ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.45.0-wmf.8
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
စာရေးသူ:ညောင်လေးပင်တောရဆရာတော်
102
5797
18947
18934
2025-07-02T16:49:31Z
Tejinda
173
18947
wikitext
text/x-wiki

အဂ္ဂမဟာပဏ္ဍိတ

ညောင်လေးပင်တောရ တတိယ မဟာနာယက

ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း

ပဏာမ

သုံးပါးရတနာ၊ ဆရာမိဘ၊ ဂုဏ်အနန္တကို၊ တုပ်ကွရိုကျိုး၊ ရှိမြတ်နိုးသည်၊ ကောင်းကျိုးလျင်ဆော ရောက်စေသောဝ်။

ဖွားမြင်ချိန်

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ညောင်လေးပင်မြို့နှင့် လေးမိုင် ကွာဝေးသော အိမ်ခြေသုံးထောင်ခန့် ရှိသော ပုဇွန်မြောင်းရွာတွင် ၁၂၄၈-ခု ပြာသိုလဆန်း ၂-ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်တို့၏ အမည်မှာ ကျောင်းအုပ်ဆရာကြီး ဦးခေါင်၊ ဆရာကတော် ဒေါ်ခက်တို့မှ ပထမဦးစွာ ဖွားမြင်သော အာဇာနည် သားထူးသားမြတ် ဖြစ်သည်။

ရှင်သာမဏေပြုချိန်

၇-နှစ်သားအရွယ်သို့ ရောက်သောအခါ အဖိုးအဖွားများက ရှင်ပြုသည်။ ၁၂-နှစ် သားအရွယ်သို့ ရောက်သောအခါ မိဘနှစ်ပါးက ညောင်လေးပင် တောရ ပထမ ဆရာတော်ထံတွင် ရှင်ပြုသည်။ ရှင်အရိယ ဟူသော ဘွဲ့အမည်ကို ပေးတော် မူသည်။ ပထမဆရာတော်ထံ၌ ရဟန်းမပြုရသေးမီ၌ပင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ ဂန္ထန္တရ ကျမ်းဂန်အဝဝတို့ကို ပေါက်ရောက်တော်မူသည်။

ရဟန်းပြုချိန်

မြန်မာနိုင်ငံတော် အထက်အောက်တွင် ရဟန္တာဟု ကျော်ကြားတော်မူသော ဘုန်းတော်ကြီး ဦးသီလကို ပင့်ပြီးလျှင် ရှင်အရိယအား အပ်နှင်းစေပြီး ဥပဇ္ဈာယ် ပြုစေ၍ ၁၂၆၇-ခု တပို့တွဲလပြည့်ကျော် ၂-ရက်နေ့တွင် ရဟန်းပြုပေးတော်မူ၏။ ဘုန်းတော်ကြီး ဦးသီလထံတွင် ပဋိပတ္တိနှင့်ဆိုင်ရာ နည်းနာ နိဿယများကို ခံယူတော်မူသည်။

ညောင်လေးပင်တောရ သီတင်းသုံးချိန်

ငါးဝါအတွင်းမှာပင် နိကာယ်အရပ်ရပ် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို တတ်မြောက် တော်မူသည်။ ထို ပထမဆရာတော်၊ ဒုတီယ ဆရာတော်ဘုရားများ တိမ်းပါး တော်မူသွားကြ၍ ညောင်လေးပင်မြို့နယ် ရွှေကျင်ဂိုဏ်း သံဃနာယက သံဃာ့ ထေရ်ကြီးများ၏ လွှဲအပ်ချက်အရ ၁၂၈၁-ခုနှစ်တွင် ညောင်လေးပင် တောရ ဂိုဏ်းဂဏ တာဝန်ခံယူလျက် သံဃာတော် ၁ဝဝ မှ ၁၅ဝ ကျော်လောက်ကို အုပ်ချုပ်ကာ ပရိယတ်၊ ပဋိပတ် သာသနာကို ပြုစု ပျိုးထောင်တော်မူခဲ့၏။ ထိုအချိန်မှစ၍ ပရိယတ္တိဘက်တွင် အောက်မြန်မာပြည်၌ အစိုးရ ပထမပြန် စာမေးပွဲတွင် အအောင်အများဆုံး စာသင်တိုက်ဟု အထူးပင် ကျော်ကြားခဲ့ လေသည်။

ဆရာတော်ဘုရားသည် စာပေသင်ကြား ပို့ချရုံနှင့် အားရ တင်းတိမ်တော်မမူပဲ နောင်လာနောက်သား ရဟန်း ရှင်လူများအတွက်လည်း လေ့လာမှတ်သားရန် အောက်ပါ ကျမ်းတို့ကို ပြုစုတော်မူခဲ့သည်။

ဓမ္မပဒဘာသာပြန်။

[[ဘာဝနာအရသာ]]နှင့် သိဿကောဝါဒ စကားပုံ။

သာမဏေဝိနည်းခေါ် ရှင်ကျင့်ဝက်။

ကထိန်အရသာ။

ဓမ္မစကြာအရသာ။

[[သတိပဋ္ဌာန်အရသာ]]။

ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ၊

ဂုဏ်တော်အရသာနှင့် လက္ခဏာအရသာ။

ပဋိစ္စသမုပ္ပါဒ်အခြေပြု။

[[ပဋိစ္စသမုပ္ပါဒ်အရသာ]]။

အလင်္ကာအရသာ။

ဒွေမာတိကာအရသာ။

ဥပါသကာလက်သုံး။

ဝိသုဒ္ဓိမဂ်အရသာ။

ကမ္မဝါအခဏ်း၂၀။

သင်္ဂြိုဟ်အရသာ။

သင်္ဂြိုဟ်နိဿယ။

ဆန်းအရသာ၊

ဆန္ဒောမဉ္ဇူရီအရသာ၊

သဒ္ဒါအရသာ၊

ကဆုန်လပြည့်အရသာ၊

စတုရာရက္ခကျမ်း၊

[[ဝိနည်းငါးကျမ်း အရသာ (ပထမပိုင်း)|ဝိနည်းငါးကျမ်း အရသာ]] - ကျမ်းများဖြစ်ပါသည်။

ဤကျမ်းများကို ပြုစုတော်မူသဖြင့် ၁၃၁၂-ခုနှစ်တွင် မန္တလေးမြို့ သကျသီဟ ပရိယတ္တိ သာသနဟိတ အသင်းကြီး၏ အနှစ်၅၀-မြောက် အထိမ်းအမှတ် ပွဲတွင် သံဃဩဝါဒ အမှုဆောင်အဖြစ်ဖြင့် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဘဒ္ဒန္တ အရိယာဘိဝံသ ဟူသော ဘွဲ့တံဆိပ်ကို ဆက်ကပ်လှူဒါန်းခြင်း ခံတော်မူရလေသည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်

၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း၍ နိုင်ငံတော်အစိုးရ၏ ဆဋ္ဌသင်္ဂါယနာ တင်ရေး ကိစ္စအတွက် နည်းပေးညွှန်ကြားသော ဩဝါဒါစရိယ အဖြစ်ဖြင့် ဆောင်ရွက်တော် မူခဲ့လေသည်။

ထို့နောက် များမကြာမီ ဆရာတော်ဘုရားကြီးအား ၁၃၁၄-ခုနှစ်၊ တပို့တွဲလ လောက်တွင် လေငန်းရောဂါ စွဲကပ်တော်မူသဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများ၏ လျှောက်ထား တောင်းပန်ချက်အရ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးခန်း၌ ကုသရာ ပထမ-ဒုတိယအကြိမ်တွင် ပျောက်ကင်း၍ တတိယ အကြိမ်မှာ သက်သာရာ မရှိသောကြောင့် ဆရာပန်များနှင့် ဆရာဝန်မကြီးမျှ အလွန့်အလွန် အားနည်းနေ သောကြောင့် ညနေဘက်တွင် လဘက်ရေ ကော်ဖိ ဆံပြုတ်များ သောက်ရန်အတွက် လျှောက်ထားသောအခါ အောက်ပါ မှတ်သားဖွယ်ရာစကားကို ဆရာတော်ကြီးသည် ထိုအချိန်တွင် စကားမပြောနိုင် တော့သဖြင့် စာဖြင့်ရေးသား တော်မူခဲ့လေသည်။

မှတ်သားဖွယ်ရာ ဆုံးမချက်

“နိုင်ငံတော်အစိုးရ၏ အမှုထမ်းများသည် အစိုးရဥပဒေကို တသွေမတိမ်း လိုက်နာ ကျင့်ကြံကြရသည်။ ထို့အတူ မြတ်စွာဘုရား၏ တပည့်သားဖြစ်ကြသော သာသနာ့ ဝန်ထမ်း ရဟန်း သာမဏေများသည်လည်း ဘုရားရှင်၏ ဥပဒေဝိနည်းကို လိုက်နာရပေသည်။”

အထက်ပါ ဆုံးမသော စကားသည် ပေါ်လွင်ထင်ရှားပါ၏။ လွန်စွာလေးနက်၍ သူတော်စင်တိုင်း လိုက်နာသင့်၏။

ဆုံးမတိုင်း မချွတ်မယွင်း ဖြောင့်စင်းသော သံဃာသည် သုပ္ပဋိပ္ပန္နဂုဏ်နှင့် ညီပေစွ ဆိုတဲ့ တရားတော်အတိုင်း ဆရာတော်ကြီးသည် အသက်ခန္ဓာ မငဲ့ညှာမူ၍ ဘုရား ဥပဒေတော်ကြီးကို အသက်နှင့်လဲ၍ သုပ္ပဋိပ္ပန္နဂုဏ်နှင့်အညီ ကျင့်သုံး သွားခဲ့သည်။

ဆရာတော်ဘုရားသည် ဘင်္ဂါဘိမုခဖြစ်၍ မရဏာသန္နနှင့် အတော်နီးကပ်လျက် ရှိချေပြီ၊ အင်အားလည်း အတော်ပင် လျော့နည်း ဆုတ်ယုတ်လျက် ရှိချေပြီ၊ တပည့် ဒကာ ဒကာမများလည်း မျက်ရည်တွေစီရရီ အလီလီကျဆင်းလျက် ဝမ်းနည်း ပက်လက်ဖြစ်၍ နေချေပြီ၊ ထိုအခါမှာပင် သတိကောင်းလျက် ရှိနေသေးသော ဆရာတော်ဘုရားကြီးသည်-

ဤကိုယ်၌ မာ-ပထဝီ, ရင့်-တေဇော, ဖွဲ့-အာပေါ ထောက်-ဝါယော ဟူသော ဓာတ်ကြီးလေးပါး၏ မညီညွတ်မှုကြောင့် ဆရာ၏ ဤကိုယ်ခန္ဓာကြီးသည် ဤကဲ့သို့ ဖြစ်နေသည်ကို တရားယူကြပေတော့ -

ဟု နောက်ဆုံး ရေးသား ဟောကြားတော် မူနိုင်ခဲ့ပေသေးသည်၊ တပည့်သံဃာ ဒကာ ဒကာမများ၏ အကျိုးကို ဤမျှပင် ရွက်ဆောင်သွားတော် မူသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီးပါ တကား။

ဘဝနတ်ထံ ပျံလွန်ပြီ

ဤသို့ ရေးသား ဟောကြားတော် မူပြီးနောက် မကြာမီမှာပင် ၁၃၁၄-ခု၊ ဝါခေါင် လဆန်း ၁၄-ရက်၊ ည ၇-နာရီ မိနစ် ၄၀-အချိန်တွင် တပည့်သံဃာ ဒကာ ဒကာမများ၏ အကျိုးနှင့် သာသနာရေးကိစ္စ အဝဝတို့ကို မျက်နှာလွှဲတော်မူလျက် အနားယူရန် တုသိတာနတ်နန်းသို့ ကြွလှမ်းစံနေတော်မူလေသည်။

5rffgfgx9fhscckl98hpup9ux7wla57
18952
18947
2025-07-02T21:26:00Z

[[ဝိသုဒ္ဓိမဂ်အရသာ]]။

ကမ္မဝါအခဏ်း၂၀။

[[သင်္ဂြိုဟ်အရသာ]]။

otwjquqz08rb7cdo7mo0z3vxg2slvt0
18983
18952
2025-07-03T04:26:01Z

[[မဟာဓမ္မစကြာအရသာ|ဓမ္မစကြာအရသာ]]။

k60zs6xr2yb81dtsdxwra83gvae8su8
ဝိနည်းငါးကျမ်း အရသာ (တတိယပိုင်း)
0
5801
18949
18941
2025-07-02T17:17:19Z
Tejinda
173
18949
wikitext
text/x-wiki
{{header
| title = [[ဝိနည်းငါးကျမ်း အရသာ (တတိယပိုင်း)]]
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဝိနည်းငါးကျမ်း အရသာ (တတိယပိုင်း)
| previous = [[ဝိနည်းငါးကျမ်း အရသာ (ဒုတိယပိုင်း)]]
| previous2 =
| next = [[ဝိနည်းငါးကျမ်း အရသာ (စတုတ္ထပိုင်း)]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

နည်းငါးကျမ်းအရသာ (တတိယတွဲ)

မဟာဝါအရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

မဟာခန္ဓက

၁။ ဗောဓိကထာ

၂။ အနာဂတကိလေသာ

၃။ ယုံမှား...... ၁၆ .......

၄။ အဇပါလကထာ

၅။ ရောင်ခြည်တော်-၂-နေရာ

၆။ မုစလိန္ဒကထာ

၇။ ရာဇာယတနကထာ

၈။ ဗြဟ္မယာစနကထာ

၉။ ဥပကနှင့်တွေ့ခြင်း

၁၀။ ဓမ္မစကြာ၊ အနတ္တလက္ခဏာဟောခြင်း

၁၁။ ဓမ္မစက္ခု မဂ် ၄-ခု

၁၂။ သဌေးသားယသတို့ ရဟန်းပြုခြင်း

၁၃။ အနုပုဗ္ဗိကထာ

၁၄။ မာရကထာ

၁၅။ သရဏဂုံရဟန်း

၁၆။ ပဗ္ဗဇ္ဇာဝိနိစ္ဆယ

၁၇။ သရဏဂုံ ဆိုပုံ

၁၈။ ရှင်လောင်းခေါင်းရိတ်သရဇ္ဈာယ်ရန်

၁၉။ ဘဒ္ဒဝဂ္ဂီဝတ္ထု

၂၀။ ရှင်တထောင်ဝတ္ထု

၂၁။ ရာဇဂြိုဟ်ဝေဠုဝန်

၂၂။ သရဏဂုံ လေးမျိုး

၂၃။ ဥပဓိလေးပါး

၂၄။ သိင်္ဂီနိက္ခရွှေ

၂၅။ အရိယာဝါသ ဆယ်ပါး

၂၆။ အားတော် ဆယ်ပါး

၂၇။ ဉာဏ်အား ဆယ်ပါး

၂၈။ အသေက္ခအင်္ဂါ ဆယ်ပါး

၂၉။ ရှင်သာရိပုတြာတို့ဝတ္ထု

၃၀။ ဝိပဿနာအာရုံထူးခြင်း

၃၁။ အရောင်ပမာ ဝိပဿနာ

၃၂။ သွားခြင်းပမာ ဝိပဿနာ

၃၃။ မြို့သားတို့ အပြစ်တင်ခြင်း

ရှင်ပြုစသော ဝိနည်းကံနိဒါန်း ပြီး၏။

၃၄။ ဥပဇ္ဈာယ်ခွင့်ပြုခြင်း

၃၅။ ဥပဇ္ဈာယဝတ်

၃၆။ နိဿယည်းမလွတ်သူ အာပတ်သင့်သောဝတ်

၃၇။ နိဿယည်းမလွတ်သူသာ

၃၈။ သဒ္ဓိဝိဟာရိကဝတ်

၃၉။ သဒ္ဓိဝိဟာရိကကိုနှင်ခြင်း

၄၀။ ဉာတ္တိစတုတ္ထဥပသမ္ပဒကံ

၄၁။ မှီရာလေးပါး ပြောကြားခြင်း

၄၂။ ဥပဇ္ဈာယ်ချွတ်ယွင်းခြင်း

၄၃။ နိဿယည်းဆရာ ခွင့်ပြုခြင်း

၄၄။ အာစရိယဝတ်၊ အန္တေဝါသိကဝတ်

၄၅။ အန္တေဝါသိကကို နှင်ခြင်း

၄၆။ အာစရိယ ချွတ်ယွင်းခြင်း

၄၇။ နိဿယည်းငြိမ်း ငါးပါး-ခြောက်ပါး

၄၈။ ကျောင်းထိုင်အင်္ဂါ

၄၉။ အညတိတ္ထိယပုဗ္ဗကထာ

၅၀။ တိတ္ထိယကျင့်ဝတ် ၈-ပါး

၅၁။ ပဉ္စဗာဓဝတ္ထု

၅၂။ ရာဇဘဋဝတ္ထုစသည်

၅၃။ အင်္ဂုလိမာလ ဧဟိဘိက္ခု

၅၄။ ကာရာဘေဒ

၅၅။ လိခိတက

၅၆။ ကသာဟတ

၅၇။ လက္ခဏာဟတ

၅၈။ ဣဏာယိက

၅၉။ ဒါသဝတ္ထု

၆၀။ ဘဏ္ဍုကမ္မဝတ္ထု

၆၁။ ဦနဝီသတိဝဿဝတ္ထု

၆၂။ တဆယ့်ငါးနှစ်အောက်ရှင်မပြုရ

၆၃။ ကျီးမောင်းနိုင်လျှင် ရှင်ပြုပေး၏

၆၄။ ရှင်နှစ်ပါး မမွေးရ

၆၅။ နိဿယပုစ္စကအင်္ဂါ

၆၆။ ရာဟုလဝတ္ထု

၆၇။ ပန်ကြားထိုက်သောမိဘ

၆၈။ မပန်ပဲပြုပေးအပ်ပုံ

၆၉။ နိုင်သလောက် ရှင်များစွာမွေးခွင့်

၇၀။ ဆယ်ပါးသီလ

၇၁။ ဒဏ္ဏမ္မဝတ္ထု

၇၂။ သူတပါးတပည့်

၇၃။ လိင်ဆယ်ပါး

၇၄။ ပဏ္ဍကဝတ္ထု

၇၅။ ထေယျသံဝါသကဝတ္ထု

၇၆။ ပကိဏ်းခြောက်ချက်

၇၇။ ထေယျသံဝါသက ဝေဖန်ခြင်း

၇၈။ ဝုဍ္ဎပဗ္ဗဇိတ

၇၉။ တိတ္ထိယပက္ကန္တက

၈၀။ တိရစ္ဆာနဝတ္ထု

၈၁။ မိဘသတ်သူ

၈၂။ ရဟန္တာသတ်သူ

၈၃။ ဘိက္ခုနီဒူသက

၈၄။ သံဃဘေဒက

၈၅။ လောဟိတုပ္ပါဒက

၈၆။ ဥဘတောဗျည်း

၈၇။ ဥပဇ္ဈာယ်အတွက် ဒုက္ကဋ်-၁၄

၈၈။ သပိတ်သင်္ကန်းမရှိ-၃။ ငှါး-၃

၈၉။ ဟတ္ထစ္ဆိန္နာဒိတ္တိံသ

၉၀။ ပရိသဒူသက ၁၀၈-ယောက်

၉၁။ နိဿယည်း ကင်းနိုင်သူများ

၉၂။ ကံဆောင်ရာ၌အမည်

၉၃။ ရဟန်းလောင်းနှစ်ပါး၊ သုံးပါး

၉၄။ ဂဗ္ဘဝီသရဟန်းပြုခြင်း

၉၅။ ဥပသမ္ပဒကံကြောင်းကျိုးစုံ

၉၆။ သုဏာတုမေဘန္တေသံဃော

၉၇။ အယံဣတ္တန္နာမော

၉၈။ အန္တရာယိကေဟိ စသည်

၉၉။ ယဒိသံဃဿပတ္တကလ္လံ

၁၀၀။ ပတ္တကလ္လအင်္ဂါ ငါးပါး

၁၀၁။ ပုဗ္ဗကိစ္စ ရှစ်ပါး

၁၀၂။ ဧသောဉတ္တိ

၁၀၃။ ယဿာယသ္မတောစသည်

၁၀၄။ အတီတကရဏနိဂုံး

၁၀၅။ မှီရာလေးပါး

၁၀၆။ အကရဏီယလေးပါး

၁၀၇။ ဥက္ခိတ္တသမ္ဘောဂ

မဟာခန္ဓက ပြီး၏။

ဥပေါသထက္ခန္ဓက

၁၀၈။ ပါတိမောက်ပြခွင့်ပြုခြင်း

၁၀၉။ နိဒ္ဒေသ

၁၁၀။ တပက္ခတကြိမ်၊ အညီအညွတ်

၁၁၁။ ဒေဝသိကန္တိ၊ ဒိဝသေဒိဝသေ

၁၁၂။ မဟာကပ္ပိနကို တိုက်တွန်းခြင်း

၁၁၃။ သိမ်သမုတ်ခွင့်ပြုခြင်း

၁၁၄။ သုံးယူဇနာအထိသိမ်

၁၁၅။ နဒီပါရသိမ်

၁၁၆။ ဥပုသ်သိမ်တခုသာ

၁၁၇။ ဥပေါသထပမုခ

၁၁၈။ မထေရ်ကြီး ဒုက္ကဋ်

၁၁၉။ ဝဂ္ဂကံမပြုအပ်

၁၂၀။ အဝိပ္ပဝါသသိမ်

၁၂၁။ သမုတ်ခြင်း နုတ်ခြင်းအစီအစဉ်

၁၂၂။ အဗဒ္ဓသိမ် သုံးခု

၁၂၃။ သိမ်စပ်သိမ်ထပ်

၁၂၄။ ဓမ္မသမဂ္ဂကံ

၁၂၅။ ပါတိမောက်ပြခြင်းငါးပါး

၁၂၆။ အန္တရာယ် ဆယ်ပါး

၁၂၇။ တရားဟောခြင်းသုံးမျိုး

၁၂၈။ ဝိနည်းမေးဖြေသမ္မုတိ

၁၂၉။ ခွင့်တောင်း၍ စောဒနာ

၁၃၀။ တား၍မရလျှင် ဒိဋ္ဌာဝိကမ္မ

၁၃၁။ တိုးတိုးပါတိမောက် မပြအပ်

၁၃၂။ လူရှိရာ၌ ပါတိမောက် မပြအပ်

၁၃၃။ ပါတိမောက်နှင့်စပ်သူ

၁၃၄။ နေ့ချင်းပြန်

၁၃၅။ မသိခြင်းများ

၁၃၆။ ပုဗ္ဗကရဏလေးပါး

၁၃၇။ အဗျတ္တဒုက္ကဋ်များ

၁၃၈။ ပါရိသုဒ္ဓိဆောင်ခြင်း

၁၃၉။ ဆန္ဒဆောင်ခြင်း

၁၄၀။ ဥပုသ်နေ့လူဖမ်းခြင်း

၁၄၁။ ဂဂ္ဂနှင့်ဥပုသ်ကံ

၁၄၂။ သံဃံ၊ ဂဏ၊ ပုဂ္ဂလ

၁၄၃။ ဥပုသ်နေ့၌အာပတ်

၁၄၄။ သဘာဂအချင်းချင်း

၁၄၅။ ပါတိမောက်ပြစဉ် သတိရသူ

၁၄၆။ သံဃာအားလုံး သဘာဂါပတ္တိ

၁၄၇။ မလိုလျှင်မဆိုအပ်

၁၄၈။ အနာပတ္တိပန္နရသက

၁၄၉။ ဝဂ္ဂါဝဂ္ဂသည် ၁၅-ခု

၁၅၀။ ဝေမတိက ၁၅-ခု

၁၅၁။ ကုက္ကုစ္စပကတ ၁၅-ခု

၁၅၂။ ဘေဒပုရေက္ခာရ ၁၅-ခု

၁၅၃။ တိက် ခုနစ်ရာ

၁၅၄။ နေ့ရက်ချင်းမတူပုံ

၁၅၅။ အာကာရာဒိပဉ္စက လေးခု

၁၅၆။ နာနာသံဝါသကတိက် လေးခု

၁၅၇။ ဥပုသ်နေ့ ခရီးသွား နဝက သုံးခု

၁၅၈။ သံဃာရှိလျက် ပါရိသုဒ္ဓိဝါဒ

၁၅၉။ ဝဇ္ဇနီယ ပုဂ္ဂိုလ်များ

၁၆၀။ မပြအပ်နှစ်ခု

သိမ်နိမိတ်ရှစ်ပါး ဝိနိစ္ဆယအကျယ်

၁၆၁။ တောင်နိမိတ်

၁၆၂။ ကျောက်နိမိတ်

၁၆၃။ ၃၂-ဗိုလ်

၁၆၄။ တောနိမိတ်

၁၆၅။ သစ်ပင်နိမိတ်

၁၆၆။ ခရီးနိမိတ်

၁၆၇။ တောင်ပို့နိမိတ်

၁၆၈။ မြစ်နိမိတ်

၁၆၉။ ရေနိမိတ်

၁၇၀။ နိမိတ်တိုင်စိုက်ထားခြင်း

နိမိတ်ဝိနိစ္ဆယအဆုံး၌ ဆက်၍ပြသော သိမ်အမျိုးမျိုး သမုတ်ပုံ အဆုံးအဖြတ်

၁၇၁။ ဂါမခေတ်တခု၌ သမုတ်ပုံ

၁၇၂။ ဂါမခေတ် တပါးသွင်း သမုတ်ပုံ

၁၇၃။ ခဏ္ဍသိမ်

၁၇၄။ မဟာသိမ်

၁၇၅။ ပိဋ္ဌိပါသာဏသိမ်

၁၇၆။ ကုဋိဂေဟသိမ်

၁၇၇။ လေဏသိမ်

၁၇၈။ ပါသာဒသိမ်

၁၇၉။ ပဗ္ဗတမတ္ထကသိမ်

၁၈၀။ မြေဖို့ခြင်း စသည်

၁၈၁။ သိမ်သုတ်သင်၍ ကံဆောင်ခြင်း

နဒီပါရသီမာဝိနိစ္ဆယအကျယ်

၁၈၂။ နဒီပါရလက္ခဏာ

၁၈၃။ နဒီပါရသိမ် သမုတ်ပုံ

၁၈၄။ ကျွန်းရှိသော နဒီဝါရ

အဝိပ္ပဝါသ သီမာဝိနိစ္ဆယအကျယ်

၁၈၅။ အဝိပ္ပဝါသသိမ်

သိမ်နုတ် ဝိနိစ္ဆယအကျယ်

၁၈၆။ သိမ်နုတ်ပုံ

၁၈၇။ မသိပဲ သိမ်နုတ်နိုင်ခြင်း

အဗဒ္ဓသီမာဝိနိစ္ဆယအကျယ်

၁၈၈။ အဗဒ္ဓသိမ်သုံးခု

၁၈၉။ ဂါမသိမ်

၁၉၀။ သတ္တဗ္ဗန္တရသိမ်

၁၉၁။ ဥဒကုက္ခေပသိမ်

၁၉၂။ နဒီသိမ်

၁၉၃။ သမ္ဘေဒဒေါသများ

၁၉၄။ သိမ်၏အောက်အဖို့

၁၉၅။ သမုဒ္ဒသိမ်

၁၉၆။ ဇာတဿရသိမ်

သိမ်စပ် သိမ်ထပ် သမုတ်ခြင်း

၁၉၇။ လွှမ်း စပ် သိမ်ပျက်

၁၉၈။ ဝိပ္ပတ္တိသိမ် ၁၁-လုံး

ဥပေါသထက္ခန္ဓက ပြီး၏။

မဟာဝါအရသာ

နမော တဿ ဘဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ မဟာခန္ဓက (ဝိနည်းကံ၏ နိဒါန်း)

[ဝါဒကွဲနှစ်ခုသုံးခုပြရာ၌ မဆုံးဖြတ်လျှင် နောက်ဆုံးဝါဒသည် ပဓာနဖြစ်၏]

ဗောဓိကထာ

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဗောဓိပင်အောက်၌ ရှေးဦးစွာ သစ္စာလေးပါး သိ၍ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် (ဝါ-တထက်ဝယ်တည်းဖြင့် အရဟတ္တဖိုလ်ချမ်းသာ ခံစားကာ နေတော်မူ၏။

ထိုအခါ ညဉ့်၏ ပဌမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အဝိဇ္ဇာပစ္စယာသင်္ခါရာ။..လ...။ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။... ဟု အနုလုံကို လည်းကောင်း၊ အဝိဇ္ဇာယတွေဝ အသေဝိရာဂ နိရောဓာ သင်္ခါရနိရောဓော။....လ.....။ ဒုက္ခက္ခန္ဓဿ နိရောဓောဟောတိ။...ဟု ပဋိလုံကိုလည်းကောင်း နှလုံးသွင်းတော်မူ၏။

ထို့နောက် “ယဒါဟဝေ ပါတုဘဝန္တိဓမ္မာ...လ......။ ယတော ပဇာနာတိ သ ဟေတုဓမ္မံ”... ဟု ဥဒါန်း ကျူးတော်မူ၏။ ဝါ-ဗောဓိပက္ခိယတရားသိ၍ ယုံမှားကင်းခြင်းကြောင့် အကြောင်းမကင်းသော ပဋိစ္စသမုပ္ပါဒ် တရားကို သိရသည်ဟု ဥဒါန်းကျူးတော်မူ၍ မဇ္ဈိမယာမ်၌လည်း ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ နှလုံးသွင်း၍ ယဒါဟဝေ။....လ....။ ယတောခယံ ပစ္စယာနံ အဝေဒိ။...ဟု ဥဒါန်းကျူး၏။ ဝါ-ဗောဓိပက္ခိယ-တရားသိ၍ ယုံမှားကင်းခြင်းကြောင့် အကြောင်းကုန်ရာ နိဗ္ဗာန်ကို သိရပြီဟု ဥဒါန်းကျူးတော်မူ၏။

ပစ္ဆိမယာမ်၌လည်း ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံ နှလုံးသွင်း၍ “ယဒါဟဝေ။ ....လ...။ ဩဘာသယ မန္တလိက္ခံ။... ဟု ဥဒါန်းကျူး၏။ ဝါ-ဗောဓိပက္ခိယတရား သိ၍ မာရ်စစ်သည်ကို ဖျက်ဆီး၍ တည်နိုင်သည်။ နေမင်းသည် ရှေးရှု တက်လာသောအခါ မိမိအရောင်ဖြင့် ကောင်းကင်၌ ထွန်းလင်းစေလျက် အမိုက်မှောင်ကို ဖျက်ဆီး၍ တည်နိုင်သကဲ့သို့ဟု ဥဒါန်းကျူးတော်မူ၏။

။ ဗောဓိကထာ ပြီး၏။

(ထာ ... ဝိနည်းသို့ရောက်သောအခါ တေနသမယေန ဟု ကရိုဏ်း ဝိဘတ်ဖြင့် ဆိုခြင်းကား နိဒါန်းပြခြင်း အကျိုးရှိ၏။ ရှင်ပြု ရဟန်းခံခွင့်ပြုခြင်း၊ ဥပဇ္ဈာယ်ဆရာ၊ ဥပဇ္ဈယ်ဆရာကျင့်ဝတ် ခွင့်ပြုခြင်း စသော ဝိနည်းကံတို့ကို ဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်၍ ခုနစ်ရက် ခုနစ်လီ လွန်ပြီးသောအခါ ဗာရာဏသီ၌ ဓမ္မစကြာ ဟော၍ ဤအစဉ်ဖြင့် ထိုထိုအရပ်၌ ထိုထိုဝတ္ထုကြောင့် ပညတ်အပ်ကုန်၏ဟု ရှင်ပြုစသော ဝိနည်းကံတို့၏ နိဒါန်းကိုအရင်း အစမှစ၍ ပြခြင်းအကျိုးရှိ၏။

ဥရုဝေလ ဟူသည်ကား ဥရု-များသော + ဝေလ-သဲအစု။ တနည်း၊ ဝေလာ-မရိယာဒါ- စည်းကမ်းကြောင့် အမျိုးသားတို့သည် ရသေ့ပြု၍ ထိုနေရာ၌နေကုန်၏။

တနေ့သ၌ အစည်းအဝေးပြု၍ “ကာယကံ ဝစီကံကား ထင်ရှားသည်။ မနောကံဖြင့် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်ကြံမိလျှင် အပြစ် ပြနိုင်သူမရှိ။ မိမိအပြစ် မိမိပြ၍ သစ်ရွက်ထုပ်ဖြင့် သဲဆောင်၍ ဤနေရာ၌ လောင်းရမည်။ ဤကား ထိုသူ၏ ဒဏ်အမှုတည်း။” ဟု ကတိကဝတ်ပြုကုန်၏။

ထိုအခါမှ စ၍ စည်းကမ်းလွန်ကျူးသူ သဲလောင်းရသောကြောင့် တဖြည်းဖြည်း သဲစုအပုံကြီး ဖြစ်လာ၏။ ထိုသဲပုံကြီးကို နောက်လူများ ကာရံ၍ စေတီ ပြုကုန်သတတ်။ ဤကား ဥရုဝေလ အဓိပ္ပါယ်တည်း။

နေရဉ္ဇရာကား န+ဧလ+ဇလာ = နေရဉ္ဇရာ။ လကို ရပြု၊ နိဂ္ဂဟိတ်လာ၊ ဝဂ္ဂန္တ ဉပြု။ ဧလ-အညစ်အကြေး + န - မရှိသော + ဇလာ - ရေဖြင့်ပြည့်သောမြစ်ဟူလို။

ဗောဓိပင် ဟူသည်ကား မဂ်လေးပါး၌ရှိသော ဉာဏ်သည် (ဝါ-သဗ္ဗညုတဉာဏ်သည်) ဗောဓိမည်၏။ ဗောဓိဉာဏ်ကို ဤသစ်ပင်အောက်၌ ရသောကြောင့် ဗောဓိပင်မည်၏။ ဗောဓိပင်၏အနီး အောက်နေရာသည် ဗောဓိရုက္ခမူလ မည်၏။ ထိုဗောဓိပင်အောက်၌ ခုနစ်ရက်ပတ်လုံး တကြိမ်မျှ မထပဲ ခွေမြဲတိုင်း တင်ပျဉ်ခွေ တခုတည်းဖြင့် ဝိမုတ္တိသုခဟူသော အရဟတ္တဖိုလ် သမာပတ်ချမ်းသာကို ခံစားနေ၏။

ဥဒါန်းသုံးခုတို့တွင် ပဌမဥဒါန်းသည် ပစ္စယာကာရ (ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုး) ကို ဆင်ခြင်ခြင်း အစွမ်းဖြင့် ဖြစ်၏။ ဒုတိယသည် နိဗ္ဗာန်ကို ဆင်ခြင်ခြင်း အစွမ်းဖြင့်ဖြစ်၏။ တတိယသည် မဂ်ကို ဆင်ခြင်ခြင်း အစွမ်းဖြင့် ဖြစ်၏။ ကဆုန်လပြည့်ကျော် တရက်နေ့ ညဉ့်တွင် ဥဒါန်းကျူးသည်။

မြတ်စွာဘုရားသည် (၁၀၃-ခု) ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အောက်၌ ညဉ့်ဦး ပဌမယာမ်၌ ပုဗ္ဗေနိဝါသကို အောက်မေ့သည်။ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုကို သုတ်သင်သည်။ ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ နှလုံးသွင်း၍ အရုဏ်တက်လုနီးတွင် သဗ္ဗညုတဉာဏ်ရသည်။ သဗ္ဗညုတဉာဏ် ရပြီးသည့် အခြားမဲ့၌ အရုဏ်တက်သည်။ ထို့နောက် ထိုနေ့၌ ထိုတင်ပျဉ်ခွေဖြင့်သာ လွန်စေ၍ လပြည့်ကျော်တရက်နေ့ ညဉ့်သုံးယာမ်၌ ပဋိစ္စသမုပ္ပါဒ် ဆင်ခြင်၍ ဤဥဒါန်းတို့ကို ဥဒါန်းကျူးသည်။ ထို့နောက် ဗောဓိပင်အောက်၌ ခုနစ်ရက်ပတ်လုံး တထက်ဝယ်တည်း နေသည်။

(လပြည့်ကျော် တရက်နေ့တွင် ဘုရားဖြစ်သည်ဟု အဋ္ဌကထာ များစွာတို့၌ ဆိုခြင်းကား သာမညစကား ဖြစ်သည်ဟု သိအပ်၏။)

(သာဋီ ... ကဆုန်လပြည့်နေ့ နေမဝင်မီကပင်လျှင် အပရာဇိတပလ္လင်္ကစွမ်းဖြင့် ဝဇီရာသန၌ ထိုင်သည်မှစ၍ တကြိမ်မျှမထပဲ ခွေမြဲတိုင်း ပလ္လင်တခုဖြင့်သာ ဝိမုတ္တိသုခကို ခံစားကာနေသည်။ တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ၊ ပဋိပ္ပဿဒ္ဓိ၊ နိဿရဏ-ဟု ငါးပါးသော ဝိမုတ္တိတို့တွင် ပဋိပ္ပဿဒ္ဓိ ဝိမုတ္တိ ဟူသော ဖလဝိမုတ္တိကို “ဝိမုတ္တိသုခ” ဟု ဆိုအပ်၏။ ဖိုလ်စိတ်သည် ကိလေသာတို့မှ ငြိမ်းအေးသောကြောင့် ကျွတ်လွတ်သော ဝိမုတ္တိစိတ် ဖြစ်၏။ ထိုဝိမုတ္တိစိတ်နှင့် ယှဉ်သော သုခသည် ဝိမုတ္တိသုခ မည်၏။ ဤ၌ ဥပေက္ခာဝေဒနာကိုပင် ငြိမ်သက် သောကြောင့် သုခဟုဆိုသည်။

မြတ်စွာဘုရားသည် ဥပေက္ခာ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ယှဉ်သော စတုတ္ထဈာန် အရဟတ္တဖိုလ်သမာပတ်ကိုသာ ဝင်စားတော်မူသည်။ တနည်း - “တေသံ ဝူပသမောသုခေါ”၌ သင်္ခါရ ဒုက္ခငြိမ်းခြင်းသည် သုခမည်သကဲ့သို့ အလုံးစုံသော ကိလေသာဒုက္ခ ငြိမ်းသော အရဟတ္တဖိုလ်၌ ရအပ်သော ပဋိပ္ပဿဒ္ဓိ ဝိတ္တိကိုသာ သုခဟုဆိုအပ်၏။ အထသဒ္ဒါသည် အဓိကာရအနက်နိပါတ်တည်း။ အဓိကာရ တပါးကိုပြသည်။ ဝိမုတ္တိသုခ ခံစားသည်မှတပါး ပဋိစ္စသမုပ္ပါဒ်ကို နှလုံးသွင်းသည် ဟူလို။ ပဌမံယာမံ၌ အစ္စန္တသံယောဂ အနက် သိအပ်၏။ မြတ်စွာဘုရားသည် ထိုညဉ့်၏ ပဌမယာမ် တယာမ်ပတ်လုံး မပြတ် ထိုပဋိစ္စသမုပ္ပါဒ်ကို နှလုံး သွင်းတော်မူသည်)။

အနာဂတ ကိလေသာ

ပဋိစ္စသမုပ္ပါဒ် ဟူသည်ကား၊ ပစ္စေတုံအရဟတီတိ ပဋိစ္စော။ ယုံကြည်ထိုက်သောကြောင့် ပဋိစ္စမည်၏။ ယုံကြည်စွာ သိလျှင် ဒုက္ခငြိမ်းသောကြောင့်တည်း။ သမ္မာဥပ္ပါဒေတီတိ သမုပ္ပါဒေါ။ မိမိအကျိုးကို အပြည့်အစုံ ဖြစ်စေသော အကြောင်းဖြစ်သောကြောင့် သမုပ္ပါဒ မည်၏။ ပဋိစ္စော စသော သမုပ္ပါဒေါစာတိ ပဋိစ္စသမုပ္ပါဒေါ။ ယုံကြည်ထိုက်သော အကြောင်း အဆက်ဆက်သည် ပဋိစ္စသမုပ္ပါဒ မည်၏။ အနုလောမ၌ ကာလတ္တယပရိယာပန္န (ကာလသုံးပါး အကျုံးဝင်သော) ဒုက္ခက္ခန္ဓမည်၏။ ဥပ္ပါဒကိုပြသည်။

ပဋိလောမ၌ ကာလတ္တယဒုက္ခက္ခန္ဓ၏ နိရောဓကိုမပြပဲ အနာဂတဒုက္ခက္ခန္ဓ ၏သာ နိရောဓကို ပြသည်။ မဂ်ဉာဏ် မဖြစ်လျှင် အနာဂတဒုက္ခက္ခန္ဓသည် စင်စစ်ဖြစ်ထိုက်၏။ မဂ်ဉာဏ်ဖြစ်ခြင်းကြောင့် ထို အနာဂဟဒုက္ခက္ခန္ဓသည် နိရောဓ ဖြစ်သည်ဟုပြသည်။ (ဤ၌ နဝတ္တဗ္ဗ ကာလဝိမုတ်၏ အနုပ္ပါဒနိရောဓ မဖြစ်မူ၍ ချုပ်ခြင်း) ကို အနာဂတသဒ္ဒါဖြင့်သုံးသည်။ ဋီကာကျော်ပဏိမဉ္ဇူတို့၌လည်း အနာဂတဟု သုံးသည်။ ဘုရားရှင်သည်လည်း အဘိဓမ္မာပါဠိတော်တို့၌ အနုသယကို ကာလသုံးပါးဖြင့် ဝေဖန်သည်။ ဥပ္ပဇ္ဇတိ စသည်ဖြင့် ဟောသည်။ ထို့ကြောင့် မုချ၊ ဥပစာ-ကို ဝေဖန်ကာ အလေးပြုအပ်၏။

ယုံမှား ၁၆

ယုံမှားခြင်းကား အတိတ်၌ငါးပါး၊ အနာဂတ်၌ ငါးပါး၊ ပစ္စုပ္ပန်၌ ခြောက်ပါး၊ ဤသို့ ၁၆ ပါးရ၏။ အတိတ်၌ ငါဖြစ် ဖူးပြီလော၊ မဖြစ်ဖူးပြီလော၊ အဘယ်သူ ဖြစ်ဖူးသနည်း၊ အဘယ်ခြင်းရာဖြင့် ဖြစ်ဖူးသနည်း၊ အဘယ်သူ ဖြစ်ပြီး၍ အဘယ်သူ ဖြစ်ပြန်သနည်း။ အနာဂတ်၌ ငါဖြစ်လတ္တံ့လော၊ မဖြစ်လတ္တံ့လော၊ အဘယ်သူဖြစ်လတ္တံ့ နည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်လတ္တံ့နည်း။ အဘယ်သူဖြစ်၍ အဘယ်သူ ဖြစ်ပြန်လတ္တံ့နည်း။ ပစ္စုပ္ပန်၌ ငါဟုတ်သလော၊ မဟုတ်သလော၊ အဘယ် သူဖြစ်သနည်း၊ အဘယ်ခြင်းရာဖြင့် ဖြစ်သနည်း။ ဤငါဟူသော သတ္တဝါသည် ငါ-အတ္တဘောသည် အဘယ်ဘဝမှလာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း။

အတိတ်၌ငါဖြစ်ဖူးပြီလော၊ မဖြစ်ဖူးပြီလောဟူသည် သဿတာကာရ အဓိစ္စ သမုပ္ပတ္တိအာကာရ (မြဲခြင်းနှင့် အကြောင်းမရှိခြင်း) ကိုမှီ၍ ယုံမှားခြင်းတည်း။ အကြောင်းမရှိ၊ ဗာလပုထုဇဉ်သည် ဥမ္မတ္တကကဲ့သို့ ဖြစ်ချင်ရာ ဖြစ်၏။ တနည်း အယောနိသော မနသိကာရ ကြောင့်ဖြစ်၏။ အဘယ်သူဖြစ်ဖူးသနည်း ဟူသည် ဇာတိ၊ လိဂ်၊ ဥပပတ္တိကိုမှီ၍ မင်းပုဏ္ဏားသည် လူနတ်စသည် ဖြစ်ဖူးပြီလောဟု ယုံမှားခြင်းတည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်ဖူးသနည်းဟူသည် သဏ္ဌာန်ခြင်းရာကိုမှီ၍ အရှည်လော အတိုလော အမည်းလော အပြုလောဟု ယုံမှားခြင်းတည်း။

ကေစိတို့ကား ဣဿရနိမ္မာန စသည်ကိုမှီ၍ “အဘယ်သူ ဖန်ဆင်းခြင်းစသော အကြောင်းဖြင့် ဖြစ်ဖူးသနည်း” ဟု အကြောင်းဖြင့် ယုံမှားခြင်းကို ဆိုကုန်၏။ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်ပြန်သနည်း ဟူသည် ဇာတိ စသည်တို့ကိုမှီ၍ မင်းဖြစ်ပြီး၍ ပုဏ္ဏားဖြစ်ပြန်သလော၊ နတ်ဖြစ်ပြီး၍ လူဖြစ်ပြန်သလောဟု ဇာတိ စသည် အဆင့်ဆင့်ဖြင့် ယုံမှားခြင်းတည်း။

အနာဂတ်၌ ငါဖြစ်လတ္တံ့လော၊ မဖြစ်လတ္တံ့လော ဟူသည် သဿတာကာရ၊ ဥစ္ဆေဒါကာရ (မြဲခြင်း ပြတ်ခြင်း) ကိုမှီ၍ ယုံမှားခြင်းတည်း။ ။ အကြွင်းတူပြီ။

ပစ္စုပ္ပန်၌ ငါဟုတ်သလောဟူသည် မိမိ၏ရှိခြင်းကို ယုံမှားခြင်းတည်း။ ဥဒါဟရုဏ်ကား မိထွေး၏သားသည် ဦးပြည်းခေါင်းတုံး ဖြစ်၏။ မိကြီး၏သားကား ဆံရှည်ဖြစ်၏။ အိပ်ပျော်ခိုက် ဦးပြည်း ရိတ်ထားလိုက်သဖြင့် နိုးလာသောအခါ ငါသည်မိထွေး၏သားလောဟု ယုံမှားသတတ်။ ငါ မဟုတ်လေသလော ဟူသည် မိမိ၏ မရှိခြင်းကို ယုံမှားခြင်းတည်း။

လူတယောက်သည် ငါးဖမ်းစဉ် ချမ်းအေးလှသဖြင့် မိမိ၏ပေါင်ကို ငါးထင်၍ ရိုက်သတတ်။ လူတယောက်လည်း သုသာန်အနီးတွင် အိပ်ပျော်ရာမှနိုးလတ်သော် မိမိ၏ဒူးတို့ကို ဘီလူးနှစ်ယောက် ထိုင်နေသည်ကိုထင်၍ ရိုက်သတတ်။ ဤသို့ ငါမဟုတ်လေသလောဟု ယုံမှား၏။ အဘယ်သူ ဖြစ်သနည်း ဟူသည် မင်းဖြစ်လျက် မိမိ၏မင်းအဖြစ်ကို ယုံမှားခြင်းတည်း။ ။ အကြွင်းတူပြီ။

နတ်တို့ကား ငါသည်ရုပ်ရှိသလော၊ မရှိသလောစသည်ဖြင့် ယုံမှားတတ်ကုန်၏။ အချို့ မင်းတို့သည် မိမိကိုယ်ကို နတ်ဟု ထင်ကုန်၏။ အဘယ်ခြင်းရာဖြင့်နည်း ဟူသောပုဒ်ကား ဆိုပြီးသောနည်းရှိပြီ၊ သက်သက် အားဖြင့်ကား ကိုယ်တွင်း၌ ဇီဝရှိသည်ဟုယူ၍ ထိုဇီဝသည် အရှည်လော၊ အတိုလော၊ လေးမြှောင့်လော၊ ရှစ်မြှောင့်လော စသည်ဖြင့် သဏ္ဌာန်ကို မှီ၍ ယုံမှားခြင်းတည်း။ အဘယ်ဘဝမှလာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း ဟူသည် အတ္တဘော၏လာရာ၊ သွားရာအရပ်ကို ယုံမှားခြင်းတည်း။

ဤယုံမှားခြင်း ၁၆-ပါးတို့သည် ဗောဓိပက္ခိယတရား သိသောအခါ အနုပ္ပတ္တိ+နိရောဓ၊ မဖြစ်သော ချုပ်ခြင်း စွမ်းဖြင့် ချုပ်ကွယ်ကင်းပျောက်ကုန်၏။

အဇပါလကထာ

ထို ဗောဓိသတ္တာဟ လွန်သောအခါ ထိုသမာဓိမှထ၍ ဗောဓိပင်မှ အဇပါလညောင်ပင်သို့ကြွပြီးလျှင် အဇပါလ ညောင်ပင်အောက်၌ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် ဝိမုတ္တိချမ်းသာ ခံစားကာ နေတော်မူ၏။ ထိုအခါ ဟုံဟုင်္ကဇာတိ ပုဏ္ဏားသည် လာ၍ ဝမ်းမြောက်စွာ ပြောဆို၍ အရှင်ဂေါတမ အဘယ်မျှဖြင့် ဗြဟ္မဏ ဖြစ်ပါသနည်း။ ဗြဟ္မဏအဖြစ်ကို ပြုတတ်သော တရားတို့ကား အဘယ်တို့ပါနည်း ဟုလျှောက်၏။ ထိုအခါ ပုဏ္ဏားစကား၏ သိဒါပတ္တ ထိပ်ဆုံး ရောက်သော အနက်ကိုယူ၍ .... ယောဗြဟ္မဏေ .... စသည်ဖြင့် ဥဒါန်း ကျူးတော်မူ၏။ ဝါ-မကောင်းမှုအပပြုပြီးသူ၊ တတုံးဟုံးမာန်မမူသူ၊ ကိလေသာ ဖန်ရည်ကင်းသူ၊ ဘာဝနာ လုံ့လရှိသူ၊ နိဗ္ဗာန်သိသူ၊ မြတ်သော အကျင့် ကျင့်ပြီးသူသည် ငါ ဗြဟ္မဏဟု ဗြဟ္မဏဝါဒကို တရားသဖြင့် ဆိုလိုက်၏။ ယင်းဗြဟ္မဏအား လောကအားလုံး၌ တခုသောအာရုံ၌ပင် ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိဟူသော ဥဿဒတရား မရှိပြီဟု ဥဒါန်း ကျူးတော်မူ၏။

။ အဇပါလကထာ ပြီး၏။

ထာ ... ဗောဓိသတ္တာဟနောင် ဗောဓိပင်အနီး၌သာလျှင် အနိမိသ၊ စင်္ကမ၊ ရတနာဃရ-ဟူသော သတ္တာဟ သုံးခုကို လွန်စေပြီးမှ ပဉ္စမသတ္တာဟ၌ အဇပါလသို့ကြွသည်။ (ခုနစ်+ရက်သည် သတ္တာ+ဟ မည်၏။) အစဉ်အတိုင်းကား … ဘုရားအဖြစ်သို့ရောက်၍ ဗောဓိသတ္တာဟ နေသောအခါ နတ်အချို့သည် “မြတ်စွာဘုရားသည် မထသေး၊ တပါးသော ဘုရားဖြစ်ကြောင်းတရားများ ရှိလေသေးသလော”ဟု ယုံမှား၏။

ထို့ကြောင့် ရှစ်ရက်မြောက်နေ့၌ သမာပတ်မှထ၍ နတ်တို့၏ယုံမှား ပျောက်ခြင်းငှါ ကောင်းကင်သို့ပျံတက်၍ ရေမီးအစုံ တန်ခိုးပြပြီးလျှင် ပလ္လင်မှ စဉ်းငယ်အရှေ့ကျသော မြောက်အရပ်၌ရပ်လျက် လေးသင်္ချေနှင့် ကမ္ဘာ တသိန်း ပါရမီဆည်းပူးမှရသော ပလ္လင်နှင့်ဗောဓိကို မျက်စိမမှိတ်ပဲ ကြည့်လျက် ခုနစ်ရက် နေ၏။ ထိုနေရာသည် အနိမိသစေတီ မည်၏။

ပလ္လင်နှင့်ရပ်ကြည့်ရာ အကြား အရှေ့ အနောက် ရှည်လျားသော (နတ်တို့ ဖန်ဆင်းသော ရတနာစင်္ကြံ၌ စင်္ကြံကြွလျက် ခုနစ်ရက်နေ၏။ ထိုနေရာသည် ရတနာစင်္ကြံ စေတီမည်၏။

ထိုမှ အနောက်ဘက်၌ နတ်တို့ဖန်ဆင်းသော ရဟနာဃရ (ရွှေအိမ်) ၌ ထက်ဝယ်ဖွဲ့ခွေနေလျက် အဘိဓမ္မာကို အထူးအားဖြင့် အနန္တနယ ပဋ္ဌာန်းကျမ်းကို သုံးသပ်၍ ခုနစ်ရက်နေ၏။ ထိုနေရာသည် ရတနာဃရစေတီမည်၏။

ဤသို့ဗောဓိပင်အနီး၌ လေးသတ္တာဟနေပြီးမှ အဇပါလသို့ကြွသည်၊ ထိုညောင်ပင်အရိပ်၌ ဆိတ်ကျောင်းသား အဇပါလတို့ နေကြသောကြောင့် အဇပါလနိဂြောဓ အမည်တွင်သည်။ ထို၌လည်း ဓမ္မကိုစိစစ်လျက်သာ ဖိုလ်ချမ်းသာ ခံစားကာ နေ၏။ ဤညောင်ပင်သည် ဗောဓိပင်မှ အရှေ့ဘက်၌ရှိသည်။

ထိုအခါ ပြဿနာလာမေးသော ပုဏ္ဏားကား ဒိဋ္ဌမင်္ဂလိက မည်၏။ (မသန့်ရှင်းသည်ကို မြင်လျှင် စက်ဆုပ်၏။) မာန ဒေါသစွမ်းဖြင့် ဟုံဟင်စသော အသံပြုတတ်၏။ ထို့ကြောင့် ဟုံဟုင်္ကဇာတိကလည်း မည်၏။]

(သာဋီ ... မဂ်ဖိုလ်ရ၍ နိဗ္ဗာန်မျက်မှောက်ပြုပြီးသော နတ်တို့သည် တစိတ်တဒေသအားဖြင့် ဗုဒ္ဓဂုဏ်တော်ကို သိကုန်၏။ တပါးသော နတ်တို့ကား မသိ၍ ယုံမှားကုန်၏။ မျက်စိမမှိတ်ခြင်းကား ဓမ္မပီတိပျံ့နှံ့သဖြင့် ကြည်လင်ခြင်း၊ ပွင့်ခြင်း၊ မတုန်လှုပ်ခြင်းကြောင့် မျက်စိမှိတ်ခြင်းမှ ကင်း၏။ အမြတ်ဆုံး ဓမ္မရတနာခုနစ်ပါး အဘိဓမ္မာတရားတို့ကို သုံးသပ်ရာဌာနသည် ရတနာဃရစေတီမည်၏။)

ရောင်ခြည်တော် ၂-နေရာ

အဇပါလ၌ ဓမ္မစိစစ်ပုံကား အဘိဓမ္မာ၌ “ပဋ္ဌမသည် ဓမ္မသင်္ဂဏီကျမ်း မည်၏။ ထိုနောက် ဝိဘင်းကျမ်း ဓာတုကထာကျမ်း၊ …လ… ပဋ္ဌာန်းကျမ်း မည်၏” ဟု သုံးသပ်သည်။ သဏှသုခုမ ပဋ္ဌာန်းကျမ်း၌ စိတ်သက်ဝင်သောအခါ မြတ်စွာဘုရားအား ပီတိဖြစ်၏။ ပီတိဖြစ်သော် သွေးကြည်၏။ သွေးကြည်သော် အရေကြည်၏။ အရေကြည်သော် ရှေ့ကိုယ်တော်မှ အိမ်လုံး တောင်လုံးမျှ ရောင်ခြည်တော်တို့ ထကြွ၍ ကောင်းကင်ပျံ ဆဒ္ဒန်ဆင်မျိုးကဲ့သို့ ပခုံးစွန်းမှ တောင်ဘက်၊ လက်ဝဲပခုံးစွန်းမှ မြောက်ဘက်၊ အနန္တစကြဝဠာသို့ ဘဝါးပြင်မှ သန္တာညွန့်အသွေး နီထွေးသော ရောင်ခြည်တော်တို့သည် မြေ ရေ လေ ဖောက်ခွဲ၍ အောက် အဇဋာကာသသို့ ဦးခေါင်းတော်မှ ဝန်းကျင်လုံးဝိုင်း ပတ္တမြားပန်းဆိုင်း ကဲ့သို့ ညိုသော ရောင်ခြည်တော် အလုံးလိုက်အလိပ်လိုက်ထ၍ နတ်ပြည် ဗြဟ္မာ့ပြည်တို့ကိုလွှမ်း၍ အထက် အဇဋာကာသသို့ ပြေးဝင်ကုန်၏။ ထိုနေ့၌ အနန္တစကြဝဠာတို့၌ အနန္တ သတ္တဝါအားလုံး ရွှေအဆင်း ရှိကုန်၏။ ထိုနေ့ ကိုယ်တော်မှထွက်သော ရောင်ခြည်တို့သည် ယနေ့တိုင်အောင် အနန္တစကြဝဠာတို့သို့ ပြေးသွားကုန်ဆဲသာ ဖြစ်ကုန်၏။

ရတနာဃရသတ္တာဟ ၌လည်း ပဋ္ဌာန်းကျမ်း သုံးသပ်သောအခါ ဤအတူ ရောင်ခြည်တော်တို့ ထွက်ပြီးကုန်ပြီ။ အဋ္ဌသာလိနီ၌ ၂၁-ရက် အတွင်း ရောင်ခြည်တော်မထွက်၊ စတုတ္ထသတ္တာဟရတနာရ၌ ယမိုက်ကျမ်းအထိ ရောင်ခြည်တော် မထွက်၊ ပဋ္ဌာန်းကျမ်းသုံးသပ်မှ သဗ္ဗညုတဉာဏ်တော် အခွင့်ရ၍ ရောင်ခြည်တော်တို့ ထွက်ကုန်၏။ ထိုအခါ တိသဟဿိ မဟာသဟဿိ လောကဓာတ်ဟူသော စကြဝဠာ ကုဋေတသိန်းတိုင် အရောင်ပြန့်သော မဟာဗြဟ္မာသည်လည်း ပိုးစုန်းကြူးကဲ့သို့ဖြစ်၏။ (တထောင်တည် x တထောင်ဖြင့် သုံးကြိမ် မြှောက်၊ တကြိမ်မြှောက်လျှင် တသန်း၊ နှစ်ကြိမ် မြောက်လျှင် ရာကုဋေ၊ သုံးကြိမ်မြောက်လျှင် သိန်းကုဋေ ဖြစ်၏။)

ဤတန်ခိုးသည် ဘုရားရှင်တို့၏ အဓိဋ္ဌာနိဒ္ဓိ၊ ဘာဝနာမယိဒ္ဓိမဟုတ်။ နူးညံ့သိမ်မွေ့သော သဏုသုခုမဓမ္မကို သုံးသပ်၍ သွေးကြည်၏။ ဝတ္ထုရုပ် ကြည်၏။ အရေအဆင်းကြည်၏။ စိတ်ကြောင့်ဖြစ်သော ဝဏ္ဏဓာတ်သည် ထက်ဝန်းကျင် အတောင်ရှစ်ဆယ် အရပ်တိုင်အောင် မတုန်မလှုပ် တည်လေပြီဟုဆိုသည်။

ဟုံဟုင်္ကဇာတိ ပုဏ္ဏားကား ဒုက္ကရစရိယာ ခြောက်နှစ်အတွင်း ဘုရားရှင်ကို မြင်ဖူး၏။ စကားလည်းပြောဖူး၏။ ဓမ္မဒေသနာ၏ တည်ရာ မဟုတ်သောကြောင့် ထိုပုဏ္ဏားအား တရားမဟောပဲ ဥဒါန်းကျူးသည်။ ဥဒါန်း ကျူးသည်ကို ကြားလျက် ပုဏ္ဏား သစ္စာလေးပါး မထိုးထွင်းနိုင်၊ ဤအတူ ဥပက အာဇီဝကလည်း ဘုရားဂုဏ် ကျေးဇူး ကြားနာရလျက် သစ္စာလေးပါး မထိုးထွင်းနိုင်၊ ဓမ္မစကြာတရား မဟောမီ ရှေ့အဖို့၌ ဘုရားဟောတရား ကြားနာကြရသော်လည်း တပုဿ ဘလ္လိက တို့အား သရဏဂုဏ် ပေးခြင်းကဲ့သို့ ဝါသနာဘာဂီသာ ဖြစ်၏။ အသေက္ခဘာဂီယ၊ နိဗ္ဗေဓဘာဂီယမဖြစ်။

။ ဤကား ဓမ္မတာတည်း။

(ဗုဒ္ဓဝင်ပါဠိတော်မှ ဘုရားအရပ်တော် ၁၆-တောင်ဟု ဆိုသည်။ ရှေ့နောက်ဝဲယာ အထက်အားဖြင့် အရပ်ငါးပါး၌ အရပ်တော် ၁၆-တောင်နှင့်အမျှ တလံရောင်ခြည်တော်ကို ၁၆-တောင် ငါးလီနည်းဖြင့် အတောင်ရှစ်ဆယ် ဝန်းကျင်ဟု မိန့်ဆိုကုန်၏။ အဋ္ဌကထာနည်း ၁၈-တောင် x ငါးလီ ယူလျှင် ကိုးဆယ် ဝန်းကျင်ဟု ဆိုသင့်၏။ သုတ်သီလက္ခန်ဋီကာသစ်၌ ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ ထက်၊ အောက် အရပ် ၆-ပါး၌ အတောင်ရှစ်ဆယ် ရောင်ခြည်ကို အဝေးမှ တလံဝန်းကျင် ထင်ရသည်ဟု ဆို၏။)

မုစလိန္ဒကထာ

မြတ်စွာဘုရားသည် ပဉ္စမသတ္တာဟ လွန်သောအခါ အဇပါလမှ မုစလိန္ဒ ကျည်းပင်သို့ ကြွပြီးလျှင် ထို ကျည်းပင်အောက်၌ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် ဝိမုတ္တိချမ်းသာ ခံစားကာ နေတော်မူ၏။ ထိုအခိုက်တွင် အခါမဲ့မိုးစွေခြင်း ဖြစ်၏။ ထို(မပြတ်ရွာ၏။) ဧသော လေဖြင့် နှိပ်စက်အပ်သော နေ့ရက်ရှိသော မိုးစွေခြင်းဖြစ်၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် မိမိဘုံဗိမာန်မှထွက်၍ ဘုရားရှင်ကို အအေး အပူ မှက် ခြင် စသည် မနှိပ်စက်ပါစေလင့်ဟု ကိုယ်တော်ကိုခုနစ်ပတ်ခွေလျက် ပါးပျဉ်းမိုးကာ တည်နေ၏။ ခုနစ်ရက်လွန်၍ မိုးတိမ်တိုက် ကင်းသောအခါ အခွေဖြေ၍ လုလင်အသွင်ဖြင့် ရှေ့တော်၌ လက်အုပ်မိုး၍ ရှိခိုးကာ တည်နေ၏။

ထိုအခါ ဘုရားရှင်သည် (ဝိဝေကသုခ ခံစားသူအား နေရာမရွေး ချမ်းသာ၏ဟု) ထိုအနက်ကိုသိ၍ (ဝါ-ဉာဏ်ဖြင့်ယူ၍) သုခေါဝိဝေကော တုဋ္ဌဿ ... စသည်ဖြင့် ဥဒါန်းကျူးတော်မူ၏။ ဝါ-မဂ်ဉာဏ်ဖြင့် ရောင့်ရဲ နှစ်သက်သော တရားကို ထင်ရှားစွာ သိမြင်သောသူအား ဥပဓိဝိဝေက နိဗ္ဗာန်သည် ချမ်းသာ၏။ အမျက် မရှိခြင်းသည် ချမ်းသာ၏။ သတ္တဝါတို့၌ မညဉ်းဆဲသော စောင့်စည်းခြင်းသည် ချမ်းသာ၏။ ကာမအာရုံလွန်၍ ရာဂကင်းခြင်းသည် ချမ်းသာ၏။ ငါဟူသောမာန ငြိမ်းခြင်းသည် လွန်စွာ ချမ်းသာ၏ဟု ဥဒါန်းကျူးတော်မူ၏။

။ မုစလိကထာပြီး၏။

(ထာ …. မိုး ကာလ မရောက်မီ နွေဥတုအဆုံးတလ၌ ရွာသောမိုးသည် အကာလမေဃ-အခါမဲ့မိုး မည်၏။ မုစလိန္ဒနဂါးမင်းကား ကျည်းပင်အနီး ရေကန်၌ဖြစ်သော အာနုဘော်ကြီးသော နဂါးမင်းဖြစ်၏။ ခုနစ်ပတ်ခွေ အတွင်းသည် လောဟပါသာဒ ဘဏ္ဍာတိုက်ခန်း ပမာဏကျယ်၏။ ဘုရားရှင်သည် လေတိတ်ရာ တံခါး ပိတ်သော ကျောင်း၌ကဲ့သို့ နေတော်မူရ၏။ ဥဒါန်းကျူးရာ ချမ်းသာငါးမျိုးဖြင့် အစဉ်အတိုင်း နိဗ္ဗာန်ကို လည်းကောင်း၊ မေတ္တာဈာန်၏ရှေ့ ဥပစာရမေတ္တာကိုလည်းကောင်း၊ ကရုဏာ ဈာန်၏ရှေ့ ဥပစာရကရုဏာကို လည်းကောင်း၊ အနာဂါမိမဂ်ကိုလည်း ကောင်း၊ အရဟတ္တမဂ်ကိုလည်းကောင်း ပြသည်။)

(သာဋီ ... မုစလိန္ဒသည် နိပရုက္ခမည်၏။ နိစုလလည်း၏။ အခါမဲ့မိုးသည် စကြဝဠာတိုက်လုံးကို ပြည့်စေလျက် ရွာသွန်း၏။ စကြဝတေးမင်း ဖြစ်သောအခါ ဘုရားပွင့်သောအခါ အခါနှစ်ပါး၌သာ ရွာသွန်းသတတ်။ ကျည်းပင်အနီး ရေကန်၏အောက်၌ နဂါးဗိမာန်ရှိ၏။ ထိုဗိမာန်၌ဖြစ်သည်ကို ရေကန်၌ဖြစ်သည်ဟု ဆိုသည်။ ထိုနဂါးမင်းသည် ငါ၏ဗိမာန်အနီး သစ်ပင်အောက်၌ ဘုရားရှင် နေတော်မူသည်။ မိုးသည်လည်း ခုနစ်ရက် စွေသည်၊ နေရာကျောင်း ရသင့်၏ဟုကြံ၍ ရတနာပြာသာဒ် ဖန်ဆင်းနိုင်သော်လည်း ဘုရားရှင်အား ကာယဝေယျာပစ္စပြုအံ့ဟု အတ္တဘောကို ကြိးစွာဖန်ဆင်း၍ ခုနစ်ပတ်ငွေ့၍ အထက်၌ ပါးပျဉ်းမိုးထား၏။ လောဟပါသာဒ ဘဏ္ဍာတိုက်ခန်း ပမာဏကျယ်သည်ဟု ဤအဋ္ဌကထာ၌ ဆို၏။

မဇ္ဈိမဋ္ဌကထာ၌ကား ဘုရားရှင်လိုရာ ဣရိယာပုတ်ဖြင့် နေနိုင်လတ္တံ့ ဟု နဂါးမင်း အလိုဆန္ဒဖြင့် ဘဏ္ဍာတိုက်ခန်းမျှ ကျယ်အောင်ခွေ၏။ အလယ်၌ ရတနပလ္လင် ခင်းထား၏။ အထက်၌ ရွှေကြယ်စီသော နံ့သာပန်းဆိုင်း မျက်နှာကြက် တပ်ဆင်၏။ ထောင့်လေးခု၌ နံ့သာဆီမီး ထွန်းထား၏။ လေးမျက်နှာ၌ စန္ဒကူးနံ့သာကြုတ် ဖွင့်ထား၏ ဟုဆို၏။ ဘုရားရှင်ကား လိုရာဣရိယာပုထ်ဖြင့် နေစေလိုသော်လည်း ထိုင်မြဲတိုင်းသာ ခုနစ်ရက်ကို လွန်စေသည်။)

ရာဇာယတနကထာ

မြတ်စွာဘုရားသည် ဆဋ္ဌသတ္တာဟ လွန်သောအခါ မုစလိန္ဒမှ ရာဇာယတန-လင်းလွန်းပင်သို့ ကြွပြီးလျှင် ထိုလင်းလွန်းပင်အောက်၌ ခုနစ်ရက်ပတ်လုံး တခုသောပလ္လင်ဖြင့် ဝိမုတ္တိ ချမ်းသာ ခံစားကာ နေတော်မူ၏။ ထိုအခိုက်တွင် တပုဿ၊ ဘလ္လိက ကုန်သည်တို့သည် ဥက္ကလာဇနပုဒ်မှ ခရီးရှည်သွားစဉ် ဆွေမျိုး တော်စပ်ဖူးသောနတ် တိုက်တွန်းသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ မန္တ-မဆုပ်သောမုံ့ကြွပ်ကျစ်ကို မဓုပိဏ္ဍိကာ-ပျားထောပတ်စသည် ရော၍ ဆုပ်သော ပျားမုံ့ဆုပ်ကို အကျွန်ုပ်တို့၏ စီးပွားချမ်းသာအလို့ငှာ အလှူခံတော်မူပါဟု လျှောက်ကုန်၏။

“ဘုရားရှင်တို့သည် လက်တို့ဖြင့် အလှူမခံကုန်၊ အဘယ်ဖြင့် အလှူခံရအံ့နည်း”ဟု ဘုရားရှင်အား အကြံဖြစ်သဖြင့် နတ်မင်းကြီး လေးယောက်တို့သည် သိ၍ ကျောက်သပိတ်လေးလုံးတို့ကို လှူကုန်၏။ ဘုရားရှင်သည် အသစ်စက်စက်သပိတ်ဖြင့် မုံ့ကြွပ်ကျစ်၊ ပျားမုံ့ဆုပ်ကို အလှူခံ၍ ဘုဉ်းပေးတော်မူ၏။ ဘုဉ်းပေးပြီးသောအခါ တပုဿ၊ ဘလ္လိကတို့သည် ခြေတော်ရင်း၌ ဝပ်စင်း၍ မြတ်စွာဘုရား အကျွန်ုပ်တို့သည် ဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ ယနေ့မှစ၍ တသက်ပတ်လုံး ဆည်းကပ်သော ဥပါသကာတို့ ဟူ၍ မှတ်တော်မူပါဟု လျှောက်ကုန်၏။ ထိုသူတို့သည် လောက၌ ရှေးဦးစွာ ဒွေဝါစိကာ ဥပါသကာတို့ဖြစ်ကုန်၏။

။ ရာဇာယတနကထာ ပြီး၏။

ထာ ...မုစလိန္ဒကျည်းပင်သည် ဗောဓိပင်မှ အရှေ့တောင်ထောင့်၌ တည်၏။ ရာဇာယတန လင်းလွန်းပင်သည် တောင်ဘက်အရပ်၌ တည်၏။ လင်းလွန်းပင်အောက်၌ ခုနစ်ရက်နေ၍ သမာဓိမှ ထသောနေ့ အရုဏ်တက်ချိန်၌ ဘောဇဉ်ကိစ္စဖြစ်သင့်ပြီဟု သိကြားမင်းသိ၍ (ဒန်ပူနှင့်) ဆေးဖန်ခါးသီး၊ ဝါ- ကြစုသီး ဆက်ကပ်၏။ ဘုဉ်းပေးကာမျှတွင် သရီရကိစ္စ ကိုယ်လက်သုတ်သင်ခြင်းကိစ္စဖြစ်၏။ မျက်နှာသစ်ရေကိုလည်း သိကြားမင်း လှူ၏။ ဘုရားရှင်သည် မျက်နှာသစ်ရေ သုံးဆောင်ပြီးလျှင် လင်းလွန်းပင် အောက်၌သာ နေတော်မူ၏။ ထိုအခိုက်တွင် တပုဿ၊ ဘလ္လိကညီနောင် ကုန်သည်တို့ မဇ္ဈိမဒေသသို့ ခရီးရှည်သွားစဉ် ဆွေမျိုးဖြစ်ဖူးသော နတ်သည် ထိုကုန်သည်တို့၏လှည်းတို့ကို မသွားနိုင်အောင်ပြု၏။ မဒေဝတာတို့ကို တင်မြှောက်သောအခါ ကိုယ်ထင်ရှားပြ၍ ဘုရားရှင်အား မုန့်လှူကြဟု တိုက်တွန်း၏။

ဘုရားရှင်၏ ဒုက္ကရစရိယာ ကျင့်စဉ်က သပိတ်သည် သုဇာတာ နို့ဃနာလာလှူသော အခါတွင် ကွယ်ပျောက်ခဲ့ပြီ၊ ထို့ကြောင့် ငါ့အား သပိတ်မရှိ၊ အဘယ်ဖြင့ ်ခံရအံ့နည်းဟု ကြံတော်မူ၏။ ဤနေ့အထိ သုဇာတာလှူသော ဘောဇဉ်သည် ဩဇာဖွဲ့၍ တည်၏။ ခုနစ်ရက်ခုနစ်လီ ၄၉-ရက်ပတ်လုံး ဆာလောင်မွတ်သိပ်ခြင်း၊ ကိုယ်အားနည်းပါးခြင်း မဖြစ်၊ ယနေ့ကား အာဟာရအလှူခံခြင်းငှာ “ရှေးဘုရားတို့ သပိတ်ဖြင့် ခံကုန်၏” စသည်ဖြင့်ကြံတော်မူ၏။

နတ်မင်းကြီးတို့သည် ရှေးဦးစွာ ဣန္ဒနီလာမဏိဖြင့်ပြီးသော သပိတ်တို့ကို လှူကုန်၏။ အလှူမခံ၊ ထို့နောက် ပဲနောက်အဆင်း ကျောက်သပိတ် လေးလုံးတို့ကို လှူကုန်၏။ လေးလုံးတို့ကို နတ်မင်းကြီးတို့၏ သဒ္ဓါတရားကိုငဲ့၍ အလှူခံပြီးလျှင် တလုံးတည်းဖြစ်အောင် ဓိဋ္ဌာန်တော်မူ၏။ ကုသိုလ်အကျိုး တူစေတော်မူ၏။ တပုဿ ဘလ္လိက တို့သည် ဥပါသကာအဖြစ် လျှောက်ပြီးသောအခါ မြတ်စွာဘုရား-အကျွန်ုပ်တို့သည် ယနေ့မှစ၍ အဘယ်သူအားရှိခိုးခြင်း၊ ခစားခြင်းပြုရပါကုန်အံ့နည်းဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဦးခေါင်းတော်ကိုသုံးသပ်၍ လက်၌ကပ်ငြိသော ဆံတော်တို့ကို ပေးသနားတော်မူ၏၊ ဆံတော်တို့ကို ရသောအခါ အမြိုက်ရေစင်ဖျန်းသကဲ့သို့ ဝမ်းမြောက်စွာရှိခိုး၍ ဖဲသွားကုန်၏။]

(ဧကအင်္ဂုတ္ထိုရ်အဋ္ဌကထာ၌ … အသိတဉ္စနမြို့သား တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပဉ္စမဘဝ၌ မိခင်ဖြစ်ဖူးသော ဘုမ္မစိုရ်းနတ် တိုက်တွန်းသဖြင့် မုန့်လှူ၍ ဒွေဝါစိကသရဏဂုံ ဆောက်တည်၍ ပူဇော်ရန် တောင်းသောအခါ ဆံတော်ရှစ်ဆူ ပေးသနားသည်ကို ရွှေပန်းတောင်းဖြင့် ထည့်ယူသွားပြီးလျှင် အသိတဉ္စနမြို့တံခါး၌ စေတီတည်ကုန်၏။ ဥပုသ်နေ့တို့၌ ထိုစေတီမှ ညိုသောရောင်ခြည်တော် လွှတ်သည်ဟု ဆို၏။

(ထေရဂါထာအဋ္ဌကထာ၌ ... သုံးဆယ့်တကမ္ဘာထက်၌ သိခီဘုရားအား ဥဇိတ၊ ဩဇိတတို့ ရှေးဦးစွာ အာဟာရ လှူကြရသည်ဟုကြား၍ အလှူကြီးလှူပြီးလျှင် နောင်အခါ ရှင်တော်မြတ်ဘုရား ကဲ့သို့သော ဘုရားရှင်အား ရှေးဦးစွာအာဟာရ လှူနိုင်ကြရပါလို၏ဟု ဆုတောင်းခဲ့၍ ငါတို့ဘုရား လက်ထက်၌ ပေါက္ခရဝတီမြို့သား တပုဿ၊ ဘလ္လိကညီနောင် ဖြစ်လာကုန်၏။ လှည်းငါးရာကုန်တင်၍ ကုန်သွယ် သွားကြရာ ဆွေမျိုး ဖြစ်ဖူးသောနတ် တိုက်တွန်းသဖြင့် ဘုရားရှင်အား မုန့်လှူ၍ ဒွေဝါစိကသရဏဂုံ ဆောက်တည်၍ ဆံတော်ဓာတ်များ ရလာကုန်၏။ ဘုရားရှင် ဓမ္မစကြာဟော၍ အစဉ်အားဖြင့် ရာဇဂြိုဟ်၌နေသော ညီနောင်နှစ်ယောက် ရောက်လာ၍ တရားနာရသဖြင့် နောင်တော် ဘပုဿ သောတာပန် တည်သည်။ ညီတော် ဘလ္လိက ရဟန်းပြု၍ ဆဠာဘိညရဟန္တာဖြစ်သည်ဟုဆို၏။ သီဟိုဠ်မူတို့၌ တပုဿ၊ ဘလ္လိယ ဟုမူကွဲသည်။)

ဗြဟ္မယာစနကထာ

မြတ်စွာဘုရားသည် သတ္တမသတ္တာဟ လွန်သောအခါ ထိုသမာဓိမှထ၍ ရာဇာယတန အဇပါလညောင်ပင်သို့ ချဉ်းကပ်၍ နေတော်မူ၏။ ထိုအခါ ဤသို့အကြံဖြစ်၏။ ငါသိသော တရားသည် သိမ်မွေ့၏။ နက်နဲ၏။ မြင်သိနိုင်ခဲ၏။ ကြံစည်၍မရကောင်း၊ ပညာရှိတို့သာ သိအပ်၏။ သတ္တဝါအပေါင်းသည် ကာမဂုဏ် ငါးပါး ကွယ်တာခြင်း၌ မွေ့လျော်၏။ ဤပဋိစ္စသမုပ္ပါဒ်တရား၊ ဤနိဗ္ဗာန်တရားကား မြင်နိုင်ခဲ၏။ ဟောကြားသော် လည်း မသိကုန်ရာ၊ ပင်ပန်းရုံသာ ဖြစ်ရာ၏။ ငြိုငြင်စွာရအပ်သော တရားမြတ်ကို ဟောပြခြင်းငှာ မသင့်။ ရာဂ ဒေါသ အားကြီးသူတို့မသိလွယ်။ နိဗ္ဗာန်ရောက်ကြောင်း သိမ်မွေ့သော တရားကို အမိုက်မှောင်ဖုံး ရာဂတုံးတို့ မမြင်နိုင်ကုန်-ဟု ကြံစည်ဆင်ခြင်စဉ် ကြောင့်ကြမဲ့နေခြင်းငှာ တရား မဟောခြင်းငှာ စိတ်ညွှတ်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာကြီးသည် “နဿတိဝတဘော လောကော”။ အချင်းတို့ သတ္တလောကသည် ပျက်စီးလေစွ၊ ဘုရားရှင်အား တရားမဟောခြင်းငှာ စိတ်ညွတ်တော်မူ၏ ဟု ဆို၍ ကွေးသောလက် ဆန့်သကဲ့သို့ ဆန့်သောလက် ကွေးသကဲ့သို့ ဗြဟ္မာပြည်၌ကွယ်၍ ဘုရားရှင် ရှေ့တော်၌ ထင်စွာဖြစ်၍ ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ်တင်၍ လက်ျာဒူးဝန်း မြေ၌ ထောက်၍ လက်အုပ်ချီလျက် ... မြတ်စွာဘုရား တရားကို ဟောတော်မူပါ၊ ကိလေသာမြူ နည်းသောသူတို့ ရှိကြပါသည်၊ တရားမနာရလျှင် တရားမှ ဆုတ်ယုတ်ကုန် လတ္တံ့။ တရားကိုသိနိုင်သူတို့ ဖြစ်ကြပါလိမ့်မည်။

မြတ်စွာဘုရား- ရှေးအခါတွင် မဂဓတိုင်းတို့၌ တိတ္ထိကြီးခြောက်ဦး ကြံစည် စိတ်ကူးသော အဓမ္မစင်စစ် တရားညစ်သာ လွန်စွာ ထင်ရှားပါသည်။ နိဗ္ဗာန်တံခါးကို ဖွင့်တော်မူပါ၊ ရှင်တော်သိအပ် တရားမြတ်ကို နာကြားကြပါစေ။ တောင်ထိပ်၌ တည်သောသူသည် တောင်အောက် ဝန်းကျင် လူအပေါင်းကိုငဲ့၍ ရှုစားနိုင်သကဲ့သို့ တရားပြာသာဒ်ထက် တက်ရောက် တည်ရှိသော ရှင်တော်မြတ်ဘုရား သည်လည်း လောက အတွင်း ဇာတိ ဇရာ အညှဉ်းခံရသူအပေါင်းကို ရှုစားတော်မူပါ။ (လူယုတ်မာသည် နီးသော်လည်း ညဉ့်အခါ ပစ်သော မြှားအလား ဗုဒ္ဓစက္ခုအား မထင်ရှား။ ကျွတ်ထိုက်သော ဝေနေယျကား ဝေးသော်လည်း ညဉဉ့်အခါ မီးရောင်ပမာ ထင်ရှားပါသည်။) ထ၍ ကြွ၍ တရားဟောတော်မူပါ။ သိနိုင်သူတို့ ဖြစ်ကြပါလိမ့်မည်ဘုရားဟု လျှောက်ကြား၏။

ဗြဟ္မာကြီး ငါသိသောတရားကား နက်နဲ၏။ သတ္တဝါအပေါင်းကား ကာမဂုဏ် တွယ်တာလွန်း၏။ ပဋိစ္စသမုပ္ပါဒ်တရား၊ နိဗ္ဗာန်တရားကို သိနိုင်ခဲ၏။ မသိနိုင်သူအား ဟောကြားလျှင် ပင်ပန်းရုံသာ၊ အဝိဇ္ဇာဖုံး ရာဂတုံးတို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားကို မသိ မမြင်နိုင်ကြသောကြောင့် တရားမဟောခြင်းငှာ စိတ်ညွှတ်တော်မူသည်ဟု ပယ်တော်မူ၏။ ထို့အတူ နှစ်ကြိမ်မြောက် တောင်းပန်ပြန်လည်း ပယ်တော်မူ၏၊ သုံးကြိမ်မြောက် တောင်းပန်သောအခါ မြတ်စွာဘုရားသည် ဗြဟ္မာကြီး၏ တောင်းပန်ခြင်းကို အသိအမှတ်ပြု၍ သတ္တဝါတို့၌လည်း သနားခြင်းကိုစွဲ၍ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ရှုစားတော်မူ၏။

ထိုအခါ ဉာဏ်မျက်စိ၌ ကိလေသာမြူ နည်းသူ များတို့ကိုလည်းကောင်း၊ သဒ္ဓါစသောဣန္ဒထက်သူ၊ နှံ့သူတို့ကို လည်းကောင်း၊ သဒ္ဓါစသော အခြင်းအရာ ကောင်းသူ၊ ညံ့သူတို့ကိုလည်းကောင်း၊ တရားသိလွယ်သူ၊ သိခဲသူတို့ကိုလည်းကောင်း၊ တမလွန်၏ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၊ ရှူလေ့မရှိသူတို့ကို လည်းကောင်း မြင်တော်မူ၏။

ဥပမာကား ... ကြာတောကြာကန်၌ ရေတွင်ငုပ်လျက် ကြီးပွားသောကြာ၊ ရေနှင့်အညီတက်၍ ကြီးပွားသောကြာ၊ ရေမှတက်၍ ရေနှင့် မကပ်မငြိ ကြီးပွားသော ကြာတို့ကဲ့သို့ ကိလေသာမြူ နည်းသူ များသူစသည်တို့ကို မြင်တော်မူ၍ ဗြဟ္မာကြီး၊ ငါဘုရားသည် တရားမြတ်ကို မသိနိုင်သူတို့အား ဟောကြားခြင်းဖြင့် ပင်ပန်းအံ့ဟု အမှတ်ပြု၍ မဟောကြားလို၊ နာကြားလိုသူတို့သည် သဒ္ဓါတရားကို လွှတ်ကြစေ၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးဟူသော အရိယာမဂ်ကို ဖွင့်ပေတော့အံ့။ (သဒ္ဓါခွက်ဖွင့်ကြစေ၊ အကြံအစည် ပြည့်စေအံ့)ဟု ဝန်ခံစကား မိန့်ကြားတော်မူ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ဘုရားရှင် တရားဟောကြားခြင်းငှာ ငါအခွင့်ရပေပြီဟု ရှိခိုး၍ လက်ျာရစ်လှည့်၍ (ပန်းနံ့သာစသည်ဖြင့် ပူဇော်၍) ထိုနေရာ၌သာလျှင် ကွယ်ပျောက်လေ၏။

။ ဗြဟ္မယာစနကထာ ပြီး၏။

(ထာ ... အဇပါလ၌ နေကာမျှတွင် ဘုရားရှင်အားလုံးတို့၏ မချွတ်သော အလေ့ဖြစ်သောအကြံသည်ဖြစ်၏။ (ဘုရားရှင်တိုင်း ပဌမာ ... ဘိသမ္ဗောဓိ၌ ဖြစ်သောဓမ္မတာ ဟူလို။) အဘယ်ကြောင့် ဘုရားတိုင်း ဤသို့ ကြံသနည်းဟူမူ ဓမ္မ၏ကြီးကျယ်မြင့်မြတ်ခြင်း၊ လေးလံခြင်းကို ဆင်ခြင်ခြင်းကြောင့် လည်းကောင်း၊ ဗြဟ္မာ တောင်းပန်မှ ဟောလိုသောကြောင့် လည်းကောင်း၊ ဘုရားတိုင်း ဤသို့ ကြံသည်။ ဤသို့ကြံလျှင် ဗြဟ္မာ လာ၍ တရားဟော တောင်းပန်လတ္တံ့၊ ဗြဟ္မာ တောင်းပန်ခြင်းကြောင့် ဗြဟ္မာကို အလေးပြုလေ့ရှိသောအတိုင်း ဓမ္မ၌ ရိုသေကုန်လတ္တံ့၊ ဤအကြောင်း နှစ်ပါးကြောင့် ဤအကြံဖြစ်သည်။ သဟမ္ပတိဗြဟ္မာသည် တရားဟော တောင်းပန်ခြင်းငှာ စကြဝဠာသောင်းလောကဓာတ် ဗြဟ္မာတို့ကိုခေါ်လာ၍ ရှေ့တော်၌ ထင်ရှားစွာဖြစ်လာ၏။ သတ္တဝါတို့၏ သဒ္ဓါ စသော ဣန္ဒြေငါးပါး အနုအရင့်ကို သိသောဉာဏ်သည် ဣန္ဒြိယပရောပရိယတ္တိဉာဏ် မည်၏။ သတ္တဝါတို့၏အလို နှလုံးသွင်းကို သိသောဉာဏ်သည် အာသယာနုသယဉာဏ် မည်၏။ ဗုဒ္ဓစက္ခုဟူသည် ဤဉာဏ်နှစ်ပါး၏အမည် ဖြစ်၏။)

သာဋီ ... တရားတော်သည် နက်နဲလှသော်လည်း ဆန့်ကျင်ဘက်ကိုပယ်လျှင် ပေါ်လွင်၏။ ကောင်းစွာကျင့်မှ ဆန့်ကျင်ဘက်ကို ပယ်နိုင်သည်။ တရားနာရမှ ကောင်းစွာကျင့်နိုင်သည်။ ဘုရား၌ လည်းကောင်း၊ တရား၌ လည်းကောင်း၊ ကြည်ညိုယုံကြည်မှ တရားနာနိုင်သည်။ အထူးအားဖြင့် အများ အမြတ်တနိုး အလေးပြုအပ်သူ တောင်းပန်မှ ကြည်ညို ယုံကြည်နိုင်သည်။ ဤသို့ အဆင့်ဆင့်အားဖြင့် သတ္တဝါတို့ တရားကျင့်နိုင်ခြင်းငှာ ဗြဟ္မာတောင်းပန်ခြင်းလျှင် အကြောင်းရှိသည်ကို ပြလိုသည်။

သိသူကျင့်သူတို့အား တရားဟောခြင်းကြောင့် ဘုရားရှင် ပင်ပန်းသော်လည်း ပင်ပန်းသည် မမည်၊ မသိသူ မကျင့်သူတို့အတွက် ညောင်းညာခြင်း၊ အာခြောက်ခြင်းဖြင့် ကိုယ်ပင်ပန်းသည်။ ဘုရားရှင်တို့အား စိတ်ပင်ပန်းခြင်း မရှိ၊ အကြွင်းမဲ့ ဖြတ်ပြီးပြီ။ ဘုရားရှင်တို့အား မဂ်လေးပါးလုံး သုခပ္ပဋိပဒါ ချည်းသာ ဖြစ်သော်လည်း ပါရမီဖြည့်စဉ် ဦးခေါင်း ဖြတ်လှူခြင်း၊ သားမယားလှူခြင်း စသည်ဖြင့် ပင်ပန်းသော အာဂမနိယပဋိပဒါကိုရည်၍ ငြိုငြင်စွာ ရအပ်သောတရားဟု ဆိုသည်။

ဤတရားသည် နှစ်သိန်းလေးသောင်း ပထဝီကိုခံသော လေးသိန်းရှစ်သောင်း ရေအစုကဲ့သို့ နက်နဲ၏။ တောင်ဖုံးထားသော မုန်ညင်းကဲ့သို့ မြင်နိုင်ခဲ၏။ အစိတ်တရာစိတ်သော သားမြီးစွန်းကဲ့သို့ သိမ်မွေ့၏။ ဤ တရားကိုထိုးထွင်း၍ သိခြင်းငှာ မပြုဖူးသော ဒါနသီလစသည် မရှိ။ မာရ်နတ်စစ်သည်ကို ဖျက်ဆီးစဉ်၊ ပုဗ္ဗေနိဝါသ အောက်မေ့စဉ်၊ ဒိဗ္ဗစက္ခု သုတ်သင်စဉ် မြေမလှုပ်၊ ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် ထိုးထွင်းသောအခါ သောင်းလောကဓာတ်လှုပ်သည်]။

သဟမ္ပတိဟူသည်ကား ... ကဿပဘုရားသာသနာ၌ သဟကမထေရ် ဖြစ်၍ ပဌမဈာန်ရ၍ ပဌမဈာန်ဘုံ၌ အသင်္ချေယျတကပ် အသက်ရှိသော ဗြဟ္မာဖြစ်၏။ ဗြဟ္မာပြည်၌ သဟမ္ပတိဗြဟ္မာဟု သိကြ၏။ (သဟက + ပတိ = သဟမ္ပတိ။ က ကိုနိဂ္ဂဟိတ်ပြု၍ ဝဂ္ဂန္တပြုသည်) နဿတိဝကဘောလောကော စသော စကားကို သောင်းလောကဓာတ် ဗြဟ္မာတို့ကြား၍ အားလုံး စည်းဝေးလာကြအောင် အသံမြွက်ဆိုသည်။ ပူရာဏကဿပ စသော ဆရာ ၆-ဦးတို့သည် ရှေးဦးစွာဖြစ်၍ ဗုဒ္ဓကောလာဟကို ကြားရသဖြင့် လောကကို လှည့်စား၍ ဘုရားဟု ဝန်ခံပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းလုံး ဆူးဖြန့်သကဲ့သို့ အဆိပ်ဖျန်းသကဲ့သို့ မိစ္ဆာတရား ဟောကုန်၏။

ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ အာသယာနုသယဉာဏ် နှစ်ပါးသည် ဗုဒ္ဓစက္ခုမည်၏။ သဗ္ဗညုတဉာဏ်သည် သမန္တစက္ခု မည်၏။ အောက်မဂ်ဉာဏ် သုံးပါးသည် ဓမ္မစက္ခု မည်၏။ ကြာဥပမာ၌ ရေမှတက်သော ကြာတို့သည် နေဧရာင်ကို မျှော်လင့်ကုန်၏။ ယနေ့ပွင့်ကုန်လတ္တံ့။ ရေနှင့်အညီ တည်သော ကြာတို့သည် ဒုတိယနေ့ပွင့်ကုန်လတ္တံ့။ ရေ၌ငုပ်လျက်ကြီးပွားသော ကြာတို့သည် တတိယနေ့၌ ပွင့်ကုန်လတ္တံ့။ ရေမှ မတက်နိုင်သော အနာအဆာရှိသော ကြာတို့ကား ငါး၊ လိပ်တို့၏အစာဖြစ်ကုန်လတ္တံ့။ ထိုကြာလေးမျိုးတို့နှင့် အစဉ်အတိုင်းတူစွာ ဥဂ္ဂါဋိတညူ၊ ဝိပဉ္စိတညူ၊ နေယျ၊ ပဒပရမဟူသော ပုဂ္ဂိုလ်လေးမျိုးကို မြင်တော်မူ၏။ ထိုတွင် ရှေ့သုံးယောက်သည် ယခုဘဝ မဂ်ဖိုလ်ရနိုင်ကုန်၏။ ပဒပရမကားအနာဂတ်အကျိုးငှာ ဝါသနာထုံ၏။]

ဥပကနှင့်တွေ့ခြင်း

မြတ်စွာဘုရားသည် တရားဟော ဝန်ခံပြီးသောအခါ အဘယ်သူအား ရှေးဦးစွာ ဟောရအံ့နည်း။ အဘယ်သူသည် လျင်စွာ သိလတ္တံ့နည်းဟု ကြံ၍ ဤ အာဠာရရသေ့သည် ပညာရှိ၏။ ကိလေသာနည်း၏။ လျင်စ္စာသိလတ္တံ့ ဟု အကြံဖြစ်၏။ ထိုအခါ နတ်တယောက်သည် အာဠာရရသေ့ ကွယ်လွန်၍ ခုနစ်ရက်ရှိပါပြီ ဟုလျှောက်၏။ ဘုရားရှင်အားလည်း (ဤအာဠာရ ရသေ့ ကွယ်လွန်၍ အာကိဉ္စညာယတနဘုံ၌ ဖြစ်နေပြီဟု) သိသော သဗ္ဗညုတဉာဏ်ဖြစ်၍ အာဠာရရသေ့သည် (မဂ်ဖိုလ်မရထိုက်သော အက္ခဏဘုံ၌ဖြစ်သောကြောင့် ရသင့်သော မဂ်ဖိုလ်မှ) ရှုံးခြင်းကြီး ရှုံးလေစွ၊ တရားနာရလျှင် လျင်စွာသိပေလတ္တံ့ ဟုကြံပြီးလျှင် ဥဒက ရသေ့အား တရားဟောရန် ကြံပြန်၏။

ဥဒကရသေ့သည် (ယမန်နေ့) (သန်းခေါင်ယာမ်တွင်) ကွယ်လွန်ပါပြီဟု နတ်လျှောက်ပြန်၏။ ဘုရားရှင် အားလည်း (ဥဒကရသေ့ကွယ်လွန်၍ နေဝသညာနတ်ဘုံ၌ ဖြစ်နေပြီဟု) သဗ္ဗညုတဉာဏ်ဖြစ်၍ ရှုံးခြင်းကြီး ရှူံးလေစွဟုကြံပြီးလျှင် ပဉ္စဝဂ္ဂီတို့သည် ဒုက္ကရစရိယာ ကျင့်စဉ် ငါ့ကို လုပ်ကျွေးကုန်၏။ တရားဦး ဟောရမူ ကောင်းလေစွဟု ကြည့်လတ်သော် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ နေကြသည်ကိုမြင်၍ ဗာရာဏသီသို့ကြွတော်မူ၏။

ဗောဓိပင်နှင့်ဂယာအကြားတွင် ဘုရားရှင်ကို ဥပက တက္ကတွန်းကြီး မြင်လတ်သော်၊ ငါ့ရှင် သင့်၏စက္ခုစသော ဣန္ဒြေသည် ကြည်လင်၏။ အရောင်အဆင်း ကောင်းလှ၏။ သင်၏ဆရာ အဘယ်သူနည်းဟု မေး၏။ ဥပက-ငါသည် အလုံးစုံသော တရားတို့ကိုသိ၏။ ကိလေသာမကပ်ငြိ၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်သိသောကြောင့် အဘယ်သူကို ဆရာဟု ညွှန်းရအံ့နည်း။ လောကုတ္တရာတရား၌ ငါအားဆရာမရှိ၊ ငါနှင့်တူသူလောက၌ မရှိ၊ အတုမရှိသော ဘုရားတဆူ ဖြစ်၏။ အမတ စည်တော်ကြီးတီးရန် ကာသိတိုင်းသို့ ယခုသွား၏ ဟု ဆိုလတ်သော် ငါ့ရှင် သင်ဝန်ခံဓသာ အနန္တဇိန ဖြစ်လိုက်ပေသည်ဟု ဆို၏။ ဥပက-ငါတို့ကဲ့သို့သော သူတို့သည် အာသဝေါ ကင်း၍ ယုတ်မာသောတရားတို့ကို အောင်ခြင်းကြောင့် ဇီနဖြစ်ကုန်၏ဟုဆိုလတ်သော်၊ ငါ့ရှင်ဟုတ်တန်ရာ၏ဟု ဦးခေါင်းငြိမ့်ကာ လမ်းဖယ်၍ ဖဲသွားလေ၏။ မြတ်စွာဘုရားလည်း အစဉ်အတိုင်း ပဉ္စငဂ္ဂီငါးဦးတို့ထံ ချည်းကပ်လေ၏။

(သာဋီ ... တပါးသော ဘုရားရှင်တို့သည် တရားဦးဟောရန် ကြွသောအခါ ကောင်းကင်ဖြင့်ကြွ၍ ဣသိပတန မိဂဒါဝုန်တော၌ သက်ဆင်းကုန်၏။ ငါတို့ဘုရားရှင်ကား ဥပက၏ ဥပနိဿယကိုမြင်၍ ၁၈-ယူဇနာခရီးကို ခြေဖြင့်သာ ကြွ၏။ ဗောဓိမဏ္ဍမှ ဂယာထိ သုံးဂါဝုတ်၊ ဗာရာဏသီထိ ၁၈-ယူဇနာရှိ၏။

ဥပကလည်း ဂယာအကြား ဘုရားရှင်နှင့် စကားပြော၍ ဖဲသွားပြီးလျှင် ဝင်္ကယာရဇနပုဒ်၌ မုဆိုးရွာကိုမှီ၍ နေ၏။ အကြီးအကဲမုဆိုးသည် လုပ်ကျွေး ခစား၏။ ခြင် မှက် ပေါများလှသောကြောင့် အိုးစရည်းကြီးတခု၌ နေစေ၏။ ထိုရွာ၌ လူထွက်၍ မုဆိုးသမီး စာပါနှင့် သင့်မြတ်၍ သုဒ္ဒမည်သော သားတယောက်ရပြီးမှ စာပါ၏ သားချော့တေး ကဗျာသံဖြင့် ငြီးငွေ့၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ဘုရားရှင်ထံ မေးမြန်း၍ လိုက်သွား၍ ရဟန်းပြု၏။ ကမ္မဋ္ဌာန်းအားထုတ်၍ အနာဂါမ်တည်၍ စုတေလတ်သော် သုဒ္ဓါဝါသ အဝိဟာဘုံ၌ ဖြစ်၏။ ဖြစ်သောခဏ၌ပင် ရဟန္တာဖြစ်၏။

အဝိဟာဘုံ၌ ဖြစ်သောခဏတွင် ရဟန္တာဖြစ်သူသည် ဥပက၊ သလဘဏ၊ ပက္ကုသာတိ၊ ဘဒ္ဒိယ (၄)၊ ခဏ္ဍ ဒေဝ၊ ဗာဟုရန္တိ၊ ပိင်္ဂီယ (၃) ဟု ခုနစ်ယောက်ရှိ၏။။

ဇိဋီ ... ဥပကသည် မုဆိုးသမီး ဆာဝါကြောင့် ငြီးငွေ့၍လာသောအခါ အနာဂါမ်တည်လိမ့်မည် ဟု ဥပနိဿယ ပြည့်စုံခြင်းကို ဘုရားရှင် မြင်တော်မူ၏။

ဝိဋီ ... အနန္တဇိန ဖြစ်ထိုက်ပေသည်ဟု ဥပကဆိုခြင်းသည် နောင်ဒုက္ခတွေ့သောအခါ သတိရ၍ မဂ်ဖိုလ် ရကြောင်းဖြစ်၏။ ထိုဥပကနှင့် တွေ့ဆုံနိုင်အောင် ခြေဖြင့်သာ ကြွတော်မူသည်။

(ဗောဓိ-သဗ္ဗညုတ ဉာဏ်တော်၏၊ မဏ္ဍ-ကြည်လင်ရာ သစ်ပင်သည်-ဗောဓိမဏ္ဍ မည်၏။)

ဓမ္မစကြာ၊ အနတ္တလက္ခဏာ ဟောခြင်း

မြတ်စွာဘုရားသည် ဗာရာဏသီ ဣသိပတနမိဂဒါဝုန် ပဉ္စဝဂ္ဂီတို့ထံ ချဉ်းကပ်သောအခါ ပဉ္စဝဂ္ဂီတို့ မြင်လတ်သော်၊ ငါ့ရှင်တို့ ဤရဟန်းကြီး ဂေါတမသည် ကြွလာ၏။ ဒုက္ကရစရိယာ အကျင့်မှထွက်၍ ပစ္စည်းပေါများခြင်းငှာ လှည့်လည်၏။ ရှိမခိုးအပ် ခရီးဦးမကြိုဆိုအပ်၊ သပိတ်-သင်္ကန်း လှမ်းမယူအပ်၊ ထိုင်လိုလျှင် ထိုင်ရန် နေရာခင်းအပ်၏ဟု ကတိကဝတ်ပြုကုန်၏။

ဘုရားရှင် အနီးသို့ ရောက်လဘ်သော် ပဉ္စဝဂ္ဂီတို့ ကတိကဝတ်မတည်ပဲ ခရီးဦးကြိုဆို၍ သပိတ်-သင်္ကန်း လှမ်းယူခြင်း၊ နေရာခင်းခြင်း၊ ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ်အိုးခြမ်း ထားခြင်းတို့ကို အသီးသီး ပြုကုန်၏။ ဘုရားရှင်သည် ခင်းပေးသော နေရာ၌ထိုင်၍ ခြေတို့ကို စင်ကြယ်စေ၏။ ဘုရားရှင်ကိုကား အမည်ဖြင့်လည်းကောင်း၊ အာဝုသောအခေါ်ဖြင့်လည်းကောင်း ပြောဆိုကုန်၏။

ချစ်သားတို့-မြတ်စွာဘုရားကို အမည်ဖြင့် အာဝုသောဖြင့် မပြောဆိုကြလင့်၊ ငါဘုရားသည် အလုံးစုံသော တရားကိုသိပြီ၊ နားထောင်ကြ၊ အမြိုက်နိဗ္ဗာန်ရပြီ၊ ဆုံးမမည်။ တရားဟောမည်၊ ဆုံးမတိုင်း ကျင့်လျှင် မကြာမီ နိဗ္ဗာန်မျက်မှောက် ပြုရလတ္တံ့ ဟု မိန့်ဆိုလတ်သော်။ ငါ့ရှင်ဂေါတမ။ သင်သည် ဒုက္ကရစရိယာ လွန်စွာ ကျင့်ပါလျက် တရားထူးမရ၊ ယခုအခါ အကျင့်မှထွက်၍ ပစ္စည်းပေါများခြင်းငှာ လှည့်လည်လျက် အဘယ်မှာ တရားထူး ရနိုင်အံ့နည်းဟု ဆိုကုန်၏။

ချစ်သားတို့ - ငါသည် အကျင့်မှမထွက်၊ ပစ္စည်းပေါများခြင်းငှာ မလှည့်လည်၊ ငါဘုရားဖြစ်ပြီ၊ အမြိုက်တရား နားထောင်ကြဟု မိန့်ဆိုပြန်သော် ပဉ္စဝဂ္ဂီတို့သည် နှစ်ကြိမ်မြောက် အဘယ်မှာ တရားထူး ရနိုင်အံ့နည်း ဟု ဆိုကုန်၏။ နောက်တဖန် မိန့်ဆိုပြန်လည်း သုံးကြိမ်မြောက် ငြင်းပယ်ကုန်၏။

ချစ်သားတို့ … သင်တို့သည် ရှေး၌ ဤသို့ငါပြောဖူးသည်ကို သိကြသလောဟု မိန့်ဆိုလတ်သော်၊ မသိကြပါ ဘုရားဟု ဝန်ခံကုန်၏။ (ပဉ္စဝဂ္ဂီတို့သည် ဤစကား တပုဒ်တည်းဖြင့် သတိရ၍ ဂါရဝဖြစ်၍ မချွတ် ဘုရားဖြစ်ပြီဟု ယုံကြည်စွာ ဝန်ခံကုန်၏။) ချစ်သားတို့-ငါဘုရားဖြစ်ပြီ၊ အမြိုက် တရားနားထောင်ကြဟု မိန့်ဆိုခြင်းဖြင့် (ငါဘုရားဟု) သိစေခြင်းငှာ စွမ်းနိုင်ပြီဖြစ်၍ ပဉ္စဝဂ္ဂီတို့သည် ရိုသေစွာ နားထောင်ကုန်၏။ အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ စိတ်ကိုဖြစ်စေကုန်၏။

ထိုအခါ ဒွေမေဘိက္ခဝေ ခန္တာ ပဗ္ဗဇိတေန နေသေဝိတဗ္ဗာ ... စသည်ဖြင့် ဓမ္မစကြာတရား ဟောကြားတော်မူ၏။ (၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညနေ နေဝင်လထွက် အချိန် ဓမ္မစကြာ ဟောသည်) တရားအဆုံး၌ ပဉ္စဝဂ္ဂီတို့သည် ဘုရားရှင် ဟောသော တရားကို လွန်စွာနှစ်သက်ကုန်၏။ (ဗြဟ္မာ တဆဲ့ ရှစ်ကုဋေနှင့် တကွ) အရှင်ကောဏ္ဍညအား ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗတံနိရောဓဓမ္မံ ဟု၊ ဝါ-ဖြစ်သမျှ ချုပ်ရခြင်းသာဟု ဓမ္မစက္ခု ထင်စွာဖြစ်လေ၏။ ဝါ-သော တာပန်တည်၏။

တရားဟောပြီးလတ်သော် ဘုမ္မစိုးနတ်တို့သည် ဗာရာဏသီ ဣသိပတနမိဂဒါဝုန်၌ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ မဟောနိုင်သော ဓမ္မစကြာကို ဟောပေပြီဟု ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏အသံကို ကြား၍ အထက်-အထက်နတ်တို့ အဆင့်ဆင့် ကြွေးကြော်ကြသဖြင့် တခဏခြင်း ဗြဟ္မာ့ပြည်တိုင်အောင် ကြွေးကြော်သံ လွှမ်းမိုး၏။ စကြဝဠာ တိုက်တသောင်းလည်း ရှေ့ နောက်၊ ဝဲ ယာ၊ နိမ် မြင့်ကာဖြင့် ချာချာလည်၍ လှုပ်၏။ သဗ္ဗညုတဉာဏ်၏ အာနုဘော် စိတ္တပစ္စယဥတုဇဖြစ်သော မြတ်သော အရောင်သည် နတ်တို့၏ အာနုဘော်ကိုလွန်၍ ထင်ရှား၏။

ထိုအခါမြတ်စွာဘုရားသည် အညာသိဝတ ဘော ကောဏ္ဍညော-ဟု ဥဒါန်းကျူး၏။ ထို့ကြောင့် အညာတကောဏ္ဍည အမည်တွင်လေ၏။ တိုအခါ အရှင်အညာတကောဏ္ဍညသည် ယုံမှားမရှိ တရားသိ၍ သာသနာ၌ ရဲဝံ့ခြင်းသို့ရောက်၍ ကိုယ်တွေ့ဉာဏ်ဖြင့် ယုံကြည်၍ ဝါ-ဘုရားမှတပါး အားထားစရာ မရှိသည်ဖြစ်၍ ရှင်ရဟန်းအဖြစ် ရလိုပါသည်ဘုရား ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဧဟိဘိက္ခု၊ သွာက္ခာတော ဓမ္မောစရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ (ချစ်သားရဟန်း လာလော၊ တရားကိုကောင်းစွာဟောအပ်၏၊ ဒုက္ခ၏အဆုံးကို မျက်မှောက်ပြုခြင်းငှာ ကောင်းစွာ မြတ်သော အကျင့်ကို ကျင့်လော။) ဟု ဧဟိဘိက္ခု ခေါ်တော်မူ၏။ ဧဟိဘိက္ခု ရဟန်းဖြစ်လေ၏။ ထိုအခါဘုရားရှင်သည် ကြွင်းသောရဟန်းတို့ကို တရားစကားဆုံးမသဖြင့် အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ နှစ်ပါး သောတာပန်=တည်၍ ဧဟိဘိက္ခု ရဟန်းဖြစ်ကုန်၏။

ထို့နောက် သုံးပါးဆွမ်းခံခြင်းဖြင့် ခြောက်ပါး မျှတကာနေလျက် ဆုံးမသဖြင့် အရှင် မဟာနာမ်၊ အရှင်အဿဇိ နှစ်ပါး သောတာပန်တည်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ရူပံ ဘိက္ခဝေ အနတ္တာ အစချီလျက် အနတ္တလက္ခဏသုတ် ဟောတော်မူ၏။ တရားအဆုံး၌ ပဉ္စဝဂ္ဂီတို့ရဟန္တာ ဖြစ်ကုန်၏။ ထိုအခါ လောက၌ ရဟန္တာ ခြောက်ပါးဖြစ်ကုန်၏။

[ထာ ... ဝါဆိုလပြည့်ကျော် တရက်နေ့၌ အရှင်ဝပ္ပ၊ နှစ်ရက်နေ့ အရှင်ဘဒ္ဒိယ၊ သုံးရက်နေ့ အရှင်မဟာနာမ်၊ လေးရက်နေ့ အရှင်အဿဇိ သောတာပန်တည်သည်။ ငါးရက်နေ့ အနတ္တလက္ခဏသုတ် ဟော၏။ ထိုနေ့၌ လူရဟန္တာခြောက်ပါး ဖြစ်ကုန်၏။]

ဓမ္မစက္ခု မဂ် ၄-ခု

(သာဋီ ... ဗြဟ္မာယုသုတ်၌ အောက်မဂ် သုံးပါးကို၊ စူဠရာဟုလောဝါဒ၌ အာသဝက္ခယကို၊ ဤ၌ သောတာပတ္တိ မဂ်ကို ဓမ္မစက္ခုဟုဆိုသည်။ သစ္စာဓမ္မတို့ကို မြင်သောစက္ခု၊ အောက်မဂ် ဓမ္မသုံးပါး၌ တခုသောမဂ် စက္ခု သီလစသော ဓမ္မက္ခန္ဓ သုံးပါးကြောင့် ဖြစ်သော ဓမ္မမယစက္ခု ဖြစ်သောကြောင့် ဓမ္မစက္ခုမည်၏။ ဓမ္မစက္ခု ဟူသည် ပဋိဝေဓဉာဏ် ဒေသနာဉာဏ်ဟု နှစ်ပါးရှိ၏။ ဗောဓိပလ္လင်၌ သစ္စာ ၄-ပါး၊ ခြင်းရာ ၁၂-ပါးကို ထိုးထွင်းသောဉာဏ်သည် ပဋိဝေဓဉာဏ် မည်၏။ ဣသိပတန၌ ဒွါဒသာကာရ သစ္စာဟောသောဉာဏ်သည် ဒေသနာဉာဏ် မည်၏။

ဓမ္မစကြာတရား ဟောသံသည် အောက်အဝီစိ၊ အထက်ဘဝဂ်တိုင် ရောက်၍ သောင်းလောကဓာတ်နှင့် တည်၏။ ကောင်းမှုရှိသော ၁၈-ကုဋေသော ဗြဟ္မာတို့ တရားနာ ရောက်ကုန်၏။ အနောက်၌ နေဝင်၍ အရှေ့၌ အာသဠှီနက္ခတ်ယှဉ်သော လထွက်ချိန် ဓမ္မစကြာဟော၏။ အညာသိ ဝတ ဘော ကောဏ္ဍညော-ဟူသော ဥဒါန်းကျူးသံသည် သောင်းလောကဓာတ် နှံ့၏။ အနတ္တလက္ခဏသုတ် အဆုံး၌ လူရဟန္တာသာ ဘုရားရှင်နှင့် တကွ ခြောက်ယောက်ဖြစ်သည်။ တပါးသောနတ်ဗြဟ္မာတို့လည်း ရဟန္တာဖြစ်ကုန်သေး၏။)

သဌေးသား ယသတို့ ရဟန်းပြုခြင်း

ထိုအခါ ဗာရာဏသီမြို့၌ ယသမည်သော သဌေးသားသည်ရှိ၏။ ဥတုသုံးပါး အလျောက် ပြာသာဒ် သုံးဆောင်၌ မိန်းမအလုပ်အကျွေးတို့ဖြင့်သာ လေးလစီ စည်းစိမ်ခံစားကာ ပြာသာဒ်အောက် မဆင်းပဲနေ၏။ တနေ့၌ စောစောအိပ်ပျော်၍ ရှေးဦးစွာ နိုး၏။ တညဉ့်လုံး ထွန်းထားသော မီးရောင်ဖြင့် ဖရိုဖရဲ အိပ်ပျော်နေသော မိမိပရိသတ် မိန်းမတို့ကို ဖရိုဖရဲ ပစ်ထားသော သူသေကောင်တို့အသွင် မြင်ရ၍၊ သုသာန်သင်္ချိုင်းကြီး လက်ထဲရောက်နေသကဲ့သို့ အပြစ်မြင်၏။

ထိုအခါ ငြီးငွေ့၍ ဥပဒ္ဒုတံဝတဘော၊ ဥပဿဋ္ဌံ ဝတဘော - ကိလေသာတို့သည် နှိပ်စက်လေစွ၊ ညှဉ်းပန်း လေစွဟု ဥဒါန်းကျူးပြီးလျှင် ရွှေခြေနင်းစီး၍ ဆင်းသွား၏။ နတ်တို့သည် ရဟန်းဖြစ်ခြင်းငှာ အန္တရာယ် မဖြစ်ပါစေနှင့်ဟု တံခါးဖွင့်ပေးကုန်၏။

ယသသဌေးသားသည် ဣသိပတန၌ ဘုရားရှင်အနီးသို့ ဥဒါန်းကျူးလျက် ရောက်သွား၏။ ဘုရားရှင်သည် နံနက်စောစော လွင်တီးခေါင်၌ စင်္ကြံကြွရာမှ ယသကိုမြင်လတ်သော် စင်္ကြံမှဆင်း၍ ခင်းထားသောနေရာ၌ ထိုင်လျက် ချစ်သားယသ၊ ဤနိဗ္ဗာန်တရားသည် နှိပ်စက်ခြင်းမရှိ၊ ညှဉ်းပန်းခြင်းမရှိ၊ လာလော၊ ထိုင်လော၊ တရားဟောအံ့ဟုမိန့်တော်မူ၏။ ယသသည် ဝမ်းမြောက်စွာ ဖိနပ်ချွတ်၍ ချဉ်းကပ်၏။

ဘုရားရှင်သည် ဒါနကထာ = ဒါနနှင့် စပ်သောစကား၊ သီလကထာ = သီလနှင့် စပ်သောစကား၊ သဂ္ဂကထာ = နတ်ပြည်နှင့် စပ်သောစကား၊ ကာမာနံအာဒီနဝ = ကာမဂုဏ်တို့၏ အပြစ်၊ ဩကာရံ = ယုတ်ညံ့ခြင်း၊ သံကိလေသံ = ပူပန်နှိပ်စက်ခြင်း၊ နေက္ခမ္မ အာနိသံသံ = တောထွက်ခြင်း၌ အာနိသင် - ဤတရားတို့ကို အစဉ်အတိုင်းပြ၍ စိတ်ထက်သန်ပြီဟု သိလတ်သော် သစ္စာလေးပါး ပြ၏။ ထိုအခါ ယသ သဌေးသား သောတာပန်တည်လေ၏။

မိခင်သည် ပြာသာဒ်၌ သားကိုမမြင်လတ်သော် သဌေးကြီးအား ပြောကြား၏။ သဌေးကြီးသည် မြင်းစီး တမန်တို့ကို အရပ်လေးမျက်နှာသို့ စေလွှတ်၍ မိမိကိုယ်တိုင် ဣသိပတနသို့ ခြေရာခံကာ လိုက်သွား၏။ ဘုရားရှင်သည် သဌေးကြီးကို မြင်လတ်သော် တန်ခိုးဖြင့် သားကို မမြင်အောင် ပြုပြင်၏။ သဌေးကြီးသည် ဘုရားရှင်ထံချဉ်းကပ်၍ မြတ်စွာဘုရားက အမျိုးသားယသကို မြင်မိပါသလောဟု မေး၏။ သဌေးကြီး -ထိုသို့ဖြစ်လျှင် ဤ၌ထိုင်လော၊ မြင်ကောင်း မြင်ရပေလိမ့်မည်ဟု မိန့်ဆိုသဖြင့် ဝမ်းမြောက်စွာထိုင်၏။ ထိုအခါ တရားဟော၏။ သဌေးကြီးသည် သောတာပန်တည်၍ သရဏဂုံသုံးပါး ဆောက်တည်၏။

လောက၌ ရှေးဦးစွာ တေဝါစိကသရဏဂုံ ဆောက်တည်သော ယောက်ျားဖြစ်လေ၏။ ယသသည် ဖခင်အား တရားဟောခိုက် သိသော တရားကို ဆင်ခြင်သဖြင့် ရဟန္တာဖြစ်၏။ ထိုအခါ တန်ခိုးရုပ်သိမ်းသဖြင့် သားကို မြင်လတ်သော်၊ ချစ်သား ... မောင့်မိခင်ပူဆွေးနေပြီ မိခင်အား အသက်ပေးပါလောဟုဆို၏။ သတို့သားသည် ဘုရားရှင်၏ မျက်နှာတော် မော်၍ကြည့်၏။

သဌေးကြီး-သင်ကား သောတာပန်ဖြစ်ပြီ၊ သားကား ရဟန္တာဖြစ်ပြီ၊ ရှေးကကဲ့သို့ ကာမဂုဏ်ခံစားခြင်းငှာ ထိုက်မည်လောဟု မိန့်ဆိုလတ်သော်၊ မထိုက်ပါဘုရား။ သတို့သားအား လူဖြစ်ကျိုးနပ်လေစွ၊ မြတ်စွာဘုရား-ယနေ့နံနက် ဆွမ်းအလို့ငှာ ယသကို နောက်လိုက်ရဟန်းပြု၍ အလှူခံကြွတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် ဝန်ခံသဖြင့် သဌေးကြီး ပြန်သွားလေ၏။ ထို့နောက် မကြာမီ ရဟန်းအဖြစ် တောင်းပန်၏။ ဧဟိဘိက္ခု သွာက္ခာတောဓမ္မော၊ စရဗြဟ္မစရိယံ ဟူသော မိန့်ခွန်းဖြင့် ဧဟိဘိက္ခု ရဟန်း ဖြစ်လေ၏။ ထိုအခါ ရဟန္တာခုနစ်ပါးဖြစ်ကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်းပိုင်ပြင်ဝတ်၍ သပိတ်သင်္ကန်းယူ၍ ယသရဟန်းနှင့် သဌေးကြီးအိမ်သို့ကြွသွား၏။ အရှင် ယသ၏ မိခင်နှင့် မယားဟောင်းတို့လည်း ချဉ်းကပ်၍ တရားနာသဖြင့် သောတာပန် တည်ပြီးလျှင် တေဝါစိကသရဏဂုံ ဆောက်တည်ကုန်၏။ လောက၌ ရှေးဦးစွာ တေဝါစိက သရဏဂုံ ဆောက်တည်သော မိန်းမတို့ ဖြစ်ကုန်၏။ ထို့နောက်ဘုရားရှင်သည် ဆွမ်းဘုဉ်းပေး၍ တရားဟော၍ ဖဲကြွလေ၏။

အရှင်ယသ၏ အဖော်သဟဲဖြစ်ကုန်သော ဗာရာဏသီသဌေးကြီး သဌေးငယ်တို့၏သား ဝိမလ၊ သုဗာဟု၊ ပုဏ္ဏဇိ၊ ဂဝမ္ပတိ လေးယောက်တို့သည် ယသသတို့သား ရဟန်းပြုသတတ်ဟု ကြားလတ်သော် ထိုဓမ္မဝိနယ သည်လည်းကောင်း၊ ထိုရဟန်းအဖြစ်သည် လည်းကောင်း၊ အယုတ်အညံ့ မဖြစ်တန်ရာဟု ကြံ၍ အရှင်ယသထံ ချဉ်းကပ်ကုန်၏။ အရှင်ယသသည် ဘုရားရှင်ထံ လိုက်ပို့၏။ ဘုရားရှင် တရားဟော၍ သောတာပန်တို့ဖြစ်၍ ဧဟိဘိက္ခု ရဟန်းတို့ဖြစ်ပြီးလျှင် မကြာမီ ရဟန္တာဖြစ်ကုန်၏။ လောက၌ ရဟန္တာ တို့သည် တဆယ့်တပါးတို့ ဖြစ်ကုန်၏။

အရှင်ယသ၏ အဖော်သဟဲ ဇနပုဒ်နေ ရှေးရှေး ကုလပုတ္တ ငါးကျိပ်တို့သည် ယသသတို့သား ရဟန်းပြုသည်ဟု ကြား၍ ရောက်လာကုန်၏။ ဘုရားရှင်ထံ လိုက်ပို့၍ တရားနာကြရသဖြင့် သောတာပန် တည်၍ ဧဟိဘိက္ခု ရဟန်းဖြစ်၍ မကြာမီရဟန္တာ ဖြစ်ကုန်၏။ ထိုအခါ လောက၌ ရဟန္တာတို့သည် ခြောက်ကျိပ်တပါး ဖြစ်ကုန်၏။

[ထာ ... ယခင် ခြောက်ပါး၊ ယခု ငါးကျိပ်ငါးပါး အားဖြင့် ဝါတွင်း၌သာ ခြောက်ကျိပ်တပါးသော လူရဟန္တာ တို့သည် ဖြစ်ကုန်၏။ ငါးကျိပ်ငါးပါး၏ ရှေးကောင်းမှုကား ရှေးအတိတ်၌ လူပေါင်းငါးကျိပ် ငါးယောက်တို့သည် အသင်းဖွဲ့၍ ကောင်းမှုပြုလျက် အားကိုးရာမဲ့ သူသေတို့ကို သုတ်သင်ကုန်၏။ တနေ့၌ ကိုယ်ဝန်ဆောင် မိန်းမသေကို သုသာန်သို့ပို၍ မီးသင်္ဂြိုဟ်ရန် ငါးယောက်ထားခဲ့၍ ပြန်ကုန်၏။ ယသလောင်း သူငယ်သည် ထိုအလောင်းကို ထိုးဆွလှန်လှော၍ မီးရှို့စဉ် အသုဘ သညာကိုရ၏။ ကြွင်း လေးယောက်တို့အားလည်း “အသုစိ ပဋိကုလ” မစင်မကြယ် စက်ဆုပ်ဖွယ်ဟု မြင်အောင်ပြ၏။ ထို လေးယောက်လည်း အသုဘသညာကိုရကုန်၏။

ရွာသို့ပြန်ရောက်သောအခါ အဖော်ငါးကျိပ် တို့အားလည်း ပြောပြကုန်၏။ ယသသူငယ်ကား အိမ်၌ မိခင်ဖခင်နှင့် မယားအားလည်း ပြောပြ၏။ ထိုသူအားလုံးလည်း အသုဘဘာဝနာကို ပွားကုန်၏။ ဤကား ထိုသူတို့၏ ရှေးကောင်းမှုတည်း။ ထို့ကြောင့် အရှင်ယသအား ကချေသည်တို့၌ သုသာန်သညာသာ ဖြစ်လေ၏။ ထို ဥပနိဿယသမ္ပတ္တိကြောင့် အားလုံး တရားထူး ရကုန်၏။]

(ဇီဋီ ... ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့ကို ဝါဆိုလပြည့်ကျော် ငါးရက်နေ့ (အနတ္တလက္ခဏသုတ်ဖြင့်) ရဟန္တာဖြစ်စေ၍ ခုနစ်ရက်နေ့၌ နာလက မထေရ်အား နာလကပဋိပဒါဟော၍ တော်သလင်းလပြည့်နေ့၌ ယသ၏ ဣန္ဒြေရင့်ခြင်းကိုသိ၍ စောင့်ဆိုင်းလျက် ဗာရာဏသီ၌ နေတော်မူ၏။ သဌေးကြီးသည် သားကို ရှေးဦးစွာ မြင်လျှင် သောတာပန်တည်မည် မဟုတ်၊ သားလည်း ရဟန္တာဖြစ်မည် မဟုတ်။ ထို့ကြောင့် တန်ခိုးဖြင့် ကွယ်ဝှက်တော်မူသည်။ ယသရဟန္တာဖြစ်ပြီးမှ ဧဟိဘိက္ခု ခေါ်ခြင်းကြောင့် ဧဟိဘိက္ခု သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံ ဟုမိန့်ဆိုသည်။ “သမ္မာဒုက္ခဿ အန္တကိရိယာယ”ဟု မိန့်တော်မမူ။ ယသ ရဟန်းပြု၍ သောကဖြစ်ကြသောကြောင့် နေအိမ်၌ သောကငြိမ်းနှင့်အောင် ဆွမ်းမစားမီ ဘုရားရှင် တရား ဟောသည်။)

အနုပုဗ္ဗိကထာ

သာဋီ ... ယသသတို့သား ဥဒါန်းကျူးခြင်းသည် မိမိပရိသတ်ကို အာမကသုသာန်အသွင် မြင်၍ သံဝေဂ စွမ်းဖြင့် ဖြစ်သော စကားကို မြွက်ဆိုခြင်းဖြစ်၏။ (မဟာကုသိုလ်ဩတ္တပ္ပနှင့် ဉာဏ်သည် ဤ၌ သံဝေဂ မည်၏။) အနုပုဗ္ဗိကထာ = အစဉ်အတိုင်းတရားစကားဟူသည်ကား ဒါနဟူသည် ချမ်းသာကြောင်း ဖြစ်၏။ မျက်မှောက် တမလွန် အားကိုးရာဖြစ်၏။ စည်းစိမ်အားလုံးကိုပေး၏။ ပါရမီဉာဏ်၊ အဘိသမ္ဗောဓိ ဉာဏ်ကို ပေး၏ စသည်ဖြင့် ဒါနကထာကို ရှေးဦးစွာဟော၏။

ထိုအခြားမဲ့၌ ဒါနရှင်သည် အကျိုးလိုလား၍ မိမိပစ္စည်းကို သူတပါးအားပေးလှူသည်။ သူတပါးပစ္စည်းကို ယူသည်မဟုတ်၊ ထို့ကြောင့် ဒါနပြုသူ သီလ မခဲယဉ်း၊ သီလသည် မှီရာတည်ရာဖြစ်၏။ သီလရှိသူကို နတ်လူတို့ ဖူးမြင်၍ မရောင့်ရဲနိုင် စသည်ဖြင့် သီလကထာကို ဟော၏။

ထို့နောက် ဤသီလကြောင့် ရသော နတ်စည်းစိမ်သည် လွန်စွာနှစ်သက်ဖွယ်ရှိ၏။ စာတုမဟာရာဇ်နတ် တို့ပင် အနှစ်ကိုးသန်းတိုင် နတ်စည်းစိမ် မငြီးနိုင်ကြ စသည်ဖြင့် သဂ္ဂကထာကို ခံတွင်းမဆန့် ဟော၏။

ဤသို့ သဂ္ဂကထာဖြင့် ဖြားယောင်း၍ “ဆင်ကို တန်ဆာဆင်ပြီး နှာမောင်းဖြတ်သကဲ့သို့” ဤ နတ်စည်းစိမ်သည်လည်း အနိစ္စ၊ အဒ္ဓုဝဖြစ်သည်၊ တွယ်တာစရာ မကောင်း၊ သာယာဖွယ်နည်း၍ အပြစ် များလှ၏ စသည်ဖြင့် ကာမာနံအာဒီနဝကို ဩကာရကို သံကိလေသကို ဟော၏။ ဤသို့ကား ကာမအပြစ် ထိတ်လန့်ဖွယ်ပြ၍ ကာမတို့မှထွက်ခွာသော နေက္ခမ္မသည် ကျဉ်းမြောင်းခြင်းမရှိ၊ ပူပန်နှိပ်စက်ခြင်းမရှိ စသည်ဖြင့် နေက္ခမ္မအာနိသင်ကိုပြ၏။ ရှင်ရဟန်းအဖြစ်၌ ဈာန်စသည်တို့၌ ဂုဏ်ကျေးဇူးကို ချီးမွမ်းကာပြ၏။

သဂ္ဂကထာ၏အခြားမဲ့၌ မဂ္ဂကထာကိုလည်း မဟာကြားအပ်၏။ သားကိုမမြင်အောင် တန်ခိုးပြုရခြင်းကား နှစ်ဦးလုံး ရထိုက်သော တရားထူး၏ အန္တယ်ကို တားလို၍ပြုသည်။ ယသသည် သောတာပန် တည်ပြီး သော်လည်း “သင့်မိခင်အား အသက်ပေးပါ”ဟု တောင်းပန်လျှင် ပျံ့လွှင့်၍ ရဟန္တာမဖြစ်နိုင်ရာ။

(ဝိဋီ ... ယသရဟန္တာ ဖြစ်ပြီးသောကြောင့် ဧဟိဘိက္ခု သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံမျှဖြင့် ရဟန်း အဖြစ်ကိုပေးသည်။ ရဟန္တာတို့အား ဤမျှဖြင့် ရဟန်းအဖြစ်ကို ခွင့်ပြုသည်။ ဒုက္ခကုန်ပြီး ဖြစ်သောကြောင့် တည်း။ စရဗြဟ္မစရိယံဟူသည် သာသနဗြဟ္မစရိယ ဟူသော သိက္ခာပဒကို ဖြည့်ကျင့်ခြင်းကို ရည်ဆိုသည်။ မဂ္ဂဗြဟ္မစရိယကို မရည်ဆို။)

မာရကထာ

လောက၌ ရဟန္တာ ခြောက်ကျိပ်တပါး ဖြစ်သောအခါ မြတ်စွာဘုရားသည် ထို ရဟန်းတို့ကို ချစ်သား .... ငါဘုရားသည် နတ်လူတို့၌ဖြစ်သော ကျော့ကွင်းအားလုံးတို့မှ လွတ်ပြီ၊ သင်တို့လည်း လွတ်ကုန်ပြီ။ ချစ်သားတို့ - များစွာသော နတ်လူတို့၏ စီးပွားချမ်းသာအလို့ငှာ စောင့်ရှောက်သောအားဖြင့် ဒေသစာရီ လှည့်လည်ကြလော၊ တခုသော ခရီး၌ နှစ်ပါးသွားကြလင့်၊ အစ အလယ် အဆုံး ကောင်းသောတရား အနက်သဒ္ဒါ ပြည့်စုံသောတရားကို ဟောကြလော၊ ပြည့်စုံ၍စင်ကြယ်သော ဗြဟ္မစရိယကို ပြကြလော၊ ကိလေသာ နည်းသောသူတို့သည် တရားမနာရလျှင် ဆုတ်ယုတ်ကုန်လတ္တံ့၊ နာရလျှင်သိနိုင်ကုန်လတ္တံ့။

ချစ်သားတို့ - ငါဘုရားသည်လည်း ဥရုဝေလတော သေနာနိဂုံးသို့ တရားဟောခြင်းငှာ (ဝါ-ရှင်တထောင် ချွတ်ရန်) သွားပေအံ့ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် ချဉ်းကပ်၍ ဗန္ဓောသိ သဗ္ဗပါသေဟိ စသောဂါထာဖြင့် ရဟန်းကြီး-သင့်ကို နတ်လူတို့၏ ပူဇော်သက္ကာရ ကျော့ကွင်းဖြင့် ကြီးစွာ ငါဖွဲ့လိုက်ပြီ။ ငါ၏လက်မှ သင်မလွတ်ဟုဆို၏။ မာရ်နတ် - ငါကား ကျော့ကွင်း အနှောင်အဖွဲ့အားလုံးမှ လွတ်ပြီ။ သင်ရှုံးပြီဟု မုတ္တောဟံသဗ္ဗပါသေဟိ ဂါထာဖြင့် ပြန်ဆို၏။

ရဟန်းကြီး - ဈာန်အဘိညာရ မြေလျှိုးမိုးပျံသူကိုပင် ဖွဲ့နိုင်သော စိတ်၌ဖြစ်သော ရာဂကျော့ကွင်းဖြင့် နှိပ်စက်မည်၊ ငါ၏ လက်မှ သင်မလွတ်ဟု ဂါထာဖြင့်ဆိုပြန်သော်၊ မာရ်နတ် - ရူပါရုံစသော ကာမဂုဏ်ငါးပါး၌ တွယ်တာသော ဆန္ဒရာဂသည် ငါမှကင်းကွာပြီ၊ သင် ရှုံးပြီဟု ဂါထာဖြင့်ပြန်ဆို၏။ ထိုအခါ မာရ်နတ်သည် ငါ့ကိုဘုရားရှင် သိသည်ဟု ကိုယ်စိတ်ဆင်းရဲခြင်းဖြင့် ကွယ်ပျောက်လေ၏။ ။ မာရကထာ ပြီး၏။

[ထာ ... မြတ်စွာဘုရားသည် တန်ဆောင်မုန်းလပြည့်ထိ ဗာရာဏသီ၌ နေ၍ တနေ့၌ ထိုရဟန္တာ ခြောက်ကျိပ်တို့ကို တရားဟောစေလွှတ်ရန် မိန့်တော်မူသည်။ နတ်အာရုံ လူအာရုံတို့၌ တွယ်တာ ကပ်ငြိသောကြောင့် ရာဂသည် ကျော့ကွင်းမည်၏။ မိုးပျံသူ၏စိတ်ကိုပင် ဖွဲ့သောကြောင့် ကောင်းကင်သွား ကျော့ကွင်းလည်း မည်၏။]

(သာဋီ ... ယခုအခါ သရဏဂုံရဟန်းအဖြစ်ကို ပြအံ့သောငှာ အထခေါ ဘဂဝါ-စသည်ကို ရှင်ဥပါလိသည် ပဌမသင်္ဂါယနာ၌ အားထုတ်အပ်ပြီ။ ကမ္ဘာဦးစစ်သားတို့၏ နေရာ၌ တည်သောရွာ ဖြစ်သောကြောင့် သေနာနိဂုံး မည်၏။ တနည်း - သုဇာတာ၏ဖခင်သည် သေနာနိ မည်၏။ ထိုသူ၏ရွာဖြစ်သောကြောင့် သေနာနိရွာ မည်၏။ ထိုအရပ်သို့ ရှင်တထောင် ချွတ်ခြင်းငှာ ငါဘုရားကြွပေအံ့ဟူလို။ ရဟန်းကြီး ဂေါတမသည် စစ်ပွဲကြီး ဆင်သကဲ့သို့ ရဟန်းခြောက်ကျိပ်တို့ကို တရားဟောစေလွှတ်၏။ သူတဦးတည်း ဟောရာ၌ပင် ငါအား စိတ်မသက်သာ၊ အများဟောရာ၌ အဘယ်မှာ သက်သာနိုင်တော့အံ့နည်း၊ တားမြစ်ဦးအံ့ ဟုကြံ၍ မာရ်နတ်ချဉ်းကပ်၏။)

သရဏဂုံရဟန်း

ထိုတရား ဟောစေလွှတ်ပြီးသောအခါ ရဟန်းတို့သည် ထိုထို အရပ်ဇနပုဒ်တို့မှ ရှင်လောင်းရဟန်းတို့ကို ရှင်ရဟန်း ပြုပေးရန် ဆောင်လာကြသဖြင့် အားလုံး ပင်ပန်းကုန်၏။ ဘုရားရှင်အားလည်း ဆိတ်ငြိမ်ရာ ချဉ်းကပ်စဉ် ရဟန်းတို့အား ထိုထိုအရပ်၌ပင် ရှင်ရဟန်းပြုပေးကြလောဟု ခွင့်ပြုရမူ ကောင်းလေစွဟု အကြံဖြစ်၏။ ညချမ်းအခါ ဆိတ် ငြိမ်ရာမှထ၍ တရားဟောပြီးလျှင်။

ချစ်သားတို့-ယခုအခါ သင်တို့သည်သာလျှင် ထိုထိုအရပ်၌ ရှင်ပြုပေးကြလော၊ ရဟန်းပြုပေးကြလော၊ ငါဘုရား ခွင့်ပြု၏။ ချစ်သားတို့ ပြုပေးပုံကား ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်စေ၍ ဖန်ရည် စွန်းသော သင်္ကန်းတို့ကို ဝတ်စေ၍၊ လက်ဝဲတဘက်ပခုံးထက်၌ ကိုယ်ရုံ စမ္ပယ်တင်စေ၍၊ ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေ၍၊ ဆောင့်ကြောင့်ထိုင်စေ၍၊ လက်အုပ်ချီစေ၍၊ ဧဝံဝ ဒေဟိ ဤသို့ဆိုလောဟုဆို၍၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ...လ... တတိယမ္ပိ ...လ... ဂစ္ဆာမိဟု ဆိုအပ်၏။ ချစ်သားတို့ - ဤသရဏဂုံ သုံးပါးဖြင့် ရှင်အဖြစ်ကိုလည်းကောင်း၊ ရဟန်းအဖြစ်ကိုလည်းကောင်း ငါဘုရား ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ။ သရဏဂုံဖြင့် ရဟန်းပြုခန်း ပြီး၏။

ပဗ္ဗဇ္ဇာဝိနိစ္ဆယ

ထာ ... နောက်၌ ပယ်လတ္တံ့သော ပဗ္ဗဇ္ဇာဒေါသမှ ကင်း၍ ခွင့်ပြုလတ္တံ့သော မိဘတို့ခွင့်လွှတ်သူကို ရှင်ပြုပေးလိုသော ရဟန်းသည် ဆံမရိတ်ရသေးသူဖြစ်လျှင် သိမ်တူရှိရဟန်းတို့ကိုလည်း ဆံရိတ်ခြင်းငှာ ဘဏ္ဍုကမ္မပန်ကြားရသည်။ ဆံရိတ်ပန်ကြားပုံ နောက်ဆိုလတ္တံ့။ အခွင့်သာလျှင် ကိုယ်တိုင်ဆံရိတ်ခြင်း စသည်ဖြင့် ရှင်ပြုပေးရသည်။ ပါဠိသင်ပေးခြင်း စသည်ဖြင့် ကိစ္စများလျှင် ရဟန်းငယ်တဦးကို ဤသူကို ရှင်ပြုပေးလောဟု စေခိုင်းအပ်၏။ မစေခိုင်းသော်လည်း ဥပဇ္ဈာယ်ကို ရည်စူး၍ ရဟန်းငယ်က ရှင်ပြုပေးအံ့ အပ်၏။

ရဟန်းငယ်မရှိလျှင် သာမဏေကိုသော်လည်း ဤသူကို ခဏ္ဍသိမ်ငယ်သို့ဆောင်၍ ရှင်ပြု၍ (ဝါ-ခေါင်းရိတ်၍) သင်္ကန်းတို့ကို ဝတ်ပေး၍ လာလော-ဟု စေခိုင်းအပ်၏။ သရဏဂုံတို့ကိုကား ကိုယ်တိုင်ပေးရသည်။ ဤသို့ပြုလျှင် ရဟန်းသည်သာ ရှင်ပြုပေးသည် မည်၏။

ယောက်ျားကို ဘိက္ခုမှ တပါးသောသူသည် (သရဏဂုံပေး၍) ရှင်ပြုပေးခြင်းငှာ မရ။ မာတုဂါမကို ဘိက္ခုနီမှ တပါးသောသူသည် ရှင်ပြုပေးခြင်းငှာမရ။ သာမဏေယောကျ်ား သာမဏေမိန်းမတို့ကား စေခိုင်းခြင်းဖြင့် သင်္ကန်း ဝတ်ပေးခြင်းငှာ ရကုန်၏။ ခေါင်းရိတ်ခြင်းကို မည်သူမဆိုပြုလျှင် အပြစ်မရှိ။ (ရဟန်း စေခိုင်းခြင်းဖြင့် လူသာမဏေတို့ သရဏဂုံပေးသော်လည်း ရှင်သာမဏေမဖြစ်) (ဤမျှဖြင့် ရှင်ပြုခြင်းဟူသည် ခေါင်းရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံပေးခြင်းဟု သုံးမျိုးသိအပ်၏။ ရဟန်းသည် သုံးမျိုးလုံးပြုနိုင်သည်။ ရဟန်းက စေခိုင်းလျှင် သင်္ကန်း ဝတ်ပေးခြင်းသာ ပြုနိုင်သည်။ ခေါင်းရိတ်ခြင်းကို မည်သူမဆို ပြုနိုင်သည်။)

မဂ်ဖိုလ်ရထိုက်သော ပါရမီရှိသူ၊ ထင်ရှားသူ၊ အခြံအရံများသူ အမျိုးကောင်းသားဖြစ်မူ အခွင့်ရအောင် ကိုယ်တိုင် ခေါင်းရိတ်ပေးရသည်၊ “မြေညက်ဆုပ် (ဆပ်ပြာခဲ) ကိုယူ၍ ရေချိုး၍ ဆံပင်ရေဆွတ်၍ လာခဲ့လော” ဟု မလွှတ်လိုက်ရ။ အပြစ်ကား ရှေးဦးစွာ ထက်သန်သော်လည်း သင်္ကန်း၊ သင်ဓုန်းတို့ကိုမြင်လျှင် လန့်၍ ထွက်ပြေးတတ်ကုန်၏။ ထို့ကြောင့် ကိုယ်တိုင် ရေချိုးရာသို့ဆောင်၍ မငယ်လွန်းလျှင် ရေချိုးလောဟု ဆိုရသည်။ ဆံပင်ကို ကိုယ်တိုင် မြေညက်ဆုပ်ဖြင့် ပွတ်ပေးရသည်။ ငယ်သောသတိုးသား ဖြစ်လျှင် ကိုယ်တိုင် ရေသို့သက်ဆင်း၍ ဆပ်ပြာပွတ်၍ ရေချိုးပေးရသည်။ ဝဲနာ အိုင်းနာရှိလျှင် မိခင်ပမာ မရွံမရှာ လက် ခြေ ဦးခေါင်း တို့ကို ပွတ်၍ ကောင်းစွာရေချိုးပေးရသည်။

အကျိုးကား = ဤမျှသော ကျေးဇူးပြုခြင်းဖြင့် ဆရာဥပဇ္ဈာယ်တို့၌ လည်းကောင်း၊ သာသနာတော်၌ လည်းကောင်း၊ ချစ်ကြောက်ရိုသေသဖြင့် မဆုတ်မနစ် နေနိုင်ကုန်၏။ ပျင်းရိခြင်းကို ပယ်ဖျောက်၍ မထေရ်ကြီးအဖြစ်သို့ ရောက်နိုင်ကုန်၏။ ပြုဖူးသောကျေးဇူးကို အမျိုးကောင်းသားတို့သည် သိတတ်ကုန်၏။ ဤသို့ ရေချိုးပေး၊ ဆံရိတ်ပေးသောအခါ သင်ကား ပြည့်စုံ၍ ထင်ရှား၏။ သင့်ကိုမှီ၍ ငါတို့ပစ္စည်းလေးပါးဖြင့် ချမ်းသာကုန်အံ့ဟု မဆိုရ။ ဝဋ်မှထွက်မြောက်ကြောင်း မဟုတ်သော စကားတို့ကို မဆိုရ။ ငါ့ရှင်၊ စိတ်ခိုင်ခိုင်ထား၊ သတိမလွတ်စေလင့်ဟုဆို၍ တစပဉ္စက ကမ္မဋ္ဌာန်းကို အဆင်း၊ သဏ္ဍာန၊ အနံ့၊ မှီရာ၊ တည်ရာ အားဖြင့် စက်ဆုပ်ရွံရှာဖွယ်ကို လည်းကောင်း၊ သတ္တ၊ ဇီဝ မဟုတ်သည်အဖြစ်ကိုလည်းကောင်း ထင်အောင် ပြောပြရသည်။

အကျိုးကား = ရှေး၌ သင်္ခါရသုံးသပ်၍ ဝိပဿနာ လေ့လာဖူးသူဖြစ်လျှင် နေရောင်လင့်သော ကြာကဲ့သို့ နှလုံးသွင်းကာမျှ၌ ကိလေသာ ဖြိုဖျက်နိုင်သောဉာဏ်ဖြင့် သင်ဓုန်းအဆုံးတွင် ရဟန္တာဖြစ်နိုင်၏။ သင်ဓုန်း အဆုံး ရဟန္တာဖြစ်ကြသော အမျိုးသားတို့သည် ဤသို့ကြားနာရ ကလျာဏမိတ္တ ဆရာကောင်းကို အမှီရ၍သာ ဖြစ်ကုန်၏။ ထို့ကြောင့် ရှေးဦးစွာ တရားစကားတို့ကို ဟောကြားရသည်။

ဆံရိတ်ပြီးသောအခါ နနွင်းမှုန့်၊ နံသာမှုန့်တို့ဖြင့် ဦးခေါင်းကို ကိုယ်တိုင် ပွတ်တိုက်၍ အနံပယ်၍ သုံးကြိမ် ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ တကြိမ်ဖြစ်စေ တောင်းစေရသည်။ ရှင်လောင်း၏လက်သို့ သင်္ကန်းမပေးပဲ သော်လည်း ဆရာဥပဇ္ဈာယ်ကိုယ်တိုင် ဝတ်ပေးအံ့၊ တပါးသောရဟန်း သာမဏေ ဥပါသကာတို့ကို ဤသင်္ကန်းယူ၍ ဝတ်ပေးလိုက်လောဟု စေခိုင်းအံ့၊ ထိုရှင်လောင်းကိုပင် ဤသင်္ကန်းယူ၍ ဝတ်လောဟု စေခိုင်းအံ့၊ အားလုံး ရဟန်းပေးသင်္ကန်းဖြစ်၍ အပြစ်မရှိ။ (မစေခိုင်းပဲဝတ်ရုံခဲ့လျှင် ပယ်၍ တဖန်ပေးရသည်။)

ရှင်လောင်း၏ သင်္ကန်းဖြစ်စေကာမူ ရဟန်းကိုယ်တိုင် ဖြစ်စေ၊ စေခိုင်း၍ဖြစ်စေ၊ ပေးသောသင်္ကန်းဖြစ်မှ အပ်သည်။ ရှင်သာမဏေဖြစ်သည်။ မပေးလျှင် ရှင်သာမဏေမဖြစ်၊ မပြုအပ်။ ဆရာ၏သင်္ကန်း ဖြစ်၍မပေးမူ ဆိုဖွယ်မရှိ၊ ရှင်သာမဏေ မဖြစ်သည်သာတည်း။ ။ ဤကား ဆံရိတ်ခြင်းစသော အဆုံးအဖြတ်တည်း။

သရဏံဂုံဆိုပုံ

ထို့နောက် ထိုနေရာ၌ရောက်လာသော ရဟန်းတို့၏ ခြေကို ရှေးရှု၍ ရှိခိုးစေ၍ သရဏဂုံယူရန် ဆောင့်ကြောင့် ထိုင်စေ လက်အုပ်ချီစေ၍ ဧဝံဝဒေဟိ ... ဤသို့ဆိုလောဟူ၍လည်းကောင်း၊ ယမဟံ ဝဒါမိ တံဝဒေဟိ -ငါဆိုသည်ကိုဆိုလေ ဟူ၍လည်းကောင်း ဆိုပြီးလျှင် ဥပဇ္ဈယ်ကဖြစ်စေ၊ အာစရိယကဖြစ်စေ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် အစဉ် အတိုင်း သရဏဂုံပေးရသည်။ အစဉ်ချွတ်အံ့၊ ပုဒ်အက္ခရာ တလုံးတလေ ချွတ်အံ့၊ မအပ်၊ နောက်၌ ခွင့်ပြုသော ကမ္မဝါစာဖြင့် ရဟန်းပြုခြင်းလည် ဧကတောသုဒ္ဓိဖြင့်အပ်၏။ ရှင်ပြုခြင်းကား ဥဘတောသုဒ္ဓိ ဖြစ်မှအပ်သည်။

ထို့ကြောင့် ရဟန်းပြုရာ၌ ကမ္မဝါစာဆရာသည် ကမ္မဝါစာကို ပြည့်စုံအောင် ဖတ်လျှင် ကံမြောက်သည်။ ရှင်သာမဏေပြုရာ၌ကား သရဏဂုံသုံးပါးကို ဗု-အက္ခရာ၊ ဓ-အက္ခရာစသည်တို့၏ ဌာန်ကရိုဏ်းပြည့်စုံစွာ ဆရာတပည့် နှစ်ဦးလုံး ဆိုရသည်။ ဆရာဆိုနိုင်၍ တပည့်မဆိုနိုင်၊ တပည့်ဆိုနိုင်၍ (သွားကျိုးခြင်း စသည်ကြောင့်) ဆရာမဆိုနိုင်၊ နှစ်ဦးလုံးမဆိုနိုင်လျှင် မအပ်။ နှစ်ဦးလုံးဆိုနိုင်မှ အပ်သည်။

ဤသရဏဂုံတို့ကို ပေးသောဆရာသည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဟု ဧကသမ္ဗန္ဓ၊ အနုနာသိကန္တပြု၍ (ဝါ-ဒ္ဓသံ၊ နိဂ္ဂဟိတ်သံ မပြတ်အောင် ဒ္ဓ ၏မှီရာ အ-သရ၌ နိဂ္ဂဟိတ်လည်း မှီသောကြောင့် တသံစီ မဖြစ်အောင်၊ နှာသံလည်း အဆုံး၌ ထင်အောင်ပြု၍) ပေးရသည်။

တနည်း - ဗုဒ္ဓမ်သရဏမ် ဂစ္ဆာမိ-ဟုဖြတ်၍ မကာရန္တပြု၍ (ဝါ-ဒ္ဓသံ၊ မသတ်သံ ပြတ်သားအောင်၊ ဒ္ဓ ၏မှီရာ အသရ၌ မ်-မမှီသောကြောင့် တသံစီ ထင်ရှားအောင်၊ မသံလည်း အဆုံး၌ထင်အောင်ပြု၍) ပေးရသည်။

အန္ဓကဋ္ဌကထာ၌ကား - အဟံဘန္တေ ဗုဒ္ဓရက္ခိတော ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဟု အမည်ထည့်၍ ဆိုရသည်ဟုဆို၏။ ပါဠိအဋ္ဌကထာတို့၌ မဆိုသောကြောင့် အမည်မထည့်သော်လည်း သရဏဂုံမပျက်။ ဤသို့သုံးကြိမ် ဥဘတောသုဒ္ဓိ သရဏဂုံသုံးပါးဖြင့် ရှင်အဖြစ်ကို လည်းကောင်း၊ ရဟန်းအဖြစ်ကို လည်းကောင်း၊ ရှေးဦးစွာ ခွင့်ပြု၏။ နောက်၌ ရဟန်းအဖြစ်ကိုပယ်၍ ရှင်သာမဏေအဖြစ်ကိုသာ ဤအတိုင်း ထပ်မံ၍ ခွင့်ပြုတော်မူ၏။ ထို့ကြောင့် ယခုအခါ သရဏဂုံဖြင့်ရဟန်းမဖြစ်၊ ရှင်သာမဏေသာ ဖြစ်သည်။

ဤသို့ သာမဏေဘုံ၌ တည်သောသူသည် ဉာဏ်ထက်သူဖြစ်လျှင် ထိုနေရာ၌ပင် ပါဏာတိပါတာ ဝေရမဏိ။ ....လ...။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ-ဟု သိက္ခာပုဒ်တို့ကို ရွတ်ဆိုအပ်၏။

အန္ဓကအဋ္ဌကထာ၌ - အဟံဘန္တေ ဣတ္ထန္နာမော ယာဝဇီဝံ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ဟု ပါဠိအဋ္ဌကထာတို့၌ မရှိသည်ကို ဆို၏။

ပါဠိတော်ရှိတိုင်း ရွတ်ဆိုအပ်၏။ ရှင်သာမဏေအဖြစ်ဟူသည် သရဏဂုံဖြင့်သာ ပြီး၏။ သိက္ခာပုဒ်တို့ကို ဖြည့်ကျင့်နိုင်ခြင်းငှာသာ သိအပ်၏။ ထို့ကြောင့် ပါဠိတော်နည်းဖြင့် မသင်ယူနိုင်သူအား အနက်အဓိပ္ပါယ်ကို အမှတ်မရှိ ဘာသာစကားဖြင့် ပြောကြားခြင်းငှာလည်း အပ်၏။ သိက္ခာပုဒ် နားမလည်သေး။ သင်္ဃာဋိပတ္တစီဝရ-ဓာရဏ = သပိတ်သင်္ကန်း ကိုင်ဆောင်ပုံ နေထိုင်စားသောက်ပုံ မလိမ္မာသေးသမျှ ဆွမ်းစားကျောင်း စာရေးတံ ယူရာစသည်တို့ကို မစေလွှတ်အပ်။ သတို့သားငယ်တို့ကဲ့သို့ အနီး၌နေစေ၍ စောင့်ရှောက်ရသည်။ အပ်မအပ် အလုံးစုံ ပြောပြရသည်။

ဝတ်ခြင်း ရုံခြင်း စသော အာဘိသမာစာရိကသီလတို့၌ သေခိယခန္ဓကဝတ်၌ လာတိုင်း ဆုံးမရသည်။ ထို ရှင်သာမဏေသည်လည်း လိင်ဆယ်ပါးတို့ကို ဝေးစွာ ရှောင်၍ အာဘိသမာစာရိက ကျင့်ဝတ်ကို ဖြည့်ကျင့်သဖြင့် ဆယ်ပါးသီလ၌ ကောင်းစွာကျင့်ရသည်။ ။ ပဗ္ဗဇ္ဇာဝိနိစ္ဆယ ပြီး၏။

ပါစိတျာဒိ ယောဇနာ၌ … ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဟု နိဂ္ဂဟိတန္တ ရွတ်သောအခါ ဧကသမ္ဗန္ဓဖြစ်အောင် တဝါကျလုံး အစအဆုံး အသံ မပြတ်စေရ၊ တဆက်တည်း ဆိုရမည်။ နိဂ္ဂဟိတ်နေရာ၌ နှုတ်သီးပိတ်ဆိုရမည်။ ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ-ဟု မကာရန္တရွတ်သောအခါ ဝိစ္ဆိန္ဒိတဖြစ်အောင် ဗုဒ္ဓမ်-တဖြတ်၊ သရဏမ်-တဖြတ်၊ ဂစ္ဆာမိ-တဖြတ် သုံးကြိမ် ဖြတ်ဆိုရမည်။ မကာရန္တနေရာ၌ နှုတ်ခမ်းဖွင့်ဆိုရမည်။ ဤသို့မိန့်ဆို၏။ ထိုနည်းအတိုင်း အချို့ လေ့လာကုန်၏။ အဋ္ဌကထာ၌ နိဂ္ဂဟိတန္တ ဗုဒ္ဓံကို ဧကသမ္ဗန္ဓဖြစ်အောင်၊ မကာရန္တဗုဒ္ဓမ်ကို ဝိစ္ဆိန္ဒိတဖြစ်အောင် အက္ခရာ တလုံးတလုံးကိုသာ စိစစ်သည်။ ဝါကျတခုလုံးကို မစိစစ်ဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏။

သင်္ဃာဋိပတ္တစီဝ ဓာရဏဖြင့် ရှင်သာမဏေတို့အား သင်္ဃာဋိ-ဒုကုဋ် နှစ်ထပ်သင်္ကန်းအပ်ခြင်း ထင်ရှားသည်ဟု အချို့ဆိုကုန်၏။ ဆရာမြတ်တို့ကား သင်္ဃာဋိသဒ္ဒါသည် သင်္ကန်းဟူသမျှ အားလုံးကို ဟောနိုင်သည်။ ဣမံသင်္ဃာဋိံ အဓိဋ္ဌာမိ၌ ဒုကုဋ် နှစ်ထပ်သာ။ သင်္ဃာဋိံ ပါရုပိတွာ၌ ဒုကုဋ် ကိုယ်ရုံနှစ်ထည်၊ ပဉ္စာဟိကံ သင်္ဃာဋိစာရံ၌ ဘိက္ခုနီ၏ တိစီဝရိတ်၊ ရေသနုပ်၊ ရင်လွှမ်းတဘက်အားဖြင့် ငါးထည်ဟောသည်။ အရာ အားလျော်စွာ ယူရသည်။ ထို့ကြောင့် သာမဏေ၏ သင်္ဃာဋိကား ... သင်းပိုင်ကိုယ်ရုံဖြစ်သော စီဝရ နှစ်ထည်မျှ ယူရသည်ဟု မိန့်ဆိုကုန်၏။ သံဃာဋိနှင့်စီဝရ အနက်တူဖြစ်သည်။

ဇီဋီ ... ခဏ္ဍသိမ်ငယ်သို့ဆောင်၍ ဟူသည်ကို ဘဏ္ဍုကမ္မ (ဆံရိတ်) ပန်ကြားရာ၌ လွယ်ကူစိမ့်သောငှာ ဆိုသည်။ ထိုစကားဖြင့် ရဟန်းရှိသော ကျောင်း၌ သူတပါးကိုသော်လည်း ဤ ရှင်လောင်းအား ဆံရိတ်လောဟု ဆိုခြင်းငှာ မအပ်ဟု သိအပ်၏။ ဥပဇ္ဈာယ်သည် ဆံမုတ်ဆိတ်ရိတ်ခြင်း စသည်မပြုပဲ ရှင်ပြုပေးလို၍ သရဏဂုံပေးအံ့၊ ရှင်မဖြစ်။ ရဟန်းပြုပေးလို၍ ကမ္မဝါဖတ်အံ့၊ ရဟန်းဖြစ်၏။ ဤကား ဧကေဝါဒတည်း။ သရဏဂုံဖြင့် ရဟန်းအဖြစ် ရှင်အဖြစ်ခွင့်ပြုခြင်းကြောင့် အဝတ်မရှိသော နဂ္ဂသော်လည်း ရှင်ဖြစ်၏။ ရဟန်းဖြစ်၏။ ဤကား အာစရိယဝါဒတည်း။ နိဂ္ဂဟိတန္တ သရဏဂုံပေးရာ၌ ချွတ်ယွင်း၍ မကာရန္တ ရောခဲ့သော် ခေတ်၌ကျသောကြောင့် အပ်သည်ဟု ဥပတိဿမထေရ် မိန့်ဆို၏။ ရော၍ဆိုခြင်းငှာ အပ်၏။ ဆိုသောအခါ နိဂ္ဂဟိတန္တနေရာ၌ မပြတ်စေပဲ ဆိုအပ်၏ဟု ဓမ္မသီရိမထေရ် မိန့်ဆို၏။

(နိဂ္ဂဟိတန္တနေရာသည် အက္ခရာတလုံးပင်တည်း။ တဝါကျလုံး မဟုတ်။ ဝါဒတပါးကား လူကို ကမ္မဝါစာ မဖတ်အပ်။ သာမဏေဖြစ်သူကို ကမ္မဝါစာဖတ်မှ ရဟန်းဖြစ်သည်ဟူ၏။ သမ္ပတ္တိငါးပါး၌ ဝတ္ထုသမ္ပတ္တိကို သာမဏေဖြစ်သူဟု မဆို။ အဘဗ္ဗ၊ ပါရာဇိက၊ ဦနဝဿ ဆယ့်သုံးယောက်မှ လွတ်လျှင် ဝတ္ထုသမ္ပတ္တိဖြစ်၍ ရဟန်းဖြစ်နိုင်သည်ဟု ဆိုသည်။)

(သာဋီ ... ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံပေးခြင်း ဤသုံးမျိုးကို လည်းကောင်း၊ နှစ်မျိုးကို လည်းကောင်း ပြုသူကို ရှင်ပြုပေးသူဟု ဆိုအပ်၏။ တစပဉ္စက၌ ဆံပင်ဟူသည် အဆင်းအားဖြင့် လည်းကောင်း၊ သဏ္ဌာန်အားဖြင့် လည်းကောင်း၊ အနံ့အားဖြင့် လည်းကောင်း၊ မှီရာ အကြောင်းအားဖြင့် လည်းကောင်း၊ တည်ရာ အက္ခရာအားဖြင့် လည်းကောင်း၊ စက်ဆုပ်စရာ ရွံစရာဖြစ်၏။

စားသောက်ဖွယ်၌ ဆံပင်အဆင်း မြင်ရလျှင် ဆံပင်ရောသော အစာဟု စက်ဆုပ်ကုန်၏။ ညဉ့်အခါ စားသောက်စဉ် ဆံပင်သဏ္ဌာန်အမျှင် စမ်းသပ်မိလျှင်လည်း ထိုအတူ စက်ဆုပ်ကုန်၏။ မဖီးမလိမ်းသော ဆံပင် အနံ့၊ မီးလောင်သော ဆံပင်အနံ့တို့သည် လွန်စွာစက်ဆုပ်ဖွယ် ကောင်းကုန်၏။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေးစသည်တို့ကို မှီရာအကြောင်းပြု၍ အကျိုးအဖြစ်ဖြင့် ဆံပင်ပေါက်သောကြောင့် မသန့်သော အရပ်၌ ပေါက်သော ဟင်းရွက်ပမာ စက်ဆုပ်စရာ ဖြစ်ကုန်၏။ သုံးဆယ့်တပါးသော ကောဋ္ဌာသကို တည်ရာ အရပ်ပြု၍ ဆံပင်ပေါက်သောကြောင့် မစင်ပုံအထက်ပေါက်သော မှိုပမာ စက်ဆုပ်စရာ ဖြစ်ကုန်၏။

သတ္တဇီဝ မဟုတ်ပုံကား၊ ဤဆံပင်သည် ဦးခေါင်းခွံကို ရစ်ပတ်သော သားရေ၌ ပေါက်၏။ တောင်ပို့ထိပ်၌ ပေါက်သော သမန်းမြက်သည် ငါတောင်ပို့ထိပ်၌ ပေါက်သည်ဟုမသိ၊ တောင်ပို့ကလည်း ငါ့ထိပ်၌ သမန်းမြက် ပေါက်သည်ဟုမသိ၊ အချင်းချင်း မသိတတ်သကဲ့သို့ ဆံပင်နှင့် ဦးခေါင်းသားရေလည်း အချင်းချင်းမသိတတ်။ ထို့ကြောင့် ဤဆံပင်သည် ဤကိုယ်၌ အသီးအခြားအဖို့ ကောဋ္ဌာသ တခုဖြစ်၏။ စိတ်မရှိ၊ ပုဂ္ဂိုလ် သတ္တဝါဟု မဆိုအပ်သော အဗျာကတဖြစ်၏။ ပုဂ္ဂိုလ်သတ္တဝါမှဆိတ်သော သုညဖြစ်၏။ သတ္တဝါမဟုတ်၊ အသက်အရှင် မဟုတ်၊ မာတင်းသော ပထဝီ ဓာတ်ဖြစ်၏။ ဤသို့စသည်ဖြင့် ထင်အောင်ပြောပြရသည်။

ဧကသမ္ဗန္ဓ ဟူသည်ကား အနုနာသိကန္တပြု၍ သရဏဂုံပေးသောအခါ အကြား၌ ပြတ်ခြင်း အန္တရာဝိစ္ဆေဒကို မပြုပဲပေးရသည်။ ဝိစ္ဆန္တိတကား မကာရန္တပြု၍ ပေးသောအခါပြတ်ခြင်း ဝိစ္ဆေဒကို ပြု၍ပေးရသည်။ (ဤ၌လည်း နိဂ္ဂဟိတန္တအက္ခရာ၊ မကာရန္တအက္ခရာကိုသာ စိစစ်သည်။ ဝါကျတခုလုံးကို မစိစစ်ဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏။)

(ဝိဇီ .... ဧဟိဘိက္ခုဖြစ်ခြင်းငှာ အကြောင်းဥပနိဿယ ကင်းသူတို့ကို ဘုရားရှင်တို့သည် ဧဟိဘိက္ခုရဟန်း ပြုမပေးကုန်။ ထို့ကြောင့် ထိုသူတို့အား ရဟန်းပြုပေးရန် အစီအရင်ကိုပြလို၍ သရဏဂုံဖြင့် ရှင်ရဟန်းပြု ပေးရန် အကြံဖြစ်သည်ဟု မှတ်အပ်၏။ ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံပေးခြင်း၊ ဤသုံးမျိုးသည် ရှင်ပြုခြင်းမည်၏။ ထိုတွင် နောက်နှစ်မျိုးကို ရဟန်းတို့သာ ပြုရသည်။ ပြုစေရသည်။ ရဟန်းငယ်ကိုစေ၍ ဤသူကို ရှင်ပြု ပေးလောဟုဆိုခြင်းသည် သုံးမျိုးလုံးကိုရည်၍ ဆိုခြင်းဖြစ်၏။ (ဤစကားဖြင့် ဆယ်ဝါမရသော ရဟန်းငယ်များ သရဏဂုံ မပေးအပ်ဟူသောဝါဒကို တားအပ်၏။)

တသိမ်တည်း၌ - တပါးသော ရဟန်းတို့ကို မပြန်ကြားပဲ ဤ ရှင်လောင်းကို ဆံရိတ်ပေးလောဟု စေခိုင်းခြင်းငှာ လည်း မအပ်။ သင်္ကန်း တောင်းရာ၌ သဗ္ဗဒုက္ခ နိဿရဏတ္ထာယ ဣမံကာသာဝံ ဂဟေတွာတိဝါ၊ တံကာသာဝံ ဒတွာတိဝါ ဝတွာ ပဗ္ဗာဇေထ မံဘန္တေ အနုကမ္မံ ဥပါဒါယ .... ဟု တောင်းခြင်း၊ ရှေးရှိသော သင်္ကန်းကို လက်ခံစေရသည်။ ဥပဇ္ဈာယ် ပေးသူသည် ဥပဇ္ဈာယ်ဆရာ မည်၏။ အာဘိသမာစာရိက ကျင့်ဝတ်တို့၌ ဆုံးမခြင်းငှာ အပ်နှံရာဆရာသည် အာစရိယမည်၏။ သူတပါး မအပ်နှံပဲ ကိုယ်တိုင်ဆုံးမလျှင် ဥပဇ္ဈာယ်သည်ပင် အာစရိယဖြစ်၏။ ရဟန်းခံရာ၌ ကိုယ်တိုင် ကမ္မဝါစာဖတ်လျှင် ဥပဇ္ဈာယ်သည်ပင် ကမ္မဝါစာဆရာ ဖြစ်သကဲ့သို့တည်း။ (ဤစကားဖြင့် ဥပဇ္ဈာယ်သည် ကမ္မဝါစာ မပြုအပ် ဟူသော ဝါဒကို တားအပ်၏။) အနုနာသိကန္တပြု၍ သရဏဂုံ ပေးသောအခါ အန္တရာဝိစ္ဆေဒကို မပြုအပ်။ ထို့ကြောင့် ဧကသမ္ဗန္ဓဟု ဆိုသည်။ (ဤ၌လည်း နိဂ္ဂဟိတန္တ အက္ခရာကိုသာ ဆိုသည်။ ဝါကျကို မဆို။) သေခိယ၊ ခန္ဓကဝတ်၊ တပါးသောလောကဝဇ္ဇ သိက္ခာပုဒ်တို့၌ သာမဏေတို့သည် ဖြည့်ကျင့်ရာ ရသည်။ မဖြည့်လျှင် အလဇ္ဇီဖြစ်၍ ဒဏ်ထိုက်ကုန်၏။)

ရှင်လောင်း ခေါင်းရိတ်သရဇ္ဈာယ်ရန်

(ဤကိုယ်၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ။ အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင် ဤငါးခုသည် အဆင်းအားဖြင့် လည်းကောင်း၊ သဏ္ဌာန်အားဖြင့် လည်းကောင်း၊ အနံ့အားဖြင့် လည်းကောင်း၊ မှီရာ အကြောင်းအားဖြင့် လည်းကောင်း၊ တည်ရာအရပ်အားဖြင့်လည်းကောင်း၊ စက်ဆုပ်ရွံစရာ ဖြစ်၏။ သတ္တဝါလည်းမဟုတ်၊ အသက်လည်းမဟုတ်၊ မာတင်းသော ပထဝီဓာတ် ဖြစ်၏။ ငါ့ကိုယ် ငါ့ဟာ ငါမဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ။

(ဤအတိုင်းဖြစ်စေ၊ ရှင်လောင်းဉာဏ် ချင့်ချိန်၍ဖြစ်စေ သင်ပေး၍ ဆံရိတ်စဉ် နှလုံးသွင်းစေအပ်၏။ သရဇ္ဈာယ်စေအပ်၏။)

ဘဒ္ဒဝဂ္ဂီဝတ္ထု

ထိုအခါ မြတ်စွာဘုရားသည် ဝါကျွတ်လတ်သော်၊ ရဟန်းတို့ကို ချစ်သားတို့၊ ငါဘုရားသည် သင့်သော နှလုံးသွင်းခြင်း၊ အားထုတ်ခြင်းကြောင့် အတုမရှိသော အရဟတ္တဖိုလ်ကိုရပြီ၊ မျက်မှောက် ပြုရပြီ၊ သင်တို့လည်း ထိုအတူ ရကြလော၊ မျက်မှောက်ပြုကြလော၊ (ဝါ- ရဟန္တာဖြစ်၍လည်း = အရဟတ္တ ဖလသမာပတ်ဖြင့် အချိန်ကုန်စေကြလော) ဟု မိန့်တော်မူ၏။

ထိုအခါ မာရ်နတ်သည် ချဉ်းကပ်၍ ရဟန်းကြီး၊ သင့်ကို လူနတ်တို့၌ဖြစ်သော ကိလေသာမာရ် ကျော့ကွင်းဖြင့် ကြီးစွာဖွဲ့အပ်ပြီ၊ ငါ၏ လက်မှ မလွတ်ဟုဆို၏။ မာရ်နတ် ငါသည် ထိုကျော့ကွင်းတို့မှ ကြီးစွာလွတ်ပြီ၊ သင်ရှုံးပြီ ဟုမိန့်ဆို၏။ ထိုအခါ ဘုရားရှင်သည် ငါ့ကိုသိသည်ဟု နှလုံးမသာမယာဖြစ်၍ မာရ်နတ်ကွယ်ပျောက်လေ၏။

မြတ်စွာဘုရားသည် ဗာရာဏသီ၌ မွေ့လျော်သလောက် (ဝါ-အလိုတော်အလျောက်) နေ၍ ဥရုဝေလ တောအုပ်သို့ကြွစဉ် သစ်တပင် အောက်၌ နေတော်မူ၏။ ထိုအခါ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့သည် မယား ကိုယ်စီဖြင့် တောအုပ်၌လှည့်လည်ကုန်၏။ တယောက်ကား မယား မရှိ၍ ပြည့်တန်ဆာမ ဆောင်ခဲ့၏။ ထိုပြည့်တန်ဆာမသည် မင်းသားတို့ကိုမေ့လျော့ခိုက် ဘဏ္ဍာတို့ကိုယူ၍ ထွက်ပြေး၏။

အဖော်ကိစ္စကူညီကာ လိုက်ရှာလတ်သော် ဘုရားရှင်ကိုမြင်၍၊ အရှင်ဘုရား မိန်းမတယောက်ကို မြင်မိပါ သလောဟု လျှောက်ကုန်၏။ မင်းသားတို့-မိန်းမနှင့် အဘယ်သို့ဖြစ်ကြသနည်း။ အရှင်ဘုရား ထိုမိန်းမသည် ဘဏ္ဍာတို့ကို ယူပြေးသောကြောင့် လိုက်ရှာကြသဖြင့် ဤအရပ်သို့ ရောက်လာကြပါသည်ဘုရား။

မင်းသားတို့ ငါဆိုလတ္တံ့သောစကားကို အဘယ်သို့ မှတ်ထင်ကြသနည်း။ မိန်းမကို ရှာခြင်း၊ မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်သည် သင်တို့အား အကျိုးရှိမည်နည်း။ အရှင်ဘုရား မိမိကိုယ်ကို ရှာခြင်းသည်သာလျှင် အကျိုးရှိပါသည်ဘုရား။ မင်းသားတို့ ထိုသို့ဖြစ်လျှင် ထိုင်ကြလော၊ တရားဟောအံ့။ မြတ်စွာဘုရား ကောင်းပါပြီ ဟု ဝန်ခံ၍ ရှိခိုး၍ သင့်လျော်စွာ ထိုင်ကုန်၏။ ဒါနကထာ စသည်ကို အစဉ်အတိုင်း ဟော၍ သစ္စာလေးပါး ပြလတ်သော် ဓမ္မစက္ခုရ၍ (ဝါ-အောက်မဂ်သုံးပါးရ၍) ဧဟိဘိက္ခု ရဟန်းတို့ဖြစ်ကုန်၏။

(ထာ ... ဘဒ္ဒဝဂ္ဂီတို့သည် မင်းသားတို့ဖြစ်ကုန်၏။ ရုပ်ကောင်း စိတ်ကောင်းရှိ၍ အသင်းဖွဲ့ကာ လှည့်လည် သောကြောင့် ဘဒ္ဒ+ဝဂ္ဂီတို့ မည်ကုန်၏။ ဓမ္မစက္ခု ရခြင်းကား အချို့သောတာပန်၊ အချို့ သကဒါဂါမ်၊ အချို့ အနာဂါမ် ဖြစ်ခြင်းတည်း။ ဤ၌ အောက်မဂ်သုံးပါးသည် ဓမ္မစက္ခု မည်၏။ ထိုမင်းသားတို့သည် ဆက္ကနိပါတ် တုဏ္ဍိလဇာတ်၌ သေသောက်ကြူး သုံးကျိပ်ဖြစ်၍ ဝက်မင်းတရားနာရသဖြင့် ငါးပါးသီလ စောင့်ကုန်၏။ ဤကား ထိုသူတို့၏ တရားထူးရကြောင်း ကောင်းမှုတည်း။)

(သာဋီ ... ဘုရားရှင်တို့အား နေရာတခု၌နေစဉ် မပြည့်စုံ၍ ပျင်းရိခြင်း၊ ပြည့်စုံ၍ ကြာမြင့်စွာနေခြင်း ဟူသည်မရှိ။ သရဏဂုံသီလတို့၌ တည်သူ၊ ရှင်ရဟန်းပြုသူ၊ မဂ်ဖိုလ်ရထိုက်သူတို့ရှိရာအရပ်၌ ထိုသူတို့ကို ချီးမြှောက်လိုခြင်း သာ နေကုန်၏။ ထိုသူတို့ မရှိလျှင် ဖဲသွားကုန်၏။ (ဤကား ယထာဘိရန္တ မွေ့လျော်သလောက်၏ အဓိပ္ပါယ်တည်း။)

ရှင်တထောင်ဝတ္ထု

ဘဒ္ဒဝဂ္ဂီ ရဟန်းပြုပြီးသောအခါ မြတ်စွာဘုရားသည် ခရီးစဉ်အတိုင်း ရသေ့ကြီး သုံးဦးတို့နေသော ဥရုဝေလတော၌ ရသေ့ငါးရာတို့၏ အကြီးအမှူး ဥရုဝေလကဿပ ရသေ့ကြီးထံရောက်၍၊ ကဿပ သင်အား ဝန်မလေးလျှင် မီးတင်းကုပ်၌ တညဉ့်နေလို၏ ဟုဆို၏။ ရဟန်းကြီး ဝန်မလေးပါ၊ မီးတင်းကုပ်၌ နဂါးမင်းကြီး ရှိ၏။ သင့်ကို မနှိပ်စက်ပါစေနှင့်ဟု တား၏။ ဒုတိယအကြိမ်လည်း တား၏။ တတိယအကြိမ်လည်း တား၏။ ကဿပ ငါ့ကိုမနှိပ်စက်နိုင်၊ ခွင့်သာ ပြုလောဟုဆိုမှ ချမ်းသာသလိုနေပါဟု ခွင့်ပြုသဖြင့် မီးတင်းကုပ်သို့ဝင်၍ မြက်အခင်းကိုခင်း၍ ထိုင်တော်မူ၏။

နဂါးမင်းသည် မြင်လတ်သော် အမျက်ထွက်၍ အခိုးလွှတ်၏။ ဘုရားရှင်သည်လည်း နဂါးမင်း၏ အသားအရေကို မထိခိုက်စေပဲ တန်ခိုးဖြင့် အခိုး၊ မီးလျှံတို့ကိုလွှတ်၏။ မီးတင်းကုပ်တခုလုံး ထိန်ထိန် တောက်၏။ ရသေ့တို့သည် မီးတင်းကုပ်ကို ဝန်းရံ၍ ရဟန်းကြီးသည် အလွန်အဆင်း လှပပေစ္စ၊ နဂါးမင်း နှိပ်စက်တိုင်း ခံရရှာတော့အံ့ဟုဆို ကုန်၏။

နံနက်မိုးသောက်လတ်သော် နဂါးမင်းကို တန်ခိုးကုန်စေ၍ ပတ္တ-သပိတ်၌ထည့်၍ ဥရုဝေလကဿပအားပြ၏။ ဥရုဝေလကဿပသည် ရဟန်းကြီးကား တန်ခိုးကြီးပေစွ၊ နဂါးမင်းကိုသော်လည်း တန်ခိုးကုန်စေနိုင်သည်။ ငါကဲ့သို့ ရဟန္တာမဟုတ်သေးသည်သာဟု ကြံစည်လေ၏။

နေရဉ္စရာယံ ဘဂဝါ - စသော ရှည်လျားသော ဂါထာကြီး လေးဂါထာခွဲဖြင့် ထိုဆိုပြီးသော စကားတို့ကို သီကုံး ထားလေ၏။

ဥရုဝေလကဿပသည် ဤတန်ခိုးဖြင့်အလွန်ကြည်ညို၍ ရဟန်းကြီး ဤတွင် နေထိုင်ပါ၊ အမြဲဆွမ်းဝတ်ဖြင့် လုပ်ကျွေးပါမည်ဟု ဆို၏။ ဤကား ပဌမတန်ခိုးတည်း။

(ထာ ... ဥရုဝေလကဿပသည် မိမိကိုယ်ကို ရဟန္တာဟု ထင်၍ ဆိုသည်။ နေရဉ္စရာယံ ဘဂဝါ စသော ဂါထာတို့ကို နောက်ကာလ၌ ထည့်ကုန်၏။)

(ဝိဋီ ... နဂါးမင်းကို တန်ခိုးကင်းစေ၍ သရဏဂုံသီလ ဆောက်တည်စေ၍ တညလုံး ခစားစေ၍ နေသည်ကို ရသေ့တို့အားပြခြင်းငှာ၊ ပတ္တ-သပိတ်၌ထည့်သည်။ အလမ္ပာယ်ကဲ့သို့ အတင်းဖမ်းထည့်သည် မဟုတ်။ ဇီဋီ ပတ္တေန-ပဒုမ္မာကြာရွက်ဟူ၍လည်း ပေါရာဏတို့ ဆိုကုန်၏။ ဘုရားရှင်သည် ပဒုမ္မာကြာရုံ၌တည်၏။ ဤကား ထိုပေါရာဏတို့၏ အလိုတည်း။)

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကသာပ၏ ကျောင်းသင်္ခမ်းအနီး တခုသောတောအုပ်၌ နေ၏။ သန်းခေါင်ယံ၌ နတ်မင်းကြီး လေးယောက်တို့သည် ထိုတောအုပ်ကိုလင်းစေလျက် ဘုရားရှင်ထံ ခစားကုန်၏။ ဥရုဝေလကဿပသည် နံနက်၌ ဘုရားရှင်ထံသွား၍ ရဟန်းကြီး - ဆွမ်းပြင်ပြီး၍ အချိန်တန်ပါပြီဟု ဆွမ်းစားပင့်ပြီးလျှင် မီးပုံကြီးများကဲ့သို့ သန်းခေါင်ယံ လာသူတို့သည် အဘယ်သူတို့ပါနည်းဟု မေး၏။ နတ်မင်းကြီးလေးယောက် တရားနာလာကြသည်ဟု ဆိုလတ်သော်၊ ရဟန်းကြီးကား တန်ခိုးကြီးပေစွ၊ နတ်မင်းကြီးတို့သော်မှ တရားနာ လာကြရသည်၊ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်ဟု ကြံလေ၏။ ဘုရားရှင်သည် ဆွမ်းစားပြီးသောအခါ ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကား ဒုတိယတန်ခိုးတည်း။

တနေ့၌ သိကြားမင်းလာ၍ ခစား၏။ ဥရုဝေလကဿပသည် နံနက်ဆွမ်းစားသွား ပင့်ပြီးလျှင် ရှေး အရောင်တို့ထက် ထွန်းလင်းစွာ သန်းခေါင်ယံလာသူသည် အဘယ်သူနည်းဟုမေး၏။ သိကြားမင်း တရားနာ လာသည်ဟု ဆိုလတ်သော်။ ရဟန်းကြီးကား တန်ခိုးကြီးပေစွ၊ သိကြားမင်းသော်မှ လာရသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟု ကြံ၏။ ဘုရားရှင်လည်း ဆွမ်းစားပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကား တတိယတန်ခိုးတည်း။

တနေ့၌ သဟမ္ပတိဗြဟ္မာကြီး လာ၍ ခစား၏။ ဥရုဝေလကဿပသည် နံနက်ဆွမ်းစားပင့်ပြီးလျှင် ထို အကြောင်းမေး၍ သိသောအခါ၊ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ သဟမ္ပတိဗြဟ္မာသော်မှလာရသည်၊ ငါ ကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟု ကြံ၏။ ဘုရားရှင်လည်း ဆွမ်းစား ပြီးလျှင် ထိုဟောအုပ်၌သာ နေတော်မူ၏။ ဤကား စတုတ္ထတန်ခိုးတည်း။

တနေ့၌ ဥရုဝေလကဿပထံ အင်္ဂတိုင်း၊ မဂဓတိုင်းသားတို့သည် အလှူကြီးပေးရန် လာရောက်လိုကုန်၏။ ဥရုဝေလကဿပသည် ယခု ရဟန်းကြီးကြွလာ၍ ဣဒ္ဓိပါဋိဟာရိယ တန်ခိုးပြလျှင် ရဟန်းကြီးအား လာဘ်များ၍ ငါအား ဆုတ်ယုတ်လတ္တံ့။ နံနက်တွင် ဆွမ်းမကြွလာမူ ကောင်းလေစွဟု ကြံ၏။ ထိုနေ့၌ ဘုရားရှင်သည် မကြွလာပဲ မြောက်ကျွန်း၌ ဆွမ်းခံ၍ အနဝတတ်အိုင်၌ ဆွမ်းဘုဉ်းပေး၍ တနေ့လုံး နေတော်မူ၏။ နောက်တနေ့ နံနက်တွင် ဆွမ်းစားသွားပင့်သောအခါ “ယမန်နေ့က အဘယ်ကြောင့် မကြွလာပါသနည်း၊ ရဟန်းကြီးအတွက် ခဲဖွယ်ဘောဇဉ်တို့ကို ထား၍ မျှော်နေကြပါသည်” ဟု လျှောက်၏။

ကဿပ-ရဟန်းကြီး မကြွလာမူ ကောင်းလေစွဟု သင်ကြံသည် မဟုတ်လော၊ ငါသည် သင့်အကြံကိုသိ၍ မြောက်ကျွန်း၌ ဆွမ်းခံ၍ အနဝတတ်အိုင်၌ ဆွမ်းဘုဉ်းပေး၍ တနေ့လုံး နေသည်ဟု ဆိုလတ်သော်၊ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ စိတ်အကြံကိုသော်လည်း သိပေသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည် ဟုကြံ၏။ ဘုရားရှင်လည်း ဆွမ်းစားပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကား ပဉ္စမတန်ခိုးတည်း။

(သာဋီ … ဣဒ္ဓိပါဋိဟာရိယ တန်ခိုးပြပြီးလျှင်ဟု ဆိုရာ၌ ဆန့်ကျင်ဘက် တိတ္ထိတို့ကို နှိမ်နင်းခြင်းသည် လည်းကောင်း၊ ဝေနေယျတို့၏ ကိလေသာကို ပယ်ခြင်းသည်လည်းကောင်း ပါဋိဟာရိယ မည်၏။ ဣဒ္ဓိ၊ အာဒေသနာ၊ အနုသာသနီဟု သုံးမျိုးပြား၏။

ထိုတွင် အနည်းကို အများ ပြုခြင်း၊ ကွယ်ပျောက်ခြင်းစသော ဣဒ္ဓိဝိဓသည် ဣဒ္ဓိပါဋိဟာရိယ မည်၏။ သင်၏စိတ်ကား ဤသို့ ဤသို့ဟု သူတပါး၏စိတ်ကိုသိ၍ ပြောခြင်းသည် အာဒေသနာပါဋိဟာရိယ မည်၏။ ဤသို့ကြံကြ၊ နှလုံးသွင်းကြ၊ အားထုတ်ကြ၊ ဤသို့မပြကြလင့်စသည်ဖြင့် အခါခပ်သိမ်း ဟောသော တရား သည် အနုသာသနီပါဋိဟာရိယ မည်၏။ ဤ၌ အာဒေသနာ၊ အနုသာသနိ နှစ်ပါးကိုနစ်စေ၍ ဣဒ္ဓိဝိဓ အဘိညာ တန်ခိုးကို ဆိုသည်။

တနေ့သ၌ မြတ်စွာဘုရားအား ပံသုကူသင်္ကန်းရ၍ အဘယ်၌ ဖွပ်ရအံ့နည်း-ဟု ကြံလတ်သော် သိကြားမင်းသည် လက်ဖြင့် ရေကန်တူး၍ (ဝါ) လက်ဖြင့်တူးသကဲ့သို့ တန်ခိုးဖြင့်တူး၍ ဤရေကန်၌ ဖွပ်တော်မူပါဟု လျှောက်၏။ ထို့နောက် အဘယ်၌ နယ်ရအံ့နည်းဟု ကြံလတ်သော် သိကြားမင်းသည် ကျောက်ခဲကြီးတခုကိုချထား၍ ဤ၌ နယ်တော်မူပါဟု လျှောက်ထား၏။ ထို့နောက် အဘယ်၌ ဆွဲရအံ့နည်းဟု ကြံလတ်သော် ရေခတက်ပင် စောင့်နတ်သည် ရေခတက်ကိုင်းညွှတ်ပေး၍ ဤ၌ဆွဲတော်မူပါဟု လျှောက်၏။ ထို့နောက်၌ အဘယ်၌ ဖြန့်လှန်းရအံ့နည်းဟု ကြံလတ်သော် သိကြားမင်းသည် ကျောက်ခဲကြီးတခုကို ချထား၍ ဤ၌ ဖြန့်လှန်း တော်မူပါဟု လျှောက်၏။

ဥရုဝေလကဿပသည် နံနက်ဆွမ်းစား လာပင့်သောအခါ ဤရေကန်စသည်တို့ရှေး၌ မရှိ။ အသို့ပါနည်းဟု မေး၍ ထို အကြောင်းပြောပြသောအခါ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊သိကြား နတ်တို့သော်မှလည်း ဝေယျာဝစ္စပြုကြရပေသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်ဟု ကြံ၏။ ဘုရားရှင်လည်း ဆွမ်းစားပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ရေကန်၊ ကျောက်ခဲ၊ ခတက်ကိုင်းညွတ်၊ ကျောက်ခဲ တန်ခိုးလေးခု။

(ဝိဋီ … ပံသုကူသင်္ကန်းသည် ပုဏ္ဏာမည်သော ကျွန်မအသေကောင်ကို ပတ်၍စွန့်သော ပိုက်ဆံလျှော် အဝတ်ဖြစ်၏။ ပိုးလောက်ပြွမ်း၏။ ရှာဖွေခြင်းဖြင့်ရသော အဝတ်ဖြစ်၏။ ဘုရားရှင်သည် ထိုအဝတ်ကို မြေလှုပ်စေလျက် ဝတ်ရုံသည်။ နောက်၌ ရှင်မဟာကဿပအား ပေးသည်။ ထိုအဝတ်ကိုရည်၍ ဆိုကြသည်။

တနေ့သ၌ ဆွမ်းစားသွား ပင့်သောအခါ ကဿပ သင်သွားနှင့်၊ ငါလာခဲ့မည်ဟု လွှတ်လိုက်၏။ ဥရုဝေလကဿပသည် ဘုရားရှင်ကို မီးတင်းကုပ်၌ ရောက်နှင့်သည်ကိုမြင်၍ အဘယ်ခရီးဖြင့် ကြွလာပါသနည်း ဟု မေး၏။ ကဿပ-ငါသည် ဇမ္ဗူဒိပ်ကျွန်းဟု ခေါ်ကြောင်းဖြစ်သော ဇမ္ဗုသပြေပင်မှ အသီးကိုယူ၍လာသည်၊ အဆင်းအနံ့ အရသာရှိ၏။ သုံးဆောင်လောဟု ဆို၏။ သင်သာထိုက်သည်၊ ဝါ၊ သင်သာဆောင်သည်။ သင်သာ သုံးဆောင်ပါလောဟု ဆို၍ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ငါ့ကိုလွှတ်ပြီးလျှင် ဇမ္ဗုသပြေသီးကိုယူ၍ ရှေးဦးစွာ ရောက်နှင့်ပေသည်၊ ငါကဲ့သို့ ရဟန္တာ မဟုတ်သေး သည်သာဟုကြံ၏။ ဘုရားရှင်လည်း ဆွမ်းစား ပြီးလျှင် ထိုတောအုပ်၌သာ နေတော်မူ၏။ ဤကားတန်ခိုး တခု။

နောက်နေ့တို့၌လည်း ရှေးအတူ ရှေးဦးစွာရောက်နှင့်၍ - ငါသည် ဇမ္ဗုသပြေပင်အနီး သရက်ပင်မှ သရက်သီးကို....။ ရှိရှားပင်မှ ရှိရှားသီးကို၊ ဖန်ခါးပင်မှ ဖန်းခါးသီးကို၊ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်မှ ပန်းကိုယူလာသည် ယူ၍ သုံးဆောင်လောဟု ဆို၏။ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ငါ့ကို လွှတ်ပြီးလျှင် သရက်သီး စသည်ကိုယူ၍ ရှေးဦးစွာ ရောက်နှင့်ပေသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေး သည်သာဟု ကြံ၏။ သရက်၊ ရှိရှား၊ ဖန်ခါး၊ ကသစ် တန်ခိုးလေးခု။

ထိုအခါ ရသေ့တို့သည် မီးလုပ်ကျွေးလိုကုန်၏။ ထင်းတို့ကိုခွဲ၍ မရကြသဖြင့် မချွတ်ရဟန်းကြီး၏ တန်ခိုးဟု ကြံကုန်၏။ မြတ်စွာဘုရားသည် ကဿဿပ - ထင်းတို့ကို ခွဲလိုကုန်သလောဟု မိန့်တော်မူ၏။ ခွဲလိုကုန်၏ဟု ဆိုလတ်သော်၊ တကြိမ်တည်းဖြင့် ထင်းငါရာ ကွဲကုန်၏။ ရသေ့တို့သည် မီးတောက်အောင် မတတ်နိုင်ကုန်၊ တကြိမ်တည်းဖြင့် ငြိမ်းစေပြန်၏။ ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ထင်းငါးရာ မကွဲအောင်၊ ကွဲအောင်၊ မီးငါးရာ မတောက်အောင်၊ တောက်အောင်၊ မီးမငြိမ်းအောင်၊ ငြိမ်းအောင် တတ်နိုင်ပေ၏။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟုကြံ၏။ တန်ခိုး ငါးရာ ခြောက်လီသုံးထောင်။

ရသေ့တို့သည် ချမ်းအေးသော ဆောင်းတွင်း အန္တရဋ္ဌက ရက်တို့၌ (ဝါ-တပို့တွဲလ အဆုံးလေးရက်၊ တပေါင်းလ အစလေးရက်တို့၌) ဆီးနှင်း ကျသောအခါ နေရဉ္ဇရာမြစ်၌ (မကောင်းမှု စင်ကြယ်နိုင်သည်ဟု အယူရှိ၍) ငုပ်ကြ ပေါ်ကြကုန်၏။ မြတ်စွာဘုရားသည် ရသေ့တို့၏ မီးလှုံရန် မီးမယ်ဖျူး (မီးအိုးကင်း) ငါးရာ ဖန်ဆင်းပေး၏။ ရသေ့တို့သည် ရဟန်းကြီး၏ တန်ခိုးမချွတ်ဟု ကြံကုန်၏။ ဥရုဝေလကဿပကား ရဟန်းကြီးသည် တန်ခိုး ကြီးပေစွ၊ မီးမယ်ဖျူးငါးရာ ဖန်ဆင်းပေးသည်။ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာ ဟုကြံ၏။ ဤကား တန်ခိုးငါးရာ။

တနေ့၌ အခါမဲ့ မိုးကြီးရွာ၏။ ကြီးစွာသော ရေအယဉ်ဖြစ်၏။ ဥရုဝေလကဿပသည် ရဟန်းကြီးကို ရေမမျှောပါစေလင့်ဟု လှေဖြင့်လာလတ်သော် ထက်ဝန်းကျင်မှ ရေကိုဖဲစေ၍ အလယ်၌ မြူနှင့်တကွသော မြေ၌ စင်္ကြံကြွနေသော ဘုရားရှင်ကိုမြင်လျှင် ... ဣဒံ န တွံ မဟာသမဏ - ရဟန်းကြီး၊ သင်သည် ဤ နေရာ၌လောဟု မေး၏။ အယမဟမသ္မိ ကဿပ - ဤ ငါသည် ဤနေရာ၌ ဟုတ်၏ဟု မိန့်ဆိုပြီးလျှင် ကောင်းကင်သို့ တက်၍ လှေ၌ ရှေးရှုတည်တော်မူ၏။ ထိုအခါ၌လည်း ရဟန်းကြီးသည် တန်ခိုးကြီးပေစွ၊ ဤသို့သော ရေသော်မှလည်း မမျှောနိုင်၊ ငါကဲ့သို့ ရဟန္တာ မဟုတ်သေးသည်သာဟုကြံ၏။ တန်ခိုးတခု။

(ဝိဋီ ... ဣဒံ နု တွံ ကား - ဣဓ+နု+တွံ။ ဓ အောက်ခြိုက်ကို ဒဒွေး ပြု၍ နိဂ္ဂဟိတ်လာ၍ ဣဒံ နုတွံ-ဟု ဆိုသည်။ ဧကမိဒါဟံ စသည်ကဲ့သို့တည်း။)

ထို့နောက် မြတ်စွာဘုရားသည် ဤမောဃပုရိသအား “တန်ခိုးကြီးပေစွ၊ ငါကဲ့သို့ ရဟန္တာမဟုတ်သေး” ဟူသောအကြံသည် ကြာရှည်စွာပင် ဖြစ်ရှာလတ္တံ့၊ သံဝေဂဖြစ်စေရမူ ကောင်းလေစွဟု ကြံ၍၊ ကဿပ သင်သည် ရဟန္တာလည်းမဟုတ်၊ ရဟန္တာအကျင့်လည်း မရှိဟု မိန့်တော်မူ၏။ (ကလျာဏပုထုဇဉ်မျှ မဟုတ်သေး ဟူလို။)

ထိုအခါ ခြေတော်တို့၌ ဦးခိုက်ပြီးလျှင် မြတ်စွာဘုရား - မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊ ရဟန်း အဖြစ် ရယူလိုပါသည်ဟု လျှောက်၏။ ကဿပ သင်သည် ရသေ့ငါးရာ တို့၏ အကြီးအမှူးဖြစ်သည်၊ ထိုရသေ့တို့ကို ပန်ကြားဦးလောဟု မိန့်ဆို၏။ ပန်ကြားလတ်သော် အရှင်အကျွန်ုပ်တို့သည် ကြာမြင့်သောကာလမှစ၍ (ဝါ-နဂါးမင်းကို ဆုံးမသည်မှစ၍) ရဟန်းကြီး၌ အလွန်ကြည်ညိုကုန်ပြီ၊ အကျွန်ုပ်တို့လည်း ရှင်ရဟန်းပြုကုန်အံ့ ဟုဆို၍ ဆံပင်၊ ဆံကျစ်၊ ရသေ့ ပရိက္ခရာထမ်းသော ထမ်းပိုး၊ မီးမွှေယောက်မတို့ကို ရေမျှောပြီးလျှင် ရဟန်း အဖြစ် တောင်းကုန်၏။ ဧဟိဘိက္ခု ရဟန်းတို့ ဖြစ်ကုန်၏။

ထိုအခါ နဒီကဿပသည် ရေ၌မျောလာသော ဆံကျစ်စသည်ကို မြင်၍ နောင်တော်တို့အား ဘေးရန် မဖြစ်ပါစေလင့်ဟု ရသေ့တို့ကို စေလွှတ်၍ မိမိလည်း ရသေ့သုံးရာနှင့် ဥရုဝေလကဿပထံ ရောက်လာ၍ ဤရဟန်းအဖြစ်သည် အထူးမြတ်၏ဟု နောင်တော်ပြောသဖြင့် ဆံကျစ် စသည်တို့ကို မျှော၍ ဘုရားရှင်ထံ ရဟန်းအဖြစ်တောင်းပန်၏။ ဧဟိဘိက္ခုတို့ဖြစ်ကုန်၏။ ဂယာကဿပလည်း ရေမျောလာသော ဆံကျစ်တို့ကို မြင်၍ ရသေ့နှစ်ရာနှင့် ရောက်လာပြီးလျှင် ဧဟိဘိက္ခုတို့ ဖြစ်ကုန်၏၊ ထို့နောက် တန်ခိုးသုံးထောင့်ငါးရာကို ဂါထာရှည်ဖြင့် သီကုံးထားသည်။

သာဋီ ... မီးပွတ်၊ ကယား၊ သစ်သားဆံထိုး စသောရသေ့ပရိက္ခရာသည် ခါရီမည်၏။ ထိုကိုဆောင်သော ထမ်းပိုးသည် ခါရီကာဇ မည်၏။ ဘဂဝတော အဓိဋ္ဌာနေန-စသော ဂါထာဖြင့် သုံးထောင့်ငါးရာကုန်သော တန်ခိုးတို့ကို ရေတွက်၏။ နဂါးဆုံးမခြင်း စသော ၁၆-ပါးသောတန်ခိုးနှင့် ၃၅၁၆ တန်ခိုးတို့ဖြစ်ကုန်၏။

ဇီဋီ ... ၃၅၁၆ - တန်ခိုးတို့ဖြစ်ကုန်၏။

ဝိဋီ ... သုံးထောင့်ငါးရာသော တန်ခိုးကို နဂါးဆုံးမခြင်းစသော တန်ခိုး ကဆယ့်ငါးပါး ကျဉ်၍ဆိုသည်။ ၃၅၁၅ ဟူလို၏။)

မြတ်စွာဘုရားသည် ဥရုဝေလတော၌ အလိုအလျောက်နေ၍ ဂယာသီသို့ ရှင်တထောင်နှင့် ကြွရောက် နေထိုင်၍ သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံ အစ ချီလျက် အာဒိတ္တပရိယာယသုတ်ကို ဟော၏။ ဒေသနာအဆုံး၌ ရှင်တထောင် အားလုံး ရဟန္တာချည်း ဖြစ်ကုန်၏။

(သာဋီ ... ဂယာမြစ်၊ ဂယာရွာ၊ ဂယာရေကန်၊ ဂယာသီသ ကျောက်ဖျာ ဤလေးခုသည် အချင်းချင်း မနီးမဝေးတည်၏။ ကျောက်ဖျာကား- ဆင်ဦးကင်းနှင့်တူ၏။ ရဟန်းတထောင် နေလောက်၏။ ဤရသေ့ တထောင်သည် နံနက်ညချမ်း မီးလုပ်ကျွေးနေကျဖြစ်၏။ အာယတန တဆယ့်နှစ်ပါးကို ရဲရဲတောက်ပြု၍ တရားဟောလျှင် ရဟန္တာဖြစ်ကုန်လတ္တံ့ ဟု ဆုံးဖြတ်၍ အာဒိတ္တသုတ်ကို ဟောသည်။)

ရာဇဂြိုဟ် ဝေဠုဝန်

ထိုအခါ မြတ်စွာဘုရားသည် ဂယာသီသ အလိုရှိသလောက် နေပြီးလျှင် ရှင်တထောင်နှင့်တကွ ရာဇဂြိုဟ် ပြည်သို့ ကြွ၍ ထန်းတောဥယျာဉ်၌ သုပတိဋ္ဌစေတီ မည်သော ပညောင်ပင်၌ နေတော်မူ၏။ မဂဓတိုင်းလုံး အစိုးရသော ရာဇဂြိုဟ်ဘုရင် ဗိဗ္ဗိသာရမင်းကြီး ကြားသိလတ်သော် ပုဏ္ဏားသူကြွယ် တသိန်း နှစ်သောင်းနှင့် သွား၍ ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ သင့်သောနေရာ၌နေ၏။

ပုဏ္ဏားသူကြွယ် အချို့ကား ရှိခိုး၍ သင့်ရာ၌နေ၏။ အချို့ဝမ်းမြောက်ဝမ်းသာပြောဆို၍ အချို့ လက်အုပ်ချီ၍၊ အချို့ အမည်အနွယ် ပြောကြား၍၊ အချို့ ဆိတ်ဆိတ်နေ၍ အားလုံးသင့်ရာ၌ နေကုန်၏။ ထိုပုဏ္ဏား သူကြွယ်တို့အား ဤသို့ အကြံဖြစ်၏။ ရဟန်းကြီးသည် ဥရုဝေလကဿပထံ၌ မြတ်သောအကျင့် ကျင့်သော တပည့်လော။ ထိုသို့မဟုတ်၊ ဥရုဝေလကဿပသည် ရဟန်းကြီး၏ တပည့်လောဟု အကြံဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုအကြံကိုသိ၍ ဂါထာဖြင့်မေး၏။ ဥရုဝေလကဿပသည် ဂါထာဖြင့် ဖြေဆို၏။

ချစ်သားကဿပ၊ သင်သည် ရသေ့တို့၏ ဆရာကြီးဖြစ်လျက် အဘယ်ကိုမြင်၍ အဘယ်ကြောင့် မီးပူဇော်ခြင်းကို စွန့်သနည်း။

မြတ်စွာဘုရား၊ မီးပူဇော်ခြင်းကြောင့် ကာမဂုဏ် ငါးပါးရ၏။ ကာမဂုဏ်ငါးပါးသည် ခန္ဓာဥပဓိ၌ အညစ် အကြေးသာ ဖြစ်၏။ ဤသို့ မြင်သောကြောင့် စွန့်ပါသည်။

ချစ်သားကဿပ - ကာမဂုဏ်ငါးပါး၌ သင်၏စိတ်မမွေ့လျော်လျှင် လူ့ပြည် နတ်ပြည် အဘယ်၌ မွေ့လျော် သနည်း။

မြတ်စွာဘုရား၊ နိဗ္ဗာန်သည် ငြိမ်သက်၏။ ဥပဓိလေးပါးမရှိ၊ ရာဂ စသောကြောင့် ကြခြင်း မရှိ၊ ကာမဘဝ၌ ကပ်ငြိခြင်းမရှိ၊ ပျက်စီးခြင်းမရှိ၊ သူတပါး၏ဉာဏ်ဖြင့် မသိအပ်၊ ထိုသို့သော နိဗ္ဗာန်ကို မြင်သိရပါပြီ၊ ထို့ကြောင့် လူနတ်စည်းစိမ် ပြည့်စုံကြောင်း ပူဇော်ကြီး၊ ပူဇော်ငယ်တို့၌ မမွေ့လျော်ပါ၊ (နိဗ္ဗာန်၌သာ မွေ့လျော်ပါသည် ဟူလို။)

ဤသို့လျှောက်ပြီးလျှင် နေရာမှထ၍ ကိုယ်ရုံစမ္ပာယ်တင်၍ ဘုရားရှင်၏ ခြေတော်တို့၌ ဦးခိုက်ဝပ်စင်း၍ မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာဖြစ်ပါသည်။ အကျွန်ုပ်သည် တပည့်သာဝက ဖြစ်ပါသည်ဟု (ကောင်းကင်၌ တန်ခိုး အထူးထူးပြ၍) အကြိမ်ကြိမ်လျှောက်၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုလူတို့၏ စိတ်ကြံသိ၍ ဒါနကထာ စသည်ကိုဟော၍ သစ္စာလေးပါး ပြတော်မူ၏။ ဗိမ္ဗိသာရမင်းကြီး အမှူးရှိသော တသိန်း တသောင်းသော သူတို့သည် သောတာပန်တည်ကုန်၏။ တသောင်းကား ဥပါသကာအဖြစ်ကို လျှောက်ကြားကုန်၏။

ဗိမ္ဗိသာရမင်းကြီးသည် သောတာပန်တည်ပြီးသောအခါ မြတ်စွာဘုရား ရှေးအခါ အကျွန်ုပ် မင်းသားဖြစ်စဉ်က “ငါ့ကို မင်းဘိသိက် မြှောက်ကြမူ ကောင်းလေစွ၊ ငါ၏နိုင်ငံသို့ ဘုရားရှင် ကြွတော်မူ ကောင်းလေစွ၊ ထို ဘုရားရှင်ကို ဆည်းကပ်ရမူ ကောင်းလေစွ၊ ငါ့ကို ဘုရားရှင် တရားဟောမူ ကောင်းလေစွ၊ ထိုတရားကို ငါသိရမူ ကောင်းလေစွ”ဟု အကြံငါး မျိုးကြံမိပါသည်။

ယခု ထိုငါးမျိုးလုံး ပြည့်စုံပါပြီဟု လျှောက်ပြီးလျှင် သရဏဂုံဆောက်တည်၍ ရဟန်းသံဃာနှင့်တကွ နက်ဖြန်ဆွမ်း အလှူခံတော်မူပါဟု လျှောက်၍၊ ရှိခိုး၍၊ လက်ျာရစ်လှည့်၍ ဖဲသွား၏၊ နံနက်မိုးသောက် လတ်သော် ဆွမ်းပြီးပါပြီ၊ အချိန်တန်ပါပြီဟု လျှောက်စေ၏။ မြတ်စွာဘုရားသည် ရဟန်းတထောင်နှင့် ရာဇဂြိုဟ်မြို့တွင်းသို့ ဝင်တော်မူ၏။ ထိုအခါ သိကြားမင်းသည် လုလင်အသွင် ဖန်ဆင်း၍ ဒန္တောဒန္တေတိ စသော ဂါထာတို့ကိုသီဆိုကာ ရှေ့တော်မှ သွား၏။

ဣန္ဒြေတို့ကို ဆုံးမပြီးသော ဘုရားရှင်သည် ဆုံးမပြီးသော ရဟန်းတို့နှင့် ကိလေသာမှ လွတ်ပြီးသော ဘုရားရှင်သည် လွတ်ပြီးသော ရဟန်းတို့နှင့် သိင်္ဂီနိက္ခရွှေပြားအတူ တောက်ပလျက် ရာဇဂြိုဟ်သို့ ကြွဝင်တော် မူလေပြီ။

သံသရာဝဋ်မှ လွတ်ပြီးသော ဘုရားရှင်သည် လွတ်ပြီးသော ရဟန်းတို့နှင့် သံသရာဝဋ်မှ ကူးတက်ပြီးသော ဘုရားရှင်သည် ကူးတက်ပြီးသော ရဟန်းတို့နှင့် ငြိမ်သက်သောဘုရားရှင်သည် ငြိမ်သက်သော ရဟန်းတို့နှင့် သိင်္ဂီနိက္ခရွှေပြားအတူ တောက်ပလျက် ရာဇဂြိုဟ်သို့ ကြွဝင်တော်မူလေပြီ။

အရိယာဝါသ ဆယ်ပါး၌ နေပြီးသော ကိုယ်အား ဉာဏ်အား ဆယ်ပါးရှိသော ကုသိုလ်ကမ္မပထ ဆယ်ပါး သိပြီးသော အသေက္ခအင်္ဂါ ဆယ်ပါးနှင့်ပြည့်စုံသော ဘုရားရှင်သည် ဆယ်ခုသော ရဟန်းတရာတို့ဖြင့် ခြံရံလျက် ရာဇဂြိုဟ်သို့ ကြွဝင်တော်မူလေပြီ။

ဤသို့ သီဆိုကာ သွားသည်ကို လူတို့မြင်လတ်သော် ဤလုလင်သည် အလွန်အဆင်းလှလေစွ၊ ကြည့်ရှုဖွယ် ကောင်းလေစွ၊ ကြည်နူးဖွယ် ကောင်းလေစွ၊ အဘယ်သူ၏ လုလင်ဖြစ်လေသနည်းဟု ဆိုကုန်၏။ သိကြားမင်းသည် ယောဓိရော စသော ဂါထာဖြင့် ထိုလူတို့ကို ပြန်ပြော၏။

အို ... လူအပေါင်းတို့၊ လောက၌ အကြင်ဘုရားရှင်သည် တည်ကြည်သော လုံ့လပညာ ရှိ၏။ ယဉ်ကျေး၏။ စင်ကြယ်၏။ သင့်သော စကား ဆိုလေ့ရှိ၏။ အတုမရှိ ပူဇော်အထူးခံထိုက်၏။ ငါသည် ထိုဘုရားရှင်၏ အလုပ်အကျွေး ဖြစ်ပါသည်ဟု ပြန်ပြော၏။

မြတ်စွာဘုရားသည် မင်းကြီး၏နန်းတော်သို့ ဝင်၍ ခင်းထားသော နေရာ၌ ရဟန်း သံဃာနှင့် ထိုင်၍ ဆွမ်းဘုဉ်းပေးတော်မူ၏။ ဆွမ်းကိစ္စ ပြီးလတ်သော် ဗိမ္ဗိသာရမင်းကြီးသည် ဤ ငါတို့၏ ဝေဠုဝန်ဥယျာဉ်သည် ရွာမှ မဝေးလွန်း၊ မနီးလွန်း၊ အသွားအလာ လွယ်ကူ၏။ ဘုရားဖူး တရားနာသွားလိုသူတိုင်း ရောက်လွယ်၏။ နေ့အခါ လူမပြွမ်း၊ ညဉ့်အခါ အသံဆိတ်၏။ မြို့တွန်သံမရှိ၊ လှည့်လည်သော လူအပေါင်း၏ ကိုယ်လေမှ ကင်း၏။ လျှို့ဝှက်မှုပင် ပြုနိုင်၏။ ဆိတ်ငြိမ်စွာ တယောက်တည်း နေခြင်းငှာ လျော်၏။

ဤဥယျာဉ်ကို သီတင်းသုံးရန်လှူရမူ ကောင်းလေစွဟု ကြံ၍ ရွှေကရား ကိုင်၍ ဧတာဟံ ဘန္တေ ဝေဠုဝနံ ဥယျာနံ ဗုဒ္ဓပမုခဿ ဘိက္ခု သံဃဿ ဒမ္မိ။ ဤ ဝေဠုဝန်ဥယျာဉ်ကို ဗုဒ္ဓပမုခသံဃာအား လှူပါ၏ဟု ဆို၍ လှူဒါန်း၏။ မြတ်စွာဘုရားသည် အလှူခံတော်မူ၏။ ထို့နောက် တရားဟော၍ ကြွသွားပြီးလျှင် ဤ အကြောင်းကို အကြောင်းပြု၍ ရဟန်းတို့ကို တရားဟော၍ အနုဇာနာမိ ဘိက္ခဝေ အာရာမံ-ချစ်သားတို့။ အရံကို ငါဘုရား ခွင့်ပြု၏ဟု မိန့်တော်မူ၏။

သရဏဂုံ လေးမျိုး

[ထာ ... မင်းကြီးအား မဂ်ရခြင်းဖြင့် သရဏဂုံပြီးသော်လည်း ဆောက်တည်ဦးမည်ဟု ဆုံးဖြတ်၏။ နှုတ်ဖြင့် မိမိကိုယ်ကို အပ်နှင်းသော အတ္တသန္နိယျာတနကို ပြ၏။ မဂ်ဖြင့် နိယတ သရဏဂုံသို့ ရောက်သည်ကို နှုတ်ဖြင့် ထင်စွာပြု၏။ ပါဏိပါတဂမန ဖြစ်အောင်လည်း သရဏဂုံ ဆောက်တည်၏။]

[အဟံ အတ္တာနံ ဗုဒ္ဓ နိယျာတေမိ (ငါသည် မိမိကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းအပ်နှင်းပါ၏။) စသည်ဖြင့် မိမိကိုယ်ကို အပ်နှင်းခြင်းသည် အတ္တ သန္နိယျာတန သရဏဂုံမည်၏။

အဟံ ဗုဒ္ဓပရာယဏော (ငါသည် မြတ်စွာဘုရားကို လည်းလျောင်း အားထားပါ၏။) စသည်ဖြင့် လည်းလျောင်းခြင်းသည် တပ္ပရာယနသရဏဂုံ မည်၏။

အဟံ ဗုဒ္ဓဿ အန္တေဝါသိကော (ငါသည် မြတ်စွာဘုရား၏ တပည့်ရင်းတည်း။) စသည်ဖြင့် တပည့်အဖြစ် ဝန်ခံခြင်းသည် သိဿ ဘာဝူပဂမန သရဏဂုံမည်၏။

အဟံ အဘိဝါဒနာဒယော ဗုဒ္ဓါဒီနံယေ၀ ကရောမိ (ငါသည် ရှိခိုးခြင်း စသည်တို့ကို မြတ်စွာဘုရား စသည်တို့အားသာ ပြုပါတော့အံ့) စသည်ဖြင့် အမြတ်တနိုး ရိုသေတုံ့ဝပ်ခြင်းသည် ပါဏိပါတသရဏဂုံ မည်၏။

ဤကား လောကီသရဏဂုံ လေးပါးတည်း။)]

(သာဋီ ... ဘုရားရှင်ကို လက်အုပ်ချီ၍ နေသူအချို့ကား ဥဘတော ပက္ခိကတို့ ဖြစ်ကုန်၏။ အဘယ်ကြောင့် ရဟန်းဂေါတမကို ရှိခိုးသနည်းဟု မိစ္ဆာဒိဋ္ဌိတို့ မေးလျှင် လက်အုပ်ချီရုံဖြင့် ရှိခိုးခြင်းဖြစ်သလောဟု ဖြေအံ့။ အဘယ်ကြောင့် ရှိမခိုးသနည်းဟု သမ္မာဒိဋ္ဌိတို့မေးလျှင်၊ ဦးခေါင်း မြေထိမှလော၊ လက်အုပ်ချီခြင်းလည်း ရှိခိုးခြင်းမဟုတ်လောဟု ဖြေအံ့၊ ဤသို့ ကြံသော နှစ်ဘက်အသင်းသားတို့ ဖြစ်ကုန်၏၊ (အဉ္စလီကမ္မ-လက်အုပ် ချီခြင်း၊ အဘိဝါဒန - ရှိခိုးခြင်း နှစ်မျိုးသည် ဆင်တူယိုးမှား မတူဟု သိသာ၏၊)

အမည်အနွယ် ပြောကြားသူတို့ကား ဆင်းရဲသူတို့ဖြစ်၍၊ အကျွန်ုပ်သည် မည်သူ၏သား၊ ဤအမည်ရှိပါသည်၊ ဝါသေဋ္ဌ အနွယ်ပါ၊ ကစ္စာန အနွယ်ပါဟု ပရိသတ်အလယ် ထင်ရှားအောင် ပြောကြားကုန်၏။

ဆိတ်ဆိတ်နေသူတို့ကား ကေရာဋိက - နှမြောစဉ်းလဲသူနှင့်အန္ဓဗာလတို့ဖြစ်ကုန်၏။ နှမြောစဉ်းလဲသူတို့ကား စကားပြောလျှင် အကျွမ်းဝင်၍ မလှူချင်မနေရ (မလှူလျှင်မဖြစ်) ဟု ကြံ၍ ဆိတ်ဆိတ်နေကြသည်။

အန္ဓဗာလတို့ကား အသိဉာဏ်မရှိ၍ ရွံ့ရုပ်ကဲ့သို့ ဆိတ်ဆိတ်နေကြသည်။)

ဥပဓိလေးပါး

ဥပဓိတို့သည် ကာမုပဓိ၊ ခန္ဓုပဓိ၊ ကိလေသုပဓိ၊ အဘိသင်္ခါရုပဓိဟု လေးပါးပြားကုန်၏။ ထိုတွင် ကာမတို့သည် သာယာသော သုခဝေဒနာ၏ တည်ရာဖြစ်သောကြောင့် ကာမုပဓိမည်ကုန်၏၊ ခန္ဓာငါးပါးသည် ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ခန္ဓုပမိမည်၏။ ကိလေသာသည် အပါယ်ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကိလေသုပဓိ မည်၏။ လောကီကုသိုလ် အကုသိုလ်ကံလည် ဘဝဒုက္ခ၏ တည်ရာဖြစ်သောကြောင့် အဘိသင်္ခါရုပဓိ မည်၏။ ဥရုဝေလကဿပမထေရ် ဘုရားရှင်ထံ လျှာက်ရာ၌ ခန္ဓုပဓိကို အလိုရှိအပ်၏။

သိင်္ဂီနိက္ခရွှေ

လူတို့သုံးဆောင်သောရွှေ၌ ယုတ္တိကရွှေ၊ ဒဿဝိဒ္ဓရွှေ၊ အာကရုပ္ပန္နရွှေသည် တခုထက်တခု အစဉ်အတိုင်း မြတ်၏။ ထိုထက် ဒိဗ္ဗရွှေ မြတ်၏။ ထို ဒိဗ္ဗရွှေတို့တွင်လည်း စာမိကရရွှေ၊ သာတကုမ္ဘရွှေ၊ ဇမ္ဗုနရဒရွှေသည် အစဉ်အတိုင်းမြတ်၏။ သိင်္ဂီရွှေသည် ထိုရွှေအားလုံးထက် အမြတ်ဆုံးဖြစ်၏။ တနိက္ခအတိုင်း အရှည်ရှိသော သိင်္ဂိရွှေအပြားသည် သိင်္ဂီနိက္ခမည်၏။ တနိက္ခမပြည့်လျှင် ရွှေပြားမခတ်လောက်၊ တနိက္ခထက်များသော ရွှေပြားသည် အဆင်းမလှ၊ ကြမ်းယောင်ရှိ၏။ ကေစီတို့ကား သုဝဏ္ဏနှစ်ဆယ့်ငါးသည် တနိက္ခဟု ဆိုကုန်၏။ အပရေတို့ကား ၂၅-သုဝဏ်ဟု ဆိုကုန်၏။ မဇ္ဈိမနိကာယ်အဋ္ဌကထာ၌ ငါးသုဝဏ်ဟု ဆို၏။ တသုဝဏ်ကား လေးဓရဏဟု ဆိုကုန်၏။ (လေးကျပ်တသုဝဏ်၊ သုဝဏ် နှစ်ဆယ့်ငါး၊ ဝါ-ကျပ်တရာတနိက္ခ ဟူ၍လည်း ဆိုကုန်၏။)

အရိယာဝါသ ဆယ်ပါး

အရိယာဝါသသည် ပဉ္စင်္ဂဝိပ္ပဟီန၊ ဆဠင်္ဂသမန္နာဂတ၊ ဧကာရက္ခ၊ စတုရာပဿေန၊ ပနုဏ္ဏပစ္စေကသစ္စ (၅)၊ သမဝယသဌေသန၊ အနာဝိလသင်္ကပ္ပ၊ ပသဒ္ဓကာယသင်္ခါရ၊ သုဝိမုတ္တစိတ္တ၊ သုဝိမုတ္တပည (၅)ဟု ဆယ်ပါးရှိ၏။

ထိုတွင် ကာမစ္ဆန္ဒနီဝရဏ စသော နီဝရဏငါးပါးကို ပယ်သောသူသည် ပဉ္စင်္ဂဝိပ္ပဟီန မည်၏။ (ပဉ္စအင်္ဂါနိ ဝိပ္ပဟီနာနိ ယေနသောတိ ပဉ္စင်္ဂဝိပ္ပဟီနော။)

ခြောက်ဒွါရဖြင့် ခြောက်အာရုံ တွေ့ဆုံသောအခါ ဝမ်းမသာ ဝမ်းမနည်းပဲ လျစ်လျူ ရှုခြင်း ခြောက်ပါးရှိသူသည် ဆဠင်္ဂသမန္နာဂတ မည်၏။ (ဆဟိအင်္ဂေဟိ သမန္နာဂတော ဆဠင်္ဂသမန္နာဂတော။)

သတိဟူသော အစောင့်အရှောက်တပါး ရှိသူသည် ဧကာရက္ခ မည်၏။ (ဧကာ သတိ အာရက္ခဿ သော ဧကာရက္ခော။)

ပညာဖြင့် ဆင်ခြင်၍ မှီဝဲသင့်သော ပစ္စည်းလေးပါးကို မှီဝဲခြင်း၊ သည်းခံသင့်သော အအေးအပူကို သည်းခံခြင်း၊ ရှောင်သင့်သော ဆင်ကြမ်း မြင်းကြမ်း စသော ဘေးရန်ကို ရှောင်ခြင်း၊ ပယ်သင့်သော ကာမဝိတက် စသည်ကိုပယ်ခြင်း၊ ဤ မှီရာလေးပါး ရှိသူသည် စတုရာပဿန မည်၏။ (စတ္တာရိ အပဿနာနိ ယဿ သော စတုရာပနော။)

များစွာသော ရဟန်းပုဏ္ဏားတို့၏ အသီးသီး ငါ့အယူသာမှန်သည် ဟု ယူသော ဒိဋ္ဌိသစ္စာတို့ကို ပယ်သူသည် ပနုဏ္ဏပစ္စေကသစ္စာ မည်၏။ (ပနုဒီယန္တိတိပနုဏ္ဏာနိ။ ပနုဏ္ဏာနိ - ပဟိနာနိ ပစ္စေက သင်္ခါတာနိ ဒိဋ္ဌိ သစ္စာနိ အနေန သော ပနုဏ္ဏပစ္စေကသစ္စော။)

ကာမေသနာ၊ ဘဝေသနာ (ကာမရှာခြင်း၊ ဘဝရှာခြင်း) စွန့်ပြီးသော ဗြဟ္မစရိယေသနာ (အကျင့်မြတ်ရှာခြင်း) ပြည့်စုံပြီးသောသူသည် သမဝယသဌေသန မည်၏။ (သံ-ကောင်းစွာ၊ အဝယာ-မပျက်သော မယုတ်သော ပြည့်သော၊ သဌာ-စွန့်အပ်သော၊ ဧသနာ-ရှာခြင်း သုံးပါး ရှိသူ) (ပြည့်သောရှာခြင်းတပါး၊ စွန့်သောရှာခြင်း နှစ်ပါး၊ ပေါင်း-သုံးပါးရှိသူ) သမ္မာ အဝယာ သဌာဧသနာ ယဿ သော သမဝယသဌေ သနော။)

ကာမဝိတက်စသည်ကို ပယ်သူသည် အနာဝိလသင်္ကပမည်၏။ (နတ္ထိ အဝိလော သင်္ကပ္ပေါ ယဿ ယဿ သော အနာဝိလသင်္ကပ္ပေါ။ )

ဥပေက္ခာ၊ ကဂ္ဂတာ အင်္ဂါနှစ်ပါးရှိသော စတုတ္ထဈာန်ကို ဝင်စားသူသည် ပဿဒ္ဓကာယသင်္ခါရ မည်၏။ (ပဿဒ္ဓေါ ကာယသင်္ခါရော ယဿ သော ပဿဒ္ဓကာယသင်္ခါရော။ ထွက်သက်ဝင်သက် ဟူသော ကာယ သင်္ခါရ မဖြစ်သူဟူလို။)

ရာဂစသည်မှ လွတ်သောစိတ်ရှိသူသည် သုဝိမုတ္တစိတ္တ မည်၏။ (သုဋ္ဌု ဝိမုတ္တံ စိတ္တံ ယဿ သော သုဝိမုတ္တ စိတ္တော။ မဂ်ကိစ္စရှိသူ ဟူလို။)

ရာဂစသည်ကို ငါပယ်အပ်ပြီဟု သိသူသည် သုဝိမုတ္တပည မည်၏။ (သုဝိမုတ္တေ ပညာ ယဿ သော သုဝိမုတ္တပညာ၊ ဖိုလ်ကိစ္စရှိသူ၊ ပစ္စဝေက္ခဏာဉာဏ်ကိစ္စရှိသူဟူလို)။

ဤကား ရဟန္တာဖြစ်သော အရိယာတို့၏ နေရာဆယ်ပါးတည်း။ ပုဂ္ဂလာဓိဋ္ဌာန်ဖြင့် ဟောသည်။)

အားတော်ဆယ်ပါး

ဘုရားရှင်သည် ကိုယ်အားဆယ်ပါး၊ ဉာဏ်အားဆယ်ပါးရှိ၏။ ထိုတွင် လူဆယ်ယောက်၏ အားသည် ကာဠာဝကဆင်၏ အားဖြစ်၏။ ထိုဆင်ဆယ်စီးအားသည် ဂင်္ဂေယျဆင်အား ဖြစ်၏။ ဤနည်းဖြင့် ကာဠာဝက၊ ဂင်္ဂေယျ၊ ပဏ္ဍ၊ တမ္ပ၊ ပိင်္ဂလ (၅)၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမဝတ၊ ဥပေါသထ၊ ဆဒ္ဒန္တ (၅)၊ ဤဆင် ဆယ်မျိုးတို့တွင် ဆဒ္ဒန္တဆင် ဆယ်စီးအားသည် ဘုရားရှင်၏ ပကတိ ကိုယ်အားနှင့် မျှ၏။ လူဗိုလ်ချေ ကုဋေတသောင်း အားဖြစ်၏။ နာရာယနသင်္သာတဗလ မည်၏။ နာရ - ရောင်စုံအမျိုးမျိုး၊ အာယန - ဖြစ်ရာထွက်ရာစိန်။ (နာရာ အယန္တိ ဥပ္ပဇ္ဇန္တိ ဧတသ္မာတိ နာရာယနံ။) နာရာယန သင်္ဃာတ -- စိန်တုံးကြီး၏ + ဗလ - အားနှင့်တူသော အားတော်။ ဝဇိရသင်္ဃာတဗလ - စိန်တုံးနှင့်တူသော ဘုရားရှင်၏ အားတော်ဟူလို။

ဉာဏ်အားဆယ်ပါး

ဉာဏ်အားဆယ်ပါးကား ဌာနာဌာနဉာဏ်၊ ကမ္မဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနိ ပဋိပဒါဉာဏ်၊ အနေကဓာတု နာနာဓာတုလောကဉာဏ်၊ သတ္တာနံ နာနာဓိမုတ္တိကဉာဏ် (၅)၊ ဣန္ဒြိယပရောပရိယတ္တဉာဏ်၊ ဈာန ဝိမောက္ခ သမာဓိ သမာပတ္တိနံ သံကိလေသ ဝေါဒါန ဝုဋ္ဌာနဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယ ဉာဏ် (၅)၊ ဤသို့ ဆယ်ပါးရှိ၏။

ထိုဉာဏ်ဆယ်ပါး သိသောအာရုံကို သဗ္ဗညုတဉာဏ်လည်း သိသည်။ ထိုဆယ်ပါး၏ ကိစ္စကိုကား သဗ္ဗညုတဉာဏ် မပြုနိုင်။ ဥဒါဟရုဏ်ကား အာသဝက္ခယဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြု၏။ မဂ်ကိစ္စဖြစ်၍ ကိလေသာကို သတ်သည်။ သဗ္ဗညုတဉာဏ်ကား နိဗ္ဗာန်ကို အာရုံသာ ပြုနိုင်သည်။ မဂ်ကိစ္စမဖြစ်၊ ကိလေသာမသတ်နိုင်။ ဈာန်မဖြစ်နိုင်၊ တန်ခိုး မဖြစ်နိုင်။

ဤကား ဉာဏ်တော်ဆယ်ပါးနှင့် သဗ္ဗညုတဉာဏ် အထူးတည်း။

အသေက္ခအင်္ဂါဆယ်ပါး

အရဟတ္တဖိုလ်၌ရှိသော သမ္မာသင်္ကပ္ပ စသော မဂ္ဂင်ရှစ်ပါးနှင့် သမ္မာဉာဏ သမ္မာဝိမုတ္တိ ဤဆယ်ပါးသည် အသေက္ခအင်္ဂါ မည်၏။ ထို့တွင် ပညာတခုတည်းကို သမ္မဒဿန အနက်ဖြင့် သမ္ပာဒိဋ္ဌိ၊ သမ္မာပဇာနအနက်ဖြင့် သမ္မာဉာဏဟု ဟောသည်။ သိခြင်းနှင့် မြင်ခြင်းသည် ဖြစ်ပုံအခြင်းအရာ မတူ။ ဆိုပြီးကိုးပါးကိုဖယ်၍ ဖလသမာပတ်နှင့ ်တကွဖြစ်သော တရားအားလုံးကို သမ္မာဝိမုတ္တိမည်၏။

(ဝါ-ဖိုလ်စိတ္တုပ္ပါဒ်သည် သမ္မာဝိမုတ္တိ မည်၏။) ထို အရိယဖလသမ္ပယုတ္တဓမ္မ (ဖိုလ်စိတ္တုပ္ပါဒ်) တို့လည်း ဆန့်ကျင်ဘက် ပဋိပက္ခမှ လွတ်သောကြောင့် ဝိမုတ္တိတို့သာ မည်ကုန်၏။

ရှင်သာရိပုတြာတို့ဝတ္ထု

ထိုအခါ သဉ္စယမည်သော သိဉ္စည်း ပရိဗိုဇ်သည် ရာဇဂြိုဟ်၌ တပည့်ပရိဗိုဇ် နှစ်ရာ့ငါးဆယ်နှင့်နေ၏။ ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန်တို့လည်း သိဉ္စည်းဆရာထံ တရားကျင့်ကာ နေလျက် “အမြိုက်တရား ရှေးဦးစွာ ရသူသည် ပြောကြားစေသတည်း” ဟု ကတိကဝတ် ပြုကုန်၍။

တနေ့သ၌ ရာဇဂြိုဟ်ပြည်သို့ ကြည်ညိုဖွယ် ဆွမ်းခံဝင်သော ရှင်အဿဇိကို ရှင်သာရိပုတြာပရိဗိုဇ် မြင်လတ်သော် ဤသူသည် လောက၌ ရဟန္တာတို့တွင် ပါဝင်သူ ဖြစ်လတ္တံ့၊ ချဉ်းကပ်၍ မေးရမူ ကောင်းလေစွ၊ ဆွမ်းခံကြွစဉ် မေးမြန်းခြင်းငှာ မသင့်သေး၊ နောက်မှလိုက်ရမူ ကောင်းလေစွ၊ နောက်မှလိုက်သင့်ကြောင်းကား အလိုရှိသော ငါတို့သည် အကြောင်းကို သိသင့်သည်။

တနည်းကား - အလိုရှိသော ငါတို့သည် အနုမာန မှန်းဆအပ်သော (ဥပညာတ) နိဗ္ဗာန်ကို ရှာဖွေသည်။ ထို့ကြောင့် နောက်မှလိုက်ရမူ ကောင်းလေစွဟု ကြံ၏။ (အပူရှိလျှင် အအေးရှိသကဲ့သို့ သေခြင်းရှိလျှင် မသေခြင်း ရှိတန်ရာ၏ဟု တွေးဆအပ်သော နိဗ္ဗာန်သည် ဥပညာတမည်၏။ ထိုနိဗ္ဗာန်ကိုရှာဖွေသည် ဟူလို။)

ရှင်အဿဇိ ဆွမ်းခံပြန်သောအခါ ချဉ်းကပ်၍ ဝမ်းမြောက်ဖွယ်စကား ပြောပြီးလျှင် ငါ့ရှင် သင်၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ကုန်၏။ အရေအဆင်း စင်ကြယ် သန့်ရှင်း၏။ သင်၏ဆရာ အဘယ်သူနည်းဟု မေး၏။ ငါ့ရှင် ငါ၏ဆရာသည် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမဖြစ်၏ဟု ဆိုလတ်သော်၊ အရှင်မြတ်၏ ဆရာသည် အဘယ်သို့သော တရားကို ဟောပါသနည်းဟု ပေး၏။

ငါ့ရှင် .... ငါသည်ရဟန်းပြုသည်မှာ မကြာသေး၊ တရားကို အကျယ် ဟာခြင်းငှာ မတတ်နိုင်၊ ကျဉ်းကျဉ်း လိုရင်းမျှ ဟောမည်ဟု ဆိုလတ်သော် အကျဉ်းဖြစ်ပေ အကျယ်ဖြစ်စေ ဟောပြပါ၊ နာကြားလိုပါသည်ဟု လျှောက်၏။ ထိုအခါ ....

ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတု တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။

ယေဓမ္မာ၊ အကြင်တရားတို့သည်။

ဟေတုပ္ပဘဝါ၊ အကြောင်းလျှင် အမွန်ရှိကုန်၏။

တေဓမ္မေ၊ ထိုတရားတို့ကို။

တထာဂတော၊ မြတ်စွာဘုရားသည်။

အာဟ၊ ဟောပြီ။

တေသံ၊ ထိုတရားတို့၏။

ဟေတုံစ၊ အကြောင်းအမွန်ကိုလည်း။

အာဟ၊ ဟောပြီ။

တေသံ၊ ထိုအကျိုးအကြောင်းတို့၏။

ယောနိရောဓော၊ အကြင်ချုပ်ရာချုပ်ကြောင်းသည်။

အတ္ထိ၊ ရှိ၏။

တဉ္စ၊ ထို ချုပ်ရာချုပ်ကြောင်းကိုလည်း။

အာဟ၊ ဟောပြီ။

မဟာသမဏော၊ ရဟန်းကြီးသည်။

ဧဝံဝါဒီ၊ ဤသို့ ဟောလေ့ရှိ၏။

ဤသို့ ဟောပြသောအခါ ယံကိဉ္စသမုဒယမ္မံ၊ သဗ္ဗတံနိရောဓဓမ္မံ- အကြောင်းမကင်းသော တရားဟူသမျှသည် နိရောဓ သဘောချည်းပါ တကားဟု ဓမ္မစက္ခုဖြစ်၏။ ဝါ၊ သောတာပန်တည်၏။

အရှင်ဘုရား ... ဤတရားသည် အကျွန်ုပ်ကိုရှာသော တရား ဖြစ်ပါသည်။ အမြိုက်နိဗ္ဗာန်ကို အရှင်မြတ်တို့ သိနှင့်ကြပြီ။ အကျွန်ုပ်တို့ မသိကြသဖြင့် ကမ္ဘာနဟုတ များစွာလွန်ကုန်ပါပြီဟုဆို၏။

(ကုဋေ x ကုဋေလီ-ပကောဋိ။ ပကောဋိ x ကုဋေလီ - ကောဋိပကောဋီ။ ၎င်း x ကုဋေလီ - နဟုတ။)

ထို့နောက် ရှင်သာရိပုတြာသည် ရှင်မောဂ္ဂလာန်ထံသို့ သွား၏။ ရှင်မောဂ္ဂလာန်သည် အဝေးမှ မြင်လတ်သော် ငါ့ရှင် သင်၏ ဣန္ဒြေတို့သည် ကြည်လင်ကုန်၏။။ အမြိုက်တရား ရခဲ့သလောဟု မေး၏။ ရခဲ့ပြီဟု ဆို၍ ရှင်အဿဇိနှင့်တွေ့ပုံ တရားဟောပုံ အလုံးစုံပြန်ပြော၏။ ရှင်မောဂ္ဂလာန် ပရိဗိုဇ်လည်း တရားနာရ၍ သောတာပန် တည်ပြီးလျှင် ငါ့ရှင် ငါတို့ဆရာ မြတ်စွာဘုရားထံ သွားကြစို့ဟုဆို၏။ တပည့် ပရိဗိုဇ် ၂၅၀ - တို့လည်း ရဟန်းကြီးထံလိုက်မည်ဟု ဆိုသဖြင့် သိဉ္စည်း ဆရာကြီးထံ ပန်ကြားကုန်၏။

ငါ့ရှင်တို့ မသွားကြနှင့်၊ ဤ ပရိသတ်ကို ငါတို့သုံးယောက် စောင့်ရှောက်ကုန်အံ့ဟု တား၏။ သုံးကြိမ်တိုင် တားသော်လည်း တပည့် ၂၅ဝ-နှင့်တကွ ဝေဠုဝန်သို့ ချဉ်းကပ်ကုန်၏။ ထိုအခါ သိဉ္စည်းဆရာကြီးသည် ထိုနေရာ၌သာလျှင် သွေးအန်၏။ မြတ်စွာဘုရားသည် ရှင်သာရိပုတြာတို့ အဝေးမှ လာသည်ကို မြင်လတ်သော် ရဟန်းတို့ကိုခေါ်၍ ချစ်သားတို့ ကောလိတ၊ ဥပတိဿ အဖော်နှစ်ယောက်တို့သည် လာကုန်၏။ ငါဘုရား၏ အဂ္ဂသာဝက အစုံဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။ ထို့နောက် ဘုရားရှင်ထံ အားလုံး ဧဟိ ဘိက္ခု ရဟန်းတို့ ဖြစ်ကုန်၏။

(ထာ ... ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလာန်တို့သည် အိမ်၌နေစဉ် ဥပတိဿ၊ ကောလိတဟု ထင်ရှားကုန်၏။ လုလင် ၂၅၀ - ခြံရံလျက် တောင်ထိပ်ပွဲသို့ သွားကြသည်တွင် လူများစွာကိုမြင်၍ လူအပေါင်းသည် နှစ်တရာအတွင်း သေတွင်း ဆင်းကြရလတ္တံ့ ဟု တိုင်ပင်၍ သေခြင်းရှိလျှင် မသေခြင်း အမတ ရှိထိုက်သည်။ အမတကို ရှာကြစို့ဟု အဝတ်ရှိသော ဆန္နပရိဗိုဇ်သိဉ္ဇည်း ဆရာထံ ပရိသတ်နှင့်တကွ ရဟန်းပြုကုန်၏။

တရက် နှစ်ရက်အတွင်း သိဉ္စည်းဆရာ၏ ဉာဏ်အရာ၌ ကမ်းတဘက်သို့ရောက်၍ အမတကိုမမြင်လတ်သော် မေး၍ ဤမျှသာတည်းဟု နာကြားရသော အခါ၊ ငါ့ရှင် ... ဤဆရာ၏ အယူသည် အနှစ်မရှိ၊ ရှေးဦးစွာ အမတ အမြိုက်တရား ရသူသည် တယောက်အား ပြောကြားစေသတည်းဟု ကတိကဝတ်ပြုကုန်၏။

ရှင်အဿဇိ ဆွမ်းခံပြန်၍ ဆွမ်းစားပြီးသောအခါ ရှင်သာရိပုတြာပရိဗိုဇ်သည် မိမိကရားမှရေကို လှူ၏။ မထေရ်မြတ် လက်ခြေ ဆေးကြောပြီးမှ ဝမ်းမြောက်ဖွယ် စကားပြော၍ ပြဿနာမေးသည်။ မထေရ်သည် ပဋိသမ္ဘိဒါပတ္တဖြစ်သော်လည်း ပရိဗိုဇ်အား ဓမ္မဂါရ၀ ဖြစ်စေအံ့ဟု ကြံ၍ (ဗုဒ္ဓဝိသယ) - ဘုရားအရာ၌ မိမိအရာ မဟုတ်ခြင်းဖြင့် အကျယ်ဟောခြင်းငှာ မတတ်နိုင်ဟု ဆိုသည်။

ယေဓမ္မာဟေတုပ္ပဘဝါ - တရား၌ အကြောင်းကြောင့်ဖြစ်သော တရားဟူသည် ခန္ဓာငါးပါး ဖြစ်၏။ ဒုက္ခသစ္စာဟူလို၊ ထို တရားတို့၏ အကြောင်းဟူသည် သမုဒယသစ္စာဖြစ်၏။ ထိုနှစ်ပါးတို့၏ ချုပ်ငြိမ်းရာ ဟူသည် အပ္ပဝတ္တိနိရောဓ ဒုက္ခ - သမုဒယနှစ်ပါး၏ မဖြစ်မူ၍ ချုပ်ရာ ဖြစ်၏။ နိရောဓသစ္စာဟူလို။ မဂ္ဂသစ္စာကို တိုက်ရိုက် မဆိုသော်လည်း နိရောဓကိုဆိုလျှင် နိရောဓသို့ရောက်ကြောင်း မဂ္ဂသစ္စာကို ဆိုပြီးသာဖြစ်၏။

ဧဟိဘိက္ခု ရဟန်းဖြစ်ပြီးသောအခါ ရှင်မောဂ္ဂလာန်သည် ခုနစ်ရက်ဖြင့် ရဟန္တာဖြစ်၏။ ရှင်သာရိပုတြာသည် လခွဲဖြင့် ရဟန္တာဖြစ်၏။ ရှေး ... တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ အနောမဒဿီဘုရား အမှူးရှိသော သံဃာအား သာရဒရသေ့သည် ပန်းမဏ္ဍပ်ဆောက်လှူ၍ အဂ္ဂသာဝကဆု တောင်း၏။ ထို့နောက် သိရိဝဍ္ဎ သဌေးကိုလည်းတိုက်တွန်းသဖြင့် ထိုသဌေးသည် ကြာညိုမဏ္ဍပ်ဆောက်လုပ် ဘုရားအမှူး ရှိသော သံဃာအား ဆွမ်းကျွေး၍ ဒုတိယသာဝကဆု တောင်း၏။ သာရဒရသေ့ကား ရှင်သာရိပုတြာ ဖြစ်၏။ သိရိဝဍ္ဎသဌေးကား ရှင်မောဂ္ဂလာန် ဖြစ်၏။ (ဤကား ထိုသူတို့၏ ရှေးကောင်းမှုတည်း။)

(သာဋီ ... ရာဇဂြိုဟ်အနီး ဥပတိဿရွာ၌ သာရိမည်သော ပုဏ္ဏေးမ၏ သားဖြစ်သော သာရိပုတြာသည် ဥပတိဿရွာ၌ ဇေဋ္ဌကုလ၏သား ဖြစ်သောကြောင့် ဥပတိဿ မည်၏။ မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်သော မောဂ္ဂလာန်သည် ကောလိတရွာ၌ ဇေဋ္ဌကုလ၏သား ဖြစ်သောကြောင့် ကောလိတမည်၏။ ဆွေမျိုး ခုနစ်ဆက်တိုင် မိတ်ဆွေတို့ဖြစ်ကုန်၏။ ဥပတိဿ သည် မြစ်ဥယျာဉ် စသည်တို့သို့ သွားသောအခါ ရွှေထမ်းစင်ငါးရာ အခြံအရံ ရှိ၏။

ကောလိတကား အာဇာနည်မြင်းကသော ရထားငါးရာ ခြံရံ၏။ လုလင်ငါးရာစီ ခြံရံ၏။ ရာဇဂြိုဟ်၌ နှစ်စဉ် တောင်ထိပ်ပွဲ ကျင်းပသောအခါ ညောင်စောင်းတည်း အတူနေ၍ ပွဲကြည့်ကုန်၏။ တနေ့၌ ပွဲကြည့်စဉ် ဉာဏ်ရင့်လာသဖြင့် ပျော်ရွှင်ခြင်းမရှိပဲ ဤသတ္တဝါအပေါင်းသည် နှစ်တရာအတွင်း အမည်ပညတ်မျှမကျန် ပျောက်ကွယ်လတ္တံ့၊ သေခြင်းလွတ်ရာတရားကို ရှာသင့်သည်ဟု နှလုံးသွင်းမိကြသဖြင့် အချင်းချင်း တိုင်ပင်၍ သိဉ္စည်းဆရာထံ လုလင်ငါးရာနှင့်တကွ ပရိဗိုဇ်ပြုကုန်၏။

ထိုအခါမှစ၍ ဆရာကြီးအား လာဘ်အခြံအရံ ပေါများလာ၏။ တရက် နှစ်ရက်မျှဖြင့် ထိုဆရာ၏ ဝါဒအလုံးစုံကို သင်ယူပြီးလျှင် ငါတို့ရှာသော တရား မတွေ့သေးဟု ဇမ္ဗူဒိပ်ကျွန်းအရပ်ရပ် ပညာရှိများရှိရာသို့ ချဉ်းကပ် မေးမြန်း၍ မိမိတို့လောက် ပညာရှိသူကို မမြင်သဖြင့် သိဉ္စည်းဆရာထံ ပြန်လာကြပြီးလျှင် “တို့ အမြိုက်တရား ရှေးဦးစွာရသူ ပြန်ပြောစေသတည်း”ဟု ကတိကဝတ်ပြုကုန်၏။

သိဉ္စည်းဆရာသည် နဂ္ဂပရိဗိုဇ် ဝတ်လစ်စလစ်မဟုတ်၊ အဝတ်ဖြူ ဝတ်သော ဆန္ဒပရိဗိုဇ် (ဘိုးသူတော်) ဖြစ်၏။ ကတိကဝတ်ပြုပြီးနောက် ရှင်သာရိပုတြာသည် ရှင်အဿဇိနှင့် တွေ့၍ သောတာပန်တည်ပြီးသော အခါ အရှင်ဘုရား ဤမျှသာ ဖြစ်ပါစေဦး ကြွတော်မူနှင့်ပါ အဖော် တယောက်ရှိသေး၍ ထိုအဖော်ကိုခေါ်၍ ဝေဠုဝန်သို့ လိုက်ခဲ့ပါမည်ဟု ဆို၍ ပြားပြားဝပ်ရှိခိုး၍ ပရိဗိုဇ်အရံသို့ ပြန်သွားလေ၏။

(ရှင်အဿဇိ ဟူသည် ပဉ္စဝဂ္ဂီအဝင်ဖြစ်၏။ အရပ်ရပ် တရားဟော စေလွှတ်အပ်သော ရဟန်းခြောက်ကျိပ်၌ ပါဝင်၏။ တရားဟောရာမှပြန်လာ၍ ထိုအခါ ရာဇဂြိုဟ်၌နေသည်ဟု ဓမ္မပဒအဋ္ဌကထာ၌ ဆို၏။)

ရှင်သာရိပုတြာသည် ယေဓမ္မာဟေတုပ္ပဘဝါ-ဂါထာ၌ အစနှစ်ပါဒမျှ နာရရုံဖြင့် နည်းပေါင်း တထောင်ရှိသော သောတာပတ္တိဖိုလ်၌ တည်သည်။ (ဓမ္မသင်္ဂဏီ၌ သောတာပတ္တိဖိုလ်တထောင်ဖြစ်အောင် နည်းတထောင်ဖြင့် ဟောသည်ကို ရှည်ဆိုသည်။) သောတာပန်တည်ပြီးမှ ကြွင်း နှစ်ပါဒ ပြီးဆုံးသည်။

ရှင်မောဂ္ဂလာန်ကား လေးပါဒဂါထာအဆုံး၌ သောတာပန် တည်သည်။ ရှင်မောဂ္ဂလာန် သောတာပန် တည်ပြီးသောအခါ ရှင်သာရိပုတြာသည် အခါခပ်သိမ်း ဆရာသမားကို ပူဇော်လေ့ရှိသောကြောင့် ငါတို့ သိသော တရားကို သိဉ္စည်းဆရာအား ပြောပြဦးအံ့၊ ဆရာကြီးသည် တရားကို ယခု မသိသေးလျှင် ဘုရားရှင်ထံ ရောက်သောအခါ သိနိုင်ပေလိမ့်မည်ဟုကြံ၍. ဆရာ-လောက၌ ဘုရားပွင့်ပြီ၊ တရားဟောပြီ၊ သံဃာအပေါင်း ကောင်းစွာ ကျင့်ပြီ၊ ဘုရားဖူးသွားကြစို့ဟု ပြောကြား၏။

အမောင်တို့ ... အဘယ်သို့ ဆိုကြသနည်းဟု တားမြစ်၏။ ဆရာ .... အကျွန်ုပ်တို့အား ရောက်ရာ၌ သူတပါး၏ တပည့်ဖြစ်ရခြင်းသည် အမြဲသာဖြစ်ပါစေတော့။ (စိတ်မဆုတ်နစ်ပါ။) အရှင်တို့၏ သွားသင့်မသွားသင့်ကို ဆင်ခြင်စဉ်းစားပါဦးဟု ဆိုလတ်သော်၊ “ဤမျှလောက် အသိဉာဏ်ရောက်ကုန်ပြီ၊ ငါ့စကားကို လိုက်နာကြ တော့မည် မဟုတ်”ဟု သိ၍ အမောင်တို့ သွားလိုလျှင် သွားကြလော၊ ငါကားကြီးပြီ၊ သူတပါး၏ တပည့်အဖြစ်ဖြင့် မနေနိုင်ဟုဆို၏။ ထိုအခါ အနည်းနည်း ဖျောင်းဖျပြောဆိုသော်လည်း မရသဖြင့် တပည့် ငါးရာတို့တွင် လိုက်နာသောတပည့် ၂၅၀-ကိုခေါ်၍ ဝေဠုဝန်သို့ သွားကြကုန်၏။

မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားဟော၏။ အဂ္ဂသာဝက နှစ်ပါးကိုချန်၍ တပည့်ပရိဗိုဇ် ၂၅ဝ-တို့သည် ရဟန္တာဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဧထ ဘိက္ခဝေါ ... ဟု လက်တော်ကို ဆန့်လတ်သော် အားလုံး ဆံမုတ်ဆိတ်ကွယ်၍ တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ကိုယ်၌ဖွဲ့၍ တည်၏။ အဂ္ဂသာဝက နှစ်ပါးတို့အား လည်း တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ရ၏။ သာဝက ပါရမီဉာဏ်ကြီးသောကြောင့် အထက်မဂ်သုံးပါး ကိစ္စကား မပြီး။

ထို့နောက် ရှင်မောဂ္ဂလာန်သည် ခုနစ်ရက်ကြာသောအခါ မဂဓတိုင်း ကလ္လဝါဠရွာငယ်ကိုမှီ၍ တရား အားထုတ်စဉ် ထိနမိဒ္ဓနှိပ်စက်ခြင်းကြောင့် မြတ်စွာဘုရားသည် သံဝေဂဉာဏ် ထိတ်လန့်အောင်ပြု၍ ဓာတု ကမ္မဋ္ဌာန်းကို ဟော၏။ တရားအဆုံး၌ ရဟန္တာဖြစ်၍ သာဝကပါရမီ အထွဋ်အထိပ်သို့ ရောက်၏။

ရှင်သာရိပုတြာကား လခွဲလွန်သောအခါ ဘုရားရှင်နှင့်အတူ ရာဇဂြိုဟ်ကိုအမှီပြု၍ ဝက်တူးသောလိုဏ်၌ နေစဉ် မိမိတူ ဒီဃနခပရိဗိုဇ်အား ဘုရားရှင်ဟောသော ဝေဒနာပရိဂ္ဂဟသုတ်ကိုနာ၍ ဉာဏ်စေလွှတ်၍ သူတပါး အလို့ငှာ ပြင်ထားသောထမင်းကို ဝင်စားသူကဲ့သို့ သာဝက ပါရမီအထွဋ်အထိပ်သို့ ရောက်လေ၏။

* [တပါးတည်းကို ဧဟိဘိက္ခု - ဧကဝုစ်၊ အများကို ဧထဘိက္ခဝေါ - ဗဟုဝုစ်၊ ဤသို့ အနည်းအများ-ဝှစ်မျှထူးသည်။ ဧဟိဘိက္ခု ရဟန်းချည်းသာ အတူတူ ဟူလို။]

* [မဟာ၊ ပုထု၊ တိက္ခ၊ ဟာသ၊ နိဗ္ဗေဓိက၊ ဇဝန-ပညာ ၆-ပါး။ နဝါနုပုဗ္ဗ ဝိဟာရခေါ် သမာပတ်ပညာ ၉-ပါး၊ အရဟတ္တမဂ်ပညာ တပါး၊ ဤပညာ ၆-ရပ်ကို ထိုးထွင်းနိုင်လျှင် ပညာထွဋ်ထိပ်သို့ ရောက်သည်မည်၏။]

ဝိပဿနာအာရုံထူးခြင်း

ရှင်မောဂ္ဂလာန်သည် သာဝကတို့၏ ဝိပဿနာအာရုံကို တစိတ်တဒေသ သုံးသပ်၍ ခုနစ်ရက်ဖြင့် ရဟန္တာ ဖြစ်သည်။ ရှင်သာရိပုတြာသည် အလုံးစုံသုံးသပ်၍ လခွဲဖြင့် ရဟန္တာဖြစ်သည်။ ဘုရားရှင်တို့၏ ဝိပဿနာသည် လောကဓာတ်တသောင်း၌ သက်ရှိသက်မဲ့ အလုံးစုံသော သင်္ခါရတို့ကို အာရုံပြုသည်။ စကြဝဠာကုဋေတသိန်းဟု အပရေတို့ဆိုကုန်၏။

ပစ္စေကဗုဒ္ဓါသည် မိမိသန္တာန်နှင့်တကွ မဇ္ဈိမဒေသ အတွင်း သက်ရှိသက်မဲ့ သင်္ခါရအကုန် အာရုံပြုသည်။ ဇမ္ဗူ ဒိပ်တကျွန်းလုံးဟု ကေစိတို့ ဆိုကုန်၏။ သာဝကတို့သည် မိမိသန္တာန်ကို လည်းကောင်း၊ သူတပါးသန္တာန်၌ သန္တာန်မခွဲမူ၍ ဗဟိဒ္ဓသန္တာန် သာမညအားလုံးကို လည်းကောင်း သုံးသပ်ကုန်၏။ ရှင်မောဂ္ဂလာန်သည် ဗဟိဒ္ဓတို့ကို သန္တာန် ခွဲ၍ အချို့ အချို့ကိုထုတ်၍ ဉာဏ်ဖြင့်ထိကာမျှပြု၍ သုံးသပ်သည်။ ရှင်သာရိပုတြာသည် ပကတိသာဝကတို့၏ ဝိပဿနာအာရုံအလုံးစုံကို အကြွင်းမဲ့ သုံးသပ်သည်။

အရောင်ပမာ ဝိပဿနာ

ပုဂ္ဂိုလ်အားဖြင့် သုက္ခဝိပဿက၊ ဈာန်အဘိညာရသော ပကတိသာဝက၊ မဟာသာဝက၊ အဂ္ဂသာဝက၊ ပစ္စေက ဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ အားဖြင့် ခြောက်ယောက်ရှိ၏။

ထို့တွင် သုက္ခဝိပဿကတို့သည် ဝိပဿနာပွားရာ၌ သူကန်းအလိုရှိရာ မရောက်နိုင်သကဲ့သို့ အလိုရှိရာ မပွားနိုင်ကြ၊ သိမ်းဆည်းအပ်သော တရား၌သာ ပွားနိုင်ကြသည်။ ၎င်းတို့၏ ဝိပဿနာပွားခြင်းသည် ပိုးစုန်းကြူး အရောင်နှင့် တူ၏။

အဘိညာရသော ပကတိသာဝကတို့သည် ပညာကြီးသောကြောင့် ချဲ့၍ ပွားနိုင်ကုန်၏။ မီးရောင်နှင့်တူ၏။

မဟာသာဝကတို့သည် ဆုတောင်း ပြည့်စုံသောကြောင့် ထိုထက်အလွန် ချဲ့ပွားနိုင်ကုန်၏။ မီးရှူးရောင်နှင့် တူ၏။ ဒုတိယ အဂ္ဂသာဝကသည် ထိုထက်ချဲ့နိုင်၏။ ပဌမအဂ္ဂသာဝကသည် သာဝကတို့နှင့် မဆက်ဆံအောင် ချဲ့နိုင်ကုန်၏။

အဂ္ဂသာဝကတို့၏ ဝိပဿနာသည် သောက်ရှူးကြယ်ရောင်နှင့်တူ၏။

ပစ္စေကဗုဒ္ဓတို့ကား ထို ထက်ချဲ့နိုင်ကုန်၏။ လရောင်နှင့်တူ၏။

ဘုရားရှင်တို့ကား သဗ္ဗညုတဉာဏ်ရသည်အလျောက် သုံးသပ်အပ်သမျှ၌ နည်းအထူးထူးဖြင့် မကပ်မငြိ သုံးသပ်နိုင်ကုန်၏။ သရဒ အခါ ရောင်ခြည်တထောင် ဆောင်သော နေမင်းရောင်နှင့်တူ၏။ ထိုဉာဏ်သည် မဟာဝဇိရဉာဏ်လည်း မည်၏။

(လင်း/ဆုတ် ၁-မှ-ဆောင်/ပြည့်ထိ ၂-လ သည် သရဒဥတုငယ်အခါ မည်၏။)

သွားခြင်းပမာ ဝိပဿနာ

သုက္ခဝိပဿကတို့၏ ဝိပဿနာသည် သူကန်း တောင်ဝှေးစမ်း၍ သွားခြင်းနှင့် တူ၏။ အဘိညာရသော ပကတိသာဝကတို့ကား သစ်တုံးတံတား၌ သွားခြင်းနှင့်တူ၏။ မဟာသာဝကတို့ကား ခြေကြောင်းတံတား၌ သွားခြင်းနှင့်တူ။ အဂ္ဂသာဝကတို့ကား လှည်းကြောင်းတံတား၌ သွာခြင်းနှင့်တူ၏။ ပစ္စေကဗုဒ္ဓါတို့ကား ခြေကြောင်း လမ်းမကြီး၌ သွားခြင်းနှင့်တူ၏။ ဘုရားရှင်တို့ကား လှည်းလမ်းမကြီး၌ သွားခြင်းနှင့် တူ၏။ ပစ္စေကဗုဒ္ဓါနှင့် သမ္မာသမ္ဗုဒ္ဓတို့၏ ဝိပဿနာသည် စိန္တာမယဉာဏ်ဖြင့် ကြီးပွားသောကြောင့် သယမ္ဘူဉာဏ် မည်၏။ သာဝက တို့၏ ဝိပဿနာသည် သုတမယဉာဏ်ဖြင့် ကြီးပွားသောကြောင့် ပရော ပဒေသ သမ္ဘူတတို့ မည်ကုန်၏။

မြို့သားတို့အပြစ်တင်ခြင်း

ရာဇဂြိုဟ်၌ မြတ်စွာဘုရား နေတော်မူသောအခါ အလွန်ထင်ရှားသော မဂဓတိုင်းသား အမျိုးသားတို့သည် ဘုရားရှင်ထံ များစွာ ရဟန်းပြုကုန်၏။ လူတို့သည် ရဟန်းဂေါတမကား သားရှိသူတို့အား သားမရှိအောင်၊ မိန်းမတို့အား မုဆိုးမဖြစ်အောင်၊ အမျိုး ပြတ်အောင် ပြုကျင့်သည်။ ရသေ့တထောင်ကို လည်းကောင်း၊ ပရိဗိုဇ် နှစ်ရာ့ငါးဆယ်ကို လည်းကောင်း ရဟန်းပြုပေးသည်။ ထင်ရှားသော မဂဓတိုင်းသား များစွာတို့လည်း ရဟန်းပြုကုန်ပြီဟု ဆို၍ ရဟန်းတို့ကို မြင်သောအခါ အာဂတောခေါ အစချီလျက် ဂါထာကို ရွတ်ဆိုကုန်၏။

အာဂတောခေါ မဟာသမဏော၊

မဂဓာနံ ဂိရိဗ္ဗဇံ။

သဗ္ဗေသဉ္စယေ နေတွာန၊

ကံ သုခါနိ နယိဿတိ။

မဟာသမဏော၊ ရဟန်းကြီးဂေါတမသည်။

မဂဓနံ၊ မဂဓ တိုင်းသူတိုင်းသားတို့၏။

ဂိရိဗ္ဗဇံ၊ တောင်ငါးလုံးရံ နွားခြံလိုလို ရာဇဂြိုဟ်သို့။

အာဂတောခေါ၊ ရောက်လာသည်သာတည်း။

ဝါ၊ ရောက်လာ၍။

သဗ္ဗေသဉ္စယေ၊ သိဉ္စည်းတပည့် ၂၅၀-လုံးတို့ကို။

နေတွာန၊ ဆောင်ပြီး၍။

ဒါနိ၊ ယခုအခါ၌။

ကံ၊ အဘယ်သူကို။

နယိဿတိ၊ ဆောင်ယူဦးမည်နည်း။

ဝါ၊ ဆောင်ယူလိမ့်မည်မသိ။

ဤသို့ အပြစ်တင်စကား ဆိုကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ ... သင်တို့လည်း နယန္တိ ဝေ- အစချီသောဂါထာဖြင့် ပြန်၍ဆိုကြလော။

နယန္တိ ဝေ မဟာဝီရာ၊

သဒ္ဓမ္မေန တထာဂတာ။

ဓမ္မေန နယမာနာနံ၊

ကာ ဥဿုယျာ ဝိဇာနတံ။

မဟာဝီရာ၊ ကြီးသောလုံ့လရှိကုန်သော။

တထာဂတာ၊ မြတ်စွာဘုရားတို့သည်။

ဝေ၊ စင်စစ်။

သဒ္ဓမ္မေန၊ သူတော်ကောင်းတရားဖြင့်။

နယန္တိ၊ ဆောင်ကုန်၏။

ဓမ္မေန၊ သူတော်ကောင်းတရားဖြင့်။

နယမာနာနံ၊ ဆောင်ကုန်သောသူတို့၌။

ဝါ၊ ဆောင်ကုန်သောသူတို့ကို။

ဥဿုယျာ၊ ငြူစူခြင်းသည်။

ဝိဇာနတံ၊ တရားဖြင့်ဆောင်သည်ဟု သိသူတို့အား။

ကာ၊ အဘယ်မှာသင့်အံ့နိုးနိုး ကောင်းကျိုးရှိနိုင်အံ့နည်း။

ဤသို့ပြန်ဆိုကြဟု မိန့်တော်မူ၏။ ရဟန်းတို့ ပြန်ဆိုသည်ကိုကြားသိ ကြသောအခါ၊ ဘုရားရှင်တို့ကား တရားဖြင့် ဆောင်ယူကြသည်ဟု သိရှိကြသဖြင့် အပြစ်မတင်ပဲ ထိုအသံသည် ခုနစ်ရက်သာ ဖြစ်၍ ပပျောက်လေ၏။

(ဇိဋီ ... ဤမျှဖြင့် ရှင်ဥပါလိသည် နိဒါန်းကိုပြီးဆုံးစေတော်မူ၏။)

ရှင်ပြုစသော ဝိနည်းကံ၏ နိဒါန်းပြီး၏။

ဥပဇ္ဈာယ်ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့သည် ဥပဇ္ဈာယ်မရှိ ဆရာမရှိ ဆုံးမသူကံဖြစ်သူ မရှိ မကောင်းသောဝတ်ခြင်း ရုံခြင်းရှိ၍ ရဟန်း အသွင် အပြင်၊ သမဏသာရုပ္ပအကျင့် ကင်းလျက် ဆွမ်းခံသွားကုန်၏။ စားသောက်ဆဲ ဖြစ်သော လူတို့၏ ဘောဇဉ်၊ ခဲဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ် အထက်၌ ဆွမ်းခံသောသပိတ်ကို ညွှတ်ကုန်၏၊ ဟင်းကို ဆွမ်းကို တောင်း၍စားကုန်၏။ ဆွမ်းယူရာ ဆွမ်းစားရာ ဘတ္တဂ္ဂ၌ ကျယ်စွာ အသံများစွာပြုကုန်၏။ ပုဏ္ဏားတို့ဘောဇဉ် ကျွေးရာ၌ ပုဏ္ဏားတို့ ဆူညံသကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။

ဘုရားရှင်ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့- ဥပဇ္ဈာယ်ကိုခွင့်ပြု၏။ ဝါ၊ ဥပဇ္ဈာယ်၏အဖြစ်ကို စိတ်ဖြင့်ယူခြင်းငှာ ခွင့်ပြု၏။ ဥပဇ္ဈာယ်သည် အတူနေ သဒ္ဓိဝိဟာရိကတပည့်၌ သားဟူသောချစ် စိတ်ကို ဖြစ်စေလတ္တံ့။ သဒ္ဓိဝိဟာရိကသည် ဥပဇ္ဈာယ်၌ ဖခင်ဟူသောချစ်စိတ်ကို ဖြစ်စေလတ္တံ့။ ဤသို့ အချင်းချင်း ရိုသေ တုံ့ဝပ်လျက် တူသော အသက်မွေးခြင်းရှိကြလျှင် ဤဓမ္မဝိနယ၌ ကြီးပွားကုန်လတ္တံ့။ ဥပဇ္ဈာယ် ယူပုံကား ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ်တင်၍ ခြေတို့ကိုရှိခိုး၍ ဆောင့်ကြောင့် ထိုင်လျက် လက်အုပ်ချီလျက် “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ” ဟု သုံးကြိမ်ဆို၍ ယူအပ်၏။

(ဘန္တေ၊ အရှင်မြတ်ဘုရား။

အာယသ္မာ၊ သက်တော်ရှည်သော။

တွံ၊ အရှင်မြတ်ဘုရားသည်။

မေ၊ အကျွန်ုပ်၏။

ဥပဇ္ဈာယော၊ အပြစ်ငယ်အပြစ်ကြီးကိုကြည့်ရှုမပြတ် ဆုံးမတတ်သော ဥပဇ္ဈာယ်ဆရာသည်။

ဟောဟိ၊ ဖြစ်တော်မူပါဘုရား။)

“သာဟု၊ ကောင်း၏။

လဟု၊ ငါ ဝန်မလေး။

ဩပါယိကံ၊ သင်ဥပဇ္ဈာယ်ယူခြင်းသည် အကြောင်းနှင့် ပြည့်စုံ၏။

ပတိရူပံ၊ သင်ဥပဇ္ဈာယ်ယူခြင်းသည် လျောက်ပတ်၏။

ပါသာဒိကေန သမ္ပါဒေဟိ။

ပါသာဒိကေန၊ ကြည်ညိုဘွယ်ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့်။

တိဝိဓသိက္ခံ၊ သိက္ခာသုံးရပ် သာသနာတော်မြတ်ကို။

သမ္ပါဒေဟိ၊ ပြည့်စုံစေလော”။

ဤ ငါးပုဒ် တပုဒ်ပုဒ်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ကိုယ်နှုတ်ဖြင့်လည်းကောင်း၊ ဆရာသည် သိစေသည်ဖြစ်အံ့၊ ဥပဇ္ဈာယ်ယူခြင်းဖြစ်၏။ မသိစေသည် ဖြစ်အံ့၊ ဥပဇ္ဈာယ်ယူခြင်း မဖြစ်။

[ထာ ... ငယ်သောအပြစ်၊ ကြီးသောအပြစ်ကို မပြတ်ရှုသော ဆရာသည် ဥပဇ္ဈာယ။ ထိုမှကင်းလျှင် ဥပဇ္ဈာယ်မရှိသူ မည်၏။ သာဟုစသော ငါးပုဒ်သည် ဥပဇ္ဈာယ်အဖြစ်ဝန်ခံရာ၌ သဒ္ဒါမတူ အနက်တူ ပရိယာယ် ဝေဝုစ်ငါးပုဒ်ဖြစ်၏။ တပည့်သည်သုံးကြိမ်ဆို၍ ဥပဇ္ဈာယ်ယူအပ်ပြီ ဟူသော အနက်ကို သိစေလျှင် ဥပဇ္ဈာယ် ယူခြင်းဖြစ်၏။

ကေစိတို့ကား တပည့်က သာဓုဟု ပြန်၍ဝန်ခံမှ ဥပဇ္ဈာယ်ယူခြင်းဖြစ်သည်ဟု ဆိုကုန်၏။ ပမာဏ မဟုတ်၊ တောင်းခြင်း၊ ပေးခြင်းမျှဖြင့် ယူခြင်းဖြစ်သည်။ တဖန် ဝန်ခံခြင်းသည် အကြောင်းမဟုတ်၊ တပည့်သည် ငါဥပဇ္ဈာယ်ယူပြီးပြီဟူ၍မျှသာ သိအပ်သည်မဟုတ်၊ အဇ္ဇတဂ္ဂေ ဒါနိ ထေရော မယှံ ဘာရော။ အဟမ္ပိ ထေရဿ ဘာရော - ယနေ့မှစ၍ မထေရ်သည် ငါ၏တာဝန်၊ ငါသည်လည်း မထေရ်၏တာဝန်ဖြစ်ပြီ ဟူ၍လည်း သိခြင်းငှာအပ်၏။]

(ဤပါဠိကို အနက်ပေးနိုင်သော ဉာဏ်ပညာရှိ-မရှိ ဤတွင် သိရပေလတ္တံ့။)

(သာဋီ ... ငယ်သောအပြစ်သည် ဝဇ္ဇ၊ ကြီးသောအပြစ်သည် အဝဇ္ဇ မည်၏။

အ-သဒ္ဒါသည် ဝုဒ္ဓိအနက်ရှိ၏။

ဂရုနောဘာဝေါ-ဂါရဝံ။

သဟဂါရဝေန ယေ သဂါရဝါ၊ အလေးပြုခြင်းနှင့်တကွ ဖြစ်သူတို့။

ဝါ-အလေးပြုသူတို့။

ပဋိဿဝနံ ပဋိဿော။ သဟပဋိသောန ယေ သပ္ပဋိဿာ နားတောင်သူတို့။

သာဟုကား-သာဓု၊ ကောင်း၏။

လဟုကား... အဂရု သင့်ဥပဇ္ဈာယ်ဖြစ်ရခြင်း၌ ငါအား လေးသောဝန် မရှိ။

ဩပါယိကံကား - ဥပါယပဋိသံယုတ္တံ၊ အကြောင်းဥပါယနှင့် ယှဉ်၏။

ဤဥပါယဖြင့် သင်သည် ဤနေ့မှစ၍ ငါ့တာဝန်ဖြစ်ပြီဟူလို။

တနည်း၊ ဤသို့ကျင့်ခြင်းသည် ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်၏ဟူလို။

ပတိရူပံကား အနုရူပံ၊ သင်ပဥဇ္ဈာယ် ယူခြင်းသည် လျောက်ပတ်၏။

ပါသာဒိကေန သမ္ပာဒေဟိကား - ပသာဒါ ဝဟေန ကာယဝစီ ပယောဂန တိဝိဓသိက္ခံ နိပ္ဖါဒေဟိ-ဟူသော အနက်ဖြစ်၏။

ဥပဇ္ဈာယောမေ-စသည်ဆိုခြင်းသည် ဥပဇ္ဈာယ်တောင်းသည် မည်၏။

ဆရာက သာဟုစသည်ဆိုခြင်းသည် ဥပဇ္ဈာယ်ပေးသည်မည်၏။

ဤမျှဖြင့်ပြည့်စုံပြီ။ တဖန်တပည့်က သာဓုဝန်ခံခြင်းသည် အကြောင်း အင်္ဂါမဟုတ်။)

ဥပဇ္ဈာယဝတ်

ချစ်သားတို့ ... သဒ္ဓိဝိဟာရိက တပည့်သည် ဥပဇ္ဈာယ်ဆရာ၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား နံနက်စောစော ထ၍ (ဘိနပ်စီးထားလျှင်) ဘိနပ်ချွတ်၍ ပခုံးတဘက်စမ္ပယ်တင်၍ ဒန်ပူ၊ မျက်နှာသစ်ရေ ပေးအပ်၏။ နေရာခင်းအပ်၏။ ယာဂုရှိလျှင် ခွက်ဆေး၍ ယာဂုကပ်အပ်၏။ ယာဂုသောက်ပြီးလျှင် ရေပေး၍ ခွက်ယူ၍ ရိုသေစွာ မထိမခိုက်ဆေး၍ သိုမှီးအပ်၏။ ဆရာထလျှင် နေရာသိမ်းအပ်၏။ ထိုနေရာ အမှိုက်လှည်းအပ်၏။ (ရေပေါက်မျှရှိလျှင် လက်ဖြင့်သော်လည်း သုတ်သင်အပ်၏။)

ဆရာ ရွာသို့ဝင်လိုသောအခါ သင်းပိုင်ပေး၍ သင်းပိုင်ဟောင်း ယူအပ်၏။ ခါးပန်းကြိုး ပေးအပ်၏။ ကိုယ်ရုံနှင့်ဒုကုဋ်ကိုထပ်၍ သံဃာဋိတို့ကို ပေးအပ်ကုန်၏။ သပိတ်ဆေး၍ ရေကြွင်းနှင့်တကွ ပေးအပ်၏။ နောက်လိုက် အလိုရှိလျှင် အဝန်းသုံးပါး (ဒူးဝန်းနှစ်ဘက်၊ ချက်)ညီစွာ ဖုံး၍ အဝန်းညီစွာဝတ်၍ ခါးပန်းဖွဲ့၍ နှစ်ထပ်ပြုကာ သံဃာဋိတို့ကိုရုံ၍ ကမ္ပတ်သီးဝင်၍ သပိတ်ဆေး၍ နောက်မှလိုက်အပ်၏။ မနီးလွန်း မဝေး လွန်း လိုအပ်၏။ (လှည့်ကြည့်လျှင် တလှမ်း နှစ်လှမ်းဖြင့် မှီစေရသည်။) သပိတ်ပြည့်၍ ပူ၍လဲလျှင် မိမိသပိတ်ကို ပေး၍ ယူအပ်၏။ ဆရာစကား ပြောစဉ် ကြားဖြတ်၍ တပါးသောစကား မပြောအပ်။ (ဤမှစ၍ နောက်၌လည်း မပြုအပ်ဟုတားတိုင်း ဒုက္ကဋ်ဟု သိအပ်၏။ ဤကား ခန္ဓက ဓမ္မတာတည်း။) ဆရာသည် အာပတ်အနီး စကားကို ပြောအံ့ တားအပ်၏။

ရွာမှပြန်သောအခါ ရှေးဦးစွာလာ၍ နေရာခင်းအပ်၏။ (နီးလျှင် ကျောင်း၌ ဂိလာနရှိလျှင် ရှေးဦးစွာလာ၍ ရွာဝေးလျှင် အတူလာ၍ သပိတ်ကို *သင်္ကန်းစွန်းဖြင့်ပတ်၍ လမ်းရောက်မှ ရှေးဦးစွာလာ၍ နေရာ ခင်းခြင်း စသည်ကို ပြုရသည်။)

(*သပိတ်ကို သင်္ကန်းစွန်းဖြင့်မပတ်သူကို အပြစ်ဆိုဝံ့သူဟု မကြားရသေး။ ယခုကာလ သပိတ်အိတ်စွပ်သူကို အပြစ်ဆိုဝံ့သူဟူ၍ကား ကြားရပေ၏။ သဒ္ဓါပညာစစ်ဖြင့်ဆိုမူ ကောင်းပေ၏။)

ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်း ထားအပ်၏။ ခရီးဦးကြို၍ သပိတ်သင်္ကန်းယူအပ်၏။ သင်းပိုင် အဟောင်းပေး၍ သင်းပိုင်ကိုယူအပ်၏။ သင်္ကန်းချွေးစွတ်လျှင် အတန်ငယ် နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်။ သင်္ကန်းခေါက်အပ်၏။ အလယ်၌အကျိုးမထင်အောင် လက်လေးသစ်ရှား၍ အပိုထား၍ခေါက် အပ်၏။ အခွေ၌ ခါးပန်းကြိုးခေါက်၍ ထားအပ်၏။ ဥပဇ္ဈာယ်ဆရာ ဆွမ်းစားလိုလျှင် ရေပေး၍ ဆွမ်းကပ်အပ်၏။ (မိမိရသော ဆွမ်းကိုသော်လည်း ပေးအပ်၏။) သောက်ရေဖြင့်ပန်အပ်၏။ (စားစဉ် အစ၊ အလယ်၊ အဆုံး သုံးကြိမ်ပန်ရသည်။ မွန်းတည့်ချိန်နီးလျှင် ရေထားခဲ့၍ မိမိစားရသည်။)

ဆွမ်းစားပြီးလျှင် ရေပေး၍ သပိတ်ယူ၍ ရိုသေစွာ မထိမခိုက် ဆေး၍ ရေစင်အောင်သုတ်၍ အတန်ငယ် နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်။ သပိတ်သင်္ကန်း ထားအပ်၏။ သပိတ်ထားသောအခါ လက် တဘက်ဖြင့် သပိတ်ကိုင်၍ တဘက်ဖြင့် ညောင်စောင်းအောက်၊ အင်းပျဉ်အောက် သုံးသပ်၍ ထားအပ်၏။ အခင်းမရှိသောမြေ၌ မထားအပ်။ သင်္ကန်းထားသောအခါ လက်တဘက်ဖြင့် သင်္ကန်းကိုင်၍ တဘက်ဖြင့် သင်္ကန်းတန်းဝါး၊ ကြိုးကိုပွတ်၍ အပ၌အစွန်း အတွင်း၌အခွေပြု၍ ထားအပ်၏။ ဆရာထသောအခါ နေရာသိမ်းအပ်၏။ ခြေဆေးရေ စသည်တို့ကို သိမ်းအပ်ကုန်၏။ အမှိုက်ရှိလျှင် တံမြက်လှည်းအပ်၏။

ဥပဇ္ဈာယ်ဆရာ ရေချိုးလိုသောအခါ ရေအေးရေနွေး လိုရာချိုးရေ စီမံအပ်၏။ စရုံးအိမ်ဝင်လိုလျှင် ရေချိုးကသယ်မှုန့်ကို ရေဆွတ်၍ အစု အပုံ အလုံးပြုအပ်၏။ မြေညက်ရေဆွတ်အပ်၏။ စရုံးအိမ် အင်းပျဉ်ပေး၍ သင်္ကန်းယူ၍ တနေရာ၌ (ကျပ်ခိုးမရှိရာ၌) ထားအပ်၏။ ရေချိုးကသယ်မှုန့် မြေညက် ပေးအပ်၏။ စွမ်းနိုင်လျှင် စရုံးအိမ်သို့ ဝင်အပ်၏။ စရုံးအိမ် ဝင်သောအခါ မြေညက်ဖြင့် မျက်နှာလိမ်း၍ ရှေ့မှ နောက်မှ ဖုံးလွှမ်း၍ ဝင်အပ်၏။ မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေအပ်။ ရဟန်းငယ်တို့ကို နေရာဖြင့် မတားအပ်ကုန်။ စရုံးအိမ်၌ ဥပဇ္ဈာယ်အား ပရိကံ့ကို (ဝါ-မီးခဲ မြေညက် ရေနွေးပေးခြင်း စသော ကိစ္စ အလုံးစုံပရိကံကို) ပြုအပ်၏။

စရုံးအိမ်မှထွက်သောအခါ စရုံးအိမ် အင်းပျဉ်ယူ၍ ရှေ့နောက်ဖုံး၍ ထွက်အပ်၏။ ရေချိုးရာ၌လည်း ပရိကံကို ဝါ-အင်္ဂါကြီးငယ်ပွတ်တိုက်ခြင်း စသော ကိစ္စ အလုံးစုံ-ပရိကံကို) ပြုအပ်၏။ ရေချိုးပြီးသောအခါ ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေစင်အောင်ပြု၍ သင်းပိုင်ဝတ်၍ ဆရာ့ကိုယ်မှ ရေသုတ်အပ်၏။ သင်းပိုင်သင်္ကန်း ပေးအပ်၏။ စရုံးအိမ်အင်းပျဉ်ယူ၍ ရှေးဦးစွာလာ၍ နေရာခင်းအပ်၏။ ခြေဆေးရေ စသည် ထားအပ်၏။ သောက်ရေဖြင့် ပန်အပ်၏။ (မီးပူ၍ ရေငတ်သောကြောင့်တည်း။)

ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း ပြုစေလိုသည်ဖြစ်အံ့။ သင်ယူအပ်၏။ ဥပဇ္ဈာယ်နေသောကျောင်း အမှိုက်ရှိအံ့၊ စွမ်းနိုင်လျှင် သုတ်သင်အပ်၏။ သုတ်သင်သောအခါ ရှေးဦးစွာ သပိတ်သင်္ကန်းထုတ်၍ တနေရာ၌ ထားအပ်၏။ နိသီဒိုင်၊ အိပ်ရာခင်း၊ ဘုံလျှို၊ ခေါင်းအုံးထုတ်၍ တနေရာစီ ထားအပ်၏။ ညောင်စောင်းအင်းပျဉ်တို့ကို အရိုအသေ မြေ၌မထိမခိုက်၊ တံခါးရွက်တံခါးဘောင် မထိမခိုက်ထုတ်၍ တနေရာထားအပ်၏။ ညောင်စောင်းအခြေ၊ ထွေးခံ၊ မှီရာတံကဲပျဉ်ထုတ်၍ တနေရာ ထားအပ်၏။

မြေအခင်းကို ထားမြဲအတိုင်းမှတ်၍ ထုတ်၍ တနေရာထားအပ်၏။ ပိုးအိမ် ပင့်ကူမျှင် စသည်ရှိလျှင် မျက်နှာကြက်မှစ၍ (ဝါ-အထက်အဘို့ကို အစပြု၍) ချအပ်၏။ ပြူတင်း၊ ထောင့်အဖို့တို့ကို (ဝါ-ပြူတင်း တံခါးရွက် တွင်းပကို လည်းကောင်း၊ တိုက်ခန်းထောင့်လေးခုတို့ကို လည်းကောင်း) တိုက်ပွတ်အပ်၏။ ရွှေသင်္ဘောဖြင့် အပြေအပြစ်ပြုသော နံရံမှိုတက်အံ့၊ မည်းသော အဆင်းဖြင့် အပြေအပြစ်ပြုသောမြေ-မှိုတက်အံ့၊ ပုဆိုးကြမ်း ရေဆွတ်၍ ရေညှစ်၍ ပွတ်အပ်၏။

အပြေအပြစ်မပြုသော မြေဖြစ်အံ့၊ ကျောင်း မြူ မကပ်ပါစေလင့်ဟု ရေဖျန်း၍ တံမြက်လှည်းအပ်၏။ အမှိုက်ကို စု၍ တနေရာ၌ စွန့်အပ်၏။ မြေအခင်းကို နေလှန်း၍ သုတ်သင်ခါတွက်၍ ပြန်ဆောင်၍ ခင်းမြဲတိုင်း ခင်းအပ်၏။ ညောင်စောင်းအခြေတို့ကို နေလှန်း၍ ပွတ်တိုက်၍ ပြန်ဆောင်၍ ထားမြဲထားအပ်၏။ ညောင်စောင်း အင်းပျဉ်တို့ကို နေလှန်း၍ သုတ်သင်ခါတွက်၍ အရိုအသေ မထိမခိုက် ပြန်ဆောင်၍ ထားမြဲထားအပ်၏။

ဘုံလျှို ခေါင်းအုံး နိသီဒိုင် အိပ်ရာခင်းတို့ကို နေလှန်း၍ ခါတွက်၍ ပြန်ဆောင်၍ ထားမြဲထားအပ်၏။ ထွေးခံ မှီရာ တံကဲပျဉ်တို့ကို နေလှန်း၍ ပွတ်တိုက်၍ ပြန်ဆောင်ထားမြဲ ထားအပ်၏။ သပိတ်သင်္ကန်းတို့ကို ယခင်နည်းအတိုင်း ထားအပ်၏။ အရပ်လေးမျက်နှာ မြူနှင့်တကွ လေလာလျှင် လေလာရာ ပြူတင်းတံခါး တို့ကို ပိတ်အပ်ကုန်၏။

ဧသောအခါ ပြူတင်းတံခါးတို့ကို နေ့ဖွင့်၍ ညဉ့်ပိတ်အပ်ကုန်၏။ ပူသောအခါ နေ့ပိတ်၍ ညဉ့်ဖွင့်အပ်၏။ ပရိဝေဏ - နေရာကျောင်းငယ်၊ ကောဋ္ဌက - တံခါးမုခ်၊ စည်းဝေးရာဇရပ်၊ မီးတင်းကုပ်၊ ဝစ္စကုဋီ – အမှိုက်ရှိအံ့၊ တံမြက်လှည်းအပ်၏။ သောက်ရေသုံးရေ သန့်သက်ရေ မရှိလျှင် ခပ်ထည့်အပ်၏။

ဥပဇ္ဈာယ်ဆရာ သာသနာ၌ မမွေ့လျော်အံ့၊ (ကလျာဏမိတ္တစသည် မှီရာအရပ်တပါးသို့) ဆောင်ပို့အပ်၏။ သူတပါးကိုသော်လည်း ဆောင်ပို့စေအပ်၏။ တရားသော်လည်း ဟောအပ်၏။ ကုက္ကုစ္စဖြစ်အံ့၊ မိစ္ဆာအယူ ဖြစ်အံ့၊ ပယ်ဖျောက်အပ်၏။ ပယ်ဖျောက်စေအပ်၏။ တရားသော်လည်း ဟောအပ်၏။ ဂရုဓမ္မသို့ရောက်၍ ပရိဝါသ်ထိုက်အံ့၊ ပရိဝါသ်သံဃာပေး အောင် အားထုတ်အပ်၏။ (ဝါ- ထိုထိုရဟန်းထံကပ်၍ တောင်းပန်အပ်၏။ စွမ်းနိုင်လျှင် မိမိပေးအပ်၏။ မစွမ်းနိုင်လျှင် သူတပါးကို ပေးစေအပ်၏။)

မူလာယပဋိကဿနထိုက်အံ့၊ မာနတ်ထိုက်အံ့၊ အဗ္ဘာန်ထိုက်အံ့၊ ထို့အတူ အားထုတ်အပ်၏။ သံဃာသည် ဥပဇ္ဈာယ်အား တဇ္ဇနီယကံ၊ နိယသကံ၊ ပဗ္ဗာဇနီယကံ၊ ပဋိသာရဏီယကံ၊ ဥက္ခေပနီယကံ ပြုလိုအံ့၊ ကံမပြုအောင်၊ ကံငယ်ပြုအောင် (ဝါ-ဥက္ခေပနီယကံကြီး ပြုလိုလျှင် တဇ္ဇနီယ၊ နိယသကံငယ်မျှပြုအောင်) အားထုတ်အပ်၏။ ကံပြုပြီးသည် ဖြစ်အံ့၊ ကောင်းစွာကျင့်အောင် ကံငြိမ်းအောင် အားထုတ်အပ်၏။ ဥပဇ္ဈာယ် အား သင်္ကန်းဖွပ်စရာ၊ ချုပ်စရာ၊ ဆိုးရည်ကြိုစရာ၊ ဆိုးစရာ ကိစ္စရှိအံ့၊ ပြုပေးအပ်၏။ အသို့ပြုစေရအံ့နည်း-ဟု အားထုတ်အပ်၏။ သင်္ကန်း ဆိုးသောအခါ ကောင်းစွာလှည့်၍ လှည့်၍ ဆိုးအပ်၏။ ဆိုးရည်ပေါက် မပြတ်မီ မဖဲအပ်။ (အနည်းငယ်မျှ စီးကျသော်လည်း မဖဲအပ်။)

(ဤအထိ ကျင့်ဝတ်ကိုမပြုလျှင် ဥပဇ္ဈာယ်အား ဆုတ်ယုတ်၏။ ထို့ကြောင့် နိဿယည်း လွတ်သူ၊ မလွတ်သူ အားလုံး မကျင့်သူအား အာပတ်သာတည်း။ နောက်ဆိုလတ္တံ့ကား နိဿယည်း မလွတ်သူအားသာ အာပတ် သင့်၏ဟု အဋ္ဌကထာဆိုလတ္တံ့။)

နိဿယည်းမလွတ်သူ အာပတ်သင့်သောဝတ်

ဥပဇ္ဈာယ်ဆရာကို မပန်ကြားပဲ အချို့သောရဟန်းအား (ဝါ - ဥပဇ္ဈာယ်နှင့် ဝိသဘာဂ ဖြစ်သောရဟန်းအား) သပိတ်မပေးအပ်။ အချို့သောရဟန်း၏ သပိတ်ကို မယူအပ်။ ထို့အတူ ထိုဝိသဘာဂနှင့် သင်္ကန်း၊ ရဟန်းသုံးပရိက္ခရာပေးခြင်း၊ ယူခြင်း မဆက်ဆံအပ်။ ဆံရိတ်မပေးအပ်။ ဆံရိတ်မခံအပ်။ ချေးတွန်းခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ နောက်လိုက်ပြုခြင်း၊ ဆွမ်းဆောင် ပို့ခြင်းတို့ကို မပြုအပ်။ အပြုမခံအပ်။ (မဆက်ဆံအပ်။) ဥပဇ္ဈာယ်ဆရာကို မပန်ပဲ ရွာသို့မဝင်အပ်။ သုသာန်သို့ (အနေလည်းကောင်း၊ အရှုလည်းကောင်း) မသွားအပ်။ အရပ်တပါးသို့မသွားအပ်။ ဥပဇ္ဈာယ်မမာလျှင် တသက်လုံး လုပ်ကျွေးအပ်၏။ ရောဂါ ပျောက်ကင်းသည် တိုင်အောင် ဆိုင်းငံ့၍နေအပ်၏။ ဤကား ဥပဇ္ဈာယ်၌ ပြုရာသော ဝတ်တည်း။

(ထာ ... ဒန်ပူပေးသောအခါ ကြီးလတ်ငယ်သုံးမျိုး ပေးအပ်၏။ သုံးရက်လုံးယူသော ဒန်ပူမျိုးကို စတုတ္ထနေ့မှစ၍ ပေးအပ်၏။ အမှတ်မရှိ ယူလေ့ရှိလျှင် ရရာပေးအပ်၏။ မျက်နှာသစ်ရေကို ရေအေး ရေနွေး နှစ်မျိုး ပေးအပ်၏။ သုံးရက်လုံးယူသောရေချိုးကို စတုတ္ထနေ့မှစ၍ ပေးအပ်၏။ အမှတ်မရှိယူလျှင် ရောပေးအပ်၏။ နှစ်မျိုး လုံးသုံးလျှင် နှစ်မျိုးလုံး ပေးအပ်၏။ မျက်နှာသစ်ရာ နေရာ၌ ရေကိုထားပြီးလျှင် ဝစ္စကုဋီမှ စ၍ တံမြက်လှည်းအပ်၏။ မထေရ်ဝစ္စကုဋိသို့သွားလျှင် ပရိဝေဏနေရာ ကျောင်းငယ်ကို တံမြက်လှည်းအပ်၏။ ဤသို့ပြုလျှင် ကျောင်းငယ်၌ လူမဆိတ်၊ မထေရ်ဝစ္စကုဋီမှမပြန်မီ နေရာခင်းအပ်၏။ လာ၍ထိုင်နေသောအခါ ယာဂုကပ်အပ်၏။

ထပ်၍သံဃာဋိတို့ကို ပေးအပ်၏ ဟူရာ၌ ခေါက်အပ်သောသံဃာဋိတ အနက်ကြောင့် သင်္ကန်းအားလုံးသည် သံဃာဋိမည်၏။ ထို့ကြောင့် သံဃာဋိဟု ဟောသည်။ ပဒသောဓမ္မအာပတ်၊ ဒုဠုလ္လအာပတ် သင့်တတ်သော စကားမျိုးကို ပြောလျှင် အရှင်ဘုရား၊ ဤစကားသင့်ပါမည်လော၊ အာပတ်လွတ်ပါမည်လောဟု မေးသကဲ့သို့ တားအပ်၏။ “အို သက်ကြားအိုကြီး၊ ဤသို့မဆိုလင့်”ဟု မတားအပ်။

သပိတ်ထားရာ၌ ကဲလား၊ သားရေပိုင်းစသော အခင်းမရှိရာမြေ၌ လည်းကောင်း၊ ကျောက်စရစ် ရောသော မြေ၌လည်းကောင်း မထားအပ်။ မြေမှုံမရှိ အပြေအပြစ်ပြုသော မည်းသောမြေ၊ အင်္ဂတေဖွဲ့သောမြေ၌ကား ထားလျှင်အပ်၏။ ရေဆေးပြီး စင်ကြယ်သော သဲ၌ထားလျှင်လည်းအပ်၏။ မြေစသည်၌ သစ်ရွက်ကို သပိတ်ခြေကိုထား၍ ထို၌ထားလျှင်အပ်၏။ အပ၌အစွန်း အတွင်း၌ အပြု၍ဟူသောစကားကို သင်္ကန်းတန်းဝါး စသည်၏အောက်၌ လက်တဘက်လျှို၍ ရှေးရှုသောလက်ဖြင့် ဖြေးဖြေးသာသာ ထားခြင်းငှာဆိုသည်။ အစွန်း၌ကိုင်၍ အခွေဖြင့် တန်းအထက်တင်လိုက်လျှင် နံရံ၌အခွေ ထိခိုက်တတ်၏။ ထိုသို့ မပြုအပ်။

ရောဂါကင်း၍ စွမ်းနိုင်လျင် ဝါခြောက်ဆယ်ရသော်လည်း ဥပဇ္ဈာယ်ဝတ် အလုံးစုံကို ပြုအပ်၏။ မရိုသေခြင်းဖြင့် မပြုလျှင် ဝတ္ထဘေဒဒုက္ကဋ်၊ မပြုအပ်ဟု တားရာ၌ လွန်ကျူးလျှင် ဂီလာနအားလည်း ဒုက္ကဋ်သာတည်း။ မြေအခင်းကို ရှေးခင်းမြဲတိုင်း ပြန်ခင်းနိုင်အောင် မှတ်သား၍ ထုတ်ရသည်။ ရှေး၌မသိသူခင်းအံ့။ ထက်ဝန်းကျင်နံရံကို နှစ်သစ် သုံးသစ် ခွါ၍ ခင်းအပ်၏။ ဤကား ခင်းပုံကျင့်ဝတ်တည်း။

ဖျာကြီးလွန်းလျှင် ဖြတ်၍ အစွန်းခေါက်သွင်း၍ ခင်းအပ်၏။ မသွင်းတတ် မချုပ်တတ်လျှင် မဖြတ်ကပ်။ သံဃာသည် ဥပဇ္ဈာယ်အား ဥက္ခေပနီယကံ ပြုလိုသည်ဟု သိအံ့။ ရဟန်းတပါးစီသို့ကပ်၍ ဥပဇ္ဈာယ်အား ကံမပြုပါနှင့်ဟု တောင်းပန်အပ်၏။ ပြုကုန်အံ့၊ တဇ္ဇနီယကို နိယသမျှကို ပြုကြပါဟု တောင်းပန်အပ်၏။ ပြုပြီးဖြစ်အံ့၊ ဥပဇ္ဈာယ်ကို အရှင်ဘုရား - ကောင်းစွာကျင့်ပါဟု တောင်းပန်အပ်၏။ ကောင်းစွာကျင့်စေပြီးသော အခါ ကံငြိမ်းစေတော်မူကြပါဟု ရဟန်းတို့ကို တောင်းပန်အပ်၏။

နိသယည်း မလွတ်သူသာ

ဥပဇ္ဈာယ်ကို မပန်ကြားပဲ အချို့အား သပိတ်မပေးအပ် စသည်ကို ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ်စွမ်းဖြင့် ဟောသည်။ မပန်ပဲရွာသို့ မဝင်အပ်ဟူသည်ကား ဆွမ်းအလို့ငှာ လည်းကောင်း၊ ကိစ္စတပါးပါးဖြင့် လည်းကောင်း ဝင်လိုလျှင် ပန်ကြား၍သာ ဝင်အပ်၏။ ဥပဇ္ဈာယ်သည် အရပ်ဝေးသို့ စောစောသွားလိုအံ့၊ ရဟန်းငယ်တို့ကို “သင်တို့ ဆွမ်းအလို့ငှာ ဝင်ကြလော”ဟု ခွင့်ပေး၍ သွားအပ်၏။ မဆိုပဲသွားအံ့၊ ဥပဇ္ဈာယ်၏ ပရိဝေဏသို့သွား၍ မတွေ့လျှင် ရွာဝင်ခြင်းငှာ အပ်၏။ ရွာဝင်ပြီးမှတွေ့အံ့၊ တွေ့ရာမှစ၍ ပန်အပ်သည် သာတည်း။

အရပ်တပါးဖဲသွားလိုလျှင် အမှုကိစ္စ ပြောကြား၍ သုံးကြိမ် တောင်းအပ်၏။ ခွင့်ပြုလျှင် အပြစ်မရှိ၊ ခွင့်မပြုအံ့၊ ထိုဆရာထံ၌ ပရိယတ် ပဋိပတ်မပြည့်စုံအံ့၊ ဥပဇ္ဈာယ်သည် အဗျတ္တဖြစ်လျက် မိမိအထံ၌သာ နေစေလို၍ ခွင့်မပေးသည်ဖြစ်အံ့၊ ထိုဥပဇ္ဈာယ်မျိုး တားသော်လည်း သွားခြင်းငှာ အပ်၏၊ ဆရာရောဂါကင်းသည် တိုင်အောင် ဆိုင်းငံ့ရာ၌ မည်သည့်နည်းဖြင့်မျှလည်း မသွားအပ်။ တပါးသော အလုပ်အကျွေးရဟန်းရှိလျှင် ဆေးရှာပေး၍ အရှင်ဘုရား ... ဤရဟန်း လုပ်ကျွေးပါလိမ့်မည်ဟု လျှောက်ကြား၍ သွားအပ်၏။)

(ဇီဋိ ... မပြုအပ်ဟု တားရာ၌ အနာဒရိယ အကြောင်းရှိသောကြောင့် သစိတ္တကအာပတ်သာ ဖြစ်ပါ၏။ ပါတိမောက်ပြုရာ၌ သေခိယအရေအတွက် မပိုင်းခြားခြင်းသည် ခန္ဓက၌ပါဝင်သော သစိတ္တကစာရိတ္တ သိက္ခာပုဒ်တို့ကို ရေတွက်ခြင်းငှာ ဖြစ်၏။ (အနာဒရိယ သစိတ္တကချင်း တူသောကြောင့် ဟူလို။) ဤ လက္ခဏာကို ဝါရိတ္တသိက္ခာပုဒ်၌မသိအပ်။ အကပ္ပိယမံသ စားခြင်း စသည်ကြောင့် သင့်သောအာပတ်တို့၏ အစိတ္တကဖြစ်ခြင်းကြောင့်တည်း။)

(သာဋီ ... ကိုယ်ရုံနှင့် ဒုကုဋ်နှစ်ထည်ကိုရည်၍ သံဃာဋိနှစ်ထည်ကို ဆိုသည်။ ခေါက်အပ်သော သံဃာဋိတ အနက်ကြောင့် သင်္ကန်းအားလုံး သံဃာဋိမည်ပြီ။ ဥပဇ္ဈာယ်ဆရာ စကားပြောစဉ်ဝင်၍ ကြားဖြတ်၍ မပြောအပ်ဟု တားသည်မှစ၍ တားခြင်းဟူသမျှ၌ ဒုက္ကဋ်ဟု သိအပ်၏။ ဂိလာနလည်းမလွတ်၊ တပါးသော ဥပဇ္ဈာယ်ဝတ်ကို မရိုသေခြင်းဖြင့် မပြုလျှင် ကျန်းမာသူအား ဝါခြောက်ဆယ်ရသော်လည်း ဝတ္တဘေဒ ဒုက္ကဋ်သာတည်း။)

(ဝိဋီ ... ဆရာ စကားပြောစဉ် ဝင်မပြောအပ်ဟု န-ပဋိသေဓကား သည်မှစ၍သာ ဒုက္ကဋ်။ ရှေ့၌ နာတိဒူရေ စသည်ဖြင့်ကား သောန-ပဋိသေဓ၌ အာပတ်မရှိ။ တားရာအားလုံး ဒုက္ကဋ်ဟူ၍ ဘေးရန်၊ ရူးသူ၊ စိတ်ပြန့်သူ၊ ဝေဒနာနှိပ်စက်သူ စသည်ကြဉ်၍ ပညတ်တော်ကို မသိသော် လည်းကောင်း၊ ဂိလာနသော် လည်းကောင်း ဒုက္ကဋ်သာတည်း။

ဘေးရန် တို့ကြောင့် အကြားအကြား ဝင်ပြောခြင်းငှာ အပ်သည်သာတည်း။ ညောင်စောင်းအောက် အင်းပျဉ်အောက် သုံးသပ်၍ သပိတ်ထားရာ၌ ရှိနှင့်သောသပိတ် စသည်နှင့် မထိခိုက်စိမ့်သောငှာ ဆိုသည်။ မျက်စိဖြင့် ကြည့်၍လည်းကောင်း၊ တပါးသောသပိတ်စသည် မရှိဟုသိ၍ လည်းကောင်း၊ ထားလျှင် အပ်သည် သာတည်း။

စရုံးအိမ်ဟူသည်ကား ဆီးနှင်းအကျများသော ဒေသတို့၌ ဆီးနှင်းကြောင့်ဖြစ်သော ရောဂါစသည်ကို ကာကွယ်ခြင်းငှာ ကိုယ်ကိုချွေးအောင်းစရာ နေရာဖြစ်၏။ ထိုစရုံးအိမ်၌ အမိုက်မှောင် ဖုံးခြင်းကြောင့် ရဟန်း များစွာလည်း အတူဝင်၍ သင်္ကန်းကိုထား၍ မီးပူကာကွယ်ရန် မြေညက်ဖြင့် မျက်နှာကိုလိမ်း၍ အလိုရှိသလောက် ချွေးအောင်း၍ ရေချိုးကသယ်မှုန့် စသည်ဖြင့်ပွတ်တိုက်ကာ ရေချိုးကုန်သတတ်။

လဇ္ဇီဖြစ်စေ အလဇ္ဇီဖြစ်စေ ဥပဇ္ဈာယ်၏ ကြီးပွားခြင်းကို မလိုလားသူသည် ဥပဇ္ဈာယ်၏ ဝိသဘာဂ မည်၏။ ဥပဇ္ဈာယ်သည် အလဇ္ဇီဖြစ်၍ ဘုရားရှင်၏ ဩဝါဒကို မလိုက်သူဖြစ်အံ့၊ လဇ္ဇီတို့ကား ဥပဇ္ဈာယ်၏ ဝိသဘာဂတို့ ဖြစ်ကုန်အံ့၊ ဥပဇ္ဈာယ်ကိုစွန့်၍ လဇ္ဇီတို့နှင့်သာ အာမိသစသော ပရိဘောဂတို့ပြုအပ်၏။ ဥပဇ္ဈာယ်စသည် ဖြစ်ခြင်းသည် ပမာဏမဟုတ်၊ သုသာန်သို့ မသွားအပ်ဟူသည်-ဥပလက္ခဏ ဖြစ်၏။ ဥပစာရသိမ်မှ ပြင်ပသို့ သွားလိုသူသည် မပန်ကြားပဲသွားခြင်းငှာ မအပ်။)

သဒ္ဓိဝိဟာရိကဝတ်

ချစ်သားတို့-ဥပဇ္ဈာယ်သည် သဒ္ဓိဝိဟာရိကတပည့်၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား။ ချစ်သားတို့၊ ဥပဇ္ဈာယ်သည် သဒ္ဓိဝိဟာရိကကို ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း၊ ဩဝါဒ - ဆုံးမခြင်း၊ အနုသာသနီ - ကံမြစ်ခြင်း၊ ချီးမြှောက်အပ်၏။ သပိတ်၊ သင်္ကန်း (တပါးသောရဟန်းသုံး) ပရိက္ခရာ အပိုရှိလျှင် မရှိသော တပည့်အား ပေးအပ်၏။ အဘယ်သို့လျှင် (တရားသဖြင့်) ရစေအံ့နည်း-ဟု ကြောင့်ကြအပ်၏။ တပည့် မမာသောအခါ နံနက်စောစောထ၍ ဒန်ပူ မျက်နှာသစ်ရေ ပေးအပ်၏။ နေရာခင်းအပ်၏။ ယာဂုရှိလျှင် ခွက်ဆေး၍ ယာဂုပေးအပ်၏။ ယာဂုသောက်ပြီးလျှင် ရေပေး၍ ခွက်ယူ၍ ရိုသေစွာ မထိမခိုက်ဆေး၍ မှီးအပ်၏။ တပည့်ထလျှင် နေရာသိမ်းအပ်၏။ ထိုနေရာ အမှိုက်လှည်းအပ်၏။

တပည့်ရွာသို့ ဝင်လိုသောအခါ သင်းပိုင်ပေး၍ သင်းပိုင်ဟောင်း ယူအပ်၏။ ခါးပန်းကြိုးပေးအပ်၏။ ကိုယ်ရုံ ဒုကုဋ်နှစ်ထပ်ပြု၍ သံဃာဋိ ပေးအပ်၏။ သပိတ်ဆေး၍ ရေကြွင်းနှင့်တကွ ပေးအပ်၏။ ဤအချိန် ပြန်လာလတ္တံ့ဟု နေရာခင်းထားအပ်၏။ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်း ထားအပ်၏။ ခရီးဦးကြို၍ သပိတ်သင်္ကန်း ယူအပ်၏။ သင်းပိုင်ဟောင်းပေး၍ သင်းပိုင်ကိုယူအပ်၏။ သင်္ကန်း ချွေးစွတ်လျှင် အတန်ငယ်နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်၊ သင်္ကန်းခေါက် အပ်၏။ အလယ်၌ အကျိုးမထင်အောင် လက်လေးသစ်ရှား၍ ခေါက်အပ်၏။ အခွေ၌ ခါးပန်းကြိုး ခေါက်၍ထားအပ်၏။

တပည့်ဆွမ်းစားလိုလျှင် ရေပေး၍ ဆွမ်းပေးအပ်၏။ သောက်ရေဖြင့် ပန်အပ်၏။ ဆွမ်းစားပြီးလျှင် ရေပေး၍ သပိတ်ယူ၍ ရိုသေစွာ မထိမခိုက်ဆေး၍ ရေစင်အောင် သုတ်၍ အတန်ငယ်နေလှန်းအပ်၏။ ကြာမြင့်စွာ မလှန်းအပ်။ သပိတ်သင်္ကန်း ထားအပ်၏။ ထားသောအခါ ယခင်နည်းအတိုင်း ထားအပ်၏။ တပည့် ထသောအခါ နေရာသိမ်းအပ်၏။ ခြေဆေးရေစသည်တို့ကို သိမ်းအပ်ကုန်၏။ အမှိုက်ရှိလျှင် တံမြက်လှည်း အပ်၏။

တပည့်ရေချိုးလိုသောအခါ ရေအေး၊ ရေနွေးလိုရာ စီမံအပ်၏။ စရုံးအိမ်ဝင်လိုလျှင် ...လ... (ဥပဇ္ဈာယဝတ် အတိုင်းပြုအပ်၏။) ...လ.... သောက်ရေဖြင့် ပန်အပ်၏။

တပည့်နေသောကျောင်း အမှိုက်ရှိအံ့၊ စွမ်းနိုင်လျှင် ...လ.... (ဥပဇ္ဈာယဝတ်အတိုင်းပြုအပ်၏။) …. လ … သောက်ရေ၊ သုံးရေ၊ သန့်သက်ရေမရှိလျှင် ခပ်ထည့်အပ်၏။

သဒ္ဓိဝိဟာရိကတပည့် သာသနာ၌ မမွေ့လျော်အံ့ …လ... (ဥပဇ္ဈာယဝတ်အတိုင်း ပြုအပ်၏) ....လ.... တပည့်အား သင်္ကန်းဖွပ်စရာ၊ ချုပ်စရာ၊ ဆိုးရည်ကြိုစရာ၊ ဆိုးစရာကိစ္စရှိအံ့၊ ဤသို့ ဤသို့ပြုရသည်ဟု ပြောပြအပ်၏။ အသို့ပြုစေရအံ့နည်းဟု အားထုတ်အပ်၏။ သင်္ကန်းဆိုးသော တပည့်သည် ကောင်းစွာ လှည့်၍လှည့်၍ဆိုးအပ်၏။ (ဝါ-ဆရာ့ထံမှ ရသောနည်းအတိုင်း သဒ္ဓိဝိဟာရိကသည် မိမိသင်္ကန်းကိုလှည့်၍ ဆိုးအပ်၏။ ဆိုးရည်ပေါက် မပြတ်မီ မဖဲအပ်။ သဒ္ဓိဝိဟာရိကတပည့် မမာလျှင် တသက်လုံး လုပ်ကျွေးအပ်၏။ ရောဂါပျောက်ကင်းသည်တိုင်အောင် ဆိုင်းငံ့၍ နေအပ်၏။ ဤကား သဒ္ဓိဝိဟာရိက၌ ပြုရာသော ဝတ်တည်း။

(ထာ ... ဝတ္ထုကြောင်းရာ မဖြစ်မီ ကြိုတင်၍ ဤသို့ပြု၍၊ ဤသို့မပြုနှင့်ဟု ဆိုခြင်းသည် ဩဝါဒမည်၏။ ဖြစ်ပြီးမှ ဆိုခြင်းသည် အနုသာသနီ မည်၏။ တနည်းကား - အမှုဖြစ်၍လည်းကောင်း၊ မဖြစ်မူ၍လည်းကောင်း၊ ရှေးဦးစွာ ဆိုသောစကားသည် ဩဝါဒ၊ နောက်ထပ် ဖန်ဖန်ဆိုသော စကားသည် အနုသာသနီ မည်၏။ ဒန်ပူပေးခြင်းအစ သန့်သက်ရေ ခပ်ထည့်ခြင်း အဆုံးရှိသော ကျင့်ဝတ်ကို ဂိလာနတပည့်အားသာ ပြုအပ်၏။ မမွေ့လျော်သဖြင့် အရပ်တပါးဆောင်ပို့ခြင်း စသည်ကို မာသော တပည့်အားလည်း ပြုအပ်၏။)

(ဝိဋီ ... အနာဒရိယကိုစွဲ၍ ဓမ္မ၊ အာမိသတို့ဖြင့် မချီးမြှောက်သော ဆရာဥပဇ္ဈာယ်တို့အား ဝတ်ပျက်ခြင်းကြောင့် ဒုက္ကဋ်၊ ထို့ကြောင့် ပရိဝါ၌လည်း အဒဒန္တေ အာပဋိ-မပေးသောရဟန်း အာပတ်သို့ ရောက်၏ ဟုဆိုပြီ။)

သဒ္ဓိဝိဟာရိကကို နှင်ခြင်း

ထိုအခါ သဒ္ဓိဝိဟာရိကတို့သည် ဥပဇ္ဈာယ်တို့၌ ပညတ်တော်မူတိုင်း ကောင်းစွာမကျင့်ကုန်။ ချစ်သားတို့ သဒ္ဓိဝိဟာရိကသည် ဥပဇ္ဈာယ်၌ ကောင်းစွာကျင့်အပ်၏။ ကောင်းစွာ မကျင့်ငြားအံ့၊ ဒုက္ကဋ်၊ ကောင်းစွာ မကျင့် ကုန်သည်သာတည်း။ ချစ်သားတို့ - ကောင်းစွာမကျင့်သူကို နှင်ထုတ်ခြင်းငှာ ခွင့်ပြု၏။ နှင်ထုတ်ပုံကား - သင့်ကို ငါနှင်ထုတ်၏။ ဤနေရာသို့မဝင်လာနှင့်၊ သင်၏သပိတ် သင်္ကန်းကို ယူသွားလော၊ ငါ့ကိုသင်မလုပ်ကျွေးရ၊ ဤသို့ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့်သိစေလျှင် နှင်ထုတ်ခံရသူဖြစ်၏။ မသိစေလျှင် နှင်ထုတ်ခံရသူ မဖြစ်။

သဒ္ဓိဝိဟာရိကတို့သည် အနှင်ခံရကုန်လျက် မကန်တော့ကြကုန်။ ချစ်သားတို့ ကန်တော့ခြင်းငှာ ခွင့်ပြု၏။ မကန်တော့ကုန်သည်သာတည်း။ ချစ်သားတို့ အနှင်ခံရသူသည် မကန်တော့ပဲ မနေအပ်၊ မကန်တော့ငြား ဒုက္ကဋ်။ ကန်တော့သောအခါ ဥပဇ္ဈာယ်တို့သည် သည်းမခံကြကုန်။ ချစ်သားကို သည်းခံခြင်းငှာခွင့်ပြု၏။ သည်းမခံကုန်သည်သာဖြစ်၍ တပည့်တို့သည် ဖဲသွားကုန်၏။ လူထွက်ကုန်၏။ တိတ္ထိဘောင်သို့ ပြောင်းကုန်၏။

ချစ်သားတို့ - ကန်တော့လျှင် သည်းမခံပဲ မနေအပ်၊ သည်းမခံငြားအံ့၊ ဒုက္ကဋ်။ ဥပဇ္ဈာယ်တို့သည် ကောင်းစွာ ကျင့်သူကိုနှင်ကုန်၏။ မကောင်းစွာ ကျင့်သူကို မနှင်ကုန်။ ချစ်သားတို့ - ကောင်းစွာကျင့်သူကို မနှင်အပ်၊ နှင်ငြားအံ့ ဒုက္ကဋ်။ ချစ်သားတို့ မကောင်းစွာကျင့်သူကို မနှင်ပဲမနေအပ်၊ မနှင်ငြားအံ့ ဒုက္ကဋ်။

ချစ်သားတို့- အင်္ဂါငါးပါးနှင့်ပြည့်စုံသော သဒ္ဓိဝိဟာရိကကို နှင်အပ်၏။ (ဝါ-ကြိမ်းမောင်းအပ်၏။) ဥပဇ္ဈာယ်၌ လွန်စွာချစ်ခင်ခြင်း မရှိ ဂေဟသိတပေမ မရှိ၊ လွန်စွာကြည်ညိုခြင်း မရှိ၊ လွန်စွာရှက်ခြင်း မရှိ၊ လွန်စွာ အလေးပြုခြင်း မရှိ၊ လွန်စွာမေတ္တာပွားခြင်း မရှိ၊ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော သဒ္ဓိဝိဟာရိကကို နှင်အပ်၏။ နှင်ခြင်းငှာထိုက်၏။ မနှင်လျှင် ဥပဇ္ဈာယ်အပြစ် ရှိ၏။ နှင်လျှင်အပြစ်မရှိ။

ချစ်သားတို့-အင်္ဂါငါးပါးနှင့် ပြည့်စုံသော သဒ္ဓိဝိဟာရိကကို မနှင်အပ်။ ဥပဇ္ဈာယ်၌ လွန်စွာချစ်ခင်ခြင်း ရှိ၏။ ကြည်ညိုခြင်းရှိ၏၊ ရှက်ခြင်းရှိ၏။ အလေးပြုခြင်းရှိ၏။ မေတ္တာပွားခြင်းရှိ၏။ ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသူကို မနှင်အပ်။ နှင်ခြင်းငှာမထိုက်၊ ရှင်လျှင်အပြစ် ရှိ၏။ မနှင်လျှင်အပြစ်မရှိ။

[ထာ ... မနှင်လျှင် ဥပဇ္ဈာယ်အပြစ်ရှိ၏ ဟူသည်ကား အာပတ်သို့ ရောက်၏။ ထို့ကြောင့် ကောင်းစွာ မကျင့်သူကို နှင်အပ်သည်သာတည်း။ ကောင်းစွာမကျင့်ရာ၌လည်း သင်္ကန်းဆိုးသည်တိုင်အောင်သော ကျင့်ဝတ်ကို ကျင့်လျှင် ဥပဇ္ဈာယ်အား ဆုတ်ယုတ်၏။ ထို့ကြောင့် မကျင့်သူအား နိဿယည်း လွတ်သော် လည်းကောင်း၊ မလွတ်သော်လည်းကောင်း၊ အာပတ်သင့်သည်သာတည်း။

အချို့အား သပိတ်ပေးခြင်းမှစ၍ နိဿယည်း မလွတ်သူအားသာ အာပတ်သင့်သည်။ တပည့်တို့ ကောင်းစွာကျင့်လျက် ဆရာကောင်းစွာ မကျင့်အံ့၊ ဆရာအား အာပတ်သင့်၏။ ဆရာကောင်းစွာကျင့်လျက် တပည့် ကောင်းစွာမကျင့်အံ့၊ တပည့်တို့ အာပတ်သင့်၏။ ဆရာသည် ဝတ်ကိုသာယာလျှင် တပည့်အများ (မပြုသူ) အားလုံးပင် အာပတ်သင့်၏။

ဥပဇ္ဈာယ်သည် ငါအားလုပ်ကျွေးသူရှိ၏။ သင်တို့သည် မိမိ၏သရဇ္ဈာယ်ခြင်း၊ နှလုံးသွင်းခြင်း စသည်တို့၌ အားထုတ်ကြလောဟုဆိုအံ့၊ တပည့်တို့အား အာပတ် မသင့်။ ဥပဇ္ဈာယ်သည် သာယာသင့် မသာယာသင့် မသိ၊ ဗာလဖြစ်အံ့၊ ဝတ်နှင့်ပြည့်စုံသော ရဟန်းတပါးသည် “ဥပဇ္ဈာယ်ကိစ္စကို ငါပြုမည်၊ သင်တို့ ကြောင့်ကြမဲ့ နေကြလော”ဟု ဆို၍ မိမိတာဝန်ပြု၍ တပါးသော တပည့်တို့ကို လွှတ်အံ့၊ ထိုရဟန်း တာဝန်ခံသည်မှစ၍ ထိုတပည့်တို့အား အနာပတ္တိ။

(ဇီဋိ ... လွန်စွာချစ်ခင်ခြင်း ဂေဟသိတပေမကို အကုသိုလ်ဟူ၍ချည်း မမှတ်အပ်။ ရဟန္တာတို့နှင့်လည်း ဆက်ဆံ၏။ ဥပဇ္ဈာယ်သည် ငါ့တာဝန်ဟု မြတ်နိုးခြင်းသည် ထိုနေရာ၌ ပေမ-မည်ဟု သိအပ်၏။ ဝတ်နှင့် ပြည့်စုံသော ရဟန်းတပါးသည် အရှင်မြတ်တို့၏ ကြောင့်ကြမဲ့ နေတော်မူကြပါ၊ အကျွန်ုပ်သည် အရှင်မြတ်တို့၏ သဒ္ဓိဝိဟာရိက၊ အန္တေဝါသိကတို့ ဂိလာနဖြစ်လျှင်လည်း ပြုစုပါမည်။ ဆုံးမစရာကို ဆုံးမပါမည်။ ပြုဖွယ်ကိစ္စတို့၌ ကြောင့်ကြစိုက်ပါမည်ဟု ဆိုအံ့၊ တပည့်တို့ကသော်လည်း အရှင်မြတ်တို့သည် သက်သက် ကြောင့်ကြမဲ့ နေတော်မူကြပါဟု ဆိုကုန်အံ့၊ ဝတ်ကိုသော်လည်း မသာယာကုန်အံ့ (သုံးနည်း) ထိုအခါမှစ၍ ဆရာ ဥပဇ္ဈာယ်တို့အား အနာပတ္တိဟု ဆိုအပ်၏။)

(သာဋီ ... ဂေဟသိတပေမ ဟူသည် ဤ ဥပဇ္ဈာယ်သည် ငါ၏ဘခင်တည်းဟု ချစ်ချင်းပင်တည်း။ ဤသို့သောစိတ်ဖြစ်ခြင်းသာလျှင် ဤနေရာ၌ ဂေဟသိတပေမ မည်၏။ အကုသိုလ်ဂေဟသိတပေမကို ရည်၍ ဆိုသည် မဟုတ်။ သစ္စာလေးပါးသိ၍ မက်မောခြင်းပယ်ပြီးသူတို့အား အကုသိုလိ ဂေဟသိတပေမ မဖြစ်၊ ဘုရားရှင်သည် ရဟန်းတို့ကို ကိလေသာ၌ တိုက်တွန်းတော်မမူ။

ဂေဟသိတပေမနှင့် အလားတူသော မေတ္တာချစ်ကိုသာ ဤနေရာ၌ ဟောသည်။ ဝတ်နှင့်ပြည့်စုံသော ရဟန်းသည် အရှင်ဘုရား ကြောင့်ကြမဲ့နေတော်မူပါ၊ အကျွန်ုပ်သည် အရှင်မြတ်၏ တပည့်များကို ဂိလာနဖြစ်လျှင် ပြုစုပါမည်၊ ဆုံးမစရာကို ဆုံးမပါမည်၊ ပြုသင့်သော အရာတို့၌ ကြောင့်ကြစိုက်ပါမည်ဟု ဆိုအံ့၊ တပည့်တို့ကသာလျှင်လည်း အရှင်ဘုရား ကြောင့်ကြမဲ့သက်သက် နေတော်မူကြပါဟုဆိုအံ့၊ ဝတ်ကို သော်လည်း မသာယာကုန်အံ့၊ (သုံးနည်း) ထိုအခါမှစ၍ ဆရာဥပဇ္ဈာယ်တို့အား အနာပတ္တိဟု ဆိုကုန်၏။)

(ဝိဋီ ... ဝတ်ပြုရာ အချိန်အခါဟု ဝတ္ထုကိုသိလျက် မာနစွမ်း ပျင်းရိခြင်းအစွမ်း စသည်ဖြင့်လည်းကောင်း၊ ဆရာတို့၌ မရိုမသေ မပြုကောင်းဟု မသိတတ်သဖြင့်လည်းကောင်း၊ ဝတ်မပြုအံ့ ဒုက္ကဋ်သာတည်း။ စေတနာ မရှိ၊ သတိမရ စသည်ဖြင့်မပြုလျှင် အနာပတ္တိ။ ဤဝတ်အားလုံးသည် သေခိယတို့သာတည်း။ ထို့ကြောင့် သေခိယတို့၌ ဆိုသောနည်းဖြင့် အဆုံးအဖြတ်သိအပ်၏။ မေတ္တာချစ် ချစ်ခြင်းသည် ဂေဟသီတပေမ မည်၏။ သာယာသင့် မသာယာသင့်တို့ မသိပုံကား ငါသာလျှင် ပြပြုသူတို့အား အာပတ်သင့်၏။ ပယ်၍ မသာယာလျှင် အာပတ်မသင့်ဟု မသိတတ် ဟူလို။

ဝတ်နှင့်ပြည့်စုံသော ရဟန်းတဦးဦးသည် အရှင်မြတ်တို့၏တပည့်များကို ဂီလာနဖြစ်လျှင် ပြုစုပါမည်၊ ဩဝါဒ အနုသာသနီစသော ပြုဖွယ် အားလုံးကို ပြုပါမည်ဟု ဆိုအံ့။ တပည့်တို့ကသော်လည်း ကြောင့်ကြမဲ့ နေတော်မူကြပါဟု ဆိုကုန်အံ့။ ဝတ်ကိုသော်လည်း မသာယာကုန်အံ့ (သုံးနည်း) ဆရာဥပဇ္ဈာယ်တို့အား အနာပတ္တိ။)

(အချို့သော တပည့်များသည် ဆရာအပေါ်၌ ပြုသင့်သောပတ်တို့တွင် ခွင့်ပေး၍ ရကောင်းသောဝတ်တို့ကို မပြုပါရစေနှင့် ခွင့်လွှတ်ပါ၊ တပည့်တို့ကလည်း ခွင့်လွှတ်ပါမည် ဟူသော အဓိပ္ပါယ်ဖြင့် ပန်ကြားကုန်၏။ ဋီကာနည်းနှင့် စကားချင်း မတူကုန်။ အပြစ်မရှိစေကာမူ သဒ္ဓါပဗ္ဗဇ္ဇိအား မလျော်ဟု မိန့်ဆိုကုန်၏။)

ဉာတ္တိစတုတ္ထဥပသမ္ပဒကံ

ထိုအခါ ပုဏ္ဏား တယောက်သည် ရဟန်းတို့ထံချဉ်းကပ်၍ ရဟန်းပြုရန်တောင်းပန်၏။ ပြုမပေးလိုကြသဖြင့် (မစားနိုင် မသောက်နိုင်) ပိန်ချုံး၏။ဘုရားရှင်မြင်လတ်သော်၊ ချစ်သားတို့ - ထိုပုဏ္ဏား၏ပြုဖူးသော ကျေးဇူးကို အဘယ်သူသိသနည်းဟု မိန့်တော်မူ၏။ ရှင်သာရိပုတြာသည် ဘုရားတပည့်တော်သိပါသည်။ ဤရာဇဂြိုဟ်၌ ဆွမ်းခံသွားစဉ် ဆွမ်းတခွက် လောင်းဖူးပါသည်ဟု လျှောက်၏။ ချစ်သား- သာရိပြုတြာ၊ သာဓု သာဓု။ သူတော်ကောင်းတို့သည် ပြုဖူးသော ကျေးဇူးကိုသိကုန်၏။ သင်သည် ထိုပုဏ္ဏားကို ရှင်ရဟန်းပြုပေးလောဟု မိန့်တော်မူ၏။

မြတ်စွာဘုရား ထိုပုဏ္ဏားကို အဘယ်သို့ရှင်ပြုပေး၊ ရဟန်း ပြုပေးရပါအံ့နည်းဟု လျှောက်၏။ ချစ်သားတို့ -ငါဘုရားသည် သရဏဂုံ သုံးပါးဖြင့် ရဟန်းပြုခြင်းကို ခွင့်ပြုအပ်ပြီ၊ ထိုရဟန်းပြုခြင်းကို ယနေ့မှ စ၍ပယ်၏။ ချစ်သားတို့ - ဉတ္တိစတုတ္ထကံဖြင့် ရဟန်းပြုခြင်းကို ခွင့်ပြု၏။ ချစ်သားတို့ - ဗျတ္တ ပဋိဗလရဟန်းသည် သုဏာတုမေ ဘန္တေ သံဃော အယံ ဣတ္ထန္နမော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါပေက္ခော ယဒိသံဃဿ ပတ္တကလ္လံ-စသော ဉာတ္တိစတုတ္ထ ကမ္မဝါစာဖြင့် သံဃာကို သိစေအပ်၏။

ရဟန်းတပါးသည် ရဟန်းပြုပြီးသည့် အခြားမဲ့၌ သိက္ခာပုဒ် လွန်ကျူးခြင်းဖြင့် မပြုကပ်သည်ကိုပြု၏။ ငါ့ရှင် ဤသို့မပြုကောင်းဟု ဆုံးမလတ်သော် အကျွန်ုပ်သည် အရှင်တို့ကို ရဟန်းပြုပေးကြပါဟု မတောင်းပန်ပဲ အဘယ်ကြောင့် ရဟန်းပြုပေးကြသနည်းဟု ပြန်ပြော၏။ ချစ်သားတို့ - မတောင်းပန်ပဲ ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

ချစ်သားတို့ - ကောင်းပန်မှ ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။ ထိုရဟန်းလောင်းသည် သံဃာကို ချဉ်းကပ်၍ ပခုံးတဘက် စမ္ပယ်တင်ရှိခိုး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ။ ဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္မံ ဥပါဒါယ -

(ဘန္တေ၊ အရှင်မြတ်ဘုရားတို့။

သံဃံ၊ သံဃာကို။

ဥပသမ္ပဒံ၊ ရဟန်းအဖြစ်ကို။

ယာစာမိ၊ တောင်းပန်ပါ၏။

ဘန္တေ၊ အရှင်မြတ်ဘုရားတို့။

သံဃော၊ သံဃာသည်။

မံ၊ အကျွန်ုပ်ကို၊

ဝါ၊ အကျွနု်ပ်၏အပေါ်၌။

အနုကမ္မံ၊ အစဉ်သနားခြင်းကို။

ဥပါဒါယ၊ စွဲ၍။

ဥလ္လုမ္ပတု=ပတိဋ္ဌပေတု၊ မည်းညစ်သော အကုသိုလ်အဖို့မှ ထစေ၍ ဖြူစင်သော ကုသိုလ်အဖို့၌ တည်အောင် ထားတော်မူပါဘုရား၊

ဝါ၊ ယုတ်နိမ့်သော ရှင်သာမဏေအဖြစ်မှ ထုတ်နှုတ်၍ မြင့်မြတ်သော ရဟန်းပဉ္စင်းအဖြစ်၌ တည်အောင် ထားတော်မူပါဘုရား။

ဝါ၊ သံသရာတည်းဟူသော ဝဲဩဃရေအယဉ်မှ ဆယ်ယူ၍ နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌ တည်အောင်ထားတော်မူပါဘုရား)

ဤသို့ သုံးကြိမ်တောင်းပန်အပ်၏။

သုဏာတု မေ ဘန္တေ သံယော။ အယံဣတ္ထန္နာ မော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါပေက္ခာ။ အယံဣတ္ထန္နာမော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါပေက္ခာ။ ဣစ္ဆန္နာမော သံဃံ ဥပသမ္ပဒံ ယာစတိ ဣတ္ထန္နာမေန ဥပဇ္ဈာယေန။ ယဒိသံဃံဿ ပတ္တကလ္လံ – စသည်ဖြင့် သံဃာကို သိစေအပ်၏။

[ထာ ... ဤ ရာဓပုဏ္ဏားဝတ္ထု၌ ရှင်သာရိပုတြာသည် သရဏဂုံဖြင့် ဗာရာဏသ၌ ရှင်ရဟန်းအဖြစ် ခွင့်ပြုသည်ကို သိပြီးသော်လည်း ဘုရားရှင်၏ အလိုတော်ကိုသိ၍ ထိုပုဏ္ဏားကို အဘယ်သို့ ရှင်ပြုပေး၊ ရဟန်းပြုပေးရပါအံ့နည်းဟု လျှောက်သည်။

ဘုရားရှင်၏ ပရိသတ်သည် အလိုတော်ကိုသိ၏။ ရှင်သာရိပုတြာသည် ထိုပရိသတ်၌ အကြီးအမြတ်ဖြစ်၏။ အလိုတော်ကား ပေါ့သောသရဏဂုံ ရဟန်းအဖြစ်ကို ပယ်၍ ဉာတ္တိစတုတ္ထကံဖြင့် အလေးပြု၍ ရဟန်းအဖြစ် ခွင့်ပြုတော်မူလိုခြင်းတည်း။ သံဃာကိုသိစေရာ၌ အဋ္ဌကထာ နှင့်တကွ ဝိနည်းပိဋကတ်ကို လေ့လာသူသည် ဗျတ္တမည်၏။ အယုတ်ဆုံးအားဖြင့် ဤ ဉတ္တိစတုတ္ထကမ္မဝါစာမျှ နှုတ်တက်သူလည်း ဤ၌ ဗျတ္တ မည်၏။ (စာ၌ကြည့်ဖတ်သော်လည်း နှုတ်တက်မှ ဗျတ္တဟူ၍လည်း မိန့်ဆိုကုန်၏။)

ကသာ-ချောင်းဆိုးနာ၊ သောသ-အဆုတ်ကို စွဲ၍ ဖြစ်သော ခယရုဂ်နာ၊ သလိပ်နာ စသည်ကြောင့် လည်းကောင်း၊ သွား နှုတ်ခမ်း လျှာ စသော ဋ္ဌာန်ကရိုဏ်း မပြည့်စုံခြင်းကြောင့်လည်းကောင်း ပရိယတ်၌ မလေ့လာခြင်းကြောင့် လည်းကောင်း၊ ပုဒ်အက္ခရာ ပြည့်စုံအောင် မဖတ်နိုင်သူ၊ ပုဒ်အက္ခရာ ချွတ်ယွင်းစေ၍ အလွဲလွဲ အမှားမှား ဖတ်သူတို့သည် အပ္ပဋိဗလမည်၏။ ထိုမှပြန်၍ ပဋိဗလကို သိအပ်၏။

ဥလ္လုမ္ပတုကား ဥဒ္ဓရတု ဖြစ်၏။ အကုသလော ဝုဋ္ဌာပေတွာ ကုသလေ ပတိဋ္ဌပေတု။ သာမဏေရ ဘာဝါဝါ ဥဒ္ဓရိတွာ ဘိက္ခုဘာဝေ ပတိဋ္ဌပေတု-နှစ်နက်ဖြစ်၏။ (တတိယ အနက်ဋီကာ၌လည်း မပြု။) အနုကမ္မံ ဥပါဒါယ ကား-အနုဒ္ဒယံပဋိစ္စ။ မယိ အနုကမ္မံ ကတွာ တူသောအနက်ဖြစ်၏။)

(ဥလ္လုမ္ပတု၌ “တည်ပါစေလော”ဟု အကမ္မက အာသိဋ္ဌ အနက် မသင့်။ “တည်စေပါလော”ဟု ကာရိုက်အနက်။ “ထားပါလော” ဟု သကမ္မက အနက်သင့်၏။ သဒ္ဒါနည်း။)

မှီရာလေးပါး ပြောကြားခြင်း

ထိုအခါရာဇဂြိုဟ်၌ မွန်မြတ်သော ဆွမ်းဖြင့် ဆွမ်းဝတ်-ဆွမ်းလှည့် ရှိ၏။ ပုဏ္ဏားတယောက်သည် “ရဟန်းတို့သည် ကောင်းသော စားဖွယ်တို့ဖြင့် ချမ်းသာစွာ နေရကုန်၏။ ငါရဟန်းပြုရမူ ကောင်းလေစွ”ဟု ရဟန်းအဖြစ်ကို တောင်းပန်၏။ ထိုပုဏ္ဏား ရဟန်း ပြုပြီးသောအခါ ဆွမ်းဝတ်ပြတ်သွား၏။ ရဟန်းတို့က ဆွမ်းခံသွားရန် ခေါ်သောအခါ အကျွန်ုပ်သည် ဆွမ်းခံစားမည်ဟု ရဟန်းပြုသည်မဟုတ်၊ ပေးလျှင်စားမည်၊ မပေးလျှင် လူထွက်မည်၊ ဝမ်းရေးကြောင့် ရဟန်းပြု သည်ဟုဆို၏။

ချစ်သားတို့ - ရဟန်းပြုပေးသောသူသည် မှီရာနိဿယလေးပါးကို ပြောကြားခြင်းငှာ ခွင့်ပြု၏။ ဆွမ်းခံ သွားသဖြင့် ရသောဆွမ်းကို မှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ ပိုလွန်သော လာဘ်ရှိလျှင် သံဃဘတ်၊ ဥဒ္ဒေသဘတ်၊ နိမန္တနဘတ် စသည်ကိုလည်း ဘုဉ်းပေးအပ်၏။ ပံသုကူ သင်္ကန်းကိုမှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ လာဘ်ပေါလျှင် ခေါမ၊ ကပ္ပါသိက၊ ကောသေယျံ စသည်ကိုလည်း ဝတ်ရုံအပ်၏။

သစ်ပင်ရင်း ကျောင်းကိုမှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ လာဘ်ပေါလျှင် ပိဟာရ၊ အဍ္ဎယောဂ၊ ပါသာဒ စသည်ကိုလည်း နေထိုင်အပ်၏။ နွားကျင်ပုပ်ဆေးကိုမှီ၍ ရဟန်းပြုခြင်းသည် ဖြစ်၏။ ထို၌ တသက်လုံး အားထုတ်အပ်၏။ လာဘ်ပေါလျှင် ထောပတ်၊ ဆီဦးစသည်ကိုလည်း မှီဝဲအပ်၏။ ဤသို့ မှီရာ နိဿယလေးပါးကို ပြောကြားခြင်းငှာ ခွင့်ပြု၏။

လုလင်တယောက်သည် ရဟန်းအဖြစ်ကို တောင်းပန်၏။ ရဟန်းတို့သည် မှီရာလေးပါးကို ရှေးဦးစွာ ပြောကြားကုန်၏။ အရှင်မြတ်တို့သည် ရဟန်း ပြုပြီးမှ ပြောလျှင် မွေ့လျော်နိုင်ရာ၏။ ယခုကား မပြုလိုပြီ၊ စက်ဆုပ်သည်ဟု ဆို၏။ ချစ်သားတို့ .... စောစောကပင် မှီရာနိဿယတို့ကို မပြောကြားအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ရဟန်းပြုပြီးသည် အခြားမဲ့၌ မှီရာတို့ကို ပြောကြားခြင်းငှာ ခွင့်ပြု၏။

(သာဋီ ... အတ္တဘော တည်တံ့စွာ ဆောင်ခြင်းငှာ အမှီပြုအပ်သော ပစ္စည်းလေးပါးသည် နိဿယ မည်၏။ သံဃဘတ် စသည်အကျယ်သည် သေနာသနက္ခန္ဓက အဖွင့်၌ ထင်ရှားလတ္တံ့။ တံတိုင်းဖြင့် ပိုင်းခြားသော အာဝါသ တခုလုံးသည် ပိဟာရမည်၏။ ရှည်လျားသော ပြာသာဒ်သည် အဍ္ဎယောဂ မည်၏။ ဂဠုန်သဏ္ဌာန် ပြာသာဒ်ဟူ၍လည်း ဆိုကုန်၏။ လေးထောင့်ပြာသာဒ်သည် ပါသာဒ။ ဦးပြည်းမိုးသော ပြာသာဒ်သည် ဟမ္မိယမည်၏။

အပရေတို့ကား မုခ်ဦးရှည်သော ပြာသာဒ်သည် ဝိဟာရ၊ တဘက်နံပါးမိုးသော နံရံတဘက် နိမ့်မြင့် ကျောင်းသည် အဍ္ဎယောဂ၊ ရှည်လျားသော လေးထောင့်ပြာသာဒ်သည် ပါသာဒ။ ဦးပြည်းမိုး၍ လသာဆောင် ရှိလျှင် ဟမ္မိယဟု ဆိုကုန်၏။ တောင်ဂူသည် ဂူဟာမည်၏။ အမှတ်မရှိ ကျင်ငယ်သည် ပူတိမုတ္တ မည်၏။)

(ဝိဋီ ... သက်ကယ်မိုး ကျောင်းငယ်နှင့်တကွ တံတိုင်းဖြင့် ပိုင်းခြားသော သံဃာ့အရံ တခုလုံးသည် ဝိဟာရ။ တဆောင်တည်း ရှည်လျားသော ပြာသာဒ်သည် အဍ္ဎယောဂ မည်၏။ ဆင်ကျောက်ကုန်းအသွင် ဂဠုန်အသွင် ရှည်လျားသော ပြာသာဒ်ဟူ၍လည်း ဆိုကုန်၏။ လေးထောင့် မြင့်သော ဘုံအထပ်များသော ပြာသာဒ်သည် ပါသာဒ၊ ဦးပြည်းမိုးသော လသာဆောင်ရှိသော ပြာသာဒ်နိမ့်သည် ဟမ္မိယ။ တောင်ဂူသည် ဂူဟာ။ နွားကျင်ငယ်သည် ပူတိမုတ္တ မည်၏။) ဆရာမြတ်တို့ကား လေးဘက်မိုး ကျောင်းသည် ဝိဟာရ၊ နှစ်ဘက်မိုး ကျောင်းသည် အဍ္ဎယောဂ - ဟူ၍လည်း ဆိုကုန်၏။

ဥပဇ္ဈာယ်ချွတ်ယွင်းခြင်း

ထိုအခါ ရဟန်းတို့သည် နှစ်ပါးအစုံ၊ သုံးပါးအစု (ရဟန်း) ဖြင့်လည်း ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ - ဆယ်ပါးအစု အောက်ယုတ်သော ဂဏဖြင့် ရဟန်းပြုမပေးအပ်။ ဒုက္ကဋ်။ ချစ်သားတို့ - ဆယ်ပါးအစု၊ ဆယ်ပါးထက်လွန်သော အစုဖြင့် ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။

တဝါ နှစ်ဝါရှိ ရဟန်းတို့သည် သဒ္ဓိဝိဟာရိကကို ရဟန်း ပြုပေးကုန်၏။ ဝင်္ဂန္တပုဏ္ဏား၏သား ရှင်ဥပသေန သည်လည်း တဝါရှိသူ ဖြစ်လျက် တပည့်ကို ရဟန်းပြုပေး၍ ဝါကျွတ်သောအခါ ဘုရားရှင်ထံ ခေါ်သွား၏။ ဘုရားရှင်တို့အား အာဂန္တုတို့နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုခြင်းငှာ အလေ့အကျင့်ရှိ၏။ ချစ်သားရဟန်း၊ ခန့်ကျန်း၏လော၊ မျှတ၏လော၊ မပင်မပန်း ခရီးရှည်လာရသေးသလောဟု မိန့်တော်မူ၏။ မြတ်စွာဘုရား၊ ခန့်ကျန်းပါ၏။ မျှတပါ၏။ မပင်မပန်းလာရပါ၏ဟု လျှောက်၏။ ဘုရားရှင်တို့သည် သိလျက်လည်း ရံခါ မေးကုန်၏။ ရံခါ မမေးကုန်၊ ကာလကိုသိ၍ ရံခါမေးကုန်၏။ ရံခါမမေးကုန်၊ အကျိုးရှိ သည်ကို မေးကုန်၏။ အကျိုးမရှိသည်ကို မမေးကုန်။ အကျိုးမရှိသည်၌ မဂ်ဖြင့်ပယ်အပ်ပြီ။ တရားဟောအံ့၊ သိက္ခာပုဒ်ပညတ်အံ့ဟု အကြောင်း နှစ်ပါးဖြင့် မေးကုန်၏။

ချစ်သားရဟန်း သင်အဘယ်ဝါရှိပြီနည်း၊ နှစ်ဝါရှိပါပြီဘုရား၊ ဤရဟန်းကား အဘယ်မျှဝါရှိပြီနည်း။ တဝါ ရှိပါပြီဘုရား၊ သင်နှင့် အဘယ်သို့စပ်သနည်း၊ သဒ္ဓိဝိဟာရိကတပည့် ဖြစ်ပါသည်ဘုရား၊ မောဃပုရိသ၊ အချည်းနှီးယောက်ျား၊ မလျော်သည်ကို သင်ပြု၏။ သင်သည် သူတပါး၏ ဆုံးမခြင်းကို ခံထိုက်သေး သည်ဖြစ်လျက် တပါးသောသူကို ဆုံးမချင်ဘိ၏။ ဂိုဏ်းဖွဲ့ခြင်းရှိသော ဗာဟုလ္လ၏အကျိုးငှာ ပရိသတ် မွေးခြင်းသည် မြန်လွန်း၏။ ကြည်ညိုဖွယ်မရှိဟု ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့-ဆယ်ဝါမရသေးသော ရဟန်းသည် ဥပဇ္ဈာယ်ပြု၍ ရဟန်းပြု မပေးအပ်။ ဒုက္ကဋ်။

ချစ်သားတို့ ဆယ်ဝါ၊ ဆယ်ဝါထက်လွန်သောရဟန်းသည် ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။ ထိုအခါ ရဟန်းတို့သည် ဆယ်ဝါရပြီဟု ဗာလ အဗျတ္တဖြစ်လျက် ရဟန်းပြုပေးကုန်၏။ ဥပဇ္ဈာယ်ကား ဗာလ၊ အဗျတ္တ၊ အပ္ပဿုတ၊ ဒုပ္ပည။ သဒ္ဓိဝိဟာရိကကား ပဏ္ဍိတ၊ ဗျတ္တ၊ ဗဟုသုတ၊ ပညဝန္တတို့ဖြစ်၍ ထင်ရှားကုန်၏။ အညတိတ္ထိယ ဖြစ်ဖူးသော ရဟန်းတဦးသည်လည်း သိက္ခာပုဒ်ဖြင့်ဆုံးမသော ဥပဇ္ဈာယ်အား အပြစ်တင်၍ တိတ္ထိဘောင်သို့ ပြောင်းသွား၏။ ချစ်သားတို့ ဗာလ အဗျတ္တ ရဟန်းသည် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ - ဗျတ္တ ပဋိဗလဖြစ်၍ ဆယ်ဝါရသော ဆယ်ဝါထက်လွန်သော ရဟန်းသည် ရဟန်းပြုပေးခြင်းငှာ ခွင့်ပြု၏။

[ထာ … အညတိတ္တိယဖြစ်သော ပသုရပရိဗိုဇ်သည် တရားခိုးမည်ဟု ရှင်ဥဒါယီထံ၌ ရဟန်းပြုပြီးလျှင် သိက္ခာပုဒ်ဖြင့်ပြောသောအခါ ရှင်ဥဒါယီကို အပြစ်တင်၏။ ဥပဇ္ဈာယ်ဖြစ်ထိုက်သော ဗျတ္တကား ဘိက္ခုနောဝါဒ သိက္ခာပုဒ်ဆိုအပ်သောအတိုင်း ပရိသတ်ကို ဝိနည်းသက်သက် ဆုံးမခြင်းငှာ ဝိဘင်းနှစ်ဖြာ လေ့လာအပ်၏။ မစွမ်းနိုင်လျှင် သုံးပါးနှင့်အတူတကွ လှည့်နိုင်အောင် လေ့လာအပ်၏။ ကံကြီးကံငယ် ခန္ဓကဝတ်ကို သင်ယူအပ်၏။

ဓမ္မသက်သက်ဆုံးမခြင်းငှာ မူလပဏ္ဏာသဖြစ်စေ၊ သုတ်မဟာဝါဖြစ်စေ၊ သံယုတ်အောက်သုံးကျမ်းဖြစ်စေ၊ မဟာဝဂ္ဂသံယုတ်ဖြစ်စေ၊ အင်္ဂုတ္တိုရ် အောက်ထက်ဝက်ဖြစ်စေ၊ အထက် ထက်ဝက်ဖြစ်စေ၊ အစမှ တိကနိပါတ် အထိ ဖြစ်စေ၊ မဟာပစ္စရိ၌ကား စတုက္ကနိပါတ်ဖြစ်စေ ပဉ္စကနိပါတ်ဖြစ်စေဟု ဆို၏။ အဋ္ဌကထာနှင့်တကွ ဇာတကဖြစ်စေ၊ ဝတ္ထုနှင့်တကွ ဓမ္မပဒဖြစ်စေ သင်ယူအပ်၏။

ဝိနည်းနှင့်အဘိဓမ္မာကို အဋ္ဌကထာနှင့်တကွ လေ့လာပြီးသော်လည်း သုတ္တန်၌ ဆိုပြီးသလောက် မလေ့လာ ဘူးလျှင် ပရိသတ်မွေးခြင်းငှာ မရ၊ သုတ္တန်၊ ဝိနည်းမှ ဆိုပြီးသလောက် သင်ယူပြီးမူကား ပရိသု ပဋ္ဌာနပက ဗဟုသုတဒိသာပါမောက္ခ ဖြစ်၏။ အလိုရှိရာသွား၍ ပရိသတ် အလုပ်အကျွေးခံခြင်းငှာ ရ၏။ ဤကား ဗျတ္တပုဂ္ဂိုလ်တည်း။ ပဋိဗလ ဟူသည်ကား တပည့်ဂိလာနဖြစ်လျှင် လုပ်ကျွေးသမှုပြုစုခြင်း စသည်ကို ပြုနိုင်သူတည်း။

(သာဋီ ..ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့သည် တိတ္ထမည်၏။ ထိုဒိဋ္ဌိတို့ကိုဖြစ်စေတတ်သော ပူရာဏကဿပ စသည်တို့သည် တိတ္ထကရမည်၏။ ထိုဆရာ၏အယူ၌ ရဟန်းပြုသူတို့သည် တိတ္ထိယတို့ မည်ကုန်၏။ ၎င်းတို့အား ပစ္စည်းထောက်ပံ့သူတို့သည် တိတ္ထိယသာဝကတို့ မည်ကုန်၏။)

(ဝိဋီ ... ဤသို့ သင်းပိုင်ဝတ်အပ်၏ စသည်ဖြင့် သိက္ခာပုဒ်ဖြင့် ဆုံးမသောအခါ မညီမညွတ်ဝတ်ခြင်း စသည်တို့ကြောင့် အဘယ်အပြစ်ရှိသနည်း၊ အကယ်၍အပြစ်ရှိအံ့။ ညီညွတ်စွာဝတ်ခြင်း စသည်တို့ကြောင့် လည်း အပြစ် ရှိရာ၏။ စသည်ဖြင့်အပြစ်တင်သည်။)

နိဿယည်းဆရာ ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့သည် ဥပဇ္ဈာယ်တို့ဖဲခြင်း၊ လူထွက်ခြင်း၊ ပျံလွန်ခြင်း၊ တိတ္ထိဘောင်သို့ပြောင်းခြင်း (ဖဲ၊ ထွက်၊ သေ၊ ပြောင်းခြင်း) တို့ကြောင့် ဆုံးမကံမြစ်သူဆရာ မရှိသဖြင့် မကောင်းသောဝတ်ခြင်း ရုံခြင်းရှိ၍ ရဟန်းအသွင်ကင်းလျက် ဆွမ်းခံသွားကုန်၏။ စားသောက်ဆဲလူတို့၏ အထက်၌ သပိတ်ကိုညွတ်ကုန်၏။ ကိုယ်တိုင် ဆွမ်းဟင်း တောင်းစားကုန်၏။ ဘတ္တ၌ ကျယ်သောအသံ များသောအသံ ပြုကုန်၏။ ပုဏ္ဏားတို့ ဘောဇဉ်ကျွေးရာ၌ ပုဏ္ဏားတို့ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့ - အာစရိယကို ယူခြင်းငှာ ခွင့်ပြု၏။ သားဟူသောချစ်စိတ်၊ ဖခင်ဟူသော ချစ်စိတ်ဖြင့် အရိုအသေပြု၍ ကြီးပွားကုန်လတ္တံ့။ ချစ်သားတို့ - ဆယ်ဝါရသောရဟန်းကို မှီ၍နေခြင်းငှာလည်းကောင်း၊ ဆယ်ဝါရသောရဟန်းသည် မှီရာနိဿယည်းပေးခြင်းငှာလည်းကောင်း ခွင့်ပြု၏။

နိဿယည်းယူပုံကား စမ္ပယ်တင် လက်အုပ်ချီလျက် “အာစရိယော မေ ဘန္တေ ဟောဟိ၊ အာယသ္မတော နိဿာယ ဝစ္ဆာမိ ဟုသုံးကြိမ်ဆို၍ယူအပ်၏။

(ဘန္တေ၊ အရှင်မြတ်ဘုရား။

အာယသ္မာ၊ သက်တော်ရှည်သော။

တွံ၊ အရှင်မြတ်ဘုရားသည်။

မေ၊ အကျွန်ုပ်၏။

အာစရိယော၊ မှီခိုစရာနိဿယည်းဆရာသည်။

ဟောဟိ၊ ဖြစ်တော်မူပါ ဘုရား။

အာယသ္မတော အာယသ္မန္တံ၊ အရှင်မြတ်ဘုရားကို။

နိဿာယ၊ မှီ၍။

ဝစ္ဆာမိ၊ နေပါအံ့ဘုရား။)

သာဟု၊ လဟု၊ ဩပါယိကံ၊ ပတိရူပံ၊ ပါသာဒီကေန သမ္ပာဒေဟိ - ဤငါးပုဒ် တပုဒ်ပုဒ်ကို ကိုယ်ဖြင့် နှုတ်ဖြင့် သိစေလျှင် နိဿယည်းဆရာယူခြင်းဖြစ်၏။ မသိစေလျှင် ဆရာယူခြင်း မဖြစ်။

အာစရိယဝတ်၊ အန္တေဝါသိကဝတ်

ချစ်သားတို့ … အန္တေဝါသိကသည် နိဿယည်းဆရာ၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား - နံနက် စောစောထ၍ ... ဥပဇ္ဈာယဝတ်အတိုင်း ...လ... ရောဂါပျောက်ကင်း သည်တိုင်အောင် ဆိုင်းငံ့၍ နေအပ်၏။ ချစ်သားတို့ နိဿယည်း ဆရာသည် အန္တေဝါသိက၌ ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား ပါဠိသင်ခြင်း၊ အဋ္ဌကထာသင်ခြင်း၊ သဒ္ဓိဝိဟာရိကဝတ်အတိုင်း ရောဂါပျောက်ကင်း သည်တိုင်အောင် ဆိုင်းငံ့၍ နေအပ်၏။

[ထာ … အာစာရ၊ သမာစာရကို ကျင့်စေသော သင်ပေးသော ဆရာသည် အာစရိယ မည်၏။ ဝါ၊ နိဿယည်း ဆရာ မည်၏။ အာစရိယဝတ်၊ အန္တေဝါသိကဝတ်တို့သည် ဥပဇ္ဈာယဝတ်၊ သဒ္ဓိဝိဟာရိကဝတ် အတိုင်း ဖြစ်ကုန်၏။ အမည်မျှသာထူး၏။]

(ဇီဋိ .... အာယသ္မတော၊ အရှင်မြတ်၏။

ဩဝါဒံ၊ ဩဝါဒကို၊

နိဿယ-နိဿာယာ (နိဿယေန) မှီခြင်းဖြင့်။

ဝစ္ဆာမိ၊ နေပါအံ့။

တနည်း။

အာယသ္မတော၊ အရှင်မြတ်ကို။

ကံအနက်ဆဋ္ဌီ။

သာဋီ၊ ဝိဋီ .... အာယသ္မန္တံ၊ အရှင်မြတ်ကို။

နိဿယ၊ မှီ၍။

ဝစ္ဆာမိ-ဝသိဿာမိ၊ နေပါအံ့။)

အနေဝါသိကကို နှင်ခြင်း

ထိုအခါ အန္တေဝါသိက တို့သည် အာစရိယတို့၌ ကောင်းစွာမကျင့်ကုန်။ ချစ်သားတို့ အန္တေဝါသိကသည် အာစရိယ၌ ကောင်းစွာ ကျင့်အပ်၏။ မကျင့်ငြားအံ့၊ ဒုက္ကဋ်။ ချစ်သားတို့ .. ကောင်းစွာမကျင့်သူကို နှင်ခြင်းငှာ ခွင့်ပြု၏။ သင့်ကိုငါနှင်ထုတ်၏။ ဤ နေရာသို့ မဝင်လာနှင့်၊ သင်၏ သပိတ်သင်္ကန်းကို ယူသွားလော၊ ငါ့ကိုသင် မလုပ်ကျွေးရ၊ ဤသို့ ကိုယ်ဖြင့်-နှုတ်ဖြင့် သိစေအပ်၏။ မသိစေလျှင် နှင်ထုတ်ခံရသူမဖြစ်။

ချစ်သားတို့ ... (အနှင်ခံရသူသည်) ကန်တော့ခြင်းငှာ ခွင့်ပြု၏။ ချစ်သားတို့ အနှင်ခံရသူသည် မကန်တော့ပဲ မနေအပ်။ ဒုက္ကဋ်။ ချစ်သားတို့ (ကန်တော့လျှင် ဆရာသည်) သည်းခံခြင်းငှာ ခွင့်ပြု၏။ ချစ်သားတို့ … ကန်တော့လျှင် သည်းမခံပဲ မနေအပ်၊ ဒုက္ကဋ်။

ချစ်သားတို့.. ကောင်းစွာကျင့်သူကို မနှင်အပ်။ ဒုက္ကဋ်။ မကောင်းစွာကျင့်သူကို မနှင်ပဲ မနေအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ဆရာ၌ လွန်စွာချစ်ခြင်း မရှိ၊ ကြည်ညိုခြင်းမရှိ၊ ရှက်ခြင်းမရှိ၊ အလေးပြုခြင်းမရှိ၊ မေတ္တာပွားခြင်း မရှိ၊ ဤအင်္ဂါ ငါးပါးနှင့် ပြည့်စုံသောတပည့်ကို နှင်အပ်၏။ နှင်ထိုက်၏။ မနှင်လျှင် ဆရာအပြစ်ရှိ၏။ နှင်လျှင် အပြစ်မရှိ။

ချစ်သားတို့ ဆရာ၌ လွန်စွာချစ်ခြင်း၊ ကြည်ညိုခြင်း၊ ရှက်ခြင်း၊ အလေးပြုခြင်း၊ မေတ္တာပွားခြင်းရှိ၏။ ဤအင်္ဂါ ငါးပါးနှင့် ပြည့်စုံသော တပည့်ကို မနှင်အပ်။ မနှင်ထိုက်၊ နှင်လျှင် အပြစ် ရှိ၏။ မနှင်လျှင်အပြစ် မရှိ။

အာစရိယချွတ်ယွင်းခြင်း

ထိုအခါ ရဟန်းတို့သည် ဆယ်ဝါ ရပြီဟု ဗာလ အဗျတ္တဖြစ်လျက် နိဿယည်း ပေးကုန်၏။ အာစရိယဗာလ၊ အန္တေဝါသိက-ပဏ္ဍိတတို့ ထင်ရှားကုန်၏။ ချစ်သားတို့ ...ဗာလ အဗျတ္တသည် နိဿယည်း မပေးအပ်၊ ဒုက္ကဋ်။ ချစ်သား ... ဗျတ္တ ပဋိဗလဖြစ်၍ ဆယ်ဝါရသော ဆယ်ဝါထက်လွန်သော ရဟန်းသည် နိဿယည်းကို ပေးခြင်းငှာ ခွင့်ပြု၏။

[ထာ ... ကျင့်ဝတ်အရင်းမှစ၍ သင်္ကန်းဆိုးကျင့်ဝတ်အထိ မကျင့်လျှင် နိဿယည်း လွတ်သူ၊ မလွတ်သူ အားလုံး အာပတ်သင့်၏။ အချို ဝိသဘာဂတို့အား သပိတ်ပေးခြင်းစသည်ကိုကား နိဿယည်းမလွတ်သူသာ အာပတ် သင့်၏ဟု - ဥပဇ္ဈာယဝတ်၌ ခွဲခြားသည်။

ဤ အာစရိယဝတ်၌ ဤသို့မခွဲခြား၊ နိဿယန္တေဝါသိကသည် ဆရာကို မှီခို၍နေသော ကာလ၌သာ အာစရိယဝတ် အားလုံးကို ကျင့်အပ်၏။ ပဗ္ဗဇ္ဇန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက၊ ဓမ္မန္တေဝါသိက သုံးယောက်သည် နိဿယည်း လွတ်သော်လည်း သင်္ကန်းဆိုး ကျင့်ဝတ်အထိ ပြုအပ်၏။ မပန်မကြား သပိတ်ပေးခြင်း စသည်ကြောင့် နိဿယည်း လွတ်သူတို့အား အနာပတ္တိ။

ဤတပည့် လေးယောက်တို့တွင်လည်း ပဗ္ဗဇ္ဇန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက နှစ်ယောက်သည် ဆရာ၏ တသက်လုံး တာဝန်ဖြစ်၏။ နိဿယန္တေဝါသိက၊ ဓမ္မန္တေဝါသိက နှစ်ယောက်ကား အနီးနေသမျှသာ တာဝန်ဖြစ်၍ ထိုနှစ်ယောက်လည်း ကောင်းစွာကျင့်အပ်၏။ အာစရိယ အန္တေဝါသိကတို့တွင် ကောင်းစွာ မကျင့်သူ ထိုထိုအား အာပတ်သင့်၏။]

(သာဋီ ... သဒ္ဓိဝိဟာရိကအား ဆိုသော လက္ခဏာဖြင့် အန္တေဝါသိကအား အာပတ်ကို မသိအပ်။ သဒ္ဓိဝိဟာရိက နိဿယည်း လွတ်၊ မလွတ် တသက်လုံး အာပတ်သင့်နိုင်သည်။ အန္တေဝါသိကအား နိဿယည်း မလွတ်မီသာ အာပတ်သင့်နိုင်သည်။ ဥပဇ္ဈာယ၊ ပဗ္ဗဇ္ဇာစရိယ၊ ဥပသမ္ပဒါစရိယ၊ သဒ္ဓိဟာရိက၊ ပဗ္ဗန္တေဝါသိက၊ ဥပသမ္ပဒန္တေဝါသိက၊ သမာနုပဇ္ဈာယက၊ ဤခုနစ်ယောက် ဂိလာနဖြစ်လျှင် တသက်လုံး လုပ်ကျွေးအပ်၏။ နိဿယာစရိယ၊ ဥဒ္ဒေသာစရိယ၊ နိဿယန္တေဝါသိက၊ ဥဒ္ဒေသန္တေဝါသိက၊ သမာနာစရိယက ဤငါးယောက် ဂိလာနဖြစ်လျှင် နိဿယမပြတ်မီ ဥဒ္ဒေသမပြတ်မီ လုပ်ကျွေးအပ်၏၊ သိက္ခာပုဒ် ပေးသော-ဝါ-လုံ့လပေးသော ဆရာသည် ပဗ္ဗဇ္ဇာစရိယ မည်၏။ ဥပသမ္ပဒကမ္မဝါစာ ဖတ်သော ဆရာသည် ဥပသမ္ပဒါစရိယမည်၏။ စာချပေးသောဆရာသည် ဥဒ္ဒေသာစရိယမည်၏။)

