင်ခွာပြီး မနေလိုကြသကဲ့သို့ လူ့ကာမဂုဏ် လူ့အာရုံတို့ထက် သာလွန်သော နတ်ကာမဂုဏ် နတ်အာရုံတို့မှ နတ်တို့လည်း တခဏမျှ ရှောင်ခွာပြီး မနေနိုင်ကြ မနေလိုကြ။ <b>ကာမောဃ</b> ရေအယဉ်၌ နစ်မြုပ်မြဲ နစ်မြုပ်ခွင့် ပေးကြပါဟု ထိုထို သတ္တဝါတို့၏ အပြုအမူ အသွင်အပြင် အပြောအဆိုတို့က အနက်အဓိပ္ပါယ် ဖွင့်ပေးနေကြ၏။ နစ်မြုပ်မြဲ နစ်မြုပ်ခွင့်ပေးကြပါဟု ဆုမတောင်းသော်လည်း ဆုတောင်းသကဲ့သို့ပင် ဖြစ်၏။</p>
<p>အပါယ်သတ္တဝါတို့လည်း ထိုနည်းနှင်နှင် ဖြစ်ကြ၏။</p>
<p>တိဟိတ်ပဋိသန္ဓေဖြင့် ဘဝရလာသူတို့ စျာန်သမာဓိဆိုက်အောင် ပွားများအားထုတ်နိုင်ကြ၏။ ထိုစျာန်သမာဓိနှင့်တကွ ထိုစျာန်ကြောင့် ရရှိ ရောက်ရှိနိုင်သည့် ဗြဟ္မာဘုံဘဝတို့ကို နှစ်သက်ခြင်း တဏှာတို့ကြောင့် <b>ဘဝေါဃ</b> ရေအယဉ်မှ ကျော်လွှားလွန်မြောက်ဖို့ရန်လည်း ခက်နေကြ၏။</p>
<p>ငါ ငါ ထောင်လွှား တက်ကြွနေသည့် လောကကြီးသည် <b>သက္ကာယဒိဋ္ဌိ</b> ငရဲမီး၏ နှိပ်စက်မှု ဒဏ်ချက်ကို ခံနေကြရခြင်းသာ ဖြစ်၏။ <b>သက္ကာယဒိဋ္ဌိ</b> ငရဲမီးကို တရှိန်ရှိန် အားကောင်းအောင် မွှေးနေကြခြင်းသာ ဖြစ်၏။ <b>သက္ကာယဒိဋ္ဌိ</b> ငရဲမီးကြောင့် <b>ဒိဋ္ဌောဃ</b> ရေအယဉ်မှ ကျော်လွှားလွန်မြောက်ဖို့ရန် ခက်နေကြသည်ပင်။ သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့စနစ်တကျ ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းကြောင့် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံးဝယ် သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်တို့ ဖြစ်ပေါ်လာ၏။ ထိုအခါမှသာ <b>သက္ကာယဒိဋ္ဌိ</b> ငရဲမီးကို အပြီးသတ် ငြှိမ်းသတ်နိုင်မည် ဖြစ်ပေ၏။</p>
<p><b>အဝိဇ္ဇောဃ</b>ရေအယဉ်မှ ကူးခတ် လွန်မြောက်ဖို့ရန် ခက်ခဲပုံကိုလည်း ဆိုခဲ့ပြီ ဖြစ်၏။</p>
<h3>ရပ်တည်မည်ဆိုလျှင် နစ်မြုပ်ရ</h3>
<p>ရပ်တည်မည်ဆိုလျှင် နစ်မြုပ်ရ၏ဟူသော စကားရပ်၌ ရပ်တည်ခြင်းဟူသည် အကုသိုလ်ဒုစရိုက်တရားတို့ကို လက်ရဲ ဇက်ရဲ လွန်ကျူးခြင်းကို ဆိုခြင်း ဖြစ်၏။ ကာယကံ မစင်ကြယ်မှု, ဝစီကံ မစင်ကြယ်မှု, မနောကံ မစင်ကြယ်မှု စသည့် အမှုတို့ပင် ဖြစ်ကြ၏။</p>
<p>သေစေလိုသော စိတ်ဖြင့် ကြီးကြီး ငယ်ငယ် သတ္တဝါတို့ကို သတ်ဖြတ်၏၊ မပေးသော ပစ္စည်းကို ယူ၏၊ ကိုယ်ပိုင် မဟုတ်သည့် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏။ ဤသည်တို့သည် ကာယကံ မစင်ကြယ်မှုတို့ပင် ဖြစ်ကြ၏။</p>
<p>မဟုတ်မမှန်သော စကားကို ဆို၏၊ ချစ်ခင်နေသူ နှစ်ဦးကြား စိတ်ဝမ်းကွဲအောင် ပြောဆို၏၊ ကြမ်းတမ်းသော စကားကို ဆို၏၊ အနှစ် မမှီး အချည်းအနှီး အကျိုးမဲ့စကားကို ပြောဆို၏။ ဤသည်တို့သည် ဝစီကံ မစင်ကြယ်မှုတို့ပင် ဖြစ်ကြပေ၏။</p>
<p>သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်မှု <b>အဘိဇ္ဈာ</b>, သူတစ်ပါး ပျက်စီးခြင်းကို အလိုရှိမှု <b>ဗျာပါဒ</b>နှင့် မှားယွင်းသော အမြင်ရှိမှု <b>မိစ္ဆာဒိဋ္ဌိ</b>တို့ သည် မနောကံ မစင်ကြယ်မှုပင် ဖြစ်ကြ၏။</p>
<p>မှားယွင်းသော အမြင်ဟူသည် ကုသိုလ်နှင့် ကုသိုလ်၏ အကျိုးမည်သည် မရှိ၊ ကောင်းမှု ပြုသော်လည်း ကောင်းကျိုးမည်သည် မရှိ၊ မကောင်းမှု ပြုသော်လည်း မကောင်းကျိုးမည်သည် မရှိ စသည့် ကံနှင့် ကံ၏အကျိုးတရားကို ပစ်ပယ်သည့် အမြင်များပင် ဖြစ်ကြ၏။</p>
<p>ဤကံသုံးပါးသည်ကား သတ္တဝါတို့၌ အဖြစ်များသော ကံများသာ ဖြစ်ကြပေ၏။</p>
<p>ဤ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တရားတို့၏ တရားကိုယ်ကို ကောက်မည်ဆိုက လောဘ ဒေါသပြဓာန်းသည့် ယင်းဒုစရိုက်တို့ကို လွန်ကျူးကြောင်း ဖြစ်သော တရားတို့ကို ရ၏။ လောဘ ဒေါသဖြစ်က မောဟ ပါစမြဲ ဖြစ်၏။</p>
<p><b>လောဘ</b>ဟု ဆိုက လောဘအသင်းဝင်များ ဖြစ်ကြသည့် <b>မာန</b>နှင့် <b>ဒိဋ္ဌိ</b>ကိုပါ ယူရ၏။</p>
<p><b>ဒေါသ</b>ဟု ဆိုက ဒေါသအသင်းဝင်များ ဖြစ်ကြသည့် <b>ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ</b>တို့ကိုပါ ယူရ၏။</p>
<p><b>မောဟ</b>ဟု ဆိုက မောဟအသင်းဝင်များ ဖြစ်ကြသည့် <b>ဥဒ္ဓစ္စ</b>နှင့် <b>ဝိစိကိစ္ဆာ</b>တို့ကိုပါ ယူရမည် ဖြစ်၏။</p>
<p>မွေးခြင်းနှင့် သေခြင်းကြား၌ သတ္တဝါတို့၏ ရုပ်နာမ် သန္တာန်အစဉ်ဝယ် အဖြစ်များသည့် တရားတို့သည်ကား လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, မာန, ဥဒ္ဓစ္စနှင့် ဝိစိကိစ္ဆာ တရားတို့ပင် ဖြစ်ကြပေ၏။</p>
<p>သတ္တဝါတို့သည်ကား လောဘအိမ်, ဒေါသအိမ်, မာနအိမ် စသည့် အိမ်တို့တွင် အနေများကြ၏။ ထို့ကြောင့် ထိုတရားတို့ကို သတ္တဝါတို့၏ အိမ်များဟု ခေါ်သင့် ခေါ်ထိုက်၏။ ထိုထိုအိမ်တို့၌ နေထိုင်ကြသူများကို အကုသိုလ်နှင့် နေထိုင်ကြသူများ ရပ်တည်နေသူများဟု ခေါ်ရ၏။</p>
<p>ထိုသို့ ရပ်တည်နေခြင်းကြောင့် အပါယ်လေးဘုံတည်းဟူသော ဒုဂ္ဂတိဘုံတို့၌ ဖြစ်ကြရ၏။ အပါယ်လေးဘုံတည်းဟူသော <b>ကာမောဃ</b> ရေအယဉ်၌ တစ်ဘဝပြီး တစ်ဘဝ နစ်မြုပ်ကြရခြင်း ဖြစ်၏။</p>
<p>ဤသည်ကိုပင် နစ်မြုပ်ခြင်းဟု ဆိုရ၏။</p>
<p>ဤမျှဆိုက ရပ်တည်မည်ဆိုလျှင် နစ်မြုပ်ရ၏ဟူသော စကားရပ် ၏ အဓိပ္ပါယ်မှာ ထင်ရှားပြီ ဖြစ်၏။</p>
<hr>
<h3>အားထုတ်မည်ဆိုလျှင် မျောပါရ</h3>
<p>အားထုတ်မည်ဆိုလျှင် မျောပါရ၏ဟူသော စကားရပ်၌ အားထုတ်ခြင်း ဟူသည် ကုသိုလ်တရားတို့ဖြင့် နေထိုင်ခြင်းပင်တည်း။ ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှုများပင် ဖြစ်ကြပေ၏။</p>
<p>ထိုသို့ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တို့ကို ပြုကျင့်ခြင်းကြောင့် ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တို့ကို ပြုကျင့်သူတို့ လားရောက်ရာ ဖြစ်သော လူ့ဘုံ နတ်ဘုံတို့၌ ပဋိသန္ဓေ နေကြရ၏။ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်ကို ပြုကျင့်ခြင်းသည် <b>အလောဘ အဒေါသ အမောဟ</b>တရားတို့ဖြင့် နေထိုင်ကြခြင်းသာ ဖြစ်ပေ၏။</p>
<p>ဤကဲ့သို့ သုစရိုက်တရားတို့ကို ဖြည့်ကျင့်ပြီးနေသည့် ပုဂ္ဂိုလ်များအား အားထုတ်ပြီးနေသည့် ပုဂ္ဂိုလ်များဟု ဆိုရ၏။</p>
<p>ထိုသို့ ကုသိုလ်တရားတို့ကို အားထုတ်ပြီးနေခြင်းကြောင့် လူ့ဘုံ နတ်ဘုံတည်းဟူသော သုဂတိဘုံတို့၌ ဖြစ်ကြရခြင်းဟူသည် <b>ကာမောဃ</b> ရေအယဉ်၌ တစ်ဘဝပြီး တစ်ဘဝ မျောပါနေကြရခြင်းသာ ဖြစ်ပေ၏။</p>
