ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.45.0-wmf.7 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် သန်းခေါင်ရောက်တွင်ချီရတု 0 5794 18928 18927 2025-06-29T04:04:16Z Ninjastrikers 39 18928 wikitext text/x-wiki {{header | title = သန်းခေါင်ရောက်တွင်-ချီ ရတု | author = စိန္တကျော်သူ ဦးဩ | translator = | section = | previous = | next = | year = | notes = | portal = }} <references group="မြန်မာမင်းများလက်ထက်ရတုများ (ပထမအုပ်)" responsive="" /> <poem> '''သန်းခေါင်ရောက်တွင်'''၊ အိပ်မက်ထင်၍၊ မယ်မြင်သည်လေ၊ သက်လုံးဝေကို၊ လက်ခြေသွယ်သေး၊ လေဟုန်ပြေးသား၊ လျင်ရေးရွထိတ်၊ လည်မောက်ချိတ်နှင့်၊ ရဲစိတ်မာန်ခက်၊ မွေးရောင်နက်သည်၊ ဝင်းလက်ခဲကျဉ်၊ မြင်းရွယဉ်ကို၊ တင်ပျဉ်စီးထိုင်၊ ဇက်ကိုင်မမချုပ်၊ ခတ်လှုပ်ကတောင်၊ လျင်အောင်စီးနှင်၊ မယ့်ရင်ခွင်သို့၊ ဖူးဝင်ပိုက်ဖက်၊ နွှဲလာမက်သည်။ ။ '''အိပ်စက် မရွှင်တောင်းကိုလည်း'''။ '''ထွန်းရောင်တောက်ရွှင်'''၊ မိုးသောက်လျှင်လည်း၊ သံရင်ညံ့ဖည်း၊ တစ်ခွန်းတည်းနှင့်၊ ကျီးမည်းညိုပြာ၊ အာပြန်လာ၍၊ ခုသည်နေ့က၊ အောက်မေ့နိမိတ်၊ တိတ်နှင့်အိပ်မက်၊ ညီစေဖက်သို့၊ ယွင်းကွက်ဘူးရှင်၊ သူ့ရပ်ခွင်က၊ သခင်တူတည်၊ ရောက်တော့မည်ထင့်၊ ဘုန်းစည်ထွတ်ချာ၊ ကယ်မပါလော့၊ သုဒ္ဓါဝါသ, ကနိဋ္ဌဝယ်၊ ဒုဿထွတ်တင်၊ ဘုရားရှင်ကို၊ သဇင်နတ်ခက်(သန့်စင်နှုတ်ခက်)၊ တင်လှူဆက်သည်။ ။ '''ထိပ်ထက် မဆင်တောင်းကိုလည်း'''။ '''ဆန်းအောင်ကျောက်ပင်'''၊ စီမံတင်သား၊ သံရှင်ဓားကို၊ ရွှေသားလက်ဝဲ၊ ရစ်ငင်စွဲ၍၊ ရန်ပွဲအောင်ပြီ၊ ပြန်လာချီ၍၊ မယ့်ဆီကူးလာ၊ သင့်ရုံကြာမျှ၊ တစ်ခါရုပ်ဖျောက်၊ ချက်ချင်းပျောက်၍၊ ထုတ်ချောက်လန့်စိုး၊ ဖြုတ်ခြည်းနိုးက၊ ဝိုးဝိုးဝါးဝါး၊ စမ်းယောင်မှားခဲ့၊ ဘုရားတို့လို၊ အိပ်မက်ကိုဟု၊ တမ်းဆိုမိကာ၊ စက်ပြန်ပါလည်း၊ ကူးလာနိုးလေ၊ မူးဝေမှိုင်လျက်၊ မြင်ယောင်မက်သည်။ ။ '''ရိပ်မြွက် မထင်တောင်းကိုလည်း'''။ </poem> [[Category:ရတု]] 7gy7wbeyynuxb93ld5urybyixnf489l