နိဿယည်းငြိမ်း-ငါးပါး ခြောက်ပါး

ထိုအခါ ရဟန်းတို့သည် အာစရိယ၊ ဥပဇ္ဈာယ်တို့ ဖဲ၊ ထွက်၊ ပြောင်းကုန်သော်လည်း နိဿယည်း ငြိမ်းခြင်းကို မသိကုန်။ ချစ်သားတို့ - ဥပဇ္ဈာယမှ မှီရာငြိမ်းခြင်းတို့သည် ဥပဇ္ဈာယ်ဖဲသွားအံ့၊ လူထွက်အံ့၊ ပျံလွန်အံ့၊ တိတ္ထိဘောင် ပြောင်းသွားအံ့၊ နှင်ထုတ်ဝံ့၊ ဤ ငါးပါးတို့ဖြစ်ကုန်၏။

ချစ်သားတို့ - အာစရိယမှ မှီရာငြိမ်းခြင်းတို့သည် ဆရာဖဲသွားအံ့၊ လူထွက်အံ့၊ ပျံလွန်အံ့၊ တိတ္ထိဘောင် ပြောင်းသွားအံ့၊ နှင်ထုတ်အံ့၊ ဥပဇ္ဈာယ်နှင့်ပေါင်းဆုံအံ့၊ ဤခြောက်ပါးတို့ဖြစ်ကုန်၏။

ဖဲ၊ ထွက်၊ သေ၊ ပြောင်း (၄)၊

နှင်၊ ဆုံပေါင်း (၂)၊

ငြိမ်းပြောင်းခြောက်ပါးတည်း။

ဆုံပေါင်းမပါ (၅)၊ ဥပဇ္ဈာ၊ ငါးဖြာ ငြိမ်းကြောင်းတည်း။

[ထာ ... ဥပဇ္ဈာယ် ဖဲသွားအံ့ ဟူသည်ကား - မနေလို၍ အရပ်တပါး ဖဲသွား၏။ (ပြန်လာမည်ဖြစ်စေ၊ မလာမည်ဖြစ်စေလို) ဤသို့ဖဲသွားလျှင် ထိုကျောင်း၌ နိဿယည်း ပေးနိုင်သော ယခင်က နိဿယည်း ယူဘူးသော ဆရာထံ၌ လည်းကောင်း၊ ဧကမ္ဘောဂပရိဘောဂ ရှိသော ဆရာထံ၌လည်းကောင်း နိဿယည်း ယူအပ်၏။ တရက်မျှလည်း အစောင့်အရှောက်မရှိ။ ထိုသို့မရှိလျှင် ပေသလအဖြစ်ကို သိပြီးသော တပါးသော လဇ္ဇီထံ၌ ထိုနေ့ပင် နိဿယည်းယူအပ်၏။ ပေးလျှင် အပြင်မရှိ။

သင်တို့၏ ဥပဇ္ဈာယ် မကြာမီ ပြန်လာမည်လောဟု မေးအံ့၊ ဥပဇ္ဈာယ်ကလည်း ထိုအတိုင်း ပြောသွားအံ့၊ အာမဘန္တေဟု ဆိုအပ်၏။ ဥပဇ္ဈာယ်လာသည်တိုင်အောင် ဆိုင်းကြဦး ဆိုအံ့၊ အပြစ်မရှိ၊ ပေသလအဖြစ်ကို မသိသေးလျှင် လေးငါးရက်လုံး သဘာဂအဖြစ် (ပေသလအဖြစ်) ကိုဆင်ခြင်၍၊ အခွင့်ကောင်း၍ နိဿယည်း ယူအပ်၏။

ထိုကျောင်း၌ နိဿယည်း ပေးနိုင်သောဆရာ မရှိအံ့၊ ဥပဇ္ဈာယ် ကလည်း ငါးရက် နှစ်ရှက်ဖြင့် ပြန်လာမည်၊ မပျင်းကြနှင့်ဟုမှာထားအံ့၊ ပြန်လာသည်တိုင်အောင် အစောင့်အရှောက်ရ၏။ ရောက်ရာ၌ ငါးရက် ဆယ်ရက်ပို၍နေရန် လူတို့ပင့်ကုန်အံ့၊ ဥပဇ္ဈာယ်သည် ဤနေ့ရက်လောက်တွင် ပြန်လာမည်၊ မပျင်းကြနှင့်ဟု သတင်းပို့အပ်၏။ ဤသို့လည်း အစောင့် အရှောက်ရ၏။

ပြန်လာစဉ် ခရီးအကြား မြစ်ရေပြည့်ခြင်းကြောင့် ခိုးသူစသည်ကြောင့် အန္တရာယ်ရှိ၍ ရေကျအောင် ဆိုင်းနေအံ့၊ အဖော်သော်လည်း ရှာနေအံ့၊ ထိုအကြောင်းကို ရဟန်းငယ်တို့ ကြားသိကုန်အံ့၊ ပြန်လာသည် တိုင်အောင် အစောင့်အရှောက်ရ၏။ ဥပဇ္ဈာယ်သည် ငါဤတွင် နေတော့မည်ဟု သတင်းပေးအံ့၊ အစောင့်အရှောက် မရှိ။ နိဿယည်း ပေးနိုင်ရာသို့ သွားအပ်၏။

ထွက်လျှင် သေလျှင် ပြောင်းလျှင်ကား တနေ့မျှ အစောင့်အရှောက်မရှိ၊ နိဿယည်း ပေးနိုင်ရာသို့ သွားအပ်၏။ နှင်ရာ၌ သင့်ကို ငါနှင်၏ .... ငါ့ကို သင်မလုပ်ကျွေးရဟု ပါဠိတော်နည်းဖြင့် လည်းကောင်း၊ ငါ့ကိုရွာဝင်မပန်လင့်ဟု ပါဠိမုတ္တကနည်းဖြင့် လည်းကောင်း၊ နိဿယပဏာပနာဖြင့် နှင်ထုတ်အံ့၊ ဥပဇ္ဈာယ်ကို ကန်တော့အပ်၏။ ရှေးဦးစွာ သည်းမခံသေးလျှင် ဒဏ်အမှုရွက်ဆောင်၍ သုံးကြိမ်တိုင်အောင် ကိုယ်တိုင် ကန်တော့အပ်၏။

သည်းမခံသေးလျှင် ထိုကျောင်းနေ မထေရ်တို့ကို ပင့်ဆောင်၍ ကန်တော့အပ်၏။ သည်းမခံသေးလျှင် အနီးကျောင်းနေ ရဟန်းတို့ကို ပင့်ဆောင်၍ ကန်တော့အပ်၏။ သည်းမခံသေးလျှင် အရပ်တပါးသို့သွား၍ ဥပဇ္ဈာယ်၏ သဘာဂရဟန်းတို့ထံ၌ ဤ၌ နေသည်ဟု ကြားလျှင် သည်းခံကောင်း သည်းခံလိမ့်မည်ဟု မျှော်လင့်၍ နေအပ်၏။ သည်းမခံသေးလျှင် ထိုအရပ်၌သာ နေအပ်၏။ ထိုအရပ်၌ ခေါင်းပါးခြင်း စသည်ကြောင့် မနေနိုင်လျှင် ထိုကျောင်းသို့ ပြန်လာ၍ တပါးသော ရဟန်းထံ နိဿယည်းယူ၍ နေအပ်၏။ ဤကား နှင်ရာ၌ အဆုံးအဖြတ်တည်း။]

နိသာယည်းဆရာ ဖဲသွားရာ၌ ဆရာအချို့သည် ပန်ကြား၍၊ အချို့သည် မပန်ကြားမူ၍ ဖဲသွား၏။ အန္တေဝါသိကတို့လည်း ထို့အတူတည်း။ ထိုသူတို့တွင် တပည့်သည် ဆရာကို ဤမည်သောအရပ်ကို ဤကိစ္စဖြင့် သွားလိုပါသည်ဟု ပန်ကြားအံ့၊ အဘယ်အခါ သွားမည်နည်းဟု ဆရာမေးအံ့၊ ညနေအချိန်၊ ညည့်အချိန်ဟု ဆိုအံ့၊ ကောင်းပြီဟု ဆရာဝန်ခံအံ့၊ ထိုခဏ၌ပင် နိဿယဉ်း ငြိမ်း၏။ သွားလို၍ ပန်ကြားသောအခါ ဤမည်သော ရွာ၌ ဆွမ်းခံကြီးမှ သင်သိရလတ္တံ့ ဟုဆိုအံ့။ ကောင်းပါပြီဟု တပည့် ဝန်ခံအံ့၊ ထိုနောက်သွားလျှင် ကောင်းသော သွားခြင်းတည်း။ မသွားလျှင် နိဿယည်း မငြိမ်း။

မသွားနှင့်ဦး၊ ညဉ့်တွင်တိုင်ပင်ပြီးမှ ငါတို့သိကုန်အံ့ဟုဆိုအံ့၊ တိုင်ပင်ပြီးမှ သွားလျှင်ကောင်း၏၊ မသွားလျှင် နိဿယည်း မငြိမ်း။ ဆရာကိုမပန်ကြားပဲ ဖဲသွားအံ့၊ ဥပစာရ သိမ်လွန်လျှင် ငြိမ်း၏။ ဥပစာရသိမ်တွင်းမှ ပြန်လာအံ့ မငြိမ်း။

ဆရာသည်တပည့်ကို ဤမည်သော အရပ်သို့သွားမည်ဟု ပန်ကြားအံ့၊ အဘယ်အခါပါနည်းဟု လျှောက်အံ့၊ ညနေအချိန် ညဉ့်အချိန်ဟုဆိုအံ့၊ ကောင်းပါပြီဟု တပည့်ဝန်ခံအံ့၊ ထိုခဏ၌ပင် နိဿယည်းငြိမ်း၏။ နက်ဖြန် ဆွမ်းခံပြီးမှသွားမည်ဟုဆိုအံ့။ ကောင်းပါပြီဟု ဝန်ခံအံ့၊ ရှေးဦးစွာတရက်၌ မငြိမ်း။ နောက်နေ့၌ငြိမ်း၏။

ဤရွာ၌ ဆွမ်းခံပြီးမှ သွားမသွား ငါသိနိုင်မည်ဟုဆိုအံ့။ မသွားလျှင်မငြိမ်း၊ တပည့်သည် - မကြွပါနှင့်ဦး၊ တိုင်ပင်ပြီးမှ သိတော်မူကြပါဟု လျှောက်အံ့၊ တိုင်ပင်ပြီး၍ မသွားလျှင် မငြိမ်း။

ဆရာတပည့်နှစ်ဦးလုံး ကိစ္စတခုကြောင့် ဥပစာရသိမ်ပသို့ သွားစဉ် ဆရာသည် ခရီးသွားလို၍ မပန်ကြားပဲ ထွက်သွား၍ ခဲနှစ်ကျအတွင်းမှ ပြန်လာအံ့၊ မငြိမ်း။ ခဲနှစ်ကျလွန်မှ ပြန်လာအံ့။ ငြိမ်း၏။ (တပည့်အာလယ မပြတ်သော်လည်း ငြိမ်း၏ဟူလို။) ဆရာဥပဇ္ဈာယ်တို့သည် ခဲနှစ်ကျလွန်၍ တပါးသောကျောင်း၌ နေကုန်အံ့၊ ငြိမ်း၏။ ဆရာသည် လူထွက်လျှင် သေလျှင် ပြောင်းလျှင် ထိုခဏ၌ပင် နိဿယည်း ငြိမ်း၏၊

နှင်ရာ၌ နိဿယပဏာမနာဖြင့် အာလယပြတ်နှင်အံ့၊ တပည့်သည် အနှင်ခံရသော်လည်း ငါ့ဆရာ စိတ်နူးညံ့ပါပေသည်ဟု အာလယမပြတ်အံ့၊ နိဿယည်း မငြိမ်း။ ဆရာကားမပြတ်။ တပည့်ကား ဤဆရာကို မှီ၍မနေတော့အံ့ဟု ဝန်ချအံ့၊ မငြိမ်း။ နှစ်ဦးလုံးမပြတ်အံ့၊ မငြိမ်း။ နှစ်ဦးလုံး ဝန်ချမှ ငြိမ်းသည်။

အနှင်ခံရသော တပည့်သည် ဒဏ်ထမ်း၍ သုံးကြိမ်တိုင် ကန်တော့အပ်၏။ သည်းမခံလျှင် ဥပဇ္ဈာယ်၌ ဆိုပြီးသော နည်းအတိုင်း ကျင့်အပ်၏။

ဥပဇ္ဈာယ်နှင့် ပေါင်းဆုံခြင်းကို ဒဿန၊ သဝနစွမ်းဖြင့် သိအပ်၏။

နိဿယည်းဆရာထံ မှီ၍နေသော တပည့်သည် တခုသောကျောင်း၌ ဥပဇ္ဈာယ်ကို ဘုရားရှိခိုးနေသည်ကို လည်းကောင်း၊ တခုသောရွာ၌ ဆွမ်းခံကြွသည်ကို လည်းကောင်း မြင်ငြားအံ့၊ နိဿယည်းငြိမ်း၏။ ဥပဇ္ဈာယ်သာ မြင်၍ တပည့်ကမမြင်အံ့၊ မငြိမ်း။ ခရီးဝေး၌ ကောင်းကင်၌ ကြွသွားသည်ကို မြင်သော်လည်း ရဟန်းဟူ၍သာ သိ၍ ဥပဇ္ဈာယ်ဟု မသိအံ့၊ မငြိမ်း။ ဥပဇ္ဈာယ်ဟု သိမှ ငြိမ်းသည်။ ပြာသာဒ်၊ ဆွမ်းစားကျောင်း၊ တရားနာရာအရပ် စသည်တို့၌ တခြားစီနေ၍ မမြင်ပဲ ဖဲသွားအံ့၊ မငြိမ်း။ ဤသို့ ဒဿန စွမ်းဖြင့် ပေါင်းဆုံပုံကို သိအပ်၏။

သဝနစွမ်းဖြင့်ကား ကျောင်းတွင်း၌ အိမ်တွင်း၌ စကားပြာသော တရားဟောသော ဥပဇ္ဈာယ်၏အသံကိုကြား၍ ငါ့ဥပဇ္ဈာယ်၏အသံဟု မှတ်မိအံ့။ ငြိမ်း၏။ မမှတ်မိအံ့၊ မငြိမ်း။

ဤကားပေါင်းဆုံခြင်း၌ အဆုံးအဖြတ်တည်း။

(ဇီဋိ ... သည်းမခံသော ဥပဇ္ဈာယ်သည် ကာလ ကြာသောအခါ ချီးမြှောက်လိုပြန်အံ့၊ ထိုအခါမှစ၍ ဥပဇ္ဈာယ်သာမှီရာ နိဿယဖြစ်သည်။ ဥပဇ္ဈာယ်သည် အလဇ္ဇီဖြစ်အံ့၊ တပည့်အကြိမ်ကြိမ် တားသော်လည်း မရှောင်ကြဉ်အံ့။ မနှင်သော်လည်း ထိုဥပဇ္ဈာယ်ကိုစွန့်၍ သူတပါးထံ၌ နိဿယည်းယူ၍ နေအပ်၏။

ဥပဇ္ဈာယ်လိင်ပြန်အံ့။ တရက်မျှ အစောင့် အရှောက်မရ။ ပက္ခပဏ္ဍုတ်ဖြစ်အံ့၊ သုက္ကပက္ခတိုင်အောင် စောင့်နေလျှင် အပ်၏။ ဥက္ခေပနိယကံပြုခံရအံ့၊ နာနာသံဝါသကဘုံ၌တည်သောကြောင့် နိဿယည်းငြိမ်း၏။ ကောင်းစွာကျင့်သည်ကိုမြင်၍ ကံငြိမ်းသည်တိုင်အောင် စောင့်ရှောက်အပ်၏။ မာနတ်ကျင့်အံ့၊ အဗ္ဘာန် တိုင်အောင် စောင့်အပ်၏။ ပရိဝါသ်ကြာမြင့်စွာစောင့်အံ့၊ တပါးသောရဟန်းထံ နိဿယည်းယူအပ်၏ ဥပဇ္ဈာယ်နှင့် ထိုအခိုက် ပေါင်းဆုံခြင်းသည် ပမာဏမဟုတ်၊ ပရိဝါသ်မာနတ်ကျင့်စဉ် နိဿယည်း မပေးအပ် သောကြောင့်တည်း။)

(သာဋီ ... ထွက်၊ သေ၊ ပြောင်းလျှင် တနေမျှ အစောင့်အရှောက် မရှိ၊ နိဿယည်း ပေးနိုင်ရာသို့ သွားအပ်၏။ … ဟူရာ၌ ကိစ္စရှိ၍ ထိုနေ့မသွားနိုင်သဖြင့် “နှစ်ရက်သုံးရက် အတွင်းသွားမည်”ဟု သွားခြင်း၌ အားထုတ် ခြင်းရှိလျှင် စောင့်သေး၏ဟု ဆိုကုန်၏။ ခေါင်းပါးခြင်း စသည်ကြောင့် ပြန်လာ၍ တပါးသော ရဟန်းထံ နိဿယည်း ယူနေရာ၌ ဥပဇ္ဈာယ်စွန့်ပြီး ဖြစ်သောကြောင့် ပေါင်းဆုံမိသော်လည်း ပမာဏမဟုတ်။

ဥပဇ္ဈာယ် ဖဲသွားရာ၌ ဆိုသောနည်းကို နိဿယည်းဆရာ ဖဲသွားရာ၌လည်း သိအပ်၏။ နိကာယည်း ဆရာဖဲသွားရာ၌ ဆိုသောနည်းကိုလည်း ဥပဇ္ဈာယ်ဖဲသွားရာ၌ သိအပ်၏။ ဤသို့သော နေရာတို့၌ တနေရာ၌ ဆိုသော လက္ခဏာကို တနေရာ၌လည်း သိအပ်၏။ ခဲနှစ်ကျလွန်အောင်သွားလျှင် ဒိသာပက္ကန္တမည်၏။ ထို့ကြောင့် တပည့်ဝန်မချသော်လည်း နိဿယည်း ငြိမ်း၏။ ဆရာဥပဇ္ဈာယ်တို့သည် ခဲနှစ်ကျလွန်၍ တပါးသော ကျောင်း၌ နေကုန်အံ့၊ ငြိမ်း၏။ … ဟူရာ၌ ဥပစာရသိမ်ပ၌ တပည့်တို့၏နေရာမှ ခဲနှစ်ကျလွန်၍ နေသော်လည်း နိဿယည်း မငြိမ်း။ နိဿယည်းဆရာ၏ နိဿယပဏာမနာဖြင့် နှင်ခြင်း စသောအလုံးစုံကို ဥပဇ္ဈာယ်နှင်ခြင်း၌လည်း သိအပ်၏။)

(ဝိဋီ ... ဧကသမ္ဘောဂ ပရိဘောဂ ရှိသောဆရာထံ နိဿယည်း ယူအပ်၏ ဟူသော စကားဖြင့် လဇ္ဇီတို့ထံ၌သာ နိဿယည်းယူခြင်းကို တိုက်တွန်းတော်မူ၏။ ပရိဘောဂသဒ္ဒါဖြင့် ဧကကမ္မစသော သံဝါသကိုလည်းကောင်း၊ သမ္ဘောဂသဒ္ဒါဖြင့် ပစ္စယပရိဘောဂကို လည်းကောင်း ယူအပ်၏။ ထိုစကားရပ်ဖြင့် အလဇ္ဇီတို့နှင့်အတူ သမ္ဘောဂ၊ သံဝါသ မပြုအပ်သည် အဖြစ်ကို ပြတော်မူ၏။ အစောင့်အရှောက်မရှိ ဟူသည်ကား အာပတ်စောင့် ခြင်းမရှိ၊ လေးငါးရက်ပတ်လုံး သဘာဂအဖြစ်ကို ဆင်ခြင်ရာ၌ တရက်နှစ်ရက် မျှဖြင့် သဘာဂအဖြစ် ထင်ရှားလျှင် ထင်ရှားသောနေ့၌ နိဿယည်းယူ အပ်၏။ မထင်ရှားသေးလျှင် နေ့ရက်များစွာ ဆပ်ခြင်ဆင်၏။ ဆင်ခြင်ဦးမည်ဟု ရက်ရှည်ဆွဲလျက် အမြွက်ထောင်ခြင်းကိုကား မပြုအပ်၏။ ဥပဇ္ဈာယ် ပြန်လာရာတွင် ခရီးအကြား အန္တရာယ်ရှိကြောင်းကို ရဟန်းငယ်တို့ သတင်းမကြားသော်လည်း ဥပဇ္ဈာယ်ကား ပြန်လာလတ္တံ့၊ တစုံတရာတို့ကြောင့် ကြာမြင့်နေသည်ဟု အမှတ်သညာရှိလျှင် အစောင့်အရှောက် ရသည်သာတည်း။

ဥပဇ္ဈာယ်ဆရာက ငါ ဤအရပ်တွင် နေတော့မည်ဟု သတင်းပေးလိုက်ပါမှ အစောင့်အရှောက် ပျက်သည်။ တနေ့မှ အစောင့်အရှောက် မရှိ ဟူသည်ကို သွားခြင်း၌ အားထုတ်ခြင်း မရှိသူကိုရည်၍ ဆိုသည်။ အားထုတ်ခြင်းရှိ၍ ကျောင်းသိမ်းဆည်းခြင်း စသည်ဖြင့် တရက်နှစ်ရက်ကြာပြီးမှ သွားလျှင်လည်းအပြစ်မရှိ။ ထိုအရပ်၌သာ နေအပ်၏ ဟူသည်ကား ထိုသဘာဂ အရပ်၌သာ နိဿယည်းယူ၍ နေအပ်၏။ ခေါင်းပါးခြင်း စသည်ကြောင့် ထိုကျောင်းသို့ ပြန်လာ၍ ရဟန်းတပါး နိဿယည်းယူ၍ နေအပ်၏ ဟူသော စကားဖြင့် ချီးမြှောက်သော ဥပဇ္ဈာယ်နှင့် ပေါင်းဆုံရာ၌သာ နိဿယည်း ငြိမ်းခြင်းကို ဆိုအပ်၏။

အမျက်ထွက်၍ လည်းကောင်း၊ မငဲ့ကွက်၍ လည်းကောင်း၊ မချီးမြှောက်အံ့၊ တပါးသော ရဟန်းထံ၌ယူသော နိဿယည်း မငြိမ်းဟု ပြတော်မူ၏။ အချို့ ပန်ကြား၍ ဖဲသွားခြင်း စသောနည်းကို ဥပဇ္ဈာယ်ဖဲရာ၌လည်း ဆောင်၍ သိအပ်၏။ ဥပဇ္ဈာယ်၌ ဆိုသောနည်းကိုလည်း အာစရိယ၌ ထိုက်သည်အလျောက် ဆောင်၍ သိအပ်၏။ ဥပစာရ သိမ်ပ၌ ခဲနှစ်ကျ အတွင်းနေလျှင် နိဿယည်း မငြိမ်း၊ ဥပစာရသိမ်တွင်း၌ကား ခဲနှစ်ကျလွန်၍ နေသော်လည်း မငြိမ်းသည်သာတည်း။)

ကျောင်းထိုင်အင်္ဂါ

ချစ်သားတို့ ... ငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းသည် (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြု မပေးအပ်။ (နိဿယည်းဆရာပြု၍) နိဿယည်း မပေးအပ်။ (ဥပဇ္ဈာယ်ပြု၍) သာမဏေကို မလုပ်ကျွေးစေအပ်။ (၁) အသေက္ခသီလက္ခန္ဓနှင့်မပြည့်စုံ။ (၂) အသေက္ခသမာဓိက္ခန္ဓနှင့်-။ (၃) ပညာက္ခန္ဓနှင့်...။ (၄) ဝိမုတ္တိက္ခန္ဓနှင့်..။ (၅) ဝိမုတ္တိဉာဏဒဿနက္ခန္ဓနှင့် မပြည့်စုံ။ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် ရဟန်းပြု မပေးအပ်။ နိဿယည်း မပေးအပ်၊ သာမဏေ မလုပ်ကျွေးစေအပ်။ ရဟန္တာ၏သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံ၍ အင်္ဂါငါးပါးရှိလျှင် ရဟန်းပြုပေးအပ်၏။ နိဿယည်း ပေးအပ်၏။ သာမဏေကို လုပ်ကျွေးစေအပ်၏။

ထိုမှတပါး အသေက္ခသီလက္ခန္ဓ စသော ငါးပါးနှင့် မိမိလည်း မပြည့်စုံ၊ သူတပါးကိုလည်း မဆောက်တည် စေနိုင်လျှင်-မအပ်၊ ပြည့်စုံ၍ ဆောက်တည်စေနိုင်လျှင် အပ်၏။

ထိုမှတပါး သဒ္ဓါ၊ ဟိရိ၊ ဩတ္တပ္ပ၊ ဝိရိယ၊ သတိ - ငါးပါးမရှိလျှင် မအပ်။ ရှိလျှင်-အပ်၏။

ထိုမှတပါး အဓိသီလ ပျက်၏။ အဇ္ဈာစာရ ပျက်၏။ အတိဒိဋ္ဌိ ပျက်၏။ အပ္ပသုတ ဖြစ်၏။ ဒုပ္ပညဖြစ်၏။ ဤငါးပါးရှိလျှင်-မအပ်။ အဓိသီလ၊ အဇ္ဈာစာရ၊ အတိဒိဋ္ဌိမပျက်၊ ဗဟုသုတ၊ ပညဝန္တ ဖြစ်လျှင်- အပ်၏။

ထိုမှတပါး တပည့်မမာလျှင် လုပ်ကျွေးခြင်း၊ လုပ်ကျွေးခြင်းငှာ မစွမ်းနိုင်၊ ပျင်းရှိလျှင် ပျောက်ကင်းအောင် အရပ်တပါး ခေါ်သွားခြင်း၊ ခေါ်သွားစေခြင်းငှာ မစွမ်းနိုင်။ ကုက္ကုစ္စဖြစ်လျှင် ပျောက်ခြင်း ပျောက်စေခြင်းငှာ မစွမ်းနိုင်။ အာပတ်ကို မသိ။ အာပတ်မှ ထခြင်းကို မသိ။ ဤငါးပါးရှိလျှင်-မအပ်၊ သုံးခုစွမ်းနိုင်၏။ နှစ်ခုသိ၏။ ဤ ငါးပါးရှိလျှင်- အပ်၏။

ထိုမှတပါး တပည့်ကို အာဘိသမာစာရီက ကျင့်ဝတ်၌ ကျင့်စေခြင်းငှာ၊ အာဒိဗြဟ္မစရိယသီလဖြင့် ဆုံးမခြင်းငှာ၊ အဘိဓမ္မ၌ ဆုံးမခြင်းငှာ၊ အဘိဝိနယ၌ ဆုံးမခြင်းငှာ၊ ဒိဋ္ဌိအယူဖြစ်လျှင် တရားသဖြင့် ပျောက်ခြင်းငှာ မစွမ်းနိုင်၊ ဤငါးပါးရှိလျှင်မအပ်။ စွမ်းနိုင်သောငါးပါးရှိလျှင် အပ်၏။

ထိုမှတပါး အာပတ္တိ၊ အနာပတ္တိ၊ လဟုကာပတ္တိ၊ ဂရုကာပတ္တိကို မသိ၊ ပါတိမောက် နှစ်စောင်အကျယ် ကောင်းစွာမလာ၊ ကောင်းစွာမသိ၊ ဤငါးပါးရှိလျှင်-မအပ်။ အာပတ္တိစသည်သိခြင်း ပါတိမောက်နှစ်စောင် အကျယ် ကောင်းစွာသိခြင်း၊ ဤ ငါးပါးရှိလျှင်-အပ်၏။

ထိုမှတပါး အာပတ္တိစသော လေးပါးမသိ၊ ဆယ်ဝါမပြည့်၊ ဤ ငါးပါးရှိလျှင်-မအပ်။ လေးပါးသိခြင်း၊ ဆယ်ဝါပြည့်ခြင်း၊ ဤငါးပါး ရှိလျှင်-အပ်၏။ ကဏှာပက္ခ ပဉ္စကရှစ်ဝါရ၊ သုက္ကပက္ခ ပဉ္စကရှစ်ဝါရ အားဖြင့် ဥပသာဒေတဗ္ဗ ပဉ္စကသေဋ္ဌသဝါရ ပြီး၏။

(ဤ၌ အချို့ကိုထပ်စေလျက် ကျောင်းထိုင်အင်္ဂါလေးဆယ် ဟောသည်။)

ချစ်သားတို့ … အသေက္ခသီလက္ခန္ဓ မပြည့်စုံခြင်း။ ...လ.... ဉာဏဒဿနက္ခန္ဓ မပြည့်စုံခြင်း။ ဆယ်ဝါ မပြည့်ခြင်း။ ဤအင်္ဂါခြောက်ပါး ရှိသောရဟန်းလည်း ရဟန်းပြု မပေးအပ်။ နိဿယည်း မပေးအပ်၊ သာမဏေ အလုပ်ကျွေး မခံအပ်။ ငါးပါးပြည့်စုံခြင်း၊ ဆယ်ဝါ ဆယ်ဝါထက်လွန်ခြင်း၊ ဤ ခြောက်ပါးရှိလျှင်-အပ်၏။

(ဤနည်းဖြင့် ယခင် ပဉ္စက ၁၄-ပါးကို ဆယ်ဝါ မပြည့်ခြင်း၊ ပြည့်ခြင်းထည့်၍ ဆက္က ၁၄-ဝါရကို ဟောသည်။ ဤကျောင်းထိုင်အင်္ဂါ ၄၂-ဟောသည်။)

ဆက္ကဒုဒ္ဒဝါရ ပြီး၏။

ထာ ... ကဏှပက္ခ ပဉ္စကရှစ်ဝါရတို့တွင် အစစွာ သုံးဝါရ၌ ပရိသတ် ဆုတ်ယုတ်ကြောင်းဖြစ်၍ မသင့်သည် အစွမ်းဖြင့် ဟောသည်။ အာပတ်အင်္ဂါစွမ်းဖြင့် ဟောသည်မဟုတ်၊ ရဟန္တာသာဥပဇ္ဈာယ် ဖြစ်ရမည်ဟု ခွင့်ပြုသည် မဟုတ်။ အကယ်၍ခွင့်ပြုလျှင် ဥပဇ္ဈာယဿ န ဘိရတိ ဥပ္ပန္နာဟောတိ - ဥပဇ္ဈာယ်အား ပျင်းရိ၏ စသည်ကို မဟောတန်ရာ၊ ရဟန္တာ၏ ပရိသတ်သည် သီလစသည်မှ မဆုတ်ယုတ်သောကြောင့်သာ ဟောတော်မူသည်။

စတုတ္ထပဉ္စက၌ ပါရာဇိက၊ သံဃာဒိသိသ်တို့သို့ ရောက်သူသည် အဓိသီလပျက်သည် မည်၏။ ကြွင်း အာပတ်ငါးပါးသို့ ရောက်သူသည် အဇ္ဈာစာရပျက်သည်မည်၏။ သမ္မာဒိဋ္ဌိပယ်စွန့်၍ အန္တဂ္ဂါဟိကာဒိဋ္ဌိနှင့် (ဝါ... သဿတ၊ ဥစ္ဆေဒနှင့်) ပြည့်စုံသောသူသည် အတိဒိဋ္ဌိပျက်သည် မည်၏။ ပရိသတ်မွေးသူတို့ အလိုရှိအပ်သော ဗဟုသုတမှ ကင်းသူသည် အပ္ပသုတ ဖြစ်သည်မည်၏။ အာပတ်စသည်ကို မသိသူသည် ... ဒုပ္ပညဖြစ်သည် မည်၏။ ဤ ပဉ္စက၌ ရှေးသုံးပုဒ် အယုတ္တမသင့်၊ မသင့်ခြင်းစွမ်းဖြင့် နောက်နှစ်ပုဒ်အား အာပတ္တိအင်္ဂါစွမ်းဖြင့် ဟောသည်။

ပဉ္စမပဉ္စက၌ ဤအမှုကို ပြုမိပါသည်ဟုဆိုလျှင် ဤအာပတ်သင့်၏ ဟု မသိသူသည် အာပတ်ကို မသိသည် မည်၏။ ဝုဋ္ဌာနဂါမ်ဖြင့်လည်းကောင်း၊ ဒေသနာဂါမ်ဖြင့်လည်းကောင်း၊ ဤအာပတ်မှ ဤသို့ထ၏ဟု မသိသူသည် အာပတ်မှထခြင်းကို မသိသည်မည်၏။ ဤ၌ ကုက္ကုစ္စဖြစ်လျှင် မဖျောက်နိုင်ခြင်း၊ အာပတ် မသိခြင်း၊ အာပတ်မှထခြင်းကို မသိခြင်း၊ ဤနောက်ဆုံး ပုဒ်ကို အာပတ္တိအင်္ဂါစွမ်းဖြင့်၊ မမာလျှင် မလုပ်ကျွေးနိုင်ခြင်း၊ ပျင်းရိလျှင် ခေါ်မသွားနိုင်ခြင်းနှစ်ပုဒ်ကို အယုတ္တစွမ်းဖြင့် ဟောသည်။

ဆဋ္ဌပဉ္စက၌ ခန္ဓကဝတ်၌ ဆုံးမခြင်းငှာ မစွမ်းနိုင်သူသည် အာဘိသမာစာရိကကျင့်ဝတ်၌ ကျင့်စေခြင်းငှာ မစွမ်းနိုင်သည်မည်၏။ ကျင့်အပ်သော ပညတ်တော်-ဟူသော သေက္ခပဏ္ဏတ္တိ၌ (ဝါ ဥဘတောဝိဘင်း အာပတ်၌) မဆုံးမနိုင်သူသည် အာဒိဗြဟ္မစရိယသီလဖြင့် မဆုံးမနိုင်သူ မည်၏။ နာမ်ရုပ်အပိုင်းအခြား၌ မဆုံးမနိုင်သူသည် အဘိဓမ္မာ၌ မဆုံးမနိုင်သူ မည်၏။ ဝိနည်းပိဋကတ်အားလုံး၌ မဆုံးမနိုင်သူသည် အဘိဝိနယ၌ မဆုံးမနိုင်သူ မည်၏။ ကျင့်စေခြင်းငှာ သင်ပေးခြင်းငှာ မတတ်နိုင်ဟူလို။ ဒိဋ္ဌိအယူကို တရားဖြင့် အကြောင်းဖြင့် စွန့်စေခြင်းငှာ မစွမ်းနိုင်သူသည် ဒိဋ္ဌိအယူကို မဖျောက်နိုင်သူမည်၏။ ဤ ပဉ္စက၌ ပုဒ်အားလုံး၌ အာပတ်သင့်၏။ သတ္တမ၊ အဋ္ဌမ ပဉ္စကတို့၌လည်း ပုဒ်အားလုံး အာပတ်သင့်၏။

ဤသို့လျှင် အစစွာ ပဉ္စကသုံးခု၌ ၁၅-ပုဒ်၊ စတုတ္ထ၌ သုံးပုဒ်၊ ပဉ္စမ၌ နှစ်ပုဒ် ... ဤ ပုဒ်နှစ်ဆယ်သည် အယုတ္တဖြစ်၏။ စတုတ္ထ၌ နှစ်ပုဒ်၊ ပဉ္စမ၌ သုံးပုဒ်၊ အဆုံး ပဉ္စကသုံးခု၌ ၁၅-ပုဒ်၊ ဤ ပုဒ်နှစ်ဆယ်သည် အာပတ်အင်္ဂါဖြစ်၏။ သုက္ကပက္ခ၌ ပဉ္စကရှစ်ခုလုံး အနာပတ္တိသာတည်း။

ဆက္ကတို့၌ ဆယ်ဝါမပြည့်ခြင်း ဟူသောပုဒ်သည် ထူး၏။ အာပတ် သင့်ခြင်းကို ပြုသောပုဒ် ဖြစ်၏။ ဥဘတော ဝိဘင်းစွမ်းဖြင့် ဟောသော ပါတိမောက်နှစ်စောင်အကျယ် သွာဂတမဖြစ်သူ၊ မာတိကာဝိဘင်္ဂစွမ်းဖြင့် သုဝိဘတ္တမဖြစ်သူ၊ ဝါစုဂ္ဂတစွမ်းဖြင့် သုပ္ပဝတ္တိ မဖြစ်သူ၊ သုတ္တ၊ အနုဗျဉ္ဇန၊ မာတိကာ၊ ဝိဘင်္ဂအားဖြင့် သုဝိနိစ္ဆိတ မဖြစ်သူသည် ပါတိမောက်နှစ်စောင် အကျယ် ကောင်းစွာမလာ ကောင်းစွာမသိ မည်၏။

(ပါဠိတော်လာ ဥပဇ္ဈာယ်အင်္ဂါလေးဆယ်တို့တွင် အယုတ္တအင်္ဂါ ၂၀ မှတပါး အာပတ်အင်္ဂါ ၂၀-ကား)

အပ္ပသုတ၊ ဒုပ္ပည၊ ကုက္ကုစ္စ မဖျောက်နိုင် (၃)

အာပတ်မသိ၊ ထမသိ၊ ညံ့ဘိ ဘုန်းကျောင်းထိုင် (၂)။

အဘိ အာဒိ၊ ဓမ္မ ဝိ၊ ဒိဋ္ဌိမဖျောက်နိုင် (၅)။

အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ နှစ်ရပ်ဝိဘင်းမှိုင်(၅)။

အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ ဆယ်ရပ်ဝါမပိုင် (၅)။

ဘိက္ခုနောဝါဒ သိက္ခာပုဒ် အဋ္ဌကထာ၌ကား ဆယ်ပါရခြင်း၊ ပရိသတ်အား ဝိနည်းဖြင့်ဆုံးမခြင်းငှာ ဝိဘင်း နှစ်ဖြာ နှုတ်တက်လေ့လာခြင်း မစွမ်းနိုင်လျှင် သုံးပါးတို့နှင့်အတူ လှည့်ပတ်နိုင်အောင်ပြုခြင်း၊ ကံကြီး ကံငယ် သင်ယူခြင်း၊ ခန္ဓကဂတိ သင်ယူခြင်း၊ ပရိသတ်အား ရုပ်နာမ်ဓမ္မဖြင့် ဆုံးမခြင်းငှာ မူလပဏ္ဏာသ စသည်ကို သင်ယူခြင်း၊ ဤအင်္ဂါငါးပါးပြည့်စုံသူသည် ပရိသုပဋ္ဌာပက ဗဟုသုတဒိသာပါမောက္ခဖြစ်၍ ပရိသတ် အလုပ်အကျွေး ခံထိုက်သည်ဟုဆိုပြီ။

ဤငါးပါး ပြည့်ပုံလျှင် ပါဠိတော်လာ အင်္ဂါ ၂ဝ ပြည့်စုံသည်သာတည်း။

ဗဟုသုတ၊ ပညာဝ၊ ကုက္ကုစ္စ ပယ်ဖျောက်နိုင် (၃)။

အာပတ်ကိုသိ၊ ထပုံသိ၊ သင့်၏ ဘုန်းကျောင်းထိုင် (၂)။

အာဘိ အာဒိ၊ ဓမ္မ ဝိ၊ ဒိဋ္ဌိပယ်ဖျောက်နိုင် (၅)။

အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ နှစ်ရပ်ဝိဘင်းဖြိုင် (၅)။

အာပတ် နာပတ်၊ ကြီး ငယ်ပတ်၊ ဆယ်ရပ်ဝါကိုပိုင်(၅)။

ဝိနယကောသလ္လ၌ တပည့် ရဟန်း သာမဏေမွေး၊ နိဿယည်း - ဥပဇ္ဈာယ်ပေး၍ သာသနာတော်ကို ချီးမြှောက်လိုသော ကျောင်းထိုင် ဘုန်းကြီးအင်္ဂါကား ဆယ်ဝါရခြင်း၊ ဥဘတောဝိဘင်း ပါဠိအဋ္ဌကထာကို အနက်အဓိပ္ပါယ် ထင်မြင်ခြင်း၊ ပရိဝါကမ္မဝဂ်လာ ကံကြီး ကံငယ်တို့ကို သိနားလည်ခြင်း၊ ခန္ဓကဝတ်တို့ကို များစွာဆိုသော ခုဒ္ဒသိက္ခာကျမ်းများကို သင်ကြားနှုတ်တက်ရ၍ ခန္ဓကဝိနည်းကို သိနားလည်ခြင်း၊ နာမ်ရုပ် အပိုင်းအခြားကို များစွာဆိုသော သင်္ဂြိုဟ်ကျမ်းများကို ရမိ သိနားလည်၍ သမထဝိပဿနာ နည်းနှစ်ပါး ပြွမ်းသော ကမ္မဋ္ဌာန်းတရားကို တပည့်သားတို့အား ဟောကြား ဆုံးမနိုင်ခြင်း၊ ဤအင်္ဂါငါးပါးပြည့်စုံမှ ပဋိဗလော ဟောတိ အန္တေဝါသိကံ အဘိဓမ္မအဘိဝိနယေ ဝိနေတုံ အစ ရှိသော ပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်၍ ပရိသတ်မွေးကောင်း ကျောင်းထိုင်ကောင်းသည်။

ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊

ခန္ဓကပုဒ်၊ နာမ်ရုပ် ပိုင်ပိုင်၊ ဟောပြနိုင်-

ကျောင်းထိုင်အင်္ဂါ ငါးပါးတည်း။ ဟုဆိုပြီ။)

(သာဋီ ... မိမိပြည့်စုံပြီးမှ သူတပါးကို ဆုံးမထိုက်သည်နှင့် လျော်စွာ ရှေးဦးစွာ မိမိ၌ပြည့်စုံသင့်သည်ကို ပြည့်စုံစေလို၍ အသေက္ခသီလက္ခန္ဓနှင့် မပြည့်စုံ စသည်ကို ဟောသည်။ အာပတ်အင်္ဂါစွမ်းဖြင့် ဟောသည် မဟုတ်။ ရဟန္တာ၌ဖြစ်သော လောကီ လောကုတ္တရာ သီလအားလုံးသည် ဤ၌ အသေက္ခသီလက္ခန္ဓမည်၏။ မဂ်ဖိုလ်မျှသာမဟုတ်၊ သမာဓိပညာလည်း ဤအတူတည်း။

ဝိမုတ္တိက္ခန္ဒကိုလည်း တဒင်္ဂဝိမုတ္တိ စသည်တို့ကိုလည်း သိအပ်ကုန်၏။ ပဋိပဿဒ္ဓိ ဝိမုတ္တိမျှသာ မဟုတ်။ ဝိမုတ္တိဉာဏဒဿနကား လောကီ ပစ္စဝေက္ခဏာညဏ်သာဖြစ်၏။ သဿတ၊ ဥစ္ဆေဒဟူသော အစွန်းအန္တကို ယူတတ် ယူစေတတ်သော မိစ္ဆာဒိဋ္ဌိသည် အန္တဂ္ဂါဟိကာဒိဋ္ဌိမည်၏။ ထူးမြတ်သော အကျင့်သည် အဘိသမာစာရ မည်၏။ သင်အပ် ကျင့်အပ်သော အဘိသမာစာရိကသိက္ခာလည်း မည်၏။ မဂ္ဂဗြဟ္မစရိယ၏ အဦးအစ ဖြစ်သော အကျင့်သည် အာဒိဗြဟ္မစရိယက မည်၏။ ထို့ကြောင့် ဥဘတောဝိဘင်း၌ အကျုံးဝင်သော သိက္ခာသည် အာဒိဗြဟ္မစရိယက၊ ခန္ဓက၌အကျုံးဝင်သော သိက္ခာသည် အဘိသမာစာရိက ဟု ဝိသုဒ္ဓိမဂ်၌ ဆိုသည်။ ထို့ကြောင့် ဥဘတောဝိဘင်း၌ အကျုံးဝင်သော အာပတ်အားလုံးကို ကျင့်အပ်သောကြောင့် သေက္ခပဏ္ဏတ္တိဟု ယူအပ်၏။)

(ဝိဋီ ... ကုက္ကုစ္စဖြစ်သော တပည့်အား ပါဠိအဋ္ဌကထာ ဓမ္မဖြင့် ပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်ခြင်းသည် အဗျတ္တ ဖြစ်ခြင်းသာတည်း။ ထို့ကြောင့် အာပတ်အင်္ဂါဟု ဟောသည်။ ထူးသော မြတ်သော ဝတ်ကြီး ဝတ်ငယ် အကျင့်သီလသည် အဘိသမာစာရမည်၏။ ထိုသီလကို အကြောင်း ပြု၍ ပညတ်သော ခန္ဓကသိက္ခာပုဒ်သည် အာဘိသမာစရိကာသိက္ခာမည်၏။ မဂ္ဂဗြဟ္မစရိယ၏ အကြောင်းဖြစ်သော ဥဘတောဝိဘင်း=သိက္ခာပုဒ်သည် အာဒိဗြဟ္မစရိယကာ သိက္ခာမည်၏။ ဥဘတောဝိဘင်း သိက္ခာပုဒ်အားလုံးသည် သင်အပ် ကျင့်အပ်သောကြောင့် သေက္ခ။ ဘုရားရှင် ပညတ်သောကြောင့် ပဏ္ဏတ္တိ။ ထို့ကြောင့် သေက္ခပဏ္ဏတ္တိမည်၏။

ကုသလတိက် စသည်ဖြင့် ဟောသော စိတ် စေတသိက် နိဗ္ဗာန်-နာမ်ကို လည်းကောင်း၊ ဘူတရုပ် ဥပါဒါရုပ် ဟူသော ရုပ်ကိုလည်းကောင်း၊ ဇာတိ၊ ဘူမိ၊ ပုဂ္ဂလ၊ သာယောဂ၊ ဝတ္ထု၊ အာရမ္မဏ၊ ကမ္မ၊ ဒွါရ၊ လက္ခဏ၊ ရသ စသော အပြားတို့ဖြင့် ပိုင်းခြား၍ သိသော ဉာဏ်ပညာသည် လည်းကောင်း၊ ထိုနာမ်ရုပ်ကိုပြသော ကျမ်းသည် လည်းကောင်း၊ နာမရူပ ပရိစ္ဆေဒ မည်၏။ ဤစကားဖြင့် အဘိဓမ္မတ္ထ၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ရမည်ဟု ပြတော်မူ၏။)

အညတိတ္ထိယပုဗ္ဗကထာ

ထိုအခါ အညတိတ္ထိယ ဖြစ်ဖူးသော ဥပဇ္ဈာယ်ဆုံးမသည်ကို အပြစ်တင်၍ တိတ္ထိကျောင်း ပြောင်းသွားသော ဝသုရသည် ပြန်လာ၌ ရဟန်းအဖြစ်ကို တောင်းပန်၏။ ချစ်သားတို့ .. ဥပဇ္ဈာယ်အား အပြစ်တင်၍ တိတ္ထိကျောင်းသို့ ပြောင်းသွားသော အညတိတ္တိယ ဖြစ်ဖူးသူသည် လာခဲ့ငြားအံ့၊ ရဟန်းပြုမပေးအပ်။ ချစ်သားတို့ ... ထိုမှတပါးသော အညတ္ထိယဖြစ်ဖူးသူသည် ဤဓမ္မဝိနယ၌ ရှင်အဖြစ်ကို ရဟန်းအဖြစ်ကို အလိုရှိငြားအံ့၊ ထိုသူအား လေးလပက်လုံး ပရိဝါသ် ပေးအပ်၏၊ ပေးပုံကား ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်စေ၍ သင်္ကန်းဝတ်စေ၍ စမ္ပယ်တင်ရှိခိုး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီစေ၍၊ ဧဝံဝဒေဟိ ဟု ဆို၍ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ …လ….. တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ဟု လိုက်ဆိုစေအပ်၏။

ချစ်သားတို့...ထိုသူသည် သံဃာသို့ ချဉ်းကပ်၍ လက်အုပ်ချီ၍ အရှင်ဘုရားတို့ အကျွန်ုပ်သည် အညတိတ္ထိယ ဖြစ်ဖူး၏။ ဤဓမ္မဝိနယ၌ ရဟန်းပြုလို၏။ လေးလ ပရိဝါသ်တောင်းပါ၏ဟု သုံးကြိမ် တောင်းအပ်၏။ ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို ညတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ၊ ဤအညတိတ္ထိယပုဗ္ဗသည် ဤမ္မဝိနယ၌ ရဟန်းပြုလို၏။ လေးလပရိဝါသ် တောင်း၏။ သံဃာသည် လေးလပရိဝါသ် ပေးရာ၏။ ပေး၏။ ပေးပြီဟု သိအပ်၏။

တိတ္တိယကျင့်ဝတ်ရှစ်ပါး

ချစ်သားတို့ ... အညတိတ္ထိယ ဖြစ်ဖူးသူသည် နှစ်သက်စေသူ၊ မနှစ်သက်စေသူဟု နှစ်ယောက်ရှိ၏။ မနှစ်သက်စေသူသည် အလွန်စောလွန်းစွာ ရွာသို့ဝင်၏။ အလွန်နေမြင့်မှပြန်လာ၏၊ (၁)

ထိုမှတပါးလည်း ပြည့်တန်ဆာမ လင်ကင်းသူမ၊ အပျိုကြီး၊ ပဏ္ဍုတ်၊ ဘိက္ခုနီတို့ထံ (အကျွမ်းတဝင် ထွက်ဝင် ဖန်ဖန်) ဆွမ်းခံလေ့ရှိ၏။ (၂)

ထို့ပြင်လည်း သီတင်းသုံးဖော်တို့၏ ကိစ္စကြီးငယ် ပြုလုပ်ဖွယ်၌ မလိမ္မာ၊ ပျင်းရိ၏၊ သင့်သောပညာမရှိ၊ ပြုခြင်းငှာ မတတ်နိုင်။ စီရင်ခြင်းငှာ မတတ်နိုင်။ (၃)

ထို့ပြင်လည်း ပါဠိသင်ခြင်း၊ အဋ္ဌကထာ နာယူခြင်း၌၊ အဓိသီလ၌၊ အဓိစိတ္တ၌၊ အဓိပညာ၌ ထက်သန်သော ဆန္ဒမရှိ။(၄)

ထို့ပြင်လည်း ထိုသူ၏ ဆရာဖြစ်ဖူးသော တိတ္ထိကို လည်းကောင်း၊ ထိုဆရာ၏အယူကို လည်းကောင်း ကဲ့ရဲ့၍ဆိုလျှင် မနှစ်သက်၊ ရတနာသုံးပါးကို ကဲ့ရဲ့လျှင် နှစ်သက်၏။ ထိုဆရာကို ထိုအယူကို ချီးမွမ်းလျှင် နစ်သက်၏။ ရတနာသုံးပါးကို ချီးမွမ်းလျှင် မနှစ်သက်။ ဤနောက် ထိုလေးပါးကား မနှစ်သက် စေသူ၌ သင်္ဃာတနီယတည်း။ (ဝါ-အသွင် ဖြစ်၏။ လက္ခဏာ ဖြစ်၏။ ခိုင်ခံ့သောပမာဏဖြစ်၏။) ဤသို့သောသူကို ရဟန်းပြု မပေးအပ်။

ထိုမှပြန်၍ နှစ်သက်စေသူကို ရဟန်းပြုပေးအပ်၏။ ချစ်သားတို့ .... အဝတ်မရှိသော နဂ္ဂတိတ္ထိဖြစ်အံ့၊ ဥပဇ္ဈာယ်လျှင် စာရင်းရှိသော သင်္ကန်းကို ရှာအပ်၏။ ဆံမရိတ်ရသေးသည် ဖြစ်အံ့ ဆံရိတ်ရန် သံဃာကို ပန်ကြားအပ်၏။ မီးလုပ်ကျွေးသော ရသေ့ဖြစ်အံ့ ရဟန်းပြုပေးအပ်၏။ ပရိဝါသ် မပေးအပ်။ ထိုရသေ့တို့သည် ကမ္ပဝါဒီ၊ ကြိယဝါဒီတို့ ဖြစ်ကုန်၏။ ချစ်သားတို့ .... ဇာတ်အားဖြင့် သာကီဝင်မျိုးဖြစ်သော အညတိတ္ထိယ ဖြစ်သူသည် ရောက်လာအံ့၊ ရဟန်းပြုပေးအပ်၏။ ပရိဝါသ်မပေးအပ်။ ချစ်သား ... ငါဘုရားသည် ဆွေတော် မျိုးတော်တို့အား ဤသီးခြားသော အာဝေဏိက အစောင့်အရှောက်ကိုပေး၏။

[ထာ ... အညတိတ္တိယပုဗ္ဗတ္ထု၌ ဤ ပသုရပရိဗိုဇ်သည် တိတ္တိယ ပက္ကန္တကဖြစ်၏။ ထို့ကြောင့် ရဟန်းပြု မပေးအပ်။ ဤသာသနာ၌ ရှင်ရဟန်း မပြုစဘူးသေးပဲ ရောက်လာသော တိတ္ထိအားကား ပရိဝါသ် လေးလပေး အပ်၏။ ဤပရိဝါသ်သည် အပ္ပဋိစ္ဆန္နပရိဝါသ်မည်၏။ နဂ္ဂသာဖြစ်သော အာဇီဝက၊ အစေလကတို့အား ပေးအပ်၏။ အဝတ်ပုဆိုးကို လည်းကောင်း၊ တိတ္ထိတံခွန် အဝတ်ကို လည်းကောင်း ဝတ်လာလျှင် မပေးအပ်၊ ရသေ့ ဘိုးသူတော် စသည်တို့အားကား မပေးအပ်သည်သာတည်း။

ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်ခြင်း စသော စကားဖြင့် ရှင်သာမဏေပြုခြင်းကို ပြသည်။ ရှင်ပြုပေးသောအခါ သံဃာ့အလယ်၌ ထိုတိတ္ထိရှိစဉ် မထေရ်တို့ကို အရှင်သည် ရှင်ပြုပေးပါလော၊ အရှင်ကား ဆရာ၊ အရှင်ကား ဥပဇ္ဈာယ်ပြုပါလောဟု မဆိုအပ်ကုန်၊ အပြစ်ကား - မထေရ်တို့ဝန်မခံလျှင် ဤရဟန်းတို့သည် ငါ့အား မယုံကြည် ကုန်ဟု အမျက်ထွက်၍သော်လည်း သွားရာ၏။ ထို့ကြောင့် တနေရာ၌ထား၍ ဆရာ၊ ဥပဇ္ဈာယ်ရှာအပ်၏။

ကျင့်ဝတ်ဝိဘင်း၌ ရဟန်းတို့ဝတ်ပြုချိန် ရွာသို့ဝင်လျှင် အလွန်စောလွန်းစွာ ရွာသို့ဝင်သည်မည်၏။ အလွန် နေမြင့်မှ ပြန်လာပုံကား ဒါယကာအိမ်တို့၌ မိန်းမ ယောက်ျား စသည်တို့နှင့် အကျွမ်းတဝင် ဂေဟသိတ စကားကိုပြော၍ ထိုအိမ်၌ပင် ဆွမ်းစားပြီးမှ ရဟန်းတို့ သပိတ်သင်္ကန်း သိုမှီး၍ စာသင်ချိန် ကိန်းအောင်းချိန်တွင် ပြန်ရောက်၍ ဆရာသမား ဝတ်မပြုပဲ နေရာသို့ဝင်၍ အိပ်တတ်၏။ ဤသို့ ပြုသင့်သည်။ ဤသို့ မပြုသင့်ဟု တင်္ခဏုပ္ပတ္တိဉာဏ်မရှိ၊ ကိုယ်တိုင်လည်း မပြုနိုင်၊ ကိုင်ကြပါ၊ ပြုကြပါ၊ အကျွန်ုပ်တို့မပြုလျှင် အဘယ်သူ ပြုရမည်နည်းဟု အားတက်သရောလည်း မစီမံနိုင်၊ အမှုပြုကြစို့ဟုဆိုလျှင် အနာခုခုကိုညွှန်ပြ၏၊ အမှု ပြုလုပ်သူတို့အနီး၌ လှည့်လည်၏။ ဦးခေါင်းမျှပြ၏။ ဤသူသည်လည်း မနှစ်သက်စေသူ မည်၏။

အနည်းငယ်သော လာဘ်ဖြင့် ပေါင်းသင်းလွယ်သော ရုပ်မှီ၍ အသက်မွေးသူတို့သည် ပြည်တန်ဆာမတို့ မည်ကုန်၏။ လင်သေလင်ကွာတို့သည် လင်ကင်းသူမတို့ မည်ကုန်၏။ အရွယ်ရောက် အရွယ်လွန်သတို့သမီး တို့သည် အပျိုကြီးတို့မည်ကုန်၏။ ကိလေသာများစွာ ပူပန်သော နပုံသက တို့သည် ပဏ္ဍုတ်တို့မည်ကုန်၏။ ထိုသူတို့သည် တစုံတယောက်နှင့် မိတ်ဆွေအဖြစ်ကို တောင့်တကုန်၏။

တူသော ရဟန်းအဖြစ်ရှိသော မိန်းမတို့သည် ဘိက္ခုနီမတို့ မည်ကုန်၏။ ဘိက္ခုနီတို့နှင့် လျင်စွာ အကျွမ်းတဝင် ဖြစ်လွယ်၏။ သီလပျက်လွယ်၏။ ထို ပြည့်တန်ဆာမတို့၌ ကုလုပကဆရာ ရဟန်းပြု၍ လည်းကောင်း၊ ဆွမ်းခံခြင်းစသည်ကို ညွှန်ပြ၍လည်းကောင်း၊ ချစ်ကျွမ်း တဝင် မပြတ်မြင်ရအောင် စကားပြောရအောင် သွားလေ့ရှိသော ရဟန်းသည် ပြည့်တန်ဆာမစသည်တို့ထံ ဆွမ်းခံလေ့ရှိသူ (စားကျက်ရှိသူ) မည်၏။ မကြာမီ ပျက်စီးတတ်၏။

ပြည့်တန်ဆာမ စသည်တို့သည် သလာကဘတ် စသည်ကို လှူကုန်၏၊ ထိုရဟန်းတို့နှင့် အတူသွား၍ အတူ စား၍ အတူခံယူ၍ ပြန်လာအပ်၏။ ဂိလာနဖြစ်သော ဘိက္ခုနီတို့ကို ဆုံးမခြင်း၊ တရားဟောခြင်း၊ စာသင်ပေးခြင်းငှာလည်း ရဟန်းတို့နှင့် အတူသွားအပ်၏။ ထိုသို့ မသွား − ချစ်ကျွမ်းတဝင်သွားလျှင် နှစ်သက် စေသူ မည်၏။

ကျောက်စည်ထိုး၍ သမဂ္ဂသံဃာ စည်းဝေး၍ ပြုအပ်သော စေတီ ပြာသာဒ် ပြုပြင်ခြင်း စသည်သည် ကိစ္စကြီးမည်၏။ သင်္ကန်းဖွပ်ခြင်း၊ဆိုးခြင်း စသောကိစ္စ၊ ခန္ဓက၌ အကျုံးဝင်သော မီးတင်းကုပ်ဝတ် စသော အာဘိသမာစာရိကတို့သည် ကိစ္စငယ်မည်၏။

ထိုကိစ္စတို့၌ မလိမ္မာ မသင်ကြား၊ ထကြွလုံ့လမရှိ၊ ပြုဖွယ်ကိစ္စရှိသည်ဟု ကြားလျှင် စောစောစား၍ အခန်းတွင်း ဝင်အိပ်၍ ညချမ်းမှထွက်၏။ ဤသို့ ပြုသင့်သည်။ ဤသို့ မပြုသင့်ဟု တင်္ခဏုပ္ပတ္တိဉာဏ်မရှိ၊ ကိုယ်တိုင်လည်း မပြုနိုင်၊ ကိုင်ကြပါ၊ ပြုကြပါ၊ အကျွန်ုပ်တို့မပြုလျှင် အဘယ်သူ ပြုရမည်နည်းဟု အားတက်သရောလည်း မစီမံနိုင်၊ အမှုပြုကြစို့ဟုဆိုလျှင် အနာခုခုကိုညွှန်ပြ၏၊ အမှု ပြုလုပ်သူတို့အနီး၌ လှည့်လည်၏။ ဦးခေါင်းမျှပြ၏။ ဤသူသည်လည်း မနှစ်သက်စေသူ မည်၏။

ပါဠိသင်ခြင်းသည် ဥဒ္ဒေသ မည်၏။ အနက်နားထောင်ခြင်းသည် ပရိပုစ္ဆာ မည်၏။ ပါတိမောက်သီလသည် အဓိသီလ မည်၏။ လောကီသမာဓိ ဘာဝနာသည် အဓိစိတ္တ မည်၏။ လောကုတ္တရာမဂ္ဂဘာဝနာသည် အဓိပညာ မည်၏။ ထိုတို့၌ အားကြီးသောဆန္ဒ မရှိ။

ထို တိတ္ထိဆရာကို အယူကိုကဲ့ရဲ့၍ဆိုလျှင် မနှစ်သက်ခြင်း စသော လေးပါးကား အကျင့်မပြည့်စုံစေခြင်း၌ သင်္ဃာတနီယ-ဟူသော လိင်္ဂဖြစ်၏။ လက္ခဏ ဖြစ်၏။ အစလပမာဖြစ်၏။ ဤသို့ မနှစ်သက်စေသူကို အင်္ဂါတခုခုဖြင့်သော်လည်း ရဟန်းပြု မပေးအပ်။

သက္ကပက္ခ၌ အလုံးစုံကိုပြန်၍ သိအပ်၏။

စောစောရွာမဝင် နေမမြင့်မီ ပြန်လာခြင်း၊ (၁)

ပြည့်တန်ဆာမအိမ် စသည်၌ စားကျက်မပြုခြင်း၊ (၂)

သီတင်းသုံးဖော်တို့၏ကိစ္စ၌ လိမ္မာခြင်း၊ (၃)

ပါဠိသင်ခြင်း စသည်၌ ဆန္ဒထက်သန်ခြင်း၊(၄)

တိတ္ထိယတို့ကို ကဲ့ရဲ့လျှင် နှစ်သက်ခြင်း၊ (၅)

ချီးမွှမ်းလျှင်မနှစ်သက်ခြင်း၊ (၆)

ရတနာသုံးပါးတို့ကို ကဲ့ရဲ့လျှင် မနှစ်သက်ခြင်း၊ (၇)

ချီးမွမ်းလျှင် နှစ်သက်ခြင်း၊ (၈)

ဤရှစ်ပါးသော တိတ္ထိကျင့်ဝတ်ကို ဖြည့်ကျင့်သဖြင့် နှစ်သက်စေသောသူကို ရဟန်းပြုပေးအပ်၏။ ရဟန်း ပြုအံ့ဆဲဆဲသိမ်၌ပင် ဝတ်တခုပျက်ခဲ့လျှင် တဖန် လေးလ ကျင့်အပ်၏။ ပရိဝါသ်ကား ထပ်ပေးဖွယ်မရှိ၊ ယခင်ပေးပြီးပင်တည်း။ ပရိဝါသ် ကျင့်စဉ် ဈာန်သမာပတ်ရခဲ့အံ့၊ နာမ်ရုပ်ခွဲ၍ ဝိပဿနာဉာဏ်ရစေကာမူ ရဟန်းပြုမပေးအပ်။ လောကီတရားဖြစ်၍ ပျက်နိုင်သည်။ သောတာပတ္တိ မဂ်ဖိုလ်ရခဲ့အံ့၊ ရဟန်းပြုပေးအပ်ပြီ။ ကျင့်ဝတ်ပြည့်စုံပြီ။ ဒိဋ္ဌိဝိစိကိစ္ဆာ ကင်းပြီ။ တိတ္ထိအသွင်၌ တည်စဉ် မဂ်ဖိုလ်ရပြီဖြစ်အံ့၊ ပရိဝါသ်မပေးအပ်။ ထိုနေ့၌ပင် ရှင်ရဟန်း ပြုပေးအပ်၏။

ဥပဇ္ဈာယ်လျှင် အရင်းရှိသော သင်္ကန်းကိုရှာအပ်၏ ဟူသည်ကား ... ဥပဇ္ဈာယ်ကို သင်္ကန်းသခင် သပိတ်သခင် ပြု၍ သပိတ်သင်္ကန်း ရှာအပ်၏။ ဥပဇ္ဈာယ်၌ရှိလျှင် ထိုသူအား ပေးလောဟု ဆိုအပ်၏။ မရှိလျှင် လှူလိုကြလျှင် ဥပဇ္ဈာယ်အားသာ အရှင်မြတ်တို့၏ ဥစ္စာပြု၍ ထိုသူအား ပေးတော်မူပါဟု လှူအပ်၏။ အကြောင်းကား တိတ္ထိတို့သည် ဆန့်ကျင်တတ်ကုန်၏။ သံဃာသည်သာလျှင် အကျွန်ုပ်အား သပိတ်သင်္ကန်း ပေးသည်။ အရှင်တို့နှင့် ဘာမျှမစပ်မဆိုင်ဟုဆို၍ ကလန်ကဆန်ပြုကုန်ရာ၏။ ပစ္စည်းဆက်သွယ်သော အသက်မွေးခြင်း ရှိလျှင် လိုက်နာလွယ်၏။ ဤကား အကြောင်းတည်း။ ဆံရိတ်ပန်ပုံ နောက်ဆိုလတ္တံ့။

မီးလုပ်ကျွေးသော ရသေ့တို့သည် ကံ-ကံ၏အကျိုး ယုံကြည်သော ကြိယဝါဒီတို့ ဖြစ်ကုန်၏။ ဘုရားလောင်းတို့သည် နေက္ခမ္မပါရမီ ဖြည့်ကျင့်သောအခါ ဤရသေ့မျိုး ပြုလုပ်၍ ပါရမီဖြည့်ကြသည်။ ထိုရသေ့မျိုးသည် သာသနာ၌မဆန့်ကျင်၊ ထို့ကြောင့် ပရိဝါသ်မပေးပဲ ရဟန်းပြုပေး၏။ သာကီဝင်မျိုးတို့သည် အညတိတ္ထိယ ဖြစ်ကုန်သော်လည်း သာသနာ၏ ကျေးဇူးမဲ့ကို မလိုလားကုန်။ ငါတို့၏ ဆွေမျိုးမြတ်၏ သာသနာတော်ဟု ဂုဏ်ကျေးဇူးကိုသာ ဆိုလေ့ရှိကုန်၏။ ထို့ကြောင့် ဆွေတော်မျိုးတော်တို့အား အသီးအခြား ရည်စူးအပ်သော အစောင့်အရှောက်ကို ပေး၏ဟု မိန့်တော်မူသည်။

[သာဋီ ... နဂ္ဂပရိဗိုဇ်သည် အာဇီဝက၊ အစေလကဟု နှစ်မျိုးရှိ၏။ အာဇီဝကသည် အထက်၌ အဝတ်တခုကိုသာ လက်ကတီးကြားသွင်း၍ ဝတ်၏။ အောက်၌ အဝတ်မရှိ။ အစေလကသည် လုံးလုံး အဝတ်မရှိ၊ “ပြည့်တန်ဆာမ စသည်ကို ချစ်ကျွမ်းဝင် ချဉ်းကပ်အပ်၏ဟု ပြုသောသူသည် ဝေသိယဂေါစရစသည် မည်၏”။ ဘိက္ခုနှင့် ဘိက္ခုနီသည် ဗြဟ္မစရိယ များသူချင်း တူကုန်၏။ သဘာဂဝတ္ထုချင်း မဟုတ်သောကြောင့် အကျွမ်းတဝင် နီးကပ်လျှင် ဗြဟ္မစရိယ၏ အန္တရာယ် ဖြစ်လွယ်၏။ အရွယ်ရောက် အရွယ်လွန်နှစ်ပုဒ်ဖြင့် ယောက်ျားနှင့် မဆက်ဆံသော သတို့သမီးတို့ကို ဆိုသည်။]

[ဝိဋီ ... အာဇီဝကမည်သည် အကြိယဝါဒီဖြစ်၏။ ကြိယဝါဒီနိဂဏ္ဍ၊ တပါးသော နဂ္ဂတို့ကို အစေလက၌ ရေတွက်အပ်ကုန်၏။ လုံးလုံးအဝတ် မရှိ နဂ္ဂဖြစ်၍ ရဟန်းတို့ထံ နဂ္ဂအသွင်ဖြင့် လာသူအားသာ တိတ္ထိယပရိဝါသ် ပေးခြင်းကို စီရင်အပ်၏။ ဖုံးလွှမ်း၍လာသူအား မပေးအပ်။ အကြိမ်များစွာ ဖြစ်ရာဌာနသည် ဂေါစရ - စားကျက် မည်၏။ အရွယ်လွန်ဖြင့် ယောက်ျားနှင့် မဆက်ဆံသော အသက်ကြီးသူကိုဆိုသည်။]

(အာဒါယဿ ကို အာဒါနဿဂဟဏဿ-ဟု ဖွင့်သည်။ န ကို ယ ပြုသည်။)

ပဉ္စဗာဓဝတ္ထု

ထိုအခါ မဂဓတိုင်းတို့၌ လူတို့သည် ကုဋ္ဌ-နူနာ၊ ဂဏ္ဍ-ထွတ်မြင်းနာ၊ ကိလာသ-ညှင်း၊ သောသ-ခယရုဂ် ချောင်းဆိုးနာ၊ အပမာရ-သူရူးနာ ဟူသော အနာ ငါးမျိုး တွေ့ထိကြသဖြင့် ဆရာဇီဝကထံ ဆေးကုပေးပါဟု တောင်းပန်ကုန်၏။ အမောင်တို့ ငါသည် မင်း၊ မင်းမောင်းမ၊ ဘုရားအမှူးရှိဘော ရဟန်းသံဃာကို ကုစားရသည်။ သင်တို့အား ကုစားခြင်းငှာ မတတ်နိုင်ဟု ပယ်၏။

ဥစ္စာအားလုံးနှင့်တကွ မိမိတို့ပါ ကျေးကျွန်အဖြစ် အပ်နှင်း၍ တောင်းပန်သော်လည်း ပယ်ခြင်းကြောင့် ငါတို့သည် ရဟန်းတို့ထံ ရှင်ပြုကြရမူ ကောင်းလေစွ၊ ရဟန်းတို့လည်း ပြုစုကုန်လတ္တံ့၊ ဆရာဇီဝကလည်း ကုစားလတ္တံ့ ဟုကြံ၍ ရှင်အဖြစ်ကို တောင်းပန်ကုန်၏။ ရဟန်းတို့သည် ထိုသူတို့ကို ရှင်ပြုပေးကုန်၏။ ရဟန်းပြုပေးကုန်၏။ ထိုသူတို့ကို ရဟန်းတို့လည်း ပြုစုကုန်၏။ ဆရာဇီဝကလည်း ကုစား၏။

ထိုအခါ များစွာသော ဂီလာနတို့ကို ပြုစုကြရသဖြင့် ရဟန်းတို့သည် ဂိလာနဘတ်၊ ဂိလာနုပဋ္ဌာကဘတ်၊ ဂိလာနဘေသဇ္ဇတို့ ပေးကြပါ လှူကြပါ အတောင်းအရမ်း များကုန်၏။ ဆရာဇီဝကလည်း ဂိလာန ရဟန်း များစွာတို့ကို ကုစားရသဖြင့် မင်းကိစ္စကို ဆုတ်ယုတ်စေ၏။ မထင်ရှားသော ယောက်ျားတယောက် သည်လည်း အနာငါးမျိုးသင့်၍ ဆရာဇီဝကထံ ပစ္စည်းနှင့်ကိုယ်ပါ အပ်နှင်း၍ တောင်းပန်သော်လည်း ကုစားခွင့် မရသောကြောင့် “နောက်မှလူထွက်မည်” ဟုကြံ၍ ရှင်အဖြစ်ကို တောင်းပန်၏။ ရှင်လည်းပြုပေးကုန်၏။ ရဟန်းလည်း ပြုပေးကုန်၏။ ရဟန်းတို့ပြုစုခြင်း ဆရာဇီဝက ကုစားခြင်းခံ၍ ရောဂါပျောက်သောအခါ လူထွက်၏။

ထိုအကြောင်းကို ဆရာဇီဝက သိလတ်သော် ဘုရားရှင်ထံချဉ်းကပ်၍ မြတ်စွာဘုရား အရှင်ကောင်းတို့သည် အနာငါးမျိုးသင့်သူကို ရှင်မပြုပေးမူ ကောင်းပါသည်ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့ ... ငါးပါးသော အနာတို့ဖြင့် နှိပ်စက်အပ်သောသူကို ရှင်ပြု မပေးအပ်။ ...ဒုက္ကဋ်။

[ထာ .... မဂဓဇနပုဒ်၌ မနုဿ-လူတို့အား လည်းကောင်း၊ အမနုဿ-ရဟန်းတို့အားလည်းကောင်း၊ ငါးပါးသော ရောဂါတို့သည် များပြားစွာ ဖြစ်ကုန်၏။ ကုဋ္ဌဟူသည် ရတ္တကုဋ္ဌ-နူနီ၊ ကာဠကုဋ္ဌ-နူနက်၊ ကိဋိဘ- ဆိတ်လည်နု၊ ဒဒ္ဒု-ပွေး၊ ကစ္ဆု-ယားနာ စသည်အားလုံးသည် ကုဋ္ဌသာ မည်၏။ ထိုကုဋ္ဌသည် (လက်သန်း) လက်သည်းခွံမျှ ငယ်သော်လည်း တိုးပွားအံ့သော အဖွဲ့၌တည်လျှင် ရှင်ပြုမပေးအပ်။ သင်းပိုင်ကိုယ်ရုံတို့ဖြင့် ပကတိ ဖုံးလွှမ်းအပ်သော နေရာ၌ လက်သည်းခွံမျှရှိ၍ မတိုးပွားလျှင် အပ်၏။ မျက်နှာ လက်ဖမိုး ခြေဖမိုးတို့၌ကား မတိုးပွားသော် လည်းကောင်း၊ လက်သည်းခွံအောက် ငယ်သော်လည်းကောင်း မအပ်ဟု ကုရုန္ဒီ၌ဆို၏။

ဆေးကုစေ၍ ပကတိအဆင်းဖြစ်မှသာ (ရောဂါကြောင့် ဖေါက်ပြန်သော အဆင်း မရှိမှသာ) ရှင်ပြုပေးအပ်၏။ ဖွတ်ကျောက်ကုန်းနှင့်တူစွာ အမှုန့် ပြည့်သောကိုယ် ရှိသူကိုလည်း ရှင်ပြုပေးခြင်းငှာ မအပ်၊ ဂဏ္ဍ ဟူသည် မောဒဂဏ္ဍတ-ဆက်ဆံတည်သော ကွတ်မြင်းနာဖြစ်စေ၊ တပါးငသော ထွတ်မြင်းနာဖြစ်စေ ကလောစေ့ (ဆီးစေ့) မျှရှိသော်လည်း တိုးပွားအံ့ဖြစ်လျှင် ရှင်ပြုမပေးအပ်။ ဖုံးလွှမ်းသောနေရာ၌ ကလောစေ့ခန့်ရှိ၍ မတိုးပွားလျှင်အပ်၏။ မျက်နှာစသော မဖုံးလွှမ်းသောနေရာ၌ မတိုးပွားသော်လည်း မအပ်။ ဆေးကု၍ အနာပျောက်ကင်းစေပြီးမှသာ (သဉ္ဆဝိ ပိဇ္ဇမာနဝိ အရေရှိအောင် ပြီးမှသာ) ရှင်ပြုပေးအပ်၏။

နွားနို့ကဲ့သို့ လက်ချောင်းကဲ့သို့ ထိုထိုနေရာ၌ တွဲလျားကျဘော ဥဏ္ဏိဂဏ္ဍ-သားမြတ်နာတို့လည်း ဂဏ္ဍတို့သာတည်း။ ရှင်ပြုပေးခြင်ငှာမအပ်။ ငယ်ရွယ်သောအခါ ခီရပီဠက-နို့ဝက်သက်၊ အရွယ်ရောက်သော အခါ မျက်နှာတို့၌ ခရပီဠက ဝက်ခြံတို့သည် အရွယ်ကြီးသောအခါ ပျောက်ကုန်၏။ ဂဏ္ဍတို့ မမည်ကုန်။ ရှင်ပြု ပေးခြင်းငှာအပ်၏။

ကိုယ်၌ ထိုမှတပါးသော ခရပီဠက-ကြွက်နို့၊ ပဒုမကဏ္ဍိက-တင်းတိတ် (ဝါ-ကြာဆူး) တို့သည် လည်းကောင်း၊ မုန်ညင်းစေ့မျှ ကိုယ်လုံးနှံ့သော သာသပဗီဇက - ညှင်းသေးတို့သည် လည်းကောင်း၊ ကုဋ္ဌမျိုးတို့သာတည်း။ ရှင်ပြုမပေးအပ်။

ကိလာသဟူသည် မကွဲမယို ပဒုမ္မာပုဏ္ဍရိတ်ကြာချပ်အဆင်းရှိသော နူနာဖြစ်၏။ ထိုအနာဖြင့် ကိုယ်သည် အပြောက်အကျား နွားကဲ့သို့ ဖြစ်၏။ ကုဋ္ဌ၌ဆိုပြီးသော နည်းဖြင့်သာ ကိလာသ၌ အဆုံးအဖြတ်ကိုသိအပ်၏။

သောသဟူသည် သောသဗျာဓိ-ယေရုဂ်နာ (ဝါ-အဆုတ်ကိုစွဲ၍ဖြစ်သော ချောင်းဆိုးနာ) ဖြစ်၏။ ရှင်ပြု မပေးအပ်။ အပမာရဟူသည် ပိတ္တုမာရ - သည်းခြေပျက်၍ ရူးခြင်း၊ ယက္ခုမ္မာရ - ဘီလူးဖမ်းစား၍ ရူးခြင်း တို့တည်း။ ရှေးကရန်သူဖြစ်ဖူးသော ဘီလူးဖမ်းစားလျှင် ကုစားရန်ခဲယဉ်း၏။ အနည်းငယ်မျှ အဝမာရရှိသော် လည်း ရှင်ပြုမပေးအပ်။)

(သာဋီ ... သင်းပိုင်ကိုယ်ရုံတို့ဖြင့် ပကတိဖုံးလွှမ်းရာမှ တပါးသော နေရာ၌ လက်သည်းခွံမျှရှိလျှင် မတိုးပွား သော်လည်း မအပ်။ လက်သည်းခွံ အောက်ငယ်လျှင် တိုးပွားသော် လည်းကောင်း၊ မတိုးပွားသော် လည်းကောင်း အပ်၏။ မျက်နှာစသည်တို့၌သာ ပယ်ခြင်းကြောင့်တည်း။ ဂဏ္ဍ၌လည်း ဤနည်းဖြင့်သာ ဆုံးဖြတ်အပ်၏။ မျက်နှာစသည်တို့၌ ကလောစေ့ အောက်ငယ်သော ဂဏ္ဍသည်လည်း မအပ်ဟူ၍ သီးခြား မပြသော်လည်း ကုဋ္ဌ၌ဆိုသောနည်းဖြင့် မအပ်ဟုသိအပ်၏။ ကလောစေ့ကား ဆီးစေ့ခန့် ရှိ၏။ ပဒုမ္မာပုဏ္ဍရိတ် ကြာချပ် အဆင်းသည် ပဒုမ္မာအနီ အစွမ်းဖြင့် ပဒုမာ ကြာချပ်အဆင်းဖြစ်၏။ လောသဗျာဓိသည် ခယရောဂ ဖြစ်၏။)

(ဝိဋီ ... ဖုံးလွမ်းအပ်သောနေရာ၌ လက်သည်းခွံမျှရှိ၍ မတိုးပွားလျှင် အပ်၏-ဟုဆိုသောကြောင့် မဖုံးရာ၌ မအပ်။ ဖုံးရာ၌လည်း မတိုးပွားသော်လည်း မအပ်ဟုဆိုခြင်းဖြင့် ကလောစေ့အောက်ငယ်သော ဂဏ္ဍလည်း မအပ်ဟု ပြသည်။ ထို့ကြောင့် သဉ္ဆဝိံကာရေတွာ ဟုဆိုသည်။ ဝိဇ္ဇမာနစ္ဆဝိံ ကတွာ - အနက်။ သဉ္ဆဝိံ ဟူ၍လည်း ရှိ၏။ သဉ္ဇါတစ္ဆဝိံ အနက် ဂဏ္ဍစသည်တို့ ပျောက်သောအခါ ထိုနေရာက ဆင်းပျက်သော်လည်း အပ်၏။ ပဒုမ္မာပုဏ္ဍရိတ်ကြာချပ်အဆင်းသည် ပဒုမ္မာအနီ ပဒုမ္မာအဖြူ၏ ပွင့်ဖတ်အဆင်းဖြစ်၏။ ကုဋ္ဌ၌ ဆိုပြီးသော နည်းဖြင့်သာ ကိလေသာ၌ဟူသော စကားဖြင့်ဖုံးရာ၌မတိုးလျှင် အပ်၏။ တပါးသောနေရာ၌ တစုံတခုမျှလည်း မအပ်ဟု ဆိုပြီးသောနည်း ကိုပြသည်။ သောသဗျာမိသည် ခယရောဂါဖြစ်၏။ ယက္ခုမ္မာရဟူသည် တရံတခါ လာ၍ မြေ၌လှည်း၍ လက်မျက်နှာ စသောအစိတ်ကို မြေ၌သွေးသော ဘီလူးဖြစ်၏၊ ရောဂါသော်လည်းဖြစ်၏။)

ရာဇဘဋဝတ္ထု စသည်

ထိုအခါ ဗိမ္ဗိသာရမင်းကြီး၏ ပစ္စန္တရာဇ်သည် ပျက်စီး၏။ မင်းကြီးသည် သေနာနာယက အမတ်ကြီးတို့ကို၊ အချင်းတို့ ပစ္စန္တရာဇ်ကို ကြီးပွားသာယာအောင် ပြုပြင်ကြလောဟု စေလွတ်၏။ ထင်ရှားသောစစ်သားတို့သည် မကောင်းမှုမပြုလိုဟု ရဟန်းတို့ထံ ရှင်အဖြစ် တောင်းပန်ကုန်၏။ ရှင်ပြုပေး-ရဟန်းပြုပေးကုန်၏။ နာယက အမတ်ကြီးတို့ သိလတ်သော် ရဟန်းတို့ကိုကဲ့ရဲ့၍ မင်းကြီးအား အကြောင်းကြားကုန်၏။

မင်းကြီးသည် တရားဆုံးဖြတ်သော အမတ်တို့ကို အချင်းတို့၊ မင်းခယောက်ျားကို ရဟန်းပြုပေးသူသည် အဘယ်အပြစ်ကို ဆည်းပူးသနည်းဟု မေး၏။ အရှင်မင်းကြီး၊ ဥပဇ္ဈာယ်အား ဦးခေါင်းဖြတ်အပ်၏။ ကမ္မဝါစာ- ဆရာအားလျှာထုတ်အပ်၏။ ကာရကသံဃာအား နံရိုးထက်ဝက်ချိုးအပ်၏ဟု လျှောက်တင်ကုန်၏။

မင်းကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား မသဒ္ဓါသောမင်းတို့သည် အနည်းငယ်မျှဖြင့်လည်း ရဟန်းတို့ကို ညှဉ်းဆဲကုန်ရာ၏။ အရှင်ကောင်းတို့သည် မင်းခယောက်ျားတို့ကို ရှင်မပြုပေးမူ ကောင်းပါသည် ဟုလျှောက်၏။ မြတ်စွာဘုရားသည် တရားဟောပြီးလျှင် ချစ်သားတို့..၊ မင်းခယောက်ျားကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ … မင်းကြီးသည် သောတာပန်ဖြစ်သောကြောင့် ပစ္စန္တရာဇ်ကို ကြီးပွားသာယာအောင် ပြုပြင်ကြလောဟု စေလွှတ်သည်။ ခိုးသူတို့ကို သတ်ကြလောဟု မစေလွှတ်၊ ရှင်ပြုရာ၌ ဥပဇ္ဈာယ်သည် အမြတ်ဆုံး၊ ထိုအောက် အာစရိယ၊ ထိုအောက် ဂဏဟုကြံစည်၍ ဝေါဟာရ ဝိနိစ္ဆယ၌ ဤသို့ရှိပါသည်ဟု - (မုသာ) လျှောက်တင်ကုန်၏။ မင်းခယောက်ျား ဟူသည်ကား အမစ္စ-အမတ်၊ မဟာမတ္တ-အမတ်ကြီး၊ သေဝက မင်းခစား၊ ရာထူးရသော် လည်းကောင်း မရသော်လည်းကောင်း၊ မင်းရိက္ခာဖြင့် စားသူ-ဤသူတို့တည်း။ ရှင်ပြုမပေးအပ်။

မင်းခယောက်ျား၏ သား၊ မြေး၊ ညီအစ်ကိုတို့ကား မင်းမှရိက္ခာ မယူသူကို ရှင်ပြုပေးခြင်းငှာ အပ်၏။ မင်းမှ ရသောစည်းစိမ် လစာ နှစ်စာကို မင်းထံပြန်၍ အပ်နှင်းသူ၊ သားညီတို့ကို ရာထူးလွှဲ၍ ယခုအမှုထမ်းအဖြစ်မှ ထွက်ပါပြီဟု မင်းထံခွင့်ပန်သူ၊ ရိက္ခာ ယူထားပြီးသူ၊ ရှင်ပြုလောဟု မင်းခွင့်ပြုသူ၊ ဤသူတို့ကိုလည်း ရှင်ပြုပေး ခြင်းငှာအပ်၏။

(ဝိဋီ ... မင်းမှုထမ်းအမတ်တို့ စသည်တို့ ခန့်ထားသော သူခစား၊ အမတ်စသည်တို့၏ သူခစားတို့သည် ထိုထို အမတ်စသည်ကိုလည်း ပန်ခြင်းငှာသင့်၏။)

အင်္ဂုလိမာလ ဧဟိဘိက္ခု

ထိုအခါ ခိုးသူ အင်္ဂုလိမာလသည် ရဟန်းတို့၌ရှင်ပြု၏။ လူတို့သည် မြင်၍ ထိတ်လန့်ကုန် ပြေးကုန်၏။ မျက်နှာ လွှဲကြ တံခါးပိတ်ကြ၏။ ဓဇဗန္ဓတံခွန်စိုက်ခိုးသူကို အဘယ်ကြောင့် ရှင်ပြုပေးကုန်သနည်းဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ .... တံခွန်စိုက်ခိုးသူကို ရှင်ပြု မပေးအပ်။ ဒုက္ကဋ်။

[ထာ … အင်္ဂုလိမာလကို မြင်ဖူး ကြားဖူးသူတို့ လန့်ပြေးကုန်၏။ မသိသူတို့၏အိမ်၌ ဆွမ်းရ၏။ မြတ်စွာဘုရား သည် ဓမ္မသာမိဖြစ်သောကြောင့် (ရဟန်းတို့ ရှင်ပြုမပေးအပ်သော ခိုးသူအင်္ဂုလိမာလကို ရှင်ပြုပေးသည်။ ဝါ - ဧဟိဘိက္ခု အဖြစ်ဖြင့် ရှင်ပြုပေးသည်။) နောင်အခါ မပြုပေးစိမ့် သောငှာ ရဟန်းတို့အား သိက္ခာပုဒ် ပညတ်တော်မူသည်။

တံခွန်ဖွဲ့၍ လှည့်လည်သည်နှင့် တူသောကြောင့် တံခွန်စိုက်ခိုးသူ မည်၏။ မူလဒေဝ စသည်ကဲ့သို့ ထင်ရှားသူဟူလို။ ထို့ကြောင့် ရွာဖျက်ခြင်း၊ လမ်း၌လုခြင်း၊ မြို့၌ တိုက်နံရံအစပ်ဖေါက်ခြင်း စသည်ကိုပြု၍ “ဤသူဤအမှု ဤအမှုပြုသည်”ဟု ထင်ရှားအံ့ ရှင်ပြုမပေးအပ်။

မင်းသားသည် မင်းအဖြစ်တောင့်တ၍ ရွာဖျက်ခြင်း စသည်ကိုပြုအံ့၊ ရှင်ပြုပေးအပ်၏။ မင်းတို့ ဝမ်းမြောက် သောကြောင့်တည်း။ ဝမ်းမမြောက်လျှင် ပြုမပေးအပ်။ ရှေးအခါ ထင်ရှားသော်လည်း နောက်၌ ခိုးမှုပယ်၍ သီလသီတင်း ဆောက်တည်သည်ဟု လူတို့ သိကုန်အံ့၊ ရှင်ပြုပေးအပ်၏။ သရက် ပိန္နဲစသည်ခိုးသူ၊ မထင်ရှားသော ဖောက်ထွင်းခိုးသူတို့ကိုကား ရှင်ပြုပေးခြင်းငှာ အပ်၏။)

ကာရာဘေဒ

အခါတပါး ဗိမ္ဗိသာရမင်းကြီးသည် သာသနာ၌ ရဟန်းပြုသူတို့ကို တစုံတရာမပြုရ၊ မြတ်သောအကျင့်ကို ကျင့်ကြံကြစေသတည်း ဟု ခွင့်ပြု၏။ ထိုအခါ ခိုးမှုကြောင့် အချုပ်ထောင်၌ ချုပ်ထားသော ခိုးသူ တယောက်သည် အချုပ်ထောင်ဖောက်၍ ထွက်ပြေးပြီးလျှင် ရဟန်းတို့ထံ၌ ရှင်ပြု၏။ လူတို့မြင်လတ်သော် ဤသူကား ထောင်ဖောက်ခိုးသူဖြစ်၏။ ဖမ်းပို့ကုန်အံ့ဟု ဆိုကုန်၏။ အမောင်တို့၊ ဤသို့မဆိုကြလင့်၊ မင်းကြီး ခွင့်ပြုထားပြီဟု အချို့ ဆိုလတ်သော် ဤရဟန်းတို့သည် အဘယူဝရ-ဘေးမရှောင်သူတို့ ဖြစ်ကုန်၏။ ထောင်ဖောက်ခိုးသူကို ရှင်ပြုပေးကြသည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ကာရာဘေဒက-ထောင်ဖောက် ခိုးသူကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... ဘယေန ဥပရိမန္တီတိ ဘယူဝရာ။ မကိုဝပြု။ န ဘယူဝရာ အဘယူဝရာ။ ဘေးမဲ့ရသောကြောင့် ဘေးမှမရှောင်သော ရဟန်းတို့ ဟူလို။ ကာရာ-ဟူသည် ဗန္ဓနာဂါရ အချုပ်ထောင်ဖြစ်သည်။ ဤနေရာ၌ကား အန္ဒုဗန္ဓန-ထိတ်တုန်းအဖွဲ့၊ သင်္ခလိကာဗန္ဓန-သံခြေကျဉ်းအဖွဲ့၊ ကြိုးနှောင်အဖွဲ့၊ ဂါမဗန္ဓန-ရွာအဖွဲ့၊ နိဂမဗန္ဓန-နိဂုံးအဖွဲ့၊ နာဂရဗန္ဓန-မြို့အဖွဲ့၊ ပုရိသဂုတ္တိ-ယောက်ျားအစောင့်၊ ဇနပဒဗန္ဓန-ဇနပုဒ်အဖွဲ့၊ ဒီပဗန္ဓန-ကျွန်းအဖွဲ့၊ ဤအဖွဲ့တခုခုကို ဖောက်ဖျက်ဖြေဖွင့်၍ စောင့်သူတို့မမြင်စဉ် ထွက်ပြေးသူသည် ကာရာဘေက မည်၏။

ထို့ကြောင့် ဤသို့ ခိုးသူတို့ တကျွန်းမှာကျွန်းသို့ ရောက်သော်လည်း ရှင်ပြုပေးအပ်၊ ခိုးသူ မဟုတ်ပဲ လက်အမှုပြုစေလို၍ မင်းအမတ်စသည်တို့ ဖမ်းချုပ်ထားသူကား ထောင်ဖောက်ပြေးသော်လည်း ရှင်ပြုပေး အပ်၏။ အခွန်တော်ငွေကြေး မဆောင်၍ ချုပ်ထားသူ ထွက်ပြေးလာအံ့။ ရှင်ပြု မပေးအပ်။ လယ်ထွန်ခြင်း စသည်တို့ဖြင့် ပစ္စည်းပြည့်စုံစေ၍ အသက်မွေးသူဖြစ်လျက် ဤသူ ရွှေအိုးငွေအိုး ရသည်ဟု ဂုံးတိုက်ကြသဖြင် အနှောင်အဖွဲ့ခံရသူဖြစ်အံ့၊ ထိုအရပ်၌သာ ရှင်ပြုမပေးအပ်။ ထွက်ပြေး၍ ရောက်ရာ အရပ်၌ကား ရှင်ပြုပေးခြင်းငှာ အပ်၏။

လိခိတက

ထိုအခါ လူတယောက်သည် ခိုးမှုပြု၍ ထွက်ပြေး၍ ရဟန်းတို့ထံ၌ ရှင်ပြု၏။ ထိုလူကို “မြင်ရာအရပ်၌ သတ်အပ်သူ”ဟု မင်း၏ နန်းတော်တွင်း၌ စာရေးထားအပ်၏။ လူတို့မြင်လတ်သော် သတ်ကုန်အံ့ဟု ဆိုကုန်၏။ အမောင်တို့ မင်းကြီးခွင့်ပြုထားပြီဟု အချို့ ဆိုလတ်သော် ဤရဟန်းတို့သည် အဘယူဝရတို့ ဖြစ်ကုန်၏။ စာရေးထားအပ်သူကို ရှင်ပြု မပေးအပ်။ ဒုက္ကဋ်။

[ထာ ... မြင်ရာအရပ်၌သတ်အပ်သူ-ဟု သက်သက်ရေးသည်မဟုတ်၊ ခိုးမှုကို ကြီးလေးသော မင်းအပြစ်ကို ပြု၍ ထွက်ပြေးသူ ဖြစ်သောကြောင့် မင်းသည် စာရွက်၌ ဤအမည်ရှိသေးသူကို မြင်ရာ၌ ဖမ်း၍ သတ်အပ်၏ဟူ၍ လည်းကောင်း၊ လက်ခြေဖြတ်အပ်၏ဟူ၍ လည်းကောင်း၊ ဤမျှသော ဒဏ်ကို ဆောင်စေအပ်ဟူ၍ လည်းကောင်း စာရေးထားစေ၏။ ဤလိခိတကကို ရှင်ပြုမပေးအပ်။]

ကသာဟတ

ထိုအခါ လူတယောက်သည် ကသာဟတ = ကြိမ်ရိုက်ဒဏ်ခံရသူဖြစ်၍ ရဟန်းတို့၌ ရှင်ပြု၏။ လူတို့မြင် လတ်သော် ကဲ့ရဲ့ ကုန်၏။ ချစ်သား … ကသာဟတ၊ ကြိမ်ရိုက်ဒဏ်ခံရသူကို ရှင်ပြုမပေး အပ်။ ဒုက္ကဋ်။

[ထာ ... စကားနားမထောင်ခြင်း၊ စေခိုင်းသည်ကို မပြုခြင်း စသည်ကြောင့် အရိုက်ခံရသူသည် ဒဏ်ခံရသူ မဟုတ်၊ အခွန်အဖြင့်လည်းကောင်း၊ တပါးသော အခြင်းအရာဖြင့် လည်းကောင်း၊ တစုံတခုကိုယူစား၍ ပြန်မပေးနိုင်သူကို သင့်အား ဤဒဏ် ဖြစ်စေဟု ကြိမ်တို့ဖြင့် ရိုက်အပ်၏။ ဤကြိမ် ရိုက်ခံရသူသည် ကသာဟတ ကြိမ်ရိုက်ဒဏ်ခံရသူဖြစ်၏။ ကြိမ်ဖြင့်လည်းကောင်း၊ တုတ်စသည်ဖြင့် လည်းကောင်း၊ အရိုက်ခံရသူကို စိုစွတ်သော အနာရှိသမျှပတ်လုံး ရှင်ပြုမပေးသပ်။ အနာတို့ကို ပကတိဖြစ်အောင် ပြုပြီးမှ ရှင်ပြုပေးအပ်၏။ ဒူး၊ တထောင်၊ အုန်းသီး၊ ကျောက်ခဲစသည် တို့ဖြင့် ထောင်းထုခံရ၍ လွတ်လာသူဖြစ်အံ့။ ကိုယ်၌ ဖူးဖူးယောင် သေးလျှင် ရှင်ပြုမပေးအပ်၊ ကုစား၍ ဖူးဖူးယောင်ပျောက်လျှင် ရှင်ပြုပေးအပ်၏။]

လက္ခဏာဟတ

ထိုအခါ လူတယောက်သည် လက္ခဏာဟတ - သံပူကပ်ဒဏ်ခံရသူဖြစ်၍ ရဟန်းတို့၌ ရှင်ပြု၏။ လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သား ... လက္ခဏာဟတ-သံပူကပ်ဒဏ်ခံရသူကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... သံပူကပ်ခံရသော်လည်း ဒဏ်ခံရသူမဟုတ်သည် ဟုတ်သည်ကို ကသာဟတနည်းဖြင့် သိအပ်၏။ နဖူးပြင်၊ ပေါင်စသည်တို့၌ သံပူဖြင့် အမှတ်တံဆိပ် ခတ်နှိတ်အပ်သူသည် ကျွန်လေးမျိုးမှလွတ်သော တော်လှန်သူ ဖြစ်အံ့၊ အနာစွတ်စိုသမျှပတ်လုံး ရှင်ပြုမပေးအပ်။ အသားနု တက်၍ အရေပါးနှင့် ညီမျှသည်ဖြစ်အံ့၊ အမှတ်ထင်သော်လည်း အဝန်းသုံးပါး ဝတ်၍ ကိုယ်ရုံဖြင့် ဖုံးလွှမ်းအပ်သောအရပ်၌ဖြစ်လျှင် ရှင်ပြုပေးခြင်းငှာ အပ်၏။ မဖုံးလွှမ်းရာအရပ်၌ဖြစ်လျှင် မအပ်။]

ဣဏာယိက

ထိုအခါ ကြွေးရှိသူတယောက်သည် ထွက်ပြေး၍ ရဟန်းတို့၌ ရှင်ပြု၏။ ကြွေးရှင်တို့မြင်လတ်သော် ငါတို့၏ကြွေးရှိသည် ဖမ်းမည်ဟု ဆိုကုန်၏။ အမောင်တို့ .. မင်းကြီးခွင့်ပြုထားပြီဟု တချို့ဆိုလတ်သော်၊ ဤရဟန်းတို့သည် အဘယူဝရတို့ဖြစ်ကုန်၏။ ကြွေးရှိသူကို ရှင်ပြု ပေးကြသည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ကြွေးရှိသူကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... မိဘဘိုးဘွားယူသော ကြွေးမြီ၊ မိမိယူသော ကြွေးမြီ၊ မိမိတို့ပေါင်နှံ၍ မိဘတို့ယူသောကြွေးမြီ၊ ဤ ကြွေးမြီဟူသမျှကို မိမိ ပေးဆပ်ရသည်ဖြစ်သောကြောင့် ထိုသူသည် ဣဏာယိက မည်၏။ ရှင်ပြုမပေးအပ်။

တပါးသော ဆွေမျိုးတို့က မိမိကိုပေါင်နှံ၍ ယူလျှင် ဣဏာယိက မဟုတ်။ ထိုဆွေမျိုးတို့သည် ထိုသူကို ပေါင်နှံခြင်းငှာ အစိုးမရကုန်။ ရှင်ပြုပေးခြင်းငှာ အပ်၏။

ဆွေမျိုးသားချင်းတို့သည်လည်းကောင်း၊ တပါးသောသူသည်လည်းကောင်း “အကျွန်ုပ်တို့ ပေးဆပ်ကြမည်၊ ထိုသူကို ရှင်ပြုပေးကြပါ”ဟု ဝန်ခံကုန်အံ့၊ ရှင်ပြုပေးခြင်းငှာ အပ်၏။ ဝန်ခံသူ မရှိလျှင် ရဟန်းသည် ဝန်ခံနိုင်သော အလုပ်အကျွေး ဒါယကာအား ပြောကြားအပ်၏။ ထိုသူဝန်ခံအံ့၊ ရှင်ပြုပေးအပ်၏။

မိမိအား ကပ္ပိယဘဏ္ဍာ ရှိအံ့၊ ထိုဘဏ္ဍာကို ပေးမည်ဟူ၍လည်း ရှင်ပြုပေးအပ်၏။ ဝန်ခံသူလည်း မရှိ၊ ကပ္ပိယဘဏ္ဍာလည်းမရှိသဖြင့် “ရှင်ပြုပေးပြီးမှ အလှူခံ၍ ကြွေးဆပ်မည်” ဟူ၍ကား ရှင်ပြုပေးခြင်းငှာ မအပ်။ အကယ်၍ ပြုပေးအံ့။ ဒုက္ကဋ်။ ထွက်ပြေးသော်လည်း ဆောင်၍ပေးအပ်၏။ မပေးငြားအံ့၊ ကြွေးအားလုံးသည် ဂီဝါဖြစ်၏။ အစားပေးထိုက်၏။ (ကြွေးရှိသည်အဖြစ်ကိုသိလျက် မရိုသေခြင်းဖြင့် ကြွေးလွတ်သော ဘိက္ခု အဖြစ်သို့ သွင်းခြင်းကြောင့်တည်း။) မသိ၍ ရှင်ပြုပေးသူအား အနာပတ္တိ။

မြင်သောအခါဆောင်၍ ကြွေးရှင်တို့အား ပြအပ်၏။ မမြင်သူအား ဂီဝါမဖြစ်။ ကြွေးရှိလျက် အရပ် တပါးသို့ သွား၍ ကြွေးမရှိဟုဆို၍ ရှင်ပြုအံ့။ ကြွေးရှင်လိုက်လာသည်ကို မြင်လတ်သော် ထိုရှင်သစ်သည် ထွက်ပြေးအံ့၊ ကြွေးရှင်သည် မထေရ်ထံ ချဉ်းကပ်၍၊ ဤသူကို အဘယ်သူရှင်ပြုပေးပါသနည်း၊ အကျွန်ုပ်၏ ဤမျှသော ကြွေးကိုယူ၍ ထွက်ပြေးပါသည်ဟု ဆိုအံ့။ ဒါယကာ၊ ကြွေးမရှိ ပါဟု ဆိုသောကြောင့် ငါရှင်ပြုပေးသည်၊ ယခု အဘယ်သို့ ပြုအံ့နည်း၊ ငါ့အား သပိတ်သင်္ကန်းမျှရှိသည်ကိုကြည့်လော၊ (ဝါ-ဤသပိတ်သင်္ကန်းမျှ ငါပေးရလတ္တံ့) ဟု မထေရ်ဆိုအပ်၏။ ဤသို့ဆိုခြင်းသည် ထိုကြေးရှိသူကို ရှင်ပြုပေးမိရာ၌ ကျင့်ဝတ်တည်း။ ထွက်ပြေးခြင်း ကြောင့်ကား ဂီဝါမဖြစ်။

ထိုရှင်သစ်ကို မထေရ်၏ မျက်မှောက်၌သာမြင်၍ အကျွန်ုပ်၏ ကြွေးရှိပါသည်ဟုဆိုအံ့။ သင်၏ကြွေးရှိသူကို သင်သာသိလောဟုဆို၏။ ဤသို့လည်း ဂီဝါမဖြစ်။ ယခုရှင်ဖြစ်နေပြီ၊ အဘယ်အရပ်သို့သူသွားဦးမည်နည်းဟု ဆိုအံ့၊ သင်သာသိလောဟုဆိုအပ်၏။ ဤသို့လည်း ထိုသူထွက်ပြေးခြင်းကြောင့် ဂီဝါ မဖြစ်။ အကယ်၍ မထေရ်က အဘယ်သို့သူ သွားလတ္တံ့နည်း၊ ဤ၌သာ နေပါစေဟုဆိုအံ့၊ ထွက်ပြေးလျှင် ဂီဝါဖြစ်၏။

ပါရမီအကြောင်းရှိသူ ကျင့်ဝတ်ပြည့်စုံသူဖြစ်လျှင် မထေရ်သည် “ဤသူ ဤသို့သဘောရှိသည်” ဟု ဂုဏ်ကျေးဇူး ပြောအပ်၏။ ကြွေးရှင်သည် ကောင်းပါပြီဟု လွှတ်အံ့၊ အပြစ် မရှိ။ ထက်ဝက်ထက်ဝက်မျှ (ဝါ၊ အနည်းငယ်မျှ ပေးပါဟု ဆိုအံ့၊ ပေးအပ်၏။ နောက်အခါ၌ အလွန်နှစ်သက်စေတတ်သော ရဟန်းကောင်း ဖြစ်အံ့၊ အားလုံး ပေးပါဟုဆိုလျှင်လည်း ပေးအပ်သည်သာတည်း။ ပါဠိ သင်ခြင်း၊ အဋ္ဌကထာ မေးမြန်းခြင်း စသည်တို့၌ ကျွမ်းကျင်သူ၊ ရဟန်းတို့အား ကျေးဇူးများသူဖြစ်ခဲ့အံ့၊ ဆွမ်းခံကျင့်ဝတ်ဖြင့် အလှူခံ၍သော်လည်း ကြွေးကို ပေးအပ်သည်သာတည်း။]

(ဝိဋီ ... ပေးအပ်သည်သာတည်း ဟူသည်ကား ကြွေးရှင်သည် ဥစ္စာကို လက်ခံသည် ဖြစ်စေ၊ လက်မခံ သည်ဖြစ်စေ၊ ပေးခြင်း၌ အားထုတ်ခြင်းရှိသူသာ ဖြစ်ထိုက်၏။ တပါးသော ရဟန်းတို့ကလည်း “မပေးတော့အံ့” ဟု ဝန်မခံပါနှင့်ဟုဆို၍ အဖော်တို့ဖြစ်ထိုက်၏၊ ဝန်ချခြင်းအားဖြင့် ထိုသူအား ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်ထိုက်ခြင်း ဖြစ်ရာသောကြောင့်တည်း။)

ဒါသဝတ္ထု

ထိုအခါ ကျွန်တယောက်သည် ထွက်ပြေး၍ ရဟန်းတို့ထံ၌ရှင်ပြု၏။ သခင်မြင်လတ်သော် ငါ့ကျွန်ဖြစ်သည် ဖမ်းမည်ဟုဆို၏။ အမောင်၊ မင်းကြီးခွင့်ပြုထားပြီဟု ဆိုလတ်သော် ဤရဟန်းတို့သည် အဘယူဝရတို့ ဖြစ်ကုန်၏။ ကျွန်ကိုရှင်ပြုပေးကြသည်ဟု ကဲ့ရဲ့၏။ ချစ်သားတို့ ... ကျွန်ကို ရှင်ပြုမပေးအပ်။ ဒုက္ကဋ်။

[ထာ ... ကျွန်ဟူသည် အန္တောဇာတ - အိမ်ပေါက်ကျွန်၊ ဓနက္ကီတ - ငွေဝယ်ကျွန်၊ ကရမရာနီတ - သုံ့ ပန်းကျွန်၊ သာမံဒါသဗျံ ဥပဂတ - ကိုယ်တိုင်ကျွန် အဖြစ်သို့ ကပ်ရောက်သောကျွန် (ဝါ-သာမံဒါသ၊ ကိုယ်တိုင် ကျွန်ခံသောကျွန်) ဤသို့ လေးယောက်ရှိ၏။

ထိုတွင် အန္တောဇာတသည် ဇာတိကျွန်ဖြစ်၏။ အိမ်ကျွန်မ ဃရဒါသီ၏ သားဖြစ်၏။ ဓနက္ကီတသည် မိဘထံမှ သားကိုလည်းကောင်း၊ သခင်ထံမှကျွန်ကိုလည်းကောင်း၊ ဥစ္စာပေး၍ ဒါသစာရိတ္တ ကျွန်စာရင်းတင်၍ ဝယ်အပ်သူ ဖြစ်၏။ ဤနှစ်ယောက်ကို ရှင်ပြုမပေးအပ်။ ရှင်ပြုပေးလိုလျှင် ထိုထို အရပ်စာရိတ္တစွမ်းဖြင့် (နည်းထုံးစွမ်းဖြင့်) အဒါသ ဖြစ်အောင် ပြု၍ ရှင်ပြုပေးအပ်၏။

ကရမရာနီတ မည်သည်ကား တိုင်းတပါးကို လုယက်၍လည်းကောင်း၊ တိုင်းတပါးမှ ဖြားယောင်း၍ လည်းကောင်း၊ ကျွန်မဟုတ်သော ဘုဇိဿ-လူအပေါင်းကို ဆောင်ယူလာကုန်၏။ တိုင်းတွင်းမှသော်လည်း အပြစ်ကျူးလွန်သော ရွာကို ဖျက်ရမည်ဟု မင်းအာဏာ ထားသဖြင့် ထိုရွာမှ လူတို့ကိုသော်လည်း ဆောင်ယူ လာကုန်၏။ ထိုသူတို့တွင် ယောက်ျားဟူသမျှ ဒါသ၊ မိန်းမ ဟူသမျှ ဒါသီတို့ဖြစ်ကုန်၏။ ဤသို့သော ကရမရာနီတတို့ကို ဖမ်းလာသူတို့ ထံ၌ နေစဉ်၊ နှောင်အိမ်၌ အချုပ်ရစဉ်၊ ယောက်ျားတို့ စောင့်ရှောက်အပ်စဉ် ရှင်ပြုမပေးအပ်။ ထွက်ပြေးလျှင်ရောက်ရာအရပ်၌ ရှင်ပြုပေးအပ်၏။

မင်းသည် နှစ်လိုခြင်းဖြင့် သုံ့ပန်းတို့ကို လွှတ်ကြလောဟု ဆို၍ လွှတ်သူတို့ကို လည်းကောင်း၊ (ဘိသိက်အခါ စသည်တို့၌) အားလုံးဆက်ဆံသောနည်းဖြင့် လွှတ်သူတို့ကိုလည်းကောင်း ရှင်ပြုပေးအပ်သည်သာတည်း။

သာမံ ဒါသဗျံ ဥဂပက-ဟူသည် ကိုယ်တိုင်သာလျှင် ကျွန်အဖြစ်သို့ ကပ်ရောက်သူဖြစ်၏။ မင်းတို့၏-ဆင် မြင်း ကျွဲ၊ နွား ထိန်းကျောင်းသမား စသည်ကဲ့သို့တည်း။ ထိုကျွန်မျိုးကို ရှင်ပြု မပေးအပ်၊ မင်း၏ မောင်းမ- ဝဏ္ဏဒါသီ တို့၏ သားတို့သည် အမစ္စပုတ္တနှင့်တူကုန်၏။ ရှင်ပြု မပေးအပ်ကုန်။

ဝဏ္ဏဒါသီမဟုတ်ပဲ စောင့်စည်းခြင်းကင်းလျက် ဝဏ္ဏဒါသီတို့နှင့် အတူနေလေ့ရှိသော မိန်းမတို့၏ သားတို့ကို ရှင်ပြုပေးအပ်၏။ ကိုယ်တိုင်သာလျှင် ဝဏ္ဏဒါသီစာရင်းတင်အံ့၊ မအပ်။

ဘဋိပုတ္တကဂဏ၊ ဗိသာနိုး၏သား မဟာပိန္နဲကို ကိုးကွယ်သူအပေါင်း စသည်တို့၏ ကျွန်ကိုလည်း ထိုသူအပေါင်းတို့ မပေးလျှင် ရှင်ပြုမပေးအပ်။

ကျောင်းတို့၌ မင်းတို့သည် အာရာမိကဒါသ- အရံစောင့်ကျွန်ကို လှူကုန်အံ့။ ထိုဒါသကိုလည်း ရှင်ပြုမပေးအပ်။ တော်လှန်သူ ဘုဇိဿ ဖြစ်အောင်ပြု၍ ရှင်ပြုပေးလျှင် အပ်၏။ မဟာပစ္စရိ၌ အန္တောဇာတ၊ ဓနက္ကီတတို့ကို အာရာမိကေဒေမ - အရံစောင့်တို့ကို လှူပါကုန်၏ဟု ရဟန်းသံဃာအား လှူလျှင် ဦးခေါင်း၌ ရက်တက်လောင်း သည်နှင့် ဟူ၏။ ရှင်ပြု ပေးခြင်းငှာ အပ်သည်ဟုဆို၏။

ကုရုန္ဒီ၌ကား ကပ္ပိယ ဝေါဟာရဖြင့် အာရာမိကံဒေမ-ဟုလှူကြသည်။ ကပ္ပိယ အကပ္ပိယ အမှတ်မရှိ ဝေါဟာရဖြင့် လှူစေကာမူ ရှင်ပြုမပေးအပ်သည်သာ ဟုဆို၏။ သံဃာကိုမှီ၍ အသက်မွေးမည်ဟု ကျောင်း၌ ကပ္ပိယကာရကပြုလုပ်ကုန်သော ဒုဂ္ဂတမနုဿ - လူဆင်းရဲကိုလည်း ရှင်ပြုပေးခြင်းငှာအပ်၏။

မိဘနှစ်ဦးလုံး ကျွန်ဖြစ်သူ၊ အဖကျွန်မဟုတ် အမိသာကျွန်ဖြစ် သူတို့ကို ရှင်ပြုပေးအပ်၏။ အမိကျွန်မဟုတ် အဖသာကျွန်ဖြစ်လျှင် ရှင်ပြုပေးရ၏။ ရဟန်း၏ ဆွေမျိုးသည် လည်းကောင်း၊ ဒါယကာသည် လည်းကောင်း ဣမံ ပဗ္ဗာဇေတ တုမှာကံ ဝေယျာဝစ္စံ ကရိဿတိ-ဟု လှူသောဒါသကို ဖြစ်စေ၊ ရဟန်းအား ရှိပြီးသော မိမိ၏ဒါသကိုဖြစ်စေ၊ တော်လှန်ပြီးမှသာ ရှင်ပြုပေးအပ်၏။

သခင်တို့သည် ကျွန်ကိုလှူသောအခါ ဤသူကိုရှင်ပြုပေးကြပါ၊ ပျော်မွေ့လျှင်အဒါသ၊ လူထွက်လျှင် အကျွန်ုပ်တို့၏ ဒါသသာဟုဆိုအံ့၊ တာဝကာလိက မည်၏။ ရှင်ပြုမပေးအပ်ဟု ကုရုန္ဒီ၌ဆို၏။ ဒါသသည် သခင်မရှိသူပင်ဖြစ်စေ၊ တော်လှန်ပြီးမှသာ ရှင်ပြုပေးအပ်၏။ မသိပဲရှင်ပြုပေး၍ ရဟန်းခံပေးပြီး၍သော်လည်း နောင်သိလျှင် တော်လှန်အပ်သည်သာတည်း။

ဆောင်စရာ ဝတ္ထုကြောင်းကား ကုလဒါသီ တယောက်သည် ယောက်ျားတယောက်နှင့် အနုရာဓမှ ထွက်ပြေး၍ ရောဟဏ၌ နေစဉ် သားတယောက်ရ၏။ ထိုသားသည် ရှင်ပြု၍ ရဟန်းပြုပြီးသောအခါ လဇ္ဇီကုက္ကုစ္စကဖြစ်၏။ တနေ့၌ မိခင်ကို ဦးတော် ဦးကြီး မိကြီး မိထွေး စသည် မေးမြန်းသဖြင့် မိခင်ဖွင့်ပြောသည်ကို ကြားသိရသောအခါ ငါ၏ ရဟန်းအဖြစ်သည် မသန့်ရှင်းလေစွဟု သံဝေဂရ၍ အနုရာဓသို့ ရောက်လာပြီးလျှင် ထိုသခင်၏ အိမ်တံခါး၌ရပ်၏။ အတိစ္ဆထဘန္တေ၊ ကြွသွားတော်မူပါဦးဟု ဆိုသော်လည်း မသွား။ ထိုအခါ အိမ်ရှင်တို့လာ၍ ကိံ ဘန္တေဟု မေးမြန်းကုန်၏။

ဒါယကာတို့ သင်တို့အား ဤမည်သော ကျွန်မသည် ထွက်ပြေးဖူးသလော၊ ထွက်ပြေးဖူးပါသည်ဘုရား၊ ငါသည် ထိုကျွန်မ၏ သားဖြစ်၏။ သင်တို့ ခွင့်ပြုလျှင် ရှင်အဖြစ်ကို ရပေအံ့၊ သင်တို့သည် ငါ၏သခင်တို့တည်း ဟုဆို၏။ ထိုသခင်တို့သည် လွန်စွာဝမ်း မြောက်ကြသဖြင့် သုဒ္ဓါ ဘန္တေ တုမှာကံ ပဗ္ဗဇ္ဇာ-ဟု တော်လှန်ပြီးလျှင် မဟာဝိဟာရ၌ နေစေ၍ ပစ္စည်းလေးပါးဖြင့် ပြုစုကုန်၏။ ထိုအရှင် သည် အရဟတ္တဖိုလ်သို့ ရောက်ဖူးပြီ။]

(သာဋီ ... အဘိသိက်အခါ စသည်တို့၌ ဗန္ဓနာဂါရ စသည်တို့ကို သုတ်သင်ကုန်၏။ ထိုကိုရည်၍ အားလုံး ဆက်ဆံသောနည်းဖြင့်ဟုဆိုသည်။ ဘုဇိဿိတ္ထီ-တော်လှန်ကောင်းမြတ်သော မိန်မဖြစ်သော်လည်း မယမ္ပိဒါ သီယောဟောမ-ငါတို့လည်း ဒါသီတို့ဖြစ်ကုန်၏-ဟု ကိုယ်တိုင်ကျွန်စာရင်းကို ရေးခိုင်းအံ့၊ မအပ်။ ဒါသကို အဒါသဖြစ်အောင် ပြုသူတို့သည် ရက်တက်ဖြင့် ဦးခေါင်းကိုဆေး၍ပြုကုန်၏။ ထို့အတူ-အာရာမိက အမည်ဖြင့် လှူခြင်းကြောင့် ထိုဒါသတို့လည်း အဒါသသာဟု မဟာပစ္စရိ အလိုရှိ၏။ ရက်တက် လောင်းခြင်း၊ ဆေးခြင်းသည် သီဟိုဠ်ကျွန်း အလေ့ဟု ဆိုကုန်၏။ ကပ္ပိယ ဝေါဟာရဖြင့် လှူသော်လည်း သံဃာ၏ အာရာမိကဒါသ ဖြစ်သောကြောင့် ရှင်ပြုမပေးအပ်သည်သာဟု ကုရုန္ဒီဆို၏၊ သခင်မရှိသောကျွန် ဟူသည်ကား သခင်တို့သည် သားမယား စသည်နှင့်တကွ သေကုန်၏။ သိမ်းပိုက်သူ တစုံတယောက်မျှ မရှိ။ သခင်မရှိသော်လည်း ရှင်ပြုပေးခြင်းငှာ မအပ်။ ထိုကျွန်ကို ရဟန်းကိုယ်တိုင်လည်း တော်လှန်ပေးခြင်းငှာ အပ်၏။ ထိုတိုင်းပြည်၌ အစိုးရတို့ကိုသော်လည်း တော်လှန်စေအပ်၏။ ဒေဝဒါသီ ပုတ္တ-နတ်ကတော် နတ်ထိန်းမ၏သားကို ရှင်ပြုပေးခြင်းငှာ အပ်သည်ဟု ဂဏ္ဌိသုံးကျမ်းတို့၌ ဆို၏။ ရှင်ပြုပြီးမှ သခင်မြင်၍ ထွက်ပြေး သူအားကား အနာပတ္တိဟုဆိုကုန်။)

(ဝိဋီ .... ကျွန်အဖြစ်မှ လွတ်စိမ့်သောငှာ ဝယ်အပ်သော ကျွန်သည် ဓနက္ကီတဖြစ်သော်လည်း ကျွန်မဟုတ်၊ အဒါသ သာတည်း။ ထိုကိုအရပ် စာရိတ္တကား ထိုထိုဇနပုဒ်၌ စာရင်းမီးရှို့စေခြင်း၊ ဒါသပဏဇ္ဈပနစသော အဒါသကရဏနည်းတည်း။ အဘိသိက်အခါ စသည်တို့၌ အလုံးစုံသော ဗန္ဓနတို့ကို လွတ်စေကုန်၏။ ထိုကိုရည်၍ အားလုံးဆက်အံသောနည်းဟု ဆိုသည်။ မယမ္ပိ ဝဏ္ဏဒါသီယော ဟောမ ... ဟု မိမိကို စောင့်စိမ့်သောငှာ ကိုယ်တိုင် မင်း၏ကျွန်စာရင်း၌ မိမိအမည်ကိုရေးခိုင်းသော မိန်းမတို့၏ သားကိုလည်း ရာဇဒါသတို့သာ ဖြစ်သောကြောင့် ရှင်ပြုပေးခြင်းငှာ မအပ်။

ထိုသူအပေါင်းကိုမပေးလျှင် ရှင်ပြုမပေးအပ်ဟူသည်ကား (ဂဏ၏ကျွန်၊ ပုဂ္ဂ၏ကျွန်၊ သေဏ၏ကျွန် စသော ဘုံကျွန်တို့၏) ထိုသခင်တို့တွင် တဦး တယောက်မပေးလျှင်လည်း ရှင်ပြုမပေးအပ်၊ ကျောင်း၌လျူထားသော အာရာမိကဒါသကို ကျောင်းရှိသံဃာကို သိစေ၍ ဖာတိကမ္မ ပွားစီးမှုဖြင့် ဥစ္စာတို့ကိုပေးပြီးလျှင် တော်လှန်၍ ရှင်ပြုပေးခြင်းငှာ အပ်၏။ အချို့အရပ်၌ ဦးခေါင်း၌ ရက်တက်လောင်းခြင်းဖြင့် ဒါသတို့ အဒါသသို့ ဖြစ်ကုန်၏။ ဤအတူ အာရာမိကဝစနဖြင့် လှူခြင်းသည် ရက်တက်လောင်း အတူ အဒေါသဖြစ်သည်ဟု မဟာပစ္စရိ အလိုရှိ၏။ ထိုသို့ လှူသော်လည်း သံဃာ၏ အာရာမိကဒါသ သာဖြစ်သောကြောင့် ရှင်ပြုပေးအပ်ဟု ကုရုန္ဒီဆို၏။

ကာလ ပိုင်းခြား၍ လှူခြင်းသည် လည်းကောင်း၊ နောင်ပြန်ယူလိုခြင်းဖြင့် လှူခြင်းသည် လည်းကောင်း တာဝကာလိက သာတည်း။ သခင်မရှိသော ကျွန်ဟူသည်ကား သခင်သည် ဆွေမျိုးမရှိ၊ သေခြင်းဖြစ်ကုန်၏။ အမွေခံသူမရှိ။ ထိုသခင်မဲ့ကျွန်ကို ဇာတ်တူသူ၊ အမြဲရွာနေသူ၊ အစိုးရတို့ တော်လှန်ပြီးမှသာ ရှင်ပြုပေးအပ်၏။ ဒေဝဒါသတို့လည်း ဒါသတို့ပင်တည်း။ ထိုဒေဝဒါသတို့သည် အချို့အရပ်၌ ရာဇဒေါသ၊ အချို့အရပ်၌ ဝိဟာရဒါသ ဖြစ်ကုန်၏။ ရှင်ပြုမပေးအပ်။ ကျွန်ကို ရှင်ပြုပေးပြီးလျှင် သခင်ကိုမြင်၍ ဖုံးကွယ်ခြင်းငှာ ဆောင်သူကို ခြေလှမ်းအကြိမ်ဖြင့် အဒိန္နာဒါနအာပတ် ဆုံးဖြတ်အပ်၏။ ထွက်ပြေးသောကျွန် (ရဟန်း) အားကား အနာပတ္တိ။)

ဘဏ္ဍုကမ္မဝတ္ထု

ထိုအခါ ကမ္မာရဏ္ဍု - ရွှေပန်းတိမ်သည်၏ သားတယောက်သည် မိဘတို့နှင့် ငြင်းခုံ၍ ကျောင်းသို့သွား၍ ရဟန်းတို့ထံ ရှင်ပြု၏။ မိဘတို့သည် ရှာဖွေလျက် ကျောင်းသို့သွား၍ မေးမြန်းကုန်၏။ ရဟန်းတို့သည် မသိကြ မမြင်ကြသဖြင့်၊ ငါတို့မသိ၊ ငါတို့မမြင်ဟု ဆိုကုန်၏။ ထို့နောက် ရဟန်းတို့ထံ ရှင်ပြု၍နေသည်ကို မြင်လတ်သော်၊ ဤရဟန်းတို့သည် အလဇ္ဇီဒုဿိလ မုသာဝါဒီတို့ဖြစ်ကုန်၏ဟု ကဲ့ရဲ့ကုန်၏။ ချစ်သား ... ဘဏ္ဍုကမ္မ-ဆံရိတ်မှုပြုခြင်းအတွက် သံဃာကိုပန်ကြားခြင်းငှာ ခွင့်ပြု၏။

(ထာ ... ရွှေပန်းတိမ်သည်သား ကမ္မာရဘဏ္ဍု ဟူသည် တုလာ ဓာရ မုဏ္ဍက ချိန်ခွင်ဆောင်သူ ဦးပြည်းဖြစ်၏။ ဦးစွန်းငါးခုရှိသော သူငယ်ကလေးဟု ဆိုလိုသည်။ ဆံရိတ်မှုပြုခြင်းအတွက် သံဃာကိုပန်ရာ၌ အစီအရင်ကား (ဗဒ္ဓသိမ်၊ ဥပစာရသိမ်) ၌ရှိသော ရဟန်းတို့ကို စည်းဝေးစေ၍ ရှင်လောင်းကို ထိုနေရာသို့ဆောင်၍၊ အရှင်ဘုရားတို့၊ ဤ သတို့သား၏ ဘဏ္ဍုကမ္မံ-ဆံရိတ်မှုကိုပန်ကြားပါ၏ဟု သုံးကြိမ်လည်းကောင်း၊ နှစ်ကြိမ် လည်းကောင်း၊ တကြိမ်လည်းကောင်း ဆိုအပ်၏။

ဣမဿဒါရကဿ - ဘဏ္ဍုကမ္မံ အာပုစ္ဆာမ။ သမဏကရဏံ အာပုစ္ဆာမ-ပဗ္ဗဇနံ အာပုစ္ဆာမ .. အယံသမဏော ဟောတု ကာမော။ အယံ ပဗ္ဗဇိတုကာမော ... ဟူ၍လည်း တခုခု ဆိုခြင်းငှာ အပ်၏။ သဘာဝဌာနဖြစ်၍ ရဟန်းနှစ်ဆယ်၊ သုံးဆယ် နေသည်ဟု အပိုင်းအခြား ထင်ရှားအံ့။ ထိုအရပ်သို့ သွား၍သော်လည်း ရှေးနည်းအတိုင်း ပန်ကြားအပ်၏။ ရှင်လောင်းမပါပဲ ရဟန်းငယ်၊ သာမဏေတို့ကို စေလွတ်၍သော်လည်း ရှင်လောင်း တယောက်ရှိပါသည်။ ထိုရှင်လောင်း၏ ဘဏ္ဍုကမ္မကို ပန်ကြားပါသည် စသည်ဖြင့် ပန်ကြား စေခြင်းငှာအပ်၏။ ရဟန်းအချို့ နေရာတခုခု၌ အိပ်ခြင်း၊ တရားနှလုံးသွင်းခြင်း စသည်ကြောင့်မမြင်၍ ရဟန်းအား ပန်ကြားပြီးပြီဟု မှတ်ထင်ကုန်အံ့။ ရှင်ပြုခြင်းသည် လဟုကကံဖြစ်၏။ သုပဗ္ဗဇိတဖြစ်၏။ ရှင်ပြု ပေးသော ဆရာအားလည်း အနာပတ္တိ။

ရဟန်းများစွာနေသော ကျောင်းတိုက်ကြီးဖြစ်၍ အားလုံး စည်းဝေးစေခြင်းငှာ လည်းကောင်း၊ အစဉ်အတိုင်း ပန်ကြားခြင်းငှာ လည်းကောင်း၊ မတတ်နိုင်သည်ဖြစ်အံ့၊ ခဏ္ဍသိမ်ငယ်၌ တည်၍ လည်းကောင်း၊ မြစ်သမုဒ္ဒရာ စသည်သို့သွား၍ လည်းကောင်း၊ ရှင်ပြု ပေးအပ်၏။ (ဝါ-ဆံရိတ်ပေးအပ်၏။) ဆံရိတ်ပြီးစဖြစ်၍ လူထွက်ဖြစ်၍ နှစ်သစ်၊ နှစ်သစ်အောက်ယုတ်သောဆံရှိ၍ ဆံရိတ်ဖွယ်မရှိငြားအံ့၊ ဘဏ္ဍုကမ္မ မပန်ကြားမူ၍လည်း ရှင်ပြုပေးခြင်းငှာအပ်၏။ နှစ်သစ်ထက်ရှည်လျှင် ဦးစွန်း တခုမျှရှိစေကာမူ ဆံရိတ်မှု ပန်ကြား၍သာ ရှင်ပြုပေး အပ်၏။

(ဇီဋီ .... သူငယ်သည် ဦးစွန်းမျှထား၍ လာ၏။ ထို့ကြောင့် ပန်ကြားခြင်းငှာရသည်။ ထိုဦးစွန်းကို ရှင်လောင်းကိုယ်တိုင်ဖြစ်စေ၊ သူတပါး ဖြစ်စေ ရိတ်ပယ်အံ့၊ အပြစ်မရှိ၊ ဆံမုတ်ဆိတ်မရိတ်ပဲ သတိချွတ်၍ သရဏဂုံ ပေး၍ ရှင်ပြုပေးအံ့၊ ရှင်အဖြစ် ရောက်သည်သာတည်းဟု ဆိုကုန်၏။)

(ဝိဋီ .... ကမ္မာရဒါရက သည်ပင် ငယ်သူဖြစ်၍ ဥသျှောင်မထုံး ဦးပြည်းခေါင်းတုံး ဖြစ်သောကြောင့် ကမ္မာရဘဏ္ဍု မည်၏။ ရွှေချိန်ခွင် စသည်ကို လက်ဖြင့်ဆောင်သော ဦးပြည်းခေါင်းတုံး သူငယ် ဖြစ်သောကြောင့် တုလာဓာရမုဏ္ဍက မည်၏။ ထို့ကြောင့် ဦးစွန်းငါးခုရှိသော သူငယ်ကလေးဟုဆိုသည်။ ဦးစွန်းတခုတည်းကို ဆံပင်အထုံးငါးခုပြု၍ ဖွဲ့ခြင်းဖြင့် ဦးစွန်းငါးခုဟုဆိုအပ်၏။ ထိုသူငယ်၏ဦးစွန်းကိုဖြတ်၍ ရဟန်းတို့ကိုမသိစေပဲ ရှင်ပြု ပေးကြသောကြောင့် ဘဏ္ဍုကမ္မပန်ကြားခြင်းကို ခွင့်ပြုသည်။ ဗဒ္ဓသိမ်ရှိလျှင် ဗဒ္ဓသိမ်တွင်းရှိ ရဟန်းတို့ကို ဗဒ္ဓသိမ်မရှိလျှင် ဥပစာရသိပ်တွင်းရှိ ရဟန်းတို့ကို ပန်ကြားရသည်။

ဤ၌သံဃာကို ဆံရိတ်မှု ပန်ကြားခြင်းငှာ ခွင့်ပြု၏ဟူ၍သာ မိန့်ကြားသည်၊ မပန်ကြားလျှင် အာပတ်ဟုမမိန့်။ အဋ္ဌကထာ၌ ရဟန်းအားလုံး ပန်ကြားပြီးပြီထင်၍ ရှင်ပြုပေးသောဆရာအား အနာပတ္တိဟုဆိုသောကြောင့် စေတနာနှင့်တကွ အားထုတ်၍မပန်ကြားပဲ ဆံရိတ်ပေးသူအား ဒုက္ကဋ်သာဟု မှတ်အပ်၏။

ဆံရိတ်ခြင်းသည်လည်း သာမဏပြုခြင်း၊ ပဗ္ဗဇနပြုခြင်း အမည်ကိုရ၏။ တခုတည်းသော ဆံပင်ဖြင့်လည်း ဦးစွန်းတခုမည်၏။ နည်းသောဆံပင်တို့ကို သိခါ-ဦးစွန်းဟုဆိုသည်။ ဆံပင်တခုတည်းကိုသော်လည်း မပန်ကြားပဲရိတ်ခြင်းငှာ မအပ်သည်သာတည်း။) (လူတို့ကိုယ်တိုင်ရိတ်လျှင် ပန်ကြားဖွယ်မရှိ။)

ဦနဝိသတိဝဿဝတ္ထု

ထိုအခါ ရာဇဂြိုဟ်၌ သူငယ်ဖော် သတ္တရသဝဂ္ဂီ-တဆယ့်ခုနှစ်ယောက်ရှိ၏။ ဥပါလိသတို့သားသည် အကြီးအကဲဖြစ်၏။ ဥပါလိ၏မိဘတို့သည် ငါတို့ကွယ်လွန်သောအခါ ဥပါလိသည် အဘယ်သို့ ချမ်းသာစွာ အသက်မွေးနိုင်ရာအံ့နည်း၊ လေခ-စာရေး အတတ်သင်စေရလျှင် ကောင်းမည်လော (စာရေးရခြင်းဖြင့်) လက်ချောင်းများ ဒုက္ခဖြစ်လတ္တံ့၊ ဂဏန-ဂဏန်းသင်္ချာ သင်စေရလျှင် (များစွာကြံစည်ရခြင်းဖြင့်) ရင်ဒုက္ခ ဖြစ်ကုန်လတ္တံ့။ ရူပ-ရွှေငွေ အတတ်သင်စေရလျှင် (အသပြာလှည့်ကာ လှည့်ကာကြည့်ရခြင်းဖြင့်) မျက်စိတို့ ဒုက္ခဖြစ်ကုန်လတ္တံ့။

ဤရဟန်းတို့သည် ချမ်းသာစွာ နေထိုင်စားသောက်ရကုန်၏။ ရဟန်းတို့ထံ၌ ရှင်ပြုပေရလျှင် ငါတို့ကွယ်လွန် သောအခါ ချမ်းသာစွာအသက် မွေးနိုင်ရာ၏ဟု အကြံပြုကုန်၏။ ဥပါလိသည် ထိုစကားကိုကြား၍ သူငယ်ဖော် တို့ကို ပြောကြား၏။ တဆယ့်ခုနစ်ယောက်လုံး စိတ်ဆနတူ၍ မိဘတို့ထံ ခွင့်တေားင်၍ ရဟန်းတို့ထံ ရှင်အဖြစ်ကိုတောင်းကုန်၏။ ရဟန်းတို့သည် ရှင်ပြုပေးကုန်၏။ ရဟန်းပြုပေးကုန်၏။

ထိုရဟန်းငယ်တို့သည် နံနက် စောစောထ၍ ထမင်းပေးပါ၊ မုန့်ပေးပါဟုငိုကုန်၏။ မိုးလင်းအောင် ဆိုင်းကြဦး ငါ့ရှင်တို့ဟု ဆိုသော်လည်း ငိုကုန်သည်သာတည်း။ အိပ်ရာ နေရာ၌ ကျင်ကြီးကျင်ငယ်လည်း စွန့်ကုန်၏။ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၍ ချစ်သားတို့ ... အသက်နှစ်ဆယ် မပြည့်သေးသော သူသည် အချမ်း အပူကို မွတ်သိပ်ခြင်းကို မှတ် ခြင် ယင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့ကို မကောင်းသဖြင့် ဆိုသော စကားကို၊ ကိုယ်၌ဖြစ်ပေါ်တတ်သော ဒုက္ခဝေဒနာတို့ကို သည်းမခံနိုင်သော သဘောရှိ၏။ အသက်နှစ်ဆယ် ပြည့်မှ သည်းခံနိုင်သည်။ ဤသို့ပြုခြင်းသည် ကြည်ညိုဖွယ်မရှိ၊ ချစ်သား ... သိလျက် အသက်နှစ်ဆယ် မပြည့်သေးသောသူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးငြားအံ့ ယထာဓမ္မ ဆုံးဖြတ်အပ်၏။ (ထိုသူလည်း ရဟန်းမဖြစ်၊ ကာရကသံဃာလည်း ဒုက္ကဋ်။ ဥပဇ္ဈာယ်အား ပါစိတ်ဟုဆုံးဖြတ်အပ်၏။)

တဆယ့်ငါးနှစ်အောက် ရှင်မပြုရ

အခါတပါး အမျိုးသားတဦး အိမ်သားအပေါင်းသည် အဟိဝါတ-ယဉ်းအနာဖြင့် သေကုန်၏။ သားအဖ နှစ်ယောက်သာ ကြွင်းကျန်၍ ရဟန်းတို့ထံ ရှင်ပြုကြ၍ အတူဆွမ်းခံ သွားကုန်၏။ ဖခင်အား ဆွမ်းလောင်းသော အခါ သားငယ်သည် ပြေးလာ၍ ဖခင် အကျွန်ုပ်အားလည်း ပေးပါ၊ ပေးပါဟုဆို၏။ လူတို့သည် ဤရဟန်းတို့ကား မြတ်သောအကျင့် ရှိကုန်၏။ ဤသူငယ်လည်း ဘိက္ခုနီမမှ ဖွားမြင်သည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... တဆယ့်ငါးနှစ်မပြည့်သေးသော သူငယ်ကို ရှင်ပြုမပေးအပ်။ ... ဒုက္ကဋ်။

(ထာ ... အဟိဝါတ ရောဂါဟူသည် မာရိ-ဗျာဓိဖြစ်၏။ ထိုရောဂါ ဖြစ်လျှင် ထိုကုလသည် အခြေနှစ်ချောင်းရှိ၊ လေးချောင်းရှိ သတ္တဝါ အပေါင်းနှင့်တကွ အားလုံးပျက်စီး၏။ နံရံကိုလည်းကောင်း၊ အမိုးကို လည်းကောင်း၊ ဖောက်၍ထွက်ပြေးသူ၊ ရွာတပါးစသည်သို့ ထွက်သွားသူ လွတ်၏။ ထိုနည်းဖြင့် သားအဖနှစ်ယောက်လွတ်၍ ကြွင်းကျန်ကုန်၏။)

ကျီးမောင်းနိုင်လျှင် ရှင်ပြုပေး၏

အခါတပါး အရှင်အာနန္ဒာ၏ အလုပ်အကျွေး သဒ္ဓါပသန္န ဒါယကာ အိမ်သား အပေါင်းသည် ယဉ်းသော အနာဖြင့်သေ၍ သားငယ်နှစ်ယောက် ကျန်ရစ်၏။ ထိုသူငယ်တို့သည် ရှေးအလေ့အကျင့်ဖြင့် ရဟန်းတို့ကို မြင်လျှင် ပြေးသွားကုန်၏။ ရဟန်းတို့သည် မောင်းမဲကုန်၏။ ထိုအခါ သူငယ်တို့သည် ငိုကုန်၏။ ရှင်အာနန္ဒာသည် ငိုသောသူငယ်တို့ကိုမြင်၍ တဆယ့်ငါးနှစ် မပြည့်သေးလျှင် ရှင်ပြုမပေးအပ်ဟု ဘုရားရှင် ပညတ်သည်။ ဤသူငယ်တို့ မပျက်စီးအောင် အဘယ်သို့ စောင့်ရှောက် ရအံ့နည်းဟုကြံ၍ ဘုရားရှင်အား လျှောက်၏။ ချစ်သားအာနန္ဒာ ... သူငယ်တို့သည် ကျီးတို့ကို ပျံစိမ့်သောငှာ တတ်နိုင်ကြ၏လောဟု မေး၏။ တတ်နိုင်ကြပါသည်ဟု လျှောက်၏။ ချစ်သား ... တဆယ့်ငါးနှစ် မပြည့်သေးသော ကျီးပျံအောင် မောင်းနိုင်သော ကာကုဍ္ဋေပက သူငယ်ကို ရှင်သာမဏေပြုပေးခြင်းငှာ ခွင့်ပြု၏။

(ထာ ... လက်ဝဲလက်ဖြင့် ခဲကိုကိုင်လျက် ထိုင်၍ လာတိုင်းလာတိုင်းသော ကျီးတို့ကို ပျံအောင်မောင်း၍ ရှေ့၌ထားသောထမင်းကို (လက်ျာလက်ဖြင့်) စားခြင်းငှာ စွမ်းနိုင်သောသူသည် ကာကုဍ္ဋေပက မည်၏။ ရှင်ပြု ခြင်းငှာ အပ်၏။)

ရှင်နှစ်ပါး မမွေးရ

အခါတပါး သာကီဝင်မင်းသား အရှင်ဥပန္ဒအား ကဏ္ဍက မဟက-ဟူသော သာမဏေနှစ်ပါး ရှိကုန်၏။ ထိုသာမဏေတို့သည် အချင်းချင်း ဖျက်ဆီးကုန်၏။ ချစ်သား ... ရဟန်းတပါးသည် သာမဏေနှစ်ပါးတို့ကို မလုပ်ကျွေးစေအပ်၊ (ဝါ– မမွေးအပ်။) ဒုက္ကဋ်။

နိဿယမုစ္စကအင်္ဂါ

မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌သာလျှင် မိုး ဆောင်း နွေ ဥတုသုံးပါး နေတော်မူ၏။ လူတို့သည် “သာကီဝင် မင်းသားရဟန်းတို့အား အရပ်မျက်နှာကျဉ်းကုန်၏။ မှောင်ကုန်၏။ မထင်ရှားကုန်”ဟု ကဲ့ရဲ့ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်၊ ချစ်သားအာနန္ဒာ ရဟန်းတို့အား ပြောကြားလော၊ မြတ်စွာဘုရားသည် “ဒက္ခိဏဂိရိသို့ လှည့်လည်လိုသည် အလိုရှိသောရဟန်း လာစေသတည်းဟု။ ပရိဝေဏတိုင်း ပြောကြားလော”ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာ ပြောကြားသောအခါ ရဟန်းတို့သည် ငါ့ရှင်အာနန္ဒာ ... မြတ်စွာဘုရားသည် ဆယ်ဝါပတ်လုံး မှီ၍နေခြင်းငှာ လည်းကောင်း၊ ဆယ်ဝါရသော ရဟန်းသည် နိဿယည်း ပေးခြင်းငှာ လည်းကောင်း ပညတ်သည်။ ထိုအရပ်သို့ ငါတို့ရောက်သွားလျှင် နိဿယည်းကိုလည်း ယူရလတ္တံ့၊ ခေတ္တနေခြင်းလည်း ဖြစ်လတ္တံ့၊ တဖန်ပြန်လာလျှင် တဖန်လည်း နိဿယည်း ယူရလတ္တံ့၊ ငါတို့၏ဆရာ ဥပဇ္ဈာယ်များသွားလျှင် ငါတို့လည်းသွားမည်။ သူတို့မသွားလျှင် ငါတို့လည်း မသွားကုန်အံ့၊ ငါတို့၏ လျှင်မြန်ပေါ့ပါးသော စိတ်ရှိခြင်းသည် ထင်ရှားလတ္တံ့ ဟု ဆိုကုန်၏။

မြတ်စွာဘုရားသည် အနည်းငယ်သော ရဟန်းသံဃာနှင့် လှည့်လည်၍ ဒက္ခိဏဂိရိ၌ မွေ့သလောက် နေလိုသလောက် နေ၍ ရာဇဂြိုဟ်သို့ ပြန်ကြွလာပြီးသောအခါ ရဟန်းတို့ကို တရားဟော၍၊ ချစ်သားတို့ ... ဗျတ္တပဋိဗလရဟန်းသည် ငါးဝါပတ်လုံး၊ အဗျတ္တသည် တသက်လုံး မှီ၍ နေခြင်းငှာ ခွင့်ပြု၏၊

ချစ်သားတို့ ... ငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသောရဟန်းသည် မမှီမူ၍၊ (ဝါ-နိဿယည်းကင်းလျက်) မနေအပ်။ အသေက္ခသီလက္ခန္ဓနှင့် မပြည့်စုံ။ အသေက္ခသမာဓိက္ခန္ဓနှင့် ပညာက္ခန္ဓနှင့် … ဝိမုတ္တိက္ခန္ဓနှင့် ဝိမုတ္တိဉာဏ-ဒဿနက္ခန္ဓနှင့် မပြည့်စုံ၊ ဤ အင်္ဂါငါးပါးတို့နှင့် ပြည်စုံသောရဟန်းသည် မမှီမူ၍ မနေအပ်။ ရဟန္တာ၏သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿနနှင့်ပြည့်စုံ၍ အင်္ဂါငါးပါးရှိလျှင် မမှီမူ၍ (ဝါ- နိဿယည်း ကင်းလျက်) နေအပ်၏။

ထိုမှတပါး သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဝိရိယ၊ သတိ – ငါးပါးမရှိလျှင် မနေအပ်။ ရှိလျှင် နေအပ်၏။

ထိုမှတပါး အဓိသီလပျက်၏။ အဇ္ဈာစာရပျက်၏။ အတိဒိဋ္ဌိပျက်၏။ အပ္ပသုတဖြစ်၏။ ဒုပ္ပညဖြစ်၏။ ဤငါးပါး ရှိလျှင် မနေအပ်။ အဓိသီလ၊ အဇ္ဈာစာရ၊ အတိဒိဋ္ဌိမပျက်၊ ဗဟုသုတ၊ ပညဝန္တ ဖြစ်လျှင် နေအပ်၏။

ထိုမှတပါး အာပတ္တိ၊ အနာပတ္တိ၊ လဟုကာပတ္တိ၊ ဂရုကာပတ္တိကို မသိ၊ ပါမောက်နှစ်စောင်အကျယ် ကောင်းစွာ မလာ ကောင်းစွာမသိ၊ ဤငါးပါးရှိလျှင် မနေအပ်၊ အာပတ္တိစသည် သိခြင်း၊ ပါတိမောက် နှစ်စောင် အကျယ်ကောင်းစွာလာ ကောင်းစွာသိခြင်း၊ ဤငါးပါးရှိလျှင် နေအပ်၏။ ကဏှပက္ခ ပဉ္စကငါးဝါရ၊ သုက္ကပက္ခ ပဉ္စကငါးဝါရ အားဖြင့် ဆယ်ပါရပြီး၏။ (ဤ၌ နိဿယမုစ္စကအင်္ဂါ ၂၅-ပါး ဟောသည်။ ဝါ .... ၂၁-ပါး ဟောသည်။ လေးပါးထပ်သည်။)

ချစ်သားတို့ ... အသေက္ခသီလက္ခန္ဓ မပြည့်စုံခြင်း။ ....လ.....။ ဝိမုတ္တိဉာဏဒဿနက္ခန္ဓ မပြည့်စုံခြင်း၊ ငါးဝါ မပြည့်ခြင်း၊ ဤအင်္ဂါ ခြောက်ပါး ရှိသောရဟန်းသည် မမှီမူ၍ မနေအပ်။ ငါးပါးပြည့်စုံခြင်း၊ ငါးဝါ ငါးဝါထက်လွန်ခြင်း၊ ဤခြောက်ပါးရှိလျှင် မမှီမူ၍ နေအပ်၏။

ဤနည်းဖြင့် ယခင် ပဉ္စကရှစ်ဝါရကို ငါးဝါ မပြည့်ခြင်း ၊ပြည့်ခြင်း ထည့်၍ ကဏှ ၄၊ သုက္က ၄၊ ဆက္က ရှစ်ဝါရကို ဟောသည်။ ဤ၌ နိဿယမုစ္စကအင်္ဂါ ၂၄-ပါးဟောသည်။ (ဝါ၊ ၂၁-ပါး ဟောသည်။)

(ထာ ... အဗျတ္တသည် တသက်လုံးဟုဆိုရာ၌ သီတင်းကြီးသော ဆရာကိုမရလျှင် ဝါခြောက်ဆယ်၊ ခုနစ်ဆယ် ရှိစေကာမူ ဗျတ္တဖြစ်သော ရဟန်းငယ်ထံ၌ပင် ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ... “အာစရိယော မေ အာဝုသော ဟောဟိ။ အာယသ္မတော နိဿာယ ဝစ္ဆာမိ။ ဟု သုံးကြိမ် ဆို၍ နိဿယည်း ယူအပ်၏။ ရွာဝင်ပန်ကြားလျှင်လည်း ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ဂါမပ္ပဝေသနံ အာပုစ္ဆာမိ အာစရိယ ဟု ဆိုအပ်၏။ ငယ်သော အာစရိယကို ရှိမခိုးအပ်ဟု ပရိဝါဋီကာ၌ဆိုသည်။ (လက်အုပ်ချီခြင်းသည်ကား ရှိခိုးခြင်း မဟုတ် ဟူလို။) အလုံးစုံပန်ကြားခြင်းတို့၌ ဤနည်းတည်း။ ပဉ္စက ဆက္ကတို့၌ နိဿယည်း လွတ်ကြောင်း ဖြစ်သော ဗဟုသုတကို ဘိက္ခုနောဝါဒက အဖွင့်၌ ဆိုအပ်ပြီ။ ထိုအနေမျှ မရှိလျှင် အပ္ပသုတ၊ ရှိလျှင် ဗဟုသုတ ဖြစ်၏။ အကြွင်းဆိုပြီးသောနည်းရှိပြီ။)

(သာဋီ ... ပါတိမောက် နှစ်စောင်အကျယ် ကောင်းစွာလာခြင်း စသည်၌ မာတိကာ အဋ္ဌကထာကို (ဝါ) ကင်္ခါကိုသိလျှင် ဤအလုံးစုံသော အပြားကို သိသည်မည်၏ ဟူ၍ ဂဏ္ဍီသုံးကျမ်းတို့၌ ဆိုသည်။ အာပတ်ကိုသိ၍ စသည်တို့၌ ဤမည်သော အမှုကိုပြုခြင်းကြောင့် ဤအာပတ်သင့်သည်ဟု သိလျှင် အပ်သည်ဟူ၍ ဂဏ္ဍီသုံးကျမ်းတို့၌ ဆိုသည်။

(ဝိဋီ ... မာတိကာအဋ္ဌကထာ ကိုသိလျှင် ပါတိမောက်အကျယ် ကောင်းစွာလာခြင်း စသောအပြားကို သိ၏။ အာပတ္တိကို၊ အနာပတ္တိကို သိခြင်းကို မိမိသိရာဌာနတို့၌ အာပတ် စသည်ကိုရည်၍ ဆိုသည်ဟု မယူအပ်။)

(ဘိက္ခုနောဝါဒက အဖွင့်၌ - နိဿယမုစ္စနကပုဂ္ဂိုလ်သည် -- ရဟန်း သိက္ခာ ငါးဝါရှိသူဖြစ်၍ (၁) အယုတ်ဆုံး ဒွေမာတိကာကို နှုတ်တက် လေ့လာ၍ (၂) သီတင်းနေ့တို့၌ တရားနာခြင်း၊ နာစေခြင်းငှာ သုတ္တန်မှ လေးဘာဏဝါရ-(၂-အင်္ဂါ) ကို သင်ယူအပ်၏။ (၃) ရောက်လာသော ပရိသတ်တို့အား ဟောပြောခြင်းငှာ အန္ဓကဝိန္ဒသုတ်၊ မဟာရာဟုလောဝါဒသုတ်၊ အမ္ဗဋ္ဌသုတ်နှင့်တူသော တခုသော စကားအစဉ်ကို သင်ယူအပ်၏။ (၄) သံဃဘတ်၊ သုမင်္ဂလ၊ ဒုမင်္ဂလတို့အတွက် အနုမောဒနာတရားသုံးပုဒ် သင်ယူအပ်၏။ (၅) ဥပုသ်၊ ပဝါရဏာစသည် သိခြင်းငှါ ကမ္မာကမ္မ ဝိနိစ္ဆယကို သင်ယူအပ်၏၊ (၆) သမာဓိဖြင့်လည်းကောင်း၊ ဝိပဿနာဖြင့် လည်းကောင်း အရဟတ္တပိုလ်ရောက် ကမ္မဋ္ဌာန်းတခုကို သင်ယူအပ်၏။ (၇) ဤခုနစ်ပါးမှုဖြင့် ဤရဟန်းသည် ဗဟုသုတရှိ၍ အရပ်လေးမျက်မှာ နေလိုရာ၌ အစိုးတရ နေနိုင်သည်ဟု ဆို၏။

မုစ္စနင်္ဂကြေးမုံမှ ကောက်နုတ်ချက်ကား ရဟန်းသိက္ခာ ငါးဝါရသူဖြစ်ရမည်၊ (၁) ဒွေမာတိကာ၌ ဤသို့ပြုလျှင် ဤအာပတ်သင့်သည်ဟု ပါဌ်လျောက် အဓိပ္ပါယ်သိအောင် လေ့လာရမည်။ အဓိပ္ပါယ်သိရှိက ပေစာပါလျှင် အပ်တော့သည်။ (၂) အက္ခရာ ရှစ်လုံးတပါဒ၊ လေးပါဒတဂါထာ၊ ဂါထာ ၂၅၀-တဘာဏဝါရ၊ ဂါထာ တထောင်လေးဘာဏဝါရ၊ ဝါ၊ နှစ်အင်္ဂါ၊ ဤမျှသော သုတ္တန် နှုတ်တက် မရသော်လည်း ပေစာပါလျှင် အပ်တော့သည်။ (၃) တစုံတခု ဇာတ်နိပါတ် ဝတ္ထုသက်သေ မှတ်မိစေရသည်။ ရှေးစကား ပြောတတ်စေ ရသည်။ (၄) ရေစက်ချနှင့်တကွ တရားသုံးပုဒ်ရစေရသည်။ (၅) ဧကစာရီ ပုဂ္ဂိုလ်နှင့် ဆက်ဆံသော ဥပုသ်၊ ပဂါရဏာ၊ ပရိဝါသ်၊ မာနတ်၊ အဗ္ဘာနကံ စသည်တို့ကို သိစေရသည်။ (၆) ဤဘဝတွင် မဂ်ဖိုလ်ရစေမည် ဟူသော လုံ့လဖြင့် အားထုတ်ရန် ကမ္မဋ္ဌာန်းစီးဖြန်းနည်း နားလည်ရသည်။ (၇)

ဤ ခုနစ်ပါးတို့တွင် ငါးဝါရ၊ ဒွေမာတိကာ၊ ကမ္မာကမ္မ - ဤအင်္ဂါ သုံးပါးသာ လိုရင်းဖြစ်ပါသည်။ ကြွင်းလေးပါးကား ဒါယကာတို့နှင့် တွေ့ကြုံသောအခါ ဝက်အိုကြီးပမာ ဘာမျှမဟော မပြောတတ်ပဲ မရှိပါ စေလင့်၊ ရာဂစသည်ကို နှိမ်နင်းလွယ်စေ၊ သဒ္ဓါတရား တိုးတက်စေ၊ ရဟန်းအဖြစ် အချည်းနှီး မဖြစ်ပါစေလင့် ဟု အဋ္ဌကထာမိန့်ဆိုသော အင်္ဂါဖြစ်သည်။ အာပတ် အင်္ဂါမဟုတ်ဟု ကောက်နှုတ်အပ်၏။

မာတိကာ၊ ကမ္မာကမ္မ၊ ငါးဝါရဟု၊ လိုရင်းစုနှင့် (၃)။

ဝတ္ထုတပါး၊ တရားသုံးပုဒ်၊ သုတ်နှစ်အင်္ဂါ၊ လာဝနာလည်း (၄)။

မှီရာလွတ်ကြောင်း ခုနစ်တည်း။

လိုရင်းသုံးပါးပြည့်လျှင် နိဿယမုစ္စက အင်္ဂါ ၂၅-ပါး၊၂၄-ပါး၊ ဝါ-၂၁ ပါးလုံးပြည့်၏။ ကျောင်းထိုင်အင်္ဂါနည်းမှီ၍ အယုတ္တအင်္ဂါ၊ အာပတ်အင်္ဂါ စိစစ်အပ်၏။)

ရာဟုလဝတ္ထု

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ မွေ့လျော်သလောက်နေ၍ ကပိလဝတ်သို့ လှည့်လည်၏။ ရောက်သောအခါ သက္ကတိုင်း ကပိလဝတ်၌ နိဂြောဓာရုံ၌ နေတော်မူ၏။ နံနက်၌ သုဒ္ဓေါဒန မင်းကြီး၏ နန်းတော်သို့ကြွသွား၏။ ထိုအခါ ရာဟုလာမင်းသားသည် မိခင်စေလွတ်သောအတိုင်း ဘုရားရှင်ထံ ချဉ်းကပ်၍ ရှေ့တော်၌ရပ်လျက် သုခါ တေ သမဏ ဆာယာ ... ရှင်တော်ဘုရား၏အရိပ် အေးချမ်းပါသည်ဟု ဆို၏။

ဘုရားရှင် ကြွသွားသောအခါ နောက်တော်မှ လိုက်၍ ဒါယဇ္ဇံ မေ သမဏ ဒေဟိ- အမွေပေးတော်မူပါဟုဆို၏။ မြတ်စွာဘုရားသည် ရှင်သာရိပုတြာကို ချစ်သား ... သာရိပုတြာ ရာဟုလာကို ရှင်ပြုလောဟု မိန့်တော်မူ၏။ မြတ်စွာဘုရား အဘယ်သို့ ပြုပေးရပါမည်နည်းဟု လျှောက်လတ်သော်၊ တရားစကားဟောကြား၍၊ ချစ်သား ... သုံးပါးသောသရဏဂုံဖြင့် သာမဏေရပဗ္ဗဇ္ဇကို ခွင့်ပြု၏။

ပြုပေးပုံကား ရှေးဦးစွာ ဆံမုတ်ဆိတ်ပယ်စေ၍ သင်္ကန်းတို့ကိုဝတ်စေ၍ ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ်တင်စေ၍ ရဟန်းတို့၏ခြေတို့ကို ရှိခိုးစေ၍ ဆောင့်ကြောင့် ထိုင်စေ၍ လက်အုပ်ချီစေ၍ ဧဝံဝဒေဟိ-ဟုဆိုအပ်၏။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ …လ.. ဒုတိယမ္ပိ ...လ....... တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိဟု ဆိုအပ်၏။ ချစ်သားတို့ .... ဤသုံးပါးသော သရဏဂုံတို့ဖြင့် သာမဏေရပဗ္ဗဇ္ဇကို ခွင့်ပြု၏ဟု မိန့်တော်မူ၏။

ရှင်သာရိပုတြာသည် ရာဟုလာမင်းသားကို ရှင်ပြုပေး၏။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်၍၊ ရှိခိုး၍ မြတ်စွာဘုရား ... တခုသောဆုကို တောင်းလိုပါသည်ဟု လျှောက်၏။ ဂေါတမအနွယ် ဖြစ်သော ဒါယကာကြီး ... ဘုရားရှင်တို့သည် ဆုကိုလွန်စွာနှစ်သက်ကုန်၏ဟု မိန့်၏။ မြတ်စွာဘုရား ... အပ်သောဆု၊ အပြစ်မရှိသောဆု ဖြစ်ပါသည်။ ဒါယကာကြီး … ဆိုလော။

မြတ်စွာဘုရား .... မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းပြုသောအခါ များစွာဆင်းရဲ ဖြစ်ခဲ့ပြီ။ နန္ဒ ရဟန်း ပြုသော အခါလည်း ထို့အတူပါတည်း။ ရာဟုလာရှင်ပြုသောအခါ လွန်ကဲပါသည်။ သားဟူသော ချစ်ခြင်းသည် အရေပါး၊ အရေထူ၊ အသားမာကြော၊ အရိုးတို့ကို ဖြတ်၍ဖြတ်၍ ရိုးတွင်းချဉ်ဆီကိုက်၍ တည်ပါသည်။ မြတ်စွာဘုရား ... အရှင်ကောင်းတို့သည် မိဘခွင့်မပြုသောသားကို ရှင်ပြုမပေးကြရန် တောင်းပန်ပါသည်ဟု လျှောက်၏။ ထိုအခါ မင်းကြီးအား တရားဟော၍ ချစ်သားတို့ … မိဘတို့ ခွင့်မပြုသောသားကို ရှင်ပြုမပေးအပ်။ ပြုပေးငြားအံ့။ ဒုက္ကဋ်။

[ထာ ... သုဒ္ဓေါဒနမင်းကြီးသည် ဘုရားလောင်း တောထွက်သည်မှ စ၍ ငါ့သား ဘုရားဖြစ်မည်ဟု ထွက်သွားသည်။ ဘုရားဖြစ်ပြီလောဟု သတင်း နားစွင့်လျက်သာ နေ၏။ ဒုက္ကရစရိယာကျင့်ခြင်း၊ ဘုရား ဖြစ်ခြင်း၊ ဓမ္မစကြာ ဟောခြင်း စသည်တို့ကိုကြား၍ ယခု ရာဇဂြိုဟ်၌နေသည်ဟု ကြားလတ်သော် အမတ် တယောက်ကို “ငါကြီးပြီ၊ မသေမီ ငါ့သားကိုပြပါလော့” ဟု စေခိုင်း၏။

ထိုအမတ်သည် ကောင်းပါပြီဟုဝန်ခံ၍ ယောက်ျား တစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်သို့သွား၍ ဘုရားရှင်အား ရှိခိုး၍နေ၏။ တရားဟောသည်ကိုကြည်ညို၍ ရှင်အဖြစ် ရဟန်းအဖြစ်တောင်း၏။ ဧဟိ ဘိက္ခု ခေါ်၍ ရဟန်းပြုပေးသဖြင့် ပရိသတ်နှင့်တကွ ရဟန္တာဖြစ်၍ ဖလသမာပတ် ချမ်းသာ ခံစားကာနေ၏။ ထိုနည်းဖြင့် နောက်ထပ်တဖန် ရှစ်ယောက် စေလွတ်သော်လည်း ပရိသတ်နှင့်တကွ ရဟန္တာဖြစ်၍ ဖိုလ်ချမ်းသာ ခံစားကာနေ၏။ သတင်း ပြန်ကြားသူ တယောက်မျှမရှိ။

ထိုအခါ ဖွားဖက်တော် ကာဠုဒါယီကို စေလွတ်၏။ “ရှင်ပြုခွင့်ရလျှင် ပြပါမည်” ဟု ဝန်ခံလတ်သော် ရှင်ပြု၍လည်း ငါ့သားကိုသာပြပါလောဟု စေလွှတ်လိုက်၏။ ကာဠုဒါယီသည် ယောက်ျားတထောင် ခြံရံလျက်သွား၍ အားလုံး ရဟန္တာဖြစ်၍ တနေ့၌ လူတို့အလုပ်အကိုင်ပါးချိန်၊ ကြည်းပန်းရေပန်း ပွင့်ချိန်၊ ခရီးသွားကောင်းချိန်၌ မြတ်စွာဘုရားကိုရှိခိုး၍ ဂါထာ ၆၀-တို့ဖြင့် ခရီးသွားခြင်းအကျိုး ချီးကျူး၏၊

အကြောင်းမေးလတ်သော် ခမည်းတော်မင်းကြီး ပင့်ခိုင်းကြောင်း၊ ဆွေတော်မျိုးတော်တို့ကို ချီးမြှောက် သင့်ကြောင်း လျှောက်၏။ မြတ်စွာဘုရားသည် အင်္ဂ မဂဓ တိုင်းသားတသောင်း၊ ကပိလဝတ်ပြည်သား တသောင်း အားလုံး ရဟန္တာ နှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မှထွက်၍ ယူဇနာခြောက်ဆယ်ဝေးသော ကပိလဝတ်သို့ တနေ့တယူဇနာကျဖြင့် နှစ်လပြည့်အရောက် ဖြည်းဖြည်း ကြွတော်မူ၏။

မြတ်စွာဘုရား ခရီးထွက်သည်မှစ၍ ကာဠုဒါယီ မထေရ်သည် သုဒ္ဓေါဒနမင်းကြီးနန်းတော်၌ ဆွမ်းစား၍ ဘုရားရှင်အလို့ငှါ ဆွမ်းဆောင်ပို့၏။ ခရီးအကြား၌ မင်းကြီး၏ဆွမ်းကိုသာ ဘုရားရှင်ဘုဉ်းပေးတော်မူ၏။ အထေရ်မြတ်လည်း မင်းကြီးအား ယနေ့ဘုရားရှင် ဤအရပ် ဤအရပ်သို့ ရောက်ပြီဟုပြော၍ ဘုရား ဂုဏ်ကျေးဇူးတို့ကို ပြောပြခြင်းဖြင့် သာကီဝင်တို့၏ သဒ္ဓါတရားကို တိုးပွားစေ၏၊ ထို့ကြောင့် ဒါယကာတို့ သဒ္ဓါတိုးတက်စေသူတို့တွင် အတော်ဆုံး - ကုလပ္ပဿာဒက ဧတဒဂ်ရလေ၏။

သာကီဝင်မင်းမျိုးတို့သည် ဘုရားရှင်ရောက်လာသောအခါ ခရီးဦး ကြိုဆို၍ နိဂြောဓသာကီဝင်၏အရံသို့ ပင့်ဆောင်ကုန်၏။ ဘုရားရှင်သည် ရဟန္တာနှစ်သောင်းနှင့် ခင်းထားအပ်သော နေရာမြတ်တို့၌ ထိုင်တော်မူ သောအခါ မာနခက်ထန်သော သာကီဝင်တို့သည် သိဒ္ဓတ္ထမင်းသားကား ငါတို့အောက်ငယ်သည်၊ ငါတို့၏ညီ၊ ငါတို့၏၊ သား၊ မြေး-ဟုကြံ၍ ငယ်ကုန်ငယ်ကုန်သော မင်းသားတို့ကို သင်တို့ရှိခိုးကြလော၊ ငါတို့ကား သင်တို့၏နောက်၌ နေထိုင်ကုန်အံ့ဟု ဆိုကုန်၏။

မြတ်စွာဘုရားသည် ထိုသူတို့၏ နှလုံးသွင်းကိုကြည့်၍ တန်ခိုးဖြင့် ကောင်းကင်းသို့တက်၍ ဖဝါးခြေမှုန့် ကြဲဖြန့်သကဲ့သို့ပြုလျက် ရေမီးအစုံတန်ခိုး ပြတော်မူ၏။ သုဒ္ဓေါဒနမင်းကြီးသည် ထိုအံ့ဖွယ်ကိုမြင်ရ၍၊ မြတ်စွာဘုရား ... မင်္ဂလာနေ့၌ ဗြဟ္မဏတို့အား ရှိခိုးခြင်းငှါ ဆောင်ယူလာသောအခါ ရှင်တော်ဘုရား၏ ခြေတော်တို့သည်လည်၍ ဗြဟ္မဏတို့၏ ဦးခေါင်းထက်၌ တည်သည်တို့ကို မြင်ရသဖြင့်လည်း ရှင်တော်မြတ် ဘုရားကို ပဌမအကြိမ်ရှိခိုးဖူးပါပြီ၊ လယ်ထွန်မင်္ဂလာနေ့၌လည်း သပြေပင်အောက်၌ သိပ်ထားစဉ် သပြေပင်အရိပ်မပြောင်း မလှည့်သည်ကို မြင်ရသဖြင့် ခြေတော်တို့ကို ဒုတိယအကြိမ်ရှိခိုးဖူးပါပြီ၊ ယခုမမြင်စဖူး တန်ခိုးထူးကို မြင်ရသဖြင့်လည်း ခြေတော်တို့ကို ရှိခိုးပါသည်။ ဤကား တတိယအကြိမ် ရှိခိုးခြင်းပါတည်းဟု လျှောက်၏။

မင်းကြီးရှိခိုးသောအခါ ရှိမခိုးသော သာကီဝင်မည်သည်မရှိ၊ အားလုံးရှိခိုးကုန်၏။ ဤသို့ ဆွေတော် မျိုးတော် တို့ကိုရှိခိုးစေ၍ ကောင်းကင်မှသက်ဆင်း၍ ခင်းထားသောနေရာ၌ ထိုင်လတ်သော် အထွဋ်အထိပ်သို့ ရောက်သော ဆွေတော်မျိုးတော် အပေါင်းတို့သည် တပေါင်းတည်း စုဝေးကုန်၏။ ထိုအခါ ကြီးစွာသော မိုးသည် ပေါက္ခရဝဿမိုးကိုရွာသွန်း၏။

နီသောအဆင်းရှိသောရေသည် အောက်၌ မြည်လျက်စီး၏။ အချို့သောသူ၏ကိုယ်၌ ရေတပေါက်မျှမကျ၊ မြတ်စွာဘုရားသည် ယခုအခါ၌သာ ငါ၏ ဆွေတော်မျိုးတော် အစည်းအဝေး၌ ပေါက္ခရဝဿမိုး ရွာသည် မဟုတ်၊ ရှေး၌လည်းရွာဖူးပြီဟု ဤပစ္စုပ္ပန် အတ္ထုပ္ပတ္တိကြောင့် ဝေဿန္တရာဇာတ်တော်ကိုဟော၏။ တရားနာ၍ အားလုံး ထ၍ ရှိခိုး၍ လက်ျာရစ်လှည့်၍ ဖဲသွားကုန်၏။ “နက်ဖြန်အကျွန်ုပ်၏ဆွမ်းကို အလှူခံတော်မူပါ”ဟု လျှောက်ကြား၍သွားသူ မည်သည်မရှိ။

မြတ်စွာဘုရားသည် ဒုတိယနေ့၌ ရဟန်းနှစ်သောင်း ခြံရံလျက် ကပိလဝတ်သို့ ဆွမ်းခံဝင်တော်မူ၏။ ကြိုဆို၍ ပင့်ဖိတ်သူ၊ သပိတ်ယူသူမရှိ၊ တံခါးခုံသို့ရောက်လတ်သော် ရပ်တော်မူလျက် ရှေးရှေးဘုရားရှင်တို့သည် အိမ်စဉ် မချွတ်စေပဲ အိမ်စဉ်မပြတ် ဆွမ်းခံလှည့်လည်ကုန်၏။ ဤ ဗုဒ္ဓအနွယ်ကို ငါချီးမြှောက်အံ့။ နောင်အခါ သာဝကတို့လည်း ငါတို့အတုလိုက်၍ ဆွမ်းခံဝတ်ဖြင့် ကျင့်နိုင်ကုန်လတ္တံ့ ဟုဆင်ခြင်၍ အစွန်ဆုံးအိပ်မှစ၍ အိမ်စဉ်မပြတ် ဆွမ်းခံခြင်းငှါ လှည့်လည်တော်မူ၏။

လူတို့သည် ဘုရားရှင်ဆွမ်းခံကြွသည်ကို ကြည့်ရှုခြင်းငှါ အားထုတ်ကုန်၏။ ရာဟုလမာတာဒေဝီသည်လည်း အရှင့်သားသည် ဤမြို့၌ ကြီးစွာသော မင်းအာနုဘော်ဖြင့် ရွှေထမ်းစင် စသည်စီးလျက် လှည့်လည်သည်၊ ယခုဆံမုတ်ဆိတ်ပယ်၍ ဖန်ရည်ဆိုးသောအဝတ်ဝတ်လျက် သပိတ်ခွက်လက်စွဲကာ ဆွမ်းခံလှည့်လည်သည် တင့်တယ်၏လောဟု မြတ်သော လေသာပြုတင်းဖွင့်လှစ်၍ ကြည့်ရှုလတ်သော် ကိုယ်တော်ရောင်ဖြင့် ထွန်းလင်း တင့်တယ်သည်ကိုမြင်၍ ရှစ်ခုသော နရသီဟဂါထာတို့ဖြင့် ချီးမွမ်း၍ မင်းကြီးအား ထိုအကြောင်းကို ပြောကြား၏။

မင်းကြီးသည် ဆောလျင်စွာ ဘုရားရှင်ရှေ့တော်သို့သွား၍ အရှင်ဘုရား ... အဘယ်ကြောင့် အကျွန်ုပ်တို့ကို ရှက်စေဘိသနည်း၊ အဘယ်အကျိုးငှါ ဆွမ်းခံကြပါသနည်း၊ ဤမျှလောက်သော ရဟန်းတို့အတွက် ဆွမ်းမရနိုင်ဟု အမှတ်ရှိပါသလောဟု လျှောက်၏။ မြတ်သောမင်းကြီး၊ ဤဆွမ်းခံသွားခြင်းသည် ငါတို့၏ အနွယ်အလေ့ တည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ... အကျွန်ုပ်တို့၏ မဟာသမ္မတရတ္တိယ အနွယ်၌ ဆွမ်းခံသွားသည် မည်သောမင်းသည် မရှိစဘူးပါဟု လျှောက်လက်သော်၊ မင်းကြီး … ဤ မဟာသမ္မတ ခတ္တိယနွယ်သည် သင်မင်းကြီးတို့၏ အနွယ်ဖြစ်သည်၊ ငါတို့အနွယ်ကား ဗုဒ္ဓဝံသအနွယ် ဖြစ်သည်။ အလုံးစုံသော ဘုရားရှင်တို့သည် ဆွမ်းခံ ကြွကုန်သည်ဟုဆို၍ လမ်းမ၌ ရပ်တော်မူလျက် ဥတ္တိဋ္ဌေ နပမဇ္ဇေယျဂါထာဖြင့် ဆွမ်းခံကျင့်ဝတ် မချွတ်သင့်ကြောင်း ဟောတော်မူ၏။

ဂါထာအဆုံး၌ မင်းကြီး သောတာပန်တည်၏။ (ဤ၌ စကားစပ်၍ဆိုဘွယ်ကား နန်းတော်ရောက်သောအခါ) ဓမ္မံစရေ သုစရိတံ ဂါထာကို နာရ၍ မင်းကြီး သကဒါဂါမ်တည်၏။ ဓမ္မပါလဇာတ်တော် နာရ၍ အနာဂါမ် တည်၏။ သေရာညောင်စောင်းလျောင်းသောအခါ ထီးဖြူအောက်၌ လျောင်းစက်လျက်သာလျှင် အရဟတ္တဖိုလ်သို့ရောက်၏။ မင်းကြီးအား တော၌နေ၍ တရားအားထုတ်ရခြင်း မရှိ၊ (ဤကား စကားစပ်၍ ဆိုခြင်းတည်း။)

လမ်းမ၌ သောတာပန်တည်ပြီးသောအခါ မင်းကြီးသည်သပိတ်တော်ကိုယူ၍ ပရိသတ်နှင့်တကွ နန်းတော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေး၏။ ထိုအခါ မင်းမောင်းမအပေါင်း လာ၍ရှိခိုး၏။ ရာဟုလမာတာကား ငါအား ဂုဏ်ကျေးဇူး ရှိလျှင် အလိုလိုကြွလာလတ္တံ့၊ ထိုအခါရှိခိုးမည်ဟု မသွားပဲနေ၏။ မြတ်စွာဘုရားသည် အဂ္ဂသာဝက နှစ်ပါးနှင့် အတူကြွသွား၏။ မင်းသမီးသည် ဖမျက်တို့၌ကိုင်၍ ဖမိုးပြင်၌ အကြိမ်ကြိမ် ဦးတိုက်လျက် အလိုရှိတိုင်း ရှိခိုး၏။

မင်းကြီးသည် မင်းသမီး၏ဂုဏ်ထူးကို ချီးကျူးကာ လျှောက်ကြား၏။ မြတ်သောမင်းကြီး၊ ယခုဉာဏ်ရင့်၍ သင်မင်းကြီး စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ထိန်းနိုင်ခြင်းသည် အံ့ဘွယ်မဟုတ်၊ ရှေးအခါ စောင့်ရှောက်သူကင်းလျက် တောင်ခြေ၌ ဉာဏ်မရင့်မီ မိမိကိုယ်ကို စောင့်ထိန်းဖူးပြီဟု စန္ဒကိန္နရီဇာတ်ကို ဟော၏။

ထိုနေ့၌လည်း နန္ဒမင်းသားအား ကေသဝိဿဇ္ဇန-ဥသျှောင်တုံးရန် ဦးစွန်းဖြေမင်္ဂလာ လည်းကောင်း၊ ပဋဗန္ဓ-သင်းကျစ်ဆောင်းမင်္ဂလာ လည်းကောင်း၊ ဃရမင်္ဂလ-အိမ်တက်မင်္ဂလာ လည်းကောင်း၊ အာဝါဟ မင်္ဂလ - ထိမ်းမြားမင်္ဂလာ လည်းကောင်း၊ ဆတ္တမင်္ဂလ - အိမ်ရှေ့မင်း ထီးဆောင်းမင်္ဂလာ လည်းကောင်း၊ ဤသို့ မင်္ဂလာငါးပါးတို့ ဖြစ်ကုန်၏။

မြတ်စွာဘုရားသည် နန္ဒကို သပိတ်ယူစေ၍ မင်္ဂလာစကားဆို၍ ကြွတော်မူ၏။ ဇနပကလျာဏီ မြင်သောအခါ အရှင့်သား မြန်မြန်ပြန်လာခဲ့ပါဟု ဆို၍ လည်ဆန့်ကာ မျှော်ကြည့်လိုက်၏။ နန္ဒသည် မြတ်စွာဘုရားကို သပိတ် ယူတော်မူပါဟု မလျှောက်ဝံ့သဖြင့် ကျောင်းတော်သို့ရောက်လတ်သော် အလိုဆန္ဒ မရှိသော နန္ဒကိုရှင် ရှင်ပြုပေး၏။ မြတ်စွာဘုရားသည် ကပိလဝတ်သို့ ရောက်၍ ဒုတိယနေ့တွင် နန္ဒကိုရှင်ပြုပေး၏။

ခုနစ်ရက်မြောက် သတ္တမနေ့တွင် ရာဟုလာ၏မိခင်သည် ရာဟုလာမင်းသားကို တန်ဆာဆင်၍ ချစ်သား-ရဟန်းနှစ်သေင်း ခြံရံလျက် ရွှေအဆင်းဖြင့် ဗြဟ္မာကြီးအလား ရဟန်းမင်းဘုရားသည် မောင့်ခမည်းတော် ဖြစ်သည်၊ ရွှေအိုးကြီးတို့ ရှိကုန်၏။ တောထွက်သည်မှစ၍ မမြင်ရ၊ သွားချေ၊ စကြာမင်း ဖြစ်ရအောင် အမွေတောင်းချေလောဟု စေလွှတ်၏။

ရာဟုလာသည် ဘုရားရှင်ထံသွား၍ ခမည်းတော်ဟူသော ချစ်ခြင်းဖြင့် ဝမ်းမြောက်စွာ သုခါ တေ သမဏဆာယာ ဟု ဆို၍ မိမိနှင့်လျှော်စွာ စကားတို့ကို ဆို၍ ရပ်တည်၏။ မြတ်စွာဘုရားသည် ဆွမ်းကိစ္စပြီး၍ တရားဟော၍ ကြွသွားသောအခါ ဒါယဇ္ဇံ မေ သမဏ ဒေဟိ-အမွေအနှစ် ပေးတော်မူပါဟု ဆို၍ လိုက်သွား၏။

ဘုရားရှင်လည်း ပြန်မလွှတ်သဖြင့်၊ ပရိသတ်လည်း ပြန်နစ်စိမ့်သောငှါ မဝံ့သဖြင့်၊ ကျောင်းတော်သို့ ရောက်လတ်သော် ရာဟုလာသည် ဝဋ်ဒုက္ခမကင်းသော ဥစ္စာအမွေကို အလိုရှိ၏၊ ဗောဓိမဏ္ဍိုင်၌ရသော အရိယာဥစ္စာကိုပေးအံ့၊ လောကုတ္တရာအမွေ၏ သခင်ပြုအံ့ ဟု ကြံ၍၊ ချစ်သားသာရိပုတ္တရာ ရာဟုလာသည် အမွေတောင်း၏။ လောကုတ္တရာ အမွေရစိမ့်သောငှါ ရှင်ပြုပေးလောဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဗာရာဏသီ၌ သရဏဂုံဖြင့်ရှင်အဖြစ်၊ ရဟန်း အဖြစ်ကို ခွင့်ပြု၏။ နောက်၌ ရဟန်း အဖြစ်ကိုပယ်၍ ဉာတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်ကို ခွင့်ပြု၏။ ရှင်အဖြစ်ကိုလည်းမပယ်၊ နောက်ထပ်လည်း ခွင့်မပြု၊ နောင်အခါ ရဟန်းတို့သည် ရှင်အဖြစ်ကို ကမ္မဝါစာဖြင့်သာ ပြုရအံ့လောဟု ယုံမှားဖွယ်ရာရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် တဖန်လည်း သရဏဂုံဖြင့် ရှင်အဖြစ်ကိုခွင့်ပြုလိုရကား၊ ဘုရားရှင်၏ နှလုံးသွင်းကို ရှင်သာရိပုတြာသိ၍ တဖန်ခွင့်ပြုစေလိုသောကြောင့်၊ မြတ်စွာဘုရား အဘယ်သို့ ပြုပေးရပါမည်နည်းဟု လျှောက်ခြင်းဖြစ်သည်။

ရာဟုလာအား ရှင်မောဂ္ဂလာန်သည် ဆံချ၍ သင်္ကန်း ဝတ်ပေး၍ သရဏဂုံတို့ကို ပေး၏။ မဟာကဿပ မထေရ်သည် ဩဝါဒဆရာဖြစ်၏။ ရှင်အဖြစ် ရဟန်းအဖြစ် ဟူသည် ဥပဇ္ဈာယ်အရင်းရှိ၏။ ဥပဇ္ဈာယ်သာ အစိုးရ၏။ ထို့ကြောင့် ရှင်သာရိပုတြာ ရှင်ပြုပေးသည်ဟုဆိုအပ်၏။ အချို့ စာမူ၌ ရှင်သာရိပုတြာသည် သရဏဂုံတို့ကိုပေးသည်ဟု ဆို၏။

ဤသို့ မင်းသားရှင်ပြုသည်ဟု ကြားရသောအခါ ထိတ်လန့်သော စိတ်နှလုံးဖြင့် မင်းကြီးလာ၍လျှောက်၏။ ထိုသို့ လျှောက်ရာ၌ ဆွမ်းခံ၍ အသက်မွေးသော ရဟန်းအား ဆုကို တောင်းလိုပါသည်ဟု သာမန် လျှောက်ခဲ့လျှင် တောင်းဟုခွင့်ပြုခြင်းသည် မလျောက်ပတ်၊ ဘုရားရှင်တို့၏ အလေ့လည်းမဟုတ်၊ ထို့ကြောင့် ဒါယကာကြီး ဘုရားရှင်တို့သည် ဆုကို လွန်စွာနှစ်သက်ကုန်၏ ဟု မိန့်ဆို၏။ အပ်သောဆု အပြစ်မရှိသောဆု ဟူသည်ကား အကြင်ဆုမျိုးကို ပေးခြင်းငှါ အရှင်ဘုရားတို့အားလည်း အပ်ပါသည်။ အပြစ်မရှိပါ။ အကျွန်ုပ်အားလည်း ဝန်ခံခြင်းကြောင့် ပညာရှိတို့ မကဲ့ရဲ့ထိုက်ပါ။ ထိုဆုမျိုးကိုတောင်းပါ၏ဟူလို။

ဘုရားလောင်းကို မင်္ဂလာနေ့၌ နိမိတ်ဘတ်ဆရာတို့သည် စကြာမင်းဖြစ်လတ္တံ့ ဟုဟောသကဲ့သို့ နန္ဒမင်းသား၊ ရာဟုလာမင်းသား တို့ကိုလည်း ဟောကုန်၏။ ထို့ကြောင့် မင်းကြီးသည် သား၏ စကြာမင်းအသရေကို မြင်ရတော့မည်ဟု မျှော်လင့်၏။ မြတ်စွာဘုရား ရဟန်းပြုခြင်းကြောင့် ကြီးစွာသော မျှော်လင့်ချက် ပျက်သော်လည်း နန္ဒမင်းသား၏ စကြာမင်းအသရေကို မြင်ရဦးလတ္တံ့ ဟု မျှော်လင့်ပြန်၏။ ထိုနန္ဒကိုလည်း မြတ်စွာဘုရား ရှင်ပြုပေးပြန်ပြီ၊ ထိုဆင်းရဲကို သည်းခံ၍ ယခုရာဟုလာ၏ စကြာမင်းအသရေကို မျှော်လင့်နေရာ ရာဟုလာကိုလည်း ရှင်ပြုပေးပြန်သဖြင့် အမျိုးအနွယ်လည်းပြတ်ပြီ၊ စကြာမင်းအသရေ အဘယ်မှာ ရှိတော့အံ့နည်းဟု လွန်ကဲစ္စာ ဆင်းရဲခဲ့၏။ ထို့ကြောင့် ရာဟုလာ ရှင်ပြုသောအခါ လွန်ကဲပါသည်ဟု လျှောက်၏။ ထိုအခါ မင်းကြီး အနာဂါမ်မတည်သေး၊ ထို့နောက်မှတည်သည်ဟု သိသာ၏။

မြတ်စွာဘုရား ... အရှင်ကောင်းတို့သည် မိဘခွင့်မပြုသူကို ရှင်ပြု မပေးရန် တောင်းပန်ပါသည်ဟု လျှောက်ခြင်း အကြောင်းကား၊ ငါသည် ဘုရား, တရား, သံဃာ၌ မြတ်နိုးသူဖြစ်လျက် မိမိ၏အဘသည် သား (ရာဟုလာ) ကို ရှင်ပြုပေးသောအခါ ဆွေမျိုး ကွေကွင်းခြင်း ဆင်းရဲကို သည်းခံခြင်းငှါ မတတ်နိုင်၊ တပါးသောသူတို့ကား အဘယ်မှာ တတ်နိုင်ကုန်အံ့နည်း၊ ထိုဒုက္ခမျိုး သူတပါးအား မဖြစ်ပါစေလင့်ဟု နှလုံးသွင်း၍ လျှောက်၏။ မြတ်စွာဘုရားသည် သာသနာ၌ ထွက်မြောက်ကြောင်းကို မင်းကြီးဆိုပေသည် ဟု တရားဟော၍ မိဘတို့ ခွင့်မပြုသောသားကို ရှင်ပြု မပေးအပ်ဟု သိက္ခာပုဒ်ပညတ်တော်မူသည်။

ပန်ကြားထိုက်သောမိဘ

ထိုသိက္ခာပုဒ်၌ မွေးဖွားသော မိစစ်ဘစစ်ကိုရည်၍ မိဘတို့ဟုဆိုသည်။ ရှိလျှင် နှစ်ယောက်လုံး ပန်ကြား အပ်၏။ တယောက်ယောက်သေလျှင် ရှိသူကိုပန်ကြားအပ်၏။ ရှင်ရဟန်းပြုနေသော မိဘကိုလည်း ပန်ကြားအပ်သည် သာတည်း။ အချို့စာ၌ ရှင်ရဟန်းပြုပြီးမှသော်လည်း ပန်ကြားအပ်သည်သာ ဟုမူကွဲ၏။

ဆရာကိုယ်တိုင်သွား၍သော်လည်း ပန်ကြားအပ်၏။ သူတပါးကိုသော်လည်း စေလွှတ်အပ်၏။ ထိုရှင်လောင်း ရဟန်းလောင်းတို့ကို သော်လည်း သွား၍ မိဘတို့ကိုပန်ကြားလော ဟုစေလွှတ်အပ်၏။ ခွင့်ရခဲ့ပါပြီဟုဆိုအံ့၊ ယုံကြည်လျှင် ရှင်ပြုပေးအပ်၏။ (မယုံကြည်ပဲ သံသယဖြင့် ရှင်ပြုပေးလျှင် အာပတ်သာတည်း။)

ဖခင်ကိုယ်တိုင် ရှင်ရဟန်းပြု၍ သားကိုလည်း ပြုပေးစေလိုအံ့ မိခင်ကိုပန်၍သာ ပြုပေးအပ်၏။ မိခင်သည်လည်း သမီးကို ရှင်ပြုပေးစေလိုအံ့၊ ဖခင်ကိုပန်၍သာ ပြုပေးအပ်၏။ ဖခင်သည် သားမယားကို စွန့်ပြေးအံ့၊ မိခင်က ဤသူငယ်ကို ရှင်ပြုပေးပါ၊ သူ့ဖခင်သည်ကား စိတ်ပျော်ရာ ထွက်သွားပါပြီဟု ဆိုအံ့၊ ပြုပေးခြင်းငှါအပ်၏။ မိခင်စွန့်ပြေး၍ ဖခင်လာအပ်ရာ၌လည်း ဤနည်းသာတည်း။

ဖခင်တခြားနေခိုက် မိခင်လာအပ်၍ အရှင်မြတ်တို့အာ သူငယ်၏ ဖခင်ဖြင့် အကျိုးမရှိပါ၊ တပည့်တော် သိစေပါမည်ဟုဆိုအံ့၊ ပြုပေးခြင်းငှါ အပ်သည်ဟု ကုရုန္ဒီ၌ဆို၏။ မိဘနှစ်ဦးလုံးသေ၍ မိကြီးမိထွေးစသည် တို့ထံ ကြီးပွားသူကို ရှင်ပြုပေးလျှင် ဆွေမျိုးတို့ငြင်းခုံခြင်း၊ ရှုတ်ချခြင်း ပြုတတ်ကြသည်။ ထို့ကြောင့် ငြင်းခုံခြင်း ကင်းအောင် ပန်ကြား၍သာ ပြုပေးအပ်၏။ မပန်ကြားပဲ ပြုပေးလျှင်ကား အာပတ်မရှိ။ ငယ်စဉ်က ယူ၍မွေးစားသော မိဘ၌လည်း ဤနည်းသာတည်း။

မိဘကို အမှီပြုသော သားဖြစ်အံ့၊ ပြည့်ရှင်မင်းဖြစ်စေကာမူ ပန်ကြား၍သာ ပြုပေးအပ်၏။ မိဘခွင့်ပြု၍ ရှင်ပြု၍ လူထွက်သူဖြစ်အံ့၊ အကြိမ်တရာရှိစေကာမူ လာတိုင်း ပန်ကြား၍သာ ပြုပေးအပ်၏။ လာတိုင်းလာတိုင်း ပြုပေးကြပါ၊ ပန်ကြားဖွယ်မရှိပါဟု လွတ်လွတ်ဆိုအံ့၊ မပန်ကြားပဲလည်း ပြုပေးခြင်းငှါ အပ်၏။ ငယ်စဉ်ကပင် ဤသူငယ်ကို အလိုရှိသောအခါ ရှင်ပြုပေးကြပါဟု လှူထားအံ့၊ လာတိုင်း မပန်ကြားမူ၍သာ ရှင်ပြုပေးအပ်၏။ ငယ်စဉ်က ခွင့်ပြုသော်လည်း ကြီးသောအခါ ခွင့်မပြုကုန်အံ့၊ မပန်ကြားပဲရှင်ပြုမပေးအပ်။

မပန်ပဲ ပြုပေးအပ်ပုံ

သူငယ်တယောက်သည် မိဘတို့နှင့်ငြင်းခုံခဲ့၍ ရှင်ပြုပေးပါဟု ရောက်လာအံ့၊ ပန်ကြား၍လာလော ဟုဆိုအပ်၏။ မိဘတို့ထံ မသွားလို၊ ရှင်ပြုမပေးလျှင် ကျောင်းမီးရှို့မည်။ အရှင်မြတ်တို့ကိုလည်းကောင်း၊ အရှင်မြတ်တို့၏ ဒါယကာတို့ကိုလည်း ကောင်းနှိပ်စက်မည်၊ သစ်ပင်မှ ခုန်ချ၍သော်လည်း သေမည်။ သူခိုး ဒမြတို့ထံဝင်မည်၊ အရပ်တပါးသွား မည်ဟုဆိုအံ့၊ အသက်ကိုစောင့်ရှောက်ခြင်းဖြင့် ရှင်ပြုပေးခြင်းငှါ အပ်၏။

မိဘတို့က အဘယ်ကြောင့် ရှင်ပြုပေးကြသနည်း ဟုဆိုလျှင် ထိုအကြောင်း ပြောပြ၍ အသက်ကို စောင့်ရှောက်ခြင်းဖြင့် ရှင်ပြုပေးထားသည်၊ သင်တို့၏ သားဖြင့် သင်တို့ထင်ရှားစွာ သိကြလောဟုဆိုအပ်၏။ သစ်ပင်မှခုန်ချမည်၊ တက်၍ လက်ခြေတို့ကို လွှတ်သူကိုကား ရှင်ပြုပေးခြင်းငှါ အပ်သည်သာတည်း၊

အရပ်တပါးသို့သွား၍ ရှင်အဖြစ် တောင်းအံ့၊ ပန်ကြားသွားသူကို ရှင်ပြုပေးအပ်၏။ မပန်ကြားရသေးလျှင် ရဟန်းငယ်ကို စေလွတ်၍ ပန်ကြားစေ၍ ရှင်ပြုပေးအပ်၏။ ဝေးလွန်းလျှင် ရှင်ပြုပေးပြီးသော်လည်း ရဟန်းတို့နှင့်အတူ စေလွှတ်၍ ပြုခြင်းငှါ အပ်၏။

ကုရုန္ဒီ၌ကား ဝေးလွန်း၍ ဘေးရန်ရှိသော ခရီးဖြစ်အံ့ “သွား၍ ပန်ကြားမည်”ဟူ၍ ရှင်ပြုပေးခြင်းငှါ အပ်သည်ဟု ဆို၏။ သားယောကျ်ား များစွာတို့တွင် အလိုရှိသူကို ရှင်ပြုပေးကြပါဟု ဆိုကုန်အံ့၊ စုံစမ်း၍ အလိုရှိသူကို ရှင်ပြု ပေးအပ်၏။ တမျိုးလုံး၊ တရွာလုံးက ဤအမျိုး၌ ဤရွာ၌ အလိုရှိသူကို ရှင်ပြုပေးကြပါဟု ခွင့်ပြုအံ့၊ အလိုရှိသူကို ပြုပေးအပ်၏။ ။ ရာဟုလ ဝတ္ထုပြီး၏။

(သာဋီ ... အမတ်တို့သည် ရဟန္တာဖြစ်သောအခါ လျစ်လျူရှုလျက် မင်းကြီးစေလွတ်သော သတင်းစကားကို မလျှောက်ကြားမူ၍သာ နေကုန်၏၊ တနေ့တည်းဖွားမြင်သော ဖွားဖက်တော် ကာဠုဒါယီကား ပဒုမုတ္တရဘုရား ရှင်လက်ထက်၌ - ကုလပ္ပသာဒက တဒဂ်ဆုတောင်း၍ ကောင်းမှုပြု၍ ငါတို့ ဘုရားလောင်း ပဋိသန္ဓေယူသော နေ့၌ ကပိလဝတ်ပြည်တွင် အမတ်အိမ်၌ ပဋိသန္ဓေယူသူ ဖြစ်၏။ တနေ့တည်းဖွား၍ ထိုနေ့၌ပင် ဘုရားအလောင်းအား ခစားခြင်းငှါ ဆောင်ယူအပ်သူဖြစ်၏။

ဘုရားလောင်းနှင့် အတူဖြစ်သော ဖွားဖက်တော်တို့ကား ဗောဓိပင်၊ ရာဟုလမာတာ၊ ရွှေအိုးကြီး လေးလုံး၊ အာရောဟနိယဟတ္ထိခေါ် စီးတော်ဆင်၊ ကဏ္ဍိက၊ ဆန္ဒ၊ ကာဠုဒါယီ ဟု ခုနစ်ဦးဖြစ်ကုန်၏။ (ဗုဒ္ဓဝင် အဋ္ဌကထာ၌ အာနန္ဒာဟုဆို၏။ စီးတော်ဆင်မပါ။)

ပေါက္ခရဝဿမိုးကား ပေါက္ခရပတ္တဝဏ္ဏ - ကြာရွက်အဆင်း ရှိသောရေဟု ဂဏ္ဍိတို့၌ဆို၏။ ကြာရွက်အနေ အလယ်၌ကြွခုံး၍ အစဉ်အတိုင်း အထပ်ထပ် ရာထောင်ဖြစ်၍ ရွာသောမိုးဟူ၍လည်းဆိုကုန်၏။ ယိုမိုးရွာသော အခါ စွတ်လိုသူတို့သာ စွတ်ကုန်၏။ မစွတ်လိုသူတို့ မစွတ်ကုန်။

တရားနာ၍ ပြန်ကြသောအခါ ဆွေတော်မျိုးတော်တို့လည်း ဆွမ်းစားမပင့်ကြ။ ခမည်းတော်မင်းကြီးလည်း ငါ့သားသည် ငါ့နန်းတော်မလာပဲ အဘယ်သို့ သွားအံ့နည်းဟု မပင့်ပဲပြန်သွား၍ ရဟန်းနှစ်သောင်းအတွက် ယာဂုစသည်ကိုစီရင်၍ နေရာခင်းထား၏၊

ဓမ္မံစရေ-ဟူသော ဒုတိယဂါထာကို နန်းတော်တွင်း၌ ဟောသည်။ ထို့ကြောင့် ထေရဂါထာအဋ္ဌကထာ၌ ဆရာဓမ္မပါလမထေရ် မိန့်ဆိုသည်မှာ ... ဒုတိယနေ့၌ ဆွမ်းခံကြွစဉ် ဥတ္တိဋ္ဌေနပ္ပမဇ္ဈေယျ-ဂါထာဖြင့် ခမည်းတော်ကို သောတာပန်တည်စေ၍ နန်းတော်သို့ ရောက်သောအခါ ဓမဉ္စ္မရေ- ဂါထာဖြင့် မဟာပဇာပတိကို သောတာပန်၊ မင်းကြီးကို သကဒါဂါမ်တည်စေသည်ဟု မိန့်ဆို၏။ ဓမ္မပဒ အဋ္ဌကထာ၌လည်း ဤနည်းပင်ဆို၏။

တဖန် တခုသောနေ့၌ မင်းကြီးသည် မြတ်စွာဘုရား၊ အရှင်ဘုရားတို့ ဒုက္ကရစရိယာကျင့်စဉ် နတ်တယောက် လာ၍ သင့်သား သေပြီဟု ပြောပါသည်၊ မယုံကြည်သဖြင့် “ဘုရားမဖြစ်ပဲ ငါ့သားမသေနိုင်”ဟု ပယ်လိုက် ပါသည်ဟု လျှောက်၏။ ယခုအဘယ်သို့ ယုံကြည်ကုန်အံ့နည်း၊ ရှေး၌လည်း အရိုးတို့ကို ပြ၍ သင့်သားသေပြီဟု ဆိုသည်ကိုမယုံကြည်ဘူးပြီဟု ဤအတ္ထုပ္ပတ္တိကြောင့် ဓမ္မပါလဇာတ်တော်ကို ဟော၏။ ထိုအခါ မင်းကြီး အနာဂါမ်တည်၏။

ဇနပဒကလျာဏီကား ဇနပုဒ်၌ မြတ်သောမိန်းမဖြစ်၏။ မမြင့်လွန်း မနိမ့်လွန်း မဝလွန်း မမဲလွန်း မဖြူလွန်း ကိုယ်အပြစ်ခြောက်ပါး ကင်း၏။ လူကိုလွန်ပြီး နတ်နီးနီးလှ၏။ အရေ၊ အသား၊ အကြော၊ အရိုး၊ အရွယ်- ကောင်းခြင်းငါးပါး ရှိ၏။ အရောင်တန်ဆာ ဆင်ဖွယ်မရှိ၊ ၁၂−တောင် ကိုယ်ရောင်လင်း၏။ ညိုစိမ့်နှင့် အသားဝင်းသည်။ အရေကောင်းမည်၏။ လက်ခြေနှုတ်ခမ်း နီမြန်းလျက် အသားကောင်း လက်သည်း ခြေသည် ၂ဝ-နီ၍ အသားလွတ်ရာဖြူလျှင် အကြောကောင်း။ သွား ၃၂-ညီလှလျှင် အရိုးကောင်း...။ အသက် ရာကျော် သော်လည်း ဆံမဖြူ အရေမတွန့် ၁၆-နှစ် အရွယ်ဖြစ်လျှင် အရွယ်ကောင်းမည်၏။ ဤသို့ ငါးဖြာကောင်းခြင်း၊ ခြောက်ပြစ်ကင်းကို ဇနပဒကလျာဏီဟုဆိုသည်။

လှေကားဦးတွင် မြတ်စွာဘုရားသည် သပိတ်တော်ကို ယူလတ္တံ့ဟူ၍ လည်းကောင်း၊ လှေကားအောက်၌ ယူလတ္တံ့၊ မင်းရင်ပြင်၌ယူလတ္တံ့၊ ထိုထိုနေရာ၌ယူလတ္တံ့ ဟူ၍လည်းကောင်း၊ နန္ဒမင်းသား စိတ်ကြံသော်လည်း ဘုရားရှင်မယူသဖြင့် ကျောင်းတော်သို့ အရောက်လိုက်သွား၍ ဘုရားရှင်က၊ နန္ဒ၊ ရှင်ပြုမည်လောဟု မေးလတ်သော် ရိုသေခြင်းဖြင့် မပြုလိုဟုမဆိုပဲ ပြုလိုပါသည်ဟုဆိုသဖြင့်၊ ယင်းသို့ဖြစ်လျှင် နန္ဒကို ရှင်ပြုပေးကြလောဟု မိန့်ဆို၍ ရှင်ပြုစေ၏။

မြတ်စွာဘုရားသည် ကပိလဝတ်သို့ရောက်၍ တတိယနေ့တွင် နန္ဒကို ရှင်ပြုပေးသည်ဟု ဓမ္မပဒအဋ္ဌကထာ၌ ဆို၏။ အင်္ဂုတ္တိုရ်ဋ္ဌကထာ၌လည်း ထို့အတူ၊ တတိယနေ့တွင်ဟုဆို၏။ ဤ ဝိနည်း ဋ္ဌကထာ၌ကား ဒုတိယနေ့တွင် ဟုဆို၏။ ထိုစကားအားလုံးကို ရှင်ဗုဒ္ဓဃောသ အဋ္ဌကထာဆရာသည် ထိုထို နိကာယ်ဆောင်တို့၏ မိမိတို့ကြားဖူးတိုင်း ဆောင်လာကြသောကြောင့် ထိုထိုအဋ္ဌကထာ၌ ထိုထိုစကားကို အမျိုးမျိုးခွဲ၍ဆိုသည်။ ရှေ့နောက်ဆန့်ကျင်သည်ဟု မဆိုအပ်။)

(ဝိဋီ ... ပေါက္ခရဝဿမိုး ဟူသည် ကြာတော၌ရွာသော မိုးကဲ့သို့ဖြစ်၏၊ မစွတ်လိုသူတို့၏ကိုယ်မှ လျောကျသော မိုး ဖြစ်၏။ မစွတ်လိုသူတို့ မစွတ်ကုန်၊ မိမိဥစ္စာ မင်းစည်းစိမ်၌ ဥစ္စာနှစ်အားလုံးကို ကိုယ်တော်တိုင် ခံစားနိုင်လတ္တံ့ ဟု အလေးပြုခြင်းဖြင့် မင်းကြီးသည်လည်း ဆွမ်းအလှူခံရန် မပင့်ဖိတ်၊ နန်းတော်၌ကား တညဉ့်လုံး အလှူကြီးကိုလည်းကောင်း၊ နေရာ ထိုင်ခင်းကိုလည်းကောင်း စီရင်လျက် အချိန်ကုန်စေ၏။ “မိမိ၏ခမည်းတော်၏ နန်းတော်သို့သာ ဘုရားရှင်ကြွလတ္တံ့” ဟူသော အမှတ်သညာဖြင့် သပိတ်တော်ကိုယူသူ တစုံတယောက်မျှမရှိ။

မင်းကြီး သောတာပန်တည်ပြီးနောက် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ပုံတို့ကို စကားစပ်လျဉ်း၍ တဆက်တည်း ဆိုသည်။ မြတ်စွာဘုရားသည် ထိုနေ့၌သာ သွား၍မကြည့်ရှုလျှင် ရာဟုလမာတာသည် နှလုံး ကွဲ၍ သေရာ၏။ ထို့ကြောင့် အဂ္ဂသာဝက နှစ်ပါးနှင့်အတူ ကြွသွားသည်။ ထို ရာဟုလမာတာကို သွား၍ ကြည့်ရှုသော နေ့၌သာလျှင် နန္ဒကို ရှင်ပြုပေးသည်။ ဓမ္မပဒအဋ္ဌကထာ၌ ဘုရားရှင် ကပိလဝတ်သို့ ရောက်၍ တတိယနေ့တွင်ဟု ဆိုသည်။

ကေသဝိဿဇ္ဇနကား ဘုရင်ဥသျှောင်ထုံးခြင်းငှါ ဝါ-ဘုရင်မကိုဋ်ဖွဲ့ဆောင်ခြင်းငှါ မင်းသား ကာလဖွဲ့သော ဦးစွန်းသျှောင်ထုံးကို ဖြေခြင်းတည်း။ ထိုသျှောင်ထုံးကို ဖြေဆိုသူတို့သည် မင်္ဂလာမှုပြုကုန်သတတ်။ ပဋဗန္ဓကား .... “ဤမည်သော မင်း” ဟု နဖူး၌ ရွှေပြားဖွဲ့ခြင်းတည်း။ ဃရမင်္ဂလာကား ... အသစ်ဖြစ်သော ပြာသာဒ်၌ ဝင်ခြင်း မင်္ဂလာတည်း။ ဆတ္တမင်္ဂလာကား ... ထီးစိုက်ထူခြင်း မင်္ဂလာတည်း။

ဇနပုဒ်နယ်တခု၌ အလှဆုံးမိန်းမသည် ဇနပဒကလျာဏီ မည်၏။ နန္ဒသည် ရှင်ပြခြင်းငှါ စိတ်ဖြင့် မနှစ်သက်သော်လည်း ဘုရားရှင် မေးသောအခါ ရိုသေခြင်းဖြင့် မပယ်ဝံ့၍ နှုတ်ဖြင့်ဝန်ခံ၏။ ထို ဝန်ခံခြင်း အမြွက်ဖြင့် ရှင်ပြုပေးသည်။ ရာဟုလာ ရှင်ပြုသောအခါ နန္ဒရှင်ပြုစဉ်ကထက် စိတ်ဒုက္ခပိုလွန်သောကြောင့် ထိုအခါ မင်းကြီးအနာဂါမ် မတည်သေး၊ အနာဂါမ်တို့အား ချစ်ခြင်းမုန်းခြင်းမရှိ၊ သားဟူသောချစ်ခြင်း၏ ထက်သန်ပုံကား ထိုချစ်ခြင်း စိတ္တုပ္ပါဒ်သည် မိမိနှင့်အတူဖြစ်ဖက် ပီတိဟုန်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့ကို တကိုယ်လုံးချောက်ချားစေ၍ ဖြစ်ခြင်းကြောင့် ခြင်ဆီကိုထိ၍ တည်သည်မည်၏။)

နိုင်သလောက် ရှင်များစွာမွေးခွင့်

မြတ်စွာဘုရားသည် ကပိလဝတ်မှကြွ၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူသောအခါ ရှင်သာရိပုတြာ၏ ဒါယကာသည် ရှင်သာရိပုတြာထံသို့ ဤသူငယ်ကို ရှင်ပြုပေးတော်မူပါဟု သူငယ်ကို စေလွတ်၏။ ရဟန်းတပါးသည် သာမဏေ နှစ်ပါးတို့ကို မလုပ်ကျွေးစေအပ်ဟု ပညတ်ထားသည်။ ငါ့အားဤ- ရာဟုလာသာမဏေရှိပြီ၊ အဘယ်သို့ပြုရပါအံ့နည်းဟုကြံ၍ ဘုရားရှင်အား လျှောက်၏။ ချစ်သားတို့ ... ဗျတ္တပဋိဗလရဟန်းသည် သာမဏေနှစ်ပါးကို လုပ်ကျွေးစေခြင်းငှါ လည်းကောင်း၊ ဆုံးမကြံဖြစ်ခြင်းငှါ စွမ်းနိုင်သမျှ သာမဏေတို့ကို လုပ်ကျွေးစေခြင်းငှါလည်းကောင်း ခွင့်ပြု၏။

ဆယ်ပါးသီလ

ထိုအခါ သာမဏေတို့အား ငါတို့၏ သိက္ခာပုဒ်တို့သည် အဘယ်မျှတို့နည်း။ အဘယ်၌ ကျင့်ရအံ့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... သာမဏေတို့အား ဆယ်ပါးသောသိက္ခာ ပုဒ်တို့ကိုခွင့်ပြု၏။ ထိုဆယ်ပါးတို့၌ သာမဏေတို့ကျင့်ခြင်းငှါလည်း ခွင့်ပြု၏။

ပါဏာတိပါတာ ဝေရမဏိ၊
(ပါဏာတိပါတာ၊ ပါဏာတိပါတစေတနာ မှ။
ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်း ဝိရတိလည်းကောင်း။
ဤသို့ ဝိရတီ သီလသိက္ခာပဒဖြစ်အောင် အနက်ပေး။)

အဒိန္နာဒါနာ....။

အဗြဟ္မ စရိယာ...။

မုသာဝါဒါ......။

သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ......။

ဝိကာလ ဘောဇနာ...။

နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿန......။

မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ...။

ဥစ္စာသယန မဟာသယနာ.......။

ဇာတရူပရဇတ ပဋိဂ္ဂဟဏာဝေရမဏိ (၅)

ချစ်သားတို့ ... သာမဏေတို့အား ဤ ဆယ်ပါးသော သိက္ခာပုဒ်တို့ကို ခွင့်ပြု၏။ ဤ ဆယ်ပါးတို့၌ သာမဏေတို့ ကျင့်ခြင်းငှါလည်း ခွင့်ပြု၏။

[ထာ … ဆယ်ပါးသော သိက္ခာပုဒ်တို့တွင် ရှေ့ငါးပါးကိုလွန်ကျူးခြင်းသည် နာသနဝတ္ထုဖြစ်၏။ (ဝါ- ပါရာဇိက ဌာနဖြစ်သောကြောင့် အသွင်ကိုဖျက်ဆီးခြင်း၏ အကြောင်းဖြစ်၏။) နောက်ငါးပါးကို လွန်ကျူးခြင်းသည် ဒဏ္ဍကမ္မဝတ္ထုဖြစ်၏။]

(သာဋီ ... သိဒ္ဓိတဗ္ဗာနိပဒါနိ-သိက္ခာပဒါနိ၊ ကျင့်အပ်သော အဖို့အစုတို့သည် သိက္ခာပဒတို့ မည်ကုန်၏။ တနည်း ... သိက္ခာယပဒါနိ-သိက္ခာပဒါနိ၊ သိက္ခာသုံးပါးရကြောင်းတို့သည် သိက္ခာပဒတို့ မည်ကုန်၏။ အဓိသီလစသော သိက္ခာသုံးပါး၏ (ဝါ-မဂ္ဂင်ရှစ်ပါး၏) ရကြောင်း မဟာကုသိုလ် ဝိရတီသုံးခုရ၏။ (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ- သုံးခုသည် သိက္ခာပဒမည်၏ ဟူလို။)

သတ္တဝါသည် (ဝါ) ဇီဝိတိန္ဒြေသည် ပါဏမည်၏။ ထိုပါဏကို မိမိ သဘောအတိုင်း ဖြည်းဖြည်း ကျင့်ခွင့်မပေး၊ လက်နက်စသည်ဖြင့် နှိပ်စက်၍ လျင်စွာကျစေခြင်းသည် ပါဏာတိပါတ မည်၏။ ပါဏ၌ ပါဏသညာရှိသူ၏ အသက်ပြတ်ကြောင်း ကိုယ်နှုတ်ပယောဂကို ဖြစ်စေသော ဝဓက စေတနာရ၏။ ထို ဝဓကစေတနာမှ ရှောင်ကြဉ်ကြောင်း မဟာကုသိုလ် ဝိရတီသည် ဝေရမဏိမည်၏။ ဝိရမတိ ဧတာယာတိ ဝိရမဏိ။ နိရုတ္တိနည်းဖြင့် ဝေရမဏိဖြစ်၏။ (ဤကာရန္တဣတ္ထိလိင်။) တနည်း ... ဝေရံ+မဏတီတိ ဝေရမဏိ။

ရန်သူပါပဓမ္မကို နှင်ထုတ်တတ်သော ဝိရတီသည် ဝေရမဏိ မည်၏။ “ဟယ်ပါပဓမ္မ၊ ဤ၌ငါရှိလျက် သင် အဘယ်ကြောင့်လာသနည်း” ဟု ခြိမ်းခြောက်သကဲ့သို့ နှင်ထုတ်တတ်သော ဝိရတီဟူလို။ ဤ၌ သမုစ္ဆေဒ စွမ်းဖြင့်ဖြစ်သော လောကုတ္တရာဝိရတီကို မယူအပ်၊ သမာဒါနစွမ်းဖြင့်ဖြစ်သော လောကီဝိရတီကိုသာ ယူအပ်၏။

မပေးသောဥစ္စာကို ယူခြင်းသည် အဒိန္နာဒါန မည်၏။ သူတပါး သိမ်းဆည်းသောဥစ္စာ၌ သူတပါး သိမ်းဆည်း သည်ဟု အမှတ်သညာရှိလျက် ကိုယ်နှုတ်ဖြင့်ယူကြောင်း ခိုးလိုသော ထေယျစေတနာ ရ၏။

မမြတ်သော အကျင့်သည် ဝါ-ယုတ်ညံ့သော မိန်းမယောက်ျား နှစ်ယောက်၏အကျင့်သည် အဗြဟ္မစရိယ မည်၏။ မသူတော်အကျင့်ကို မှီဝဲလို၍ ကိုယ်၌ဖြစ်သောမဂ်ဖြင့် မဂ်၌သွင်းကြောင်း မေထုနစေတနာ ရ၏။

မဟုတ်မမှန်သော ဝတ္ထုသည် မုသာမည်၏။ မုသာကို အဟုတ်အမှန်အားဖြင့် သိအောင် ပြုခြင်းသည် မုသာဝါဒ မည်၏။ မှားဟုသိလျက် အမှန်ဟုသူတပါးသိအောင် ကိုယ်နှုတ်ဖြင့် ပြုလိုသူ၏ ချွတ်ယွင်းစေသော စေတနာရ၏။

မုံ့ညက်ကိုခွက်၌ထည့်၍ ရေသင့်ရုံဖြင့်နယ်၍ ပြုသောသေသည် ပိဋ္ဌသုရာ မည်၏။ ထို့အတူ မုံ့ကိုပြုလျှင် ပူဝသုရာ။ ထမင်းကိုပြုလျှင် ဩဒနသုရာ၊ သေမျိုးစေ့ဖြစ်သော တဆေးတို့ကိုထည့်၍ ပြုလျှင် ကိဏ္ဏပက္ခိတ္တာ မည်၏။ ဖန်ခါးမုန်ညင်းစသော သမ္ဘာရအမျိုးမျိုးနှင့် ယှဉ်စပ်လျှင် သမ္ဘာရသံယုတ္တာ မည်၏။ ဤကား နယ်၍ပြုသော သေငါးပါး၊ သုရာငါးပါးတည်း။

မုန့်ညက်, မုန့်, ထမင်း (၃) ဆေး, ဖန်သွင်း (၂) နယ်ခြင်း သေငါးပါး၊ သစ်မည်စည်ပွင့် ထန်းပွင့် အုန်းပွင့် စသည်၏ ကြာမြင့်စွာ စိမ်အပ် ထုံအပ်သော သစ်ပွင့်အရည် အရက်သည် ပုပ္ဖါသဝ မည်၏။ ထို့အတူ ပိန္နဲ စသည်၏ သစ်သီးအရည်သည် ဖလာသဝ မည်၏။ သစ်မည်စည်သီးအရည်သည် မဓွာသ၀ မည်၏။ ကြံရည်သည် ရဋ္ဌသဝ မည်၏။ ဖန်ခါး သျှီသျား ငရုတ်စသော သမ္ဘာရအမျိုးမျိုး၏ ကြာမြင့်စွာ စိမ်အပ် ထုံအပ်သောအရည်သည် သမ္ဘာရ သံယုတ္တ မည်၏။ ဤကား စိမ်၍ ပြုသောအရက် ငါးပါး-မေရယငါးပါး တည်း။ ပွင့်, သီး, စည်, ကြံ (၄) တိဖလံ (၁) စိမ်ပြန်အရက်ငါး။

ထိုသုရာမေရယ အားလုံးသည် သောက်သူကို မူးယစ်စေသောကြောင့် မဇ္ဇမည်၏။ ထိုမဇ္ဇကို သောက်ကြောင်း စေတနာသည် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ပမာဒဋ္ဌာန မည်၏။ သုရာငါးပါး၊ မေရယငါးပါး ဟူသော မဇ္ဇ၌ မေ့လျော့ကြောင်း ဖြစ်သော သောက်ကြောင်းသည် သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာန မည်၏။

အရုဏ်တက်သည်မှစ၍ နေမွန်းတည့် အထိသည် ဘုရားစသော အရိယာတို့၏ အစာစားရာ အချိန်ကာလ မည်၏။ ထိုမှတပါးသော အခါသည် ဝိကာလမည်၏။ ယာဂုထမင်းစသော ယာဝကာလိကဝတ္ထု အားလုံးသည် ဘောဇနမည်၏။ ဘောဇနကိုစားမျိုခြင်းသည် ဝိကာလဘောဇန မည်၏။ ကာယဒွါရ၌ဖြစ်သော ဝိကာလဘောဇနစေတနာ ရ၏။

ကိုယ်တိုင် ကခြင်းသည် လည်းကောင်း၊ သူတပါးကို ကစေခြင်းသည် လည်းကောင်း နစ္စမည်၏။ ထို့အတူ သီချင်းသီစေခြင်းသည် ဂီတ မည်၏။ တီးမှုတ်ခြင်းသည် ဝါဒိတမည်၏။ ထိုနစ္စစသည်ကို ကြည့်ရှူ နားထာင် ခြင်းသည် ဝိသုကဒဿန မည်၏။

ဝိသုက-သာသနာ၏ကြောင့် ကျင်သဖွယ်ဖြစ်သော၊

ဒဿန-ကြည့်ရှုခြင်း၊

သဝန – နားထောင်ခြင်း၊

ဒဿနသဒ္ဓါဖြင့် သဝနကိုလည်းယူသည်။ ထိုကြည့်ရှုနားထောင်ခြင်းသည် ရာဂ ဖြစ်ကြောင်းဖြစ်သည်။ သဗ္ဗပါပဿ အကရဏံ-ဟု ဘုရားရှင်၏ ဆုံးမခြင်းသာသနာကို လျော်စေသည် မဟုတ်။ ဆန့်ကျင်စေသော အကျင့်ဖြစ်၏။ အယုတ်ဆုံးအားဖြင့် ဥဒေါင်းကခြင်း စသော နစ္စစသည်တို့ကို ငြောင့်တံကျင်သဖွယ် ကြည့်ရှုနားထောင်ခြင်းမှ ဝါ၊ ဖြစ်ကြောင်းစေတနာမှ ရှောင်ကြဉ်ရသည်။

နစ္စစသည်ကို ဘိက္ခု၊ ဘိက္ခုနီတို့အား ပြုခြင်းငှါလည်း မအပ်။ ပြုစေခြင်းငှါလည်း မအပ်။ ကြည့်ရှု နားထောင်ခြင်းငှါလည်း မအပ်။ ကြည့်ရှုလို၍ သွားကြည့်သူအား လွန်ကျူးခြင်း ဖြစ်သည်။ မိမိနေရာသို့ ရောက်လာသည်ကိုလည်းကောင်း၊ ခရီးသွားစဉ် ရင်ဆိုင်မြင်ရသည်ကို လည်းကောင်း ကြည့်သူအားကား ညစ်နွမ်းခြင်းသည်သာ ဖြစ်သည်၊ လွန်ကျူးခြင်း မဖြစ်။

ပန်းကုံးသည်လည်းကောင်း၊ ပန်းပွင့်သည်လည်းကောင်း၊ ပန်းဟူသမျှသည် မာလာမည်၏။ နံ့သာပြောင်း မှတပါးသော အထုံ၊ အမှုန့်၊ အခိုး စသော နံ့သာအားလုံးသည် ဂန္ဓမည်၏။ လိမ်းကျံစရာသွေး၍ စီရင်သော အရေအဆင်းလှကြောင်း အပျော့အပျောင်း အားလုံးသည် ဝိလေပန မည်၏။ တန်ဆာဆင်ခြင်းသည် ဓာရဏ မည်၏။ နိမ့်ရာချိုင့်ရာပြည့်အောင် ပြုခြင်းသည် မဏ္ဍန မည်၏။ အနံ့ကောင်းအောင် အရေအဆင်းလှအောင် ပြုခြင်းသည် ဝိဘူသန မည်၏။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်ဋ္ဌကထာတို့၌လည်း ဤနည်းအတိုင်းသာ ဆိုသည်။

ခုဒ္ဓပါဋ္ဌ အဋ္ဌကထာ၌ကား မာလာစသော သုံးပုဒ်၌ ဓာရဏစသော သုံးပုဒ်ကို အစဉ်အတိုင်း ယှဉ်စပ်အပ်၏ ဟုဆိုသည်။ အကြောင်းစေတနာသည် ဌာနမည်၏။ လူများအပေါင်းသည် ဒုဿီလ၏ ဖြစ်ကြောင်း အကြင် စေတနာဖြင့် ပန်းပန်ခြင်းစသည်ကိုပြု၏။ ထိုပြုကြောင်း ဒုဿီလစေတနာသည် မာလာဂန္ဓဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာန မည်၏။

ဥစ္စာ-ပမာဏလွန်အောင်မြင့်သော+သယန-ညောင်စောင်းစသော အိပ်ရာနေရာသည် ဥစ္စာသယန မည်၏။ မဟာ-မအပ်သော မြတ်သော အဘိုးတန်ကော်ဇော စသည်ဖြင့် ခင်းသော + သယန ခြေရှည်ညောင်စောင်း စသည်သည် မဟာသယန မည်၏။ နေရာကိုပယ်လျှင် ထိုနေရာ၌ ထိုင်ခြင်းအိပ်ခြင်း ကြိယာကို ပယ်ပြီးသာဖြစ်၏။ ထို့ကြောင့် ထိုမြင့်သော နေရာ၌သုံးဆောင်လို၍ ထိုင်ခြင်း၊ အိပ်ခြင်း (နှစ်ပါး) ကို ဖြစ်စေသော စေတနာမှ ရှောင်ကြဉ်ကြောင်း ဝိရတီကိုပြသည်ဟု မှတ်အပ်၏။

ရွှေသည် ဇာတရူပ မည်၏။ ကဟာပဏ-ဒင်္ဂါးအသပြာသည်လည်းကောင်း၊ မာသက-ကြေး၊ သံ၊ ချိပ်၊ သစ်သား စသည်ဖြင့် ရောင်းဝယ်သုံးစွဲရန်ပြုသော ပဲရုပ်သည်လည်းကောင်း ရဇတ မည်၏။ ထိုနှစ်မျိုးကို ခံယူခြင်းသည် ဇာတရူပ ရဇတ ပဋိဂ္ဂဟဏ မည်၏။ ကိုယ်ဖြင့်ခံယူခြင်း၊ နှုတ်ဖြင့် ခံယူစေခြင်း၊ စိတ်ဖြင့် လက်ခံသာယာခြင်း (ဝါ- ငါတို့အား မအပ်ဟု စိတ်ဖြင့်မပယ်ခြင်း) ဟု ခံယူခြင်း သုံးမျိုးရှိ၏။ ထို့ကြောင့် ခံယူခြင်း သုံးမျိုးလုံးပင် မအပ်။ ဤသိက္ခာပုဒ်တို့သည် လူတို့အားလည်း ဆက်ဆံကုန်၏။

ဥပါသကာ-ဥပါသိကာတို့၏ နိစ္စငါးပါးသီလသည် လည်းကောင်း၊ အားထုတ်နိုင်သောအခါ ဆယ်ပါးသီလ၊ ဥပေါသထင်္ဂရှစ်ပါးသီလသည် လည်းကောင်း ဂဟဋ္ဌသီလမည်၏။ နောက်ဆုံး သိက္ခာပုဒ်ကိုဖယ်၍ နစ္စာဒိ၊ မာလဒိ သိက္ခာပုဒ်နှစ်ခုကို တခုတည်း ပေါင်းခြင်းဖြင့် ဥပေါသထင်္ဂသီလ ဖြစ်၏။

(ဝိဋီ ... (ထူးရာမျှကား) နစ္စဂီတ စသည်ကို ကြည့်ရှုနားထောင်ခြင်းသည် လည်းကောင်း၊ ငုံးတိုက်ခြင်း၊ ကြွေအန်ကစားခြင်း၊ မြွေကစားခြင်း စသည် သည်လည်းကောင်း၊ ဝိသူကဒဿန မည်၏။ (သာသနဆူးငြောင့် မည်၏။) ချည်စသည်ဖြင့်ပြုသော တန်ဆာအလို့ငှါ ပန်ဆင်အပ်သော ပန်းဟူသမျှသည် မာလာမည်၏။ ဥစ္စာ ဟူသည် ဥစ္စနှင့်အနက်တူသော နိပါတ်ပုဒ် ဖြစ်၏။ ပုလဲ၊ ပတ္တမြားစသော ရတနာ၊ စပါး၊ လယ်ယာ စသည်တို့ကိုလည်း ရဇတသဒ္ဒါဖြင့် ယူအပ်ကုန်၏။)

(ဝိနယကုက္ကုစ္စ ထက်သန်သော မထေရ်ဝါဒများ။ ဆပ်ပြာမွှေး သုံးခြင်းကို ဝိဘူသနဟု တားမြစ်ကုန်၏။ အပေါင်၏ အောက်၌အခြေ- ဘုရားရှစ်သစ်၊ မဇ္ဈိမတတောင်၊ ပကတိ တတောင့်ထွာထက်လွန်သော၊ မဉ္ဇ- ညောင်စောင်း၊ ပီဌ-အင်းပျဉ်သည် ဥစ္စာသယန မည်၏။ ပမာဏမလွန်အောင် အခြေကိုဖြတ်၍ သုံးလျှင် အပြစ်မရှိ။ အခြေ၌ ခြင်္သေ့ရုပ်၊ ကျားရုပ် စသည်ရှိသော ပလ္လင်္ကသည် မဟာသယန မည်၏။ အရုပ်ကိုဖျက်၍ ဖြုတ်၍ သုံးအပ်၏။ လဲသွတ်သော ဘုံလျှိုမွေ့ရာသည် မဟာသယန မည်၏။ လဲထုတ်၍ သုံးအပ်၏။

လေးထောင့်အညီ အာသန္နီညောင်စောင်းကား အခြေရှည်သော်လည်း အပ်သည်။ ထိုအပ်သော အခြေ ညောင်စောင်း၌ လည်းကောင်း၊ ပမာဏလွန်သော မဉ္စ၊ ပီဌ ရိုးရိုး၌လည်းကောင်း၊ သားမွေး အခင်း ကော်ဇော စသည်ခင်းလျှင် မဟာသယနမည်၏။ မြေ၌ ကြမ်း၌ ချခင်း၍ သုံးအပ်၏။ ဇာတရူပရဇတကို စိတ်ဖြင့် လက်ခံသာယာခြင်းကား ... ကိုယ်နှုတ်ဖြင့် ပယ်ခြင်းမပြုသော အကြိယသမုဋ္ဌာန်ကြောင့် မအပ်။ ကိုယ်နှုတ်ဖြင့် ပယ်လျှင် စိတ်သာယာသော်လည်း အပြစ်မရှိ။ စိတ်ဖြင့်ပယ်လျှင် ကိုယ်နှုတ်မပယ်လည်း အပြစ်မရှိ။)

ဒဏ္ဍကမ္မဝတ္ထု

ထိုအခါ သာမဏေတို့သည် ရဟန်းတို့၌ ရိုသေခြင်းမရှိကုန်။ နားထောင်ခြင်း မရှိကုန်။ ရဟန်းတို့ကို ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော သာမဏေအား ဒဏ္ဍကမ္မ ပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့အား လာဘ်မရအောင် လုံ့လပြု၏။ ရဟန်းတို့အား အကျိုးမဲ့ ဘေးရန်ဖြစ်အောင် လုံ့လပြု၏။ နေရာမရအောင်လုံ့လ ပြု၏။ ရဟန်းတို့ကို ဆဲရေး၏။ ရေရွတ်၏။ ရဟန်းတို့ကို ရဟန်းတို့နှင့် ကွဲပြားအောင် ဂုံးတိုက်၏။ ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသော သာမဏေအား ဒဏ်မှုပြုခြင်းငှါ ခွင့်ပြု၏။

ထိုအခါ ရဟန်းတို့အား အဘယ်သို့လျှင် ဒဏ္ဍကမ္မကို ပြုအပ်သနည်းဟု အကြံဖြစ်၏။ ဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... အာဝရဏ-တားမြစ်ခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် သာမဏေ တို့အား သံဃံ အရံတခုလုံးကို တားမြစ်ခြင်းကို ပြုကုန်၏။ သာမဏေတို့သည် အရံတွင်းသို့ ဝင်ခွင့်မရသဖြင့် ဖဲသွားကုန်၏။ လူထွက်ကုန်၏။ တိတ္ထိတို့ထံ ပြောင်းကုန်၏။ ချစ်သားတို့ ... သံဃအရံ တခုလုံးကို တားခြင်းကိုမပြုအပ်...။ ဒုက္ကဋ်။

ချစ်သားတို့ ... နေရာအရပ်၊ သက်ဝင်ရာ အရပ်တို့၌ တားခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် သာမဏေတို့အား ခံတွင်းဖြင့်သုံးဆောင်အပ်သော အာဟာရကို တားကုန်၏။ လူတို့သည် ယာဂု သောက်ပါ၊ ဆွမ်းစားပါဟုဆိုသောအခါ ဒါယကာတို့၊ ငါတို့မှာစားခွင့်မရ၊ ရဟန်းတို့ တားမြစ်ထားသည်ဟု ဆိုကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့... ခံတွင်းဖြင့်သုံးဆောင်အပ်သော အာဟာရကို တားခြင်းကို မပြုအပ်။ ဒုက္ကဋ်။ ။ ဒဏ္ဍကပ္ပဝတ္ထု ပြီး၏။

[ထာ ... ရဟန်းတို့ကို ကြီးကဲစိုးရသောနေရာ၌ မတားခြင်းသည် နားထောင်ခြင်းမရှိ မည်၏။ အပ္ပဋိဿ မည်၏။ ဤကျောင်း၌ မနေနိုင်အောင်ဟု အားထုတ်ခြင်းသည် နေရာမရအောင်လုံ့လပြုသည် မည်၏။ ဘေးကိုပြ၍ ခြိမ်းခြောက်ခြင်းသည် ရေရွတ်သည်မည်၏။ ဤအရပ်သို့မဝင်ရ ဟု တားခြင်းသည် အာဝရဏ မည်၏။ နေရာအရပ်၊ သက်ဝင်ရာအရပ် နှစ်ခုဖြင့် မိမိ၏နေရာ ကျောင်းငယ်ပရိဝေဏကို လည်းကောင်း၊ ဝါစဉ်ဖြင့် ရောက်သော သေနာသနကို လည်းကောင်း ဆိုသည်။

ယနေ့ မခဲရ၊ မစားရဟု တားခြင်းသည် ခံတွင်းဖြင့် သုံးဆောင်အပ်သော အာဟာရကို တားခြင်း ဖြစ်၏။ မခဲရ မစားရဟု တားသော ရဟန်းအားလည်းကောင်း၊ အာဟာရ တားမည်ဟု သပိတ်သင်္ကန်းကို အတွင်း၌ ထားသော ရဟန်းအားလည်းကောင်း၊ ပယောဂတိုင်း ဒုက္ကဋ်။

အကျင့်မကောင်းသော် လည်းကောင်း၊ အဆိုခက်သော် လည်းကောင်း၊ သာမဏေအား ဒဏ္ဍကမ္မပြု၍ ယာဂုဆွမ်း သပိတ် သင်္ကန်း ပြပြီးလျှင် ဤမျှသော ဒဏ္ဍကမ္မဆောင်လျှင် ဤ ဥစ္စာ-ရလတ္တံ့ ဟု ဆိုခြင်းငှါ အပ်၏။ ဘုရားရှင်သည် တားမြစ်ခြင်း အာဝရဏကိုသာ ဒဏ္ဍကမ္မဟု မိန့်ဆိုသည်။ သင်္ဂါယနာတင် မထေရ်တို့ကား အပြစ် အားလျော်စွာ ရေ၊ ထင်း၊ သဲစသည်ကို ဆောင်ခိုင်းခြင်းကိုသော်လည်း ပြုအပ်၏ဟု ဆိုကုန်၏။ ထို့ကြောင့် ထိုအမှုကိုလည်းပြုအပ်၏။ ထိုဒဏ်အမှုကိုလည်း နောင်ရှောင်ကြဉ်လတ္တံ့ဟု သနား စောင့်ရှောက်ခြင်းအားဖြင့် ပြုရသည်။ ပျက်စီးလတ္တံ့၊ လူထွက်လတ္တံ့ စသော အလိုဆိုးဖြင့် မပြုအပ်။ ဒဏ်ပေးမည်ဟုသာ ကျောက်၌ အိပ်ခိုင်းခြင်း၊ ကျောက်အုတ် စသည်ကို ဦးခေါင်း၌ ရွက်ခိုင်းခြင်း၊ ရေ၌ငုပ်ခိုင်းခြင်းတို့ကား မအပ်ကုန်။]

(သာဋီ ... ဂဏ္ဍိပဒအလိုကား မိမိ၏ပရိဝေဏသည် ပုဂ္ဂလိကဝါစဉ်ဖြင့် ရောက်သော သေနာသနသည် သံဃိကဖြစ်၏။ ငါတို့အလိုကား နေရာ အရပ်သည် သံဃိကဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ သာမဏေ၏ အမြဲနေရာ ဖြစ်၏။ သက်ဝင်ရာအရပ်သည် လုပ်ကျွေးခြင်း စသည်ကြောင့် သာမဏေတို့ အမြဲသက်ဝင်ရာ ဆရာ ဥပဇ္ဈာယ်၏ နေရာဖြစ်၏။ မိမိ၏ ပရိဝေဏသည် ဆရာ ဥပဇ္ဈာယ်၏နေရာ ဖြစ်၏။ ဝါစဉ်ဖြင့်ရောက်သော သေနာသနသည် သာမဏေ၏နေရာဖြစ်၏။ ထိုနေရာနှစ်ခုလုံး သံဃိကဖြစ်စေ၊ ပုဂ္ဂလိက ဖြစ်စေ တားခြင်းကို ပြုအပ်သည်သာတည်း။

မုခဒွါရဖြင့် သုံးဆောင်အပ် သောအစာသည် မုခဒွါရိက မည်၏။ ဒဏ္ဍေန္တိ ပိနေန္တိ ဧတေနာတိဒဏ္ဍာ။ ကာတဗ္ဗန္တိကမ္မံ ဒဏ္ဏောယေဝကမ္မံ၊ ဒဏ္ဍကမ္မံ၊ တားမြစ်ခြင်း စသည်သည် ဆုံးမကြောင်းဒဏ္ဍ၊ ပြုအပ်သောကမ္မ ဖြစ်သောကြောင့် ဒဏ္ဍကမ္မမည်၏။ နှိပ်ကွပ်ခြင်းကို ပြုခြင်းပင်တည်း။

ဝိဋီ ... နေရာအရပ်သည် သာမဏေ၏ ဝါစဉ်ဖြင့် ရသည်ဖြစ်စေ၊ မိမိဥစ္စာဖြစ်စေ အမြဲနေရာ သေနာသနဖြစ်၏။ သက်ဝင်ရာအရပ်သည် ဆရာဥပဇ္ဈာယ်၏နေရာ သေနာသနဖြစ်၏။ ဒဏ္ဍေန္တိ ပိနေန္တိဧတေနာတိ ဒဏ္ဍော၊ နှစ်သက်စေကြောင်း ပြုအပ်သော အမှုသည် ဒဏ္ဍကမ္မ မည်၏။ (ဝိနေန္တိသည် ပိနေန္တိဟု အက္ခရာချွတ်သည် ဟူ၍သော်လည်း အကြံအပ်၏။ တားမြစ်ခြင်းစသည်ပင်တည်း။)

သူတပါးတပည့်

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ကို မပန်ကြားပဲ သာမဏေတို့အား တားမြစ်ခြင်းကိုပြုကုန်၏။ ဆရာ ဥပဇ္ဈာယ်တို့မြင်၍ လိုက်ရှာကြကုန်၏။ ဆဗ္ဗဂ္ဂီတို့ တားမြစ်ထားသည်ကို သိ၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဥပဇ္ဈာယ်တို့ကိုမပန်ကြားပဲ တားမြစ်ခြင်းကို မပြုအပ်။ ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် မထေရ်တို့၏ သာမဏေတို့ကို ဖြားယောင်းကုန်၏။ မထေရ်တို့သည် ကိုယ်တိုင် ဒန်ပူ မျက်နှာသစ်ရေယူရသဖြင့် ပင်ပန်းကုန်၏။ ချစ်သား ... သူတပါး၏ပရိသတ်ကို မဖြားယောင်းအပ်။ ဒုက္ကဋ်။

ထာ ... အရှင်မြတ်တို့၏ သာမဏေအား အပြစ် ဤသို့ရှိပါသည် ဒဏ္ဍကမ္မပြုတော်မူကြပါ။ နှိပ်ကွပ်ပါဟု သုံးကြိမ်ဆိုသော်လည်း ဥပဇ္ဈာယ်သည် ဒဏ်မပေးငြားအံ့၊ ထိုအခါ မိမိကိုယ်တိုင် ဒဏ်ပေးခြင်းငှါအပ်၏။ ဥပဇ္ဈာယ်သည် အစကတည်းက ငါ၏သာမဏေများအား အပြစ်ရှိလျှင် ဒဏ်ပေးကြလောဟုဆိုအံ့၊ ဒဏ်ပေး ခြင်းငှါအပ်၏။ သာမဏေတို့အားကဲ့သို့ သဒ္ဓိဝိဟာရိက၊ အန္တေဝါသိက ရဟန်းတို့အားလည်း ဒဏ်ပေးခြင်းငှါ အပ်၏။

သပိတ်ပေးမည်၊ သင်္ကန်းပေးမည် စသည်ဖြင့် မိမိထံလုပ်ကျွေး၍ နေစေခြင်းငှါ၊ ချီးမြှောက်ခြင်းသည် ဖြားယောင်းသည်မည်၏။ သာမဏေဖြစ်စေ၊ ရဟန်းဖြစ်စေ၊ အယုတ်ဆုံး ဒုဿီလ ဘိက္ခု၏ ပရိသတ်ရဟန်း၊ သာမဏေကို သော်လည်း ဖျက်ဆီး၍ ယူခြင်းငှါ မအပ်။ အပြစ်ကိုပြောဆိုခြင်းငှါကား အပ်၏။ သင်သည် ရေချိုးရန်လာလျက် မစင်လိမ်းသကဲ့သို့ ဒုဿီလကိုမှီ၍ နေဘိ၏ စသည်ဖြင့် အပြစ်ကိုပြောဆိုအပ်၏။ ထိုသူသည် အလိုလိုအသိဉာဏ်ဖြစ်၍ ဥပဇ္ဈာယ်ကို နိဿယည်းကိုတောင်းအံ့၊ ပေးခြင်းငှါအပ်၏။]

(ဝိဋီ ... သဒ္ဓိဝိဟာရိက၊ အန္တေဝါသိက ရဟန်းတို့၌လည်း နောင်ကြဉ်အောင် ဆရာဥပဇ္ဈာယ်တို့ မနှိပ်ကွပ်လျှင် တပါးသော ရဟန်းတို့သည် တားမြစ်ခြင်းစသော နိဂ္ဂဟကံကို ပြုအပ်သည်သာတည်း။ သူတပါး ပရိသတ်ကို ဖျက်ဆီး၍ယူမည်ဟု ဒါနံ−ပေးကမ်းခြင်း၊ ပိယဝါစာ-ချစ်ဖွယ်ဆိုခြင်း၊ အတ္ထစရိယာ-အကျိုးရှိအောင် ကျင့်ခြင်း၊ သမာနတ္တတာ-ချမ်းသာဆင်းရဲ အတူမခွဲခြင်း ဟူသော သင်္ဂဟဝတ္ထုလေးပါးဖြင့် ချီးမြှောက်ခြင်းသည် ချီးမြှောက်သည် မည်၏။ သူတပါး၏ ပရိသတ်ပျက်သော် လည်းကောင်း၊ မပျက်သော် လည်းကောင်း၊ ချီးမြှောက်သူအား ပယောဂတို့နှင့် အာပတ်သာတည်း။

ဖျက်ဆီး၍ယူခြင်းငှါ မအပ်ဟုဆိုရာ၌ ဖျက်ခြင်းငှါလည်း မအပ်၊ ယူခြင်းငှါလည်း မအပ်ဟူလို။ အပြစ်ကို ပြောဆိုခြင်းငှါ အပ်ရာ၌ သာသနာရိုသေခြင်းဖြင့် လည်းကောင်း၊ သူတပါးကို သနားခြင်းဖြင့် လည်းကောင်း ပြောခြင်းငှါအပ်သည်။ ပရိသတ်၌ လော်လီခြင်းဖြင့် မအပ်။)

လိင်ဆယ်ပါး

အရှင်ဥပနန္ဒ၏တပည့် ကဏ္ဍကမည်သော သာမဏေသည် ကဏ္ဍကီမည်သော ဘိက္ခုနီမကို ဖျက်ဆီး၏။ ရဟန်းတို့ကဲ့ရဲ့ကုန်၏။ ချစ်သား … ဆယ်ပါးသော အင်္ဂါတို့နှင့်ပြည့်စုံသော သာမဏေကို ဖျက်ဆီးခြင်းငှါ ခွင့်ပြု၏။ သူ့အသက်သတ်၏။ သူ့ဥစ္စာခိုး၏။ မမြတ်သော အကျင့်ကျင့်၏။ မုသားပြောဆို၏။ သေ၊ အရက်သောက်၏။ (၅) ဘုရား၏ ကျေးဇူးမဲ့ ဆို၏။ တရား၏ ကျေးဇူးမဲ့ ဆို၏။ သံဃာ၏ ကျေးဇူးမဲ့ဆို၏။ မိစ္ဆာဒိဋ္ဌိ အယူရှိ၏။ ဘိက္ခုနီမကို ဖျက်ဆီး၏။ ချစ်သားတို့ ... ဤအင်္ဂါဆယ်ပါးနှင့် ပြည်စုံသော သာမဏေကို ဖျက်ဆီးခြင်းငှါ ခွင့်ပြု၏။

[ထာ ... သံဝါသနာသန-ဥက္ခိတ္တကကံ စသည်ဖြင့် သံဝါသကို-ဖျက်ဆီးခြင်း၊ ဝါ-သံဝါသအတူ မပြုရခြင်း၊ လိင်္ဂနာသနာ-အသွင်းကိုဖျက်ဆီးခြင်း၊ ဝါ-လူထွက်ခိုင်းခြင်း၊ ဒဏ္ဍကမ္မ နာသနာ-ဒဏ်အမှုဖြင့် ဖျက်ဆီးခြင်း၊ ဝါ-ဒဏ်ပေး၍နှိပ်က္ခပ်ခြင်း၊ ဤသို့ နာသနာသုံးမျိုးရှိ၏။ သံဝါ, လိင်္ဂ (၂) ဒဏ်ကမ္မ (၁)၊ သုံးဝနာသနာ။

ဤ၌ လိင်္ဂနာသနာကိုသာ ယူအပ်၏။ ထို့ကြောင့် ထိုဆယ်ပါးတွင် တပါးပါး လွန်ကျူးသော သာမဏေကို လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏။ ရဟန်းတို့အား ပါဏာတိပါတ စသည်ကြောင့် ပါရာဇိက၊ ထုလ္လစ္စည်း၊ ပါစိတ် စသည်ဖြင့် ထိုထိုအာပတ် အမျိုးမျိုးရှိ၏။ သာမဏေတို့အား ထိုသို့အမျိုးမျိုး မရှိ၊ ပိုးရွ ခြပုန်း သတ်ခြင်းကြောင့် လည်းကောင်း၊ ကြမ်းပိုးဥခွဲခြင်းကြောင့် လည်းကောင်း၊ အသွင်ဖျက်ဆီးအပ်သူ အဖြစ်သို့သာရောက်၏။ ထိုခဏ၌ပင် ထိုသာမဏေ၏ သရဏဂုံတို့သည် ငြိမ်းကုန်၏။ ဥပဇ္ဈာယ်ယူခြင်းလည်း ငြိမ်း၏။ ကျောင်းအိပ်ရာ နေရာယူခြင်းလည်း ငြိမ်း၏။ သံဃိကလာဘ်ကို မရကောင်း၊ အသွင်တခုသာ အကြွင်းအကျန်ရှိတော့၏။ အကယ်၍အပြစ်များသူဖြစ်အံ့၊ နောင်ကြဉ်ခြင်း၌မတည်သူဖြစ်အံ့၊ နှင်ထုတ် အပ်၏။ ထိုသို့မဟုတ်ပဲ၊

အဆောတလျင်ချွတ်ယွင်း၍ မလျော်သည်ကို ငါပြုမိချေပြီဟု နောင်တဖန်စောင့်ရှောက်ခြင်း၌ တည်လိုသူ ဖြစ်အံ့။ ထိုကြွင်းကျန်သော အသွင်ကို ဖျက်ဆီးဖွယ်ကိစ္စမရှိ၊ ဝတ်ရုံမြဲတိုင်းဖြင့်သာ အသွင် မပျက်သေးသော ထိုသာမဏေအား သရဏဂုံတို့ကို ပေးအပ်ကုန်၏။ ဥပဇ္ဈာယ်ကို ပေးအပ်၏။ သိက္ခာပုဒ် (ဝိရတိ) တို့ကား သရဏဂုံဖြင့်သာပြည့်စုံကုန်၏။

သာမဏေတို့ သရဏဂုံသည် ရဟန်းတို့ ဥပသမ္ပဒ ကမ္မဝါစာနှင့် တူ၏။ ထို့ကြောင့် ရဟန်းတို့ကဲ့သို့ စတုပါရိသုဒ္ဓိသီလသည် လည်းကောင်း၊ ဤဆယ်ပါးသီလသည်လည်းကောင်း ဆောက်တည်ပြီးသာဖြစ်၏။ (သရဏဂုံဖြင့် သမာဒါနဝိရတိဖြစ်ပြီ) ထိုသို့ဖြစ်သော်လည်း မြဲကြံသည်ကိုပြုခြင်းငှါ နောင်စောင့်စည်းခြင်း၌ တည်စေခြင်းငှါ တဖန်ပေးအပ်ကုန်၏။ ပုရိမဝါ၌ သရဏဂုံထပ်ယူရလျှင် ပစ္ဆိမဝါ၌ ဝါဆိုသင်္ကန်းလာဘ်ရလတ္တံ့ ပစ္ဆိမဝါ၌ သရဏဂုံ ထပ်ယူရလျှင် (မရထိုက်) သံဃာသည် ပန်ကြား၍ လာဘ်ကိုပေးအပ်၏။

သူ့ဥစ္စာခိုးခြင်း၌ မြက်၊ ဝါးခြမ်းမျှ ဝတ္ထုဖြင့်လည်း သမဏ မဟုတ်၊ မမြတ်သော အကျင့်ကျင့်ခြင်း၌ မဂ်သုံးပါး တို့တွင် တပါးပါးသောမဂ်၌ ဖေါက်ပြန်သော ကျင့်ခြင်းဖြင့်လည်း သမဏ မဟုတ်။ မုသာပြောဆိုခြင်း၌ ရှယ်မြူးလိုခြင်းဖြင့်သော်လည်း မုသာပြောဆိုလျှင် သမဏ မဟုတ်၊ ဖျက်ဆီးအပ်သူ အဖြစ်သို့ရောက်၏။

သေအရက်သောက်ခြင်း၌ကား ရဟန်းအား မသိသော်လည်း မျိုးစေ့ မှစ၍ သောက်လျှင် ပါစိတ်။ သာမဏေသည် သိ၍ သောက်လျှင် သီလပျက်၏။ မသိလျှင်မပျက်။ ဝိကာလဘောဇန စသော သိက္ခာပုဒ်ငါးခု ပျက်လျှင် အသွင်မဖျက်အပ်။ ဒဏ်အမှုပြုအပ်၏။ သိက္ခာပုဒ်ထပ်၍ ပေးသော်လည်းကောင်း၊ မပေး သော်လည်းကောင်း အပ်၏။ ဒဏ်အမှုဖြင့်နှိပ်ပြီးလျှင် နောင်စောင့်စည်းခြင်း၌ တည်စေခြင်းငှါ ပေးအပ်သည် သာတည်း။ သာမဏေတို့အား သေအရက် သောက်ခြင်းသည် သစိတ္တကဖြစ်၏။ ပါရာဇိကဝတ္ထု ဖြစ်၏။ ဤကားအထူးတည်း။

ကျေးဇူးမဲ့ဆိုခြင်း၌ အရဟံ သမ္မာသမ္ဗုဒ္ဓေါစသည်၏ ဆန့်ကျင်ဘက်၊ သွာက္ခာတောစသည်၏ ဆန့်ကျင်ဘက်၊ သုပ္ပဋိပန္နောစသည်၏ ဆန့်ကျင်ဘက်တို့ဖြင့် ဘုရား၊ တရား၊ သံဃာ၏ ကျေးဇူးမဲ့ဆိုလျက် ရတနာသုံးပါးကို ကဲ့ရဲ့သော သာမဏေကို ဆရာဥပဇ္ဈာယ်တို့သည် ဤသို့မဆိုလင့်ဟု အပြစ် ပြ၍ တားအပ်၏။ သုံးကြိမ် တိုင်အောင် ဆုံးမလျက် မရှောင်ကြဉ်လျင် ကဏ္ဍကသာမဏေကို ဖျက်ဆီးသော (နှင်ဒဏ်) နည်းဖြင့် ဖျက်ဆီး အပ်၏ဟု ကုရုန္ဒီ၌ ဆိုသည်။

မဟာအဋ္ဌကထာ၌ကား ဆုံးမ၍ အယူစွန့်လျှင် ဂုဏ်အမှု ပြုစေ၍ အပြစ်ကိုတောင်းပန် လျှောက်ကြား စေအပ်၏။ မစွန့်ပဲယူမြဲယူလျှင် လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏ဟု ဆိုသည်။ မဟာဋ္ဌကထာစကား သင့်သည်။ ဤ ဆယ်ပါးလွန်ကျူးရာ၌ ဤ လိင်္ဂနာသနာကိုသာ ယူရသည်။ မိစ္ဆာဒိဋ္ဌိအယူ၌လည်း ဤနည်းအတူတည်း။

သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတို့တွင် တခုခုယူသူဖြစ်၍ ဆရာတို့ဆုံးမသောအခါ အယူစွန့်လျှင် ဒဏ်အမှုပြုစေ၍ အပြစ်ကို တောင်းပန် လျှောက်ကြားစေအပ်၏။ အယူမစွန့်သူကိုသာ ဖျက်ဆီးအပ်၏။ ဘိက္ခုနီမကို ဖျက်ဆီးသူကို မမြတ်သောအကျင့် ကျင့်သူဟု ယူထိုက်သော်လည်း အဗြဟ္မစာရီကို နောင်စောင့်စည်းလိုလျှင် သရဏဂုံ ပေး၍ ရဟန်းပြုပေးခြင်းငှါ အပ်၏။ ဘိက္ခုနီဒူသကသည်ကား နောင် စောင့်စည်းလိုသော်လည်း ရှင်အဖြစ်ကိုပင် မရနိုင်။ ရဟန်းအဖြစ်ကို ဝေးစွဟု ပြုခြင်းငှါ ဘိက္ခုနီဒူသကဟူသော ဤ ဒသမအင်္ဂါကို သီးခြားဟောသည် ဟု သိအပ်၏။)

(သာဋီ ... ကျောင်းအိပ်ရာ နေရာယူခြင်း ငြိမ်း၏ ဟူသော စကားဖြင့် ဝါကျိုးသူ ဝါပြတ်သူလည်းဖြစ်၏ဟု ပြသည်။ အပြစ်များ နောင်ကြဉ်ခြင်း၌ မတည်သူကို နှင်ထုတ်သောအခါ သုံးကြိမ်ဆုံးမသော်လည်း မကြဉ်လျှင် သံဃာကိုပန်ကြား၍ ဖျက်ဆီးအပ်၏။ တဖန် ရှင်အဖြစ်ကိုတောင်းပန်လျှင်လည်း ပန်ကြား၍ ရှင်ပြုပေးအပ်၏ ဟုဆိုကုန်၏။

ပစ္ဆိမဝါ၌ ဝါဆိုသင်္ကန်း လာဘ်ရလတ္တံ့ ဟူသည်ကား ... ပစ္ဆိမဝါသို့ တဖန်ကပ်သောကြောင့် ရနိုင်လတ္တံ့။ ပန်ကြား၍ လာဘ်ကိုပေးအပ်၏ ဟူသည်ကား ဝါကျိုးဝါပြတ် ဖြစ်သောကြောင့်တည်း။ အပြစ်ကို တောင်းပန် လျှောက်ကြားစေရာ၌ “အစ္စယော မံ ဘန္တေ အစ္စာဂမာ” စသောနည်းဖြင့် လျှောက်ကြားစေအပ်၏။)

ဇီဋီ ... ရှေးမထေရ်တို့သည်ကား သုံးကြိမ်ဆုံးမသော်လည်း မကြဉ်လျှင် သံဃာကိုပန်ကြား၍ ဖျက်ဆီး အပ်၏။ တဖန်ရှင်အဖြစ်ကိုတောင်းပန်လျှင်လည်း ပန်ကြား၍ ရှင်ပြုပေးအပ်၏ဟု ဆိုကုန်၏။ ရဟန်းတို့ ဥပသမ္ပဒကမ္မဝါစာနှင့်တူရာ၌ ရဟန်းသည် သိက္ခာကိုချ၍ ဝတ်ရုံမြဲတိုင်းဖြင့် နောက်တဖန်ရဟန်းပြုလျှင် ရှေး၌ မိမိအောက်ငယ်သူ၊ ဝါတူတို့အား ရှိခိုးခြင်း စသည်ကို ပြုရသကဲ့သို့ သာမဏေသည်သည်။ တဖန် သရဏဂုံ ထပ်ယူရလျှင် ရှေး၌ မိမိအောက်ငယ်သူ၊ ဝါတူတို့အား ရှိခိုးခြင်း စသည်ကို ပြုရ၏။ အသွင်လိင်္ဂသည် သီတင်းကြီးအဖြစ်ကို မပြီးစေနိုင်ဟုဆိုအပ်၏။

အစ္စယော မံ ဘန္တေ အစ္စာဂမာ-စသောနည်းဖြင့် အပြစ်ကို တောင်းပန်လျှောက်ကြားစေအပ်၏။ မိစ္ဆာဒိဋ္ဌိ အယူမစွန့်ခြင်းကြောင့် ငါ့ရှင်သာမဏေ၊ သင်သွားလောဟုဆို၍ အနှင်ခံရမှ ပါရာဇိကဖြစ်သည်။ (ဝါ-လိင်ကျသည်။) သုံးကြိမ်တိုင်အောင်ဟု ဆိုခြင်းကြောင့် ဘုရား တရား သံဃာ၏ ကျေးဇူးမဲ့ ဆိုကာမျှဖြင့် မိစ္ဆာဒိဋ္ဌိယူကာမျှဖြင့် သရဏဂုံတို့ မပျက်ကုန်ဟု ဆိုကုန်၏။ ဤသို့ဖြစ်ခဲ့လျှင် ပါဏာတိပါတစသည်ကို ပြုသူအားလည်း ထိုသဘောဖြစ် သည်ဟုကြံဖွယ်ရှိ၏။ (ထိုဝါဒ မသင့်ဟူလို။) ကေစိတို့ကား သီလမရှိသူအား အသွင်ဖျက်ဆီးခြင်းကို ဟောသည်ဟု ဆိုကုန်၏။ ထိုကေစိဝါဒ သင့်၏။ မြတ်စွာဘုရားသည် သီလဝန္တအား လိင်္ဂနာသနာကိုခွင့်မပြုဟု စိစစ်အပ်၏။ ဘိက္ခုနီဒူသကဟောခြင်းဖြင့် ဘဗ္ဗ၊ အဘဗ္ဗတို့ကို ရေတွက်သည်ဟု ရှေးမထေရ်တို့ မိန့်ဆိုကုန်၏။)

(ဝိဋီ ... ကျောင်းအိပ်ရာ နေရာယူခြင်းငြိမ်း၏ ဟူသောစကားဖြင့် ဝါကျိုးပြတ်ခြင်းကိုပြသည်။ ရဟန်းတို့ ကားလည်း ပါရာဇိက ရောက်ခြင်းဖြင့် သရဏဂုံစသော သာမဏေဖြစ်ကြောင်းလည်း ပျက်ခြင်းကြောင့် ကျောင်းအိပ်ရာ နေရာယူခြင်းလည်း ငြိမ်း၏။ သံဃိကလာဘ်လည်း မရနိုင်ကုန်ဟုသိအပ်၏။

ပုရိမဝါ၌ သရဏဂုံထပ်ယူရလျှင် ဟူသောစကားဖြင့် သရဏဂုံထပ်ယူခြင်း နှင့်တကွ ထိုနေ့၌ပင် ပုရိမဝါ ကပ်ခြင်းကိုလည်းပြသည်။ ပစ္ဆိမပါ၌ ဝါဆိုသင်္ကန်း-ဟူသည်ကား ဝါဆိုသင်္ကန်း လာဘ်ယူခြင်းကို (ဝါ-ယူအပ်သော လာဘ်ကို) ပြခြင်းမျှသာဖြစ်သည်။ အကြောင်းကား ... ပုရိမဝါကပ်သော နေ့မှ ရှေ့၌ လည်းကောင်း၊ နောက်၌လည်းကောင်း ရသော ဝါဆိုသင်္ကန်းကို လည်းကောင်း၊ စီဝရမာသတို့၌ရသော သံဃိက ကာလသင်္ကန်းကို လည်းကောင်း၊ ပုရိမဝါကပ်၍ သီလမပျက်သော သာမဏေသည် ရနိုင်သည်သာ တည်း။

ပစ္ဆိမဝါ၌ သရဏဂုံထပ်ယူရလျှင် ဟူသောစကားဖြင့် ပစ္ဆိမဝါ ကပ်ခြင်းကိုလည်းကောင်း၊ ငါ့ပြတ်ခြင်းကို လည်းကောင်း ပြသည်။ ထိုပစ္ဆိမ ဝါကပ်နှင့်ဝါပြတ်အား ကာလသင်္ကန်း၌ အဖို့မရနိုင်၊ ထို့ကြောင့် ပန်ကြား၍ လာဘိကို ပေးအပ်၏-ဟုဆိုသည်။ ဝါဆိုသင်္ကန်းလာဘ်ကိုကား ကျောင်းရှင် ဒါယကာတို့က ကျောင်း စောင့်ရှောက်ခြင်းငှါ ပစ္ဆိမဝါကပ်၍ ဝတ်ပြု၍ မိမိကျောင်း၌ နေသူအားလည်း ဝါဆိုသင်္ကန်း ပေးအပ်ဟု ဆိုကုန်အံ့၊ မပန်ကြားမူ၍လည်း ပေးအပ်သည်သာတည်း။

သာရတ္ထဒီပနီ၌ကား ပစ္ဆိမဝါ၌ ဝါဆိုသင်္ကန်းလာဘ်ရလတ္တံ့ ဟူသည်ကား ပစ္ဆိမဝါသို့ တဖန်ကပ်သောကြောင့် ရနိုင်လတ္တံ့ ဟုဆိုသည်။ ထိုစကားသည်လည်း ဝါဆိုသင်္ကန်း၌ ဒါယကာတို့၏ ဤဆိုပြီးအဓိပ္ပါယ်ကိုမှီ၍ဆိုလျှင် ကောင်း၏။ သံဃိကကာလ သင်္ကန်းကိုလည်း ရည်၍ဆိုလျှင် မသင့်ဟုမှတ်အပ်၏။

သေ-ဟုမသိ၍ သောက်သော သာမဏေအား ပါဏာတိပါတာ ဝေရမဏိစသော သီလအားလုံးပျက်ခြင်းသို့ လည်းကောင်း၊ သရဏဂုံပျက်ခြင်းသို့ လည်းကောင်း မရောက်။ အကုသိုလ်ကား ဖြစ်၏။ သုရာပါဏာဝေရမဏိ ဟူသော ဝိရတီသီလလည်း ပျက်၏။ ပန်းပန်ခြင်း စသည်တို့၌ကဲ့သို့ မှတ်အပ်၏။ ဝိကာလဘောဇနာ ဝေရမဏိ စသည်တို့ကို အားထုတ်၍ လွန်ကျူးသော သာမဏေဖြစ်အံ့၊ ထိုထို လွန်ကျူးသော သိက္ခာပုဒ်ပျက်သည် သာတည်း။

ပါဏာတိပါတ စသည်တို့ မပျက်လျှင် နာသနင်္ဂတို့မဖြစ်ကုန်။ အပြစ်ကို တောင်းပန်လျှောက်ကြားစေရာ၌ အစ္စယော မံ ဘန္တေ အစ္စဂမာ-စသည်ဖြင့် သံဃအလယ်၌ လျှောက်ကြားစေ၍ သရဏဂုံသီလကိုပေးအပ်၏။ ပါရာဇိကတို့ ဖြစ်သောကြောင့်တည်း။ (မတောင်းပန်မီ ရတနာသုံးပါးကဲ့ရဲ့စဉ် မိစ္ဆာဒိဋ္ဌိယူစဉ်ကပင် လိင်ကျ၍ သရဏဂုံ ပျက်ပြီးတို့ ဖြစ်ကုန်၏ဟူလို။) ထို့ကြောင့် လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏ ဟုဆိုသည်။

ဘိက္ခုဝိဘင်း သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ-ဟူသော ကဏ္ဍကသိက္ခာပုဒ်၌ ကဏ္ဍကသာမဏေ သည်လည်း မိစ္ဆာဒိဋ္ဌိသာတည်း။ ထိုသာမဏေအား ဒဏ္ဍကမ္မနာသနာကိုသာ ဟောသည်။ ဤ၌ မိစ္ဆာဒိဋ္ဌိသာမဏေအား လိင်္ဂနာသနာကို ဟောသည်။ အဘယ်သို့ ထူးသနည်းဟု မေးဖွယ်ရှိသောကြောင့် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတို့တွင် တခုခုယူသူ .. ဟုဆိုသည်။

အဓိပ္ပါယ်ကား အတ္တသည်အစိုးရ၏။ မြဲ၏။ ခိုင်၏စသည်ဖြင့် လည်းကောင်း၊ အတ္တသည် ပြတ်လတ္တံ့၊ ပျက်လတ္တံ့ စသည်ဖြင့် လည်းကောင်း၊ ကိတ္ထိတို့ကြံဆအပ်သော သဿတဒိဋ္ဌိကို ဥစ္ဆေဒဒိဋ္ဌိကို မြဲစွာယူ၍ ပြောဆိုလျှင် ထိုသာမဏေ၏ မိစ္ဆာဒိဋ္ဌိသည် ပါရာဇိက၏ အကြောင်းဖြစ်၏။ လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏။

ဤသို့သော ဒိဋ္ဌိကိုမယူ သာသနာယုံကြည်သူဖြစ်လျက် သက်သက်အဓိပ္ပါယ် ဖောက်ပြန်စွာယူ၍ ရဟန်းတို့ ဆုံးမသော်လည်း မစွန့်ပဲပြောဆိုလျှင် ထိုသာမဏေ၏ မိစ္ဆာဒိဋ္ဌိသည် ပါရာဇိကမဟုတ်၊ ကဏ္ဍကကဲ့သို့ ဒဏ္ဍကမ္မနာသနာဖြင့် ဖျက်ဆီးအပ်၏။)

(ဆရာမြတ်တို့ကား ရတနာသုံးပါး ကျေးဇူးမဲ့ ကိုယ်နှုတ်ဖြင့်ကဲ့ရဲ့လျှင် သဿတ၊ ဥစ္ဆေဒ၏ ကဲ့ရဲ့လျှင် လိင်ကျသည်။ ရဟန်းတို့ ဆုံးမ၍ နားထောင်လျှင် အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာ ဗာလံ ယထာမုဠှံ ယထာအကုသလံ။ ယွာဟံ ဝေမကာသိံ တဿမေ ဘန္တေ အယျော သံဃော အစ္စယံ အစ္စယတော ပဋိဂ္ဂဏှာတု အာယတိံ သံဝရာယ-ဟု သံဃာ့အလယ်၌ ကန်တော့စေပြီးမှ သရဏဂုံသီလ တပ်ပေးရသည်။

ကိုယ်နှုတ် မပါပဲ စိတ်ဖြင့် ကဲ့ရဲ့အံ့၊ စိတ်ဖြင့် မိစ္ဆာဒိဋ္ဌိယူအံ့၊ ဝိနည်းပြစ်မရှိ။ မနောဒွါရေ အနာပတ္တိဟု မိန့်ဆိုကုန်၏။ အချို့ကား ပုထုဇဉ်တိုင်း သက္ကာယဒိဋ္ဌိရှိ၍ သဿတ ဥစ္ဆေဒ၏ ဖြစ်နိုင်သောကြောင့် သရဏဂုံ ဘုရားအာဏာဖြင့် ရှင်သာမဏေဖြစ်လျှင်လည်း မိစ္ဆာဒိဋ္ဌိကော ဟောတိ ဟူသော အာဏာတော်ဖြင့် လိင်ကျခြင်းသာ ဖြစ်ကုန်၏ဟု အလွန်အကျွံ ဆိုမှားကုန်၏။

ကဏ္ဍကသာမဏေသည် အဘိဓမ္မာကိုသင်၍ ဝိနည်းစကားကို အဘိဓမ္မာနည်းဖြင့် ယူသည်။ ကော်ဇော ကမ္ဗလာတို့ကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုသည် ဖောဋ္ဌဗ္ဗာရုံဖြစ်သည်။ ဤဖောဋ္ဌဗ္ဗာရုံ အပ်လျှင် မာတုဂါမ ဖောဋ္ဌဗ္ဗာလည်း အပ်ရမည်သာတည်းဟု ယူသည်။

ပဏ္ဍကဝတ္ထု

ထိုအခါ ပဏ္ဍုက်တယောက်သည် ရဟန်းထံ၌ ရှင်ပြု၍နေ၏။ ထို ပဏ္ဍုက်သည် ရဟန်းငယ်တို့ထံ ချဉ်းကပ်၍ အကျွန်ုပ်ကို မှီဝဲဖျက်ဆီးကြပါလော ဟုဆို၏။ ရဟန်းတို့မောင်းမဲကုန်၏။ ထိုအခါ သာမဏေကြီးတို့ထံသွား၍ ဆိုသော်လည်း မောင်းမဲခံရသဖြင့် ဆင်ထိန်း မြင်းထိန်းတို့ထံသွား၍ ဖျက်ဆီးခိုင်း၏။ ဆင်ထိန်း မြင်းထိန်း တို့သည် ဖျက်ဆီးပြီးလျှင် ဤ ရဟန်းတို့သည် ပဏ္ဍုက်တို့တည်း။ တပါးသော ရဟန်းတို့လည်း ဤ ပဏ္ဍုက်တို့ကို ဖျက်ဆီးကုန်၏။ ရဟန်းအားလုံး အဗြဟ္မစာရီဖြစ်ကုန်၏ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ .. ပဏ္ဍုက်ကို ရဟန်းမဖြစ်သေးလျှင် ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... ပဏ္ဍုက်သည် အာသိတ္တ၊ ဥဿုယ၊ ဩပက္ကမိက၊ ပက္ခ၊ နပုံသကဟု ငါးမျိုးရှိ၏။ ထိုတွင် သူတပါး၏ အင်္ဂါဇာတ်ကိုစုပ်၍ သုက်ဖြင့် သွန်းလောင်းသောအခါ ပူပန်ခြင်းငြိမ်းသူသည် အာသိတ္တပဏ္ဍုက်မည်၏။ သူတပါးတို့ လွန်ကျူးသည်ကိုမြင်၍ ငြူစူသောအခါ ပူပန်ခြင်းငြိမ်းသူသည် ဥဿုယ၊ လုံ့လဖြင့်ဗီဇ … ဝှေးစေ့ ထုတ်ပယ်ခံရသူသည် ဩပက္ကမိက....။ အကုသိုလ်ကံစွမ်းဖြင့် လဆုတ်ပက္ခ၌ ပဏ္ဍုက်ဖြစ်၍ လဆန်းပက္ခ၌ ပူပန်ခြင်း ငြိမ်းသူသည် ပက္ခ….။ ပဋိသန္ဓေကပင် ဣတ္ထိဘာဝ၊ ပုမ္ဘာဝဆိုသူသည် နပုံသကပဏ္ဍုက် မည်၏။

ထိုတွင် အာသိတ္တ၊ ဥဿုယ နှစ်ယောက်အား ရှင်အဖြစ်မတား (ရဟန်းအဖြစ်လည်း မတား) ကြွင်း သုံးယောက်အား တားသည်။ ထိုသုံးယောက်တို့တွင်လည်း ပက္ခ ပဏ္ဍုက်အား ပဏ္ဍုက်ဖြစ်သော ပက္ခ၌သာ ရှင်အဖြစ်ကိုတားသည်ဟု ကုရုန္ဒီ၌ ဆို၏။ ရှင်အဖြစ်တားအပ်သူ (နှစ်ယောက်ခွဲ) တို့ကိုရည်၍ ရဟန်း ပြုမပေးအပ်၊ ပြုပေးလျှင် ဖျက်ဆီးအပ်၏ဟု ဟောသည်။ လိင်္ဂနာသနာဖြင့်သာ ဖျက်ဆီးအပ်၏။ နောက်၌ ဖျက်ဆီးအပ်၏ဟုဆိုရာ၌လည်း ဤ လိင်္ဂနာသနာနည်းသာတည်း။)

(သာဋီ ... “လဆုတ်ပက္ခ၌ မိန်းမဖြစ်၍ လဆန်းပက္ခ၌ ယောကျ်ား ဖြစ်သူသည် ပက္ခပဏ္ဍုက်မည်၏” ဟု အနှစ်သာရ မရှိသောစကားကို အဋ္ဌကထာဆိုသည်နှင့် မတူအောင် ကေစိတို့ဆိုကုန်၏။ အဋ္ဌကထာ၌ အပဏ္ဍက ပက္ခ၌ ပူပန်ခြင်းငြိမ်းသည်ကိုသာ ဆိုခြင်းကြောင့် ပဏ္ဍကပက္ခ၌ များသော ပူပန်ခြင်းသည်သာ ပဏ္ဍကဘာဝဟု သိအပ်၏။ ဂဏ္ဍိသုံးကျမ်း၌ အပဏ္ဍကပက္ခ၌ ရှင်ပြုပေး၍ ရှင်ပြုသူသည် ကိလေသာ ကုန်ခြင်းသို့ရောက်အံ့၊ (ဝါ–ရဟန္တာဖြစ်အံ့) မဖျက်ဆီးအပ်ဟု ဆိုကုန်၏။

ပဏ္ဍကအား ကိလေသာကုန်ခြင်း မဖြစ်၊ ကိလေသာ ကုန်ထိုက်သူအား ပဏ္ဍကမဖြစ်။ ထို့ကြောင့် ထိုကေစိ တို့၏ အလိုမျှသာတည်း။ အဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက်တို့တွင် ပဏ္ဍုက်၊ တိရစ္ဆာန်၊ ဥဘတောဗျည်း ဤ သုံးယောက်သည် ဝတ္ထုဝိပန္န ဖြစ်၏။ အဟိတ် ပဋိသန္ဓေရှိသူ ဖြစ်၏။ နတ်ရွာမတားအပ်၊ မဂ်ကိုတားအပ်၏ ဟု အထူးမပြုပဲ ဆိုသည်။

(ဝိဋီ ... အာသိတ္တ၊ ဥဿုယျ၊ ပက္ခ - ပဏ္ဍုက် သုံးယောက်သည် ပုရိသဘာဝ ပုရိသလိင်္ဂ စသည်ရှိသော သုဂတိ အဟိတ်တို့ ဖြစ်ကုန်၏။ ကိလေသာ ထကြွလွန်းသဖြင့် နပုံသကနှင့်တူသောကြောင့် ဟု ဆိုသည်။ အာသိတ္တ၊ ဥဿုယျ နှစ်ယောက်ကား ကိလေသာ ထကြွသောအခါ ယောနိသော မနသိကာရ စသည်ဖြင့် မလွန်ကျူးအောင်တားခြင်းငှါ တတ်ကောင်း၏။ ထို့ကြောင့် ရှင်ပြုပေးအပ်ကုန်၏။ ပက္ခပဏ္ဍုက် ကား လဆုတ်ပက္ခ၌ သူရူးကဲ့သို့ ကိလေသာလွှမ်းမိုး၏။ လွန်ကျူးရမှ ငြိမ်သက်၏။ ထို့ကြောင့် ထိုပက္ခ၌ ရှင်ပြုမပေးအပ်။ အာသိတ္တသည် ခံတွင်း၌ သုက်ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ မိမိကလည်း သုက်လွှတ်မှ ပူပန်ငြိမ်းသည်။

ဥဿုယျသည် ငြူစူသဖြင့် မိမိကလည်း မှီဝဲလိုသောရာဂ ဖြစ်၍ သုက်လွှတ်မှ ပူပန်ငြိမ်းသည်။ ဩပက္ကမိက၌ ဗီဇပယ်ခြင်းကို ဆိုသောကြောင့် ဗီဇမပယ် နိမိတ်မျှပယ်လျှင် ပဏ္ဍကမဖြစ်။ ရဟန်းအား အနာ စသော အကြောင်းမရှိပဲ နိမိတ်ပယ်လျှင်ပဏ္ဍက မဖြစ်။ ရဟန်းအား အနာ စသော အကြောင်းမရှိပဲ နိမိတ်ပယ်လျှင် ထုလ္လစ္စည်းသာတည်း။

ပဏ္ဍက မဖြစ်။ ဗီဇတို့ကိုပယ်လျှင် အင်္ဂါဇာတ်သည် ရာဂကြောင့် ခိုင်မာခြင်း မဖြစ်။ ပုရိသဘာဝလည်း ကွယ်၏။ မုတ်ဆိတ်စသော ပုရိသလိင်္ဂလည်း ကွယ်၏။ ရဟန်းအဖြစ်လည်းကင်း၏။ နပုံပဏ္ဍုက်ကဲ့သို့ လွန်ကျူးမှု မတားနိုင်အောင် ပူလောင်၏။ ထို့ကြောင့် ဤသို့သောသူကို ဥပသမ္ပန္နဖြစ်သော်လည်း ဖျက်ဆီးအပ်၏ဟု ဆိုကုန်၏။

ကေစိတို့ကား ဗီဇာထုတ်သောခဏ၌ ပဏ္ဍုက်မဖြစ်သေး၊ နောက်၌ဆိုပြီးသောနည်းဖြင့် ပဏ္ဍုက်ဖြစ်၍ ဘာဝ ကင်း၏။ ဥပသမ္ပဒါ၏ဝတ္တုမဟုတ်၊ ထိုအခါ ရဟန်းအဖြစ် ကင်း၏။ ဤသို့ ပဏ္ဍကဘာဝသို့ရောက်သည်မှစ၍ ထိုသူကို ဇာတိနပုံသကနှင့် တူစွာ ဖျက်ဆီးအပ်၏။ အဘဗ္ဗဟုဆိုအပ်၏။ အဟိတ်ပုဂ္ဂိုလ်ဖြစ်သော်လည်း ကင်းသောအခါ အဟိတ်ပုဂ္ဂိုလ်နှင့်တူ၏။ မဂ်ဖိုလိလည်းမရဟု ဆိုကုန်၏။

အပရေတို့ကား ရှင်မပြုမီ ဗီဇပယ်အပ်သူကိုရည်၍ ဖျက်ဆီးအပ်၏ ဟုဟောသည်။ ရဟန်းအား နောက်၌ ဗီဇပယ်ခြင်းဖြင့် ဥပသမ္ပဒါလည်းမကင်းဟု ဆိုကုန်၏။ ထိုအပရေဝါဒမသင့်၊ အကြင်ဗီဇပယ်သောလုံ့လဖြင့် ရှင်မပြုမီ အဘဗ္ဗဖြစ်၏။ ထို လုံ့လဖြင့် နောက်၌လည်းဖြစ်သည်။ ပဗ္ဗဇ္ဇာသဒ္ဒါဖြင့် ဥပသမ္ပဒါကိုလည်းယူ၍ ရှင်အဖြစ် မတားအပ်သော အာသိတ္တ၊ ဥဿုယျ နှစ်ယောက်အား ရဟန်းအဖြစ်လည်း မတားအပ်။ ပဏ္ဍုက်ဖြစ်သော ပက္ခ၌သာ ရှင်အဖြစ်တားသည်-ဟုဆိုရာ၌ ပဏ္ဍုက်မဟုတ်သော ပက္ခ၌လည်း ရှင်အဖြစ်မျှသာ ရသည်။ ရဟန်းအဖြစ်သည်ကား ထိုအခါ၌လည်း မအပ်။ ပဏ္ဍကပက္ခရောက်သောအခါ လိင်္ဂနာသနာဖြင့် ဖျက်ဆီးအပ်၏။

ထေယျသံဝါသကဝတ္ထု

ထိုအခါ ကုလပုတ္တ ဖြစ်ဖူးသော ခီဏ ကောလည သေ၍ကုန်သော မိမျိုးဘမျိုးရှိသော နုနယ်သူတယောက် သည် ငါကား စီးပွားရအောင်လည်းမရှာနိုင်၊ ရှိပြီးကိုလည်း တိုးပွါးအောင်မတတ်နိုင်၊ မပင်မပန်း ချမ်းသာစွာ အသက်မွေးခြင်းငှါ ရဟန်းတို့နှင့်အတူသွားနေမည်ဟု ကိုယ်တိုင်သပိတ်သင်္ကန်းစီရင်၍ ဆံမုတ်ဆိတ်ပယ် စေ၍ သင်္ကန်းဝတ်၍ ကျောင်းအရံသို့သွား၍ ရဟန်းတို့ကိုရှိခိုး၏။

ငါ့ရှင်- ဝါအဘယ်မျှ ရှိပြီနည်းဟု မေးကြသောအခါ၊ ဝါဟူသည် အဘယ်နည်းဟု ဆို၏။ သင်၏ဥပဇ္ဈာယ် အဘယ်သူနည်းဟု မေးသောအခါ ဥပဇ္ဈာယ်ဟူသည် အဘယ်နည်းဟုဆို၏။ ရဟန်းတို့သည် ရှင်ဥပါလိကို မေးစစ်ပါလောဟု တိုက်တွန်းကုန်၏။ ရှင်ဥပါလိမေးစစ်သောအခါ ထိုအကြောင်းကို လျှောက်ကြား၏။ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ ... ထေယျသံဝါသကကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ ချစ်သားတို့ .... တိတ္ထိယပက္ကန္တကကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

ထာ ... ရှင်ဥပါလိမေးစစ်ပုံကား တနေရာသို့ခေါ်သွား၍ ဆံမုတ်ဆိတ်ပယ်ခြင်း၊ သင်္ကန်းခံယူခြင်း၊ သရဏဂုံ ဆိုခြင်း၊ ဥပဇ္ဈာယ်ယူခြင်း၊ ကမ္မဝါစာ၊ မှီရာဓမ္မတို့ကို မေးစစ်၏။ ထိုအခါ ကိုယ်တိုင်ရှင်ပြုခြင်းကို အစမှစ၍ လျှောက်ကြား၏။ (ပရိဝါ၌ ဝိနည်းဓိုရ်သည် အမှုသည်ကို ဥပဇ္ဈာယ်စသည် မမေးရဟုတားသည်။ အမှုနှင့်မဆိုင်သည်ကို မမေးရဟု တားခြင်းတည်း။ ထေယျသံဝါသကသည် လိင်္ဂတ္ထေနက၊ သံဝါသတ္ထေနက၊ ဥဘတ္ထေနက ဟူသုံးမျိုးရှိ၏။ ထိုတွင်အကြင်သူသည် ကိုယ်တိုင် သင်္ကန်းဝတ်ခြင်းဖြင့် ရှင်သာမဏေ၏ အသွင်ကိုသာယူ၏။ ကျောင်းသို့သွား၍ ရဟန်းဝါ ရေတွက်ခြင်းမပြု၊ သီတင်းကြီးစဉ်ဖြင့် ရှိခိုးမခံ၊ နေရာမတား၊ ဥပုသ်ပဝါရဏာ စသည်မပြု၊ ထိုသူသည် အသွင်မျှကိုသာ ခိုးသောကြောင့် လိင်္ဂတ္ထေနက မည်၏။

အကြင်သူသည် ရဟန်းတို့ ရှင်ပြုပေးသော သာမဏေ ဖြစ်၏။ အသွင်ရှိပြီးဖြစ်၏။ အရပ်တပါးသို့ ရောက်သောအခါ ဆယ်ဝါ ရပြီ၊ ဝါနှစ်ဆယ်ရပြီ စသည်ဖြင့် မုသာပြော၍ ရဟန်းဝါရေတွက်၏။ ထိုမုသာဝါဒ ဝါအားလျော်စွာ သီတင်းကြီးစဉ်ရှိခိုးခံ၏။ နေရာဖြင့် တား၏။ ဥပုသ်ပဝါရဏာ စသည်၌မြင်ရ၏။ ဤ သာမဏေသည် ပေါင်းဖော်ခြင်းမျကိုသာ ခိုးသောကြောင့် သံဝါသတ္ထေနက မည်၏။

ဤနေရာ၌ (ကံကြီးကံငယ် အတူပြုမှသာမဟုတ်) ရဟန်းဝါရေတွက်ခြင်း စသော ကြိယာအမျိုးမျိုး သည်လည်း သံဝါသ မည်၏။ အကြင်သူသည် ကိုယ်တိုင် သင်္ကန်းဝတ်၍ အသွင်ကိုလည်းယူ၏။ ကျောင်းသို့သွား၍ ရဟန်းဝါ ရေတွက်ခြင်းစသည်ဖြင့် သံဝါသကိုလည်းပြု၏။ ဤသူသည် လိင်္ဂ၊ သံဝါသ နှစ်ခုလုံး ခိုးသောကြောင့် ဥဘယတ္ထေနကမည်၏။ ဤသုံးယောက်လုံးကို ရဟန်းပြုမပေးအပ်၊ ပြုပေးလျှင် ဖျက်ဆီးအပ်၏။ ရှင်အဖြစ် တောင်းသော်လည်း ရှင်ပြုမပေးအပ်။

ပကိဏ်းခြောက်ချက်

ဤနေရာ၌ အသိဉာဏ်သန့်ရှင်းစေခြင်းငှါ ဤပဏိဏ်း ခြောက်ချက်သိအပ်၏။ မင်းဘေး၊ ဒုဗ္ဘိက္ခဘေး၊ ခရီးခဲဘေး၊ ရောဂ ါဘေး၊ ရန်သူ ဘေးကြောင့် သော်လည်းကောင်း၊ သင်္ကန်းကို ကျောင်းသို့ပို့လိုသောကြောင့် သော်လည်းကောင်း၊ အသွင်ကို ယူသူသည်၊ ဝါ၊ ကိုယ်တိုင်သင်္ကန်း ဝတ်သောလူသည် ဝါရေတွက်ခြင်း စသော သံဝါသ မပြအံ့၊ ဤသို့စင်ကြယ်သော စိတ်ရှိသမျှကာလပတ်လုံး ထေယျသံဝါသက မဖြစ်။

မင်းဘေးဟူသည်ကား မင်းအမျက်သင့်ခဲ့ရသောလူသည် ချမ်းသာ ရစိမ့်သောငှါ ကိုယ်တိုင်သင်္ကန်းဝတ်၍ ထွက်ပြေး၏။ သင်္ကန်းဝတ်နေသည်ဟု မင်းကြီးသိသောအခါ သင်္ကန်းဝတ်သူအား အပြစ်မပေးထိုက်ပြီဟု အမျက်ပြေပျောက်၏။ ထိုလူသည် ငါ့အား မင်းဘေးငြိမ်းပြီဟုသိ၍ သံဃာ့အလယ် မဝင်ပဲ လူဝတ်လဲ၍ ရောက်လာအံ့၊ ရှင်ပြုပေးအပ်၏။ တနည်း--ငါသည် သာသနာကိုမှီ၍ အသက်ချမ်းသာပေပြီဟု သံဝေဂ ဉာဏ်ရ၍ ရှင်ပြုရန် ထိုသင်္ကန်းဝတ်ဖြင့် ရောက်လာအံ့၊ အာဂန္တုကဝတ် ပြုကြသည်ကို လက်မခံပဲ ဟုတ်တိုင်းမှန်စွာ လျှောက်ကြား၍ ရှင်အဖြစ်ကို တောင်းပန်အံ့၊ ထိုအသွင်ကိုပယ်၍ ရှင်ပြုပေးအပ်၏။ ထိုသို့မဟုတ်ပဲ ဝတ်ပြုသည်ကို လက်ခံအံ့။ ရှင်ရဟန်းအသွင်ပြုအံ့၊ ငါရေတွက်ခြင်းစသည်ကို ပြုအံ့၊ ရှင်ပြု မပေးအပ်၊ ဥဘယတ္ထေနကဖြစ်သည်။

ဒုဗ္ဘိက္ခဘေးကား ဒုဗ္ဘိက္ခအခါ အသက်မွေး ခဲယဉ်းသောလူသည် ကိုယ်တိုင်သင်္ကန်းဝတ်၍ သဗ္ဗပါသဏ္ဍိယဘတ်၊ ဘာသာဝါဒမရွေး အားလုံးကိုလှူသော ဆွမ်းကိုစား၍ ဒုဗ္ဘိက္ခ အခါလွန်သောအခါ သံဃာ့အလယ် မဝင်ပဲ လူဝတ်လဲ၍ ရောက်လာအံ့၊ ယခင်နည်းအတိုင်းတူပြီ။

ခရီးခဲဘေးကား ခဲယဉ်းသောခရီးကို လွန်မြောက်အောင် သွားလိုသောလူသည် “ကုန်သည်ကြီးတဦးသည် ပဗ္ဗဇ္ဇိတတို့ကို ပင့်ဆောင်သွားလေ့ရှိသည်” ဟုသိ၍ ကိုယ်တိုင်သင်္ကန်းဝတ်၍ ကုန်သည်ကြီးနှင့်အတူ လိုက်သွား၏။ ခရီးခဲလွန်၍ ဘေးကင်းရာ ရောက်သောအခါ သံဃာ့အလယ်မဝင်ပဲ လူဝတ်၍ရောက်လာအံ့၊ ရှေးနည်းတူပြီ။

ရောဂါဘေးကား ရောဂါစွဲကပ်သဖြင့် အသက်မွေး ကျပ်သောလူသည် ကိုယ်တိုင်သင်္ကန်းဝတ်၍ သဗ္ဗပါသဏ္ဍိယဘတ်ကိုစား၏။ ရောဂါ ဘေးကင်းသောအခါ သံဃာ့အလယ် မဝင်ပွဲ လူဝတ်လဲ၍ ရောက်လာအံ့၊ ရှေးနည်းတူပြီ။

ရန်သူဘေးကား ရန်သူသတ်မည်ဟု အလိုက်ခံရသောလူသည် ချမ်းသာရစိမ့်သောငှါ ကိုယ်တိုင်သင်္ကန်း ဝတ်၍ပြေး၏။ သင်္ကန်းဝတ်သွားပြီဟု ရန်သူသိသောအခါ သင်္ကန်းဝတ်သူအား မနှိပ်စက်လိုပြီဟု အမျက် ပြေပျောက်၏။ ထိုလူသည် ရန်ငြိမ်းပြီဟုသိ၍ သံဃာ့အလယ်မဝင်ပဲ လူဝတ်လဲ၍ရောက်လာအံ့၊ ရှေးနည်း တူပြီ။

သင်္ကန်းကိုကျောင်းသို့ ပို့လိုသူကား ရဟန်းတပါးသည် ဆွေမျိုးထံ ပြန်သွား၍ သိက္ခာချ၍ လူထွက်ပြီးလျှင် ဤလင်္ကန်းတို့သည် အိမ်၌ပျက်စီးကုန်လတ္တံ့၊ ကျောင်းသို့ပြန်ပို့ခဲ့လျှင် ငါ့ကိုသင်္ကန်းသူခိုးဟု ဖမ်းကုန်လတ္တံ့၊ ဝတ်ဆင်၍သွားရမူ ကောင်းလေစွဟု သင်္ကန်းကို ကျောင်းသို့ပို့ဆောင်ခြင်းငှါ ဝတ်ရုံကာ ကျောင်းသို့သွား၏။ ကျောင်း၌သာမဏေ၊ ရဟန်းငယ်တို့ကြိုဆို၍ ဝတ်ပြုသည်ကို လက်မခံပဲ ဟုတ်တိုင်းမှန်စွာ ပြောကြားအံ့၊ ထိုသူကို ပြန်မလွတ်လိုသဖြင့် အနိုင်အထက် ရှင်ပြုပေးလိုလျှင် ထိုသင်္ကန်း တို့ကိုပယ်၍ တဖန် ရှင်ပြုပေးအပ်၏။ ငါ၏လူထွက်ခြင်းကို မသိကြကုန်ဟု ယခင်ရဟန်းအဖြစ်ကို ဝန်ခံ၍ ဝါရေတွက်ခြင်းစသော သံဝါသကိုပြုအံ့၊ ရှင်ပြုမပေးအပ်။ ဥဘယတ္ထနကဖြစ်သည်။

ထေယျသံဝါသက ဝေဖန်ခြင်း

သာမဏေကြီးတပါးသည် (ဗျတ္တ ဗဟုသုတဖြစ်လျက်) ဆွေမျိုးထံပြန်သွား၍ လူထွက်ပြီးလျှင် အလုပ်အကိုင် ပျင်းသဖြင့် သာမဏေပြန်ပြုလို၍ ငါလူထွက်သည်ကိုမည်သူမျှမသိကြသေးဟု ထိုသပိတ်သင်္ကန်းကိုယူအံ့၊ ဝါ၊ ကိုယ်တိုင်ပြန်ဝတ်အံ့။ ကျောင်းသို့သွား၍ လူထွက်ကြောင်းကို မပြောပဲ သာမဏေအဖြစ်ကို ဝန်ခံအံ့၊ ထေယျသံဝါသကသာ ဖြစ်၏။ ရှင်အဖြစ်မရထိုက်။

ထိုသူသည် အသွင်ယူသောအခါ ဘယ်သူအားမျှ မပြောအံ့ဟု အကြံဖြစ်အံ့၊ ကျောင်းသို့ရောက်သောအခါ ပြောကြားသော်လည်း အသွင်ယူသောအခါ၌ပင် (စိတ်မစင်ကြယ်သောကြောင့်) ထေယျသံဝါသက ဖြစ်၏။ အသွင်ယူသောအခါ ပြောကြားမည်ဟု စိတ်ဖြစ်အံ့၊ ကျောင်းသို့ရောက်သောအခါ ဤသူတို့ မသိကြသေးဟု လှည့်စား၍ မပြောကြားအံ့၊ မပြောကြားအံ့ဟု ဝန်ချခြင်းနှင့်တကွ ထေယျသံဝါသကသာဖြစ်၏။ (ရဟန်းတို့နှင့် ပေါင်းဆုံပြီးမှ သံဝါသ + အဓိဝါသန စွမ်းဖြင့် ဝန်ချသည်ဟူလို။) ယူစဉ်ကလည်း ပြောကြားမည်ဟု စိတ်ဖြစ်အံ့၊ ကျောင်းရောက်သောအခါလည်း ပြောကြားအံ့၊ တဖန်ရှင်အဖြစ်ကိုရ၏။

အဗျတ္တအပ္ပသုတဖြစ်သော သာမဏေငယ်သည်လည်းကောင်း၊ သာမဏေကြီးသည်လည်းကောင်း၊ ရှေးနည်း အတိုင်း အိမ်ပြန်လူထွက်၍ နွားကျောင်းခြင်းစသောအိမ်မှုကို မပြုလိုသူဖြစ်သောကြောင့်၊ ဆွေမျိုးတို့သည် ထိုသင်္ကန်းတို့ကိုသာဝတ်ခိုင်း၍ ခွက်ကိုလည်းကောင်း၊ သပိတ်ကိုလည်းကောင်း ပေး၍ သွားချေ၊ သမဏသာဖြစ်ချေလောဟု နှင်လိုက်သဖြင့် ကျောင်းသို့ပြန်သွားအံ့၊ ရဟန်းတို့သည်လည်း လူထွက်ပြီးမှ တဖန်ကိုယ်တိုင် ဝတ်လာသည်ကို မသိကြ၊ ထိုသူကိုယ်တိုင်လည်း ဤသို့ ကိုယ်တိုင် သင်္ကန်းဝတ်လျှင် (မပြုကောင်း၊ သမဏမဖြစ်၊ ပဗ္ဗဇိတ မဖြစ်၊) ထေယျသံဝါသကဖြစ်သည် ဟု မသိ။ ထိုသူကို အသက်ပြည့်၍ ရဟန်းပြုပေးလျှင် ကောင်းသော ရဟန်းဖြစ်၍ (ဤ၌ သာမဏေ မဖြစ်ခဲ့သော်လည်း ရဟန်းဖြစ်ပုံ ထင်ရှား၏။)

ရဟန်းမပြုမီသာလျှင် ဤသို့ကိုယ်တိုင် သင်္ကန်းဝတ်သူ ထေယျသံဝါသက ဖြစ်သည်ဟု ဝိနည်းအဆုံးအဖြတ် ကြားနာရသည်ဖြစ်အံ့၊ အကျွနု်ပ် ဤသို့ ပြုခဲ့ပါသည်ဟု ရဟန်းတို့အား လျှောက်ကြားအပ်၏။ ဤသို့ ပြုလျှင် တဖန် ရှင်အဖြစ်ကိုရ၏။ ငါ့အကြောင်းသိ မရှိဟု မလျှောက်ကြားလျှင် ဝန်ချကာမျှ၌ ထေယျသံဝါသက ဖြစ်၏။

ရဟန်းသည် သိက္ခာကိုစွန့်၍ အသွင်မပယ်ပဲ မသူတော်မှုပြု၍ လည်းကောင်း၊ မပြု၍လည်းကောင်း တဖန် ဝါရေတွက်ခြင်း စသည်ကို ပြုအံ့၊ ထေယျသံဝါသက ဖြစ်၏။ သိက္ခာမချပဲ အသွင်လည်းမစွန့်ပဲ မေထုန်မှုပြု၍ ဝါရေတွက်ခြင်းစသည်ကိုပြုအံ့၊ ထေယျသံဝါသကမဖြစ်။ ရှင်အဖြစ်မျှ ရနိုင်သေး၏။ အန္ဓအဋ္ဌကထာ၌ကား--ဤသူ ထေယျသံဝါသက ဖြစ်သည်ဟုဆို၏။ မမှတ်သားအပ်။

ရဟန်းတဦးသည် သင်္ကန်း၌ ပြန်ဝတ်မည်ဟု တွယ်တာလျက်သာလျှင် အဝတ်ဖြူဝတ်၍ ပါရာဇိကမှုပြု၍ သင်္ကန်း ပြန်ဝတ်လျှင် ရဟန်းဝါရေတွက်ခြင်း စသည်ပြုအံ့၊ ထေယျသံဝါသက မဖြစ်၊ ရှင်အဖြစ်မျှရနိုင်သေး၏။ သင်္ကန်း၌ ပြန်မဝတ်တော့ပြီဟု ဝန်ချ၍ အဝတ်ဖြူဝတ်၍ လွန်ကျူးမှုပြု၍ သင်္ကန်းပြန်ဝတ်ပြီးလျှင် ဝါရေတွက်ခြင်း စသည်ပြုအံ့၊ ထေယျသံဝါသက ဖြစ်၏။ (သိက္ခာချခြင်းသည် အသွင်ကို ပျက်စေ၏။ ပါရာဇိကသည် အသွင်ကိုမပျက်စေဟု အထူးမှတ်အပ်၏။)

သာမဏေသည် မိမိအသွင်၌တည်လျက် လိင်ကျကြောင်းအမှုကို လွန်ကျူးသော်လည်း ထေယျသံဝါသက မဖြစ်။ သင်္ကန်း၌တွယ်တာလျက် ချွတ်ပယ်၍ လွန်ကျူးပြီးလျှင် သင်္ကန်းပြန်ဝတ်အံ့၊ ထေယျသံဝါသကမဖြစ်။ သင်္ကန်း၌ ဓုရနိက္ခေပစွန့်၍ အဝတ်ဖြူ မဝတ်သော်လည်းကောင်း၊ ဝတ်သော်လည်းကောင်း၊ လိင်ကျသောအမှု လွန်ကျူး၍ သင်္ကန်းပြန်ဝတ်အံ့၊ ထေယျသံဝါသက ဖြစ်၏။

လူထွက်လိုသော သာမဏေသည် သင်္ကန်းကို ခါးတောင်းကြိုက်၍ လည်းကောင်း၊ တပါးသော ခြင်းရာဖြင့် လည်းကောင်း၊ လူဝတ်နည်း ဝတ်အံ့၊ ငါအား လူ့အသွင်တင့်တယ် မတင့်တယ်ဟု စုံစမ်းခြင်းငှါ ဝတ်လျှင် စောင့်သေး၏။ တင့်တယ်၏ဟု (လူအဖြစ်ကို) ဝန်ခံပြီးမှ အသွင်ကိုပြန်၍ ယူအံ့၊ ထေယျသံဝါသကဖြစ်၏။ အဝတ်ဖြူကိုဝတ်၍ စုံစမ်းခြင်း၊ ဝန်ခံခြင်း၌လည်း ဤနည်းသာတည်း။ ဝတ်ထားသောသင်္ကန်း၏ အထက်၌ အဝတ်ဖြူကိုဝတ်၍ စုံစမ်းအံ့၊ ဝန်ခံသော်လည်း စောင့်သေးသည်သာတည်း။

ဘိက္ခုနီမအားလည်း ဤနည်းတူ လူထွက်လို၍ သင်္ကန်းကိုလူဝတ် ဝတ်အံ့၊ တင့်တယ်၊ မတင့်တယ် စုံစမ်းခြင်းငှါ ဝန်ခံလျှင် ဝတ်လျှင် စောင့်သေး၏။ တင့်တယ်သည်ဟု ဝန်ခံလျှင် မစောင့်။ အဝတ်ဖြူ ဝတ်၍ စုံစမ်းခြင်း၊ ဝန်ခံခြင်း၌သာတည်း၊ ဝတ်ထားသော သင်္ကန်းအထက်၌ အဝတ်ဖြူဝတ်၍ စုံစမ်းအံ့၊ ဝန်ခံသော်လည်း စောင့်သေးသည်သာတည်း။

စုဍ္ဎပဗ္ဗဇိတ

ကြီးမှ ရှင်ပြုသော သာမဏေကြီး (ကိုရင်ကြီး)သည် ဝါကို မရေတွက်မပြောကြား၊ ဝါစဉ်အတိုင်းလည်း မတည်ပဲ နံပါးတဘက်မှ လာ၍ ပအုပ်ကြီးစသည်၌ ယောက်ချိုဖြင့် ဆွမ်းခပ်ယူသောအခါ သပိတ်ကို ညွှတ်ခံ၍ ဆွမ်းအမဲသုတ်အလား ယူ၍သွားငြားအံ့၊ ထေယျသံဝါသက မဖြစ်။ ရဟန်းဝါရေတွက်၍ ယူလျှင်ကား ထေယျသံဝါသက ဖြစ်၏။

သာမဏေသည် သာမဏေ အစဉ်အားဖြင့် စဉ်းလဲသောဝါတို့ကို ရေတွက်၍ ယူအံ့၊ ထေယျသံဝါသက မဖြစ်။ (လိင်ကျအံ့) ရဟန်းသည် ရဟန်းအစဉ်အားဖြင့် စဉ်းလဲသော ဝါတို့ကိုရေတွက်၍ယူအံ့၊ ဘဏ္ဍာ၏တန်ဖိုးဖြင့် ဆုံးဖြတ်အပ်၏။ (ရဟန်းဝါ ရေတွက်၍ ယူလျှင်ကား ထေယျသံဝါသက ဖြစ်၏ဟုဆိုရာ၌ ဤဝုဍ္ဎပဗ္ဗဇိတသည် ရဟန်းဝါ ရေတွက်ခြင်းဖြင့် လူကို လှည့်စားသလော၊ ရဟန်းအကြားဝင်၍ လှည့်စားသလော ... ဉာဏ်စိစစ် အပ်၏။)

ဇီဋီ ... ထေယျသံဝါသကသည် သဒ္ဒါနက်စွမ်းဖြင့် သံဝါသတ္ထေနကသာ ထင်ရှားသော်လည်း ထေယျသံဝါသကသည် သုံးမျိုးပြား၏။ ရဟန်းဝါ ရေတွက်ခြင်းစသော သံဝါသကိုခိုးခြင်းဖြင့် သုံးစွဲခြင်းငှါ တတ်ကောင်းသည်ဟု အလိုရှိအပ်၏။ အရပ်တပါးသို့ ရောက်သောအခါ ရဟန်းတို့မေး၍ ဆယ်ဝါရပြီဟု လှည့်စားသူအား အပြစ်ရှိသည်။ လူတို့မေး၍ လှည့်စားသူအား ထိုအပြစ်မရှိ၊ မင်းဘေးစသည်ကြောင့် အသွင် ယူသူသည် ငါ့ကိုရဟန်းဟု လူသိစေသတည်းဟု လှည့်စားသောစိတ်ရှိသော်လည်း ရဟန်းတို့အား လှည့်စားလိုသောစိတ်၊ ရဟန်းတို့နှင့်အတူ နေလိုသောစိတ် မရှိသောကြောင့် ထိုအပြစ်မဖြစ်၊ ကိုယ်တိုင် သင်္ကန်းဝတ်လာသော အဗျတ္တကို ရဟန်းပြုပေးလျှင် ကောင်းသောရဟန်းဖြစ်သည် ဟုဆိုသောကြောင့်၊ ဂဟဋ္ဌ* လူကိုရဟန်းပြုပေးလျှင် ကောင်းသော ရဟန်းဖြစ်သည်ဟု ဆိုရာစကား ရောက်၏။

(*ဝိနည်းဗဟုသုတ နည်းပါးလျက် ဝိနည်းအလေးဂရု ပြုသူတို့သည် သာမဏ မဟုတ်သူကို ရဟန်းပြု မပေးအပ်ဟု အဆိုဂရုဖြင့် ချွတ်စေတတ်ကုန်၏။)

အန္ဓကဋ္ဌကထာနှင့် ရှေးဂဏ္ဍိတို့၌ ဒုဿီလဘိက္ခုကို ထေယျသံဝါသကဟု ဆိုသည်။ ထေယျာလ ဝေါ ရဋ္ဌပိဏ္ဍံ ပရိဘုတ္တံ ဟူသော ပရိယာယ်နည်းဖြင့် ဆိုသည်ဟု မှတ်အပ်၏။ ထို့ကြောင့် မမှတ်သားအပ်ဟု ပယ်သည်။ ပအုပ်ကြီးဆွမ်းသည် လူတို့၏ပစ္စည်း ဖြစ်၏။ သာမဏေအချင်းချင်း ဝါစဉ်းလဲ၍ခံယူလျှင် (လိင်ကျခြင်း) ပါရာဇိက ဖြစ်သည်၊ ထေယျသံဝါသက မဖြစ်။ ရဟန်းအချင်းချင်းလည်း ထို့အတူ ထေယျသံဝါသက မဖြစ်။ ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။ သာမဏေ၏ အသွင်ဆောင်အံ့၊ လူသည် ဥဘယတ္ထနက ဖြစ်သည်။ သာမဏေ၏ သံဝါသကသည် ဤ၌ သံဝါသ မမည်။ (သာမဏေ၏ သံဝါသခိုးလျှင် ထေနကမဖြစ်ဟူလို။ ဝိဋီနှင့်မတူလတ္တံ့။)

(သာဋီ ... မိနွယ်ဘနွယ်၌ဖြစ်သော ဆွေမျိုးအားလုံးသည် ကောလည မည်၏။ ခိုးခြင်းဖြင့် သံဝါသရှိသူသည် ထေယျသံဝါသက မည်၏။ ဤ၌ လိင်္ဂတ္ထေနက၊ ဥဘယတ္ထေန ကလည်း ထေယျသံဝါသက သာတည်း။ မင်းဘေး စသည်ကြောင့် အသွင်ယူသော်လည်း စိတ်စင်ကြယ်၍ ပေါင်းဖော်ခြင်းမပြုအံ့ ထေယျသံဝါသက မဖြစ်။ မင်းဘေးစသည် ကင်းလျက် သက်သက်ရဟန်းတို့ကို လှည့်စား၍ ပေါင်းဖော်လိုသဖြင့် အသွင်ယူအံ့၊ စိတ်မစင်ကြယ်သောကြောင့် အသွင်ယူကာမျှ၌ ထေယျသံဝါသကဖြစ်၏။

ငါ့ကို သမဏဟု လူတို့သိစေကုန်သတည်းဟု ဝဉ္စနာစိတ် ရှိသော်လည်း ရဟန်းတို့အား ဝဉ္စနာစိတ်မရှိလျှင် ထိုအပြစ်မရှိဟု ဂဏ္ဍိသုံးကျမ်းတို့၌ ဆို၏။ သဗ္ဗပါသဏ္ဍိယဘတ်ကိုစား၍ ဟူသောစကားဖြင့် ဘေးရန် ရှိသော်လည်း သံဝါသကို မယူမူ၍သာနေသည်ဟုပြသည်။ ကျောင်းသို့သွား၍ သံဃိကဘတ်ကိုခံယူလျှင် သံဝါသ လွတ်နိုင်ခဲသည်။

သဗ္ဗ-အလုံးစုံကုန်သော။ ပါသဏ္ဍိက-ကျော့ကွင်းထောင်သူတို့နှင့် (ဝါ-သာမယိက - အယူဝါဒ ရှိသူတို့နှင့်) ဆက်ဆံအောင်ပြု၍ လမ်းလေးခွစသည်၌ ထား၍လှူသော ဘတ္တ-ထမင်းသည် သဗ္ဗပါသဏ္ဍိယဘတ်မည်၏။ ကိုယ်တိုင်သင်္ကန်းဝတ်လာသော အဗျတ္တသည် ရဟန်းပြုပြီးမှ ဝိနည်းစကားနာကြားရ၍ မပြောကြား သော်လည်း ထေယျသံဝါသက မဖြစ်။

သိက္ခာမချပဲ ပါရာဇိကမှုပြု၍ ရဟန်းဝါ ရေတွက်သူသည် ရဟန်းတို့ပေးသောအသွင်ကို မစွန့်သောကြောင့် လိင်္ဂတ္ထေနက မဖြစ်။ အသွင်အားလျော်သော သံဝါသကို သာယာလက်ခံသောကြောင့် သံဝါသတ္ထေနက လည်း မဖြစ်။ နောက်၌ ထေယျသံဝါသက မဖြစ်ဟုဆိုရာ၌ လည်းကောင်း၊ ဘိက္ခုနီ၌လည်းကောင်း ဤနည်းကို သိအပ်၏။ ဝုဍ္ဎပဗ္ဗဇိတကို သာမဏေကြီးကို ရည်၍ဆိုသည်။ ပအုပ်ကြီးဆွမ်းဟူသော စကားဖြင့် လူတို့၏ ဥစ္စာကိုပြသည်။ သာမဏေအချင်းချင်း ဝါစဉ်းလဲ၍ ခံယူရာ၌ ထေယျသံဝါသက မဖြစ်သော်လည်း ပါရာဇိက (လိင်ကျခြင်းသို့) ရောက်သည်သာတည်း။)

(ဝိဋီ ... ကုလေ+ဇာတာ-ဝိဒိတာ၊ ဉာတာ၊ ပသိဒ္ဓါဝါ-ကောလညူ။ ကုလံ ဇာနန္တီတိ ကောလညူ။ ဆွေမျိုးတို့ကိုရ၏။ ခိုးခြင်းဖြင့် အသွင်လိင်္ဂကိုယူခြင်းမျှသည်လည်း သံဝါသံသာတည်း။ ထို့ကြောင့် ထေယျ သံဝါသက-သုံးယောက်ဟု ဆိုသည်။ သာမဏေကြီး၏ ရှိခိုးခံရသော သာမဏေငယ်၊ ရဟန်းကြီး၏ ရှိခိုးခံရသော ရဟန်းတို့သည် ယေယျသံဝါသက မဖြစ်။ ကိုယ်တိုင်သင်္ကန်းဝတ်၍ သာမဏေဝါ ရေတွက်သူသည်လည်း ဥဘယတ္ထေနကသာတည်း။ (ဇီဋီနှင့်မတူ။)

မိန်းမတို့သည်လည်း ဘိက္ခုနီတို့ထံ၌ ဤသို့ကျင့်လျှင် ထေယျသံဝါသကသာတည်း။ ဤသိက္ခာပုဒ်၌ အာဒိကမ္မိကသည်လည်း မလွတ်။ ဤအသွင်ဖြင့် ရဟန်းတို့ကို လှည့်စား၍ ရဟန်းတို့နှင့် အတူနေမည်ဟု မစင်ကြယ်သော စိတ်မရှိလျှင် စင်ကြယ်သောစိတ်ရှိသည် မည်၏။ ထိုမစင်ကြယ်သောစိတ်ဖြင့် အသွင်ယူလျှင် နောင်ရဟန်းတို့နှင့် အတူမနေသော်လည်း အသွင်ယူသော ခဏ၌ပင် လိင်္ဂတ္ထေနကဖြစ်၏။ နောက်၌ အတူနေသော်လည်း အဘဗ္ဗဖြစ်ပြီးမှ နေသူဖြစ်၏။ ထို့ကြောင့် ဥဘယတ္ထေနကသည်လည်း လိင်္ဂတ္ထေနက၌သာ သက်ဝင်၏။

မင်းဘေး စသည်ကြောင့် စင်ကြယ်သော စိတ်ဖြင့် အသွင်ယူသူသည် နောက်၌ ရဟန်းဝါရေတွက်၍ လှည့်စားကာ အတူနေတော့မည်ဟု မစင်ကြယ်သော စိတ်ဖြစ်အံ့၊ စိတ်ဖြစ်ရုံဖြင့် ထေယျသံဝါသကမဖြစ်။ စင်ကြယ်သောစိတ်ဖြင့် ယူသော အသွင်ဖြစ်သောကြောင့်တည်း။ ရဟန်းတို့ထံ သွား၍ သာမဏေဝါ ရေတွက်ခြင်း စသည်ကို ပြုလျှင်ကား သံဝါသတ္ထေနကဖြစ်၏။ ဝါ၊ ဥဘယတ္ထေနကဖြစ်၏။

နောက်၌ “ဝန်ချခြင်းနှင့်တကွ ထေယျသံဝါသက သာဖြစ်၏”ဟု ဆိုခြင်းကား ရဟန်းတို့နှင့် ပေါင်းဆုံပြီးမှ သံဝါသ အဓိဝါသနစွမ်းဖြင့် ဓုရနိက္ခေပကို ရည်၍ဆိုသည်။ သံဝါသကို မသာယာသေးသမျှ စင်ကြယ်သော စိတ်ဖြင့် အသွင်ယူသော ထိုသူတို့အား ထေယျသံဝါသက-ဟု မဆိုအပ်။ ဘေးရန်မရှိပဲ မြူးတူးလို၍ အသွင်ယူပြီးလျှင် ရဟန်းတို့ထံ ပဗ္ဗဇိတအသွင်ပြ၍ ခိုးခြင်းစသည်ကို လက်မခံသူ၊ ငါအား တင့်တယ်လေ သလောဟု စင်ကြယ်သောစိတ်ဖြင့် ပဗ္ဗဇိတအသွင် ယူသူတို့ လည်း ထေယျသံဝါသကမဖြစ်။)

အလုံးစုံသော အယူဝါဒရှိသူတို့နှင့် ဆက်ဆံအောင်ပြု၍ တည်ထားသော ထမင်းသည် သဗ္ဗပါသဏ္ဍိယဘတ္ထ မည်၏။ ဘိက္ခုတို့အတွက် သတ်မှတ်သော ဘတ္တကိုခံယူလျှင် သံဝါသ ဖြစ်ဖွယ်ရာရှိသောကြောင့် အားလုံးနှင့် ဆက်ဆံသော ဘတ္တကို ဆိုသည်။ စင်စစ်အားဖြင့် သံဝါသကို မသာယာပဲ ရဟန်းမရှိသောကျောင်း စသည်၌ ရှိသော ဝိဟာရဘတ္တစသည်ကို သုံးဆောင်သော်လည်း ထေယျသံဝါသ မဖြစ်သည်သာတည်း။

ကိုယ်တိုင် သင်္ကန်းဝတ်သူသည် ထေယျသံဝါသက ဟူသော အမည်ကို မသိသော်လည်း ဤသို့ မပြုကောင်းဟူ၍ လည်းကောင်း၊ ဤသို့ပြု၍ သာမဏမဖြစ်ဟူ၍ လည်းကောင်း၊ ငါဖွင့်ပြောလျှင် ငါ့ကို နှင်ကုန်လတ္တံ့ ဟူ၍လည်းကောင်း၊ မိမိအား ရှင်အဖြစ် မရောက်သည်ကို တနည်းနည်းဖြင့်သိလျှင် ထေယျသံဝါသကဖြစ်၏။ ရှင်အဖြစ်ကို ဤသို့ ငါယူပြီးပြီဟုလည်း သညာရှိလျက် သက်သက်မိမိ၏ အဝတ်ဖြူ ဝတ်ခြင်းစသော ဖောက်ပြန်ခြင်း ကိုယ်တိုင်ပြောပြခြင်းငှါ ရှက်၍မပြောအံ့၊ ထေယျသံဝါသက မဖြစ်။

ရဟန်းမပြုမီသာလျှင် ဟူသော စကားဖြင့် ရဟန်းပြုပြီးမှ ထေယျသံဝါသက လက္ခဏာကိုသိလျှင် လှည့်စားခြင်းဖြင့် မပြောကြားသော်လည်း ထေယျသံဝါသက မဖြစ်ပြီဟုပြသည်။ ထိုရဟန်းသည် စိတ်စင်ကြယ်စွာယူသော အသွင်ဖြစ်သောကြောင့် လိင်္ဂတ္ထေနကလည်း မဖြစ်၊ ရဟန်းအဖြစ်ရပြီးဖြစ်၍ ထိုအားလျော်စွာသော သံဝါသကို သာယာသောကြောင့် သံဝါသတ္ထေနကလည်းမဖြစ်၊ ရဟန်းအဖြစ် မရသေး သူကား သံဝါသထိုက်သော လိင်္ဂကိုယူသောကြောင့် လိင်္ဂတ္ထေနကမဖြစ် (စင်ကြယ်သောစိတ်ဖြင့် မသိ၍ ယူခဲ့သည်ဟူလို) ပါရာဇိကသို့ရောက်ပြီးသော ဘိက္ခုသည် ရဟန်းတို့ပေးသော လိင်္ဂကို မစွန့်သောကြောင့် လိင်္ဂတ္ထေနကမဖြစ်။ ဘိက္ခု ပဋိညာကိုမစွန့်သောကြောင့် သံဝါသတ္ထေနကမဖြစ်။

ကင်္ခါဋ္ဌကထာ၌ လိင်္ဂအားလျော်သော သံဝါသကို သာယာသောကြောင့် သံဝါသတ္ထေနကမဖြစ် ဟု အကြောင်း ပြခြင်းသည်လည်း ဤဘိက္ခု ပဋိညာမစွန့်သော အကြောင်းကိုရည်၍ ပြသည်။ ဤဘိက္ခု ပဋိညာကြောင့် မဟုတ်၊ ရဟန်းတို့ပေးသော လိင်္ဂကြောင့်ဟု ယူဆလျှင် သာမဏေအားလည်း ရဟန်းတို့ပေးသော လိင်္ဂရှိသောကြောင့် ရဟန်းဝါ ရေတွက်ခြင်းစသည်ပြုလျှင် လိင်္ဂအားလျော်သော သံဝါသကို သာယာပေသည်၊ သံဝါသတ္ထေနက မဖြစ်နိုင်ရာ။

ရဟန်းကဲ့သို့ ပါရာဇိကသို့ရောက်သော သာမဏေသည်လည်း သာမဏေရ ပဋိညာ မစွန့်ခြင်းကြောင့် သံဝါသတ္ထေနက မဖြစ်ဟု သိအပ်၏။ ဝုဍ္ဎပဗ္ဗဇိတကို သာမဏေကြီးကိုရည်၍ ဆိုသည်။ မဟာပေဠ ပအုပ်ကြီးကား နှီးစသည်ဖြင့်ပြု၍ အိမ်တံခါးအနီး၌ထားသော ဆွမ်းတောင်းအထူးတည်း။ ဤစကားဖြင့် ကျောင်း၌ ရဟန်းတို့နှင့်အတူ ဝါရေတွက်ခြင်း စသည်မပြုခြင်းကိုပြသည်။)

တိတ္ထိယ ပက္ကန္တက

ဇီဋီ ... ချစ်သားတို့.. တိတ္ထိယပက္ကန္တကကို ရဟန်းပြုမပေးအပ် စသည်ကို မိမိ၏ နိဒါန်းဖြစ်သော ပသူရတိတ္ထိ၌ ဟောခဲ့ပြီးဖြစ်သော်လည်း အဘဗ္ဗချင်းတူသောကြောင့် ဤထေယျသံဝါသက အခြားမဲ့တွင် ပါဠိတော်၌ တဖန် ဟောပြန်လေသည်။)

[ထာ ... တိတ္ထိတို့ထံ ပြောင်း၍ဝင်သူသည် တိတ္ထိယပက္ကန္တက မည်၏။ ထိုသူကို ရှင်မျှပြုသော်လည်း ပြု မပေးအပ်။ အဆုံးအဖြတ်ကား ဥပသမ္ပန္န ရဟန်းသည် တိတ္ထိဖြစ်လိုသည်ဟု ရဟန်းအသွင်ဖြင့် တိတ္ထိကျောင်းသို့သွားအံ့၊ ခြေလှမ်းတိုင်း ဒုက္ကဋ်။

ထိုတိတ္ထိတို့၏ အသွင်ကိုယူကာမျှ၌ တိတ္ထိယပက္ကန္တက ဖြစ်၏။ (တိတ္ထိကျောင်းသို့ မသွားသော်လည်း) တိတ္ထိဖြစ်လိုသည်ဟု ကုသစီရ သမန်းမြက်သင်္ကန်း စသည်ကို ကိုယ်တိုင်ဝတ်အံ့၊ တိတ္တိယပက္ကန္တက သာဖြစ်၏။ အဝတ်ကင်းလျက် ရေချိုးစဉ် မိမိကိုယ်ကိုကြည့်၍ ငါအား အာဇီဝကအဖြစ်သည် တင့်တယ်၏။ အာဇီဝက ပြုတော့အံ့ ဟု အဝတ်ကင်းလျက်သာ အာဇီဝကတို့ထံသွားအံ့၊ ခြေလှမ်းတိုင်း ဒုက္ကဋ်။

ခရီးအကြား၌ ဟိရိဩတ္တပ္ပဖြစ်မူ ဒုက္ကဋ်တို့ကို ဒေသနာကြား၍ လွတ်နိုင်၏။ တိတ္ထိကျောင်းရောက်ပြီးမှ သော်လည်း “သင်တို့၏ ရဟန်းအဖြစ်သည် ဒုက္ခကြီးလှ၏” ဟု အပြစ်မြင်၍ ပြန်လာလျှင် လွတ်သေးသည် သာတည်း။ အရှင်တို့၏ ရဟန်းအဖြစ်၌ အမြတ်ဆုံး အဘယ်နည်းဟုမေး၍ ဆံမုတ်ဆိတ်နှုတ်ခြင်း စသည်တို့သည် အမြတ်ဆုံးဟုဆိုသဖြင့် တပင်မျှသော်လည်း နှုတ်ခိုင်းအံ့၊ မလွတ်နိုင်တော့ပြီ။

ပဆွန့်နင်းလျက်သွားခြင်း၊ နေခြင်းစသော အကျင့်ကိုသော်လည်းယူအံ့၊ ဥဒေါင်းမြီးစသည်ကိုသော်လည်း ဝတ်ဆင်အံ့၊ ထိုတိတ္ထိတို့၏ အသွင်ကိုယူ၍ ဤရဟန်းအဖြစ်သည် အလွန်မြတ်၏ ဟု မြတ်သည်အဖြစ်သို့ သော်လည်း ကပ်ရောက်အံ့၊ မလွတ်နိုင်တော့ပြီ၊ တိတ္ထိယပက္ကန္တက ဖြစ်၏။

အကယ်၍ တင့်တယ်သလောဟု စုံစမ်းခြင်းငှါ သမန်းမြက်သင်္ကန်း သော်လည်း ဝတ်အံ့၊ ဆံကျစ်ကို သော်လည်းဖွဲ့အံ့၊ ခါရိကာဇ- ပရိက္ခရာထမ်းသော ထမ်းပိုးသော်လည်းယူအံ့၊ ဝန်မခံသေးလျှင် အယူသည် စောင့်သေး၏။ ဝန်ခံကာမျှ၌ တိတ္ထိယပက္ကန္တက ဖြစ်၏။

သင်္ကန်းခိုးသူ လုယက်သဖြင့် သမန်းမြက်သင်္ကန်း စသည်ဝတ်သောရဟန်း၊ မင်းဘေးစသည်ကြောင့် တိတ္ထိအသွင်ယူသော ရဟန်းသည်လည်း အယူ မယူခြင်းကြောင့် တိတ္ထိယပက္ကန္တက မဖြစ်။ (အာပတ်လည်း မသင့်။)

ဤ တိတ္တိယပက္ကန္တက ဟူသည်ကို ရဟန်းဖြင့်ဟောသည်။ ထို့ကြောင့် သာမဏေသည် မိမိ သာမဏေ အသွင်ဖြင့် တိတ္ထိကျောင်း ပြောင်းသွားသော်လည်း နောက်တဖန် ရှင်အဖြစ် ရဟန်းအဖြစ်ကို ရနိုင်သည်ဟု ကုရုန္ဒီ၌ ဆို၏။ ယခင် ထေယျသံဝါသကကံကိုကား ရဟန်းမဟုတ်သူဖြင့် ဟောသည်။ ထို့ကြောင့် ရဟန်းသည် စဉ်းလဲသော ဝါရေတွက်သော်လည်း (ဝါရေတွက်၍ သံဝါသ သာယာသော်လည်း) သမဏ ပင်တည်း။ အသွင်၌ အားထုတ်ငဲ့ကွက်ခြင်း ရှိလျက် ပါရာဇိကသို့ရောက်၍ ရဟန်းဝါ စသည် ရေတွက်သူလည်း ထေယျသံဝါသက မဖြစ်။]

(ပသုရမည်သောတိတ္ထိသည် တရားခိုးလို၍ ဥဒါယီမထေရ်ထံ ရဟန်း ပြုပြီးလျှင် တရားနှင့်အညီပြောဆိုသော ဥပဇ္ဈာယ်ကို အပြစ်တင်၍ တိတ္ထိကျောင်းသို့ ပြောင်းသွား၏။ ထိုနိဒါန်းကြောင့် ဗာလအဗျတ္တသည် ဥပဇ္ဈာယ်ဆရာမပြုရ၊ ပြုငြားအံ့၊ ဒုက္ကဋ် အာပတ်ဟူ၍ လည်းကောင်း၊ ဆယ်ဝါရပြီးသော်လည်း ဗျတ္တပဋိဗလဖြစ်မှ ဥပဇ္ဈာယ်ဆရာပြုခြင်းငှါ ခွင့်ပြု၏ ဟူ၍လည်းကောင်း ပညတ်သည်။

ထို့နောက်တဖန် ထို ပသုရသည် လာ၍ ရဟန်းအဖြစ်ကို တောင်းပန်ပြန်၏။ ထိုနိဒါန်းကြောင့် တိတ္ထိယပက္ကန္တကကို ရဟန်းပြု မပေးအပ်ဟူ၍ လည်းကောင်း၊ ထိုမှတပါးသော တိတ္ထိဖြစ်အံ့၊ သာသနာသို့ ဝင်ရန် တောင်းပန်လျှင် လေးလပရိဝါသ် ကျင့်စေရမည် ဟူ၍လည်းကောင်း ပညတ်သည်။ ယခုကိုယ်တိုင် သင်္ကန်းဝတ်လာသော နိဒါန်းကြောင့် ထေယျသံဝါသကကို ပယ်တော်မူသည်။ ထိုနှင့်တူစွာ တိတ္ထိယပက္ကန္တကကို ရဟန်းပြုမပေးအပ်။ ပြုပေးမိလျှင် အသွင်ဖျက်ဆီးရမည်ဟု ပယ်တော်မူသည်ကိုလည်း သင်္ဂါယနာတင်ဆရာတို့ ပေါင်းပြသည်။)

(သာဋီ ... တိတ္ထိဖြစ်လိုသည်ဟု သွားသူအား အသွင်ယူခြင်းဖြင့်သာလျှင် အယူကိုလည်း ယူပြီးသာဖြစ်သည်။ ထိုကြောင့် တိတ္ထိယပက္ကန္တကဖြစ်၏ ဟု ဆိုသည်၊ ကေစိဆရာကား အသွင်ယူကာမျှ၌ အယူယူသော် လည်းကောင်း၊ မယူသော်လည်းကောင်း တိတ္တိယပက္ကန္တက ဖြစ်၏ဟု ဆိုသည်။ မမှတ်အပ်။

တိတ္ထိဖြစ်လိုသည် ဟု သွားသူအား အသွင်ယူခြင်းကြောင့် (ဝါ-အသွင်ယူပြီးမှ) တပါးသောအယူ ယူသည် မဟုတ်၊ အသွင်ယူလျှင် အယူ ယူသူဖြစ်သည်။ ထို့ကြောင့် စုံစမ်းခြင်းငှါ၊ သမန်းမြက်သင်္ကန်း …..လ.... ဝန်မခံသေးလျှင် အယူသည်စောင့်သေး၏၊ ဝန်ခံကာမျှ၌ တိတ္တိယပက္ကန္တက ဖြစ်၏ဟုဆိုပြီ။ အဝတ်ကင်းလျက် အာဇီဝကတို့ထံ သွားသူအား အာဇီဝက ပြုတော့အံ့ဟု အသုဒ္ဓစိတ်ဖြင့်သွားခြင်းကြောင့် ဒုက္ကဋ်ဟုဆိုသည်။ အဝတ်ကင်းလျက် သွားခြင်းကြောင့်လည်း ဒုက္ကဋ်သာတည်း။)

(ဝိဋီ ... စုံစမ်းလိုခြင်း စသည်မဟုတ်ပဲ တိတ္ထိဖြစ်လိုသည်ဟု ဆုံးဖြတ်၍ အသွင်ကို ကိုယ်ဖြင့်ယူဆောင်ကာမျှ၌ တိတ္ထိယပက္ကန္တကဖြစ်၏။ အာဇီဝက ပြုတော့အံ့ဟု အဝတ်ကင်းလျက် သွားသူအား တိတ္ထိအဖြစ်သို့ ရောက်ခြင်းကို စွဲ၍ ဆုံးဖြတ်ခြင်းရှိသော်လည်း၊ ရောက်ပြီးမှ ထိုတိတ္ထိတို့၏ အစီအရင်ဖြင့် အာဇီဝကပြုမည်ဟု ကြံစည်ခြင်း ရှိသောကြောင့် ခြေလှမ်းတိုင်း ဒုက္ကဋ်ဟု ဆိုသည်။

ပါဠိတော်၌ ဒုက္ကဋ်ဟု မဟောသော်လည်း မေထုနစသည်၌ ဟောသော ပုဗ္ဗပယောဂဒုက္ကဋ်အား လျော်သောကြောင့်ဆိုသည်။ ဤစကားဖြင့် သန္နိဋ္ဌာန်ချ၍ အသွင်ယူလျှင် ပါရာဇိက၊ ထိုမှရှေ့ လုံ့လ၌ ထုလ္လစ္စည်းကိုလည်း ဆိုအပ်သည်သာတည်း။ ထုလ္လစ္စည်းခဏ၌ ပြန်နစ်သူလည်း အာပတ် ဒေသနာကြားလျှင် လွှတ်သည်သာတည်း။ ဤနည်းအတူ သံဃဘေဒ၊ လောဟိတုပ္ပါဒတို့၌လည်း ဘိက္ခုတို့အား ပုဗ္ဗပယောဂ စသည်တို့၌ ဒုက္ကဋ်။ ထုလ္လစ္စည်း၊ ပါရာဇိကတို့ကို လည်းကောင်း၊ လွတ်သောအပိုင်းအခြားကို လည်းကောင်း သိအပ်၏။

ဤ၌သာသနာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အာဒိကမ္မိကတို့အားလည်း အနာပတ္တိဟု မဟော။ ရှင်အဖြစ်မျှလည်း မထိုက်ဟုပြခြင်းငှါ သိက္ခာပုဒ်သီးခြားဖြင့် ပါရာဇိကစသည်ဟု မဟောပဲ ဤ အဘဗ္ဗပုဂ္ဂိုလ် (တကျိပ်တယောက်) တို့၌သာ ဟောသည်။ ထိုတိတ္ထိတို့၏ သဿတစသော အယူကိုသော်လည်း အသွင်ကိုမယူလျှင် တိတ္ထိယပက္ကန္တက မဖြစ်။ ထိုသဿတ စသည်ကို မယူသော်လည်း ထို တိတ္ထိတို့၏ အကျင့်သည် ကောင်း၏ဟု နှလုံးသွင်း၍ အသွင်ယူလျှင် တိတ္ထိယပက္ကန္တက ဖြစ်သည်သာတည်း။

ရဟန်းအဖြစ်၌ တွယ်တာလျက် တိတ္ထိအယူမရှိပဲ ဘေးရန်ကြောင့် သမန်းမြက်သင်္ကန်း စသည်ကို ဝတ်ရုံသော ရဟန်းအားလည်း အနာပတ္တိ၊ တိတ္ထိယပက္ကန္တကနှင့် သံဃဘေဒက နှစ်ယောက်ကို ဥပသ္ပ္မန္နရဟန်းဖြင့်သာ ဟောသည်။ မာတုဃာတက စသည်တို့ကို အနုပသမ္ပန္နဖြင့်လည်း ဟောသည်။)

တိရစ္ဆာနဝတ္ထု

ထိုအခါ နဂါးတဦးသည် နဂါးဘဝဖြင့် ငြီးငွေ့၍ လူ့ဘဝ ရလိုသောကြောင့် လုလင်အသွင်ဖြင့်လာ၍ ရဟန်းတို့ထံ ရှင်အဖြစ်ကို တောင်းပန်၏။ ရဟန်းတို့သည် ရှင်ပြု၍ ရဟန်းပြုပေးကုန်၏။ ထိုနဂါးရဟန်းသည် ရဟန်းတဦးနှင့် အစွန်ဖြစ်သောကျောင်း၌ နေ၏။ တနေ့၌ အဖော်ရဟန်းသည် နံနက်စောစောထ၍ လွင်တီးခေါင်၌ စင်္ကြံ သွားစဉ် နဂါးရဟန်းသည် လွတ်လွတ်အိပ်ပျော်ခြင်းသို့ ရောက်စေသဖြင့် တကျောင်းလုံး မြွေ၏ကိုယ်ဖြင့်ပြည့်၍ ပြူတင်းပေါက်မှ အခွေတို့ ထွက်ကုန်၏။

အဖော်ရဟန်းသည် ကျောင်းတွင်းဝင်မည်ဟု တံခါးဖွင့်လတ်သော် မြွေကိုယ်ဖြင့် ပြည့်နေသည်ကိုမြင်၍ ကြောက်လန့်သောကြောင့် (သာမဏ သညာကင်းလျက်) ကျယ်စွာ အော်ဟစ်၏။ ရဟန်းတို့ပြေးလာ၍ မေးကြသောအခါ၊ နဂါးရဟန်းသည် နိုး၍ မိမိနေရာ၌ ထိုင်၏။ ရဟန်းတို့မေးကြသောအခါ ကျွန်ုပ်သည် နဂါးဖြစ်ပါသည်။ လူ့ဘဝ ရလိုသောကြောင့် ရဟန်းပြုပါသည်ဟု ဝန်ခံ၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို စည်းဝေး စေ၍ ထိုနဂါးကို သင်နဂါးတို့သည် (ဈာန်ဝိပဿနာ မဂ်ဖိုလ်တို့အား မထိုက်ခြင်းကြောင့်) ဤသာသနာ၌ မကြီးပွားနိုင်ကုန်၊ နဂါးပြည် ပြန်သွား၍ ပက္ခ ၁၄-ရက်၊ ၁၅-ရက်၊ ၇-ရက်နေ့တို့၌ ဥပုသ်သီလစောင့်သုံးလော၊ မကြာမီ လူ့ဘ၀ ရလတ္တံ့ဟု မိန့်တော်မူ၏။ နဂါးသည် မျက်ရည်ရွှဲစို ကျူကျူငိုလျက် ဖဲသွား၏။

ချစ်သားတို့ ... နဂါးအား ဇာတ်တူမနှင့် မေထုန်ပျော်ပါးသာအခါ လွတ်လွတ်အိပ်ပျော်သောအခါ အကြောင်း နှစ်ပါးဖြင့် နဂါးသဘော ထင်စွာဖြစ်၏။ ချစ်သားတို့ .... တိရစ္ဆာန်ကို ရဟန်းပြု မပေးအပ်။ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

(ထာ ... ထိုနဂါးသည် ပဝတ္တိအခါ ကုသိုလ်ကျိုးဖြင့် နတ်စည်းစိမ်နှင့်တူစွာ အစိုးတရ စည်းစိမ် ခံစားရသော်လည်း အကုသိုလ်ကျိုး ပဋိသန္ဓေ ရှိသောကြောင့် ဇာတ်တူမနှင့် မေထုန်ပျော်ပါးသောအခါ လွတ်လွတ် အိပ်ပျော်သောအခါ ရေပျော်ပါး ဖားစားနဂါးကိုယ် ထင်ရှားခြင်းကြောင့် ငြီးငွေ့၏။ ရှက်၏၊ စက်ဆုပ်၏။ အဖော်ရဟန်းရှိစဉ် သတိထား၍ မျောက်ငိုက်မြည်းသကဲ့သို့သာ အိပ်၏။ အဖော်ရဟန်း ထွက်သောအခါ သတိလွတ်၍ ရဲဝံ့စွာအိပ်ကြီးအိပ်၏။

နဂါးတို့သည် ဇာတ်တူ မဟုတ်သော လူမိန်းမ စသည်၌ ပျော်ပါးသောအခါ နတ်သားကဲ့သို့ဖြစ်၏။ ပဝတ္တိအခါ မပြတ်မြင်ကြရခြင်းဖြင့် အကြောင်းနှစ်ပါးသာ ဟောသည်။ ပဋိသန္ဓေ အခါ၊ အရေလဲသောအခါ၊ ဇာတ်တူ နဂါးမနှင့် ပျော်ပါးသောအခါ၊ လွတ်လွတ်အိပ်ပျော်သောအခါ၊ သေသောအခါ၊ ဤအခါငါးပါး၌ နဂါးသဘော ထင်စွာပြ၏။

ဤသိက္ခာပုဒ်၌ နဂါးဖြစ်စေ၊ ဂဠုန်လုလင် စသည်ဖြစ်စေ၊ သိကြားမင်းကို အစပြု၍ လူဇာတ်မဟုတ်သူ ဟူသမျှသည် (ဝါ...လူဇာတ်မဟုတ်ပဲ လူအသွင်ရှိသူ ဟူသမျှသည်) တိရစ္ဆာန်မည်၏။ ရဟန်းပြုမပေးအပ်၊ ရှင်ပြုမပေးအပ်။ ပြုပေးပြီးလျှင်လည်း ဖျက်ဆီးအပ်၏။ (ကျွဲ နွားစသည်တို့အား လူအသွင် မရှိသောကြောင့် အထူးပယ်ဖို့မလို။)

မိဘသတ်သူ

ထိုအခါ လုလင်တယောက်သည် မိခင်ကိုသတ်မိသည်ဖြစ်၍ ထိုအပြစ်မှလွတ်စိမ့်သောငှါ ရဟန်းတို့ထံ ရှင်အဖြစ်ကိုတောင်းပန်၏။ ရဟန်းတို့သည် “လုလင်အသွင်ဖြင့်လာ၍ နဂါးရဟန်းပြုဖူးပြီ၊ မေးစစ်ပါဦး” ဟု ရှင်ဥပါလိကို တိုက်တွန်းကုန်၏။ လုလင်သည် မိခင်ကို သတ်မိသည်ဟု ဝန်ခံသဖြင့် မြတ်စွာဘုရားအား လျှောက်ကြားကုန်၏။

ချစ်သား ... အမိသတ်သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ လုလင်တယောက်သည် ဖခင်ကို သတ်မိသည်ဖြစ်၍ ရှေးနည်းတူရောက်လာ၏။ ချစ်သား ... အဘသတ်သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

(ထာ ... လူဖြစ်သောမိခင်ကို စေတနာနှင့်သသော လူဖြစ်သော သားသည် အာနန္တရိယ-မာတုဃာတကကံ ထိုက်၏။ ထိုသူအား ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ပယ်အပ်၏။ လူဖြစ်သော်လည်း မွေးစားသောအမိ မိကြီး မိထွေးကိုလည်းကောင်း၊ မွေးမိခင်ဖြစ်သော်လည်း လူမိန်းမ မဟုတ်သူကို လည်းကောင်းသတ်အံ့၊ ရှင်ရဟန်း အဖြစ်မထားအပ်။ အာနန္တရိယကံလည်း မထိုက်။ လူမိခင်ကိုသတ်သော သားဖြစ်သော တိရစ္ဆာန်လည်း အာနန္တရိယကံမထိုက်။ တိရစ္ဆာန်ဖြစ်သောကြောင့် ပယ်အပ်၏။ အဘသတ်သူ၌လည်း ဤနည်းသာ တည်း။ ပြည့်တန်ဆာမ၏သားဖြစ်အံ့၊ သူ့ဖခင်ကို သူမသိနိုင်၊ အကြင်သူ၏သွေးကြောင့် ဖြစ်၏။ ထိုသူသည် ဖခင်ဖြစ်၏။ ထိုသူကိုသတ်မိလျှင် ပိတုဃာတက … အာနန္တရိကကံ ထိုက်၏။)

(သာဋီ ... လူအတ္တဘော၌ တည်သူ၏ ကုသိုလ်သည် ထက်မြက်၏။ ပြန့်ပြူး၏။ ရဲရင့်၏။ အကုသိုလ်လည်း ထို့အတူတည်း။ ထို့ကြောင့် လူမိခင်ကိုသတ်သော လူဖြစ်သောသားအား အာနန္တရိယကံထိုက်သည်။ စုတိအခြားမဲ့၌ အကျိုးပေးမြဲသော ကံဖြစ်သောကြောင့် အာနန္တရိယ မည်၏။ လိင်ဖောက်ပြန်သော မိခင်၊ ဖခင်ကိုသော်လည်း သတ်မိလျှင် အာနန္တရိယကံသာတည်း။ လိင်ဖောက်ပြန်ခြင်းသာဖြစ်သည်။

တခုသော ကံကြောင့်ဖြစ်သော ဘဝင်အစဉ်ပြတ်သည်မဟုတ်၊ ဇီဝိတိန္ဒြေ ပြတ်သည် မဟုတ်၊ တပါးသော အစဉ် ဝင်ရောက်လာသည်လည်း မဟုတ်။ တိရစ္ဆာန် မိဘကိုသတ်သော လူသား၊ လူမိဘကိုသတ်သော တိရစ္ဆာန်သား၊ တိရစ္ဆာန် မိဘကိုသတ်သော တိရစ္ဆာန်သားတို့အား အာနန္တရိယကံ မဖြစ်။ ဝန်လေးသော ကံဖြစ်၏။ အာနန္တရိယကံကို ထိကပ်၍တည်၏။ ဤ၌ ဧဠကစတုက္က၊ သင်္ဂါမစတုက္က၊ စောရစတုက္ကကို ဆိုအပ်၏။

ရှေးဦးစွာ အားထုတ်သော စိတ်သည် ပမာဏမဟုတ်၊ သတ်ဆဲအခါစိတ်နှင့် ထိုစိတ်၏ အာရုံဖြစ်သော ဇီဝိတိန္ဒြေ - ဤနှစ်ခုသာ အာနန္တရိယကံ ထိုက်ခြင်း-မတိုက်ခြင်း၌ ပမာဏ ဖြစ်သည်။

(၁) ဆိတ်ကိုသတ်မည်ဟု အားထုတ်သော်လည်း ဆိတ်နေရာ၌ရောက်နေသော မိဘကိုသတ်မိက အနန္တရိယကံ ထိုက်၏။ သတ်လိုသော စေတနာဖြင့် အာနန္တရိယဝတ္ထုကို ဖျက်ဆီးမိခြင်းကြောင့်တည်း။ (သတ်လိုသော သတ်ဆဲစေတနာသည် ဇီဝိတိန္ဒြေပရမတ်ကိုသာ အာရုံပြုသည်။ မိဘ၊ ဆိတ်ဟူသော ပညတ်ကိုအာရုံမပြုနိုင်၊ ကျိုးကြောင်းမသိ၊ မှောင်အတိ ဖြစ်နေလေ၏။)

(၂) ဆိတ်ကိုသတ်မိအံ့၊ အာနန္တရိယကံ မထိုက်။

(၃) ဘီလူးကိုသတ်မိအံ့ ထုလ္လစ္စည်း၊

(၄) လူကိုသတ်မိအံ့၊ ပါရာဇိက၊ ဤသို့ ဧဠကစတုက္ကဖြစ်ပုံကို သိအပ်၏။)

မိဘကိုသတ်မည်ဟု အားထုတ်သော်လည်း ဆိတ်ကိုသတ်မိအံ့၊ မထိုက်။ မိဘကိုသတ်မိအံ့၊ ထိုက်၏။ စစ်ပွဲ၌ တပါးသော စစ်သားကိုသတ်မည်ဟု မိဘကိုသတ်ခြင်းစသည်ဖြင့် သင်္ဂါမစတုက္ကကို သိအပ်၏။ ညဉ့်အခါ ခိုးသူကိုသတ်မည်ဟု မိဘကိုသတ်ခြင်း စသည်ဖြင့် စောရစတုက္ကကို သိအပ်၏။ မိဘ၌ကဲ့သို့ ရဟန္တာ၌လည်း ဤ စတုက္ကတို့ကို သိအပ်ကုန်၏။

အာနန္တရိယကံ ပြုမိသောသူသည် ထိုကံကျိုးကို တားမည်ဟု စကြဝဠာအပြည့် မဟာစေတီမျှသော ရွှေစေတီတို့ကို တည်ထားသော် လည်းကောင်း၊ စကြဝဠာအပြည့် နေထိုင်သောရဟန်း သံဃာအား အလှူကြီး လှူသော်လည်းကောင်း၊ ဘုရားရှင်၏သင်္ကန်းတော် မလွှတ်ပဲ အမြဲ လိုက်နေသော်လည်းကောင်း• စုတိ အခြားမဲ့၌ ငရဲသာ ဖြစ်၏။ ရှင်အဖြစ်ကိုလည်း မရ။

(ဝိဋီ ... အမနုဿဇာတိက မိခင်ထက် မနုဿဇာတိက မိခင်တို့အားသာလျှင် သားသမီးတို့၌ မေတ္တာ ကရုဏာစသည်တို့သည် ထက်မြက်ပြန့်ပြူးကုန်၏။ ထို့ကြောင့် လူဖြစ်သောမိခင်ကိုဟုဆိုသည်။ လူတို့အား သာလျှင် ကုသိုလ်စိတ် ထက်မြက်ပြန့်ပြူးသကဲ့သို့ အကုသိုလ်စိတ်လည်း ပြန့်ပြူး၏။ ထို့ကြောင့် လူဖြစ်သော သားသည်ဟု ဆိုသည်။

စုတိ၏အခြားမဲ့၌ ငရဲ၌ ပဋိသန္ဓေကျိုးသည် အနန္တရမည်၏။ ထိုအကျိုး၌ဖြစ်ခြင်းဖြင့် ယှဉ်တွဲသော ကံသည် အာနန္တရိယဖြစ်၏။ ပြည့်တန်ဆာမ မဟုတ်သော်လည်း လော်လည်သူမ (ဝါ-လော်လည်သူတို့၏ အနှိပ်စက်ခံရသူမ) တို့၏သားသည်လည်း မိမိဖခင်ကို မသိပဲသတ်မိအံ့၊ ပိတုဃာတကကံသာတည်း။)

ရဟန္ထာ သတ်သူ

ထိုအခါ များစွာသော ရဟန်းတို့သည် သာကေတမှ သာဝတ္ထိသို့ ခရီးရှည်သွားကုန်၏။ ခရီးအကြား၌ ခိုးသူတို့သည် ရဟန်းအချို့ကို လုယက်၍ အချို့ကို သတ်ကုန်၏။ သာဝတ္ထိမှ မင်းခယောက်ျားတို့ လိုက်ဖမ်းကုန်၏။ အချို့ထွက်ပြေး၍ ရဟန်းတို့ထံရှင်ပြုကုန်၏။ အဖမ်းခံရသော ခိုးသူတို့ကို သတ်ရန် ထုတ်သွားသောအခါ၊ ခိုးသူရဟန်းတို့သည် ငါတို့လည်း အဖမ်းခံရလျှင် အသတ်ခံရကုန်လတ္တံ့ ဟု ဆိုကုန်၏။ ရဟန်းတို့ မေးမြန်း၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့ ... အသတ်ခံရသော ရဟန်းတို့သည် ရဟန္တာတို့ ဖြစ်ကုန်၏။ ချစ်သား ... ရဟန္တာသတ်သူကို ရဟန်းပြု မပေးအပ်။ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... အရဟန္တဃာတကကိုလည်း လူရဟန္တာစွမ်းဖြင့်သာ သိအပ်၏။ ပဗ္ဗဇိတမဟုတ်သော်လည်း လူဇာတ် ရှိသော အာသဝေါ ကင်းပြီးသော ယောက်ျားကလေး မိန်းမကလေးကို သတ်လျှင်လည်း အရဟန္တဃာတက အာနန္တရိယကံထိုက်၏။ ရှင်အဖြစ် တားအပ်၏။

လူဇာတ်မဟုတ်သော နတ်ရဟန္တာကို လည်းကောင်း၊ လူဇာတ်ဟုတ်သော အနာဂါမ်စသော အရိယာ ပုဂ္ဂိုလ်ကိုလည်းကောင်း သတ်လျှင် အာနန္တရိယကံ မထိုက်၊ ရှင်အဖြစ်မတားအပ်။ ကံကား အားကြီး၏။ တိရစ္ဆာန်သည် လူရဟန္တာကို သတ်အံ့၊ အာနန္တရိယကံမထိုက်၊ ကံ့ကား လေးလှ၏။ ပါဠိတော်၌ သစေ မယံ-ဟုဆိုလိုလျက် သစာစမယံ-ဟု သစေနှင့်အနက်တူ သစာစ-နိပါတ်ကို ဆိုသည်။ သစဇ္ဇ ဟူ၍လည်း ပါဌ်ရှိတတ်၏။ သစေ အဇ္ဇအနက်။]

ဘိက္ခုနီဒူသက

များစွာသော ဘိက္ခုနီမတို့သည် သာကေတမှ သာဝတ္ထိသို့ ခရီးရှည်သွားကုန်၏။ ခရီးအကြား၌ ခိုးသူတို့သည် ဘိက္ခုနီမ အချို့ကို လုယက်၍ အချို့ကိုဖျက်ဆီးကုန်၏။ မင်းခယောက်ျားတို့ လိုက်ဖမ်းကုန်၏။ အချို့ ထွက်ပြေး၍ ရဟန်းတို့ထံ ရှင်ပြုကုန်၏။ အဖမ်းခံရသော ခိုးသူတို့ကို သတ်ရန် ထုတ်သွားသောအခါ ငါတို့လည်း အဖမ်းခံရလျှင် အသတ်ခံရကုန်လတ္တံ့ ဟု ဆိုကုန်၏။

ချစ်သား ... ဘိက္ခုနီမဖျက်ဆီးသော သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ ချစ်သားတို့ … သံဃာသင်းခွဲသောသူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။ ချစ်သားတို့ ... ဘုရား သွေးစိမ်းတည်အောင်ပြုသော သူကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... ပကတိသီလမပျက်သော ဘိက္ခုနီမကို မဂ်သုံးပါးတပါးပါး၌ ဖျက်ဆီးသူသည် ဘိက္ခုနီဒူသက မည်၏။ ရှင်အဖြစ်၊ ရဟန်းအဖြစ် ထားအပ်၏။ ကိုယ်လက်နှီးနှောခြင်းဖြင့် သီလဖျက်ဆီးသူအား ရှင်အဖြစ်၊ ရဟန်း အဖြစ်မတားအပ်၊ အနိုင်အထက်အဝတ်ဖြူ (လူဝတ်) ဝတ်ပေး၍ အလိုမတူပဲ ဖျက်ဆီးသူသည် ဘိက္ခုနီဒူသက ဖြစ်၏။ (အဖြူဝတ်ပေးခြင်းကို) အလိုတူ၍ ဖျက်ဆီးလျှင် တဦးလျှင် ဘိက္ခုနီသက မဖြစ်။ (အလိုတူလျှင် လူအဖြစ်ဝန်ခံသည် မည်၏။) လူအဖြစ်ဝန်ခံကာမျှ၌ ဘိက္ခုနီ မဟုတ်ခြင်းကြောင့်တည်း။ တကြိမ် သီလပျက်ပြီးသော ဘိက္ခုနီကို နောက်ထပ်ဖျက်ဆီးသူ၊ သိက္ခာမန်သမဏမကို ဖျက်ဆီးသူအား ဘိက္ခုနီဒူသက မဖြစ်၊ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကိုရနိုင်၏။

သံဃံ ဘေဒက

(ထာ ... သံဃ ဘေဒက၌ ဒေဝဒတ်ကဲ့သို့ သာသနာတော်မြတ်ကို ဓမ္မမဟုတ်သည်ကိုပြု၍၊ ဝိနယ မဟုတ်သည်ကိုပြု၍ (အပလောကနကံ စသော လေးပါးသောကံတို့တွင် တပါးပါးသော ကံဖြင့် သံဃာကို သင်းခွဲသူသည် (ဝါ-ရဟန်းသည်သာလျှင်) သံဃဘေဒက မည်၏။ ရှင်အဖြစ် ရဟန်းအဖြစ် ထားအပ်၏။)

(သာဋီ ... သံဃဘေဒက အကျယ်သည် နောက်၌ ထင်ရှားလတ္တံ့၊ ဒေဝဒတ်လည် တသိမ်တည်း၌ သံဃာကိုခွဲ၍ ဥပုသ်ကံ ဆောင်သည်။ ထို့ကြောင့် ပညတ်သည်ကို ဤ၌ ပေါင်းပြသည်။ ဓမ္မဝါဒီ သံဃာလေးပါး၊ အဓမ္မ ဝါဒီလေးပါး၊ ခေါင်းဆောင်ခွဲသူ အမ္မဝါဒီတပါး၊ ဤသို့ အနည်းဆုံး ကိုးပါးရှိမှ သံဃာ ခွဲခြားဖြစ်နိုင်သည်။ ကိုးပါးအောက်ယုတ်လျှင် ခွဲ၍ကွဲသော်လည်း သံဃဘေဒက မဖြစ်။)

(ဝိဋီ ... ပကတိသီလမပျက်သော ရဟန်းကိုရည်၍ သံဃဘေဒက ဆိုသည်။ ပါရာဇိကသို့ရောက်ပြီးသူ၊ ဝတ္ထုဝိပန္နစသည်ကြောင့် ရဟန်း မဖြစ်ခဲ့သူသည် သံဃာကိုခွဲသော်လည်း အာနန္တရိယကံမထိုက်၊ သံဃာကား ကွဲသည်သာတည်း၊ ရှင်အဖြစ် ရဟန်းအဖြစ် မတားအပ်။)

လောဟိတုပ္ပါဒက

(ထာ ... လောဟိတုပ္ပါဒက၌ ဒေဝဒတ်ကဲ့သို့ ဒေါသစိတ် ဝဓကစိတ်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ ကိုယ်တော်၌ ယင်ငယ်တကောင် သောက်လောက်ရုံမျှ သွေးကိုဖြစ်စေသော သူသည် လောဟိတုပ္ပါဒက မည်၏။ ရှင်အဖြစ် ရဟန်းအဖြစ် တားအပ်၏။ ဆရာဇီဝကကဲ့သို့ ချမ်းသာအောင်ပြုသူကား ကုသိုလ်များစွာ တိုးပွား၏။)

(ဒေဝဒတ်ကျောက်လှိမ့်ချ၍ ခြေမတော်သွေးချည်ဥသောကြောင့် ပညတ်သည်ကို ဤ၌ပေါင်းပြသည်။)

သာဋီ ... ဘုရားရှင်သည် အဘေဇ္ဇကာယ-မခွဲအပ်သောကိုယ် ရှိ၏။ လုံ့လဖြင့် အရေတော်ကိုခွဲ၍ သွေးယိုခြင်း၊ ထွက်ခြင်းမည်သည်မရှိ၊ ကိုယ်တော်အတွင်း၌သာ ယနေရာ၌ သွေးချည်စုဝေး၏။ ထိခိုက်သဖြင့် ပျက်သော သွေး-ပေါင်းစု၏။ ဒေဝဒတ် လှိမ့်ချသောကျောက်မှ ပဲ့သော ကျောက်စွန်းမျှ ခြေဖျားတော်ကိုထိ၏။ ပုဆိန်ထိသကဲ့သို့ သွေးချည်ဥ၏။ ဆရာဇီဝကကား အလိုတော်ကျ ဓားငယ်ဖြင့် အရေတော်ခွဲဖြတ်၍ မကောင်းဘော သွေးထုတ်၍ ချမ်းသာအောင်ပြု၏။ ထို့ကြောင့် ကုသိုလ်ကံသာဖြစ်သည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် စေတီဖျက်သူ၊ ဗောဓိပင်ခုတ်သူ၊ ဓာတ်တော်၌ လုံ့လပြုသူတို့၏ ကံကား ကြီးလေး၏။ အာနန္တရိယကံနှင့်တူ၏။ ဓာတ်တော်ရှိသောစေတီကို လည်းကောင်း၊ ဆင်းတုတော်ကို လည်းကောင်း ထိခိုက်သော ဗောဓိကိုင်းကိုကား ဖြတ်ခြင်းငှါအပ်၏။ ငှက်တို့နား၍ စေတီ၌ ကျင်ကြီး စွန့်ကုန်အံ့၊ ထိုဗောဓိကိုင်းကိုလည်း ဖြတ်ခြင်းငှါအပ်သည်သာတည်း။

ပရိဘောဂ (ဗောဓိပင်) စေတီထက် သရီရဓာတ်စေတီကို အထူး အလေးပြုရသည်။ စေတီ၏ ဝတ္ထု အကျည်ကိုခွဲသော ဗောဓိမြစ်ကိုလည်း ဖြတ်၍ ပယ်နှုတ်ခြင်းငှါ အပ်၏။ ဗောဓိအိမ်ကို ထိခိုက် ဖျက်ဆီးသော ဗောဓိကိုင်းကိုကား ဗောဓိအိမ်ကို စောင့်ရှောက်မည်ဟု မဖြတ်ကောင်း၊ ဗောဓိပင်အလို့ငှါ ဗောဓိအိမ်ဖြစ်သည်။ ဗောဓိအိမ်အလို့ငှာ ဗောဓိပင် မဟုတ်။

အာသနဃရ၌လည်း ဤနည်းသာတည်း၊ (အာသနဃရန္တိပဋိမာဃရံ။ ဟု သေနာသနက္ခန္ဓက ဇီဋီဖွင့်သည်။ ဘုရားကျောင်း၌လည်း ဘုရားအတွက်သာ ကျောင်းဖြစ်သည်။ ကျောင်းအတွက်ဘုရား မဟုတ်၊ ပျက်စီးဖွယ်ဖြစ်လျှင် ကျောင်းကိုသာ ဖျက်ရမည်ဟူလို။ အာသနဃရ၌ ဓာတ်တော် ကိန်းအောင်းအံ့၊ စောင့်ရှောက်ခြင်းငှါ ဗောဓိကိုင်းကို ဖြတ်ခြင်းငှါ အပ်၏။ ဗောဓိပင်ကိုသုတ်သင်ခြင်းငှါ အစေးဩဇာယိုသော သစ်ကိုင်း၊ သစ်ဆွေးတို့ကို ဖြတ်ခြင်းငှါ အပ်သည်သာတည်။ ဘုရားရှင်၏ ရူပကာယကို သုတ်သင်သကဲ့သို့ ကောင်းမှုလည်းဖြစ်၏။)

(ဝိဋီ ... ဘုရားရှင်အား ရန်သူတို့ မခွဲနိုင်သောကိုယ် ရှိခြင်းကြောင့် အားစွမ်းဖြင့်အရေစသည်ကို ဖြတ်ခွဲ၍ အပသို့ သွေးထွက်အောင်ပြုခြင်းငှါ မတတ်ကောင်း၊ လက်နက်စသည် ပုတ်ခတ်လျှင် သွေးသည်နေရာမှ ရွေ့၍ ပျက်စီးလျက် တနေရာ၌ စုဝေး၏။ ဤမျှပြုလျှင် ဒေဝဒတ်ကဲ့သို့ လောဟိတုပ္ပါဒကကံထိုက်၏။ စေတီတော်၊ ဗောဓိပင်၊ ဆင်းတုတော် စသည်ကို ဖျက်ဆီးသူသည် အာနန္တရိယကံ မထိုက်၊ ထိုကံနှင့်တူစွာ အပြစ်ကြီး၏။ အစေးဩဇာ ယိုထွက်သော ဗောဓိကိုင်းကို လည်းကောင်း၊ ဓာတ်တော် ကိန်းသော စေတီတော်ကို ထိခိုက်သော ဗောဓိကိုင်းကိုလည်းကောင်း ဖြတ်အပ်၏။ ကုသိုလ်သာဖြစ်သည်။)

ဥဘတောဗျည်း

ထိုအခါ ဥဘတောဗျည်း တယောက်သည် ရဟန်းတို့ထံ ရှင်ပြု၍နေ၏။ မိမိကလည်းပြု၏။ မိမိကိုလည်း ပြုစေ၏။ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... ဥဘတောဗျည်းကို ရဟန်းပြုမပေးအပ်၊ ရဟန်းပြုပေးလျှင် ဖျက်ဆီးအပ်၏။

[ထာ ... ဣတ္ထိနိမိတ်ဖြစ်ကြောင်း ကံ၊ ပုရိသနိမိတ်ဖြစ်ကြောင်း ကံ၊ ဤကံနှစ်ပါး (ဥဘတော) ကြောင့် နိမိတ် (ဗျဉ္ဇန) နှစ်ခုရှိသောသူသည် ဥဘတောဗျဉ္ဇနက မည်၏။ မိမိ၏ ပုရိသနိမိတ်ဖြင့် ဣတ္ထိတို့၌လည်း မေထုန် မှုကို ပြုကျင့်၏။ မိမိဣတ္ထိနိမိတ်၌လည်း သူတပါးကို တိုက်တွန်း၍ ပြုကျင့်စေ၏။

ဣတ္ထိဥဘတောဗျည်း၊ ပုရိသဥဘတောဗျည်းဟု နှစ်မျိုးရှိ၏။

ဣတ္ထိ ဥဘတောဗျည်းကား ဣတ္ထိနိမိတ် ထင်ရှား၏။ ပုရိသနိမိတ် မထင်ရှား။ တပါးသော ဣတ္ထိတို့၌ ပုရိသကိစ္စပြုသောအခါ ဣတ္ထိနိမိတ်ကွယ်၏။ ပုရိသ နိမိတ်ထင်ရှား၏။ မိမိလည်း ကိုယ်ဝန်ယူသည်။ သူတပါး ကိုလည်း ယူစေသည်။