<p>ဤသည်ကိုပင် မျောပါခြင်းဟု ဆိုရ၏။</p>
<p>ဤမျှဆိုက အားထုတ်မည်ဆိုလျှင် မျောပါရ၏ဟူသော စကားရပ်၏ အဓိပ္ပါယ်သည်လည်း ထင်ရှားပြီ ဖြစ်၏။</p>
<p>ဤနေရာ၌ တစ်ခု စဉ်းစားဖို့ လို၏။ သတ္တဝါတို့၌ မြုပ်ခွင့်နှင့် မျောခွင့်ဟူသော ချိန်ခွင်လျှာက မည်သည့်ဘက်သို့ အားသာနေပါ သနည်း။ မည်သည့်ချိန်ခွင်လျှာက အားသာနေသည်ကို စာဖတ်သူတို့ အသိ ဖြစ်၏။ ဆင်ခြင်ကြည့်က သိနိုင်သည်ပင်။</p>
<hr>
<h3>သုဂတိဘုံ၌ ဖြစ်ခွင့်ဟူသည်</h3>
<p>ထိုသို့ပင် သိသော်လည်း ခိုင်ခံ့သည့် အသိဉာဏ်ကို ရရှိစေဖို့ မဟာဝဂ္ဂသံယုတ်ပါဠိတော် ပဉ္စဂတိပေယျာလဝဂ် မနုဿစုတိ နိရယသုတ် (သံ၊၃၊၄၁၂-၄၁၃။)၌ လာရှိသော ဘုရားရှင် ကိုယ်တော်တိုင် ဟော ကြားတော်မူခဲ့သော တရားတော်ဖြင့် တန်ဆာဆင်ရပေဦးမည်။</p>
<p>On one occasion, the Blessed One took up a little bit of soil on the tip of his fingernail and addressed the bhikkhus thus:</p>
<p>အခါတစ်ပါးဝယ် ဘုရားရှင်သည် မိမိ၏ လက်သည်းဖျား ပေါ်၌ မြေမှုန် အနည်းငယ်ကို တင်၍ ရဟန်းတော်တို့အား မေးခွန်းတစ်ခုကို မေးတော်မူ၏။</p>
<p>What do you think, bhikkhus, which is more: The little bit of soil on the tip of my fingernail or the great earth?</p>
<p>ချစ်သားရဟန်းတို့ ... ငါဘုရားရှင်၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန်ပမာဏနှင့် ကမ္ဘာမြေကြီးကို တိုင်းတာနှိုင်းစာမည်ဆိုက အဘယ်က ပိုများ ပါသနည်းဟု မေးတော်မူခြင်း ဖြစ်သည်။</p>
<p>ထိုအခါ ရဟန်းတော်တို့က ---</p>
<p>Venerable sir, the great earth is more. The little bit of soil that the Blessed One has taken up on the tip of his fingernail is trifling. Compared to the great earth, the little bit of soil that the Blessed One has taken up on the tip of my fingernail is not calculable, does not bear comparison, does not amount even to a fraction.</p>
<p>ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား ... မြတ်စွာဘုရား၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန်ပမာဏသည် အနည်းငယ်မျှသာ ဖြစ်ပေ၏။ မြတ်စွာဘုရားရှင်၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန်ပမာဏနှင့် ကမ္ဘာမြေကြီးရှိ မြေမှုန်ပမာဏကို တိုင်းတာနှိုင်းစာဖို့ရန် အစိတ်အပိုင်းသို့ပင် မရောက်ပါ ဘုရား။ လက်သည်းဖျားပေါ်ရှိ မြေမှုန်ပမာဏသည် အလွန့် အလွန် နည်းပါးလှပါ၏ မြတ်စွာဘုရားဟူ၍ ရဟန်းတော်တို့က ပြန်လည် လျှောက်ထားကြ၏။</p>
<p>ထိုအခါ မြတ်စွာဘုရားက ---</p>
<p>So too, bhikkhus, those beings are few who, when they pass away as human beings, are reborn among human beings or the devas. But those beings are more numerous who, when they pass away as human beings, are reborn in hell, in the animal realm, in the sphere of ghosts.</p>
<p>ရဟန်းတို့ ... ဤဥပမာ အတူသာလျှင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ နတ်ဘဝ၌ ပြန်ဖြစ်ကြကုန်သော သတ္တဝါ တို့သည်ကား ငါဘုရား၏ လက်သည်းဖျားပေါ်ရှိ မြေမှုန် ပမာဏလောက် နည်းပါးလှ၏။ လူ့ဘဝမှ စုတေ၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ များပြားလှ၏။</p>
<p>So too, bhikkhus, those beings are few who, when they pass away as devas, are reborn among the devas or human beings. But those beings are more numerous who, when they pass away as devas, are reborn in hell, in the animal realm, in the sphere of ghosts.</p>
<p>ထို့အတူသာလျှင် နတ်ဘဝမှ စုတေ၍ နတ်ဘဝ၌ ပြန်ဖြစ်သည့် ပုဂ္ဂိုလ်, နတ်ဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကြသည့် ပုဂ္ဂိုလ်တို့သည်လည်း အလွန့်အလွန် နည်းလှ၏။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါ တို့သည်သာ အလွန့် အလွန် များပြားလှ၏။</p>
<p>So too, bhikkhus, those beings are few who, when they pass away from the animal realm, are reborn among human beings or the devas. But those beings are more numerous who, when they pass away from the animal realm, are reborn in hell, in the animal realm, in the sphere of ghosts.</p>
<p>ထို့အတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ လူ့ဘဝ နတ်ဘဝ တို့၌ ဖြစ်ကုန်သည့် သတ္တဝါတို့သည်လည်း အလွန့်အလွန် နည်းပါးလှ၏။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ အလွန့် အလွန် များပြားလှ၏ဟု</p>
<p>မိန့်တော်မူခဲ့သော ဤစကားတော်တို့သည် လေးလေးနက်နက် စဉ်းစားရမည့် စကားတော်များပင် ဖြစ်ကြပေ၏။</p>
<p><b>ပါပသ္မိံ ရမတိ မနော</b>ဟု ဆိုသည့်အတိုင်း</p>
<p>စိတ်သည် မကောင်းမှု၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက် ၏။</p>
<p>ထိုသို့ မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်း မှု၌ နှစ်ခြိုက်တတ်သည့် ဤစိတ်ကြောင့် မကောင်းသော ကာယကံ, မကောင်းသော ဝစီကံတို့ ဖြစ်ပေါ် လာကြ၏။</p>
<hr>
<h3>ဖွားဘက်တော် တရားဆိုးတို့ကြောင့်</h3>
<p>ထိုကြောင့်ပင် သတ္တဝါတို့သည် ကုသိုလ်ဖြင့် အနေနည်းလျက် အကုသိုလ်ဖြင့် အနေများနေကြ၏။ ကုသိုလ်ဖြင့် မပျော်မွေ့နိုင်ပဲ အကုသိုလ်ဖြင့်သာ ပျော်မွေ့နေကြ၏။ ထိုသို့ ဖြစ်ရခြင်းသည် ဖွားဘက် တော် တရားဆိုးတို့ကြောင့်ပင် ဖြစ်၏။</p>
<p>လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, မာန်မာနတရားတို့သည် မိမိတို့နှင့် အတူ မွေးဖွားလာသည့် သံသရာ့ ဖွားဘက်တော်များ သာ ဖြစ်ကြပေ၏။ ထိုဖွားဘက်တော်တို့ကြောင့် ကုသိုလ်တရားတို့၌ မွေ့လျော်ခွင့် မရကြဘဲ အကုသိုလ်တရားတို့၌သာ မွေ့လျော်ခွင့် ရကြ၏။ ကုသိုလ်တရားတို့ဖြင့် ရေရှည် မပျော်နိုင်ကြပဲ အကုသိုလ်တရားတို့ဖြင့်သာ ရေရှည် ပျော်နိုင်ကြ၏။ ကုသိုလ်တရားတို့၌ ရေရှည် မနှစ်ခြိုက်နိုင်ကြဘဲ အကုသိုလ်တရားတို့၌သာ နှစ်ခြိုက်နေကြ၏။ ဤစကား မှန်၏။ လူ့ဘုံ လူ့နန်း လူ့ကြငှန်း၌ နေထိုင်ကြသူ လူသားတို့သည်ကား အများအားဖြင့် အကုသိုလ်ဖြင့် ပျော်နေကြသူများသာ ဖြစ်ကြပေ၏။ အကုသိုလ်ဖြင့် အဘယ်သို့ ပျော်နိုင်ပါမည်နည်းဟု မေးမြန်းဖွယ် ရှိ၏။ နံနက်မိုးလင်းမှ ညနေမိုးချုပ် အိပ်ချိန်တိုင်အောင် ပြုနေကြသည့် အလုပ်တို့သည်ကား မိမိတို့ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်၍ လုပ်နေကြ သည့် အလုပ်များပင် မဟုတ်လော။ ထိုအလုပ်တို့ကို ကြည့်က ရလိုမှု လောဘကို အခြေခံထားရသည်လည်း ရှိ၏။ တပ်မက်မှု တဏှာလောဘဖြင့် ပြုနေကြသည်လည်း ရှိ၏။ အာရုံထိုထို၌ ဆာလောင်မွတ်သိပ်နေသည့် တဏှာလောဘဖြင့် တုန်တုန်ရီရီ ဖြစ်နေကြသည်လည်း ရှိ၏။ မကျေနပ်မှု ဒေါသတရား၏ လောင်မြိုက်မှုဖြင့် ပူလောင် နေသည့် စိတ်နှလုံးတို့ကို အဖော်ပြုလျက် တစ်နေ့တာပေါင်း များစွာကို ကုန်လွန်နေကြရသူများထဲ စာဖတ်သူတို့လည်း ပါဝင်နေမည်သာ ဖြစ်၏။ မာနဖြင့် ပြိုင်, ဣဿာ မစ္ဆရိယတရားတို့ဖြင့် ရင်ဆိုင်နေကြသည့် ဤလောကကြီးသည် အကုသိုလ်ဖြင့် ပျော်နေသည့် လောကကြီးပင် ဖြစ်တော့၏။</p>
<p>အလုပ်နား၍ အပန်းဖြေကြပါသည်ဟူသည့် အပန်းဖြေနည်းတို့ကိုလည်း ဉာဏ်ဖြင့် ဆင်ခြင်ဖူးကြပါ၏လောဟု မေးလို၏။ ဖျော်ဖြေ မှု အမျိုးမျိုးကို ကြည့်ရှု ခံစားလျက်နေသူ လောကလူသားတို့သည်ကား ဖျော်ဖြေနေသူတို့ ရီက လိုက်ရီကြ၏၊ ငိုက လိုက်ငိုကြ၏၊ ဝမ်းနည်းက လိုက်၍ ဝမ်းနည်းကြ၏။ ကိလေသာမီးတို့ကို တိုးပွားစေတတ်သည့် အာရုံတို့၏ ဖမ်းစားမှုကို ခံလျက် ဆာလောင်မှုဒဏ်ဖြင့် ပူလောင်နေသည့် မိမိတို့၏ ဘဝကို မသိ မမြင်ကြ။ ပျော်ဖို့ကြိုးစားရင်း မပျော်နိုင်သည့် လူသားများကို ပြပါဆိုက တစ်လောကလုံးရှိ လူသားများကိုပင် ပြရတော့မလို ဖြစ်နေ၏။ ဗဟိဒ္ဓလောက၌ ပျော်ရွှင်မှု အစစ်, ချမ်းသာစစ်ကို ရှာဖွေ၍ ရနိုင်သည် မဟုတ်။ ပျော်ရွှင်မှု အစစ်, ချမ်းသာ အစစ်သည်ကား အဇ္ဈတ္တသန္တာန်တွင်းမှ ထုတ်ယူမှသာ ရနိုင် ခံစားနိုင်သည့် အရာ ဖြစ်၏။ မိမိကိုယ်တိုင် ပွားများအားထုတ်မှုမှတစ်ပါး တခြားတစ်ပါးသော နည်းတို့ဖြင့် ရနိုင် ခံစားနိုင်သည့် အရာ မဟုတ်ပေ။</p>
<p>အကုသိုလ်နှင့် ပျော်နိုင်ကြသည့် လူသားတို့ကို ကုသိုလ်နှင့် အကုသိုလ်ကို သိပါသလောဟု မေးရမလို ဖြစ်၏။ သိပါသည်ဟု ဆိုက တကယ်သိပါသလောဟု ထပ်ဆင့် မေးရပေမည်။ လူသားတို့ နေ့စဉ် ပြုအပ်သော ကံတို့သည် အကုသိုလ်ဟု သိ၍ ပြုနေကြသလော မသိ၍ ပြုနေကြသလောဟူ၍ စဉ်းစားဖွယ်ပင် ဖြစ်နေ၏။ ထိုအချက်ကို ဘုရားဟော သုတ္တန်တစ်ခုဖြင့် မီးမောင်းထိုးပြဖို့ လိုလာ၏။ ထိုသုတ္တန် သည်ကား သဠာယတနဝဂ္ဂသံယုတ် ဂါမဏိသံယုတ်၌ လာရှိသော တာလပုဋသုတ်ပင် ဖြစ်၏။</p>
<p>ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်ကြီး၌ မြတ်စွာဘုရားရှင် သီတင်းသုံး စံနေတော်မူခိုက် တာလပုဋ အမည်ရှိသော ဇာတ်ဆရာကြီးသည် ဘုရားရှင်ထံသို့ ချဉ်းကပ် ဆည်းကပ်လျက် မေးခွန်းတစ်ခုကို မေးလျှောက်၏။</p>
<p>မြတ်စွာဘုရား ...ပွဲသဘင်၌ မှန် မမှန်ရောထွေးလျက် လူအပေါင်းကို ရွှင်ပြစေကာ ကပြအသုံးတော်ခံနေသော ကချေသည်တို့သည် သေလွန်သည်မှ နောက်ကာလ၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့က ဆိုခဲ့ကြပါ၏။ မြတ်စွာဘုရား...မြတ်စွာဘုရားအနေဖြင့် အဘယ်သို့ ဆိုလိုတော်မူပါသနည်းဟု မေးလျှောက်၏။ ထိုသို့ မေးသည်ရှိသော် ထိုစကားကို မမေးဖို့ရန် ဘုရားရှင်က တားမြစ်တော်မူ၏။ ထိုသို့ပင် တားမြစ်သော်လည်း သုံးကြိမ် တိုင်တိုင် မေးခဲ့သည်သာ။ ထိုအခါ ဘုရားရှင်က အသင် ဇာတ်ဆရာ...သတ္တဝါတို့မည်သည် သံသရာ အဆက်ဆက်မှ စ၍ မကင်းသော စွဲမက်မှု <b>ရာဂ</b> ရှိသူများ, ထို စွဲမက်မှု <b>ရာဂ</b> နှောင်ကြိုးဖြင့် အနှောင်အဖွဲ့ ခံထားကြရသူများသာ ဖြစ်ကြ၏။ ထို့အပြင် သတ္တဝါတို့မည်သည် သံသရာ အဆက်ဆက်မှ စ၍ မကင်းသော အမျက် <b>ဒေါသ</b>ရှိသူများ, ထို အမျက် <b>ဒေါသ</b>နှောင်ကြိုးဖြင့် အနှောင်အဖွဲ့ ခံထားကြရသူများသာ ဖြစ်ကြ၏။ ထိုအပြင် သတ္တဝါတို့မည်သည် သံသရာ အဆက်ဆက်မှ စ၍ မကင်းသော တွေဝေခြင်း <b>မောဟ</b>ရှိသူများ, ထို တွေဝေမှု <b>မောဟ</b>နှောင်ကြိုးဖြင့် အနှောင်အဖွဲ့ ခံထားကြရသူများသာ ဖြစ်ကြ၏။ ထိုသို့ စွဲမက်မှု <b>ရာဂ</b>, အမျက်ထွက်မှု <b>ဒေါသ</b>, တွေဝေမှု <b>မောဟ</b> နှောင်ကြိုးတို့ဖြင့် အနှောင်အဖွဲ့ ခံထားရသူ ထိုသူတို့အား ကချေသည် သရုပ်ဆောင်တို့သည် စွဲမက်မှု <b>ရာဂ</b>, အမျက်ထွက်မှု <b>ဒေါသ</b>, တွေဝေမှု <b>မောဟ</b>တရားတို့ အတိုင်းအထက်အလွန် တိုးပွားလာအောင် ပြုကြ၏။ ကြီးထွားလာအောင် ရှေးရှုဆောင်ကြ၏။ ထိုကချေသည်တို့သည်ကား မိမိတို့ကိုယ်တိုင် ကာမဂုဏ်၌ ယစ်မူးမေ့လျော့နေကြသည် မဟုတ်, သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့အောင်လည်း ပြုနေ၏။ ထိုသို့ ပြုခြင်းကြောင့် ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်ကာလ၌ ပဟာသအမည်ရှိသော ငရဲသို့ ကျရောက်ရ၏။</p>
<p>ပွဲသဘင်၌ မှန် မမှန်ရောထွေးလျက် လူအပေါင်းကို ရွှင်ပြစေကာ ကပြအသုံးတော်ခံနေသော ကချေသည် တို့သည် သေလွန်သည်မှ နောက်ကာလ၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့က ဆိုခဲ့ကြသော အယူသည် မှားသော အယူသာလျှင် ဖြစ်၏။ အသင် ဇာတ်ဆရာ ... မှားသောအယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲ တိရစ္ဆာန်ဟူသော လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိကို ငါဘုရား ဟောတော်မူ၏ဟု မိန့်တော်မူ၏။</p>
<p>ဤသို့ မိန့်တော်မူသည်ရှိသော် ရှေးဆရာ့ဆရာ ကချေသည်တို့၏ ပြောဆိုချက်သည် လှည့်ပတ် ဖြားယောင်းမှုများသာ ဖြစ်ကြောင်း သိရပြီဖြစ်သော တာလပုဋ ဆရာကြီး သည်ကား ဝမ်းနည်းခြင်းကြောင့် ငိုပွဲဆင်တော့၏၊ မျက်ရည်တို့ ဖြိုင်ဖြိုင် ကျလာတော့၏။ (သံ၊၂၊၄၉၄-၄၉၅။)</p>
<p>ဤမျှဆိုက အကုသိုလ်နှင့် ပျော်နေကြခြင်းသည် ကုသိုလ်နှင့် အကုသိုလ်ကို ကောင်းစွာ မသိကြ၍သော်လည်း ဖြစ်နိုင်၏။ ဗဟုဿုတ နည်းကြခြင်း ဉာဏ်ယှဉ်မှု အားနည်းကြခြင်းကြောင့်သော်လည်း ဖြစ်နိုင်၏။ မီးသည် ပူ၏၊ ထိုသို့ ပူကြောင်းကို တကယ် သိသူဟူက မိမိ ပူလောင်စေဖို့ ရည်ရွယ်ချက်ဖြင့် မီးကို ကိုင်တွယ်မည်ကား မဟုတ်ပေ။ သတိလက်လွတ်၍ ကိုင်တွယ်မိသည်တော့ ရှိပေမည်။</p>