ပုရိသဥဘတောဗျည်းကား ပုရိသနိမိတ်ထင်ရှား၏။ ဣတ္ထိနိမိတ် မထင်ရှား။ တပါးသော ပုရိသတို့ထံ ဣတ္ထိကိစ္စဖြင့် ကပ်ရောက်သောအခါ ပုရိသနိမိတ်ကွယ်၏။ ဣတ္ထိနိမိတ်ထင်ရှား၏။ မိမိကိုယ်ဝန်မယူ။ သူတပါးကို ယူစေသည်။ ဤကား ဥဘတောဗျည်းနှစ်မျိုးတို့၏ အထူးတည်း။

ကုရုန္ဒီ၌ကား ပဋိသန္ဓေအခါ ဣတ္ထိလိင်္ဂဖြစ်လျှင် ပဝတ္တိအခါ ပုရိသလိင်္ဂ ဖြစ်သည်ဟု ဆို၏။ (လိင်္ဂသည် ပဋိသန္ဓေအခါ မဖြစ်ကောင်း၊ ဣန္ဒြိယသာ ပဋိသန္ဓေအခါဖြစ်သည်။) ဓမ္မသင်္ဂဟဋ္ဌကထာ-အဋ္ဌသာလိနီ၌ အကျယ်စိစစ်အပ်ပြီ။ ဤ ဥဘတောဗျည်း နှစ်ယောက်လုံးအား ရှင်အဖြစ်၊ ရဟန်းအဖြစ် မရှိ။)

(သာဋီ ... ဣတ္ထိပုရိသတို့၏ နိမိတ်သည် ဗျဉ္ဇနမည်၏။ ဥဘတော ဗျည်းအား နိမိတ်ဗျဉ္စနသာ နှစ်ခုရှိသည်။ ဣန္ဒြိယမည်သော ဘာဝရုပ်ကား တခုတည်းသာတည်း။ တခုသောသန္တာန်၌ ဣန္ဒြိယရုပ်နှစ်ခုပြိုင်တူမဖြစ်။ “ယဿဣတ္ထန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတီ တိ။ နော။ ယဿဝါပန ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ဣတ္တိန္ဒြိယံ ဥပ္ပဇ္ဇတီ တိ။နော-” ဟု ယမိုက်ကျမ်း၌ပယ်သည်။ ဣတ္ထိဥဘတောဗျည်းအား ဣတ္တိန္ဒြိယရုပ်သာ။ ပုရိသဥဘတောဗျည်းအား ပုရိသိန္ဒြိယသာဖြစ်သည်။

စောဒကဆရာသည် သူ့ ဣန္ဒြိယကြောင့် သူ့ဗျဉ္ဇန ဖြစ်သည်။ ဣန္ဒြိယရုပ်တခုစီသာဖြစ်လျှင် ဒုတိယနိမိတ် အဘယ်သို့ဖြစ်မည်နည်း”ဟု (ဣန္ဒြိယရုပ် နှစ်ခုရမည်ထင်၍) ဆို။ အဖြေကား၊ ဣန္ဒြိယရုပ်သည် ဒုတိယဗျဉ္ဇန၏ အကြောင်းမဟုတ်။ ဣန္ဒြိယရုပ်- အခါခပ်သိမ်းရှိလျက် ဒုတိယဗျဉ္ဇန အခါခပ်သိမ်းမဖြစ်။ ဣတ္ထိ၌ ရာဂဖြစ်လျှင် ပုရိသဗျဉ္ဇန။ ပုရိသ၌ရာဂဖြစ်လျှင် ဣတ္တိဗျဉ္ဇန ထင်ရှား၏။ ထိုအခိုက် တခုမမြင်ရ။ ထို့ကြောင့် ကံအဖော်ရှိသော ရာဂသည်သာ ဒုတိယဗျဉ္ဇန ဖြစ်ကြောင်းတည်း။

ဣန္ဒြိယရုပ်နှစ်ခုလုံးရလျှင် ပုရိသဥဘတောဗျည်းလည်း ကိုယ်ဝန်ယူနိုင်ရာ၏။ ကုရုန္ဒီ၌ ပဋိသန္ဓေအခါ လိင်္ဂဖြစ်ခြင်းကို ဆိုခြင်းလည်း မသင့်။ ပဝတ္တိအခါ၌သာ လိင်္ဂစသည်ဖြစ်သည်။ ပဋိသန္ဓေအခါ မဖြစ်၊ ပဋိသန္ဓေအခါ ဣန္ဒြိယရုပ်သာ ဖြစ်သည်။ လိင်္ဂစသည်မဖြစ်။ ဣန္ဒြိယရုပ်သည် လိင်္ဂ စသည်မဟုတ်၊ သဘော တခြားစီဖြစ်သည်။

အဋ္ဌသာလိနီ၌ ဣတ္ထိဘာဝဖြစ်သာ ဣန္ဒြိယရုပ်သည် ကမ္မဇဖြစ်၍ ပဋိသန္ဓေနှင့်အတူ ဖြစ်သည်။ လိင်္ဂ၊ ကုတ္တ၊ အာကပ္ပ၊ နိမိတ္တတို့သည် ဣတ္ထိန္ဒြိယရုပ်ကိုစွဲ၍ ပဝတ္တိအခါ၌သာ မျိုးစေ့ကိုစွဲ၍ အကိုင်းအခက်နှင့်တကွ သစ်ပင်ကြီးဖြစ် သကဲ့သို့ ဖြစ်ကုန်၏။ ပဋိသန္ဓေမှစ၍ဖြစ်သော ဣတ္ထိန္ဒြိယရုပ်ကို မျက်စိဖြင့် မသိအပ်၊ စိတ်ဖြင့်သာ သိရသည်။ ဣတ္ထိလိင်္ဂစသည်တို့ကို မျက်စိဖြင့်လည်း သိအပ်ကုန်၏။ စိတ်ဖြင့်လည်း သိအပ်ကုန်၏ဟု အကျယ်စပ်သည်။

(လက်ခြေစသော အင်္ဂါကြီးငယ်သဏ္ဌာန်သည် လိင်္ဂမည်၏။ ပြုံးရယ်ခြင်း စသည်သည် နိမိတ္တ။ မန်းငယ်၊ ထွန်ငယ်စသည်ဖြင့် ကစားခြင်းသည် ကုတ္တ။ သွားခြင်းစသော သန့်ရှင်း၊ မသန့်ရှင်းသော ခြင်းရာသည် အာကပ္ပမည်၏။

ဋီကာကျော်၌ အင်္ဂါဇာတ်သည် လိင်္ဂ။ အထီးအမ သိကြောင်းအသံ အလိုဆန္ဒသည် နိမိတ္တ။ မသန့်ရှင်း၊ သန့်ရှင်းသော သွားခြင်း ထိုင်ခြင်းစသည်သည် ကုတ္တ။ ပုံဟန်သဏ္ဌာန်သည် အာကပ္ပ ဆို၏။ ဤလေးပါးသည် မြင်နိုင်သော ရူပါရုံရုပ်၊ သြဠာရိကရုပ် ဖြစ်၏။ ဣန္ဒြိယရုပ်ကား ထိုရူပါရုံတခုခုကိုမြင်ပြီးမှ ဤအဆင်းထောက်၍ ဤသတ္တဝါကား အထီးဖြစ်မည်။ အမဖြစ်မည်ဟု စိတ်တွေးဖြင့်သိရသော ဘာဝရုပ်၊ သုခုမရုပ် ဓမ္မာရုံဖြစ်၏။ အထီးအမ၏ ဖြစ်ကြောင်းရုပ်၊ လိင်္ဂ စသည်၏ ဖြစ်ကြောင်းရုပ်ဖြစ်၏။ သိမ်မွေ့နက်နဲသိနိုင်ခဲကို ဘဝင်စွဲစေလော။)

(ဝိဋီ ... ဣတ္ထိဥဘတော-ဗျည်းအား ... ဣတ္ထိန္ဒြိယရုပ်သာ။ ပုရိသ ဥဘတော-ဗျည်းအား ပုရိသိန္ဒြိယရုပ်သာ ရှိသည်။ တယောက်တည်းအား ဘာဝရုပ်နှစ်ခု အတူမဖြစ်ဟု ယမိုက်၌ပယ်သည်။ ကံအဖော်ရှိသော အကုသိုလ် စိတ်ကြောင့်သာ ဒုတိယဗျဉ္ဇနသည် (ဆိုင်ရာ) ဘာဝရုပ် မရှိပဲလျက် သက်သက် ဖြစ်သည်၊ ပကတိဣတ္ထိ၊ ပုရိသတို့အားသော်လည်း အတိတ်ကံသည်သာလျှင် ဗျဉ္ဇန၊ လိင်္ဂတို့၏ အကြောင်းကမ္မပစ္စည်း ဖြစ်သည်။ ဘာဝရုပ်ကား ... ထိုဗျဉ္ဇနလိင်္ဂတို့၏ ကမ္မပစ္စည်းလည်း မဟုတ်၊ ကြွင်းသော ၂၃-ပစ္စည်းလည်း မဟုတ်၊ အကြောင်း ၂၄-ပစ္စည်း၌ မဟော။

ဘာဝနှင့်တကွဖြစ်တတ်သော ဗျဉ္ဇန၊ လိင်္ဂတို့၏ ဖြစ်ခြင်းသက်သက်ပြလို၍သာ အဋ္ဌကထာတို့၌ ဣန္ဒြိယံ ပဋိစ္စ ဣတ္ထိလိင်္ဂါဒီနိ စသည်ဖြင့် “ဣန္ဒြိယရုပ်သည် ဗျဉ္ဇန၏အကြောင်း ဟုဆိုသည်။” ဤဝိနည်း အဋ္ဌကထာ၌ကား “အကုသိုလ်စွမ်းကြောင့် ဣန္ဒြိယ ရုပ်မရှိပဲလည်း ဗျဉ္စနဖြစ်သည်”ဟု ဆိုသည်။ ထိုဥဘတောဗျည်းတို့အား ရာဂ၏ အာရုံ အထီး အမနှင့်သင့်လျော်အောင် ဗျဉ္ဇနတခုထင်၍ တခုကွယ်သည်။

ကုရုန္ဒီစကား မသင့်ပုံကို အဋ္ဌသာလိနီ၌ - လိင်္ဂစသည်သည် ဣန္ဒြိယရုပ်ကိုစွဲ၍ ပဝတ္တိအခါ၌သာဖြစ်သည် စသည်ဖြင့် စိစစ်၏။ ရှင်အဖြစ် ရဟန်းအဖြစ် ပယ်အပ်ကုန်သော အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်တို့ကို လည်းကောင်း၊ ဘဗ္ဗ ပုဂ္ဂိုလ်များစွာတို့ကိုလည်းကောင်း ပယ်အပ်သူဟုသိလျက် ရှင်ပြုပေးအံ့၊ ရဟန်းပြုပေးအံ့ ဒုက္ကဋ်။ မသိလျှင် အနာပတ္တိ။)

(အဘိဓမ္မာဝိဘင်းကျမ်း၌ ဣန္ဒြေ ၁၂-ပါး ဟောသည်။ ပဋ္ဌာန်း ၂၄-ပစ္စည်း ဟောရာ၌ ဣန္ဒြေ ၂ဝ ကို ပူရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယ၊ သဟဇာတိန္ဒြိယဟု သုံးမျိုးပြား၍ ဝေဖန်သည်။ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ နှစ်ခုကို ဣန္ဒြိယပစ္စည်းဟု မဝေဖန်၊ ဇနကသတ္တိ၊ ထမ္ဘကသတ္တိ မရှိ။ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်သော်လည်း ပဝတ္တိအခါ လိင်္ဂစသည်တို့ကို မိမိ သဘောကျဖြစ်စေလျက် အကြီးအကဲပြုသောကြောင့်သာ ဣန္ဒြေ ၁၂-မျိုး၌ ဟောသည်။

ဥပဇ္ဈာယ်အတွက် ဒုက္ကဋ် ၁၄

ထိုအခါ ရဟန်းတို့သည် ဥပဇ္ဈာယ် မရှိသူကို (ဝါ-ဥပဇ္ဈာယ်ကင်းလျက်) ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ .... ဥပဇ္ဈာယ်မရှိသူကို ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။ ရဟန်းတို့သည် သံဃာ ဥပဇ္ဈာယ်ဖြင့် ဂဏဥပဇ္ဈာယ်ဖြင့် ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ .... သံဃာဥပဇ္ဈာယ်ဖြင့် ဂဏဥပဇ္ဈာယ်ဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။ ရဟန်းတို့သည် ပဏ္ဍုက်ဥပဇ္ဈာယ်ဖြင့် .…လ.... ဥဘဘောဗျည်း ဥပဇ္ဈာယ်ဖြင့် (ပဏ်၊ထေ၊ပက်၊စ္ဆာန် (၄)။ ပဉ္စာနန်(၅)။ ဒူသံ၊ ဥဘောဗျည်း(၂)။ အဘဗ္ဗ ၁၁-ယောက် ဥပဇ္ဈာယ်ဖြင့်) ရဟန်းပြုပေးကုန်၏၊

ချစ်သား ... ပဏ္ဍက၊ ထေယျသံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန (၄)၊ မာတုဃာတက၊ ပိတုဃာတက၊ အရဟန္တဃာတက၊ ဘိက္ခုနီဒူသက (၄)၊ သံဃဘေဒက၊ လောဟိတုပ္ပါဒက၊ ဥဘတောဗျဉ္ဇနက (၃)၊ ဥပဇ္ဈာယ်ဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

[ထာ ... ဤသိက္ခာပုဒ် မပညတ်သေးမီအခါ ဥပဇ္ဈာယ်မယူစေပဲ ဥပဇ္ဈာယ်ကင်းလျက် ရဟန်း ပြုပေးအပ်သူတို့သည် ဓမ္မအားဖြင့်၊ အာမိသအားဖြင့် ချီးမြောက်ခြင်းကို မရကြကုန်။ ဆုတ်ယုတ်ပျက်ပြား မကြီးပွားကြကုန်။ ဥပဇ္ဈာယ်ကို မယူစေပဲ ဥပဇ္ဈာယ်ကင်းလွတ်လျက် ရဟန်းပြုမပေးအပ်။ ဒုက္ကဋ်ဟု ပညတ်သော အခါမှစ၍ ဥပဇ္ဈာယ်မယူစေပဲ ရဟန်းပြုပေးလျှင် ဒုက္ကဋ်။ ကံကားမပျက်။ ကေစိတို့ကား ကံကား ပျက်သည်ဟုဆိုကုန်၏။ မယူအပ်။ သံဃာဥပဇ္ဈာယ် ....လ.... ဥသတောဗျည်းဥပဇ္ဈာယ်ဖြင့် ရဟန်းပြုပေးရာ ၁၃ နေရာ၌လည်း ဤနည်းသာတည်း။]

(သာဋီ ... ဥပဇ္ဈာယောမေ ဘန္တေဟောဟိ-ဟု ဥပဇ္ဈာယ်ကို မယူစေသော်လည်း ကမ္မဝါစာ၌ “အာယသ္မတောတိဿဿ ဥပသမ္ပဒါပေက္ခော” ဟု ဥပဇ္ဈာယ် ပြောကြားရသည်သာတည်း။ မပြောကြားလျှင် ပုဂ္ဂလံ န ပရာမသတိ - ဟူသော ကမ္မဝိပတ္တိ ဒေါသသင့်၍ ကံပျက်၏။ သပိတ်သင်္ကန်း မပြည့်စုံသော်လည်း ပရိပုဏ္ဏဿာပတ္တစီဝရံဟု ထည့်၍ ကမ္မဝါစာဖတ်လျှင် ရဟန်းဖြစ်၏။ ထို့အတူ မရှိသော်လည်း ဥပဇ္ဈာယ်ထည့်၍ ဖတ်လျှင် ရဟန်း ဖြစ်၏။ ထို့ကြောင့် ကံကား မပျက်ဟုဆိုသည်။ ဤသိက္ခာပုဒ်၌ ဒုက္ကဋ်ကိုသာ ဟောသည်၊ သောဝပုဂ္ဂလော အနုပသမ္ပန္နော ဟု မဟော။ ကမ္မဝိပတ္တိ လက္ခဏာလည်းမရှိ။ ထို့ကြောင့် မယူအပ်ဟု ပယ်သည်။ ပဏ္ဍက ...လ.... ဥဘတောဗျည်း ဤ ၁၁ ယောက်၏ ဂဏပူရဏ အဖြစ်ကြောင့်သာ ကံပျက်သည်။ ဤ ၁၁ ယောက်အပြင် ဂဏပူရဏအဖြစ်ကြောင့် ကံမပျက်။)

(ဝိဋီ ... ဥပဇ္ဈာယ် မရှိသော်လည်း သေသူ၊ ထွက်သူ၊ ရှေးဥပဇ္ဈာယ် ဖြစ်ဖူးသူ တယောက်ယောက်၏ အမည်ဖြင့် ဣတ္ထန္နာမဿ ဥပသမ္ပဒါပေက္ခာ။ ဣတ္ထန္နာမေန ဥပဇ္ဈာယေန ဟု ဥပဇ္ဈာယ်ထည့်ဖတ်ခြင်းကြောင့် ကံမပျက်။ မထည့်လျှင် ပုဂ္ဂလအပရာမသန-ကမ္မဝိပတ္တိ သာဖြစ်ရာ၏။ ထို့ကြောင့် ပါဠိတော်၌ ဥပဇ္ဈာယ်မပြောကြား ခြင်းကြောင့် ဒုက္ကဋ်ဟုမဟော။ မယူခြင်းကြောင့်သာ ဟောသည်။

အယံနာဂေါ သံဃဿ ဥပသမ္ပဒါ ပေက္ခော၊ သံဃေန ဥပဇ္ဈာယေန။ ဂဏဿ ဥပသမ္ပဒါပေက္ခော။ ဂဏေနု ဥပဇ္ဈာယေန ဟု သံဃ၊ ဂဏဥပဇ္ဈာယ်ဖြင့် ကမ္မဝါစာ ဖတ်သော်လည်း ကံမပျက်။ ဒုက္ကဋ်သာဟောသည်။ ကံပျက်လျှင် သောစပုဂ္ဂလော အနုပသမ္ပန္နော ဟုဟောရာ၏။ ပဏ္ဍက စသော ဥပဇ္ဈာယ်ဖြင့် ကံပြုရာ၌ ပဏ္ဍက စသည်ကိုလွှတ်၍ ဂိုဏ်းပြည့်လျှင် ကံမပျက်။ ဤသို့မဟုတ်လျှင် ပျက်၏။

သပိတ်သင်္ကန်း မရှိသော်လည်း ပရိပုဏ္ဏဿပတ္တစီဝရံ ဟု ကမ္မဝါစာထည့် ဖတ်ခြင်းကြောင့် ကံပျက်သည်ဟု မဟော။ ဒုက္ကဋ်ကိုသာ ဟောသည်။ မထည့်လျှင် ပုဒ်အက္ခရာ ကမ္မဝါစာယုတ်သောကြောင့် ကံပျက်သာ ဖြစ်ရာ၏။

ကေစိတို့ကား ပထမခွင့်ပြုသော ကမ္မဝါစာအတိုင်းဖြင့် ပရိပုဏ္ဏဿ ပတ္တစီဝရံ မဆိုပဲ ကမ္မဝါစာဖတ်လျှင် ယခုအခါ၌လည်း ကံအောင်သည်ဟု ဆိုကုန်၏။ မသင့်၊ ခွင့်ပြုသောအခါမှစ၍ မသုံးသပ်လျှင် သာဝနာဟာပန ဝိပတ္တိ သာတည်း။ သံဃံဥပသမ္မဒီယာစတိ ပုဒ်ယုတ်စေရာ၌ကဲ့သို့ ဟာပန ဝိပတ္တိ သာတည်း။ ပရိသုဒ္ဓေါအန္တရာယိကာဟိ စသည်၊ ပရိပုဏ္ဏဿစ သည်၊ ...ယာစတိ.... စသည်ဖြင့် နောက်မှခွင့်ပြုသောပုဒ် သုံးပုဒ် ရှိသည်။ သံဃံဘန္တေဥပသမ္ပဒံ ယာစာမိ-စသည်ဖြင့် မတောင်းပန်သော်လည်း သံဃံ ဥပသမ္ပဒံ ယာစတိ-ဟု ထည့်၍ဖတ်လျှင် ကံမပျက်။ မထည့်လျှင်ကံပျက်သည်။ နောက်ခွင့်ပြုသော ကမ္မဝါစာမှ တစုံတခုမျှ မယုတ်စေရ။ ယုတ်စေလျှင် သာဝနာ ဟာပနဝိပတ္တိသာတည်း။)

သပိတ်သင်္ကန်း မရှိ ၃၊ ငှါး ၃၊

ထိုအခါ ရဟန်းတို့သည် သပိတ် သင်္ကန်း မရှိသူကို ရဟန်းပြုပေးကုန်၏။ လက်ဖြင့်ဆွမ်းအလို့ငှါ (ဝါ-ဆွမ်းခံ) လှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။ သင်္ကန်းမရှိသူကို ရဟန်း ပြုပေးကုန်၏။ အချည်းနှီး ဆွမ်းခံလှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ သပိတ်သင်္ကန်းမရှိသူကို ရဟန်းပြုပေးကုန်၏။ အချည်းနှီးလက်ဖြင့် ဆွမ်းခံ လှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ချစ်သားတို့ … သပိတ်မရှိသူကို၊ သင်္ကန်းမရှိသူကို၊ သပိတ်သင်္ကန်းမရှိသူကို ရဟန်းပြုမပေးအပ်။ ဒုက္ကဋ်။ ရဟန်းတို့သည် ငှါးသောသပိတ်ဖြင့်၊ ငှါးသောသင်္ကန်းဖြင့်၊ ငှါးသော သပိတ်သင်္ကန်းဖြင့် ရဟန်းပြုပေးကုန်၏။ ရဟန်းပြုပြီးသောအခါ ပြန်ယူကြသဖြင့် လက်ဖြင့် အချည်းနှီး … အချည်းနှီး ... လက်ဖြင့်ဆွမ်းခံလှည့်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ငှါးသောသပိတ်ဖြင့်...၊ ငှါးသောသင်္ကန်းဖြင့်၊ ငှါးသောသပိတ် သင်္ကန်းဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

[ထာ ... လက်ဖြင့်ဆွမ်းအလို့ငှါ လှည့်ခြင်းကား လက်၌ရအပ်သော ဆွမ်းအလို့ငှါ လှည့်လည်ခြင်းတည်။ (ဆွမ်းအလို့ငှါ လက်ဖြင့်လှည့်လည်ခြင်း မဟုတ်ဟူလို။) တိတ္ထိကား - အာဇီဝက တိတ္ထိတည်း။ ထို တိတ္ထိတို့သည် ဟင်း၊ ဟင်းလျာတို့နှင့်ရော၍ လက်၌ထားသော ထမင်းဆုပ်ကိုသာ စားကုန်၏။ သပိတ် မရှိသူကို ရဟန်းပြုပေးသူအား အာပတ်သင့်သည်။ ကံကား မပျက်။ သင်္ကန်းမရှိသူ စသောဝတ္ထုတို့၌လည်း ဤနည်းသာ တည်း။

ကံဆောင်ချိန်ကာလမျှ ငှါးသော တာဝကာလိကသပိတ် စသည်ဖြင့် ရဟန်းပြုပေးသူအားသာ အာပတ် သင့်သည်။ ကံမပျက်။ ထို့ကြောင့် သပိတ်သင်္ကန်း ပြည့်စုံသူကိုသာလျှင် ရဟန်းပြုပေးအပ်၏။ မရှိ၍ ဆရာဥပဇ္ဈာယ်စသည်တို့က ပေးလိုလျှင် မငဲ့မကွက်စွန့်၍ အဓိဋ္ဌာန်လောက်သော သပိတ်သင်္ကန်းကို ပးအပ်၏။ ပဏ္ဍုပလာသရှင်အဖြစ်ငဲ့သော ရှင်လောင်းကိုကား ငှါးသော သပိတ်သင်္ကန်းဖြင့်လည်း ရှင်ပြုပေးခြင်ငှါ အပ်၏။ သဘောတူရာပုဂ္ဂိုလ်ထံမှ အကျွမ်းတဝင် ယူသော်လည်း ရှင်ပြုပေးအပ်၏။

မဖုတ်မချုပ်သေးသော သပိတ်၊ သင်္ကန်းလျာ အဝတ်တို့ကိုယူလာ၍ ဖုတ်ခြင်း ချုပ်ခြင်း မပြီးမီ ကျောင်း၌ နေသော ရှင်လောင်းအား အနာမဋ္ဌပိဏ္ဍပါတ (ဆွမ်းဦး) ကို ပေးခြင်းငှါ အပ်၏။ ထာလက ... (သံဃာသုံး) ဆွမ်းထွက်၌ သုံးဆောင်ခြင်းငှါအပ်၏။ နံနက်အခါ သာမဏေ အဖို့နှင့်တူမျှသော အာမိသ အဖို့ကို ပေးခြင်းငှါအပ်၏။ ကျောင်းအိပ်ရာ နေရာယူခြင်း၊ သလာကဘတ်၊ ဥဒ္ဒေသဘတ်၊ နိမန္တနဘတ် စသည်တို့ကား မအပ်ကုန်။ ညနေချမ်း၌လည်း သာမဏေရဘာဂနှင့် သမဘာဂဖြစ်သော ဆီ၊ ပျား၊ တင်လဲ စသော ဆေးကိုလည်း ပေးခြင်းငှါအပ်၏။ ထိုရှင်လောင်း ဂိလာနဖြစ်လျှင် (လူဖြစ်သူကို သော်လည်း) ဆေးကုခြင်းငှါ အပ်၏။ သာမဏေအားကဲ့သို့ လုပ်ကျွေးသမှု အားလုံး ပြုအပ်၏။)

(သာဋီ ... အနာမဋ္ဌ ပိဏ္ဍပါတသည် အဦးမယူသေးသောဆွမ်း ဖြစ်၏။ သာမဏေအဖို့ ဘာဝဟူသည် အထူးသီးခြား မဟုတ်။ အောက်၌ ရံခါ ဆွမ်းညံ့ရာ၏ဟု အထက်၌ယူ၍မပေးရ။ သာမဏေအစဉ်ဖြင့်သာ ယူ၍ ရှင်လောင်းအား ပေးရသည်ဟူလို။ ဤအဖို့ကိုလည်း နိယတပဗ္ဗဇ္ဇ ဧကန် ရှင်လောင်းအားသာ ပေးရသည်။ ထို့ကြောင့် “မဖုတ်မချုပ်သေးသော သပိတ်” စသည်ကိုဆိုသည်။)

(ဝိဋီ ... အာမဋ္ဌ ပိဏ္ဍပါတသည် ရဟန်းတို့ရသောဆွမ်းမှ အဦးမယူသေးသောဆွမ်း ဖြစ်၏။ သာမဏေ တို့အားလည်း အာမိသဘာဂကို အညီအမျှသာ ပေးရသည်။ သာမဏေရဘာဂ သီးခြားမရှိ၊ မရှိသော်လည်း သပိတ်သင်္ကန်း ပြုလုပ်ခြင်းမျှဖြင့်စပ်သော ရှင်အဖြစ် ရှိသောကြောင့် “ရှင်လောင်းဟူသည် သာမဏေနှင့် တူသည်” ဟု ပြခြင်းငှါ အလိုရှိသည်ဟု မှတ်အပ်၏။ ဤအဖို့ကိုလည်း နိယတာသနပဗဇ္ဇ္ဗ ရှင်ပြုလုနီး ဧကန်ရှင်လောင်းအားသာ ပေးရသည်။ ထို့ကြောင့် ဖုတ်ခြင်း ချုပ်ခြင်း မပြီးမီ စသည်ကို ဆိုလိုသည်။ အာမိသအဖို့ဟူသည်ကို ကျောင်း၌ လှူသော သံဃဘတ်၊ တတြုပ္ပါဒတို့ကို ရည်၍ဆိုသည်။ ဒါယကာတို့ အိမ်၌လှူသော ဘတ်တို့ကို ရည်ဆိုသည်မဟုတ်။ ထို့ကြောင့် သလာကဘတ် စသည်ကိုဆိုသည်။ အလှူရှင်တို့ ဝိပ္ပဋိသာရဖြစ်တတ်သောကြောင့်တည်း။ ရှင်လောင်း၌ဆေးကုလျှင် လူတို့အား ဆေးကုခြင်းစသော အပြစ်မျိုး မဖြစ်။)

ဟတ္ထစ္ဆိန္နာဒိဒွတိံသ

ထိုအခါ ရဟန်းတို့သည် (လက်ပြတ်သူ စသော ၃၂-ယောက်ကို ရှင်ပြုပေးကုန်၏။ မပြုပေးအပ်၊ ဒုက္ကဋ်ဟု ပညတ်သည်။)

ဟတ္ထစ္ဆိန္န-လက်ပြတ်သူ၊ ပါဒစ္ဆိန္န-ခြေပြတ်သူ၊ ဟတ္ထပါဒစ္ဆိန္န လက်ခြေပြတ်သူ၊ ကဏ္ဏစ္ဆိန္န-နားပြတ်သူ၊ နာသစ္ဆိန္န-နှာပြတ်သူ၊ ကဏ္ဏနာသစ္ဆိန္န-နားနှာပြတ်သူ၊ အင်္ဂုလစ္ဆိန္န-လက်ချောင်းခြေချောင်း ပြတ်သူ၊ အဠစ္ဆိန္န-လက်မခြေမပြတ်သူ၊ ကဏ္ဍရစ္ဆိန္န-အကြောမကြီးပြတ်သူ (၉)၊

ဖဏ ဟတ္တက-လက်ပျစ်သူ၊ ခုဇ္ဇ-ကုန်းသူ၊ ဝါမန-ပုကွသူ၊ ဂလဂဏ္ဍိ-လည်ပင်း၌ ထွတ်မြင်းဖုရှိသူ၊ လက္ခဏာဟတ-သံပူကပ်ခံရသူ၊ ကသာဟတ-ကြိမ်ဒဏ်ခတ်ခံရသူ၊ လိခိတက-တွေ့ရာသတ်စေဟု မင်းအမိန့် ရေးမှတ်ခံရသူ (၇)။

သီပဒီ-ခြေထိုင်းသူ၊ ပါပရောဂီ--မြင်းသရိုက် စသော အနာဆိုးရှိသူ၊ ပရိသဒူသက-ပရိသတ်ဖျက်သူ၊ ကာဏ-တဖက်ကန်းသူ၊ ကုဏီ-လက်ခြေ ကောက်သူ၊ ဓဉ္ဇ-ခြေခွင်သူ၊ ပက္ခဟတ-ဖက်သကတ်စွဲသူ၊ ဝါ-ကိုယ် တခြမ်းသေသူ၊ ဆိန္ဒိရိယာပထ-ပြတ်သောဣရိယာပုတ်ရှိသူ၊ ဝါ-ဆွံ့သူ၊ ဇရာဒုဗ္ဗလ-အို၍အားနည်းသူ (၉)။

အန္ဓ-စုံလုံးကန်းသူ၊ မူဂ-အ သူ၊ ဗဓိရ-နားပင်းသူ၊ အန္ဓမူဂ-ကန်း-အ-သူ၊ အန္ဓဗဓိရ-ကန်းပင်းသူ၊ မူဂ ဗဓိရ-အ ပင်းသူ၊ အန္ဓမူဂ ဗဓိရ-ကန်း-အ ပင်းသူ (၇)၊

ဤ သုံးဆယ့်နှစ်ယောက်သောသူကို ရဟန်းပြုပေးကုန်၏။ ချစ်သား ... ဆိန္နဟတ္ထ စသော သုံးဆယ့် နှစ်ယောက်ကို ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။

[ထာ ... ဟတ္ထဏ္ဏိန္နဟူသည်-လက်ဝါး လက်ကောက်ဝတ် တတောင် တခုခုသော နေရာ၌ တဖက် လည်းကောင်း၊ နှစ်ဘက်လည်းကောင်း၊ ပြတ်သူဖြစ်၏။

ပါဒစ္ဆိန္နသည်-ခြေဖျား ဖမျက် မြင်းခေါင်းနေရာတခု၌ တဖက်လည်းကောင်း၊ နှစ်ဖက်လည်းကောင်း ပြတ်သူဖြစ်၏။

ဟတ္ထပါဒစ္ဆိန္နသည်-ဆိုပြီးသော လက် ခြေ လေးခုတို့တွင် နှစ်ခု၊ သုံးခု၊ လေးခုသော လက်ခြေပြတ်သူဖြစ်၏။

ကဏ္ဏစ္ဆိနသည်-နားရင်း၊ နားရွက်တို့၌တဖက် လည်းကောင်း၊ နှစ်ဖက်လည်းကောင်း ပြတ်၏။ (နားဍ္ဍောင်း ပန်ရာဖြစ်သော) နားထွင်းသော နေရာပြတ်လျှင် ဆက်ခြင်းငှါ တတ်ကောင်းအံ့၊ ဆက်၍ ရှင်ပြုပေးအပ်၏။

နာသစ္ဆိန္နသည်-ဆိတ်ခွါသဏ္ဌာန်အရပ် (ဝါ- နှာရိုးအစွန်း) ၌လည်းကောင်း၊ နှာသီးဖျား၌လည်းကောင်း၊ နှာခေါင်း တဖက်၌လည်းကောင်း၊ နေရာတခုခု၌ပြတ်၏။ စေ့စပ်အောင် ပြုခြင်းငှါ တတ်နိုင်လျှင် နှာခေါင်းကို ကောင်းအောင်ပြု၍ ရှင်ပြု ပေးအပ်၏။

ကဏ္ဏနာသစ္ဆိန္နသည်-နှစ်ပါးစုံဖြင့် သိအပ်သူဖြစ်၏။

အင်္ဂုလစ္ဆိနသည် လက်သည်း ခြေသည်း (နခါ) မကျန်အောင် တချောင်းဖြစ်စေ၊ အများဖြစ်စေ၊ လက်ချောင်း ခြေချောင်းပြတ်၏။

ချည်မျှင်မျှ (နခါ) အကြွင်းမြင်ရသူကို ရှင်ပြုပေးခြင်းငှါအပ်၏။

အဠစ္ဆိန္နသည်-လက်မ၊ ခြေမလေးခုတို့၌ (နခါ) မကျန်အောင် တချောင်း၊ ဝါ-အများပြတ်၏။

ကဏ္ဍရစ္ဆိန္ဒသည် ကဏ္ဍရမည်သော အကြောမကြီးများ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း ပြတ်၏။ ကဏ္ဍရတခုမျှပြတ်လျှင် ခြေဖျားဖြင့် လည်းကောင်း၊ ဖနောင့်ဖြင့်လည်းကောင်း သွား၏။ ခြေကို ညီအောင် မထားနိုင်။ (၉)

ဖဏဟတ္ထကသည် လင်းနို့ တောင်ပံကဲ့သို့ လက်ချောင်းတွဲစပ်၏။ ရှင်ပြု ပေးလိုလျှင် လက်ချောင်းအကြား တို့ကိုခွဲ၍ အကြားသားရေ အားလုံးကို ပယ်၍ အနာကင်းအောင်ပြု၍ ရှင်ပြုပေးအပ်၏။ လက်ချောင်းခြောက်ခု ရှိအံ့။ ပိုသောလက်ချောင်းကိုဖြတ်၍ အနာကင်းအောင်ပြု၍ ရှင်ပြုပေးအပ်၏။

ခုဇ္ဇ၊ ဝါမန၊ ဂလဂဏ္ဍိ

ခုဇ္ဇသည် ရင်၊ ကျောက်ကုန်း၊ နံပါး-တခုခုထွက်သောကြောင့် ကော့သော ကုန်းသော ကောက်သော ကိုယ်ရှိ၏။ အင်္ဂါကြီးငယ်တခုခု အနည်းငယ်ကောက်သူကို ရှင်ပြုပေးခြင်းငှါအပ်၏။ မဟာပုရိသ သည်သာလျှင် ဗြဟု္မဇုဂတ္တ၊ ဗြဟ္မာကဲ့သို့ ဖြောင့်သောကိုယ်ရှိသည်။ ကြွင်းသော သတ္တဝါတိုင်း ခုဇ္ဇ သဘော လွတ်သူမရှိ။

ဝါမနသည်- ခေါင်းကွသူ၊ ခါးကွသူ၊ နှစ်မျိုးစုံကွသူဖြစ်၏။ မြင်းခေါင်းကွလျှင် ခါးမှအောက် ကိုယ်တို၏။ အထက်ကိုယ်ပြည့်စုံ၏။ ခါးကွလျှင် ခါးမှအထက်ကိုယ်တို့၏ အောက်ကိုပြည့်စုံ၏။ နှစ်မျိုးစုံကွလျှင် ထက် အောက်ကိုယ် နှစ်ခုလုံးတို့၏ ဘုတ်ပြိတ္တာတို့၏ ကိုယ်ကဲ့သို့ ထက်ဝန်းကျင် လုံးသောကိုယ်ရှိ၏။ ဝမ်းကြီးသော အိုးနှင့်တူသော အတ္တဘောရှိ၏။ ထိုသုံးယောက်လုံးကို ရှင်ပြုပေးခြင်းငှါမအပ်။

ဂလဂဏ္ဍိသည်-လည်ပင်း၌ ဖရုံသီးကဲ့သို့ မြင်းဖုရှိ၏။ လည်ပင်းမဟုတ်သော်လည်း နေရာမရွေး မြင်းဖုရှိလျှင် ရှင်ပြုမပေးအပ်၊

အနာငါးမျိုး၌ အဆုံးအဖြတ်ဆိုအပ်ပြီ။ လက္ခဏာဟတ၊ ကသာဟတ၊ လိခိတက သုံးယောက်ကိုလည်း ဆိုအပ်ပြီ။ (၇)

သီပဒီ၊ ပါပရောဂီ၊ ပရိသဒူသက

သီပဒီသည်=ဘာရပါဒ - လေးသောခြေရှိ၏။ ဝါ၊ ခြေထိုင်း၏။ ခြေကြီး၍ အိုင်းနာဖြစ်၍ မာသော ကြမ်းသော ခြေရှိသူကို ရှင်ပြုမပေးအပ်၊ မာခြင်း ကြမ်းခြင်း မရှိသေးလျှင် ပုဆိုးကြမ်းဖြင့်ဖွဲ့၍ ရေနွေးထည့်ရာတွင်း၌ ခြေကိုသွင်း၍ ရေနွေး သဲနွေးဖြင့် ပြည့်စေ၍ အကြောပေါ်လာအောင် လည်းကောင်း၊ ဆီကျည်တောက်ကဲ့သို့ မြင်းခေါင်း ပိန်ကြုံအောင်လည်းကောင်း တတ်နိုင်ကောင်းအံ့။ ထိုသို့ပြု၍ ရှင်ပြုပေးခြင်း ငှါအပ်၏။ တဖန်တိုးပွားပြန့်အံ့၊ ထိုအတိုင်းပြု၍သာ ရဟန်းပြုပေးအပ်၏။

ပါပရောဂီသည်-အရိသ--မြင်းသရိုက်နာ၊ တဂန္ဒရ-အရည် တစက်စက် ယိုသော ဘာဂန္ဒိရ်နာ၊ ပိတ္တ-သည်းခြေနာ၊ သေမှ-သလိပ်နာ၊ ကာသ- ချောင်းဆိုးနာ၊ သောသ-ခယရုဂ်နာ စသည် တခုခုအမြဲရှိသူ ဖြစ်၏။ ဆေးကု၍မရ၊ စက်ဆုပ်ဖွယ်ရှိ၏။ ရှင်ပြုမပေးအပ်။

ပရိသဒူသကသည် အလွန်ရှည်ခြင်း၊ ပူခြင်းစသော မိမိ၏ဖောက်ပြန်သော အဆင်းဖြင့် ပရိသတ်ကို ဖျက်ဆီးသူဖြစ်၏။ (၁၀၈-မျိုး သရုပ်ပြ၏ နောက်၌ သီးခြားဆိုအံ့)

ကာဏ၊ ကုဏီ၊ ခဉ္ဇ၊ ဘိန္နဇင်္ဃော၊ ကုဏ္ဍပါဒကော

ကာဏသည်--ပြတ်ပြတ်ထင်ထင် မမြင်သူဖြစ်စေ၊ တိမ်သူလာလွှမ်းသူဖြစ်စေ၊ နှစ်ဖက်ဖြင့် လည်းကောင်း တဖက်ဖြင့် လည်းကောင်း၊ မမြင်သူ ဖြစ်၏။ ရှင်ပြုမပေးအပ်။

မဟာပစ္စရီ၌ တဖက်ကန်းလျှင် ကာဏ နှင့်ဖက်ကန်းလျှင် အန္ဓဟုဆို၏။ မဟာအဋ္ဌကထာ၌ ဝမ်းတွင်း ကန်းလျှင် အန္ဓဟုဆို၏။ ပရိယာယ်အားဖြင့် နှစ်မျိုးလုံးသင့်၏။

ကုဏီသည် - လက်၊ ခြေ၊ လက်ချောင်း၊ ခြေချောင်း တခုခုကောက်၏။

ခဉ္ဇသည် - နတဇာဏုကော-ပုဆစ် ဒူးခေါင်းညွတ်သူ၊

ဘိန္နဇင်္ဃော - မြင်းခေါင်းကျိုးသူ၊

ကုဏ္ဍ (ကုဒဏ္ဍ၊ ကုဏ္ဍ) ပါဒကော - ဖမိုးလယ်ဖြင့်သွားသော ဖမိုးလယ်ဖြင့်သွားသော ဘဝါးလယ်ကောက်သူ၊

ကုဏ္ဍပါဒကော - ဖမိုးများဖြင့်သွားသော ဘဝါးဦးကောက်သူ၊

ထို့ပြင် ခြေဖျားဖြင့်သာ သွားသောခင်သူ၊ ဖနောင့်ဖြင့်သာ သွားသောခွင်သူ၊ အပြင် ဘဝါးစောင်းဖြင့် သွားသောခွင်သူ၊ အတွင်းဘဝါးစောင်းဖြင့် သွားသော ခွင်သူ၊ ဖမျက်အထက်၌ကျိုး၍ ဖမိုးတပြင်လုံးဖြင့် သွားသောခွင်သူ၊ ဤသို့ အမျိုးမျိုးရှိ၏။ ရှင်ပြုမပေးအပ်။

ပက္ခဟတ၊ ဆိန္ဒိရိယာပထ၊ ဇရာဒုဗ္ဗလ

ပက္ခဟတသည် - လက်တဘက်ဖြစ်စေ၊ ခြေတဘက်ဖြစ်စေ၊ ထက်ဝက်သောကိုယ်ဖြစ်စေ၊ ကောင်းစွာ မသယ်နိုင်။ (ဝါ-ကိုယ်တခြမ်းသေ၏)

ဆိန္ဒိရိယာပထသည်-ဆွံ့သူဖြစ်၏။ (ဝါ-မသွားနိုင်သူဖြစ်၏)

ဇရာဒုဗ္ဗလသည်-အိုမင်း၍အားနည်း၏။ မိမိသင်္ကန်းကိုဆိုးခြင်း စသည် မပြုနိုင်။ အသက်ကြီးသော်လည်း အားရှိ၍ မိမိကိုယ်မိမိသုတ်သင်နိုင်လျှင် ရှင်ပြုပေးအပ်၏။ (၉)

အန္ဓ၊ မူဂ၊ ဗဓိရ

အန္ဓသည် ... ဇစ္စန္ဓ - ဝမ်းတွင်းကန်းသူ ဖြစ်၏။

မူဂသည် - စကား မပြောတတ်သူ ဖြစ်၏။ စကားပြောတတ်သော်လည်း သရဏဂုံပြည့်စုံအောင် ဆို၍မဖြစ် ချွတ်ချော်ထစ်သူသာ မမ္မန မည်၏။ ရှင်ပြုပေးခြင်းငှါ မအပ်။ သရဏဂုံမျှ ပြည့်စုံအောင်ဆိုနိုင်လျှင် ရှင်ပြုပေးခြင်းငှါ အပ်၏။

ဗဓိရသည်- အချင်းခပ်သိမ်း နားမကြားသူသာ ဖြစ်၏။ ကြီးစွာသော အသံကိုကြားနိုင်လျှင် ရှင်ပြုပေးခြင်းငှါ အပ်၏။

အန္ဓမူဂ-စသော လေးယောက်သည် အပြစ်တစုံရှိခြင်းဖြင့် ဆိုအပ်သော လေးယောက်ဖြစ်၏။ (၇)

ရှင်အဖြစ် ပယ်အပ်သူတို့အား ရဟန်းအဖြစ်ကိုလည်း ပယ်အပ်၏။ အကယ်၍ ထိုဟတ္ထစ္ဆိန္န စသော ၃၂- ယောက်ကို သံဃာသည် ရဟန်းပြုပေးငြားအံ့၊ အပြစ်မရှိသောရဟန်းသာ ဖြစ်၏။ ကာရကသံဃာ၊ ဆရာ ဥပဇ္ဈာယ်တို့အား အာပတ်မလွတ်ကုန်။

စမ္ပေယျက္ခန္ဓက၌ ... အတ္တိဘိက္ခေ၀ ပုဂ္ဂလာ အပ္ပတ္တော ဩသာရနံ၊ တဉ္စေသံဃော ဩသာရေတိ၊ ဧကစ္စော သုဩသာရိတော၊ ဧကစ္စော ဒုဩသာရိတော။ မသွင်းထိုက်သူဖြစ်လျက် သံဃာသွင်းလျှင် အချို့ ကောင်းသောသွင်းခြင်း၊ အချို့မကောင်းသော သွင်းခြင်းနှစ်မျိုး ရှိ၏ဟု ဟောတော်မူလတ္တံ့။ ရောက်ရာ၌ ထိုအနက် ထင်ရှားလတ္တံ့။

ပရိသဒူသက ၁၀၈-ယောက်

ပရိသပျက်သူတို့ကား အတိဒီဃ-အလွန်အရပ်မြင့်သူ။ သူတပါး၏ ဦးခေါင်းမျှမြင့်သော ချက်နေရာရှိ၏။

အတိရဿ-အလွန်ပုကွသူ။ ထက်အောက် နှစ်ရပ်လုံးကွသော ဘုတ်ပြိတ္တာနှင့် တူ၏။

အတိကာဠ - အလွန်မည်းနက်သူ၊ မီးလောင်ပြင် သစ်ငုတ်နှင့်တူ၏။

အစ္စောဒါတ-အလွန်ဖြူသူ။ နို့ဓမ်း ရက်တက်စသည်ဖြင့် ပွတ်သော ကြေးနီ အိုးချောအဆင်းရှိ၏။

အတိကိသ-အလွန်ပိန်ကြုံသူ။ အသားအသွေးနည်း၏။ ဦးခေါင်း အရိုးအရေမျှ ကိုယ်ရှိသည်နှင့် တူ၏။

အတိထူလ-အလွန်ဆူဝသူ။ များသောအသားရှိ၏။

မဟောဒရ-ဝမ်းခေါင်းကြီးသူ၊ ဖုတ်ပြိတ္တာကြီးနှင့်တူ၏။

အတိမဟန္တသီသ - ဦးခေါင်းကြီးလွန်းသူ၊ ခြင်းတောင်းကို ဦးခေါင်း၌ ထားသည်နှင့် တူ၏။

အတိခုဒ္ဒကသီလ-ဦးခေါင်းငယ်လွန်းသူ၊ ကိုယ်နှင့်မလျော်အောင် ငယ်၏။

ကုဋကုဋသီသ-ဦးခေါင်းအဖုအထစ်များသူ။ ထန်းသီးခိုင်နှင့်တူ၏။ (၅)။

သိခရသီသ-ဦးခေါင်းစွေသူ။ အထက်သို့ အစဉ်အတိုင်းရှူး၏။ (စေတီသဏ္ဌာန်ရှိ၏။)

နာဠီသီသ - ဦးခေါင်းကျည်တောက်ရှိသူ၊ ဝါးဆစ်ကြီးနှင့်တူ၏။ (တထောင့်ထည်း ရှည်၏။)

ကပ္ပသီသ- ဆင်ဦးကင်းသဏ္ဌာန်ရှိသူ၊ ဦးခေါင်းနှစ်ခွရှိ၏။

ပဗ္ဘရသီသ - ရှိုင်းသော ဦးခေါင်းရှိသူ။ နံပါးလေးဘက်တွင် တဘက်ဘက် ညွတ်ဝင်၏။

ဝဏသီသ - ဦးခေါင်း၌အနာများသူ။ (၅)။

ပူတိသိသ-ဦးခေါင်းပုသူ။

ကဏ္ဏိကကေသ - အစုအစုဆံပင်ပေါက်သူ။ ပိုးကျသောလယ်၌ ကောက်ပင်ကဲ့သို့ ထိုနေရာ တစု၊ ဤနေရာ စု ဆံပင်ပေါက်သည်။

နိလ္လောမသိသ-ဦးခေါင်းကျဉ်းသူ။ ဦးခေါင်းမွေး ရှင်းလင်းဆံပင်ကင်း၍ တျင်းတျင်း ကုန်စင်၏။

ထူလတဒ္ဓကေသ-ဆံပင်ထူကြမ်းသူ။ ထန်းမျှင်အတူ ထူထပ်ကြမ်းတမ်း၏။

ပဏ္ဍရကေသ - ဆံပင်ဖြူသူ။ ဇာတိပလိတဖြစ်၍ ဝမ်းတွင်းပါဖြူသူ ဖြစ်၏။ (၅)။

ပကတိကမ္ဗကေသ - ပင်ကိုယ်ဆံပင်နီသူ။ ရဲရဲတောက်နီ၏။

အာဝဋ္ဋသီသ - ဦးခေါင်းဗွေများသူ။ နွားကိုယ်၌ဗွေအလား အဖျားထောင်သော ဆံပင်တို့နှင့် ပြည့်စုံ၏။

ဧကာဗဒ္ဓဘမုကလောပ - တစပ်တည်းဖွဲ့သော မျက်ခုံးမွှေးရှိသူ။ နဖူးပြင်ကွန်ရက်ဖွဲ့သကဲ့သို့ ဦးခေါင်းမွှေးနှင့် ပျက်ခုံးမွှေး ဆက်ပေါက်၏။ (ဝါ....ပျောက်နှင့်မထူး နဖူးဆံပေါက်၏။)

သမ္ဗဒ္ဓဘမုက - မျက်ခုံးနှစ်ဘက် အမွေးဆက်သူ။

နိလ္လောမဘမုက - မျက်ခုံးမွေးမရှိသူ။

မက္ကဋဘပုက - မျောက်မျက်ခုံးမွေးရှိသူ။ (နဖူးမွေး မျက်ခုံးမွေး ဝေခွဲ၍ မရ။) [၆ …. ၂၆။]

အတိမဟန္တက္ခိ-မျက်စိအလွန်ကြီးသူ။

အတိခုဒ္ဒကက္ခိ - မျက်စိအလွန် ငယ်သူ။ ကျွဲသားရေ၌ ပဲခွပ်စွန်းဖြင့်ထွင်းသော အပေါက်သဖွယ် မျက်စိငယ် လွန်း၏။

ဝိသမက္ခိ-မျက်စိမညီသူ တဘက်ကျယ်၊ တဘက်ကျဉ်း ဖြစ်၏။

ဝိသမစက္ကလ-မြက်ကွင်းမညီသူ။ (ဝါ-မျက်နက်ဝန်းမညီသူ) တဘက်မြင့် တဘက်နိမ့် ဖြစ်၏။

ကေကရဟ-မျက်စိဖီလာကြည့်ရှုသူ (၅)။

ဂမ္ဘီရက္ခိ-မျက်တွင်းနက်သူ။မျက်လုံး - အက္ခိတာရကသည်-ရေတွင်းနက်နက်၌ ရေပွက် - ဥဒကတာရကနှင့် တူ၏။ ဝါ-မျက်လုံး၌ ထင်သောအရိပ် အက္ခိတာရကသည် ရေတွင်းနက်နက်၌ ငုံကြည့်သူ၏ ရေ၌ထင်သော အရုပ်ရိပ် ဥဒကတာရကနှင့် တူ၏။

နိက္ခန္တက္ခိ-မျက်စိပြူးသူ၊ ပုဇွန်ကဲ့သို့ မျက်လုံးအပြင်ထွက်၏။

ဟတ္ထကဏ္ဍ-ဆင်နားရှိသူ။ ကြီးသောနားရွက်ရှိ၏။

မူသိကကဏ္ဏ-ကြွက်နားရှိသူ။

ဇဋုကကဏ္ဏ-လင်းနို့ နားရှိသူ။ ငယ်သောနားရွက်ရှိ၏ (၅)။

ဆိဒ္ဒမတ္တကဏ္ဏ - နားတွင်းမျှရှိသူ။ နားရွက်မရှိ။

အဝိဒ္ဓကဏ္ဏ-နားမထွင်းသူ ယောနကဇာတိက ဖြစ်သော ပန်းသေးမျိုးကား ပရိသဒူသက မဖြစ်။ တမျိုးလုံး နားမထွင်းခြင်း ထုံးစံရှိ၏။

ကဏ္ဏဘဂန္ဒရိက-ကဏ္ဏမူနားရှိသူ။ နားအမြဲပုပ်သည်။

ဂဏ္ဍကဏ္ဏ - နား၌အိုင်းနာရှိသူ။ နားအမြဲပြည်ယိုသည်။

ဋကိတကဏ္ဏ-နားရုန့်သူ။ နွားအစာခွန့်သော ကျည်တောက်အစွန်းအဖျားနှင့် ထိုနား တူသည်။ (၅)။

အတိပိင်္ဂလက္ခိ - အလွန်မျက်စိကြောင်သူ။ (ဝါ-ကြောင်မျက်စိနှင့် တူသော မျက်စိရှိသူ။) ပျားကဲ့သို့ ခပ်ကြောင်ကြောင်ကလေး ရှိသူကို ရှင်ပြုပေးခြင်းငှါ အပ်၏။

နိပ္ပဥမက္ခိ-မျက်တောင်မွေး မရှိသူ။

အဿုပဂ္ဃရဏက္ခိ - မျက်ရည်ယိုသူ၊

ပုပ္ဖိတက္ခိ-မျက်စိပွင့်သူ။ (အနီပွင့်လျှင်မျက်သား၊ အဖြူပွင့်လျှင်တိမ်။)

ပါကက္ခိ-မျက်ခမ်းစပ်သူ။ (၅)။

အတိမဟန္တနာသိက-နှာခေါင်း အလွန်ကြီးသူ။

အတိခုဒ္ဒကနာသိက-နှာခေါင်းအလွန်ငယ်သူ။

စိပိဋနာသိက-နှာခေါင်းပိပြားသူ။

ဝင်္ကနာသိက-နှာခေါင်းကောက်သူ။ အလယ်နှာခေါင်းမနေ- တဘက်ရွေ့သည်။

ဒီဃနာသိက-နှာခေါင်းရှည်သူ။ ကျေးနှုက်သီးနှင့်တူ၏။ မိမိလျာဖြင့် လျက်နိုင်အောင်ရှည်၏။

နိစ္စပဂ္ဃရိတသိင်္ဃာဏိကာနာသ-နှပ်တရွှဲရွှဲ အမြဲယိုသူ။ (၆
၂၆)။

မဟာမုခ - ခံတွင်းကြီးသူ။ ပဋင်္ဂဖားကဲ့သို့ ခံတွင်းအယောင် မုခနိတ္တသာ ကြီး၍ ခံတွင်းပေါက် - မုခကား အိမ်ဗူးကဲ့သို့ အလွန်ကျဉ်း၏။ (ခံတွင်းကြီး ကျယ်သောဖားသည် ပဋင်္ဂမဏ္ဍုကမည်၏။)

ဘိန္နမုခ - ခံတွင်း ကွဲပဲ့သူ (ဝါ-အမြဲပွင့်သောခံတွင်းရှိသူ)

ဝင်္ကပုခ- ခံတွင်းရွဲ့သူ၊ (အောက် မေးရိုးတဘက် လွှဲနေသည်။)

မဟာဩဋ္ဌ-နှုတ်ခမ်းထူသူ၊ အိုးနှုတ်ခမ်းနှင့်တူသည်။

တနုကဩဋ္ဌ-နှုတ်ခမ်းတိုသူ။ စည်ကြက်သော သားရေအလား သွားတို့ကို မဖုံးနိုင်။ (၅)။

မဟာအဓရောဓ- အောက်နှုတ်ခမ်းကြီးသူ။

တနက ဥတ္တရောဋ္ဌ-အထက်နှုတ်ခမ်းတိုသူ။

တနုကအဓရောဋ္ဌ-အောက်နှုတ်ခမ်းတိုသူ။

မဟာဥတ္တရောဋ္ဌ-အထက်နှုတ်ခမ်းကြီးသူ။

ဩဋ္ဌဆိန္နက-နှုတ်ခမ်း ပဲ့ပြတ်သူ။ (အထက်အောက် နေရာမရွေး ဇာတိအားဖြင့် လည်းကောင်း၊ ပဝတ္တိအခါ ထားရှိခြင်းဖြင့် လည်းကောင်း နှုတ်ခမ်းအသားကင်း၏)။ (၅)။

ဧဠမုခ-ခံတွင်းမှ အရိအရွဲယိုသူ။ (အမြဲတံတွေးရည် စီးကျသည်။)

ဥပက္ကမုခ-ခံတွင်းရိသူ။(ဝါ၊ ခံတွင်းကျိုက်ကျိုက်ဆူသူ)

သင်္ခတုဏ္ဍက -ခရုသင်းနှုတ်ခမ်း ရှိသူ။ နှုတ်ခမ်းပြင်ပ၌ဖြူသည်။ အတွင်း၌အလွန်နီသည်။

ဒုဂ္ဂန္ဓ ကုဏပမုခ- ခံတွင်းပုပ်သူ။

မဟာဒန္တ-သွားကြီးသူ။ ထွန်သွားနှင့်တူ၏။ (၅)။

အသူရဒန္တ - သွားခေါသူ။ အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း သွား အပြင်ထွက်သည်။ နှုတ်ခမ်းဖြင့် ပိတ်နိုင်အံ့၊ စကားမပြောလျှင်မပေါ်အံ့၊ ရှင်ပြုပေးခြင်းငှါအပ်၏။

ပူတိဒန္တ-သွားပုပ်သူ။

နိဒ္ဒန္တ-သွားမရှိသူ။ သွားကြား၌ ရှဉ့်သွားကဲ့သို့ သွားညှပ်ရှိသူကို ရှင်ပြုပေးခြင်းငှါအပ်၏။

မဟာ ဟနုက-မေးကြီးသူ။ နွားမေးနှင့်တူ၏။

ဒီဃဟနုက-မေးရှည်သူ။ (၅)။

စိပိဋ ဟနုက-မေးပိပြားသူ-အတွင်းဝင်နေသကဲ့သို့ မေးအလွန်တို၏။

ဘိန္နဟနုက - မေးမဲ့သူ။

ဝင်္ကဟနုက-မေးကောက်သူ။

နိမ္မဿုဒါဌိက-မုတ်ဆိတ်ကျင်စွယ် မရှိသူ။ ဘိက္ခုနီမျက်နှာနှင့်တူ၏။ (မိန်းမပျက်နှာနှင့်တူ၏။)

ဒီဃဂလ- လည်တံရှည်သူ၊ ဗျိုင်းလည်တံနှင့်တူ၏။ (၅)။

ရဿဂလ-လည်တံတိုသူ။ လည်ပင်း အတွင်းဝင်နေသည်နှင့်တူ၏။

ဘိန္နဂလ-လည်တံပဲ့သူ။ (ဝါ-လည်ပင် ညွတ်သူ)

ဘဋ္ဌအံ့သကူဋ- ပခုံးစွန်းပဲ့သူ။ (၃-၂၈)

အဟတ္ထ-လက်မရှိသူ။

ဧကဟတ္ထ-လက်တဖက်သာရှိသူ။

အတိရဿ ဟတ္ထ-လက်တိုလွန်းသူ။ (တထောင်မှစ၍ တိုလွန်းသူ-ဟူလို။)

အတိဒီဃ ဟတ္ထ-လက်ရှည်လွန်းသူ။

ဘိန္နဥရ - ရင်ကျိုးသူ။ (ရင်ဘတ်အလယ်၌အချိုင့် မရှိ။) (၅)။

ဘိန္နပိဋ္ဌိ- ကျောက်ကုန်းမခွက်သူ။

ကစ္ဆု ဂတ္တ-ဝဲရှိသူ။

ကဏ္ဍ ဂတ္တ- ယားနာရှိသူ။

ဒဒ္ဒုဂတ္တ-ပွေးရှိသူ။

ဂေါဓာဂတ္တ-ဖွတ်ကိုယ်ရှိသူ။ ဖွတ်ကဲ့သို့ ကိုယ်မှ အမှုန့်တို့ကျကုန်၏။

ဤ (ဝဲရှိသူမှစ၍) အလုံးစုံဖောက်ပြန်ခြင်းကိုရည်၍ ချဲ့သည်။ အဆုံးအဖြတ်ကို ကုဠစသော အနာငါးမျိုး၌ ဆိုပြီးပြီ။ (၅)။

ဘဋ္ဌကဋိက-ခါကျိုးပဲ့သူ။

မဟာ အာနိသဒ-တင်သား ကြီးသူ။ ခုံလောက်စွန်း (ဖိုခနောက်စွန်း) အလား အထက်သို့ တင်သား မြင့်တက်၏။

မဟာဦရုက-ပေါင်ကြီးသူ။

ဝါကဏ္ဍိက - မုတ်ရှိသူ။ (ဗီဇအဏ္ဍ ကောသ-အဥအိမ်) ဖောင်းသည်။ သင်းပိုင်ဖုံးသော်လည်း အဖောင် ထင်သူကို ရှင်ပြု မပေးအပ်။

မဟာဇာဏုက-ဒူးခေါင်းကြီးသူ။ (၅)။

သင်္ဃဋနဇာဏုက-ဒူးခေါင်းနှစ်ဖက်ထိခိုက်သူ။

ဒီဃဇင်္သ-မြင်းခေါင်းရှည်သူ လှံတံကဲ့သို့ ခြေသလုံးရှည်၏။

ဝိကဋ-ဖီလာသွားသူ။ (ဖဝါးဖီလာသွား၏- သွားသောအခါ ဒူးအပြင်တွက်၏။)

ပဏှ-ပုဆစ်ဝင်သူ။

သဏ္ဍ-နောက်သို့ ခြေလည်သူ။ သွားသောအခါ ဒူးအတွင်းဝင်၏။

(ဝိဋီအလို-သင်္ဃာတ- နောက်သို့ ခြေလှည်သူ။ သွားသောအခါ ဒူးအတွင်းဝင်၏။)

(ထာ၌ ပဏှ။ သာဋီ၌ သဏ္ဍ။ ဝိဋီ၌ သင်္ဃာတ ဟု သဒ္ဒါကွဲသည် အနက်တူသည်။)

ဥပဒ္ဓ ပိဏ္ဍိက-ထုပ်ဖွဲ့သော သလုံးသားရှိသူ။ သလုံးသား အောက်ကွဲသူ- နှစ်မျိုးရှိ၏။ သားလုံးသားကြီး၏။
(၅)။

မဟာဇင်္ဃ-မြင်းခေါင်းကြီးသူ။

ထုလဇင်္ဃပိဏ္ဍိက-မြင်းခေါင်းသားဆူသူ။

မဟာပါဒ-ဘဝါးကြီးသူ။

မဟာ ပဏှိ-ဖနောင့်ကြီးသူ။

ပိဋ္ဌိကပါဒ-ဖမိုးတံရှည်သူ။ မိုးအလယ်၌ မြင်းခေါင်ပေါက်သည် (ခြေဖျားနှင့် ဖနောင့်အတူရှည်လျားသည်။) (၅)။

ဝင်္ကပါဒ- ဖဝါးကောက်သူ။ အတွင်းသို့ကောက်သူ၊ အပသို့ကောက်သူ နှစ်မျိုးရှိ၏။

ဂဏ္ဍိကင်္ဂုလိ-လက်ချောင်း ခြေချောင်း ဖုထစ်ရှိသူ။ ချင်းစိမ်းအတက်နှင့် တူ၏။

အန္ဓနခ-လက်သည်းပုပ်သူ မည်းသော လက်သည်းပုပ် ရှိ၏။ (၃-၂၈)

ဤသို့သော ပရိသဒူသက အလုံးစုံကို ရှင်ပြုမပေးအပ် (၁၀၈-) ယောက်ပြသည်။)

(ဝိဋီ ... အပြစ်မရှိခြင်း၊ မြတ်ခြင်းအနက်တို့၌ ဗြဟ္မသဒ္ဓါကိုယူ၍ အပြစ်မရှိသော ဖြောင့်သော ကိုယ်ရှိသူသည် ဗြဟ္မုဇုဂတ္တမည်၏ဟုဆိုသည်။ တနည်း ကာမဘောဂီနတ်မင်းတို့ကို ဥပမာမပြုလို။ ဗြဟ္မာကဲ့သို့ ဖြောင့်သော ကိုယ်ရှိ၏ဟု ဥပမာပြုလိုသည်။ ကပ္ပသီသသည် - ဆင်နှင့် တူ၏။ ဥပက္ကမုဓသည် = ကုမိတမုဓ - ကျိုက်ကျိုက် ဆူသော ခံတွင်းရှိသူဖြစ်၏။

(သာဋီ ... မဟာပုရိသ၊ စက္ကဝတ္တိမှတပါးသော သူတို့သည် ခုဇ္ဇအဖို့၌ ဝင်ကုန်၏။ ဗြဟ္မုဇုမရှိ၊ ပခုံး၊ ခါး၊ ဒူး-ဤသုံးနေရာ၌ ညွတ်တတ်၏။ ကော့ကုန်းကုန်၏။ အရပ်မြင့်လျှင် တဖက်ကောက်သည်။ ကိုင်းသည်။ မျက်နှာ မော့သွားတတ်သည်။ ကပ္ပသီသည် - ဦးခေါင်းနှစ်ခွ ရှိ၏။ ဥဒကကာရကသည်-ရေပွက်မည်၏ ဟုဂဏ္ဍိတို့၌ ဆိုသည်။ အက္ခိတာရကသည်- အက္ခိဘဏ္ဍ-မျက်လုံးဖြစ်၏။ ပခုမ-သဒ္ဒါသည် မျက်ခမ်းထက်အောက် နှစ်လွှာမွေး၌။ ဝါ-မျက်တောင်မွေး၌ ထင်ရှား၏။ ပဋင်္ဂမဏ္ဍုကသည် ခံတွင်းကြီးသော ဖားဖြစ်၏။ မုဂ၌ပြသော မမ္မနသည် ချွတ်သောစကား ရှိ၏။ အက္ခရာတလုံးကို လေးငါးကြိမ်ဆို၏။)

(ဝိဋီ ..... ဆိတ်ခွါသဏ္ဌာန်အရပ် နှာရိုးအစွန်းမှအထက်၌ မပြတ်နိုင်၊ နှာခေါင်းပြတ်ကို စေ့စပ်အောင်ပြုရာ၌ ဖောက်ပြန်စွာ ဝိရူပဖြစ်လျှင် ပရိဒူသကဖြစ်သည်။ သဏ္ဌာန် ဖောက်ပြန်ခြင်း မရှိအောင် ပြုရသည်။ ကပ္ပသီသည်-ဆင်၏ ဦးကင်းကဲ့သို့ နှစ်ခွကွဲပြားသော ဦးခေါင်းရှိ၏။

ဥဒကတာရကသည် - ငုံ့ကြည့်သူတို့၏ ရေ၌ထင်သော အရုပ်ရိပ်-ပဋိမ္ဗမိကစ္ဆာယာ ဖြစ်၏။ အက္ခီတာရက သည် - ရှေ့၌ရပ်သူတို့၏ အရိပ်ဖြစ်၏။ အတိပိင်္ဂလက္ခိ သည်-ကြောင်မျက်စိနှင့် တူသောမျက်စိရှိသူ။ မဉ္ဇာရတ္ထိဖြစ်၏။ မျက်စိလုံး အစွန်း၌ ပုပ်သောရောဂါသည် အက္ခိပါက ရောဂါမည်၏။ မျက်ခမ်း စပ်ရောဂါ မည်၏။

စိပိဋနာသိကသည် မပိမပြား ရွှေချွန်းလားသွင် ပေါ်လွင်သော နှာခေါင်းမဟုတ်၊ နှာတံမပေါ်သူ ဖြစ်၏။ ခံတွင်းကွဲ၊ ရွဲ့၊ နှုတ်ခမ်းထူ၊ နှုတ်ခမ်းတို၊ နှုတ်ခမ်းမဲ့၊ အရိယို၊ ခံတွင်းရိသူတို့သည် အမြဲပွင့်သော ခံတွင်းရှိကုန်၏။

မမ္မနသည် -ဌာန်ကရိုဏ်း မစင်ကြယ်သဖြင့် မရှိသော အက္ခရာကိုဆိုခြင်း ဝစနဖြစ်၏။ ဝစနကို အကြောင်းပြု၍ ပုဂ္ဂိုလ်သည် မမ္မနမည်၏။ ကရိုဏ်းပြည့်စုံသော်လည်း အက္ခရာတလုံးကို တဟဲဟဲသံ များစ္စာဆိုသူလည်း မမ္မန၌ပါဝင်၏။ မထစ်မထပ် ပြတ်သားစွာ ဆိုနိုင်သူကို ရှင်ပြုပေးအပ်၏။ သိလျက်နှင့် ရှင်ရဟန်းပြု ပေးသူသည် အာပတ်မှမလွတ်၊ အန္တရာယ်ကြောင့် ကာယသာမဂ္ဂီပေးသူအား အနာပတ္တိ။)

နိဿယည်း ကင်းနိုင်သူများ

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် အလဇ္ဇီတို့အား နိဿယည်းပေးကုန်၏။ ချစ်သား ... အလဇ္ဇီတို့အား နိဿယည်း မပေးအပ်။ ဒုက္ကဋ်။ ရဟန်းတို့သည် အလဇ္ဇီတို့ကိုမှီ၍ နေကုန်၏။ မကြာမီ အလဇ္ဇီပါပဘိက္ခူတို့ ဖြစ်ကုန်၏။ ချစ်သားတို့ ... အလဇ္ဇီတို့ကိုမှီ၍မနေအပ်။ ဒုက္ကဋ်။

ရဟန်းတို့အား ဤသို့အကြံဖြစ်၏။ မြတ်စွာဘုရားသည် အလဇ္ဇီတို့အား နိဿယည်း မပေးအပ်။ အလဇ္ဇီတို့ကို မှီ၍ မနေအပ်ဟုပညတ်သည်။ လဇ္ဇီ၊ အလဇ္ဇီကို အဘယ်သို့သိရကုန်အံ့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့ ... ဘိက္ခုသဘာဝအဖြစ်ကို (ဝါ၊ လဇ္ဇီအဖြစ်ကို) သိရသည် တိုင်အောင် လေးရက်ငါးရက် ဆိုင်းခြင်းငှါ ခွင့်ပြု၏။

ရဟန်းတပါးသည် ကောသလဇနပုဒ်တို့၌ ခရီးရှည်သွား၏။ အမှီမရှိပဲ မနေအပ်ဟု ပညတ်သည်။ ငါသည်လည်း မှီရာမလွတ်ပဲ ခရီးရှည်သွား၏။ အသို့ပြုရအံ့နည်းဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့ ... ခရီးရှည်သွားသောရဟန်းသည် မှီရာမရလျှင် အမှီကင်းလျက် နေခြင်းငှါ ခွင့်ပြု၏။

ရဟန်းနှစ်ပါးတို့သည် ခရီးရှည်သွားကုန်၏။ ကျောင်းတခုသို့ ရောက်သောအခါ တပါးသည် ဂိလာနဖြစ်၏။ ငါသည် မှီရာမလွတ်၊ ဂိလာနဖြစ်သည် ဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့ .... ဂိလာနရဟန်းသည် မှီရာမရလျှင် အမှီကင်းလျက် နေခြင်းငှါခွင့်ပြု၏။

ထိုဂိလာနအား လုပ်ကျွေးသော ရဟန်းသည်လည်း အကြံဖြစ်၍လျှောက်၏။ ချစ်သားတို့ … ဂိလာနုပဋ္ဌာက ရဟန်းသည် မှီရာမရလျှင် တောင်းပန်လျှင် အမှီကင်းလျက် နေခြင်ငှာ ခွင့်ပြု၏။

ရဟန်းတပါးသည် တောကျောင်း၌နေ၏။ ထိုရဟန်းအား ထိုတောကျောင်း၌ ဖာသု ဖြစ်၏။ (ဝါ၊ သမထ၊ ဝိပဿာနာရ၍ ချမ်းသာ၏။) ငါသည် မှီရာမလွတ်၊ ဖာသုဖြစ်၏။ အသို့ပြုရပါအံ့နည်း။ ချစ်သားတို့ ... ဟောကျောင်းနေသော ရဟန်းသည် ဖာသုဝိဟာရကိုမှတ်သား၍ မှီရာမရလျှင် လျှောက်ပတ်သော နိဿယည်း ပေးဆရာ ရောက်လာသောအခါ ထိုဆရာကိုမှီ၍ နေပါအံ့ဟု နှလုံးပြု၍ အမှီကင်းလျက် နေခြင်းငှါခွင့်ပြု၏။

[ထာ ... ဘိက္ခုသဘာဂ အဖြစ်သည် ရဟန်းတို့နှင့် သဘောတူသူ လဇ္ဇီပုဂ္ဂိုလ်၏ အဖြစ်တည်း။ နိဿယည်းပေး မထေရ်၏ လဇ္ဇီအဖြစ်ကို သိနိုင်အောင် လေးငါးရက်ဆိုင်းရသည်။ ထို့ကြောင့် နေရာသစ်သို့ သွားသောရဟန်းသည် “ငါ့ရှင်နိဿယည်းယူလော”ဟု ဆိုသော်လည်း ထို နိဿယည်းပေးဆရာ၏ အဖြစ်ကို လေးငါးရက် စူးစမ်းပြီးမှ နိဿယည်း ယူအပ်၏။ လဇ္ဇီပင်ဖြစ်သည်ဟု ရောက်လာသောနေ့၌ပင် သိ၍ယူလိုအံ့၊ မထေရ်က ငါရှင်ဆိုင်းဦးလော၊ နေထိုင်စဉ်သိရလတ္တံ့ဟု ဆို၍ နှစ်ရက် သုံးရက် အကျင့်စူးစမ်းပြီးမှ နိဿယည်း ပေးအံ့၊ အပ်၏။ ပကတိအားဖြင့် နိဿယည်း ယူရာသို့ရောက်လျှင် ထိုနေ့တွင်သာ ယူအပ်၏။

တနေ့မျှ အစောင့် အရှောက်မရ။ ညဉ့်ဦးယူခွင့်မရလျှင် နံနက်စောစော အရုဏ်မတက်မီ ယူရသည်။ နံနက်စောစောယူမည်ဟု နှလုံးသွင်း၍ အိပ်သူအား အရုဏ်တက်သော်လည်း အနာပတ္တိ။ နှလုံးမသွင်းပဲ အိပ်လျှင် အရုဏ်တက်သောအခါ ဒုက္ကဋ်။

မရောက်ဖူးသော အရပ်သို့ရောက်၍ နှစ်ရက် သုံးရက် ခေတ္တနေ၍ သွားလိုသောသူသည် နိဿယည်း မယူပဲ နေကောင်းသေး၏။ ခုနစ်ရက် နေမည်ဟု နှလုံးထားသူကား နိဿယည်းယူအပ်၏။ မထေရ်သည် ခုနစ်ရက် နေသူအား နိဿယည်းဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟုဆိုအံ့။ ပယ်သော ကာလမှစ၍ အစောင့်အရှောက် ရ၏။

နိဿယည်း လွတ်ကြောင်း အင်္ဂါ မပြည့်စုံသေးသော ရဟန်းသည် ခရီးရှည်အတူသွားသူတို့တွင် နိဿယည်း ပေးနိုင်သူ မရှိအံ့၊ မှီရာမရလျှင် အမှီကင်းလျက် နေ့ရက်များစွာလည်း သွားအပ်၏၊ ရှေး၌ နိဿယည်းယူ၍ နေဖူးသောကျောင်းသို့ ဝင်ရောက်အံ့၊ တညဉ့်မျှနေသော်လည်း နိဿယည်း ယူအပ်၏။ ခရီးအကြား၌ အပန်း ဖြေလျက် အဖော်ရှာလျက် တရက်နှစ်ရက်နေအံ့၊ အနာပတ္တိ။ ဝါတွင်း၌ကား အမြဲနေခြင်းဖြင့် နေအပ်၏။ နိဿယည်း ယူအပ်၏။

လှေဖြင့်သွားရသော ရဟန်းကား ဝါဆိုချိန်ရောက်သော်လည်း မှီရာဆရာ မရလျှင် အနာပတ္တိ။ ဂိလာန ရဟန်းက တောင်းပန်လျှင် အမှီကင်းလျက် နေအပ်၏။ ငါ့ကို တောင်းပန်လော ဟုဆိုသော်လည်း ဂိလာနမာနဖြင့် မတောင်းပန်အံ့၊ သွားအပ်၏။

ဖာသုဖြစ်၏ ဟူသည်ကား သမထ၊ ဝိပဿနာရ၍ (ရကာစဖြစ်၍) ချမ်းသာ၏။ ဤသို့သော အစောင့် အရှောက်ကို သောတာပန်စသော အရိယာပုဂ္ဂိုလ်မရ အားစွမ်းထက်သော သမထ၊ ဝိပဿနာ ရသောရဟန်း မရ၊ ကမ္မဋ္ဌာန်းစွန့်ထားသော ဗာလပုထုဇဉ်၌ ဆိုဖွယ်မရှိ။ သမထနုသော ရဟန်း၊ ဝိပဿနာနုသောရဟန်းသာလျှင် ဤအစောင့်အရှောက်ကိုရသည်။

ပဝါရဏာသင်္ဂဟ ပဝါရဏာ မပြုသေးပဲ ဆိုင်းထားခြင်းဖြင့် ချီးမြှောက်ခြင်းကိုလည်း ထိုတရုဏသမထ၊ တရုဏဝိပဿနာ ရှိသူအတွက်သာ ခွင့်ပြုသည်။ ထို့ကြောင့် ဤသို့သောပုဂ္ဂိုလ်သည် ဆရာပဝါရဏာပြု၍ ဖဲသွားသော်လည်း သင့်လျော်သော နိဿယည်းပေးဆရာ ရောက်လာသောအခါ ထိုဆရာကိုမှီ၍ နေမည်ဟု နှလုံးသွင်း၍ တဖန်ဝါဆိုလပြည့် တိုင်အောင် အမှီကင်းလျက် နေခြင်းငှါအပ်၏။ ဝါဆိုလ၌ ဆရာ ရောက်မလာအံ့၊ နိဿယည်းရရာအရပ်သို့ သွားအပ်၏။

(ဇီဋီ .... အလဇ္ဇီတို့အား နိဿယည်း မပေးအပ်ဟူသော ပညတ်တော်ဖြင့် အလဇ္ဇီဖြစ်သောရဟန်း၊ သာမဏေ တို့နှင့်အတူ ဓမ္မ၊ အာမိသ ပရိဘောဂနှစ်ပါးတို့ကို ပယ်တော်မူသည်၊ ဥပဇ္ဈာယ်ကိုသော်လည်း အလဇ္ဇီ ဖြစ်လျှင် အမှီပြု၍မနေအပ်။ ... ဟူသောစကားထင်၏။

ရဟန်းတို့၏ သမ္မာပဋိပတ်အားဖြင့် တူသော အလိုရှိသော ရဟန်းသည် ဘိက္ခုသဘာဂ မည်၏။ ထိုရဟန်း၏ ဖြစ်ကြောင်းဂုဏ်သည် ဘိက္ခု သဘာဂအဖြစ် မည်၏။ လဇ္ဇီအဖြစ် ဟူလို။ ခုနစ်ရက်မျှ ငါနေမည်။ လဇ္ဇီအဖြစ်သိအောင် ပြုခြင်းဖြင့်အကျိုး မရှိဟု ဓုရနိက္ခေပပြု၍ နေခြင်းငှါမရ။ လဇ္ဇီအဖြစ်ကိုသိလျက် နက်ဖြန် သွားမည်၊ နိဿယည်း မယူတော့ပြီဟု အရုဏ်တက်စေခြင်းငှါ မရ။ အရုဏ် မတက်မီ သွားမည်ဟု အာဘောဂဖြင့်အိပ်လျှင် အရုဏ်တက်သော်လည်း အပြစ်မရှိ။

သင့်လျော်သော နိဿယည်းပေးဆရာ ရောက်လာသောအခါ … ဟူသောစကားဖြင့် ဤအစီအရင်သည် မိုးဥတု မဟုတ်သော ကာလ၌သာဟု ထင်ရှား၏။ ဤမည်သော မထေရ် ကြွလာလိမ့်မည်ဟုကြား၍ စောင့်ဆိုင်းစဉ် ဝါဆိုလပြည့်နေ့ရောက်အံ့။ ဝါဆိုလပြည့် ရောက်သော်လည်း နိဿယည်းပေး ဆရာရှိရာသို့ သွားအပ်၏။

ပါတိမောက်ပြတတ်သော ရဟန်းမရှိကာမျှဖြင့်ပင် သွားအပ်သောကြောင့် နိဿယည်းပေးဆရာ မရှိလျှင် အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ထိုရဟန်းသည် သွားသည်ရှိသော် အသက် အန္တရာယ် သာသနာအန္တရာယ်ကို မြင်အံ့၊ ထိုအရပ်၌သာ နေအပ်၏ဟု ဧကေဆရာတို့ဆိုကုန်၏။

(သာဋီ .... ရဟန်းတို့နှင့်တူမျှသော သီလစသော ဂုဏ်ဘာဂရှိသော ရဟန်းသည် ဘိက္ခု+သ+ဘာဂ မည်၏။ ထိုရဟန်း၏ ဖြစ်ကြောင်းဂုဏ်သည် ဘိက္ခုသဘာဂအဖြစ် မည်၏။ နှစ်ရက်သုံးရက်မျှ နေ၍သွားလိုသော ရဟန်းသည် လဇ္ဇီအဖြစ်ကို သိရသည်တိုင်အောင်ဟု အာဘောဂ မပြုသော်လည်း အမှီကင်းလျက် နေခြင်းငှါအပ်၏ဟု ဆိုလိုသည်။ လဇ္ဇီအဖြစ်ကို သိလျှင်ကား နက်ဖြန်သွားမည် နိဿယည်းမယူတော့ပြီဟု အရုဏ်တက်စေခြင်းငှါမရ။ အရုဏ်မတက်မိ သွားမည်ဟု အာဘောဂဖြင့်အိပ်လျှင် အရုဏ်တက်သော်လည်း အပြစ်မရှိ။

ခုနစ်ရက်နေမည်ဟု အာလယပြုသော ရဟန်းသည် လဇ္ဇီအဖြစ်သိအောင် မပြုလိုဟု ဓုရနိက္ခေပပြု၍ နေခြင်းငှါ မရ၊ စူးစမ်း၍ နိဿယည်း ယူအပ်၏။ ခရီးအကြား၌ အပန်းဖြေလျက် အဖော်ရှာလျက် တရက် နှစ်ရက်နေစဉ် နိဿယည်းပေးဆရာ မရှိလတ်သော် အနာပတ္တိ။

ဝါဆိုချိန်နီးသဖြင့် သွားလိုသော ရဟန်းသည် ဤမည်သော မထေရ်ကြွလာလိမ့်မည်ဟုကြား၍ စောင့်ဆိုင်းအံ့။ အပ်၏။ စောင့်ဆိုင်းစဉ် ဝါဆိုနေ့ဖြစ်လာအံ့၊ ဖြစ်စေကာမူ၊ နိဿယည်းပေးဆရာ ရရာသို့ သွားအပ်၏။ သွားလျှင် အသက် သာသနာအန္တရာယ်ကိုမြင်အံ့၊ ထို၌သာ နေအပ်၏ဟု ကေစိတို့ဆိုကုန်၏။)

(ဝိဋီ ... (ထူးခြားရာမှ ထုတ်ဆိုအံ့) အပန်းဖြေလျက် အဖေါ်ရှာလျက် တရက်နှစ်ရက်နေသူသည် သွားခြင်း၌ အားထုတ်ခြင်း ရှိသောကြောင့် ထိုသို့နေသော်လည်း ခရီးသွားသာတည်း။ ထိုနေရာ၌ နိဿယည်းပေးသူ ရှိလျှင် အနာပတ္တိဟု အဓိပ္ပါယ်သိအပ်၏။

ဤစကားဖြင့် ပင်ပန်းခြင်း စသည်မရှိပဲ သေနာသနစသည်၏ ပြည့်စုံခြင်းကို စွဲ၍နေလျှင် အာပတ်ဟု ပြသည်။ ထိုအာပတ်သို့လည်း မသွားခြင်း အကြောင်းကြောင့် နေ့တိုင်း နေ့တိုင်း ရောက်သည်ဟုဆိုကုန်၏။

သင်္ကန်းဆိုးခြင်း စသည်အလို့ငှါ ဆရာ စေလွှတ်လျှင် ကိစ္စပြီးသည်တိုင်အောင်သာ နေအပ်၏။ ထိုထက်လွန်၍ မနေအပ်။ ဆရာတို့သည်လည်း တာဝကာလိက ကိစ္စအလို့ငှါသာ လဇ္ဇီပေသလ ရဟန်းငယ်တို့ကို စေလွှတ်အပ်ကုန်၏။ နိစ္စကာလ ကိစ္စအလို့ငှါ မစေလွှတ်အပ်ကုန်ဟု မှတ်အပ်၏။

လှေဖြင့်သွားသူအား ဝါဆိုချိန်ရောက်သော်လည်း မှီရာဆရာမရလျှင် အနာပတ္တိ ဟုဆိုခြင်းကြောင့် ဤသို့သော စီမံ၍ မရစကောင်းသည်ကိုကြဉ်၍ နိဿယည်းပေး ဆရာကင်းသောအရပ်၌ ဝါဆိုကပ်ခြင်းငှါ မအပ်ဟုမှတ်အပ်၏။ စောင့်ဆိုင်းစဉ် ဝါဆိုအံ့သော နေ့ဖြစ်အံ့၊ ဖြစ်စေကာမူ ထိုနေရာ၌ ဝါမကပ်မူ၍ နိဿယည်းပေးဆရာ ရရာသို့ ဝေးသော်လည်းသွား၍ ပစ္ဆိမဝါကပ်အပ်၏။)

ကံဆောင်ရာ၌ အမည်

ထိုအခါ အရှင်မဟာကဿပအား ရဟန်းလောင်းရှိ၍ ရှင်အာနန္ဒာထံသို့ “အရှင်အာနန္ဒာသည် လာ၍ ရဟန်းလောင်းကို ကမ္မဝါစာ ဖတ်စေသတည်း”ဟု တမန်စေလိုက်၏။ ရှင်အာနန္ဒာသည် ဤသို့ဆို၏။ ငါသည် မထေရ်၏အမည်တော်ကို ယူခြင်းငှါ၊ ဝါ...ရွတ်ဖတ်ခြင်းငှါမဝံ့၊ ငါ၏အလေးပြုအပ်သော မထေရ်ဖြစ်၏ဟုဆို၍ မြတ်စွာဘုရားအား လျှောက်ကြား၏။ ချစ်သားတို့...၊ အနွယ်ဖြင့်လည်း ကမ္မဝါစာဖတ်ခြင်းငှါ ခွင့်ပြု၏။

[ထာ .... အနွယ်ဖြင့် ကမ္မဝါစာဖတ်ခြင်းငှါ ဟူသည်ကား မဟာကဿပဥပသမ္ပဒါပေက္ခာ-ဟု အနွယ်ဂေါတ္တကို ဆို၍ ကမ္မဝါစာဖတ်ခြင်းငှါ ခွင့်ပြု၏-ဟူလို။]

(သာဋီ ... ကမ္မဝါစာဖတ်ရာ၌ ဣတ္ထန္နာမော ဣတ္ထန္နာမဿ အာယသ္မတော-ဟု အမည်ကြားခြင်းလာ၏။ (အရှင်မဟာကဿပ၏ အမည်ကား ပိပ္ပလိ-ဖြစ်၏။) ထို့ကြောင့် အာယသ္မကော ပိပ္ပလိဿ ဥပသမ္ပဒါပေက္ခော ဟု မထေရ်၏အမည်ကို မဖတ်ဝံ့ဟု ဆိုလိုသည်။ အနွယ်ဖြင့်လည်း ဖတ်ရှုခြင်းငှါ ခွင့်ပြုခြင်းကြောင့် ခေါ်နေကျဝေါဟာရဖြင့် အပ်သည်ဟု ထင်ရှား၏။

ကောနာမောတေ ဥပဇ္ဈာယော-ဟု မေးလျှင်လည်း အနွယ်ကိုသာ အမည်ပြု၍ ဖြေဆိုအပ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် နာမလေးပါး တပါးပါးဖြင့် ကမ္မဝါစာဖတ်အပ်သည်ဟု ဆိုကုန်၏။ အမည်များသူ ဖြစ်လျှင် ဉာတ်၌တမည်၊ ကမ္မဝါစာ၌တမည်ပြုခြင်းငှါမအပ်။ ကမ္မဝါစာတို့သည် အနက်ဖြင့်လည်းကောင်း၊ သဒ္ဒါဖြင့် လည်းကောင်း မကွဲမပြားဖြစ်ထိုက်၏။

ပါဠိတော်၌ ဣတ္ထန္နာမဿ အာယသ္မတော-ဟု အာယသ္မတော နောက်ထား၏။ ကမ္မဝါစာပါဠိ၌-အယံဗုဒ္ဓရက္ခိတော အာယသ္မတော ဓမ္မရက္ခိတဿ-ဟု ရှေ့ထား၏။ အစဉ်ချွတ်သည်ဟု မဆိုအပ်။ အာယသ္မာသာရိပုတ္တော အတ္ထကုသလော စသည်ဖြင့် ပါဠိတော်ပြယုဂ် ထင်သည်ဟု ဆိုကုန်၏။ တနေရာ၌ အာယသ္မတော ဗုဒ္ဓရက္ခိတဿ ဖတ်၍ တနေရာ၌ ဗုဒ္ဓရက္ခိတဿ မျှဖတ်လျှင် ကမ္မဝါစာယုတ်စေသည်ဟု မဆိုအပ်။ အမည်မယုတ်သောကြောင့်ဟု ဧကေတို့ကိုဆိုကုန်၏။

တနေရာ၌ အာယသ္မတော ဗုဒ္ဓရက္ခိတဿ၊ တနေရာ၌ ဗုဒ္ဓရက္ခိတဿ အာယသ္မတော-ဟုဖတ်လျှင် ပါဠိတော်အား လျော်သောကြောင့် ခေတ်အတွင်းသာ ကျသည်ဟူ၍လည်း ဧကေတို့ဆိုကုန်၏။ ထိုသို့ တနေရာ တမျိုးဖတ်ခြင်းသည် ကမ္မဝါစာတို့၏ သဒ္ဒါပြားခြင်း ကပ်ငြိသောကြောင့် (သဒ္ဒါကွဲသောကြောင့်) မအပ်ဟု ဆိုကုန်၏။ နေရာအားလုံး၌လည်း တမျိုးတည်းဖြင့်သာလျှင် ဆိုငြားအံ့၊ အပ်၏။

(ဝိဋီ .... အာယသ္မတောပိပ္ပလိဿ ဥပသမ္ပဒါပေက္ခာ ဟု နာမကို မဖတ်မူ၍ ဂေါတ္တနာမဖြင့်လည်း ဖတ်ခြင်းငှါခွင့်ပြု၏ဟူလို။ ဥပဇ္ဈာယ်အမည် ပေးလျှင် အာယသ္မာကဿပေါဟု ဂေါတ္တနာမဖြင့် ဖြေဆိုအပ်၏။ ထို့ကြောင့် ထင်ရှားသော အမည်တခုခုကိုဖြစ်စေ၊ ထိုခဏမှည့်သော အမည်ကိုဖြစ်စေ ယူ၍လည်း ကမ္မဝါစာ ဖတ်အပ်၏။ ဥပဇ္ဈာယ်၏ အမည်ကဲ့သို့ ရဟန်းလောင်း၏ ဂေါတ္တဒိနာမဖြင့်လည်းကောင်း၊ တင်္ခဏိကနာမဖြင့် လည်းကောင်း ကမ္မဝါစာဖတ်ခြင်းငှါ အပ်၏။

ထိုခဏ၌လည်း တိဿ၊ နာဂ စသည် မှည့်လိုလျှင် အနုသာသကသမ္မုတိဉာတ်မထားမီ မှည့်သင့်၏။ မှည့်ပြီး သော်လည်း အန္တရာယိကဓမ္မ ဆုံးမသောအခါ မေးမြန်းသောအခါတို့၌ ကိန္နာမောသိ၊ အဟံဘန္တေ နာဂေါနာမ။ ကောနာမော တေ ဥပဇ္ဈာယော။ ဥဇ္ဈာယော မေ ဘန္တေ တိဿောနာမ စသည်ဖြင့်သိစေ၍ နှစ်ဦးလုံး၏ စိတ်၌ ဤကား ငါ၏အမည်တည်းဟု မှတ်သားမိအောင် ပြောကြားအပ်၏။

ထိုခဏ၌ ပကတိအမည်ဖြင့်ဖတ်၍ နောက်၌ တိဿ၊ နာဂ စသော အမည်သစ်ဖြင့်ဖတ်လျှင် မသင့်သော်လည်း တိဿဿ ဥပသမ္ပဒါ ပေက္ခာ စသော အမည်တခုခုဖြင့် ပုဂ္ဂိုလ်သုံးသပ်လျှင် ကံမပျက်၊ ဥပဇ္ဈာယ် မရှိရာ၌ သော်လည်း ပုဂ္ဂိုလ်သုံးသပ်လျှင် ကံမြောက်၏။ ရဟန်းလောင်း၏ မိမိအမည်ကိုကြဉ်၍ တပါးသောအမည်ဖြင့် ဖတ်လျှင်ကား ကံပျက်၏။ ရဟန်းမဖြစ်။

ထို့ကြောင့် ရဟန်းလောင်း၏ ပကတိအမည်ကို ပြောင်းလွဲ၍ လဲလှယ်၍ အစဉ်အတိုင်း နာဂ - စသော အမည်ဖြင့် ဖတ်လိုသော ဆရာသည် ရှေးမဆွကပင်လျှင် သင်သည်နာဂမည်၏ ... စသည်ဖြင့် သိစေ၍ အနုသာသန အခါ၊ ပုစ္ဆန အခါတို့၌လည်း ရဟန်းလောင်းအား လည်းကောင်း၊ သံဃာအားလည်းကောင်း ထင်ရှားအောင် ဖော်ပြ၍သာလျှင် နာဂစသော အမည်ဖြင့် ဖတ်အပ်၏။ အမည်များသူဖြစ်အံ့၊ တမည်မည်ကို ဖတ်ခြင်းငှါ အပ်၏။

ရဟန်းလောင်း၊ ဥပဇ္ဈာယ်တို့၏ တနေရာ၌ဖတ်သော အမည်ကိုသာလျှင် ဉာတ်၌လည်းကောင်း၊ ကမ္မဝါစာ၌ လည်းကောင်း ဖတ်အပ်၏။ တပါးသောအမည်ကိုဖတ်လျှင် သဒ္ဒါ ပြားသည် မည်၏။ ကံပျက်၏။ အနက် သဒ္ဒါ မပြားမှ ဉာတ်ကမ္မဝါစာတို့လည်း အပ်ကုန်၏။ ဥပဇ္ဈာယ်အမည်၏ရှေ့၌ အာယသ္မတောတိဿဿ စသည်ဖြင့် အာယသ္မန္တ ပုဒ် ရှေ့ထား၍လည်း ဖတ်ကုန်၏။ မထားသော်လည်း အပြစ်မရှိ၊ ပါဠိတော်၌ နောက်ထား၍ ဟောသည်။

အာယသ္မာ သာရိပုတ္တော အတ္ထ ကုသလော စသည်ဖြင့် ရှေ့ထားသည်ကို မြင်ရသောကြောင့် ရှေ့၌သာ ထားခြင်းသည် သာ၍သင့်လျော်၏။ တနေရာ၌ အာယသ္မန္တပုဒ်ယှဉ်၍ တနေရာ၌ မယှဉ်သော်လည်းကောင်း၊ တနေရာ၌ထား၍ တနေရာ၌ နောက်ထားသော် လည်းကောင်း၊ အမည်ကို မယုတ်စေသောကြောင့် ကမ္မဝါစာကို ယုတ်စေသည်မမည်။

ပါဠိတော်၌လည်း ဣတ္ထန္နာမဿ အာယသ္မတော ဟု တနေရာ၌ယှဉ်၍၊ ဣတ္ထန္နာမေန ဥပဇ္ဈာယေန ... စသည်တို့၌ မယှဉ်ဟုဆိုကုန်၏။ နေရာအားလုံး၌ပင် တမျိုးတည်းဖြင့်သာ ယှဉ်၍လည်းကောင်း၊ မယှဉ်မူ၍ လည်းကောင်း ဖတ်ခြင်းကို လွန်စွာချီးမွှမ်းအပ်သည်ဟု မှတ်အပ်၏။

ရဟန်းလောင်းနှစ်ပါး၊ သုံးပါး

ထိုအခါ ရှင်မဟာကဿပအား ရဟန်းလောင်း နှစ်ယောက်ရှိကုန်၏။ “ငါ ရှေးဦးစွာ ရဟန်းပြုမည်၊ ငါ ရှေးဦးစွာပြုမည်ဟု” ငြင်းခုန်၏။ ချစ်သားတို့ .... နှစ်ယောက်သော ရဟန်းလောင်းတို့ကို တပြိုင်နက် ကမ္မဝါစာ ဖတ်အပ်သည်တို့ကို ပြုခြင်းငှါ ခွင့်ပြု၏။ များစွာသော မထေရ်တို့အား ရဟန်းလောင်းတို့သည်ရှိကုန်၏။ “ငါရှေးဦးစွာရဟန်းပြုမည်။ ငါရှေးဦးစွာ ပြုမည်ဟု ငြင်းခုံကုန်၏။ မထေရ်တို့သည် ငါ့ရှင်တို့ ... ရဟန်းလောင်း အားလုံးတို့ကိုသာလျှင် တပြိုင်နက် ကမ္မဝါစာ ဖတ်အပ်သည်တို့ကို ပြုကုန်အံ့ဟု ဆိုကုန်၏။

ချစ်သားတို့ ... နှစ်ယောက်၊ သုံးယောက်သော ရဟန်းလောင်းတို့ကို တပြိုင်နက် ကမ္မဝါစာဖတ်အပ် သည်တို့ကို ပြုခြင်းငှါ ခွင့်ပြု၏၊ ထိုအစီအရင်ကိုလည်း တဦးသော ဥပဇ္ဈာယ်ဖြင့် ခွင့်ပြု၏။ အသီးသီးသော ဥပဇ္ဈာယ်ဖြင့် ခွင့်မပြုသည်သာတည်း။

[ထာ ... နှစ်ယောက်သော ရဟန်းလောင်းတို့ကို ကမ္မဝါစာ ဆရာ တဦးစီဖြင့် ဆရာနှစ်ဦးသည်လည်းကောင်း၊ ဆရာတဦးတည်းသည် လည်းကောင်း တပြိုင်နက် ကမ္မဝါစာဖတ်၍ ရဟန်းပြုပေးခြင်းငှါ ခွင့်ပြုသည်ဟု သိအပ်၏။ နှစ်ယောက်၊ သုံးယောက်သော ရဟန်းလောင်းတို့ကိုလည်း ရှေးနည်းအတိုင်း တပြိုင်နက် ကမ္မဝါစာဖတ်ခြင်းငှါ ခွင့်ပြု၏။ ထိုကမ္မဝါစာဖတ်ခြင်းကိုလည်း တဦးသောဥပဇ္ဈာယ်ဖြင့် ခွင့်ပြုသည်ဟု သိအပ်၏။

ထို့ကြောင့် ဆရာတဦးသည် ရဟန်းလောင်းနှစ်ယောက်၊ သုံးယောက်တို့ကိုလည်း ကမ္မဝါစာဖတ်အပ်ကုန်၏။ နှစ်ဦး၊ သုံးဦးသော ဆရာတို့သည်လည်း အသီးသီး တယောက်စီငဲ့၍ ဖတ်အပ်ကုန်၏။ ဤသို့ တပြိုင်နက် တချက်တည်းသာလျှင် နှစ်ခု သုံးခုသော ကမ္မဝါစာတို့ကို ဖတ်အပ်ကုန်၏။ ကမ္မဝါစာဆရာအသီးသီး၊ ဥပဇ္ဈာယ်အသီးသီး ဖြစ်ကုန်အံ့၊ တိဿမထေရ်သည် သုမနထေရ်၏ သဒ္ဓိဝိဟာရိကကို၊ သုမနထေရ်သည် (တိဿမဟုတ်သော) နန္ဒထေရ်၏ သဒ္ဓိဝိဟာရိကကို ကမ္မဝါစာဖတ်အံ့၊ အချင်းချင်းလည်း ဂဏပူရကတို့ ဖြစ်ကုန်အံ့။ အပ်၏။ ဥပဇ္ဈာယ်အသီးသီး ကမ္မဝါစာဆရာတဦးတည်း ဖြစ်အံ့၊ မအပ်။ ဤကို ရည်စူး၍ ဤပယ်ခြင်းဖြစ်၏။]

(ဇီဋီ … တပြိုင်နက်ဖတ်ခြင်းကို ဥပဇ္ဈာယ်တဦးတည်း၊ဆရာအသီးသီး ခွင့်ပြုသည်။ ဥပဇ္ဈာယ်အသီးသီး၊ ဆရာတဦးတည်းဖြင့် ခွင့်မပြု။ ရှေးဂဏ္ဍိ၌လည်း ထို့အတူဆို၍ ရဟန်းလောင်း သုံးယောက်ထက် အလွန်ဖြစ်လျှင် ဗာပြိုင်နက်တည်း မအပ်ဟု ဆို၏။ သံဃာသည် သံဃာအား ကံမပြုကောင်းသောကြောင့် တည်း။

ဤ၌ ဆင်ခြင်ဖွယ်ကား ရဟန်းလောင်းသည် သုံးယောက်ထက် လွန်သော်လည်း ရဟန်းမဟုတ်ခြင်းကြောင့် သံဃာ မမည်သေး။ ဘုရားရှင်သည် သုံးယောက်ဟု သက်သက်ပိုင်းခြားသောကြောင့် သုံးယောက်ထက် လွန်လျှင် မအပ်။ ဤကား ငါတို့အကြံဟု ဆရာမြတ်ဆို၏။ အနုဂဏ္ဍိ၌လည်း ဤအကြောင်းကို များစွာ စိစစ်၍ဆိုသည်။ အန္ဓကဋ္ဌကထာ၌လည်း ဤအတူတည်း... စသည်။

(ဤ၌ သံဃာသည် သံဃာအား ကံမပြုကောင်းသောကြောင့် ဟူသည်ထက် ဘုရားရှင်သည် သုံးယောက်ဟု သက်သက် ပိုင်းခြားထားသောကြောင့် ဟူသည်ကို အလေးပြုအပ်၏ဟု မိန့်ဆိုကုန်၏။) ကမ္မဝါစာဆရာ ကိုကား ပါဠိတော်၌ တပါးသာ၊ အဋ္ဌကထာဋီကာ တို့၌ နှစ်ပါး၊ သုံးပါးပြသည်။ ထိုထက်အလွန်မပြသော်လည်း သံဃာကို သိစေနိုင်လျှင် သင့်လျော်၏။ ရဟန်းမဖြစ်သူ ဖတ်ခြင်းသည်ပင် ကံအောင်သေးသည်ဟု မိန့်ဆိုကုန်၏။ ဦနဝီသတိဝဿ သိက္ခာပုဒ်ချိန်သည်။)

(သာဋီ ... ဧကတော အနုသာဝနံ ဧတေသန္တိ ဧကာနုသာဝနာ။ ဘိန္နာဓိကရဏ ဗဟုဗွီဟိသမာသ်။ ဧကတောကား ဧကက္ခဏ အနက်။ ရှေးနည်းအတိုင်း ဟူသည်ကား ကမ္မဝါစာဆရာတဦးစီဖြင့် ဆရာနှစ်ဦး၊ သုံးဦးသည် လည်းကောင်း၊ ဆရာတဦးတည်းသည် လည်းကောင်း၊ တပြိုင်နက် ကမ္မဝါစာ ဖတ်အပ်သည် တို့ကို ပြုခြင်းငှါဟု ဆိုအပ်၏။)

(ဝိဋီ … ဧကတော သဟေဝ ဧကသ္မိံ ခဏေ အနုသာဝနံ ဧတေသန္တိ ဧကာနုသာဝနာ။ ရဟန်းလောင်းတို့ ရကုန်၏။ ထို ရဟန်းလောင်းတို့ကို အတူတချိန်တည်း ကမ္မ္ပဝါစာဖတ်ခြင်း ရှိသည်တို့ကို ပြုခြင်းငှါ ခွင့်ပြုသည်။ ဆရာတဦးတည်းသည် လည်းကောင်း ဟူသည်ကား နှစ်ယောက်သော ရဟန်းလောင်းတို့ကိုလည်း တချိန်တည်း ကမ္မဝါစာ တခုတည်းဖြင့် သာလျှင် ဖတ်ရာ၌ တဦးတည်းသော ဆရာသည်ဟူလို။

အယံဗုဒ္ဓရက္ခိတောစ အယံဓမ္မ ရက္ခိတောစ အာယသ္မတောသံဃရက္ခိတဿ ဥပသမ္ပဒါပေက္ခာ စသော နည်းဖြင့် ဆရာတဦးသည် ရဟန်းလောင်း နှစ်ယောက်တို့အား တချိန်တည်း ကမ္မဝါစာဖတ်နည်းကို သိအပ်၏။ ရဟန်းလောင်း သုံးယောက်တို့အားလည်း ဤနည်းဖြင့် သိအပ်၏။ ရှေးနည်းအတိုင်း ဟူသည်ကား ကမ္မဝါစာ ဆရာ တဦးစီဖြင့် စသောနည်းဖြင့် ရဟန်းလောင်း သုံးယောက်တို့အား ဆရာနှစ်ဦး၊ သုံးဦးသည် လည်းလောင်း၊ ဆရာတဦးတည်းသည် လည်းကောင်း၊ သုံးယောက်တို့ကိုလည်း ဧကတောအနုသာဝနတို့ကို ပြုခြင်းငှါဟု ဆိုလိုသည်။

နှစ်ယောက် သုံးယောက်ကို ဥပဇ္ဈာယ်အသီးသီးနှစ်ပါး သုံးပါးဖြင့် ကမ္မဝါစာဆရာတဦးတည်း တချိန်တည်း တပြိုင်နက်ဖတ်ခြင်းကို ပယ်သော်လည်း ကမ္မဝါစာဆရာ အသီးသီး ဖတ်ခြင်းငှါ မအပ်ဟု ပယ်သည် မဟုတ်။ တိဿထေရ်သည် သုမနထေရ်၏တပည့်ကို၊ သုမနထေရ်သည် (တိဿမဟုတ်သော) နန္ဒထေရ်၏တပည့်ကို ကမ္မဝါစာဖတ်အံ့၊ အချင်းချင်းလည်း ဂဏပူရကတို့ ဖြစ်ကုန်အံ့၊ အပ်သည်သာတည်း။

ဥပဇ္ဈာယ်ကိုယ်တိုင် မိမိတပည့်ကို ကမ္မဝါစာဖတ်ရာ၌ ဆိုဖွယ်မရှိ။ ကောင်းသောကံ ဖြစ်သည်သာတည်း။ (ဤဖြင့် ဥပဇ္ဈာယ်သည် ကမ္မဝါစာဆရာ မပြုအပ်ဟူသော ဝါဒကို တားအပ်၏။) ဥပဇ္ဈာယ်မရှိသူအား သော်လည်း တယောက်ယောက် ကမ္မဝါစာဖတ်လျှင် ရဟန်းဖြစ်သေး၏။ ဥပဇ္ဈာယ်ရှိသူကား ဥပဇ္ဈာယ်သာ ဖတ်ရာ၌ ဆိုဖွယ်မရှိ။)

(အသက်မပြည့်ပဲ ရဟန်းပြုလျှင် ရဟန်းမဖြစ်၊ ထိုရဟန်း မဖြစ်သော သူသည် ဆယ်ဝါလွန်သောအခါ) သူတပါးကို ရဟန်းပြုပေးအံ့၊ ဝါ- ဥပဇ္ဈာယ်သော်လည်းကောင်း၊ ကမ္မဝါစာဆရာသော် လည်းကောင်း ပြု၍ ရဟန်းပြုပေးအံ့၊ ထိုသူကိုလွှတ်၍ ဂိုဏ်းပြည့်လျှင် ကောင်းသောရဟန်း ဖြစ်၏ဟု ဆိုရာ၌ “ရဟန်းမဟုတ်သူ ကမ္မဝါစာဖတ်ခြင်းပင် ကံမြောက်ခြင်း” ထင်ရှား၏။)

ဂဗ္ဘဝီသ ရဟန်းပြုခြင်း

ထိုအခါ အရှင် ကုမာရကဿပသည် ဂဗ္ဘဝီသပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်ပြည့်၍ ရဟန်းပြု၏။ ထို့နောက် ဤသို့ အကြံဖြစ်၏။ မြတ်စွာဘုရားသည် အသက်နှစ်ဆယ် မပြည့်သူကို ရဟန်းပြုမပေးအပ်ဟု ပညတ်သည်။ ငါသည် ဂဗ္ဘဝီသဖြစ်၍ ရဟန်းပြု၏။ ရဟန်းဖြစ်မည်လော၊ မဖြစ်လောဟု အကြံဖြစ်၍ မြတ်စွာဘုရားအား လျှောက်၏။ ချစ်သားတို့ ... မိခင်ဝမ်း၌ အကြင် ပဋ္ဌမစိတ် ပဋ္ဌမဝိညာဏ်သည် ဖြစ်၏။ ထိုစိတ် ထိုဝိညာဏ်ကိုအစပြု၍ ထိုသူ၏ဇာတိသည်ဖြစ်၏။ ချစ်သားတို့ ဂဗ္ဘဝီသ ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်ပြည့်သူ ရဟန်းပြုပေးခြင်းငှါ ခွင့်ပြု၏။ (အသက်နှစ်ဆယ်သည် လအားဖြင့် ၂၄၀၊ ရက်အားဖြင့် ၇၂၀၀- ပြည့်လျှင် လိုရင်းတည်း။ )

[ဦနဝီသတိဝဿ သိက္ခာပုဒ်ဋ္ဌကထာ ဂဗ္ဘဝီသသည်လည်း ပရိပုဏ္ဏ ဝီသတိဝဿ-သာတည်း။ မိခင်ဝမ်း၌ ၁၂-လနေ၍ သီတင်းကျွတ်လပြည့်တွင် မွေးဖွားသောသူကို မွေးသည်မှစ၍ ၁၉-နှစ်မြောက် သီတင်းကျွတ် လပြည့်လွန်သောအခါ လပြည့်ကျော် တရက်နေ့မှစ၍ ရဟန်းပြုပေးအပ်၏။ ဤနည်းဖြင့် အလျော့၊ အတိုး သိအပ်၏။

ရှေးမထေရ်တို့ကား ထိုဧကူနဝီသတိဝဿာကို ဝါခေါင်လပြည့်ကျော် တရက်နေ့၌ ရဟန်းပြုပေးကုန်၏။ နှစ်လ လိုသေးသည်မဟုတ်လော) အဖြေကား။ တနှစ်တနှစ်၌ စာတုဒ္ဒသိက ဥပုသ် ၆-ခုရှိ၏။ နှစ် ၂ဝ ၌ လေးလ လျှော့၏။ သုံးနှစ်တကြိမ် ဝါထပ်သောကြောင့် ၁၈-နှစ် ၁၈-နှစ်၌ ခြောက်လတိုး၏။ ထိုမှ လေးလဖယ်၍ နှစ်လယူ၍ အသက် ၂၀- ပြည့်သည်ဟု ယုံမှားကင်းလျက် ဝါခေါင် လပြည့်ကျော်၌ ရဟန်းပြုပေးကြသည်။

ပဝါရဏာပြုပြီးမှ ဝိသတီဝဿ ဖြစ်လတ္တံ့၊ ထိုသူကိုရည်၍ ဧကူနဝီသတိဝဿဟု ဆိုခဲ့ပြီ။ ထိုသို့ဂဗ္ဘမာသကို ရေတွက်ရသောကြောင့် မိခင်ဝမ်း၌ ၁၂-လနေအံ့၊ ထိုဇာတိဝီသတိဝဿ သည် ဧကဝီသတိပဿ ဖြစ်၏။
၇-လနေလျှင် ၇-လလွန်သော ဝီသတိဝဿ ဖြစ်၏။ ခြောက်လနေ၍ မွေးသူကား အသက်မရှင်။ ဦနဝီသတိဝဿကို ပရိပုဏ္ဏသညာဖြင့် ရဟန်းပြုပေးသောသူအား အနာပတ္တိ။

ပုဂ္ဂိုလ်ကား ဥပသမ္ပန္န မဖြစ်။ မဖြစ်သော်လည်း ဆယ်နှစ်လွန်သောအခါ သူတပါးကို ဥပဇ္ဈာယ်ပေး၍ လည်းကောင်း၊ ကမ္မဝါစာဖတ်၍ လည်းကောင်း၊ ရဟန်း ပြုပေးအံ့။ ထိုပုဂ္ဂိုလ်ကိုလွှတ်၍ ဂိုဏ်းပြည့်လျှင် ကောင်းသောရဟန်းဖြစ်၏။ ထိုပုဂ္ဂိုလ်အား မသိမချင်း သဂ္ဂမောက္ခအန္တရာယ် မဖြစ်။ သိသောအခါ ပြန်၍ ရဟန်းပြုအပ်၏။]

(ဤ၌ ရဟန်းမဖြစ်သူ ကမ္မဝါစာဖတ်ရာ၌ ကံမပျက်ပုံကို ပုစ္ဆာဉာဏ်စမ်း ပြုသင့်၏။ )

ဥပသမ္ပဒကံ ကြောင်းကျိုးစုံ

ထိုအခါ ရဟန်းပြုပြီးသူတို့သည် နူနာရှိသူ စသည်တို့ ထင်ရှားကုန်၏။ ချစ်သားတို့ ... ရဟန်းပြုပေးသော ဆရာသည် ရဟန်းလောင်း (၁၃−ပါးသော) အန္တရာယ်ဓမ္မတို့ကို မေးခြင်းငှါခွင့်ပြု၏။ မေးပုံကား။ သင်အား နူနာရှိသလော။ …လ.... သင်အား သပိတ်သင်္ကန်း ပြည့်စုံ၏လော။ (ဤတွင် ၁၃-ပါးပြည့်ပြီ။) သင် အဘယ်အမည်ရှိသနည်း။ သင်၏ဥပဇ္ဈာယ်သည် အဘယ်အမည်ရှိသနည်းဟု မေးအပ်၏။

ရဟန်းတို့သည် မဆုံးမအပ်သော ရဟန်းလောင်းတို့ကို အန္တရာယိကဓမ္မတို့ကို မေးကုန်၏။ ရဟန်းလောင်းတို့သည် ရွံ့ကုန်၏။ မျက်နှာ ငုံ့ကုန်၏။ မဖြေနိုင်ကြကုန်။ ချစ်သားတို့ .... ရှေးဦးစွာဆုံးမ၍ နောက်၌ အန္တရာယိကဓမ္မတို့ကို မေးခြင်းငှါခွင့်ပြု၏။ ထိုသံဃာ့အလယ်၌သာ ဆုံးမကုန်၏။ ရဟန်းလောင်း တို့သည် ရှေးအတူ မဖြေနိုင်ကြကုန်။ ချစ်သားတို့ .... တခုသောနေရာ၌ဆုံးမ၍ သံဃာ့အလယ်၌ အန္တရာယိက ဓမ္မတို့ကို မေးမြန်းခြင်းငှါ ခွင့်ပြု၏။

ဆုံးမပုံကား။ ရှေးဦးစွာ ဥပဇ္ဈာယ်ကို ယူစေအပ်၏။ ဥပဇ္ဈာယ်ယူစေ၍ သပိတ်သင်္ကန်းကို ပြောကြားအပ်၏။ ဤကားသင်၏ သပိတ်၊ ဤကားသင်၏ ဒုကုဋ်၊ ဤကားသင်၏ ကိုယ်ရုံ၊ ဤကားသင်၏ ခါးဝတ်၊ သွားချေလော၊ ဤမည်သောအရပ်၌ တည်ချေလောဟု ဆိုအပ်၏။

ဗာလအဗျတ္တတို့သည် ဆုံးမကုန်၏။ ဆုံးမအပ်သော ရဟန်းလောင်းတို့သည် မဖြေနိုင်ကြကုန်။ ချစ်သားတို့ ... ဗာလအဗျတ္တသည် မဆုံးမအပ်။ ဒုက္ကဋ်။ ချစ်သားတို့... ဗျတ္တပဋိဗလရဟန်းသည် ဆုံးမခြင်းငှါ ခွင့်ပြု၏။ သမ္မုတိမရပဲ ဆုံးမကုန်၏။ ချစ်သား ... သမ္မုတိမရပဲ မဆုံးမအပ်။ ဒုက္ကဋ်။ ချစ်သားတို့ .... သမ္မုတိရသော ရဟန်းသည် ဆုံးမခြင်းငှါ ခွင့်ပြု၏။ သုဏာတုမေ-စသော ဉာတ္တိကံဖြင့် မိမိသည် မိမိကိုယ်ကိုလည်းကောင်း၊ သူတပါးသည် သူတပါးကို လည်းကောင်း၊ ရဟန်းလောင်းကို ဆုံးမရာ၏ဟု သမုတ်အပ်၏။ သမ္မုတိရသော ရဟန်းသည် ရဟန်းလောင်းသို့ချဉ်းကပ်၍ သုဏာသိ .....လ.....။ ကောနာမောတေဥပဇ္ဈာယော-ဟု ဆိုအပ်၏။ အတူတကွ လာကုန်၏။

ချစ်သားတို့ .... အတူတကွ မလာအပ်၊ ဆုံးမတတ်သော ရဟန်းသည် ရှေးဦးစွာလာ၍ သုဏာတုမေ ...လ.... အာဂစ္ဆေယျ-ဟူသော ဉာတ်ဖြင့် ကျွန်ုပ်ဆုံးမပြီးပြီ၊ ရဟန်းလောင်းသည် လာရာ၏ဟု သံဃာကိုသိစေအပ်၏။ အာဂစ္ဆာဟိ-လာလောဟုဆိုအပ်၏။

ပခုံးတဘက်၌ ကိုယ်ရုံစမ္ပယ် တင်စေ၍ ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေ၍ ဆောင့်ကြောင့်ထိုင်စေ၍ လက်အုပ်ချီစေ၍ ရဟန်းအဖြစ်ကို တောင်းစေအပ်၏။ သံဃံဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ …လ.... အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ၊ ရဟန်းလောင်းကို အန္တရာယိကဓမ္မတို့ကို မေးရာ၏ .... ဟု သံဃာကို သိစေအပ်၏။ သုဏာသိ …လ....။ ကောနာမောတေဥပဇ္ဈာယော-ဟု မေးအပ်၏။

ဗျတ္တပဋိဗလ ရဟန်းသည် ဉာတ္တိစတုတ္ထကမ္မဝါစာဖြင့် သံဃာကို သိစေအပ်၏။ ဝါ ... ဤနာဂသည် အရှင်တိဿ၏ ရဟန်းလောင်းဖြစ်၏။ အန္တရာယိကဓမ္မတို့မှ စင်ကြယ်၏။ သပိတ်သင်္ကန်း ပြည့်စုံ၏။ သံဃာကို ရဟန်းအဖြစ်ကို တောင်းပန်၏။ သံဃာသည် နာဂကို ရဟန်းဖြစ်စေရာ၏။ ဖြစ်စေ၏။ ဖြစ်စေ၏။ ဖြစ်စေ၏။ ဖြစ်စေပြီဟု သိစေအပ်၏။ ဥပသမ္ပဒကံပြီး၏။

[ထာ ... အပြစ်ငယ်အပြစ်ကြီးကို ကပ်၍ရှုတတ်သောသူသည် ဥပဇ္ဈာ- ဥပဇ္ဈာယ်မည်၏။ ထိုဥပဇ္ဈာယ်ကို ဥပဇ္ဈာယောမေ ဘန္တေဟောတိ ဟု ဆိုစေ၍ ယူစေအပ်၏။]

(ဝိဋီ ... ဥပဇ္ဈာ-သဒ္ဒါသည် ဥပဇ္ဈာယ-သဒ္ဒါနှင့် အနက်တူ အာကာရန္တဖြစ်၏။ တနည်း၊ ပဌမာ ဒုတိယာဝိဘတ်ကြောင့် ယ-အက္ခရာကျေသည်။ ကတိယာ စသည်ကြောင့် ဥပဇ္ဈာ-ဟုပြယုဂ်မရှိ။ သစ္စကာလ ဟူသည်ကား လျှို့ဝှက်မည်ဟူသော လှည့်စားခြင်းကိုပယ်၍ သင်၏သစ္စာကို သာလိုအပ်သောကာလဖြစ်၏။ ဘူတကာလကား - မလှည့်စားသော်လည်း လူဖြစ်ခြင်း စသောဝတ္ထု၏ ဟုတ်မှန်ခြင်းကို မချွတ်ဧကန် လိုအပ်သော ကာလဖြစ်၏။ ဤသို့မဟုတ်လျှင် ကံပျက်ခြင်းစသော အန္တရာယ်ဖြစ်၏ ဟူလို။ မင်္ကုဟူသည် အောက်သို့ မျက်နှာချ၏။ ဥဒ္ဓရတု အနုပသမ္ပန္န အဖြစ်ထက်လွန်၍ ပြည့်စုံသော ဥပသမ္ပန္နအဖြစ်၌ တည်စေပါ၊ ဝါ၊ တည်အောင်ထားပါဟု အနက်ပေး။ (တည်ပါစေလော-အနက်မသင့် ဟူလို။)

သုဏာတု မေ ဘန္တေ သံဃော

သုဏာတု ၌ နားထောင်ရန် တိုက်တွန်းခြင်း အနက်၌ ပဋ္ဌမပုရိသ်သက်သည်။ ၎င်း၏ ကတ္တာ-သံဃာသည် မျက်မှောက်ဖြစ်ခြင်းကြောင့် သုဏာဟိ ဟု မဇ္ဈိမပုရိသ်ဖြင့် ဆိုသင့်လျက် သံဃသဒ္ဒါကိုငဲ့၍ ပဌမပုရိသ် သက်သည်။ ဤကား သဒ္ဒါဆရာတို့၏ အလေ့အကျင့်တည်း။ ဘဂဝန္တ−သဒ္ဒါ၊ အာယသ္မန္တ-သဒ္ဒါ စသည်ယှဉ်ရာ၌ ကဲ့သို့တည်း။

အဓိဝါသေတု ဘဝံဂေါတမော။ ပက္ကမတာယသ္မာ စသော ပြယုဂ်ထင်၏။ ထို့ကြောင့် ဤနေရာ၌ ပဌမပုရိသ်သက်သည်။ တနည်း ... ဂါရဝစွမ်းဖြင့်ဆိုသည်။ အလေးပြုအပ်သူတို့၌ ရိုသေခြင်းဖြင့် မဇ္ဈိမပုရိသ် ပြုသင့်သော်လည်း ပဌမပုရိသ်ပြုကြသည်။ ဒေသေတု သုဂတောဓမ္မံ ကဲ့သို့တည်း။ ကေစိတို့ကား ဘန္တေ၊ အာဝုသောတို့ကိုငဲ့၍ ပဌမပုရိသ်ဟုဆိုကုန်၏။ မသင့်။

အာစရိယော မေ ဘန္တေ ဟောဟိ။ ဣင်္ဃဝုသောဥပါလိ ဣမံ ပဗ္ဗဇိတံ အနုယုဉ္ဇာဟိ ... စသည်တို့၌ ဘန္တေ၊ အာဝုသောယှဉ်လျက် မဇ္ဈိမပုရိသ် ယှဉ်ခြင်းကြောင့်တည်း။

မေကား ... သံဃာကို နာကြားစေသော ကမ္မဝါစာဆရာ၏ မိမိကိုယ်ကိုညွှန်းရာ၌သာ မိမိဖတ်ယှဉ်သည်။

ဘန္တေကား .. အာလုပ်အနက် မထေရ်ကြီး တို့၌ ရိုသေစွာဆိုသောစကားဖြစ်သည်။ သီတင်းငယ်တို့၌ အာဝုသောဟု ဆိုရသည်။ နှစ်ပုဒ်လုံးနိပါတ်-ဗဟုဝုစ် တုမှေနှင့်လည်း အနက်တူသည်။

သံဃောကား ..... စတုဝဂ်သံဃာ-စသော ပကတတ္တပုဂ္ဂိုလ်အပေါင်း၌ဖြစ်၏။ ဤနေရာ၌ကား ပစ္စန္တရာဇ်တို့၌ ပဉ္စဝဂ်မှ စ၍ မဇ္ဈိမတို့၌ ဒသဝဂ်မှစ၍ သံဃာကိုယူရသည်။

ပိဏ္ဍတ္ထကား ... ဘန္တေ၊ အရှင်ဘုရားတို့။ သံဃော၊ သံဃာသည်။ မေ−မမဝစနံ၊ အကျွန်ုပ်၏ စကားကို။ သုဏာတု၊ နာတော်မူပါလော။ ကမ္မဝါစာဆရာသည် မထေရ်အကြီးဆုံးဖြစ်အံ့။ သုဏာတုမေအာဝုသော သံဃော ဟု ဆိုအပ်၏။ ထိုမထေရ်ကြီးသည် ဘန္တေ ဟု၊ သီတင်းငယ်သည် အာဝုသော ဟု ဆိုငြားအံ့၊ ကံပျက်ခြင်း မရှိ။ တနေရာ၌ ဘန္တေ၊ တနေရာ၌ အာဝုသော ဟု ဆိုလျှင် ကံမပျက်ဟု ဆိုကုန်၏။

အယံဣတ္ထန္ဒာမော

အယံ ဟူသောပုဒ်ဖြင့် ရဟန်းလောင်း၏ ဟတ္ထပါသ်၌ တည်ခြင်းကိုပြသည်။ ဟတ္ထပါသ်၌တည်မှ ရဟန်းဖြစ်သည်။ ဟတ္ထပါသ်၏ပြင်ပ၌ တည်သူတို့ကို အယံ ဟု မဆိုအပ်သောကြောင့်တည်း။ ထို့ကြောင့် အနုသာသကသမ္မုတိဉာတ်၌ ဟတ္ထပါသ်ပြင်ပ၌ တည်သော ရဟန်းလောင်းကို အယံ-ဟုမဆို။ ဥပသမ္ပဒကံ၌ ..... ရဟန်းလောင်း အနုပသမ္ပန္နကို ဟတ္ထပါသ်၌ထား၍ အယံဣတ္ထန္နာမော ... ဟု အယံ သဒ္ဒါကို မချွတ်ယှဉ်အပ်၏။ မချွတ် ယှဉ်ခြင်းကိုလည်း ဤ ရှေးဦးစွာသော နာမပ္ပယောဂ၌သာဟု ယူအပ်၏။

ဣတ္ထန္နာမောကား.... အနိယမအားဖြင့် ရဟန်းလောင်းအမည်ပြ စကားတည်း။ အယံဗုဒ္ဓရက္ခိတော အာယသ္မတော ဓမ္မရက္ခိတဿ သဒ္ဓိဝိဟာရိကဘူတော ဥပသမ္ပဒါပေက္ခာ ... စသည်ဖြင့် အမည်နှင့်တကွ အနက်ကိုပြခြင်းတည်း။ ရဟန်းလောင်းအမည်၌ အဘယ်ကြောင့် ဣမ-မယှဉ်သနည်း။ ဥပဇ္ဈာယ်လည်း ဟတ္ထပါသ်၌သာ တည်ရသည် မဟုတ်ပါလော။ အဖြေကား ... ဥပဇ္ဈာယ်မရှိရာ၌ပင် ကံမပျက်။ ကံပြီးခြင်းငှါသာ ဥပဇ္ဈာယ်အမည်ကို ပြောကြားရသည်။ မရှိသော်လည်း ဥပဇ္ဈာယ်အမည် သုံးသပ်ကာမျှဖြင့် ကံပြီးသောကြောင့် ဣမ-မယှဉ်သင့်ပြီ။

အန္တရာယိကေဟိစသည်

ရဟန်းမဖြစ်ကြောင်း အဘဗ္ဗစသော သဘောသည်လည်းကောင်း၊ အာပတ်သင့်ကြောင်း ပဉ္စဗာဓ၊ ဟတ္ထစ္ဆိန္န စသော သဘောသည် လည်းကောင်း၊ အန္တရာယိကဓမ္မ မည်၏။ ထိုသဘောမှ လွတ်သည်ဟု ကမ္မဝါစာ၌ ထည့်၍ဆိုလျှင် အာပတ်သင့်ကြောင်း ပဉ္စဗာဓ စသည်မှ အလွတ်သော်လည်း ရဟန်းဖြစ်၏။ မဆိုလျှင် ရဟန်းမဖြစ်။

ရဟန်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံပြီဟု ပရိပုဏ္ဏဿပတ္တစီဝရံ ဟု ဆိုလျှင် သပိတ်သင်္ကန်း မရှိသော်လည်း ရဟန်းဖြစ်၏။ မဆိုလျှင် ရဟန်း မဖြစ်။

သံဃံဘန္တေ ဥပသမ္ပဒံယာစာမိ စသည်ဖြင့် တောင်းသူကိုရည်၍ ဥပသမ္ပဒံယာစတိ-ဟု ဆိုလျှင် မတောင်းသော်လည်း ကံမပျက်။ မဆိုလျှင်ကံပျက်သည်။

ကရိုဏ်းဖြစ်သောဥပဇ္ဈာယ် ဤမည်သော ဆရာကို ဥပဇ္ဈာယ်ပြု၍ ကံဖြစ်သောရဟန်းအဖြစ်ကို ပေးခြင်းငှါ ပြီးစေခြင်းငှါ ကတ္တားဖြစ်သော သံဃာကို တောင်းပန်ပါသည်ဟု အနက်သိအပ်၏။ ယာစ- ဓာတ်သည် ဒွိကမ္မကဖြစ်သောကြောင့် သံဃံ၊ ဥပသမ္ပဒံ...ဟု ကံပုဒ်နှစ်ခု ဆိုသည်။

ယဒိသံဃဿပတ္ထကလ္လံ

လျောက်ပတ်သော ကာလရှိသော ကံသည် ပတ္တကာလ မည်၏။ ပတ္တကာလသည်ပင် ပတ္တကလ္လလည်း မည်၏။ အပလောကန စသော သံဃကံလေးပါးရ၏။ ဤ၌ကား ဉာတ္တိစတုတ္ထ ဥပသမ္ပဒကံကို အလိုရှိအပ်၏။ ထိုကံကိုပြုခြင်းငှါ ပတ္တကလ္လကံသည် ဖြစ်ပေါ်ပြီ။ ယဒိကား အလိုဆန္ဒယူခြင်းဖြင့် ပတ္တကလ္လကံ၏ဖြစ်ခြင်းကို သိစေ၏။ ပတ္တကလ္လဖြစ်ခြင်း မရှိဟု သဘောရသော အရှင်မြတ်သည် ပြောဆိုကော်မူလတ္တံ့ ဟု သိစေသည်။ ထို့ကြောင့် ကမ္မဝါစာ၌ ယဿာယသ္မတောခမတိ၊ .....လ.....။ သောဘာသေယျ ဟု မိန့်ဆိုသည်။

ပတ္တကလ္လအင်္ဂါငါးပါး

ဤ ဥပသမ္ပဒ ပတ္တကလ္လ အင်္ဂါငါးပါး ဖြင့် ရေတွက်အပ်၏။ ဝတ္ထုပြည့်စုံခြင်း၊ အန္တရာယိကဓမ္မ စင်ကြယ်ခြင်း သိမ်ပြည့်စုံခြင်း၊ ပရိသတ်ပြည့်စုံခြင်း၊ ပုဗ္ဗကိစ္စပြီးခြင်း ဤငါးပါးတည်း။

ဝတ္ထုပြည့်ခြင်း (၁)

စင်ကင်းအန္တရာယ် (၁)

သိမ်ဝယ်, ပရိသတ် (၂)

ရှစ်ရပ်ပြုလုပ် ပုဗ္ဗကိစ္စံ (၂)၊

ဤငါးတန်၊ ရဟန်းခံ ပတ္တကလ္လအင်္ဂါတည်း။

ထိုတွင် အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ အန္တိမရောက်သူ၊ အသက် ၂၀-မပြည့်သူ၊ ဤ ၁၃-ယောက်မှတပါးသော အနုပသမ္ပန္န လူယောက်ျားဖြစ်လျှင် ဝတ္ထုပြည့်စုံ၍ ပတ္တကလ္လဖြစ်၏။ ၁၃-ယောက်ကား ဝတ္ထုမပြည့်စုံ၍ ရဟန်းမဖြစ်။

အနာငါးမျိုးရှိသူ၊ မိဘခွင့်မပြုသူ၊ လက်ပြတ်သူ စသည်သည် သံဃာအား အာပတ်အန္တရာယ်ကို ဖြစ်စေ၏။ ထိုအပြစ်မှ လွတ်လျှင် အန္တရာယိကဓမ္မ စင်ကြယ်၍ ပတ္တကလ္လဖြစ်၏။ ထိုအပြစ်မလွတ်လျှင် ပတ္တကလ္လ မဖြစ်သော်လည်း ကံမပျက်၊ အသက်မပြည့်သူကား ရဟန်း မဖြစ်၊

ဝိပတ္တိသိမ် ၁၁-လုံးမှ လွတ်သော ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ်ဖြစ်လျှင် သိမ်ပြည့်စုံ၍ ပတ္တကလ္လဖြစ်၏။ သိမ်မပြည့်စုံလျှင် ကံပျက်၏။

သမာနသံဝါသကရဟန်း အနည်းဆုံးဆယ်ပါး၊ ငါးပါး တသိမ်တည်း ဟတ္ထပါသ် မစွန့်ခြင်း၊ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကိုဆောင်ခြင်း၊ မျက်မှောက် ရဟန်းတို့၏ မတားမြစ်ခြင်း၊ ရဟန်းလောင်းမှတပါးသော ဝဇ္ဇနီယ ၂၁- ယောက် သံဃာဟတ္ထပါသ်၌ မရှိခြင်း၊ ဤအင်္ဂါငါးပါးရှိလျှင် ပရိသတ် ပြည့်စုံ၍ ပတ္တကလ္လဖြစ်၏။

ဤအင်္ဂါငါးပါးတို့တွင် ရှေ့သုံးပါး မပြည့်စုံလျှင် ကံပျက်၏။ ဝဇ္ဇနီယ မကြဉ်လျှင် ကံမပျက်။ ဥပဇ္ဈာယ်ယူစေခြင်း စသော ရှစ်ပါးရှေးဦးစွာ ပြုပြီးဖြစ်လျှင် ပုဗ္ဗကိစ္စပြီး၍ ပတ္တကလဖြစ်၏။ ဤရှစ်ပါး မပြည့်စုံလျှင် ကံကားမပျက်။ ယခင်လေးပါး ပြည့်စုံခြင်းဖြင့် ကံမြောက်၏။ တပါးသော ကံတို့၌လည်း ပတ္တကလ္လဖြစ်ကြောင်းအင်္ဂါကို ထိုက်သည် အားလျော်စွာ သိအပ်၏။

ပုဗ္ဗကိစ္စ ရှစ်ပါး

ရှေးဦးစွာ ပြုအပ်သော ပုဗ္ဗကိစ္စကား ...

ရှေးဦးစ္စာ ဥပဇ္ဈာယ်ယူစေခြင်း၊ သပိတ်သင်္ကန်း ပြောကြားခြင်း(၂)။

ဟတ္ထပါသ် မှ ပြင်ပသို့ထုတ်၍ အနုသာသက သမ္မုတိကံပြုခြင်း၊ သမ္မုတိရသူ ဆုံးမခြင်း (၂)။

အနုသာသကရဟန်းသည် ရှေးဦးစွာလာ၍ သံဃာကို ဉာတ်ဖြင့် သိစေ၍ ရဟန်းလောင်းကို အာဂစ္ဆာဟိ ဟု ဟတ္ထပါသ်တွင်း ခေါ်သွင်းခြင်း၊ အနုသာသကရဟန်းသည်ပင်လျှင် ရဟန်းတို့၏ခြေတို့ကို ရှိခိုးစေ၍ ရဟန်း အဖြစ်ကို တောင်းပန်စေခြင်း (၂)။

အန္တရာယိကဓမ္မတို့ကို မေးစစ်ရန် သမ္မုတိကံပြုခြင်း၊ သမ္မုတိရသောရဟန်း မေးစစ်ခြင်း (၂)။ ဤရှစ်ပါးတည်း။

ဥပဇ္ဈာယ်အား၊ ယူပြီးငြား (၁)၊

ပြောကြား သပိတ်သင်္ကန်း။ (၁)၊

ပြင်ထုတ်အနု၊ သာကံပြု (၁)၊

ပြစ်မှုဆုံးမခဏ်း(၁)။

ခေါ်သွင်း၊ တောင်းပန် (၂)၊

မေးစစ်ရန်၊ တဖန်သမုတ်မန်။ (၁)

မေးစစ်တဝ (၁)၊

ရှစ်ခုမျှ-ပုဗ္ဗကိစ္စမှန်း။

ဧသာဉာတ္တိ

ဧသာဉာတ္တိကား .... သံဃောဉာပေတဗ္ဗော ဟူသော ဉာပနာဖြစ်၏။ ဧသာ၊ ဤသည်ကား။ ဉာတ္တိ...ဉာပနာ၊ သံဃာကို သိစေခြင်းတည်း။နောက်၌ ကမ္မဝါစာရှိသေးသည်ဟု ပြခြင်းငှါ ဤသာဉာတ္တိကို မချွတ်ဆိုအပ်၏။ ဉာတ္တိကံ၌ကား မဆိုအပ်။ ယျ ... အက္ခရာ ရောက်လျှင် ဉာတ္တိကံပြီး၏။ (ကမ္မဉာတ်။ ကမ္မပါဒကဉာတ်ဟု ပရိဝါ၌ခွဲ၏) ကမ္မဉာတ်၌ ဧသာဉာတ္တိ မပါ။)

ယဿာယသ္မတော စသည်

ခမတိကား၊ ရုစ္စတိ ပင်တည်း။ (ကတ္တုရုပ်၊ ကမ္မရုပ်ဟု အသီးသီးကြံသော်လည်း လိုရင်းအဓိပ္ပါယ်ကား တမျိုးတည်းသာတည်း။) ဥပသမ္ပဒါကား ... သံဃာသည်ပေးအပ် ပြီးစေအပ်သော ရဟန်းအဖြစ်တည်း။ ယဿ ခမတိ သော တုဏှဿ နှင့်ယှဉ်ရသည်။ တုဏှီကား-အကထန အနက်နိပါတ်။ အဿဘဝေယျ ... အနက်ဖြစ်၏။

(ဥပသမ္ပဒါ၊ ရဟန်း၏အဖြစ်ကို။

(ဝါ) ရဟန်းလောင်းကို ရဟန်းဖြစ်စေခြင်းကို။

ယဿ၊ အကြင်အရှင်သည်။

ခမတိ၊ နှစ်သက်အပ်၏။

သော၊ ထိုနှစ်သက်တတ်သောအရှင်သည်။

တုဏှီ၊ စကားမဆိုသူသည်။

ဝါ၊ ဆိတ်ဆိတ် နေသူသည်။

အဿ၊ ဖြစ်ရာ၏။ ဤကား ကမ္မရုပ်တည်း။

ဥပသမ္ပဒါ၊ ရဟန်း၏အဖြစ်ကို။

(ဝါ) ရဟန်းလောင်းကို ရဟန်းဖြစ်စေခြင်းကို။

ယဿ၊ အကြင်အရှင်အား။

ခမတိ၊ နှစ်သက်အောင်ပြု၏။ သက်ဝင်၏။

သော၊ နှစ်သက်တတ်သောထိုအရှင်သည်။

တုဏှီ။ အဿ။ ဤကား ကတ္တုရုပ်တည်း။)

အတီတ ကရဏနိဂုံး

ခမတိသံဃဿကို ဣတ္ထန္နာမဿဥပသမ္ပဒါ ဟူသော ပကတနှင့် စပ်အပ်၏။ (ခမတိ နှင့် ဥပသမ္ပဒါ ... အရတူသည်။) ထို၌ အကြောင်းကို တသ္မာတုဏှီဟုဆိုသည်။ တသ္မာတုဏှီ၌ အသိ..ပါဌသေသကို သိအပ်၏။ ‘ယဿနက္ခမတိသောဘာသေယျ’ဟု ကမ္မဝါစာ သုံးကြိမ်ဆိုသော်လည်း သံဃာသည် အသံမပြု ဆိတ်ဆိတ် နေသူဖြစ်ခဲ့ပြီ။ ထို့ကြောင့်သံဃာ နှစ်သက်၏ဟူလို။

ယသ္မာ၊ အကြင်ကြောင့်။

သံဃော၊ သံဃာသည်။

တုဏှီ၊ ဆိတ်ဆိတ်နေသည်။

အသိ၊ ဖြစ်ပြီ။

တသ္မာ၊ ထို့ကြောင့်။

ဣတ္ထန္နာမဿ ဥပသမ္ပဒါ၊ ရဟန်းလောင်း၏ ရဟန်းအဖြစ်သည်။

သံဃဿ၊ သံဃာအား။

ခမတိ၊ နှစ်သက်အောင်ပြု၏။

ဧဝံ၊ ဤသို့ ဆိတ်ဆိတ်နေခြင်း တုဏှိဘာဝဖြင့်။

ဧတံ၊ ဤသံဃာ၏ နှစ်သက်ခြင်းကို။

ဝေရယာမိ ... ဗုဇ္ဈာမိ ဇာနာမိ၊ ငါသိ၏။

အပြီးသတ် ဣတိသဒ္ဒါသည် ကမ္မဝါစာ၏အင်္ဂါမဟုတ်။

ကမ္မဝါစာ ဖတ်သူသည် ဓာရယာမိ ... တွင်ပြီးစေအပ်၏။ ဣတိသဒ္ဒါ မယှဉ်အပ်။)

မှီရာလေးပါး

ထိုရဟန်းပြုပေးပြီးစ အခြားမဲ့ကာလ၌ အရိပ်ကို နှိုင်းယှဉ်အပ်၏။ ဥတုပမာဏကို ပြောကြားအပ်၏။ နေ့အဖို့ကို ပြောကြားအပ်၏။ အရိပ်၊ ဥတု၊ နေ့အဖို့ အပေါင်းကို ပြောကြားအပ်၏။ လေးပါးသော မှီရာတို့ကို ပြောကြားအပ်ကုန်၏။ ဆွမ်းခံသွားခြင်းဖြင့် ရသော ဆွမ်းဘောဇဉ်ကိုမှီ၍ ရဟန်းအဖြစ်သည် ဖြစ်၏။ ထိုအဖြစ်၌ တသက်လုံး အားထုတ်အပ်ကုန်၏။ လာဘ်ပေါလျှင် သံဃဘတ်၊ ဥဒ္ဒေသဘတ်စသည်ကို ဘုဉ်းပေးအပ်၏။

ပံ့သကူသင်္ကန်းကိုမှီ၍ ရဟန်းအဖြစ်သည် ဖြစ်၏။ ထိုအဖြစ်၌ တသက်လုံးအားထုတ်အပ်၏။ လာဘ်ပေါလျှင် ခေါမ၊ ကပ္ပါသိက သင်္ကန်းစသည်ကို ဝတ်ရုံအပ်၏။

သစ်ပင်ရင်းကျောင်းကိုမှီ၍ ...လ... လာဘ်ပေါလျှင် လေးဘက်ဆောင် နှစ်ဘက်ဆောင်ကျောင်း စသည်ကို နေထိုင်အပ်၏။

နွားကျင်ပုပ်ဆေးကိုမှီ၍ ....လ... လာဘ်ပေါလျှင် ထောပတ်ဆီဦး စသည်ကို မှီဝဲအပ်၏။

ဤကား မှီရာလေးပါးတည်း။ နိဿယလေးပါးပြီး၏။

[ထာ ... အရိပ်ကို တသူ၊ နှစ်သူစသည်ဖြင့် တိုင်းထွာနှိုင်းယှဉ်အပ်၏။ ဥတုပမာဏကို မိုး၊ ဆောင်း၊ နွေဟု ပြောကြားအပ်၏။ တခုသော ဥတုမပြည့်သေးလျှင် ယုတ်သော ရက်တို့ကို မှတ်သား၍၊ နေ့အဖို့ကို ပြောကြားအပ်၏။ တနည်း ဤမည်သော ဥတုဖြစ်သည်၊ ပြည့်ပြီ၊ မပြည့်သေးဟု ပြောကြားအပ်၏။ နေ့အဖို့ကို နံနက်၊ ညချမ်းဟု ပြောကြားအပ်၏။ ဤအလုံးစုံကိုပေါင်း၍ သူတပါးမေးလျှင် “ငါသည် ဤမျှသော မိုး၊ ဆောင်း၊ နွေကိုရသည်။ ဤအရိပ် ဤဥတု၊ ဤနေ့ အဖို့ဟု ပြောဆိုလေလောဟူ၍ ပြောကြားအပ်၏။]

ဇီဋီ ... ထေရာနံဘိက္ခူနံ ပါဒေ ဝန္ဒိတွာ-ဟု ဟောသောကြောင့် ထေရ်ကြီး ထေရ်ငယ်အဖြစ် သိစိမ့်သောငှါ “အရိပ်ကိုနှိုင်းယှဉ်အပ်၏” စသည် ကိုမိန့်တော်မူသည်။

ဝိဋီ ... ကိုယ်ရိပ်ကို ဘဝါးဖြင့်တိုင်း၍ သိစေပုံကို တသူ စသည်ဖြင့်ပြသည်။ ခြောက်ဘဝါး၊ ခုနစ်ဘဝါးမျှသော အရိပ်သည် ပေါရိသ မည်၏။ တသူမည်၏။ ဥတုပြောကြားခြင်း စသည်ကို အာဂန္တုတို့နှင့် ဝါကြီးဝါငယ်ကိုသိ၍ ရှိခိုးခြင်း၊ ရှိခိုးစေခြင်းသည် ပြုခြင်းငှါဟောသည်။ ဥတုပြောကြားလျှင် သာသနာနှစ် ဤမျှ၌၊ ကလိယုဂ် ဤမျှ၌၊ ဤဥတုကို ရသည်ဟု ပြောကြားအပ်၏။ ဤမည်သော ခုနှစ်၊ ဥတု၊ လ၊ ပက္ခ၊ ရက်၊ နေ့၊ နက္ခတ်၊ နံနက်၊ ညချမ်း၊ အရိပ်၊ နာရီတွင် ရဟန်းဖြစ်သည်ဟု ပြောဆိုလော၊ ကောင်းစွာမှတ်၍ အာဂန္တုတို့နှင့် ကြီးငယ်စဉ် သိ၍ ကျင့်လေလောဟု ပြောကြားအပ်၏။)

အကရဏီယလေးပါး

ထိုအခါ ရဟန်းတို့သည် ရဟန်းတပါးကို ရဟန်းပြုပြီးလျှင် တပါးတည်းချန်၍ ဖဲကုန်၏၊ နောက်မှတပါးတည်း လာစဉ် ခရီးအကြား မယားဟောင်းမြင်၍ ယခုပဗ္ဗဇိတ ပြုနေသလောဟုမေး၏။ ဧ=ပဗ္ဗဇိတဖြစ်နေပြီ။ ပဗ္ဗဇိတတို့အား မေထုနဓမ္မ ရခဲသည်။ လာ၍ မှီဝဲပါလောဟု ဆို၏။ ထိုရဟန်းသည် မယားဟောင်း ဆိုတိုင်းဖြင့် ကြာမြင့်မှရောက်လာ၏။ အဘယ့်ကြောင့် ကြာသနည်းဟု မေးလတ်သော် ထိုအကြောင်းကို ပြောပြ၏။

ချစ်သား ... ရဟန်း ပြုပေးပြီးလျှင် (သိမ်မှ ကျောင်းအပြန်တွင်) အဖော်ပေးခြင်းငှါ လည်းကောင်း၊ အကရဏီယလေးပါး ပြောကြားခြင်းငှါလည်းကောင်း ခွင့်ပြု၏။ ဥပသမ္ပန္န ရဟန်းအဖြစ်သို့ ရောက်သော သူသည် မေထုနဓမ္မကို တိရစ္ဆာန်မ၌ သော်လည်း မမှီဝဲအပ်။ ဦးခေါင်းပြတ်သူ အသက်မရှည်သကဲ့သို့ သီလ အသက်မရှည်သူ အသမဏဖြစ်၏။ တသက်လုံးမပြုအပ်။

သူတပါးပစ္စည်းကို မြက်ဝါးခြမ်းမျှသော်လည်း မခိုးယူအပ်။ ဖက်ရွက်ကြွေ ပြန်မစိမ်းသကဲ့သို့ သီလပြန်မစိမ်းသူ အသမဏဖြစ်၏။ တသက်လုံး မပြုအပ်။

သူတပါး အသက်ကို ခြပုန်းပဏ္ဍုက်မျှသော်လည်း မသတ်အပ်။ ကျောက်ခဲကြီး ကွဲပြန် မစပ်သကဲ့သို့ သီလပြန်မစပ်သူ အသမဏဖြစ်၏။ တသက်လုံး မပြုအပ်။

ဈာန်မဂ်ဖိုလ်ကို ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏ ဟူ၍မျှသော်လည်း မဝါ ကြားအပ်၊ ထန်းလည်ဆစ်ပြတ် ပြန်မစည်ကားသူ အသမဏ ဖြစ်၏။ တသက်လုံးမပြုအပ်။

ဤကားမပြုအပ်သော လေးပါးတည်း။

အကရဏီယလေးပါးပြီး၏။

ဥက္ခိတ္တသမ္ဘောဂ

ထိုအခါရဟန်းတပါးသည် အာပတ်ကိုမရှုခြင်းကြောင့် ဥက္ခိတ္တကကံ ပြုခံရလျက် လူထွက်၏။ ထို့နောက် ပြန်လာ၍ ရဟန်းအဖြစ်ကိုတောင်း၏။ ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် အာပတ်ကိုမရှုခြင်းကြောင့် ဥက္ခိတ္တကကံပြုခံရလျှင် လူထွက်အံ့၊ ထို့နောက် ပြန်လာ၍ ရဟန်းအဖြစ်ကိုတောင်းအံ့ “ထိုအာပတ်ကို ရှုလတ္တံ့ လော”ဟု မေးအပ်၏။ ရှုပါမည်ဟုဆိုလျှင် ရှင်ပြုပေးအပ်၏။ မရှုအံ့ဟု ဆိုလျှင် ရှင်ပြုမပေးအပ်။ (၁)။

ရှင်ပြုပေးပြီးလျှင် “ရှုလတ္တံ့လော”ဟုမေးအပ်၏။ ရှုပါမည်ဟုဆိုလျှင် ရဟန်းပြုပေးအပ်၏။ မရှုအံ့ဟုဆိုလျှင် ရဟန်းပြုမပေးအပ်။ (၂)။

ရဟန်းပြု ပေးပြီးလျှင် “ရှုလတ္တံ့လော”ဟူ မေးအပ်၏။ ရှုပါမည်ဟုဆိုလျှင် သံဃာ့ဘောင်သို့သွင်းအပ်၏။ မရှုအံ့ဟုဆိုလျှင် မသွင်းအပ်။ (၃)။

သွင်းပြီးလျှင် “ရှုလော”ဟု ဆိုအပ်၏။ ရှုလျှင်အပြစ်မရှိ။ မရှုလျှင် ညီညွတ်ခြင်းကို ရလတ်သော် တဖန် ဥက္ခိတ္တကကံ ပြုအပ်၏။ (၄)။

ညီညွတ်ခြင်းကိုမရလတ်သော် သဗ္ဘောဂ၊ သံဝါသကြောင့် အနာပတ္တိ။ (၅)။ ငါးချက်။

ထို့အတူ အာပတ်ကို မကုစားခြင်းကြောင့် ငါးချက်။

ယုတ်မာသောအယူကို မစွန့်ခြင်းကြောင့် ငါးချက်။

ပေါင်း ၁၅-ချက်ဟောသည်။

မဟာခန္ဓကပြီး၏။

(ထာ ... ဥက္ခေပနီယကံဖြင့် နှင်ထုတ်ခြင်းငှါ သာမဂ္ဂီကို မရသေးသမျှကို မစွန့်၊ မကု၊ ပြစ်မရှုသော ရဟန်းနှင့် သမ္ဘောဂပြုခြင်းကြောင့် လည်းကောင်း၊ ဥပုသ်ပဝါရဏာပြုခြင်း စသော သံဝါသကြောင့်လည်းကောင်း- အနာပတ္တိ၊ ဝတ္ထု ၁၇၂-ခုဖြင့် တန်ဆာဆင်အပ်သော မဟာ ခန္ဓကအဋ္ဌကထာ ပြီး၏။]

(သာဋီ ... သမ္ဘောဂသံဝါသကြောင့် အနာပတ္တိ ၌ ... ဤသူသည် သံဃာ့ဘောင်သို့သွင်းပြီး၍ ပကတတ် အရာ၌တည်ပြီ။ ထို့ကြောင့် ဥက္ခိတ္တ သမ္ဘောဂပါစိတ်မသင့်။ အလဇ္ဇီမဟုတ်ခြင်းကြောင့် အလဇ္ဇီပရိဘောဂ ဒုက္ကဋ်လည်း မသင့်။ “အပ်သည်ဟုထင်၍ အာပတ်သင့်သည်ကို မရှုသူ၊ မကုစား သူသည် အလဇ္ဇီမဟုတ်။”

ဤကား ... သဗ္ဘောဂသံဝါသကြောင့် အနာပတ္တိ အဓိပ္ပါယ်တည်း။ အနာပတ္တိဌာန၌သာ အနာပတ္တိကို ဟောသည်။ အလဇ္ဇီ သမ္ဘောဂအာပတ် ဖြစ်သင့်လျက် အနာပတ္တိဟုဟောသည် မဟုတ်။ အချို့ဆရာကား သမ္ဘောဂသံဝါသ ကြောင့် ပါစိတ်မသင့်။ အလဇ္ဇီပရိဘောဂ ဒုက္ကဋ်သို့ကား ရောက်သည်သာ ဟုဆို၍ များစွာ ခွဲ၏။ အနှစ်သာရမရှိ။)

(ဝိဋီ ... လူထွက်၍ တဖန်ရဟန်းအဖြစ် ရသော်လည်း ရှေး ဥက္ခိတ္တက အဖြစ် မလွတ်သေး၊ သမ္ဘောဂ စသည်ပြုလျှင် ရဟန်းတို့အား ပါစိတ်သာတည်း။ ထို့ကြောင့် သံဃာ့ဘောင်သို့ သွင်းအပ်၏ဟု ဟောသည်။ သမ္ဘောဂ၊ သံဝါသကြောင့် အနာပတ္တိ၌ သဟယေယျကိုလည်း ရေတွက်အပ်၏။ ဤသူသည် သံဃာဘောင်သို့ သွင်းပြီးသော ပကတတ်ဖြစ်သောကြောင့် ဥက္ခိတ္တကသမ္ဘောဂ-စသော ပါစိတ်မသင့်။ “အာပတ်အရာ၌ အနာပတ္တိအယူဖြင့် အာပတ်ကိုမရှုသူ၊ မကုစားသူ အလဇ္ဇီမဟုတ်သေး” ပညတ်တော် သိလျက် လွန်ကျူးမှ အလဇ္ဇီဖြစ်သည်။ ထို့ကြောင့် ဤ၌ အလဇ္ဇီ ပရိဘောဂဒုက္ကဋ်ကို မဟော။ ဤအဓိပ္ပါယ်ကို မသိသော ဆရာအချို့သည် “သမ္ဘောဂသံဝါသကြောင့် ပါစိတ်မသင့်။ အလဇ္ဇီပရိဘောဂဒုက္ကဋ်သို့ကား ရောက်သည်သာ”ဟု အာပတ်မှတ်သားလျက် ဆိုသည်။ အလဇ္ဇီအဖြစ်ရှိလျှင် ဆိုသင့်၏။ မရှိလျှင် မဆိုသင့်။)

[မဟာခန္ဓက ပြီး၏။]

၂။ ဥပေါသထက္ခန္ဓက

ပါတိမောက် ပြခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူ၏။ ထိုအခါ အညတိတ္ထိယ ပရိဗိုဇ်တို့သည် ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ စည်းဝေး၍ တရားဟောကုန်၏။ လူတို့သည် တိတ္ထိတို့ထံ တရားနာရသဖြင့် ချစ်မြတ်နိုး၍ အပင်းအသင်း ဖြစ်ကုန်၏။ ဗိမ္မိသာရမင်းကြီးသည် ထို အကြောင်းကို ဘုရားရှင်အား လျှောက်ကြား၍ အရှင်ကောင်းတို့သည်လည်း ထိုနေ့တို့၌ စည်းဝေးကြမှု ကောင်းလေစွဟု တောင်းပန်၏။

ဘုရားရှင်သည် တရား ဟော၍ မင်းကြီးပြန်သွားသောအခါ ရဟန်းတို့ကို တရား ဟော၍ ချစ်သားတို့ ... ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်တို့၌ စည်းဝေးခြင်းငှါ ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု ထိုနေ့တို့၌ စည်းဝေး၍ ဆိတ်ဆိတ်နေကုန်၏။ လူတို့သည် တရားနာခြင်းငှါ ချဉ်းကပ်၍ အဘယ်ကြောင့် ရဟန်းတို့သည် စည်းဝေး၍ မူဂသူကရ - ဆူဖြိုးသော ဝက်တို့ကဲ့သို့ ဆိတ်ဆိတ်နေကြသနည်း၊ စည်းဝေးသူတို့သည် တရားဟောအပ်သည် မဟုတ်လောဟု ကဲ့ရဲ့ကုန်၏။

ချစ်သား ... ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ စည်းဝေး၍ တရားဟောခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ အခါတပါး ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သော ဘုရားရှင်အား ဤသို့သောအကြံသည် ဖြစ်၏။ ငါဘုရားသည် ရဟန်းတို့အား သိက္ခာပုဒ်တို့ကို ပညတ်အပ်ပြီ။ ထိုသိက္ခာပုဒ်တို့ကို ထိုရဟန်းတို့အား ပါတိမောက်ပြခြင်းကို ခွင့်ပြုရမူ ကောင်းလေစွ။ ထိုပါတိမောက်ပြခြင်းသည် ထိုရဟန်းတို့အား ဥပုသ်ကံ ဖြစ်လတ္တံ့ ဟု ကြံ၍ ညချမ်း၌ ရဟန်း တို့ကို တရားဟော၍၊ ချစ်သားတို့ … ပါတိမောက်ပြခြင်းငှါ ခွင့်ပြု၏။ ပြပုံ ကား ...ဗျတ္ထပဋိဗလရဟန်းသည် သံဃာကို သိစေအပ်၏။

သုဏာတုမေ ဘန္တေ သံဃော။ ......လ...... ယဒိသံဃဿပတ္တကလ္လံ၊ သံဃောဥပါသထံ ကရယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။

ကိံ သံဃဿ ပုဗ္ဗကိစ္စံ ....လ...... အာဝိကတာ ဟိဿ ဖာသုဟောတိ။

ဤသို့ သိစေအပ်၏။ (ဤဉာတ်၌ အဇ္ဇုပေါသထော ပန္နရသော မပါသေး။)

(ထာ ... အညတိတ္တိယ၌ လဒ္ဓိ-အယူသည် တိတ္ထိမည်၏။ တပါးသော အယူသည် အညတိတ္ထိမည်၏။ တပါးသောအယူရှိသူသည် အညတိတ္တိယ မည်ကုန်၏။ ဤသာသနာအယူမှ တပါးသောအယူရှိသူတို့ဟု ဆိုလို၏။ တိတ္တိယတို့ တရားဟောပုံကား လူတို့၏ ကတ္တဗ္ဗာကတ္တဗ္ဗ ပြုအပ်မပြုအပ်သည်ကို ဟောကုန်၏။ မူဂသူကရ-ဟူသည် ထူလသရီရသူကရ ဆူဖြိုးသော ကိုယ်ရှိသော ဝက်တို့ဖြစ်ကုန်၏။)

ဇီဋီ ... ထိုအခါဟူသည် မိမိ၏ ဩဝါဒပါတိမောက် ပြခြင်း၌ ဓုရနိက္ခေပပြု၍ ရဟန်းတို့အားသာ သက်သက်ဥပုသ်ပြုခြင်းကို ခွင့်ပြု၍ တည်သောအခါတည်း။ မဇ္ဈိမဗောဓိ၌ ပါတိမောက် ပြလောက်သော သိက္ခာပုဒ်တို့ကို ပညတ်ပြီးသောအခါ ဟူလို။

ပြပုံကား ဟူသည်ကို နိဒါနုဒ္ဒေသကို ပညတ်လိုခြင်းငှါလည်းကောင်း၊ သိက္ခာပုဒ်တို့၏ ဥဒ္ဒေသ အပိုင်းအခြားကို ပြခြင်းငှါလည်းကောင်း မိန့်ဆိုသည်။ သံဃဥပုသ်ကိုလည်း ရည်၍မိန့်ဆိုသည်။ သုဏာတု မေဘန္တေ သံဃော ဟု မိန့်သော်လည်း သံဃာ့မထေရ်သည် ရဟန်းတို့ကိုထောက်၍ အာဝုသော....။ သံဃာကို ထောက်၍ ဘန္တေ....ဟူ၍လည်းရွတ်ဆိုအပ်၏။ ယဒိ သံဃဿ ပတ္တကမ္မံ ကို နောက်၌ ပညတ်လတ္တံ့သော ဥပုသ်အန္တရာယ် တို့ကို ရည်၍ မိန့်ဆိုသည်။

ဥပေါသထဟူသည် (သီလ၊ ဝိနည်းကံ၊ နေခြင်း၊ ဆင်မျိုး၊ အမည် စသည်ဖြင့်) များပြားသော အပြား ရှိသောကြောင့် (ဝိနည်းကံဟု) သရုပ်အားဖြင့်ဆိုခြင်းငှါ ပါတိမောက္ခဥဒ္ဒိသေယျ-ဟု ဟောသည်။ ဤမျှဖြင့် ဉာတ်ကိုပြီးစေတော်မူ၏။ ကိံ သံဃဿ ပုဗ္ဗကိစ္စံ ...ဟူသည်ကို ဉာတ်ကိုပြီးစေ ပြီးသောအခါ ရွတ်ဆိုအပ်၏။ ထိုပုဗ္ဗကိစ္စကိုကား ဉာတ်မှရှေး၌သာ ပြုအပ်၏။ ပါတိမောက်ပြသော ရဟန်းသည် ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ-ဟု ဆိုလိုသောအခါ ရှေးဦးစွာ သာလျှင် စင်ကြယ်၊ မစင်ကြယ် အကြောင်းရှိသော ပုဗ္ဗကိစ္စကို အောက်မေ့စေ၏။

ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ ဟူသည်၌ အကြောင်းကား နိဒါနုဒ္ဒေသဟူသော ပါတိမောက်၏ အဆုံး၌ ... ကစ္စိတ္ထပရိသုဒ္ဓါ အစရှိသော သုံးကြိမ်ပြောကြားခြင်းသည် အာပတ်၏ခေတ်ဖြစ်၏။ ထိုခေတ်ကို ရည်၍ ပါတိမောက္ခံ ဥဒ္ဒိသိဿာမိဟု ဆိုသည်။ အာပတ်ခေတ်မရောက်မီ အာပတ်မှ ကြောက်သော သင်တို့သည် ရှေးဦးစွာ ပါရိသုဒ္ဓိကို ပြောကြားလော ဟူသော အနက်သည်ဖြစ်၏။

ပါတိမောက်ပြသော ရဟန်းသည် အချင်းချင်း အာပတ္တာ ဓိကရုဏ်းကို မပြုပဲ ဆိတ်ဆိတ်နေသော ရဟန်းတို့ကိုမြင်၍၊ ထိုမြင်ခြင်းဖြင့်သာလျှင် ပြောကြားအပ်သော ပါရိသုဒ္ဓိရှိသူဖြစ်၍ သုဏာတု မေ ဘန္တေ တို့ဖြင့် ပါတိမောက်ပြခြင်းကို အားထုတ်၏။ ဉာတ်၌ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံဥဒ္ဒိသေယျ ဟု ဆိုခြင်းကြောင့် ဤ၌လည်း သံဃော ဥပေါသထံ ကရိဿတိ၊ ပါတိမောက္ခံဥဒ္ဒိသိဿတိ-ဟု ဆိုသင့်သည် မဟုတ်လော။ မဆိုအပ်။ လက္ခဏာဆန့်ကျင်ခြင်း၊ မလိုရာ၌ လျဉ်းပါးခြင်းကြောင့်တည်း။

ပုဂ္ဂိုလ်၏ ပါတိမောက်ရွတ်ဆိုခြင်းသည်သာလျှင် သံဃာ၏ ဥပုသ်ပြု ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်၏ ဥပုသ်ပြုခြင်းဖြင့် သံဃာ၏ ဥပုသ်ပြုခြင်း မဖြစ်။ (ဤကား လက္ခဏာ ဆန့်ကျင်ခြင်းတည်း)

ပါတိမောက်ရွတ်ဆိုခြင်းကို ပုဂ္ဂိုလ်သာပြုလတ္တံ့။ သံဃာပြုလတ္တံ့ မဟုတ်။ ဤကား မလိုရာ၌ လျဉ်းပါး ခြင်းသို့ ရောက်ခြင်းတည်း။

ပုဂ္ဂိုလ်၏ ပါတိမောက်ရွတ်ဆိုခြင်းသည်သာလျှင် သံဃာ၏ ဥပုသ်ပြုခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်၏ ဥပုသ်ပြုခြင်းဖြင့် သံဃာ၏ ဥပုသ်ပြုခြင်းမဖြစ်။ (ဤကား လက္ခဏာဆန့်ကျင်ခြင်းတည်း)

ပါတိမောက် ရွတ်ဆိုခြင်းကို ပုဂ္ဂိုလ်သာပြုလတ္တံ့။ သံဃာပြုလတ္တံ့ မဟုတ်။ ဤကား မလိုရာ၌ လျဉ်းပါးခြင်းသို့ ရောက်ခြင်းတည်း။

ထို ငါပြသောပါတိမောက်ကို သုဏာထ--သင်တို့နာကြဟုဆိုလျှင် စိတ္တသာမဂ္ဂီမရှိ-ဟု လျဉ်းပါးဖွယ် ရှိသည်။ ထို့ကြောင့် သုဏောမ--ငါတို့နာကုန်အံ့ဟုဆိုသည်။ ရွတ်ဆိုလတ္တံ့ ဖြစ်သောကြောင့် သုဏိဿာမ--ငါတို့နာကုန်လတ္တံ့ ဟူ၍လည်း မဆိုအပ်။ အာပတ်ခေတ်ကို ပြလိုခြင်း မဟုတ်သောကြောင့် သုဏောမ--ဟူ၍သာ ဆိုအပ်၏။ တပုဒ်တည်းဖြင့် အဓိပ္ပါယ်နှစ်ခုပြီး၏။

တံ သဗ္ဗေဟေဝ ဟု အဘယ်အကျိုးငှါ အားထုတ်သနည်း။ ဥဒ္ဒိသိဿာမိ-ငါပြအံ့ ဟူသော အ သာဓာရဏစကားဖြင့် စိတ္တသာမဂ္ဂီ မရှိဟု လျဉ်းပါးဖွယ်ရှိပြန်၏။ ထိုကို ထားခြင်းအကျိုးငှါတည်း။ သရမာနေန ဖြင့် ဤသမ္မဇာနမုသာဝါဒ၏ သစိတ္တကအဖြစ်ကို ပြသည်။ အန္တရာယိကောဓမ္မော ဖြင့် အကြိယသမုဋ္ဌာန် ဖြစ်၍ သေးငယ်သော်လည်း ဤမုသာဝါဒ၏ အပြစ်ကြီးကျယ်ခြင်းကို ပြသည်။

ဝိသုဒ္ဓါပေက္ခေန ဟူသည် သာဝသေသ အာပတ်သင့်လျှင် အနာပတ္တိ ဘာဝဟူသော စင်ကြယ်ခြင်းကို၊ အနဝသေသ အာပတ်သင့်လျှင် ဂိဟိဘာဝ ဟူသော စင်ကြယ်ခြင်းကို အလိုရှိသူသာတည်း။ အဘယ်ကြောင့် ထင်စွာ ပြုအပ်သနည်း။ အန္တရာယဘာဝသို့ မရောက်ပဲ ချမ်းသာစွာနေရခြင်း အကြောင်းရှိသောကြောင့် တည်း။ ဤ၌ အဇ္ဇုပေါသထော ပန္နရသော ဟု မဟောသေး။ နောက်၌ နေ့မှတ်ခြင်းကို ပြုလိုခြင်းကြောင့်တည်း။ ထို့ကြောင့် ထိုရဟန်းတို့သည် နေ့တိုင်း ပါတိမောက်ပြကုန်၏။

(သာဋီ ... ကရန္တိ ပလဝန္တိ ဧတ္ထ ဗာလာ တိ တိတ္ထိံ။ တိတ္ထိတို့ဟောပုံကား ဤမည်သောနေ့၌ မုဟုတ်၌ ဤအမှုကိုပြုအပ်၏ စသည်ဖြင့် ဟောကုန်၏။ သုဏာတုမေဘန္တေ စသည်တို့၌ ဆိုဖွယ်သည် မာတိကာဋ္ဌကထာ (ကင်္ခါ)၌ အကျယ်လာပြီ။ အလိုရှိသူတို့မှ ယူအပ်၏။

ဝိဋီ ... (တရန္တိ ဩတရန္တိ ဧတ္ထာတိ တိတ္ထိံ။ ဤသာသနာ အယူမှတပါးသော အယူ) (တရန္တိ ဧတ္ထာတိ တိတ္ထိံ။ တိတ္ထိံဝိယတိတ္ထိံ။ တဘက်သို့ကူးရာ ရေဆိပ်တို့နှင့် တူသော သံသရာ တဘက်သို့ကူးရာ အယူဝါဒဟူ၍လည်း မိန့်ဆိုကုန်၏။)

နိဒ္ဒေသ

ပါတိမောက္ခ ဟူသည်ကား ကုသလဓမ္မတို့၏ အာဒိ၊ မုခ၊ ပမုခ၊ အဦးအစဖြစ်သောကြောင့် ပါတိမောက္ခဟု ဆိုသည်။ အာယသ္မန္တော ဟူသည် ချစ်၍အလေးပြု၍ ဆိုသောစကား၊ ရိုသေကျိုးနွံစွာ ဆိုသောစကား ဖြစ်၏။ ဥဒ္ဒိသိဿာမိသည် အာစိက္ခိဿာမိ၊ ဒေသိဿာမိ၊ ပညပိဿာမိ၊ ပဋ္ဌပေဿာမိ၊ ဝိဝရိဿာမိ၊ ဝိဘဇိဿာမိ၊ ဥတ္တာနိံကရိဿာမိ၊ ပကာသိဿာမိ။ ပြောအံ့၊ ရွတ်အံ့၊ ဖွင့်အံ့၊ ပြအံ့ဖြစ်၏။ တံကား ထိုပါတိမောက်ကိုတည်း။

သဗ္ဗေဝ သန္တာသည် ထိုပရိသတ်၌ ရှိရှိသမျှ ထေရ၊ နဝ၊ မဇ္ဈိမတို့တည်း။ သာဓုကံ သုဏောမသည် အရိုအသေပြု၍ စိတ်၌ထား၍ အလုံးစုံကို စိတ်ဖြင့်ကောင်းစ္စာ ဆောင်ကုန်အံ့။ မနသိကရောမသည် တည်ကြည်သော မပျံ့လွင့်သော မလွတ်သောစိတ်ရှိ၍ နားထောင်ကုန်အံ့။ ယဿသိယာ အာပတ္တိသည် ထေရ၊ နဝ၊ မဇ္ဈိမအား ငါးပါးသော ခုနစ်ပါးသော အာပတ်အစုတို့တွင် တပါးပါးသော အာပတ်တည်း။

သော အာဝိကရေယျသည် သောဒေသေယျ၊ .....လ......။ သောပကာသေယျ သံဃံအလယ်၊ ဂဏ အလယ်၊ ဧကပုဂ္ဂလထံ ပြောပြရာ၏။ အသန္တိအာပတ္တိမည်သည် မရောက်သောအာပတ်၊ ရောက်သော်ထပြီးသော အာပတ်ဖြစ်၏။

တုဏှီ ဘဝိတဗ္ဗံ သည် သည်းခံ၏။ စကားမဆိုအပ်၊ ပရိသုဒ္ဓါတိ ဝေဒိဿာမိသည် ငါသိလတ္တံ့၊ ငါမှတ်လတ္တံ့၊ ယထာခေါပန ပစ္စေကပုဋ္ဌဿ ဝေယျာကရဏံ ဟောတိသည် တယောက်သည် တယောက်ကိုမေးလျှင် ဖြေရသကဲ့သို့ ဤအတူသာလျှင် ထိုပရိသတ်၌ ငါ့ကိုမေးသည်ဟုသိအပ်၏။

ဧဝရူပါ ပရိသာသည် ဘိက္ခု ပရိသတ်ကို ဆိုသည်။ ယာဝတတိယံ အနုဿာဝိတံ ဟောတိသည် တကြိမ် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် နာကြားစေအပ်၏။ (ဝါ-ပြောကြားအပ်၏။) သရမာနောသည် ကောင်းစွာ သိသော ရဟန်းတည်း။ သန္တိအာပတ္တိမည်သည် ရောက်သောအာပတ်၊ ရောက်၍ မထသေးသော အာပတ်တည်း။

နာပိကရေယျသည် သံဃ၊ ဂဏ၊ ပုဂ္ဂလထံ မပြောပြဌားအံ့။ သမ္ပဇာနမုသာဝါဒဿ ဟောတိ၌ သမ္ပဇာနမုသာဝါဒကြောင့် အဘယ်သည် ဖြစ်သနည်း။ ဒုက္ကဋ်သည် ဖြစ်၏။ အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ၌ အဘယ်အန္တရာယ်နည်း။ ပထမဈာန်ရခြင်း၏ အန္တရာယ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထဈာန် ရခြင်း၏အန္တရာယ်၊ ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ္တိ၊ နေက္ခမ္မ၊ နိဿရဏ၊ ပဝိဝေကကုသိုလ်တရားကို ရခြင်း၏ အန္တရာယ်ဖြစ်၏။

တသ္မာသည် တံကာရဏာ-ထိုအကြောင်းကြောင့်။ သရမာနေနသည် ကောင်းစွာသိသော ရဟန်း။ ဝိသုဒ္ဓါပေက္ခေနသည် ထလို စင်ကြယ်လိုသောရဟန်း။ သန္တီအာပတ္တိမည်သည် ရောက်သော အာပတ်၊ ရောက်၍ မထသေးသောအာပတ်။ အာဝိကတာတဗ္ဗာသည် သံဃ ဂဏ ပုဂ္ဂလထံ ထင်စွာပြုအပ်၏။ အာဝိကတာဟိဿ ဖာသုဟောတိ၌ အဘယ်ငှာ ချမ်းသာခြင်းဖြစ်သနည်း၊ ပဌမဈာန်ရခြင်းငှါ ချမ်းသာခြင်း ……လ....။ ပဝိဝေက-ကုသိုလ်တရားတို့ကိုရခြင်းငှါ ချမ်းသာခြင်း ဖြစ်၏။

ဤကား အကျယ်နိဒ္ဒေသတည်း။

(မရောက်သော အာပတ်၊ ရောက်သော် ထပြီးသောအာပတ်၌ အကြင်အာပတ်သို့ ရဟန်းသည်မရောက်၊ ရောက်သော် ထပြီးဖြစ်၏။ ဤအာပတ်သည် အသန္တီအာပတ် မည်၏။

သမ္ပဇာနမုသာဝါဒကြောင့် အဘယ်သည် ဖြစ်သနည်း၌ ထိုရဟန်းအားဖြစ်သော သမ္ပဇာနမုသာဝါဒသည် အာပတ်အားဖြင့် အဘယ်သည် ဖြစ်သနည်း။ ဒုက္ကဋ်သည်ဖြစ်၏ ... ဟူသည်-ဒုက္ကဋာပတ္တိသည်ဖြစ်၏။ ထိုအာပတ်သည် မုသာဝါဒလက္ခဏာဖြင့် (ပါစိတ်) မဟုတ်။ ဘုရားရှင်၏စကားတော်ဖြင့် ဝစီဒွါရ၌ အကြိယ သမုဋ္ဌာနာပတ္တိ ဖြစ်၏။ ပရိဝါ၌-အနီးရဟန်းနှင့် တိုးတိုးမဆို၊ အဝေး၏ ကျယ်ကျယ်မပြောပဲ နှုတ်အာပတ်သို့ ရောက်၏။ ကိုယ်အာပတ်သို့မရောက်။ ဤဝိနည်းသဘောကိုသိအပ်၏ဟု ဆိုလတ္တံ့။

အန္တရာယိကောသည် အန္တရာယ ကရော။ အဘယ်ငှါချမ်းသာခြင်း ဖြစ်သနည်းဟူသည်၊ အဘယ်အကျိုးငှါ ချမ်းသာခြင်းဖြစ်သနည်း။ ပဌမဈာန်ကိုရခြင်းငှါ ထိုရဟန်းအား ဖါသုသည်ဖြစ်၏။ သုခသည်ဖြစ်၏။ ဧသနယောသဗ္ဗတ္ထ။ ဤသို့ မြတ်စွာဘုရားသည် ဥဒ္ဒေသအားဖြင့် လည်းကောင်း၊ နိဒ္ဒေသအားဖြင့် လည်းကောင်း၊ ပဌမပါတိမောက်ပြခြင်းကို ဟောတော်မူ၏။)

ဇီဋီ ... ငါးပါးသော အာပတ်အစုကို မာတိကာ၌ ဟောသော အာပတ်စွမ်းဖြင့် ဆိုသည်။ ကုသလဓမ္မတို့၏ အာဒိမုခ ပမုခဖြင့် သီလပါတိမောက်ကိုသာ ဆိုသည်။ဆိုသော်လည်း ဂန္ထပါတိမောက်ကို အလိုရှိအပ်၏။ ရှေးဂဏ္ဍိ၌ ဥပေါသထံကရေယျ အထိဖြင့်သာ ဖြစ်၏။ ယာဝတတီယာ နုသာဝန မည်သည် ယဿသိယာအာပတ္တိ အစရှိသော စကားသုံးရပ်အဆုံး၌ ဒုတိယမ္ပိ၊ တတိယမ္ပိ ဟူသောစကား ဤသို့ နှစ်ပါးရှိ၏။ ထိုတွင် ပဌမ စကားသုံးရပ်သည် အာပတ်ကိုသတိရ၍ နေသူအား၊ ဒုတိယစကားသည် သတိမရသူအား အောက်မေ့စေခြင်းငှါတည်းဟုဆို၏ .... စသည်။)

(သာဋီ ... အာပဇ္ဇိတွာဝါဝုဋ္ဌိတော၌ အာရောစိတ အာပတ်သည်လည်း အသန္တီမည်၏။ ထို့ကြောင့် မာတိကာဋ္ဌကထာ၌ ယဿပန ဧဝံ အနာပန္နာဝါ အာပတ္တိ (မရောက်သောအာပတ်)၊ အာပဇ္ဇိတွာ စပန ဝုဋ္ဌိတာဝါ ဒေသိတာဝါ (ကုစားပြီးသောအာပတ်)၊ အာရောစိတာဝါ (ထင်ရှားပြောကြားပြီးသောအာပတ်)၊ တဿ သာအာပတ္တိ အသန္တီနာမ ဟောတိ ဟု မိန့်ဆိုပြီ။ (ကုစားချိန်မရ၍ ထင်စွာပြောကြားရုံမျှဖြင့်လည်း အာပတ်မရှိမည်၏။ ပါတိမောက်နားထောင်ပြီ။ အန္တရာယိကဓမ္မ မဖြစ်ပြီ ဟူလို။)

မရောက်၊ ကုစား။ ထင်စွာကြား။ (၃) ပါးအသန္တီ။

မုသာဝါဒမည်သည် ဝစီဘေး အကြောင်းရှိ၏။ ထို့ကြောင့် မုသာဝါဒလက္ခဏာဖြင့် မဟုတ်ဟုဆိုသည်။ ဘုရားရှင်၏ စကားတော်ဖြင့်-ဟူသည် သမ္ပဇာနမုသာဝါဒေ ကိံ ဟောတိ။ ဒုက္ကဋံ ဟောတိ ဟူသော စကားတော်ဖြင့်တည်း။ ဝစီဒွါရ၌ အကြိယသမုဋ္ဌာနာပတ္တိ ဟူသည် အဓမ္မိက ပဋိညာဖြင့် သော်လည်း ဆိတ်ဆိတ်နေသူအား မနောဒွါရ၌ အာပတ် မည်သည်မရှိ။ မရှိသော်လည်း ထင်စွာ ပြုအပ်သည်ကို ထင်စွာမပြု။ ထို့ကြောင့် ထိုရဟန်း၏ ဝစီဒွါရ၌ အကြိယသမုဋ္ဌာန် အာပတ်သည်ဖြစ်၏။ အန္တရာယကရော ဟူသည် ဝိပ္ပဋိသာရ ဝတ္ထုရှိခြင်းဖြင့် ပါမောဇ္ဇစသည်တို့၏ ဖြစ်ခြင်းကိုတား၍ ပဌမဈာန်စသည်တို့ကို ရခြင်းငှါ အန္တရာယ်ပြု၏။ ထိုရဟန်းအား ဖာသုသည်ဖြစ်၏ ဟူသည် အဝိပ္ပဋိသာရ အကြောင်းရှိသော ပါမောဇ္ဇ စသည်စွမ်းဖြင့် ထိုရဟန်းအား သုခပဋိပဒါသည် ပြည့်စုံ၏ ဟူသောအနက်တည်း။

(ဝိဋီ ... အာပဇ္ဇိတွာဝါ ဝုဋ္ဌိတော ၌ ဒေသနာရောစနာတို့ကိုလည်း ရေတွက်ခြင်းဖြစ်၏။ ထို့ကြောင့် မာတိကာဋ္ဌကထာ၌ ဝုဋ္ဌိတာဝါ ဒေသိတာဝါ (ကုစားပြီးသောအာပတ်၊) အာရောစိတာဝါ အာပတ္တိ (ထင်စွာ ကြားပြီးသောအာပတ်) ...ပ... အသန္တီနာမ ဟောတိဟု မိန့်ဆိုပြီ။ အာဝိက တာဟိဿဖာသုဟောတိ-ဟု ဆိုခြင်းကြောင့် ဂရုကာပတ္တိသည်လည်း အာဝိကရဏမတ္တဖြင့် ထသည်ဟု ကေစိတို့ဆိုကုန်၏။ ပရိဝါသ် စသော အစီအရင် ပါဠိတို့နှင့် ဆန့်ကျင်သောကြောင့် ကေစိတို့၏အယူမျှဖြစ်၏။

လိုအပ်သော အဓိပ္ပါယ်ကား ဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုသော ရဟန်းကောင်းကို ဝတ်မစောင့်လိုသော်လည်း အကြောင်းဥပါယဖြင့် ပရိဝါသ် စသည်တို့၌ ပေးစေ၍ မချွတ်စင်ကြယ်ခြင်း၌ တည်စေကုန်လတ္တံ့။ ထို့ကြောင့် ထိုရဟန်းကောင်းအား အဝိပ္ပဋိသာရ စသည်တို့၏ အစွမ်းဖြင့် ဖာသုဖြစ်၏။ ပဌမပါတိမောက်ပြခြင်းဟူသော စကားဖြင့် နိဒါနုဒ္ဒေသကို ပြတော်မူသည်။ ရှေး၌မရှိသော နိဒါန်းကို ပြတော်မူသည်။ သည်မျှမကသေး ရှေး၌ပညတ်ပြီးသော ပါရာဇိကစသော သိက္ခာပုဒ် အလုံးကိုလည်း တတြိမေ စတ္တာရော ပါရာဇိကာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ အစရှိသော ပါရာဇိကပြခြင်း စသည်စွမ်းဖြင့် ဝိနယမာတိကာပြု၍ နိဒါန်းပြုခြင်းနှင့်တကွ ကိုယ်တော်တိုင်ပေါင်းစု၍ ပါတိမောက်ဟု ပညတ်တော်မူသည်။ ထိုအလုံးစုံကိုရည်၍ အနုဇာနာမိ ဘိက္ခဝေ ပါတိမောက္ခံ ဥဒ္ဒိသိတုံ- ဟုခွင့်ပြုစကား မိန့်ကြားတော်မူသည်။)

တပက္ခတကြိမ်၊ အညီညွတ်

ထိုအခါ ရဟန်းတို့သည် ဘုရားရှင် ခွင့်ပြုသည်ဟု နေ့တိုင်း ပါတိမောက်ကိုပြကုန်၏။ ချစ်သားတို့ ... နေ့တိုင်းပါတိ မောက်ကို မပြအပ်။ ပြဌားအံ့ ဒုက္ကဋ်။ ချစ်သားတို့ဥပုသ်နေ့၌ ပါတိ မောက်ကိုပြခြင်းငှါခွင့်ပြု၏။ ရဟန်းတို့သည် ဥပုသ်နေ့၌ခွင့်ပြုသည်ဟု ပက္ခ၏ ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့တို့၌ သုံးကြိမ် ပါတိမောက်ကို ပြကုန်၏။ ချစ်သား ... တပက္ခ သုံးကြိမ်ပါတိမောက်ကို မပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ .... တပက္ခ တကြိမ် ၁၄-ရက်နေ့၌ လည်းကောင်း၊ ၁၅-ရက်နေ့၌ လည်းကောင်း ပါတိမောက်ကိုပြခြင်းငှါ ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိ မိမိ၏ပရိသတ်၌ ပါတိမောက်ကို ပြကုန်၏။ ချစ်သားတို့ ... မိမိ မိမိ၏ပရိသတ်၌ ပါတိမောက်ကိုမပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ညီညွှတ်သော သမဂ္ဂရဟန်းတို့၏ ဥပုသ်ကံကို ခွင့်ပြု၏။ ထိုအခါ ရဟန်းတို့အား သမဂ္ဂတို့၏ ဥပုသ်ကံကို ခွင့်ပြုသည်။ အဘယ်မျှဖြင့် သမဂ္ဂဖြစ်မည်နည်း။ တခုသော အာဝါသ ဖြင့်လော။ မြေတပြင်လုံးဖြင့်လောဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... တခုသော အာဝါသ၌ နေသောရဟန်းတို့ဖြင့် သာမဂ္ဂီဖြစ်သည်ကိုခွင့်ပြု၏။ (ဝါ-သဘာဂါနံ သန္နိပါတကို ခွင့်ပြု၏။)

ဒေဝသိကန္တိ ဒိဝသေဒိဝသေ

၁၄ ရက်၊ ၁၅- ရက်ဟူသည် တခုသောဥတု၏ တတိယ သတ္တမပက္ခ၌ ၁၄ ရက်နှစ်ကြိမ်၊ ကြွင်းပက္ခတို့၌ ၁၅- ရက် ခြောက်ကြိမ်ဖြစ်၏။ ဤကား ပကတိ စာရိတ္တစွမ်းတည်း။ သကိံ ပက္ခဿ စာတုဒ္ဒသေဝါ ပန္နရသေဝါ-ဟု ဟောသောကြောင့် ထိုထိုအကြောင်းရှိလျှင် အမှတ်မရှိ ၁၄-ရက်၌လည်းကောင်း၊ ၁၅-ရက် ၌လည်းကောင်း ပြခြင်းငှါအပ်၏။ အာဝါသိကတို့အား ၁၄-ရက်၊ အာဂန္တုတို့အား ၁၅-ရက်ဖြစ်အံ့။ အာဝါသိကများလျှင် အာဂန္တုတို့သည် အာဝါသိကတို့၏ အလိုသို့ လိုက်အပ်၏ဟု ဟောသောကြောင့်လည်း ထိုအနက်ကို (ဝါ-အမှတ်မရှိ ၁၄-ရက်၌လည်းကောင်း၊ ၁၅-ရက်၌ လည်းကောင်းပြခြင်းငှါ အပ်၏ဟူသောအနက်ကို သိအပ်၏။

ဇီဋီ ... နေ့တိုင်း မပြအပ်ဟုပယ်၍ ဥပုသ်နေ့၌ ခွင့်ပြုခြင်းကြောင့် ဥပုသ်နေ့ မဟုတ်လျှင်သာ ဒုက္ကဋ်။ ဥပုသ်နေ့၌ကား နေ့တိုင်းလည်းအပ်သည်ဟုပြ၏။ ထို့ကြောင့် ၁၄-ရက်၌ပြပြီး၍လည်း ၁၅-ရက်နေ့၌ ပြကြပြန်သည်။ ထို့ကြောင့် သကိံ ပက္ခဿဟု ထပ်မိန့်သည်။ ရှေ့စကားဖြင့် သာမဂ္ဂီနေ့သည် ဥပုသ်နေ့ သာတည်းဟုပြသည်။ နှစ်ပါးစုံဖြင့် အဋ္ဌမီကို ပယ်၍ ... စသည်။)

မဟာကပ္ပိနကို တိုက်တွန်းခြင်း

ထိုအခါ အရှင်မဟာကပ္ပိနသည် ရာဇဂြိုဟ်၌ မဒ္ဒကုစ္ဆိမိဂဒါဝုန်၌နေ၏။ ဆိတ်ငြိမ်ရာ ချဉ်းကပ်စဉ် ဤသို့အကြံ ဖြစ်၏။ ငါသည်ဥပုသ်ကံ၊ သံဃကံပြုရာသို့ သွားရာအံ့လော၊ မသွားရာအံ့လော၊ ငါသည်အလွန် စင်ကြယ်သဖြင့် စင်ကြယ်၏ဟု အကြံဖြစ်စဉ်၊ မြတ်စွာဘုရားသည် ထိုအကြံကိုသိ၍ ကွေးသောလက် ဆန့်သကဲ့သို့ ဆန့်သောလက် ကွေးသကဲ့သို့ ဂိဇ္ဈကုဋ်တောင်၌ ကွယ်၏။

မဒ္ဒကုစ္ဆိ မိဂဒါဝုန်၌ အရှင်မဟာကပ္ပိန၏ မျက်မှောက်၌ ထင်စွာဖြစ်၍ ခင်းထားသော နေရာ၌ ထိုင်၍ ချစ်သားကပ္ပိန ... သင့်အား၊ဤသို့ ဤသို့အကြံဖြစ်သည်မဟုတ်လော၊ ဧဝံဘန္တေ၊ ဖြစ်ပါသည်ဘုရား။ ဗြဟ္မဏ-စင်ကြယ်သော ချစ်သားကပ္ပိန၊ ဥပုသ်ကံ၊ သံဃကံကိုသင်တို့ အလေးမပြုကြ မပူဇော်ကြလျှင် အဘယ်သို့သောသူသည် အလေးပြုအံ့နည်း၊ ပူဇော်အံ့နည်း၊ စင်ကြယ်သောကပ္ပိန၊ သင်သည် ဥပုသ်ကံ၊ သံဃကံ ပြုရာသို့သွားချေလော။ မသွားသောသူ မဖြစ်လင့်ဟု မိန့်တော်မူ၏။ ဧဝံဘန္တေ-သွားပါမည်ဘုရားဟု ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် မဟာကပ္ပိနကို တရားဟော၍ ထို၌ကွယ်၍ ဂိဇ္ဈကုဋ်တောင်၌ ထင်စွာ ဖြစ်တော်မူ၏။

(ဇီဋီ ... မာနော အဂမာသီတိ-အဂတော မာဟောဟိ - မသွားသောသူ မဖြစ်လင့်။)

သိမ်သမုတ်ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့အား “တခုသော အာဝါသဖြင့် သာမဂ္ဂီကို ပညတ်ပြီ။ တခုသော အာဝါသသည် အဘယ်မျှနည်း”ဟု အကြံဖြစ်၏။ ချစ်သား ... သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ သမုတ်ပုံကား ... ရှေးဦးစွာ နိမိတ်တို့ကို ကြားအပ်ကုန်၏။ ပဗ္ဗတနိမိတ္တံ- တောင်နိမိတ်။ ပါသာဏ-ကျောက်နိမိတ်။ ဝန-တောနိမိတ်။ ရုက္ခ-သစ်ပင်နိမိတ်။ မဂ္ဂ-လမ်းခရီးနိမိတ်။ ဝမ္မိက-တောင်ပို့နိမိတ်။ နဒီ-မြစ်နိမိတ်။ ဥဒက-ရေနိမိတ်။ ဤနိမိတ်တို့အကြား၌ ဗျတ္တပဋိဗလရဟန်းသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ၊ သံဃာသည် ထိုကြားပြီးသော နိမိတ်တို့ဖြင့် သမာနသံဝါသ ဧကူပေါသထသိမ်ကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟူသော အဓိပ္ပါယ်ဖြင့် သိစေအပ်၏။

တောင်၊ ကျောက်၊ တော၊ သစ် (၄)။

ခ၊ ပို့၊ မြစ်၊ ရေ (၃)။

ဤရှစ်ထွေ၊ မှတ်လေ သိမ်နိမိတ်။

ရှေးဦးစွာ နိမိတ်တို့ကို ကြားအပ်ကုန်၏ ဟူသည် ဝိနည်းဓိုရ်သည် ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ-ဟု မေးအပ်၏။ ပဗ္ဗတောဘန္တေ ဟု ဖြေအပ်၏။ တဖန် ဝိနည်းဓိုရ်သည် ဧသောပဗ္ဗတောနိမိတ္တံ ဟု နိမိတ်ကို ကြားအပ်၏။ ဤတောင်ကိုနိမိတ်ကိုပြုသည်၊ ပြုမည်။ ပြုပြီ။ဤတောင်သည် နိမိတ်ဖြစ်သည်၊ ဖြစ်မည် ဖြစ်ပြီ၊ ဖြစ်စေဟု မကြားအပ်။ ပါသာဏ စသည်တို့၌လည်း ဤနည်းသာတည်း။

ပုရတ္ထိမာယဒိသာယ…။ ပုရတ္ထိမာယ အနုဒိသာယ။ ဒက္ခိဏာယ အနု...။ ပစ္ဆိမာယ....အနု။ ဥတ္တရာယ....။ ဥတ္တရာယ အနုဒိသာယ ကိံ နိမိတ္တံ ဟု မေး၍ ဥဒကံဘန္တေ ဟု ဖြေ၍ ဧတံဥဒကံ နိမိတ္တံဟု နိမိတ်ကြား၍ ဤ၌ မရပ်ပဲ တဖန် ပုရတ္ထိမာယဒိသာယ ကိံ နိမိတ္တံ။ ပဗ္ဗတောဘန္တေ။ ဧသော ပဗ္ဗတော နိမိတ္တံ ဟု ရှေးဦးစွာ ကြားပြီးသော နိမိတ်ကို ထပ်ကြားပြီးမှသာ ရပ်အပ်၏။ ဤသို့ထပ်ကြားမှ နိမိတ်နှင့် နိမိတ် စပ်ခြင်းသည် ဖြစ်၏။

ဤသို့ နိမိတ်ကြားပြီးသောအခါ အခြားမဲ့၌ ဟောသောကမ္မဝါစာဖြင့် သိမ်သမုတ်အပ်၏။ ကမ္မဝါစာ၏အဆုံး၌ နိမိတ် အတွင်းသည် သိမ်ဖြစ်၏။ နိမိတ်တို့သည် သိမ်မှပြင်ပ၌ ဖြစ်ကုန်၏။ နိမိတ်တို့ကို တကြိမ် ကြားလျှင်လည်း အပ်၏။ အန္ဓကဋ္ဌကထာ၌ သုံးကြိမ် သိမ်ဝန်း စပ်အောင်ကြားရမည်ဟု ဆိုသည်။ ပဗ္ဗတောဘန္တေ၊ ဥဒကံဘန္တေ ဟု ဖြေဆိုသောစကားကို ရဟန်းပြောကြားသော် လည်းကောင်း၊ လူသာမဏေ ပြောကြားသော်လည်းကောင်း အပ်သည်သာတည်း။

ဇီဋီ ... ဧကာဝါသ၌ တည်နေသူတို့၏ အစွမ်းဖြင့် သာမဂ္ဂီကိုပယ်၍ ဧကသီမ၌ တည်သူတို့၏ အစွမ်းဖြင့် ခွင့်ပြုလိုသောကြောင့် သိမ်ကိုသမုတ်ခြင်းငှါ ခွင့်ပြုသည်။ ယခုခွင့်ပြုသော ဗဒ္ဓသိမ်စွမ်းဖြင့် ဧကဝါသပရိစ္ဆေဒ သည် မဖြစ်။ ဥပစာရသိမ်စွမ်းဖြင့်သာ ဖြစ်၏ ... စသည်၊)

(ဝိဋီ ... ပုရတ္ထိမာယ ဒိသာယ ဟူသည် နိဒဿနမျှတည်း။ အရှေ့၌ နိမိတ်မရှိအံ့။ ရှိရာအရပ်မှစ၍ ဝန်းကျင်ထင်ရှားရှိသောနိမိတ်တို့ကို ကြား၍ အစပဌမ ကြားရာအရပ်ကို ထပ်ကြားအပ်၏။ နိမိတ်သုံးခုမျှဖြင့် ခရီးသုံးထောင့်သဏ္ဌာန် (လှည်းဦးသဏ္ဌာန်) သိမ်ကို သမုတ်အပ်သောကြောင့်တည်း။

သုံးကြိမ် သိမ်ဝန်း စပ်အောင်ဟူသည် တနေရာ၌ရပ်၍ နိမိတ်ကြား စကားဖြင့်သာ သိမ်တဝန်းလုံး-နိမိတ်ချင်း စပ်အောင်တည်း။ ထိုထိုနိမိတ်နေရာသို့ မသွားမူ၍လည်း ကြားခြင်းငှါအပ်၏။ သုံးယူဇနာသိမ်၌ ဝန်းကျင်သုံးကြိမ် လှည့်သွားလျှင် တနေ့တည်းဖြင့် ပြုနိုင်ခဲ၏။ ဝိနည်းဓိုရ်သည် နိမိတ်ကို ကိုယ်တိုင် မမြင်ရသော်လည်း ရှေး၌ ရဟန်းတို့မှတ်သားထားတိုင်း နိမိတ်ကို သာလျှင် ပါသာဏောဘန္တေ စသည်ဖြင့် ဖြေဆိုသည်ကိုမှတ်၍ ဧသော ပါသာဏောနိမိတ္တံ စသည်ဖြင့် ကြားခြင်းငှါလည်း အပ်သည်သာတည်း။)

[နိမိတ်ရှစ်ပါး ဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

သုံးယူဇနာအထိသိမ်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သိမ်သမုတ်ခွင့်ပြုသည်ဟု လေးငါးခြောက်ယူဇနာ သိမ်ကြီးတို့ကို သမုတ်ကုန်၏။ ရဟန်းတို့သည် ဥပုသ်ကံကိုလာကြသည်ရှိသော် ပါတိမောက်ပြစဉ်၌လည်းကောင်း၊ ပြပြီးကာ၌လည်းကောင်း ရောက်လာကုန်၏။ ခရီးအကြား၌လည်း နေကုန်၏။ ချစ်သား ... လေးငါးခြောက်ယူဇနာသိမ်ကြီးတို့ကို မသမုတ်အပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... သုံးယူဇနာပမာဏရှိသော သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။

(တိယောဇနံ ပရမံ ပမာဏမေတိဿာတိ - တိယောဇနပရမာ။ သုံးယူဇနာ ပမာဏရှိသော သိမ်ကို သမုတ်လိုသောသူသည် အလယ်၌တည်၍ လေးမျက်နှာလုံး တယူဇနာခွဲစီရှိအောင် သမုတ်အပ်၏။ တဘက် သုံးယူဇနာ စီရှိအောင် သမုတ်လျှင် ခြောက်ယူဇနာဖြစ်သောကြောင့် မအပ်။ လေးထောင့်ကို လည်းကောင်း သုံးထောင့်ကို လည်းကောင်း၊ သမုတ်လျှင် တထောင့်မှတထောင့်ကို သုံးယူဇနာရှိအောင် သမုတ်အပ်၏။ အစွန်းတခုခုဖြင့် ဆံဖျားမျှသော်လည်း သုံးယူဇနာကို လွန်စေအံ့၊ အာပတ်သို့လည်း ရောက်၏။ သိမ်လည်း မဖြစ်။)

နဒီပါရသိမ်

ဆဂ္ဂီတို့သည် နဒီပါရ မြစ်ကိုကူးသော မြစ်လွှမ်း သိမ်ကို သမုတ်ကုန်၏။ ဥပုသ်ကံသို့လာသောအခါ ရဟန်းတို့သည် လည်းကောင်း၊ သပိတ်သင်္ကန်းတို့သည် လည်းကောင်း ရေမျောကုန်၏။ ချစ်သားတို့ … နဒီပါရသိမ်ကို မသမုတ်အပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ဓုဝနာဝါ-လှေအမြဲရှိရာ၊ ဓုဝသေတု-တံတား အမြဲရှိရာဖြစ်အံ့၊ ဤသို့သော နဒီပါရသိမ်ကို သမုတ်ခြင်းငှါခွင့်ပြု၏။

(ပါရယတီတိပါရာ။ နဒိယာပါယာ-နဒီပါရာ။ မြစ်ကိုကူးသော သိမ်။ မြစ်ကိုလွှမ်းသည်ဟူလို။ နဒီဟူသည် နဒီနိမိတ်လောက်သောမြစ်တည်း။ လှေအမြဲရှိရာဟူသည် သိမ်သမုတ်ရာဌာနမြစ်ဆိပ်၌ အငယ်ဆုံး သုံးယောက်စီးနိုင်သော အမြဲကူးသောလှေ ရှိ၏။ တံတားအမြဲရှိရာဟူသည် အယုတ်ဆုံး ထိုခဏ၌ သစ်ပင်ကိုဖြတ်၍ လူတို့ကူးနိုင်သော ဧကပဒိကသေတု တဖဝါးမျှ လှမ်းသာသော တံတားသော်လည်း ရှိသည်ဖြစ်စေ အပ်၏။ အထက်၌ဖွဲ့သော ကြိမ်နွယ်စသည်တို့ကို ကိုင်၍သော်လည်း မသွားနိုင်လျှင် မအပ်။ ဤသို့ဆိုအပ်ပြီးသော အမြဲလှေ၊ အမြဲတံတား၊ ဆိပ်ကမ်း ရှေးရှု ရှိသောမြစ်ကို နဒီပါရသိမ်သမုတ်ခြင်းငှါ ခွင့်ပြုလို၏ဟူလို။)

[ဒီပါရသီမာဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

ဥပုသ်သိမ်တခုသာ

ရဟန်းတို့သည် ပရိဝေဏတိုင်း၌ အချိန်းအချက်မပြုပဲ ပါတိမောက်ပြကုန်၏။ အာဂန္တုတို့သည် အဘယ်၌ ယနေ့ ဥပုသ်ပြုသည်ဟု မသိကုန်။ ချစ်သားတို့ ... ပရိဝေဏတိုင်း၌ အချိန်းအချက် မပြုပဲ ပါတိမောက်ကို မပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ..... ဥပေါသထာဂါရ ဥပုသ်အိမ်ကို သမုတ်၍ ဥပုသ်ကံကိုပြုခြင်းငှါ ခွင့်ပြု၏။ သံဃာအလိုရှိရာ ကျောင်း ပြာသာဒ် ဂူကို သမုတ်အပ်၏။ ဗျတ္တပဋိဗလသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ (ဝါ) ဤမည်သောကျောင်းကို ဥပေါသထာဂါရဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

ထိုအခါ တခုသော အာဝါသ၌ ဥပုသ်အိမ်နှစ်ခု သမုတ်ကုန်၏။ ရဟန်းတို့သည် နှစ်ခုလုံး၌ ဤ၌ ဤ၌ ဥပုသ်ပြုမည်ဟု စည်းဝေးကုန်၏။ ချစ်သားတို့ ... တခုသောအာဝါသ၌ ဥပုသ်အိမ်နှစ်ခု မသမုတ်အပ်။ ဒုက္ကဋ်။ ချစ်သားတို့ … တခုကိုနုတ်၍ တခု၌ဥပုသ်ပြုခြင်းငှါ ခွင့်ပြု၏။ နုတ်ပုံကား ... ဗျတ္တသည် သံဃာကို သိစေအပ်၏။ ဝါ-ဤမည်သောဥပုသ်အိမ်ကို နုတ်ရာ၏။ နုတ်၏၊ နုတ်ပြီဟုသိစေအပ်၏။

(ပရိဝေဏတိုင်းဟူသည် တသိမ်တည်းဖြစ်သော ကျောင်းတိုက်ကြီး၌ ထိုထိုကျောင်းငယ် ပရိဝေဏ၌တည်း။ အသင်္ကေတေနာတိ သင်္ကေတံ အကတွာ အချိန်းအချက်မပြုမူ၍တည်း။ တခုကိုနုတ်၍-ဟူသည် ကမ္မဝါစာဖြင့် နုတ်၍တည်း။)

(ဇီဋီ ... သံဃာအလိုရှိရာကျောင်း ပြာသာဒ် ဂူကို ဟောသောကြောင့် မြေ၌သာ မဟုတ်သေး။ ဝိဟာရ စသည်၏ အထက်၌လည်း သိမ်သမုတ်ခြင်းကို ခွင့်ပြု၏။ ဥပုသ်ကံပြဋ္ဌာန်းသောကြောင့်တည်း။ ပြဋ္ဌာန်းပုံကား ... သမုတ်ရာ၌ သမာနသံဝါသာ ဟု ဆိုခြင်းဖြင့် ပြီးလျှင် ဧကူပေါသထာ-ဟု သီးခြားမိန့်ဆို၏။ ဥပေါသထကံကို ထား၍ ကြွင်းသောကံတို့သည် သမာနသံဝါသတို့ မည်ကုန်၏။

ဝိဋီ .... နုတ်၍ဟူသည်ကို အာပတ်မှစောင့်ရှောက်ခြင်းငှါ ဆိုသည်။)

ဥပေါသထပမုခ

ထိုအခါ တခုသော အာဝါသ၌ အလွန်ငယ်သော ဥပုသ်အိမ်ကိုသမုတ်၏။ ဥပုသ်နေ့၌ သံဃာများစွာ စည်းဝေး၏။ ရဟန်းတို့သည် (ဥပုသ်အိမ်ဟု) မသမုတ်သောမြေ၌နေ၍ ပါတိမောက် နာကြရကုန်၏။ ငါတို့သည် ဥပုသ်ပြုခြင်းဖြစ်သလော၊ မဖြစ်သလောဟု အကြံဖြစ်၍လျှောက်ကုန်၏။ ချစ်သားတို့ ... သမုတ်သောမြေ၌ လည်းကောင်း၊ မသမုတ်သောမြေ၌ လည်းကောင်းနေ၍ ပါတိမောက်ကိုနာလျှင် ဥပုသ်ပြုခြင်း ဖြစ်သည်သာတည်း။ ချစ်သားတို့ ... သံဃာသည် ဥပေါသထပမုခ - ဥပုသ်အိမ်အဦးကို ကြီးစွာအလိုရှိသလောက် သမုတ်လော၊ ရှေးဦးစွာ နိမိတ်တို့ကိုကြား၍ ဗျတ္တသည် သံဃာကိုသိစေအပ်၏။ ဝါ ဤနိမိတ်တို့ဖြင့် ဥပုသ်အိမ်အဦးကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

[နေရာမရွေး ရဟန်းတို့၏ ဟတ္ထပါသ်၌ နေ၍ ပါတိမောက် နားထောင်လျှင် ဥပုသ်ပြုခြင်းသည် ဖြစ်၏။ ဤစကားကို ဝတ္ထုစွမ်းဖြင့်သာ ဆိုသည်။ ဟတ္ထပါသ်၌နေသူအား မကြားရသော်လည်း ဥပုသ်ပြုခြင်း ဖြစ်သည်သာတည်း။

နိမိတ်တို့ကိုကြား၍-ဟူသည် ဥပေါသထပမုခအား ငယ်သော ကြီးသော ကျောက် အုတ် သစ်သားပိုင်းစသော နိမိတ်တခုခုကို လွင်တီးခေါင်၌ လည်းကောင်း၊ တန်ဆောင်းစသည်၌ လည်းကောင်း၊ နေရာ တခုခု၌ အမှတ်သညာပြု၍ ကြားခြင်းငှါ အပ်၏။ တနည်း၊ နိမိတ်လောက်၊ မလောက် အပိုင်းအခြားသိခြင်းငှါ ကြားအပ်ကုန်၏။]

(ဇီဋီ ... ဥပုသ်ပြုခြင်း ဖြစ်သည်သာတည်း-ဟူသည်ကို တသိမ်တည်း၌ သမဂ္ဂတို့ကိုရည်ဆိုသည်။ ထိုသို့ မဟုတ်လျှင် သိမ်အသီးသီး၌ တည်သော်လည်း နာကြားခြင်းသာ ပမာဏဟူ၍လည်းကောင်း၊ တသိမ်တည်း၌ ဟတ္ထပါသ် စွန့်၍တည်သော်လည်း နာကြားခြင်းသာ ပမာဏဟူ၍ လည်းကောင်း မလိုအပ်သော အဓိပ္ပါယ်သို့ ရောက်၏။

ထို၌သမုတ်သော မြေ၌လည်းကောင်း၊ မသမုတ်သောမြေ၌ လည်းကောင်း-ဟူသည် ဥပေါသထာဂါရ သမ္မုတိ၌တည်း။ သီမသမ္မုတိ၌မဟုတ်၊ နောက်၌ ဆန္ဒဒါန ပညတ်ခြင်းကြောင့် သိမ် အသီးသီး၌တည်၍ မဟုတ်ဟု လည်းကောင်း၊ ပါရိသုဒ္ဓိဒါန ပညတ်ခြင်း ကြောင့် ဟတ္ထပါသ်စွန့်တည်၍ မဟုတ်ဟူ၍ လည်းကောင်း သိစေအပ်၏။ ဥပေါသထပမုခသည် ဥပေါသထဌာနတည်း။ ဥပေါသထာဂါရဌာန တည်း။ ရှေးဦးစွာ နိမိတ်တို့ကိုကြား၍မျှ ဟောသောကြောင့် အမှတ်မရှိ နိမိတ်တို့ကို ကြားခြင်းငှါ အပ်၏။ ရှေး၌နိမိတ်တို့ကို ဟောပြီးသောကြောင့် နောက်ထပ် မဟောဟု မဆိုအပ်။ ဘုရားရှင်တို့အား ဟောကြားခြင်း၌ ပျင်းရိခြင်း မရှိစေသည်။

သာဋီ ... ဝတ္ထုစွမ်းဖြင့်-ဟူသည်ကို မသမုတ်သောမြေ၌ နေ၍ ပါတိမောက် နာကြရကုန်၏ဟု ဝတ္ထု၌ ပါတိမောက် နာခြင်း လာသောကြောင့် ဆိုသည်။ ဥပေါသထပမုခသည် ဥပေါသထာ ဂါရ၏ သမ္မုခဌာနဖြစ်၏။ ပါဠိတော်၌ ရှေးဦးစွာ နိမိတ်တို့ကို ကြား၍မျှဟော၍ သိမ်သမုတ်ရာ၌ ကဲ့သို့ တောင်နိမိတ် ကျောက်နိမိတ် စသည်ဖြင့် အထူး-နိမိတ်တို့ကို မပြခြင်းကြောင့် ငယ်သော ကြီးသော စသည်ကိုဆိုသည်။။

ဝိဋီ ... ငယ်သော ကြီးသောစသည်ကို သိမ်၌ကဲ့သို့ နိမိတ်သရုပ် မဟောသောကြောင့်ဆိုသည်။]

မထေရ်ကြီးဒုက္ကဋ်

တခုသော အာဝါသ၌ ဥပုသ်နေ့၌ ရဟန်းငယ်တို့သည် ရှေးဦးစွာ စည်းဝေးပြီးလျှင် မထေရ်ကြီးများ မရောက်လာကြသေးဟု ဖဲသွားကုန်၏။ ဥပုသ်သည် အချိန်မဲ့၌ဖြစ်၏။ ချစ်သားတို့ ... မထေရ်ကြီး တို့သည် ရှေးဦးစွာ စည်းဝေးခြင်းငှါ ခွင့်ပြု၏။

[မထေရ်ကြီးတို့သည် ရှေးဦးစွာစည်းဝေးခြင်းငှါ-ဟူသည်၌ မဟာထေရ်သည် ရှေးဦးစွာမလာအံ့။ ဒုက္ကဋ်။]

ဝဂ္ဂကံမပြုအပ်

ထိုအခါ ရာဇဂြိုဟ်၌ များစွာသော အာဝါသတို့သည် သိမ်တူဖြစ်ကုန်၏။ ရဟန်းတို့သည် ငါတို့၏အာဝါသ၌ ဥပုသ်ကံ ပြုအပ်စေသတည်းဟု အသီးသီးငြင်းခုံကုန်၏။ ချစ်သားတို့ ... သိမ်တူဖြစ်၍ ငြင်းခုံသော ရဟန်းတို့သည် အားလုံး တပေါင်းတည်း စည်းဝေး၍ ဥပုသ် ပြုအပ်၏။ မထေရ်ကြီး နေရာကျောင်း၌ သော်လည်း စည်းဝေး၍ ဥပုသ် ပြုအပ်၏။ ချစ်သားတို့ ... ဝဂ္ဂဖြစ်လျက် သံဃာသည် ဥပုသ်ကံကို မပြုအပ်။ ဒုက္ကဋ်။

[အားလုံးတပေါင်းတည်းစသည်၌ ရှေးကျောင်းသည် ကျောင်းလယ်၌ရှိ၍ ရဟန်းတို့နေလောက်လျှင် ထို၌ အားလုံးစည်းဝေး၍ ဥပုသ် ပြုအပ်၏။ ဆွေးအံ့၊ ကျဉ်းအံ့၊ နောက်ကျောင်းသည်ကျယ်အံ့၊ ထိုနောက်ကျောင်း၌ ဥပုသ်ပြုအပ်၏။ မထေရ်ကြီးနေရာကျောင်း၌-ဟူသည်၌လည်း အားလုံးဆန့်၍ ချမ်းသာစ္စာနေလောက်လျှင် ထို၌ပြုအပ်၏။ အစွန်ဖြစ်အံ့၊ မညီညွတ်သောနေရာ၌ဖြစ်အံ့၊ မထေရ်ကြီးအား “အရှင်မြတ်တို့၏ကျောင်းသည် နေရာမလောက်ပါ။ ဤမည်သောအာဝါသ၌ နေရာလောက်ပါသည်။ ထိုအာဝါသသို့ ကြွခြင်းငှါ သင့်ပါသည်” ဟု လျှောက်အပ်၏။ မထေရ်ကြီး မကြွလိုလျှင် မထေရ်ကြီး၏ ဆန္ဒပါရိသုဒ္ဓိကိုဆောင်၍ အားလုံး ဆန့်သော နေရာ၌ ဥပုသ်ပြုအပ်၏။]

(ဇီဋီ ...ရှေးကျောင်းဟူသည် မူလအာဝါသ ဖြစ်၏။)

အဝိပ္ပဝါသသိမ်

ထိုအခါ အရှင်မဟာကဿပသည် အန္ဓ ကဝိန္ဒမှ ရာဇဂြိုဟ်သို့ ဥပုသ်ပြုရာသို့ကြွလာ၏။ ခရီးအကြား၌ မြစ်ကိုကူးစဉ် “မနံဝုဠှော” မျောလုနီးပါးဖြစ်၍ သင်္ကန်းများကို ရေစိုကုန်၏။ ချစ်သား ... သံဃာသည် သမုတ်ပြီးသော သမာနသံဝါသသိမ်ကို တိစီဝရိတ်နှင့် မကင်းသော အဝိပ္ပဝါသသိမ်ကို သမုတ်လော။ ဗျတ္တသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ၊ ထိုသမာနသံဝါသသိမ်ကို အဝိပ္ပဝါသကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟုသိစေအပ်၏။

ရဟန်းတို့သည် အဝိပ္ပဝါသ သမုတ်ခြင်းကို ဘုရားရှင်ခွင့်ပြုသည်ဟု ရွာတွင်း၌ သင်္ကန်း ထားကုန်၏။ ပျောက်ပျက်၍ သင်္ကန်းခေါင်းပါးကုန်၏။. ချစ်သား .... သံဃာသည် သမုတ်ပြီးသော သမာနသံဝါသသိမ်ကို သမုတ်လော။ ဗျတ္တသည် သိစေအပ်၏။ ဝါ...ထိုသမာနသံဝါသသိမ်ကို ဂါမကိုလည်းကောင်း၊ ဂါမူပစာရ ကို လည်းကောင်း ချန်၍ အဝိပ္ပဝါသကိုသမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

(အန္ဓကဝိန္ဒ-ဟူသည် ရာဇဂြိုဟ်မှ သုံးဂါဝုတ်၌ အန္ဓကဝိန္ဒမည်သော အရပ်ဖြစ်၏။ ထိုအရပ်ကိုမှီ၍ မထေရိ နေ၏။ ထိုမှ ရာဇဂြိုဟ်သို့ ဥပုသ် ပြုရာသို့ကြွလာ၏။ ရာဇဂြိုဟ်ကိုရံ၍ ၁၈-ရပ်ရှိသော ကျောင်းတိုက်ကြီးတို့ သည် တသိမ်တည်းဖြစ်ကုန်၏။ ဓမ္မသေနာပတိ ရှင်သာရိပုတြာ သမုတ်ထားသည်။ ထို့ကြောင့် ဝေဠုဝန်၌ သံဃာအား သာမဂ္ဂီပေးခြင်းငှါ ကြွလာသည်ဟူလို။

မြစ်ကိုကူးစဉ်ဟူသည် သိပ္ပိနိယမည်သောမြစ်ကို ကူးစဉ်တည်း။ မနံဝုဠှောသည် အနည်းငယ်မျောလုနီးပါး ဖြစ်၏။ ထိုမြစ်သည် ဂိဇ္ဈကုဋ်တောင်မှစီးလာ၍ ကြမ်းသော ရေအယဉ်ဖြင့် မထေရ်ကိုဆောင်၏။ အဟုန်ဖြင့်လာသောရေကို နှလုံးမသွင်းသဖြင့် မထေရ်သည် မျောလုနီးပါး ဖြစ်၏။ မျောကားမမျော၊ ရေတိုက်ခတ်ခြင်းကြောင့် သင်္ကန်းများစိုကုန်၏။

ဂါမကိုလည်းကောင်း၊ ဂါမူပစာရကိုလည်းကောင်း ချန်၍ သမုတ်သော အဝိပ္ပဝါသကမ္မဝါစာ ဖြစ်သည်မှစ၍ ဘိက္ခုတို့အား ယခင် အဝိပ္ပဝါသကမ္မဝါစာသည် မအပ်။ နောက်ကမ္မဝါစာထာဝရ ဖြစ်သည်။ ဘိက္ခုနီ တို့အားကား ဤနောက် ကမ္မဝါစာမအပ်။ ယခင်ကမ္မဝါစာသာအပ်၏။ အကြောင်းကား .... ဘိက္ခုနီ သံဃာသည် ရွာတွင်း၌နေ၏။ ဂါမူပစာရ-ဟူသည်၌ အရံရှိသောရွာ၏ အရံသည် အရံမရှိလျှင် အရံထိုက်သော အရပ်သည် ဂါမူပစာရ မည်၏။)

(ဇီဋီ ... မရမှိဝုဠှော ဟူ၍လည်း ပါဌ်ရှိ၏။ မနံဝုဠှောအမှီ-ဟူသော အနက်တည်း။ ဂါမကိုလည်းကောင်း ဂါမူပစာရကိုလည်းကောင်း ချန်၍ ဟူသည် အန္တရဃရ-ဟူသော ဂါမကိုလည်းကောင်း၊ ဂါမူပစာရကို လည်းကောင်း ချန်၍တည်း။

ကေစိတို့ကား အရံရှိသော ရွာကိုရည်၍ ဂါမ၊ အရံမရှိသောရွာကိုရည်၍ ဂါမူပစာရကိုဟောသည်ဟု ဆိုကုန်၏။ အဋ္ဌကထာနှင့် ဆန့်ကျင်၏။ နေအိမ်၊ လမ်းမ စသည်တို့ကိုရည်၍ ဂါမ၊ အရံထိုက်ရာ ဌာနကိုရည်၍ ဂါမူပစာရ-ဟု ဟောသည်။

ဝိဋီ ... ၁၈-ရပ်ဟူသည်ကို အန္ဓ ကဝိန္ဒဝိဟာရကိုလည်း စွဲ၍ဆိုသည်။ နှလုံးမသွင်းသဖြင့်ဟူသည်ကို တန်ခိုးဖြင့် မကူးခြင်း၏အကြောင်းကို ဆိုသည်။)

[အဝိပ္ပဝါသ သီမာဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

သမုတ်ခြင်း နှုတ်ခြင်းအစဉ်

ချစ်သား ... သိမ်သမုတ်လိုသော သံဃာသည် ရှေးဦးစွာ သမာနသံဝါသသိမ်ကို သမုတ်အပ်၏။ နောက်၌— တိစီဝရေနအဝိပ္ပဝါသကို သမုတ်အပ်၏။ ချစ်သားတို့ ... သိမ်နုတ်လိုသော သံဃာသည် ရှေးဦးစွာ တိစီဝရေန အဝိပ္ပဝါသကို နှုတ်အပ်၏။ နောက်၌ သမာနသံဝါသသိမ်ကို နှုတ်အပ်၏။

နှုတ်ပုံကား ဗျတ္တသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် တိစီဝရေန အဝိပ္ပဝါသ ကို နှုတ်ရာ၏။ နှုတ်၏။ နှုတ်ပြီဟု သိစေအပ်၏။ သမာနသံဝါသသိမ်နှုတ်ပုံကား ... ဗျတ္တသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် သမာနသံဝါသသိမ်ကိုနှုတ်ရာ၏။ နှုတ်၏၊ နှုတ်ပြီဟု သိစေအပ်၏။

(ခဏ္ဍသိမ်၌နေ၍ အဝိပ္ပဝါသသိမ်ကို (ဝါ-မဟာသိမ်ကို) မနှုတ်အပ်။ အဝိပ္ပဝါသသိမ်၌နေ၍ ခဏ္ဍသိမ်ကို မနှုတ်အပ်။ သိမ်ငယ်ကို သိမ်ကြီး ပြုခြင်းငှါ လည်းကောင်း၊ သိမ်ကြီးကို သိမ်ငယ်ပြုခြင်းငှါ လည်းကောင်း၊ အကြောင်းနှစ်ပါးဖြင့် နှုတ်ကြသည်။

ခဏ္ဍသိမ်မျှကိုသိလျှင် နှုတ်ခြင်းငှါ လည်းကောင်း၊ တဖန်သမုတ်ခြင်းငှါ လည်းကောင်း တတ်နိုင်ကုန်လတ္တံ့၊ ခဏ္ဍသိမ်ကိုမသိလျှင် အဝိပ္ပဝါသသိမ်ကိုနှုတ်ခြင်းငှါ တတ်နိုင်သော်လည်း တဖန်သမုတ်ခြင်းငှါ မတတ်နိုင် ကုန်လတ္တံ့၊ တဖန်သမုတ်လျှင် သိမသမ္ဘောဂ ဖြစ်တတ်သည်။ ဤသိမ်မည်သည် ကမ္မဝါစာဖြင့် လည်းကောင်း၊ သာသနာ ကွယ်ခြင်းဖြင့်လည်းကောင်း သိမ်မဟုတ်သည်ဖြစ်၏။)

[သိမ်နှုတ်ဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

အဗဒ္ဓသိမ်သုံးခု

ချစ်သားတို့ ... သိမ်ကို မသမုတ်ရာ၌ ဗဒ္ဓသိမ် အပိုင်းအခြား မထားရာ၌ မှီ၍နေရာ ဂါမ၊ နိဂမ၏ ဂါမ အပိုင်းအခြား၊ နိဂမအပိုင်းအခြားသည် သမာနသံဝါသ၊ ဧကူပေါသထသိမ် ဖြစ်၏။ ချစ်သားတို့ ... ရွာမရှိသော တော၌ ထက်ဝန်းကျင် သတ္တဗ္ဘန္တရသည် သမာနသံဝါသ ဧကူပေါသထသိမ် ဖြစ်၏။

ချစ်သား ... မြစ်တခုလုံး၊ သမုဒြာ တခုလုံး၊ ဇာတဿရတခုလုံးသည် သိမ်ဖြစ်၏။ ချစ်သားတို့ ... မြစ်၌ လည်းကောင်း၊ သမုဒြာ၌လည်းကောင်း၊ ဇာတဿရ၌လည်းကောင်း၊ မဇ္ဈိမ ပုရိသ၏ ထက်ဝန်းကျင် ရေတကျသည် သမာနသံဝါသ၏ ဧကူပေါသထသိမ် ဖြစ်၏။

[ဂါမဖြင့် နဂရကိုလည်း ယူအပ်၏။ ထိုထိုရွာ၏ ရွာစားတို့ အစွန် ရရာပဒေသသည် ငယ်သော်လည်းကောင်း၊ ကြီးသော်လည်းကောင်း ဂါမသိမ်သာ မည်၏။ နာဂရသိမ် နိဂမသိမ်တို့၌လည်း ဧသဝနယော။ ဂါမခေတ်တခုတည်း၌သော်လည်း တခုသော ပဒေသကို ဝိသုံဂါမသီးခြား ရွာဖြစ်စေဟု ပိုင်းခြား၍ မင်းသည် တစုံတယောက်အား ပေးအံ့၊ ထိုပဒေသ သည်လည်း ဝိသုံဂါမ ဖြစ်သည်သာတည်း။ ထိုအားလုံးတို့သည် ဗဒ္ဓသိမ်နှင့် တူ၏။ တိစီဝရိတ် အစောင့်အရှောက်ကိုကား မရ (ဤ၌ အချို့ကား သိမ်မသမုတ်လျှင် ပြန်သိမ်းမည်ဟု) ခေတ္တပေးခြင်းသည် အပေးမြောက် မည်လော၊ အပေး မမြောက်လျှင် သိမ်သမုတ် ကောင်းမည်လောဟု သံသယ စကားဆိုကုန်၏။

မင်းသည် တစုံတယောက်အား ပိုင်အောင် အာလယပြတ် ပေးသလော၊ သီးခြားအောင်ပေးသလော၊ ရွာစားတို့သည် အခွန်ကို ရရာ၌ ရွာကိုပိုင်သလော၊ အလုပ်ပြုတ်သွားလျှင်လည်း ပိုင်လျက်လောဟု စိစစ်၍ဆိုလျှင် ဆိုသင့်ကုန်ရာ၏။)

တော၌-ဟူသည် ဝိဉ္စာဋဝီနှင့်တူသော တောအုပ်၌တည်း။ ထို၌နေသော ရဟန်း၏ ဝန်းကျင်သတ္တဗ္ဘန္တရသည် သမာနသံဝါသသိမ်တခုဖြစ်၏။ ဤသိမ်သည် တိစီဝရိတ်အစောင့်အရှောက် ကိုလည်းရ၏။ ၂၈-တောင်သည် အဗ္ဘန္တရ တခု ဖြစ်၏။ ဝန်းကျင်ခုနစ် အဗ္ဘန္တရသည် ထုတ်ချင်း ၁၄-အဗ္ဘန္တရ ဖြစ်၏၊ မြစ် သမုဒြာ ဇာတဿရ တို့၌ ဗဒ္ဓသိမ်မဖြစ်။ အဗဒ္ဓသိမ်ကား ဝန်းကျင်ရေတကျအတွင်း၌ ဖြစ်၏။]

[အဗဒ္ဓသိမာဝိနိစ္ဆယအကျယ်ကို နောက်၌ဆိုအံ့။]

သိမ်စပ် သိမ်ထပ်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သိမ်ဖြင့် သိမ်ကို စပ်ကုန်၏။ (ဝါ၊ ဆက်စပ်အောင် သမုတ်ကုန်၏။ ) ချစ်သားတို့ … ပဌမ သမုတ်သော ရဟန်းတို့၏ ကံသည် ဓမ္မိက၊ အကုပ္ပ၊ ဌာနာရဟ ဖြစ်၏။ နောက်သမုတ်သူတို့၏ ကံသည် အဓမ္မိက၊ ကုပ္ပ၊ အဌာနာရဟ ဖြစ်၏။ (ဝါ၊ နောက်သိမ်ပျက်၏။) ချစ်သား ... သိမ်ဖြင့် သိမ်ကို မစပ်အပ်။ ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် သိမ်ဖြင့် သိမ်ကိုလွှမ်းကုန်၏။ ချစ်သားတို့ ... ပဌမ သမုတ်သော ရဟန်းတို့၏ ကံသည် အဓမ္မိက ဖြစ်၏။ ချစ်သားတို့ ... သိမ်ဖြင့် သိမ်ကို မလွှမ်းအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... သိမ်ကိုသမုတ်သောရဟန်းသည် သီမန္တရိက်ကိုထား၍ သိမ်ကိုသမုတ်ခြင်းငှါ ခွင့်ပြု၏။

[သိမ်စပ် သိမ်ထပ် သမုတ်ခြင်း အကျယ်ကို နောက်၌ဆိုအံ့။]

ဓမ္မသမဂ္ဂကံ

ထိုအခါ ရဟန်းတို့အား ဥပေါသထတို့သည် အဘယ်မျှတို့နည်းဟု အကြံဖြစ်၍ လျှောက်ကြကုန်၏။ ချစ်သားတို့၊ ဥပေါသထတို့သည် စာတုဒ္ဒသိက၊ ပန္နရသိကဟု နှစ်မျိုးရှိကုန်၏။ ဥပေါသထကမ္မ တို့သည် အဘယ်မျှတို့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့ .... ဥပေါသထကမ္မတို့သည် အဓမ္မဝဂ္ဂကံ၊ အဓမ္မသမဂ္ဂကံ၊ ဓမ္မဝဂ္ဂကံ၊ ဓမ္မသမဂ္ဂကံ ဟု လေးပါး ရှိကုန်၏။ ချစ်သားတို့ ... ထိုတွင် အဓမ္မဝဂ္ဂကံ၊ အဓမ္မသမဂ္ဂကံ၊ ဓမ္မဝဂ္ဂကံ သုံးပါးကို မပြုအပ်။ ငါဘုရားခွင့်မပြု။ ဓမ္မသမဂ္ဂကံကိုပြုအပ်၏။ ငါဘုရားခွင့်ပြု၏။ ချစ်သားတို့ … ထို့ကြောင့် ဓမ္မသမဂ္ဂဥပုသ်ကံကို ပြုပါကုန်အံ့ဟု ကျင့်အပ်၏။

[ဥပေါသထ နှစ်မျိုးတို့တွင် စာတုဒ္ဒသိက၏ ပုဗ္ဗကိစ္စ၌ အဇ္ဇုပေါသထော စာတုဒ္ဒသော-ဟု ဆိုအပ်၏။ ကံလေးပါးတို့တွင် ရဟန်းလေးပါး နေသော ကျောင်း၌ တပါး၏ ဆန္ဒပါရိသုဒ္ဓိကို ဆောင်၍ သုံးပါး ပါရိသုဒ္ဓိ ပြုအံ့။ သုံးပါးနေရာ၌ တပါး၏ ဆန္ဒပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါး ပါတိမောက်ပြအံ့ အဓမ္မဝဂ္ဂကံ ဖြစ်၏။ လေးပါးလုံး စည်းဝေး၍ ပါရိသုဒ္ဓိ ပြုအံ့၊ သုံးပါး၊ နှစ်ပါး ပါတိမောက်ပြအံ့၊ အဓမ္မသမဂ္ဂကံ ဖြစ်၏။

လေးပါးတို့တွင် တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ သုံးပါး ပါတိမောက် ပြအံ့၊ သုံးပါးတို့တွင် တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါး ပါရိသုဒ္ဓိပြုအံ့ ဓမ္မဝဂ္ဂကံဖြစ်၏။ လေးပါးလုံး အတူစည်းဝေး၍ ပါတိမောက်ပြအံ့၊ သုံးပါး ပါရိသုဒ္ဓိပြုအံ့၊ နှစ်ပါးအညမညပါရိသုဒ္ဓိပြုအံ့ ဓမ္မသမဂ္ဂကံဖြစ်၏။]

(ဇီဋီ .... ထိုအခါ သာမဂ္ဂီဥပေါသထကို ခွင့်မပြုသေးသောကြောင့် ဥပေါသထနှစ်မျိုးကိုသာ ပေးသည်၊ သာမဂ္ဂီဥပုသ်နေ့၌ ပုဗ္ဗကိစ္စ၌ အဇ္ဇုပေါသထောသာမဂ္ဂီ ဟု ဆိုအပ်၏-စသည်။)

(သာဋီ ... လေးပါး ပါတိမောက်ပြခြင်းကို နှစ်ပါး သုံးပါး ပါရိသုဒ္ဓိ ပြုခြင်းကို ခွင့်ပြုလျက်၊ လေးပါးနေရာ၌ ပါရိသုဒ္ဓိကို၊ သုံးပါးနေရာ၌ ပါတိမောက်ပြခြင်းကို ပြုသောကြောင့် အဓမ္မဟု ဆိုသည်။ လေးပါးလုံး မစည်းဝေးခြင်းကြောင့် လည်းကောင်း၊ ဆန္ဒပါရိသုဒ္ဓိသည် သံဃအလယ်သို့သာ ရောက်သည်၊ ဂဏ အလယ်သို့ မရောက်ခြင်းကြောင့်လည်းကောင်း ဝဂ္ဂဟုဆိုသည်။)

(ဝိဋီ ... တသိမ်တည်း၌ လေးပါးရှိလျှင် ပါတိမောက်ပြခြင်းကိုသာ၊ သုံးပါးနှစ်ပါးရှိလျှင် ပါရိသုဒ္ဓိဥပုသ်ကိုသာ ခွင့်ပြုသည်။ ထိုသို့ မပြုခြင်းကြောင့် အဓမ္မဟုဆိုသည်။ ဆန္ဒပါရိသုဒ္ဓိသည် သံဃာ၌သာရောက်သည်။ ဂဏ၌ ပုဂ္ဂလ၌ မရောက်။ ထို့ကြောင့် ဝဂ္ဂဟု ဆိုသည်။

သံဃာနှစ်စုသည် တသိမ်ထည်း အချင်းချင်းဆန္ဒဆောင်၍ တချိန်တည်း အသီးသီး သံဃကံကို ပြုကုန်အံ့။ ကေစိတို့ကား အပ်သည်ဟု ဆိုကုန်၏။ ကံဖြစ်သောကြောင့် မမှတ်အပ်။ ကံပြုသူတို့၏ ဆန္ဒပါရိသုဒ္ဓိသည် တပါးသောနေရာသို့မရောက်၊ ထိုသို့ဟောခြင်း မရှိသောကြောင့်လည်းကောင်း၊ အသီးသီး ကံပြုခြင်းငှါသာ သိမ်ကို ခွင့်ပြုသောကြောင့်တည်း။ ဝိဟာရသိမ်၌ သံဃာရှိသော်လည်း တစုံတခုသော အကြောင်းဖြင့် ခဏ္ဍသိမ်၌ သုံးပါး၊ နှစ်ပါး ပါရိသုဒ္ဓိ ပြုလျှင် ဓမ္မသမဂ္ဂသာဖြစ်၏။ သိမ်ပြားသောကြောင့်တည်း။ )

ပါတိမောက်ပြခြင်းငါးပါး

ထိုအခါ ရဟန်းတို့အား ပါတိမောက္ခုဒ္ဒေသသည် အဘယ်မျှနည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... ပါတိမောက္ခုဒ္ဒေသသည် ငါးပါးရှိ၏။ နိဒါန်းကိုပြ၍ အကြွင်းကို သုတသဒ္ဒါဖြင့် သိစေခြင်းတပါး။ နိဒါန်း ပါရာဇိကကိုပြ၍ အကြွင်းကို သုတဖြင့်သိစေခြင်း တပါး။ နိဒါန်း၊ ပါရာဇိက၊ သံဃာ ဒိသိသ်၊ အနိယတကိုပြ၍ အကြွင်းကို သုတဖြင့်သိစေခြင်းတပါး။ အကျယ်အားဖြင့်သာပြခြင်းတပါး။ ဤသို့ငါးပါးရှိ၏။

ထိုအခါ ရဟန်းတို့သည် အကျဉ်းအားဖြင့် ပါတိမောက်ပြခြင်းကို ခွင့်ပြုတော်မူသည်ဟု အခါခပ်သိမ်း အကျဉ်းအားဖြင့် ပြကုန်၏။ ချစ်သား ... အကျဉ်းအားဖြင့် ပါတိမောက်ကိုမပြအပ်၊ ဒုက္ကဋ်။

[နိဒါန်းကိုပြ၍ အကြွင်းကို သုတသဒ္ဓါဖြင့် သိစေခြင်းကား .. သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော ...လ… အာဝိက တာဟိဿ ဖာသုဟောတိ။ ဥဒ္ဒိဋ္ဌံခေါ အာယသ္မန္တောနိဒါနံ၊ တတ္ထာယသ္မန္တေ ပုစ္ဆာမိ ...လ... ဧဝမေတံ ဓာရယာမိ။ (ဥဒ္ဒိဋ္ဌံခေါအာယသန္တော နိဒါနံ) သုတာခေါပနာ ယသ္မန္တေဟိ စတ္တာရော ပါရာဇိကာ ဓမ္မာ (သုတာတေရသသံဃာဒိသေသာဓမ္မာ) ....လ..... အဝိဝဒမာနေဟိ သိက္ခတဗ္ဗန္တိ (နိဒါနုဒ္ဒေသောပဌမော။) ဤသို့ အကြွင်းကို သုတသဒ္ဓါဖြင့် သိစေအပ်၏။ ဤနည်းဖြင့် ကြွင်းသော ပါတိမောက် ပြခြင်း လေးပါး တို့ကိုလည်း သိအပ်ကုန်၏။]

(ဇီဋီ ... နိဒါန်းပါဠိအဆုံး၌ ဧဝမေတံ ဓာရယာမိ-ဟု ဆိုပြီးလျှင် ဥဒ္ဒိဋ္ဌံခေါ အာယသ္မန္တော နိဒါနံ ဟူသော စကားကို ချုံးထားသည်ဟု သိအပ်၏။ ကေစိတို့ကား အဝိဝဒမာနေဟိ သိက္ခိတဗ္ဗံ ဟု ဆိုပြီးလျှင် နိဒါန်းပြခြင်း ပြီးသည် မည်၏။ ထို့ကြောင့် ထင်စွာမပြုသောရဟန်းသည် အာပတ်သို့ရောက်သည်ဟုဆိုကုန်၏။ မသင့်။ နိဒါန်း စကားတို့ဖြင့် နိဒါန်း၏ ပြီးခြင်းကို ဟောသည်။ နိဒါန်းအဆုံး၌ အာပတ်ကိုမဟော။)

(သာဋီ ... ဧဝမေတံ ဓာရယာမိ ဟု ဆိုပြီးလျှင် ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ၊ သုတာခေါပနာယသ္မန္တေဟိ စသည်ကို ဆိုအပ်၏။ မာတိကာဋ္ဌကထာ၌ ဤအတိုင်းပင်ဆိုသည်။ သုတေနာတိ သုတပဒေန။)

(ဝိဋီ .... သာဋီအတိုင်းပင်တည်း။)

အန္တရာယ်ဆယ်ပါး

ထိုအခါ ကောသလဇနပုဒ်တို့၌ တခုသော အာဝါသ၌ ထိုဥပုသ်နေ့၌ သဝရဘယ-လူရိုင်းဘေးသည်ဖြစ်၏။ အကျယ်အားဖြင့် ပါတိမောက်ကို ပြခြင်းငှါ မတတ်နိုင်ကြကုန်။ ချစ်သား ... အန္တရာယ်ရှိသောအခါ အကျဉ်း အားဖြင့် ပါတိမောက်ကိုပြခြင်းငှါ ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီတို့သည် အန္တရာယ်မရှိသော အခါလည်း အကျဉ်းအားဖြင့် ပါတိမောက်ကိုပြကုန်၏။ ချစ်သားတို့ ... အန္တရာယ်မရှိသောအခါ အကျဉ်းအားဖြင့် ပါတိမောက်မပြအပ်။ ဒုက္ကဋ်။ ချစ်သား... အန္တရာယ်ရှိသော အခါ အကျဉ်းအားဖြင့်ပါတိမောက်ကိုပြခြင်းငှါခွင့်ပြု၏။ အန္တရာယ်တို့ကား ရာဇန္တရာယ-မင်းအန္တရာယ်။ စောရ-ခိုးသူအန္တရာယ်။ အဂ္ဂီ-မီး။ ဥဒက-ရေ။ မနုဿ-လူ။ အမနုဿ-ဘီလူး။ ဝါဠ-သားရဲ။ သရီသပ-မြွေ။ ဇီဝိတ-အသက်။ ဗြဟ္မစရိယ-သာသနာအန္တရာယ်။ ဤသို့ဆယ်ပါးရှိကုန်၏။ ချစ်သားတို့... ဤသို့သော အန္တရာယ်တို့ ရှိသောအခါ အကျဉ်းအားဖြင့် လည်းကောင်း၊ အန္တရာယ်မရှိသောအခါ အကျယ်အားဖြင့် ပါတိမောက်ကို ပြခြင်းငှါ ခွင့်ပြု၏။

မီး၊ ရေ၊ လူမျိုး (၃)။ မင်း။ သူခိုး (၂)။ သားဆိုး၊ ဘီလူးကြမ်း (၂)။

မြွေ၊ ကျင့်၊ သက်ဆွယ် (၃)။ အန္တရာယ်။ တဆယ်ဤသို့မှန်း။

(သဝရဘယန္တိ အဋဝိမနုဿဘယံ-တောအုပ်၌နေသောလူ၏ဘေး၊ အန္တရာယ်တို့တွင် ရဟန်းတို့သည် ဥပုသ်ပြုကြကုန်အံ့ဟု နေထိုင်ကြသောအခါ -

မင်းသည် ရောက်လာအံ့၊ မင်းအန္တရာယ်မည်၏။

ခိုးသူလာအံ့၊ ခိုးသူအန္တရာယ်။

တောမီးလောင်လာအံ့၊ ကျောင်း၌မီးထအံ့-မီးအန္တရာယ်။

မိုးတက်အံ့၊ ရေအယဉ်စီးလာအံ့-ရေအန္တရာယ်။

လူများစွာတို့ လာကြကုန်အံ့-လူအန္တရာယ်။

ရဟန်းကို ဘီလူးဖမ်းအံ့ -ဘီလူးအန္တရာယ်။

ကျား စသော သားကြမ်းတို့ လာကြကုန်အံ့-သားရဲ အန္တရာယ်။

ရဟန်းကို မြွေစသည်တို့ခဲကုန်အံ့-မြွေအန္တရာယ်။

ရဟန်းသည် ဂိလာနဖြစ်အံ့ ပျံလွန်အံ့၊ ရန်သူတို့သော်လည်း သတ်လို၍ ဖမ်းကုန်အံ့ အသက်အန္တရာယ်။

ရဟန်းကို သာသနာမှရွေ့စေလိုသဖြင့် ဖမ်းအံ့ သာသနာအန္တရာယ်မည်၏။

ဤသို့ သောအန္တရာယ်တို့ကြောင့် အကျဉ်းပြအပ်၏။ ပဌမတဥဒ္ဒေသကို ဖြစ်စေ၊ အစနှစ်ခု၊ သုံးခု၊ လေးခုသော ဥဒ္ဒေသကိုဖြစ်စေ ပြအပ်၏။ ဒုတိယဥဒ္ဒေသ စသည်ကိုပြစဉ် မပြီးသေးမီ အန္တရာယ်ဖြစ်အံ့၊ ထိုမပြီးသေးသော ဥဒ္ဒေသကိုလည်း သုတဖြင့်သာ သိစေအပ်၏။)

(သာဋီ ... သဝရဘယန္တိ ဝနစရကဘယံ - တော၌လှည့်လည်သူ၏ဘေး၊ ထို့ကြောင့် အဋဝိမနုဿဘယ-ဟု ဆိုသည်။ အဝသေသံ သုတေန သာဝေ တဗ္ဗံ ဟု ဟောသောကြောင့် နိဒါန်းပြခြင်း မပြီးမီ သုတဖြင့် သိစေအပ်သော မည်သည်မရှိရကား “ဒုတိယဥဒ္ဒေသ စသည်ကိုပြစဉ်”ဟုဆိုသည်။ အဝသေသ သဒ္ဒါသည် ပြဆဲဥဒ္ဒေသကိုငဲ့၏။ ထို့ကြောင့် နိဒါန်းပြီး၍ ပါရာဇိက စသည်တို့မပြီးမီ၊ အန္တရာယ်ဖြစ်အံ့၊ ထိုမပြီးသေးသော ဥဒ္ဒေသနှင့်တကွ အကြွင်းကို သုတဖြင့်သိစေအပ်၏။)

(ဝိဋီ … သရဝဘယန္တိ ဝနစရကဘယံ။ တေနာဟ အဋဝိမနုဿဘယန္တိ။ (သဝရ၊ သရဝ—အက္ခရာကွဲသည်။) နိဒါန်းမပြီးသေးလျှင် ပါတိမောက်ပြခြင်း မမည်သေးသောကြောင့် ဒုတိယဥဒ္ဒေသ စသည်ကို ပြစဉ်ဟု ဆိုသည်။)

တရားဟောခြင်း သုံးမျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့ အလယ်၌ မတိုက်တွန်းအပ်သူဖြစ်လျက် တရားဟောကုန်၏၊ ချစ်သားတို့ .... သံဃာ့အလယ်၌ မတိုက်တွန်းအပ်သူဖြစ်လျက် တရားမဟောအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... မထေရ် ရဟန်းသည် ကိုယ်တိုင် တရားဟောခြင်းငှါ လည်းကောင်း၊ သူတပါးကို တိုက်တွန်းခြင်းငှါ လည်းကောင်း ခွင့်ပြု၏။

(အနဇ္ဈိဋ္ဌ၊ မတိုက်တွန်းအပ်သူဟူသည်။ အ-နာဏတ္တ၊ မစေခိုင်းအပ်သူ။ အယာစိတ၊ မတောင်းပန်အပ်သူ ဖြစ်၏။ တိုက်တွန်းခြင်းသည် သံဃသမ္မုတိရသော ဓမ္မဇ္ဈေသက ရဟန်းနှင့်စပ်၏။ သံဃာ့မထေရ်နှင့်လည်း စပ်၏။ ထိုသမ္မုတိရသော တိုက်တွန်းသူမရှိလျှင် သံဃာ့မထေရ်ကို ပန်ကြား၍လည်းကောင်း၊ မထေရ်ကြီးက တိုက်တွန်းအပ်သည်ဖြစ်၍ လည်းကောင်း ဟောခြင်းငှါရ၏။ သံဃထေရ်သည်လည်း ဓမ္မကထိက များစွာ ရှိလျှင် အလှည့်စဉ်ဖြင့် မိန့်ဆိုအပ်၏။

တွံ ဓမ္မံ ဘဏ၊ ဓမ္မဒါနံ ဒေဟိ-ဟု(သာမန်) မိန့်ဆိုလျှင် အစီအရင်သုံးပါးလုံးဖြင့်လည်း (ဝါ-ဩသာရဏ၊ ကထန၊ သရဘည-သုံးပါးဖြင့်လည်း) ဟောအပ်၏။ ဩသာရေဟိ-ပါဠိကို ပြီးဆုံးအောင် ရွတ်လောဟူ၍ လည်းကောင်း၊ ကတေဟိ၊ အနက်အဓိပ္ပါယ်ကို ပြောပြလောဟူ၍ လည်းကောင်း၊ သရဘညံဘဏာဟိ၊ အသံဖြင့် ရွတ်ဆိုခြင်းကို ရွတ်လောဟူ၍လည်းကောင်း (အထူး) တိုက်တွန်းလျှင် တိုက်တွန်းရာ တခုခုကိုသာ ပြုအပ်၏။

သံဃာ့မထေရ်သည်လည်း မြင့်သောနေရာ၌နေလျက် တောင်းပန်ခြင်းငှါ မရ။ ဆရာတပည့်ဖြစ်၍ နေရာမြင့်၌ နေလျက် ဟောရမည်ဟု ဆိုအံ့။ သရဇ္ဈာယ်ခြင်းကို ဆောက်တည်၍ ဟောအပ်၏။ ရဟန်းငယ်တို့ရှိလျှင် ထို ရဟန်းငယ်တို့အား ဟောမည်ဟု နှလုံးသွင်း၍လည်း ဟောအပ်၏။ မထေရ်သည် မိမိ၏တပည့်တို့ကိုသာ ဟောခိုင်းအံ့၊ သာယာစွာ ဟောတတ်သူတို့ ရှိသော်လည်း မတိုက်တွန်းအံ့၊ အရှင်ဘုရား ... ဤမည်သော ပုဂ္ဂိုလ်ကို ဟောခိုင်းပါရစေဦးဟု လျှောက်အပ်၏။ အခွင့်ပြုအံ့၊ ဆိတ်ဆိတ်သော်လည်း နေအံ့၊ ဟောခိုင်းခြင်းငှါ အပ်၏။ တားမြစ်အံ့၊ မဟောခိုင်းအပ်။

မထေရ်ကြီး မကြွလာမီ တရားနာခြင်းကို အားထုတ်အပ်သည်ဖြစ်အံ့၊ ကြွလာသောအခါ ရပ်ဆိုင်း၍ ပန်ဖွယ်ကိစ္စမရှိ။ ဩသာရဏပြုပြီး၍ (ကိုယ်တိုင်) ကထန ပြောပြလိုသူအား ပန်ကြား၍ လည်းကောင်း၊ မရပ်တန့်မူ၍ လည်းကောင်း ဟောပြအပ်၏။ ကထနဟောပြစဉ် ကြွလာရာ၌လည်း ဧသေဝနယော။ အနီး၌ နေသူအား ဟောသော ဥပနိသိန္နကထာ၌လည်း သံဃာ့ထေရ်သာလျှင် အစိုးရ၏။ ထို့ကြောင့် ကိုယ်တိုင်လည်း ဟောအပ်၏။ တပါးသော ရဟန်းကိုသော်လည်း ကထန ပြုလောဟု ဆိုအပ်၏။ နေရာမြင့်၌ နေလျက်ကား မဆိုအပ်။ မနုဿာနံ ဘဏာတိ-ဟု (အထူးပြု၍) ဆိုခြင်းငှါကား အပ်၏။

လူတို့သည် မိမိသိကျွမ်းရာရဟန်းကို ရှေးရှုမေးမြန်းကုန်အံ့၊ ထိုရဟန်းသည် မထေရ်ကို ပန်၍ ဟောကြား ဖြေဆိုအပ်၏။ အရှင်ဘုရား ... လူတို့သည် ပြဿနာကိုမေးကြပါသည်ဟု ပန်သောအခါ၊ သံဃာ့ထေရ်သည် “မေးအပ်သူဖြေကြားလော” ဟု ခွင့်ပြုအံ့၊ ဆိတ်ဆိတ်သော်လည်း နေအံ့၊ ဖြေကြားခြင်းငှါ အပ်၏။

ရွာတွင်း အနုမောဒနာတရား ဟောရာ စသည်တို့၌လည်း ဧသေဝနယော။ ကျောင်း၌ လည်းကောင်း၊ ရွာ၌ လည်းကောင်း၊ ငါ့ကို မပန်မူ၍လည်း ဟောကြားရာ၏ဟု ခွင့်ပြုထားအံ့၊ အပ်ခွင့်ရ၏။ နေရာမရွေး ဟောခြင်းငှါ အပ်၏။ သရဇ္ဈာယ်လိုသော ရဟန်းသည်လည်း မထေရ်ကို (ဝါ-မိမိထက် ကြီးသူကို) ပန်အပ်သည်သာတည်း။ တပါးကိုပန်၍ သရဇ္ဈာယ်စဉ် (ထိုထက် ကြီးသော) နောက်တပါးသည် ရောက်လာအံ့၊ တဖန်ပန်ဖွယ်မရှိ။ အပန်းဖြေအံ့ဟု ရပ်ထားစဉ် ရောက်လာအံ့၊ တဖန် သရဇ္ဈာယ်လိုလျှင်လည်း ပန်အပ်၏။

မထေရ်ကြီး မလာမီကပင် အားထုတ်၍ သရဇ္ဈာယ်သူအားလည်း ဧသေဝနယော။ မထေရ်တပါးသည် ငါ့ကိုမပန်မူ၍လည်း အလိုရှိတိုင်း သရဇ္ဈာယ်လောဟု ခွင့်ပြုထားအံ့၊ (ဤသို့ ခွင့်ပြုရာ၌လည်း) အလိုရှိတိုင်း သရဇ္ဈာယ်ခြင်းငှါ အပ်၏။ သို့သော် တပါးသော မထေရ်ကြီး ရောက်လာပြန်သော်ကား ထိုမထေရ်ကြီးကို ပန်၍သာ သရဇ္ဈာယ်အပ်၏။)

(သာဋီ ... အစီအရင်သုံးပါးကား ဩသာရဏ၊ ကထန၊ သရဘည တည်း။ အနက်အဓိပ္ပါယ်ကို ဆိုလို၍ ပါဠိကိုပြီးအောင် ရွတ်ခြင်းသည် သြသာရဏ မည်၏။ ထိုပါဠိ၏ အနက်အဓိပ္ပါယ်ကို ပြောပြခြင်းသည် သရဘည မည်၏။ သရဇ္ဈာယ်ခြင်းကို ဆောက်တည်၍ ဟူသည် သရဇ္ဈာယ်ခြင်းကို ပြုအံ့ဟု စိတ်ကို ဖြစ်စေ၍တည်း။ မနုဿာနံဘဏာတိ ... စသည်၌ မြင့်သော မနေရာ၌ နေလျက်သော်လည်း မနုဿာနံဘဏာတိ-ဟု အထူးပြု၍သာ ဆိုခြင်းငှါ အပ်၏။ အထူးမပြုလျှင် မအပ်။ သရဇ္ဈာယ်လိုသော ဟူသည် အမှတ်မရှိသော နေရာ၌နေ၍ သရဇ္ဈာယ်လိုသော ရဟန်းတည်း။ မထေရ်ကို ဟူသည် အမှတ်မရှိ။ မိမိထက်ကြီးသော ပုဂ္ဂိုလ်ကိုတည်း။ တပါးကိုပန်၍ ဟူသည် ဝုဍ္ဎတရကို ပန်၍တည်း။ နောက်တပါး ရောက်လာအံ့ ဟူသည် ကတောပိ ဝုဍ္ဎတရာ အာဂစ္ဆတိ။)

(ဝိဋီ ... တီဟိပိ ဝိဓိဟိတိ၊ ဩသာရဏ၊ ကထန၊ သရဘညေဟိ။ အနက်အဓိပ္ပါယ်ကို ဆိုလို၍ လည်းကောင်း၊ ဆိုစေလို၍ လည်းကောင်း၊ ပါဠိကိုပြီးအောင်ရွတ်ခြင်းသည် ဩသာရဏ မည်၏။ ထို၏ အနက်အဓိပ္ပါယ်ကို ပြခြင်းသည် ကထနမည်၏။ ပါဠိသက်သက်ကိုသာ အသံဖြင့်ရွတ်ခြင်းသည် သရဘညမည်၏။ သဇ္ဈာယံ အဓိဋ္ဌဟိတွာတိ သဇ္ဈာယံ ကရောမီတိ စိတ္တံ ဥပ္ပါဒေတွာ။ ဩသာရဏပြုပြီး၍ ကထနပြောပြလိုသူ ဟူသည် ကိုယ်တိုင်သာလျှင် ပါဠိကိုရွတ်၍ နောက်၌ အနက်အဓိပ္ပါယ် ပြောပြလိုသူတည်း။)

ဝိနည်းမေးဖြေသမ္မုတိ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကိုမေးကုန်၏။ ချစ်သားတို့ ... သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကိုမမေးအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းမေးခြင်းငှါ ခွင့်ပြု၏။ ကိုယ်တိုင် သမုတ်အပ်၏။ သူတပါးသည်လည်း သမုတ်အပ်၏။

ဗျတ္တသည် ဉာတ္တိကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-အကျွန်ုပ်သည် ဤမည်သောသူကို ဝိနည်းမေးရာ၏ဟု ကိုယ်တိုင် သမုတ်ခြင်းဖြင့် သိစေအပ်၏။ ဤမည်သောသူသည် ဤမည်သောသူကို ဝိနည်း မေးရာ၏ဟု သူတပါး သမုတ်ခြင်းဖြင့် သိစေအပ်၏။ ထိုအခါ လဇ္ဇီပေသလ ရဟန်းတို့ သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းမေးကုန်၏။

ဆဗ္ဗဂ္ဂီတို့သည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။ ချစ်သားတို့ ... သံဃာ့အလယ်၌ သမုတ်၍သော်လည်း ပရိသတ်ကိုကြည့်၍ ဝိနည်း မေးခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကို ဖြေကုန်၏။ ချစ်သား ... သံဃာ့အလယ်၌ မသမုတ်ပဲ ဝိနည်းကို မဖြေအပ်၊ ဒုက္ကဋ်။

ချစ်သား ... သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းကို ဖြေခြင်းငှါ ခွင့်ပြု၏။ ကိုယ်တိုင် သမုတ်အပ်၏။ သူတပါးသည်လည်း သမုတ်အပ်၏။ ဗျတ္တသည် ဉာတ္တိကံဖြင့် ....လ... သိစေအပ်၏။ ထိုအခါ လဇ္ဇီပေသလ တို့သည် သံဃာ့အလယ်၌ သမုတ်၍ ဝိနည်းဖြေကုန်၏။ ဆဗ္ဗဂ္ဂီတို့တည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။ ချစ်သားတို့ ... သံဃာ့အလယ်၌ သမုတ်၍သော်လည်း ပရိသတ်ကိုကြည့်၍ ပုဂ္ဂိုလ်ကိုနှိုင်းချိန်၍ ဝိနည်း ဖြေခြင်းငှါ ခွင့်ပြု၏။

(မေးလိုသူသည် ပရိသတ်ကိုကြည့်၍ မိမိအား ဘေးရန်မရှိအံ့၊ ဝိနည်းကို မေးအပ်၏။)

ခွင့်တောင်း၍ စောဒနာ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ခွင့်မတောင်းပဲ ရဟန်းကို အာပတ်ဖြင့် စောဒနာကုန်၏။ ချစ်သားတို့ ... ခွင့်မတောင်းပဲ ရဟန်းကို အာပတ်ဖြင့် မစောဒနာအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏။ အရှင်သည် အခွင့်ကိုပြုပါ၊ အကျွန်ုပ်သည် အရှင်ကို ပြောဆိုလိုပါသည်ဟု ခွင့်တောင်းအပ်၏။ လဇ္ဇီပေသလ တို့သည် ဆဗ္ဗဂ္ဂီတို့ကို ခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာကုန်၏။ ဆဗ္ဗဂ္ဂီ တို့သည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။

ချစ်သားတို့ ... ခွင့်တောင်းပြီးသော်လည်း ပုဂ္ဂိုလ်ကို နှိုင်းချိန်၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ငါတို့ကို ပေသလတို့ ခွင့်မတောင်းမီဟု ကြိုတင်၍ စင်ကြယ်သော အာပတ်မရှိသော ရဟန်းတို့အား အကြောင်းမဲ့ ခွင့်တောင်းကုန်၏။ ချစ်သားတို့ ... အာပတ်မရှိသော ရဟန်းတို့အား အကြောင်းမဲ့ ခွင့်မတောင်းအပ်၊ ဒုက္ကဋ်။ ချစ်သား ... ပုဂ္ဂိုလ်ကိုနှိုင်းချိန်၍ ခွင့်တောင်းခြင်းငှါ ခွင့်ပြု၏။

[ခွင့်တောင်းပြီးသော်လည်း ပုဂ္ဂိုလ်ကို နှိုင်းချိန်၍-ဟူသည် ငါအား ဤပုဂ္ဂိုလ်မှ ဘေးရန်ရှိမည်လော၊ မရှိမည်လောဟု စူးစမ်း၍တည်း။ ပုဂ္ဂိုလ်ကို နှိုင်းချိန်၍ ခွင့်တောင်းခြင်းငှါ-ဟူသည် ဟုတ်မှန်သော အာပတ်ကို ဆိုသလော၊ မဟုတ်မှန်သော အာပတ်ကို ဆိုသလောဟု စူးစမ်း၍ အခွင့်ကို ပြုခြင်းငှါ ခွင့်ပြု၏။]

တား၍မရလျှင် ဒိဋ္ဌာဝိကမ္မ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့ အလယ်၌ အဓမ္မကံကိုပြုကုန်၏။ ချစ်သားတို့ ... အဓမ္မကံကိုမပြုအပ်၊ ဒုက္ကဋ်။ အဓမ္မကံကို ပြုကုန်သည်သာတည်း၊ ချစ်သားတို့ ... အဓမ္မကံကိုပြုလျှင် တားခြင်းငှါ ခွင့်ပြု၏။ လဇ္ဇီပေသလ တို့သည် ဆဗ္ဗဂ္ဂီတို့ အဓမ္မကံပြုသောအခါ တားကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် ရန်ငြိုးဖွဲ့၍ ခြိမ်းခြောက်ကုန်၏။

ချစ်သားတို့ ... အယူကိုသော်လည်း ထင်စွာပြုခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းတို့၏ အထံ၌သာလျှင် အယူကို ထင်စွာပြုကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် ခြိမ်းခြောက်ကုန်၏။ ချစ်သားတို့ ... လေးပါး ငါးပါးတို့သည် တားခြင်းငှါ၊ နှစ်ပါး သုံးပါးတို့သည် အယူကို ထင်စွာပြုခြင်းငှါ (ဝါ-တပါးပါးထံ ငါမနှစ်သက်ဟု ထင်စွာ ဆိုခြင်းငှါ) တပါးသည် “နမေတံ ခမတိ-ဤကံကို ငါမနှစ်သက်” ဟု ဆောက်တည်ခြင်းငှါ ခွင့်ပြု၏။

[အဓမ္မကမ္မံ ဝုတ္တနယမေဝ။ ပဋိက္ကောသိတုန္တိဝါရေတုံ၊ တားခြင်းငှါ။ ဒိဋ္ဌိမ္ပိအာဝိကာတုံ ဟူသည်၊ ဤကံသည် အဓမ္မကံ ဖြစ်သည်၊ ငါမနှစ်သက်ဟု ရဟန်းတပါး၏ အထံ၌ မိမိအယူကို ပြခြင်းငှါတည်း။ လေးပါး ငါးပါးကို ဘေးရန်မဖြစ်စိမ့်သောငှါ ဆိုသည်။]

တိုးတိုးပါတိမောက် မပြအပ်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့ အလယ်၌ ပါတိမောက်ကို ပြသောအခါ အားထုတ်၍ မကြားအောင် ပြကုန်၏။ (ဝါ-တိုးတိုးပြကုန်၏။) ချစ်သားတို့ … ပါတိမောက်ပြသူလည် အားထုတ်၍ မကြားအောင် မပြအပ်။ ဒုက္ကဋ်။ ထိုအခါ ရှင်ဥဒါယီသည် သံဃာအား ပါတိမောက် ပြသူဖြစ်၏။ ကာကဿရက ကျီးသံရှိသူဖြစ်၏။ ပါတိမောက်ကို မကြားအောင် မပြုအပ်ဟု ပညတ်သည်။ ငါသည်ကျီးသံ ရှိ၏။ အဘယ်သို့ ကျင့်ရမည်နည်းဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သား ... ပါတိမောက်ပြသူသည် အဘယ်သို့လျှင် ကြားစေရပါအံ့နည်း ဟု အားထုတ်ခြင်းငှါ ခွင့်ပြု၏။ အားထုတ်သူအား အနာပတ္တိ။

[အားထုတ်၍ မကြားအောင် ပြုကုန်၏ ဟူသည် ကြားနိုင်ကြအောင် ဆိုမည်ဟု အားထုတ်၍ တိုးတိုး ရွတ်ဆိုကုန်၏။]

လူရှိရာ၌ ပါတိမောက် မပြအပ်

ထိုအခါ ရှင်ဒေဝဒတ်သည် လူနှင့်တကွသော ပရိသတ်၌ ပါတိမောက်ကို ပြ၏။ ချစ်သားတို့ … လူနှင့် တကွသော ပရိသတ်၌ ပါတိမောက်ကို မပြအပ်။ ဒုက္ကဋ်။

(ဝဇ္ဇနီယ နှစ်ကျိပ်တယောက်တို့တွင် ဥက္ခိတ္တက သုံးယောက်ရှိရာ၌ ပါတိမောက်ပြလျှင် ပါစိတ်။ ကြွင်း ၁၈- ယောက်ရှိရာ၌ ဒုက္ကဋ်၊ နောက်၌ စုံလင်လတ္တံ့။)

ပါတိမောက်နှင့်စပ်သူ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သံဃာ့အလယ်၌ မတိုက်တွန်းအပ်ပဲ ပါတိမောက် ပြကုန်၏။ ချစ်သားတို့ ... သံဃာ့ အလယ်၌ မတိုက်တွန်းအပ်ပဲ ပါတိမောက်မပြအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ထေရာဓိကံ- မထေရ်ကြီးများနှင့် စပ်သော ပါတိမောက်ကို ခွင့်ပြု၏။ အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ကြွ၍ စောဒနာဝတ္ထုမြို့သို့ ရောက်၏။ ထိုအခါ တခုသော အာဝါသ၌ ရဟန်းများစွာ နေကုန်၏။

ထို၌ မထေရ် ကြီးသည် ဗာလ၊ အဗျတ္တ ဖြစ်၏။ ဥပုသ် (နှစ်ပါး၊ ကိုးပါး) ကိုမသိ၊ ဥပုသ်ကံ (လေးပါး) ကို၊ ပါတိမောက် (နှစ်ပါး)ကို၊ ပါတိမောက်ပြခြင်း (ကိုးပါး) ကို မသိ။ ထိုအခါ ရဟန်းတို့အား ဤသို့ အကြံဖြစ်၏။ သေရာဓိကံ ပါတိမောက္ခံ ဟု ပညတ်သည်။ ဤငါတို့၏ မထေရ်ကြီးသည်လည်း ဘာမျှ မသိ၊ အဘယ်သို့ ကျင့်ရပါအံ့နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... အကြင်ရဟန်းသည် ထိုအာဝါသ၌ ဗျတ္တပဋိဗလနှင့် စပ်သော ပါတိမောက်ကို ခွင့်ပြု၏။

(ထေရာဓိကန္တိထေရာဓိကံ၊ ထေရာယတ္တံဘဝတုန္တိအတ္ထော - မထေရ်ကြီးနှင့် စပ်သော ပါပါမောက် ဖြစ်ခြင်းငှါ ဟူလို။ ထေရာဓေယျံ-ဟူ၍လည်း ပါဌ်ရှိ၏။ ထို့ကြောင့် မထေရ်ကြီးသည် ကိုယ်တိုင်းလည်း ပြအပ်၏။ သူတပါးကို သော်လည်း တိုက်တွန်းအပ်၏၊ တိုက်တွန်းပုံလည်း ဓမ္မဇ္ဈေသန၌ ဆိုပြီးသော နည်းရှိပြီ။ ဥပုသ်ကိုမသိ စသည်၌ စာတုဒ္ဒသိက၊ ပန္နရသိက အပြားဖြင့် နှစ်ပါး၊ သံဃဥပုသ် စသည်အပြားဖြင့် ကိုးပါး၊ ဤသို့ ဥပုသ်ကိုသိ။ အဓမ္မဝဂ္ဂ စသော လေးပါးသော ဥပုသ်ကံကို။ ဘိက္ခု၊ ဘိက္ခုနီစွမ်းဖြင့် နှစ်ပါးသော ပါတိမောက်ကို။ ဥဒ္ဒေသငါးပါး၊ လေးပါးစွမ်းဖြင့် ကိုးပါးသော ပါတိမောက်ကို မသိ။ ငယ်သော်လည်း ဗျတ္တအား ပါတိမောက် ပြခြင်းကို ခွင့်ပြုရာ၌ အဓိပ္ပါယ်ကား = မထေရ်ကြီးအား အယုတ်ဆုံး နှစ်ဥဒ္ဒေသမျှ သန့်ရှင်းစွာ နှုတ်တက်လျှင် ပါတိမောက်ပြခြင်းသည် မထေရ်ကြီးနှင့်သာ စပ်၏။ နှစ်ဥဒ္ဒေသမျှ သန့်ရှင်းစွာ မတက်နိုင်လျှင် ဗျက္က ရဟန်းအား စပ်သော ပါတိမောက်ပြခြင်း ဖြစ်၏။

(ဇီဋီ ... ထေရာဓေယျ ဟု ဟော၍လည်း နောက်၌ အထူးမပြုပဲ ဗျတ္တဓေယျကို ဟောသောကြောင့် ဘန္တေဟူသော စကားသည် မထေရ်ကြီးအားလည်း ရှိခြင်း ထင်ရှား၏။

သာဋီ .... စောဒနာဝတ္ထု၊ နာမဧကံနဂရံ။

ကိုးပါးသောဥပုသ်ကား ...

သံဃံ၊ ဂဏ၊ ပုဂ္ဂလ ဟု ကာရကစွမ်းဖြင့်သုံးပါး၊

သုတ္တုဒ္ဒေသ၊ ပါရိသုဒ္ဓိ၊ အဓိဋ္ဌာန် ဟု ကတ္တဗ္ဗာကာရစွမ်းဖြင့် သုံးပါး၊

စာတုဒ္ဒသီ၊ ပန္နရသီ၊ သာမဂ္ဂီ ဟု ဒိဝသစွမ်းဖြင့် သုံးပါးဖြစ်၏။

ဥပုသ်ကံသည် အဓမ္မဝဂ္ဂ၊ အဓမ္မသမဂ္ဂ၊ ဓမ္မဝဂ္ဂ၊ ဓမ္မသမဂ္ဂ ဟု လေးပါးဖြစ်၏။

ဘိက္ခုပါတိမောက်၊ ဘိက္ခုနီပါတိမောက်ဟု နှစ်ပါးဖြစ်၏။

ဘိက္ခုတို့အား ငါးဥဒ္ဒေသ၊ ဘိက္ခုနီတို့အား အနိယတချန်၍ လေးဥဒ္ဒေသဟု ပြခြင်း ကိုးပါးဖြစ်၏။

ဝိဋီ … သာဋီထက် မထူး။)

နေ့ချင်းပြန်

ထိုအခါ တခုသောအာဝါသ၌ ဥပုသ်နေ့၌ ရဟန်းများစွာနေကုန်၏။ ဗာလအဗျတ္တဖြစ်ကုန်၏။ ဥပုသ်၊ ဥပုသ်ကံ၊ ပါတိမောက်၊ ပါတိမောက်ပြခြင်းတို့ကို မသိကုန်။ ထိုရဟန်းတို့သည် မထေရ်ကြီးကို ပါတိမောက်ပြပါဟု တိုက်တွန်းကုန်၏။ ငါ့ရှင်တို့ ... ငါမရဟုဆို၏။ ဒုတိယမထေရ်ကို တိုက်တွန်းလည်း ငါမရဟုဆို၏။ တတိယ မထေရ်မှစ၍ သံဃာအငယ်ဆုံး တိုင်အောင် တိုက်တွန်းလည်း ငါမရဟုဆို၏။

ချစ်သားတို့ ... တခုသော အာဝါသ၌ ဥပုသ်နေ့၌ ရဟန်းများစွာနေကုန်၏။ ဗာလအဗျတ္တ ဖြစ်ကုန်၏။ ....လ.... အငယ်ဆုံး တိုင်အောင်တိုက်တွန်းလည်း ငါမရဟု ဆို၏။ ချစ်သားတို့ ... ထိုရဟန်းတို့သည် ရဟန်းတပါးကို အနီးကျောင်းသို့ ဖြစ်စေ၊ ပါတိမောက်သင်၍ ပြန်လာလောဟု စေလွှတ်အပ်၏။

အဘယ်သူသည် စေလွှတ်အပ်သနည်းဟု လျောက်ကုန်၏။ ချစ်သားတို့ ... မထေရ်ကြီးသည် သီတင်းငယ်ကို စေလွှတ်ခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးစေလွတ်သော သီတင်းငယ်တို့သည် မသွားကုန်၊ ချစ်သားတို့ ... မထေရ်ကြီး စေလွတ်သော ကျန်းမာသော ရဟန်းသည် မသွားပဲ မနေအပ်၊ ဒုက္ကဋ်။

ထို့နောက် မြတ်စွာဘုရားသည် စောဒနာဝတ္ထုမြို့မှ တဖန် ရာဇဂြိုဟ်သို့ ပြန်လာ၏။

(သမန္တာအာဝါသာတိ သမန္တံ အာဝါသံ၊ အနီးကျောင်းသို့။ သဇ္ဈကန္တိတဒဟော အာဂမနတ္ထာယ၊ ထိုနေ့၌သာ ပြန်လာခြင်းငှါ၊ သီတင်းငယ်ကို စေလွတ်ခြင်းငှါ-၌ သင်ယူနိုင်သောသီတင်းငယ်ကို စေလွှတ်အပ်၏။ ဗာလကို မစေလွှတ်အပ်။)

(ဇီဋီ ... ဂစ္ဆာဝုသော သံခိပိတ္တေနဝါ ဝိတ္ထာရေနဝါတိ ဝစနတော အသတိပိ အန္တရာယေ ထာမံ ပမာဏန္တိ သိဒ္ဓံ ဟောတိ။ အကျဉ်းဖြစ်စေ အကျယ်ဖြစ်စေ-ဟု ဟောသောကြောင့် အန္တရာယ်မရှိသော်လည်း ထာမံ ပမာဏံ-အားစွမ်းသည် ပမာဏဖြစ်၏ဟု ထင်ရှား၏။)

မသိခြင်းများ

ထိုအခါ လူတို့သည် ဆွမ်းခံကြွသော ရဟန်းတို့ကို “ကတိမိဘန္တေ ပက္ခဿ” ပက္ခ၏ အဘယ်မျှ တိထီပြည့်ပြီနည်း။ (ဝါ- ယနေ့ အဘယ်ရက်ပါနည်းဟု မေးကုန်၏။ ငါတို့မသိဟုဆိုကုန်၏။ ရဟန်းတို့ ဖြစ်လျက် ပက္ခ၏အရေအတွက် ရက်မျှမသိ။ တပါးသော ကောင်းမှုကို အဘယ်မှာ သိကုန်အံ့နည်းဟု လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ပက္ခ၏ အရေအတွက်ကို သင်ယူခြင်းငှါခွင့်ပြု၏။ အဘယ်သူသည် သင်ယူအပ်ပါသနည်း ဟု လျှောက်ကုန်၏။ ချစ်သားတို့ … အလုံးစုံသော ရဟန်းတို့သည်သာလျှင် ပက္ခ၏ အရေအတွက်ကို သင်ယူခြင်းငှါ ခွင့်ပြု၏။

လူတို့သည် ဆွမ်းခံကြွသော ရဟန်းတို့ကို “ကိံ ဝတိကာဘန္တေ ဘိက္ခူ” ရဟန်းများ အဘယ်မျှရှိပါသနည်းဟု မေးကုန်၏။ ငါတို့မသိဟု ဆိုကုန်၏။ ရဟန်းတို့ဖြစ်လျက် အချင်းချင်းမျှ မသိကုန်။ တပါးသောကောင်းမှုကို အဘယ်မှာ သိကုန်အံ့နည်းဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ရဟန်းတို့ကို ရေတွက်ခြင်းငှါ ခွင့်ပြု၏။ အဘယ်အခါ ရေတွက်အပ်ပါသနည်း ဟုလျှောက်ကုန်၏။ ချစ်သားတို့ .... ဥပုသ်နေ့၌ ဂဏစဉ်ဖြင့် ရေတွက်ခြင်းငှါ လည်းကောင်း၊ စာရေးတံကို ရေတွက်ခြင်းငှါလည်းကောင်း ခွင့်ပြု၏။

ရဟန်းတို့သည် ယနေ့ ဥပုသ်နေ့ဟု မသိကြသဖြင့် အရပ်ဝေးသို့ဆွမ်းခံကြွကုန်၏။ ထိုရဟန်းတို့သည် ပါတိမောက် ပြစဉ်လည်းကောင်း၊ ပြပြီးမှလည်းကောင်း ရောက်ကုန်၏။ ချစ်သား ... ယနေ့ ဥပုသ်နေ့ဟု ပြောကြားခြင်းငှါ ခွင့်ပြု၏။ အဘယ်သူသည် ပြောကြားအပ်ပါသနည်းဟု လျှောက်ကုန်၏။ ချစ်သားတို့ ... မထေရ်ကြီးသည် နံနက် စောစော၌ ပြောကြားခြင်းငှါ ခွင့်ပြု၏။ ထိုအခါ မထေရ်ကြီးသည် နံနက်၌ သတိမရ၊ ချစ်သားတို့ ... ဘတ္တကာလ-ဆွမ်းကာလ၌လည်း ပြောကြားခြင်းငှါ ခွင့်ပြု၏။

[ကတိနံ ပူရဏီတိကတိမိ - အဘယ်တိထီတို့၏ ပြည့်ကြောင်းနည်း။ ကာလဝတောတိ ကာလဿေဝ၊ ပဂေဝါတိအတ္ထော - နံနက်စောစော ဟူလို။ သတိရသောအခါ-ဟူသည်၌ ညချမ်း၌သော်လည်း ယနေ့ ဥပုသ်နေ့ ဖြစ်သည်။ နှလုံးသွင်းကြလောဟု ပြောကြားခြင်းငှါ အပ်၏။]

(သာဋီ .... နှလုံးသွင်းကြလော-ဟူသည် မှတ်သားကြလောတည်း။

ဝိဋီ ... ကတိမိကို တိတ္ထိသဒ္ဒါကိုငဲ့သော ဣတ္ထိလိင်ဟု မှတ်အပ်၏။)

ပုဗ္ဗကရဏ လေးပါး

ထိုအခါ တခုသော အာဝါသ၌ ဥပုသ်အိမ်သည် အမှိုက်များ၏၊ အဘယ်ကြောင့် တံမြက်မလှည်းကြ သနည်းဟု အာဂန္တုတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဥပုသ်အိမ်ကို တံမြက် လှည်းခြင်းငှါခွင့်ပြု၏။ အဘယ်သူ လှည်းအပ်ပါသနည်း။ ချစ်သား ... မထေရ်ကြီးသည် သီတင်းငယ်ကို စေခိုင်းခြင်းငှါ ခွင့်ပြု၏။ စေခိုင်းသော် လည်း မလှည်းကုန်။ ချစ်သားတို့ ... မထေရ်ကြီးစေခိုင်းလျှင် ကျန်းမာသူသည် တံမြက်မလှည်းပဲ မနေအပ်၊ ဒုက္ကဋ်။

ဥပုသ်အိမ်၌ နေရာ မခင်းကုန်။ ရဟန်းတို့သည် မြေ၌ထိုင်ကုန်၏။ ကိုယ်နှင့် သင်္ကန်း မြေမှုန့် ကပ်ငြိကုန်၏။ ချစ်သားတို့ ... ဥပုသ်အိမ်၌ နေရာခင်းခြင်းငှါ ခွင့်ပြု၏။ အဘယ်သူ...။ ချစ်သားတို့ ... မထေရ်ကြီးသည် သီတင်းငယ်ကို စေခိုင်းခြင်းငှါ ခွင့်ပြု၏။ မခင်းကုန်။ ချစ်သားတို့ ... မထေရ်ကြီးစေခိုင်းလျှင် ကျန်းမာသူသည် နေရာမခင်းပဲ မနေအပ်။ ဒုက္ကဋ်။

ဥပုသ်အိမ်၌ မီးမရှိ၊ ရဟန်းတို့သည် အမိုက်မှောင်၌ ကိုယ်ကို သင်္ကန်းကို နင်းမိကုန်၏။ ချစ်သားတို့ ... ဥပုသ်အိမ်၌ မီးထွန်းခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးသည် သီတင်းငယ်ကို စေခိုင်းခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီး စေခိုင်းလျှင် ကျန်းမာသူသည် မီးမထွန်းပဲ မနေအပ်။ ဒုက္ကဋ်။

တခုသောအာဝါသ၌ အာဝါသိကတို့သည် သောက်ရေ၊ သုံးရေကို မတည်ထားကုန်။ အာဂန္တုတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... သောက်ရေကို သုံးရေကို တည်ထားခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီး စေခိုင်းလျှင် ကျန်းမာသူသည် မတည်ထားပဲ မနေအပ်၊ ဒုက္ကဋ်။

[သီတင်းငယ်ကိုစေခိုင်းရာ၌ တစုံတခု အမှုပြုသူ၊ အမြဲတပါးတည်း နေသူ၊ သံဃာ့ဝန်ဆောင်သူ၊ ဓမ္မကထိက စသော ဂုဏ်ထူးရှိသူကို တံမြက်လှည်းခြင်း စသည် အလို့ငှါ မစေခိုင်းအပ်။ ကြွင်းသော ရဟန်းတို့ကိုကား အလှည့်ဖြင့် စေခိုင်းအပ်ကုန်၏။ စေခိုင်းအပ်သူသည် တံမြက်ကို အခိုက်အတန့်မျှ မရအံ့။ သစ်ခက်ချိုးကို ကပ္ပိစေ၍ တံမြက်လှည်းအပ်၏။ ထိုမျှ မရလျှင် အပ်ခွင့်ရ၏။

ဥပုသ်အိမ်၌ အခင်းမရှိလျှင် သံဃိကကျောင်းမှသော်လည်း ယူခင်း၍ ပြန်ထားအပ်၏။ မရှိလျှင် ဖျာကြမ်း ကပိုင်တို့ကိုသော်လည်း ခင်းအပ်၏။ မရှိလျှင် သစ်ခက်ချိုးကိုစေ၍ ခင်းအပ်၏။ ကပ္ပိယကာရကကို မရလျှင် အပ်ခွင့်ရ၏။

မီးထွန်းခိုင်းသောအခါ ဤမည်သော နေရာ၌ ဆီ၊ မီးစာ၊ မီးခွက် ရှိသည် ယူ၍ထွန်းလောဟု ခိုင်းအပ်၏။ မရှိလျှင် ရှာအပ်၏။ ရှာ၍မရလျှင် အပ်ခွင့်ရ၏။ တနည်း-မီးအိုးကင်း၌ မီးသော်လည်း တောက်စေအပ်၏။]

အဗျတ္တဒုက္ကဋ်များ

ထိုအခါ များစ္စာသော ဗာလအဗျတ္တရဟန်းတို့သည် အရပ်တပါး ခရီးသွားကုန်၏။ ဆရာဥပဇ္ဈာယ်တို့ကို မပန်ကုန်။ ချစ်သားတို့ ... ဤသာသနာ၌ ဗာလအဗျတ္တရဟန်းတို့သည် ခရီးသွားကုန်အံ့၊ ဆရာဥပဇ္ဈာယ်တို့ကို မပန်ကုန်အံ့၊ ချစ်သားတို့ ... ထိုဆရာဥပဇ္ဈာယ်တို့သည် အဘယ်သို့ သွားကုန်အံ့နည်း အဘယ်သူနှင့် သွားကုန်အံ့နည်းဟု မေအပ်ကုန်၏။
ချစ်သားတို့ .... ထို ဗာလအဗျတ္တရဟန်းတို့သည် တပါးသော ဗာလအဗျတ္တ ရဟန်းတို့ကို ညွှန်းပြကုန်အံ့၊ ချစ်သား ... ဆရာဥပဇ္ဈာယ်တို့သည် ခွင့်မပြုအပ်ကုန်။ ခွင့်ပြုကုန်အံ့၊ ဒုက္ကဋ်။

ချစ်သားတို့ ... ထိုဗာလအဗျတ္တတို့သည်လည်း ဆရာဥပဇ္ဈာယ်တို့ ခွင့်မပြုပဲ သွားကုန်အံ့၊ ဒုက္ကဋ်။ ချစ်သားတို့ ... ဤ သာသနာ၌ တခုသောအာဝါသ၌ ရဟန်းများစွာနေကုန်အံ့၊ ဗာလအဗျတ္တဖြစ်ကုန်အံ့၊ ဥပုသ်၊ ဥပုသ်ကံ၊ ပါတိမောက်၊ ပါတိမောက်ပြခြင်းကို မသိကုန်အံ့၊ ထိုအာဝါသသို့ တပါးသော ဗဟုသုတ၊ ဝိနည်းဓိုရ်၊ ဗျတ္တ၊ လဇ္ဇီသည် ရောက်လာအံ့၊ ထိုအာဝါသိကတို့သည် ထိုရဟန်းကို ချီးမြှောက်အပ်၏။ ဖိတ်အပ်၏။ ရေချိုး ကသယ်မှုန့် မြေညက် ဒန်ပူ မျက်နှာသစ်ရေဖြင့် လုပ်ကျွေးအပ်၏။ မချီးမြှောက်၊ မပင့်ဖိတ်၊ မလုပ်ကျွေးကုန်အံ့၊ ဒုက္ကဋ်။

ချစ်သားတို့ .... ဤသာသနာ၌ တခုသောအာဝါသ၌ ဥပုသ်နေ့၌ ရဟန်းများစွာ ...လ.... မသိကုန်အံ့၊ ထို ရဟန်းတို့သည် ရဟန်းတပါးကို အနီး ကျောင်းသို့ နေ့ချင်းပြန် စေလွှတ်အပ်၏။ ငါ့ရှင်-သွားချေ၊ အကျဉ်းဖြစ်စေ။ အကျယ်ဖြစ်စေ၊ ပါတိမောက်သင်၍ ပြန်လာလောဟု စေလွှတ်အပ်၏၊ စေလွတ်၍ရလျှင် အပြစ်မရှိ၊ မရငြားအံ့၊ ချစ်သား ... ထိုရဟန်းတို့သည် ဥပုသ်စသည်ကို သိသောရဟန်းတို့နေရာ အာဝါသသို့ တပါးမကျန် သွားအပ်၏။ မသွားကုန်အံ့၊ ဒုက္ကဋ်။

ချစ်သားတို့ ... ဤသာသနာတော်၌ တခုသော အာဝါသ၌ ရဟန်းများစွာ ဝါဆိုလျက်ရှိကုန်အံ့၊ ဗာလအဗျတ္တ …..လ... မသိကုန်အံ့၊ ထိုရဟန်းတို့သည် ရဟန်းတပါးကို အနီးကျောင်းသို့ နေ့ချင်းပြန် ....လ... မရငြားအံ့၊ ခုနစ်ရက်အတွင်း ပြန်စေလွှတ်အပ်၏။ မရငြားအံ့၊ ချစ်သား ... ထိုရဟန်းတို့သည် ထိုအာဝါသ၌ ဝါတွင်း မနေအပ်။ နေကုန်ငြားအံ့၊ ဒုက္ကဋ်။

ချီးမြှောက်အပ်၏-ဟူသည် အရှင်ဘုရား ကြွလာခြင်းသည် ကောင်း၏။ ဤအရပ်၌ ဆွမ်းကွမ်းပြည့်စုံပါသည်၊ မပျင်းမရိနေတော်မူပါဟု ချစ်ဖွယ်စကားဖြင့် ချီးမြှောက်အပ်၏။ ဖန်ဖန်ပြု၍ ချီးမြောက်အပ်၏။ ကောင်းပြီ နေမည်ဟုဆိုသည့်တိုင်အောင် ပင့်ဖိတ်အပ်၏။ တနည်း - ပစ္စည်းလေးပါးဖြင့် ချီးမြှောက်အပ်၏။ ဖန်ဖန် ချီးမြှောက်အပ်၏။ ချစ်ဖွယ်စကားဖြင့် ပင့်ဖိတ်အပ်၏။ နားချမ်းသာအောင် ပြောဆိုအပ်၏ဟူလို။ ရေချိုး ကသယ်မှုန့် စသဖြင့် လုပ်ကျွေးအပ်၏။

ဒုက္ကဋ်ဟူသည် သံဃာအားလုံးပင် ဤသို့ မပြုအံ့၊ ထေရ်ကြီး ထေရ်ငယ်မလွတ် အားလုံး ဒုက္ကဋ်။ အားလုံး အလှည့်ဖြင့် လုပ်ကျွေးအပ်၏။ မိမိ၏အလှည့်၌ မလုပ်ကျွေးသူအား အာပတ်တည်း။ ထိုဝိနည်းဓိုရ် လဇ္ဇီသည်ကား မထေရ်ကြီးတို့၏ လုပ်ကျွေးခြင်းကို မသာယာအပ်။ မသာယာသော်လည်း မထေရ်ကြီး တို့သည် နံနက် ညချမ်း လုပ်ကျွေးရာသို့ လာအပ်၏။ ဝိနည်းဓိုရ်ကား မထေရ်ကြီးတို့၏ လာခြင်းကို သိ၍ ရှေးဦးစွာ မထေရ်ကြီးတို့ထံ ဆည်းကပ်အပ်၏။

ဝိနည်းဓိုရ်အား အတူနေ လုပ်ကျွေးသူရှိအံ့၊ ငါအား အလုပ်အကျွေးရှိသည်၊ သင်တို့ ကြောင့်ကြမဲ့ နေကြပါကုန်ဟု ဆိုအပ်၏။ မရှိအံ့၊ ဝတ်ပြုတတ်သူ တပါးနှစ်ပါးက မထေရ်အား ငါတို့လုပ်ကျွေးမည်၊ အရှင်တို့ ချမ်းသာစွာနေကြပါ”ဟု ဆိုလျှင်လည်း အားလုံးအနာပတ္တိ။

တပါးမကျန်သွားအပ်၏ ဟူသည် ဥပုသ်ပြုခြင်းငှါ လခွဲတိုင်း သွားအပ်၏။ ထိုသွားခြင်းကိုလည်း ဥတုဝဿ- ဆောင်း နွေကာလ၌သာ သွားအပ်၏။ ဝါတွင်းကာလ၌ကား ထိုအာဝါသ၌ ဝါတွင်းမနေအပ်။ ပုရိမဝါ၌ ပါတိမောက်ပြုတတ်သူ ကင်းလျက် ဝါမကပ်အပ်။ ဝါကပ်ပြီးမှ ပါတိမောက်ပြတတ်သူ ဖဲအံ့။ ထွက်အံ့၊ သေအံ့၊ တပါးသော ပါတိမောက် ပြတတ်သူရှိလျှင်သာ ပစ္ဆိမဝါ၌ နေခြင်းငှါ အပ်သည်။ မရှိလျှင် အရပ်တပါးသို့ သွားအပ်၏။ မသွားသူတို့အား ဒုက္ကဋ်။ ပစ္ဆိမဝါကပ်ပြီးမှ ဖဲထွက်သေလျှင် မာသဒွယ-ကြွင်းနှစ်လလုံး နေအပ်၏။

(ဇီဋီ ... ဥတုဝဿဟူသည် ဥတုသံဝစ္ဆရဖြစ်သော ဆောင်း၊ နွေ ကာလတည်း။

သာဋီ၊ ဝိဋီ ... ထိုထက်မထူး။)

ပါရိသုဒ္ဓိဆောင်ခြင်း

အခါတပါး မြတ်စွာဘုရားသည် ရဟန်းတို့ကို ချစ်သားတို့ ... စည်းဝေးကြလော၊ သံဃာသည် ဥပုသ်ကံကို ပြုလတ္တံ့ ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူလတ်သော် ရဟန်းတပါးက မြတ်စွာဘုရား၊ ရဟန်းဂိလာန ရှိပါသည်၊ ထိုရဟန်းသည် မလာနိုင်ပါဟုလျှောက်၏။ ချစ်သားတို့ ... ဂိလာနရဟန်းသည် ပါရိသုဒ္ဓိကို ပေးခြင်းငှါ ခွင့်ပြု၏။

ပေးပုံကား ... ထိုဂိလာနရဟန်းသည် ရဟန်းတပါးထံ ချဉ်းကပ်၍ ပခုံး တဘက်စမ္ပယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ “ပါရိသုဒ္ဓိံ ဒမ္မိ၊ ပါရိသုဒ္ဓိံ မေ ဟရ၊ ပါရိသုဒ္ဓိံ မေ အာရောစေဟိ” ဟု ဆိုအပ်၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့် သိစေအပ်၏။ သိစေလျှင် ပေးအပ်သော ပါရိသုဒ္ဓိဖြစ်၏။ ကိုယ်ဖြင့် နှုတ်ဖြင့် မသိစေလျှင် ပေးအပ်သော ပါရိသုဒ္ဓိ မဖြစ်၊ ဤသို့ရလျှင် အပြစ်မရှိ။

မရငြားအံ့၊ ချစ်သားတို့ ... ထို ဂိလာနကို ညောင်စောင်း အင်းပျဉ်ဖြင့် သံဃာ့အလယ်သို့ ဆောင်၍ ဥပုသ် ပြုအပ်၏။ အလုပ်အကျွေးတို့က ရောဂါတိုးလိမ့်မည်ဟုဆိုအံ့၊ ဂိလာနကို မရွှေ့အပ်၊ သံဃာသည် ထိုနေရာသို့ သွား၍ ဥပုသ်ပြုအပ်၏။ ချစ်သားတို့ ... ဝဂ္ဂဖြစ်သောသံဃာသည် ဥပုသ်မပြုအပ်၊ ဒုက္ကဋ်။

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးလတ်သော်၊ ဝါ-ပေးအပ်သော ပါရိသုဒ္ဓိဖြင့် ထိုအရပ်၌သာလျှင်ဖဲသွားအံ့၊ (ဝါ-သံဃာ့အလယ်သို့ မရောက်ပဲ ထိုမှသာ ဖဲသွားအံ့) တပါးသော ရဟန်းအား ပါရိသုဒ္ဓိ (တဖန် ထပ်၍) ပေးအပ်၏။ လူထွက်အံ့၊ သေအံ့၊ သာမဏေဟုဝန်ခံအံ့၊ သိက္ခာချသူ၊ အန္တိမဝတ္ထု ရောက်သူ၊ ရူးသူ၊ စိတ်ပျံ့လွင့်သူ၊ ဝေဒနာနှိပ်စက်သူ၊ ဥက္ခိတ္တကသုံးယောက်၊ ပဏ္ဍုက်၊ ထေယျသံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန်၊ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီဖျက်ဆီးသူ၊ သံဃာသင်းခွဲသူ၊ လောဟိတုပ္ပါဒက၊ ဥဘတောဗျည်း ဟု ဝန်ခံအံ့၊ တပါးသောရဟန်းအား ထပ်ပေးအပ်၏။ (ထပ်ပေး-၂၃)

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် ခရီးအကြား၌ ဖဲသွားအံ့။ .....လ..... ဥဘတောဗျည်းဟု ဝန်ခံအံ့၊ မဆောင်အပ်သော ပါရိသုဒ္ဓိဖြစ်၏။ (မဆောင်-၂၃)။

ချစ်သားတို့ … ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် သံဃာသို့ရောက်ပြီးမှ ဖဲသွားအံ့ .....လ..... ဥဘတောဗျည်းဟု ဝန်ခံအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိဖြစ်၏။(ဆောင်အပ်- ၂၃)။

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် သံဃာသို့ရောက်ပြီးမှ အိပ်ပျော်၍၊ မေ့၍၊ သမာပတ်ဝင်စား၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိ ဖြစ်၏။ ဆောင်သူအား အနာပတ္တိ။ (အနာပတ္တိ-၃)။

ချစ်သားတို့ ... ပါရိသုဒ္ဓိဆောင်သော ရဟန်းသည် ပေးအပ်သော ပါရိသုဒ္ဓိဖြင့် သံဃာသို့ရောက်ပြီးမှ အားထုတ်၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိ ဖြစ်၏။ ဆောင်သူအား ဒုက္ကဋ်။ (ဒုက္ကဋ်-၁)။

ပါရိသုဒ္ဓိပေးခြင်းကို အမှတ်မရှိ ကိုယ်အင်္ဂါဖြင့် စကားဆိုနိုင်လျှင် နှုတ်ဖြင့်နှစ်ပါးစုံ တတ်နိုင်လျှင် ကိုယ်နှုတ်ဖြင့် သိစေအံ့၊ ပေးအပ်သော ပါရိသုဒ္ဓိဖြစ်၏။ ထိုနေရာသို့သွား၍ ဟူသည်၌ မရွှေ့အပ်သော ဂိလာန အများ ဖြစ်အံ့၊ သံဃာသည် စီတန်း၍ ဂိလာနအားလုံးကို ဟတ္ထပါသ်၌ပြု၍ ဥပုသ်ပြုအပ်၏။ ဝေးလွန်း ဝေးလွန်းသဖြင့် သံဃာမလောက်အံ့၊ ထိုနေ့၌ ဥပုသ်မပြုအပ်။ ဝဂ္ဂဖြစ်လျက် သံဃာသည့် ဥပုသ်မပြုအပ် သည်သာတည်း၊

ထိုအရပ်၌သာလျှင် ဖဲသွားအံ့-ဟူသည် သံဃာ့အလယ်သို့ မရောက်လာပဲ ထိုနေရာမှသာ အရပ်တပါးသို့ ဖဲသွားအံ့တည်း။

သာမဏေဟုဝန်ခံအံ့-ဟူသည် အကျွန်ုပ်သည် သာမဏေတည်းဟု ဝန်ခံ၏။ ဟုတ်မှန်တိုင်းသာ သာမဏေ အဖြစ်ကိုပြောသူတည်း။ ယခု သာမဏေပြုတော့မည်ဟု ဆို၍ သာမဏေဘုံ၌ တည်သူတည်း။ ဧသနယော သဗ္ဗတ္ထ။ သံဃာသို့ရောက်ပြီးမှ ဖဲသွားအံ့ဟူသည် အယုတ်ဆုံး ဥပုသ်ကံအလို့ငှါ စည်းဝေးသော ရဟန်း လေးပါးတို့၏ ဟတ္ထပါသ်သို့ရောက်ပြီးမှ ဖဲသွား၏။ ဧသနယော သဗ္ဗတ္ထ။

ဤ၌ ရဟန်းတပါးသည် ရဟန်းအများ၏ ပါရိသုဒ္ဓိကို ဆောင်သော်လည်း အပ်၏။ ခရီးအကြား၌ ရဟန်းတပါးကိုမြင်၍ ဆောင်ခဲ့သော ထိုရဟန်းတို့၏ ပါရိသုဒ္ဓိကိုလည်းကောင်း၊ မိမိ၏ပါရိသုဒ္ဓိကို လည်းကောင်း ပေးလိုက်အံ့၊ ထိုသူ၏ ပါရိသုဒ္ဓိသည်သာ ရောက်သည်။ ထိုရဟန်းတို့၏ ပါရိသုဒ္ဓိသည် ဗိဠာလသင်္ခလိကာမည်၏။ မရောက်။

အိပ်ပျော်၍ မလျှောက်ကြား-ဟူသည် ရောက်လာ၍ အိပ်ပျော်နေ၏။ အသုကေန ဘန္တေ ပါရိသုဒ္ဓိ ဒိန္နာ-ဟု မလျှောက်ကြားမိ။ မလျှောက်ကြားလိုသော စေတနာဖြင့် အားထုတ်၍ မလျှောက်ကြားလျှင် ဒုက္ကဋ်။ ပါရိသုဒ္ဓိကား ရောက်သည်သာ။ စေတနာဖြင့် မဟုတ်ပဲ မလျှောက်မိလျှင် အနာပတ္တိ။ နှစ်ဦးလုံးအားလည်း ဥပုသ်ပြုခြင်းသည် ဖြစ်သည်သာတည်း။]

(ဇီဋီ ... ပါရိသုဒ္ဓိံ ဒမ္မိ ဟု အာပတ်ရှိသူပေးအံ့၊ သမ္ပဇာနမုသာဝါဒ ဖြစ်၏။ ဒမ္မိသည် မိမိ၏ဥပုသ်ကံ ပြီးကြောင်းတည်း။ ဟရ၊ အာရောစေဟိ သည် ဆောင်သူအား အနာရောစနဒုက္ကဋ် လွတ်စေခြင်းငှါတည်း။ ဆန္ဒပေးရာ၌လည်း ဒမ္မိသည် မိမိ၏ စိတ္တသာမဂ္ဂီပြစကားဖြစ်၏။ အကြွင်း တူပြီ။

သမဂ္ဂသံဃာ၌သာ ဆန္ဒပါရိသုဒ္ဓိသည် ရောက်၏။ ဥက္ခိတ္တက စသည်တို့အားသော်လည်း ဆန္ဒပါရိသုဒ္ဓိကို ပေးခြင်းသည် ရောက်၏။ ပကတတ် သညာဖြင့် ပေးခြင်းကြောင့်သာတည်း။ သိလျက် သာမဏေအား ပေးလျှင် မရောက်၊ အာပတ်လည်းသင့်၏။ မသိ၍ပေးလျှင် ရောက်၏။ အာပတ်လည်းမသင့်- စသည်။)

(သာဋီ .... ကိုယ်အင်္ဂါဖြင့် သိစေရာ၌ စိတ်ဖြင့်ကြံ၍ လက်ပယောဂ စသည်ဖြင့် သိစေခြင်းတည်း။ သံဃာမလောက်အံ့-ဟူသည် နှစ်ပါး နှစ်ပါး အကြား ဟတ္ထပါသ်ကိုမစွန့်ပဲ စီတန်း၍ တည်ခြင်းငှါ မတတ်နိုင်ခြင်းတည်း။

ဗိဠာလသင်္ခလိကာ၌ ကေစိတို့အဆိုကား ကြောင်ကို အိမ်တွင်း၌ သံကြိုးဖြင့် ချည်ထားလျှင် အရပ်တပါးသို့ မသွားသကဲ့သို့ ထိုပါရိသုဒ္ဓိလည်း မသွား။ အပရေတို့ အဆိုကား-ကြောင်တကောင်၏ လည်ပင်း၌ လူအများကိုယ်စီ သံကြိုးဖြင့် ချည်လျှင် ထိုကြောင်သွားမှ သံကြိုးအားလုံး သွားသည်။ တပါးသောကြောင် သွားခြင်းဖြင့် ထို သံကြိုးတို့ မသွားသကဲ့သို့၊ ရဟန်းအများ ပေးသော ဆန္ဒပါရိသုဒ္ဓိသည် ထိုရဟန်းသွားမှ သွားသည်၊ တပါးသော ရဟန်းသွားခြင်းဖြင့် မသွားဟူ၏။ အမြတ်တနိုးမမှတ်အပ်။

မှတ်စရာကား - သံကြိုး၏ ပဌမကွင်းသည် ဒုတိယကွင်းသို့ ရောက်၏။ တတိယကွင်းသို့ မရောက်၊ ဤအတူ ဤပါရိသုဒ္ဓိသည်လည်း ပေးသူသည် အကြင်ရဟန်းအား ပေး၏။ ထိုရဟန်းမှ တပါးသောရဟန်းသို့ မရောက်၊ ဤသို့ သင်္ခလိကာနှင့် တူသောကြောင့် ဗိဠာလသင်္ခလိကာဟု ဆိုသည်။ ဗိဠာလသင်္ခလိကာသဒ္ဒါ ကို သံကြိုး ဟူသမျှတို့၏ ဥပလက္ခဏမျှဟု မှတ်အပ်၏။

(ဝိဋီ ... သိစေရာ၌ စိတ်ဖြင့်ကြံ၍ ကာယဝိကာရပြုခြင်းကိုသာ သိစေခြင်းဟု မှတ်အပ်၏။ ပါဠိ၌ အညဿဒါတဗ္ဗာ-ဟူသည် ပါရိသုဒ္ဓိပေးသူသည် တပါးသော ရဟန်းထံ တဖန်ပေးအပ်၏တည်း-ဟု ဟုတ်မှန် တိုင်းသာ သာမဏေအဖြစ်ကို ပြောသူတည်းဟု ဆိုသောကြောင့်၊ အသက် ၂၀-မပြည့်ပဲ ရဟန်းပြုသူ၊ အန္တိမရောက်သူ၊ သိက္ခာချသူ စသည်တို့အား ဘိက္ခုပဋိညာ ရှိသမျှပတ်လုံး ဆောင်သော ဆန္ဒပါရိသုဒ္ဓိလည်း ရောက်၏။ သာမဏေ စသော အဖြစ်ကို ဝန်ခံသည်မှစ၍ မရောက်ဟု ပြအပ်၏။

ပါဠိ၌ သံဃာသို့ ရောက်ပြီးမှ ထွက်၏ ....လ… ပဏ္ဍုက်၊ တိရစ္ဆာန်၊ ဥဘတောဗျည်းဟု ဝန်ခံအံ့၊ ဆောင်အပ်သော ပါရိသုဒ္ဓိ ဖြစ်၏ဟု ဆိုသောကြောင့် ပဏ္ဍုက် စသည်တို့အားလည်း ဘိက္ခု ပဋိညာ ရှိသမျှ ကာလတို့၌ ဆောင်သော ဆန္ဒပါရိသုဒ္ဓိ၏ ရောက်ခြင်းသည် ထင်ရှား၏။ ထို့ကြောင့် ဧသနယောသဗ္ဗတ္ထ ဟု ဆိုသည်။

ရူးသူ စသော သုံးယောက်ကား ပကတတ်ဖြစ်သောကြောင့် ခရီးအကြား၌ ရူးခြင်း စသည်ကိုဝန်ခံသော်လည်း သံဃာသို့ ထိုလူတို့က ရောက်လျှင် ဆန္ဒ စသည် ရောက်၏ဟု မှတ်အပ်၏။

ရဟန်းလေးပါးတို့၏ ဟတ္ထပါသ်သို့ ဟူသောစကားဖြင့် ဂဏ၊ ပုဂ္ဂလတို့ထံ၌ ဆန္ဒပါရိသုဒ္ဓိ၏ မရောက်ခြင်းကို ပြသည်။ ပါဠိ၌ သံဃပ္ပတ္တော-ဟူ၍သာ ဟောသည်။ (ဂဏပ္ပတ္တောဟု မဟော)

ဗိဠာလသင်္ခလိကာ ပါရိသုဒ္ဓိ ဟူသည် ကြောင်လည်ပင်း၌ ဖွဲ့သော သံကြိုးနှင့်တူသော ပါရိသုဒ္ဓိ ဖြစ်၏။ ကြောင်ရောက်မှ သံကြိုးရောက်သကဲ့သို့ ဟူလို။ တနည်း-သံကြိုး၏ ပဌမကွင်းသည် ဒုတိယကွင်းသို့ ရောက်၏။ တတိယကွင်းသို့ မရောက်သကဲ့သို့ဟူလို။ ဗိဠာလသဒ္ဒါသည် မှတ်သားရုံမျှ ဥပလက္ခဏတည်း။)

ဆန္ဒဆောင်ခြင်း

အခါတပါး မြတ်စွာဘုရားသည် ချစ်သားတို့ ... စည်းဝေးလာကြလော၊ သံဃာသည် ကံကို ပြုလတ္တံ့။ ရဟန်းဂိလာန ရှိပါသည်။ မလာနိုင်ပါဘုရား၊ ချစ်သားတို့ .... ဂိလာနရဟန်းသည် ဆန္ဒကို ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား = ထိုလာနသည် ရဟန်းတပါးထံ ....လ.... လက်အုပ်ချီ၍ “ဆန္ဒံ ဒမ္မိ၊ ဆန္ဒံ မေ ဟရ၊ ဆန္ဒံ မေ အာရောစေဟိ” - ဟု ဆိုအပ်၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်နှုတ်ဖြင့် သိစေလျှင် ပေးအပ်သော ဆန္ဒဖြစ်၏။ ထိုမသိစေလျှင် ပေးအပ်သော ဆန္ဒ မဖြစ်။

ဤသို့ မရငြားအံ့၊ ချစ်သား … ထိုဂိလာနကို ညောင်စောင်း အင်းပျဉ်ဖြင့် သံဃာ့အလယ်သို့ ဆောင်၍ ကံပြုအပ်၏။ ရောဂါတိုးမည်ဟု ဆိုအံ့၊ ဂီလာနကို မရွှေ့အပ်။ သံဃာသည် ထိုနေရာသို့ သွား၍ ကံပြုအပ်၏။ ချစ်သားတို့ ... ဝဂ္ဂ ဖြစ်သော သံဃာသည် ကံကို မပြုအပ်၊ ဒုက္ကဋ်။

ချစ်သားတို့ … ဆန္ဒဆောင်သော ရဟန်းသည် ဆန္ဒကို ပေးလတ်သော်၊ ဝါ-ပေးအပ်သောဆန္ဒဖြင့် ထိုအရပ်၌ သာလျှင်ဖဲသွားအံ့၊ ထွက်အံ့၊ …လ.... ဥဘာာဗျည်းဟု ဝန်ခံအံ့၊ တပါးသော ရဟန်းအား ဆန္ဒကို တဖန်ထပ်၍ ပေးအပ်၏။ (ထပ်ပေး ၂၃)။

ခရီးအကြား၌ ဖဲသွားအံ့၊ ဥဘတောဗျည်းဟု ဝန်ခံအံ့၊ မဆောင်အပ်သော ဆန္ဒဖြစ်၏။ (မဆောင် ၂၃)။

သံဃာသို့ ရောက်ပြီးမှ ဖဲသွားအံ့၊ ဥဘတောဗျည်းဟု ဝန်ခံအံ့၊ ဆောင်အပ်သော ဆန္ဒဖြစ်၏။ (ဆောင်အပ်၂၃)။

သံဃာသို့ရောက်ပြီးမှ အိပ်ပျော်၍၊ မေ့၍၊ သမာပတ်ဝင်စား၍ မလျောက်ကြားအံ့၊ ဆောင်အပ်သော ဆန္ဒ ဖြစ်၏။ ဆောင်သူ အနာပတ္တိ။ (အနာပတ္တိ ၃)။

အားထုတ်၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ဆန္ဒ ဖြစ်၏။ ဆောင်သူအား ဒုက္ကဋ်။ (ဒုက္ကဋ် ၁)။

ချစ်သားတို့ ... ဥပုသ်နေ့၌ ပါရိသုဒ္ဓိ ပေးသူသည် ဆန္ဒကိုလည်း ပေးခြင်းငှါ ခွင့်ပြု၏၊ သံဃာ၌ ပြုဖွယ် ကံ၌ (ဝါ-ကံတို့သည်) ရှိကုန်၏။

ဆန္ဒပေးရာ၌လည်း ပါရိသုဒ္ဓိပေးရာ၌ ဆိုပြီးနှင့်တူသော ဝိနိစ္ဆယသာတည်း။ ပါရိသုဒ္ဓိပေးသူသည် ဆန္ဒကိုလည်း ပေးခြင်းငှါ - ဟူသည်၌ ဆန္ဒမပေးပဲ ပါရိသုဒ္ဓိကိုသာပေးအံ့၊ ဥပုသ်ကိုပြုအပ်၏။ တပါးသော သံဃကံကိုမပြုအပ်။ ပါရိသုဒ္ဓိမပေးပဲ ဆန္ဒကိုသာပေးအံ့၊ သံဃာသည် ဥပုသ်ကိုလည်းကောင်း၊ တပါးသော ကံကိုလည်းကောင်း ပြုအပ်၏။ ဆန္ဒပေးသူ၏ ဥပုသ်ကံမပြီး (ထို့ကြောင့် ဥပုသ်နေ့၌ ပါရိသုဒ္ဓိပေးသူသည် ဆန္ဒကိုလည်းပေးအပ်၏)။ တပါးသောမြစ်၌ သိမ်၌ ဥပုသ်အဓိဋ္ဌာန်ပြု၍ လာသူသည်လည်း ငါဥပုသ်ပြုပြီးပြီဟု နေခြင်းငှါမရ၊ သာမဂ္ဂီကိုလည်း ကောင်း၊ ဆန္ဒကိုလည်းကောင်း ပေးအပ်၏။]

(သာဋီ ... သန္တိ သံဃဿ ကရဏီယာနိ ဟု ဆိုအပ်လျက်၊ ဝစန ဝိပလ္လာသဖြင့် ကရဏီယံ-ဟုဆိုသည်။ ပြုဖွယ်ကံတို့သည်-ဟု ဆိုလိုလျက် ပြုဖွယ်ကံသည်ဟု ကေဝုစ်ဆိုသည်ဟူလို။

ဝိဋီ .... အတူတည်း။)

(ကင်္ခါ၌ ဥပုသ်ပြုပြီးသူ၊ ဂိလာန၊ ကိစ္စပ္ပသုတ-သုံးယောက်ကို ဆန္ဒပါရိသုဒ္ဓိပေးရာ၌ ညွှန်ပြ၏။)

ဥပုသ်နေ့လူဖမ်းခြင်း

ထိုအခါ ရဟန်းတပါးကို ဥပုသ်နေ့၌ ဆွေမျိုးတို့သည် ဖမ်းကုန်၏။ ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းကို ဥပုသ်နေ့၌ ဆွေမျိုးတို့ ဖမ်းကုန်အံ့၊ ထိုဆွေမျိုးတို့ကို ဤသို့ ဆိုအပ်၏။ ဒါယကာတို့ … သင်တို့သည် ဤ ရဟန်း ဥပုသ်ပြုပြီးသည်တိုင်အောင် ခေတ္တ လွှတ်ကြလောဟု ဆိုအပ်၏။ ရလျှင်အပြစ်မရှိ။ မရဌားအံ့၊ ဤရဟန်း ပါရိသုဒ္ဓိပေးသည်တိုင်အောင် ခေတ္တတနေရာ၌ နေကြလောဟု ဆိုအပ်၏။ မရငြားအံ့။ သံဃာ ဥပုသ်ကံ ပြုသည်တိုင်အောင် ဤရဟန်းကို သိမ်ပသို့ ခေတ္တဆောင်ကြလောဟု ဆိုအပ်၏။ ရလျှင်အပြစ်မရှိ။ မရငြားအံ့၊ ချစ်သားတို့ ... ဝဂ္ဂ ဖြစ်သောသံဃာသည် ဥပုသ်မပြုအပ်-ဒုက္ကဋ်။ (လေးမျိုး)။

ချစ်သား... ဤသာသနာ၌ ရဟန်းကို ဥပုသ်နေ့၌ မင်းတို့သည်ဖမ်းကုန်အံ့၊ ဤအတူလေးမျိုးစီ။

(ဇီဋီ ... ခေတ္တတနေရာ၌ နေကြလောဟု ဟောသောကြောင့် ဘိက္ခု ကမ္မ-ဟူသမျှသည် လူစသည်တို့ ဟတ္ထပါသ်၌ ရှိလျှင် မအပ်ဟူသော အနက် ဖြစ်၏။)

ဂဂ္ဂနှင့်ဥပုသ်ကံ

အခါတပါး မြတ်စွာဘုရားသည် ချစ်သားတို့ ... စည်းဝေးကြလော။ သံဃာအား ကရဏီယပြုဖွယ်ကိစ္စရှိ၏။ မြတ်စွာဘုရား ဂဂ္ဂမည်သောရဟန်း ဥမ္မတ္တက ရှိပါသည်။ လာမည် မဟုတ်ပါဘုရား၊ ချစ်သားတို့ ... ဥမ္မတ္တက သည် နှစ်မျိုးရှိ၏။ ဥပုသ်ကံ သံဃကံကို ရံခါသတိရ၍ ရံခါသတိမရ၍၊ ရံခါလာ၍ ရံခါမလာသူမျိုး။ အမြဲသတိမရ၍ အမြဲမလာသူတမျိုး-ဤသို့နှစ်မျိုးရှိ၏။

ချစ်သားတို့ ... ထိုနှစ်မျိုးတို့တွင် ရံခါသတိရ၍ ရံခါလာသူ ဥမ္မတ္တကအား ဥမ္မတ္တကသမ္မုတိကို ပေးခြင်းငှါ ခွင့်ပြု၏။ ဗျတ္တပဋိဗလသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ရံခါသတိရ၍ ရံခါလာသူ ဥမ္မတ္တကဖြစ်သော ဂဂ္ဂရဟန်းအား “လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း၊ ဂဂ္ဂနှင့်တကွ လည်းကောင်း၊ ကင်း၍လည်းကောင်း၊ သံဃာသည် ဥပုသ်ကံ သံဃာ့ကံပြုရာ၏” ဟု ဥမ္မတ္တကသမ္မုတိကို ပေးရာ၏။ ဂဂ္ဂနှင့်တကွလည်းကောင်း၊ ကင်း၍လည်းကောင်း ကံကိုပြုလတ္တံ့-ဟု သမ္မုတိကို ပေးပြီဟု သိစေအပ်၏။

[ကဒါ-နသရတိ။ ။ ရံခါသတိမရသူ၊ ဧကန္တံ-နေဝသရတိ-အမြဲ သတိမရသူ - နှစ်ယောက်တို့တွင် အမြဲသတိမရသူအား သမ္မုတိပေးဖွယ်ကိစ္စ မရှိ၊ မလာသော်လည်း ကံကိုမပျက်စေနိုင်။]

(သာဋီ ... တဿ သမ္မုတိဒါနကိစ္စံ နတ္ထိ ဟတ္ထပါသံ အာနေတဗ္ဗော ယေဝါတိ ဂဏ္ဍိပဒေသု ဝုတ္တံ။

ဝိဋီ .... ရံခါသတိရသူအားသာ သမ္မုတိကိုပေးခြင်းကို ဟောသောကြောင့် အမြဲသတိမရသူအား သမ္မုတိဒါန ကိစ္စံ နတ္ထိ။ အမြဲသတိမရသူအား သမ္မုတိ မရှိသော်လည်း ထိုသူ၏မလာခြင်းသည် ဂဂ္ဂကအကျိုးငှါမဖြစ်ဟု ဆိုအပ်၏။ ကေစိတို့ကား ထိုသူကိုလည်း ဟတ္ထပါသ်သို့သာ ဆောင်အပ်၏ဟု ဆိုကုန်၏။ မယူအပ်။)

သံဃ၊ ဂဏ၊ ပုဂ္ဂလ

ထိုအခါ တခုသော အာဝါသ၌ ဥပုသ်နေ့၌ ရဟန်းလေးပါးနေကုန်၏။ ဤသို့အကြံဖြစ်၏။ ဥပုသ်ပြုအပ်၏ဟု ပညတ်သည်။ ငါတို့လေးပါး အဘယ်သို့ ပြုအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... လေးပါးတို့အား ပါတိမောက်ကို ပြခြင်းငှါ (ဝါ---ပါတိမောက်ကို ရွတ်ဆိုခြင်းငှါ) ခွင့်ပြု၏။

တခုသော အာဝါသ၌ သုံးပါးနေကုန်၏။ အကြံဖြစ်၏။ ချစ်သား ... သုံးပါးတို့အား ပါရိသုဒ္ဓိ ဥပုသ်ကိုပြုခြင်းငှါ ခွင့်ပြု၏။

ပြုပုံကား ဗျတ္တပဋိဗလသည် ထိုရဟန်းတို့ကို သိစေအပ်ကန်၏။

ယဒါ ယသ္မန္တာနံ ပတ္တကလ္လံ မယံ အညမညံ ပါရိသုဒ္ဓိ ဥပေါသထံ ကရေယျာမ။

ဤသို့ သိစေအပ်ကုန်၏။ မထေရ်ကြီးသည် ပခုံးတဘက်စမ္ပယ်တင်၍ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ထိုရဟန်းတို့ကို ဤသို့ဆိုအပ်၏။

ပရိသုဒ္ဓေါ အဟံ အာဝုသော။ ပရိသုဒ္ဓေါတိ မံ ဓာရေထ။ (သုံးကြိမ်) သီတင်းငယ်သည် ပခုံးတဘက် ....လ.... လက်အုပ်ချီ၍

ပရိသုဒ္ဓေါ အဟံ ဘန္တေ။ ပရိသုဒ္ဓေါတိ မံဓာရေထ (သုံးကြိမ်)

တခုသော အာဝါသ၌ နှစ်ပါး နေကုန်၏။ အကြံဖြစ်၏။

ချစ်သားတို့ ... နှစ်ပါးတို့အား ပါရိသုဒ္ဓိဥပုသ်ကိုပြုခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးသည် ပခုံးတဘက် ... လက်အုပ်ချီ၍ သီတင်းငယ်ကို..

ပရိသုဒ္ဓေါအဟံ အာဝုသော။ ပဝိသုဒ္ဓေါတိ မံ ဓာရေဟိ (သုံးကြိမ်)

သီတင်းငယ်သည် ပခုံးတဖက်... လက်အုပ်ချီ၍ သီတင်းကြီးကို..

ပရိသုဒ္ဓေါ အဟံဘန္တေ၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ (သုံးကြိမ်)

တခုသော အာဝါသ၌ ရဟန်းတပါးနေ၏။ အကြံဖြစ်၏။ ချစ်သား ... ဤသာသနာ၌ တခုသောအာဝါသ၌ ဥပုသ်နေ့၌ ရဟန်းတပါးသည် နေအံ့၊ ထိုရဟန်းသည် ရဟန်းတို့သက်ဝင်ရာဇရပ်၊ မဏ္ဍပ်၊ သစ်ပင်ရင်း၌ တံမြက်လှည်း၍ သောက်ရေ သုံးရေတည်ထား၍ နေရာခင်း၍ မီးထွန်း၍ နေအပ်၏။ တပါးသောရဟန်းများ ရောက်လာကုန်အံ့၊ ထိုရဟန်းတို့နှင့် အတူ ဥပုသ်ပြုအပ်၏။ မရောက်လာကုန်အံ့။

အဇ္ဇမေ ဥပေါသထော (ပန္နရသောအဓိဋ္ဌာမိ)

ဤသို့ အဓိဋ္ဌာန်ပြုအပ်၏။ အဓိဋ္ဌာန်မပြုအံ့-ဒုက္ကဋ်။ ချစ်သားတို့ ... လေးပါးနေရာ၌ တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ သုံးပါးပါတိမောက်မပြအပ်၊ ဒုက္ကဋ်။ သုံးပါးနေရာ၌ တပါး၏ ပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါး ပါရိသုဒ္ဓိ မပြုအပ်၊ ဒုက္ကဋ်။ နှစ်ပါးနေရာ၌ တပါး၏ ပါရိသုဒ္ဓိကိုဆောင်၍ တပါး အဓိဋ္ဌာန်မပြုအပ်၊ ဒုက္ကဋ်။

[တပါးတည်း အဓိဋ္ဌာန်ဥပုသ်၌ တံမြက်လှည်းခြင်း၊ တံမြက်လှည်းခြင်း၊ သောက်ရေတည်ခြင်း စသည်တို့ကို အဘယ်ကြောင့် ဟောသနည်းဟူမူ၊ ဥပုသ်၏ ပုဗ္ဗကရဏ၊ ပုဗ္ဗကိစ္စ၊ ပတ္တကလ္လ တို့ကိုပြခြင်းငှါတည်း။ ထို့ကြောင့် အဋ္ဌကထာ ဆရာတို့သည် ဤသို့ မိန့်ဆိုကုန်၏။

သမ္မဇ္ဇနီ ပဒီပေါစ၊ ဥဒကံ အာသနေနစ။
ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရဏန္တိ ဝုစ္စတိ။
ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ၊ ဘိက္ခု ဂဏနာစ ဩဝါဒေါ။
ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကိစ္စန္တိ ဝုစ္စတိ။
ဥပေါသထော ယာဝတိကာစ ဘိက္ခူကမ္မပ္ပတ္တာ။
သဘာဂါ ပတ္တိယောစ နဝိဇ္ဇန္တိ။
ဝဇ္ဇနီယာစ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ ပတ္တကလ္လန္တိဝုစ္စံတိ။

ဤသို့ ရှေးဦးစွာ လေးပါးကို ပုဗ္ဗကရဏ၊ ထိုနောင်ပြုအပ်သော ငါးပါးကို ပုဗ္ဗကိစ္စ။ နောက်ဆုံး လေးပါးကို ပတ္တကလ္လဟု မိန့်ဆိုကုန်၏။ ထိုရဟန်းတို့နှင့်အတူ-ဟူသည် ထိုရောက်လာသော ရဟန်းတို့နှင့်အတူ ပုဗ္ဗကရဏ စသည်ပြု၍ ဥပုသ်ပြုအပ်၏။ အဇ္ဇမေဥပေါသထော၌ ၁၅-ရက် ဖြစ်အံ့၊ အဇ္ဇမေဥပေါသထော ပန္နရသော-ဟူ၍လည်း အဓိဋ္ဌာန်ပြုခြင်းငှါ အပ်၏။ စာတုဒ္ဒသိက၌လည်း ဧသေဝနယော။

(ဇီဋီ ... အာသနေန သဟ ဥဒကန္တိအတ္ထော။ ပန္နရသောဟူ၍လည်း ဟူသည် စာတုဒ္ဒသီကိုပေါင်းသည်။

ဝိဋီ ... သံဃာစည်းဝေးသည်မှ ရှေးဦးစွာပြုအပ်သော အမှုသည် ပုဗ္ဗကရဏမည်၏။ စည်းဝေးပြီးမှ ပြုအပ်သော အမှုသည် ပုဗ္ဗကိစ္စမည်၏။ ပါဠိ၌ အဓိဋ္ဌာန်မပြုအံ့၊ ဒုက္ကဋ်ဟူသည်၌။ အသဉ္စိစ္စ အသတိယာ အနာပတ္တိ။)

(သာဋီ ... သံဃာစည်းဝေးသည်မှ ရှေးဦးစွာပြုအပ်သည်ကို ပုဗ္ဗကရဏဟု ဆိုအပ်၏။ ပုဗ္ဗကရဏမှ နောက်ပြုအပ်သည်ကိုလည်း ဥပုသ်ကံမှ ရှေး၌ပြုအပ်သောကြောင့် ပုဗ္ဗကိစ္စဟုဆိုအပ်၏။ ထိုနှစ်ပါးလုံးကိုပင် ပုဗ္ဗကိစ္စ ဟူ၍သာ အချို့နေရာ၌ ဆိုအပ်၏။ ကိံ သံဃဿ ပုဗ္ဗကိစ္စ စသည်တို့၌ ကဲ့သို့တည်း။

ဥပေါသထော ဟူသည် ဥပုသ်နေ့ သုံးနေ့တို့တွင် တနေ့နေ့တည်း။ ဥပုသ်နေ့ဖြစ်လျှင် သံဃာ၏ဥပုသ်ကံသည် ပတ္တကလ္လ ဖြစ်၏။ ထိုနေ့မဟုတ်လျှင် ပတ္တကလ္လမဖြစ်။ ဥပုသ်နေ့မဟုတ်သောနေ့၌ ဥပုသ်မပြုအပ်ဟု ဟောသည်။

ယာဝတိကာစ ဘိက္ခူ ကမ္မပ္ပတ္တာ ဟူသည် ထိုဥပုသ် ကံအားလျော်သော အယုတ်ဆုံး ပကတတ်လေးပါး တို့တည်း။ ထိုလေးပါးတို့သည်လည်း ဟတ္ထပါသ်မစွန့်ပဲ တသိမ်ထည်း တည်ကြသူတို့ ဖြစ်ကုန်၏။

သဘာဂါပတ္တိယောစ နဝိဇ္ဇန္တိ၌ သံဃာအားလုံး ဝိကာလဘောဇန-စသော သဘောတူဝတ္ထုကြောင့် လဟုကာပတ္တိသို့ ရောက်သည်ကို ဝတ္ထုသဘာဂါပတ္တိဟု ဆိုအပ်၏။ ဤသို့သော သဘာဂါပတ္တိမရှိလျှင် ဝိသဘာဂအာပတ် ရှိသော်လည်း ပတ္တကလ္လကံ ဖြစ်သည်သာတည်း။

ဝဇ္ဇနီယာစပုဂ္ဂလာ တသ္မိံ နဟောန္တိ ဟူသည်၌ နဘိက္ခဝေ သဂဟဋ္ဌာယပရိသာယ ဟူ၍ ဟောသောကြောင့် လည်းကောင်း၊ နဘိက္ခဝေ ဘိက္ခုနိယာ နိသိန္နာယ ပရိသာယ ပါတိမောက္ခံ ဥဒ္ဒိသိတဗ္ဗံ စသည်ဖြင့် ဟောလတ္တံ့ သောကြောင့်လည်းကောင်း၊ လူ၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမဝတ္ထု ရောက်သူ (ခုနစ်ယောက်)။

အာပတ်မရှူခြင်းကြောင့်၊ အာပတ်မကုစားခြင်းကြောင့်၊ ယုတ်မာသောအယူ မစွန့်ခြင်းကြောင့် ဥက္ခိတ္တကကံ ပြုခံရသူတို့ (သုံးယောက်)။

ပဏ္ဍုက်၊ ထေယျ သံဝါသက၊ တိတ္ထိယပက္ကန္တက၊ တိရစ္ဆာန်၊ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီဖျက်ဆီးသူ၊ သံဃာသင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသူ၊ ဥဘတောဗျည်း (၁၁- ယောက်)

ဤနှစ်ကျိပ် တယောက်သည် ဝဇ္ဇနီယပုဂ္ဂိုလ်မည်၏။ ဟတ္ထပါသ်မှ အပ ပြု၍ ကြဉ်အပ်သူတို့ ဖြစ်ကုန်၏။ ထိုတွင် ဥက္ခိတ္တက သုံးယောက်ရှိရာ၌ ဥပုသ်ပြုသော သံဃာသည် ပါစိတ်သို့ရောက်၏။ အကြွင်း ၁၈- ယောက် ရှိရာ၌ ဒုက္ကဋ်။ ဤ၌လည်း တိရစ္ဆာန်ဟူသည်၌ ရဟန်းအဖြစ်ပယ်အပ်သော လူအသွင်ရှိသူကိုသာ ဆိုလိုသည်။ တိတ္ထိယတို့ကို ဂဟဋ္ဌဖြင့်ယူ၍ ကြဉ်အပ်ကုန်၏။

ဤသို့ ပတ္တကလ္လကံကို အင်္ဂါလေးပါးဖြင့် ရေတွက်အပ်၏။

အဇ္ဇမေ ဥပေါသထော ပန္နရသောတိပိ ၌ ပိသဒ္ဓါဖြင့် ဥပေါသထော ဟူ၍မျှလည်း ဆိုခြင်းငှါအပ်၏ဟု ပြသည်။ မာတိကာဌကထာ၌ကား .... အဇ္ဇမေ ဥပေါသထော စာတုဒ္ဒသောတိဝါ ပန္နရသောတိဝါ ဝတွာ အဓိဋ္ဌာမီတိ ဝတ္တဗ္ဗံ ဟုဆို၏။ (စိတ်ဖြင့်အဓိဋ္ဌာန်ရုံမဟုတ်၊ နှုတ်မြွက်ရမည် ဟူလို။)

လူ၊ နီ၊ သိက္ခ (၃)။ သာ နှစ်ဝ (၂)။ သိက္ခ၊ အန္တိမာ (၂)၊
မစွန့်၊ မကု။ ပြစ်မရှု။သုံးခု ဥက္ခိတ္တာ (၃)။
ပဏ်၊ ထေ၊ ပက်၊ စ္ဆန် (၄)၊ ပဉ္စာနန် (၅)၊ ဒုသံ၊ ဥဘောပါ (၂)။
ဝဇ္ဇနီယ။ ဧက် ဝီသ။ ထုတ်ပြပါဠိမှာ (၂၁)။
ဥက္ခိတ်သုံးရပ်။ ပါစိတ်မှတ် (၅)၊ ကြွင်းလတ် ဒုက္ကဋာ (၁၈)။

ဥပုသ်နေ့၌အာပတ်

ထိုအခါ ရဟန်းတပါးသည် ဥပုသ်နေ့၌ အာပတ်သို့ ရောက်၏။ အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု ပညတ်သည်။ အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သား ... ဤသာသနာ၌ ရဟန်းသည် ဥပုသ်နေ့၌ အာပတ်သို့ ရောက်အံ့၊ ချစ်သားတို့ ... ထိုရဟန်းသည် ရဟန်းတပါးထံ ချဉ်းကပ်၍ ... ပခုံးတဘက် စမ္ပာယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ “အဟံ အာဝုသော ဣတ္ထန္နာမံ အာပတ္တိံ အာပန္နော။ တံ ပဋိဒေသေမိ”-ဟု ဆိုအပ်၏။ (ဝါ အမှတ်မရှိ ဘာသာစကားဖြင့် ဒေသနာကြားအပ်၏။)

ထိုရဟန်းသည် ပဿသိ-ဟု မေးအပ်၏။ အာမ ပဿာမိ ဟု ပဋိညာဝန်ခံအပ်၏။ အာယတိံ သံဝရေယျာသိ ဟု ဆိုအပ်၏။ (ဝါ-ပဋိညာတကရဏဝိနည်းကံ-ပဋိညာအတိုင်းပြုအပ်၏။) ချစ်သားတို့ .... ဤသာသနာ၌ ရဟန်းသည် ဥပုသ်နေ့၌ အာပတ်၌ ယုံမှားအံ့။ ထိုရဟန်းသည် ရဟန်းတပါးထံ ....လ... လက်အုပ်ချီ၍ အဟံ အာဝုသော ...လ... ပဋိကရိဿာမိ - အကျွန်ုပ်သည် ဤမည်သော ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှား ကင်းသောအခါ ကုစားမည်ဟုဆို၍ ဥပုသ်ပြုအပ်၏။ ပါတိမောက်နာအပ်၏။ ထိုအကြောင်းကြောင့် ဥပုသ်၏ အန္တရာယ်ကို မပြုအပ်။

[အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု ပညတ်ခြင်းကို “ယဿသိယာအာပတ္တိ” စသည် ဟောခြင်းဖြင့် လည်းကောင်း၊ ပါရိသုဒ္ဓိပေးခြင်းကို ပညတ်ခြင်းဖြင့် လည်းကောင်း၊ ပါရိသုဒ္ဓိဥပုသ်ကို ပညတ်ခြင်းဖြင့် လည်းကောင်း ပညတ်သည်ဟုသိအပ်၏။ “ဣတ္တန္နာမံ အာပတ္တိံ ကို ထုလ္လစ္စယံ အာပတ္တိံ၊ ပါစိတ္တိယံ အာပတ္တိံ” စသည်ဖြင့် အမည်ကိုယူဆိုအပ်၏။

တံပဋိဒေသေမိ ကို တံတုမှမူလေ၊ တံတုယှမူလေ ပဋိဒေသေမိ ဟု ဆိုလျှင်လည်း သုဝုတ္တ သာတည်း။ (တုမှမူလေ ကို မထေရ်ကြီးထံ၌ ဆိုအပ်၏။ တုမှာကံ+မူလေ ဟူလို။ တုယှမူလေ ကို သီတင်းငယ်ထံ၌ ဆိုအပ်၏။ တုယှံ+မူလေ ဟူလို။)

ပဿသိ ကို ပဿသိ အာဝုသော တံ အာပတ္တိံ၊ ပဿထ ဘန္တေတံ အာပတ္တိံ ဟု ဆိုအပ်၏။ အာမပဿာမိ ကို အာမဘန္တေပဿာမိ။ အာမ အာဝုသောပဿာမိ ဟု ဆိုလျှင်လည်း သုဝုတ္တသာတည်း။ အာယတိံ သံဝရေယျာသိ ၌ သီတင်းကြီးကို အာယတိံ သံဝရေယျာထဟု ဆိုအပ်၏။ ဤသို့ဆိုလျှင် သာဓု သုဋ္ဌု သံဝရိဿာမိ ဟု ဆိုအပ်သည်သာတည်း။

ယုံမှား ကင်းသောအခါ ဟူသည်၌ ယုံမှားကင်းသူ ဖြစ်အံ့တည်း။ ဝတ္ထုကိုပြော၍သော်လည်း ကြားခြင်းငှါ အပ်သည်ဟု အန္ဓကဋ္ဌကထာ၌ဆို၏။ အစီအရင်ကား မိုးအံ့သောအခါဖြစ်၍ ကာလလော၊ ဝိကာလလော ဟု ယုံမှားလျက်စားအံ့၊ ထိုရဟန်းသည် အရှင်ဘုရား အကျွန်ုပ်သည် ယုံမှားလျက် စားမိ၏။ ကာလရှိလျှင် ဒုက္ကဋ်များစွာတို့သို့၊ ကာလမရှိလျှင် ပါစိတ်များစွာတို့သို့ ရောက်ပြီဟု ဝတ္ထုကိုပြော၍ အဟံဘန္တေ ယာတသ္မိံ ဝတ္ထုသ္မိံ သဗ္ဗဟုလာ ဒုက္ကဋာဝါ ပါစိတ္တိယာဝါ အာပတ္တိယော အာပန္နော။ တာ တုမှမူလေပဋိဒေသေမိ-ဟု မှာကြားအပ်၏။ ဧသနယောသဗ္ဗာပတ္တိသု။]

(ဇိဋီ ... ယုံမှားရှိသူသည် “ယုံမှားကင်းသောအခါ ကုစားမည်” ဟု ဆိုပြီးသောအခါ၌ ယုံမှားကင်းသူ မဖြစ်သေး သော်လည်း သဘာဂ အာပတ်ကို ဒေသနာခံခြင်းငှါ ရ၏။ တပါးသောကံတို့ အားလည်း ပရိသုဒ္ဓမည်၏။ တဖန် ယုံမှားကင်းသူဖြစ်လျှင် ဒေသနာကြားအပ်၏။ စသည်။)

သာဋီ ... အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု န ဘိက္ခေ၀ သာပတ္တိကေန စသည်ဖြင့် တိုက်ရိုက်သီးခြား ပညတ်ခြင်းကားမရှိ။ မရှိသော်လည်း ယဿ သိယာအာပတ္တိ သောအာဝိကရေယျ စသည်ကိုဟောခြင်းဖြင့် အနက်အားဖြင့် ပညတ်ပြီးသာဟု အဓိပ္ပါယ်ဖြစ်၏။ ပါရိသုဒ္ဓိပေးခြင်းကို ပညတ်ခြင်းဟူသော စကားဖြင့် အာပတ်ရှိသူ ပါရိသုဒ္ဓိလည်း မပေးအပ်ဟုပြ၏။ ထို့ကြောင့် ပါရိသုဒ္ဓိ ပေးလိုသောသူသည် အာပတ် ရှိလျှင် ဒေသနာကြားအပ်၏။

အကျွန်ုပ်သည် ဤမည်သော အာပတ်၌ ယုံမှား၏။ ….လ…... ပါတိမောက်နာအပ်၏ ဟုဟောသောကြောင့် ယုံမှားကင်းသူ နိဗ္ဗေမတိက မဖြစ်မချင်း သဘာဂါပတ္တိကို ခံခြင်းငှါ ရ၏။ တပါးသော ကံတို့အားလည်း စင်ကြယ်သူ မည်၏။ တဖန် ယုံမှားကင်းသူဖြစ်လျှင် ဒေသနာ ကြားအပ်၏။ “နစာတိ နေဝပါဠိယံ နအဋ္ဌကတာယံအတ္ထိ။ ဒေသိတေပန ဒေါသော နတ္ထိ။ ဣတောဝုဋ္ဌဟိတွာ ပဋိကရိဿာမိ” ၌လည်း ဧသေဝနယော-ဟု ဂဏ္ဍိပဒတို့၌ဆို၏။ )

(ဝိဋီ ... ပညတ်သည်ဟူသောစကားဖြင့် အာပတ်ရှိသူ ဥပုသ်မပြုအပ် ဟု သီးခြားပညတ်ခြင်း မရှိသော်လည်း ယဿသိယာ-စသော ပါဠိစွမ်းဖြင့် ပညတ်အပ်ပြီးသာဟုပြ၏။ ဤနည်းဖြင့်သာလျှင် အဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံတထာဂတော အပရိသုဒ္ဓါယ ပရိသာယ ဥပေါသထံ ကရေယျ ပါတိမောက္ခံ ဥဒ္ဒိသေယျ စသော ပါဠိနည်းဖြင့်လည်း အလဇ္ဇီတို့နှင့်လည်း ဥပုသ်ပြုခြင်းကို ပယ်အပ်သည်သာတည်း။ သိက္ခာပုဒ် အားလုံးသည် အလဇ္ဇီနှိပ်ခြင်း အကျိုးရှိသောကြောင့်ဟု မှတ်အပ်၏။ ပါရိသုဒ္ဓိ ပေးခြင်းကို ပညတ်ခြင်း ဟူသော စကားဖြင့် အာပတ်ရှိသူ ပါရိသုဒ္ဓိမပေးအပ်ဟု ပြ၏။ )

သဘာဂ အချင်းချင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သဘာဂအာပတ်ကို ဒေသနာ ကြားကုန်၏။ ချစ်သားတို့ ... သဘာဂအာပတ်ကို ဒေသနာ မကြားအပ်၊ ဒုက္ကဋ်။ ဆဗ္ဗဂ္ဂီတို့သည် သဘာဂအာပတ်ကို ဒေသနာ ခံကုန်၏။ ချစ်သားတို့ ... သဘာဂအာပတ်ကို ဒေသနာ မခံအပ်။ ဒုက္ကဋ်။

[သဘာဂအာပတ် ဟူသည်၌ နှစ်ပါးသော ရဟန်းတို့သည် ဝိကာလ ဘောဇန စသော သဘာဂဝတ္ထု-ဝတ္ထုတူကြောင့် အာပတ်သို့ ရောက်ကုန်အံ့၊ ဤသို့သော ဝတ္ထုတူကို သဘာဂအာပတ်ဟု ဆိုအပ်၏။ ဝိကာလ ဘောဇနအာပတ်ကို အနတိရိတ္တဘောဇန အာပတ်ရှိသူ၏ အထံ၌ ဒေသနာ ကြားခြင်းငှါ အပ်၏။ ဝတ္ထုတူ အာပတ်ကိုသော်လည်း ကြားမိလျှင် သုဒေသိတသာတည်း။ တပါးသော အာပတ်သို့ကား ရောက်ကုန်၏။ ကြားသူသည် ကြားခြင်းဝတ္ထုကြောင့်၊ ခံသူသည် ခံခြင်းဝတ္ထုကြောင့် နှစ်ပါးလုံး ဒုက္ကဋ်။ ထိုဒုက္ကဋ်သည် ဝတ္ထု မတူ၊ ထို့ကြောင့် (ထိုနာနာဝတ္ထုက အာပတ်ကို) အချင်းချင်း ကြားခြင်းငှါ အပ်၏။]

(ဝိဋီ .... နှစ်ပါးလုံး ဒုက္ကဋ်ဟူသည်၌ သဘာဂါပတ္တိဟု မသိပဲ အာပတ္တိ အမည်သက်သက်ဖြင့်သာ ကြားသူ၊ ခံသူတို့အား အစိတ္တကဒုက္ကဋ်သာဟု မိန့်ဆိုကုန်၏။)

ပါတိမောက်ပြစဉ် သတိရသူ

ထိုအခါ ရဟန်းတပါးသည် ပါတိမောက်ပြစဉ် အာပတ်ကို သတိရ၏။ အာပတ်ရှိသူ ဥပုသ်မပြုအပ်ဟု ပညတ်သည်။ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်၏။ ချစ်သားတို့ … ဤသို့ဆိုအပ်၏။ အကျွန်ုပ်သည် ဤမည်သော အာပတ်သို့ ရောက်၏။ ယိုအကြောင်းကြောင့် ဥပုသ်အန္တရာယ် မပြုအပ်။

ချစ်သားတို့ … ရဟန်းသည် ပါတိမောက်ပြစဉ် အာပတ်၌ ယုံမှားအံ့။ အနီးရဟန်းကို အကျွန်ုပ်သည် ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှားကင်းသောအခါ ကုစားပါမည် ဟု ဆို၍ ဥပုသ် ပြုအပ်၏။ ပါတိမောက် နာအပ်၏။ ထိုအကြောင်းကြောင့် ဥပုသ်အန္တရာယ် မပြုအပ်။

[အနီးရဟန်းကို-ဆိုရာ၌ သဘာဂရဟန်းကိုသာ ဆိုအပ်၏။ ဝိသဘာဂ ရဟန်းထံ၌ဆိုလျှင် ငြင်းခုံခြင်း ကွဲပြားခြင်း စသည်တို့သော်လည်း ဖြစ်ကုန်၏။ ထို့ကြောင့် ဝိသဘာဂအား မဆိုပဲ ဣတော ဝုဋ္ဌဟိတွာ ပဋိကရိဿာမိ ဟု နှလုံးသွင်း၍ ဥပုသ်ပြုအပ်၏ ဟု အန္ဓကဋ္ဌကထာ၌ ဆို၏။]

သံဃာအားလုံး သဘာဂါပတ္တိ

ထိုအခါ တခုသောအာဝါသ၌ ဥပုသ်နေ့၌ သံဃာအားလုံး သဘာဂအာပတ်သို့ရောက်၏။ သဘာဂအာပတ်ကို မကြားအပ်၊ မခံအပ်ဟု ပညတ်သည်။ အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်၏။ ချစ်သားတို့ … ဥပုသ်နေ့၌ သံဃာအားလုံး သဘာဂအာပတ်သို့ ရောက်အံ့၊ ရဟန်းတပါးကို အနီးကျောင်းသို့ နေ့ချင်းပြန် စေလွှတ်အပ်၏။ ငါ့ရှင် ... သွားလော၊ ထိုအာပတ်ကို ကုစား၍လာလော၊ ငါတို့သည် သင့်ထံ၌ ကုစားကုန်အံ့၊ ဤသို့စေလွတ်၍ ရလျှင်ကောင်း၏။ ပရအံ့၊ ဗျတ္တသည် သံဃာကိုသိစေအပ်၏။ သုဏာတု မေ ...လ... ပဋိကရိဿတိ-စင်ကြယ်သော ရဟန်းကိုမြင်သောအခါ ကုစားလတ္တံ့ ဟု ဆို၍ ဥပုသ် ပြုအပ်၏။ ပါတိမောက် နာအပ်၏။ အန္တရာယ်မပြုအပ်။

ချစ်သားတို့ .... ဥပုသ်နေ့၌ သံဃာအားလုံး သဘာဂ အာပတ်၌ ယုံမှားအံ့၊ ဗျတ္တသည် သံဃာကို သိစေအပ်၏။ သုဏာတုမေ ...လ.... ပဋိကရိဿတိ-ယုံမှားကင်းသောအခါ ကုစားလတ္တံ့ဟု ဆို၍ ဥပုသ်ပြုအပ်၏။ ပါတိမောက်နာအပ်၏။ အန္တရာယ် မပြုအပ်။ ချစ်သားတို့ ... တခုသော အာဝါသ၌ ဝါကပ်သော သံဃာသည် သဘာဂ အာပတ်သို့ရောက်အံ့၊ ရဟန်းတပါးကို အနီးကျောင်းသို့ နေ့ချင်းပြန် ....လ …. မရှိအံ့၊ ခုနစ်ရက်အတွင်း ပြန်စေလွှတ်အပ်၏။ ငါ့ရှင် .. သွားလော၊...လ... ကုစားအံ့။

(သာဋီ၊ ဝိဋီ ... သံဃာသည် သဘာဂအာပတ်သို့ရောက်လျှင် ဉာတ်ထား၍ ဥပုသ်ပြုခြင်းငှါ ရသကဲ့သို့ သုံးပါးသည်လည်း သုဏန္တု မေ အာယသ္မန္တာ ဣမေဘိက္ခူ သဘာဂံအာပတ္တိ အာပန္နာ စသည် နည်းမှီး၍ ဂဏဉာတ်ထား၍၊ နှစ်ပါးဖြစ်မူ အချင်းချင်းပြောကြား၍ ဥပုသ်ပြုခြင်းငှါ အပ်၏။ တပါးတည်းသည်ကား အဝေးသို့သွား၍လည်း ကုစားခြင်းငှါ အပ်၏။ မရောက်နိုင်လျှင် ရဟန်းတပါးကို မြင်သောအခါ ကုစားပါမည်ဟု ဥပုသ်ပြုအပ်၏။ ကုစားပြီး၍သာလည်း တဖန် ဥပုသ်ပြုအပ်၏။)

မလိုလျှင် မဆိုအပ်

ထိုအခါ တခုသောအာဝါသ၌ သံဃာ အားလုံးသည် သဘာဂအာပတ်သို့ ရောက်၏။ ထိုအာပတ်၏ နာမဂေါတ္တ - အမည်အနွယ်ကို မသိ။ ထိုအာဝါသသို့ ဝိနည်းဓိုရ် ရဟန်းတပါးသည် ရောက်လာ၏။ ထိုဝိနည်းဓိုရ်ထံ ရဟန်းတပါးသည် ချဉ်းကပ်၍ ဤသို့ ဤသို့ပြုလျှင် အဘယ်အာပတ်သို့ ရောက်သည်းဟု မေး၏။ ငါ့ရှင် ဤသို့ ဤသို့ပြုလျှင် ဤမည်သော အာပတ်သို့ရောက်၏။ ဤအာပတ်သို့ သင်ရောက်သလော၊ ကုစားလော ဟု ဆို၏။

အကျွန်ုပ်တယောက်ထဲမဟုတ်၊ ဤသံဃာအားလုံးသည် ဤအာပတ်သို့ ရောက်သည်ဟုဆို၏။ ငါ့ရှင်-သူတပါးရောက်သော် လည်းကောင်၊ မရောက်သော် လည်းကောင်း၊ အဘယ်သို့ပြုအံ့နည်း၊ သင့်ကို ငါ တိုက်တွန်း၏။ သင်သည် မိမိအာပတ်မှ ထပါလောဟုဆို၏။ ထိုအခါ ရဟန်းသည် ဝိနည်းဓိုရ်၏စကားဖြင့် ထိုအာပတ်ကို ကုစား၍ ထိုရဟန်းတို့ထံသွား၍ ငါ့ရှင်တို့-ဤသို့ဤသို့ပြုလျှင် ဤမည်သောအာပတ်သို့ ရောက် သတတ်။ သင်တို့သည် ဤမည်သောအာပတ်သို့ေ ရာက်ကုန်၏။ ကုစားကြလော့ ဟုဆို၏။

ရဟန်းတို့သည် ထိုရဟန်း၏စကားဖြင့် ထိုအာပတ်ကို ကုစားခြင်းငှါ အလိုမရှိကုန်။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ .. ဤသာသနာ၌ တခုသောအာဝါသ၌ သံဃာအားလုံးသည် သဘာဂအာပတ်သို့ ရောက်၏။ နာမဂေါတ္တမသိ။ ဝိနည်းဓိုရ်လဇ္ဇီ ရောက်လာ၏။ …..လ….. ကုစားကြ ကုန်လောဟု ဆိုအံ့။ ချစ်သားတို့ … ထိုရဟန်း တို့သည် ထိုရဟန်း၏ စကားဖြင့် ထိုအာပတ်ကို ကုစားကုန်အံ့၊ အပြစ်မရှိ။ မကုစားကုန်အံ့။ ချစ်သားတို့ ... ထိုရဟန်းတို့ကို ထိုရဟန်းသည် အာကာမာ ဝစနီယာ -အလိုမရှိလျှင် မဆိုအပ်ကုန်။

အနာပတ္တိပန္နရသက

ထိုအခါ တခုသောအာဝါသ၌ ဥပုသ်နေ့၌ လေးပါး၊ လေးပါးထက်အလွန် အာဝါသိကတို့သည် စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ ရှိသည်ကို မသိကုန်။ ထိုအာဝါသိကတို့သည် ဓမ္မသညာ၊ ဝိနယသညာ၊ သမဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ဥပုသ် ပြုကုန်၏။ ပါတိမောက်ပြကုန်၏။

ပါတိမောက်ပြစဉ် ထိုအာဝါသိကတို့သည် များစွာရောက်လာကုန်၏။ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... ဤသာသနာ၌ ဥပုသ်နေ့၌ လေးပါး၊ လေးပါးထက်အလွန် အာဝါသိကတို့သည် စည်းဝေးကုန်၏။ .....လ...... ပါတိမောက်ပြစဉ် အာဝါသိကတို့သည် များစွာရောက်လာကုန်အံ့။

ချစ်သားတို့ ... ထိုရဟန်းတို့သည် တဖန်ပြန်၍ (တဖန် ပုဗ္ဗကိစ္စပြု၍ ဉာတ်ထား၍) ပါတိမောက်ကို ပြအပ်၏။ ပြသူတို့အား အနာပတ္တိ။ ချစ်သားတို့ ....လ...... အညီအမျှ ရောက်လာကုန်အံ့၊ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ-အပြစ်မရှိ။ အကြွင်းကို နားထောင်အပ်၏။ ပြသူတို့အား အနာပတ္တိ။

ချစ်သားတို့ ....လ..... အနည်းငယ် ရောက်လာကုန်အံ့။ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ။ အကြွင်းကို နားထောင်အပ်၏။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

ပါတိမောက်ပြပြီးကာမျှ၌ ရောက်လာကုန်အံ့၊ များလျှင် ပြန်ပြအပ်၏။ တူလျှင် နည်းလျှင် ပြပြီးသူတို့ထံ ပါရိသုဒ္ဓိကြားအပ်၏။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

ပါတိမောက်ပြပြီး၍ ပရိသတ်မထမီ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြအပ်၏။ တူလျှင် နည်းလျှင် ပြပြီးသူတို့ထံ ပါရိသုဒ္ဓိကြားအပ်၏။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

ပါတိမောက်ပြပြီး၍ ပရိသတ်အချို့ထံမှ ရောက်လာကုန်အံ့။ ထို့အတူ (တိက်တခု)။

ပါတိမောက်ပြပြီး၍ ပရိသတ် အားလုံးထကုန်မှ ရောက်လာကုန်အံ့။ များလျှင်ပြန်ပြ၊ တူလျှင် နည်းလျှင် ပြပြီးသူတို့ထံ ပါရိသုဒ္ဓိ။ ပြသူတို့အား အနာပတ္တိ (တိက်တခု)။

အနာပတ္တိ ပန္နရသကပြီး၏။ [တိက်ငါးခု]

(မသိကုန်-ဟူသည် သိမ်ထဲသို့ဝင်ကုန်ပြီးကို လည်းကောင်း၊ ဝင်ကုန်ဆဲကို လည်းကောင်း၊ မသိကုန်။ ရောက်လာကုန်၏-ဟူသည် ရွာသို့လည်းကောင်း၊ တောသို့လည်းကောင်း၊ ကိစ္စတခုခုဖြင့်သွားပြီး၍ မိမိတို့ေ နရာသို့ ပြန်ရောက်ကုန်၏။ ဝဂ်ဖြစ်လျက်-ဟူသည် ထိုအာဝါသိကတို့၏ သိမ်သို့ဝင်ခြင်းကြောင့် ဝဂ်ဖြစ်လျက် ဝင်ခြင်းကို မသိသောကြောင့် သမဂ္ဂသညာ ရှိကုန်၏။)

(ဝိဋီ ... သွားပြီ-ဟူသည် သိမ်အပိုင်းအခြားမှ ပြင်ပဖြစ်သော ဂါမ၊ အရညသို့သွား၍ဟု အနက်ဖြစ်၏။ ထို့ကြောင့်သာလျှင် ဥပုသ်ဉာတ်ကို ထားသောအခါ၌ သမဂ္ဂဖြစ်လျက်သာ ဉာတ်ကိုထားကုန်ပြီဟုသိ၏။ ပါဠိတော်၌လည်း ဥဒ္ဒိဋ္ဌံ သုဥဒ္ဒိဋ္ဌံ ဟု ၁၅−ဝါရလုံး ဟောသည်။

ဝဂ်ဖြစ်လျက် စသည်ကို ဉာတ်ပြီး၍ ကိံ သံဃဿ ပုဗ္ဗကိစ္စံ စသည်ကို ဆိုသောခဏ၌ ပြင်ပသွား ရဟန်းတို့ သိမ်တွင်း ပြန်ဝင်ခြင်းကြောင့် ဘိက္ခုတို့သည် ဝဂ္ဂ ဖြစ်ကုန်၏။ ထို့ကြောင့်ဆိုသည်။ သိမ်သို့ဝင်ခြင်းကြောင့် ဝဂ်ဖြစ်လျက် စသည်ကို အဋ္ဌကထာ၌လည်း ဆိုပြီ။ ဤစကားဖြင့် ပါရာဇိကုဒ္ဒေသ စသော ခဏ၌လည်း ဝဂ္ဂသညာဖြင့် သူတို့အား အာပတ်သာတည်း။ ဉာတ်ပြီးခဲ့ခြင်းကြောင့် ကံပျက်ခြင်းမှာ မရှိဟုပြအပ်၏။ အထက်ဝါရ အားလုံးတို့၌လည်း ဤသို့သော အဓိပ္ပါယ်ကိုသိအပ်၏။

ပါဠိတော်၌ ပရိသတ်အားလုံး ထကုန်မှ ရောက်လာကုန်အံ့ ....လ.... ပြီးသူတို့ထံ ပါရိသုဒ္ဓိ ကြားအပ်၏ ဟူသောကြောင့် ပရိသတ်သည် သိမ်ပသို့ရောက်လတ်သော် ထိုသူတို့တွင် တယောက်ယောက်ထံ၌ အဓိဋ္ဌာန် မပြုသေးသူတို့သည် ပါရိသုဒ္ဓိကို ကြားခြင်းငှါအပ်သည်ဟု မိန့်ဆိုကုန်၏။)

ဝဂ္ဂါဝဂ္ဂ (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ လေးပါး၊ လေးပါးထက်အလွန် အာဝါသိကတို့သည် စည်းဝေးကုန်၏။ မရောက် လာသေးသော အာဝါသိကတို့ ရှိကုန်သည်ကိုသိကုန်၏။ ဓမ္မသညာ ဝိနယ သညာ ဝဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ဥပုသ်ပြုကုန်၏။ ပါတိမောက်ပြကုန်၏။ ပါတိမောက်ပြစဉ် အာဝါသိကတို့သည် များစွာ ရောက်လာကုန်အံ့။ ချစ်သား... ထိုရဟန်းတို့သည် တဖန်ပြန်၍ ပါတိမောက်ကိုပြအပ်၏။ ပြသူတို့အား ဒုက္ကဋ်။ အညီအမျှ ရောက်လာကုန်အံ့၊ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ။ အကြွင်းကိုနားထောင်အပ်၏။ ပြသူတို့အား ဒုက္ကဋ်။ အနည်းငယ် ရောက်လာကုန်အံ့။ ပြပြီးခြင်းသည် သုဒ္ဒိဋ္ဌ။ အကြွင်းကိုနားထောင်အပ်၏။ ပြသူတို့အား ဒုက္ကဋ် (၃)။

ပြပြီးကာမျှ၌ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြ၊ တူလျှင် နည်းလျှင် ပါရိသုဒ္ဓိကြား၊ ပြပြီးသူတို့အား ဒုက္ကဋ်။ (၃)။

ပြပြီး၍ ပရိသတ် မထမီ ရောက်လာကုန်အံ့။ (၃)။

ပြုပြီး၍ ပရိသတ် အချို့ထံမှ ရောက်လာကုန်အံ့။ (၃)။

ပရိသတ်အားလုံး ထကုန်မှရောက်လာ ကုန်အံ့။ (၃)။

ဝဂ္ဂါဝဂ္ဂသည် ပန္နရသက ပြီး၏။

(သိကုန်၏-ဟူသည် တောင်၌ ကုန်း၌ တည်လျက် သိမ်သို့ဝင်ပြီး တို့ကိုလည်းကောင်း၊ ဝင်ဆဲတို့ကို လည်းကောင်း မြင်ကုန်၏။)

(ဇီဋိ …. သိမ်သို့ဝင်သည်တို့ကို မြင်လျက် ဓမ္မသညာရှိခြင်းကား မသိခြင်းကြောင့်တည်း။)

ဝေဝတိက (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ရှိသည်ကိုသိလျက် ဥပုသ်ပြုခြင်းငှါ အပ်မည်လော၊ မအပ်မည်လောဟု ယုံမှားလျက် ဥပုသ်ပြုကုန်၏။ ပါတိမောက်ပြကုန်၏။ ပါတိမောက်ပြုစဉ်၌ ….. ပြပြီးကာမျှ၌ .... ပရိသတ်မထမီ၌ .... အချို့ ထပြီး၌ … အားလုံးထပြီး၍ များ တူ၊ နည်းသုံးဝါရစီ တူပြီ။ ပြသူတို့အား ဒုက္ကဋ်။

ဝေမတိကပန္နရသကပြီး၏။ (ဥတ္တာန မေဝ။)

ကုက္ကုစ္စပကတ (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ ရှိသည်ကို သိလျက် ငါတို့အား ဥပုသ်ပြုခြင်းငှါ အပ်သည်သာတည်း။ မအပ်သည်မဟုတ်ဟု ကုက္ကုစ္စနှိပ်စက်လျက် ငါတို့အား ဥပုသ်ပြုကုန်၏။ ပါတိမောက်ပြကုန်၏။ ပြစဉ်၊ ပြပြီး၊ မထ၊ အချို့ထ၊ အားလုံးထ၊ ပြသူတို့အား ဒုက္ကဋ်။

ကုက္ကုစ္စပကတပန္နရသကပြီး၏။

(ရှေ့အဖို့၌ သန္နိဋ္ဌာန-ဆုံးဖြတ်ခြင်း ပြုပြီးသော်လည်း ပြုဆဲခဏ၌ အကပ္ပိယေကပ္ပိယတာ ဟူသော ကုက္ကုစ္စသည် နှိပ်စက်အပ်သောကြောင့် - ကုက္ကုစ္စပကတ-ကုက္ကုစ္စ နှိပ်စက်လျက်ဟု သိအပ်ကုန်၏။ အလိုဆိုးနှိပ်စက်သူကို ဣစ္ဆာပကတ-ဟု ဆိုအပ်သကဲ့သို့တည်း။)

ဘေဒပုရေက္ခာရ (၁၅) ခု

ချစ်သားတို့ ... ဥပုသ်နေ့၌ သိလျက် မရောက်လာသူတို့သည် ပျောက်ကြစေ၊ ပျက်ကြစေ၊ ထိုသူတို့ဖြင့်အကျို မရှိဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏။ ပါတိမောက် ပြကုန်၏။ ပြစဉ်၊ ပြပြီး၊ မထ၊ အချို့ ထ၊ အားလုံးထ-သုံးဝါရစီ။ ပြသူတို့အား ထုလ္လစ္စည်း။

ဘေဒပုရေက္ခာရပန္နရသကပြီး၏။

ပဉ္စဝိသတိကပြီး၏။ (ငါးဌာန၌ငါးတိက်စီ ၂၅-တိက်ဖြစ်၏။)

(ဘေဒပုရေက္ခာရပန္နရသက၌ အကုသိုလ်ဗလဝ ဖြစ်ခြင်းကြောင့် ထုလ္လစ္စည်းဟု ပညတ်သည်။)

တိက်ခုနစ်ရာ

ချစ်သားတို့ .... ဥပုသ်နေ့၌ အာဝါသိကတို့သည် တပါးသော အာဝါသိကတို့သိမ်သို့ ဝင်လာကုန်ဆဲဟု သိလျက် စသည်ဖြင့် တိက်ခုနစ်ရာကို ဟောတော်မူ၏။ တိက်ခုနစ်ရာဖြစ်ပုံကား -

ရှေးဦးစွာ အာဝါသိကနှင့် အာဝါသိက၌ မရောက်လာကြသေးသည်ကို မသိ စသည်ဖြင့် ၂၅-တိက်။

သိမ်သို့ဝင်လာကုန်ဆဲဟုသိလျက် ၂၅-တိက်။

ဝင်လာကုန်ပြီဟုသိလျက် ၂၅-တိက်။

ဝင်လာဆဲကိုမြင်လျက် ၂၅-တိက်။

ဝင်လာပြီးကိုမြင်လျက် ၂၅-တိက်။

ဝင်လာဆဲဟု ကြားလျက် ၂၅-တိက်။

ဝင်လာပြီးဟုကြားလျက် ၂၅-တိက်။

ဤသို့ လေးလီပေယျာလမုခ အားဖြင့် တိက် ၇ဝဝ-ကိုဟောတော်မူသည်။

နေ့ရက်ချင်းမတူပုံ

ချစ်သားတို့ ... ဤသာသနာ၌ အာဝါသိကတို့အား ၁၄-ရက်နေ့၊ အာဂန္တုတို့အား ၁၅-ရက်နေ့ ဖြစ်အံ့၊ အာဝါသိကများလျှင် အာဂန္တုတို့သည် အာဝါသိကတို့ကို (ဝါ၊ အာဝါသိကတို့၏ အလိုသို့) လိုက်အပ်၏။ တူမျှလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တုများလျှင် အာဝါသိကတို့သည် အာဂန္တုတို့သို့ လိုက်အပ်၏။ ချစ်သားတို့ ... အာဝါသိကတို့အား ၁၅-ရက်၊ အာဂန္တုတို့အား ၁၄-ရက် ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တုများလျှင် အာဝါသိက တို့သည် အာဂန္တုတို့သို့ လိုက်အပ်၏။

ချစ်သားတို့ ... အာဝါသိကတို့အား အထွက်တရက်၊ အာဂန္တုတို့အား ၁၅-ရက်ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဝါသိကတို့သည် အာဂန္တုတို့အား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ (သာမဂ္ဂီမပေးလျှင်) အာဂန္တုတို့သည် သိမ်ပသို့သွား၍ ဥပုသ်ပြုအပ်၏။ အာဂန္တုများလျှင် အာဝါသိကတို့သည် အာဂန္တုတို့အား သာမဂ္ဂီကို ပေးအပ်၏။ မပေးလျှင် သိမ်ပသို့သွားအပ်၏။

ချစ်သားတို့ ... အာဝါသိက ၁၅-ရက် အာဂန္တု အထွက်တရက်ဖြစ်အံ့၊ အာဝါသိကများလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့အား သာမဂ္ဂီကို ပေးအပ်၏။ မပေးလျှင် သိမ်ပသို့ သွားအပ်၏။ အာဂန္တုများလျှင် အာဝါသိကတို့အား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ အာဝါသိကတို့သည် သိမ်ပသို့သွား၍ ဥပုသ် ပြုအပ်၏။

[၁၄ရက်၊ ၁၅-ရက်ဟု ရက်မတူရာ၌ ၁၅ ရက်ဟု ယူသူတို့သည် တိုင်းတပါးမှ လာသူတို့ ဖြစ်ကုန်၏။ တနည်း-အဖိတ်ဥပုသ်ကို ၁၄ ရက်၌ ပြုသူတို့ ဖြစ်ကုန်၏။ အာဝါသိကတို့သို့ လိုက်အပ်၏ ဟူသည် - အာဝါသိကတို့သည် အဇ္ဇုပေါသထော စာတုဒ္ဓသော ဟု ပုဗ္ဗကိစ္စပြုသည် ရှိသော် အလိုသို့ လိုက်အပ်၏။ မတားအပ်။ န အကာမာ ဒါတဗ္ဗာတိ န အနိစ္ဆာယဒါတဗ္ဗာ၊ မပေးလိုလျှင် မပေးအပ်။]

အာကာရာဒိပဉ္စက လေးခု

ချစ်သားတို့ ... ဤသာသနာ၌ အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ၊ လိင်္ဂ၊ နိမိတ္တ၊ ဥဒ္ဒေသ မည်သော ကောင်းစွာထားသော ညောင်စောင်း၊ အင်းပျဉ်၊ သောက်ရေ၊ သုံးရေ စသည်ကိုမြင်လျက် -

အာဝါသိကတို့ ရှိသလော၊ မရှိသလောဟု ယုံမှားလျက် မရှာဖွေပဲ ဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။

ရှာဖွေ၍ မမြင်၍ ဥပုသ်ပြုကုန်အံ့၊ အနာပတ္တိ။

ရှာဖွေ၍ မြင်၍ အတူ ဥပုသ်ပြုကုန်အံ့၊ အနာပတ္တိ။

ရှာဖွေ၍ မြင်၍ သီးခြား ဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။

ရှာဖွေ၍ မြင်၍ ကွဲပြားခြင်း ရှေးရှု၍ ဥပုသ်ပြုကုန်အံ့၊ ထုလ္လစ္စည်း (ငါးဝါရ)။

အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ ...လ..... မည်သော စင်္ကြံသွားသံ၊ သရဇ္ဈာယ်သံ စသည်ကို ကြားလျက် ရှိ မရှိ ယုံမှားလျက် မရှာဖွေပဲ စသည်ဖြင့် ဥပုသ် ပြုကုန်အံ့၊ ဒုက္ကဋ်။ အနာပတ္တိ၊ အနာပတ္တိ၊ ဒုက္ကဋ်။ ထုလ္လစ္စည်း (ငါးဝါရ)။

ချစ်သားတို့ ... အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ ...လ...... မည်သော အညာတကပတ္တ၊ မသိအပ်သော သပိတ် သင်္ကန်း ခြေဆေးသော ရေကြွင်းစသည်ကိုမြင်လျက် အာဂန္တု ရှိ မရှိ ယုံးမှားလျက် မရှာဖွေပဲ …. စသည် (ငါးဝါရ)။

အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ ….လ.... မည်သော ခြေသံ ဖိနပ်သံ စသည်ကိုကြားလျက် ယုံမှားလျက် (ငါးဝါရ)။

[ညောင်စောင်း အင်းပျဉ် ကောင်းစွာ ခင်းထားခြင်း စသည်သည် အာဝါသိကတို့၏ အာကာရမည်၏။ လိင်္ဂ၊ နိမိတ္တ၊ ဥဒ္ဒေသ လည်းမည်၏။

ကျင့်ဝတ်ရှိ၊ မရှိဟု အာစာရသဏ္ဍာနကို ယူကြောင်း ဖြစ်သောကြောင့် အာကာရ မည်၏။ ထိုထိုနေရာ၌ ကိန်းနေသူတို့ကို သိစေသောကြောင့် လိင်္ဂမည်၏။

မမြင်ရသော်လည်း သိစေနိုင်၏ ဟူလို။ အကြင်ညောင်စောင်း စသည်ကိုမြင်လျက် အာဝါသိကကို ရှိကြသည်ဟု သိရ၏။ ထိုသို့သိကြောင်း ဖြစ်သောကြောင့် နိမိတ္တမည်၏။

အာဝါသိကတို့သည် ဤသို့သော ပရိက္ခရာ ရှိကုန်၏ဟု ညွှန်းကြောင်း ပရိက္ခရာ ဖြစ်သောကြောင့် ဥဒ္ဒေသ မည်၏ ညွှန်းပြခြင်းကို ရကုန်၏ ဟူလို။

ဤ အာကာရစသော လေးပါးသည် ကောင်းစွာထားသော ညောင်စောင်း စသည်တို့၏ အမည်ဖြစ်၏။ သင့်သလို ယှဉ်စေအပ်၏။ (အာဂန္တုတို့၏အာကာရ စသည်တို့၌လည်း) ဧသေဝနယော။ ထို၌ အညာတကန္တိ အညေသံ သန္တကံ - သူတပါး၏ ဥစ္စာဖြစ်သော သပိတ် စသည်တည်း။]

(သာဋီ ... အာစာရသဏ္ဍာနန္တိ အာစာရသဏ္ဍိတိ။ အာကရိယတိ ပကာသိယတိ ဧတေနာတိ အာကာရော။ ပြကြောင်း အာကာရ။ လီနံ ဂမယတိ ဗောဓေတီတိလိင်္ဂ = ကွယ်သူကို သိစေသော လိင်္ဂ၊ နိမိယန္တိ ပရိစ္ဆိဇ္ဇဉာယန္တိ ဧတေနာတိနိမိတ္တံ = ဆုံးဖြတ်၍ သိကြောင်းနိမိတ္တ။ ဥဒ္ဒိ သီယန္တိ အပဒိသီယန္တိ ဧတေနာတိဥဒ္ဒေသော = ညွှန်ပြကြောင်းဥဒ္ဒေသ။ အမည် လေးခု ဖြစ်၏။ အညာတက-ဟူသည် ငါတို့၏ ဥစ္စာဟု မသိအပ်။ သူတပါးတို့၏ ဥစ္စာဟူလို။ ထို့ကြောင့် အညေသံ သန္တကံဟု ဆိုသည်။

ဝိဋီ ... အညာကက-ဟူသည် မမြင်အပ်ဘူးသော ဥစ္စာဖြစ်၏။ ထို့ကြောင့် အညေသံ သန္တကံဟုဆိုသည်။ အညေသံ ဟူသည် မိမိ မမြင်ဘူးသူတို့၏တည်း။)

နာနာသံဝါသကတိက် လေးခု

ချစ်သားတို့ ... ဤသာသနာ၌ အာဂန္တုတို့သည် နာနာသံဝါသက အာဝါသိကတို့ကိုမြင်၍ သမာန သံဝါသက-ဟုအယူရှိ၍ မပေးပဲ အတူ ဥပုသ်ပြုကုန်အံ့။ အနာပတ္တိ။ မေး၍ နာဘိဝိတရန္တိ-နာနာသံဝါသက အဖြစ်ကို မစွန့်စေကုန်။ မစွန့်စေကုန်မူ၍ အတူဥပုသ်ပြုကုန်အံ့။ ဒုက္ကဋ်။ သီးခြားဥပုသ် ပြုကုန်အံ့။ အနာပတ္တိ (သုံးဝါရ)

အာဂန္တုတို့သည် သမာနသံဝါသက အာဝါသိကတို့ကိုမြင်၍ နာနာသံဝါသက-ဟု အယူရှိ၍ မမေးပဲ အတူ ဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။ မေး၍ အဘိဝိတရန္တိ-သမာနသံဝါသက အဖြစ်ကို ဆုံးဖြတ်ကုန်၏။ ဆုံးဖြတ်၍ သီးခြား ဥပုသ်ပြုကုန်အံ့-ဒုက္ကဋ်။ အတူပြုကုန်အံ့၊ အနာပတ္တိ (၃)။

ချစ်သားတို့ ... အာဝါသိကတို့သည် နာနာသံဝါသက အာဂန္တုတို့ကိုမြင်၍ သမာနသံဝါသကဟု အယူရှိ၍ မမေးပဲ အတူဥပုသ်ပြုကုန်အံ့၊ အနာပတ္တိ။ မေး၍ မစွန့်စေမူ၍ အတူပြုကုန်အံ့၊ ဒုက္ကဋ်။ သီးခြားပြုကုန်အံ့။ အနာပတ္တိ (၃)။

အာဝါသိကတို့သည် သမာနသံဝါသက အာဂန္တုတို့ကိုမြင်၍ နာနာသံဝါသက-ဟု အယူရှိ၍ မမေးပဲ အတူဥပုသ်ပြုကုန်အံ့၊ ဒုက္ကဋ်။ မေး၍ သမာနသံဝါသကဟု ဆုံးဖြတ်၍ သီးခြားပြုကုန်အံ့၊ ဒုက္ကဋ်။ အတူပြုကုန်အံ့။ အနာပတ္တိ (၃)။

[ဤသူတို့သည် သမာနသံဝါသက တည်းဟူသောအယူကို ရကြသဖြင့် ထိုသူတို့၏အယူကို မမေးမူ၍ သာလျှင် ဝတ်အကျင့်ကိုပြု၍ တပေါင်းတည်း ဥပုသ်ပြုကုန်၏။ ထို့ကြောင့် အနာပတ္တိ။ နာဘိဝိတရန္တိဟူသည် နာနာသံဝါသက အဖြစ်ကို နှိပ်ခြင်းငှါ မတတ်နိုင်ကုန်။ ထိုအယူကို မစွန့်စေကုန် ဟူလို။]

ဇီဋီ ... နာဘိဝိတရန္တိ ဟူသည် ထိုသူတို့သည် လဒ္ဓိနာနာသံဝါသတို့ ဖြစ်ကုန်၏။ (ဝါ-ကံပြုခံရသူတို့၏ အယူကိုယူသော နောက်လိုက်တို့ဖြစ်ကုန်၏။) ကမ္မနာနာသံဝါသကကိုကား အယူကိုစွန့်စေ၍ ဩသာရဏ ကံကို ပြုအပ်၏။ ဤသို့ပြုပြီးလျှင် ထိုသူနှင့်အတူ ဥပုသ်ပြုခြင်းငှါ အပ်၏။ လဒ္ဓိ နာနာသံဝါသကနှင့်ကား အယူစွန့်ကာမျှဖြင့် ဥပုသ်ပြုခြင်းငှါ အပ်၏။ ဥက္ခိတ္တကကံ ပြုခံရသူတို့သိလျက် အတူဥပုသ်ပြုအံ့၊ ပါစိတ်။ ထို့ကြောင့် ဤသူတို့ကို ဥက္ခိတ္တကနောက်လိုက်တို့ဟု သိအပ်၏။

သာဋီ ... နာနာသံဝါသက အဖြစ်ကို-ဟူသည် လဒ္ဓိနာနာသံဝါသက အဖြစ်ကိုတည်း။ ထိုအဖြစ်ကို ထိုအယူကို မစွန့်စေကုန်ဟူလို။

ဝိဋီ ... နာနာသံဝါသက အဖြစ်ဟူသည် လဒ္ဓိ နာနာသံဝါသက အဖြစ်တည်း။ ပါဠိ၌ အဘိဝိတရန္တိဟူသည် သမာန သံဝါသကအဖြစ်ကို ဆုံးဖြတ်ကုန်၏။)

ဥပုသ်နေ့ခရီးသွား နဝကသုံးခု

ချစ်သားတို့ .... ဥပုသ်နေ့၌ ရဟန်းရှိသော အာဝါသမှ ရဟန်းမရှိသော အာဝါသသို့ သံဃာကြဉ်၍၊ အန္တရာယ်ကြဉ် မသွားအပ်။ ထိုအတူကြဉ်၍ ရဟန်းမရှိသော အနာဝါသသို့ မသွားအပ်။ ရဟန်းမရှိသောအာဝါသ အနာဝါသသို့ မသွားအပ် (၃)။

ရဟန်းရှိသော အနာဝါသမှ ထိုအတူ (၃)။

ရဟန်းရှိသော အာဝါသ အနာဝါသမှ..( ၃-နဝကတခု)။

ရဟန်းရှိသော အာဝါသစသည်မှ နာနာသံဝါသက ရဟန်းရှိသောအာဝါသ စသည်သို့ သံဃာကြဉ်၍ မသွားအပ် (နဝကတခု)။

ရဟန်းရှိသော အာဝါသစသည်မှ သမာနသံဝါသက ရဟန်း ရှိသော အာဝါသ စသည်သို့ ယနေ့ ရောက်နိုင်သည်ဟုသိလျှင် သွားအပ်၏ (နဝကတခု)။

(ရဟန်းရှိသော အာဝါသမှ-ဟူသည် အကြင်အာဝါသ၌ (သံဃ) ဥပုသ်ပြုအံ့သော ရဟန်းတို့ရှိကုန်၏။ ထိုအာဝါသမှ နေ့ချင်းမပြန်နိုင်သော အာဝါသသို့ ဥပုသ်မပြုပဲမသွားအပ်။

သံဃာကြဉ်၍-ဟူသည် သံဃာလောက်သောရဟန်းတို့ကို ကြဉ်၍တည်း။

အန္တရာယ်ကြဉ်၍-ဟူသည် ရှေး၌ဆိုပြီး သော အန္တရာယ်ဆယ်ပါးကိုကြဉ်၍တည်း။ အယုတ်ဆုံး မိမိနှင့်လေးပါး၊ ငါးပါးသွားလျှင် အပ်၏။ အန္တရာယ်ရှိလျှင်လည်း သွားခြင်းငှါအပ်၏။

အနာဝါသ-ဟူသည် နဝကမ္မအလုပ်ရုံစသော နေရာတခုခုဖြစ်၏။ ကျောင်း၌ ဥပုသ်ကို (ဝါ-သံဃဥပုသ်ကို လည်းကောင်း၊ ဂဏဥပုသ်ကိုလည်းကောင်း) ပြုကုန်အံ့။ အာဝါသစသည်တို့ကို မသွားအပ်ကုန်သကဲ့သို့ အဓိဋ္ဌာန်ဥပုသ် ပြုခြင်းငှါ သိမ်သို့လည်းကောင်း၊ မြစ်သို့လည်းကောင်း မသွားအပ်ကုန်။ မြစ်၌ ရဟန်း တပါးပါးရှိအံ့၊ ထိုရဟန်း (ဂဏဥပုသ်ပြုရာမှ) သွားခြင်းငှါအပ်၏။ ဝိဿဋ္ဌဥပေါသထစွန့်သော ဥပုသ်ရှိသော အာဝါသထမှလည်း သွားခြင်းငှါအပ်၏။ ဤသို့သွားသူသည် အဓိဋ္ဌာန်ဥပုသ်ပြုခြင်းငှါလည်း ရ၏၊ တောနေ (ဧကစာရီ) ရဟန်းသည်လည်း ဥပုသ်နေ့၌ ရွာတွင်း ဆွမ်းခံပြီးလျှင် မိမိကျောင်းသို့သာပြန်လာအပ်၏။ တပါးသောကျောင်း ဝင်အံ့၊ ထို၌ ဥပုသ်ကိုပြု၍သာ ပြန်လာအပ်၏။ မပြုလျှင်မအပ်။

ယနေ့ ရောက်နိုင်သည်ဟုသိလျှင် ဟူသည် ယနေ့သာလျှင် ထိုကျောင်းသို့ရောက်ခြင်းငှါ တတ်နိုင်သည်ဟု သိငြားအံ့၊ ဤသို့သော အာဝါသထသို့ သွားအပ်၏။ ထို၌ ရဟန်းတို့နှင့်အတူ ဥပုသ်ပြုခြင်းဖြင့်လည်း ဤ ရဟန်းသည် (မိမိ၏) ဥပုသ်အန္တရာယ်ကို မပြုလတ္တံ့။)

ဇီဋီ ... သံဃာကြဉ်၍ဟု ဟောသောကြောင့် ရဟန်းတရာနေသော ကျောင်းမှ ဆယ်ပါးစီခွဲ၍ သိမ်အသီးသီး၌ ဥပုသ်ပြုခြင်းငှါ ရကုန်၏။ နဝကမ္မသာလာဒိကာ နာနာသီမကောဋိ။ အဓိဋ္ဌာန် ဥပုသ်ပြုခြင်းငှါ သိမ်သို့ လည်းကောင်း၊ မြစ်သို့လည်းကောင်း မသွားအပ်ကုန်။ ဂရုက ပါတိမောက္ခုဒ္ဒေသကိုစွန့်၍ လဟုကကို မပြုအပ် သောကြောင့်တည်း။ ဥပုသ် ပြုအံ့သော ရဟန်းရှိရာ အာဝါသမှာ ဥပုသ်မပြုပဲ မသွားအပ်ဟု ဆိုသောကြောင့်၊ ဝိဿဋ္ဌဥပေါသထမှ သွားခြင်းငှါအပ်သည်ဟု ထင်ရှား၏။ ထိုမှ ပါရိသုဒ္ဓိဥပုသ်ပြုခြင်းငှါ သွားခြင်းငှါအပ်၏။ ခဏ္ဍသိမ်သို့မဝင်ခြင်းငှါ လည်း အပ်၏ဟု အပရေတို့ ဆိုကုန်၏။ ဥပုသ်အန္တရာယ်ဟူသည် မိမိဥပုသ် အန္တရာယ်တည်း။

သာဋီ ... အဓိဋ္ဌာန်ဥပုသ်ပြုခြင်းငှါ သိမ်သို့ မြစ်သို့ မသွားအပ်ဟူသည်ကို ဂရုကပါတိမောက္ခုဒ္ဒေသကိုစွန့်၍ လဟုကကို မပြုအပ်သောကြောင့်ဆိုသည်။

တောနေဟူသည် ကေစာရိက ဖြစ်၏။ ဝါ-သံဃာ မလောက်သော တောကျောင်း၌နေသူဖြစ်၏။

ထို၌ ဥပုသ်ကိုပြု၍သာ ဟူသည်ကို ထိုရဟန်း၏ နေရာ၌ သံဃာဥပုသ် မဖြစ်သောကြောင့်ဆိုသည်။

ဥပုသ်အန္တရာယ်ဟူသည် မိမိ၏ဥပုသ်အန္တရာယ်တည်း။

(ဝိဋီ ... ဥပုသ်ပြုအံ့သော ရဟန်းတို့-ဟူသည် သံဃဥပုသ်ပြုအံ့သော ရဟန်းတို့တည်း။ ထို့ကြောင့် သံဃာကြဉ်၍ ဟု ဟောသည်။ သံဃဥပုသ် ပြုရာမှသွားလျှင် မိမိနှင့် လေးပါးသာ သွားအပ်၏။ သုံးပါး နေရာမှသွားလျှင် ရဟန်းတပါးနှင့်လည်း သွားခြင်းငှါအပ်၏။

ရဟန်းမရှိသော အာဝါသတို့-ဟူသည် နိဒဿနမျှတည်း။ ဂဏ၊ ပုဂ္ဂလဖြင့် ရဟန်းရှိသော အာဝါသသို့လည်း သံဃဥပုသ် ပြုရာမှ မသွားအပ်။ သံဃာကြဉ်၍ဟု ဟောသောကြောင့်ဟု ဆိုကုန်၏။

ဥပုသ်ကို ပြုကုန်အံ့-ဟူသည် သံဃဥပုသ်ကို လည်းကောင်း၊ ဂဏဥပုသ်ကိုလည်းကောင်း ပြုကုန်အံ့။

ထိုရဟန်းထံ ဟူသည်ကို ဂဏဥပုသ်ပြုရာမှ သွားသူကို ရည်ဆိုသည်။ သံဃဥပုသ်ပြုရာမှ သွားသူဖြစ်လျှင် လေးပါး မပြည့်သောကြောင့် ဆန့်ကျင်၏။

တောနေသည် ဧကစာရီဖြစ်၏။

ဥပုသ်အန္တရာယ်ဟူသည် မိမိ၏ ဥပုသ်အန္တရာယ်တည်း။)

သံဃာရှိလျက် ပါရိသုဒ္ဓိဝါဒ

(ပါဠိတော်၌ သဘိက္ခုကာ အာဝါသာ စသည်ဖြင့်လည်းကောင်း၊ အဋ္ဌကထာ၌ သဘိက္ခုကာ အာဝါ သာတိ ယသ္မိံ အာဝါသေဥပေါသထကာရကဘိက္ခု အတ္ထိ၊ တမှာအာဝါသာ စသည်ဖြင့် လည်းကောင်း။

ယထာစ အာဝါသာဒယော နဂန္တဗ္ဗာ၊ ဧဝံ သစေ ဝိဟာရေဥပေါသထံကရောန္တိ၊ ဥပေါသထာဓိဋ္ဌာနတ္ထံ သီမာပိ နဒီပိ ဂန္တဗ္ဗာ-ဟူ၍လည်းကောင်း။

ဝိဿဋ္ဌဥပေါသထာပိ အာဝါသာဂန္တုံ ဝဋ္ဋတိ ဟူ၍လည်းကောင်း။

တောနေရဟန်း ဆွမ်းခံအပြန်၌လည်း သစေ အညံ ဝိဟာရံ ဩက္ကမတိ၊ တတ္ထဥပေါသထံ ကတွာဝ အာဂန္တဗ္ဗံ ဟူ၍လည်းကောင်း၊

ဗဒ္ဓသိမ်မှ ထူးခြားသော အာဝါသ၊ ဝိဟာရသဒ္ဒါဖြင့်သာ ဆိုသည်။ ယခုကာလကား ဗဒ္ဓသိမ်သို့သွား၍ ဥပုသ်ပြုကြသည်။ မိမိတို့နေရာ ဝိဟာရဟူသော ဂါမသိမ်၌ မပြုကြ။ ထို့ကြောင့် ထိုသို့သော ဥပုသ်မပြုရာ ဝိဟာရ၌ ရဟန်းများ ရှိကြသော်လည်း ဗဒ္ဓသိမ်သို့သွား၍ ပါရိသုဒ္ဓိပြုလျှင် အပြစ်မရှိဟု မထေရ် အချို့ မိန့်ဆိုကုန်၏။

မထေရ်အချို့ကား ထိုဥပုသ်မပြုရာ ဝိဟာရသည် ဝိဿဋ္ဌဥပေါသထ အာဝါသဟုတ်လျှင် သင့်၏။ မဟုတ်လျှင် မသင့်ဟု မိန့်ဆိုကုန်၏။

ဥပုသ်စွန့်သော ရဟန်းတို့ကိုစွဲ၍ အာဝါသကို ဝိဿဋ္ဌဟု ဆိုသည်။ အကြောင်းသင့်ရာသို့ သွား၍ ဥပုသ်ပြုသူတို့နေလျှင် ဝိဿဋ္ဌဥပေါသထ အာဝါသ မဟုတ်။ တောနေရဟန်းသည် ဆွမ်းခံရာ ဂါမမှအပြန်တွင် တပါးသော ဝိဟာရသို့ မဝင်အပ်၊ ဝင်လျှင် ဥပုသ်ပြုပြီးမှ ပြန်လာသည်ဟု ဆိုရာ၌ ဝိဟာရသည် ဗဒ္ဓသိမ်မှသာ ထူးခြားသည် မဟုတ်။ ဂါမသိမ်၌လည်း ထူးခြား၏။ ထို့ကြောင့် ကျောင်း၌ သံဃာရှိလျက် သိမ်သို့ ပါရိသုဒ္ဓိ သွားပြုခြင်းသည် မသင့်ဟု ဆုံးဖြတ်အပ်၏။)

ဝဇ္ဇနီယပုဂ္ဂိုလ်များ

ချစ်သားတို့ ... ဘိက္ခုနီရှိသော ပရိသတ်၌ ပါတိမောက် မပြအပ်၊ ဒုက္ကဋ်။

သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမဝတ္ထု ရောက်သူရှိသော ပရိသတ်၌ ပါတိမောက်မပြအပ်၊ ဒုက္ကဋ်။

မစွန့်၊ မကု၊ ပြစ်မရှုကြောင့် ဥက္ခိတ္တကကံ ပြုခံရသူရှိသော ပရိသတ်၌ ပါတိမောက် မပြအပ်။ ယထာဓမ္မ ပြုစေအပ်၏။ (ဝါ−ပါစိတ်)။

ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်။

ဒူသံ၊ ဥဘောရှိသောပရိသတ်၌ ပါတီမောက် မပြအပ်၊ ဒုက္ကဋ်။

(လူရှိသော ပရိသတ်၌ ဒုက္ကဋ်ကို ရှေး၌ဆိုပြီးပြီ။)

ဘိက္ခူနီရှိသောပရိသတ် စသည်တို့၌ ဟတ္ထပါသ်သို့ ရောက်ခြင်းသာ ပမာဏဖြစ်၏။

ဇီဋီ ... အန္တိမဝတ္ထု ရောက်သူရှိသော ပရိသတ်၌ ကလဟစသည်မှ ကြောက်သူသည် နာဟံ ကရိဿာမိ ဟု စိတ်ကို ဖြစ်စေ၍ နေခြင်းငှါအပ်၏။ တပါးသောကံ၌ ထိုသူရှိသော ပရိသတ်၌ အာပတ်မရှိဟု ဧကေတို့ ဆိုကုန်၏။

သာဋီ ... ဟတ္ထပါသ်သို့ ကပ်ရောက်ခြင်း ပမာဏဟူသည် ဘိက္ခုနီ စသည်တို့ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ ထိုသူတို့၏ ဟတ္ထပါသူပ ဂမန မေ၀ အာပတ္တိယာ ပမာဏန္တိ အဓိပ္ပါယော။ ထို့ကြောင့် တသိမ်ထဲ၌သော်လည်း ဟတ္ထပါသ်ကို စွန့်စေ၍ ဥပုသ်ကိုပြုခြင်းငှါ အပ်၏။)

မပြအပ် နှစ်ခု

ချစ်သားတို့ … ပါရိဝါသိက ပါရိသုဒ္ဓိဒါနေန သိုးလေပြီးသော ပါရိသုဒ္ဓိ ပေးခြင်းဖြင့် မထသော ပရိသတ်ကို ကြဉ်၍ (ဝါ-ပရိသတ်ထပြီးနောက်) ဥပုသ်မပြုအပ်။ ချစ်သားတို့ .... ဥပုသ်နေ့မှ တပါးသောနေ့၌လည်း သံဃသာမဂ္ဂီကို ကြဉ်၍ ဥပုသ်မပြုအပ်။ (ဤခန္ဓက၌ ဝတ္ထု ၈၆-။)

[မထသောပရိသတ်ကိုကြဉ်၍ ဟူသည်၌ ဤ သိုးလေပြီးသော ပါရိသုဒ္ဓိ ပေးခြင်းမည်သည် ပရိသတ် ထသောအခါမှစ၍ မအပ်။ မထသေးလျှင်ကား အပ်၏။ ထို၏ လက္ခဏာကို ဘိက္ခူနီဝိဘင်း၌ယူအပ်၏။

ဥပုသ်နေ့မှ တပါးသောနေ့ဟူသည် စာတုဒ္ဒသီ၊ ပန္နရသီ နှစ်နေ့မှတပါးသော နေ့တည်း။

သံဃာ့သာမဂ္ဂီကိုကြဉ်၍ ဟူသည် ကောသမ္ဗကရဟန်းတို့ကဲ့သို့ သံဃာကွဲပြီးမှ ပြန်ပြုသော သံဃာ သာမဂ္ဂီကို ဖယ်ထား၍တည်း။ ထိုအခါ၌လည်း သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော သာမဂ္ဂီ ဟု ဆို၍ ပြုအပ်၏။ အကြောင်းအနည်းငယ်ကြောင့် ဥပုသ်ကို ရပ်ထား၍ တဖန် ညီညွှတ်သူတို့ကား ဥပုသ်နေ့၌သာ ပြုအပ်၏။]

(ဇီဋီ ... သာမဂ္ဂီနေ့သည် ဥပုသ်နေ့မဟုတ်ဟု ဟောရာရောက်သကဲ့ ထင်ရှား၏။ ၁၄-ရက်၊ ၁၅-ရက်နေ့၌ သံဃာညီညွတ်အံ့၊ အဇ္ဇုပေါသထော သာမဂ္ဂီ ဟု မဆိုပဲ ပကတိနည်းအတိုင်း ပြအပ်၏ဟု ပြခြင်းငှါ မိန့်ဆိုသည်။ ဤသို့မယူလျှင် ထို ၁၄-ရက် ၁၅-ရက်၌ ညီညွတ်အံ့၊ ထိုနေ့၌ ဥပုသ်ကို မပြုပဲ၊ အနုပေါသထ နေ့၌သာ သာမဂ္ဂီ ဥပုသ်ကိုပြု အပ်၏ ဟူသောအဓိပ္ပါယ်ရောက်၏။ ရှေး၌ နေ့တိုင်း ပါတိမောက် မပြအပ် ဟူ၍လည်းကောင်း၊ ဥပုသ်နေ့၌ ပါတိမောက်ပြခြင်းငှါ ခွင့်ပြု၏ ဟူ၍ လည်းကောင်း၊ တပက္ခတကြိမ်ဟူ၍ လည်းကောင်း ဥပုသ်နေ့ နှစ်ခုဟူ၍ လည်းကောင်း ဟောခဲ့သော်လည်း သံဃသာမဂ္ဂီဖြစ်သောအခါ အနုပေါသထနေ့လည်း ဥပေါသထနေ့ မည်၏ဟု ပြလို၍ ဟောသည်။)

(ဘိက္ခုနီဝိဘင်း၌ ကံပြုမည်ဟု စည်းဝေးပြီးမှ အခွင့်အခါမသင့်၍ ထသွားကြလျှင် ပရိသတ်သိုးသည်မည်၏။ ဆန္ဒမစွန့်သေးလျှင် ကံပြုကောင်းသေး၏။ တနေ့ အရုဏ်ကူးသွားလျှင် ညဉ့်သိုးသည်မည်၏။ ဆန္ဒကို စွန့်၍ ထသွားလျှင် ဆန္ဒသိုးသည်မည်၏။ အဇ္ဈာသယ သိုးသည်လည်းမည်၏ ဟု ဆိုသည်။)

သိမ်နိမိတ်ရှစ်ပါး ဝိနိစ္ဆယအကျယ်

တောင်နိမိတ်

[တောင်နိမိတ်စသည်တို့၌ အဆုံးအဖြတ်ကား တောင်သည် မြေတောင်၊ ကျောက်တောင် မြေကျောက် ရောသော တောင်ဟု သုံးမျိုးရှိ၏။ သုံးမျိုးလုံး အပ်သည်။ ဝါလိကာရာသိ-သဲပုံကား မအပ်။ အပ်သောတောင် သုံးမျိုးလည်း ဆင်ပမာဏအောက် ငယ်လျှင် မအပ်။ ဆင်ပမာဏမှစ၍ မြင်းမိုရ်တောင်မျှ ကြီးသော်လည်း အပ်၏။

အရပ် လေးမျက်နှာ သုံးမျက်နှာတို့၌ တောင်သည် အသီးသီးလေးခု သုံးခုရှိအံ့၊ တောင်နိမိတ်လေးခုဖြင့် လည်းကောင်း၊ သုံးခုဖြင့်လည်းကောင်း သမုတ်ခြင်းငှါ အပ်၏။ နိမိတ်နှစ်ခုမျှ၊ တခုမျှဖြင့်ကား မသမုတ်အပ်။ ကျောက်နိမိတ် စသည်တို့၌လည်း ဧသေဝနယော။ ထို့ကြောင့် တတောင်နှင့် တတောင် ဆက်သလော ဟုပေးအပ်၏။ ဆက်လျှင် အသီးသီးမပြုအပ်။ တခုထဲကိုသာ ပြု၍ နိမိတ်ကြားအပ်၏။

စက်ဝန်းသဏ္ဌာန်ဖြင့် ကျောင်းကိုဝန်းရံသော တောင်ဖြစ်အံ့၊ တနေရာ၌ကြား၍ တပါးသောနေရာတို့၌ ထိုတောင်ဝိုင်းကို အပပြု၍ အတွင်း၌ တပါးသောနိမိတ်တို့ကို ကြားအပ်ကုန်၏။ တောင်၏ သုံးဖို့ တဖို့ကို လည်းကောင်း၊ ထက်ဝက်ကိုလည်းကောင်း သိမ်တွင်းပြုလိုအံ့၊ ထိုတောင်ကိုမကြားအပ်။ အတွင်းပြုလိုသော နေရာမှ အပ၌ ထိုတောင်၌သာလျှင် ပေါက်သောသစ်ပင်၊ တောင်ပို့ စသည်ကို နိမိတ်ပြု၍ ကြားအပ်၏။ တယူဇနာ၊ နှစ်ယူဇနာရှိသောတောင်ကို အတွင်းပြုလိုအံ့၊ တောင်မှ ပြင်ပမြေပြင်၌ ပေါက်သောသစ်ပင်၊ တောင်ပို့စသည်တို့ကို နိမိတ်ကြားအပ်ကုန်၏။]

ဇီဋီ ... အယုတ်ဆုံး ခုနစ်တောင့်ထွာမြင့်လျှင် ဆင်ပမာဏဖြစ်၏။ ဆက်လျှင် အသီးသီး မပြုအပ်ဟူသည်၌ မြေအောက်ကျောက်ဖျာ၌ တစပ်တည်းဆက်လျက် တည်သော်လည်း မြေမှအထက်၌ မဆက်ပဲ တောင်ထွဋ် လေးခု တခြားစီဖြစ်အံ့၊ မြေအောက်မြုပ်လျက် ဆက်ခြင်းသည် အဗ္ဗောဟာရိက ဖြစ်၏။ လေးခုလုံးကို ကြားခြင်းငှါ အပ်၏။ ကျောက်ဖျာသည် မြေအောက်၌ တောင်မျှကြီးသော်လည်း တောင်မဖြစ်၊ ကျောက်နိမိတ် သာ ဖြစ်သည်။ စီ၍ ဖို့သောမြေပုံ၌ မြက်၊ ချုံ၊ သစ်ပင်တို့ပေါက်လျှင် တောင်ဟု ဓမ္မသိရီမထေရ်ဆို၏။ တောင်မဖြစ်သည်သာတည်းဟု ဥပတိဿ မထေရ်ဆို၏။

သာဋီ ... ဆင်ပမာဏမည်သော တောင်သည် အယုတ်ဆုံး ခုနစ်တောင့်ထွာမြင့်၏။

ဝိဋီ ... မြေတောင်စသော သုံးမျိုးကို တစုံတယောက် မပြုအပ်သော သယံဇာတကိုသာ ဆိုအပ်၏။

ဆင်ပမာဏဟူသည်၌ မြေမှ တက်သောပဒေသဖြင့် ဆင်ပမာဏကိုယူအပ်၏။

လေးခုဖြင့်လည်းကောင်း၊ သုံးခုဖြင့်လည်းကောင်း-ဟူသည် သိမ်မြေ၌လေးခု၊ သုံးခုသော အရပ်တို့၌ တည်သော တောင်တို့ဖြင့်တည်း။

အပပြု၍-ဟူသည်ကို ကြားအပ်သော နိမိတ်သည် သိမ်ဖြစ်ခြင်းကြောင့် သိမ်တွင်းပြုခြင်း မသင့်၍ဆိုသည်။)

ကျောက်နိမိတ်

[ကျောက်နိမိတ်၌ အယဂုဠ-သံတွေခဲလည်း ကျောက်သာမည်၏။ ကျောက်ဟူသမျှအပ်၏။ ဆင်ပမာဏ ရှိလျှင် တောင်မည်၏။ မအပ်။ ကျွဲနွား ပမာဏရှိလျှင်ကား အပ်၏။ အယုတ်ဆုံး ဒွတ္တိံသပလဂုဠပိဏ္ဍ - ၃၂- ပိုလ် တင်လဲခဲအနေရှိလျှင် အပ်၏။ ထိုအောက်ငယ်လျှင် လည်းကောင်း၊ ကြီးသောအုတ်ခဲသည် လည်းကောင်း၊ နိမိတ်မလောက်သော ကျောက်ခဲငယ် အစုသည်လည်းကောင်း မအပ်။ မြေအစု သဲအစုကား သာ၍ မအပ်။ မြေနှင့်ညီသော ကျောက်ဖျာတလင်းသည် လည်းကောင်း၊ မြေမှထွက်သော ကျောက်ငုတ်သည် လည်းကောင်း ပမာဏလောက်လျှင် အပ်၏။

ကျောက်ဖျာသည် အလွန်ကြီးသော်လည်း ကျောက်သာ မည်၏။ ထို့ကြောင့် ကျောက်ဖျာကြီး၏ တစိတ်တဒေသကို သိမ်အတွင်းပြုလိုအံ့၊ ထိုကျောက်ဖျာကြီးကို နိမိတ်မကြားအပ်။ ထိုအထက်၌ တပါးသောကျောက်ကို (ထား၍) ကြားအပ်၏။ ကျောက်ဖျာအထက်၌ သိမ်ကျောင်းကို ပြုအံ့၊ ထိုကျောက်ဖျာ သည်လည်းကောင်း၊ ကျောင်းတွင်းဝင်ရောက်သော ကျောက်ဖျာသည် လည်းကောင်း နိမိတ်မအပ်။ အကယ်၍ ထိုကျောက်တို့ကို နိမိတ်ကြားလျှင် နိမိတ်အထက်၌ ကျောင်းဖြစ်၏။ နိမိတ်သည် သိမ်ပ ဖြစ်၍ ကျောင်းလည်း သိမ်ပသို့ရောက်၏။ ကျောင်းကိုဝန်းရံ၍ တည်သော ကျောက်ဖျာကို တနေရာ၌ကြားလျှင် တပါးသောနေရာ၌ မကြားအပ်။]

ဇီဋီ ... ပါသာဏ-ကျောက်ဟူသည် သုဓာမယပါသာဏ၊ အင်္ဂတေ ကျောက်သည်လည်း အပ်သည်ဟု ဆိုကုန်၏။ အုတ်ကိုပယ်ခြင်းကြောင့် စူးစမ်းအပ်၏။ ၃၂- ပိုလ်တင်လဲခဲအနေကို ထူလတာဖြင့် ယူအပ်၏။ တုလတာဖြင့် မယူအပ်။

သာဋီ ... ထိုထက်မထူး။

ဝိဋီ ... ၃၂ - ပိုလ်တင်လဲခဲ အနေကို သဏ္ဌာန်ဖြင့်ယူအပ်၏။ တုလနချိန်ခြင်းအစွမ်းဖြင့်မယူအပ်။ ပိုလ်ချိန် ကိုလည်း မဂဓချိန်ဖြင့် ယူအပ်၏။ မဂဓချိန်သည် လောကိယချိန်ထက် နှစ်ဆကြီး၏ဟု ဆိုကုန်၏။

အလွန်ကြီးသော်လည်း ဟူသည် မြေမှအထက် ဆင်ပမာဏ မတက်ပဲ မြေအောက်သက်လျက် အထုယူဇနာ များသော်လည်း ပါသာဏ-သာ ဟူလို။ ထိုမှ ဆင်တရပ်အထွဋ်မြင့်လျှင် ပဗ္ဗတမည်၏။)

၃၂-ပိုလ်

(ဇီဋီ၊ သာဋီ ... ၃၂-ပိုလ် တင်လဲခဲအနေကို ထူလဖြင့် ယူအပ်၏။ တုလဖြင့်မယူအပ်။

ဝိဋီ ... သဏ္ဌာနဖြင့်ယူအပ်၏။ တုလနဖြင့် မယူအပ်။ ပိုလ်ချိန်ကို မဂဓချိန်ဖြင့် ယူအပ်၏။ မဂဓချိန်သည် လောကိယ ချိန်ထက် နှစ်ဆကြီး၏။ ကင်္ခါဋီကာသစ်-တပိုလ်သည် ကဠဉ္ဇ တဆယ်ဟူ၏။

“ယုတ္တိကပ္ပတရုကျမ်း၌” ... သုံးရွေး-ရူပကတခု။ ဆယ်ရူပက- ကဠဉ္ဇ တခု ဟုဆို၏။ ရွေးသုံးရာသည် ဆယ်ကဠဉ္ဇ - တပိုလ်ဖြစ်၏ဟူလို။

“သင်္ချာပကာသကျမ်း၌” ... ရွေးငယ် ၃၂-ခုသည် မဂဓချိန် ကဠဉ္ဇ တခုဟုဆို၏။ ရွေးငယ် ၃၂၀-သည် ဆယ်ကဠဉ္ဇ -တပိုလ်ဟူလို။

“သက္ကဋအဘိဓာန်၌”......

ငါးဂုဉ္ဇာ အဒျ မာသကတခု။

၁၆- မာသက - အက္ခတခု၊ ဝါ−ကဿတခု။

လေးကဿ - ပလတခု။

ပလတရာ - တုလာတခု။

တုလာနှစ်ဆယ် - ဘာရတခု။

ဘာရတဆယ် - အာစိကတခုဟု ဆို၏။

ဝါ-ငါးချင်ရွေး - ရွှေတပဲ။

၁၆-ပဲ - တသစ်ဆိမ့်၊ ဝါ-တကျပ်၊

လေးကျပ် - တပိုလ်၊

ပိုလ်တရာ (လေးပိဿာ) - တချိန်။

ချိန် ၂၀ (ပိဿာ ရှစ်ဆယ်) - တယောက်ထမ်းဝန်။

ဆယ်ဝန်(ပိဿာရှစ်ရာ) - တပုံ၊ ဝါ-တလှည်းတိုက်ဖြစ်၏။

“လိလာဝတီဂဏန်းကျမ်း၌” ....

၅-ရွှေး တပဲ၊

၁၆-ပဲ တကျပ်၊

လေးကျပ် တပိုလ်ဟု ဆို၏။

“ဝါစာပ္ပတိအဘိဓာန်၌လည်း” လိလာဝတီ ကဲ့သို့ပင်ဆို၏။

“ကပ္ပသဒ္ဒတ္ထ မုတ္တာဝလိအဘိဓာန်တို့၌” … ဂုဉ္ဇာ ဟူသည် ဦးစွန်းမည်းသောရွေးဖြစ်၏။ နွယ်ပင်အထူးဖြစ်၏ဟု ဆို၏။ ရွေးကြီးဟု တရွေးငယ် ဟူလို။

“ကပ္ပဒုမအဘိဓာန်၌” ....

၃၀ ပရမာဏုမြူ - တတြမြူ တခု (နေပြောက်၌မြင်သောမြူ)

၆ တတြမြူ - မရိစိ တခု။

၆ မရိစိ - ရာဇိကာ (မုန်ညင်းနီနက်) တခု။

၃-ရာဇိကာ - သာသပ (မုန်ညင်းဖြူ) တခု။

၈ သာသပ - ယဝ (မုယောစပါး) တခု။

၄ ယဝ - ဂုဉ္ဇာ (ရွေးငယ်) တခု။

၆ ဂုဉ္ဇာ - မာသက (ပဲ) တခု၊

၄ မာသက-သာဏ (မတ်) တခု။

၂ သာဏ - တကောလ။

၂ ကောလ-တကဿ (ကျပ်)။

၂ ကဿ - အဍ္ဎပလ တခု။

၂ အဍ္ဎပလ - တပလ။

၂ ပလ- တပသတိ (လက်ဖက်)။

၂ ပသတိ - တကုဍဝ (လက်ခုပ်)။

၂ ကုဍဝ - တမာနိကာ (လမယ်)။

၂ မာနိကာ - တပတ္ထ (စလယ်)။

၄ ပတ္ထ-တအဠက (ပြည်)။

၄ အဠက - တဒေါဏိ (စိတ်)။

၂ ဒေါဏိ - တသုပ္ပ။

၂ သုပ္ပ - တဒေါဏ (တင်း)။

၄ ဒေါဏ - တဓါရီ (တို့)။

ပလနှစ်ထောင် - တဘာရ။

ပလတရာ - တတုလာ။

ဤကား မဂဓချိန် တောင်း တင်း အဆုံးအဖြတ်တည်း။

ပဲ၊ မတ်၊ ကျပ် ပို (လေးခု)

ကုဋေ၊ စလယ်၊ ပြည်၊ စိတ်၊ တင်း၊ တို့ (ခြောက်ခု)

ဤဆယ်ခုသည် လေးပဲ-တမတ်၊ လေးမတ်-တကျပ် စသည်ဖြင့် လေးဆတက်ဖြစ်၏။

“မာဂဓပရိဘာသာ၌”...

ခြောက်ရွေး-တပဲ။ ၂၄ ရွေး-တမတ်။ ၉၆ ရွေး-တကျပ် ဟု စရကဆရာဆို၏။

သုသုတ ဆရာကား ....

ငါးရွေး-တပဲ။ ရွေး ၂၀-တမတ်။ ရွေးရှစ်ဆယ်-တကျပ်ဟု ဆို၏။

ဤကား မာဂဓချိန်ချင့်တို့တည်း။

“ကလိင်္ဂတိုင်း ချိန်ချင့်ကား”....

မုန်ညင်းဖြူ ၁၂-တမုယော။ နှစ်မုယော-တရွေး။ သုံးရွေး-တဝလ္လ။ ရှစ်ရွေး-တပဲ။ (အချို့အရပ်၌ ခုနစ်ရွေး-တပဲ။) လေးပဲ-တမတ်။ ခြောက်ပဲ-ဂဒျာနတခု။ ဆယ်ပဲ၊ ရွေး ရှစ်ဆယ် တကျပ်။ လေးကျပ်-တပိုလ်။ ဤအလုံးစုံသည် ဘာဝပ္ပကာသ ကျမ်း၌ လာသည်ဟု ဆို၏။

“မာဂဓအဘိဓာန်၌”...စတ္တာရော ဟိသယော ဂုဉ္ဇာ စသောဂါထာ၌ သီဟိုဠ်နိသျအလိုဖြင့်

လေးစပါး-တချင်ရွေး။ နှစ်ချင်ရွေး-တပဲ။ ငါးပဲ- နှစ်အက္ခ။ နှစ်အက္ခ (ရွေး- ၄ဝ) တပိုလ်။ ပိုလ်တရာ-တတုလာ။ တုလာ နှစ်ဆယ်-တဘာရ။

“အဘိဓာန်ဋီကာအလိုကား”….

နှစ်ရွှေး-တပဲ။ ဆယ်ပဲ-တအက္ခ။ ရှစ်အက္ခ (ရွေး-၁၆ဝ) တဓာရဏ။

ဆယ်ဓာရဏ (ရွေး-၁၆ဝဝ) - တပိုလ်

[ဤ ဋီကာသာ ထူးသည်။ အကြွင်းတို့ကား များစွာမထူးကုန်။]

“ကပ္ပဒ္ဒူမကျမ်း၌”… ပိုလ်ဟူသည် လေးကျပ်။ ရှေးကျမ်းအလို လေးတောလ။ ဆေးကျမ်း၌ ငါးမူးတောလဖြင့် ရှစ်တောလ။ လောကသုံးဖြင့် သုံးတောလ-နှစ်ပဲ၊ ရှစ်ရွေးဖြစ်၏။ သုသုတဆရာအလို ရွေး ၈ဝ-တကျပ်၊ စရကဆရာအလို ရွေး ၉၆-တကျပ် ဖြစ်ခြင်းသည် ကာလဒေသ မတူခြင်း၊ ရွေးကြီး ရွေးငယ် မတူခြင်း ကြောင့်တည်း။ မာဂဓကဟာပဏကား-ဟူသည် ... ဟု ဆို၏။

“မိုင်းခိုင်ဆရာတော်၏ တိပိဋကဝိနိစ္ဆယ၌”....

လေးကျပ် တပိုလ် ဖြစ်၏။ ၃၂ ပိုလ်သည် မာဂဓကျပ် ၁၂၀ ကျပ်။ အင်္ဂလိပ်ဒင်္ဂါး ၁၆ဝိ။ မြန်မာကျပ် တပိဿာ။ ၁၂-ကျပ် ခုနစ်မူး-သုံးရွေး ဖြစ်၏။ ထိုအချိန်ရှိ တင်လဲခဲနှင့် ကြီးငယ်သဏ္ဌာန် ပမာဏတူသော ကျောက်သည် အယုတ်ဆုံး ကျောက်နိမိတ်လောက်သည်ဟု ဆုံးဖြတ်၏။

“အဘယာရာမ ဆရာတော်၏ အဘိဓာန်နိသျ၌”...

ပလဟူသည် လေးကျပ် (သို့မဟုတ်) သုံးကျပ်၊ နှစ်ပဲ၊ ရှစ်ရွေး အချိန်စီး၏ ဟူ၍ နိသံသယမှတ်အပ်၏ဟု ဆုံးဖြတ်၏။

တောနိမိတ်

[တောနိမိတ်၌ မြက်တော၊ အခွံလျှင် အနှစ်ရှိသော ထန်းပင်၊ အုန်းပင်စသည်တို့၏ တောသည် မအပ်။ အတွင်း၌ အနှစ်ရှိသော သာက-ကျွန်းပင်၊ သာလ-အင်ကြင်းပင် စသည်တို့၏ တောသည် လည်းကောင်း၊ အနှစ်ပင် ရောသော တောသည် လည်းကောင်း၊ အယုတ်ဆုံး လေးပင် ငါးပင်မျှ ရှိလျှင်အပ်၏။ ထိုအောက် ယုတ်လျှင် မအပ်။ လွန်လျှင် ယူဇနာတရာ ရှိသော်လည်း အပ်၏။ တောအလယ်၌ ကျောင်းဆောက်အံ့၊ တောကိုမကြားအပ်။ တောတစိတ်ကို သိမ်တွင်းပြုလိုလျှင်လည်း တောကိုမကြားပဲ သစ်ပင်၊ ကျောက်ခဲ စသည်ကို ကြားအပ်၏။ ကျောင်းကိုရံ၍ တည်သောတောကို တနေရာ၌ကြား၍ တပါးသောနေရာ တို့၌ မကြားအပ်။]

ဇီဋီ ... လေးပင်ငါးပင်မျှ၌ အနှစ်ရှိ သုံးပင်၊ အနှစ်မဲ့ နှစ်ပင်၊ အနှစ်ပင်များခြင်းကို အလိုရှိအပ်၏။ သုသာန်သည်လည်း တောသာမည်၏။ သယံဇာတဖြစ်သောကြောင့်ဟု ဆိုအပ်၏။ ကေစိတို့ကား လေးပင် တို့တွင် နှစ်ပင်အနှစ်ရှိလျှင်အပ်၏။ အနှစ်ပင်များသော် လည်းကောင်း၊ မများသော် လည်းကောင်း အပ်၏။ ထို့ကြောင့် အများတို့တွင်လည်း နှစ်ပင် အနှစ်ရှိလျှင် အပ်သည်ဟုဆိုကုန်၏။

ဝိဋီ ... အတွင်း၌ အနှစ်ရှိသော-ဟူသည် ထိုခဏ၌ ငယ်သောကြောင့် အနှစ်မရှိသော်လည်း ကြီးသောအခါ ဖြစ်လတ္တံ့သော အနှစ်တို့ကိုလည်းရည်၍ ဆိုအပ်၏။ ကညစ်ရိုးခန့် လုံးပတ်ရှိသော ထိုသို့သော အနှစ်ပင် လေးငါးပင်မျှ ဟောသည်လည်း အပ်၏။

အနှစ်ပင်ရောသော တောဟူသောစကားဖြင့် အနှစ်ပင်ရောသော်လည်း တောနိမိတ်အပ်သည်ဟု ပြသည်။

လေးပင် ငါးပင်မျှ ဟူသည်ကို အနှစ်ပင်တို့ကိုရည်ဆိုသည်။

တောအလယ်၌ ကျောင်းဆောက်အံ့-ဟူသည် သစ်ပင်တို့နှင့်ကျောင်း ရောစပ်လျက် ကျောင်းအတွင်း တောဝင်အောင် ဆောက်၏။ သစ်ပင်အားလုံးကို ခုတ်ရှင်း၍ ဆောက်လျှင် ကျောင်းသည် တော မဟုတ် သောကြောင့် ဝန်းရံလျက် တည်သောတောကို တနေရာ၌ ကြားအပ်ရာ၏။ ဤ၌ကား ကျောင်းတွင်း၌လည်း တောဖြစ်သောကြောင့် တောကိုမကြားအပ်ဟု ဆိုသည်။ အကယ်၍ကြားလျှင် နိမိတ် အထက်၌ ကျောင်းဖြစ်၍ နိမိတ်လည်းသိမ်ပ၊ ကျောင်းလည်းသိမ်ပသို့ ရောက်၏။

တောတစိတ်ကို-ဟူသည် သစ်ပင်ကင်းရာ၌ ဆောက်သောကျောင်း၏ နံပါး တဘက်၌တည်သောတော၏ တစိတ်တဒေသတည်း။)

သစ်ပင်နိမိတ်

[သစ်ပင်နိမိတ်၌ အခွံလျှင်အနှစ်ရှိသော ထန်းပင်၊ အုန်းပင်စသည်သည် မအပ်။ အတွင်း၌အနှစ်ရှိသော စိမ်းရှင်သော အယုတ်ဆုံး ရှစ်သစ်မြင့်၍ လုံးပတ် သူစိဒဏ္ဍပမာဏ ကညစ်ရိုးခန့်သော်လည်း အပ်၏။ ထိုအောက်ငယ်လျှင် မအပ်။ ကြီးလျှင် ၁၂-ယူဇနာရှိ သုပ္ပတိဋ္ဌိတ- ပညောင်ပင်မျှလည်း အပ်၏။ ဝါးခွက်၊ ကျူခွက် စသည်တို့၌စိုက်သော သစ်ပင်သည် ပမာဏလောက်သော်လည်း မအပ်။ ခွက်မှထုတ်၍ကား ထိုခဏတွင်လည်း မြေ၌စိုက်၍ မြေဖို့၍ ရေလောင်း၍ ကြားခြင်းငှါအပ်၏။ အမြစ် အခက် အလက် ထွက်ခြင်းသည် အကြောင်းမဟုတ်။ အကိုင်းကို ဖြတ်၍စိုက်ရာ၌ကား ထိုအမြစ် အခက် အသစ် ထွက်ခြင်းသည် သင့်၏။ (ဝါ-အသစ်ထွက်မှ ကြားအပ်၏။) နိမိတ်ကြားသောအခါ ရုက္ခော-သစ်ပင် ဟူ၍ ဆိုခြင်းငှါလည်း အပ်၏။ သာကရုက္ခော-ကျွန်းပင်၊ သာလရုက္ခော- အင်ကြင်းပင်ဟူ၍လည်း အပ်၏။ တစပ်တည်းဖြစ်သော သုပ္ပတိဋ္ဌိတ- နိဂြောဓ ကဲ့သို့သောသစ်ပင်တို့ကား တနေရာ၌ကြား၍ တပါးသောနေရာ တို့၌ မကြားအပ်။]

(သာဋီ ... သူစိဒဏ္ဍပ္ပမာဏ-ဟူသည် သီဟိုဠ်ကျွန်း၌ စာရေးသော ကညစ်ရိုးတံဟု ဆိုကုန်၏။ ကနိဋ္ဌင်္ဂုလိပရိမာဏ-လက်သန်းအနေဟု မှတ်အပ်၏။

ဝိဋီ ... သူစိဒဏ္ဍပ္ပမာဏ-ဟူသည် ဝံသဒဏ္ဍပ္ပမာဏ-ဝါးရိုးအနေ ဖြစ်၏။ စာရေးသော ကညင်ရိုးတံဟု အချို့ ဆိုကုန်၏။ ဂရုဘဏ်၌ အဋ္ဌင်္ဂုလ သူစိ ဒဏ္ဍကမတ္တောပိ ဝေဠု ဟု ဆိုသောကြောင့် တနုတရဝေဠုဒဏ္ဍ- နုလွန်းသော ဝါးတံဟူ၍လည်းကောင်း၊ သူစိဒဏ္ဍ-ကညစ်ရိုးတံဟူ၍ လည်းကောင်း ယူအပ်၏။

ဝါးခွက်၊ ကျူခွက် စသည်၌-ဟူသည် ဝါးဆစ်၌ ကျူဆစ်၌ အိုးကင်းစသော မြေခွက်၌စသည်တည်း။

ထိုခဏတွင်လည်း-ဟူသည်ကို မညှိုးနွမ်းပဲ စည်ပင်ခြင်း သဘောရှိသော သစ်ပင်ငယ်ကို ရည်ဆိုသည်။ အမြစ်နှင့် တကွစိုက်သော သစ်ပင်ကြီး ဖြစ်သော်လည်း ညှိုးနွမ်း၍ ကြာမြင့်မှ အမြစ် အညွန့် အသစ်ထွက်၍ ရှင်ကုန်အံ့၊ သေမူလည်း သေကုန်အံ့၊ ထိုသစ်ပင်မျိုးကို ကြားခြင်းငှါ မအပ်။)

ခရီးနိမိတ်

[ခရီးနိမိတ်၌ တောသို့၊ လယ်သို့၊ မြစ်သို့၊ ရေကန်သို့ သွားသောခရီးစသည် မအပ်။ နှစ်ရွာ၊ သုံးရွာ ထုတ်ချင်းသွားသော ဇင်္ဃမဂ္ဂ-ခြေလမ်း၊ သကဋမဂ္ဂ-လှည်းလမ်းသည် အပ်၏။ လှည်းလမ်းမှဖဲ၍ လှည်းလမ်းသို့ လာပြန်ဝင်သော ခြေလမ်းသည်လည်းကောင်း၊ အသုံးမပြုသော ခြေလမ်း၊ လှည်းလမ်းသည် လည်းကောင်း မအပ်။ ခြေကုန်သည် လှည်းကုန်သည်တို့သုံးမှ အပ်သည်။ ခရီးနှစ်ခုသည် လှည်းဦးကဲ့သို့ တနေရာ၌ပေါင်း ဆုံအံ့၊ ကွဲရာ၌လည်းကောင်း၊ ဆုံရာ၌လည်းကောင်း၊ တနေရာသာ ကြားအပ်၏၊ စပ်သော နိမိတ်ဖြစ်သည်။

ကျောင်းကိုဝန်းရံ၍ လေးခုသော ခရီးတို့သည် လေးခုသော အရပ်သို့သွားကုန်အံ့၊ အလယ်တခုကိုကြား၍ တပါးသောနေရာကို မကြားအပ်။ နိမိတ်စပ်သည်။ ထောင့်ကိုဖောက်သွားသော ခရီးကိုကား ပရဘာဂ-တဘက်အဖို့၌ ကြားခြင်းငှါအပ်၏။ (နိမိတ် မစပ်ဟူလို။) ကျောင်းအလယ်ဖောက်သွားသော ခရီးကိုကား မကြားအပ်။ ကြားလျှင် နိမိတ်အထက်၌ ကျောင်းဖြစ်သည်။

လှည်းလမ်း၏ အတွင်းလှည်းကြောင်းကို နိမိတ်ပြုအံ့။ လမ်းသည်သိမ်ပဖြစ်၏။ အပလှည်းကြောင်းကို နိမိတ်ပြုအံ့၊ အပလမ်းသာ သိမ်ပဖြစ်၏။ အတွင်းလှည်းကြောင်းသည် သိမ်တွင်းသို့ဝင်၏။ နိမိတ်ကြားသော အခါ မဂ္ဂေါ၊ ပန္ထော၊ ပထော၊ ပဇ္ဇောစသော အမည်ဆယ်ခုတို့တွင် တခုခုဖြင့်ကြားခြင်းငှါ အပ်၏။ ပရိက္ခာ-ကျုံးသဏ္ဌာန်ဖြင့်ကျောင်းကို ပတ်သွားသောခရီးကို တနေရာ၌ ကြား၍ တပါးသောနေရာ၌ မကြားအပ်။]

(သာဋီ .. ပရဘာဂ-တဘက်အဖို့၌ ကြားခြင်းငှါ အပ်၏ဟူသည် ပြင်ပ၌ထွက်လျက် ခရီးရှစ်ကြောင်းတည်လျှင် တနေရာ၌ တဌာနစီဖြင့် လေးဌာန၌ ကြားခြင်းငှါအပ်၏။

ဝိဋီ ... ထောင့်ကိုဟူသည် သိမ်၏ထောင့် လေးခုတို့၌ ခရီးနှစ်ခု နှစ်ခုဆုံရာဌာနကိုတည်း။

တဘက်အဖို့၌ ကြားခြင်းငှါအပ်၏ဟူသည်ကို ထောင့်လေးခုတို့၏အပြင်၌ ထွက်လျက် တည်သော ခရီးတို့၌ အရပ်တခု၌ ခရီးတခုစီဖြင့် လေးခုသောခရီးတို့ကို၊ လေးခုသော အရပ်တို့၌ ကြားခြင်းငှါအပ်၏ ဟူသော အဓိပ္ပါယ်တည်း။

ဤသို့ကြားအပ်ကာမျှဖြင့် တစပ်တည်းအဖြစ် ကင်းသည်ဟု အဘယ်သို့ သိအပ်သနည်းဟူမူ၊ ပြင်ပသို့ သွားရာဌာန၌လည်း ထိုခရီးလေးခုတို့သည်သာလျှင် လေးခုသော အရပ်သို့သွားကုန်၏ဟု ဆိုအပ်၏။ ထို့ကြောင့် ဤအကြောင်းကို စိစစ်အပ်၏။)

တောင်ပို့နိမိတ်

[တောင်ပို့နိမိတ်၌ အယုတ်ဆုံးထိုနေ့ပေါက်၍ ရှစ်သစ်မြင့်၍ နွားဦးချို ပမာဏရှိသော တောင်ပို့သည်လည်း အပ်၏။ ထိုအောက်ငယ်လျှင်မအပ်။ ကြီးလျှင် ဟိမဝန္တာမျှလည်းအပ်၏။ ကျောင်းတိုက်ကိုဝန်းရံ၍ တစပ်တည်းတည်သော တောင်ပို့ကိုကား တနေရာ၌ကြား၍ တပါးသောနေရာ၌ မကြားအပ်။]

မြစ်နိမိတ်

[မြစ်နိမိတ်၌ တရားစောင့်သော မင်းတို့၏ လက်ထက်၌ လခွဲတိုင်း ဆယ်ရက်တိုင်း ငါးရက်တိုင်းကို မလွန်မူ၍ (မိုးလေးလ) မိုးရွာသောအခါ မိုးတိမ်လည်းကင်း၊ ရေအယဉ်လည်း ပြတ်သောမြစ်သည် မြစ်မမည်။ မိုးလေးလလုံး ရေအယဉ်မပြတ်မူ၍ အဝန်းသုံးပါးဖုံးလျက် ကူးသွားသော ဘိက္ခုနီ၏ သင်းပိုင်ရေစွတ်အံ့၊ မြစ်မည်၏။ သိမ်နိမိတ်လောက်၏။

ဤမြစ်မျိုးသာလျှင် ဘိက္ခုနီ၏ မြစ်တဘက်ကူးခြင်း၌ လည်းကောင်း၊ ဥပုသ်စသော သံဃကံပြုခြင်း၌ လည်းကောင်း၊ နဒီပါရသိမ် သမုတ်ခြင်းငှါ လည်းကောင်း သက်ဆိုင်၏။ လမ်းခရီးကဲ့သို့ လှည်းဦးသဏ္ဌာန်၊ ကျုံးသဏ္ဌာန်ဖြင့် ကျောင်းကို ရံပတ်သွားသော မြစ်ကိုလည်းကောင်း၊ အချင်းချင်း ဖောက်ထွင်းသော မြစ်ဆုံကိုလည်းကောင်း တနေရာ၌ကြား၍ တပါးသောနေရာ၌ မကြားအပ်။ မရောယှက်လျှင် မြစ်လေး လုံးကိုပင် ကြားခြင်းငှါအပ်၏။

စောင်ရမ်း ကာသကဲ့သို့ တိုင်စိုက်၍ နွယ်ကောက်ရိုးစသည်တို့ဖြင့် မြစ်ရေအယဉ်ကိုဖြတ်လျက် ဆည်ဖို့အံ့၊ ရေသည် ဆည်ကိုလှမ်းကျော်၍ စီးသည်သာဖြစ်အံ့၊ နိမိတ်ပြုခြင်းငှါ အပ်၏။ ရေမစီးအောင် တံတားပြုအံ့၊ မစီးလျှင်နိမိတ်မအပ်။ စီးရာ၌ နဒီနိမိတ်ကို၊ မစီးရာ၌ ဥဒကနိမိတ်ကိုပြုခြင်းငှါ အပ်၏။

မိုးခေါင်သောအခါ နွေအခါတို့၌ ရေမရှိသောမြစ်လည်း ဖြစ်နိမိတ်အပ်၏။ မြစ်ကြီးမှ သွယ်သော တူးမြောင်းကား မြစ်ငယ်အလား ကောက်သုံးသီး ပြည့်စုံစေလျက် မပြတ်ရေစီး ရှိသော်လည်း နိမိတ်ပြုခြင်းငှါ မအပ်။ ကြာမြင့်သောအခါ တူးမြောင်းဝဖြင့် မြစ်ကိုချိုး၍ မိကျောင်းစသည်ပြွမ်း၍ လှေစသည်တို့ဖြင့် သွားအပ်သော ဖြစ်ဖြစ်အံ့၊ နိမိတ်ပြုခြင် ငှါအပ်၏။]

ဇီဋီ ... သင်းပိုင်ရေစွတ်အံ့ဟု ဆိုသောကြောင့် ထိုမျှပမာဏရှိသော ရေ၌သာ နိမိတ်ပြုခြင်းငှါ အပ်သည်ဟု ကေစိတို့ဆိုကုန်၏။ ရေစွတ်အံ့ဟူသော စကားဖြင့် အယုတ်ဆုံးမြစ် လက္ခဏာကိုဆိုသည်။ ဤသို့သောမြစ်၌ လေးလ ရေစီးရာဌာန၌ ရေအနည်းငယ်ရှိသော်လည်း ပြုခြင်းငှါအပ်သည်ဟု ဧကေတို့ဆိုကုန်၏။ စီးရာ၌ နဒီနိမိတ်ကိုဟု ဆိုသောကြောင့် တံတာမှပြင်ပ၌ ထိုအနေမျှရေစီးလျှင် နဒီသာတည်းဟုဆိုကုန်၏။

သာဋီ ... ဘိက္ခုနီ၏ သင်းပိုင်ရေစွတ်အံ့ဟူသည် သေခိယနှင့်အညီ အဝန်းသုံးပါးဖုံးလျက် သင်းပိုင်ကိုမပင့်ပဲ ဆိပ်ဟုတ်-မဟုတ်ဖြတ်ကူးသွားသော ဘိက္ခုနီ၏သင်းပိုင် တသစ် နှစ်သစ်မျှစွတ်အံ့၊ ဤ၌ ဘိက္ခုနီကိုသာ ဆိုခြင်းကား ဘိက္ခုနီဝိဘင်း ပါဠိတော်၌ ဘိက္ခုနီစွမ်းဖြင့် နဒီလက္ခဏာ လာခြင်းကြောင့် ထိုနည်းဖြင့် ပြခြင်းငှါ ဆိုသည်။

သိမ်နိမိတ် လောက်၏-ဟူသည် ဤလက္ခဏာ ရှိသောမြစ်သည် သမုဒ္ဒရာသို့ လည်းကောင်း၊ တဘက် ဆည်ကန်သို့ လည်းကောင်း စီးဝင်သည် ဖြစ်စေ အမွန်အစမှစ၍ နိမိတ်ဖြစ်၏။

မစီးလျှင်စသည်၌ ဆည်သို့ရောက်လတ်သော် မြစ်၏ရေမစီးပဲ တည်ရာပဒေသ၌ နဒီနိမိတ်ပြုခြင်းငှါ မအပ်။ အထက်၌စီးရာဌာန၌သာ အပ်သည်။ မစီးရာဌာန၌ ဥဒကနိမိတ်ပြုခြင်းငှါ အပ်၏၊ တည်သောရေသာ ရေနိမိတ်အပ်သည်။

စီးသောရေ၊ ရေနိမိတ်မအပ်။ မြစ်ကိုချိုး၍ဟူသည် တူးမြောင်းအဝ၌ မြစ်ကမ်းကိုဖြို၍တည်း။

ဝိဋီ ... ဘိက္ခုနီ၏ ဟူသည်ကို ပါဠိတော်၌ ဘိက္ခုနီတို့၏ မြစ်တဘက်သို့ သွားခြင်း၌ မြစ်လက္ခဏာလာ ခြင်းကြောင့်ဆိုသည်။ ရဟန်းတို့၏ သင်းပိုင်ရေစွတ်လျှင်လည်း အပ်သည်သာတည်း။

မြစ်ကိုချိုး၍ဟူသည် ရေအလိုမရှိသော လယ်သမားတို့သည် ရေကြီးသက်သာအောင် မြစ်ကမ်းကို တူးဖြို၍တည်း။)

ရေနိမိတ်

[ရေနိမိတ်၌ လှေ၊ အိုးခွက်စသည်တို့၌ ရေထည့်၍ ရေနိမိတ်ကြားခြင်းငှါ မအပ်။ ဘူမိဂတ-မြေ၌တည်သော ရေသာလျှင် အပ်သည်။ ထိုရေသည်လည်း မစိးသောရေဖြစ်၍ တွင်း၊ ကန်၊ တဘက်ဆည်၊ အိုင်၊ ဘေးတွင်း၊ သမုဒ္ဒရာစသည်၌တည်မှအပ်သည်။ မြစ်၊ ရေပြွန်၊ ရေမြောင်း စသည်၌ စီးသောရေသည် မအပ်။

အန္ဓကဋ္ဌကထာ၌ နက်သောတွင်း စသည်တို့၌ (ကြိုးရှည်ဖြင့်) ခပ်ယူသောရေကို နိမိတ်မပြုအပ်ဟုဆို၏။ ဒုဝုတ္တဖြစ်၏။ အတ္တနောမတိဖြစ်၏။ တည်သောရေဖြစ်လျှင် ဝက်တူးတွင်း ရွာသူသားငယ်တို့ ကစားသော တွင်း၌ တည်သော်လည်းကောင်း၊ ထိုဏ၌သာ တွင်းပြု၍ အိုးတို့ဖြင့်ဆောင်၍ ပြည့်စေသော ရေသော် လည်းကောင်း ကမ္မဝါစာဆုံးအောင် နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ အပ်၏။]]

ဇီဋီ ... ဇာတဿရ-ထုံးအိုင်စသည်၌ တည်သောရေကိုလည်း နိမိတ် ပြုခြင်းငှါ အပ်၏။ ထိုနေရာသည် ကာလကြာ၍ ဂါမခေတ်အဖြစ်သို့ ရောက်အံ့၊ ထို၌တပါးသောသိမ်ကို သမုတ်ခြင်းငှါအပ်၏။

ခပ်ယူအပ်သော ရေကိုဟူသည် ထုတ်ဆောင်၍ ယူအပ်သောရေကိုတည်း။)

(အချို့ကား ထိုခဏတူးသောတွင်း၌ မြေကွဲအက်ပေါက်သည်တို့ကို ရေတည်အောင် ဖာထေးလျှင် အိုးခွက်နှင့် အလားတူဖြစ်၍ အပ်မည်မဟုတ်ဟု သံသယစကားဆိုကုန်၏။ မြစ်ရေအစီးရပ်အောင် ဆည်ဖို့ရာ၌ မြစ်နိမိတ် မအပ်၊ ရေနိမိတ်အပ်သည်ဟု ဆိုခြင်းကိုလည်းကောင်း၊ ဝက်တူးသောတွင်း၊ ရွာသူသားငယ်တို့ ကစားသော တွင်းတို့၌ မဖာထေးပဲကစားလျှင်ဟု မဆိုခြင်းကို လည်းကောင်း နှိုင်းချိန်လျှင် သံသယဖြစ်ဖွယ်မရှိ။ အချို့လည်း ထိုခဏတူးသောတွင်း၌ ရေထွက်လာလျှင် ထိုရေနိမိတ်မအပ်ဟု ဆိုကုန်၏။ ထွက်သော ရေစီးနေလျှင် ဆိုထိုက်၏။ မစီးလျှင် တွင်း၊ ကန်၊ အိုင်စသည်၌ ရေကဲ့သို့ အပ်သည်ဟူ၍သာ ဆိုထိုက်၏။)

နိမိတ်တိုင် စိုက်ထားအပ်ခြင်း

[ထိုနိမိတ်ကြားသောနေရာတို့၌ အမှတ်အသားပြုခြင်းငှါ ကျောက်၊ သဲ၊ မြေ စသည်တို့၏ အစုအပုံ၊ ကျောက်တိုင်၊ သစ်သားတိုင်တို့ကို ပြုအပ်ကုန်၏။ ရဟန်းကိုယ်တိုင်ပြုခြင်း၊ ပြုစေခြင်းငှါလည်း အပ်၏။ လာဘသိမ်၌ကား မပြုအပ်။ (မြေသည်အနဂ္ဃ အဖိုးမဖြတ်နိုင်။ သူတပါးမြေ၌ စိုက်မိလျှင်အပြစ်မလွတ်။) သမာနသံဝါသကသိမ်သည် သူတပါးကိုနှိပ်စက်ခြင်းမပြု။ ဝိနည်းကံမျှဖြင့် ပြီးစေခြင်းကြောင့်အပ်၏။]

ဤနိမိတ်ရှစ်ပါးတို့ဖြင့် မရော၍လည်းကောင်း၊ ရော၍ လည်းကောင်း သိမ်ကိုသမုတ်ခြင်းငှါ အပ်သည်သာ တည်း။ နိမိတ်တခု နှစ်ခုမျှဖြင့်ကား မသမုတ်အပ်။ သုံးခုမှစ၍ တရာမျှဖြင့်လည်း သမုတ်အပ်၏။ နိမိတ်သုံးခုဖြင့် သမုတ်လျှင် သိင်္ဃာဋက (လှည်းဦးသဏ္ဌာန်) ခရီးသုံးထောင့် သဏ္ဌာန်ရှိ၏။ လေးခုဖြင့်ကား စတုရဿ-လေးထောင့်၊ သိင်္ဃာဋက-ခရီးလေးထောင့်၊ အဍ္ဎစန္ဒ-လခြမ်း၊ မုဒိင်္ဂ-မရိုးစည်သဏ္ဌာန် စသည်ရှိ၏။ ထိုထက်များသော နိမိတ်တို့ဖြင့် သမုတ်လျှင် သဏ္ဌာန်အမျိုးမျိုးရှိသော သိမ်ဖြစ်၏။

(သာဋီ ... သိင်္ဃာဋကသည်-သုံးထောင့်ခရီး သဏ္ဌာန်ရှိ၏။ မုဒိင်္ဂသည် မုရိုးစည်ကဲ့သို့ အလယ်ကားကား နှစ်ဘက်အဖျား ရှုံ့ရှုံ့သဏ္ဌာန်ရှိ၏။

ဝိဋီ ... မရောက်၍ လည်းကောင်းဟူသည် အရပ်အားလုံး၌တည်သော တောင်သက်သက်ဖြင့်သာ ကျောက်သက်သက်ဖြင့်သာတည်း။

ရော၍လည်းကောင်း-ဟူသည် တနေရာ၌တောင်၊ တနေရာ၌ကျောက်၊ ဤသို့တည်းသော နိမိတ်ရှစ်ခုတို့ ဖြင့်တည်း။

နိမိတ်တရာ-ဟူသောစကားဖြင့် အရပ်မျက်နှာ တခုတည်း၌သာ များစွာသော နိမိတ်တို့ကို ပုရတ္ထိမာယဒိသာယ ကိံ နိမိတ္တံ။ ပဗ္ဗတောဘန္တေ။ ပုနပုရတ္ထိမာယ ဒိသာယ ကိနိံ မိတ္တံ။ ပါသာဏောဘန္တေ … ဤသို့စသည်ဖြင့် ကြားခြင်းငှါအပ်၏ဟု ပြသည်။

သိင်္ဃာဋကသည်-သုံးထောင့်၊ စတုရဿသည် ညီညီလေးထောင့်၊ မုဒိင်္ဂသည်-ရှည်ရှည်လေးထောင့်၊ ဝါ-တဘက်စွန်း ရှုံ့ရှုံ့တဘက်စွန်း ကားကားဖြစ်၏။)

နိမိတ်ဝိနိစ္ဆယအဆုံး၌ ဆက်၍ပြသော သိမ်အမျိုးမျိုး သမုတ်ပုံ အဆုံးအဖြတ်

ဂါမခေတ်တခု၌ သမုတ်ပုံ

ထိုသိမ်ကို သမုတ်လိုသော ရဟန်းတို့သည် အနီးကျောင်းတို့၌ ရဟန်းတို့ကို ထိုထိုဝိဟာရ၏ သိမ်အပိုင်းအခြားကိုမေး၍ သိမ်သမုတ်ပြီးသော ကျောင်းတို့၏ သိမ်၏ သီမန္တရိက်ကိုလည်းကောင်း၊ မသမုတ်သေးသော ကျောင်းတို့၏ (နောင်သမုတ်စရာ) သိမ်၏ ဥပစာကိုလည်းကောင်း ချန်လှပ်၍ ခရီးသွားရဟန်းတို့၏ အသွားအလာ မရှိသောအချိန်၌ သမုတ်အပ်၏။

ဂါမခေတ်တခုတည်း၌ သိမ်ကိုသမုတ် လိုကုန်အံ့၊ ထိုဂါမခေတ်၌ သိမ်သမုတ်ပြီးသော ကျောင်းနေ ရဟန်းတို့ထံ ယနေ့ ငါတို့သိမ်သမုတ်ကုန်အံ့၊ သင်တို့သည်မိမိတို့ သိမ်အပိုင်းအခြားမှ မထွက်ကြပါနှင့်ဟု စေအပ်၏။ သိမ်မသမုတ်သေးသော ကျောင်းနေရဟန်းတို့ကို တပေါင်းတည်း စည်းဝေးစေအပ်ကုန်၏ ဆန္ဒထိုက်သူ၏ဆန္ဒကို ဆောင်ယူစေအပ်၏။

(ဝိသုံဂါမ၌လည်း ဂါမတခုဖြစ်၍ ဤနည်းသာတည်း။)

ဂါမခေတ်တပါးသွင်း သမုတ်ပုံ

တပါးသော ဂါမခေတ် တို့ကိုလည်း သွင်း၍ သမုတ်လိုကုန်အံ့၊ “ထိုဂါမခေတ်တို့၌ ရှိသော ရဟန်း တို့သည်လည်း လာအပ်၏။ မလာလျှင် ဆန္ဒ ဆောင်အပ်၏” မဟာသုမ မထေရ်ဆို၏။ မဟာပဒုမ မထေရ်ကား ဂါမခေတ် အသီးသီးတို့သည် အသီးအခြား ဗဒ္ဓသိမ်နှင့် တူကုန်၏။ ဆန္ဒပါရိသုဒ္ဓိဆောင်၍ မရောက်။

နိမိတ်အတွင်းရှိ ရဟန်းတို့သည် (အလေးပြုခြင်းဖြင့်) လာလိုလျှင် လာအပ်၏ဟု ဆို၍၊ တဖန် သမာနသံဝါသကသိမ် သမုတ်သောအခါ လာသော်လည်းကောင်း မလာသော်လည်းကောင်း အပ်၏။ အဝိပ္ပဝါသသိမ် သမုတ်သောအခါ၌ကား နိမိတ်တွင်းရှိ ရဟန်းတို့ အပ်၏။ မလာလျှင် ဆန္ဒဆောင်အပ်၏ဟု ဆို၏။

ဤသို့ သံဃာစည်းဝေး ပြီး၍ ဆွဲဆောင်ပြီးသောအခါ ထိုထိုလမ်း၊ မြစ်ဆိပ်၊ ရွာတံခါးစသည်တို့၌ အာဂန္တုရဟန်းတို့ကို လျှင်စွာဟတ္ထပါသ်သို့ ဆောင်ခြင်းငှါလည်းကောင်း၊ သိမ်ပသို့ ထုတ်ခြင်းငှါလည်းကောင်း၊ အရံစောင့်၊ သာမဏေတို့ကိုထား၍ စည်ကြီးသံ၊ ခရုသင်းသံ၊ အမှတ်သညာပေး၍ နိမိတ်ကြားပြီး အခြားမဲ့၌ သုဏာတုမေ ဘန္တေ သံဃော စသော ကမ္မဝါစာဖြင့် သိမ်သမုတ်အပ်၏။ ကမ္မဝါစာအဆုံး၌ နိမိတ်တို့ကို အပပြုလျက် အောက်မြေခံသောရေကို အဆုံးပြုလျက် သိမ်သည်သက်၏။

(သာဋီ ... နိမိတ်အတွင်းရှိ ရဟန်းတို့သည် ဟူသည်ကို တပါးသော ဂါမခေတ်၏ ထက်ဝက်ကိုသွင်း၍ သမုတ်လိုသည်ရှိသော် ရဟန်းအားလုံး လာခြင်း၌ အကျိုးမရှိသောကြောင့် ဆိုသည်။

လာအပ်၏-ဟူသည်ကိုလည်း မိမိစွမ်းဖြင့်ဆိုသည်။ အမြဲလာအပ်သည်မဟုတ်။ ထို့ကြောင့် လာသော် လည်းကောင်း မလာသော်လည်းကောင်း အပ်၏ဟု ဆိုသည်။ အကြောင်းကား သိပ်မသမုတ်မီ ဂါမခေတ် အသီးသီးတို့၏ သိမ်အသီးသီးသဘော ရှိခြင်းကြောင့် မလာသော်လည်း ဝဂ္ဂကံ မဖြစ်။ ထို့ကြောင့် မလာသော် လည်းအပ်၏။ သိမ်သမုတ်ပြီးသောအခါ၌ကား တသိမ်တည်းဖြစ်ခြင်းကြောင့် တဖန် ကံတပါးထပ်ပြုလျှင် သိမ်တွင်းရှိ လာအပ်သည်သာတည်း။

ထို့ကြောင့် အဝိပ္ပဝါသ သိမ်သမုတ်သောအခါ၌ကား စသည်ကို ဆိုသည်။ နိမိတ်ကြားသောအခါ သိမ်၌ ရဟန်းမသုတ်သင်သော်လည်း အပြစ်မရှိ၊ ကံလေးပါး တပါးပါး မဟုတ်သောကြောင့်တည်း။

ဝိဋီ ... ပါဋေက္ကန္တိပစ္စေကံ-အသီးအခြား။ ဗဒ္ဓသိမ်နှင့် တူကုန်၏ဟူသော စကားဖြင့် ဗဒ္ဓသိမ်တို့၌ တည်သူတို့သည် အချင်းချင်း ဆန္ဒစသည်ကို မငဲ့ပဲ အသီးအခြား ကံပြုခြင်းငှါ ရကုန်သကဲ့သို့ ဂါမသိမ်တို့၌ တည်သူတို့သည်လည်း ရကုန်၏ဟု ပြသည်။

လာအပ်၏-ဟူသည်ကို သာမိစိမတ္တစွမ်းဖြင့် ဆိုသည်။ ထို့ကြောင့် လာသော်လည်းကောင်း စသည်ကို ဆိုသည်။

ဇီဋီ ... တပါးသော ဂါမခေတ်၌တည်၍ နိမိတ်ကြားသောအခါ၌ လည်းကောင်း၊ သမာနသံဝါသက သိမ်သမုတ်ပြီးသောအခါ၌ လည်းကောင်း လာခြင်းအကျိုးထူး မရှိဟု ဆိုအပ်၏။ စည်ကြီးသံ စသည်ကို သမုတ်ပြီးခြင်း အဆုံးကို ပြုကုန်အံ့ဟုဆို၍ အမှတ်သညာပေးအပ်၏။)

ခဏ္ဍသိမ်

ဤသမာနသံဝါသကသိမ်ကို သမုတ်လိုသူတို့သည် ရှင်ပြု၊ ရဟန်းပြုစသော သံဃကံလွယ်ကူစွာပြုနိုင်ခြင်းငှါ ရှေးဦးစွာ ခဏ္ဍသိမ်ကို သမုတ်အပ်၏။ ခဏ္ဍသိမ်သမုတ်ရာ၌ ကျင့်ဝတ်ကို သိအပ်၏။ ဗောဓိပင်၊ စေတီ၊ ဆွမ်းစားဇရပ် စသည်အားလုံး တည်စေပြီးသော ကျောင်း၌ ကျောင်းအလယ် အများသက်ဝင်ရာ၌ မသမုတ်ပဲ ကျောင်းစွန် ဆိတ်ငြိမ်ရာ၌ သမုတ်အပ်၏။ မတည်စေသေးသော ကျောင်း၌ကား ဗောဓိပင်၊ စေတီစသည် အားလုံး၏ နေရာကို မှတ်သား၍ ကျောင်းစွန် ဆိတ်ငြိမ်ရာ၌ဖြစ်စေသမုတ်အပ်၏။

ခဏ္ဍသိမ်သည်အယုတ်ဆုံး နှစ်ကျိပ်တပါး စည်းဝေးလောက်လျှင် သမုတ်အပ်၏။ ထိုအောက်ငယ်လျှင်မအပ်။ ကြီးလျှင် ရဟန်းတထောင်ခန့်သော်လည်း အပ်၏။ ခဏ္ဍသိမ်ကို သမုတ်သောအခါ သိမ်အပြင်၏ဝန်းကျင် နိမိတ်လောက်သော ကျောက်တို့ကို ထားအပ်ကုန်၏။ ခဏ္ဍသိမ်၌နေ၍ မဟာသိမ်ကို မသမုတ်အပ်။ မဟာသိမ်၌နေ၍ ခဏ္ဍသိမ်ကို မသမုတ်အပ်။

ခဏ္ဍ၌သာနေ၍ ခဏ္ဍကို၊ မဟာ၌သာနေ၍ မဟာကိုသမုတ်အပ်၏။ သမုတ်ပုံကား ဝန်းကျင် ဧသော ပါသာဏောနိမိတ္တံ ဟု ဖတ်ကြား၍ ကမ္မဝါစာဖြင့် သမုတ်အပ်၏။ ထို့နောက် ဒဠှီကမ္မအကျိုးငှါ အဝိပ္ပဝါသ ကမ္မဝါစာကိုဖတ်အပ်၏။ အကျိုးကား သိမ်နုတ်မည်ဟုလာသူတို့ မနုတ်နိုင်။

သမုတ်ပြီးသောအခါ သီမန္တရိက်ကျောက်တို့ကို ထားအပ်ကုန်၏။ သီမန္တရိက်သည် အယုတ်ဆုံး တတောင် ပမာဏရှိလျှင်အပ်၏။ တထွာရှိလျှင်လည်း အပ်သည်ဟု ကုရုန္ဒီ၌ဆိုသည်။ လေးသစ်ရှိလျှင်လည်း အပ်သည်ဟု မဟာပစ္စရိ၌ဆိုသည်။ ကျောင်းတိုက်ကြီးဖြစ်လျှင် ခဏ္ဍသိမ်ကို နှစ်ခု၊ သုံးခု၊ ထိုထက်အလွန်ကို သော်လည်း သမုတ်အပ်၏။

(သာဋီ ... ဘဏ္ဍုကမ္မပုစ္ဆန-ရှင်လောင်း ခေါင်းရိတ်မှု ပန်ကြားခြင်းကိုရည်၍ ရှင်ပြုဟုဆိုသည်။

လွယ်ကူစွာပြုနိုင်ခြင်းငှါ-ဟူသည် အားလုံး စည်းဝေးခြင်းဟူသော ပင်ပန်းမှုကိုပယ်၍ အနည်းငယ်သော ရဟန်းတို့ဖြင့် ပြုလွယ်ခြင်းငှါတည်း။

နှစ်ကျိပ်တပါးဟုဆိုရာ၌ သံဃကံသည် ဝီသတိဝဂ္ဂကံလျှင် အတိုင်းအရှည်ရှိ၏။ ကမ္မာရဟနှင့် နှစ်ကျိပ်တပါး ထိုင်သည် အစွမ်းဖြင့် နေလောက်ရာ အရပ်ကို သမုတ်ခြင်းငှါအပ်၏။

မနုတ်နိုင်ဟူသည် အဝိပ္ပဝါသ သိမ်သမုတ်ထားခြင်းကို မသိ၍ သမာနသံဝါသကကိုသာ နုတ်မည်ဟု အားထုတ်သူတို့သည် မနုတ်နိုင်ကုန်။ အဝိပ္ပဝါသ သမုတ်ထားလျှင် အဓိပ္ပဝါသကိုမနုတ်ပဲ သမာန သံဝါသကကို ကမ္မဝါစာဖြင့် နုတ်၍မရ။ အဝိပ္ပဝါသကိုနုတ်ပြီးမှ သမာနသံဝါသကို နုတ်အပ်၏။

တတောင်ပမာဏကို သိလွယ်သောကြောင့် ဆိုသည်။ တသစ်မျှသီမန္တရိက်လည်း အပ်သည်သာတည်း။ တသစ်မျှဖြင့်လည်း သိမ်ရောယှက်ခြင်း မရှိသည်သာတည်း။

ဝိဋီ ... ဘဏ္ဍကမ္မုပုစ္ဆနကိုရည်၍ ရှင်ပြုဟုဆိုသည်။ နှစ်ကျိပ်တပါးကို ထိုင်ခြင်းကို ရှည်ဆိုသည်။ ထိုစကားကိုလည်း ကမ္မာရဟနှင့်တကွ အဗ္ဘာန်သွင်းလောက်သည်ကို ရည်ဆိုသည်။

နိမိတ်လောက်သော ကျောက်တို့ကို ပို့ထားအပ်ကုန်၏၊ ဟူသည်ကို လိုရာ၌ သစ်ပင်နိမိတ်စသည်ရခဲ၏။ နောင်ကြီးသောအခါ ဗဒ္ဓအိမ်ချင်း ရောယှက်တတ်၏။ ကျောက်နိမိတ်ကား ထိုအပြစ်မျိုး မရှိ။ အမှတ် မရှိ ဆောင်၍ထားခြင်းငှါ လွယ်၏။ ထို့ကြောင့်ဆိုသည်။

သီမန္တရိက် ကျောက်တို့ကို ထားအပ်၏-ဟုဆိုရာ၌လည်း ထို့အတူတည်း။ လေးသစ်လျှင်လည်း တူသည်၊ ခဏ္ဍသိမ်မှပြင်ပနိမိတ် ကျောက်တို့၏ လေးသစ်မျှ ဌာနဝန်းကျင်ဖြစ်အောင် အကြွင်းဌာန ခဏ္ဍသိမ်တွင်း ဖြစ်အောင်သာလျှင် လေးသစ်မျှ သီမန္တရိက်ဖြစ်၏။)

မဟာသိမ်

ဤသို့ ခဏ္ဍသိမ်သမုတ်ပြီး၍ မဟာသိမ်သမုတ်သောအခါ ခဏ္ဍသိမ်မှထွက်၍ မဟာသိမ်၌တည်၍ ဝန်းကျင်လှည့်၍ သီမန္တရိက် ကျောက်တို့ကို ကြားအပ်ကုန်၏။ ထို့နောက် ကြွင်းသောနိမိတ်တို့ကို ကြား၍ ဟတ္ထပါသ်ကို မစွန့်မူ၍ ကမ္မဝါစာဖြင့် သမာနသံဝါသကသိမ်ကို သမုတ်၍ မြဲမြံအောင်အဝိပ္ပဝါသ ကမ္မဝါစာကိုလည်း ဖတ်အပ်၏။ ဤသို့ပြုလျှင် နုတ်သူတို့မနုတ်နိုင်ကုန်။

နိမိတ်ကြားသောအခါ ခဏ္ဍသိမ်၌ ရှေးဦးစွာ ကြား၍၊ ထို့ နောက် သီမန္တရိက်၌ နိမိတ်တို့ကိုကြား၍၊ မဟာသိမ်၌ နိမိတ်တို့ကိုကြားကုန်အံ့၊ ဤသုံးဌာနတို့၌ ကြားပြီးလျှင် အလိုရှိရာ သိမ်ကို ရှေးဦးစွာ သမုတ်ခြင်းငှါအပ်၏။ အပ်သော်လည်း ဆိုပြီးသောနည်းဖြင့် ခဏ္ဍသိမ်မှသာစ၍သမုတ်အပ်၏။

ဤသို့သမုတ်ပြီးသော သိမ်တို့တွင် ခဏ္ဍသိမ်၌ တည်သော ရဟန်းတို့သည် မဟာသိမ်၌ကံပြုသူတို့၏ကံကို မပျက်စေကုန်။ မဟာသိမ်၌ တည်သူတို့လည်း ခဏ္ဍသိမ်၌ ကံပြုသူတို့၏ကံကို မပျက်စေကုန်။ သီမန္တရိက်၌ တည်သူတို့ကား နှစ်ဦးလုံးတို့၏ (ကံကို) မပျက်စေကုန်။ ဂါမခေတ်၌တည်၍ ကံပြုသူတို့၏ကံကိုကား သီမန္တရိက်သည် ဂါမခေတ်သို့ ဝင်၏။

(သာဋီ ... ကြွင်းသောနိမိတ်တို့ကို ဟူသည် မဟာသိမ်၏ ပြင်ပနံပါး နိမိတ်တို့ကိုတည်း။ ခဏ္ဍသိမ်မှစ၍ သမုတ်ခြင်းသည် အလေ့တည်း။ အလေ့ဖြင့်သာပြုလျှင် မတွေဝေနိုင်။ ထို့ကြောင့် ခဏ္ဍသိမ်မှသာစ၍ သမုတ်အပ်၏။

ဝိဋီ ... သီမန္တရိက် ကျောက်တို့ကို ဟူသည် သီမန္တရိက်၌ ထားသောနိမိတ် ကျောက်တို့ကိုတည်း။ ထိုကျောက်တို့ကို လက်ျာရစ်လှည့်၍သာ ကြားအပ်ကုန်၏။

ကြားပုံကား ... သိမ်မှ အနောက်အရပ်၌ အရှေ့ဘက်လှည့်၍ ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ ဟု ထို၌ရှိသောနိမိတ်အားလုံးကို အစဉ်အတိုင်းကြား၍၊ မြောက်အရပ်၌ တောင်ဘက်လှည့်၍ ဒက္ခိဏာယ ဒိသာယ ကိံ နိမိတ္တံ-ဟု အစဉ်အတိုင်းကြား၍၊ အရှေ့အရပ်၌ အနောက်ဘက်လှည့်၍ ပစ္ဆိမာယ ဒိသာယ ကိံ နိမိတ္တံ-ဟု အစဉ်အတိုင်း ရှေးအတူကြား၍၊ တောင်အရပ်၌ မြောက်ဘက်လှည့်၍ ဥတ္တရာယ ဒိသာယ ကိံ နိမိတ္တံ-ဟု အစဉ်အတိုင်းရှိသမျှ အားလုံးတို့ကိုကြား၍ တဖန်အနောက်အရပ်၌ အရှေ့ဘက်လှည့်၍ ရှေးကြားပြီး နိမိတ်ကို ရှေးအတိုင်း တဖန်ကြားအပ်၏။ ထို့အတူ များစွာသော ခဏ္ဍသိမ်တို့၏လည်း သီမန္တရိက်ကျောက်တို့ကို အသီးသီး ကြားအပ်ကုန်၏။

ကြွင်းသော နိမိတ်တို့ကို-ဟူသည် မဟာသိမ်၏ပြင်ပ အကြားတို့၌ ကြွင်းသော နိမိတ်တို့ကိုတည်း။)

ပိဋ္ဌိပါသာဏသိမ်

ဤသိမ်ဟူသည် မြေပြင်၌သာ မဟုတ်သေး၊ ပိဋ္ဌိပါသာဏ-ကျောက်ဖျာအပြင်၊ ကုဋိဂေဟ-မြေကျောင်း၊ လေဏ-လှိုဏ်ဥမင်၊ ပါသာဒ-ပြာသာဒ်၊ ပဗ္ဗတမတ္ထက-တောင်ထိပ်တို့၌ သော်လည်း သမုတ်အပ်သည်သာ တည်း။ ကျောက်ဖျာ၌ သမုတ်လျှင် ကျောက်ဖျာ၌ အရေးအသားထွင်း၍ တွင်းငယ်တူး၍ နိမိတ်မပြုအပ်၊ နိမိတ်လောက်သော ကျောက်တို့ကိုထား၍ နိမိတ်ကြားအပ်၏။

ကမ္မဝါစာအဆုံး၌ မြေခံရသော ရေအထိ သိမ်သက်၏။ နိမိတ်ကျောက်တို့သည်ထားရာ၌ တည်မည်မဟုတ်။ ထို့ကြောင့် ဝန်းကျင်အရေးအသားကို ဖြစ်စေအပ်၏။ ထောင့်လေးခုတို့၌ ကျောက်တို့ကို ထွင်းအပ်ကုန်၏။ “ဤကား သိမ်အပိုင်းအခြားတည်း” ဟု အက္ခရာတို့ကိုသော်လည်း ထုအပ်ကုန်၏။ ငြူစူသူတို့မီးရှို့လျှင် ကျောက်တို့သာ လောင်ကုန်၏။ သိမ်မလောင်နိုင်။

(သာဋီ ... ကုဋိဂေဟသည် ကုဋိဃရဖြစ်၏။ ဘူမိဃရဟူလို။ ဥဒုက္ခ လန္တိခုဒ္ဓကာဝါဋံ -တွင်းငယ်တည်း။ ထိုအရေးအသားကို လည်းကောင်း၊ ထို တွင်းငယ်ကိုလည်းကောင်း နိမိတ်မပြုအပ်။

ဝိဋီ ... ကုဋိဂေဟဟူသည် မြေ၌ ပြုသော သက်ကယ်ကျောက်တည်း။

ဥဒုက္ခလန္တိ ဥဒုက္ခလာဝါဋ သဒိသခုဒ္ဒကာ ဝါဋံ - ဆုံငယ်တွင်းနှင့်တူသော တွင်းငယ်ကိုတည်း။

နိမိတ်မပြုအပ်ဟူသည် ထို အရေးအသား တွင်းငယ်တို့ကို နိမိတ်မပြုအပ်။ ဤစကားကို နိမိတ်ရှစ်ပါး၌ မလာခြင်းဖြင့် မအပ်ဟု ထင်ရှားသော်လည်း မပျက်နိုင်ဟူသောသညာဖြင့် တွေဝေသူ နိမိတ်ပြုမိရာ၏ဟု ဝိပ္ပတ္တိဘေး အဝေးမှရှောင်စိမ့်သောငှါ ဆိုသည်။

ဤအတူ နောက်၌ ဘိတ္တိံ အကိတ္တေတွာ စသည်တို့၌လည်း ထင်ရှားသောအနက်ကို ဖန်ဖန်ဆိုခြင်း၌ အကြောင်းကို သိအပ်၏။ သိမ်ပျက်လျှင် ရဟန်းပြုသောကံအားလုံး ပျက်ကြောင်းတည်း။ ထို့ကြောင့် ပျက်ပေါက်ကို ခိုင်ခိုင်ပိတ်ဆို့အပ်သည်။)

ကုဋိဂေဟသိမ်

ကုဋိဂေဟ မြေကျောင်း၌လည်း သိမ်သမုတ်လျှင် ဘိတ္တိံ အကိတ္တေတွာ-နံရံကို မကြားမူ၍ နှစ်ကျိပ်တပါး နေလောက်ရာကို အတွင်းပြု၍ ကျောက်နိမိတ်တို့ကိုထား၍ သမုတ်အပ်၏။ နံရံ၏အတွင်းသာ သိမ်ဖြစ်သည်။

နံရံအတွင်း နှစ်ကျိပ်တပါးမဆန့်အံ့၊ ပခုခ-ကျောင်းဦး၌ နိမိတ်ကျောက်တို့ကိုထား၍ သမုတ်အပ်၏။ ဤသို့လည်း မဆန့်အံ့၊ ပြင်ပတံစက်ကျရာ၌လည်း နိမိတ်ထား၍ သမုတ်အပ်၏။ ဤသို့ သမုတ်လျှင် ကုဋိဂေဟတခုလုံး သိမ်၌သာတည်၏။

(ဝိဋီ ... ဘိတ္တိံ ဟူသည် အုတ်နံရံ၊ သစ်သားနံရံ၊ မြေနံရံတို့ကို မကြားမူ၍၊ ကျောက်နံရံ၌ကား နိမိတ်လောက်သော ကျောက်တခုခုကို ထိုထို အရပ်၌ ကြားခြင်းငှါ အပ်၏။ ကျောက်အများစီသော နံရံတခုလုံးကို ကြားခြင်းငှါ မအပ်။ ဧသောပါသာဏော နိမိတ္တံ ဟု ဧကဝုစ်ဖြင့် ဆိုအပ်သောကြောင့်တည်း။

နံရံအတွင်းသာ-ဟူသည်၌ နံရံအတွင်း၌လည်း နိမိတ်တည်ရာ အတွင်းသာ သိမ်ဖြစ်သည်ဟု ယူဆအပ်၏။

ကျောင်းဦး၌ နိမိတ် ကျောက်တို့ကိုထား၍-ဟူသည် တိုက်ခန်း၏ ရှေးရှုပြင်ပ ကျောင်းဦး၌လည်း တိုက်ခန်း အကျယ် ပမာဏရှိသောနေရာ၌ ကျောက်တို့ကိုထား၍ သမုတ် အပ်၏။ ဤသို့ သမုတ်လျှင် တိုက်ခန်းဦးတို့၏ အတွင်းရှိနံရံကို အစပြု၍ အတွင်းအပလေးထောင့်သဏ္ဌာန်သာ သိမ်ဖြစ်၏။

ပြင်ပ-ဟူသည် ကုဋိဂေဟ တခုလုံး၏ ဝန်းကျင်ပြင်ပတည်း။)

လေဏသိမ်

နံရံလေးဘက်ရှိသော လိုဏ်ဥမင်၌လည်း သမုတ်လျှင် ဘိတ္တိံ အကိတ္တေတွာ - နံရံကို မကြားမူ၍ ကျောက်တို့ကိုသာ ကြားအပ်ကုန်၏။ အတွင်း၌ နေရာမဆန့်လျှင် အဦး၌လည်း နိမိတ်ထားအပ်၏။ မဆန့် သေးလျှင် ပြင်ပတံစက်ကျရာ၌လည်း နိမိတ်ကျောက်တို့ကိုထား၍ နိမိတ် ကြား၍ သိမ်သမုတ်အပ်၏။ ဤသို့သမုတ်လျှင် လိုဏ်၏အတွင်းသည်လည်းကောင်း၊ အပသည်လည်းကောင်း သိမ်ဖြစ်၏။

(ဝိဋီ ... အတွင်းသည်လည်းကောင်း စသည်သည် အလယ်၌ တည်သောနံရံနှင့်တကွ လေးထောင့်သိမ် ဖြစ်၏။)

ပါသာဒသိမ်

ပြာသာဒ်၏ အထက်၌လည်း နံရံကိုမကြားမူ၍ အတွင်း၌ ကျောက်တို့ကိုထား၍ သမုတ်အပ်၏။ မဆန့်ကျင်လျှင် အဦး၌ ကျောက်တို့ကိုထား၍ သမုတ်အပ်၏။ ဤသို့သမုတ်လျှင် ပြာသာဒ်အထက်၌သာ သိမ်ဖြစ်၏။ အောက်သို့မသက်။ တိုင်များစွာတို့၌ ထုပ်ရက်မတို့၏ အထက်၌ပြုသော ပြာသာဒ်ဖြစ်အံ့၊ အောက်နံရံလည်း နိမိတ်တို့၏ အတွင်း၌ တက်၍ လုပ် ရက်မတို့နှင့် တစပ်တည်းတည်အံ့၊ အောက်သို့လည်း သက်၏။

တိုင်ကြီးတခုတည်းရှိသော ပြာသာဒ်၏ အထက်ထပ်၌ သမုတ်အံ့၊ ထိုတိုင်ကြီး ထိပ်၌ နှစ်ကျိပ်တပါးဆန့်လျှင် အောက်သို့သက်၏။ ပြာသာဒ်၏ (အထက်) နံရံမှထွက်သော နိသျဟက - ထုပ်စွန်းစသည်တို့၌ ကျောက်တို့ကိုထား၍ သမုတ်အံ့၊ ပြာသာဒ်နံရံသည် သိမ်အတွင်းဖြစ်၏။ အောက်သို့သက်ခြင်း၊ မသက်ခြင်းကို သိပြီးသောနည်းဖြင့်သာ သိအပ်၏။

ပြာသာဒ်၏အောက်၌ နိမိတ်ကြားလျှင်လည်း နံရံကိုလည်းကောင်း၊ သစ်သားတိုင်တို့ကို လည်းကောင်း မကြားအပ်ကုန်။ နံရံ၌ဆွဲသော ကပ်သော (ဝါ-မှီသော) ကျောက်တိုင်တို့ကို ကြားခြင်းငှါ အပ်၏၊ ဤသို့ ကြားလျှင် အောက်ထပ် အစွန်းတိုင်တို့၏ အတွင်းသာ သိမ်ဖြစ်၏။ အောက်ထပ်နံရံသည် အထက် ထပ်နှင့်စပ်အံ့၊ အထက်သို့လည်းသိမ်တက်၏။ ပြင်ပတံစက်ကျရာ၌ နိမိတ်တို့ ပြုလျှင် ပြာသာဒ်တခုလုံးသိမ်၌ တည်၏။

(သာဋီ ... အောက်သို့ မသက်ဟူသည် နံရံအတွင်း နိမိတ်ထား၍ ကြားခြင်းကြောင့် အောက်ကောင်းကင် အရပ်သို့ မသက်။

အောက်သို့ လည်းသက်၏-ဟူသည် အောက်နံရံအတွင်း နှစ်ကျိပ်တပါးဆန့်လျှင်သက်၏။ သက်သော်လည်း အထက်သိမ်ပမာဏဖြင့် မသက်။ ဝန်းလျှင်နံရံပမာဏဖြင့် သက်၏။

သက်ခြင်း မသက်ခြင်းကို ဆိုပြီးသောနည်းဖြင့်သာ-ဟူသည် အောက်၌ နှစ်ကျိပ်တပါးဆန့်လျှင်သက်၏။ မဆန့်လျှင် မသက်ဟူသော အဓိပ္ပါယ်တည်း။

ပြာသာဒ်တခုလုံး သိမ်၌တည်၏-ဟူသည် အထက်ထပ်နှင့် နံရံစပ်သော် လည်းကောင်း၊ မစပ်သော် လည်းကောင်း ပြာသာဒ်တခုလုံး သိမ်၌တည်သည်သာတည်း။)

(ဝိဋီ ... ပြာသာဒ်၏ အထက်၌ သိမ်ဖြစ်၏ ဟူသောစကားဖြင့် တိုက်ခန်းနှင့် အဦးတို့၏အကြား တည်သော နံရံ၏ တခုတည်း ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ထိုနံရံအတွင်း၌ နှစ်ကျိပ်တပါး မဆန့်သောကြောင့် လည်းကောင်း အောက်သို့မသက်။ အထက်နံရံကား သိမ်၌တည်၏ဟု ပြသည်။

အောက်နံရံလည်း နိမိတ်တို့၏အတွင်း၌တက်၍-ဟူသည် အောက်၌ လေးမျက်နှာလုံးတက်သော နံရံဖြစ်၏။ နှစ်မျက်နှာ သုံးမျက်နှာသာ နံရံတက် အောက်သို့မသက်။

အောက်သို့လည်းသက်၏- ဟူသည်ကို နံရံလေးခုလုံး၏ အတွင်းသည် နံရံတို့နှင့်တကွနှစ်ကျိပ်တပါး ဆန့်သောကြောင့်ဆိုသည်။ သက်သော်လည်း အထက်သိမ်ပမာဏဖြင့် မသက်။ နံရံလေးခု၏ ပြင်ပစွန်း အောက် မြေ၌ ရေအဆုံးပြု၍ သက်သည်။ နံရံပ၌ တဆံခြည်မျှမသက်။

သက်ခြင်း မသက်ခြင်းကို ဆိုပြီးသောနည်းဖြင့်သာ-ဟူသည်ကို အထက်သိမ်ပမာဏ၏ အတွင်း၌ဝင်သော အောက်လေးဘက်နံရံတို့၏ ထုတ်ရက်မ သစ်သားတို့နှင့် စပ်ခြင်းကိုလည်းကောင်း၊ ထိုအတွင်း၌ အယုတ်ဆုံး သိမ်ပမာဏရှိခြင်း စသည်ကိုလည်းကောင်း ရည်ဆိုသည်။ ဤ၌ နိယျဟက-ထုပ်စွန်း စသည်တို့သည် နိမိတ်တို့၏ တည်ရာဖြစ်၍ သမုတ်သောခဏ၌ သိမ်မဟုတ်သော်လည်း သမုတ်ပြီးသောအခါ၌ သိမ်၌ တည်သည်သာဖြစ်ကုန်၏ဟု မှတ်အပ်၏။

အစွန်တိုင်တို့၏-ဟူသည်ကို နိမိတ်ဖြစ်သော ကျောက်တိုင်တို့ကို ရည်ဆိုသည်။

အထက်ထပ်နှင့်စပ်အံ့-ဟူသည်ကို နံရံတို့၏အတွင်း၌ သိမ်၌တည်သော တိုင်တို့ရှိသောကြောင့် ဆိုသည်။ တိုင်တို့ရှိကြလျှင် နံရံသည် အထက်ထပ်နှင့် မစပ်သော်လည်း သိမ်၌တည်သောတိုင်တို့၏ အထက်၌ တည်သော ပြာသာဒ်သည် သိမ်၌ တည်သည်သာတည်း။ တိုင်များစွာ စီတန်းသည်တို့၏ အထက်၌ ပြာသာဒ် ဆောက်၍ အောက်မြေ၌ အပြင်ဘက်ဆုံးတိုင် အစီအတန်း၏ အတွင်း၌ နိမိတ်ကျောက်တို့ကိုထား၍ သိမ်သမုတ်အံ့၊ ဤ၌အဘယ်သို့ ဖြစ်မည်နည်း။ ဤ၌လည်း သိမ်၌တည်သော တိုင်တို့သာဖြစ်အံ့၊ ထိုတိုင်တို့သာ ထမ်းဆောင်အပ်သော ထုတ်ရက်မတို့၏ အထက်တပြင်လုံးသည် သိမ်၌တည်သည်သာ တည်း။ ။ ဝိဝါဒ ကွဲပြားခြင်းမရှိ။

ဤသို့မဟုတ်ပဲ သိမ်၌တည်သော တိုင်စဉ်နှင့် သိမ်ပ၌တည်သော တိုင်စဉ်တို့ အညီအမျှ ထမ်းဆောင်သော ထုတ်ရက်မတို့၏ အထက်အပြင်သည် ဖြစ်ခဲ့အံ့၊ ထို၌အထက်သည် သိမ်ဖြစ်၏ဟု ကေစိတို့ ဆိုကုန်၏။

တပြင်လုံးသည် ဂါမသိမ်ဟု အပရေတို့ ဆိုကုန်၏။

ဗဒ္ဓသိမ်ဖြစ်သည်သာတည်းဟု အညေတို့ ဆိုကုန်၏။

ထို့ကြောင့် ကံကိုပြုလိုသူတို့သည် ဂရုက-နိရာသင်္က အရာ၌တည်၍ အာသင်္ကဌာနကို သုတ်သင်၍သာ ကံပြုအပ်၏။ သန္နိဋ္ဌာနကာရဏ-ဆုံးဖြတ်နိုင်ကြောင်းကိုသော်လည်း ရှာ၍ လျော်စွာပြုအပ်၏။

ဇီဋီ ... ဘိတ္တိလဂ္ဂေတိ ဘိတ္တိနိဿိတကေ။ ဣမေကိရ ဘိတ္တိလဂ္ဂါပိ ဧကဗဒ္ဓါတိ နဝုစ္စန္တိ။ နံရံ၌မှီသော်လည်း တစပ်တည်းမဟုတ်)။

ပဗ္ဗတမတ္ထကသိမ်

တောင်ထိပ်၌ အပြင်သည် နှစ်ကျိပ်တပါး ဆန့်အံ့။ ထို၌ ကျောက်ဖျာ၌ကဲ့သို့ သိမ်သမုတ်အံ့၊ တောင်အောက် ၌လည်း ထိုပမာဏဖြင့် သိမ်သက်၏။

တာလမူလပဗ္ဗတ-ထန်းပင်ရင်းအလား အောက်ထွားသော တောင်၌လည်း အထက်၌သိမ်သမုတ်လျှင် အောက်သို့ သက်သည်သာတည်း။

ဝိတာန-မျက်နှာကြက်သဏ္ဌာန် မှိုပွင့်အလား အထက်ကားအံ့၊ အထက်၌နှစ်ကျိပ်တပါးဆန့်၍ အောက်၌ မဆန့်၊ အထက်၌ သမုတ်လျှင် အောက်သို့မသက်။

မုဒိင်္ဂ-မရိုးစည်သဏ္ဌာန် ခါးကြီးသော တောင်ဖြစ်စေ၊ ပဏာ-ထက်စည်သဏ္ဌာန် ခါးသေးသောတောင်ဖြစ်စေ အောက်၌လည်းကောင်း၊ အလယ်၌လည်းကောင်း၊ (သေးငယ်ရာ၌) သိမ်ပမာဏ မရှိအံ့၊ အထက်၌ သမုတ်လျှင် အောက်သို့မသက်၊ တောင်ထွ၌နှစ်ခု နီးကပ်၍ အထက်၌ သိမ်ပမာဏ မရှိချည်းသာဖြစ်အံ့၊ နှစ်ထွဋ်အကြားစီ၍ ဖွဲ့၍ တစပ်တည်းပြု၍ အထက်၌သိမ်သမုတ်အပ်၏။

သပ္ပဖဏ-မြွေပါးပျဉ်းနှင့်တူသော တောင်၏ အထက်၌ သိမ်ပမာဏရှိ၍ သိမ်သမုတ်အံ့၊ ပါးပျဉ်း၏ အောက်၌ ကောင်းကင် ဝှမ်းဖြစ်လျှင် သိမ်မသက်၊ အလယ်၌ သိပ်ပမာဏ အခေါင်းရှိသော ကျောက်ရှိအံ့၊ သက်၏။ ထိုကျောက်သည်သိမ်၌တည်၏။ ပါးပျဉ်း၏အောက် ကောင်းကင်ဝှမ်း၌ (လိုဏ်ပြုအံ့) ထိုလိုဏ်၏ အထွဋ်သည် အထက်စွန်းကို ထိလျက်တည်အံ့-သိမ်သက်၏။ အောက်၌လည်းကောင်း၊ အထက်၌ လည်းကောင်း သိမ်သာတည်း။ (လိုဏ်ငါးမျိုးသိအပ်၏)

အောက်၌လိုက်သည် အထက်သိမ်အပိုင်းအခြား၏ ပါရတောအန္တော-ဟိုမှာဘက်မှ အတွင်း၌ ဖြစ်အံ့ (ဝါ-ထက်အောက်မတည့်၊ တောင်ခြေရင်းသက် လိုဏ်ရောက်အံ့)၊ အပ၌သိမ်မသက် (၁)။

အထက်သိမ်၏ သြရတောဗဟိ-ဤမှာဘက်မှု ပြင်ပ၌ လိုဏ်ဖြစ်အံ့ (ဝါ-ပြင်ပသို့ရောက်နေအံ့)၊ အတွင်း၌ ဝါ-လိုဏ်နှင့် တောင်ခြေအကြား၌ သိမ်မသက် (၂)။

အထက်သိမ်ငယ်၍ အောက်လိုဏ်ကြီး၍ သိပ်အပိုင်းအခြားကို လွန်၍တည်အံ့၊ (ဝါ-ဝန်းကျင်ကြီးအံ့) အထက်၌သာ သိမ်ဖြစ်သည်။ အောက်သို့မသက် (၃)။

လိုဏ်သည်ငယ်လျက် နှစ်ကျိပ်တပါးဆန့်အံ့၊ အထက်သိမ်သည် ကြီး၍ လွှမ်းမိုး၍တည်အံ့၊ သိမ်သက်၏။ (၄)။

လိုဏ်သည်အလွန်ငယ်၍ နှစ်ကျိပ်တပါး မဆန့်အံ့၊ အထက်၌သာ သိမ်ဖြစ်သည်။ အောက်သို့မသက် (၅)။

ထိုသမုတ်ပြီးသောသိမ်မှ ထက်ဝက် ပဲ့ကျအံ့၊ ပြင်ပကျသွားသော ထက်ဝက်သည် သိမ်ပမာဏရှိသော်လည်း သိမ်မဟုတ်။ ကျန်ထက်ဝက်သည်သိမ်ပမာဏရှိလျှင် သိမ်သာတည်း။

(သာဋီ ... တာလမူလ-ဟူသည်ထန်းပင်ရင်းနှင့်တူသောတောင်ဖြစ်၏။ အောက်၌ကြီး၍ အစဉ်အတိုင်း အထက်သေး၏။

ထက်စည်သဏ္ဌာန်-ဟူသည် အလယ်သေး၍ အောက်အထက် ကျယ်၏။

အောက်၌ လည်းကောင်း၊ အလယ်၌ လည်းကောင်း-ဟူသည် မုရိုးစည်သဏ္ဌာန် တောင်၏အောက်၊ ထက်စည် သဏ္ဌာန် တောင်၏အလယ်ဖြစ်၏။

ကောင်းကင်ဝှမ်း-ဟူသည် နံရံဖြင့် အကာမရှိသော တောင်ဝှမ်းဖြစ်၏။

အတွင်း၌ဖြစ်အံ့-ဟူသည် တောင်၏ အတွင်း၌ လိုဏ်ဖြစ်၏။)

(ဝိဋီ ... တာလက္ခန္ဓမူလသည် - ထန်းပင်ရင်းနှင့်တူ၍ အောက်ကြီး အထက်သေးတက်သော ဓနုံးပင်နှင့်တူ၏။

ဝိတာနသည်- အဟိစ္ဆိတ္တက မှိုသဏ္ဌာန်ရှိ၏။

ပဏဝသည်- အလယ်သေး၍ အောက်အထက်ကား၏။

အောက်၌လည်းကောင်း၊ အလယ်၌လည်းကောင်း-ဟူသည် မုရိုးစည်သဏ္ဌာန် တောင်၏အောက် ထက်စည်သဏ္ဌာန် တောင်၏အလယ်ဖြစ်၏။

သပ္ပဖဏ တောင်သည် မြွေပါးပျဉ်းကဲ့သို့ကုန်း၏။ ခုံး၏။ မူလနေရာမှ တပါးသော နေရာ၌ ညွှတ်သော ဦးခေါင်းရှိ၏ဟူလို။

ကောင်းကင်ဝှမ်းသည်- နံရံဖြင့် အကာမရှိသော တောင်ဝှမ်းဖြစ်၏။

သိမ်ပမာဏ အခေါင်းရှိသောဟူသည် - အတွင်းကောင်းကင်နှင့်တကွ အငယ်ဆုံး သိမ်ပမာဏရှိ၏။

ထိုကျောက်သည် သိမ်၌တည်၏ ဟူသောစကားဖြင့် ဤသို့သော အခေါင်းရှိသောကျောက် လိုဏ်နံရံ စသည်တို့ဖြင့် ပိုင်းခြားရာမြေအဖို့၌သာ သိမ်သည်တည်၏။ မပိုင်းခြားရာ၌မတည်။

သိမ်တည်ခြင်းကြောင့် သိမ်တို့ဖြစ်ကုန်၏။ သရူပအားဖြင့် သိမ်၌တည်သော ညောင်စောင်း စသည်ကဲ့သို့ မဟုတ်ဟုပြသည်။ထိုအခေါင်း ရှိသောကျောက်သည် မြေမထိပဲ ကောင်းကင်၌ဆွဲလျက်တည်တံ့၊ သိမ် မသက်။ အခေါင်းရှိသောကျောက်ကား သိမ်နှင့်စပ်သောကြောင့် သိမ် ဖြစ်၏။

အဘယ်သို့လျှင် အငယ်ဆုံးပမာဏမှ ကင်းသော ထိုအခေါင်း ရှိသော ကျောက်စသည်တို့ဖြင့် သိမ်သက်သနည်း ဟူမူ .. ဤသက်ခြင်းကို အဋ္ဌကထာပမာဏဖြင့် ယုံကြည်အပ်၏။ တနည်း-အခေါင်းရှိသော ကျောက် နံရံသို့ အစဉ်လျှောက်၍ ကြွက်စသည်ကဲ့သို့ သိမ်၏အောက်၌ သက်ဘွယ် ကိစ္စမရှိ။ အောက်၌ကား အငယ်ဆုံး သိမ်ပမာဏရသော ကောင်းကင်သည် နှစ်သစ်မျှထူသော ကျောက်နံရံစသည်ဖြင့် အထက်အပြင်ကိုထိ၍ တည်အံ့၊ အလုံးစုံအားဖြင့်၊ ဝါ-အများအားဖြင့် အပိုင်းအခြားရှိအံ့၊ အထက်၌ သမုတ်သောသိမ်သည် ထိုကျောက် စသည်တို့ဖြင့် ခြားသော ထိုအပိုင်း အခြားရှိသော အောက်မြေ၌လည်း အထက်အပြင်နှင့်အတူတကွ တပြိုင်တည်း တည်၏။ မြစ်ခြားလျက် ကမ်းပါးနှစ်ဘက်တို့၌ နဒီပါရသိမ်တပြိုင် တည်းတည်သကဲ့သို့တည်း။

လိုဏ်စသည်ကိုပယ်သော်လည်း အောက်သို့သက်သောသိမ်သည် သာသနာတည်သရွေ့ တည်၏။ ရှေးဦးစွာ အထက်၌ သိမ်သမုတ်ပြီးမှ နောက်၌လိုဏ် စသည်ပြုသော်လည်း အောက်မြေ၌ သိမ်သက် လျက်သာတည်း။ ကေစိတို့ကား ထိုသိမ်ကိုအလိုမရှိကုန်။ ဤသို့သိမ်သည် နှစ်နေရာ၌တည်သော်လည်း တသိမ်တည်းသာတည်း။

ဂေါတ္တစသောဇာတိသည် ဗျတ္တိပြားသော်လည်း ဇာတိမပြားသကဲ့သို့ ယူအပ်၏။ အပ၌ မသက်ခြင်း အတွင်း၌ မသက်ခြင်းတို့၌ မိမိသက်ထိုက်သောဌာန၌ လိုဏ် ဖြစ်နေသဖြင့် မသက်နိုင်ခြင်းကိုသာ ပြသည်။ မသက်ပဲ အထက်၌သာ ဖြစ်သည်ဟုမှတ်အပ်၏။

ပြင်ပပဲ့ကျသော ထက်ဝက်သည် သိမ်မဖြစ်ခြင်းဖြင့် ပြာသာဒ်အထက် စသော မခိုင်မြဲသောနေရာ၌ တည်သော သိမ်လည်း ထိုနေရာပျက်ကျခြင်းဖြင့် ပျက်ကျသည်ကုသိအပ်၏။ )

မြေဖို့ခြင်းစသည်

နိမ့်သောခဏ္ဍသိမ်ကို မြင့်အောင်မြေဖို့အံ့၊ သိမ်သာတည်း။ သိမ်၌ကျောင်းဆောက်အံ့၊ ကျောင်းသည်သိမ်၌ တည်သည်သာတည်း။ သိမ်၌ရေကန်တူးအံ့၊ သိမ်သာတည်း၊ ရေအယဉ်လွှမ်း၍စီးအံ့၊ သီမာ မာဠက-သိမ်အပေါ်၌ ငြမ်းဆောက်၍ ကံပြုခြင်းငှါအပ်၏။ သိမ်၏အောက်၌ ဥမင်္ဂနဒီရှိ၍ တန်ခိုးရှင်ရဟန်းထိုင်နေအံ့၊ ထိုနဒီသည်ပဌမဖြစ်ပြီးမှ သိမ်သမုတ်အံ့၊ ကံကိုမပျက်စေနိုင်။ သိမ်ကိုပထမသမုတ်ပြီးမှ နဒီဖြစ်အံ့။ ကံကိုပျက်စေ၏။ အောက်မြေပြင်၌ တည်သောရဟန်းသည်ကား ကံကိုပျက်စေသည်သာတည်း။

(ဝိဋီ ... ရေကန်တူးအံ့ ဟူသည်၌ အောက်၌ ဥမင်္ဂနဒီရှိအံ့ သိမ်ပမာဏ အောက်မငယ်ပဲ ရှိနှင့်သော နောက်မှသမုတ်သောသိမ်သည် ဥမင်္ဂနဒီမှအထက်၌သာဖြစ်သည်။ ထိုမြစ်သို့ရောက်အောင် ရေကန်တူးလျှင် သိမ်ပျက်၏ဟု မှတ်အပ်၏။

အောက်မြေပြင်၌-ဟူသည် အခြားမရှိသော ဘူမိဝိဝရ မြေအကြား အပေါက်၌တည်း။)

သိမ်သုတ်သင်၍ကံဆောင်ခြင်း

သီမမာဠကဟူသော ခဏ္ဍသိမ်၌ ပဋရုက္ခ-ပညောင်ပင်သည်ရှိအံ့၊ ထိုပညောင်ပင်၏ သစ်ခက် မြစ်ပါးပျဉ်း သည် မဟာသိမ်၏ မြေပြင်ကိုလည်းကောင်း၊ မဟာသိမ်ကို ပေါက်သော သစ်ပင်စသည်ကို လည်းကောင်း ထိ၍တည်အံ့၊ မဟာသိမ်ကို သုတ်သင်၍ (ခဏ္ဍသိမ်၌) ကံဆောင်အပ်၏။

သစ်ခက်မြစ်ပျဉ်းတို့ကို သော်လည်း ဖြတ်၍ ပြင်ပပြုအပ်ကုန်၏။ မဟာသိမ်ကို မထိပဲတည်သော သစ်ပင် သစ်ခက် စသည်၌ ရဟန်းတက်၍နေအံ့၊ ထိုရဟန်းကို ဟတ္ထပါသ်သို့ဆောင်အပ်၏။

ထို့အတူ မဟာသိမ်၌ပေါက်သော သစ်ပင်၏ သစ်ခက်မြစ်ပျဉ်းသည်လည်း မဏ္ဍသိမ်၌တည်အံ့၊ ခဏ္ဍသိမ်ကိုသုတ်သင်၍ (မဟာသိမ်၌) ကံဆောင်အပ်၏။ သစ်ခက်မြစ်ပျဉ်း တို့ကိုသော်လည်း ဖြတ်၍ ပြင်ပပြုအပ်ကုန်၏။

မဟာသိမ်၌ ကံပြုစဉ် ထိုမဟာသိမ်၏ အတွင်းဘက်ဝင်လျက် အထက်ကောင်းကင်ဟင်းလင်း၌ တည်သော သစ်ခက်၌ ရဟန်းတပါးထိုင်နေအံ့၊ ခြေသော် လည်းကောင်း၊ အဝတ်ရုံသော် လည်းကောင်း၊ မြေကိုလည်း ထိအံ့၊ ကံမပြုအပ်။ ခြေ-အဝတ်အရုံတို့ကို ပင့်မြှောက်စေ၍ ပြုလျှင်အပ်၏။ ဤလက္ခဏာကို ရှေးနည်း၌လည်း သိစေအပ်၏။

မသိအပ်သော အထူးကား - ရှေးနည်း၌ မြေအဝတ်အရုံတို့ကို ပင့်မြှောက်စေ၍ ပြုခြင်းငှါ မအပ်။ ထိုခဏ္ဍသိမ်၌ တည်သော သစ်ပင်ထက်၌တည်သော ရဟန်းဖြစ်သောကြောင့်တည်း။ ဟတ္ထပါသ်သို့သာ ဆောင်အပ်၏။

သိမ်အတွင်းမှတောင်ပေါက်အံ့၊ ဟိုတောင်၌တည်သော ရဟန်းကို ဟတ္ထပါသ်သို့ဆောင်အပ်၏။ တန်ခိုးဖြင့် တောင်အတွင်း ဝင်နေရာ၌လည်း ဧသေဝနယော။

သမုတ်စဉ်ကာလ၌ သိမ်သည်ပမာဏကင်းသော အရပ်သို့မသက်။ သမုတ်ပြီးသော်ကား သိမ်၌ ဖြစ်သော သစ်ခက်စသည်တခုခုသည် အမှတ်မရှိနေရာ၌ တစပ်ထည်းဖြစ်အံ့၊ သိမ်မည်သည်သာတည်း။ ထို့ကြောင့် ထိုသိမ်ကို သုတ်သင်အပ်၏။

(သာဋီ … သီမမာဠကေတိ ခဏ္ဍသီမမာဠကေ။ မဟာသိမ်ကို သုတ်သင်၍ဟူသည် မဟာသိမ်၌တည်သော ရဟန်းတို့ကို ဟတ္ထပါသ်သို့သော်လည်း ဆောင်အပ်ကုန်၏။ သိမ်မှသော်လည်း အပပြုအပ်ကုန်၏ ဟူသော အဓိပ္ပါယ်တည်း။

ဂဏ္ဍိတို့၌ကား မဟာသိမ်၌တည်သော ရဟန်းတို့သည် ထိုသစ်ခက် မြစ်ပျဉ်းတို့ကို မသုံးသပ်မူ၍ နေအပ်၏ဟု အဓိပ္ပါယ်ကိုဆို၏။ မယူအပ်။

ရှေးနည်း၌လည်း-ဟူသည် ခဏ္ဍသိမ်မှပေါက်၍ မဟာသိမ်၌ ညွတ်သော သစ်ပင်၌တည်း။

ပင့်မြှောက်စေ၍ ပြုခြင်းငှါမအပ်-ဟူသည် ခဏ္ဍသိမ်၏ အတွင်း၌ သစ်ပင်တည်ခြင်းကြောင့် ထိုသစ်ပင်၌ တည်သူကို ဟတ္ထပါသ် သို့သာဆောင်အပ်၏။ ထို့ကြောင့် ပင့်မြှောက်စေ၍ ပြုခြင်းငှါမအပ်။)

(ဝိဋီ ... သီမမာဠကေတိ ခဏ္ဍသီမင်္ဂကော - ခဏ္ဍသိမ်အပြင်၌၊ ပညောင်ပင်ဟူသည်ကို မြစ်ပျဉ်း ထောက်ခြင်းဖြင့် အရပ်ဝေးသို့လည်း သွားနိုင်သော သစ်ခက်ရှိသောကြောင့် ဆိုသည်။ အလုံးစုံသောသစ်ပင် နွယ်စသည်တို့၏ စပ်ခြင်းသည်လည်း မအပ်သည်သာတည်း။ ထို့ကြောင့် လှေ ကြိုးတံတား စပ်ခြင်းကိုလည်း ပယ်အပ်၏။

မဟာသိမ်၏ မြေပြင်ကို လည်းကောင်း ဟူသည်၌ အနီးဂါမသိမ်ကိုမဆိုပဲ ဗဒ္ဓသိမ်ကိုသာဆိုခြင်းကြောင့် ဂါမသိမ်နှင့် ဗဒ္ဓသိမ် အချင်းချင်း သစ်ပင်စသည်စပ်သော်လည်း သမ္ဘေဒအပြစ် မရှိ။ အချင်းချင်း နိဿယ နိဿိတ ဖြစ်ခြင်းကြောင့်တည်း။

နိဿယ နိဿိတ သမ္ဘေဒအပြစ်ရှိလျှင် ဂါမသိမ်၌ ဗဒ္ဓသိမ်ကို အဘယ်သို့ သမုတ်အပ်မည်နည်း၊ သမ္ဗန္ဓဒေါသ ရှိကုန်ရာ၌ မသမုတ်အပ်သည်သာတည်း။ ဗဒ္ဓသိမ် ဥဒကုက္ခေပ သိမ်တို့၌ ဗဒ္ဓသိမ်ကို မသမုတ်အပ်။ ဂါမသိမ် စသည်တို့၌ ဥဒကုက္ခေပသိမ် မဖွဲ့အပ်သကဲ့သို့တည်း။)

ထို့ကြောင့် သစေပန ရုက္ခဿ သာခါဝါ တတော နိက္ခန္တပါရော ဟောဝါ ဗဟိနဒီတီရေ ဝိဟာရသီမာယဝါ ဂါမသီမာယဝါ ပတိဋ္ဌိယော စသည်ဖြင့် ဥဒကုက္ခေပသိမ်၌ မိမိမှီရာ မဟုတ်သော ဂါမသိမ်စသည်တို့၌သာ သမ္ဗန္ဓ ဒေါသကိုပြသည်။ နဒီသိမ်၌ မပြ။ ထိုအတူ ဤ၌လည်း မပြဟု မှတ်အပ်၏။

မဟာသိမ်ကို သုတ်သင်၍ ဟူသည် မဟာသိမ်၌တည်သော ရဟန်းအားလုံးကို ဟတ္ထပါသ်သို့ ဆောင်ခြင်း “ဆန္ဒဆောင်ခြင်း” စသည်ဖြင့် မဟာသိမ်တခုလုံးကို သုတ်သင်၍တည်း။ ဤစကားဖြင့် ပိပ္ပတ္တိကင်းအောင် သမုတ်ထားသော်လည်း ဗဒ္ဓသိမ်တို့၏နောက် သစ်ပင်စသည်ဖြင့် သမ္ဗန္ဓဖြစ်တတ်သောကြောင့် ပါဠိမုတ္တကသမ္ဘေဒဒေါသ ရှိပုံကို ပြသည်။ ထိုကိုလည်း (.........) ဘုရားရှင်၏ အလိုကိုသိသော သင်္ဂါယနာတင် မထေရ်တို့ ထုတ်ဆောင်အပ်၏။

နောက်မှဖြစ်သော သမ္ဗန္ဓကို ပယ်ပြီးသော အခါကား ပကတိသိမ်တို့ ဖြစ်ကုန်၏။ နောက်သမ္ဗုဒ္ဓ မအပ်သကဲ့သို့ သမုတ်သောအခါ၌လည်း သမ္ဗန္ဓဖြစ်လျှင် မသမုတ်အပ်။ ကေစိတို့ကား မဟာသိမ်ကိုသုတ်သင်ရာ၌ ထို၌ ရောက်သော သစ်ခက်စသည်ကို ကာယပဋိဗဒ္ဓဖြင့် မထိခြင်းသည် သုတ်သင်ခြင်းသာတည်း။ တသိမ်လုံးကို မဟုတ်ဟု ဆိုကုန်၏။ အဋ္ဌကထာနှင့်ဆန့်ကျင်၏။

(.....) ဖြတ်၍ ပြင်ပပြုအပ်ကုန်၏ ဟူသော စကားဖြင့် ထို၌တည်ခြင်းမှကင်းခြင်းကို ဟောသောကြောင့် လည်းကောင်း၊ (နိဿယနိဿိတချင်း မဟုတ်သော) ဝိသဘာဂသိမ်တို့၏ ထိခြင်းဖြင့်သာ တသိမ်လုံး သုတ်သင်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ အဋ္ဌကထာ၌ ထင်ရှားသော သမ္ဗန္ဓဒေါသ တခုရှိသည်သာတည်းဟု ယူအပ်၏။

(.........) ဝိသဘာဂတို့စပ်လျှင် သမ္ဗန္ဓဒေါသဖြစ်၏။ ဗဒ္ဓနှင့် ဂါမစသော သဘာဂတို့ စပ်လျှင် သမ္ဗန္ဓဒေါသ မဖြစ်ဟု ယူအပ်၏။

မဟာသိမ် သုတ်သင်နိုင်ခဲသဖြင့် ခဏ္ဍသိမ်၌သာ များသောအားဖြင့် ကံပြုသောကြောင့် သီမမာဠက စသည်ကိုဆိုသည်။ သံဃာများ၍ ခဏ္ဍသိမ် မဆန့်သောကြောင့် မဟာသိမ်၌ ကံပြုလျှင်လည်း ဤနည်းကို သိအပ်၏။

ပင့်မြှောက်စေ၍-ဟူသောစကားဖြင့် ကာယပ္ပဋိဗဒ္ဓဖြင့်သော်လည်း. သိမ်ကိုထိလျှင် သိမ်၌တည်သည်သာ တည်းဟု ပြသည်။

ရှေးနည်း၌လည်း-ဟူသည် ခဏ္ဍသိမ်မှ မဟာသိမ်သို့ဝင်သော သစ်ခက်နည်း၌တည်း။ သီမဋ္ဌရုက္ခသာခါ၌ ထိုင်သူသည် သီမဋ္ဌသာ ဖြစ်၏။ ထို့ကြောင့် ဟတ္ထပါသ်သို့သာ ဆောင်အပ်၏ဟု ဆိုသည်။

ဤ၌ သစ်ခက်စသည်ဖြင့် စပ်သော သိမ်နှစ်ခုတို့တွင် ခဏ္ဍသိမ်၌သုံးပါး၊ မဟာသိမ်၌ နှစ်ပါး ပေါင်း ငါးပါးသည် သီမန္တရိက်ကို မထိစေပဲ ဟတ္ထပါသ် မလွတ်အောင်နေ၍ ဥပသမ္ပဒကံပြုအပ်သည်ဟု ကေစိတို့ဆိုကုန်၏။ နာနာသီမာယ ဋ္ဌိတ စတုတ္ထော ကမ္မံကရေယျ၊ အကမ္မံ နစကရဏီယံ စသည်ဟောသောကြောင့် မသင့်။

ထို့ကြောင့် သုတ်သင်၍ ကံပြုခြင်းကို ဤ၌စီရင်သည်။ မသုတ်သင်လျှင် သိမ်မတူပဲနေခြင်းဖြင့် ဂဏပူရဏ မဖြစ်သောကြောင့် ကံပျက်သည်သာတည်း၊ ယင်းသို့ဖြစ်လျှင် အဘယ်သို့ ဆန္ဒပါရိသုဒ္ဓိ ဆောင်ခြင်းဖြင့် မဟာသိမ်ကို သုတ်သင်သနည်း။ ထိုဆောင်ခြင်းကိုလည်း ဝိနယညူတို့ အလိုမရှိကုန်။ ဟတ္ထပါသ်ဆောင်ခြင်း သိမ်ပပြုခြင်းဖြင့်သာ သုတ်သင်ခြင်းကို အလိုရှိကုန်၏။

ပေးသော်လည်း ဆန္ဒမရောက်သဖြင့် မဟာသိမ်၌ တည်သူသည် ကံကိုပျက်စေ၏။ ဆန္ဒစသည်မရောက်လျှင် အဘယ်သို့ ထိုသူသည် ကံကိုပျက်စေသနည်း၊ ဝိသဘာဂသိမ်နှစ်ခု စပ်ခြင်းကြောင့်တည်း။ ထိုသမ္ဗန္ဓဒေါသ ကိုလည်း အဋ္ဌကထာ ဝစနပ္ပမာဏဖြင့် သိအပ်၏။ ဝိနည်း၌ နေရာတိုင်း ယုတ္တိကိုသိခြင်းငှါ မတတ်နိုင်။ ဗုဒ္ဓဂေါစရဖြစ်သောကြောင့်တည်းဟု သိအပ်၏။

ကေစိတို့သည် သိမ်နှစ်ခုလုံးအပြည့် အကြားမရှိတည်သော ရဟန်းတို့ကံပြုလျှင် တသိမ်၌ ဂဏသည် လည်းကောင်း၊ ရဟန်းလောင်းသည် လည်းကောင်း၊ ကမ္မဝါစာဆရာသည် လည်းကောင်း တပေါင်းတည်း တည်တံ့ ကံမပျက်။ တသိမ်စီတည်လျှင် ကံပျက်သည်ဟုဆိုကုန်၏။

ထိုစကားသည် ဗဒ္ဓနှင့် ဂါမစသော သဘာဂသိမ်တို့၌သာ သင့်၏။ ထိုသဘာဂသိမ်တို့၌ သမ္ဗန္ဓဖြစ်သော်လည်း အပြစ်မရှိ။ သမ္ဗန္ဓဒေါသရှိနိုင်သော ဝိသဘာဂသိမ်၌ သမ္ဗန္ဓဖြစ်လျှင် တသိမ်၌တည်သူသည် တသိမ်၌ တည်သူတို့၏ကံကို ပျက်စေသည်သာတည်း။ အဋ္ဌကထာ၌ သာမညအားဖြင့် သုတ်သင်ခြင်းကိုမိန့်ဆိုသော ကြောင့်ဟု ငါတို့နှစ်သက်သည်။ စူးစမ်း၍ယူအပ်၏။

နဩတရတိ-မသက် ဟူသည် ထက်စည်သဏ္ဌာန် တောင်စသည်၌ အောက်၌ ပမာဏကင်းရာသို့ မသက်။ သမုတ်စဉ် အထက်၌ ပမာဏကင်းရာ တောင်စသည်တို့သို့ကား မတက်သော်လည်း နောက်၌ သိမ်၌ တည်ခြင်းကြောင့် သိမ် ဖြစ်၏။

အောက်၌ ထက်စည်သဏ္ဌာန် စသည်သည်ကား အထက်၌ သမုတ်သော်လည်း သိမ်၌ရေတွက်ခြင်းသို့ မရောက်၊ ထိုအစွမ်းဖြင့် မသက်ဟုဆိုသည်။ တခုခုဟူသည် သမုတ်ပြီးသောသိမ်၏ အထက်၌ဖြစ်၍ ထင်ရှားရှိပြီးသော နောက်မှဖြစ်၍ဝင်လာသော အမှတ်မရှိ သက်မဲ့အားလုံးတည်း။

သိမ်အတွင်း ဆင်ကျောက်ကုန်း၌ ထိုင်သော ရဟန်းသော်လည်း သိမ်၌တည်သည်သာတည်း။ ဥပလက္ခဏဖြင့် ဗဒ္ဓသိမ်၌ဆိုသည်။ အဗဒ္ဓ သိမ်တို့၌လည်း တည်လျှင် သိမ်မည်သည်သာတည်း။

တစပ်တည်းဖြစ်အံ့ ဟူသည် သစ်ပင်နွယ်စသော တတြဇာတ ထိုသိမ်၌ဖြစ်သည်ကိုသာ ရည်ဆိုသည်။ ဣတောဂတ ဤသိမ်မှသွားသည်ဟု ဆိုထိုက်၏။ စောဒနာဦးအံ့၊ ဣတောဂတ-သိမ်မှသွားသည်။ တတောအာဂတ-ပြင်ပမှဝင်လာသည်ဟု မဆိုထိုက်သော သိမ်နှစ်ခု၏အထက်၌ ဖီလာကျရောက်သော ကြိုး တုတ် ချောင်း စသည် ရှိအံ့။ အဘယ်သို့ပြုအပ်သနည်း။ ဗဒ္ဓ၌တည်သောအဖို့သည် ဗဒ္ဓသိမ်ဖြစ်၏။ အဗဒ္ဓဂါမတို့၌တည်သောအဖို့သည် ဂါမသိမ်ဖြစ်၏။ ဗဒ္ဓ ဂါမနှစ်ခု၌တည်သော တောင်စသည်ကဲ့သို့တည်း။ ဗဒ္ဓမှ ပေါက်သော ပညောင်ပင်၏ မြစ်ပျဉ်း ဂါမ၌တည်ခြင်း၌ လည်းကောင်း၊ ဂါမမှ ပေါက်သော ပညောင်ပင်၏ မြစ်ပျဉ်း ဗဒ္ဓ၌တည်ခြင်း၌ လည်းကောင်း ဧသေဝနယော။ မူလ၌ တည်သောအခါမှစ၍ ဣတောဂတ ဟူ၍လည်း ကောင်း၊ တတောအာဂတဟူ၍ လည်းကောင်း မဆိုနိုင်ခြင်းကြောင့် တည်း။

ထိုအဖို့တို့၏ အကြား ကောင်းကင်၌ တည်သောသစ်ခက်သည် တဒုဘယသိမ်ဖြစ်သည်ဟု ကေစိတို့ ဆိုကုန်၏။ ကောင်းကင်၌ တည်သော သစ်ခက်အဖို့သည် ပုရိမသိမ်၌ တည်ခြင်းကိုမစွန့်။ တတောအာဂတ အဖြစ်ကို မစွန့်ခြင်းကြောင့်ဟု ငါတို့နှစ်သက်၏။ ဥဒကုက္ခေပ၊ နဒီ စသည်တို့၌လည်း ဧသေဝနယော။ ထို၌လည်း ဝိသဘာဂသိမ်နှင့် ဤသို့ဝင်လျှင် တသိမ်လုံးသုတ်သင်ခြင်း၊ သဘာဂသိမ်နှင့်ဝင်လျှင် ထိ၍တည်ကာမျှ ဘိက္ခုတို့ကို သုတ်သင်ခြင်းတို့သည် ဆိုပြီးသောနည်း ရှိသည်သာတည်း။)

နဒီပါရသီမာဝိနိစ္ဆယ အကျယ်

နဒီပါရလက္ခဏာ

နဒီပါရန္တိဧတ္ထ-ပါရယတီတိပါရာ။ နဒိယာ ပါရာ နဒိပါရာ။ နဒိံ အဇ္ဈောတ္ထရမာနာတိအတ္ထော - မြစ်ကို လွှမ်းသောသိမ်သည် နဒီပါရ မည်၏။ နဒီလက္ခဏာသည် နဒီနိမိတ်၌ဆိုပြီးသော လက္ခဏာတည်း။ လှေအမြဲ ရှိရာ ဓုဝနာဝါ-ဟူသည် သိမ်သမုတ်ရာ ဌာနရေဆိပ်တို့၌ အငယ်ဆုံး လှော်သူနှင့် သုံးယောက်စီးနိုင်သော အမြဲတမ်းသောလှေရှိရာ ဖြစ်၏။

ကိစ္စတခုခုရှိ၍ အောက်အထက် ခေတ္တသွားသော်လည်းကောင်း၊ ခိုးသူခိုးသွားသော် လည်းကောင်း၊ ကြိုးပြတ်၍ မြစ်လယ်မျောသော် လည်းကောင်း၊ မချွတ်ပြန်ဆောင်အပ်သည်ဖြစ်လျှင် ဓုဝနာဝါပင်မည်၏။ ရေကျခိုက်တုန်း၌ တင်ထားသော်လည်းကောင်း၊ အင်္ဂတေကော်ရည်စသည်ဖြင့် ပြည့်စေသော်လည်းကောင်း ဓုဝနာဝါသာတည်း။ ကွဲပေါက်သောလှေ၊ မပြုပြင်သောပျဉ်ချပ်လှေကား မအပ်။ မဟာပဒုမမထေရ်ကား အခိုက်အတန့် လှေကို ဆောင်၍ သိမ်သမုတ်ရာ၌ထား၍ နိမိတ်တို့ကိုကြားကုန်အံ့၊ ဓုဝနာဝါသာ မည်၏ဟုဆို၏။

မဟာသုမမထေရ်ကား နိမိတ်သည်လည်းကောင်း၊ သိမ်သည်လည်းကောင်း ကမ္မဝါစာဖြင့်ဖြစ်၏။ လှေဖြင့်မဖြစ်။ ဘုရားရှင် ဓုဝနာဝါကို ခွင့်ပြုသည်။ ထို့ကြောင့် နိဗဒ္ဓနာဝါသာလျှင် အပ်သည်ဟု ဆို၏။ (နောက်ဝါဒသာ ပမာဏ။ ဤ၌မဟာသုမဝါဒကို ယူအပ်၏။)

တံတားအမြဲရှိရာ ဓုဝသေတု-ဟူသည် သစ်တုံးတံတား၊ ပျဉ်ခင်းသောတံတား၊ လူသွားတံတား၊ ဆင်မြင်း စသည်သွားသော တံတားကြီးသော်လည်းရှိအံ့၊ အယုတ်ဆုံး ထိုခဏ၌ သစ်ပင်ဖြတ်၍ (ပြုသော) လူတို့ သွားစရာ ဧကပဒိက တဖဝါးဆန့်သော တံတားရှိအံ့၊ ဓုဝသေတုသာ မည်၏။ အထက်၌ဖွဲ့သော ကြိုးနွယ် စသည်ကို ကိုင်၍သော်လည်း သွားခြင်းငှါ မတတ်နိုင်သော တံတား ဖြစ်အံ့၊ မအပ်။

ဤသို့သော နဒီပါရသိမ်ကို-ဟူသည် ဆိုပြီးသော ဓုဝနာဝါ၊ ဓုဝသေတုသည် တူရူရှိသော ရေဆိပ်၌သာရှိအံ့၊ ဤသို့သော နဒီပါရသိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏ ဟူလို။ တူရူဆိပ်၌ မရှိပဲ အနည်းငယ် ဝေးသော အောက်၌ အထက်၌ရှိအံ့-ဤသို့လည်း အပ်၏။ ကရဝီကတိဿမထေရ်ကား (သုံး) ဂါဝုတ်အတွင်း ရှိလျှင်လည်း အပ်သည်ဟုဆို၏။

(သာဋီ ... ပါရာယတီတိ အဇ္ဇောတ္ထရတိပါရာ သည် သီမာပေက္ခဣတ္တိ လိင်တည်း။ ဤ၌လိုအပ်သောလှေ၏ ပမာဏကိုပြလို၍ အငယ်ဆုံး လှော်သူနှင့် သုံးယောက်စီး စသည်၌ဆိုသည်။ ဤစကားဖြင့်လည်း ထိုအောက်ငယ်သော လှေရှိလျှင် မရှိသောအဖို့သို့ ဝင်သည်ဟု ပြသည်။

ဝိဋီ ... ပါရာယတီတိ အဇ္ဈောတ္တရတိ။ မြစ်ကမ်းနှစ်ဖက်တို့၌ တည်သောသိမ်သည် နဒီအဇ္ဈောတ္ထရ မည်၏။ မြစ်အတွင်း၌ သိမ်မသက်။ နဒီလက္ခဏာမရှိလျှင် သက်၏။ ထိုအခါ ထိုသိမ်သည် နဒီပါရသိမ်မဖြစ်။ ထို့ကြောင့် နဒိယာလက္ခဏံ နဒီနိမိတ္တေ ဝုတ္တနယမေဝ-ဟုဆိုသည်။

လှေဖြင့်-ဟူသော စကားဖြင့် လှေကင်းသော်လည်း သိမ်ဖွဲ့ခြင်းသည် သုဗဒ္ဓသာဖြစ်၏။ အာပတ်ကို စောင့်ရှောက်ခြင်း အကျိုး ရှိသော လှေဟုပြသည်။

သစ်တုံးတံတား ဟူသည် များစွာသောသစ်တုံးတို့ကို တပေါင်းတည်းစပ်၍ပြုသော တံတားတည်း။)

နဒီပါရသိမ် သမုတ်ပုံ

ဤနဒီပါရသိမ်ကို သမုတ်လိုသော သူသည် တဘက်သောကမ်း၌တည်၍ ရေညာအထက် မြစ်ကမ်းနိမိတ်ကို ကြား၍ ထိုမှစ၍ လှည့်ပတ်ကာ အလိုရှိသလောက် အပိုင်းအခြားကို ကြားပြီးသည်အဆုံး၌ ရေစုန် အောက်မြစ်ကမ်းနိမိတ်ကို ကြား၍) မြစ်ကူး၍ ထိုမှာဖက်ကမ်း၌ တူရူမြစ်ကမ်းနိမိတ်ကိုကြားအပ်၏။

ထိုမှစ၍လည်း အလိုရှိသလောက် အပိုင်းအခြားကို လှည့်ပတ်ကာကြား၍ ပဌမကြားပြီးသော နိမိတ်နှင့်တူရူ ရေညာအထက် မြစ်ကမ်းနိမိတ်ကိုကြား၍ တဖန်ကူး၍ ပဌမ ကြားပြီးသော နိမိတ်နှင့်တကွ စပ်အောင် ထပ်ကြားအပ်၏။ ထို့နောက် (ကမ်းနှစ်ဖက်) နိမိတ်အားလုံးအတွင်းရှိ ရဟန်းတို့ကို ဟတ္ထပါသ်ဆောင်၍ ကမ္မဝါစာဖြင့်သိမ်သမုတ်အပ်၏။ (နိမိတ်ကြားစဉ် ရဟန်းအချို့ မရှိသော်လည်း ပမာဏမဟုတ်ဟူလို။)

မြစ်၌ရှိသောရဟန်းတို့သည် မလာသော်လည်း ကံကိုမပျက်စေနိုင်ကုန်။ သမုတ်ခြင်းအဆုံး၌ မြစ်ကို ဖယ်ထား၍ နိမိတ်တွင်း ဟိုမှာဘက်ကမ်း၌ လည်းကောင်း၊ ဤမှာဘက်ကမ်း၌ လည်းကောင်း တခုသောသိမ်ဖြစ်၏။ မြစ်သည် ဗဒ္ဓသိမ်မဖြစ်၊ သီးခြားသိမ်သာဖြစ်၏။)

(သာဋီ ... ထိုမှာဘက်ကမ်း၌ တူရူဟူသည် ဤမှာဘက်ကမ်းနောက်ဆုံးနိမိတ်၏ တူရူဌာနဖြစ်၏။

နိမိတ်အားလုံးအတွင်းရှိ ရဟန်းတို့ကို ဟတ္ထပါသ် ဆောင်၍ ဟူသည်၌ အကယ်၍ ဂါမခေတ်တခုတည်းဖြစ်အံ့၊ ကမ်းနှစ်ဘက်လုံးတို့၌ နိမိတ်အားလုံးတို့၏ အတွင်း၌ရှိသော ရဟန်းတို့ကို ဟတ္ထပါသ် ဆောင်၍ သမုတ်အပ်၏။ ဂါမခေတ်အသီးသီးဖြစ်အံ့၊ သမာနသံဝါသက သိမ်သမုတ်သောအခါ မလာခြင်းငှါလည်း အပ်၏။ အဝိပ္ပဝါသ သိမ်သမုတ်ရာ၌ကား လာအပ်သည်သာတည်း။

ဝိဋီ ... နိမိတ်တို့၏အတွင်းရှိ ရဟန်း အားလုံးတို့ကို ဟတ္ထပါသ် ဆောင်၍ ဟူသည်ကို ကမ်းနှစ်ဘက်လုံး၏ ဂါမခေတ်တခုတည်း ဖြစ်ခြင်းကို ရည်ဆိုသည်။ (သဗ္ဗနိမိတ္တာနံ+သဗ္ဗေ နိမိတ္တာနံ မူကွဲ၏။)

ကျွန်းရှိသောနဒီဝါရ

မြစ်အတွင်း၌ ကျွန်းငယ်ရှိအံ့၊ ထိုကျွန်းငယ်ကို သိမ်တွင်းပြုလိုအံ့၊ ရှေးနည်းအတိုင်း မိမိတည်သောကမ်း၌ နိမိတ်တို့ကိုကြား၍ ကျွန်းငယ်၏ ဤမှာဘက်စွန်း ဟိုမှာဘက်စွန်းတို့၌ နိမိတ်ကို ကြားအပ်၏။ ထို့နောက် ဟိုမှာဘက်ကမ်း၌ ဤမှာဘက်ကမ်းနိမိတ်၏ တူရူ၌ နိမိတ်ကိုကြား၍ ထိုမှစ၍ ရှေးနည်းဖြင့်သာ ရေညာ အထက်၌ ပဌမကြားပြီး နိမိတ်၏ တူရူနိမိတ်တိုင်အောင်ကြား၍ ကျွန်းငယ်၏ ဟိုမှာ ဘက်စွန်း ဤမှာဘက် စွန်းတို့၌ နိမိတ်ကိုကြား၍ တဖန်ကူး၍ ပဌမကြားပြီး နိမိတ်နှင့် စပ်အောင် ထပ်ကြားအပ်၏။

ထို့နောက် ကမ်းနှစ်ဘက်၌ လည်းကောင်း၊ ကျွန်းငယ်၌လည်းကောင်း ရှိသော ရဟန်းအားလုံးတို့ကို ဟတ္ထပါသ် ဆောင်၍ ကမ္မဝါစာဖြင့် သိမ်သမုတ်အပ်၏။ မြစ်၌တည်သူတို့ မလာသော်လည်း ကံကိုမပျက် စေနိုင်ကုန်။ သမုတ်ပြီးအဆုံး၌ မြစ်ကိုဖယ်ထား၍ နိမိတ်တို့၏အတွင်း ကမ်းနှစ်ဘက်သည်လည်းကောင်း၊ ကျွန်းငယ်သည် လည်းကောင်း တသိမ်ထည်းဖြစ်၏။ မြစ်ကား နဒီသိမ်သာတည်း။

ကျွန်းငယ်သည် ဝိဟာရသိမ် အပိုင်းအခြားမှ အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း တဘက်ဘက်လွန်အံ့၊ ဝိဟာရသိမ် အပိုင်းအခြား နိမိတ်၏ဖြောင့်ဖြောင့် တူရွ၌ ကျွန်းငယ်၏ ဤမှာဘက်စွန်း နိမိတ်ကိုကြား၍ ထိုမှစ၍ ကျွန်းဦးစွန်းကိုပတ်၍ တဖန်ကျွန်းငယ်၏ ဤမှာဘက်စွန်း နိမိတ်ထူရူဖြစ်သော ဟိုမှာဘက်စွန်း၌ နိမိတ်ကိုကြားအပ်၏။

ထို့နောက် ရှေးနည်းအတိုင်း ဟိုမှာဘက်ကမ်း၌ တူရူနိမိတ်ကို အစပြု၍ ဟိုမှာဘက်ကမ်း နိမိတ်တို့ကို လည်းကောင်း၊ ကျွန်းငယ်၏ ဟိုမှာဘက်စွန်း ဤမှာဘက်စွန်း နိမိတ်တို့ကို လည်းကောင်း ကြား၍ ပဌမကြားပြီးနိမိတ်နှင့် စပ်အောင် ထပ်ကြားအပ်၏။ ဤသို့ကြား၍ သမုတ်သောသိမ်သည် ပဗ္ဗတ သဏ္ဌာန်ရှိ၏။

ကျွန်းငယ်သည် ဝိဟာရသိမ်အပိုင်းအခြားမှ ထက်အောက်နှစ်ဘက်လုံး လွန်အံ့၊ ရှေးနည်းဖြင့် ကျွန်းငယ်၏ သီခရနှစ်ခုလုံးကိုလည်း ပတ်၍ နိမိတ်တို့ကိုကြား၍ နိမိတ်စပ်အောင်ပြုအပ်၏။ ဤသို့ကြား၍ သမုတ်လျှင် မုဒိင်္ဂ-မုရိုးစည်သဏ္ဌာန်ရှိ၏။

ကျွန်ငယ်သည် ဝိဟာရသိမ် အပိုင်းအခြား၏ အတွင်း၌ဖြစ်၍ ငယ်အံ့၊ ရှေးဦးဆုံး နည်းဖြင့် ကျွန်းငယ်၌ နိမိတ်တို့ကို ကြား အပ်ကုန်၏။ ဤသို့ကြား၍ သမုတ်လျှင် ပဏဝ ထက်စည်သဏ္ဌာန် ရှိ၏။]

(သာဋီ ... ကမ်းနှစ်ဘက်တို့၌ နိမိတ်ကိုကြားကာမျှဖြင့် ကျွန်းငယ်ကို ယူအပ်သော မည်သည်မဖြစ်။ ထို့ကြောင့် ကျွန်းငယ်၌လည်း နိမိတ်တို့ကို သီးခြားကြားအပ်သည်သာတည်း။ ထို့ကြောင့် ကျွန်းငယ်၏ ဟိုမှာဘက်စွန်း ဤမှာဘက်စွန်းတို့၌ စသည်ကိုဆိုသည်။

သီခရ ဟူသည် ကျွန်းငယ်၏ မတ္ထက ဦးထိပ်ဖြစ်၏။

ပဗ္ဗတ သဏ္ဌာန်ဟူသည်ကို တဘက်လွန်သောကျွန်း ဖြစ်ခြင်းကြောင့် ဆိုသည်။

ဝိဋီ .. ပဗ္ဗတသဏ္ဌာန်ဟူသည်ကို တဘက်ချွန်ထွက်သောကျွန်း ဦးစွန်းရှိခြင်းကြောင့်ဆိုသည်။)

အဝိပ္ပဝါသသီမာ ဝိနိစ္ဆယအကျယ်

အဝိပ္ပဝါသသိမ်

[သမ္မဟာ သာ သီမာ သံဃေန တိစီဝရေန အဝိပ္ပဝါသာ ထပေက္ခာ ဂါမဉ္စ ဂါမူပစာရဉ္စ ... ဟူသောဤ (ဒုတိယ) ကမ္မဝါစာဖြစ်ပေါ်သော ကာလမှစ၍ ဘိက္ခုတို့အား ရှေးကမ္မဝါစာသည် (ဝါ-ထပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ မပါသော ယခင်ကမ္မဝါစာသည်) မအပ်။ ဤဒုတိယ ကမ္မဝါစာသာ ထာဝရဖြစ်၏။

ဘိက္ခုနီတို့အားကား ဤဒုတိယ ကမ္မဝါစာသည်မအပ်။ ယခင်ကမ္မဝါစာသာ အပ်သည်။ ဘိက္ခုနီ သံဃာသည် ရွာတွင်း၌ နေခြင်းကြောင့်တည်း။ အကယ်၍ ဒုတိယ ကမ္မဝါစာ အပ်သည်ဖြစ်အံ့၊ ဘိက္ခုနီသံဃာသည် တိစီဝရိက် အစောင့် အရှောက်ကို ထိုကမ္မဝါစာဖြင့် မရနိုင်ရာ၊ အစောင့်အရှောက်ရသော ကြောင့်လည်း ယခင် ကမ္မဝါစာသာ အပ်သည်။

ဘိက္ခုနီသံဃာသည်လည်း သိမ်နှစ်မျိုးလုံးကို ရသည်။ ဘိက္ခုတို့၏သိမ်ကိုလွှမ်း၍ လည်းကောင်း၊ အတွင်း ဝင်၍ လည်းကောင်း ဘိက္ခုနီတို့၏ သိမ်ကိုသမုတ်ခြင်းငှါ အပ်၏။ (ဘိက္ခုနီတို့၏ သိမ်ကိုလည်း ဘိက္ခုနီတို့၏ သိမ်၌) ဧသေဝနယော။ အချင်းချင်း ကံ၌ ဂဏပူရလည်းမဖြစ်ကုန်။ ကမ္မဝါစာကို ဝဂ္ဂကိုလည်း မပြုကုန်။

ဤ၌ နိဂမ၊ နဂရတို့ကိုလည်း ဂါမဖြင့်သာ ရေတွက်အပ်ကုန်၏။

ဂါမူပစာရ ဟူသည် အရံရှိသောရွာ၏ အရံသည်လည်းကောင်း၊ အရံမရှိသောရွာ၏ အရံထိုက်ရာသည် လည်းကောင်း ဂါမူပစာရမည်၏။

ထိုဂါမ၊ ဂါမူပစာရ တို့၌ အဓိဋ္ဌာန်တင်သော တိစီဝရိတ်ရှိသော ရဟန်းသည် အစောင့်အရှောက်ကို မရ။ ဘိက္ခုနီတို့၏ အဝိပ္ပဝါသသိမ်သည် ဂါမ၊ ဂါမူပစာရတို့ကို မလွှမ်း။ သမာနသံဝါသကသိမ်သာ လွှမ်းသည်။

သမာနသံဝါသကသိမ် ဖြစ်ရာ၌ မိမိသဘောဖြင့်ဖြစ်၏။ အဝိပ္ပဝါသသိမ်သည်ကား သမာနသံဝါသကသိမ် ဖြစ်ရာ၌သာ ဖြစ်၏။ ထိုသိမ်အား သီးခြားနိမိတ်ကြားခြင်းမရှိ။ အဝိပ္ပဝါသ သမုတ်သောကာလ၌ ဂါမသည်ရှိအံ့၊ ထိုဂါမကို ထိုသိမ်မလွှမ်း။ သမုတ်ပြီးမှနောက်၌ ဂါမသည်ဝင်လာအံ့၊ ထိုဂါမသည်လည်း (အဝိပ္ပဝါသ) သိမ်သာမည်၏။ ထို့အတူ ပဌမဂါမ၏ နောက်တိုး ရပ်ကွက်သည်လည်း အဝိပ္ပဝါသသိမ်သာ မည်၏။

သိမ်သမုတ်သော ကာလ၌ နေမည်ဟု အာလယဖြင့် ဆောက်ပြီးသော်လည်း လူမဝင်သေးသော သိမ်တို့သည် လည်းကောင်း၊ အိမ်နှင့်တကွ လူတို့စွန့်ထားခဲ့သော ရှေးရွာကြီးသည် လည်းကောင်း အဂါမ သာဖြစ်၍ ထိုသိမ်လွှမ်း၏။ တအိမ်မျှဝင်အံ့၊ တအိမ်မျှမထွက်သွားပဲကျန်အံ့၊ ဂါမသာတည်း။ ထိုသိမ်မသက်။]

ဇီဋီ ... ဘိက္ခုတို့အား ရှေးကမ္မဝါစာမအပ်ဟူသည် ဂါမ ဂါမူပစာရကို အတွင်းပြု၍ သမာနသံဝါသက သိမ်ကိုသမုတ်လျှင် ထိုသိမ်အထက်၌ အဝိပ္ပဝါသ သမုတ်ရာ၌ ဆိုသင့်။ တော၌သမုတ်လျှင် ရှေးကမ္မဝါစာ မအပ်သည် မရှိ၊ ဌပေတွာ ဂါမဉ္ဇ ဂါမူပစာရဉ္ဇ ဟူသောစကား အနက် မရှိသည်မဟုတ်လော။ အဖြေကား၊ ဟုတ်မှန်ပေ၏။ စင်စစ်ကား အနုသာဝနဟာနိ အပြစ်ကပ်ငြိခြင်းကြောင့် ထိုစကားကို ဆိုအပ်သည်သာတည်း ဟူသော အဓိပ္ပါယ်ဖြင့်သာ ရှေးကမ္မဝါစာ မအပ်ဟုဆိုသည်ဖြစ်ရာ၏။

ဘိက္ခုနီတို့၏ အဝိပ္ပဝါသသိမ်သည် ဂါမဂါမူပစာရသို့ မသက်ပဲလျက် အဘယ်ကြောင့် ဂါမ၌ သိမ်သမုတ် သောအခါ အဝိပ္ပဝါသကို သမုတ်ကုန်သနည်း။ အာစိဏ္ဏကပ္ပ-အလေ့အကျင့်ပြုခြင်းတည်း။ ထိုမှတပါးသော အနက်တစုံတခုကို မငဲ့မူ၍တည်း ဟု ဆိုအပ်၏။ သမုတ်သော်လည်း သိမ်ဖြစ်သည်သာတည်း။

ဂါမကို အတွင်းပြု၍သမုတ်သောသိမ်၌ အဝိပ္ပဝါသ သမုတ်သောအခါ အရည၌တည်၍ အဝိပ္ပဝါသ ကမ္မဝါစာကို ဖတ်အပ်သလော။ ဂါမ၌တည်၍ ဖတ်အပ်သလော။ ဂါမ၌တည်၍ ဖတ်သော်လည်း ကပ္ပိယဘူမိ၌ နှံ့၏။ ကပ္ပိယဘူမိ၌တည်၍ မဖတ်အပ်။)

(သာဋီ ... သိမ်နှစ်မျိုးလုံးကို-ဟူသည် ယခင် ပဌမဟောသော အဝိပ္ပဝါသ နှင့် သမာနသံဝါသကသိမ်ဖြစ်၏။

ကမ္မဝါစာကို ဝဂ္ဂမပြု-ဟူသည် ကမ္မဝါစာကိုမဖျက်။ ကံကို မပျက်စေဟူလို။

တအိမ်မျှ ဝင်အံ့ စသည်၌ အိမ်သစ်တို့၌ ရှေးဦးစွာ လူဝင်သောအိမ် တအိမ်မျှရှိသော်လည်း ရှေးရွာကြီးမှ တပါးသော အိမ်တို့ထွက်လျက် တအိမ်မျှမထွက်ပဲ ကျန်သော်လည်းကောင်း ဂါမသာတည်း။

ဝိဋီ ... သိမ်နှစ်လုံးဟူသည် သမာနသံဝါသနှင့် အဝိပ္ပဝါသတို့တည်း။ (ဆရာမြတ်တို့ကား ဂါမဂါမူစာရ မလွတ်သော သမာနသံဝါသသိမ်၌ အဝိပ္ပဝါသ ကမ္မဝါစာဖတ်လျှင် ဝတ္ထုဝိပန္နဖြစ်၍ ဒုက္ကဋ်မလွတ်ဟု ဆိုကုန်၏။)

သိမ်နုတ်ဝိနိစ္ဆယအကျယ်

သိမ်နုတ်ပုံ

သိမ်သမုတ်သောအခါ ရှေးဦးစွာ ... သမာနသံဝါသသိမ်ကို သမုတ်အပ်၏။ နောက်၌ အဝိပ္ပဝါသကို သမုတ်အပ်၏။ သိမ်နုတ်သောအခါ ရှေးဦးစွာ အဝိပ္ပဝါသကို နုတ်အပ်၏။ နောက်၌ သမာနသံဝါသ သိမ်ကို နုတ်အပ်၏။

[အဝိပ္ပဝါသကို နုတ်အပ်ရာ၌ နုတ်လိုသော ရဟန်းသည် ဝတ်ကိုသိအပ်၏။ ဝတ်ကား ... ခဏ္ဍသိမ်၌နေ၍ အဝိပ္ပဝါသ သိမ်ကို မနုတ်အပ်။ (မဟာသိမ်ကို အဝိပ္ပဝါသသိမ်ဟု ဆိုသည်။) အဝိပ္ပဝါသ၌ နေ၍ ခဏ္ဍသိမ်ကိုလည်း မနုတ်အပ်။ ခဏ္ဍသိမ်၌နေ၍ ခဏ္ဍသိမ်ကိုသာ၊ ဝိပ္ပဝါသ၌နေ၍ အဝိပ္ပဝါသကိုသာ နုတ်အပ်၏။

သိမ်မည်သည်ကို အကြောင်းနှစ်ပါးဖြင့် နုတ်ကုန်၏။ ပကတိငယ်သောသိမ်ကို တဖန်အာဝါသ တိုးပွားစေ၍ ကြီးသောသိမ်ကို ပြုပြင်ခြင်းငှါ လည်းကောင်း၊ ပကတိကြီးသောသိမ်ကို တဖန်သူတပါးတို့အား ကျောင်းနေရာ ပေး၍ ငယ်သော သိမ်ကို ပြုပြင်ခြင်းငှါ လည်းကောင်း အကြောင်းနှစ်ပါးဖြင့် နုတ်ကုန်၏။

ထိုသို့နုတ်ရာ၌ ခဏ္ဍသိမ်ကိုလည်းကောင်း၊ အဝိပ္ပဝါသသိမ်ကိုလည်းကောင်း သိလျှင် နုတ်ခြင်းငှါ လည်းကောင်း သမုတ်ခြင်းငှါ လည်းကောင်း တတ်နိုင်ကုန်လတ္တံ့။ ခဏ္ဍသိမ်ကိုသိ၍ အဝိပ္ပဝါသသိမ်ကို မသိလျှင်လည်း နုတ်ခြင်း၊ သမုတ်ခြင်းငှါ တတ်နိုင်ကုန်လတ္တံ့၊ ခဏ္ဍသိမ်ကိုမသိပဲ အဝိပ္ပဝါသကို သိလျှင်ကား စေတီယင်္ဂဏ၊ ဗောဓိယင်္ဂဏ၊ ဥပေါသထာဂါရ စသော ယုံမှား ကင်းရာဌာနတို့၌နေ၍ နုတ်ခြင်းငှါ တတ်နိုင်စရာ ရှိကုန်သေး၏။ တဖန် သမုတ်ခြင်းငှါကား မတတ်နိုင်ကုန်လတ္တံ့သာတည်း။

အကယ်၍ သမုတ်လျှင် သီမာသမ္ဘေဒကိုပြု၍ ဝိဟာရကို အဝိဟာရ ပြုကုန်ရာ၏။ ထို့ကြောင့် မနုတ်အပ်။ သိမ်နှစ်ခုလုံး မသိသူတို့ကား နုတ်ခြင်းငှါလည်းကောင်း၊ သမုတ်ခြင်းငှါလည်းကောင်း မတတ်နိုင်ကုန်လတ္တံ့။ ဤသိမ်မည်သည် ကမ္မဝါစာဖြင့်လည်းကောင်း သာသနာကွယ်ခြင်းဖြင့် လည်းကောင်း အသီမာ ဖြစ်၏။ သိမ်ကိုမသိလျှင် ကမ္မဝါစာဖတ်ခြင်းငှါ မတတ်နိုင်။ ထို့ကြောင့် မနုတ်အပ်။ ကောင်းစွာသိမှသာ နုတ်အပ်၏။ သမုတ်အပ်၏။]

(သာဋီ ... အဝိပ္ပဝါသသိမ်ကို မနုတ်အပ်သည်ကို မဟာသိမ်ကို ရည်ဆိုသည်။

ယုံမှားကင်းရာဌာနတို့၌ နေ၍-ဟူသည်ကို စေတီယင်္ဂဏစသည်တို့၌ ခဏ္ဍသိမ်၏နေရာ မဟုတ်သောကြောင့် ဆိုသည်။ ခဏ္ဍသိမ် သမုတ်သူတို့သည် ထိုသို့သောဌာနကို ပယ်၍ ဆိတ်ငြိမ်ရာနေရာ၌ သမုတ်ကြ သောကြောင့်တည်း။

နုတ်ခြင်းငှါ တတ်နိုင်စရာ ရှိကုန်သေး၏-ဟူသည် အဝိပ္ပဝါသသိမ်ကိုသာ နုတ်နိုင်ကုန်လတ္တံ့။ ခဏ္ဍသိမ်ကို မနုတ်နိုင်ကုန်။

တဖန်သမုတ်ခြင်းငှါကား-ဟူသည် ခဏ္ဍသိမ်ကို မသိခြင်းကြောင့် ပြန်သမုတ်ခြင်းငှါ မတတ်နိုင်ကုန်။ ထို့ကြောင့် ခဏ္ဍသိမ်ကိုမသိလျှင် မနုတ်အပ်။

(ဝိဋီ ... အဝိပ္ပဝါသသီမာတိ မဟာသီမံ သန္ဓာယ ဝဒတိ။ မဟာသိမ်၌သာ ယေဘုယျအားဖြင့် အဝိပ္ပဝါသသိမ် ဖြစ်သောကြောင့်တည်း။

အဝိပ္ပဝါသသိမ်ကို မသိလျှင်လည်း-ဟူသည်ကို မဟာသိမ်ရှိခြင်း၊ မရှိခြင်းကို လည်းကောင်း၊ ထိုမဟာသိမ်၏ ပြင်ပ အပိုင်းအခြားကို လည်းကောင်း မသိသူတို့၏ အစွမ်းဖြင့်ဆိုသည်။ ဤသို့မသိသော်လည်း သိမ်တွင်း၌ နေ၍ ကမ္မဝါစာဖတ်လျှင် ထိုသိမ်သည် နုတ်အပ်သည်သာတည်း။ ထို့ကြောင့် နုတ်ခြင်း၊ သမုတ်ခြင်းငှါ တတ်နိုင်ကုန်လတ္တံ့ ဟုဆိုသည်။

ယုံမှားကင်းရာ ဌာန-ဟူသည် ခဏ္ဍသိမ်မှ လွတ်ကင်းသော နေရာတည်း။ ဤစကားကိုလည်း မဟာသိမ် ရှိသော်လည်း ကံပြုလွယ်ခြင်းငှါ ခဏ္ဍသိမ်ကို လိုအပ်သေး၏။ ထိုသိမ်ကို စေတီယင်္ဂဏစသော အများ စုဝေးရာ၌မဖွဲ့၊ ထို့ကြောင့်ဆိုသည်။ ထိုနေရာ၌ ခဏ္ဍသိမ်ကိုဖွဲ့လျှင် မဟာသိမ်ကဲ့သို့ သုဗဒ္ဓသာတည်း။

တဖန် သမုတ်ခြင်းငှါကား-ဟူသည်ကို ခဏ္ဍသိမ်ကို မနုတ်ခြင်းကြောင့် လည်းကောင်း၊ ခဏ္ဍသိမ် မရှိဟု မသိခြင်းကြောင့် လည်းကောင်း မဟာသိမ် ပြန်ဖွဲ့ခြင်းကို ရည်ဆိုသည်။ ခဏ္ဍသိမ်ကိုကား ယုံမှားကင်းရာ ဌာန၌ ဖွဲ့ခြင်းငှါ တတ်နိုင်ကုန်လတ္တံ့သာတည်း။

သီမာသမ္ဘေဒကို ပြု၍-ဟူသည် ခဏ္ဍသိမ်ရှိလျှင် လွှမ်းစပ်ခြင်း သမ္ဘေဒကိုပြု၍ မရှိလျှင် သမ္ဘေဒသင်္ကာဖြင့် သမ္ဘေဒသင်္ကာရကိုပြု၍တည်း။

အဝိဟာရ ပြုကုန်ရာ၏-ဟူသည် သံဃကံကြီးငယ် မပြုထိုက်အောင် ပြုကုန်ရာ၏။ ရှေး၌ စေတီယင်္ဂဏ စသော ယုံမှားကင်းရာဌာန၌ ကံပြုနိုင်သေးသည်၊ ယခုကား ထိုနေရာကိုလည်း ဖျက်ဆီးအပ်ပြီဟူသော အဓိပ္ပါယ်တည်း။ ထို့ကြောင့် ခဏ္ဍသိမ်ကို မသိလျှင် မနုတ်အပ်။ သိမ်နှစ်ခုလုံးမသိလျှင် မနုတ်အပ်။

သိမ်နှစ်ခုလုံး မသိသူတို့-ဟူသည် နှစ်ခုလုံး၏ နေရာကို လည်းကောင်း၊ တခုခု၏ရှိ မရှိကိုလည်းကောင်း၊ မသိမူ၍ ယုံမှားလျှင် ယုံးမှားကင်းရာ၌နေ၍ နုတ်နိုင်သော်လည် မဟာသိမ်ကို ပြန်ဖွဲ့ခြင်းငှါ မတတ်နိုင်ကုန်၊ ထို့ကြောင့် မနုတ်အပ်ဟူလို။

မသိပဲ သိမ်နုတ်နိုင်ခြင်း (ဝိဋီ-ကေစိ)

ကေစိ-အချို့သော မထေရ်တို့သည် ဤသို့ဆိုကုန်၏။ ဤသို့သော ဝိဟာရတို့၌သော်လည်း ရဟန်းငါးပါး ခြောက်ပါးမျှဖြင့် ကျောင်းစွန်မှစ၍ ကျောင်းအရံ၏ တွင်းပဝန်းကျင် ခဲတကျနေရာအားလုံး၌ ညောင်စောင်း ပမာဏ နေရာ (တခုခု)၌ ကွက်လပ်မရှိနေ၍ အဝိပ္ပဝါသသိမ် ပဌမနုတ်၍ ထို့နောက် သမာနသံဝါသကို နုတ်ခဲ့လျှင် ထိုဝိဟာရ၌ သိမ်၊ မဟာသိမ်တည်မှု မချွတ်ဧကန် တညောင်စောင်းနေရာ၌ နေသော ထိုသိမ်တို့၏ အလယ်သို့ ရောက်သော ရဟန်းတို့သည် ထိုသိမ်တို့ကို နုတ်နိုင်ကုန်ရာ၏။ ထို့နောက် ဂါမသိမ်တို့သာ ကျန်ကုန်ရာ၏။ သိမ်ကို အပိုင်းအခြားကို သိခြင်းသည် အင်္ဂါမဟုတ်၊ သိမ်၏ အတွင်း၌ တည်ခြင်း နုတ်အံ့ဟု ကမ္မဝါစာဖတ်ခြင်းသည် သိမ်နုတ်ရာ၌ အင်္ဂါတည်း။

အဋ္ဌကထာ၌ ခဏ္ဍသီမံပန ဇာနန္တာ အဝိပ္ပဝါသံ အဇာနန္တာပိ သမူဟနိတုံစေဝ ဗဒ္ဓိတုံစ သက္ခိဿန္တိ- ဟု ဥပစာသိမ် အပိုင်းအခြားကို မသိသော်လည်း နုတ်ခြင်းကို ဆိုခြင်းကြောင့်တည်း။ ဂါမသိမ်သာ ကျန်သောအခါ အလိုရှိတိုင်း သိမ်နှစ်ခုလုံးကို သမုတ်ခြင်းငှါ လည်းကောင်း၊ ဥပသမ္ပဒကံ စသည်ကို ပြုခြင်းငှါ လည်းကောင်း အပ်သည်ဟု ကေစိမထေရ်တို့ ဆိုကုန်၏။ သင့်သကဲ့သို့ထင်ရှားတည်း။ စူးစမ်း၍ယူအပ်၏။

(ထိုကေစိ မထေရ်တို့၏ ဝါဒကို အမှီရ၍ သိမ်နုတ်သောအခါ ညောင်စောင်းကွက် ပြုကြဟန်ရှိသည်။ သံသယ မကင်းလောက်သော နေရာ၌ သံသယ ကင်းလောက်အောင် ညွှန်ပြသော မထေရ်တို့ ဖဝါးခြေမှုန့်သည် ကိုယ်၌ကပ်လျှင် ကုက္ကုစ္စဘီလူး မဖမ်းနိုင်။)

အဗဒ္ဓသီမာ ဝိနိစ္ဆယ အကျယ်

အဗဒ္ဓသိမ်သုံးခု

ဗဒ္ဓသိမ် မသမုတ်ရာ၌ ဂါမ၊ နိဂမအပိုင်းခြားသည် လည်းကောင်း၊ ရွာမရှိသောတော၌ ထက်ဝန်းကျင် သတ္တဗ္ဘန္တရသည် လည်းကောင်း၊ မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရသည် သိမ်မဖြစ်။ မြစ်၌ သမုဒ္ဒရာ၌ ဇာတဿရ၌ မဇ္ဈိမပုရိသ၏ ထက်ဝန်းကျင် ရေတကျသည် လည်းကောင်း၊ သမာနသံဝါသက ဧကူပေါသထ သိမ်ဖြစ်၏။

ဂါမသိမ်

[ဗဒ္ဓသိမ်ဖြင့် သမာန သံဝါသအဖြစ်ကို လည်းကောင်း၊ ဧကူပေါသထ အဖြစ်ကိုလည်းကောင်း ပြပြီး၍၊ အဗဒ္ဓသိမ် နေရာတို့၌လည်း ထိုကိုပြတော်မူသည်။ ဂါမသဒ္ဒါဖြင့် နဂရကိုလည်း ယူအပ်၏။ အကြင်မျှ လောက်သော ပဒေသ၌ ထိုထိုဂါမ၏ ဘောဇက ရွာစားတို့သည် အခွန်ကိုရကုန်၏။ ထိုပဒေသသည် ငယ်သည်၊ ကြီးသည် ဖြစ်စေ ဂါမသိမ်သာမည်၏။

နဂရသိမ်၊ နိဂမသိမ်တို့၌လည်း ဧသေဝနယော။ တခုသော ဂါမခေတ်၌သာလျှင် တခုသောပဒေသကို အယံ ဝိသုံဂါမော ဟောတု-ဤအရပ်သည် သီးခြားရွာဖြစ်စေဟု ပိုင်းခြား၍ မင်းသည် တစုံတယောက်အား ပေးအံ့၊ ထိုအရပ်သည်လည်း အသီးအခြား ဂါမသိမ် ဖြစ်သည်သာတည်း။ ထို့ကြောင့် ထိုဝိသုံဂါမသိမ်သည် လည်းကောင်း၊ ပကတိဂါမ၊ နိဂမ၊ နဂရသိမ်သည်လည်းကောင်း၊ ဗဒ္ဓသိမ်နှင့် တူသည်သာတည်း။ တိစီဝရ ဝိပ္ပဝါသ အစောင့်အရှောက် မရကြခြင်းသာ ထူး၏။

(သာဋီ ... ဥပေါသထကံကို သီးခြားယူခြင်းကြောင့် ကြွင်းသော ကံစွမ်းဖြင့် သမာနသံဝါသအဖြစ်ကိုသိအပ်၏။

ဝိဋီ ... ဗဒ္ဓသိမ် မသမုတ်ရာ၌ စသည်ဖြင့် ဂါမသိမ်သည်သာလျှင် ဗဒ္ဓသိမ်၏ခေတ်ဖြစ်၏။ အရည၊ နဒီ စသည်တို့သည် သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပတို့၏ခေတ်ဖြစ်သကဲ့သို့တည်း။ ထို ဂါမသိမ်သည်လည်း ဗဒ္ဓသိမ်မရှိရာ၌ အလိုလိုသာလျှင် သမာနသံဝါသ ဖြစ်၏ဟု ပြသည်။

ဂါမနိဂမ အပိုင်းအခြား-ဟူသည်၌ ဂါမသိမ်အပိုင်းအခြား၏ အတွင်းအပြင် လယ် ယာ တောင်စသော ဂါမခေတ်တခုလုံးကို ရည်၍ ဂါမဟု ဟောသည်။ အန္တရဃရကိုသာရည်၍ ဟောသည်မဟုတ်။ ထို့ကြောင့် ဂါမခေတ်တခုလုံးနှင့် စပ်သော ဂါမသိမ်ဟု သိအပ်၏။ အန္တရဃရ၊ ခေတ္တစသော များစွာသော မြေအဖို့တို့၌ တခုတည်း (အတူ) အဖြစ်ဖြင့် ဂါမဟုလူအပေါင်းခေါ်သည်။ ထိုဂါမသည်သာလျှင် ဤ၌ ဂါမသိမ်မည်၏ ဟူသော အဓိပ္ပါယ်တည်း။ ဂါမောဧဝ ဂါမသိမာ။

ဤနည်းဖြင့်သာလျှင် အထက်၌ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့ကို အပ်၏။ ထိုမြေအဖို့တို့၌ တခုတည်း အဖြစ်ဖြင့် လူအပေါင်း ခေါ်ဝေါ်သော အရညစသည်တို့၏ အရညသိမ်စသော အဖြစ်ကို သိအပ်၏။ လောက၌ ဂါမသီမာစသော ဝေါဟာရကို ဂါမစသည်တို့၏ အပိုင်းအခြားကိုသာ ဆိုသင့်၏။ ဂါမခေတ်စသည်အားလုံး၌ မဆိုသင့်။

သာသနာ၌ကား ထိုဂါမ စသည်တို့သည် တပါးမှနစ်ခြင်းအနက်ဖြင့် အလိုလိုသာလျှင် မိမိ၏အပိုင်းအခြားတို့ ဖြစ်ကုန်၏။ ထို့ကြောင့် ဂါမသာလျှင် ဂါမသိမ်၊ အရည သာလျှင် အရညသိမ်၊ ....ပ....၊ သမုဒ္ဒရာသာလျှင် သမုဒ္ဒရာသိမ်ဟု သီမဝေါဟာရဖြင့်ဆိုအပ်ကုန်၏။

နိဂမဟူသည်ကို ဂါမသိမ်အပြားအားလုံးကို ဥပလက္ခဏဖြင့် ပြခြင်းငှါဆိုသည်။ ထို့ကြောင့် နဂရကို ဂါမသိမ် ကိုလည်းယူအပ်၏ဟုဆိုသည်။

အခွန်ကို ရကုန်၏-ဟူသည်ကို ယေဘုယျစွမ်းဖြင့် ဆိုသည်။ အယံဂါမော ဧတ္တကော ကရီသဘာဂေါ-ဤ ဂါမသည် ဤမျှ ပယ်ရှိ၏ စသည်ဖြင့် ရာဇပဏ္ဏ-မင်းစာရင်းတို့၌ ထင်ပြီးသောမြေအဖို့တို့၌ တဘက်ဆည်ကန်၊ မြောင်း၊ သုသာန်၊ တောင်စသော ပဒေသ၌ အခွန်ကို မယူကုန်။ ထိုပဒေသသည်လည်း ဂါမသာတည်း။

မင်းစသည်တို့ပိုင်းခြားသော ဘူမိဘာဂ အားလုံးသည် နဒီ၊ လောဏိ၊ ဇာတဿရတို့ကို ချန်၍ ဂါမသီမာဟု သိအပ်၏။ ထို့ကြောင့် ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိဒေတိ ဟုဆိုပြီ။ မင်းသည် တစုံတခုသော ပဒေသကို ဂါမတပါးနှင့်ယှဉ်တွဲအံ့၊ ထိုပဒေသသည် ဝင်ရာ ဂါမသိမ်အဖြစ်သို့သာ ရောက်၏။

နဒီ၊ ဇာတဿရတို့၌ ဖျက်၍လည်းကောင်း၊ တဠာက စသည်အဖြစ်ကို မြေအဖို့၌လည်းကောင်း၊ လယ်စသည် အဖြစ်သို့ရောက်စေအပ်သော ပဒေသတို့၌လည်း ဧသေဝနယော။ လူတို့စွန့်သွားသော ရွာပျက်သည် လူမရှိပဲ ကြာမြင့်စွာလည်း တည်အံ့၊ အနီး၌ ရွာရှိသော်လည်း ထိုရွာပျက်သည် သီးခြားဂါမသိမ်သာဖြစ်၏။ ...စသည်။)

သတ္တဗ္ဘန္တရသိမ်

[ဤသို့ ရွာအနီး နေသူတို့၏ သိမ်အပိုင်းအခြားကိုပြပြီး၍ ယခုအခါ တောနေသူတို့၏ သိမ်အပိုင်းအခြားကို ပြလို၍ ရွာမရှိသော စသည်ကို မိန့်တော်မူပြီ။

ရွာမရှိသော-ဟူသည် ဂါမ၊ နိဂမ၊ နဂရသိမ်တို့ဖြင့် မပိုင်းခြားအပ်သော အဋဝိပ္ပဒေသ-တောနေရာဖြစ်၏။ ဝိဉ္ဈာဋဝီနှင့်တူသော တောအုပ်ဖြစ်၏။ ထိုတော၌ ရဟန်းနေအံ့။ နေရာ အရပ်မှဝန်းကျင် သတ္တဗ္ဘန္တရသည်၊ ဝါ-အဗ္ဘန္တရ ခုနစ်ခုသည် သမာန သံဝါသကသိမ်မည်၏ ဟူလို။ ဤသိမ်သည် တိစီဝရဝိပ္ပဝါသ အစောင့် အရှောက်ကိုလည်း ရ၏။ အဗ္ဘန္တရ တခုသည် ၂၈-တောင် ပမာဏရှိ၏။ အလယ်၌တည်သူ၏ ဝန်းကျင် အဗ္ဘန္တရ ခုနစ်ခုသည် ထုတ်ချင်းအားဖြင့် တဆယ့်လေးခုဖြစ်၏။ ( ၃၉၂-တောင် ဖြစ်၏။ အလံတရာနီးပါး ဖြစ်၏။)

နှစ်ဦးသော သံဃာတို့သည် အသီးသီး ဝိနည်းကံပြုကုန်အံ့။ သတ္တဗ္ဘန္တရ ခုနစ်ခုတို့၏ အကြား၌ တပါးသော သတ္တဗ္ဘန္တရ တခုကို ဥပစာရအလို့ငှါ ထားအပ်၏။ ကြွင်းသော သတ္တဗ္ဘန္တရ သီမာကထာကို မဟာဝိဘင်း ဥဒေါသိတ သိက္ခာပုဒ်အဖွင့်၌ ဆိုပြီးသောနည်းဖြင့် ယူအပ်၏။]

(ဥဒေါသိတ၌ ဆိုပြီးသော နည်းကား-ဝိဉ္ဈာဋဝီတောအုပ် စသည်တို့ လည်းကောင်း၊ တံငါနေ့ချင်း ပြန်ရောက်သော သမုဒ္ဒရာအလယ်ကျွန်းငယ် တို့၌ လည်းကောင်း အဂါမကအရညကို ရအပ်၏။ ဥပုသ်ကံပြုသောအခါ ပရိသတ်စွန်း၌ ထိုင်သောရဟန်းမှစ၍ သတ္တဗ္ဘန္တရသိမ်ကို သုတ်သင်အပ်၏ ရဟန်း တိုးပွားသလောက် သိမ်တိုးပွား၏။)

(ဝိဋီ ... ဝိဉ္ဈာဋဝီနှင့်တူသော တောအုပ်ဟူသည် ဤမည်သော ဂါမ၏ခေတ်ဟု ဂါမဝေါဟာရ မရှိသော နေရာသည်လည်းကောင်း၊ မထွန်ရာ မစိုက်ပျိုးရာ နေရာသည်လည်းကောင်း ထိုသို့သောအရညဖြစ်၏။ တံငါတို့မရောက်ရာ လူမနေရာ သမုဒ္ဒရာကျွန်းငယ်တို့ကိုလည်း ဤ၌သာ ရေတွက်အပ်ကုန်၏။ ဂါမခေတ် မဟုတ်သော နဒီ၊ သမုဒ္ဒ၊ ဇာတဿရ တို့မှလွတ်သော ပဒေသအားလုံးကို အရညသိမ်ဟု သိအပ်၏။ ထိုအရညသိမ်သည်လည်း သတ္တဗ္ဘန္တရသိမ်ကင်းလျက် အလိုလိုသာလျှင် သမာနသံဝါသ ဖြစ်၏။ ဗဒ္ဓသိမ်နှင့်တူ၏။ နဒီသိမ်စသည်တို့၌ကဲ့သို့ သံဃကံအားလုံးကို ပြုခြင်းငှါအပ်၏။ နဒီ၊ သမုဒ္ဓ၊ ဇာတဿရတို့၏ အလိုလို ဗဒ္ဓသိမ်နှင့် တူ၏ စသည်ဖြင့် အဋ္ဌကထာဆိုခြင်းကြောင့် သိမ်အဖြစ်ထင်ရှားပြီ။

အရည၏သိမ်အဖြစ်ကား အဘယ်သို့ ထင်ရှားသနည်း ဟူမူ၊ သတ္တဗ္ဘန္တရ သိမ်ခွင့်ပြုသော ပါဠိစသည်စွမ်းဖြင့် ထင်ရှား၏။ ဂါမသိမ်၌ ဝဂ္ဂကံလွတ်ခြင်းငှါ ဗဒ္ဓသိမ်များစွာကိုခွင့်ပြု၏။ ထိုဗုဒ္ဓသိမ်နှစ်ခုတို့၏အကြား ၌လည်း သမ္ဘေဒမဖြစ်အောင် သီမန္တရိက်ကိုခွင့်ပြု၏။ ဤအတူ အရည၌လည်း သတ္တဗ္ဘန္တရ သိမ်တို့ကို ခွင့်ပြု၏။ အကြား၌ သီမန္တရိက်ကို ပါဠိအဋ္ဌကထာတို့၌ စီရင်ခြင်းအစွမ်းသတ္တိဖြင့် အရညလည်း ပင်ကိုယ်အားဖြင့်သာ နဒီစသည်တို့ကဲ့သို့ သိမ်အဖြစ်ထင်ရှား၏။ အရည၌ ဝဂ္ဂကံလွတ်စေခြင်းငှါသာလျှင် သတ္တဗ္ဘန္တရသိမ်ကို ခွင့်ပြုခြင်းကြောင့်လည်း ထင်ရှား၏ဟု သိအပ်၏။

သိမ်၌တည်သူတို့သာလျှင် သိမ်၌တည်သူတို့၏ ဝဂ္ဂကံကို ပြုကြသည်၊ ဤသို့သော သတ္တိကိုယူ၍ နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့၏ ဗဒ္ဓသိမ် အဖြစ်ကိုပယ်သော်လည်း သဘာဝသိမ်အဖြစ်ကို အဋ္ဌကထာဆိုသည်ဟု ယူအပ်၏။ နေရာအရပ်မှ ဝန်းကျင်ဟူသည်၌ ရဟန်းတထောင်ရှိအံ့၊ ထိုရဟန်းတထောင်တည်ရာ၏ ပြင်ပစွန်းမှစ၍ ဝဂ္ဂကံမှလွတ်စိမ့်သောငှါ သီမာပေက္ခာ- သိမ်ဟု ငဲ့ခြင်းသည်ဖြစ်သည်ရှိသော် ငဲ့ခြင်းနှင့်တကွ အလိုလို ဖြစ်သော သတ္တဗ္ဘန္တရသိမ်သည် သမာနသံဝါသကဖြစ်၏ဟူသော အဓိပ္ပါယ်တည်း။ ငယ်သောအရည၌ ရဟန်း များစွာဖြစ်၍ ဝဂ္ဂကံတွေးတောဖွယ် မရှိသဖြင့် သတ္တဗ္ဘန္တရသီမာပေက္ခာ မရှိအံ့၊ သတ္တဗ္ဘန္တရသိမ်မဖြစ်။ အရည သိမ်သက်သက်သာ ဖြစ်၏။ ထို၌ သံဃာသည် ကံကိုပြုအပ်၏။ နဒီစသည်တို့ ၌လည်း ဧသေဝနယော။

အဋ္ဌကထာ၌ ဆိုလတ္တံ့ကား သစေနဒီ နာတိဒီယာ ဟောတိ၊ ပဘဝတော ပဋ္ဌာယ ယာဝမုခဒွါရံ သဗ္ဗတ္ထ သံဃော နိသီဒတိ၊ ဥဒကုက္ခေပ သီမာကမ္မံနတ္ထိ - မြစ်သည် မရှည်လွန်းသည်ဖြစ်အံ့၊ မြစ်ဖျားမှ မြစ်ဝအထိ သံဃာ အပြည့်နေအံ့ - ဥဒကုက္ခေပသိမ် အမှုပြုဘွယ်မရှိ စသည်တည်း။

ဤစကားဖြင့် ဝဂ္ဂကံမှ လွတ်စေခြင်းငှါ သီမာပေက္ခာ ရှိမှသာ ဥဒကုက္ခေပ သတ္တဗ္ဘန္တရသိမ်တို့ ဖြစ်ကုန်၏။ မရှိလျှင် မဖြစ်ကုန်ဟု မှတ်အပ်၏။

ကေစိတို့ကား ထက်ဝန်းကျင် အဗ္ဘန္တရကို တိုင်းထွာ၍ အပိုင်းအခြား ပြုခြင်းဖြင့်သာ သိမ်ဖြစ်သည်၊ အလိုလို မဖြစ်ကုန်ဟုဆို၏။ မယူအပ်။ ပြုမှ ဖြစ်လျှင် အဗဒ္ဓသိမ်မဖြစ်နိုင်ရာ၊ ရဟန်း၏ပြုခြင်း ထင်ရှားသောကြောင့် တည်း။

အပရေတို့ကား .. သီမာပေက္ခာဖြင့် ပြုဘွယ်မရှိ၊ ခရီးသွားခြင်း၊ ရေချိုးဆင်းခြင်း စသည်ဖြင့် အရည၊ နဒီ စသည်တို့သို့ ရဟန်းတပါးဝင်လျှင် ထိုရဟန်းကိုဝန်းရံလျက် သတ္တဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပသိမ်သည် မီး၏အရောင်ကဲ့သို့ အလိုလိုဖြစ်၏။ ဂါမခေတ်စသည်တို့သို့ ထိုရဟန်းဝင်ကာမျှ၌ ထိုသိမ်ကွယ်၏။ ထို့ကြောင့် သံဃာနှစ်ဦး သီးခြားကံပြုလျှင် အကြား၌ သီမန္တရိက်ကိုလည်းကောင်း၊ တပါးသော သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပကို လည်းကောင်း ထားခြင်းငှါ ခွင့်ပြုသည်။ သိမ်အစွန်၌ ရဟန်းတပါး ကိစ္စတခုဖြင့် ရောက်လာလျှင် ဝန်းကျင်ဖြစ်သော ထိုသိမ်နှင့် သမ္ဘေဒဖြစ်ရာ၏။ ထိုသမ္ဘေဒ မဖြစ်စေသတည်းဟု ခွင့်ပြုသည်။ သီမာပေက္ခဖြင့် သိမ်ဖြစ်လျှင် တတောင်မျှ လေးသစ်မျှ သီမန္တရိက်ကို ခွင့်ပြုအပ်သောကြောင့်တည်း။

တနည်း

သီမန္တရိက်၌ တည်သောရဟန်းသည် နှစ်သိမ်လုံး၌ ကံပျက်စေသည်ဟု ဟောသောကြောင့်လည်း ထိုစကား ပြည့်စုံ၏ … မာတိကာဋ္ဌကထာ၌-ပရိစ္ဆေဒဗ္ဘန္တရေ ဟတ္ထပါသံ ဝိဇဟိတွာ ဌိတောပိ ပရိစ္ဆေဒတော ဗဟိအညံ တတ္ထကံဧဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ ဌိတောပိ ကမ္မံကောပေတိ ဟု မိန့်ဆိုပြီ။

အရည၌ ကမ္မကရဏိစ္ဆာ-ကံပြုလိုခြင်းကင်းလျက် တည်သူအားလည်း သတ္တဗ္ဘန္တရ ပိုင်းခြားသော လွင်တီးခေါင်၌ စီဝရဝိပ္ပဝါသကို ခွင့်ပြုသည်။ ခွင့်ပြုသော်လည်း ထိုအပိုင်းအခြားသည် သိမ်ဖြစ်၏။ သိမ်ဖြစ်၍ စီဝရဝိပ္ပဝါသ အစောင့်အရှောက်ကိုလည်း ရသည်။ ထို့ကြောင့် ကမ္မကရဏိစ္ဆာ ကင်းသော်လည်း ထိုဆိုပြီးသောနည်းဖြင့် ဖြစ်ခြင်းကိုယူအပ်၏ ဟု ဆိုကုန်၏။ ထိုစကားမသင့်၊ မီးရောင်ကဲ့သို့ ပုဂ္ဂိုလ်တိုင်း အသီးသီး သိမ်ဖြစ်လျှင် သိမ်များစွာရောယှက်ရာ၏။

အယံတတ္ထ သမာနသံဝါသ စသည်ဖြင့် တသိမ်တည်းကိုသာ ခွင့်ပြုသည်။ ဘုရားရှင်သည် ဝဂ္ဂကံလွတ်၍ ကံပြုခြင်းငှါ ခွင့်ပြုသည်။ ဘုရားရှင်၏ ခွင့်ပြုခြင်းဖြင့်သာ သိမ်ဖြစ်သည်၊ ရေချိုးဆင်းခြင်းဖြင့် သိမ်များစွာ ဖြစ်ခြင်း၌ အကျိုးမရှိ။ တသိမ်တည်းဖြစ်မှ အကျိုးရှိသည်။ ဧကေသီမာယံ ဟတ္ထပါသံ အဝိဇဟိတွာ ဌိတာ-ဟု မိန့်ဆိုပြီ။

သိမ်နှစ်ခုတို့၏အကြား၌ ထိုမျှလောက် အကြားထားခြင်း၊ တည်သူတို့၏ ကမ္မကောပ ဖြစ်ခြင်းတို့ကို မိန့်ဆိုခြင်းသည် အပိုင်းအခြား သိနိုင်ခဲသဖြင့် ယုံမှားကို အဝေးမှ လျှောက်နိုင်စေခြင်းငှါ မိန့်ဆိုခြင်းဖြစ်သည်။ စီဝရဝိပ္ပဝါသအကျိုးငှါ လွင်တီးခေါင်၌ ခွင့်ပြုသော သတ္တဗ္ဘန္တရ ပရိစ္ဆေဒသည် သိမ်မဟုတ်။ ခေတ္တ၊ တဠာက စသော ပရိစ္ဆေဒကဲ့သို့ ပရိစ္ဆေဒတခုသာဖြစ်သည်။

ထိုပရိစ္ဆေဒ၌ ရဟန်းအများ အတူနေသူတို့သည် အသီးသီး မိမိနေရာမှ ဝန်းကျင် သတ္တဗ္ဘန္တရ အတွင်း၌သာ သင်္ကန်း ထားအပ်၏။ ပရိသတ်စွန်မှစ၍ (သတ္တဗ္ဘန္တရယူ၍) မထားအပ်။ ထားလျှင် မိမိ၏ အဗ္ဘန္တရမှ ပြင်ပဖြစ်၍ အရုဏ်တက်သောအခါ နိဿဂ္ဂိဖြစ်ရာ၏။

သိမ်ကိုကား ပရိသတ်စွန်မှသာ ယူအပ်၏။ စီဝရဝိပ္ပဝါသ ပရိဟာရကိုလည်း အဗ္ဘောကာသပရိစ္ဆေဒ ရှိခြင်းကြောင့် ခွင့်ပြုသည်။ သီမပရိစ္ဆေဒ အထိ ရသောကြောင့်မဟုတ်။ မဟာသိမ်၌ အဝိပ္ပဝါသသိမ်ဟူသော ဝေါဟာရကဲ့သို့တည်း။

မဟာသိမ်၌လည်း ဂါမ ဂါမူပစာရတို့၌ သင်္ကန်းသည် နိဿဂ္ဂိဖြစ်သည်။ ထို့ကြောင့် ဆိုပြီးသော သီမာပေက္ခာ စွမ်းဖြင့်သာ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပဖြစ်ခြင်း၊ သီမာပေက္ခာမရှိလျှင် ပျက်ခြင်းကို သိအပ်၏။

ဤကား ငါတို့၏ နှစ်သက်ခြင်းတည်း။ စူးစမ်း၍ ယူအပ်၏။ ဤထက်သင့်လျော်သောနည်းကို ရှာအပ်၏။

ဤ၌ပါဠိတော် အဋ္ဌကထာတို့၌ သစ်ပင်စသည် အကြားမရှိသော အရည၌ သတ္တဗ္ဘန္တရသိမ်ကို စီရင်သောကြောင့် မိမိ၏ နိဿာယဖြစ်သော အရညသိမ်နှင့် သမ္ဗန္ဓ ဒေါသမရှိခြင်းသည် ထင်ရှား၏။ သစ်ပင်တို့ကို မှီသော အဂါမကပဒေသ၌သော်လည်း စီဝရဝိပ္ပဝါသ၏ ရုက္ခပရိဟာရ ကင်း၍သာ အဗ္ဘောကာသပရိဟာရကိုသာ ခွင့်ပြုသည်ဟု ထင်ရှား၏။

ဥပစာရအလို့ငှါ-ဟူသည် သီမန္တရိက အကျိုးငှါ သတ္တဗ္ဘန္တရ ထက်လွန်လျှင် အပ်၏။ ယုတ်လျှင် မအပ်သည် သာတည်း။ ...စသည်)

ဥဒကုက္ခေပသိမ်

[သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာ - မြစ်တခုလုံး သိမ်မဖြစ်-ဟူသည် နဒီလက္ခဏာရှိသော မြစ်ဟူသမျှကို နိမိတ်ကြား၍ ဗဒ္ဓသိမ်ပြုသော်လည်း (ဗဒ္ဓ) သိမ်မဖြစ်သည်သာတည်း။ ထိုမြစ်သည် မိမိ သဘောအားဖြင့်သာ ဗဒ္ဓသိမ်နှင့်တူ၏။ သံဃကံအားလုံး ပြုခြင်းငှါ အပ်၏။ သမုဒ္ဒ၊ ဇာတဿရတို့၌လည်း ဧသေဝနယော။

ထိုတွင် ဇာတဿရ-ဟူသည် တစုံတယောက် တူး၍မပြု (ဝက်စသည်ပင်မတူးပဲ) သယံဇာတထုံးအိုင်ဖြစ်၍ ဝန်းကျင်မှ လာသောရေဖြင့် ပြည့်လျက်တည်၏။ ဤသို့ နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့၏ ဗဒ္ဓသိမ်အဖြစ်ကိုပယ်၍ တဖန်ထိုတို့၌ အဗဒ္ဓသိမ်အပိုင်းအခြားကို နဒိယာဝါ ဘိက္ခဝေ စသည်ဖြင့် ပြတော်မူသည်။

မဇ္ဈိမပုရိသ၏ ထက်ဝန်းကျင် ရေတကျ-ဟူသည် မဇ္ဈိမပုရိသ၏ ဝန်းကျင်ရေကျခြင်းဖြင့် ပိုင်းခြားအပ်သော ဌာနဖြစ်၏။ အက္ခဓုတ္တ-ကြွေအံကျူးသူတို့သည် ဒါရုဂုဠှ-သစ်သားအားလုံးကို ပစ်ကုန်သကဲ့သို့ ရေကို လည်းကောင်း၊ သဲကို လည်းကောင်း လက်ဖြင့်ယူ၍ အားအလယ်အလတ်ရှိသူသည် အားကုန် ပစ်အပ်၏။ ဤသို့ပစ်သောရေ၊ သဲကျရာဌာနသည် ဥဒကုက္ခေပ တခုဖြစ်၏။ ထိုအတွင်း၌ ဟတ္ထပါသ် စွန့်၍တည်သူသည် ကံကိုပျက်စေ၏။ ပရိသတ်တိုးသလောက် သိမ်လည်းတိုး၏။ ပရိသတ်စွန်မှ ဥဒကုက္ခေပသည်သာလျှင် ပမာဏဖြစ်၏။ ဇာတဿရ၊ သမုဒ္ဒ တို့၌လည်း ဧသေဝနယော]

(အဗဒ္ဓသိမ်၌ နှစ်ကျိပ်တပါး မထိုင်လောက်သော အတိခုဒ္ဒကကို မငဲ့ပြီ။)

(သာဋီ ... တစုံတယောက် တူး၍မပြုဟူသည် အယုတ်ဆုံး တိရစ္ဆာန်သော်လည်း တူး၍ပြုသည်မဟုတ်။ ထိုအတွင်း၌ ဟတ္ထပါသ်စွန့်၍ တည်သူသည် ကံကိုပျက်စေ၏-ဟူသောစကားဖြင့် အပိုင်းအခြားပြင်ပ အမှတ်မရှိ နေရာ၌ တည်သူသည် ကံကို မပျက်ဟုပြသည်။

မာတိကာဋ္ဌကထာ၌ ပရိစ္ဆေဒဗ္ဘန္တရေ ဟတ္ထပါသံ ဝိဇဟိတွာ ဌိတောပိ ပရိစ္ဆေဒတော ဗဟိ အညံ တတ္ထကံ ယေဝပရိစ္ဆေဒံ အနတိက္ကမိတွာ ဌိတောပိ ကမ္မံ ကောပေတိ၊ ဣဒံ သဗ္ဗအဋ္ဌကထာသု သန္နိဋ္ဌာနံ-ဟုဆိုသည်။ ထို၌ အညံ တတ္တကံ ယေဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ-စသော နောက်စကားကို ပါဋ္ဌိ၊ အဋ္ဌကထာ တို့၌မရအပ်။

သံဃာနှစ်ဦး အသီးသီး ကံပြုရာ၌ ထိုမျှပရိစ္ဆေဒကို မလွန်မူ၍ တည်သူသည် သိမသမ္ဘေဒကြောင့် ကံကိုပျက်စေသည်ဟူသော အဓိပ္ပါယ် ဖြင့်ဆိုလျှင် သင့်ရာ၏။ ထို့ကြောင့် မာတိကာဋ္ဌကထာ၏ ဋီကာ၌ အညံ တတ္တကံယေဝ ပရိစ္ဆေဒံ ဟူသည် ဒုတိယဥဒကုက္ခေပကို မလွန်သူသည်လည်း ကံကိုပျက်စေ၏။ ဥဒကုက္ခေပ ချင်းလွှမ်း၍ သီမသမ္ဘေဒ ဖြစ်သောကြောင့်တည်း။ ဤအဓိပ္ပါယ်ဖြင့် အလုံးစုံသော သီမသမ္ဘေဒကို အလိုမရှိအပ်သောကြောင့် အကြား၌တပါးသော ဥဒကုက္ခေပကို သီမန္တရိက်အလို့ငှါ ထားအပ်သည်ဟုဆို၏။ အညေတို့ကား နည်းတပါးဖြင့်လည်း ချဲ့ကုန်၏။ မယူအပ်။)

(ဝိဋီ ... မိမိသဘောအားဖြင့်သာ-ဟူသော စကားဖြင့် ဂါမသိမ်ကဲ့သို့ အဗဒ္ဓသိမ်ဖြစ်သည်ဟုပြသည်။

သံဃကံ အားလုံးပြုခြင်းငှါအပ်၏-ဟူသော စကားဖြင့် သမာနသံဝါသ ဧကုပေါသထသိမ် ဖြစ်သည်ဟု ပြသည်။

တစုံတယောက်-ဟူသည် အယုတ်ဆုံး ဝက်စသော သတ္တဝါတည်း။

ကြီးစွာသော ရေအယဉ်ဖြင့် နိမ့်ရာသို့ ကျသောကြောင့်ဖြစ်သော အိုင်ကြီးအိုင်ငယ်သည် လက္ခဏာ ပြည်စုံသော ဇာတဿရသာတည်း။ ငယ်လျှင် ဥဒကုက္ခေပကိစ္စ ပြုဘွယ်မရှိ။ သမုဒ္ဒရာ၌ကား သုတ်သင်နိုင်ခဲသောကြောင့် ဥဒကုက္ခေပ သိမ်၌သာ ကံပြုအပ်၏။

တဖန်ထိုတို့၌-ဟူသည် လောကဝေါဟာရ ထင်ရှားသော နဒီစသော အဗဒ္ဓသိမ်တို့၌ တဖန်ဝဂ္ဂကံကို စောင့်ရှောက်ခြင်းငှါ သာသနဝေါဟာရ ထင်ရှားအပ်သော အဗဒ္ဓသိမ်၏ အပိုင်းအခြားကိုပြလိုသော အဓိပ္ပါယ်တည်း။

မဇ္ဈိမဿပုရိသဿစသည်တို့၌ ဥဒကံ ဥက္ခေပိတွာ ခိပိယတိ ဧတ္ထာတိ ဥဒကုက္ခေပေါ။ ရေကိုမြှောက်၍ ပစ်ချရာ ရေ၏ ကျရာသည် ဥဒကုက္ခေပမည်၏။ ပရိသတ်စွန်မှ ဝန်းကျင်ရေကျရာ အပိုင်းအခြားသည် မြစ်စသည်တို့၌ တပါးသော သမာနသံဝါသဥဒကုက္ခေပ သိမ်မည်၏..ဟူလို။

ထိုအတွင်း၌သာ မဟုတ်သေး၊ ပြင်ပ၌ ဥဒကုက္ခေပ တခု၏ အတွင်း၌လည်း မနေအပ်။ ဤစကားကို ဥဒကုက္ခေပ ပရိစ္ဆေဒကို သိနိုင်ခဲသောကြောင့် ကံပျက်ယုံမှားဘွယ် ရှိ၍ဆိုသည်။ ထိုကြောင့် မာတိကာဋ္ဌကထာ၌ ... ပရိစ္ဆေဒဗ္ဘန္တရေ ....လ..... သန္နိဋ္ဌာနံ ဟုဆိုသည်။ ဤ၌ သာဋီသည် မာတိကာဋ္ဌကထာကိုပယ်၍ ပါဠိအဋ္ဌကထာ တို့၌ မရအပ် စသည်ဖြင့် ချဲ့၏။ မကောင်း။ မာတိကာဋ္ဌကထာစကားသည် နည်းပြဖြစ်သောကြောင့်တည်း။

ထို့ကြောင့် ဥဒကုက္ခေပနှစ်ခုတို့၏ အကြား၌ တထွာမျှ၊ လေးသစ်မျှ သိမ်ကြားမထားမူ၍ ဥဒကုက္ခေပ တခုကိုထားအပ်၏။ လွန်လျှင်အပ်၏။ ယုတ်လျှင်မအပ်ဟု ဆိုအပ်သော အဋ္ဌကထာ စကားဖြင့် ငယ်သော သိမ်ကြားကိုထားလျှင် သမ္ဘေဒကြောင့် ကံပျက်ကိုလည်း ဆိုအပ်သည်သာတည်း။

သတ္တဗ္ဘန္တရသိမ်တို့၏ အကြား၌ ထိုမျှ သိမ်ကြားကို စီရင်သောကြောင့်လည်း သိနိုင်ခဲခြင်းသည်လည်းကောင်း၊ ကံပျက်ယုံမှားဘွယ် မရှိခြင်းသည် လည်းကောင်း ထင်ရှား၏။ ကံပျက် ယုံမှားဘွယ်ဌာနကိုလည်း အဝေးမှ ရှောင်စိမ့်သောငှါ ကံပျက်ရာဌာနဟု ဆို၍ထားကြသည်ဟု ဆိုအပ်၏။)

နဒီသိမ်

[မြစ်သည် ရှည်လှသည်မဟုတ်၊ စီးရာအစမှ မြစ်ဝ အဆုံးထိ သံဃာအပြည့် (ဟတ္ထပါသ်စပ်၍) ထိုင်အံ့။ ဥဒကုက္ခေပကိစ္စပြုဖွယ်မရှိ။ မြစ်တခုလုံးသည် ထိုရဟန်းတို့အားသာ ဆန့်အံ့၊ သံဃကံ ပြုခြင်းငှါအပ်၏။ မဟာသုမမထေရ်ကား တယူဇနာတိုင်တိုင် ရေစီးမှမြစ်။ ထို၌လည်း အထက် ထက်ဝက်ဖယ်၍ အောက်ယူဇနာဝက်၌ ကံပြုအပ်၏ဟု ထို၏။ ထိုစကားကို မဟာပဒုမမထေရှိပယ်၏။ ဘိက္ခုနီသင်းပိုင် ရေစွတ်အံ့ဟု မြစ်ပမာဏကို ဟောသည်။ ယူဇနာ ယူဇနာဝက်ကို မဟော။

ထို့ကြောင့် မြစ်လက္ခဏာရှိလျှင် စီးရာအစမှစ၍ သံဃကံ ပြုခြင်းငှါအပ်၏ ဟု ပယ်သည်။ ဤမြစ်၌ ရဟန်းများစွာ အသီးသီးကံပြုအံ့၊ မိမိ သူတပါး ဥဒကုက္ခေပတို့၏အကြား တပါးသော ဥဒကုက္ခေပကို သီမန္တရိက်အလို့ငှါ ထားအပ်၏။ ထိုထက်လွန်လျှင် အပ်၏။ ယုတ်လျှင် မအပ်ဟု ဆိုအပ်၏။ ဇာတဿရ၊ သမုဒ္ဒတို့၌လည်း ဧသေဝနယော။

မြစ်သည် ရေပြည့်အံ့၊ ရေသနုပ်ဝတ်၍သော်လည်း မြစ်တွင်း၌သာ ကံပြုအပ်၏။ လှေ၌သော်လည်း တည်၍ပြုအပ်၏။ သွားဆဲဖြစ်သော လှေ၌ကား ကံမပြုအပ်။ ဥဒကုက္ခေပမျှသာ သိမ်ဖြစ်သည်။ ထိုသိမ်ကို လှေသည် လျင်စွာ လွန်သွားနိုင်သည်။ လှေလွန်သွားလျှင် တသိမ်၌ ဉာတ်၊ တသိမ်၌ ကမ္မဝါစာဖြစ်သည်။ ထို့ကြောင့် လှေကိုတွန်းဝါးစိုက်၍ လည်းကောင်း၊ ကျောက်ချ၍လည်းကောင်း၊ မြစ်တွင်းသစ်ပင်၌ ချည်၍ လည်းကောင်း ကံပြုအပ်၏။

မြစ်အတွင်း ဆောက်သောငြမ်း၌ လည်းကောင်း၊ မြစ်တွင်း ပေါက်သောသစ်ပင်၌ လည်းကောင်း၊ (ဝါ-ဥက္ခေပပြင်ပ၌တည်သော်လည်း မြစ်အတွင်းပေါက်သော သစ်ပင်၌လည်းကောင်း) တည်၍လည်း ပြုအပ်၏။ ဥဒကုက္ခေပ အတွင်း၌တည်သော ထိုသစ်ပင်၏ သစ်ခက်မြစ်ပျဉ်းတို့သည် ပြင်ပမြစ်ကမ်း ဝိဟာရသိမ်၊ ဂါမသိမ်၌တည်အံ့၊ သိမ်ကိုသုတ်သင်၍လည်းကောင်း၊ သစ်ခက်မြစ်ပျဉ်းဖြတ်၍လည်းကောင်း ကံပြုအပ်၏။

ပြင်ပမြစ်ကမ်း၌ ပေါက်သောသစ်ပင်၏ သစ်ခက် မြစ်ပျဉ်းသည် မြစ်အတွင်းဝင်သော်တည်း လှေချည်၍ ကံမပြုအပ်။ ကံပြုလိုလျှင် သိမ်ကိုသုတ်သင်အပ်၏။ ဖြတ်၍ပင်၌တည်အောင်သော်လည်း ဖျက်ဆီးအပ်၏။ ကမ်းပါး၌ ငုတ်စိုက်၍ ချည်သောလှေ၌ကား မအပ်သည်သာတည်း။

မြစ်၌တံတားဆောက်အံ့၊ တံတား၊ တံတားအခြေသည် မြစ်အတွင်း၌ သာတည်အံ့၊ တံတား၌နေ၍ ကံပြုလျှင်အပ်၏။ ပြင်ပကမ်းပါး၌တည်အံ့၊ ကံမပြုအပ်။ သိမ်သုတ်သင်၍ပြုအပ်၏။ တံတားအခြေတို့သည် မြစ်တွင်း၌ တည်လျက် တံတားသည် ကမ်းပါးနှစ်ဘက်၏ အထက်ကောင်းကင်၌တည် လျှင်အပ်၏။

မြစ်တွင်း၌ ကျောက်ခဲသည်လည်းကောင်း၊ ကျွန်းငယ်သည် လည်းကောင်းရှိအံ့၊ ပကတိ မိုးလေးလ ရေလွှမ်းရာသည် နဒီမည်၏။ မိုးကောင်းလွန်း၍ ရေလွှမ်းရာကိုကား မယူအပ်။ ဂါမသိမ်ဖြစ်သည်။

မြစ်မှမြောင်းသွယ်လို၍ မြစ်၌ဆည်ဖို့အံ့။ ဆည်ကိုကျော်၍လည်းကောင်း၊ ဖောက်၍ လည်းကောင်း ရေစီးအံ့။ ရေစီးရာ၌ ကံပြုအပ်၏။ ဆည်ဖို့ခြင်း၊ ကျောက်သရိုင် ဖွဲ့ခြင်းဖြင့် ရေစီးပြတ်အံ့၊ ရေမစီးရာ၌ ကံမပြုအပ်။ အာဝရဏမတ္ထက - ဆည်ထက်၌လည်း မပြုအပ်။ ဆည်တနေရာ ရေလွှမ်းအံ့၊ ထိုနေရာ၌အပ်၏။ ထိုနေရာသည် နဒီမည်၏။

မြစ်ကိုဖျက်၍ ရေကန်ပြုအံ့၊ မြစ်အောက်၌ ကံသင်းဖွဲ့အံ့ (ဝါ-တမံတုတ်အံ့) ရေလာ၍ ပြည့်တည်ရာကန်၌ မအပ်။ အထက်ရေစီးရာ၌ အပ်၏။ အောက်၌လည်း လွဲရေမြစ်တွင်း ဝင်စီးရာမှစ၍အပ်၏။ (မြစ်တွင်းမဝင်မီ လွှဲရေစီးရာ၌မအပ်။) မိုးခေါင်သော မိုးဥတု၊ ဆောင်းဥတု၊ နွေဥတုတို့၌ ခန်းခြောက်သောမြစ်၌လည်းအပ်၏။ မြစ်မှသွယ်သောမြောင်း၌ မအပ်။ ကာလကြာ၍ ကမ်းပြု၍ မြစ်ဖြစ်အံ့၊ အပ်၏။ မြစ်သည်တိမ်ကော၍ ဂါမသိမ်၊ နိဂမသိမ်ကို လွှမ်း၍ (မိုးလေးလ) ရေစီးအံ့၊ နဒီသာဖြစ်၍ ကံပြုအပ်၏။ ဗဒ္ဓဖြစ်သော ဝိဟာရသိမ်ကို ရေလွှမ်းအံ့၊ ဝိဟာရသိမ်သာ မည်၏။

(သာဋီ ... သံဃာအပြည့်ထိုင်အံ့-ဟူသည် ဟတ္ထပါသ်မစွန့်ပဲ တမြစ်လုံး၌ ထိုင်အံ့၊ ဥဒကုက္ခေပကိစ္စပြုဖွယ် မရှိ-ဟူသည် မြစ်နေရာအားလုံး ရဟန်း ပြည့်၍ ဝန်းကျင်၌ မြစ်မကျန်သောကြောင့် ဥဒကုက္ခေပပြုခြင်း၌ အကျိုး မရှိခြင်းတည်း။ တပါးသော ဥဒကုက္ခေပကို သီမန္တရိက်အလို့ငှါ ထားအပ်၏ဟူသည်ကို သိမ်အကြား၌ လွန်စွာသိလွယ်၍ သမ္ဘေဒယုံမှားဖွယ်မရှိဟု ကျင့်ဝတ်ကိုပြုခြင်းငှါ ဆိုသည်။ အကြားမျှထားလျှင် သမ္ဘေဒမဖြစ်။

ထိုမျှထားခြင်းအပ်သည်သာတည်း။ ထို့ကြောင် ယတ္တကေန သိမာသင်္ကရော နဟောတိ၊ တတ္တကမ္ပိ ဌပေတုံ ဝဋ္ဋတိ-ဟု ရှေးမထေရ်တို့ ဆိုကုန်ပြီ။

ယုတ်လျှင် မအပ်-ဟူသော စကားကိုလည်း ပရိသတ်တိုးလျှင် သမ္ဘေဒ ယုံမှားဖွယ်ကိုတားလို၍ ဆိုသည်။

သွားဆဲဖြစ်သောလှေ၌ကား စသည်၌ ဥဒကုက္ခေပကို မလွန်မူ၍ လည်နေသောလှေ၌ ကံပြုခြင်းငှါ အပ်၏ဟု သိအပ်၏။

သိမ်ကိုသုတ်သင်ရာ၌ လည်းကောင်း ဟူသည်၌ သီမသောဓန မည်သည် ဂါမသိမ်စသည်တို့၌ တည်သူတို့ကို ဟတ္ထပါသ်သို့ဆောင်ခြင်း စသည်တည်း။

လွှဲရေ-ဟူသည် ကန်ကိုစောင့်ရှောက်ခြင်းငှါ တနေရာမှ စွန့်ပစ်အပ်သော ဆဍ္ဍိတမုဒကဖြစ်၏။

ဥပ္ပတ္တိတွာတိ ဥတ္တရိတွာ-တိမ်ကော၍ လွှမ်း၍ ရေစီးအံ့-ဟူသည် မိုးကာလ လေးလပတ်လုံး မပြတ်ရေစီး၏။

ဝိဟာရ သိမ်ဟူသည် ဗဒ္ဓသိမ်ကို ရည်ဆိုသည်။

(ဝိဋီ ... ထိုသိမ်ကို လှေသည် လျင်စွာ လွန်သွားနိုင်သည်- ဟူသော စကားဖြင့် မလွန်မူ၍ အတွင်း၌သာ လည်နေသောလှေ၌ ကံပြုအပ်သည်ဟု ပြသည်..စသည်ဖြင့် သိမ်ကိုပိုင်းခြားခြင်းသည် ဤအကျိုး ရှိသည်သာတည်း။ မပိုင်းခြားလျှင် ပြင်ပ၌လည်သလော၊ ကံပျက်ပြီလောဟု ယုံမှားဘွယ်ဖြစ်ရာ၏။ တသိမ်၌ ဉာတ်စသည်-ဥဒကုက္ခေပသိမ်၌ ဉာတ်နဒီသိမ်၌ ကမ္မဝါစာ တည်း။

မြစ်အတွင်းပေါက်သော သစ်ပင်၌လည်းကောင်း-ဟူသည် ဥဒကုက္ခေပ အပိုင်းအခြား၏ ပြင်ပ၌ တည်သော သစ်ပင်၌သော် လည်းကောင်းတည်း။ ပြင်ပမြစ်ကမ်းပါးသည်သာလျှင် ဝိဘဘာဂသိမ် ဖြစ်သောကြောင့် လှေမချည်အပ်သော ဌာနဖြစ်သည်။ မြစ်အတွင်းသည် နိဿယအဖြစ်ပြင် သဘာဂ ဖြစ်သောကြောင့် မချည်အပ်သောဌာန မဟုတ်။ ထို့ကြောင့် ဗဟိ နဒီတီရေ ဝိဟာရသီမာယဝါ စသည်ဖြင့် တီရကိုသာ အဗဇ္ဇိတဗ္ဗ ဌာန (လှေမချည်အပ်သောနေရာ) အဖြစ်ဖြင့်ပြသည်။ နဒီကိုမပြု။

သစ်ပင်၌လည်းကောင်း တည်၍-ဟူသည်ကို ဥဒကုက္ခေပတွင်း တည်သောသစ်ပင်ကို ရည်ဆိုသည်။ ဥဒကုက္ခေပ၏ ပြင်ပ၌ ရဟန်းတို့တည်ခြင်းငှါ မအပ်။

သိမ်ကိုသုတ်သင်၍ လည်းကောင်း-ဟူသည် သီမသောဓန မည်သည် ဂါမသိမ်စသည်တို့၌ တည်သူတို့ကို ဟတ္ထပါသ်ဆောင်ခြင်း၊ သိမ်ပ ပြုခြင်းဖြင့်သာ သုတ်သင်၍တည်း။ ထို့အတူ ဗဒ္ဓသိမ်၊ ဂါမသိမ်၌ ကံပြုသူတို့သည်လည်း ဥဒကုက္ခေပသိမ်၌ တည်သူတို့ကို သုတ်သင်၍သာ ပြုအပ်၏။)

သမ္ဘေဒ ဒေါသများ

ဝိဋီ ... ဥဒကုက္ခေပ၌ ကံပြုသူသည် ဗဒ္ဓ၊ ဂါမကိုသုတ်သင်အပ်သကဲ့သို့ ထိုဗဒ္ဓဂါမ၌ကံပြုသူသည်လည်း ဥဒကုက္ခေပကို သုတ်သင်အပ်၏။ မစပ်ကောင်း၊ ဤနည်းဖြင့် သတ္တဗ္ဘန္တရ၊ အရညတို့၏ ဥဒကုက္ခေပနှင့် မစပ်ကောင်း။ ဥဒကုက္ခေပ၏ သတ္တဗ္ဘန္တရ၊ အရညနှင့်မစပ်ကောင်းဟုပြ၏။ ဤနည်းဖြင့်သာလျှင် သတ္တဗ္ဘန္တရ၊ ဗဒ္ဓ၊ ဂါမတို့နှင့် မစပ်ကောင်း။ ဗဒ္ဓ၊ ဂါမတို့၏ သတ္တဗ္ဘန္တရနှင့် မစပ်ကောင်းဟုသိအပ်၏။

အဋ္ဌကထာ၌ ထိုအပြစ်တို့ကို ဆိုပြီးသောနည်းဖြင့် သိနိုင်ကောင်း၏-ဟု အချင်းချင်း နီးသောသိမ်တို့၏ သမ္ဘေဒဒေါသကိုသာပြသည်။ နည်းအမြွက်ကား-ဗဒ္ဓသိမ်၌သမုတ်သော ဗဒ္ဓသိမ်သည် ဝိပ္ပတ္တိဖြစ်၏။ ဗဒ္ဓအချင်းချင်း သစ်ပင်စသော သမ္ဗန္ဓသည် မအပ်သကဲ့သို့ နဒီစသည်တို့၌ သမုတ်သော ဗဒ္ဓသိမ်လည်း ဝိပ္ပတ္တိဖြစ်၏။ နဒီစသည်တို့နှင့်လည်း ဗဒ္ဓသိမ်၏ ရုက္ခာဒိ သမ္ဗန္ဓသည် မအပ်လှဟု ထင်ရှား၏။ ဤနည်းဖြင့် သတ္တဗ္ဘန္တရ၏ ဂါမ၊ နဒီစသည်တို့နှင့် လည်းကောင်း၊ ဥဒကုက္ခေပ၏ အရညစသည်တို့နှင့်လည်းကောင်း သမ္ဗန္ဓ မအပ်ခြင်းကိုသိအပ်၏။

ဤအတူ ခွင့်ပြုသော ဗဒ္ဓ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပတို့သည် (ဝါ-နိဿိတသုံးခုသည်) အချင်းချင်း လည်းကောင်း၊ မိမိမှီရာမဟုတ်သော မှီရာသိမ်တပါးတို့နှင့် လည်းကောင်း သမ္ဗန္ဓဒေါသကို သိအပ်၏။ (ဝါ-မှီတတ်ချင်းအစပ်ခြောက်မျိုး၊ မှီရာတပါးကျော် စပ်ခြင်း ဆယ်မျိုးမအပ်။) မိမိ မိမိ၏မှီရာ ဂါမစသည်တို့နှင့် ဗဒ္ဓစသော သိမ်သုံးခုတို့၏ ဖြစ်သောကာလ၌ ခွင့်ပြုသောသမ္ဘေဒ၊ အဇ္ဈောတ္ထရဏအား လျော်သောကြောင့် ရုက္ခာဒိသမ္ဗန္ဓကိုလည်း ခွင့်ပြုသည်သာမှတ်အပ်၏။ (ဝါ-မှီရာငါးရပ်၌ မှီတတ် စပ်ခြင်းငါးမျိုးအပ်၏။) ဥဒကုက္ခေပ၊ ဗဒ္ဓ၊ သတ္တဗ္ဘန္တရတို့၏ အကြား၌ကား မှီရာပြား၊ သဘာဝပြား၍ အလိုလို ပြားသောကြောင့် သီမန္တရိက်ကို မစီရင်အပ်ပြီ။

မှီရာတူ၊ သဘာဝတူသော သိမ်တို့ကိုသာလျှင် သီမန္တရိက်ကင်းခြင်းဖြစ်မူ သင်္ကရဖြစ်သည်ဟု ဟောသည်။ ဤစကားဖြင့် နဒီကို နိမိတ်ပြု၍ဖွဲ့သော ဗဒ္ဓသိမ်၌ သံဃကံပြုစဉ် ထိုနဒီ၌လည်း ဂါမခေတ်တိုင်အောင် ထိ၍တည်သော ဥဒကုက္ခေပသိမ်၌ တပါးသောရဟန်းတို့ ကံပြုခြင်းငှါအပ်သည်ဟု ထင်ရှား၏။

လောကဝေါဟာရထင်ရှားသော ဂါမ၊ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရဟူသော နိဿယသိမ်ငါးခုတို့ကား အချင်းချင်း စပ်သော်လည်း သမ္ဘေဒဒေါသသို့ မရောက်ကုန်။ (ဝါ-မှီရာချင်းချင်းအစပ် ၁၅-မျိုးအပ်၏။) လောက ဝေါဟာရ၌ ဂါမစသည်တို့သည် ဂါမတပါးနှင့် လည်းကောင်း၊ နဒီ စသည်တို့နှင့်လည်းကောင်း၊ သစ်ပင် စသည်စပ်ကာမျှဖြင့် “ရောစပ်ကုန်ပြီဟု” မဆိုကုန်။ အဋ္ဌကထာ၌လည်း ထိုနိဿယသိမ်တို့၏ သမ္ဘေဒနည်းကို တစုံတခုမျှမပြ။ သာသနဝေါဟာရ ထင်ရှားသောနည်းကိုသာ ပြသည်။

သိမ်၏အောက်အဖို့

ဝိဋီ … ဗဒ္ဓသိမ်၏အောက်အဖို့ကို အောက်၌ မြေခံသော ရေအထိသိမ်သက်သည်ဟု အဋ္ဌကထာပြသည်။ ဂါမသိမ်စသည်တို့၏ အောက်အဖို့ကို မပြသော်လည်း ဗဒ္ဓသိမ်ကဲ့သို့ မြေခံရေအထိ ဂါမသိမ် စသည်တို့လည်း သက်ကုန်၏ဟု အချို့ ဆိုကုန်၏။ အချို့ကား ထိုကိုပယ်၍ နဒီ၊ သမုဒ္ဒ၊ ဇာတဿရသိမ်၊ ဥဒကုက္ခေပသိမ်တို့သည် မြေအထက် ရေလွှမ်းရာ၌သာ တည်ကုန်၏။ ထိုအောက်သို့ မသက်ကုန် .... စသည်။ ဂါမသိမ်၌ သက်ဝင်လောက်သော တွင်းလိုဏ် ရှိသလောက်သာ အောက်သို့သက်သည်။ တွင်းလိုဏ်မရှိလျှင် မြေခံသော ရေအထိ အရညဖြစ်သည်။ ဂါမ မဖြစ် ... စသည်။

အရည၌လည်း ထိုသို့သော တွင်းလိုဏ် ရှိသလောက်သာ အထက် အရညတသိမ်တည်းဖြစ်သည်။ ထိုအောက် မြေခံသောရေအထိ အထက် အရညနှင့်တသိမ်တည်း မဖြစ်။ ဂါမ၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရ တို့ကိုဖယ်၍ လူမနေသောနေရာ၊ နတ်ပြည်၊ ဗြဟ္မာပြည်စသည်တို့သည် အရညတို့သာ ဖြစ်ကုန်၏။ ထိုအရညတို့၌ သတ္တဗ္ဘန္တရသိမ်၌ လည်းကောင်း၊ အရညသိမ်၌ လည်းကောင်း ကံပြုအပ်၏ .... စသည်တို့ကိုဆိုကုန်၏။ သင့်သကဲ့သို့ ထင်၏။ စူးစမ်း၍ ယူအပ်၏။

ဤသို့ယူလျှင် ဂါမသိမ်၌ သမုတ်သော ဗဒ္ဓသိမ်သည် အထက်ဂါမသိမ်ကိုလည်းကောင်း၊ အောက်ရေအထိ အရညသိမ်ကိုလည်းကောင်းလွှမ်း၏။ ထို့ကြောင့် အရညသိမ်လည်း ဗဒ္ဓသိမ်၏ခေတ်ဖြစ်သည်ဟု ထင်ရှား၏။ မြတ်စွာဘုရားသည်လည်း သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာ စသည်ဖြင့် နဒီ၊ သမုဒ္ဒ၊ ဇာတဿရတို့ကို ဗဒ္ဓသိမ်၏ ခေတ်မဟုတ်ခြင်းဖြင့် ဟောသည်။ အရညကို မဟော။ ထို့ကြောင့် အရညသည်လည်း ဗဒ္ဓသိမ်၏ ခေတ်ဖြစ်၏ ဟု ယူအပ်၏။ … စသည်။

သစ်ခက်မြစ်ပျဉ်းသည် မြစ်အတွင်း ဝင်သော်လည်း-ဟူသည် မြစ်၏ မြေအပြင်ကိုထိ၍ တည်သော်လည်း လှေချည်၍ ကံမပြုအပ်။ မထိပဲတည်လျှင် ဆိုဖွယ်မရှိ။ ဤစကားဖြင့် သဘာဂနဒီသိမ်ကို ထိ၍ တည်သော်လည်း ဝိသဘာဂသိမ်နှင့်စပ်သော သစ်ခက်မြစ်ပျဉ်းနှင့် ဥဒကုက္ခေပသိမ်၏ စပ်ခြင်းသည် မအပ် ဟုပြသည်။ မဟာသိမ်၊ ဂါမသိမ်နှစ်ခုကို ထိ၍တည်သော သစ်ခက်စသည်ဖြင့် မာဠကသိမ်၏ စပ်ခြင်းလည်း မအပ်ဟု သိအပ်၏။

မြစ်အတွင်း၌သာ တည်တံ့-ဟူသောစကားဖြင့် ဥဒကုက္ခေပ အပိုင်းအခြားမှ ပြင်ပမြစ်၌တည်ခြင်း၌လည်း သမ္ဘေဒ မဖြစ်ခြင်းကိုပြသည်။ ထို့ကြောင့် မြစ်ကမ်းပါး၌ တည်တံ့ စသည်ကို ဆိုသည်။ ထို့ကြောင့် သိမ်အားလုံး၌ မိမိ၏နိဿယသိမ်၌ သမ္ဘေဒဒေါသ မရှိသည်သာတည်းဟု ယူအပ်၏။

ဆည်ဖို့ခြင်း စသည်သည် ငုတ်စသည်စိုက်၍ ရေကိုတားခြင်း၊ မြေဖို့၍ တံတားဖွဲ့ခြင်းတို့တည်း။

လွှဲရေဟူသည် ပိုလွန်သောရေ ဖြစ်၏။

မြစ်တွင်းဝင်စီးရာမှ-ဟူသောစကားဖြင့် ကန်နှင့် မြစ်တို့၏အကြား စီးသောနေရာ၌ မအပ်ဟု ပြသည်။

တိမ်ကော၌ဟူသည် ကမ်းပြိုခြင်းစသည်ဖြင့် ပြည့်လာ၍တည်း။

ဝိဟာရသိမ်ဟူသည် ဗဒ္ဓသိမ်ဖြစ်၏။

(သမ္ဘေဒဒေါသ၌ …

ဗဒ္ဓ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပ-ဟူသော နိဿိတ သိမ်သုံးလုံး။

ဂါမ၊ အရည၊ နဒီ၊ သမုဒ္ဒ၊ ဇာတဿရ ဟူသော နိဿယသိမ်ငါးလုံးအားဖြင့် သိမ်ရှစ်လုံးကိုရောစပ်လျှင်

ရှစ် x ရှစ်လီ ၆၄-မျိုး။

အတူကိုဖယ်လျှင် စပ်ခြင်း ၃၆-မျိုးဖြစ်၏။

ထိုတွင် ၁၆-မျိုး မအပ်။ ၂ဝ-အပ်၏။

“ယခုထင်ရှားသော ဂါမ၊ သတ္တဗ္ဘန္တရ၊ ဥဒကုက္ခေပ၊ ဗဒ္ဓ- လေးလုံး၌အတူဖယ်လျှင် စပ်ခြင်းဆယ်မျိုးဖြစ်၏။

ထိုတွင် ဂါမနှင့် ဂါမ-စပ်ကောင်း၏။

ဂါမ နှင့် ဗဒ္ဓ စပ်ကောင်း၏။

ကြွင်း ရှစ်မျိုး မစပ်အပ်။

ဂါ၊ ဂါ၊ ဂါ-ဗဒ် (၂)။ ဤနှစ်ရပ်။ စပ်အပ်သိမ်သဘော။

မစပ်ကောင်းတွင်။ ရှစ်ခုဝင် (၈)။ ရှာလျှင်တွေ့စေသော။

မှီရာငါးရပ်။ မှီခိုတတ်။ ငါးစပ်အပ်သလို (၅)။

မှီရာချင်းအား။ မှီစပ်ငြား။ ဆယ့်ငါး-ပြစ်မဆို (၁၅)။

မှီတတ်ခြင်းသာ။ စပ်တုံပါ။ ခြောက်ဖြာအပြစ်ဆို (၆)။

မှီရာတပါး။ ကျော်စပ်ငြား။ ဆယ်ပါးအပြစ်ဆို (၁၀)။

(ဤကဗျာ အဓိပ္ပါယ်ပေါ်အောင် ရောစပ်၍ စိစစ်အပ်၏။)

သမုဒ္ဒသိမ်

[သမုဒ္ဒရာ၌လည်း ကံဆောင်လိုသောရဟန်းတို့သည် ရေတက်အဟုန် လှိုင်းအဟုန်ဖြင့် ရေလွှမ်းရာဌာန၌ ကံမဆောင်အပ်။ ပကတိလှိုင်းတံပိုးငြိမ်သက်၍ တည်ရာဌာနသည် ရေစပ်မှစ၍ သမုဒ္ဒရာ အတွင်း မည်၏။ ထို၌ကံဆောင်အပ်၏။

လှိုင်းအဟုန်နှိပ်စက်အံ့၊ မြစ်၌ကဲ့သို့ လှေ၌ ငြမ်း၌ ကံဆောင်အပ်၏။ ရံခါ ရေလွှမ်းသောကျောက်ဖျာ၌ မအပ်။ ဂါမသိမ်မည်၏။ လှိုင်းတံပိုးလာသော်လည်းကောင်း၊ မလာသော် လည်းကောင်း ပကတိရေလွှမ်းလျှင်အပ်၏။

ကျွန်းငယ်သည်လည်းကောင်း၊ တောင်သည်လည်းကောင်း ရှိအံ့။ တံငါမရောက်သော အဂမနပထ၌ တည်တံ့၊ အရညသိမ် မည်၏။ တံငါရောက်သော ခရီးအတွင်းသည် ဂါမသိမ် မည်၏။ ထိုနေရာ၌ ဂါမသိမ်ကိုမသုတ်သင်ပဲ ကံမဆောင်အပ်။

သမုဒ္ဒရာသည် ဂါမသိမ်၊ နိဂမသိမ်ကိုလွှမ်းအံ့၊ သမုဒ္ဒရာသာဖြစ်၏။ ကံဆောင်အပ်၏။ ဝိဟာရသိမ်ကိုလွှမ်းအံ့။ ဝိဟာရသိမ်သာဖြစ်၏။

(သာဋီ ... အဂမနပထ-ဟူသည် ထိုနေ့၌သာလျှင် သွား၍ ပြန်လာခြင်းငှါ မတတ်ကောင်းသော အရပ်ဖြစ်၏။

အရညသိမ်မည်၏ ဟူသည်ကို သတ္တဗ္ဘန္တရသိမ်ကို ရည်ဆိုသည်။

တံငါရောက်သော ခရီးအတွင်း ဟူသည်ကို ထိုခရီးအတွင်း၌ ကျွန်းငယ်ကို လည်းကောင်း၊ တောင်ကို လည်းကောင်း ရည်ဆိုသည်။ သမုဒ္ဒရာပဒေသကို မဟုတ်။

ဝိဋီ ... ဂမနပထ ဟူသည် ထိုနေ့၌သာလျှင် သွား၍ ပြန်လာခြင်းငှါ မတတ်ကောင်းသော အရပ်တည်း။

အရညသိမ်မည်၏-ဟူသည်ကို လောကဝေါဟာရ ထင်ရှားသော အဂါမက အရညသိမ်ကို ရည်ဆိုသည်။

ထိုနေရာ၌-ဟူသည် ပကတိအားဖြင့် တံငါ ရောက်သောခရီးအတွင်း ကျွန်းငယ်တို့၌တည်း။)

ဇာတဿရသိမ်

[ဇာတဿရ၌ ကံဆောင်လိုသူတို့သည်လည်း ဆိုပြီးသောမိုးဥတု၌ မိုးစဲကာမျှတွင် သောက်၊ ချိုး၊ ဆေးကြောခြင်းငှါ ရေမတည်သောအိုင်သည် ဇာတဿရ မဖြစ်။ ဂါမခေတ်ဖြစ်၏။ ကံမဆောင်အပ်။ ရေတည်လျှင် ဇာတဿရဖြစ်၏။ (သင်းပိုင် တသစ် နှစ်သစ်စွတ်ဟု မဆို) မိုးလေးလ ရေတည်ရာပဒေသ၌ ကံဆောင်အပ်၏။

ရေနက်သည် ဖြစ်အံ့၊ ငြမ်းဖွဲ့၍လည်းကောင်း၊ ထိုအိုင်အတွင်း ပေါက်သောသစ်ပင်၌ စင်ငြမ်းဆောက်၍ လည်းကောင်း ကံဆောင်အပ်၏။ ကျောက်ဖျာ၊ ကျွန်းငယ်ရှိအံ့ မြစ်၌ကဲ့သို့ ဝိနိစ္ဆယကိုသိအပ်၏။ မိုးညီမျှသောအခါ ဇာတဿရ လောက်၍ မိုးခေါင်သောအခါ၊ ဆောင်း နွေအခါ ရေခန်းခြောက်အံ့၊ ထို၌ သံဃကံဆောင်ခြင်းငှါအပ်၏။

အန္ဓကဋ္ဌကထာ၌ ဇာတဿရတခုလုံး ရေခန်းခြောက်လျှင် ဂါမခေတ်သို့ဝင်သည်ဟုဆို၏။ မယူအပ်။

ဇာတဿရ၌ ရေအလို့ငှါ ရေတွင်း၊ ရေကန်စသည် တူးအံ့၊ ထိုနေရာသည် ဇာတဿရ မဖြစ်။ ဂါမသိမ် ဖြစ်၏။

ဗူး သခွား စသည် စိုက်ပျိုးရာ၌လည်း ဧသေဝနယော။ ထိုကို မြေဖို့၍ ကုန်းမြေပြုအံ့၊ ကံသင်းဖွဲ့၍ ရေကန်သော်လည်း ပြုအံ့။ ဂါမသိမ် ဖြစ်၏။

လောဏိ-ဆားငန်တွင်းသည်လည်း ဇာတဿရသာ မည်၏။ မိုးလေးလ ရေတည်ရာ၌ ကံပြုအပ်၏။

(ဝိဋီ ... ထိုနေရာ-ဟူသည် ရေတွင်းရေကန်စသည် တူးရာနေရာတည်း။ မတူးရာနေရာ မဟုတ်။

လောဏိဟူသည် သမုဒ္ဒရာရေ၏ဖြစ်သောအဟုန်ဖြင့် နိမ့်သောမြောင်းငယ်အသွင် ရေစီးသောနေရာဖြစ်၏။ (ဝါ စိမ့်စမ်းထွက်ရာတည်း။)

သိမ်စပ်၊ သိမ်ထပ် သမုတ်ခြင်းအကျယ်

လွှမ်းစပ်-သိမ်ပျက်

ဆဗ္ဗဂ္ဂီတို့သည် သိမ်ဖြင့်သိမ်ကိုစပ်ကုန်၏။ နောက်သိမ်ပျက်၏။ သိမ်ဖြင့်သိပ်ကို လွှမ်းကုန်၏။ နောက်သိမ် ပျက်၏။ သီမန္တရိက်ကိုထား၍ သိမ်သမုတ်ခြင်းငှါ ခွင့်ပြု၏။

[သိမ်ဖြင့်သိမ်ကို စပ်ကုန်၏-ဟူသည် မိမိသိမ်ဖြင့် သူတပါးသိမ်ကို စပ်ကုန်၏။ စပ်ပုံကား ... ပဌမကျောင်း၏ အရှေ့ဘက်၌ သရက်နှင့် သပြေ တို့သည် အချင်းချင်း ကိုင်းခက်ရောယှက်လျက် အရှေ့၌သရက်၊ အနောက်၌ သပြေဖြစ်အံ့၊ သိမ်ကိုလည်း သပြေကို အတွင်းသွင်း၍ သရက်ကို နိမိတ်ကြား၍ (အနောက်ဘက်၌) သမုတ်အံ့။ ထို့နောက် အရှေ့ဘက်၌ ဒုတိယကျောင်း တည်၍ သိမ်သမုတ်သောအခါ သရက်ကို အတွင်းသွင်း၍ သပြေကို နိမိတ် ကြား၍ သမုတ်အံ့၊ သိမ်ဖြင့်သိမ်စပ်သည်မည်၏။ ဆဗ္ဗဂ္ဂီတို့သည် ဤအတိုင်း ပြုကုန်၏။

သိမ်ဖြင့်သိမ်ကို လွှမ်းကုန်၏-ဟူသည် မိမိသိမ်ဖြင့် သူတပါးသိမ်ကို လွှမ်းကုန်၏။ လွှမ်းပုံကား ... သူတပါးသိမ်ကို အလုံးစုံကို လည်းကောင်း၊ တစိတ်ကို လည်းကောင်း၊ (ဝါ-သံဃာထိုင်လောက်ရာ တစိတ်ကိုလည်းကောင်း) အတွင်းသွင်း၍ မိမိသိမ်ကို သမုတ်ကုန်၏။

သီမန္တရိက်ကိုထား၍ သိမ်သမုတ်ခြင်းငှါ-ဟူသည် ပဌမကျောင်း၌ သိမ်မသမုတ်သေးလျှင် ဥပစာကိုချန်၍ ထားအပ်၏။ သမုတ်ပြီးလျှင် အယုတ်ဆုံး တတောင်မျှ သိမ်အကြားကို ထားအပ်၏။ ကုရုန္ဒီ၌ တထွာ၊ မဟာပစ္စရိ၌ လေးသစ်မျှလည်း အပ်သည်ဟုဆို၏။ သစ်ပင်တခုသည် သိမ်နှစ်လုံးတို့၏ နိမိတ်ဖြစ်ကောင်း၏။ နောင်ကြီးလာသောအခါ၌ကား ရောယှက်တတ်၏။ ထို့ကြောင့်မပြုအပ်။

(သာဋီ ... ကိုင်းခက်ရောယှက်ခြင်းဖြင့် အချင်းချင်း နီးကပ်ခြင်းကို ပြသည်။

တစိတ်ကို လည်းကောင်း-ဟူသည် ရဟန်းတို့ထိုင်၍ ကံပြုလောက်သော ပဒေသကိုလည်း ကံမပြုလောက်သော ပဒေသကိုသွင်း၍ သမုတ်လျှင် သိမ်စပ်မည်၏။

သိမ်နှစ်လုံးတို့၏ နိမိတ်ဖြစ်ကောင်း၏-ဟူသည် နိမိတ်သည် သိမ်ပ၌ ဖြစ်သောကြောင့် သီမသမ္ဘေဒမဖြစ်။ ထို့ကြောင့်ဆိုသည်။

ရောယှက်တတ်၏-ဟူသည် ကြီးသောအခါ သိမ်နေရာအတွင်းသို့ ဝင်လတ်သော် နှစ်လုံးသောသိမ်တို့၏ ဖြစ်ရာအရပ်ကို သိနိုင်ခဲသောကြောင့် ဆိုသည်။ ကံမပြုအပ်ဟု ပြခြင်းငှါ မဟုတ်။ ထိုမျှဖြင့် သိမ်ပျက်မဖြစ်၊ နှစ်လုံးသောသိမ်တို့သည် နောင်ကြီးသော သစ်ပင်လွှမ်းသဖြင့် တစပ်တည်း ဖြစ်ကုန်၏။ ထို့ကြောင့် တသိမ်၌ ကံဆောင်လျှင် တသိမ်ကိုသုတ်သင်၍ ဆောင်အပ်၏။

(ဝိဋီ ...။ စပ်၏-ဟူသည် လေးပါးမထိုင်လောက်သည်မှစ၍ ဆံဖျားမျှ သိမ်တွင်းပြုလျှင် စပ်၏။

လေးပါးထိုင်လောက်သည်မှစ၍ တသိမ်လုံးကိုသော်လည်း အတွင်းပြုလျှင် လွှမ်း၏ဟု သိအပ်၏။

ကိုင်းခက်ရောလျက်ဟူသည် အချင်းချင်းရောယှက်၍ တည်သော မဟာသာခမူလ ရှိကုန်၏။ ဤစကားဖြင့် အချင်းချင်းနီးကပ်ခြင်းကိုပြသည်။ ဂါမ၌တည်သော နိမိတ်ဖြစ်သောသရက်နှင့် သိမ်တွင်းသပြေတို့ ကိုင်းခက် ရောယှက်သော်လည်း ပဌမသမုတ်စဉ် ဝိပ္ပတ္တိ မဖြစ်။ နောက်၌ ဂါမသိမ်နှင့်သမ္ဘေဒဒေါသမဖြစ်။ ကမ္မဝိပ္ပတ္တိလည်း မဖြစ်။

သီမန္တရိက်ကိုထား၍ စသောစကားဖြင့် စပ်ခြင်း လွှမ်းခြင်းမပြုပဲ ဗဒ္ဓသိမ်ချင်း အကြားမရှိ ထိစေလျက် သမုတ်လျှင် သိမ်မဖြစ်ဟုပြသည်။ ထို့ကြောင့် တသစ်နှစ်သစ်မျှ သိမ်ကြားသည်လည်း အပ်သည်သာတည်း။ တသစ်နှစ်သစ်မျှသည် သိနိုင်ခဲ၏။ ထို့ကြောင့် လေးသစ်ထက်အလွန်ကို အဋ္ဌကထာ၌ ဆိုသည်။

နိမိတ်ဖြစ်ကောင်း၏ဟူသည် နိမိတ်သည် သိမ်မှပြင်ပဖြစ်သောကြောင့် ဗဒ္ဓသိမ်နှစ်ခုလုံး သမုတ်သောအခါ သမ္ဘေဒဒေါသ မရှိဟူသော အဓိပ္ပါယ်တည်း။ နိမိတ်ဖြစ်သော သစ်ပင်သည်သာလျှင် နောင်ရောယှက် ခြင်းကိုပြုတတ်သည်မဟုတ်။ သီမန္တရိက်၌ တည်သော တပါးသောသစ်ပင် သည်လည်း ပြုတတ်သည်သာ တည်း။ ထို့ကြောင့်ငယ်သော သီမန္တရိက်၌ ကြီးပွားနိုင်သော သစ်ပင်စသည်တို့ မအပ်ကုန်သာတည်း။

ဤ၌လည်း မြေအထက်၌ အထင်အရှား သစ်ပင်သစ်ခက် စသည်ဝင်ခြင်း၌သာ သင်္ကရဒေါသကို ပြခြင်းကြောင့် မထင်မရှားအမြစ် စသည်တို့ဝင်သော်လည်း ဘူမိဂတိက-မြေအလား ရှိခြင်းကြောင့် အပြစ်မရှိကြောင်း ထင်ရှား၏။

အမြစ် စသည်တို့သည် အထင်အရှား ဝင်ကုန်အံ့-သင်္ကရသာတည်း။ တောင် ကျောက်တို့ထင်ရှားသော်လည်း ဘူမိဂတိကသာတည်း။ သမုတ်သောအခါ သစ်ပင်ကြီးတပင်သည် သိမ်နှစ်လုံးကို ထိလျက်တည်တံ့၊ နောက် သမုတ်သော သိမ်သည် သိမ်မဖြစ်။

သင်္ကရရောယှက်-ဟူသည် သီမသမ္ဘေဒတည်း။ ပါဠိ၌ နောက်သိမ်ပျက်သည်ဟု စောဒနာသော်လည်း စပ်ခြင်းလွှမ်းခြင်းပြု၍ လည်းကောင်း၊ သီမန္တရိက်ကို မထားမူ၍ လည်းကောင်း၊ သစ်ခက်မြစ်ပျဉ်း သည်ကို မရှင်းစေမူ၍လည်းကောင်း တပြိုင်နက်သမုတ်လျှင် နှစ်သိမ်လုံး သိမ်ဖြစ်ဟုသိအပ်၏။)

ဝိပ္ပတ္တိသိမ် ၁၁-လုံး

နှစ်ကျိပ်တပါး မထိုင်လောက်သော ငယ်လွန်းသောသိမ်။

သုံးယူဇနာထက် လွန်သောသိမ်။

ပဌမကြားသော နိမိတ်ကို နောက်ထပ် မကြားသဖြင့်၊ ဝါ-နိမိတ် မလောက်သည်ကို ကြားမိသဖြင့် နိမိတ် ပြတ်ကျိုးသောသိမ် (၃)။

တောင်ရိပ်စသောအရိပ်ကို နိမိတ် ပြုသောသိမ်။

နိမိတ်တခုမျှမကြားပဲ သမုတ်သောသိမ်။

နိမိတ်တို့၏ပြင်ပ၌ နေ၍ သမုတ်သောသိမ် (၃)။

မြစ်၌၊ သမုဒ္ဒရာ၌၊ ဇာတဿရ၌သမုတ်သောသိမ် (၃)။

သိမ်ချင်းစပ်၍ သမုတ်သောသိမ်။

လွှမ်းထပ်၍သမုတ်သောသိမ် (၂)။

ဤသို့ သမုတ်သောသိမ်ပျက် ၁၁-လုံးသည် ပရိဝါ၌ ထင်ရှား၏။ ကင်္ခါ၌လည်းပြ၏။

ငယ်၊ ကြီး၊ ပြတ်ကျိုး (၃)။

ရိပ်မျိုး၊ မ၊ ပြင် (၃)။

ပင်လယ်၊ အိုင်၊ မြစ် (၃)။

လွှမ်း၊ စပ်လစ် (၂)။

ဆယ့်တစ်သိမ်ပျက်တည်း။

ဥပေါသထက္ခန္ဓကပြီး၏။

မဟာဝါအရသာ နိဂုံးဆုတောင်း

သတ္ထုကပ္ပံ သုဝိနယံ၊ ဓာရေမိ ဟဒယေန ဟံ။

နမဿာနော ဝိနယံ၊ ဝိဟရိဿာမိ သဗ္ဗဒါ။

ဝိနယော အာသယော မယှံ၊ ဝိနယော ဌာနစင်္ကမံ။

ကပ္ပေမိ ဝိနယေ ဝါသံ၊ ဝိနယော မမ ဂေါစရော။

အဟံ၊ ငါသည်။

သတ္ထုကပ္ပံ၊ သက်တော်ထင်ရှား မြတ်ဘုရားနှင့်အလား ဘူသော။

သုဝိနယံ၊ ကောင်းစွာပုံသေ ဆုံးမပေတတ် ဝိနည်းမြတ်ကို။

ဟဒယေန၊ စိတ်ကောင်းထုံစိမ် နှလုံးအိမ်ဖြင့်။

ဓာရေမိ၊ ဆောင်ရပေ၏။

ဝိနယံ၊ ဝိနည်းပိဋကတ် ဘုရားမြတ်ကို။

သဗ္ဗဒါ၊ အခါခပ်သိမ်း။

နမဿမာနော၊ ဦးခိုက်မြတ်နိုး ရှိခိုးလျက်။

ဝိဟရိဿာမိ၊ နေရပေတော့အံ့။

ဝိနယော၊ ဝိနည်းသည်။

မယှံ၊ ငါ၏။

အာသယော၊ အိပ်စရာနေစရာ ဖြစ်၏။

ဝိနယော၊ ဝိနည်းသည်။

မယှံ၊ ငါ၏။

ဌာနစင်္ကမံ၊ ရပ်ရာစင်္ကြံသွားရာဖြစ်၏။

ဝိနယော၊ ဝိနည်း၌။

ဝါသံ၊ နေထိုင်ခြင်းကို။

ကပ္ပေမိ၊ ပြုရပေ၏။

ဝိနယော၊ ဝိနည်းသည်။

မမ၊ ငါ၏။

ဂေါစရော၊ အာရုံစားကျက်ဖြစ်ပေ၏။

ဤသို့သော ဥဒါန်းကို ဘုရားရှင် လက်ထက်တော်၌ အရှင်ဥပါလိမထေရ် တပါးသာ ဝမ်းမြောက်စွာ ကျူးရင့်တော်မူသည်။ ဤဥဒါန်းကို ဤသို့ ကျူးရင့်နိုင်အောင် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရလေသည်။ ပဒုမုတ္တရ ဘုရားရှင်ထံ ကောင်းမှုပြု၍ ဆုတောင်းခဲ့လေသည်။

ဝိနည်းအရာ၌ ငါတို့ ဘုရားရှင် မဟောသေးသည်ကို ဘုရားရှင် အာဘော်ကျအောင် ယူဆနိုင်သည်၊ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့်လည်း ဝိနည်းဆောင် တဒဂ် ရတော်မူလေသည်။ ယခုအခါ သဒ္ဓါပဗ္ဗဇ္ဇိတ ကုလပုတ္တတို့သည်လည်း အရှင်ဥပါလိကဲ့သို့ အတုလိုက်၍ ဤသို့သော ဥဒါန်းမျိုးကို ကျူးရင့်နိုင်ကြပါစေကုန် သတည်း။ ကျူးရင့်နိုင်အောင် အန္တရာယ် ကင်းကြပါစေကုန်သတည်း။

“ဝိနည်းပညတ် ကြောင်းကျိုး ၁၀-ပါး”

၁။ သံဃာတော်၏ ကောင်းပြီဟု ဝန်ခံစေခြင်းငှါ၊

၂။ သံဃာတော်၏ ချမ်းသာစွာ နေရခြင်းငှါ၊

၃။ သီလမဲ့ကုန်သော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ၊

၄။ သီလချစ်ကုန်သော ပုဂ္ဂိုလ်တို့ကို ချီးမြှောက်ခြင်းငှါ၊

၅။ မျက်မှောက်၌ဖြစ်ကုန်သော ဘေးရန်တို့ကို ဆို့ပိတ်ခြင်းငှါ၊

၆။ တမလွန်၌ ဖြစ်ကုန်သော ဘေးရန်တို့ကို တားမြစ်ခြင်းငှါ၊

၇။ မကြည်ညိုသေးသူတို့အား ကြည်ညိုစေခြင်းငှါ၊

၈။ ကြည်ညိုပြီးသူတို့အား ကြည်ညိုစေခြင်းငှါ၊

၉။ သာသနာတော်၏ အဓွန့်ကြာရှည် တည်နေစေခြင်းငှါ၊

8sdib3cpfhj61y7d8idf1vqwd34bvdv
ဝိနည်းငါးကျမ်း အရသာ (စတုတ္ထပိုင်း)
0
5802
18948
2025-07-02T17:14:30Z
Tejinda
173
"{{header | title = ဝိနည်းငါးကျမ်း အရသာ (စတုတ္ထပိုင်း) | author = ညောင်လေးပင်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = ဝိနည်းငါးကျမ်း အရသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18948
wikitext
text/x-wiki
{{header
| title = ဝိနည်းငါးကျမ်း အရသာ (စတုတ္ထပိုင်း)
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဝိနည်းငါးကျမ်း အရသာ (စတုတ္ထပိုင်း)
| previous = [[ဝိနည်းငါးကျမ်း အရသာ (တတိယပိုင်း)]]
| previous2 =
| next = [[ဝိသုဒ္ဓိမဂ်အရသာ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

ဝိနည်းငါးကျမ်းအရသာ (စတုတ္ထတွဲ)

မဟာဝါအရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

၃ - ဝဿူပနယိကက္ခန္ဓက

ဝါကပ်ရန် ခွင့်ပြုခြင်း၊ (ပုရိမဝါ၊ ပစ္ဆိမဝါ-နှစ်မျိုး။ မင်းတို့ အလိုသို့။ အဓမ္မိကဖြစ်လျှင် မလိုက်အပ်။ ပုရိမဝါ မကပ်ဖြစ်လျှင် ပစ္ဆိမဝါကပ်။)

တုံ သုံးချက်ဖြင့် ပင့်ခြင်း။ (ပြင်ပ၌ အဋ္ဌမအရုဏ် မတက်စေရ၊ သတ္တမ တက်စေ။)

တမန် ဝါရ-၁၇၂၄။ (သိက္ခာမာန် သာမဏေကို သံဃာဟု မသုံးစွဲ။ ဘိက္ခုနီတို့အား ဝစ္စကုဋိကို ဂဗ္ဘ ချခြင်းကြောင့်၊ ဇန္တာဃရကို ရေချိုးရာ ဆူညံသောကြောင့်။)

မပင့်သော်လည်း။ (ဘိက္ခုထံ အကြောင်းဆယ်ပါး စသည်။)

သံဃကိစ္စ စသည်။ (ပြန်လာစဉ် အရုဏ်တက်ခြင်း၊ ဆရာတားခြင်း။ ဝါပန်ခြင်း အာဘောဂ။)

ဝါဖျက်သင့်ကြောင်း အန္တရာယ် (ဘဏ္ဍာကို ယခင်ကျောင်းသို့ ပြန်ဆောင်၍ ဝေဖန်။ ဝါကပ်သောနေ့ အရုဏ် မတက်စေဘဲ နောက်၌ ခုနစ်ရက်အကြိမ် အရုဏ်တက်စေပြီးမှ သွား။)

သံဃ ဘေဒကြောင့်လည်း။ (ကွဲလုပြီကို ကွဲပြီဟု ဆို၏။ ဘိက္ခုနီသည်မခွဲနိုင်။ ခွဲနိုင်ကြောင်းသာ။)

နွားခြံ၊ လှည်း၊ လှေ၌ ဝါကပ်ခြင်း။ (ဣဓဝဿံ ဥပေမိ-ဟု ဝါကပ်ခြင်း။ ဣဓဝဿံ ဝသိဿာမိ-ဟု အာလယ ပြုခြင်း။ ရောက်ရာ၌ ပဝါရဏာပြု။ မီးရထား၊ မီးသင်္ဘော၌လည်း။)

ဝါမကပ်အပ် ခုနှစ်ရပ်။ (ဋင်္ကီတ ညောင်စောင်း။ နာလက ပဋိပဒါကျင့်သူလည်း အမိုးငါးပါး၊ တံခါးပိတ်ရှိသော ကျောင်း၌ ဝါကပ်အပ်၏။)

အဓမ္မိက ကတိကဝတ်။ (ဝါတွင်း ရှင်ပြုမပေးရ စသည်။)

ပဋိဿဝ သတ္တက လေးခု၊ (ဝါမကပ် ၂။ ငါပျက် ၃။ ခုနစ်ရက် အတွင်းပြန် ၁။ နဝမီမှသွား၍ မပြန်သော်လည်း ၁။ ပေါင်း သတ္တက ဖြစ်၏။ ဝတ္တု ၅၂။ ဂဋိဿ၀ ဒုက္ကဋ်၌ ပထမ ကတည်းက စိတ် မစင်ကြယ်လျှင် ပါစိတ်လည်း သင့်၏။ မေ့၍ ဝါမကပ်မိလည်း ပဝါရဏာ ပြုအပ်၏။ နဝမီ၌ လည်းကောင်း၊ ပဝါရဏာနေ့၌ လည်းကောင်း ကိစ္စမရှိဘဲ မသွားအပ်။)

လပြည့်နေ့ ဝါကျွတ်ဝါဒ။ (ပဝါရဏာအပြီး သွားအပ်၏ ဟူသော ဇီ,ဋီ ဝါဒကို ပယ်သည်။ လပြည့်နေ့ ဝါမကျွတ်သေး။ ဘုရားရှင်လပြည့်နေ့ နတ်ပြည်မှုဆင်းခြင်းကား မပညတ်မီ။)

၄ - ပဝါရဏာက္ခန္ဓက

ပဝါရဏာ ခွင့်ပြုခြင်း။ (မူဂဗ္ဗတ မကျင့်အပ်။ မူလ သိက္ခာ၌ ဝဒတုဆိုသည်။ ဝဒနု္တ-အဓိပ္ပာယ်ထူး။ ပိုးမသေသော ရေအများ၌ မြက်မသေသော မြက်ထူ၍ စွန့်ကောင်း၏။)

ဆောင့်ကြောင့် ထိုင်ရခြင်း။

ပဝါရဏာနှစ်ပါး၊ ကံ လေးပါး။ (၁၄-ရက်၌ ပဝါရဏာပြု၍၊ ၁၅-ရက် ကာယ သာမဂ္ဂီ ပေးကုန်၏။ အဋ္ဌမီ၌ သွားကောင်း၏။)

ပဝါရဏာ ဆောင်ခြင်း၊ (ဆောင်သူကိုယ်စား ဖိတ်ခြင်း။)

ပဝါရဏာနေ့ လူဖမ်းခြင်း။

သံဃ၊ ဂဏ၊ ပုဂ္ဂလ။

ပဝါရဏာနေ့၌ အာပတ်။

အနာပတ္တိ ပန္နရသက။ (ထသွားပြီးမှ အနည်းငယ် ရောက်လာလျှင် အချို့ကို စည်းဝေးစေ၍ ဖိတ်အပ်၏။ ဥပတိဿ မထေရ်ကား အားလုံး ပြန်စည်းဝေးအပ်၏ဟု အကြောင်းပြသေးသည်။)

ဝဂ္ဂါ ဝဂ္ဂ သညီ ၁၅-ခု။

ဝေမထိက ၁၅-ခု။

ကုက္ကုစ္စ ၁၅-ခု။

ဘေဒါပုရေက္ခာရ ၁၅-ခု။

တိက် ခုနစ်ရာ။

နေ့ရက်ချင်း မတူ။ (ပုရိမ ပဝါရဏာအပြီး ပစ္ဆိမ ပါရိသုဒ္ဓိပြု။ တစ်ခုသော ဥပေါသ တဂ္ဂ၌ ဉာတ်နှစ်ခု မထားရ။)

အာသာရာဒိ ပဉ္စက လေးခု။

နာနာ သံဝါသက တိတ်လေးခု။

ခရီးသွား နဝက သုံးခု။

ဝဇ္ဇနီယ ပုဂ္ဂိုလ်များ။ (ဟောရာ၌ ဂဟဋ္ဌ-မပါ။)

မပြုအပ် နှစ်ခု။

ဒွေ၊ ဧ၊ သမာန ခွင့်ပြုခြင်း။

အာပတ်ရှိသူ။ (ထပန ခေတ်နှစ်မျိုး။)

ထားလျှင် မေးစစ်ရခြင်း။

အာပတ် အယူမတူ။

ရွံ့ရှားခြင်း သုံးပါး။

ပဝါရဏာနေ့ ရွှေ့ခြင်း။

ဂိလာနု စတုက္က။

ပဝါရဏာ သင်္ဂဟ။ (ဝတ္တု ၄၆။ ဖာသုဝိဟာရ ရလျှင် ပဝါရဏာ သင်္ဂဟပြု၊ သာမဂ္ဂီ၊ တိဏ၊ ပဝါရဏာ သင်္ဂဟ သုံးဌာန၌ ဆန္ဒပေးခြင်းကို ပယ်သည်။ ကိစ္စရှိသူ ပဝါရဏာပြု၍ သွားနိုင်သည်။ အာဂန္တု ကြီးအား မိမိနေရာကို မပေးဘဲ နေနိုင်သည်။)

၅ - ဓမ္မက္ခန္ဓက

သောဏ ရဟန်းပြုခြင်း။ (ဖဝါးမွေးနုပေါက်သူ။)

ဖဝါးနု ပေါက်ကွဲခြင်း။ (စောင်းပမာဖြင့် ရဟန္တာဖြစ်၏။)

လွှာချင်းဖိနပ် ခွင့်ပြုခြင်း။ (ရဟန္တ၁အဖြစ် လျှောက်ပုံကို ချီးမွမ်း၏။)

[ပယ်အပ်သော ဖိနပ်များ။]

အဆင်း ခုနစ်မျိုး

သည်းကြိုး အဆင်း ခုနစ်မျိုး။

ဖိနပ်ပုံစံ ဆယ်မျိုး၊ (နောက်ပိတ် စသည်။)

သားရေကွပ် ရှစ်မျိုး။

အထပ်ထပ် ဖိနပ်ဟောင်း။ (အဟောင်း ခွင့်ပြုသည်၊ အသစ် ခွင့်မပြုသေး။)

အရံတွင်း ဖိနပ် မစီးအပ်။

အရံတွင်း ဖိနပ်စီးခွင့်။ (မီးရှူး တောင်ဝှေးလည်း ခွင့်ပြုသည်။)

ပါဒုကာတို့ကို ပယ်ခြင်း။ (သုံးခုကိုသာ ခွင့်ပြုသည်။)

မြစ်ထဲ၌ နွားတို့ကို။ (တို့ခြင်း၊ ထုလ္လစ္စည်း။)

ဂိလာနအား ယာဉ်လေးမျိုး၊

ဥစ္စာသယန မဟာသယန ၁၉-မျိုး။

မဟာစမ္မ သုံးခုပယ်ခြင်း။

သားရေအခင်း အားလုံးပယ်ခြင်း။ (နွားငယ်သတ်၍ သားရေလှူသူ။)

ဂိဟိဝိကဋ။

ရွာတွင်း ဖိနပ်စီးခြင်း။

ကုဋိကဏ္ဍ သောဏ။ (ပြိတ္တာ ဒုက္ခတို့ကို မြင်ရခြင်း။)

အခွင့်ငါးပါး တောင်းခြင်း။

မဇ္ဈိမ ဒေသနှင့် အခွင့်များ။ (အလား ငါးရပ်နှင့် ပဒေသပညတ် ၄။ လူသားရေ ဖိနပ် မအပ်။ မအပ်သော သားရေခင်း။ ဘူမတ္တ ရဏ-သေသန ပရိဘောဂကား အပ်၏။ သဗ္ဗတ္ထ ပညတ်တစ်ပါး။)

၆ - ဘေသဇ္ဇက္ခန္ဓက

လျက်ဖွယ်ဆေး ငါးပါး။

သားဆီ ငါးပါး။

အမြစ်ဆေး ဖန်သောဆေး။ (သစ်ခေါက်ပြုတ်) (အရွက်ဆေး၊ အသီးဆေး၊ အစေးဆေး။ ရှိန်းခို သုံးမျိုး၊ ချိပ်သုံးမျိုး၊ ဆားဆေး။)

ဝဲနာဆေး၊ ဆေးမှုန့်။

အာမက မံသ။ (ဩဒိဿ ခုနစ်ပါး။ ငါးချဉ် စသည်၊)

မျက်စဉ်းဆေး၊ (မျက်စဉ်းဘက်၊ ကျည်၊ အတံ၊ ထားစရာ။)

ဦးခေါင်းပူ-နှာဆး။ (ဆီလိမ်း၊ နှာနှပ်၊ အခိုးသောက်၊ အခိုးလိပ်၊ ပန်းတူ၊ အိတ်၊ ယမက နတ္တုကရဏီ၊ ယနေ့အကပ်ခံလျှင် ယနေ့ အပြစ်မရှိ၊ နောက်နေ့မှ သန္နိဓိ။)

လေနာရောဂါဆေး။ (သေထည့်သော ဆီချက်၊ ဆီဘူး သုံးမျိုး။)

လက် ခြေ လေရောဂါဆေး။ (ချွေးအောင်းခြင်း မျိုးစုံ။)

အဆစ်ကိုက် ရောဂါဆေး။ (သွေးထုတ်ခြင်း၊ တွင်စုတ်ခြင်း၊)

ခြေကွဲနာဆေး။

အိုင်းနာဆေး။ (မြုံလျှင် မှိုင်းတိုက်။)

မြွေဆိပ် ဖြေဆေး။ (ဆေးကြီးလေးပါး အကပ်မခံသော်လည်း။)

ခတ်ဆေး အဖြေ။ (ထွန်သွားကပ်မြေ ရေဖျော်တိုက်)

ဝမ်းကိုက်ဆေး။ (ထမင်းခြောက်ပြာရည်တိုက်၊)

ဖြော့တော့၊ နူစွပ်ဆေး။ (နွားကျင်စိမ် ဖန်ခါး၊ နံ့သာလိမ်း။)

သလိပ်ပန်းဆေး။ (ပဲနောက်ပြုတ်ရည်။)

လျက်ဖွယ်ဆေး အသက် ၇- ရက်။

ရှင်ကင်္ခါရေဝတ။ (တင်လဲခဲ၊ ပဲနောက်ဟင်း ကုက္ကုစ္စ။)

လောဏသောဝီရကဆေး။

အန္တော ဝုတ္တ စသည်။ ( အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္က ဒုက္ကဋ် ၃။)

ပုနပါက။ (ကျက်ပြီးအစာကို နွှေးစားကောင်း၏။)

ခေတ္တအခွင့်ရှစ်ပါး။

မကပ္ပိရ-နှစ်မျိုး။

မြင်းသရိုက်နာ ဓားခွဲ ထုလ္လစ္စည်း။

အကပ္ပိယ မံသ ဆယ်ပါး။ (အစိတ္တက။)

ယာဂုအကျိုး ဆယ်ပါး။

ဘောဇ္ဇယာဂု အလှူဒေါသ။ ( ကုသိုလ်ရသည်ဟု ဟော၍ ဝမ်းမြောက်၏။)

တင်လဲ အလုံး၊ အရည်၊ (ဂီလာနအား တင်လဲလုံး။ အဂိလာနအား အရည်။)

ပါတလိမြို့သစ် တည်ခြင်း။ (ဂုဏ်ထူးသုံးပါး၊ အပြစ်သုံးပါးရှိ၏။)

ကောဋိဂါမ၌ ဥယျာဉ်အလှူ။ (လိစ္ဆဝီတို့ကို တာဝတိံသာနှင့် အတူရှုကြလော။ အမ္ဗကာ အဓိပ္ပါယ်။ ရှုခိုင်းခြင်း အကျိုး)

ဥဒ္ဒိဿမံသ သုံးမျိုး။ (သိသူမစားဘဲ မသိသူအား စားစေ၍ စားလျှင် နှစ်ဦးလုံး အာပတ်မရှိ။ သီဟအမတ်နှင့် နိဂဏ္ဍ။ ဘုရားဂုဏ်သည် စရိယဂုဏ်၊ သရီရဂုဏ်၊ ဂုဏဂုဏ်ဟု သုံးမျိုး။)

ခေတ္တအခွင့် ရှစ်ပါးပယ်ခြင်း။

ကပ္ပိယကုဋိ လေးလုံး။

မေဏ္ဍက သူဌေးဆွမ်းအလှူ။

ပါထေယျ ခွင့်ပြုခြင်း။ (လမ်း ရိက္ခာလောက်အောင် အလှူခံ။ ရွှေ ငွေကို ခွင့်မပြု။)

အဖျော်ရှစ်ပါး။ (ကောဏိယ ရသေ့သည် နေ့သာရသေ့။ ထန်းပင် ရွှေသီး၏၊ သေလပုဏ္ဏားနှင့် သုံးရာ ရဟန်းပြု။ ဆန်ဆေးရည်-မအပ်။)

ဟင်းရွက်ကျက်။ (ရောဇမလ္လာမင်းသားထံ မေတ္တာနှံ့ခြင်း။)

အကပ္ပိယ သမာဒါနနှင့် သင်ဓုန်း။ (သုဘဒ္ဒရဟန်းကြီး သားငယ် ကိုရင်တို့ကို လူတို့ထံ ခေါင်းရိတ် စေလွှတ်ခြင်း။ ဆတ္တာသည် ဖြစ်ဖူးသူသွားရာ သင်ဓုန်းမဆောင်အပ်။)

မြေဆီခ ဆယ်ဖို့တစ်ဖို့။

မဟာပဒေသ လေးပါး။

ကာလိက ရောနှောခြင်း။ (သတ္တာဟနှင့် ယာဝဇီ ရောရာ၌ ထူး၏။)

[ကပ္ပိယဘူမိ လေးပါးအကျယ်]

ဥဿာဝ နန္တိကာကုဋိ။ (ရဟန်းတစ်ပါးမျှ စကားဆုံးနှင့် တိုင်ကျညီ၊ မြေညီမှ မတက်သော အုတ်ကျောက်ကို မပြုအပ်။)

ဂေါနိသာဒိကာ ကုဋီ။ (ကျောင်းဝိုင်းအရံ ထက်ဝက်မရှိစေရ။)

ဂဟပတိ ကုဋိ။ (ကပ္ပိယကုဋိံ ဒေမ-ဟု လှူသော ကုဋိ။ ရဟန်း မဟုတ်သူ၏ ဂေဟတို့တည်း။ ဝါသာဂါရ မဟုတ်လျှင် ပဉ္စမီ ကပ္ပိယကုဋိ။)

သမ္မုတီကုဋိ။

အကပ္ပိယ ကုဋိအပြစ်။ (အန္တော ဝုတ္တ စသော အပြစ်ရှိ၏။ မုခသန္နိဓိလည်း ခေါ်သည်။)

ကပ္ပိယကုဋိ ပျက်ပုံ။ (တံတိုင်းမျှ မကျန်လျှင်၊ ထက်ဝက်အထိ သာလျှင်၊ အမိုးမချန်ဘဲ ဖျက်လျှင် ပျက်၏။ တိုင်ငှား ကပ္ပိယ ကုက္ကိုပြုခြင်းသည် အပ်၏။)

ကပ္ပိယကုဋိ မရှိလျှင်။ (လူ သာမဏေ ဥစ္စာပြု၍ထား။)

[မဟာပဒေသ လေးပါးအကျယ်]

သီကြီး ကိုးလုံး။

အဖျော် အလျော်။ (သင်္ကန်း၊ စားခွက်၊ ထည့်ခွက်၊ ခါးပန်း၊ ထီး အလျော်။ ဧက ပဏ္ဏဆတ္တ။)

၇ - ကထိနက္ခန္ဓက

ကထိန် ခွင့်ပြုခြင်း။ (ကမ္မဝါစာဖတ်ရုံ-မဟာဝါကထိန်။)

အာနိသင်အကျယ်။ (မခင်းသူအား အာနိသင် လေးပါး။)

ကထိန်မဖြစ် ၂၄။

ကထိန်ဖြစ်ပုံ ၁၇။ (မလှူမီ ကျောင်းတွင်း မသွင်းရဟု ဝါဒပျက်။ ချုပ်ချုပ်သမျှဖြတ် ဟူသော ဝါဒလွန်။ ဆယ့်တစ်ခန်းထက် မလွန်ရဟူသော ဝါဒထူးတို့။)

ကထိန်ခင်းရာ ဌာနနှစ်ပါး။ (ကထိန်ကို မခင်းသူအပြစ်။)

မာတိကာ ရှစ်ပါးဖြင့် နှုတ်ခြင်း။

အန္တရုဗ္ဘာရ နုတ်ခြင်း။

မာတိကာဝါရ ၁၃၆။

ပလိဗောဓနှစ်ပါး။

[ကထိန်ခင်းပုံ-အကျယ် ဝိနိစ္ဆယ။]

ငါးပါးရှိမှခင်း။ (စတုဝဂ်ကံ-ငါးပါးရှိမှ ကမ္မဝါစာဖတ်။)

အာနိသင် ရသူများ။

ကထိန်ကျင့်ဝတ်။ (လှူသူမပေးလျှင် ပြောအပ်၏။)

ကထိန်နှစ်ဦးဆုံပုံ။ (အာနိသင် များရာဖြင့်။)

သံဃိကလှူခြင်းသာ လူ့ကိစ္စ။ (နယ်မလွန်စေနှင့်။)

ကထိန်သင်္ကန်း ပေးခြင်း။ (ဆေးရှိသူအား၊ မဓထရ်ကြီးအား။)

ဘုရားရှင် ကူညီခြင်း။

ပရိဝါနည်းခင်းသူ နှစ်ဦး၊ (ငါးပါးရှိမှဟု မပြ)

အရံသင်္ကန်းနှင့် ဝေဖန်ခြင်း။ (ဝါဆိုသင်္ကန်းနှင့် ဆက်။ မထေရ်ကြီးမှ စ။)

[မှတ်ဖွယ် အထူးထူး။]

ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း။ (တစ်ဝါတည်း ဝါဆိုသူ ကထိန်၊ တစ်ကျောင်းမှ လာဘ်အပြစ်၊ တစ်ပါးတည်း ကထိန် နှစ်ခု။ ဝါဆိုခေတ် တစ်ခုတည်း လာဘ်ကွဲ, ဥပစာကွဲ။ တခြား၌ ကထိန်ကပ်ပုံ။ သုတ္တန် သံဃိကနှင့် မတူ။ ပရိဝါမှ ကောက်နုတ်ချက်။ ဝိနည်းတုများ။)

၈ - စီဝရက္ခန္ဓက

ဆရာဇီဝက အကြောင်း၊

ပဇ္ဇောတမင်း။ (သီဝေယျက အဝတ်။ ဘုရားဆွမ်းတော်နှင့် ဘုရင်။)

တကာလှူ သင်္ကန်းခွင့်။ (ချည်ကော်ဇောနှင့် သားမွေးကော်ဇော။)

ဇာတိသင်္ကန်း ၆-ထည်။

ပံ့သကူ ရသင့်သူများ။

သင်္ကန်းခံယူသူ သမ္မုတိ။

သိမ်းဆည်းသူ သမ္မုတိ။

ဘဏ္ဍာတိုက် သမ္မုတိ။ (ကျောင်းလယ်၌သာ သမုတ်ရခြင်း။)

ဘဏ္ဍာတိုက်စိုး သမ္မုတိ။

မထစေအပ်သူ ၄-ယောက်။

သမ္မုခီဘူတ ဝေဖန်ခြင်း။

သာမဏေတို့အား ထက်ဝက်။ (သံဃကိစ္စမပြုသော သာမဏေတို့အားသာ။)

အဖို့ ယူသွားလိုသူ။

ချို့ရာ ဖြည့်စွက်ရခြင်း။

ဆိုးရည် ခြောက်မျိုး၊ မအပ်ကိုး။

ဆိုးရည်ကျိုခြင်း။

သင်္ကန်းဆိုးခြင်း။

သင်္ကန်းပုံစံ လယ်ကန်သင်း။

တိစီဝရိက် ခွင့်ပြုခြင်း။ (ချမ်းအေးချိန် စုံစမ်း၍ ခွင့်ပြုသည်။)

အတိရေက ဝိကပ္ပနာ။

လေးထပ်သင်္ကန်းနှင့် ဖာခြင်း။

ဝိသာခါ တောင်းဆုရှစ်ပါး။ (တောင်းကြောင်းနှင့် အာနိသင်။)

နိသီဒိုင် စသည် ခွင့်ပြုခြင်း။(သတိသမ္မဇညဖြင့် အိပ်သူ အကျိုး ငါးပါး။)

ဝိဿာသဂ္ဂါဟု အင်္ဂါငါးပါး၊ သုံးပါး၊ (လူပစ္စည်းကို ကျွမ်းတဝင် ယူခြင်း။)

ပရိက္ခာရ စောဠ။

အဓိဋ္ဌာန်တင်ခွင့်။

အနားပတ်ခွင့်ပြုခြင်း။

သလင်းထောင်။ (လွန်စွာ တိမ်မြုပ်၏။)

သဒ္ဓါဒေယျ ဝိနိပါတ။

ဒုကုဋ်ထားနိုင်ကြောင်း ငါးပါး။ (ကျောင်းလုံလျှင်ထား။)

မခင်းတစ်လ။ ခင်း ငါးလ။

တစ်ပါးတည်း ဝေယူနည်း။

ကျောင်းတစ်ပါးမှ မဆိုင်ပုံ။

ကျောင်းတစ်ပါးမှ ယူသူအဖြစ်။

နှစကျောင်း ဝါဆိုခြင်း။ (ဧကေသီမ၊ နာနာ လာဘ။ ကထိန်နှစ်ခု။)

ဂိလာန လုပ်ကျွေးရခြင်း။ (ဂိလာနအင်္ဂါ ၅၊ လုပ်ကျွေးသူ အင်္ဂါ ၅။)

လုပ်ကျွေးသူ ရထိုက်သောလာဘ်။

နဂ္ဂ ထုလ္လစ္စည်း။

ထုလ္လစ္စည်း ရှစ်ထည်။ (ဒုက္ကဋ် လေးထည်။)

မအပ် ၁၄-ထည်။

ဝါကျွတ်၍ သင်္ကန်းမဖြစ်မီ။ (ဖဲသူ ၈ ယောက် ၇-ယောက် ရ၏။ လူထွက်သော ၁၆-ယောက် မရ။ နှစ်သင်းကွဲရာ၌ ဒက္ခိဏော ဒက။)

စေခိုင်းရာ၌ ဒေဟိ၊ ဒမ္မိ-ငါးဝါရစီ။ (ဒေဟိ၌ ခိုင်းသူပင် ပိုင်သေးသည်။ ဒမ္မိ၌ ခိုင်းသူ မပိုင်ပြီ။)

သင်္ကန်း-ဖြစ်ရာ မိတိကာ ရှစ်ပါး

၁...သီမာယဒေတိ အကျယ်။ (သိမ် ၁၅-ပါး။)

၂…ကတိကာယဒေတိ အကျယ်။

၃... ဘိက္ခာ ပညာတိယာဒေတိ အကျယ်။

၄.... သံဃဿဒေတိ အကျယ်။ (လာဘ်မခွဲဘဲ တစ်လုံးတည်း အများယူလျှင် ဒုဂ္ဂဟိတ။ တစ်ပါးတည်းယူလျှင် သုဂ္ဂဟိတ။ သို့သော် အစဉ်မတည်။)

၅.... ဥဘတော သံဃဿဒေတိ အကျယ်။ (ဥဘတော သံဃဿ ဖြစ်လျှင် ထက်ဝက်ခွဲ။ ပုဂ္ဂိုလ်ကား သီးခြားတစ်ဘက်၌ သံဃာ မဟုတ်လျှင် ပုဂ္ဂိုလ် အရေအတွက်။ ပုဂ္ဂိုလ်ကား မသီးခြား။ ဗုဒ္ဓပ္ပ မုခ ဒါနပြုပုံ။ ဘုရားပစ္စည်း သုံးစွဲနည်း။ ဂိဟိကမ္မ မဖြစ်ခြင်း။)

၆... ဝဿဝုတ္တ သံဃဿဒေတိ အကျယ်။

၇… အာဒိဿဒေတိ အကျယ်။

၈.... ပုဂ္ဂလဿဒေတိ အကျယ်။

၉ - စမ္ပေယျက္ခန္ဓက

မတရား နှင်ထုတ်မှု။ (အာဝါသိကကို နှင်သော အာဂန္တု၊ ဘုရားထံ ကန်တော့ခြင်း။)

ကံပျက် ၁၈-မျိုး။

ကံပျက် ၁၂-မျိုး။ (နှစ်ရပ်ပေါင်း ၃၀-မဖြစ်၊ ၂၅-ဖြစ်၏။)

ကံ ခြောက်ပါး ဝေဖန်ခြင်း။

ကံပြု သံဃာ ငါးမျိုး။

ပရိသ ဝိပတ္ထကံပျက် ၂၄-စီ၊ ၄-လီ။

ဝါသ်ကံတို့၌ ကံပျက် ၂၀။

တားခြင်းမမြောက် ၂၇-ယောက်၊ (တားသော်လည်း ကံပျက်။)

မထုတ်ထိုက်ဘဲ ထုတ်အပ်သူ။ (ကုလဒူသက မပြုဘဲ ပဗ္ဗာဇနီယ ထိုက်သူ။)

မသွင်းထိုက်ဘဲ သွင်းအပ်သူ။ (ဟတ္ထစ္ဆိန္န ၃၂-ကိုလျက် ရဟန်းဖြစ်။ ကန်း, အ, ပင်းသူ ရဟန်းဖြစ်သည် ရှင်မဖြစ်။)

ဥက္ခိတ္တက သတ္တက သုံးခု။ (အဓမ္မကံ ၂။ ဓမ္မကံ- ၁။)

[ရှင်ဥပါလိ လျှောက်ခန်း]

အဓမ္မ အဝိနယ ၁၅။ (ပုဂ္ဂိုလ်ကား ၁၆-ယောက်၊)

ဓမ္မဝိနယ ၁၆။ (ဒွိမူ အဓမ္မ ၁၂။ ဓမ္မ ၁၂။)

အဓမ္မ ၁၃-မူ x ၁၂ လီ ၁၅၆။

ကံပြုအပျက် ၁၇၅။

ကံငြိမ်း အပျက် ၁၇၅။

ကံပြု၌ ဓမ္မဝါဒီ ၁၇၅။

ကံငြိမ်း၌ ဓမ္မဝါဒီ ၁၇၅။

၁ဝ - ကောသမ္ဗကက္ခန္ဓက

သံဃာ နှစ်သင်းကွဲခြင်း။ (သန့်သက် ရေကြွင်းထားမိသော အာပတ်ကို အကြောင်းခံ၍ ကွဲသည်။)

နှစ်သင်းလုံးသို့သွား၍ ဆုံးမခြင်း။ (အာနိသင်ရှစ်ပါးမြင်လျှင် မနှင်အပ်။ သူတစ်ပါးကို ယုံကြည်၍လည်း ကုစားရာ၏။)

သံဝါသကဘုံ နှစ်မျိုးစီ။(ကိုယ်တိုင်ပြခြင်း၊ သံဃာကံဖြင့်ပြုခြင်း။)

(နေရာခြား၍ နေရခြင်း။ (မတရားမှုအခါ လက်တစ်လှမ်းခွါ၍ တရားမှုအခါ နေရာခြား၍။)

ဆိုင်းငံ့တော်မူပါ။ (အကျိုးလိုသော အဓမ္မဝါဒီ လျှောက်၏။)

ဒီဃီတိ ကောသလ ဇာတ်တော်။ (တိုင်းပြည်ကိုလု၍ မိဘကို သတ်သော်လည်း၊ အခွင့်သာသောအခါ လက်စားမချေ၊ တိုင်းပြည်ပြန်ရ၊ သမီးတော်လည်း ရ၏။)

ဗာလကလောဏရွာ ရင်ဘဂုထံ။ (ဆယ်ဂါထာဖြင့် ဟော၍ ရင်ဘဂုထံသို့ ကြွသည်။ ထိုဝါတွင်း၌ ဗုဒ္ဓဝေနေယျ မရှိခြင်း၊ ကြွခြင်းသည်ပင် ဆုံးမခြင်း၊ အလိုတော်ကိုသိ၍ သာဝကတို့ လိုက်မသွားကြ။)

ပါစိနဝံသ တောအုပ်သို့။ (ရှင်အနုရုဒ္ဓါ စသော သုံးပါးတို့နေရာ၌ ဘုရားရှင်ကို တောစောင့်တားသည်။ ရှင်အနုရုဒ္ဓါ မြင်၍ ကြိုဆိုသည်။ နေထိုင်ပုံကို မေးသည်။ တောစောင့်၏ နှလုံးသွင်း ဆန်းကြယ်ပုံ။ ဘုရားဟု မသိနိုင်ခြင်း အကြောင်း။)

ပလလည်း တောသို့။ (ပါရိလေယျက ရွာသားတို့ သစ်ရွက်မိုးကျောင်း ဆောက်လှူသည်။ တောဆင် စိတ်သည် ငါ၏စိတ်နှင့် တူသည်ဟု ဥဒါန်း။)

ပလလည်းမှ သာဝတ္ထိသို့။ (ကောသမ္ဗီပြည်သားတို့ ဆွမ်းမလှူကြ။)

ကောသမ္ဗီတို့ လာကုန်သတတ်။ (ငြိမ်းစေရန် လာကြသည်ကို ၁၂-ပါး လျှောက်၏။ ဓမ္မအတိုင်း တည်လော။ နှစ်ဘက်လုံးထံ တရားနာလော၊ အဓမ္မဝါဒီဘက်၌ တည်လော။)

ငြင်းခုံသူတို့နှင့်ကျောင်း၊ အာမိသ။ (ဆိတ်ငြိမ်သောကျောင်းပေး၊ အာမိသ အညီအမျှ။)

အညီအညွတ်ပြုခန်း။ (ကံငြိမ်းစေပြီးလျှင် ဝတ္ထုငြိမ်းစေခြင်းငှါ သာမဂ္ဂီပြု၍ ဥပုသ် ပြုရသည်။ နှင်သူတို့၏ ဆန္ဒကို သိပြီး၍ သွင်းသည်။)

ရှင်ဥပါလိ ဝိနည်းမေးခန်း။ (ကွဲကြောင်း ဝတ္တုကို မဆုံးဖြတ်ဘဲ သာမဂ္ဂီပြုလျှင် အသံသာရှိ အဓမ္မိကာ။ ဆုံးဖြတ်လျှင် ဓမ္မိကာ။)

ရှင်ဥပါလိ လျှောက် ဆယ်ဂါထာ။ (ချီးမြှေ၁က်ထိုက်သူ အကြောင်း။ တမန်အင်္ဂါ ရှစ်ပါးသရုပ်။)

ဝိနည်းငါးကျမ်းအရသာ (စတုတ္ထတွဲ)

မဟာဝါအရသာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၃။ ဝဿူပနာယိကက္ခန္ဓက

ဝါကပ်ရန် ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ကလန္ဒကနိဝါပ၌ နေတော်မူ၏။ ထိုအခါ ရဟန်းတို့အား ဝါကပ်ခြင်းကို မပညတ်သေး။ (ဝါ–ခွင့်မပြုသေး)။ ရဟန်းတို့သည် ဆောင်း၊ နွေ၊ မိုး ဥတု သုံးပါးလုံး လှည့်လည် သွားလာကုန်၏။ လူတို့သည် ကဲ့ရဲ့ကုန်၏။

အဘယ့်ကြောင့် ရဟန်းတို့သည် ဥတုသုံးပါးလုံး မြက် သစ်ပင်ငယ်တို့ကို နင်းချေလျက် တစ်ခုသော ဣန္ဒြေ ရှိသော အသက်ကို ညှဉ်းဆဲလျက် ပိုးကောင်ငယ်တို့ကို ပျက်စီးစေလျက် သွားလာကုန်ဘိသနည်း။ (သစ်ပင်၊ မြေကြီး- အသက်ရှိသည်ဟု စွဲလမ်းကုန်၏။) အညတိတ္ထိယတို့သော်မှလည်း မိုးအခါ ကိန်းအောင်းကုန် သေးသည်။ ငှက်တို့သော်မှလည်း အသိုက်ပြု၍ နေကုန်သေးသည်ဟု ကဲ့ရဲ့ကုန်၏။ ရဟန်းတို့ ကြား၍ ဘုရားရှင်အား လျှောက်ကုန်၏။ ထိုအခါ တရားဟော၍ ချစ်သားတို့၊ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။

ရဟန်းတို့အား - အဘယ်အခါ ဝါကပ်အပ်သနည်း-ဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ မိုးအခါ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။

ဝါကပ်ခြင်းတို့သည် အဘယ်မျှတို့နည်းဟု အကြံဖြစ်ပြန်၏၊ ချစ်သားတို့ ဝါကပ်ခြင်း တို့သည် ပုရိမ ဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟု နှစ်မျိုး ဖြစ်ကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမ ဝါကပ်အပ်၏။ ဝါခေါင် လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမဝါ ကပ်အပ်၏။ ချစ်သားတို့၊ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့ ဖြစ်ကုန်၏။

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဝါကပ်၍ ဝါတွင်း၌ လှည့်လည်ကုန်၏။ လူတို့သည် ရှေးအတူ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဝါကပ်၍ ရှေ့သုံးလပတ်လုံး လည်းကောင်း၊ နောက် သုံးလပတ်လုံး လည်းကောင်း မနေမူ၍ ခရီး မဖဲအပ်၊ ဖဲငြားအံ့-ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် ဝါကပ်ခြင်းငှါ အလိုမရှိကုန်။ ချစ်သားတို့၊ ဝါသို့ မကပ်အပ်သည် မဟုတ်၊ မကပ်ငြားအံ့ ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် ဝါကပ်အံ့သောနေ့၌ ဝါမကပ်လိုကြသဖြင့် အားထုတ်၍ အာဝါသကို လွန်၍ သွားကုန်၏။ ချစ်သားတို့၊ ဝါကပ်အံ့သော နေ့၌ ဝါမကပ်လိုသဖြင့် အားထုတ်၍ အာဝါသကို မလွန်အပ်။ လွန်ငြားအံ့ ဒုက္ကဋ်။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် ဝါကို ငင်လိုသည်ဖြစ်၍ . ရဟန်းတို့ထံ-အရှင်ကောင်းတို့သည် လာလတ္တံ့သော ဇူဏှ၌ (ဝါ-နောက်လ၌) ဝါကပ်ကြမူ ကောင်းလေ ... ဟု တမန်စေလိုက်၏။ ချစ်သားတို့၊ မင်းတို့၏ အလိုသို့ လိုက်ခြင်းငှါ ခွင့်ပြု၏။

[မပညတ်သေး-ဟူသည် ခွင့်မပြုသေး။ ဝါ-မစီရင်သေး။ သင်္ကာပယိဿန္တိတိ အပ္ပေါဿုက္ကာနိ ဗဒ္ဓဝါသံ ဝသိဿန္တိ-ကြောင့်ကြမဲ့ အမြဲ ကိန်းအောင်း နေထိုင်ကုန်သေး၏။

မိုးအခါ၌ ဝါကပ်ခြင်းငှါ ဟူသည် ဝဿာန မည်သော သုံးလတို့ပတ်လုံး နေခြင်းသို့ ကပ်အပ်၏ ဟူသော အနက်တည်း။ ဝသူပနာယိကာ တိ ဝဿုပဂမနာနိ - ဝါကပ်ခြင်းတို့သည် အဘယ်မျှတို့နည်း။ အပရဇ္ဇု + ဂတာယ အဿာတိ အပရဇ္ဇုဂတာ - အထွက် တစ်ရက်ရှိသော ဝါဆိုလပြည့်ရှိ၏။ မာသော + ဂတာယ အဿာတိမာသဂတာ - တစ်လရှိသော ဝါဆိုလပြည့်ရ၏။

ထိုကြောင့် ဝါဆိုလပြည့်၏ အခြားမဲ့အတွက် တစ်ရက်၌ လည်းကောင်း၊ ထိုမှ တစ်လလွန်သော ဝါခေါင်လပြည့်ကျော် တစ်ရက်၌လည်းကောင်း၊ ကျောင်းကို သုတ်သင်၍ သောက်ရေ၊ သုံးရေ တည်ထား၍ ဘုရားရှိခိုးခြင်း စသော သာမိစိကမ္မကို ပြီးစေ၍ ... ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံဥပေမိ-ဟု တစ်ကြိမ် လည်းကောင်း၊ နှစ်ကြိမ် သုံးကြိမ် လည်းကောင်း နှုတ်မြွက်၍ ဝါကပ်၏။

(ဣမသ္မိံ ဝိဟာရေ၊ ဤ ကျောင်း၌ (အရံတွင်း၌ ဟူလို။)

ဣမံတေမာသံ၊ ဤ ဝါတွင်း သုံးလပတ်လုံး။

ဝဿံ၊ နေခြင်းသို့။

ဥပေမိ၊ ကပ်ပါ၏။

ဝါ- ဝဿံဥပေမိ၊ ဝါဆိုပါ၏။)။

ဖဲငြားအံ့ ဟူသည်၌ မငဲ့မကွက် သွားခြင်း၊ အရပ်တစ်ပါး၌ အရုဏ်တက်စေခြင်း၊ ဤနှစ်မျိုးဖြင့် ဖဲငြားအံ့။ အာပတ်ကို သိအပ်၏။

လွန်ငြားအံ့-ဟူသည်၌ ကျောင်း အရေအတွက်အားဖြင့် ကျောင်းတစ်ရာ၏ ဥပစာရသို့ ဝင်၍ လွန်သွားအံ့- အာပတ်တစ်ရာ ဖြစ်၏။ မိမိ၏ ကျောင်းဥပစာရကို လွန်၍ တစ်ပါးသော ကျောင်း၏ ဥပစာရသို့ မဝင်ဘဲ ပြန်လာအံ့-အာပတ် တစ်ခုသာတည်း။ အန္တရာယ် တစ်စုံတစ်ခုကြောင့် ပုရိမ ဝါမကပ်လျှင် ပစ္ဆိမ ဝါကပ်အပ်၏။

ဝါကို ငင်လိုသည်ဖြစ်၍-ဟူသည် မိုးဥတု ပထမလကို ငင်လို၏။ ဝါခေါင်လဟု မပြုဘဲ တစ်ဖန် ဝါဆိုလ ဟူ၍သာ ပြုလို၏ ဟူလို။

လာလတ္တံ့သော ဇူဏှ-ဟူသည် လာလတ္တံ့သော မာသ ဖြစ်၏။

အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ - ဟူသည်၌ ဝါငင်ရာ၌ ရဟန်းတို့အား အနည်းငယ်မျှ ဂုဏ်ကျေးဇူး ဆုတ်ယုတ်ခြင်း မရှိသောကြောင့် အလိုသို့လိုက်ခြင်းငှါ ခွင့်ပြုသည်။ ထိုမှတစ်ပါးသော ဓမ္မိကကမ္မ၌လည်း အလိုသို့ လိုက်အပ်၏။ အဓမ္မိက၌ကား ဘယ်သူ၏ အလိုသို့မျှ မလိုက်အပ်။]

(သာဋီ ... အပရဇ္ဇု + ဂတာယ ... စသည်ဖြင့် ဘိန္နာဓိကရဏ ဗဟုဗ္ဗိဟိ သမာသ်ဟု ပြသည်။

အပရဇ္ဇု ဟူသည် ဝါဆိုလပြည့်မှ နောက် နေ့တည်း။ အထွက်တစ်ရက်နေ့ ဟူလို။

အဿာ-ဟူသည် ဝါဆိုလပြည့် အားတည်း။

မငဲ့မကွက် စသည်၌ မငဲ့ကွက်ခြင်းဖြင့် ဥပစာရကို လွန်အံ့-အာပတ်ကို သိအပ်၏။ ငဲ့ကွက်ခြင်းဖြင့် အရပ်တစ်ပါး၌ အရုဏ်တက်စေအံ့-အာပတ်ကို သိအပ်၏။

ဝိဋီ ... အပရသ္မိံ ဒီဝသေတိ ဒုတီယေပါဋိပဒ ဒိဝသေ - ဒုတိယ အထွက်တစ်ရက်၌ (ဝါ-လပြည့်ကျော် တစ်ရက်၌)။

အရပ်တစ်ပါး၌ အရုဏ်တက်စေခြင်း ဟူသည် ငဲ့ကွက်ခြင်းရှိလျက် အကြောင်းမဲ့သွား၍ အရပ် တစ်ပါး၌ အရုဏ်တက်စေခြင်းတည်း။

ဇီဋီ ... မဟာ အဋ္ဌကထာ၌လည်း သင်္ကာသယိဿန္တိ-ဟု ပါဌ်ရှိ၏။ ကျွန်းသားတို့သည် သင်္ကာပယိဿန္တိ-ဟု ရွတ်ဆိုကုန်သတတ်။

ဝါကပ်ခြင်းကို - ဣမံ တေမာသံ ဝဿံ ဥပေမိ-ဟု ဆို၍ ဝါကပ်၏။ ဝဿာနမာသတို့သည်လည်း လေးလတို့ ဖြစ်ကုန်၏။ ထို၌ ပထမ တေမာသ၊ ပစ္ဆိမ တေမာသ-ဟု တေမာသ နှစ်ခု ရှိ၏။ ထိုကြောင့် ကတိနုခေါ ဝဿူပနာယိကာ-ဟု ရဟန်းတို့အား အကြံဖြစ်သည်။

မငဲ့ကွက် သွားခြင်းကို ပဝါရဏာ မရောက်မီ ခုနစ်ရက်အတွင်းကို ရည်ဆိုသည်။ အရပ်တစ်ပါး၌ အရုဏ်တက်စေခြင်းကို ခုနစ်ရက်ထက် အလွန်ကို ရည်ဆိုသည်။ ထိုနှစ်ပါး၌လည်း ဝါဖြတ်ခြင်း အကြောင်း ကင်းလျှင် အာပတ်ကို သိအပ်၏။]

(ဝါဆိုစည်းကို မပြ။ ဥပစာရ သိမ် အပိုင်းအခြားအတိုင်း မှတ်အပ်၏။)

တုံ သုံးချက်ဖြင့် ပင့်ခြင်း

ထိုနောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ သာဝတ္ထိသို့ကြွ၍ ဇေတဝန်ကျောင်း၌ နေ၏။ ထိုအခါ ကောသလဇနပုဒ်တို့၌ ဥဒေနမည်သော ဥပါသကာသည် သံဃာကို ရည်စူး၍ ကျောင်းဆောက်၏။ ထို ဥဒေနသည် ရဟန်းတို့ထံ တမန် စေလိုက်၏။

အာဂစ္ဆန္တု ဘဒန္တာ၊ ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မ သောတုံ ဘိက္ခု၊ စ ပဿိတုံ -အလှူ လှူခြင်းငှါ၊ တရားနာခြင်းငှါ၊ ရဟန်းတို့ကို ဖူးမြင်ခြင်းငှါ အလိုရှိပါသည်၊ ကြွလာကြပါစေသတည်း-ဟု စေလိုက်၏။ ရဟန်းတို့သည် ဒါယကာ၊ ဝါကပ်ပြီးလျှင် ခရီးမသွားရ-ဟု ဘုရားရှင် ပညတ်သည်။ ဝါတွင်းကို ဆိုင်းငံ့ဦး၊ ဝါကျွတ်လျှင် ကြွလာကုန်အံ့၊ အဆောတလျင် ကိစ္စရှိလျှင် ထိုအရပ်၌သာနေသော ရဟန်းတို့ထံ ကျောင်းကို တည်စေလော - ရေစက်ချလော ဟု ဆိုကုန်၏။

ဥဒေနသည် ကဲ့ရဲ့၏။ အဘယ်ကြောင့် အရှင်ကောင်းတို့သည် တမန်စေလျက် မကြွလာကုန်သနည်း။ ငါသည် လှူဒါန်းပြုစုသော သံဃ အလုပ်အကျွေး ဖြစ်ပါသည်ဟု ကဲ့ရဲ့သည်ကို ရဟန်းတို့ကြား၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ခုနစ်ယောက်သော သူတို့ထံ သတ္တာဟကရဏီယ - ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့်၊ တမန်စေလျှင် သွားခြင်းငှါ ခွင့်ပြု၏။ မစေလျှင် ခွင့်မပြုသည်သာတည်း။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။

ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခာမာန်၊ သာမဏေ၊ သာမဏေမ၊ ဥပါသကာ၊ ဥပါသိကာ - ဤ ခုနစ်ယောက်တို့ထံ သတ္တာဟကရဏီယဖြင့် တမန်စေလျှင် သွားခြင်းငှါ ခွင့်ပြု၏။ မစေလျှင် ခွင့်မပြု။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။ (ဝါ –ခုနစ်ရက် အတွင်း ပြန်လာအပ်၏။)

ဒါတုံ၊ သောတုံ၊ ပဿိတုံ၊ (၃)-ပင့်တုံ ဝါပန်ကောင်း။

[သတ္တာဟကရဏီယဖြင့် ဟူသည်၌ ခုနစ်ရက်အတွင်း ပြုအပ်သော ကိစ္စသည် သတ္တာဟကရဏီယ မည်၏။ ကရိုဏ်းဖြစ်သော ထိုကိစ္စဖြင့် (ဝါ-ထိုကိစ္စကို အကြောင်းပြု၍) သွားခြင်းငှါ ခွင့်ပြု၏ ဟူလို။

တမန်စေလျှင် သွားခြင်းငှါ ဟူသည် ဘိက္ခု စသော ဤ ခုနှစ်ယောက်တို့ တမန်စေလျှင်သာ သွားခြင်းငှါ ခွင့်ပြု၏ ဟူလို။

ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏ ဟူသည် ခုနစ်ရက် အတွင်း၌သာ ပြန်လာအပ်၏။ အဋ္ဌမ အရုဏ်ကို ထိုပြင်ပ၌သာ မတက်စေအပ် ဟူလို။] (သတ္တမ အရုဏ်ကို ပြင်ပ၌ တက်စေအပ်၏။ သို့သော် ပြင်ပ၌ ခုနစ်အရုဏ် မဟုတ်၊ ပထမအရုဏ်ကို မသွားမီက တက်စေပြီးသောကြောင့်တည်း။)

(ဝိဋီ ... ပါဠိ၌ သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗော - ဟူသည် ခုနစ် ရက်လုံးကို ပြင်ပ၌သာ မလွန်စေမူ၍ ခုနစ်ရက်၏အဆုံး အဋ္ဌမ အရုဏ်တက်ချိန်ကို တစ်ဖန် ကျောင်း၌သာ ပြန်စပ်ခြင်းဖြင့် ခုနစ်ရက်ကို ကျောင်း၌ ပြန်လာခြင်းကို ပြုအပ်၏။ ခုနစ်ရက်အဆုံး ကာလကို သတ္တာဟသဒ္ဒါဖြင့် ဆိုသည်။ သတ္တာဟ ပရိယော သာနကာလော-ဟု ငဲ့၍ သန္နိဝတ္တော-ဟု ပုလ္လိုင်ဖြင့် ဟောသည်။)

တမန်ဝါရ ၁၇၂၄

ချစ်သားတို့၊ ဤသာသနာ၌ ဥပါသကာသည် (သံဃာကို ရည်စူး၍ ဝိဟာရော-ကျောင်းကို ပြုစေ၏။ ထိုဥပါသကာသည်) ရဟန်းတို့ထံ အာဂစ္ဆန္တုဘဒန္တာ၊ ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မဉ္စ သောတုံ ဘိက္ခူ စ ပဿိတုံ-ဟု တမန်စေအံ့။ ချစ်သားတို့ သတ္တာဟကရဏီယဖြင့် စေလျှင် သွားအပ်၏။ မစေလျှင် မသွားအပ်။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။

ဥပါသကာသည် သံဃာကိုရည်စူး၍ …

အဍ္ဎယောဂေါ-ဂဠုန်တောင် နှစ်ဘက်ချမိုးသော ကျောင်းကို၊

ပါသာဒေါ–ပြာသာဒ်ကို၊

ဟမ္မိယံ-ပြာသာဒ် ဦးပြည်းကို၊

ဂူဟာ- လိုဏ်ဥမင်ဂူကို (၅)။

ပရိဝဏံ- နေရာကျောင်းငယ်ကို၊

ကောဋ္ဌကာ-တံခါးမုခ်ကို၊

ဥပဌာနသာလာ – စည်းဝေးရာ စရပ်ကို၊

အဂ္ဂိသာလာ-မီးတင်းကုပ်ကို၊

ကပ္ပိယကုဋိ-ကပ္ပိယကုဋိ ကျောင်းကို (၅)။

ဝစ္စကုဋိ-ကျင်ကြီး အိမ်ကို၊

စင်္ကာမော-စင်္ကြံကို၊

စင်္ကမနသာလာ-စင်္ကြံအမိုးကို၊

ဥဒပါနော-ရေတွင်းကို၊

ဥဒပါနသာလာ – ရေတွင်း အမိုးကို (၅)။

ဇန္တာဃရံ – စရုံးအိမ်ကို၊

ဇန္တာဃရသာလာ-စရုံးအိမ် အမိုးကို၊

ပေါက္ခရဏီ-လေးထောင့်ကန်ကို၊

မဏ္ဍပေါ-မဏ္ဍပ်ကို၊

အာရမော-အရံကို။

အရာမဝတ္ထု−အရံရာကို (၆) ပြုစေ၏။

(တုံ သုံးချက်ဖြင့်) တမန်စေအံ့။ သတ္တာဟကရဏီယဖြင့် စေလျှင် သွားအပ်၏။ မစေလျှင် မသွားအပ်။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။ (၂၁-ဝါရ)။ ထိုအတူ ရဟန်းများစွာကို ရည်စူး၍၊ ရဟန်းတစ်ပါးကို ရည်စူး၍ ၂၁-ဝါရစီ ဖြစ်၏။ (ရဟန်းထံ ၆၃-ဝါရ။)

ဘိက္ခုနီ သံဃာကို ရည်စူး၍ (ဝစ္စကုဋိ၊ ဇန္တာဃာရ၊ ဇန္တဃရသာလာ ချန်၍) ၁၈–ဝါရ။ ဘိက္ခုနီ အများကို ရည်စူး၍၊ ဘိက္ခုနီတစ်ယောက်ကို ရည်စူး၍၊ ၁၈-ဝါရစီ ဖြစ်၏။ (ဘိက္ခုနီထံ ၅၄-ဝါရ)။ သိက္ခမာန် အများကို၊ တစ်ယောက်ကို ရည်စူး၍၊ ၁၈-ဝါရစီ ဖြစ်၏။ (သိက္ခမာန်ထံ ၃၆-ဝါရ)။ သာမဏေ အများကို၊ တစ်ယောက်ကို။ သာမဏေမ အများကို၊ တစ်ယောက်ကို ရည်စူး၍ ၁၈-ဝါရစီဖြစ်၏။ (သာမဏေထံ ၃၆။ သာမဏေမထံ ၃၆။ ပေါင်း ၁၆၂-ဝါရ။)

ဥပါသကာသည် မိမိတို့ အလို့ငှါ …

နိဝေသနံ−နေအိမ်ကို ဆောက်၏။ သယနိဃရံ-အိပ်ရာရှိသော တိုက်ခန်းကို၊ ဥဒေါသိတော-ဘဏ္ဍာတိုက်ကို၊ အဋ္ဋော-ပြအိုးကို၊ မာဠော-တန်ဆောင်းကို (၅)

အာပဏော-အိမ်ဈေးကို၊ အာပသာလာ-အိမ်ဈေး အမိုးကို၊ ပါသာဒေါ၊ ဟမ္မိယံ၊ ဂုဟာ (၅)

ပရိဝေဏံ-နေရာအိမ်ကို၊ ကောဋ္ဌကော၊ ဥပဋ္ဌာနသာလာ၊ အဂ္ဂိသာလာ၊ ရသဝတီ-ထမင်းချက် စဖိုအိမ်ကို (၅)

စင်္ကမော၊ စင်္ကမနသာလာ၊ ဥဒပါနော၊ ဥဒပါနသာလာ၊ ပေါက္ခရဏီ (၅)

မဏ္ဍပေါ၊ အာရမော၊ အာရာမ ဝတ္ထု၊ ဝါရေယျံ၊ သားအား သမီးအား ထိမ်းမြားခြင်းကို ပြု၏(၅)

ဂိလာနော - နာ၏။ အဘိညာတံ သုတ္တန္တံ - ထင်ရှားသော သုတ္တန်ကို တတ်မြောက်၏။ သုတ္တန်မကွယ်မီ ကြွလာ၍ သင်ယူပါဟု စေလိုက်၏။

အညတရံကိစ္စံ - တစ်ပါးသော ပြုဖွယ်ကိစ္စ ရှိ၏။ (၃)

တမန်စေအံ့ …လ... ပြန်လာခြင်းကို ပြုအပ်၏။ ၂၈-ဝါရ ဖြစ်၏။

ဤသို့ ဥပါသကာ စေရာ၌ ၆၃+၁၆၂+၂၈-အားဖြင့် ၂၅၃-ဝါရ။

ဥပါသိကာမ စေရာ၌လည်း ထိုအတူ- ၆၃+၁၆၂+၂၈ အားဖြင့် ၂၃၅ ဝါရ ဖြစ်၏။

ဘိက္ခု စေရာ၌ ၆၃+၁၆၂ - မိမိအလို့ငှါ ဝိဟာရ စသော ၂၁-အားဖြင့် ၂၄၆ – ဝါရ၏။

ဘိက္ခုနီ စေရာ၌ ၆၃+၁၆၂- မိမိ အလို့ငှါ ဝိဟာရ စသော ၁၈-အားဖြင့် ၂၄၃-ဝါရ၊

သိက္ခမာန်စေရာ၌ ထိုအတူ- ၂၄၃။

သာမဏေမ စေရာ၌ ၂၄၃။

ဤသို့ ၁၇၂၄-ဝါရကို ဟောတော်မူ၏။

[ဘိက္ခုနီ သံဃာကို ရည်စူး၍မှစ၍ ဝစ္စကုဋိ၊ ဇန္တာဃရ၊ ဇန္တာဃရသာလာ ဤ သုံးခု ယုတ်လျော့၏။

ရသဝတီ ဟူသည် ဘတ္တဂေဟကို ဆိုသည်။

ဝါရေယျ-ထိမ်းမြားခြင်း၌ သူဘစ်ပါး၏ သတို့သမီးကို ဆောင်ယူခြင်းသည် အာဝါဟ မည်၏။ မိမိ၏ သတို့သမီးကို ပို့ခြင်းသည် ဝိဝါဟ မည်၏။

သုတ္တန်မကွယ်မီ ဟူသည် ဤ သုတ္တန် မပျက်မပျောက်မီ အတွင်းတည်း။

အညတရံကိစ္စ ဟူသော စကားဖြင့် ပြုဖွယ် ဟူသမျှကို ရေတွက်အပ်၏၊ အလုံးစုံသော ဝါရတို့၌လည်း ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မဉ္စသောတုံ ဘိက္ခူ စ ပဿိတုံ-ဟူသော ကပ္ပိယဝစနဖြင့် စေလျှင် သွားအပ်၏။ ထိုဝစနတို့၏ ဝေဝုစ်ပရိယာယ်ဖြင့် စေလျှင်လည်း သွားအပ်၏။

ပေယျာ လက္ကမ-အစဉ်ကား၊ ဥပါသကာသည် သံဃာကို ရည်စူး၍ ကျောင်း စသည်ကို ဆောက်၏။ ရဟန်း အများကို၊ တစ်ပါးကို၊ ဘိက္ခုနီ သံဃာကို၊ အများကို၊ တစ်ပါးကို။သိက္ခမာန် အများကို၊ တစ်ပါးကို။ သာမဏေ အများကို၊ တစ်ပါးကို။ သာမဏေမ အများကို၊ တစ်ပါးကို ရည်၍ ဆောက်၏။

မိမိအလို့ငှါ နိဝေသနကို ဆောက်၏ဟု ၁၃-ဌာန ဟောသကဲ့သို့ ဥပါသိကာသည်၊ ဘိက္ခုသည်၊ သိက္ခာမာန်သည်၊ သာမဏေသည်၊ သာမဏေမသည် သံဃာကို ရည်စူး၍ စသည်ဖြင့် ၁၃-ဌာနစီ ဟော၏။ ဤ ခုနစ်ယောက် အပြားရှိသော ကရဏီတို့၌ တမန့်စေလျှင် သွားအပ်၏။]

(သိက္ခမာန်၊ သာမဏေတို့၌ သံဃာဟု ဟောခြင်း မရှိ။)

(သာဋီ ... သုံးခု ယုတ်လျော့၏ ဟူသည် ဘိက္ခုနီတို့အား ဝစ္စကုဋိ စသည်တို့ ပယ်ခြင်းကြောင့် ယုတ်လျော့၏။

ဝါရေယျန္တိ အာဝါဟ ဝိဝါဟ မင်္ဂလံ။ သုတ္တန် ဟူသည် မိမိ လေ့လာသော သုတ္တန်ဖြစ်၏။

မပျက်မပျောက် ဟူသည် မကွယ်မီတည်း။

ဝိဋီ ... မပျက်မပျောက် ဟူသည် သူတစ်ပါးတို့ မလေ့လာခြင်းကြောင့် လည်းကောင်း၊ မိမိ သေလျှင် လည်းကောင်း ပျက်စီးလတ္တံ့၊)

(ဘိက္ခုနီက္ခန္ဓက၌ ဆဗ္ဗဂ္ဂီမ တို့သည် ဝစ္စကုဋိ၌ ဂဗ္ဘကို ချခြင်းကြောင့် လည်းကောင်း။ စရုံးအိမ်၌ ရေချိုးသော ဘိက္ခုနီတို့ အုတ်အုတ်ကျက်ကျက် ပြုသောကြောင့် လည်းကောင်း၊ ထို သုံးခုကို ပယ်သည်။)

မပင့်သော်လည်း

ထိုအခါ ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ ရဟန်းတို့ထံ တမန်စေလိုက်၏။ အကျွန်ုပ်သည် ဂိလာန ဖြစ်၍ ရဟန်းတို့သည် ကြွလာကြစေသတည်း၊ ကြွလာခြင်းကို အလိုရှိ၏-ဟု စေလိုက်၏၊ ချစ်သားတို့၊ ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေရီ-ဤ ငါးယောက်တို့ထံ သတ္တာဟကရဏီယဖြင့် မစေသော်လည်း သွားခြင်းငှါ ခွင့်ပြု၏။ စေလျှင် ဆိုဖွယ်မရှိ။ ခုနစ်ရက်အတွင်း ဝါ-ခုနစ်ရက်ကာလကို ပြန်လာခြင်းကို ပြုအပ်၏။

ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ဂိလာနာဖြစ်၍ ကြွလာကြပါ-ဟု တမန်စေအံ့၊ သတ္တာဟ ကရဏီယဖြင့် မစေသော်လည်း သွားအပ်၏။ စေလျှင် ဆိုဖွယ်မရှိ။ ဂိလာနာဘတ်ကို ရှာအံ့၊ ဆေးကို ရှာအံ့၊ မေးမြန်းအံ့၊ ပြုစုအံ့ဟု သွား၍ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။ ရဟန်းအား မမွေ့လျော်ခြင်း (ပျင်းရိခြင်း) ဖြစ်၍ တမန် စေအံ့- တရားဟောအံ့ဟု သွားအပ်၏။ ရဟန်းအား ကုက္ကုစ္စဖြစ်၍ တမန်စေအံ့၊ မှားသော အယူ ရှိသည်ဖြစ်၍ တမန်စေအံ့-တရားဟောအံ့ဟု သွားအပ်၏ (၄)။

ရဟန်းသည် ဂရုဓမ္မသို့ ရောက်သဖြင့် ပရိဝါသ်ထိုက်၍ တမန်စေအံ့၊ မူလာယ-အရှင်းသို့ ငင်ထိုက်၍ ... ။ မာနတ်ထိုက်၍ ...။ အဗ္ဗာန်ထိုက်၍ တမန်စေအံ့၊ ကံဆောင် ပေးမည်ဟု သွားအပ်၏ (၄)။

ရဟန်းအား တဇ္ဇနီယ စသော ကံပြုလို၍ တမန်စေအံ့-ကံမပြုရအောင်၊ ကံငယ်ပြုအောင် ပြုပေးမည်ဟု သွားအပ်၏။ ရဟန်းအား တဇ္ဇနီယ စသော ကံပြုပြီး၍ တမန်စေအံ့ ကံငြိမ်းအောင် ပြုပေးမည်ဟု သွားအပ်၏ (၂)။

ရဟန်းထံ အကြောင်းဆယ်ပါး။

ချစ်သားတို့၊ ဤ သာသနာ၌ ဘိက္ခုနီသည် ဂိလာနာဖြစ်၍၊ မမွေ့လျော် ဖြစ်၍၊ ကုက္ကုစ္စ ဖြစ်၍၊ အယူမှား၍ (၄)။

ဂရုဓမ္မသို့ ရောက်သဖြင့် မာနတ် ထိုက်၍၊ မူလာယပဋိကဿနထိုက်၍၊ အဗ္ဗာန် ထိုက်၍ (၃)။

ကံကြီး ပြုလို၍၊ ကံကြီး ပြုပြီး၍ တမန်စေအံ့- ဆောင်ရွက်ပေးမည်ဟု သွားအပ်၏ (၂)။

ဘိက္ခုနီထံ အကြောင်းကိုးပါး။

ဤ သာသနာ၌ သိက္ခမာန်သည် ဂိလာနာ ဖြစ်၍၊ မမွေ့လျော်၍၊ ကုက္ကုစ ဖြစ်၍၊ အယူမှား၍ (၄)။

သိက္ခာပျက်သဖြင့် သိက္ခာယူလို၍၊ ရဟန်း ပြုလို၍ တမန်စေအံ့ (၂)။

သိက္ခာမာန်ထံ အကြောင်း ခြောက်ပါး။

ဤ သာသနာ၌ သာမဏေသည် ဂိလာနာ ဖြစ်၍၊ ...လ... ၊ အယူ မှား၍ (၄)။

အသက်မေးလို၍၊ ရဟန်းပြုလို၍ တမန်စေအံ့ (၂)။

သာမဏေထံ အကြောင်းခြောက်ပါး။

ဤ သာသနာ၌ သာမဏေမသည် ဂိလာနာ ဖြစ်၍၊ ... လ... ၊ အယူ မှား၍ (၄)။

အသက်မေးလို၍၊ သိက္ခာယူ၍ တမန်စေအံ့၊ ဆောင်ရွက်ပေးမည်ဟု သွားအပ်၏။ မစေသော်လည်း သွားအပ်၏။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏(၂)။

သာမဏေမထံ အကြောင်းခြောက်ပါး ဟောတော်မူ၏။

ထိုအခါ ရဟန်းတစ်ပါး၏ မိခင်သည် ဂီလာနာ ဖြစ်၏။ သားထံ ကြွလာပါဟု တမန်စေလိုက်၏။ ထိုအခါ ထိုရဟန်းအား ဤသို့ အကြံ ဖြစ်၏။ ခုနစ်ယောက်ထံ တမန်စေမှ သွားခြင်းငှါ၊ ငါးယောက်ထံ မစေသော်လည်း သွားခြင်းငှါ ပညတ်သည်။ ငါ၏ မိခင်သည်လည်း ဥပါသိကာ မဟုတ်၊ ဝါ-ဗုဒ္ဓဘာသာ မဟုတ်။ အဘယ်သို့ ကျင့်ရပါအံ့နည်းဟု ကြံ၍ လျှောက်၏။

ချစ်သားတို့ ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ (သီတင်းသုံးဖော် ငါးယောက်)။ မိခင်၊ ဖခင်- ဤ ခုနစ်ယောက်ထံ တမှန်မစေသော်လည်း ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ ခွင့်ပြု၏။ စေသော် ဆိုဖွယ်မရှိ။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်း၏ မိခင်သည် ဂိလာနာ ဖြစ်၍ တမန်စေအံ့၊ ဆေးဝါး ရှာဖွေ ပြုစုအံ့ဟု တမန်မစေသော်လည်း သွားအပ်၏ (၁) မိခင်ထံ အကြောင်းတစ်ပါး။

ရဟန်း၏ ဖခင်သည် ဂိလာန ဖြစ်၍ တမန်စေအံ့၊ ထိုအတူ သွားအပ်၏။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏ (၁) ဖခင်ထံ အကြောင်းတစ်ပါး။

ချစ်သားတို့၊ ရဟန်း၏ ညီ အစ်ကိုသည်၊ အစ်မ နှမသည်၊ ဆွေမျိုးသည်။ ဘိက္ခု ဂတိက-ရဟန်းတို့ကိုမှီ၍ အတူနေသူသည် ဂိလာန ဖြစ်၍ တမန်စေအံ့၊ ခုနစ်ရက်ကိစ္စဖြင့် သွားအပ်၏။ မစေလျှင် မသွားအပ်။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။

သုံးဖော် (၅) မိ၊ ဘ (၂)-မပင့်ကြ-သွားရ အကြောင်းကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မာ၊ မူ၊ ဝါသ်၊ ဗ္ဘာန် (၄)၊ လို၊ ပြီးကံ (၂) ဆယ်တန် ဘိက္ခုကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မာ၊ မူ၊ အဗ္ဗာန် (၃)၊ လို၊ ပြီးကံ (၂) ကိုးတန် နီအကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ ပျက်မူသိက္ခာ(၁)၊ သမ္ပဒါမျှ (၁) ခြောက်ခုရ- သိက္ခ-မာန်အကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မေးမူဝဿာ (၁) သမ္ပဒါမျှ (၁) ခြောက်ခုရ-သာမ-ဏေအကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မေးမူဝဿာ (၁) သိက္ခာယူမျှ (၁) ခြောက်ခုရ−သာမ-ဏေရီအကြောင်း။

မကျန်းမာကြ (၁)၊ မိနှင့် ဘ၊ သွားရ-တစ်အကြောင်း။

က္ခု-ဆယ်၊ နီ-ကိုး၊ သုံး-ခြောက်မျိုး၊ တစ်မျိုး-မိနှင့် ဘ။

[ဘိက္ခု၊ စသော သီတင်းသုံးဖော် ငါးယောက်ထံတွင် ဆွမ်းဆေး ရှာပေးအံ့၊ မေးမြန်းအံ့၊ လုပ်ကျွေးသမှု ပြုစုအံ့-အစရှိသော အကြောင်းဖြင့် မစေ မပင့်သော်လည်း သွားအပ်၏။ စေလျှင် ဆိုဖွယ်မရှိ သွားအပ်၏။

ဘိက္ခုသည် နာအံ့၊ ပျင်းရိအံ့၊ ကုက္ကုစ္စဖြစ်အံ့၊ အယူမှားအံ့၊ ပရိဝါသ် ထိုက်အံ့၊ မူလာယ ထိုက်အံ့၊ မာနတ် ထိုက်အံ့၊ အဗ္ဗာန် ထိုက်အံ့၊ သံဃာသည် ကံပြုလိုအံ့၊ သံဃာသည် ကံပြုပြီးဖြစ်အံ့-ဤအကြောင်း ဆယ်ပါးဖြင့် ဘိက္ခုထံ သွားအပ်၏။

ဘိက္ခုနီထံ ကိုးပါးဖြင့်။

သိက္ခမာန်ထံ အစလေးပါး၊ သိက္ခာပျက်၊ ရဟန်းပြုလိုဟူသော ခြောက်ပါးဖြင့်။

သာမဏေထံ အစ လေးပါး၊ အသက်မေးလို၊ ရဟန်းပြုလို-ခြောက်ပါးဖြင့်။

သာမဏေမထံ ရဟန်းပြုလိုပယ်၍ သိက္ခာယူလိုခြင်းနှင့်တကွ ငါးပါးဖြင့်။

အသက်မေးလို မကြဉ်သောကြောင့်၊ ခြောက်ပါးဖြင့် သွားအပ်၏။

(စာတို့၌ ပဉ္စဟိ-ဟု ရှိတတ်၏။ ပါဠိတော်နှင့် ညှိလျှင် ခြောက်ပါးဟု သိသာ၏၊)

နောက်၌ မိဘတို့ထံ ခွင့်ပြုရာ၌လည်း ဧသေဝနယော။ (ဤ၌လည်း ပါဠိတော် မကြည့်လျှင် သာမဏေနှင့် တူသည်ဟု ယူမိဖွယ်ရှိ၏။)

အန္ဓကဋ္ဌကထာ၌ကား မိဘတို့၏ အလုပ်အကျွေး ဉာတက၊ အညာတကတို့ထံလည်း မစေသော်လည်း သွားအပ်၏-ဟု ဆို၏။ ပါဠိ၊ အဋ္ဌကထာ၌ မဆိုသောကြောင့် မယူအပ်။

ဘိက္ခုဂတိက ဟူသည် တစ်ကျောင်းတည်း ဘိက္ခုတို့နှင့် အတူနေသူဖြစ်၏။

(သာဋီ ... ဘိက္ခု ဂတိကောတိ ဘိက္ခု နိဿိတကော - ဘိက္ခုတို့ကို မှီနေသူဖြစ်၏။ ဘိက္ခုတို့နှင့်အတူ နေသူဖြစ်၏။

ဝိဋီ ... အတူနေသူဖြစ်၏ ဟူသော စကားဖြင့် အနညဂတိက-ဟု ပြ၏။)

သံဃကိစ္စသည်

ထိုအခါ သံဃာ၏ ကျောင်းသည် ပြိုပျက်၏။ ဥပါသကာ တစ်ဦးသည် တော၌ သစ်ဘဏ္ဍာကို ဖြတ်စေ၍ ရဟန်းတို့ထံ တမန်စေလိုက်၏။ အရှင်ကောင်းတို့သည် ထိုသစ်ဘဏ္ဍာကို မဆောင်ယူစေလျှင် လှူပါမည်ဟု စေလိုက်၏။ ချစ်သားတို့၊ သံဃကိစ္စဖြင့် သွားခြင်းငှါ ခွင့်ပြု၏။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။

(ဥန္ဒြိယတီတိပလုဇ္ဇတိ။ ဘဏ္ဍန္တိဒဗ္ဗသမ္ဘာရဘဏ္ဍံ။ အဝဟာပေယျုန္တိ အာဟရာပေယျုံ။ ဒဇ္ဇာဟန္တိ ဒဇ္ဇေအဟံ။ သံဃကိစ္စဖြင့် ဟူသည်၌ ဥပုသ် အိမ် စသော သေနာသနတို့၌လည်းကောင်း၊ စေတီထီး အကျည် ပွတ်တိုင် စသည်တို့၌ လည်းကောင်း ပြုဖွယ်ကိစ္စ ဖြစ်စေ၊ အယုတ်ဆုံး ရဟန်း၏ ပုဂ္ဂလိက သေနာသန ဖြစ်စေ သံဃကိစ္စသာတည်း။ ထိုသံသကိစ္စ ပြီးစေခြင်းငှါ သစ်သား စသည်ကို ဆောင်ယူခြင်း၊ လက်သမား စသည်တို့အား ရိက္ခာပေးခြင်းငှါ သွားအပ်၏။)

ပါဠိ မုတ္တက

ထာ … ဤ ဆိုလတ္တံ့ကား ပါဠိမုတ္တက ရတ္တိစ္ဆေဒ ဝိနိစ္ဆယ တည်း။ တရားနာခြင်းငှါ မပင့်ဖိတ်ဘဲ မသွားအပ်။

ကျောင်းတိုက်တစ်ခု၌ ဤမည်သောနေ့၌ စည်းဝေးအပ်၏-ဟု ကတိကဝတ် ရှေးဦးကပင် ပြုထားအံ့-ပင့်ဖိတ်ခြင်းသာ မည်၏။ သွားခြင်းငှါ အပ်၏။

ဘဏ္ဍကံဓောဝိဿာမိ - သင်္ကန်းဖွပ်အံ့ဟု သွားခြင်းငှါ မအပ်။ ဆရာ ဥပဇ္ဈာယ်တို့သည် စေခိုင်းကုန်အံ့။ (ဝါ-သင်္ကန်းဖွပ်ခြင်း စသည်ဖြင့် စေခိုင်းကုန်အံ့) သွားအပ်၏။

မဝေးလွန်းသော ကျောင်းဖြစ်၍ ယနေ့ သွားလျှင် ယနေ့ ပြန်ရောက်လိမ့်မည်ဟု (အားထုတ်သော်လည်း) ပြန်မရောက်နိုင်လျှင် အပ်၏။

ပါဠိသင်ခြင်း၊ အဋ္ဌကထာ မေးမြန်းခြင်း စသည် အလို့ငှါလည်း သွားခြင်းငှါ မရ။ ဆရာကို ဖူးမြော်အံ့ဟု သွားခြင်းငှါကား ရ၏။ ထိုရဟန်းကို ယနေ့ ပြန်မသွားနှင့်ဦးဟု ဆရာတားလျှင် အပ်၏။ အလုပ်အကျွေး၊ ဆွေမျိုး ဒါယကာတို့ကို ကြည့်ရှုခြင်းငှါ သွားခွင့် မရ။)

သံဃကိစ္စ၊ ကတိကပြုရာ၊ ဆရာ စေအပ်၊ ဖူးလိုလတ် (၄)။ လေးရပ် သွားထိုက်ကြောင်း။

(သာဋီ ... ခုနစ်ရက် ကိစ္စဖြင့် သွား၍ ပြင်ပ၌ အရုဏ်တက်စေခြင်းသည် ရတ္တိစ္ဆေဒ မည်၏။

မပင့်ဘဲ ဟူသည်၌ မပင့်ခြင်းကြောင့် သတ္တာဟကိစ္စ ဆောက်တည်၍ သွားသူအားလည်း ဝါပြတ်၏။ ဒုက္ကဋ်လည်း သင့်၏။

ဆိုပြီးသော ရတ္တိစ္ဆေဒ အကြောင်းကင်းလျက် ကျောင်းတစ်ပါး၌ နေ၍ ပြန်လာမည်ဟု သွားသူအားလည်း ဝဿစ္ဆေဒကို ဆိုကုန်၏။

သွားခြင်းငှါ အပ်၏ ဟူသည် ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏။ ဤသို့ သွားသူသည်လည်း ဥပစာရ သိမ်တွင်း၌ တည်လျက်သာလျှင် “အန္တေသတ္တာဟေ အာဂစ္ဆိဿာမိ- ခုနစ်ရက်အတွင်း ပြန်လာမည်”- ဟု အဘောဂပြု၍ သွားအပ်၏။ အာဘောဂ မပြုဘဲ ဥပစာသိမ်ကို လွန်အံ့၊ ဆိန္နဝဿ ဝါပြတ်သာ ဖြစ်သည်ဟု ဆိုကုန်၏။

ဘဏ္ဍက ဟူသည်ကို စီဝရကို ရည်ဆိုသည်။

စေခိုင်းကုန်အံ့ ဟူသည် သင်္ကန်းဖွပ်ခြင်း စသော အမှုဖြင့် စေခိုင်းကုန်၏။

ပြန်မရောက်နိုင်လျှင် အပ်၏ ဟူသည်၌ ယနေ့ ပြန်လာအံ့ဟု အနီးကျောင်းသို့သွား၍ တစ်ဖန် ပြန်လာစဉ် ခရီးအကြား အရုဏ်တက်အံ့၊ ဝါမပတ်၊ ညဉ့်မပြတ် - ဝဿစ္ဆေဒလည်း မဖြစ်၊ ရတ္တိစ္ဆေဒ ဒုက္ကဋ်လည်း မရှိဟု ဆိုကုန်၏။

ဆရာကို ဖူးမြော်အံ့ ဟူသည်၌ ကျန်းမာသော ဆရာဥပဇ္ဈာယ်ကိုသော်လည်း ဖူးမြော်အံ့ဟု ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏။ဤသို့ ခုနစ်ရက်ကိစ္စဖြင့် သွားသူကို ခုနစ်ရက်အတွင်း ပြန်လာလိုသောအခါ ဆရာသည် လည်းကောင်း၊ ဥပဇ္ဈာယ်သည် လည်းကောင်း၊ ယနေ့ မသွားနှင့်ဦးဟု ဆိုအံ့၊ အပ်၏။ ခုနစ်ရက် လွန်သော်လည်း အနာပတ္တိ ဟူလို။ ဝဿစ္ဆေဒကား ဖြစ်သည်သာတည်း။ ပြင်ပ၌ ခုနစ်ရက် လွန်ခြင်းကြောင့် တည်း။

ဝိဋီ ... သွားအပ်၏ ဟူသည် မစေသော်လည်း သံဃကိစ္စဖြင့် သွားအပ်၏။ ဤ၌လည်း ဥပါသကာ မဟုတ်သူ သော်လည်း သာသနာ အကြောင်း သိလို၍ တမန်စေလျှင် သဒ္ဓါတရား တိုးတက်ခြင်းကို မြော်မြင် သဖြင့်လည်း ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏ဟု သိအပ်၏။

ရတ္တိစ္ဆေဒ ဝိနိစ္ဆယ ဟူသည် ခုနစ်ရက်ကိစ္စဖြင့် သွား၍ ပြင်ပ၌ အရုဏ်တက်စေခြင်း ဟူသော ရတ္တိစ္ဆေဒ၏ ဝိနိစ္ဆယတည်း။

သွားခြင်းငှါ အပ်၏ ဟူသည် ဥပစာရ သိမ်တွင်း၌ တည်လျက်သာ ခုနစ်ရက်ကိစ္စ အကြောင်းကို မှတ်၍ ဤအကြောင်းဖြင့် သွား၍ ခုနစ်ရက်အတွင်း ပြန်လာမည်ဟု အာဘောဂ ပြု၍ သွားခြင်းငှါ အပ်၏။ ရှေး၌ ဘာဘောဂ ပြုအပ်၍ သွားသော ခဏ၌ သတိမေ့လျက် သွားသော်လည်း ကိစ္စဖြင့် သွားခြင်းကြောင့် အပြစ် မရှိ။

အချင်းခပ်သိမ်း အာဘောဂ မပြုဘဲ သွားသူအား ဝဿစ္ဆေဒဟု ဆိုကုန်၏။ “အကြောင်းမရှိသော်လည်း ခုနစ်ရက်အတွင်း ပြန်လာမည်ဟု အာဘောဂဖြင့် သွား၍ ခုနစ်ရက်အတွင်း ပြန်လာအံ့၊ အာပတ်သာ သင့်သည်။ ခုနစ်ရက်အတွင်း ပြန်လာသောကြောင့် ဝဿစ္ဆေဒ မရှိ” ဟု ဆိုကုန်၏။ စူးစမ်း၍ ယူအပ်၏။

ဘဏ္ဍကသည် စီဝရဘဏ္ဍ ဖြစ်၏။

ပြန်မရောက်နိုင်လျှင် အပ်၏ ဟူသည် ထိုနေ့၌သာလျှင် ပြန်လာခြင်း၌ အားထုတ်ခြင်း ရှိသောကြောင့် ဝဿစ္ဆေဒလည်း မဖြစ်၊ အာပတ်လည်း မသင့် ဟူလို။

ဆရာကို ဟူသည် ကျန်းမာသော နိဿယာစရိယ၊ ဓမ္မာစရိယကိုသော် လည်းတည်း။ ဥပသမ္ပဒါ စရိယ၊ ဥပဇ္ဈာယတို့၌ ဆိုဖွယ်မရှိ။

တားလျှင် အပ်၏ ဟူသည်ကို ခုနစ်ရက် လွန်ခြင်းကြောင့် အာပတ်မရှိခြင်းကို ရည်ဆိုသည်။ ဝဿစ္ဆေဒကား ဖြစ်သည်သာတည်း။)

ဝါဖျက်သင့်ကြောင်း အန္တရာယ်

ထိုအခါ ကောသလ ဇနပုဒ်တို့၌ ဝါကပ်သော ရဟန်းတို့ကို ခြင်္သေ့ စသော သားရဲတို့ နှိပ်စက်ကုန်၏။ ဖမ်း၍ စားကုန်၏။ ထွက်ပြေးစေကုန်၏။ ဝါ-လိုက်ကုန်၏။ ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သော ရဟန်းတို့ကို သားရဲတို့ နှိပ်စက်ကုန်အံ့၊ ဖမ်း၍ စားကုန်အံ့၊ လိုက်ကုန်အံ့။ ဤသည်ပင်လျှင် အန္တရာယ်ဟု ဖဲသွားအပ်၏။ ဝဿစ္ဆေဒဿ - ဝါဖြတ်သူအား (ဝါ-ဝဿစ္ဆေဒေ- ဝါဖြတ်ခြင်းကြောင့်၊ အဿ-ထိုရဟန်းအား) အနာပတ္တိ။

မြွေကိုက်အံ့၊ လိုက်အံ့ ...။ ခိုးသူ လူယုတ်တို့ ရိုက်နှက်အံ့ ...။ ဘီလူးပူးဝင်အံ့၊ ညှဉ်းဆဲအံ့ ...။ ရွာမီးလောင်၍ ဆွမ်းပင်ပန်းအံ့ ...။ ကျောင်းမီးလောင်၍ ကျောင်းပင်ပန်းအံ့ ...။ ရွာရေမျော၍ ဆွမ်းပင်ပန်းအံ့ ...။ ကျောင်းရေမျော၍ ကျောင်းပင်ပန်းအံ့။ ဤသည်ပင်လျှင် အန္တရာယ် ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ (ရှစ်ချက်)။

တစ်ခုသော အာဝါသ၌ ဝါကပ်သော ရဟန်းတို့၏ ရွာသည် ခိုးသူဘေးကြောင့် ပြောင်းရွှေ့သွား၏။ ချစ်သားတို့၊ ရွာရွှေ့သွားရာသို့ သွားခြင်းငှါ ခွင့်ပြု၏။ ရွာသည် နှစ်ဘို့ကွဲ၏။ ချစ်သားတို့၊ များရာသို့ သွားခြင်းငှါ ခွင့်ပြု၏။ များရာရွာသည် သဒ္ဓါသူ မရှိကုန်။ ချစ်သားတို့၊ သဒ္ဓါသူရှိရာသို့ သွားခြင်းငှါ ခွင့်ပြု၏ (သုံးချက်)။

အကောသလဇနပုဒ်တို့၌ တစ်ခုသော အာဝါသ၌ ဝါကပ်သော ရဟန်းတို့သည် ဆွမ်းပြည့်စုံစွာ မရကုန်။ ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သူတို့သည် ဆွမ်းပြည့်စုံစွာ မရကုန်အံ့။ ဤသည်ပင် အန္တရာယ်ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ။ ဆွမ်းပြည့်စုံစွာ ရသော်လည်း သပ္ပါယဘောဇဉ်ကို မရကုန်အံ့။ ဘောဇဉ်ရသော်လည်း သပ္ပါယဆေးကို မရကုန်အံ့။ ဆေးရသော်လည်း လျောက်ပတ်သော အလုပ်အကျွေးကို မရကုန်အံ့။ ဤသည်ပင် အန္တရာယ်ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား နာပတ္တိ (လေးချက်)။

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သော ရဟန်းကို မိန်းမသည် ဖိတ်ကြားအံ့၊ အရှင်ဘုရား လာလော၊ ငွေကို ပေးမည်၊ ရွှေကို ပေးမည်၊ လယ်ကို၊ ယာကို၊ နွားလားကို၊ နွားမကို၊ ကျွန်ကို၊ ကျွန်မကို ပေးပါမည်။ မယားအလို့ငှါ သမီးကို ပေးမည်၊ အကျွန်ုပ်သည် အရှင်၏ မယားဖြစ်မည်၊ တစ်ပါးသော မယားကို ရှာပေးမည် ဟု ဖိတ်ကြားအံ့ – စိတ်သည် ဖောက်ပြန်လွယ်သည် သာသနာ၏ အန္တရာယ်ဖြစ်ရာ၏ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ။

ပြည့်တန်ဆာမသည်၊ အပျိုကြီးသည်၊ ပဏ္ဍုက်သည်၊ ဆွေမျိုးသည်၊ မင်းသည်၊ ခိုးသူသည်၊ သေသောက်ကြူး သည် ငွေကိုပေးမည် စသည်ဖြင့် ဖိတ်ကြားအံ့။ ….လ... ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ၊

ချစ်သားတို့၊ ဝါကပ်သော ရဟန်းသည် အရှင်မရှိသော နိမိ-ရွှေအိုး ငွေအိုးကို မြင်အံ့။ စိတ်သည် ဖောက်ပြန်လွယ်သည်။ သာသနာ၏ အန္တရာယ် ဖြစ်ရာ၏ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ။

[ရွာရွှေ့သွားရာသို့ သွားခြင်းငှါ စသည်တို့၌ မဝေးလွန်းလျှင် ထိုရွာ၌ ဆွမ်းခံ၍ ကျောင်းသို့သာ ပြန်လာ၍ နေအပ်၏။ ဝေးလျှင် ခုနစ်ရက် တစ်ကြိမ် အရုဏ်ကို တက်စေအပ်၏။ မတက်နိုင်လျှင် ထိုရွာ၌သာ သဘာဂ ရဟန်းတို့၏ နေရာ၌ နေအပ်၏။ လူတို့သည် လှူမြဲတိုင်းသော သလာကာဘတ် စသည်တို့ကို လှူကုန်အံ့၊ ထိုကျောင်း၌ ငါတို့ မနေကြဟု ဆိုအပ်ကုန်၏။ ကျောင်းအား မလှူ၊ အရှင်တို့အား လှူပါသည်၊ နေလိုရာ နေ၍ ဘုဉ်းပေးကြပါဟုဆိုလျှင် ချမ်းသာသလို ဘုဉ်းပေးအပ်၏။ ထိုရဟန်းတို့အားသာ ထိုဆွမ်းရောက်၏။

“အရှင်တို့၏ နေရာ၌ ရောက်စေ၍ ဘုဉ်းပေးကြပါ”ဟုဆိုလျှင် နေရာသို့ဆောင်၍ ဝါစဉ်ဖြင့် ရောက်စေ၍ ဘုဉ်းပေးအပ်၏။ ပဝါရဏာပြုသောအခါ ဝဿာဝါသိက- ဝါဆိုသင်္ကန်းကို လှူကုန်အံ့၊ ခုနစ်ရက်တစ်ကြိမ် အရုဏ်တက်စေသူတို့သည် ခံယူအပ်၏။

ဝါပြတ်သူတို့ကား-“ထိုကျောင်း၌ ငါတို့ မနေကြ၊ ငါတို့ ဝါပြတ်ကုန်၏ဟု ဆိုကုန်အံ့။ အကျွန်ုပ်တို့၏ ကျောင်းကို ရောက်စေကုန်ပြီး သူတို့သည် ယူကြစေကုန်”ဟု ဆိုကုန်အံ့၊ ယူအပ်၏။ ယခင် ကျောင်း၌ စုဆောင်းထား အပ်သည်ဖြစ်၍ မပျက်အောင် ဤကျောင်းသို့ ယူခဲ့သော (ဝါ-ဝိဟာရမှ ပြင်ပရောက်ရာသို့ ဆောင်ခဲ့သော) သင်္ကန်း စသော ဝေဖန်အပ်သော ဘဏ္ဍာကိုကား (ပြင်ပ၌ မပန်ကြားအပ်)။ ထိုယခင် ကျောင်းသို့သာ သွား၍ ဝန်ကြား၍ ဝေဖန်အပ်၏။

ဣတောအယျာနံ စတ္တာရော ပစ္စယေဒေထ၊ ဤမှ ပစ္စည်းလေးပါးကို အရှင်တို့အား လှူကြလော-ဟု ကပ္ပိယကာရကတို့၏ လက်၌ လှူထားသော လယ်ယာ စသည်မှ ဖြစ်သော တတြုပ္ပါဒဘဏ္ဍာ၌လည်း သေဝနယော၊ သံဃိကဖြစ်၍ ဝေဖန်အပ်သော ဘဏ္ဍာသည် ကျောင်းတွင်း၊ ကျောင်းပ၌ တည်စေကာမူ၊ ကျောင်းပြင်၌ တည်သော ရဟန်းတို့အား ပန်ကြား၍ ဝေဖန်ခြင်းငှါ မအပ်။

ကျောင်းတွင်း ကျောင်းပ နှစ်ဌာန၌ တည်သော်လည်း ကျောင်းတွင်း၌ တည်သူတို့အား ပန်ကြား၍ ဝေဖန်ခြင်းငှါ အပ်သည်သာတည်း။ ထိုကြောင့် ယခင် ကျောင်းသို့သာ သွား၍ ဝေဖန်အပ်၏။]

(သာဋီ ... ဝေးလျှင် ခုနစ်ရက်တစ်ကြိမ် စသော စကားဖြင့် ဝါ၊ ဖြတ်ထိုက်ကြောင်း လုံလောက်သော်လည်း ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏ဟုပြသည်။

ဝိဋီ ... သတ္တာဟ ဝါန အရုဏော ဥဋ္ဌာပေတဗ္ဗော - ခုနစ်ရက်တစ်ကြိမ် အရုဏ်ကို တက်စေအပ်၏ ဟူသည်၌ ပြင်ပ၌ ခြောက်ရက် လွန်စေ၍ သတ္တမနေ့ အရုဏ်မတက်မီ ဥပစာရ သိမ်တွင်းသို့ဝင်၍ အရုဏ်တက်စေ၍ နောက်နေ့၌ ခုနစ်ရက် ဆောက်တည်၍ သွားအပ်၏ ဟူသော အဓိပ္ပါယ်တည်း။

ကေစိတို့ကား သတ္တမနေ့၌ လာ၍ အရုဏ်မတက်စေဘဲ ထိုနေ့၌သော်လည်း သွားခြင်းငှါ အပ်သည်ဟု ဆိုကုန်၏၊ မယူအပ်၊ အရုဏော ဥဋ္ဌာပေတဗ္ဗောဟု ဆိုသည်။ ပါဠိတော်၌လည်း သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗော-ဟု ဟောသည်။ သတ္တမနေ့ အရုဏ်ပြန်တက်စေခြင်းကို ရည်ဟောသည်။ အရုဏ်မတက်စေဘဲ သွားလျှင် ပြင်ပ၌သာ ခုနစ်ရက်ကို လွန်စေသူဖြစ်၍ ဝါပြတ်သူသာ ဖြစ်လတ္တံ့။

ဝါကပ်ပြီးသူ ထိုနေ့ အရုဏ်မတက်ဖြစ်ဘဲ ကိစ္စဖြင့် ဖဲသွားခြင်းသည် ဝါကပ်ပြီးသော အခါမှစ၍ အမှတ်မရှိ ကာလ၌ အကြောင်းရှိလျှင် သွားခြင်းကို ခွင့်ပြုသောကြောင့် သင့်၏။ ခုနစ်ရက် အကြိမ်ဖြင့် ပြန်သွားသူအား အရုဏ်မတက်စေဘဲ ထိုနေ့ ဖဲသွားခြင်းကား မသင့်။

ပဝါရဏာ မတိုင်မီ နောက်ဆုံး သတ္တာဟ၌ ကိစ္စဖြင့် ဖဲသွားသူ ပြန်မလာခြင်းကို ခွင့်ပြုသော်လည်း၊ ရှေး သတ္တာဟတို့၌ မအပ်။ ပထမ သတ္တာဟ၌ အရုဏ်မတက်စေဘဲ သွားခြင်းကို ခွင့်ပြုသော်လည်း နောက် သတ္တာဟတို့၌ မအပ်-ဟု ဆုံးဖြတ်အပ်၏။)

သံဃဘေဒကြောင့်လည်း

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သော ရဟန်းသည် ရဟန်းများစွာ သံဃာ ကွဲအောင် အားထုတ်ကြသည်ကို မြင်အံ့။ သံဃာကွဲခြင်းသည် ဝန်လေးလှ၏။ ငါ မျက်မှောက်ရှိစဉ် မကွဲပါစေလင့်ဟု ဖဲသွားအပ်၏။ ဝါဖြတ် သူအား အနာပတ္တိ။ ထိုအတူကြားအံ့-ဖဲသွားအပ်၏။ အနာပတ္တိ (နှစ်ချက်)။

ဤမည်သော ကျောင်း၌ သံဃာကွဲအောင် အားထုတ်ကြသည်ဟု ကြားအံ့၊ ထိုရဟန်းတို့သည် ငါ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ ငါ့စကားကို နားထောင်ကုန်လတ္တံ့ဟု သိအံ့- ဖဲ့သွားအပ်၏၊ အနာပတ္တိ။ ငါ၏ မိတ်ဆွေကား မဟုတ်၊ ငါ၏ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန်လတ္တံ့ ဟု သိအံ့ ဖဲသွားအပ်၏။ အနာပတ္တိ (၂)

ဘိန္နော – ကွဲပြီ (ဝါ-ကွဲလုပြီ) - ဟု ကြားအံ့၊ မိတ်ဆွေ ဖြစ်ကုန်၏။ နားထောင်ကုန် လတ္တံ့ဟု သိအံ့။ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန်လတ္တံ့ ဟု သိအံ့။ ဖဲသွားအပ်၏၊ အနာပတ္တိ(၂)။

ဘိက္ခုနီတို့သည် သံဃာကွဲ အောင် အားထုတ်ကြသည်ဟု ကြားအံ့၊ ထိုဘိက္ခုနီတို့သည် ငါ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ ငါ၏ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန်လတ္တံ့ ဟု သိအံ့၊ ဖဲသွားအပ်၏။ အနာပတ္တိ (၂)။

ဘိန္နော-ကွဲပြီ။ (ဝါ-ကွဲလုပြီ)-ဟု ကြားအံ့။ မိတ်ဆွေ။ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန် လတ္တံ့ဟု သိအံ့၊ ဖဲသွားအပ်၏၊ ဝါဖြတ်သူအား အနာပတ္တိ (၂)။

[ဘိန္နော-ဟု ဆိုရာ၌ ကွဲပြီးမှ သွားလျှင် ပြုဖွယ်မရှိ။ ကွဲလတ္တံ့ ဟု တွေးတောဖွယ် ရှိသည်ကို ရည်ဆိုသည်။ ဘိက္ခုနီတို့ အားထုတ်ခြင်းကြောင့် ဘိန္နောဟု ဆိုရာ၌ ဘိက္ခုနီတို့ကြောင့် မကွဲ။ ဘိက္ခုနီတို့သည် သံဃာကို မခွဲနိုင်။ ဘိက္ခုနီတို့၏ အားပေးသည်ကို မှီ၍ သံဃာကို ခွဲကုန်ရာ၏ဟု တွေးတောဖွယ်ကို ရည်ဆိုသည်၊]

နွားခြံ၊ လှည်း၊ လှေ၌ ဝါကပ်ခြင်း

ထိုအခါ ရဟန်းတစ်ပါးသည် ဝဇေ-နွားခြံ၌ ဝါကပ်လို၏။ မြတ်စွာဘုရားအား လျှောက်၏၊ ချစ်သားတို့၊ နွားခြံ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။
နွားခြံသည် ရွှေ့ပြောင်း၏။ ချစ်သားတို့၊ နွားခြံရွှေ့ရာသို့ လိုက်သွားခြင်းငှါ ခွင့်ပြု၏။

ရဟန်းတစ်ပါးသည် ဝါဆိုချိန် နီးသောအခါ သတ္တေန-လှည်းကုန်သည်ဖြင့် သွားလို၏။ ချစ်သားတို့၊ လှည်း ကုန်သည်၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဝါဆိုချိန် နီးသောအခါ နာဝါယ-လှေဖြင့် သွားလို၏။ ချစ်သားတို့၊ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။

[ဝဇ ဟူသည် နွားကျောင်းသားတို့၏ နေရာဖြစ်၏။

နွားခြံ ရွှေ့ရာဟူသည်၌ နွားခြံနှင့်အတူ သွားသူအား ဝါဖြတ်ခြင်းကြောင့် အနာပတ္တိ။

လှည်းကုန်သည်၌ ဝါကပ်ခြင်းငှါ ဟူသည်၌ ဝါဆိုအံ့သော နေ့၌ “ဒါယကာတို့ ကျောင်းငယ်ကို ရခြင်းငှါ သင့်၏”ဟု ဆိုအပ်၏။ ပြုပေးလျှင် ထိုကျောင်းငယ်၌ ဝင်၍၊ ဣဓဝဿံ ဥပေမိ-ဟု သုံးကြိမ် ဆိုအပ်၏။ ပြုမပေးလျှင် စရပ်အသွင်တည်သော လှည်းအောက်၌ ဝါကပ်၏။ ထိုမျှ မရလျှင် လှည်းကုန်သည်၌ ဝါမကပ်အပ်၊ ဣဓဝ ပသိဿာမိ-ဟု စိတ်ဖြစ်ခြင်းမျှ အာလယ ပြုအပ်၏။

လှည်းကုန်သည်သည် ခရီးသွားစဉ်သာလျှင် ပဝါရဏာနေ့ ဖြစ်အံ့၊ ထို၌သာ ပဝါရဏာ ပြုအပ်၏။ လှည်းကုန်သည်သည် ဝါတွင်း၌ပင် ရဟန်း လိုရာအရပ်သို့ ရောက်၍ လွန်သွားအံ့၊ လိုရာအရပ်၌နေ၍ ထို၌ရှိသော ရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။

လှည်းကုန်သည်သည် ဝါတွင်း၌ပင် အကြား ရွာတစ်ခု၌တည်အံ့၊ လှည်းခေါင်းကွဲ၍ တခြားစီသော်လည်း ဖြစ်အံ့၊ ထိုရွာ၌သာ ရဟန်းတို့နှင့်အတူ နေ၍ ပဝါရဏာ ပြုအပ်၏။ ပဝါရဏာ မပြုဘဲ ထိုရွာမှ တစ်ပါးသို့ မသွားအပ်။

လှေ၌ ဝါကပ်သော ရဟန်းသည်လည်း ကျောင်းငယ်၌သာ ဝါကပ်အပ်၏။ ရှာ၍မရလျှင် စိတ်ဖြစ်ခြင်းမျှ အာလယ ပြုအပ်၏။ ဝါတွင်း၌ လှေသည် သမုဒြာ၌သာ ဖြစ်အံ့၊ ထို၌သာ ပဝါရဏာ ပြုအပ်၏။ လှေသည် ကမ်းသို့ဆိုက်အံ့။ ရဟန်းကား ထိုထက်အလွန် သွားလိုအံ့၊ မသွားအပ်၊ လှေဆိုက်ရာ၌သာနေ၍ ရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။

လှေသည် ကမ်းစဉ်လျှောက်၍ အရပ်တစ်ပါးသို့ သွားလိုအံ့၊ ရဟန်းကား ရှေးဦးစွာရောက်သော ရွာ၌သာ နေလိုအံ့။ လှေသွားစေကာမူ ထိုရဟန်းသည် ထိုရွာ၌သာ နေ၍ ရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။

ဤသို့ နွားခြံ၊ လှည်း၊ လှေ သုံးဌာနတို့၌ ဝဿစ္ဆေဒ အာပတ်မရှိ၊ ပဝါရဏာ ပြုခြင်းငှါလည်း ရ၏၊ ရှေး၌ သားရဲနှိပ်စက်ခြင်း အစ၊ သံဃဘေဒ အဆုံးရှိသော ဝတ္ထုတို့၌ အနာပတ္တိသာ ဖြစ်သည်။ ပဝါရဏာပြုခြင်းငှါ မရ။

(ယခုအခါ မီးရထား၊ သင်္ဘောဖြင့် ခရီးသွားစဉ် ဝါကပ်ရန် နေ့ကြုံအံ့။ ထို၌ပင် ဝါကပ်အပ်ကြောင်း ထိုနေရာ၌ ထင်ရှား၏။ သင့်အောင်ယူလော။)

(သာဋီ … ဣဓဝဿံ ဥပေမိ-ဟု သုံးကြိမ်ဆိုအပ်၏-ဟူသည် လှည်းကုန်သည်သည် ဝိဟာရ မဟုတ်သောကြောင့် ဣမသ္မိံ ဝိဟာရေ-ဟု မဆိုဘဲ ဣဓဝဿံ ဥပေမိ-ဟူ၍မျှ ဆိုအပ်၏။

လှည်းကုန်သည်၌ ဝါမကပ်ရ ဟူသည် ကျောင်းငယ်စသည် မရှိရာ၌ ဣဓဝဿံ ဥပေမိ-ဟု မြွက်ဆို၍ ဝါမကပ်အပ်။ အာလယ ပြုခြင်းမျှသာ အပ်၏ ဟူသော အဓိပ္ပာယ်တည်း။

ဝိပ္ပကိရတီတိ ဝိသုံ ဝိသုံဂစ္ဆတိ-လှည်းခေါင်းကွဲ၍ အသီးသီးသွား၏။

သုံးဌာနတို့၌ ဝဿစ္ဆေဒ အာပတ် မရှိ ဟူသည် ထိုသူတို့နှင့်အတူ သွားသူအားသာ အာပတ်မရှိ၊ ခွဲ၍ သွားလျှင်ကား အာပတ်သာတည်း။ ပဝါရဏာ ပြုခြင်းငှါလည်း မရ။

ဝိဋီ ... ဝါမကပ်အပ် ဟူသည် ကျောင်းငယ် စသည် မရှိသဖြင့် ဣဓဝဿံ ဥပေမိ-ဟု မြွက်ဆို၍ ဝါမကပ်အပ်။

ဇီဋီ ... နွားခြံနှင့်အတူ သွားသူအား ဝါဖြတ်ခြင်းကြောင့် အနာပတ္တိ ဟူသည် ဝဿစ္ဆေဒ မဖြစ်ဟူသော အဓိပ္ပါယ် ဖြစ်သတတ်။

သတ္ထသည် ဝိဟာရ မဟုတ်သောကြောင့် ဣမသ္မိံ ဝိဟာရေ-ဟု မဆိုဘဲ ဣမဝဿံ ဥပေမိ ဟူ၍မျှ ဆိုအပ်၏။

ဝါမကပ်ဟူသည် သတ္ထု၌ ဣမသ္မိံ ဝိဟာရေဟူ၍ လည်းကောင်း၊ ဣဓဝဿံ ဟူ၍ လည်းကောင်း မကပ်အပ်၊ အာလယ ပြုခြင်းမျှဖြင့်သာ အပ်၏ဟူသော အဓိပ္ပာယ်တည်း၊

အဋ္ဌကထာ၌ ရှေ့နောက် မဆန့်ကျင်အောင် ဤသို့ အဓိပ္ပါယ်ကို သိအပ်၏။ ရပ်ဆဲလှည်းဖြစ်လျှင် ကျောင်းငယ်၌ ဣဓဝဿံ ဥပေမိ-ဟု ဆို၍ ဝါကပ်အပ်၏။ သွားဆဲလှည်းဖြစ်လျှင် ကျောင်းငယ် မရှိသောကြောင့် ပါ မကပ်အပ်။ ထမ်းစင်သော် လည်းကောင်း၊ လှည်းတိုက်ခန်းသော် လည်းကောင်း ရှိလျှင် အပ်၏။ နွားခြံ၌လည်း ထိုအတူတည်း။ စသည် ... )

ဝါမကပ်အပ် ခုနစ်ရပ်

ထိုအခါ ရဟန်းတို့သည် ရုက္ခသုသိရေ-သစ်ခေါင်း၌ ဝါကပ်ကုန်၏။ ပိံသာစိလ္လိကာ- မြေဘုတ် ဘီလူးကလေး ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ သစ်ခေါင်း၌ ဝါမကပ်အပ်-ဒုက္ကဋ်။

ရဟန်းတို့သည် ရုက္ခဝိဋဘိယာ-သစ်ခွ၌ ဝါကပ်ကုန်၏။ မိဂလုဒ္ဒက-မုဆိုးတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

အဇ္ဈောကာသေ-လွင်တီးခေါင်၌ ဝါကပ်ကုန်၏။
မိုးရွာသောအခါ သစ်ပင်အောက်၊ တံစက်မြိတ်တွင်းသို့ ပြေးဝင်ကုန်၏။
အသေနာသနီကာ ကျောင်းမရှိဘဲ ဝါကပ်ကုန်၏။ အအေးအပူဖြင့် ပင်ပန်းကုန်၏။

ဆဝကုဋိကာယ-သူကောင်ဖုတ်ရာတဲ၌ (ဝါ- ခြေရှည်ညောင်စောင်း၌) ဝါကပ်ကုန်၏။ ဆဝဍာဟက-သူကောင်ဖုတ်သူကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ဆတ္တေ-ထီး၌ ဝါကပ်ကုန်၏။ နွားကျောင်းသားတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

စာဋိယာ-အိုးစရည်း၌ ဝါကပ်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ သစ်ခွ၌ ဝါမကပ်အပ်။ လွင်တီးခေါင်၌ ဝါမကပ်အပ်။ ကျောင်းမရှိဘဲ ဝါမကပ်အပ်။ သူကောင်ဖုတ်ရာတဲ၌ ဝါမကပ်အပ်။ ထီး၌ ဝါမကပ်အပ်၊ အိုးစရည်း၌ ဝါမကပ်အပ်။ ဒုက္ကဋ်။

[သစ်ခေါင်းဟူသည် သစ်ခေါင်းသက်သက်၌သာ မအပ်။ ကြီးသော သစ်ခေါင်း၏ အတွင်း၌ ပျဉ်မိုးကျောင်းပြု၍ ဝင်စရာ တံခါးတပ်၍ ဝါ ကပ်လျှင် အပ်၏။ သစ်ပင်ကိုဖြတ်၍ သစ်ငုတ်အထက်၌ ပျဉ်မိုးကျောင်း ပြုလျှင်လည်း အပ်သည်သာတည်း။

သစ်ခွ၌လည်း သက်သက်မအပ်။ သစ်ခွကြီး၌ စင်ငြမ်းဖွဲ့၍ ပျဉ်မိုးကျောင်းပြု၍ ဝါကပ်အပ်၏။

ကျောင်း မရှိဘဲ-ဟူသည် အမိုးငါးပါး တစ်ပါးပါးမိုးသော တံခါးအဖွဲ့တပ်သော ကျောင်းမရှိသော ရဟန်းသည် ဝါမကပ်အပ်။

သူကောင်ဖုတ်ရာတဲ၌ ဋင်္ကီတ ညောင်စောင်း စသည်သည် ဆဝကုဋိ-သူကောင်ဖုတ်ရာတဲ မည်၏။ ထို၌ ပါမကပ်အပ်။

သုသာန်၌ တစ်ပါးသော ကျောင်းငယ်ပြု၍ ဝါကပ်ခြင်းငှါ အပ်၏။ ထီး၌လည်း တိုင်လေးတိုင်ထက် ထီးကိုထား၍ အမိုးအကာပြု၍ ဝါကပ်ခြင်းငှါ အပ်၏၊ ဆတ္တကုဋိကာ-ထီးကျောင်း မည်၏။ အိုးစရည်း၌လည်း ကြီးစွာသော အိုးခင်းဖြင့် ထီး၌ကဲ့သို့ ကျောင်းငယ် ပြု၍ ဝါကပ်လျှင်အပ်၏။]

(သာဋီ ... ပိသာစာ ဧဝ ပိသာစိလ္လိကာ။ ပိသာစ ဒါရကာတိ ပိဝ ဒန္တံ။ ဝင်စရာ တံခါးတပ်၍-ဟူသည် တံခါးရွက် အပိတ်ရှိအောင်သာလျှင် ယှဉ်စေ၍တည်း။

အမိုး ငါးပါးဟူသည် ဘိဏ-မြက်သက်ကယ်၊ ပဏ္ဏ-သစ်ရွက်၊ ဣဋ္ဌက-အုတ်၊ သီလာ-ကျောက်၊ သုဓာ-အင်္ဂတေ ဟူသော အမိုး ငါးပါးဖြစ်၏။ အမိုး ငါးပါးကိုလည်း ယေဘုယျအားဖြင့် ဆိုသည်။ ပျဉ်မိုးကျောင်းလည်း ဝါကပ်အပ်သောကြောင့်တည်း။)

အုတ်၊ ကျောက်၊ သစ်ရွက် (၃)၊ င်္ဂတေ၊ မြက် (၂)၊ ငါးချက် အမိုးလာ။

ကျောင်းမရှိသူအား နှုတ်မြွက်၍ ဝါကပ်ခြင်းကို ပယ်သည်။ အာလယ ပြုခြင်းဖြင့် ဝါကပ်ခြင်းကို မပယ်အပ်ဟု ဆိုကုန်၏။ နွားခြံ လှေ လှည်းမှ တစ်ပါးသော နေရာ၌ ကျောင်းမရှိလျှင် အာလယ ပြုခြင်း မအပ် ဟု ငါတို့ နှစ်သက်၏။

နာလက ပဋိပဒါ ကျင့်သူသော်လည်း အမိုး၊ တံခါးဖွဲ့ရှိသော ကျောင်း၌သာ ဝါကပ်အပ်၏။ ဝါကပ်ချိန် နီး၍ ကျောင်းမရှိလျှင် လက်အမှုရှာ၍၊ ၎င်းကိုယ်တိုင် ၎င်းဆောက်လုပ်အပ်၏။ ကျောင်းရှိဘဲ ဝါမကပ်အပ်ဟု ဒုတိယ ပါရာဇိက အဖွင့်၌ မြဲစွာ ဆိုသောကြောင့်တည်း။

ဋင်္ကီတ ညောင်စောင်း-ဟူသည် ရှည်သော ညောင်စောင်း- အခြေ၌ အလယ်၌ထွင်း၍ အပေါင်သွင်းသော ညောင်စောင်း ဖြစ်၏။ အောက်အထက်ဟု မရှိ၊ လှန်၍ခင်းလည်း ထိုအသိုင်းသာဖြစ်၏၊ သုသာန်၌၊ နတ်ကွန်း၌ ထားကုန်၏။ ကျောက်လေးခု အထက်၌ ကျောက်ခင်း၍ပြုသော အိမ်ကိုလည်း ဋင်္ကီတ ညောင်စောင်းဟု ဆိုအပ်၏။

ဝိဋီ ... ဝါမကပ်အပ်-ဟူသည် ကျောင်းမရှိသဖြင့် ဣဓဝဿံ ဥပေမိ-ဟု ဝစီဘေဒ ပြု၍ ဝါမကပ်အပ်။ ပါဠိ၌ ပိသာစိလ္လိကာသည် ပိသာစ ဒါရကာ တို့တည်း။

ဝင်စရာ တံခါးတပ်၍ ဟူသည် တံခါးရွက်နှင့်တကွ တံခါး ရှိအောင် ပြု၍တည်း။

သစ်ပတ်ကိုဖြတ်၍ ဟူသည် သစ်ခေါင်းနေရာ၏ အထက်အဖို့ကို ဖြတ်၍။

သစ်ငုတ်အထက်၌ ဟူသည် သစ်ခေါင်းရှိသော သစ်ငုတ်၏ အထက်၌။

ဋင်္ကီတ ညောင်စောင်း ဟူသည် ရှည်သော ညောင်စောင်းအခြေ၌ ထွင်း၍ အပေါင်သွင်းပြု၏။ အောက် အထက် ပြန်၍ ခင်းလည်း ရှေးအတိုင်းသာတည်း။ သုသာန်၌ နတ်ကွန်းတို့၌ ထားကုန်၏။ ကျောက်လေးခု အထက်၌ ကျောက်ပျဉ်ခင်း၍ပြုသော အိမ်ကိုလည်း ဋင်္ကီတ ညောင်စောင်းဟု ဆိုအပ်၏။)

အဓမ္မိက ကတိကာဝတ်

ထိုအခါ သာဝတ္ထိ၌ သံဃာသည် ဝါတွင်း၌ ရှင်ပြု မပေးအပ်ဟု ကတိကာဝတ် ပြုထား၏။ ဝိသာခါ၏ မြေးသည် ရဟန်းတို့ထံ ချဉ်းကပ်၍ ရှင်အဖြစ်ကို တောင်းပန်လတ်သော် ဝါဆိုကြသေးသည်၊ ဆိုင်းဦး၊ ဝါကျွတ်မှ ရှင်ပြုပေးကုန်လတ္တံ့ဟု ဆိုကုန်၏။

ဝါကျွတ်၍ ရှင်လာပြုလောဟု ခေါ်လတ်သော် ယခု မပြုလိုတော့ပြီဟု ဆို၏။ အဘယ်ကြောင့် ဤသို့ ကတိကာဝတ် ပြုကြသနည်း၊ တရားမကျင့်ကောင်းသောအခါ ရှိသေးသလောဟု ဝိသာခါ ကဲ့ရဲ့၏၊ ချစ်သားတို့၊ ဝါတွင်း ရှင်မပြုပေးအပ်ဟု ဤသို့သော ကတိကာဝတ်ကို မပြုအပ်။ ဒုက္ကဋ်။

[ဤသို့သော ကတိကာဝတ် ဟူသည်၌ ဤသို့သော တစ်ပါးသော အဓမ္မိက ကတိကာဝတ်ကိုလည်း မပြုအပ်ဟူလို။ ထို၏ လက္ခဏာကို မဟာဝိဘင်း၌ ဆိုအပ်ပြီ။]

(ဇီဋီ ... မဟာဝိဘင်း၌ ဆိုအပ်ပြီ-ဟူသည်၌ ဤကား အန္ဓကဋ္ဌကထာ စကားတည်း။ တစ်ဆယ့်ငါးနှစ်အောက် သာမဏေ ဤကျောင်း၌ မနေအပ်။ ပံသုကူသင်္ကန်း ရှာဖွေရန် မလှည့်လည်အပ်။ တစ်ပါးသော ကျောင်း၌ မစားအပ်။ သူတစ်ပါး၏ ပစ္စည်းကို မသုံးဆောင်အပ်၊ အချင်းချင်း စကားမပြောရ မသရဇ္ဈာယ်အပ် စသည်တည်း။

သာဋီ ... မဟာဝိဘင်း၌ ဆိုအပ်ပြီ-ဟူသည် စတုက္က ပါရာဇိက အဖွင့်၌ ဤကျောင်းမှ ရှေးဦးစွာ ဖဲသွားသူကို ရဟန္တာဟု သိကုန်အံ့ စသည်၌ပြသော အဓမ္မိကဝတ်တည်း၊ နောက်၌လည်း အဓမ္မိက ကတိကာဝတ်သည် ထင်စွာ ဖြစ်လတ္တံ့သာတည်း။
ဝိဋီ ... သာဋီ ... ... ထက် မထူး။)

ပဋိဿဝသတ္တက လေးခု

ထိုအခါ ရှင်ဥပနန္ဒသည် ပဿေနဒီ ကောသလမင်းထံ ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့ သွားသောအခါ၊ ခရီးအကြား၌ သင်္ကန်းပေါများသော (နာနာသီမာ ဖြစ်သော) အာဝါသ နှစ်ခုကို မြင်၍ ဤ အာဝါသ နှစ်ခု၌ ဝါကပ်ရမူ သင်္ကန်းများစွာ ရလတ္တံ့ဟု အကြံ ဖြစ်၍ ထို အာဝါသ နှစ်ခုတို့၌ ဝါကပ်လေ၏။ မင်းကြီး ကဲ့ရဲ့၏။ ရှင်ဥပနန္ဒသည် အဘယ်ကြောင့် ဝန်ခံ၍ ချွတ်စေဘိသနည်း။ မြတ်စွာဘုရားသည် မုသာဝါဒါကို များစွာ ကဲ့ရဲ့သည် မဟုတ်လော၊ မုသာဝါဒါ ဝေရမဏိကို ချီးမွမ်းသည် မဟုတ်လေ-ဟု ကဲ့ရဲ့၏။

မြတ်စွာဘုရားသည် များစွာ ကဲ့ရဲ့၍ ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ... လ ... ထို အာဝါသ နှစ်ခုတို့၌ ဝါကပ်အံ့ (ဝါ- ဥပစာရ သိမ်အသီးသီးဖြစ်သော ထို အာဝါသ နှစ်ခုတို့၌ ဝါကပ်အံ့) ချစ်သားတို့၊ ထို ရဟန်းအား ပုရိမဝါလည်း မထင်။ ဝန်ခံခြင်းကြောင့်လည်း ဒုက္ကဋ်။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့ သွားလတ်သော် အပ၌ ဥပုသ် ပြု၏။ အထွက်တစ်ရက်၌ ထိုကျောင်းသို့ ချဉ်းကပ်၏။ နေရာယူ၏၊ သောက်ရေ သုံးရေ တည်ထား၏၊ နေရာကျောင်းငယ်ကို တံမြက်စည်း လှည်း၏။ ထိုနေ့၌ပင် ကိစ္စမရှိဘဲ ဖဲသွားအံ့။ ချစ်သားတို့၊ ထိုရဟန်းအား ပုရိမဝါလည်း မထင်။ ဝန်ခံခြင်း ပဋိဿဝ ကြောင့်လည်း ဒုက္ကဋ်။

ချစ်သားတို့ ...လ… တံမြက်လှည်း၏။ ထိုနေ့၌ပင် ကိစ္စဖြင့် ဖဲသွားအံ့။ ပုရိမဝါလည်း မထင်၊ ပဋိဿဝ ဒုက္ကဋ် (ဝါမကပ် နှစ်ဝါရ)။

နှစ်ရက် သုံးရက် နေ၍ ကိစ္စမရှိဘဲ ဖဲသွားအံ့ ... ။ နှစ်ရက် သုံးရက် နေ၍ ကိစ္စဖြင့် ဖဲသွားအံ့။ နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက် ကိစ္စဖြင့် (ဝါ-ဝါပန်၍) ဖဲသွား၍ အပ၌ ခုနစ်ရက်ကို လွန်စေအံ့၊ ပုရိမဝါလည်း မထင်၊ ပဋိဿဝ ဒုက္ကဋ် (ဝါပျက် သုံးဝါရ)။

နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက်ကိစ္စဖြင့် ဖဲသွားအံ့၊ ခုနစ်ရက်တွင်း ပြန်လာလျှင်-ပုရိမဝါ ထင်၏။ ပဋိဿဝ အနာပတ္တိ။ တံမြက်လှည်း၏။ ပဝါရဏာ မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့။ ချစ်သားတို့၊ ထိုရဟန်းသည် ထို အာဝါသသို့ ပြန်၍ လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း ပုရိမဝါ ထင်၏။ ပဋိဿဝ အနာပတ္တိ (အပြစ်ကင်း နှစ်ဝါရ)

ဤကား အပ ဥပုသ်ပြု-ခုနှစ်ဝါရတည်း။

ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့သွား၍ ဥပုသ် ပြု၏။ အထွက် တစ်ရက်၌ ထိုကျောင်းသို့ ချဉ်းကပ်၏။ …..လ…... ထိုနေ့၌ပင် ကိစ္စမရှိဘဲ ဖဲသွားအံ့၊ ကိစ္စဖြင့် ဖဲသွားအံ့။ နှစ်ရက် သုံးရက် နေ၍ ကိစ္စ မရှိဘဲ ဖဲသွားအံ့၊ ကိစ္စဖြင့် ဖဲသွားအံ့၊ ခုနစ်ရက် ကိစ္စဖြင့် ဖဲသွား၍ အပ၌ ခုနစ်ရက်ကို လွန်စေအံ့။ ပူရိမဝါ မထင်၊ ပဋိဿဝ ဒုက္ကဋ်-(ဝါမကပ်၊ ဝါပျက်-ငါးဝါရ)။

ခုနစ်ရက် ကိစ္စဖြင့် ဖဲသွား၍ ခုနစ်ရက်တွင်း ပြန်လာအံ့၊ ပဝါရဏာ မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့၊ ပြန်၍ လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း၊ ပုရိမဝါ ထင်၏။ ပဋိဿဝ အနာပတ္တိ။

ဤကား ထိုကျောင်းတွင်းသို့ သွား၍ ဥပုသ်ပြု ခုနစ်ဝါရတည်း။

ချစ်သားတို့၊ ပစ္ဆိမ ဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့ သွားလတ်သော် အပ၌ ဥပုသ် ပြု၏။ ….. ဝါပျက်၊ ဒုက္ကဋ် ငါး။ အနာပတ္တိ နှစ်။ ပေါင်း ခုနစ်။

ချစ်သားတို့၊ ပစ္ဆိမ ဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်း သို့သွား၍ ဥပုသ် ပြု၏။ ... ပဋိဿ၀ ဒုက္ကဋ် ငါး။ အနာပတ္တိ-နှစ်။ ပေါင်း ခုနစ်။ တန်ဆောင်မုန်းလပြည့် မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့-ဟု နောက်ဆုံး ဝါရသာ ထူးသည်။

ဝသူပနာယိက္ခန္ဓကော တတိယော။ ဤ ခန္ဓက၌ ဝတ္ထု ၅၂။

[ပဋိဿဝကြောင့်လည်း ဒုက္ကဋ် ဟူသည်၌ - ဣမံ သေမာသံ ဣဓ ဝဿံ ဝသထ-ဟူသည်ကို ဝန်ခံခြင်းကြောင့်သာ မဟုတ်သေး။ ဤသုံးလလုံး ဆွမ်းခံတော်မူပါ။ ငါတို့ နှစ်ပါး ဤ၌ ဝါဆိုကုန်အံ့၊ အတူ စာသင်ကုန်အံ့-စသည်ဖြင့် ထိုထိုတို့ကို ဝန်ခံခြင်းကြောင့်လည်း ဒုက္ကဋ်တည်း။

ထိုသည်လည်း ပထမ၌ စိတ်စင်ကြယ်လျက် နောက်မှ ချွတ်ခြင်းကြောင့် ဖြစ်သည်။ ပထမ ကတည်းက စိတ်မစင်ကြယ်သူလျှင် ပဋိဿဝကြောင့် ပါစိတ်။ ချွတ်စေခြင်းကြောင့် ဒုက္ကဋ်- ပါစိတ် ဒုက္ကဋ် နှစ်ချက်။

ထိုနေ့၌ပင် ကိစ္စမရှိဘဲ စသည်တို့၌ ဝါမကပ်ဘဲ ဖဲအံ့၊ ဝါကပ်သော်လည်း ခုနစ်ရက်ကို ပြင်ပ၌ လွန်စေအံ့၊ ပုရိမဝါလည်း မထင်။ ပဋိဿဝကြောင့်လည်း အာပတ်တည်း။ ဝါကပ်ပြီးမူကား အရုဏ်မတက်စေဘဲ ထိုနေ့၌သာ သတ္တာဟ ကိစ္စဖြင့် ဖဲသော်လည်း၊ ခုနစ်ရက်အတွင်း ပြန်လာလျှင် အနာပတ္တိ။ နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက်တွင်း ပြန်လာသူအား ဆိုဖွယ်မရှိ။

ဣဓ ဝသိဿာမိ-ဟု အာလယ ရှိအံ့။ သတိမေ့၍ (နှုတ်မြွက်ကာ) ငါမကပ်မိအံ့၊ ဟူသော သေနာသနသည် သုဂ္ဂဟိတ-အပြစ်မရှိ၊ ဝါပျက်သူ မဖြစ်၊ ပဝါရဏာ ပြုခြင်းငှါ ရသည်သာတည်း။

ပဝါရဏာ မတိုင်မီ ခုနစ်ရက်-ဟု ဆိုရာ၌ လဆန်းကိုးရက် နဝမီမှစ၍ သွားခြင်းငှါ အပ်၏။ အာဂစ္ဆတု ဝါမာဝါ အနာပတ္တိ။]

(သာဋီ ... ဥပစာ သိမ်အသီးသီး၌ တည်သော အာဝါသ နှစ်ခုတို့၌ ဝါကပ်သူအား ဒုတိယကျောင်း၌ နေမည်ဟု စိတ်ဖြစ်သောအခါ ပထမကျောင်း ယူခြင်းသည် ငြိမ်း၏။ တစ်ဖန် ပထမကျောင်း၌သာ နေမည်ဟူ စိတ်ဖြစ်သောအခါ ဒုတိယ ယူခြင်းသည် ငြိမ်း၏။ ထိုကြောင့် “ထိုရဟန်းအား ပုရိမဝါလည်း မထင်” ဟု ဟောသည်။ ဝန်ခံခြင်းကို ချွတ်ယွင်းစေခြင်းကြောင့်ဖြစ်သော ဒုက္ကဋ်ကိုလည်း ဝန်ခံခြင်းရှိမှ ဖြစ်သော ကြောင့် “ပဋိဿဝကြောင့် ဒုက္ကဋ်”ဟု ဟောသည်။

နောက် နှစ်ဝါရ၌ ခုနှစ်ရက် ကိစ္စဖြင့် ဖဲသွားအံ့-ဟု ဟောရာ၌ ခုနစ်ရက်လွန်လျှင် “ထိုရဟန်းသည် ထိုခုနစ်ရက်ကို အပ၌ လွန်စေသည်” ဟု ဆိုနိုင်သည်။

ခုနစ်ရက် ကိစ္စဖြင့်ဟု မဟောဘဲ “ကိစ္စဖြင့် ဖဲသွားအံ့”ဟု ဟောရာ၌ “ခုနစ်ရက်ကို အပ၌ လွန်စေသူ”ဟု ဆိုခြင်းငှါ မတတ်ကောင်း။ ဤ ခုနစ်ဝါရတို့တွင် အစ လေးဝါရကို အပြီး ဖဲသွားခြင်းကို ရည်ဟောသည်။ ထိုတွင်လည်း ရှေး နှစ်ဝါရ- ဝါမကပ်၊ နောက် နှစ်ဝါရ ဝါကပ်၏။ ထိုနောက် နှစ်ဝါရကို ငဲ့လျက် ဖဲသွားခြင်းကို ရည်ဟောသည်။ ထိုတွင်လည်း ပထမဝါရ ရက်လွန်၍ ဝါပြတ်သည်။ ဒုတိယဝါရ ရက်မလွန်၍ ဝါမပြတ်။ နောက်ဆုံး ဝါရကို နဝမီမှစ၍ သွားလျှင် အပ၌ ရက်လွန်သော်လည်း ဝါမပြတ်ဟု ပြခြင်းငှါ ဟောသည်။

အကရဏီယော ပက္ကမတိ-ဟု နောက်ထပ် မဟောသောကြောင့် နဝမီမှ သွားသူလည်း ကိစ္စရှိမှ သွားအပ်၏။ ကိစ္စမရှိလျှင် မသွားအပ်။ ပထမ ခုနစ်ဝါရသည် ပြင်ပ၌ ဥပုသ်ပြုသူ အစွမ်းဖြင့် လာ၏။ ဒုတိယ ခုနစ်ဝါရသည် ကျောင်းတွင်းသို့ သွား၍ ဥပုသ်ပြုသူ အစွမ်းဖြင့် လာ၏။ ဤသို့ ပုရိမဝါ စွမ်းဖြင့် ၁၄-ဝါခုကို ဟော၏။ ထိုနောက် ပစ္ဆိမ ဝါစွမ်းဖြင့် ထို ၁၄-ဝါရကိုသာ ဟော၏။ ဤသို့ အထူးကို သိအပ်၏။ ဤ ဝါရအားလုံးဖြင့် ဟောသော ဟောသော အနက်ကို ပေါင်းခြင်းငှါ- “ထိုနေ့၌ပင် ကိစ္စမရှိဘဲ စသည်တို့၌” စသည်ဖြင့် အဋ္ဌကထာ အားထုတ်သည်။

ဆိုဖွယ်မရှိ-ဟူသည် ဝါကပ်၍ နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက် ကိစ္စဖြင့် သွား၍ ခုနှစ်ရက်အတွင်း ပြန်လာသူအား ဆိုဖွယ်မရှိ။ ကထာဧဝ နတ္ထိ ဟူလို။

သတိမေ့၍ ဟူသည် ဣမသ္မိံ ဝိဟာရေ စသည်ဖြင့် နှုတ်မြွက်၍ ဝါမကပ်မိသူ ဖြစ်၏။

တန်ဆောင်မုန်းလပြည့်ကို ကုမုဒ ကြာပွင့်ချိန် ဖြစ်သောကြောင့် ကောမုဒီဟု ခေါ်သည်။ ကုမုဒါနိ ဧတ္ထအတ္တိ ကောမုဒီ။ မိုးလေးလအဆုံး ဖြစ်သောကြောင့် စာတုမာသိနီ ဟူ၍လည်း ခေါ်သည်။

ဝိဋီ ... ဥပစာရ သိမ်အသီးသီး၌ တည်သော အာဝါသ နှစ်ခုတို့၌ ဝါကပ်သူအား ဒုတိယကျောင်း၌ နေမည်ဟု ဥပစာရမှ ထွက်ကာမျှ၌ ပထမ သေနာသနဂ္ဂါဟသည် ငြိမ်း၏။ ထိုကြောင့် ပါဠိတော်၌ ပုရိမဝါလည်း မထင်ဟု ပထမ သေနာသနဂ္ဂါဟကို ရည်၍ ဟောသည်။ ဒုတိယ သေနာသနတို့ ယူလျှင်ကား ပုရိမဝါသည် ထင်သေး၏။ ထို၌သာ သုံးလနေလျှင် ပုရိမ ဝါကျွတ်သူသာ ဖြစ်၏။ ထိုကျောင်းမှ တစ်ဖန် ဒုတိယနေ့ စသည်တို့၌ “ပထမကျောင်း၌ နေမည်”ဟု ဥပစာရ သိမ်လွန်လျှင် ပုရိမဝါလည်း မထင်ဟု မှတ်အပ်၏။

ပါဠိတော်၌ ပဝါရဏာ မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့ ဟူသောကြောင့် ပဝါရဏာနေ့၌သော်လည်း ခုနှစ်ရက် ကိစ္စကင်း၍ သွားခြင်းငှါ မအပ်ဟု သိအပ်၏။ တန်ဆောင်မုန်း လပြည့်ကို ကောမုဒီ၊ စာတုမာသိနီဟု ဆိုအပ်၏။

ဇီဋီ ... ပဝါရဏာ ပြုပြီးလျှင် သွားခြင်းငှါ အပ်၏။ ပဝါရဏာသည် ထိုနေ့ကို မီသောကြောင့်တည်း။) (ဇီဋီ-ထူး၏။)

လပြည့်နေ့ ဝါကျွတ် ဝါဒ

(ဒုတိယ ပါရာဇိကဋ္ဌကထာ ... ပုရိမ ဝါ ကပ်သူတို့သည် မဟာ ပဝါရဏာ ပြုပြီးလျှင် အထွက်တစ်ရက်နေ့မှစ၍ ဝါကျွတ်ကုန်၏။

၎င်းအဖွင့် သာဋီ ... ဝါကျွတ်သူတို့အား ပဝါရဏာ ခွင့်ပြုသော ပါဠိစွမ်းဖြင့် ပဝါရဏာ မပြုသေးသော်လည်း ပဝါရဏာနေ့ အရုဏ်မတက်မီမှစ၍ ဝါကျွတ်ပြီဟု ဆိုသင့်၏။ ဣမံ တေမာသံ ဝဿံ ဥပေမိ-ဟူသော ပါဠိစွမ်းဖြင့်ကား ပဝါရဏာနေ့သည် သုံးလအတွင်းဖြစ်၍ ပဝါရဏာ မပြုမီ ဝါဆိုဆဲတို့ မည်ကုန်၏။ ထိုနေ့သည် ဝုတ္တာ ဝုတ္တ - ဝါ မကျွတ်တကျွတ်နေ့ဟု ဆိုအပ်၏။

ဝါကျွတ်သူတို့အား ကထိန်ခင်းခွင့်ပြုသော ပါဠိစွမ်းဖြင့်လည်း လပြည့်နေ့ ပဝါရဏာ ပြုသူတို့သည် ကထိန်ခင်း ကောင်းသော လပြည့်ကျော် တစ်ရက်မှ စ၍သာ ဝါကျွတ်ကုန်၏ဟု မုချ ဆိုအပ်ကုန်၏။

၎င်းအဖွင့် ဝိဋီ ... အထွက်တစ်ရက်မှစ၍ ဝါကျွတ်ကုန်၏ဟု ဋ္ဌကထာ ဆိုသောကြောင့် လပြည့်နေ့၌ ပဝါရဏာ ပြုပြီးသော်လည်း ခုနစ်ရက် ကိစ္စအကြောင်းရှိမှ သွားအပ်၏။ အကြောင်းမဲ့ သွားလျှင် ဝါပြတ်၏။ ဒုက္ကဋ် သင့်၏။

နဘိက္ခဝေ စဿံ ဥပရန္တွာ ပုရိမ ဝါတေမာသံ ပစ္ဆိမံ ဝါတေမာသံ အဝသိတွာ စာရိကာ ပက္ကမိ တဗ္ဗာ-ဟူ၍လည်းကောင်း။ ဣဓေဝစ ဝဿံဝုတ္တာ တေမာ သစ္စယေန ...လ... ပက္ကမိံသု - ဟူ၍လည်းကောင်း ဟောသည်။ ပဝါရဏာနေ့သည်လည်း ထို ဧတမာသ၌အတွင်း ဝင်သည်သာတည်း။

ဆရာအချို့ကား- အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုတ္ထာနံ တိဟိဋ္ဌာနေဟိ ပဝါရေတုံ- ဟု ပဝါရဏာ မပြုမီကပင် ဝါကျွတ်ခြင်းကို ဟောသည်။ ထိုနေ့၌ အကြောင်းမဲ့လည်း သွားခြင်းငှါ အပ်သည်ဟု ဆိုကုန်၏။ ထို ဆရာတို့၏ ဝါဒမျှသာတည်း။

ဝါကျွတ်သူတို့အား ပဝါရဏာ ခွင့်ပြုခြင်းကို ဝါမကပ်၊ ဝါပြတ်တို့အား တားလို၍ ခွင့်ပြုသည်။ ခရီး သွားကောင်း၏ဟု ပြလို၍ မဟုတ်။ ဝါမပျက်သူတို့၏ ပဝါရဏာကို ဤနေ့၌ ပြုအပ်၏။

ပဝါရဏာကံကို စွဲ၍ ရက် အလွန် အယုတ် အနည်းငယ်ကို မရေတွက်ဘဲ “ဝါကျွတ်သော ရဟန်းတို့”ဟု ပရိယာယ်ဖြင့် ဆိုအပ်ကုန်၏။ ကထိန ကံကို စွဲ၍ မဆိုအပ်ကုန်။ သုံးလ မပြည့်သေးသောကြောင့်တည်း။

ဒုက အင်္ဂုတ္တိုရ် ဋ္ဌကထာ ... မြတ်စွာဘုရားသည် တာဝတိံသာမှ သီတင်းကျွတ်လပြည့်နေ့ ကြွခြင်းခြင်းကား သိက္ခာပုဒ် မပညတ်သေးမီ ဖြစ်၏။ ပထမ ဗောဓိနှစ် ၂ဝ-အတွင်း ဝါကပ်ခြင်းကို မပညတ်သေး။ မပညတ် သော်လည်း သာဝကတို့ကိုသာ ပညတ်သည်။ ဓမ္မိဿရ ဓမ္မဿာမိ ဘုရားရှင်အား ဆိုဖွယ်အကြောင်း မရှိ။)

ဝဿူပနယိကက္ခန္ဓက ပြီး၏။

ပဝါရဏာက္ခန္ဓက

ပဝါရဏာ ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ များစွာသော အဆွေခင်ပွန်း ရဟန်းတို့သည် ကောသလဇနပုဒ် တစ်ခုသော အာဝါသ၌ ဝါကပ်ကုန်၏။ အဘယ် အကြောင်းဖြင့် ညီညွတ်စွာ မပင်မပန်း နေကုန်ရအံ့နည်းဟု ကြံ၍ ငါတို့သည် အချင်းချင်း စကား မပြောကုန်အံ့၊ ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသူသည် နေရာခင်းခြင်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် စသည် ထားခြင်း၊ (ဆွမ်းပိုထည့်စရာ) ဆွမ်းတောင်းကို ရေဆေး၍ ထားခြင်း၊ သောက်ရေ သုံးရေ တည်ထားခြင်း ပြုအံ့။

နောက်မှ ရောက်သူသည် ဆွမ်းအပိုရှိ၍ စားလိုလျှင် စားခြင်း၊ မစားလိုလျှင် (ပျက်စီးကောင်းသော)မြက် သစ်ပင် မရှိရာ၌ (သေလောက်သော) ပိုးမရှိရာ ရေ၌ စွန့်ခြင်း၊ နေရာသိမ်းခြင်း၊ ခြေဆေးရေ စသည် သိမ်းခြင်း၊ ဆွမ်းဆေး၍ သိမ်းခြင်း၊ သောက်ရေ သုံးရေ သိမ်းခြင်း၊ တံမြက်လှည်းခြင်း ပြုအံ့၊ သောက်အိုး၊ သုံးအိုး၊ ဝစ္စကုဋီအိုး ရေမရှိလျှင် မြင်သူ ခပ်ထည့်အံ့၊ မနိူင်သောဝန်ဖြစ်လျှင် အဖော်ကို လက်ယပ်ခေါ်၍ လက်ချင်းယှက်၍ ပွေ့ချီအံ့၊ ထိုအကြောင်းကြောင့် စကား မပြောအံ့၊ ညီညွတ်စွာ မပင်မပန်း နေရကုန်လတ္တံ့ ဟု ကြံ၍ ထိုရဟန်းတို့သည် အချင်းချင်း စကားမပြောဘဲ နေကုန်၏။

ဝါကျွတ်သော ရဟန်းတို့၏ ဘုရားဖူး ချဉ်းကပ်ခြင်းသည် အလေ့တည်း။ ထိုအခါ ထိုရဟန်းတို့သည် ဝါကျွတ်၍ သုံးလလွန်သောအခါ အိပ်ရာ နေရာ သိမ်းဆည်း၍ သပိတ် သင်္ကန်းဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ ရှိခိုး၍ နေကုန်၏၊ အာဂန္တုတို့နှင့် ဝမ်းမြောက် ဝမ်းသာ ပြောဆိုခြင်းသည်၊ ဘုရားရှင်တို့၏ အလေ့ဓမ္မတာတည်း။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ချစ်သားတို့၊ ခန့်ကျန်း၏လော၊ မျှတ၏လော။ ညီညွှတ်စွာ မပင်မပန်း နေကြရ၏ လောဟု မိန့်တော်မူ၏။ ခန့်ကျန်းပါ၏၊ မျှတပါ၏။ ညီညွတ်စွာ မပင်မပန်း နေကြရပါ၏ ဟု လျှောက်ကုန်၏။

ဘုရားရှင်တို့သည် သိကုန်သော်လည်း ကာလသိ၍ အကျိုး ရှိလျှင် မေးကုန်၏။ အကျိုးမရှိလျှင် မမေးကုန်၊ တရားဟောအံ့၊ သိက္ခာပုဒ် ပညတ်အံ့-ဟူသော အကြောင်းနှစ်ပါးဖြင့် မေးကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ချစ်သားတို့၊ သင်တို့သည် အဘယ်သို့ပြု၍ ညီညွတ်စွာ မပင်မပန်း နေကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်း တို့သည် မိမိတို့ ကြံ၍ နေပုံ အလုံးစုံကို လျှောက်ကြားကုန်၏။

ချစ်သားတို့၊ ပုရိသတို့သည် မချမ်းသာသော နေခြင်းကို၊ ကျွဲနွားတို့၏ နေခြင်းကို၊ ရန်သူတို့၏ နေခြင်းကိုသာ နေ၍ ညီညွတ်စွာ နေကြရပါသည် ဟု ဝန်ခံကုန်၏။ တိတ္ထိတို့ ဆောက်တည်သော မုဂဗ္ဗတံ - သူအ, တို့၏ အကျင့်ကို အဘယ်ကြောင့် ဆောက်တည်ကြသနည်း ဟု ကဲ့ရဲ့၍ တရား ဟော၍ ချစ်သားတို့၊ တိတ္ထိတို့ ဆောက်တည်သော သူတို့၏ အကျင့်ကို မဆောက်တည်အံ့။ ဆောက်တည်ငြားအံ့-ဒုက္ကဋ်။

ချစ်သားတို့၊ ဝါကျွတ်သော ရဟန်းတို့အား ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကီတ -သုံးဌာနတို့ဖြင့် ဖိတ်ကြား ခြင်းငှါ ခွင့်ပြု၏။ ထိုဖိတ်ကြားခြင်းသည် အချင်းချင်း (ပြောဆိုခြင်းငှါ) လျော်ခြင်း၊ အာပတ်မှ ထခြင်း၊ ဝိနည်း ရှေးရှုခြင်းတို့သည် ဖြစ်လတ္တံ့။

ဖိတ်ကြားပုံကား- ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို ..

သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇ ပဝါရဏာ ( ... )။
ယဒိသံဃဿ ပတ္တကလ္လံ၊ သံဃော ( ... ) ပဝါရေယျ ...

ယနေ့ ပဝါရဏာနေ့ ဖြစ်သည်၊ သံဃာသည် ဖိတ်ကြားရာ၏-ဟု သိစေအပ်၏။ မထေရ်ကြီးသည် ပခုံးတစ်ဘက်၌ စမ္ပယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍။

သံဃံ အာဝုသော ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။

ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ ပဿန္တော ပဋိကရိဿာမိ။

ဒုတိယမ္ပိ အာဝုသော သံဃံ ပဝါရေမိ ...

စသည်ဖြင့် သုံးကြိမ် ဆိုအပ်၏။ သီတင်းငယ်သည် စမ္ပယ်တင် ဆောင့်ကြောင့် လက်အုပ်ချီ၍၊ သံဃံ ဘန္တေ ပဝါရေမိ ... စသည်ဖြင့် သုံးကြိမ် ဆိုအပ်၏။

(ဘန္တေ၊ အရှင်ဘုရားတို့။
သံဃံ၊ သံဃာတော်မြတ် အပေါင်းကို။
ဒိဋ္ဌေန ဝါ၊ မြင်ခြင်းဖြင့် လည်းကောင်း။
သုတေန ဝါ၊ ကြားခြင်းဖြင့်လည်းကောင်း။
ပရိသင်္ကာယ ဝါ၊ ရွံရှား ကွေးတောခြင်းဖြင့် လည်းကောင်း။
ပဝါရေမိ၊ သုံးဌာနဖြင့် ဖိတ်ကြားပါ၏။
အာယသ္မန္တော၊ သံဃာ၌ ပါဝင်သော အရှင်တို့သည်။
မံ၊ အကျွန်ုပ်ကို။
အနုကမ္ပံ၊ အစဉ် သနားခြင်းကို။
ဥပါဒါယ၊ စွဲ၍။
ဝဒန္တု၊ သုံးဌာနဖြင့် မိန့်ဆိုကြပါစေသတည်း။
ပဿန္တော၊ အပြစ်ကိုမြင်သော အကျွန်ုပ်သည်။
ပဋိကရိဿာမိ၊ ကုစားပါအံ့။)

[အချင်းချင်း စကားမပြောကုန်အံ့ ဟူရာ၌ ပထမ စကားသည် အာလာပ။ နောက်စကားသည် သလ္လာပ မည်၏။

ဟတ္ထဝိလင်္ဃက - ဟတ္ထုက္ခပက-လက်ဖြင့် ပွေ့ချီ မြှေ၁က်တင်ခြင်း။ ပသူနံဝိယ သံဝါသံ- ပသူ သံဝါသံ-ကျွဲ၊ နွား တို့၏ကဲ့သို့ နေခြင်းကို။ ထိုတို့၏ နေခြင်းကား မိမိအား ဖြစ်သော သုခ ဒုက္ခကို အချင်းချင်း မပြောကုန်။ စေ့စပ် ညီညွတ်ခြင်း ပဋိသန္ဓာရကို မပြုကုန်။ ထိုအတူ နေသောကြောင့် ထိုရဟန်းတို့ကို ကျွဲ နွား တို့၏ နေခြင်းရှိသူတို့ဟု ဆိုအပ်ကုန်၏။

ဧသနယော သဗ္ဗတ္တ။ မုဂဗ္ဗတ ဟူသည် “ဤ ဝါတွင်း သုံးလပတ်လုံး စကားမပြောအပ်” ဤသို့သော အကျင့်ဆောက်တည်ခြင်းကို မပြုအပ်။ အဓမ္မကတိကာဝတ် ဖြစ်သည်။

အချင်းချင်း လျော်ခြင်းဟူသည် အချင်းချင်း ပြောဆိုခြင်းငှါ လျော်သော ဖိတ်ကြားခြင်း၏ အဖြစ်တည်း။ ဝဒန္တု မံ-ဟု ဖိတ်ကြားမှ ပြောဆိုခြင်းငှါ တတ်နိုင်သည်။ သင့်လျော်သည်။ မဖိတ်သူကို ပြောဆိုခြင်းငှါ မလျော်။

အာပတ်မှ ထခြင်း ဝိနည်းရှေးရှုခြင်း ဟူသည် အာပတ် တို့မှ ထနိုင်ကြောင်း ဖိတ်ကြားခြင်း။ ဝိနည်းကို ရှေ့၌ထား၍ ကျင့်နိုင်ကြောင်း ဖိတ်ကြားခြင်းတည်း။ ဝဒန္တု မံဟု ဖိတ်ကြားသူသည် အာပတ် တို့မှ ထနိုင်လတ္တံ့ ဟူ၍လည်းကောင်း၊ ဝိနည်းကို ရှေ့၌ထား၍ နေနိုင်လတ္တံ့ ဟူ၍လည်းကောင်း ဆိုအပ်သူဖြစ်၏။

သုဏာသု မေ ဘန္တေ သံဃော။ ...လ... ။ သံဃော ပဝါရေယျ-ဟူသော ဤဉာတ်သည် သဗ္ဗသင်္ဂါဟိကာ ဉာတ်မည်၏။ တေဝါစိက - သုံးကြိမ် ဖိတ်ခြင်းကို လည်းကောင်း၊ ဒွေဝါစိက- နှစ်ကြိမ် ဖိတ်ခြင်းကို လည်းကောင်း၊ ဧကဝါစိက-တစ်ကြိမ် ဖိတ်ခြင်းကို လည်းကောင်း ဖိတ်ခြင်းငှါ အပ်၏။ သမာနာဝဿိက - ဝါတူပေါင်း၍ ဖိတ်ခြင်းကား မအပ်။

တေဝါစိကံ ပဝါရေယျ-ဟုဉာတ်ထားလျှင် တေဝါစိကသာ အပ်သည်။ အကြွင်း သုံးခု မအပ်။ ဒွေဝါစိကံ ပဝါရေယျ-ဟု ဉာတ်ထားအံ့၊ ဒွေ၊ တေ-နှစ်ခု အပ်သည်။ ကြွင်းနှစ်ခု မအပ်။ ဧကဝါစိကံ ပဝါရေယျ -ဟု ဉာတ်ထားအံ့-ဧ၊ ဒွေ၊ တေ- သုံးခုအပ်သည်။ ကြွင်း တစ်ခု မအပ်။ သမန ဝဿိကံ ပဝါရေယျ-ဟု ဉာတ်ထားအံ့ ... သမာန၊ ဧ၊ ဒွေ၊ တေ-လေးခုလုံး အပ်သည်။]

(ဇီဋီ ... သံဃံ အာဝုသော ပဝါရေမိ-ဟု ဖိတ်သောကြောင့် နောက်၌လည်း ဝဒတု မံ သံဃော-ဟု ဆိုအပ်သကဲ့သို့ ထင်၏။ အဓိပ္ပါယ်ကား ငါသည် သံဃာကို ဖိတ်၏။ ထိုကြောင့် သံဃာ၌ အကြုံးဝင်သော ကြီး ငယ် အထူးမရှိ၊ အရှင်အားလုံးတို့သည်လည်း ငါ့ကို ပြောဆိုကြစေ ကုန်သတည်း။ (သံဃာကို ဖိတ်စေကာမူ ပြောစရာရှိလျှင် သံဃာ မပြည့်သော်လည်း အရှင်တို့ ပြောကြပါ ဟူလို။ မူလ သိက္ခာ တစ်ကျမ်း၌သာ- ဝဒတု မံ သံဃော-ဟု ဆိုသည်။)။

သာဋီ ... အာဒိတော လာပေါ။ အာလာပေါ-အစစွာဆိုသော စကား။

သမံလာပေါ-သလ္လာပေါ-စကားတုံ့ဖြင့် ညီအောင်ပြန်ဆိုသော စကား။

ပိဏ္ဍာယ ပဋိက္ကမေယျ-သည် ဂါမေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဂစ္ဆေယျတည်း။

အဝက္ကရ ပါတိံ-ဆွမ်းတောင်းကို ဟူသည် ပိုသောဆွမ်းကို ဖယ်ထားခြင်းငှါ သမုဂ္ဂပါတိကို ရေဆေး၍ ထားခြင်းတည်း။

သမုဂ္ဂပါတိ-သည် သမုဂ္ဂ ပုဋသဒိသာ ပါတိ ဖြစ်၏။

မြက် သစ်ပင် မရှိရာ-ဟူသည် ဆွမ်းသွန်ခြင်းဖြင့် မပျက်စီးနိုင်သော မြက်တို့၏ မရှိရာတည်း။ မြက် မရှိရာကိုလည်းကောင်း၊ ဆွမ်းသွန်ခြင်းဖြင့် မပျက်စီးနိုင်သော မြက်ချုံ ရှုပ်ရာကိုလည်းကောင်း ယူအပ်၏။ ဘူတဂါမ သိက္ခာပုဒ်-မပျက်စေခြင်းငှါတည်း။

ပိုး မရှိရာဟူသည် ဆွမ်းသွန်ခြင်းဖြင့် သေနိုင်သော ပိုးမှ ကင်းသော များသော ရေဖြစ်၏။ ရေနည်းလျှင် ပိုးကောင်ငယ် သေနိုင်သည်။ သတ္တဝါတို့ကို စောင့်ရှောက်ခြင်းငှါတည်း။ ဩပိလာ ပေယျာတိ နိဗ္ဗုဇ္ဇာပေယျ-ဆွမ်းသွန်ငြားအံ့။ ဝစ္စဃဋသည် အာစမနကုမ္ဘိ - ဝစ္စကုဋိ၌ သန့်သက်အိုးတည်း။

အဝိသယှ ဟူသည် မချီနိုင်သော လေးလံသော ဝန်တည်း။ ဟတ္ထ ဝိကာရေန - လက်သညာဖြင့် အဖော်ကို ခေါ်၍ ဟတ္ထ ဝိလင်္ဃ ကေန-လက်တို့ဖြင့် ချီးမြှေ၁က်ခြင်းဖြင့်၊ ဝါ-နေရာတစ်ပါးသို့ ရောက်စေကြောင်း လက်အပေါင်းဖြင့်။ အချင်းချင်း တွဲယှက်သော လက်ဖြင့် ဟူလို။ လူနှစ်ယောက် လက်ချင်းယှက်၍ လက်နှစ်ခုတို့၌ ထား၍ ချီ, မခြင်းသည် ဟတ္ထ ဝိလင်္ဃ ကေန ဥပဌာ ပေတိ မည်၏။

ဝိဋီ ... ထိုထက် မထူး။)

ဆောင့်ကြောင့် ထိုင်ရခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် မထေရ်ကြီးများ ဆောင့်ကြောင့်ထိုင်လျက် ပဝါရဏာ ဖိတ်ကြားစဉ် နေရာတို့၌ နေကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ မထေရ်ကြီးများ ဆောင့်ကြောင့်ထိုင်လျက် ဖိတ်ကြားစဉ် နေရာတို့၌ မနေအပ်- ဒုက္ကဋ်။ ချစ်သားတို့၊ အလုံးစုံသော ရဟန်းတို့သည်သာလျှင် ဆောင့်ကြောင့် ထိုင်လျက် ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။

မထေရ်ကြီး တစ်ပါးသည် အိုမင်း အားနည်း၏။ ရဟန်းအားလုံး ဖိတ်ကြားသည်တိုင်အောင် ဆောင့်ကြောင့် ထိုင်လျက် စောင့်နေစဉ် မိန်းမော၍ လဲကျသွား၏။ ချစ်သားတို့၊ ဟဒမန္တရာ-မိမိ ဖိတ်ကြားသော ကာလ အတွင်း ဆောင့်ကြောင့် ထိုင်ခြင်းငှါ။ ဖိတ်ကြားပြီးလျှင် နေရာ၌ ထိုင်ခြင်းငှါ ခွင့်ပြု၏။

[အစ္ဆန္တီတိ နိသိန္နာဝ ဟောန္တိ။ နဥဋ္ဌ ဟန္တိ - ထိုင်လျက်သာ ဖြစ်ကုန်၏။ မထကုန်။

တဒမန္တရာတိ တဒန္တရာ၊ တာဝတကံ ကာလန္တိ အတ္ထော။ မိမိ ဖိတ်ကြားသော ထိုကာလအတွင်း၌ ဟူလို။]

ပဝါရဏာ နှစ်ပါး၊ ကံ လေးပါး

ထိုအခါ ရဟန်းတို့အား ပဝါရဏာတို့သည် အဘယ်မျှတို့နည်းဟု အကြံ ဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ပဝါရဏာတို့သည် စာတုဒ္ဒသိကာ၊ ပန္နရသိကာ-ဟု နှစ်မျိုးရှိကုန်၏။

ပဝါရဏာ ကံတို့သည် လေးပါး ဖြစ်ကုန်၏။ အဓမ္မ ဝဂ္ဂကံ၊ အဓမ္မ သမဂ္ဂကံ၊ ဓမ္မ ဝဂ္ဂကံ၊ ဓမ္မ သမဂ္ဂကံ။

ချစ်သားတို့၊ ထိုလေးပါးတို့တွင် အဓမ္မ ဝဂ္ဂကံ စသော သုံးပါးကို မပြုအပ်။ ငါဘုရားခွင့်မပြု။ ဓမ္မ သမဂ္ဂကံ ကိုသာ ပြုအပ်၏။ ငါဘုရား ခွင့်ပြု၏။ ထိုကြောင့် ဓမ္မ သမဂ္ဂ ပဝါရဏာကံကို ပြုပါကုန့်အံ့ဟု ကျင့်အပ်၏။

[ပဝါရဏာ နှစ်မျိုးဟူသည်၌ တစ်ဆယ့်လေးရက်၌ အဇ္ဇ ပဝါရဏာ စာတုဒ္ဒသီ-ဟူ၍လည်းကောင်း၊ တစ်ဆယ့်ငါးရက်၌ အဇ္ဇ ပဝါရဏာ ပန္နရသီ ဟူ၍ လည်းကောင်း၊ ပုဗ္ဗကိစ္စကို ပြုအပ်၏။ ကံလေးပါးတို့တွင် တစ်ခုသော ကျောင်း၌ ရဟန်းငါးပါး နေသောအခါ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ လေးပါး ဂဏဉာတ်ထား၍ ပဝါရဏာ ပြုကုန်အံ့။ လေးပါး သုံးပါးတို့တွင် တစ်ပါး၏ ပဝါရဏာကို ဆောင်၍ သုံးပါး၊ နှစ်ပါး သံဃဉာတ်ထား၍ ပြုကုန်အံ့၊ အဓမ္မ ဝဂ္ဂကံ မည်၏။

ငါးပါးလုံး တစ်ပေါင်းတည်းစည်းဝေး၍ ဂဏဉာတ်ထား၍ ပြုကုန်အံ့။ လေးပါး၊ သုံးပါး၊ နှစ်ပါး စည်းဝေး၍ သံဃဉာတ်ထား၍ ပြုကုန်အံ့၊ အဓမ္မ သမဂ္ဂကံ မည်၏။

ငါးပါးတို့တွင် တစ်ပါး၏ ပဝါရဏာကို ဆောင်၍ လေးပါး သံဃာဉာတ်ထား၍ ပြုကုန်အံ့။ လေးပါး သုံးပါးတို့တွင် တစ်ပါး၏ ပဝါရဏာကို ဆောင်၍ သုံးပါး၊ နှစ်ပါး ဂဏဉာတ်ထား၍ ပြုကုန်အံ့၊ ဓမ္မ ဝဂ္ဂကံ မည်၏။

ငါးပါး တစ်ပေါင်းတည်း စည်းဝေး၍ သံဃဉာတ်ထား၍ ပြုကုန်အံ့။ လေးပါး၊ သုံးပါး-ဂဏဉာတ်ထား၍ ပြုကုန်အံ့။ နှစ်ပါး အချင်းချင်း ဖိတ်ကြားကုန်အံ့။ တစ်ပါးတည်း နေသူ အဓိဋ္ဌာန် ပဝါရဏာပြုအံ့-ဓမ္မ သမဂ္ဂ ပဝါရဏာကံ မည်၏။]

(ဇီဋီ ... ပဝါရဏာ နှစ်မျိုးဟု ဆိုရာ၌ ထိုသို့သော ကိစ္စရှိလျှင် အမှတ်မရှိ တစ်နေ့နေ့၌ ပဝါရဏာ ပြုခြင်းငှါ အပ်၏။ ထိုကြောင့် မဟာဝိဟာရ၌ ရဟန်းတို့သည် ၁၄-ရက်၌ ပဝါရဏာ ပြု၍ ၁၅-ရက်၌ ကာယသာမဂ္ဂီကို ယခုလည်း ပေးကုန်၏။

စေတိယဂိရိ ပူဇော်ပွဲ ဖူးမြော်ခြင်းငှါလည်း အဋ္ဌမိယံ-ရစ်ရက်နေ့၌ သွားကုန်၏၊ ထို အဋ္ဌမီ၌ သွားခြင်းသည် လည်း ၁၄-ရက်၌ ပဝါရဏာ ပြုလိုသူတို့အားသာ ဖြစ်၏။ သတ္တာဟာ နာဂတာယ ပဝါရဏာယ သကရဏီယော ပက္ကမတိ အနာပတ္တိ-ဟု ဟောသောကြောင့် ဤ အလေ့ အာစိဏ္ဏ ဖြစ်၏။

သာဋီ ... ပဝါရဏာ နှစ်မျိုး ဟု ဆိုရာ၌၊ ပုရိမ ဝါကျွတ်တို့အား သီတင်းကျွတ်လပြည့် လည်းကောင်း၊ ငြင်းခုံသူတို့ နှောင့်ယှက်၍ ပဝါရဏာဝင်လျှင် လကွယ် ၁၄-ရက် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့် လည်းကောင်း (သုံးနေ့) ပစ္ဆိမ ဝါကျွတ်တို့အား တန်ဆောင်မုန်းလပြည့် လည်းကောင်း (တစ်နေ့) ဤသို့ ပဝါရဏာနေ့ သုံးနေ့တို့ကို ပကတိ စာရိတ္တစွမ်းဖြင့် သိအပ်ကုန်၏။

အကြောင်းရှိလျှင် ထိုလပြည့် နှစ်ခုတို့၏ ရှေ့အဖိတ် ၁၄-ရက်တို့၌လည်း ပဝါရဏာ ပြုအပ်၏။ ထိုကြောင့်-မဟာဝိဟာရ၌ ရဟန်းတို့သည် ၁၄-ရက်၌ ပဝါရဏာပြု၍ ၁၅-ရက်၌ ကာယသာမဂ္ဂီကို ပေးကုန်၏။ စေတိယဂိရိ ပူဇော်ပွဲ ဖူးမြော်ခြင်းငှါလည်း အဋ္ဌမီ၍ သွားကုန်၏။ ထို အဋ္ဌမီ၌ သွားခြင်းသည် လည်း ၁၄-ရက်၌ ပဝါရဏာ ပြုသူတို့အားသာတည်း။)

ပဝါရဏာ ဆောင်ခြင်း

အခါတစ်ပါး မြတ်စွာဘုရားသည် ရဟန်းတို့ကို ချစ်သားတို့၊ စည်းဝေးကြလော၊ သံဃာသည် ပဝါရဏာကံကို ပြုလတ္တံ့ - ဟု မိန့်တော်မူ၏။ ရဟန်း တစ်ပါးက မြတ်စွာဘုရား ရဟန်း ဂိလာန ရှိပါသည်။ ထိုရဟန်းသည် မလာနိုင်ပါဟု လျှောက်၏၊ ချစ်သားတို့၊ ဂိလာန ရဟန်းသည် ပဝါရဏာကို ပေးခြင်းငှါ ခွင့်ပြု၏။

ထိုဂိလာနသည် ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ စမ္ပယ်တင် ဆောင့်ကြောင့် လက်အုပ်ချီ၍ - ပဝါရဏံ ဒမ္ပိ၊ ပဝါရဏံ မေဟရ၊ ပဝါရဏံ မေ အာရောစေဟိ။ မ မတ္ထာယ ပဝါရေဟိ- ဟု ဆိုအပ်၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ် နှုတ်ဖြင့် သိစေအံ့၊ ပေးအပ်သော ပဝါရဏာ ဖြစ်၏။ မသိစေအံ့ ပေးအပ်သော ပဝါရဏာ မဖြစ်။

ဤသို့ မရငြားအံ့-ထို ဂိလာနကို ညောင်စောင်း၊ အင်းပျဉ်ဖြင့် သံဃာ့အလယ်သို့ ဆောင်၍ ပဝါရဏာ ပြုအပ်၏။ အလုပ်အကျွေးတို့က ရောဂါတိုးလိမ့်မည်ဟု ဆိုအံ့၊ ဂိလာနကို မရွှေ့အပ်။ သံဃာသည် ထိုနေရာသို့ သွား၍ ပဝါရဏာ ပြုအပ်၏။ ချစ်သားတို့၊ ဝဂ္ဂ ဖြစ်သော သံဃာသည် ပဝါရဏာ မပြုအပ်- ဒုက္ကဋ်။

ချစ်သားတို့၊ ပဝါရဏာဆောင်သော ရဟန်းသည် ပဝါရဏာ ကို ပေးလတ်သော် ဝါ၊ ပေးအပ်သော ပဝါရဏာဖြင့် ထိုအရပ်၌သာလျှင် ဖဲသွားအံ့၊ တစ်ပါးသော ရဟန်းအား ပဝါရဏာကို (တစ်ဖန် ထပ်၍) ပေးအပ်၏။ ထွက်အံ့၊ သေအံ့၊ သာမဏေဟု ဝန်ခံအံ့၊ သိက္ခာ ချသူ၊ အန္တိမသို့ ရောက်သူ၊ ရူးသူ၊ စိတ်ပျံ့လွင့်သူ၊ ဝေဒနာ နှိပ်စက်သူဟု ဝန်ခံအံ့ (၉)၊ ဥက္ခိတ္တက သုံးယောက် (၃)၊ ပဏ်၊ တေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနိန်၊ ဒုသံ၊ ဥဘတောဟု ဝန်ခံအံ့ (၁၁)၊ တစ်ပါးသော ရဟန်းအား ထပ်ပေးအပ်၏။ (ထပ်ပေး ၂၃)။

ချစ်သားတို့၊ ပဝါရဏာ ဆောင်သော ရဟန်းသည် ပေးအပ်သော ပဝါရဏာဖြင့် ခရီးအကြား ဖဲသွားအံ့။ ...လ... ဥဘတောဟု ဝန်ခံအံ့။ ဆောင်အပ်သော ပဝါရဏာ ဖြစ်၏။ (ဆောင်အပ် ၂၃)။

သံဃာသို့ ရောက်ပြီးမှ အိပ်ပျော်၍၊ မေ့၍၊ သမာပတ် ဝင်စား၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပဝါရဏာ ဖြစ်၏။ ဆောင်သူအား အနာပတ္တိ (အနာပတ္တိ ၃)။

သံဃာသို့ ရောက်ပြီးမှ အားထုတ်၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပဝါရဏာ ဖြစ်၏။ ဆောင်သူအား ဒုက္ကဋ်။ (ဒုက္ကဋ် ၁)။

ချစ်သားတို့၊ ပဝါ ရဏာနေ့၌ ပဝါရဏာပေးသော ရဟန်းသည် ဆန္ဒကိုလည်း ပေးခြင်းငှါ ခွင့်ပြု၏။ သံဃာ၌ ပြုဖွယ်ကံသည် (ဝါ-ကံတို့သည်) ရှိကုန်၏။

[ပေးအပ်သော ပဝါရဏာ ဖြစ်၏ ဟူရာ၌ ဤသို့ ပေးပြီးသောအခါ ပဝါရဏာ ဆောင်သူသည် သံဃာသို့ ချဉ်းကပ်၍ ဤသို့ ဖိတ်ကြားအပ်အံ့ ... တိဿော ဘန္တေ ဘိက္ခု သံဃံ ပဝါရေတိ - ဒိဋ္ဌေန ဝါ၊ သုတေန ဝါ၊ ပရိသင်္ကာယ ဝါ-ဝဒတုတံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ ပဿန္တော ပဋိကရိဿတိ-ဟု သုံးကြိမ် ဖိတ်ကြားအပ်၏။ (ပဝါရဏာ ပေးသူသည်) သီတင်းကြီးသူ ဖြစ်အံ့၊ အာယသ္မာ ဘန္တေ တိသော- ဟု ဆိုအပ်၏။ ဤသို့လျှင် ထိုဆောင်သူသည် ထိုပေးသူ၏ အလို့ငှါ ဖိတ်ကြားခြင်းသည် ဖြစ်၏။

ဆန္ဒကိုလည်း ပေးခြင်းငှါ စသည်၌ ဆန္ဒ ဒါနကို ဥပေါသထက္ခန္ဓက၌ ဆိုပြီးပြီ။ ဤ၌လည်း ဆန္ဒဒါနသည် ကြွင်းကံ အလို့ငှါ ဖြစ်၏။ ထိုကြောင့် ပဝါရဏာနှင့် ဆန္ဒကို ပေးလျှင် ဆောင်အပ်သော ပဝါရဏာဖြင့် ထိုပေးသော ရဟန်းသည် လည်းကောင်း၊ သံဃာသည် လည်းကောင်း ပဝါရဏာကိစ္စပြီး၏။

ပဝါရဏာကိုသာ ပေးလျှင် ထိုသူအတွက် လျှောက်ကြားခြင်း၊ သံဃာ ဖိတ်ကြားခြင်း ပြီးသောအခါ အားလုံး ပဝါရဏာ ကိစ္စပြီး၏။ တစ်ပါးသော ကံပြုလျှင် ပျက်၏။

ဆန္ဒကိုသာပေးလျှင် သံဃာ၏ ပဝါရဏာသည် လည်းကောင်း၊ ကြွင်းသော ကံတို့သည် လည်းကောင်း မပျက်ကုန်။ ထိုရဟန်း၏ ပဝါရဏာကိစ္စမပြီး။

ပဝါရဏာနေ့၌ ပြင်ပ သိမ်၌ ပဝါရဏာ အဓိဋ္ဌာန် ပြု၍လာသော ရဟန်းသည်လည်း ဆန္ဒကို ပေးအပ်၏။ ထိုသို့ပေးခြင်းဖြင့် သံဃာ၏ ပဝါရဏာကံသည် မပျက်။]

(ဝိဋီ ... ဧဝဥှိတေန တဿတ္ထာယ ပဝါရိတံ ဟောတိ - ဟူရာ၌ ထို ဆောင်သူသည် ထိုပေးသူ၏ အလို့ငှါ မဖိတ်ကြားဘဲ နေသော်လည်း ဆောင်သူ သံဃာ့ထံ ရောက်ကာမျှဖြင့် သံဃ ပဝါရဏာကံသည် သမဂ္ဂ ကံသာ ဖြစ်၏။)

ပဝါရဏာနေ့ လူဖမ်းခြင်း

ထိုအခါ ရဟန်းတစ်ပါးကို ပဝါရဏာနေ့၌ ဆွေမျိုးတို့သည် ဖမ်းကုန်၏။ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းကို ပဝါရဏာနေ့၌ ဆွေမျိုးတို့ ဖမ်းကုန်အံ့၊ ထို ဆွေမျိုးတို့ကို ဤသို့ ဆိုအပ်၏။ ဒါယကာတို့၊ သင်တို့သည် ဤ ရဟန်း ပဝါရဏာ ပြုသည်တိုင်အောင် ခေတ္တ လွှတ်ကြလော-ဟု ဆိုအပ်၏။ ရလျှင် အပြစ်မရှိ။

မရလျှင်- ဤရဟန်း ပဝါရဏာ ပေးသည် တိုင်အောင် ခေတ္တ တစ်နေရာ၌ နေကြလော-ဟု ဆိုအပ်၏။

မရလျှင် သံဃာ ပဝါရဏာ ကံပြုသည်တိုင်အောင် ဤ ရဟန်းကို သိမ်ပသို့ ခေတ္တဆောင်ကြလော- ဟု ဆိုအပ်၏။

မရငြားအံ့၊ ချစ်သားတို့၊ ဝဂ္ဂ ဖြစ်သော သံဃာသည် ပဝါရဏာ မပြုအပ်-ဒုက္ကဋ် (လေးမျိုး)။

ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းကို ပဝါရဏာနေ့၌ မင်းတို့သည် ဖမ်းကုန်အံ့။ ခိုးသူတို့သည် သေသောက်ကြူးတို့သည်၊ ရဟန်း ရန်သူတို့သည် ဖမ်းကုန်အံ့။ ဤအတူ လေးမျိုးစီ။

သံဃ၊ ဂဏ၊ ပုဂ္ဂလ

ထိုအခါ တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ ရဟန်း ငါးပါး နေကုန်၏။ ငါတို့ ငါးပါး အဘယ်သို့ ပဝါရဏာ ပြုအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ငါးပါးတို့အား သံဃာ၌ ပဝါရဏာ ပြုခြင်းငှါ ခွင့်ပြု၏။

တစ်ခုသော အာဝါသ၌ လေးပါးနေကုန်၏၊ အကြံဖြစ်၏၊ ချစ်သားတို့၊ လေးပါးတို့အား အချင်းချင်း ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ ပြုပုံကား ဗျတ္တ ပဋိဗလသည် ထိုရဟန်းတို့ကို သိစေအပ်ကုန်။

သုန္တု မေ အာယသ္မန္တေ၊ အဇ္ဇ ပဝါရဏာ (ပန္နရသီ)။

ယဒါယသ္မန္တာန ပတ္တကလ္လံ၊ မယံ အညမညံ (တေဝါစိကံ) ပဝါရေယျာမ။

ဤသို့ သိစေအပ်ကုန်၏။ မထေရ်ကြီးသည် ပခုံးတစ်ဘက် စမ္ပယ်တင် ဆောင့်ကြောင့် လက်အုပ်ချီလျက် ထို ရဟန်းတို့ကို ဤသို့ ဆိုအပ်၏။

အဟံ အာရသော အာယသ္မန္တေ ပဝါရေမိ-ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ--

ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

သီတင်းငယ်သည် စမ္ပယ်တင် ...လ... လက်အုပ်ချီလျက် ...

အဟံ ဘန္တေ အာယသ္မန္တေ ပဝါရေမိ-ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ-ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

တစ်ခုသော အာဝါသ၌ သုံးပါးနေကုန်၏။ ချစ်သားတို့၊ သုံးပါးတို့အား အချင်းချင်း ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ ဗျတ္တသည် ဤသို့ သိအပ်ကုန်၏။

သုဏန္တု မေ အာယသ္မန္တာ။ အဇ္ဇ ပဝါရဏာ (ပန္နရသိ)။

ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ မယံ အညမညံ (တေဝါစိကံ) ပဝါရေယျာမ။

မထေရ်ကြီးသည် စမ္ပယ်တင် ….လ... လက်အုပ်ချီလျက် ...

အဟံ အာရသော အာယသ္မန္တေ ပဝါရေမိ - ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာရ ဝါ ဝဒန္တု မံ အာယသ္မန္တာ အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

သီတင်းငယ်သည် စမ္ပယ်တင် ...လ… လက်အုပ်ချီလျက် ...

အဟံ ဘန္တေ အာယသ္မန္တေ ပဝါရေမိ ...လ… ပဋိကရိဿာမိ (သုံးကြိမ်)။

တစ်ခုသော အာဝါသ၌ နှစ်ပါး နေကုန်၏။ ချစ်သားတို့၊ နှစ်ပါးတို့အား (ဉာတ် မထားဘဲ) အချင်းချင်း ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးသည် စမ္ပယ်တင် ...လ... လက်အုပ်ချီလျက် ...

အဟံ အာရသော အာယသ္မန္တံ ပဝါရေမိ-ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒတု မံ အာယသ္မာ အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

သီတင်းငယ်သည် စမ္ပယ်တင် ...လ… လက်အုပ်ချီလျက်..

အဟံ ဘန္တေ အာယံသ္မန္တံ ပဝါရေမိ ...လ… ပဋိကရိဿာမိ (သုံးကြိမ်)။

(တစ်ပါးထံ-သ္မာ၊ နှစ်ပါးထံ−န္တာ။ သုံးပါးထံ-န္တော။ လေးပါးထံ-ဃော။)

တစ်ခုသော အာဝါသ၌ ရဟန်းတစ်ပါး နေ၏။ အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့၊ ပဝါရဏာနေ့၌ တစ်ပါးတည်း နေအံ့၊ ထိုရဟန်းသည် ရဟန်းတို့ သက်ဝင်စရာ စရပ်၊ မဏ္ဍပ်၊ သစ်ပင်ရင်း၌ တံမြက်လှည်း၍ လာက်ရေ သုံးရေ တည်ထား၍ နေရာခင်း၍ မီးထွန်း၍ နေအပ်၏။ တစ်ပါးသော ရဟန်းများ ရောက်လာ ကုန်အံ့၊ ထိုရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။ မရောက်လာကုန်အံ့။

အဇ္ဇ မေ ပဝါရဏာ။ (ပန္နရသီ အဓိဋ္ဌာမိ)။

ဤသို့ အဓိဋ္ဌာန် ပြုအပ်၏။ အဓိဋ္ဌာန် မပြုအံ့-ဒုက္ကဋ်။

ချစ်သားတို့၊ ငါးပါးနေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ လေးပါး သံဃ ပဝါရဏာ မပြုအပ်- ဒုက္ကဋ်။

လေးပါးနေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ သုံးပါး အချင်းချင်း မဖိတ်ကြားအပ်။ ဒုက္ကဋ်။

သုံးပါး နေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ နှစ်ပါး အချင်းချင်း မဖိတ်ကြားအပ်။ ဒုက္ကဋ်။

နှစ်ပါးနေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ တစ်ပါးတည်း အဓိဋ္ဌာန် မပြုအပ်။ ဒုက္ကဋ်။

[အဇ္ဇ မေ ပဝါရဏာ-ဟု ဟောရာ၌ ၁၄-ရက် ဖြစ်အံ့။ အဇ္ဇ မေ ပဝါရဏာ စာတုဒ္ဒသီ-ဟု၊ ၂၅-ရက် ဖြစ်အံ့။ အဇ္ဇ မေ ပဝါရဏာ ပန္နရသီ-ဟု အဓိဋ္ဌာန် ပြုအပ်၏။]

(ကင်္ခါ အလိုအားဖြင့် အဓိဋ္ဌာမိ-ဟု ထည့်၍ ဆိုအပ်၏။)

(ဇီဋီ ... အဓိဋ္ဌာန် မပြုအံ့-ဒုက္ကဋ်ဟု တစ်ပါးတည်းအား ဟောသော ဒုက္ကဋ်ကို ထိုတစ်ပါးတည်းအားသာ ဟောသော ပုဗ္ဗကိစ္စသို့ လည်းကောင်း၊ သံဃ ဂဏတို့၏ ပဝါရဏာနှင့် ပုဗ္ဗကိစ္စတို့သို့လည်းကောင်း ဆောင်အပ်၏။)

ပဝါရဏာနေ့၌ အာပတ်

ထိုအခါ ရဟန်းတစ်ပါးလည် ပဝါရဏာနေ့၌ အာပတ်သို့ရောက်၏။ နသာ ပတ္တိကေန ပဝါရေ တဗ္ဗံ-ဟု ပညတ်သည်။ (နောက်၌ ပညတ်ခြင်း ထင်ရှားလတ္တံ့။) အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ပဝါရဏာနေ့၌ အာပတ်သို့ ရောက်အံ့၊ ရဟန်း တစ်ပါးထံ ချဉ်းကပ်၍ စမ္ပယ်တင် ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် -- အဟံ အာရသော ဣတ္တန္နာ မံ အာပတ္တိံ အာပန္နော။ တံ ပဋိဒေသမိ- ဟု ဒေသနာ ကြားအပ်၏။ ထိုရဟန်းသည် ပဿတိ-ဟု မေးအပ်၏။ အာမ ပဿာမိ-ဟု ဝန်ခံအပ်၏။ အာယတိံ သံဝရေယျာသိ-ဟု ဝန်ခံတိုင်း ပြုအပ်၏။

ချစ်သားတို့၊ အာပတ်၌ ယုံမှားရှိအံ့။ ရဟန်း တစ်ပါးထံ လက်အုပ်ချီလျက်၊ ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှား ကင်းသောအခါ ကုစားပါအံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ ထို အကြောင်းကြောင့် ပဝါရဏာ၏ အန္တရာယ်ကို မပြုအပ်။

ရဟန်း တစ်ပါးသည် ပဝါရဏာ ပြုစဉ် အာပတ်ကို သတိရ၏။ အဘယ်သို့ ပြုရအံ့နည်းဟု အကြံဖြစ်၏၊ ချစ်သားတို့၊ ပဝါရဏာ ပြုစဉ် အာပတ်ကို သတိရအံ့။ အနီး ရဟန်းကို-ငါသည် ဤမည်သော အာပတ်သို့ ရောက်၏။ ဤ နေရာမှ ထသောအခါ ကုစားပါမည်ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။ ချစ်သားတို့၊ အာပတ်၌ ယုံမှား ရှိအံ့။ အနီး ရဟန်းကို-ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှား ကင်းသောအခါ ကုစား ပါအံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။

တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ သံဃာအားလုံးသည် သဘာဂ အာပတ်သို့ ရောက်၏။ အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သားတို့၊ ပဝါရဏာ နေ့၌ သံဃာအားလုံး သဘာဂ အာပတ်သို့ ရောက်အံ့၊ ထိုရဟန်းတို့သည် ရဟန်း တစ်ပါးကို အနီး ကျောင်းသို့ နေ့ချင်း ပြန်စေလွှတ်အပ်၏။ ငါ့ရှင်၊ သွားချေ၊ ထို အာပတ်ကို ကုစား၍ လာလော။ ငါတို့သည် သင့်ထံ၌ ထိုအာပတ်ကို ကုစားကုန်အံ့-ဟု စေလွှတ်အပ်၏။

ဤသို့ မရလျှင် ဗျတ္တ ရဟန်းသည် သုဏာသု မေ-စသော ဉာတ်ဖြင့် စင်ကြယ်သော ရဟန်းကို မြင်သောအခါ ကုစားအံ့ဟု သံဃာကို သိစေ၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။

သဘာဂ အာပတ်၌ ယုံမှား ရှိအံ့-ယုံမှား ကင်းသောအခါ ကုစားအံ့ဟု သံဃာကို သိစေ၍ သံဃာကို သိစေ၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။

အနာပတ္တိ ပန္နရသက

ထိုအခါ တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ ငါးပါး၊ ငါးပါးထက် အလွန် အာဝါသိကာတို့သည် စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသတို့ ရှိသည်ကို မသိကုန်။ ဓမ္မသညာ ဝိနယသညာ သမဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ပဝါရဏာ ပြုကုန်၏။ ပဝါရဏာ ပြုစဉ် ထိုအာဝါသတို့သည် များစွာ ရောက်လာကုန်၏။ မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ ငါးပါး၊ ငါးပါးထက် အလွန် အာဝါသိကတို့သည် ...လ... ပဝါရဏာ ပြုစဉ် အာဝါသိကတို့သည် များစ္စာ ရောက်လာကုန်အံ့။ တစ်ဖန် ပြန်၍ ပဝါရဏာ ပြုအပ်၏။ ပြုသူတို့အား အနာပတ္တိ။

ချစ်သားတို့ ...လ... အညီအမျှ ရောက်လာကုန်အံ့၊ ဖိတ်ကြားပြီးခြင်းသည် သုပဝါရိတာ ဖြစ်၏။ အပြစ် မရှိ။ ကြွင်းသူတို့ ဖိတ်ကြားအပ်၏။ ဖိတ်ကြားပြီးသူတို့အား အနာပတ္တိ။

ချစ်သားတို့၊ ...လ… အနည်းငယ် ရောက်လာကုန်အံ့။ ပြီးခြင်းသည် သုပဝါရိတာ။ ကြွင်းသူတို့ ဖိတ်အပ်။ ဖိတ်ပြီး သူတို့အား အနာပတ္တိ (တိက်တစ်ခု)။

ဖိတ်ကြားပြီးကာမျှ၌ ရောက်လာကုန်အံ့၊ များလျှင် ပြန်ပြုအပ်၏။ တူလျှင်၊ နည်းလျှင် ဖိတ်ပြီးသူတို့ထံ ဖိတ်အပ်၏။ ဖိတ်ပြီးသူတို့အား အနာပတ္တိ (တိက်တစ်ခု)။

ဖိတ်ကြားပြီး ဤပရိသတ် မထမီ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြုအပ်၏။ တူလျှင် နည်းလျှင် ဖိတ်ပြီးသူတို့ထံ ဖိတ်အပ်၏။ ဖိတ်ပြီးသူတို့အား အနာပတ္တိ (တိက်တစ်ခု)။

ဖိတ်ကြားပြီး၍ ပရိသတ်အချို့ ထမှ ရောက်လာ ကုန်အံ့။ ....ထိုအတူ (တိက်တစ်ခု)။

ဖိတ်ကြားပြီး၍ ပရိသတ်အားလုံး ထကုန်မှ ရောက်လာကုန်အံ့။ ... ထိုအတူ (တိက်တစ်ခု)။

အနာပတ္တိ ပန္နာရသက ပြီး၏။ (တိက် ငါးခု)။

[များစွာ ရောက်လာကုန်အံ့၊ တစ်ဖန် ပြန်၍ ပဝါရဏာ ပြုအပ်၏ ဟူသည် တစ်ဖန် ပုဗ္ဗကိစ္စကို ပြု၍ ဉာတ်ကိုထား၍ သံဃ မထေရ်မှ စ၍ တစ်ဖန် ဖိတ်ကြားအပ်၏။ အကြွင်းကို ဥပေါသထက္ခန္ဓက၌ ဆိုပြီးသော နည်းဖြင့် သိအပ်၏။]

(သာဋီ ... ဖိတ်ကြားပြီးကာမျှ၌ ဟူသည် ဖိတ်ကြားခြင်း၏ အခြား၌တည်း။

ပရိသတ် မထမီ ဟူသည် ဖိတ်ကြားပြီးနောက် အချင်းချင်း စကားပြောနေကြစဉ်တည်း။

အချို့ ထမှ ဟူသည် အချို့ ထိုင်မြဲတိုင်း၊ အချို့ မိမိနေရာသို့ သွားကြသော အခါတည်း။

ပြန်ပြု ဟူသည် (အချို့ ထသွားမှ အများရောက်လာ၍ ပြန်ပြုရသောအခါ) တစ်ဖန်လည်း အားလုံး အညီအညွတ်လာ၍ ဖိတ်ကြားအပ်၏။ အတူ ရောက်လာ၍ ဖိတ်ပြီးသူတို့ထံ ဖိတ်ရာ၌ သွားသူတို့ကို မဆောင်ဘဲ နေသူတို့၏ အထံ၌သာ ဖိတ်အပ်၏။

အားလုံး ထကုန်မှ အတူရောက်လာ၍ ဖိတ်ပြီးသူတို့ထံ ဖိတ်ရာ၌ အားလုံးကို မတတ်နိုင်အံ့။ အချို့ကို စည်းဝေးစေ၍ ဖိတ်ခြင်းငှါ အပ်၏။ ဉာတ်ထား၍ ပြုအပ်သော သံဃကံ မဟုတ်သောကြောင့် ဝဂ္ဂ မဖြစ်။ ဥပေါသထေပိ ဧသေဝနယော။

ဝိဋီ ... မဖွင့်။

ဇီဋီ ... အတူ ရောက်လာ၍ ဖိတ်ပြီးသူတို့ထံ ဖိတ်အပ်ရာ၌ အချို့ ထသွားသူတို့ကို မဆောင်မူ၍ ထိုင်နေသူတို့ထံ၌သာ ဖိတ်အပ်၏။ ဥပေါသထက္ခန္ဓက ၌လည်း ဤအတူတည်း။ အားလုံး ထကုန်မှ အတူရောက်လာသူတို့သည် အားလုံးကို မတတ်နိုင်လျှင် အချို့ကို စည်းဝေးစေ၍ ဖိတ်ခြင်းငှါ အပ်၏။ ဉာတ်ထား၍ ပြုအပ်သော သံဃကံ မဟုတ်သောကြောင့် ဝဂ္ဂ မဖြစ်ဟု ဆိုကုန်၏။

ဤ၌ ဥပတိဿ မထေရ်သည် ... အချို့ ဖြစ်စေ၊ အားလုံး ဖြစ်စေ ထသွားသူ အားလုံးတို့ကို ထို စည်းဝေးစေ၍ ဉာတ်မထားဘဲ သက်သက် ဖိတ်အပ်၏။ အချို့ကို စည်းဝေးစေ၍ ဖိတ်ခြင်းငှါ မအပ်။ သံဃံ ဘန္တေ ပဝါရေမိ- ဟု ဟောသောကြောင့်တည်း။ စည်းဝေးသူ အားလုံးလည်း နောင် ဒိဋ္ဌ စသည်ကို ပြောဆိုနိုင်ကြသည်။ သမဂ္ဂတို့၏ ပဝါရဏာကို ပညတ်သည်။ အဋ္ဌကထာ၌ ခွင့်ပြုခြင်း မရှိ စသည်ဖြင့် ဆို၏။)

ဝဂ္ဂါ ဝဂ္ဂ သညီ ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာ နေ့၌ ငါးပါး၊ ငါးပါးထက် အလွန် အာဝါသိက တို့သည် စည်းဝေးကုန်၏။ မရောက်လာ သေးသော အာဝါသိကတို့ ရှိသည်ကို သိကုန်၏။ ဓမ္မသညာ ဝိနယသညာ ဝဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ပဝါရဏာ ပြုကုန်၏။ ပဝါရဏာ ပြုစဉ် ထို အာဝါသိကာတို့သည် များစွာ ရောက်လာ ကုန်အံ့။ တစ်ဖန် ပြန်၍ ပဝါရဏာ ပြုအပ်၏။ ပြုသူတို့အား ဒုက္ကဋ်။

အညီ အမျှ ရောက်လာ ကုန်အံ့၊ ပြီးခြင်းသည် သုပဝါရိတာ ဖြစ်၏။ ကြွင်းသူတို့ ဖိတ်အပ်၏။ ဖိတ်ပြီး သူတို့အား ဒုက္ကဋ်။ အနည်းငယ် ရောက်လာကုန်အံ့၊ ပြီးခြင်းသည် သုပရိတာ ဖြစ်၏။ ကြွင်းသူတို့ ဖိတ်အပ်၏။ ပြီးသူတို့အား ဒုက္ကဋ် (တိက်တစ်ခု)။

ဖိတ်ကြားပြီးကာမျှ၌ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြု၊ တူလျှင်၊ နည်းလျှင် သုပရိတာ။ ကြွင်းသူတို့ ဖိတ်အပ်၏၊ ဖိတ်ပြီးသူတို့အား ဒုက္ကဋ်(၃)။ ဖိတ်ကြားပြီး၍ ပရိသတ် မထမီ ရောက်လာ ကုန်အံ့ (၃)။ အချို့ ထမှ ရောက်လာကုန်အံ့ (၃)။ အားလုံး ထမှ ရောက်လာ ကုန်အံ့ (၃)။

ဝဂ္ဂါ ဝဂ္ဂ သညီ ပန္နရသက ပြီး၏။

ဝေမတိက ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာနေ့၌ ...လ... .စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ ရှိသည်ကို သိလျက် ပဝါရဏာ ပြုခြင်းငှါ အပ်မည်လော၊ မအပ်မည်လော ဟု ယုံမှားလျက် ပဝါရဏာ ပြုကုန်၏။ ပြုစဉ် ... ပြီးကာမျှ ... မထမီ ... ။ အချို့ ထမှ ... အားလုံးထမှ ရောက်လာကုန်အံ့။ များ၊ တူ၊ နည်း သုံးဝါ ရစီ။ ပြုပြီးသူတို့အား ဒုက္ကဋ်။

ဝေမတိက ပန္နရသက ပြီး၏။

ကုက္ကုစ္စ ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာ နေ့၌ ...လ... .စည်းဝေးကုန်၏။ မရောက်လာသေးသူ ရှိသည်ကို သိလျက် ငါတို့အား ပဝါရဏာ ပြုခြင်းငှါ အပ်သည်သာတည်း။ မအပ်သည် မဟုတ်ဟု ကုက္ကုစ္စ နှိပ်စက်လျက် ပဝါရဏာ ပြုကုန်၏။ ပြုစဉ်၊ ပြုပြီး၊ မထ၊ အချို့ထ၊ အားလုံးထ သုံးဝါရစီ၊ ပြုပြီးသူတို့အား ဒုက္ကဋ်။

ကုက္ကုစ္စ ပကတ ပန္နရသက ပြီး၏။

ဘေဒပုရေက္ခာရ ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာ နေ့၌ ...လ... သိလျက် မရောက်လာသူတို့သည် ပျောက်ကြစေ၊ ပျက်ကြစေ၊ ထိုသူတို့ဖြင့် အကျိုး မရှိဟု ကွဲပြားခြင်းကို ရှေးရှုလျက် ပဝါရဏာ ပြုကုန်၏။ ပြုစဉ်၊ ပြုပြီး၊ မထ၊ အချို့ထ။ အားလုံးထ − သုံးဝါရစီ။ ပြုပြီး သူတို့အား ထုလ္လစည်း။

ဘေဒပုရေက္ခာရ ပန္နရသက ပြီး၏။ ။၂၅-တိက် ပြီး၏။

တိက် ခုနစ်ရာ

ချစ်သားတို့၊ ပဝါရဏာနေ့၌ အာဝါသိကတို့သည် တစ်ပါးသော အာဝါသိကတို့ သိမ်ထဲ ဝင်လာဆဲဟု သိလျက် စသည်ဖြင့် တိက် ခုနစ်ရာကို ဟောတော်မူ၏။

ရှေးဦးစွာ အာဝါသိကနှင့် အာဝါသိက၌ မရောက်လာကြသေးသည်ကို မသိ စသည်ဖြင့် ၂၅-တိက်။

သိမ်ထဲသို့ ဝင်လာကုန်ဆဲဟု သိလျက် ၂၅-တိက်၊

ဝင်လာပြီးကို မြင်လျက် ၂၅-တိက်။

ဝင်လာဆဲဟု ကြား၍ ၂၅-တိက်။

ဝင်လာပြီဟု ကြားလျက် ၂၅-တိက်။

ဤသို့ ၂၅ x ခုနစ်လီ ၁၇၅ တိက် ဖြစ်၏။

ထိုအတူ အာဝါသိကနှင့် အာဂန္တု ၁၇၅-တိက်။

အာဂန္တုနှင့် အာဝါသိက ၁၇၅-တိက်။

အာဂန္တု နှင့် အာဂန္တု ၁၇၅-တိက်။

ဤသို့ လေးလီ ပေယျာလမုခ အားဖြင့် တိက် ၇ဝဝ ကို ဟောတော်မူသည်။

နေ့ရက်ချင်း မတူ

ချစ်သားတို့၊ ဤ သာသနာ၌ အာဝါသိကတို့အား ၁၄-ရက်နေ့။ အာဂန္တုတို့အား ၁၅-ရက်နေ့ ဖြစ်အံ့၊ အာဝါသိက များလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ တူမျှလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့သည် အာဂန္တုတို့သို့ လိုက်အပ်၏ (၃)။

အာဝါသိက ၁၅-ရက်။ အာဂန္တု ၁၄ ရက် ဖြစ်အံ့။ အာဝါသိက များလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့သည် အာဂန္တုတို့သို့ လိုက်အပ်၏ (၃)။

အာဝါသိက အထွက်တစ်ရက်။ အာဂန္တု ၁၅-ရက် ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဝါသိကတို့သည် အာဂန္တုအား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ အာဂန္တုတို့သည် သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့သည် သာမဂ္ဂီကို ပေးအပ်၏။ မပေးလျှင် သိမ်ပသို့ သွားအပ်၏ (၃)။

အာဝါသိက ၁၅-ရက်။ အာဂန္တု အထွက်တစ်ရက် ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့အား သာမဂ္ဂီကို ပေးအပ်၏။ သိမ်ပသို့သော်လည်း သွားအပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့အား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ အာဝါသိကတို့သည် သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏ (၃)။

[အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏ ဟူသည်-အဇ္ဇ ပဝါရဏာ စတုဒ္ဒသီ-ဟူ၍သာ ပုဗ္ဗကိစ္စကို ပြုအပ်၏။ ပဏရသိက ဝါရေပိ ဧသေဝနယော။ ။ အာဝါသိကတို့သည် သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏-ဟူသော အဆုံး ဝါရ၌ ဤကား ပါဠိ မုတ္တက ဝိနိစ္ဆယတည်း။]

ပါဠိ မုတ္တက

ပုရိမ ဝါ၌ ငါးပါး၊ ပစ္ဆိမ ဝါ၌လည်း ငါးပါးဝါ ကပ်အံ့။ ပုရိမ ငါးပါးတို့သည် ဉာတ်ထား၍ ပဝါရဏာ ပြုပြီးသောအခါ ပစ္ဆိမ ငါးပါးသည် ထိုတို့၏ အထံ၌ ပါရိသုဒ္ဓိ ဥပုသ် ပြုအပ်၏။ တစ်ခုသော ဥပေါသထ၌ (ဝါ- ဥပုသ် ပြုရာ တစ်နေရာ၌) နှစ်ခုသော ဉာတ်တို့ကို မထားအပ်ကုန်။

ပစ္ဆိမ ဝါကပ် လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါး ဖြစ်အံ့-ဧသေဝနယော။

ပုရိမ လေးပါး၊ ပစ္ဆိမ လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါး ဖြစ်ရာ၌လည်း ဧသေဝနယော။

ပုရိမ သုံးပါး၊ ပစ္ဆိမ သုံးပါး၊ နှစ်ပါး၊ တစ်ပါး ဖြစ်ရာ၌လည်း ဧသေဝနယော။

လက္ခဏာကား-ပစ္ဆိမ ဝါကပ်သူ နည်းအံ့၊ တူအံ့။ သံဃပဝါရဏာ အလို့ငှါ ဂိုဏ်းလည်း ပြည့်အံ့-သံဃ ပဝါရဏာစွမ်းဖြင့် ဉာတ်ကို ထားအပ်၏တည်း။

ပုရိမ သုံးပါး၊ ပစ္ဆိမ တစ်ပါး ဖြစ်အံ့- ထိုလေးပါးတို့အား သံဃဉာတ်ထား၍ ပဝါရဏာ မပြုအပ်။ ဂဏဉာတ် အလို့ငှါ ဂိုဏ်း ပြည့်သောကြောင့် ဂဏဉာတ်ထား၍ ပုရိမတို့ ပဝါရဏာ ပြုအပ်၏။ ကျန် တစ်ပါးသည် ထိုသူတို့ထံ ပါရိသုဒ္ဓိ ဥပုသ် ပြုအပ်၏။ ပုရိမ နှစ်ပါး၊ ပစ္ဆိမ နှစ်ပါး၊ တစ်ပါး ဖြစ်အံ့ ဧသေဝနယော။

ပုရိမတစ်ပါး၊ ပစ္ဆိမ တစ်ပါး ဖြစ်အံ့၊ တစ်ပါးသည် တစ်ပါးထံ ပဝါရဏာ ဖိတ်ကြားအပ်၏။ တစ်ပါးသည် ပါရိသုဒ္ဓိ ပြုအပ်၏။ ပုရိမ ဝါကပ်သူတို့ထက် ပစ္ဆိမ ဝါကပ်သူသည် တစ်ပါးမျှဖြင့်လည်း ပိုလွန်ကုန်အံ့၊ ရှေးဦးစွာ ပါဘိမောက် ပြ၍ နောက်၌ နည်းသူတို့သည် ထိုသူတို့ထံ ဖိတ်ကြားအပ်၏။

တန်ဆောင်မုန်း လပြည့် ပဝါရဏာ၌ကား ပုရိမ ဝါကျွတ်တို့ထက် ပစ္ဆိမ ဝါကပ်တို့သည် များကုန်အံ့၊ အတူသော်လည်း ဖြစ်ကုန်အံ့၊ ပဝါရဏာ ဉာတ်ကိုထား၍ ဖိတ်ကြားအပ်၏။ ပဝါရဏာ ပြုပြီးမှ ကျန်သူတို့သည် ပါရိသုဒ္ဓိ ဥပုသ် ပြုအပ်၏။ ပုရိမ ဝါကျွတ်များ၍ ပစ္ဆိမ ဝါကပ်နည်းအံ့၊ တစ်ပါးတည်း သော်လည်း ဖြစ်အံ့၊ ပါတိမောက် ပြပြီးမှ ထိုသူတို့ထံ ပစ္ဆိမ ဝါကပ်သူသည် ဖိတ်ကြားအပ်၏။]

(ဇီဋီ ... နည်းသူတို့သည် ထိုဥပုသ် ပြုပြီးသူတို့ထံ ဉာတ်မထားမူ၍သာ ပဝါရဏာ ဖိတ်ကြားအပ်၏၊ အာဂန္တုတို့ မည်သည် နဝမီမှ စ၍ ရောက်လာ သူတို့သော် လည်းကောင်း၊ နွားခြံ လှည်း လှေ တို့၌ ဝါတွင်းနေပြီးသူသော် လည်းကောင်း ဖြစ်ကုန်၏။)

အာကာရာဒိ ပဉ္စက လေးခု

ချစ်သားတို့၊ ဤသာသနာ၌ အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ၊ လိင်္ဂ၊ နိမိတ္တ၊ ဥဒ္ဒေသ မည်သော ကောင်းစွာထားသောကြောင့် ညောင်စောင်း အင်းပျဉ် စသည်ကို မြင်လျက် အာဝါသိကတို့ ရှိသလော၊ မရှိ သလောဟု ယုံမှားလျက် မရှာဖွေဘဲ ပဝါရဏာ ပြုကုန်အံ့ - ဒုက္ကဋ်။ ရှာဖွေ၍ မမြင်၍ ပြုကုန်အံ့-တုလ္လစည်း(ငါး ဝါရ)။

ချစ်သားတို့၊ အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ၊ ...လ... မည်သော စင်္ကြံ သွားသံ၊ သရဇ္ဈ၁ယ်သံ စသည်ကို ကြားလျက် ရှိ-မရှိ ယုံမှားလျက် မရှာဖွေဘဲ၊ စသည်ဖြင့် ပဝါရဏာ ပြုကုန်အံ့ ... ဒုက္ကဋ်။ အနာပတ္တိ၊ အနာပတ္တိ၊ ဒုက္ကဋ်။ တုလ္လစ္စည်း (ငါးဝါရ)။

ချစ်သားတို့၊ အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ စသည် မည်သော မသိအပ်သော သပိတ် သင်္ကန်း စသည်ကို မြင်လျက် အာဂန္တု ရှိ-မရှိ ယုံမှားလျက် မရှာဖွေဘဲ စသည် ဖြင့် ... (ငါး ဝါရ)။

အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ စသည် မည်သော ခြေသံ၊ ဖိနပ်သံ စသည်ကို ကြားလျက် ယုံမှားလျက် ... (ငါးဝါရ)။

နာနာသံဝါသက တိက် လေးခု

ချစ်သားတို့၊ ဤ သာသနာ၌ အာဂန္တုတို့သည် နာနာသံဝါသက အာဝါသိကတို့ကို မြင်၍ သမာနသံဝါသက ဟု အယူရှိ၍ မမေးဘဲ အတူ ပဝါရဏာ ပြုကုန်အံ့−အနာပတ္တိ။ မေး၍ နာဘိဝိတရန္တိ- အယူမစွန့်စေကြကုန်ဘဲ၊ အတူ ပဝါရဏာ ပြုကုန်အံ့-ဒုက္ကဋ်။ သီးခြား ပဝါရဏာ ပြုကုန်အံ့ - အနာပတ္တိ (သုံးဝါရ)။

အာဂန္တု တို့သည် သမာန သံဝါသက အာဝါသိက တို့ကို မြင်၍ နာနာ သံဝါသကဟု အယူ ရှိ၍ မပေးဘဲ အတူ ပြုကုန်အံ့-ဒုက္ကဋ်။ မပေး၍ အဘိဝိတရန္တိ - သမာနသံဝါသက အဖြစ်ကို ဆုံးဖြတ်ကုန်၏။ ဆုံးဖြတ်၍ သီးခြားပြုကုန်အံ့-ဒုက္ကဋ်။ အတူ ပြုကုန်အံ့- အနာပတ္တိ (၃)။

ချစ်သားတို့၊ အာဝါသိကတို့သည် နာနာ သံဝါသက အာဂန္တု တို့ကို မြင်၍ သမနသံဝါသကဟု အယူရှိ၍ မပေးဘဲ အတူ ပြန်ကုန်အံ့၊ အနာပတ္တိ။ မေး၍ မစ္စန့်စေမူ၍ အတူ ပြန်ကုန်အံ့ - ဒုက္ကဋ်။ သီးခြား ပြုကုန်အံ့-အနာပတ္တိ (၃)။

အာဝါသိက တို့သည် သမာန သံဝါသက အာဂန္တု တို့ကို မြင်၍ နာနာ-ဟု အယူရှိ၍ မမေးဘဲ အတူ ပြန်ကုန်အံ့-ဒုက္ကဋ်။ မေး၍ သမာန ဟု ဆုံးဖြတ်ပြီး၍ သီးခြား ပြုကုန့်အံ့ ဒုက္ကဋ်။ အတူ ပြုကုန်အံ့- အနာပတ္တိ (၃)။

ခရီးသွား နဝက သုံးခု

ချစ်သားတို့၊ ဤသာသနာ၌ ပဝါရဏာနေ့၌ ရဟန်းရှိသော အာဝါသမှ ရဟန်းမရှိသော အာဝါသသို့ သံဃာ ကြဉ်၍၊ အန္တရာယ် ကြဉ်၍ မသွားအပ်၊ ထိုအတူ ကြဉ်၍ ရဟန်းမရှိသော အနာဝါသသို့ မသွားအပ်။ ရဟန်း မရှိသော အာဝါသ အနာဝါသသို့ မသွားအပ်(၃)။

ရဟန်း ရှိသော အနာဝါသမှ ထိုအတူ (၃)။

ရဟန်းရှိသော အာဝါသ အနာဝါသမှ ... (၃-နဝက တစ်ခု)။

ရဟန်း ရှိသော အာဝါသ စသည်မှ နာနာသံဝါသက ရဟန်းရှိသော အာဝါသ စသည်တို့ သံဃာကြဉ်၍၊ အန္တရာယ်ကြဉ်၍ မသွားအပ် (နဝက တစ်ခု)။

ရဟန်း ရှိသော အာဝါသ စသည်မှ သမာန သံဝါသက ရဟန်း ရှိသော အာဝါသ စသည်တို့ ယနေ့ ရောက် နိုင်သည်ဟု သိလျှင် သွားအပ်၏ (နဝက တစ်ခု)။

ဝဇ္ဇနိယ ပုဂ္ဂိုလ်များ

ချစ်သားတို့၊ ဘိက္ခုနီ ရှိသော ပရိသတ်၌ ပဝါရဏာ မပြုအပ်-ဒုက္ကဋ်။ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမ ဝတ္ထု ရောက်သူရှိသော ပရိသတ်၌ ဝါရဏာ မပြုအပ် - ဒုက္ကဋ်။ မစွန့်၊ မကူ၊ ပြစ်မရှု - သုံးခု ဥက္ခိတ္တာ ရှိသော ပရိသတ်၌ ပဝါရဏာ မပြုအပ် - ယထာဓမ္မ ပြုစေအပ်၏။ (ဝါ- ပါစိတ်)။

ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒူသံ၊ ဥဘော ရှိသော ရိသတ်၌ ပဝါရဏာ မပြုအပ်- ဒုက္ကဋ်။

(ဥပေါသထက္ခန္ဓက တစ်နေရာ၌ ရှင်ဒေဝဒတ်-လူ ရှိသော ပရိသတ်၌ ပါတိမောက် ပြခြင်းကြောင့်၊ ဂဟဋ္ဌရှိသော ပရိသတ်၌ ပါတိမောက် မပြအပ် ဒုက္ကဋ် ဟု ပညတ်သည်ကို မြင်ရ၏။ ဤ ခန္ဓက၌ မမြင်သော်လည်း သိသာ၏။)

မပြုအပ် နှစ်ခု

ချစ်သားတို့၊ ပါရိဝါသိက ပဝါရဏာ ဒါနေန- သိုးလေပြီးသော ပဝါရဏာ ပေးခြင်းဖြင့် မထသော ပရိသတ်ကို ကြဉ်၍ (ဝါ-ပရိသတ် ထပြီးနောက်) ပဝါရဏာ မပြုအပ်။ ချစ်သားတို့၊ ပဝါရဏာနေ့မှ တစ်ပါးသော နေ့၌လည်း သံဃ သာမဂ္ဂီကို ကြဉ်၍ ပဝါရဏာ မပြုအပ်။

[သံဃ သာမဂ္ဂီကို ကြဉ်၍ ဟူသည်၌ ကောသမ္ဗက သာမဂ္ဂီနှင့် တူသော သမဂ္ဂီကိုသာ သိအပ်၏။

အဇ္ဇ ပဝါရဏာ သာမဂ္ဂီ-ဟု ပုဗ္ဗကိစ္စ ပြု အပ်၏။ အနည်းငယ်သော အကြောင်းကြောင့် ပဝါရဏာကို ရပ်ထား၍ ညီညွတ်သော သူတို့ကား ပဝါရဏာ နေ့၌သာ ပဝါရဏာ ပြုအပ်၏။ သာမဂ္ဂီ ပဝါရဏာကို သီတင်းကျွတ် လပြည့်ကျော် တစ်ရက်မှ စ၍ တန်ဆောင်မုန်း လပြည့်အတွင်း၌ ထိုမှ ရှေး၌ လည်းကောင်း၊ နောက်၌ လည်းကောင်း ပြုလျှင် မအပ်။]

ဒွေ၊ ဧ၊ သမာန-ခွင့်ပြုခြင်း

ထိုအခါ ကောသလ ဇနပုဒ် တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ သဝရဘယ - တောနေ လူရိုင်းဘေး ဖြစ်၏။ ရဟန်းတို့သည် တေဝါစိကံ- သုံးကြိမ် ဖိတ်ကြားခြင်းကို ဖိတ်ခြင်းငှါ မတတ်နိုင်ကုန်။

ချစ်သားတို့၊ ဒွေဝါစိကံ နှစ်ကြိမ် ဖိတ်ကြားခြင်းကို ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏၊ လွန်ကဲစွာ လူရိုင်းဘေး ဖြစ်၏၊ နှစ်ကြိမ် ဖိတ်ခြင်းငှါ မတတ်နိုင်ကုန်၊

ချစ်သားတို့၊ ဧကဝါစိကံ-တစ်ကြိမ် ဖိတ်ကြားခြင်းကို ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ လွန်ကဲစွာ ဖြစ်ပြန်၏။ တစ်ကြိမ်မျှ မတတ်နိုင်ကုန်။

ချစ်သားတို့၊ သမာနဝဿိကံ- ဝါတူပေါင်း၍ ဖိတ်ကြားခြင်းကို ဖိတ်ခြင်းငှါ ခွင့်ပြု၏။ ထိုအခါ တစ်ခုသော အာဝါသ၌ ပဝါရဏာ နေ့၌ လူတို့ အလှူလှူခြင်း တို့ကြောင့် ညဉ့်အချိန် များစွာကုန်၏။ သံဃာသည် တေဝါစိက ဖိတ်လျှင် မပြီးမီ မိုးလင်းလတ္တံ့၊ အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ လူတို့ အလှူလှူခြင်း တို့ကြောင့် ညဉ့်အချိန် များစွာကုန်၍ တေဝါစိက ဖိတ်စဉ် မိုးလင်းလတ္တံ့ ဟု သိအံ့-ဗျတ္တသည် သံဃာကို …

သုဏာတု မေ ဘန္တေ သံဃော။ ...လ... ။ ယဒိ သံဃဿ ပတ္တကလ္လံ-ဟု သိအံ့– ဗျတ္တသည် သံဃာကို သုဏာတု မေ ဘန္တေ သံဃော။ ...လ... ။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဒွေဝါစိကံ ဧက ဝါစိကံ သမာန ဝဿိကံ ပဝါရေ ... ဟု သိစေအပ်၏။ ဝါ-လူတို့ အလှူလှူခြင်း တို့ကြောင့် ညဉ့်အချိန် ကုန်ပြီ။ တေဝါစိက ဖိတ်လျှင် မိုးလင်းလတ္တံ့။ ဒွေ၊ ဧ၊ သမာန ဝဿိကံ-ဖိတ်ခြင်းကို ဖိတ်ရာ၏ ဟု သိစေအပ်၏။

ချစ်သားတို့၊ ပဝါရဏာနေ့၌ တရားစကား ပြောခြင်း၊ သုတ္တန် ညှိရွတ်ခြင်း၊ ဝိနည်း ဆုံးဖြတ်ခြင်း၊ တရား ဆွေးနွေးခြင်း၊ ငြင်းခုံခြင်း တို့ကြောင့် ညဉ့်အချိန် များစွာကုန်၍ တေဝါစိက ဖိတ်စဉ် မိုးလင်းလတ္တံ့ဟု သိအံ့-ဗျတ္တသည် သံဃာကို သုဏာတု မေ စသည်ဖြင့် သိစေအပ်၏။ ဝါ-တရားစကား ပြောခြင်း၊ ငြင်းခုံခြင်း တို့ကြောင့် ညဉ့်အချိန် ကုန်ပြီး တေဝါစိက ဖိတ်လျှင် မိုးလင်းလတ္တံ့။ ဒွေ၊ ဧ၊ သမာန ဖိတ်ရာ၏ ဟု သိစေအပ်၏။

ထိုအခါ ကောသလ ဇနပုဒ် တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ ရဟန်း သံဃာသည် များစွာ စည်းဝေး၏။ မိုးမစွတ်သော နေရာသည် နည်း၏။ မိုးကြီးသည်လည်း တက်၏။ တေဝါစိက ဖိတ်စဉ် မိုးမိလတ္တံ့၊ အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ မိုးမိလတ္တံ့ဟု သိအံ့- ဗျတ္တသည် သံဃာကို သုဏာတု မေ စသည်ဖြင့်၊ မိုးမိလတ္တံ့။ ဒွေ၊ သမာန ဖိတ်ရာ၏ - ဟု သိစေအပ်၏။

ချစ်သားတို့၊ ပဝါရဏာနေ့၌ မင်းအန္တရာယ် ဖြစ်အံ့၊ ခိုးသူ၊ မီး၊ ရေ၊ လူ၊ ဘီလူး၊ သားရဲ၊ မြွေ၊ အသက်၊ သာသနာ အန္တရာယ်ဟု (အန္တရာယ် ဆယ်ပါး) ဖြစ်အံ့--ဖိတ်စဉ် အန္တရာယ် ဖြစ်လတ္တံ့ ဟု သိအံ့။ ဗျတ္တသည် သံဃာကို သုဏာတု မေ စသည်ဖြင့် အန္တရာယ် ဖြစ်သတ္တံ့၊ ဒွေ၊ ဧ၊ သမာန ဖိတ်ရာ၏ ဟု သိစေအပ်၏။

[ဒွေ ဝါစိက ဖိတ်ခြင်းငှါ ခွင့်ပြုရာ၌ ဉာတ်ထားသူသည်လည်း - ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃေ ဝါစိကံ ပဝါရေယျ ဟု ဆိုအပ်၏။ ဧက ဝါစိက၌ ဧကဝါစိကံ ပဝါရေယျ ဟု။ သမာန ဝဿိက၌လည်း သမာနဝဿိကံ ပဝါရေယျ” ဟုဆိုအပ်၏။ ဤ၌ ဝါတူသူတို့သည် များကုန်သော်လည်း တစ်ပေါင်းတည်း ဖိတ်ခြင်းငှါ ရကုန်၏ ]

(ဝိဋီ ... ဝါတူသူတို့ စသည်၌ တစ်နှစ်တည်း ရဟန်း ဖြစ်ခြင်းကြောင့် ရဟန်း ဝါတူသူတို့သည် အားလုံး တစ်ပေါင်းတည်း ဖိတ်ခြင်းငှါ ရကုန် ၏-ဟူသော အနက်တည်း။)

အာပတ် ရှိသူ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အာပတ် ရှိကုန်လျက် ဖိတ်ကြားကုန်၏။ ချစ်သားတို့၊ အာပတ် ရှိသူသည် ပဝါရဏာ မဖိတ်ကြားအပ်-ဒုက္ကဋ်။ ချစ်သားတို့၊ အာပတ်ရှိလျက် ဖိတ်ကြားသူအား အခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ခွင့်တောင်းသောအခါတွင် ခွင့်ပေးခြင်းငှါ အလို မရှိကုန်၊ ချစ်သားတို့၊ ခွင့်မပေးသူအား ပဝါရဏာကို ထားခြင်းငှါ ခွင့်ပြု၏။

ထားပုံကား စာတုဒ္ဒသီ၊ ပန္နရသီ ပဝါရဏာနေ့၌ ထိုပုဂ္ဂိုလ် မျက်မှောက်ရှိစဉ် သံဃာ အလယ်၌ သုဏာတု မေ ဘန္တေ သံဃော၊ ဣတ္ထန္နာ မော ပုဂ္ဂလာ သာပတ္တိ ကော၊ တဿ ပဝါရနံ ဋ္ဌပေမိ နတသ္မိံ သံမုခိဘုတေ ပဝါရေ တဗ္ဗံ-ဟု မြွက်ဆိုအပ်၏။ ဤသို့ဆိုလျှင် ပဝါရဏာ ထားခြင်းဖြစ်၏။။

ဆဗ္ဗဂ္ဂီတို့သည် ငါတို့အား ပဝါရဏာ မထားမီဟု ကြိုတင်၍ အာပတ် မရှိ စင်ကြယ်သော ရဟန်းတို့အား အကြောင်းမဲ့ ပဝါရဏာ ထားကုန်၏။ ပဝါရဏာ ပြုပြီး သူတို့အားလည်း ပဝါရဏာ ထားကုန်၏။ ချစ်သားတို့၊ အာပတ် မရှိ စင်ကြယ်သော ရဟန်းတို့အား အကြောင်းမဲ့ ပဝါရဏာ မထားအပ်-ဒုက္ကဋ်။ ချစ်သားတို့၊ ပဝါရဏာ ပြုပြီး သူ့တို့အား ပဝါရဏာ မထားအပ်- ဒုက္ကဋ်။

ချစ်သားတို့၊ တေ ဝါစိက၊ ဒွေ ဝါစိက၊ ဧက ဝါစိက၊ သမန ဝဿိက-ဖိတ်ခြင်းငှါ ရွတ်ဆိုပြီးသောအခါ ထားအံ့၊ ပဝါရဏာ ထားခြင်း မဖြစ်။ ရွတ်ဆို၍ မပြီးမီ ထားအံ့-ပဝါရဏာ ထားခြင်း ဖြစ်၏။

[ရွတ်ဆို၍ မပြီးမီ ဟူသည် ပဝါရဏာ ထားခြင်းသည် သဗ္ဗသင်္ဂါဟိက ထားခြင်း၊ ပုဂ္ဂလိက ထားခြင်းဟု နှစ်မျိုးရှိ၏။

သဗ္ဗသင်္ဂါဟိက ထားခြင်း၌ သုဏာတု မေ ဘန္တေ သံဃာ။ ...လ... ။သံဃော တေဝါစိကံ ပဝါရေ..ဟူ သု-အက္ခရာမှ ရေ-အက္ခရာ အထိသည် ရွတ်ဆို၍ မပြီးသေးသည်သာ ဖြစ်၏။ ဤ အတွင်း တစ်ခုသော ပုဒ်၌ သော်လည်း ထားလျှင် ပဝါရဏာထားခြင်း ဖြစ်၏။ ယျ-အက္ခရာသို့ ရောက်လျှင် ရွတ်ဆို၍ ပြီးခြင်းဖြစ်၏။ ထိုအခါမှ စ၍ ထားလျှင် ပဝါရဏာ ထားခြင်း မဖြစ်။

ပုဂ္ဂလိက ထားခြင်း၌- သံဃံ ဘန္တေ ပဝါရေမိ။ ...လ... ။ တတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ၊ ဒိဋ္ဌေန ဝါ ...လ...။ ပဿန္တော - ဟု သံ အက္ခရာမှ နောက်ဆုံး ဋိ--အက္ခရာ အထိသည် မပြီးသေးသည် ဖြစ်၏။ ဤအတွင်း တစ်ခုသော ပုဒ်၌သော်လည်း ထားလျှင် ပဝါရဏာထားခြင်း ဖြစ်၏။ ကရိဿာမိ- ဟု ဆိုလျှင် ပြီးခြင်းဖြစ်၏ ကရိဿာမိ-ပုဒ် ရောက်မှ ထားလျှင် ထားခြင်း မဖြစ်။ ဒွေ၊ ဧ၊ သမာန ဝဿိက တို့၌လည်း ဧသန ယော။ ထို ပဝါရဏာ တို့၌လည်း ဋိ-အက္ခရာ အဆုံးအထိ သာလျှင် ထပန ခေတ် မည်၏။]

ထားလျှင် မေးစစ်ရခြင်း

ချစ်သားတို့၊ ဤသာသနာ၌ ပဝါရဏာနေ့၌ ရဟန်းသည်၊ ရဟန်းအား ပဝါရဏာကို ထားအံ့။ ထို ထားသော ရဟန်းကို တစ်ပါးသော ရဟန်းတို့သည်၊ ဤ အရှင်သည် ကိုယ်ကျင့် မစင်ကြယ်၊ နှုတ်ကျင့် မစင်ကြယ်၊ အသက်မွေး မစင်ကြယ်၊ ဗာလ အဗျတ္တ ဖြစ်၏။ မေးစစ်အပ်သောအခါ အဖြေကို ပေးခြင်းငှါ မစွမ်းနိုင်ဟု သိကုန်အံ့။ ရဟန်း-သင်၏ စကား မသင့်၊ ငြင်းခုံခြင်း စသည်ကို မပြုနှင့်ဟု နှိပ်၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။

ချစ်သားတို့ ... ဤအရှင်သည် ကိုယ်အကျင့် စင်ကြယ်၏။ နှုတ်ကျင့် မစင်ကြယ်သူ စသည် ဖြစ်အံ့။ ကိုယ်ကျင့် နှုတ်ကျင့် နှစ်ပါးသာ စင်ကြယ်၏။ အသက်မွေး မစင်ကြယ် စသည် ဖြစ်အံ့ ...။ ကိုယ် နှုတ် အသက်မွေး သုံးပါး စင်ကြယ်၏။ ပဏ္ဍိတ ဗျတ္တ ဖြစ်၏။ မေးစစ်သောအခါ အဖြေကို ပေးခြင်းငှါ စွမ်းနိုင်၏ ဟု သိကုန်အံ့။ ဤသို့ ဆိုအပ်၏၊ ငါ့ရှင် သင်သည် ဤ ရဟန်းအား ပဝါရဏာကို ထား၏။ ကိမှီနံဋ္ဌပေတိ - အဘယ် အကြောင်းကြောင့် ထားသနည်း၊ သီလ ဝိတ္တိကြောင့်လော၊ အာစာရ ဝိပတ္တိကြောင့်လော၊ ဒိဋ္ဌိ ဝိပတ္တိကြောင့် လော-ဟု ဆိုအပ်၏။ (အာဇိဝ မပါ)။

သီလ ဝိပတ္တိကြောင့်၊ အာစာရ ဝိပတ္တိကြောင့်၊ ဒိဋ္ဌိ ဝိပတ္တိကြောင့် ဟု ဆိုအံ့။ အရှင်သည် သီလ ဝိပတ္တိကို သိသလော၊ အာစာရ ဝိပတ္တိကို သိသလော၊ ဒိဋ္ဌိ ဝိပတ္တိကို သိသလော-ဟု မေးစစ်အပ်၏။ သိပါ၏ဟု ဖြေလျှင် ငါ့ရှင်၊ သီလ ဝိပတ္တိသည် အဘယ်နည်း၊ အာစာရ ဝိပတ္တိသည် ... ဒိဋ္ဌိ ဝိပတ္တိသည် အဘယ်နည်း ဟု မေးအပ်၏။

ပါရာဇိက၊ သံဃာ ဒိသိသ်သည် သီလ ဝိပတ္တိ။ ထုလ္လစ္စည်း စသော ငါးပါးသည် အာစာရ ဝိပတ္တိ။ မိစ္ဆာဒိဋ္ဌိနှင့် အန္တဂ္ဂါဟိကာ ဒိဋ္ဌိသည် ဒိဋ္ဌိ ဝိပတ္တိဟု ဖြေလျှင် ငါ့ရှင် သင်သည် ဤ ရဟန်းအား ပဝါရဏာကို ထား၏။ ထိုပဝါရဏာကို ဒိဋ္ဌိဖြင့် ထားသလော၊ သုတဖြင့်လော၊ ပရိသင်္ကာဖြင့် လောဟု မေးစစ်အပ်၏။ (ပုစ္ဆာ လေးခု)။

ဒိဋ္ဌိဖြင့် ထားပါ၏။ သုတဖြင့်…။ ပရိသင်္ကာဖြင့် ထားပါ၏ဟု ဖြေလျှင် သင်သည် ဒိဋ္ဌဖြင့် ဤရဟန်းအား ပဝါရဏာကို ထားပြီ။ တိံတေ ဒိဋ္ဌံ-အဘယ်ကို မြင်သနည်း။ ကိန္တိတေ ဒိဋ္ဌံ-အဘယ်သို့ မြင်သနည်း။ ကဒါတေ ဒိဋ္ဌံ- အဘယ်အခါ မြင်သနည်း။ ကတ္တတေ ဒိဋ္ဌံ- အဘယ် အရပ်၌ မြင်နည်း။ (၄)။

ပါရာဇိကသို့ ရောက်သည်ကို မြင်သလော။ ....လ... ဒုဗ္ဘသီသို့ ရောက်သည်ကို မြင်သလော (၁)။

သင်သည် အဘယ် အရပ်၌နည်း၊ ဤရဟန်းသည် အဘယ်အရပ်၌နည်း။ သင်သည် ဘယ်လို ပြုနေသနည်း၊ ဤရဟန်းသည် အဘယ်ကို ပြုနေသနည်း (၄)ဟု မေးစစ်အပ်၏။ (ကိုးပုစ္ဆာ)။

ဒိဋ္ဌဖြင့် မဟုတ်၊ သုတဖြင့် ထားပါသည်ဟု ဖြေလျှင် ကိန္တေ သုတံ - အဘယ်ကို ကြားသနည်း။ ကတ္ထ .. ဘယ်ရပ်၌ ကြားသနည်း(၄)

ပါရာဇိကသို့ ရောက်သည်ဟု ကြားသလော၊ ...လ... ဒုဗ္ဘသီသို့ ရောက်သည်ဟု ကြားသလော (၁)။

ရဟန်း၏ စကားကို ကြားသလော၊ ဘိက္ခု၊ သိက္ခမာန်၊ သာမေဏ၊ သမဏမ၊ ဥပသကာ၊ ဥပါသိကာ၊ မင်း၊ အမတ်၊ တိတ္ထိ၊ တိတ္တိ သာဝက တို့၏ စကားကို ကြားသလောဟု မေးစစ်အပ်၏။ (ခြောက် ပုစ္ဆာ)။

သုတဖြင့် မဟုတ်၊ ပရိသင်္ကာဖြင့် ထားပါသည်ဟု ဖြေလျှင် ကိံ ပရိသင်္ကာသိ- အဘယ်ကို ရွံ့ရှားသနည်း။ အဘယ်သို့ ... အဘယ်အခါ ... ။ အဘယ် အရပ်၌ ရွံ့ရှားသနည်း (၄)။

ပါရာဇိကသို့ ရောက်သည်ဟု ရွံ့ရှားသလော။ ... လ ... ဒုဗ္ဘသီသို့ ရောက်သည်ဟု ရွံ့ရှားသလော (၁)။

ရဟန်း၏ စကားကို ရွံ့ရှားသလော။ ဘိက္ခုနီ စသည်တို့၏ စကားကို ကြား၍ ရွံ့ရှားသလော(၁) ဟု မေးစစ်အပ်၏။ (ခြောက် ပုစ္ဆာ)။

ပရိသင်္ကာဖြင့် မဟုတ်၊ အဘယ် အကြောင်းဖြင့် ပဝါရဏာ ထားသည် ဟူ၍ မသိပါဟု ဖြေဆိုအံ့။ ချစ်သားတို့၊ ထို စောဒကသည် အနုယော ဂေန - မေးစစ်သည်ကို ဖြေဆိုခြင်းဖြင့် ပညာရှိ သီတင်းသုံးဖော်တို့၏ စိတ်ကို နှစ်သက်စေသူ မဖြစ်အံ့၊ စုဒိတကို - အန နုဝါဒ-မစွပ်စွဲအပ်သူဟု ဆိုခြင်းငှါ ထိုက်၏။ ချစ်သားတို့၊ ထို စောဒကသည် မေးစစ်သည်ကို ဖြေဆိုခြင်းဖြင့် ပညာရှိ သီတင်းသုံးဖော် တို့၏ စိတ်ကို နှစ်သက်စေသူ ဖြစ်အံ့။ စုဒိတကို သာနုဝါဒ- စွပ်စွဲအပ်သူဟု ဆိုခြင်းငှါ ထိုက်၏ (၂)။

ချစ်သားတို့၊ ထိုစောဒကသည် အရင်းမရှိသော ပါရာဇိကဖြင့် စွပ်စွဲခြင်းကို ဝန်ခံအံ့၊ သံဃာဒိသိသ်သို့တင်၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။ အရင်း မရှိသော သံဃာဒိသိသ်ဖြင့် စွပ်စွဲခြင်းကို ဝန်ခံအံ့၊ ယထာ ဓမ္မ ပြုစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။ အရင်း မရှိသော ထုလ္လစ္စည်းဖြင့်၊ ...လ... ဒုဗ္ဘာသီဖြင့် စွပ်စွဲခြင်းကို ဝန်ခံအံ့၊ ယထာ ဓမ္မ ပြုစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏ (၇)။

ချစ်သားတို့၊ ထို စုဒိတသည် ပါရာဇိကသို့ ရောက်သည်ဟု ဝန်ခံအံ့။ ဖျက်ဆီး၍ သံဃာသည် ပဝါရဏာ ပြုအပ်၏၊ သံဃာဒိသိသ် ရောက်သည်ဟု ဝန်ခံအံ့ - သံဃာဒိသိသ်သို့ တင်၍ ပဝါရဏာ ပြုအပ်၏။ ထုလ္လစ္စည်းသို့ ...လ... ဒုဗ္ဘာသီသို့ ရောက်သည်ဟု ဝန်ခံအံ့၊ ယထာ ဓမ္မ ပြုစေ၍ ပဝါရဏာ ပြုအပ်၏ (၇)။

[မေးစစ်အပ်သောအခါ ဟူသည် ကိမှီနံထပေသိ ... စသည်ဖြင့် နောက်၌ ဆိုအပ်သော နည်းဖြင့် မေးစစ်သော အခါတည်း။

နှိပ်သည် ဟူသည် - အလံ ဘိက္ခု မာ ဘဏ္ဍနံ-စသော စကားတို့ကို ဆို၍တည်း။ စကားဖြင့် နှိပ်ခြင်းကို အလိုရှိအပ်၏။

စွပ်စွဲခြင်းကို ဝန်ခံအံ့ ဟူသည် အမူလက ပါရာဇိကဖြင့် ဤရဟန်းကို ငါစွပ်စွဲ၏ဟု ဝန်ခံခြင်းတည်း။

ယထာဓမ္မ ဟူသည် သံဃာဒိသိသ်ဖြင့် စွပ်စွဲရာ၌ ပါစိတ်။ တစ်ပါးတို့ဖြင့် စွပ်စွဲရာ၌- ဒုက္ကဋ်။

ဖျက်ဆီး၍ ဟူသည် လိင်္ဂနာသနာဖြင့် အသွင် ဖျက်၍တည်း။]

(ဋီတို့ ... ပါဠိ၌ မိစ္ဆာဒိဋ္ဌိ ဟူသည် နတ္တိ ဒိန္နံ အလှူအကျိုး မရှိသော နည်းဖြင့် ဖြစ်သော ဒသဝတ္တုကာ ဒိဋ္ဌိတည်း၊

အန္တအဂ္ဂါဟိတာ ဒိဋ္ဌိ ဟူသည် ဟောတိ တထာဂတော ပရမ္မရဏာ - သေပြီးနောက် သတ္တဝါ ဖြစ်၏။ သတ္တဝါ မဖြစ် စသော နည်းဖြင့် သဿတ အစွန်း၊ ဥစ္ဆေဒ အစွန်းကို ယူခြင်းတည်း။)

အာပတ် အယူမတူ

ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ ရဟန်းသည် ထုလ္လစ္စည်းသို့ ရောက်အံ့၊ အချို့သော ရဟန်းတို့သည် ထုလ္လစ္စည်းဟု အယူရှိကုန်အံ့။ အချို့ သံဃာဒိသိသ်ဟု အယူရှိကုန်အံ့။ ထုလ္လစ္စည်း အယူရှိသူတို့သည် ထို ရဟန်းကို တစ်နေရာသို့ ဆောင်၍ ယထာ ဓမ္မ ကုစားစေ၍၊ သံဃာသို့ ချဉ်းကပ်၍ ငါ့ရှင်တို့၊ ထို အာပတ်သို့ ရောက်သော ရဟန်းကို ယထာဓမ္မ ကုစားစေအပ်ပြီ။ သံဃာအား ပတ္တကလ္လကံ ဖြစ်အံ့၊ သံဃာသည် ပဝါရဏာ ပြုရာ၏-ဟု ဆိုအပ် ၏။

ထုလ္လစ္စည်းသို့ ရောက်သည်ကို အချို့ ထုလ္လစ္စည်း၊ အချို့ ပါစိတ်ဟု အယူရှိကုန်အံ့ ... ။ အချို့ ထုလ္လစ္စည်း၊ အချို့ ပါဋိဒေသနီဟု ... ။ အချို့ ဒုက္ကဋ်ဟု ... ။ အချို့ ဒုဗ္ဘာသီဟု အယူရှိကုန်အံ့။ ထုလ္လစ္စည်းဟု အယူရှိသူတို့သည် ထို ရဟန်းကို တစ်နေရာသို့ ဆောင်၍ ယထာ ဓမ္မ ကုစားစေ၍ သံဃာသို့ ချဉ်းကပ်၍ ငါ့ရှင်တို့၊ ထို အာပတ်သို့ ရောက်သော ရဟန်းကို ယထာ ဓမ္မ ကုစားစေအပ်ပြီ။ သံဃာအား ပတ္တကလ္လကံ ဖြစ်အံ့၊ သံဃာသည် ပဝါရဏာ ပြုရာ-ဟု ဆိုအပ်၏။ (ငါးဝါရ)။

ပါစိတ်သို့ ရောက်သည်ကို၊ ပါဋိ ဒေသနိသို့၊ ဒုက္ကဋ်သို့၊ ဒုဗ္ဘာသီသို့ ရောက်သည်ကို အချို့ သံဃာဒိသိသ်၊ အချို့ ဒုဗ္ဗသီဟု အယူရှိကုန်အံ့-(ငါးဝါရစီ၊ ငါးxငါးလီ ၂၅-ဝါရ။)

[ထို အာပတ်သို့ ရောက်သော ရဟန်းကို ယထာဓမ္မ ကုစားစေအပ်ပြီ-ဟူ၍မျှ ဆို၍ ပဝါရဏာ ပြုကြပါ-ဟု ဆိုအပ်၏။ ဤမည်သော အာပတ် ဟူ၍ကား မဆိုအပ်။ ဤသို့ ဆိုလျှင် ငြင်းခုံကြောင်း ဖြစ်သည်။]

ရွံရှားခြင်း သုံးပါး

ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ ရဟန်းသည် သံဃာ အလယ်၌ ဆိုငြားအံ့ - အရှင်တို့ သံဃာသည် နာတော်မူလော၊ ဤဝတ္တုသည် ထင်ရှား၏။ ပုဂ္ဂိုလ်သည် မထင်ရှား။ သံဃာအား ပတ္တကလ္လကံ ဖြစ်အံ့၊ ဝတ္တုကို ထား၍ သံဃာသည် ပဝါရဏာ ပြုရာ-ဟု ဆိုငြားအံ့၊ ထို ရဟန်းကို ငါ့ရှင်၊ မြတ်စွာဘုရားသည် စင်ကြယ်သူတို့၏ ပဝါရဏာကို ပညတ်သည်။ ဝတ္တု ထင်ရှား၍ ပုဂ္ဂိုလ် မထင်ရှားလျှင် ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလေ။ [ဝါ-ဤ ဝတ္ထုဖြင့် တွေးတောဖွယ် ပုဂ္ဂိုလ်ကို ညွှန်ပြလော]-ဟု ဆိုအပ်၏။

ချစ်သားတို့၊ ရဟန်းသည် သံဃာအလယ်၌ ... အရှင်တို့ ပုဂ္ဂိုလ်သည် ထင်ရှား၏။ ဝတ္ထုသည် မထင်ရှား။ ပတ္တကလ္လ ဖြစ်အံ့၊ ပုဂ္ဂိုလ်ကို ထား၍ သံဃာသည် ပဝါရဏာ ပြုရာ၏ဟု ဆိုငြားအံ့။ ငါ့ရှင်၊ သမဂ္ဂတို့၏ ပဝါရဏာကို ပညတ်သည်။ ပုဂ္ဂိုလ် ထင်ရှား၍ ဝတ္တု မထင်ရှားလျှင် ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော။ [ဝါ-ထိုပုဂ္ဂိုလ်၏ အပြစ်ကို ညွှန်ပြလော] ဟု ဆိုအပ်၏။

ချစ်သားတို့၊ ရဟန်းသည် သံဃာ့အလယ်၌ ... အရှင်တို့ ဝတ္တုသည် လည်းကောင်း၊ ပုဂ္ဂိုလ်ကို လည်းကောင်း ထား၍ သံဃာသည် ပဝါရဏာ ပြုရာ၏-ဟု ဆိုငြားအံ့။ ငါ့ရှင်၊ စင်ကြယ်သူတို့၏ သမဂ္ဂတို့၏ ပဝါရဏာကို ပညတ်သည်။ ဝတ္တု ပုဂ္ဂိုလ် ထင်ရှားလျှင် ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော။ [ဝါ-ထို ဝတ္ထုဖြင့် တွေးတောအပ်သော ပုဂ္ဂိုလ်ကို ဆိုလော] ဟု ဆိုအပ်၏။ (သုံးဝါရ)။

ချစ်သားတို့၊ ပဝါရဏာ၏ ရှေ့၌ ဝတ္ထု ထင်ရှား၍ နောက်၌ ပုဂ္ဂိုလ် ထင်ရှားအံ့ (စောဒနာ စကား) ဆိုခြင်းငှါ ထိုက်၏။ ပဝါရဏာ၏ ရှေ့၌ ဝတ္ထုသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ထင်ရှားအံ့။ ပဝါရဏာပြီးသောအခါ ထို အဆုံးအဖြတ်ကို လှုပ် ချောက်ချားငြားအံ့-ဥက္ကောဋနက ပါစိတ် (သုံးဝါရ)။

[ဝတ္တုသည် ထင်ရှား။ ပုဂ္ဂိုလ်သည် မထင်ရှား- ဟူသည်၌ ခိုးသူတို့သည် တောကျောင်း ရေကန်၌ ငါးဖမ်း၍ ချက်စားသွားသဖြင့် လည်းကောင်း၊ အရံတွင်း၌ သေသောက်ကြူးသူတို့ ပြုသဖြင့် လည်းကောင်း၊ ဖောက်ပြန်မှု တစ်စုံတစ်ခုကို မြင်၍၊ ရဟန်းပြုသော အမှုဖြစ်ရာဟု မှတ်ထင်၍ ဤသို့ ဆိုသည်။

ဝတ္ထုကို ထား၍ ဟူသည် ထိုပုဂ္ဂိုလ်ကို သိသော စောဒနာ ကုန်အံ့၊ ယခုကား သံဃာသည် ပဝါရဏာ ပြုစေသတည်း ဟူသော အနက်တည်း။

ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော ဟူသည် ဤဝတ္တုဖြင့် တစ်စုံတစ်ယောက်ကို သင် တွေးတောသည် ဖြစ်အံ့၊ ယခုပင် ထိုသူကို ညွှန်ပြ ပါလော ဟူသော အနက်တည်း။ အကယ်၍ ညွှန်ပြအံ့၊ ထိုသူကို မေးစစ်၍ ပဝါရဏာ ပြုအပ်၏။ မညွှန်ပြအံ့၊ စူးစမ်း၍ ငါတို့ သိရကုန်အံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။

ပုဂ္ဂိုလ်သည် ထင်ရှား၏။ ဝတ္တု မထင်ရှား-ဟူရာ၌ ရဟန်းတစ်ပါးသည် ပန်းနံ့သာ၊ နံ့သာ ပျောင်းတို့ဖြင့် စေတီကို ပူဇော်သဖြင့် လည်းကောင်း၊ အရိဋ္ဌဆေး သောက်သဖြင့် လည်းကောင်း၊ ထိုအား လျော်သော ကိုယ်နံ့ ဖြစ်သည်ကို ရည်၍ “ဤရဟန်းအာ၊ ကိုယ်နံ့ ဤသို့”- ဝတ္ထုကို ပြ၍ ဆိုသည်။

ပုဂ္ဂိုလ်ကို ထား၍ ဟူသည် ထိုပုဂ္ဂိုလ်ကို ဖယ်ထား၍ သံဃာသည် ပဝါရဏာ ပြုစေသတည်း။

ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလောဟူသည် သင် ဖယ်ထားစေအပ်သော ပုဂ္ဂိုလ်၏ အပြစ်ကို ယခု ဆိုလော-ဟူသော အနက်တည်း။ အကယ်၍-ဤကား ဤသူ၏ အပြစ်ဟု ဆိုအံ့၊ ထိုပုဂ္ဂိုလ်ကို သုတ်သင်၍ ပဝါရဏာ ပြုအပ်၏။ မသိပါဟု ဆိုအံ့၊ စူးစမ်း၍ ငါတို့ သိရကုန်အံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။

ဂတ္တုသည် လည်းသောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း၊ ထင်ရှား၏ ဟူသည်၌ ခိုးသူတို့ ငါးဖမ်း၍ ချက်စားရာ ဌာနကို လည်းကောင်း၊ နံ့သာ စသည်ဖြင့် ရေချိုးရာဌာနကို လည်းကောင်း မြင်၍၊ ရဟန်း၏ အမှုဟု ထင်၍ ဤသို့ ဆိုသည်။

ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော ဟူသည်၊ ထိုဝတ္တုဖြင့် တွေးတောအပ်သော ပုဂ္ဂိုလ်ကို ယခုပင် ဆိုလော-- ဟူသော အနက်တည်း။ ဤနှစ်ပါးစုံကိုလည်း မြင်လျှင် မြင်သောကာလမှ စ၍ ဆုံးဖြတ်၍သာ ပဝါရဏာ ပြုအပ်၏။

ဆိုခြင်းငှါ ထိုက်၏ ဟူသည် - စောဒနာခြင်းငှါ ထိုက်၏။ စောဒနာခြင်းငှါ အပ်၏ ဟူသော အနက်တည်း။ ပဝါရဏာမှ ရှေ့၌ မဆုံးဖြတ်ရသေးသောကြောင့် လည်းကောင်း၊ နောက်၌ မြင်၍ စောဒနာသောကြောင့် လည်းကောင်း၊ စောဒနာခြင်းငှါ အပ်၏ ဟူလို။

ဥက္ကောဋနက ပါစိတ် ဟူသည် ဤနှစ်ပါးစုံကို ပဝါရဏာမှ ရှေ့၌ မြင်၍ ဆုံးဖြတ်၍သာ ပဝါရဏာ ပြုကုန်အံ့။ ထိုကြောင့် တစ်ဖန် ထို လှုပ်ချောက်ချားသူအား အာပတ်ဖြစ်၏။]

(ဇီဋီ ... စူးစမ်း၍ ငါတို့ သိရကုန်အံ့ဟု ဆို၍၊ ထိုသူနှင့်အတူ ပဝါရဏာ ပြုအပ်၏။

ဝိဋီ ... ဝတ္တုကိုပြ၍ ဟူသည်ကို ပုဂ္ဂိုလ်၌ ပရိသင်္ကာ ဖြစ်ကြောင်း ဝတ္ထုမျှကိုသာ ရည်ဆိုသည်။ မထင်ရှားသော ဝတ္တုကို ရည်ဆိုသည်။ ပုဂ္ဂိုလ်ကို ရည်ဆိုသည် မဟုတ်။ ထိုပုဂ္ဂိုလ်၏ နေရာ၌ ရေကန်မှ ငါးဖမ်း၍ ချက်စားခြင်း စသည် ထင်လျှင် ဝတ္တုသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ထင်ရှား၏ဟု ဆိုအပ်ရာ၏။

ဝတ္တုသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ထင်ရှား၏ဟု ဆိုရာ၌ ရဟန်း၏ ကိုယ်၌ မာလာဂန္ဓကို လည်းကောင်း၊ အရိဋ္ဌ ဆေးနံ့ကို လည်းကောင်း မြင်သိ၍ ဆိုသည်ဟု မှတ်အပ်၏။)

ပဝါရဏာနေ့ ရွှေ့ခြင်း

ထိုအခါ များစွာသော အဆွေခင်ပွန်းတို့သည် ကောသလ ဇနပုဒ် တစ်ခုသော အာဝါသ၌ ဝါကပ်ကုန်၏။ ထိုရဟန်းတို့၏ အနီး၌ ဝိပါဒါ ဓိကရုဏ်း ပြုတတ်သော ရဟန်းတို့သည် “ငါတို့သည်၊ ထိုရဟန်းတို့ ဝါကျွတ်၍၊ ပဝါရဏာ ပြုရာ၌ ပဝါရဏာ ထားကုန်အံ့”ဟု ဝါကပ်ကုန်၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြား၍၊ အဘယ်သို့ ပြုရပါအံ့နည်းဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်ရာ အနီး၌ အဓိကရုဏ်း ပြုတတ်သူတို့သည် ပဝါရဏာ ထားကုန်အံ့ဟု ဝါကပ်ကုန်အံ့။ ချစ်သားတို့၊ ထိုရဟန်းတို့သည် “အဘယ်သို့လျှင် ငါတို့သည်၊ ထိုရဟန်း တို့ထက် ရှေးဦးစွာ ပပါရဏာ ပြုကုန်ရအံ့နည်း”ဟု နှစ်ခု သုံးခုသော ဥပုသ်တို့ကို စာတုဒ္ဒသီ ပြုခြင်းငှါ ခွင့်ပြု၏ (၁)။

ချစ်သားတို့၊ ထိုအဓိကရုဏ်း ပြုသူတို့ လာသောအခါ အာဝါသိကတို့သည် လျင်စွာ စည်းဝေး၍ ပဝါရဏာ ပြုအပ်၏။ ပဝါရဏာပြုပြီးလျှင် ငါ့ရှင်တို့၊ ငါတို့သည် ပဝါရဏာ ပြုပြီးကုန်ပြီ။ အရှင်တို့ ပြုလိုရာ ပြုကြလော-ဟု ဆိုအပ်ကုန်၏ (၂)။

ချစ်သားတို့၊ ထိုအဓိကရုဏ်း ပြုသူတို့သည် အစီအရင် မပြုဘဲ (မသိအောင်) ရောက်လာကုန်အံ့၊ နေရာပေးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ သောက်ရေ ပန်ကြားခြင်း စသည်တို့ကို ပြု၍ ထို ရဟန်းတို့ကို သံဝိက္ခိတွာ တွေဝေအောင် ပြု၍ သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏။ ပဝါရဏာ ပြုပြီးလျှင် ငါ့ရှင်တို့၊ ငါတို့သည် ပဝါရဏာ ပြပြီးကုန်ပြီ၊ အရှင်တို့ ပြုလိုရာ ပြုကြလော ဟု ဆိုအပ်၏။

ဤသို့ ရလျှင်ကောင်း၏။ မရလျှင် အာဝါသိက ဗျတ္တ ရဟန်းသည် အာဝါသိကတို့ကို ... သုဏန္တု မေ အာယသ္မန္တော - စသော ဉာတ်ဖြင့် သိစေအပ်ကုန်၏။ ဝါ-ယနေ့ ဥပုသ် ပြုကုန်ရာ၏။ ပါတိမောက် ပြကုန်ရာ၏။ အာဂ မေ ကာဋ္ဌေ -လာလတ္တံသော လကွယ်နေ့၌ ပဝါရဏာ ပြုကုန်ရာ၏ဟု သိစေအပ်ကုန်၏ (၃)။

ချစ်သားတို့၊ ထိုအဓိကရုဏ်း ပြုသူတို့သည် အာဝါသိကတို့ကို ငါ့ရှင်တို့၊ ယခုပင် ငါတို့ထံ ပဝါရဏာ ပြုကြလောဟု ဆိုကုန်အံ့။ ငါရှင်တို့၊ သင်တို့သည် ငါတို့၏ ပဝါရဏာ၌ အစိုးမရကုန်၊ ငါတို့ မပြုကုန်သေး ဟု ဆိုအပ်ကုန်၏ (၄)။

ချစ်သားတို့၊ ထို အဓိကရုဏ်း ပြုသူတို့သည် ထိုလကွယ်တိုင်အောင် ဆိုင်းငံ့၍ နေကုန်အံ့၊ အာဝါသိက ဗျတ္တသည် အာဝါသိကတို့ကို-သုဂန္တု မေ အာယသ္မန္တော- စသည်ဖြင့်၊ ယနေ့ ဥပုသ် ပြုကုန်ရာ၏။။ အာဂ မေ ဇုဏှေ-လာလတ္တံ့သော တန်ဆောင်မုန်း လပြည့်၌ ပဝါရဏာ ပြုကုန်ရာ၏ဟု သိစအပ်ကုန်၏ (၅)။

ချစ်သားတို့၊ ထို အဓိကရုဏ်း ပြုသူတို့သည် အာဝါသိကတို့ကို ငါ့ရှင်တို့၊ ယခုပင် ငါတို့ထံ ပဝါရဏာ ပြုကြလော-ဟု ဆိုကုန်အံ့။ ငါ့ရှင်တို့၊ သင်တို့သည် ငါတို့၏ ပဝါရဏာ၌ အစိုးရမကုန် ငါတို့ မပြုကုန်သေးဟု ဆိုအပ်ကုန်၏ (၆)။

ချစ်သားတို့၊ ထို အဓိကရုဏ်း ပြုသူတို့သည် ထို လပြည့်တိုင်အောင် ဆိုင်းငံ့၍ နေကုန်အံ့၊ ချစ်သားတို့၊ ထို ရဟန်း အားလုံးတို့သည်ပင် တန်ဆောင်မုန်း လပြည့်၌ အလိုမရှိသော်လည်း ပဝါရဏာ ပြုအပ်၏ (၇)။

[နှစ်ခု သုံးခုသော ဥပုသ် တို့ကို စာတုဒ္ဒသီ ပြုခြင်းငှါ-ဟူသည်၌ စတုတ္ထ၊ ပဉ္စမ ဖြစ်သော တော်သလင်း လပြည့်၊ လကွယ် နှစ်ခု၊ တတိယ ဖြစ်သော ဝါခေါင်လကွယ်ကား ပကတိ စာတုဒ္ဒသီ။ ထိုကြောင့် တတိယ၊ စတုတ္ထ ဖြစ်စေ။ တတိယ၊ စတုတ္ထ၊ ပဉ္စမ ဖြစ်စေ-နှစ်ခု၊ သုံးခု တို့ကို စတုဒ္ဒသီ ပြုအပ်ကုန်၏၊ စတုတ္ထ ဥပုသ်ပြီးမှ သတင်းကြားလျှင် ပဉ္စမကို စာတုဒ္ဒသီ ပြုအပ်၏။ ဤသို့လည်း စာတုဒ္ဒသီ နှစ်ခုဖြစ်၏။

ဤသို့ပြုသော အာဝါသိကတို့သည်၊ အဓိကရုဏ်း ပြုသူတို့၏ ၁၃-ရက်၌ လည်းကောင်း၊ ၁၄-ရက်၌ လည်းကောင်း၊ ပန္နရသီ ပဝါရဏာ ပြုနိုင်ကုန်လတ္တံ့။ ဤသို့ ပြုကုန်သော်လည်း သိမ်ပ၌ သာမဏေတို့ကို ထား၍ ထိုသူတို့ လာကုန်၏- ဟု ကြားလျှင်၊ လျင်စွာ လျင်စွာ စည်းဝေး၍ ပဝါရဏာ ပြုအပ်၏။ ဤ အနက်ကို ပြခြင်းငှါ-ပြုလိုရာ ပြုကြလောဟု ဆိုအပ်ကုန်၏- ဟူ၍ မိန့်ဆိုသည်။

အစီရင် မပြုဘဲ ဟူသည် အစီရင် ကင်း၏၊ လာခြင်းကို သိအောင် အစီအရင် မပြု။ မသိအောင်ပြု၍ ဟူလို။

သံဝိက္ခိတွာ ဟူသည် ပင်ပန်းလာကြသလော၊ ခေတ္တ အပန်းဖြေကြပါဦး-ဟူသော အနက်တည်း။

မရလျှင် ဟူသည် သိမ်ပသို့ သွားခြင်းငှါ မရ၊ အဓိကရုဏ်း ပြုသူတို့၏ သာမဏေ၊ ရဟန်းငယ်တို့သည် မပြတ် လိုက်ကုန်၏တည်း။

အာဂ မေ ဇုဏှေ ဟူသည် ရည်စူး၍ ဉာတ်ထားသော တန်ဆောင်မုန်း လပြည့်၌ အလိုမရှိသော်လည်း၊ ပဝါရဏာ ပြုအပ်၏၊ မချွတ် ပြုအပ်၏။ ထိုနေ့ကို လွန်၍ ပဝါရဏာ ပြုခြင်းငှါ မရအပ်သောကြောင့်တည်း။]

(သာဋီ ... သတင်းကြားလျှင် ဟူသည် စတုတ္ထ ပန္နရသီ ဥပုသ် ပြုပြီးမှ ငါတို့၏ ပဝါရဏာကို ထားကုန်လတ္တံ့-ဟု ကြားခြင်းတည်း။ စာတုဒ္ဒသီ နှစ်ခု ဟူသည် တတိယနှင့် ပဉ္စမ နှစ်ခုဖြစ်၏။

ဝိဋီ စာတုဒ္ဒသီ နှစ်ခု ဟူသည် တတိယ ပက္ခ၌ စာတုဒ္ဒသီနှင့် နှစ်ခုဖြစ်၏။ အဓိကရုဏ်း ပြုသူတို့၏ ၁၂-ရက်၌ လည်းကောင်း၊ ၁၄-ရက်၌ လည်းကောင်း ပန္နရသီ ပဝါရဏာ ပြုနိုင်ကုန်လတ္တံ-ဟူသော စကားဖြင့် မိမိ ဥပုသ် ပြုသော နေ့မှစ၍ ရဟန်းတို့အား ၁၄-ရက်၊ ၁၅-ရက် ဟူသော ဝေါဟာရသည် ဖြစ်၏။ စန္ဒဂတိ သိဒ္ဓိယာ - လသွားခြင်းဖြင့် ပြီးသော တိတိ စွမ်းဖြင့် မဖြစ်ဟု ပြသည်။

အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ-ဟု ဟောသောကြောင့် လောကိယ တိတီ-လောကီ နေ့ရက်သို့ လိုက်သော်လည်း မိမိ ဥပုသ် အစဉ်ဖြင့် ၁၄ ရက်ကို ၁၅-ရက်၊ ၁၅- ရက်ကို ၁၄-ရက် ပြု၍သာ လိုက်အပ်၏။ ၁၆-ရက်၊ ၁၃-ရက်ကို ဥပုသ်နေ့ ပြုပြင်ဖြင့် မလိုက်အပ်။ ထိုကြောင့် နှစ်ခု သုံးခုသောဥပုသ် တို့ကို စာတုဒ္ဒသီ ပြုခြင်းငှါဟု ဟောသည်။ ဤသို့ မဟုတ်လျှင်- ၁၂-ရက်၊ ၁၃- ရက်၌ ဥပုသ် ပြုအပ်၏။ သကိံ ပက္ခဿ စာတုဒ္ဒသေ ပန္နရသေ ဝါ-စသည်ကိုလည်း ဥပုသ် ပြစဉ်ဖြင့်သာ ဟောသည်။ တိတိစဉ်ဖြင့် မဟောဟု ယူအပ်၏။)

ဂိလာန စတုတ္တ

ချစ်သားတို့၊ ထိုရဟန်း အားလုံးတို့သည်ပင် ပဝါရဏာ ပြုသောအခါ (ဝါ-တန်ဆောင်မုန်း လပြည့်၌ ပြုသောအခါ) ဂိလာနသည် အဂိလာနအား ပဝါရဏာ ထားအံ့၊ ဂိလာနကို ဤသို့ ဆိုအပ်၏။အရှင်ဂိလာန ဖြစ်၏။ ဂိလာနော စ အနနုယောဂက္ခယော- စီစစ်ခြင်းငှါ မခန့်သူဟု-ဘုရား ဟောသည်။ ငါ့ရှင်၊ ရောဂါကင်းအောင် ဆိုင်းဦး၊ ရောဂါကင်းသောအခါ အလိုရှိလျှင် စောဒနာ ရလတ္တံ့-ဟု ဆိုအပ်၏။ ဤသို့ ဆိုလျက် စောဒနာငြားအံ့ - အနာဒရိယ ပါစိတ်။

ချစ်သားတို့၊ ထိုသို့ ရဟန်း အားလုံး ပဝါရဏာ ပြုသောအခါ အဂိလာန သည် ဂိလာနအား ပဝါရဏာ ထားအံ့၊ အဂိလာနကို ဤသို့ ဆိုအပ်၏။ ငါ့ရှင်၊ ဤ ရဟန်းသည် ဂီလာန ဖြစ်၏။ မခန့်သူဟု ဟောသည်။ ရောဂါ မင်းအောင် ဆိုင်းဦး၊ စောဒနာ ရလတ္တံ့ ဟု ဆိုအပ်၏။ ဤသို့ ဆိုလျက် စောဒနာငြားအံ့ - အနာဒရိယ ပါစိတ်။

ချစ်သားတို့ ... ဂိလာနသည် အဂိလာနအား ပဝါရဏာ ထားအံ့။ ... ထိုအတူတည်း။

ချစ်သားတို့၊ အဂိလာနသည် အဂိလာနအား ပဝါရဏာ ထားအံ့။ … သံဃာသည် နှစ်ဦးလုံးကို မေးစစ်၍ ဆုံးဖြတ်၍ ယထာ ဓမ္မ ကုစားစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။

[ပဝါရဏာ ပြုသောအခါ ဟူသည် ဤသို့ တန်ဆောင်မုန်းလပြည့်နေ့၌ ပဝါရဏာ ပြုသောအခါဘည်း။]

ပဝါရဏာ သင်္ဂဟ

ထိုအခါ များစွာသော အဆွေခင်ပွန်း ရဟန်းတို့သည်၊ ကောသလဇနပုဒ် တစ်ခုသော အာဝါသ၌ ဝါကပ်ကုန်၏။ အညီအညွတ် နေကြသဖြင့်၊ ထိုရဟန်းတို့အား ဖာသု ပိဟာရကို (ဝါ-နုသော သမထ ဝိပဿနာကို) ရအပ်၏။ ထိုအခါ အကြံ ဖြစ်၏။ ယခု ငါတို့ ပဝါရဏာ ပြုကြလျှင် အချို့ ခရီးသွားကုန်ရာ၏။ (အာဂန္တုကြီး ရောက်လာလျှင် နေရာ ဖယ်ပေးကုန်ရာ၏။) ဤသို့ဖြစ်လျှင် ငါတို့သည် ဖာသု ဝိဟာရမှ အပ ဖြစ်ကုန်လတ္တံ့။ အဘယ်သို့ ပြုရအံ့နည်း- အကြံဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်၍ ဖာသု ဝိဟာရ ရ၍ ပဝါရဏာ ပြုလျှင် အချို့ ခရီးသွားကုန်ရာ သောကြောင့် ဖာသု ဝိဟာရမှ အပ ဖြစ်ကုန်လတ္တံ့ဟု အကြံဖြစ်အံ့။ ချစ်သားတို့၊ ထိုရဟန်းတို့သည် ပဝါရဏာ သင်္ဂဟကို ပြုခြင်းငှါ ခွင့်ပြု၏၊

ပြုပုံကား- ရဟန်းအားလုံး တစ်ပေါင်းတည်း စည်းဝေးအပ်၏။ စည်းဝေး၍ ဗျတ္တ ရဟန်းသည် သံဃာကို ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ (ဝါ-သံဃာသည် ပဝါရဏာ သင်္ဂဟကို ပြုရာ၏။ ယခု ဥပုသ် ပြုရာ၏။ လာလတ္တံ့သော တန်ဆောင်မုန်းလပြည့်၌ ပဝါရဏာ ပြုလတ္တံ့ဟု ပဝါရဏာ သင်္ဂဟကို ပြု၏။ ပြုပြီ-ဟု သိစေအပ်၏။) ချစ်သားတို့၊ ပဝါရဏာ သင်္ဂဟ ပြုပြီးသောအခါ ရဟန်းသည် ကိစ္စရှိ၍ ခရီးသွားလိုသည်ဟု ဆိုအံ့၊ ကောင်းပြီ၊ ပဝါရဏာပြု၍ သွားလော-ဟု ဆိုအပ်၏။

ချစ်သားတို့၊ ထိုခရီးသွားလိုသော ရဟန်းသည် ပဝါရဏာပြုသော အခါ တစ်ပါးသော ရဟန်းအား ပဝါရဏာ ထားအံ့။ ငါ့ရှင်၊ သင်သည် ငါ၏ ပဝါရဏာကို အစိုးမရ။ ငါ ပဝါရဏာ မပြုသေးဟု ဆိုအပ်၏။

ချစ်သားတို့၊ ထိုရဟန်းအား တစ်ပါးသော ရဟန်းသည် ပဝါရဏာ ထားအံ့၊ သံဃာသည် နှစ်ဦးလုံးကို မေးစစ်၍ ဆုံးဖြတ်၍ ယထာ ဓမ္မ ကုစားစေအပ်၏။

ချစ်သားတို့၊ ထိုခရီးသွားသော ရဟန်းသည် တန်ဆောင်မုန်း လပြည့်အတွင်း ပြန်ရောက်၍ ထိုရဟန်းတို့ ပဝါရဏာ ပြုသောအခါ ရဟန်း တစ်ပါးသည် ထိုရဟန်းအား ပဝါရဏာ ထားအံ့၊ ငါ့ရှင်၊ သင် အစိုးမရ၊ ငါပဝါရဏာ ပြုပြီးပြီဟု ဆိုအပ်၏။

ထိုခရီးပြန် ရဟန်းသည် တစ်ပါးသော ရဟန်းအား ပဝါရဏာ ထားအံ့၊ သံဃာသည် နှစ်ဦးလုံး မေးစစ်၍ ဆုံးဖြတ်၍ ယထာ ဓမ္မ ကုစားစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။

ဤ ခန္ဓက၌ ဝတ္ထု ၄၆-ဝတ္တု။

[ဖာသု ဝိဟာရ ဟူသည် နုသော သမထ၊ နုသော ဝိပဿနာ- တစ်ခုခုတည်း။

အပ ဖြစ်ကုန်လတ္တံ့ ဟူသည် ညဉ့်နေရာ၊ နေ့နေရာ စသည် အမြဲမရှိသဖြင့် ဘာဝနာ အားထုတ်ခြင်းကို ပြည့်စုံစေခြင်းငှါ မတတ်နိုင် သောကြောင့် အပ ဖြစ်ကုန်လတ္တံ့။ အားလုံး တစ်ပေါင်းတည်း စည်းဝေးအပ်၏ ဟူသော စကားဖြင့် ဆန္ဒ ပေးခြင်းကို ပယ်တော်မူသည်။

ကွဲသော သံဃာ၏ သမဂ္ဂ ပြုသောအခါ၊ တိဏဝတ္တာရ သမထအခါ၊ ဤ ပဝါရဏာသင်္ဂဟ အခါ-ဟူသော သုံးခုသော ဌာနတို့၌ ဆန္ဒပေးခြင်းငှါ မအပ်သောကြောင့်တည်း။ ဤ ပဝါရဏာ သင်္ဂဟ မည်သည်ကိုလည်း ကမ္မဋ္ဌာန်း စွန့်ထားသူ၊ သမထ ဝိပဿနာအား စွမ်းရောက်သူ၊ သောတာပန် စသည်တို့အား မပေးအပ်။ နုသော သမထ ဝိပဿနာ ရသူတို့အား - အားလုံး ဖြစ်စေ၊ ထက်ဝက် ဖြစ်စေ၊ တစ်ပါးတည်း ဖြစ်စေ၊ တစ်ပါးတည်း၏ အစွမ်းဖြင့်လည်း ပေးအပ်သည်သာတည်း။

ပဝါရဏာသင်္ဂဟကို ပေးအပ်သည်ရှိသော် ဝါတွင်း၌ ရအပ်သော အစောင့်အရှောက်သာဖြစ်၏။ အာဂန္တု တို့သည် ထိုရဟန်းတို့၏ သေနာသနကို ယူခြင်းငှါ မရကုန်။ ထိုရဟန်းတို့သည်လည်း ဝါပြတ်သူတို့ မဖြစ်ထိုက်။ အခြား၌လည်း ပဝါရဏာပြု၍ ဖဲသွားခြင်းငှါ ရကုန်၏။

(သာဋီ ... ဤ ပဝါရဏာ သင်္ဂဟကို တစ်ပါးတည်းအား ပေးသော်လည်း၊ အားလုံးတို့အား ပေးခြင်းသာ ဖြစ်၏။ ထိုကြောင့် တစ်ပါးတည်း၏ အစွမ်းဖြင့်လည်း-- ဟု ဆိုသည်။

အာဂန္တု တို့သည် စသည်၌ ဝါ-၆၀- ရသော ရဟန်းတို့ လာကုန်သော်လည်း၊ ထို ရဟန်းတို့၏ သေနာသနကို ယူခြင်းငှါ မရကုန်။

အကြား၌လည်း စသည်၌ ပဝါရဏာ သင်္ဂဟပြုလျှင် အကြား၌ ဖဲသွားလိုသူတို့သည် သံဃာကို စည်းဝေးစေ၍ ပဝါရဏာ ပြုခြင်းငှါ ရကုန်၏။

ဝိဋီ ... အကြား၌ စသော စကားဖြင့် ပဝါရဏာ သင်္ဂဟပြုလျှင် အကြား၌ ဖဲသွားလိုသူတို့သည် သံဃာကို စည်းဝေးစေ၍ ပဝါရဏာပြုခြင်းငှါ ရကုန်၏ဟု ပြသည်။)

ပဝါရဏာက္ခန္ဓက ပြီး၏။

၅။ စမ္မက္ခန္ဓက

သောဏ ရဟန်းပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူ၏။ ထိုအခါ ဗိမ္ဗိသာရ မင်းကြီးသည် ရွာပေါင်း ရှစ်သောင်း အစည်းအဝေး ပြုစေ၍ စမ္ပာ၌ နေသော ကောဋိပိသအနွယ် သူဌေးသား သောဏထံသို့ - သောဏ လာစေသတည်း-ဟု တမန်စေလိုက်၏။ ထိုအခါ သောဏ၏ မိဘတို့သည် သောဏကို ချစ်သား၊ သင်၏ ဖဝါးတို့၌ပေါက်သော မွေးနုတို့ကို မင်းကြီး ရှုစားလို၍ခေါ်သည်။ မင်းကြီးဘက် ခြေမဆင်းဘဲ မြင်နိုင်အောင် ရှေ့တော်၌ တင်ပျဉ်ခွေ၍ ထိုင်လော-ဟု ဆို၏။

သောနသည် ထမ်းစင်ဖြင့် သွား၍ မင်းကြီးကို ရှိခိုး၍ တင်ပျဉ်ခွေ၍ ထိုင်၏။ မင်းကြီးသည် နီမြန်းသော ဖဝါးပြင် တို့၌ မျက်စဉ်းညိုရောင်ရှိသော မွေးနုတို့ကို မြင်ပြီးလျှင်၊ ရွာသားတို့အား မျက်မှောက် အကျိုးရှိရာ ဆုံးမ၍ တမလွန် အကျိုးရှိအောင် ဘုရားရှင်ထံ ဆည်းကပ်ကြလောဟု မိန့်ဆို၏။ ရွာသားတို့သည် ဂိဇ္ဈကုဋ်တောင်သို့ သွား၍ အလုပ်အကျွေး ရှင်သာဂတအား ဘုရားဖူးလိုကြောင်း လျှောက်ကုန်၏။ ရှင်သာဂတသည် ရွာသားတို့၏ မျက်မှောက်၌ ပါဋိကာယဝ စောင်းတန်းဦး၌ ခင်းသော လခြမ်းသဏ္ဌ၁န် ကျောက်ဖျာ၌ ငုပ်၍ ဘုရားရှင်ထံ ပေါ်၍ လျှောက်၏။

မြတ်စွာဘုရား ကြွလာသောအခါ ရွာသားတို့သည်။ ဘုရားရှင်ကို ရှိခိုး၍ ရင်သာဂတ ထံ၌သာ စိတ်ညွှတ်ကုန်၏။ ဘုရားရှင်သိ၍ ချစ်သား သာဂတ၊ ထိုထက်အလွန် တန်ခိုးပြဦးလောဟု မိန့်တော်မူ၏။ ရှင်သာဂတသည် ကောင်းကင်၌ သွား ရပ် ထိုင် လျောင်၊ခြင်း၊ အခိုး အလျှံ လွှတ်ခြင်း၊ ကွယ်ပျောက်ခြင်း စသည်ဖြင့် တန်ခိုးပြပြီးလျှင် ခြေတော်ရင်း၌ ဝပ်စင်းလျက် မြတ်စွာဘုရားသည် အကျွန်ု၏ ဆရာ၊ အကျွန်ုပ်သည် တပည့် သာဝက ဖြစ်ပါသည်ဟု လျှောက်၏။

ရွာသားတို့သည် လွန်စွာ အံ့ဩကုန်၏၊ တပည့်ပင် ဤမျှ တန်ခိုးကြီးသည်။ ဆရာကား ဆိုဖွယ်မရှိဟု ဘုရားထံသို့ စိတ်ညွှတ်ကုန်၏။ ထိုအခါ ဘုရားရှင် တရားဟောသဖြင့် ရှစ်သောင်းသော ရွာသားတို့သည် မဂ် ဖိုလ် ရ၍ ဥပါသကာအဖြစ်ကို ဝန်ခံကုန်၏။ သောဏ သတို့သားကား တရားတော်ကို ကျင့်လိုသဖြင့် ဘုရားရှင်ထံ ရဟန်းပြု၏။

[သောဏ ဟူသည် အမည်။ ကောဠိဝီသ ဟူသည် အနွယ် ဖြစ်၏။ ဖဝါး မွေးနုပေါက်ခြင်းကား နီမြန်းသော ဖဝါးအပြင်၌ ကံသည် ဆန်းကြယ်အောင် ပြုအပ်သောကြောင့် မျက်စဉ်းညိုရောင် မွေးနုတို့သည် ဖြစ်ပေါ်ကုန်၏။ သောဏသည် ရှေး၌ ရှစ်သောင်းသော လူတို့၏ အကြီးအမှူး ဖြစ်၍ ထိုသူတို့နှင့်အတူ ပစ္စေကဗုဒ္ဓါအား သစ်ရွက်မိုးကျောင်း ဆောက်လှူ၍ မိမိ၏ အသရေဆောင် သားမွှေးစုလျားကို ခြေသုတ်ပြု၍ ထား၏။ ထိုသူ အားလုံးတို့သည်လည်း သုံးလပတ်လုံး ပစ္စေကဗုဒ္ဓါကို ခစား လုပ်ကျွေးကုန်၏။ ဤကား သောဏ၏ လည်းကောင်း၊ ထိုသူတို့၏ လည်းကောင်း ရှေးကောင်းမှုတည်း။

မင်းကြီးသည် ဖဝါးမွေးနု ရှုစားလိုခြင်းဖြင့် ကိစ္စတစ်ပါး ရှိသကဲ့သို့ သောဏ လာဝံ့အောင် ရှစ်သောင်း အစည်းအဝေး ပြုသည်။ မျက်မှောက် အကျိုးရှိရာ စသည်၌ လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်း စသည်တို့ကို တရားသဖြင့် ပြုရမည်၊ မိဘကို ကောင်းစွာ လုပ်ကျွေးရမည်-စသည်ဖြင့် လောက အကျိုးတို့ကို ဆုံးမ၏။ ငါတို့၏ ဘုရားရှင်သည် သင်တို့ကို တမလွန်အကျိုးတို့ကို ဆုံးမလတ္တံ့ -ဟု စေလွှတ်၏။

ပါဋိကာ ဟူသည် စောင်းတန်း (လှေကား) အောက်၌ လခြမ်းသဏ္ဌာန် ကျောက်- အဍ္ဎစန္ဒ ပါသာဏ ဖြစ်၏။

စိတ်ညွတ်ကုန်၏ ဟူသည် ပသာဒစွမ်းဖြင့် ဖန်ဖန် နှလုံးသွင်းကုန်၏။]

(ဇီဋီ ... ဂါမပမုခရွာ၌ ကြီးကဲသူတို့သည် ဂါမိက ရွာသားတို့ မည်ကုန်၏။ ထိုသူတို့၏ ရှစ်သောင်းတည်း ကံ ဆန်းကြယ်အောင် ပြုခြင်းကို ဥပစာဖြင့် ဆိုသည်။ ကံ အကြောင်းခံသော ဥတုကြောင့် ဖြစ်သော ကမ္မ ပစ္စယ ဥတုသမုဋ္ဌာန တို့ကြောင့် မွေးနုတို့၏ မျက်စဉ်းညိုရောင် ရှိခြင်းတည်း။

(သာဋီ ... ဥဏ္ဏ ပဝါရဝါဏန္တိ ဥဏ္ဏာမယံ ပဝါရဏံ-သားမွေးဖြင့် ပြီးသော စုလျား၊)

ဝိဋီ ... သားမွေးစုလျား ဟူသည် နှစ်ဘက်အမွေး ထွက်စေလျက်ပြုသော သားမွေးဖြင့် ပြီးသော စုလျားတည်း။ နှစ်ဘက် ကပ္ပါသပိစု- ဝါဂွမ်းမွေး ထွက်စေလျက် ယက်သော စုလျားလည်း ရှိ၏။ ဤ၌ကား ဝါဂွမ်း မဟုတ်၊ သားမွေးတည်း။

အဍ္ဎစန္ဒ ပါသာဏ ဟူသည် စောင်းတန်းအောက်၌ ထက်ဝက်ကို အတွင်း၌ သွင်းထားသော လခြမ်း သဏ္ဌ၁န် ကျောက်ဖြစ်၏။)

ဖဝါးနု ပေါက်ကွဲခြင်း

ရဟန်းပြု၍ မကြာမီ အရှင်သောဏသည် သီတဝန-ယင်းတိုက်တော၌နေ၏။ လွန်စွာ အားထုတ်၏။ စင်္ကြံ သွား၏၊ (ခြေနာလျှင် ဒူးဖြင့်သွား၏။) ခြေတို့သည် ပေါက်ကွဲကုန်၏။ စင်္ကြံ တစ်ခုလုံး နွားသတ်ရာကဲ့သို့ သွေးအလိမ်းလိမ်း ဖြစ်၏။ထိုအခါ ဤသို့ အကြံဖြစ်၏။ လွန်စွာ အားထုတ်ကြသော သာဝက တို့တွင် ငါသည် ပါဝင်လျက် အာသဝတို့မှ ငါ၏ စိတ်မလွတ်။ လူထွက်၍ စည်းစိမ်ခံစားလျက် ကုသိုလ်ပြုရမှု ကောင်းလေစွ။ ဤသို့ ကြံသည်ကို ဘုရားရှင် သိ၍ ဂိဇ္ဈကုဋ်တောင်ပေါ်မှ တန်ခိုးဖြင့် ကြွလာပြီးလျှင်၊ ရဟန်း များစွာတို့နှင့် လှည့်လည်လျက် စင်္ကြံသို့ ချဉ်းကပ်၍ သွေးအလိမ်းလိမ်း ဖြစ်သည်ကို မြင်၍ အဘယ်သူ၏ စင်္ကြံနည်းဟု မေး၏။ ရဟန်းတို့သည် ထို အကြောင်းကို လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ရှင်သောဏ၏ ကျောင်းသို့ ကြွ၍၊ လူထွက်အံ့ဟု ကြံသည် မဟုတ်လောဟု မေ၊၍ ဧဝံ ဘန္တေဟု ဝန်ခံသောအခါ ချစ်သား သောဏ၊ သင်သည် ရှေး လူဖြစ်စဉ် စောင်းအတတ်၌ လိမ္မာ သလော။ လိမ္မာပါသည် ဘုရား။ စောင်းကြိုး တင်းလွန်းလျှင် အသံ ပြည့်စုံသလော၊ မပြည့်စုံပါ။ လျော့လွန်းလျှင် အသံ ပြည့်စုံသလော။ မပြည့်စုံပါ။ မတင်း မလျော့ ညီမျှလျှင် ပြည့်စုံသလော။ ပြည့်စုံပါသည် ဘုရား။

ချစ်သား သောဏ၊ ဤအတူ ဝီရိယ လွန်လျှင် ဥဒ္ဓစ္စ-ပျံ့လွင့်ခြင်းငှါ ဖြစ်၏။ ဝီရိယ လျော့လျှင် ကောသဇ္ဇ-ပျင်းရိခြင်းငှါ ဖြစ်၏။ ထိုကြောင့် ဝီရိယ သမထကို ဆောက်တည်လော။ ဣန္ဒြေငါးပါး ညီမျှခြင်းကို သိလော။ အာရုံ နိမိတ်ကို ယူလောဟု မိန့်တော်မူ၏။ ဧဝံ ဘန္တေ-ဟု ဝန်ခံ၏။ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်သို့ တန်ခိုးဖြင့် ပြန်ကြွတော်မူ၏။ ထိုနောက် ရှင်သောဏသည်၊ ဘုရားရှင် ဩဝါဒနှင့်အညီ အားထုတ်သဖြင့် မကြာမီ ရဟန္တာ အဖြစ်သို့ ရောက်၏။

[ဝီရိယ သမထ ဆောက်တည် ဟူသည် ဝီရိယကို သမထနှင့် ညီအောင် ယှဉ်တွဲခြင်းတည်း။

ဣန္ဒြေငါးပါး ညီမျှခြင်း ဟူသည် ဣန္ဒြေ ငါးပါးတို့တွင် သဒ္ဓါကို ပညာနှင့်၊ ပညာကိုလည်း သဒ္ဓါနှင့်၊ ဝီရိယကို သမာဓိနှင့်၊ သမာဓိကိုလည်း ဝီရိယနှင့်ယှဉ်ခံစလျက် ဣန္ဒြေတို့၏ ညီမျှခြင်းကို ထိုးထွင်းလော။ (သတိကား လွန်သည် မရှိ၊ ထားတိုင်း ညီမျှ၏။)

နိမိတ်ကို ယူလော ဟူသည် ထို သမထ ညီမျှသောအခါ မှန်၌ မျက်နှာရိပ် ထင်သကဲ့သို့ ထင်သော သမထ နိမိတ်၊ ဝိပဿနာနိမိတ်၊ မဂ် နိမိတ်၊ ဖိုလ် နိမိတ်ကို ယူလော၊ ဖြစ်စေလော။

(သာဋီ ... ယင်းတိုက်တော၌ စင်္ကြံ ငါးရာရှိ၏။ ရှင်သောဏသည် မိမိ အားလျော်သော စင်္ကြံကို ယူ၍ လွန်စွာ အားထုတ်၏။ ခြေကွဲသောအခါ ဒူးဖြင့် စင်္ကြံသွား၏။ ဒူးနှင့် လက်ဖဝါးတို့လည်း ပေါက်ကွဲကုန်၏။ ဤသို့ အားထုတ်လျက် အရိပ်အရောင် နိမိတ်မျှ မထင်သဖြင့်၊ စင်္ကြံဦး ကျောက်ဖျာ၌ ထိုင်လျက် အကြံဖြစ်၏။ ငါသည် ဥဂ္ဃါဋိတညူ၊ ဝိပဉ္စိတညူ၊ နေယျ တစ်ယောက်ယောက်ဖြစ်လျှင် ငါ၏ စိတ်သည် အာသဝမှ မလွတ်မရှိ လွတ်ရာ၏။ မချွတ် ပဒပရမ ပုဂ္ဂိုလ် ဖြစ်၍ မလွတ်ဟု ဆုံးဖြတ်၍ လူထွက်အံ့ဟု ကြံသည်။

မြတ်စွာဘုရားသည် စိတ်ကြံကိုသိ၍ အကြံခိုးထုပ်နှင့် တကွ ဖမ်း၍ စောင်းပမာ ဟောမည်ဟု ထင်စွာ ဖြစ်လာ၏။ ကမ္မဋ္ဌာန်း စီးဖြန်းသော ရဟန်းတို့သည် မိမိနေရာသို့ ဆုံးမခြင်းငှါ ဘုရားရှင် ကြွလာလျှင် ထိုင်စရာနေရာကို ခင်းထား၍သာ စီးဖြန်းကြ၏။ အယုတ်ဆုံး သစ်ရွက် ခင်း၍ အထက်၌ သင်္ကန်းကို သော်လည်း ခင်းထားကုန်၏။

ထိုနေရာ၌ ဘုရားရှင်ထိုင်၍ မိမိ နားလည်ရာ၌ ဟောလျှင် လျင်စွာ သိလတ္တံ့ ဟု စောင်း ပမာ တရားကို ဟောသည်။ ဣန္ဒြေငါးပါးတို့တွင် သတိသည် အချိန် ကာလတိုင်း လိုအပ်သော သဗ္ဗတ္တိကာ ဖြစ်၏။ အခါခပ်သိမ်း အားကောင်းမှ သင့်လျော်သည်။ မဂ် နိမိတ်၊ ဖိုလ် နိမိတ်ကို ယူလော- ဟု အရတ္တဖိုလ်၌ ထည့်သွင်း၍ ကမ္မဋ္ဌာန်းကို ဟောတော်မူ၏။

ဝိဋီ ... အရတ္တဖိုလ် အဆုံး ရှိသော ကမ္မဋ္ဌာန်းကို ဟောသည်။

ဇီဋီ ... ရဟန်း များစွာတို့နှင့် လှည့်လည်ခြင်းသည် ရှင်သောဏ၏ ဝီရိယကို ပြ၍ ဝီရိယ အားမထုတ်သူတို့ကို သံဝေဂဉာဏ် ဖြစ်စေခြင်းငှါတည်း။ ဝါ- ဤသို့ နူးညံ့သူတို့၏ ဖဝါးကို စောင့်ရှောက်ခြင်းငှါ ဖိနပ်ကို ခွင့်ပြုအပ်၏ဟု ပြခြင်းငှါတည်း။

နိမိတ်ကို ယူလော ဟူသည် ထို ဣန္ဒြေတို့၏ အခြင်းအရာဟု မှတ်သားလော။)

လျှာချင်း-ဖိနပ် ခွင့်ပြုခြင်း

ထိုအခါ သောဏသည် ဘုရားရှင်ထံ ချဉ်းကပ်၍ အရဟတ္တဖိုလ်ကို လျှောက်ကြား၏။ မြတ်စွာဘုရား ရဟန္တာ အဖြစ်သို့ ရောက်သောသူသည် နေက္ခမ္မာဝိမုတ္တ စသော ခြောက်ဌာနကို ထိုးထွင်း၍ မျက်မှောက်ပြုပါသည်။ အချို့ကား မထိုးထွင်းဘဲ သဒ္ဓါမျှကိုမှီ၍ နေက္ခမ္မ မည်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မျက်မှောက်ပြုနိုင်သည်ဟု ကြံစည်ရာ၏။

အချို့ကား လာဘ်ကျော်စောခြင်းကို တောင့်တ၍ ပဝိဝေက မည်သော အရဟတ္တဖိုလ်ကို၊ သီလဗ္ဗတပ ရာမာသကို ယုံကြည်၍ အဗျာပဇ္ဇ မည်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မျက်မှောက် ပြုနိုင်သည်ဟု ကြံစည်ရာ၏။

ဤသို့ မဟုတ်နိုင်ပါ။ ရဟန္တာ အဖြစ်သို့ ရောက်သော သူသည်၊ ရာဂ ဒေါသ မောဟတို့မှ လွတ်ကင်းခြင်း ကြောင့်၊ ရာဂ စသည်မှ လွတ်သော နေက္ခမ္မ မည်သော အရဟတ္တဖိုလ်ကို ... ။ ပဝိဝေက၊ အဗျာပဇ္ဇ၊ ဥပါနက္ခယ၊ တဏှာက္ခယ၊ အသမ္မောဟ မည်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မျက်မှောက်ပြုနိုင်ပါသည်။ ထိုသို့သော ရဟန္တာအား ရူပါရုံ စသော အာရုံများစွာကြောင့် မတုန်လှုပ်ပါ။ တခဲနက် ကျောက်တောင်သည် လေးမျက်နှာမှ လေတို့ကြောင့် မတုန်လှုပ် သကဲ့သို့ပါတည်းဟု လျှောက်ကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ချစ်သားတို့၊ ကုလပုတ္တတို့သည် ဤသို့လျှင် အရဟတ္တဖိုလ်ကို မိမိတို့ တိုက်ရိုက်မဆောင်ဘဲ အနက်ပြည့်စုံစွာ လျှောက်ကြားကုန်၏။ အချို့သော မောဃ ပုရိသတို့သည် ရယ်ဖွယ်ကဲ့သို့ (ထင်ရှားမရှိဘဲ ရှိဟန်ပြု၍) ပြောကြား၍ နောက်၌ ပင်ပန်းခြင်းသို့ ရောက်ကုန်၏-ဟု မိန့်တော်မူ၍၊ ချစ်သား သောဏ၊ သင်သည် နူးညံ့သူ ဖြစ်၏။ သင်အား ဧကေပလာသိက ဥပါဟန-လွှာချင်း ဖိနပ်ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား၊ အကျွန်ုပ်သည် ရွှေ ငွေ ဝါဟ ရှစ်ဆယ်ကို လည်းကောင်း၊ ခုနှစ်အုပ်သော ဆင်အုပ်ကို လည်းကောင်း စွန့်၍ ရဟန်းပြုပါသည်၊ ထိုသို့ဖြစ်လျက် လွှာချင်း ဖိနပ်ကို စုံမက်သည်ဟု ပြောစရာ ဖြစ်ပါလိမ့်မည်။ ရဟန်း သံဃာအား ခွင့်ပြုပါမှ သုံးဆောင်ပါမည်ဟု လျှောက်၏။

ထိုအခါ ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ တစ်ထပ်သော လျှာချင်း ဖိနပ်ကို ခွင့်ပြု၏။ ချစ်သားတို့၊ ဒိဂုဏ-နှစ်ထပ်သော၊ တိဂုဏ- သုံးထပ်သော၊ ဂဏံဂဏု ပါဟန = အထပ်ထပ်သော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။

[ဧက ပလာသိကသည်၊ ဧကပဋလ-တစ်ထပ် ဖိနပ် ဖြစ်၏။

ဝါဟ ရှစ်ဆယ် ဟူသည်၌ လှည်းနှစ်စီးတိုက်ဝန်သည် တစ်ဝါဟ ဖြစ်၏။

ဆင်အုပ် ဟူသည်၌ ဆင်မ ခြောက်ကောင်နှင့် ဆင်ပြောင် တစ်စီးသည် ဆင်အုပ် တစ်အုပ် ဖြစ်၏။

နိဂုဏသည် ဒွိပဋလ-နှစ်ထပ် ဖိနပ်။

တိဂုဏသည် တိပဋလ-သုံးထပ် ဖိနပ်ဖြစ်၏။

ဂဏင်္ဂဏုပဟနာကို လေးထပ်မှ စ၍ ဆိုအပ်၏။]

ပယ်အပ်သော ဖိနပ်များ

အဆင်း ခုနစ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သဗ္ဗနီလိကာ – အလုံးစုံ ညိုသော ဖိနပ်တို့ကို ဆောင်ကုန်၏။ အလုံးစုံ ပီတိကာ- ရွှေသော၊ လောဟိတိကာ-နီသော၊ ပဉ္ဇဋ္ဌိကာ- မောင်းသော၊ တဏှာ-မည်းသော၊ မဟာရင်္ဂရတ္တာ-မဟာရင်္ဂ ဆိုးသော။ မဟာနမရတ္တာ- မဟာ နာမဆိုးသော ဖိနပ် တို့ကို ဆောင်ကုန်၏။ ကာမ ဘောဂီတို့ ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ အလုံးစုံ ညိုသော၊ ရွှေသော၊ နီသော၊ မောင်းသော၊ မည်းသော၊ မဟာရင်္ဂ ဆိုးသော၊ မဟာနာမဆိုးသော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။ (သင်္ကန်း၌လည်း ဤအဆင်းတို့ မအပ်ကုန်။)

[သဗ္ဗာဝ နီလိကာ-သဗ္ဗ နီလိကာ၊ ဧသ န ယော သဗ္ဗတ္တ။

ညိုသော ဖိနပ်သည် ဥမ္မာရ ပုပ္ဖဝဏ္ဏ-အောက်မည်း ညိုပွင့်၊ အဆင်းရှိ၏။

ရွှေသော ဖိနပ်သည် ကဏိကာရ-မဟာလှေကားပွင့် အဆင်းရှိ၏။

အနီသည် ဇယသုမန-လယ် ခေါင်ရန်းပွင့် အဆင်းရှိ၏။

အမောင်းသည် မဉ္ဇဋ္ဌိဝဏ္ဏာ- ထန်းကျင့်- ဝါ- တိန်းညက် အဆင်းရှိ၏။

အမည်းသည် အဒ္ဒါရိဋ္ဌက-ပတီးနက်သီး-ဝါ-မျောက်မင်းသွေးခဲသီး အဆင်းရှိ၏။

မဟာရင်္ဂ ရတ္တာသည်၊ သတပဒိပိဋ္ဌိက ဝဏ္ဏာ -ကင်းခြေများကျောက်ကုန်း အဆင်းရှိ၏။

မဟာနာမ ရတ္တာသည်၊ သမ္ဘိန္နစဏ္ဏာ-ရောသော အဆင်းရှိ၏။

ပဏ္ဍုပလာသ-ဖက်ရွက်လျော် အဆင်းရှိ၏။

ကုရုန္ဒီ၌ ပဒုမဝဏ္ဏာ-ပဒုမ္မာပွင့် အဆင်းရှိသည်ဟု ဆို၏။

ထိုဖိနပ်မျိုး တစ်ခုခုရလျှင် ဆေးဆိုးအဆင်းကို အဝတ်ကြမ်းဖြင့် ပွတ်တိုက်ဖျက်ဆီး၍ ဆောင်လျှင် အပ်၏။ အနည်းငယ် ပျက်လျှင်လည်း အပ်သည်သာတည်း။]

(သာဋီ ... အဒ္ဒါရိဋ္ဌကသည် အဘိန ဝါရိဋ္ဌ ဖလဝဏ္ဏာ - အသစ်စက်စက် ပုတီးနက်သီး အဆင်းရှိ၏။ ရေစွတ်သော ကာကပတ္တ-ကျီးတောင် အဆင်း ရှိသည်ဟူ၍လည်း ဆိုကုန်၏။၊

ဝိဋီ ... အဒ္ဒါနိဋ္ဌကသည် အလ္လာရိဋ္ဌ ဖလဝဏ္ဏာ-စိုသော ပုတီးနက်သီး အဆင်းရှိ၏။ ရေစွတ်သော ကျီးတောင် အဆင်းရှိသည်ဟူ၍လည်း ဆိုကုန်၏။

ဆေးဆိုးအဆင်း ဟူသည် လိမ်းကျံသော အညို စသော အဆင်းတည်း။ ထိုအဆင်းသည် အဝတ်ဖြင့် ပွတ်လျှင် ကင်း၏။ သားရေ၏ အနံ့ဆိုးကို ပယ်ခြင်းငှါ အမည်း အနီ စသည် ဆိုးသဖြင့် ဖြစ်သော အဆင်းကို အဝတ် စသည်ဖြင့် ပယ်ခြင်းငှါ မတတ် နိုင်လျှင် စမ္မ ဂတိက-သားရေ အလားသာရှိသောကြောင့် အပ်သည်ဟု မှတ်အပ်၏။)

(ဖြူသော ဖိနပ်လည်း မအပ်ဟု ခုဒ္ဒသိက္ခာ၌ ဆိုသည်။ ၎င်း ဋီကာ၌ မအပ်သည် အားလျော်သောကြောင့်ဟု ဆိုသည်။)

သည်းကြိုးအဆင်း ခုနစ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီ တို့သည် နီလက ဝဒ္ဓိကာ- ညိုသော အသည်းတပ်သော ဖိနပ်တို့ကို၊ ရွှေ၊ နီ၊ မောင်း၊ မည်း၊ မဟာရင်္ဂဆိုး၊ မဟာနာမဆိုး အသည်းတပ်သော ဖိနပ်တို့ကို ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ ညိုသော အသည်းတပ်သော၊ ...လ...၊ မဟာနာမဆိုး အသည်းတပ်သော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။

[နီလဝဒ္ဓိကာဟူသည် သည်းကြိုးသာလျှင် ညို၏။ ဧသနယော သဗ္ဗတ္တ။ ဤ သည်းကြိုးတို့ကိုလည်း အဆင်းပျက်အောင် ပြု၍ ဆောင်အပ်ကုန်၏။]

ဖိနပ်ပုံစံ ဆယ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီသည် --

၁။ ခလ္လက ဗန္ဓာ-ဖနောင့်ဖုံးတပ်သော ဖိနပ်တို့ကို (ဝါ၊ နောက်ပိတ်တို့ကို) ဆောင်ကုန်၏။

၂။ ပုဋ ဗန္ဓာ - သလုံးတိုင်အောင် ဖုံးသော ဖိနပ် (ဝါ-ဘွတ် ဖိနပ်) တို့ကို၊

၃။ ပလိဂုဏ္ဍိမာ - ဖမိုးဖုံး တပ်သော ဖိနပ် (ဝါ-ရှေ့ထိုး) တို့ကို၊

၄။ တူလ ပုဏ္ဏိကာ-လဲသွတ်သော ဖိနပ်၊

၅။ တိတ္တိရ ပတ္တိကာ - ခါတောင်အလား အသည်းပြောက်ကျားသော ဖိနပ်၊

၆။ မေဏ္ဍဝိသာဏ ဝကဒ္ဓိကာ-ဆိတ်ကုလား ဦးချို သဏ္ဌာန့် အသည်းတပ်သော ဖိနပ်။

၇။ အဇဝိသာဏ ဝဒ္ဓိကာ-ဆိတ် မြန်မာ ဦးချိုသဏ္ဌာန် အသည်းတပ်သော ဖိနပ်၊

၈။ ဝိစ္ဆိကာဠိကာ-ကင်းမြီးကောက် လက်မသဏ္ဌာန် အသည်းတပ်သော ဖိနပ်၊

၉။ မောရပိဉ္ဆ ပရိသိဗ္ဗိတာ- ဥဒေါင်းမြီးဖြင့် ချုပ်သော ဖိနပ်။

၁၀။ စိတြာ-သည်းကြိုး ဆန်းကြယ်သော ဖိနပ်တို့ကို ဆောင်ကုန်၏။

ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဖနောင့်ဖုံးတပ်သော ဖိနပ် ...လ... ။ သည်းကြိုးဆန်းကြယ်သော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။ (ဆယ်မျိုး)

[ခလ္လက ဗဒ္ဓါ ဟူသည် ဖနောင့်ပိတ်ခြင်းငှါ အောက်ခုံအပြင်၌ ခလ္လကံ-အပိတ်ကို၊ ဗန္ဓိတွာ-ဖွဲ့၍၊ ကထာ- ပြုသော ဖိနပ်ဖြစ်၏။

ပုဋဗဒ္ဓါ ဟူသည် ယောနက ဥပါဟနာ – ပန်းသေး ခြေထုပ် ဖိနပ် ဖြစ်၏။ မြင်းခေါင်းတိုင်အောင် ခြေတစ်ခုလုံး ဖုံး၏၊ သလုံးကို မဖုံး။

တူလ ပုဏ္ဏိကာ ဟူသည် လဲဝါဂွမ်းဖြင့် ပြည့်စေ၍ ပြု၏။

တိတ္တိရ ပတ္တိ ဟူသည်-ခါတောင် နှင့်တူသော ပြောက်ကျား ဆန်းကြယ်သော အသည်းရှိ၏။

မေဏ္ဍဝိသာဏ ဂဒ္ဓိကာ ဟူသည် ကဏ္ဏိကဋ္ဌာန-ခြေစွပ်ရာ အချက်ဌာန၌ ဆိတ်ကုလား ဦးချိုသဏ္ဌာန် အသည်းတို့ကို တပ်၍ ပြု၏။ အဇဝိသာဏ ဝဒ္ဓိက စသည်တို့၌လည်း ဧသေ ဝနယော။ ဝိစ္ဆိကာဠိကာ ကိုလည်း ခြေစွပ်ရာ၌သာ ကင်းမြီးကောက် လက်မသဏ္ဌာန် အသည်းတို့ကို တပ်၏။

မောရပိစ္ဆ ပရိသိဗ္ဗိတာ ဟူသည် အောက်ခုံအပြင်တို့၌ လည်းကောင်း၊ အသည်းတို့၌ လည်းကောင်း ချည်နှင့်တူသော ဥဒေါင်းမြီးရင်းတို့ဖြင့် ချုပ်၏။

စိတြာ ဟူသည် ဝိစိတြာ- ဆန်းကြယ်သော ဖိနပ် ဖြစ်၏။

ထိုဖိနပ်မျိုး တစ်ခုခုရလျှင် ဖနောင့်ဖုံး စသည်တို့ကို ပယ်၍ သုံးဆောင်လျှင် အပ်၏။ ဖနောင့်ဖုံး စသည် ရှိလျက် သုံးဆောင်သူအား- ဒုက္ကဋ်]

(ဇီဋီ ... ဖနောင့်ဖုံး စသည်တို့ကို ပယ်၍ ဟု ဟောသောကြောင့် နှစ်ပေါက် သုံးပေါက် ပြု၍ ဖျက်၍ သုံးဆောင်အပ်၏ ဟူသော ဝါဒကို မယူအပ်။

ဝိဋီ ... ခလ္လက ဟူသည် ဖနောင့်အားလုံးကိုပိတ်သော သားရေ ဖြစ်၏။ မလျှောစိမ့်သောငှါ ဖနောင့်အထက် အဖို့၌ မပိတ်ဘဲ တင်သော အဖွဲ့မျှသည် အပ်၏။

ဝိစိတြာ ဟူသည်ကို သဏ္ဌာန် ဆန်းကြယ်သော သည်းကြိုးတပ် ဖိနပ်ကို ယူအပ်၏။ အဆင်း ဆန်းကြယ် မဟုတ်။ အားလုံး ပယ်အပ်သော နောက်ပိတ် စသည်တို့၌ ဝင်သောကြောင့်တည်း။)

သားရေကွပ် ရှစ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သီဟစမ္မ ပရိက္ခဋာ- ခြင်္သေ့ရေဖြင့် အနားကွပ်သော ဖိနပ်တို့ကို ဆောင်ကုန်၏။ ဗျဂ္ဃ-ကျားရေကွပ်၊ ဒီပိ-သစ်ရေကွပ်၊ အဇိန--သစ်နက်ရေကွပ်၊ ဥဒ္ဒ-ဖျံရေကွပ်၊ မဉ္ဇာရိ-ကြောင်ရေကွပ်၊ ကာဠက ရှဉ့်နက်ရေကွပ်၊ လုဝက-ရှူးပျံရေကွပ် ဖိနပ်တို့ကို ဆောင်ကုန်၏။ ကာမဘောဂီ ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ခြင်္သေ့ရေကပ်သော ဖိနပ်၊ ….လ...၊ ရှူးပျံရေ ကွပ်သော ဖိနပ်ကို မဆောင်အပ်- ဒုက္ကဋ် (ရှစ်မျိုး)။

[သီဟစမ္မ ပရိက္ခဋာ မည်သည် အစွန်းတို့၌ သင်္ကန်း အနားပတ်ကဲ့သို့ ခြင်္သေ့ရေကို ကွပ်၍ပြုသော ဖိနပ်တည်း။ လုဝက ဟူသည် ပက္ခဗိဠာလ-ရှူးပျံ ဖြစ်၏။ ရှူးပျံရေဖြင့် ကွပ်သော ဖိနပ်ဖြစ်၏။ ဤ ဖိနပ်မျိုး တစ်ခုခုရလျှင် ထို သားရေကို ပယ်၍ ဆောင်အပ်၏။]

(ပက္ခိ-အတောင်ရှိသော၊ ဗိဠာလ-ကြောင်၊ ကြောင်အတောင် တပ်ထားသည်နှင့် တူ၏ ဟူလို။)

(ဝိဋီ ... ကြောင်နှင့်တူသော နှုတ်သီးရှိသောကြောင့် မဟာဥလူက (ခင်ပုပ်ကြီး) ကို ပက္ခိဗိဠာလ-ဟု ဆိုသည်။ ၎င်းတို့၏ သားရေမည်သည် ပက္ခလောမ မေဝ-တောင်ပန်မွေးသာ ဖြစ်၏။)

အထပ်ထပ် ဖိနပ်ဟောင်း

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်သို့ နောက်ပါ ရဟန်းတစ်ပါးနှင့် ဆွမ်းခံ ဝင်၏။ ထိုရဟန်းသည် ခြေခွင်လျက် နောက်တော်မူ လိုက်သည်ကို အထပ်ထပ်သော ဖိနပ်စီးလာသော ဥပါသကာ တစ်ယောက်သည် မြင်၍၊ ဖိနပ် ချွတ်၍ ရှိခိုးပြီးလျှင် ထိုရဟန်းကို အဘယ်ကြောင့် ခြေခွင်ပါသနည်းဟု မေး၏။ ခြေကွဲသောကြောင့်ဟု ဆိုလတ်သော်၊ ဤ ဖိနပ်ကို ခံတော်မူပါဟု လျှောက်၏။

ဒါယကာ၊ အထပ်ထပ်သော ဖိနပ်ကို ဘုရားရှင် ပယ်တော် မူသည်ဟု ဆိုလတ်သော်၊ ချစ်သား ရဟန်း၊ ထိုဖိနပ်တို့ကို အလှူခံလောဟု မိန့်တော်မူ၏။ ထိုနောက် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ ဩမုက္က - ချွတ်ပယ်ပြီးသော အထပ်ထပ် ဖိနပ်ဟောင်းကို ခွင့်ပြု၏။ ချစ်သားတို့၊ နဝ-အသစ်ဖြစ်သော အထပ်ထပ် ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။

[ဩမုက္ကန္တိ ပဋိမုဉ္ဇိတွာ အပနီတံ-စီးပြီး၍ ပယ်သော ဖိနပ်ဟောင်း။

နဝါတိ အပရိဘုတ္တာ-မသုံးသေးသော ဖိနပ်သစ်၊]

(တစ်ကြိမ်မျှ ခြေသွင်းပြီးလျှင် ဖိနပ်ဟောင်း မည်၏ ဟူလို။)

အရံတွင်း ဖိနပ်မစီးရ

ထိုအခါ မြတ်စွာဘုရားသည် လွင်တီးခေါင်၌ ဖိနပ်မစီးဘဲ စင်္ကြံကြွ၏။ မထေရ်တို့လည်း ဘုရားရှင် မစီးဟု ဖိနပ်မစီးဘဲ စင်္ကြံကြွကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် ဖိနပ်စီးလျက် စင်္ကြံကြွကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကြကုန်၏၊ ချစ်သားတို့၊ လူတို့သော်မှလည်း အသက်မွေးကြောင်း အတတ်ပညာကြောင့် ဆရာတို့၌ အလေးပြုကြသေးသည်။

သင်တို့သည် ကောင်းစွာ ဟောကြားအပ်သော ဤ ဓမ္မဝိနယ၌ ရဟန်း ပြုကုန်၏။ ဆရာ၊ ဆရာအရွယ်၊ ဥပဇ္ဈာယ်၊ ဥပဇ္ဈာယ် အရွယ်တို့၌ အလေးပြုကြကုန်ရာ၏။ ထိုအလေးပြုခြင်းကို တင့်တယ်အောင် သုတ်သင် ကုန်ရာ၏။ မကြည်ညိုဖွယ် ဖြစ်သည်ဟု ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့၊ ဆရာ၊ ဆရာအရွယ်၊ ဥပဇ္ဈာယ်၊ ဥပဇ္ဈာယ်အရွယ် ဖိနပ်မစီးဘဲ သွားသောအခါ ဖိနပ်စီးလျက် မသွားအပ်-ဒုက္ကဋ်၊ ချစ်သားတို့၊ အဇ္ဈာရာမ– အရံတွင်း၌ ဖိနပ်မစီးအပ်- ဒုက္ကဋ်။

[အသက်မွေးကြောင်း ဟူသည် အကြင် သိပ္ပဖြင့် အသက်မွေးကုန်၏။ ထိုသိပ္ပ၏ အကြောင်းကြောင့်တည်း။ ဆရာ စသည်တို့၌ ပဗ္ဗဇ္ဇာ စရိယ -ရှင်ပြုပေးသော သရဏဂုံဆရာ၊ ဥပသမ္ပဒါ စရိယ-ရဟန်း ပြုပေးသော ကမ္မဝါစာဆရာ၊ နိဿယာ စရိယ -မှီခို၍နေရာ နိဿယည်း ဆရာ၊ ဥဒ္ဒေသာ စရိယ - စာသင်ပေးသော စာချဆရာ - ဤလေးပါးသည် အာစရိယ-ဆရာမည်၏။

ဝါ မရသူ၊ တစ်ဝါ၊ နှစ်ဝါ၊ သုံးဝါ၊ လေးဝါ ရသူ (ငါးယောက်) တို့အား မိမိထက် ခြောက်ဝါကြီးသူသည် အာစရိယ မတ္တ- ဆရာအရွယ် မည်၏။ မိမိ လေးဝါ ရသောအခါ ခြောက်ဝါကြီးသူသည် ဆယ်ဝါရှိသူ ဖြစ်၍ မှီခိုရသောကြောင့်တည်း။ ဥပဇ္ဈာယ်၏ မြင်ဖူး သုံးဆောင်ဖူးသော အဖော်ရဟန်းတို့သည် လည်းကောင်း၊ မိမိထက် ဆယ်ဝါကြီးသော ရဟန်းတို့သည် လည်းကောင်း ဥပဇ္ဈာယမတ္တ - ဥပဇ္ဈာယ် အရွယ်တို့ မည်ကုန်၏။ ဤမျှသော ရဟန်းတို့ ဖိနပ်မစီးဘဲ စင်္ကြံသွားသော အခါ ဖိနပ်စီး၍ သွားသူအား အာပတ်တည်း။]

(သာဋီ ... အဘိဇီဝန္တိ ဧတေနာတိ အဘိဇီဝနိကံ - အသက်မွေးကြောင်း သိပ္ပ ရ၏။)

(ဆရာမြတ်တို့ အဆိုအမိန့်ကား-မထေရ်ကြီးများ ဖိနပ်စီးစဉ် မိမိ စီးအံ့- အပြစ်မရှိ။ ဒဿနုပစာရကို လွှတ်၍ စီးလျှင်လည်း အပြစ်မရှိ။ ဒဿနုပစာရကား ၁၂-တောင်၊ ပကတိ ၁၈-တောင် ဖြစ်၏။ သို့ရာတွင် ရိုသေသမှု အလေးပြုနိုင်တိုင်း တင့်တယ်၏။)

အရံတွင်း ဖိနပ်စီးခွင့်

ထိုအခါ ရဟန်းတစ်ပါး ပါဒခိလာ ဗာဓ- ခြေအသားစွန်း ထွက်သော အနာဖြစ်၏။ ချီပွေ့၍ ကျင်ကြီး ကျင်ငယ် စွန့်စေကုန်၏။ ဘုရားရှင်သည် တရားဟော၍ ချစ်သားတို့၊ ခြေနာသူ၊ ခြေကွဲသူ၊ ခြေအသားစွန်း ထွက်သူတို့အား ဖိနပ်စီးခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် မဆေးသော ခြေတို့ဖြင့် မဉ္စ၊ ပီဋ္ဌသို့ တက်ကုန်၏။ စီဝရသည် လည်းကောင်း၊ သေနာသနသည် လည်းကောင်း ပျက်စီး၏။ ချစ်သားတို့၊ ညောင်စောင်း၊ အင်းပျဉ်သို့ တက်အံ့ ဟူသောအခါ၌ ဖိနပ်စီးခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် ဥပုသ် ပြုရာသို့၊ စည်းဝေးပြုရာသို့ သွားကြသောအခါ အမိုက်မှောင်၌ သစ်ငုတ်ကို၊ ဆူးကို တိုက်မိ နင်းမိ၍ ခြေနာကုန်၏။ ချစ်သားတို့၊ အရံတွင်း၌ ဖိနပ် စီးခြင်းငှါ လည်းကောင်း၊ ဥက္ကာ-မီးရှူးကို၊ ပဒီပ- ဆီမီးကို၊ ကတ္တရ ဒဏ္ဍ-သူအိုကိုင် တောင်ဝှေးကို လည်းကောင်း ခွင့်ပြု၏။

[ပါဒခိလာဗာ ဓောနာမ ပါဒတောခိလာသ ဒိသံမံ သံနိက္ခန္တံ ဟောတိ-ခြေမှ ငုတ်စွန်းအလား အသားထွက်၏။]

(ဆရာမြတ်တို့ အဆိုအမိန့်ကား- ရိုသေသမှု ပြုနိုင်တိုင်း တင့်တယ်၏။ ယခု ဖိနပ်စီးခြင်းငှါ ခွင့်ပြုသော အဇ္ဈာရာမသည် ဘုရားရှင်နှင့်တကွ သာဝကတို့ သီတင်းသုံးရာ အရံဖြစ်၏။ သက်တော်ထင်ရှား ဘုရား၏ သီတင်းသုံးရာ ကျောင်းသည် စေတီထိုက်၏။ ဓာတ်တော်တည်ရာ အုတ် ကျောက် အစုပုံသည်ပင် စေတီ ထိုက်သေး၏။ ထိုကြောင့် စေတီ အိမ်အနီး၌ ခွင့်ပြုခြင်းပင်တည်း။ စေတီယင်္ဂဏ ဖြစ်သော နေရာ၌ တားမြစ်ခြင်းကား ကျမ်းဂန်တို့၌ ထင်ရှားလှ၏။)

ပါဒုကာတို့ကို ပယ်ခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် နံနက်စောစော ထ၍ ကဋ္ဌပါဒုကာ- သစ်သား ခြေနင်းတို့ကို (ဝါ- ခုံဖိနပ်တို့ကို) စီး၍ လွင်တီးခေါင်၍ ကျယ်စွာ ခတ်ခတ်သံပြု၍ ရာဇကထာ၊ စောရကထာ စသော တိရစ္ဆာနကထာ တို့ကို ပြောဆိုလျက် စင်္ကြံသွားကုန်၏။ ပိုးကောင်ငယ်တို့ကို နင်း၍ သေစေကုန်၏။ ရဟန်းတို့ကိုလည်း သမာဓိမှ ရွေ့လျောစေကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ သစ်သားခြေနင်း မဆောင်အပ်- ဒုက္ကဋ်။

ထိုနောက် မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ဗာရာဏသီသို့ ကြွ၍ ဣတိပတန မိဂဒါဝုန်၌ နေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သစ်သားခြေနင်းကို ဘုရားရှင်ပယ်သည်ဟု ထန်းပင်ငယ်တို့ကို ဖြတ်စေ၍ တာလပတ္တ ပါဒုကာ-ထန်းပတ် ခြေနင်းတို့ကို ဆောင်ကုန်၏။ ထန်းပင်ငယ်တို့ ညှိုးနွမ်းကုန်၏။ သတ္တဝါ အသက်ကို ညှဉ်းဆဲသည်ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ထန်းပက် ခြေနင်းကို မဆောင်အပ်-ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည့် ထန်းပတ်ခြေနင်းကို ပယ်သည်ဟု ဝါးပင်ငယ်ကို့ကို ဖြတ်စေ၍၊ ဝေဠုပတ္တ ပါဒုကာ- ဝါးပတ်ခြေနင်းတို့ကို ဆောင်ကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ဝါးပတ်ခြေနင်းကို မဆောင်အပ်- ဒုက္ကဋ်။

ထိုနောက် မြတ်စွာဘုရားသည် ဗာရာဏသီမှ ဘဒ္ဒိယမြို့သို့ ကြွ၍ မုလေးတော၌ နေတော်မူ၏။ ထိုအခါ ဘဒ္ဒိယမြို့သား ရဟန်းတို့သည် များစွာ ခြေနင်းတန်ဆာ ဆင်ကုန်၏။ တိဏ ပါဒုကာ-မြက်ခြေနင်း၊ မုဉ္ဇ- ဖြူဆံ မြက်ခြေနင်း၊ ပဗ္ဗဇ-ပြိတ်မြက်၊ ဟိန္တာလ-ဓနုန်းရွက်-ဝါ-သင်ပေါင်းရွက်။ ကမလ-တောင်ကြာမြက်၊ ကမ္ဗလ-သားမွေး ခြေနင်းတို့ကို ပြုကုန်၏။ ပြုစေကုန်၏။ စာသင်ခြင်း၊ မေးမြန်းခြင်း၊ သီလ၊ သမာဓိ၊ ပညာ အားထုတ်ခြင်း ဆိတ်ကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ မြက် ခြေနင်း။ ....လ... ၊ သားမွေးခြေနင်း။ ရွှေခြေနင်း၊ ငွေ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ ဖန်၊ ကြေးဖြူ၊ စဥ့်၊ သလွှဲစင်၊ သလွဲစင်၊ ကြေးနီ ခြေနင်းတို့ကို မဆောင်အပ်- ဒုက္ကဋ်။

ချစ်သားတို့၊ သံကမနီယာ ပါဒုကာ - မရွှေ့ပြောင်းနိုင်သော ခြေနင်း တစ်ခုခုကို မဆောင်အပ်-ဒုက္ကဋ်။

ချစ်သားတို့၊

ဓုဝဋ္ဌာ နိယ-အမြဲတည်သော။

အသံကမ နီယ-မရွှေ့ပြောင်းနိုင်သော ခြေနင်း သုံးမျိုးတို့ကို ခွင့်ပြု၏။

ဝစ္စပါဒုကံ-ကျင်ကြီးအိမ် ခြေနင်းကို

ပဿာဝ ပါဒုကံ-ကျင်ငယ်အိမ် ခြေနင်းကို၊

အာစာမန ပါဒုကံ-သန့်သက်အိမ် ခြေနင်းကို ခွင့်ပြု၏။

[တိဏ ပါဒုကာ ဟူသည် အမှတ်မရှိသော မြက်တစ်ခုခုဖြင့် ပြုသော ခြေနင်း ဖြစ်၏။ ဟိန္တာလသည် ခဇ္ဈရိ ပတ္တ- သင်ပေါင်းရွက် - ဝါ- စွန်ပလွန်ရွက်ဖြင့် ပြုသော ခြေနင်းတည်း။ ဟိန္တာလ ပတ္တဖြင့်လည်း မအပ် သည်သာတည်း။

ကမလ ဟူသည် ကမလ တိဏ မည်သော မြက်သည် ရှိ၏။ ထို မြက်ဖြင့်ပြုသော ခြေနင်း ဖြစ်၏။ ဥသီရ - ပန်းရင်း မြက်ခြေနင်း ဟူ၍လည်း ဆိုကုန်၏။

ကမ္ဗလ ပါဒုက္ခသည် ဥက္ကာ-သားမွေးတို့ဖြင့် ပြုသော ခြေနင်း ဖြစ်၏။

အသင်္ကမနိယ ဟူသည်၊ မြေ၌ ကောင်းစွာ မလှုပ်မရှား တည်၏။ ရွှေ့ပြောင်းနိုင်သည် မဟုတ်။]

(သာဋီ ... ဥဏ္ဏာတို့ဖြင့် ဟူသည် သားမွေး ကမ္ဗလာ တို့ဖြင့်-ဝါ- သားမွေးတို့ဖြင့်သာ ပြုသော ခြေနင်းတည်း။

ဝိဋီ … ဥဏ္ဏာတို့ဖြင့် ဟူသည်၌ ဥဏ္ဏာမယ ကမ္ဗလာ တို့ဖြင့် ပြုသော ခြေနင်းကို ရေတွက်အပ်၏။)

(ပါဒုကာ-ခြေနင်းတို့ကို ပြရာ၌ သားရေ မပါဘဲ၊ ဥပါဟနာ-ဖိနပ်တို့ကိုပြရာ၌ သားရေ တစ်မျိုးကိုသာ ပြသည်။ သားရေအား အလျော်ကိုပင် မပြ။ လူ သားရေလည်း မအပ်။ အောက်ခုံတစ်ပြင်လုံး ရော်ဘာ ခံသောဖိနပ်ကို လည်းကောင်း၊ စက္ကူခံသော ဖိနပ်ကို လည်းကောင်း လျော်သည်ဟု ဆိုသင့်မည်လော။ အလေးပြုကာ ဆင်ခြင်ရာ၏။)

မြစ်ထဲ၌ နွားတို့ကို

ထိုနောက် မြတ်စွာဘုရားသည် ဘဒ္ဒိယမှ သာဝတ္ထိသို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အစီရဝတီမြစ်၌ ကူးသော နွားတို့၏ ဦးချိုတို့၌လည်း ကိုင်ကုန်၏။ နားရွက်၊ လည်ပင်း၊ အမြီး တို့၌လည်း ကိုင်ကုန်၏။ ကျောက်ကုန်းတို့လည်း တက်စီးကုန်၏။ တပ်သောစိတ်ဖြင့်လည်း အင်္ဂါဇာတ်ကို တို့ကုန်၏။ နွားငယ်ကိုလည်း ရေနစ်စေ၍ သေစေကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ နွားမတို့၏ ဦးချိုတို့၌ မကိုင်အပ်၊ နားရွက်၊ လည်ပင်း၊ အမြီးတို့၌ မကိုင်အပ်၊ ကျောက်ကုန်းသို့ တက်မစီးအပ်- ဒုက္ကဋ်။ တပ်သောစိတ်ဖြင့် အင်္ဂါဇာတ်ကို မတို့အပ်-ထုလ္လစ္စည်း၊ နွားငယ်ကို မသေစေအပ်-ယထာ ဓမ္မ ကုစားစေအပ်၏။ (ဝါ-ပါစိတ်)။

[တို့ကုန်၏ ဟူသည် အင်္ဂါဇတ်ဖြင့်သာ အင်္ဂါဇာတ်ကို တို့ကုန်၏။

ရေနစ်စေ၍ ဟူသည် ရေထဲ၌ မြဲစွာကိုင်၍ သေစေကုန်၏။]

(သာဋီ ... မောက္ခာဓိပ္ပါယေန - ဘေးရန်မှ လွတ်လိုသဖြင့် ဦးချိုတို့၌ ကိုင်အပ်၏ဟု ဂဏ္ဍိတို့၌ ဆိုသည်)။

ပထမ ပါရာဇိကဋ္ဌကာ၌ ထုန ရာဂဖြင့် ဣတ္ထိ၏ နိမိတ်ကို မဝင်စေဘဲ နိမိတ်ဖြင့် တို့အံ့-ထုလ္လစ္စည်း။

မဟာ အဋ္ဌကထာ၌ကား ဣတ္တိ၏ နိမိတ်ကို မေထုန ရာဂဖြင့် မုခဖြင့် တို့အံ့- ထုလ္လစ္စည်းဟု ဆို၏။ ထို၌ နိမိတ္တ မုခကို မုခဟု အလိုရှိအပ်၏။ ပကတိ မုခဖြင့်သာ တို့ခြင်းကိုရည်၍ ရုန့်ရင်းမှုဖြစ်သောကြောင့် ထုလ္လစ္စည်း-ဟု ဆိုကုန်။

ကာယသံသဂ္ဂ ရာဂဖြင့်ကား ပကတိ မုခဖြင့် လည်းကောင်း၊ နိမိတ္တ မုခဖြင့် လည်းကောင်း၊ ဣတ္ထိ နိမိတ်ကို တို့အံ့-သံဃာ ဒိသိသ်။

တိရစ္ဆာန်မ၏ ပဿာဝ မဂ်ကို နိမိတ္တ မုခဖြင့် တို့အံ့ ထုလ္လစ္စည်း။ ကာယသံသဂ္ဂ ရာဂဖြင့် ဒုက္ကဋ်။)

ဂိလာနအား ယာဉ်လေးမျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် နွားမ က၍ ယောက်ျ၁းမောင်းသော ယာဉ်၊ နွားထီး က၍ မိန်းမ မောင်းသော ယာဉ်ဖြင့် သွားကုန်၏။ ဂင်္ဂါပွဲ မဟီပွဲ သွားသူတို့ ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ ယာဉ်ဖြင့် မသွားအပ်- ဒုက္ကဋ်။

ရဟန်းတစ်ပါးသည် ကောသလ ဇနပုဒ်တို့၌ သာဝတ္ထိသို့ ဘုရားဖူးအသွား ခရီးအကြား၌ ဂိလာန ဖြစ်၍၊ သစ်ပင်အောက်၌ ထိုင်နေ၏။ လူတို့မြင်၍ ယာဉ်ပေါ်သို့ တက်ပါဟု ဆိုကုန်၏။ ဘုရားရှင် ပယ်သည်ဟု မတက်ဘဲ နေ၏။ သာဝတ္ထိသို့ ရောက်သောအခါ ရဟန်းတို့အား ထိုအကြောင်းကို ပြောပြ၏။ ချစ်သားတို့၊ ဂိလာနအား ယာဉ်ကို ခွင့်ပြု၏။

ထိုအခါ ရဟန်းတို့အား အမ ကသော ယာဉ်လော၊ အဖို ကသော ယာဉ်သောဟု အကြံဖြစ်၏။ ချစ်သားတို့၊ ပုရိသ ယုတ္တ-အဖို ကသော ယာဉ်ကို၊ ဟတ္တ ဝဋ္ဋက - လက်ဆွဲယာဉ်ကို ခွင့်ပြု၏။

ရဟန်း တစ်ပါးအား ယာနုဂ္ဃါ တေန-ယာဉ်တောက်သဖြင့် မချမ်းမသာ ပြင်းစွာ ဖြစ်၏။ ချစ်သားတို့၊ သိဝိကာ-ထမ်းစင်ကို၊ ပါဋင်္ကီ -ပုဆိုးသန်လျဉ်းကို ခွင့်ပြု၏။

[ဣတ္တိယုတ္တေနာတိ ဓေနုယုတ္တေန-နွားမ ကသော ယာဉ်ဖြင့်၊

ပုရိသန္တ ရေနာတိ ပုရိသ သာရထိနာ-ယောက်ျား မောင်းသော ယာဉ်ဖြင့်၊

ပုရိသ ယုတ္တေနာတိ ဂေါဏ ယုတ္တေန–န္နားထီး ကသော ယာဉ်ဖြင့်၊

ဣတ္တန္တရေ နာတိ တုတ္တိသာရထိနာ-မိန်းမမောင်းသော ယာဉ်ဖြင့်၊

ခွင့်ပြုရာ၌ ပုရိသ ယုတ္တသည် မိန်းမ မောင်းသော်လည်းကောင်း၊ ယောကျ်ား မောင်းသော် လည်းကောင်း အပ်၏။

ဟတ္ထဝဋ္ဋကသည် မိန်းမတို့ ဆွဲသော်လည်းကောင်း၊ ယောက်ျားတို့ ဆွဲသော်လည်းကောင်း အပ်၏။

ယာနုဂ္ဃါတ ဟူသည် ယာဉ်စီးသူအား တစ်ကိုယ်လုံးလှုပ်၏။ ထို လှုပ်ခြင်းကြောင့်တည်း သီရိကန္တိ ပိဋ္ဌက သိဝိကံ-နေရာ အင်းပျဉ်ရှိသော ထမ်းစင်ကို။ ပါဋင်္ကီန္တိဝံသေ လဂ္ဂေ တာ ကတံပဋ ပေါဋလိကံ - ဝါး၌ဆွဲသော အဝတ်သန်လျဉ်းကို။]

(သာဋီ ... ပုရိသယုတ္တ တစ်ခု၊ ဟတ္ထဝဋ္ဋက တစ်ခု၊ ပိဋ္ဌက သိပိကန္တိ ပိဋ္ဌက ယာန တင်ခု၊ ပါဋင်္ကီတိ အန္ဒောလိကာ တစ်ခု။

ဝိဋီ ... ဂင်္ဂါပွဲ မဟီပွဲ၌ မိန်းမ ယောက်ျား များစွာတို့သည် ယာဉ်တို့ဖြင့် ရေကစား သွားကုန်၏။

ပိဋ္ဌသိဝိကသည် ပျဉ်ပြား စသည်ဖြင့် ပြုသော ပိဋ္ဌကယာန ဖြစ်၏။

ပဋပေါဋလိကသည် အန္တောလိကာ ဖြစ်၏။

ယာဉ်အားလုံးကို ဖိနပ်ဖြင့် သော်လည်း မသွားနိုင်သော ဂိလာနအား ခွင့်ပြု၏။)

(ဘိက္ခုနီ ဝိဘင်း၌ - ယာဉ်ဟူသည် ဝယံှ-ပေါင်းချုပ်။ ရထော-ရထား။ သကဋံ-လှည်း၊ သန္ဒမာနိကာ-သန်လျဉ်း။ ဝိသိကာ-ထမ်းစင်။ ပါဋင်္ကီ-ပုဆိုးသန်လျဉ်း- ဤသို့ ခြောက်မျိုး ဟော၏။

ဤ၌ အဖို ကသော ယာဉ်၊ လက်ဆွဲယာဉ်၊ ထန်းစင်၊ သန်လျဉ်း - ဟု လေးမျိုး ဟော၏၊)

ဥစ္စာ သယန မဟာ သယန ၁၉-မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဥစ္စာသယန မဟာသယန တို့ကို (ဝါ-မြင့်သောနေရာ မြတ်သောနေရာ တို့ကို) ဆောင်ကုန်၏။ ၎င်းတို့ကား …

အာသန္ဒီ - အခြေရည်သော ညောင်စောင်း အင်းပျဉ် - (တစ်ဘက်ရှည်)။

ပလင်္က- အခြေ၌ သားရဲရုပ်ရှိသော ပလ္လင်။

ဂေါနက-မွေးရှည် (ချည်) ကော်ဇောကြီး။

စိတ္တက-ဆန်းကြယ်သော သားမွေးရက် အခင်း။

ပဋိက- ဖြူသော သားမွေးရက် အခင်း (၅)။

ပဋလိက- တစ်ခဲနက် ပန်းပွင့်ဖြင့် နီသော သားမွေးရက် အခင်း။

တူလိက-လဲသွတ်သော ဘုံလျှိုမွေ့ရာ အခင်း။

ဝိကဘိက-ခြင်္သေ့ရုပ် စသည်ဖြင့် ဆန်းကြယ်သော သားမွေးရက် အခင်း။

ဥဒ္ဒလောမီ-တစ်ဘက်စွန်း အမွေးအဆာ ထွက်သော သားမွေးရက် အခင်း။

ဧကန္တ လောမီ-နှစ်ဘက်စွန်း အမွေးအဆာထွက်သော သားမွေးရက် အခင်း (၅)။

ကဋ္ဋိဿ-ရတနာချည်ဖြင့် ချုပ်သော ပိုးချည်အကြား ရွှေချည်ဖြင့် သွင်းရက်သော အခင်း။

ကောသေယျ -ရတနာချည်ဖြင့် ချုပ်သော ပိုးချည်အခင်း။

ကုတ္တက - တစ်ကျိပ်ခြောက်ယောက် ရပ်၍ ကလောက်သော သားမွေးရက် အခင်း။

ဟတ္တတ္တရ- ဆင်ကုန်းနှီး။

အဿတ္တရ -မြင်းကုန်းနှီး (၅)။

ရတ္ထရ-ရထားခင်းနှီး။

အဇိနပ္ပဝေဏိ - နှစ်ထပ် သုံးထပ် ချုပ်သော သစ်နက်ရေ အခင်းနု။

ကဒလိမိဂ ပဝရ ပစ္စတ္ထရဏ- ဝံပိုင်ရေဖြင့် ပြုသော အဖိုးတန်အခင်း။

သဥတ္တရစ္ဆဒ-ဥဘတော လောဟိတ ကုပဓာန - အထက်ဗိတာန်နီနှင့် တကွသော နီသော ခြေအုံး ခေါင်းအုံး နှစ်ခုရှိသော အခင်း(၄)။

ဤ တစ်ဆယ့်ကိုးမျိုးတို့ကို ဆောင်ကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဥစ္စာသယန မဟာသယန တို့ကို ဝါ- အာသန္ဒီ စသည်တို့ကို မဆောင်အပ်- ဒုက္ကဋ်။

[ဥစ္စာ သယနသည် ပမာဏလွန်သော ညောင်စောင်းတည်း။

မဟာ သယနသည် မအပ်သော အခင်းတည်း။

အာသန္ဒီသည် ပမာဏ လွန်သော နေရာ။

ပလ္လင်္ကသည် အခြေတို့၌ သားရဲရုပ် တပ်သော ပလ္လင်။

ဂေါနက လည်ရှည်သော အမွေးရှိသော ကောဇောကြီး၊ အမွေး လေးသစ်ထက် လွန်သတတ်။

စိတ္တကသည် ရက်ခြင်းဖြင့် ဆန်းကြယ်သော သားမွေး အခင်း။

ပဋိကာသည် သားမွေးဖြင့် ပြုသော ဖြူသော အခင်း။

ပဋလိကာ သည် တစ်ခဲနက် ပန်းပွင့်ရှိသော သားမွေးဖြင့် ပြုသော (နီသော) အခင်း။ သျှိသျှားသီးကဲ့သို့ ရက်သော ပုဆိုးဟူသည်လည်း ဆိုအပ်၏။

တူလိကာ သည် ပကတိ လဲအခင်းသာတည်း။

ဝိကတိကာသည် ခြင်္သေ့ရုပ်၊ ကျားရုပ် စသည်ဖြင့် ဆန်းကြယ်သော သားမွေးဖြင့် ပြုသော အခင်း။

ဥဒ္ဒိလောမီ သည် တစ်ဘက်မှ တက်သော အမွေးရှိသော သားမွေးဖြင့် ပြုသော အခင်း။

ဧကန္တလောမီသည် နှစ်ဘက်မှ တက်သော အမွေးရှိသော သားမွေးဖြင့် ပြုသော အခင်း။

ကဋ္ဋိဿ သည် ရတနာချည်ဖြင့် ချုပ်၍- ကောသေယျ ကဋ္ဋိ သမယ-ပိုးချည်အကြား ရွှေချည်သွင်း၍ ပြုသော အခင်း။

ကောသေယျသည် ရတနာချည်ဖြင့် ချုပ်သော ပိုးချည်ဖြင့် ပြုသော အခင်းဖြစ်၏။ ပိုးချည်သက်သက်ကား အပ်၏။

ကုတ္တကသည် တစ်ကျိပ်ခြောက်ယောက်သော ကချေသည်မတို့ ရပ်၍ ကလောက်သော သားမွေးဖြင့် ပြုသော အခင်း။

ဟတ္တတ္တရ၊ အဿတ္တရသည် ဆင်ကျောက်ကုန်း၊ မြင်းကျောက်ကုန်း တို့၌ ခင်းသော အခင်းသာတည်း။

ရထတ္တရလည်း ဧသေဝနသော၊ အဇိနပ္ပဝေဏီသည် သစ်နက်ရောင်တို့ဖြင့် ညောင်စောင်းအနေ ချုပ်သော အခင်းနု။

ကဒလီမိဂ ပဝရ ပစ္စတ္တရသည် ဝံပိုင်ရေဖြင့် ဖြူသော ကောင်းမြတ်သော အခင်းတည်း။ ထိုအခင်းကို အဝတ်ဖြူ၏ အထက်၌ ဝံပိုင်ရေကိုဖြန့်၍ ချုပ်၍ ပြုကုန်သတတ်။

သဥတ္တရစ္ဆဒသည် သဟဥတ္တရရစ္ဆဒနေန တည်း။

ဥပရိဗန္ဓေန ရတ္တဝိတာနေန သဒ္ဓိန္တိအတ္ထော -အထက်၌ ဖွဲ့သော နီသော မျက်နှာကြက်နှင့်တကွ ဟူသော အနက်တည်း။ ဖြူသော မျက်နှာကြက် ဖြစ်သော်လည်း၊ အောက်၌ အကပ္ပိယ အခင်းရှိလျှင် မအပ်၊ မရှိလျှင်ကား အပ်၏။

ဥဘတော လောဟိတကူ ပဓာနသည် ခေါင်းအုံး ခြေအုံးဟု ညောင်စောင်း၏ နှစ်ဘက်၌ နီသောအုံး ဖြစ်၏။ မအပ်။ တစ်ခုတည်းသော အုံးသာ ဖြစ်အံ့ နှစ်ဘက်တို့၌ အနီ၊ ပဒုမ္မာ အဆင်း၊ အဆန်းတကြယ် ဖြစ်စေ ပမာဏ ယုတ္တဖြစ်လျှင် အပ်၏။ ကြီးသော အုံးကိုကား ပယ်အပ်၏။]

(သေနာသနက္ခန္ဓက၌ - လေးထောင့် ညီသော အာသန္ဓိသည် ပမာဏ လွန်သော်လည်း အပ်၏။ တစ်ဘက်ရှည်လျှင် အခြေဖြတ်အပ်၏။

ခေါင်းအုံးပမာဏကား- အနံ သုံးမြှောင့်တွင် နှစ်မြှောင့်အကြား တစ်ထွာ လေးသစ်။ အလယ်နေရာ - တောင်ဆုပ်။ အလျား-တစ်တောင့်ထွာ၊ ဝါ- နှစ်တောင်။ မာသူအား ခေါင်းအုံး၊ ခြေအုံး နှစ်ခုသာ အပ်သည်။ နာသူအား ခေါင်းအုံးများအထက် အဝတ်ခင်း၍ အိပ်အပ်၏။

သဥတ္တရစ္ဆဇနှင့် ဥဘတော လောဟိဘကူ ပဓာနသည် တစ်ခုစီကဲ့သို့ ပြသော်လည်း ခုဒ္ဒ သိက္ခာ ဋီကာသစ်၌ ဝိသေသန၊ ဝိသေယျ အဖြစ်ဖြင့် တစ်ခုတည်း ပြု၍ ပြသည်။)

(သာဋီ ... သားရဲရုပ် ဟူသည် မရွှေ့ပြောင်းနိုင်သော အရုပ်တို့တည်း။ မအပ်သော အရုပ်ရှိသော ညောင်စောင်းသည် ပလ္လင်္က ဟု သာရသမသ၌ ဆို၏။ ဂေါနကသည် အမွေး လေးသစ်ထက် ရှည်သော မည်းသော ကော်ဇောတည်း။ လေးသစ်အောက်ဖြစ်လျှင် အပ်သည်ဟု ဆိုကုန်၏။

(ဤ ကော်ဇော တစ်ခု၌သာ ဥဏ္ဏာမယ-သားမွေးဟု မပြသောကြောင့် ချည်ကော်ဇောဟု သိအပ်၏။)

စိတ္တကသည် နံရံပေါက် စသည်ဖြင့် ဆန်းကြယ်သော သားမွေးအခင်းတည်း။ ပဋလိကာ၌ တစ်ခဲနက် ပန်းပွင့်ရှိသော သားမွေးအခင်းတည်း။

ပကတိ လဲအခင်းသည် သစ်ပင်လဲ၊ နွယ်လဲ၊ မြက်လဲ- သုံးမျိုး တစ်မျိုးမျိုးဖြင့် ပြည့်၏၊

ဥဒ္ဒလောမီသည် နှစ်ဘက်အဆာ သားမွေးရှိသည်။ ဧကန္တလောမီသည် တစ်ဘက်အဆာ သားမွေးရှိသည်ဟု ဒီဃနိကာယ် ဋ္ဌကထာ၌ ဆို၏။

သာရ သမာသ၌ ဥဒ္ဒလောမီသည် တစ်ဘက်မှ ထွက်သော ပန်းပွင့် အဆာရှိ၏။ ဧကန္တလောမီသည် နှစ်ဘက်မှ ထွက်သော ပန်းပွင့်အဆာ ရှိ၏ဟု ဆို၏။

ကဋ္ဋိဿ၌ ကောသေယျ ကဋ္ဋိသမယသည် ကောသေယျ-ပိုးချည်။ ကသဋ-ရွှေချည်တို့ဖြင့် ပြုသည်ဟု အာစရိယ ဓမ္မပါလ မထေရ် ဆို၏။

ပိုးချည် သက်သက် ဟူသည် ရတနာ ချည်ဖြင့် ချုပ်ခြင်းမှ ကင်း၏။

အဇိနပ္ပဝေဏီ သစ်နက်ရေသည် နူးညံ့၏။ နှစ်ထပ် သုံးထပ် ပြု၍ ချုပ်ကုန်၏။ ထိုကြောင့် အဇိနပ္ပ ဝေဏီဟု ဆိုသည်။

ဥတ္တရစ္ဆဒသည် မျက်နှာကြက် ဖြစ်၏။ နီသည်ကို ဤ၌ ယူအပ်၏။

နီသော မျက်နှာကြက်တို့၌လည်း ကာသာဝသည် အပ်၏၊ ဝက်ပန်း စသည် ဆိုးလျှင် မအပ်ဟု ဂဏ္ဍိတို့၌ ဆို၏။

ကြီးသော အုံးဟူသည် ပမာဏ လွန်သော အုံးတည်း။

ဒီဃနိကာယ်ဋ္ဌကထာ၌ ဂဟဋ္ဌတို့ကိုငဲ့၍ သာမည မဆိုသော်လည်း သေနာသနက္ခန္ဓက အဖွင့်၌ အဂိလာနအား ခေါင်းအုံး၊ ခြေအုံး -နှစ်ခုသာ အပ်သည်။ ဂီလာနအား ခေါင်းအုံးခင်း၍ အထက်၌ အခင်းခင်း၍ အိပ်ခြင်းငှါလည်း အပ်သည်ဟု ဆို၏။

ဝိဋီ ... သားရဲရုပ်သည် အဟာရီမဝါဠ ရူပ ဖြစ်၏၊ အမွေး လေးသစ်အောက် ယုတ်လျှင် ဥဒ္ဒလောမီ စသည်တို့၌ ဝင်ကုန်သတတ်။

စိတ္တကသည် အဆင်းအမျိုးမျိုး သားမွေးချည်တို့ဖြင့် နံရံပေါက် စသည်ဖြင့် ရက်၍ ဆန်းကြယ်အောင် ပြုသော အခင်းတည်း။

တစ်ခဲနက် ပန်းပွင့်ရှိသော ဟူသည် ဗဟလ ရာဂေါ- အလွန် နီ၏၊

ပကတိ လဲအခင်း ဟူသည် လဲပြည့်သော ဘုံလျှိုမွေ့ရာတည်း။

ဝိကတိကာသည် ခြင်္သေ့ရုပ် စသည် စွမ်းဖြင့် ရတန စိတြကိုသာ ယူအပ်၏။

ဝကာသေယျာ ကဋ္ဋိ အမယ ဟူသည် ကောသိယ သုတ္တတို့၏ အကြား၌ သုဝဏ္ဏ မယ သုတ္တတို့ကို သွင်း၍ ရက်သော အခင်းတည်း။ သုဝဏ္ဏ သုတ္တကို ကဋ္ဋီတ ဟူ၍ လည်းကောင်း၊ ကဿဋ ဟူ၍ လည်းကောင်း ဆိုအပ်၏။ ထိုကြောင့် ကောသေယျ ကဿဋ မယ-ဟု အာစရိယ ဓမ္မပါလ မထေရ် ဆိုသည်ဟု ဆိုကုန်၏။

ရတန ပဋိသိဗ္ဗိကန္တိ သုဝဏ္ဏ လိတ္တံ။ သုဒ္ဓကော သေယျန္တိ ရတန ပဋိသိဗ္ဗန ရဟိတံ။ သစ်နက်ရေသည် အလွန် နူးညံ့၏။ နှစ်ထပ် သုံးထပ် ပြု၍ ချုပ်ကုန်၏။ ထိုကြောင့် အဇိနပ္ပ ဝေဏီဟု ဆိုသည်။

နီသော မျက်နှာကြက် ဟူသည် အလုံးစုံ နီ၏။ မအပ်။ အဆင်းအမျိုးမျိုးဖြင့် အရုပ်ဆန်းကြယ်၊ ဆေးရေး ဆန်းကြယ်လျှင် အပ်၏။

နီသောအုံး နှစ်ခု၌လည်း ဧသေဝနယော။ အဆန်းတကြယ် ဖြစ်စေဟူသည်ကို အချင်း ခပ်သိမ်း အပ်သောကြောင့် ဆိုသည်။ အုံးနှစ်ခုတို့၌ မအပ်သောကြောင့် ဆိုသည် မဟုတ်။ လောဟိတသည် စိတ္တ မဖြစ်။ ပဋလိကာ အခင်းဖြင့် စိတ္တက အခင်းကို မရေတွက်အပ်၊ တခြားစီတည်း။

ကသာဝသည် လောဟိတ မဟုတ်သောကြောင့် မျက်နှာကြက်၌လည်းကောင်း၊ အုံးနှစ်ခု၌ လည်းကောင်း အပ်၏။ ပမာဏ ယုတ္တ ဖြစ်လျှင် အပ်၏ ဟူသည်ကို ပမာဏ လွန်သော အုံးကို ပယ်ခြင်းကို ပြခြင်းငှါ ဆိုသည်၊ ဥစ္စာသယန မဟာသယန ဖြစ်သည်ဟု ပြခြင်းငှါ ဆိုသည် မဟုတ်။ ထို အုံးသည် ဥပုသ်သည် လူတို့အား အပ်၏။ ဥစ္စာသယန မဟာသယနသာ ဥပုသ်စောင့်သောအခါ လူတို့အား မအပ်။

ဒီဃနီကာယ်ဋ္ဌကထာ စသည်တို့၌ တူလိက ဖယ်ထား၍ ဂေါနက စသော အားလုံးတို့သည် ရတန ပဋိသိဗ္ဗိတာ နိဝဋ္ဋန္တိ-စသည်ကို ဆို၏။ ဝိနည်း အဋ္ဌကထာ၌သာလျှင် ကပ္ပိယ အကပ္ပိယ အဖြစ်၌ ပမာဏဟု ယူအပ်၏။)

(တစ်ခုစီတို့ကား-ခြေရှည် ၁။ ပလ္လင် ၁။ မွေးရှည် ၁။ လဲသွတ် ၁။ မျက်နှာကြက်နီ ခြေအုံး ခေါင်းအုံးနီ ၁ -ဤငါးခု ဖြစ်၏။

ရွှေချည် သွင်းရက်၊ ရွှေချည်ချုပ်-ပိုးအခင်း ရတနာ နှစ်ခုဖြစ်၏။

သစ်နက်ရေ၊ ဝံပိုင်ရေ-သားရေခင်း နှစ်ခုဖြစ်၏။

ကုန်းနှီးကား သုံးခုဖြစ်၏။

ကြွင်းခုနစ်ခုကား သားမွေးအခင်း ခုနစ်ခုဖြစ်၏။

ပလ္လင်၊ ခြေရှည်၊ လဲ၊ မွေးရည်၊ နီနီ (၅)-တစ်ခုချင်း၊

ကုန်းနှီး သုံးဖြာ၊ ရတနာ နှစ်၊ သားရေ နှစ်၊ ခုနစ်- သားမွေးခင်း (၁၄)။

နေရာမြင့်မြတ်-ဆယ့်ကိုးရပ်- မအပ် ပယ်လေခြင်း။

သားမွေး ခုနစ်ခုကား - စိတ္တက-ဆန်းကြယ်၊ ပဋိက-ဖြူ၊ ပဋလိက-နီ။ ဝိကတိက-အရုပ်ရှိ။ ဥဒ္ဒ လောမီ-တစ်ဘက်မွေး။ ဧကန္တ လောမီ- နှစ်ဘက်မွေး။ ကုတ္တက - တစ်ကျိပ်ခြောက် ကလောက် - ဤသို့ ခုနစ်ခု ဖြစ်၏။

- တစ်ဘက်၊ နှစ်ဘက်မှ (၂)၊ ဆယ့်ခြောက် က (၁)၊ ဆန်းလှ၊ ရုပ်၊ ဖြူ၊ နီ (၄)။

ခြေရှည်လျှင် ရှစ်သစ်မလွန်အောင် ဖြတ်၍၊ ပလ္လင်ကို အရုပ်ဖြုတ်၍၊ လဲသွတ်ကို လဲထုတ်၍၊ ကြွင်း ၁၆-ကို ညောင်စောင်း အင်းပျဉ်၌ မခင်းဘဲ မြေ၌၊ ကြမ်း၌ ခင်း၍ ထိုင်လျှင်၊ အိပ်လျှင် အပ်၏။ သံဃိက အခင်းများ ဖြစ်လျှင် မိမိ၏ ကပ္ပိယ အခင်း ထပ်ခင်း၍ သုံးအပ်၏။)

မဟာစမ္မ သုံးခုပယ်ခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဥစ္စာသယန မဟာသယန တို့ကို ဘုရားရှင် ပယ်သည်ဟု သီဟ စမ္မ-ခြင်္သေ့ရေ၊ ဗျဂ္ဃ-ကျားရေ၊ ဒီပိ-သစ်ရေ-ဟူသော မဟာစမ္မ တို့ကို ဆောင်ကုန်၏။ မဉ္စ၊ ပီဌတို့၏ ပမာဏဖြင့် ဖြတ်၍ အတွင်းအပ၌ ခင်းကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ခြင်္သေ့ရေ၊ ကျားရေ၊ သစ်ရေ ဟူသော မဟာစမ္မကို မဆောင်အပ်-ဒုက္ကဋ်။ (သုံးမျိုး။)

သားရေအခင်းအားလုံး ပယ်ခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် မဟာစမ္မကို ပယ်သည်ဟု ဂေါဓမ္မ-နွားရေကို ဆောင်ကုန်၏။ မဉ္စပိဋ္ဌ အတွင်း အပ၌ ဖြတ်၍ ခင်းကုန်၏။ ပါပ ဘိက္ခု တစ်ဦးလည်း ပါပ- ဥပါသက တစ်ယောက်ထံ ချဉ်းကပ်၍ သစ်ငယ်အလား ပြောက်ကျား ဆန်းကြယ်သော နွားငယ်ကို မြင်၍ တစိမ့်စိမ့် ကြည့်၏။ အဘယ်ကြောင့် တစိမ့်စိမ့် ကြည့်သနည်းဟု မေးလတ်သော်၊ ဤ နွားငယ်၏ သားရေဖြင့် အလိုရှိသည်ဟု ဆို၏။

ပါပု ပါသကသည် နွားငယ်ကိုသတ်၍ သားရေခွါ၍ လှူလိုက်၏။ ထိုသားရေကို သင်္ကန်းဖြင့် ဖုံး၍ ယူသွားသော အခါ နွားမကြီသည် သားငယ်၌ စုံမက်ခြင်းဖြင့် ပါပ ဘိက္ခု နောက်သို့ တကောက်ကောက် လိုက်၏။ ရဟန်းတို့မြင်၍ ငါ့ရှင်၊ အဘယ်ကြောင့် သင်၏ နောက်သို့ နွားမ တကောက်ကောက် လိုက်သနည်းဟု မေးကုန်၏။ အဘယ်ကြောင့် လိုက်သည် မသိပါဟု ဆို၏။ သင်၏ သင်္ကန်း အဘယ်သို့ ဖြစ်လာသနည်းဟု သွေးလိမ်းကပ်သည်ကို မေးကြသောအခါ အကြောင်းကို ပြောပြ၏။

ပါဏာတိပါတကို ဆောက်တည်စေသလောဟု မေး၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ပါဏာတိပါတ၌ မဆောက်တည်စေအပ်။ ယထာ ဓမ္မ ကုစားစေအပ်၏။ ချစ်သားတို့၊ နွားသားရေကို မဆောင်အပ် ဒုက္ကဋ်။ ချစ်သားတို့၊ တစ်ခုတစ်ခုသော သားရေကို မဆောင်အပ်− ဒုက္ကဋ်။

ဂိဟိ ဝိဋက

ထိုအခါ လူတို့သည် မဉ္စ၊ ပီဌ တို့ကို သားရေဖြင့် မြှေးယှက်ကုန်၏။ ကြက်ကုန်၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ မထိုင်ကုန်။ ချစ်သားတို့၊ ဂိဟိဝိကဋ - လူတို့ပြောသော အခင်းကို ထိုင်ခြင်းငှါ ခွင့်ပြု၏။ အိပ်ခြင်းငှါ ခွင့်ပြု။

ထိုအခါ ဝိဟာရတို့ကို စမ္မ ဝဒ္ဓ- သားရေကြိုးဖြင့် ဩဂုမ္ဖိယန္တိ-ဖွဲ့ကုန်၏။ ရဟန်းတို့ မထိုင်ကုန်၊ ချစ်သားတို့၊ အဖွဲ့မျှကို အဘိနိသီဒိတုံ-မှီ၍ထိုင်ခြင်ခြင်းငှါ ခွင့်ပြု၏။

[ဩဂုမ္ဖိယန္တိ ဟူသည် နံရံ လက်ထောက် စသည်တို့၌ ရစ်၍ ဖွဲ့ကုန်၏။ အဘိနိသီဒိတုန္တိ အဘိနိဿယ နိသီဒိတုံ။ မှီရာပြု၍ ထိုင်ခြင်းငှါ ဟူလို။]

(ဋီတို့ ... အဘိနိဿာယာတိ အပ ဿာယ-မှီ၍ ထိုင်ခြင်းငှါ။)

ရွာတွင်း ဖိနပ်စီးခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဖိနပ်စီး၍ ရွာတွင်၊သို့ ဝင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ဖိနပ်စီး၍ ရွာတွင်းသို့ မဝင်အပ်-ဒုက္ကဋ်။

ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ ဖိနပ်နှင့်ကင်း၍ ရွာတွင်းသို့ ဝင်ခြင်းငှါ မတတ်နိုင်။ ချစ်သားတို့၊ ဂီလာန ရဟန်းသည် ဖိနပ်စီး၍ ရွာတွင်းသို့ ဝင်ခြင်းငှါ ခွင့်ပြု၏။

[ဤဂိလာန မည်သည် ဖိနပ်မပါဘဲ ရွာသို့ ဝင်ခြင်းငှါ မတတ်နိုင်သူတည်း။]

ကုဋိကဏ္ဏ သောဏ

ထိုအခါ အရှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုရုရဃရမြို့ ပပတက တောင်၌ နေ၏။ ထိုအခါ ကုဋိကဏ္ဏ ဖြစ်သော- သောဏ ဥပါသကာသည် အရှင်မဟာကစ္စည်းထံ တရားကျင့်လို၍ ရဟန်းပြုရန် တောင်းပန်၏။ ဒါယကာ၊ သာသနာ အကျင့်ကို တစ်သက်လုံး ကျင့်ခြင်းငှါ မလွယ်၊ လူ့ ဘောင်၌သာ နေ၍ သင့်သောအခါ အားထုတ်လောဟု ဆိုသဖြင့် ရဟန်းပြုလိုသောစိတ် ငြိမ်းသွား၏။ ဒုတိယအကြိမ်၌လည်း ထိုနည်းဖြင့် ငြိမ်းပြန်၏။ တတိယ-အကြိမ်၌ကား ရှင်အဖြစ်ကို ရ၏။ အဝန္တိ ဒက္ခိဏာပထသည် ရဟန်း နည်းပါး၏။ သုံးနှစ်လွန်မှ ရဟန်း ဆယ်ပါးပြည့်အောင် ဆင်းရဲစွာ စုဆောင်း၍ ရဟန်း ပြုပေးရ၏။

[ကုရုရဃရသည် မြို့ဖြစ်၏။ ဆွမ်းခံရွာတည်း။

ပပတကသည် ပပတ မည်သော တော၌ဖြစ်၏။ နေရာ ဌာနတည်း။

သောဏသည် အမည် ဖြစ်၏။ တစ်ကုဋေတန်သော နားတန်ဆာ ဆောင်သောကြောင့် ကုဋိကဏ္ဏ ဟုဆိုသည်။ ကောဋိကဏ္ဏ ဟူလို။

သင့်သောအခါ ဟူသည် ဥပုသ် ကာလနှင့် ယှဉ်သော အခါတည်း။ ဥပုသ်စောင့်သောအခါ ဟူလို။]

(သာဋီ ... ပပါတ တောင်၊ ပဝတ္တ တောင် ဟူ၍လည်း ဆိုကုန်၏၊ အမည်အားဖြင့် သောဏ။ သရဏဂုံသုံးပါးဖြင့် ဥပါသကာ အဖြစ်ကို ပြောကြားသောကြောင့် ဥပါသကာ။ တစ်ကုဋေတန်သော နားတန်ဆာ မဆာင်သောကြောင့် ကောဋိကဏ္ဏဟု ဆိုလိုလျက် ကုဋိကဏ္ဏဟု ထင်ရှား၏။ ဖဝါးမွေးနု ပေါက်သော သောဏ မဟုတ် ဟူလို။ အရှင်မဟာကစ္စည်းထံ ကရားနာရ၍ သာသာနာ၌ လွန်စွာ ကြည်ညိုသဖြင့် အရိပ်ရေ ပြည့်စုံသော ပါပတတောင်၌ ကျောင်းဆောက်၍ ပစ္စည်းလေးပါး လုပ်ကျွေးသူဖြစ်၏။

ရံခါ ချဉ်းကပ်သောအခါ တရားနာရ၍ သံဝေဂဉာဏ် ရ၍ တရားကျင့်လိုခြင်း ထက်သန်၏။ အခါတစ်ပါး ဥဇ္ဇေနီတို့ ကုန်သွယ်ရန် အသွားခရီး အကြား တောအုပ်၌ ကုန်သည်များစွာဖြင့် အိပ်စရာ ကျဉ်းမြောင်း သောကြောင့် တစ်ယောက်တည်း ခွဲအိပ်စဉ် အိပ်ပျော်၍ ကျန်ရစ်၏။ မိုးလင်း၍ လျင်စွာ လိုက်သွားသောအခါ ညောင်ပင် တစ်ပင်၌ ပြိတ္တာကို မြင်၏။ ကြီးသောကိုယ် ရှိ၏၊ အမြင်ဆိုးဝါး၏။ အရိုးမှ လွတ်သော မိမိ အသားကို မိမိစား၏။

သင် အဘယ်သူနည်း၊ အရှင် အကျွန်ုပ်ကား ပြိတ္တာ ဖြစ်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြုနေသနည်း။ အကျွန်ုပ်သည် ရှေးဘဝ၌ ဘာရုဂစ္ဆမြို့သား ကုန်သည် ဖြစ်၍၊ သူတစ်ပါး ပစ္စည်းကို စဉ်းလဲ လှည့်စားခဲ့၏။ ရဟန်းတို့ကိုလည်း ဆွမ်းခံကြွလာသောအခါ ကိုယ်အသား ကိုယ် စားကြလော့ဟု ဆဲရေးခဲ့၏။ ထိုကံကြောင့် ဤဒုက္ခကို ခံစားရပါသည်ဟု ဆို၏။ ထိုအခါ သောဏသည် ကြီးစွာသော သံဝေဂ ဉာဏ်ကို ရ၏။

ထိုနောက် ခရီးသွားစဉ် ပြိတ္တာငယ် နှစ်ယောက်ကို မြင်ပြန်၏။ ခံတွင်းမှ သွေးနက် ယိုစီးကုန်၏။ အကြောင်း မေးလတ်သော် မိခင်သည် ရဟန်းတို့အား ဆွမ်းလုပ်ကျွေးသည်ကို မကြည်ဖြူ သဖြင့် မိခင်လှူသော အစာကို စားသော ရဟန်းတို့အား ခံတွင်းမှ သွေးနက် အန်ထွက်ပါစေဟု ဆဲဆိုမိ ကုန်၏။ ထိုကံကြောင့် ငရဲ၌ ကျက်၍ ဝိပါက်ကြွင်းဖြင့် ပြိတ္တာ ဖြစ်၍ ဤ ဒုက္ခသို့ ခံစားကြရကုန်၏ဟု ဆိုသော်၊ သောဏသည် အလွန်အကဲ သံဝေဂ ဉာဏ်ကို ရပြန်၏။

ဥဇ္ဇေနီမှ ပြန်သောအခါ မဟာကစ္စည်းထံ ထိုအကြောင်း လျှောက်ကြား၍ ရဟန်းပြုရန် တောင်းပန်၏။ မထေရ်သည် ဤဒါယကာကား ဉာဏ်မရင့်သေး၊ ကာမဂုဏ် မစွန့်နိုင်သေးဟု ဉာဏ်ရင့်ချိန် စောင့်ဆိုင်းလျက် ရဟန်း အဖြစ် ခဲယဉ်းပုံကို ပြော၍ တားမြစ်တော်မူ၏။ သုံးကြိမ်မြောက်၍ ရှင်ပြုပေး၏။

ပစ္စန္တရာဇ်၌ ရဟန်း နည်းသောကြောင့် အကြိမ်ကြိမ် ပင့်ဆောင်သော်လည်း နောက် ရဟန်းများ မရောက်မီ ယခင် ရောက်နှင့်သော ရဟန်းများ ကိစ္စအားလျော်စွာ ဖဲသွားသဖြင့်၊ သုံးနှစ် လွန်မှ ဆယ်ပါးစုမိ၍ ရဟန်း ပြုပေးရလေ၏။)

အခွင့်ငါးပါး တောင်းခြင်း

ထိုနောက် ရှင်သောဏ ရဟန်း အဖြစ် ရ၍ ဝါကျွတ်သောအခါ၊ ငါသည် ဘုရားရှင်ကို ဤသို့ ဤသို့ဟု ကြားရဖူးသည်သာတည်း၊ မျက်မှောက် ထင်ထင် မဖူးမြင်ရသေး။ ဥပဇ္ဈာယ်ဆရာ ခွင့်ပြုလျှင် ဘုရားဖူး သွားမည်ဟု ကြံ၍ အရှင်မဟာကစ္စည်းအား လျှောက်ကြား၏။

ငါ့ရှင် သောဏ၊ သာဓု သာဓု၊ ဘုရားဖူးခြင်းငှါ သွားလော၊ ငါ၏ စကားဖြင့် ဤသို့ လျှောက်ကြားလော။ မြတ်စွာဘုရား၊ အကျွန်ုပ်၏ ဥပဇ္ဈာယ် အရှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပါသည်။

အဝန္တိတိုင်း ဒက္ခိဏာ ပထ၌ ရဟန်း နည်းသောကြောင့် ရဟန်း ပြုပေးရန် ရဟန်း ဆယ်ပါးကို သုံးနှစ်ကျော် စုဆောင်းရပါသည်။ ဒက္ခိဏာ ပထ၌ ရဟန်း အနည်းငယ်ဖြင့် ရဟန်း ပြုပေးနိုင်ရန် ခွင့်ပြုတော်မူပါ။

ဒက္ခိဏာ ပထ၌ မြေသည် မည်းနက်၍ ညီညွတ်ခြင်း မရှိ၊ နွားခွါရာတို့ဖြင့် ကြမ်းလှပါသည်။ အထပ်ထပ်သော ဖိနပ်ကို ခွင့်ပြုတော်မူပါ။

ဒက္ခိဏာ ပထ၌ လူတို့သည် ရေချိုးခြင်းကို အလေးပြုကြပါသည်။ မပြတ် ရေချိုးခြင်းကို ခွင့်ပြုတော်မူပါ။

ဒက္ခိဏ ပထ၌ သိုးရေ၊ ဆိတ်ရေ၊ သခင်ရေတို့ကို အခင်းပြုကြပါသည်။ မဇ္ဈိမဒေသ၌ ရေဂူ-ပြိန်းမြက် ဖျာကြမ်း၊ မောရဂူ-မြားမြက် ဖျာနု၊ မဇ္ဇာရူ-သင်ဖြူး၊ ဇန္တူ-ပိတ်မြက် ဖျာစိမ်းတို့ကို ခင်းသကဲ့သို့ သားရေတို့ကို ခင်းကြပါသည်။ သားရေအခင်းတို့ကို ခွင့်ပြုတော်မူပါ။

ယခုအခါ လူတို့သည် ဥပစာရ သိမ်ပသို့ ရောက်နေသော ရဟန်းတို့အား သင်္ကန်း လှူကုန်၏။ ထိုရဟန်းတို့ ရောက်လာသောအခါ (ဆယ်ရက် လွန်သဖြင့်) နိဿဂ္ဂိ မဖြစ်ပါစေလင့်-ဟု မခံယူကြကုန်။ သင်္ကန်း၌ ပရိယာယ် တစ်ခုကို မိန့်တော်မူပါ-ဤသို့ လျှောက်ကြားလောဟု မိန့်တော်မူ၏။

အရှင်သောဏသည် ဧဝံ ဘန္တေ-ဟုဝန်ခံ၍ ဘုရားရှင်ထံ ရောက်လတ်သော်၊ ဘုရားရှင်သီတင်းသုံးရာ ကျောင်းတော်၌ အိပ်ရာ နေရာရ၏။ မြတ်စွာဘုရားသည် နံနက် စောစော၌ ချစ်သား သောဏ၊ တရားဟောခြင်းငှါ သင်၏ ဉာဏ်၌ ထင်စေလော့ဟု တိုက်တွန်းသဖြင့် အဋ္ဌကဝဂ် သုတ်တို့ကို အသံထုတ်၍ ရွတ်ဆို၏။

ချစ်သား သောဏ၊ ကောင်းပေစွ ကောင်းပေစွ၊ သန့်ရှင်း ပီသ ပြတ်သားစွာ သင်ယူအပ်ပေသည်ဟု ချီးမွမ်း၍၊ ယခု ဝါ အဘယ်မျှ ရှိပြီနည်းဟု မေး၏။ တစ်ဝါ ရှိပါပြီဘုရား။ အဘယ်ကြောင့် ဤမျှ ကြာမြင့်ရသနည်း။ ကာမ ဂုဏ်၌ အပြစ်မြင်ခြင်း နောက်ကျသောကြောင့်ပါဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် လောကီပြစ်မြင် နိဗ္ဗာန်ထင်မှ အပျော်အရွှင် လွတ်နိုင်ပေသည် ... ဟု ဥဒါန်း ကျူးတော်မူ၏။ ထိုအခါ ရှင်သောဏသည် ဆရာ မှာလိုက်သော အခွင့် ငါးပါးတို့ကို လျှောက်ကြား၏။

[နွားခွါရာမြေ၌ လွှာချင်း ဖိနပ်တို့သည် စောင့်ရှောက်ခြင်းငှါ မဟုတ်နိုင်ကုန်။ ဤမျှ ကြမ်းသော မြေတို့ ဖြစ်ကုန်၏။

ဧရဂူသည် ဧရက တိဏ ဖြစ်၏၊ ကြမ်း၏။

မောရဂူသည် အဖျားနီသော အတွေ့နူးညံ့သော မြှားမြက် ဖြစ်၏။ ထိုမြားမြက်ဖြင့် ပြုသော တဋ္ဋိက သင်ဖြူးသည် အိပ်၍ ထကာမျှ၌ ဖောင်းကြွလျက် တည်၏။

မဇ္ဇာရု-သင်မြက်ဖြင့် ပုဆိုးတို့ကို လည်း ပြုကုန်၏။

ဇန္တု ... ပိတ်မြက်သည် မြအဆင်း ရှိ၏။]

[သာဋီ ... အရှင်သောဏသည် ပုထုဇဉ် သဒ္ဓါဖြင့်သာ ဘုရားဖူးလို၏၊ နောက်၌ ဘုရားရှင် တိုက်တွန်းသဖြင့် ၁၆-ခုသော အဋ္ဌကဝဂ် သုတ်တို့ကို ဟောသည် အဆုံး၌ ဝိပဿနာဖြစ်စေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ အဋ္ဌကဝဂ် သုတ်တို့ ဟူသည် (သုတ္တနိပါတ်) အဋ္ဌကဝဂ် ဖြစ်သော ကာမသုတ် စသော ၃၆-သုတ်တို့တည်း။ သန့်ရှင်းပီသ ပြတ်သားစွာ ဟောသောကြောင့် ကလျာဏ ဝက္ကရဏ ဧတဒဂ်၌ ထားတော်မူသည်။

ဝါ အဘယ်မျှ ရှိပြီနည်းဟု မေးခြင်းကား- မဇ္ဈိမ အရွယ် တတိယအဖို့ (၅၅-နှစ်ခန့်)၌ တည်၍ စိရတရ ပဗ္ဗဇ္ဇိတကဲ့သို့ အသွင်အပြင် ပြည့်စုံသည်ကိုရည်၍ မေးသည်ဟု ကေစိတို့ ဆိုကုန်၏။ အကြောင်း မဟုတ်။ ဤမျှ ကာလပတ်လုံး အဘယ်ကြောင့် မေ့နေရသနည်းဟု စိစစ်လို၍ မေးသည်။

ဝိဋီ ... အဋ္ဌကဝဂ် သုတ်တို့ - ဟူသည် သုတ္တနိပါတ်၌ အဋ္ဌကဝဂ်ဖြစ်သော ၁၆- သုတ်တို့တည်း။ ရှင်သောဏသည် မဇ္ဈိမအရွယ်၌ ရဟန်း ပြုသတတ်။ ထိုကြောင့် ရဟန်းမပြုဘဲ အိမ်၌ ကြာကြာနေကြောင်းကို မေးတော်မူသည်။)

မဇ္ဈိမဒေသနှင့် အခွင့်များ

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ အဝန္တိ ဒက္ခိဏာ ပထသည် ရဟန်း နည်း၏။ မြေကြမ်း၏။ ရေချိုးခြင်း အလေး ပြုကြ၏။ သားရေအခင်း ခင်းကုန်၏။ ချစ်သားတို့၊ ပစ္စန္တရာဇ် ဇနပုဒ်တို့၌ ဝိနည်းဓိုရ် ပဉ္စမ ရှိသော ရဟန်း အပေါင်းဖြင့် ဥပသမ္ပဒကံကို ခွင့်ပြု၏။

ပစ္စန္တရာဇ် ဇနပုဒ်တို့ကား - အရှေ့လားသော် ဂဇင်္ဂလ နိဂုံး၏ ပြင်ဘက် အင်ကြင်းပင်ကြီး။ အရှေ့တောင် လားသော် သလ္လဝတီမြစ်။ တောင်လားသော် သေတကဏ္ဏိကနိဂုံး။ အနောက်လားသော် ထူနီ ပုဏ္ဏားရွာ။ မြောက်လားသော် ဥသိရဒ္ဓဇတောင်။ ဤ အလား ငါးရပ်မှ ပြင်ပသည် ပစ္စန္တရာဇ် ဇနပုဒ်တို့ ဖြစ်ကုန်၏။ အတွင်းသည် မဇ္ဈေ-မဇ္ဈိမ ဒေသတည်း။

ချစ်သားတို့၊ ဤသို့သော ပစ္စန္တရာဇ်တို့၌ ဝိနယဓရ ပဉ္စမဂဏဖြင့် ဥပသမ္ပဒကံကို ခွင့်ပြု၏။ ချစ်သားတို့၊ ဤသို့သော ပစ္စန္တရာဇ်တို့၌ အထပ်ထပ် ဖိနပ်ကို ခွင့်ပြု၏။ အမြဲ ရေချိုးခြင်းကို ခွင့်ပြု၏။ သိုးရေ၊ ဆိတ်ရေ၊ သမင်ရေ အခင်းကို ခွင့်ပြု၏။ (ဤကား ပဒေသ ပညတ်လေးပါးတည်း။)

ချစ်သားတို့၊ လူတို့သည် ဥပစာရ သိမ်ပသို့ ရောက်နေသော ရဟန်းအား သင်္ကန်း လှူကုန်၏။ ချစ်သားတို့၊ သာယာလက်ခံခြင်းငှါ ခွင့်ပြု၏။ လက်သို့ မရောက်မီရက် ရေတွက်ခြင်းငှါ မလောက်ဟု ခွင့်ပြု၏။ (သဗ္ဗတ္ထ ပညတ် တစ်ပါး)။

ဤ ခန္ဓက၌ ဝတ္တု ၆၃။

[ဝိနည်းဓိုရ် ပဉ္စမ ဟူသည် ကမ္မဝါစာ ဆရာနှင့်တကွ ငါးပါး အပေါင်းတည်း။ (ကမ္မဝါစာဆရာကို ဝိနယဓရ-ဟု ဆိုသည်။)

အထပ်ထပ် ဖိနပ်၌ မနုဿ ဓမ္မ-လူ သားရေကို ဖယ်ထား၍ အမှတ်မရှိ သားရေ ဟူသမျှဖြင့် ဥပါဟနာ-ဖိနပ်သည် အပ်၏။ ဥပါဟန ကောသက-ဖိနပ်အိတ်။ သတ္တ ကောသက-ထားငယ်အိတ်။ ကုဉ္စိကာ ကောသက -သံကောက်အိတ်တို့၌လည်း ဧသေ ဝနယော။

သားရေ အခင်း၌ သိုးရေ၊ ဆိတ်ရေ ဟူသမျှကို ခင်း၍ ထိုင်ခြင်း၊ အိပ်ခြင်းငှါ အပ်၏။

မိဂစမ္မ -သမင်ရေ ဟူသည်ကား ဧဏိမိဂ-ဧဏိ မည်သော သား။ ဝါတမိက-သမင်ပျံ၊ ပသဒမိပ-ချေ။ ကုရုင်္ဂမိဂ-ဆတ်။ မိဂ မာတုက-စိုင်၊ ဝါ-အောက်မား။ ရောဟိတ မိဂ-သမင်ပါး၊ ဤ မိဂတို့၏သာလျှင် သားရေတို့သည် အပ်ကုန်၏။]

မအပ်သော သားရေ

[မက္ကဋ-မျောက်၊ ကာဠသီဟ-ဝံနက် (ဝါ- မျောက်ညို)၊ သရဘ-သရာဘ မည်သော သား၊ ကဒလိ မိဂ-ဝံပိုင်၊ ဝါဠမိဂ-ခြင်္သေ့ သစ် ကျား ဝံ အောင်း ဟူသော သားရဲ၊ ထိုသတ္တဝါတို့၏ သားရေသည် မအပ်။

ဝါဠမိဂ ဟူသည် သီဟဗျဂ္ဃ အာတရစ္ဆ တို့တည်း။ သားရေ အပ်သည်ဟု ဆိုအပ်သည်မှ ကြွင်းသော နွား၊ ကျွဲ၊ ယုန်၊ ကြောင် စသည်တို့ကို သော်လည်း ဤ ဝါဠမိဂ ဟူ၍ သိအပ်ကုန်၏။ ထိုသားရေအားလုံး မအပ်။]

သဗ္ဗတ္ထ ပညတ်တစ်ပါး

[လက်သို့ မရောက်မီ ဟူသည်၌ အကြင် ရွေ့လောက် ယူလာ၍ မလှူသေး၊ အရှင်တို့အား သင်္ကန်း ဖြစ်သည်ဟု စေ၍ မပြောကြားသေး။ ထိုရွေ့လောက် ကာလပတ်လုံး ရေတွက်ခြင်းသို့ မရောက်။ အဓိဋ္ဌာန် မတင်ဘဲ အပ်၏၊ အဓိဋ္ဌာန် တင်အပ်သည်ဟု ရေတွက်ခြင်းသို့ မရောက် ဟူလို။ အကြင် အခါ ယူလာ၍ လှူ၏။ ဖြစ်သည် ဟူ၍သော်လည်း ကြား၏။ ထိုအခါမှစ၍ ဆယ်ရက် အစောင့်အရှောက် ရ၏။]

[သာဋီ ... ကာဠသီဟသည် ကာဠမုခဝါနရ ဇာတိ။

ဝိဋီ ... ကာဠသီ ဟောတိ ကာဠမုခဝါနရ ဇာတိ ... မျက်နှာမည်းသော မျောက်မျိုး တည်း။

သားရေသည် မအပ်ဟူသည် ထိုင်စရာ အခင်းပြုလျှင် မအပ်။ ဘုမတ္တရဏ စသည်စွမ်းဖြင့် သေနာသန ပရိဘောဂသည် အပ်သည်သာတည်း။

ဇီဋီ ... မိဂ မာတုက၊ ဝါတမိဂသည် ထိုတို့၏ အမည်ဖြစ်၏။ ကဠသီ ဟောတိ ကာဠမု ခေါကပိ -မျက်နှာမည်းသော မျောက်တည်း။

သားရေသည် မအပ်ဟူသည် သားရေအပ်ကြောင်း နည်းသည် နောက်၌ ထင်ရှားလတ္တံ့။ မိမိ၏ ပုဂ္ဂလိက စွမ်းဖြင့် ဆောင်ခြင်းကို ပယ်အပ်၏။ နဘိက္ခဝေ ကိဉ္စိ စမ္မံဓာရေ တဗ္ဗံ - ဤမျှဖြင့် ပြီးသော်လည်း နဘိက္ခဝေ ဂေါစမ္မံ ဟူသည်ကို နောက် ပစ္စန္တရာဇ်၌ သားရေခင်းခွင့် ပြုရာ၌ ခွင့်ပြုလေသလော ဟု လျဉ်းပါးဖွယ် ဘေးကြောင့် ဆိုသည်ဟု မှတ်အပ်၏။)

(သားရေမှ တစ်ပါးဖြင့် ပြုလျှင် ပါဒုကာ-မအပ်။ လူသားရေမှ တစ်ပါးသော သားရေဖြင့် ပြုလျှင် ဥပါဟနာ-အပ်၏။ ရှေးမထေရ်တို့သည် ဖိနပ်၌ စက္ကူ၊ အဝတ်၊ သစ်ရွက်တို့ ရှိသည်ကိုရလျှင် ခွါ၍ ပယ်စွန့်၍ သုံးဆောင်ကုန်၏။ ရော်ဘာခေါ် ကြက်ပေါင်စေးခံ တို့ကို သားရေအား လျော်သည်ဟု အချို့ ယူကုန်၏။ သားရေမှ တစ်ပါး အလျော်ကို မပြသောကြောင့် မူအပ်ဟု အချို့ ယူကုန်၏။ တစ်ပြင်လုံး မဟုတ်ဘဲ ထိုထို နေရာ၌ ခိုင်အောင်ပြုခြင်းကိုကား အပြစ်မဆိုကုန်၊)

ဓမ္မက္ခန္ဓက ပြီး၏။

၆ - ဘေသဇ္ဇက္ခန္ဓက

လျက်ဖွယ်ဆေး ငါးပါး

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ရဟန်းတို့အား သာရဒိက-သရဒဥတု အနာနှိပ်စက်သဖြင့်၊ ယာဂုသောက် လည်း အန်၊ ဆွမ်းစားလည်း အန်သောကြောင့် ပိန်ချုံးကုန်၏။

ဘုရားရှင် မြင်၍ ဆေးလည်းဖြစ်၊ အာဟာရလည်း ဖြစ်သော ဆေးငါးပါးကို ခွင့်ပြုအံ့ဟု ကြံ၍ တရားဟောပြီးလျှင် ချစ်သားတို့၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ အားဖြင့် ဆေးငါးပါးတို့ကို နံနက် အကပ်ခံ၍ နံနက် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏ ဟု မိန့်တော်မူ၏။

ထော၊ ဦး၊ ဆီ၊ ပျား(၄)၊
တင်လဲအား(၁) - ငါးပါး လျက်ဖွယ်ဆေး။

ရဟန်းတို့သည် သိမ်မွေ့သော ထိုဆေး ငါးပါးဖြင့် အစာမကြေသော ရောဂါတိုး၍ အထူး ပိန်ချုံးကုန်၏။ ချစ်သားတို့၊ ထိုဆေး ငါးပါးတို့ကို အကပ်ခံ၍ နံနက်၌လည်းကောင်း၊ နေလွဲ၍လည်းကောင်း သုံးဆောင်ခြင်းငှါ ပြု၏။

[သာရဒိကသည် သရဒကာလ၌ ဖြစ်သောကြောင့် ပိတ္တာ ဗာဓ- သည်းခြေနာတည်း။ ထိုကာလ၌ မိုးစွက်ခြင်း၊ ရွံ့ညွှန် နင်း၍၊ အကြား အကြား၌ နေပူပြင်းခြင်းတို့ကြောင့် သည်းခြေသည် အူတွင်းသို့ ရောက်၏။

အစာမကြေ ဟူသည် ဝါတရောဂ- လေရောဂါကို ငြိမ်းစေခြင်းငှါ မတတ်နိုင်။ သေနေ သိတာ နီတိသိ နိဒ္ဓါနိ-သိမ်မွေ့ကုန်၏။ ဘတ္တစ္ဆန္ဒက-အစာ မစားလိုသော ရောဂါတိုး၏။]

(တော်သလင်းလဆုတ်မှ တန်ဆောင်မုန်း လပြည့်ထိ နှစ်လသည် သရဒ ဥတု မည်၏။)

(ဝိဋီ ... သည်းခြေသည် အူတွင်းသို့ ရောက်၏-ဟူသည် ပြင်ပကိုယ်လုံးနှံ့ တည်သော အဗဒ္ဓ သည်းခြေသည် အူတွင်းသို့ ဝင်ရောက်၏။ သည်းခြေ ပျက်၏ ဟူလို။ နစ္ဆာဒေန္တိတိ ရုစိံ န ဥပ္ပါဒေန္တိ - စားခြင်းငှါ အလိုကို မဖြစ်စေကုန်။)

(ထောပတ် စသော ဆေး ငါးပါးသည် နံနက် အကပ်ခံလျှင် ထိုနေ့ နံနက်၌ အာမိသနှင့်လည်း အပ်၏။ နေလွဲမှ စ၍ ခုနစ်ရက်လုံး အာမိသကင်းမှ အပ်သည်။ နေလွဲ အကပ်ခံလျှင် ခုနစ်ရက်လုံး အာမိသကင်းမှ အပ်သည်။ ခွက်၌ လည်းကောင်း ခံတွင်း၌ လည်းကောင်း အမိသ မရောအပ်။)

သားဆီ ငါးပါး

ထိုအခါ ဂိလာန ရဟန်းတို့အား သားဆီဆေးဖြင့် အလိုရှိ၏။ ချစ်သားတို့၊ သားဆီ ဆေးတို့ကို ခွင့်ပြု၏။ အစ္ဆဝသံ-ဝံဆီကို၊ မစ္ဆဝသံ - ငါးဆီကို၊ သုသုမာရဝသံ-သမုဒြာ ငါးဆီကို၊ သူကရဝသံ-ဝက်ဆီကို။ ဂဒြဘဝသံ-မြဲဆီကို ခွင့်ပြု၏။ နံနက် အကပ်ခံ၍ နံနက် ချက်၍ ဆီအဖြစ်ဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

ချစ်သားတို့၊ နေလွဲ အကပ်ခံ၊ နေလွဲ ချက်၊ နေလွဲ စစ်၍ သုံးဆောင်အံ့။ ဒုက္ကဋ်။ သုံးခု။

နံနက် အကပ်ခံ၊ နေလွဲ ချက်၊ နေလွဲ စစ်၍ သုံးဆောင်အံ့- ဒုက္ကဋ် နှစ်ခု။

နံနက် အကပ်ခံ၊ နံနက် ချက်၊ နေလွဲ စစ်၍ သုံးဆောင်အံ့- ဒုက္ကဋ်။

နံနက် အကပ်ခံ၊ နံနက် ချက်၊ နံနက် စစ်၍ သုံးဆောင်အံ့- အနာပတ္တိ (လေးဝါရ)။

[ဝံဆီ စသည်ကို နိဿဂ္ဂိ အဖွင့်၌ ဆုံးဖြတ်သည်။

နံနက် အကပ်ခံ စသည်၌ မွန်းတည့်မလွန်မီ အကပ်ခံ၍ နိပက္ကံ-ပစိတွာ-ချက်၍၊ သံသဋ္ဌံ ပရိဿာဝေတွာ-စစ်၍ ဟူသော အနက်တည်း။

ဆီအဖြစ်ဖြင့် ဟူသည် သတ္တာဟ ကာလိက ဆီကို သုံးဆောင်ခြင်းဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။]

(သာဋီ ... သုသုကာသည် သမုဒြာ၌ ဖြစ်သောငါးတစ်မျိုး။ ကုမ္ဘိလ- လပိုင် ဟူ၍လည်း ဆိုကုန်၏။

သံသဋ္ဌန္တိ ပရိဿဝိတံ−စစ်၍၊ ဆီအဖြစ်ဖြင့် ဟူသည်ကို သတ္တာဟ ကာလိက ပရိဘောဂကို ရည်ဆိုသည်။

ဝိဋီ ... ထို အတူတည်း။)

(အပ္ပိယ မံသမှ ဝံဆီကို ခွင့်ပြုသည်။ အဆီ၌ လူဆီ-မနုဿဝသာ တစ်မျိုးသာ မအပ်။)

အမြစ်ဆေး

ထိုအခါ ဂိလာနတို့အား အမြစ်ဆေး အလိုရှိ၏။ ချစ်သားတို့၊ ဟလိဒ္ဒိ-နနွင်း၊ သိင်္ဂီဝေရ-ချင်း၊ ဝစ-လင်းနေ၊ ဝစ္စတ္တံ (သေတဝစ) - ဆိတ်ဖူး၊ အတိဝိသ−ဓိဝုတ်၊ ကဋုက ရောဟိဏီ-ကုလားဆောင်း မေးခါး။ ဥသီရ-ပန်းရင်း။ ဘဒ္ဒမုတ္တက- နွား မြေရင်း။ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အကျိုးမပြီးသော အမြစ် ဟူသမျှ - ထိုအမြစ် ဆေးတို့ကို အကပ်ခံ၍ ယာဝဇီဝံ-တစ်သက်လုံး ဆောင်ခြင်းငှါ အကြောင်းရှိလျှင် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ အကြောင်းမရှိဘဲ သုံးဆောင်အံ့ ဒုက္ကဋ်။

ဂိလာနတို့အား မူလ ဘေသဇ္ဇပိဋ္ဌ-အမြစ်ဆေး အမှုန့် အလိုရှိ၏၊ ချစ်သားတို့၊ နိသဒံ-ကျောက်ပျဉ်ကို၊ နိသဒ ပေါတကံ- ကျောက်သားကို ခွင့်ပြု၏။

[အမြစ်ဆေး စသော ဝိနိစ္ဆယကို ဝိကာလ ဘောဇန ပါစိတ်၌ ဖွင့်သည်။ ဝစတ္တန္တိ သေတဝစံ - လင်းဖြူ၊ ဝါ-ဆိတ်ဖူး။

နိသဒ၊ နိသဒ ပေါသတသည် ပိသန သိတာ-ကြိတ်စရာ ကျောက်၊ ပိသန ပေါတက- ကြိတ်စရာ ကျောက်လုံးတည်း။]

(သာဋီ ... ပိဋ္ဌေဟီတိ ပိသိတေဟိ- ကြိတ်ချေအပ်သော အမြစ်ဆေး တို့ဖြင့် အလိုရှိ၏။

ဝိဋီ ... ထိုအတူတည်း။

ဇီဋီ ... ပိဋ္ဌေဟီတိ ပိသီတတေ လေဟိ- ကြိတ်သော အဆီတို့ဖြင့်။) အနာအကြောင်း ရှိလျှင် ဂိလာနအား၊ ဆာခြင်း အကြောင်းရှိလျှင် အဂိလာနအား ပစ္စဝေက္ခဏာ ဆင်ခြင်၍ စားအပ်၏။ အကြောင်းရှိသော်လည်း မဆင်ခြင်ဘဲ စားလျှင် ဝိကာလ ဘောဇန အန္တရာပတ် ဒုက္ကဋ် တည်း၊

ဖန်သော ဆေး

ထိုအခါ ဂိလာနတို့အား အဖန်ဆေး အလိုရှိ၏။ ချစ်သားတို့၊ နိမ္ဗကသာ၀ - တမာဖန်၊ ကဋဇ - လက်ထုတ်ဖန်၊ ဖဂ္ဂဝ-ခွေးတောက်ဖန်၊ နက္ကမာလ(ကရဉ္ဇ)-သင်းဝင်ဖန်၊ ထိုမှတစ်ပါး အာဟာရ ကိစ္စ မပြီးသော ဖန် ဟူသမျှ။ ထိုအဖန် ဆေးတို့ကို အကပ်ခံ၍ တစ်သက်လုံး ဆောင်ခြင်းငှါ အကြောင်းရှိလျှင် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ အကြောင်း မရှိဘဲ သုံးဆောင်အံ့ ဒုက္ကဋ်။

[ဖဂ္ဂဝသည် လတာဇာတိ-နွယ်မျိုး။ နတ္တမာလန္တိကရဉ္ဇံ။]

(ဝိဋီ ... ကသာဝ ဟူသည် သစ်ခေါက် စသည်တို့ကို ရေ၌ ပူစေ၍ ယူသော ဦသရ-ဖန်သော အရည်ဖြစ်၏။)

အရွက်ဆေး

ထိုအခါ ဂိလာနတို့အား သစ်ရွက်ဆေး အလိုရှိ၏။ ချစ်သားတို့၊ နိမ္ဗပဏ္ဏ-တမာရွက်၊ ကုဋဇ-လက်ထုတ်ရွက်၊ ပဋောလ-ဗြူးတားရွက်၊ တုလတိ-ရုံးရွက်၊ ကပ္ပါသ-ဝါရွက်၊ ထိုမှတစ်ပါး အာဟာရ ကိစ္စမပြီးသော သစ်ရွက် ဟူသမျှ- ထိုသစ်ရွက်ဆေး ကိုကို အကပ်ခံ၍ တစ်သက်လုံး ... ။

အသီးဆေး

ထိုအခါ ဂိလာနတို့အား သစ်သီးဆေး အလိုရှိ၏။ ချစ်သားတို့၊ ဗိဠင်္ဂ-အိပ်မွေ့သီး၊ ပိမ္ဖလိ- ပိတ်ချင်းသီး၊ မရိစ–ငရုတ်--ငရုတ်ကောင်းသီး၊ ဟရီဋက-သဖန်းခါးသီး၊ ဝိဘေဒက-သစ်ဆိမ့်သီး၊ အာမလက-သျှိသျှားသီး၊ တောဋ္ဌဖလ-သမင်စာသီး၊ ထိုမှ တစ်ပါး အာဟာရ ကိစ္စမပြီးသော သစ်သီး ဟူသမျှ ... တစ်သက်လုံး။

အစေးဆေး

ထိုအခါ ဂိလာနတို့အား ဇတု- အစေးဆေး အလိုရှိ၏။ ချစ်သားတို့၊ ဟိင်္ဂု -ပင်ယို ရှိန်းခိုစေး၊ ဟိင်္ဂု ဇတု-ရိုးရွက် ချက် ရှိန်းခိုစေး၊ ဟိင်္ဂု သိပါဋိက-ရွက်ချိန် ရှိန်းခိုစေး၊ တက-ညွှန့်ဖျားထွက် ရှိန်းခိုစေး၊ တက ပတ္တိ- ရွက်ထွက် ရှိန်းခိုစေး၊ တက ပဏ္ဏိ-ရွက်ရင့် ပေါင်းပြုသော ရှိန်းခိုစေး၊ ဝါ-ရိုးထွက် ရှိန်းခိုစေး၊ သဇ္ဇုလသ-- ပွဲလျက်စေး။ ထိုမှတစ်ပါး အာဟာရ ကိစ္စ မပြီးသော အစေး ဟူသမျှ ... တစ်သက်လုံး။

[ဟိင်္ဂု ၊ ဟိင်္ဂု ဇတု၊ ဟိင်္ဂုသိပါဋိတ- သုံးမျိုးသည်၊ ဟိင်္ဂု ဇာတိ- ရှိန်းခိုမျိုးသာတည်း။

တက၊ တက ပတ္တိ၊ တက ပဏ္ဏိ-သုံးမျိုးသည် လာခါ ဇာတိ-ချိပ်မျိုး။]

ဆားဆေး

ထိုအခါ ဂိလာနတို့အား လောဏ-ဆားဆေး အလိုရှိ၏၊ ချစ်သားတို့၊ သာမုဒ္ဒ-ပင်လယ်ဆား၊ ကာဠ လောဏ-ပကတိဆား၊ သိန္ဓဝ-သိန္ဓော၊ ဥဗ္ဘိဒ-မြေပေါက်ဆား။ ဗိလ-ချက်ဆား။ ထိုမှတစ်ပါး အာဟာရကိစ္စမပြီးသော ဆား ဟူသမျှ ... တစ်သက်လုံး..

[သာမုဒ္ဒသည် သမုဒြာကမ်း၌ သဲကဲ့သို့ တည်၏။

ကာဠ လောဏသည် ပကတိ လောဏ။

သိန္ဓဝသည် ဖြူ၏။ တောင်၌ ပေါက်၏။

ဥဗ္လိဒ သည် မြေမှ အညှောက်ပေါက်၏။

ဗိလသည် အဆောက်အဦတို့နှင့်တကွ ချက်သော ဆားဖြစ်၏။ နီ၏။]

သာဋီ ... ဥဗ္ဘိဒံနာမ ဦသရ ပံသုမယံ။

ဝိဋီ ... ဥဗ္ဘိဒန္တိ ဥသဒ ပံသု မယံ - ဆပ်ပြာ မြေဖြင့်ပြုသော ဆား။

လောဏ ဗိလန္တိ လောဏ ဝိသေသော-ဆားထူး။)

ဝဲနာဆေး၊ ဆေးမှုန့်

ထိုအခါ အာနန္ဒာ၏ ဥပဇ္ဈာယ် ရှင်ဗေလဋ္ဌ သီသအား ထုလ္လကစ္ဆ-ဝဲကြီးနာ စွဲကပ်၏။အနာစေးဖြင့် သင်္ကန်းတို့ ကိုယ်တို့ ကယ်ကုန်၏။ ရေဆွတ်ခွါရ၏။

ချစ်သားတို့၊ ကဏ္ဍုဝါ-ယားနာ၊ ပိဠကာ-အိုင်းနာ၊ အဿာဝေါ-အရည်အရွှဲ ယိုသော အနာ- ထုလ္လကစ္ဆာ ဗာဓော-ဝဲကြီးနာရှိသူအား လည်းကောင်း၊ ကိုယ်နံ့ မကောင်းသူအား လည်းကောင်း စုဏ္ဏ-အမှုန့်ဆေးတို့ကို ခွင့်ပြု၏။ အနာ မရှိသူအား ဆကဏ-နွားချေးခြောက်၊ မတ္တိက- မြေညက်ခဲ၊ ရဇန နိပက္က-- ဆိုးရည်ဖတ်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ဥဒုက္ခလ-ဆုံ၊ မုသလ- ကျည်ပွေ့ကို ခွင့်ပြု၏။ ဂိလာနတို့အား စာလိက-ဆင့်သော ဆေးမှုန့် အလိုရှိ၏။ ချစ်သားတို့၊ စုဏ္ဏ စာလိန-ဆင့်သော ဆေးမှုန့်ကို ခွင့်ပြု၏။

သဏှ- သိမ်မွေ့သော ဆေးမှုန့် အလိုရှိ၏။ ချစ်သားတို့၊ ဒုဿ စာလိန - အဝတ်ဖြင့် ဆင့်သော ဆေးမှုန့်ကို ခွင့်ပြု၏။

[ကိုယ်နံ့ မကောင်း ဟူသည် အချို့အား မြင်း စသည်တို့၏ အနံ့ကဲ့သို့ ကိုယ်နံ့ ဖြစ်၏။ ထိုသူအားလည်း သိရီသ- ကုက္ကို၊ ကောသုမ္ဘ- ဝတ်ပန်း စသော အမှုန့်၊ နံ့သာမှုန့်တို့လည်း အပ်ကုန်၏။

ဆကဏန္တိ ဂေါမယံ၊ ရဇနနိ ပက္ကန္တိ ရဇနက သဋံ -ဆိုးရည်ကျိုပြီးသော အဖတ်မှုန့်တည်း။

ပါကတိက စုဏ္ဏကိုသော်လည်း ထောင်း၍ ရေဆွတ်၍ ရေချိုးခြင်းငှါ အပ်၏၊ ရာဇနနိ ပက္က မည်သည်သာ တည်း။]

(သာဋီ ... ဆကဏကန္တိ ဂေါမယံ။ ပါကဟိတ စုဏ္ဏသည် မကျိုသော ကသာဝ အမှုန့်တည်း။ ထိုကြောင့် နံ့သာမှုန့်ဖယ်၍ အားလုံးအပ်သည်ဟု ဆိုကုန်၏။

ဝိဋီ ... ဆကဏန္တိ ဂေါမယံ-န္နားချေး။ ပကတိ စုဏ္ဏသည် အဝက္ကသာဝ စုဏ္ဏတည်း။ ဂန္ဓ စုဏ္ဏကား မအပ်။

ပါဠိ၌ စုဏ္ဏ စာလိနိသည် ဆုံ၌ ထောင်းသော အမှုန့်ကို ဆင့်ခြင်းတည်း။)

အာမသ မံသ

ထိုအခါ ရဟန်းတစ်ပါးအား အမနုဿိကာ ဗာဓ- ဘီလူးဖမ်းသော အနာဖြစ်၏။ စောင့်ရှောက်၍ မရ၊ ဝက်သားဆိုင်သို့ သွား၍ အာမက မံသ-အသားစိမ်းကို စား၏။ အာမက မလာဟိတ-သွေးစိမ်းကို သောက်၏။ ထိုအခါ အနာငြိမ်း၏။

ချစ်သားတို့၊ အမနုဿိကာ ဗာဓ ကြောင့်၊ အာမက မံသကို လည်းကောင်း၊ အာမက မလာဟိတကို လည်းကောင်း၊ ခွင့်ပြု၏။

[အသားစိမ်း၊ အသွေးစိမ်းကို ရဟန်းသည် မစား၊ မသောက်။ ဘီလူးသည် စားသောက်၍ ထွက်သွား၏။ ထိုကြောင့် အနာငြိမ်း၏ဟု ဆိုသည်။]

ဩဒိဿ ခုနစ်ပါး

(ဘေသဇ္ဇ သိက္ခာပုဒ် အဖွင့်၌ ဩဒိဿ ခုနစ်ပါး ပြသည်။ ဘီလူးဖမ်းသော အနာရှိသူအား သွေးစိမ်း၊ သားစိမ်း ခွင့်ပြုခြင်းသည် ဗျာဓိ ဩဒိဿ မည်၏။ နေလွဲ၌လည်း အပ်သည်။ အကပ္ပိယ မံသ ဆယ်ပါးလည်း အပ်သည်။ တစ်ပါးသော ရဟန်းအား မအပ်။

စားမြုံ့ ပြန်တတ်သော ရဟန်းအား စားမြုံ့ ပြန်ခွင့် ပြုခြင်းသည် ပုဂ္ဂလော ဒိဿ။

မြွေခဲသောအခါ မဟာဝိကဋဆေး (ဝိရူပ ဆေး) လေးပါးကို အကပ်မခံသော်လည်း စားခွင့် ပြုခြင်းသည် ကာလော ဒိဿ ...။

ဂဏဘောဇန သမယ စသော ထိုထို သမယ၌ အနာပတ္တိဟု ခွင့်ပြုခြင်းသည် သမယော ဒိဿ ...။

ပစ္စန္တရာဇ်၌ ငါးပါးဖြင့် ဥပသမ္ပဒကံ စသည် ခွင့်ပြုခြင်းသည် ဒေသော ဒိဿ။

လူဆီမှ တစ်ပါး သားဆီ ဟူသမျှကို သတ္တာဟ ကာလိက တေလ အဖြစ်ဖြင့် ခွင့်ပြုခြင်းသည် ဝသော ဒိဿ ...။

ထောပတ် စသော ငါးမျိုးကို အာဟာရ ကိစ္စပြီးလျက် သတ္တာဟ ကာလိက ဆေးအဖြစ်ဖြင့် ခွင့်ပြုခြင်းသည် ဘေသဇ္ဇော ဒိဿ မည်၏။

ဗျာဓိ၊ ပုဂ္ဂလာ (၂) ကာလာ၊ သမယော (၂)၊ ဒေါသော၊ ဝသ (၂)၊ ဘေသဇ္ဇ (၁)-သတ္တ ဩဒိဿ။

ပုရိသတို့သည် ဘိက္ခုနီတို့ကို ခြေ၌ဆုပ်ကိုင်၍ ရှိခိုးခြင်း၊ ဆံရိတ်ခြင်း၊ အနာ ဆေးကုခြင်းတို့ကို ပြုကုန်အံ့၊ ဘိက္ခုနီ တို့အား သာယာသော်လည်း အနာပတ္တိ။ သြဒိဿ အနုညာတ ဖြစ်၍ အပ်သည်ဟု အဋ္ဌကထာ တို့၌ ဆို၏။ ထို့ပြင် ထိုထိုနေရာ၌ ဩဒိဿ အနုညာတတို့ ရှိကုန်သေး၏။ ဘေသဇ္ဇ သိက္ခာပုဒ်၌ကား ခုနစ်ပါးမျှသာ ပြသည်။)

ငါးချဉ် စသည်

(ငါး၊ အမဲ၊ ပုစွန် တို့ကို နုပ်နုပ်စင်း၍ ထမင်းဖြင့် နယ်၍ တညဥ့် နှစ်ညဥ့် သိပ်၍ ငါးချဉ်၊ အမဲချဉ်၊ ပုစွန်ချဉ်ဟု-ဆီ၊ ငရုတ်၊ ကြက်သွန်တို့နှင့် မြိန်မြတ်စွာ လူအချို့ စားကုန်၏။ ရဟန်းတို့အားလည်း လှူကုန်၏။ အချို့ သုံးဆောင်ကုန်၏။ အချို့ကား အာမက မံသဟု မသုံးဆောင်ကြကုန်။ ကိုယ်တိုင်ချက်လျှင် သာမံမတ္တ အပြစ်လည်း မလွတ်နိုင်ဟု ဆိုကုန်၏။

ဂရုကလဟု ကေသု-စသည်ဖြင့်လည်း ဉာဏ်အခွင့်ကို ပိတ်ဆို့လျက် ပြီးလွယ်အောင် ဆိုတတ်ကုန်၏။ ဉာဏ်စီစစ်လျှင်ကား-အသားစိမ်း ခေါက်ခေါက်ဖြင့် စိမ်သော လောဏ လောဝီရက ဆေးကို တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်ခန့် စိမ်သောအခါ ဂိလာနအား လေနာ ပျောက်ဆေး၊ အဂိလာနအား ရေရော၍ အဖျော်ဟု ခွင့်ပြုခြင်းဖြင့် နေ့ရက် အချိန် ကာလတိုင်း အစိမ်းမှ အကျက်သို့ အဖျာ်သို့ပင် ကာလိက ရွှေ့ပြောင်းပုံကို လည်းကောင်း၊ မြက်မီးရှူးလက်မှ ကျရာ မြေ၌ ထင်းပုံ၍ ထည့်ကောင်းခြင်း၊ အပူငွေ့ရောက်ရာ မြေကို ဖျက်ဆီးကောင်းခြင်း တို့ကို ဋ္ဌကထာ ဆိုခြင်းဖြင့် ဇာတ ပထဝီသည် အဇာတ ပထဝီ မြေကျက် ဖြစ်လွယ်ပုံကို လည်းကောင်း သိအပ်၏။

ထိုကြောင့် ထိုအစာသည် အစိမ်းခေါက်ခေါက် အာမက မံသ မဟုတ်၊ မနပ်တစ်နပ် အသားဟင်း၊ မကျက်တကျက် ဘဲဥကြော်အလားသာ ဖြစ်၏။ သပိတ်၌ မနပ်သောဆွမ်းကို အငွေ့ဖြင့် နပ်အောင်ဖုံးလျှင်သာ သာမံပက္က အပြစ်မလွတ်။ နို့ရက်တက်တို့ကား တစ်ကြိမ် ဆူလျှင် မီးထိုးကောင်းပြီ ဋ္ဌကသာ ဆိုခြင်းကြောင့် ထိုအစာသည် သာမံပက္က အပြစ်မလွတ်။ မနပ်တစ်နပ် ဘဲဥကြော်လည်း သာမံပတ္တ အပြစ် မလွတ်၊ အာမက ကံသ အဖြစ်မှကား လွတ်သည်၊ ဘီလူးပူး၍ စားသော အစိမ်းခေါက် မဟုတ် ဟူ၍သာ ဆုံးဖြတ်အပ်၏။ သို့ရာတွင် သံသယ မကင်းသူအား အပ်သည်၌ပင်။ ဒုက္ကဋ် သင့်ခြင်းကိုလည်း သတ်ပြုအပ်ပေ၏။ ဂရုကလဟု ကေတုကို ဖြည်းဖြည်းစဉ်းစား၍ ဆိုသင့်၏။)

မျက်စဉ်းဆေး

ထိုအခါ ရဟန်းတစ်ပါးအား မျက်စိ ရောဂါဖြစ်၏။ ချီပွေ့၍ ကျင်ကြီး ကျင်ငယ် စွန့်စေရ၏။ ချစ်သားတို့၊ အဉ္ဇန-မျက်စဉ်း သာမန်၊ ကာဠဉ္ဇန - မည်းသော မျက်စဉ်း၊ ရသဉ္ဇန - ဆေး ထူးထူးဖြင့် ပြုသော မျက်စဉ်း၊ သောတဉ္ဇန - ရေယဉ် မျက်စဉ်း၊ ဂေရုက - ဂွေ့မျက်စဉ်း၊ ကပလ္လ - မင်သေ မျက်စဉ်း တို့ကို ခွင့်ပြု၏။

အဉ္ဇနုပ ပိသန - မျက်စဉ်းနှင့် ကြိတ်စရာဆေး အလိုရှိကုန်၏။ ချစ်သားတို့၊ စန္ဒန-စန္ဒကူး၊ တဂရ- ထောင်ဇလပ်၊ ကာလာနုသာရိ- အကျော်၊ ကာလိသ - ကရမက်၊ ဘဒ္ဒပုတ္တက - နွားမြေရင်း တို့ကို ခွင့်ပြု၏။

ရဟန်းတို့သည် မျက်စဉ်းမှုန့်ညက် တို့ကို ခွက်ငယ်တို့၌ ထားကုန်၏။ မြက်မှုန့် ခြေမှုန့် ပြွမ်း၏။ ချစ်သားတို့၊ အဉ္ဇနီ – မျက်မျဉ်းကျည် (မျက်စဉ်းကျည်တောက်ဘူး)ကို ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် ပြုသော မျက်စဉ်းကျည် အယုတ်အမြတ် တို့ကို ဆောင်ကုန်၏။

ချစ်သားတို့၊ မျက်စဉ်းကျည် ယုတ်မြတ် မဆောင်အပ်။ ဒုက္ကဋ်။ ချစ်သားတို့၊ အဋ္ဌိမယ-အရိုးဖြင့် ပြီးသော မျက်စဉ်းကျည်၊ ဒန္တ-ဆင်စွယ်၊ ဝိသာဏ−သားချို၊ နဠ-ကျူ၊ ဝေဠ-ဝါး၊ ကဋ္ဌ-သစ်သား၊ ဇတု-ချိပ်၊ ဖလ-သစ်သီး၊ လောဟ-သံ၊ သင်္ခနာဘိ-ခရုချက်၊ ဝါ-ခရုခွံဖြင့် ပြီးသော မျက်စဉ်းကျည်ကို ခွင့်ပြု၏။

မျက်စဉ်းကျည် အဖုံးမရှိ၍ မြူကျ၏။ ချစ်သားတို့၊ အပိဓာန-အဖုံးကို ခွင့်ပြု၏။ အဖုံးလွတ်ကျ၏။ ချစ်သားတို့၊ ကြိုးချည်၍ မျက်စဉ်းကျည်၌ ဖွဲ့ခြင်းငှါ ခွင့်ပြု၏။၊ မျက်စဉ်းကျည် လွတ်ကျ၏။ ဝါ-ကွဲ၏။ ချစ်သားတို့၊ ကြိုးဖြင့် ချည်ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် လက်ချောင်းဖြင့် မျက်စဉ်းခတ်၍ မျက်စိ နာကျင်၏။ ချစ်သားတို့၊ အဉ္ဇနိ သလာက - မျက်စဉ်းတံကို ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် မျက်စဉ်းတံ ယုတ်မြတ် ဆောင်ကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ မျက်စဉ်းတံ ယုတ်မြတ် မဆောင်အပ်- ဒုက္ကဋ်။ ချစ်သားတို့၊ အဋ္ဌိမယ ...လ... သင်္ခနာဘိမယကို ခွင့်ပြု၏။

မျက်စဉ်းတံ မြေသို့ကျ၍ ကြမ်း၏။ ချစ်သားတို့၊ သလာကဋ္ဌာနိယ-မျက်စဉ်တံ ထားစရာကို ခွင့်ပြု၏။

ရဟန်းတို့သည် မျက်စဉ်းကျည်၊ မျက်စဉ်းတံကို လက်ဖြင့် ဆောင်ကုန်၏။ ချစ်သားတို့၊ အဉ္ဇနိထဝိက-မျက်စဉ်းအိတ်တို့ ခွင့်ပြု၏။

အံသဗဒ္ဓက - ပခုံးဖွဲ့ မရှိ။ ချစ်သားတို့၊ ပခုံးဖွဲ့ကြိုးကို၊ ချည်စရာ ကြိုးကို ခွင့်ပြု၏။

[အဉ္ဇနသည် အားလုံး သိမ်းကျုံးသော စကား ဖြစ်၏။

ကာနဠဉ္ဇန သည် မြစ်ရေအယဉ် စသည်တို့၌ ဖြစ်သော မျက်စဉ်းတည်း။

ဂေရုကော နာမ သုဝဏ္ဏ ဂေရုကော-အဆင်းရွှေသော ဂွေ့သင်္ဘောတည်း။

ကပလ္လ သည် မီးလျှံမှ ဟူသော မင်တည်း။

အဉ္ဇနုပ ပိသနသည် မျက်စဉ်းနှင့်အတူ တကွ ကြိတ်စရာတည်း။ အဉ္ဇနုပ ပိသန တစ်စုံတစ်ခုသည် မအပ်သည် မရှိ။

စန္ဒနသည် စန္ဒကူးနီ စသည် အားလုံးတည်း။ တဂရ စသည် ထင်ရှား၏။ တစ်ပါးသော နီလုပ္ပလ-ကြာညို စသည်တို့လည်း အပ်ကုန်၏။

အဋ္ဌိမယသည် လူရိုးမှ တစ်ပါး အရိုး ဟူသမျှတည်း။

ဒန္တသည် ဆင်စွယ် စသော အစွယ်အားလုံးတည်း။

ဝိသာဏ၌လည်း မအပ် မည်သည် မရှိ။ နဠ စသည် တို့အား ဧကန္တ ကပ္ပိယတို့ သာတည်း။

သလာကဋ္ဌာနိယ သည် မျက်စဉ်းတံ ကို ထည့်ထားစရာ အခေါင်းရှိသော အတံဖြစ်စေ၊ အိတ်ဖြစ်စေ ခွင့်ပြု၏ ဟူလို။

အံသဗဒ္ဓကသည် မျက်စဉ်းအိတ်၌ တပ်စရာ ပခုံးဖွဲ့ ကြိုးတည်း။]

(သာဋီ ... သုဝဏ္ဏ ဂေရုကောတိ သုဝဏ္ဏ ထုတ္ထာဒိ။ အဉ္ဇနုပ ပိသန သည် မျက်စဉ်း အလို့ငှါ ကြိတ်အပ်သော အမှုန့်မျိုးတည်း။

ဝိဋီ ... သုဝဏ္ဏ ဂေရုကန္တိ သုဝဏ္ဏ တုဋ္ဌာဒိ။ ပါဠိ၌ အဉ္ဇနုပ ပိသနသည် မျက်စဉ်း၌ ထည့်ခြင်းငှါ ကြိတ်အုပ်သောဆေး။

ဇီဋီ ... နာနာသမ္ဘာရတို့ဖြင့်ဟူသည် အထူးထူးသော ဆေးတို့ဖြင့် ပြုသော မျက်စဉ်း။)

ဦးခေါင်းပူ-နှာစေး

ထိုအခါ ပိလိန္ဒဝစ္ဆာအား သီတာဘိတာပ- ဦးခေါင်းပူ-ဦးယည်းနာ ဖြစ်၏။

ချစ်သားတို့၊ မုဒ္ဓနိတေလက- ခေါင်းလိမ်းဆီကို ခွင့်ပြု၏။ မသက်သာ။

ချစ်သားတို့၊ နတ္ထုကမ္မ -နှာနှပ်ခြင်းကို ခွင့်ပြု၏ နှာနှပ်ဆေးရည် လျောကျ၏။

ချစ်သားတို့ နတ္တု ကရုဏိ-နှာနှပ်တံကို ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် နှာနှပ်တံ ယုတ်မြတ် ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ နှာနှပ်တံယုတ်မြတ် မဆောင်အပ်-ဒုက္ကဋ်။

ချစ်သားတို့၊ အဋ္ဌိမယ၊ ...လ… သင်္ခနာဘိမယကို ခွင့်ပြု၏။

နှာနှပ်ဆေးကို မညီမညွတ် (တစ်ဘက်စီ) လောင်းထည့်ကုန်၏။

ချစ်သားတို့၊ ယမက နတ္တုကရဏိ-နှစ်မြွှာ ညီသော နှာနှပ်တံကို ခွင့်ပြု၏။ ဦးခေါင်းပူ မသက်သာ။

ချစ်သားတို့၊ ဓူမံ ပါတုံ--အခိုးကို သောက်ခြင်းငှါ ခွင့်ပြု၏။ ဝဋ္ဋိ-အခိုးလိပ်ကို သွင်း၍ ငုံ၍ သောက်ကုန်၏။ လည်ချောင်း ပူ၏။

ချစ်သားတို့၊ ဓူမ နေတ္တ-အခိုး သောက်စရာ ပန်းတူကို (ဝါ-စွပ်တံ ဆေးတံကို)ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် ဓူမ နေတ္တ ယုတ်မြတ် ဆောင်ကုန်၏။

ချစ်သားတို့၊ ဓူမ နေတ္တ ယုတ်မြတ် မဆောင်အပ်။ ဒုက္ကဋ်။

ချစ်သားတို့၊ အဋ္ဌိမယ၊ ...လ...၊ သင်္ခနာဘိမယကို ခွင့်ပြု၏။ ဓူမ နေတ္တ- အခိုးတံ အပိတ်မရှိ၊ ပိုးကောင် ဝင်၏။

ချစ်သားတို့၊ အပိတ်ကို ခွင့်ပြု၏။ ...

ဓူမ နေတ္တ ထိဝိက - အခိုးတံ အိတ်ကို ခွင့်ပြု၏။ တင်ဘက်ပွန်းကုန်၏။ ...

ယမက ထဝိက - နှစ်မြွှာစုံ အိတ်ကို ခွင့်ပြု၏။ ...