<p>ဤသုတ္တန်ကို ဖတ်ရှုရခြင်းကြောင့် အသင်သူတော်ကောင်းတို့လည်း ငိုနေကြပြီလော၊ မျက်ရည်တို့ ဖြိုင်ဖြိုင် ကျလာကြပြီလောဟု မေးရတော့မလို ဖြစ်၏။</p>
<p>သံသရာခရီးတစ်လျှောက် တစ်တွဲတွဲ ဖြစ်ခဲ့ကြသည့် ကိလေသာနှင့် ငါတို့၏ စည်းလုံးမှုကြောင့် ငိုဖို့ပင် မစွမ်းနိုင် ဖြစ်နေကြမည် ထင်၏။ ကုသိုလ်လော အကုသိုလ်လောဟု သိဖို့ ပဓာနပြုခြင်းထက် တဏှာနှင့် ငါကြောင့် ပျော်ရဖို့သာ ပဓာန ဖြစ်နေကြ၏။</p>
<p>ကိလေသာနှင့် ငါ မကွဲသည့်အတွက် ပျော်ခွင့် ရနေကြ၏။ <b>ငါစွဲ သက္ကာယဒိဋ္ဌိ</b> ငရဲမီး၏ နှိပ်စက်မှု ဒဏ်ချက်ကို ဟန်မပျက် ခံလျက် နေကြခြင်းသာ ဖြစ်၏။ ထိုသို့ နေနိုင်ကြခြင်းသည် ငါစွဲကြောင့်ပင် ဖြစ်၏။ ငါစွဲ <b>သက္ကာယဒိဋ္ဌိ</b> မရှိတော့သည့်အခါ ထိုသို့ ပျော်ခွင့် မရကြတော့။ ငါကြောင့်သာ ပျော်နိုင်ကြတာပါဟု ဆိုရ၏။ ငါမရှိတော့သည့် အခါ ငါနှင့် ပျော်သူတို့ကဲ့သို့ လောကသည် ပျော်စရာ မဟုတ်တော့။</p>
<p>ငါကြောင့်ပင် တဏှာအတွက် အသက်ရှင် တဏှာအတွက် အကွက်ဆင်ခွင့် ရကြခြင်း ဖြစ်၏။</p>
<p>မိမိအကျိုး မိမိ ဆောင်ရွက်လိုသော်လည်း မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်းမှု၌ နှစ်ခြိုက်နေသည့် ဤစိတ်ကြောင့် အကျိုးဆောင်ခွင့် မရကြ။</p>
<p>သုဂတိဘုံဘဝကို အလိုရှိသော်လည်း မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်းမှု၌ နှစ်ခြိုက်နေသည့် ဤစိတ်ကြောင့် အလိုရှိသည့် သုဂတိဘုံဘဝကို ရဖို့ ခက်နေကြ၏။</p>
<p>ဒုဂ္ဂတိဘုံဘဝကို အလိုမရှိသော်လည်း မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်းမှု၌ နှစ်ခြိုက်နေသည့် ဤစိတ်ကြောင့် အလိုမရှိသည့် ဒုဂ္ဂတိဘုံဘဝကို လက်ခံကြရပြန်၏။</p>
<p>ထိုကြောင့်ပင် ---</p>
<p><b>ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟာသဒိသာ</b>ဟု (ဓမ္မပဒ၊ဋ္ဌ၊၁၊၆။)၌ ဆိုခဲ့ပေ၏။</p>
<p>မေ့လျော့သော ပုဂ္ဂိုလ် မည်သည်ကား အပါယ်လေးဘုံ တို့သည် မိမိအမြဲတည်ရာ နေအိမ်နှင့် တူကြကုန်၏ဟု ဆိုခြင်း ဖြစ်၏။</p>
<p>ဖွားဘက်တော် အကုသိုလ်တရားတို့နှင့် အနေများကြသည့် အတွက် အပါယ်လေးဘုံသည် သတ္တဝါတို့၏ အမြဲတည်ရာ နေအိမ်နှင့် တူရ၏။</p>
<p>ထိုဖွားဘက်တော်တို့ကြောင့် ---</p>
<p>အပါယ်လေးဘုံသို့ ရောက်ရပါလို၏ဟု ဆုမတောင်းသော်လည်း ဆုတောင်းသကဲ့သို့ပင် ထိုထိုကံတို့က အပါယ်လေးဘုံသို့ ဦးလှည့်ပေးနေကြ၏။</p>
<p>တစ်နေရာရာ အလည်သွားကြသည့် အခါ ရေရှည် မနေနိုင်ကြပဲ မိမိနေထိုင်ရာအိမ်ကို ပြန်ဖို့သာ စိတ်စောနေကြသကဲ့သို့ ဖွားဘက်တော် အကုသိုလ်တရားတို့ကြောင့် လူ့ဘုံ လူ့နန်း လူ့ကြငန်း၌ ရေရှည် မနေနိုင်ကြပဲ အပါယ်လေးဘုံသို့ ပြန်သွားဖို့သာ စိတ်စောနေကြ၏။ လူ့ဘုံ နတ်ဘုံဟူသည် ခဏမျှ အလည်လာသည့် ဘုံများသာ ဖြစ်ကြပေ၏။ အလည်သွားသည့်အခါ ကိုယ့်အိမ် ကိုယ်ပြန်ကြသကဲ့သို့ မိမိတို့၏ အမြဲတည်ရာ နေအိမ်ဖြစ်သည့် အပါယ်လေးဘုံသို့ ပြန်ကြမည်သာ ဖြစ်၏။</p>
<h3>လိပ်ကန်း ထမ်းပိုးဥပမာ</h3>
<p>အပါယ်လေးဘုံ၌ နစ်မြုပ်သွားသူ အပါယ်လေးဘုံ၌ ပဋိသန္ဓေ နေရသူတို့၏ ဘဝကံကြမ္မာကို သိဖို့ လိုလာ၏။ ထိုကံကြမ္မာကို သိဖို့ မဟာဝဂ္ဂသံယုတ်ပါဠိတော် ပပါတဝဂ် ပဌမ ဆိဂ္ဂဠယုဂသုတ် (သံ၊၃၊ ၃၉၇။)ဝယ် ဘုရားရှင် ဟောကြားတော်မူခဲ့သည်ပင်။ အဘယ်သို့ ဟောကြားတော်မူခဲ့သနည်းဟူမူကား ---</p>
<p>Bhikkhus, suppose a man would throw a yoke with a single hole into the great ocean, and there was a blind turtle which would come to the surface once every hundred years.</p>
<p>ချစ်သားရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ဦးသည် အပေါက် တစ်ခုသာ ပါသည့် ထမ်းပိုးတစ်ခုကို မဟာသမုဒ္ဒရာ အတွင်းသို့ ပစ်ချလေရာ၏။ ထိုသမုဒ္ဒရာ၌လည်း လိပ်ကန်း တစ်ကောင်သည် ရှိလေရာ၏။ ထိုလိပ်ကန်းသည်ကား နှစ်တစ်ရာတစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် သာလျှင် ရေပြင်ထက်သို့ ဦးခေါင်းပေါ်ရာ၏။</p>
<p>What do you think, bhikkhus, would that blind turtle, coming to the surface once every hundred years, insert its neck into that yoke with a single hole?</p>
<p>ချစ်သားရဟန်းတို့ ...ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း။ နှစ်တစ်ရာတစ်ရာကြာမှ ရေပြင်ထက်သို့ တစ်ကြိမ် တစ်ကြိမ် ပေါ်သော လိပ်ကန်း၏ ဦးခေါင်းနှင့် ထမ်းပိုး၏ အပေါက်တို့ စွပ်နိုင်ရာသော အကြောင်းသည် ရှိရာပါသလောဟု မိန့်တော်မူ၏။</p>
<p>ထိုအခါ ရဟန်းတော်တို့က ---</p>
<p>If it would ever do so, venerable sir, it would be only after a very long time.</p>
<p>ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား ... ရှည်ကြာသောကာလ ကုန်လွန်သည် ရှိသော် တခါတရံ စွပ်နိုင်တန်ကောင်းပါသည် မြတ်စွာဘုရားဟု ပြန်လည် လျှောက်ထားကြ၏။</p>
<p>ထိုအခါ ဘုရားရှင်က ---</p>
<p>Sooner, I say, would that blind turtle, coming to the surface once every hundred years, insert its neck into that yoke with a single hole than the fool who has gone once to the nether world would regain the human state.</p>
<p>ချစ်သားရဟန်းတို့ ...နှစ်တစ်ရာတစ်ရာကြာမှ ရေပြင်ထက်သို့ တစ်ကြိမ်တစ်ကြိမ် ပေါ်သော လိပ်ကန်း၏ ဦးခေါင်းနှင့် ထမ်းပိုး၏ အပေါက်တို့ စွပ်နိုင်ရာသော အကြောင်းသည် ပို၍ မြန်ရာသေး၏။ တစ်ကြိမ်မျှ အပါယ် သို့ ပျက်စီးကျရောက်သွားသော လူမိုက်၏ လူအဖြစ်ကို ရဖို့ရန်သည် နှစ်တစ်ရာတစ်ရာကြာမှ ရေပြင်ထက်သို့ တစ်ကြိမ်တစ်ကြိမ် ပေါ်သော လိပ်ကန်း၏ ဦးခေါင်းနှင့် ထမ်းပိုး၏ အပေါက်တို့ စွပ်နိုင်ရာသော အခွင့်ထက်ပင် မလွယ်ကူတော့ချေဟု ငါဘုရား ဆို၏။</p>
<p>For what reason?</p>
<p>ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။</p>
<p>Because in the nether world there is no conduct guided by the Dhamma, no righteous conduct, no wholesome activity, no meritorious activity. The more powerful ones are eating the weaker ones.</p>
<p>အပါယ်သတ္တဝါတို့ မည်သည် တရားနှင့် အညီ ကျင့်ခြင်း, မျှမျှတတ ကျင့်ခြင်း, ကုသိုလ်ကောင်းမှု ပြုခြင်း မရှိပေ။ နိုင်ရာစားလျက် အကုသိုလ်တရားတို့ကို လက်ရဲ ဇက်ရဲ ပြုလုပ် အားထုတ်နေသည့် ဘုံဘဝနေသူများသာ ဖြစ်ကြပေ၏ဟု</p>
<p>မိန့်တော်မူခဲ့သည့် ဘုရားရှင်၏ စကားတော်တို့သည်ကား <b>အဝိဇ္ဇာ</b>အမှောင်ထု ဖုံးလွှမ်း ခံထားရခြင်းကြောင့် သိမြင်ဖို့ရန် မလွယ်သည့် လောကသားတို့အတွက် အဖိုးမဖြတ်နိုင်သော စကားတော်များပင် ဖြစ်ပေ၏။</p>
<hr>
<h3>မြုပ်လမ်းနှင့် မျောလမ်းအတွက်သာ</h3>
<p>လောကသားတို့မည်သည် အကုသိုလ်ကံနှင့် ကုသိုလ်ကံဟူသော ကံနှစ်ခုကို ပြုလုပ်နေကြသူများသာ ဖြစ်ကြ၏။ ထို့ကြောင့် မြုပ်လမ်းနှင့် မျောလမ်းကို ရှာမှီးနေကြသူများဟု ခေါ်ရ၏။ မြုပ်လမ်းနှင့် မျောလမ်း အတွက် အသက်ရှင် ရပ်တည်နေသူများဟုလည်း ခေါ်နိုင်၏။</p>
<p>ဘဝစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို လိုချင်တောင့်တသည့် စိတ်ဖြင့် ပြုအပ်သော လောကီကုသိုလ်တို့ကြောင့် မြစ်ကို အလျားကူးသူပမာ လူ့ပြည် နတ်ပြည်၌ စုန်ဆန်ပြေးလွှား သံသရာ၌ မျောပါးနေကြရမည် ဖြစ်၏။ မြုပ်တာနှင့် နှိုင်းစာလျှင် မျောတာက သင့်တော်သလို ရှိသော် လည်း မျောဖန်များ၍ ချေကုန်လက်ပန်းကျသည့်အခါ မြုပ်ရဦးမည် ဖြစ်၏။</p>
<p>မြုပ်ခြင်းသည်လည်း ဘဝသစ်တစ်ခုကို ရရှိခြင်းသာ ဖြစ်သကဲ့သို့ မျောခြင်းသည်လည်း ဘဝသစ်တစ်ခုကို ရရှိခြင်းသာ ဖြစ်၏။</p>
<p>ဘဝရှိက အိုရသည့် ဒုက္ခ, နာရသည့် ဒုက္ခ, သေရသည့် ဒုက္ခတို့ကို ရကြ၏။ ပူဆွေးရသည့် ဒုက္ခ, ငိုကြွေးရသည့် ဒုက္ခ, ကိုယ်ဆင်းရဲရသည့် ဒုက္ခတို့ဖြင့် ဆက်ဆံကြရမည်သာ ဖြစ်သကဲ့သို့ စိတ်ဆင်းရဲရသည့် ဒုက္ခ, ပြင်းစွာပူပန်ရသည့် ဒုက္ခတရားတို့၏ ဝှေ့ရမ်းနှုတ်ဆက်မှုကိုလည်း အလိုမရှိပါပဲ လက်ခံကြရမည်သာ ဖြစ်ပေ၏။</p>
<p>ဤနေရာ၌ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် အဘယသုတ္တန်လာ သတ္တဝါတို့ မလွဲမသွေ ရင်ဆိုင်ကြရမည့် သေခြင်း (၄)မျိုးကို ဖော်ပြလို၏။</p>
<p>မိမိတို့ ရှာဖွေစုဆောင်း သိုမှီးသိမ်းဆည်းထားသည့် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့သည် ရှိကြကုန်၏။ ဇနီးဟူသော ကာမဂုဏ်, ခင်ပွန်းဟူသော ကာမဂုဏ်, သား သမီးဟူသော ကာမဂုဏ်နှင့် အိုးအိမ် တိုက်တာ အစရှိသည့် ကာမဂုဏ်တို့ပင်တည်း။ ထိုသက်ရှိ သက်မဲ့ ကာမဂုဏ်တို့သည်ကား မိမိတို့ လိုချင်တောင့်တ နှစ်သက်ကြသည့် အတွက် ရှာဖွေထားကြ စုဆောင်းသိမ်းပိုက်ထားကြသည့် အရာများ သာ ဖြစ်ကြပေ၏။</p>
<hr>
<h3>အဘယသုတ္တန်လာ တွေတွေဝေဝေ သေရခြင်း</h3>
<p><b>ဣဓ ဗြာဟ္မဏ ဧကစ္စော ကာမေသု အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ ပိယာ ဝတ မံ ကာမာ ဇဟိဿန္တိ၊ ပိယေ စာဟံ ကာမေ ဇဟိဿာမီတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယံ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။</b> (အံ၊၁၊၄၉၃။)</p>
<p>There is, brahmin, a person who is not free from lust for sensual pleasures, not free from the desire and affection for them, not free from thirsting and fevering after them, not free from craving for sensual pleasures. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, those beloved sensual pleasures will leave me, and I shall have to leave them! Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.</p>
<p>ထိုရှာဖွေ စုဆောင်းထားကြသည့် သက်ရှိ သက်မဲ့ ကာမဂုဏ်တို့အပေါ်၌ မကင်းသော <b>ရာဂ</b>, မကင်းသော ဆန္ဒ, မကင်းသော ချစ်မြတ်နိုးခြင်း ရှိသော၊ မကင်းသော မွတ်သိပ်ခြင်း, မကင်းသော ပူပန်ခြင်း, မကင်းသော တဏှာ ရှိကြကုန်သော သူတို့ထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။</p>
<p>ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်ခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့် အချိန်ဝယ် ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကလည်း မိမိကို စွန့်ခွါသွားကြတော့မည်၊ မိမိကလည်း ထိုချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို နောင်တစ်ဖန် မတွေ့သော စွန့်ခွါ ခြင်းဖြင့် စွန့်ခွါရတော့မည်ကို သိနေသည့် ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာ တွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေဝေဝေ သေရခြင်း <b>သမ္မောဟမရဏ</b>ဟု ခေါ်၏။ သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။</p>
<p>ထိုသို့ ထိတ်ထိတ်လန့်လန့် တွေတွေဝေဝေဖြင့် သေဆုံးသွားရသူ တို့၏ လားရာဂတိသည်ကား အဘယ်သို့လျှင် ကောင်းနိုင်ပါတော့အံ့နည်း။</p>
<p><b>ပုန စပရံ ဗြာဟ္မဏ ဣဓေကစ္စော ကာယေ အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ ပိယော ဝတ မံ ကာယော ဇဟိဿတိ၊ ပိယဉ္စာဟံ ကာယံ ဇဟိဿာမီတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယမ္ပိ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။</b> (အံ၊၁၊၄၉၃-၄၉၄။)</p>
<p>Further, brahmin, there is a person who is not free from lust for this body, not free from the desire and affection for it, not free from thirsting and fevering after it, not free from craving for the body. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, this beloved body will leave me, and I shall have to leave it! Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.</p>
<p>နောက်တစ်မျိုးသော်ကား ---</p>
<p>မိမိထက် ချစ်မြတ်နိုးအပ်သူ မရှိသည်၏ အဖြစ်ကို သိခဲ့ကြပြီ ဖြစ်၏။ မိမိကိုယ်ကို လွန်စွာ ချစ်မြတ်နိုး အပ်သည့်အတွက် ဘဝတစ်လျှောက် ယုယခင်မင် စိန်ရွှေ ဆင်၍ ပြုစု စောင့်ရှောက် ကျွေးမွေး လာခဲ့ရသည့် ခန္ဓာကိုယ်ကြီးသည် ရှိ၏။ ထိုခန္ဓာကိုယ်ကြီး အပေါ်၌ မကင်းသော <b>ရာဂ</b>, မကင်းသော ဆန္ဒ, မကင်းသော ချစ်မြတ်နိုးခြင်း ရှိသော၊ မကင်းသော မွတ်သိပ်ခြင်း, မကင်း သော ပူပန်ခြင်း, မကင်းသော တဏှာ ရှိကြကုန်သော သူတို့ထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။</p>