ပခုံးဖွဲ့ကို၊ ချည်ရာ ကြိုးကို ခွင့်ပြု၏။

[ယမက နတ္တုကရဏီသည် နှစ်ဘက်လုံးအညီ ဝင်နိုင်သော ပြွန်ငယ် နှစ်ခုတို့ဖြင့် ပြုသော တစ်ခုတည်းသော နှာနှပ်တံ ဖြစ်၏။]

(ဘိက္ခု ဓူမ ဝဋ္ဋိံ ပဋိဂ္ဂ ဟေတွာ ဓူမံ ဝိပတိ၊ မုခဉ္ဇကဏ္ဌော စ မနောသိလာယ လိတ္တောဝိယ ဟောတိ၊ ယာဝကာလိကံ ဘုဉ္ဇိတုံ ဝဋ္ဋတိ၊ ယာဝကာလိ ကေန ယာဝဇီဝိက သံသဂ္ဂေ ဒေါသောနတ္တိ။

ဘုဉ္ဇိတံ ဝဋ္ဋတီတိ ဓူမ ဝဋ္ဋိယာတဒဟု ပဋိဂ္ဂဟဏတ္တာ ဝုတ္တံ။ ဤကား ဒဏ္ဍ ပေါဏ မှတည်း။

ဆေးလိပ်သောက်ပြီး ချေးကပ်သော ခံတွင်းဖြင့် ဆွမ်းစားရာ၌ ယာဝကာ၊ ယာဝဇီ နှစ်ခုရောသော်လည်း သန္နိဓိ မဖြစ်ခြင်းကား ယနေ့ အကပ်ခံချည်းသာ ဖြစ်သောကြောင့်တည်း။

ရှေးနေ့က အကပ်ခံသော ဆေးလိပ်ဖြစ်လျှင် ထိုအပြစ် မလွတ်။ မုခသန္နိဓိ ဒုက္ကဋ် တည်း။ ယမ္ပိသတ္တ ကေန ဥစ္ဆုအာဒီသု ဖလိတေသု မလံ ပညာ ယတိ၊ ဧတံန၀ သမုဋ္ဌိတံ နာမ၊ ပဋိဂ္ဂ ဟေတွာ ပရိဘုဉ္ဇိတဗ္ဗံ။

နဝသမုဋ္ဌိတန္တိ ဧတေ နေ၀ ဥစ္ဆုအာဒီသု အဘိနဝလဂ္ဂတ္တာ အဗ္ဗောဟာရိကံ န ဟောတီတိ ဒဿေလိ။

ဆေးလိပ်သောက်၍ ကပ်သော ဆေးချေးသည်၊ ကြံခွဲရာ၌ နဝသမုဋ္ဌိတ ဖြစ်လျှင်၊ တစ်ဖန် အကပ်ခံအပ်သကဲ့သို့ သောန၀ သမုဋ္ဌိ တစ်မျိုး မဟုတ်။ အကပ်မပျက်၊ ယနေ့ ယာဝကာနှင့် ရောလျှင် အပြစ် မရှိ။ နက်ဖြန် သန္နိမိ ဖြစ်၏။ နက်ဖြန်မှ စ၍ ရောလျှင် အပြစ် ရှိ၏။

သိတိလောဟိပရိဗ္ဗဇော၊ ဘိယျောအာကိရတေရဇံ။ ဤကား ကုလပုတ္တတို့အတွက် ညွှန်ကြားချက်တည်း။ ယနေ့ အပြစ်မရှိဟု ဆိုကာမျှဖြင့် လျော့လျော့ ကျင့်လျှင် မြူပြွမ်း၏။ ထွက်မြောက်ကြောင်း မဖြစ်။ နက်ဖြန် စသည်လည်း ရှိသေး၏။)

လေနာရောဂါဆေး

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆအား ဝါတာဗာဓ−လေနာ ဖြစ်၏။ ဆေးသမားတို့သည် ဆီကိုချက်ရမည်ဟု ဆိုကုန်၏။ ချစ်သားတို့၊ ထိုဆီချက်၌ သေကို ထည့်ခြင်းငှါ ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီတို့သည် သေများစွာ ထည့်၍ ချက်သောက်၍ မူးယစ်ကုန်၏။ ချစ်သားတို့၊ သေများစွာ ထည့်သော ဆီကို မသောက်အပ်-ယထာဓမ္မ ပြုစေအပ်၏။ ချစ်သားတို့၊ သေ၏ အဆင်း၊ အနံ့၊ အရသာ မထင်အောင် သေထည့်သော ဆီကို သောက်ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့အား သေများစွာ ထည့်သော ဆီချက်သည် များစွာရှိ၏။ ချစ်သားတို့၊ အဗ္ဘဉ္ဇန- ကိုယ်လိမ်းဆီဟု ဆောက်တည်ထားခြင်းငှါ ခွင့်ပြု၏။

ရှင်ပိလိန္ဒဝစ္ဆ အား ဆီချက်များစွာ ရှိ၏။ ဆီခွက် မရှိ။ ချစ်သားတို့၊ တုမ္ဗ-သုံးမျိုးကို ခွင့်ပြု၏။ လောဟ တုမ္ဗ- ကြေးဘူးကို၊ ဝါ-သံဘူးကို၊ ကဋ္ဌ တုမ္ဗ- သစ်ခွက် ဘူးကို၊ ဖလ တုမ္ဗ-ဘူးသီး စသော သစ်သီးဘူးကို ခွင့်ပြု၏။

[တေလ ပါက၌ အမှတ်မရှိ ဆေးထည့်သော ဆီချက် ဟူသမျှကို ခွင့်ပြုသည်သာတည်း။

အတိက္ခိတ္တမဇ္ဇာနီတိ အဘိဝိယ ခိတ္တမဇ္ဇာနိ-များစွာသော သေကို ထည့်၍ ချက်သော ဆီတို့ ဟူလို။]

လက် ခြေ လေရောဂါဆေး

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆအား အင်္ဂဝါတ- လက် ခြေ လေထိုးကျင်သော အနာ ဖြစ်၏။ ချစ်သားတို့၊ သေဒကမ္မ - ချွေးအောင်းခြင်းကို ခွင့်ပြု၏။ မသက်သာ။

ချစ်သားတို့၊ သမ္ဘာရသေဒ- သစ်ရွက်ထူးထူ ဖြင့် ချွေးအောင်း ခြင်းကို ခွင့်ပြု၏။ ... မဟာသေဒ- တွင်း၌ မီးခဲ ထည့်အောင်းခြင်းကို ..... ဘဝေါဒက-သစ်ရွက်ပြုတ်ရည် လောင်း၍ အောင်းခြင်းကို ... ။ ဥဒက ကောဋ္ဌက- ရေချိုးအိမ်၌ အောင်းခြင်းကို ခွင့်ပြု၏။

[အင်္ဂဝါတသည် လက် ခြေ၌ လေဖြစ်၏။

သမ္ဘာရ သေဒသည် အထူးထူးသော သစ်ရွက်မျိုးဖြင့် ချွေးအောင်းခြင်းတည်း။

မဟာသေန္တိဒ မဟန္တံ သေဒံ-တစ်ရပ်တစ်သူမျှ တွင်းကို မီးခဲပြည့်စေ၍ မြေမှုန့် သဲ စသည် ဖြင့် ဖုံး၍ အထူးထူး လေဆောင်သော သစ်ရွက်တို့ကို ခင်း၍ ဆီလိမ်းသော ကိုယ်ဖြင့် ထို၌ အိပ်၍ တပြောင်းပြန်ပြန် ကိုယ်ကို ချွေးအောင်းခြင်းငှါ ခွင့်ပြု၏ ဟူလို။

ဘဂေါဒကသည် သစ်ရွက် အထူးထူးဖြင့် ကျိုသော ရေတည်း။ ထိုသစ်ရွက်တို့ဖြင့် လည်းကောင်း၊ ထိုရေဖြင့် လည်းကောင်း မလာင်း၍ လောင်း၍ ချွေးအောင်းအပ်၏။

ဥဒကကောဋ္ဌကသည် ရေချိုး အုံ၌ ရေနွေးအိုးထား၍ ထို၌ ဝင်၍ ချွေးအောင်းမှု ပြုခြင်းတည်း။]

အဆစ်ကိုက် ရောဂါဆေး

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆအား ပဗ္ဗဝါတ- အဆစ်ကိုက်သော လေရောဂါ ဖြစ်၏။ ချစ်သားတို့၊ သွေးကို ထုတ်ခြင်းငှါ ခွင့်ပြု၏။ မသက်သာ။ ချစ်သားတို့၊ သွေးကိုထုတ်၍ သားချိုဖြင့် ယူစေခြင်းငှါ ခွင့်ပြု၏။

[ပဗ္ဗဝါတသည် ထိုထို အဆစ်၌ လေသည် ထိုး၏။

သွေးကို ထုက်ခြင်းငှါ ဟူသည် ဓားငယ်ဖြင့် သွေးကို ထုတ်ခြင်းငှါတည်း။]

(အဆစ်ကိုက်ခြင်းသည် စရည်းနာ ဟူ၏။

ဓားငယ်ဖြင့် သွေးထုတ်ခြင်းသည် စိန်ပေါက်သည် ဟူ၏။

သားချိုဖြင့် ယူစေခြင်းသည် တွင်စုတ်ခြင်း ဟူ၏။)

ခြေကွဲနာဆေး

ထိုအခါ ပိလိန္ဒဝစ္ဆအား ခြေတို့သည် ကွဲကုန်၏။ ချစ်သားတို့၊ ပါဒဗ္ဘဉ္ဇန-ခြေနယ်ဆီကို ခွင့်ပြု၏။ မသက်သာ။ ချစ်သားတို့၊ ပဇ္ဇ - ခြေအားလျော်သော ဆေးကို စီမံခြင်းငှါ ခွင့်ပြု၏။

[ပဇ္ဇကို စီမံခြင်း-ဟူသည် ခြေကွဲပျောက်ကြောင်း ဆေးကို စီမံခြင်းတည်း။ အုန်းသီး စသည်တို့၌ ဆေးအထူးထူး ထည့်၍ ပဗ္ဗကို စီမံခြင်းတည်း။ ခြေတို့အား သပ္ပါယ ဖြစ်သော ဆေးကို ချက်ခြင်း ဟူလို။]

(ပါဒါနံ- သပ္ပါယံ–ပဇ္ဇံ ဟု သပ္ပါယတဒ္ဓိတ်ပြု။)

အိုင်းနာဆေး

ထိုအခါ ရဟန်းတစ်ပါးအား ဂဏ္ဍာဗာဓ-အိုင်းနာ ဖြစ်၏။ ချစ်သားတို့၊ သတ္တံကမ္မ-ဓားခွဲခြင်းကို ခွင့်ပြု၏။

ကသာဝေါဒက - ဖန်ရည်ဖြင့် အလိုရှိသည်။ ချစ်သားတို့၊ ဖန်ရည်ကို ခွင့်ပြု၏။

တိလကက္က - နှမ်းမှုန့် အလိုရှိ၏။ နှမ်းမှုန့်ကို ခွင့်ပြု၏။

ကဗဠိက- ဆေးအုံခြင်း အလိုရှိ၏။ ... ဆေးအုံခြင်းကို ခွင့်ပြု၏။

ဝဏဗန္ဓန စောဠ-အမာကို ဖွဲ့သော အဝတ် အလိုရှိ၏။ ... အမာဖွဲ့သော အဝတ်ကို ခွင့်ပြု၏။

အနာသည် ယား၏။ ... သာသပ ကုတ္တ - မုန်ညင်းမှုန့်ဖြင့် ဖြူးခြင်းငှါ ခွင့်ပြု၏။

အနာသည် မြုံ၏။ ... ဓူမ- အခိုးတိုက်ခြင်းငှါ ခွင့်ပြု၏။

အသားပို ထွက်၏။ ... လောဏ သက္ခရိကာ-သင်ဓုန်းဓားဖြင့် ဖြတ်ခြင်းငှါ ခွင့်ပြု၏။

အနာသည် အသားနု မတက်။ ... ဝဏတေလ - အနာလိမ်းဆီကို ခွင့်ပြု၏။

ဆီသည် လျှောကျ၏။ ... ဝိကာသီက - ဆီထိန်း အဝတ်ကို လည်းကောင်း၊ ဝဏ ပဋိကမ္မ - အနာဆေးကုခြင်း ဟုသမျှကို လည်းကောင်း ခွင့်ပြု၏။

[တိလကက္ကသည် ပိဋ္ဌတိလ-မုန့်ညက် ဖြစ်သော နှမ်းတည်း။

ကဗဠိကသည် အမာဝ၌ သတ္တုပိဏ္ဍ-မုန့်ညက်စိုင် ထည့်ခြင်း၊ အုံခြင်းတည်း။ (ထမင်း ဆုပ်လည်း အုံကုန်၏။)

သာသပ ကုဋ္ဋသည် သာသပ ပိဋ္ဌ - မုန်ညင်းမှုန့်တည်း။

အသားပိုသည် မယ်နစွန်းကဲ့သို့ ထွက်သော အသားတည်း။

လောဏ သက္ခရိကာသည်၊ ခုရ-သင်ဓုန်းတည်း။

ဝိကာသိကန္တိ တေလ ရုန္ဓ န ပိလောတိကံ-ဆီကို တားသော အဝတ်တည်း။

ဝဏ ပဋိကမ္မသည် အမှတ်မရှိ အနာဆေးကုခြင်း အားလုံးတည်း။]

(ဝိဋီ ... ကဗဠိကာတိ ဥပါဟ န ဘေသဇ္ဇံ--ကပ်၍ တားမြစ်သောဆေး။)

မြွေဆိပ် ဖြေဆေး

ထိုအခါ ရဟန်းတစ်ပါးကို မြွေခဲ၏။ ချစ်သားတို့၊ မဟဝိဋက - ဆေးကြီး လေးမျိုးကို ယူခြင်းငှါ ခွင့်ပြု၏။ ဂူထ- ကျင်ကြီး၊ မုတ္တ-ကျင်ငယ်၊ ဆာရိတ-ပြာ၊ မတ္တိက-မြေ။ အကပ်ခံအပ် သလော၊ မခံအပ် သလောဟု ရဟန်းတို့အား အကြံဖြစ်၏။ ချစ်သားတို့၊ ကပ္ပိယ ကာရက ရှိလျှင် အကပ်ခြံခင်းငှါ၊ မရှိလျှင် သာမံ ဂဟေတွာ - ကိုယ်တိုင်ယူ၍ စားခြင်းငှါ ခွင့်ပြု၏။

ရဟန်းတစ်ပါး - အဆိပ် သောက်မိ၏။ ချပ်သားတို့၊ ကျင်ကြီးကို ရေဖျော်၍ တိုက်ခြင်းငှါ ခွင့်ပြု၏။ ... ချစ်သားတို့၊ ပြုစဉ် ယူသော ကျင်ကြီးသည် အကပ်ခံပြီး ဖြစ်၏။ တစ်ဖန် အကပ်မခံအပ်ဟု ခွင့်ပြု၏။

[သာမံ ယေဝဂ ဟေတွာ ဟူသည် မြွေခဲသူသာ မဟုတ်၊ တစ်ပါးသော အဆိပ်ရှိ သတ္တဝါ ခဲသော်လည်း၊ ကိုယ်တိုင် ယူစားအပ်၏။ တစ်ပါးသော အကြောင်းကြောင့်ကား အကပ်ခံမှ အပ်သည်။ ပြုစဉ် ယူသော ဟူသည်၌ မြေသို့ရောက်လျှင် အကပ်ခံအပ်၏။ မရောက်မီ ယူခြင်းငှါကား အပ်၏။]

(သာဋီ ... သာမံ ဟေတွာ ဟူသည်၌ မြွေခဲသူအတွက် တစ်ပါးသော ရဟန်းယူခြင်းလည်း ကိုယ်တိုင် ယူခြင်းသာ မည်၏။)

(ရှိသော ကပ္ပိယသည် စကား မလိုက်နာအံ့ - မရှိသည် မည်၏။

ပြာမရှိလျှင် သစ်ကိုင်းခြောက်ကို ပြာချအပ်၏။

အခြောက် မရှိလျှင် သစ်ပင်စိုကို ဖြတ်၍လည်း ပြုအပ်၏။

ဤ မဟာဝိကဋ္ဌ လေးပါးသည် ကာလော ဒိဿ မည်၏။ ဝိရူပ ဆေးကြီးတည်း။)

ဝတ်ဆေး အဖြေ

ထိုအခါ ရဟန်း တစ်ပါးအား ဃရုဒိန္နကာဗာဓ - မိန်းမပေးသော ဆေးကြောင့် အနာရောဂါ ဖြစ်၏။ ချစ်သားတို့ သီတာလောဠိ- ထွန်သွားကပ်သော မြေကို ရေဖျော်၍ တိုက်ခြင်းငှါ ခွင့်ပြု၏။

[ဃရဒိန္နကာဗာဓသည် အလိုအတိုင်း ပြုအောင်တိုက်သော ဆေးကြောင့် ဖြစ်သော ရောဂါတည်း။

သီတာလောဠိ ဟူသည် ထွန်ဖြင့် လယ်ထွန်သူ၏ ထွန်သွား၌ ကပ်သော မြေကို ရေဖြင့် မွှေနှောက် ချောက်ချား၍ တိုက်ခြင်းငှါ ခွင့်ပြု၏ ဟူလို။]

(သာဋီ ... ဃရဒိန္နကာဗာဓသည် အလိုအတိုင်းပြုအောင် ဃရဏီ- အိမ်ရှင်မ ပေးသော ဆေးကြောင့်ဖြစ်သော အနာတည်း။ ဃရသဒ္ဓါသည် ဃရဏီ၌ အထူး မရှိခြင်းဖြင့် ဖြစ်၏။

ဝိဋီ ... ဝသီကရဏ ဘေသဇ္ဇ ချစ်ကျွမ်းဝင်အောင် ပြုသော ခတ်ဆေးကြောင့် ဖြစ်သော အနာတည်း။)

ဝမ်းကိုက်ဆေး

ထိုအခါ ရဟန်း တစ်ပါးသည် ဒုဋ္ဌဂဟဏိကော- ဝမ်းမီးပျက်၏။ (ဝါ-ဝမ်းကျစ်၏၊ ဝမ်းကိုက်၏။) ချစ်သားတို့၊ အာမိသခါရ - ထမင်းခြောက် ပြာရည်ကို တိုက်ခြင်းငှါ ခွင့်ပြု၏။

[ဒုဋ္ဌ ဂတဏိကောတိ ဝိပန္န ဂဟဏီကော - ပျက်သော ဝမ်းမီးရှိ၏။ ဆင်းရဲစွာ ကျင်ကြီး စွန့်ရ၏။ ဟူသော အနက်တည်း။

အာမိသခါရ ဟူသည် ထမင်းခြောက်ကို မီးဖုတ်၍ ထိုပြာမှ ယိုစေအပ်သော ခါရောဒက-ပြာရည်တည်း။]

(ဝိဋီ ... ယိုစေအပ်သော ဟူသည် ရိဿာဝန-ရေစစ်ပဝါ၌ ထို ပြာကိုထည့်၍ ရေလောင်းသည် ရှိသော် ထိုပြာမှ အောက်၌ ယိုသော ခါရောဒက ဖြစ်၏။

ဖြော့တော့၊ နူစွပ်ဆေး

ထိုအခါ ရဟန်းတစ်ပါးအား ပဏ္ဍုရောဂါ ဗာဓ - ဖြော့တော့ ကြုံလှီသော ရောဂါဖြစ်၏။ ချစ်သားတို့၊ မုတ္တ ဟရီဋက-နွားကျင်ဖြင့် စိမ်သော ဖန်းခါးရည်ကို တိုက်ခြင်းငှါ ခွင့်ပြု၏။

ရဟန်း တစ်ပါးအား ဆဝိဒေါသာ ဗာဒ - နူစွပ်အနာ ဖြစ်၏။ ချစ်သားတို့၊ ဂန္ဓာလေပ - နံ့သာလိမ်းခြင်းကို ခွင့်ပြု၏။

[မုတ္တ ဟရိဋကန္တိ ဂေါမုတ္တ ပရိဟာဝိတံ ဟရီဋကံ – နွားကျင်ငယ်ဖြင့် ထုံသော ဖန်းခါးတည်း။]

သလိပ်ပန်းဆေး

ထိုအခါ ရဟန်းတစ်ပါးသည် အဘိသန္နကာယော- သလိပ် စသော ဒေါသများသော ကိုယ်ရှိ၏။ ချစ်သားတို့၊ ဝိရေစန-ဝမ်းလျှောဆေးကို သောက်ခြင်းငှါ ခွင့်ပြု၏။

အစ္ဆကဉ္ဇိယ စသည်တို့ဖြင့် အလိုရှိ၏။

ချစ်သားတို့၊ အစ္ဆကဉ္ဇိယ - ကြည်သော ပအုံးရည်ကို ခွင့်ပြု၏။

... အကဋယူသ-မစစ်သော ပဲနောက်ပြုတ်ရည်ကို ... ။

... ကဋာကဋ - အနည်းငယ်စစ်သော ပဲနောက်ပြုတ်ရည်ကို..။

... ပဋိစ္ဆာဒနီယ- အသားဟင်းရည်ကို ခွင့်ပြု၏။

[အဘိသန္နကာ ယောတိ ဥဿန္န ဒေါသ ကာယော-သလိပ် သည်းခြေ စသည် အပြစ်များသော ကိုယ်ရှိ၏။

အစ္ဆကဉ္ဇိယ သည် ဆန်ဆေးရေမျှ တည်း။

အကဋယူသ သည် အသိနိဒ္ဓ ပုဂ္ဂပစိတ ပါနီယ - မစစ်ဘဲ သောက်စရာ ပဲနောက်ကျက်ရည်တည်း။ ကဋာကဋကား အနည်းငယ် စစ်၏။

ပဋိစ္ဆာဒနီယကား မံသ ရသ ဖြစ်၏။]

(သာဋီ ... အကတယူသ သည် မပြုပြင်သော မုဂ္ဂယူသ ဖြစ်၏။

ကဋာကဋသည် ပဲနောက်တို့ကို ချက်၍ မလှုပ်စေဘဲ စစ်သော မုဂ္ဂယူသ-ဟု ဂဏ္ဍိ တို့၌ ဆို၏။

ဇီဋီ ... ထိုအတိုင်းပင်တည်း။)

လျက်ဖွယ်ဆေး အသက် ၇-ရက်

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်၌ လိုဏ်ပြုရန် တောင်ဝှမ်းကို သုတ်သင်၏။ ဗိမ္ဗိသာရမင်းကြီး မြင်၍ (စေခိုင်းစရာ) အရံစောင့် ငါးရာလှူ၏။ တစ်ရွာ သီးခြား ဖြစ်၏။ ထိုရွာ၌ ပွဲသဘင်နေ့တွင် သတို့သမီး တစ်ယောက်သည် အဆင်တန်ဆာ မရှိ၍ ငို၏။ ရင်ပိလိန္ဒဝစ္ဆ မြင်လတ်သော် မြက်ဖြင့် ပြုသော ဆံပင်စွပ်စရာ ခွေကရွတ်ကို ဦးခေါင်း၌ စွပ်လောဟု ဆို၏။ အလွန်လှသော ရွှေပန်းခိုင် ဖြစ်၏။

လူတို့ မြင်လတ်သော် ခိုးသူဟု ဖမ်း၍ နန်းတော်သို့ ပို့ကုန်၏။ ရှင်ပိလိန္ဒဝစ္ဆသည် နန်းတော် ကြွသွား၍ နန်းတော် တစ်ခုလုံး ရွှေအတိ ဖြစ်စေသတည်း ဟု ဓိဋ္ဌာန်၍ မြတ်သော မင်းကြီး၊ ဤမျှများသော ရွှေကို အဘယ်မှ ရသနည်းဟု မေး၏။ အရှင်ဘုရား၊ သိပါပြီ၊ အရှင်မြတ်၏ တန်ခိုးတော်ပါဘုရား ဆို၍ အရံစောင့်ကို လွှတ်လိုက်၏။

လူတို့သည် လွန်စွာ အံ့ဩ၍ မထေရ်အား ထောပတ်စသော ဆေးငါးပါးကို လှူကုန်၏။ ပင်ကိုအားဖြင့်လည်း ဆေးငါးပါး ရလေ့ရှိ၏။ ရသမျှကို (တပည့် ရဟန်း) ပရိသတ်၌ စွန့်၏။ ပရိသတ်သည် ပစ္စည်း လောဘဖြင့် အိုးကြီး အိုးငယ် စသည်တို့၌ ထည့်၍ သိုမှီးကုန်၏။ လူတို့ မြင်လတ်သော် ဤရဟန်းတို့သည် အတွင်း၌ ကျီရှိ၏။ မင်းကြီးကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ ဂီလာနတို့အတွက် လျက်ဖွယ် ဆေးတို့သည် - ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ-ဟု ငါးမျိုးရှိကုန်၏။ ထို လျက်ဖွယ် ဆေးတို့ကို အကပ်ခံ၍ ခုနစ်ရက် ကာလပတ်လုံး သိုမှီး၍ သုံးဆောင်အပ်၏။ ခုနစ်ရက်ကို လွန်စေသူအား ယထာဓမ္မ ဆုံးဖြတ်စေ၏။ (ဝါ-နိဿဂ္ဂိ ပါစိတ်)။

ထော၊ ဦး၊ ဆီ၊ ပျား (၄)၊
တင်လဲအား (၁)-ငါးပါး လျက်ဖွယ်ဆေး။

ရှင်ကင်္ခါရေဝတ

ထိုအခါ မြတ်စွာဘုရားသည်၊ သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ခရီးကြွတော်မူ၏။ ရှင်ကင်္ခါရေဝတသည် ခရီး အကြား၌ ဂုဠကရဏ-တင်လဲခဲ လုပ်ရာသို့ ဝင်၍ တင်လဲ၌ ပိဋ္ဌ-မုန့်ညက်ကို လည်းကောင်း၊ ဆာရိက-ဖွဲနုကို လည်းကောင်း ထည့်သည်ကို မြင်ရ၍ တင်လဲခဲသည် အာမိသရောသည်၊ နေလွဲ မစားအပ်ဟု ကုက္ကုစ္စ ရှိ၏။ မိမိလည်း မစား၊ ပရိသတ်လည်း မစား၊ စကားလိုက်နာသူတို့လည်း မစားကြ။ ဘုရားရှင်အား ထိုအကြောင်းကို လျှောက်ကုန်၏။

ချစ်သားတို့၊ တင်လဲခဲ၌ မု့န်ညက်၊ ဖွဲနုတို့ကို အဘယ်အကျိုးငှါ ထည့်ကြသနည်း။ ခက်မာစေခြင်း ငှါပါဘုရား။ ချစ်သားတို့၊ ခက်မာစေခြင်းငှါ ထည့်လျှင် တင်လဲခဲသာ မည်၏။ ချစ်သားတို့၊ အလိုရှိတိုင်း တင်လဲခဲကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

ရှင်ကင်္ခါရေဝတ သည် ခရီးအကြား မစင်ပုံ၌ ပဲနောက် ပေါက်သည်တို့ မြင်၍ ပဲနောက်သည် မအပ်၊ ချက်ပြီးသော်လည်း ပေါက်သည်ဟု ကုက္ကုစ္စ ရှိ၏။ မိမိ၊ ပရိသတ်၊ လိုက်နာသူတို့ မစားကုန်။ ချစ်သားတို့ ချက်ပြီးသော်လည်း ပဲနောက်တို့သည် ပေါက်ကုန်အံ့၊ ချစ်သားတို့၊ အလိုရှိတိုင်း ပဲနောက်ကို စားခြင်းငှါ ခွင့်ပြု၏။

[ချက်ပြီး ပဲနောက် ပေါက်စေကာမူ အလိုရှိတိုင်း စားအပ်၏။ ချက်ပြီးခြင်းကြောင့် ကပ္ပိယတို့သာ ဖြစ်ကုန်၏။]

(သာဋီ၊ ဝိဋီ ... ဂုဠကရဏန္တိ ဂုဠကရဏဋ္ဌာနံ။ ဥစ္ဆုသာလာ -ကြံတင်းကုပ် ဟူလို။)

(ဤ မထေရ်၏ အမည်ရင်းကား ရေဝတ၊ ဝိနယ ကုက္ကစ္စ ကြီးသောကြောင့် ကင်္ခါရေဝတဟု ထင်ရှား၏။ ဈာန် ဝင်စား၌ ဧတဒဂ်ရ ရဟန္တာတည်း။ အကုသိုလ် ကုက္ကုစ္စ မဟုတ်။ ထိုကုက္ကုစ္စကား ပြုမိလည်း ပူ၊ မပြုမိလည်း ပူ-သူ့ကျွန်ခံရသူနှင့် တူ၏။

လောဏ - သောဝီရက ဆေး

ထိုအခါ ရဟန်း တစ်ပါးအား ဥဒရဝါတာ ဗာဓ−ဝမ်း၌ လေနာဖြစ်၏။ လောဏ သောဝီရက ဆေးကို သောက်၏။ ထိုလေနာ ငြိမ်း၏။ ချစ်သားတို့၊ ဂိလာနအား လောဏ သောဝီရက ဆေးကို ခွင့်ပြု၏။ အဂိလာနအား ရေရော၍ အဖျော်အဖြစ်ဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

(တတိယ ပါရာဇိက၌ ... ဖန်းခါး၊ သျှိသျှား၊ သစ်သိမ့် – ဖန်ရည်တို့ လည်းကောင်း၊ စပါးမျိုး အားလုံး လည်းကောင်း၊ ပဲမျိုး အားလုံးလည်းကောင်း၊ စပါးမျိုး ခုနှစ်မျိုးတို့၏ ထမင်း လည်းကောင်း၊ ငှက်ပျောသီး စသော သစ်သီးအားလုံး လည်းကောင်း၊ ကြိမ်၊ ဆတ်သွား၊ သင်ပေါင်း - အညှောက် စသော အညှောက်အားလုံး လည်းကောင်း၊ ငါး၊ အမဲ-အတုံးအပိုင်းတို့ လည်းကောင်း၊ များစွာသော ပျား၊ တင်လဲ၊ သိန္ဓော၊ ဆား၊ တြိကဋုတ် စသော ဆေးတို့ လည်းကောင်း - ဤသို့ အားလုံးကို အိုးကြီး၌ ထည့်၍ အိုးအဝကို လိမ်းကျံ၍ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် ထားကြ၏။

ထိုဆေးရည်သည် ရင့်ကျက်၍ သပြေသီး အဆင်း ရှိ၏။ လေနာ၊ ချောင်းဆိုး၊ နူနာ၊ ဖြော့တော့နာ၊ မြင်းသရိုက်နာ စသော အနာတို့ကို နိုင်သော ဆေးဖြစ်၏။ ဆီပျား ဆိမ့်အိမ် စားသူတို့အတွက် အဖျော်ထူး၊ အစာကြေဆေး ပြိုင်ဘက် အတုမရှိ၊ နေလွဲ အပ်၏။ ဂီလာနအား ပကတိအတိုင်း အဂိလာနအား ရေရော၍ အဖျော်အဖြစ်ဖြင့် အပ်၏။ အသားစိမ်းအဖြစ်မှ ယာမ သတ္တာဟ အဖြစ်သို့ ရောက်၏။)

အန္တော ဝုတ္ထ စသည်

မြတ်စွာဘုရားသည် ခရီးကြွ၍ ရာဇဂြိုဟ်သို့ ရောက်၍ ဝေဠုဝန်ကျောင်း၌ နေတာ်မူ၏။ ထိုအခါ မြတ်စွာဘုရားအား ဝမ်း၌ လေနာ နှိပ်စက်၏။ ရှင်အာနန္ဒာသည် တေကဋုလ ယာဂုဖြင့် ချမ်းသာဖူးသည်ဟု ကိုယ်တိုင် နှမ်း၊ ဆန်၊ ပဲနောက်ကို တောင်းခံ၍ ကျောင်းတွင်း၌ သိုမှီး၍ ကျောင်းတွင်း၌ ကိုယ်တိုင်ချက်၍ ဆက်ကပ်၏။

မြတ်စွာဘုရားသည် တရားဟောအံ့၊ သိက္ခာပုဒ် ပညတ်အံ့ ဟူသော အကြောင်းနှစ်ပါးဖြင့် ဤယာဂု အဘယ်မှ ရသနည်းဟု သိလျက် မေးတော်မူ၏။ ထိုအကြောင်းကို လျှောက်လတ်သော် အာနန္ဒာ၊ မလျာက်ပတ်၊ ရဟန်း အလုပ်မဟုတ်။ အဘယ်ကြောင့် ဤသို့ ပြုရသနည်း။ အာနန္ဒာ အန္တော ဝုတ္တ-ကျောင်းတွင်း၌ သိုမှီးသော အစာသည် မအပ်။ အန္တော ပက္က- ကျောင်းတွင်း၌ ချက်သော အစာသည် မအပ်။ သာမံ ပက္က- ရဟန်း ကိုယ်တိုင် ချက်သော အစာသည် မအပ်-စသည်ဖြင့် ကဲ့ရဲ့၍ ရဟန်းတို့တို့ တရားဟော၍ -

ချစ်သားတို့၊ အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္ကကို မစားအပ်။ ဒုက္ကဋ်။

အန္တော ဝုတ္တ၊ အန္တေ ပက္က၊ သာမံ ပက္ကကို စားအံ့- ဒုက္ကဋ် သုံးခု။

အန္တော ဝုတ္တ၊ အန္တော ပက္က ဖြစ်၍ အည ပက္က- သူတစ်ပါး ချက်သည်ကို စားအံ့- ဒုက္ကဋ် နှစ်။

အန္တောဝုတ္တ ဖြစ်၍ ဗဟိ ပက္က -ပြင်ပ၌ ချက်သော သာမံ ပက္ကကို စားအံ့-ဒုက္ကဋ် နှစ်ခု။

ဗဟိ ဝုတ္တ ပြင်ပ၌ သိုမှီးသော အန္တော ပက္က၊ သာမံ ပက္ကကို စားအံ့-ဒုက္ကဋ် နှစ်ခု။

အန္တောဝုတ္တ၊ ဗဟိ ပက္က အည ပက္ကကို စားအံ့ ဒုက္ကဋ်။

ဗဟိ ဝုတ္တ၊ အန္တော ပက္က၊ အည ပုက္ကကို စားအံ့- ဒုက္ကဋ်။

ဗဟိ ဝုတ္တ၊ ဗဟိ ပက္က၊ သာမံ ပက္ကကို စားအံ့ ဒုက္ကဋ်။

ဗဟိ ဝုတ္တ၊ ဗဟိ ပက္က၊ အည ပက္ကကို စားအံ့-အနာပတ္တိ။

[အန္တော ဝုတ္တ ဟူသည် အပ္ပိယ ကုဋိ၌ သိုမှီးသော အစာဖြစ်၏။

သာမံ ပက္က ဟူသည်၌ အာမိသ ဟူသမျှကို ရဟန်းချက်ခြင်းငှါ မအပ်။

ပူသော ယာဂု၌ ရုံးရွက်၊ ချင်းစိမ်း၊ ဆားကို ထည့်ပေးကုန်အံ့၊ ထိုကိုလည်း လှုပ်စေခြင်းငှါ မအပ်။ ယာဂု အပူအေးစေအံ့ဟု လှုပ်ခြင်းငှါကား အပ်၏။

ဥတ္တုဏ္ဍုလ ဘတ္တ-မနပ်သော ဆွမ်းကိုရလျှင်လည်း (နပ်အောင်ဟု) ဖုံးခြင်းငှါ မအပ်။ လူတို့ ဖုံးလျက် လှုပ်လျှင် အပ်၏။ ဆွမ်း အပူ မအေးပါစေလင့် ဟု ဖုံးခြင်းငှါကား အပ်၏။]

ပုန ပါက

ထိုအခါ ရဟန်းတို့သည် ကိုယ်တိုင်ချက်ခြင်းကို ဘုရားရှင် ပယ်သည်ဟု ပုန ပါက - တစ်ဖန် ချက်ခြင်း၌ ကုက္ကုစ္စ ဖြစ်ကုန်၏။ ချစ်သားတို့၊ ပုန ပါကကို ချက်ခြင်းငှါ ခွင့်ပြု၏။

[နို့, ရက်တက် စသည်တို့၌ တစ်ကြိမ် ဆူပြီးလျှင် မီးထည့်ခြင်းငှါ အပ်၏။ ပုန ပါကကို ခွင့်ပြုသောကြောင့် တည်း။]

(ဇီဋီ ... သာမံ ပက္က။ ကိုယ်တိုင် ချက်ခြင်း၊ သမ ပက္က- သင့်ရုံ ကျက်ခြင်း-ဟု နှစ်မျိုးကဲ့သို့ ပြသည်။ ထိုကြောင့် နို့စသည်တို့၌ ဥဏှ မတ္တ- ပူရုံမျှသည်သာလျှင် ပါက-အကျက်ဖြစ်၏။ မနပ်သော ဆွမ်း စသည်တို့နှင့် မတူကုန်။)

ခေတ္တ အခွင့်ရှစ်ပါး

ထိုအခါ ရာဇဂြိုဟ်သည် ဒုဗ္ဘိက္ခ ဖြစ်၏။ လူတို့သည် ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ်တို့ကို အရံသို့ ဆောင်ပို့ကုန်၏။ ထိုတို့ကို ပြင်ပ၌ ထားကြသဖြင့် ဥက္ကပိဏ္ဍက-ကြောင် ကြွက် စသည်တို့ ခဲကုန်၏။ ခိုးသူတို့လည်း ဆောင်ကုန်၏။ ချစ်သားတို့၊ ကျောင်းတွင်း၌ ထားခြင်းငှါ အန္တော ဝုတ္တကို ခွင့်ပြု၏။

အတွင်း၌ ထား၍ ပြင်ပ၌ ချက်စေအပ်၏။ ဒမက-စားကြွင်းစားတို့ ဝိုင်းရံသဖြင့် ရွံ့ရှား တွေးတောလျက် စားရကုန်၏။ ချစ်သားတို့၊ အတွင်း၌ ချက်ခြင်းငှါ အန္တော ပက္ကကို ခွင့်ပြု၏။

ဒုဗ္ဘိက္ခ အခါ ကပ္ပိယကာရကတို့သည် များစွာ ယူ၍ ရဟန်းတို့အား အနည်းငယ် ပေးကုန်၏။ ချစ်သားတို့၊ ကိုယ်တိုင် ချက်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့ အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္ကကို ခွင့်ပြု၏။(သုံးခု)။

[ဥက္က ပိဏ္ဍက ဟူသည် ဗိဠာရ မူသိက ဂေါဓာ မင်္ဂုသ-ကြောင်၊ ကြွက်၊ ဖွတ်၊ မြွေပါ တို့တည်း။ ဒမကာတိ ပိဃာသာဒါ- စားကြွင်းစားတို့တည်း။]

(သာဋီ၊ ဝိဋီ ... အဝိဿဋ္ဌာတိသာသင်္ကာ- ရွံ့ရှား တွေးတောကုန်လျက်။)

ကာသိတိုင်းမှ ဝါကျွတ်သော ရဟန်းများစွာတို့သည်၊ ရာဇဂြိုဟ်သို့ ဘုရားဖူးအသွား ခရီးအကြား၌ ဘောဇဉ် ပြည့်စုံစွာ မရကုန်၊ သစ်သီး ခဲဖွယ် ပေါများလျက် ကပ္ပိယ ကာရကလည်း မရှိသဖြင့်၊ ပင်ပန်းစွာ ဘုရားရှင်ထံ ရောက်လာကုန်၏။ ထိုအကြောင်းကို မေး၍ ချစ်သားတို့၊ သစ်သီး ခဲဖွယ်ကို မြင်ရာ၌ ကပ္ပိယ ကာရက မရှိအံ့။ ကိုယ်တိုင် ကောက်ယူ၍ ကပ္ပိယ ကာရကကို မြင်၍ မြေ၌ချ၍ ကပ်စေ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ ဥဂ္ဂဟိက- ကောက်ယူသော အကပ်ပျက်ကို အကပ်ခံခြင်းငှါ ခွင့်ပြု၏။ (တစ်ခု)။

ပုဏ္ဏား တစ်ယောက်သည် နှမ်းသစ်၊ ပျားရည်သစ် ရ၍ ဗုဒ္ဓံ ပမုခ သံဃာအား လှူမည်ဟု ဘုရားရှင်ကို ပင့်၍ ဆွမ်းကျွေး၏။ ဘုရားရှင် ဆွမ်းဘုဉ်းပေး၍ တရားဟော၍ ပြန်ကြွသွားမှ သတိရ၍ နှမ်းသစ်၊ ပျားရည်သစ် တို့ကို ကျောင်းသို့ ယူသွား၍ မြတ်စွာဘုရား အလှူခံတော်မူပါဟု လျှောက်၏။ ရဟန်းတို့အား လှူလောဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ဒုဗ္ဘိက္ခ အခါ အနည်းငယ်မျှ ယူ၍ တန်ပြီဟု တားကုန်၏။ မျှလောက်ပြီ စသည်ဖြင့် ဆင်ခြင်၍လည်း ပယ်ကုန်၏။

ထိုသို့ သံဃာအားလုံး (တားခြင်းဖြင့်) ပဝါရိတ် သင့်၍ ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလှူခံ ကြလော၊ သုံးဆောင်ကြလော။ ချစ်သားတို့၊ တတော နိဟတံ-ထို ဆွမ်းပင့်ကျွေးကျွေးရာမှ ဆောင်သော အစာကို ပဝါရိတ် သင့်သူသည် အထိရိက် ဝိနည်းကံ မပြုဘဲ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ (တစ်ခု)။

ရှင်ဥပနန္ဒ၏ ဒါယကာသည် သံဃာအလို့ငှါ ခဲဖွယ်ကို ရှင်ဥပနန္ဒအား ပြ၍ သံဃာအား လှူရမည်ဟု စေလိုက်၏။ ရှင်ဥပနန္ဒသည် ရွာသို့ ဆွမ်းခံဝင်နေ၏။ ချစ်သားတို့၊ အကပ်ခံ၍ ရှင်ဥပနန္ဒ လာသည်တိုင်အောင် ထားကြလောဟု မိန့်တော်မူ၏။ ရှင်ဥပနန္ဒသည် နေမြင့်မှ ပြန်လာ၏။ ရဟန်းတို့သည် ဒုဗ္ဘိက္ခ အခါ အနည်းငယ်မျှလည်း ထားကုန်၏။ ဆင်ခြင်၍လည်း ပယ်ကုန်၏။ သံဃာအားလုံးသည် ပဝါရိတ် သင့်၍ ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလှူခံကြလော၊ သုံးဆောင်ကြလော။ ချစ်သားတို့၊ ပုရေဘတ္တ ပဋိဂ္ဂဟိတ-နံနက် အကပ်ခံအပ်သည်ကို ပဝါရိတ် သင့်သူသည် အတိရိတ် ဝိနည်းကံ မပြုဘဲ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ (တစ်ခု)။

မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ သာဝတ္ထိသို့ ကြွ၍ တဖန် ကျောင်း၌ နေတော်မူသောအခါ ရှင်သာရိပုတြာအား ကာယဍ္ဍာဟ ကိုယ်ပူနာ ဖြစ်၏။ ရှင်မောဂ္ဂလာန်သည် မေးမြန်း၍ ဘိသ-ကြာစွယ်၊ မုဠာလိက-ကြာရင်းတို့ဖြင့် ချမ်းသာဖူးသည်ဟု သိ၍၊ မန္ဒာကိနီအိုင်သို့ တန်ခိုးဖြင့် ကြွသွား၏။ ဆင်တစ်စီးသည် ကြွတော်မူပါဟု ပင့်၍ အဘယ်ဖြင့် အလိုရှိပါသနည်းဟု မေး၍ အကြောင်း သိလတ်သော် ဆင်တစ်စီးကို အချင်း၊ အရှင်မြတ်အား ကြာစွယ် ကြာရင်းတို့ကို လိုသလောက် လှူလော ဟု စေခိုင်း၏။ ထိုဆင်သည် မန္ဒာကိနီအိုင်သို့ ဆင်း၍ ကြာစွယ် ကြာရင်း တို့ကို နှုတ်၍ ကောင်းစွာ ဆေးကြော၍ အထုပ်ဖွဲ့၍ ဇေတဝန်ကျောင်းသို့ လိုက်ပို့၍ ရှင်မောဂ္ဂလာန်အား အကပ်ခံစေ၍၊ မန္ဒာကိနီသို့ ပြန်သွား၏။

ရှင်သာရိပုတြာသည် ကြာစွယ် ကြာရင်း ဘုဉ်းပေး၍ ကိုယ်ပူနာ ငြိမ်း၏။ ကြာစွယ်ကြာရင်း များစွာ ကြွင်းကျန်၏၊ ရဟန်းတို့သည် ဒုဗ္ဘိက္ခအခါ အနည်းငယ်မျှ၌လည်း ထားကုန်၏။ ဆင်ခြင်၍လည်း ပယ်ကုန်၏။ ပဝါရိတ် သင့်၍ ကုက္ကုစ္စ ဖြစ်၍ မခံယူကုန်။ ချစ်သားတို့၊ ခံယူကြလော၊ သုံးဆောင်ကြလော။ ချစ်သားတို့၊ ဝနဋ္ဌ- တောဖြစ် အစာ၊ ပေါက္ခရဋ္ဌ- ကြာကန်ဖြစ် အစာကို ပဝါရိတ် သင့်သူသည် အတိရိတ် ဝိနည်းကံ မပြုဘဲ သုံးဆောင် ခြင်းငှါ ခွင့်ပြု၏။ (နှစ်ခု)

[ဝနဋ္ဌ-သည် ဝနေဇာတံ။ ပေါက္ခရဋ္ဌ-သည် ပဒုမိနိဂစ္ဆေဇာတံ- ကြာရုံ၌ ဖြစ်၏ ]

(ဒုဗ္ဘိက္ခအခါ အတ္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္က၊ ဥဂ္ဂဟိတ ပဂ္ဂဟဏ (၄)၊

တတော နိဟတ၊ ပုရေဘတ္တ ပဋိဂ္ဂ ဟိတ၊ ဝနဋ္ဌ၊ ပေါက္ခရဋ္ဌ (၄) –

ဤရှစ်ပါးကို ခွင့်ပြုထားသည်။

နောက်၌ ရှေးလေးခု ဒုက္ကဋ်၊ နောက် လေးခု ပါစိတ်ဟု ပယ်လတ္တံ့။)

မကပ္ပိရ နှစ်မျိုး

ထိုအခါ သာဝတ္ထိ၌ သစ်သီးခဲဖွယ် များစွာ ဖြစ်၏။ ကပ္ပိယ ကာရက မရှိ၊ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ သစ်သီးကို မစားကုန်။ ချစ်သားတို့၊ အဗီဇ-မျိုးမကောင်းသော သစ်သီးကို၊ နိပ္ပဋ္ဋ ဗီဇ-မျိုးစေ့ထုတ်အပ်သော သစ်သီးကို မကပ္ပိမူ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

[အဗီဇန္တိတ ရုဏဖလံ-အညှောက်ကို မဖြစ်စေနိုင်သော အသီးနု။

နိပ္ပဋ္ဋဗီဇ ဟူသည် မျိုးစေ့ကို ထုတ်ပယ်၍ စားအပ်သော သရက် ပိန္နဲ စသည်တည်း။]

မြင်းသရိုက်နာ ဓားခွဲ ထုလ္လစ္စည်း

ထိုအခါ မြတ်စွာဘုရားသည်၊ သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကြွ၍ ဝေဠုဝန် ကလန္ဒက နိဝါပ၌ နေတော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးအား ဘဂန္ဒလ-မြင်းသရိုက် သွေးကျနာ ဖြစ်၏။ အာကာသ ဂေါတ္တ မည်သော ဆေးဆရာသည် သတ္တကမ္မ-ဓားခွဲခြင်းကို ပြု၏။ ဘုရားရှင် ကျောင်းလှည့်လည်၍ ထိုကျောင်းသို့ ရောက်လတ်သော် ဆေးဆရာသည် မြင်၍၊ အရှင် ဂေါတမသည် ကြွလာတော်မူပါ၊ ဤရဟန်း၏ ဝစ္စမဂ်ကို ရှုတော်မူပါ၊ ဖွတ် ခံတွင်းကဲ့သို့ဟု ဆို၏။ မောဃပုရိသသည် ငါ့ကို ပြက်ရယ်ပြုသည်ဟု ပြန်ကြွ၍ ရဟန်းတို့ကို မေး၍ အဘယ်ကြောင့် ဤသို့ ပြုစေသနည်း။ ကျဉ်းမြောင်းရာ အရပ်၌ အရည်သည် နူးညံ့၏။ အနာသည် ဒုရောပယော- ပျောက်ခဲ၏။ ဓားအခွဲ ခက်၏။ မလျောက်ပတ်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ ကျဉ်းမြောင်းရာ အရပ်၌ ဓားခွဲခြင်း မပြုအပ်-ထုလ္လစ္စည်း။

ဆဗ္ဗဂ္ဂီ တို့သည် ဓားခွဲခြင်းကို ပယ်တော်မူသည်ဟု ဝတ္တိကမ္မ-ကျပ်ထုပ်ထိုးခြင်းကို ပြုစေကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ကျဉ်းမြောင်းရာ အရပ်၏ ဝန်းကျင်နှစ်သစ်၌ ဓားခွဲခြင်း၊ ကျပ်ထုပ်ထိုးခြင်းကို မပြုစေအပ်- ထုလ္လစ္စည်း။

[ဒုရောပယသည် အသားနု တက်ခဲ၏။ ပကတိအတိုင်း ဖြစ်ခဲ၏ ဟူလို။

ဓား အခွဲခက်၏ ဟူသည် ကျဉ်းမြောင်းရာ အရပ်၌ ခဲယဉ်းစွာ ဓားကို ဆောင်ရာ၏။

သတ္တကမ္မ ဟူသည် ပိုင်းခြားအပ်သော အရပ်၌ အမှတ်မရှိ ဓား၊ အပ်၊ ဆူး၊ စူး၊ ကျောက်စောင်း၊ လက်သည်း တစ်ခုခုဖြင့် ဖြတ်ခြင်း၊ ခွဲခြင်း၊ ခြစ်ခြင်းကို မပြုအပ်။ ဤ အားလုံးသည် သတ္တကမ္မသာ ဖြစ်၏။

ဝတ္တိကမ္မ ဟူသည် အမှတ်မရှိ သားရေ၊ အဝတ် တစ်ခုခုဖြင့် ဝတ္ထိ ပိဠန-ကျပ်ထုပ်ထိုး ဖိနှိပ်ခြင်းကို မပြုအပ်။ ဤအားလုံးသည် ဝတ္တိကမ္မသာ ဖြစ်၏။ ဝန်းကျင် နှစ်သစ် ဟူသည်ကိုလည်း သတ္တကမ္မကိုသာ ရည်ဆိုသည်။ ဝတ္တိကမ္မကိုကား ကျဉ်းမြောင်းရာ အရပ်၌သာ ပယ်သည်။ ထိုကျဉ်းမြောင်းရာ အရပ်၌ကား ခါရ၊ ပြာရည် လောင်းခြင်းငှါ လည်းကောင်း၊ ကြိုးငယ် တစ်ခုခုဖြင့် စည်းခြင်းငှါ လည်းကောင်း အပ်၏။ ပြာရည်လောင်းခြင်း၊ ကြိုးစည်းခြင်းဖြင့် ပြတ်အံ့- အပြစ်မရှိ။ (ဘင်ထွက်ခြင်း၊ လိပ်ခေါင်း ထွက်ခြင်းကို ရည်ဆိုခြင်းတည်း။)

အဏ္ဍ ဝုဍ္ဎိ-မုတ်ရောဂါ၌လည်း ဓားခွဲခြင်း မအပ်။ ရောဂါကင်းအောင် ခွဲ၍ ဗီဇကို မထုတ်အပ်။ မီးကင်ခြင်း ဆေးလိမ်းခြင်းတို့၌ ပယ်ခြင်းရှိ။ ဝစ္စ မဂ်၌ ဘေဘဇ္ဇမက္ခိ-ဆေးလိမ်းခြင်း၊ အာဒါန ဝဋ္ဋိ-ပုဆိုး ကျစ်သွင်းခြင်း၊ ဝေဠုနာ ဠိကာ ... ဝါးကျည်တောက်ငယ်ဖြင့် ပြာရည်သွင်းခြင်း ဆီလောင်းခြင်းတို့သည် အပ်ကုန်သည်သာ တည်း။]

ဝိဋီ ... ဝတ္တိ ပိဠန ဟူသည် ကျပ်ထုပ်၌ရှိသော ဆီ စသည်ကို ကိုယ်တွင်း ရောက်အောင် လက်ဖြင့် ကျပ်ထုပ်ကို နှိပ်ခြင်းတည်း။

သမ္ဗာဓ နေရာ၌ သက္ကကမ္မ၊ ဝတ္တိ ကမ္မတို့ကိုသာ ပယ်ခြင်းကြောင့်၊ အဟန ကမ္မ – မီးကင်ခြင်းသည် အပ်၏။

သာဋီ ... ထိုထက် မထူး။

ဇီဋီ ... သမ္ဗာ စသည် ဝစ္စမဂ် ဖြစ်၏။ ဘိက္ခုနီ၏ ပသာဝ မဂ်လည်း သမ္ဗာဓ ပင်တည်း။

အဏ္ဍဝုဍ္ဎိ သည် ဝါတဏ္ဍက-လေဥ ဖြစ်၏။ အာဒါန ဝဋ္ဋတိ အာဟန ဝတ္တိ။)

အကပ္ပိယ မံသဆယ်ပါး

ထိုအခါ မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ဗာရာဏသီသို့ ကြွ၍ ဣတိပတန မိဂဒါဝုန်၌ နေတော်မူ၏။ ဗာရာဏသီ၌ သုပ္ပိယ ဥပါသကာနှင့် သုပ္ပိယာ ဥပါသိကာ တို့သည် နှစ်ယောက်လုံး သံဃာ့ အလုပ်အကျွေး ဒါယကာတို့ ဖြစ်ကုန်၏။ သုပ္ပိယာသည် အရံသို့သွား၍ တစ်ကျောင်းမှ တစ်ကျောင်း ဂိလာနတို့ကို မေးမြန်းလေ့ရှိ၏။

ထိုအခါ ရဟန်းတစ်ပါးသည်၊ ဝိရေစန- ဝမ်းနှုတ်ဆေးကို သောက်၍၊ ပဋိစ္ဆာ ဒနိယ-အသားဟင်းရည်ဖြင့် အလိုရှိသည်ဟု ဆို၏။ ကောင်းပါပြီ၊ ပို့လိုက်ပါမည်ဟု အိမ်ပြန်၍ ပဝတ္တ မံသ-ဈေးပေါ်သားကို ရှာစေ၏။ သားငါး မပေါ်စေရသော (မာဃာတ) နေ့ဖြစ်၍၊ တစ်မြို့လုံး ရှာ၍မရ။ ထိုအခါ သုပ္ပိယာသည် ပေါတ္ထနိက-သားလှီးဓားကိုယူ၍ ပေါင်သားကို လှီး၍ ကျွန်မကို ချက်ခိုင်း၍ ပို့စေ၍ ပေါင်ကို အဝတ်စည်း၍ အခန်းတွင်း၌ အိပ်နေ၏။

ဥပါသကာသည် ထိုအကြောင်း သိလတ်သော် သုပ္ပိယာ၏ သဒ္ဓါတရားကို ဝမ်းမြောက်စွာ အံ့သြ၍ မြတ်စွာ ဘုရားထံ ချဉ်းကပ်၍ နက်ဖြန် ဆွမ်းဘုဉ်းပေး ကြွတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရားသည် ကြွလာ၍ သုပ္ပိယာကို မမြင်သဖြင့် သုပ္ပိယာ အဘယ်မှာနည်းဟု မေး၏။ နေထိုင်မကောင်းပါဘုရား။ လာစေလော၊ မလာနိုင်ပါဘုရား။ ချီပွေ့၍သော်လည်း ဆောင်ခဲ့လောဟု မိန့်တော်မူ၏။

ဥပါသကာ ချီပွေ့၍ လာသောဏခါ သုပ္ပိယာသည် ဘုရားရှင်ကို မြင်သည်နှင့် တစ်ပြိုင်နက် အသားနုတက်၍ အနာပျောက်၍ ဝမ်းမြောက်စွာ ဆွမ်းကပ်၏။ မြတ်စွာဘုရာသည်၊ တရားဟော၍ ပြန်ကြွ၍ ထိုရဟန်းကို ချစ်သား၊ သုပ္ပိယာသည် အသားကို ပို့လိုက်သလော။ ပို့လိုက်ပါသည်ဘုရား၊ သုံးဆောင် ပြီးပြီလော၊ ပြီးပါပြီ ဘုရား။ စူးစမ်းသလော၊ မစူးစမ်းမိပါ ဘုရား။ အဘယ်ကြောင့် မစူးစမ်းသနည်း။ လူသားကို သင်စားမိပြီဟု ကဲ့ရဲ့၍ ချစ်သားတို့၊ မနုဿ မံသ-လူသားကို မစားအပ် - ထုလ္လစ္စည်း။ ချစ်သားတို့၊ မစူးစမ်းဘဲ အသားကို မစားအပ် - ဒုက္ကဋ်။

[ပဝတ္တံ မံသန္တိ မတဿ မံသံ- အသေကောင်၏ အသား။

မာဃာတနေ့ ဟူသည် ထိုနေ့၌ သတ်ဖြတ်ခွင့် မရ၊

ပေါတ္တနိ ကန္တိ မံသစ္ဆေဒန သတ္တတံ -အသားကို လှီးဖြတ်သော ဓား။

ပဋိဝေက္ခိတိ မံသိ- စူးစမ်းသလော။ မေးမြန်းသလော ဟူလို။ ဤမည်သော အသားဟုသိလျှင် မေးဖွယ် မရှိ။ မသိလျှင်ကား မေး၍သာ စားအပ်၏။]

(သာဋီ ... မာဃာတ ဟူသည်၊ မာဃာတေထ ပါဏိနော-သတ္တဝါတို့ကို မသတ်ကြရဟု ကြွေးကြော်သော နေ့တည်း။)

ထိုအခါ မင်းကြီး၏ ဆင်တို့သည် သေကုန်၏။ လူတို့သည် ဒုဗ္ဘိက္ခ အခါ ဆင်သားစားကုန်၏။ ရဟန်းအားလည်း လှူ၍၊ ရဟန်းစားကုန်၏။ ဆင်သည် မင်းအင်္ဂါ ဖြစ်၏။ မင်းကြီးသိလျှင် နှလုံး မသာမယာ ဖြစ်ရာ၏ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဟတ္တိ မံသ-ဆင်သားကို မစားအပ် ... ဒုက္ကဋ်။

မင်းကြီး၏ မြင်းတို့သည် သေကုန်၏။ အဿမံသ - မြင်းသားကို မစားအပ်-ဒုက္ကဋ်။

လူတို့သည် ဒုဗ္ဘိက္ခအခါ ခွေးသား စားကုန်၏။ ရဟန်းတို့အားလည်း ...လ... စားကုန်၏။ ရွံဖွယ်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ သုနခ မံသ - ခွေးသားကို မစားအပ်-ဒုက္ကဋ်။

လူတို့သည် ဒုဗ္ဘိက္ခအခါ မြွေသား စားကုန်၏။ ရဟန်းတို့အားလည်း ...လ... စားကုန်၏။ ရွံဖွယ်ဟု ကဲ့ရဲ့ကုန်၏။ သုပဿ မည်သော နဂါးမင်းသည်လည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား မသဒ္ဓါသော နဂါးတို့သည် ရဟန်းတို့ကို ညှဉ်းဆဲကုန်ရာ၏။ မြွေသား မစားကြမူ ကောင်းပါသည်။ လျှောက်၏။ ချစ်သားတို့၊ အဟိ မံသ - မြွေသားကို မစားအပ်- ဒုက္ကဋ်။

[သုနခ မံသ၌ အရညကောက တောခွေးသည် သုနခနှင့် တူ၏။ တောခွေးတို့၏ အသားသည် အပ်၏။ ရွာ ခွေးထီး၊ မနှင့် တောခွေးထီး၊ မစပ်သော ခွေး ဗန္ဓတ်၏ အသားသည် မအပ်၊ နှစ်ဘက်လုံးသို့ သက်ဝင်၏။

အဟိ မံသ သည် အမှတ်မရှိ အခြေမရှိသော ကျောက်ရှည်မျိုး၏ အသား ဖြစ်၏။ မအပ်။]

ထိုအခါ မုဆိုးတို့သည် ခြင်္သေ့ကို သတ်၍ အသားစားကုန်၏။ ရဟန်းတို့အားလည်း လှူ၍ စား၍ တော၌ နေကြ၏။ ခြင်္သေ့တို့သည် ခြင်္သေ့သား အနံ့ဖြင့် ရဟန်းတို့ကို လိုက်ကုန်၏။ ချစ်သားတို့၊ သီဟ မံသ - ခြင်္သေ့ သားကို မစားအပ်-ဒုက္ကဋ်။

မုဆိုးတို့သည် ကျားကို၊ သစ်ကို၊ ဝံကို၊ အောင်းကို သတ်၍ စားကုန်၏။ ရဟန်းတို့အားလည်း ...လ... လိုက် ကုန်၏။ ချစ်သားတို့၊ ဗျဂ္ဃ မံသ-ကျားသားကို၊ ဒီပိ မံသ-သစ်သားကို၊ အစ္ဆ မံသ-ဝံသားကို။ တရစ္ဆ မံသ- အောင်းသားကို မစားအပ်- ဒုက္ကဋ်။

[ဤ အသားတို့တွင် လူသားကို ဇာတ်တူချင်း ဖြစ်သောကြောင့် ပယ်သည်။ ဆင်သား၊ မြင်းသားကို မင်း၏ အင်္ဂါဖြစ်သောကြောင့်၊ ခွေးသား၊ မြွေသားကို အံ့ဖွယ်ဖြစ်သောကြောင့်။ ခြင်္သေ့သား စသော ငါးခုကို မိမိ ဘေးရန် မဖြစ်စေခြင်းငှါ ပယ်သည်။

လူမှာ (၁)-ဇာတ်ချင်း-ထုလ္လစ္စည်းတည်း။

မြင်းနှင့်၊ ဆင်မှာ (၂)- မင်းအင်္ဂါ ဖြစ်၏။

သစ်၊ ကျား လည်းကောင်း၊ ဝံ၊ အောင်း၊ ခြင်္သေ့ (၅)- ဘေးရန်တွေ့တတ်။

ရွံအပ်-ခွေး၊ မြွေ (၂)-ဒုက္ကဋ် ပေ - ဆယ်ထွေ မအပ် အသားတည်း။

[ဤဆယ်မျိုး၏ မံသ-အသား၊ အဋ္ဌိ-အရိုး၊ လောဟိတ-သွေး၊ စမ္မ-သားရေ၊ လောမ-အမွေး၊ ဤ အလုံးစုံသည်လည်း မအပ်၊ သိ၍ လည်းကောင်း၊ မသိ၍ လည်းကောင်း စားသူအား အာပတ်သာတည်း။ သိသောအခါ ဒေသနာ ကြားအပ်၏။ မမေးဘဲ စားအံ့ဟု အကပ်ခံလျှင် ဒုက္ကဋ်။ မေး၍ စားအံ့ဟု အကပ်ခံလျှင် အနာပတ္တိ။

ဥဒ္ဒိသ မံသ-ကိုကား သိလျက် စားသူအားသာ အာပတ်၊ စားပြီးမှ သိသူကို အာပတ်ဖြင့် မဆုံးဖြတ်အပ်။]

(ဇီဋီ ... သီဟဠ ဋ္ဌကထာ၌ လူ၏ အသား၊ ဆံပင်၊ လက်သည်း၊ ခြေသည်း၊ အရိုး၊ သွေးတို့၌လည်း ထုလ္လစ္စည်းသာဟု ဆို၏။ ဤစကားဖြင့်- အဋ္ဌိပိ လောဟိတံ စမ္မံ၊ လောမံ တေသံ နကပ္ပတိ ... ဟူသော ခုဒ္ဒသိက္ခာ ဂါထာပုဒ်၏ အနက်အဓိပ္ပါယ်သည် သိလွယ်၏။

အကပ်ခံလျှင် ဟူသည်၌ အနာဒရိယ ဒုက္ကဋ်ကို ဆိုအပ်၏။

ဥဒက မနုဿ စသည်၏ အသားလည်း မအပ်ဟု ဆိုကုန်၏။

နဂါးမင်းဆိုသော အပြစ်ရှိသော်လည်း ကဲ့ရဲ့ခြင်းမှ လိုက်သည်ကိုသာ ယူ၍ ရွံဖွယ်ဟု ဆိုသည်။)

(အသား၊ ရိုး၊ သွေး၊ ရေ၊ မွှေးတို့ မအပ်သော်လည်း၊ မီးကျွမ်းအောင် ပြာချ၍ စားလျှင် အပ်၏။ အဆီ၌ လူဆီတစ်ခုသာ မအပ်၊ နို့ရည် စသည်ကား အားလုံးအပ်၏။)

ယာဂုအကျိုးဆယ်ပါး

ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီမှ အန္ဓကဝိန္ဒသို့ ရဟန်း ၁၂၅၀-နှင့် ဒေသ စာရီ ကြွတော်မူ၏။ ဇနပုဒ် သားတို့သည် ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ် တို့ကို လှည်းများစွာတင်၍ ဗုဒ္ဓ ပမုခ သံဃာအား အလှည့်ကျ ဆွမ်းကပ်မည်ဟု လိုက်ကုန်၏။ စားကြွင်းစား ငါးရာတို့လည်း လိုက်ကုန်၏။ အန္ဓကဝိန္ဒသို့ ရောက်သောအခါ ပုဏ္ဏားတစ်ဦး အလှည့်မရသဖြင့် ငါအား နှစ်လလွန်ပြီ၊ ငါတစ်ယောက်တည်း ဖြစ်သည်။ အိမ်ကိစ္စလည်း များသည်၊ သံဃာများ ဆွမ်းစားရာ၌ ယာဂုကို လည်းကောင်း၊ မဓု ဂေါဠက-မုန့်ချိုကို လည်းကောင်း မမြင်ဟု ရှင်အာနန္ဒာထံ ချဉ်းကပ်၍ ဘုရားရှင် အလှူခံပါမည်လောဟု လျှောက်၏။

ဘုရားရှင်အား ရှင်အာနန္ဒာ လျှောက်၍ အခွင့်ရသောအခါ၊ ထို နှစ်မျိုးကို စီရင်၍ ဆက်ကပ်၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလှူ ခံကြလော၊ သုံးဆောင်ကြလောဟု မိန့်တော်မူ၏။ ဆွမ်းကိစ္စ ပြီးသောအခါ၊ ပုဏ္ဏားအား တရား ဟော၏။ ဒါယကာ ပုဏ္ဏား ယာဂု၌ အာနိသင် ဆယ်ပါး ရှိ၏။

ယာဂုကို လှူသူသည် အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန - ငါးပါးကို လှူသူ ဖြစ်၏။ သောက်အပ်သော ယာဂုသည် ဆာခြင်းကို ပယ်ဖျောက်၏။ ရေငတ်ခြင်းကို ပယ်ဖျောက်၏။ လေတို့ လျော်စေ၏။ (ဝါ- လေစုန်စေ၏။) အစာအိမ်ကို စင်ကြယ်စေ၏။ (အစာဟောင်း စင်ကြယ်၏)။ အစာသစ်ကို ကြေကျက်စေ၏။ ဤသို့ ယာဂုံအကျိုး ဆယ်ပါးကို ဟော၍ ချစ်သားတို့၊ ယာဂုကို လည်းကောင်း၊ မဓု ဂေါဠကကို လည်းကောင်း ခွင့်ပြု၏။

[ဧကတ္တကောတိ ဧကကော-ငါ တစ်ယောက်တည်း၊ အဖော်မရှိ ဟူလို။

ထိုပုဏ္ဏားသည် ယာဂုနှင့် မဓု ဂေါဠကကို တစ်သိန်းကုန်ခံ၍ စီရင်စေ၏။]

(သာဋီ ... မဓု ဂေါဠကန္တိ သက္ကရာ ဒိသံယုတ္တပုဝံ -သကာ စသည်နှင့် ယှဉ်သော မုန့်။

အာယုသည် အာယုဒါန-အသက် အလှူ၊ ဝဏ္ဏသည် ကိုယ်အဆင်း။ သုခသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာ၊ ဗလသည် သရိရထာမ- ကိုယ်၏ အား။

ပဋိဘာနသည် ယုတ္တမုတ္ထ ပဋိဘာန-သင့်သည်ကို မတပ်မငြိ မြင်သိသောဉာဏ် ထက်မြက်ခြင်း။

လေကို လျော်စေ၏ ဟူသည် လေကို လျော်စေလျက် ဆောင်၏။

အစာအိမ်ကို စင်ကြယ်စေ၏ ဟူသည် ဓမနိ- အကြောတို့ကို စင်ကြယ်အောင် ပြု၏။

အစာသစ်ကို ဟူသည် အစာသစ် အကြွင်းအကျန် ရှိအံ့၊ ကြေစေလျက်စေ၏။ အနုပဝစ္ဆတီတိ ဒေတိ။)

ဟောဇ္ဇ ယာဂု အလှူရှင် ဒေါသ

လူတို့သည် ယာဂုနှင့် မုန့်ချိုကို ဘုရားရှင် ခွင့်ပြုသည်ဟု နံနက် စောစော၌ ဘောဇ္ဇယာဂု - လက်ကော်ရသော ယာဂုကို လည်းကောင်း၊ မုန့်ချိုကို လည်းကောင်း လှူကုန်၏။ ရဟန်းတို့သည် ထိုအစာဖြင့် ဆွမ်း မစားနိုင်ကြကုန်။ ထိုအခါ တရုဏ ပသန္န - နုသော ကြည်ညိုခြင်းရှိသော အမတ် တစ်ယောက်သည် ဘုရား အမှူးရှိသော သံဃာအား ပင့်ထား၍ မံသ ပါတိ-အသားဟင်းခွက် ၁၂၅၀-ကို တစ်ပါးတစ်ခွက်ကျ ရည်မှန်း၍ ဆွမ်းလုပ်ကျွေး၏။

ရဟန်းတို့သည် ဒါယကာ အနည်းငယ်သာ လှူပါ၊ နံနက် စောစော၌ ဘောဇ္ဇ ယာဂုနှင့် မုန့်ချိုတို့ကို စားထားကြသည်ဟု ဆိုကုန်၏။ ငါပင့်ထားလျက် အဘယ်ကြောင့် သူတစ်ပါး၏ ဘောဇ္ဇ ယာဂုကို စားကြသနည်းဟု ကဲ့ရဲ့၍ အမျက်ထွက်၍ ရဟန်းတို့၏ သပိတ်၌ အပြည့်ထည့်၍ စားချင်စားကြ၊ ယူချင် ယူသွားကြဟု ဆို၏။ မြတ်စွာဘုရား သည် ဆွမ်းကိစ္စအပြီး တရားဟော၍ ကြွသွား၏။

ထိုနောက် အမတ်သည် နှလုံး မသာမယာဖြစ်၍ လိုက်သွားပြီးလျှင် မြတ်စွာဘုရား၊ တပည့်တာ်မှာ ဤသို့ ဤသို့ ပြုမိပါပြီ၊ ကုသိုလ် ဖြစ်မည်လော၊ အကုသိုလ် ဖြစ်မည် လောဟု လျှောက်၏။ ဒါယကာ၊ သင်သည် နက်ဖြန် ဆွမ်းကျွေးအံ့ဟု ပင့်သောအခါမှစ၍ ထိုအဖို့ဖြင့် ကုသိုလ်များစွာ ဖြစ်ပြီ။ ရဟန်းတစ်ပါး တစ်ပါးသည် သင်၏ ဆွမ်းလုံးတစ်လုံး တစ်လုံးကို ခံယူသောအဖို့ဖြင့် ကုသိုလ်များစွာ ဖြစ်ပြီ။ နတ်ပြည်ကို ရအပ်ပေပြီဟု မိန့်တော်မူ၏။ ထိုအခါမှ ဝမ်းမြောက်၍ ရွှင်လန်းစွာ ပြန်သွား၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို များစွာ ကဲ့ရဲ့၍ ချစ်သားတို့၊ တစ်ပါးသော အရပ်၌ ပင့်ဖိတ်အပ်သော ရဟန်းသည် သူတစ်ပါး၏ ဘေဇ္ဇ ယာဂုကို မသုံးဆောင်အပ်။ ယထာဓမ္မ ပြုစေအပ်၏။

[ဘောဇ္ဇယာဂုသည် ပဝါရိတ်ကို ဖြစ်စေနိုင်၏။ ယဒဂ္ဂေ နာတိယံ အာဒိံ ကတွာ။

နတ်ပြည်ကို ဟူသည် နတ်ပြည်၌ဖြစ်ကြောင်း ကုသိုလ်ကို ဆည်းပူးအပ်ပြီ ဟူလို။

ယထာဓမ္မသည် ပရမ္ပရ ဘောဇန ပါစိတ်ဖြင့် ကုစားစေအပ်၏။ ဘောဇ္ဇ ယာဂုသည် ပဝါရဏာ ဖြစ်စေသောကြောင့်တည်း။]

(သာဋီ … ပရမ္ပရ ဘောဇန ဟူသည် ဘောဇဉ် ငါးပါး တစ်ပါးပါး ဖြင့် ဖိတ်သူ၏ ဘောဇဉ်ကို ဖယ်ထား၍၊ ထိုမှတစ်ပါး ဘောဇဉ် တစ်ပါးပါး စားသူအားဖြစ်သည်။ ဤ ရဟန်းတို့ကား ဘောဇ္ဇယာဂုကို စားကြသည်။ ဘောဇဉ် တစ်ပါးပါး မဟုတ်ဟု စောဒနာဖွယ် ရှိသောကြောင့် “ဘောဇ္ဇ ယာဂုသည် ပဝါရဏာ ဖြစ်စေသောကြောင့်” ဟု ဆိုသည်။ ဘောဇဉ် တစ်ပါးပါးကို ပယ်သူအား ဟောသော ပဝါရဏာသည် ဘောဇ္ဇယာဂုကို ပယ်သူအားလည်း ဖြစ်သည်သာတည်း။ ဘောဇ္ဇယာဂုသည် ဩဒန အလား ရှိ၏ ဟူလို။

ဝိဋီ … သဂ္ဂါတေ အာရဒ္ဓါတိ တယာဒေဝ လောကာ အာရာဓိတာ-နတ်ပြည်တို့တို့ သင်ရပြီ။)

(လက်ကော်မရသော ယာဂုကျဲနှင့် ဘောဇဉ် မဟုတ်သော အစာသည် ပရမ္ပရ ဘောဇနလည်း မဖြစ်။ ပဝါရဏာလည်း မဖြစ်။)

တင်လဲ အလုံး၊ အရည်

ထိုအခါ မြတ်စွာဘုရားသည် အန္ဓကဝိန္ဒ၌ မွေ့လျော်သလောက် နေ၍ ရာဇဂြိုဟ်သို့ ရဟန်း ၁၂၅၀-နှင့် ကြွတော်မူ၏။ ဗေလဋ္ဌကစ္စာနသည် တင်လဲအိုး ငါးရာတင်၍ ရာဇဂြိုဟ်မှ အန္ဓကဝိန္ဒသို့ ခရီးရည် အသွား၊ ဘုရားရှင်ကို မြင်၍ ရှိခိုး၍ တင်လဲအိုး တစ်ပါး တစ်လုံးကျ လှူလိုပါသည်ဟု လျှောက်၏။ ကစ္စာန၊ တင်လဲအိုး တစ်ခုကိုသာ ယူခဲ့လောဟု မိန့်တော်မူ၏။ ယူလာ သောအခါ ရဟန်းတို့အား လှူလောဟု မိန့်တော်မူ၏။ လှူပြီး၍ များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် အလိုရှိတိုင်း လှူဦးလောဟု မိန့်တော်မူ၏။ ထိုနောက် များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် ရောင့်ရဲအောင် လှူဦးလော (သုံးကြိမ်)။

ထိုနောက်များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် စားကြွင်းစာကျန်တို့အား လှူလော၊ တစ်ဖန် ရောင့်ရဲအောင် လှူလော (ပေါင်း ခြောက်ကြိမ်)။ ထိုနောက် များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် ကစ္စာန ထိုကျန်သော တင်လဲကို စားလျှင် ဘုရားရှင်နှင့် သာဝကတို့မှတစ်ပါး အစာကြေနိုင်အံ့သော သူကို မမြင်၊ မြက်သစ်ပင် မရှိရာ၌ စွန့်လော၊ ပိုးမရှိသော ရေ၌ မျှောလောဟု မိန့်ဆို၏။

ရေ၌ မျှောသောအခါ တင်လဲအပေါင်းသည် သံတွေပူကဲ့သို့ တရှဲရှဲမြည်လျက် အခိုးလွှတ်၏။ ထို့နောက် တရားဟောသဖြင့် ဗေလဋ္ဌ ကစ္စာနသည် မဂ်ဖိုလ်ရ၍ သရဏဂုံ ဆောက်တည်၏။ ထိုနောက် မြတ်စွာ ဘုရားသည် ရာဇဂြိုဟ်သို့ ကြွ၍ ဝေဠုဝန်၌ နေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်၌ တင်လဲများစွာ ဖြစ်၏။ ရဟန်းတို့သည် ဂိလာနအားသာ တင်လဲ ခွင့်ပြုသည်ဟု ကုက္ကုစ္စ ဖြစ်၍ တင်လဲကို မစားကုန်။ ချစ်သားတို့၊ ဂိလာနအား ဂုဠ-တင်လဲ(လုံး)ကို၊ အဂိလာနအား ဂူဠောဒက-တင်လဲ အရည်ကို ခွင့်ပြု၏။

[ထိုကြွင်းကျန်သော တင်လဲ အပေါင်း၌ နတ်တို့သည် သိမ်မွေ့သော ဩဇာကို ထည့်ကုန်၏။ တစ်ပါးသောသူ စားလျှင် အစာကြေခြင်းသို့ မရောက်၊ ထိုကြောင့် မိန့်ဆိုသည်။ ဂိလာနအား ဂူဠဟူသည် ထိုသို့သော အနာဖြင့် ဂီလာနဖြစ်သူအား နေလွဲသောအခါ ဂူဠ- တင်လဲလုံးကို ခွင့်ပြု၏ ဟူလို။]

(သာဋီ ... သိမ်မွေ့သော ဩဇာကို ဟူသည် မြတ်စွာဘုရား ဘုဉ်းပေး လတ္တံ့ ဟု မှတ်ထင်၍ ထည့်ကုန်၏။

ဇီဋီ ... ဂိလာနသည် အကြောင်း ရှိလျှင် ဂူဠကို စားအပ်၏၊ ဂူဠောဒကကို အကြောင်းမရှိသော်လည်း သောက်အပ်၏ဟု အနက်ထူးကို သိအပ်၏။

ဂူဠောဒကသည် ရေနှင့် ရောသောကြောင့် သတ္တာဟ ကာလိက အဖြစ်ကို စွန့်၍ ယာဝဇီဝိတ ရေအလားတူ ဖြစ်၏။ ဩဒိဿ အနုညာတ ဖြစ်ခြင်းကြောင့် ပစ္စဝေက္ခဏာ မဆင်ခြင်လျှင် အပြစ် မရှိဟု ဆိုကုန်၏။ အကပ်မခံဘဲ ရေအလားတူ သောက်အပ်သည် မဟုတ်သောကြောင့် စူးစမ်း၍ ယူအပ်၏ဟု ဂဏ္ဍိ တစ်ခု၌ ဆိုသည်။)

(ရေကို သောက်ချိုး ဖွပ်လျှော် သုံးဆောင်ခြင်းတို့၌လည်း ဆေးအဖြစ်ဖြင့် ဆင်ခြင်ရမည်ဟု ဝိသုဒ္ဓိမဂ် ပစ္စယသန္နိဿိတ သီလ၌ ဆို၏။)

ပါဋလိ၌ မြို့သစ်တည်ခြင်း

ထိုအခါ မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ပါဋလိရွာသို့ ရဟန်း ၁၂၅၀-တို့နှင့် ကြွတော်မူ၏။ ပါဋလိရွာနေ ဥပါသကာတို့သည် ဧည့်သည်တို့ တည်းခိုရာ အိမ်သစ်ကြီး၌ နေရာခင်း၍ ပင့်ဆောင်ကုန်၏။ မြတ်စွာဘုရားသည် အိမ်သစ်ကြီး၌ အလယ်တိုင်ကို မှီ၍ အရှေ့ဘက်လှည့်၍ ထိုင်တော်မူ၏၊ ရဟန်းတို့သည် အနောက်ဘက် နံရံမှီ၍ အရှေ့ဘက် ဘုရားရှင်သို့ ဦးညွတ်၍ ထိုင်ကုန်၏။ ပါဋလိ ရွာသားတို့သည် အရှေ့ဘက် နံရံမှီ၍ အနောက်ဘက် ဘုရားရှင်သို့ ဦးညွတ်၍ ထိုင်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဒါယကာတို့ သီလ မရှိသူအား စည်းစိမ် ဆုတ်ယုတ်ခြင်း၊ မကောင်းသတင်း ကျော်စောခြင်း၊ ပရိသတ်၌ မရဲရင့်ခြင်း၊ တွေဝေစွာ သေရခြင်း၊ အပါယ်လားခြင်း- အပြစ် ငါးပါးရှိ၏။ သီလရှိသူအား ထိုမှပြန်၍ အကျိုး ငါးပါးရှိ၏ဟု တရားဟော၍ သုည ဂါရ-ဆိတ်ငြိမ်ရာသို့ (ဝါ-စတုတ္ထဈာန်သို့) သက်ဝင်တော် မူ၏။

ထိုအခါ၌ သုနိဓ၊ ဝဿကာရ-ဟူသော မဂဓ အမတ်တို့သည် ဝဇ္ဇီမင်းတို့၏ အခွန်ကို တားခြင်းငှါ ပါဋလိ၌ မြို့တည်ကုန်၏။ နတ်တို့ ကူညီသည်ကို မြင်တော်မူ၍ ချစ်သားအာနန္ဒာ၊ ဤမြို့သစ်ကို တာဝတိံသာ နတ်တို့နှင့် တိုင်ပင်၍ တည်သကဲ့သို့ ဖြစ်သည်ကို ငါဘုရား မြင်တော်မူ၏။ သူတော်ကောင်းတို့ သက်ဝင်ရာ၊ ကုန်သည်တို့ ရောင်းဝယ်ရာ၊ ဥစ္စာထုပ် ဖြေရာ ပါဋလိပုတ်မြို့ကြီး ဖြစ်လတ္တံ့။ အန္တရာယ်ကား မီးဘေး၊ ရေဘေး၊ အချင်းချင်း စိတ်ဝမ်းကွဲသော ဘေးအားဖြင့် ဘေးသုံးပါး ဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။

မြို့သစ်တည်သော အမတ်တို့သည် ပင့်၍ ဆွမ်းကပ်သောအခါ ဒါယကာတို့၊ ပညာရှိသူသည် နေရာသစ် တည်ရာ၌ သီလရှိသူတို့ကို ကျွေးမွေး၍ နတ်တို့အား အမျှပေးဝေရာ၏။ နတ်တို့ စောင့်ရှောက်၍ ကောင်းသော အာရုံတို့ကို ရ၏ ဟု ဟော၏။ ကြွသောအခါ ဘုရားရှင် ထွက်တော်မူသော တံခါးကို ဂေါတမ တံခါးမဟု မှည့်ကုန်၏။ ဂင်္ဂါမြစ် ကူးသောဆိပ်ကိုလည်း ဂေါတမဆိပ်ဟု မှည့်လို၍ အမှတ်တို့ လိုက်ကုန်၏။ ဂင်္ဂါမြစ်၌ ရေပြည့်သဖြင့် လူတို့သည် လှေ၊ သစ်ဖောင်၊ ဝါးဖောင်ကို ရှာကုန်၏။

မြတ်စွာဘုရားသည် ကွေးသောလက် ဆန့်သကဲ့သို့ ရဟန်း သံဃာနှင့်တကွ ဟိုမှာဘက်ကမ်း၌ တည်တော်မူလေ၏။ (ဆိပ်အမည် မမှည့်ကြရ။) ထိုအခါ မြတ်စွာဘုရားသည် လူအပေါင်းသည် မြစ်ကို ဖောင်ဖွဲ့၍ ကူး၏။ ပညာရှိတို့ကား တဏှာမြစ်ကို ကိလောညွှန် မကပ်စေဘဲ မဂ္ဂင်တံတားခင်း၍ ကူးကုန်၏-ဟု ဥဒါန်းကျူးတော်မူ၏။

(သာဋီ ... ပါဋလိသို့ ဘုရားရှင် ဝင်ပုံ ခမ်းနား ကြီးကျယ်စွာ ဆို၏။ ကျောင်းနေရာ အလှူအကျိုးကိုလည်း များစွာပြ၏။)

ကောဋိ ဂါမ၌ ဥယျာဉ်အလှူ

ထိုအခါ မြတ်စွာဘုရားသည် ကောဋိဂါမသို့ ရောက်၍ ကောတိဂါမ၌ နေတော်မူ၏။ ရဟန်းတို့ကို ချစ်သားတို့၊ သစ္စာလေးပါး မသိခြင်းကြောင့် သင်တို့ ငါတို့ သံသရာရှည်လျားစွာ ကျင်လည်ကြရပြီ။ သိပြီးသောအခါ တဏှာပြတ်၍ ဘဝသစ် တစ်ဖန် မရှိပြီဟု မိန့်တော်မူ၏။ ထိုအခါ အမ္ဗပါလီ ပြည့်တန်ဆာမသည် ဘုရားရှင် ကြွလာသည်ကိုကြား၍ ကောင်းနိုးရာရာ ယာဉ်တို့ဖြင့် ဝေသာလီမှ ထွက်ခဲ့၍၊ ဘုရားရှင်ကို ဖူးမျှော်၍ တရားနာ၍ ဆွမ်းစားပင့်၏။

ဝေသာလီပြည် လိစ္ဆဝီ မင်းတို့သည် ဘုရားရှင် ကောဋိဒါပသို့ ရောက်ပြီဟု ညို၊ ရွှေ၊ နီ၊ ဖြူ တန်ဆာ အမျိုးမျိုးဖြင့် ကောင်းနိုး ရာရာ ယာဉ်တို့ စီး၍ ဘုရားဖူးသွားကုန်၏။ အမ္ဗပါလီသည် လိစ္ဆဝီ မင်းသားငယ်တို့၏ ရထားစွန်းကို မိမိ ရထားစွန်းဖြင့် ထိခိုက်စေ၍ အရှင့်သားတို့၊ ဘုရားအမှူးရှိသော သံဃာကို နက်ဖြန်အတွက် ဆွမ်းစားပင့်ခဲ့ပြီ ဟု ဆို၏။

ဟယ် အမ္ဗပါလီ၊ ထိုဆွမ်းကို ငါတို့အား တစ်သိန်းဖြင့် ပေးလောဟု ဆိုလတ်သော် ဝေသာလီတစ်ပြည်လုံး ပေးသော်လည်း ငါ မပေးပြီဟု ဆို၏။ လိစ္ဆဝီတို့သည် ငါတို့ကို အမ္ဗပါလီသည် နိုင်ချေပြီဟု လက်ချောင်း ခါကုန်၏။ လိစ္ဆဝီမင်းများ ဘုရားရှင်အနီးသို့ ရောက်သောအခါ၊ ချစ်သားတို့ တာဝတိံသာ နတ်တို့ကို မမြင်ဖူးလျှင် ဤ လိစ္ဆဝီ ပရိသတ်ကို အတူ ပြု၍ ကြည့်ရှုကြလောဟု မိန့်တော်မူ၏။

လိစ္ဆဝီတို့ ဘုရားဖူး၍ တရားနာ၍ ဆွမ်းစားပင့်သောအခါ အမ္ပပါလီ၏ ဆွမ်းကို လက်ခံထားပြီဟု မိန့်တော်မူ၏။ အမ္ဗပါလီသည် ငါတို့ကို နိုင်ချေပြီဟု လက်ချောင်း ခါကုန်၏။ ထိုနောက် မြတ်စွာဘုရားသည် ကောဋိဂါမမှ ဉာတိတရွာသို့ ကြွ၍ အုတ်တိုက်၌ နေ၍ နံနက်၌ အမ္ဗပါလီအိမ် ကြွ၍ ဆွမ်းဘုဉ်းပေး၏။

ဆွမ်းကိစ္စပြီးသောအခါ အမ္ဗပါလီသည် မြတ်စွာဘုရား၊ ဤ သရက်ဥယျာဉ်ကို ဗုဒ္ဓပ္ပမုခ ဘိက္ခု သံဃာအား လှူပါ၏-ဟု လျှောက်၏။ မြတ်စွာဘုရားသည် အာရာမကို အလှူခံတော်မူ၏။ ထိုနောက် တရားဟော၍ မဟာဝုန်သို့ ချဉ်းကပ်၍ ဝေသာလီပြည် မဟာဝုန်ကုဋာဂါရသာလ၌ နေတော်မူ၏။

[အမ္ဗကာ ဟူသည် ကုတ္တိကာ တည်း။

အတူပြု၍ ဟူသည် ဤ လိစ္ဆဝီ ပရိသတ်ကို သင်တို့၏ စိတ်ဖြင့် တာဝတိံသာနှင့် တူသော ပရိသတ် ဟု ဆောင်ကြလော၊ အတူပြု၍ ကြည့်ရှုကြလော ဟူလို။]

(သာဋီ ... အမ္ဗကာ ဟူသည် မာတုဂါမ တည်း။ အမ္ဗကာ၊ မာတုဂါမ၊ ဇနနိကာ-ဟူသော အမည်သည် ဣတ္တိတို့၌ တင်စားသော ဝစနတည်း။ (အမေ သဘောရှိသူ ဟူလို။) များစွာသော ပါဠိတို့၌ စက္ခု စသည်တို့၌ ရူပါရုံ စသည်တို့၌ နိမိတ်ယူခြင်းကို တားတော်မူလျက် ဤ၌ အကြိမ်ကြိမ် ကြည့်ခိုင်းခြင်းကား ရဟန်းတို့၏ အကျိုးငှါတည်း။ လုံ့လလျော့သော ရဟန်းတို့ကို နတ်စည်းစိမ်ပြ၍ ရဟန်းတရား အားထုတ်စိမ့်သောငှါ လည်းကောင်း၊ အနိစ္စ လက္ခဏာ ထင်ရှားစေခြင်းငှါ လည်းကောင်း၊ ကြည့်ခိုင်းတော်မူသည်။ မကြာမီ ဤ မင်းသားတို့သည် အဇာတသတ် လက်ချက်ကြောင့် ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့။ ထိုအခါ အနိစ္စ လက္ခဏာ ပွား၍ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကုန်လတ္တံ့ဟု အနိစ္စ လက္ခဏာ ထင်အောင် မိန့်ဆိုသည်။

ဝိဋီ ... ထိုထက်မထူး။)။

ဥဒ္ဒိသ မံသ သုံးမျိုး

ထိုအခါ အလွန်ထင်ရှားသော လိစ္ဆဝီမင်းတို့သည် မင်းကိစ္စ ဆောင်ရွက်ရာ သန္ဓာဂါရ၌ စည်းဝေး၍ ဘုရား၊ တရား၊ သံဃာ၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်၏။ နိဂဏ္ဍတို့၏ တပည့် သီဟ စစ်သူကြီးသည် ထိုစကားကိုကြား၍ ဘုရားဖူး သွားလို၍ ပန်ကြား၏။

သီဟ၊ သင်သည် ကြိယဝါဒ ဖြစ်၏။ ရဟန်း ဂေါတမကား အကြိယ ဝါဒတည်း။ အဘယ်ကြောင့် သွားလိုသနည်းဟု ဆိုသဖြင့်၊ ဘုရားဖူးလိုသောစိတ် ငြိမ်းသွား၏။ နှစ်ကြိမ်မြောက်၌ ထိုအတူ ငြိမ်းပြန်၏။ သုံးကြိမ်မြောက်၌ကား မပန်ကြားဘဲ ရထားငါးရာဖြင့် အထင်အရှား သွား၍ ရှိခိုး၍ ဤသို့ လျှောက်၏။

မြတ်စွာဘုရားသည် အကြိယ ဝါဒ ဖြစ်သည်ဟု ကြားရပါသည်၊ ဟုတ်ပါသလော။ သီဟ၊ ငါသည် ပရိယာယ်အားဖြင့် အကြိယ ဝါဒ ဖြစ်၏။ ကြိယ ဝါဒလည်း ဖြစ်၏။ ဥစ္ဆေဒ ဝါဒ၊ ဇေဂုစ္ဆိ၊ ဝေနယိက၊ တပဿိ၊ အပ ဂဗ္ဘ၊ အဿတ္တ လည်း ဖြစ်၏။

ပရိယာယ်ကား - ဒုစရိုက် မပြုခြင်းငှါ ငါဟော၏။ ထိုနည်းဖြင့် ငါသည် အကြိယ ဝါဒ ဖြစ်၏။ သုစရိုက်ပြုခြင်းငှါ ငါဟော၏။ ထိုနည်းဖြင့် ကြိယ ဝါဒ ဖြစ်၏။ ရာဂတို့ကို ဖြတ်ခြင်းငှါ ဟော၏။ ထိုနည်းဖြင့် ဥစ္ဆေဒ ဝါဒ။ ဒုစရိုက်ကို စက်ဆုပ်၏၊ ထိုနည်းဖြင့် ဇေဂုစ္ဆိ။ ရာဂတို့ကို ပယ်ဖျောက်ခြင်းငှါ ဟော၏။ ထိုနည်းဖြင့် ဝေနယိက၊ တပနိယ မည်သော အကုသိုလ်ပူကို ဖြတ်ခြင်းငှါ ဟော၏။ ထိုနည်းဖြင့် တပဿိ၊ နောင်တစ်ဖန် ပဋိသန္ဓေနေခြင်းကို ပယ်ပြီးပြီ၊ ထိုနည်းဖြင့် အပဂဗ္ဘ၊ သီဟ၊ ငါသည် သက်သာရာ မဂ်ဖိုလ်ဖြင့် လွန်စွာ သက်သာပြီ၊ သက်သာခြင်းငှါ တရားဟော၏။ ထိုနည်းဖြင့် ငါသည် အဿတ္တ ဖြစ်၏ဟု ရှစ်မျိုး မိန့်တော်မူ၏။

ထိုအခါ သီဟ စစ်သူကြီးသည် ဤသို့ နားတော် လျှောက်၏။ မြတ်စွာဘုရား လွန်စွာ နှစ်သက်ဖွယ် ရှိပေစွ၊ ဤနေ့မှစ၍ တစ်ဆက်လုံး ဆည်းကပ်သော ဥပါသကာ ဟူ၍ အကျွန်ုပ်ကို မှတ်တော်မူပါ ဘုရား။ သီဟ၊ စူးစမ်း၍ ပြုလော၊ သင်သို့သော ထင်ရှားသူ၏ စူးစမ်း၍ ပြုခြင်းသည် ကောင်း၏၊

မြတ်စွာဘုရား ဤစကားဖြင့် လွန်စွာ နှစ်သက်ပါသည်။ တစ်ပါးသော တိတ္တိတို့သည် အကျွန်ုပ်ကဲ့သို့သော တပည့်တကာကိုရလျှင် ဝေသာလီ တစ်ပြည်လုံး၌ သီဟသည်၊ ငါ့တပည့်ဟု တံခွန် လွှင့်ကုန်ရာ၏။ နှစ်ကြိမ်မြောက် ဥပါသကာ ဟူ၍ မှတ်တော်မူပါဘုရား။ သီဟ၊ သင့်အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ် ဖြစ်၏။ ထို နိဂဏ္ဌတို့အား ရောက်လာလျှင် ဆွမ်းလှူထိုက်သည်ဟု အောက်မေ့လော။

မြတ်စွာဘုရား ဤ စကားဖြင့် အလွန်အကဲ နှစ်သက်ပါသည်။ ရှေးက ကြားဖူးသည်မှာ ရဟန်း ဂေါတမသည် ငါအား ငါ့သာဝကအားသာ လှူကြ၊ သူတစ်ပါးအား မလှူကြနှင့် အကျိုးမကြီးဟု ဟောသည်ဟူ၍ ကြားဖူးပါသည်။ ယခုမှာမူ နိဂဏ္ဍတို့အားလည်း လှူခြင်းကို တိုက်တွန်းတော်မူ၏။ သို့ရာတွင် ဤ လှူခြင်း၌ ကာလကို (အဂ္ဂဒက္ခိဏေယျ ဖြစ်၊ မဖြစ်ကို) အကျွန်ုပ်တို့ သိကုန်လတ္တံ့၊၊ သုံးကြိမ်မြောက် ဥပါသကာ ဟူ၍ မှတ်တော်မူပါ ဘုရားဟု လျှောက်၏။

ထိုနောက် ဒါနကထာ စသည်ကို နာရ၍ နက်ဖြန် ရဟန်း သံဃာနှင့်တကွ ဆွမ်းစားကြွတော်မူပါဟု လျှောက်၍ ဖဲသွားပြီးလျှင်၊ လူ တစ်ယောက်ကို ပဝတ္တ မံသကို သိလောဟု ရှာစေ၍ ဆွမ်းစီမံ၏။ နံနက်၌ ဘုရားရှင် ကြွလာ၍ ထိုင်နေသောအခါ နိဂဏ္ဍတို့သည် ဝေသာလီ လမ်းမတို့၌ လက်တို့ကို မြှောက်လျက် ကြွေးကြော်ကုန်၏။

ယနေ့ သီဟ စစ်သူကြီးသည် ဆူဖြိုးသော သားကောင် (နွား၊ ကျွဲ၊ ဝက်) တို့ကို သတ်၍ ရဟန်း ဂေါတမအား ဆွမ်းစီမံသည်၊ ရဟန်း ဂေါတမသည် ပဋိစ္စကမ္မံ - မိမိကို စွဲ၍ ပြုသော ဥဒ္ဒိသ မံသကို စားသည်ဟု ကြွေးကြော်ကုန်၏။ ထိုအခါ တစ်ယောက်သည် သီဟ စစ်သူကြီးအား နားရင်းကပ်၍ ထိုအကြောင်းကို ပြော၏။

အမောင်၊ ထိုအရှင် နိဂဏ္ဍတို့သည် ဘုရား တရား သံဃာကို ကဲ့ရဲ့ ကြသည်မှာ ကြာပြီ၊ မဟုတ်မမှန် စွပ်စွဲသော ထိုအရှင်တို့သည် နဇိရိဒန္တိ- မဆွေးရိကုန်။ ငါတို့သည် အသက်ငဲ့၍ပင် သူတစ်ပါး အသက်ကို မသတ်ကြကုန်ဟု ဆို၏။

မြတ်စွာဘုရားသည် ဆွမ်းစား၍ တရားဟော၍ ကြွသွားပြီးလျှင် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ ဥဒ္ဒိဿ မံသကို သိလျက် မစားအပ်-ဒုက္ကဋ်၊ ချစ်သားတို့၊ မမြင်အပ်၊ မကြားအပ်၊ မရွံရှားအပ်- (ဝါ-မတွေးထင်အပ်သော) အစွန်းသုံးပါး လွတ်သော မစ္ဆ၊ မံသ-ငါး၊ အမဲကို ခွင့်ပြု၏။

ရည်၍ သတ်ငြား-ထင်၊ မြင်၊ ကြား (၃) -သုံးပါး မံသ၊ သစိတ္တက။

[စူးစမ်း၍ ဟူသည် လျော်စွာ သိအောင်ပြု၍ ကြံစည်၍ နှိုင်းချိန်၍ ပြုအပ်သည်ကို ပြုလော-ဟု ဆိုလိုသည်။

တံခွန်လွှင့် ဟူသည် အလံထူ မြှောက်၍ မြို့၌ ကြွေးကြော်ကာ လှည့်ကုန်ရာ၏။ ဤသို့ပြုလျှင် ငါတို့၏ မြင့်မြတ်ခြင်းသည် ဖြစ်လတ္တံ့ -ဟူသော အကြောင်းကြောင့်တည်း။

ရေတွင်း သဖွယ် ဟူသည် ကောင်းစွာ ပြုပြင်ထားသော ရေတွင်းကဲ့သို့ တည်သော အိမ်ဖြစ်၏။

လှူထိုက်သည်ဟု အောက်မေ့လော ဟူသည် ဤသူတို့အား အလှူကို မဖြတ်နှင့်၊ ရောက်လာလျှင် လှူအပ်သည်သာတည်း ဟု ဆုံးမ၏။

ဥဒ္ဒိဿကန္တိ ဥဒ္ဒိဿိတွာ ကတံ - ရည်၍ပြုသော အသား။ ပဋိစ္စကမ္မန္တိ အတ္တာနံ ပဋိစ္စကတန္တိ အတ္ထော - မိမိကို စွဲပြုသော အသား ဟူလို။ တစ်နည်း နိမိတ္တကမ္မ ဟူသော ပဋိစ္စကမ္မ ရှိသော အသားတည်း။ ဤသို့သော အသားကို စားသူလည်း ထိုကံ၏ အမွေခံယူသူ ဖြစ်၏။ သတ်သူအားကဲ့သို့ စားသူ အားလည်း ပါဏာတိပါတကံ ထိုက်၏ ဟူလို။

ဇိရိဒန္တိ တိဇိရန္တိ။ စွပ်စွဲခြင်းတို့သည် မဆွေးရိကုန်၊ စွပ်စွဲခြင်း၏ အဆုံးသို့ မရောက် ဟူလို။

အစွန်း သုံးပါး လွတ်ခြင်းကို သံဃဘေဒ၌ ဆိုအပ်ပြီ။]

(ဝိဋီ ... သန္ဓာဂါရ ဟူသည် ရာဇကိစ္စ ဆောင်ရွက်ရန် အကြား အပေါက် မရှိအောင် ပြု၍ စီမံခြင်းငှါ ပြုသော မဟာသဘင်ဖြစ်၏။

နိမိတ္တကမ္မ ဟူသည် စားခြင်းအကြောင်းဖြင့် ဖြစ်သော ပါဏာတိပါတ ကံတည်း။

သာဋီ ... သန္ဓာဂါရ ဟူသည် လူတို့ အပန်းဖြေ နားစရာ ပြုသော အိမ်ဖြစ်၏။ မြို့အလယ်၌ အရပ် လေးမျက်နှာမှ မြင်နိုင်၏။ ရာဇ ကိစ္စဆောင်ရွက်ရန် အိမ်ကိုလည်း သန္ဓဂါရဟု ဆိုကုန်၏။ ထို၌ တိုင်၍ လိစ္ဆဝီမင်းတို့သည် ရာဇ ကိစ္စကို စီမံကုန်၏။ ရာဇကိစ္စ၊ လောက ကိစ္စ စီမံပြီးလျှင် ပညာရှိ အရိယာဖြစ်သော မင်းတို့သည် ရတနာသုံးပါး ဂုဏ်ကို ပြောဆိုကြ၏။

ဘုရားဂုဏ်သည် စရိယဂုဏ်၊ သရိရဂုဏ်၊ ဂုဏဂုဏ် ဟု သုံးမျိုး ရှိ၏။ စရိယဂုဏ်ကို ပြောဆိုပုံကား- မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ဥပပါရမီ၊ ပရမတ္တ ပါရမီ အားဖြင့် အပြား သုံးဆယ်ကို လည်းကောင်း၊ ဉာတတ္ထ စသော စရိယ သုံးပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို လည်းကောင်း ထိပ်ဆုံးရောက် ဖြည့်ကျင့်ခြင်းဖြင့် လည်းကောင်း၊ ငါးရာ့ငါးဆယ် ဖာတ်တော်တို့ဖြင့် လည်းကောင်း၊ တုသိတာဘုံ တိုင်အောင် (စရိယဂုဏ်) ပြောဆိုကုန်၏။

တရားဂုဏ်ကို နိကာယ် ငါးရပ်၊ ပိဋကတ် သုံးပုံ၊ ဓမ္မက္ခန္ဓာအစုံ ရှစ်သောင်း လေးထောင် စသော အဖို့အစု အားဖြင့် ပြောဆိုကုန်၏။

သံဃဂုဏ်ကို တရားတော် နာရ၍ စည်းစိမ် ဆွေမျိုးစွန့်၍ မင်း၊ အိမ်ရှေ့၊ သူဌေး၊ ဘဏ္ဍာစိုး စသော ဌာနန္တရတို့ကို မရေတွက်ဘဲ ဘုရားရှင် သာသနာ၌ ရဟန်း ပြုကြ၏။ ထီးဖြူ စွန့်၍ ရဟန်း ပြုသော ဘဒ္ဒိယ၊ မဟာကပ္ပိန၊ ပုက္ကုသာတိ စသော မင်းရဟန်း ရှစ်သောင်းခန့်၊ ယသ၊ သောဏ၊ ရဋ္ဌပါဠ စသော သူဌေးရဟန်း အပိုင်းအခြား မရှိ စသည်ဖြင့် ပြောဆိုကုန်၏။

ဝေသာလီ၌ ခုနစ်ထောင် ခုနစ်ရာ ခုနစ် (၇၇၀၇) ဦးသော မင်းတို့သည်၊ လူအားလုံး၏ စိတ်ကို ယူ၍ တိုင်းပြည်ကို စီမံခြင်းငှါ စွမ်းနိုင်သူကို ရွေးချယ်သောအခါ သီဟမင်းသားကို ဤသူ တတ်နိုင်လတ္တံ့ ဆုံးဖြတ်၍၊ ကမ္ဗလာနီ မြှေးယှက်သော စစ်သူကြီးဆောင်းထီးကို အပ်နှင်းကုန်၏။ ထိုသီဟ စစ်သူကြီးသည် နာဋပုတ္တ နိဂဏ္ဌ၏ ပစ္စည်းလေးပါး ဒါယကာဖြစ်၏။ ဇမ္ဗူဒိပ် အပြင်၌ နာဠန္ဒ၌ ဥပါလိ သူကြွယ်၊ ကပိလဝတ်၌ ဝပ္ပသာကီဝင် မင်း၊ ဝေသာလီ၌ သီဟစစ်သူကြီးဟု နိဂဏ္ဌ တပည့်ကြီး သုံးဦးရှိ၏။

သန္ဓာဂါရ၌ တစ်ပါးသော မင်းတို့၏ နေရာကို ပရိသတ် အကြား၌ ခင်းကုန်၏။ သီဟစစ်သူကြီး၏ နေရာကား အလယ်ဌာန၌ ဖြစ်၏။ ရာဇာသန နေရာမြတ်၌ ထိုင်ရ၏။ ဂုဏ်တော် ပြောသံကြားရသောအခါ၊ ဤသူတို့သည် အမှတ်မရှိ သေး နုပ်သူကို ဤမျှ မချီးမွမ်းတန်ရာ၊ စင်စစ်ဟု ယုံမှားကင်း၍ ဘုရားဖူး သွားလိုသူဖြစ်၏။

နာဋပုတ္တကား ရှေးမဆွကပင် ရဟန်း ဂေါတမထံ ချဉ်းကပ်မည်ကို စိုးရိမ်သဖြင့် ဤသို့ ပြောထား၏။ စစ်သူကြီး၊ လောက၌ ငါဘုရားဟုဆိုသူ များလှကုန်၏။ အသင် ချဉ်းကပ်လိုလျှင် ငါ့ကို ပန်ကြားလော။ ငါသည် သင့်အား သင့်ရာ၌သာ စေလွှတ်လို၏။ မသင့်ရာမှ တားလို၏ဟု ပြောထားသည်ကို သတိရ၍ လွှတ်လျှင် သွားမည်၊ မလွှတ်လျှင် မသွားဟု ကြံ၍ နာဋပုတ္တထံ ချဉ်းကပ်၏။

သီဟစစ်သူကြီး၏ စကားကို ကြားသောအခါ နာဋပုတ္တသည် တောင်ကြီးဖိသကဲ့သို့ ဗလဝ သောကဖြင့် ငါ အလိုမရှိရာသို့သာ သွားချင်ဘိသည်ဟု ကြံ၍ သီဟ သင်သည် ကြိယဝါဒ ဖြစ်၏ စသည်ကို ဆို၏။ သွားသော နွားကို နှုတ်သီးပိတ် ရိုက်သကဲ့သို့ မီးလျှံကို ငြိမ်းစေသကဲ့သို့ ဆွမ်းပြည့်သော သပိတ်ကို မှောက်သူကဲ့သို့ သီဟအား ဖြစ်သော ပီတိကို ပျက်အောင်ဆို၏။

ဒုတိယအကြိမ်၌ ဘုရားဂုဏ်ကို ဆိုသော မင်းသည် တုတိတာဘုံမှ စ၍ ဗောဓိပလ္လင်တိုင်အောင် မြတ်စွာဘုရား၏ ဖဝါးမှ ဆံဖျားအထိ ပိုင်းခြား၍ ၃၂-ပါးသော လက္ခဏာကြီး၊ ရှစ်ဆယ်သော လက္ခဏာငယ်၊ တစ်လံသော ရောင်ခြည်တော်စွမ်းဖြင့် သရီရ ဂုဏ်ကို ဆိုကုန်၏။ တရားဂုဏ်ကို ပုဒ်အက္ခရာ၌ပင် ချွတ်ယွင်းခြင်း မရှိ၊ ကောင်းစွာ ဟောအပ်သော တရားစွမ်းဖြင့် ဆိုကုန်၏၊

သံဃာ့ဂုဏ်ကို စည်းစိမ်ကြီးစွာ စွန့်၍ ရဟန်း ပြုသူတို့သည် မပျင်းမရိ ဓုတင် တေရသဖြင့် ခြိုးခြံကုန်၏။ အနုပဿနာ ခုနစ်ပါး အားထုတ်ကုန်၏။ ၃၈-ပါးသော အာရုံသမာပတ် ဝင်စားကုန်၏ ဟု ပဋိပဒါ စွမ်းဖြင့် ဆိုကုန်၏။

တတိယအကြိမ်၌ ဣတိပိ သောဘဂဝါ စသော၊ သွာက္ခာတော စသော၊ သုပ္ပဋိပန္နော စသော သုတ္တန်နည်းဖြင့် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် (ဂုဏဂုဏ်) တို့ကို ဆိုကုန့်၏။ ထိုအခါ သီဟစစ်သူကြီးသည် ဤသို့ ကြံ၏။ ဤလိစ္ဆဝီမင်းတို့အား တတိယနေ့မှစ၍ ဘုရား တရား သံဃာ ဂုဏ်ကို မိန့်ဆိုကြသည်မှာ ခံတွင်းမဆန့်၊ ယခုဖြစ်သော ပီတိကို ငါမစွန့်မူ၍ ယနေ့ပင် ဘုရားဖူးသွားပေအံ့၊ နိဂဏ္ဌတို့အား ပန်ခြင်းဖြင့် အကျိုး မရှိဟုကြံ၏။

နွေအခါ ပထမရွာသော မိုးသည် အနည်းငယ်စီး၍ ခန်း၏။ ဒုတိယ မိုးကြီးသည် စီး၍ သဲပုံ၌ ပျောက်၏။ တတိယမိုးကြီးကား အမှိုက်နှင့်တကွ သဲပုံတို့ကို ဖျက်၍ သမုဒ္ဓရာသို့ စီးဝင်သကဲ့သို့ ငါဘုရားဖူး သွားလိုသည်မှာ ကြာပြီ။ မထင်မရှား သွားခြင်းဖြင့် မသင့်ဟု ကြံ၍ ဘုရားဖူးသွားလိုလျှင် ဘယ်သူမဆို ထွက်ကြလောဟု ကြွေးကြော်၍ ရထားငါးရာ ပရိသတ်ကြီးစွာဖြင့် ပန်းနံ့သာ အခိုးအထုံ လက်စွဲစေလျက် နေ့လယ်ကြောင်တောင် မွန်းတည့်သာသာတွင် သီဟ စစ်သူကြီး ဘုရားဖူးထွက်၏။

အရံတွင်းသို့ ရောက်သောအခါ၊ အဝေးမှပင် လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စွာ မြင်ရသောအခါ ဤသို့သော ဘုရားမြတ်ကို အနီးတွင်ရှိလျက် ကာလ ဤမျှကြာအောင် ငါ မဖူးရ၊ လှည့်စားခံရလေစွ၊ အရ မတော်လေစွဟု အကြံဖြစ်၍၊ ရွှေအိုးတွေ့သော သူဆင်းရဲကဲ့သို့ လွန်ကဲသော ပီတိ ပါမောဇ္ဇဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

မြတ်စွာဘုရားသည် အကြိယာဝါဒ စသော ရှစ်ပါးသော အင်္ဂါတို့ဖြင့် သီဟ စစ်သူကြီးအား တရားဟော၏။

လွန်စွာ သက်သာပြီ ဟူသည် လေးပါးသော မဂ်၊ ဖိုလ် ဟူသော မြတ်သော သက်သာခြင်းတည်း။

စူးစမ်း ဟူသည် အသို့နည်း၊ ဤသီဟသည် ဘုရားကိုလည်းကောင်း၊ နိဂဏ္ဌကို လည်းကောင်း မြင်တိုင်း ဆည်းကပ်သည်ဟု ကဲ့ရဲ့ခြင်း ဖြစ်တတ်၏။ ထိုကြောင့် သင်သို့သော သူတို့အား စူးစမ်းနှိုင်းချိန်ခြင်းသည် ကောင်း၏။

တံခွန် လွှင့်ရာ၌ ဆည်းကပ်ခြင်း၌ စိတ်ပျက်၍ နောက်ဆုတ်လိုသောအခါ ငါ ဆည်းကပ်ခြင်းကို အများ သိကြသည်။ ယခုမှ နောက်ဆုတ်ခြင်းငှါ ဆင်းရဲလှ၏ဟု နောက်မဆုတ်နိုင်အောင် တံခွန် လွှင့်ကုန်ရာ၏။

ရှေးအခါ၌ ရောက်လာသူတို့အား “နတ္ထိ-မရှိ”ဟု မဆိုဘဲ လှူပြီ။ ယခု ငါ့ကို ဆည်းကပ်ခြင်း မျှဖြင့် အလှူ မဖြတ်လင့်၊ ရောက်လာသူတို့အား လှူအပ်သည်သာဟု ဩဝါဒ ပြု၏။ ရှေးက ကြားဖူးသည်၌ အဘယ်မှ ကြားသနည်း၊ နိဂဏ္ဌတို့ ထံမှတည်း။ နိဂဏ္ဌတို့သည် ဤသို့ ထင်စွာ ပြုကုန်၏-ငါတို့သည် ဘယ်သူအား မဆို ရောက်လာလျှင် လှူအပ်၏ဟု ဟောကြသည်။ ရဟန်း ဂေါတမကား-ငါအားသာ လှူကြ၊ ငါ၏ သာဝကအားသာ လှူကြ၊ သူတစ်ပါးအား လှူလျှင် အကျိုးမရှိ စသည်ဖြင့် ဟောသည်ကို ထင်စွာပြကုန်၏။ ထိုကို ရည်ဆိုသည်။

ပဝတ္တမံသ ဟူသည် ပကတိအားဖြင့် ဖြစ်သော ကပ္ပိယ မံသ ဖြစ်၏။ ပဋိစ္စကမံဖုသတိကို ပါဋ္ဌသေသနှင့်လည်း သိအပ်၏။ ထိုကံသည် ရောက်၏ ဟူလို။ ထို အကုသိုလ်သည် လှူသူအား တစ်ဝက်၊ အလှူခံသူအား တစ်ဝက် ဟု နိဂဏ္ဌတို့ အယူရှိ၏။ ဇိရန္တိကို လဇ္ဇန အနက် ၌လည်း သိအပ်၏။ စွပ်စွဲသူတို့ မရှက်ကုန် ဟူလို။)

(သံဃဘေဒ၌ အမြွက်ကား - ရဟန်းတို့ အလို့ငှါ သတ်အပ်သည် မဟုတ်ပါမှ။ ရဟန်းတို့ အလို့ငှါ လည်းကောင်း၊ မင်္ဂလာ အလို့ငှါ လည်းကောင်းဟု သတ်လျှင်လည်း ဥဒ္ဒိဿ မံသ ပင်တည်း။ မြင်သူ ကြားသူ ထင်သူသည် သိလျက် အလှူခံ၍ မိမိမစားဘဲ မသိသူကို ကျွေးအံ့၊ စားလျှင် မသိသူအား အနာပတ္တိ။ သိလျက် မစားသူအားလည်း အနာပတ္တိ၊ နှစ်ဦးလုံး အာပတ်မှ လွတ်၏)

ခေတ္တ အခွင့်ရှစ်ပါး ပယ်ခြင်း

ထိုအခါ ဝေသာလီပြည်သည် ဆွမ်း ရလွယ်၏။ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်စဉ် ဒုဗ္ဘိက္ခအခါ အခွင့်ပြုထားသော အန္တော ဝုတ္တ စသည်တို့ကို ယနေ့ထိ ရဟန်းတို့ သုံးဆောင်ကြသည်ကို အကြံဖြစ်၍၊ ရှင်အာနန္ဒာကို ယနေ့ထိ သုံးဆောင်ကြသလောဟု မေး၍၊ ရဟန်းတို့ကို တရားဟောပြီးလျှင် ချစ်သားတို့၊ ဒုဗ္ဘိက္ခအခါ ငါဘုရား ခွင့်ပြုထားသော အန္တော ဝုတ္တ စသော ရှစ်ပါးကို ယနေ့ကို အစပြု၍ ငါဘုရား ပယ်တော် မူ၏။

ချစ်သားတို့၊ အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္က၊ ဥဋ္ဌဟိတ ပဋိဂ္ဂဟိတကို မသုံးဆောင်အပ်-ဒုက္ကဋ်။

ချစ်သားတို့၊ တတော နီဟဋ၊ ပုရေဘတ္တ ပဋိဂ္ဂဟိတ၊ စနဋ္ဌ၊ ပေါက္ခရဋ္ဌကို ပဝါရိတ်သင့်သူသည် အတိရိတ် ဝိနည်းကံ မပြုဘဲ မသုံးဆောင်အပ်။ ယထာဓမ္မ ပြုစေအပ်၏။ (ဝါ- ပါစိတ်။)

ကပ္ပိယ ကုဋီလေးလုံး

ထိုအခါ ဇနပုဒ် နေသူတို့သည် ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ် များစွာ လှည်းတို့၌ တင်၍ အရံပ တံခါး မုခ်အနီး လှည်းဝိုင်း၍ အလှည့်ရသောအခါ ဆွမ်းကျွေးမည်ဟု နေကုန်၏။ ကြီးစွာသော မိုးသည်လည်း တက်လာ၏။ ထိုအခါ ရှင်အာနန္ဒာထံ ချဉ်းကပ်၍ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်၏။ ရှင်အာနန္ဒာသည် ဘုရားရှင်အား ထိုအကြောင်းကို လျှောက်၏။

ချစ်သား--အာနန္ဒာ၊ ထိုသို့ ဖြစ်လျှင် သံဃာသည် အစွန်ဖြစ်သော ကျောင်းကို ကပ္ပိယ ဘူမိကို သမုတ်၍ နေစေလော။ သံဃာသည် အလိုရှိရာ တစ်ကျောင်းကျောင်းကို ဖြစ်စေ သမုတ်၍ နေစေလော။

သမုတ်ပုံကား ဗျတ္တ ပဋိဗလ ရဟန်းသည် သံဃာကို ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ- ဤအမည်ရှိသော ကျောင်းကို ကပ္ပိယ ဘူမိကို သမုတ်ရာ၏။ သမုတ်၏။ သုတ်ပြီဟု သိစေအပ်၏။

လူတို့သည် ထိုသမုတ်သော ကပ္ပိယ ဘူမိ၌ ယာဂု ထမင်းဟင်း ချက်ကုန်၏။ အမဲသား စဉ်းကုန်၏။ ထင်းခွဲ ကုန်၏။ ကျီးအာသံကဲ့သို့ အသံကျယ်စွာ ဘုရားရှင်ကြား၍ မေးမြန်း၍၊ ချစ်သားတို့၊ သမ္မုတိ ကပ္ပိယ ဘူမိကို မသုံးဆောင်အပ်-ဒုက္ကဋ်။ ချစ်သားတို့၊ သုံးခုသော ကပ္ပိယ ဘူမိတို့ကို ဥဿာပ နန္တိက ဂေါနိသာ ဒိက၊ ဂဟပတိကို ခွင့်ပြု၏။

ထိုအခါ အရှင်ယသောဇ သည် ဂိလာနဖြစ်၍ ယူလာသော ဆေးတို့ကို ပြင်ပ၌ ထားကုန်၏။ ကြောင် ကြွက် စသည်တို့ ခဲကုန်၏။ ခိုးသူတို့လည်း ဆောင်ကုန်၏။ ချစ်သားတို့၊ သမ္မုတိ ကပ္ပိယ ဘူမိကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ လေးခု သော ကပ္ပိယ ဘူမိတို့ကို ဥဿာဝ နန္တိက၊ ဂေါနိသာ ဒိက၊ ဂဟပတိ၊ သမ္မုတိကို ခွင့်ပြု၏။

[မဟာရာမကောဋ္ဌကေတိ ဗဟာရာမက သမိပေ - အရံပ တံခါးမုခ် အနီး၌။ သကဋ ပရိဝတ္တကံ-လှည်းတို့ဖြင့် အရံကို ကဲ့သို့ပြု၍ နေကုန်၏။

အစွန်ဖြစ်သော ဟူသည် အဘိလာပ မတ္တ (ဒေသနာ မတ္တ)ဖြစ်၏။

သံဃာ အလိုရှိရာဟု ဟောသောကြောင့်၊ ဓုရဝိဟာရ- အလယ် ကျောင်းမကိုသော်လည်း သမုတ်ခြင်းငှါ အပ်၏။ ကမ္မဝါစာ မဖတ်ဘဲ အပလောကန ဖြင့်လည်း အပ်သည်သာတည်း။

ကျီးအာသံ ဟူသည် အနုပ္ပဂေ ယေဝ-နံနက် စောစော၌သာလျှင် အာမိသ ခဲခြင်းငှါ ဝင်လာသော ကျီးတို့၏ ဩရ၀ သဒ္ဒ - ကျယ်သော များသော အသံတည်း။ ယသောဇသည် ကပိလသုတ် အဆုံး၌ ရဟန်းပြုသူ ငါးရာတို့၏ အဂ္ဂ ပုရိသ ဖြစ်၏။]

(သာဋီ ... အဘိလာပ မတ္တန္တိ ဒေသနာ မတ္တံ။ အနုနေဂ ယေဝါတိ ပါတော ယေဝ။ ဩရဝ သဒ္ဒန္တိ မဟာသဒ္ဒံ။)

(ကပ္ပိယ ဘူမိ လေးပါး အကျယ်ကို နောက်၌ ဆိုအံ့။)

မေဏ္ဍက သူဌေးဆွမ်း အလှူ

ထိုအခါ ဘဒ္ဒိယမြို့၌ မေဏ္ဍက သူဌေးကြီးသည် နေ၏။ ဦးခေါင်းကို ရေဆေး၍ စပါးကျည်ကို တံမြက်လှည်းစေ၍ တံခါးအနီးထိုင်အံ့၊ စပါးမိုးကျည်အပြည့် ရွာစေသော ဘုန်းကံရှိ၏။ သူဌေးကတော်သည် တစ်ပြည်ဝင် ထမင်းအိုး တစ်ခု၊ ဟင်းအိုး တစ်ခု အနီး၌ ထိုင်၍ ကျွန် အမှုလုပ်တို့ကို ကျွေးမွေးအံ့၊ မထမချင်း မကုန်။

သားသည် ငွေတစ်ထောင်ထုပ်ကိုကိုင်၍ ကျွန်အမှုလုပ်တို့အား ခြောက်လစာ ရိက္ခာပေးအံ့၊ လက်၌ တည်သမျှ မကုန်။

ချွေးမသည် လေးစိတ်ဝင် စပါးတောင်းအနီး၌ နေ၍၊ ကျွန် အမှုလုပ်တို့အား ခြောက်လစာ ရိက္ခာပေးအံ့၊ မထမချင်း မကုန်။

ကျွန်သည် တစ်ခုသော ထွန်ဖြင့် လယ်ထွန်အံ့၊ ထွန်ရေး ခုနစ်ကြောင်း ထင်၏။

ဤသို့ ဘုန်းကံ အသီးသီး ရှိကြ၏။ ဗိမ္ဗိသာရမင်းကြီးသည်၊ ငါ၏နိုင်ငံ ဘဒ္ဒိယမြို့၌ ဤသို့သော သူဌေးကြီး ရှိသည်ဟု ကြား၍ အမတ်တစ်ယောက်ကို စစ်အင်္ဂါ လေးပါးနှင့် စေလွှတ်၍ စုံစမ်းစေ၏။ အမတ်သည် သွားရောက်၍ တစ်ခုစီ မျက်မြင်ကိုယ်တွေ့ ကြည့်ရှုပြီးလျှင် ထိုအကြောင်း မင်းကြီးအား ပြန်၍ သံတော်ဦး တင်၏။ ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမှ ဘဒ္ဒိယမြို့သို့ ရဟန်း ၁၂၅ဝ-နှင့် ကြွ၍ မုလေးတော၌ နေတော်မူ၏။ မေဏ္ဍက သူဌေးကြီးသည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ကြား၍ ကောင်းနိုးရာရာ ယာဉ်တို့ဖြင့် ဘုရားဖူး ထွက်၏။ များစ္စာသော တိတ္တိတို့သည် မြင်၍ သူဌေးကြီး၊ သင်သည် ကြိယဝါဒ ဖြစ်၏။ ရဟန်း ဂေါတမသည် အကြိယ ဝါဒ ဖြစ်၏။ အဘယ်ကြောင့် သွားရသနည်းဟု ဆိုလတ်သော် ဤတိတ္တိတို့ ညူစူ သလောက် ထိုဘုရားသည် အရဟံ သမ္မာ သမ္ဗုဒ္ဓ စင်စစ် ဖြစ်ပေလတ္တံ့ ဟု ကြံစည်၍၊ ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ ထိုင်၏။

တရားနာပြီးသောအခါ ဥပါသကာ အဖြစ်ကို ဝန်ခံ၍ နက်ဖြန် အလို့ငှါ ဆွမ်းကို လက်ခံတော်မူပါ ဟု လျှောက်၏။ နောက်နေ့၌ ဆွမ်းကိစ္စပြီးသောအခါ တစ်အိမ်သားလုံး ဥပါသကာ အဖြစ်ကို ဝန်ခံ၍ ဘဒ္ဒိယမြို့၌ နေသမျှ ဗုဒ္ဓပ္ပမုခ သံဃာအား ဓူဝဘတ္တ အမြဲ ဆွမ်းဝတ်ဖြင့် လှူလိုပါသည်ဟု လျှောက်၏။ ထိုအခါ တရားဟော၍ ဖဲသွား၏။

ပါထေယျ ခွင့်ပြုခြင်း

ထိုနောက် မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့၌ မွေ့လျော်သလောက် နေ၍ သူဌေးကြီးကို မပြောကြားဘဲ အင်္ဂုတ္တရာပသို့ ကြွတော်မူ၏။ သူဌေးကြီး သိလတ်သော် ဆား၊ ဆီ၊ ခဲဖွယ် များစွာ လှည်းတို့၌ တင်ယူစေ၍ နွားမ ၁၂၅ဝ --တို့ကိုလည်း ယူစေ၍ မီရာ၌ ဆွမ်းကပ်မည်ဟု လိုက်သွား၍ တစ်ပါးလျှင် နွားမ တစ်ကောင်ကျ နို့သစ်နှင့် ဆွမ်းကပ်၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ နို့ကို အလှူမခံကုန်။ ချစ်သားတို့၊ အလှူ ခံကြလော၊ သုံးဆောင်ကြလော။

ထိုနောက် သူဌေးကြီးသည် မြတ်စွာဘုရား၊ ခရီးအကြား၌ ဆွမ်းခဲယဉ်းပါသည်။ ပါထေယျ-လမ်းစာ ရိက္ခာထို ရဟန်းတို့အား ခွင့်ပြုတော်မူပါဟု လျှောက်၏။ ချစ်သားတို့၊ ပဉ္စဂေါ ရသ- နွားနို့အရသာ ငါးပါးကို ခိရ- နို့၊ ဒမိ-နို့ဆမ်း၊ တတ္တ-ရက်တက်၊ နဝနီတ-ဆီဦး၊ သပ္ပိ- ထောပတ်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ရေအစာ ခေါင်းပါးသော ခရီးခဲတို့သည် ရှိကုန်၏။ ရိက္ခာမပါလျှင် သွားခြင်းငှါ မလွယ်။ ချစ်သားတို့၊ လမ်းစာ ရိက္ခာကို ဆန်၊ ပဲနောက်၊ ပဲကြီး၊ ဆား၊ တင်လဲ၊ ဆီ၊ ထောပတ် အလိုရှိရာ ရှာဖွေခြင်းငှါ ခွင့်ပြု၏။

ချစ်သားတို့၊ သဒ္ဓါသော လူတို့သည် ကပ္ပိယကာရကတို့၏ လက်၌ ရွှေ ငွေကို ဤ ရွှေ ငွေဖြင့် အရှင်ကောင်းအား အပ်သည်ကို လှူကြဟု အပ်နှံကုန်၏။ ချစ်သားတို့၊ တတော ကပ္ပိယ- ထို ရွှေငွေမှ ဖြစ်သော အပ်သည်ကို သာယာခြင်းငှါ ခွင့်ပြု၏။

ချစ်သားတို့၊ တစ်စုံ တစ်ခုသော ပရိယာယ်ဖြင့် ရွှေငွေကို သာယာအပ်၏။ ရှာဖွေအပ်၏-ဟု ငါ ဘုရား မဟောဆိုသည်သာတည်းဟု မိန့်တော်မူ၏။

[ပဉ္စဂေါရသ ဟူသည်၌ ဤ ငါးပါးသော နွားတို့ အရသာတို့ကို သီးခြား သုံးဆောင်ခြင်းဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏-ဟူလို။

ပါထေယျ ဟူသည်၌ အချို့ ကိုယ်တိုင်သိ၍ လှူကုန်အံ့-အပြစ်မရှိ။ မလှူကုန်အံ့- မဆွေမျိုးတော်သူ၊ ဖိတ်ကြားသူထံမှ လည်းကောင်း၊ ဆွမ်းခံဝတ်ဖြင့် လည်းကောင်း ရှာအပ်၏။ မရလျှင် အမျိုး မတော်သူ၊ မဖိတ်ကြားသူထံမှ တောင်း၍လည်း ယူအပ်၏။ တစ်ရက် ခရီး၌ တစ်ရက်စာ ရှာအပ်၏။ ခရီး ရှည်၌ လုံလောက်အောင် ရှာအပ်၏။]

(ရွှေ ငွေ အပ်နှံရာ၌ ကပ္ပိယ ညွှန်းပါဟု လျှောက်၍ ရဟန်း ညွှန်းငသာ ကပ္ပိယဖြစ်အံ့-ခြောက်ကြိမ်အထိ တောင်းအပ်၏၊ ငွေကျန်သေးလျှင် အလှူရှင်အား အကြောင်းကြားအပ်၏။ ဤကပ္ပိယထံ တောင်းပါဟု တကာ ညွှန်းသော ကပ္ပိယ ဖြစ်အံ့ အကြိမ် ပိုင်းခြား မရှိ တောင်းအပ်၏။ ငွေကျန်ကို အလှူရှင်အား အကြောင်းမကြားလည်း အပြစ်မရှိ။ ဘယ်သူမှ မညွှန်းဘဲ လက်ခံထားသော ကပ္ပိယ ဖြစ်အံ့--မတောင်းအပ်-စသည်ဖြင့် ကပ္ပိယတစ်ကျိပ်ကို ရာဇ သိက္ခာပုဒ်၌ ဆိုသည်။

ရွှေငွေ ပိုက်ဆံကို တောင်းအပ်သောနည်း မရှိ。

အပ်သောပစ္စည်းကိုသာ တောင်းအပ်၏。

ငွေကို ဆွမ်းဆန်တော်ဟု အချို့ ဆိုခြင်းကား ဝိနည်းတု၊ ဝိနည်းပျက်သာတည်း။)

အဖျော် ရှစ်ပါး

ထိုနောက် မြတ်စွာဘုရားသည်၊ ခရီးစဉ်ဖြင့် အာပဏ နိဂုံးသို့ ရောက်သောအခါ ကေဏိယ ရသေ့သည်၊ ဝိကာလဘောဇန ကြဉ်သော အဋ္ဌက၊ ဝါမက ဝါမ ဒေ၀ - စသော ရှေး ရသေ့တို့သည် အဖျော်ကို သုံးဆောင်ကုန်၏။ ရဟန်း ဂေါတမလည်း သုံးဆောင်ထိုက်သည်ဟု အဖျော်ကို စီမံ၍ ထမ်းပိုးတို့ဖြင့် ယူလာ၍ အလှူ ခံတော်မူပါဟု လျှောက်၏။ ရဟန်းတို့အား လှူသောအခါ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ မခံယူကုန်။ ချစ်သားတို့၊ အလှူခံကြလော၊ သုံးဆောင် ကြလောဟု မိန့်တော်မူ၏။

ကေဏိယ ရသေ့သည် အဖျော်လှူ၍ တရား နာပြီးသောအခါ ဆွမ်းစားပင့်၏။ ကေဏိယ၊ ရဟန်း သံဃာသည် များ၏။ သင်လည်း ဗြာဟ္မဏတို့၌ ကြည်ညိုသူဖြစ်၏-ဟု မိန့်လတ်သော် မြတ်စွာဘုရား၊ ဤအတိုင်း ဟုတ်သော်လည်း နက်ဖြန် ဆွမ်းအလှူခံတော်မူပါဟု နှစ်ကြိမ်၊ သုံးကြိမ်တိုင် ပင့်၏။ လက်ခံတော်မူ၏။

ကေဏီယ ပြန်သွားသောအခါ တရားဟော၍ ချစ်သားတို့၊ ရှစ်မျိုးသော အဖျော်တို့ကို-

အမ္ဗပါန-သရက်သီး အဖျော်။

ကမ္ဗု-သပြေသီး အဖျော်။

စောစ-တောငှက်ပျောသီး အဖျော်။

မောစ-အိမ် ငှက်ပျောသီး အဖျော်။

မဓုက-သစ်မည်စည်သီး အဖျော် (ဝါ-တရော်သီး အဖျော်)။

မုဒ္ဒိကာ-မုဒရက်သီး (ဝါ– သပျစ်သီး) အဖျော်။

သာလူက-ကြာစွယ် ကြာဥ အဖျော်။

ဖာရုသက-ဖက်သက်သီး အဖျော်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ဓညဖလ ရသ-စပါးသီး အရည်ကို ထား၍ အလုံးစုံသော သစ်သီးရည်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ဍာကရသ- ဟင်းရွက်ကျက်ရည်ကို ထား၍ အလုံးစုံသော သစ်ရွက်ရည်ကို ... ။

မဓုက ပုပ္ဖ ရသ--သစ်မည်စည် ပွင့်ရည်ကို ထား၍ အလုံးစုံသော အပွင့်ရည်ကို ခွင့်ပြု၏။

ဥစ္ဆု ရသ-ကြံရည်ကို ခွင့်ပြု၏။

ထိုနောက် နံနက် ကေဏိယ ရသေ့၏ ကျောင်းသင်ခန်း၌ ဆွမ်းဘုဉ်းပေး၏။ ဆွမ်းကိစ္စ ပြီးသောအခါ အဂ္ဂိဟုတ္တ၊ မုခါယညာ-စသော ဂါထာဖြင့် တရားဟော၏။

အလှူသည် မီးပူဇော်ခြင်း ဟူသော ပဓာန မုခ ရှိ၏။

သာဝိတ္တိသည် ဝေဒ ဆန်းကျမ်း၏ ရွတ်ဆိုခြင်း အစ မုခ ရှိ၏။

မင်းသည် လူတို့၏ အကြီးအမြတ် မုခတည်း။

သမုဒြာသည် မြစ်တို့၏ စီးဝင်ရာ မုခတည်း။

လမင်းသည် နက္ခတ်တို့၏ သိကြောင်း မုခ၊ အတောက်ပဆုံး မုခ၊ အချမ်းအေးဆုံး မုခတည်း။

နေမင်းသည် အလင်းရောင်တို့၏ အကြီးဆုံး မုခတည်း။

သံဃာသည် အလှူရှင် ကုသိုလ်ရှင် တို့၏ အတုမရှိ ကုသိုလ်ဖြစ်ကြောင်း မုခတည်း-ဟု တရားဟော၍ ဖဲသွား၏။

[ထမ်းပိုးတို့ဖြင့် ဟူသည် ငါးရာသော ထမ်းပိုးတို့ဖြင့် ဗဒရပါန - ဆီးသီးအဖျော်အိုး တစ်ထောင်ကို ယူလာသည်တည်း။

တရားဟော၍ ဟူသည် ချစ်သားတို့၊ အဖျော်ကို သင်တို့ မသောက်ခြင်းသည် ကောင်း၏။ ရဟန်း ဂေါတမ၏ တပည့်တို့သည် ပစ္စည်းစုံမက်သည်ဟု မဆိုနိုင်ကြပြီ။ ငါ၌ အလေးပြုကြပေပြီ။ သင်တို့၌လည်း ငါ၏ ဂါရဝကို ဖြစ်စေအပ်ပြီ။ ဤအကြောင်းဖြင့် ငါဘုရား လွန်စွာ စိတ်ကြည်လင်သည် စသည်ဖြင့် ဟော၍ အဖျော်ရှစ်မျိုးကို ခွင့်ပြုတော်မူသည်။

အမ္ဗပါန ဟူသည် သရက်သီး အစိမ်းဖြင့် လည်းကောင်း၊ အမှည့်ဖြင့် လည်းကောင်း ပြုသော အဖျော် တည်း။ သရက်သီးစိမ်းကိုခွဲ၍ ရေ၌ထည့်၍ နေပူ၌ နေချက်ချက်၍ စစ်၍ ယနေ့ အကပ်ခံသော ပျား၊ သကာ၊ ပရုတ်- စသည် ရော၍ ပြုအပ်၏။ ဤသို့ ကိုယ်တိုင်ပြုလျှင် နံနက်၌သာ အပ်သည်။ လူ သာမဏေတို့ ပြုပေးအံ့-နံနက် အကပ်ခံလျှင် နံနက်၌ အာမိသနှင့်တကွလည်း အပ်၏။ နေလွဲသောအခါ အာမိသကင်းသော သုံးဆောင်ခြင်းဖြင့် အရုဏ်တက်အထိ ကပ်၏။ အဖျော်အာလုံး၌ ဤနည်းတည်း။

ဇမ္ဗုကား သပြေသီးဖြင့် ပြုသော အဖျော်တည်း။

စောစ ကား အစေ့ရှိသော ငှက်ပျောသီးဖြင့် ပြု၏။

မဓုက ကား- သစ်မည်စည်သီး ပင်ကိုရည်ဖြင့် ပြု၏၊ ရေရောမှ အပ်သည်။ ပင်ကိုသက်သက် မအပ်။

မုဒ္ဒိကာ ကား- မုဒရက်လည်း မည်သော သပျစ်သီးကို ရေ၌ နယ်၍ အမ္ဗပါန ကဲ့သို့ပြုသော အဖျော်တည်း။

သာလူက ကား -ကြာနီ ကြာညို စသည်တို့၏ ကြာစွယ်၊ ကြာဥတို့ကို နယ်၍ပြု၏။

ဖာရုသက ကား ဖက်သက်သီး တို့ဖြင့် အမ္ဗပါနကဲ့သို့ ပြု၏။

ဤအဖျော် ရှစ်မျိုးတို့သည် အေးသည် ဖြစ်စေ၊ နေချက်ဖြစ်စေ အပ်ကုန်၏။ မီးချက် မအပ်ကုန်။

ဓညဖလ ရသသည် စပါး ခုနစ်မျိုးတို့၏ အသီးရည် ဖြစ်၏။

ဍာကရသန္တိ ပက္ကဍ္ဍာကရသံ၊ ယာဝကာလိက သစ်ရွက်တို့၏ အရည်သည် နံနက်၌သာ အပ်၏။ ယာဝဇိဝိက တို့ကို အကပ်ခံထားသော ထောပတ် စသည်တို့နှင့်တကွ ချက်လျှင် ခုနစ်ရက် အပ်၏။

(ဤစကားဖြင့် အကပ် မခံသော ထောပတ် စသည်တို့နှင့်တကွ ယာဝဇိကို ချက်လျှင် အကပ်ခံသော နေ့မှစ၍ ခုနစ်ရက် အပ်သည်ဟု ပြသည်။)

ရေသက်သက်နှင့် ချက်လျှင် တစ်သက်လုံးပင် အပ်၏။ နို့စသည်နှင့် ချက်လျှင် မအပ်။ (နို့၌ သာမံ ပက္က ဖြစ်သောကြောင့်တည်း။)

သူတစ်ပါး ချက်လျှင်လည်း ဟင်းရွက် ကျက်ရည်ဟု ရေတွက်ခြင်းသို့ ရောက်၏ (နေလွဲ မအပ်)။

ကုရုန္ဒိ၌ ယာဝကာလိက သစ်ရွက် တို့ကိုသော်လည်း ရေအေးဖြင့် နယ်၍ပြုသော အရည်သည် လည်း ကောင်း၊ နေချက်အရည်သည် လည်းကောင်း အပ်သည်ဟု ဆို၏၊ မဓုကပုပ္ဖ ရသ-သစ်မည်စည်ပွင့်ရည်သည် မီးချက်၊ နေချက် နှစ်မျိုးလုံး နေလွဲမအပ်။

ထိုအရည်ကို သေပြုလျှင် နံနက်၌လည်း အစကတည်းက မအပ်, သစ်မည်စည်ပွင့် အစိုဖြင့်၊ အခြောက်ဖြင့်၊ မီးလှော်ဖြင့် သေမပြုဘဲ တင်လဲပြုလျှင် နံနက် အပ်၏။ ကြံရည်သည် အဖတ်မပါလျှင် နေလွှဲအပ်၏။

ဤသို့ အဖျော်တို့ကို ခွင့်ပြုစဉ် (သီးရည်၊ ရွက်ရှည်၊ ပွင့်ရည်၊ ကြံရည်- ဟူသော) အရည်လေးမျိုးကိုလည်း ခွင့်ပြုတော်မူ၏။]

(ဇီဋီ ... ကိုယ်တိုင် အကပ်ခံအပ်သည်ကို နံနက်၌သာလျှင် စွန့်၍ သာမဏေတို့ အဖျော်ပြုပေးလျှင် နံနက်၌သာ အပ်၏၊ ဝတ္ထုနှင့်တကွ အကပ်ခံခြင်းကြောင့် နေလွဲ မအပ်ဟု ဆိုကုန်၏။

သာလူကာသည် ကန္ဒာ- ကြာဥတို့ ဖြစ်ကုန်၏။

ဖာရုသ ကန္တိ ဂေါလ္လဝိသယေ ဧကောရုက္ခောတိ စလိခိတံ။ ပက္က ဍာက ရသ-ဟု အထူးပြုသောကြောင့် အပက္ကသည် အပ်၏ဟု ဆိုအပ်၏။ ကုရုန္ဒီ စကားဖြင့် ထင်ရှား၏။ ဆန်ဆေးရည်သည်လည်း ဓည ရသသာတည်း။

အဖတ်မပါသော ကြံရည်သည် သတ္တာဟ ကာလိက ဖြစ်၏။

သာဋီ ... အာပဏသည် နိဂုံးဖြစ်၏။ အာပဏ မည်သော ဈေးဆိုင် နှစ်သောင်း ရှိသောကြောင့် နိဂုံးဟု တွင်သည်။ ထိုနိဂုံးအနီး မြစ်ကမ်းနား အရိပ်ကောင်းသော တောအုပ်၌ ဘုရားရှင်နေ၏။

ကေဏိယသည် ဆံကျစ်ထုံး ရသေ့၊ ဗြာဟ္မဏ မဟာသာလ ဖြစ်၏။ ဥစ္စာ စောင့်ရှောက်ခြင်းငှါ ရသေ့ပြု၍ မင်းအား လက်ဆောင်ပေး၍ မြေကွက် တစ်ခု၌ ကျောင်းသင်ခန်းဆောက်၍ လှည်းငါးရာဖြင့် ကုန်သွယ်လျက် အမျိုးသား တစ်ထောင်၏ မှီခိုရာဖြစ်၏။ ထိုကျောင်းသင်ခန်း၌ ထန်းပင် တစ်ပင်သည် နေ့စဉ် ရွှေအတိပြီးသော အသီးတစ်လုံး ကြွေသည်ဟု ဆိုကုန်၏။ နေ့အခါ ဆံကျစ် ရသေ့၊ ညဥ့်အခါ ကာမစည်းစိမ် ခံစား၏။

အဖျော်ကို စီမံ၍ဟူသည် ထောပတ်၊ ပျား၊ သကာ စသည်တို့နှင့် လည်းကောင်း၊ ငရုတ်တို့နှင့် လည်းကောင်း၊ ကောင်းသော အဖျော်ကို စီမံ၍တည်း။

ကေဏိယ၊ ရဟန်း သံဃာ များ၏ဟု အဘယ်ကြောင့် အကြိမ်ကြိမ် ပယ်သနည်း။ တိတ္ထိတို့သည် ပယ်ခြင်းကို ကြည်ညိုကုန်၏။ အလို နည်းလေစွ၊ ပင့်ဖိတ်သည်ကိုပင် မသာယာဟု ကြည်ညိုခြင်းကြောင့်ဟု ကေစိတို့ ဆိုကုန်၏။ အကြောင်း မဟုတ်။ ဘုရားရှင်တို့အား ပစ္စည်းကြောင့် အံ့ဖွယ်စဉ်းလဲ ပြုခြင်းမရှိ၊ နက်ဖြန်၌ သေလပုဏ္ဏားသည် လူသုံးရာနှင့် ရဟန်းပြုလတ္တံ့။

ရဟန်းတို့ကိုလည်း အရပ်တစ်ပါးသို့ စေလွှတ်ခြင်းငှါ မသင့်။ အားလုံးသွားလျှင် ဆွမ်း မလောက်သဖြင့်၊ ဆွမ်းခံလှည့်အံ့၊ ကေဏိယကို အကြိမ်ကြိမ်ပင့်ပြီး- မျှအောင် မကျွေးဟု လူတို့ကဲ့ရဲ့လိမ့်မည်။ ပယ်သောအခါ သင်လည်း ဗြာဟ္မဏတို့၌ ကြည်ညိုသူဖြစ်၏ဟု ဗြာဟ္မဏတို့၏ အမည်ကို ရဟန်းဂေါတမ အကြိမ်ကြိမ် ဆိုသည်ဟူ၍ ကြံပြီးလျှင် ဗြာဟ္မဏတို့ကိုလည်း သီးခြား ဖိတ်လတ္တံ့။ ထိုဖိတ်အပ်သော ဗြာဟ္မဏတို့သည် ရဟန်းဖြစ်၍ စားကုန်လတ္တံ့ ဤသို့လျှင် ကေဏိယ၏ သဒ္ဓါတရားသည် အစောင့်အရှောက်ခံရလတ္တံ့ဟု အကြိမ်ကြိမ် ပယ်တော်မူသည်။

စပါးသီးအရည်ကို ထား၍ဟူသည်၌ ဆန်ဆေးရည်သည်လည်း ဓညရသ သာတည်း ဟု ဆိုကုန်၏။

အဖတ် မပါသော ကြံရည်ကို သတ္တာဟ ကာလိကဟု သိအပ်၏။

ဝိဋီ ... ကေဏိယ ရသေ့သည် ဆံကျစ်ထုံး ရသေ့အသွင် ဆောင်သူ၊ ယညယုတ္တ ဖြစ်၍ လူအပေါင်း ပူဇော်အပ်သော ဗြာဟ္မဏတည်း။

ယာဝ ကာလိက သစ်ရွက်တို့၏ ဟူသည်ကို အကျက်တို့ကို ရည်ဆိုသည်။ အစိမ်းရွက်တို့ကို လူ သာမဏေတို့ ရေအေး၌ နယ်၍ စစ်ပေးသော အဖျော်သည် နေလွဲ၌လည်း အပ်သည်သာတည်း။ ဤအနက်ကို မဟာအဋ္ဌကထာ၌ သရုပ်အားဖြင့် မဆိုသောကြောင့် ကုရုန္ဒိ၌-စသည်ကို ဆိုသည်။

အဖတ်မပါသော ကြံရည်ကို သောက်အပ်သော အဖျော်အဖြစ်ဖြင့် တူသောကြောင့် ယာမ ကာလိက ကထာ၌ ဆိုသည်။ ကြံရည်ကိုကား သတ္တာဟ ကာလိကဟု ယူအပ်၏။

အရည်လေးမျိုး ဟူသည်၊ ဖလ၊ ပတ္တ၊ ပုပ္ဖ၊ ဥစ္ဆုရသ ဖြစ်၏။)

(သုတ္တနိပါတ် ဋ္ဌကထာ၌ ... လူသုံးရာ ဘုရားရှင်ထံ ရောက်လာ၍ ဧဟိဘိက္ခု ရဟန်းတို့ ဖြစ်၍၊ ကေဏိယ ဆွမ်းကို သံဃာ ၁၅၅ဝ နှင့် ဘုဉ်းပေးသည်ဟု ဆို၏။)

ဟင်းရွက်ကျက်

ထိုနောက် မြတ်စွာဘုရားသည် အာပန နိဂုံးမှ ကုသိနာရုံပြည်သို့ ရဟန်း ၁၂၅၀-နှင့် ကြွတော်မူ၏။ ကုသိနာရုံပြည်၌ မလ္လာမင်းတို့သည် ဘုရားရှင်အား မကြိုဆိုသူ ဒဏ်ငါးရာဟု ကတိကဝတ်ပြု၍ ကြိုဆိုကုန်၏။ ထိုအခါ ရောဇ မလ္လာ မင်းသားသည် ရှင်အာနန္ဒာ၏ သူငယ်ချင်း ဖြစ်၏။ ရောဇသည် ဘုရားကြိုဆို၍ ရှင်အာနန္ဒထံ ချဉ်းကပ်သောအခါ ဒါယကာ ရောဇ၊ ဘုရားအား ကြိုဆိုခြင်းသည် ကောင်းလှပေသည်ဟု ဆို၏။

အရှင်ဘုရား၊ အကျွန်ုပ်သည် ဘုရား တရား သံဃာအား မြတ်နိုးသည် မဟုတ်၊ ဒဏ်ငါးရာကြောက်၍ဟု ဆိုလတ်သော် ရှင်အာနန္ဒာသည် စိတ်နှလုံး မသာမယာ ဖြစ်၍၊ ဘုရားရှင်ထံ ချဉ်းကပ်၍ ရောဇမင်းသား သာသနာ၌ ကြည်ညိုအောင် ပြုတော်မူပါဟု လျှောက်၏။

မြတ်စွာဘုရားသည် ရောဇကို မေတ္တာနှံ့စေလျက် ကျောင်းတွင်းသို့ ဝင်တော်မူ၏။ ထိုအခါ ရောဇသည် သားပျောက်ရှာသော နွားမ ကဲ့သို့ တစ်ကျောင်းမှ တစ်ကျောင်း ချဉ်းကပ်၍ မြတ်စွာဘုရား အဘယ်မှာနည်း၊ ဖူးမြော်လိုပါသည်ဟု ဆို၏။

ဘုရားရှင် သီတင်းသုံးရာ ကျောင်းသို့ရောက်သောအခါ ချောင်းဟန့်၍ တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည် တံခါးဖွင့်ပေး၏။ ရောဇသည် ဘုရားဖူး၍ တရားနာပြီးသောအခါ မြတ်စွာဘုရား၊ အရှင်ကောင်းတို့သည် ကျွန်ုပ်၏ ပစ္စည်းလေးပါးကိုသာ ခံယူကြပါစေ၊ တစ်ပါးသူထံ မခံယူကြပါစေနှင့်ဟု လျှောက်၏။ ရောဇ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသူတို့သည် သင်ကဲ့သို့ချည်း ကြံကုန်၏။ သင့်ထံ၌ လည်းကောင်း၊ သူတစ်ပါးထံ၌ လည်းကောင်း ခံယူကုန်လတ္တံ့ ဟု မိန့်တော်မူ၏။ ထိုအခါ အလှည့်ဖြင့် ဆွမ်းကျွေးကြ၏။

ရောဇသည် မိမိအလှည့် မရသဖြင့်၊ ဆွမ်းစားရာ၌ ကြည့်ပြီးလျှင် ဍာကံ-ဟင်းရွက်ကျက်၊ ပိဋ္ဌ ခါဒနိယ-မုန့်ညက် ခဲဖွယ်တို့ကို မမြင်သဖြင့် လှူလိုပါသည်ဟု ရှင်အာနန္ဒာအား လျှောက်၏။ အခွင့်ရသောအခါ များစွာ စီမံ၍ လှူ၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလုံးစုံသော ဟင်းရွက်ကျက်ကို လည်းကောင်း၊ မုန့်ညက် ခဲဖွယ်ကို လည်းကောင်း ခွင့်ပြု၏။

[ဍာက ဟူသည် ထောပတ် စသည်တို့နှင့် အကျက်၊ အစိမ်းအားလုံး ဖြစ်၏။

ပိဋ္ဌ ခါဒနိယသည် ပိဋ္ဌမယ ခါဒနိယ ဖြစ်၏။

ရောဇသည် ဤနှစ်မျိုးကို တစ်သိန်းကုန်ခံ၍ စီရင်စေသတတ်။]

(သာဋီ ... ရောဇသည် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋိသို့ တစ်ဖဝါးချင်း ဖြည်းဖြည်း တံမြက်လှည်းထားသော သဲအပြင်ကို မပျက်စေဘဲ သွား၍၊ ချောင်းဟန့်၍ သံကောက်ပေါက်အနီး၌ တံခါးကို လက်သည်းဖျားဖြင့် စဉ်းငယ်ခေါက်၏။ နတ်တို့သည် အလွန်မြင့်လွန်းစွာ တံခါးကို ခေါက်ကုန်၏။ တိရစ္ဆာန်တို့သည် နိမ့်လွန်းစွာ ခေါက်ကုန်၏။ လူတို့သည် ထိုသို့မခေါက်ဘဲ အလယ်သံကောက်ပေါက် အနီး၌ ခေါက်ကုန်၏။ ဤကား တံခါးခေါက်ခြင်း ကျင့်ဝတ်တည်းဟု ဆိုကုန်၏။

တံခါးဖွင့်ပေး၏ ဟူသည် မြတ်စွာဘုရား ကိုယ်တော်တိုင် ထ၍ ဖွင့်သည် မဟုတ်။ ပွင့်စေသတည်းဟု လက်တော်ကို ဆန့်တန်းတော်မူ၏။ ဘဝများစွာတို့၌ အလှူဒါနကို ကိုယ်တိုင်သာလျှင် တံခါးကို ဖွင့်ခဲ့ပြီး ဖြစ်ခဲ့၏။ ဘုရားရှင်၏ စိတ်တော်ဖြင့် ပွင့်သောကြောင့် တံခါးဖွင့်ပေး၏ဟု ဆိုသည်။)

အကပ္ပိယ သမာဒါနနှင့် သင်ဓုန်း

ထိုနောက် မြတ်စွာဘုရားသည် ကုသိနာရုံမှ အာတုမမြို့သို့ ရဟန်း ၁၂၅၀-နှင့် ကြွတော်မူ၏။ အာတုမမြို့၌ နေသော ဆတ္တာသည် ဖြစ်ဖူးသော ဝုဍ္ဎ ပဗ္ဗဇိတ-ရဟန်းကြီး သုဘဒ္ဒသည်၊ ဘုရားရှင် အာတုမမြို့သို့ ကြွလာသည်ဟု ကြား၍ သားငယ်နှစ်ယောက်ကို ချစ်သားတို့၊ သင်တို့သည် သင်ဓုန်း ဘဏ္ဍာယူ၍ နာဠိ-ကျည်တောက်၊ အာဝါပက-လွယ်အိတ်တို့ဖြင့် အိမ်ပေါက်စေ့ - ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ် ဆောင်ကြလော၊ မြတ်စွာဘုရားအား ယာဂုသောက်ဖွယ် လှူကုန်အံ့ဟု စေလွှတ်၏။

လူတို့သည် သားငယ် နှစ်ယောက်ကို မြင်လျှင် ခေါင်းမရိတ်လိုသော်လည်း ရိတ်စေ၍ များစွာ ပေးကုန်၏၊ မြတ်စွာဘုရားသည် အာတုမသို့ရောက်၍ ဘူသာဂါရ - ကောက်ရိုးပုံ မဏ္ဍပ်၌ နေတော်မူ၏။ ထိုညဥ့် လွန်သောအခါ ရဟန်းကြီး သုဒ္ဒသည် ယာဂု များစွာစီမံ၍ မြတ်စွာဘုရားအား ကပ်လှူ၏၊ အဘယ်မှ ယာဂု ရသနည်းဟု မေးလတ်သော် ထိုအကြောင်းကို လျှောက်၏။ များစွာ ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့၊ ပဗ္ဗဇိတကို မအပ်သည်၌ မဆောက်တည်စေအပ် (ဝါ- မတိုက်တွန်းအပ်)- ဒုက္ကဋ်။ ချစ်သားတို့၊ ဆတ္တာသည် ဖြစ်ဖူးသော ရဟန်းသည် ခုရဘဏ္ဍ - သင်ဓုန်းဘဏ္ဍာကို သွားလေရာ မဆောင်အပ်- ဒုက္ကဋ်။

[သားငယ်နှစ်ယောက်သည် ချိုသာသော စကားရှိ၏။ ခေါင်းရိတ် အတတ်၌ လိမ္မာ၏။

အာဝါသက ဟူသည် အာဝပန္တိ-ပက္ခိပန္တိ ဧတ္တာတိ အာဝါပကော - ရတိုင်း ရတိုင်း တည့်စရာအိတ်တည်း။

ဆတ္တာသည် ဖြစ်ဖူးသော ရဟန်းသည် သင်ဓုန်းဘဏ္ဍာကို ယူဆောင်ခြင်းငှါ သာမအပ်။ သူတစ်ပါး၏ ဥစ္စာဖြင့်ကား ဆံရိတ်ပေးခြင်းငှါ အပ်၏။ အခယူရိတ်လျှင် မအပ်၊ ဆတ္တာသည် မဖြစ်ဖူးသူအား သွားရာယူဆောင်ခြင်းငှါ လည်းကောင်း၊ သူတပါးဥစ္စာကို ယူ၍ ရိတ်ပေးခြင်းငှါ လည်းကောင်း အပ်၏။]

(ဇီဋီ ... ပဗ္ဗဇိတကို မအပ်သည်၌ မဆောက်တည်စေအပ်ဟု ဟောသောကြောင့် အနုပ သမ္ပန္နကိုလည်း ဆယ်ပါးသော သိက္ခာပုဒ်တို့၌ လည်းကောင်း ရဟန်းကို မအပ်သော သိက္ခာပုဒ်တို့၌ လည်းကောင်း မတိုက်တွန်းအပ် ဟူလို။

သာဋီ ... ဝုဍ္ဎ ပဗ္ဗဇိတသည် သုဘဒ္ဒ ဖြစ်၏။ ကြီးမှ ရဟန်း ပြု၏။ သားငယ်နှစ်ယောက် ဟူသည် သာမဏေရ ဘုံ၌တည်သော သားနှစ်ယောက် ဖြစ်၏။

အာဝါပကသည် ထဝိကာ ဖြစ်၏။

လူတို့သည် ထိုသားငယ်တို့ကို မြင်လျှင် ခေါင်းရိတ်ခိုင်း၍ ဘာများယူလိုကြသလဲ ချစ်သားတို့ဟု မေးကုန်၏။ တခြားဖြင့် အလိုမရှိပါ၊ ဖခင်သည် ဘုရားရှင် ကြွလာသောအခါ ယာဂု လှူလိုသည်ဟု ဆိုသဖြင့်၊ မယူနိုင်အောင် ပေးလှူကုန်၏။ လူတို့ကို ပို့စေကုန်၏။

ဘူသာဂါရ ဟူသည် ကြီးစွာသော ကောက်ရိုးပုံကြီးကို အတွင်းမှ ကောက်ရိုးဆွဲထုတ်၍ စရပ်အသွင် ရဟန်းတို့ နေချင်အောင် ပြုထား၏။ သုဘဒ္ဒ ရဟန်းကြီးသည် ညချမ်း၌ ရွာတံခါးသို့ သွား၍ လူ့တို့ကိုခေါ်၍ လက်အမှုတောင်း၍ မည်းသော သင်္ကန်း တစ်ထည်ဝတ်၊ တစ်ထည်ရုံလျက် ဘောဇ္ဇ ယာဂု၊ မဓုဂေါဠကတို့ကို တစ်သိန်းဖိုး ကုန်စေလျှက် တစ်ညဥ့်လုံး စီရင်၏။

ထိုဘောဇ္ဇ ယာဂုကို ရှေးဦးစွာ စား၍ သောက်ရ၏။ ထောပတ် ပျား တင်လဲ ငါး အမဲ ပန်းပွင့်ရည်၊ သစ်သီးရည် စသောခဲဖွယ်ကောင်းတို့ ထည့်၏။ ခေါင်းလိမ်းဆီ ပြုနိုင်အောင် ကောင်း သော အနံ့ရှိ၏။

မြတ်စွာဘုရားသည် နံနက်၌ ကိုယ်လက်သုတ်သင်၍ ရဟန်း သံဃာ ခြံရံလျက် အာတုမသို့ ဆွမ်းခံထွက်၏။ ထိုအခါ သုဘဒ္ဓသည် ဝတ်ရုံမြဲတိုင်း မည်းသော သင်္ကန်းတို့ဖြင့် လက်တစ်ဘက်၌ ယောက်မ ယောက်ချို ကိုင်လျက် ဗြဟ္မာကဲ့သို့ လက်ယာဒူးဝန်း မြေ၌ထောက်၍ ရှိခိုး၍ အကျွန်ုပ်၏ ယာဂုကို အလှူခံတော်မူပါဟု လျှောက်၏။ အကြွင်း ပေါ်လွင်ပြီ။)

မြေဆီခ ဆယ်ဖို့တစ်ဖို့

ထိုနောက် မြတ်စွာဘုရားသည် အာတုမှ သာဝတ္ထိသို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ သာဝတ္ထိ၌ ဖလခါဒနိယ- သစ်သီး ခဲဖွယ်များစွာ ဖြစ်၏။ ရဟန်းတို့အား ဘုရားရှင် ခွင့်ပြုသလော၊ မပြုသလောဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ သစ်သီး ခဲဖွယ်ကို ခွင့်ပြု၏။

ထိုအခါ သံဃိက မျိုးစေ့တို့ကို ပုဂ္ဂလိက မြေ၌၊ ပုဂ္ဂလိက မျိုးစေ့တို့ကို သံဃိက မြေ၌ စိုက်ကုန်၏။ ချစ်သားတို့၊ သံဃိက မျိုးစေ့တို့ကို ပုဂ္ဂလိက မြေ၌စိုက်လျှင် ဘာဂကို (ဝါ-- ဆယ်ဖို့တစ်ဖို့) ပေး၍ သုံးဆောင်အပ်ကုန်၏။ ချစ်သား၊ ပုဂ္ဂလိက မျိုးစေ့တို့ကို သံဃိကမြေ၌ စိုက်လျှင် ဘာဂကို ပေး၍ သုံးဆောင်အပ်ကုန်၏။

[ဘာဂကို ပေး၍ ဟူသည် ဒသ ဘာဂကို ပေး၍။ ဣဒံကိရ ဇမ္ဗူ ဒီပေ ပေါရာဏက စာရိတ္တံ။ ဇမ္ဗူဒိပ် ရှေးထုံးစံတည်း။ ထိုကြောင့် ဆယ်စု ပြု၍၊ တစ်စုကို မြေရှင်တို့အား ပေးအပ်၏။]

(သာဋီ ... ဒသဘာဂံ ဒတွာတိ ဒသမဘာဂံ ဒတွာ။)

မဟာပဒေသ လေးမျိုး

ထိုအခါ ရဟန်းတို့အား အရာရာ၌ ဘုရားရှင် ခွင့်ပြုသလော၊ မပြုသလောဟု ကုက္ကုစ္စဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့၊ ဣဒံန ကပ္ပတိ-ဟု ငါဘုရား မပယ်အပ်သေး သော်လည်း၊ မအပ်သည်ကို လျော်အံ့။ အပ်သည်ကို တားအံ့၊ ထိုအမှုသည် သင် ချစ်သားတို့အား မအပ်။

ချစ်သားတို့၊ ငါဘုရား မပယ်သေးသော်လည်း အပ်သည်ကို လျော်စေအံ့၊ မအပ်သည်ကို တားအံ့၊ ထိုအမှုသည် သင်တို့အား အပ်၏။

ချစ်သားတို့၊ ဣဒံ ကပ္ပတိ-ဟု ငါဘုရား ခွင့်မပြုသေးသော်လည်း မအပ်သည်ကို လျှော်စေအံ့၊ အပ်သည်ကို တားအံ့၊ မအပ်။

ချစ်သားတို့၊ ငါဘုရား ခွင့်မပြုသေးသော်လည်း အပ်သည်ကို လျော်စေအံ့၊ မအပ်သည်ကို တားအံ့၊ အပ်၏။

[ဣဒံန ကပ္ပတိ စသည်ဖြင့် ဤလေးပါးသော မဟာပဒေသ တို့ကို မြတ်စွာဘုရားသည်၊ ရဟန်းတို့အား နည်းယူနိုင်ခြင်းငှါ မိန့်တော်မူ၏။]

မဟာပဒေသ လေးပါးအကျယ်ကို နောက်၌ ဆိုအံ့။

ကာလိက ရောနှောခြင်း

ထိုအခါ ရဟန်းတို့အား ဤသို့ အကြံဖြစ်၏။ ယာဝ ကာလိကနှင့် ယာမ ကာလိကသည် အပ်မည်လော၊ မအပ်မည်လော။ ယာဝနှင့် သုတ္တာဟသည် ... ။ ယာဝနှင့် ယာဝဇီသည် အပ်မည်လော၊ မအပ်မည်လော(၃)၊

ယာမနှင့်သတ္တာဟသည်။ ယာမနှင့် ယာဝဇီသည် ... (၂)။

သတ္တာဟနှင့် ယာဝ ဇီဝကသည် အပ်မည်လော၊ မအပ်မည်လော (၁)

ဤသို့ ခြောက်မျိုး အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ယာဝနှင့် တဒဟု ပဋိဂ္ဂဟိတံ - ထိုနေ့ အကပ်ခံသော ယာမသည်၊ သတ္တာဟသည်၊ ယာဝဇီသည် နံနက်၌ အပ်၏။ နေလွဲ မအပ် (၃)။

ချစ်သားတို့၊ ယာမနှင့် တဒဟု ပဋိဂ္ဂဟိတံ - ထိုနေ့ အကပ်ခံသော သတ္တာဟသည်၊ ယာဝဇီသည် ယာမ - အရုဏ်အတွင်း၌ အပ်၏။ ယာမ လွန်လျှင် မအပ် (၂)။

ချစ်သားတို့၊ သတ္တာဟ ကာလိကနှင့် ပဋိဂ္ဂဟိတံ- အကပ်ခံသော ယာဝဇီဝိတသည် ခုနစ်ရက် အပ်၏။ ခုနစ်ရက် လွန်လျှင် မအပ်။

ဤခန္ဓက၌ ဝတ္တု ၁ဝ၆-ဖြစ်၏။ (နောက်ဆုံး ဝါရ၌ တဒဟု-မပါ။)

[ထိုနေ့ အကပ်ခံ ...လ… နံနက်၌ အပ်၏-စသော အလုံးစုံကို သမ္ဘိန္န ရသ - အရသာ ရောသည်ကို ရည်ဆိုသည်၊ ထင်ရှားစေဦးအံ့၊ ဆလ္လိ-အဆန်အသားကို မပယ်ဘဲ အုန်းသီးနှင့်တကွ အဖျော်ကို အကပ်ခံအံ့ (ဝါ- အုန်းသီးခြမ်းဖြင့် ထည့်၍ အကပ်ခံအံ့ - အရသာ မရောသောကြောင့်) အုန်းသီးပယ်၍ အဖျော်သည် နေလွဲ၍လည်း အပ်၏။

အထက်၌ ထောပတ် အစိုင်အခဲကိုထား၍ အေးသော နို့ဃနာကို လှူကုန်အံ့၊ နို့ဃနာနှင့် မရောသော ထောပတ်ကို ပယ်ယူလျှင် ခုနစ်ရက် သုံးဆောင်ခြင်းငှါ အပ်၏။

တစ်ခဲနက် ပျား၊ တင်လဲ စသည်တို့၌လည်း ဧသေဝနယော။ တက္ကောလ- ကရဝေးသီး။ ဇာတိဖလ--ဇာတိပ္ဖိုလ်သီး တို့ဖြင့် တန်ဆာဆင်၍ ဆွမ်းကို လှူကုန်အံ့၊ ထုတ်ယူ၍ ရေဆေး၍ တစ်သက်လုံး စားအပ်ကုန်၏။

ယာဂု၌ ထည့်လှူသော ချင်းတက် စသည်၊ ဆီ၌ ထည့်လှူသော လဋ္ဌိမဓုက - နွယ်ချို စသည်တို့၌လည်း ဧသေဝနယော။

အရသာ မရောသမျှကို တစ်ပေါင်းတည်း အကပ်ခံသော်လည်း စင်အောင် ဆေးကြောသုတ်သင်ပြီးလျှင် ထို၏ ထို၏ ကာလစွမ်းဖြင့် စားအပ်၏။ သမ္ဘိန္န ရသဖြစ်အံ့၊ သံသဋ္ဌ ဖြစ်အံ့၊ ထိုသို့ အရသာရောလျှင် မအပ်။

ယာဝ ကာလိကသည် မိမိနှင့် သမ္ဘိန္န ရသ ဖြစ်သော ယာမကာ စသော သုံးပါးတို့ မိမိသဘောသို့ ဆောင်၏။ ယာမကာသည် သတ္တာဟ စသော နှစ်ပါးကို ... ။ သတ္တာဟသည်လည်း မိမိနှင့် သံသဋ္ဌ ဖြစ်သော ယာဝဇီကို မိမိသဘောသို့သာ ဆောင်၏။

ထိုကြောင့် ထိုနေ့ အကပ်ခံနှင့် (ဝါ- သတ္တာဟ ကာလိကနှင့်) တကွ ထိုနေ့ အကပ်ခံသော ယာဝဇီသည် လည်းကောင်း၊ ရှေးရှေးနေ့တို့၌ အကပ်ခံသော ယာဝဇီသည် လည်းကောင်း၊ ခုနစ်ရက် အပ်၏။

နှစ်ရက်ကပ်ပြီးရှိသော သတ္တာဟ နှင့် ခြောက်ရက်၊ သုံးရက်ရှိနှင့် ငါးရက်။ ... လ ...ခုနစ်ရက်ရှိနှင့် (ရောလျှင်) ထိုနေ့၌သာ အပ်သည်ဟု သိအပ်၏။

အထူးကို ဆိုဦးအံ့၊ ထိုကြောင့်သာလျှင် နောက်ဆုံး ဝါရ၌ ယာဝဇီကို တဒ-ဟု ပဋိဂ္ဂဟိတံ-ဟု မဟောဘဲ ပဋိဂ္ဂဟိတံ ဟောသည်။ (တဒတု-မပါ)။ ဤ၌ ကာလ၊ ယာမ၊ သတ္တာဟ လွန်သောအခါတို့၌ ဝိကာလ ဘောဇန၊ သန္နိဓိ၊ ဘေသဇ္ဇ သိက္ခာပုဒ်တို့ဖြင့် (အသီးသီး) အာပတ်တို့ကို သိအပ်ကုန်၏။ ဤ ကာလိက လေးပါးတို့တွင် ယာဝ၊ ယာမ-နှစ်ပါးသာ အန္တောဂုတ္တကလည်း ဖြစ်၏။ သန္နိဓိ ကာရကလည်း ဖြစ်၏။ သတ္တာဟ၊ ယာဝဇီ-နှစ်ပါးကား အကပ္ပိယကုဋိ၌ ထားခြင်းငှါလည်း အပ်၏။ သန္နိဓိ ကိုလည်း မဖြစ်စေနိုင်။]

(သာဋီ ... သမ္ဘိန္န ရသန္တိ သမ္မိဿိတရသံ။ အမ္ဗပါန စသော အဖျော်ကို (အုန်းသီးခြမ်းဖြင့်) အကပ်ခံအံ့၊ အသမ္ဘိန္န ရသဖြစ်သောကြောင့် နေလွဲ၌လည်း အပ်၏။

ထိုနေ့ အကပ်ခံနှင့် ဟူသည် ထိုနေ့ အကပ်ခံသော သတ္တာဟ ကာလိကနှင့်တည်း။

ဝိဋီ ... သမ္ဘိန္န ရသန္တိ မိဿိဘူတ ရသံ။)

ဆရာမြတ်တို့ ဝါဒ

အကပ်ခံပြီးသော သတ္တာဟနှင့် ယာဝဇီ ရောရာ၌ သတ္တာဟ၏ ရက်ကြွင်းပတ်လုံး အပ်သည်ဟု ပြသည်။ ထိုကြောင့် အကပ်မခံသေးသော သတ္တာဟနှင့် ရောလျှင် အကပ်ခံသောနေ့မှ စ၍ ခုနစ်ရက် အပ်၏။ ယာဝဇီ၏ အကပ်ခံပြီးရက်ကို မငဲ့ရ။ အကြောင်းကား ယာဝဇီ နှင့် သတ္တာဟ ရောရာ၌ သန္နိဓိ မဖြစ်ခြင်းကြောင့်တည်း။

ကပ္ပိယဘူမိ လေးပါး အကျယ်

ချစ်သားတို့၊ ဥဿာဝနန္တိက၊ ဂေါနိသာ ဒိက၊ ဂဟပတိ၊ သမ္မုတိ- ဟု ကပ္ပိယ ဘူမိလေးခုကို ခွင့်ပြု၏။ (ထိုသို့၌ ရဟန်း ဥစ္စာ ယာဝ၊ ယာမကို ညဥ့်သိပ် သိုမှီးခြင်း၊ ချက်ပြုတ်ခြင်းငှါ အပ်၏။ ထိုမှတစ်ပါးသော ဝါသာဂါရ - နေရာကျောင်းတို့၌ သဟသေယျ လောက်ရာ၌ သိုမှီးလျှင် အန္တော ဝုတ္တ အပြစ်။ ချက်ပြုတ်လျှင် အန္တော ပက္က အပြစ်ရှိ၏။ မစားအပ်။

ဝါသာဂါရ မဟုတ်လျှင် ပဉ္စမီ ကပ္ပိယ ကုဋိ မည်၏။ သတ္တာဟ၊ ယာဝဇီ နှစ်ပါး သက်သက်၌ကား အန္တောဝုတ္တ၊ အန္တော ပက္က အပြစ်မရှိ၊ သာမံ ပက္က အဖြစ်လည်း မရှိ။ သိုမှီး၍ ချက်၍ ယာဝ၊ ယာမနှင့် ရောလျှင်ကား မအပ်။)

ဥဿာဝနန္တိကာ ကုဋိ

[ဥဿာဝနန္တိက ကုဋိ ပြုပုံကား - တိုင်ထူသော ကျောင်း၏ လည်းကောင်း၊ နံရံ အခြေစိုက်သော ကျောင်း၏ လည်းကောင်း၊ အောက်ခံ အုတ်ကျောက်သည် ဘူမိဂတိက- မြေအလား ဖြစ်၏။ ရှေးဦးစွာ ချသောတိုင်ကို၊ ဝါ-ရှေး ဦးစွာ ချသော နံရံ အခြေကို ရဟန်းအများ ချီ၍-ကပ္ပိယ ကုဋိံ ကရောမ၊ ကပ္ပိယ ကုဋိံ ကရာမ-ဟု ဆို၍ တည်စေအပ်၏။ လူတို့ချီလျှင် သုံးသပ်၍ လည်းကောင်း၊ ကိုယ်တိုင်ချီ၍ လည်းကောင်း တည်စေအပ်၏။

ကုရုန္ဒီ၊ မဟာပစ္စရီ တို့၌ - ကပ္ပိယကုဋိ၊ ကပ္ပိယ ကုဋိဟု ဆို၍ တည်စေရမည်ဟုဆို၏။ အန္ဓကဋ္ဌကထာ၌ သံဃဿ ကပ္ပိယ ကုဋိံ အဓိဋ္ဌာမိ-ဟု ဆို၏။ ရှေးနည်းလည်း အပြစ်မရှိ။ အဋ္ဌကထာအားလုံး ဆက်ဆံသော လက္ခဏာကား တိုင်တည်ခြင်း၊ စကားဆုံးခြင်း - နှစ်ခုပြိုင်လျှင် အပ်၏။ စကားမဆုံးမှီ တိုင်တည်အံ့၊ တိုင်မတည်မီ စကားဆုံးအံ့- ကပ္ပိယ ကုဋိ မဖြစ်။

ထိုကြောင့် မဟာပစ္စရီ၌ အများချီ၍ ဆိုအပ်၏။ တစ်ပါးပါး၏ စကားပြီးဆုံးခြင်းနှင့် တိုင်တည်ခြင်းသည် မချွတ် တစ်ပြိုင်တည်း ဖြစ်လတ္တံ့ ဟု ဆို၏။ အုတ်၊ ကျောက်၊ မြေနံရံတက်သော ကျောင်းဖြစ်အံ့၊ အောက်၌ စယ-အကျည်မြင့်ကို စီ၍လည်းကောင်း၊ မစီမူ၍ လည်းကောင်း၊ နံရံတက်လိုသောအခါ အလုံးစုံ တို့၏ ရှေးဦးစွာဖြစ်သော အုတ်၊ ကျောက်၊ မြေစိုင်ကိုကိုင်၍ ကပ္ပိယကုဋိံ ကရာမဟု ဆို၍ ကပ္ပိယ၏ ကုဋိ ပြုအပ်၏။

ရှေးဦးစွာသော အုတ်စသည်တို့၏ အောက်၌ (ဝါ- မြေပြင်ညီ အောက်၌ မြုပ်သော အုတ်) စသည်တို့ကို ပြုခြင်းငှါ မအပ်ကုန်။ တိုင်တို့ကား အထက်သို့ တက်သောကြောင့် ပြုခြင်းငှါ အပ်ကုန်၏။ အန္ဓက ဋ္ဌကထာ၌ လေးထောင့်လုံး အဓိဋ္ဌာန်အပ်၏ဟု ဆို၏။ လေးထောင့်လုံး မပြုသော်လည်း အပြစ်မရှိ။]

(ဇီဋီ ... ရဟန်းအများ ချီ၍ ဟူသည်၌ တစ်ပါးတည်းဖြင့်လည်း အပ်၏။

သုံးသပ်၍ဟု ဆိုသောကြောင့် မသုံးသပ်လျှင် မအပ်။ စသည်။

သာဋီ ... လက္ခဏာ ဟူသည် အလုံးစုံသော အဋ္ဌကထာတို့၌ ဆိုသော ဥဿာ၀ နန္တိကာ ကုဋိ ပြုခြင်း၌ လက္ခဏာတည်း။

အောက်၌ ဟူသည် နံရံ၏ ပထမ အုတ် စသည်တို့၏ အောက်ခြေ၌ ထားသော အုတ် စသည်သည်၊ ဘူမိဂတိက ဖြစ်သောကြောင့် ကပ္ပိယ ကုဋိံ ကရောမဟု ဆို၍ တည်စေခြင်းငှါ မအပ်။ ယင်းသို့ဖြစ်လျှင် မြေတူးစိုက်သော တိုင်ကို အဘယ်ကြောင့် ထိုသို့ဆို၍ တည်စေသနည်းဟု မေးဖွယ်ရှိ၏။ ထိုကြောင့် တိုင်တို့ကား ... စသည်ကို ဆိုသည်။

ဝိဋီ ... စယန္တိ အဓိဋ္ဌာန ဥစ္စဝတ္တုံ - တည်ရာမြင့်သော အကျည်ကို ဖွဲ့၍၊ ဝါ-စီ၍တည်း။ တိုင်တို့ကား အထက်သို့တက်သောကြောင့် စသော စကားဖြင့် အုတ်၊ ကျောက် တို့သည် အောက်၌ တည်စေအပ်ကုန် သော်လည်း စယမှ လည်းကောင်း၊ ဘူမိမှ လည်းကောင်း တစ်သစ်မျှ တက်လျက် တည်ကုန်အံ့ (ကပ္ပိယ ကုဋိံ ကရောမဟု ဆို၍ တည်စေခြင်းငှါ) အပ်သည်၏ အဖြစ် ထင်ရှား၏။)

(ဥ-တိုင်တည်ခြင်း + သဝန-ဆိုခြင်း၊ အန္တိကာ-ပြိုင်တူအဆုံးရှိသော + ကုဋိ-နေရာ ဝါသာဂါရ ကျောင်း။

တိုင်ကြီး၍ မနိုင်လျှင် တိုင်ငယ် တိုင်ငှားကို ကပ္ပိယ ကုဋိံ ကရာမဟု ဆို၍ တည်စေ၍၊ တစ်ပါးသော တိုင်တစ်လုံး နှစ်လုံး ထူပြီး တွဲပြီးသောအခါ တိုင်ငှားကို နှုတ်ပစ်အပ်၏ဟု ဆရာမြတ်တို့ ပြကုန်၏။ ကုဋိပျက်ခြင်း ပြရာနှင့် ညှိယူအပ်၏။)

ဂေါနိသာဒိကာ ကုဋိ

[ဂေါနိသာဒိကာသည် အာရာမ၊ ဝိဟာရ--ဟု နှစ်မျိုးရှိ၏။ အာရာမသည် လည်းကောင်း၊ သေနာသနသည် လည်းကောင်း၊ အကာမရှိအံ့- အာရာမ ဂေါရိသာဒိကာ မည်၏။ အာရာမ အကာမရှိဘဲ သေနာသနသာ အချို့ဖြစ်စေ၊ အားလုံး ဖြစ်စေ အကာရှိအံ့- ဝိဟာရ ဂေါနိသာဒိကာ မည်၏။ နှစ်မျိုးလုံး၌လည်း အာရာမ၏ အကာမရှိခြင်းသာလျှင် ပမာဏဖြစ်၏။

အာရာမသည် ထက်ဝက် ဖြစ်စေ၊ အများဖြစ်စေ အကာရှိအံ့-အကာရှိသည်သာ မည်၏ဟု ကုရုန္ဒီ၊ မဟာပစ္စရီ တို့၌ ဆို၏။ ထိုကြောင့် အာရာမ ထက်ဝက်အကာရှိလျှင် ကပ္ပိယ ကုဋိ (တစ်ခုခုကို) ရခြင်းငှါ သင့်၏။]

(ဇီဋီ ... ကပ္ပိယကုဋိ (တစ်ခုခုကို) ရခြင်းငှါ ပုနကာ တဗ္ဗတိ အတ္ထော။

ဝိဋီ ... အာရာမ ဟူသည် ဥပစာရ သိမ်ဖြင့် ပိုင်းခြားသော ဝိဟာရ အားလုံးတည်း။

သေနာသန ဟူသည် ဝိဟာရ၏ အတွင်း၌ မြက်မိုးကျောင်းငယ် စသော သံဃာနေသော ဂေဟတို့တည်း။

ဝိဟာရ ဂေါနိသာဒိယာ မည်၏ ဟူသည် သေနာသန ဂေါနိသာဒိကာ တည်း။ သေနာသနတို့ အကာ ရှိသော်လည်း၊ အာရာမ အကာမရှိခြင်းဖြင့် ဂေါနိသာဒိကာဟု ဆိုအပ်ကုန်၏။

ထက်ဝက်ဟု ဆိုခြင်းဖြင့် ထက်ဝက်မပြည့်လျှင် အကာ မရှိမည်၏ဟု ပြသည်။ ထက်ဝက်ဖြစ်စေ အကာရှိရာ၌ ဂေါနိသာဒိ မဖြစ်သောကြောင့် ကြွင်းသော ကပ္ပိယကုဋိ သုံးခုတို့တွင် တစ်ခုခုကို ပြုအပ်၏။)

(ဂေါ- နွားတို့၏ + နိသာဒ- ဝင်၍ နေခြင်းငှါ + ဣက- ထိုက် သကဲ့သို့သော ကုဋိ။)

ဂဟပတိ ကုဋိ

[ဂဟပတိ ဟူသည် လူတို့သည် အာဝါသကို ပြု၍ ကပ္ပိယကုဋိံ ဒေမ၊ ပရိဘုဉ္စထ-ဟု ဆိုကုန်အံ့။ ဤကုဋိသည် ဂဟပတိ မည်၏။ ကပ္ပိကကုဋိံ ကာတုံဒေမ-ဟု ဆိုလျှင်လည်း အပ်သည်သာတည်း။

အန္ဓက ဋ္ဌကထာ၌ ရဟန်းကို ထား၍ ကြွင်း သီတင်း သုံးဖော်တို့၏ လည်းကောင်း၊ အလုံးစုံသော နတ်လူတို့၏ လည်းကောင်း၊ လက်မှ ခံယူခြင်းသည် လည်းကောင်း၊ သန္နိဓိသည် လည်းကောင်း၊ အန္တော ဝုတ္တသည် လည်းကောင်း၊ ထိုသူတို့၏ ဥစ္စာသည် ရဟန်းအား အပ်၏။ ထိုကြောင့် ထိုသူတို့၏ အိမ်သည် လည်းကောင်း၊ ထိုသူတို့ လှူသော ကပ္ပိယကုဋိသည် လည်းကောင်း ဂဟပတိ ကုဋိမည်၏ဟု ဆို၏။

တစ်ဖန်လည်း ဆိုသေး၏။ ဘိက္ခု သံဃာ၏ ဝိဟာရကိုထား၍ ဘိက္ခုနိကျောင်း၊ အရံစောင့် ကပ္ပိယ၏ အိမ်၊ တိတ္တိကျောင်း၊ နတ်နဂါး ဗြဟ္မာတို့၏ ဗိမာန်ဖြစ်စေ ကပ္ပိယကုဋိ မည်၏ဟု ဆို၏။ သု ဝုတ္တ ဖြစ်၏။ သံဃ သန္တက၊ ဘိက္ခု သန္တက ဂေဟသည်သာလျှင် ဂဟပတိကုဋိ မဖြစ်။]

(ဇီဋီ ... ကပ္ပိယကုဋိံ ယာတုံဒေမ ဟူသည်၌ ကပ္ပိယကုဋိ ကိစ္စံကာတုံ- ဟူသော အဓိပ္ပါယ်တည်း။

ဘောဇန သာလာကား သေနာသန ဖြစ်သောကြောင့် ကပ္ပိယကုဋိ ပြုအပ်၏-ဟု အပရေတို့ ဆိုကုန်၏။ မပြု သော်လည်း အပ်၏ဟု ဆိုအပ်၏။

သာဋီ ... သံဃ သန္တက၊ ဘိက္ခု သန္တက ဂေဟ-ဟူသည် ဝါသတ္တာယ-နေခြင်းအကျိုးငှါ ပြုသော သံဃိက သေနာသန၊ ပုဂ္ဂလိက သေနာသန ဖြစ်၏။

ဝိဋီ ... ထိုသူတို့၏ အိမ် ဟူသည်၌ ရဟန်းတို့၏ နေခြင်းငှါပြုသော ဝါသာဂါရ ဖြစ်သော်လည်း မလှူမချင်း လူတို့၏ ဥစ္စာသာ ဖြစ်လတ္တံ့ ဟု မှတ်အပ်၏။

ဝိဟာရကို ထား၍ဟူသည် ဥပသမ္ပန္နတို့ နေစရာပြုသော ဂေဟကို ထား၍ ဟူလို။ ဂေဟန္တိ နိဝါသ ဂေဟံ။ ထိုမှတစ်ပါး ဥပေါသထာဂါရ စသော အနိဝါသ ဂေဟသည် လေးပါးသော ကပ္ပိယဘူမိမှ လွတ်သော ပဉ္စမီ ကပ္ပိယ ဘူမိ ဖြစ်၏။

ထိုသို့သော ဂေဟသည် သံဃ သန္တက ဖြစ်သော် လည်းကောင်း၊ ကောင်းစွာ ကာရံအပ်သော အာရမ ရှိသော်လည်းကောင်း၊ အမ္ဘောကာသ-လွင်တီးခေါင်၌ ကဲ့သို့ အန္တောဝုတ္တ စသော အပြစ်မရှိ။ အမှတ်မရှိ မိုးကာအပ်သော သဟသေယျ လောက်သော ဘိက္ခု သံဃာ၏ နိဝါသ ဂေဟ၌ အန္တောဝုတ္တ စသော အပြစ်ရှိသည်။ န အညတ္တ။)

(ဂဟပတိ-လူတို့ ဥစ္စာဖြစ်သော ကုဋိ။ ဝါ ... ကပ္ပိယ ကုဋိ ဟုဆို၍ လူတို့ လှူသော ကုဋိ။)

သမ္မုတိ ကုဋိ

[သမ္မုတိကာ မည်သည် ကမ္မဝါစာ ဖတ်၍ပြုသော ကုဋိတည်း။]

(သမ္မုတိ – သမုတ်ခြင်းဖြင့် အပ်သော ကုဋိသည် သမ္မုတိ ကုဋိ မည်၏။ ထိုကျောင်း၏ တည်ရာ ဗဒ္ဓ သိမ်၊ အဗဒ္ဓ သိမ်၌ သံဃာကို ဟတ္တပါသ် ဆောင်၍၊ ဆန္ဒသော်လည်း ဆောင်၍ ကျောင်း၏ ဟတ္တပါသ်၌၊ ဝါ- ကျောင်းပေါ်၌ ဉာတ္တိ ဒုတိယကံဖြင့် လည်းကောင်း၊ အပလောကန ကံဖြင့် လည်းကောင်း သမုတ်အပ်၏။

အချို့ကား ဤ ဉာတ္တိဒုတိယ ကမ္မဝါစာ၌ အယံ နာ ဂေါ ကဲ့သို့ ဣမ သဒ္ဓါဖြင့် မဟောသောကြောင့် သိမ် တစ်ပါး၌ နေ၍ မျက်ကွယ်လည်း သမုတ်နိုင်သည်ဟု. ဆိုကုန်၏။ မသင့်။ မျက်ကွယ် ကံ ရှစ်ပါး၌ ဤကံ မပါ။ သိမ်သမုတ် ကမ္မဝါစာ၌လည်း ဣမ သဒ္ဒါဖြင့် မဟော၊ သိမ်ပ၌ တည်၍ သမုတ်လျှင် ဝိပတ္တိသိမ် ဖြစ်သည်။)

အကပ္ပိယကုဋိ အပြစ်

[ဤလေးခုသော ကပ္ပိယ ဘူမိတို့၌ သိုမှီးသော အာမိသ ဟူသမျှသည် အန္တောဝုတ္တ မဖြစ်။ (ဤ၌ ချက်ပြုတ်လျှင်လည်း အန္တောပက္က အပြစ်မရှိ။) ဘိက္ခု၊ ဘိက္ခုနီ တို့အား အန္တောဝုတ္တ၊ အန္တောပက္က လွတ်စေခြင်းငှါ ကပ္ပိယကုဋိတို့ကို ခွင့်ပြုတော် မူသည်။

အကပ္ပိယ ဘူမိ၌ သဟသေယျ လောက်ရာ ဂေဟ၌ သိုမှီးအံ့၊ သံဃိက၊ ပုဂ္ဂလိက-ဘိက္ခု၊ ဘိက္ခုနီ၏ ဥစ္စာကို တစ်ညဥ့်မျှသော်လည်း ထားအံ့၊ အန္တောဝုတ္တ ဖြစ်၏။ ထို၌ ချက်ပြုတ်လျှင်လည်း အန္တောပက္က မည်၏။ မစားအပ်။ သတ္တာဟ ကာလိက၊ ယာဝဇီဝိကတို့ကား အပ်ကုန်၏။

ဝိနိစ္ဆယကား-သာမဏေသည် ရဟန်း၏ ဆန် စသော အာမိသကို ယူလာ၍ ကပ္ပိယကုဋိ၌ ထား၍ နောက်နေ့၌ ချက်ပေးအံ့၊ အန္တောဝုတ္တ မဖြစ်။ ထို အစာ၌ အကပ္ပိယကုဋိတွင် ထားသော ထောပတ် စသည်ကို ထည့်ပေးအံ့၊ မုခ သန္နိဓိ ဖြစ်၏။ မဟာပစ္စရီ၌ အန္တောဝုတ္တဟု ဆို၏။ အမည်မျှ ထူးသည်။

ရဟန်းသည် ကပ္ပိယကုဋိ၌ ထားသော ထောပတ်ကိုလည်းကောင်း၊ ယာဝ ဇီဝိက သစ်ရွက်ကို လည်းကောင်း၊ တစ်ပေါင်းတည်း ချက်စားအံ့၊ ခုနစ်ရက်လုံး အာမိသကင်းလျှင် အပ်၏။ အာမိသနှင့် ရောစားအံ့၊ အန္တောဝုတ္တလည်း ဖြစ်၏။ သာမံပါကလည်း ဖြစ်၏။ ဤနည်းဖြင့် အလုံးစုံသော ရောနှောခြင်းတို့ကို သိအပ်ကုန်၏။]

(ဇီဋီ ... မုခသန္နိဓိ ဟူသည် စားသောအခါ သန္နိဓိ ဖြစ်၍၊ မုခသန္နိဓိ အမည်ရ၏။ သန္နိဓိ ဖြစ်လျှင် ပါစိတ် ဖြစ်ရာ၏။ မုသန္နိဓိကား ဒုက္ကဋ်။

သာဋီ ... မုခသန္နိဓိ ဟူသော စကားဖြင့် အန္တောဝုတ္တ ဒုက္ကဋ်ကိုသာ ပြသည်။

ဝိဋီ ... သံဃိက၊ ပုဂ္ဂလိက - ဟူသည်ကို သာမညအားဖြင့် ဆိုသော်လည်း ဘိက္ခုတို့၏ သံဃိက၊ ပုဂ္ဂလိကသည်လည်း ဘိက္ခုနီတို့အား ဂိဟိသန္တက အရာ၌တည်၏။ ဘိက္ခုနီတို့၏ သံဃိက၊ ပုဂ္ဂလိက သည်လည်း ဘိက္ခုတို့အား ဂိဟိသန္တက အရာ၌ တည်၏ဟု သိအပ်၏။

မုခသန္နိဓိ ဟူသည်ကား အတွင်း၌ သိုမှီးခြင်း အပြစ်ဟူသော အန္တောဝုတ္တသည် ခံတွင်း၌ သွင်းခြင်း အကြောင်းရှိသော အာပတ်ကို ပြု၏။ နာညထာ။ ထိုကြောင့် မုခသန္နိဓိဟု ဆိုသည်။)

(ဆရာမြတ်တို့ ဝါဒ ... အန္တောဝုတ္တ ဖြစ်ကာမျှဖြင့် အာပတ်မသင့်၊ မုခ၌ + ထားမှ အာပတ်သင့်သောကြောင့် မုခ+သန္နိဓိ မည်၏။ ကပ်ပြီး ညဥ့်လွန်သော သန္နိဓိ မဟုတ်။)

ကပ္ပိယကုဋိ ပျက်ပုံ

[ဤကပ္ပိယကုဋိတို့သည် အဘယ်အခါ မိမိသဘော စွန့်၍ ပျက်ကုန်သနည်း ဟူမူ ဥဿာဝနန်သည် တိုင်စိုက်ပြုလျှင် တိုင်အားလုံး ပယ်သောအခါ၊ နံရံ အခြေစိုက်ပြုလျှင် နံရံ အခြေအားလုံး ပယ်သောအခါ ပျက်၏။ တိုင်တို့ကို၊ နံရံအခြေတို့ကို လဲအံ့၊ တည်လျက်ရှိသော ထိုထိုတိုင် နံရံအခြေတို့၌ တည်နေ၏။ အလုံးစုံ လဲသော်လည်း မပျက်။

အုတ် စသည်တို့ဖြင့် ပြုလျှင် မြင့်သော အကျည်-စယ၏ အထက်၌ နံရံအလို့ငှါ ထားသော အုတ်၊ ကျောက်၊ မြေစိုင်မျှမကျန်အောဂ် ဖျက်သောအခါ၌ ပျက်သည်သာတည်း။

ကပ္ပိယကုဋိံ ကလောမ-ဟု ဆောက်တည်သော အုတ် စသည်တို့ကို ပယ်ပြီးသော်လည်း၊ တစ်ပါးသေ အုတ် စသည်တို့ တည်သေးလျှင် (မြေညီပြင်မှ တက်၍ တည်သေးလျှင်) ဥဿာဝနန် မပျက်သေးသည်သာတည်း။

ဂေါနိသာကား တံတိုင်း စသည်ဖြင့် ကာလျှင် ပျက်၏။ တစ်ဖန် ထိုအာရာမ၌ ကပ္ပိယကုဋိ ရသင့်၏။ တစ်ဖန်လည်း တံတိုင်း စသည်ကို ထိုထိုနေရာမှ နွားဝင်နိုင်အောင် ဖျက်၍ ပျက်ကုန်အံ့၊ တစ်ဖန် ကပ္ပိယကုဋိဖြစ်၏။။

ဂဟပတိ၊ သမ္မုတိ နှစ်ခုကား ဂေါပါနသိ - အခြင်မှ ထား၍ အမိုးအာလုံး ပျက်လျှင် ပျက်ကုန်၏။ အခြင်ထက်၌ ပက္ခပါသက မဏ္ဍလ - ပိတုန်းပိတ် ခေါင်အုပ် (ဝမ်းဘဲတောင် ခေါင်ဖုံး) တစ်ခုမျှ ကျန်ရှိသေးအံ့။ (မပျက်သေး) စောင့်သေး၏။]

(ဝိဋီ ... ပျက်ကုန်အံ့ ဟူသည် ထက်ဝက်ထက် အလွန် ကျိုးပေါက် ပျက်စီးကုန်အံ့တည်း။

အမိုးအားလုံး ပျက်စီးလျှင် ဟူသည် မြက်သစ်ရွက် စသည်ဖြင့် မိုးလုံအောင် ပြုသော အမိုးပျက်လျှင်တည်း။ အခြင်တို့၏အထက် နွယ်တို့ဖြင့်ဖွဲ့သော အတံတို့ တည်သော်လည်း ပျက်ကုန်သည်သာတည်း။

ပက္ခပါသက မဏ္ဍလ ဟူသည်ကို တစ်ခုသော နံပါး၌ သုံးခုသော အခြင်တို့၏ အထက်၌တည်သော မြက်သစ်ရွက် စသော အမိုးကို ဆိုသည်။)

(အာစရိယ ဝါဒ ... လဲလှယ်ပြီးသော တိုင်တို့၌ ဥဿာဝနန် တည်ရုံမျှ မကသေး၊ နောက်ဆက်တွဲ၍ ဆောက်သော ကျောင်းတို့၏လည်း တိုင် ဟူသမျှ၌ လျှောက်၍တည်၏။ တိုင်တစ်လုံးမျှ မတ်တတ် ကျန်သည်တိုင်အောင် မပျက်။ ထိုကြောင့် တိုင်ငှား ပေါ့ပေါ့ပါးပါးကို ကပ္ပိယကုဋိ ပြုရန် နည်းပေးခြင်းသည် သင့်မြတ်လှ၏။ ဂဟပတိ၊ သမ္မုတိ နှစ်ခု၌ အသစ်မိုးရန် အဟောင်းဖျက်သောအခါ အနည်းငယ် ချန်၍ ဖျက်အပ်၏။ အနည်းငယ် အသစ်မိုးပြီးသောအခါ ထို ချန်ထားသည်ကို ဖျက်အပ်၏။)

ဥဿာဝနန် (၁)၊ တိုင်ခြွေရံ-မကျန် အားလုံး-ပျက်၊

ဂေါနိသာဒိ (၁)၊ ကာရံမိ-ပျက်၏-ပြည့် ထက်ဝက်။

ဂဟပတိ၊ သမ္မုတိ (၂)၊ မရှိ အမိုး-ပျက်။

ဝါသာဂါရ-မဟုတ်က-ပဉ္စမီ-မပျက်။

ကပ္ပိယကုဋိ မရှိလျှင်

ကပ္ပိယဘူမိ လေးခု တစ်ခုမျှ မရှိသော ကျောင်း၌ အဘယ်သို့ ပြုကျင့်အပ်သနည်း။ လူ သာမဏေအား ပေး၍ လူ သာမဏေ၏ ဥစ္စာပြု၍ သုံးဆောင်အပ်၏၊ ဝတ္တုဖြင့် သိအပ်၏။ ဝိနည်းဓိုရ် အကြီးအကဲ ကရဝိကတိဿ မထေရ်သည် မဟာသီဝ မထေရ်၏ အထံ၌ ထောပတ်အိုးကိုမြင်၍ အဘယ်ပါနည်းဟု မေး၏။ ငါ့ရှင်၊ ခေါင်းပါးသောနေ့၌ ထောပတ်နှင့် စားခြင်းငှါ ထောပတ်အိုး ဆောင်ထားသည်ဟု ဆို၏။

အရှင်ဘုရား၊ မအပ်ပါ ဘုရားဟု ဆိုလတ်သော် နောက်နေ့၌ ပမုခ-ကျောင်းဦး၌ ထားစေ၏။ တိဿမထေရ်သည် တစ်နေ့၌ ရောက်လာ၍ မြင်၍ မေးပြီးလျှင် အရှင်ဘုရား၊ သဟသေယျ-လောက်ရာ၌ ထားခြင်းငှါ မအပ်ပါဟု ဆို၏။ နောက်နေ့၌ မထေရ်သည် ပြင်ပသို့ ထုတ်၍ ထားစေ၏။ ခိုးသူတို့ ဆောင်ကုန်၏။

နောက်တစ်နေ့၌ တိဿမထေရ် ရောက်လာသောအခါ ငါ့ရှင်၊ မအပ်ဟု သင်ဆိုသော ထောပတ်အိုးကို ပြင်ပ၌ထားရာ ခိုးသူတို့ ဆောင်သွားပြီဟု ဆို၏။ ထိုအခါ အရှင်ဘုရား၊ လူ သာမဏေအား ပေးအပ်သည် မဟုတ်ပါလော၊ လူ သာမဏေအား ပေး၍ လူ သာမဏေ၏ ဥစ္စာပြု၍ သုံးဆောင်ခြင်းငှါ အပ်ပါသည်ဟု ဆို၏။]

(ဇီဋီ ... လူ သာမဏေ၏ ဥစ္စာပြု၍ဟု ဆိုသောကြောင့် မငဲ့မကွက် စွန့်ခြင်းကို အလိုမရှိအပ်။ သင်္ကန်း ဝိကပ္ပန၌ ကဲ့သို့ ကပ္ပိယ မတ္တကို သိအပ်၏ ဟု အချို့ ဆိုကုန်၏။

ဝိဋီ ... လူ သာမဏေအား ပေးအပ်သည် မဟုတ်လော စသည်ဖြင့် အကပ္ပိယကုဋီ၌ ဆိုသော်လည်း လူ သာမဏေအား ပေးလျှင် ကပ္ပိယ ဖြစ်၏။ ဤ၌ ငဲ့ခြင်းနှင့်တကွ ပေးခြင်းသည်လည်း အပ်၏။ ပဋိဂ္ဂဟဏ-အကပ်ခံခြင်းကဲ့သို့ မဟုတ်ဟု ပြသည်။)

မဟာပဒေသ လေးပါးအကျယ်

သီးကြီးကိုးလုံး

[ယံ ဘိက္ခဝေ မယာ ဣဒံ န ကပ္ပတိ - စသည်ဖြင့် မဟာပဒေသ လေးပါးကို ရဟန်းတို့၏ နယဂ္ဂဟဏ အကျိုးငှါ မြတ်စွာဘုရား မိန့်တော်မူသည်။ သင်္ဂါယနာတင် မထေရ်သည် ပါဠိကို ကိုင်၍ စူးစမ်းဆင်ခြင်သောအခါ ဤသို့သော အနက်ကို မြင်တော်မူကုန်၏။

ထပေတွာ ဓည ဖလ ရသံ-ဟူသည်၌ စပါး ခုနစ်မျိုး၏ အရည်တို့သည် နေလွဲမအပ်ဟု ပယ်အပ်သည်တို့ ဖြစ်ကုန်၏။

တာလ-ထန်း၊ နာဠိကေရ-အုန်း။ ပသန-အိမ် ပိန္နဲ၊ လဗုဇ-တောင် ပိန္နဲ၊ အလာဗု-ဘူး၊ ကုမ္ဘဏ္ဍ-ဖရုံ၊ ပုဿဖလ-သခွား ငဆစ်၊ တိပုသမလ−သခွား ငပြုတ်၊ ဧဠာဠုက-သခွါး ငကြောင်၊ ဤ နဝမဟာဖလ-သီးကြီး ကိုးမျိုးနှင့် အပရဏ္ဏ ပဲမျိုး အားလုံးသည် ဓညဂတိက-စပါးအလားသာ ဖြစ်ကုန်၏။ ထိုအားလုံးကို မပယ်သော်လည်း စင်စစ် အကပ္ပိယကို လျော်စေ၏။ ထိုကြောင့် နေလွဲသောအခါ မအပ်။]

(သာဋီ ... ပရိမဒ္ဒန္တာတိ ဥပ ပရိက္ခန္တာ - စူးစမ်းကြသည်ရှိသော်။
ဝိဋီ ... အတူ။)

ထန်း၊ အုန်း-နှစ်တွဲ (၂)၊ ပိန္နဲ-နှစ်စုံ (၂)၊ ဘူး၊ ဖရုံ (၂)၊ မှတ်တုံ သုံး သခွား (၃)။

(နှစ်တွဲ၊ နှစ်စုံ ဟူသည်၌ တစ်တွဲ၊ တစ်စုံသည် အနည်းဆုံး နှစ်ခု ရှိသည် စသည်ဖြင့် ယူလျှင်လည်း ယူသင့်၏။ သို့ရာတွင် လိုရာ အဓိပ္ပါယ်သို့ မရောက်၊ စိတ်ဖြောင့်မှ လိုရာရောက်နိုင်သည်။ နှစ်ခုကို တွဲသော၊ နှစ်ခု၏ အစုံဖြစ်သောဟု ယူလျှင်ကား လိုရာသို့ ရောက်နိုင်၏။)

အဖျော် အလျော်

ရှစ်ပါးသော အဖျော်တို့ကို ခွင့်ပြုအပ်ကုန်၏။ ဝေတ္တ-ကြိမ်၊ တိန္တိဏိက-မကျည်း၊ မထုလုင်္ဂ-ရှောက်၊ ကပိတ္တ-သီး၊ ကောသမ္ဗ-ကြို၊ ကရမန္ဒ–ခံ- စသော အသီးငယ်- ခုဒ္ဒက ဖလ၏ အဖျော်တို့သည်၊ အဋ္ဌပါန ဂတိကတို့သာ ဖြစ်ကုန်၏။ ခွင့်မပြု အပ်ကုန်သော်လည်း စင်စစ် ကပ္ပိယကို လျော်စေကုန်၏။ ထိုကြောင့် အပ်ကုန်၏။

ကုရုန္ဒီ၌ အနုလောမနှင့်တကွ ဓည ဖလ ရသကို ထား၍ တစ်ပါးသော ဖလ ပါန မည်သည် အကပ္ပိယ မရှိ၊ အားလုံး ယာမကာလိကသာ-ဟု ဆိုသည်။]

သပြေ၊ သရက် (၂)၊ နွယ် သပြက် (၁)၊
ဖက်သက်၊ သစ်မည်စည် (၂)၊ တော၊ အိမ်-ငှက်ပျော (၂)၊
ကြာစွယ်နှော (၁) မှတ်လော ရှစ်ဖျော်ရည်။

ရေအေး၊ နေချက် (၂) - သောက်အပ်လျက်၊ မီးချက် (၁)- မအပ်ပြီ။

ရှောက်၊ မန်ကျည်း စ (အများ) နုလောမ-လျော်လှ အဖျော်ရည်။

သင်္ကန်း အလျော်

[မြတ်စွာဘုရားသည် ခြောက်ထည်သော သင်္ကန်းကို ခွင့်ပြု၏။ သင်္ဂါယနာတင် မထေရ်တို့သည် ထို အားလျော်သော ဒုကုလ- (ဘွဲ့ဖြူ)၊ ပတ္တုဏ္ဏ၊ စိန ပဋ္ဋ၊ သောမာရ ပဋ္ဋ၊ ဣဒ္ဓိ မယိက၊ ဒေဝ ဒတ္တိယ-ဟု အနုလောမ ခြောက်ထည်ကိုလည်း ခွင့်ပြုကုန်၏။

ထိုတွင် ပတ္တုဏ္ဏသည် ပတ္တုဏ္ဏ ဒေသ၌ ပိုးကောင်တို့မှ ဖြစ်သော အဝတ်ဖြစ်၏။ ပဋ နှစ်ခုကို ဒေသ အမည်ဖြင့်သာ ဆိုသည်။ ဤ သုံးထည်သည် ကောသေယျအား လျော်၏။

ဒုကုလသည် သာဏအား လျော်၏။

ကြွင်း နှစ်ထည်သည် ကပ္ပါသိကအား လည်းကောင်း၊ အလုံးစုံတို့အား လည်းကောင်း လျော်၏။]

(သာဋီ ... ပတ္တုဏ္ဏ ဒေသဖြစ် အဝတ်သည် ကောသေယျ ဝိသေသ- ပိုး အထူးတည်း။ စိန ဒေသ၊ သောမာရ ဒေသ၌ဖြစ်သော အဝတ်နှင့် ဤ သုံးထည်သည် ပိုးကောင်တို့ ပြုသော ချည်ဖြင့် ဖြစ်သောကြောင့် ကောသေယျအား လျော်၏။

ဣဒ္ဓိ မယိကသည် ဧဟိ ဘိက္ခုတို့အား ပုညိဒ္ဓိဖြင့် ဖြစ်သော သင်္ကန်းတည်း။

ခေါမ စသည်တို့တွင် တစ်ခုခု ဖြစ်သောကြောင့် ထို အားလုံးတို့အားသာ လျော်၏။

နတ်လှူသော သင်္ကန်းသည် ဝေဒ ဒတ္တိယ မည်၏။ အနုရုဒ္ဓါ မထေရ်အား ဇာလိနီ နတ်သမီး လှူသော အဝတ်ကဲ့သို့ ကပ္ပရုက္ခ - ပဒေသာပင်၌ ဖြစ်၍ ခေါမ စသည်တို့အားသာ လျော်၏။

ဒေသ အမည်ဖြင့် ဟူသည် သရုပ်ပြသော ပုဒ်သာတည်း၊ အနက်တစ်ပါးကို နစ်စေသော ပုဒ် မဟုတ်။

ပတ္တုဏ္ဏကိုလည်း ဒေသ အမည်ဖြင့်သာ ဆိုသောကြောင့်တည်း။)

ခေါမ၊ ဝါချည် (၂) ပိုးချည်၊ သားမွေး (၂)၊
လျော်ထွေး ပိုက်ဆံ (၁) ငါးတန် ရောဘိ (၁)-
ခြောက်ခုရှိ-ဇာတိ သင်္ကန်းတည်း။

ဘွဲ့ဖြူ၊ ပတ္တုဏ္ဏ (၂)၊ သောမာရ (၁)၊ စိန၊ တန်ခိုး၊ နတ် (၃)။
ဇာတ်အား လျော်မှု-ဤ ခြောက်ခု-အနုလောမ မှတ်။

စားခွက် အလျော်

မြတ်စွာဘုရားသည် သပိတ် ၁၁-လုံးတို့ကို ပယ်၍ လောဟ ပတ္တ၊ မတ္တိကာ ပတ္တ ဟု နှစ်လုံးခွင့်ပြု၏။

လောဟ-သံခွက်၊ မတ္တိကာ-မြေခွက်၊ တမ္ဗ-ကြေးနီခွက်-ဟု ထာလက သုံးခုသည် ထိုပတ္တ နှစ်လုံးတို့အား လျော်၏။]

သံ၊ ကြေးနီ၊ မြေ (၃)-ခွက် သုံးထွေ-စားလေ အပ်ပေသည်။

ထည့်ခွက် အလျော်

[မြတ်စွာဘုရားသည် တုမ္ဗ သုံးခုတို့ကို လောဟ- ကြေးဘူး သံဘူး၊ ကဋ္ဌ-သစ်သားဘူး၊ ဖလ - ဗူးသီး စသော သစ်သီးဘူးဟု ခွင့်ပြု၏။

ကုဏ္ဍိကာ-ကရား၊ ကဉ္စနက- ခွက် အင်တုံ၊ ဥဒက တုမ္ဗ- ရေခပ်အိုးတို့သည်လည်း တုမ္ဗ တို့အား လျော် ကုန်၏။

ကုရုန္ဒီ၌ ပါနီယ သင်္ခ-ရေသောက်စရာ ခရုသင်းခွက်၊ ပါနီယသ ရာဝက-ရေသောက်စရာ ခွက်ငယ်တို့သည် တုမ္ဗတို့အား လျော်ကုန်၏ဟု ယို၏။]

(သာဋီ ... တုမ္ဗာတိ ဘာဇနာနိ။ ဖလတုမ္ဗောတိ လာဗုအာဒိ။ ဥဒက ကုမ္ဗောတိ ဥဒကုက္ခိပန ကုဋကော။

ဝိဋီ ... ဥဒက တုမ္ဗောတိ ဥဒက ဃဋော။)

ခါးပန်း အလျော်

[ပဋ္ဋိကာ-ခါးပန်းပြား၊ သုကရန္တ – ဆောက်လုံး ခါးပန်း၊ ဝါ၊ ဝက်အူသဏ္ဌာန် အခေါင်းရှိသော ခါးပန်း - ဤ ကာယ ဗန္ဓန နှစ်ခုကို ခွင့်ပြု၏။ ဒုဿပဋ္ဋ- အဝတ်ပြားဖြင့် ပြုသော ခါးပန်း။ ရဇ္ဇုက-ကြိုးငယ်ဖြင့် ပြုသော ခါးပန်း တို့သည် ထိုသို့အား လျော်ကုန်၏။]

ထီး အလျော်

[သေတစ္ဆတ္တ၊ ထီးဖြူ၊ ကိလဉ္ဇဆတ္တ - နှီးဖြင့် ရက်သော ထီး၊ ပဏ္ဏစ္ဆတ္တ - သစ်ရွက်ထီး - ဟု ဆတ္တ သုံးမျိုး ခွင့်ပြု၏။

ဧက ပဏ္ဏဆတ္တ-သစ်ရွက် တစ်ခုတည်းဖြင့် ပြုသော ထီးသည် ထိုသို့အားသာ လျော်၏။

ဤနည်းဖြင့် ပါဠိဋ္ဌကထာရှု၍ အပ်၊ မအပ်၏ အနုလောမတို့ကို သိအပ်ကုန်၏။]

(သာဋီ ... ၊ ဝိဋီ ... ကိလဉ္ဇ ဆတ္ထန္တိ ဝေဠုဝိလီ ဝေဟိ ပါယိတွာ ကတ ဆတ္တံ။ နှီးဖြင့်ရက်၍ ပြုသော ထီး။)

ဘေသဇ္ဇက္ခန္ဓက ပြီး၏။
၇။ ကထိနက္ခန္ဓက

ကထိန်ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ သုံးကျိပ်မျှသော ပါဝေယျက ရဟန်းတို့သည် အလုံးစုံ အာရညကင်၊ ပိဏ္ဍပါတ်၊ ပုံသုကု၊ တေစီဝရိက် ဓူတင်ဆောင်တို့ ဖြစ်ကုန်၏။

သာဝတ္ထိသို့ ဘုရားဖူးရန် လာကြရာ ဝါဆိုချိန်နီး၍ ခရီးအကြား သာကေတပြည်၌ ဝါကပ်ကုန်၏။ ဤမှ ခြောက်ယူဇနာတွင် ဘုရားရှင် နေ၏။ နီးလျက် ငါတို့ ဖူးခွင့်မရကုန်ဟု ပျင်းရိစွာ ဝါကပ်ရကုန်၏။ ဝါကျွတ်သောအခါ ပဝါရဏာ ပြု၍ မိုးရွာ ရေလွှမ်း ရွှံ့ညွှန်ပြွမ်းသော ခရီးကြမ်း၌ ရေပြည့်သော သင်္ကန်းတို့ဖြင့် ပင်ပန်းစွာ ဘုရားရှင်ထံ ရောက်လာ၍ သင့်ရာ နေရာ တစ်ခု၌ ထိုင်ကုန်၏။

ဘုရားရှင်တို့ ဓမ္မတာ အာဂန္တုတို့နှင့် ဝမ်းမြောက်စွာ ပြောဆိုခြင်းဖြင့် ချစ်သားတို့၊ ခန့်ကျန်း၏လော၊ မျှတ၏လော၊ အညီအညွတ် ချမ်းသာစွာ ဝါကပ်ကြရ၏လော၊ ဆွမ်းဖြင့် ပင်ပန်းခြင်း ကင်းကြ၏လော-ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား၊ ခန့်ကျန်း မျှတ ညီညွတ်ကြပါ၏။ ဆွမ်းဖြင့် ပင်ပန်းခြင်း မရှိပါ၊ ဝါဆိုချိန်နီး၍ ခရီးအကြား သာကေတ ပြည်တွင် ပျင်းရိစွာ ဝါကပ်ကြရပါသည်။ ရေလွှမ်းသော ခရီးကြမ်း စိုရွှဲသော သင်္ကန်းဖြင့် ပင်ပန်းစွာ လာရပါသည်ဟု လျှောက်ကုန်၏။

ထိုအခါ တရားဟောပြီးလျှင် ရဟန်းတို့ကို ချစ်သားတို့၊ ဝါကျွတ်သော ရဟန်းတို့အား ကထိန်ကို ခင်းခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ ကထိန်ခင်းသော ရဟန်းတို့အား ငါးပါးသော အာနိသင်တို့သည် အနာမန္တ စာရ၊ အသမာဒါန စာရ၊ ဂဏ ဘောဇန၊ ယာဝ ဒတ္တစီဝရ၊ ယောစ တတ္တစီ ရုပ္ပါဒ-ဟု အပ်ကုန်လတ္တံ့။

ခင်းပုံကား ဗျတ္တ၊ ပဋိဗလ ရဟန်းသည် သံဃာကို သုဏာတု မေ ...လ... ဓာရယာမိ-ဟု သိစေအပ်၏။ ဝါ-သံဃာအား ကထိန ဒုဿ ဖြစ်သည်။ သံဃာသည် ဤမည်သော ရဟန်းအား ကထိန်ခင်းခြင်းငှါ ပေးရာ၏။ ပေး၏။ ပေးပြီ-ဟု ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။

ချစ်သားတို့၊ ဤသည်လျှင် ကထိန်ခင်းခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။ (ကမ္မဝါစာ ဖတ်ခြင်း မျှသာ။)

[ပါဝေယျက ဟူသည် ပါဝေယျတိုင်း၌ နေသူတို့တည်း။ ပါဝေယျ မည်သည် ကောသ၌ အနောက်ပိုင်း တိုင်းပြည် ဖြစ်၏။ လောသလမင်း၏ အတူမိပြား ညီနောင် ဘဒ္ဒဝဂ္ဂီ မထေရ်တို့တည်း။ ထိုမထေရ်တို့တွင် အကြီးဆုံး အနာဂါမ်၊ အငယ်ဆုံး သောတာပန် ဖြစ်၍၊ ရဟန္တာ မရှိ၊ ပုထုဇဉ် မရှိ။ အာရညကင် စသည်ကို အဦး ပဓာနပြု၍ ဆိုသည်။ ဓုတင် ၁၃ - ပါးလုံး ဆောင်ကုန်၏။

ခရီးသည် ချိုင်း၊ ကုန်း ရေတစ်ပြင်တည်း ဖြစ်၍ နင်းရာ၌ ရွှံ့ညွှန်သည် တင်ပါးထိအောင် တက်၏။ သင်္ကန်းတို့သည် တစ်ခဲနက် ထူသောကြောင့် ကျသော ရေသည် ထမင်းထုပ် ဖွဲ့သကဲ့သို့ ယိုစီးခြင်း မရှိ။ ဝါကပ်ရာ၌ အာဂန္တုက ဌာန ဖြစ်၍ သေနာသနအားဖြင့် မပြည့်စုံခြင်းကြောင့် လည်းကောင်း၊ ဘုရားဖူးခွင့် မရခြင်းကြောင့် လည်းကောင်း၊ ပျင်းရိကုန်၏၊ ထိုကြောင့် ချမ်းသာစွာ နေကြရပါသည်ဟု မလျှောက်ကုန်။

တရားဟောရာ၌ ထိုရဟန်းတို့အား အနမ တဂ္ဂိယ ကထာကို ဟော၏။ အဆုံး၌ အားလုံး ရဟန္တာဖြစ်၍ ထိုင်ရာဌာနမှသာလျှင် ကောင်းကင်သို့ တက်၍ ပြန်သွားကြကုန်၏။

ထိုနောက် မြတ်စွာဘုရားသည် “ကထိန်ခင်းခြင်း ခွင့်ပြုလျှင် ဒုက္ကဋ် သင်္ကန်း တစ်ထည်ကိုထား၍ သင်းပိုင် ကိုယ်ရုံမျှဖြင့် မပင်မပန်း လာနိုင်ကုန်ရာ၏။ ကထိန်ခင်းခြင်းကို ဘုရားရှင်တိုင်းလည်း ခွင့်ပြုသည်”ဟု ကြံပြီးလျှင် ရဟန်းတို့ကို ခေါ်၍ ကထိန်ကို ခွင့်ပြုတော်မူ၏။ ဝေါ ... အနက်မဲ့။ ဝါ-ဆဋ္ဌိ အနက်။]

(ဇီ၊ သာ၊ ဝိ-ဋီ ... ကထိနသည် အာနိသင် ငါးပါးတို့ကို အတွင်း သွင်းနိုင်သောကြောင့် ထိရ-မြဲမြံခိုင်ခံ့၏-ဟူသော အနက်တည်း။

ဝေါဆဋ္ဌိ အနက်ကား ကထိန်ခင်းသော သင်တို့၏၊ ဝါ၊ သင်တို့အား ဖြစ်လတ္တံ့။ သင်တို့အားသာ မဟုတ်သေး၊ တစ်ပါးသော ကထိန်ခင်းသူတို့အားလည်း ဖြစ်လတ္တံ့ ဟူလို။)

အနာမန္တ၊၊ အ သ-မာဒါ၊ ယာဝါ၊ ဂဏ၊ ယောတတ္ထ (၅) -ပဉ္စ အာနိသင်။

အာနိသင် အကျယ်

[အနာမန္တ စာရ ဟူသည် ကထိန် မနှုတ်မချင်း မပန်ကြားဘဲ လှည့်လည်ခြင်းသည် အပ်လတ္တံ့။ စာရိတ္တ သိက္ခာပုဒ်ဖြင့် အနာပတ္တိ ဖြစ်လတ္တံ့ ဟူလို။ (ထမင်း၊ ငါး၊ မုန့်နှစ်ပါး- ငါးပါးသော ဘောဇဉ် အမည်ဖြင့် ဖိတ်အပ်သော ရဟန်းသည် ထင်ရှားရှိသော ရဟန်းကို မပန်ဘဲ အိမ်တစ်ပါးသို့ လှည့်လည်းအံ့-ပါစိတ်- ဟူသော စာရိတ္တ သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။)

အသမာဒါန စာရ ဟူသည် တိစီဝရိက်ကို မယူဘဲ သွားခြင်းတည်း။ သင်္ကန်းနှင့် ကင်းခြင်းသည် အပ်လတ္တံ့။ အမည်ဖြင့် အဓိဋ္ဌာန် တင်အပ်သော တိစီဝရိက်ကိုနှင့် တစ်ညဥ့်မျှ အရုဏ်ကင်းအံ့၊ ဘိက္ခု သမ္မုတိကို ကြည့်၍ နိဿဂ္ဂိ ပါစိတ်- ဟူသော ဥဒေါသိတ သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။

ဂဏ ဘောဇန ဟူသည် ဂဏ ဘောဇဉ်သည်လည်း အပ်လတ္တံ့။ (ဘောဇဉ် ငါးပါး အမည်ဖြင့် ဖိတ်ရာ၌ လေးပါး၊ လေးပါးထက်အလွန် တစ်ပေါင်းတည်းခံ၍ စားခြင်းကြောင့် သမယ ခုနစ်ပါးကြဉ်၍ ပါစိတ် ဟူသော သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။)

ယာဝဒတ္တ စီဝရ ဟူသည် အကြင်မျှ သင်္ကန်းဖြင့် အလိုရှိ၏။ ထိုမျှ အဓိဋ္ဌာန် မတင်ဘဲ၊ ဝိကပ္ပနာ မပြုဘဲ အပ်လတ္တံ ဟူသော အနက်တည်း။ (အဓိဋ္ဌာန် ဝိပ္ပနာ ပြုသည်မှ ပိုသော သင်္ကန်းကို ဆယ်ရက်ကို လွန်စေသူအား နိဿဂ္ဂ ပါစိတ် - ဟူသော သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။)

ယော စ တတ္တ စီဝရုပ္ပါဒ ဟူသည် ထိုကထိန်ခင်းသော ဥပစာရ သိမ်၌ (ဝါ-ဝါဆို ခေတ်တွင်း ကျောင်းဝိုင်း၌) ပျံလွန်သော ရဟန်း၏ မတက စီဝရသည် လည်းကောင်း၊ သံဃာကို ရည်လှူသော သင်္ကန်းသည် လည်းကောင်း၊ သံဃိက တတြုပ္ပါဒဖြင့် ဆောင်သော သင်္ကန်းသည် လည်းကောင်း အမှတ်မရှိဖြစ်သော သံဃိက သင်္ကန်းသည် ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်လတ္တံ့ ဟူသော အနက်တည်း။]

(သာဋီ ... မပန်ကြားဘဲ လှည့်လည် ဟူသည် စာရိတ္တ သိက္ခာပုဒ်၌ ဆိုသောနည်းဖြင့် မပန်ကြားဘဲ အိမ်တစ်ပါးတို့၌ လှည့်လည်ခြင်းတည်း။

မတက စီဝရန္တိ မတကဿ သန္ထကံ စီဝရံ၊ တတြုပ္ပါဒဖြင့် ဆောင်သော ဟူသည် ဝိဟာရ သန္တက ဖြစ်သော လယ်ယာ စသည်ဖြင့် ဆောင်အပ်သော သင်္ကန်းတည်း။)

(ပုရိမဝါမှ ထသူတို့အား ကထိန်မခင်းသော်လည်း၊ စီဝရ မာသ- တန်ဆောင်မုန်းလပြည့်အတွင်း အသမာဒါ စာရ ချန်၍ အာနိသင် လေးပါး ရကုန်၏။ အသမာဒါနစာရ မရသောကြောင့်သာ ပါဝေယျက ရဟန်းတို့သည် သင်္ကန်းတို့ကို ယူလျက် ဘုရားရှင်ထံ ချဉ်းကပ်ကြသည်ဟု ကင်္ခါ ဋီကာသစ် ဆို၏။

ဝါကျွတ်ပြီး၍ တန်ဆောင်မုန်းလပြည့်ထိ တောကျောင်း၌ နေသူတို့အား ခြောက်ညဥ့်ထက်အလွန် တိစီဝရိက် ညဥ့်ကင်းအံ့၊ ဘိက္ခု သမ္မုတိကြဉ်၍ နိဿဂ္ဂိ ပါစိတ် ဟူသော သိက္ခာပုဒ်ဖြင့် ထို စီဝရ မာသအတွင်း အသမာဒါနစာရ မရခြင်း ထင်ရှား၏။

ကထိန်ခင်းသူ အကျိုးငါးပါး၊ မခင်းသူ လေးပါးအပြင် ပရမ္ပရ ဘောဇန အကျိုးလည်း ရသေး၏။ ဘောဇဉ် အမည်ဖြင့် ဖိတ်သူ၏ ဘောဇဉ်မှတစ်ပါး နောက်မှု ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းသည် အပ်လတ္တံ့။ ပရမ္ပရ ဘောဇဉ် စားခြင်းကြောင့် အခါကိုကြဉ်၍၊ ပါစိတ် ဟူသော သိက္ခာပုဒ်ဖြင့် အာပတ် မသင့် ဟူလို၊ ဤအကျိုးကို ဂဏ ဘောဇန၌ ပေါင်း၍ မိန့်သည် ဟူ၍လည်း ဆိုကုန်၏။

အချို့ကား စာရိတ္တ သိက္ခာပုဒ်ဖြင့် အနာပတ္တိကို- “မပန်ကြားဘဲ နေလွဲ ရွာဝင်လည်း အနာပတ္တိ” ဟု ဝိကာလ ဂါမပ္ပ ဝေသန သိက္ခာပုဒ်ဖြင့် ရောယှက်တိမ်းပါး စေကုန်၏။

အနာ မန္တ၊ ဂဏဘောဇနသည် ပိဏ္ဍပါတ် ဓုတင်ဆောင်တို့အား အမြဲစွန့်ပစ်ထားသော အကျိုး၊ တစ်ပါးသော ရဟန်းတို့အား ထူးသောအကျိုး၊

အသမာဒါနသည် တိစီဝရိက် အဓိဋ္ဌာန် တင်ဆောင်သော ဥဒေါသိတ သိက္ခာပုဒ် ကျင့်သူတို့အား ထူးသော အာဝေဏိက အကျိုး၊ တစ်ပါးသော ရဟန်းတို့အား မထူးသော-ပါ- အကျိုး မရှိသော အကျိုး။

ယော စ တတ္ထသည် ပံသုကူ ဓုတင်ဆောင်တို့အာ၊ စွန့်ထားသော အကျိုး။ တစ်ပါးသော ရဟန်းတို့အား ထူးသော အကျိုး။

ယာဝဒတ္တသည် တိစီဝရိက် ဓုတင်ဆောင်၊ မဆောင်ထိုက်သည် အလျောက် ထူးသော အကျိုး၊)

ကထိန်ခင်းပုံကို နောက်၌ ကျယ်ဆိုအံ့။

ကထိန် မဖြစ် ၂၄

ဧ၀ အနတ္တတ၊ ချစ်သားတို့ အဘယ်သို့လျှင် ကထိန်သည် အနတ္တတ မခင်းအပ်သည် ဖြစ်သနည်း။

ဥလ္လိခိတ မတ္တေန-ပမာဏ ယူကာမျှဖြင့်၊ ဝါ--ရေးခြစ်ကာမျှဖြင့် ကထိန် သည် အတ္တတ-ခင်းအပ်သည် မဖြစ်။ မောဝန မတ္တေန- ဖွပ်ကာမျှဖြင့်။ စီဝရ ဝိစာရဏ-သင်္ကန်းအခန်း စီရင်ကာမျှဖြင့်။ ဆေဒန-ဖြတ်ကာမျှဖြင့်။ ဗန္ဓန-တည်းစပ်ဖွဲ့ကာမျှဖြင့် (၅)။

ဩဝဋ္ဋိယ ကရဏ-အလျား ချုပ်ကာမျှဖြင့် (ဝါ-လုံး၍ ချုပ်ကာမျှဖြင့်)။ ကဏ္ဍုသ ကရဏ-တလုပ်အုပ်ခြင်း ပြုကာမျှဖြင့်။ ဒဠှီကမ္မ ကရုဏ-မြဲအောင် ပြုခြင်း-ဝါ-နှစ်လွှာစပ်ခြင်း ပြုကာမျှဖြင့်။ အနုဝါတ ကရဏ - အလျား အနားပတ်တင်ကာမျှဖြင့်။ ပရိဘဏ္ဍ ကရဏ-အနံ အနားပတ်တင်ကာမျှဖြင့် ... (၅)။

ဩဝဒေယျ ကရဏ-သလင်းထောင်ထားကာမျှဖြင့်။ ကမ္ဗလ မတ္တေန - တစ်ကြိမ်သာ ဆိုးရုံမျှဖြင့်။ နိမိတ္တကတ-နိမိတ် ပြု၍ရသော အဝတ်ဖြင့်။ ပရိကထာကတ- ပရိယာယ် ဆို၍ရသော အဝတ်ဖြင့်။ ကုက္ကုကတ - အခိုက်အတန့် ငှားသော အဝတ်ဖြင့် ... (၅)။

သန္နိမိကတ- သိမ်းထားသော သင်္ကန်းဖြင့်၊ ဝါ- သိုးသော အဝတ်သင်္ကန်းဖြင့်။ နိဿဂ္ဂိယ-ညဥ့်ကို စွန့်သော-ဝါ-ပြုစဉ် အရုဏ်တက်သော သင်္ကန်းဖြင့်။ အကပ္ပကတ-ကပ္ပဗိန္ဒု မထိုးသော သင်္ကန်းဖြင့် ... (၃)။

အညတြသံဃာတိယာ- ဒုက္ကဋ်မှ တစ်ပါးဖြင့်။ အညတြ ဥတ္တရာ သင်္ဂေန -ကိုယ်ရုံမှ တစ်ပါးဖြင့်။ အညတြ အန္တရဝါသကေန - သင်းပိုင်မှ တစ်ပါးဖြင့်။ အညတြ ပဉ္စကေန-ငါးခန်း ငါးခန်းထက်လွန်သော ထိုနေ့ဖြတ်သော အိမ်ကြီး အိမ်ငယ်နှင့် တကွသော သင်္ကန်းမှ တစ်ပါးသော သင်္ကန်းဖြင့် ကထိန်သည် အတ္တတ မဖြစ်။ အညတြ ပုဂ္ဂလဿ အတ္တာရာ- ပုဂ္ဂိုလ်၏ ခင်းခြင်းကိုကြဉ်၍ အတ္တတ မဖြစ်။ နိဿိမဋ္ဌ အနုမောဒနာ- ကောင်းစွာ ခင်းသော်လည်း ဥပစာရ သိမ်ပ၌တည်၍ အနုမောဒနာ ပြုအံ့။ ဤသို့လည်း ကထိန်သည် အတ္တတ မဖြစ် ... (၆)။

[ကထိန်ခင်း အစီအရင်ကို အကျယ်ပြလို၍ မပြုအပ်သော မဟာ ဘူမိက-အရာကျယ်-ဖြစ်သော အနတ္ထတ လက္ခဏာကို ရှေးဦးစွာ ၂၄ ပါးသော ခြင်းရာဖြင့်၊ ထိုနောက် အတ္ထတ လက္ခဏာကို ၁၇-ပါးသော ခြင်းရာဖြင့် ပြသည်။ ပရိဝါ၌လည်း ဤလက္ခဏာကို ဆိုသည်။

ထိုတွင် ဥလ္လိခိတ မတ္တ ဟူသည် အလျားမှ လည်းကောင်း၊ အနံမှ လည်းကောင်း ပမာဏ ယူခြင်းမျှတည်း၊ ပမာဏ ယူသူသည်၊ ထိုထိုနေရာ မှတ်သားခြင်းငှါ လက်သည်း စသည်ဖြင့် ပိုင်းခြားပြ၍ ရေးခြစ်သည်။ နဖူး စသည်၌သော်လည်း တိုက်ပွတ်သည်၊ ထိုကြောင့် ပမာဏ ယူခြင်းကို ဥလ္လိခိတ - ရေးခြစ်ခြင်းဟု ဆိုသည်။

ဓောဝန မတ္တ ဟူသည် ကထိန ဒုဿကို ဖွပ်လျှော်ကာမျှတည်း။ စီဝရ ဝိစာရဏ ဟူသည် ၅-ခန်း၊ ၇-ခန်း၊ ၉-ခန်း၊ ၁၁-ခန်း ဖြစ်စေဟု စီရင်ကာမျှတည်း။

ဆေဒနသည် စီရင်တိုင်း အဝတ်ကို ဖြတ်ခြင်းတည်း။

ဗန္ဓန သည် တည်းစပ်ချည်တင်ခြင်းတည်း။

ဩဝဋိယ ကရဏသည် တည်းစပ်ချည်သို့ လျှောက်၍ အရှည်ချုပ်ခြင်း၊ ဝါ-လည်းဆည်ချုပ်ခြင်းတည်း။

ကဏ္ဍုသ ကရဏသည် မုဒ္ဓိယပတ္တ ဗန္ဓန-တလုပ်အုပ်ခြင်းတည်း။

ဒဠှီကမ္မ ကရဏသည် နှစ်ခုသော စိမိလိကာ- အလွှာတို့ကို စပ်၍ ချုပ်ခြင်းတည်း။ တစ်နည်းကား--ပထမ စိမိလိကာ-မိမိ၏ ပကတိ ပုဆိုးလွှာကို စပ်၍ထားပြီးလျှင်၊ ကထိန် ပုဆိုးကို ထို၏ ကုစ္ဆိ စိမိလိကံ ကတွာ- အတွင်းလွှာပြု၍ ချုပ်ခြင်းတည်း။ ။ မဟာပစ္စရီ၌ ပကတိ စီဝရ အဟောင်းအား ဥပဿယ ဒါန-အမှီပေးခြင်းဟု ဆို၏။ ။ ကုရုန္ဒီ၌ကား ပကတိ ပတ္တ ဂန္ဓ စီဝရ-ပကတိ တလုပ်အုပ်၍ ချုပ်သော သင်္ကန်းဟောင်းကို နှစ်ထပ် ပြုခြင်းငှါ အတွင်းလွှးပြု၍ ကပ်ခြင်းဟု ဆို၏။

အနုဝါတ ကရဏ ဟူသည် ပိဋ္ဌိ အနုဝါတာ ရောပန-အလျား အနားပတ်တင်ခြင်းတည်း။

ပရိဘဏ္ဍ ကဏဟူသည် ကုစ္ဆိ အနုဝါတာ ရောပန-အနံ အနားပတ်တင်ခြင်းတည်း။

ဩဝဒေယျ ကရဏ ဟူသည် အာဂန္တုက ပတ္တာ ရောပန - သလင်းထောင် တင်ခြင်းတည်း။ တစ်နည်းကား ကထိန်သင်္ကန်းမှ ပတ္တ-အပြားကို ယူ၍ နှစ်ပါးသော အကထိန စီဝရ၌ အပြားကို တင်ခြင်းတည်း။

ကမ္ဗလ မတ္တ သည် တစ်ကြိမ်မျှ ဆိုးရည်၌ ထည့်သော ဆင်စွယ်ရောင်၊ ဝါ-ဖက်ရွက်လျော်ရောင် သင်္ကန်းတည်း။ တစ်ကြိမ် နှစ်ကြိမ်မျှ ဆိုးသော်လည်း (သမဏ) သာရုပ္ပ ဖြစ်လျှင်ကား အပ်၏။

နိမိတ္တကတသည် ဤပုဆိုးဖြင့် ကထိန်ခင်း ကုန်အံ့ဟု နိမိတ်ပြုသော သင်္ကန်းတည်း။ အဋ္ဌကထာတို့၌ကား ဤပုဆိုးသည် ကောင်း၏။ ကထိန်ခင်းခြင်းငှါ တတ်နိုင်၏ဟု ဆိုသည်။

ပရိက ထာကတသည် ကထိန်ကို လှူသင့်၏။ လွန်စွာ ကုသိုလ်ကို ပွားသည်ဟု ပရိယာယ် စကားဖြင့် ဖြစ်စေအပ်သော သင်္ကန်းတည်း။

ကသိန်မည်သည် အတိ ဥက္ကဋ္ဌ ဖြစ်မှ အပ်သည်။ မိခင်ကိုသော်လည်း သိစေခြင်းငှါ မအပ်။ ကောင်းကင်မှ ကျသကဲ့သို့သာ အပ်သည်ဟု သိအပ်၏။

ကုက္ကုကတသည် တာဝ ကာလိက သင်္ကန်းတည်း။

သန္နိဓိကတ ဟူသည်၌ ကရဏ သန္နိဓိ၊ နိစယ သန္နိဓိ ဟု နှစ်မျိုးရှိ၏။ ထိုနေ့၌ မပြုဘဲ သိမ်းထား၍ နောက်မှ ပြုလျှင် ကရဏ သန္နိဓိ မည်၏။ သံဃာသည် ယနေ့ ကထိန်သင်္ကန်းရလျက်၊ နောက်နေ့မှ ပေးခြင်းသည် နိစယ သန္နိဓိ မည်၏။

နိဿဂ္ဂိယသည် ရတ္တိ နိဿဂ္ဂိယ- ညဥ့်ကို စွန့်၏။ ပြုစဉ် အရုဏ်တက်သည်ဟု ပရိဝါ၌လည်း ဆို၏။

အကပ္ပကတသည် အနာဒိန္န ကပ္ပဗိန္ဒု မထိုးသော သင်္ကန်းတည်း၊ အညတြ သံဃာဋိယာ စသည်တို့၌ ဒုက္ကဋ်၊ ကိုယ်ရုံ၊ သင်းပိုင် တို့ကိုထား၍ တစ်ပါး သော အိပ်ရာခင်း စသည်ဖြင့် ခင်းသော်လည်း၊ အတ္တတ မဖြစ်၊ အညတြ ပဉ္စကေ၌ ငါးခန်း၊ ငါးခန်းထက် အလွန်ပြု၍ မဟာ မဏ္ဍလ၊ အဍ္ဎ မဏ္ဍလတို့ကိုပြ၍ ပြုသော သင်္ကန်းဖြင့်သာ အပ်သည်။

ဤသို့ပြုလျှင် သမဏ္ဍလီကထာ အိမ်ကြီး အိမ်ငယ်နှင့်တကွ ပြုခြင်းဖြစ်၏။ ထိုကိုထား၍ မဖြတ်သော သင်္ကန်း၊ နှစ်ခန်း သုံးခန်း လေးခန်းရှိသော သင်္ကန်းတို့ဖြင့် မအပ်။

အညတြ ပုဂ္ဂလဿ အတ္တရာ ဟူသည် ပုဂ္ဂိုလ်၏ အခင်းကို ထား၍ သံဃာ၏ အခင်း၊ ဂိုဏ်း၏ အခင်းဖြင့် အတ္တတ မဖြစ်။

နိဿိမဋ္ဌ အနုမောဒနာကား-ဥပစာရ သိမ်ပ၌ (ဝါ- ဝါဆိုခေတ် ပြင်ပ၌) တည်၍ အနုမောဒနာ ပြုအံ့-အတ္တတ မဖြစ်။]

(သာဋီ ... မဟာဘူမိကန္တိ မဟာဝိသယ၊ ၂၄-ပါး ခြင်းရာဖြင့် အလွန်ကျယ်သည်ဟု ဆိုလို၏။ ပဉ္စကန္တိ ပဉ္စခဏ္ဍံ-ငါးခန်းတည်း၊ သတ္တကံ၊ နဝကံ၊ ဧကာ ဒသကံ -တို့၌လည်း၊ ဧသ န ယော။

ပထမ စိမိလိကာ ဟူသည် ကထိန် အဝတ်မဟုတ်၊ မိမိ၏ ပကတိ စိမိလိကာတည်း။ ကုစ္ဆိ စိမိလိကံ ကတွာ-စသည်သည် ထိရဇိဏ္ဏ-ခိုင်သော မခိုင်သော အလွှာတို့ကို တစ်ပေါင်းတည်း ပြု၍ ချုပ်ခြင်းဟု ဂဏ္ဌိတို့၌ ဆိုသည်။ မဟာပစ္စရီ၌ လည်းကောင်း၊ ကုရုန္ဒီ၌ လည်းကောင်း ဆိုသော စကားကို ညွှန်းပြခြင်းသည် သဒ္ဓါသာ ထူးသည်၊ အနက် မထူးဟု ပြခြင်းငှါ ဟူ၍ ဆိုကုန်၏။

ပိဋ္ဌိ အနုဝါတာ ရောပန ဟူသည် ဒိဃတော အနုဝါတဿ အာရောပန မတ္တ တည်း။

ကုစ္ဆိ အနုဝါတာ ရောပနကား ပုထုလတော အနုဝါတဿ အာရောပန မတ္တ တည်း။

သာရုပ္ပ ဟူသည် သမဏသာရုပ္ပ တည်း။

ရတ္တိ နိဿဂ္ဂိယသည် ရတ္တိ အဘိက္ကန္တတည်း၊၊

ဝိဋီ ... ထိုထက် မထူး။

ဇီဋီ ... ဒီဃ သိဗ္ဗိတ-အရှည်ချုပ်ခြင်း ဟူသည် ပစ္ဆာကတ သိဗ္ဗန တည်း။ ဩဝဋ္ဋိတွာ (လုံး၍)၊ သိဗ္ဗ နံ ဝါတိလိခိတံ။ ကဏ္ဍုသ သည် ပုဗ္ဗ ဗန္ဓန တည်း။

ပဌမံ စိမိလိကာ-တို့ကို စပ်၍ ထားပြီးလျှင် ဟူသည်၌-ကထိန ဒုဿ ဒုဗ္ဗလကို မိမိ၏ ပကတိ ဒုဿဗလဝနှင့် စပ်၍ နှစ်ထပ်ချုပ်လိုလျှင် ပကတိ ဒုဿကလည်း ကြီးခဲ့လျှင် ရှေးဦးစွာ ထိုပဏာမအား လျော်အောင် ဗန္ဓ ကဏ္ဍုသ တို့ကို စပ်၍ ကြိုးတို့ဖြင့် ဖွဲ့ချုပ်၍ ပြုထားအပ်၏ ဟူသော အဓိပ္ပါယ်တည်း။

ကထိန စီဝရသည် ငယ်၏၊ နည်း၏။ ထိုကြောင့် ရှေးဦးစွာ ဖွဲ့ထားသော ဗဒ္ဓဒုဿသည် ကုစ္ဆိ စီမိလိကာ ဖြစ်၏။ မဟာပစ္စရီ၌ လည်းကောင်း ...လ.. အနက် မထူးဟု ပြခြင်းငှါတည်း။

ဤဖြင့် အဘယ်ကို ပြသနည်း ဟူမူ .. “ထိုသို့ပြုသော ဒုပဋ္ဋ စီဝရသည် ပကတိ ကြီး၍ ပကတိ စီဝရသာ မည်၏ ကထိန စီဝရ မမည်။”ဟု ဆိုငြားအံ့၊ ဤသို့ မမှတ်အပ်။

ဤသို့ ကုစ္ဆိ စိမိလိက အဖြစ်ဖြင့် တည်သော်လည်း ကထိန စီဝရ ဖြစ်၏။ ကြီးသော်လည်း ထိုပကတိ စီဝရသည် မိမိ၏ ကထိန စီဝရသတည်း-ဟု ပြသည်။

အယုတ်ဆုံး ငါးခန်း အလိုရှိအပ်သောကြောင့် ကထိန ဒုဿကို ခန်းကြီး ခန်းငယ် များစွာဖြတ်၍ ချုပ်လိုသော သူသည် ကထိန်သင်္ကန်းမှ ပဋ္ဋ-အပြားကို ယူ၍ တစ်ပါးသော ကထိနစီဝရ၌ ပဋ္ဋကို တင်သည်။ တစ်နည်း-ကထိန ဒုဿ များစွာ အငယ်၊ အကြီး တို့ကို လှူရာမှ ပဋ္ဋကို ယူ၍ တစ်ပါးသော သင်္ကန်း၌ တင်သည်။

ပံ့သကူ ကထိန ဒုဿကို ဝိကပ္ပနာ မလောက်လျှင် လှူအပ်သလော။ စီဝရ မဟုတ်သောကြောင့် မအပ်၊ ကမ္မဝါစာ မရောက်ဟု အချို့ကို ဆိုကုန်၏။ ပံ့သကူဖြင့် ကထိန်ခင်း အပ်၏ဟု နည်းပေးသောကြောင့် လည်းကောင်း။ ကုစ္ဆိ စိမိလိကာ အဖြစ်ဖြင့် တည်သော ကထိန ဒုဿကို မိမိသဘောဖြင့် အဓိဋ္ဌာန် မလောက်သော်လည်း၊ ပုရာဏ စီဝရ အဖြစ်ဖြင့်သာ အဓိဋ္ဌာန် လောက်လျှင်၊ ကထိန စီဝရ အဖြစ်ကို ဋ္ဌကထာ ခွင့်ပြုခြင်းကြောင့် လည်းကောင်း၊ ငယ်သော်လည်း လှူအပ်၏။

ကထိန်ခင်းသူသည် စပ်၍ ကထိန စီဝရ ပြုလတ္တံ့ ဟု အချို့ ဆိုကုန်၏။ ယုတ္တတရံဂဟေ တဗ္ဗံ။ နိဒယ သန္နိဓိသည် သံဃာနှင့် စပ်၏။ ညဥ့်လွန်သည်ကို စွန့်အပ်သောကြောင့် နိဿဂ္ဂိဟု ဆိုသည်။ သံဃာသည် ခင်းသူအား ကမ္မဝါစာဖတ်၍ ပေးလတ်သော် ထိုနေ့၌သာလျှင် ဖြတ်၍ အခန်းနှင့်တကွ ပြုအပ်၏။ ခုနစ်ပါးသော ပုဗ္ဗ ကရဏကို ပြုအပ်၏။ ပြုပြီးသော သင်္ကန်းကိုသာ ဒါယကာသည် သံဃာအား လှူအံ့-လက်ခံ၍ ကမ္ပဝါစာဖြင့် ပေးအပ်၏။ ခင်းသူသည်လည်း ထိုသိမ်အပြင်၌သာ အဓိဋ္ဌာန်တင်၍ ခင်း၍ သံဃာကို အနုမောဒနာ ပြုစေအပ်၏ ... စသည်။)

(ကထိန်သင်္ကန်းကို လှူသောနေ့မတိုင်မီ ကျောင်းတွင်း မသွင်းအပ်ဟု ဝိနည်းပြင်ပမှ လူတို့ပြောသည်ကို ဝိနည်းအတွင်း၌ အချို့ ရဟန်းများ ယုံကြည်ခြင်းသည် ရှက်ဖွယ်တည်း။ ကျောင်းတွင်း သွင်းသော်လည်း မလှူသေးလျှင် ရဟန်း သံဃာနှင့် မဆိုင်။ ကထိန်မဟုတ်ဘဲ သာမန် လှူလျှင်လည်း သန္နိဓိနှင့် မဆိုင်၊ ဘယ်ခါမှ မသိုးနိုင်။ ကထိန်အဖြစ်ဖြင့် လှူသောနေ့၌ မခင်းလျှင် သင်္ကန်းသိုးသည် မည်၏။ ထိုသိုးသော သင်္ကန်းဖြင့် ကထိန် မခင်းအပ်။ ရက်များစွာ သိုမှီးထားသော သင်္ကန်းဖြင့် ရဟန်းက ကထိန်လှူလျှင် အပ်သည်ဟု ထင်ရှားပြီ။

အိမ်ကြီး အိမ်ငယ် မြောင်းတလုပ်က စ၍ ချုပ်ချုပ်သမျှ အကုန်ဖြတ်မှ ကထိန်အပ်သည်။ ငါးခန်း၊ ခုနစ်ခန်း ဖြတ်ကာမျှဖြင့် မအပ်ဟု အချို့ ဆိုကုန်၏။ မြောင်းတလုပ်ထားပုံ၊ အခန်း ဖွဲ့ပုံ၊ ဖြတ်ပုံ၊ ချုပ်ပုံသည် သင်္ကန်း ဟူသမျှ၌ အတူတူ သာတည်း။ ကထိန်သင်္ကန်း၌ဟု ထူးခြားခြင်း မရှိ။

တဆယ့်တစ်ခန်း ထက်လွန်သော သင်္ကန်းကျမ်း၌ မလာသောကြောင့် မအပ်ဟု အချို့ ဆိုကုန်၏။ ကျမ်း၌ မလာခြင်းသည် မှန်၏၊ မအပ်သည်ကို ဝန်မခံနိုင်ကြကုန်။

မြောင်းတလုပ်တို့မှာ အနံလေးသစ်အောက် မငယ်မှ အပ်သည်ဟု အချို့ ဆိုကုန်၏။ ပံ့သကူ သင်္ကန်းတို့၌ လေးသစ်အောက် ငယ်သော အဝတ်စုတ်တို့ဖြင့်လည်း ချုပ်စပ်ရခြင်း ထင်ရှားလှ၏။ ထိုကြောင့် အခန်းလည်း ဝတ်ရုံလောက်အောင် များရမည်သာတည်း၊ လေးသစ်အောက် အဝက်စုတ်ဖြင့် ၁၁- ခန်းသာ ချုပ်ရလျှင် ထိုသင်္ကန်းကို ဝတ်နိုင်သူ မရှိ။ လေးသစ်ရှိဖြင့် ၁၁-ခန်းချုပ်လျှင်လည်း ဝတ်ရုံခြင်းငှါ မလောက်နိုင်။)

ကထိန်ခင်းရာဌာန နှစ်ပါး

လင်္ကာကား သုဏာတု မေ ဘန္တေ သံဃော စသော ဉာတ္တိ ဒုတိယကံဖြင့် သင်္ကန်းပေးခြင်းသည်ပင် ကထိန်ခင်းဖြစ်သည်ဟု မဟာဝါ ပါဠိတော်၌ ဆိုသည်။ ထိုခင်းခြင်းသည် သံဃကံ ဖြစ်သည်၊ ကံဆောင်ရာ ဗန္ဓ သိမ်၊ အဗန္ဓ သိမ်၌သာ အပ်၏။ အတ္ထတံ ဘန္တေ စသော ကထိန်ခင်းခြင်းသည် ပုဂ္ဂိုလ်၏ ကံဖြစ်သည်။ ထိုကို ဝါဆိုခေတ်ဖြစ်သော ဥပစာရ သိမ်၌ ပြုအပ်၏။)

ကထိန်ကို မခင်းသူ အပြစ်

(တရားနှင့် အညီရသော ကထိန်သင်္ကန်းကို သန္နိဓိ၊ နိဿဂ္ဂိယ၊ အကပ္ပကတ - စသည်ဖြင့် ခင်းလျှင် ကထိန် မခင်းအပ်သည် မည်၏။ အာနိသင် ငါးပါး မရထိုက်။ ဤကား အပြစ်တည်း။ စေတနာနှင့်တကူ မခင်းဘဲ ထားလျှင်လည်း ထို အပြစ်သာတည်း။

သံဃာအား ပြန်ပေးရမည်ဟု မဆိုထိုက်။ သံဃာသည် ထိုရဟန်းအား ကထိန်ခင်းခြင်းငှါ ပေးပြီးပြီ။ မခင်းသော်လည်း၊ ပေးစဉ်က ပုဂ္ဂလိက ဖြစ်သွားပြီ “အလွဲသုံးစားသည် ပါရာဇိက” ဟု အချို့ နှုတ်လွန် တတ်၏။ အလွဲသုံးစားသောကြောင့် အာနိသင် ငါးပါးမှ အပ ဖြစ်သည်ဟု ဆိုလျှင် ဆိုသင့်၏။ ကောင်းစွာ ပေးသည်ကို ယူမိသူအား ပါရာဇိက မရှိ၊)

မာတိကာ ရှစ်ပါးဖြင့် နုတ်ခြင်း

ချစ်သားတို့၊ အဘယ်သို့လျှင် ကထိန်သည် နုတ်အပ်သော ကထိန် ဖြစ်သနည်း။ ချစ်သားတို့၊ ကထိန်နုတ်ခြင်းငှါ မာတိကာ တို့သည် ဤရှစ်ပါး တို့တည်း။

ပက္ကမ နန္တိကာ-ဖဲခြင်း အဆုံးရှိသော နုတ်ခြင်း၊

နိဋ္ဌာ နန္တိကာ - ပြီးခြင်း အဆုံးရှိသော နုတ်ခြင်း၊

သန္နိဋ္ဌာ နန္တိကာ- ဆုံးဖြတ်ခြင်း အဆုံးရှိသော နုတ်ခြင်း၊

နာသ နန္တိကာ-ပျက်ခြင်း အဆုံးရှိသော နုတ်ခြင်း၊

သာ နန္တိကာ-ကြားခြင်း အဆုံးရှိသော နုတ်ခြင်း။

အာသာ ဝစ္ဆေဒိကာ- အာသာ ပြတ်ခြင်းရှိသော နုတ်ခြင်း၊

သီမာ တိက္ကန္တိကာ-ကာလ အပိုင်း အခြား လွန်ခြင်းရှိသောနုတ်ခြင်း၊

သဟုဗ္ဘာရာ-ရဟန်းတို့နှင့် အတူတကွ နုတ်ခြင်း-

ဤသို့ ရှစ်ပါးတည်း။

ပက်၊ နိဋ္ဌသန်၊ နာ (၄)၊ သ၊ အာသာ (၂)၊ သီမာ၊ သဟုဗ္ဘာရ် (၂)။

[ကထိနတ္တာရကို ပြပြီး၍၊ ယခုအခါ ဥဗ္ဘာရကို ပြတော်မူသည်။ မာတိကာ တိမာတရော-ဖြစ်စေသော မိခင်သဖွယ် ဟူလို။ ကထိန်နုတ်ခြင်းကို ဤရှစ်ပါးတို့သည် ဖြစ်စေကုန်၏။ ထိုတွင် ပက္ကမ နံ အန္တော အဿာတိ ပက္ကမ နန္တိကာ-ဖဲခြင်း အဆုံးရှိသောကြောင့် ပက္ကမ နန္တိကာ မည်၏။ အကြွင်း ဤအတူ သိအပ်၏။]

(ဝိဋီ … မာတာပိယာတိ မာတိကာ။ ဣဝ နက်က ပစ္စည်း။ အဿာတိ ဧတိဿာ မာတိကာယ၊ ဖဲခြင်း အဆုံးရှိသော ကထိနုဗ္ဘာရ သည်သာလျှင် သကံ အတ္တနာ ဥပ္ပဇ္ဇတိ ဟူသကဲ့သို့ အဘေဒူပစာဖြင့် မာတိကာဟု ဆိုသည်။

ဖဲခြင်း၏ အဆုံး၌ ဥဗ္ဘာရ ဖြစ်၏။ ထိုမှလွတ်သော မာတိကာ မရှိ။ ထိုကို ပြသော ပါဠိ-အစဉ်ကိုလည်း မာတိကာဟု ဆိုသင့်၏၊ ပက္ကမ နန္တိ တုဗ္ဘာရကို ပြခြင်းဖြင့်သာ ထိုမာတိကာကို ပက္ကမ နန္တိကာ-ဟုဆိုသည်။ ဧသေဝန ယော ဧသ သေသုပိ။

ဇီဋီ ... ကထိန် နုတ်ခြင်း ဟူသည် ကထိန်ခင်းခြင်း၏ ငြိမ်းခြင်းတည်း။ မဖြစ်ခြင်း ဟူလို။ အဘယ် အကျိုးငှါ နုတ်ခြင်းကို ပြသနည်း ဟူမူ-အနာပတ္တိ ကာလအဆုံးကို ပြခြင်းဖြင့်၊ စောင့်စည်းခြင်းငှါတည်း။

စီဝရ ကာလ ဟူသည် ကထိန် မခင်းလျှင် မိုးဥတု နောက်ဆုံး တစ်လ။ ခင်းလျှင် ငါးလ ဝိဘင်း၌ ဟောသောကြောင့် အကြား၌ ပက္ကမ နန္တိကာ စသည်ဖြင့် နုတ်သော်လည်း၊ ငါးလတို့၌ အနာပတ္တိသာဟု အယူမှားလျှင် အာပတ်သို့ ရောက်၏။ ဤမှ တစ်ပါးသော ရဟန်းတို့အားလည်း လာဘန္တရာယ်ကို ပြု၏။ ထိုကြောင့် မိန့်သည်ဟု သိအပ်၏။)

ပက္ကမ နန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် ကတ စီဝရ-ပြုပြီးသော သင်္ကန်းကို ယူ၍ မပြန်လာတော့အံ့ဟု ဖဲသွားအံ့၊ ထိုရဟန်းအား ပက္ကမ နန္တိက ကထိန်နုတ်ခြင်း ဖြစ်၏။

[န ပစ္စေဿန္တိ န ပုန အာဂမိဿံ ... တစ်ဖန် မလာတော့အံ့။ ဤ ပက္ကမ နန္တိက နုတ်ခြင်း၌ ရှေးဦးစွာ စီဝရ ပလိဗောဓ ပြတ်၏။ နောက်မှ အာဝါတ ပလိဗောဓ ပြတ်သည်။ ဤသို့ ဖဲသူအား စီဝရ ပလိဗောဓသည် ဥပစာရ သိမ်တွင်း၌သာ ပြတ်သည်။ အာဝါသ ပလိဗောဓသည် ဥပစာရ သိမ်လွန်သောအခါ ပြတ်သည်။ ပရိဝါ၌လည်း ပက္ကမ နန္တိကော-ဟူသော ဂါထာကို ဆို၏။ စီ-ရှေးဦးပြတ်၊ အာ-နောက်ပြတ် ဟူလို။]

(ဝိဋီ ... ပက္ကမနကို ဥပစာရ သိမ်ကို လွန်ခြင်းဟု မှတ်အပ်၏။

န ပုန အာဂမိဿံ ဟူသည် အာဝါသ ပလိဗောဓ ပြတ်ကြောင်းကို ပြသော စကားတည်း။ စီဝရ မာသ ငါးလတို့၌ အဘယ်အခါမဆို န ပစ္စေဿံ- ဟူသော စိတ်ဖြင့် ဥပစာရ သိမ်ကို လွန်သောအခါ အာဝါသ ပလိဗောဓ ပြတ်၏။ ပစ္စေဿံ- ဟူသော စိတ်ဖြင့် ဥပစာရ ပြင်ပသို့ ရောက်သူအားကား အမှတ်မရှိ နေရာ၌ န ပစ္စေဿံ- ဟူသောစိတ် ဖြစ်ကာမျှ၌ ပြတ်၏။

ရှေးဦးစွာ စီဝရ ပလိဗောဓ ပြတ်၏ ဟူသည်ကို မပြန်လာတော့အံ့ဟု ဖဲသည်မှ ရှေးဦး ကပင်လျှင် စီဝရ၏ ပြီးစီးခြင်းကြောင့်တည်း။

ချဲ့ဦးအံ့၊ ခင်းအပ်သော ကထိန် ရှိသော ရဟန်းအား သံဃာမှ လည်းကောင်း၊ ဒါယကာထံမှ လည်းကောင်း စီဝရ လဘိသာမိ - သင်္ကန်းရဦးအံ့ဟု စီဝရအာသာသည် ဖြစ်အံ့။ ရသော အဝတ်တို့ကို ဆိန္ဒိတွာ ကရိဿာမိ - ဒုက္ကဋ် စသည် အဖြစ်ဖြင့် ဖြတ်၍ ပြုလုပ်အံ့ဟု ကရဏိစ္ဆာသည်လည်း ဖြစ်အံ့၊ ထိုမျှ ပတ်လုံး စီဝရ ပလိဗောဓ မပြတ်သည်သာတည်း။

အကြင်အခါ မြှေ၁်လင့်ရာမှ မရ၍ စီဝရအာသာသည် ကင်းအံ့၊ ရသောအဝတ်တို့၏ ပြီးစီးခြင်း၊ ပျောက်ပျက်ခြင်း စသည်တို့ကြောင့် လည်းကောင်း၊ စီဝရ၌ ငဲ့ကွက်ခြင်း မရှိသောကြောင့် လည်းကောင်း၊ ကရဏိစ္ဆာသည်လည်း ကင်းအံ့။ ထိုအခါ စီဂရ ပလိဗောဓ ပြတ်၏။

ဤ မာတိကာ၌ ကတ စီဝရကို ယူ၍ – ဟူသော စကားဖြင့် စီဝရ ပရိဗောဓ ပြတ်ခြင်းကို ပြသည်။ ဤနည်းဖြင့် အထက် မာတိကာတို့၌ ပါဠိတော် စကားကို မှီ၍ ပလိဗောဓု နှစ်ပါးတို့၏ ရှေ့ပြတ်၊ နောက်ပြတ်ကို ဆိုသည်ဟု မှတ်အပ်၏။ ပလိဗောဓ နှစ်ပါးလုံးပြတ်မှသာ ကထိန်နုတ်ခြင်း ဖြစ်သည်။ တစ်ပါးပါး ပြတ်ခြင်းဖြင့် မနုတ်သေး။ ထိုနှစ်ပါးတို့၏ ရှေ့နောက် ပြတ်ပုံ၊ ပြိုင်တူ ပြတ်ပုံကို ပြခြင်းငှါ ဤ မာတိကာ ရှစ်ပါးကို ဟောတော်မူသည်ဟု သိအပ်၏။

ဥပစာရ သိမ်တွင်း၌သာ ဟူသည်ကို သင်္ကန်းပြီးသော ခဏ၌သာ ပြတ်သောကြောင့် ဆိုသည်။)

နိဋ္ဌာ နန္တိကာ

ကထိန် ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ (ကတ စီဝရ မဟုတ်ဟု သတိပြု။) ဖဲသွားအံ့၊ အပသို့ ရောက်သောအခါ ဤ၌ပင် ဤစီဝရကို ပြုအံ့၊ မပြန်တော့အံ့-ဟု အကြံ ဖြစ်၍ ပြီးအောင် ပြုအံ့။ ထိုရဟန်းအား နိဋ္ဌာ နန္တိက ကထိန် နုတ်ခြင်း ဖြစ်၏။

[စီဝရ ဟူသည် အကတ စီဝရ-မပြုရသေးသော သင်္ကန်းလျာကို ယူ၍တည်း။

အပသို့ ရောက်သောအခါ ဟူသည် တစ်ပါးသော အနီး ကျောင်းသို့ ရောက်သော အခါတည်း။ ထိုကျောင်း၌ နေရာ ချမ်းသာခြင်း၊ အဖော်ပြည့်စုံခြင်းကြောင့် အကြံဖြစ်သည်။ ဤနိဋ္ဌာနန္တိက၌ အာဝါသ ပလိဗောဓသည် ရှေးဦးစွာ မပြန်အံ့ဟု စိတ်ဖြစ်ကာမျှ၌သာ ပြတ်သည်။ ပရိဝါ၌လည်း နိဋ္ဌာ နန္တိကော-ဟူသော ဂါထာကို ဆို၏။ အာ-ရှေးဦး ပြတ်၊ သင်္ကန်းပြီးမှ စီ-ပြတ် ဟူလို။ ဤနည်းဖြင့် ကြွင်းသော မာတိကာ တို့ကို ဝေဖန်ရာ၌လည်း အနက်ကို သိအပ်၏။]

သန္နိဋ္ဌာ နန္တိက

ကထိန် ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ ဖဲသွားအံ့၊ အပသို့ ရောက်သောအခါ ဤစီဝရကို မပြုတော့အံ့၊ ပြန်လည်း မပြန်တော့အံ့ဟု အကြံဖြစ်အံ့။ (ဝါ-နှစ်ခုပြိုင် ဆုံးဖြတ်အံ့။) ထိုရဟန်းအား သန္နိဋ္ဌာ နန္တိက-ကထိန်နုတ်ခြင်း ဖြစ်၏။

[သန္နိဋ္ဌာ နန္တိက၌ နှစ်ခုသော ပလိဗောဓ တို့သည်လည်း မပြုအံ့၊ မပြန်အံ့ - ဟု စိတ်ဖြစ်ကာမျှ၌သာလျှင် အတူ ပြတ်ကုန်၏။ ပရိဝါ၌လည်း သန္နိဋ္ဌာ နန္တိကော-ဟူသော ဂါထာကို ဆို၏။ မရှေးမနှောင်း နှစ်ပါးပြိုင် ပြတ်ဟူလို။ ဤနည်းဖြင့် ပလိဗောဓ ပြတ်ပုံကို မာတိကာ အားလုံး၌ သိအပ်၏။]

(ဇီဋီ ... နှစ်ပါးစုံ ဓုရနိက္ခေပကို အတူပြုခြင်းကြောင့် အတူပြတ်သည်။ ဤကိုလည်း သိမ်ပ၌ ဟောသည်ကိုသာ ရည်ဆိုသည်။ ပရိဝါ၌- နိဋ္ဌိ၊ သန်၊ နာ၊ အာသာ-လေးပါးကို ရံခါ သိမ်တွင်း၌၊ ရံခါ သိမ်ပ၌ နုတ်သည်ဟု ဆို၏။

သိမ်တွင်း၌ သန္နိဋ္ဌာ နန္တိက နုတ်ပုံကား အကတ စီဝရကို ယူ၍ မပြန်တော့အံ့ဟု သွားအံ့။ ရောက်ရာ၌ ဖာသု ဝိဟာရကို မရသဖြင့် ထိုကျောင်းသို့သာ ပြန်လာအံ့၊ စီဝရ ပလိဗောဓသည် တည်နေသေး၏။ မပြုအံ့ဟု စိတ်ဖြစ်သောအခါမှ ပြတ်သည်။ ထိုကြောင့် သိမ်တွင်း၌ နုတ်၏။ ဒုပိဓော သန္နိဋ္ဌာ နန္တိကော-ဟု ဂဏ္ဌိဟောင်း၌ ရေး၏။ ထိုစကား သင့်၏။ ဤသို့ မယူလျှင် သိမ်တွင်း ပြန်ရောက်၍ မပြုအံ့-ဟု ဖြစ်သော နုတ်ခြင်းသည် အပိုဖြစ်ရာ၏။

ဝိဋီ ... ဤ စီဝရကို မပြုတော့အံ့ ဟူသော စကားဖြင့် စီဝရကို ငဲ့ခြင်း မရှိသောကြောင့် ကရဏ ပလိဗောဓပင် ပြတ်ခြင်းကို ပြသည်။ အလိုမရှိ၍ သင်္ကန်းကို လုံးလုံး မခံယူသူ ဖြစ်အံ့၊ အပသို့ ရောက်၍ မပြန်တော့အံ့ဟု ဆုံးဖြတ်ကာမျှ၌ သန္နိဋ္ဌာ နန္တိက နုတ်ခြင်းကို သိအပ်၏။)

နာသ နန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ ဖဲသွားအံ့၊ အပသို့ ရောက်သောအခါ-ဤ၌ စီဝရကို ပြုမည်။ မပြန်တော့အံ့-ဟု အကြံဖြစ်၍ ပြုလုပ်စဉ် ပျောက်အံ့။ ထိုရဟန်းအား နာသ နန္တိက ကထိန်နုတ်ခြင်း ဖြစ်၏။

[နာသ နန္တိက၌ အာဝါသ-ရှေးဦး ပြတ်၏။ သင်္ကန်း ပျောက်ပျက်သောအခါ စီဝရ ပြတ်၏။ ထိုကြောင့် နာသ နန္တိကဟု ဆိုသည်။]

သ၀ နန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကိုယူ၍ ပြန်လာဦးမည်ဟု ဖဲသွားအံ့။ အပသို့ ရောက်၍ ပြုစေ၍ သင်္ကန်း ပြီးပြီးသောအခါ ထိုကျောင်း၌ ကထိန်နုတ်သတတ်ဟု သတင်းကြားအံ့၊ ထိုရဟန်းအား သဝ နန္တိက နုတ်ခြင်းဖြစ်၏။

[သ၀ နန္တိက၌ စီဝရ-ရှေးဦး ပြတ်၏။ ထိုကြောင့် ထိုရဟန်းအား ကြားခြင်းနှင့် တကွ အာဝါသ-ပြတ်၏။]

အာသာ ဝစ္ဆေဒိကာ

[အာသာ ဝစ္ဆေဒိကာ၌ အာဝါသ -- ရှေးဦး ပြတ်၏။ စီဝရ အာသာ ပြတ်သောအခါမှ စီဝရ- ပြတ်၏။ ဤ အာသာဝစ္ဆေဒိက နုတ်ခြင်းကို နောက်မှ သီးခြား ဟောသည်။ အနာသာယ လဘတိ၊ အာသာယန လဘတိ၊ တဿ ဧဝံ ဟောတိ၊ ဣဓ ဝိမံ စီဝရံ ကာရေဿံ န ပစ္စေဿံ - စသောနည်းဖြင့် တစ်ပါးသော ဥဒ္ဓါရ တို့နှင့်တကွ ပြွမ်းသော ဒေသနာရှိ၏။ များသော အပြားရှိ၏။ ထိုကြောင့် နောက်မှ သီးခြားချွဲ၍ ဟောသည်၊ ဤ၌ မဟောဘဲ သဝ နန္တိက အခြားမဲ့၌ သီမာ တိက္ကန္တိကကို ဟောသည်။]

(ဝိဋီ ... အနာသာယ လဘတိ ဟူသည် အကြင် ဒါယကာ၌ ငါ သင်္ကန်း ရလိမ့်မည်-ဟု အာသာ မဖြစ်စဖူး။ ထို ဒါယကာထံ၌ ရ၏ ဟူလို။

အာသာယန လဘတိဟူသည်၊ အာသာဖြင့် တောင့်တရာဌာန၌ မရ ဟူလို။)

(လှူဦးမည်ဟု လျှောက်သူထံ၌သာ အာသာကို သိအပ်၏။)

သိမာတိက္ကန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ ပြန်လာဦးမည်ဟု ဖဲသွားအံ့၊ အပ၌ သင်္ကန်းပြု၍ ပြီးသောအခါ ပြန်မည်၊ ပြန်မည်ဟု အပ၌ ကထိန်နုတ်ခြင်းကို လွန်စေအံ့၊ ထိုရဟန်းအား သီမာတိက္ကန္တိက နုတ်ခြင်းဖြစ်၏။

[သီမာတိက္ကန္တိက၌ စီဝရ-ရှေးဦး ပြတ်၏။ အပ၌ အာဝါသ ပြတ်၏။]

(ဇီဋီ ... သီမာတိက္ကန္တိက ဟူသည် စီဝရကာလ သီမာတိက္ကန္တ (ကာလ ဟူသော အပိုင်းအခြားကို လွန်ခြင်း၊) ဖြစ်၏။

သာဋီ ... သီမာတိက္ကန္တိက မည်သည် စီဝရ ကာလ သီမာတိက္ကန္တဟု အချို့ ဆို၏။ သိမ်၌ စီဝရ ကာလ သမယကို လွန်ခြင်းကြောင့်ဟု ငါတို့ နှစ်သက်၏။

သီမာတိက္ကန္တိက မည်သည် စီဝရ မာသတို့၏ အဆုံးနေ့ ဟူသောအပိုင်းအခြား သီမာကို လွန်သောကြောင့် ဖြစ်၏။ အချို့ကား သိမ်ပ၍ ကာလလွန်ခြင်းကို မှတ်ထင်ကုန်၏။ သိမ်တွင်း သိမ်ပ နေရာမရွေး ကာလလွန်ခြင်းကို သီမာတိက္ကမဟု သိအပ်၏။

ပါဠိတော်၌ ကတ စီဝရော-သင်္ကန်းပြု၍ ပြီးသောအခါ ဟူသည် ဥပလက္ခဏ မတ္တတည်း။ သင်္ကန်းပြု၍ ပြီးသူအားလည်း (တပေါင်းလပြည့်) ကာလလွန်ခြင်းဖြင့် သီမာတိက္ကန္တိက ဖြစ်၏။ ပလိဗောဓ နှစ်ပါးလည်း တစ်ပေါင်းတည်း ပြတ်ကုန်၏။ ဤသို့ ဖြစ်သင့်သလို ထိုထို အထူးမရှိသော်လည်း ကထိန်နုတ်ခြင်း၊ ပတိဗောဓ ပြတ်ခြင်းကို သိအပ်၏။)

(ပရိဝါ၌ – ပက်၊ သ၊ သီမာ - သုံးပါးကို အပ၌ နုတ်သည်ဟု ဆိုသည်။ သန္ဓာယ ဘာသိတကို ဟူ၍ ညီညွတ်အောင်ယူလျှင် ဆန့်ကျင်ခြင်း မရှိ။)

သဟုဗ္ဘာရ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကိုယူ၍ ပြန်လာမည်ဟု ဖဲသွားအံ့၊ အပသို့ ရောက်၍ သင်္ကန်းပြီးသောအခါ ပြန်မည် ပြန်မည်ဟု ကထိန်နုတ်ခြင်းကို အမီရောက်လာအံ့။ ထိုရဟန်းအား ရဟန်းတို့နှင့်တကွ ကထိန်နုတ်ခြင်း ဖြစ်၏၊

[သဟုဗ္ဘာရ၌ ပလိဗောဓ နှစ်ပါး မရှေးမနှောင်း ပြတ်ကုန်၏။

(ဇီဋီ ... သဗ္ဘာရ၌ စီဝရ ပလိဗောဓသည် ပထမ ပြတ်သကဲ့သို့ ထင်ရှား၏။ ထင်ရှားသော်လည်း ငဲ့ခြင်းနှင့်တကွ ဖြစ်ခြင်းကြောင့် သင်္ကန်းကို ပြုခြင်း၌ အားထုက်ဆဲကဲ့သို့ဖြစ်၏ ဟူသော အမြွက်ကို ရည်၍ ပရိဝါ စွမ်းဖြင့် မရှေးမနှောင်း ပြတ်ကုန်၏-ဟု ဆိုသည်။ သင်္ကန်းပြီးသောအခါ ဟု ဆိုခြင်းကြောင့်၊ (မရှေး မနှောင်း) မဖြစ်။

သာဋီ ... သင်္ကန်းပြီးသောအခါ ဖြစ်လျှင် စီဝရ ရှေးဦးပြတ်ဟု သိအပ်၏။ ဤ၌ လည်းကောင်း၊ ပရိဝါ၌ လည်းကောင်း မရှေးမနှောင်း ပြတ်ဟု ဟောသောကြောင့် မညီညွတ်။ အကြောင်း စူးစမ်းအပ်၏။

ဝိဋီ ... သဟုဗ္ဘာရ၌ မရှေးမနှောင်း သိသည်ကို သင်္ကန်းပြုပြီး မဟုတ်။ သူ၏ ပြန်လာအံ့ဟု ဆောက်တည်ခြင်း ရှိသော အဖို့ကို ရည်ဆိုသည်။ ထိုနှစ်ပါးတို့တွင် တစ်ပါး မရှိသော်လည်း (ဝါ-သင်္ကန်း ပြုပြီးသော်လည်း) သဟုဗ္ဘာရ သာတည်း။)

(ဂစ္ဆတီတိ ဂေါ- သွားတတ်သောကြောင့် ဂေါဟု ဆိုရာ၌ ကျွဲ စသည်တို့ သွားသော်လည်း၊ နွား၌သာ သွားခြင်းဖြင့် ဂေါဟု ထင်ရှားခဲ့ခြင်းကြောင့် အထင် ရုဠှီ အားဖြင့် ဂေါမည်၏။ ထိုနွား အိပ်နေသော်လည်း၊ ဂေါဟု တွင်ခဲ့ခြင်းကြောင့် အတွင် ရုဠှီ အားဖြင့် ဂေါ မည်၏။ နွားရုပ်ဖြစ်စေ တူသဖြင့် ဂေါဟု တင်စားခဲ့ခြင်းကြောင့် အထင် ရုဠှီ အားဖြင့် ဂေါ မည်၏။ ဤသို့သော နည်းတို့ဖြင့် သင့်အောင် ရှူရာ၏။ ပလိဗောဓ ရှေးဦးပြတ်ရာ၌ စီ-သုံး၊ အာ-သုံး၊ တူ-နှစ်ကို ကွဲအောင် ရှုအပ်၏။)

ပက်၊ နိဋ္ဌ်၊ သန်၊ နာ (၄)၊ သ၊ အာသာ (၂)၊
သီမာ၊ သဟုဗ္ဘာ (၂)၊ စီ၊ အာ၊ တူ၊ အာ (၄)၊
စီ၊ အာ (၂)၊ စီ၊ တူ (၂)-ရှေးပြတ် စဉ်တိုင်းယူ။

အန္တရုဗ္ဘာရ နုတ်ခြင်း

လင်္ကာဋီ ... ကထိန်နုတ်ခြင်းသည် အဋ္ဌမာတိကာ ဥဗ္ဘာရ၊ အန္တရုဗ္ဘာရ-ဟု နှစ်မျိုးရှိ၏။ အဋ္ဌ မာတိကာ ဥဗ္ဘာရသည် ဥပစာ သိမ်ပသို့ ထွက်သွားသူ ခုနစ်ပါးစွမ်းဖြင့် လည်းကောင်း၊ ထွက်သွား၍ ပြန်လာ၍ တကွ နုတ်သူ တစ်ပါးစွမ်းဖြင့် လည်းကောင်း ရှစ်ပါးဖြစ်၏။

ဥပစာရ သိမ်ပသို့ မသွားဘဲ ထိုကျောင်း၌သာ နေ၍ ဉာတ္တိ ဒုတိယ ကမ္မဝါစာဖြင့် တပေါင်းလပြည့်အတွင် နုတ်ခြင်းသည်၊ ရှစ်ပါးမှ လွတ်သော အန္တရုဗ္ဘာရ မည်၏။ သဟုဗ်၊ အန္တရုဗ်-နှစ်ခုသည် ဉာတ္တိ ဒုတိယကံဖြင့် ပြုခြင်း တူသည်သာတည်း။

ပြင်ပ မသွားဘဲ သိမ်တွင်း၌နေလျက် အတူနုတ်ခြင်းသည် အန္တရုဗ်။ ပြင်ပသွား၍ ပြန်လာ၍ အတူနုတ်ခြင်းသည် သဟုဗ်၊ ဤမျှထူး၏။ ခုနှစ်ပါးကို ကမ္မဝါစာဖြင့် မနုတ်။ ပလိဗောဓ နှစ်ပါးပြတ်သဖြင့်၊ အာနိသင် ငါးပါး ကင်းသောကြောင့် နုတ်သည် မည်၏။

အဘယ်ကြောင့် ကမ္မဝါစာဖြင့် နုတ်သနည်း။ သင်္ကန်းများစွာ လှူလိုသူတို့သည် အကာလ စီဝရပြု၍ သံဃာ အားလုံးအား လှူလိုသဖြင့် ကထိန်နုတ်ပါဟု တောင်းပန်သောကြောင့်တည်း။ လာဘ်များလျှင် တူလျှင် နုတ်အပ်၏။ နည်းလျှင် မနုတ်အပ်။)

မာတိကာ ဝါရ ၁၃၆

ရှေးဦးစွာ အာသာ ဝစ္ဆေဒိကာကို ချန်၍၊ ၈၆-ဝါရ ဟော၏။ ဟောပုံကား --

ပက္ကမ နန္တိကာဖြင့် ကတ စီဝရံအာဒါယ ဟု- ၁။ ကြွင်း ၆-ဖြင့် စီဝရံ အာဒါယဟု ၆-ဤသို့ အာဒါယ သတ္တက (၇)။

ထိုအတူ သမာဒါယ-သဒ္ဒါဖြင့် သမာဒါယ သတ္တက (၇)။

ကြွင်း ၆ - ဖြင့် ဝိပ္ပကတ စီဝရံ အာဒါယ ဟု အာဒါယ ဆက္က (၆)။

သမာဒါယဟု သမာဒါယ ဆက္က (၆)။

နိဋ္ဌ်၊ သန်၊ နာဖြင့် စီဝရံ အာဒါယ ပက္ကမတိ−၃။

စီဝရံ အာဒါယ ပက္ကမတိ န ပစ္စေဿံ– ၃။

စီဝရံ အဒါယ ပက္ကမတိ အန ဓိဋ္ဌိတေန ၃။

ပက် ချန်၍ စီဝရံ အာဒါယ ပက္ကမတိ ပစ္စေဿံ- ၆။

ဤသို့ အာဒါယ ပန္နရသက (၁၅)။

ထိုအတူ သမာဒါယ ပန္နရသက-(၁၅)။

ဝိပ္ပကတ စီဝရံ အာဒါယ စသည်ဖြင့် အာဒါယ ပန္နရသက (၁၅)။

သမာဒါယ ပန္နရသက (၁၅)။

ဤသို့ ၈၆- ဝါရ ဟော၏။

ထိုနောက် အာသာနှင့် ၃၆-ဝါရ ဟော၏။ ဟောပုံကား-

နိဋ္ဌ်၊ သန်၊ နာ၊ အာသာဖြင့် စီဝရာသာယ ပက္ကမတိ အနာသာယ လဘတိ အာသာယန လဘတိ-၄။

စီဝရာသာယ ပက္ကမတိ န ပစ္စေဿံ-၄။

စီဝရာ သာယ ပက္ကမတိ အန ဓိဋ္ဌိတေန- ၄။

ဤသို့ အနာသာ ဒေါဠသက (၁၂)၊

စီဝရာသာယ ပက္ကမတိ ပစ္စေဿံ အာသာယ လဘတိ အနာသာယ နလဘတိ -၄။

သုဏာတိ ဥဗ္ဘတံ ကိရ-၄။

သ၊ အာသာ၊ သီမာ၊ သဟုဗ်ဖြင့် ကတ စီဝရော သုဏာတိ ဥဗ္ဘတံ ကိရ စသည် ၄။

ဤသို့ အာသာ ဒေါဠသက (၁၂)။

နိဋ္ဌ်၊ သန်၊ နာ၊ အာသာဖြင့်-ကေနစိဒေဝ ပက္ကမတိ ၄။

ကေနစိဒေဝ ပက္ကမတိ န ပစ္စေဿံ ၄။

ကေနစိဒေဝ ပက္ကတိ အနဓိဋ္ဌိ တေန ၄။

ဤသို့ ကရဏီယ ဒေါဠသက(၁၂)။

ဤသို့ ၃၆-ဝါရ ဟော၏။

ထိုနောက် အပဝိလာ ၉-ဝါရ၊ ဖာသု ၅-ဝါရ ဟော၏။ ဟောပုံကား --

နိဋ္ဌ်၊ သန်၊ နာဖြင့် ဒိသံဂမိကော ပက္ကမတိ စီဝရ ပဋိဝိသံ အပ ဝိလာယ မာနော (၃)။

ထိုအတူ အန္တရာမဂ္ဂ၌ (၃)။ တံ အာဝါသံဂတဿ၌ (၃)-

ဤသို့ အပ ဝိလာနာဝက ၉-ဝါရ ဟော၏။

နိဋ္ဌ်၊ သန်၊ နာ၊ သီမာ၊ သဟုဗ်ဖြင့် ဖာသု ဝိဟာရိကော စီဝရံ အာဒါယ ပက္ကမတိ (၅) –

ဤသို့ ဖာသု ဝိဟာရ ပဉ္စက ၅-ဝါရ ဟော၏။

[အာဒါယ ဝါယ၌ ကထိန်နုတ်ခြင်း ၇-ပါး၊ သမာဒါယ ဝါရ ၌လည်း ၇-ပါး ပြသည်။ ဝိပ္ပကတ စီဝရ-အာဒါယ၊ သမာဒါယတို့၌လည်း ဖြစ်သင့်သလို - ၆ ပါးစီ ပြသည်။ ထိုနောက် သိမ်တွင်း၌ ပစ္စေဿံ၊ န ပစ္စေဿံ-ဟူသော ဝိမိကို မသုံးသပ်ဘဲ န ပစ္စေဿံကိုသာ သုံးသပ်၍ အန ဓိဋ္ဌိတေန စသည်ဖြင့် ယှဉ်သင့်သော ဝါရတို့ကို (၁၅ x ၄-လီ) ပြသည်။

ထိုနောက် စီဝရာသာယ ပက္ကမတိ--စသည်ဖြင့် တစ်ပါးသော နုတ်ခြင်းတို့နှင့် ရော၍ အာသာ ဝစ္ဆေဒိကာကို အကြိမ်များစွာ (၃၆-ဝါရ) ပြ၍ ဒိသံဂမိယ စွမ်းဖြင့် လည်းကောင်း၊ ဖာသု ဝိဟာရိက စွမ်းဖြင့် လည်းကောင်း နိဋ္ဌာ၊ သန္နိဋ္ဌာတို့၌ ယှဉ်သင့်သော နုတ်ခြင်းတို့ကို (၉-ဝါရ၊ ၅-ဝါရဖြင့်) ပြသည်။]

(သာဋီ ... သမာဒါယသည် အာဒါယနှင့် တူ၏၊ ဥပသာရမျှ ထူး၏။ ကေစိတို့ကား မိမိ ပရိက္ခရာကို မချန်ဘဲ အားလုံးယူသွားခြင်းသည် သမာဒါယ-ဟု ဆိုကုန်၏။ ဝိပ္ပကတ ပြု၍ မပြီးသေးသော သင်္ကန်း၌ ပက္ကမနန် နုတ်ခြင်းမရှိသောကြောင့် ဆက္ကကိုသာ ပြသည်။

ဝါရတို့သည် အစ၌ အာဒါယ ၇။ သမာဒါယ ၇။ ဝိပ္ပကတ၌ အာဒါယ ၆။ သမာဒါယ ၆။ ထိုနောက် နိဋ္ဌ်၊ သန်၊ နာစွမ်းဖြင့် တိက် သုံးခု။ ထိုတွင် ပထမ တိက်သည် သိမ်တွင်း မဟုတ်၊ သိမ်ပ၌သာ ပစ္စေဿံ-ဟု ဖြစ်၏။ ထိုကြောင့် ပက်၊ သီမာ၊ သဟုဗ် မရ။ (သ−လည်း မရသေး) ဒုတိယ တိက်သည် သိမ်တွင်း၌ န ပစ္စေဿံ-ဟု ဖြစ်၏။ တတိယ တိက်သည် အန ဓိဋ္ဌိတဖြင့် ထူး၏။ ပထမ တိက်နှင့် အနက်တူ၏။

အန ဓိဋ္ဌိတ ဟူသည် ပစ္စေဿံ၊ န ပစ္စေဿံ-ဟု ဆောက်သည်။ ပြန်မည်၊ မပြန်မည်ဟု မမှတ်သား ဟူလို။ စတုတ္ထ၌ တိက် မဖြစ်၊ သိမ်တွင်း၌ ပစ္စေဿံ- ဟု အထူးဖြစ်၍ သဝနန် စသည်တို့နှင့် မဆန့်ကျင်သောကြောင့် ဆက္က ဖြစ်သည်။ ဤသို့ တိက် သုံးခု၊ ဆက္က တစ်ခုဖြင့် ပထမ ပန္နရသကကို သိအပ်၏။ ထိုသည်ပင် ဥပသာရ စွမ်းဖြင့် ဒုတိယ ပန္နရသက၊ တစ်ဖန် ဝိပ္ပကတဖြင့် တတိယ၊ စတုက္ကကို ပြ၍ ပန္နရသက လေးခု သိအပ်၏။ အကတ နှစ်ခု။ ဝိပ္ပကတ နှစ်ခုတည်း။

ထိုနောက် စီဝရာသာယ ပက္ကမတိ စသည်ဖြင့် နိဋ္ဌ်၊ သန်၊ နာ၊ အာသာစွမ်းဖြင့် ဝါရသည်။ စတုက္က ဖြစ်၏။ ရှေးဆိုပြီးသော တိက် သုံးခုကို အာသာ သုံးခုနှင့်တွဲ၍ အနာသာန ဒွါဒသကကို သိအပ်၏။ ထိုနောက် ကာသာဒွါဒက၌ ပထမ ဒွါဒသကကို ရအပ်သော်လည်း အထူးမရှိခြင်းကြောင့် ဝုတ္တ သိဒ္ဓ-ဆိုခြင်းဖြင့် ထင်ရှားအောင် အထူးပြခြင်းငှါ အစမှ စ၍ သိမ်တွင်း၌ ပစ္စေဿံဟု ဟောသည်။

ထိုဒုတိယ စတုက္က၌ သိမ်ပ ရောက်၍ သုဏာတိ- စသော စကား၏ လည်းကောင်း၊ တတိယ စတုက္က၌ သဝနန် စသည်တို့၏ လည်းကောင်း၊ အခွင့်ကို ပြုခြင်းငှါဟု သိအပ်၏။ ကရဏီယ ဒွါဒသက၌လည်း ထို ဒွါဒသက နှစ်ခုကို ထုတ်ပြအပ်၏။

ဒိသံဂမိက နဝက၌ ဒိသံဂမိကော ပက္ကမတိဖြင့်သာလျှင် န ပစ္စေဿံ ဟူသည် အဂုတ္တ သိဒ္ဓ-မဆိုဘဲ ထင်ရှားသည်သာ ဖြစ်၏။ ထိုကြောင့် နပစ္စေဿံ-ဟု မဟော။ ဤမျှဖြင့် အာဝါသ ပလိဗောဓ မရှိခြင်းကို ပြသည်။ စီဝရ ပဋိဝီသံ အပ ဝိလာယမာနောဖြင့် စီဝရ ပလိဗောဓ ရှိသူ၏ အဖြစ်ကို ပြသည်။

စီဝရ ပဋိဝီသ ဟူသည် မိမိ ရအပ်သော သင်္ကန်းအဖို့တည်း။ အပ ဝိလာသမနသည် အာကင်္ခမာန- တောင့်တသူတည်း။ ထိုသူ တည်း။ ထိုသူအား သင်္ကန်းရသည် ဖြစ်အံ့၊ ဝါကျွတ်သော အာဝါသ၌ နိဋ္ဌ်၊ သန်၊ နာ စွမ်းဖြင့် တိက်တစ်ခု၊ ခရီးအကြား၌ တစ်ခု၊ ရောက်ရာဌာန၌ တစ်ခု၊ ဤတိက် သုံးခုဖြင့် နာဝက တစ်ခုကို သိအပ်၏။

ထိုနောက် နိဋ္ဌ်၊ သန်၊ နာ၊ သီမာ၊ သဟုဗ် စွမ်းဖြင့် ဖာသုဝိဟာရ ပဉ္စကကို ဟောသည်။

ဝိဋီ ထူးရာ ... သင်္ကန်း လက်သို့ရောက်လျှင် အာသာ ဝစ္ဆေဒိကာ နုတ်ခြင်း မဖြစ်။ ထိုကြောင့် ထိုနုတ်ခြင်းကို ယခင် ဝါရတို့၌ မဟောအပ်သောကြောင့် သီးခြား၍သာ ဟောသည်။ အန မိဋ္ဌိသေနာတိ ပစ္စေဿံ န ပစ္စေဿန္တိ ဧဝံ အန ဓိဋ္ဌိတေန၊ န ဧဝံမနသိကာ အတ္ထော။

ပါဠိ၌ အာသာ ဒွါဒသက၌ သိမ်ပသို့ ရောက်သူ၏။ ကထိန်နုတ်ခြင်းတို့၌ စီဝရာသာ စွမ်းဖြင့် စီဝရ ပလိဗောဓသည် သင်္ကန်း ပြီးသည်တိုင်အောင် တည်၏။ ထိုကြောင့် သုဏာတိ ဥဗ္ဘတံ ကိရ-စသည်ကို ဟောသည်။ ဤ၌ ကြားသော ခဏ၌ အာဝါသ ပလိဗောဓ ပထမ ပြတ်သည်။ သင်္ကန်းပြီးမှ စီဝရ ပြတ်သည်ဟု သိအပ်၏။ (ထာ၌-စီ-ရှေးဦးပြတ်ဟု ဆိုခဲ့ပြီ။ သတင်း မကြားမီ သင်္ကန်းပြီးခြင်း၊ သင်္ကန်း မပြီးမီ သတင်း ကြားခြင်းဟု နှစ်မျိုး ဖြစ်နိုင်သည် ဟူလို။) ဒိသံဂမိက နဝက၌ န ပစ္စေဿံ-ဟု ဖဲသွား၏။ ဤစကားဖြင့် အာဝါသ ပလိဗောဓ မရှိခြင်းကို ပြသည်။

ထိုကြောင့် ဝါကျွတ်သော အာဝါသ၌ တစ်ဖန် ပြန်သွား၍ ပြီးကာမျှ၌ နိဋ္ဌာ နန္တိက နုတ်ခြင်းကို ဟောသည်။ စီဝရ ပဋိဝီသံ အပ ဝိလာယ မာနောဖြင့် စီဝရ ပရိဗောဓ ရှိခြင်းကို ပြ၏။ အပ ဝိလာယ မာနောတိ အာကင်္ခ မာနော။)

ပလိဗောဓ နှစ်ပါး

ချစ်သားတို့၊ ကထိန၏ ပလိဗောဓ တို့သည် နှစ်ပါး။ အပလိဗောဓ တို့သည် နှစ်ပါးဖြစ်ကုန်၏။ ပလိဗောဓ နှစ်ပါးကား အာဝါသ ပလိဗောဓ၊ စီဝရ ပလိဗောဓ တို့တည်း။ အာဝါသ ပလိဗောဓကား ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ထို အာဝါသ၌ နေဆဲဖြစ်၏ ငဲ့ခြင်းရှိ၍သော်လည်း ပြန်လာမည်ဟု ဖဲသွား၏။ ဤသို့ အာဝါသ ပလိဗောဓ ဖြစ်၏။

စီဝရ ပလိဗောဓကား - ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် သင်္ကန်းကို မပြုရသေး၊ ပြု၍သော်လည်း မပြီးသေး၊ သင်္ကန်း အာသာသော်လည်း မပြတ်သေး။ ဤသို့ စီဝရ ပလိဗောဓ နှစ်ပါးတည်း။ အပလိဗောဓ နှစ်ပါးကား အာဝါသ အပလိဗောဓ၊ စီဝရ အပလိဗောဓ တို့တည်း။

အာဝါသ အပလိဗောဓကား ချစ်သားတို့၊ ရဟန်းသည် ထို အာဝါသမှ စတ္တ၊ ဝန္တ၊ မုတ္တ-စွန့်သော စိတ်ဖြင့် မငဲ့မူ၍ မပြန်လာတော့အံ့ဟု ဖဲသွား၏။ ဤသို့ အာဝါသ အပလိဗောဓိ ဖြစ်၏။ စီဝရ အပလိဗောဓကား ချစ်သားတို့၊ ရဟန်းသည် သင်္ကန်း ပြုပြီးပြီ၊ သို့မဟုတ် ပျောက်၏။ ပျက်၏။ မီးလောင်၏၊ သင်္ကန်း အာသာ သော်လည်း ပြတ်၏။ ဤသို့ စီဝရ အပလိဗောဓ နှစ်ပါးတည်း။

ကထိနက္ခန္ဓက ပြီး၏။

ဝတ္တု ဒေါဠသက ပေယျာလ မုခါနီ-ဧက သတံ အဋ္ဌာရသ (၁၁၈)။

[အပြားအားဖြင့် ကထိန်နုတ်ခြင်းကို ပြပြီး၍၊ ထိုထို နုတ်ခြင်းဖြင့် ပလိဗောဓ တို့သည် ပြတ်ကုန်၏။ ပြတ်သည် တို့၏ ဆန့်ကျင်ဘက် မပြတ်သည်တို့ကို ပြခြင်းငှါ ပလိဗောဓ တို့သည် နှစ်ပါး စသည်ကို ဟောတော်မူ၏။

စတ္တ ဟူသည် ထို အာဝါသကို စွန့်ကြောင်း စိတ်ဖြစ်၏။ ဝန္တ မုတ္တ တို့၌လည်း ဧသေ ဝနယော။]

(ဇီဋီ ... ကထိန်၏ ပလိဗောဓ ဟူသည် ကထိနတ္ထာ ရဿ အနုပ္ပဗန္ဓ န ပစ္စယာ - ကထိန်ခင်းခြင်းကို- ဝါ-ခင်းသော ကထိန်ကို (မပျက်အောင်) ဖွဲ့သော အကြောင်းတို့တည်း။)

ကထိန်ခင်းပုံ - အကျယ် ဝိနိစ္ဆယ

ငါးပါးရှိမှ ခင်း

[ဧဝဉ္စပန ဘိက္ခဝေ ကထိန အတ္ထရိ တဗ္ဗံ -ဟူသော ကထိန်ခင်းခြင်း၌ (ဝါ-ဗျတ္တ ရဟန်းသည် သံဃာကို သုဏာတု မေ-စသည်ဖြင့် သိစေသော ကမ္မဝါစာ ဖတ်ခြင်း၌) ကထိန်ခင်းခြင်းကို အဘယ်သူတို့ ရကုန်သနည်း။ (ဝါ-ပြီးအောင် ပြုနိုင်ကုန်သနည်း။) ဂဏ စွမ်းဖြင့် အနည်းဆုံး ငါးပါးတို့သည် ရကုန်၏။ လွန်လျှင် ရာ ထောင် သိန်း သန်း တို့လည်း ရကုန်၏။ ငါးပါးအောက်တို့သည် မရကုန်။ ဝုတ္တဝဿ စွမ်းဖြင့် ပုရိမဝါကပ်၍ ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုသူတို့ ရကုန်၏။ ဝါပြတ်သူ၊ ပစ္ဆိမ ဝါကပ်သူတို့ မရကုန်။ တစ်ပါးသော ကျောင်း၌ ဝါကျွတ်သူတို့လည်း မရကုန်ဟု မဟာပစ္စရီတို့၌ဆို၏။]

(လုံးလုံး ဝါမကပ်သူကို ဝါပြတ်သူ၌ သွင်း၍ ယူအပ်၏။)

(သာဋီ … ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုသူတို့ ဟူသည်ကို ဝါ ဖြတ်ခြင်းကို မပြုဘဲ ဝါကျွတ်ခြင်းကို ပြခြင်းငှါ ဆိုသည်။ အန္တရာယ်ကြောင့် ပဝါရဏာ မပြုရသော်လည်း၊ ဝါကျွတ် သူတို့အား ကထိနတ္တာရ ဖြစ်ခြင်းကြောင့်တည်း။ ထိုကြောင့် ပဝါရဏာ မပြုသူဟု မဆိုဘဲ “ဝါပြတ်သူ၊ ပစ္ဆိမ ဝါကပ်သူတို့ မရကုန်” ဟူ၍ မျှသာဆိုသည်။

တစ်ပါးသော ကျောင်း၌ စသည်ကား နာနာသီမာ-ဥပစာရ သိမ်မတူရာ ကျောင်း တစ်ပါး၌ ဝါကျွတ်သူတို့သည် ဤကျောင်း၌ ကထိန်ခင်းခြင်းကို မရကုန် ဟူသော အနက်တည်း။

ဝိဋီ ... ဝုတ္တဝဿ စွမ်းဖြင့် ဟူသော ဝစနသည် ပစ္ဆိမဝါကျွတ်တို့နှင့်လည်း ဆက်ဆံ၏။ ထိုကြောင့် ပုရိမဝါကပ်၍ စသည်ကို ဆိုသည်။

ဇီဋီ … ကထိနတ္ထာရံ ကေဘန္တီတိ ကေသာ ဇေန္တီတိ အတ္တော၊ ကထိန်ခင်းခြင်းကို အဘယ်သူတို့ ပြီးစေကုန်သနည်း ဟူသော အနက်တည်း၊ ငါးပါးတို့သည် ပြီးစေကုန်၏။ ကထိန ဒုဿကို ပေးလှူ အနည်းဆုံး လေးပါး၊ ခံယူသူ တစ်ပါးအားဖြင့် ငါးပါးတည်း။

စတုဝဂ် သံဃာသည် ဥပသမ္ပဒ၊ ပဝါရဏာ၊ အဗ္ဘာန်-ဟု ကံသုံးခုကို ချန်၍-ဟု စမ္ပေယျက္ခန္ဓက၌ ဟောသည်။ ပဉ္စဝဂ္ဂကံ-ဟု မယူအပ်။ ကထိန ဒဿကို ဟတ္တပါသ်၌ မတည်သူအား လည်းကောင်း၊ သိမ်ပ၌ တည်သူအား လည်းကောင်း ပေးခြင်းငှါ အပ်၏ဟု ဆိုကုန်၏။ ဟတ္တပါသ်၌ တည်စေ၍သာ ပေးအပ်၏။ ကမ္မပတ္တ ပုဂ္ဂိုလ် ဖြစ်သောကြောင့်တည်း။

တတြုပ္ပါဒ - ဆန် စသည်နှင့် အဝတ်တို့ကိုလဲလျှင် ကထိန်ခင်းသူတို့အားသာ ထိုအဝတ်တို့ ရောက်ကုန်၏။ အဝတ်တို့နှင့် ဆန် စသည်ကို လဲလျှင် ရဟန်း အားလုံးတို့အား ထို ဆန်ရောက်၏။ ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုသူတို့ ဟူသည်ကို ဥက္ကဋ္ဌကောဋိဖြင့် ဆိုသည်။ အန္တရာယ်ကြောင့် ပဝါရဏာ မပြုသော်လည်း၊ ဝါကျွတ်သူတို့အား ကထိနတ္ထာရ ဖြစ်သောကြောင့်တည်း။

တစ်ပါးသော ကျောင်း၌ ဝါကျွတ်သူ တို့လည်း မရကုန်-ဟူသော မဟာပစ္စရီ စကားကို ဧကသီမ ဝိဟာရ၌ ဆိုသလော၊ နာနာ သီမ ဝိယာရ၌ ဆိုသလော ဟူမူ --

ဧက သီမ၌ ဆိုငြားအံ့၊ နောက်၌ “ဧက သီမာ၌ ကျောင်းများလျှင် ရဟန်းအားလုံး စည်းဝေး၍ တစ်နေရာ၌ ကထိန်ခင်းအပ်၏။ သီးသီးခင်းခြင်းငှါ မအပ်” ဟူသော ဤ အဋ္ဌကထာနှင့် ဆန့်ကျင်၏။ အဋ္ဌကထာ စကားကား- “အားလုံးတို့အားသာ တစ်ခုသော ကထိန်”ဟု ပြသည်။

နာနာ သီမ၌ ဆိုငြားအံ့၊ ရှင်ဥပနန္ဒအား ဧကာ ဓိပ္ပါယ - တစ်ပါးစာ သင်္ကန်းပေးခြင်းကို ခွင့်ပြုခြင်း (စီဝရက္ခန္ဓက)နှင့် ဆန့်ကျင်၏။ ဒေထ ဘိက္ခဝေ တဿမောဃ ပုရိသဿ ဧကာ ဓိပ္ပါယံ-ဟူသော စကားတော်သည် နှစ်ခုသော အာဝါသတို့၌ သော်လည်း ရှင်ဥပနန္ဒ၏ ကထိန်ခင်းခြင်း (နှစ်ခု) ပြီးခြင်းကို ပြသည်ဟု မဆန့်ကျင်ခြင်းကိုသာ အလိုရှိအပ်၏။

ထိုကြောင့် ဧကသီမ ၌လည်းကောင်း၊ နာနာသီ၌ လည်းကောင်း နာနုပစာရ ဖြစ်သော တစ်ပါးသောကျောင်း၌ ဝါကျွတ်သူတို့သည်လည်း မရကုန်ဟု အဓိပ္ပါယ်ကို သိအပ်၏။)

(လင်္ကာဋီ ... ဉာတ္တိ ဒုတိယကံသည် ကထိန်ခင်းခြင်း၏ အကြောင်း ဖြစ်၍ ဥပစာရ ကထိန်မျှသာတည်း။

အာစရိယ ဝါဒ ... ဂဏစွမ်းဖြင့် အနည်းဆုံး ငါးပါးကို ကမ္မဝါစာဖတ်ခြင်း၌ - ဥပစာရ ကထိန်၌ မဟာဝါ ကထိန်၌ အလိုရှိအပ်၏။ ဝုတ္တဝဿ စွမ်းဖြင့် ပုရိမ ဝါကျွတ်သူကို ဣမာယ သံဃာဋိယာ ကထိန် အတ္ထရာမိ - ဟူသော ခင်းခြင်း၌-မုချ ကထိန်၌— ပရိဝါ ကထိန်၌ အလိုရှိအပ်၏။ ပါဠိတော် မသုံးသပ်လျှင် ကမ္မဝါစာ ဖတ်ခြင်းနှင့် ကထိန်ခင်းခြင်းသည် တခြားစီ ဟူ၍ လည်းကောင်း၊ ခင်းခြင်း၌ ငါးပါးရှိမှ ဟူ၍ လည်းကောင်း အငြင်းသန်တတ်သည်။)

အာနိသင် ရသူများ

[အလုံးစုံသော ပစ္ဆိမ ဝါကပ်၊ ဝါပြတ်၊ ကျောင်းတစ်ပါး ဝါကျွတ်တို့သည် ပုရိမဝါကပ် ရဟန်းတို့၏ ဂဏ ပုရကတို့ကား ဖြစ်ကုန်၏။ အာနိသင်ကို မရကုန်။ အာနိသင်သည် ပုရိမဝါကပ် ရဟန်းတို့အားသာ ဖြစ်၏။ ပုရိမဝါကပ် တို့သည် လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါးဖြစ်ကုန်အံ့၊ တစ်ပါးသော ရဟန်းတို့ကို ဂဏ ပုရက ပြု၍ ကထိန်ခင်းအပ်၏။

ရဟန်း လေးပါးနှင့် အသက်ပြည့်သော သာမဏေတစ်ပါး ဝါကပ်အံ့၊ သာမဏေသည် ပစ္ဆိမ ဝါ၌ ရဟန်းပြုအံ့၊ ဂဏပုရကလည်း ဖြစ်၏။ အာနိသင်လည်း ရ၏။ (ပုရိမ ဝါကပ်သောကြောင့် ဟူလို။) ရဟန်းသုံးပါးနှင့် သာမဏေနှစ်ပါး၊ ရဟန်းနှစ်ပါးနှင့် သာမဏေ သုံးပါး၊ ရဟန်းတစ်ပါးနှင့် သာမဏေ လေးပါး ဝါကပ်ရာ၌လည်း ဧသေဝနယော။

ပုရိမ ဝါကပ်တို့သည် ကထိန်ခင်းခြင်း၌ မကျွမ်းကျင်ကုန်အံ့၊ ကျွမ်းကျင်သော ခန္ဓကဆောင် မထေရ် တို့ကို ရှာ၍ ပင့်ဆောင်အပ်ကုန်၏။ ထိုမထေရ်တို့သည် ကမ္မဝါစာ ဖတ်၍၊ ကထိန်ခင်းစေ၍၊ လှူဒါန်းသည်ကို ဘုဉ်းပေး၍ ကြွသွားကုန်လတ္တံ့၊ အာနိသင်သည်က ပုရိမဝါကပ် အာဝါသိကတို့အားသာ ဖြစ်၏။]

(ဇီဋီ ... ပစ္ဆိမ ဝါ၌ ရဟန်းပြုလျှင် ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုခြင်းငှါလည်း ရ၏။ ဝါရသေးသူလည်း ဖြစ်၏။ အာနိသင်ကိုလည်း ရ၏ဟု သိအပ်၏။ သာမဏေတို့အား ဝါကပ်ခြင်းကို ခွင့်ပြု၏၊ သာမဏေတို့သည် ကထိန်အာနိသင်ကို ရကုန်၏ဟု ဆိုကုန်၏။)

(လင်္ကာဋီ ... အင်္ဂါရှစ်ပါး၌ လိမ္မာလျှင် ကိုယ်တိုင် ခင်းအပ်၏။ မလိမ္မာလျှင် လိမ္မာသော ရဟန်းတို့ကို ပင့်ဆောင်အပ်ကုန်၏။ ဤသို့ မပြုဘဲ မခင်းအပ်။ ကထိန်ခင်းစေ၍-ဟု ကာရိုက်ပစ္စည်းနှင့် ဆိုသောကြောင့် ပြင်ပမှ ကြွလာသူတို့သည် ကိုယ်တိုင် မခင်းအပ်။ ပုဗ္ဗကိစ္စ စသော အလုံးစုံကို စီမံ ပေး၍၊ ထိုကျောင်းရှိ ပုရိမ ဝါကျွတ်တို့ကိုသာ ခင်းစေအပ်ကုန်၏။ ထို မထေရ်တို့သည် ဝတ္ထု ဒါနကို မရထိုက်သောကြောင့် ခဲဖွယ် ဘောဇဉ် စသော အလှူကိုဆောင်၍ ကြွသူးကုန့်လတ္တံ့။ ဝါကျိုး ဝါပြတ် စသည် တို့သည် အနုမောဒနာ ပြုသော်လည်း အာနိသင်ကို မရကုန်။

အာစရိယ ဝါဒ ... အာနိသင် ဟူသည် အဝတ် သင်္ကန်း ဖြစ်၏။ သံဃာ့ ဝေစု အဖြစ်ဖြင့် ပေးလျှင် အာဝါသိက ပုရိမ ဝါကျွတ်မှ တစ်ပါးသူ မယူအပ်။ အာဝါသိက ပုရိမ ဝါကျွတ်တို့ အားလုံး သဘောတူ ပန်ကြား၍ပေးလျှင် အလိုရှိသူ ယူအပ်၏။ အဝတ် သင်္ကန်းမှ တစ်ပါးသော သံဃာ့ဝေစုကိုကား အားလုံး ဝေဖန်အပ်၏။)

ကထိန် ကျင့်ဝတ်

[ကထိန်ကို အဘယ်သူ လှူလျှင် အပ်သနည်း။ အမှတ်မရှိ နတ်သည် လည်းကောင်း၊ လူသည် လည်းကောင်း၊ သီတင်းသုံးဖော် ငါးယောက် တစ်ယောက်ယောက်သည် လည်းကောင်း၊ လှူလျှင် အပ်၏။

ကထိန်ဒါယကာ၏ ကျင့်ဝတ်သည် ရှိ၏။ မသိ၍ အဘယ်သို့ ကထိန်ကို လှူအပ်ပါသနည်းဟု မေးအံ့၊ ဤသို့ ပြောကြားအပ်၏။ သင်္ကန်း သုံးထည်တို့တွင် တစ်ထည်ထည်အား လောက်သော အဝတ်ကို အရုဏ် တက်အခါ - ကထိန စီဝရံ ဒေမ– (ဣမံ ကထိန စီဝရံ သံဃဿ ဒေမ-ဟု)ဆို၍ ခြင်းငှါ အပ်၏၊ ထိုအဝတ်ကို သင်္ကန်း ပြုခြင်းငှါ အပ် - ဤမျှ၊ ချည် - ဤမျှ၊ ဆိုးရည်-ဤမျှ၊ ချုပ်ဆိုးသော ရဟန်းဤမျှအတွက် ယာဂုဆွမ်းကိုလည်း လှူခြင်းငှါ သင့်၏-ဟု ပြောကြားအပ်၏။

ကထိန်ခင်းသော ရဟန်းသည်လည်း၊ တရားနှင့်အညီ ဖြစ်သော ကထိန်ကို ခင်းလျှင် ကျင့်ဝတ်ကို သိအပ်၏။ ရက်ကန်းသည် အိမ်မှယူခဲ့တိုင်း မြိတ်ဆာဖြင့်သာလျှင် ခလိမက္ခိတ- ခစီတင်သော ပုဆိုးသည် မအပ်။ မလီန-ညစ်နွမ်းသော ပုဆိုးလည်း မအပ်။ ထိုကြောင့် ကထိန် ပုဆိုးရလျှင် ကောင်းစွာ ဖွပ်၍ သင်္ကန်းမှုပြုခြင်းငှါ အပ်၊ အပ်ချည် စသည် စသည်တို့ကို စီရင်၍ ရဟန်းများစွာတို့နှင့်တကွ ထိုနေ့အတွင်း၌သာလျှင် အပြီးချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ခင်းအပ်၏၊]

(သာဋီ ... ခလိမက္ခိတ ဟူသည် အဟတဝတ္တ - အစာမချေသေးသော အဝတ်ကို ရည်ဆိုသည်။

ဝိဋီ ... အတူတည်း။)

(လင်္ကာဋီ ... ကျင့်ဝတ်ကို မမေးသူအား မပြောအပ်။ သမ္ပဒါန ထင်ရှားသောကြောင့် ဋ္ဌကထာ မဆိုသော်လည်း ... သံဃဿ ကထိန စီဝရံ ဒေမ-ဟု သမ္ပဒါန်ပုဒ်နှင့်တကွ ဆို၍ လှူအပ်၏။

ကထိန စီဝရံ ဣတ္တန္နာ မဿ အာယသ္မတော ဒေမ-ဟု ပုဂ္ဂလိက လှူအံ့၊ ကထိန် မဖြစ်။

ထိုရဟန်းသည် ထို သင်္ကန်းကိုပင် ကထိန်ခင်းရန် တစ်ဖန် သံဃာအား လှူအံ့၊ ကထိန် ဖြစ်၏။

ဒါယကာသည် ပုဂ္ဂလိက လှူလိုလျက်-ဣမံ ကထိန စီဝရံ သံဃသာ ဒေမ-ဟု ကြံစည်၍ လှူအံ့၊ သံဃိက ဖြစ်၏။

သံဃိက အကျိုးများပုံ ညွှန်ပြသော်လည်း ဉာဏ်နည်း၍ ပုဂ္ဂိုလ်အားသာ လှူအံ့၊ ပုဂ္ဂလိက ဖြစ်၏။

ရဟန်းသည် ထိုပုဂ္ဂလိကကို ခံယူ၍ သံဃာအား လှူအံ့၊ ဤသို့လည်း သံဃိက ဖြစ်၏။ မလှူလျှင် ကထိန်ကာလ ဖြစ်ရုံမျှ၊ ကထိန်စကားမျှဖြင့် သံဃိက မဖြစ်။

ကင်္ခါ၌ ... ဣမိနာ ကထိနံ အတ္တရထ-ဟု စီဝရကို လှူအံ့-ဤသို့ လှူပုံကို ပြ၏။

ဝိနည်းအရာ သံဃိကသည် သုတ္တန် သံဃိကမှ ထူးသော နည်းရှိ၏။)

ကထိန်နှစ်ဦး ဆုံပုံ

[ထိုကထိန်ကို မခင်းမီသာလျှင် တစ်ပါးသော ကထိန် ပုဆိုးကို (လှူသူ တစ်ဦး) ဆောင်ယူလာအံ့၊ တစ်ပါးသော ကထိန် အာနိသင် အဝတ်တို့ကိုလည်း များစွာ လှူအံ့၊ အာနိသင် များစွာ လှူသူ၏ ဥစ္စာဖြင့်သာ ခင်းအပ်၏။ အာနိသင် နည်းနည်းလှူသူကို ထိုထို တရားစကားဖြင့် ဆုံးမ၍ သိအောင် ပြုအပ်၏။]

(ဇီဋီ ... အာနိသင် များစွာ လှူသူ၏ ... ဟူသော စကားဖြင့် ပစ္စည်း လော်လည်ခြင်းကို ကဲ့သို့ ပြ၏။ ပြသော်လည်း ဘုရားရှင်သည် အလိုရှိတိုင်း သင်္ကန်း ရှာခွင့် ပြုခြင်းကို အကြောင်းပြု၍ အခွင့်ကို ပေး၏။ ထိုကြောင့် သံဃာအား ချီးမြှောက်ခြင်းအကျိုးငှါ (အာနိသင် များသူ၏ သင်္ကန်းဖြင့်) ခင်းရခြင်း ဖြစ်သည်။)

(လင်္ကာဋီ ... အာနိသင်ကို အဖိုးတန်ခြင်းဖြင့် မယူအပ်၊ အဝတ် သင်္ကန်း များခြင်းဖြင့်သာ ယူအပ်၏။ တရားစကားကား - ဒါယကာ ဒါန ဟူသည် သံဃာအား လှူသည်မှစ၍ အကျိုးကြီး၏။ ကထိန်ခင်းခြင်းကိုကား ရဟန်းတို့ ကျေးဇူးများခြင်းအတွက်သာ ဘုရားရှင် ခွင့်ပြုသည်။ ထိုကြောင့် ဉာတ်ရသော် လည်းကောင်း၊ မရသော် လည်းကောင်း အကျိုး ကြီး၏ ဟူ၍ လည်းကောင်း၊ ဒါယကာ ဤသူလည်း သံဃာအား၊ သင်လည်း သံဃာအား လှူသည်။ သံဃာအား လှူသည်မှ စ၍ အကျိုး ကြီးသည် သာတည်းဟူ၍ လည်းကောင်း သိစေအပ်၏။)

သံဃိကလှူခြင်းသာ လူ့ကိစ္စ

(ဒါယကာတို့သည် မိမိ လှူသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ဝမ်းမြောက်ကုန်၏၊ စင်စစ်ကား ကထိန်သင်္ကန်းကို ပုဂ္ဂလိက မလှူအပ်၊ သံဃိက ဖြစ်အောင် လှူမှ ကထိန် ခင်းရသည်။ ထိုကြောင့် သံဃိက ဖြစ်အောင် လှူခြင်းသာလျှင် ဒါယကာတို့ ကိစ္စ၊ ဒါယကာတို့ တာဝန်ကျေပြီ။

ထိုနောက် သံဃာ့လက်သို့ ရောက်သောအခါ ဒါယကာတိုင်း သံဃိကဖြင့် မခင်းအပ်။ ခင်းထိုက်သူကို ပုဂ္ဂလိက ဖြစ်အောင် သံဃာ သဘောတူ ပေးရသည်။ ပုဂ္ဂလိကဖြစ်မှ ခင်းရသည်။ ဤကား ဒါယကာတို့ မတတ်နိုင်သော သံဃ ကိစ္စတည်း။

ထိုနောက် ပုဗ္ဗကိစ္စ စသည်ပြု၍ ခင်းခြင်းသည် ထိုရဟန်း ပုဂ္ဂိုလ်၏ ကိစ္စတည်း။ သံဃကိစ္စမှပင် လွတ်သွားပြီ။ ဤသို့ ကိစ္စ သုံးပါး ကွဲပြားစေအပ်၏။

ဒါယကာတို့ကိစ္စ သံဃိက လှူရာ၌ ဒုဿီလ သံဃာ၊ အလဇ္ဇီ သံဃာ ဟူ၍ မရှိ။ လဇ္ဇီသီလဝန္တ သံဃာကုန် သောတာပန်လောင်း သံဃာကုန်၊ သောတာပန် သံဃာကုန်။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလောင်း သံဃာကုန်၊ ရဟန္တာ သံဃာကုန် – ဤသို့နှစ် ငါးထောင်တစ် သာသနာလုံး ဒက္ခိဏေယျ သံဃအားလုံးနှင့် ထိုသံဃိက သင်္ကန်းသည် ဆက်ဆံခြင်းသို့ရောက်၏။

ပုဂ္ဂလိက၌ကား ကောင်း၊ မကောင်း တစ်ပါးတလေမျှနှင့် ဆက်ဆံ၏။ မိမိတို့ ဝမ်းမြောက်သော ကုသိုလ် စေတနာကို ဤ သံဃိက နယ်အတွင်း၌သာလျှင် ပုဗ္ဗ၊ မုဉ္စ၊ အပရတို့ဖြင့် တို့ဖြင့် ထက်သန်စေအပ်၏။ နယ်မလွန်စေနှင့်၊ နယ်လွန်လျှင် အကျိုး နည်းလိမ့်မည်။

ဤ၌ ဆွမ်းတော်တင် ဥပမာကို သိအပ်၏။ ဘုရားရှင်၏ ဂုဏ်တာ်အနန္တကို အာရုံပြု၍ ဖွယ်ဖွယ်ရာရာ ဆွမ်းပွဲဖြင့် ဆွမ်းတော်တင်သော အခါသည် ဝမ်းမြောက်ဖွယ် မိမိကိစ္စတည်း။

ထိုနောက် တစ်စုံတစ်ယောက် ယူ၍ သင်ပုတ်ပလ္လင်၌ စွန့်၍ ကျီး စသည်တို့ စားသောအခါ သည် မိမိ ဝမ်းမြောက်ဖွယ် ကိစ္စမဟုတ်၊ ကျီးတို့၏ ကိစ္စဖြစ်သည်။ နယ် မလွန်စေနှင့်၊ အကျိုးနည်းသွားလိမ့်မည်။)

ကထိန် သင်္ကန်း ပေးခြင်း

[ကထိန်ကို အဘယ်သူ ခင်းကပ်သနည်း။ အကြင် ရဟန်းအား သံဃာသည် ကထိန် သင်္ကန်းကို ပေး၏။ ထိုရဟန်းသည် ခင်းအပ်၏။ သံဃာသည် အဘယ် သူအား ပေးအပ်သနည်း။ အကြင်ရဟန်းသည် သင်္ကန်းဆွေး ရှိ၏။ ထို ရဟန်းအား ပေးအပ်၏။ သင်္ကန်းဆွေး ရှိသူများလျှင် သီတင်းကြီးအား ပေးအပ်၏။ သီတင်းကြီးတို့တွင်လည်း အကြင် သီတင်းကြီးသည် ပရိသတ် များ၏။ ထိုနေ့အတွင်း ချုပ်ဆိုး၍ ခင်းနိုင်၏။ ထို သီတင်းကြီးအား ပေးအပ်၏။ သီတင်းကြီး မတတ်နိုင်။ သီတင်းငယ် တတ်နိုင်အံ့၊ တတ်နိုင်သော သီတင်းငယ်အား ပေးအပ်၏။

တစ်နည်း-သံဃာသည် မထေရ်ကြီးအား ချီးမြှောက်အပ်၏။ ထိုကြောင့် အရှင်ဘုရား၊ ခံယူတော်မူပါ။ အကျွန်ုပ်တို့ ပြုပေးပါမည်ဟု လျှောက်အပ်၏။ သင်္ကန်း သုံးထည်တို့တွင် အကြင် သင်္ကန်းသည် ဆွေးရိ၏။ ထိုသင်္ကန်း အလို့ငှါ ပေးအပ်၏။ ပကတိ အားဖြင့် နှစ်ထပ်သင်္ကန်း ဝတ်ရုံသူအား နှစ်ထပ် အလို့ငှါသာလျှင် ပေးအပ်၏။

တစ်ထပ် သင်္ကန်းထူထူ ဝတ်ရုံအံ့၊ ကထိန်သင်္ကန်းသည် ပါးအံ့၊ သာရုပ္ပ အကျိုးငှါ နှစ်ထပ်လောက်အောင်သာ ပေးအပ်၏။ မရလျှင် တစ်ထပ်ကို ဝတ်ရုံမည်ဟု ဆိုသူအားလည်း နှစ်ထပ်ကို ပေးခြင်းငှါအပ်၏။ လောဘကြီးသူအားကား မပေးအပ်။ နှစ်ထပ် ရသူလည်း ကထိန်ခင်းပြီး နောက် ချုပ်ရိုးဖြေ၍ နှစ်ထည် ပြုမည်ဟု မယူအပ်။

ကထိန်သင်္ကန်း ပေးထိုက်သူအား ပေးပုံ အစီအရင်ကို ပြခြင်းငှါ- ဧဝဉ္စပန ဘိက္ခဝေ ကထိနံ အတ္ထရိ တဗ္ဗံ-ဟု အားထုတ်၍ သုဏာတု မေ ဘန္တေ ... အစရှိသော-(ကထိနဒုဿ) ဒါန ကမ္မဝါစာကို ရှေးဦးစွာ မိန့်တော်မူ၏။]

(ဟောင်းလျှင် သင်းပိုင် ကိုယ်ရုံ-နှစ်ထပ် ခွင့်ပြုခြင်း ရှိသည်၊)

(လင်္ကာဋီ ... ကထိန်သင်္ကန်းပေးရန် သိမ်၌ သံဃာ စည်းဝေးသော အခါ ... သံဃာအား ကထိန်သင်္ကန်းသည် ဖြစ်၏။

အဘယ် မထေရ်အား ပေးအပ်သနည်း ဟု မေးအပ်၏။

သင်္ကန်း ဆွေးရိသူအား ပေးအပ်၏ ဟု ဖြေအပ်၏။

သင်္ကန်း ဆွေးရှိသူ များလျှင် အဘယ်သူအား ပေးအပ်သနည်း။

မထေရ်ကြီးအား ပေးအပ်၏။

သင်္ကန်းဆွေးရှိသူ မရှိလျှင် အဘယ်သူအား ပေးအပ်သနည်း။

မထေရ်ကြီးအား ပေးအပ်၏။

ထို မထေရ် ကြီးသည် ထိုနေ့အတွင်း သင်္ကန်းပြီးအောင်ပြု၍ ခင်းနိုင်မည်လော။

ခင်းနိုင်ပါသည်။ ဝါ-သံဃာ ကူညီပါလိမ့်မည်။

ထိုပုဂ္ဂိုလ်သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသလော။

ပြည့်စုံပါသည်။

ကောင်းပြီ ပေးသင့်၏-ဟု ဆို၍ ကမ္မဝါစာ ဖတ်အပ်၏။

သံဃိက ပစ္စည်းကို သီတင်းကြီးစဉ် မထားအပ်။ ဆွေးရိသူ များသော်လည်းကောင်း၊ ပြည့်စုံသူချည်း ဖြစ်သော်လည်းကောင်း၊ မထေရ်ကြီးအားသာ ပေးအပ်၏၊ သီတင်းငယ်သော်လည်း ကရဏာ သန္နိဓိ လွတ်စေ၍ နေ့ချင်းပြီးစေ၍ ကထိန်ခင်းအံ့၊ အနုမောဒနာပြုသော သံဃာသည် အာနိသင် ငါးပါး ရ၏။)

ဘုရားရှင် ကူညီခြင်း

[ဤသို့ ကထိန်ကို ပေးသောအခါ ထိုကထိန ဒုဿသည် ချုပ်ပြီး ဆိုးပြီး ပြုဖွယ်အားလုံးပြီး ဖြစ်အံ့၊ မပြီးသေးသည် ဖြစ်အံ့၊ ငါသည် မထေရ်ကြီး ဟူ၍ လည်းကောင်း၊ ဗဟုဿုတ ပုဂ္ဂိုလ် ဟူ၍ လည်းကောင်း မပြုဘဲ နေခြင်းငှါ တစ်ပါးမျှ မရ၊ အားလုံးစုရုံး၍ ဖွပ်ခြင်း ချုပ်ဆိုးခြင်းတို့ကို ပြီးစေအပ်ကုန်၏။ ဤ ကထိန်ကျင့်ဝတ်ကို ဘုရားရှင် ချီးမွမ်းသည်။

ရှေးအခါ ပဒုမုတ္ထ ဘုရားရှင်သည်လည်း ကထိန်ကျင့်ဝတ်ကို ခံယူပြီ။ ထိုကထိန်ကို ပဒုမုတ္တရ ဘုရားရှင်သည် ခြောက်သန်း ရှစ်သိန်းသော ရဟန်းတို့နှင့်အတူ ထိုင်၍ ပြုတော်မူသတတ်။]

(ဇီ၊ သာ၊ ဝိဋီ ... မပြုဘဲ နေခြင်းငှါ တစ်ပါးမျှမရ ဟူသော စကားဖြင့် မရိုသေခြင်းရှိ၍ မပြုသူအား ဒုက္ကဋ်ဟု ပြသည်။)

(လင်္ကာဋီ ... ပြုဖွယ် အားလုံးပြီးသော နိဋ္ဌိတ စီဝရကို လှူအံ့၊ ခုနစ်ပါးသော ပုဗ္ဗကိစ္စဖြင့် အကျိုးမရှိ၊ အဓိဋ္ဌာန်ချခြင်း စသည် သက်သက် ကိုသာ ပြုအပ်၏။ မပြီးသေးအံ့၊ ဗိန္ဒု ထိုးဖွယ်မျှသော်လည်း မပြီးသေးအံ့။ ထိုမပြီးသေးသည်ကို ပြီးစေ၍သာ အဓိဋ္ဌာန်ချခြင်း စသည်တို့ကို ပြုအပ်ကုန်၏။

ဘုရားရှင် ချီးမွမ်း ဟူသည် ချစ်သားတို့၊ ကထိန်ခင်းသူတို့အား အာနိသင် ငါးပါး အပ်ကုန်လတ္တံ့ စသည်ဖြစ် ချီးမွမ်း၏။)

ပရိဝါနည်း ခင်းသူနှစ်ဦး

[ပြုပြီးသော ကထိန်သင်္ကန်းကို ယူ၍ ခင်းလိုသော ရဟန်းသည် ဒုကုဋ်ဖြင့် ခင်းလိုအံ့၊ ယခင် ဒုကုဋ်ကို အဓိဋ္ဌာန် ချအပ်၏။ ယခု ဒုကုဋ်သစ်ကို အဓိဋ္ဌာ တင်အပ်၏။ ဣမာယ သံသာဋိယာ ကထိနံ အတ္ထရာမိ-ဟု နှုတ်မြွက်အပ်၏။ ဤသို့စသော ပရိဝါ၌ ဟောသော အစီရင်ဖြင့် ကထိန်ကို ခင်းကပ်၏။ (ဤကား ပုဂ္ဂိုလ်၏ အခင်းတည်း။)

ခင်းပြီးသော်လည်း ထိုကထိန်ခင်းသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ ပခုံးတစ်ဘက် စမ္ပယ်တင်၍ လက်အုပ် ချီ၍ - အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ-

(ဘန္တေ၊ အရှင်ဘုရားတို့။

သံဃဿ၊ သံဃာသည်။

ကထိနံ၊ ကထိန်ကို။

အတ္ထတံ၊ ကမ္မဝါစာဖတ်၍ ခင်းအပ်ပြီ။

သံဃဿ၊ သံဃာ အလို့ငှါ။

မယာ၊ အကျွန်ုပ်သည်။

အတ္ထတံ၊ နှုတ်မြွက်၍ ခင်းအပ်ပြီ။

ကထိနတ္တာရော၊ ကထိန်ခင်းခြင်းသည်၊

ဝါ၊ ခင်းအပ်သော ကထိန်သည်။

ဓမ္မိကော၊ တရားနှင့်ညီ၏။

အနုမာဒထ၊ ဝမ်းမြောက်ကြပါလေ။)- ဤသို့ ဆိုအပ်၏။

ထို အနုမောဒက ရဟန်းတို့သည်၊ ပခုံးတစ်ဘက် စမ္ပယ်တင်၍ လက်အုပ်ချီ၍၊ အတ္ထတံ အာဝုသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒါမ-ဤသို့ ဆိုအပ်၏။ ဤသို့ စသော ပရိဝါ အစီအရင်ဖြင့် အနုမောဒနာ ပြုစေအပ်၏။ အနုမောဒက တို့သည်လည်း အနုမောဒနာ ပြုစေအပ်၏။ ဤသို့လျှင် ရဟန်းအား အားလုံးတို့၏ ကထိန်ခင်းခြင်းသည် ဖြစ်၏။ (ဤကား သံဃာအားလုံ၊၏ အခင်းတည်း။)

ပရိဝါ၌ နှစ်ဦးသော ပုဂ္ဂိုလ်တို့အား ကထိန်သည် ခင်းခြင်းဖြစ်၏၊ ခင်းသူအား လည်းကောင်း၊ အနုမောဒနာ ပြုသူများ လည်းကောင်း-ဟု ဟောသည်။ တစ်ဖန်လည်း ဟောသေး၏။ ကထိန်ကို သံဃာသည် မခင်း၊ ဂဏသည် မခင်း၊ ပုဂ္ဂလသည် ခင်း၏။ သံဃာ၏ အနုမောဒနာကြောင့်၊ ဂဏ၏ အနုမောဒနာကြောင့်၊ ပုဂ္ဂလ၏ အတ္ထာရကြောင့် သံဃာခင်းသော ကထိန် ဖြစ်၏။ ဂဏခင်းသော ကထိန်ဖြစ်၏။ ပုဂ္ဂလခင်းသော ကထိန်ဖြစ်၏-ဟု ဟောသည်။]

(ဇီဋီ ... အနုမောဒါမ-ဟူသည်၌ အားလုံးသိမ်းကျုံးခြင်းဖြင့် ဤသို့ ဆိုသည်။ အနုမောဒနာမိ-ဟု တစ်ဦးစီ ဆိုအပ်၏။ ဤသို့မဆိုလျှင် မအပ်ဟု မဟာ အဋ္ဌကထာ၌ ဆိုသတတ်။

ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်၍ ဣမာမ သံဃာဋိယာ ကထိနံ အတ္ထရာမိ-နှုတ်မြွက်ကာမျှ၌ ပုဂ္ဂိုလ်၏ အခင်းသည် ဖြစ်၏။)

(ယခင် ဒုကုဋ်ကို အဓိဋ္ဌာန် ချအပ်၏ ဟူသည်ကို သံဃာဋိအမည်ဖြင့် အဓိဋ္ဌာန် တင်ထားသော ဒုကုဋ်ရှိသူကို ရည်ဆိုသည်။ ပရိက္ခရ စောဠ အဓိဋ္ဌာန်တင်သူကို မရည်ဆို။ အပေါက် ကြီး ငယ်ဖြင့် သင်္ကန်းဆွေးရိသူ အားလည်း အဓိဋ္ဌာန်ချဖွယ် မရှိ။ ယခု ဒုကုဋ်ကို အဓိဋ္ဌာန်တင်သာ ကထိန် ခင်းအပ်၏။ မအပ်ဟု မဟာအဋ္ဌကထာ၌ ဆိုလျက် ဤ အဋ္ဌကထာ၌ မဆို ခြင်းကား၊ မဟာအဋ္ဌကထာ စကားကို ဤ အဋ္ဌကထာ၏ ကိုယ်ထည်ပြုမည်။ မသင့်သည်ကို စွန့်မည်ဟု ဆိုထားပြီ။)

အရံသင်္ကန်း ဝေဖန်ခြင်း

[ဤသို့ ကထိန်ကို ခင်းပြီးသည်ရှိသော် ကထိန် သင်္ကန်းနှင့်အတူ ဆောင်ယူလာသော အာနိသင် သင်္ကန်းကို အကျွန်ုပ်တို့၏ ကထိန်ကို ခံယူသူအား လှူပါကုန်၏ဟု ဒါယကာတို့ ဆိုကုန်အံ့၊ ဘိက္ခု သံဃာသည် အစိုးမရ။ စိစစ်မူ၍သာ လှူသွားကုန်အံ့၊ ဘိက္ခု သံဃာသည် အစိုးရ၏။

ထိုကြောင့် ကထိန်ခင်း သူအား ကြွင်းသော သင်္ကန်းတို့လည်း ဒုဗ္ဗလ ဖြစ်ကုန်အံ့၊ ထို ဒုဗ္ဗလတို့၏ အကျိုးငှါလည်း သံဃာသည် ပန်ကြား၍ အဝတ်တို့ကို ပေးအပ်ကုန်၏။ ကမ္မဝါစာကား တစ်ကြိမ်သာ အပ်သည်။

ကြွင်းသော ကထိန် အာနိသင်၌ ဗလဝ ဝတ္ထ - ခိုင်သော အဝတ်ဟောင်းတို့ကို ဝါဆိုသင်္ကန်း ရပ်တန့်သော အစဉ်ဖြင့် ပေးအပ်ကုန်၏၊ အစဉ် မရှိအံ့၊ မထေရ်ကြီး နေရာမှ စ၍ ပေးအပ်ကုန်၏။ ဂရုဘဏ်ကိုကား မဝေဖန်အပ်။ တစ်ခုသော (ဥပစာရ) သိမ်၌ ကျောင်းတို့သည် များကုန်အံ့၊ ရဟန်းအားလုံး စည်းဝေး၍ တစ်နေရာ၌ ကထိန်ခင်းအပ်၏။ အသီးသီး ခင်းခြင်းငှါ မအပ်။]

(သာဋီ ... တစ်ကြိမ်သာ ဟူသည် ကထိန်ခင်းစရာ အဝတ်ကို ပေးသော ကာလ၌ ဟောသော တစ်ကြိမ်သာ ဖြစ်သော ကမ္မဝါစာသည် အပ်၏။ ထိုခင်းသူအား တစ်ဖန် တစ်ပါးသော အဝတ်ကို ပေးသောအခါ ကမ္မဝါစာဖြင့် ပေးဖွယ်ကိစ္စ မရှိ၊ အပ လောကနသာ ထိုက်၏ ဟူသော အဓိပ္ပါယ်တည်း။

ဝိဋီ ... ပန်ကြား၍ ဟူသော စကားသည် တစ်ပါးသော ဝါကျွတ်တို့အား မပေးဘဲ (ခင်းသူအား) ပေးလိုသူတို့ ပြုအပ်သော အစီအရင်ကို ပြသော စကားတည်း။ ကထိန် သင်္ကန်းကို ကဲ့သို့ ကမ္မဝါစာဖြင့် မပေးအပ် သောကြောင့် ပန်ကြား၍သာ ပေးအပ်၏-ဟူသော အဓိပ္ပါယ်တည်း။

ဇီဋီ ... တစ်ခုသော သိမ်၌ ဟူသည် တစ်ခုသော ဥပစာရ သိမ်၌ တည်း။ ကေစိတို့ကား ဗဒ္ဓသိမ်ကို အလိုရှိကုန်၏။ (ဝါဆိုခေတ်ကိုသာ ယူရသည် ဟူလို။) တစ်ခုသော သိမ်၌ တစ်နေရာ၌ ခင်းလျှင် နေရာ အားလုံး၌ ခင်းခြင်းဖြစ်၏။ အနုမောဒန ပြုသော ရဟန်းတို့သည်လည်း ခင်းခြင်းသာတည်း။ ဥပစာရဖြင့် ပိုင်းခြားအပ်သော ထိုထိုနေရာ၌ ရသော စီဝရကို ထိုရဟန်းတို့ ရအပ်၏။

“ထို၌ ဝင်လာသူတို့လည်း ခင်းပြီးသောကြောင့် ရအပ်၏။” ဤအထူးကို မဟာအဋ္ဌကထာ၌ ဆိုသည်ဟု ဆိုကုန်၏။ စူးစမ်းအပ်၏။)

(လင်္ကာဋီ ... အစဉ်မရှိအံ့ မထေရ်ကြီး နေရာမှစ၍ ဟု ဋ္ဌကထာ ဆိုသောကြောင့် အာနိသင် အရံသင်္ကန်းကို မဲချ၍ ဝေဖန်ခြင်းငှါ မသင့်ကြောင်း ထင်ရှား၏။ သာမဏေတို့အားလည်း ရဟန်းတို့နှင့်အတူ သီမဘာဂ ပေးအပ်၏။ အကာလ သင်္ကန်းကိုကား မိမိ ကိစ္စ၊ ဆရာ့ ကိစ္စလောက်သာ ရွက်ဆောင်၍ သံဃာ့ကိစ္စ မရွက်ဆောင်သော သာမဏေတို့အားသာ ထက်ဝတ်ပေးအပ်၏။

ကထိန်ခင်းသော သင်္ကန်းတစ်ထည်သာ ကထိန်သင်္ကန်း မည်၏။ ကြွင်းသော အဝတ်သင်္ကန်းတို့သည် အာနိသင်တို့ မည်ကုန်၏။ ခင်းသောနေ့၌ လှူသော သင်္ကန်းမှစ၍ နုတ်သောသောနေ့ တိုင်အောင် ဖြစ်သော သံဃိက သင်္ကန်း ဟူသမျှလည်း အာနိသင် တို့သာတည်း။ ခင်းသူတို့သည် အဝတ်သင်္ကန်းကိုသာ အစိုးရကုန်၏။ ကြွင်းသော လာဘ်ဟူသမျှကား ဥပစာရ သိမ်တွင်းရှိ သံဃာအားလုံး ဆက်ဆံ၏။)

မှတ်ဖွယ် အထူးထူး

ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း

အစ္စေက စီဝရသိက္ခာပုဒ်၌ ဝါဆို သင်္ကန်းကို မိမိတို့ကျောင်း၌ ဝါဆိုသည့်အတွက် သီတင်းကျွတ်မှ လှူကြသည်။ ဝါမပျက်သူသာ ယူအပ်၏။ ဝါမကျွတ်ခင် အဆောတလျှင် လှူအံ့၊ ထိုသင်္ကန်း ရသူ- ဝါ မပျက်စေရ။ ဝါပျက်လျှင် သံဃိက ဖြစ်၏။

ကထိန်၊ ကထိန် အာနိသင်ကိုလည်း ဝါ မပျက်သူအားသာ ယူအပ်၏။ ဝါဆိုသင်္ကန်း ရပ်တန့်သော အစဉ်ဖြင့် ကထိန် အာနိသင် ဆက်ဝေရသည်။

ဝါဆိုသင်္ကန်း၌ ပုဂ္ဂလိက အချို့ ရှိခြင်းကား ကထိန်အာနိသင်မှ ထူး၏။

တစ်ပါးတည်း ဝါဆိုသူ ကထိန်

စီဝရက္ခန္ဓက၌-ရဟန်းတစ်ပါးတည်း ဝါဆိုရာ၌ သံဃိက သင်္ကန်း ဖြစ်လာသည်ကို “ကထိန် နုတ်သည် တိုင်အောင် ထိုရဟန်းအားသာ ဖြစ်သည်” ဟု ခွင့်ပြုတော်မူ၏။ ကျောင်းတစ်ပါးသို့ ယူသွားသော်လည်း တစ်ပါးသံဃာ အစိုးမရ။ ဂဏ ပုရကရ၍ ကထိန်ခင်းလျှင် ငါးလအထိ၊ မခင်းလျှင် တန်ဆောင်မုန်းလပြည့်ထိ-ထိုရဟန်းအားသာ ဖြစ်သည်ဟုဖွင့်၏။

ဇီဋီ၌ ... ကထိန် နုတ်သည်တိုင်အောင် ဟူသောစကားဖြင့် တစ်ပါးတည်း ဝါဆိုသော်လည်း ဂဏ ပုရကရလျှင် ကထိန်ခင်းကောင်း၏-ဟု ကွယ်ဝှက်သော အနက်ကို ပြသည်ဟု ဖွင့်၏။

အချို့ကား ထိုသံဃိက သင်္ကန်းဖြင့်ပင် ကထိန် ခင်းကောင်းသည်ဟု ချွတ်ကုန်၏။ မခင်း တစ်လ၊ ခင်း ငါးလနှင့် မညှိမိသော ကြောင့်တည်း။

ထိုကြောင့် ဣမံ ကထိန စီဝရံ သံဃဿ ဒေမ-ဟု လှူသော သင်္ကန်းကို ရလျှင် အခြားမှ လေးပါးကို ပင့်၍၊ ဝါ-လေးပါးထံ သွား၍ ကံဆောင်ရာ သိမ်၌ ကမ္မဝါစာဖြင့် ပေးစေ၍ မိမိ၏ ဝါဆိုခေတ် ဥပစာရ သိမ်၌ ကထိန် ခင်းအပ်၏။

ဤသို့ ခင်းလျှင် မခင်းမီ လည်းကောင်း၊ ခင်းပြီးမှ လည်းကောင်း ရသော ထို သံဃိက သင်္ကန်းကို ငါးလ အတွင်း ဝါ-ကထိန် မနုတ်မီအတွင်း နှစ်ပုံပြု၍ - ငါအား ရောက်၏။ ငါအား ရောက်၏-ဟု တစ်ပါးတည်း ဝေယူအပ်၏။

ဤသို့ မဝေဘဲ ငါးလလွန်လျှင် ရောက်လာသော ရဟန်းနှင့် အညီအမျှ ဝေယူအပ်၏။

တစ်ကျောင်းမှ လာဘ်အပြစ်

စီဝရက္ခန္ဓက၌ ဒွေဘာတိက မထေရ် နှစ်ပါးသည် တစ်ပါးသော ကျောင်းသို့ ရောက်၍ သံဃိကသင်္ကန်း ဝေစုလာပေးသည်ကို ထို သင်္ကန်းသည် ကထိန် နုတ်သည်တိုင်အောင် သင်တို့အားသာ ဖြစ်သည်ဟု မိန့်ဆိုကုန်၏။ ရှင်ဥပနန္ဒ ကား ယူ၏။ ထိုကြောင့် ချစ်သားတို့၊ တစ်ကျောင်းမှ ဝါကျွတ်သူသည် တစ်ကျောင်း၌ သင်္ကန်းအဖို့ကို မသာယာအပ်၊ ဒုက္ကဋ်-ဟု ပညတ်တော်မူသည်။

ထာ၌ - ထိုသင်္ကန်းကို ပြန်ပေးအပ်၏။ ပျောက်ပျက်လျှင် ဘဏ္ဍာစား ပေးအပ်၏။ မပေးတော့အံ့ဟု ဝန်ချလျှင် ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏-ဟု ဖွင့်သည်။ ထိုကြောင့် အရံသင်္ကန်းတို့ကို သံဃိက ရေစက်ချ၍ ဝေစုခွဲပေး သည်ကို သတိကြီးစွာ ထားသင့်၏။ ပန်ကြားပေးလျှင် သင့်တော်၏။ ဒါယကာတို့၏ ပုဂ္ဂလိက အသီးသီး လှူရာ၌ အပြစ်ဆိုဖွယ်မရှိ ဘုရားရှင် ခွင့်ပြုသော သင်္ကန်း လာဘ်ကို အလေးပြုအပ်၏။ အာနိသင် ငါးပါး ရမှုကိုကား ပိုမို၍ အလေးပြုအပ်၏။

တစ်ပါးတည်း ကထိန်နှစ်ခု

စီဝရက္ခန္ဓက၌ ရှင်ဥပနန္ဒ နှစ်ကျောင်း ဝါဆိုရာ၌ နှစ်ကျောင်းလုံးမှ တစ်ပါးစာ၏ ထက်ဝက်စီ ပေးအပ်၏-ဟု ခွင့်ပြုတော်မူသည်။ နာနာလာဘ၊ နာနု ပစာရ၊ ဧကသီမာ ဝိဟာရတို့ဖြင့် ထို စကားကို ခွင့်ပြုသည်ဟု ဖွင့်သည်။

အမြဲဝါဆို လာဘ်ကွဲလျှင် နာနာ လာဘ၊ အရံသီးခြား တံခါး သီးခြားလျှင် နာနုပစာရ၊ ဝါဆိုခေတ် ဥပစာရ သိမ်တစ်ခုတည်းဖြစ်လျှင် ဧကသီမာ ဝိဟာရ ဖြစ်၏။ ဥပစာရသိမ် တခြားစီဖြစ်လျှင် ဝါကျိုး၏။ နှစ်ကျောင်းလုံးမှ လာဘ်မရထိုက်။

ဇီဋီ … ကျောင်းနှစ်ခုတို့၌ သော်လည်း ရှင်ဥပနန္ဒအား ကထိန်ုခင်းခြင်း ပြီးပုံကို (ကထိန်နှစ်ခု ပြီးပုံကို) ပြသည်ဟု ဆို၏။ ထိုကြောင့် နာနာ လာဘ၊ နာနုပ စာရဖြစ်လျှင် ဧကသီမာ ဝိဟာရတို့၌ အသီးသီး ကထိန်ခင်းနိုင်၏။

အခြား၌ ကထိန်ကပ်ပုံ

စီဝရက္ခန္ဓက-သီမာယဒေတိ အဖွင့်၌ သိမ်၊ ၁၅-ပါး အမည်ဖြင့် သံဃိက သင်္ကန်း လှူလျှင် ထိုထို သိမ် တစ်ခုခုအတွင်းရှိ သံဃာသာ ယူရသည်။ တမ္ပဏ္ဏိဒီပေ သံဃဿ ဒေမ-ဟု ဇမ္ဗူဒိပ်၌ နေ၍ လှူလျှင် တမ္ပပဏ္ဏိဒီပ သံဃာသာ ရနိုင်သည်။ သံဃိကလာဘ် ဝေဖန်လျှင် ဥပစာရ သိမ်တွင်းရှိ သမ္မုခိဘူတ သံဃာဖြင့်ပိုင်း၍ ဝေဖန်အပ်၏။ ပြင်ပ၌ ဝေဖန်လျှင် ၁၂- တောင် တစ်စပ်တည်း အဆက်ဆက် သံဃာဖြင့် ဝေဖန်အပ်၏။

အကာလ သင်္ကန်းကို ဝဖန်ဘဲ ယူသွားလျှင် ရောက်ရာရောက်ရာ၌ သံဃိက ဖြစ်၏။ အသုက ပိဟာရေ ဝဿံ ဝုတ္တ သံဃဿ ဒေမ-ဟု လှူလျှင် ထို သုံးသပ်ရာကျောင်း ဝါကျွတ် သံဃာအားသာ ကထိန် နှုတ်သည်တိုင်အောင် ရောက်၏-ဟု ဆိုသည်။

ထိုကြောင့် တစ်ပါးသော အရံတွင်း၌သော်လည်း- ဣမံ ကထိန စီဝရံ အသုက ဝိဟာရေ သံဃဿ ဒေမ-ဟု ဆို၍ လှူအံ့၊ ထို သုံးသပ်ရာ ကျောင်း၌သာ သံဃိကဖြစ်၍၊ ထိုကျောင်းအတွက်သာ ကမ္မဝါစာ ဖတ်၍ ထိုကျောင်းအတွင်း၌ ကထိန်ခင်းအပ်၏။

အရံပ၌ - ဣမံ ကထိနစီဝရံ သံဃဿ ဒေမ-ဟု ကျောင်းအမည် မသုံးသပ်ဘဲ လှူအံ့၊ ထိုသင်္ကန်း သွင်းရာ ကျောင်း၌ သံဃိက ဖြစ်၍ ကမ္မဝါစာဖတ်၍ ကထိန် ခင်းအပ်၏။ ကမ္မဝါစာမဖတ်မီ တစ်ကျောင်းသို့ ရွှေ့ပြောင်းအံ့။ ထိုရောက်ရာ၌ သံဃိက ဖြစ်၍ ကမ္မဝါစာဖတ်၍ ခင်းအပ်၏။

ဒက္ခိဏ ဝိဘင်္ဂသုတ္တန် သံဃိက ခုနစ်ပါးမှ ထူးသော နည်းရှိသော ဝိနည်းဖြစ်၏။ သာသနာ ငါးထောင်တွင်း ရှိပြီး၊ ရှိဆဲ၊ ရှိလတ္တံ့ သံဃာကုန်ကို အာရုံပြု၍ ကထိန် လှူရမည်-ဟု အချို့ ဆိုကုန်၏၊ အလွန်ကောင်း၏။ ဤသို့ အာရုံ မပြုလျှင် နုတ်ဆိုတိုင်း သံဃိက မဖြစ်၊ ကထိန်မမြောက်ဟု ဆိုကုန်အံ့၊ ဝိနည်းနှင့် သုတ္တန်ကို မဝေခွဲသဖြင့် ဝိနည်းကို ထိခိုက်သူ အဖြစ်သို့ ရောက်ကုန်ရာ၏။

ပရိဝါမှ ကောက်နုတ်ချက်

ကထိန်ခင်းသည်နှင့် တစ်ပြိုင်နက် နုတ်ခြင်း မာတိကာ ရှစ်ပါး၊ ပလိဗောဓ နှစ်ပါး၊ အာနိသင် ငါးပါး-ဤ ၁၅-ပါး တို့သည် ဖြစ်ကုန်၏။ သံဃာသည် မူလ ဖြစ်၏။ လေးပါး သံဃာမျှ မရလျှင် မခင်းနိုင်သောကြောင့်တည်း။ အင်္ဂါရှစ်ပါး ပြည့်စုံသူသည် ကထိန်ခင်းထိုက်၏။

ပုဗ္ဗကရဏ သိခြင်း၊ ပစ္စုဒ္ဓိရ် သိခြင်း၊ အဓိဋ္ဌာန် သိခြင်း၊ ခင်းပုံ အစီအရင် သိခြင်း (၄)

မာတိကာ သိခြင်း၊ ပလိဗောဓ သိခြင်း၊ ဥဒ္ဓါရသိခြင်း၊ အာနိသင် သိခြင်း(၄) ဤရှစ်ပါးတည်း။

(ခန္ဓကဆောင်တို့ ပြောပြ၍ သိလျှင်လည်း အင်္ဂါပြည့်၏။)

ပုဗ်၊ ပစ်၊ ဓိဋ္ဌိ၊ တ္တာ (၄)၊ မာ၊ ဗောဓာ (၂)၊ ဥဒ်၊ အာ (၂)-ရှစ်ခုသိ။

ကထိန် ခင်းထိုက်-ပုဂ္ဂိုလ်၌-တိုက်ရိုက် ရှစ်အင်ပြည့်။

ဖွပ်၊ စီရင်၊ ဖြတ် (၃)၊ တည်းစပ်၊ ချုပ်၊ ဆိုး (၃)၊ ဗိန္ဒုထိုး (၁)-ခေါ်ရိုး ပုဗ္ဗ ကရဏတည်း။

ဥပစာရ သိမ်တွင်း၌ မတည်ဘဲ အနုမောဒနာ ပြုသူ၊ နှုတ်မမြွက်ဘဲ အနုမောဒနာပြုသူ၊ သူတစ်ပါး မသိစေဘဲ အနုမောဒနာပြုသူ - သုံးယောက်ထံ ကထိန်မရောက်။ ဒုကုဋ်ဖြင့် ခင်းလိုအံ့၊ ယခင် အဓိဋ္ဌာန်တင်ထားသော ဒုကုဋ်ကို - ဣမံ သံဃာဋိံ ပစ္စုဒ္ဓရာမိ - ဟု အဓိဋ္ဌာန် ချ၍၊ ယခု ဒုကုဋ်ကို ဣမံ သံဃာဋိံ အဓိဋ္ဌာမိ-ဟု အဓိဋ္ဌာန်တင်၍၊ ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ-ဟု ဆို၍ ခင်းအပ်၏။ သံဃာကို အတ္ထတံ ဘန္တေ စသည်ဖြင့် တိုက်တွန်းအပ်၏။ သံဃာသည် အတ္ထတံ ဘန္တေ စသည်ဖြင့် အနုမောဒနာ ပြုအပ်၏။ ကိုယ်ရုံဖြင့်၊ သင်းပိုင်ဖြင့် ခင်းလိုရာ၌လည်း ယခင်နည်း မှီး၍ သိအပ်၏။

ဝိနည်းတုများ

အချို့ အဓိဋ္ဌာန်တင်ထားသော သင်္ကန်း မရှိသဖြင့် စာဆိုနှင့်ညီအောင် ခင်းကာနီးမှ အဟောင်းတစ်ထည်ကို ယခုတင်၊ ယခုချ၍ အသစ်ကိုတင်၍ ခင်းကုန်၏။

အချို့ကား သင်္ကန်း အပြီးကို လှူရာ၌ စီဝရ ပလိဗောဓ ပြတ်ပြီးဖြစ်၍ အာနိသင် မရဟု သင်္ကန်းလျာ ပိတ်တစ်တောင်ခန့်ကို အပ်၊ အပ်ချည်နှင့်တကွ လှူကြလော။ သို့မှ စီဝရ ပရိဗောဓ ရှိ၍ အာနိသင် ရနိုင်သည်ဟု သွန်သင်ကုန်၏။ ဝိနည်း ဗဟုဿုတ ဆည်းပူးခြင်း မပြုသော်လည်း၊ ဝိနည်းကို အလေးပြုလိုခြင်းကား ထင်ရှားပေ၏။

ဝိနည်း၌ လေ့လာခြင်း နည်းလျက် ဝိနည်းကို အလေး ပြုသူသည် ကိုယ်ကျိုးနည်းအောင် မှားခဲပေသည်။ ခင်းပြီးသော ကထိန်ကို နုတ်၍ တစ်ဖန် ခင်းခြင်းကိုလည်း အချို့ အလိုရှိကုန်၏။ သိမ်ကိုနုတ်၍ သမုတ်သကဲ့သို့ဟု ဥပမာ ပြုကုန်၏။ ကထိန်မခင်းသူတို့- သံဃာလာဘ် အညီအမျှ ရစေခြင်းငှါ နုတ်ခြင်းကို ခွင့်ပြုသည်။ ထိုကိုလည်း ခင်းသူတို့ ရထိုက်သော လာဘ်မယုတ်အောင် လှူနိုင်သူတို့က တော်းပန်မှ နုတ်ရသည်။ တစ်ဖန် ခင်းခြင်းငှါ နုတ်သည် မဟုတ်။ သို့ရာတွင် နုတ်၍ တစ်ဖန် ခင်းလျှင် သင်္ကန်းရခြင်း အကျိုးကား ရှိ၏။ ကထိန်မြောက်သော် လည်းကောင်း၊ မမြောက်သော် လည်းကောင်း လှူသည်ကို ယူရာ၌ အပြစ်မရှိ။

အချို့ အချို့လည်း-ကထိန် အာနိသင်၌-မပန်ဘဲ နေလွဲ ရွာဝင်လျှင် အပြစ်မရှိ-ဟူ၍ လည်းကောင်း၊

ဣမာယ သံဃာဋိယာ ကထိနံ အတ္တရာမိ-ဟု ခင်းခြင်းကို ငါးပါး ရှေ့၌သာ ခင်းရသည်။ ငါးပါးမရှိလျှင် မခင်းကောင်း ဟူ၍ လည်းကောင်း၊

မလှူမီ ကထိန်သင်္ကန်းကို ကျောင်းဝိုင်းတွင်း မသွင်းကောင်း၊ လမ်းဖြတ်၍ပင် မသွားကောင်း ဟူ၍ လည်းကောင်း၊

ကထိန်မြောက်အောင် မခင်းလျှင် ပြန်ပေးရသည်။ မပေးလျှင် အလွဲသုံးစားခြင်း ဟူ၍ လည်းကောင်း၊

မြောင်းတလုပ် ချုပ်ချုပ်သမျှ ဖြတ်၍ချည်း ချုပ်မှ ကထိန်အပ်သည် ဟူ၍ လည်းကောင်း၊

တစ်ဆယ့် တစ်ခန်းထက် များလျှင် မအပ် ဟူ၍ လည်းကောင်း၊

သီမာ တိက္ကန္တိက ကထိန်နုတ်ခြင်း၌ သီမာသည် ကျောင်းဝိုင်းဖြစ်သည်။ တပေါင်းလပြည့် မဟုတ်နိုင် ဟူ၍ လည်းကောင်း။

မိုးပေါ်ကျ ဟူသည် ဘယ်သူကိုမျှ မရည်ရ၊ သံဃာကိုလည်း မရည်ရ - ဣမံ ကထိနစီဝရံ ဒေမ-ဟု လှူရသည် သံဃဿ ထည့်လျှင် ပျက်သည် ဟူ၍ လည်းကောင်း ဆိုကုန်၏။

ဝိနည်းတုတို့သည် များကုန်၏။ နောင်အခါလည်း အနည်းနည်း ပေါ်နိုင်ကုန်သေး၏။

ပရိယတ္တိ သာသနာကို မထီမဲ့မြင် ပြုခြင်းလျှင် အကြောင်းရင်းတည်း။

ကထိနက္ခန္ဓက ပြီး၏။

၈ - စီဝရက္ခန္ဓက

ဆရာ ဇီဝက အကြောင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကလန္ဒက နိဝါပ၌ နေတော်မူ၏။ ထိုအခါ ဝေသာလီပြည်သည် (၇၇ဝ၇) ခုနစ်ထောင် ခုနစ်ရာ ခုနစ်ခုစီ ဖြစ်သော ပြာသာဒ်၊ စုလစ် မွန်ချွန်၊ အရံ၊ ရေကန်ရှိ၏။ လွန်စွာ စည်ကား၏။ တစ်ညဥ့် ငါးဆယ်ဖြင့် အလွန်ဆင်းရဲလှသော အမ္ဗပါလိကာ ပြည့်တန်ဆာ ကြောင့်လည်း အလွန်တင့်တယ်၏။ ရာဇဂြိုဟ် ပြည်သားတို့သည် ထို အကြောင်းကို ဗိမ္ဗိသာရမင်းကြီးထံ လျှောက်တင်ကုန်၏။

ရာဇဂြိုဟ်ပြည်၌လည်း သာလဝတီကို (ပစ္စည်းများစွာ ချီးမြှောက်၍) ပြည့်တန်ဆာအရာ တစ်ညဥ့် တစ်ရာဖြင့် ထားကုန်၏။ ထိုနောက် သာလဝတီသည် သား ယောကျ်ားဖွား၍ ကတ္တရသုပ္ပ - ဆွေးသော စကော၌ ဝါ-စကောဆိုး၌ ထည့်၍ အမှိုက်ပုံ၌ စွန့်စေ၏။ အဘယမင်းသားသည် ထိုသူငယ်ကိုမြင်၍ မွေးမြူ၏။ ဇီဝကဟု အမည်မှည့်၏။

ဇီဝကသည် အရွယ်ရောက်လတ်သော် မင်းသား မွေးမြူသည်ကိုသိ၍ (ရှေးဆုတောင်းကြောင့်) ရှေး ပညာသင်လိုသဖြင့် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆေးဆရာထံသွား၍ (၁၆-နှစ် သင်ရသော) ဆေးပညာကို ခုနစ်ဖြင့် သင်ယူ၏။ ဝန်းကျင် တစ်ယူဇနာ အတွင်း ဆေးဘက် မဝင်သော ဝတ္ထု တစ်စုံတစ်ခုကို မမြင်၊ ပညာစုံလင်၍ ရိက္ခာအနည်းငယ်ယူကာ ပြန်လာ၏။

သာကေတပြည်တွင် ရိက္ခာပြတ်ခိုက် ခုနစ်နှစ် ခေါင်းကိုက်နာစွဲသော သူဌေးကတော်ကို ထောပတ်၌ ဆေးထည့် ချက်၍ နှာနှပ်ခြင်း တစ်ကြိမ်ဖြင့် ရောဂါကင်းစေ၏။ ရောဂါကင်းလတ်သော် သူဌေးကတော်သည် လေးထောင် ပေး၏။ သားသည် လေးထောင်၊ ချွေးမသည် လေးထောင်၊ သူဌေးကြီးသည် လေးထောင်နှင့် ကျွန်ထီး ကျွန်မ၊ မြင်းရထား တို့ကို ပေးကုန်၏။

ဇီဝကသည် ရာဇဂြိုဟ်သို့ ရောက်သောအခါ အဘယ မင်းသားအား ထိုပစ္စည်းတို့ဖြင့် မွေးကျေးဇူး ဆပ်၏။ အဘယ မင်းသားသည် မယူဘဲ နေအိမ်ဆောက်စေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးအား မြင်းသရိုက် သွေးကျနာ ဖြစ်၏။ အဝတ်၌ အလိမ်းလိမ်း ကပ်၏။ မိဖုရားတို့သည် ငါတို့ မင်းကြီး ဥတုပန်းပွင့်ပြီ၊ မကြာခင် ဖွားမြင်လတ္တံ့ဟု ပြက်ရယ်ပြုကုန်၏။ ဇီဝကသည် ဆေးလိမ်းခြင်း တစ်ကြိမ်ဖြင့် ရောဂါကင်းစေ၏။

မင်းကြီးသည် မိန်းမငါးရာကို တန်ဆာ အားလုံး ဆင်စေပြီးလျှင် ချွတ်ပုံစေ၍ ပေး၏။ အရင်မင်းကြီး မယူလိုပါ၊ ကျေးဇူးကို အောက်မေ့တော်မူပါ-ဟု လျှောက်တင်၏။ မင်းကြီးသည် (နေအိမ်၊ သရက်ဥယျာဉ်၊ အခွန် တစ်သိန်းထွက်လော ရွာကို ပေး၍) ငါ့ကို လည်းကောင်း၊ မောင်းမ အပေါင်းကို လည်းကောင်း၊ ဗုဒ္ဓမုခ သံဃာကို လည်းကောင်း လုပ်ကျွေးလော့ဟု ဆို၏။

ထိုအခါ ရာဇဂြိုဟ် သူဌေးအား ခေါင်းကိုက်နာ ခုနစ်နှစ် စွဲ၏။ ဆေးသမားတို့သည် နောက် ငါးရက် ဟူ၍ လည်းကောင်း၊ ခုနစ်ရက် ဟူ၍ လည်းကောင်း၊ ရက်ပိုင်း၌ လက်လွှတ်ကုန်၏။ ဆရာဇီဝကသည် ဦးခေါင်းခွံကို ခွါ၏၊ ပိုးနှစ်ကောင်ကို မြင်၍ ဦးဏှောက် ပိုးကြီးစားလျှင် ငါးရက်ဖြင့်၊ ပိုးငယ်စားလျှင် ခုနစ်ရက်ဖြင့် ဦးဏှောက်ကုန်၍ သေလတ္တံ့ဟု ဆို၍ ခုနစ်ရက် သုံးလီဖြင့် ရောဂါ ကင်းစေ၏။ ရောဂါကင်းလတ်သော် သူဌေးကြီးသည် စည်းစိမ်အားလုံး အပ်နှင်း၍ ကျွန်အဖြစ် ဝန်ခံ၏။ သူဌေးကြီး ဤသို့ မပြုပါနှင့်၊ ဘုရင်မင်းမြတ်အား တစ်သိန်း၊ ကျွန်ုပ်အား တစ်သိန်းပေးပါလောဟု ဆို၏။

ထိုအခါ ဗာရာဏသီ သူဌေးသားအား ကျွမ်းကစားခြင်းဖြင့် အူထုံးနာ ဖြစ်၏။ စားသောက်သမျှ အစာမကြေ၍ ပိန်ချုံး၏။ ဆရာဇီဝကသည် ဝမ်းခွဲ၍ အူထုံးဖြေ၍ ရောဂါကင်းစေ၏။ ရောဂါကင်းလတ်သော် တစ်သောင်း ခြောက်ထောင် ပေး၏။

ထိုအခါ ဥဇ္ဇေနီပြည် ပဇ္ဇောတ မင်းကြီးအား ဖျော့တော့သော အနာဖြစ်၏။ ဗိမ္ဗိသာရမင်းကြီး အမိန့်ဖြင့် သွား၍ ကြည့်ရှု၍ ထောပတ်ဆေး စီရင်မည်ဟု ဆို၏။ အချင်း ဇီဝက၊ ထောပတ်မပါသော ဆေးဖြင့် ကုပါ၊ ထောပတ်ကို ငါ စက်ဆုပ်သည် ဟု ဆို၏။ [ဤ မင်းသည် ကင်းနှင့် စပ်၏။ ထောပတ်သည် ကင်း အဆိပ်ပယ် ဆေးဖြစ်၍ ကင်းတို့ စက်ဆုပ်ကုန်၏။]

ဆရာဇီဝကသည် ထောပတ် မပါလျှင် ဤရောဂါ မပျောက်နိုင်ဟု ကြံ၍ ဖန်ရည်အဆင်း၊ အနံ့၊ အရသာ ဖြစ်အောင်ပြု၍ ဖန်ရည်ဆေးကို သောက်ပါဟု ဆေးတိုက်ပြီးလျှင် (အလုပ်အကျွေးတို့အား အာဟာရ အစီအရင်ကို ပြောကြား၍) ဆေးမြစ်ကို ရှာလိုဟန်ဖြင့် (တစ်နေ့) ယူဇနာ ငါးဆယ်သွားသော ဘဒ္ဒဝတိကာ ဆင်မကို ယူစီး၍ ထွက်ပြေး၏။

မင်းကြီးသည် ဆေးသောက်၍ လေတက်သောအခါ ထောပတ်ဟု သိ၍ အချင်းတို့၊ ဆရာမိုက်သည် ငါ့ကို ထောပတ်တိုက်သည်၊ ခေါ်စေလောဟု ဆို၏။ ထွက်ပြေးပြီဟု သိလတ်သော် တစ်နေ့ ယူဇနာ ခြောက်ဆယ်သွားသော ကာက မည်သော ကျွန်ကို စေလွှတ်၏။ ကောသမ္ဗိ၌ နံနက်စာ စားနေစဉ် ရောက်သွား၏။

ကာက လာလေ၊ ထမင်းစားဦးဟု ဆိုလတ်သော် ဆေးဆရာတို့သည် မာယာများကုန်၏။ ဘာမျှ မယူနှင့်ဟု မင်းကြီး မှာလိုက်သည်ဟု ဆို၏။ ထိုအခါ ဇီဝကသည် လက်သည်းဖြင့် ဆေးတို့ကို ဟူ၍ သျှိသျှားသီးကိုစား၍ ရေသောက်ပြီးလျှင် ကာကအား ပေး၏။ ကာက သည် ဤဆေးသမားပင် စားသေးသည် ကိစ္စမရှိတန်ဟု တစ်ခြမ်းမျှ စား၏။ စားပြီးလျှင် ထိုနေရာ၌ပင် ဝမ်းလျှော၍ အကျွန်အား အသက်မျှ ရှိသေးရဲ့လားဟု ဆို၏။ မကြောက်ပါနှင့်၊ သင် ရောဂါကင်းပါ လိမ့်မည်၊ ငါ မပြန်ပြီဟု ဆို၍ ဆင်မဖြင့် ပြန်၍ လွှတ်လိုက်၏။

ပဇ္ဇောတ မင်းသည် ရောဂါကင်းလတ်သော် ဆရာဇီဝက လာပါလေ၊ ဆုချလိုပါသည်ဟု တမန်စေလိုက်၏။ အရင်မင်းကြီး သင့်လျော်ပါပြီ၊ ကျေးဇူးကို အောက်မေ့ပါ-ဟု ဆိုသဖြင့် အလွန် အဖိုးထိုက်သော သိဝေယျက အဝတ် တစ်စုံကို ပို့လိုက်၏။ ဆရာဇီဝသည် ဤ အဝတ်ကား အလွန်ကောင်း၏၊ မြတ်စွာဘုရားကို လည်းကောင်၊ ဗိမ္ဗိသာရမင်းကြီးကို လည်းကောင်း ဖယ်ထား၍ ထိုက်တန်သူ မရှိဟု ကြံစည်၏။

ထိုအခါ မြတ်စွာဘုရား၏ ကိုယ်တော်သည် သည်းခြေ၊ သလိပ်ဒေါသ များ၍ ချစ်သား အာနန္ဒာ၊ ဝမ်းနုတ်ဆေးကို သောက်လိုသည်ဟု မိန့်တော်မူ၏။ ရှင်အာနန္ဒာသည် ဆရာ ဇီဝကထံ သွား၍ ထို အကြောင်းကို ပြောပြ၏။ ဆရာဇီဝကသည် ဘုရားရှင်ကို နှစ်ရက် သုံးရက် ဆီသောက်စေ၏။ (ဆီသည် စမြင်းဒေါသ တို့ကို စွတ်စိုစေ၏၊ အကြောတို့ကို နူးညံ့စေ၏။) ထိုနောက် ကြမ်းသော ဝမ်းနုတ်ဆေးကို မပေးဘဲ ဆေးထုံသော ကြာပန်းသုံးလက်ကို ဆက်ကပ်၏။ ရှူခြင်းဖြင့် တစ်လက် ဆယ်ကြိမ်စီ-အကြိမ် သုံးဆယ် လျောစေ၍၊ ထူသ ပိဏ္ဍပါတ-အရည်ဖြစ်သော ထမင်းဖြင့် ကျန်းမာစေ၏။

ပဇ္ဇောတမင်း

[မြတ်စွာဘုရား မပွင့်မီ အမျိုးသားတစ်ဦး ထမင်း စားခြင်းငှါ ထိုင်နေစဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးသည် တံခါးအနီး၌ ရပ်၍ ကြွသွား၏။ ကြွသွားမှ သိရ၍ လူတစ်ယောက်ကို သပိတ် လိုက်ယူစေ၍ စီရင်ထားသော ထမင်းအားလုံး ထည့်၍ ပြန်ပို့စေ၏။ ထို စေအပ်သောသူသည် ပစ္စေကဗုဒ္ဓါ၏ လက်တော်၌ ကပ်လှူ၍ အရှင်ဘုရား၊ ယခု ပြုရသော ကာယဝေယျာဝစ္စ ကုသိုလ်ကြောင့်၊ ဖြစ်ရာဘဝ၌ ယာဉ်နှင့် ပြည့်စုံရပါလို၏ဟု ဆုတောင်း၏။

ထိုသူသည်-ယခု ပဇ္ဇောတမင်းဖြစ်၍ ယာဉ်ငါးပါးနှင့် ပြည့်စုံ၏။ ယူဇနာ ၅ဝ-သွားသော ဘဒ္ဒဝတိကာ ဆင်မ၊ ယူဇနာ ၁ဝဝ-သွားသော နာဠာဂီရိဆင်၊ ယူဇနာ- ၁၂၀ သွားသော စေလကဏ္ဏ မြင်းနှင့် မုဉ္စကေသ မြင်း၊ ယူဇနာ ၆ဝ- သွားသောကာက မည်သောကျွန်။ ဤကား ယာဉ်ငါးပါးတည်း။]

သိဝေယျက အဝတ်

[သိဝေယျက ဟူသည် မြောက်ကျွန်း၌ အမင်္ဂလာ အဝတ်ဖြစ်၏။ လူသေကို ထိုအဝတ်ဖြင့် ပတ်၍ သုသာန်၌ ပစ်ကုန်၏။ ငှက်ဆင်တို့သည် အသားတုံးဟု ချီ၍ ဟိမဝန္တာ တောင်ထွတ်၌ ထား၍ အဝတ်ကိုပယ်၍ စားကုန်၏၊ တောသား မုဆိုးတို့သည် ထိုအဝတ်ကို မြင်၍ မင်းကြီးအား ဆောင်၍ ဆက်သကုန်၏။ သိဝိတိုင်းသူ မိန်းမတို့သည် အမျှင် သုံးခုဖြင့် ချည်ငင်၍ ရက်သော အဝတ် ဟူသည်လည်း ဆိုကုန်၏။ မြောက်ကျွန်း သုသာန်အဝတ်၊ ဝါ-သိဝိတိုင်း ဖြစ် အဝတ်-တည်း။]

ဘုရားဆွမ်းတော်နှင့် ဘုရင်

မြတ်စွာဘုရား ရောဂါကင်းသောအခါ ဆရာဇီဝကလာ၍ မြတ်စွာဘုရား၊ ယနေ့ မြို့သားများ အလှူ လှူလိုကြပါသည်။ ရွာတွင်းသို့ ဆွမ်းခံ မကြွပါနှင့်ဦးဟု လျှောက်၏။ ရှင်မောဂ္ဂလာန်သည်၊ သူဌေးသား သောဏ အိမ်မှ ဆွမ်းခံ၍ ဘုရားရှင်အား ဆွမ်းတော်ကပ်၏။ ထို သူဌေးသားသည် နို့ရည်ဖြင့် ထွန်၍ စိုက်သော သလေးကို နံ့သာထုံ၍ ချက်စား၏။

ဗိမ္ဗိသာရမင်းကြီးသည် ယနေ့ မြတ်စွာဘုရား အဘယ်ကို ဘုဉ်းပေးလတ္တံ့နည်းဟု ကျောင်းတော်သို့ သွား၍ ဝင်လတ်သော် ဆွမ်းတော်အနံ့ဖြင့် စားလိုသော အာသာဖြစ်၏။ ဘုရားရှင် ဖြစ်အံ့သောနေ့ သုဇာတာ လှူသောဆွမ်း၊ ပရိနိဗ္ဗာန် စံအံ့သောနေ့ စုန္ဒ လှူသော ဆွမ်း-ဤဆွမ်း နှစ်ခုတို့၌ ခွက်၌ နတ်တို့ ဩဇာ ထည့်ကုန်၏။

မြတ်စွာဘုရားသည်၊ မင်းကြီးအား ဩဇာမထည့်သေးသော ဆွမ်းအနည်းငယ်ကို ပေးစေ၏။ မင်းကြီးသည် သုံးဆောင်၍ မြောက်ကျွန်းမှ ဆောင်သော ဆွမ်းလောဟု မေး၏။ သောဏအိမ်မှဟု သိလတ်သော် သောဏကို မြင်လို၍ စမ္မက္ခန္ဓက၌ ဆိုသော နည်းဖြင့် လူရှစ်သောင်းနှင့် သောဏ လာအောင်ပြု၏။ လူရှစ်သောင်း သောတာပန်တည်၏။ သောဏ ရဟန်းပြု၍ ရဟန္တာ ဖြစ်၏။ ထိုအကျိုးမြင်၍ မြတ်စွာဘုရားသည် မင်းကြီးအား ဆွမ်းတော်ကို ပေးစေသည်။ ဆွမ်းကိစ္စပြီးသောအခါ ဆရာဇီဝကသည် သိဝေယျက အဝတ်စုံ လာလှူ၏။]

(ဤ၌ ဗိမ္ဗိသာရမင်းကြီး ဘုရား ဆွမ်းတော်တင်ကို စားခြင်း ထင်ရှား၏။)

တကာလှူ သင်္ကန်းခွင့်

မြတ်စွာဘုရား၏ ကိုယ်တော် ပကတိအတိုင်း ကျန်းမာသောအခါ ဆရာဇီဝကသည် သိဝေယျက အဝတ်စုံကိုယူ၍ ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၊ တစ်ခုသောဆုကို တောင်းလိုပါသည်ဟု လျှောက်၏။ ဇီဝက ဘုရားရှင်တို့သည် ဆုကို နှစ်သက်ကုန်၏။ မြတ်စွာဘုရား၊ အပ်ပါသည်။ အပြစ်မရှိပါ။ ဇီဝက ဆိုလော၊ မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် လည်းကောင်း၊ ရဟန်း သံဃာသည် လည်းကောင်း၊ ပံ့သကူသင်္ကန်း ဆောင်ကြပါသည်။ ဤအဝတ်စုံကို အလှူခံတော်မူပါ၊ ရဟန်း သံဃာအားလည်း ဒါယကာ လှူသော သင်္ကန်းကို ခွင့်ပြုတော်မူပါဟု လျှောက်၏။

မြတ်စွာဘုရားသည် အလှူခံ၍ ဇီဝကကို တရားဟောပြီးလျှင် ရဟန်းတို့ကို ချစ်သားတို့၊ ဂဟပတိ စီဝရံ- ဒါယကာ လှူသော သင်္ကန်းကို ခွင့်ပြု၏။ တကာလှူ၊ ပံ့သကူ- အလိုရှိရာ သာယာလေလော၊ တစ်ခုခုဖြင့် ရောင့်ရဲခြင်းကို ငါဘုရာ၊ ချီးမွမ်း၏ဟု ခွင့်ပြုတော်မူ၏။ ရာဇဂြိုဟ် မြို့သားတို့သည် ထိုအကြောင်းကို သိ၍ အားထုတ်ကုန်၏။ တစ်နေ့တည်းဖြင့် သင်္ကန်း ထောင်ပေါင်း များစွာ ရာဇဂြိုဟ်၌ ဖြစ်ကုန်၏။

ဇနပုဒ်သားတို့လည်း ထိုအတူ အားထုတ်ကုန်၏။ ထောင်ပေါင်း များစွာ ဇနပုဒ်၌ ဖြစ်ကုန်၏။

ထိုအခါ သံဃာအား ပါဝါရ-စုလျားသည် ဖြစ်၏။ ချစ်သားတို့၊ စုလျားကို ခွင့်ပြု၏။

ကောသေယျ ပါဝါရ - ပိုးစုလျားသည် ဖြစ်၏။ ချစ်သားတို့၊ ပိုးစုလျားကို ခွင့်ပြု၏။

ကောဇစ-ကော်ဇောသည် ဖြစ်၏။ ချစ်သားတို့၊ ကော်ဇောကို ခွင့်ပြု၏။

[ဘုရားရှင်၏ ဝါ ၂၀ အတွင်း ဂဟပတိ စီဝရ သာယာသူ မရှိ၊ ပံ့သကူဆောင်တို့သာ ဖြစ်ကုန်၏၊ ဂဟပတိ စီဝရ ဟူသည် လူတို့ လှူသော သင်္ကန်းတည်း၊ ဣတ ရီတ ရေနာတိ အပ္ပဂ္ဃေ နပိ မဟဂ္ဂေ နပိ၊ ယေန ကေနစိ တိအတ္ထော။ အဖိုးတန်၊ မတန် တစ်ခုခုဖြင့် ဟူလို။

ပါပါရ ဟူသည် အမွေး ရှည်၏၊ ဝါချည် အဝတ် စသည် ပြား၏။ ကောဇဝ၌ ပကတိ ကော်ဇောသာ အပ်သည်။ မဟပိဋ္ဌိယ-ကော်ဇောမအပ်။ ၎င်းသည် သားမွေးဖြင့် ပြု၏။ စုလျားနှင့်တူသော ကော်ဇောတည်း။]

(ပကတိ ကော်ဇော ဟူသည် ချည်ကော်ဇော ဟူ၏။)

(ဇီဋိ … မဟာပိဋ္ဌိယ ကော်ဇောသည်၊ လေးသစ်ထက် လွန်သော ပန်းပွင့် (အဆာ) ရှိသတတ်။

သာဋီ ... ဆင်ကျောက်ကုန်းတို့၌ ခင်းအပ်သောကြောင့် မဟာပိဋ္ဌိယ အမည်ရ၏။ လေးသစ် ပန်းပွင့် (အဆာ) ရှိသော ကော်ဇော ဖြစ်၏။

ဝိဋီ ... ဆင်ကျောက်ကုန်း၌ ခင်းသောကြောင့် မဟာပိဋ္ဌိယ မည်၏။ သားမွေးအခင်း ဖြစ်၏။)

ဇာတိသင်္ကန်း ၆-ထည်

ထိုအခါ ကာသိမင်းသည် ဆရာဇီဝကထံ အဍ္ဎကာသိက (ထောင်ဝတ်) ငါးရာတန်သော ကမ္ဗလာကို ပို့လိုက်၏။ ဆရာဇီဝကသည် မြတ်စွာဘုရားအား လှူ၏။ အလှူခံပြီးလျှင် ချစ်သားတို့၊ ကမ္မလာ-(သက္ကလတ်) ကို ခွင့်ပြု၏။

ထိုအခါ သံဃာအား အကောင်း အညံ့ သင်္ကန်း များစွာဖြစ်၏။ ရဟန်း တို့အား (ကိံ-ကတမံ) အဘယ် သင်္ကန်းကို ခွင့်ပြုသည်၊ အဘယ်ကို ခွင့်မပြုဟူ ကြံ၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ခြောက်ထည်သော သင်္ကန်း တို့ကို …

ခေါမ - ခေါမချည်ဖြင့် ရက်သော သင်္ကန်း၊

ကပ္ပါသိက-ဝါချည် သင်္ကန်း၊

ကောသေယျ-ပိုးချည်သင်္ကန်း၊

ကမ္ဗလ-သားမွေးရက် ကံမ္ဗလာ သင်္ကန်း၊

သာဏ-ပိုက်ဆံလျော် သင်္ကန်း၊

ဘင်္ဂ-ချည်ငါးမျိုး ရောရက်သော သင်္ကန်း ဟူ၍ ခွင့်ပြု၏။

ထိုအခါ ဒါယကာ လှူသော သင်္ကန်းကို သာယာသော ရဟန်းတို့သည် တစ်မျိုးကိုသာ ခွင့်ပြုသည်၊ နှစ်မျိုးကို ခွင့်မပြုဟု ပံ့သကူ သင်္ကန်းကို မသာယာကြကုန်။ ချစ်သားတို့၊ ဒါယကာလှူ သင်္ကန်းကို သာယာသော ရဟန်းသည် ပံ့သကူကိုလည်း သာယာခြင်းငှါ ခွင့်ပြု၏။ ထိုနှစ်ပါးစုံဖြင့်လည်း ရောင့်ရဲခြင်းကို ငါ ဘုရား ချီးမွမ်း၏။

[ကာသိမင်း ဟူသည် ကာသိတိုင်းတို့၏ ဘုရင်တည်း။ ပသေနဒိနှင့် ဘတူ ညီနောင် ဖြစ်၏။ ကာသိ ဟူသည့် တစ်ထောင် ဖြစ်၏။ ဤ ကမ္ဗလာကား ငါးရာတန်၏။ ထိုကြောင့် အဍ္ဎကာသိယ (ထောင်ဝက်) ဟု ဆိုသည်။ ဥစ္စာဝစာနီတိ သုန္ဒရာနိ စ အသုန္ဒရာနိ စ - အကောင်းတို့ အညံ့တို့။

ဘင်္ဂ မည်သည် ခေါမ စသော ချည်ငါးမျိုး ရော၍ ပြု၏။ လျှော်ဖြင့် ပြီး၏ ဟူ၍လည်း ဆိုကုန်၏။ တစ်မျိုးကိုသာ ခွင့်ပြုသည် ဟူရာ၌ ဂဟပတိက သင်္ကန်း ဖြင့်သော် လည်းကောင်း၊ ပံ့သကူ သင်္ကန်းဖြင့်သော် လည်းကောင်း၊ အနက်ကို ထိုရဟန်းတို့ မှတ်ထင်ကုန်၏။]

ပံ့သကူ ရသင့်သူများ

ထိုအခါ ရဟန်းတို့သည် ကောသလ ဇနပုဒ်တို့၌ ခရီးသွားကုန်၏။ ပံ့သကူအလို့ငှါ သုသာန်သို့ အချို့ ဝင်ကုန်၏။ အချို့ မစောင့်ဘဲ သွားကုန်၏။ သုသာန်ဝင်သူတို့သည် ပံ့သကူတို့ကို ရကုန်၏။ မစောင့်သူတို့သည် ငါတို့အားလည်း အဖို့ပေးကြလောဟု ဆိုကုန်၏။ မစောင့်သောကြောင့် မပေးနိုင်ဟုဆို၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့၊ မစောင့်သူတို့အား မပေးလိုလျှင် မပေးခြင်းငှါ ခွင့်ပြု၏။

အချို့ ဝင်ကုန်၏၊ အချို့စောင့်ကုန်၏။ စောင့်သူတို့အား မဝင်သောကြောင့် မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ စောင့်သူတို့အား မပေးလိုသော်လည်း အဖို့ကိုပေးခြင်းငှါ ခွင့်ပြု၏။ အချို့ ရှေးဦးစွာ ဝင်ကုန်၏။ အချို့ နောက်မှ ဝင်ကုန်၏။ ရှေးဦးစွာ ဝင်သူတို့ ရ၍ နောက်မှ ဝင်သူတို့အား မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ နောက်မှ ဝင်သူတို့အား မပေးလိုသော်လည်း ပေးခြင်းငှါ ခွင့်ပြု၏၊

သဒိသာ-အတူ ဝင်ကုန်၏။ အချို့ ရကုန်၏။ မရသူတို့အား မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ အတူ ဝင်သူတို့အား မပေးလိုသော်လည်း ပေးခြင်းငှါ ခွင့်ပြု၏။

ကတိကပြု၍ ဝင်ကုန်၏။ အချို့ ရကုန်၏။ မရသူတို့အား မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ ကတိကပြု၍ ဝင်သူတို့အား မပေးလိုသော်လည်း ပေးခြင်းငှါ ခွင့်ပြု၏။

[မစောင့်ဘဲ သွားကုန်၏ ဟူသည် သုသာန်မှ ပြန်လာသည်တိုင်အောင် မနေဘဲ သွားကုန်၏။

မပေးလိုလျှင် ဟူသည် ပေးခြင်းငှါ အလိုရှိလျှင် မပေးခြင်းငှါတည်း၊ ပေးလိုလျှင် ပေးအပ်၏။

စောင့်ကုန်၏ ဟူသည် ဥပစာရ၌ နေကုန်၏။

အကယ်၍ သူတို့သည် ဤအရပ်သို့ ရောက်သူတို့သာ ယူစေကုန်သတည်း-ဟု လှူကုန်အံ့၊ ရောက်သူတို့ ယူစေကုန် သတည်းဟု အမှတ်အသား ပြု၍သော်လည်း သွားကုန်အံ့၊ ရောက်သူတို့ အားလုံး ရကုန်၏။ အကယ်၍ စွန့်၍သွားကုန်အံ့၊ ရသူ အစိုးရ၏။

အတူဝင်ကုန်၏ ဟူသည် အားလုံးပြိုင်၏ ဝင်ကုန်၏။ ဝါ-တစ်နေရာတည်း ဝင်ကုန်၏။

ကတိကပြု၍ ဟူသည် ရသော ပံ့သကူကို အားလုံးဝေဖန်၍ ယူကုန်အံ့-ဟု အပ၌ ကတိကပြု၍တည်း။]

(ဝိဋီ ... ဥပစာရ ဟူသည် သုသာန်၏ အနီးနေရာတည်း။

စွန့်၍ သွားကုန်အံ့ ဟူသည် တစ်စုံတစ်ခု မဆိုမူ၍သာ သွားကုန်အံ့တည်း။ ဤစကားဖြင့် “ဘိက္ခု ဂဏှန္တု” ဟု စွန့်ရာ၌သာ အလိုမရှိသော်လည်း၊ အဖို့ ပေးခြင်းကို စီရင်သည်။

သက်သက်စွန့်ရာ၌ကား ကတိက မရှိလျှင် အတူ ဝင်သူတို့တွင် ရသူသည် မပေးလိုလျှင် အဖို့ မပေးအပ်ဟု ပြသည်။ ဝါ - တစ်နေရာတည်းဟု ဆိုသောကြောင့် သမာနာဒိသာ ဧတေသန္တိ သဒိသာ။

သာဋီ ... ထိုထက် မထူး။

ဇီဋီ ... ဥပစာရ ဟူသည် သုသာန်၏ ဥပစာရတည်း။ ပြင်ပ၌လည်း အပ်၏ဟု အချို့ ဆိုကုန်၏။

ကတိက ပြုခြင်းကို ပြ၍ မယှံသန္တကံ တဝစ မမ စ ဟောတု-ဟု ဆို၍ တစ်ပါးသည်လည်း ထိုအတူဆိုလျှင် အပ်၏ဟု သမာန ပရိက္ခာရ ဝိဓိကို (ဝါ- ဒွါသန္တကနည်းကို) ဆိုကုန်၏။)

သင်္ကန်းခံယူသူ သမ္မုတိ

ထိုအခါ လူတို့သည် သင်္ကန်းယူ၍ အရံသို့ လာကုန်၏။ ခံယူသူ မတွေ့၍ ပြန်ယူကုန်၏။ သင်္ကန်း အရံနည်း၏။ ချစ်သားတို့၊ အင်္ဂါ ငါးပါးရှိသော ရဟန်းကို စီဝရ ပဋိဂ္ဂါဟက-သင်္ကန်းခံယူသူဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းသည် ဆန္ဒာ ဂတိသို့ မလိုက်ရာ၊ ဒေါသာ ဂတိသို့..၊ မောဟာ ဂတိသို့ ...၊ ဘယာ ဂတိသို့ မလိုက်ရာ၊ ခံအပ် မခံအပ် သိရာ၏။

သမုတ်ပုံကား ရှေးဦးစွာ ရဟန်းကို တောင်းပန်အပ်၏။ တောင်းပန်၍ ဗျတ္တသည် သံဃာ ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ဤမည်သော ရဟန်းကို သင်္ကန်း ခံယူသူဟု သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီ-ဟု သိစေအပ်၏။

[စီဝရ ပဋိဂ္ဂါဟက ဟူသည် သံဃာအား ဒါယကာတို့ လှူသော သင်္ကန်းကို ခံယူသူတည်း။ ဆန္ဒာဂတိသို့ မလိုက်ရာ စသည်တို့၌ နောက်မှ လာသော မိမိဆွေမျိုး စသည်တို့၏ သင်္ကန်းကို ရှေးဦးစွာ ခံယူသူ၊ အချို့၌ ချစ်ခင်ခြင်းကို ပြ၍ ခံယူသူ၊ လောဘကြီး၍ မိမိသို့ ညွှတ်စေသူသည် ဆန္ဒာဂတိသို့ လိုက်သည် မည်၏။

ရှေးဦး ရောက်သူ၏ သင်္ကန်းကို အမျက်စွမ်းဖြင့် နောက်မှ ခံယူသူ၊ လူဆင်းရဲတို့၌ မထီမဲ့မြင်ပြု၍ ခံယူသူ၊ နင်တို့ အိမ်၌ ထားစရာမရှိလို့လား၊ ပြန်ယူသွား-ဟု သံဃာ့လာဘ် အန္တရာယ် ပြုသူသည် ဒေါသာဂတိသို့ လိုက်သည် မည်၏။

သတိမေ့သူ၊ ဆင်ခြင်ဉာဏ် ကင်းသူသည် မောဟာ ဂတိသို့ လိုက်သည် မည်၏။

နောက်မှလာသော အစိုးရတို့အား ကြောက်၍ ရှေးဦး ခံယူသူ၊ သင်္ကန်း ခံယူသူ၏ ဌာနသည် ဝန်လေးလှ၏ဟု တထိတ်ထိတ် ဖြစ်သူသည် ဘယာ ဂတိသို့ လိုက်သည် မည်၏။

ဤဤ သင်္ကန်းကို ငါခံယူပြီးပြီ။ ဤဤကို မခံယူအပ်သေးဟု သိသူသည် ခံအပ် မခံအပ် သိသည် မည်၏။

ထိုကြောင့် အကြင် ရဟန်းသည် အဂတိလေးပါး မလိုက်၊ ဆွေမျိုး သူစိမ်း၊ ချမ်းသာ ဆင်းရဲ အထူးမပြု၊ ရောက်လာစဉ်ဖြင့် ခံယူ၏။ သီလအာစရ အကျင့်ရှိ၏။ သတိပညာ ဗဟုသုတ ရှိ၏။ လူတို့အား ကြည်ညိုခြင်း ဖြစ်အောင် သန့်ရှင်းပြေပြစ်စွာ တရားဟောနိုင်၏။ ဤသို့သော ရဟန်းကို သမုတ်အပ်၏။

ဉာတ္တိ ဒုတိယ ကမ္မဝါစာဖြင့် လည်းကောင်း၊ အပ လောကနကံဖြင့် လည်းကောင်း၊ ကျောင်းတွင်း သံဃာ့အလယ်၌ ဖြစ်စေ၊ ခဏ္ဍသိမ်၌ဖြစ်စေ သမုတ်ခြင်းငှါ အပ်သည်သာတည်း။ ဤသို့ သမုတ်အပ်သော ရဟန်းသည် ကျောင်းစွန်၌၊ ကမ္မဋ္ဌာန်းကျောင်း၌ မနေအပ်၊ လာသူတို့ မြင်လွယ်ရာ ဓုရ ဝိဟာရနေရာ၌ ယပ်အနီးထား၍ ကောင်းသော ဝတ်ရုံခြင်းဖြင့် နေအပ်၏။]

(သာဋီ ... ဓုရ ဝိဟာရ နေရာ ဟူသည် ဝိဟာရ ဒွါရ၏ ရှေးရှုနေရာ တည်း။

ဝိဋီ ... ဓုရ ဝိဟာရဌာနေတိ ဝိဟာရဿ သမ္မုခ ဌာနေ၊ ဝိဟာရ၏ ရှေးရှူ နေရာတည်း။)

သိမ်းဆည်းသူ သမ္မုတိ

ထိုအခါ သင်္ကန်း ခံယူသူတို့သည် သင်္ကန်း ခံယူသူတို့သည် သင်္ကန်း ခံယူ၍ နေရာ၌သာ ထားခဲ့ကုန်၏။ သင်္ကန်း ပျောက်ပျက်၏။ ချစ်သားတို့၊ အင်္ဂါ ငါးပါးရှိသော ရဟန်းကို စီဝရနိ ဒဟက-သင်္ကန်း သိမ်းဆည်းသူ သမုတ်ခြင်းငှါ ခွင့်ပြု၏။

ထိုရဟန်းသည် ဆန္ဒာ ဂတိ စသော လေးပါးသို့ မလိုက်ရာ၊ သိမ်းဆည်းအပ်၊ မသိမ်းဆည်းအပ် သိရာ၏။ တောင်းပန်၍ ဉာတ္တိ ဒုတိယကံဖြင့် သိအပ်၏။ ဝါ-ဤမည်သော ရဟန်းကို သင်္ကန်း သိမ်းဆည်းသူဟု သမုတ် ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

[ထိုနေရာ၌သာ ထားခဲ့ကုန်၏ ဟူသည် ခံယူခြင်းသာ ငါတို့ တာဝန် ဟုဆို၍ ခံယူရာ ဌာန၌သာလျှင် ပစ်ထား၍ သွားကုန်၏။

စီဝရနိ ဒဟကန္တိ စီဝရ ပဋိသာမကံ - သင်္ကန်းသိုမှီး သိမ်းဆည်းသူတို့တည်း။

အဂတိလိုက်ခြင်း၊ သမုတ်ခြင်းတို့ကို နည်းမှီး၍ သိအပ်ကုန်၏။]

ဘဏ္ဍာတိုက် သမ္မုတိ

ထိုအခါ သင်္ကန်း သိမ်းဆည်းသော ရဟန်းသည် မဏ္ဍပ်၊ သစ်ပင်ရင်း၊ တံစက်မြိတ်တွင်း၌ သင်္ကန်းကို ထား၏။ ကြွက်ခဲ ခြစား ဖြစ်ကုန်၏။ ချစ်သားတို့၊ ဘဏ္ဍာဂါရ ဘဏ္ဍာတိုက်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ သံဃာအလိုရှိရာ ကျောင်းပြာသာဒ် ဂူကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-ဤမည်သော ကျောင်းကို ဘဏ္ဍာဂါရိကဟု သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီဟု သိစေအပ်၏။

[ကျောင်း စသည်တို့၌ အရံ အလယ်၌ အရံစောင့်၊ သာမဏေတို့ဖြင့် မဆိတ်သော အားလုံးသက်ဝင်ရာ ကျောင်းပြာသာဒ် စသည်ကို သမုတ်အပ်၏။ အစွန်ကျောင်းကို မသမုတ်အပ်။

အထူးကား ဤဘဏ္ဍာ ဂါရကို ခဏ္ဍသိမ်၌ သမုတ်ခြင်းငှါ မအပ်၊ ဝိဟာရ မဇ္ဈ၌သာလျှင် သမုတ်အပ်၏။]

(သာဋီ ... ဝိဟာရ မဇ္ဈ၌သာလျှင် ဟူသည် အားလုံးသိစေခြင်းငှါ ကျောင်းအလယ်၌သာ သမုတ်အပ်၏။

ဝိဋီ ... ထိုထက် မထူး။

ဣဒံ ပန ဘဏ္ဍာဂါရိကန္တိ အာဝေဏိက လဏက္ခန္တိ ဝုတ္တံ။ သီးခြား လက္ခဏာ ရှိ၏။)

ဘဏ္ဍာတိုက်စိုး သမ္မုတိ

ထိုအခါ သံဃာ၏ ဘဏ္ဍာတိုက်၌ သင်္ကန်းသည် မလုံ၊ ဝါ-စောင့်ရှောက်သူ မရှိ။ ချစ်သားတို့၊ အင်္ဂါ ငါးပါးရှိသော ရဟန်းကို ဘဏ္ဍာဂါရိက- ဘဏ္ဍာတိုက်စိုး ဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းသည် အဂတိလေးပါး မလိုက်ရာ၊ လုံ-မလုံ သိရာ၏။ တောင်းပန်၍ ဉာတ္တိ ဒုတိယကံဖြင့် ဤမည်သော ရဟန်းကို ဘဏ္ဍာတိုက်စိုးဟု သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီဟု သိစေအပ်၏။

[လုံ မလုံ ဟူသည်၌ အမိုး စသည်တို့၌ အပြစ်တစ်စုံတစ်ခု မရှိအံ့ - လုံ၏။ အမိုးပျက်၍ မိုးစွတ်အံ့၊ ကြွက် စသည်တို့ ဝင်နိုင်အံ့၊ နံရံတို့၌ အပေါက်ရှိအံ့၊ ခြ တက်အံ့၊ မလုံခြုံ မည်၏။ မှတ်၍ ပြုပြင်အပ်၏။ အေးသောအခါ တံခါး၊ ပြတင်း ကောင်းစွာ ပိတ်အပ်၏။ အေးသဖြင့် သင်္ကန်း မှိုတက်တတ်သည်။ ပူသောအခါ လေဝင်အောင် ရံခါ ကြိုးကြား ဖွင့်အပ်၏။ ဤသို့ ပြုသူသည် လုံ မလုံ သိသည်မည်၏။

သင်္ကန်းခံသူ စသော သုံးယောက်သည် မိမိ၏ ဝတ်ကို သိအပ်၏။ ခံယူသူ၏ ဝတ်ကား-ကာလသင်္ကန်း၊ အကာလ သင်္ကန်း၊ အစ္စေက သင်္ကန်း၊ မိုးရေခံ၊ နိသီဒိုင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ဟု လူတို့ လှူသမျှကို တစ်ပေါင်းတည်း ရော၍ မခံယူအပ်။ အသီးသီး ခွဲခြားခံယူ၍ သိမ်းဆည်းသူအား ထိုအတိုင်းပြော၍ ပေးအပ်၏။ သိမ်းဆည်းသူသည်လည်း ဘဏ္ဍာစိုးအား ထိုအတိုင်း အသီးသီး ပြော၍ ပေးအပ်၏။ ဘဏ္ဍာစိုးသည်လည်း ထိုအတိုင်း အသီးသီး အမှတ်အသားပြု၍ ထားအပ်၏။

ထိုနောက် သံဃာသည် ကာလစီဝရကို ယူခဲ့လောဟုဆိုလျှင် ကာလ သင်္ကန်းကိုသာ ပေးအပ်၏။ ...လ... ။ မျက်နှာသုတ်ကို ယူခဲ့လောဟုဆိုလျှင် ဆိုရာကိုသာ ပေးအပ်၏။ ဤသုံးယောက်နှင့် ဘဏ္ဍာတိုက်ကို လာဘ်များခြင်းငှါ၊ မရောင့်ရဲခြင်းငှါ ခွင့်ပြုသည် မဟုတ်၊ သံဃာအား ချီးမြှောက်ခြင်းဝှာတည်း။ ရောက်တိုင်း ရောက်တိုင်း ဝေလျှင် ရောက်-မရောက်၊ ပေး-မပေး၊ ရ-မရကို မသိနိုင်ကုန်ရာ၊ ရောက်တိုင်း မထေရ်ကြီး နေရာ၌သော်လည်း ပေးကုန်ရာ၏။ အပိုင်းအပိုင်းဖြတ်၍ သော်လည်း ယူကုန်ရာ၏။ အယုတ္တ ပရိဘောဂဖြစ်၍ ချီးမြှောက်ရာ မကျ၊ ဘဏ္ဍာတိက်၌ ထား၍ များသောအခါ၌ကား သုံးထည်၊ နှစ်ထည်၊ တစ်ထည်စီ ပေးနိုင်ကုန်လတ္တံ့၊ ရ-မရလည်း သိနိုင်ကုန်လတ္တံ့၊ မရသိလျှင် ချီးမြှောက်ခြင်းငှါ သိကုန်လတ္တံ့။

မထစေအပ် ၄-ယောက်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဘဏ္ဍာတိုက်စိုးကို ထစေကုန်၏။ ချစ်သားတို့၊ ဘဏ္ဍာတိုက်စိုးကို မထစေအပ်။ ... ဒုက္ကဋ်။

[မထစေအပ် ဟူသည်၌ မထစေအပ်သူ လေးယောက်ကို သိအပ်၏။ ဝုဍ္ဎတရ-သီတင်းကြီး၊ ဘဏ္ဍာဂါရိက-ဘဏ္ဍာတိုက်စိုး၊ ဂိလာန-နာသော ရဟန်း သံဃ၊ တောလဒ္ဓ သေနာသန - သံဃာ့ထံမှ ကျောင်းရသူ။ ဤ လေးယောက်တို့တွင် သီတင်းကြီးကို မိမိထက် ကြီးသောကြောင့် သီတင်းငယ်သည် မထစေအပ်။ (နေရာ ဖယ်ပေးဟု မပြုအပ်။)။

ဘဏ္ဍာဂါရိကကို သံဃာသည် သမုတ်၍ ဘဏ္ဍာတိုက်ကို ပေးထားခြင်းကြောင့် မထစေအပ်။ ဂိလာနကို ကိုယ်၏ နာသူ၏ အဖြစ်ကြောင့် မထစေအပ်။ သံဃာသည် ဗဟုဿုဘ ရှိသူ၊ ဥဒ္ဒေသ ပရိပုစ္ဆာ စသည်ဖြင့် ကျေးဇူးများသူ၊ သံဃာ့ဝန်ကို ဆောင်ရွက်သူတို့အား ချမ်းသာသော အာဝါသကို မထစေအပ်ဟု ပြု၍ ပေး၏။ ထိုသို့ ကျေးဇူးများသူ ဖြစ်ခြင်း၊ သံဃာထံမှ ကျောင်းရသူ ဖြစ်ခြင်၊ထို့ကြောင့် မထစေအပ်။]

(ဝိဘင်း အနုပခဇ္ဇ ပါစိတ်၌ ဘဏ္ဍာဂါရိကနှင့် သံဃာ တောလဒ္ဓကို အတူပေါင်း၍ ဝေဖန်သည်။)

သမ္မုခိဘူတ ဝေဖန်ခြင်း

ထိုအခါသံဃာ၏ ဘဏ္ဍာတိုက်၌ သင်္ကန်းသည် များ၏။ [စုပုံလျက် ဘဏ္ဍာတိုက် မဆန့်။] ချစ်သားတို့၊ သမ္မုခိဘူတ သံဃာဖြင့် ဝေဖန်စေခြင်းငှါ ခွင့်ပြု၏။

သံဃာသည် သင်္ကန်း ဝေဖန်လတ်သော် ကောလာဟလကို ပြု၏။ [ဝါ-ဆရာအတွက် ပေးပါ၊ ဥပဇ္ဈာယ် အတွက် ပေးပါ စသည်ဖြင့် အသံကျယ်စွာ အုတ်အုတ်ကျက်ကျက် ပြု၏။] ချစ်သားတို့၊ အင်္ဂါငါးပါး ရှိသော ရဟန်းကို စီဝရ ဘဇက - သင်္ကန်း ဝေဖန်သူဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ အဂတိမလိုက်၊ ဝေအပ် မဝေအပ် သိရာ၏။ ...လ... ဉာတ္တိ ဒုတိယ ကံဖြင့် သိစေအပ်၏။

ထိုအခါ စီဝရ ဘာဇက ရဟန်းတို့အား အဘယ်သို့ ဝေဖန်ရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သားတို့၊ ရှေးဦးစွာ ရွေးချယ်၍၊ နှိုင်းချိန်၍ ဝဏ္ဏာ ဝဏ္ဏကတွာ - ညီအောင်ပြု၍ ရဟန်းတို့ကို ရေတွက်၍ အစုဖွဲ့၍ သင်္ကန်းအဖို့ကို ထားခြင်းငှါ ခွင့်ပြု၏။

[သမ္မုခိဘူတ ဟူသည် ဥပစာရ သိမ်တွင်း၌ တည်သော သံဃာတည်း။

ဝေဖန်စေခြင်းငှါ ဟူသည် ကာလကို ကြွေးကြော်၍ ထေရ်အစဉ်ဖြင့် ဝေဖန်စေခြင်းငှါတည်း။ သင်္ကန်း ဝေဖန်သူတို့တွင် လက်သင့်ရာတို့အား အဖိုးတန်ကို အစဉ် မဟုတ်ဘဲ ပေးသူသည် လည်းကောင်း၊ မိမိနှင့် မသင့် သူတို့အား အဖိုးတန်ရောက်လျက် အညံ့ပေးသူသည် လည်းကောင်း၊ တွေဝေ၍ ပေးသော ကျင့်ဝတ်ကို မသိဘဲ ပေးသူသည် လည်းကောင်း၊ နှုတ်ကြမ်းသော သီတင်းငယ်တို့အား သော်လည်း ကြောက်၍ အဖိုးတန်ကို ပေးသူသည် လည်းကောင်း၊ အဂတိ လေးပါးသို့ လိုက်သည် မည်၏။ ဤသို့မလိုက်ဘဲ အားလုံး၏ ချိန်သဖွယ်အလယ်၌ တည်သူကို သမုတ်အပ်၏။

ဤမျှ ဝေအပ်ပြီ၊ ဤမျှ မဝေအပ်သေးဟု သိသူသည် ငွေအပ် မဝေအပ် သိသည် မည်၏။

ရွေးချယ်၍ ဟူသည် ကြမ်းချော၊ ထူပါး၊ ဟောင်းသစ်၊ ရှည်တို -ဤမျှ ဤမျှဟု အဝတ်တို့ကို ရွေးချယ်၍တည်း။

နှိုင်းချိန်၍ ဟူသည် ဤ ဤသည် ဤဤမျှ ထိုက်သည်ဟု အဖိုးပိုင်းခြား၍တည်း။

ဝဏ္ဏံ ဝဏ္ဏံ ကတွာ ဟူသည် အားလုံး တစ်ဆယ်စီ အညီတန်လျှင် ကောင်း၏။ အချို့ ကိုးကျပ်တန်၊ အချို့ ရှစ်ကျပ်တန် ဖြစ်လျှင်၊ တစ်ကျပ်တန်၊ နှစ်ကျပ်တန်နှင့် ပေါင်းခြင်းဖြင့် (ဝါ-မီးဆောင်းခြင်းဖြင့်) အဖိုးညီအောင် ထား၍တည်း။

ရဟန်းတို့ကို ရေတွက်၍ အစုဖွဲ့၍ ဟူသည် တစ်ပါးစီ ပေးလျှင် အချိန် မလောက်သောကြောင့်၊ ဆယ်ပါးစီ ရေတွက်၍ ပေါင်းထား၍ သင်္ကန်း အဖို့တို့ကို ဆယ်ခုစီ တစ်ထုပ် တစ်ထုပ်ဖွဲ့၍ ဤသို့ သင်္ကန်းအဖို့ကို ထား ခြင်းငှါ ခွင့်ပြု၏ ဟူလို။ ဤသို့ ထားသော အဖွဲ့တို့၌ ကမ္ပည်း မဲချအပ်၏။ ထိုရဟန်းတို့သည်လည်း တစ်ဖန် မဲချ၍ ဝေဖန်စေအပ်၏။

(သာဋီ ... တုလာဘူတောတိ တုလာသဒိသော - ချိန်သဖွယ်။

ဝဏ္ဏံ ဝဏ္ဏံကတွာ ဟူသည် အဖို့အားလုံး အဖိုးအားဖြင့် တူမျှအောင် ပြု၍ တည်း။

ဝိဋီ ... ဝဏ္ဏံ ဝဏ္ဏံကတွာ ဟူသည် အဖို့လောက်သည် အဖြစ်ကို သိခြင်းငှါ ဟလိဒ္ဒိယ စသော ငယ် ကြီး အဆင်းတို့နှင့် ယှဉ်သော တူမျှသော အဖို့တို့ကို ပြု၍တည်း။)

သာမဏေတို့အား ထက်ဝက်

ထိုအခါ သင်္ကန်း ဝေဖန်သူတို့အား အဘယ်သို့ သာမဏေတို့အား အဖို့ကို ပေးအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ဥပဍ္ဎ ပဋိဝိသံ - ထက်ဝက်သော အဖို့ကိုပေးခြင်းငှါ ခွင့်ပြု၏။

[သာမဏေတို့အား ထက်ဝက် ဟူသည်၌ မိမိကိုယ်မိမိ အစိုးရ၍ သံဃာ့ကိစ္စကို မပြု၊ စာပေသင်လျက် ဥပဇ္ဈာယ်တို့၏ ကိစ္စကိုသာပြုသော သာမဏေတို့အားသာ ထက်ဝက်ပေးအပ်၏။ နံနက် ညချမ်း သံဃာ့ကိစ္စကို ပြုသူတို့အား သမဘာဂ-အဖို့ ညီမျှပေးအပ်၏။

ဤ ထက်ဝက်ပေးခြင်း ကိုလည်း ပိဋ္ဌိသမယ၌ ဖြစ်သော ဘဏ္ဍာတိုက်၌ ထားသော အကာလ သင်္ကန်းဖြင့်သာ ဆိုသည်။ ကာလ သင်္ကန်းကိုကား အညီအမျှသာ ပေးအပ်၏။

တတြုပ္ပါဒ-ဝဿာဝါသိက သင်္ကန်းကို သံဃာ၏ တံမြက် ဖွဲ့ခြင်း စသော ဖာတိကမ္မကို ပြု၍ ယူအပ်၏။ ဤကား ရဟန်း၊ သာမဏေအားလုံး၏ ဝတ်တည်း။

ဘဏ္ဍာတိုက် သင်္ကန်း၌လည်း သာမဏေတို့သည် လာ၍ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ယာဂုကျို၊ ဆွမ်းချက် စသည်ကို ပြုကြပါသည်။ မပြုသောအမှု မရှိပါဟု ကြွေးကြော်ကုန်အံ့၊ သမဘာဂကိုသာ ပေးအပ်၏။ ဤစကားကိုလည်း ချွတ်ယွင်းစွာ ပြုသူ၊ ပြုခြင်း မထင်ရှားသူတို့ကို ရည်ဆိုသည်။

ကုရုန္ဒီ၌-အဘယ်ကြောင့် သံဃာ့ကိစ္စကို မပြုဘဲ နေကုန်အံ့နည်း၊ ပြုပါမည်ဟု တောင်းကုန်အံ့၊ သမသာဂ ပေးအပ်၏ဟု ဆိုသည်။]

(သာဋီ ... ဖာတိကမ္မ ဟူသည် တံမြက်ဖွဲ့ခြင်း စသော လက်အမှုတည်း။

ပြုပါမည်ဟု တောင်းသူတို့အား ပဋိညာမျှဖြင့်လည်း သမဘာဂ ပေးအပ်၏။

ဝိဋီ ... ဖာတိကမ္မန္တိ ပတောနက ကမ္မံ၊ တံမြက်ဖွဲ့ခြင်း စသော လက်အမှုဖြင့် ဝိဟာရအား မယုတ်အောင် အမှုကိုပြု၍ ဟူလို။

ဘဏ္ဍာတိုက် သင်္ကန်း၌လည်း ဟူသည်ကို အာကာလ စီဝရကို ရည်ဆိုသည်။

ဤစကားကို ဟူသည် ကြွေးကြော်ခြင်းကြောင့် သူမဘာဂ ပေးခြင်းကိုတည်း။

ချွတ်ယွင်းစွာ ပြုသူဟူသည် ပြုသင့်သောအခါ မပြု၊ ပြုလိုသောအခါ ပြုသူတို့ ဖြစ်ကုန်၏။)

အဖို့ ယူသွားလိုသူ

ထိုအခါ ရဟန်းတစ်ပါးသည်၊ မိမိအဖို့ဖြင့် မြစ်ကူး ချောင်းခြား ခရီးလွန်သွားလို၏။ ချစ်သားတို့၊ ခရီးလွန် သွားလိုသူအား မိမိအဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏။

ရဟန်း တစ်ပါးသည် ပိုလွန်သော အဖို့ဖြင့် (ပို၍ရသော အဖို့ဖြင့်) ခရီးလွန် သွားလို၏။ ချစ်သားတို့၊ အနုက္ခေပ - အပိုတွက်ပေးလျှင် ပိုလွန်သော အဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏။

[ခရီးလွန် သွားလို၏ ယူသည် မြစ်ကို ခရီးခဲကို လွန်လို၏။ အဖော်ရ၍ အရပ်တစ်ပါး ဖဲသွားလိုသူ ဟူလို။

မိမိအဖို့ကို ပေးခြင်းငှါ ဟူသည်ကို ဘဏ္ဍာတိုက်မှ သင်္ကန်းထုတ်၍ အစုအပုံပြုပြီး၊ ခေါင်းလောင်းထိုးပြီး၊ သံဃာ စည်းဝေးပြီးသောအခါ အဖော်ရ၍ သွားလိုသူသည် အဖော်မှ မဆုတ်ယုတ်ပါစေလင့် ဟူသော အကြောင်းကို ရည်ဆိုသည်။ ထို့ကြောင့် သင်္ကန်း မထုတ်မီ၊ ခေါင်းမထိုးမီ၊ သံဃာ မစည်းဝေးမီ ပေးခြင်းငှါ မအပ်။ စည်းဝေးပြီးသောအခါမှ သင်္ကန်းဝေဖန်သူသည် ဤရဟန်း၏ အဖို့ ဤမျှ ဖြစ်တန်၏-ဟု ကြံ၍ နည်းယူခြင်းဖြင့် ပေးအပ်၏။ ချိန်ဖြင့် ချိန်သကဲ့သို့ အညီအမျှ ပေးခြင်းငှါ မတတ်နိုင်။ လျော့ခြင်း ပိုခြင်းဖြစ်စေ ကာမူ ဤသို့ ကြံဆသောနည်းဖြင့် ပေးလျှင် သုဒိန္န ဖြစ်၏။ လျော့လျှင် ထပ်မပေးအပ်၊ လွန်လျှင် ပြန်မယူအပ်။

ပိုလွန်သော အဖို့ဖြင့် ဟူသည် ရဟန်း ဆယ်ပါး၊ အဝတ် ဆယ်ထည် တစ်ထည်ကား ၁၂ ကျပ်တန်၊ အကြွင်း တစ်ဆယ်တန်စီ ဖြစ်၍၊ တစ်ဆယ်တန်စွမ်းဖြင့် မဲချသောအခါ ၁၂ ကျပ်တန် ရသူသည် လုံလောက်ပြီဟု၊ ထို ပိုလွန်သော အဖို့ဖြင့် ခရီးလွန် သွားလို၏။ ရဟန်းတို့သည် သံဃပစ္စည်း ပိုသွားပြီဟု ဆိုကုန်၏။

ထို စကားကိုကြား၍ မြတ်စွာဘုရားသည် သံဃပစ္စည်း ဂဏပစ္စည်း၌ အနည်းငယ် မည်သည် မရှိ၊ စောင့်စည်းအပ်၏။ ယူသူသည် ကုက္ကုစ္စ ဖြစ်ထိုက်၏-ဟု ပြခြင်းငှါ အနုက္ခေပ ပေးလျှင်ဟု မိန့်တော်မူသည်။

အနုက္ခေပ ဟူသည် အမှတ်မရှိ လျော်စွာ ပြန်ပေးအပ်သော ကပ္ပိယ ဘဏ္ဍာ တည်း။ နှစ်ကျပ်တန် ပိုလွန်အံ့၊ နှစ်ကျပ်တပ် ကပ္ပိယ ဘဏ္ဍာကို ပေးလျှင် ပိုလွန်သော အဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏ ဟူလို။]

(ဝိဋီ ... လုံလောက်ပြီ ဟူသည် ၁၂ ကျပ်တန်ဖြင့်သာ ငါ၏ သင်္ကန်း လုံလောက်သည်။ ယုတ်လျှင် မလုံလောက်ဟု ၁၂ ကျပ်တန်ကို ယူလိုသော သူ ဟူလို။)

ချို့ရာ ဖြည့်စွက်ရခြင်း

ထိုအခါ သင်္ကန်း ဝေဖန်သူတို့အား အဘယ်သို့လျှင် သင်္ကန်းအဖို့ကို ပေးအပ်သနည်း၊ လာတိုင်း လာတိုင်း အစဉ်ဖြင့်လော၊ ကြီးသူ အစဉ်ဖြင့်လောဟု အကြံ ဖြစ်၏။ ချစ်သားတို့၊ ဝိကလ ကေတော သေတွာ- ချို့သည်တို့ကို နှစ်သက်စေ၍ ကမ္ပည်း မဲချခြင်းငှါ ခွင့်ပြု၏။

[ဝိကလ ကေတော သေတွာ၌ ဝိကလကသည် စီဝရ ဝိကလက၊ ပုဂ္ဂလ ဝိကလက-ဟု နှစ်မျိုးရှိ၏။ အားလုံး ငါးထည်စီ ရောက်ပြီးလျှင် အကြွင်း တစ်ထည်စီ မရောက်နိုင်သည်တို့ကို ဖြတ်၍ ပေးအပ်၏။ ဖြတ်သောအခါ အိမ်ဝန်းငယ်၊ ဖိနပ်အိတ် စသည် ပြုနိုင်အောင် ဖြတ်ပေးအပ်၏။ အယုတ်ဆုံး လေးသစ် အနံရှိသော အလျား အနားပတ်လောက်အောပ် ဖြတ်ပေးခြင်းငှါ အပ်၏။ သုံးဆောင်၍ မရအောင် မဖြတ်အပ်၊ ဤသို့ သင်္ကန်း မဆောင်ခြင်းသည် စီဝရ ကလက မည်၏။

ဖြတ်ပေးလျှင် နှစ်သက်စေခြင်း ဖြစ်၏။ ထိုနောက် မဲချအပ်၏။ တစ်ယောက်သော ရဟန်းတို့၏ အဖို့၌ တစ်ထည် နှစ်ထည် မလောက်အံ့၊ တစ်ပါးသော သမဏ ပရိက္ခရာကို ဖြည့်၍ နှစ်သက်သူအား ပေး၍ နောက်၌ မဲချအပ်၏။ ဤသည်လည်း စီဝရ ဝိကလက-တည်းဟု အန္ဓကဋ္ဌကထာ ဆို၏။

ဆယ်ပါးစီ အစုဖွဲ့သောအခါ တစ်စုသည် ကိုးပါး၊ ရှစ်ပါးသာ ရှိအံ့၊ အဖို့ရှစ်ခု၊ ကိုးခုကို သင်တို့ သီးခြားဝေယူကြဟု ပေးအပ်၏။ ဤသို့ ပုဂ္ဂိုလ် မပြည့်ခြင်းသည် ပုဂ္ဂလ၊ ဝိကလက မည်၏။

သီးခြားပေးလျှင် နှစ်သက်စေခြင်း ဖြစ်၏။ ဤသို့ (သင်္ကန်းချို့ခြင်း ပုဂ္ဂိုလ်ချို့ခြင်း တို့ကို) နှစ်သက်စေ၍ မဲချအပ်၏။ တစ်နည်း ဝိကလ ကတော သေတွာ ဟူသည် ယုတ်သော စီဝရ ဝိဘာဂကို တစ်ပါးသော ပရိက္ခရာနှင့် ညီအောင် ပြု၍ မဲချခြင်းကို ပြုအပ်၏။]

ဆိုးရည် ခြောက်မျိုး၊ မအပ်ကိုး

ထိုအခါ ရဟန်းတို့သည် ဆကဏ- နွားချေးဖြင့် လည်းကောင်း၊ ပဏ္ဍု မတ္တိကာ-မြေနီဖြင့် လည်းကောင်း သင်္ကန်းကို ဆိုးကုန်၏။ အဆင်း ပျက်၏။ ချစ်သားတို့၊ ခြောက်မျိုးသော ဆိုးရည်တို့ကို --

၁။ မူလရဇန-အမြစ်ဆိုးရည်၊

၂။ ခန္ဓ-ပင်စည်ဆိုးရည်၊

၃။ တစ - အခေါက်ဆိုးရည်၊

၄။ ပတ္တ - အဌက်ဆိုးရည်၊

၅။ ပုပ္ဖ -အပွင့်ဆိုးရည်၊

၆။ ဖလရဇန -အသီးဆိုးရည်ဟု ခွင့်ပြု၏။

[ဆကဏသည် ဂေါမယ။ ပဏ္ဍု မတ္တိကာသည် တပ္ပ မတ္တိကာ ဖြစ်၏။

အမြစ်ဆိုးရည်တို့တွင် ဟလိဒ္ဓိ-နနွင်းဖယ်၍ အမြစ်ဆိုးရည် အားလုံး အပ်၏။

မဉ္ဇဋ္ဌိ-ထန်းကျင့်၊ ဝါ-တိန်းညက်။ ကုင်္ဂဟာရ-ပိန္နဲနွယ် ဖယ်၍ ပင်စည်ဆိုးရည်အားလုံး အပ်၏။

ကုင်္ဂဟာရသည် ဆူးရှိသော အပင်တစ်မျိုးတည်း။ ၎င်း၏ ပင်စည် ဆိုးရည်သည် ဟရိတာလ ဝဏ္ဏ- ဆေးဒါန်းမြင်း သီလာ အဆင်းရှိ၏။

လောဒ္ဒ-ဒေါက်ရပ်၊ ကဏ္ဍုလ-ကြပိုင် ဖယ်၍ အခေါက်ဆိုးရည်အားလုံး အပ်၏။

အလ္လိ-မဲ၊ နီလိ-ဒန်းဖယ်၍ အရွက် ဆိုးရည် အားလုံးအပ်၏။

လူတို့ သုံးပြီးသော အဝတ်ကို ပဲရွက်ဖြင့် တစ်ကြိမ် ဆိုးခြင်းငှါ အပ်၏။

ကိံ သုက-ပေါက်ပွင့်၊ ကုသုမ္ဘ- ဝတ်ပန်းပွင့် ဖယ်၍ အပွင့်ဆိုးရည်အားလုံး အပ်၏။

အသီးဆိုးရည်၌ မအပ်သော တစ်စုံတစ်ခု မရှိ။]

(ဇီဋီ ... ဂေါမယ၌ အာပတ် မရှိ။ အဆင်းပျက်သောကြောင့် တားသည်။

ကုင်္ကုမပုပ္ဖံ - မာလာကျိကျု ပွင့် မအပ်ဟု ဆိုကုန်၏။)

မြစ်၊ ပင်၊ ခေါက်၊ ရွက် (၄)၊ ပွင့်၊ သီး-စွက် (၂)- ခြောက်ချက် ဆိုးရည်ဝယ်။

နနွင်းမြစ်နှင့် (၁)။ ပင်စည်ဆင့်-ထန်းကျင့်၊ ပိန္နဲနွယ် (၂)။

မဲ၊ ဒန်းရွက်လှောက် (၂)၊ ကြပိုင်ခေါက်၊ အခေါက် ဒေါက်ရပ် ဆွယ် (၂)။

ဝတ်ပန်း၊ ပေါက်ပွင့် (၂)၊ ဆိုးရည်နှင့်-မသင့် ကိုးပါးဖယ်။

ဆိုးရည် ကျိုခြင်း

ထိုအခါ ရဟန်းတို့သည် သီတုဒက-ရေအေးဖြင့် သင်္ကန်းဆိုးကုန်၏။ အနံ့ ပျက်၏။ ချစ်သားတို့၊ ဆိုးရည်ကို ကျိုခြင်းငှါ ခွင့်ပြု၏။ စုလ္လရဇန ကုမ္ဘိ -- ဆိုးရည်ကျိုအိုးကို ခွင့်ပြု၏။

ဆိုးရည်သည် ဝေလျှံ၏။ ချစ်သားတို့၊ ဥတ္တရာဠုမ္ဗ -ခွေဝန်းကို ဖွဲ့ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် ဆိုးရည် ကျက် မကျက် မသိကုန်။ ချစ်သားတို့၊ ရေ၌ လည်းကောင်း၊ လက်သည်းခွံ၌ လည်းကောင်း ဆိုးရည်ပေါက်ကို ထည့်ခြင်းငှါ ခွင့်ပြု၏။

ဆိုးရည် ချသောအခါ အိုးကို ငဲ့စောင်းကုန်၏။ အိုးကွဲ၏။ ချစ်သားတို့၊ ရဇနုဠမ္ဗ - ဆိုးရည်မှုတ်ကို၊ ဒဏ္ဍကထာလိက - အရိုးတပ်သော မှုတ်ကို ခွင့်ပြု၏။

ရဟန်းတို့အား ဆိုးရည် ထည့်စရာ ခွက်မရှိ၊ ချစ်သားတို့၊ ရဇန ကောဠုမ္ဗ -ဆိုးရည်ဖျဉ်းကို၊ ရဇနဃဋ-ဆိုးရည်အိုးကို ခွင့်ပြု၏။

[သီတုဒကသည် အပက္က ရဇန - မကျိုသော ဆိုးရည်တည်း။

ဥတ္တရာဠုမ္မန္တိ ဝဋ္ဋာဓာရကံ-ခွေဝန်းကို။ ဆိုးရည်အိုး၏ အလယ်၌ထား၍ ထိုခွေဝန်းကို ရံ၍ ရဇန-ဆိုးရည်ဖတ်ကို ထည့်ခြင်းငှါ ခွင့်ပြု၏ ဟူလို။ဤသို့ ပြုလျှင် ဆိုးရည် မလျှံ။

ရေ၌ လည်းကောင်း၊ လက်သည်းခွံ၌ လည်းကောင်း ဟူသည်၌ ကျက်လျှင် ရေခွက်၌ထည့်သော ဆိုးရည်ပေါက်သည် ချက်ချင်း မပြန့်၊ လက်သည်းခွံ၌လည်း မပြန့်ဘဲ တည်၏။

ရဇနုဠုင်္ကန္တိ ရဇနဥဠုင်္ကံ။ ဒဏ္ဍကထာလိကသည် ထို မှုတ်သည်ပင် အရိုးရှိ၏။

ရဇနကော ဠုမ္ဗန္တိ ရဇန ကုဏ္ဍံ -ဆိုးရည်ထည့်စရာ ဖျဉ်းအိုးလည်း။]

(သာဋီ ... အလယ်၌ထား၍ ဟူသည် အိုး၏ အတွင်းအလယ်၌တည်း။ ဤသို့ ခွေဝန်းကို အတွင်း၌ထားလျှင် ရေသည် တည်၏။ ခွေဝန်းပြင်ပ အိုးအတွင်း၌ ဆိုးရည်ဖတ် ဖြစ်၏။

ရဇန ဟူသည် ရဇနစ္ဆလ္လိ -ဆိုးရည်ဖတ်ကို ထည့်ခြင်းငှါ။

ဝိဋီ ... ဤသို့ပြုလျှင် ဟူသည် ခွေဝန်းအတွင်း၌ ဆိုးရည်ကို၊ ပြင်ပ၌ အဖတ်ကိုပြု၍ ခွဲခြားလျှင်၊

မလျှံ ဟူသည် သက်သက်ရေမှ အမြှုပ်မထသောကြောင့် မလျှံနိုင်။

ရဇနကုဏ္ဍသည် ကျိုပြီးသော ဆိုးရည် ထားစရာအိုးကြီးတည်း။)

သင်္ကန်း ဆိုးခြင်း

ထိုအခါ ရဟန်းတို့သည် ခွက်၌ လည်းကောင်း၊ သပိတ်၌ လည်းကောင်း သင်္ကန်းကို နယ်ကုန်၏။ သင်္ကန်း ပျက်၏။ ချစ်သားတို့၊ ရဇန ဒေါဏိက-ဆိုးရည်ကျင်းကို ခွင့်ပြု၏။

မြေ၌ သင်္ကန်းကို ဖြန့်လှန်းကုန်၏။ သင်္ကန်း မြူမှုန်ကပ်၏။ ချစ်သားတို့၊ တိဏသန္ထာကာရက - မြက်အခင်းကို ခွင့်ပြု၏။

မြက်အခင်း ခြစား၏။ ချစ်သားတို့၊ စီဝရ ဝံသ - သင်္ကန်း တန်း ဝါးကို၊ စီဝရ ရဇ္ဇု-သင်္ကန်း တန်းကြိုးကို ခွင့်ပြု၏။

အလယ်ဖြင့် ချိတ်ဆွဲကုန်၏။ ဆိုးရည် နှစ်ဘက်စီး၏။ ချစ်သားတို့၊ ကဏ္ဏ-အနား၌ ဖွဲ့ခြင်းငှါ ခွင့်ပြု၏။

အနားဆွေး၏။ ချစ်သားတို့၊ ကဏ္ဏ သုတ္တက - နားသန်ကွင်းကို ခွင့်ပြု၏။

ဆိုးရည် တစ်ဖက်စီး၏။ ချစ်သားတို့၊ ပြန်၍ ပြန်၍ ဆိုးခြင်းငှါ လည်းကောင်း၊ ဆိုးရည်ပေါက် မပြတ်မီ ဖဲမသွားခြင်းငှါ လည်းကောင်း ခွင့်ပြု၏။

သင်္ကန်းသည် ပတ္ထိန္န-ခက်မာ၏။ ချစ်သားတို့၊ ရေ၌ ထည့်ထားခြင်းငှါ ခွင့်ပြု၏။

သင်္ကန်းသည် ဖရုသ-ကြမ်း၏။ ချစ်သားတို့၊ လက်ဖြင့် ပုတ်ခတ်ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် အစ္ဆိန္နက-မဖြတ်သော သင်္ကန်းတို့ကို၊ ဒန္တကာသာဝ - ဆင်စွယ်ရောင် ဆိုးသော သင်္ကန်း တို့ကို ဆောင်ကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ မဖြတ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန် – ဒုက္ကဋ်။ (ဒန္တကာသာဝကို မပြ၊ ထာ၌ ပြသည်။)

[ဩမဒ္ဒန္တိတိ သမ္မဒ္ဒန္တိ- နယ်ကုန်၏။

ဖဲမသွားခြင်းငှါ ဟူသည် ဆိုးရည်ပေါက် လျောကျခြင်း မပြတ်မီ အရပ်တစ်ပါးသို့ မသွားအပ်။

ပတ္ထိန္န ဟူသည် အလွန် ဆိုးရည်ဆိုးခြင်းကြောင့် ခက်မာ၏။

ဩသာရေတုန္တိ ပက္ခိ ပိတွာ ထပေတုံ-ရေ၌ ထည့်ထားခြင်းငှါ၊ ဆိုးရည်ထွက်သောအခါ ထိုရေကို စွန့်၍ သင်္ကန်းကို နယ်အပ်၏။

ဒန္တကာသာဝ ဟူသည် တစ်ကြိမ်၊ နှစ်ကြိမ် ဆိုး၍ ဆင်စွယ်ရောင်ရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။]

(ဒု-ပါရာဇိကထာ၌ ... သင်္ကန်းကို ပအုံးရည်၊ မုန့်ညက်ရည်၊ ထမင်းရည် စသည်၌ မထည့်အပ်။ ညစ်ကြေးရှိ၍ ဖွပ်ခြင်းငှါကား အပ်၏။ ဆိုးရည်၌ နံ့သာ၊ ချိပ်ရည်၊ ဆီ မထည့်အပ်။ ဆိုးပြီးသောအခါ ခရုသင်း၊ ကျောက် စသည်ဖြင့် မတ်အပ်။ ဆိုးကျင်း၌ ရိုက်ဆောင့်၍ မဖွပ်အပ်၊ ကျင်း၌ ပျဉ်၌ ထား၍ အစွန်းကို ကိုင်စေ၍ လက်ဖြင့် ပုတ်အပ်၏။ လက်ဆုပ်ဖြင့် မထုအပ်။ နားသန်ကွင်းကို ဆိုးပြီးသောအခါ ဖြတ်အပ်၏။ နားသန်ကွင်းကို ဆိုး၍ ချိတ်ဆွဲစရာ အလျား အနားပတ်၌ အကွင်းပြု၍ ဖွဲ့အပ်၏။)

သင်္ကန်းပုံစံ လယ်ကန်သင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ဒက္ခိဏဂိရိသို့ ဒေသစာရီ လှည့်လည်စဉ် မဂဓလယ်ကို မြင်တော်မူ၏။

အစ္ဆိဗန္ဓ- လေးထောင့်ကန်သင်းရှိ၏။

ပါဠိဗန္ဓ- လျားရှည်ကန်သင်း နံရှည်ကန်သင်းရှိ၏။

မရိယာဒ ဗန္ဓ-အကြား အကြား တိုတို ကန်သင်းရှိ၏။

သိင်္ဃာဋက ဗန္ဓ-ခရီးဆုံ ကန်သင်းရှိ၏။

ချစ်သား အာနန္ဒာ၊ မဂဓလယ်ကို မြင်၏လော၊ လေးထောင့်ကန်သင်း၊ ကန်သင်းရှည်၊ ကန်သင်းတို၊ ကန်သင်းဆုံ ဖွဲ့ထားသည်။ မြင်ပါသည် ဘုရား။ ချစ်သား အာနန္ဒာ၊ ရဟန်းတို့၏ သင်္ကန်းတို့ကို ဤသို့ သဘောရှိအောင် စီရင်ခြင်းငှါ သင်စွမ်းနိုင်သလော။ စွမ်းနိုင်ပါသည် ဘုရားဟု လျှောက်၏။ ထိုနောက် မြတ်စွာဘုရားသည် ဒက္ခိဏဂိရိမှ ရာဇဂြိုဟ်သို့ ပြန်လာ၏။

ထိုအခါ ရှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းကို စီရင်ပြီးလျှင် မြတ်စွာဘုရားအား ရှုစားတော်မူပါဟု လျှောက်၏။ ချစ်သားတို့၊ အာနန္ဒာသည် ပညာရှိ၏။ ငါဘုရား အကျဉ်းဆိုသည်ကို အကျယ်သိ၏။

ကုသိ- တလုပ်မြောင်းရှည်ကိုလည်း ပြုဘိ၏။

အဍ္ဎကုသိ - တလုပ်မြောင်းတို၊

မဏ္ဍလ-အိမ်ဝန်းကြီး၊

အဍ္ဎမဏ္ဍလ-အိမ်ဝန်းခွဲ၊ ဝါ-အိမ်ဝန်းငယ်၊

ဝိဝဋ္ဋ- အလယ်ခေါင်ခန်း၊

အနုဝဋ္ဋ-ခေါင်ရံခန်း၊

ဂီဝေယျက-လည်ပင်း အနားပတ်၊

ဇင်္ဃေယျက-မြင်းခေါင်း အနားပတ်၊

ဗာဟန္တ-လက်မောင်းနေရာ အခန်းကိုလည်း ပြုဘိ၏။

ဖြတ်အပ်သော သတ္တလုခ-ဓားငယ်ဖြင့် ဖြတ် ချုပ်၍ အတွေ့ကြမ်းသော ရဟန်းတို့အား လျောက်ပတ်သော ရန်သူတို့ အလို မရှိအပ်သော သင်္ကန်းဖြစ်၏။ ချစ်သားတို့၊ ဖြတ်သော ဒုကုဋ်ကို၊ ဖြတ်သော ကိုယ်ရုံကို၊ ဖြတ်သော သင်းပိုင်ကို ခွင့်ပြု၏၊ (ပါဠိ၌ ဗန္ဓ၊ ထာ၌ ဗဒ္ဓ)။

(အစ္ဆိ ဗဒ္ဓ ဟူသည် လေးထောင့် ကန်သင်းရှိ၏။

ပါဠိ ဗဒ္ဓသည်- အလျားမှ လည်းကောင်၊ အနံမှ လည်းကောင်း ရှည်သော ကန်သင်းဖွဲ့၏။

မရိယာဒ ဗဒ္ဓသည် အကြား အကြား၌ တိုသော ကန်သင်းဖွဲ့၏။

သိင်္ဃာဋက ဗဒ္ဓသည် ကန်သင်း တစ်ခုဖြင့် တစ်ခု ဖောက်သွားရာ၌ ဆုံ၍ ဖွဲ့၏။ ခရီး လေးခုဆုံ သဏ္ဌာန် ဟူလို။

စွမ်းနိုင်ပါသည် ဟူသော စကားဖြင့် ရှင်တော်ဘုရားတို့ပေးသော နည်းဖြင့် စွမ်းနိုင်ပါသည်ဟု ပြ၏။

ကုသိ ဟူသည် အလျားမှ အနံမှ အနားပတ် စသော ရှည်သော အပြားတည်း။

အဍ္ဎကုသိသည် အကြား အကြား၌ တိုသော အပြားတည်း။

မဏ္ဍလသည် ငါးခန်း သင်္ကန်း၌ တစ်ခုသော အခန်း၌ ကြီးသော အဝန်းတည်း။

အဍ္ဎမဏ္ဍလသည် ငယ်သော အဝန်းတည်း။

ဝိဝဋ္ဋသည် ဝန်းကြီး ဝန်းငယ်ကိုကို ပေါင်း၍ချုပ်သော အလယ်ခန်းတည်း။

အနု ဝိဝဋ္ဋသည် ဝိဝဋ္ဋ၏ နှစ်ဘက် နံပါးတို့၌ နှစ်ခုသော အခန်းတို့တည်း။

ဂီဝေယျကသည် လည်ပင်းအုပ်သော နေရာ၌ ခိုင်စေခြင်းငှါ ချုပ်သော အာဂန္တုက ပတ္တတည်း။

ဇင်္ဃေယျက သည် ခေါင်းရောက်ရာ၌ ထိုအတူ ချုပ်သော အပြားတည်း။

ဗာဟန္တသည် အနုဝိဝဋ္ဋတို့ဖြင့် ပြင်ပ၌ တစ်ခုတစ်ခုသော အခန်းတည်း။

ဤသို့ ငါးခန်း သင်္ကန်းဖြင့်၊ ထိုသင်္ကန်းကို (ရှင်အာနန္ဒာ) စီရင်သည်။ တစ်နည်း၊ အနုဝိဝဋ္ဋသည် ဝိဝဋ္ဋ၏ တစ်ဘက်၌ နှစ်ခန်းစီဖြင့် လေးခန်းတည်း။

ဗာဟန္တသည် ကောင်းသော ပမာဏရှိသော သင်္ကန်းကို ရုံသောအခါ ခေါက်လိပ်၍ လက်မောင်းအထက်၌ ထားသော အပသို့ ရှေးရှုသော အစွန်းနှစ်ခုတို့တည်း၊ ဤနည်းကို မဟာအဋ္ဌကထာ၌ ဆိုသည်။)

(ဝိဋီ ... အနားပတ် စသော ရှည်သောအပြား ဟူသည် အလျားမှ လည်းကောင်း၊ အနံမှ လည်းကောင်း၊ အနုဝါတ - အနားပတ် ဖြစ်၏။

အာဒိ သဒ္ဒါဖြင့် နှစ်ခန်းအကြား မြောင်းငယ် သဏ္ဌာန်ထားသော အပြားကို လည်းကောင်း၊ ရှည်သော အပြားကို လည်းကောင်း သိအပ်၏။

အာဂန္တုက ပတ္တ ဟူသည် နှစ်ထပ်သင်္ကန်း၏ အထက်၌ တစ်ပါးသော အပြားကို တင်ကုန်၏။ ထိုအပြားကို ရည်ဆိုသည်။ ယခု မပြုကုန်။)

(သင်္ကန်း၌ ငါးခန်းကို ခေါင်ခန်းတစ်ခု၊ ခေါင်ရံကြီး နှစ်ခု၊ ခေါင်ရံထွေး၊ ဝါ-လက်လိပ်နှစ်ခုဟု အမည်ဖြင့် ရှေးက ခေါ်ကြသတတ်။)

တိစီဝရိတ် ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ဝေသာလီသို့ ဒေသစာရီ ကြွစဉ် ခရီးအကြား၌ များစွာသော ရဟန်းတို့ကို သင်္ကန်းထုပ်တို့ဖြင့် သင်္ကန်း ဘုံလျှိုပြု၍ ဦးခေါင်း၌၊ ပခုံး၌၊ ခါး၌ ဆောင်၍ လာသည်တို့ကို မြင်တော်မူ၏။ ဤ မောဃပုရိသတို့သည် သင်္ကန်းလာဘ်များ လို၍ လှည့်လည်ခြင်းသည် မြန်လှ၏။ သင်္ကန်း အပိုင်းအခြား ဖွဲ့ထားရမူ ကောင်းလေစွဟု အကြံ ဖြစ်တော်မူ၏။

ဝေသာလီသို့ ရောက်၍ ဂေါတမ စေတီ၌ နေတော်မူသောအခါ ချမ်းအေးသော ဆောင်းတွင်း ညဥ့် အန္တရဋ္ဌက-အကြား ရှစ်ရက်တို့၌ ဆီးနှင်းကျချိန် ညဥ့်အခါ လွင်တီးခေါင်၌ သင်္ကန်းတစ်ထည်ဖြင့် နေတော်မူ၏။ ပထမယာမ် လွန်သောအခါ ချမ်းအေးသဖြင့်၊ ဒုတိယ သင်္ကန်းတစ်ထည် ရုံတော်မူ၏။ မဇ္ဈိမယာမ် လွန်သောအခါ ချမ်းအေးသဖြင့် တတိယ သင်္ကန်း ရုံတော်မူ၏။ ပစ္ဆိမယာမ် လွန်၍၊ အရုဏ်တက် သောအခါ ချမ်းအေးသဖြင့် စတုတ္ထသင်္ကန်း ရုံတော်မူ၏။ ထိုအခါ အချမ်း ကင်း၏။

ဤသာသနာ၌ အချမ်းကြောက်သော ကုလပုတ္တတို့သည်လည်း သင်္ကန်းသုံးထည်ဖြင့် မျှတနိုင်လောက် ကုန်၏။ ရဟန်းတို့အား သင်္ကန်း အပိုင်းအခြား ဖွဲ့ထား၍ သုံးထည်ခွင့်ပြုရမူ ကောင်းလေစွဟု ရဟန်းတို့ကို ခေါ်၍ ရာဇဂြိုဟ်နှင့် ဝေသာလီအကြား သင်္ကန်းထုပ်တို့ဖြင့် ရဟန်းတို့ လာကြခြင်း၊ အန္တရဋ္ဌက ရက်တို့၌ သင်္ကန်းလေးထည်ဖြင့် အချမ်းကင်းလျက် နေနိုင်ခြင်း၊ သင်္ကန်း အပိုင်းအခြား ဖွဲ့ထားလိုခြင်းတို့ကို ဟောပြပြီးလျှင် ချစ်သားတို့၊ တိစီဝရိတ်ကို ခွင့်ပြု၏။

ဒီဂုဏံ-နှစ်ထပ်သော၊

သံသာဋိံ - ဒုကုဋ်ကို။

ဧကစ္စိယံ-တစ်ထပ်သော၊

ဥတ္တရာသင်္ဂံ - ကိုယ်ရုံကို။

အန္တရ ဝါသကံ-တစ်ထပ်သော သင်းပိုင်ကို ခွင့်ပြု၏။

[သင်္ကန်းထုပ်တို့ဖြင့် ဟူသည် ထမ်းချီနိုင်သော အလုပ်ဖြစ်အောင် ပြု၍လည်း။

ဘုံလျှို ဟူသည် နှစ်ထည် သုံးထည်ထပ်၍ ဘုံလျှို (မွေ့ရာ) အသွင် ခေါက်အပ်သော သင်္ကန်းတို့တည်း။

သင်္ကန်းထုပ်တို့ဖြင့် လာသော ရဟန်းတို့ကား မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ဒက္ခိဏဂိရိသို့ ကြွတော် မူသောအခါ လျင်စွာ ပြန်ကြွလတ္တံ့ဟု သိကြ၍ ဇီဝက ဝတ္ထု၌ရသော သင်္ကန်းတို့ကို ထားခဲ့၍ ဒက္ခိဏဂိရိသို့ လိုက်သွားကုန်၏။ ယခု ဝေသာလီ ကြွခြင်းကား ကြာမြင့်မှ ပြန်ကြွလတ္တံ့ ဟု သိကြသဖြင့် သင်္ကန်းတို့ကို ယူ၍ ခရီး ဖဲကုန်သတတ်။

အန္တရဋ္ဌက ဟူသည် မာဃနှင့် ဖဂ္ဂုဏ၏ အကြား (ဝါ-တပို့တွဲ တပေါင်းအကြား) ရှစ်ရက်တည်း။ လွင်တီးခေါင်၌ မနေထိုင်လျှင် ထိုအကြောင်းကို ဘုရားရှင် မသိသည် မဟုတ်၊ ရဟန်းအပေါင်း နှစ်သက်စွာ သဘောကျ မှတ်သားနိုင်အောင် ပြုတော်မူသည်။

အချမ်းကြောက်သူတို့သည် ပကတိ ချမ်းခြင်းဖြင့် ပင်ပန်းကုန်၏။ ချမ်းခြင်း ပကတိ ရှိ၍ သီတာလုကတို့ မည်ကုန်၏။ ဒိဂုဏံ သံဃာဋိန္တိ ဒုပဋ္ဋံ သံဃာဋိံ- နှစ်ထပ်သော ဒုကုဋ်ကို။ ဧကစ္စိစ္ဆန္တိ ဧကပဋ္ဋံ -တစ်ထပ်ကို။ ဤသို့ ဘုရားရှင်သည် ကိုယ်တော်တိုင် လေးထည်ဖြင့် မျှလျက် ငါတို့အားကား သုံးထည်ကိုသာ ခွင့်ပြုသည် ဟု ဆိုခွင့် မရအောင် ဒုကုဋ် နှစ်ထပ်၊ ကိုယ်ရုံသင်းပိုင် တစ်ထပ် ဤသို့ လေးထည် ဖြစ်လတ္တံ့ဟု ခွင့်ပြု၏။]

အတိရေက ဝိကပ္ပနာ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဘုရားရှင် တိစီဝရိက် ခွင့်ပြုသည်ဟု တိစီဝရိက် တစ်ခုဖြင့် ရွာသို့ဝင်၊ တစ်ခုဖြင့် အရံ၌ နေ၊ တစ်ခုဖြင့် ရေချိုးဆင်းကုန်၏။ သင်္ကန်း အပိုအလွန် ဆောင်သည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ပိုလွန်သော သင်္ကန်းကို မဆောင်အပ်၊ ဆောင်ငြားအံ့၊ ယထာဓမ္မ ကုစားစေအပ်၏။

ရှင်အာနန္ဒာအား ပိုလွန်သော သင်္ကန်းဖြစ်၏။ ထိုသင်္ကန်းကို ရှင်သာရိပုတြာအား လှူလို၏။ ရှင်သာရိပုတြာသည် သာကေတ၌ နေ၏။ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်၏။ ချစ်သား အာနန္ဒာ၊ အဘယ်မျှကြာလျှင် သာရိပုတြာ ရောက်လတ္တံ့နည်း။ ကိုးရက် ဆယ်ရက် ကြာလျှင် ရောက်ပါလိမ့်မည်။ ချစ်သားတို့ ဆယ်ရက်ရှိသော ကာလပတ်လုံး ပိုလွန်သော သင်္ကန်းကို ထားခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့အား ပိုလွန်သော သင်္ကန်းသည် ဖြစ်၏၊ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ ပိုလွန်သော သင်္ကန်းကို ဝိကပ္ပနာ ပြုခြင်းငှါ ခွင့်ပြု၏။

လေးထပ်သင်္ကန်းဖြင့် ဖာခြင်း

ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမှ ဗာရာဏသီသို့ ကြွ၍ ဣတိပတန မိဂဒါဝုန်၌ နေတော်မူ၏။ ရဟန်းတစ်ပါးအား သင်းပိုင် အပေါက် ဖြစ်၏။ ဘုရားရှင်သည် ဒုကုဋ် နှစ်ထပ်၊ ကိုယ်ရုံ သင်းပိုင် တစ်ထပ်ကို ခွင့်ပြု၏။ ငါ၏ သင်းပိုင်ပေါက် ဖာလျှင် ဝန်းကျင်နှစ်ထပ်၊ အလယ် တစ်ထပ် ဖြစ်လတ္တံ့ဟု ကြံ၍ အဂ္ဂဠ-အဖာကို ပေး၏။ မြတ်စွာဘုရားသည် ကျောင်းလှည့်လည်စဉ် မြင်၍ ချစ်သား၊ အဘယ်ကို ပြုသနည်း၊ သင်္ကန်း ဖာခြင်းကို ပြုပါသည် ဘုရား။

ချစ်သား၊ သာဓု သာဓု။ သင်္ကန်းပေါက် ဖာခြင်းသည် ကောင်းပေ၏ဟု မိန့်တော်မူ၍ ရဟန်းတို့ကို တရားဟောပြီးလျှင် ချစ်သားတို့၊ အဟတ - အဝတ်သစ်ဖြစ်အံ့၊ အဟတ ကပ္ပ - အဝတ်သစ် နီးနီး ဖြစ်အံ့ နှစ်ထပ်သော ဒုကုဋ်ကို၊ တစ်ထပ်သော ကိုယ်ရုံသင်းပိုင်ကို လည်းကောင်၊ ဥတုဒ္ဓဋ- အဝတ်ဟောင်း ဖြစ်အံ့၊ လေးထပ်သော ဒုကုဋ်ကို၊ နှစ်ထပ်သော ကိုယ်ရုံကို သင်းပိုင်ကို လည်းကောင်း၊ ပံ့သကူ၌ အလိုရှိတိုင်း ထပ်ခြင်းကို လည်းကောင်း ခွင့်ပြု၏။ အိမ်ဈေး အနီးကျသော အဝတ်၌ အားထုတ်ခြင်းကို ပြုအပ်၏။ ချစ်သားတို့၊

အဂ္ဂဠ-အဖာပေးခြင်းကို။

တုန္န-အပ်လျှို ထိုးခြင်းကို။

ဩဝဋ္ဋိက-လုံး၍ ချုပ်ခြင်းကို။

ကဏ္ဍသက- ဆောက်ပြား ထိုးခြင်းကို။

ဒဠှီကမ္မ-မြဲအောင်ပြုခြင်းကို ခွင့်ပြု၏။

(ချည်ဖြင့် ဖာခြင်းကို နောက် ခွင့်ပြုလတ္တံ့။)

[အဖာကို ပေးခြင်း ဟူသည် အပေါက်နေရာ၌ အဝတ်ပိုင်း ကပ်စေခြင်းတည်း။

အဟတ ကပ္ပသည် တစ်ကြိမ်ဖွပ်ပြီးဖြစ်၏။

ဥတုဒ္ဓဋ ဟူသည် ဥတုတော + ဥဒ္ဓဋ - ကြာမြင့်သော ဥတုကာလမှ + ထုတ်ဆောင်အပ်၏။ အစာ ချေပြီးသော အဝတ်ဟောင်းဟု ဆိုလိုသည်။

ပါပဏိကေတိ အန္တရာ ပဏ တောပတိတပိ လောတိက စီဝရေ - အိမ်ဈေး အနီးကျသော အဝတ် သင်္ကန်း၌ အားထုတ်ခြင်း ဟူသည် ရှာဖွေခြင်းကို ပြုအပ်၏။ ဤအဝတ်၌ ပိုင်းခြား မရှိ၊ အထပ်တစ်ရာလည်း အပ်၏။ ဤစကားအားလုံးကို သုံးဆောင်လိုသော ရဟန်း၏ အစွမ်းဖြင့် ဟောသည်။

အဂ္ဂဠ ဟူသည် ပယ်ထုတ်၍ ကပ်စေအပ်သော အဝတ်ပိုင်းတည်း။

တုန္န ဟူသည် ချုပ်ခြင်းတည်း။

ဩဝဋ္ဋိက ဟူသည် လုံး၍ ပြုခြင်းတည်း။

ကဏ္ဍုသက ဟူသည် မုဒ္ဒိကာ- ဆောက်ပြား ထိုးခြင်းတည်း။

ဒဠှီကမ္မ ဟူသည် ပယ်ထုတ်ခြင်း မပြုဘဲ မှီထပ်၍ ကပ်စေသော အဝတ်ပိုင်းတည်း။]

(သာဋီ … အစ္ဆုပေယျန္တိ ပတိဋ္ဌပေယျံ - ပေါက်ရာ၌ အဝတ်ပိုင်း တည်စေရမှုတည်း။

ဟတဝတ္တကာ နန္တိကာလာတိတ ဝတ္ထာနံ - ကာလ လွန်သော အဝတ်ဟောင်းတို့တည်း။

ပယ်ထုတ်၍ ဟူသည် အဆွေးနေရာကို ပယ်၍ ကပ်စေအပ်သော အဝတ်ပိုင်းတည်း။

ဝိဋီ ... ပယ်ထုတ်ခြင်း မပြုဘဲ ဟူသည် အဂ္ဂဠ၌ ကဲ့သို့ အဆွေး ဒုဗ္ဗလ ဌာန မပယ်မူ၍သာတည်း။)

ဝိသာခါ တောင်းဆု ရှစ်ပါး

ထိုမှ နောက်၌ မြတ်စွာဘုရားသည် ဗာရာဏသီမှ သာဝတ္ထိသို့ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ဝိသာခါ ကျောင်းအမသည် ဘုရားရှင်ထံ ချဉ်းကပ်၍ နက်ဖြန်အတွက် ရဟန်းသံဃာနှင့်တကွ ဆွမ်းဘုဉ်းပေး ကြွတော်မူပါဟု ပင့်လျှောက်၏။ ထိုညဥ့်အလွန်တွင် လေးကျွန်းလုံးနှံ့သော မိုးကြီးသည် ရွာသွန်း၏။ ချစ်သားတို့၊ ဤမိုးသည် လေးကျွန်းလုံး ရွာသွန်း၏။ ကိုယ်ကို မိုးရေစွတ်စိုစေကြလော။ နောက်ဆုံး မိုးဖြစ်သည်ဟု မိန့်တော်မူ၏။

ဝိသာခါသည် ဆွမ်းပြင်ပြီးသောအခါ ကျွန်မတစ်ယောက်ကို အရံသို့ သွားချေလော၊ ဆွမ်းချိန်တန်ပါပြီ-ဟု လျှောက်ချေလောဟု စေလွှတ်လိုက်၏။ ကျွန်မသည် အရံတွင်း၌ ချအပ်သော သင်္ကန်းဖြင့် ရေချိုးနေကြသည်ကို မြင်၍ ပြန်သွားပြီးလျှင် အရှင်မ၊ အရံတွင်း၌ ရဟန်း မရှိ၊ အာဇီဝက (တိတ္ထိတက္ကတွန်း) တို့ ရေချိုးနေကြသည်ဟု ပြောပြ၏။

နောက်တစ်ကြိမ် စေခိုင်းလတ်သော် ရဟန်းတို့သည် ကိုယ်ကို အေးချမ်း အောင်ပြု၍ မပင်မပန်း ခန့်ကျန်းသော ကိုယ်ဖြင့် ကျောင်းတွင်းဝင်၍ နေကြသောကြောင့် မမြင်ရသဖြင့်၊ အရံတစ်ခုလုံး ဆိတ်ငြိမ် နေသည်ဟု ပြန်ပြော၏။ နောက်တစ်ကြိမ် စေခိုင်းလတ်သော် ရဟန်း သံဃာနှင့်တကွ မြတ်စွာဘုရားသည် ကွေးသောလက် ဆန့်သကဲ့သို့ ဇေတဝန်မှ ကွယ်ပျောက်၍ ဝိသာခါအိမ် တံခါးမုခ်၌ ထင်ရှားဖြစ်၍ ခင်းသောနေရာတို့၌ ထိုင်ကုန်၏။

ဝိသာခါသည် ဘုရားရှင်၏ တန်ခိုးတော် ကြီးလေစွ၊ ရေအယဉ်သည် ခါးစောင်းမျှ ရေစီးနေလျက် ရဟန်း တစ်ပါးမျှ ဖဝါးမစွတ်၊ သင်္ကန်း မစိုဟု ဝမ်းမြောက်စွာ ဆွမ်းကပ်၏။ ဆွမ်းကိစ္စပြီးသောအခါ မြတ်စွာဘုရား၊ ရှစ်ပါးသောဆုကို တောင်းလိုပါသည် ဘုရား။ ဝိသာခါ ဘုရားရှင်တို့သည် ဆုကို နှစ်သက်ကုန်၏။ မြတ်စွာဘုရား၊ အပြစ် မရှိ၊ အပ်သော ဆုများဖြစ်ပါသည် ဘုရား။ ဝိသာခါ၊ ဆိုလော။

မြတ်စွာဘုရား သံဃာအား တစ်သက်လုံး ဝဿိကသာဋိက-မိုးရေခံသင်္ကန်း (ရေသနုတ်) ကို လှူလိုပါသည်။ အာဂန္တုက ဘတ်၊ ဂမိကဘတ်၊ ဂိလာန ဘတ်၊ ဂိလာနုပဋ္ဌာက ဘတ်၊ ဂိလာန ဘေသဇ္ဇ၊ ဓုဝ ယာဂုကို လှူလိုပါသည်။ ဘိက္ခုနီ သံဃာအား ဥဒကသာဋိက-ရေသနုတ်ကို လှူလိုပါသည်ဟု လျှောက်၏။

ဝဿိကသာဋိ (၁) အာ၊ ဂမိ (၂)၊ သုံးဂိ (၃) ယာဂု၊ သာဋိကာ (၂)။

(သာဋီ ... ကလ္လကာယာတိ အကိလန္တကာယာ - မပင်ပန်းသောကိုယ် ရှိကုန်၏။ ပီတိသောမနဿဖြင့် တွေ့ထိသောကိုယ် ရှိကုန်၏။

ဝိဋီ ... ထိုထက် မထူး။

ဇီဋီ ... အလ္လိကာယာ တိပိပါဋ္ဌော အတ္တိ။ စိုသောကိုယ် ရှိကုန်၏ ဟူ၍လည်း ရှိတတ်၏။)

ဆုရှစ်ပါး တောင်းကြောင်း

ဝိသာခါ၊ သင်သည် အဘယ်အကြောင်းကြောင့် ရှစ်ပါးသောဆုကို တောင်းသနည်း။ မြတ်စွာဘုရား၊ ကျွန်မကို အရံသို့ စေလွှတ်သောအခါ အရံတွင်း၌ အာဇီဝကတို့ ရေချိုးနေကြသည်ဟု ပြောပြပါသည်။ အဝတ်မဲ့ ရေချိုးခြင်းသည် မလျောက်ပတ်ပါ၊ ထိုအကြောင်းကြောင့် တစ်သက်လုံး မိုးရေခံလှူလိုပါသည် ဘုရား။

အာဂန္တု ရဟန်းသည် ဆွမ်းခံလမ်းမသိ၍ ပင်ပန်းပါသည်။ အာဂန္တုက ဘတ်ကို သုံးဆောင်၍ လမ်းသိမှ ပင်ပန်းခြင်း ကင်းပါသည်။ ထိုကြောင့် တစ်သက်လုံး အာဂန္တုကဘတ် လှူလိုပါသည် ဘုရား။

ခရီးသွား ရဟန်းသည် ဆွမ်းခံသွားနေရလျှင် ခရီးချိန်နောက်ကျ ပါသည်။ ဂမိယဘတ် သုံးဆောင်ရလျှင် အချိန် မလင့်ပါ။

ဂိလာန ရဟန်းသည် သပ္ပါယ ဘောဇဉ်မရလျှင် အနာတိုးခြင်း၊ ပျံလွန်ခြင်း အတွက် စိုးရိမ်ဖွယ် ဖြစ်ပါသည်။ ဂိလာနဘတ် သုံးဆောင်ရလျှင် အန္တရာယ် ကင်းနိုင်ပါသည်။

ဂိလာန လုပ်ကျွေးသူသည် မိမိအတွက် ဆွမ်းခံပြီးမှ ဂိလာနထံ ဆွမ်းပို့ နေမြင့်နေသဖြင့် မစားနိုင်ပါ၊ ဂိလာနုပဋ္ဌာက ဘတ်ကို ရလျှင် အချိန်မီ ဆွမ်းပို့နိုင်ပါသည်။

ဂီလာနအား သပ္ပါယ ဆေးမှရလျှင် အနာတိုးခြင်း၊ ပျံလွန်ခြင်း စိုးရိမ်ရပါသည်။ (ဘေသဇ္ဇက္ခန္ဓက) အန္ဓကဝိန္ဒ အရပ်၌ ယာဂုအကျိုးဆယ်ပါး ဘုရားရှင် ဟောပါသည်။ ထိုကြောင့် တစ်သက်လုံး ဓုဝယာဂု လှူလိုပါသည်၊

မြတ်စွာဘုရား၊ ဘိက္ခုနီတို့သည် အစိဝရတိ မြစ်၌ ပြည့်တန်ဆာမတို့နှင့်အတူ အဝတ်မဲ့ရေချိုးကြစဉ်၊ အရှင်မတို့၊ ငယ်ရွယ်စဉ် တရားအားထုတ်ခြင်းဖြင့် အကျိုးမရှိ၊ ကာမဂုဏ် ခံစား၍ အိုမင်းမှ တရား အားထုတ်လျှင် အကျိုးနှစ်ပါး ရမည် မဟုတ်လောဟု ပြက်ရယ်ပြု ခံကြရပါသည်။ အဝတ်မဲ့ ရေချိုးခြင်း မလျော်ပါ။ ထိုအကြောင်းကြောင့် ဘိက္ခုနီ သံဃာအား တစ်သက်လုံး ရေသနုတ် လှူလိုပါသည် ဘုံရား-ဟု လျှောက်၏။

ဆုရှစ်ပါး အာနိသင်

ဝိသာခါ၊ သင်သည် အဘယ် အာနိသင်ကို မြင်၍ ရှစ်ပါးသော ဆုကို တောင်းသနည်း။

မြတ်စွာဘုရား၊ အရပ်ရပ်မှ ဝါကျွတ်သော ရဟန်းတို့သည်၊ သာဝတ္ထိသို့ ဘုရားဖူး ရောက်လာကုန်လတ္တံ့၊ ဤမည် ဤမည်သော ရဟန်းသည် ပျံလွန်ပါပြီ၊ ထိုရဟန်း၏ ဂတိသည် (ဝါ-ဉာဏဂတိ-ဉာဏ်ရခြင်းသည်) အဘယ်ပါနည်းဟု လျှောက်ကုန်လတ္တံ့။ သောတာပန်၊ သကဒါဂါမ် စသည်ဖြင့် ဉာဏဂတိကို မြတ်စွာဘုရား မိန့်ကြားပါလိမ့်မည်။

ထို ရဟန်း သာဝတ္ထိသို့ ရောက်ဖူးပါသလောဟု အကျွန်ုပ် လျှောက်ထားပါအံ့၊ ရောက်ဖူးသည်ဟု အမိန့်ရှိကြပါလျှင် ထိုအရှင်သည် မချွတ် မိုးရေခံကို သုံးဆောင်ဖူးပြီ၊ အာဂန္တုက ဘတ်၊ ...လ... ။ ဓုဝ ယာဂုကို သုံးဆောင်ဖူးပြီဟု ဆုံးဖြတ်၍ သတိရတိုင်း ပါမုဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ အဆင့်ဆင့် ဖြစ်ပါလိမ့်မည်။ ထို သမာဓိသည် အကျွန်ုပ်အား ဣန္ဒြိယ ဘာဝနာ၊ ဗလ ဘာဝနာ၊ ဗောဇ္ဈင်္ဂ ဘာဝနာ ဖြစ်ပါလိမ့်မည်။ ဤသို့သော အာနိသင်ကို မြင်၍ ရှစ်ပါးသောဆုကို တောင်းပါသည် ဘုရားဟု လျှောက်၏။

ဝိသာခါ၊ ဤ အာနိသင်ကို မြင်၍ ရှစ်ပါးသော ဆုကို တောင်းခြင်းသည် ကောင်း၏။ သင်အား ရှစ်ပါးသော ဆုကို ငါဘုရား ခွင့်ပြု၏ မိန့်၍ ယာ အန္နပါနံ – စသော ဂါထာဖြင့် အနုမောဒနာ ပြုတော်မူ၏။ ထိုမှ ဖဲသွား၍၊ ရဟန်း တို့ကို တရားဟောပြီးလျှင် ချစ်သားတို့၊ မိုးရေခံ သင်္ကန်းကို၊ အာဂန္တုက ဘတ်ကို၊ ...လ... ၊ ဘိက္ခုနီ သံဃာအား ရေသနုတ်ကို ခွင့်ပြု၏ဟု မိန့်တော်မူ၏။

နိသီဒိုင် စသည် ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို သုံးဆောင်၍ သတိ သမ္မဇည ကင်းလျက် အိပ်ကုန်၏။ အိပ်ပျော်စဉ် အိပ်မက်ဖြင့် သုက်လွှတ်၏။ အိပ်ရာ နေရာ လိမ်းကပ်၏။ မြတ်စွာဘုရားသည် ကျောင်းလှည့်လည်စဉ် မြင်၍ အာနန္ဒာအား မေး၍ ထိုအကြောင်း လျှောက်ကြားသောအခါ ချစ်သား အားနန္ဒာ၊ သင်လျှောက်တိုင်း ဟုတ်ပေ၏။ သတိ၊ သမ္ပဇညဖြင့် အိပ်ပျော်လျှင် ကာမရာဂ ကင်း၍ ပုထုဇဉ်သို့အားသော်လည်း သုက်မလွတ်။ ရဟန္တာတို့အားကား လွှတ်နိုင်သောအကြောင်း မရှိစကောင်းဟု မိန့်၍ ရဟန်းတို့ကို ခေါ်တော်မူ၍ ထိုအကြောင်းပြော၍ --

ချစ်သားတို့၊ သတိ သမ္ပဇည ကင်း၍ အိပ်သူအား အပြစ်ငါးပါးရှိ၏။ ဆင်းရဲစွာအိပ်ရ၏။ ဆင်းရဲစွာ နိုး၏။ အိပ်မက်ဆိုး မြင်မက်၏။ နတ်တို့ မစောင့်ရှောက်၊ သုက် လွတ်၏။ သတိ သမ္ပဇညဖြင့် အိပ်သူအား ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုး၏။ အိပ်မက်ကောင်း မြင်မက်၏။ နတ်တို့ စောင့်ရှောက်ကုန်၏။ သုက်မလွတ်- အာနိသင် ငါးပါးရှိ၏။

ချစ်သားတို့၊ ကိုယ်ကိုစောင့်ခြင်းငှါ၊ သင်္ကန်းကို စောင့်ခြင်းငှါ၊ အိပ်ရာနေရာကို စောင့်ခြင်းငှါ နိသီဒိုင်ကို ခွင့်ပြု ၏။

အလွန်ငယ်သော နိသီဒိုင်သည် အိပ်ရာနေရာကို ကောင်းစွာ မစောင့်နိုင်သဖြင့် မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ပစ္စတ္ထရဏ - အိပ်ရာခင်းကို လိုသလောက် ကြီးစွာပြုခြင်းငှါ ခွင့်ပြု၏။

ရှင်အာနန္ဒာ၏ ဥပဇ္ဈာယ် ရှင်ဗေလဋ္ဌသီသအား ဝဲကြီးနာ စွဲကပ်၏။ သင်္ကန်းနှင့် ကိုယ်ကို အစေးကပ်၍ ရေဆွတ်ခွါရကုန်၏။ ချစ်သားတို့၊ ယားနာ၊ အိုင်းနာ၊ အရည်ယိုသော အနာ၊ ဝဲကြီးနာ စွဲကပ်သော ရဟန်းအား ကဏ္ဍုပဋိစ္ဆာဒိ-အမာလွှမ်းကို ခွင့်ပြု၏။

အခါတစ်ပါး ဝိသာခါသည် မုခ ပုဉ္ဆန စောဠ - မျက်နှာသုတ်ပဝါကို မြတ်စွာဘုရားအား အလှူခံတော်မူပါဟု လျှောက်၏။ အလှူခံပြီးလျှင် ချစ်သားတို့၊ မျက်နှာသုတ်ပဝါကို ခွင့်ပြု၏-ဟု မိန့်တော်မူ၏

[ကာမရာဂ ကင်း၍ ပုထုဇဉ်တို့အားသော်လည်း ဈာနလာဘီတို့ အားတည်း။]

(ဇီဋီ ... အကြောင်းမရှိစကောင်း ဟူသည်၌ ရူပကဏ္ဍ၌ စတုသမုဋ္ဌာနိက-ဟု ဆိုသောကြောင့်၊ ကံကြောင့် ဖြစ်နိုင်သော်လည်း၊ ရာဂစိတ် မရှိခြင်းကြောင့် မလွတ် ဟူ၍ လည်းကောင်း၊ ရာဂအကြောင်းခံမှ ကံကြောင့် ဖြစ်နိုင်သည် ဟူ၍ လည်းကောင်း၊ စိစစ်၍ ယူအပ်၏။ ကထာဝတ္ထုဖြင့်လည်း စိစစ်အပ်၏၊

သာဋီ ... ဆင်းရဲစွာအိပ်ရ၏ ဟူသည် အိပ်မက်ထူးတူး မြင်လျက် ဆင်းရဲစွာ အိပ်ရ၏။

ဆင်းရဲစွာ နိုး၏ ဟူသည် ထိတ်လန့်လျက် ကြက်သီး မွေးညင်းထလျက် နိုး၏။)

ဝိဿာသဂ္ဂါဟ အင်္ဂါငါးပါး၊ သုံးပါး

ထိုအခါ ရောဇမလ္လာမင်းသည် ရှင်အာနန္ဒာ၏ သဟာယ သူငယ်ချင်းဖြစ်၏။ ခေါမ အဝတ်တစ်ထည်ကို ရှင်အာနန္ဒာ၏ လက်၌ ထား၏။ ရှင်အာနန္ဒာသည် ထိုအဝတ်ဖြင့် အလိုရှိ၏။ ဘုရားရှင်အား လျှောက်၏။ ချစ်သားတို့၊ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသူအား အကျွမ်းတဝင် ယူခြင်းငှါ ခွင့်ပြု၏။ မြင်ဖူးခြင်း၊ တကွ သုံးဆောင်ဖူးခြင်း၊ စကား ပြောဖူးခြင်း၊ အသက်ရှိခြင်း၊ ငါယူလျှင် နှစ်သက်လတ္တံ့ဟု သိခြင်း။ ချစ်သားတို့၊ ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသူအား အကျွမ်းတဝင် ယူခြင်း ခွင့်ပြု၏။

[မြင်ဖူးခြင်း ဟူသည် မြင်ဖူးရုံမျှ မိတ်ဆွေတည်း။

တကွ သုံးဆောင်ဖူးခြင်း ဟူသည် ပစ္စည်းကို အတူ သုံးဆောင်ဖူးသော ခိုင်မြဲသော မိတ်ဆွေတည်း။ (ပစ္စည်းပေးခြင်း၊ ယူခြင်းဖြင့် ဆက်ဆံသော ဒဠှမိတ္တ ဟူလို။)

စကားပြောဖူးခြင်း ဟူသည် ငါ၏ ပစ္စည်းကို လိုရာယူဟု ပြောဖူးသူတည်း။

ဤသုံးပါးတို့တွင် တစ်ပါးပါးနှင့် အသက်ရှိခြင်း၊ ငါယူလျှင် နှစ်သက်လတ္တံ့ ဟု သိခြင်း၊ ဤသို့သော (သုံးပါးစီ) အင်္ဂါတို့ဖြင့် အကျွမ်းတဝင် ယူခြင်းသည် ဝိဿာသဂ္ဂါဟ မြောက်၏။]

ပရိက္ခာရ စောဠ

ထိုအခါ ရဟန်းတို့အား တိစီဝရိက်သည် ပြည့်စုံ၏။ ပရိဿာဝန - ရေစစ် ပဝါဖြင့် လည်းကောင်း၊ ထဝိကာ-အိတ်ဖြင့် လည်းကောင်း အလိုရှိ၏။ ချစ်သားတို့၊ ပရိက္ခာရ စောဠက (လိုရာသုံးရန် အဝတ်) ကို ခွင့်ပြု၏။

(ဤတွင် သင်္ကန်း ကိုးထည် စုံလင်ပြီ။)

အဓိဋ္ဌာန်တင်ခွင့်

ထိုအခါ ရဟန်းတို့အား ဤသို့ အကြံဖြစ်၏။ မြတ်စွာဘုရားသည် တိစီဝရိတ်ကို လည်းကောင်း (၃)၊ မိုးရေခံ၊ နိသီဒိုင်၊ အိပ်ရာခင်း (၃)၊ အမာလွှမ်း၊ မျက်နှာသုတ်၊ ပရိက္ခာရ စောဠ (၃)--ကို လည်းကောင်း ခွင့်ပြု၏။ ထိုတို့ကို အဓိဋ္ဌာန် တင်အပ်ကုန် သလော၊ ဝိကပ္ပနာ ပြုအပ်ကုန်သလော-ဟု အကြံဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့၊ တိစီဝရိက်ကို အဓိဋ္ဌာန် တင်ခြင်းငှါ ဝိကပ္ပနာ မပြုခြင်းငှါ ခွင့်ပြု၏။

မိုးရေခံကို မိုး လေးလပတ်လုံး အဓိဋ္ဌာန် တင်ခြင်းငှါ၊ ထိုနောက် ဝိကပ္ပနာ ပြုခြင်းငှါ ခွင့်ပြု၏။

နိသီဒိုင်ကို၊ အိပ်ရာခင်းကို အဓိဋ္ဌာန်တင်ခြင်းငှါ၊ ဝိကပ္ပနာ မပြုခြင်းငှါ။

အမာလွှမ်းကို အနာရှိသမျှပတ်လုံး အဓိဋ္ဌာန် တင်ခြင်းငှါ၊ ထိုနောက် ဝိကပ္ပနာ ပြုခြင်းငှါ။

မျက်နှာသုတ်ကို၊ ပရိက္ခရ စောဠကို အဓိဋ္ဌာန် တင်ခြင်းငှါ၊ ဝိကပ္ပနာ မပြုခြင်းငှါ ခွင့်ပြု၏။

တိစီဝရိက် (၃)၊ နိ၊ မာ၊ အိပ် (၃)၊ မျက်၊ ပရိက်၊ မိုး (၃)- သင်္ကန်းကိုး။

အဘယ်မျှ အငယ်ဆုံး အဝတ်သင်္ကန်းကို ဝိကပ္ပနာ ပြုအပ်သနည်းဟု ရဟန်းတို့အား အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ဘုရားရှင် လက်သစ်အားဖြင့် အလျား ရှစ်သစ်၊ အနံလေးသစ်ရှိသော အငယ်ဆုံး အဝတ်သင်္ကန်းကို ဝိကပ္ပနာ ပြုခြင်းငှါ ခွင့်ပြု၏။

(အမည် အသီးသီးဖြင့် အဓိဋ္ဌာန် တင်အပ်၏။ ဝိကပ္ပနာ မပြုအပ်။ စီဝရ ဟူသော အမည် သာမညဖြင့် ဝိကပ္ပနာ ပြုအပ်၏။ အဓိဋ္ဌာန် မတင်အပ် ဟူလို။

“ဘုရား တစ်သစ်၊ မဇ် သုံးသစ်၊ တို့မှာ လေးသစ်ခွဲ” ... နှင့်အညီ အလျား ရှစ်သစ်၊ အနံ လေးသစ်သည် မဇ္ဈိမ ၂၄-သစ်၊ ၁၃-သစ် ဖြစ်၏။ တို့မှာ- ၃၆-သစ်x၁၈-သစ်၊ ဝါ ... အလျား တစ်တောင့်ထွာ x အနံ တစ်ထွာ၊ ခြောက်သစ်ဖြစ်၏။ ထိုအနေ အဝတ်သည် စီဝရ မည်၏။ ဝိကပ္ပနာ ပြုလောက်၏ ဟူလို၊)

အနားပတ် ခွင့်ပြုခြင်း

ထိုအခါ ရှင်မဟာကဿပ၏ ပံ့သကူပြုသော သင်္ကန်းသည် လေး၏။ ချစ်သားတို့၊ သုတ္တလုခ-- ချည်သက်သက်ဖြင့် ဖာခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။

ဝိကဏ္ဏ-သင်္ကန်းထောင့် မညီခြင်း ဖြစ်၏။ ချစ်သားတို့၊ မညီသော ထောင့်ရှည်ကို ဖြတ်ခြင်းငှါ ခွင့်ပြု၏။

ချည်တို့သည် လျှောထွက်ကုန်၏။ ချစ်သားတို့၊ အနုဝါက-အလျား အနားပတ်ကို၊ ပရိဘဏ္ဍ-အနံ အနားပတ်ကို တင်ခြင်းငှါ ခွင့်ပြု၏။

ဒုကုဋ်၏ ပတ္ထ-အနားပတ်တို့သည် ပျက်စီးကုန်၏။ ချစ်သားတို့၊ အဋ္ဌပဒက တံကျစ် ရေးချုပ်ခြင်းငှါ ခွင့်ပြု၏။

[ပံသုကူလက တောတိကတ ပံသုကူလော - ပြုအပ်သော ပံ့သကူ သင်္ကန်းတည်း။

လေး၏ ဟူသည် ဆွေးရာ ဆွေးရာ အဖာ ထပ်တင်သော ကြောင့် လေး၏။

သုတ္တလုခ ဟူသည် ချည်ဖြင့်သာ ဖာခြင်းကို ပြုခြင်းငှါ ဟူလို။

ဝိကဏ္ဏ ဟူသည် ချည်ကို ဆွဲ၍ ဆွဲ၍ ချုပ်သောကြောင့် ထောင့်တစ်ခု ရှည်၏။

ဖြတ်ခြင်းငှါ ဟူသည် ရှည်သော ထောင့်ကို ဖြတ်ခြင်းငှါတည်း။

လျှောထွက် ဟူသည် ဖြတ်သောထောင့်မှ လျှော၏။

ပတ္တ ဟူသည် ကြီးသော အနားပတ် အဝတို့၌ သီသော ချည်လျှောသောကြောင့် ပတ္တ ဟူသော အနားပတ်တို့သည် ပျက်စီးကုန်၏။

အဋ္ဌပဒက ဟူသည် တံကျစ်ရေး အသွင်ဖြင့် အနားပတ်အဝကို ချုပ်ခြင်းငှါတည်း။]

(သာဋီ ... အဋ္ဌပဒက အသွင်ဖြင့် ဟူသည် တံကျစ်ရေး ပျဉ်ပြား အသွင်ဖြင့် ပတ္တပုခ-အနားပတ် အဝ၌ ထိုထိုနေရာ အခန်းပြ၍ ချုပ်ခြင်းငှါတည်း။

ဝိဋီ ... အဋ္ဌပဒက အသွင်ဖြင့် ဟူသည် အဋ္ဌပဒကဟု ခေါ်အပ်သော ကြွေအန် ကစားရာ ပျဉ်ပြားအရေး သဏ္ဌာန်ဖြင့်တည်း။)

သလင်းထောင်

ထိုအခါ ရဟန်းတစ်ပါး တိစီဝရိက် ပြုလတ်သော် အားလုံးဖြတ်လျှင် မလောက်မင ဖြစ်၏။ ချစ်သားတို့၊ နှစ်ထည်ဖြတ်၍ တစ်ထည် မဖြတ်သည်ကို ခွင့်ပြု၏။

နှစ်ထည် ဖြတ်၍ တစ်ထည်မဖြတ်လျှင် မလောက်မင ဖြစ်ပြန်၏။ ချစ်သားတို့၊ နှစ်ထည် မဖြတ်-တစ်ထည်ဖြတ်သည်တို့ ခွင့်ပြု၏။

တစ်ထည်ဖြတ်လည်း မလောက်မင ဖြစ်ပြန်သည်။ ချစ်သားတို့၊ အနွာဓိက-သလင်းထောင်ကိုသော်လည်း တင်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ အလုံးစုံ မဖြတ်သည်ကို မဆောင်အပ်၊ ဒုက္ကဋ်။

[အနွာဓိကကိုသော်လည်း ဟူသည် အာဂန္တုက ပတ္တကိုသော်လည်း ပေးခြင်းငှါတည်း။ ဤအာဂန္တုက ပတ္တကို မလောက်မငမှသာ တင်အပ်၏။ လောက်ငလျှင် အာဂန္တက ပတ္တ မအပ်။ ဖြတ်အပ်သည်သာတည်း။]

(ဝတ်ရုံလောက်သော အငယ်ဆုံး သင်္ကန်း အနေသာရှိသော လျား နံကြီးသော အဝတ်ကို ရ၍ ငါးခန်းဖြစ်အောင် ဖြတ်၍ ချုပ်ခဲ့လျှင် ငယ်သွား၍ ဝတ်ရုံခြင်းငှါ မလောက်နိုင်ရာ။ မဖြတ်ဘဲ အဝတ်ပြား ကလေးဖြင့် မြောင်းတို၊ မြောင်းရှည်၊ အိမ်ဝန်းကြီး၊ ငယ်ပေါ်အောင် ထပ်၍ တင်၍ ချုပ်လျှင် ဝတ်ရုံလောက်၏။ အဝတ်ပြားကလေးများ ထပ်ရာနေရာသည် နှစ်ထပ်ဖြစ်၏။ ဒုကုဋ်ဟု ထင်ရ၏။ ဒုကုဋ်အသွင်ဖြင့် နောက်မှ တင်ထားခြင်းသာတည်း။ ဒုကုဋ်ကား မဟုတ်။

အနုပစ္ဆာ + အာမိယတီတိ-အနွာဓိ၊ တမေဝ အနွာဓိကံ။ နောက်မှ တင်ထားသော အဝတ်ပြားကလေး ရ၏။ မလောက်မှသာ နှစ်ထည်ကို ဤသို့ပြုရသည်။ သုံးထည်လုံး မပြုအပ်။ လွန်စွာ တိမ်မြုပ်၏။)

သဒ္ဓါဒေယျ ဝိနိပါတ

ထိုအခါ ရဟန်းတစ်ပါးအား သင်္ကန်း (အဝတ်) များစွာဖြစ်၏။ မိဘတို့အား ပေးလို၍ လျှောက်၏။ ချစ်သားတို့၊ မိဘတို့ကို ပေးရာ၌ အပြစ်ဆိုဖွယ်မရှိ။ ချစ်သားတို့ မိဘတို့အား ပေးခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ သဒ္ဓါ၍ လှူသော ပစ္စည်းကို မဖျက်ဆီးအပ်။...ဒုက္ကဋ်၊

[သဒ္ဓါ၍လှူသော ပစ္စည်းကိုဟု ဟောရာ၌ ကြွင်းသော ဆွေမျိုးတို့အားပေးသော ရဟန်းသည် ဖျက်ဆီးသူ မည်သည်သာတည်း။ မိဘတို့သည် မင်းအဖြစ်၌ တည်ကုန်လျက်သော်လည်း တောင့်တကုန်အံ့၊ ပေးအပ်၏။]

ဒုကုဋ်ထားနိုင်ကြောင်း ငါးပါး

ထိုအခါ ရဟန်းတစ်ပါးသည် ယင်းတိုက်တော၌ သင်္ကန်းကိုထား၍ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ရွာသို့ ဆွမ်းခံဝင်၏။ ခိုးသူတို့ သင်္ကန်းကို ယူသွား၍ သင်္ကန်း ခေါင်းပါး၏။ ချစ်သားတို့၊ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ရွာသို့ မဝင်အပ်၊ ဒုက္ကဋ်။

အခါတစ်ပါး ရှင်အာနန္ဒာသည် သတိလစ်၍ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ရွာသို့ ဆွမ်းခံဝင်၏။ ရဟန်းတို့ မေးလတ်သော် သတိလစ်၍ ဝင်မိပါသည်ဟု ဆို၏။ ချစ်သားတို့၊ ဒုကုဋ်ကိုထားခြင်းငှါ အကြောင်းတို့သည် ငါးပါးတို့တည်း။

၁။ ဂိလာန ဖြစ်အံ့၊

၂။ မိုးလေးလ ဖြစ်အံ့။

၃။ နဒိပါရံ ဂန္တု-မြစ်တစ်ဘက်သို့ သွားခြင်းငှါ ဖြစ်အံ့၊

၄။ အဂ္ဂဠဝုတ္တိ ဝိဟာရ- တံခါးဖွဲ့လုံသော ကျောင်းဖြစ်အံ့။

၅။ ကထိန်ခင်းသည် ဖြစ်အံ့ - ဤ ငါးပါးတို့ တည်း။

ချစ်သားတို့၊ ကိုယ်ရုံကို၊ သင်းပိုင်ကို ထားခြင်းငှါလည်း ထို အကြောင်းပါးပါးတို့တည်း။

ချစ်သားတို့၊ မိုးရေခံကို ထားခြင်းငှါ အကြောင်း ငါးပါးတည်း။ ဂိလာန ဖြစ်အံ့၊ နိမဂတ- မိုးကာလ လွန်အံ့၊ မြစ်တစ်ဘက်သို့ သွားသည်ဖြစ်အံ့၊ အဂ္ဂဠင်္ဂုတ္တိ ဝိဟာရ ဖြစ်အံ့၊ မိုးရေခံ မချုပ်သေး မပြီးသေး ဖြစ်အံ့-ဤ ငါးပါးတို့တည်း။

[ဂိလာန ဟူသည် နာခြင်းကြောင့် ယူသွားခြင်းငှါ မတတ်နိုင်သူတည်း။

ဝဿိက သင်္ကေတ-မိုးဥတု လေးလပတ်လုံးတည်း။

မြစ်တစ်ဘက်သို့ ဟူသည် မြစ်တစ်ဘက်၌ ဆွမ်းစားဖွယ်ရှိ၏။

အဂ္ဂဠဂုတ္တိ ဝိဟာရ ဟူသည် ထိုမြစ်ကူး၊ မိုးခါ၊ မမာ၊ ကထိန် အကြောင်းအားလုံးတို့၌ အဂ္ဂဠဂုတ္တိ သာလျှင် ပမာဏတည်း။ ကျောင်းလုံလျှင် ထိုအကြောင်း (လေးပါး) ထို့ကြောင့် ထား၍ ပြင်ပသို့ သွားခြင်းငှါ အပ်၏။ ကျောင်းမလုံလျှင် မအပ်။ တောနေ ရဟန်းအား ကျောင်းမလုံအံ့၊ ဘဏ္ဍာထည့်စရာ အိုး၌ထည့်၍ ကျောက်ခေါင်း သစ်ပင်ခေါင်း စသော လုံခြုံရာတို့၌ ထား၍ သွားအပ်၏။]

(ဝိဋီ ...

ပါဠိ၌ နဒိပါရဂတ ဟူသည် ရဟန်းအား နဒိပါရဂ မနသည် ဖြစ်၏။

အဂ္ဂဠဂုတ္တိသာလျှင် ပမာဏ ဟူသည် အကြောင်းလေးပါးကြောင့် ထားသူသည်လည်း တံခါးဖွဲ့လုံသော ကျောင်း၌သာ ထားခြင်းငှါ အပ်၏ ဟူသော အဓိပ္ပါယ်တည်း။

နိဿိမဂတ ဟူသည် ဝဿာန ဟူသော ကာလ အပိုင်းအခြား သီမာကို လွန်သော မိုးရေခံ ဖြစ်၏ ဟူလို၊၊

ဇီဋီ၊ သာဋီ ... ထိုထက် မထူး။)

မခင်း တစ်လ၊ ခင်း ငါးလ

ထိုအခါ ရဟန်းတစ်ပါးသည် တစ်ပါးတည်း ဝါတွင်းနေပြီးဖြစ်၏။ ထိုနေရာ၌ လူတို့သည် သံဃဿဒေမ-ဟု သင်္ကန်းတို့ကို လှူကုန်၏။ ထိုအခါ ဤသို့ အကြံဖြစ်၏။ မြတ်စွာဘုရားသည် အနည်းဆုံး လေးပါးကို သံဃာဟု ပညတ်သည်။ ငါ တစ်ပါးတည်းကို သံဃဿဒေမ-ဟု လှူကြသည်။ ဤ သံဃိက သင်္ကန်းတို့ကို သာဝတ္ထိသို့ ယူသွားရမူ ကောင်းလေစွဟု ကြံ၍ ယူသွား၍ မြတ်စွာဘုရားအား လျှောက်၏။

ချစ်သား ရဟန်း၊ သင်အားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည် တိုင်အောင် ဖြစ်ကုန်၏၊ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် တစ်ပါးတည်း ဝါတွင်းနေအံ့။ ထိုနေရာ၌ လူတို့သည် သံဃဿဒေမ ဟု သင်္ကန်းတို့ကို လှူကုန်အံ့။ ချစ်သားတို့၊ ထို ရဟန်းအားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည် တိုင်အောင်ဟု ခွင့်ပြု၏။

[သင်အားသာ ထိုသင်္ကန်းတို့ ဟူသည် အရပ်တစ်ပါးသို့ ယူသွားသော်လည်း သင်အားသာတည်း။ သင်မှတစ်ပါး တစ်စုံတစ်ယောက် အစိုး မရ။ ဤသို့ ဟော၍ နောင်အခါလည်း ကုက္ကုစ္စ မရှိဘဲ ယူနိုင်ကုန်လတ္တံ့ ဟု ပြခြင်းငှါ၊ ဤသာသနာ၌ စသည်ကို မိန့်တော်မူသည်။

ကထိန်နုတ်သည် ထိုင်အောင် ဟူသည် ဂဏပုရက ရဟန်း ရ၍ (ကထိန်သင်္ကန်း ရ၍) ကထိန် ခင်းအံ့၊ ငါးလပတ်လုံး၊ မခင်းအံ့-စီဝရမာသ တစ်လပတ်လုံးသာတည်း။

သံဃဿ ဒေမ၊ သံဃံ ဥဒ္ဒိဿ ဒေမ၊ ဝဿံ ဝုတ္တ သံဃာ ဒေမ၊ ဝဿာ ဝါသိကံ ဒေမ - ဟု လှူသော သင်္ကန်း၊ မဝေဖန်မူ၍ ထိုကျောင်းသို့ သွင်းလာသော မတက စီဝရ သင်္ကန်းပင် ဖြစ်စေ၊ အားလုံး ထိုရဟန်း အားသာ ဖြစ်၏။ ဝဿာဝါသ အလို့ငှါ တိုးပွားအောင် အပ်ထားသော ပုဆိုးမှ လည်းကောင်း၊ တတြုပ္ပါဒမှ လည်းကောင်း၊ ဝါဆို သင်္ကန်းကို ယူအံ့၊ သုဂ္ဂဟိတ သာတည်း။

လက္ခဏာကား အမှတ်မရှိ ခြင်းရာဖြင့် သံဃာအား ဖြစ်သော အဝတ်သည် ကထိန်ခင်းသူအား ငါးလပတ်လုံး၊ မခင်းသူအား စီဝရမာသ တစ်လပတ်လုံး ရောက်၏။ ဤကား လက္ခဏာတည်း။

ဣဓ ဝဿံ ဝုတ္တ သံဃဿ ဒေမ ဟူသည် လည်းကောင်း၊ ဝဿာ ဝါသိကံ ဒေမ ဟူ၍ လည်းကောင်း ဆို၍ လှူအံ့၊ ထိုသင်္ကန်းသည် ကထိန်မခင်းသူ အားလည်း ငါးလပတ်လုံး ရောက်၏။ ထိုမှ ပြင်ပ (နွေဥတု၌) ဖြစ်သော ဝါဆိုသင်္ကန်းကိုကား အတိတ်ဝါ၌ ဝါဆိုသင်္ကန်းလော၊ အနာဂတ်ဝါ၌လောဟု မေးအပ်၏။ ပိဋ္ဌိသမယ၌ ဖြစ်သောကြောင့်တည်း။]

(သာဋီ ... ငါးလပတ်လုံး အစ္စန္တိသံယောဂ အနက်တည်း။

တိုးပွားအောင် ဟူသည် ဝဿာ ဝါသိက အလို့ငှါ ဝေယျာဝစ္စ ပြုသူတို့သည် တိုးပွားခြင်းကို ယှဉ်စေ၍ ထားသော ပုဆိုးမှတည်း။

တတြုပ္ပါဒမှ ဟူသည် အုန်းခြံ စသော တတြပ္ပါဒမှတည်း။ ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် လည်းကောင်း၊ တတြုပ္ပါဒ စွမ်းဖြင့် လည်းကောင်း၊ အမှတ်မရှိ ခြင်းရာဖြင့် လည်းကောင်း၊ သံဃာကို ရည်၍ဖြစ်သော သင်္ကန်းအားလုံးသည် ထိုကထိန် ခင်းသူအား ငါးလပတ်လုံး မခင်းသူအား စီဝရမာသ တစ်လပတ်လုံး ရောက်၏ဟု အထူးမရှိ ဆိုပြီး၍လည်း တစ်ဖန် ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် ဖြစ်သော သင်္ကန်း၌ ရအပ်သော အထူးကို ပြခြင်းငှါ ဣဓဝဿံ ဝုတ္တ သံဃဿ ... စသည်ကို ဆိုသည်။ ဣဓသည် သဒ္ဒါမျှသာ။ ဝဿံဝုတ္တ သံဃဿ ဒေမ-ဟု ဆိုရာ၌လည်း ထိုနည်းသာတည်း။

ကထိန် မခင်းသူအားလည်း ဟူသည် ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် ဖြစ်သောကြောင့် ကထိန် မခင်းသော်လည်း ဝါကျွတ်ပြီးသူအား ငါးလပတ်လုံး ရောက်၏။ အချို့ကား ဣဓ သဒ္ဒါဖြင့် မှတ်သောကြောင့် ဟု ဆို၏။ အကြောင်း မဟုတ်။ ဣဓသဒ္ဒါဖြင့် မမှတ်ဘဲသော်လည်း ဝဿံဝုတ္တ သံဃဿ ဒေမ၊ ဝဿာ ဝါသိကံ ဒေမ -ဟု ဆောင်းဥတုအတွင်း ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် လှူသော သင်္ကန်းသည် ကထိန် မခင်းသော်လည်း ဝါကျွတ်ပြီးသူအ ငါးလပတ်လုံး ရောက်၏။

ထိုကြောင့် နောက်၌ မာတိကာ ရှစ်ပါးတို့၌ ဝဿံ ဝုတ္တ သံဃဿ ဒေမ ဟူသော မာတိကာပုဒ်၏ ဝိနိစ္ဆယ၌ စီဝရ မာသတော ပဌာယ ယာဝ ဟေမန္တဿ ပစ္ဆိမောဒိ ဝသော၊ တာဝ ဝဿာ ဝါသိကံ ဒေမာတိဝုတ္တေ ကထိနံ အတ္ထတံ ဝါ ဟောတု အနတ္တ တံဝါ၊ အတီတ ဝဿံ ဝုတ္တာန မေဝ ပါပုဏာတိ..ဟု ဆို၏။

ထိုမှ ပြင်ပ ဟူသည် ငါးလမှ ပြင်ပတည်း။ နွေဥတု ပထမနေ့မှ စ၍ ဟူလို။

ပိဋ္ဌိသမယ၌ ဖြစ်သော ကြောင့်တည်း ဟူသည်ကို အနာဂတ် ဝါ၌လောဟု မေးအပ်၏ ဟူသည်၏ အခြားမဲ့၌ ရှုအပ်၏။ စာတို့၌-မခင်းသူအားလည်း ငါးလပတ်လုံး ရောက်၏ ဟူသည်၏ အခြားမဲ့၌ ရေးကြသည်။ တံနယုဇ္ဇတိ ... စသည်။

ဝိဋီ ... ထိုထက် မထူး။ ဝေယျာဝစ္စ ပြုသူတို့ဟု ဆိုရာ၌ ဒါယကာတို့ ဟူ၍ လည်းကောင်း၊ တံနယုဇ္ဇတိဟု ဆိုရာ၌ တံပမာ ဒလိခိတံ ဟူ၍လည်း ဆိုခြင်းမျှ ထူး၏။

ဇီဋီ ... “မခင်းအံ့-စီဝရ မာသ တစ်လပတ်လုံး” ဟူသည်ကို မဆိုထိုက်။ (ကထိန် နုတ်သည်တိုင်အောင် ဟူ၍ ခွင့်ပြုသည်။) စီဝရ မာသ တိုင်အောင်ဟု ခွင့်မပြု။ ကထိန် မခင်းသူအား ခွင့်ပြုသည် မဟုတ်”ဤသို့ စောဒနာ ငြားအံ့။ မဟုတ်။ အောက်၌ ခွင့်ပြုပြီးပြီ။ အကာလ စီဝရ မည်သည် ကထိန်မခင်းလျှင် ၁၁ လ၌၊ ခင်းလျှင် ၇- လ၌ ဖြစ်သော သင်္ကန်း၊ ကာလ၌လည်း ရှည်၍ လှူသော သင်္ကန်းဟု ခွင့်ပြုသည်။

ထိုကြောင့် ကထိန်မခင်းသူတို့အား စီဝရမာသ တစ်လ၌ ဖြစ်သော သင်္ကန်းသည် ထိုသူတို့အားသာဟု ထင်ရှား၏။ ထို့ကြောင့် ထို စကားကို ဤ၌ မဟောဘဲ တစ်ပါးတည်းသည်လည်း သုံးပါးသော ဂဏ ပုရကတို့ကို ရလျှင် ကထိန်ခင်းခြင်းငှါ ရသည် ဟူသော ကွယ်ဝှက်သော အနက်ကို ပြခြင်းငှါ ကထိန်နုတ်သည်တိုင်အောင်ဟု ခွင့်ပြုသည်။ ဤသို့ ခွင့်မပြုလျှင် ဤအနက်ကို မသိနိုင်။ ဝိနည်းဓိုရ်တို့ သိအပ်သော အနက်သာတည်း။ ထိုကြောင့် ထိုသို့ဟောသည်ဟု အပရေဟိ ဝုတ္တံ။ စသည်တည်း။ စတုဝဂ္ဂကံနှင့် ညီရုံသာ သုံးပါးဟု ဆိုဟန်ရှိသည်။ လေးပါးရှာမှ ကိစ္စ ပြီးမည်။)

တစ်ပါးတည်း ဝေယူနည်း

ထိုအခါ ရဟန်းတစ်ပါးသည် ဥတုကာလ၌ တစ်ပါးတည်းနေ၏။ ထိုနေရာ၌ လူတို့သည် သံဃဿ ဒေမ ဟု သင်္ကန်းတို့ကို လှူကုန်၏။ အနည်းဆုံး လေးပါးကို သံဃာဟု ပညတ်သည် ဟူ၍ သာဝတ္ထိသို့ ယူသွား၍ ရဟန်းတို့အား လျှောက်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့၊ သံမုခိဘူတ သံဃာဖြင့် ဝေဖန်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ ဤသာသနာ၌ ဥတုကာလ တစ်ပါးတည်း နေရာ၌ သံဃဿ ဒေမ-ဟု သင်္ကန်းတို့ကို လှူကုန်အံ့၊ ချစ်သားတို့၊ ထိုရဟန်းသည် သင်္ကန်းတို့ကို မယှိမာနိ စီဝရာနိ-ဟု ဆောက်တည်ခြင်းငှါ ခွင့်ပြု၏။ ဤသို့ မဆောက်တည်မီ တစ်ပါးသော ရဟန်း ရောက်လာအံ့၊ သမဘာဂ ပေးအပ်၏။ ဤသို့ ဝေဖန်စဉ် ကမ္ပည်းတံ မချမီ တစ်ပါးသော ရဟန်း ရောက်လာအံ့၊ သမဘာဂ ပေးအပ်၏။ ကမ္ပည်းတံ ချပြီးမှ ရောက်လာအံ့ အလိုမရှိလျှင် အဖို့ မပေးအပ်။

[ဥတုကာလ ဟူသည် မိုးဥတုမှ တစ်ပါးသော ကာလတည်း။

သာဝတ္ထိသို့ ယူသွား၍ ဟူသည်၌ ထိုသင်္ကန်းတို့သည် ရောက်ရာ ရောက်ရာ ဌာန၌ သံဃိကတို့သာတည်း။ ဤ၌ ရဟန်းတို့ မြင်ခြင်းမျှသာ ပမာဏဖြစ်၏။ ထိုကြောင့် ရင်ဆိုင်လာသော ရဟန်းတို့သည် မေး၍ သိ၍ “ငါ့ရှင်၊ ငါတို့ သံဃာ မလောက်သေးသလော”ဟု ခရီးအကြား၌သာ ဝေဖန်စေ၍ ယူကုန်အံ့၊ သုဂ္ဂဟိတ ဖြစ်ကုန်၏။ ခရီးမှ ဖဲ၍ တစ်ခုခုသော ကျောင်းသို့၊ စရပ်သို့၊ အိမ်သို့ ဝင်အံ့၊ ထို၌ ရဟန်းတို့ မြင်၍၊ မေး၍ ဝေဖန်စေ၍ ယူကုန်အံ့၊ သုဂ္ဂဟိတ တို့သာတည်း။

ဆောက်တည်ခြင်းငှါ ဟူသည်၌ ကျင့်ဝတ်ကား- ခေါင်းလောင်းထိုး၍ ကာလ ကြွေးကြော်၍ အတန်ငယ် ဆိုင်း၍ ခေါင်းလောင်းသံ၊ ကြွေးကြော်သံမှတ်သား၍ ရဟန်းတို့ ရောက်လာလျှင် ထိုတို့နှင့် အတူ ဝေဖန်စေအပ်၏။ မရောက်လာကြလျှင် - မယှိမာနိ စီဝရာနိ ပါပုဏန္တိ-ဟု ဆောက်တည်အပ်ကုန်၏။ ဤသို့ ဆောက်တည်လျှင် ထိုသင်္ကန်း အားလုံး ထိုရဟန်းအားသာတည်း။ ဋ္ဌိတိကာ-အစဉ်ကား မတည်။ တစ်ခုစီ ခွဲထုတ်၍ အယံ ပဌမဘာဂေါ မယှံ ပါပုဏာတိ၊ အဟံ ဒုတိယဘာဂေါ မယှံ ပါပုဏာတိ-ဟု ယူအံ့၊ ဟူသမျှလည်း သုဂ္ဂဟိတတို့ ဖြစ်ကုန်၏။ အစဉ်သည်လည်း တည်၏။ ဤသို့ ရောက်စေ၍ ယူခြင်းဖြင့်လည်း ဆောက်တည် အပ်သည်သာတည်း။

ခေါင်းလောင်းထိုးခြင်း၊ ကာလ ကြွေးကြော်ခြင်း တို့ကို ပြု၍ လည်းကောင်း၊ မပြုမူ၍ လည်းကောင်း-ငါ တစ်ယောက်တည်းသာ ရှိသည်၊ ငါ၏ သင်္ကန်းတို့သာတည်း-ဟု ယူအံ့၊ ဒုဂ္ဂဟိတတို့ ဖြစ်ကုန်၏။ မယှံ ဧတာနိ ပါပုဏန္တိ-ဟု ယူအံ့၊ သုဂ္ဂဟိတတို့ ဖြစ်ကုန်၏။

ကမ္ပည်းတံ ချပြီးမှ ဟူသည် အဖို့တစ်ခု၌ ကမ္ပည်းတံတစ်ခု ချပြီးကာမျှ၌တည်း။ ရဟန်း တစ်ထောင် ဖြစ်သော်လည်း ယူပြီးသော သင်္ကန်းသာ မည်၏။ အလိုမရှိလျှင် အဖို့ကို မပေးအပ်။ မိမိအလိုဖြင့် ပေးလိုသူသို့ ပေးစေကုန်သတည်း။ အနုဘာဂ--နောက်ထပ် အဖို့၌လည်း ဧသေဝနယော။]

(သာဋီ ... အစဉ်ကား မတည် ဟူသည်၌ အစဉ် မတည်သည်ရှိသော် တစ်ဖန် သင်္ကန်းဖြစ်သောအခါ ရဟန်းတစ်ပါး ရောက်လာအံ့၊ ထက်ဝက်ခွဲ၍ နှစ်ပါးလုံး ယူအပ်၏။ အစဉ် တည်သည်ရှိသော် တစ်ပါး သင်္ကန်း ဖြစ်သောအခါ ရဟန်းငယ် ရောက်လာအံ့၊ အစဉ်သည် အောက်သို့သက်၏။ သီတင်းကြီး ရောက်လာအံ့၊ အစဉ်သည် အထက်သို့ တက်၏။ တစ်ပါးသောသူ မရှိအံ့။ တစ်ဖန် မိမိသို့ ရောက်စေ၍ ယူအပ်၏။

ဒုဂ္ဂဟိတ ဟူသည်၌ သံဃိကတို့သာ ဟူသော အဓိပ္ပါယ်တည်း။

ယူပြီးသော သင်္ကန်းသာ မည်၏ ဟူသည် ဤသူအား ဤအဖို့ ရောက်၏ဟု မသိသာသေးသော်လည်း အနက် သဘောအားဖြင့် ထိုသူတို့အား ရောက်ပြီးသာ ဟူလို။

ဝိဋီ ... ဒုဂ္ဂဟိတာနိတိ အဂ္ဂဟိတာနိ၊ သံဃိကာ နေဝါတိ အတ္ထော - အယူမမြောက်၍ သံဃိက တို့သာ ဟူလို။

ဇီဋီ ... မယှိမာနိ စီဝရာနိ ပါပုဏန္တိဟု ဆောက်တည်ခြင်းကို ဥက္ကဋ္ဌစွမ်းဖြင့် ဆိုသည်။ မယှိမာနိ စီဝရာနိ-ဟု ဆိုလျှင်လည်း ဆောက်တည်ခြင်းသာတည်း။ ဒုဂ္ဂဟိတာနီတိ သံဃိကာ နေဝ ဟောန္တိ-စသည်။)

ကျောင်း တစ်ပါးမှ ဆိုင်ပုံ

ထိုအခါ ရှင်ဣသိဒါသ၊ ရင်ဣသိဘဋ ဒွေဘာတိက မထေရ်တို့သည် သာဝတ္ထိ၌ ဝါကျွတ်ပြီး၍ ရွာငယ် ကျောင်းတစ်ခုသို့ သွားကုန်၏။ လူတို့သည် ကြာမြင့်မှ မထေရ်များ ကြွလာကြသည်ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို လှူကုန်၏။ အာဝါသိကတို့သည် ဤ သံဃိက သင်္ကန်းတို့သည် မထေရ်တို့ကို အကြောင်းပြု၍ ဖြစ်ကုန်၏။ အဖို့ကို သာယာကုန်လတ္တံ့လော ပန်ကြား ကုန်၏။ ငါ့ရှင်တို့၊ ငါ့ရှင်တို့သည် ဘုရားရှင်ဟောသော တရားကို သိကုန်၏။ သင်တို့အားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည်တိုင်အောင် ဖြစ်ကုန်၏ ဟု ဆိုကုန်၏။

ရဟန်း သုံးပါးတို့သည် ရာဇဂြိုဟ်၌ ဝါကပ်ကုန်၏။ လူတို့ သည် သံဃဿ ဒေမဟု သင်္ကန်းတို့ကို လှူကုန်၏။ လေးပါး သံဃာ မပြည့်သောကြောင့် အဘယ်သို့ ပြုကျင့်အပ်သနည်းဟု အကြံဖြစ်၏။ ထိုအခါ ရှင်နိလဝါသီ၊ ရှင်သာဏဝါသီ၊ ရှင်ဂေါတမ၊ ရှင်ဘဂု၊ ရှင်ဖဠိကသန္တာန တို့သည် ပါဋလိပုတ်ပြည် ကုက္ကိုဋာရုံကျောင်း၌ နေကုန်၏။ ထိုရဟန်း သုံးပါးတို့သည် ပါဋလိပုတ်သို့ သွား၍ မထေရ်တို့ကို မေးကုန်၏။ ငါ့ရှင်တို့၊ ငါတို့သည် ဘုရားရှင်ဟောသော တရားကို သိကုန်၏။ သင်တို့အားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည် တိုင်အောင် ဖြစ်ကုန်၏ဟု ဆိုကုန်၏။

[သင်္ကန်းနှင့်တကွ ဟူသည် ကာလ စီဝရကိုလည်း (ကျောင်းရှိ) သံဃာအား ဤမှသာ လှူကုန်အံ့၊ သီးခြား စီရင်လျှင် ကြာမြင့်သည်ဟု လျှင်မြန်စွာသာလျှင် သင်္ကန်းနှင့်တကွ လှူကုန်၏၊

အကြောင်းပြု၍ဟူသည် တုမှေသု-အရှင်ဘုရားတို့၌ ကြည်ညိုခြင်းဖြင့် လျှင်မြန်စွာဖြစ်သော သင်္ကန်း တို့တည်း။

သံဃဿ ဒေမဟု လှူကုန်၏ ဟူသည် စီဝရ ကာလ တစ်ခုလုံး တဖြည်းဖြည်း လှူဆဲ လှူကုန်၏။ ရှေးဝတ္ထုနှစ်ခုတို့၌ ပြတ်သော အလှူ ဖြစ်သောကြောင့် အဒံသု ဟု (အတိတ်ဖြင့်) ဆိုသည်။

ရှင်နိလဝါသီ စသော မထေရ်တို့သည် ဝိနယ ပါမောက္ခ မထေရ်တို့တည်း။

ရှေ့ ဒွေဘာတိက ဝတ္တုနှင့် ဤဝတ္ထုသည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးမှ ဖြစ်၏။ ဘုရားရှင်ကို ဖူးမြင်ဖူးသော မထေရ်တို့ ဖြစ်ကုန်၏။ ထိုကြောင့် ရှေးဝတ္တုတို့၌ မြတ်စွာဘုရား ပညတ်တော်မူခဲ့သော နည်းဖြင့်သာ (ဤ ဝတ္တုတို့၌) မိန့်ဆို ကြသည်။

(သာဋီ ... ဤမှသာ ဟူသည် မထေရ်တို့အား လှူအပ်သော သင်္ကန်းမျှ သာတည်း။

ဝိဋီ ... ဣတောဝါတိ ထေရာနံ ဒါတဗ္ဗတောဝ။ ဣဒါနေ ဝါတိ ဝါ အတ္ထော။ ဤအခါ၌လည်း ဟူ၍လည်း အနက်ဖြစ်၏။)

ကျောင်းတစ်ပါးမှ ယူသူအပြစ်

ထိုအခါ ရှင်ဥပနန္ဒသည် သာဝတ္ထိ၌ ဝါကျွတ်ပြီး၍ ရွာငယ် ကျောင်းသို့ သွား၏။ ထို၌လည်း ရဟန်းတို့သည် သင်္ကန်း ဝေဖန်မည်ဟု စည်းဝေးကုန်၏။ ငါ့ရှင်၊ ဤသံဃိက သင်္ကန်းတို့ကို ဝေဖန်မည်၊ အဖို့ကို သာယာ မည်လောဟု ဆိုကုန်၏။ ကောင်းပြီ၊ သာယာအံ့ဟု ဆို၍ ထိုကျောင်းမှ စီဝရဘာဂကို ယူ၍ တစ်ကျောင်းသို့ သွား၏။ ထို၌လည်း ရှေးအတူ ဝေဖန်မည်ဟု စည်းဝေး၍ သာယာမည်လောဟု ဆို၍ စီဝရဘာဂကို ယူ၍ တစ်ကျောင်းသို့ သွား၏။ ထို၌လည်း ရှေးအတူ စီဝရဘာဂကို ယူ၍ ကြီးစွာသော သင်္ကန်းအထုပ်ဖြင့် သာဝတ္ထိသို့ ပြန်လာ၏။

ရဟန်းတို့သည် ငါ့ရှင်ဥပနန္ဒ၊ ဘုန်းကံ ကြီးလေစွ၊ သင်္ကန်းများစွာ ရှိပေသည်ဟု ဆိုလတ်သော် ငါ့ရှင်တို့၊ အဘယ်မှာ ဘုန်းကံကြီးအံ့နည်း။ ဤနည်း ဤနည်းဖြင့် ရလာ၏ဟု ဆို၏။ ငါ့ရှင်ဥပနန္ဒ၊ သင်သည် တစ်ကျောင်း၌ ဝါကျွတ်သူဖြစ်လျက် တစ်ကျောင်း၌ စီဝရဘာဂကို သာယာသလောဟု မေးလတ်သော် ဟုတ်ပါသည်ဟု ဝန်ခံ၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ တစ်ကျောင်း၌ ဝါကျွတ်သူသည် တစ်ကျောင်း၌ စီဝရဘာဂကို မသာယာအပ်။ ... ဒုက္ကဋ်။

[ရွာငယ်ကျောင်းသို့ သွားသည်ဟူသည် သင်္ကန်း ဝေဖန်သူတို့သည် ငါအားလည်း ပေးကောင်း ပေးကုန်ရာ၏ ဟု သင်္ကန်းဝေဖန်ချိန် မှတ်သား၍သာ သွား၏။

သာယာမည်လော ဟူသည် ယူမည်လောတည်း။

ဤ၌ ရှင်ဥပနန္ဒအား အဖို့ မရောက်ကောင်းသော်လည်း မြို့သား၊ နှုတ်သီးကောင်း၊ ဓမ္မကထိကဟု (ကြောက်၍) သာယာမည်လောဟု ဆိုကုန်၏။ ဒုက္ကဋ်ဟု ဆိုကုန်၏။ ဒုက္ကဋ်ဟု ဆိုရာ၌ လဟုကာ အာပတ်ဖြစ်သော်လည်း ယူပြီးသော စိဝရတို့ကို ယူရာဌာနသို့ ပြန်ပေးအပ်ကုန်၏။ ပျောက်ပျက် ဆွေးရိအံ့၊ ဂီဝါ-အစားပေးအပ်၏။ ပေးလောဟု တောင်းလျက် မပေးသူကို ဓုရ နိက္ခေပ ပြုသောအခါ ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။]

(ဇီဋီ ... တစ်ကျောင်း၌ ဝါကျွတ်သူသည် စသည်ကို စီဝရ သမယကို စွဲ၍ ပယ်ခြင်းကို ပြုအပ်၏။)

နှစ်ကျောင်း ဝါဆိုခြင်း

ထိုအခါ ရှင်ဥပနန္ဒသည်၊ ငါအား သင်္ကန်း များစွာ ဖြစ်လတ္တံ့ဟု တစ်ပါးတည်း အာဝါသ နှစ်ခု၌ ဝါဆို၏။ ရဟန်းတို့သည် ရှင်ဥပနန္ဒအား သင်္ကန်း အဖို့ကို အဘယ်သို့ ပေးရပါအံ့နည်းဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့၊ မောဃပုရိသအား ဧကဋ္ဋဝိပ္ပါယ-တစ်ပါးစာကို ပေးကြလော။ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် သင်္ကန်းများစွာ ရလို၍ တစ်ပါးတည်း နှစ်ကျောင်း ဝါဆိုအံ့။ ဤကျောင်း၌ ထက်ဝက်၊ ထိုကျောင်း၌ ထက်ဝက် နေအံ့။ သင်္ကန်းအဖို့ကို ဤကျောင်းမှ ထက်ဝက်၊ ထိုကျောင်းမှု ထက်ဝက် ပေးအပ်၏။ အကြင် ကျောင်း၌ကား များစွာ နေအံ့။ ထို ကျောင်းမှ စီဝရ ပဋိဝီသ-သင်္ကန်းအဖို့ကို ပေးအပ်၏။

[ဧကာ ဓိပ္ပါယန္တိ ဧကံ အဓိပ္ပါယံ၊ ဧက ပုဂ္ဂလ ပဋိဝီသ မေ ဒေထာတိ အတ္ထော။ ပုဂ္ဂိုလ် တစ်ယောက်စာအဖို့ကို ပေးကြလော ဟူလို။ အဖို့ ပေးနည်း အစဉ်ထားလို၍ ဤသာသနာ၌ စသည်ကို မိန့်ဆိုသည်။

ဤ ကျောင်း၌ ထက်ဝက် စသည်၌ တစ်ကျောင်း တစ်ကျောင်း၌ တစ်ရက်စီ ဖြစ်စေ၊ ခုနစ်ရက်စီ ဖြစ်စေ နေအံ့၊ တစ်ကျောင်း တစ်ကျောင်း၌ ပုဂ္ဂိုလ် တစ်ယောက်ရသော အဖွဲ့တို့မှ ထက်ဝက် ထက်ဝက်စီ ပေးအပ်၏။ဤသို့ တစ်ပါးစာ ပေးခြင်းဖြစ်၏။ ပထမကျောင်း၌ နေ၍ ဒုတိယကျောင်း၌ ခုနစ်ရက် တစ်ကြိမ် အရုဏ်ကိုသာ တက်စေအံ့၊ ပထမကျောင်း၌ များစွာနေသည် မည်၏။ ထိုများစွာနေရာ ကျောင်းမှ အဖို့ကို ပေးအပ်၏။ ဤသို့လည်း တစ်ပါးစာ ပေးခြင်းဖြစ်၏။

ဤ ဧကာဓိပ္ပါယ ပေးခြင်းကိုလည်း၊ နာနာ လာဘ လာဘ်ကွဲသော ကျောင်း၊ နာနုပစာရ ခြံစည်းရိုးခြားသော ကျောင်း၊ ဧကသီမ ဝိဟာရ - ဥပစာရ သိမ်တူသော ကျောင်းတို့ဖြင့် ဆိုအပ်၏။

နာနာသီမ ဝိဟာရ၌ကား (ပထမ) ကျောင်း အိပ်ရာနေရာ ယူခြင်း ငြိမ်း၏။ (ဝါ- ဝါကျိုး၏။) ထိုကြောင့် ထိုငြိမ်းသော ကျောင်း၌ စီဝရ ပဋိဝီသသည် မရောက်၊ ကြွင်းသော အာမိသ၊ ဘေသဇ္ဇ စသည် အားလုံးကား နေရာမရွေး သိမ်တွင်း၌ တည်သူအား ရောက်၏။]

ဧကသီမ နာနာလာဘ

(သာဋီ ... ခုနစ်ရက် တစ်ကြိမ် အရုဏ်ကိုသာ တက်စေအံ့ ဟူသည် စကားမျှသာတည်း။ တစ်ခုတည်းသော ဝိဟာရ၌ သတ္တာဟ ကိစ္စ မရှိသောကြောင့်တည်း။

နာနာ လာဘ စသည်တို့၌ တခြားစီ အသီးသီး လာဘ်ရှိသော ဝိဟာရ နှစ်ခုသည် နာနာလာဘ မည်၏။

တခြားစီ အသီးသီး တံတိုင်း စသည်ဖြင့် ပိုင်းခြားသော ဥပစာရရှိသော ဝိဟာရ နှစ်ခုသည် ဧကသီမဝိဟာရ မည်၏။

ဝိဋီ ... ခုနစ်ရက်တစ်ကြိမ် စသည်ကို နာနာသီမ ဝိဟာရတို့၌ ပြုအပ်သော နည်းဖြင့် ဝိဟာရ တစ်ခုတည်း၌လည်း သေနာသန နှစ်ခုတို့၌ နေခြင်းကို ပြခြင်းငှါ ဆိုသည်။ အရုဏ်တက်စေခြင်းဖြင့်သာ နေသည်၊ ဝါပြတ်ခြင်းကို စောင့်ရှောက်ခြင်းငှါ မဟုတ်။

ဥပစာရ သိမ်တွင်း ၌လည်း အမှတ်မရှိရာ၌ အရုဏ်တက်စေသူသည် မိမိ ယူအပ်သော သေနာသနသို့ မဝင်သော်လည်း ဝါတွင်းနေသူသာ ဖြစ်၏။ ယူအပ်သော သေနာသန၌ နေသူကား မမည်။ အရုဏ်တက်စေလျှင်ကား နေသူမည်၏။ ထိုကြောင့် ပထမကျောင်း၌ များစွာနေသည် မည်၏ဟု ဆိုသည်။ ထိုစကားဖြင့်လည်း ခုနစ်ရက်တစ်ကြိမ် အရုဏ်တက်စေသော ကျောင်း၌ အနည်းငယ်နေသည် မည်၏ဟု ပြသည်။

နာနာလာဘ ဟူသည် အသီးသီး နိဗန္ဓဝဿာ ဝါသိက လာဘ်ရှိသော ကျောင်းတို့တည်း။

နာနုပစာရ ဟူသည် အရံ အသီးသီး၊ တံခါး အသီးသီး ရှိသော ကျောင်းတို့တည်း။

ဧကသီမ ဝိဟာရ ဟူသည် နှစ်ကျောင်း တစ်ရံတည်း ကာသောကြောင့် ဥပစာရ သိမ် (ဝါဆိုခေတ်) တစ်ခုအတွင်း နှစ်ကျောင်းတို့တည်း။

ငြိမ်း၏ ဟူသည် ပထမ ယူခြင်း ငြိမ်း၏။

ဇီဋီ ... တစ်ခုသော ဝိဟာရ၌ ရာဇ ဝိဟာရကဲ့သို့သော ဝိဟာရ၌ လည်းကောင်း၊ နာနာ ပရိဝေဏတို့၌ လည်းကောင်း၊ ဣဓ ဝုတ္တာ၀ လဘန္တိ-ဟု ဆို၍ လှူအပ်၏။

ခုနစ်ရက်တစ်ကြိမ် စသည်သည် ဝစန မတ္တသာတည်း။ ဧကဝိဟာရ၌ သတ္တာဟ ကိစ္စမရှိခြင်းကြောင့်တည်း။)

(ကထိနက္ခန္ဓကဋ္ဌကထာ၌ - အဝသေသေ ကထိနာ နိသံသေ ဗလဝ ဝတ္တာနိ ဝဿာဝါသိက ဋ္ဌိတိယာ ဒါတဗ္ဗာနိ။ ဋ္ဌိတိကာယ အဘာဝေ ထေရာသနတော ပဋ္ဌာယ ဒါတဗ္ဗာနိ။ ... ဟု ဆိုခဲ့သောကြောင့် ဤသို့သော နာနာလာဘ စသည်တို့၌ ဝဿာသိကဋ္ဌိတိဖြင့် ဆက်ပေးနိုင်အောင် ကထိန် အသီးသီး ခွဲခင်းရသည်ဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏။)

ဂိလာန လုပ်ကျွေးရခြင်း

ထိုအခါ ရဟန်းတစ်ပါးအား ဝမ်းပျက်နာ ဖြစ်၏။ မိမိ၏ ကျင်ငယ် ကျင်ကြီး၌ ပလိပန္နော-နစ်၍နေ၏။ (လိမ်းကျံ၏ ဟူလို)။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာနှင့် ကျောင်းလှည့်လည်စဉ် မြင်၍ ချစ်သား ရဟန်း၊ အဘယ်အနာ ဖြစ်သနည်းဟု မေး၏။ ဝမ်းပျက်နာ ဖြစ်ပါသည်ဘုရား ပြုစုသူ ရှိသလော၊ မရှိပါဘုရား၊ အဘယ်ကြောင့် မပြုစုကြသနည်း။ ရဟန်းတို့အားလည်း မပြုစုမိသောကြောင့်ပါဘုရား။

ချစ်သား အာနန္ဒာ၊ ရေသွားယူလော၊ ရေချိုးပေးမည်ဟု မိန့်၍ ဘုရားရှင် ရေလောင်းပေး၏။ ရှင်အာနန္ဒ ရေဆေးပေး၏။ ဦးခေါင်းမှ ဘုရားရှင် မ၍ ခြေမှ ရှင်အာနန္ဒာ မ၍ ညောင်စောင်းငယ်၍ အိပ်စေကုန်၏။ [ရေဆေးပေး၍ သင်္ကန်းတစ်ထည် ဝတ်ပေး၍၊ ညောင်စောင်းငယ်၌အိပ်စေပြီးလျှင် ရှင်အာနန္ဒာသည် လိမ်းကျံသော သင်္ကန်းကို ဖွပ်လျှော်၍ မြေ၌ ပရိဘဏ္ဍ – အပြေအပြစ် ပြု၏။] (လိမ်းကျံရာကို ရေဆေး၍ နွားချေး လိမ်းကျံစေ၏ ဟူလို။)

ထိုနောက် ရဟန်းတို့ကို ခေါ်၍ ထိုရဟန်းအကြောင်း မေး၍ ချစ်သားတို့၊ သင်တို့အား လုပ်ကျွေးသူ မိ မရှိ၊ ဖ မရှိ၊ အချင်းချင်း မလုပ်ကျွေးကြလျှင် အဘယ်သူ လုပ်ကျွေးအံ့နည်း၊ ချစ်သားတို့၊ ငါဘုရားကို လုပ်ကျွေးလို သူသည် ဂီလာနကို လုပ်ကျွေးရာ၏။ ဥပဇ္ဈာယ် ရှိအံ့၊ ဥပဇ္ဈာယ်သည် တစ်သက်လုံး လုပ်ကျွေးအပ်၏။ အနာကင်းသည် တိုင်အောင် စောင့်ဆိုင်းအပ်၏။

အာစရိယ၊ သဒ္ဓိ ဝိဟာရိက၊ အန္တေဝါသိက၊ ဥပဇ္ဈာယ်တူ၊ ဆရာတူ ရှိအံ့၊ ဆရာတူသည် တစ်သက်လုံး ...လ... အပ်၏။ ဥပဇ္ဈာယ် အစ ရှိသော ခြောက်ယောက် မရှိအံ့၊ သံဃာသည် လုပ်ကျွေးအပ်၏။ မလုပ် ကျွေးငြားအံ့-ဒုက္ကဋ်။

ချစ်သားတို့၊ အင်္ဂါငါးပါးရှိသော ဂိလာနသည် အလုပ်အကျွေး ခက်၏။

၁။ သပ္ပါယ မဖြစ်သည်ကို ပြုလေ့ရှိ၏။

၂။ သပ္ပါယ ဖြစ်သည်၌ အတိုင်းအရှည် မသိ၊

၃။ ဆေးမမှီဝဲ၊

၄။ အကျိုးလို၍ လုပ်ကျွေးသူအား [ဤအစာ စား၍] အနာတိုးသည်၊ ဆုတ်သည်၊ တန့်သည်ဟု မှန်ကန်စွာ မပြောတတ်။

၅။ ဒုက္ခ ဝေဒနာကို သည်းမခံ-

ဤအင်္ဂါ ငါးပါးတည်း။ ထိုမှပြန်၍ အင်္ဂါငါးပါးရှိသော ဂိလာနသည် အလုပ်အကျွေး လွယ်၏။

ချစ်သားတို့၊ အင်္ဂါငါးပါးရှိသော လုပ်ကျွေးသူသည် ဂိလာနကို လုပ်ကျွေးခြင်းငှါ မသင့်။

၁။ ဆေး စီမံခြင်းငှါ (သူတစ်ပါး ပြောပြသော်လည်း) မစွမ်းနိုင်၊

၂။ သပ္ပါယ အသပ္ပါယ မသိ၍ အသပ္ပါယကို ပေး၍ သပ္ပါယကို ပယ်၏။

၃။ မေတ္တာစိတ် ကင်းလျက် အာမိသငဲ့၍ လုပ်ကျွေး၏။

၄။ ညစ်ကြေးစွန့်ခြင်းငှါ စက်ဆုပ်၏။

၅။ ဂိလာနအား ရံခါ တရားဟောခြင်းငှါ မစွမ်းနိုင်-

ဤငါးပါး တည်း။ ထိုမှပြန်၍ အင်္ဂါငါးပါးရှိသူသည် ဂိလာနကို လုပ်ကျွေးခြင်းငှါ သင့်၏။

[ငါဘုရားကို လုပ်ကျွေးလိုသူသည် ဂိလာနကို လုပ်ကျွေးရာ၏ ဟူသည် ငါ ဘုရား၏ ဩဝါဒ အနုသာသနီကို လိုက်နာသူသည် ဂိလာနကို လုပ်ကျွေးအပ်၏ ဟူ၍သာ အနက်ဖြစ်၏။ ဘုရားအား လည်းကောင်း၊ ဂိလာနအား လည်းကောင်း လုပ်ကျွေးခြင်းသည် ဧကသသ-တစ်မျိုးတည်း အတူဟု မယူအပ်။

သံဃာသည် လုပ်ကျွေးအပ်၏ ဟူသည် ဥပဇ္ဈာယ် စသော ခြောက်ယောက် ထိုဝိဟာရ၌ မရှိသော အာဂန္တု၊ ဖြစ်အံ့၊ တစ်ပါးတည်း နေသူသော်လည်း ဖြစ်အံ့၊ သံဃာ၏ တာဝန်ဖြစ်၏။ ထိုကြောင့် သံဃာသည် လုပ်ကျွေးအပ်၏။ မလုပ်ကျွေးငြားအံ့၊ သံဃာ အားလုံးအား အာပတ်တည်း။ အလှည့်ထား၍ လုပ်ကျွေးကြရာ၌ မိမိအလှည့်၌ မလုပ်ကျွေးသူ အားသာ အာပတ်တည်း။ သံဃ မထေရ်သည်လည်း အလှည့်မှ မလွတ်၊ သံဃာ အားလုံးသည် တစ်ယောက်အား တာဝန်ပြုအံ့။ ဝတ်ပြည့်စုံသူ တစ်ပါးက သော်လည်း ငါသာလုပ်ကျွေးမည်ဟု လုပ်ကျွေးအံ့၊ သံဃာသည် အာပတ်မှ လွတ်၏။ အာမိသံ အဿအန္တရန္တိ အာမိသန္တရော။ အန္တန္တိကာ ရဏံ ဝုစ္စတိ။ အာမိသ အကြောင်းရှိ၏။ အာမိသ အကြောင်းကြောင့် ယာဂု ဆွမ်း သပိတ် သင်္ကန်းတို့ကို တောင့်တ၍ လုပ်ကျွေး၏ ဟူလို။]

(သာ ... ဆရာဟူ၌ ဆရာအား အန္တေဝါသိက တစ်ယောက်၊ သိဒ္ဓိ ဝိဟာရိက တစ်ယေက်ရှိအံ့၊ ထိုသူတို့သည်လည်း အချင်းချင်း ဆရာတူ တို့သာဟု ဆိုကုန်၏။)

လုပ်ကျွေးသူ ရထိုက်သော လာဘ်

ထိုအခါ ရဟန်း နှစ်ပါးတို့သည် ကောသလ ဇနပုဒ်တို့၌ ခရီးရှည် သွားကုန်၏။ ကျောင်းတစ်ခုသို့ ရောက်လတ်သော် တစ်ပါး ဂိလာန ဖြစ်၏။ ရဟန်းတို့သည် ဂီလာနအား လုပ်ကျွေးခြင်းကို ဘုရားရှင် ချီးမွမ်းသည်ဟု လုပ်ကျွေးကြ၏။ လုပ်ကျွေးစဉ် ပျံလွန်၏။ ထိုရဟန်းတို့သည် ပျံလွန်သူ၏ သပိတ်သင်္ကန်းကို သာဝတ္ထိသို့ ယူသွား၍ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့၊ ရဟန်းပျံလွန်လျှင် သံဃာသည် သပိတ်သင်္ကန်း၌ အစိုးရ၏။ အစိုးရသော်လည်း ဂိလာန လုပ်ကျွေးသူတို့သည် ကျေးဇူးများကုန်၏။

ချစ်သားတို့၊ သံဃာသည် တိစီဝရိက်ကိုနှင့် သပိတ်ကို ဂိလာန လုပ်ကျွေးသူအား ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား လုပ်ကျွေးသော ရဟန်းသည် သံဃာတို့ ချဉ်းကပ်၍ အရှင်ဘုရားတို့၊ ဤမည်သော ရဟန်း ပျံလွန်ပါပြီ၊ ဤကား ပျံလွန်သူ၏ တိစီဝရိက်တို့နှင့် သပိတ်ဖြစ်ပါသည်ဟု လျှောက်အပ်၏။ ဗျတ္တ ရဟန်းသည် သံဃာကို ဉာတ္တိ ဒုတိယ ကံဖြင့် သိစေအပ်၏။ ဝါ-ဤ တိစီဝရိက်နှင့် သပိတ်ကို လုပ်ကျွေးသူအား ပေးရာ၏။ ပေး၏။ သိစေအပ်၏။

ထိုအခါ သာမဏေတစ်ပါး ပျံလွန်၏။ ချစ်သားတို့၊ သာမဏေ ပျံလွန်လျှင် သံင်္ဃာသည် သပိတ်သင်္ကန်း၌ အစိုးရ၏။ အစိုးရသော်လည်း လုပ်ကျွေးသူတို့သည် ကျေးဇူးများကုန်၏။ ချစ်သားတို့ သံဃာသည် သင်္ကန်းနှင့် သပိတ်ကို ဂိလာန လုပ်ကျွေးသူအား ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား လုပ်ကျွေးသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ …လ... သင်္ကန်းနှင့် သပိတ်ကို လုပ်ကျွေးသူအား ပေးရာ၏။ ပေးပြီဟု သိစေအပ်၏။

ရဟန်းနှင့် သာမဏေတို့သည် ဂိလာနကို လုပ်ကျွေးကုန်၏။ ဂိလာန ပျံလွန်၏။ လုပ်ကျွေးသူ သာမဏေအား အဘယ်သို့ သင်္ကန်းအဖို့ကို ပေးအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ဂိလာန လုပ်ကျွေးသူ သာမဏေအား ညီမျှသော အဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏။

ရဟန်းတစ်ပါးသည် ဘဏ္ဍာ ပရိက္ခရာ ပေါများသူ ဖြစ်၍ ပျံလွန်၏။ ချစ်သားတို့၊ ရဟန်း ပျံလွန်လျှင် သံဃာသည် ပတ္တ စီဝရ၌ အစိုးရ၏။ အစိုးရသော်လည်း လုပ်ကျွေးသူတို့သည် ကျေးဇူးများကုန်၏။ ချစ်သားတို့၊ သံဃာသည် တိစီဝရိက်နှင့် သပိတ်ကို ဂိလာန လုပ်ကျွေးသူတို့အား ပေးခြင်းငှါ ခွင့်ပြု၏။ လဟုဘဏ္ဍာ လဟု ပရိက္ခရာကို သံမုခီဘူတ သံဃာဖြင့် ဝေဖန်ခြင်းငှါ ခွင့်ပြု၏။ ဂရု ဘဏ္ဍာ ဂရု ပရိက္ခရာကို အာဂတာ နာဂတ ဖြစ်သော စတုဒ္ဒိတ သံဃာ၏ မစွန့်အပ် မဝေဖန်အပ်သော ဥစ္စာဖြစ်ခြင်းကို ခွင့်ပြု၏။

[ဂိလာန လုပ်ကျွေးသူအား ပေးခြင်းငှါ ဟူသည်၌ အခြားမဲ့ ဟောသော ဉာတ္တိဒုတိယ ကမ္မဝါစာဖြင့် လည်းကောင်း၊ ပန်ကြား၍ လည်းကောင်၊ ပေးခြင်းသည် အပ်၏။ လဟု ဘဏ္ဍာ၊ ဂရုဘဏ္ဍာ အထူးကို သေနာသ နက္ခန္ဓက၌ ဖွင့်လတ္တံ့။

လုပ်ကျွေးသူတို့ ရထိုက်သော လာဘ်၌ ဝိနိစ္ဆယကား - ဘိက္ခု သံဃာအားလုံး လုပ်ကျွေးစဉ် ပျံလွန်အံ့၊ အားလုံးပင် အစိုးရ၏။ အချို့ အလှည့်ကျ ပြုပြီး၍ အချို့ မပြုမီ ပျံလွန်အံ့၊ ဆရာ အချို့ ဤသို့ ဆိုကုန်၏။ အားလုံးပင် မိမိအလှည့် ရောက်သောအခါ ပြုကုန်ရာ၏။ ထိုကြောင့် အားလုံးပင် အစိုးရကုန်၏။ အချို့ကား ပြုပြီးသူတို့သာ ရကုန်၏။ မပြုသေးသူတို့ မရကုန်ဟု ဆိုကုန်၏။ (နောက် ဝါဒသာ ပမာဏတည်း။)

သာမဏေ ပျံလွန်ရာ၌ သင်္ကန်းရှိအံ့၊ လုပ်ကျွေးသူတို့အား ပေးအပ်၏။ မရှိလျှင် ရှိရာ ပေးအပ်၏။ တစ်ပါးသော ပရိက္ခရာရှိလျှင် စီဝရ ဘာဂကို ပြု၍ ပေးအပ်၏။ ရဟန်းနှင့် သာမဏေ အတူ လုပ်ကျွေးအံ့၊ သမက ဘာဂ ပေးအပ်၏။ သာမဏေသာ လုပ်ကျွေးအံ့၊ ရဟန်းကား စီမံရုံမျှသာ ပြုအံ့၊ သာမဏေအား ဇေဋ္ဌက ဘာဂ ပေးအပ်၏။ သာမဏေသည် ရဟန်း ခပ်သောရေဖြင့် ယာဂု ကျိုကပ်ရုံသာ ပြုအံ့၊ ရဟန်းသည် လုပ်ကျွေးအံ့၊ ရဟန်းအား ဇေဋ္ဌက ဘာဂ ပေးအပ်၏။ ရဟန်းအများ အညီ လုပ်ကျွေးအံ့၊ အားလုံး သမဘဂ ပေးအပ်၏။

အထူး လုပ်ကျွေးသူအား အထူးပေးအပ်၏။ တစ်နေ့မျှပင် လုပ်ကျွေးခြင်းဖြင့် ယာဂု ဆွမ်းချက် ပေးခြင်း၊ ချိုးရေ စီရှင်ခြင်း ပြုသူလည်း လုပ်ကျွေးသူ မည်၏။ အနီးသို့ မကပ်ဘဲ ဆုံး ဆန် စသည်တို့ ပို့စေသူကား လုပ်ကျွေးသူ မမည်။ ရှာဖွေ၍ ယူလာအံ့၊ လုပ်ကျွေးသူသာတည်း။ တစ်ဦးသည် ဝတ်ကို အဦးပြု၍၊ တစ်ဦးသည် လာဘ်ကို တောင့်တ၍ လုပ်ကျွေးအံ့၊ ပျံလွန်သောအခ နှစ်ဦးလုံး လာဘ် တောင့်တတံ့၊ နှစ်ဦးလုံးအားလည်း ပေးအပ်၏။

တစ်ဦး သည် လုပ်ကျွေး၍ “တစ်ဖန်လာ၍ လုပ်ကျွေးဦးမည်”ဟု ဂ္ဂိလာန ကိစ္စဖြင့် လည်းကောင်း၊ မိမိကိစ္စဖြင့် လည်းကောင်း ဖဲသွားအံ့၊ ထိုသူအားလည်း ပေးအပ်၏။ ကြာမြင့်စွာ လုပ်ကျွေး၍ မတတ်နိုင်တော့ပြီဟု ဝန်ချ၍ ဖဲသွားအံ့၊ ထိုနေ့တွင် ပျံလွန်စေကာမူ ထိုသူအား ဥပဋ္ဌာက ဘာဂကို မပေးအပ်။ ဂိလာန လုပ်ကျွေးသူ မည်သည် လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ မာတုဂါမပင် ဖြစ်စေ-အဖို့ကို ရကုန်၏။

ပျံလွန်သူအား သပိတ် သင်္ကန်းမျှသာ ရှိအံ့၊ တစ်ထောင်တန်စေကာမူ လုပ်ကျွေးသူတို့အားသာ ပေးအပ်၏ (သင်္ကန်း သပိတ်မှု) တစ်ပါးသော ပရိက္ခရာ များစွာရှိသော်လည်း၊ လုပ်ကျွေးသူတို့ မရ၊ သံဃာသာ ဖြစ်၏။ ကြွင်းသော ဘဏ္ဍသည် များလည်း များအံ့၊ အဖိုးလည်း ထိုက်အံ့၊ တိစီဝရိက်ကား အဖိုးမထိုက် (အဆွေး အညံ့ ဖြစ်အံ့)။ ထိုကြွင်းသော ဘဏ္ဍာမှယူ၍ တိစီဝရ ပရိက္ခရာကို ပေးအပ်၏။ ဤအလုံးစုံ (ပတ္တ စီဝရ) ကိုလည်း သံဃိကမှသာ ရအပ်၏။

အသက်ရှိစဉ်သာလျှင် မိမိ ပရိက္ခရာအားလုံးကို စွန့်၍ တစ်စုံတစ်ယောက်အား ပေးပြီးဖြစ်အံ့၊ တစ် ယောက်ယောက်သည် အကျွမ်းဝင်ခြင်း ဖြစ်သော်လည်း ယူပြီးဖြစ်အံ့၊ ထို သူတို့၏ အလိုဖြင့်သာ လှုပ်ကျွေးသူတို့ ရကုန်၏။ တစ်ပါးသူအား မပေးဘဲ အဝေး၌ထားသော ပရိက္ခရာတို့လည်း ထိုထိုနေရာ၌ သံဃာအားသာ ဖြစ်ကုန်၏။

နှစ်ပါးပိုင် မဝေဖန်သော ဘဏ္ဍာဖြစ်အံ့၊ တစ်ပါး ပျံလွန်လျှင် ကျန်တစ်ပါး အစိုးရ၏။ အများပိုင် ဘဏ္ဍာလည်း ဧသေဝနယော၊ အားလုံး ပျံလွန်လျှင် သံဃိက ဖြစ်၏။ မခွဲဝေမူ၍ သဒ္ဓဝိဟာရိက စသည် တို့အား ပေးသော်လည်း၊ အဒိန္နသာတည်း။ ခွဲဝေ၍ ပေးလျှင်ကား သုဒိန္န ဖြစ်၏။ ထိုဘဏ္ဍာသည် ထိုသူတို့ ပျံလွန်ကုန်သော်လည်း သဒ္ဓဝိဟာရိက စသည်တို့အားသာ ဖြစ်၏။ သံဃာအား မဖြစ်]

(သာဋီ ... ဘိက္ခုဿ ကာလင်္ကတေ၌ ဘာဝသာဓ် ဖြစ်သောကြောင့် ကာလံကိရိယာယ-ဟု ဆိုသည်။

ထိုထိုနေရာ၌ သံဃာအား ဟူသည် ထိုထို ဝိဟာရ၌ သံဃာအားတည်း။

ဝိဋီ ... ပါဠိ၌ သာမဏေတို့အား တိစီဝရာဓိဋ္ဌာန မရှိခြင်းကြောင့် သင်္ကန်းနှင့် သပိတ်ကိုဟု ဆိုသည်။ (တိစီဝရိတ်နှင့် သပိတ်ကိုဟု မဆို။)

ပါဠိ၌ မစွန့်အပ် ဟူသည်၌ အာဂတာ နာဂတ စာတုဒ္ဒိသ သံဃာ၏ ဥစ္စာသာ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်အား မစွန့်အပ် မဝေဖန်အပ်သော ဘဏ္ဍာ ပရိက္ခရာ ဖြစ်ခြင်းငှါ ခွင့်ပြု၏ တိ အတ္ထော။

ဇီဋီ ... ဘိက္ခုဿာတိ ဘိက္ခုသ္မိံ ကာလံကတေ။ (ဘာဝသာဓ် မဟုတ်၊ ကတ္ထုသာရ် ဟူလို။) သပိတ် သင်္ကန်း၌ အစိုးရ၏ ဟူသည်၌ ပဋ္ဌာန ပရိက္ခရာ ပြခြင်း အမြွက်ဖြင့် ပရိက္ခရာအားလုံးကို ပြခြင်းဟု သိအပ်၏။ အဓမ္မဖြင့် ဖြစ်သော ပရိက္ခရာဖြစ်စေကာမူ သံဃာအား ကပ္ပိယသာ ဖြစ်သောကြောင့်ဟု ဧကေတို့ ဆိုကုန်၏။ ပတ္တ စတုက္က၌ သဗ္ဗထာ အကပ္ပိယ ပတ္တနည်းနှင့် ဆန့်ကျင်သောကြောင့် ကပ္ပိယ မဖြစ်နိုင်။

အာဝါသ တစ်ခု၌ နှစ်ပါးနေရာ တစ်ပါး ပျံလွန်၍ ထို၏ ပရိက္ခရာကို ကျန်တစ်ပါးသည် မယှံ ပါပုဏာတိ-ဟု မရောက်စေဘဲ ခိုးစိတ်ဖြင့် ယူအံ့၊ သံဃိကကို ယူခြင်း ဖြစ်၏။ ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။ အနာဝါသ၌ ယူအံ့၊ မဆုံးဖြတ်အပ်၊ အဿာမိကကို ယူခြင်းကြောင့်တည်း။

မရဏအခါ စကားမဆိုနိုင် သဖြင့် စိတ်ဖြင့်သာ ပေးအံ့၊ ကုသိုလ်ပွား၏။ သံဃာသာ အစိုးရသည်။ မကျွမ်းမဝင်သူ ယူအံ့၊ ယူခြင်းမမြောက် စသည်။ ပျံလွန်သူအား ငွေစသည် ကျန်အံ့၊ ခံခြင်း၊ ခံစေခြင်း၊ သာယာခြင်းဖြင့် ကျန်သည်ကို ရွှေ ငွေ ခံရာ၌ ဆိုသော နည်းဖြင့် ကျင့်အပ်၏။ တရားသဖြင့် ဖြစ်၍ ကျန်သည်ကို ကပ္ပိယ ကာရကကို ပြောကြားအပ်၏။

အလှူခံထားသော ကျွန်ကို သံဃာ အစိုးမရ။ အာရာမိက-အရံစောင့်ကို သံဃာ အစိုးရ၏။ နွားမ ကျွဲမ စသည်ကို အာဝါသဂတ ဖြစ်လျှင် သံဃာအစိုးရ၏။ အနာဝါသ ဂတ ဖြစ်လျှင် အစိုးမရ။ သံဃာသည် အကယ်၍ အာဝါသသို့ ဆောင်၍ သံဃိကပြု၍ သိမ်ပအနီး၌ ထားအံ့၊ ပြုသော သံဃာသည် အစိုးရ၏။ အာရာမိက၌ ထိုအတူတည်း-စသည်။

ဣဒံ တုယှံ ဒေမိ၊ ဣတ္ထန္န မဿဒေမိ- စသည်ဖြင့် မျက်မှောက်၊ မျက်ကွယ်ဆိုလျှင် ဒိန္န သာတည်း။ တုယှံ ဂဏှာဟိ-ဟု ဆိုလျှင် မယှံ ဂဏှာမိဟု ဆိုအံ့ သုဒိန္န၊ သုဂ္ဂဟိတလည်း ဖြစ်၏။ မမ သန္တကံ တဝစ မမ စ ဟောတု- စသည် ဆိုခြင်းဖြင့် သမာန ပရိက္ခရကို ပြုခြင်းငှါ အပ်၏။

အနုဂဏ္ဌိ၌ကား အများဖြစ်စေ၊ နှစ်ပါးဖြစ်စေ မိမိဥစ္စာ ဖြစ်ဆဲကို ဖြစ်လတ္တံနှင့်တကွ ပေသလ ရဟန်း တစ်ပါးအား လှူကုန်အံ့၊ ထိုပေသလသည် တစ်ဖန် ထိုရဟန်းတို့အားသာ စွန့်အံ့၊ ဤမျှဖြင့် သမာန ပရိက္ခရ ရှိသူတို့ ဖြစ်ကုန်၏ဟု ဆို၏။ ပါဠိ စသည်တို့၌ ဆိုသော လက္ခဏာ၌သာ ကျသောကြောင့် ဤ လက္ခဏာသည် ခိုင်ခံ့၏ ... စသည်။)

နဂ္ဂထုလ္လစ္စည်း

ထိုအခါ ရဟန်းတစ်ပါးသည် အဝတ်ကင်းသော နဂ္ဂ အဖြစ်ဖြင့် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား ဤနဂ္ဂ အကျင့်သည် အလိုနည်းခြင်းငှါ ဖြစ်ပါသည်။ ရဟန်းတို့အား နဂ္ဂ အကျင့်ကို ခွင့်ပြုတော်မူပါဟု လျှောက်၏။ တိတ္တိ အကျင့်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ နဂ္ဂ အကျင့်ဖြစ်သော တိတ္တိတို့ ဆောက်တည်ခြင်းကို မဆောက်တည်အပ်။ ဆောက်တည်ငြားအံ့-ထုလ္လစ္စည်း။

ထုလ္လစ္စည်းရှစ်ထည်

ထိုအခါ ရဟန်းတစ်ပါးသည် ကုသစီ၀ရ-သမန်းမြက် သင်္ကန်းကို ဝတ်၍။ ...လ... ။ ဝါကစီ၀ရ - လျှော်တေ သင်္ကန်းကို၊ ဖလက စီ၀ရ-ပျဉ်ချုပ် သင်္ကန်းကို၊ ကေသကမ္ဗလ- ဆံပင် ကမ္ဗလာကို၊ ဝါဠ ကမ္ဗလ-သားပြီး ကမ္ဗလာကို၊ ဥလူကပက္ခ - ခပုပ်တောင် အဝတ်ကို၊ အဇိနက္ခိပ-သစ်နက်ရေကို ဝတ်၍ ချဉ်းကပ်၍ ဤသည် အလိုနည်းငှါ ဖြစ်ပါသည်။ ရဟန်းတို့အား ခွင့်ပြုတော်မူပါဟု လျှောက်၏။

တိတ္တိ တံခွန်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ (သမန်းမြက် သင်္ကန်းကို ...လ...) သစ်နက်ရေဖြစ်သော တိတ္တိ တံခွန်ကို မဆောင်အပ်။ ... ထုလ္လစ္စည်း။ ` (ခုနစ်ခု)။

ရဟန်းတစ်ပါးသည် အက္ကနာဠ-မရိုးသင်္ကန်းကို ဝတ်၍၊ (အက္ကနာဠ- ထုလ်ဟုထာ ပြလတ္တံ့။) ...လ..။ ပေါတ္ထက - သင်ပန်းမျှင် သင်္ကန်းကိုဝတ်၍ ချဉ်းကပ်၍ ...လ… ရဟန်းတို့အား ခွင့်ပြုတော်မူပါဟု လျှောက်၏။ မအပ်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ သင်ပန်းမျှင် သင်္ကန်းကို မဝတ်အပ်။….ဒုက္ကဋ်။ (၁)

[ကုသစီဝရ စသည်တို့တွင် အက္ကနာဠသည် မရိုးတံဖြင့် ပြီး၏။ မကစိမယဟု ပေါတ္ထကဟု ဆိုအပ်၏။ အကြွင်းတို့ကို ပထမ ပါရာဇိက အဖွင့်၌ ဆိုပြီးပြီ။ ထိုတွင် ပေါတ္တက၌သာ ဒုက္ကဋ်။ အကြွင်း (ရှစ်ခု) တို့၌ ထုလ္လစ္စည်း တည်း။ အက္ကဒုဿ - မရိုးလျှော်မျှင် ပုဆိုး၊ ကဒလိဒုဿ - ငှက်ပျောမျှင် ပုဆိုး၊ ဧရကဒုဿ- မြိတ်မြတ် ပုဆိုးတို့ကား ပေါတ္တက ဂတိက (ဒုက္ကဋ်) တို့ သာတည်း။

(ကုသစီဝရသည် သမန်းမြက်တို့ကို ကျစ်၍ ထုံး၍ ပြုသော သင်္ကန်းတည်း။

ဝါကစီ၀ရသည် ရသေ့တို့၏ ဝက္ကလ-လျှော်တေ ဖြစ်၏။

ဖလကစီ၀ရသည် ကာ သဏ္ဌာန် ပျဉ်ပြားတို့ကို သီချုပ်၍ ပြုသော သင်္ကန်းတည်း။

ကေသကမ္ဗလသည် ဆံပင်တို့ဖြင့် ရက်သော ကမ္ဗလာတည်း။

ဝါဠကမ္ဗလ သည် စာမရီသားမြီး (အောင်းမြီး) တို့ဖြင့်- ရက်သော ကမ္ဗလာတည်း။

ဥလူက ပက္ခိကသည် ဥလူက သကုဏ၏ အတောင်တို့ဖြင့် ပြုသော အဝတ်ဘည်း။

အဇိနက္ခိပသည် အမွေးနှင့်တကွ လက်သည်း ခြေသည်း ဟူသော ခွါနှင့် တကွသော သစ်နက် သတ္တဝါ၏ သားရေတည်း။ အက္ကနာရနှင့် ထုလ္လစ္စည်း ရှစ်ထည်။)

(ဝိဋီ ... အက္ကနာဠ မယန္တိ အက ဒုဏ္ဍမယံ - မုရိုးတံဖြင့် ပြီး၏။

အက္က ဒုဿတို့ကား အက္ကဝါက-မရိုးမျှင်ဖြင့် ပြုသော ဒုဿ တို့တည်း။

ပေါတ္တက ဂတိကတို့ ဟူသည် ဒုက္ကဋ ဝတ္ထုကာနီတိ အတ္ထော။)

မအပ် ၁၄-ထည်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အလုံးစုံ ညိုသော၊ ရွှေသော၊ နီသော၊ မောင်းသော၊ မည်းသော၊ မဟာရင်္ဂဆိုးသော၊ မဟာနမ ဆိုးသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ (၇)။

အစ္ဆိန္နဒသ - အဆာမပြတ်သော သင်္ကန်း၊ ဒီဃဒသ-ရည်သော အဆာ ရှိသော။ ပုပ္ဖဒသ - ပန်းပွင့် အဆာရှိသော၊ ဖလဒသ-သစ်သီးအဆာရှိသော သင်္ကန်းတို့ကို-(၄)။

ကဉ္စုက-သင်တိုင်းကို (အင်္ကျီကို၊ ဒုယင်ကို)။ တိရိဋက- သစ်ခွံဖြင့် ပြီးသော သင်္ကန်းကို။ ဝေဋ္ဌန-ဦးရစ်ပဝါကို (၃) ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ အလုံးစုံ ညိုသော သင်္ကန်းကို။ ...လ... ဦးရစ်ပဝါကို မဆောင်အပ်- ဒုက္ကဋ်။

[အလုံးစုံ ညိုသော သင်္ကန်း စသည်တို့ကို ဆိုးရည်ကို ဖွပ်လျှော်၍ တစ်ဖန် ဆိုး၍ ဆောင်အပ်ကုန်၏။ မဖွပ်နိုင်လျှင် အိပ်ရာခင်းကိုသော်လည်း ပြုအပ်ကုန်၏။ တိပဋ္ဋ- သုံးထပ်သင်္ကန်း၏ အလယ်၌ သော်လည်း ထည့်အပ်ကုန်၏။ ထိုတို့၏ အဆင်ထူးသည် ဖိနပ်တို့၌ ဝုတ္တနယ မေဝ။ အစ္ဆိန္နဒဿ - စသည်တို့ကို အဆာကိုဖြတ်၍ ဆောင်အပ်ကုန်၏။ ကဉ္စုကကိုရလျှင် ဆုတ်ခွဲ၍ ဆိုး၍ သုံးဆောင်အပ်၏။ ဝေဋ္ဌနေပိ ဧသေစနယော။ တိရီဋကံ ပန ရုက္ခဆလ္လိမယံ-သစ်ခွံဖြင့် ပြီး၏။ ခြေသုတ်ပြုခြင်းငှါ အပ်၏။]

(ဝိဋီ ... သုံးထပ်သင်္ကန်း၏ အလယ်၌ဟူသည် အကြင် သင်္ကန်းသည် ပြီးသောအခါ သုံးထပ်သင်္ကန်း ဖြစ်၏။ ထို၏ အလယ်၌ ပဋလကို ပြု၍ ပေးအပ်၏ တိ အတ္တော။)

ဝါကျွတ်၍ သင်္ကန်း မဖြစ်မီ

ထိုအခါ ဝါကျွတ်သော ရဟန်းတို့သည်၊ သင်္ကန်းမဖြစ်မီ ဖဲသွားကုန်၏။ လူထွက်ကုန်၏၊ သေကုန်၏၊ သာမဏေဟု၊ သိက္ခာချသူဟု၊ အန္တိမ ရောက်သူဟု ဝန်ခံကုန်၏။ ရူးသူ၊ စိတ်ပျံ့လွင့်သူ၊ ဝေဒနာ နှိပ်စက်သူ၊ မရှု မကု မစွန့် ကြောင့် ဥက္ခိတ္တကကံပြု ခံရသူဟု ဝန်ခံကုန်၏။ ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒုသံ။ ဥဘောဗျည်းဟု ဝန်ခံကုန်၏။ (၂၃-ယောက်)။

ချစ်သားတို့၊ ဤသာသနာ၌ ဝါကျွတ်သော ရဟန်းသည် သင်္ကန်း မဖြစ်မီ ဖဲသွားအံ့၊ ရူးသူ၊ စိတ်ပျံလွင့်သူ၊ ဝေဒနာ နှိပ်စက်သူဟု ဝန်ခံအံ့၊ ဥက္ခိတ္တက သုံးယောက်ဟု ဝန်ခံအံ့၊ သင့်သော ယူသူရှိလျှင် ပေးအပ်၏။(၇)

လူထွက်အံ့၊ သေအံ့၊ သာမဏေ၊ သိက္ခာချသူ၊ အန္တိမ ရောက်သူ၊ ပဏ်၊ ထေ ...လ... ။ ဥဘောဗျည်းဟု ဝန်ခံအံ့၊ သံဃာသည် အစိုးရ၏ (၁၆)။

ချစ်သားတို့၊ သင်္ကန်းဖြစ်၍ မပေဖန်မီ ဖဲကုန်အံ့။ သင့်သူယူလျှင် ၇-ယောက်အတွက် ပေးအပ်၏။ ၁၆- ယောက်အတွက် သံဃာ အစိုးရ၏။

ချစ်သားတို့၊ သင်္ကန်းမဖြစ်မီ သံဃာသည် ကွဲအံ့၊ လူတို့သည် ပက္ခ တစ်ခု၌ ရေကို၊ ပက္ခ တစ်ခု၌ သင်္ကန်းကို သံဃဿ ဒေမ-ဟု လှူကုန်အံ့၊ သံဃိက သာတည်း။ ပက္ခ တစ်ခု၌ ရေကို ထိုပက္ခ၌ သာလျှင် သင်္ကန်းကို သံဃဿ ဒေမ လှူကုန်အံ့၊ သံဃိက သာတည်း။

ပက္ခ တစ်ခု၌ ရေကို ပက္ခ တစ်ခု၌ သင်္ကန်းကို ပက္ခဿ ဒေမ-ဟု လှူကုန်အံ့၊ ပက္ခ၏ ဥစ္စာသာတည်း။ ပက္ခ တစ်ခု၌ ရေကို၊ ထိုပက္ခ၌သာလျှင် သင်္ကန်းကို ပက္ခဿ ဒေမ-ဟု လှူကုန်အံ့၊ ပက္ခ၏ ဥစ္စာသာတည်း။

ချစ်သားတို့၊ သင်္ကန်းဖြစ်၍ မဝေဖန်မီ သံဃာသည် ကွဲအံ့၊ အလုံးစုံတို့အား အညီအမျှ ဝေဖန်စေအပ်၏။

[သင့်သော ယူသူရှိလျှင် ဟူသည် တစ်စုံတစ်ယောက်သော ရဟန်းသည် ထိုသူအတွက် ယူထားသည်ဟု ယူအံ့၊ ပေးအပ်၏ ဟူသော အနက်တည်း။ ဤသို့ ၂၃-ယောက်တို့တွင် ၁၆-ယောက် မရ၊ ၇-ယောက် ရသည်။

သံဃာသည် ကွဲအံ့ ဟူသည် ကောသမ္ဗကတို့ကဲ့သို့ ကွဲ၍ နှစ်ဖို့ ဖြစ်ကုန်သည်တည်း။ ပက္ခ တစ်ခု၌ ဟူသည် အဖို့တစ်ခု၌ ဒက္ခိဏောဒကကို လည်းကောင်း၊ နံ့သာ စသည်ကို လည်းကောင်း လှူကုန်အံ့။ အဖို့တစ်ခု၌ သင်္ကန်းတို့ကို လှူကုန်အံ့။ သံဃိကသာတည်း ဟူသည် သံဃာအားလုံး၏ နှစ်ဖို့လုံး၏ ဥစ္စာဖြစ်၏။ ခေါင်းလောင်းထိုး၍ နှစ်ဖို့လုံး တစ်ပေါင်းတည်း သီတင်းကြီးစဉ်ဖြင့် ဝေဖန်စေအပ်၏။

ပက္ခ၏ ဥစ္စာသာတည်း ဟူသည် ဤသို့ လှူလျှင် ရေလှူရာ အဖို့၌ ရေသာ သင်္ကန်းလှူရာအဖို့၌ သင်္ကန်းသာ ဖြစ်၏။ ဒက္ခိဏောဒက ပမာဏဖြစ်ရာ အရပ်ဒေသ၌ကား ဒက္ခိဏောဒက ရသော ပက္ခသည်လည်း သင်္ကန်းရ၏။ သင်္ကန်းသာ ရသော ပက္ခသည်လည်း သင်္ကန်းရ၏။ ထိုကြောင့် ပက္ခနှစ်ခုလုံး တစ်ပေါင်းတည်း သီတင်းကြီးစဉ်ဖြင့် ဝေဖန်စေအပ်၏။ ဤကား ပရ သမုဒ္ဒ၌ လက္ခဏာတည်းဟု မဟာအဋ္ဌကထာ ဆို၏။

ထိုပက္ခ၌ သာလျှင် ဟူသည် တစ်ပါးသော ပက္ခသည် အစိုးမရသည်သာတည်း၊ ]

(ဇီဋီ ... ဝါကျွတ်ပြီးသော သာမဏေသည် ငါးပါးသော သိက္ခာပုဒ် တို့တွင် တစ်ပါးပါးကို လွန်ကျူး၍ တစ်ဖန် (သိက္ခာပုဒ်) ယူအံ့၊ လာဘ်ကို မရ၊ အန္တိမ ဝတ္တုသို့ ရောက်သူမည်၏ဟု ဆိုကုန်၏။

မဝေဖန်မီ ဟူသည်၌ သံဃာသည် တတြုပ္ပါဒ သင်္ကန်းမှတစ်ပါး တစ်ပါးအား ဤမျှဝါဆို သင်္ကန်းပေးခြင်းငှါ သံဃာသည် နှစ်သက်အပ်၏ဟု ပြောကြားပြီးမှသော်လည်း လူထွက်အံ့၊ ထိုမှ မရ။ တစ်ဖန် ရဟန်းပြု၍ သင်္ကန်းဝေဖန်ခြင်းကို မီသော်လည်း၊ ရှေးပကတိမှ လျှောသောကြောင့် မရသည်သာတည်း။ ရောက်စေပြီးမှ လူထွက်အံ့၊ ရသည်ဟု ဆိုအပ်၏။

ပရ သမုဒ္ဒသည် ဇမ္ဗူဒီပ ဖြစ်၏။

သာဋီ ... ဒက္ခိဏောဒက ပမာဏဖြစ်ရာ ဟူသည် ထိုတိုင်းပြည်၌ ဒက္ခိဏောဒက ခံခြင်းမျှဖြင့်လည်း ဒေယျဓမ္မကို အစိုးရကုန်၏။ တိအဓိပ္ပါယော။ ပရ သမုဒ္ဒေတိ ဇမ္ဗူဒီပေ။ တမ္ပပဏ္ဏိဒီပကို ထောက်၍ ဇမ္ဗူဒိပ်ကို ပရ သမုဒ္ဒဟု ဆိုသည်။

ဝိဋီ ... သင့်သော ယူသူရှိလျှင် ဆိုသောကြောင့် ယူသူမရှိလျှင် မပေးမူ၍ ဝေဖန်လျှင်လည်း သုဘာဇိတ သာဟု မှတ်အပ်၏။

ဒက္ခိဏောဒက ပမာဏ ဟူသည် သင်္ကန်း ဤမျှ လှူကုန်အံ့ဟု ရှေးဦးစွာ ရေကို ကျစေ၍ (ရေစက်ချ၍) နောက်မှ လှူကုန်၏။ ထိုရေကို ခံယူသူတို့သည် အဖို့ရကုန်သည်သာတည်း ဟူလို။ ပရ သမုဒ္ဒေတိ ဇမ္ဗူဒီပေ။ တမ္ပပဏ္ဏိဒီပကို ထောက်၍ ဇမ္ဗူဒိပ်ကို ပရ သမုဒ္ဒဟု ဆိုသည်။)

စေခိုင်းရာ၌ ဒေဟိ၊ ဒမ္မိ-ငါးဝါရစီ

ထိုအခါ ရှင်ရေဝတသည် ရဟန်းတစ်ပါး၏လက်၌ ရှင်သာရိပုတြာထံ သင်္ကန်းကို ပို့ခိုင်း၏။ ဣမံ စီဝရထေရဿ ဒေဟိ-ဟု ဆို၍ ပို့ခိုင်း၏။ ထိုရဟန်းသည် ခရီးအကြား၌ ရှင်ရေဝတနှင့် အကျွမ်းဝင်ခြင်းဖြင့် ထိုသင်္ကန်းကို ယူ၏။ ထိုနောက် ရှင်သာရိပုတြာနှင့်တွေ့၍ သင်္ကန်းမရဟုသိ၍ ထိုရဟန်းအား မေး၏။ အရှင်ဘုရားနှင့် အကျွမ်းဝင်ခြင်းဖြင့် ထိုသင်္ကန်းကို အကျွန်ုပ်ယူသည်ဟု ဆို၏။ ဘုရားရှင်အား လျှောက်ကုန်၏။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ရဟန်း၏လက်၌ ဣမံ စီဝရံ ဣတ္တန္နာမဿ ဒေဟိ- ဟုဆို၍ ပို့ခိုင်းအံ့။ ခရီးအကြား၌ ခိုင်းသူနှင့် အကျွမ်းဝင်ခြင်းဖြင့် ယူအံ့- သုဂ္ဂဟိတ။ ပို့ရာဖြစ်သူနှင့် အကျွမ်းဝင်ခြင်းဖြင့် ယူအံ့ ဒုဂ္ဂဟိတ။

ချစ်သားတို့၊ ဒေဟိဟု ပို့ခိုင်းအံ့၊ ပို့ခိုင်းရာနှင့် အကျွမ်းဝင်ခြင်းဖြင့် ယူအံ့ သုဂ္ဂဟိတ။ ချစ်သားတို့၊ ဒေဟိဟု ပို့ခိုင်းအံ့၊ ခရီးအကြား၌ ခိုင်းသူ ပျံလွန်ပြီဟု ကြားအံ့၊ ခိုင်းသူ၏ မတက စီဝရဟု ဆောက်တည်တံ့ သွာဓိဋ္ဌိတ။ ခိုင်းရာနှင့် အကျွမ်းတဝင် ယူအံ့ ဒုဂ္ဂဟိတ။ ခရီးအကြား၌ ခိုင်းရာ ပျံလွန်ပြီဟု ကြားအံ့။ ခိုင်းရာ၏ မတက စီဝရဟု ဆောက်တည်တံ့ ဒွါဓိဋ္ဌိတ၊ ခိုင်းသူနှင့် အကျွမ်းတဝင် ယူအံ့ သုဂ္ဂဟိတ၊ နှစ်ဦးလုံး ပျံလွန်ပြီဟု ကြားအံ့။ ခိုင်းသူ၏ မတက စီဝရဟု ဆာက်တည်တံ့ သွာဓိဋ္ဌိတ။ ခိုင်းရာ၏ မတက စီဝရဟု ဆောက်တည်အံ့ ဒွါဓိဋ္ဌိတ (ငါးဝါရ)။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ရဟန်း၏ လက်၌ ဣမံ စီဝရံ ဣတ္တန္နာမဿ ဒမ္မိ-ဟု ဆို၍ ပို့ခိုင်းအံ့။ ခိုင်းသူနှင့် အကျွမ်းတဝင် ယူအံ့ ဒုဂ္ဂဟိတ။ ခိုင်းရာနှင့် အကျွမ်းတဝင် ယူအံ့ သုဂ္ဂဟိတ။ ထိုအတူ ပို့ခိုင်းအံ့ ခိုင်းရာနှင့် ... သုဂ္ဂဟိတ၊ ခိုင်းသူနှင့် ဒုဂ္ဂဟိတ။ ခိုင်းသူ ပျံလွန်ပြီဟု ကြားအံ့။ ခိုင်းသူ၏ မတက စီဝရဟု ဆောက်တည်အံ့၊ ဒွါဓိဋ္ဌိတ။ ခိုင်းရာနှင့် အကျွမ်းတဝင် ... သုဂ္ဂဟိတ။ ခိုင်းရာ ပျံလွန်ပြီဟု ကြားအံ့၊ ခိုင်းရာ၏ မတက ... သွာဓိဋ္ဌိတ၊ ခိုင်းသူနှင့် ဒုဂ္ဂဟိတ။ နှစ်ဦးလုံး ပျံလွန်ပြီဟု ကြားအံ့၊ ခိုင်းသူ၏ မတက ... ဒွါဓိဋ္ဌိတ။ ခိုင်းရာ၏ မတက ... သွာဓိဋ္ဌိတ ဖြစ်၏။ (ငါး ဝါရ)။

[စီဝရ ပေသန ဝတ္တုနိ ပါကဋာ နေဝ။]

(သာဋီ ... မတက စီဝရ-ဟု ဆောက်တည်အံ့ ဟူသည်၌၊ ခရီးသွားစဉ် ပျံလွန်သည်ဟု ကြား၍ ဝိဟာရ မဟုတ်ရာ၌ ဖြစ်အံ့၊ ၁၂-တောင်တွင်း တစ်ပါးသော ရဟန်းတို့ မရှိဟုသိ၍ ဣဒံ စီဝရမယှံ ပါပုဏာတိ-ဟု ဆောက်တည်တံ့၊ သွာဓိဋ္ဌိတ ဖြစ်၏။)

သင်္ကန်းဖြစ်ရာ မာတိကာ ရှစ်ပါး

ချစ်သားတို့၊ သင်္ကန်း၏ ဖြစ်ခြင်းငှါ (ရခြင်းငှါ) မာတိကာတို့သည် ရှစ်ပါးဖြစ်ကုန်၏။

သီမာယ ဒေတိ-သိမ်အား လှူခြင်း၊

ဂတိကာယ ဒေတိ-ကတိကဝတ် ပြုရာအား လှူခြင်း၊

ဘိက္ခာ ပညတ္ထိယာ ဒေတိ- ဆွမ်းဝတ် တည်ထားရာအား လှူခြင်း၊

သံဃဿ ဒေတိ - သံဃာအား လှူခြင်း(၄)၊

ဥဘတော သံဃဿ ဒေတိ- ဥဘတော သံဃာအ လှူခြင်း၊

ဝဿံဝုတ္တ သံဃဿ ဒေတိ-ဝါကျွတ် သံဃာအား လှူခြင်း၊

အာဒိဿ ဒေတိ-ညွှန်း၍ လှူခြင်း၊

ပုဂ္ဂလဿ ဒေတိ-ပုဂ္ဂိုလ်အား လှူခြင်း (၄)

ဤကား မာတိကာ ရှစ်ပါးတည်း။

သီမာ၊ ကတိကာ၊ ဘိက္ခာ ပညတ်၊ သံဃာနှင့် (၄)၊

ဥဘတော သံဃံ၊ ဝဿံ ဝုတ္တ၊ အာဒိဿ၊ ပုဂ္ဂလ (၄)-ရှစ်မာတိ။

သီမာယ ဒေတိဖြစ်အံ့၊ သိမ်တွင်းရှိသမျှ ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။

ကတိကာယ ဒေတိ ဖြစ်အံ့၊ သမာနလာဘ ဖြစ်သော အာဝါသ များစွာတို့တွင် တစ်ခုသော အာဝါသ၌ လှူလျှင် ထိုအာဝါသ အားလုံး၌ လှူခြင်းဖြစ်၏။

ဘိက္ခာ ပညတ္တိယာ ဒေတိ ဖြစ်အံ့၊ သံဃာအား ဓုဝကာရ- အမြဲကောင်းမှုပြုရာ၌ လှူခြင်းဖြစ်၏။

သံဃဿ ဒေတိ ဖြစ်အံ့၊ သမ္မုခိဘူဘ သံဃာဖြင့် ဝေဖန်စေအပ်၏။

ဥဘတော သံဃဿ ဒေတိ ဖြစ်အံ့၊ ဘိက္ခု များ၍ ဘိက္ခုနီ တစ်ယောက်ရှိသော် လည်းကောင်း၊ ဘိက္ခုနီများ၍ ဘိက္ခု တယောက်ရှိသော် လည်းကောင်း၊ ထက်ဝက်ကို ပေးအပ်၏။

ဝဿံဝုတ္တ သံဃဿဒေတိ ဖြစ်အံ့၊ ထိုအခါ အာဝါသ၌ ဝါကျွတ်သော ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။

အာဒိဿ ဒေတိ ဖြစ်အံ့-ယာဂု၊ ဘတ္တ၊ ခါဒနီယ၊ စီဝရ၊ သေနာသန၊ ဘေသဇ္ဇ တို့၌တည်း။

ပုဂ္ဂလဿ ဒေတိ ဖြစ်အံ့၊ ဣမံ စီဝရံ ဣတ္တန္နာ မဿ ဒမ္မိတည်း။

စီဝရက္ခန္ဓကံ အဋ္ဌမံ။

ဤခန္ဓက၌ ဝတ္တု ၉၆။

[ယခုအခါ အစမှစ၍ ဆိုပြီးသော စီဝရတို့၏ ပဋိလာဘ ခေတ်ကို ပြခြင်းငှါ မာတိကာ ရှစ်ပါးကို ဟောသည်။ သီမာယဒေတိ စသည်ကို ပုဂ္ဂလာ ဓိဋ္ဌာန် နည်းဖြင့် (ဒေတိ-လှူ၏ဟု) ဟောသော်လည်း၊ သီမာ၊ ဒါနံ (လှူခြင်းသည်) မာတိကာ တစ်ခု၊ ပုဂ္ဂိုလ်အား လှူခြင်းသည် ရှစ်မုမြောက် မာတိကာ တစ်ခုဖြစ်၏။ သီမာယ ဒမ္မိ-ဟု သိမ်ကို သုံးသပ်၍ လှူသူသည် သီမာယ ဒေတိ မည်၏။ ဧသနယော သဗ္ဗတ္တ။]

(သာဋီ ... ပုဂ္ဂလာ ဓိဋ္ဌာန်နည်းဖြင့် ဟူသည် သီမာယ ဒါနံ-စသည် ဖြင့် ဟောအပ်လျက်၊ သီမာယ ဒေတိ-စသည်ဖြင့် ပုဂ္ဂိုလ်ကို တည်ရာ ပြုနည်းဖြင့် ဟောခြင်းတည်း။

ဝိဋီ ... ထို့အတူ။)

၁။ သီမာယဒေတိ အကျယ်

သိမ်အပြား ၁၅

[သီမာယဒေတိ ဖြစ်အံ့-စသော မာတိကာ နိဒ္ဒေသ၌ ရှေးဦးစွာ သီမာယ၌ ခဏ္ဍ သိမ်၊ ဥပစာရ သိမ်၊ သမာန သံဝါသက သိမ် (၃)၊ အဝိပ္ပဝါသ သိမ်၊ လာဘ သိမ် (၂)၊ ဂါမ သိမ်၊ နဂရ သိမ် (၃)၊ အဗ္ဘန္တရ သိမ်၊ ဥဒကုက္ခေပ သိမ် (၂)၊ ဇနပဒ သိမ်၊ ရဋ္ဌ သိမ် (၂)၊ ရဇ္ဇ သိမ်၊ ဒီပ သိမ်၊ စက္ကဝါဠ သိမ် (၃)-ဤသို့ ၁၅-ပါးသော သိမ်ကို သိအပ်၏။

ခဏ်၊ ဥ၊ သမာ (၃)၊ အဝိပ်၊ လာ (၂)၊ ဂါမာ၊ နိ၊ နဂ (၃)။

အဗ္ဘန်၊ ဥဒ (၂)၊ ဇ၊ ရဋ္ဌ (၂)၊ ရဇ္ဇ၊ ဒီ၊ စက္က (၃)၊

သိမ် မာတိကာ-လှူနေရာ-စိတ်ဖြာ ဆယ့်ငါးမျှ။

ထိုတွင် ခဏ္ဍ၊ သမာန၊ အဝိပ္ပဝါသ၊ ဂါမ၊ နိဂမ၊ နဂရ၊ အဗ္ဘန္တရ၊ ဥဒကုက္ခေပ-ဤရစ်ခုကို သီမ ကထာ၌ ဆိုပြီးဖြစ်၍ သိလွယ်ပြီ။]

ဥပစာရသိမ်

[ဥပစာရသိမ်သည် အရံရှိသော ဝိဟာရ၏ အရံအကာဖြင့်၊ အရံ မရှိအံ့၊ အရံအကာ ထိုက်ရာဌာနဖြင့်၊ ပိုင်းခြားရာ ဌာန ဖြစ်၏။ တစ်နည်း-ရဟန်းတို့၏ အမြဲစည်းဝေးရာ ဌာနမှ လည်းကောင်း၊ အစွန် ဆွမ်းစား စရပ်မှ လည်းကောင်း၊ အမြဲနေရာ အာဝါသမှ လည်းကောင်း၊ အားအလတ် ရှိသူ၏ ခဲနှစ်ကျ အတွင်းကို ဥပစာရ သိမ်ဟု သိအပ်၏။

ထိုဥပစာရသိမ်ကား အာဝါသ တိုးလျှင် တိုး၏။ ယုတ်လျှင် ယုတ်၏။ မဟာပစ္စရီ၌ကား ရဟန်းများ တိုးလျှင် တိုး၏ဟု ဆို၏။ ထိုကြောင့် ဝိဟာရ၌ စည်းဝေးသော ရဟန်းတို့နှင့်တကွ တစ်စပ်တည်း ယူဇနာ တစ်ရာ သော်လည်း ပြည့်စေ၍ နေကုန်အံ့၊ ယူဇနာ တစ်ရာသည်လည်း ဥပစာရ သိမ်သာတည်း။ အလုံးစုံသော ရဟန်းတို့အား လာဘ်ရောက်၏။]

(တစ်ဆယ့် နှစ်တောင်တွင်းစပ်လျှင် တစ်စပ်တည်း မည်၏။)

(ဇီဋီ ... အရံ မရှိအံ့၊ ထိုက်ရာ ဌာနသည် သိနိုင်ခဲ၏။ ထိုကြောင့် တစ်နည်း စသည်ကို ဆိုသည်။ အမြဲ စည်းဝေးရာ ဌာနကိုလည်း အစွန်၌ တည်သည်ကိုသာ ယူအပ်၏။

မဟာပစ္စရီ၌ကား လာဘ်ရောက်၏ ဟူသည်ကို ဥပစာရ သီမာယ ဒေမ-ဟု လှူသည်ကိုသာ ရည်ဆိုသည်ဟု လိခိတံ။

သာဋီ ... ထိုက်ရာဌာနဖြင့် ပိုင်းခြားရာ ဟူသော စကားဖြင့် အရံမရှိသော ဝိဟာရ၏ အမြဲစည်းဝေးရာဌာန စသည်မှ ပထမခဲတစ်ကျ အတွင်းကို ဥပစာရ သိမ်ဟု ပြသည်။ ဒုတိယ ခဲတစ်ကျ အတွင်းလည်း ဥပစာရ သိမ်သာတည်းဟု ပြခြင်းငှါ တစ်နည်း စသည်ကို ဆိုသည်။

ဓုဝ သန္နိပါတဋ္ဌာနမ္ပိ ပရိယန္တ ဂတမေဝ ဂဟေ တဗ္ဗံ၊ ဘိက္ခုနီ အရံဝင်၊ သေနာသန ပန်ကြား စသည်၊ ပရိဝါသ်မာ နတ်ကြား၊ ဝါပြတ်၊ နိဿယည်း၊ သေနာသနဂ္ဂါဟ စသည် အားလုံးကို ဤဥပစာရ သိမ်စွမ်းသာဖြင့် သိအပ်၏။

ဝိဋီ ... တစ်နည်း စသည်ဖြင့် ပထမခဲတစ်ကျဖြစ်သော ပရိက္ခေပါရဟ ဋ္ဌာနမှ ပြင်ပ ဒုတိယခဲတစ်ကျလည်း ဥပစာရ သိမ်သာတည်းဟု ပြသည်။ ဓုဝ သန္နိပါတဋ္ဌာန စသည်ကိုလည်း ပရိယန္တိ၌ တည်သည်ကိုသာ ယူအပ်၏။)

လာဘ သိမ်

လာဘသိမ် မည်သည်ကို ဘုရားရှင် ခွင့်ပြုသည် မဟုတ်၊ သင်္ဂါယနာ မထေရ်တို့ ထားသည်မဟုတ်။ မင်း၊ မင်း အမတ်တို့သည် ကျောင်းကို ပြုစေ၍၊ တစ်ဂါဝုတ်၊ နှစ်ဂါဝုတ်၊ တစ်ယူဇနာ ဖြစ်စေ ဝန်းကျင်ပိုင်းခြား၍-အယံ အမှာကံ ဝိဟာရဿ လာဘသီမာ-ဟု ကမ္ပည်းတိုင်တို့ကို စိုက်၍ ဤအတွင်း ဖြစ်သမျှ အခွန်အထုပ် လာဘ်ကို ငါတို့၏ ကျောင်းအား လှူကုန်အံ့ဟု သီမ-အပိုင်းအခြားကို ထားကုန်၏။ ဤ သီမသည် လာဘသိမ် မည်၏။]

(သာဋီ ... လာဘတ္ထာယ ဋ္ဌပိတ သီမာ-လာဘ သီမာ။

ဝိဋီ ... လောက၌ ဂါမသိမ် စသည် ထင်ရှားရှိသကဲ့သို့ လာဘသိမ် မည်သည် သီးခြားထင်ရှား မရှိ၊ အဘယ်သူ ခွင့်ပြုသနည်းဟု မေးဖွယ်ရှိ၏။

ထိုကြောင့် ဘုရားရှင် ခွင့်ပြုသည် မဟုတ် စသည်ကို ဆိုသည်။ ဤစကားဖြင့် သာသန ဝေါဟာရ သိဒ္ဓိ မဟုတ်၊ လောက ဝေါဟာရ သိဒ္ဓိသာတည်းဟု ပြသည်။)

(အခွန်ထွက်သော ရေကန်ကို၊ လယ်ကို၊ ယာကို ဝတ္ထုကံ မြေဟု လှူခြင်း သည်။ ဤ လာဘသိမ်ပင်တည်း။)

ဇနပုဒ်သိမ် စသည်

[ကာသိတိုင်း၊ ကောသလတိုင်း စသည်တို့၏ အတွင်း၌ ဇနပုဒ် များစွာရှိကုန်၏။ ထိုဇနပုဒ် တစ်ခု တစ်ခု အပိုင်းအခြားသည် ဇနပဒ သိမ်မည်၏။

ကာသိ၊ ကောသလ စသော တိုင်းပြည် အပိုင်းအခြားသည် ရဋ္ဌသိမ် မည်၏။

စောဠမင်း၏ စည်းစိမ်၊ ကေရဠမင်း၏ စည်းစိမ်ဟု တစ်မင်း တစ်မင်း၏ အာဏာနှံ့ရာ ဌာနသည် ရဇ္ဇ သိမ်မည်၏။

သမုဒ္ဒရာဖြင့် ပိုင်းခြားအပ်သော ကျွန်းကြီး၊ ကျွန်းငယ်သည် ဒီပသိမ်မည်၏။

စက္ကဝါဠ သိမ်မည်သည်ကို စကြာဝဠာတောင်ဖြင့်သာ ပိုင်းခြားအပ်၏။]

(ဝိဋီ ... အပိုင်းအခြား အတွင်း အားလုံးကို ဇနပုဒ်သိမ်ဟု ယူအပ်၏။ ဇနပုဒ်မျှကိုသာဟု မယူအပ်။ ရဋ္ဌသိမ် စသည်တို့၌လည်း ဤအတူတည်း။ ထိုကြောင့် အာဏာနှံ့ရာ ဌာနစသည်ကို ဆိုသည်။)

သုံးသပ်ရာသိမ်ဖြင့် ဝေဖန်ခြင်း

[ဤသိမ် ၁၅-ခုတို့တွင် ခဏ္ဍသိမ်၌ သံဃာကိုမြင်၍ ဧတ္တောဝ သီမာယ သံဃဿ ဒေမိ-ဟု ဆိုလျှင် (ထို စီဝရကို) ခဏ္ဍသိမ်တွင်း ရှိသမျှ ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။ ထိုသူတို့အားသာ ထိုလာဘ် ရောက်သောကြောင့်တည်း။ ထိုမှတစ်ပါး သိမ်အကြား၌ ဥပစာရသိမ်၌ တည်သူတို့အား သော်လည်း မရောက်။ ခဏ္ဍ သိမ်၌တည်သော သစ်ပင်၌၊ တောင်၌တည်သူနှင့် မြေ၏ အလယ်သို့ ဝင်သူတို့အား ရောက်သည်သာတည်း (၁)။

ဣမိဿာ ဥပစာယ သီမာယ သံဃဿ ဒမ္မိ-ဟု လှူလျှင်ကား ခဏ္ဍသိမ်၊ သိမ်အကြား တို့၌ တည်သူတို့အားလည်း ရောက်၏ (၂)။

သမာနသံဝါသ သီမာယ ဒမ္မိ-ဟု လှူလျှင် ခဏ္ဍသိမ်၊ သိမ်အကြားတို့၌ တည်သူတို့အား မရောက် (၃)။

အဝိပ္ပဝါသသိမ်၊ လာဘသိမ်တို့၌ လှူသော စီဝရသည် ထိုသိမ်တို့၌ အန္တောဂတတို့အား ရောက်၏ (၃၊ ၅)။

ဂါမသိမ် စသည်တို့၌ လှူလျှင် ထိုတို့၏ အတွင်း ဗဒ္ဓသိမ်၌ တည်သူတို့အားလည်း ရောက်၏ (၆ ၇၊ ၈)။

အဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပ သိမ်တို့၌ လှူလျှင် ထိုထို၌ အန္တောဂတတို့အားသာ ရောက်၏။ (၉၊ ၁၀)။

ဇနပဒ၊ ရဋ္ဌ၊ ရဇ္ဇ၊ ဒီပ၊ စက္ကဝါဠ သိမ်တို့၌လည်း ဂါမသိမ် စသည်တို့၌ ဆိုသည်နှင့်တူသော ဝိနိစ္ဆယသာ တည်း (၁၁၊….၁၅)

ဇမ္ဗူဒိပ်၌တည်၍ တမ္ပပဏ္ဏိဒီပေ သံဃဿ ဒမ္မိ-ဟု လှူအံ့၊ တမ္ပပဏိဒီပ၌ တစ်ပါးတည်းသော်လည်း သွား၍ အားလုံးအတွက် ယူခြင်းငှါရ၏။ ဇမ္ဗူဒိပ်၌သာလျှင် သဘာဂ ဘိက္ခုတစ်ဦးသည် သဘာဂတို့ အတွက် အဖို့ကို ယူသော်လည်း မတားအပ်။

ဤကား သိမ်ကိုသုံးသပ်၍ လှူသူ၏ ဒါန ဝိနိစ္ဆယတည်း။]

(သာဋီ ... အဝိပ္ပဝါသ သီမာယဒမ္မိ-ဟု လှူလျှင် ဂါမ၌ တည်သူတို့အား မရောက်။ ဋ္ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ ဟူသောကြောင့်တည်း။ သမာန သံဝါသက သီမာယဒမ္မိ-ဟု လှူလျှင် ဂါမ၌ တည်သူတို့အား ရောက်၏။ ဤကား ထိုနှစ်ပါး အထူးတည်း။

ဝိဋီ ... မြေ၏ အလယ်သို့ ဝင်သူ ဟူသည်ကို ရေအဆုံးတိုင် ခဏ္ဍသိမ် ဖြစ်သောကြောင့် ဆိုသည်။ ဥပစာရသိမ် စသော အဗဒ္ဓ သိမ်တို့၌ မြေအောက်နေရာ အားလုံး၌ တည်သူ တို့အား မရောက်၊ တွင်း စသော ဝင်ထိုက်ရာဌာန၌ တည်သူတို့အားသာ ရောက်၏။ စက္ကဝါဠသိမ်၌ လှူခြင်းကား မြေကိုခံသော နေရာ၌ တည်သူတို့အားလည်း ရောက်၏။ နေရာအားလုံး၌ စက္ကဝါဠ မည်သောကြောင့်တည်း။

ဇီဋီ ... သမာနဟု ဆိုလျှင် ခဏ္ဍ စသည်တို့အား မရောက်။ အဝိပ္ပါသဟု လှူလျှင် ဂါမတို့အား မရောက်။ သမာန လှူလျှင် အဝိပ္ပဝါသအား လည်းကောင်း၊ သမာနအား လည်းကောင်း ရောက်၏။ ခဏ္ဍသိမ်၌ တည်၍ သီမဋ္ဌက သံဃဿ ဒမ္မိ-ဟု ဆိုလျှင် ဥပစာရသိမ်၌သာ ပိုင်း၍ လှူအပ်၏။ အဝိပ္ပဝါသ သီမာယဒေမ-ဟု ခဏ္ဍသိမ်၌ တည်၍ လှူလျှင် ထို အဝိပ္ပဝါသ၌သာ ရောက်သည်ဟု အချို့ဆို၏။)

သီမာဟုဆိုလျှင် ဥပစာရ

[ဒါယကာသည် ဤမည်သော သိမ်ဟု မဆိုတတ်၊ သီမာ ဟူသော စကားမျှကိုသာ သိ၍ ကျောင်းသို့သွား၍ သီမာယဒမ္မိ-ဟူ၍ လည်းကောင်း၊ သီမဋ္ဌက သံဃဿ ဒမ္မိ-ဟူ၍ လည်းကောင်း ဆိုအံ့။ အဘယ်သိမ်ကို ရည်ဆိုသနည်းဟု မေးအပ်၏။ ဤမည်သော သိမ်ဟု မသိ၊ သီမဋ္ဌက သံဃော ဘာဇေတွာ ဂဏှတု-ဟု ဆိုအံ့။ အဘယ်သိမ်ဖြင့် ဝေဖန်အပ်သနည်း။ မဟာသိ မထေရ်ကား အဝိပ္ပဝါသ သိမ်ဖြင့်ဟု ဆိုသတတ်။

ထိုသို့ ဆိုသောအခါ အဓိပ္ပဝါသသိမ် မည်သည် သုံးယူဇနာသော်လည်း ကျယ်၏။ ဤသို့ဖြစ်လျှင် သုံးယူဇနာ၌ တည်သူတို့သည် လာဘ်ကို ရကုန်လတ္တံ့၊ သုံးယူဇနာ၌ တည်၍ အာဂန္တုက ဝတ်ကိုဖြည့်၍ အရံသို့ ဝင်ရလတ္တံ့။ ဂမိကသည် သုံးယူဇနာသို့ သွား၍ သေနာသနကို ပန်ရလတ္တံ့။ နိဿယည်း ယူသူသည် သုံးယူဇနာလွန်မှ နိဿယည်း ငြိမ်းလတ္တံ့၊ ပါရိဝါသိကသည် သုံးယူဇနာလွန်၍ အရုဏ်တက် စေရလတ္တံ့၊ ဘိက္ခုနီသည် သုံးယူဇနာ၌ နေ၍ အရံဝင်ခြင်း ပန်ရလတ္တံ့ - အလုံးစုံကို ဥပစာရသိမ် အပိုင်းအခြားဖြင့်သာ ပြုခြင်းငှါ အပ်၏။ ထိုကြောင့် ဥပစာရသိမ်၌သာ ဝေဖန်အပ်၏-ဟု ပြန်၍ လျှောက်ကြားကုန်သတတ်။

၂။ ကတိကာယဒေတိ အကျယ်

[ကတိကာယာတိ သမာန လာဘ ကတိကာယ။ တူသော လာဘ်ရှိအောင် ကတိကဝတ် ပြုပုံကား တစ်ခုသောကျောင်း၌ စည်းဝေးသော ရဟန်းတို့သည်၊ ကျောင်းတစ်ခုကို ချီးမြှောက်လို၍ လာဘ်တူ ပြုလိုကုန်အံ့၊ ထိုကျောင်း၏ အမည်ကို ယူ၍-ဤကျောင်းသည် ရှေးကျောင်း ဖြစ်၏။ ဗုဒ္ဓါဓိ ဝုတ္တ-ဘုရားရှင် သီတင်းသုံးဖူး၏။

လာဘ်နည်း၏-ဟု အကြောင်း တစ်ခုခုဆို၍ ထိုကျောင်းကို ဤကျောင်းနှင့် လာဘ်တူ ပြုခြင်းငှါ သံဃာသည် နှစ်သက်အပ်၏။ - ဟု သုံးကြိမ် သိစေအပ်၏။ ဤမျှဖြင့် ထိုကျောင်း၌ နေသော်လည်း၊ ဤကျောင်း၌ နေသည်သာ ဖြစ်၏။ ထိုကျောင်း၌လည်း သံဃာသည် ဤအတူ ပြုအပ်၏။ ဤမျှဖြင့် ဤကျောင်းနေလည်း ထိုကျောင်း နေသာ ဖြစ်၏။ တစ်ကျောင်း၌ လာဘ်ဝေဖန်လျှင် တစ်ကျောင်း၌ နေသူအား အဖို့ယူခြင်းငှါ အပ်၏။ ဤသို့ ဝိဟာရ တစ်ခုနှင့် အာဝါသ အများတို့ကိုလည်း လာဘ်တူပြုအပ်ကုန်၏။]

(သာဋီ ... ဗုဒ္ဓါဓိ ဝုတ္တောတိ ဗုဒ္ဓေန ဘဂဝတာ အဓိဝုတ္တော။

ဝိဋီ ... တူ၏။)

၃။ ဘိက္ခာပညတ္တိယာဒေတိ အကျယ်

[ဘိက္ခာပညတ္တိ ဟူသည် မိမိ၏ အလှူတည်ရာ ဌာနတည်း။ ထိုကြောင့် ယတ္တ သံဃဿ ဓုဝကာရာ ကရိယန္တိ-ဟု ဟောသည်။ အနက်ကား အကြင် ကျောင်း၌ ဤသင်္ကန်း လှူသူ၏ ဥစ္စာဖြစ်သော သံဃာ၏ ပါက ဝတ်သော်လည်း ဝတ္ထုတိ-ဖြစ်၏။ အကြင် ကျောင်း၌လည်း ရဟန်းတို့ကို မိမိတာဝန် ပြု၍ အမြဲ အိမ်၌ ဆွမ်းကျွေး၏။ အကြင် ကျောင်း၌လည်း ဤဒါယကာသည် အာဝါသကို ပြု၏။ သလာက ဘတ် စသော နိဗဒ္ဓတို့သော်လည်း ရှိ၏။ ဤကျောင်းတို့သည် ဓူဝကာရတို့ မည်ကုန်၏။ ကျောင်းတိုက် တစ်ခုလုံးကို တည်နေသူ၏ ကျောင်း၌ကား ဆိုဖွယ်မရှိ ဓုဝကာရသာတည်း။

ထိုကြောင့် ယတ္တမယှံ ဓုဝကာရာ ကရိယန္တိ၊ ကတ္ထဒမ္မိ-ဟူ၍ လည်းကောင်း၊ တတ္ထဒေထ-ဟူ၍ လည်းကောင်း ဆိုအံ့၊ ဓုဝကာရ ရှိရာ များစွာဌာန အားလုံး၌ လှူခြင်းသာဖြစ်၏။ တစ်ကျောင်း၌ ရဟန်းတို့ များကုန်အံ့၊ ထို ရဟန်းတို့သည် (ဝါ-လှူစဉ် မျက်မှောက် ရဟန်းတို့သည်) “ဒါယကာတို့၏ ဓုဝကာရ၌ အချို့ကျောင်း၌ ရဟန်း များ၏၊ အချို့ကျောင်း၌ နည်း၏- ဟု ဆိုအပ်၏။

ဘိက္ခု ဂဏနာယ ဂဏှထ-ဟု ဆိုအံ့၊ ထိုအတိုင်း ဝေဖန်စေ၍ ယူခြင်းငှါအပ်၏။ အဝတ်၊ ဆေး စသည်ကား နည်းသော်လည်း ဝေဖန်လွယ်၏။ ညောင်စောင်း၊ အင်းပျဉ်ကား တစ်ခုတလေသာ ဖြစ်ခဲ့အံ့၊ အလှူရှင်ကို မေး၍ အလှူရှင်စိစစ်ရာ ဝိဟာရ၌ လည်းကောင်း၊ ဝိဟာရ အတွင်း သေနာသန၌ လည်းကောင်း ပေးအပ်၏။

အသုက ဘိက္ခု ဂဏှကု- ဟု ဆိုအံ့၊ အပ်၏။ မယှံ ဓုဝ ကာရေဒေထ-ဟု ဆို၍ မစိစစ်ဘဲ သွားအံ့၊ သံဃာအားလည်း စိစစ်ခြင်းငှါ အပ်၏။ စိစစ်ပုံကား-သံဃတ္ထေရဿ ဝသနဋ္ဌာနေ ဒေထ-ဟု ဆိုအပ်၏။ မထေရ်နေရာ ပြည့်စုံအံ့၊ မပြည့်စုံရာ၌ ပေးအပ်၏။ အကယ်၍ ရဟန်းတစ်ပါးသည် အကျွန်ုပ်၏ နေရာ၌ သေနာသန ပရိဘောဂ ဘဏ္ဍာမရှိပါဟု ဆိုအံ့၊ ထိုနေရာ၌ ပေးအပ်၏။]

(သာဋီ … ပါက ဝတ်သည် ဒါန ဝတ်ဖြစ်၏။ ဝတ္တတီတိ ပဝတ္တတိ။

ဝိဋီ … ပါက ဝတ်သည် နိဗဒ္ဓ ဒါန ဖြစ်၏။ ဝတ္တတီတိ ပဝတ္တတိ။ တေဟိတိ ယေသံ သမ္မုခေ ဧသဒေတိ၊ တေဟိ ဘိက္ခုဟိ။ လှူစဉ် မျက်မှောက်၌ ရှိသော ရဟန်းတို့သည်။)

၄။ သံဃဿဒေတိ အကျယ်

[သံဃဿဒေတိ ဟူသည် ကျောင်းသို့ဝင်၍ ဣမာနိ စီဝရာနိ သံဃဿ ဒမ္မိ-ဟု လှူ၏။

သမ္မုခိဘူတ ဟူသည် ဥပစာရ သိမ်၌ တည်သော သံဃာဖြင့် ဝေဖန်စေအပ်၏။ ဝါ-သံဃာသည် ခေါင်းလောင်းထိုး၍ ကာလကြွေးကြော်၍ ဝေဖန်စေအပ်၏။ မရောက်လာသော်လည်း သိမ်၌ တည်သူ အတွက်ဖို့ ယူသူကို မတားအပ်။ ဝိဟာရသည် ကျယ်ဝန်းအံ့၊ မထေရ်ကြီး နေရာမှစ၍ အဝတ်တို့ကို ပေးကုန်စဉ် နှေးသော မထေရ်တို့ နောက်မှ ရောက်လာကုန်အံ့၊ ဝါနှစ်ဆယ်တို့အား ယခုပေး၏။ အရှင်တို့၏ အစဉ် လွန်သွားပြီ-ဟု မဆိုအပ်ကုန်။ အစဉ်ကိုရပ်၍ ထိုမထေရ်တို့အား ပေး၍၊ နောက်မှ အစဉ်ဖြင့် ပေးအပ်၏။

ဤကျောင်း၌ သင်္ကန်းများစွာ ရသည်ဟု ကြား၍ ယူဇနာခြား ကျောင်းတစ်ပါးမှ သော်လည်း ရဟန်းတို့ လာကုန်အံ့၊ လာတိုင်း လာတိုင်း တည်ရာမှ စ၍ ပေးအပ်၏။မလာသော်လည်း ဥပစာရ သိမ်သို့ ဝင်သူတို့အတွက် တပည့် စသည်တို့ ယူလျှင် ပေးအပ်သည်သာတည်း၊ သိမ်ပ၌ တည်သူတို့အတွက် ပေးကြပါဟု ဆိုလျှင် မပေးအပ်။

သိမ်တွင်း ရောက်သူတို့နှင့် ၁၂-တောင်တွင်း တစ်စပ်တည်း ဖြစ်လျှင်ကား မိမိ၏ ကျောင်းဝ၌ ကျောင်းတွင်း၌ ရှိစေကာမူ၊ ပရိသတ်စွမ်းဖြင့် သိမ်တိုးသည် မည်၏။ ထိုကြောင့် ပေးအပ်၏။ သံဃာငယ်အား ပေးပြီးသော်လည်း၊ နောက်မှ ရောက်သူတို့အား ပေးအပ်သည်သာတည်း။ ဒုတိယ ဘာဂကို မထေရ်ကြီး နေရာသို့ တင်ပြီးမှ ရောက်လာသူတို့အားကား ပထမ ဘာဂ မရောက်။ ဒုတိယ ဘာဂမှ ဝါစဉ်ဖြင့် ပေးအပ်၏။]

(ဝိဋီ … ဒုတိယ ဘာဂကို စသည်ကား သံဃာငယ် တိုင်အောင် တစ်ကြိမ်အားလုံးတို့အား အဖို့ပေး၍ သင်္ကန်း မကုန်လတ်သော် တစ်ဖန် အားလုံးတို့အား ပေးခြင်းငှါ ဒုတိယ ဘာဂကို မထေရ်ကြီးအား ပေးပြီးသည်ရှိသော် ဟူလို။)

ဒုပ္ပါပိတ ဖြစ်ခြင်း

[တစ်ခုသော ဝိဟာရ၌ ရဟန်းဆယ်ပါး ရှိအံ့၊ အဝတ်ဆယ်ထည်ကို သံဃဿ ဒေမ-ဟု လှူအံ့၊ အသီးသီး ဝေဖန်စေအပ်၏။ သဗ္ဗာနေဝ အမှာကံ ပါပုဏန္တိ-ဟု ယူသွားကုန်အံ့ - ဒုပ္ပါပိတ-မကောင်းသဖြင့် ရောက်စေအပ်သော အဝတ်တို့ ဖြစ်ကုန်၏။ ရောက်ရာ၌ သံဃိကတို့သာတည်း။ .

တစ်ထည်ကို ထုတ်၍ကား- ဣဒံ တုမှာကံ ပါပုဏာတိ-ဟု သံဃာ့မထေရ်အား ပေး၍ သေသာနိ အမှာကံ ပါပုဏန္တိ-ဟု ယူခြင်းငှါအပ်၏။ တစ်ထည်တည်းသော အဝတ်ကို သံဃဿ ဒေမ-ဟု ဆောဝ်လှူအံ့၊ မဝေဖန်မူ၍သာလျှင် အမှာကံ ပါပုဏာတိ-ဟု ယူကုန်အံ့၊ ဒုပ္ပါပိတ၊ ဒုဂ္ဂဟိတတည်း။ ဓားငယ်ဖြင့် လည်းကောင်း၊ နနွင်း စသည်ဖြင့် လည်းကောင်း အရေးအသားပြု၍ တစ်ဖို့ကို၊ ဣဒံဋ္ဌာနံ တုမှာကံ ပါပုဏာတိ-ဟု သံဃာ့မထေရ်အား ရောက်စေ၍ သေသံ အမှာကံ ပါပုဏာတိ-ဟု ယူခြင်းငှါအပ်၏။

ထိုအဝတ်၏ အပွင့်ပြောက်ဖြင့်၊ အတွန့်ဖြင့် ပိုင်းခြားပြုခြင်းငှါ မအပ်။ ချည်မျှင်တစ်ခု ဆွဲထုတ်၍ ဣဒံဋ္ဌာနံ တုမှာကံ ပါပုဏာတိ-ဟု မထေရ်အား ရောက်စေ၍ သေသံ အမှာကံ ပါပုဏာတိ-ဟု ယူကုန်အံ့၊ အပ်၏။ အပိုင်း အပိုင်းဖြတ်၍ ဝေဖန်စေလျှင် အပ်သည်သာတည်း။

ရဟန်း တစ်ပါးတည်း ရှိသော ဝိဟာရ၌ သံဃိက သင်္ကန်း များစွာ ဖြစ်သောအခါ ထိုရဟန်းသည် သဗ္ဗာနိ မယှံ ပါပုဏန္တိ ဟု ယူအံ့။ သုဂ္ဂဟိတ ဖြစ်၏။ အစဉ်သည်ကား မတည်။ တစ်ထည်စီထုတ်၍ ဣဒိ မယှံ ပါပုဏာတိ-ဟု ယူအံ့၊ အစဉ်သည် တည်၏၊ အစဉ် မတည်လျှင် တစ်ပါးသော သင်္ကန်းရသောအခါ ရဟန်းတစ်ပါး ရောက်လာအံ့၊ အလယ်၌ ခွဲ၍ နှစ်ပါးလုံး ယူအပ်၏။ အစဉ်တည်လျှင် တစ်ပါးသော သင်္ကန်း ရသောအခါ၊ သီတင်းငယ် ရောက်လာအံ့၊ အစဉ်သည် အောက်သို့ သက်၏။ သီတင်းကြီး ရောက်လာအံ့၊ အစဉ်သည် အထက်သို့ တက်၏။ တစ်ပါးသော ရဟန်း မရှိအံ့၊ တစ်ဖန် မိမိသို့ ရောက်စေ၍ ယူအပ်၏။]

သံဃိကနှင့် ပံ့သကူ

[သံဃဿ ဒေမ၊ ဘိက္ခု သံဃဿ ဒေမ - ဟု ခြင်းရာ တစ်ခုခုဖြင့် သံဃာကို သုံးသပ်၍ လှူသော စီဝရ သည် ပံ့သကူ ဆောင်တို့အား မအပ်။ ဂဟပတိ စီဝရကို ပယ်ပါ၏ဟု ဆိုသောကြောင့်တည်း။ အကပ္ပိယ ဖြစ်သောကြောင့်ကား မဟုတ်။ ရဟန်း သံဃာသည် ပန်ကြား၍ ပေးသော်လည်း မယူအပ်။ ရဟန်းသည် မိမိ၏ ဥစ္စာကို ပေးလျှင်ကား ဘိက္ခု ဒတ္တိယ-ရဟန်းပေး မည်၏၊ အပ်၏။ ပံ့သကူ သင်္ကန်းကား မဟုတ်။ မဟုတ်သော်လည်း ဓုတင် မပျက်။ ဘိက္ခုနံ ဒေမ၊ ထေရာနံ ဒေမ-ဟု ဆိုလျှင် ပံ့သကူဆောင်တို့အားလည်း အပ်၏။ ဤ အဝတ်ကို သံဃာအား လှူပါ၏။ ဤအဝတ်ဖြင့် ဖိနပ်အိတ်၊ သပိတ်အိတ်၊ အာယောဂ ပါသ်၊ ပခုံးဖွဲ့ စသည်တို့ကို ပြုစေကုန်သတည်းဟု လှူသော အဝတ်လည်း အပ်၏။ သပိတ်အိတ် စသည် အလို့ငှါ လှူသော အဝတ် များ၍ သင်္ကန်းပင် ချုပ်လောက်အံ့၊ သင်္ကန်းချုပ်၍ ရုံခြင်းငှါ အပ်၏။ (ဝိဋီ ... ၌ မအပ်။)

သံဃာသည် ဝေကြွင်း အဝတ်တို့ကို ဖြတ်၍ ဖိနပ်အိတ် စသည်အလို့ငှါ ဝေဖန်စေအံ့၊ ထိုမှ ယူခြင်းငှါ မအပ်။ အလှူဒါယကာတို့ စိစစ်မှသာ အပ်သည်။ မစိစစ်လျှင် (ဝါ-ရဟန်း စိစစ်လျှင်) မအပ်။ ပံ့သကူဆောင် သံဃာအား ဓမ္မကရိုဏ် အဝတ် စသည် အလို့ငှါ လှူပါ၏ဟု ဆိုလျှင်လည်း ယူခြင်းငှါ အပ်၏။ ပရိက္ခရာ မည်သည်ကို ပံ့သကူဆောင်တို့ သည်လည်း အလိုရှိအပ်၏။ ထိုပရိက္ခရာ၌ အဖို့ကို သင်္ကန်း၌လည်း ဆောင်ခြင်းငှါ အပ်၏။ ချည်ကို သံဃာအား လှူကုန်အံ့၊ ပံ့သကူဆောင်တို့လည်း ယူအပ်၏။ ဤကား ကျောင်းသို့ ဝင်၍ သံဃဿဒမ္မိ-ဟု လှူသော သင်္ကန်း၌ ဝိနိစ္ဆယတည်း။

ဥပစာရသိမ်ပ၌ ခရီးသွား ရဟန်းတို့ကို မြင်၍ သံဃဿဒမ္မိ-ဟု မထေရ်ကြီးအား လည်းကောင်း၊ သံဃာငယ်အား လည်းကောင်း လျှောက်ကြားအံ့၊ ယူဇနာတိုင်အောင် နှံ့တည်သော ပရိသတ်သည် တစ်စပ်တည်း ဖြစ်အံ့၊ အားလုံးတို့အား ရောက်၏။ ၁၂-တောင်ဖြင့် ပရိသတ်သို့ မရောက်သူတို့အား မရောက်။]

[သာဋီ ... တုယှံ ဒေမ-ဟု မဆိုဘဲ ဘိက္ခုနံ ဒေမ၊ ထေရာနံ ဒေမ-ဟု ဆိုသောကြောင့် ပံ့သကူ ဆောင်တို့အား အပ်၏။

စိစစ်မှသာ ဟူသည် ဖိနပ်အိတ် စသည် အလို့ငှါ စိစစ်မှသာတည်း။

ဝိဋီ ... တုယှံ ဒေမ-ဟု ဆိုခြင်းကြောင့်ဟု အကြောင်းကို ဆိုကုန်၏။ ယင်းသို့ဖြစ်လျှင် သံဃဿ ဒေမ-ဟု ဆိုရာ၌လည်း အပ်ရာ၏။ ဘိက္ခုနံ၊ ထေရာနံ၊ သံဃဿ-ဟု ဆိုခြင်းကြောင့် အထူး မထင်၊ စူးစမ်းအပ်၏။

ရုံခြင်းငှါ မအပ် ဟူသည် ပံ့သကူ ဆောင်တို့အား မအပ်။]

(ထာ ... ပါရုပိတုံ ဝဋ္ဋတိ။

ဝိဋီ ... ပါရပိတုံန ဝဋ္ဋတိ။)

၅။ ဥဘတော သံဃဿဒေတိ အကျယ်

[ဥဘတော သံဃဿဒေတိ ဟူသည်၌ ဥဘတော သံဃဿဒမ္မိ၊ ဒွိဓာ သံဃဿာဒမ္မိ၊ ဒွိန္နံ သံဃာနံဒမ္မိ၊ ဘိက္ခု သံဃဿ စ ဘိက္ခုနိ သံဃဿ စ ဒမ္မိ-ဟု ဆိုသော်လည်း၊ ဥဘတော သံဃာအား လှူခြင်းသာ ဖြစ်၏။

ထက်ဝက်ကို ပေးအပ်၏ ဟူသည် နှစ်ဖို့ အညီပြု၍ တစ်ဖို့ကို ပေးအပ်၏။ ဥဘတော သံဃဿ စ တုယှဉ္စဒမ္မိ-ဟု ဆိုလျှင် ဘိက္ခု ဆယ်ပါး၊ ဘိက္ခုနီ ဆယ်ပါးရှိအံ့၊ ၂၁-ဖို့ပြု၍ တစ်ဖို့ကို ပုဂ္ဂိုလ်အား ဆယ်ဖို့ကို ဘိက္ခု သံဃာအား၊ ဆယ်ဖို့ကို ဘိက္ခုနီ သံဃာအား ပေးအပ်၏။ ပုဂ္ဂလိကအဖို့ ရသူသည် သံဃာမှလည်း မိမိဝါစဉ်ဖြင့် ယူခြင်းငှါ ရ၏။ ဥဘတော သံဃသဒ္ဒါဖြင့်ဟု အပ်သောကြောင့်တည်း။

ဥဘတော သံဃဿ စ စေတိ ယဿ စ ဒမ္မိ-ဟု ဆိုရာ၌လည်း ဧသေ ဝနယော။ အထူးကား စေတီအား သံဃာမှရောက်သော အဖို့ဟု မရှိ။ ပုဂ္ဂိုလ် တစ်ယောက်ရသော အဖို့လောက်သာ စေတီအဖို့ ဖြစ်၏။ ဥဘတော သံဃဿ စ တုယှဉ္စ စေတိယဿ စ ဒမ္မိ-ဟု ဆိုလျှင် ၂၂ -ဖို့ ပြု၍ ဘိက္ခု-ဆယ်ဖို့၊ ဘိက္ခုနီ-ဆယ်ဖို့၊ ပုဂ္ဂိုလ် တစ်ဖို့၊ စေတီတစ်ဖို့ ပေးအပ်၏။ ပုဂ္ဂိုလ်သည် သံဃာမှလည်း မိမိ ဝါစဉ်ဖြင့် တစ်ဖန် ယူခြင်းငှါ ရ၏။ စေတီအား တစ်ဖို့သာတည်း။ (ဥဘတော သံဃမူ လေးဝါရ။)

(ဘိက္ခု၊ သံဃဿ စ ဘိက္ခုနီ နဉ္စ ဒမ္မိ-ဟု ဆိုလျှင် အလယ်၌ ခွဲ၍ မပေးအပ်၊ ဘိက္ခု၊ ဘိက္ခုနီတို့ကို ရေတွက်၍ ပေးအပ်၏။ ဘိက္ခု သံဃဿ ဘိက္ခုနီ နဉ္စ တုယှဉ္စ-ဟု ဆိုလျှင် ပုဂ္ဂိုလ်သည် သီးခြားမရ။ ရောက်ရာ ဌာနမှ (မိမိ၏ ဝါစဉ်ဖြင့် ရောက်ရာဌာနမှ) တစ်ဖို့ကိုသာ ရသည်။ ဘိက္ခု သံဃသဒ္ဒါဖြင့် ယူအပ်သောကြောင့်တည်း။

(ဝိဋီ ... မယူအပ်သောကြောင့်တည်း။) ဘိက္ခု သံဃံဿ စ ဘိက္ခုနီ နဉ္စ တုယှဉ္စ စေတိယဿ စ ဒမ္မိ-ဟု ဆိုလျှင်လည်း စေတီအား ပုဂ္ဂိုလ်စု တစ်စုရှိ၏။ ပုဂ္ဂိုလ်အား သီးခြား မရ။ ထိုကြောင့် တစ်စုကို စေတီအားလှူ၍ အကြွင်းကို ဘိက္ခုနီတို့ကို ရေတွက်၍ ဝေဖန်စေအပ်၏။ (သုံးဝါရ ပြသည်။)

ဘိက္ခု နဉ္စ ဘိက္ခုနီ နဉ္စ ဒမ္မိ-ဟု ဆိုလျှင်လည်း အလယ်ခွဲ မပေးအပ်၊ ပုဂ္ဂိုလ် အရေအတွက်ဖြင့်သာ ဝေဖန်အပ်၏။ ဘိက္ခု နဉ္စ ဘိက္ခုနီ နဉ္စ တုယှဉ္စ စေတိယဿ စ-ဟု ဆိုလျှင်လည်း စေတီအား ပုဂ္ဂိုလ်စု တစ်စုရ၏။ ပုဂ္ဂိုလ်အား သီးခြား မရှိ။ ဘိက္ခု၊ ဘိက္ခုနီတို့ကို ရေတွက်၍သာ ဝေဖန်စေအပ်၏။ (နှစ်ဝါရသာ ပြသည်။)

ဘိက္ခု သံဃာကို အစပြု၍ နည်းကိုပြသကဲ့သို့ ဘိက္ခုနီ သံဃာကို အစပြု၍လည်း ဆောင်သိအပ်၏။

ဘိက္ခု သံဃဿ စ တုယှဉ္စ-ဟု ဆိုလျှင် ပုဂ္ဂိုလ်အား သီးခြားမရ၊ ဝါစဉ်ဖြင့်သာ ယူအပ်၏။

ဘိက္ခု သံဃဿ စ စေတိယဿ စ-ဟု ဆိုလျှပ် စေတီအား သီးခြားအဖို့ ရ၏။

ဘိက္ခု သံဃဿ စ ဘိယှဉ္စ စေတိယဿ စ ဟု ဆိုလျှင်လည်း စေတီအားသာ ရသည်။ ပုဂ္ဂိုလ်အား မရ။ (သုံးဝါရ)

[ဘိက္ခု နဉ္စ တုယှဉ္စ-ဟု ဆိုလျှင်လည်း သီးခြား မရ။

ဘိက္ခု နဉ္စ စေတိယဿ စ-ဟု ဆိုလျှင် စေတီအတွက် ရ၏။

ဘိက္ခု နဉ္စ တုယှဉ္စ စေတိ ယဿ စ-ဟု .ဆိုလျှင်လည်း စေတီအတွက်သာ သီးခြားရ၏။ ပုဂ္ဂိုလ်အတွက် မရ (သုံးဝါရ)။

ဘိက္ခုနီ သံဃာကို အစပြု၍လည်း အတူသာ ယှဉ်စေအပ်၏။]

(သာဋီ ... ထက်ဝက်ကို ပေးအပ်၏ ဟူသည် ဥဘတော သံဃာအား လှူသော သင်္ကန်းမှ ထက်ဝက်ကို ဘိက္ခုတို့အား၊ ထက်ဝက်ကို ဘိက္ခုနီ တို့အား ပေးအပ်၏။ ဘိက္ခုသည် လည်းကောင်း၊ ဘိက္ခုနီသည် လည်းကောင်း တစ်ပါးတည်း ဖြစ်အံ့၊ အယုတ်ဆုံး အနုပသမ္ပန္နေအား သော်လည်း ထက်ဝက်ကိုသာ ပေးအပ်၏။

ဘိက္ခု သံဃဿ စ ဘိက္ခုနီ နဉ္စ တုယှဉ္စ-ဟု ဆိုလျှင် ပုဂ္ဂိုလ်သည် သီးခြားမရ ဟူသည်ကို အဋ္ဌကထာ ပမာဏဖြင့်သာ ယူအပ်၏။ အကြောင်းထူး မရ။

ဥဘတော သံဃဿ စ တုယှဉ္စ ၌လည်း သာမညနှင့် ဝိသေသ၊ ဘိက္ခု သံဃဿ စ တုယှဉ္စ ၌လည်း သာမညနှင့် ဝိသေသသာ ဖြစ်၍၊ ပုဂ္ဂိုလ်အဖို့ သီးခြားဖြစ်ထိုက်သည်ဟု ထင်ရှား၏။ ထိုကြောင့် အဋ္ဌကထာ စကားသာလျှင် ပမာဏတည်း။

ဘိက္ခု သံဃသဒ္ဒါဖြင့် ဟူသည် ဘိက္ခု သံဃသဒ္ဒါဖြင့်သာ ပုဂ္ဂလကိုလည်း ယူအပ်သောကြောင့် ဟူသော အဓိပ္ပါယ်တည်း။

ဝိဋီ ... ဘိက္ခု သံဃဿ စ ဘိက္ခု နဉ္စ ...လ… ခွဲ၍ မပေးအပ် ဟူသည်၌ ဘိက္ခုနီ၌ သံဃာဟု မသုံးသပ်သောကြောင့် အရေအတွက်ဖြင့် အဖို့ပေးအပ်၏။ ဤကား ဒါယကာ၏ အလိုဟု ထင်ရှား၏။ ထိုသို့ လှူခြင်းသည်လည်း ရေတွက်၍ လှူမှ သင့်သည်။ ထိုကြောင့် ဘိက္ခု သံဃဿဟု ဆိုသောစကားလည်း ဘိက္ခုနီဟု ဆိုသည်နှင့် တူသည်သာတည်း။ ထိုကြောင့် ဘိက္ခု၊ ဘိက္ခုနီတို့ကို ရေတွက်၍ ပေးအပ်၏ဟု ဆိုသည်။

တေနာဟ ပုဂ္ဂလော။ပ။ ဘိက္ခု သံဃဂ္ဂဟဏေန အဂ္ဂဟိ တတ္တာတိ။ ဘိက္ခု သံဃသဒ္ဒါဖြင့် ဘိက္ခုတို့ကိုသာ ယူ၏။ ပုဂ္ဂလကိုကား တုယှဉ္စ အသီးအခြား ယူ၏။ ထိုကြောင့် ဘိက္ခုသံဃ၌ ပုဂ္ဂလကို မယူခြင်းကို မှတ်အပ်၏။ ဘိက္ခု နဉ္စ ဘိက္ခုနီ နဉ္စ တုယှဉ္စ-ဟု ဆိုရာဌာနနှင့် ဟူလို။ ဤ၌ သံဃသဒ္ဒါကို ပုဂ္ဂလပ္ပဋ္ဌာနဟု မှတ်အပ်၏။

ကေစိတို့အား- ဘိက္ခု သံသဂ္ဂဟဏေန ဂဟိတတ္တာ-ဟု ပါဠိကို ရေးကုန်၏။ တံနသုန္ဒရံ။ ပုဂ္ဂလ၏ သီးခြားလာဘ် ယူခြင်း၌ အကြောင်းစကား ဖြစ်သောကြောင့်တည်း။ အထက်၌ ဘိက္ခု သံဃဿ စ တုယှဉ္စ-စသည်တို့၌လည်း သံဃသဒ္ဒါဖြင့် ပုဂ္ဂလကို မယူခြင်းကို မှတ်အပ်၏။ ယူခဲ့လျှင် သံဃာမှ လည်းကောင်း၊ သီးခြား လည်းကောင်း ဘာဂနှစ်ခု ရရာ၏။

(ဤ၌ ဘိက္ခု သံဃဂ္ဂဟဏ္ဌေန အဂ္ဂဟိတတ္တာ။

ထာ၌ … ဂဟိတတ္တာ-ဟု ကွဲ၏။)။

ဇီဋီ … ဥဘတော သံဃဿဆို ဆိုလျှင် ဘိက္ခု သံဃဿဟု မဆိုခြင်းကြောင့် လည်းကောင်း၊ ဘိက္ခုနီ သံဃာနှင့် ရောခြင်းကြောင့် လည်းကောင်း၊ ထို၌ မပါဝင်ခြင်းကြောင့် လည်းကောင်း ပုဂ္ဂိုလ်သည် သီးခြားရ၏။ စသည်။)

ဗုဒ္ဓပ္ပမုခ ဒါနပြုပုံ

[ရှေး၌ ဘုရားအမှူးရှိသော ဥဘတော သံဃာအား အလှူ လှူကုန်၏။ (ထိုအခါ) မြတ်စွာဘုရားသည် အလယ်၌နေ၏။ လက်ယာ၌ ရဟန်းများ၊ လက်ဝဲ၌ ဘိက္ခုနီများ နေကုန်၏။ မြတ်စွာဘုရားသည် နှစ်ဦးတို့၏ သံဃတ္တေရ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိရသော ပစ္စည်းတို့ကို ကိုယ်တိုင်လည်း သုံးဆောင်၏။ ဘိက္ခုတို့အားလည်း ပေးစေ၏။

ယခုအခါ၌ကား ပညာရှိသူတို့သည် ဇာတ်တော်နှင့် တကွသော ရုပ်ပွား ဆင်းထုကို လည်းကောင်း ထား၍ ဘုရား အမှူးရှိသော ဥဘတော သံဃာအား အလှူ လှူကုန်၏။ (ထိုအခါ) ဆင်းတုရှေ့၊ စေတီရှေ့၌ သပိတ်ခြေ၌ သပိတ်ကိုထား၍ ဒက္ခိဏောဒကကို ပေး၍ ဗုဒ္ဓါနံ ဒေမ-ဟု လှူကုန်၏]

ဘုရားပစ္စည်း သုံးစွဲနည်း

ထိုသို့လှူရာ၌ ရှေးဦးစွာ လှူသော ခဲဖွယ် ဘောဇဉ်၌ လည်းကောင်း၊ ကျောင်းသို့ ဆောင်၍ ဣဒံ စေတိယဿဒေမ-ဟု လှူသော ဆွမ်း၊ ပန်း၊ နံ့သာစသည်တို့၌ လည်းကောင်း၊ ကျင့်ဝတ်ကား ပန်းနံ့သာ စသည်ကို စေတီ၌ တင်အပ်၏။ အဝတ်ဖြင့် တံခွန် ကုက္ကား ပြုအပ်၏။ ဆီဖြင့် မီးထွန်းအပ်၏။ ဆွမ်း၊ ပျား၊ တင်လဲ စသည်ကို အမြဲ စေတီသုတ်သင်သော ရဟန်း ရှင် လူ အားသာ ပေးအပ်၏။ အမြဲ သုတ်သင်သူ မရှိလျှင် ဆောင်ခဲ့သော ဆွမ်းကို ထား၍ ဝတ်ကိုပြု၍ စားခြင်းငှါ အပ်၏။ မွန်းတည့်ချိန်နီးလျှင် စားပြီးမှလည်း ဝတ်ကို ပြုခြင်း အပ်သည်သာတည်း။]

ဂိဟိ ကမ္မမဖြစ်

[ပန်းနံ့သာ စသည် တစ်ခုခုကို ဣဒံဟရိတွာ စေတီ ယဿ ပူဇံကရောထ-ယူသွား၍ ဘုရားပူဇော်လော ဟု ဆိုလျှင် ဝေးသော်လည်း ယူသွား၍ ပူဇော်အပ်၏။ ဘိက္ခု သံဃာအထံသို့ ဆောင်ပို့လောဟု ဆိုလျှင်လည်း ဆောင်ပို့အပ်၏။ အကယ်၍ ငါ ဆွမ်းခံသွားရဦးမည်။ ဆွမ်းစား စရပ်၌ ရဟန်းတို့ ရှိကုန်၏။ ထိုရဟန်းများ ဆောင်ပို့ကုန်လတ္တံ့ဟု ဆိုလတ်သော် တုယှံယေဝဒမ္မိ-ဟု ဆိုအံ့၊ စားခြင်းငှါ အပ်၏။ ဘိက္ခု သံဃာအား လှူအံ့ဟု ဆောင်သွားစဉ် မွန်းတည့်ချိန် နီးသည် ဖြစ်အံ့၊ မိမိအား (မယှံ ပါပုဏာတိ-ဟု) ရောက်စေ၍ စားခြင်းငှါ အပ်၏။]

(ဤ စကားရပ်တို့၌ သံဃာအား ညွှတ်ပြီးဖြစ်လျက်၊ မိမိ စားရာ၌ အပြစ်မရှိခြင်းကို အကြောင်းရှာအပ်၏။)

(ဝိဋီ ... ပူဇော်အပ်၏ စသည်ကို ဂိဟိကမ္မ မဖြစ်ဟု ပြခြင်းငှါ ဆိုသည်။

အထံသို့ ဆောင်ပို့လော ဟူသည်ကို ဆွမ်းဆောင်ခြင်းကို ရည်ဆိုသည်။ ထိုကြောင့် စားခြင်းငှါ အပ်၏-ဟု ဆိုသည်။

သာဋီ ... ထိုထက် မထူး။

ဇီဋီ ... မိမိအား ရောက်စေ၍ ဟူသည်၌ နေလွဲလျှင် မသုံးဆောင် အပ်သောကြောင့် အချိန်မရွေး အပ်ရာ၏ ဟု ဆိုငြားအံ့၊ မအပ်။ သံဃအထံ ဆောင်လောဟု ဆိုသောကြောင့် လည်းကောင်း၊ ဆောင်ပါမည်ဟု ဝန်ခံ သောကြောင့် လည်းကောင်း မအပ်။)

၆။ ဝဿဝုတ္တ သံဃဿဒေတိ အကျယ်

[ဝဿံဝုတ္ထ သံဃဿဒေတိ ဟူသည် ဝိဟာရတို့ဝင်၍ ဣမာနိ စီဝရာနိ ဝဿံဝုတ္တ သံဃဿဒမ္မိ-ဟု လှူအံ့။ ထိုအာဝါသ၌ ဝါမပြတ်စေဘဲ ပုရိမ ဝါကျွတ်သမျှ ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။ တစ်ပါးသူတို့အား မရောက်။ အရပ်တစ်ပါး ဖဲသွားသူအတွက်လည်း ယူသူရှိလျှင် ကထိန်နုတ်သည် တိုင်အောင် ပေးအပ်၏။ ကထိန် မခင်းလျှင်ကား ဆောင်းတွင်း၌ ဤသို့ ဆို၍ လှူသော သင်္ကန်းသည် ပစ္ဆိမ ဝါကျွတ်သူတို့အားလည်း ရောက်သည် ဟု လက္ခဏာ သိသူတို့ ဆိုကုန်၏။ အဋ္ဌကထာ၌ကား မစိစစ်။

ဥပစာရ သိမ်ပ၌တည်လျက် ဝဿံဝုတ္တ သံဃဿဒေမ-ဟု ဆိုအံ့၊ ရောက်လာသူ အားလုံးတို့အား ရောက်၏။

အမှတ် မရှိရာ၌ ဝါကျွတ်၍ ရောက်လာသမျှတို့အား ဟူလို။

အသုက ဝိဟာရေ ဝဿံဝုတ္တ သံဃဿ- ဟု ဆိုအံ့၊ ထိုဝိဟာရ၌ ဝါကျွတ်သူတို့အားသာ ကထိန်နုတ်သည် တိုင်အောင် ရောက်၏။ နွေဥတု ပထမနေ့မှစ၍ ဤသို့ (ဝဿံဝုတ္တ သံဃသဒမ္မိ-ဟု) ဆိုအံ့၊ ထိုဝိဟာရ၌ သမ္မုခိ ဘူတ အားလုံးတို့အား ရောက်၏။ ပိဋ္ဌိသမယ၌ ဖြစ်သောကြောင့်တည်း။

ဝါတွင်း၌သာလျှင် ဝဿံ ဝသန္တာနံဒမ္မိ-ဟု ဆိုလျှင် ဝါပြတ်သူ မရ။ ဝါတွင်း နေဆဲတို့သာ ရကုန်၏။ စီဝရမာသ၌ကား ဝဿံ ဝသန္တာနံဒမ္မိ-ဟု ဆိုလျှင် ပစ္ဆိမ ဝါကပ်သူတို့အားသာ ရောက်၏။ ပုရိမဝါကပ်နှင့် ဝါပြတ်တို့အား မရောက်။

စီဝရမာသမှစ၍ ဆောင်း နောက်ဆုံးနေ့အတွင်း ဝဿာဝါသိကံ ဒေမ-ဟု ဆိုလျှင် ကထထိန်ခင်း၊ မခင်း-အတိတ် (အခြားမဲ့) ဝါကျွတ်တို့ အားသာ ရောက်၏။ နွေ ပထမနေ့မှစ၍ ဆိုလျှင် မာတိကာသို့ တင်အပ်၏။ (ဝါ-မေးအပ်၏။)

အတိတ်ဝါ ငါးလလွန်ပြီ၊ အနာဂတ်ဝါ လေးလ လိုသေးသည်။ အဘယ် ဝါကျွတ်တို့အား လှူသနည်းဟု မာတိကာတို့အား လှူပါ၏။ ဟုဆိုလျှင် ဝါတွင်းနေပြီးသူတို့အားသာ ရောက်၏။ အရပ် တစ်ပါး ဖဲသွားသူတို့ အတွက်လည်း သဘာဂတို့ ယူခြင်းငှါ ရကုန်၏။

အနာဂတေ ဝဿာဝါသိထံဒမ္မိ-ဟု ဆိုအံ့၊ ထိုသင်္ကန်းကို ထား၍ ဝါကပ် အံ့သောနေ့၌ ယူအပ်၏။ ကျောင်းမလုံ၊ ခိုးသူဘေးရှိ၏။ ထားခြင်းငှါ မတတ်နိုင် ယူသွားခြင်းငှါလည်း မတတ်နိုင်ဟု ဆိုလတ်သော် သမ္ပတ္တာနံ ဒမ္မိ-ဟု ဆိုအံ့၊ ဝေဖန်စေ၍ ယူအပ်၏။ ဤဝါမှ တတိယဝါ၌ ဝါဆို သင်္ကန်း မလှူရ၊ ထိုကို လှူပါ၏ဟု ဆိုအံ့၊ ထိုဝါတွင်း၌ နေသူတို့အား ရောက်၏။ အရပ်တစ်ပါး ဖဲသွား၍ အကျွမ်းဝင်သူ ယူအံ့၊ ပေးအပ်၏။ အားလုံးသေ၍ တစ်ပါးတည်းကျန်အံ့၊ ထိုတစ်ပါးတည်းအားသာ အားလုံး ရောက်၏။ တစ်ပါးမျှ မရှိအံ့၊ သံဃိက ဖြစ်၏။ သမ္မုခိဘူတတို့ဖြင့် ဝေဖန်စေအပ်၏။]

(သာဋီ ... လက္ခဏာ သိသူတို့ဆိုကုန်၏ ဟူသည် အဆုံးအဖြတ် စကားတည်း။ အဋ္ဌကထာတို့၌ မလာသောကြောင့် ဤသို့ဆိုသည်။

ဥပစာရ သိမ်ပ၌ တည်လျက် ...လ... ။ အားလုံးတို့အား ရောက်၏ ဟူသည် အမှတ်မရှိရာ၌ ဝါကျွတ်သူ အားလုံးတို့အား ရောက်၏။ ထိုကြောင့် ကင်္ခါ၌လည်း သစေ ပနဗဟိ ဥပစာရ သီမာယံဋ္ဌိတော ဝဿံဝုတ္တ သံဃဿာတိဝဒတိ၊ ယတ္တ ကတ္တစိ ဝုတ္တ ဝဿာနံ သဗ္ဗေသံ သမ္ပတ္တာနံ ပါပုဏာတိ-ဟု ဆိုသည်။ ဂဏ္ဌိတို့၌ကား အဝုတ္တ ဝဿတို့အားလည်း ရောက်၏ဟု ဆိုသည်။ မယူအပ်။။

ဝိဋီ ... ဆောင်းတွင်း၌ ဟူသော စကားဖြင့် ကထိန်မခင်းလျှင် မိုးဥတု နောက်ဆုံး၌ လှူသော သင်္ကန်းသည် ပုရိမ ဝါကျွတ်တို့အားသာ ရောက်၏။ ထိုနောက် ဆောင်းတွင်း၌ လှူလျှင် ပစ္ဆိမ ဝါကျွတ်တို့အားလည်း ရောက်၏။ ဆောင်းမှ နောက် ပိဋ္ဌိသမယ၌ ဝဿံဝုတ္ထ သံဃဿ-ဟု ဆို၍ လှူလျှင် အမှတ်မရှိ ဝါတို့၌ ထိုကျောင်း၌ ဝါကျွတ်ဖူးသူ အားလုံးတို့အား ရောက်၏။ ခပ်သိမ်းသော ခြင်းရာဖြင့် ဝါမကျွတ်ဖူးသူတို့အား မရောက်ဟု ပြသည်။

ဇီဋီ ... ပစ္ဆိမ ဝါကျွတ်တို့အားလည်း ဟူသည်၌ ပစ္ဆိမ ဝါကျွတ်တို့အား သာလျှင်ဟု အဝဓာရဏ အနက်ယူအပ်၏၊

သမုစ္စယ အနက်ယူလျှင် လက္ခဏာသိသူတို့ ဆိုကုန်၏-ဟူသော စကားသည် နိရတ္တက ဖြစ်ရာ၏။ နောက်၌ စီဝရ မာသတောပဋ္ဌာယ …လ.. အတီတ ဝဿံဝုတ္ထာ န မေဝ ပါပုဏာတိ-ဟူသော စကားဖြင့် ထင်ရှားသောကြောင့် မစိစစ်။ ထိုကြောင့် လက္ခဏာသိသူတို့ဟု ဆိုသည်။ စသည်။)

၇။ အာဒိဿဒေတိ အကျယ်

[အာဒိဿဒေတိ ဟူသည် အာဒိသိတွာ-ညွှန်း၍၊ ပရိစ္ဆိန္ဒီတွာ- ပိုင်း၍၊ ဒေတိ-လှူ၏။ ယာဂု၌ လည်းကောင်း၊ ... လ... ။ ဆေး၌ လည်းကောင်း အာဒိဿဒေတိ။

ယောဇနာကား-ရဟန်းတို့ကို ယနေ့အတွက် ဖြစ်စေ၊ နက်ဖြန်အတွက်ဖြစ်စေ ယာဂုဖြင့် ဖိတ်၍ အိမ်ဝင်သူ တို့အား ယာဂုလှူ၍ ယာဂုသောက်ပြီးသည်ရှိသော် .. “ဤ သင်္ကန်းတို့ကို အကျွန်ုပ်၏ ယာဂုသောက်သူတို့အား လှူပါ၏”ဟု လှူအံ့၊ ဖိတ်၍ ယာဂုသောက်သူတို့ အားသာ ရောက်၏။ ယာဂုရောက်သော်လည်း ဆွမ်းခံခြင်းဖြင့် အိမ်တံခါးသို့ ရောက်သူ၊ အိမ်သို့ ဝင်သူ၊ ဆွမ်းစားစရပ်မှ သပိတ်ဆောင်၍ လူတို့ ပို့အပ်သော သပိတ်ရှင်၊ မထေရ်တို့ ပို့စေရာ ရဟန်း-ထိုသို့သော သူတို့အား မရောက်။

ဖိတ်အပ်သော ရဟန်းတို့နှင့် အတူတကွ ရဟန်း များစွာတို့လည်း လာ၍ အိမ်တွင်း၊ အိမ်ပ အပြည့်ထိုင်ကုန်အံ့၊ ဒါယကာသည်လည်း ဤသို့ ဆိုအံ့၊ ဖိတ်အပ်၊ မဖိတ်အပ်၊ အကြင် အရှင်မြတ်တို့အား အကျွန်ုပ်သည် ယာဂုကို လှူ၏။ ထိုအရှင်မြတ် အားလုံးတို့အား ဤအဝတ်တို့သည် ဖြစ်စေကုန်သဘည်း-ဟု ဆိုအံ့၊ အားလုံးတို့အား ရောက်ကုန်၏။ မထေရ်တို့၏ လက်မှ ယာဂု ရသူတို့အားကား မရောက်ကုန်။

အကြင် အရှင်မြတ်တို့သည် အကျွန်ုပ်၏ ယာဂုကို သောက်အပ်၏။ ထိုအရှင်မြတ် အားလုံးတို့အား ဖြစ်စေကုန်သတည်းဟု ဒါယကာ ဆိုအံ့၊ အားလုံးတို့အား ရောက်ကုန်၏။

ထမင်း၊ ခဲဖွယ်တို့၌လည်း ဧသေဝ နယော။

စီဝရ-သင်္ကန်း၌ ဟူသည် ရှေး၌လည်း ဝါဆိုစေ၍၊ သင်္ကန်း လှူဖူးသော သူသည် ရဟန်းတို့ကို ဆွမ်းကျွေး၍ ရှေး၌ အကျွန်ုပ် သင်္ကန်းလှူရာ အရှင်တို့အား ဤသင်္ကန်းသည်၊ ဤချည်သည် ထောပတ် ပျား တင်လဲ စသည်သည် ဖြစ်စေသတည်းဟု ဆိုအံ့၊ ထိုသူတို့အားသာ အားလုံးရောက်။

သေနာသန၌ ဟူသည် အကျွန်ုပ် ပြုစေအပ်သော ဝိဟာရ- ကျောင်းတိုက်၌၊ ပရိဝေဏ - ကျောင်းငယ်၌ နေသူအား၊ ဤသင်္ကန်း ဖြစ်စေသတည်းဟု ဆိုလျှင် ထိုသူအားသာ ဖြစ်၏။

ဘေသဇ္ဇ၌ ဟူသည် အကျွန်ုပ်သည် မကြာ မကြာ မထေရ်တို့အား ထောပတ် စသော ဆေးတို့ကို လှူဖူးကုန်၏။ ထိုဆေးတို့ကို ရဖူးသူတို့အား ဤသင်္ကန်း ဖြစ်စေသတည်းဟု ဆိုအံ့၊ ထိုသူတို့အားသာ ဖြစ်၏။]

(ဋီ ... အကြင် သူတို့ကို မထေရ်တို့ စေလွှတ်အပ်ကုန်၏။ ထိုသူတို့ အားလည်း ရောက်၏။)

၈။ ပုဂ္ဂလဿဒေတိ အကျယ်

[ပုဂ္ဂလဿဒေတိ ဟူသည် ဣမံ စီဝရံ ဣတ္တန္နမဿဒမ္မိ-ဟု မျက်ကွယ် သော်လည်း လှူအံ့၊ ခြေရင်း၌ ထား၍ ဣမံ ဘန္တေ တုမှာကံဒမ္မိ – ဟု မျက်မှောက်သော်လည်း လှူအံ့။ ထိုသင်္ကန်းသည် ထိုအရှင်အားသာ ဖြစ်၏။

ဣဒံ တုမှာကဉ္စ တုမှာကံ အန္တေဝါတိကာ နဉ္စဒမ္မိ-ဟု ဆိုအံ့၊ မထေရ်အား လည်းကောင်း၊ အန္တေဝါသိကတို့အား လည်းကောင်း ရောက်၏။ စာသင်ခြင်းငှါ လာသူ၊ သင်ယူ၍ သွားသူရှိလျှင် ထိုသူတို့အား လည်း ရောက်၏။

တုမှေဟိသဒ္ဓိံ နိဗဒ္ဓစာရိက ဘိက္ခုနံ ဒမ္မိ- ဟု ဆိုလျှင် ကျင့်ဝတ်ကိုပြု၍ စာသင်ခြင်း မေးခြင်း စသည်တို့ကို ယူ၍ (အနီးအနား ခေတ္တ) လှည့်လည်နေသော ဥဒ္ဒေ သန္တေ ဝါသီက အားလုံးတို့အား ရောက်၏။

ဤကား ပုဂ္ဂလဿဒေတိ၌ ဝိနိစ္ဆယတည်း။ အကြွင်း ပေါ်လွင်သည်သာတည်း။]

(သာဋီ ... စာသင်ခြင်းငှါ လာသူကို မသင်ယူဖူးသော်လည်း သင်ယူအံ့ဟု လာသောအခါမှ စ၍ အန္တေဝါသိက အဖြစ်သို့ ရောက်သောကြောင့် ဆိုသည်။

ဝိဋီ ... စာသင်ခြင်းငှါ လာသူကို စာမသင်ယူစေသော်လည်း အန္တေ ဝါသိကသာတည်းဟု ဆိုအပ်၏။ သင်ယူ၍ သွားသူ ဟူသည် စာသင်ခြင်း ကိစ္စပြီး၍ သွားသူတည်း။ ကျင့်ဝတ်ကို ...လ... ဥဒ္ဒေ သန္တေ ဝါသိက ဟူသော စကားဖြင့် စာသင်ချိန်သွား၍ စာသင်ယူ၍ သွားသော နေရာ တစ်ပါး၌ နေသော အနိဗဒ္ဓစာရိက - အနီး၌ အမြဲ မနေသူတို့ကို နစ်စေ၏။)

စီဝရက္ခန္ဓက ပြီး၏။

၉ - စမ္ပေယျက္ခန္ဓက

မတရား နှင်ထုတ်မှု

ထိုအခါ မြတ်စွာဘုရားသည် စမ္ပာပြည်၌ ဂဂ္ဂရာ မည်သော ရေကန်၏ ကမ်းနား၌ နေတော်မူ၏။ ထိုအခါ ကာသိတိုင်း ဇနပုဒ် ဝါသဘရွာ၌ ကဿပဂေါတ္တ မည်သော ရဟန်းသည် အာဝါသိက ဖြစ်၏။ လဇ္ဇီပေသလတို့ ရောက်လာအောင်၊ ရောက်လာလျှင် ချမ်းသာစွာ နေနိုင်အောင်၊ကျောင်းတိုက် ကြီးပွားအောင် တန္တိဗဒ္ဓ ပြု၍၊ (ဝါ-ပြုအပ်သော အမှုပြု၍) အားထုတ်၏။

ထိုအခါ ရဟန်း များစွာတို့သည် ဒေသစာရီ လှည့်လည်စဉ် ဝါသဘရွာတို့ ရောက်ကုန်၏။ ကဿပဂေါတ္တ ရဟန်းသည် အဝေးမှပင်မြင်၍ ကြိုဆို၍ နေရာပေး၏။ ရေချိုးခြင်း၌ ယာဂုံ ဆွမ်း ခဲဖွယ်၌ ကြောင့်ကြပြု၏။ အာဂန္တုတို့သည် ငါ့ရှင်တို့၊ ဤ အာဝါသိကသည် အရာရာအားထုတ်၏။ အမြဲနေကုန်အံ့ဟု ဆို၍ နေကုန်၏။

နေသားကျသောအခါ ကဿပဂေါတ္တ ရဟန်းသည် ဤရဟန်းတို့ကား ပင်ပန်းခြင်းကင်း၍ ဆွမ်းခံလမ်းလည်း သိကြပြီ။ လူတို့ထံ အမြဲကြောင့်ကြပြုခြင်းငှါ ခဲယဉ်း၏။ တောင်းခြင်းများလျှင် လူတို့မနှစ်သက်ဟု ကြောင့်ကြ မပြုဘဲ နေ၏။ ထိုအခါ အာဂန္တုတို့သည် စည်းဝေး၍ ငါ့ရှင်၊ သင်သည် ရှေး၌ကဲ့သို့ အားမထုတ်၊ ပျက်ပြီ၊ အာပတ်သို့ ရောက်ပြီ၊ အာပတ်ကို မြင်၏လောဟု ဆိုကုန်၏။ မမြင်ပါဟု ဆိုလတ်သော် အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တက ကံဖြင့် နှင်ထုတ်ကုန်၏။

ကဿပဂေါတ္တ ရဟန်းသည် အိပ်ရာနေရာ သိမ်းဆည်း၍ စမ္ပာပြည်သို့သွား၍ ဘုရားရှင်အား ထို အကြောင်းကို လျှောက်၏။ ချစ်သားရဟန်း၊ အာပတ် မဟုတ်၊ ကံမပြုထိုက်၊ အဓမ္မကံဖြင့် နှင်ထုတ်သည်၊ ပြန်သွား၍ ထိုကျောင်း၌ နေချေလောဟု မိန့်တော်မူ၏။ ပြန်သွားသောအခါ အာဂန္တုတို့အား “ငါတို့သည် စင်ကြယ်သူကို နှင်ထုတ်မိပြီ”ဟု နှလုံး မသာမယာဖြစ်၍ ဘုရားရှင်ထံ အပြစ်တောင်းပန်ကုန်အံ့ဟု စမ္ပာပြည်သို့ သွား၍ ဘုရားရှင်ထံ ချဉ်းကပ်ကုန်၏။

ချစ်သားတို့၊ သင်တို့သည် အာဝါသိကကို နှင်ထုတ်ကြသလော၊ နှင်ထုတ်ကြပါသည်ဘုရား။ အဘယ် အကြောင်းကြောင့်နည်း။ အကြောင်းမဲ့ပါဘုရား။ ထိုအခါ များစွာ ကဲ့ရဲ့၍ ချစ်သားတို့၊ စင်ကြယ်သော အာပတ် မရှိသော ရဟန်းကို အကြောင်းမဲ့ မနှင်ထုတ်အပ်၊ ဒုက္ကဋ်ဟု မိန့်တော်မူ၏။

ထိုအခါ ခြေတော်ရှင်း၌ ဝပ်စင်း၍- အစ္စယော နော ဘန္တေ အစ္စဂမာယထာ ဗာလေယထာမုဠှေ ... စသည်ဖြင့် အပြစ် သည်းခံတော်မူပါဟု တောင်းပန်ကုန်၏။ ချစ်သားတို့၊ သင်တို့သည် အပြစ်မြင်၍ တရားနှင့် အညီ ကုစားကုန်၏။ ငါဘုရား သည်းခံ၏။

ချစ်သားတို့၊ အပြစ်မြင်၍ တရားနှင့်အညီ ကုစားခြင်းသည်၊ ဘုရားရှင်၏ အဆုံးအမ၌ ကြီးပွားကြောင်း ဖြစ်၏။ နောင် စောင့်စည်းခြင်းသို့ ရောက်နိုင်၏ဟု မိန့်တော်မူ၏။

[ဂဂ္ဂရာ ဟူသည် ဂဂ္ဂရာ မည်သော မိန်းမပြုသော ရေကန်ဖြစ်၏။

တန္တိဗဒ္ဓ ဟူသည် ထိုအာဝါသ၌ ပြုအပ်သော အမှု၏ အဖြစ်ဟူသော တန္တိပဋိဗဒ္ဓ ဖြစ်၏။

ကြောင့်ကြပြု၏ ဟူသည်၌ အာဂန္တု ရောက်လျှင် အမိန့်ရှိကြပါဟု လူတို့လျှောက်ထားရာ၌သာ ကြောင့်ကြ ပြုအပ်၏။ မလျှောက်ထားရာ၌ မပြုအပ်။

မြတ်စွာဘုရားသည် ကဿပဂေါတ္တ ရဟန်းအား ထိုကျောင်း၌သာ သေနာသန သပ္ပါယ ဖြစ်သည်ဟု မြင်တော်မူ၍၊ ပြန်သွား၍ ထိုကျောင်း၌ နေချေလောဟု မိန့်တော်မူသည်။]

(သာဋီ ... စမ္ပာ မည်ကြောင်းကား ထိုနဂရ၏ အရံ ရေကန် စသော နေရာတို့၌ စကားပင်- စမ္ပကတို့သာ များသောကြောင့်တည်း။

ထိုပြည် အနီး၌ ဂဂ္ဂရာ မည်သော မိဖုရား တူးသောကြောင့် ဂဂ္ဂရာ မည်သော ရေကန်ရှိ၏။ ထိုရေကန်၏ ကမ်းနားဝန်းကျင်၌ နီလ-စသော အဆင်း ငါးမျိုးရှိသော ပန်းတို့ဖြင့် တင့်တယ်သော စကားတောကြီးသည် ပန်းနံ့ လှိုင်လှိုင်သင်း၏။ ထို၌ ဘုရားရှင် နေတော်မူသည်။

တန္တိဗဒ္ဓ၌ ဗျာပါရသည် တန္တိ မည်၏။ ဗျာပါရေ ဗဒ္ဓေါပသုတော-ကြောင့်ကြခြင်းသို့ ရောက်၏ ဟူလို။ ထိုအာဝါသ၌ မပြီးသေးသော ကျောင်းကို ပြီးအောင်ပြု၏။ ဆွေးလျှင် ပြုပြင်၏။ ပြုပြီးလျှင် အုပ်စိုး၍ နေ၏။ ထိုကြောင့် ပြုအပ်သော အမှု၏ အဖြစ်ဟူသော တန္တိပဋိဗဒ္ဓဟု ဆိုသည်။ ပြုအပ်သော အမှု၌ အား ထုတ်သည် ဟူလို။

ဝိဋီ ... တန္တိဗဒ္ဓသည် ဗျာပါရေ ဗဒ္ဓ တည်း)။

ကံပျက် ၁၁-မျိုး

ထိုအခါ စမ္ပာပြည်၌ ရဟန်းတို့သည်

အဓမ္မဖြင့် ဝဂ္ဂကံတို့၊

အဓမ္မဖြင့် သမဂ္ဂကံကို၊

ဓမ္မဖြင့် ဝဂ္ဂကံကို၊

ဓမ္မပတိရူပက-ဓမ္မအတုဖြင့် ဝဂ္ဂကံကို၊

ဓမ္မပတိရူပကဖြင့် သမဂ္ဂကံကို (၅) ပြုကုန်၏။

တစ်ပါးသည်လည်း တစ်ပါးကို၊ နှစ်ပါးကို၊ သုံးပါး သမ္ပဟုလကို၊ သံဃာကို (၄) နှင်ထုတ်၏။

နှစ်ပါးသည်လည်း တစ်ပါးကို၊ ...လ... သံဃာကို (၄)၊

သုံးပါးသည်လည်း တစ်ပါးကို ...လ... သံဃာကို (၄)၊

သံဃာသည်လည်း သံဃာကို (၁) နှင်ထုတ်၏။

ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ အဓမ္မဖြင့် ဝဂ္ဂကံကို ပြုခြင်းသည် ကံမဖြစ်၊ မပြုအပ် ...လ...။ သံဃာသည် သံဃာကို နှင်ထုတ်ခြင်းသည် ကံမဖြစ်၊ မပြုအပ်။

ချစ်သားတို့၊ ကံသည် လေးပါးရှိ၏ - အဓမ္မေန ဝဂ္ဂကံ၊ အဓမ္မေန သမဂ္ဂကံ၊ ဓမ္မေန ဝဂ္ဂကံ၊ ဓမ္မေန သမဂ္ဂကံ။ ထိုလေးပါးတို့တွင် ရှေ့ကံ သုံးပါး မပြုအပ်၊ ငါဘုရား ခွင့်မပြု။ ဓမ္မေန သမဂ္ဂကံကို ပြုအပ်၏။ ငါဘုရား ခွင့်ပြု၏။ ထိုကြောင့် ဓမ္မေန သမဂ္ဂကံကို ပြုပါကုန်အံ့ဟု ကျင့်အပ်၏။

[အဓမ္မေန ဝဂ္ဂကံ စသည်တို့ဟု နာနာ ကရဏသည် နောက် ပါဠိတော်၌ လာလတ္တံ့။

ကံပျက် ၁၂-မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အဓမ္မ ဝဂ္ဂ၊ အဓမ္မ သမဂ္ဂ၊ ဓမ္မဝဂ္ဂ၊ ဓမ္မပတိရူပက ဝဂ္ဂ၊ ဓမ္မပတိရူပက သမဂ္ဂ ကံကို (၅)။

ဉာတ္တိဝိပန္နကံ၊ အနုဿာဝန ဝိပန္နကံ၊ ဉာတ်ကမ္မဝါစာ နှစ်ပါးလုံး ဝိပန္နကံကို(၃)။

ဓမ္မကို ကြဉ်သောကံ၊ ဝိနယကို ကြဉ်သောကံ၊ သာသနကို ကြဉ်သောကံကို (၃)။

တားမြစ်လျက်ပြုသော ပဋိကုဋ္ဌကတ အဓမ္မကံကို (၁) ပြုကုန်၏။

ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ အဓမ္မ ဝဂ္ဂကံကို၊ ...လ ... ပဋိကုဋ္ဌကတကံကို ပြုခြင်းသည် ကံမဖြစ်၊ မပြုအပ်။

[ဓမ္မကိုကြဉ်သောကံ စသည်တို့၌ ဟုတ်မှန်သော ဝတ္တုသည် ဓမ္မ မည်၏။

စောဒနာ-အပြစ်ပြခြင်း၊ သာရဏာ-သတိရအောင် အောက်မေ့စေခြင်းသည် ဝိနယ မည်၏။

ဉာတ် ပြည့်စုံခြင်း၊ ကမ္မဝါစာ ပြည့်စုံခြင်းသည် သတ္ထု သာသန မည်၏။

ထိုတို့မှကင်းလျက် ကံကို ပြုကုန်၏ ဟူလို။

ပဋိကုဋ္ဌကတသည် ပဋိကုဋ္ဌ-တားလည်း တားအပ်၏။ ကတ-ပြုလည်း ပြုအပ်၏။ တားလျက်ပြုသော အဓမ္မကံ ဟူလို။]

ကံခြောက်ပါး ဝေဖန်ခြင်း

ချစ်သားတို့၊ ကံသည် ခြောက်ပါးရှိ၏။ အဓမ္မကံ၊ ဝဂ္ဂကံ၊ သမဂ္ဂကံ (၃) ဓမ္မပတိရူပက ဝဂ္ဂကံ၊ ဓမ္မပတိရူပက သမဂ္ဂကံ၊ ဓမ္မသမဂ္ဂကံ (၃) ဤသို့ ခြောက်ပါး ရှိ၏။

ထိုတွင် အဓမ္မကံသည် အဘယ်နည်း

ချစ်သားတို့၊ ဉာတ္တိဒုတိယကံ၌ ဉာတ်တစ်ကြိမ်ဖြင့် ပြုအံ့၊ ဉာတ် နှစ်ကြိမ်ဖြင့်၊ ကမ္မဝါစာ နှစ်ကြိမ်ဖြင့် ပြုအံ့ (၄) အဓမ္မကံ မည်၏။

ဉာတ္တိစတုတ္ထကံ၌ ဉာတ်တစ်ကြိမ်ဖြင့်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်ဖြင့်၊ ကမ္မဝါစာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်ဖြင့် ပြုအံ့ (၈) အဓမ္မကံ ဖြစ်၏။

ဝဂ္ဂ ကံကား၊ ချစ်သားတို့၊ ဉာတ္တိ ဒုတိယကံ၌ ကမ္မပတ္တ ရဟန်းတို့ မရောက်အံ့၊ ရောက်သော်လည်း ဆန္ဒထိုက်သူတို့၏ ဆန္ဒကို မဆောင်အံ့၊ ဆောင်သော်လည်း သံမုခိဘူတ ရဟန်းတို့သည် တားကုန်အံ့ (၃) ဝဂ္ဂကံ မည်၏။ ဉာတ္တိစတုတ္တကံ၌ ထိုအတူ မရောက်၊ မဆောင်၊ တားကုန်အံ့ (၃) ဝဂ္ဂကံ မည်၏။

သမဂ္ဂကံကား၊ ချစ်သားတို့၊ ဉာတ္တိ ဒုတိယကံ၌ ကမ္မပတ္တတို့လည်း ရောက်ကုန်အံ့၊ ဆန္ဒ ထိုက်သူတို့၏ ဆန္ဒကိုလည်း ဆောင်အံ့၊ သံမုခိဘူတ ရဟန်းတို့လည်း မတားကုန်အံ့ (၁) သမဂ္ဂကံ မည်၏။ ဉာတ္တိစတုတ္ထထံ၌ ထိုအတူ ရောက်၊ ဆောင်၊ မတား (၁) သမဂ္ဂကံ မည်၏။

ဓမ္မပတိရူပက ဝဂ္ဂကံ-ကား၊ ချစ်သားတို့၊ ဉတ္တိဒုတိယ ကံ၌ ကမ္မဝါစာ ဖတ်ပြီးမှ ဉာတ်ထားအံ့၊ ကမ္မဝတ္တတို့ မရောက်အံ့၊ ထိုအတူ ရောက်သော်လည်း ဆန္ဒ မဆောင်အံ့၊ ဆောင်သော်လည်း မျက်မှောက်တို့ ထားကုန်အံ့ (၃) ဉာတ္တိစတုတ္ထကံ၌ ထိုအတူ (၃) ဓမ္မပတိရူပက ဝဂ္ဂကံ မည်၏။

ဓမ္မပတိရူပက သမဂ္ဂကံ-ကား၊ ချစ်သားတို့၊ ဉာတ္တိဒုတိယကံ၌ ကမ္မဝါစာ ဖတ်ပြီးမှ ဉာတ်ထားအံ့။ ကမ္မတတ္တ ရောက်အံ့၊ ဆန္ဒ ဆောင်အံ့၊ မျက်မှောက် မတားအံ့ (၃) ဉာတ္တိစတုတ္ထကံ၌ ထိုအတူ (၁) ဓမ္မပတိရူပက သမဂ္ဂကံ မည်၏။

ဓမ္မ သမဂ္ဂကံကား၊ ချစ်သားတို့၊ ဉာတ္တိဒုတိယကံ၌ ဉာတ်ထားပြီးမှ ကမ္မဝါစာ တစ်ကြိမ်ဖြင့် ကံပြုအံ့၊ ကမ္မပတ္တ ရောက်အံ့၊ ဆန္ဒ ဆောင်အံ့၊ မျက်မှောက် မတားအံ့ (၁) ဉာတ္တိစတုတ္ထကံ၌ ဉာတ်ထားပြီးမှ ကမ္မဝါစာ သုံးကြိမ်ဖြင့် ကံပြုအံ့၊ ရောသ၊ ဆောင်၊ မတားအံ့ (၁) ဓမ္မသမဂ္ဂကံ မည်၏။

[အဓမ္မကံ စသည်တို့၌ ဓမ္မ ဟူသည် ပါဠိတော်၏ အမည်တည်း။ ဟောအပ်သော ပါဠိတော်ဖြင့် မပြုလျှင် အဓမ္မကံ မည်၏။ အကျယ်ကား ပါဠိတော်၌ပင် ဉာတ္တိဒုတိယကံ၊ ဉာတ္တိစတုတ္ထကံ စွမ်းဖြင့် လာ၏။

ဉာတ္တိကံ၌ ဟာပန မရှိ၊ အညထာကရဏ မရှိသောကြောင့် လည်းကောင်း၊ လောကနကံကို ပန်ကြား၍သာ ပြုအပ်သောကြောင့် လည်းကောင်း၊ ပါဠိတော်၌ ထိုကံနှစ်ပါးကို မပြ။ ကြွင်းသော ကမ္မဝိနိစ္ဆယကို နောက်၌ (ဝါ-- ပရိဝါ၌) ဖွင့်ကုန်အံ့။]

(သာဋီ၊ ဝိဋီ ... ဟာပန မရှိ စသည်၌ ဉာတ္တိကံအား ဉာတ်တစ်ကြိမ်သာ ပြုအပ်သောကြောင့် ဆုတ်ယုတ်ခြင်း မဖြစ်နိုင်၊ နောက်မှ ဉာတ်ထားခြင်း၊ ဉာတ်နှစ်ကြိမ် ထားခြင်းဖြင့်လည်း အလွဲပြုခြင်း အညထာက္ခဏလည်း မရှိ။)

ကံပြု သံဃာ ငါးမျိုး

သံဃာသည် ငါးမျိုးရှိ၏။ စတုဝဂ် သံဃာ၊ ပဉ္စဝဂ်သံဃာ၊ ဒသဂ် သံဃာ၊ ဝီသတိဝဂ် သံဃာ၊ အတိရေက ဝီသတိဝဂ် သံဃာတည်း။

ချစ်သားတို့ ထိုငါးမျိုး တို့တွင် - စတုဝဂ် သံဃာသည် ဥပသမ္ပဒကံ၊ ပဝါရဏာကံ၊ အဗ္ဗာနကံ- သုံးခုဖယ်၍ ကံအားလုံးတို့၌ ဓမ္မ သမဂ္ဂ ဖြစ်အံ့၊ ကမ္မပ္ပတ္တ ဖြစ်၏။

ပဉ္စဝဂ် သံဃာသည် မဇ္ဈိမ ဒေသ ဥပသမ္ပဒကံ၊ အဗ္ဗာနကံ-နှစ်ခု ဖယ်၍။ ... ဒသဝဂ် သံဃာသည် အဗ္ဗာနကံ တစ်ခု ဖယ်၍ ... ။ ဝီသတိဝဂ် သံဃာသည် (ဖယ်စရာ မရှိ) ကံအားလုံး၌ ... ။ အတိရေက ဝီသတိဝဂ် သံဃာသည် ကံအားလုံး၌ ဓမ္မ သမဂ္ဂ ဖြစ်အံ့၊ ကမ္မပတ္တ ဖြစ်၏။

[ကံ ခြောက်ပါးတို့တွင် ဆဋ္ဌ ဖြစ်သော ဓမ္မ သမဂ္ဂကံကို ပြုနိုင်သော သံဃာတို့၏ အပြားကို ပြခြင်းငှါ သံဃာသည် ငါးမျိုးရှိ၏ စသည်ကို ဟောသည်။

ကမ္မပတ္တ ဟူသည် ကမ္မယုတ္တ၊ ကမ္မာရဟ ဖြစ်၏။ တစ်စုံတစ်ခုသော ကံကို မပြုနိုင် မရှိ ဟူသော အနက်တည်း။]

(အတိရေက ဝီသတိဝဂ် သံဃာကို အဘယ်အကျိုးငှါ ဟောသနည်း။ စတုဝဂ် စသည်တို့ ပြုအပ်သော ကံတို့၌ ယုတ်လျှင် မအပ်၊ ပိုလျှင် အပ်၏ဟု သိစေခြင်းငှါတည်း။

ကထိန စီဝရဒါ ကံသည် စတုဝဂ်ကံ ဖြစ်၏။ ငါးပါးရှိမှ အပ်သည်။ အဘယ်ကြောင့်နည်း။ ကထိန်သင်္ကန်း ခံယူသူသည် ကံပြုအပ်သူ အရာ၌ တည်သောကြောင့်တည်း။)

ပရိသဝိပတ္တီကံပျက် ၂၄-စီ

ချစ်သားတို့၊ စတုဝဂ် သံဃာ ပြုအပ်သော ကံကို ဘိက္ခုနီ စတုတ္ထဖြင့် ကံပြုအံ့၊ ကံ မဖြစ်၊ မပြုအပ်။ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမ ရောက်သူ။ ဥက္ခိတ္တက သုံးယောက်၊ ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒုသံ၊ ဥဘောဗျည်း စတုတ္ထဖြင့် ပြုအံ့ (၂၀) နာနာ သံဝါသက စတုတ္ထဖြင့်၊ နာနာ သီမာယဋ္ဌိတ စတုတ္ထဖြင့် တန်ခိုးဖြင့် ကောင်းကင်၌ တည်သူ စတုတ္ထဖြင့်၊ ကံပြုအပ်သူ စတုတ္ထဖြင့် ပြုအံ့ (၄) ကံမဖြစ်၊ မပြုအပ်။(၂၄- ဝါရ)။

ပဉ္စဝဂ် သံဃာ ပြုအပ်သော ကံကို ဘိက္ခုနီ ပဉ္စမဖြင့် ... (၂၄- ဝါရ)။

ဒသဝဂ် ကံကို ဘိက္ခုနီ ဒသမဖြင့် ... (၂၄-ဝါရ)။

ဝီသတိဝဂ် ကံကို ဘိက္ခုနီ ဝီသတိဖြင့် ... (၂၄-ဝါရ)။

လေးဌာန၌ ၉၆ -ဝါရ ဟောသည်။)

[ဤ ဝါရတို့ကို ပရိသတ်ကြောင့် ကံပျက်ခြင်းကို ပြခြင်းငှါ ဟောသည်။ ဥက္ခိတ္တက သုံးယောက်ဖြင့် ကမ္မ နာနာ သံဝါသက သဒ္ဒါဖြင့် လဒ္ဓိ နာနာ သံဝါသက−အယူတူသော နောက်လိုက်တို့ကို ယူအပ်ကုန်၏။

နာနာ သီမာယဋ္ဌိထ ဟူသည် သိမ်အကြား၌ လည်းကောင်း၊ သိမ်ပ၌ လည်းကောင်း တည်သူတည်း။ ဟတ္တပါသ်၌ တည်သော်လည်း၊ ထိုသူ စတုတ္ထဖြင့် ကံမပြုအပ် ဟူလို၊]

(သာဋီ ... ဥက္ခေပနီယ ကံပြု ခံရသူသည် ကမ္မ နာနာ သံဝါသက မည်၏။ ဥက္ခိတ္တာနုဝတ္တက ပုဂ္ဂိုလ်သည် လဒ္ဓိ နာနာ သံဝါသက မည်၏။)

ဝါသ်ကံတို့၌ ကံပျက် ၂၀

ချစ်သားတို့၊ ပါရိဝါသိက စတုတ္ထဖြင့် ပရိဝါသ် ပေးအံ့၊ မူလာယ ပဋိကဿန ပြုအံ့၊ မာနတ် ပေးအံ့၊ တံဝီသ ဖြင့် အဗ္ဘာန်သွင်းအံ့၊ ကံမဖြစ်၊ မပြုအပ် (၄-ဝါရ)။ မူလာယ ပဋိကဿနာရဟ စတုတ္ထဖြင့် ..(၄) မာနတ္တာရဟ စတုတ္ထဖြင့် ... (၄)။ မာနတ္တာစာရိက စတုတ္ထဖြင့် ... (၄)။ အဗ္ဘာနာရဟ စတုတ္ထဖြင့် ... (၄)။ ငါးဌာန၌ ဝါရ ၂၀- ဟောသည်။)

[ဤ ဝါရတို့ကို ပရိဝါသ် စသော ကံတို့၏သာ ပရိသတ်ကြောင့် ဝိပတ္တိ ဖြစ်ခြင်းကို ပြခြင်းငှါ ဟောသည်။ ဝိနိစ္ဆယကို နောက်၌ ဖွင့်ကုန်အံ့။]

တားခြင်းမမြောက် ၂၇-ယောက်

ချစ်သားတို့၊ သံဃာ့အလယ်၌ အချို့၏ တားခြင်းသည် ရောက်၏။ အချို့၏ တားခြင်းသည် မရောက်။ မရောက်သူတို့ကား ချစ်သားတို့၊ ဘိက္ခုနီသည် သံဃာ့အလယ်၌ တားအံ့။ ဘိက္ခုနီ၏ တားခြင်းသည် မရောက်။

ဘိက္ခုနီ၊ သိက္ခ (၂)၊ သာ-နှစ်ဝ (၂)၊ သိက္ခ၊ အန္တိမာ (၂)။

ဥမ္မတ်၊ ခိတ္တ (၂)၊ ဝေနဋ္ဋ (၁)၊ သုံးဝ ဥက္ခိတာ (၃)။

ပဏ်၊ ထေ၊ ပက်၊ စ္ဆာန် (၄)၊ ပဉ္စာနန် (၅)၊ ဒူသံ၊ ဥဘောပါ (၂)။

ကံပြုခံရ (၁)၊ ကောင်းကင်မှ (၁)၊ ကွဲလှ-သိမ်၊ သံဝါ (၂)။

ဤသူ ၂၇-ယောက်၏ သံဃာ့အလယ်၌ တားခြင်းသည် မရောက်။ ရောက်သူကား ချစ်သားတို့၊ သံဃာအလယ်၌ ပကတတ် ဖြစ်သော သမာန သံဝါသက ဖြစ်သော သိမ်တူနေသော ရဟန်း၏ အယုတ်ဆုံး အခြား မရှိ၊ ရဟန်းအား သိစေလျက် တားခြင်းသည် ရောက်၏။ (ဥဒ္ဒါန ဂါထာတို့၌- အဋ္ဌာရသန္နံ ဧတေသံ၊ ပဋိက္ကောသံ န ရူဟတိ-ဟု ဆိုသည်။ အဘဗ္ဗ၌ ၉- ယောက် ဝှက်၍တည်း။)

[ဤ ဝါရကို ပဋိကုဋ္ဌကတ ကံ၏ ပျက်ခြင်း၊ မပျက်ခြင်းကို ပြခြင်းငှါ ဟောသည်။ ပကတတ် ဟူသည် သီလ မပျက်ဘဲ ပါရာဇိကသို့ မရောက်သူ ဖြစ်၏။

အခြား မရှိ ဟူသည် မိမိ၏ အခြားမဲ့၌ ထိုင်သော ရဟန်းဖြစ်၏။]

(သာဋီ ... အခြား မရှိ ဟူသည် မိမိ၏ အခြားမဲ့၌ ထိုင်သော ရဟန်းဖြစ်၏။]

မထုတ်အပ်ဘဲ ထုတ်အပ်သူ

ချစ်သားတို့၊ နိဿာရဏာ - သံဃာ့ဘောင်မှ ထုတ်ခြင်းတို့သည် နှစ်မျိုး ရှိကုန်၏။ အပ္ပတ္တော နိဿာရဏ-မထုတ်ထိုက်သူကို သံဃာသည် ထုတ်အံ့၊ အချို့ သုနိဿာရိတ-ကောင်းသော ထုတ်ခြင်းဖြစ်၏။ အချို့ ဒုနိဿာရိတ မကောင်းသောထုတ်ခြင်း ဖြစ်၏။

ဒုနိဿာရိတ ဖြစ်ပုံကား၊ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် သုဒ္ဓ ဖြစ်၏။ အနာပတ္တိက ဖြစ်၏။ ထိုကို သံဃာသည် ထုတ်အံ့၊ ဒုနိဿာရိတ ဖြစ်၏ (၁)။

သုနိဿာရိတ ဖြစ်ပုံကား၊ ချစ်သားတို့၊ ရဟန်းသည် ဗာလ အဗျတ္တ ဖြစ်၍ ပိုင်းခြားမရှိ အာပတ် များ၏။ လူတို့နှင့် မလျော်သော ရောနှောခြင်း ရှိ၏။ ထို (နှစ်ယောက်) ကို သံဃာသည် ထုတ်အံ့၊ သုနိဿာရိတ ဖြစ်၏ (၂)၊

[ဤဝါရကို ဝတ္တုအားဖြင့် ကံပျက်၊ မပျက် ပြခြင်းငှါ ဟောသည်။

သုနိဿာရိတ ဖြစ်၏ ဟူသည်ကို ပဗ္ဗာဇနိယကံကို ရည်ဟောသည်။ ပဗ္ဗာဇနီယ ကံဖြင့် ကျောင်းမှ နှင်ထုတ်သောကြောင့်၊ ထိုကံသည် နိဿာရဏာ မည်၏။ ထိုနှစ်ယောက်သည် ကုလဒူသက မဟုတ်သောကြောင့် သီးခြား လက္ခဏာဖြင့် ပဗ္ဗာဇနီယကံ မပြုထိုက်သူ ဖြစ်၏။ “အလိုရှိလျှင် သံဃာသည် ပဗ္ဗာဇနီယကံ ပြုရာ၏”ဟု ဟောသောကြောင့် သုနိဿာရိတ ဖြစ်၏။

သံဃာသည် ထုတ်အံ့ ဟူသည် တဇ္ဇနီယကံ စသည်ဖြင့် ထုတ်အံ့တည်း။ ထိုထုတ်ခြင်းသည် သုနိဿာရိတ ဖြစ်၏၊ “သုံးယောက်သော ရဟန်းတို့အား အလိုရှိလျှင် သံဃာသည် တဇ္ဇနီယကံ ပြုရာ၏။ ငြင်းခုံခြင်း များသူ၊ ဗာလ ဖြစ်၍ အာပတ် များသူ၊ လူတို့နှင့် ရောနှောလွန်းသူ ဟု တစ်ခုသော အင်္ဂါဖြင့်ပင် နိဿာရဏကို (ကမ္မက္ခန္ဓက၌) ခွင့်ပြုသောကြောင့်တည်း။]

(ဝိဋီ ... သီးခြား လက္ခဏာ ဟူသည် ပဗ္ဗာဇာယကံ၏ အကြောင်း အဖြစ်ဖြင့် ဟောသောကြောင့် မဆက်ဆံသော ကုလဒူသက၏ ဖြစ်ကြောင်းတည်း။ သီးခြား လက္ခဏာဖြင့် ထိုကံ မထိုက်လျှင် အဘယ်ကြောင့် သုနိဿာရိတ ဖြစ်သနည်း။ အလိုရှိလျှင် စသည်ဖြင့် ဟောသောကြောင့်တည်း။

ဤ၌ ကုလဒူသက အမှုကြောင့် ပဗ္ဗာဇနီယကံ ပြုခံရသူသည် ထိုကျောင်း၌ ထို ရွာ၌ မနေအပ် စသော ကျင့်ဝတ်ရှိ၏။ ထိုကျင့်ဝတ်ကို ကုလဒူသက အမှု မရှိသူလည်း ဖြည့်ကျင့်အပ်၏။ ကံငြိမ်းပြီးသော်လည်း ထိုဒါယကာတို့ထံ ပစ္စည်း အလှူမခံရ စသော ကျင့်ဝတ်ကား ရှိ၏။ မဖြည့်ကျင့်အပ်။ ကုသသင်္ဂဟကို မပြုသောကြောင့်တည်း။

ဧဝံ သေသေသု။ တဇ္ဇနီယ ထိုက်သူအား နိယသ ပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ဟု ဟောသည်နှင့် မဆန့်ကျင်လေ သလော။ မဆန့်ကျင်။ မဆုံးဖြတ်ခြင်း စွမ်းဖြင့် တဇ္ဇနိယ ထိုက်ခြင်း စသည် ထင်ရှားသောကြောင့်တည်း။

သံဃာသည် တဇ္ဇနီယကံ ပြုမည်-ဟု ဆုံးဖြတ်လျက် ပဗ္ဗာဇနီယ ကမ္မဝါဖတ်အံ့၊ အဓမ္မကံ ဖြစ်သည်။

ကုလဒူသက အမှု မရှိသူကိုသာလျှင် ပဗ္ဗာဇနီယကံ ပြုမည်ဟု ဆုံးဖြတ်၍ ပဗ္ဗာဇနီယကံ ပြုအံ့၊ ဓမ္မကံ ဖြစ်သည်ဟု မှတ်အပ်၏။

ဤသို့ နိဿရဏဖြင့် အလိုရှိအပ်သော ပဗ္ဗာဇနီယကံ စွမ်းဖြင့် အနက်ကို ပြ၍ နောက်၌ တဇ္ဇနီယ စသည် စွမ်းဖြင့် နိဿာရဏ၌ အလိုရှိသောကြောင့် မထုတ်ထိုက်သူ၏ ဆန့်ကျင်ဘက် ထုတ်ထိုက်သူရှိ၏။ ထိုကို ထုတ်လျှင် သုနိဿရိတ ဖြစ်၏ဟု အနက်ဖြစ်သင့်သည်ကို ပြခြင်းငှါ တစ်ဖန် “သံဃာသည် ထုတ်အံ့ ဟူသည်” စသည်ကို အဋ္ဌကထာ ဆိုသည်။

တဇ္ဇနီယကံ စသည် အရာ၌ အင်္ဂါတစ်ပါး တည်းဖြင့်လည်း နိဿာရဏကို ခွင့်ပြုသည်ကို ယောဇနာ အပ်၏။ ဤ၌ အပ္ပတ္တော နိဿရဏံသည် အာပန္နော အနက်ဖြစ်၏။ သီခြားလက္ခဏာစွမ်းဖြင့် တဇ္ဇနီယ စသော နိဿာရဏသို့ ပစ္စော-ရောက်၏ဟု အနက်ယူအပ်၏။

သာဋီ ... အထူးကား-နတ္တိ ဧတဿ အပဒါနံ အဝခဏ္ဍနံ အာပတ္တိ ပရိယန္တောတိ အနပဒါနော။ အာပတ် ပိုင်းခြားမရှိ များသူ။

ဇီဋီ ... ထိုထက် မထူး။)

မသွင်းထိုက်ဘဲ သွင်းအပ်သူ

ချစ်သားတို့၊ ဩသာရဏာ - သံဃာဘောင်သို့ သွင်းခြင်းတို့သည် နှစ်မျိုးရှိကုန်၏။ မသွင်းထိုက်သူကို သံဃာသည် သွင်းအံ့၊ အချို့ သောသာရိတ - ကောင်းသော သွင်းခြင်း ဖြစ်၏။ အချို့ ဒေါသာရိတ-မကောင်းသော သွင်းခြင်းဖြစ်၏။

ဒေါသာရိတ ဖြစ်ပုံကား၊ ချစ်သားတို့၊ ပဏ္ဍုက်သည် မသွင်းထိုက်။ သွင်းအံ့၊ ဒေါသာရိတ ဖြစ်၏။ ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒုသံ၊ ဥဘော-ဤ ၁၁-ယောက်သည် မသွင်းထိုက်၊ သွင်းအံ့၊ ဒေါသာရိတ ဖြစ်၏။

သောသာရိတ ဖြစ်ပုံကား-ချစ်သားတို့၊ ဟတ္တစ္ဆိန္န - လက်ပြတ်သူသည် မသွင်းထိုက်။ သွင်းအံ့၊ သောသာရိတ ဖြစ်၏။ လက်ပြတ်၊ ခြေပြတ်၊ လက် ခြေ ပြတ်။ နားပြတ်၊ နှာပြတ်၊ နား နှာ ပြတ်။ လက်ချောင်း၊ ခြေချောင်းပြတ်၊ လက်မ ခြေမ ပြတ်၊ အကြောမကြီးပြတ် (၉)၊ လက်ပျစ်သူ၊ ကုန်းသူ၊ ကွသူ၊ လည်ပင်း၌ ထွတ်မြင်းဖု ရှိသူ၊ သံပူကပ်ခံရသူ၊ တွေ့ရာသတ်စေ-ဟု မင်းအမိန့်ပေးခံရသူ (၇)၊ ခြေထိုင်းသူ၊ မြင်းသရိုက် စသော အနာဆိုး ရှိသူ၊ ပရိဒူသက အပြစ်ရှိသူ၊ တစ်ဘက်ကန်းသူ၊ လက်ခြေ ကောက်သူ၊ ခြေခွင်သူ၊ ကိုယ်တစ်ခြမ်းသေသော ဖက်သကတ်စွဲသူ၊ ဣရိယာပုထ် ဆွံ့သူ၊ အို၍ အားနည်းသူ (၉)၊ စုံလုံးကန်းသူ၊ အ သူ၊ ပင်းသူ၊ ကန်း ကန်း အ သူ၊ ကန်း ပင်းသူ၊ အ ပင်းသူ၊ ကန်း အ ပင်းသူ (၇) - ဤ ၃၂- ယောက်သည် မသွင်းထိုက်၊ သံဃာသည် သွင်းအံ့၊ သောသာရိတ ဖြစ်၏။

[ဩသာရဏာတိ ပဝေသနာ။ သွင်းအံ့ ဟူသည် ဥပသမ္ပဒကံ စွမ်းဖြင့် သွင်းအံ့။ (ဝါ- ရဟန်း ပြုပေးအံ့)။ ဒေါသာရိတာတိ ရဩသာ ရိတာ-သွင်းသည် မမည်။ အကြိမ်တစ်ထောင် ရဟန်းပြုပေးသော်လည်း ရဟန်း မဖြစ်။ ဆရာ၊ ဥပဇ္ဈာယ်၊ ကာရက သံဃာ - တစ်ယောက်မျှ အာပတ် မလွတ်၊ ထိုကြောင့် အဘဗ္ဗ ပုဂ္ဂိုလ် တစ်ကျိပ်တစ်ယောက်သည် ဒေါသာရိတ ဖြစ်၏။ လတ်ပြတ် စသော ၃၂-ယောက်သည် သုဩသာရိတ ဖြစ်၏။ ရဟန်း ပြုပေးလျှင် ရဟန်း ဖြစ်ကုန်၏။ တစ်စုံတစ်ခု ဆိုခြင်းငှါ မရအပ်ကုန်။ ဆရာ၊ ဥပဇ္ဈာယ်၊ ကာရက သံဃာ - တစ်ယောက်မျှ အာပတ်မလွတ်။]

(ဇီဋီ ... ဒုဩသာရိတ ပါဠိ၌ အသက် ၂၁-မပြည့်သူ မလာ။ ဝတ္တု ဝိပန္န ဖြစ်သောကြောင့်ဟု ဆိုအပ်၏။ ဤ ခန္ဓက၌ အဓမ္မကံကိုသည် နှစ်ဖို့ ဖြစ်၍ ငါးပါး လာကုန်၏။ ပရိဝါ၌ ဤခန္ဓက၌ အဓမ္မိက ငါးပါးဟု ဆိုသည်။

ကန်း အ ပင်း သူသည် သောသရိတ ဖြစ်၏ ဟူသော စကားဖြင့် ရှင်သာမဏေ မဖြစ်သူအားလည်း ရဟန်းအဖြစ် ရောက်သည်ဟု ထင်ရှား၏။)

ဥက္ခိတ္တက သတ္တက သုံးခု

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းအား ရှုစရာ အာပတ် မရှိ။ ထိုရဟန်းကို သံဃာသည် သမ္ပဟုလသည် ပုဂ္ဂလသည် ငါ့ရှင်၊ သင်သည် အာပတ်သို့ ရောက်၏။ ရှု၏ လောဟု စောဒနာအံ့၊ ငါအား ရှုစရာ အာပတ် မရှိဟု ဆိုအံ့၊ ထိုရဟန်းကို သံဃာသည် အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တကကံ ပြုအံ့၊ အဓမ္မကံဖြစ်၏။

ထိုအတူ ရဟန်းအား ကုစားစရာ အာပတ်မရှိ။ ထိုကို ... ကုစားလောဟု စောဒနာအံ့။ ငါအား ကုစားစရာ အာပတ်မရှိဟု ဆိုအံ့။ ထိုကို သံဃာသည် အာပတ်ကို မကုစားခြင်းကြောင့် ဥက္ခိတ္တကကံ ပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ရဟန်းအား စွန့်စရာ ယုတ်မာသော အယူမရှိ။ ထိုကို ... စွန့်လောဟု စောဒနာအံ့၊ ငါအား စွန့်စရာမရှိဟုဆိုအံ့။ ဥက္ခိတ္တကကံ ပြုအံ့၊ အဓမ္မ ဖြစ်၏။ (ဧကက သုံး)။

ချစ်သားတို့၊ ရဟန်းအား ရှု မရှိ၊ ကု မရှိ။ ... မရှိဟု ဆို၍ ကံပြုအံ့၊ ရှု၊ စွန့် မရှိ၊ ... ကံပြုအံ့။ ကု၊ စွန့် မရှိ ... ... ကံ့ပြုအံ့၊ အဓမ္မကံဖြစ်၏ (ဒုက သုံး)။

ချစ်သားတို့၊ ရဟန်းအား ရှု မရှိ၊ ကု မရှိ၊ စွန့် မရှိ ... မရှိဟု ဆို၍ ကံပြုအံ့၊ အဓမ္မကံ ဖြစ်၏။ (တိက ၁)။

အဓမ္မ သတ္တကတည်း။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းအား ရှုစရာ အာပတ် ရှိ၏။ ... ... ရှု၏လောဟု စောဒနာအံ့၊ ရှုပါမည်ဟု ဆိုအံ့၊ မရှုခြင်းကြောင့် ကံမပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ထိုအတူ ကု ရှိ၏။ စွန့် ရှိ၏။ (၃) ရှု ကု ရှိ၏။ ရှု စွန့် ရှိ၏။ ကု စွန့် ရှိ၏။ (၃) ကု စွန့် ရှိ၏။ (၁) ရှု ကု စွန့်ပါမည်ဟု ဆိုအံ့၊ မရှု မကု မစွန့်ခြင်းကြောင့် ကံပြုအံ့၊ အဓမ္မကံ ဖြစ်၏။ (အဓမ္မသတ္တက တည်း)။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းအား ရှုစရာ အာပတ် ရှိ၏။ ... ရှု၏လောဟု စောဒနာအံ့၊ ငါအား ရှုစရာ အာပတ်မရှိဟု ဆိုအံ့။ မရှု ခြင်းကြောင့် ကံပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ကု ရှိ၏။ စွန့် ရှိ၏ (၃) ရှု ကု ရှိ၏။ ရှု စွန့် ရှိ၏။ ကု စွန့် ရှိ၏ (၃) ရှု ကု စွန့် ရှိ၏ (၁) မရှိဟု ဆိုအံ့၊ အဓမ္မကံ ဖြစ်၏။ (ဓမ္မကံ သတ္တက တစ်ခု၊)

[ဤ ဝါရကို အဘူတ ဝတ္ထုစွမ်းဖြင့် အဓမ္မကံကို၊ ဘူတစွမ်းဖြင့် ဓမ္မကံကို ပြခြင်းငှါ ဟောသည်။ ပဋိနိဿဇ္ဇိတာတိ ပဋိနိဿဂ္ဂိ တဗ္ဗာ။]

(ပရိဝါ ဧကုတ္တရိက သတ္တက၌ ပြလတ္တံ့။ မထင်ရှားသောကြောင့် ဤမှ ဆောင်သိအပ်၏။)

ရှင်ဥပါလိ လျှောက်ခန်း

အဓမ္မ အဝိနယ ၁၅

ထိုအခါ ရှင်ဥပါလိသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့ လျှောက်၏။ မြတ်စွာဘုရား၊ သမဂ္ဂ သံဃာသည် မျက်မှောက်ပြုအပ်သော ကံကို မျက်ကွယ်ပြုအံ့၊ ထိုကံသည် ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် အဓမ္မကံ အဝိနယကံ ဖြစ်၏။ မြတ်စွာဘုရား၊ သမဂ္ဂသံဃာသည် မေး၍ ပြုအပ်သောကံကို မပေးမူ၍ ပြုအံ့၊ ဝန်ခံခြင်းဖြင့် ပြုအပ်သော ထိုကို ဝန်မခံခြင်းဖြင့် ပြုအံ့ (၃)

သတိဝိနည်းထိုက်သူအား အမုဠှ ဝိနည်းကို ပေးအံ့၊ အမုဠှ ထိုက်သူအား တဿပါပိယျသိကကံ ပြုအံ့၊ တဿပါပိ ထိုက်သူအား တဇ္ဇနီယကံ ပြုအံ့ (၃)။

တဇ္ဇနီယ ထိုက်သူအား နိယသကံ ...။ နိသယ ထိုက်သူအား ပဗ္ဗာဇနီယကံ ... ။ ပဗ္ဗာထိုက်သူအား ပဋိသရဏီယကံ၊ ပဋိထိုက်သူအား ဥက္ခေပနီယကံ၊ ဥက္ခေ ထိုက်သူအား ပရိဝါသ် ပေးအံ့ (၅)။

ပရိဝါသ် ထိုက်သူကို အရင်းသို့ ငင်အံ့၊ အရင်းငင်ထိုက်သူအား မာနတ် ပေးအံ့၊ မာနတ် ထိုက်သူကို အဗ္ဘာန် သွင်းအံ့၊ အဗ္ဗာန် ထိုက်သူကို ရဟန်း ပြုပေးအံ့ (၄)။

ထိုကံသည် ဓမ္မကံ ဝိနယကံဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် အဓမ္မကံ ဝိနယကံ ဖြစ်၏။(၁၅)။

ဥဒ္ဒါန်း ဂါထာတို့၌ ပုဂ္ဂိုလ် ၁၆-ရေတွက်သည်။

ချစ်သား ဥပါလိ၊ သမဂ္ဂသံဃာသည် မျက်မှောက်ကံကို မျက်ကွယ်ပြုအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ ပြုလျှင် သံဃာသည် အပြစ်ရှိ၏။ မေး၍ ပြုအပ်သော ထိုကံ ပေးမှု ပြုအံ့။ ...လ...။ အဗ္ဘာန်ထိုက်သူကို ရဟန်းပြုပေးအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

ဓမ္မဝိနယ ၁၆

မြတ်စ္စာဘုရား၊ သမဂ္ဂ သံဃာသည် မျက်မှောက်ကံကို မျက်မှောက်ပြုအံ့၊ ထိုကံသည် ဓမ္မကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် ဓမ္မကံ ဝိနယကံ ဖြစ်၏။ ပဋိပုစ္ဆာ၊ ပဋိညာ (၃) သတိ၊ အမုဠှ၊ တဿပါပိ (၃) တဇ္ဇနီ၊ ယိသ၊ ပဗ္ဗာ၊ ပဋိ၊ ဥက္ခေ (၅) ပရိဝါသ်၊ မူလာယ၊ မာနတ္တ၊ အဗ္ဘာန၊ ဥပသမ္ပဒကံ ပြုထိုက်သူကို ရဟန်း ပြုပေးအံ့ (၅) ဓမ္မကံ ဝိနယကံ ဖြစ်၏။ (၁၆-ဖြစ်သည်။)။

ချစ်သား ဥပါလိ၊ သမဂ္ဂ သံဃာသည် မျက်မှောက်ကံကို မျက်မှောက်ပြုအံ့။ ...လ...။ ဥပသမ္ပဒကံ ပြုထိုက်သူကို ရဟန်းပြုပေးအံ့၊ ဓမ္မကံ ဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်မရှိ။

ဒွိမူ အဓမ္မ ၁၂

မြတ်စွာဘုရား၊ သမဂ္ဂ သံဃာသည် သတ္တိဝိနည်း ထိုက်သူအား အမုဠှ ဝိနည်းကို၊ အမုဠှ ထိုက်သူအား သတိကို ပေးအံ့၊ ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် အဓမ္မကံ အဝိနယကံ ဖြစ်၏။

အမုဠှ ထိုက်သူအား တဿ…တဿ ထိုက်သူအား အမုဠှ။ တဿအား တဇ္ဇနီ ... တဇ္ဇနီအား တဿ (၃)

တဇ္ဇနီအား နိယသ ... နိယသအား တဇ္ဇနီ၊ နိယသအား ပဗ္ဗာ ... ပဗ္ဗာအား နိယသ၊ ပဗ္ဗာအား ပဋိ ... ပဋိအား ဥက္ခေ ... ဥက္ခေအား ပဋိ၊ ဥက္ခေအား ပရိဝါယ် ... ပရိဝါသ်အား ဥက္ခေ (၅)

ပရိဝါကို မူလာ … မူလာအား ပရိဝါသ်၊ မူလာအား မာနတ် ... မာနတ်ကို မူလာ၊ မာနတ်ကို အဗ္ဘာန် ... အဗ္ဘာန်အား မာနတ်၊ အဗ္ဘာန်ထိုက်သူကို ရဟန်းပြု ... ရဟန်းပြုထိုက်သူကို အဗ္ဘာန်သွင်းအံ့ (၄)

ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သားဥပါလိ၊ အဓမ္မကံ ဝိနယကံ ဖြစ်၏ (၁၂-ဝါရ)။

ချစ်သား ဥပါလိ၊ သမဂ္ဂ သံဃာသည် သတိအား အမုဠှ ... အမုဠှအား သတိ။ …လ…။ အဗ္ဘာန်ထိုက်ကို ရဟန်းပြု ..ရဟန်းပြုထိုက်ကို အဗ္ဘာန်သွင်းအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

ဒွိမူ ဓမ္မ ၁၂

မြတ်စွာဘုရား၊ သမဂ္ဂ သံဃာသည် သတိ ဝိနည်းထိုက်သူအား သတိဝိနည်းကို ... အမုဠှ ဝိနည်းထိုက်သူအား အမုဠှကို ပေးအံ့၊ ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် ဓမ္မကံ ဝိနယကံ ဖြစ်၏။

အမုဠှ ထိုက်အား အမုဠှ … တဿ ထိုက်သူအား တဿ ပြုအံ့။ တဇ္ဇနီအား တဇ္ဇနီ (၃)၊

နိယသအား နိယသ၊ ပဗ္ဗာအား ပဗ္ဗာ၊ ပဋိအား ပဋိ၊ ဥက္ခေအား ဥက္ခေ၊ ပရိဝါသ် ထိုက်သူအား ပရိဝါသ် ပေးအံ့ (၅)၊

မူလာ ထိုက်သူအား မူလာ၊ မာနတ် ထိုက်သူအား မာနတ်၊ အဗ္ဘာန် ထိုက်သူကို အဗ္ဘာန်၊ ရဟန်းပြုထိုက်ကို ရဟန်း ပြုပေးအံ့ (၄)၊

ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ဓမ္မကံ ဝိနယကံ ဖြစ်၏။ (၁၂-ဝါရ)။

ချစ်သား ဥပါလိ၊ သမဂ္ဂ သံဃာသည် သတိထိုက်သူအား သတိကို အမုဠှ ထိုက်သူအား အမုဠှကို ပေးအံ့၊ ...လ…။ တဿ ထိုက်သူအား တဿ၊ တဇ္ဇနီအား တဇ္ဇနီ (၃)၊

နိယသ ထိုက်၊ ပဗ္ဗာ ထိုက်၊ ပဋိ ထိုက်၊ ဥက္ခေ ထိုက်၊ ပရိဝါသ် ထိုက် (၅)၊

မူလာ ထိုက်၊ မာနတ် ထိုက်၊ အဗ္ဗာ ထိုက်၊ ရဟန်းပြုထိုက် သူကို ရဟန်း (၄) ပြုပေးအံ့ (၁၂-ဝါရ) ဓမ္မကံ၊ ဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်မရှိ။

[ဥပါလိ ပဥှာတို့၌လည်း ဝတ္တုစွမ်းဖြင့်သာ ဓမ္မကံ၊ အဓမ္မကံကို ဝေဖန်တော်မူသည်။ ကံ၌ ဧကမူ၊ ဒွိမူဟု နှစ်နည်း ရှိ၏။ ဧကမူ ပေါ်လွင်၏။ ဒွိမူ၌ သတိကို အမုဠှနှင့် ပုစ္ဆာတစ်ခုပြု၏။ ထိုအတူ အမုဠှ စသည် တို့ကိုလည်း၊ တဿ ပါပါ စသည်တို့နှင့် ပြု၏။ အဆုံး၌ “ရဟန်းပြု ထိုက်သူကို ရဟန်းပြုပေးအံ့”ဟု တစ်ပုဒ်သာ ဖြစ်၏။ နောက်၌ ဘိက္ခုတို့ ဝဂ် သတိ ဝိနယကို အစပြု၍ တစ်ပုဒ်တစ်ပုဒ်နှင့်အတူ ကြွင်း ပုဒ်တို့ကိုလည်း ယှဉ်စေအပ်ကုန်၏။]

မြတ်စွာဘုရား၏ မိန့်ခွန်းတော်

အဓမ္မ ၁၃ မူ x ၁၂-လီ ၁၅၆

ထိုအခါ မြတ်စွာဘုရားသည်၊ ရဟန်းတို့ကို သိစေတော်မူ၏။ ချစ်သားတို့၊ သမဂ္ဂ သံဃသည် သတိ ဝိနည်း ထိုက်သူအား အမုဠှ ဝိနည်းကို ပေးအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

သတိထိုက်သူအား တဿ၊ တဇ္ဇနီ၊ နိ၊ ပဗ္ဗော၊ ပဋိ၊ ဥက္ခေ ပြုအံ့ (၇) ပရိဝါသ်၊ မူလာ၊ မာနတ်၊ အဗ္ဘာန်၊ ဥပသမ္ပဒ ပြုပေးအံ့(၅)၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။ (၁၂-ဝါရ)။

ချစ်သားတို့၊ အမုဠှ ထိုက်သူအား တဿ၊ တဇ္ဇနီ၊ ...လ... ၊ ဥပသမ္ပဒ၊ သတိ ဝိနည်းပေးအံ့ (၁၂-ဝါရ)။

တဿ ထိုက်သူအား၊ တဇ္ဇနီ ထိုက်သူအား၊ နိ၊ ပဗ္ဗာ၊ ပဋိ၊ ဥက္ခေ၊ ပရိဝါသ်၊ မူလာ၊ မာနတ်၊ အဗ္ဘာန်၊ ဥပသမ္ပဒ ထိုက်သူအား (၁၂−ဝါရစီ။ မူလ ၁၃-ဝါရ ပေါင်း ၁၅၆။) အဓမ္မ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

[ဣဓ ပန ဘိက္ခဝေ ဘိက္ခု ဘဏ္ဍန ကာရကော-စသည် (ဟောလတ္တံ့) ကို အဓမ္မ ဝဂ္ဂ၊ အဓမ္မ သမဂ္ဂ၊ ဓမ္မေ ဝဂ္ဂ၊ ဓမ္မပတိရူပက ဝဂ္ဂ၊ ဓမ္မ ပတိရူပက သမဂ္ဂ-ဟု ငါးခုစွမ်းဖြင့် စက်ဖွဲ့၍ တဇ္ဇနီယ စသော ခုနစ်ပါးသော ကံတို့၌ လည်းကောင်း၊ ကံငြိမ်းခြင်းတို့၌ လည်းကောင်း ဝိပတ္တီကို ပြခြင်းငှါ ဟောသည်။ ထို၌ အနပဒါနသည် အာပတ်ပိုင်းခြား မရှိ ဟူသော အနက်တည်း။

ထိုနောက် ပဋိကုဋ္ဌကတ-ကံအပြားကို ပြခြားကို ပြခြင်းငှါ ထို ပါဠိကိုသာလျှင် အကတံ ကမ္မံ စသည်တို့နှင့် နှော၍ ဟောတော်မူသည်။ ပါဠိတော်အတိုင်းပင် မသိနိုင်ဖွယ် တစ်စုံတစ်ခု မရှိ၊ ထိုကြောင့် အကျယ် မဖွင့်လိုပြီ။]

ကံအပျက် - ၁၇၅

ချစ်သားတို့၊ ဤသာသနာ၌ ငြင်းခုံသော ရဟန်းကို တဇ္ဇနိယကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် တဇ္ဇနီယကံကို ပြုကုန်၏။ ကံပြုခံရသူကို ကျောင်းတစ်ပါးသို့ ရောက်သွားသောအခါ အဓမ္မ ဝဂ္ဂဖြင့် ပြုထားသည်ကို ပြင်၍ အဓမ္မ သမဂ္ဂဖြင့် ပြုကုန်၏။ ထိုအတူ ထိုထို ကျောင်းသို့ ရောက်သွားသောအခါ ဓမ္မဝဂ္ဂဖြင့် ပြုကုန်၏။ ဓမ္မ ပဋိရူပက ဝဂ္ဂဖြင့် ပြုကုန်၏။ ဓမ္မပဋိရူပက သမဂ္ဂဖြင့် ပြုကုန်၏(၅)။

ထိုအတူ တဇ္ဇနီယကံ ပြုအံ့ဟု အဓမ္မ သမဂ္ဂဖြင့် ပြုကုန်၏၊ ထိုကို ဓမ္မ ဝဂ္ဂ စသည်ဖြင့် ပြုကုန်၏(၅)၊

ဓမ္မဝဂ္ဂဖြင့် ပြုကုန်၏။ ကံကို (၅)၊

ဓမ္မပဋိရူပက ဝဂ္ဂဖြင့် ပြုကုန်၏၊ ကံကို (၅)၊

ဓမ္မပဋိရူပက သဂ္ဂဖြင့် ပြုကုန်၏။ ထိုကို (၅။ (ငါး ငါးလီ ၂၅-ဝါရ)။

ဗာလ အဗျတ္တ အာပတ် ပိုင်းခြား မရှိသူကို ဂိဟိသံသဂ္ဂကို နိယသကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် ပြုကုန်၏ (၂၅-ဝါရ)။

ကုလ ဒူသကကို ပဗ္ဗာဇနီယ (၂၅-ဝါရ)။

လူကို ဆဲသူကို ပဋိသာရဏိယ (၂၅-ဝါရ)။

အာပတ် မရှုသူကို ဥက္ခေပနီယ (၂၅-ဝါရ)။

မကုသူကို ဥက္ခေပနီယ (၂၅-ဝါရ)။

မစွန့်သူကို ဥက္ခေပနီယ (၂၅-ဝါရ)။

(ကံ ခုနစ်ပါး ၂၅-လီ ၁၇၅)။

ကံငြိမ်းအပျက် ၁၇၅

ချစ်သားတို့၊ တဇ္ဇနီယကံပြုခံရ၍ ကောင်းစွာ ကျင့်၍ ကံငြိမ်းခြင်းကို တောင်းပန်သူကို တဇ္ဇနီယကံ ငြိမ်းစေကုန်အံ့ဟု အဓမ္မဝဂ္ဂဖြင့် ငြိမ်းစေကုန်၏။ ထိုကို (၂၅) နိယသကံ ပြုခံရ၍ ကောင်းစွာ ကျင့်၍ တောင်းပန်သူကို နိသယကံ ငြိမ်းစေကုန်အံ့ဟု (၂၅)၊ ပဗ္ဗာဇနီယကံ ငြိမ်းစေကုန်အံ့ဟု (၂၅)၊ ပဋိသာရဏီယကံ ငြိမ်းစေကုန်အံ့ဟု (၂၅)၊ မရှု ဥက္ခေပနီယကံ (၂၅)၊ မကု (၂၅)၊ မစွန့် (၂၅)။

(ကံ ခုနစ်ပါး ၂၅ လီ ၁၇၅။)

ကံပြု၍ ဓမ္မဝါဒီ ၁၇၅

ချစ်သားတို့၊ ငြင်းခုံသော ရဟန်းကို တဇ္ဇနီယကံ ပြုအံ့ဟု အဓမ္မဝဂ္ဂ စသည်ဖြင့် (၂၅-ချက်) ပြုကုန်၏။ ထို၌ တည်သော သံဃာသာ “အဓမ္မ စသည်ဖြင့် ပြုသောကြောင့် အကတံ ကမ္မံ မပြုအပ်သော၊ ဒုက္ကဋံ ကမ္မံ -မကောင်းသဖြင့် ပြုသောကံ၊ ပုနကာ တဗ္ဗံကမ္မံ - တစ်ဖန်ပြု အပ်သောကံဖြစ်သည်”ဟု ငြင်းခုံအံ့ (ဝါ-တားမြစ်အံ့)။ ထို၌ အဓမ္မဝဂ္ဂဟု ဆိုသူ၊ အကတံကမ္မံ စသည်ဖြင့် ဆိုသူတို့သည် (ဝါ-တားသူတို့သည်) အဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅)၊

ဗာလကို နိယသကကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် ပြုရာ၌ အဓမ္မဂ္ဂ၊ အကတံ ကမ္မံ စသည်ဖြင့် တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅)၊

ကုလ ဒူသကကို ပဗ္ဗာဇနီယကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် ပြုရာ၌ (၂၅)၊

လူကို ဆဲသူကို ပဋိသာရဏီယ အဓမ္မဝဂ္ဂဖြင့် ပြုရာ၌ (၂၅)၊

အာပတ် မရှုသူကို (၂၅)၊

မကုကို (၂၅)၊

မစွန့်ကို အဓမ္မ ပြုရာ၌ တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏။ (၂၅)၊

(၂၅ × ၇ လီ - ၁၇၅)။

ကံငြိမ်း၍ ဓမ္မဝါဒီ ၁၇၅

ချစ်သားတို့၊ တဇ္ဇနီယကံ ပြုခံရ၍ ကောင်းစွာ ကျင့်၍ ကံငြိမ်းခြင်းကို တောင်းပန်သူကို တဇ္ဇနီယကံ ငြိမ်းစေကုန်အံ့ဟု အဓမ္မဝဂ္ဂ စသည်ဖြင့် ငြိမ်းစေကုန်၏။ ထို၌ တည်သော သံဃာသည် အဓမ္မဝဂ္ဂ ဖြစ်သည်၊ အကတံ ကမ္မံ ... စသည်ဖြင့် ငြင်းခုံကုန်အံ့။ (ဝါ-တားကုန်၏။) တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅)၊

နိယသ၊ ပဗ္ဗာ၊ ပဋိ၊ မရှု၊ မစွန့် ကံခုနစ်ပါး၌ တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅-စီ)။

စမ္ပေယျက္ခန္ဓကံ နဝမံ။ ။ ဝတ္ထု ၃၆။

(၁၇၅ x လေးလီ ၇၀၀ သော ဝါရတို့ကို ဟောတော်မူ၏။)

စမ္ပေယျက္ခန္ဓက ပြီး၏။

၁ဝ။ ကောသမ္ဗကက္ခန္ဓက

သံဃာ နှစ်သင်းကွဲခြင်း

ထိုအခါ မြတ်စွာဘုရားသည်၊ ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် အာပတ်သို့ရောက်၍ အာပတ်ဟု အယူရှိ၏။ တစ်ပါးသော ရဟန်းတို့သည် အနာပတ္တိဟု အယူရှိကုန်၏။ နောက်အခါ၌ ထိုရဟန်းသည် အနာပတ္တိဟု အယူရှိ၏။ တစ်ပါးသော ရဟန်းတို့သည် အာပတ္တိဟု အယူရှိ၍ ငါ့ရှင်၊ သင်သည် အာပတ်သို့ ရောက်၏၊ မြင်၏လော ဟု ဆိုကုန်၏။

မမြင်၊ မရှုရာ အာပတ်မရှိဟု ဆိုသဖြင့် အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တကကံဖြင့် နှင်ကုန်၏။ ထိုရဟန်းသည် ဗဟုဿုတ ဝိနည်းဆောင် မာတိကာဆောင် လဇ္ဇီဖြစ်၍ မိတ်ဆွေ ရဟန်းတို့ကို ငါ့ရှင်တို့၊ အနာပတ္တိဖြစ်၍ မနှင်ထိုက်၊ အဓမ္မကံ ဖြစ်သည်၊ ဓမ္မဝိနယအားဖြင့် အကျွန်ုပ်၏ အသင်းဖြစ်ကြပါဟု ဆို၏။ ဇနပုဒ်နေ မိတ်ဆွေ ရဟန်းတို့ကိုလည်း ထိုအတူဆို၏။ အပင်းအသင်း ရ၏။

ထိုအခါ ဥက္ခိတ္တာ နုဝတ္တက-နှင်အပ်သူတို့ အတူလိုက်သော ရဟန်းတို့သည် ဥက္ခေပက-နှင်သူတို့ကို အနာပတ္တိ ဖြစ်၍ မနှင်တိုက် အဓမ္မကံ ဖြစ်သည်ဟု ဆိုကုန်၏။ နှင်ထုတ်သူတို့သည်လည်း အတူလိုက်တို့ကို အာပတ္တိဖြစ်၍ နှင်ထိုက်၏၊ ဓမ္မကံ ဖြစ်၏။ သင်တို့ အတူမလိုက်ကြကုန်နှင့်ဟု ဆိုကုန်၏။ ဤသို့ ဆိုသော်လည်း အတူလိုက်ကုန်၏၊ ခြံရံကုန်၏၊ ထိုအခါ ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်၏။

[နှင်ရာ၌ အစဉ်အတိုင်းကား ... နှစ်ပါးသော ရဟန်းတို့သည် တစ်ခုသော အာဝါသ၌ ဝိနည်းဓိုရ်တစ်ပါး သုတ္တန်ဆောင်တစ်ပါး နေကုန်သတတ်။ တစ်နေ့၌ သုတ္တန်ဆောင်သည် ဝစ္စကုဋိသို့ ဝင်၍ သန့်သက်ရေ ကြွင်းကို ခွက်၌ထား၍ ထွက်၏။ ဝိနည်းဓိုရ်သည် နောက်၌ ဝင်လတ်သော် ရေကြွင်းကို မြင်၍ ထွက်ခဲ့၍ ထိုရဟန်းကို ငါ့ရှင်၊ ရေကြွင်းကို ထားခဲ့သလောဟု မေး၏။ ထားခဲ့ပါသည်။ အာပတ်သင့်ခြင်းကို မသိသလော၊ မသိပါ။ ဤ၌ အာပတ်သည် ရှိ၏။ အာပတ်ရှိလျှင် ဒေသနာ ကြားပါအံ့။ ငါ့ရှင် စေတနာမရှိ သတိမရပြုလျှင် အာပတ်မရှိဟု ဆို၏။ ထိုရဟန်းသည် ထိုအာပတ်၌ အနာပတ္တိဟု အယူရှိသူဖြစ်၏။

ဝိနည်းဓိုရ်သည် မိမိ တပည့်တို့ထံ-ဤ သုတ္တန်ဆောင်သည် အာပတ်သို့ ရောက်သော်လည်း ရောက်သည် ကိုမျှ မသိ-ဟု ပြောကြား၏။ ထိုရဟန်းတို့သည် သုတ္တန်ဆောင်၏ တပည့်တို့ကို မြင်လတ်သော်၊ သင်တို့၏ ဥပဇ္ဈာယ်သည် အာပတ်သို့ ရောက်၍လည်း အာပတ်ဖြစ်ခြင်းကို မသိဟု ဆိုကုန်၏။ မိမိ ဥပဇ္ဈာယ်အား ပြန်၍ လျှောက်လတ်သော် ဤ ဝိနည်းဓိုရ်သည် အနာပတ္တိဟု ဆိုပြီးမှ ယခု အာပတ္တိဟု ဆိုသည်။ မုသာဝါဒီဟု ဆို၏။

သုတ္တန်ဆောင် တပည့်တို့သည် သွား၍ သင်တို့ ဥပဇ္ဈာယ် မုသားဆိုသည်ဟု အချင်းချင်း ငြင်းခုံခြင်း တိုးပွား ကုန်၏။ ထိုနောက် ဝိနည်းဓိုရ်သည် အခွင့်ရ၍ သုတ္တန်ဆောင်အား အာပတ် မရှုခြင်းကြောင့် ဥက္ခေပနီယကံ ပြုခြင်းဖြင့် နှင်လေ၏။]

(သာဋီ … အာပတ်ရှိလျှင် ဒေသနာကြားပါအံ့ ဟူသည် ဆိုလွယ်သော စကားရှိ၏ အဖြစ်ဖြင့် လည်းကောင်း၊ သိက္ခာ လိုလားသူ၏ အဖြစ်ဖြင့် လည်းကောင်း၊ အာပတ်ကို ရှုပြီးသူတည်း။

အာပတ်မရှိ ဟူသည်ကို အနာပတ္တိ ပက္ခလည်းဖြစ်နိုင်သည် ဟူသော အဓိပ္ပါယ်ဖြင့် ဆိုသည်။ ဆိုသော်လည်း အာပတ္ထိသာတည်း။ ထိုကြောင့် ... “သောတဿာ အာပတ္တိယာ အနာပတ္တိ ဒိဋ္ဌိဟောတိ”ဟု ဆိုပြီ။

ဝိဋီ ... အာပတ်ရှိလျှင် ဒေသနာကြားပါအံ့ ဟူသည်ကို ဝိနည်းဓိုရ်၏ စကားဖြင့် အာပတ်ဟု အယူရှိ၍ ဆိုသည်။

အာပတ် မရှိ ဟူသည် ရေကိုထားခြင်းကို မသိ၍ လည်းကောင်း၊ ထားသော ရေကို စွန့်ခြင်းငှါ မေ့၍ လည်းကောင်း သွားရာ၌ စေတနာမရှိ၊ သတိ မရသဖြင့် အနာပတ္တိ ပက္ခသည်လည်း ဖြစ်နိုင်၏ဟု ဝိနည်းဓိုရ်ဆိုသည် ထိုရေကြွင်း ထားရာ၌ အနာပတ္တိ အယူဖြင့် ဆိုသည်။ ထိုကြောင့် တစ်ပါးသော ရဟန်း တို့သည် အနာပတ္တိဟု အယူရှိကုန်၏ဟု ပါဠိတော်၌ ဆိုသည်။ ပရိသတ်နှင့် တကွ အနာပတ္တိ အယူရှိသောကြောင့် “တစ်ပါးသော ရဟန်းတို့သည်” ဟု ဗဟုဝုစ် ပြုသည်။

အနာပတ္တိဟု အယူရှိသူ ဟူသည် ဝိနည်း၌ မလိမ္မာသော သုတ္တန်ဆောင် ဖြစ်ခြင်းကြောင့် ဝိနည်းဓိုရ်၏ စကားမျှဖြင့် အနာပတ္တိဟု ယူသည်။ ရေကြွင်းထားသည်အဖြစ်ကို သိ၍ ထားခြင်းကြောင့် အာပတ္တိသာ ဖြစ်၏။ သေခိယတို့သည် ဝတ္တုမျှသိခြင်းဖြင့်သာ သစိတ္တကတို့ ဖြစ်ကုန်၏။ ပညတ်တော်ကို သိခြင်းဖြင့် မဟုတ်ကုန်၊ ထိုကြောင့် ပါဠိ၌ တဿ အာပတ္တိယာ အာပတ္တိ ဒိဋ္ဌိဟောတိ၊ အနာပတ္တိ ဒိဋ္ဌိနော ဟောန္တိဟု နေရာတိုင်း အာပတ္တိ ဟူ၍သာ ဆိုသည်။

အာပတ်သို့ရောက်သော်လည်း ဟူသည်ကို ထားခဲ့ပါသည်ဟု ဆိုသည်ကို သတိရ၍ စေတနာနှင့်တကွသာ ပြုသည်ဟု အာပတ်အယူရှိ၍သာ ဆိုသည်။

ဇီဋီ ... သုတ္တန်ဆောင်၌ ဝိနည်းဆောင် မာတိကာဆောင် ဟူသည်ကို ဥဘတောဝိဘင်းကို ရည်ဆိုသည်။ ခန္ဓက ဘာဏက ပုဂ္ဂိုလ် မဟုတ် ... စသည်။)

(သေခိယဟူသည်၌ ခန္ဓကဝတ်တို့လည်း ပါဝင်ကုန်၏။ ထို့ကြောင့် သေခိယတို့သည် စသည်ကို ဆိုသည်။)

နှစ်သင်းလုံးသို့သွား၍ ဆုံးမခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရဟန်း သံဃာကွဲပြီ၊ ရဟန်း သံဃာ ကွဲပြီ- ဟု နေရာမှထ၍ ဥက္ခေပကတို့ထံ ချဉ်းကပ်၍ ချစ်သားတို့၊ သင်တို့သည် ဉာဏ်ထက်သည်ဟု အမှတ်မရှိသော အကြောင်းဖြင့်၊ ရဟန်းကို နှင်အပ်သည် ဟု မမှတ်ကုန်လင့်။ ဗဟုသုတ ရှိသူ ထင်ရှားသူ လဇ္ဇီကို နှင်လျှင် ငါတို့သည် ဤရဟန်းနှင့်အတူ ဥပုသ် မပြု-ခွဲ၍ ပြုရကုန်လတ္တံ့၊ ပဝါရဏာအတူ မပြု၊ သံဃကံ အတူမပြု၊ နေရာအတူ မထိုင်(၄)၊

ယာဂု သောက်ရာ၌အတူ မထိုင်၊ ဆွမ်းစားရာ၌ အတူမထိုင်၊ တစ်မိုးတည်း မအိပ်၊ သံတင်းကြီးစဉ် ရှိခိုးခြင်းကို အတူမပြု-ခွဲ၍ ပြုရကုန်လတ္တံ့ (၄)-

ထိုအကြောင်း ရှစ်ပါးကြောင့် ငြင်းခုံခြင်း ကွဲပြားခြင်း ဖြစ်လတ္တံ့။

ချစ်သားတို့၊ ဘေဒဂရုက-ကွဲခြင်း ဝန်လေးသော ရဟန်းသည် အာပတ်မှ ရှုခြင်းကြောင့် မနှင်အပ်ဟု မိန့်တော်မူ၏။ ထိုနောက် ဥက္ခိတ္တာ နုဝတ္တကထံ ချဉ်းကပ်၍ ချစ်သားတို့၊ သင်တို့သည် အာပတ်သို့ရောက်၍ ရောက်သည်မဟုတ် ဟူသည် လည်းကောင်း၊ မကုစားအပ် ဟူ၍ လည်းကောင်း−မမှတ်ကုန်လင့်။ အာပတ်၌ အနာပတ္တိဟု အယူရှိသော်လည်း၊ တစ်ပါးသော ရဟန်းတို့သည် အာပတ္တိဟု အယူရှိကုန်၏။

ဗဟုဿုတ ရှိသူ ထင်ရှားသူ လဇ္ဇီတို့သည် ငါ့ကြောင့် သူကြောင့် အဂတိ မလိုက်ကုန်ရာ၊ ငါ့ကို အကယ်၍ နှင်ကြလျှင် ဤရဟန်းတို့သည် ငါနှင့်အတူ ဥပုသ်မပြု၊ ပဝါရဏာ၊ သံဃကံ၊ အတူ မပြု၊ နေရာ အတူမထိုင် (၄)။ ယာဂုသောက်ရာ၊ ဆွမ်းစားရာ၊ တစ်မိုးတည်း၊ သီတင်းကြီးစဉ် ရှိခိုးခြင်းကို အတူမပြု-ခွဲ၍ ပြုကုန်လတ္တံ့ (၄)။ ထိုအကြောင်း ရှစ်ပါး ကြောင့် ငြင်းခုံ ကွဲပြားခြင်း ဖြစ်လတ္တံ့။

ချစ်သားတို့၊ ဘေဒဂရုက ရဟန်းသည် သူတစ်ပါးတို့ကိုသော်လည်း ယုံကြည်၍ အာပတ်ကို ဒေသနာကြား ကုစားရာ၏ဟု မိန့်တော်မူ၍ ဖဲကြွတော်မူ၏။

(ပရိဝါ ဧကုတ္တရိက အဋ္ဌက၌ ရှစ်ပါးသော အာနိသင်မြင်လျှင် မနှင်အပ်-ဟူ၍ လည်းကောင်း၊ သူတစ်ပါးကို ယုံကြည်၍ ကုစားရာ၏ ဟူ၍ လည်းကောင်း၊ ဤမှ ယူ၍ ဟောလတ္တံ့။)

[ရဟန်း သံဃာ ကွဲပြီဟု နှစ်ကြိမ်ဆိုရာ၌ ကွဲပြီ မဟုတ်သေး။ မိုးကောင်းသောအခါ “ယခု ကောက်ပြည့်စုံပြီ”ဟု ဆိုကြ၏။ မချွတ် ပြည့်စုံလတ္တံ့ သောကြောင့်တည်း။ ဤအတူ မချွတ် ကွဲလတ္တံ့သောကြောင့် ကွဲပြီဟု ဆိုသည်။ ထိုကွဲခြင်းသည်လည်း ကာလ စွမ်းဖြင့်သာ၊ သံဃ ဘေဒစွမ်း မဟုတ်။ သမ္ဘမ (လျှင်မြန်ခြင်း) အနက်စွမ်းဖြင့် နှစ်ကြိမ် အာမေဍိတ်တည်း။

မြတ်စွာဘုရားသည် နှင်သူတို့ကို သင်တို့သည် အကြောင်း မဟုတ်ဘဲ နှင်ကြသည်ဟု ဆိုအံ့၊ အတူ လိုက်သူ တို့ကိုလည်း သင်တို့သည် အာပတ်သို့ ရောက်ကုန်၏ဟု ဆိုအံ့၊ ဘုရားရှင်သည် ဟိုဘက်သားဟု နှစ်ဘက်လုံး အာဃာတ ဖွဲ့ကုန်ရာ၏။ ထိုကြောင့် ပါဠိ အစဉ်ထား၍ ထို အကြောင်း မိန့်တော်မူ၍ ဖဲကြွသွားတော်မူ၏။]

(သာဋီ ..သမ္ဘမ အနက် ဟူသည် တုရိတ အနက်တည်း။

အကြောင်း မဟုတ်ဘဲ ဟူသည် ရှေးဦးစွာ ဝိနည်းဓိုရ် စကားဖြင့် ဒေသနာ ကြားပါအံ့ ဟု ဝန်ခံသည်၊ နောက်၌လည်း ဝိနည်းဓိုရ်၏ စကားဖြင့်သာ အနာပတ္တိ သညာရှိသည်။ ထိုကြောင့် အကြောင်းမဟုတ်။

အတူလိုက်သူတို့ကိုလည်း စသည်ကား ဝတ္ထုကိုသိသော စိတ်ဖြင့် သစိတ္တက အာပတ် ဖြစ်၏။ သုတ္တန် ဆောင်သည်လည်း ရေကြွင်း၌ ရေကြွင်း သညာရှိ၏။ ထိုကြောင့် အာပတ် ရှိသူနောက်သို့သာ သင်တို့ ဆန္ဒာဂတိ လိုက်ကြသည် ဟူသော အဓိပ္ပါယ် ဖြင့် သင်တို့ အာပတ်သို့ ရောက်ကုန်၏ဟု ဆိုငြားအံ့တည်း။

ဝိ ... ကွဲပြီ မဟုတ်သေး ဟူသည်ကို နှင်ခြင်း၊ အတူလိုက်ခြင်းမျှဖြင့် သံဃာကွဲသည် မမည်။ ထိုကိုမှီ၍ နှစ်ဘက်လုံးအသင်း ရှာ၍ အချင်းချင်း ကောဓ စွမ်းဖြင့် ကိုယ် နှုတ် ငြင်းခုံခြင်းဖြင့်သာ ဖြစ်သည်ကို ရည်ဆိုသည်။

သမ္ဘမသည် တူရိကတည်း။ အကြောင်း မဟုတ်ဘဲ စသည်ကို မနှင်မူ၍ အကြောင်းဖြင့် သိစေ၍ အစီးအပွား လိုလားခြင်းဖြင့် အာပတ်မှ လွတ်စေခြင်းငှါ သင့်သော နေရာ၌ ကောဓ စွမ်းဖြင့် ညှဉ်းဆဲခြင်းငှါ ပြုခြင်းကို ရည်ဆိုသည်။ ကံအင်္ဂါ မဖြစ်သည်ကို ရည်ဆိုသည် မဟုတ်။

ထိုကြောင့် ပါဠိတော်၌ အာပတ္တိ ဧသာ ဘိက္ခဝေ၊ နေသာ အနာပတ္တိ။ ...ပ... ။ ဥက္ခိတော ဧကော ဘိက္ခု- စသည်ကို မိန့်ဆို၏။ ဝါ-နောက် အညီအညွတ် ပြုခန်း၌ မိန့်ဆို၏။)

သံဝါသက ဘုံနှစ်မျိုးစီ

ထိုအခါ ဥက္ခိတ္တာ နုဝတ္တက ရဟန်းတို့သည်၊ ထိုသိမ်၌သာ ဥပုသ်ကံ၊ သံဃကံကို ပြုကုန်၏။ ဥက္ခေပက (နှင်တတ်သော) ရဟန်းတို့သည် သိမ်ပသို့ သွား၍ ဥပုသ်ကံ၊ သံဃကံကို ပြုကုန်၏။ ဥက္ခေပက ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်း လျှောက်၏။

ချစ်သားရဟန်း၊ ဥက္ခိတ္တ နုဝတ္တက တို့သည်၊ ထိုသိမ်၌သာ ကံပြုကုန်အံ့၊ ငါဘုရား ပညတ်တိုင်း ဉာတ်ကမ္မဝါဖြင့် ပြုလျှင် ဓမ္မကံ ဖြစ်၏။ သင် ဥက္ခေပကတို့လည်း ထိုသိမ်၌သာ ကံပြုကုန်အံ့၊ ငါ ဘုရား ပညတ်တိုင်း ဉာတ် ကမ္မဝါစာဖြင့် ပြုလျှင် ဓမ္မကံ ဖြစ်၏။ အဘယ် အကြောင်းကြောင့် ဟူမူ ထိုရဟန်းတို့သည် သင်တို့နှင့် နာနာ သံဝါသက၊ သင်တို့သည်လည်း ထိုရဟန်းတို့နှင့် နာနာသံဝါသကတို့ ဖြစ်ကုန်၏။

ချစ်သား ရဟန်း၊ နာနာ သံဝါသက ဖြစ်ရာ ဘုံသည် နှစ်မျိုးရှိ၏။ မိမိကိုယ် မိမိ နာနာသံဝါသက ပြုခြင်း။ သမဂ္ဂ သံဃာသည် မရှု၊ မကု၊ မစွန့် ကြောင့် နှင်ခြင်း၊ ဤနှစ်မျိုးတည်း။

ချစ်သား ရဟန်း၊ သမာန သံဝါသက ဖြစ်ရာ ဘုံသည် နှစ်မျိုးရှိ၏။ မိမိကိုယ် မိမိ သမာန သံဝါသက ပြုခြင်း၊ သမဂ္ဂ သံဃာသည် မရှု၊ မကု၊ မစွန့်ကြောင့် နှင်အပ်သူကို ပြန်သွင်းခြင်း- ဤ နှစ်မျိုးတည်း။

[မိမိကိုယ် မိမိ ဟူသည်၌ ကံပြုခံရသော အဓမ္မဝါဒီဘက်၌နေသော ရဟန်းသည် မေးမြန်း၍ နှစ်ဘက်အယူကို ကြားသိ၍၊ ဤသူတို့ကား အဓမ္မ ဝါဒီတို့၊ ထိုသူတို့အား ဓမ္မဝါဒီတို့ဟု စိတ်ကို ဖြစ်စေအံ့၊

ဤ ရဟန်းသည် အဓမ္မဝါဒီ အလယ်၌နေလျက် အဓမ္မဝါဒီတို့၏ နာနာ သံဝါသက ဖြစ်၏။ ကံ့ကို ပျက်စေ၏။ ဓမ္မဝါဒီတို့၏ ကံကိုလည်း ဟတ္ထပါသ်သို့ မရောက်သော ကြောင့် ပျက်စေ၏။ ဤသို့ မိမိကိုယ် မိမိ နာနာ သံဝါသက ပြု၏။

သမာန သံဝါသက ပြုခြင်း၌လည်း အဓမ္မဝါဒီတို့၏ ပက္ခ၌ နေရာမှသိ၍ ဓမ္မဝါဒီ တို့၏ အလယ်သို့ ဝင်အံ့၊ အမှတ်မရှိ ပက္ခ၌နေလျက် ဤသူတို့ကား ဓမ္မဝါဒီ တို့တည်းဟု ယူအံ့၊ ဤရဟန်းသည် မိမိကိုယ် မိမိ သမာန သံဝါသက ပြု၏ဟု သိအပ်၏။]

(သာဋီ ... ကံကို ပျက်စေ၏ ဟူသည် နာနာ သံဝါသက စတုတ္တော စေ ဘိက္ခဝေ ကမ္မံ ကရေယျ အကမ္မံ၊ န စကရဏီယံ- စသည်ဖြင့် ဟောသောကြောင့်၊ နာနာ သံဝါသကကို ဂဏပူရက ပြု၍ ကံပျက်ရာ၏။ ဤသူသည် ထို၌နေသော်လည်း ကံကို ပျက်စေသူဖြစ်၏ ဟူလို။

ဝိဋီ ... အဓမ္မ ဝါဒီဘက်၌ နေသော ဟူသည် ဥပ လက္ခဏ မတ္တတည်း။ ဓမ္မဝါဒီဘက်၌ နေ၍ အဓမ္မဝါဒီတို့၏ အယူကို ယူသူသည်လည်း ဓမ္မဝါဒီတို့၏ နာနာ သံဝါသက သာတည်း။

ကံကို ပျက်စေ၏ ဟူသည်ကို ထိုသူကိုကြဉ်လျှင် ဂဏ မပြည့်သော ပက္ခကို ရည်ဆိုသည်။

အမှတ်မရှိ ပက္ခ၌ ဟူသည် ဓမ္မာဝါဒီ ပက္ခ၌ ဖြစ်စေ၊ အဓမ္မဝါဒီ ပက္ခ၌ ဖြစ်စေသတည်း။မှန်သော် လည်းကောင်း၊ မှားသော် လည်းကောင်း (မိမိတည်ရာ ပက္ခကို) ဤသူတို့အား ဓမ္မဝါဒီတို့တည်းဟု ယူသူသည်၊ မိမိကိုယ်ကို ထိုထို ပက္ခတည်သူတို့၏ သမာန သံဝါသက ပြုသူ ဖြစ်၏။)

နေရာခြား၍ နေရခြင်း

ထိုအခါ ရဟန်းတို့သည် ဆွမ်းစားစဉ် ရွာတွင်း၌ ငြင်းခုံလျက် မလျော်သော ကာယကံ ဝစီကံကို ပြကုန်၏။ လက်သုံးသပ်ခြင်း ပြုကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ သံဃာသည် ကွဲ၍ မတရားမှု ပြုသောအခါ မနှစ်သက်ဖွယ် ဆိုသောအခါ ဤမျှဖြင့် အချင်းချင်း မလျော်သော ကာယကံ ဝစီကံ ပြကုန်အံ့ဟု လက်သုံးသပ်ခြင်း ပြုကုန်အံ့ဟု နေရာ၌ မနေအပ်၊ ချစ်သားတို့၊ သံဃာ ကွဲ၍ တရားသော အမှုပြုသောအခါ နှစ်သက်ဖွယ် ဆိုသောအခါ နေရာခြားခြင်းဖြင့် နေအပ်၏။

[ကာယကံ စသည်၌ ကိုယ်ဖြင့် ပုတ်ခတ်လျက် ကာယကံကို၊ ကြမ်းသော စကားဆိုလျက် ဝစီကံကို ပြုကုန်၏။

လက်သုံးသပ်ခြင်း ဟူသည် ကောဓစွမ်းဖြင့် လက်တို့ဖြင့် အချင်းချင်း သုံးသပ်ခြင်းကို ပြုကုန်၏။

ဤမျှဖြင့် ဟူသည်၌ အစဉ်အတန်း နှစ်သွယ်ပြု၍ ဥပစာရ (လက်တစ်လှမ်း) ကို လွှတ်၍ နေအပ်၏။ တရားသောအမှု ပြုသောအခါ နှစ်သက်ဖွယ် ဆိုသော အခါ၌ကား နေရာခြားခြင်းဖြင့် နေအပ်၏။ တစ်ခု တစ်ခုသော နေရာကို အကြားပြု၍ နေအပ်၏။]

(သာဋီ ... ဥပစာကို လွှတ်၍ ဟူသည်၌ ဥပစာရ မည်သည် အချင်းချင်း လက်ဖြင့် ရောက်ရာဌာနတည်း။

ဝိဋီ … ဥပဒသေန္တိတိ ပဝတ္တေန္တိ- ပြကုန်၏။ ဟူသည် ဖြစ်စေကုန်သတည်း-ပါဠိ၌ ဤမျှဖြင့် ဟူသည် ဤမျှ သော နေရာကို လွှတ်၍ ထိုင်သော ငါတို့သည် အမျက်ထွက်သော်လည်း အချင်းချင်း မလျော်သော ကာယကံ စသည်ကို ဖြစ်စေခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ဟု မှတ်သား၍ အဝေး၌ နေထိုင်အပ်၏ ဟူလို။)

ဆိုင်းငံ့တော်မူပါ

ထိုအခါ ရဟန်းတို့သည် သံဃာ့အလယ်၌ ငြင်းခုံ၊ ကိုယ်လက် ထိပါး၊ ဆန့်ကျင်သော စကားတို့ဖြင့် အချင်းချင်း နှုတ်လှံထိုးကာ နေကုန်၏။ ထို အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်။ ထိုအခါ (ညီညွတ်စေလိုသော) ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်၍ မြတ်စွာဘုရား၊ ထိုရဟန်း တို့ထံ သနားသောအားဖြင့် ကြွတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရားသည် ချဉ်းကပ်၍ ချစ်သားတို့၊ ငြင်းခုံခြင်း စသည်ကို မပြုကြနှင့်ဟု မိန့်တော်မူ၏။

ထိုအခါ အဓမ္မဝါဒီ ရဟန်းတစ်ပါးသည် (အကျိုး လိုလားသော စိတ်ဖြင့်) မြတ်စွာဘုရား၊ ဆိုင်းငံ့တော်မူပါ၊ ကြောင့်ကြမဲ့ ချမ်းသာစွာ နေတော်မူပါ၊ အကျွန်ုပ်တို့သည် ထို ငြင်းခုံခြင်း စသည်ဖြင့် ထင်ရှားကြပါ လတ္တံ့ဟု လျှောက်၏။ နှစ်ကြိမ်မြောက် မိန့်ပြန်သော် နှစ်ကြိမ်မြောက် လျှောက်ပြန်၏။

[အဓမ္မဝါဒီ ဟူသည် ဥက္ခိတ္တာ နုဝတ္တက တို့တွင် တစ်ယောက် ဖြ၏။ ဤ ရဟန်းသည် မြတ်စွာဘုရား၏ အကျိုးစီးပွား လိုလား၏။ ဒေါသကြီး၍ ဘုရားရှင် စကားတော်ကို မယူသော် ဤ ရဟန်းတို့ကို ဆုံးမသော ဘုရားရှင်သည် မပင်ပန်းပါစေလင့် ဟူသော အလိုဖြင့် လျှောက်၏။]

(သာဋီ ... ကလဟ၏ ရှေ့အဖို့သည် ဘဏ္ဍန မည်၏။ လက်သုံးသပ်ခြင်း စသည်ဖြင့် အဆုံးသို့ ရောက်လတ်သော် ကလဟ မည်၏။ ဆန့်ကျင်ဘက် စကားသည် ဝိဝါဒ မည်၏။
မုခ သတ္တိဟီတိ ဝါစာ သတ္တီဟိ-နှုတ်လှံသည် စကားလှံ ဖြစ်သည်။
သနားသောအားဖြင့် ကြွတော်မူပါဟု လျှောက်သော ရဟန်းသည် ချစ်စေလို မဟုတ်၊ ကွဲစေလို မဟုတ်။ ညီညွတ်အောင် ပြုသူဖြစ်၏။ ဤရဟန်းတို့သည် ငြင်းခုံခြင်းကို အားထုတ်ကြသည်။ ညီညွတ်အောင် ငါ မတတ်နိုင်၊ တစ်ပါးသော ရဟန်းလည်း မတတ်နိုင်။ ဘုရားရှင် ကြွ၍ ခန္တီ မေတ္တာတရား ဟောလျှင် ညီညွတ်ရာ၏ဟု နှလုံးသွင်း၍ လျှောက်၏ ထိုအခါ ဘုရားရှင် စကားကို မယူသူတို့သည် တစ်စုံတစ်ခု မဆိုဘဲ မျက်နှာ မသာလျက်သာ နေကုန်၏။ နှစ်သင်းလုံး မြတ်စွာဘုရား၌ မရိုမသေ ပြုကျင့်သူ မရှိ။)

(ဝိဋီ ... ထိုထက် မထူး။)

ဒီဃီတိ ကောသလ ဇာတ်တော်

[မြတ်စွာဘုရားသည် ထိုရဟန်းတို့အား နောက်၌သော်လည်း အမှတ်ရ၍ ရှောင်ကြဉ်ကုန်လတ္တံ့ ဟု သနားသောအားဖြင့် အတိတ်ဝတ္တုကို ဆောင်ဟောသည်။]

(သာဋီ ... မြတ်စွာဘုရားသည် မြေ၌တည်သော ရွှေအိုးကို ထုတ်၍ ရှေ့၌ စုပုံသကဲ့သို့ ဘဝများစွာ ဖုံးလွှမ်းသော ရှေးဖြစ် ဇာတ်တော်ကို ဟောပြတော်မူသည်။)

ဇာတ်တော်

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ ချစ်သားတို့၊ ရှေးအခါ ဗာရာဏသီ၌ ဗြဟ္မဒတ် မည်သော ကာသိမင်းသည် ကြီးသော စည်းစိမ် ရှိ၏၊ များသော စစ်သည် ရှိ၏။ ဒီဃီတိမည်သော ကောသလမင်းသည် နည်းသော စည်းစိမ်၊ နည်းသော စစ်သည် ရှိ၏။

ဗြဟ္မဒတ်မင်းသည် ဒီဃီတိမင်းကို စစ်ရေးရှုထွက်၏။ ဒီဃီတိမင်းသည် မိဖုရားနှင့်တကွ ထွက်ပြေး၍ ဗာရာဏသီအစွန်၌ အိုးထိန်းသည် အိမ်၌ ပရိမ္ဗဇ် အသွင် မထင်မရှားနေ၏။ တစ်နေ့၌ ထို မိဖုရားသည် ကိုယ်ဝန်ရှိ၍၊ နေဝန်းပေါ်ချိန် စစ်အင်္ဂါလေးပါးကို ရှုခြင်းငှါ လည်းကောင်း၊ သံလျက် ဆေးရေကို သောက်ခြင်းငှါ လည်းကောင်း၊ ချင်ခြင်း ဒေါလဠ – နှစ်ခုဖြစ်၍၊ ဒီဃီတိမင်းအား ပြောပြ၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်သည် မရလျှင် သေရလတ္တံ့ ဟု ဆို၏။

ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် ဒီဃီတိမင်း၏ သူငယ်ချင်းဖြစ်၍ ထိုအကြောင်းကို ပြောကြား၏။ ပုရောဟိတ်သည် အကျွန်ုပ်လည်း မိဖုရားကို မြင်လိုပါသည်ဟု လာ၍ မိဖုရားကို မြင်ရာဌာနမှ လက်အုပ်ချီလျက် - ကောသလ ရာဇာဝတဘော ကုစ္ဆိဂတော- ဝမ်း၌တည်သူသည် ကောသလမင်း စင်စစ်တည်း-သုံးကြိမ် ဥဒါန်းကျူး၏။

အရှင်မိဖုရား ဝမ်းမြောက်တော်မူပါ၊ ရပါလိမ့်မည်ဟု ဝန်ခံ၏။ ထိုနောက် ပုရောဟိတ်သည် ဗြဟ္မဒတ်မင်းထံ ချဉ်းကပ်၍ အရှင်မင်းကြီး၊ ထိုထို နိမိတ်တို့သည် ထင်ကုန်၏။ နက်ဖြန် နံနက် နေဝန်း ပေါ်ထွက်ချိန် စစ်အင်္ဂါ လေးပါး ကျင်းပ၍ တည်စေသတည်း။ သံလျက်တို့ကို လည်း ဆေးကြောကြစေ သတည်းဟု သံတော်ဦးတင်၏၊ မင်းကြီးသည် ထိုအတိုင်း ပြုစေ၏။

မိဖုရားသည် ချင်ခြင်း နှစ်ခုလုံးပြည့်စုံ၍ မကြာမီ သတို့သားကို ဖွားမြင်၏။ ဒီဃာဝုဟု အမည် မှည့်ကုန်၏။ ဒီဃာဝုကို သိကြားလိမ္မာသောအခါ မြို့ပြင်၌ နေစေ၍ အတတ်ပညာကို သင်စေ၏။ ထိုအခါ ဒီဃီတိမင်း၏ ဆတ္တာသည်သည် ဗြဟ္မဒတ်မင်းထံ၌ နေ၏။ ထို ဆတ္တာသည်သည် ဒီဃီတိမင်းကို အိုးထိန်းသည် အိမ်၌ မြင်၍ ဗြဟ္မဒဏ်မင်းအား သံတော်ဦးတင်၏။

ဗြဟ္မဒတ်မင်းသည် ဖမ်းစေပြီးလျှင် လက်ပြန် ကြိုးတုပ်၍ ဦးပြည်းရိတ်၍ တစ်လမ်းမှ တစ်လမ်း ရိုက်နှက်၍ တောင် တံခါးမှ ထုတ်၍ လေးပိုင်း လေးပုံ ပြုထားကြရမည်ဟု အမိန့်ပေး၏။ ဒီဃာဝုမင်းသားလည်း မယ်တော် ခမည်းတော်တို့ကို ကြာမြင့်သော ကာလ၌ ဖူးမြင်ရကုန်၏။ ဝါ-မဖူးမြင်ရသည်မှာ ကြာပြီဟု မြို့တွင်းသို့ ဝင်လာသည်ကို ဒီဃီတိမင်း မြင်၍ - မာခေါ တွံတာတ ဒီဃာဝု ဒီဃံပဿ၊ မာရဿံ - စသည်ကို ဆို၏။

အဓိပ္ပါယ်ကား လူကလေး ဒီဃာဝု၊ အရှည်ကို မကြည့်နှင့်၊ အတိုကို မကြည့်နှင့်၊ ရန်ဖြင့် ရန်မအေး၊ ရန်မပြုမှ ရန်အေးသည် လူကလေး-ဟု ဆို၏။ ထိုသို့ ဆိုသည်ကို ကြားရသော မင်းချင်း တို့သည်-ဤ ဒီဃီတိမင်းသည် ရူးသွပ်၍ မြည်တမ်း၏၊ လူကလေး ဒီဃာဝု ဟူသည် အဘယ်သူနည်း၊ အရှည် မကြည့်နှင့် အတိုမကြည့်နှင့်ဟု အဘယ်သူကို ဆိုလေဘိသနည်းဟု ဆိုကုန်၏။

အချင်းတို့၊ ငါရူးသည် မဟုတ်၊ မြည်တမ်းသည် မဟုတ်၊ ဉာဏ်ရှိသူ သိလတ္တံ့ ဟု သုံးကြိမ်တိုင် ဆို၏။ မင်းချင်းတို့လည်း မိဖုရားနှင့်တကွ ဒီဃီတိမင်းကို မြို့ပြင် တောင်ဘက်၌ လေးပုံပြု၍ အစောင့်ထား၍ သွားကုန်၏။ ဒီဃာဝု မင်းသားသည် အစောင့်တို့ကို အရက်တိုက်၍ မူးယစ်စဉ် မိဘတို့၏ ကိုယ်ကို ထင်းပုံ ထက်တွင် တင်၍ လက်အုပ်ချီလျက် သုံးကြိမ် လက်ယာရှစ် လှည့်၏။

ဗြဟ္မဒတ်မင်းသည် ပြာသာဒ်ထက်၌ နေလျက် မင်းသား ပြုပုံကို အလုံးစုံ မြင်၍၊ ဤသူသည် ဒီဃီတိမင်း၏ ဆွေမျိုး သွေးသား ဖြစ်ရာ၏။ ငါအား အနတ္ထတော-အနတ္ထတော + အတော - ဤသူကြောင့် အကျိုး နည်းလေစွ။ တစ်နည်း-အနတ္ထတော-အနတ္ထ+ဒေါ-အကျိုးမဲ့ကို ပေးလေစွ၊ လာရောက် ပြောကြားသူ မရှိလေစွဟု ကြံလေ၏။ ဒီဃာဝုလည်း တောအုပ်တွင်းဝင်၍ အလိုရှိတိုင်း ငိုကြွေးပြီးလျှင် မြို့တွင်း ဆင်တင်းကုပ်၌ ဆင်ဆရာထံ အတတ်သင်ပါရစေဟု တောင်းပန်၍ နေ၏။ နံနက် စောစောတွင် သာယာသော တေးသံဖြင့် စောင်းတီးလေ့ရှိ၏။ ဗြဟ္မဒတ်မင်းသည် စောင်းသံဖြင့် နှစ်သက်၍ အနီး၌ ခစားစေ၏။ ဒီဃာဝုသည် နောက် အိပ်၊ ရှေ့ ထ၊ ကြောင့်ကြပြုဖွယ်၊ ကိုယ်ကျင့် နှုတ်ပြော နှစ်သက်ဖွယ်တို့ဖြင့် မကြာမီ အတွင်းလူ အဖြစ်သို့ ရောက်၏။

တစ်နေ့၌ ဗြဟ္မဒတ်မင်းသည် အချင်းလုလင်၊ ရထားပြင်လော၊ သမင်တော သွားကုန်အံ့ဟု ဆို၏။ ဒီဃာဝုသည် ရထားမောင်းသောအခါ စစ်သည် ဗိုလ်ပါတို့နှင့် တခြားစီဖြစ်အောင် မောင်း၏။ ဝေးသော အရပ်သို့ ရောက်သောအခါ လုလင် ရထားကို ဖြုတ်ဦးလော၊ ကိုယ် ပင်ပန်း၍ အိပ်လိုသည်ဟု ဆို၍ မြေပြင်၌ တင်ပျဉ်ခွေ ထိုင်သော ဒီဃာဝု၏ ရင်ခွင်၌ ဦးခေါင်းထား၏။ ခဏချင်း အိပ်ပျော်ခြင်းသို့ ရောက်၏။

ထိုအခါ ဒီဃာဝု အကြံဖြစ်သည်မှာ ဤမင်းသည်၊ ငါတို့၏ အကျိုးမဲ့ကို ပြု၏။ ငါတို့၏ တိုင်းပြည်ကို လုယူ၏။ ငါ၏ မယ်တော် နှင့် ခမည်းတော်ကိုလည်း သတ်၏။ ဤအခါကား လက်စားချေထိုက်သော အခါတည်းဟု ကြံ၍ သံလျက်အိမ်မှ သံလျက်ကို ဆွဲထုတ်၏။

ထိုအခါ အကြံဖြစ်ပြန်သည်မှာ ခမည်းတော်သည် ငါ့ကို သေအံ့မူးမူး ကာလတွင် (ဝါ-သေချိန်အနီးတွင်) လူကလေး ဒီဃာဝု၊ မာခေါတွံတာတ- စသည်ကို မြွက်ဆိုခဲ့ပြီ။ ခမည်းတော်စကားကို လွန်ခြင်းငှါ မသင့်လေစွဟု အကြံဖြစ်၍ သံလျက်ကို အိမ်၌ ပြန်သွင်း၏။

ဤအတိုင်း နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် ကြံ၍ တတိယအကြိမ် သံလျက် ပြန်သွင်းပြီးသောအခါ မင်းကြီးသည် အလန့်တကြား လျင်စွာထ၍၊ အချင်းလုလင်၊ ဤနေရာ၌ ငါ့ကို ဒီဃီတိ ကောသလမင်း၏သား ဒီဃာဝု မင်းသား ဆိုသူသည် အိပ်မက်ထဲ၌ သံလျက်ဖြင့်လိုက်၏။ ထိုကြောင့် လျင်စွာထသည်ဟု ဆို၏။

ထိုအခါ ဒီဃာဝုသည် လက်ဝဲလက်ဖြင့် မင်းကြီး၏ ဦးခေါင်းကို ကိုင်၍ လက်ယာလက်ဖြင့် သံလျက်ကိုထုတ်၍ မင်းကြီး၊ အကျွန်ုပ်သည် ဒီဃီတိ ကောသလမင်း၏သား ဒီဃာဝုပင်တည်း။ သင် မင်းကြီးသည် အကျွန်ုပ်တို့၏ အကျိုးမဲ့ကို ပြု၏။ တိုင်းပြည်ကို လုယူ၏။ ခမည်းတော် မယ်တော်တို့ကိုလည်း သတ်၏။ ဤ အခါကား လက်စားချေရအံ့သော အခါတည်း ဟု ဆို၏။

ထိုအခါ မင်းကြီးသည် တောင်းပန်၍ အချင်းချင်း အသက် ပေးကုန်၏။ လက်ချင်း ကိုင်ကုန်၏၊ မပြစ်မှားခြင်းငှါ ကျိန်စာ ဆိုကုန်၏၊ ထို့နောက် နန်းတော်သို့ ရောက်သောအခါ အမတ်တို့ကို စည်းဝေးစေ၍ ဒီဃာဝု မင်းသားအကြောင်းကို ပြောပြ၍၊ ယခုအခါ ဘယ်သူမျှ မနှိပ်စက်ရ၊ အချင်းချင်း အသက်ပေးပြီးကြပြီဟု မြွက်ဆို၏။

ထို့နောက် မင်းသားကို ချစ်သား ဒီဃာဝု၊ အမောင့် ခမည်းတော်သည် သေအံ့မူးမူး ကာလတွင် မာခေါတွံ စသည်ကို အဘယ်ကိုရည်၍ ဆိုသွားသနည်း။ အရှင် မင်းကြီး၊ မဒီသံ-အရည်မကြည့်နှင့် ဟူသည် ရန်ကို ရည်အောင် မပြုနှင့်။ အတိုမကြည့်နှင့် ဟူသည် လျင်စွာ မိတ်ဆွေတို့နှင့် မကွဲစေနှင့်၊ ရန်ဖြင့် ရန်မအေး၊ ရန်မပြုမှ ရန်အေးသည် ဟူသည် အရှင်မင်းကြီးသည် အကျွန်ုပ်၏ မိဘကို သတ်သည်ဟု အကျွန်ုပ်သည် အရင်မင်းကြီးကို သတ်အံ့၊ အရှင် မင်းကြီး၏ အကျိုးလိုလား သူတို့သည် အကျွန်ုပ်ကို သတ်ကုန်ရာ၏။ ကျွန်ုပ်၏ အကျိုးလိုလားသူတို့သည် ထိုသူတို့ကို သတ်ကုန်ရာ၏။

ဤသို့လျှင် ရန်ဖြင့် ရန်မအေး။ ယခု အချင်းချင်း အသက်ပေးကြပြီ၊ ဤ ရန်မပြုမှ ထိုရန်အေးသည်။ ဤသို့သော အဓိပ္ပါယ်ပါတည်းဟု လျှောက်တင်၏။ မင်းကြီးသည် လွန်စွာ အံ့သြ၍ ပညာရှိပေစွ၊ အကျဉ်း စကားကို ချဲ့၍ သိနိုင်ပေသည်ဟု မိဘပစ္စည်း ကောသလတိုင်းကို ပြန်ပေး၏။ သမီးတော်ကိုလည်း ပေးလိုက်၏။

ချစ်သားတို့၊ လက်နက်စွဲသော မင်းတို့အားသော်လည်း ဤသို့ သည်းခံခြင်း နှလုံးနူးညံ့ခြင်း ဖြစ်သေးသည်။ သင်တို့သည် ဤ ဓမ္မဝိနယ၌ ရဟန်းပြုသူတို့ ဖြစ်၍ သည်းခံသူ နှလုံးနူးညံ့သူတို့ ဖြစ်ကြကုန်လော။ ထိုဓမ္မ ဝိနယကို တင့်တယ်စေကြ ကုန်လောဟု မိန့်တော်မူ၍ သုံးကြိမ်မြောက် ချစ်သားတို့၊ ငြင်းခုံခြင်း စသည်ကို မပြုကြနှင့်ဟု မိန့်တော်မူ၏။

အဓမ္မဝါဒီသည် သုံးကြိမ်မြောက် ဘုရား ဆိုင်းငံ့တော်မူပါ စသည်ဖြင့် လျှောက်၏။ ထိုအခါ မြတ်စွာဘုရား သည် ဤ မောဃ ပုရိသတို့သည် ပရိယာ ဒိဏ္ဏရူပါ- အမျက်ဒေါသဖြင့် ယူအပ်သော သဘောရှိ ကုန်၏။ သိစေလွယ်သူတို့ မဟုတ်ဟု နေရာမှထ၍ ဖဲတော်မူ၏။

(ဝိဋီ ... ပရိယာ ဒိဏ္ဏရူပါတိ ကောဓ စိတ္တေန ပရိဂ္ဂဟိတ သဘာ ဝါ။)

ဗာလက လောဏကရွာ ရှင်ဘဂုထံ

ထိုနောက် မြတ်စွာဘုရားသည်၊ နံနက်အခါ ကောသမ္ဗီ၌ ဆွမ်းခံ ဝင်၏။ ဆွမ်းကိစ္စပြီးသောအခါ ကျောင်းအိပ်ရာ နေရာသိမ်းဆည်း၍ သပိတ် သင်္ကန်း ယူ၍ သံဃာ့အလယ်၌ ရပ်လျက်သာလျှင် ပုထုသဒ္ဒေါ-စသော ဂါထာ ဆယ်ခုတို့ကို မိန့်ဆိုတော်မူ၏။

(၁) များသော အသံရှိသော ငြင်းခုံခြင်းဖြင့် အတူတူဖြစ်သော ဤသူ အပေါင်းသည်၊ ငါ ဗာလဟု သိသူမရှိ၊ (ဗာလ လက္ခဏာ၌ တည်လျက် ပညာရှိ ဟူ၍သာ ထင်၏။) သံဃာကွဲလျှင် ထိုထက်အလွန် “ငါကြောင့် ကွဲသည်”ဟု မသိကြကုန်။

(၂) သတိလွတ်၍ ပညာရှိထင်၍ ဆိုကုန်၏။ စကားသာ အာရုံရှိကုန်၏။ (သတိပဋ္ဌာန် စသည် အာရုံမရှိကြ။) ခံတွင်းကျယ်သလောက် အလိုရှိတိုင်း ဆိုကုန်၏။ (သံဃ ဂါရဝဖြင့် နှုတ်တွန့်သူတစ်ယောက် မရှိ။) အကြင် ကလာဖြင့် “အလဇ္ဇီ အဖြစ်ကို” ဆောင်ကုန်၏၊ ထို ကလဟကို “အပြစ်”ဟု မသိကုန်။

(၃) ငါ့ကို ဆဲသွားပြီ၊ ငါ့ကို ညှဉ်းဆဲသွားပြီ၊ ငါ့ကို (မတရား) အောင်သွားပြီ။ ငါ့ဥစ္စာကို ယူသွားပြီဟု ရန်ငြိုးဖွဲ့ကုန်အံ့၊ ထိုသူတို့အား ရန်မအေး၊ (လှည်းဦး စည်းကုံး ဖွဲ့သကဲ့သို့ ငါးပုပ်ကို သံမန်းမြက်ဖြင့် ဖွဲ့သကဲ့သို့ မဖွဲ့ရာ။)

(၄) ငါ့ကို ဆဲသွားပြီ၊ ငါ့ကို ညှဉ်းဆဲသွားပြီ၊ ငါ့ကို မတရား အောင်သွားပြီ၊ ငါ့ဥစ္စာကို ယူသွားပြီဟု ရန်ငြိုး မဖွဲ့ကုန်အံ့၊ ထိုသူတို့အား ရန်အေး၏။ (အတိတ်ကံအကြောင်း အောက်မေ့၍ ရန်ငြိုးမဖွဲ့လျှင် လောင်စာ ကင်းသော မီးကဲ့သို့ ရန်အေး၏။)

(၅) ရန်ဖြင့် ရန်တို့သည် ဘယ်အခါမျှ မအေးကုန်၊ ရန် မတုံ့ခြင်းဖြင့်သာ အေးကုန်၏။ (ညစ်ကြေးကို ညစ်ကြေးဖြင့် ဆေးလျှင် တိုး၍ ညစ်သည်၊ ရေကောင်းဖြင့်သာ ဆေးရသည်နှင့် တူ၏။) ဤသဘောသည် ရှေး၌ ဖြစ်၏။ (ရှေးကတည်းက သူတော်ကောင်းတို့ သွားလမ်းတည်း။)