<p>ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်လာခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့် အချိန်ဝယ် ချစ်မြတ်နိုးအပ်သော ဤခန္ဓာကိုယ်ကြီးသည်လည်း မိမိကို စွန့်ခွါသွားတော့မည်၊ ထိုချစ်မြတ်နိုးအပ်သော ခန္ဓာကိုယ်ကြီးကိုလည်း မိမိက စွန့်ခွါသွားရတော့မည်ကို သိနေသည့် ထိုပုဂ္ဂိုလ်၏ သန္တာန် ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာတွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေဝေဝေ သေရခြင်း <b>သမ္မောဟမရဏ</b>ဟု ခေါ်၏။ သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။</p>
<p>ထိုသို့ ထိတ်ထိတ်လန့်လန့် တွေတွေဝေဝေဖြင့် သေဆုံးသွားရသူ တို့၏ လားရာဂတိသည်ကား အဘယ်သို့လျှင် ကောင်းနိုင်ပါတော့အံ့နည်း။</p>
<p><b>ပုန စပရံ ဗြာဟ္မဏ ဣဓေကစ္စော အကတကလျာဏော ဟောတိ အကတကုသလော အကတဘီရုတ္တာဏော ကတပါပေါ ကတလုဒ္ဒေါ ကတကိဗ္ဗိသော။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ အကတံ ဝတ မေ ကလျာဏံ၊ အကတံ ကုသလံ၊ အကတံ ဘီရုတ္တာဏံ၊ ကတံ ပါပံ၊ ကတံ လုဒ္ဒံ၊ ကတံ ကိဗ္ဗိသံ။ ယာဝတာ၊ ဘော၊ အကတကလျာဏာနံ အကတကုသလာနံ အကတဘီရုတ္တာဏာနံ ကတပါပါနံ ကတလုဒ္ဒါနံ ကတကိဗ္ဗိသာနံ ဂတိ တံ ဂတိံ ပေစ္စ ဂစ္ဆာမီတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယမ္ပိ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။</b> (အံ၊၁၊၄၉၄။)</p>
<p>Further, brahmin, there is a person who has not done anything good and wholesome, who has not made a shelter for himself; but he has done what is evil, cruel and wicked. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, I have not done anything good and wholesome, I have not made a shelter for himself; but I have done what is evil, cruel and wicked. I shall go hereafter to the destiny of those who do such deeds." Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.</p>
<p>နောက်တစ်မျိုးသော်ကား ---</p>
<p>အချို့သော သူတို့သည် ကောင်းမှုကုသိုလ်နှင့် ကြောက် မက်ဖွယ် ဘေးတို့မှ တားမြစ်ရေးကို မပြုရသေးပေ။ ထိုသို့ပင် မပြုရသေးသော်လည်း မကောင်းမှုကို ပြုပြီး ဖြစ်နေ၏၊ ကြမ်းကြုတ်မှုကို ပြုပြီး ဖြစ်နေ၏၊ ညစ်နွမ်းမှု အကုသိုလ်ကို ပြုပြီး ဖြစ်နေ၏။</p>
<p>ထိုသို့ ကောင်းမှုကို မပြုရသေးသော မကောင်းမှုကို ပြုအပ်ပြီးသော သူတို့၏အထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။</p>
<p>ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်လာခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့် အချိန်ဝယ် ညနေ နေဝင်ရီအချိန်၌ တောင်၏ အရိပ်သည် အရှေ့ဘက် အရပ်၌ တွဲလွဲခိုပြီး ကျနေသကဲ့သို့ ထိုသို့ ကောင်းမှုကို မပြုရသေးသော မကောင်းမှုကို ပြုအပ်ပြီးသော ထိုသူ၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် အကုသိုလ်ကံ အာရုံတို့သည် အစီအရီ ပေါ်လာကြ၏။ ထိုအခါမှ ငါသည် ကောင်းမှုကုသိုလ်တို့ကို မပြုခဲ့မိလေစွ, ကြောက်မက်ဖွယ် ဘေးတို့မှ တားမြစ်ရေးကို မပြုခဲ့မိလေစွ, မကောင်းမှုကို ပြုခဲ့မိလေစွ, ကြမ်းကြုတ်မှု ညစ်နွမ်းမှု အကုသိုလ်ကို ပြုခဲ့မိလေစွဟူ၍ စိတ်အကြံ ဖြစ်ပေါ်လာ၏။</p>
<p>ထိုသို့ ကောင်းမှုကုသိုလ်ကို မပြုရသေးသော, ကြောက်မက်ဖွယ် ဘေးတို့မှ တားမြစ်ရေးကို မပြုရသေးသော၊ မကောင်းမှု ကြမ်းကြုတ်မှု ညစ်နွမ်းမှု အကုသိုလ်တို့ကို ပြုခဲ့မိပြီဖြစ်သော ပုဂ္ဂိုလ်တို့၏ လားရောက်ရာဂတိသည်ကား မကောင်းသော လားရာဂတိသာ ဖြစ်ပေ၏။ ထိုမကောင်းသော လားရာဂတိသို့ ငါ လားရောက်ရပေတော့လတ္တံ့ဟု သိရှိနေသည့် ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာတွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေ ဝေဝေ သေရခြင်း <b>သမ္မောဟမရဏ</b>ဟု ခေါ်၏။ သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။</p>
<p>ထိုသို့ ထိတ်ထိတ်လန့်လန့် တွေတွေဝေဝေဖြင့် သေဆုံးသွားရသူ တို့၏ လားရာဂတိသည်ကား အဘယ်သို့လျှင် ကောင်းနိုင်ပါတော့အံ့နည်း။</p>
<p><b>ပုန စပရံ ဗြာဟ္မဏ ဣဓေကစ္စော ကင်္ခီ ဟောတိ ဝိစိကိစ္ဆီ အနိဋ္ဌင်္ဂတော သဒ္ဓမ္မေ။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ ကင်္ခီ ဝတမှိ ဝိစိကိစ္ဆီ အနိဋ္ဌင်္ဂတော သဒ္ဓမ္မေတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယမ္ပိ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။</b> (အံ၊၁၊၄၉၄။)</p>
<p>Further, brahmin, there is a person who has doubts and perplexity about good Dhamma and has not come to certainty in it. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, I am full of doubts and perplexity about good Dhamma and have not come to certainty in it. I shall go hereafter to the destiny of those who do such deeds." Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.</p>
<p>နောက်တစ်မျိုးသော်ကား ---</p>
<p>အချို့သောသူတို့သည် အရာဌာန (၈)ခုတို့၌ ယုံမှား မကင်း ရှိကြ၏။ ထိုအရာဌာနတို့သည်ကား ---</p>
<p>- ဘုရားအပေါ်</p>
<p>- တရားတော်အပေါ်</p>
<p>- သံဃာတော်အပေါ်</p>
<p>- သိက္ခာသုံးရပ် အကျင့်မြတ်တို့ အပေါ်၌ ယုံမှားခြင်း</p>
<p>- အတိတ်ဘဝ အတိတ်ခန္ဓာဟူသည် တကယ်ပင် ရှိပါသလော</p>
<p>- အနာဂတ်ဘဝ အနာဂတ်ခန္ဓာဟူသည် တကယ်ပင် ရှိပါသလော</p>
<p>- အတိတ်ဘဝ အတိတ်ခန္ဓာ, အနာဂတ်ဘဝ အနာ ဂတ်ခန္ဓာ နှစ်မျိုးစလုံး တကယ်ပင်ရှိပါသလောဟု ယုံမှားခြင်းနှင့်</p>
<p>- <b>အဝိဇ္ဇာ</b>ကြောင့် <b>သင်္ခါရ</b> ဖြစ်၏။ <b>သင်္ခါရ</b>ကြောင့် <b>ဝိ- ညာဏ်</b> ဖြစ်၏ဟူသော ကြောင်း-ကျိုးဆက် <b>ပဋိစ္စ- သမုပ္ပါဒ်</b>သဘောတရား အပေါ်၌ ယုံမှားခြင်းဟု ဆိုအပ်သော အရာဌာန (၈)ခုတို့၌ ယုံမှား မကင်း ရှိ၏။ ထိုသို့ ယုံမှားခြင်း ရှိသော ဝေခွဲနိုင်စွမ်းမရှိသော ပုဂ္ဂိုလ်သည်ကား <b>သဒ္ဓမ္မ</b>သုံးဖြာ သာသနာဟု ခေါ်ဆိုအပ်သော သူတော်ကောင်းတရား၌လည်း ဆုံးဖြတ်နိုင်စွမ်း မရှိပေ။</p>
<p>ထိုသို့သော ပုဂ္ဂိုလ်၏အထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။</p>
<p>ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်လာခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင် ရသည့် အချိန်ဝယ် ငါသည် သူတော်ကောင်းတရား၌ ယုံမှားခဲ့လေစွ, မဝေခွဲနိုင်ခဲ့လေစွ, မဆုံးဖြတ်နိုင်ခဲ့လေစွ ဟူ၍ အကြံ ဖြစ်၏။ ထိုသို့ အကြံဖြစ်သော ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာတွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေဝေဝေ သေရခြင်း <b>သမ္မောဟမရဏ</b>ဟု ခေါ်၏။ သေခြင်းသဘော ရှိသည်ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။</p>
<p>ထိုသို့ တွေတွေဝေဝေဖြင့် သေရမည့် ပုဂ္ဂိုလ်လေးမျိုးထဲ၌သာ အကျုံးဝင်နေသည့် မိမိတို့၏ ဘဝကို ဂုဏ်ယူဝင့်ကြွားဖို့ရန် ကောင်းပါမည်လော။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် မိမိတို့၏ ရခဲသည့်ဘဝကို အဆုံးသတ်ခွင့် ပေးကြမည်လော။ ကျကျနန စဉ်းစားဖို့ကား လို၏။ မည်သို့ပင် ဖြစ်စေ ဒုက္ခဟူသမျှ ဘဝရရှိခြင်းကြောင့် ရလာကြခြင်းသာ ဖြစ်ပေ၏။</p>
<p>ထို့ကြောင့်ပင် ---</p>
<p>Just as even a trifling bit of dung has an ill smell, so likewise do I not favour becoming even for a trifling time.</p>
<p>မစင်ဟူသမျှ အနည်းငယ်ပင် ဖြစ်ပါစေ မကောင်း သောအနံ့ ရှိသကဲ့သို့ ဘဝဟူသမျှ အနည်းငယ်ပင် ဖြစ်ပါစေ ဘယ်ဘဝကိုမျှ ငါ ဘုရား မချီးမွမ်းပါဘူး ဟု</p>
<p>(အံ၊၁၊၃၆။) ၌ မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။</p>
<p>ဤမျှဆိုက မိမိတို့ ဘာလုပ်နေကြသည်ကို သိကြပြီဟု နားလည်မိ၏။</p>
<p>မိမိတို့ ပြုသမျှ မြုပ်လမ်းနှင့် မျောလမ်းအတွက်သာ ဖြစ်၏။ ထပ်၍ ဆိုရပါမူ ---</p>
<p>မြုပ်လမ်းဟူသည် အပါယ်လေးဘုံသို့ ဦးတည်နေသည့် လမ်းကို ခေါ်ခြင်း ဖြစ်ပြီး မျောလမ်းဟူသည်ကား လူ့ဘုံ နတ်ဘုံသို့ ဦးတည်နေသည့် လမ်းကို ခေါ်ခြင်းသာ ဖြစ်၏။</p>
<p>လူတို့ ပြုသမျှ အကုသိုလ် သို့မဟုတ် ကုသိုလ်ကံသာ ဖြစ်၏။ အကုသိုလ်လည်း မဟုတ် ကုသိုလ်လည်း မဟုတ်သော ကံကို ပြုနိုင်ကြသည် မဟုတ်ပေ။</p>
<p>အကုသိုလ်ကံကို အားထုတ်ခြင်းကို ရပ်တည်ခြင်းဟု ခေါ်ပြီး ကုသိုလ်ကံကို အားထုတ်ခြင်းကို အားထုတ်ခြင်းဟု ခေါ်၏။</p>
<p>အကုသိုလ်ကံ၌ ရပ်တည်ပြီး နေခြင်းကြောင့် ထိုကံတို့ အကျိုးပေးက အပါယ်လေးဘုံ တစ်ဘုံဘုံ၌ နစ်မြုပ်ရမည် ဖြစ်၏။</p>
<p>ကုသိုလ်ကံကို အားထုတ်ပြီး နေခြင်းကြောင့် ထိုကံတို့ အကျိုးပေးက လူ့ဘုံ နတ်ဘုံ တစ်ဘုံဘုံ၌ မျောပါရမည် ဖြစ်ပေ၏။</p>
<p>မိမိတို့ ဘာလုပ်နေကြသည်ကို သိပြီးဖြစ်သည့် ပုဂ္ဂိုလ်တို့ အနေဖြင့် မိမိတို့ ဘာလုပ်ရဦးမည်ကိုလည်း သိဖို့ လိုလာ၏။</p>
<hr>
<h3>မိမိတို့ ဘာလုပ်ရဦးမည်နည်း</h3>
<p><b>ဩဃတရဏသုတ္တန်</b>၌ ဘုရားရှင် ဖြေကြားတော်မူခဲ့သော စကား တော်တို့သည်ကား မိမိတို့ ဘာလုပ်ရဦးမည်ကို ညွှန်ပြနေသည့် စကားတော်များသာ ဖြစ်ကြပေ၏။</p>
<p>အမောင်နတ်သား ...အကြင်အခါ၌ ငါသည် ရပ်တည်၍ နေ၏၊ ရပ်တည်၍နေသော ထိုအခါ၌ နစ်မြုပ်သွား၏။ အကြင်အခါ၌ ငါသည် အားထုတ်၏၊ အားထုတ်သော ထိုအခါ၌ မျောပါ၍သွား၏။ ထိုသို့သော အကြောင်း ကြောင့် မရပ်တည်ဘဲ အားမထုတ်ဘဲ ကူးခတ် လွန်မြောက် ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟု</p>
<p>ဖြေဆိုလိုက်သည့် စကားရပ်ဝယ် မရပ်တည်ဘဲ အားမထုတ်ဘဲ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟူသော စကားရပ်သည်ကား မိမိတို့ ဘာလုပ်ရဦးမည်ကို ညွှန်ပြနေသည့် စကားရပ်သာ ဖြစ်ပေ၏။</p>
<p>ဆိုလိုသည်ကား ငြိမ်လျှင် မြုပ်, လှုပ်လျှင် မျောသည့် ဘဝနေထိုင်မှု လမ်းကြောင်းကို ရှောင်ခွာ၍ မငြိမ် မလှုပ်ဘဲ ကူးခတ်လွန်မြောက်တော်မူခဲ့ပါ၏ဟု ဆိုခြင်း ဖြစ်၏။ ထိုစကားတော်၏ နောက်သို့ ဉာဏ်ကို အစဉ်လိုက်၍ ရှုပွား သုံးသပ်နိုင်သည့် ထိုနတ်သားသည်ကား ထိုစကားတော်၏ အဆုံးဝယ် <b>သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်</b>၌ တည်ခဲ့လေ၏။</p>
<p>တရား၌ ရပ်တည်လျက်နေသော ထိုနတ်သားသည်ကား အလွန် အားရကျေနပ်လှသဖြင့် ဂါထာတစ်ပုဒ် ရွတ်ဆိုလျက် ပူဇော်ခဲ့လေ၏။ စာရေးသူနှင့် စာဖတ်သူတို့လည်း ထိုဂါထာဖြင့် ပူဇော်ကန်တော့ကြစို့။</p>
<p><b>စိရဿံ ဝတ ပဿာမိ၊ ဗြာဟ္မဏံ ပရိနိဗ္ဗုတံ။</p>
<p>အပ္ပတိဋ္ဌံ အနာယူဟံ၊ တိဏ္ဏံ လောကေ ဝိသတ္တိကံ။</b> (သံ၊၁၊၁။)</p>
<p>After a long time at last I see</p>
<p>A brahmin (A Buddha) who is fully quenched,</p>
<p>Who by not stopping, not struggling,</p>
<p>Has crossed over attachment to the world.</p>
<p><b>လောကေ</b> = လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းဟူသော လောက၌၊ <b>အပ္ပတိဋ္ဌံ</b> = မရပ်တည်မူ၍၊ <b>အနာယူဟံ</b> = အားမထုတ်မူ၍၊ <b>ဝိသတ္တိကံ</b> = ငါးဖြာအာရုံ ကာမဂုဏ်၌ ငြိကပ်တပ်မက်တတ်သော တဏှာကို၊ <b>တိဏ္ဏံ</b> = ပယ်ခွါလွန်မြောက် သံသရာသမုဒ္ဒရာ၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူပြီးသော၊ <b>ဗြာဟ္မဏံ</b> = မကောင်းမှုကို အပပြုတော်မူပြီးသော၊ <b>ပရိနိဗ္ဗုတံ</b> = ကိလေသာအပူခပ်သိမ်း အေးငြိမ်းတော်မူပြီးသော မြတ်စွာဘုရားကို၊ <b>စိရဿံ</b> = ကဿပထွတ်တင် ဘုရားရှင်၏ စံဝင် နိဗ္ဗူယူပြီးမှနောက် အထောက်လှမ်းကွာ ကြာမြင့်စွာသော ယခုအခါမှ၊ <b>ပဿာမိ ဝတာတိ</b> = ကောင်းစွာ အသင့် ဖူးမြင်ခွင့် ရလေစွတကားဟူ၍၊ <b>အညတရာ ဒေဝတာ</b> = အမျိုးအနွယ် မထင်ရှားသော နတ်သားသည်၊ <b>ဘဂဝန္တံ</b> = ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားကို၊ <b>အဝေါစ</b> = ကြည်ညိုသောအားဖြင့် ပူဇော်သောအားဖြင့် ရွှေနားတော် ပေါက်ကြားအောင် လျှောက်ထားရှာလေတော့သတည်း။</p>
<p>လောကလူသားတို့အနေဖြင့် ပင်လယ်သမုဒ္ဒရာကြီးကို လှေ သင်္ဘောဖြင့် ကူးခတ်လွန်မြောက်ဖို့ရန် ကြိုးစားကြ၏။ ထိုသို့ ကြိုးစားသည့်အခါ ရပ်တည်သင့်သည့်အခါ၌ ရပ်တည်ရ၏။ အားထုတ်သင့်သည့်အခါ၌ အားထုတ်ရ၏။ မရပ်တည်ပဲ အားမထုတ်ပဲ ကူးခတ်လွန်မြောက်နိုင်သည်ကား မဟုတ်ပေ။</p>
<p>သို့သော် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့တွင် ဘုရားရှင်သည် ကား မရပ်တည်ပဲ အားမထုတ်ပဲ ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာတစ်ဖက်ကမ်းသို့ ကူးခတ်လွန်မြောက်တော်မူခဲ့သူ ဖြစ်၏။ ထိုသို့ ကူးခတ်လွန်မြောက်တော်မူပြီးသော ဂေါတမ မြတ်စွာဘုရားရှင်အား အလွန်ကြာမြင့်စွာသော ယခုအခါမှသာလျှင် ကောင်းစွာအသင့် ဖူးမြင်ခွင့်ရပေတော့၏ဟူ၍ လျှောက်ထားနေသော စကားများသာ ဖြစ်ကြပေ၏။</p>
<p>မငြိမ် မလှုပ်ဘဲကူးခတ်လွန်မြောက်တော်မူခဲ့ပါ၏ဟူသော စကားသည်ကား ကူးခတ်ပုံ ကူးခတ်နည်းကို ဖော်ပြနေသော နည်းလမ်းပင် ဖြစ်၏။ ထိုလမ်းသည်ကား အကူးလမ်း သာတည်း။</p>
<p>အကူးလမ်းဟူသည် <b>မဇ္ဈိမပဋိပဒါ</b>ဟု ခေါ်ဆိုအပ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဆိုခြင်း ဖြစ်၏။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟုလည်း အကျဉ်းရုံး၍ ဆိုနိုင်၏။</p>
<p>ဘုရားအလောင်းတော်နှင့်တကွ ရှေးပညာရှိသူတော်ကောင်း အပေါင်းတို့သည်လည်း ဤကျင့်စဉ် ဤလမ်းစဉ်ဖြင့် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့ကြပြီ ဖြစ်၏။ အသင်သူတော်ကောင်းတို့သည်လည်းပဲ ---</p>
<p>အကူးလမ်းဟု ခေါ်ဆိုအပ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားဖြင့် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်နိုင်ကြပါစေ၊ မြုပ်လမ်းနှင့် မျောလမ်းမှ လွတ်မြောက်နိုင်ကြပါစေဟု ဆန္ဒပြုလျက် ...။</p>
<p>ဆန္ဒမွန်ဖြင့်</p>
<p>အရှင်ရေဝတ</p>
<p>စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊</p>
<p>သာသနာတော်သက္ကရာဇ် ၂၅၄၉-ခု၊</p>
<p>ကောဇာသက္ကရာဇ် ၁၃၆၇-ခု၊ ပြာသိုလပြည့်ကျော် ၃-ရက်၊ (၁၆.၁.၂၀၀၆) တနင်္ဂနွေနေ့။</p>
soxihipe1tn5vg2qbbb5dpcc8tf3310
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၂/၂၀၂၁
0
5700
18681
2025-06-03T11:19:34Z
Salai Rungtoi
371
"{{header | title = ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း | author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18681
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၁]]
| year = ၂၀၂၁
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၂-၂၀၂၁ ရက်စွဲပါ [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁|အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁]] ဖြင့် ဖွဲ့စည်းခဲ့ပါသည် - <br>
{|
|+
|-
| (က) || ဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ခ) || ဒုတိယဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ဂ) || ပြည်ထောင်စုဝန်ကြီးများ၊
|-
| (ဃ)|| ပြည်ထောင်စုရှေ့နေချုပ်၊
|-
| (င) || အမြဲတမ်းအတွင်းဝန် || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး။
|}
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -
{|
|+
|-
| (က) || နိုင်ငံတော်ဝန်ကြီးချုပ်||ဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ခ) || ဒုတိယဝန်ကြီးချုပ်|| ဒုတိယဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ဂ) || ပြည်ထောင်စုဝန်ကြီးများ၊
|-
| (ဃ)|| ပြည်ထောင်စုရှေ့နေချုပ်၊
|-
| (င) || အမြဲတမ်းအတွင်းဝန် || အိမ်စောင့်အစိုးရအဖွဲ့ရုံး။
|}
{{right|အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
5cwh7fxio9bsqc8oiwi1p9xaa6474ys
18682
18681
2025-06-03T11:49:21Z
Salai Rungtoi
371
18682
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၁/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃/၂၀၂၁]]

2vhc2h84qaw773ocvu0ugj9vx2obfda
18683
18682
2025-06-03T11:53:50Z
Salai Rungtoi
371
18683
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
| author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၁/၂၀၂၁]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃/၂၀၂၁]]
| year = ၂၀၂၁
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia =
| notes =
}}
{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''
'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''
'''အမိန့်အမှတ် ၁၅၂/၂၀၂၁'''
'''၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်'''
'''၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်'''
'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း '''}}
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၂-၂၀၂၁ ရက်စွဲပါ [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁|အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁]] ဖြင့် ဖွဲ့စည်းခဲ့ပါသည် - <br>
{|
|+
|-
| (က) || ဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ခ) || ဒုတိယဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ဂ) || ပြည်ထောင်စုဝန်ကြီးများ၊
|-
| (ဃ)|| ပြည်ထောင်စုရှေ့နေချုပ်၊
|-
| (င) || အမြဲတမ်းအတွင်းဝန် || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး။
|}
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -
{|
|+
|-
| (က) || နိုင်ငံတော်ဝန်ကြီးချုပ်||ဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ခ) || ဒုတိယဝန်ကြီးချုပ်|| ဒုတိယဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|-
| (ဂ) || ပြည်ထောင်စုဝန်ကြီးများ၊
|-
| (ဃ)|| ပြည်ထောင်စုရှေ့နေချုပ်၊
|-
| (င) || အမြဲတမ်းအတွင်းဝန် || အိမ်စောင့်အစိုးရအဖွဲ့ရုံး။
|}
{{right|အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
}}
[[Category:မြန်မာဘာသာ]]
[[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
[[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]]
75udheogmvbhay4qcu8o3urww2pkn1g