(၆) ပညာရှိမှ တစ်ပါးသော သူတို့သည်လည်း၊ ဤ သံဃာ့အလယ်၌ ငြင်းခုံသော ငါတို့သည် ယမမင်းထံ သွားရကုန်လတ္တံ့၊ ဝါ- ဧကန်မုချ သေရကုန်လတ္တံ့ ဟု အသိဉာဏ် မဖြစ်ကုန်။ အကြင် ပညာရှိတို့သည် အသိဉာဏ် ဖြစ်ကုန်၏။ ထို ပညာရှိတို့ကြောင့် (မေဂေါ) ငြင်းခုံခြင်းတို့သည် ငြိမ်းကုန်၏။ (သိသူတို့သည် ယောနိသော မနသိကာရဖြင့် ငြိမ်းအေးအောင် ကျင့်ကုန်၏။)

(၇) မိဘ အရိုး လေးပိုင်း ဖြတ်၍၊ အသက်ဆောင်၍ နွား မြင်း ဥစ္စာ တို့ကို ဆောင်၍၊ တိုင်းပြည်ကို လုယက်သူတို့အား သော်လည်း ပေါင်းဆုံခြင်းသည် ဖြစ်သေး၏။ အဘယ်ကြောင့် ချစ်သားတို့အား မဖြစ်ဘဲ ရှိရာသနည်း။

(၈) နှိုင်းချိန်သော ပညာရင့်သော အတူကျင့်ဘက် ကောင်းစွာနေသော ပညာရှင် အဖော်ကို ရငြားအံ့၊ ထင်ရှား မထင်ရှား ဘေးရန် အားလုံးတို့ နှိပ်စက်၍ ထိုအဖော်နှင့် ဝမ်းမြောက်လျက် သတိ မလွတ်ဘဲ ကျင့်ရာ၏။ (ခြင်္သေ့ စသော ဘေးရန်သည် ထင်ရှား၏။ ရာဂ စသော ကိုယ်တွင်း ဘေးရန်သည် မထင်ရှား။)

(၉) ထိုသို့သော အဖော်ကို မရငြားအံ့၊ မဟာဇနကမင်း၊ အရိန္ဒမင်းသည် တိုင်းနိုင်ငံကို စွန့်၍ တစ်ယောက်တည်း ကျင့်သကဲ့သို့ ကျင့်ရာ၏။ မာဒင်္ဂ နာဂ-ဆင်ပြောင်ကြီးကဲ့သို့၊ ဝါ-အမိကို လုပ်ကျွေးသော မာတု ပေါသက ဆင်ပြောင်ကြီးကဲ့သို့ တောအုပ်၌သာလျှင် တစ်ယောက်တည်း ကျင့်ရာ၏။

(၁၀) တစ်ယောက်တည်း၏ ကျင့်ခြင်းသည် မြတ်၏။ ဗာလ၌ ဖြစ်ကြောင်း သီလ သမာဓိ စသော ဂုဏ် မည်သည် မရှိ၊ (ဗာလကို မှီ၍ ထိုဂုဏ်ကို မရနိုင်။) ပလလည်း ဆင်ကဲ့သို့သော်လည်း တောအုပ်၌သာ ကြောင့်ကြမဲ့ တစ်ယောက်တည်း ကျင့်ရာ၏။ မကောင်းမှု မပြုရာ။

(ဤကား ဆယ်ဂါထာ စကားတည်း။)

မြတ်စွာဘုရားသည် သံဃာ့အလယ်၌ ရပ်လျက်သာ ဤဂါထာ တို့ မိန့်ဆို၍ ဗာလက - လောဏကရွာသို့ ကြွသွားပြီးလျှင် ထိုရွာ၌ နေသော ရှင်ဘဂုထံသို့ ချဉ်းကပ်တော်မူ၏။

(သာဋီ ... ဓမ္မ သေနာပတိ စသော အသီတိ မဟာသာဝက တို့ကို လည်းကောင်း၊ အယုတ်ဆုံး ရှင်အာနန္ဒာကိုပင် မခေါ်ဘဲ ကိုယ်တော်တိုင် သပိတ် သင်္ကန်းဟူ၍ တစ်ပါးတည်းသာ ကြွသွားတော်မူ၏။ အပေါင်း၌ အပြစ်မြင်၍ တစ်ပါးတည်းနေသော ရင်ဘဂုကို ကြည့်ရှုလို၍တည်း။ တစ်နည်း၊ မြတ်စွာဘုရားသည် ထိုအပြစ်ကို ပိုင်းခြား၍ သိပြီးဖြစ်၏။ ထိုအပြစ်ဖြင့် ငြီးငွေ့သည် မဟုတ်။ ထိုဝါတွင်း၌ ဗုဒ္ဓဝေနေယျ (ဘုရား ချွတ်ထိုက်သူ) တစ်စုံတစ်ယောက်မျှ မရှိ၍ အရပ်တစ်ပါး ကြွသွားခြင်းတည်း။

ထိုရဟန်းတို့အား ဆုံးမကြောင်းတည်းဟု ပလလည်း တောကိုရည်၍ လည်းကောင်း၊ ရှင်ဘဂုကို ရွှင်လန်းစေလို၍ လည်းကောင်း ကြွသွားတော်မူ၏။ ထိုအခါ ရဟန်း ငါးရာတို့သည် ရှင်အာနန္ဒာကို ငါ့ရှင် အာနန္ဒာ၊ ဘုရားရှင် တစ်ပါးတည်း ကြွသွားသည်၊ ငါတို့ လိုက်ကုန်အံ့ဟု ဆိုကုန်၏။

ငါ့ရှင်တို့၊ အကြင်အခါ မြတ်စွာဘုရားသည် ကိုယ်တိုင် ကျောင်းအိပ်ရာ နေရာ သိမ်းဆည်း၍ သပိတ် သင်္ကန်းယူ၍ လုပ်ကျွေးသူတို့ကို မခေါ်ဘဲ သံဃာကို မပန်ကြားဘဲ အဖော်မရှိ ကြွသွား၏။ ထိုအခါ တစ်ပါးတည်း နေခြင်းငှါ ဘုရားရှင် အလိုတော်ရှိ၏။ သာဝကမည်သည် ဘုရားရှင်၏ အလိုအား လျော်စွာ ကျင့်အပ်၏။ ထိုကြောင့် ဤနေ့ရက်တို့၌ ဘုရားသို့ မလိုက်အပ်ဟု တား၏။ ကိုယ်တိုင်လည်း မလိုက်။)

ပါစိနဝံသ တောအုပ်သို့

မြတ်စွာဘုရားသည်၊ ရှင်ဘဂုအား (တစ်ပါးတည်း နေခြင်း အကျိုးနှင့် စပ်သော) တရား စကားကို ဟောကြားပြီးလျှင် ပါစိနဝံသ တောအုပ်သို့ ကြွသွား၏။ ထိုအခါ ထိုတောအုပ်၌ ရှင်အနုရုဒ္ဓါ၊ ရှင်နခိယ၊ ရှင်ကိမိလ-တို့သည် နေကုန်၏။ တောစောင့် ယောက်ျားသည် ဘုရားရှင်ကို မြင်လတ်သော်-ရဟန်း၊ ဤ တောအုပ်သို့ မဝင်ပါနှင့်၊ ကုလပုတ္တ သုံးဦးသည် မိမိ၏အကျိုး လိုလားသော သဘောဖြင့် နေကြပါသည်။ ထို ကုလပုတ္တတို့အား မချမ်းသာအောင် မပြုပါနှင့်ဟု ဆို၏။ တောစောင့်စကား ရှင်အနုရုဒ္ဓါ ကြားလတ်သော် (လှမ်းကြည့်၍ ဘုရားရှင်ကို မြင်သဖြင့်၊) ဒါယကာ တောစောင့်၊ ဘုရားရှင်ကို မတားနှင့်၊ ငါတို့၏ ဆရာဘုရား ကြွလာသည်ဟု ဆို၍ မထေရ်နှစ်ပါးကို ခေါ်၍.ကြိုဆိုကုန်၏။

မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်၍၊ ချစ်သား အနုရုဒ္ဓါတို့၊ ချမ်းသာစွာ နေကြရသလော(၁) ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ချမ်းသာစွာ နေကြပါသည် ဘုရားဟု လျှောက်၏။

အနုရုဒ္ဓါတို့၊ နို့နှင့်ရေ ရောသကဲ့သို့ အညီအညွတ် ချစ်ဖွယ်သော မျက်စိဖြင့် အချင်းချင်း နေကြသလော(၂)။ နေကြပါသည် ဘုရား။

အဘယ်သို့ ညီညွှတ်အောင် နေကြသနည်း (၃)။ မြတ်စွာဘုရားတပည့်တော်သည် ဤသို့ နှလုံးသွင်းပါသည်။ ဤသို့သော သီတင်းသုံးဖော်တို့နှင့် နေရခြင်းသည် အရတော်လေစွ၊ ဤအရှင်တို့၌ မေတ္တာ ကာယကံ၊ မေတ္တာ ဝစီကံ၊ မေတ္တာ မနောကံကို မျက်မှောက် မျက်ကွယ် ထားပါအံ့၊ မိမိစိတ်ကိုဖယ်၍ ဤအရှင်တို့၏ စိတ်ဖြင့် ကျင့်ပါအံ့ဟု ကျင့်ပါသည်။ ကိုယ်သာကွဲ၍ စိတ် တစ်ခုတည်းကဲ့သို့ ဖြစ်ပါသည် ဘုရားဟု တစ်ပါးစီ လျှောက်၍၊ ဤသို့ ညီညွတ်အောင် နေကြပါသည်ဟု လျှောက်၏။

အနုရုဒ္ဓါတို့၊ မမေ့မလျော့ လုံ့လပြု၍ နေကြလော(၄)။ နေကြပါသည် ဘုရား၊

အဘယ်သို့ လုံ့လ ပြု၍ နေကြသနည်း(၅)။ မြတ်စွာဘုရား ဆွမ်းခံရွာမှ ရှေးဦးစွာ ရောက်သူသည် နေရာ ခင်းခြင်း စသည်ကို၊ နောက်မှ ရောက်သူသည် နေရာသိမ်းခြင်း စသည်ကို ပြုပါသည်။ သောက်အိုး၊ သုံးအိုး၊ ဝစ္စကုဋိအိုး ရေမရှိလျှင် မြင်သူ ခပ်ပါသည်၊ မနိုင်သောဝန်ကို ချီလိုလျှင် အဖော်ကို လက်ဖြင့် ခေါ်၍ လက်တွဲ၍ ချီပါသည်။ ထိုအကြောင်းကြောင့် စကားမဆိုကြပါ၊ ငါးရက်တစ်ကြိမ် တစ်ညဥ့်လုံး တရားစကားဖြင့် နေကြပါသည် ဘုရား၊ ဤသို့လျှင် လုံ့လပြု၍ နေကြပါသည်ဟု လျှောက်၏။

(သာဋီ ... ကောသမ္ဗီ ရဟန်းတို့ မညီညွတ်ပုံကို ဆင်ခြင်စဉ် ဤ ကုလပုတ္တ သုံးယောက်တို့သည် ဉာဏ်တော်အား ထင်လာကုန်၏။ သာမဂ္ဂီ အရသာ ခံစားကာ နေကြသည်ကို ချီးမြှောက်လို၍ ချဉ်းကပ်တော်မူ၏။ ဤသည်လည်း ထိုရဟန်းတို့အား ဆုံးမကြောင်းသာတည်း။

မိမိအကျိုး လိုလားသော သဘောဖြင့် နေခြင်း ဟူသည်၌ ရဟန်းပြု၍ ဆေးကုခြင်း စသော အနေသန ၂၁-ပါးဖြင့် အသက်မွေးသူသည် မိမိအကျိုးလိုလားခြင်း သဘောမရှိသူ မည်၏။ အနေသန ၂၁-ပါးပယ်၍ စတုပါရိ သုဒ္ဓသီလ၌ တည်၍ ဘုရားစကားကို သင်ယူ၍ သင့်သော ဓုတင်ဆောက်တည်၍ ကမ္မဋ္ဌာန်းယူ၍ တောသို့ဝင်၍ သမာပတ်တို့ကို ဖြစ်စေ၍ ဝိပဿနာ ပွားများသူသည် မိမိအကျိုး လိုလားသူ မည်၏။

တောစောင့်သည် ဘုရားရှင်ကို မြင်သောအခါ ဤရဟန်းသည် ကြည်ညိုဖွယ် ရွှေအဆင်းရှိ၏။ အရသာ၌ မက်မောသူနှင့် တူ၏။ မွန်မြတ်သည်ကို လှူသော မိမိ ဒါယကာ တို့၏ ဂုဏ်ကျေးဇူး ပြောဆိုခြင်း စသည်တို့ဖြင့် ဤ ကုလပုတ္တ တို့၏ မမေ့မလျော့ နေခြင်းကို ဖျက်ရာ၏။ နေရာထိုင်ခင်းလည်း သုံးပါးစာသာရှိ၍ နေရာဖယ်ခိုင်းခြင်းဖြင့် ဝါတွင်း သုံးလပတ်လုံး မချမ်းသာအောင် ပြုရာ၏ ဟု ဘုရားရှင်ကို တားသည်။ မြတ်စွာဘုရားကို ထို တောစောင့် မသိ။ မြတ်စွာဘုရားမည်သည် ရဟန်းများစွာ ခြံရံလျက် ရောင်ခြည်တော် လက္ခဏာ ကြီး ငယ် အသရေဖြင့် ကြွသောအခါ မသိသူ မရှိ။ ငါဘုရား၏ ဗုဒ္ဓ အာနုဘော်ကို တစ်စုံတစ်ယောက် မသိစေလင့်ဟု တန်ခိုးဖြင့် တိမ်ဖုံးသော သကဲ့သို့ မထင်မရှား ကြွသောအခါ မသိနိုင်သဖြင့် တောစောင့်တားသည်က စသည်။)

ပလလည်း တောသို့

ထိုအခါ မြတ်စွာဘုရားသည် ရှင်အနုရုဒ္ဓါတို့ကို (ညီညွတ်ခြင်း အာနိသင်နှင့် စပ်သော) တရားကို ဟော၍ ပါလိလေယျကရွာသို့ ကြွ၍ စောင့်ရှောက်အပ်သော တော၌ အင်ကြင်းပင်ကြီးအောက်၌ နေတော်မူ၏။ ထိုအခါ အကြံတော်ဖြစ်သည်မှာ ငါ ဘုရားသည် ရှေး၌ ကောသမ္ဗီ ရဟန်းတို့နှင့် ရောပြွမ်း၍ ချမ်းသာစွာ မနေရ၊ ယခုကား အဖော်မရှိ တစ်ပါးတည်း ချမ်းသာစွာ နေရ၏။ ဟု အကြံ ဖြစ်တော်မူ၏။

တစ်စီးသော ဆင်ပြောင်ကြီးသည်လည်း ငါသည် ဆင်အပေါင်းတို့ဖြင့် ပြွမ်းလျက် ထိုဆင်တို့ စားပြီးသော သစ်ကိုင်းငုတ် မြက်ငုတ်ကို စားရခြင်း၊ သောက်ကြွင်း ရေနောက် သောက်ရခြင်းဖြင့် နေရ၏။ တစ်စီးတည်း ခွဲ၍နေရမူ ကောင်းလေစွဟု ခွဲထွက်၍ ထိုအင်ကြင်းပင် အနီး ဘုရားရှင်ထံသို့ ချဉ်းကပ်၏။ ချဉ်းကပ်၍ နှာမောင်းဖြင့် ဘုရားရှင်အား သောက်ရေ သုံးရေ တည်ထား၏။

(ဘုရားရှင်ကို မြင်လတ်သော် ရေအိုး တစ်ထောင်ဖြင့် သွန်းလောင်းအပ်သကဲ့သို့ အပူငြိမ်းချမ်း၍ ကြည်ညိုသော စိတ်ဖြင့် အနီး၌ တည်၏။ ထိုအခါမှစ၍ အင်ကြင်းပင်၏ သစ်ရွက်မိုးကျောင်း၏ ဝန်းကျင်၌ မြက်နုတ်၍ သစ်ခက်ချိုးဖြင့် တံမြက် လှည်း၏။မျက်နှာသစ်ရေ၊ ချိုးရေ၊ ဒန်ပူ၊ တောမှ သစ်သီးတို့ကို ဆောင်၍ ဆက်ကပ်၏။)

ထိုအခါ အကြံဖြစ်သည်မှာ ငါသည် ရှေး၌ ဆင်အပေါင်းနှင့် ရောပြွမ်း၍ ချမ်းသာစွာ မနေရ၊ ယခုကား အဖော်မရှိ တစ်စီးတည်း ချမ်းသာစွာ နေရသည်ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပဝိဝေကကို သိ၍ လည်းကောင်း၊ ဆင်၏ စိတ်အကြံကို သိ၍ လည်းကောင်း- ဧဝံ နာဂဿ နာဂေန စသည်ဖြင့် ဥဒါန်းကျူးတော်မူ၏။ ဝါ-ဤ သဒန္တ၊ ဟတ္ထီ မည်သော တောဆင်နာဂ၏ စိတ်သည် နာဂေန စိတ္တေန-ဗုဒ္ဓ နာဂ၏ စိတ်နှင့် တူခြင်းသို့ ရောက်၏။ ဤဆင်သည် တစ်စီးတည်း တော၌ မွေ့လျော်လေ၏ တကားဟု ဥဒါန်းကျူးတော်မူ၏။

(သာဋီ ... ပါလိလေယျက ရွာသားတို့သည် မြတ်စွာဘုရားကို ကြိုဆို၍ ရွာအနီး စောင့်ရှောက်အပ်သော တော၌ သစ်ရွက်မိုးကျောင်း ဆောက်၍ သီတင်းသုံးတော်မူပါဟု တောင်းပန်၍ ဝါကပ်စေကုန်၏။ စသည်။)

ပလလည်းမှ သာဝတ္ထိသို့

ထိုအခါ မြတ်စွာဘုရားသည် ပါလိလေယျက၌ မွေ့လျော်သမျှ (ဝါ– ဝါတွင်း သုံးလပတ်လုံး) နေပြီးလျှင် (ရဟန်း ငါးရာ လာကြိုသဖြင့်) သာဝတ္ထိပြည်သို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ကောသမ္ဗီပြည်၌ ဒါယကာတို့သည် ဤ ရဟန်းတို့သည် ငါတို့၏ အကျိုးမဲ့ကို ပြုကုန်၏။

ဤ ရဟန်းများ နှိပ်စက်ခြင်းကြောင့် ဘုရားရှင် ကြွသွားသည်။ ရှိခိုး မြတ်နိုးခြင်း၊ ဆွမ်းလောင်းခြင်းတို့ကို ငါတို့ မပြုဘဲ နေကုန်အံ့။ ဤ ရဟန်းတို့သည် ဖဲကုန် ထွက်ကုန်လတ္တံ့၊ ဘုရားရှင်ကို သော်လည်း ကြည်ညို စေကုန်လတ္တံ့ဟု တိုင်ပင်၍ ဆွမ်းလောင်းခြင်း မပြုဘဲ နေကုန်၏။

ကောသမ္ဗီတို့ လာကုန်သတတ်

ထိုအခါ ကောသမ္ဗီ ရဟန်းတို့သည် လူတို့ အလေးမပြုကြသဖြင့် ဘုရားရှင်ထံ၌ အဓိကရုဏ်းကို ငြိမ်းစေကုန်အံ့ဟု သာဝတ္ထိသို့ ချဉ်းကပ်ကုန်၏။ ရှင်သာရိပုတြာသည် ထိုရဟန်းတို့ လာကုန်သတတ်ဟု ကြားလတ်သော်၊ ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုရဟန်းတို့၌ အဘယ်သို့ ကျင့်ရပါမည်နည်းဟု လျှောက်၏။ ချစ်သား သာရိပုတြာ၊ ဓမ္မအတိုင်း တည်လော၊ မြတ်စွာဘုရား၊ ဓမ္မကို၊ အဓမ္မကို အဘယ်သို့ သိရပါအံ့နည်း။

ချစ်သား သာရိပုတြာ၊ ၁၈-ပါးသော အကြောင်းတို့ဖြင့် အဓမ္မဝါဒီကို သိအပ်၏။

အဓမ္မကို ဓမ္မ၊ ဓမ္မကို အဓမ္မဟု ပြအံ့၊ ... ဓမ္မ၊ ဝိနယ၊ ဘာသိတ၊ စိဏ္ဏ၊ ပညတ်ဒုက်၊ အာပတ်၊ လဟုက၊ ဒုဋ္ဌုလ္လ၊ သာဝသေသဒုက်၊ တစ်ဆယ့်ရှစ်ခု + ကွဲပြားမှု - ဝတ္ထုကို၊ ဥဒုက် ... ဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လ၊ အဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လ ပြအံ့၊ ဤ ၁၈-ပါးတို့ဖြင့် အဓမ္မဝါဒီကို သိအပ်၏။

ချစ်သား သာရိပုတြာ၊ အဓမ္မကို အဓမ္မ ...လ... ဒုဠုလ္လကို ဒုဋ္ဌုလ္လ ပြအံ့။ ဤ ၁၈-ပါး တို့ဖြင့် ဓမ္မဝါဒီကို သိအပ်၏။

ရှင်မောဂ္ဂလာန် စသည်တို့လည်း ထိုအတူ ကြား၍ လျှောက်ကုန်၏။

သာ၊ မောဂ်၊ စ္စည်း၊ ကသ် (၄)၊
ကော၊ ကပ်၊ စုန်၊ နု (၄)၊
ရေ၊ ဥ၊ အာ၊ ရာ (၄)။

သာ-ရှင်သာရိပုတြာ လျှောက်သကဲ့သို့၊
မောဂ်၊ ရှင်မောဂ္ဂလာန်၊
စ္စည်း- ရှင်မဟာကစ္စည်း၊
ကသ်-ရှင်မဟာကဿပ၊
ကော- ရှင်မဟာကောဋ္ဌိက၊
ကပ်-ရှင်မဟာကပ္ပိန၊
စုန်-ရှင်မဟာစုန္ဒ၊
နု--ရှင်အနု ရုဒ္ဓါ၊
ရေ-ရှင်ရေဝတ၊
ဥ-ရှင်ဥပါလိ၊
အာ-ရှင်အာနန္ဒာ၊
ရာ-ရှင်ရာဟုလာ တို့လည်း ကြား၍ လျှောက်ကုန်၏။

ထိုအတူ မိန့်တော်မူ၏။ ဓမ္မ အတိုင်း တည်လောဟု ၁၈-ပါးစီ ခွဲမိန့်တော်မူ၏။

မဟာဇာပတိ ဂေါတမီသည်၊ ထိုအတူကြား၍ လျှောက်သောအခါ ဂေါတမီ၊ သင်သည် နှစ်ဘက်လုံး၌ တရားနာလေ၊ တရားနာပြီးလျှင် ဓမ္မဝါဒီတို့၏ အယူကို နှစ်သက်လော၊ ဘိက္ခုနီသံဃာ၏ တောင့်တဖွယ် ကိုလည်း ဓမ္မဝါဒီတို့ အထံ၌ တောင့်တလော။ ဟု မိန့်တော်မူ၏။

အနာထပိဏ် သူဌေးကြီးလည်း ထိုအတူကြား၍ လျှောက်သောအခါ သူဌေးကြီး၊ သင်သည် နှစ်ဘက်လုံး၌ လှူဒါန်းလော၊ နှစ်ဘက်လုံး၌ တရားနာလော။ နာပြီးလျှင် ဓမ္မဝါဒီတို့၏ အယူကို နှစ်သက်လော ဟု မိန့်တော်မူ၏။ ဝိသာခါလည်း ထိုအတူကြား၍ လျှောက်သောအခါ အနာထပိဏ်အား ကဲ့သို့ မိန့်တော်မူ၏။

ငြင်းခုံသူတို့နှင့် ကျောင်း အာမိသ

ထိုအခါ ကောသမ္ဗီ ရဟန်းတို့သည် သာဝတ္ထိသို့ ရောက်လာကုန်၏။ ရှင်သာရိပုတြာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား ငြင်းခုံသော ရဟန်းတို့သည် သာဝတ္ထိသို့ ရောက်လာကုန်ပြီ၊ သေနာသနတို့၌ အဘယ်သို့ ကျင့်ရပါမည်နည်းဟု လျှောက်၏။

ချစ်သား သာရိပုတြာ၊ ဆိတ်ငြိမ်သော ကျောင်းကိုပေးအပ်၏။ ဆိတ်ငြိမ်သော ကျောင်း မရှိအံ့၊ အဘယ်သို့ ပါနည်း။ ရှိအံ့၊ ဆိတ်ငြိမ်အောင် ပြု၍လည်း ပေးအပ်၏။ ချစ်သား သာရိပုတြာ၊ တစ်စုံတစ်ခုသော အကြောင်းဖြင့် သီတင်းကြီးအား အိပ်ရာ နေရာကို တားအပ်၏ ဟု ငါဘုရား မဟော။ တားငြားအံ့ ဒုက္ကဋ်။ အာမိသ၌ အဘယ်သို့ ကျင့်ရပါမည်နည်း။ ချစ်သား သာရိပုတြာ၊ အာမိသကို အလုံးစုံတို့အား အညီအမျှ ဝေဖန်စေအပ်၏- ဟု မိန့်တော်မူ၏။

(ဝိဋီ ... တားငြားအံ့ ဒုက္ကဋ် ဟူသည်ကို သာမဂ္ဂီ ပျက်ခြင်း၏ အကြောင်း မဟုတ်သည်တို့ကို ရည်ဆိုသည်။ ကွဲအောင်ပြုသော ဆန့်ကျင်ဘက် အလဇ္ဇီတို့အား သော်ကား တားခြင်းငှါ အပ်၏။ ထိုတို့၏ ဥစ္စာ သေနာသနကိုသော်လည်း ဖျက်ဆီးခြင်းကို ဟောသောကြောင့်တည်း။

ဆိတ်ငြိမ်အောင် ပြု၍လည်း ပေးအပ်၏ ဟု ဆိုသောကြောင့် သီတင်းကြီးစဉ် ကျောင်းကောင်းကို မပေးဘဲ သီတင်းကြီးသော်လည်း မစောင့်စည်းခြင်းကြောင့် မစောင့်စည်းသူတို့မှ ဆိတ်ငြိမ်အောင်ပြု၍ ယူအပ်၏ဟု မှတ်အပ်။)

(သာဋီ ... တားငြားအံ့ ဒုက္ကဋ် ဟူသည်၌ သေနာသန ထိုက်သူအား သေနာသနကို တားအံ့၊ ထိုသူအားသာ အာပတ်တည်း။

ကလဟ ပြုသူ စသည်တို့အား အခွင့်မရှိ အစရှိသော သံဃ ကတိကကို ပြော၍ နေရာမပေး သူအား လည်း ကောင်း၊ ငါ သီတင်းကြီးဟု နှိပ်စက်၍ ယူသူကို အသင့်အားဖြင့် ယူပါ ဟု ဆို၍ တားသူအား လည်းကောင်း။ အာပတ် မရှိ။

ကလဟ ငြိမ်းခြင်းငှါလာသော ကောသမ္ဗီ ရဟန်းတို့အား ယာဝုဍ္ဎံ-ဟု မဟောဘဲ - ဝိဝိတ္တေ အသတိ ဝိဝိတ္တံကတွာပိ ဒါတဗ္ဗံ ဟု ဟောသောကြောင့် ဝိဝိတ္တ ပြု၍ ပေးသူကို တားသူအား အာပတ်ဟု ဂဏ္ဌိတို့၌ ဆို၏။)

(ဇီဋီ ... ထိုအတိုင်းထက် အနည်းငယ် ထူး၏။ ... ပါရိဝါသိက စသည်တို့အား ကျောင်းစွန်ပေးခြင်းဖြင့် ဤအနက်ကို ပြီးစေအပ်၏။)

အညီအညွတ်ပြုခန်း

ထိုအခါ အနှင်ခံရသော ဥက္ခိတ္တက ရဟန်းသည် ဓမ္မဝိနယကို ဆင်ခြင်၍ အာပတ် ဟုတ်သည်၊ နှင်ထိုက်သည်၊ ဓမ္မကံ ဖြစ်သည်ဟု သိ၍ အနုဝတ္တကတို့ကို ပြောပြ၍ အကျွန်ုပ်ကို သံဃာ့ဘောင်သို့ ပြန်သွင်းကြလော့ဟု ဆို၏။

အနုဝတ္တက တို့သည် ထိုရဟန်းကို ဘုရားရှင်ထံ ခေါ်သွား၍ ထိုအကြောင်းကို လျှောက်၏။ ချစ်သားတို့၊ ဤသည် အာပတ် ဟုတ်၏။ အာပတ်သို့ ရောက်သူ ဖြစ်၏။ နှင်အပ်သူ ဖြစ်၏။ ဓမ္မကံ ဖြစ်၏။ ချစ်သားတို့၊ ထိုရဟန်းသည် အာပတ်ကို မြင်၏။ ထိုကြောင့် သွင်းကြလောဟု မိန့်တော်မူ၏။

အနုဝတ္တက တို့သည် ထိုရဟန်းကိုသွင်း၍ နှင်သူ ဥက္ခေပက တို့ထံ သွား၍ ငါ့ရှင်တို့၊ အကြင် ဝတ္တုကြောင့် သံဃာ ကွဲ၏၊ နှင်အပ်သူကို အာပတ်ရှုသူဖြစ်၍ သွင်းအပ်ပြီ။ ထိုဝတ္တုကို ငြိမ်းစေခြင်းငှါ သံဃ သာမဂ္ဂီ ပြုကုန်အံ့ဟု ဆိုကုန်၏။ ဥက္ခေပက တို့သည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်ကုန်၏။

ချစ်သားတို့၊ ထိုသို့ ဖြစ်လျှင် ထိုဝတ္တုကို ငြိမ်းစေခြင်းငှါ သံဃ သာမဂ္ဂီ ပြုလော၊ ပြုပုံကား၊ ရဟန်း အားလုံးသာလျှင် တစ်ပေါင်းတည်း စည်းဝေးအပ်၏။ ဂီလာန၊ အဂိလာန-တစ်စုံတစ်ယောက်မျှ ဆန္ဒ မပေးအပ်၊ စည်းဝေးပြီးလျှင် ဗျတ္တ ပဋိဗလသည် သံဃာကို ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ထိုဝတ္ထုကို ငြိမ်းစေခြင်းငှါ သံဃ သာမဂ္ဂီကို ပြုရာ၏၊ ပြု၏၊ ပြုပြီးဟု သိစေအပ်၏။ ထိုခဏ၌သာလျှင် ဥပုသ်ကို ပြုအပ်၏။ ပါတိမောက်ကို ပြအပ်၏ဟု မိန့်တော်မူ၏။

[ထိုရဟန်းကို သွင်း၍ ဟူသည် ထိုရဟန်းကို ခေါ်၍ သိမ်သို့သွား၍ အာပတ် ဒေသနာကြားစေ၍ ကမ္မဝါစာဖြင့် သွင်း၍တည်း။

ထိုခဏ၌ သာလျှင် ဟူသည် ထိုနေ့၌သာလျှင် သာမဂ္ဂီ ဥပုသ် ပြုအပ်၏။]

(ဇီဋီ ... အနုဝတ္တက တို့သည် ...လ... သံဃသာမဂ္ဂီ ပြုကုန်အံ့ဟု ဆိုသော စကားသည် သိနိုင်ခဲသော ဝိနိစ္ဆယတည်း။

ချဲ့ဦးအံ့၊ ကံပြုသော သံဃာရှိလျှင် တစ်ပါးသော သံဃာသည် သွင်းခွင့်မရ၊ သွင်းငြားအံ့၊ သွင်းသူတို့သည် ကံပြုသော သံဃာနှင့် အယူတူခြင်းကြောင့် ထိုသံဃာနှင့် သမာန သံဝါသကတို့ ဖြစ်ကုန်၏။ ထိုကြောင့် ကံပြုသူတို့၏ ဆန္ဒကို မယူဘဲ သွင်းလျှင် ကံပျက်၏။ ထိုကြောင့် ဘုရားရှင် မိန့်ခွန်းဖြင့် သွင်းကုန်၏။ ထိုသို့မဟုတ် သိမ်ပသို့သွား၍၊ ထိုသို့မဟုတ် ဆန္ဒယူ၍ သွင်းကုန်၏-ဤ သုံးမျိုး တစ်မျိုးမျိုး ဖြစ်ထိုက်၏။ ဂဏ္ဌိတို့၌ကား မစီစစ်-စသည်။

ဝိဋီ ... ကမ္မဝါစာဖြင့် သွင်း၍ ဟူသည်၌ အနှင်ခံရသူ၏ အပြစ်သိ၍ ကောင်းစွာ ကျင့်ခြင်းအားဖြင့် လည်းကောင်း၊ နှင်သူတို့၏ သွင်းလိုသော ဆန္ဒကို စောစောကပင် သိသောကြောင့် လည်းကောင်း၊ ငြိမ်းစေသော ကမ္မဝါစာဖြင့် အနုဝတ္တကတို့ ကိုယ်တိုင် ထိုရဟန်းကို သွင်းကုန်၏ဟု မှတ်အပ်၏။)

ရှင်ဥပါလိ ဝိနည်း မေးခန်း

ထိုအခါ ဥပါလိသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့ လျှောက်၏။ မြတ်စွာဘုရား၊ သံဃာကွဲကြောင်း ဝတ္တုကို မဆုံးဖြတ်မူ၍ အရင်းမှ အရင်းသို့ မလိုက်မူ၍ သံဃသာမဂ္ဂီ ပြုအံ့၊ ဓမ္မိကာ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ဝတ္တုကို မဆုံးဖြတ်မူ၍ အရင်းမှ အရင်းသို့ မလိုက်မူ၍ သံဃ သာမဂ္ဂီ ပြုအံ့၊ အဓမ္မိကာ ဖြစ်၏။

မြတ်စွာဘုရား၊ သံဃာ ကွဲကြောင်း ဝတ္တုကို ဆုံးဖြတ်၍ အရင်းမှ အရင်းသို့ လိုက်၍ သံဃသာမဂ္ဂီ ပြုအံ့၊ ဓမ္မိကာ ဖြစ်ပါသလော။ ချစ်သားဥပါလိ၊ ဓမ္မိကာ ဖြစ်၏။

မြတ်စွာဘုရား၊ သံဃံ သာမဂ္ဂီတို့သည် အဘယ်မျှ တို့ပါနည်း။ ချစ်သား ဥပါလိ၊ သံဃ သာမဂ္ဂီတို့သည် နှစ်မျိုးရှိကုန်၏။ အနက်ကင်း သဒ္ဒါရှိသော သံဃ သာမဂ္ဂီ တစ်ခုရှိ၏။ အနက်ရှိ သဒ္ဒါရှိသော သံဃသာမဂ္ဂီ တစ်ခုရှိ၏။

ချစ်သား ဥပါလိ၊ အနက်ကင်း သဒ္ဒါရှိ ဟူသည် သံဃာ ကွဲကြောင်း ဝတ္တုကို မဆုံးဖြတ်မူ၍ အရင်းမှ အရင်းသို့ မလိုက်မူ၍ သံဃာ သာမဂ္ဂီ ပြုအံ့၊ အနက်ကင်း သဒ္ဒါရှိမည်၏။ ဝါ-အဓမ္မိကာသည် အနက်ကင်း သဒ္ဒါရှိ မည်၏။ ဓမ္မိကာသည် အနက်ရှိ သဒ္ဒါရှိ မည်၏။

[အမူလာ မူလံဂန္တွာတိ န မူလာ မူလံဂန္တွာ - အရင်းမှ အရင်းသို့ မလိုက်မှု၍ ဟူသော အနက်တည်း။ အတ္တာပေတာ - အတ္တတော အပဂတာ - အနက်မှ ကင်းသော သံဃ သာမဂ္ဂီ။ သဒ္ဒါ အသံမျှသာ ပြည့်စုံသော သာမဂ္ဂီ။]

(သာဋီ ... နမူလာ မူလံဂန္တွာဟိ မူလတော မူလံ အဂန္တွာ။ အတ္တ တော အပဂတာတိ သာမဂ္ဂီ သင်္ခါတ အတ္တတော အပေတာ။

ဝိဋီ …. အတ္ထတော အပဂတာတိ-သာမဂ္ဂီ အတ္ထဝိရဟိတာ၊ တုစ္ဆဗျဉ္ဇနာတိ အတ္ထော။)

ရှင်ဥပါလိလျှောက် ဆယ်ဂါထာ၊ ချီးမြှောက်ထိုက်သူ

ထိုအခါ ရှင်ဥပါလိသည် နေရာမှထ၍ ပခုံးတစ်ဘက်၌ ကိုယ်ရုံကို စမ္ပယ်တင်၍ မြတ်စွာဘုရား ရှိရာသို့ လက်အုပ်ချီ၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ကြား၏။

(၁) မြတ်စွာဘုရား၊ သံဃာ့ ကိစ္စတို့၊ ဝိနည်း တိုင်ပင်ခြင်းတို့၊ ဝိနည်း အနက်တို့၊ ဝိနည်းအနက် အဆုံး အဖြတ်တို့ဖြစ်သောအခါ အဘယ်သို့သော ရဟန်းသည်၊ ဤသာသနာ၌ ကျေးဇူးများသူ ဖြစ်ပါသနည်း။ အဘယ် သို့သော ရဟန်းသည် ဤသာသနာ၌ ချီးမြှောက်ထိုက်သူ ဖြစ်ပါသနည်း ဘုရား။

(၂) ချစ်သား ဥပါလိ၊ အကြင် ရဟန်းသည် ရှေးဦးစွာ သီလဖြင့် မစွပ်စွဲအပ်သူ ဖြစ်၏။ ဆင်ခြင်သော အကျင့် ရှိ၏။ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၌ ပညာ အဆင်ခြင်ရှိသူ စသော နည်းဖြင့် ဆင်ခြင်သော အကျင့်ရှိ၏။ [အဋ္ဌကထာတို့ အလို မဖုံးလွှမ်းသော အကျင့်ရှိ၏။] စောင့်စည်းသောဣန္ဒြေ ရှိ၏။ ရန်သူတို့ တရားသဖြင့် မစွပ်စွဲနိုင်၊ စွပ်စွဲစရာ အပြစ်မရှိ။

(၃) ထိုသို့သော သီလ ဝိသုဒ္ဓိ၌ တည်သော ရဟန်းသည် ရဲရင့်၏၊ ရန်သူကို နှိပ်၍ ဆိုနိုင်၏။ ပရိသတ်သို့ရောက်၍ ထိတ်ခြင်းမရှိ၊ တုန်လှုပ်ခြင်း မရှိ၊ အနက် မယုတ်စေဘဲ အကြောင်းသင့်သော ခွင့်စကားကို ဆို၏။ (ငြူစူခြင်း၊ အဂတိလိုက်ခြင်း မရှိ။)

(၄) ထိုအတူ ပရိသတ်အလယ်၌ ပြဿနာမေးလျှင် ကြံမှိုင်ခြင်း မရှိ၊ မျက်နှာပျက်ခြင်း မရှိ။ ကာလသင့်လျှင် ဖြေဆိုထိုက်သော စကားကို ဆိုလျက် ပညာရှိ ပရိသတ်ကို နှစ်သက်စေသော ဉာဏ်အမြင်ရှိ၏။ (မသိသူ ကြံမှိုင်သည်၊ မဆိုဝံ့သူ မျက်နှာပျက်သည်။)

(၅) သီတင်းကြီး ရဟန်းတို့၏ ဂါရဝ ရှိ၏၊ မိမိ၏ အာစရိယ ဝါဒ၌ ရဲရင့်၏။ စူးစမ်းနှိုင်းချိန်ခြင်းငှါ စွမ်းနိုင်၏၊ ဆိုဖွယ်စကား၌ အလေ့အလာ ရှိ၏။ ရန်သူတို့၏ ချွတ်ယွင်းရာဌာန၌ လိမ္မာ၏။

(၆) အလေ့အလာ ရှိပုံကား။ အကြင်စကားဖြင့် ရန်သူတို့သည် နှိပ်အပ်သူ အဖြစ်သို့ ရောက်ကုန်၏။ ပရိသတ်သည် ထိုးထွင်း၍ သိခြင်းသို့ ရောက်နိုင်၏။ မိမိယူသော အာစရိယ ဝါဒကိုလည်း မယုတ်စေ၊ မထိမခိုက် (ဖြစ်သော အဓိကရုဏ်း အားလျော်စွာ) ပြဿနာ ဖြေနိုင်၏။ ထိုနှိပ်ကြောင်း၊ သိကြောင်း၊ မယုတ်ကြောင်း၊ မထိခိုက်ကြောင်း စကား၌ အလေ့အလာ ရှိ၏။

(၇) တမန်အမှုတို့၌ စွမ်းနိုင်၏။ သံဃာ့ ကိစ္စကြုံလျှင် မြတ်သော အလှူကို ခံယူသကဲ့သို့ ထိုထို ကိစ္စကို ဝမ်းမြောက်စွာ ခံယူ၏။ ရဟန်း သံဃာ စေခိုင်းလျှင် လိုက်နာသော စကားရှိ၏။ ထိုလိုက်နာခြင်းဖြင့် “ငါ ပြုနိုင်သည်”ဟု မထေမဲ့မြင် မပြု။ [သံဃာ့ တာဝန်ကို ငါရွက်ဆောင်နိုင်သည်ဟု မာနစကား မထောင်လွှား။

(၈) အကြင်မျှသော ဝတ္တုတို့ကြောင့် အာပတ်သို့ ရောက်၏။ အကြင် ခြင်းရာဖြင့် အာပတ်မှ ထ၏။ ဤဝတ္တု၊ ဤ ခြင်းရာတို့ကို ထွန်းပြသော ဝိဘင်း နှစ်ပါးတို့သည် ကောင်းစွာ နှုတ်တက်ကုန်၏။ အာပတ်မှ ထကြောင်း၌ လိမ္မာ၏။

(၉) အကြင် ငြင်းခုံခြင်း စသည်တို့ကို ကျင့်လျှင် နှင်ထုတ်ခံရခြင်းသို့ ရောက်၏။ နှင်ထုတ်အပ်သူ ဖြစ်၏။ အကြင် ကျင့်ဝတ်ကျင့်ခြင်းဖြင့် ကျင့်သုံးသော ရဟန်းအား ပြန်သွင်းခြင်းကို ပြုအပ်၏။ ထိုတို့ကို ဝိဘင်္ဂ ကောဝိဒ ဖြစ်၏။

(၁၀) တေရ၊ နဝ၊ မဇ္ဈိမ ဖြစ်သော ရဟန်းတို့၌ ဂါရ၀ ရှိ၏။ များစွာသော သူအပေါင်း၏ အကျိုးကို ကျင့်သော ပညာရှင် ဖြစ်၏။ ထိုသို့သော သဘောရှိသော ရဟန်းသည် ဤသာသနာ၌ ချီးမြှောက် ထိုက်သူ ဖြစ်၏။
ကောသမ္ဗကက္ခန္ဓက ကောဒသမော။

(ဝိဋီ ... မိမိ၏ အာစရိယ ဝါဒသည် အာဒါယ မည်၏။ အာဒါ တဗ္ဗတော ဂဟေ တဗ္ဗတော။ တမန် အမှုသည် -

တောတာ - သတင်းပေးသည်ကို နာယူတတ်၏။
သာဝေတာ-နာယူတိုင်း ပြောပြတတ်၏။
ဥဂ္ဂေဟေတာ- ကောင်းစွာ ထင်ယူတတ်၏။
ဓာရေတာ-ကောင်းစွာ ဆောင်တတ်၏(၄)၊

ဝိညာတာ-စကား၏ အဓိပ္ပါယ်ကို သိတတ်၏။
ဝိညာပေတာ-သိစေတတ်၏။
ကုသလောသဟိတာ သဟိတဿ - အကျိုး ရှိ မရှိ စကား၌ လိမ္မာ၏။
ဝါ-ဆိုခြင်း ပြုခြင်းငှါ သင့် မသင့်၌ လိမ္မာ၏။
နောစ ကလဟ ကာရကော - ခိုက်ရန်မပြုတတ် (၄) –

ဤ အင်္ဂါရှစ်ပါးတည်း။

ဇီဋီ၊ သာဋီ ... . ထိုထက် မထူး။)

ကောသမ္ဗကက္ခန္ဓက ပြီး၏။

ဗုဒ္ဓဟောလတ် ဝိနည်းမြတ် ပညတ်ကျိုးဆယ်ပါး

မြတ်စွာဗုဒ္ဓ ဝိနည်းသိက္ခာပုဒ် ပညတ်ခြင်းသည် နှိပ်စက်၍ အာဏာပြ၍ ပညတ်သည်ဟုမရှိ။

၁။ သံဃာတော်၏ ကောင်းပြီဟု ဝန်ခံစေခြင်းငှါ။
၂။ သံဃာတော်၏ ချမ်းသာစွာ နေရခြင်းငှါ။
၃။ သီလမဲ့ကုန်သော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ။
၄။ သီလချစ်ကုန်သော ပုဂ္ဂိုလ်တို့ကို ချီးမြှောက်ခြင်းငှါ။
၅။ မျက်မှောက်၌ ဖြစ်ကုန်သော ဘေးရန်တို့ကို တားမြစ်ခြင်းငှါ။
၆။ တမလွန်၌ ဖြစ်ကုန်သော ဘေးရန်တို့ကို တားမြစ်ခြင်းငှါ။
၇။ မကြည်ညိုသေးသူတို့အား ကြည်ညိုစေခြင်းငှါ။
၈။ ကြည်ညိုပြီးသူတို့အား ကြည်ညိုစေခြင်းငှါ။
၉။ သာသနာတော်၏ အဓွန့်ကြာရှည် တည်နေစေခြင်းငှါ။
၁၀။ ဝိနည်းတရားတော်ကို ချီးမြှောက်ခြင်းငှါ။
ထိုထို သိက္ခာပုဒ်ကို အကျိုးဆယ်မျိုးရွယ်ကိုး ပညတ်တော်မူသတည်း။

ညောင်လေးပင်တောရဆရာတော်

9zudngjht6riirh1m5lya8dmu99zxsr
18950
18948
2025-07-02T21:22:15Z

duz3tic7j72ig6fco2jikwr34gp32xh
သင်္ဂြိုဟ်အရသာ
0
5803
18951
2025-07-02T21:24:22Z
Tejinda
173
"{{header | title = သင်္ဂြိုဟ်အရသာ | author = ညောင်လေးပင်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = သင်္ဂြိုဟ်အရသာ | previous = ဝိသုဒ္ဓိမဂ်အ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18951
wikitext
text/x-wiki
{{header
| title = သင်္ဂြိုဟ်အရသာ
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = သင်္ဂြိုဟ်အရသာ
| previous = [[ဝိသုဒ္ဓိမဂ်အရသာ]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

သင်္ဂြိုဟ်အရသာ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

ညောင်လေးပင်တောရဆရာတော်

မာတိကာ

၁ - စိတ်ပိုင်း

အကုသိုလ်စိတ် ၁၂

အဟိတ်စိတ် ၁၈

ကာမသောဘဏစိတ် ၂၄

ရူပစိတ် ၁၅

အရူပစိတ် ၁၂

လောကုတ္တရာစိတ် ၈

လောကုတ္တရာအကျယ်-၄၀

သရုပ်ခွဲလေ့လာဘွယ်

သရုပ်ခွဲ၌မှတ်ဘွယ်

သဘောမှတ်ဘွယ်

ပါဒကဈာန် စသည်မှတ်ဘွယ်

၂-စေတသိက်ပိုင်း

လက္ခဏာ-၄-ပါး

သမ္ပယောဂနည်း-၁၆

သဗ္ဗစိတ္တတနည်း

ပကိဏ်း ၆-နည်း

အကုသိုလ် ၅-နည်း

သောဘဏ ၄-နည်း

အနိယတ ယောဂီ-၁၁

သင်္ဂဟနည်း ၃၃

လောကုတ္တရာ ၅-နည်း

မဟဂ္ဂုတ် ၅-နည်း

ကာမသောဘဏ ၁၂-နည်း

အကုသိုလ် ၇-နည်း

အဟိတ် ၄-နည်း

သမ္ပယောဂနည်း- ၁၇ နည်းဖြစ်ပုံ

သမ္ပယောဂယှဉ်နည်း-၂၆။ မယှဉ်နည်း- ၂၇

သင်္ဂဟနည်း ၁၉-နည်း

စေတသိက် လက္ခဏာ လေးပါးမှတ်ဘွယ်

စေတသိက်သဘော လေ့လာဘွယ်

သဗ္ဗစိတ္တသာဓာရဏမှတ်ဘွယ်

ပကိဏ်းမှတ်ဘွယ်

အကုသိုလ်မှတ်ဘွယ်

သောဘဏမှတ်ဘွယ်

သမ္ပယောဂနည်း မှတ်ဘွယ်

အနိယတ မှတ်ဘွယ်

၃ - ပကိဏ်းပိုင်း

ဝေဒနာသင်္ဂဟ

ဟေတုသင်္ဂဟ

ကိစ္စသင်္ဂဟ

ဒွါရသင်္ဂဟ

အာရမ္မဏသင်္ဂဟ

ဝတ္ထုသင်္ဂဟ

စေတသိက်၏ ဝေဒနာလေ့လာဖွယ်

စေတသိက်၏ ဟေတုလေ့လာဘွယ်

စေတသိက်၏ ကိစ္စလေ့လာဘွယ်

ဌာနဆယ်ပါး - ၂၅-ပါးမှတ်ဘွယ်

စေတသိက်၏အာရုံလေ့လာဘွယ်

စေတသိက်၏ ဝတ္ထုလေ့လာဘွယ်

အာရုံပြုဧကန်၊ အနေကန် လေ့လာဘွယ်

ဒွါရဝိမုတ်အာရုံ လေ့လာဘွယ်

အဘိညာအာရုံ လေ့လာဘွယ်

အာရမ္မဏာဓိပတိအာရုံ လေ့လာဘွယ်

မိဿကခွဲ လေ့လာဘွယ်

ဝေဒနာသင်္ဂဟ မှတ်ဘွယ်

ဟေတုသင်္ဂဟမှတ်ဘွယ်

ကိစ္စသင်္ဂဟမှတ်ဘွယ်

ဒွါရသင်္ဂဟမှတ်ဘွယ်

အာရမ္မဏသင်္ဂဟမှတ်ဘွယ်

ဒွါရဝိမုတ်အာရုံမှတ်ဘွယ်

ယေဘုယျမှတ်ဘွယ်

ဝတ္ထုသင်္ဂဟမှတ်ဘွယ်

၄-ဝီထိပိုင်း

ဆဆက္က

ကာမဇောဝါရ (ဝီထိ ၈၅)

အပ္ပနာဇောဝါရ(ဝီထိ-၁၅၂)

တဒါရုံမှတ်ခြင်း (ဝိပလ္လာသ မှတ်ဘွယ်)

အာဂန္တုကဘဝင်

ဇောမှတ်ခြင်း

ပုဂ္ဂိုလ်ဝီထိစိတ်ရ

ဘုံဝီထိစိတ်ရ

ပုဂ္ဂိုလ်ဝီထိစိတ်ရအကျယ်

ဘုံဝီထိစိတ်ရအကျယ်

ဘုံပုဂ္ဂိုလ်ဝီထိစိတ်ရ

ဝါကရား

ဝီထိလက်ရိုး လေ့လာဘွယ် (၂၂၇-ဝီထိ)

အတိမဟန္တာရုံ ၅-ဝီထိ

မဟန္တာရုံ ၁၀-ဝီထိ

ပရိတ္တာရုံ-၃ဝ

အတိပရိတ္တာရုံ-၃ဝ

ကာမမနောဒွါရဝီထိ-၁၀

အပ္ပနာဇောဝါရ

မဟဂ္ဂုတ်-ဈာနဝီထိ-၇၂

မဂ္ဂဝီထိ-၄ဝ

ဖလသမာပတ္တိဝီထိ-၄ဝ

အဘိညာ ၂၈-ဝီထိ

နိရောဓသမာပတ် ရှစ်ဝီထိ

မရဏာသန္န ၂၄-ဝီထိ

စိတ်အကြိမ်မှတ်ဘွယ်

ရှေ့နောက်စိတ်စဉ်

ကာမဝီထိနောက်လိုက်

အပ္ပနာဝီထိနောက်လိုက်

မှီရာဝထ္ထု

မဇ္ဈိမာယုက

ကာမဝီထိအရာ မှတ်ဘွယ်

မမြင်ရသော ရူပါရုံ ၆-မျိုး၊ သဒ္ဒါရုံ မလာခြင်း

ဂန္ဓာရုံစသည်လာခြင်း

အပ္ပနာဝီထိအရာမှတ်ဘွယ်

မဂ်ဖိုလ်ဝေဒနာ

၅-ဘုံပိုင်း

ဘူမိစတုက္က

ပဋိသန္ဓိစတုက္က

ကမ္မစတုက္က

မရဏုပ္ပတ္တိစတုက္က

ပဋိသန္ဓိစတုက္ကမှတ်ဘွယ်

ဘုံပုဂ္ဂိုလ်ဝီထိမုတ်စိတ်ရ

သတ္တာဝါသဘုံကိုးဝ

အကုသိုလ်ကမ္မပထ

ကာမကုသိုလ်ကမ္မပထ

ရူပကုသိုလ်ကံ

ပဋိသန္ဓေဖြစ်စေပုံ

မရဏာသန္နဝီထိအာရုံဒွါရ

ပစ္စုပ္ပန်ကမ္မနိမိတ်သဒိသူ

ဘူမိစတုက္ကမှတ်ဘွယ်

တက်ကပ်ဆုတ်ကပ်

ဘဝတခု၌ ပ၊ ဘ၊ စု-တူ မတူ

ကမ္မစတုက္ကမှတ်ဘွယ်

မရဏုပ္ပတ္တိစတုက္ကမှတ်ဘွယ်

ရဟန္တာစုတိ

၆ - ရုပ်ပိုင်း

ရုပ်အကျဉ်း

ရုပ်ဝေဘန်ခြင်း

ရုပ်ဖြစ်ကြောင်း

ရုပ်ကလာပ်

ရုပ်ဖြစ်စဉ်

နိဗ္ဗာန်

ရုပ်သက်မှတ်ဘွယ်

ရုပ်ဖြစ်စဉ်၌မှတ်သားဘွယ်

ရုပ်ကလာပ်ဖြစ်စဉ်

ရုပ်ကလာပ်ချုပ်စဉ်

ရုပ်ဝီထိ

ရုပ် ၁၂-မျိုး

ရုပ်ကလာပ်မှတ်ဘွယ်

ရုပ်အကျဉ်း၌မှတ်ဘွယ်

မဟန္တဘူတ

ဘူတရုပ် လေးပါးသဘော

ပသာဒရုပ် ငါးပါးသဘော

ဂေါစရရုပ် ခုနစ်ပါးသဘော

ဘာဝရုပ် နှစ်ပါးသဘော

ဟဒယရုပ်သဘော

ဇီဝိတရုပ်သဘော

အာဟာရရုပ်သဘော

အာကာသဓာတ်သဘော

ဝိညပ်ဒွေသဘော

လဟုတာဒိတ္တယသဘော

လက္ခဏရုပ်လေးခုသဘော

ရုပ်ဝေဘန်ခြင်းမှတ်ဘွယ်

ရုပ်ဖြစ်ကြောင်းမှတ်ဘွယ်

နိဗ္ဗာန်၌မှတ်သွယ်

၇ - သမုစ္စည်းပိုင်း

အကုသလသင်္ဂဟ

မိဿကသင်္ဂဟ

ဗောဓိပက္ခိယသင်္ဂဟ

သဗ္ဗသင်္ဂဟ

မိဿကသင်္ဂဟခွဲလေ့လာဘွယ်

သဗ္ဗ၌ ဘေဒ-၁၁

အကုသလ သင်္ဂဟမှတ်ဘွယ်

ဒိဋ္ဌိ ၆၂-ပါး

မိဿကသင်္ဂဟမှတ်ဘွယ်

ဣန္ဒြေဟောစဉ်

ဗောဓိပက္ခိယသင်္ဂဟမှတ်ဘွယ်

ဥပ္ပန္န ရှစ်မျိုး

တပေါင်းတည်းဖြစ်ပုံ

ဥပေက္ခာဆယ်ပါး

သဗ္ဗသင်္ဂဟမှတ်ဘွယ်

ခန္ဓာငါးပါးရှုဘွယ်

သီးခြားနှစ်ပါး

အာယတနဓာတ်ရှုဘွယ်

သစ္စာအနက် ၁၆-ချက်

ဒုက္ခ ၁၂-မျိုး။ ဒုက္ခခွဲ။ သံခိတ်ဒုက္ခ

တဏှာ၏သင်းချိုင်း မုချနိဗ္ဗာန်

သစ္စာသိကျိုး သစ္စာဥပမာ

စတုက္ကလေးချက်

သဘောတူ-မတူ။ သုံးဦးကြိုက်တရား

၈ - ပစ္စည်းပိုင်း

ပဋိစ္စသမုပ္ပါဒ်နည်း

ပဋိစ္စသမုပ္ပါဒ် အရကောက်

အခြင်းအရာ စသည်၌ မှတ်ဘွယ်

ပုဗ္ဗန္တစက်၊ အပရန္တစက်

ပဋ္ဌာန်းနည်း

ကျေးဇူးပြုနည်း ၆-မျိုး

နာမ်+နာမ်-ခြောက်

နှပ်+နာမ်ရုပ်-ငါး

နာမ်သည်+ ရုပ်အားတစ်

ရုပ်သည်+ နာမ်အားတစ်

ပညပ်နာမ်ရုပ်+ နာမ်အားနှစ်

ပကတူုမှတ်ချက်

ဒွယံ + ဒွယ - ကိုး

မှတ်ဘွယ်အထူး

ပစ္စည်းပေါင်းခြင်း

သဟဇာတရုပ်နှစ်မျိုး ပစ္စည်းခွဲခြင်း

ကာလဖြင့်လေးမျိုး

ယုဂ ခုနစ်စုံ၊ သတ္တိနှစ်မျိုး

ဌာနိကနှစ်မျိုး

ပစ္စည်းပေါင်းဝင်ခြင်း၌မှတ်ဘွယ်

ပညပ်

အတ္ထပညပ်အများ

သဒ္ဒပညပ် ၆-မည်

ဝိဇ္ဇမာနဆက္က

သင်္ကေတဖြင့်ပြီးခြင်း

ဝဒန္တသုံးဝီထိ

သုဏန္တလေးဝီထိ

အသံများတိုင်း ဝီထိတိုးခြင်း

ဝဒန္တအကျယ် ၇-ဝီထိ။ သုဏန္တအကျယ် ၇-ဝီထိ

ပညပ်ပျက်-မပျက်

ပဋိစ္စသမုပ္ပါဒ်နည်း မှတ်ဘွယ်။ ခေါင်းဆောင်

ပြန်ဆက်၊ အင်္ဂါမရေထွက်

အဝိဇ္ဇာပစ္စယာ သင်္ခါရာမှတ်ဘွယ်

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ

ကုသိုလ်ဆင်ကောင်ပုပ်။ ဥပမာ

ကျေးဇူးပြုပုံ

ထင်ရှားသော အဝိဇ္ဇာ။ ကြောင်းကျိုးတူ-မတူ

ငါးဌာနအဝိဇ္ဇာ

သင်္ခါရပစ္စယာ ဝိညာဏံမှတ်ဘွယ်

ကျေးဇူးပြုပုံ

ဝိညာဏပစ္စယာ နာမရူပံမှတ်ဘွယ်

ကျေးဇူးပြုပုံ

နာမရူပ ပစ္စယာ သဠာယတနံမှတ်ဘွယ်

ရုပ်ကျေးဇူးပြုပုံ၊ နာမ်ရုပ်ကျေးဇူးပြုပုံ

သဠာယတန ပစ္စယာ ဖဿောမှတ်ဘွယ်

ဝါဒကွဲ။ အများကြောင့်တခု

ဖဿပစ္စယာ ဝေဒနာမှတ်ဘွယ်

ကျေးဇူးပြုပုံ

ဝါဒကွဲ

ဝေဒနာပစ္စယာ တဏှာမှတ်ဘွယ်

တဏှာတရာ့ရှစ်

ကျေးဇူးပြုပုံ

တဏှာပစ္စယာ ဥပါဒါနံမှတ်ဘွယ်

ဥပါဒါန်ဖြစ်စဉ်

ဥပါဒါန ပစ္စယာ ဘဝေါမှတ်ဘွယ်

သင်္ခါရနှင့် ဘဝအထူး။ ဘဝအပြား

ဥပါဒါန်-အားလုံးကြောင့် ဘဝအားလုံး

ဘဝပစ္စယာ ဇာတိမှတ်ဘွယ်

ဇာတိပစ္စယာ ဇရာမရဏံမှတ်ဘွယ်

သောက စသည်မှတ်ဘွယ်

အာသဝကြောင့်ပြန်ဆက်ပုံ

ကျေးဇူးပြုပုံ ပစ္စည်းအမျိုးချုပ်

ဝိနိစ္ဆယခြောက်ပါးမှတ်ဘွယ်

သစ္စပဘာဝ

ကိစ္စ

ဝါရဏ

ဥပမာ

ဂမ္ဘီရကေဒ

နယဘေဒ

ဥယျောဇဉ်

၉-ကမ္မဋ္ဌာန်းပိုင်း

အာရုံကမ္မဋ္ဌာန်းနှစ်မျိုး

ဘာဝနာ ကမ္မဋ္ဌာန်း နှစ်မျိုး

ဥဒ္ဒေသ

ကသိုဏ်းဆယ်ပါးစသည်

သပ္ပါယဘေဒ

ဘာဝနာဘေဒ

နိမိတ္တဘေဒ

ဥပစာရဈာန်၊ အပ္ပနာဈာန်

ဝသီဘော်ငါးပါး၊ အရူပဈာန်

အပ္ပနာမရ တဆယ်

အဘိညာငါးပါး

အာဝဟ စသည်မှတ်ဘွယ်

အာဝဟ၊ ပဘေဒ၊ အတိက္ကမ

ဝဍ္ဎနာဝဍ္ဎနအာရုံ

စလာစလ၊ သုံ၊ ဂဟဏ၊ အာဒိကမ္မိက၊ ပစ္စယ

စရိယာနု ကူလ၊ သဗ္ဗတ္ထက။ ပရမတ်၌အပ္ပနာ

ဈာန်တစိတ်ဖြစ်ကြောင်း

ကမ္မ+ဿက-တာဉာဏ်

စရိုတ်မှတ်ဘွယ်

ဝိပဿနာကမ္မဋ္ဌာန်း

ဥဒ္ဒေသ

သီလဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိ

ဒိဋ္ဌိဝိသုဒ္ဓိ

ကင်္ခါဝိသုဒ္ဓိ

မဂ္ဂါမဂ္ဂ၌ သမ္မသနဉာဏ်

နယဝိပဿနာ

အဒ္ဓါန စသည်၊ ဥဒယဗ္ဗယဉာဏ်

ဘေးရန်ဆယ်ပါး

ပဋိပဒါဉာဏ်

ဉာဏဒဿန ဝိသုဒ္ဓိ မဂ်ဝီထိ

အမည်လေးခု ဂေါတြဘူမဂ်ဉာဏ်

ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်၊ ဝိမောက္ခဘေဒ

ပုဂ္ဂလဘေဒ

သမာပတ္တိဘေဒ

နိဂုံး

သင်္ဂြိုဟ်အရသာ

▬ஜ۩۞۩ஜ▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-စိတ်ပိုင်း

သမ္မာ သမ္ဗုဒ္ဓ မတုလံ၊ သသဒ္ဓမ္မ ဂဏုတ္တမံ။

အဘိဝါဒိယ ဘာသိဿံ၊ ဘိဓမ္မ ရ သ သင်္ဂဟံ။

အဟံ၊ ငါသည်။

သသဒ္ဓမ္မဂဏုတ္တမံ၊ သူတော်ကောင်းတရား ဆယ်ပါး, မြတ်သော အရိယာပုဂ္ဂိုလ် နှစ်ယောက်အပေါင်းနှင့်တကွဖြစ်သော။

အတုလံ၊ အတုမရှိ အမြတ်ဆုံးဖြစ်သော။

သမ္မာသမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။

အဘိဝါဒိယ၊ ရိုသေစွာရှိခိုးပြီး၍။

အဘိဓမ္မရသသင်္ဂဟံ၊ အဘိဓမ္မာ သင်္ဂြိုဟ်အရသာကို။

ဘာသိဿံ၊ ဆိုပေအံ့။

အဘိဓမ္မာ ခုနစ်ကျမ်း၌ ဘုရားဟော အနက်တို့သည် ပရမတ္ထအားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်-ဟူ၍လေးပါး အပြားရှိကုန်၏။

ထိုလေးပါးတို့တွင် စိတ်သည် ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ်၊ လောကုတ္တရာစိတ်-ဟူ၍ လေးပါး အပြားရှိ၏။

အကုသိုလ်စိတ်-၁၂

ထိုလေးပါးတို့တွင် ကာမာဝစရစိတ်ကား --

သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် တခု။

သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် တခု၊

သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် တခု၊

သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် တခု၊

ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် တခု၊

ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် တခု၊

ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တခု။

ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တခု။

ဤကား လောဘမူစိတ် ရှစ်ခုတည်း။

ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် တခု၊

ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် တခု၊

ဤကား ဒေါသမူစိတ် နှစ်ခုတည်း။

ဥက္ခာ သဟဂုတ် ဝိစိကိစ္ဆ၁ သမ္ပယုတ်စိတ် တခု။

ဥပေက္ခာ သဟဂုတ် ဥဒ္ဓစ္စ သမ္ပယုတ်စိတ် တခု၊

ဤကား မောဟမူစိတ်နှစ်ခုတည်း။

လောဘမူ-ရှစ်၊ ဒေါသမူ-နှစ်၊ မောဟမူ-နှစ်၊

ဤသို့ အကုသိုလ် စိတ် ၁၂-ခုဖြစ်၏။

မောဟမူဒွေ-သင်္ခါရဝိမုတ်။

(သောမနဿ ၄၊ ဥပေက္ခာ ၆၊ ဒေါမနဿ ၁-ပေါင်း ၁၂။

သမ္ပယုတ် ၈၊ ဝိပ္ပယုတ် ၄-ပေါင်း ၁၂။

အသင်္ခါရိက ၅၊ သသင်္ခါရက ၅၊ ဝိမုတ် ၂- ပေါင်း ၁၂။)

အဟိတ်စိတ် ၁၈

ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တခု။

ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် တခု။

ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် တခု။

ဤကား အကုသလ ဝိပါက်စိတ် ခုနစ်ခုတည်း။

ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ် သောတဝိညာဏ် တခု။

ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တခု။

သုခသဟဂုတ် ကာယဝိညာဏ်စိတ် တခု။

ဥပေက္ခာသဟဂုတ်သမ္ပဋိစ္ဆိုင်းစိတ် တခု။

သောမနဿသဟဂုတ် သန္တီရဏစိတ် တခု။

ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် တခု၊

ဤကား အဟိတ်ကုသလဝိပါက် စိတ်ရှစ်ခုတည်း။

ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် တခု။

ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် တခု။

သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် တခု။

ဤကား အဟိတ် ကြိယာစိတ် သုံးခုတည်း၊

အကုသလဝိပါက်-ခုနှစ်၊ အဟိတ်ကုသလဝိပါက်-ရှစ်၊ အဟိတ် ကြိယာ-သုံး။ ဤသို့ အဟိတ်စိတ် ၁၈-ခုဖြစ်၏။ (၁၈-ခုလုံး သမ္ပယုတ် ဝိပ္ပယုတ်ဝိမုတ်၊ သင်္ခါရဝိမုတ်။)

(သောမနဿ ၂၊ သုခ ၁၊ ဒုက္ခ ၁၊ ဥပေက္ခာ ၁၄ - ပေါင်း ၁၈။

စက္ခုဝိညာဏ်ဒွေ၊ သောတဝိညာဏ်ဒွေ၊ ဃာနဝိညာဏ်ဒွေ၊ ဇိဝှါ ဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ ၃၊ အာဝဇ္ဇန်းဒွေ၊ ဟသိတုပ္ပါဒ် ၁-ပေါင်း ၁၈။)

ကာမသောဘဏစိတ် ၂၄

အကုသိုလ်စိတ်၊ အဟိတ်စိတ်တို့မှ လွတ်ကုန်သော စိတ်တခုယုတ် ခြောက်ဆယ်၊ အကျယ် ၉၁-ပါးတို့သည် သောဘဏစိတ်တို့ မည်ကုန်၏။

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်တခု။

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်တခု။

သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်တခု။

သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ်တခု။

ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်တခု၊

ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်တခု

ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်တခု။

ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ်တခု။

ဤကား ကာမာဝစရ ကုသိုလ်စိတ် ရှစ်ခုတည်း။

ထိုအတူ --

သဟိတ်ကာမာဝစရ ဝိပါက်စိတ် ရှစ်ခု၊

သဟိတ်ကာမာဝစရ ကြိယာစိတ် ရှစ်ခုဖြစ်၏။

မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာလည်း ခေါ်သည်။

(ကုသလဝိပါက်၊ ကြိယာတို့၌ “သဟိတ်”ဟု အဘယ်ကြောင့် ထူးသနည်း။

အဟိတ်ကုသလဝိပါက်၊ အဟိတ် ကြိယာတို့နှင့် ရောမည်စိုးသောကြောင့်တည်း။)

ဤစိတ်တို့သည် -

ဝေဒနာအားဖြင့် သောမနဿ၊ ဥပေက္ခာ-ဟု နှစ်မျိုး။

ဉာဏ်အားဖြင့် သောမနဿ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်၊

ဥပေက္ခာ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်-ဟု လေးမျိုး။

သင်္ခါရအားဖြင့် တဖန်ရှစ်မျိုး ပြားသည်။

ကုသိုလ်၊ ဝိပါက်၊ ကြိယာစွမ်းဖြင့် ကာမသောဘဏစိတ် ၂၄-မျိုး ဖြစ်၏။

အကုသိုလ် ၁၂၊ ကုသိုလ် ၈၊ ဝိပါက် ၂၃၊ ကြိယာ ၁၁။

ဤသို့ ကာမာဝစရစိတ် ၅၄-ဖြစ်၏။

ကာမစိတ်လည်းခေါ်သည်။

(သောမနဿ ၁၈၊ ဥပေက္ခာ ၃၂၊ ဒေါမနဿ ၂၊ သုခ ၁၊ ဒုက္ခ ၁၊ ပေါင်း ၅၄။

သမ္ပယုတ် ၂ဝ၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈။ ပေါင်း ၅၄။

အသင်္ခါရိက ၁၇၊ သသင်္ခါရိက ၁၇၊ ဝိမုတ် ၂ဝ၊ ပေါင်း ၅၄။)

ရူပစိတ် ၁၅

ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွဖြစ်သော ပဌမဈာန် ကုသိုလ်စိတ်-တခု။

ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွဖြစ်သော ဒုတီယဈာန် ကုသိုလ်စိတ်-တခု။

ပီတိ, သုခ, ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့် တကွဖြစ်သော တတီယဈာန်ကုသိုလ် စိတ်-တခု။

သုခ, ဧကဂ္ဂတာ-တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော စတုတ္ထဈာန် ကုသိုလ်စိတ်-တခု။

ဥပေက္ခာ, ဧကဂ္ဂတာ-တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန် ကုသိုလ်စိတ်တခု။

ဤကား ရူပါဝစရ ကုသိုလ်စိတ် ငါးခုတည်း။

ထိုအတူ --

ရူပါဝစရ ဝိပါက်စိတ်ငါးခု၊

ရူပါဝစရ ကြိယာစိတ်ငါးခု ဖြစ်၏။

ရူပစိတ်သည် ဈာန်အင်္ဂါ ယှဉ်ခြင်းအားဖြင့်ငါးပါး။

ကုသိုလ်, ဝိပါက် ကြိယာအားဖြင့် တဆဲ့ငါးပါးဖြစ်၏။

၁၅-ပါးလုံး ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။

(သုခဟူသည် စိတ်သုခ ဖြစ်သောကြောင့် သောမနဿ ပင်တည်း။

ကာယဝိညာဏ် သုခကား ကိုယ်သုခ ဖြစ်သောကြောင့် သောမနဿ မမည်။

သုခသာမည်သည်။)

ဈာန်အင်္ဂါ ယှဉ်ခြင်းသည် အင်္ဂါငါးပါးနှင့်ယှဉ်ခြင်း၊ လေးပါး-၊ သုံးပါး-၊ နှစ်ပါး-၊ နှစ်ပါး နှင့်ယှဉ်ခြင်း ဟုငါးမျိုးဖြစ်သည်။)

အရူပစိတ် ၁၂

အာကာသာနဉ္စာယတနဈာန် ကုသိုလ်စိတ် တခု။

ဝိညာဏဉ္စာယတနဈာန် ကုသိုလ်စိတ် တခု။

အာကိဉ္စညာယတနဈာန် ကုသိုလ်စိတ် တခု။

နေဝသညာနာသညာယတနဈာန် ကုသိုလ်စိတ် တခု။

ဤကား အရူပါဝစရ ကုသိုလ်စိတ်လေးခုတည်း။

ထိုအတူ --

အရူပါဝစရ ဝိပါက်စိတ်လေးခု၊

အရူပါဝစရ ကြိယာစိတ်လေးခု ဖြစ်၏။

အရူပစိတ်သည်အာရုံအားဖြင့်လေးပါး။

ကုသိုလ် ဝိပါက် ကြိယာအားဖြင့် တဆဲ့နှစ်ပါးဖြစ်၏။

၁၂-ပါးလုံး ဥပေက္ခာ၊ ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။

(အာရုံသည် ကောင်းကင်ပညပ်အာရုံ၊

အာကာ ဈာန်အာရုံ၊

နတ္ထိဘောပညပ်အာရုံ၊

အာကိံ ဈာန်အာရုံ-ဟုလေးမျိုး ဖြစ်သည်။

ဤစိတ်လေးခုသည် အစဉ်အတိုင်း တခုစီ အာရုံပြုသည်။

ရူပစိတ်သည် အာရုံအချို့ တူသော်လည်း အင်္ဂါမတူ၊ အင်္ဂါ လွန်သည်။

အရူပစိတ်သည် အင်္ဂါအားလုံး “ဥပေက္ခာ၊ ဧက္ကဂတာချည်းဖြစ်၍” တူသော်လည်း အာရုံ မတူ၊ အာရုံလွန်သည်။

အကုသိုလ် ၁၂၊ ကုသိုလ် ၁၇၊ ဝိပါက် ၃၂၊ ကြိယာ ၂၀- ဤသို့လောကီစိတ် ၈၁-ဖြစ်၏။

သော- ၃၀၊ ဥ-၄၇ ၊ဒေါ-၂၊ သု-၁၊ ဒု-၁၊ ပေါင်း ၈၁၊

သမ္ပယုတ် ၄၇၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈၊ ပေါင်း ၈၁။

အ,သင် ၁၇၊ သ,သင် ၄၄၊ ဝိမုတ် ၂ဝ၊ ပေါင်း ၈၁၊)

လောကုတ္တရာစိတ် ၈

သောတာပတ္တိ မဂ်စိတ်တခု။

သကဒါဂါမိ မဂ်စိတ်တခု။

အနာဂါမိ မဂ်စိတ်တခု။

အရဟတ္တ မဂ်စိတ်တခု။

ဤကား လောကုတ္တရာကုသိုလ်စိတ် လေးခုတည်း။

သောတာပတ္တိ ဖိုလ်စိတ်တခု။

သကဒါဂါမိ ဖိုလ်စိတ်တခု။

အနာဂါမိ ဖိုလ်စိတ်တခု။

အရဟတ္တ ဖိုလ်စိတ်တခု။

ဤကား လောကုတ္တရာဝိပါက်စိတ် လေးခုတည်း။

လောကုတ္တရာ၌ မဂ်လေးမျိုး ပြားသောကြောင့် ကုသိုလ်စိတ် လေးမျိုးဖြစ်သည်။

ထိုကုသိုလ်၏အကျိုး ဖြစ်သောကြောင့် ဝိပါက်စိတ်လည်း လေးမျိုးဖြစ်သည်။

ဤသို့လျှင် လောကုတ္တရာစိတ်နှစ်ခု ဖြစ်၏။

ရှစ်ခုလုံး သောမနဿ၊ ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။

စိတ်တို့သည် ဇာတ်အားဖြင့် --

အကုသိုလ် ၁၂၊ ကုသိုလ် ၂၁၊ ဝိပါက် ၃၆၊ ကြိယာ ၂၀၊ ပေါင်း ၈၉။

ဘုံအားဖြင့် --

ကာမစိတ် ၅၄၊ ရူပစိတ် ၁၅၊ အရူပစိတ် ၁၂၊ လောကုတ္တရာစိတ် ၈၊ ပေါင်း ၈၉။

(လောကုတ္တရာဘုံဟု သီးခြား မရှိသော်လည်း မဂ်စိတ်၊ ဖိုလ်စိတ် အခိုက်အတန့်ကို တင်စား၍ ခေါ်သည်။ အဝတ္ထာဘုံဟု အမည်ရသည်။)

လောကုတ္တရာ အကျယ် ၄၀

ဤသို့စိတ်သည် တခုယုတ် ကိုးဆယ်အပြား ရှိသော်လည်း ၁၂၁-ပါး ပြား၍ ဟောကြား ဝေဘန်ကုန်၏။ ဝေဘန်ပုံကား -

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန် အင်္ဂါငါးပါးနှင့် တကွဖြစ်သော ပဌမဈာန်နှင့်တူသော သောတာပတ္တိမဂ်စိတ်-တခု။

ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွဖြစ်သော ဒုတီယဈာန်နှင့်တူသော သောတာပတ္တိမဂ်စိတ်-တခု။

ပီတိ၊ သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့်တကွ ဖြစ်သော တတီယ ဈာန်နှင့်တူသော သောတာပတ္တိမဂ်စိတ်-တခု။

သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန်နှင့် တူသော သောတာပတ္တိမဂ်စိတ်-တခု။

ဥပေက္ခာ၊ ဧကဂ္ဂတာ-တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန်နှင့် တူသော သောတာပတ္တိမဂ်စိတ်-တခု။

ဤကား သောတာပတ္တိမဂ် စိတ်ငါးခုတည်း။

(ပဌမဈာန်နှင့် တူသော သောတာပတ္တိမဂ် စိတ်တခု - ဒုတီယဈာန်နှင့် တူသော သောတာပတ္တိမဂ် စိတ်တခု ဤအနေမျှ ချုံးဆိုလျှင်လည်း သင့်၏။)

ထိုအတူ --

သကဒါဂါမိ မဂ်စိတ်ငါးခု၊

အနာဂါမိ မဂ်စိတ်ငါးခု၊

အရဟတ္တမဂ်စိတ်ငါးခု ဖြစ်၍ မဂ်စိတ် ၂၀-ဖြစ်၏။

ထိုအတူ --

သောတာပတ္တိဖိုလ်စိတ် ငါးခု

သကဒါဂါမိဖိုလ်စိတ် ငါးခု၊

အနာဂါမိဖိုလ်စိတ် ငါးခု၊

အရဟတ္တဖိုလ်စိတ် ငါးခုဖြစ်၍ စိတ် ၂၀-ဖြစ်၏။

ဤသို့လျှင် လောကုတ္တရာစိတ် ၄၀-ဖြစ်၏။

၄၀-လုံး ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။

သုခဟူသော သောမနဿ ၃၂၊ ဥပေက္ခာ ၈၊

ဈာန်အင်္ဂါယှဉ်ခြင်း ငါးမျိုးကြောင့် လောကုတ္တရာစိတ် တခု တခုသည် ငါးပါးစီဖြစ်၏။ ထိုကြောင့် လောကုတ္တရာစိတ် လေးဆယ်ဖြစ်၏။ လောကုတ္တရာစိတ် လေးဆယ် ဖြစ်သောကြောင့် စိတ်တခုယုတ် ကိုးဆယ်သည် ၁၂၁-ပါးဖြစ်၏

ဈာန်ခွဲ

ရူပဈာန်စိတ်သည် ပဌမဈာန် စသည်ဖြင့် ငါးမျိုး ပြား၏။

လောကုတ္တရာဈာန်စိတ်လည်း ထိုအတူ ငါးမျိုး ပြား၏။

အရူပဈာန်စိတ်ကား ပဉ္စမဈာန် တမျိုးတည်းသာ ဖြစ်၏၊

ထိုကြောင့် --

ပဌမဈာန် ၁၁၊ ဒုတီယဈာန် ၁၁၊ တတီယဈာန် ၁၁၊ စတုတ္ထဈာန် ၁၁၊ ပဉ္စမဈာန် ၂၃ - ဈာန်စိတ်ပေါင်း ၆၇၊။

ဈာန် မဟုတ်သောစိတ် ၅၄။

ပေါင်း ၁၂၁၊

ဇာတ်ခွဲ

စိတ်တို့သည် ဇာတ်အားဖြင့် --

အကုသိုလ် ၁၂၊ ကုသိုလ် ၃၇၊ ဝိပါက် ၅၂၊ ကြိယာ ၂၀၊ ပေါင်း ၁၂၁။

ဘုံခွဲ

ဘုံအားဖြင့် --

ကာမစိတ် ၅၄၊ ရူပစိတ် ၁၅၊ အရူပစိတ် ၁၂၊ လောကုတ္တရာစိတ် ၄၀၊ ပေါင်း ၁၂၁။

သရုပ်ခွဲလေ့လာဘွယ်

အကျဉ်းခွဲ

စိတ်တခုယုတ် ကိုးဆယ်သည် -

အနုလုံအားဖြင့် --

လောဘမူ ၈၊ ဒေါသမူ ၂၊ မောဟမူ ၂၊

အကုသလဝိပါက် ၇၊ အဟိတ်ကုသလဝိပါက် ၈၊ အဟိတ်ကြိယာ ၃၊

မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈၊

ရူပကုသိုလ် ၅၊ ရူပဝိပါက် ၅၊ ရူပကြိယာ ၅၊

အရူပကုသိုလ် ၄၊ အရူပဝိပါက် ၄၊ အရူပကြိယာ ၄၊

မဂ် ၄၊ ဖိုလ် ၄၊

ပေါင်း ၈၉။

ပဋိလုံအားဖြင့် --

ဖိုလ် ၄၊ မဂ် ၄၊

အရူပကြိယာ ၄၊ အရူပဝိပါက် ၄၊ အရူပကုသိုလ် ၄၊

ရူပကြိယာ ၅၊ ရူပဝိပါက် ၅၊ ရူပကုသိုလ် ၅၊

မဟာကြိယာ ၈၊ မဟာဝိပါက် ၈၊ မဟာကုသိုလ် ၈၊

အဟိတ်ကြိယာ ၃၊ အဟိတ်ကုသလဝိပါက် ၈၊ အကုသလဝိပါက် ၇၊

မောဟမူ ၂၊ ဒေါသမူ ၂၊ လောဘမူ ၈၊

ပေါင်း ၈၉။

ဝေဒနာအားဖြင့် --

သောမနဿ ၃၈၊ ဥပေက္ခာ ၄၇၊ ဒေါမနဿ ၂၊ ဒုက္ခ ၁၊ သုခ ၁၊ ပေါင်း ၈၉။

သမ္ပယုတ်အားဖြင့် --

သမ္ပယုတ် ၅၅၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈၊ ပေါင်း ၈၉။

(သမ္ပယုတ် ၅၅-ကား - ဒိဋ္ဌိဂတသမ္ပယုတ် ၄၊ ပဋိဃသမ္ပယုတ် ၂၊ ဝိစိကိစ္ဆာသမ္ပယုတ် ၁၊ ဥဒ္ဓစ္စသမ္ပယုတ် ၁၊ ဉာဏသမ္ပယုတ် ၄၇။

ဝိပ္ပယုတ် ၁၆-ကား - ဒိဋ္ဌိဂတဝိပ္ပယုတ် ၄၊ ဉာဏဝိပ္ပယုတ် ၁၂။)

သင်္ခါရအားဖြင့် --

အသင်္ခါရိက ၁၇၊ သသင်္ခါရိက ၅၂၊ ဝိမုတ် ၂၀။ ပေါင်း ၈၉။

အကျယ် ခွဲ

စိတ်အကျယ် ၁၂၁-ပါးသည် -

မဂ် ၂ဝ၊ ဖိုလ် ၂၀၊

ပေါင်း ၁၂၁။

ပဋိလုံအားဖြင့် --

ဖိုလ် ၂ဝ၊ မဂ် ၂ဝ၊

သောမနဿ ၆၂၊ ဥပေက္ခာ ၅၅၊ ဒေါမနဿ ၂၊ ဒုက္ခ ၁၊ သုခ ၁၊ ပေါင်း ၁၂၁။

သမ္ပယုတ်အားဖြင့် --

သမ္ပယုတ် ၈၇၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈၊ ပေါင်း ၁၂၁။

(သမ္ပယုတ်၌ ဉာဏသမ္ပယုတ် ၇၉- ဖြစ်သည်။)

သင်္ခါရအားဖြင့် --

အသင်္ခါရိက ၁၇၊ သသင်္ခါရိက ၈၄၊ ဝိမုတ် ၂ဝ၊ ပေါင်း ၁၂၁။

ဈာန်အားဖြင့် --

ပဌမဈာန် ၁၁၊ ဒုတီယဈာန် ၁၁၊ တတီယဈာန် ၁၁၊ စတုတ္ထဈာန် ၁၁၊ ပဉ္စမဈာန် ၂၃၊ ဈာန်စိတ် ၆၇။

ဈာန်မဟုတ်သော ကာမစိတ် ၅၄၊

ပေါင်း ၁၂၁။

သရုပ်ခွဲ၌မှတ်ဘွယ်

ထိုထိုကိစ္စ၌ တွန့်သောစိတ်ကို ထက်သန်အောင် ကိုယ်တိုင် တိုက်တွန်းခြင်း၊ သူတပါး တိုက်တွန်းခြင်းသည် ပုဗ္ဗပယောဂ မည်၏။ ထို ပုဗ္ဗပယောဂကြောင့်ဖြစ်သော ထက်သန်ခြင်းဂုဏ်သည် သင်္ခါရမည်၏။

မိမိဖြစ်စေ, သူတပါးဖြစ်စေ တိုက်တွန်းမှ ထက်သန်သော စိတ်နုံ့သည် သသင်္ခါရိက မည်၏၊ ကြိမ်ဝင့်မှ ပန်းဆွတ်သည်နှင့်တူ၏။ အလိုလို ထက်သန်စွာ ဖြစ်လာသော စိတ်သန်သည် တိုက်တွန်းသော်လည်း အသင်္ခါရိကသာမည်၏၊ ကြိမ်မဝင့်ဘဲ ပန်းဆွတ်သည်နှင့်တူ၏၊

မောဟမူဒွေသည် မောဟဟိတ် တခုတည်းဖြင့် အမြဲပြင်းစွာ တွေဝေ၏၊ တပ်ခြင်းမရှိ၊ ပြစ်မှားခြင်းမရှိ၊ လောဘ၊ ဒေါသမတွဲဘဲ အမြဲတွေဝေ၏။ တိုက်တွန်းလည်းမထက်၊ အလိုလိုလည်း မထက်။ ထို့ကြောင့် သင်္ခါရဝိမုတ် ဖြစ်၏။

အဟိတ်စိတ် ၁၈-ခုသည် ဟိတ်တည်းဟူသော အမြစ်မူလ မရှိ၊ မောဟမူအောက် အားသေး၏။ ထိုကြောင့် သမ္ပယုတ် ဝိပ္ပယုတ် အဖြစ်ဖြင့်လည်း မရေတွက်ကုန်။ သင်္ခါရအားဖြင့်လည်း မရေတွက်ကုန်။

ရူပစိတ်၊ အရူပစိတ်၊ လောကုတ္တရာစိတ်တို့သည် တိဟိတ်ပဋိသန္ဓေ ဉာဏ်ရှိသူ အားသာဖြစ်ကုန်၏။ ကြီးစွာသောဉာဏ်ဖြင့် အားထုတ်မှဖြစ်ကုန်၏။ ထိုကြောင့် ဉာဏသမ္ပယုတ်ဧကန်။ ကြီးစွာသော လုံ့လဖြင့် ထက်သန်အောင် အားထုတ်မှ ဖြစ်ကုန်၏။ ထိုကြောင့် သသင်္ခါရိက။

ဆရာအချို့ကား - အသင်္ခါရိကလည်း ဖြစ်သင့်ပုံကို အထူးမိန့်ဆိုကုန်၏။

ရူပစိတ်၌ သုခသည် သုခသဟဂုတ် ကာယဝိညာဏ်ကဲ့သို့ ကာယိကသုခ မဟုတ်၊ စေတသိက သုခဖြစ်၏။ စေတသိကသုခသည် သောမနဿပင်တည်း။

အရူပစိတ်၌ ဈာန်အင်္ဂါ မဆိုသော်လည်း ဥပေက္ခာ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့်သာ တကွဖြစ်၏။ ထိုကြောင့် ပဉ္စမဈာန်စိတ်တို့သာတည်း၊

လောကုတ္တရာ စိတ်ရှစ်ခုသည် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါငါးပါးရှိ၏။ ထိုကြောင့် သောမနဿတို့သာတည်း။ ဘယ်ဈာန်မဆို ဝိတက်, ဝိစာရ, ပီတိ ရှိလျှင် ဥပေက္ခာမရှိ။ ဘယ်စိတ်မဆို ပီတိရှိလျှင် ဥပေက္ခာမရှိ၊ ကိန်းသေတည်း။

မဂ်စိတ်သည် ပါဒကဈာန်နှင့် သော်လည်း ဈာန်အင်္ဂါတူ၏။ သမ္မသိတ ဈာန်နှင့်သော် လည်းတူ၏။ ပုဂ္ဂလဇ္ဈာသယဈာန်နှင့် သော်လည်းတူ၏။ ထိုကြောင့် ဈာန်အလား ငါးပါးစီ ပြားသည်။ မဂ်ကြောင့် ဖိုလ်စိတ်လည်း ငါးပါးစီ ပြားသည်။

လောကီကုသိုလ်သည် အကြိမ်ကြိမ် ဖြစ်လေ့ရှိ၏။ ရဟန္တာအားလည်း ဖြစ်သည်။ ရဟန္တာအား ဖြစ်သောအခါ ဖြစ်ရုံမျှသာ ဖြစ်၍ ကြိယာ အမည်ရသည်။ အကျိုး ဝိပါက်ကို မဖြစ်စေနိုင်သောကြောင့် ကုသိုလ်အမည်မရ။ ထိုလောကီ ကုသိုလ်သည် တဒင်္ဂ၊ ဝိက္ခမ္ဘနု-ပဟာန်ဖြင့် ကိလေသာကို ဖယ်ခြင်း တွန်းခြင်းဖြင့် အကြိမ်ကြိမ် ဖြစ်သည်။ တကြိမ်တည်းအပြီး မပယ်နိုင်။

လောကုတ္တရာ ကုသိုလ်သည်ကား သမုစ္ဆေဒ-ပဟာန်ဖြင့် တကြိမ်တည်း ကိလေသာကို ကိစ္စပြီး ပယ်သည် သတ်သည်။ ကိစ္စပြီးသောကြောင့် နောက်ထပ် ဘယ်သူအားမျှ မဖြစ်။ ထိုကြောင့် ကြိယာမည်စရာ လောကုတ္တရာ မရှိ။

သဘောမှတ်ဘွယ်

မြတ်စွာဘုရား ဟောကြားသော ဓမ္မက္ခန္ဓာ ၈၄၀၀၀-သည် ဓမ္မ ဝိနယ အားဖြင့် နှစ်ပါးသာ ဖြစ်၏။ ထိုတွင်ဓမ္မသည် သုတ္တန် ဓမ္မ၊ အဘိဓမ္မ-နှစ်မျိုးပြား၏။ အဘိဓမ္မသည် သုတ္တန်ဓမ္မထက် လွန်သောဓမ္မ - ထူးသောဓမ္မဖြစ်၏။ “အဘိ-အတိရေကောဓမ္မော အဘိဓမ္မော” ထိုအဘိဓမ္မကို ဟောရာကျမ်းသည် အဘိဓမ္မာခုနစ် ကျမ်းမည်၏။ `

ဝိနယနှင့် အဘိဓမ္မကို ယှဉ်တွဲ၍မပြအပ်။

ခုနစ်ကျမ်းတို့တွင် --

ဓမ္မသင်္ဂဏီကျမ်း၌ ရှေးဦးစွာ ကုသလာဓမ္မာ, အကုသလာဓမ္မာ စသည်ဖြင့် မာတိကာထား၍ စိတ်ကဏ္ဍ၊ ရုပ်ကဏ္ဍ စသော လေးကဏ္ဍဖြင့် ဝေဘန်သည်၊ ထိုမာတိကာသည် ခုနစ်ကျမ်းလုံး၏ မာတိကာဖြစ်သည်။

ဝိဘင်းကျမ်း၌ ခန္ဓဝိဘင်း, အာယတနဝိဘင်း စသော၁၈-ဝိဘင်းဖြင့် ဝေဘန်သည်။

ဓာတုကထာကျမ်း၌ ခန္ဓာ အာယတန ဓာတ်တို့ဖြင့် ရေတွက်ခြင်း၊ မရေတွက်ခြင်း စသော ၁၄- နယဖြင့် ဝေဘန်သည်။

ပုဂ္ဂလပညပ်ကျမ်း၌ ခန္ဓပညပ် အာယတနပညပ် စသော ပညပ် ၆-ပါးဖြင့် ဝေဘန်သည်။

ကထာဝတ္ထုကျမ်း၌ သကဝါဒသုတ်ငါးရာ, ပရဝါဒသုတ်ငါးရာ ဟု သုတ် တထောင် ပေါင်း၍ ဝေဘန်သည်။

ယမိုက်ကျမ်း၌ မူလယမိုက်, ခန္ဓယမိုက် စသော ယမိုက်ဆယ်ကျမ်းဖြင့် ဝေဘန်သည်။

ပဋ္ဌာန်းကျမ်း၌ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော စသော ၂၄ ပစ္စည်းဖြင့် ဝေဘန်သည်။ တိကပဋ္ဌာန်းကျမ်း၊ ဒုကပဋ္ဌာန်းကျမ်း၊ စသည်ဖြင့် နယလေးခု၌ ခြောက်ကျမ်းစီဖြစ်၍ ပဋိဌာန်း ၂၄ ကျမ်း ဖြစ်သည်။

ပရမ-မဖောက်ပြန်သော၊ အတ္ထ-အနက်။ မဖောက်ပြန်သော အနက်သဘောသည် ပရမတ္ထမည်၏။

တနည်း။

ပရမ-မြတ်သော ဉာဏ်၏၊ အတ္ထ-အာရုံ။ မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံသည် ပရမတ္ထမည်၏။ အမည်ပညပ်မှ အသီးအခြား ထုတ်နုတ်၍ ယူအပ်သော သဘောတရား ရ၏။

အာရုံကိုသိခြင်းသည် စိတ်မည်၏။

စိတ်၌အမြဲယှဉ်ခြင်းသည် စေတသိက်မည်၏။

အဧအပူ စသည်ကြောင့် ဖောက်ပြန် ပျက်စီးခြင်းသည်၊ ဝါ-ရှေးနှင့်မတူခြင်းသည် ရုပ် မည်၏။

တဏှာမှလွတ်ခြင်းသည် ဝါ၊ ဒုက္ခခပ်သိမ်း ငြိမ်ခြင်းသည် နိဗ္ဗာန်မည်၏။

အာရုံကိုသိခြင်း ဟု ဆိုသော်လည်း ကိုယ်တိုင် သိတတ်သော စိတ်ဟူ၍၎င်း၊ သမ္ပယုတ်တရားတို့ကို သိစေတတ်သော၊ ဝါ-သိကြောင်းဖြစ်သော စိတ်ဟူ၍၎င်း “ကတ္တာကရိုဏ်း”တင်စားအပ်သေး၏။

ကာမ ၁၁-ဘုံ၌ဖြစ်ခြင်း များသောစိတ်သည် ကာမာဝစရစိတ် မည်၏၊

ရူပ ၁၅-ဘုံ၌ ဖြစ်ခြင်းများသောစိတ်သည် ရူပါဝစရစိတ် မည်၏၊

အရူပ ၄- ဘုံ၌ဖြစ်ခြင်းများသောစိတ်သည် အရူပါဝစရစိတ် မည်၏၊

လောကမှလွတ်ဆဲ၊ လွတ်ပြီးဖြစ်သောစိတ်သည် လောကုတ္တရာစိတ် မည်၏။

ဥပါဒါန်လေးပါး၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးသည် ဤ၌လောကမည်၏။ အသညသတ်တဘုံ၌စိတ်မဖြစ်။

စိတ်ချမ်းသာခြင်းနှင့် တကွဖြစ်သော စိတ်သည် သောမနဿသဟဂုတ် မည်၏။

စိတ်ဆင်းရဲခြင်းနှင့်တကွ ဖြစ်သောစိတ်သည် ဒေါမနဿသဟဂုတ် မည်၏။

ကိုယ်ချမ်းသာခြင်းနှင့် တကွဖြစ်သော စိတ်သည် သုခသဟဂုတ် မည်၏။

ကိုယ်ဆင်းရဲခြင်းနှင့်တကွဖြစ်သော စိတ်သည် ဒုက္ခသဟဂုတ် မည်၏။

လျှစ်လျူရှုခြင်းနှင့် တကွဖြစ်သောစိတ်သည် ဥပေက္ခာသဟဂုတ် မည်၏။

ဝေဒနာစေတသိက်ကို ငါးမျိုးခွဲ၍ ဝေဘန်သည်။

အမြင်မှားခြင်းနှင့် ယှဉ်သောစိတ်သည် ဒိဋ္ဌိဂတသမ္ပယုတ် မည်၏။

အမြင်မှားခြင်းနှင့် မယှဉ်သောစိတ်သည် ဒိဋ္ဌိဂတဝိပ္ပယုတ် မည်၏။

အမျက်ထွက်ခြင်းနှင့် ယှဉ်သော စိတ်သည် ပဋိဃသံမ္ပယုတ် မည်၏။

သို့လော သို့လောဟု မဆုံးဖြတ်နိုင်ခြင်းနှင့် ယှဉ်သောစိတ်သည် ဝိစိကိစ္ဆာသမ္ပယုတ် မည်၏။

ပျံ့လွှင့်ခြင်းနှင့်ယှဉ်သော စိတ်သည်ဥဒ္ဓစ္စသမ္ပယုတ် မည်၏။

ဉာဏ်နှင့် ယှဉ်သော စိတ်သည် ဉာဏသမ္ပယုတ် မည်၏။

ဉာဏ်နှင့် မယှဉ်သောစိတ်သည် ဉာဏဝိပ္ပယုတ် မည်၏။

ဉာဏ်, ဥဒ်, ဝိစိ၊ ဒေါ, ဒိဋ္ဌိ-ငါးရှိ သမ္ပယုတ်။

တိုက်တွန်းမှ ထက်သန်သောစိတ်သည် သသင်္ခါရိက မည်၏။

တိုက်တွန်းသော်၎င်း, မတိုက်တွန်းသော်၎င်း အလိုလို ထက်သန်သောစိတ်သည် အသင်္ခါရိက မည်၏။

ထက်သန်ခြင်း ကင်းလျှက် ဖြစ်သောစိတ်သည် သင်္ခါရဝိမုတ် မည်၏။

သဘာဝဖြင့်၎င်း ပရိကပ္ပဖြင့်၎င်း ဣဋ္ဌာရုံဖြစ်ခြင်း၊

သောမနဿစိတ်ဖြင့် ပဋိသန္ဓေနေသူဖြစ်ခြင်း၊

ပေါ်လွင်သော ပင်ကိုယ်သဘော ရှိခြင်း၊

ဤကား - သောမနဿ ဖြစ်ကြောင်းတည်း။

သဘာဝဖြင့်၎င်း၊ ပရိကပ္ပဖြင့်၎င်း ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်ခြင်း၊

ဥပေက္ခာစိတ်ဖြင့် ပဋိသန္ဓေနေသူဖြစ်ခြင်း၊

မပေါ်လွင်သော ပင်ကိုယ်သဘောရှိခြင်း၊

ဤကား ဥပေက္ခာ ဖြစ်ကြောင်းတည်း။

သဘာဝဖြင့်၎င်း ပရိကပ္ပဖြင့်၎င်း အနိဋ္ဌာရုံဖြစ်ခြင်း၊

အကျိုးမဲ့ ပြုဘူးပြီ၊ ပြုဆဲ၊ ပြုလတ္တံ့ စသော အာဃာတဝတ္ထု ကိုးပါးဖြစ်ခြင်း၊

ဤကား ဒေါမနဿ ဖြစ်ကြောင်းတည်း။

အယူပျက်သူနှင့်ပေါင်းသင်းခြင်း၊

သဿတ ဥစ္ဆေဒ စသော ဝါဒရှိသူဖြစ်ခြင်း၊

ဤကား ဒိဋ္ဌိဖြစ်ကြောင်းတည်း။

သင့်သောဥတု, ဘောဇဉ်, ပုဂ္ဂိုလ်, အာဝါသ မှီဝဲရခြင်း၊

ကိုယ်ခန့်ကျန်းခြင်း၊

စသည်သည် အသင်္ခါရိကဖြစ်ကြောင်းတည်း။

မလိမ္မာအောင်ပြုသောစိတ်သည် အကုသိုလ်မည်၏။

အကုသိုလ်ကိုဖျက်ဆီးတတ်သောစိတ်သည် ကုသိုလ် မည်၏။

ကုသိုလ်အကုသိုလ် တို့၏အကျိုးဖြစ်သောစိတ်သည် ဝိပါက် မည်၏။

ပြုရုံမျှသာဖြစ်၍အကျိုး မဖြစ်စေသော စိတ်သည်ကြိယာမည်၏။

လောဘစသော ဟိတ်မရှိသောစိတ်သည် အဟိတ်မည်၏။ ဟိတ်ရှိသောစိတ်သည် သဟိတ်၊ အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ လွတ်သော စိတ်သည် တင့်တယ်သော ဟိတ်ရှိသောကြောင့် သောဘဏ မည်၏။ အကုသိုလ်စိတ် အဟိတ်စိတ်သည် တင့်တယ်သော ဟိတ်မရှိသောကြောင့် အသောဘဏ မည်၏။ အလောဘ အဒေါသ၊ အမောဟ သုံးပါးသည် တင့်တယ်သောဟိတ် မည်၏။

မျက်စိ၌မှီလျှက် သိသောစိတ်သည် စက္ခုဝိညာဏ် မည်၏။

နား, နှာ, လျှာ, ကိုယ်၌ မှီလျက်သိသောစိတ်သည် သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်စိတ် မည်၏။

ငါးဒွါရ၌ ထင်သော အာရုံငါးပါးကိုလက်ခံသောစိတ်သည်သမ္ပဋိစ္ဆိုင်း မည်၏။

လက်ခံပြီးသောအာရုံကို စုံစမ်းသောစိတ်သည် သန္တီရဏ မည်၏။

ငါးဒွါရ ၌ ထင်သောအာရုံငါးပါးကို နှလုံးသွင်းသော စိတ်သည် ပဉ္စဒွါရာဝဇ္ဇန်း မည်၏။ မနောဒွါရ၌ထင်သော အာရုံခြောက်ပါးကို နှလုံးသွင်းသော စိတ်သည် မနောဒွါရာဝဇ္ဇန်း မည်၏။ ဘုရား ရဟန္တာတို့၏ သန္တာန်၌ ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သော စိတ်သည် ဟသိတုပ္ပါဒ် မည်၏။

သူမြတ်သည် သိတ - မျက်စိပွင့်ရုံ၊ ဟသိတ - သွားပေါ်ရုံ ရယ်သည်။

သူလတ်သည် ဝိဟသိတ - အသံညှင်းညှင်းထွက်ရုံ။ ဥပဟသိတ - ဦးခေါင်း ပခုံး လှုပ်ရုံ ရယ်သည်။

သူယုတ်သည် အပဟသိတ - မျက်ရည်ထွက်အောင်၊ အတိဟသိတ - ကိုယ်ပစ်လွှဲ၍ ကျယ်လောင်စွာရယ်သည်။

ရယ်ခြင်း ၆-မျိုး။

သိတနှင့်၊ ဟ(၂)၊ ဝိ၊ ဥပ (၂)။ အပ၊ အတိ(၂) ခြောက်၊

မျက်၊ သွား-နှစ်လီ (၂)။ သံ၊ ဦးလည် (၂)။ မျက်ရည်၊ ပစ်လွှဲ (၂) ခြောက်။

ရူပစိတ်, အရူပစိတ်သည်ကြီးသော အာနုဘော် ရှိသောကြောင့် မဟဂ္ဂုတ် မည်၏။ မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်သည် အပ္ပနာစွမ်းဖြင့်ဖြစ်၏။ ဝါ၊ အပ္ပနာမည်သော ဝိတက်စွမ်းဖြင့် ဖြစ်၏၊ ထိုကြောင့် အပ္ပနာမည်၏။

အဆုံးမရှိသော ကောင်းကင်ပညပ်ကို အာရုံပြုသော စိတ်သည် အာကာသာ နဉ္စာယတနစိတ် မည်၏။ အဆုံးမရှိသော အာကာသာ နဉ္စာယတနဈာန်စိတ်ကို အာရုံပြုသောစိတ်သည် ဝိညာဏဉ္စာယတနစိတ်၊ အာကာသာနဉ္စာယတနဈာန်၏ စိုးစဉ်းမျှ အကြွင်းမရှိသော နတ္ထိဘောပညပ်ကို အာရုံပြုသော စိတ်သည် အာကိဉ္စညာ ယတနစိတ်၊ ရုန့်ရင်းသော သညာမရှိ သိမ်မွေ့သော သညာမျှ ရှိသောစိတ် အာယတန၊ စေတသိက် အာယတန၌ ပါဝင်သော စိတ်သည် နေဝသညာနာသညာ ယတနစိတ်မည်၏။ ဤ နေဝသညာ နာသညာယတန ဈာန်စိတ်သည် နတ္ထိဘော ပညပ်ကို အာရုံပြုသော အာကိဉ္စညာယတနကိုပင် အာရုံပြုသည်၊ ထို့ကြောင့် လွန်စွာသိမ်မွေ့သည်။ သိမ်မွေ့လွန်းသောကြောင့် အနိစ္စ, ဒုက္ခ, အနတ္တ ဟူ၍ ဝိပဿနာဉာဏ်ဖြင့်ပင် ရှု၍မရကောင်း။

ရူပစိတ်သည် အာရုံကိုမလွန်၊ အင်္ဂါကိုလွန်သည်။

(အောက်ဈာန် အထက်ဈာန် အာရုံတူသည်။ အင်္ဂါမတူ ဟူလို။)

အင်္ဂါလွန်ပုံကား --

ပဌမဈာန်၌ အင်္ဂါငါးပါးရှိသည်၊

ဒုတီယဈာန်၌ လေးပါး ရှိသည်၊ ဝိတက်ကို လွန်ခဲ့ပြီ။

တတီယဈာန်၌သုံးပါးရှိသည်၊ ဝိစာရကို လွန်ခဲ့ပြီ၊

စတုက္ကဈာန်၌နှစ်ပါးရှိသည်၊ ပီတိကို လွန်ခဲ့ပြီ၊

ပဉ္စမဈာန်၌ အင်္ဂါနှစ်ပါးရှိသည်၊ သုခကို လွန်ခဲ့ပြီ။

အရူပစိတ်သည် အင်္ဂါမလွန်၊ အာရုံလွန်သည်။

(အောက် အထက်အားလုံး ဥပေက္ခာ၊ ဧကဂ္ဂတာ - အင်္ဂါချင်း တူသည်။ အာရုံချင်း မတူ ဟူလို။)

အာရုံလွန်ပုံကား -

အာကာသာနဉ္စာယတနဈာန်သည် ကသိုဏ်း ပညပ်အာရုံကို လွန်ခဲ့၍ ကသိုဏ်းကို ခွါ၍ရသော ကောင်းကင်ပညပ်ကို အာရုံပြုသည်။

ဝိညာဏဉ္စာယတနဈာန်သည် ကောင်းကင်ပညပ်ကို လွန်ခဲ့၍ အာကာသာ- နဉ္စာယတန ဈာန်ကို အာရုံပြုသည်။

အာကိဉ္စညာယတနဈာန်သည် အာကာသာနဉ္စာယတနဈာန်ကို လွန်ခဲ့၍ နတ္ထိဘော ပညပ်ကို အာရုံပြုသည်။

နေဝသညာနာသညာယတနဈာန်သည် နတ္ထိဘောပညပ်ကို လွန်ခဲ့၍ အာကိဉ္စညာ- ယတနဈာန်ကို အာရုံပြုသည်။

မဂ္ဂင်ရှစ်ပါးသည် သောတမည်၏။ နိဗ္ဗာန်တံခါးဝမည်၏၊

သောတသို့ ရှေးဦးစွာရောက်သော မဂ်နှင့်ယှဉ်သော စိတ်သည် သောတာပတ္တိ မဂ်စိတ်မည်၏။

လူ့ပြည်သို့ ပဋိသန္ဓေတကြိမ် လည်စေသော မဂ်စိတ်သည် သကဒါဂါမိမဂ်စိတ် မည်၏။

ကာမဘုံသို့ ပဋိသန္ဓေမလည်စေသော မဂ်စိတ်သည် အနာဂါမိမဂ်စိတ် မည်၏။

ရဟန္တာ၏ ဖြစ်ကြောင်း ဖိုလ်သို့ ရောက်စေသော မဂ်စိတ်သည် အရဟတ္တမဂ်စိတ် မည်၏။

ထိုထိုမဂ်စိတ်၏ အသီးအသီး အကျိုးဖြစ်သော စိတ်သည် ထိုထိုဖိုလ်စိတ်မည်၏။

ပါဒကဈာန် စသည်မှတ်ဘွယ်

မဟဂ္ဂုတ်ဈာန် ကိုးခုတို့တွင် တခုခုကိုဝင်စား၍ (ဝါ၊ အခြေပြု၍) ထိုဈာန်မှ ထပြီးလျှင် ထိုထိုသင်္ခါရတို့ကို (ဝိပဿနာ) သုံးသပ်၍ မဂ်ရသည်ဖြစ်အံ့၊ ဝင်စားအပ်သော ဈာန်သည် ပါဒကဈာန် မည်၏။ ထိုမဂ်သည်ပါဒကနှင့် ဈာန်အင်္ဂါတူ၏။

(ပါဒက ၅- ဈာန်၌ မဂ်လေးခုစီရသောကြောင့် မဂ် ၂ဝ-ဖြစ်၏။)

ဈာန်တခုခုကို သုံးသပ်၍ မဂ်ရသည်ဖြစ်အံ့၊ သုံးသပ်အပ်သော ဈာန်သည် သမ္မသိတဈာန် မည်၏။ ထိုမဂ်သည် သမ္မသိတနှင့်တူ၏။

(သမ္မသိတစွမ်းဖြင့်လည်း မဂ် ၂ဝ-ဖြစ်၏)။

ပဌမဈာန်နှင့်တူစွာ အင်္ဂါငါးပါးရှိသောမဂ်သည် ငါ့အားဖြစ်မူ ကောင်းလေစွ၊ သို့မဟုတ် ဒုတီယဈာန်စသည်နှင့်တူစွာ အင်္ဂါလေးပါး သုံးပါး နှစ်ပါး နှစ်ပါးရှိသော မဂ်သည် ငါ့အားဖြစ်မှု ကောင်းလေစွ။ ဤသို့ဖြစ်သော အလိုဆန္ဒသည် ပုဂ္ဂလဇ္ဈာသယမည်၏၊ ထိုပုဂ္ဂလဇ္ဈာသယဖြင့် ကျန်တခုခုဝင်စား၍ ဈာန်တခုခု သုံးသပ်၍ မဂ်ရသည်ဖြစ်အံ့၊ ထိုမဂ်သည် ပုဂ္ဂလဇ္ဈာသယဈာန်နှင့်တူ၏

(ဤ၌လည်း မဂ် ၂ဝ-ဖြစ်၏)။

ပုဂ္ဂလဇ္ဈာသယမရှိဘဲ ဈာန်တခုခုဝင်စား၍ ဈာန်တခုခုသုံးသင်၍ မဂ်ရသည်ဖြစ်အံ့၊ ထိုမဂ်သည် ဝင်စားသောဈာန်, သုံးသပ်သော ဈာန် နှစ်ခုတို့တွင် အထက်ကျသော ဈာန်နှင့်တူ၏။ အောက်ဈာန်ထက် အထက်ဈာန် အားရှိသောကြောင့်တည်း။ ဤသို့ ပါဒကစွမ်း စသည်ဖြင့် လောကုတ္တရာစိတ် ၄၀-ဖြစ်သည်။

မဂ်သည် ထိုထိုကိလေသာမှ၎င်း၊ ထိုထိုဘဝမှ၎င်း ထနိုင်သောကြောင့် ဝုဋ္ဌာန မည်၏။

၁။ ကိလေသာအားဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာမှ တကြိမ်၊

၂။ ရုန့်ရင်းသော ကာမရာဂ, ဒေါသမှ တကြိမ်၊

၃။ နုသော ကာမရာဂ, ဒေါသမှ တကြိမ်၊

၄။ ရူပရာဂစသော ကြွင်းကိလေသာတို့မှ တကြိမ်၊

ဤသို့လေးကြိမ် ထသည်၊

ဘဝအားဖြင့် ပဌမမဂ်သည် သုဂတိခုနစ်ဘဝချန်၍ ဘဝအားလုံးမှထသည်။

တနည်း၊

မဂ်လေးခု လုံးစဉ်တိုင်း --

၁။ အပါယ်ဘုံမှ တကြိမ်၊

၂။ ကာမဘုံတစိတ်မှ တကြိမ်၊

၃။ ကာမဘုံအကုန်မှတကြိမ်၊

၄။ ရူပအရူပဘုံမှတကြိမ်၊

၎င်းအစဉ်အတိုင်း လေးကြိမ် ထသည်၊

ဤသို့ထသောကြောင့် ဝုဋ္ဌာနမည်၏။

မဂ်၏ရှေ့ ပရိကံ, ဥပစာ၊ အနုလုံ, ဂေါတြဘူသည် ဘဝင် မခြားဘဲ မဂ်ဋ္ဌာနသို့ ရောက်သောကြောင့် ဝုဋ္ဌာနဂါမိနိဝိပဿန မည်၏၊ မဟာကုသိုလ်သမ္ပယုတ်ဇော လေးခု တခုခုဖြစ်၏၊ သောမနဿနှစ်ခု၊ ဥပေက္ခာနှစ်ခု၊ ထိုတွင် သောမနဿ-ကာမဇောနောင် သောမနဿမဂ်အောက် ဈာန်လေးခု ကျသည်၊ ဥပေက္ခာ ကာမဇောနောင် မဂ်ပဉ္စမဈာန်တခုကျသည်၊ ဘုံမတူသော်လည်း ဇာတ်တူ၊ ဝေဒနာတူ အာသေဝန ထုံခြင်းဖြင့် ကျေးဇူးပြုသည်။

သုက္ခဝိပဿက ပုဂ္ဂိုလ်၏မဂ်သည် ဈာန်နှင့်မစပ်၊ ဈာန်ရသော်လည်း ဈာန်ကိုမဝင်စား မသုံးသပ်ဘဲ ပကိဏ္ဏက သင်္ခါရတို့ကို သုံးသပ်၍ရသော မဂ်သည်လည်း ဈာန်နှင့်မစပ်၊ ထိုမဂ်တို့ကား ဝိပဿနာနိယမအားဖြင့် အင်္ဂါငါးပါးရှိသော မဂ်တို့သာ၊ ပဌမဈာန် မဂ်နှင့်တူသော မဂ်တို့သာဖြစ်ကုန်၏၊

ဤနည်းစွမ်းဖြင့် လောကုတ္တရာစိတ်သည် ရှစ်ခုသာဖြစ်သည်၊

ပဌမဈာန်နှင့် တူစွာ သောမနဿသာဖြစ်သည်၊ ဥပေက္ခာမဖြစ်။

စိတ်ပိုင်းအရသာပြီး၏။

စေတသိက်ပိုင်း

လက္ခဏာ ၄-ပါး

၁။ စိတ်နှင့်အတူဖြစ်ခြင်း၊

၂။ စိတ်နှင့်အတူ ချုပ်ခြင်း၊

၃။ စိတ်နှင့်အာရုံတူခြင်း၊

၄။ စိတ်နှင့်မှီရာတူခြင်း၊

ဤလေးပါးသည် စေတသိက်၏ လက္ခဏာ မည်၏။ ဤလက္ခဏာ လေးပါးရှိ၍ စိတ်နှင့် အမြဲယှဉ်သော သဘောတရားသည် စေတသိက် မည်၏။ ၅၂-ပါးရှိ၏။

အညသမာန်း၁၃

ထိုစေတသိက်တို့ကား - ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနသိကာရ ဤကား သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနှစ်ခုတည်း။

ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ - ဤကား ပကိဏ်း စေတသိက် ခြောက်ခုတည်း။

ဤ ၁၃-ခုသည် အညသမာန်း စေတသိက်မည်၏။

အကုသိုလ် ၁၄

မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ, မာန, ဒေါသ, ဣသာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ, ဝိစိကိစ္ဆာ, ဤကား အကုသိုလ် စေတသိက် ၁၄-ခုတည်း။

သောဘဏ ၂၅

သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမ္မညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာ - ဤကား သောဘဏသာဓာရဏ စေတသိက် ၁၉-ခုတည်း။

သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ - ဤကား ဝိရတိစေတသိက် သုံးခုတည်း။

ကရုဏာ, မုဒိတာ-နှစ်ပါးသည် အပ္ပမညာ စေတသိက် မည်၏၊

ဤစေတသိက်တို့သည် ပညိန္ဒြေနှင့်တကွ သောဘဏ စေတသိက် ၂၅-ခုဖြစ်၏။

အညသမာန်းရာသိ ၁၃။

အကုသလရာသိ ၁၄။

သောဘဏရာသိ ၂၅။

ဤသို့ စေတသိက် ၅၂-ပါးဖြစ်၏။

သမ္ပယောဂနည်း ၁၆

စေတသိက်တို့၏ ယှဉ်ရာစိတ်တို့ကို ရေတွက်၍ ပြသောနည်းသည် သမ္ပယောဂနည်း မည်၏။

ဤစေတသိက်သည် ဤစိတ်၏စိတ်တို့၌ ယှဉ်သည်ဟု စိတ်တို့ကိုရေတွက်သည်။

စေတသိက်တို့၏ သမ္ပယောဂနည်း အသီးသီးတို့ကား --

ခုနှစ်ပါးသည် စိတ်အားလုံး၌ ၁-နည်း။

ခြောက်ပါးသည် သင့်သလို ပြွမ်း၍ ၆-နည်း။

တဆဲ့လေးပါးသည်အကုသိုလ်စိတ်၌ ၅-နည်း။

၂၅-ပါးသည် သောဘဏစိတ်၌ ၄-နည်း။

ပေါင်း ၁၆-နည်း။

သဗ္ဗစိတ္တ ၁-နည်း

၁-နည်း ဟူသည်ကား ဖဿသည် စိတ်တခုယုတ် ကိုးဆယ်၊ အကျယ် ၁၂၁-ပါး၌ ယှဉ်သည်။ ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရ လည်း ထိုအတူတည်း။ မယှဉ်သော စိတ်မရှိ။

အားလုံး တနည်းတည်း တူသောကြောင့် တနည်းဟုဆိုသည်။

ပကိဏ်း၆-နည်း

ခြောက်နည်းကား၊ ပကိဏ်းတို့တွင် -

ဝိတက်သည် ဒွေပဉ္စ ဝိညာဏ်တဆယ်ကြဉ်သော ကာမစိတ် ၄၄။ ပဌမဈာန် ဧကာဒသအားဖြင့် ၅၅-ပါးသော စိတ်တို့၌ယှဉ်သည်။

(ထိုကြောင့် ၅၅-ယှဉ်သည်၊ ၆၆-မယှဉ်၊ ပေါင်း ၁၂၁။

၅၅ ယှဉ်သည်၊ ၃၄-မယှဉ်ပေါင်း ၈၉၊ မြင်အောင် ကောက်ရမည်။)

ဝိစာရသည် ဝိတက်ယှဉ်သောစိတ် ၅၅-၊ ဒုတီယဈာန်ဧကာဒသ အားဖြင့် ၆၆-ပါး သောစိတ်တို့၌ ယှဉ်သည်။

(ထိုကြောင့် အကျယ် ၆၆-ယှဉ်သည် ၊ ၅၅ - မယှဉ်၊ ပေါင်း ၁၂၁။

အကျဉ်း ၅၈၊၊ ၃၁-ပေါင်း ၈၉။ မြင်အောင်ကောက်)

အဓိမောက္ခသည် ဒွေပဉ္စဝိညာဏ်တဆယ်၊ ဝိစိကိစ္ဆာကြဉ်သော ၇၈-ပါးသောစိတ် တို့၌ယှဉ်သည်။

(၇၈+၁၁ - ပေါင်း ၈၉။ ၁၁၀+၁၁ - ပေါင်း ၁၂၁။)

ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်တဆယ်၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု ကြဉ်သော ၇၃-ပါးသော စိတ်တို့၌ ယှဉ်သည်။

(၇၃+၁၆ - ပေါင်း ၈၉။ ၁၀၅+၁၆ - ပေါင်း ၁၂၁။)

ပီတိသည် ဒေါသမူဒွေ၊ ဥပေက္ခာသဟဂုတ် ၅၅၊ ကာယဝိညာဏ်ဒွေ၊ စတုတ္ထဈာန် ဧကာဒသ (ဝါ- ဒေါ, ဥ, ကာ စတုတ် ၇၀) ကြဉ်သော ၅၁-ပါးသောစိတ်၌ ယှဉ်သည်၊

(၅၁+၇၀ - ပေါင်း ၁၂၁။ ၃၅+၅၄ - ပေါင်း ၈၉။)

ဆန္ဒသည် အဟိတ်စိတ် အဋ္ဌာရသ၊ မောဟမူဒွေကြဉ်သော ၆၉-ပါးသောစိတ် တို့၌ ယှဉ်သည်။

(၆၉+၂၀ - ပေါင်း ၈၉။ ၁ဝ၁+၂၀ - ပေါင်း ၁၂၁။)

ပကိဏ်း မယှဉ်စိတ်အစဉ်ကား ၆၆၊ ၅၅၊ ၁၁၊ ၁၆၊ ၇ဝ၊ ၂၀။

ပကိဏ်းအယှဉ် စိတ်အစဉ်ကား- ၅၅၊ ၆၆၊ ၇၀၊ ၇၃၊ ၅၁၊ ၆၉။

ဤသို့ခြောက်နည်း ဖြစ်၏။

(ကျဉ်းသုံး၊ ကျယ်သုံး - ရောသည်၊ သန့်နိုင်ရမည်။)

အကုသိုလ် ၅-နည်း

အကုသိုလ်တို့တွင် မောဟ, အဟိရက, အနောတ္တပ္ပ, ဥဒ္ဓစ္စ - ဤလေးခုသည် သဗ္ဗာကုသလ သာဓာရဏ မည်၏။ လေးခုလုံး အကုသိုလ်စိတ် ၁၂-ခု၌ ယှဉ်သည်။ (ကျဉ်း ၇၇- မယှဉ်၊ ကျယ် ၁ဝ၉-မယှဉ်။)

လောဘသည် လောဘမူစိတ ်ရှစ်ခု၌ယှဉ်သည်။

(၈၁-မယှဉ်၊ ၁၁၃-မယှဉ်။)

ဒိဋ္ဌိသည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးခု၌ ယှဉ်သည်။

မာနသည် ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်လေးခု၌ ယှဉ်သည်။

(၈၅-မယှဉ်၊ ၁၁၇-မယှဉ်။)

ဒေါသ ဣဿာ မစ္ဆရိယ, ကုက္ကုစ္စ - လေးခုသည် ဒေါသမူ၌ ယှဉ်သည်။

(၈၇-မယှဉ်၊ ၁၁၉ - မယှဉ်။)

ထိန မိဒ္ဓသည် သသင်္ခါရိကစိတ်ငါးခု၌ ယှဉ်သည်။

(ဂ၄-မယှဉ်၊ ၁၁၆-မယှဉ်။)

ဝိစိကိစ္ဆာသည် ဝိစိကိစ္ဆာစိတ်တခု၌ ယှဉ်သည်။

(၈၈ မယှဉ်၊ ၁၂ဝ-မယှဉ်။)

အကုသိုလ်စိတ် ၁၂-ခု၌ ၄။

လောဘမူရှစ်ခု၌ ၃။

ဒေါသမူဒွေ၌ ၄။

သသင်္ခါရိကငါးခု၌ ၂။

ဝိစိကိစ္ဆာ၌ ၁။

(ဤသို့၁၄-ခုသည် ၁၂-ခု၌ သမ္ပယောဂနည်း ငါးပါးဖြင့် ယှဉ်သည်။)

သင့်အောင် ကောက်နိုင်စေရမည်။

သောဘဏ ၄-နည်း

သောဘဏတို့တွင် သဒ္ဓါသည် သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတာ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာဖြစ်သည်။ ဝါ၊ သောဘဏသာဓာရဏ ၁၉-သည် သောဘဏ စိတ်တခုယုတ်ခြောက်ဆယ်၊ အကျယ် ၉၁-ပါး၌ ယှဉ်သည်။ (၃၀-မယှဉ်။)

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူသော ဝိရတိသုံးခုသည် လောကုတ္တရာ စိတ်နှစ်ခု၊ အကျယ် ၄၀-၌ အမြဲယှဉ်သည်။ တပေါင်းတည်းယှဉ်သည်။ မဟာကုသိုလ် စိတ်ရှစ်ခု၌ ရံခါယှဉ်သည်။ အသီးသီးယှဉ်သည်။ အသီးသီး ယှဉ်သောကြောင့် နာနာ၊ ရံခါယှဉ်သောကြောင့် ကဒါစိ (၁၆။ ၄၈-ယှဉ်သည်။ ၇၃-မယှဉ်။)

ကရုဏာ၊ မုဒိတာ-ဟူသော အပ္ပမညာဒွေသည် ပဉ္စမဈာန် ကြဉ်သော မဟဂ္ဂုတ်စိတ် ၁၂-ခု၊ မဟာကုသိုလ် ၈-ခု၊ မဟာကြိယ ၈-ခုအားဖြင့် ၂၈-ပါးသောစိတ်တို့၌ ရံခါ ယှဉ်သည်။ အသီးသီး ယှဉ်သည်။ နာနာ၊ ကဒါစိ။ (၆၁-မယှဉ်၊ ၉၃-မယှဉ်။)

ကေစိဆရာတို့ကား မဟာကုသိုလ်, မဟာကြိယာ- ဥပေက္ခာ ၈-ခုတို့၌ ကရုဏာ၊ မုဒိတာ-မယှဉ်-ဟု ဆိုကုန်၏။

ပညာသည် ဉာဏသမ္ပယုတ် ကာမစိတ် ၁၂-ခု၊ မဟဂ္ဂုတ် လောကုတ္တရာ ၃၅-ခု အားဖြင့် အကျဉ်း ၄၇။ အကျယ် ၇၉-တို့ ၌ယှဉ်သည်။ (၄၂-မယှဉ်။)

စိတ်တခုယုတ် ခြောက်ဆယ်၌ ၁၉။

တဆဲ့ခြောက်၌ ၃။

နှစ်ဆဲ့ ရှစ်ခု၌ ၂။

လေးဆဲ့ခုနစ်၌ ၁။

ဤသို့သောဘဏ၌ သမ္ပယောဂနည်း လေးပါးဖြင့် ယှဉ်သည်၊

သမ္ပယောဂနည်း ၁၆-ပါးပြီး၏။

အထူးမှတ်ဘွယ်

(အကုသိုလ်စိတ် ၁၂-ခု၌ အဓိမောက္ခ ၁၁၊ ပီတိ ၄၊ ဆန္ဒ ၁၀။

အဟိတ်စိတ် ၁၈-ခု၌ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ-၈။ ဝီရိယ ၂။ ပီတိ ၂။ ဆန္ဒ မရှိ။

ကာမသောဘဏစိတ် ၂၄-ခု၌ ပီတိ ၁၂။ ဝိရတိ ၈။ အပ္ပမညာ ၁၆၊ ပညာ ၁၂။

မဟဂ္ဂုတ်စိတ် ၂၇–ခု၌ ဝိတက် ၃။ ဝိစာရ ၆။ ပီတိ ၉။ အပ္ပမညာ ၁၂။ ဝီရတိ မရှိ။ လောကုတ္တရာစိတ် ၄၀-၌ ဝိတက် ၈။ ဝိစာရ ၁၆။ ပီတိ ၂၄။ အပ္ပမညာ မရှိ။)

အနိယတယောဂီ ၁၁

ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့သည် အသီးသီး ဖြစ်သောကြောင့် နာနာ၊ ရံခါ ဖြစ်သောကြောင့် ကဒါစိ၊ (၃)

ဝိရတိသုံးခုသည် မဟာကုသိုလ်၌ နာနာ၊ ကဒါစိ (၃)

ကရုဏာ၊ မုဒိတာသည် နာနာ၊ ကဒါစိ (၂)

မာနသည် ကဒါစိ (၁)

ထိန၊ မိဒ္ဓသည် တကွဖြစ်သောကြောင့် သဟ၊ ရံခါ ဖြစ်သောကြောင့် ကဒါစိ (၂)

တနည်း-

ထိန၊ မိဒ္ဓသည် ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စနှင့် ၎င်း၊ မာနနှင့်၎င်း၊ သဟ၊ ကဒါစိ။

ဤ ၁၁-ခုသည် အနိယတယောဂီစေတသိက်မည်၏။

ကြွင်း ၄၁ ခုသည် နိယတ ယောဂီ စေတသိက်မည်၏။

(အနိယတ၌ အကုသိုလ် ၆။ သောဘဏ ၅ ပေါင်း ၁၁။

နိယတ၌ အညသမာန်း ၁၃။ အကုသိုလ် ၈၊ သောဘဏ ၂၀-ပေါင်း ၄၁၊)

သင်္ဂဟနည်း-၃၃

ထိုနိယတ အနိယတ စေတသိက်တို့ကို စိတ်၌ပေါင်းဆုံခြင်းကို ရေတွက်၍ ပြသော နည်းသည် သင်္ဂဟ နည်းမည်၏။

(ဤစိတ်၌ ဤစေတသိက် ဤစေတသိက်တို့ ပေါင်းဆုံကြသည်ဟု စေတသိက်တို့ကို ရေတွက်သည်။)

ထိုစေတသိက်တို့၏ သင်္ဂဟနည်း အသီးသီးကား --

လောကုတ္တရာ စိတ်၌ စေတသိက် ၃၆ ရသည် ၅ နည်း။

မဟဂ္ဂုတ် စိတ်၌ ၃၅ ရသည် ၅ နည်း။

ကာမသောဘဏစိတ်၌ ၃၀ ခုသည် ၁၂-နည်း။

အကုသိုလ်စိတ်၌ ၂ ခုသည် ၇-နည်း။

အဟိတ်စိတ်၌ ၁၂ ခုသည် ၄-နည်း။

ဤသို့အကျဉ်း ၅-နည်း အကျယ် ၃၃ နည်းဖြစ်၏။

လောကုတ္တရာ ၅-နည်း

လောကုတ္တရာစိတ်တို့တွင် ပဌမဈာန်စိတ်နှစ်ခု၌ အညသမာန်း ၁၃၊ အပ္ပမညာ ကြဉ်သော သောဘဏ ၂၃-အားဖြင့် ၃၆-ပါးသော စေတသိက်တို့သည် ပေါင်းဆုံခြင်း သို့ ရောက်ကုန်၏။

ထိုအတူ ဒုတီယဈာန်စိတ်ရှစ်ခု၌ ဝိတက်ကြဉ်၍ ၃၅၊

တတီယဈာန် စိတ်ရှစ်ခု၌ ဝိတက် ဝိစာရကြဉ်၍ ၃၄၊

စတုတ္ထဈာန် စိတ်ရှစ်ခု၌ ဝိတက် ဝိစာရ ပီတိကြဉ်၍ ၃၃၊

ပဉ္စမဈာန်စိတ်ရှစ်ခု၌ကား ဥပေက္ခာဝေဒနာပြောင်း၍ ထို၃၃။

ဤသို့လောကုတ္တရာ စိတ်၌သင်္ဂဟနည်းသည်-

၃၆၊ ၃၅၊ ၃၄၊ ၃၃၊ ၃၃ -အားဖြင့် ငါးနည်း ဖြစ်၏။

မဟဂ္ဂုတ် ၅-နည်း

မဟဂ္ဂုတ်စိတ်တို့တွင် ပဌမဈာန် စိတ်သုံးခု၌ အညသမာန်း ၁၃။ ဝိရတိကြဉ်သော သောဘဏ ၂၂ အားဖြင့် ၃၅-ပါးသော စေတသိက်တို့သည် ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။ ထိုတွင် ကရုဏာ, မုဒိတာတို့ကား နာနာ၊ ကဒါစိ ဖြစ်ကုန်၏။

(ထိုကြောင့်အမြဲ ၃၃။ ရံခါကရုဏာနှင့် ၃၄။ ရံခါမုဒိတာနှင့် ၃၄။ ဘယ်ခါမှ ၃၅ - မရှိ။ ဤနည်းဖြင့် အနိယတတို့ကို သတိပြု၍ ယှဉ်ရာ၏။)

ထိုအတူ ဒုတီယဈာန်စိတ် သုံးခု၌ ဝိတက်ကြဉ်၍ ၃၄။

တတီယဈာန် စိတ်သုံးခု၌ ဝိတက် ဝိစာရကြဉ်၍ ၃၃။

စတုတ္ထဈာန် စိတ်သုံးခု၌ ဝိတက်, ဝိစာရ, ပီတိကြဉ်၍ ၃၂။

ပဉ္စမဈာန်စိတ် တဆဲ့ငါးခု၌ ဝိတက်, ဝိစာရ, ပီတိ, အပ္ပမညာကြဉ်၍ ၃ဝ။

ဤသို့မဟဂ္ဂုတ်စိတ်၌ ၃၅၊ ၃၄၊ ၃၃၊ ၃၂၊ ၃၀-အားဖြင့် ငါးနည်း ဖြစ်၏။

(နာနာ၊ ကဒါစိ နှစ်ခု စတုတ္ထဈာန်အထိ သတိပြု။)

ကာမသောဘဏ ၁၂-နည်း

ကာမသောဘဏ စိတ်တို့တွင် မဟာကုသိုလ် ပဌမဒွေ၌ အညသမာန်း ၁၃။ သောဘဏ ၂၅ အားဖြင့် ၃၈-ပါးသော စေတသိက်တို့သည် ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။ ထိုတွင် ဝိရတိ၊ အပ္ပမညာတို့ကား နာနာ၊ ကဒါစိတို့ ဖြစ်ကုန်၏။

(ထိုကြောင့် အမြဲ၃၃၊ ရံခါ သမ္မာဝါစာ စသည်နှင့် ၃၄ စီ၊

ဘယ်ခါမှ ၃၅၊ ၃၆၊ ၃၇၊ ၃၈-မရှိ။)

ထိုအတူ ဒုတီယဒွေ၌ ပညာကြဉ်၍ ၃၇၊

တတီယဒွေ၌ ပညာယှဉ်- ပီတိကြဉ်၍ ၃၇။

စတုတ္ထဒွေ၌ ပညာ ပီတိကြဉ်၍ ၃၆။

(နာနာကဒါစိသည် ကုသိုလ်၌ ၅-ခု၊ ကြိယာ၌ ၂ -ခု သတိပြု။)

မဟာကုသိုလ်တို့၌ .... ၃၀၊ ၃၇၊ ၃၇၊ ၃၆

မဟာကြိယာတို့၌ ဝိရတိကြဉ်၍ ... ၃၅၊ ၃၄၊ ၃၄၊ ၃၃။

မဟာဝိပါက်တို့၌ ဝိရတိ အပ္ပမညာကြဉ်၍ ... ၃၃၊ ၃၂၊ ၃၂၊ ၃၁။

ဤသို့ ကာမသောဘဏစိတ်၌ တဆဲ့နှစ်နည်း ဖြစ်၏။

သောဘဏစိတ်တို့တွင် ကြိယာ၌ ဝိရတိ မရှိ၊

မဟဂ္ဂုတ်၌ ဝိရတိ မရှိ၊

လောကုတ္တရာ၌ အပ္ပမညာ မရှိ၊

ကာမဝိပါက်၌ ဝိရတိ၊ အပ္ပမညာ မရှိ။

လောကတ္တရာ၌ဈာန်ထူး၏။ (ဝါ-ဝိတက်, ဝိစာရ, ပိတိ, ဝေဒနာ လေးခုထူး၏။)

မဟဂ္ဂုတ်၌ ဈာန်၊ အပ္ပမညာ ထူး၏။

ကာမစိတ်၌- အပ္ပမညာ, ဝိရတိ, ဉာဏ်, ပီတိ-ထူး၏။

ဝေဒနာလည်း ထူး၏။

ဝေဒနာကား သုခ၊ ဥပေက္ခာမျှထူး၍ ယှဉ်သည်ချည်းသာတည်း။

အကုသိုလ် ၇-နည်း

အကုသိုလ် စိတ်တို့တွင် လောဘမူ ပဌမအသင်္ခါရိက၌ အညသမာန်း၁၃။ အကုသလ သာဓာရဏ၄- အားဖြင့် ၁၇-ပါးသည် လောဘ၊ ဒိဋ္ဌိတို့နှင့် ၁၉-ပါးဖြစ်၍ ပေါင်းဆုံခြင်း သို့ ရောက်ကုန်၏။

ထိုအတူ ဒုတီယအသင်္ခါရိက၌ လောဘ၊ မာနနှင့် ၁၉။

တတီယ အသင်္ခါရိက၌ ပီတိကြဉ်၍ လောဘ၊ ဒိဋ္ဌိနှင့် ၁၈။

စတုတ္ထ အသင်္ခါရိက၌ လောဘ၊ မာနနှင့် ၁၈။ (ဝိပ္ပယုတ်၌-မာန ကဒါစိ)

ပဉ္စမ အသင်္ခါရိက၌ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စနှင့် ၂ဝ။

ထိုတွင် ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့ကား နာနာ၊ ကဒါစိဖြစ်ကုန်၏။

(ထိုကြောင့်အမြဲ ၁၇။ ရံခါဿာ စသည်နှင့် ၁၈စီ။ ဘယ်ခါမှ ၁၉၊ ၂ဝ မရှိ။)

ထိုအတူ သသင်္ခါရိက ငါးခုတို့၌ ထိန၊ မိဒ္ဓနှင့်-၂၁၊ ၂၁၊ ၂၀၊ ၂၀၊ ၂၂။

(ဤ၌ ထိန၊ မိဒ္ဓိကား သဟ၊ ကဒါစိ။

ဣဿ, မစ္ဆရိယ, ကုက္ကုစ္စ-နာနာ၊ ကဒါစိ။ ။ မာန-ကဒါစိ)

ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ဆန္ဒ၊ ဝီတိကြဉ်သော အညသမာန်း ၁၁။ အကုသလ သာဓာရဏ ၄-အားဖြင့် ၁၅။ ။ ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌ ထိုအတူ အဓိမောက္ခ ကြဉ်၍ ဝိစိကိစ္ဆာနှင့် ၁၅။

ဤသို့ အကုသိုလ်စိတ် ၁၂-ခုတို့၌ အသီးသီး ယှဉ်သော်လည်း သင်္ချာတူဂဏန စွမ်းဖြင့် --

အသင်္ခါရိက ငါးခု၌- ၁၉၊ ၁၈၊၂၀။

သသင်္ခါရိက ငါးခု၌- ၂၁၊ ၂ဝ၊ ၂၂ ။

မောဟမူဒွေ၌ ၁၅။

ဤသို့ သင်္ဂဟနည်း ၇-ပါးဖြစ်၏။

(သင်္ချာတူပေါင်း၍ ၇-နည်း။ မပေါင်း လျှင် ၁၂-နည်းတည်း။)

လေး-သာဓာရဏာ၊ မာန်း-ဒသာ၊ သဗ္ဗာကုသလယောဂီ ၁၄- တည်း။

အဟိတ် ၄-နည်း

အဟိတ်စိတ်တို့တွင် ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် ၁၂-ခုတို့သည် ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။

မနောဒွါရာဝဇ္ဇန်း၌ ဆန္ဒ ပီတိကြဉ်၍ ၁၁၊

သောမနဿသန္တီရဏ၌ ဆန္ဒ, ဝီရိယကြဉ်၍ ၁၁။

ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေ၊ ဥပေက္ခာ သန္တီရဏ ၂-ခု - ဤငါးခုတို့၌ ဆန္ဒ, ပီတိ၊ ဝီရိယ ကြဉ်၍ ၁ဝ။

ဒွေပဉ္စ ဝိညာဏ်တဆယ်၌ ပကိဏ်းကြဉ်၍ ၇။

ဤသို့အဟိတ်စိတ် ၁၈-ခုတို့၌ ဂဏနစွမ်းဖြင့်- ၁၂၊ ၁၁၊ ၁၀၊ ၇ - အားဖြင့် သင်္ဂဟနည်း လေးနည်းဖြစ်၏။

အဟိတ်စိတ်တိုင်း ၇-လုံးယှဉ်သည်။ ကြွင်းငါးလုံး သင့်သလို ယှဉ်သည်။

သင်္ဂဟနည်း ၃၃-ပါးပြီး၏။

အထူးမှတ်ဘွယ်

မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌော ဟူ၍လည်း ခေါ်သည်။

ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေတို့ကို မနောဓာတ် သုံးခုဟူ၍လည်း ခေါ်သည်။

ဥပေက္ခာ သန္တီရဏ ၂-ခုကို အဟိတ်ပဋိသန္ဓေအစုံ ဟူ၍လည်း ခေါ်သည်။

ဤဆိုပြီးသော နည်းဖြင့် သမ္ပယောဂနည်း ၁၆-ပါး။ သင်္ဂဟ နည်း ၃၃-ပါး တို့ကိုသိ၍ စိတ်နှင့်အညီအမျှ စေတသိက် တို့ကို ပြားရာ၏။

(ဖဿသည် တခုယုတ် ကိုးဆယ်၌ ယှဉ်သောကြောင့် ဖဿ စေတသိက်ပေါင်း တခုယုတ် ကိုးဆယ်ရှိသည်။

ဝိတက် စေတသိက်ပေါင်း ၅၅။

မောဟ စေတသိက်ပေါင်း ၁၂။

သဒ္ဓါ စေတသိက်ပေါင်း ၅၉။

ပညာစေတသိက်ပေါင်း ၄၇ ရှိသည်-ဟုပြား၍ ညွှန်ရာ၏။)

(ဇယားကို Comment မှာ မှာ ကြည့်ပါ။)

တေနဝုတ္တံ

စိတ်တလုံးဖြစ်၊ စေတသိက် တစ်တည်း။ နှစ်မှာ-လေးပါး၊ လေး-ငါး-နှစ်စီ၊ ရှစ်ခုမှီ-တစ်၊ ဆဲ့နှစ်-လေးကောက်၊ ဆဲ့ခြောက်-သုံးလီ၊ ဋ္ဌဝီ-နှစ်ညွှန်။ လေးဆဲ့ခွန်-တစ်၊ ငါးဆယ်တစ်–တပါး၊ ငါးဆယ်ငါး-တသွယ်၊ ငါးဆယ်နှင့်ကိုး -တဆဲ့ကိုးကောက်၊ ခြောက်ဆဲ့ခြောက်-တမျိုး၊ ခြောက်ဆဲ့ကိုး-တလုံး၊ ခုနစ်ဆဲ့သုံး တရစ်၊ ခုနစ်ဆဲ့ရှစ်-တမျိုး၊ ရှစ်ဆဲ့ကိုး-ခုနှစ်၊ … ငါးဆဲ့နှစ်သည်၊ နည်းဖြစ် ဆဲ့ခွန် ယှဉ်သည်တည်း။

သမ္ပယောဂ … ယှဉ်နည်း -၂၆

၁။ စိတ်တလုံးတည်း ယှဉ်ကား-ဝိစိကိစ္ဆာ။

၂။ စိတ် နှစ်လုံးယှဉ်ကား-ဒေါသစတုက္က။

(သုံးမရှိ)။

၄။ စိတ်လေးလုံးတည်း ယှဉ်ကား-ဒိဋ္ဌိ၊ မာန။

…… ဤနည်းမှီး၍ဆို။

၁။ ၂။ ၄။ ၅။ ၈။

၁၂။ ၁၆။ ၂၈။ ၃၅။ ၄၇။

၄၈။ ၅၁။ ၅၅။ ၅၈။ ၅၉။

၆၆။ ၆၉။ ၇၃။ ၇၈။ ရ၉။

၈၉။ ၉၁။ ၁၀၁။ ၁၀၅။ ၁၁၀။ ၁၂၁။ .... (၂၆-မျိုး)。

သမ္ပယောဂ ... မယှဉ်နည်း ၂၇

ဝ။ .... စိတ်သုည မယှဉ်ကား-သဗ္ဗစိတ္တ သာဓာရဏ။

၁၁။ … ၁၁-မယှဉ်ကား-အဓိမောက္ခ။

၁၆။ … ၁၆-မယှဉ်ကား-ဝီရိယ။ ဤနည်းမှီး၍ဆို၊

ဝ။ ၁၁။ ၁၆။ ၂ဝ။ ၃ဝ။

၃၁။ ၃၄။ ၄၂။ ၅၄။ ၅၅။

၆၁။ ၆၆။ ၇၀။ ၇၃။ ၇၇။

၈၁။ ၈၄။ ၈၅။ ၈၇၊ ၈၈။

၉၃။ ၁၀၉။ ၁၁၃။ ၁၁၆။ ၁၁၇။

၁၁၉။ ၁၂ဝ။ ... (၂၇-မျိုး)

သင်္ဂဟနည်း ... ၁၉-နည်း

အဟိတ်စိတ်၌ စေတသိက် ၇-ယှဉ်=၁ဝ။ ၁ဝ-ယှဉ်=၅။ ၁၁-ယှဉ်= ၂။ ၁၂-ယှဉ်-၁။ ပေါင်း ၁၈။

အကုသိုလ်၌ ၁၅-ယှဉ်=၂။ ၁၈-ယှဉ်=၂။ ၁၉-ယှဉ်=၂။ ၂ဝ-ယှဉ်=၃။ ၂၁-ယှဉ်-၂။ ၂၂-ယှဉ်=၁။ ပေါင်း ၁၂။

သောဘဏ၌ ၃ဝ-ယှဉ်=၁၅။ ၃၁=၂။ ၃၂=၇။ ၃၃=၂၃။ ၃၄-၁၅။ ၃၅=၁၃။ ၃၆=၁ဝ။ ၃၇-၄။ ၃၈=၂။ ပေါင်း ၉၁။ (၁၉ မျိုး။)

စေတသိက် လက္ခဏာ လေးပါး မှတ်ဘွယ်

စိတ်နှင့်-ဖြစ်အတူ၊ ချုပ်အတူ၊ အာရုံအတူ-ဖြစ်လျှင် မှီရာတူ သည်သာတည်း

ဤလက္ခဏာ လေးပါရှိမှ စိတ်၌အမြဲ ယှဉ်သည် မည်၏။ စေတောယုတ္တဖြစ်သည် မည်၏။ အရူပဘုံ၌ကား မှီရာဝတ္ထု ရုပ်မရှိသောကြောင့် လက္ခဏာသုံးပါးမျှဖြင့် စိတ်၌အမြဲ ယှဉ်သည် စေတောယုတ္တဖြစ်သည်။

စိတ္တဇရုပ်သည် အတူဖြစ်သော စိတ်နှင့် အတူမချုပ်။ အတူချုပ်သောစိတ်နှင့် အတူမဖြစ်၊ လက္ခဏာ တပါးပါးသာ။ ဝိညပ်ဒွေသည် အတူဖြစ်သောစိတ်နှင့် အတူချုပ်၏။ အာရုံမပြုတတ်၊ လက္ခဏာနှစ်ပါးသာ။ ထိုကြောင့် စေတောယုတ္တ မဖြစ်ကုန်။

စေတသိက်သဘော လေ့လာဘွယ်

ဖဿသည် အာရုံကို တွေ့ထိတတ်၏၊ ကတ္တာသဘော၊ အတူဖြစ်သော စိတ်စေတသိက် တို့ကိုလည်း မိမိကဲ့သို့ တွေ့ထိစေ၏၊ ဝါ၊ စိတ်စေတသိက်တို့၏ တွေ့ထိကြောင်းဖြစ်၏၊ ကရိုဏ်းသဘော၊

(ထိစေတတ်က-ထိကြောင်းရသည်။ စေတတ်နှင့် ကြောင်း တူ၏။)

တွေ့ထိခြင်း သဘောမျှလည် ဖြစ်၏၊ ဘာဝသဘော၊ ဤသုံးမျိုးတို့တွင် ကတ္တာနှင့် ကရိုဏ်းသည် တဒ္ဓမ္မူပစာဖြစ်၏။ မရှိသောယုန်ချိုကို တင်စားသကဲ့သို့ တင်စား၏။ ဘာဝသဘောသာ မုချပရမတ် ဖဿဖြစ်သည်။

ဝေဒနာသည် အာရုံ၏အရသာကို ခံစားတတ်၏။ စိတ်စေတသိက်တို့ကို မိမိကဲ့သို့ ခံစားကြ၊ ခံစားကြဟု စေခိုင်း၏။ ခံစားခြင်း သဘောမျှဖြစ်၏၊ ထိုတွင် ကတ္တာကရိုဏ်း တဒ္ဓမ္မူ၊ ဘောမူမုချ ပရမတ်။

သညာသည်အာရုံကို အမှတ်ပြု၍သိတတ်၏။ အမှတ်ပြု၍သိကြ သိကြဟု စေခိုင်း၏။ အမှတ်ပြု၍ သိခြင်းမျှဖြစ်၏။ ထိုတွင် ကတ္တာကရိုဏ်းတဒ္ဓမ္မူ၊ ဘောမူမုချ ပရမတ်။ ...

ဤနည်းဖြင့် ပရမတ်တို့ကို ထိုက်သည်အလျှောက် လေ့လာအပ်၏။

ဘာဝသဘော ဥပမာ

ဤ၌ဖဿသည် နာမ်တရားဖြစ်၍ မုချအားဖြင့် မထိတတ်။ ထိကြ၊ ထိကြဟူ၍လည်း မစေခိုင်းတတ်။ ထိသကဲ့သို့သော အခြင်းအရာမျှ ဖြစ်၍ ထိခြင်း သဘောမျှသာဖြစ် သည်။

ထိုအခြင်းအရာသည် အချဉ်သီးမြင်၍ တံတွေးဖြစ်သောအခါ လျှာနှင့်အချဉ်သီး မထိဘဲ ထိသကဲ့သို့သော အခြင်းအရာမျှနှင့်တူ၏၊ သစ်ပင်ဖျားတက်သူကိုမြင်၍ ဒူးတုန်သော အခါ သစ်ပင်ပေါ် ဒူးမရောက်၊ ရောက်သလို အခြင်းအရာနှင့်လည်းတူ၏၊ ရေးခြစ်သံ ကြား၍ သွားကျိန်းသောအခါ သွားကိုမခြစ်၊ ခြစ်သလို အခြင်းအရာ နှင့်လည်း တူ၏။

ဝေဒနာလည်း မခံစားတတ်၊ ခံစားကြဟု မစေခိုင်းတတ်၊ ခံစားသကဲ့သို့ အခြင်းအရာ မျှသာ။

သညာလည်း မမှတ်တတ်၊ မမှတ်ခိုင်းတတ်၊ မှတ်သကဲ့သို့ အခြင်းအရာမျှသာ၊ ကြွင်းသောပရမတ် တို့လည်း ဤအတူ အခြင်းအရာမျှသာ ဖြစ်ကုန်၏။

တံတွေးဖြစ် ဒူးတုန် သွားကျိန်းသောအခါ မထိ, မရောက်, မခြစ်ဘဲ- ထိသလို၊ ရောက်သလို၊ ခြစ်သလို အခြင်းအရာသည် ပရမတ်အားလုံး၏ ထိသလို၊ ခံစားသလို၊ အာရုံသို့ တင်ပေးသလို၊ သုံးသပ်သလို စသော အခြင်းအရာ၏ ဥပမာတည်း၊

ဖဿတခုတည်း၏ ဥပမာမဟုတ်၊ ပရမတ်အခြင်းအရာဥပမာဖြစ်သည်။

သဗ္ဗစိတ္တသာဓာရဏ မှတ်ဘွယ်

၁။ ဖဿသည် အာရုံ၌ တွေ့ထိတတ်၏၊ ပသာဒနှင့်အာရုံ ပေါင်းဆုံခြင်းသည် ဖဿ မည်၏၊ ဆိတ်နှစ်ကောင် ဝှေ့သောအခါ တကောင်ကို ပသာဒကဲ့သို့၊ တကောင်ကို အာရုံကဲ့သို့၊ ဝှေ့ခြင်းကို ဖဿကဲ့သို့ ရှုအပ်၏၊

တိဏ္ဏံသင်္ဂတိဖဿာ၌ကား - တိဏ္ဏံသင်္ဂတိယာ ဖဿော-ဟု ဖွင့်သောကြောင့် ပသာဒ, အာရုံ, ဝိညာဏ်- သုံးပါး ပေါင်းဆုံခြင်းသည် ဖဿ၏ အကြောင်းမျှ ဖြစ်သည်၊ သုံးပါး ပေါင်းဆုံခြင်းကြောင့် ဖြစ်သော တွေ့ထိခြင်း အကျိုးသာလျှင် ဖဿ-ဟု သိအပ်၏။

ဖဿသည် တွေ့ထိတိုင်း မိမိမှီရာ စိတ်၌ ဝေဒနာကိုဖြစ်စေ၏၊ ထိုကြောင့်-ဖဿပစ္စယာ ဝေဒနာ-ဟု ဟောသည်၊ မိမိ၏ ဖြစ်ကြောင်းဖြစ်သော ပသာဒ၊ အာရုံ၌ ဝေဒနာကို မဖြစ်စေ၊ ချိပ်၌ရှိသော တေဇောသည် ဗဟိဒ္ဓမီး ပူထိသောအခါ မိမိမှီရာ ချိပ်ကိုသာ နူးညံ့အောင်ပြုသည်၊ မိမိကို ကျေးဇူးပြုသော ဗဟိဒ္ဓမီးပူကို နူးညံ့အောင် မပြုသည်နှင့်တူ၏။

၂။ ဝေဒနာသည် အာရုံအရသာကို ခံစား၏၊ အကောင်း၊ အလတ်၊ အဆိုး သုံးမျိုးလုံး မြိန်စွာ ခံစား၏၊ ဘောဇဉ် အရသာကို အစိုးတရ ခံစားသော မင်းနှင့်တူ၏၊ အတူဖြစ်သော သမ္ပယုတ်စိတ် စေတသိက်တို့ကား စားတော်ကဲပမာ ခံစားရုံ ခံစားကြကုန်၏၊ ဤ ဝေဒနာသည် အနုသယ မကင်းသူအား တဏှာကိုဖြစ်စေ၏၊ ဝေဒနာပစ္စယာ တဏှာ-ဟု ဟောသည်၊ အသယကင်းသော ရဟန္တာအား တဏှာဖြစ်အောင် မတတ်နိုင်၊ (ယောနိသော မနသိကာရ ရှိသူအားလည်း တဏှာ မဖြစ်။)

၃။ သညာသည် အာရုံကိုအမှတ်ပြု၍ သိ၏၊ ရှေးအမှတ်ဖြင့် နောက်၌သိ၏၊ နောက်၌သိအောင် ယခုမှတ်၏ - သစ်သား အမှတ်အသားပြုသော လက်သမားနှင့် တူ၏၊ အမှားကိုလည်း မှတ်စေ၏ ဝါ-အချည်းနှီးသော လက်ဆုပ်အလား အထင်လည်း မှားစေ၏၊ မှတ်သောအတိုင်းလည်း မြဲစွာယူ၏ - ဆင်ကို ထွန်တုံး ကဲ့သို့၊ တံမြက်စည်းကဲ့သို့ ဟု မြဲစွာဆိုသော ဝမ်းတွင်းကန်း နှင့်တူ၏၊ ဉာဏ် ယှဉ်သော သညာကား ဉာဏ်သို့ အစဉ်လိုက်၏၊ ဉာဏ်ကဲ့သို့ အမှန်သိ၏-သသမ္ဘာရပထဝီ-မြေစိုင်ခဲ၌ ကြွင်းသော အာပေါ စသည်တို့သည် ပထဝီသို့ အစဉ် လိုက်သကဲ့သို့တည်း။

၄။ စေတနာသည် အာရုံ၌စေ့စပ်ပေး၏၊ ကုသိုလ်အကုသိုလ် ပြုသောအခါ နှစ်ဆ အားထုတ်၏၊ လယ်ရိတ်သူတို့ အလုပ်တွင်အောင် နှစ်ဆအားထုတ်သော လယ်ရှင်နှင့် တူ၏၊ စစ်သားတို့ကို မိမိဆိုင်ရာကိစ္စ ပြုစေသော စစ်ဗိုလ်မှူးကဲ့သို့ အစီအမံကောင်း၏၊ မိမိကိစ္စ သူတပါးကိစ္စ ပြီးစေသော တပည့်ကြီးအလား၊ လက်သမားကြီး သဘွယ် ဖြစ်၏။

၅။ ဧကဂ္ဂတာသည် တခုတည်းသော အာရုံ၌ တည်ကြည်၏။ လေတိုက်ရာ၌ ထွန်းသောမီးနှင့်တူ၏၊ ပျံ့လွင့်ခြင်းငှါမပေး - စစ်တပ် ဖရိုဖရဲ ဖြစ်ခွင့် မပေးသော မင်းနှင့်တူ၏။ အတူ ဖြစ်သော တရားတို့ကို ပေါင်းရပေး၏။ ရေချိုး ကသယ်မှုန့် မလွင့်အောင် ရေဆွတ် ပေးသည်နှင့် တူ၏။

၆။ ဇီဝိတိန္ဒြေသည် သမ္ပယုတ်တရားတို့ကို အသက်ရှည်စေ၏၊ မိမိရှိစဉ် ဥပါဒ်နှင့် ဌီအကြား၊ ဌီနှင့် ဘင်အကြား၊ မပျက်အောင် စောင့်ရှောက်ခြင်း၌ အကြီးအကဲဖြစ်၏- ကြာကို စောင့်ရှောက်သော ရေနှင့်တူ၏။ မိမိရှိစဉ် ကြာကိုစောင့်သည်။

၇။ မနသိကာရသည် နှလုံး၌ သွင်းတတ်၏၊ သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်တွဲပေး၏။ မြင်းတို့ကို ရထား၌ ကသော ရထားထိန်းနှင့်တူ၏။

မနသိကာရသည် သုံးမျိုးရှိ၏။

ဤစေတသိက်သည် အာရုံ၌ယှဉ်ပေးသော မနသိကာရ မည်၏။

ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည် ဝီထိနှင့် ယှဉ်ပေးသော မနသိကာရ မည်၏။

မနောဒွါရာဝဇ္ဇန်း စိတ်သည် ဇောနှင့်ယှဉ်ပေးသော မနသိကာရ မည်၏။

အာရုံ၌ ယှဉ်၊ ဝီထိယှဉ်၊ ဇောယှဉ် - မနသိ သုံးမျိုး

ပကိဏ်း မှတ်ဘွယ်

၁-ဝိတက်သည် ကြံစည်တတ်၏။ စိတ်ကို အာရုံသို့ တင်ပေးတတ်၏၊ ဇနပုဒ်သားကို မင်းအိမ်သို့ပို့သော မင်းကျွမ်းဝင်သူနှင့် တူ၏။ အာရုံကို စည်ကြီးအတူ တီးခေါက် တတ်၏။ သမ္မာဒိဋ္ဌိ အမြင် သန်အောင် အာရုံကို ဖန်ဖန် တီးခေါက် ပေးသောကြောင့် ပညာက္ခန္ဓာ၌ အကူအညီ အဖြစ်ဖြင့် ရေတွက်အပ်၏။ သမ္မာဒိဋ္ဌိ၏ လက်ညှိုးလည်း ဆိုသင့်၏။ လက်ညှိုးကူ၍ လှည့်ပေးမှ စုံလင်စွာ မြင်နိုင်သည်။

၂-ဝိစာရသည် အာရုံ၌ စိတ်ကိုလှည့်လည်စေ၏။ အာရုံ၌ သုံးသပ်တတ်၏။ ဝိတက်ကား ရုန့်ရင်း၏၊ ရှေ့သွားဖြစ်၏။ စည်တီးသကဲ့သို့ အာရုံ၌ စိတ်ကိုရှေးဦးစွာ ကျစေ၏။ ဝိစာရကား သိမ်မွေ့၏၊ နောက်၌ ဖန်ဖန် သုံးသပ်တတ်၏။ စည်သံအစဉ် ဆက်၍ မြည်သကဲ့သို့ အာရုံ၌စိတ်ကိုဖွဲ့၏။

၃-အဓိမောက္ခသည် ဆုံးဖြတ်တတ်၏၊ ရွှေ့ရှားခြင်း မပြု၊ အာရုံ၌ တုန်လှုပ်ခြင်းမရှိ၊ တံခါး ခုံနှင့်တူ၏။ ဝိစိကိစ္ဆာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

၄-ဝီရိယသည် ရဲရင့်သောသူ၏ ဖြစ်ကြောင်း သဘော ဖြစ်၏ - အိမ်အိုကို ကျားကန် သကဲ့သို့ ထောက်ပံ့၏။ ဝီရိယထောက်ပံ့သော သူတော်ကောင်းသည် ကုသိုလ်မှ ဆုတ်ယုတ်ခြင်းမရှိ၊ အားထုတ်ခြင်း သဘောရှိ၏။ သမ္ပယုတ် တရားတို့ကို တွန့်တို ဆုတ်နစ်ခြင် မရှိအောင် ချီးမြှောက်၏။ စစ်ကူလွှတ်သော မင်းနှင့်တူ၏၊

၅-ပီတိသည် နှစ်သက်တတ်၏။ ကိုယ်စိတ် ပြည့်ဖြိုး၏ ပျံ့နှံ့၏။ ဝမ်းသာကြောင်း ဖြစ်၏။

ထိုပီတိသည် ကြက်သီးထအောင် နှစ်သက်လျှင် ခုဒ္ဒကာပီတိ မည်၏။

လျှပ်စစ်ပြက်သကဲ့သို့ ခဏခဏ နှစ်သက်လျှင် ခဏိကာပီတိ မည်၏။

သမုဒြာကမ်းကို လှိုင်းလုံးရိုက်ဝင်သကဲ့သို့ ကိုယ်တွင်းသို့ ရိုက်ဝင်အောင် နှစ်သက်လျှင် ဩက္ကန္တိကာပီတိ မည်၏။

ကိုယ် ကောင်းကင် လွင့်တက်အောင် လွန်စွာ သက်လျှင် ဥဗ္ဗေဂါပီတိ မည်၏။ ။

တောင်ဝှမ်း ရေပြည့်သကဲ့သို့ ကိုယ်လုံးနှံ့အောင် နှစ်သက်လျှင် ဖရဏာပီတိ မည်၏။

(ဂွမ်းဆီထိ သကဲ့သို့လည်း ဆိုကုန်၏၊)

ပုဏ္ဏဝလ္လိကဝါသီမဟာတိဿမထေရ်သည်၎င်း လေးသော ဝန်ရှိသော အမျိုးသ္မီး တယောက်သည်၎င်း, ဥဗ္ဗေဂါပီတိဖြင့် လွင့်တက်၍ တောင်ထိပ် စေတီရင်ပြင်သို့ ရောက်ဘူးပြီ။ ပီတိငါးပါးပြည့်လျှင် ပဿဒ္ဓိပြည့်၏။ ပဿဒ္ဓိရင့်လျှင် သုခပြည့်၏။ သုခ ရင့်လျှင် ခဏိကသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိပြည့်၏။

၆ - ဆန္ဒသည် ပြုလိုကာမျှသာ ဖြစ်၏။ အာရုံကိုရှာယူ၏။ စိတ်အာရုံ ယူသောအခါ စိတ်၏ဆန့်သော လက်နှင့်တူ၏။ စွန့်ကြဲလှူဒါန်းစရာကို အလိုရှိ၏ - ပစ်စရာမြားကို ရှာယူသော လေးသမားနှင့် တူ၏၊ လောဘကဲ့သို့ ကပ်ငြိခြင်းမရှိ၊

ဝိတက်သည် သမ္ပယုတ် တရားတို့ကို အာရုံသို့ တင်ပေး၏။ မဆက်ပေ။

စေတနာသည် ဝိတက် တင်ပေးသမျှကို ဆက်ပေး၏။ ဝါ၊ တိုက်တွန်း၏။ စေ့စပ်ပေး၏၊ မြဲအောင်တွဲမပေး။

မနသိကာရသည် မြဲအောင် တွဲပေး၏။

ဤကား ထိုသုံးခု အထူးတည်း။

အကုသိုလ်မှတ်ဘွယ်

၁-မောဟသည် အာရုံ၌ တွေဝေ၏။ စိတ်ကို မျက်စိကန်းအောင်ပြု၏။ အာရုံ၏ သဘောကို ဖုံးလွှမ်း၏။ အကျင့် လွဲစေ၏။ လကွယ်, သန်းခေါင်, မိုးမှောင်, တောအုပ် - ဤ အင်္ဂါလေးပါးရှိသော အမိုက်မှောင်နှင့် တူ၏။

၂-အဟိရိကသည် မကောင်းမှုကို မစက်ဆုပ်တတ်- မစင်ဖတ်နှင့်တူ၏။

၃-အနောတ္တပ္ပသည် မကောင်းမှ တွန့်ခြင်းမရှိ။ ထိတ်လန့်ခြင်း မရှိ - ပိုးဖလံ-မီးတိုးသည်နှင့် တူ၏။

၄-ဥဒ္ဓစ္စသည်စိတ်မငြိမ်၊ ပျံ့လွင့်၏၊ လေခတ်၍ ရေလှုပ်သည်နှင့်တူ၏။ လေခတ်သော တမ်းခွန်ကဲ့သို့ ရပ်တည်ခြင်းမရှိ၊ ကျောက်ခတ်၍လွင့်သော ပြာကဲ့သို့ တုန်လှုပ်၏။ အဓိမောက္ခ ရှိသောကြောင့် တန့်၍တန့်၍ လိမ့်၏၊ ထောင့်ရှိသော ပတ္တမြား လိမ့်သည်နှင့် တူ၏။

၅-လောဘသည် အာရုံ၌ လိုချင်ကပ်ငြိ၏၊ ထိတိုင်းကပ်သော မျောက်နှဲစေးနှင့်တူ၏။ ဆန္ဒကဲ့သို့ အလိုရှိရုံမျှမဟုတ်။ တဏှာ၊ သမုဒယ၊ မာယာ၊ ဝဉ္စနာ - စသည်လည်း မည်၏။

၆-ဒိဋ္ဌိသည် မှားသောအမြင် ရှိ၏။ အမှားကိုနှစ်သက်စွာ စွဲမြဲ၏- မိကျောင်း ကိုက်သကဲ့သို့ စွဲမြဲ၏။ ငါ့အယူသာ မှန်သည်ဟု အမှားကို သုံးသပ်တတ်၏၊ မျက်စိလည်၍ အရှေ့ကို အနောက်ထင်သူနှင့် ထူ၏။ ဒိဋ္ဌ၊ သုတ၊ မုတ၊ မင်္ဂလာ (ပြဿဒါး၊ ရက်ရာဇာ) စသည်တို့၌ လေ့ကျက်ခြင်းကြောင့်လည်း ဒိဋ္ဌိဖြစ်တတ်သည်။ ပညာကဲ့သို့ အမှန်ကိုမမြင်။

၇-မာနသည် သူ့ထက်ငါ-သာသည်ဟု မှတ်ထင်၏။ ထောင်လွှားတတ်၏ - မှန်ကင်း အသွင်ပြုချင်၏။ မိမိကိုယ်ကို မိမိမြှောက်သော သူရူးနှင့်တူ၏။ အထင်ကြီး သောကြောင့် ဒိဋ္ဌိကဲ့သို့ အာစွမ်း ရှိ၏၊ ဒိဋ္ဌိနှင့်အတူ မဖြစ်၊ ခြင်္သေ့နှစ်စီး-တဂူတည်း မအောင်း သကဲ့သို့တည်း။ မိမိကိုယ်ကို မြတ်နိုးသဖြင့် ဒေါသနှင့်လည်း အတူမဖြစ်။

သေယျပုဂ္ဂိုလ်၊ သဒိသပုဂ္ဂိုလ်၊ ဟီနပုဂ္ဂိုလ်-(မြတ်၊ လတ်၊ ယုတ်) သုံးယောက်တို့အား သေယျမာန်၊ သဒိသမာန်၊ ဟီနမာန်- သုံးခုစီအားဖြင့် မာနကိုးမျိုး ပြား၏။

၈-ဒေါသသည် ဖျက်ဆီးတတ်၏၊ အခွင့်ရသော ရန်သူနှင့်သူ၏။ လှံတံ ခတ်မိသော မြွေကဲ့သို့ ကြမ်း၏။ အဆိပ်တက်သကဲ့သို့ ပျံ့နှံ့ လွယ်၏။ မိမိမှီရာ ဟဒယဝတ္ထုကို လောင်၏။ မိမိမှီရာ တောအုပ်ကို လောင်သော တောမီးနှင့်တူ၏။ အာဃာတဝတ္ထု ကိုးပါးကြောင့် ဖြစ်၏။

ကိုးပါးကား --

ဤသူသည် ငါ၏အကျိုးမဲ့ကို ပြုဘူးပြီ။ ပြုခဲ ပြုလတ္တံ့ - သုံးပါး။

ငါ့ပီယပုဂ္ဂိုလ်၏ အကျိုး မဲ့ကို ပြုဘူးပြီ၊ ပြုဆဲ၊ ပြုလတ္တံ့ - သုံးပါး၊

ငါ့ဝေရီပုဂ္ဂိုလ်၏ အကျိုးစီးပွါးကို ပြုဘူးပြီ၊ ပြုဆဲ၊ ပြုလတ္တံ့ -သုံးပါ.၊

ဤ ကိုးပါးတည်း။

မိုးရွာခြင်း နေပူခြင်း စသည်၌ စိတ်ဆိုးခြင်းကား အရာမဟုတ်သောကြောင့် အဋ္ဌာနကောပ မည်၏။ အဋ္ဌာနကောပနှင့် ဆယ်ပါးသည် ဒေါသကို ဖြစ်စေ၏။

၉-ဣဿာသည် သူတပါး ပြည့်စုံခြင်းကို ငြူစူ၏၊ မျက်နှာလွှဲရှောင်တတ်၏။ ဗဟိဒ္ဓ ကိုသာ အာရုံပြုသည်။ အဇ္ဈတ္တ မပြု။

၁ဝ-မစ္ဆရိယသည် မိမိ၏ရပြီး ရလတ္တံ့သော ပြည့်စုံခြင်းကို လျှို့ဝှက်၏။ သူတပါးနှင့် ဆက်ဆံခြင်းငှါ သည်းမခံနိုင်။ တွန့်တို၏။ စပ်ခါး၏။ အဇ္ဈတ္တကိုသာ အာရုံပြုသည်။ ဗဟိဒ္ဓ မပြု။ မပေးလိုရုံဖြင့် မစ္ဆရိယမဖြစ်။ စိတ်မသက်မသာ - လျှို့ဝှက်မှ ဖြစ်သည်။

၁၁-ကုက္ကုစ္စသည် စက်ဆုပ်ဘွယ်သော ပြုခြင်းဖြစ်၏။ နောက်၌ အဖန်ဖန်ပူပန်၏။ ပြုမိသော အကုသိုလ်၊ မပြုမိသော ကုသိုလ်တို့ကို ပြန်၍စိုးရိမ်၏။ နှလုံးမသာယာခြင်း ထင်ရှား၏ - ပြုမိလည်းပူ-မပြုမိလည်းပူ၊ သူ့ကျွန်ခံရသည်နှင့် တူ၏။

၁၂-ထိနသည် အားမထုတ်သဖြင့် တွန့်၏ - လူပျင်းနှင့်တူ၏။ ဝီရိယကို ပယ်၏။ စိတ်၏အမှု၌ မခန့်ကျန်းခြင်း သဘောရှိ၏။ စိတ်ပျော့ထိုင်းကြောင်း ဖြစ်၏။

၁၃-မိဒ္ဓသည် သတ္တိမရှိသဖြင့် ပင်ပန်း၏ - လူနာနှင့်တူ၏၊ စေတသိက်၏အမှု၌ မခန့်ကျန်းခြင်း သဘောရှိ၏။ စေတသိက် ပျော့ထိုင်းကြောင်း ဖြစ်၏။ ငိုက်မျဉ်း မှိတ်တုတ် မျက်လွှာလှုပ်ခြင်း ထင်ရှား၏။

၁၄-ဝိစိကိစ္ဆာသည် အာရုံကိုမဆုံးဖြတ်နိုင်။ အာရုံတခု အမြဲမယူ၊ နှစ်ခွယူသည်။ အဓိမောက္ခ မရှိသောကြောင့် မရပ်မတန့် လိမ့်၏။ ထောင့်မရှိသော ပတ္တမြားလုံး လိမ့်သည်နှင့်တူ၏။ ပဋိပတ်ကို အန္တရာယ်ပြု၏၊

သောဘဏ မှတ်ဘွယ်

၁-သဒ္ဓါသည် ယုံကြည်တတ်၏။ ယုံကြည်ရာ ဌာနကား - ရတနာသုံးတန်၊ ကံ၊ ကံ၏အကျိုး-ဤငါးမျိုးတည်း။ ကိလေသာကင်းအောင် စိတ်ကိုကြည်လင်စေ၏-ရေနောက် ကြည်စေနိုင်သော စကြာမင်း၏ ပတ္တမြားရတနာနှင့် တူ၏။ သူတော်ကောင်းတို့သည် ထိုကြည်လင်သော စိတ်ဖြင့် ဒါနသီလဘာဝနာတို့ကို အားထုတ်ကုန်၏။ ကုသိုလ်တို့၌ ရဲရင့်စွာ ပြေးဝင်နိုင်၏၊ မိကျောင်း ကြောက်သူတို့ကို ခေါ်ဆောင်အားပေး၍ မြစ်ကူးသော ရှေ့ဆောင် ဗိုလ်မှူးကြီးနှင့် တူ၏။ ဤသဒ္ဓါသည် ကုသိုလ်ရအောင်ယူရာ၌ လက်သဘွယ်၊ စည်းစိမ် ခပ်သိမ်း ပြီးစေရာ၌ ဥစ္စာသဘွယ်။ နိဗ္ဗာန်သီး-သီးစေရာ၌ မျိုးစေ့သဘွယ်ဖြစ်၏။

သဒ္ဓါသည် လေးမျိုးပြား၏။

ဘုရား, တရား, သံဃာဟုကြား၍ ကြည်ညိုခြင်းသည် ပသာဒသဒ္ဓါ မည်၏။

ဂုဏ်တော်၌ သက်ဝင် ယုံကြည်ခြင်းသည် သြကပ္ပနသဒ္ဓါ မည်၏။

မဂ်ဖြင့်ရသော အရိယာတို့ ယုံကြည်ခြင်းသည် အဓိဂမနိယသဒ္ဓါ မည်၏။

ဘုရားလောင်းတို့ ယုံကြည်ခြင်းသည် အာဂမနိယသဒ္ဓါ မည်၏၊

မိစ္ဆာဒိဋ္ဌိတို့အား မိမိဆရာ ဘုရားကို ယုံကြည်ခြင်းသည် သဒ္ဓါစေတသိက်မဖြစ်၊ စကား နားထောင်သော ဒိဋ္ဌိ၊ မောဟ၊ အဓိမောက္ခ စေတသိက်တို့သာ ဖြစ်ကုန်၏။ ယုံကြည်ရာဌာန မဟုတ်သောကြောင့်တည်း။ ဘုရားမှန် တရားမှန် သံဃာမှန် မဟုတ်ဘဲ ဂုဏ်တော်မသိဘဲ ကြည်ညိုခြင်းသည် သဒ္ဓါမဟုတ်၊ သဒ္ဓါတု၊ သဒ္ဓါလွန်၊ သဒ္ဓါလွဲသာတည်း။ ကြည်ညိုတိုင်း ရက်ရောတိုင်း အမြှောက်ခံရတိုင်း သဒ္ဓါမဟုတ်။ သဒ္ဓါမှန်သည် ကိလေသာဆယ်ပါးကို ကင်းစေသည်။

၂-သတိသည် ကြာမြင့်စွာ ပြုပြီးသော ကုသိုလ်ကို အောက်မေ့စေ၏၊ စည်းစိမ်ကို သတိပေးသော မင်းဘဏ္ဍာစိုးနှင့်တူ၏။ ဗူးတောင်းရေမျောမဟုတ် ကျောက်ဖျာ အလား မလှုပ်မရှား၊ အာရုံ၌ ထားတတ်၏။ အကျိုးမဲ့ကိုပယ်၍ အကျိုးရှိကို ချီးမြှောက်တတ်သောကြောင့် စကြာမင်း၏ သားကြီးရတနာနှင့် တူ၏။ အာရုံ၌ မြဲစွာတည်သောကြောင့် တံခါးတိုင်နှင့်တူ၏။ စက္ခုဒွါရ စသော ၆-ဒွါရကို စောင့်တတ် သောကြောင့် တံခါးစောင့်နှင့်တူ၏။

မိစ္ဆာဒိဋ္ဌိတို့အား မိမိပြုဘူးသည်ကို အောက်မေ့ခြင်းသည် သတိ စေတသိက်မဖြစ်၊ အကုသိုလ်မိစ္ဆာသတိသာ ဖြစ်သည်။ အမှတ်ရတိုင်း သတိမဟုတ်၊ သတိဟူသည် ဒွါရခြောက်ခွင်၌ အကုသိုလ် မဝင်အောင်စောင့်သည်။ ကုသိုလ်ဖြစ်အောင် အမှတ်ရ သည်။

၃-ဟိရီသည် မကောင်းမှုမှရှက်၏။ မိမိ၏ဇာတ်၊ အရွယ်၊ ရဲရင့်ခြင်းဂုဏ်၊ ဗာဟုသစ္စဂုဏ် တို့ကိုဆင်ခြင်၍ အဇ္ဈတ္တငဲ့၍ မကောင်းမှု မပြု၊ ငါသို့သော ဇာတ်ကောင်းသူ၊ အရွယ်ကောင်းသူ၊ ရဲရင့်သူ၊ အကြားအမြင် များသူသည် မကောင်းမှ မပြုသင့်ဟု မိမိကိုယ်ကိုမိမိ အလေးပြု၏။ ရှက်ခြင်း သဘော၌တည်၏၊ မပူလောင်သော်လည်း မစင်လူးသော သံချောင်းကို မကိုင်ဝံ့သူနှင့် တူ၏၊ မိမိ၏ ဇာတ်မြတ်ခြင်း၊ ဆရာ မြတ်ခြင်း၊ အမွေခံမြတ်ခြင်း၊ သီတင် သုံးဘော်မြတ်ခြင်းတို့ကို ဆင်ခြင်၍ ရိုသေခြင်း လက္ခဏာရှိ၏။ မိမိကိုယ်ကို အလေးပြုသော အမျိုးကောင်း သတို့သ္မီးနှင့်တူ၏။

၄-ဩတ္တပ္ပသည် မကောင်းမှုမှ ကြောက်လန့်၏။ သူတပါး ကဲ့ရဲ့မည်ကို ဆင်ခြင်၍ ဗဟိဒ္ဓ ငဲ့၍ မကောင်းမှုမပြု၊ သူတပါးသိသွားလတ္တံ့ဟု လောကကို အလေးပြု၏။ အပါယ်ကြောက်ခြင်း သဘော၌ တည်၏၊ မစင်မလူးသော်လည်း ပူလောင်သော သံချောင်းကို မကိုင်ဝံ့သူနှင့် တူ၏။ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေး တို့ကိုဆင်ခြင်၍ ရိုသေခြင်းလက္ခဏာရှိ၏၊ သူတပါးကို အလေးပြုသော ပြည့်တန်းဆာမနှင့်တူ၏၊ မရှက်သော်လည်း လူမစုံမက်မှာ စိုးရိမ်သည်။

၅-အလောဘသည် အာရုံ၌ ကပ်ငြိခြင်းမရှိ၊ ကြာရွက် ရေမကပ်သည်နှင့် တူ၏။ စုဆောင်းခြင်းမရှိ - ကိလေသာမှ လွတ်သော ရဟန္တာနှင့်တူ၏၊ ကပ်ငြိခြင်းကို အလိုမရှိ၊ မဘော်တဆ မစင်တွင်း လိမ့်ကျသူနှင့်တူ၏။ လောဘ၏ ဆန့်ကျင်ဘက် ဖြစ်၏။

၆-အဒေါသသည် ကြမ်းတမ်းခြင်း မရှိ၊ ဆန့်ကျင်ခြင်း မရှိ၊ လိုက်လျောသော မိတ်ဆွေနှင့်တူ၏။ ရန်ငြိုးဖျောက်တတ်၏။ ပူပန်ခြင်း ငြိမ်းစေတတ်၏။ ပူလောင်ခြင်း ကို ငြိမ်းစေသော စန္ဒကူးနှင့် တူ၏။ ဧချမ်းခြင်း ထင်ရှား၏ - လပြည့်ဝန်းနှင့် တူ၏။ သည်းခံခြင်း ခန္တီလည်း မည်၏၊ ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၏။

ဗြဟ္မဝိဟာရ၌ မေတ္တာမည်၏။ မေတ္တာဟူသည် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်တတ်၏။ ငယ်သောသား၏ ကြီးပွါးခြင်းကို တောင့်တသောမိခင်နှင့်တူ၏။ ဒေါသမရှိလျှင် ပြည့်စုံ၏။ တဏှာချစ်ဖြစ်လျှင် ပျက်၏၊ ဒေါသနှင့်တဏှာ အကြား၌ တည်၏။ လွန်လျှင် တဏှာ၊ လျှော့လျှင် ဒေါသ။ ရာဂသည် မေတ္တာအယောင်ဆောင် တတ်၏။

၇-တတြမဇ္ဈတ္တတာသည် သမ္ပယုတ်တရားတို့၏ အလယ်၌ တည်၏၊ စိတ်စေတသိက် တို့ကို မိမိဆိုင်ရာ ကိစ္စ၌ အညီအမျှဖြစ်စေ၏၊ အယုတ်အလွန်ကို တား၏ တဘက်သတ်ကျခြင်း မရှိ။ ညီမျှသော စိတ်စေတသိက်တို့ကို လျှစ်လျူရှု၏၊ ညီမျှသော အာဇာနည်မြင်း တို့ကို လျစ်လျူရှုသော ရထားထိန်းနှင့်တူ၏။

ဗြဟ္မဝိဟာရ၌ကား ဥပေက္ခာမည်၏၊ ဥပေက္ခာဗြဟ္မဝိဟာရဟူသည် သတ္တဝါတို့၌ ချစ်ခြင်း မုန်းခြင်း မရှိ၊ ကံသာလျှင် မိမိဥစ္စာရှိ သည့်အဖြစ်ကို မြင်၏။ မိမိကိစ္စ၌ လေ့လာနိုင်သော သားကြီးအား မကြောင့်ကြသော မိခင်နှင့် တူ၏၊ ရာဂချစ်၊ ဒေါသမုန်း မရှိလျှင် ပြည့်စုံ၏၊ မောဟဖြင့် ဥပေက္ခာဖြစ်လျှင် ပျက်၏၊ ရာဂ ဒေါသနှင့် မောဟအကြား၌ တည်၏။ လွန်လျှင် မောဟ၊ လျှော့လျှင် ရာဂဒေါသ၊ မောဟသည် ဥပေက္ခာ အယောင်ဆောင်တတ်၏၊

၈-၉-ကာယပဿဒ္ဓိသည် ကိုယ်၏ငြိမ်းခြင်း ၊စိတ္တပဿဒ္ဓိသည် စိတ်၏ ငြိမ်းခြင်း ဖြစ်၏။ (စေတသိက်ခန္ဓာသုံးပါးသည် နာမကာယ ဖြစ်၍ ကိုယ်မည်၏။) ကိုယ်စိတ် တို့ကို ပူလောင်စေသော ဥဒ္ဓစ္စ- စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။

၁ဝ၊ ၁၁-လဟုတာဒွယသည် ကိုယ်စိတ်တို့၏ ပေါ့ပါးခြင်းဖြစ်၏။ လေးလံစေသော ထိန မိဒ္ဓ- စသည်တို့၏ ဆန့်ကျင်ဘက် ဖြစ်၏။

၁၂၊ ၁၃-မုဒုတာဒွယသည် ကိုယ်စိတ်တို့၏ နူးညံ့ခြင်း ဖြစ်၏၊ ခက်ထန်စေသော ဒိဋ္ဌိ မာန-စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။

၁၄၊ ၁၅-ကမ္မညတာဒွယသည် ကိုယ်စိတ်တို့၏ ကုသိုလ်အမှု၌ ကောင်းခြင်းဖြစ်၏၊ အမှု၌ မကောင်းစေသော နီဝရဏတို့၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကုသိုလ်မှုပြုခြင်းငှါ ခန့်ကျန်း၏။ စင်ကြယ်သော ရွှေနှင့်တူ၏။

၁၆၊ ၁၇-ပါဂုညတာဒွယသည် ကိုယ်စိတ်တို့၏ အနာကင်း၍ လေ့လာခြင်းဖြစ်၏။ နာစေသော အသဒ္ဓိယ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။

၁၈၊ ၁၉-ဥဇုကတာဒွယသည် ကိုယ်စိတ်တို့၏ ဖြောင့်မတ်ခြင်း ဖြစ်၏၊ ကောက်ကျစ် စေသော မာယာ၊ သာထေယျ - စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။

၂၀-သမ္မာဝါစာသည် ကောင်းသောစကားကို ဆိုစေ၏၊ ဝစီ ဒုစရိုက်ကို လွန်ကျူးခြင်း မရှိ၊ မိစ္ဆာဝါစာလေးပါးမှ ရှောင်ကြဉ်၏၊

(မိစ္ဆာဝါစာမှ ရှောင်ကြဉ်ခြင်းသာ ဝိရတိ သမ္မာဝါစာ ဖြစ်သည်၊ ရှောင်ကြဉ်မည်ဟု သဘောမထားဘဲ၊ အကျိုး ရှိသော စကား ဆိုကာမျှနှင့် သမ္မာဝါစာ ဝိရတိမဖြစ်။)

၂၁-သမ္မာကမ္မန္တသည် ကောင်းသောအမှုကိုပြုစေ၏၊ ကာယဒုစရိုက်ကို လွန်ကျူးခြင်း မရှိ၊ မိစ္ဆာကမ္မန္တ သုံးပါးမှ ရှောင်ကြဉ်၏၊

(ရှောင်ကြဉ်မည်ဟု သဘောမထားဘဲ၊ ကောင်းသောအမှု ပြုရုံမဟုတ်။)

၂၂။ သမ္မာအာဇီဝသည် ကောင်းစွာ အသက် မွေးစေ၏။ အသက်မွေးခြင်းအတွက် ကာယဒုစရိုက်၊ ဝစီဒုစရိုက်ကို လွန်ကျူးခြင်းမရှိ၊ မိစ္ဆာအာဇီဝ ခုနှစ်ပါးမှ ရှောင်ကြဉ်၏၊ ကုဟနာ လပနာ စသော မိစ္ဆာဇီဝ များစွာတို့မှလည်း ရှောင်ကြဉ်၏၊ ရှောင်ကြဉ် မည်ဟု သဘောမထားလျှင် သမ္မာအာဇီဝမဖြစ်၊ အဆိပ်သီးကို မစားဝံ့သူနှင့် တူ၏၊

(ဤသုံးခုသည် ဒါန၊ ဘာဝနာမျိုး မဟုတ်၊ ဒုစရိုက်မှ ရှောင်ကြဉ်သော သီလတည်း။ ဝါ၊ စေတနာ သီလမှ ထူးသော ဝိရတိသီလတည်း။)

၂၃-ကရုဏာသည် ဒုက္ခိတသတ္တဝါကို သနားတတ်၏၊ သတ္တဝါအားလုံးကို သော်လည်း သံသရာဒုက္ခဖြစ်အင် ဆင်ခြင်၍ သနား၏၊ ဒုစရိုက် ရှိသူကိုလည်း အပါယ်ဘေးကြီး နီးကပ်နေပြီဟု သနား၏၊ မကျန်းမာသောသား၏ ရောဂါကင်းခြင်း ကို တောင့်တသော မိခင်နှင့်တူ၏။

ဗြဟ္မဝိဟာရလေးပါး၌ ပါဝင်၏၊ ညှဉ်းဆဲခြင်း ဝိဟိံသာမရှိလျှင် ပြည့်စုံ၏၊ သောက ဖြစ်လျှင်ပျက်၏၊ ဝိဟိံသာနှင့် သောကအကြား၌တည်၏၊ လွန်လျှင်သောက၊ လျှော့လျှင် ဝိဟိံသာ။ သောကသည် ကရုဏာ အယောင်ဆောင်တတ်၏။

၂၄-မုဒိတာသည် သုခိတသတ္တဝါကို ဝမ်းမြောက်တတ်၏ သတ္တဝါ အားလုံးကို သော်လည်း သုခိတ ဖြစ်ဘူးခြင်းကို၎င်း - ဖြစ်လတ္တံ့ကို၎င်း ဆင်ခြင်၍ ဝမ်းမြောက်၏၊ သုစရိုက်ရှိသူကိုလည်း သုဂတိ နီးကပ်ပေသည် ဟု ဝမ်းမြောက်၏ အရွယ် ရောက်သော သား၏ပြည့်စုံခြင်းကို တောင့်တသော မိခင်နှင့်တူ၏။

ဗြဟ္မဝိဟာရ၌ ပါဝင်၏၊ ဣဿာမရှိလျှင် ပြည့်စုံ၏၊ ပျော်ရွှင်ခြင်း-ဟာသဖြစ်လျှင် ပျက်၏၊ ဣဿာနှင့်ဟာသ အကြား၌တည်၏၊ လွန်လျှင်ဟာသ၊ လျှော့လျှင် ဣဿာ၊ ဟာသသည် မုဒိတာ အယောင်ဆောင်တတ်၏။

(အပ္ပမညာ ဗြဟ္မဝိဟာရ တို့သည် ဗဟိဒ္ဓသတ္တဝါ ပညပ်ကိုသာ အာရုံပြုကြသည်။)

၂၅-ပညာသည် အနိစ္စ စသည်ဖြင့် ခွဲစိပ်၍ သိတတ်၏၊ အဝိဇ္ဇာမှောင်ကိုဖျောက်၏၊ ပညာရောင် တောက်စေ၏၊ သစ္စာလေးပါး သိအောင်ပြု၏ - မီးရောင်နှင့်တူ၏၊ ကုသိုလ်အကုသိုလ် မှီဝဲသင့် မမှီဝဲသင့်ကို သိ၏၊ ဆေးသမားနှင့်တူ၏၊ ဟုတ်မှန်သော အတိုင်း မချွတ်မယွင်းသိ၏- လိမ္မာသော လေးသမား၏ မြား-အချက်တိုင်း မှန်သည်နှင့် တူ၏။ တွေဝေခြင်းမရှိ၊ တောသွားခရီးညွှန်နှင့် တူ၏၊ သိတိုင်းလည်း ပညာမဟုတ်၊ လှည့်ပတ်တတ်သော ပညာမည်သော ပညာမျိုးကား ပညာစစ်မဟုတ်၊ ဝဉ္စနာ၊ မာယာ-မည်သော တဏှာသာဖြစ်သည်။

သညာသုံးမျိုး အထူး

သညာသည် မှတ်၍ သိရုံသာ - ဂုဏ်တပါးရှိသည်။ လက္ခဏာ ထိုးထွင်း၍မသိ၊

ဝိညာဏ်ကား မှတ်၍လည်းသိ၊ ထိုးထွင်း၍လည်းသိ - ဂုဏ်နှစ်ပါးရှိသည်၊ မဂ်သို့ မရောက်စေနိုင်၊

ပညာကား မှတ်၍လည်း သိ၊ ထိုးထွင်း၍ လည်းသိ၊ မဂ်သို့လည်း ရောက်စေနိုင်သည် - ဂုဏ်သုံးပါးရှိသည်၊

ရွှေကို ကလေးသူငယ်သိ၊ ရွာသားသိ၊ ပန်းထိမ်သိ-ထူးသည်နှင့် တူ၏၊ ကလေး-ဝါရုံသိ။ ရွာသား-ရွှေဟူ၍လည်းသိ။ ပန်းထိမ်-အဘိုး တန်အမျိုးခွဲ၍ လည်းသိ။

တိုက်တွန်းခြင်း

ငါတို့ဆရာ ဘုရားမြတ်စွာသည် ထိုထို သဘောကို မှန်ကန်စွာသိ၍သာ ဝေဘန်တော် မူနိုင်ပေသည်တကား-ဟု ယုံကြည်လေးစား၍ သဘာဝဓမ္မတို့၏ အထူးကို ကြံစည် အပ်၏။ မေးမြန်းအပ်၏။ ဆွေးနွေးအပ်၏။ ဖောက်ပြန်သော အားဖြင့် တွေတွေဝေဝေ မဖြစ်စေအပ်။

သမ္ပယောဂနည်း မှတ်ဘွယ်

ကရုဏာ မုဒိတာတို့သည် အဘယ်အခါ သောမနဿ၊ အဘယ်အခါ ဥပေက္ခာ ဖြစ်ကြသနည်း။

ဈာန်အပ္ပနာသို့ ရောက်သောအခါ သောမနဿသာ ဖြစ်ကြသည်။

ရှေ့အဘို့ ကာမာဝစရ၌ကား လေ့လာခြင်း အားသေးသောအခါ သောမနဿသာ ဖြစ်ခြင်းများ၍ လေ့လာခြင်း အားကြီးသောအခါ ဥပေက္ခာလည်း များစွာဖြစ်ကြသည်။

လေ့လာခြင်း များသော ကျမ်းဂန်ကို သရဇ္ဈာယ်သောအခါ ရံခါအာရုံတပါး နှလုံး ထားခြင်း များစွာဖြင့်လည်း သရဇ္ဈာယ်ကုန်၏၊ လေ့လာခြင်းများသော ဝိပဿနာ ဉာဏ်ဖြင့် သင်္ခါရတို့ကို သုံးသပ်သောအခါ ရံခါဉာဏဝိပ္ပယုတ်ဖြင့်လည်း သုံးသပ် ကုန်၏။ ဤ အတူတည်း။

ထို့ကြောင့် ကရုဏာ မုဒိတာတို့ ဥပေက္ခာ၌ မဖြစ် ဟူသော ကေစိဝါဒသည် မပြည့်စုံ လေ့လာခြင်း အရှိန်မရသေးလျှင် သတိလည်း ကြီးစွာထားရသည်။ သတိလစ်လျှင် ချက်ခြင်း မှားနိုင်သောကြောင့်တည်း။

အပ္ပမညာနှင့် ဝိရတိသည် အဘယ်ကြောင့် အတူ မဖြစ်သနည်း။

အာရုံ မတူခြင်းကြောင့်တည်း။

အပ္ပမညာသည် သတ္တဝါ ပညပ်ကိုသာ။

ဝိရတီသည် ပရမတ်ကိုသာ အာရုံပြုသည်။

လောကီ ဝိရတိသည် အဘယ်ကြောင့် အဗျာကတ မဖြစ်သနည်း။

ကုသိုလ်ဧကန် ဖြစ်သောကြောင့်တည်း။ လောကီဝိရတိသည် ရှောင်ကြဉ်အပ်သော ဒုစရိုက်မှ အမြဲ ရှောင်ကြဉ် သောကြောင့် ကုသိုလ်အမြဲ - ကုသိုလ် ဧကန်ဖြစ်သည်။ ကုသိုလ်ဧကန် ဖြစ်သောကြောင့် ဝိပါက်ကြိယာ အဗျာကတ ဟူ၍ ဝိရတိ မရှိစကောင်း။

ကာမ ဝိပါက်သည် မိမိကို ဖြစ်စေသော ကာမကုသိုလ် အကုသိုလ်၏ အာရုံကိုမယူ။ ကာမတဏှာ၏ အာရုံကိုသာ ယူသည်။ အဘယ်ကြောင့်နည်း။

ကာမကုသိုလ် အကုသိုလ်သည်ပင် ကာမတဏှာသခင်နှင့် စပ်သောကြောင့်တည်း။ ကာမတဏှာ သခင် ညွတ်ရာ၌သာ ကာမကုသိုလ် အကုသိုလ်သည် ကာမဝိပါက် ပဋိသန္ဓေကို ဖြစ်စေနိုင်သည်။ ကာမဝိပါက်သည် ကျွန်မ၏ သား-သပေါက်နှင့်တူ၏။ သပေါက်သည် အမိကိစ္စကိုမပြုနိုင်၊ သခင့်ကိစ္စကိုသာ ပြုရသည်။

(ဤစကား ပကိဏ်းပိုင်း အာရုံပြုနှင့် ဆိုင်သည်။)

အနိယတ မှတ်ဘွယ်

အနိယတ ၁၁-ခုတို့တွင် --

ဣဿာသည် သူတပါးစည်းစိမ်ကို ငြူစူသောအခါ၌သာ ဒေါသမူဒွေ၌ ရံခါဖြစ်သည်၊ တပါးသောအခါ ဘယ်မှာမှမဖြစ်၊

မစ္ဆရိယသည် မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုသော အခါ၌သာ ဖြစ်သည်၊ တပါးသောအခါ ဘယ်မှာမှ မဖြစ်၊

ကုက္ကုစ္စသည် ပြုမိသော ဒုစရိုက်၊ မပြုမိသော သုစရိုက်တို့ကို ဖန်ဖန်စိုးရိမ်သော အခါ၌သာ ဒေါသမူဒွေ၌ ရံခါဖြစ်သည်၊ တပါးသောအခါ ဘယ်မှာမှမဖြစ်၊

ဖြစ်သောအခါလည်း အသီး အသီး ဖြစ်ကြသည်။

သမ္မာဝါစာသည် ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်သော အခါ၌သာ မဟာကုသိုလ်၌ ဖြစ်သည်။ တပါးသောအခါ လောကုတ္တရာ၌ အမြဲတပေါင်းတည်း ဖြစ်သည်။

သမ္မာကမ္မန္တသည် ကာယ ဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်သော အခါ၌သာ မဟာ ကုသိုလ်၌ ဖြစ်သည်။ တပါးသောအခါ လောကုတ္တရာ၌ အမြဲတပေါင်းတည်း ဖြစ်သည်။

သမ္မာအာဇီဝသည် မိစ္ဆာဇီဝဒုစရိုက် ခုနစ်ပါးမှ ရှောင်ကြဉ်သော အခါ၌သာ မဟာကုသိုလ်၌ ရံခါဖြစ်သည်။ တပါးသောအခါ လောကုတ္တရာ၌ အမြဲတပေါင်းတည်း ဖြစ်သည်။

ကရုဏာသည် ဒုက္ခိတ သတ္တဝါပညပ်ကို သနားသောအခါ၌သာ ၂၈-ပါးသော စိတ်တို့၌ ရံခါဖြစ်သည်၊ မုဒိတာသည် သုခိတသတ္တဝါပညပ်ကို ဝမ်းမြောက်သော အခါ၌သာ ၂၈-ပါးသော စိတ်တို့၌ရံခါဖြစ်သည်။ အသီးအသီးဖြစ်သည်၊ တပါးသော အခါ ဘယ်မှာမှမဖြစ်။

မာနသည် ငါတကားဟု ထောင်လွှားသော အခါ၌သာ ဝိပ္ပယုတ်လေးခု၌ ရံခါ ဖြစ်သည်။ တပါးသောအခါ ဘယ်မှာမှမဖြစ်။

ထိနမိဒ္ဓသည် စိတ်စေတသိက်တို့၏ အမှု၌ မခန့်ကျန်းသော အခါ၌သာ သသင်္ခါရိက ငါးခု၌ ရံခါဖြစ်သည်။ အချင်းချင်း တပေါင်းတည်းဖြစ်သည်၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စနှင့်၎င်း၊ မာနနှင့်၎င်း တပေါင်းတည်း ဖြစ်သည်။ တပါးသောအခါ ဘယ်မှာမှ မဖြစ်။

(ဣဿာတိက အချင်းချင်း အာရုံမဘူ။ ဝိရတိတ္တယ အချင်းချင်း အာရုံမတူ။ အပ္ပမညာဒွယ အချင်းချင်း အာရုံမတူ၊ ထိနမိဒ္ဓအချင်းချင်းကား အာရုံတူသည်။)

ဝိရတိ အပ္ပမညာ စသည်မှတ်ဘွယ်

လောကုတ္တရာ ဝိရတိသည် သမုစ္ဆေဒ၊ ပဋိပဿမ္ဘနဖြင့် ဒုစရိုက် ဒုရာဇီဝကိုပယ်သည်။ မဂ်၌ဖိုလ်၌ဖြစ်သည်။ ကုသိုလ် အဗျာကတ - နှစ်မျိုးပြားသည်။ နိဗ္ဗာန်ကိုသာ အာရုံပြုသည်။

လောကီဝိရတိသည် တဒင်္ဂဖြင့် ဒုစရိုက်စသည်ကို ပယ်သည်။ သမ္ပတ္တ၊ သမာဒါန-နှစ်မျိုးပြားသည်။ မဟာကုသိုလ်၌သာ ဖြစ်သည်။ ဝါ၊ ငါးပါးသီလ အဖြစ်ဖြင့်၊ မဟာကုသိုလ်၌သာ ဖြစ်သည်။ ကုသိုလ်ဧကန်ဖြစ်သည်။ ပစ္စုပ် နာဂတ် ရှောင်ကြဉ် အပ်သော ကာမနာမ်ရုပ်ကို အာရုံပြုသည်။

အပ္ပမညာသည် ဈာန်မရမီ ရှေ့ကာမာဝစရ၌ ရံခါ သောမနဿ၊ ရံခါ ဥပေက္ခာ။ ဈာန်၌ကား အမြဲ သောမနဿဖြစ်သည်။ သတ္တဝါ ပညပ်ကို အာရုံပြုသည်။

လောကုတ္တရာစိတ်သည် လောကုတ္တရာ ဝိရတိနှင့် တူပြီ။

မဟဂ္ဂုတ်စိတ်သည် ဝိရတိသီလ တဒင်္ဂဖြင့် ကိုယ်နှုတ် သုတ်သင်သော်လည်း မဖြစ်သေး။ ဝိက္ခမ္ဘနဖြင့် သမာဓိကြီးစွာ ထားနိုင်မှဖြစ်သည်။ သမုစ္ဆေဒ၊ ပဋိပဿမ္ဘန ဝိရတိဖြင့်လည်း မဖြစ်။ ကသိုဏ်းစသော ပညပ်နှင့် အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတနကို အာရုံပြုသည်။

ကာမဝိပါက်သည် အမိနှင့်တူသော ကုသိုလ်ကံ၊ အကုသိုလ်ကံ၏ အာရုံကိုအာရုံမပြု အမိ၏သခင်နှင့်တူသော ကာမတဏှာ၏ အာရုံကိုသာ အာရုံပြုသည်။

ကာမနာမ်ရုပ်ဟူသော စိတ်၊ စေတသိက် ရုပ်သည် ကာမတဏှာ၏ အာရုံ၊ ကာမ ဝိပါက်၏ အာရုံဖြစ်၏။

ကာမဝိပါက်နှင့် လောကီဝိရတိသည် ဇာတ်မတူသောကြောင့် မယှဉ်။

ကာမဝိပါက်နှင့် အပ္ပမညာသည် အာရုံမတူသောကြောင့် မယှဉ်။

ကာမဝိပါက်နှင့် လောကီဝိရတိ-ဇာတ်မတူ။

ကာမဝိပါက်နှင့် အပ္ပမညာ အာရုံမတူ။

ကာမကြိယာနှင့် လောကီ ဝိရတိ ဇာတ်မတူ၊

(လောကုတ္တရာဝိရတိနှင့် ဘုံမတူ။)

မဟဂ္ဂုတ်နှင့် ဝိရတိ-အာရုံမတူ၊

(ပဟာန်ကိစ္စမတူ၊ ဘုံမတူ။)

ပဉ္စမဈာန်နှင့် အပ္ပမညာ-ဝေဒနာ မတူ။

လောကုတ္တရာနှင့် အပ္ပမညာ-အာရုံမတူ။

အပ္ပမညာနှင့် ဝိရတိ-အာရုံမတူ။ ထိုကြောင့် မယှဉ်။

ဇာတ်၊ ကာလ၊ ဘုံ၊ သဏ္ဌာန်- လေးပါးမတူခြင်းဖြင့် သမ္ပယုတ် မဖြစ်၊ ဝိပ္ပယုတ် လေးမျိုး ဖြစ်သည်။

ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထု-မတူလျှင်လည်း သမ္ပယုတ် မဖြစ်စကောင်း၊

စေတသိက်ပိုင်း အရသာပြီး၏။

၃ - ပကိဏ်းပိုင်း

ယှဉ်သင့်သည် အားလျော်စွာ အညီအညွတ် အပြားအားဖြင့် ယှဉ်ကုန်သော စိတ်စေတသိက်တို့သည် အသီးသီး မိမိတို့၏ သဘောအားဖြင့် ၅၃-ပါးဖြစ်ကုန်၏။

စိတ်တခုယုတ် ကိုးဆယ်သည် အာရုံသိခြင်း သဘောအားဖြင့် တပါးသာ စေတသိက် တို့သည် တွေ့ထိခြင်း၊ ခံစားခြင်း စသောသဘော အသီးသီအားဖြင့် ၅၂-ပါး၊ ဤသို့ ၅၃-ပါးဖြစ်ကုန်၏။

ထို ၅၃-ပါးတို့၏-ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထု- အားဖြင့် ပြွမ်းသော ပကိဏ္ဏက သင်္ဂဟ ခြောက်ခုကို စိတ်၊ စေတသိက်စွမ်းဖြင့် ဆိုပေအံ့။

ဝေဒနာသင်္ဂဟ

ထိုခြောက်ခုတို့တွင် ဝေဒနာသင်္ဂဟ၌ ဝေဒနာသည် သုခ၊ ဒုက္ခ၊ အဒုက္ခ မသုခ-ဟုအာရုံ အရသာခံစားခြင်းအားဖြင့် သုံးပါး၊ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ-ဟု ဣန္ဒြေ အပြားအဖြင့် ငါးပါး ပြား၏။

ထိုတွင် --

သုခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည် ကုသလဝိပါက် ကာယဝိညာဏ် တခုဖြစ်၏။

ဒုက္ခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည် အကုသလဝိပါက် ကာယဝိညာဏ် တခုဖြစ်၏။

သောမနဿဝေဒနာနှင့် တကွဖြစ်သော စိတ်သည် လောဘမူ-၄၊ သောမနဿ သန္တီရဏ၊ ဟသိတုပ္ပါဒ်၊ ကာမသောဘဏ ၁၂- အားဖြင့် ကာမ ၁၈။ ပဌမဈာန်ဧကာဒသ၊ ဒုတီယဈာန် ဧကာဒသ၊ တတီယဈာန် ဧကာဒသ၊ စတုတ္ထဈာန် ဧကာဒသ အားဖြင့် မဟဂ္ဂုတ်လောကုတ္တရာ ၄၄။ ဤသို့ ၆၂-ခုဖြစ်၏။

ဒေါမနဿ ဝေဒနာနှင့် တကွဖြစ်သော စိတ်သည် ဒေါသမူဒွေ ဖြစ်၏။

ဥပေက္ခာ ဝေဒနာနှင့်တကွ ဖြစ်သောစိတ်သည် ကြွင်း ၅၅-ခုဖြစ်၏။

အချုပ်

ဝေဒနာသည် အနုဘဝနအားဖြင့် သုံးပါး။ ဣန္ဒြိယဘေဒအားဖြင့် ငါးပါးဖြစ်၏။

သုခ-၁။ ဒုက္ခ-၁။ သောမနဿ-၆၂။ ဒေါမနဿ-၂။ ဥပေက္ခာ ၅၅ - ပေါင်း ၁၂၁။

စေတသိက်

စေတသိက်တို့၌ သဗ္ဗစိတ္တသာဓာရဏ တို့တွင် ဝေဒနာသည် ယှဉ်ဘက်ဝေဒနာမရှိ၊ ကြွင်းခြောက်ခုသည် ဝေဒနာ ငါးပါးနှင့်ယှဉ်၏။

ပကိဏ်းတို့တွင် ပီတိသည် ဝေဒနာတပါးနှင့် ယှဉ်၏။ ကြွင်းငါးခုသည် သုံးပါးနှင့် ယှဉ်၏။

အကုသိုလ်တို့တွင် --

မောဟစသော လေးခုသည် သုံးပါးနှင့်ယှဉ်၏၊

လောဘစသော သုံးခုသည် နှစ်ပါးနှင့်ယှဉ်၏၊

ဒေါသစသော လေးခုသည် တပါးနှင့်ယှဉ်၏၊

ထိန၊ မိဒ္ဓသည် သုံးပါးနှင့်ယှဉ်၏။

ဝိစိကိစ္ဆာသည် တပါးနှင့်ယှဉ်၏။

သောဘဏ ၂၅-သည် နှစ်ပါးနှင့်ယှဉ်၏။

ဟေတုသင်္ဂဟ

ဟေတုသင်္ဂဟ၌ ဟိတ်တို့သည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟအားဖြင့် ၆ -ပါးဖြစ်ကုန်၏။

ဟိတ်မရှိသောစိတ်သည် ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်တဆယ်၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု၊ ဝုဋ္ဌော၊ ဟသိတုပ္ပါဒ် အားဖြင့် အဟိတ်စိတ် ၁၈-ခုဖြစ်၏။

ဟိတ်ရှိသောစိတ်သည် ကြွင်းသော သဟိတ်စိတ် ဧကသတ္တတိ ဖြစ်၏။

(သဟိတ်စိတ်တို့တွင် --

လောဘဟိတ်ရှိသော စိတ်သည် လောဘစေတသိက် ယှဉ်သော စိတ် ၂-ခု ဖြစ်၏။

ထိုအတူ ဒေါသဟိတ် ရှိသောစိတ် ၂-ခု။

မောဟဟိတ်ရှိသောစိတ် ၁၂-ခု။

အလောဘဟိတ်ရှိသောစိတ် ၅၉-ခု၊

အဒေါသဟိတ် ရှိသောစိတ် ၅၉ -ခု။

အမောဟဟိတ်ရှိသောစိတ် ၄၇-ခု ဖြစ်၏၊)

ဟိတ်တပါးရှိသောစိတ်သည် မောဟမူဒွေ ၌ဖြစ်၏။

ဟိတ်နှစ်ပါးရှိသော စိတ်သည် လောဘမူ ရှစ်၊ ဒေါသမူ နှစ်၊ ဉာဏဝိပ္ပယုတ် ၁၂ -အားဖြင့် ၂၂-ခုဖြစ်၏၊

ဟိတ်သုံးပါးရှိသော စိတ်သည် ဉာဏသမ္ပယုတ် ၄၇-ခု (ဝါ-၇၉ ခု) ဖြစ်၏။

အချုပ်

အကုသိုလ်ဟိတ်သုံးပါး၊ ကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါး။

အဟိတ်စိတ် ၁၈။ ဧကဟိတ်စိတ် ၂။ ဒွိဟိတ်စိတ် ၂၂၊ တိဟိတ်စိတ် ၄၇၊ ပေါင်း ၈၉။

စေတသိက်

စေတသိက်တို့၌ အညသမာန်းတို့တွင် ပီတိသည် ဟိတ် ၅-ပါးရှိ၏။ ကြွင်း ၁၂-ခုသည် ဟိတ်ခြောက်ပါးရှိ၏။

အကုသိုလ်တို့တွင် --

မောဟ-ဒွိဟိတ်၊ ယှဉ်ဘက် မောဟ ဟိတ်မရှိ။

အဟိရိကစသော သုံးခု-တိဟိတ်။

လောဘ-ဧကဟိတ်။

ဒိဋ္ဌိ မာန-ဒွိဟိတ်၊

ဒေါသ-ဧကဟိတ်၊

ဣဿာစသော သုံးခု-ဒွိဟိတ်၊

ထိန မိဒ္ဓ-တိဟိတ်၊

ဝိစိကိစ္ဆာ-ဧကဟိတ်။

သောဘဏတို့တွင် --

အလောဘ-ဒွိဟိတ်၊

အဒေါသ-ဒွိဟိတ်။

ပညာ-ဒွိဟိတ်၊

ကြွင်း ၂၂-ခု - တိဟိတ်၊

တနည်း၊

အဟိတ်စိတ်ယှဉ်ခိုက် ၁၂-ခုတို့တွင် ၁၂-ခုလုံး အဟိတ်၊

မောဟမူစိတ်ယှဉ်ခိုက် ၁၆-ခုတို့တွင် မောဟ-အဟိတ်၊ ကြွင်း ၁၅-ဧကဟိတ်၊

လောဘမူစိတ်ယှဉ်ခိုက် ၂၂- ခုတို့တွင် လောဘ-ဧကဟိတ်။ မောဟ-ဧကဟိတ်၊ ကြွင်း ၂၀- ဒွိဟိတ်၊

ဒေါသမူစိတ်ယှဉ်ခိုက် ၂၂-ခုတို့တွင် ဒေါသ-ဧကဟိတ်၊ မောဟ ဧကဟိတ်၊ ကြွင်း ၂၀-ဒွိဟိတ်၊

ဉာဏဝိပ္ပယုတ်စိတ် ၁၂-ခု ယှဉ်ခိုက် ၃၇-ခုတို့တွင် အလောဘ ဧကဟိတ်၊ အဒေါသ-ဧကဟိတ်၊ ကြွင်း ၃၅-ဒွိဟိတ်။

ဉာဏသမ္ပယုတ်စိတ် ၄၇-ခုယှဉ်ခိုက် ၃၈-ခုတို့တွင် အလောဘ-ဒွိဟိတ်၊ အဒေါသ-ဒွိဟိတ်၊ အမောဟ ဒွိဟိတ်၊ ကြွင်း ၃၅-တိဟိတ်။

ကိစ္စသင်္ဂဟ

ကိစ္စသင်္ဂဟ၌ ကိစ္စတို့သည် ပဋိသန္ဓေ၊ ဘဝင်၊ အာဝဇ္ဇန်း၊ ဒဿန၊ သဝန၊ ဃာယန၊ သာယန၊ ဖုသန၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ စုတိ အားဖြင့် ၁၄-ပါး ဖြစ်ကုန်၏။

ဌာနတို့သည် ပဋိသန္ဓေ၊ ဘဝင်၊ အာဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ စုတိ-အားဖြင့် ဆယ်ပါးဖြစ်ကုန်၏။

ပဋိသန္ဓေကိစ္စတပ်သော စိတ်သည် ဥပေက္ခာ သန္တီရဏ ၂-ခု၊ မဟာဝိပါက် ၈-ခု၊ မဟဂ္ဂုတ်ဝိပါက် ၉-ခုအားဖြင့် ၁၉-ခု ဖြစ်၏။ ထိုအတူ ဘဝင်စိတ် ၁၉၊ စုတိစိတ် ၁၉။

အာဝဇ္ဇန်းကိစ္စ တပ်သောစိတ်သည် အာဝဇ္ဇန်းဒွေ။

ဒဿနကိစ္စ - စက္ခုဝိညာဏ်ဒွေ။

သဝနကိစ္စ - သောတဝိညာဏ်ဒွေ။

ဃာယနကိစ္စ - ယာနဝိညာဏ်ဒွေ။

သာယနကိစ္စ - ဇိဝှါဝိညာဏ်ဒွေ။

ဖုသနကိစ္စ - ကာယဝိညာဏ်ဒွေ။

သမ္ပဋိစ္ဆိုင်းကိစ္စ - သမ္ပဋိစ္ဆိုင်းဒွေ။

သန္တီရဏကိစ္စ - သန္တီရဏ သုံးခု။

ဝုဋ္ဌောကိစ္စသည် ငါးဒွါရ၌ဖြစ်သော မနောဒွါရာဝဇ္ဇန်း တခု ဖြစ်၏။

ဇောကိစ္စသည် ကုသိုလ် ၂၁။ အကုသိုလ်၁၂။ ဖိုလ် ၄ (အာဝဇ္ဇန်းဒွေကြဉ်သော) ကြိယာ ၁၈-အားဖြင့် ၅၅ခု၊ အကျယ် ၈၇-ခုဖြစ်၏။

တဒါရုံကိစ္စသည် သန္တီရဏ၊ မဟာဝိပါက်အားဖြင့် ၁၁-ခုဖြစ်၏။

စိတ်စဉ်အတိုင်း

အကုသိုလ်စိတ် ၁၂-ခုသည် ဇောကိစ္စတပ်၏။

စက္ခုဝိညာဏ်ဒွေ-ဒဿန၊

သောတဝိညာဏ်ဒွေ-သဝန၊

ဃာနဝိညာဏ်ဒွေ - ဃာယန၊

ဇိဝှါဝိညာဏ်ဒွေ-သာယန၊

ကာယဝိညာဏ်ဒွေ-ဖုသန၊

သမ္ပဋိစ္ဆိုင်းဒွေ-သမ္ပဋိစ္ဆိုင်း၊

သန္တီရဏ-သန္တီရဏ တဒါရုံ-နှစ်ကိစ္စ၊

ဥပေက္ခာသန္တီရဏ-ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရုံ-ငါးကိစ္စ၊

ပဉ္စဒွါရာဝဇွန်း-အာဝဇ္ဇန်း၊

မနောဒွါရာဝဇ္ဇန်း - ဝုဋ္ဌော၊ အာဝဇ္ဇန်း-နှစ်ကိစ္စ၊

ဟသိတုပ္ပါဒ် ဇော။

မဟာကုသိုလ်-ဇော၊ မဟာဝိပါက်- လေးကိစ္စ၊ မဟာကြိယာ-ဇော၊ မဟဂ္ဂုတ် ကုသိုလ်-ဇော၊ မဟဂ္ဂုတ်ဝိပါက်- သုံးကိစ္စ၊ မဟဂ္ဂုတ်ကြိယာ-ဇော၊ မဂ်-ဇော၊ ဖိုလ်-ဇော၊

တကိစ္စ - တပ်သောစိတ်သည် ဇော၊ မနောဓာတ်၊ ဒွေပဉ္စဝိညာဏ် ၁၀ အားဖြင့် ၆၈-ခု။ (ဝါ-တရာ) ဖြစ်၏။

နှစ်ကိစ္စ - သုခသန္တီရဏ (သန္တီရဏ၊ တဒါရမ္မဏ)၊ မနောဒွါရာဝဇ္ဇန်း (အာဝဇ္ဇန၊ ဝဋ္ဌဗ္ဗန) အားဖြင့် ၂၊

သုံးကိစ္စ - မဟဂ္ဂုတ်ဝိပါက် (ပဋိသန္ဓိ၊ ဘဝင်၊ စုတိ၊) ၉၊

လေးကိစ္စ - မဟာဝိပါက် (ပဋိသန္ဓိ၊ ဘဝင်၊ စုတိ၊ တဒါရမ္မဏ၊) ၈၊

ငါးကိစ္စ - ဥပေက္ခာ သန္တီရဏ (ပဋိသန္ဓိ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရမ္မဏ၊) နှစ်ခုဖြစ်၏။

အချုပ်

စိတ်စေတသိက်တို့သည် ကိစ္စအားဖြင့် ၁၄- မျိုး။ ဌာနအားဖြင့် ဆယ်မျိုး ဖြစ်ကုန်၏။

တကိစ္စ တဌာန စိတ် ၆၈။

နှစ်ကိစ္စ နှစ်ဌာန ၂။

သုံးကိစ္စ သုံးဌာန ၉။

လေးကိစ္စ လေးဌာန ၈။

ငါးကိစ္စ ငါးဌာန ၂။ ပေါင်း ၈၉။

စေတသိက်

စေတသိက်တို့၌ --

သဗ္ဗစိတ္တသာဓာရဏ တို့တွင် ၇-ခုလုံး ၁၄-ကိစ္စတပ်၏၊

ပကိဏ်းတို့တွင် --

ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ ၉-ကိစ္စ။

ဝီရိယ-၇။ ပီတိ-၆။ ဆန္ဒ- ၅။ အကုသိုလ် ၁၄-ခု ဇောတကိစ္စ။

သောဘဏတို့တွင် --

ဝိရတိ ဇော တကိစ္စ၊ အပ္ပမညာ-၄-ကိစ္စ၊ ကြွင်းနှစ်ဆယ်-ငါးကိစ္စ။

ဒွါရသင်္ဂဟ

ဒွါရသင်္ဂဟ၌ ဒွါရတို့သည် စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ၊ အားဖြင့်ခြောက်ပါး ဖြစ်ကုန်၏။

စက္ခုပသာဒရုပ်သည် စက္ခု ဒွါရမည်၏

သောတပသာဒရုပ်သည် သောတဒွါရမည်၏။

ဃာနပသာဒရုပ်သည် ဃာနဒွါရမည်၏။

ဇိဝှါပသာဒရုပ်သည် ဇိဝှါ ဒွါရမည်၏။

ကာယပသာဒရုပ်သည် ကာယဒွါရမည်၏။

ဘဝင်္ဂုပစ္ဆေဒ ၁၉-ခုသည် မနောဒွါရ မည်၏။

စက္ခုဒွါရ၌ ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်းတစ်၊ စက္ခုဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု၊ ဝုဋ္ဌောတစ်၊ ကာမဇော တခုယုတ်သုံးဆယ်၊ တဒါရုံ ဧကာဒသ-အားဖြင့် ၄၆-ခုဖြစ်၏။

(သန္တီရဏနှင့် တဒါရုံကို ၁၁-ဖြစ်အောင် ပေါင်းနိုင်စေ၊ ၁၄-မဖြစ်စေနှင့်။)

သောတဒွါရ၌ ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ သောတဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။

ဃာနဒွါရ၌ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ ဃာနဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။

ဇိဝှါဒွါရ၌ ဖြစ်သောစိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ ဇိဝှါဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။

ကာယဒွါရ၌ ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ ကာယဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။

မနောဒွါရ၌ ဖြစ်သောစိတ်ကား - မနောဒွါရာဝဇ္ဇန်း၊ ဇော ငါးဆဲ့ငါး၊ တဒါရုံဧကာဒသ အားဖြင့် ၆၇-ခုဖြစ်၏။

ခြောက်ဒွါရ၌ မဖြစ်သောစိတ်ကား ပဋိသန္ဓေ ၁၉၊ ဘဝင် ၁၉၊ စုတိ ၁၉ အားဖြင့် ၁၉-ခု ဖြစ်၏။ ဤသုံးကိစ္စသည် ဒွါရဝိမုတ် မည်၏။

စိတ်စဉ်အတိုင်း

အကုသိုလ်စိတ် ၁၂-ခုသည် ဇောကိစ္စ, ခြောက်ဒွါရ၌ဖြစ်၏။

စက္ခုဝိညာဏ်ဒွေ-ဒဿနကိစ္စ၊ စက္ခုတဒွါရ၊

သောတဝိညာဏ်ဒွေ- သဝနကိစ္စ, သောတတဒွါရ။

ဃာနဝိညာဏ်ဒွေ-ဃာယနကိစ္စ။ ဃာနတဒွါရ၊

ဇိဝှါဝိညာဏ်ဒွေ-သာယနကိစ္စ၊ ဇိဝှါတဒွါရ၊

ကာယဝိညာဏ်ဒွေ-ဖုသနကိစ္စ၊ ကာယတဒွါရ၊

သမ္ပဋိစ္ဆိုင်းဒွေ- သမ္ပဋိစ္ဆိုင်းကိစ္စ၊ ငါးဒွါရ၊

သုခသန္တိရဏ- နှစ်ကိစ္စတွင် သန္တီရဏကိစ္စ-ငါးဒွါရ၊ တဒါရုံကိစ္စ-ခြောက်ဒွါရ၊

ဥပေက္ခာသန္တီရဏနှစ်ခု-ငါးကိစ္စတွင် သန္တီရဏကိစ္စ-ငါးဒွါရ ၊ တဒါရုံကိစ္စ-ခြောက်ဒွါရ၊ ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စ- ဒွါရဝိမုတ်၊ (ရံခါဆဒွါရ၊ ရံခါဒွါရဝိမုတ်ဟူလို၊)

ပဉ္စဒွါရာဝဇ္ဇန်း-အာဝဇ္ဇန်းကိစ္စ-ငါးဒွါရ၊

မနောဒွါရာဝဇ္ဇန်း-နှစ်ကိစ္စတွင် ဝုဋ္ဌောကိစ္စ-ငါးဒွါရ၊ အာဝဇ္ဇန်းကိစ္စ-မနောတဒွါရ၊ ပေါင်း ခြောက်ဒွါရ၊

ဟသိတုပ္ပါဒ်-ဇော-ခြောက်ဒွါရ။

မဟာကုသိုလ်-ဇော ခြောက်ဒွါရ၊

မဟာဝိပါက်-လေးကိစ္စတွင် တဒါရုံကိစ္စ-ခြောက်ဒွါရ။ ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စ ဒွါရ ဝိမုတ်။ (ရံခါ ဆဒွါရ၊ ရံခါ ဒွါခုဝိမုတ်ဟူလို။)

မဟာကြိယာ-ဇော၊ ခြောက်ဒွါရ၊

မဟဂ္ဂုတ်ကုသိုလ်-ဇော မနောတဒွါရ။

မဟဂ္ဂုတ်ဝိပါက်-သုံးကိစ္စလုံး-ဒွါရဝိမုတ်၊ (အမြဲဝိမုတ်ဟူလို။)

မဟဂ္ဂုတ်ကြိယာ-ဇော မနောတဒွါရ။

မဂ်-ဇော မနောတဒွါရ၊

ဖိုလ်ဇော မနောတဒွါရ။

တဒွါရ၌ ဖြစ်သောစိတ်ကား --

ဒွေပဉ္စဝိညာဏ် တဆယ်၊ မဟဂ္ဂုတ် လောကုတ္တရာ (အပ္ပနာ) ဇော ၂၆ -အားဖြင့် ၃၆ ခုဖြစ်၏။

ငါးဒွါရစိတ် မနောဓာတ်သုံးခု။

ခြောက်ဒွါရစိတ်-သုခသန္တီရဏ ဝုဋ္ဌော ကာမဇောအားဖြင့် ၃၁။ ရံခါ ဆဒွါရ-ရံခါ ဒွါရဝိမုတ်စိတ်၊ ဥပေက္ခာသန္တိရဏ၊ မဟာဝိပါက်အားဖြင့် ၁ဝ။ အမြဲ ဒွါရဝိမုတ်-စိတ်-မဟဂ္ဂုတ်ဝိပါက် ၉။

အချုပ်

တဒွါရစိတ် ၃၆။ ငါးဒွါရ-၃။ ခြောက်ဒွါရ-၃၁။ ရံခါဝိမုတ် ၁၀။ အမြဲဝိမုတ် ၉။ ပေါင်း ၈၉။

စေတသိက်

စေတသိက်တို့သည်၊ တဒွါရသက်သက်၊ ငါးဒွါရသက်သက်မရှိ။ ခြောက်ဒွါရ၊ ရံခါဝိမုတ်၊ အမြဲဝိမုတ်- ဟု အခိုက်အတန့်အားဖြင့် သုံးမျိုးစီသာ များကုန်၏။

အကုသိုလ် ၁၄-ခုသည် ခြောက်ဒွါရတမျိုးသာ။

ဝိရတိသည် ခြောက်ဒွါရ တမျိုးသာ။

အပ္ပမညာသည် ခြောက်ဒွါရနှင့် အမြဲဝိမုတ်-နှစ်မျိုးသာ။

ကြွင်း ၃၃-ခုသည် ခြောက် ဒွါရ၊ ရံခါဝိမုတ်၊ အမြဲဝိမုတ်- သုံးမျိုးစီ။

အာရမ္မဏသင်္ဂဟ

အာရမ္မဏသင်္ဂဟ၌ အာရုံတို့သည် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ-ဓမ္မာရုံ အားဖြင့် ခြောက်ပါးဖြစ်ကုန်၏။

အဆင်းသည် ရူပါရုံ မည်၏။

အသံသည် သဒ္ဒါရုံ မည်၏။

အနံ့သည် ဂန္ဓာရုံ မည်၏။

ရသာသည် ရသာရုံ မည်၏။

ပထဝီအတွေ့၊ တေဇောအတွေ့၊ ဝါယောအတွေ့- သုံးမျိုးသည် ဖောဋ္ဌဗ္ဗာရုံ မည်၏၊

ဓမ္မာရုံကား -

ပသာဒရုပ် ငါးခု ဓမ္မာရုံ၊

သုခုမရုပ် သောဠသဓမ္မာရုံ၊

စိတ် တခုယုတ် ကိုးဆယ် ဓမ္မာရုံ၊

စေတသိက် ဒွေပညာသ ဓမ္မာရုံ၊

နိဗ္ဗာန်ဓမ္မာရုံ၊

ပညပ်ဓမ္မာရုံ - အားဖြင့် ခြောက်မျိုးပြား၏။

အာရုံပြု အကျဉ်း

စက္ခုဒွါရိကစိတ် ၄၆ခုသည် ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။

(ပဉ္စဒွါရာဝဇ္ဇန်း ၁ + စက္ခုဝိညာဏ်ဒွေ ၂ + သမ္ပဋိစ္ဆိုင်းဒွေ ၂ + သန္တီရဏ ၃ + ဝုဋ္ဌော ၁ + ကာမဇော ၂၉ + တဒါရုံ မဟာဝိပါက် ၈ = ၄၆)

သောတဒွါရိကစိတ် ၄၆-ခုသည် ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြု၏၊

ယနာဒွါရိကစိတ် ၄၆-ခုသည် ပစ္စုပ္ပန် ဂန္ဓာရုံကိုအာရုံပြု၏၊

ဇိဝှါဒွါရိကစိတ် ၄၆ -ခုသည် ပစ္စုပ္ပန် ရသာရုံကို အာရုံပြု၏၊

ကာယဒွါရိကစိတ် ၄၆-ခုသည် ပစ္စုပ္ပန် ဖောဋ္ဌာဗ္ဗာရုံကိုအာရုံပြု၏၊

မနောဒွါရိကစိတ် ၆၇-ရသည်အာရုံခြောက် ပါးကို အာရုံပြု၏၊

(မနောဒွါရာဝဇ္ဇန်း ၁ + ဇော ၅၅ (ကာမ ၂၉ + အပ္ပနာ ၂၆) + တဒါရုံ ၁၁ = ၆၇)

ထိုခြောက်ပါးတို့တွင် ဓမ္မာရုံ၌ နိဗ္ဗာန်နှင့် ပညပ်သည် ကာလဝိမုတ်ဖြစ်၏။

ကြွင်းသော အာရုံအားလုံးသည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်အားဖြင့် ကာလ သုံးပါးစီဖြစ်၏။

ဝိမုတ်အာရုံ

ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-ဟု ဆိုအပ်သော ဒွါရဝိမုတ်စိတ် တခုယုတ်နှစ်ဆယ်သည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်-ဟု သမုတ်အပ်သော အာရုံခြောက်ပါးကို အာရုံပြု၏။

ထို အာရုံခြောက်ပါးသည် ထိုက်သည်အားလျော်စွာ၊ ပစ္စုပ္ပန်၊ အတိတ်၊ ပညပ် ကာလဝိမုတ်-ဟု သုံးမျိုးပြား၏။ (အနာဂတ်မရှိ၊) အများအားဖြင့် အတိတ် အခြားမဲ့ ဘဝ-မရဏာသန္နအခါ ခြောက်ဒွါရဖြင့် ယူခဲ့သော အာရုံဟောင်းဖြစ်၏။

ကံကား စေတနာ စေတသိက် ဓမ္မာရုံဖြစ်၏။ အတိတ်ဖြစ်၏။ မနောဒွါရဖြင့်ယူခဲ့၏။

ကမ္မနိမိတ်ကား အာရုံ ခြောက်ပါးဖြစ်၏။ ပစ္စုပ္ပန်အချို့၊ အတိတ်အချို့၊ ကာလဝိမုတ် အချို့ဖြစ်၏။ ခြောက်ဒွါ ရဖြင့်ယူခဲ့၏။

ဂတိနိမိတ်ကား ရူပါရုံဖြစ်၏။ ပစ္စုပ္ပန်ဖြစ်၏၊ မနောဒွါရဖြင့်ယူခဲ့၏။

ထိုတွင် -

ကံ၌ ကာမပဋိသန္ဓေကို ဖြစ်စေတတ်သော ဥဒ္ဓစ္စကြဉ်သော ကာမကုသိုလ်၊ အကုသိုလ် စေတနာ ၁၉-ခုကိုသာ ယူသည်၊ မဟဂ္ဂုတ်ကံကို မယူ။

ကမ္မနိမိတ်၌ ထိုလောကီ ကုသိုလ် အကုသိုလ်ကံကို အားထုတ်စဉ် အကြောင်းအာရုံ ဖြစ်သောစိတ်၊ စေတသိက်၊ ရုပ်-ပညပ်အားဖြင့် အာရုံခြောက်ပါး ဖြစ်သော ပစ္စုန်၊ အတိတ် ကာလဝိမုတ်ကိုသာ ယူသည်။ အနာဂတ်ကို မယူ။ နိဗ္ဗာန်ကိုမယူ။

ဂတိနိမိတ်၌ လားရာဘဝ၌ တည်ရှိဆဲ ရူပါရုံတခုကိုသာ ယူသည်။ အကြွင်းတို့ကို မယူ။ ထိုရူပါရုံကိုလည်း အိပ်မက်၌ကဲ့သို့မနောဒွါရဖြင့် ယူသည်။

ကာမ၌ ၂၅

ဆဒွါရိက စိတ်တို့တွင် --

စက္ခုဝိညာဏ်ဒွေသည် ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏။

သောတဝိညာဏ်ဒွေသည် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၏၊

ဃာနဝိညာဏ်ဒွေသည် ပစ္စုပ္ပန်ဂန္ဓာရုံကို အာရုံပြု၏။

ဇိဝှါဝိညာဏ်ဒွေသည် ပစ္စုပ္ပန်ရသာရုံကို အာရုံပြု၏။

ကာယဝိညာဏ်ဒွေသည် ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။

မနောဓာတ်သုံးခုသည် ပစ္စုပ္ပန် ပဉ္စာရုံကို အာရုံပြု၏။

တဒါရုံ၊ ဟသိတုပ္ပါဒ် အားဖြင့် ၁၂-ပါးသော စိတ်သည် ကာမအာရုံ ခြောက်ပါးကို အာရုံပြု၏။

(ကာမအာရုံ ခြောက်ပါးဟူသည် - ကာမစိတ် ၅၄-ခု၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ဖြစ်၏။ ဓမ္မာရုံ လေးမျိုးသာ၊ နိဗ္ဗာန်ပညပ် မပါ။)

အာရုံအများ ၃၁

အကုသိုလ်ဇော၊ မဟာကုသိုလ်၊ မဟာကြိယာ - ဝိပ္ပယုတ်ဇော အားဖြင့် ၂၀-သော စိတ်သည် လောကုတ္တရာကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။

(လောကုတ္တရာ ကြဉ်သော အာရုံခြောက်ပါး ဟူသည် - လောကီစိတ် ဧကာသီတိ၊ စေတသိက်ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပညပ်ဖြစ်၏။ ဝါ - ကာမ၊ မဟဂ္ဂုတ်၊ ပညပ် ဖြစ်၏။ ဓမ္မာရုံ ငါးမျိုးသာ၊ နိဗ္ဗာန်မပါ။)

မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော၊ အဘိညာကုသိုလ်ဇော အားဖြင့် ငါးပါးသော စိတ်သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။

(စိတ် ၈၇၊ စေတသိက် ဒွေပညာသ၊ ရုပ်၊ နိဗ္ဗာန်၊ ပညပ်-ဟူလို၊ ဓမ္မာရုံခြောက်မျိုးလုံး။)

မဟာကြိယာ ဉာဏသမ္ပယုတ်ဇော၊ အဘိညာကြိယာဇော၊ မနောဒွါရာဝဇ္ဇန်း-အားဖြင့် ခြောက်ပါးသော စိတ်သည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။

ပညပ်၌ ၂၁

ရူပ ပဌမဈာန် သုံးခုသည် ကသိုဏ်း စသော ၂၅-ပါးသော ပညပ် (ဓမ္မာရုံ) ကို အာရုံပြု၏။

ဒုတီယ ဈာန်သုံးခု၊ တတီယဈာန်သုံးခု၊ စတုတ္ထဈာန်သုံးခုသည် ၁၄-ပါး သော ပညပ်ကို အာရုံပြု၏။

ပဉ္စမဈာန်သုံးခုသည် ၁၂-ပါးသော ပညပ်ကို အာရုံပြု၏။

အကာသာနဉ္စာယတန ဈာန်သုံးခုသည် ကသိုဏ်းကို ခွါ၍ရအပ်သော ကောင်းကင် ပညပ်ကို အာရုံပြု၏။

အာကိဉ္စညာယတနဈာန် သုံးခုသည် နတ္ထိဘော ပညပ်ကို အာရုံ ပြု၏။

မဟဂ္ဂုတ်၌ ၆

ဝိညာနဉ္စာယတနကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် (ဓမ္မာရုံ တခု) ကို အာရုံပြု၏။

ဝိညာနဉ္စာယတန ဝိပါက်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် (ကမ္မနိမိတ် ဓမ္မာရုံတခု) ကို အာရုံပြု၏။

ဝိညာနဉ္စာယတန ကြိယာသည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကုသိုလ်စိတ်၊ ဤ ဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကြိယာစိတ် (ဓမ္မာရုံနှစ်ခု) ကိုအာရုံပြု၏။

နေဝသညာ နာသညာယတန ကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကုသိုလ်စိတ် (ဓမ္မာရုံတခု) ကိုအာရုံပြု၏။

နေဝသညာ နာသညာယတနဝိပါက်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကုသိုလ်စိတ် (ကမ္မ နိမိတ်ဓမ္မာရုံတခု) ကို အာရုံပြု၏။

နေဝသညာ နာသညာယတန ကြိယာသည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကုသိုလ်စိတ်၊ ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကြိယာစိတ် (ဓမ္မာရုံနှစ်ခု) ကို အာရုံပြု၏။

နိဗ္ဗာန်၌ ရှစ်

လောကုတ္တရာစိတ် ရှစ်ခုသည် နိဗ္ဗာန် (ဓမ္မာရုံတခု) ကို အာရုံပြု၏။

အချုပ်

ကာမအာရုံ၌ ၂၅။ မဟဂ္ဂုတ်၌ ၆။ ပညပ်၌ ၂၁။ နိဗ္ဗာန်၌ ၈။ လောကုတ္တရာ ကြဉ်သောအာရုံ၌ ၂၀။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်သော အာရုံ၌ ၅။ အလုံးစုံသော အာရုံ၌ ၆။ ပေါင်း ၉၁။ (အဘိညာဒွေနှင့် ၉၁။)

စေတသိက်

အညသမာန်း ၁၃-ခုသည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။

အကုသိုလ် ၁၄-ခုသည် လောကီပညပ် အာရုံခြောက်ပါးကို အာရုံပြု၏။

အထူးကား - ဣဿာသည် ဗဟိဒ္ဓဖြစ်သော ထိုအာရုံ ခြောက်ပါးကိုသာ အာရုံပြု၏။

မစ္ဆရိယသည် အဇ္ဈတ္တဖြစ်သော ထိုအာရုံခြောက်ပါးကိုသာ အာရုံပြု၏။

(အဇ္ဈတ္တ၌ ပညပ်ကား မရှိ။)

သောဘဏတို့တွင် ဝိရတိသည် လောကီ ယှဉ်ခိုက် - ဝိရမိတဗ္ဗဖြစ်သော ပစ္စုပ္ပန်၊ အနာဂတ် - ကာမနာမ်ရုပ်ကိုသာ အာရုံပြု၏။ လောကုတ္တရာ ယှဉ်ခိုက် နိဗ္ဗာန်ကိုသာ အာရုံပြု၏။

အပ္ပမညာဒွေ သည် ဗဟိဒ္ဓ၊ ကာလဝိမုတ်ဖြစ်သော သတ္တဝါ ပညပ်ကို အာရုံပြု၏။ ကြွင်း ၂၀-သည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။

ဝတ္ထုသင်္ဂဟ

ဝတ္ထုသင်္ဂဟ၌ ဝတ္ထုတို့သည် စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု အားဖြင့် ခြောက်ပါး ဖြစ်ကုန်၏။

စက္ခုပသာဒရုပ်သည် စက္ခုဝတ္ထု မည်၏။

သောတပသာဒရုပ်သည် သောတဝတ္ထု၊

ဃာနပသာဒရုပ်သည် ဃာနနဝတ္ထု ၊

ဇိဝှါပသာဒရုပ်သည် ဇိဝှါဝတ္ထု၊

ကာယ ပသာဒရုပ်သည် ကာယဝတ္ထု၊

ဟဒယဝတ္ထုရုပ်သည် ဟဒယဝတ္ထု မည်၏။

ဝတ္ထုရုပ်ရခြင်းသည် --

ဘုံအားဖြင့် ကာမဘုံ၌ ၆-ဝတ္ထု၊

ရူပဘုံ၌ ဃာနာဒိတ္တယကြဉ်၍ ၃-ဝတ္ထု ရသည်။

အရူပဘုံ၌ မရ၊

အသညသတ်၌လည်း မရ။

စက္ခုဝိညာဏ် ဒွေသည် စက္ခုဝိညာဏဓာတ် မည်၏။ စက္ခုဝတ္ထုကို အမြဲမှီ၏။

သောတဝိညာဏ်ဒွေသည် သောတဝိညာဏဓာတ် မည်၏၊ သောတဝတ္ထုကို အမြဲ မှီ၏။

ဃာနဝိညာဏ်ဒွေသည် ဃာနဝိညာဏဓာတ် မည်၏။ ဃာနဝတ္ထုကို အမြဲမှီ၏။

ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဝိညာဏဓာတ် မည်၏။ ဇိဝှါဝတ္ထုကို အမြဲမှီ၏။

ကာယဝိညာဏ်ဒွေသည် ကာယဝိညာဏ ဓာတ်မည်၏။ ကာယဝတ္ထုကို အမြဲမှီ၏။

ပဉ္စဒွါရာဝဇ္ဇန်း-သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ် မည်၏။ ဟဒယဝတ္ထုကို အမြဲမှီ၏။

ကြွင်းသောစိတ် ၇၆-သည် မနောဝိညာဏဓာတ် မည်၏။ ထိုတွင်-သန္တီရဏ၊ မဟာဝိပါက်၊ ပဋိဃဒွယ၊ ပဌမမဂ္ဂ၊ ဟသန၊ ရူပါဝစရ စွမ်းဖြင့် ၃၀-သော မနောဝိညာဏဓာတ်သည် ဟဒယဝတ္ထုကို အမြဲမှီ၏။

ကြွင်းသော လောကီကုသိုလ် ၁၂၊ အကုသိုလ် ၁၀၊ ကြိယာ ၁၃၊ လောကုတ္တရာ ၇-အားဖြင့် ၄၂-ပါးသော မနောဝိညာဏဓာတ်သည် ဟဒယဝတ္ထုကိုမှီ၍၎င်း၊ မမှီမူ၍ ၎င်းဖြစ်၏။ (ပဉ္စဝေါကာရ၌ မှီသည်၊ စတုဝေါကာရ၌ မမှီ၊) အရူပ ဝိပါက်လေးခုကား ဝတ္ထုရုပ်ကို မမှီမူ၍ အရူပ လေးဘုံ၌သာ ဖြစ်သည်။

အချုပ်

ကာမဘုံ၌ ဝတ္ထုရုပ်ခြောက်ပါး၊ စိတ်ဓာတ် ခုနစ်ပါး၊ စိတ် ၈ဝ။

ရူပ ၁၅-ဘုံ၌ ဝတ္ထုရုပ် သုံးပါး၊ စိတ်ဓာတ်လေးပါး၊ စိတ် ၆၉။

အရူပဘုံ၌ ဝတ္ထုရုပ်မရှိ၊ စိတ်ဓာတ် တပါး၊ စိတ် ၄၆။

အသညသတ်ဘုံ၌ ဝတ္ထုရုပ်မရှိ၊ စိတ်ဓာတ်မရှိ၊ စိတ် မရှိ၊

အမြဲမှီသောစိတ် ၄၃။ ရံခါမှီ ၄၂၊ အမြဲမမှီ ၄။ ပေါင်း ၈၉။

စိတ်စဉ်အတိုင်း

လောဘမူရှစ်ခု- ရံခါမှီ။ ဒေါသမူဒွေ [ကာမ ၁၁-ဘုံ၌] အမြဲမှီ။ မောဟမူဒွေ-ရံခါမှီ၊

စက္ခုဝိညာဏ်ဒွေ၊ သောတဝိညာဏ်ဒွေ [၂၆-ဘုံ၌] အမြဲမှီ။

ဃာနဝိညာဏ်ဒွေ၊ ဇိဝှါဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေ [၁၁-ဘုံ၌] အမြဲမှီ။

သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု၊ ပဉ္စဒွါရာဝဇ္ဇန်း [၂၆-ဘုံ၌] အမြဲမှီ။ မနောဒွါရာဝဇ္ဇန်း - ရံခါမှီ။

ဟသိတုပ္ပါဒ် [၂၂-ဘုံ၌] အမြဲမှီ။

မဟာကုသိုလ်၊ မဟာကြိယာ-ရံခါမှီ။ မဟာဝိပါက် [ကာမ သုဂတိ ၇-ဘုံ၌] အမြဲမှီ။

ရူပကုသိုလ်၊ ရူပကြိယာ [၂၂-ဘုံ၌] အမြဲမှီ။ ရူပဝိပါက် [၁၅ ဘုံ၌] အမြဲမှီ။

အရူပကုသိုလ်၊ အရူပကြိယာ- ရံခါမှီ။ အရူပဝိပါက် [၄-ဘုံ၌] အမြဲမမှီ။

သောတာပတ္တိမဂ် [၁၇-ဘုံ၌] အမြဲမှီ။ ကြွင်းခုနစ်ခု-ရံခါမှီ။

မှတ်ချက်

အမြဲမှီ ၄၃-သည် ပဉ္စဝေါကာရ ၂၆-ဘုံလုံး၌၎င်း၊ အပါယ်၊ သုဒ္ဓါဝါသ-စသည် ကြဉ်၍ ၂၂-ဘုံ၊ ၁၇-ဘုံ, ၁၅-ဘုံ, ၁၁-ဘုံ၌၎င်း ဖြစ်သည်။

ရံခါမှီ ၄၂-သည် ပဉ္စဝေါကာရ၌မှီ၍၊ စတုဝေါကာရ၌မမှီမူ၍ ဘုံ ၃၀-လုံး၌၎င်း၊ ပဉ္စဝေါကာရအချို့ ကြဉ်၍ ၂၆-ဘုံ၊ ၂၅-ဘုံ၊ ၂၁-ဘုံ၌၎င်း ဖြစ်သည်။

လောဘမူတွင် သမ္ပယုတ်-သုဒ္ဓါဝါသကြဉ်၍ ၂၅-ဘုံ၌ဖြစ်၏၊ ဝိပ္ပယုတ်-ဘုံ ၃ဝ-၌ဖြစ်၏။

မောဟမူတွင် ဝိစိကိစ္ဆာ ၂၅-ဘုံ၌ဖြစ်၏၊

ဥဒ္ဓစ္စ ဘုံ ၃၀-၌ ဖြစ်၏။

မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်သည် ဘုံ ၃၀-၌ ဖြစ်၏။

မဟာကြိယာ၊ အရူပကုသိုလ်၊ အရူပကြိယာသည် ၂၆-ဘုံ၌ဖြစ်သည်။

လောကုတ္တရာကြွင်း ၇-ခုတွင် လေးခု ၂၁-ဘုံ၌ဖြစ်သည်။ ၃-ခု ၂၆-ဘုံ၌ ဖြစ်သည်။

အမြဲမမှီ လေးခုသည် စတုဝေါကာရ အရူပလေးဘုံ၌ ဖြစ်သည်။

စေတသိက်

စေတသိက်တို့တွင် သဗ္ဗစိတ္တသာဓာရဏ ၇-ခုသည် ပဉ္စဝေါကာရဘုံ၌ ဆဝတ္ထုကိုမှီ၍၊ စတုဝေါကာရဘုံ၌ မမှီမူ၍-ဖြစ်သည်။ (ရံခါ ဆဝတ္ထု)။

ဒေါသစတုက္ကသည် ကာမဘုံ၌ ဟဒယဝတ္ထုကို အမြဲမှီ၍ဖြစ်သည် (အမြဲ ဟဒယ)။

ကြွင်းစေတသိက် ၄၁–သည် ပဉ္စဝေါကာရဘုံ၌ ဟဒယကို မှီ၍၊ စတုဝေါကာရဘုံ၌ မမှီမူ၍ဖြစ်သည်။ ဟဒယ ရံခါမှီဖြစ်သည်။

စေတသိက်၏ ဝေဒနာလေ့လာဘွယ်

သုခဝေဒနာနှင့် တကွဖြစ်သော စေတသိက်သည် (ဝေဒနာ ကြဉ်သော) သဗ္ဗစိတ္တ သာဓာရဏ ၆-ခုဖြစ်၏။

ဒုက္ခနှင့်လည်း ဤ ၆-ခုဖြစ်၏။

သောမနဿနှင့်ကား-(ဝေဒနာ၊ ဒေါသစတုက္က၊ ဝိစိကိစ္ဆာကြဉ်) ၄၆။

ဒေါမနဿနှင့် (ဝေဒနာ ပီတိ၊ လောဘတိက၊ ဝိစိကိစ္ဆာကြဉ်) ၂၁။

ဥပေက္ခာနှင့် (ဝေဒနာ၊ ပီတိ၊ ဒေါသ၊ စတုက္ကကြဉ်) ၄၆။

ဝေဒနာတပါးသာ ယှဉ်သော စေတသိက်ကား - ပီတိ၊ ဒေါသစတုက္က၊ ဝိစိကိစ္ဆာ အားဖြင့် ၆-ခုဖြစ်၏။

နှစ်ပါးယှဉ်ကား-လောဘတိက၊ သောဘဏ-အားဖြင့် ၂၈။

သုံးပါးယှဉ်ကား- ပကိဏ်းပဉ္စ၊ မောဟစတုက္က၊ ထိနမိဒ္ဓ-အားဖြင့် ၁၁။

လေးပါး ယှဉ်မရှိ။

ငါးပါးယှဉ်ကား (ဝေဒနာကြဉ်) သဗ္ဗစိတ္တ ၆။

ဝေဒနာ မယှဉ်သော စေတသိက်ကား ဝေဒနာ စေတသိက်သာတည်း။

တေနဝုတ္တံ

ဝေဒနာတစ်-ခြောက်ပါး ဖြစ်၏။ နှစ်မှာ-ဋ္ဌဝီ၊ သုံးလီ-ဆဲ့တစ်။ ငါးဖြစ်-ခြောက်ခု။ မတခု၊ ပေါင်းစု ငါးဆဲ့နှစ်၊

စေတသိက်၏ ဟေတုလေ့လာဘွယ်

လောဘမူယှဉ် ၂၂-ရသော စေတသိက်တို့တွင် လောဘသည် ဧကဟိတ်၊ မောဟသည်ဧကဟိတ်။ ကြွင်း ၂ဝ သည် ဒွိဟိတ် ဖြစ်၏။

ဒေါသမူယှဉ် ၂၂-ခုတွင် ဒေါသ၊ မောဟ-ဧကဟိတ်၊ ကြွင်း ၂ဝ ဒွိဟိတ်။

မောဟမူယှဉ် ၁၆-ခုတွင် မောဟ-အဟိတ်။ ကြွင်း ၁၅-ဧကဟိတ်။

ဉာဏဝိပ္ပယုတ်ယှဉ် ၃၇-တွင် အလောဘ၊ အဒေါသ-ဧကဟိတ်။ ကြွင်း ၃၅ - ဒွိဟိတ်။

ဉာဏသမ္ပယုတ်ယှဉ် ၃၈-တွင် အလောဘ၊ အဒေါသ၊ အမောဟ-ဒွိဟိတ်၊ ကြွင်း ၃၅- တိဟိတ်။

တနည်း --

အဟိတ်စိတ်ယှဉ် ၁၂-ခုတွင် ၁၂-ခုလုံးအဟိတ်။

ဧကဟိတ်စိတ်ယှဉ် ၁၆ ခုတွင် တခု-အဟိတ်၊ ၁၅-ဧကဟိတ်။

ဒွိဟိတ်စိတ်ယှဉ် ၅၀-တွင် ငါးခု ဧကဟိတ်၊ ၄၅-ခုဒွိဟိတ်၊

(ဒွိဟိတ်၌ ဝိစိကိစ္ဆာ၊ ပညာ ၂-ခုမယှဉ်။)။

တိဟိတ်စိတ်ယှဉ် ၃၈-ခုတွင် သုံးခု ဒွိဟိတ်၊ ၃၅-ခု တိဟိတ်။

အဟိတ်ဖြစ်နိုင်သော စေတသိက်ကား (၁၂+၁) ၁၃။

ဧကဟိတ် (၁၅ + ၅) ၂၀။

ဒွိဟိတ် (၄၅ + ၃) ၄၈။

တိဟိတ် ၃၅-ဖြစ်နိုင်၏။

တေနဝုတ္တံ

အဟိတ်-တေရသ၊ ဧက-နှစ်ဆယ်၊ ဒွိဝယ် ဋ္ဌစတ်၊ ဟိဟိတ်မှတ်-ရလတ် သုံးဆဲ့ငါး။

ယူပြီးကို မယူလျှင် ဟိတ် တပါးနှင့်သာ ယှဉ်သော စေတသိက်ကား-လောဘ၊ ဒေါသ၊ ဝိစိကိစ္ဆာ အားဖြင့် ၃။

နှစ်ပါးယှဉ်-မောဟ ဒိဋ္ဌိ၊ မာန၊ ဣဿာတိက၊ အလောဘတိက ၉-။

သုံးပါးယှဉ်--အဟိရိက တိက၊ ထိန မိဒ္ဓ သောဘဏ ၂၂ - အားဖြင့် ၂၇။

လေးပါးမရှိ။

ငါးပါးယှဉ်-ပီတိတခု။

ခြောက်ပါးယှဉ် အညသမာန်း ၁၂။

တေနဝုတ္တံ

သုံး-ဧကဟိတ်၊ ဒွိဟိတ်-ကိုးလီ။ သတ္တပီ-တိဟိတ်၊ ပဉ္စဟိတ်-တစ်၊ ဆဲ့နှစ်-ဆဟိတ် ဒွိပညိသ်၊ နိမိတ်ထင်မျှကြံ။

စေတသိက်၏ကိစ္စ လေ့လာဘွယ်

ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-စိတ်၌ ယှဉ်သော စေတသိက်သည် ၃၅-ခုဖြစ်၏။

အာဝဇ္ဇန်းယှဉ် ၁၁။

ဒဿန- သဝန- ဃာယန- သာယန- ဖုသနယှဉ်- ၇။

သမ္ပဋိစ္ဆိုင်းယှဉ် ၁၀။

သန္တီရဏ ယှဉ်-၁၁။

ဝုဋ္ဌောယှဉ် ၁၁။

ဇောယှဉ် ၅၂။

တဒါရုံယှဉ် ၃၃။

စေတသိက်ကိစ္စ အထူးကား-ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ ၉- ကိစ္စ။

ဝီရိယ- ၇။ ပီတိ– ၆။ ဆန္ဒ-၅။ အပ္ပမညာ-၄။

တကိစ္စသာရှိသော စေတသိက်ကား အကုသလ၊ ဝိရတိ- အားဖြင့် ၁၇-ခု။

နှစ်၊ သုံး-မရှိ။

လေးကိစ္စ-အပ္ပမညာ။

ငါးကိစ္စ- ဆန္ဒ၊ သောဘဏ သာဓာရဏ၊ ပညာအားဖြင့် ၂၁။

ခြောက်ကိစ္စ ပီတိ။

ခုနှစ်ကိစ္စ-ဝီရိယ-၁။

ရှစ် မရှိ။

ကိုးကိစ္စ- ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ-၃။

တဆယ်စသည် မရှိ။

ဆယ့်လေးကိစ္စ-၇။

တေနဝုတ္တံ

တကိစ္စဖြစ်-ဆဲ့ခုနစ်တည်း။ လေးဖြစ်-နှစ်ပါး။ ငါး-ဧကဝီ၊ ခြောက်လီမှာ-တစ်။ ခွန်လည်း-တစ်ပင်။ ကိုးဖြစ်ကာ တေး။ ဆဲ့လေး-ခုနစ်ရပ်၊ ကိစ္စတပ်သည်၊ ပေါင်းအပ် ဒွိပညာသတည်း။

ဌာနဆယ်ပါး ၂၅-ပါးမှတ်ဘွယ်

စိတ်နှစ်ခုတို့၏ အကြားသည် တည်ရာဖြစ်သောကြောင့် ဌာန မည်၏။ စိတ်ကင်းသော အကြား (ကွက်လပ်) မရှိသော်လည် သိလွယ်စေခြင်းငှါ အထူး ကြံသည်။ ဝီထိနားလည်သောအခါ ဤဌာနတို့ကို သိလွယ်လတ္တံ့ ။

စုတိ + ဘဝင် အကြားသည် ပဋိသန္ဓေဌာန ဖြစ်၏။ တဌာန ရှိ၏။ စုတိနောင် ပဋိသန္ဓေ၊ ထိုနောင် ဘဝင်-ဤသို့ စဉ်၍ဖြစ်၏။ ဤသို့ စသည်ဖြင့် ၂၅-ဌာနကို သိအပ်၏။

၁---ပဋိသန္ဓေသည် စုတိ + ဘဝင်-အကြား တဌာန။

၂----ဘဝင်သည် ပ+အာ၊ ဇ+အာ၊ တ+အာ၊ ဝု+အာ၊ ဇ+စု၊ တ+စု-အကြား-ခြောက်ဌာန။

၃-----အာဝဇ္ဇန်းသည်- ဘ+ပဉ်၊ ဘ+ဇ- အကြား နှစ်ဌာန။

(အိပ်မက်ဝီထိ၌-ဘ+ဘ အကြားရှိသေး၏။)

၄ ----ပဉ္စဝိညာဏ်သည် အာ+စ္ဆိုင်း-အကြား တဌာန။

၅--- သမ္ပဋိစ္ဆိုင်းသည်-ပဉ်+တီ-အကြား တဌာန။

၆---သန္တိရဏသည်- စ္ဆိုင်း+ဝု -အကြား တဌာန။

ရ---ဝုဋ္ဌောသည်-တီ+ ဇ။ တီ+ဘ-အကြား နှစ်ဌာန။

၈---ဇောသည် ဝု+တ၊ ဝု+ဘ၊ ဝု+စု၊ အာ+တ၊ အ+ဘ၊ အာ+စု - အကြား ခြောက်ဌာန၊

၉---တဒါရုံသည်- ဇ+ဘ၊ ဇ+စု-အကြား နှစ်ဌာန။

၁ဝ---စုတိသည် ဇ+ပ၊ တ+ပ၊ ဘ+ပ-အကြား သုံးဌာန၊

တေနဝုတ္တံ

ပ၊ ပဉ်၊ စ္ဆိုင်း၊ န္တီ။ တစ်စီဌာန။ အာ၊ ဝု၊ တ-ဒွိ။ စုတိ-သုံးဟော။ ဘ၊ ဇော-ခြောက်သွယ်၊ ဌာနဆယ်သည်၊ အကျယ် နှစ်ဆဲ့ငါးခုတည်း။

စေတသိက်၏အာရုံ လေ့လာဘွယ်

အကုသိုလ်စေတသိက် ၁၄-ခုသည် လောကုတ္တရာကြဉ်သော (လောကီပညပ်) အာရုံ ခြောက်ပါးကို အာရုံပြု၏။ ထိုတွင် ဣဿာသည် အဇ္ဈတ္တမပြု။ ဗဟိဒ္ဓကိုသာ ဧကန် အာရုံပြုသည်။ မစ္ဆရိယသည် ဗဟိဒ္ဓမပြု။ အဇ္ဈတ္တကိုသာ ဧကန် အာရုံပြုသည်။

လောကီဝိရတိသည် ဝိရ မိတဗ္ဗဖြစ်သော ပစ္စုပ္ပန်၊ အနာဂတ် ကာမ- နာမ်ရုပ်ကိုသာ အာရုံပြုသည်၊ လောကုတ္တရာဝိရတိသည် နိဗ္ဗာန်ကိုသာ အာရုံပြုသည်။

အပ္ပမညာသည် ကာလဝိမုတ် ဗဟိဒ္ဓဖြစ်သော သတ္တဝါပညပ်ကိုသာ အာရုံပြုသည်။ (ပညပ်ဧကန် ကာလဝိမုတ်ဧကန် ဗဟိဒ္ဓဧကန် ဓမ္မာရုံဧကန်။)

ကြွင်းသော စေတသိက် ၃၃-ခုသည် အလုံးစုံသော အာရုံ ခြောက်ပါးကို အာရုံပြုသည်။

တေနဝုတ္တံ

ငါးဆဲ့နှစ်ခု၊ စေတသိက်စုတွင်၊ အကုသလာ၊ လောကီ- ပညပ်သာတည်း။ ဣဿာ-ပမဉ်၊ ပယ်ကြဉ်အဇ္ဈတ်။ ဗာဟျတ်-မစ္ဆေ၊ မပြုလေဘူး။ သုံးထွဝပိရတိ၊ ဝိရမိတဗ္ဗ၊ သမုတ်ရသည့်၊ ကာမ-နာမ်-ရုပ်၊ ပစ္စုပ်-နာဂတ်၊ စွဲမှီကပ်၏။ ပညပ်- ပမညာ၊ ဝိမုတ္တာလည်း။ အာရုံပြုလျှင်း ကြွင်းလေသမျှ၊ တေတ္တိံသမှာ - ဘယ်ဟာတခု၊ အာရုံစုကို၊ မပြုမရှိလေဘူးတည်း။

စေတသိက်၏ဝတ္ထု လေ့လာဘွယ်

စေတသိက်တို့တွင် သဗ္ဗစိတ္တသာဓာရဏ ၇-ခုသည် ပဉ္စဝေါကာရဘုံ၌ ဆဝတ္ထုကိုမှီ၍၊ စတုဝေါကာရဘုံ၌မမှီမူ၍-ဖြစ်သည်။ (ရံခါ ဆဝတ္ထု)။

ကြွင်းစေတသိက်၄၁–သည် ပဉ္စဝေါကာရဘုံ၌ ဟဒယကို မှီ၍၊ စတုဝေါကာရဘုံ၌ မမှီမူ၍ဖြစ်သည်။ ဟဒယ ရံခါမှီဖြစ်သည်။

တေနဝုတ္တံ

ရံခါမီမှု၊ ဆဝတ္ထုက၊ ခုနစ်ဝတည်း။ ဟဒယစွဲ၊ မှီမြဲလေးဖြာ၊ ရံခါမှီလစ်-လေးဆဲ့တစ်၊ စီစစ်ဒွေပညာ။

အပ္ပမညာသည် စတုဝေါကာရဘုံ၌မဖြစ်၊ ပဉ္စဝေါကာရဘုံ၌ ဟဒယအမြဲ-ဟူ၍လည်း စီစစ်အပ်သေး၏၊ သို့ရာတွင် ရတနာ သုံးပါးဂုဏ်သည် ကာမဘုံ၌ လေ့လာဘူးသော အရှိန်ဖြင့် အရူပဘုံ၌လည်း ပျံ့နှံ့သေး၏ဟု ဂုဏ်တော်ဖွင့် ဝိနည်းဋီကာတို့၌ ဆို၏။ ထိုနည်းဖြင့် ကာမာဝစရ အပ္ပမညာသည် အရူပဘုံ၌လည်း ပျံ့နှံ့ဘွယ်ရှိရာ၏။

အဋ္ဌသာလိနီ လောကုတ္တရာ အကုသိုလ်ဖွင့်၌လည်း သမာပတ် ရှစ်ပါးရသော ရဟန်းသည် ပဌမဈာန်ကို ပါဒကပြု၍ သောတာပန်တည်၍ အရူပဘုံ၌ ဖြစ်သောအခါ ပဌမဈာန် သောတာပတ္တိ ဖလသမာပတ်မှ ထ၍ ဝိပဿနာဖြစ်စေ၍ အထက် မဂ်ဖိုလ် သုံးပါးတို့ကိုဖြစ်စေအံ့၊ ထိုမဂ်ဖိုလ်တို့သည် ပဌမဈာန် ရှိကုန်သည်သာတည်း။

အရူပဘုံ၌ တိကဈာန်၊ စတုက္ကဈာန်ဖြစ်၏။ လောကီမဟုတ် လောကုတ္တရာသာတည်း၊ အရူပဘုံ၌လည်း ပါဒကဈာန်သာ မှတ်သားသည် ... ဟု တိပိဋက စူဠနာဂမထေရ်၏ ဝါဒကို မိန့်ဆို၏။ လောကုတ္တရာ၌ အပ္ပမညာ မရှိသော်လည်း ပါဒက၌ကား အပ္ပမညာ မရှိဟုမဆိုသာ၊ ထိုကြောင့်ပျံ့နှံ့ဘွယ်ရာ ရှိ၏-ဟုဆိုပြီ၊ သင့်အောင် ယူနိုင်ရာ၏၊

အာရုံပြု-ဧကန်၊ အနေကန် လေ့လာဘွယ်

အာရုံသည် --

ကာမ၊ မဟဂ္ဂုတ်၊ နိဗ္ဗာန်-အားဖြင့်သုံးပါး။ (မဂ်၊ ဖိုလ်၊ ပညပ်ကျန်၊)

နာမ်၊ ရုပ်-အားဖြင့် နှစ်ပါး။(ပညပ်ကျန်၊)

ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ်-အားဖြင့် လေးပါး။ ပညပ်၊ ပရမတ်-အားဖြင့် နှစ်ပါး။ အဇ္ဈတ္တ၊ဗဟိဒ္ဓ -အားဖြင့်နှစ်ပါး။ (နတ္ထိဘော ပညပ်ကျန်။)

ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ အားဖြင့်-ခြောက်ပါး ဖြစ်၏။ (ခြောက်မျိုးခွဲ။)

အာရုံပြုသောစိတ်သည် --

ဧကန် အနေကန် ၂၅။ အနေကန် ၃၁၊ ဧကန်-၃၅။ ပေါင်း ၉၁ ဖြစ်၏။

(အဘိညာဒွေနှင့် ၉၁။)

၂၅

ဧကန် အနေကန် ၂၅-ကား ရူပါရုံ၌ ၂။ သဒ္ဒါရုံ၌ ၂။ ဂန္ဓာရုံ၌ ၂။ ရသာရုံ၌ ၂။ ဖောဋ္ဌဗ္ဗာရုံ၌ ၂။ ပဉ္စာရုံ၌ ၃။ ကာမအာရုံ ခြောက်ပါး၌ ၁၂။ ပေါင်း ၂၅ ။

စက္ခုဝိညာဏ်ဒွေသည် ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ရူပါရုံ ဧကန် အာရုံပြု၏။

သောတ ဝိညာဏ်ဒွေသည် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်,ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, သဒ္ဒါရုံ ဧကန် အာရုံပြု၏။

ဃာနဝိညာဏ်ဒွေသည် ပစ္စုပ္ပန် ဂန္ဓာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန် ဧကန်, ပရမတ် ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ဂန္ဓာရုံ ဧကန် အာရုံပြု၏။

ဇိဝှါဝိညာဏ် ဒွေသည် ရသာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ရသာရုံ ဧကန်အာရုံပြု၏။

ကာယဝိညာဏ်ဒွေ သည်ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ဖောဋ္ဌဗ္ဗာရုံ ဧကန် အာရုံပြု၏။

မနောဓာတ် သုံးခုသည် ပစ္စုပ္ပန် ပဉ္စာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန် အဇ္ဈတ္တဗဟိဒ္ဓ အနေကန်, ပဉ္စာရုံအနေကန်, အာရုံပြု၏

(သန္တီရဏ ကိစ္စတပ်ခိုက် သန္တီရဏသုံးခုလည်း ဤအတူတည်း။)

တဒါရုံ ဧကာဒသ၊ ဟသိတုပ္ပါဒ်သည် ကာမအာရုံ ခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, နာမ်ရုပ် အနေကန်, ပစ္စုပ္ပန်, အတိတ်, အနာဂတ် အနေကန်, ပရမတ်ဧကန်, အဇ္ဈတ္တဗဟိဒ္ဓ အနေကန်, အာရုံခြောက်ပါး အနေကန် အာရုံပြု၏။

၃၁

အနေကန် ၃၁-ကား --

လောကုတ္တရာ ကြဉ်သော အာရုံ ခြောက်ပါး၌ ၂ဝ။

အရဟတ္တ မဂ်-ဖိုလ် ကြဉ်သော အာရုံခြောက်ပါး၌ ၅။

အလုံးစုံသော အာရုံခြောက်ပါး၌ ၆။ ပေါင်း ၃၁။

အကုသိုလ် ဝိပ္ပယုတ်၊ ကုသိုလ် ဝိပ္ပယုတ် ကြိယာအားဖြင့် ၂ဝ−သောစိတ်သည် လောကုတ္တရာ ကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမ မဟဂ္ဂုတ် အနေကန်, နာမ်ရုပ်အနေကန်, ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလဝိမုတ် အနေကန်, ပညပ် ပရမတ်အနေကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, အာရုံ ခြောက်ပါး အနေကန် အာရုံပြု၏။

မဟာကုသိုလ် သမ္ပယုတ်၊ ကုသိုလ် အဘိညာ- အားဖြင့် ငါးပါးသောစိတ်သည် အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမမဟဂ္ဂုတ် နိဗ္ဗာန် အနေကန်, နာမ်ရုပ်အနေကန်, ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ် အနေကန်, ပညပ်ပရမတ် အနေကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, အာရုံခြောက်ပါး အနေကန် အာရုံပြု၏။

မဟာကြိယာသမ္ပယုတ်၊ ကြိယာ အဘိညာ၊ ဝုဋ္ဌော-အားဖြင့် ခြောက်ပါးသော စိတ်သည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမမဟဂ္ဂုတ် နိဗ္ဗာန်အနေကန်, နာမ်ရုပ် အနေကန်, ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ် အနေကန်, ပညပ်ပရမတ် အနေကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, အာရုံခြောက်ပါး အနေကန် အာရုံပြု၏။

၃၅

ဧကန် ၃၅-ကား ကသိုဏ်းစသောပညပ်၌ ၁၈။ နတ္ထိဘောပညပ်၌ ၃။ မဟဂ္ဂုတ်၌ ၆။ နိဗ္ဗာန်၌ ၈။ ပေါင်း ၃၅။

ရူပ၊ အာကာသာနဉ္စာယတန အားဖြင့် ၁၈-ပါးသောစိတ်သည် ကသိုဏ်းစသော ပညပ်ကို အာရုံပြု၏။ ထိုကြောင့် ကာလဝိမုတ် ဧကန်, ပညပ်ဧကန်, ဗဟိဒ္ဓဧကန်, ဓမ္မာရုံဧကန်။

အာကိဉ္စညာယတန သုံးခုသည် နတ္ထိဘောပညပ်ကို အာရုံပြု၏။ ထိုကြောင့် ကာလဝိမုတ် ဧကန်, ပညပ်ဧကန်, ဓမ္မာရုံဧကန်, (နတ္ထိဘောသည် အဇ္ဈတ္တ ဗဟိဒ္ဓ-နှစ်ပါးလုံး၌ နတ္ထိ၊)

ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတန- ခြောက်ခုသည် အဇ္ဈတ္တသန္တန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန - ကုသိုလ် ကြိယာကို အာရုံပြု၏။ ထိုကြောင့် မဟဂ္ဂုတ်ဧကန်, နာမ်ဧကန်, အတိတ်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဧကန်, ဓမ္မာရုံဧကန်။

လောကုတ္တရာစိတ် ၈-ခုသည် နိဗ္ဗာန်ကို အာရုံပြု၏။ ထိုကြောင့် နိဗ္ဗာန်ဧကန်၊ နာမ်ဧကန်၊ ကာလဝိမုတ်ဧကန်၊ ပရမတ်ဧကန်၊ ဗဟိဒ္ဓဧကန်၊ ဓမ္မာရုံဧကန်။

သင်္ချာအချုပ်

ဧကန်အားဖြင့် ကာမ ၂၅။ မဟဂ္ဂုတ် ၆။ နိဗ္ဗာန် ၈။ နာမ် ၁၄။ ရုပ် ၁၃။ ပစ္စုပ္ပန် ၁၃။ အတိတ် ၆။ အနာဂတ် မရှိ။ ဝိမုတ် ၂၉။ ပညပ် ၂၁။ ပရမတ် ၃၉။ အဇ္ဈတ္တ ၆။ ဗဟိဒ္ဓ ၂၆။ ရူပါရုံ ၂။ သဒ္ဒါရုံ ၂။ ဂန္ဓာရုံ ၂။ ရသာရုံ ၂။ ဖောဋ္ဌဗ္ဗာရုံ ၂။ ဓမ္မာရုံ ၃၅။

အနေကန်အားဖြင့် ကာမ ၃၁။ မဟဂ္ဂုတ် ၃၁။ နိဗ္ဗာန် ၁၁။ နာမ် ၄၃။ ရုပ် ၄၃။ ပစ္စုပ္ပန် ၄၃။ အတိတ် ၄၃။ အနာဂတ် ၄၃။ ဝိမုတ် ၃၁။ ပညပ် ၃၁။ ပရမတ် ၃၁။ အဇ္ဈတ္တ ၅၆၊ ဗဟိဒ္ဓ ၅၆။ အဇ္ဈတ္တဗဟိဒ္ဓ ၅၆။ ရူပါရုံ ၄၆။ သဒ္ဒါရုံ ၄၆။ ဂန္ဓာရုံ ၄၆။ ရသာရုံ ၄၆။ ဖောဋ္ဌဗ္ဗာရုံ ၄၆။ ဓမ္မာရုံ ၄၃။

တေနဝုတ္တံ

ပဉ္စဝီ-ကာမ၊ ဆ-မဟဂ္ဂါ။ ရှစ်ဖြာ-နိဗ္ဗာန်။ နာမ် တဆဲ့လေး၊ တေးရသ-ရုပ်။ ပစ္စုပ်- ထို့တူ။ တိတ်မူ- ဆမှတ်။ နာဂတ်- မရှိ။ ဝိမုတ်- နှစ်ဆဲ့ကိုး။ ရှေးရိုးကျမ်းညီ။ ဧကဝီ-ပညပ်၊ ပရမတ္ထ- နဝတိံသာ၊ ဆဓာ- အဇ္ဈတ်၊ ဗာဟျတ်-ဆဗ္ဗီ။

နှစ်စီ ပဉ္စ။ ဓမ္မ- သုံးဆဲ့ငါး။

တပါး-ဋ္ဌဝီ၊ ဒွေ- နှစ်လီတည်း။ ငါးလီမှာ သုံး။ ဆဲ့နှစ်- သုံးပင်။ သီကုံးချိုဧ၊ ဆဲ့လေး- ကိုးလီ။ ပဉ္စဝီ- သုံးတန်။ ဧကန် ရှေးရှု၊ အာရုံပြုသည်၊ သောတု နောင်လာ မခဲတည်း။

မခဲစေရန်၊ အနေကန်ကို၊ အကျဉ်းဆိုအံ့။ ပိုယိုကင်းပ၊ ကာမ မဟဂ္ဂုတ်၊ ဝိမုတ်-ပညပ်၊ ပရမတ်-ဟု၊ ငါးရပ်တူလစ်၊ သုံးဆဲ့တစ်စီ၊ ပစ္စုပ်- တီတ၊ နာဂတနှင့်၊ ဓမ္မ၊ ရုပ်၊ နာမ်၊ ခြောက်တန်ပေါင်းရုံး၊ လေးဆဲ့သုံးတည်း။ သုံးနည်း အဇ္ဈတ်၊ စွဲလတ် မှီရောက်၊ ငါးဆဲ့ ခြောက်မှန်။ နိဗ္ဗာန်-ဧက်ဒသ။ ပဉ္စ၌ဝယ်၊ လေးဆယ် နှင့်ခြောက်၊ ရွေးကောက်စေမှု။ ဥဒါန်းပြုသည်၊ စေ့ငုဖန်ခါ ထပ်လဲတည်း။

မှတ်ချက်

ကာမ၌ဧကန် ၂၅၊ အနေကန် ၃၁-အားဖြင့် ၅၆-အာရုံပြုသည်၊ ၃၅-မပြု၊ ပေါင်း ၉၁။ ဤနည်းဖြင့် ဓမ္မာရုံတိုင်အောင် လေ့လာနိုင်၏။

တပါး-ဋ္ဌဝီကား - ဒွေပဉ္စဝိညာဏ်၁ဝ။ အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန ၆။ ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတန - ကုသိုလ်ဝိပါက် ၄၊ လောကုတ္တရာ ၈ - ဤ ၂၈-ပါးသည် ရူပါရုံတခုကို၎င်း အာရုံပြု၏၊ သဒ္ဒါရုံတခုကို၎င်း, ဂန္ဓာရုံတခုကို၎င်း, ရသာရုံတခုကို၎င်း, ဖောဋ္ဌဗ္ဗာရုံ တခုကို၎င်း, နိဗ္ဗာန်တခုကို၎င်း တခုစီကိုသာ အာရုံပြု၏။

ဒွေ- နှစ်လီကား - ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတန ကြိယာ ၂-ပါးသည် အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန၊ ကုသိုလ်ကြိယာ- နှစ်ခုစီကို အာရုံပြု၏။

ငါးလီမှာ သုံးကား - မနောဓာတ် သုံးပါးသည် အာရုံငါးပါးကို အာရုံပြု၏။

ဆဲ့နှစ်-သုံးကား - ရူပ ပဉ္စမဈာန် ၃-ပါးသည် ပညပ် ၁၂-ရကို အာရုံပြု၏။

ဆဲ့လေး-ကိုးလီကား - အလယ်ဈာန် ၉-ပါး သည် ပညပ် ၁၄-ခုကို အာရုံပြု၏၊

ပဉ္စဝီ-သုံးတန်ကား - ပဌမဈာန် ၃-ပါးသည် ပညပ် ၂၅-ပါးကို အာရုံပြု၏။

ဒွါရဝိမုတ်အာရုံ လေ့လာဘွယ်

ကာမပဋိသန္ဓေသည် --

၁။ မနေဒွါရဂ္ဂဟိတ - အတိတ်-ကံ-ဓမ္မာရုံကို၎င်း၊

၂။ ဝဉ္စဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်-ကမ္မနိမိတ်-ပဉ္စာရုံကို၎င်း။

၃။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်-ကမ္မနိမိတ်- အာရုံခြောက်ပါးကို၎င်း။

၄။ မနောဒွါရဂ္ဂဟိတ - အတိတ်- ကမ္မနိမိတ်-အာရုံခြောက်ပါးကို၎င်း၊

၅။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်-ဂတိနိမိတ်-ရူပါရုံကို၎င်း အာရုံပြု၏၊ (ငါးမျိုး၊)

ပဋိသန္ဓေနောင်ရံခါလေး၊ ငါး၊ ခြောက်ချက်ခန့်ဘဝင် အချို့လည်း ထိုအတူအာရုံပြု၏။

ကာမစုတိသည် --

၁။ မနောဒွါရဂ္ဂဟိတ - အတိတ်-ကံ- ဓမ္မာရုံကို၎င်း။

၂။ ပဉ္စဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်ဖြစ်ခဲ့ဘူးသော -ကမ္မနိမိတ်-ပဉ္စာရုံကို၎င်း။

၃။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်ဖြစ်ခဲ့ဘူးသော - ကမ္မနိမိတ် အာရုံခြောက်ပါးကို၎င်း။

၄။ မနောဒွါရဂ္ဂဟိတ - အတိတ်-ကမ္မနိမိတ်-အာရုံခြောက်ပါးကို၎င်း။

၅။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်ဖြစ်ခဲ့ဘူးသော- ဂတိနိမိတ်-ရူပါရုံကို၎င်း အာရုံပြု (ငါးမျိုး၊)

ပဋိသန္ဓေနှင့် ဝေးသော ဘဝင်အချို့လည်း ထိုအတူအာရုံပြု၏။

(စုတိ-အာရုံ၌ ပစ္စုပ္ပန် မရှိ။)

ရူပ၊ အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန - ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် မနောဒွါရဂ္ဂဟိတ-ကာလဝိမုတ်-ကသိုဏ်း စသော ပညပ်၊ ကောင်းကင်ပညပ်၊ နတ္ထိဘောပညပ်- ကမ္မနိမိတ် ဓမ္မာရုံကို အာရုံပြုကုန်၏၊ (တမျိုး။)

ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတန ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် မနောဒွါရဂ္ဂဟိတ - အတိတ်- အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန၊ မဟဂ္ဂုတ် ကုသိုလ်စိတ်- ကမ္မနိမိတ် ဓမ္မာရုံကို အာရုံပြုကုန်၏။(တမျိုး။)

အဘိညာအာရုံ လေ့လာဘွယ်

အထူးသိသော ဉာဏ်သည် အဘိညာ မည်၏။ ထိုဉာဏ်ထူးသည် ရူပကုသိုလ် ရူပကြိယာ - ပဉ္စမဈာန်စိတ်၌ ယှဉ်၏။ ဒိ၊ ဒိ၊ ဣ၊ စေ၊ ပုဗ္ဗေ၊ ယ၊ အ—အားဖြင့် ခုနစ်ပါးပြား၏။

ဒိ။ ။ ဒိဗ္ဗစက္ခုကုသိုလ် အဘိညာသည် ဒူရ၊ ပဋိစ္ဆန္န၊ သဏှ၊ သုခုမ-ဖြစ်သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။

ဒိ။ ။ ဒိဗ္ဗသောတ အဘိညာသည် ဒူရ၊ ပဋိစ္ဆန္န၊ သဏှ၊ သုခုမ-ဖြစ်သော ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြု၏။

ဣ။ ။ ဣဒ္ဓိဝိဓ အဘိညာသည် ပါဒကဖြစ်သော ရူပကုသိုလ် ပဉ္စမဈာန်။ သတ၊ သဟဿ-စသော နိမ္မိတရုပ်-ဟု ဆိုအပ်သော အာရုံခြောက်ပါးကို အာရုံပြု၏။

စေ။ ။ စေတောပရိယ အဘိညာသည် လွန်လေပြီးသော ခုနစ်ရက်မှစ၍ လာလတ္တံ့သော ခုနစ်ရက်တိုင်အောင် ကာလ သုံးပါး၌ တည်သော သူတပါး၏ စိတ် ၈၇-ခု၊ စေတသိက် ဒွေပညာသ-ဟုဆိုအပ်သော ဓမ္မာရုံကို အာရုံပြု၏။ (အရဟတ္တ မဂ်ဖိုလ် ကြဉ်သည်။)

ပုဗ္ဗေ။ ။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာသည် ပုဗ္ဗေနိဝုတ္ထ ဖြစ်သောစိတ် ၈၇-ခု၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ လျှောက်၍ သိအပ်သောနိဗ္ဗာန်၊ အမည်, အမျိုး-စသော ပညပ်-ဟု ဆိုအပ်သော၊ အာရုံခြောက်ပါးကို အာရုံပြု၏။

ယ။ ။ ယထာကမ္မုပဂ အဘိညာသည် အတိတ် ဖြစ်သော၊ လောကီကုသိုလ်၊ အကုသိုလ်စေတနာ- ဟုဆိုအပ်သော ဓမ္မာရုံကို အာရုံပြု၏။

အ။ ။ အနာဂတံသ အဘိညာသည် အနာဂတ်ဖြစ်သောစိတ် ၈၇-ခု။ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ခန္ဓာငါးပါး။ ထိုခန္ဓာငါးပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်၊ အမည် အမျိုးစသော ပညပ် -ဟုဆိုအပ်သော အာရုံခြောက်ပါး ကို အာရုံပြု၏။

ကြိယာအဘိညာ ခုနစ်ပါးတို့တွင် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ယထာကမ္မုပဂတို့သည် ကုသိုလ်နှင့် တူကုန်၏။

ဣဒ္ဓိဝိဒ အဘိညာ၌ ပါဒကဖြစ်သော ရူပကြိယာ ပဉ္စမဈာန်သည် စေတောပရိယ အဘိညာ၊ ပုဗ္ဗေနိဝါသအဘိညာ၊ အနာဂတံသ အဘိညာ၌ စိတ် တခုယုတ်ကိုးဆယ်၊ ဤမျှသာထူး၏။ ကုသိုလ်အဘိညာ၌ မြင်လျှင် ချဲ့ဆိုနိုင်လတ္တံ့။

အာရမ္မဏာဓိပတိ အာရုံလေ့လာဘွယ်

ဣဋ္ဌာရုံကို အလေးအမြတ် အာရုံပြုတတ်သော စိတ်တို့သည် လောဘမူစိတ်ရှစ်ခု၊ မဟာကုသိုလ်စိတ်ရှစ်ခု၊ မဟာကြိယာ သမ္ပယုတ်လေးခု၊ လောကုတ္တရာစိတ်ရှစ်ခု- အားဖြင့် ၂၈-ပါးဖြစ်ကုန်၏။

ထိုတွင် လောဘမူစိတ် ရှစ်ခုသည် (ဒေါသမူဒွေ၊ မောဟမူဒွေ၊ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်ကြဉ်သော) လောကီစိတ် ၇၆-ခု။ (ဒေါသစတုက္က၊ ဝိစိကိစ္ဆာကြဉ်သော) စေတသိက် ၄၇-ခု၊ ဣဋ္ဌဖြစ်သော (စတုဇ) နိပ္ဖန္နရုပ် အဋ္ဌာရသတို့ကို အလေးအမြတ် အာရုံ ပြု၏။ (ပုထုဇဉ်မှ အနာဂါမ်အထိ ဆိုင်သည်)

ပုထုဇဉ်၏ မဟာကုသိုလ် ၈-ခုသည် လောကီကုသိုလ် သတ္တရသကို အာရုံပြု၏။

သောတာပန်၏ မဟာကုသိုလ်သမ္ပယုတ် ၄-ခုသည် မိမိ၏ မဂ် ဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။ (သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ် ဟူလို။)

သကဒါဂါမ်၊ အနာဂါမ်၏ မဟာကုသိုလ် သမ္ပယုတ်၄-ခုသည် မိမိ၏မဂ်၊ ဖိုလ်၊နိဗ္ဗာန်ကို အာရုံပြု၏။

ရဟန္တာ၏ မဟာကြိယာ သမ္ပယုတ် ၄-ခုသည် မိမိ၏မဂ်ဖိုလ်၊ နိဗ္ဗာန်ကိုအာရုံပြု၏။

လောကုတ္တရာ စိတ် ရှစ်ခုသည် နိဗ္ဗာန်ကို အလေးအမြတ် အာရုံပြု၏။

အပေါင်းအားဖြင့်ကား - အာရမ္မဏာဓိပတိ ပစ္စည်းသည် အလေးအမြတ်ပြုအပ်သော (ဒေါသ၊ မောဟ၊ ဒုက္ခ၊ ကြဉ်သော) စိတ် ၈၄-ခု၊စေတသိက် ၄၇-ခု၊ ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် အဋ္ဌာရသ နိဗ္ဗာန်ဖြစ်၏။

ပစ္စယုပ္ပန်သည် အလေးအမြတ် အာရုံပြုတတ်သောစိတ် ၂၈-ခု။ စေတသိက် ၄၅-ခု ဖြစ်၏။ (ပရမတ်အာရုံဖြစ်၍ အပ္ပမညာလည်း ကြဉ်။)

မိဿကခွဲ လေ့လာဘွယ်

ဝေဒနာ၌ - သုခ-၁။ ဒုက္ခ-၁။ သောမနဿ-၆၂။ ဒေါမနဿ-၂။ ဥပေက္ခာ ၅၅။ ပေါင်း ၁၂၁။ ။ ငါးမျိုး။

ဟိတ်၌ - အဟိတ်-၁၈။ ဧကဟိတ်- ၂။ ဒွိဟိတ်- ၂၂။ တိဟိတ် ၄၇။ ပေါင်း ၈၉။ ။ လေးမျိုး။

ကိစ္စ၌ - အာဝဇ္ဇန်း-၁။ ဒဿန−၂။ သဝန-၂။ ဃာယန-၂။ သာယန-၂။ ဖုသန-၂။ စ္ဆိုင်း-၂။ ဇော-၅၅။ တီ၊ ရုံ−၁။ အာ၊ဝု-၁။ ပ၊ဘ၊စု-၉။ ပ၊ဘ၊စု၊ရုံ-၈။ ပ၊ဘ၊စု၊တီ၊ရုံ- ၂။ ပေါင်း ၈၉။ ။ ၁၃ မျိုး။

ဒွါရ၌ - တဒွါရ-၃၆။ ငါးဒွါရ-၃။ ခြောက်ဒွါရ-၃၁။ ရံခါဝိမုတ်-၁၀။ အမြဲဝိမုတ်-၉။ပေါင်း-၈၉။ ။ ငါးမျိုး။

အာရုံ၌ - ပစ္စုပ္ပန် ရူပါရုံ-၂။ သဒ္ဒ-၂။ ဂန္ဓ-၂။ ရသ-၂။ ဖောဋ္ဌဗ္ဗ-၂။ ပဉ္စာရုံ-၃။ ကာမအာရုံ ခြောက်ပါး-၁၂။ လောကုတ်ကြဉ်အာရုံ ၂ဝ။ အရဟတ္တမဂ်ဖိုလ်ကြဉ်အာရုံ-၅။ အလုံးစုံအာရုံ-၆။ ၂၅-ပါးသောပညပ်-၃။ ၁၄-ပါး-၉။ ၁၂-ပါး-၃။ ကောင်းကင် ပညပ်-၃။ နတ္ထိဘော-၃။ အာကာသာနဉ္စာယတန ကုသိုလ်-၂။ အာကိဉ္စညာယတန ကုသိုလ်- ၂။ အာကာသာနဉ္စာယတန ကုသိုလ်ကြိယာ-၁။ အာကိဉ္စညာယတန ကုသိုလ်ကြိယာ ၁။ နိဗ္ဗာန် ၈။ ပေါင်း-၉၁။ ။ အမျိုး၂၀။

ဝထ္ထု၌ - ကာမ၌ ဃာနအမြဲ-၂။ ဇိဝှါအမြဲ- ၂။ ကာယအမြဲ-၂။ ဟဒယအမြဲ-၁၀။ ပဉ္စဝေါကာရ၌ စက္ခုအမြဲ− ၂။ သောတအမြဲ- ၂။ ဟဒယအမြဲ- ၂၃။ ပဉ္စဝေါကာရ စတုဝေါကာရ၌ ဟဒယ ရံခါ-၄၂။ စတုဝေါကာရ၌ မမှီ−၄။ ပေါင်း-၉၉။ ။ ကိုးမျိုး။

အထူးမှတ်ဘွယ်

ဒေါသမူဒွေသည် ဝတ္ထုအားဖြင့် ကာမ၌ ဟဒယ အမြဲ။

ဥပေက္ခာ သန္တီရဏ ၂ -ခုသည် ဒွါရ၊ အာရုံ၊ ဝတ္ထုအားဖြင့်- ပ, ဘ, စု-ကိစ္စတပ်ခိုက် ဒွါရဝိမုတ်၊ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဖြစ်သော ကာမအာရုံ။ ကာမ၌ ဟဒယအမြဲ။

သန္တီရဏကိစ္စ တပ်ခိုက်၊ ပဉ္စဒွါရ ပဉ္စာရုံ၊ ပဉ္စဝေါကာရ ဟဒယအမြဲ။

တဒါရုံတပ်ခိုက်၊ ခြောက်ဒွါရ၊ ကာမအာရုံခြောက်ပါး၊ ကာမဟဒယအမြဲ။

မနောဒွါရာ ဝဇ္ဇန်းသည် - ဝုဋ္ဌောတပ်ခိုက်- ပဉ္စဒွါရ၊ ပဉ္စာရုံ၊ ပဉ္စဝေါကာရဟဒယအမြဲ။

အာဝဇ္ဇန်းတပ်ခိုက်- မနောဒွါရ၊ အလုံးစုံ အာရုံခြောက်ပါး၊ ပဉ္စဝေါကာရ စတုဝေါကာရ ဟဒယရံခါ။

ရူပဝိပါက်သည် ဒွါရဝိမုတ်။ ၂၅-ပါး။ ၁၄-ပါး ၁၂-ပါးသော ပညပ်ကမ္မနိမိတ် ဓမ္မာရုံ။ ပဉ္စဝေါကာရ ဟဒယအမြဲ။ ရူပဘုံ၌သာ ဟဒယ အမြဲဟူလို။

အရူပကြိယာသည် မနောဒွါရ၊ ကောင်းကင်ပညပ်၊ အာကာသာနဉ္စာယတန ကုသိုလ်ကြိယာ၊ နတ္ထိဘောပညပ်၊ အာကိဉ္စညာယတန ကုသိုလ်ကြိယာ- ဓမ္မာရုံ၊ ပဉ္စဝေါကာရ စတုဝေါကာရ ဟဒယရံခါ။

စိတ်မိဿက လေ့လာဘွယ်

လောဘမူ ရှစ်ခုသည် --

ဝေဒနာအားဖြင့်နှစ်ပါး။

ဟိတ်အားဖြင့် ဒွိဟိတ်။

ကိစ္စအားဖြင့် ဇော။

ဒွါရအားဖြင့် ခြောက်ဒွါရ။

အာရုံအားဖြင့် လောကုတ္တရာ ကြဉ်သော အာရုံခြောက်ပါး။

ဝတ္ထုအားဖြင့် ပဉ္စဝေါကာရ စတုဝေါကာရ ဟဒယ ရံခါမှီသည်။

ဒေါသမူဒွေသည် ….။

မောဟမူဒွေသည်….။ (အကုသိုလ် ၃-ပုဒ်။)

စက္ခုဝိညာဏ်ဒွေသည်…..။

သော၊ ဃာ၊ ဇီ၊ ကာ၊ စ္ဆိုင်းဒွေသည်…..။

သောမနဿ သန္တီရဏသည်….။

ဥပေက္ခာ သန္တိရဏ နှစ်ခုသည်……။

ပဉ္စဒွါရာဝဇ္ဇန်းသည်…...။

မနောဒွါရာဝဇ္ဇန်းသည် …..။

ဟသိတုပ္ပါဒ်သည်-----။ (အဟိတ် ၁၁-ပုဒ်၊)

မဟာကုသိုလ် ဝိပ္ပယုတ်သည်….။

မဟာကုသိုလ် သမ္ပယုတ်သည် ….။၊

မဟာဝိပါက်သည် ….။

မဟာကြိယာ ဝိပ္ပယုတ်သည် ….။

မဟာကြိယာ သမ္ပယုတ်သည်…..။

(ကာမ သောဘဏ ၅-ပုဒ်၊)

ရူပ ကုသိုလ်သည်....။

ရူပ ဝိပါက်သည် …။

ရူပ ကြိယာသည် ….။

အဘိညာ ကုသိုလ်သည် ….။

အဘိညာ ကြိယာသည်…..။

(ရူပ ၅-ပုဒ်။)

အရူပ ကုသိုလ်သည်….။

အရူပ ဝိပါက်သည် ….။

အရူပ ကြိယာသည်…..။

(အရူပ ၃-ပုဒ်။)

သောတာပတ္တိမဂ်သည်-သောမနဿ။ တိဟိတ်၊ ဇော၊ မနောဒွါရ၊ နိဗ္ဗာန်အာရုံ၊ ပဉ္စဝေါကာရ ဟဒယ အမြဲ။

ကြွင်းသော လောကုတ္တရာစိတ် ၇-ခုသည် သောမနဿ၊ တိဟိတ်၊ ဇော၊ မနောဒွါရ၊ နိဗ္ဗာန်အာရုံ၊ ဟဒယရံခါ။ (လောကုတ္တရာ ၂-ပုဒ်။)

စေတသိက် မိဿက လေ့လာဘွယ်

ဖဿသည် --

ဝေဒနာအားဖြင့် ငါးပါး။

ဟိတ်အားဖြင့် ဆဟိတ်၊ “ရံခါအဟိတ်၊ ရံခါဧကဟိတ်၊ ရံခါဒွိဟိတ်၊ ရံခါတိဟိတ်”

ကိစ္စအားဖြင့် တဆဲ့လေးကိစ္စ။

ဒွါရအားဖြင့် ရံခါ ဆဒွါရ။ ရံခါဝိမုတ်။

အာရုံအားဖြင့် အလုံးစုံ အာရုံခြောက်ပါး။

ဝတ္တုအားဖြင့် ဆဝတ္ထု ရံခါ၊

ဝေဒနာသည် --

ဝေဒနာ ယှဉ်ဘက် မရှိ။

ဟိတ်အားဖြင့် ဆဟိတ် “ရံခါအဟိတ်၊ ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်”

ကိစ္စအားဖြင့် တဆဲ့လေးကိစ္စ။

ဒွါရအားဖြင့် ရံခါ ဆဒွါရ။ ရံခါဝိမုတ်။

အာရုံအားဖြင့် အလုံးစုံ အာရုံခြောက်ပါး။

ဝတ္တုအားဖြင့် ဆဝတ္ထု ရံခါ၊

(သဗ္ဗစိတ္တ ၂-ပုဒ်။)

ဝိတက်သည် ….။

ပီတိသည် ….။

ဆန္ဒသည် ….။

(ပကိဏ်း ၃-ပုဒ်)

မောဟသည် ….။

အဟိရိကသည် ….။

လောဘသည်….။

ဒိဋ္ဌိသည်….။

ဒေါသသည်….။

ဣဿာသည်….။

ထိနသည်. ….။

ဝိစိကိစ္ဆာသည် ….။

(အကုသိုလ် ၈-ပုဒ်၊)

သဒ္ဓါသည် ….။

အလောဘသည်…..။

အဒေါသသည်.....။

သမ္မာဝါစာသည်….။

ကရုဏာသည် ….။

ပညာသည် ….။

(သောဘဏ ၆-ပုဒ်၊)

သမ္မာဝါစာသည် --

ဝေဒနာအားဖြင့် နှစ်ပါး။

ဟိတ်အားဖြင့် တိဟိတ်။ ရံခါ ဒွိဟိတ် ဟိဟိတ်၊

ကိစ္စအားဖြင့် ဇော။

ဒွါရအားဖြင့် ဆဒွါရ။

အာရုံအားဖြင့် ဝိရမိတဗ္ဗကာမနာမ်ရုပ်၊ နိဗ္ဗာန်။

ဝတ္တုအားဖြင့် ဟဒယ ရံခါ၊

ပညာသည် --

ဝေဒနာအားဖြင့် နှစ်ပါး။

ဟိတ်အားဖြင့် ဒွိဟိတ်- အမြဲ။

ကိစ္စအားဖြင့် ငါးကိစ္စ။

ဒွါရအားဖြင့် ရံခါ ဆဒွါရ။ ရံခါဝိမုတ်။

အာရုံအားဖြင့် အလုံးစုံ အာရုံခြောက်ပါး။

ဝတ္တုအားဖြင့် ဟဒယရံခါ။

ဤသို့စသော လေ့လာခြင်း အဘိဓမ္မာဖြင့် အဘိဓမ္မာ တရား ဟောကြားသော ဘုရားရှင်အား ပူဇော်ခြင်းသည် အဘိဓမ္မာဉာဏ် တိုးပွါးကြောင်း ကောင်းသည်သာ တည်း။

ဝေဒနာသင်္ဂဟ မှတ်ဘွယ်

ဝေဒနာ သင်္ဂဟ၌ ဝေဒနာ စေတသိက် တခုတည်းကို သုံးမျိုး ငါးမျိုးခွဲ၍ ထိုသုံးမျိုး ငါးမျိုးဖြင့် စိတ်စေတသိက်တို့ကို ဝေဘန်သည်။

ကိုယ်စိတ်၌ သာယာ၊ မသာယာအားဖြင့် သုခ၊ ဒုက္ခကို နှုစ်ခုစီ ဝေဘန်သည်။ ဥပေက္ခာ၌ အပြားမရှိ။

ကိုယ်၌သာယာခြင်းသည် သုခမည်၏။ ဖောဋ္ဌဗ္ဗာရုံကို ခံစား၏။

ကိုယ်၌မသာယာခြင်းသည် ဒုက္ခမည်၏၊ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကိုခံစား၏။

စိတ်၌သာယာခြင်းသည် သောမနဿ။

ဣဋ္ဌအာရုံ ခြောက်ပါးကို ခံစား၏ စိတ်၌ မသာယာခြင်းသည် ဒေါမနဿ၊ အနိဋ္ဌအာရုံ ခြောက်ပါးကို ခံစား၏။

လျစ်လျူရှုခြင်းသည် ဥပေက္ခာ၊ ဣဋ္ဌမဇ္ဈတ္တအာရုံ ခြောက်ပါးကို ခံစား၏။

ပင်ကိုယ်ကောင်းဖြစ်၍ အလိုရှိအပ်သော အာရုံကောင်းသည် သဘာဝဣဋ္ဌာရုံ မည်၏။ မကောင်းသော်လည်း ကြံဆ၍ အလိုရှိအပ်သော အာရုံသည် ပရိကပ္ပဋ္ဌာရုံ မည်၏။ အလိုမရှိအပ်ဖြစ်လျှင် အနိဋ္ဌာရုံ။ အလယ်အလတ်ဖြစ်လျှင် ဣဋ္ဌမဇ္ဈတ္တာရုံ ၎င်းတို့၌လည်း သဘာဝနှင့် ပရိကပ္ပကို သိအပ်၏။ ပရိကပ္ပကား ဝိပါက်နှင့်မဆိုင်၊ ဇောနှင့်ဆိုင်သည်။

ဟေတုသင်္ဂဟ မှတ်ဘွယ်

ဟေတုသင်္ဂဟ၌ လောဘစသော စေတသိက် ခြောက်ပါးတို့ဖြင့် ဝေဘန်သည်။ ထို စေတသိက်တို့သည် သမ္ပသုတ် တရားတို့၏ တည်ရာ အမြစ်သဘွယ် ဖြစ်သောကြောင့် ဟိတ်မည်ကုန်၏

(ဟေတုသင်္ဂဟသိလျှင် ဟေတုပစ္စယော - ပဋ္ဌာန်းနည်း လွယ်ကူလတ္တံ့။)

သမ္ပယုတ်တရားတို့၏ ကောင်းစွာ တည်ရာ၏ အဖြစ်ကိုပြီးစေတတ်သော အမြစ် မူလ၏ အဖြစ်သည် ဟေတု၏ ဘာဝ ဂုဏ်သကတ် မည်၏။ ဟိတ်ရှိသော စိတ် စေတသိက် တို့သည် အမြစ်ရှိသော သစ်ပင်ပမာ တည်ရာရ၍ ခိုင်ခံ့ကုန်၏၊ ဟိတ်မရှိ သောစိတ် စေတသိက်တို့သည် ရေပြင်၌ မှော်ပမာ တည်ရာ မရ မခိုင်ခံ့ကုန်။

ကိစ္စသင်္ဂဟမှတ်ဘွယ်

ကိစ္စသင်္ဂဟ၌ စိတ်စေတသိက်တို့၏ အလုပ်ကိစ္စသည် ၁၄-ပါး။ နေရာဌာနသည် ဆယ်ပါးဖြစ်၏။ ထိုကိစ္စ၊ ဌာနတို့ဖြင့် ဝေဘန်သည်။

ရှေ့ဘဝနှင့် နောက်ဘဝကို စပ်ခြင်းသည် ပဋိသန္ဓေကိစ္စ မည်၏။ ဥပပတ္တိ ဘဝ၏အကြောင်းသည် ဘဝင်ကိစ္စ။ (မပြတ်အောင်ဖြစ်ခြင်း၏ အကြောင်းဟူလို။) ဝီထိစိတ်ဖြစ်ခြင်းငှါ ညွတ်သော ဆင်ခြင်ခြင်းသည် အာဝဇ္ဇန်းကိစ္စ။

မျက်မှောက်အားဖြင့် မြင်ခြင်း ကြားခြင်း, အနံ့ယူခြင်း, လျက်ခြင်း, တွေ့ထိခြင်း, လက်ခံခြင်း, စုံစမ်းခြင်း, မှတ်ခြင်းသည် ဒဿနကိစ္စ။ သဝနကိစ္စ- ဃာယနကိစ္စ-သာယနကိစ္စ- ဖုသနကိစ္စ- သမ္ပဋိစ္ဆနကိစ္စ- သန္တီရဏကိစ္စ- ဝုဋ္ဌောကိစ္စ။

အာရုံ၌တပ်ခြင်း, ပြစ်မှားခြင်း စသောကိစ္စကို ပြီးစေလျက် အဟုန်ဖြင့် ဖြစ်ခြင်းသည် ဇောကိစ္စ။ (လျင်စွာပြေးသွားသူနှင့်တူ၏)။

ဇောယူပြီးသော အာရုံကို အာရုံပြုခြင်းသည် တဒါရုံကိစ္စ္ပ။

ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်းသည် စုတိကိစ္စ မည်၏။

ဤ၌ မဂ်ဇော-စသည်သည် တကြိမ်တည်းမျှဖြစ်သော်လည်း ကိစ္စပြီးစေသောကြောင့် ဇောအမည် မစွန့် -- သဗ္ဗညုတဉာဏ်သည် တခုစီကိုသာ အာရုံပြုသော်လည်း လိုရာအလုံးစုံ အာရုံပြုနိုင်သောကြောင့် သဗ္ဗညုတအမည် မစွန့်သည်နှင့် တူ၏။

တဒါရုံသည် မူလပဋိသန္ဓေနှင့်တူလျှင် မူလဘဝင်လည်း မည်၏။ မတူလျှင် အာဂန္တုကဘဝင်လည်း မည်၏၊ တူ၊ မတူ-ပိဋ္ဌိဘဝင်လည်း မည်၏၊ ရုံ၊ မူ၊ အာ၊ ပိဋ္ဌ-လေးမည်ရသည်။

ဒွါရသင်္ဂဟ မှတ်ဘွယ်

ဒွါရသင်္ဂဟ၌ ရုပ်ဒွါရငါးပါး၊ စိတ်ဒွါရတပါးဖြင့် ဝေဘန်သည်။ ထိုခြောက်ပါးသည် အာဝဇ္ဇန်းစသော ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဒွါရမည်၏။ ထွက်ဝင်ကြောင် တံခါးသဘွယ်ဖြစ်၏။ ဤ၌ ဘဝင်္ဂုပစ္ဆေဒကို မနောဒွါရဟုခေါ် သည်၊ ဘုံပိုင်းအကုသိုလ်ကံ၊ အကုသိုလ်ကံ၌၊ မနောဒွါရကား ကုသိုလ်စိတ် အကုသိုလ်စိတ် ကိုခေါ်လတ္တံ့။

ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် ခြောက်ဒွါရ၌လည်း မဖြစ်၊ ရှေ့နောက်ဘဝင်၏ အာရုံမှတပါးသော အာရုံကိုလည်းမယူ၊ ထိုကြောင့် ဒွါရဝိမုတ်တို့ မည်ကုန်၏။

စေတသိက်ကား - ဒွါရခြောက်ပါးလုံး၌ ၅၂-စီ၊ ဒွါရဝိမုတ်၌ ၃၅။

အာရမ္မဏသင်္ဂဟမှတ်ဘွယ်

အာရမ္မဏ သင်္ဂဟ၌ အာရုံ ခြောက်ပါးဖြင့် ဝေဘန်သည်၊ ပညပ်၊ ပရမတ် အားလုံးသည် စိတ်၊ စေတသိက်တို့၏ စွဲအပ် မှီအပ်သောကြောင့် အာရုံမည်၏၊ အားနည်းသူတို့၏ ဆွဲမှီစရာ ကြိုးတန်း၊ တောင်ဝှေးနှင့် တူ၏။

(အာရမ္မဏသင်္ဂဟသိလျှင် အာရဏပစ္စယော ပဋ္ဌာန်းနည်း လွယ်ကူလတ္တံ့။)

အာပေါသည် အဘယ်ကြောင့် ဖောဋ္ဌဗ္ဗ မမည်သနည်း။ မထိတတ်၊ မထိအပ် သောကြောင့်တည်း၊ ထင်ရှားစေဦးအံ့၊ ပထဝီသည် တေဇော၊ ဝါယောကို ထိ၍လက်ခံ၏၊ အာပေါကို မထိမူ၍ လက်ခံ၏၊ တေဇောသည် ပထဝီ, ဝါယောကို ထိ၍ ရင့်စေ၏။ အပေါကိုမထိမူ၍ ရင့်စေ၏။ ဝါယောသည် ပထဝီ, တေဇောကို ထိ၍ ရွေ့စေ၏၊ အာပေါကိုမထိမူ၍ ရွေ့စေ၏၊ အာပေါသည် ပထဝီ, တေဇော, ဝါယောကို မထိမူ၍ ဖွဲ့၏။ ဤသို့ မသိတတ်၊ မထိအပ်သောကြောင့်တည်း။

နိဗ္ဗာန်နှင့် ပညပ်သည် ပျက်စီးခြင်း မရှိသောကြောင့် ကာလ ဝိမုတ် မည်၏။ ကာလ သုံးပါးမှလွတ်၏။

တဒါရုံ၊ ဟသိတုပ္ပါဒ် ၁၂-ခု ကာမအာရုံ ၆-ပါးကို အာရုံပြုရာ၌ သန္တီရဏသည် သန္တီရဏကိစ္စအခါ ပစ္စုပ္ပန် ပဉ္စာရုံကိုသာ အာရုံပြု၏။ ကြွင်းလေးကိစ္စအခါ ကာမ အာရုံခြောက်ပါးကို အာရုံပြု၏။

ဟသိတုပ္ပါဒ်ကား - ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ လျှောက်ပတ်သော နေရာကို မြင်၍ နှစ်သက်စွာ ပြုံးရွှင်သောအခါ ရဟန္တာ၏ ဟသိတုပ္ပါဒ်သည် ရူပါရုံကို အာရုံပြု၏။ ပစ္စည်းဝေဘန်ရာတွင် စီစီညံညံ အသံကြား၍ “ဤသို့သော လော်လည်ခြင်းသည် ငါ့အား ကင်းလွတ်ပေပြီ၊ အရတော်လေစွ”ဟုဆင်ခြင်၍ နှစ်သက်စွာ ပြုံးရွှင်သောအခါ သဒ္ဒါရုံကို အာရုံပြု၏။ နံ့သာမွှေးကြိုင်ဖြင့် စေတီအား ပူဇော်၍ ပြုံးရွှင်သောအခါ ဂန္ဓာရုံကို အာရုံပြု၏။

ကောင်းသော ဘောဇဉ်ကို သီတင်းသုံးဘော်တို့နှင့် ဝေဘန်ကာ သုံးဆောင်၍ ပြုံးရွှင်သောအခါ ရသာရုံကို အာရုံပြု၏။ မထေရ်ကြီးများ ခြေကိုပွတ်ဆေးခြင်း ဆုပ်နယ်ခြင်း၊ ဦးတိုက်ခြင်း ပြု၍ ပြုံးရွှင်သောအခါ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။ အဘိညာဖြင့် ထိုထို ဘဝ ကာမာဝစရ ဓမ္မတို့ကိုမြင်သိ၍ နှစ်သက်စွာ ပြုံးရွှင်သော အခါ ဓမ္မာရုံကို အာရုံပြု၏။

စိတ် ၂၀-လောကုတ္တရာကြဉ်သော အာရုံခြောက်ပါး အာရုံပြုရာ၌ လောဘမူ သမ္ပယုတ်လေးခုသည် ကာမကို၊ မဟဂ္ဂုတ်ကို ပညပ်ကို မှားသောအားဖြင့် သုံးသပ်ခြင်း၊ နှစ်သက်ခြင်းဖြင့် အာရုံပြု၏။ ဝိပ္ပယုတ် လေးခုသည် နှစ်သက်ခြင်းမျှဖြင့် အာရုံပြု၏၊ ဒေါသမူသည် ပြစ်မှားခြင်း၊ နှလုံး မသာယာခြင်းဖြင့် အာရုံပြု၏၊ ဝိစိကိစ္ဆာသည် မဆုံးဖြတ်နိူင်ခြင်းဖြင့် အာရုံပြု၏။ ဥဒ္ဓစ္စသည် ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းဖြင့် အာရုံပြု၏။

မဟာကုသိုလ် ဝိပ္ပယုတ်သည် အသက္တစ္စစွမ်းဖြင့် ဒါနပြု၊ ဆင်ခြင်၊ တရားနာ စသောအခါ ကမာဝစရကို အာရုံပြု၏။ လွန်စွာ လေ့လာပြီးသော ဈာန်ကို ဆင်ခြင်သောအခါ မဟဂ္ဂုတ်ကို အာရုံ ပြု၏၊ ကသိုဏ်း ပရိကံစသည် ပြုသောအခါ ပညပ်ကို အာရုံပြု၏။ ဤကား ပုထုဇဉ် သေက္ခနှင့်ဆိုင်၏။ ရဟန္တာ၏ မဟာကြိယာ ဝိပ္ပယုတ်လည်း ထိုအတူပင် အာရုံပြု၏။

ဉာဏသမ္ပယုတ် မဟာကုသိုလ်၊ အဘိညာကုသိုလ် အားဖြင့် ငါးခု၊ အရဟတ္တမဂ်ဖိုလ် ကြဉ်သော အာရုံ ၆-ပါး အာရုံပြုရာ၌ ရဟန္တာ၏မဂ်စိတ်၊ ဖိုလ်စိတ်ကို ရဟန္တာချင်းသာ မဟာကြိယာ သမ္ပယုတ်ဖြင့် အာရုံပြုနိုင်သည်။ အနာဂါမ်သော်လည်း မဟာကုသိုလ် သမ္ပယုတ်ဖြင့် အာရုံမပြုနိုင်။ ထို့ကြောင့် ထိုအာရုံ၌ အရဟတ္တမဂ်ဖိုလ် ကြဉ်သည်။

ပုထုဇဉ်သည် အရိယာ၏ ပါဋိပုဂ္ဂလိက မဂ်စိတ်၊ ဖိုလ်စိတ်ကို အာရုံမပြုနိုင်၊ လောကီ စိတ်ကိုသာ အာရုံပြုနိုင်သည်၊ အောက်အောက် အရိယာလည်း အထက်အထက် အရိယာ၏ ပါဋိပုဂ္ဂလိကမဂ်စိတ်၊ ဖိုလ်စိတ်ကို အာရုံမပြုနိုင်၊ လောကီစိတ်ကိုသာ အာရုံ ပြုနိုင်သည်။

ပုထုဇဉ် သေက္ခ၏ မဟာကုသိုလ် သမ္ပယုတ်သည် သက္ကစ္စစွမ်းဖြင့် ဒါနပြု-စသော အခါ ရှေးအတူ ကာမကို အာရုံပြု၏၊ မဟဂ္ဂုတ်ကို အာရုံပြု၏၊ ပညပ်ကို အာရုံပြု၏၊ ဂေါတြဘူ၊ ဝေါဒါန်အခါ နိဗ္ဗာန်ကို အာရုံပြု၏။ သေက္ခ၏ မဟာကုသိုလ် သမ္ပယုတ်ကား မိမိမဂ်ဖိုလ်၊ သူတပါးမဂ်ဖိုလ်ကို အာရုံပြု၏

ဉာဏသမ္ပယုတ် မဟာကြိယာ၊ အဘိညကြိယာ၊ ဝုဋ္ဌော အားဖြင့် ခြောက်ခု အကြွင်းမဲ့ အာရုံခြောက်ပါး အာရုံပြုရာ၌ မဟာကြိယာ သမ္ပယုတ်သည် သဗ္ဗညုတဉာဏ် စွမ်းဖြင့် ဖြစ်သော အခါအလုံးစုံကို အာရုံပြု၏။ ထိုထိုကြိယာ အဘိညာလည်း အလုံးစုံကို အာရုံပြု၏။ ဝုဋ္ဌော-မနောဒွါရာဝဇ္ဇန်းကား ထိုထို ဇောတို့၏ ရှေ့၌ဖြစ်၍ သဗ္ဗညုတ ဉာဏ်ဇော၏ ရှေ့၌ဖြစ်သောအခါ အလုံးစုံပင် အာရုံပြု၏။ အရာ ကျယ်သောကြောင့် ဆင်ပြောင်ကြီးနှင့် တူသောစိတ်ဖြစ်၏။

ကာမာဝစရကို အဘယ့်ကြောင့် ပရိတ္တဟု ခေါ်သနည်း?

ပရိ-ထက်ဝန်းကျင်မှ+အတ္တံ-ပိုင်းဖြတ် အပ်သောကြောင့် ပရိတ္တ မည်၏။ မဂ္ဂုတ် လောကုတ္တရာတို့ကို ထောက်လျှင် အလွန်နည်းသော အာနုဘော် ရှိသောကြောင့် ပိုင်းဖြတ်ခံရသည်နှင့် တူ၏။ ပရိသမန္တတော အတ္တံ-ခဏ္ဍိတံ ဝိယာတိ-ပရိတံ။ ပရိ၊ အာ၊ ဒါ- အဝခဏ္ဍနေ+တ။

ဒွါရဝိမုတ် အာရုံမှတ်ဘွယ်

ဒွါရဝိမုတ်အာရုံသည် အာဝဇ္ဇန်း၏ အာရုံကဲ့သို့ အသစ်မဟုတ်၊ အတိတ်ဘဝ မရဏာသန္နဇော ယူပြီးသော အာရုံဟောင်းဖြစ်၏။ ပစ္စုပ္ပန်သက်သက်၊ တေကာလိက သက်သက်မဟုတ်၊ ဒွေကာလိကနှင့် ကာလဝိမုတ်ဖြစ်၏။ ဖြစ်ပြီးအာရုံ၊ ခံစားပြီးအာရုံ၊ ထင်ဆဲ အာရုံသာ ဖြစ်သောကြောင့် အနာဂတ်လည်း မဟုတ်။

ဤ ဒွါရဝိမုတ် အာရုံသည် အာဂမသိဒ္ဓိ ဝေါဟာရမှမလွတ်။ “ဤ၌ကုသိုလ်ကံ အကုသိုလ်ကံသည် အာဂမ မည်၏။ အာဂမမည်သော ကံကြောင့် ဖြစ်သောကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟူသော အမည်သည် အာဂမသိဒ္ဓိ ဝေါဟာရ မည်၏”။

ထိုတွင် ဥဒ္ဓစ္စကြဉ်သော အကုသိုလ် စေတနာ ၁၁၊ မဟာကုသိုလ် စေတနာ ၈- သည် ကံဖြစ်၏။ စေတသိက်ဓမ္မာရုံ၊ အတိတ်၊ မနောဒွါရဂ္ဂဟိတ ဖြစ်၏။ ကာမပဋိသန္ဓေ၊ ဘဝင်၊ စုတိ-အားထင်၏။

(မဟဂ္ဂုတ်ကံသည် ဟဂ္ဂုတ်ပဋိသန္ဓေ, ဘဝင်, စုတိအား မထင်။)

ပဋိသန္ဓေကို ဖြစ်စေတတ်သောကံ၏ အာရုံသည် ကမ္မနိမိတ် မည်၏၊ အာရုံ ခြောက်ပါး ဖြစ်၏။ ပစ္စုပ္ပန်အချို့၊ အတိတ် အချို့၊ ကာလဝိမုတ် အချို့ဖြစ်၏။ ဆဒွါရဂ္ဂဟိတ ဖြစ်၏၊ ကာမ၊ ရူပ၊ အရူပ (ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊) အားထင်၏။

ဤ၌ ပစ္စုပ္ပန် အချို့သည် အာရုံခြောက်ပါး။ ဆဒွါရဂ္ဂဟိတ၊ ကာမပဋိသန္ဓေ၊ ဘဝင်၊ စုတိအား ထင်၏။ အတိတ်အချို့သည် အာရုံခြောက်ပါး၊ မနောဒွါရဂ္ဂဟိတ ကာမ ပဋိသန္ဓေ၊ ဘဝင်၊ စုတိအား ထင်၏။

အတိတ် အချို့သည် မဟဂ္ဂုတ်စိတ် (အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန၊) ဓမ္မာရုံ။ မနောဒွါရဂ္ဂဟိတ။ ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတနုအား ထင်၏။ ကာလဝိမုတ်အချို့သည် ပညပ်ဓမ္မာရုံ၊ မနောဒွါရဂ္ဂဟိတ၊ ရူပ၊ အာကာသာ-နဉ္စာယတန၊ အာကိဉ္စညာယတနအား ထင်၏။

လားရာဂတိ၌ရှိသော အာရုံသည် ဂတိနိမိတ်မည်၏။ ရူပါရုံ။ ပစ္စုပ္ပန်။ မနောဒွါရဂ္ဂဟိတ။ ကာမအား ထင်၏။

ယေဘုယျမှတ်ဘွယ်

အသညသတ်မှ စုတေသော သူတို့၏ ပဋိသန္ဓေအာရုံသည် အတီတာနန္တရ ဘဝ ဆဒွါရဂ္ဂဟိတ မဟုတ်။ ရှေးရှေးဘဝ အပရာ ပရိယ ကံစွမ်းဖြင့် ထင်သည်။ ထိုကံသည်ပင် အခွင့်ရ၍ ပဋိသန္ဓေကိုလည်း ဖြစ်စေသည်။ တပါးသော ဘုံမှ စုတေသော သူတို့၏ ပဋိသန္ဓေအာရုံကား အတီတာနန္တဘဝ ဆဒွါရဂ္ဂဟိတ ဖြစ်သည်။ ထို့ကြောင့် ယေဘုယျန-ဟုဆိုသည်။

အပရာပရိယကံစွမ်းဖြင့် ထင်သောအာရုံသည် ထိုကံပြုရာဘဝ၌ ဒွါရတခုခုဖြင့် ယူပြီးပင် မဟုတ်လော၊ ကံနှင့်ကမ္မနိမိတ်သည် ဒွါရ တခုခုဖြင့် ယူပြီး ဟုတ်၏။ ဂတိနိမိတ်ကား ယူပြီး မဟုတ်။ ဤကား စကားတုံ့ပြန်၍ဖြေသော ပဋိဝစန ပရိဟာရ တည်း။

(ဂတိနိမိတ် ဟူသည် သေခါနီး အခါ၌သာထင်သည်။ ကံပြုစဉ် မထင်။)

တနည်းကား။

မရဏာသန္ဒဇော ယူသော အာရုံကိုရည်၍ ဤနေရာ၌ ဆဒွါရဂ္ဂဟိတ ဟုဆိုသည်။ ကံပြုစဉ် ဒွါရတခုခုဖြင့် ယူသည်ကို ဆဒွါရဂ္ဂဟိတ-ဟု ဆိုသည်မဟုတ်။ ဤကား ပယ်၍ ဖြေသော ပဋိက္ခေပ ပရိဟာရ တည်း။

နနဝတ္တဗ္ဗံ၊ သစ္စံ-ခံ၍ဖြေမှု-အတျူပဂမ ပရိဟာရ မည်၏။ ပရိဟာရ သုံးမျိုးရှိသည်၊ ဤ၌နှစ်မျိုးဖြင့် ဖြေသည်။

ဝတ္ထုသင်္ဂဟမှတ်ဘွယ်

ဝတ္ထုသင်္ဂဟ၌ ဝတ္ထုရုပ်ခြောက်ပါးဖြင့်စိတ်, စေတသိက်တို့ကို ဝေဘန်သည်။ ဤ ရုပ်တို့သည် စိတ်, စေတသိက်တို့၏ နေရာဖြစ်သောကြောင့် ဝတ္ထုမည်၏။

ပသာဒိန္ဒြေ အားလုံးပြည့်စုံသော သူတို့သည် ကာမဘုံ၌သာ ဖြစ်ကုန်၏။ ထို့ကြောင့် ကာမဘုံ၌ ဝတ္ထုရုပ်အားလုံး ရသည်။

ဗြဟ္မာတို့အား ဘာဝနာစွမ်းဖြင့် ကာမရာဂ မရှိ။ ကာမရာဂ အမြဲအားပေးသော ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗတို့၌ တပ်ခြင်းမရှိသဖြင့် တွဲဘက် ဃာနာဒိတ္တယ၌လည်း တပ်ခြင်းမရှိ။ စက္ခုသောတတို့၌ကား ဘုရားဖူးခြင်း၊ တရားနာခြင်းငှါသာလျှင် တပ်ခြင်းရှိ၏။

အရူပဗြဟ္မာတို့အား ဘာဝနာစွမ်းဖြင့် ရုပ်အားလုံး၌ တပ်ခြင်း မရှိ။ ထို့ကြောင့် ဝတ္ထုရုပ် မရ။

လေးဆဲ့သုံးပါးသော စိတ်သည် အဘယ်ကြောင့် ဝတ္ထုရုပ်ကို အမြဲမှီသနည်း၊ အရူပဘုံ၌ မဖြစ်ခြင်းကြောင့်တည်း။

ချဲ့ဦးအံ့၊

ပဉ္စဝိညာဏ်၊ သန္တီရဏ၊ မနောဓာတ်အားဖြင့် ၁၆-ခုတို့သည် အရူပဘုံ၌ ဖြစ်ရာ ပဉ္စဒွါရ မရှိသောကြောင့် မဖြစ်ကုန်။ ပဋိသန္ဓေ, ဘဝင်, စုတိ, တဒါရုံကိစ္စတပ်သော သန္တီရဏနှင့် မဟာဝိပါက် စိတ်ရှစ်ခုသည် အရူပဘုံ၌ မိမိ၏ပြုဘွယ် ကိစ္စ မရှိသောကြောင့် မဖြစ်။ ဒေါသမူဒွေသည် အမြဲနိစ္စ နီဝရဏဖြစ်သောကြောင့် ရူပဘုံ၌ ပင်မဖြစ်။ ပဌမ မဂ်သည် အရူပဘုံ၌ သူတပါး အသံကို မကြားရသောကြောင့် မဖြစ်။

တရားဟောသံကြားရမှ သောတာပတ္တိမဂ်ဖြစ်နိုင်သည်။ ဝါ-သယမ္ဘူပုဂ္ဂိုလ်တို့သည် လူ့ဘုံမှတပါးသော ဘုံတို့၌ မဖြစ်သောကြောင့် အရူပဘုံ၌ ပဌမမဂ် မဖြစ်။ ဟသိတုပ္ပါဒ်သည် အရူပဘုံ၌ ရူပကာယ မရှိသောကြောင့် မဖြစ်။ ရူပစိတ် ၁၅-ခု သည် ကသိုဏ်းရုပ်ကို (ဝါ-ရုပ်နှင့်တူသော ကသိုဏ်းပညပ်ကို) အာရုံပြုသောကြောင့် အရူပဘုံ၌မဖြစ်။ မိမိမကြိုက်သော ရုပ်ကို အာရုံပြုသောကြောင့် လက်မခံဟူလို။

ဤသို့ လေးဆဲ့သုံးပါးသောစိတ်သည် အရူပဘုံ၌ မဖြစ်ခြင်းကြောင့် ပဉ္စဝေါကာရ၌ ဝတ္ထုရုပ်ကို အမြဲမှီသည်။

ပကိဏ်းပိုင်းအရသာပြီး၏။

၄-ဝီထိပိုင်း

ဤသို့ စိတ်စေတသိက်တို့၏ ပကိဏ္ဏက သင်္ဂဟကို ပြပြီး၍ ယခုအခါ ဘုံအပြား ပုဂ္ဂိုလ်အပြား ဖြင့်လည်း မှတ်အပ်သော, ရှေးစိတ် နောက်စိတ်တို့ဖြင့်လည်း မှတ်အပ်သော, ပဋိသန္ဓေ ပဝတ္တိ နှစ်ပါးတို့တွင် ပဝတ္တိအခါ၌သာ ဖြစ်သောကြောင့် ပဝတ္တိသင်္ဂဟ လည်းမည်သော, ဝီထိသင်္ဂဟကို အကျဉ်းအားဖြင့်ဆိုပေအံ့။

ဆဆက္က

ဤ ဝီထိသင်္ဂဟ၌ ဝတ္ထု ၆-ပါး၊ ဒွါရ ၆ -ပါး၊ အာရုံ ၆-ပါး၊ ဝိညာဏ် ၆-ပါး၊ ဝီထိ ၆-ပါး၊ ဝိသယပဝတ္တိ-၆-ပါး၊ ဤသို့ ၆-ပါး ၆ -ခုသိအပ်၏။

ဝီထိမုတ်စိတ်တို့၏ ဝိသယပဝတ္တိကား (၆-ပါးမဟုတ်) ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် စွမ်းဖြင့် သုံးပါး ဖြစ်၏၊ ဝတ္ထု၊ ဒွါရ၊ အာရုံတို့သည် ဆိုပြီးသော နည်းရှိကုန်ပြီ။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်-ဤကား ဝိညာဏ် ၆-ပါးတည်း။

စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ - ဤကား ဒွါရစွမ်းဖြင့် ဝီထိ ၆−ပါးတည်း၊

စက္ခုဝိညာဏဝီထိ၊ သောတဝိညာဏဝီထိ၊ ဃာနဝိညာဏဝီထိ၊ ဇိဝှါဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနော ဝိညာဏဝီထိ - ဤကား ဝိညာဏ်စွမ်းဖြင့် ဝီထိ ၆-ပါးတည်း။ ခြောက်ဒွါရ၌ ဖြစ်သောစိတ်ဖြစ်စဉ်သည် ဝီထိ မည်၏။ တဆဲ့တကိစ္စ ရှိ၏၊ ခြောက်ဒွါရမှ လွတ်သော စိတ်ဖြစ်စဉ်သည် ဝီထိမုတ် မည်၏။ သုံးကိစ္စရှိ၏။

ဝိသယ ပဝတ္တိကား ပဉ္စဒွါရ၌ အတိမဟန္တာရုံ၊ မဟန္တာရုံ၊ ပရိတ္တာရုံ၊ အတိပရိတ္တာရုံ ဟုလေးပါး၊ မနောဒွါရ၌ ဝိဘူတာရုံ၊ အဝိဘူတာရုံဟု နှစ်ပါး။ ဤသို့ ခြောက်ပါးဖြစ်၏။

အာရုံတို့၏ + ဒွါရတို့၌ ဖြစ်ခြင်းသည် ဝိသယန + ပဝတ္တိမည်၏။ ဝါ- အာရုံတို့၌ + စိတ်တို့၏ ဖြစ်ခြင်းသည် ဝိသယ + ပဝတ္တိ မည်၏။

ဝိသယပဝတ္တိဖြစ်ပုံကား ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏအားဖြင့် ခဏငယ်သုံးခု အပေါင်းသည် စိတ်တခု၏ ခဏမည်၏၊ စိတ္တက္ခဏ ၁၇-ချက်ခန့်၊ ဝါ၊ ခဏငယ် ၅၁-ချက်ခန့် ကာလသည် ရုပ်သက် မည်၏၊ ဝါ၊ဝိညပ်ဒွေ၊ လက္ခဏရုပ် လေးခုကြဉ်သော ၂၂-ပါးသော ရုပ်တို့၏ အသက်မည်၏။

ဝိညပ်ဒွေကား ဥပါဒ်တချက်၊ ဌီတချက်၊ ဘင်တချက်၊ သုံးချက်၊ လက္ခဏရုပ်တို့တွင် ဥပစယသည် ဥပါဒ်တချက်၊ သန္တတိသည် ဥပါဒ်တချက်၊ ဇရတာသည် ဌီ ၄၉-ချက်၊ အနိစ္စတာသည် ဘင် တချက်၊ ကြွင်းရုပ် ၂၂ -ခုကား ဥပါဒ်တချက်၊ ဌီ ၄၉ -ချက်၊ ဘင် တချက်၊ ပေါင်း ၅၁-ချက်။

ကာမဇောဝါရ

ပဉ္စာရုံတို့သည် စိတ္တက္ခဏ တချက်ခန့် ဖြစ်စေ၊ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်၊ ရှစ်ချက်၊ ကိုးချက်၊ ဆယ်ချက်၊ ဆဲ့တချက်၊ ဆဲ့နှစ်ချက်၊ ဆဲ့သုံးချက်၊ ဆဲ့လေးချက်၊ ဆဲ့ငါးချက်ခန့်ဖြစ်စေ၊ လွန်၍ ရုပ်ဌီအဖြစ်သို့ ရောက်မှသာလျှင် ငါးဒွါရ၌ ထင်ခြင်းသို့ ရောက်ကုန်၏၊

အတိမဟန္တာရုံ

ထိုကြောင့်စိတ္တက္ခဏ တချက်လွန်သော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ထိုအခါ၊ (ရှေးကံ၊ ကမ္မနိမိတ် ဂတိနိမိတ် အာရုံ၌သာ) နှစ်ကြိမ် ဘဝင် လှုပ်၍ ဘဝင်စိတ်သည်ပင် ဘဝင်အရှိန်ကို ဖြတ်သကဲ့သို့ဖြစ်၍ ဘဝင် ပြတ်သွား၏။

ဘဝင်ပြတ်ခြင်းကြောင့် ထိုထင်သော ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည် တကြိမ်ဖြစ်၍ ချုပ်၏၊ ထိုနောင်စိတ်၏ အခြားမဲ့၌ ထိုရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်၊ လက်ခံတတ်သော သမ္ပဋိစ္ဆိုင်း၊ စုံစမ်းတတ်သော သန္တီရဏ၊ ကောင်းစွာ မှတ်တတ်သော ဝုဋ္ဌောဟု အစဉ်အတိုင်း တကြိမ်စီဖြစ်၍ ချုပ်၏။

ထိုနောင် ကာမဇော တခုယုတ် သုံးဆယ်တို့တွင် အကြောင်း အားလျော်စွာ တခုခုသည် (ဝါ-နှလုံးသွင်း ကောင်းလျှင် ကုသိုလ်ဇောသည်၊ မကောင်းလျှင် အကုသိုလ်ဇောသည်၊ ရဟန္တာသာဖြစ်လျှင် ကြိယာဇောသည်၊) များသောအားဖြင့် ခုနစ်ကြိမ် ပြေးသွား သကဲ့သို့ ဇောစော၏၊

ထိုနောင် ထိုက်သည်အားလျှော်စွာ (ဝါ-ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ဖြစ်လျှင် ဇော၏နောက်လိုက် တဒါရုံလည်း နှစ်ကြိမ်ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏၊ (ရူပပုဂ္ဂိုလ်တို့အား ဤဝီထိ၌ တဒါရုံမကျ၊ အရူပပုဂ္ဂိုလ်တို့အား လုံးလုံးမဖြစ်။)

ဤမျှဖြင့် ဝီထိစိတ် ၁၄-ခု၊ ဘဝင်္ဂစလန ၂-ခု၊ အတီတဘဝင် ၁-ခုအားဖြင့် စိတ္တက္ခဏ ၁၇-ချက် (ခဏငယ် ၅၁-ချက်) ပြည့်၏။ ထိုနောင် ထိုထင်သော ရူပါရုံသည် ချုပ်၏။ ဤရူပါရုံသည် အလွန် များသော ဝီထိစိတ်ရှိသောကြောင့် အတိမဟန္တာရုံမည်၏။

(ဤ၌ ဒုတီယ ဘဝဂ်စလနသည် ဘဝင်္ဂုပစ္ဆေဒလည်း မည်၏၊)

မဟန္တာရုံ

တဒါရုံနှစ်ကြိမ်ဖြစ်ခြင်းငှါ မလောက်အောင် စိတ္တက္ခဏ နှစ်ချက်၊ သုံးချက်ခန့် လွန်ပြီးမှ ထင်ခြင်းသို့ ရောက်သော ရူပါရုံသည် မဟန္တာရုံ မည်၏။ ဤမဟန္တာရုံ၌ ဇောအောင် ဘဝင်သာကျသည်၊ တဒါရုံမကျ။

ပရိတ္တာရုံ

ဇောခုနစ်ကြိမ်ဖြစ်ခြင်းငှါ မလောက်အောင် လေးချက်၊ ငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်၊ ရှစ်ချက်၊ ကိုးချက်ခန့် လွန်ပြီးမှ ထင်သောရူပါရုံသည် ပရိတ္တာရုံမည်၏။ ဤ ပရိတ္တာရုံ၌ ဇောမဖြစ်ခြင်းကြောင့် ဝုဋ္ဌော နှစ်ကြိမ်ဖြစ်စေ၊ သုံးကြိမ်သာဖြစ်စေ၊ ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

အတိပရိတ္တာရုံ

ဝုဋ္ဌောနှစ်ကြိမ်မျှ ဖြစ်ခြင်းငှါ မလောက်အောင် ဆယ်ချက်၊ ဆဲ့တချက်၊ ဆဲ့နှစ်ချက်၊ ဆဲ့သုံးချက် ဆဲ့လေးချက်၊ ဆဲ့ငါးချက်ခန့် လွန်ပြီးမှ ထင်သော ချုပ်လုနီးသော ရူပါရုံသည် အတိပရိတ္တာရုံ မည်၏။ ဤ အတိပရိတ္တာရုံ၌ ဘဝဂ်စလန နှစ်ကြိမ်သာ ဖြစ်သည်။ ဝီထိစိတ်မဖြစ်၊ ဝီထိစိတ်မဖြစ်ခြင်းကြောင့် ဒုတီယ ဘဝင်္ဂစလနသည် ဘဝင်္ဂုပစ္ဆေဒ မဖြစ်။ ဝီထိစိတ်ဖြစ်မှ ဘဝင်ပြတ်သည်၊ ဘဝင်္ဂုပစ္ဆေဒဖြစ်သည်။

ဤသို့ စက္ခုဒွါရ၌ ရူပါရုံသည် အတိမဟန္တာရုံ စသော ဝိသယပဝတ္တိ လေးပါး ဖြစ်သကဲ့သို့ သောဒွါရ စသည်တို့၌လည်း သဒ္ဒါရုံ စသည်သည် လေးပါးစီဖြစ်၏။ ပဉ္စဒွါရ၌ ဝီထိစိတ်သည် တဒါရမ္မဏဝါရ၊ ဇဝနဝါရ ၊ ဝေါဋ္ဌဗ္ဗနဝါရ ၊မောဃဝါရဟုလေး ဝါဒဖြစ်၏။ ထို ဝိသယပဝတ္တိ လေးပါးသည် ထိုဝါရလေးပါး၏ အစဉ်အတိုင်း အာရုံဖြစ်၏။ ဝါ-အကြောင်းဖြစ်၏။

ပဉ္စဒွါရ၌ ထိုက်သည်အားလျှော်စွာ ဝီထိစိတ်တို့သည် ၇-လုံး ဝါ ၇-ကိစ္စ၊ ၁၄-ကြိမ်၊ စိတ်ကျယ် ၅၄-ဖြစ်၏၊ ကိစ္စကျယ် ၁၁-ဖြစ်၏။

ပဉ္စဒွါရဝီထိစိတ်ဖြစ်နည်းပြီး၏။

(မနောဒွါရိက စိတ်၏ အာရုံသည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ကာလဝိမုတ် အာရုံခြောက်ပါးလုံး ဖြစ်သောကြောင့် အတိမဟန္တစသည်ဖြင့် မှတ်သားနိုင်၊ ဝိဘူတ၊ အဝိဘူတဖြင့်သာ ထိုအာရုံခြောက်ပါးကို မှတ်သည်။)

ဝိဘူတာရုံ

မနောဒွါရ၌ ဝိဘူတ-ပါကဋ ထင်ရှားစွာ ဖြစ်၍ အာရုံခြောက်ပါး ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ထိုမှနောက်၌ ဘဝင်္ဂစလန နှစ်ကြိမ်၊ မနောဒွါရာဝဇ္ဇန်း တကြိမ်၊ ကာမဇော ခုနစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ်ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

အဝိဘူတာရုံ

အဝိဘူတ-အပါကဋ မထင်မရှား ဖြစ်၍ ထင်သော အာရုံခြောက်ပါး၌ကား ဇောနောင် ဘဝင်သာကျသည်၊ တဒါရုံ မကျ။

မနောဒွါရ၌ ဝီထိစိတ်သုံးလုံး၊ ဝါ-သုံးကိစ္စ၊ ဆယ်ကြိမ်။ စိတ်ကျယ် ၄၁။ ကိစ္စကျယ် သုံးကိစ္စဖြစ်၏။

ကာမဇောဝါရ ပြီး၏။

အပ္ပနာဇောဝါရ

အပ္ပနာဇောဝါရ၌ ဝိဘူတာရုံ၊ အဝိဘူတာရုံအပြား မရှိ၊ ဝိဘူတာရုံ ချည်းသာဖြစ်၏၊ တဒါရုံကျခြင်းလည်း မရှိ၊

အပ္ပနာဇောကျပုံကား --

ဉာဏသမ္ပယုတ် ကာမကုသိုလ်၊ ကြိယာ ဇောရှစ်ခုတို့တွင် တခုခုသည် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု ဒန္ဒာဘိည ပုဂ္ဂိုလ်အား လေးကြိမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု ခိပ္ပါဘိည ပုဂ္ဂိုလ်အား သုံးကြိမ် အစဉ်အတိုင်း ဖြစ်၏။ ငါးကြိမ်မြောက်၊ လေးကြိမ်မြောက်၌ မဟဂ္ဂုတ်၊ လောကုတ္တရာ ဇော ၅၈-ခုတို့တွင် သမထပွါးသူအား မဟဂ္ဂုတ်ဇောသည်၊ ဝိပဿနာပွါးသူအား လောကုတ္တရာဇောသည် အပ္ပနာဝီထိ အမျိုးမျိုးသို့ သက်၏။ အပ္ပနာဇောအဆုံး၌ ဘဝင်သာကျသည်၊ ကာမဇောပြန်မကျ။

(အချို့ကား - လောကီ ပဌမအပ္ပနာဇော နောင် ကာမဇော ပြန်ကျသေးသည်ဟု ဆိုကုန်သတတ်။)

အပ္ပနာဝီထိဖြစ်ပုံကား --

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟု လေးကြိမ်၊ ဝါ- ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟု သုံးကြိမ်ဖြစ်၍ --

၁။ အာဒိကမ္မိက ဝီထိ ဖြစ်အံ့၊ မဟဂ္ဂုတ်ဇော တကြိမ်စော၍ ဘဝင်ကျ၏၊

၂။ သမာပဇ္ဇန ဝီထိဖြစ်အံ့၊ မဟဂ္ဂုတ်ဇော အကြိမ်များစွာ စော၍ ဘဝင်ကျ၏။

၃။ မဂ္ဂဝီထိဖြစ်အံ့ မဂ်ဇောတကြိမ်၊ ဖိုလ်ဇောနှစ်ကြိမ်၊ သုံးကြိမ် စော၍ ဘဝင်ကျ၏၊

၄။ ဖလသမာပတ္တိဝီထိ ဖြစ်အံ့၊ ဖိုလ်ဇောအကြိမ် များစွာစော၍ ဘဝင်ကျ၏၊

အမျိုးအားဖြင့် လေးမျိုး ၊ အကျယ်အားဖြင့် မန္ဒ၊ တိက္ခစွမ်းဖြင့် အာဒိကမ္မိက ဝီထိ ၃၆။ သမာပဇ္ဇန ဝီထိ ၃၆။ (ဝါ-မဟဂ္ဂုတ်ဝီထိ ၇၂။) မဂ်ဝီထိ ၄၀။ ဖိုလ်ဝီထိ ၄၀။ ပေါင်း- ၁၅၂ -ဝီထိဖြစ်၏။

တိဟိတ်ကာမဇော ရှစ်ခုနောင် အပ္ပနာဇော ၅၈-ခု ကျရာ၌ သောမနဿ နောင် သောမနဿသာ ကျသည်၊ ဥပေက္ခာနောင် ဥပေက္ခာသာကျသည်၊ ဝေဒနာ တူသော်လည်း ကုသိုလ်နောင် ကုသိုလ်လည်းကျသည်၊ အောက်ဖိုလ်လည်း ကျသည်၊ ကြိယာနောင် ကြိယာလည်း ကျသည်၊ အရဟတ္တဖိုလ်လည်း ကျသည်။

သောမနဿကုသိုလ်နောင် ၃၂-ကျသည်။

ဝါ - မဟဂ္ဂုတ် ကုသိုလ် ၄ + ကြိယာ-ဝ + မဂ် ၁၆ + ဖိုလ် ၁၂ - ပေါင်း ၃၂-ကျသည်၊

ဥပေက္ခာကုသိုလ် နောင် ၁၂-ကျသည်၊ (၅+ဝ+၄+၃။)

သောမနဿ ကြိယာ နောင် ၈-ကျသည်၊ (ဝ+၄+ဝ+၄)

ဥပေက္ခာကြိယာနောင် ၆-ကျသည်၊ (ဝ+၅+ဝ+၁)၊

ပုထုဇဉ်၊ သေက္ခတို့အား တိဟိတ်ကာမကုသိုလ် ဇောနောင်သာ အပ္ပနာ ကျသည်၊ (ဝါ - ၄၄-ကျသည်၊ ကုသိုလ်နောင် ကုသိုလ်၊ အောက်ဖိုလ်အတိုင်းပင်တည်း။)

ရဟန္တာတို့အား တိဟိတ်ကာမ ကြိယာဇောနောင်သာ အပ္ပနာကျသည်။

(ဝါ-၁၄- ကျသည်၊ ကြိယာနောင်ကြိယာ၊ အရဟတ္တဖိုလ် အတိုင်းပင်တည်း။)

မနောဒွါရဝီထိစိတ်ဖြစ်နည်း ပြီး၏။

[ဝီထိတို့သည် အတိမဟန္တာရုံ တဝီထိ၊ မဟန္တာရုံ နှစ်ဝီထိ၊ ပရိတ္တာရုံ ၆-ဝီထိ၊ အတိပရိတ္တာရုံ ၆-ဝီထိအားဖြင့် --

စက္ခုဒွါရ ဝီထိ ၁၅။

သောတဒွါရဝီထိ ၁၅။

ဃာနဒွါရဝီထိ ၁၅။

ဇိဝှါဒွါရဝီထိ ၁၅။

ကာယဒွါရဝီထိ ၁၅။

ဤသို့ ပဉ္စဒွါရဝီထိ ၇၅-ဖြစ်၏။

မနောဒွါရ၌ ဝိဘူတာရုံ ငါးဝီထိ၊ အဝိဘူတာရုံ နှစ်ဝီထိ၊ တနည်း ဝိဘူတာရုံ တဝီထိ၊ အဝိဘူတာရုံ တဝီထိ၊ မနောဒွါရာဝဇ္ဇန်း နှစ်ကြိမ်၊ သုံးကြိမ်မျှ ကျသော အဗျာကတ ဝီထိခေါ် အိပ်မက်တဝီထိအားဖြင့် ကာမ၌ ဆယ်ဝီထိဖြစ်၏။

ရူပ၌ ၄၀၊ အရူပ၌ ၃၂။ (ဝါ-မဟဂ္ဂုတ် ၇၂-ဝီထိ၊) လောကုတ္တရာ၌ ဝီထိရှစ်ဆယ်နှင့် ၁၅၂ -ဖြစ်၏၊ ပဉ္စဒွါရ ရ၅၊ မနောဒွါ ရ ၁၅၂ -ပေါင်း ၂၂၇ -ဖြစ်၏။]

တဒါရုံမှတ်ခြင်း

ခြောက်ဒွါရ၌ ခြောက်အာရုံ ထင်သောအခါ အနိဋ္ဌာရုံဖြစ်အံ့၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ဟူသော ဝိပါက်တို့သည် အကုသလဝိပါက်သာ ဖြစ်ကုန်၏၊ (ဝါ-အကုသလဝိပါက် ခုနစ်ခုသာဖြစ်သည်။)

ဣဋ္ဌဟူသော ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်အံ့၊ ကုသလဝိပါက်သာ ဖြစ်ကုန်၏။ ကုသလဝိပါက် ၁၆-ခု တို့တွင်လည်း သန္တီရဏ၊ တဒါရုံသည် ဥပေက္ခာသာဖြစ်၏။ (ဝါ-၁၁ သာ ဖြစ်သည်။) အတိ ဣဋ္ဌာရုံဖြစ်အံ့-ကုသလ ဝိပါက်သာဖြစ်ကုန်၏။ ကုသလဝိပါက် ၁၆- တို့တွင်လည်း သန္တီရဏ တဒါရုံသည် သောမနဿသာ ဖြစ်၏။ (ဝါ-၁၁ သာ ဖြစ်သည်။)

အနိဋ္ဌာရုံ၌ ဥပေက္ခာတဒါရုံ ၁၊ မဇ္ဈတ္တာရုံ၌ ဥပေက္ခာထဒါရုံ ၅၊ အတိဣဋ္ဌာရုံ၌ သောမနဿ တဒါရုံ ၅။

တဒါရုံဝိပါက်သည် ကံအဟုန်ကြောင့် ဖြစ်ခြင်းကြောင့် အာရုံ အားလျော်စွာ မြဲသည်၊ မှန်သည်။

ကာမဇော ၂၉-ခု နောင်တဒါရုံ ဧကာဒသ ကျပုံကား --

သောမနဿ ကြိယာဇော ငါးခုနောင် သောမနဿ တဒါရုံ ငါးခုကျသည်။ (အတိဣဋ္ဌာရုံကို ချိန်သည်။) ဥပေက္ခာ ကြိယာဇော လေးခု နောင် ဥပေက္ခာတဒါရုံ ခြောက်ခုကျသည်။ (အနိဋ္ဌာရုံ၊ မဇ္ဈတ္တာရုံကို ချိန်သည်။)

ဤ စကားရပ်သည် ဘုရားရဟန္တာနှင့် ဆိုင်သည်။ ဝိပလ္လာသ ကင်းသောကြောင့် ဝိပါက်လည်း မှန်သည်၊ ဇောလည်း မှန်သည်။

ဒေါသဇော နှစ်ခု နောင် ဥပေက္ခာ တဒါရုံ ခြောက်ခုသာ ကျသည်၊ ဘဝင် ကျလျှင်လည်း ထိုဥပေက္ခာ ဘဝင် ၆-ခုသာ ကျသည်။ (အနိဋ္ဌာရုံ၊ မဇ္ဈတ္တာရုံကို ချိန်သည်၊ အတိဣဋ္ဌာရုံ ကျန်သေးသည်)

ကြွင်းကာမဇော ၁၈-ခု နောင် တဒါရုံ ဧကာဒသကျသည်။ (အာရုံသုံးခုလုံး ချိန်သည်။)

ဤစကား နှစ်ရပ်သည် ပုထုဇဉ်၊ သေက္ခတို့နှင့်ဆိုင်သည်၊ ဝိပလ္လာသ မကင်း သောကြောင့် ဇောမမှန်၊ ဝိပါက်ကား ကံအဟုန်ကြောင့် မှန်သည်။

ဝိပလ္လာသ မှတ်ဘွယ်

ဝိပလ္လာသသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ လေးပါး၌ နိစ္စ၊ သုခ၊ အတ္တ၊ သုဘ-ဟု ဖောက်ပြန်သည်၊ မှတ်တတ်၊ ကြံတတ်၊ မြင်တတ်သော သညာ၊ စိတ္တ၊ ဒိဋ္ဌိစွမ်းဖြင့် ၁၂ ပါးပြားသည်။

ထိုတွင် --

အနိစ္စ၌ နိစ္စဟူသော သညာ၊ စိတ္တ၊ ဒိဋ္ဌိသုံးပါးကို၎င်း၊

အနတ္တ၌အတ္တဟု သုံးပါးကို၎င်း၊

ဒုက္ခ၌ သုခဟု၊ အသုဘ၌ သုဘဟု ဒိဋ္ဌိနှစ်ပါးကို၎င်း ပဌမမဂ် ပယ်သည်၊

ဝါ၊ ဒိဋ္ဌိလေးပါး၊ အနိစ္စ၊ အနတ္တ၌ သညာပါး၊ စိတ္တနှစ်ပါး- ပေါင်း ရှစ်ပါးပယ်သည်၊

ဝါ ဒိဋ္ဌိအကုန်၊ နိစ္စအကုန်၊ အတ္တအကုန်ပယ်သည်။

ဒုက္ခ၊ အသုဘ၌ သညာ, စိတ္တ နှစ်ပါးစီဖြင့် လေးပါး ကျန်သည်။

အသုဘ၌ သုဘဟု သညာ, စိတ္တ နှစ်ပါးကို တတီယမဂ် ပယ်သည်။

ဒုက္ခ၌ သုခဟု သညာ, စိတ္တနှစ်ပါးကို စတုတ္ထမဂ် ပယ်သည်။

ထိုကြောင့် ဝိပလ္လာသသည် -

ပုထုဇဉ်၌ ၁၂၊

သောတာပန် ၄၊

သကဒါဂါမ် ၄၊

အနာဂါမ် ၂၊

ရဟန္တာ၌ မရှိ။

အာဂန္တုက ဘဝင်

သောမနဿ ပဋိသန္ဓေ နေသူအား ဒေါသဇောနောင် တဒါရုံမကျသည်ဖြစ်အံ့၊ ဝါ-သောမနဿ တဒါရုံ ကျထိုက်သော အာရုံဖြစ်လျက် မကျအံ့၊ (အတိဣဋ္ဌာရုံကို ချိန်သည်။) ထိုအခါ ယခုဘဝ၌ လေ့ကျက်ဘူးသော ကာမအာရုံ တခုခုကို အသုံးပြု၍ ဥပေက္ခာ သန္တီရဏသည် အာဂန္တုကဘဝင် အဖြစ်ဖြင့် တကြိမ်ဖြစ်၏။ ထိုအာဂန္တုက ဘဝင်နောင်မူလ ပဋိသန္ဓေ အားလျော်စွာ သောမနဿ ဘဝင်ကျသည်။

(၁။ သောမနဿ ပဋိသန္ဓေ နေသူဖြစ်ခြင်း၊

၂။ ဒေါသဇောစောခြင်း၊

၃။ ဥပေက္ခာ တဒါရုံ မကျကောင်းသော အတိဋ္ဌာရုံဖြစ်ခြင်း၊

ဝါ-တဒါရုံ မကျကောင်းသော အာရုံဖြစ်ခြင်း၊

ဤကား အာဂန္တုက ဘဝင်ကျကြောင်း သုံးပါးတည်း။)

[ဘုရားကိုမြင်၍ တိတ္ထိတို့ ဒေါသဖြစ်သောအခါ ဒေါမနဿဇော နောင် သောမနဿ တဒါရုံ မကျကောင်း၊ အတိဣဋ္ဌာရုံ ဖြစ်၍ ဥပေက္ခာ တဒါရုံလည်း မကျကောင်း၊ ဈာန် လျောကျသောသူ ဈာန်အာရုံပြု၍ ဒေါသဖြစ်သောအခါ မဟဂ္ဂုတ်အာရုံဖြစ်၍ တဒါ ရုံမကျ။

ပညပ်အာရုံ၌လည်း တဒါရုံမကျ။

မဟန္တာရုံ၊ အဝိဘူတာရုံ၌လည်း တဒါရုံမကျ။

ကာမဇောအဆုံး၌သာ, ကာမသတ္တဝါတို့အားသာ, ကာမအာရုံ၌သာ တဒါရုံကျခြင်းကို အလိုရှိကုန်၏။

ကာမဇော၊ ကာမသတ္တပါ၊ ကာမအာရုံ သုံးပါးစုံမှသာ ဝိဘူတာရုံ၊ အတိမဟန္တာရုံတို့၌ တဒါရုံကျသည်။ မစုံလျှင် ဝိဘူတာရုံ၊ အတိမဟန္တာရုံတို့၌လည်း တဒါရုံမကျ။

တဒါရုံ မှတ်ခြင်းပြီး၏။

ဇောမှတ်ခြင်း

ကာမဇောတို့သည် ကာမဇော ဝီထိတို့၌ ခုနစ်ကြိမ်၊ ခြောက်ကြိမ် စောကုန်၏၊ မရဏာသန္နစသော အခါတို့၌ ငါးကြိမ်စောကုန်၏၊ ဝတ္ထုရုပ်အားနည်း၍ စိတ်အဟုန် ညံ့သောကြောင့်တည်း၊ မုစ္ဆာကာလ-တွေဝေသော အခါ၌လည်း ငါးကြိမ်စောကုန်၏၊ ခြောက်ကြိမ်လည်း စောကုန်၏။

မြတ်စွာဘုရား ရေမီးအစုံ တန်းခိုးပြသောအခါတို့၌ လျှင်စွာဖြစ်ခြင်းကြောင့် ပစ္စဝေက္ခဏာဇောတို့သည် လေးကြိမ်၊ ငါးကြိမ်စောကုန်၏၊ (အပ္ပနာဝီထိ၌ သုံးကြိမ်၊ လေးကြိမ်လည်း စောသေး၏)

မဟဂ္ဂုတ်ဇော (၁၈-ခု) တို့သည် အာဒိကမ္မိကအား ရှေးဦးစွာ အပ္ပနာ၌ တကြိမ်သာ စော၍ဘဝင်ကျ၏။ သမာပဇ္ဇန၌ အကြိမ်များစွာစော၍ ဘဝင်ကျ၏။ အဘိညာဇော နှစ်ခုသည် အခါခပ်သိမ်း တကြိမ်သာစော၍ဘဝင်ကျ၏။

မဂ်ဇောတို့သည် မဂ္ဂဝီထိ၌ မဂ်ဇောတကြိမ်၊ ဖိုလ်ဇော နှစ်ကြိမ်၊ သုံးကြိမ်စော၍ ဘဝင်ကျ၏၊ (ဖိုလ်ဝီထိ၌ ဖိုလ်ဇောအကြိမ် များစွာစော၍ ဘဝင်ကျ၏။)

နိရောဓသမာပတ် ဝင်စားသောအခါ နေဝသညာနာသညာယတန ကုသိုလ်၊ ကြိယာ ဇောတို့သည် နှစ်ကြိမ်စော၍ နိရောဓ သမာပတ်သို့ ရောက်၏၊

(ဝါ-စိတ်, စေတသိက်၊ စိတ္တဇရုပ် ချုပ်၍ တိဇရုပ်မျှကြွင်း၏။)

နိရောဓမှ ထသောအခါ အနာဂါမ်အား အနာဂါမိဖိုလ်ဇော တကြိမ်စော၍ ဘဝင် ကျ၏။ ရဟန္တာအား အရဟတ္တဖိုလ်ဇော တကြိမ်စော၍ ဘဝင်ကျ၏။

သမာပတ္တိဝီထိတို့၌ မဟဂ္ဂုတ်ဈာန်ဇော၊ ဖိုလ်ဇောတို့သည် ဘဝင် အယဉ်ကဲ့သို့ ပိုင်းခြားခြင်း မရှိ၊ အကြိမ်များစွာလည်း ဖြစ်ကုန်၏။

ကာမဇောသည် အလွန်ဆုံး ခုနစ်ကြိမ်သာ၊ မဂ်ဇော၊ အဘိညာဇော တကြိမ်သာ၊ ကြွင်းသောဈာန်ဇော၊ ဗိုလ်ဇောအကြိမ်များစွာလည်း စော၏၊

ဤကား ဇောမှတ်ခြင်းတည်း။

အလွန်ဆုံး ခုနစ်ကြိမ်၌ ကာမဇောသည်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်၊ ၆-ကြိမ်၊ ၇ ကြိမ်၊ ဟု ငါးမျိုးမျှ သိရသည်။

အကြိမ်များစွာ၌လည်း မဟဂ္ဂုတ်ဇောသည် တကြိမ်၊ နှစ်ကြိမ်၊ အကြိမ်များစွာ ဟု သုံးမျိုး။

ဖိုလ်ဇောသည် တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်များစွာဟုလေးမျိုးသိရသည်။

နိရောဓ အခါ နေဝသညာနာသညာယတန မဟဂ္ဂုတ်ဇော နှစ်ကြိမ်နှင့် နိရောဓမှ ထသောအခါ ဖိုလ်ဇော တကြိမ်ကား တွေ့နိုင်ခဲသည်၊ သတိသမ္ပဇဉ် ယှဉ်မှ မြင်နိုင်မည်။]

ပုဂ္ဂိုလ်ဝီထိစိတ်ရ

ဝီထိစိတ် ရှစ်ဆယ်တို့တွင် ဒွိဟိတ်၊ အဟိတ်တို့အား ကြိယာဇော၊ အပ္ပနာဇောမရ၊(ဝါ- ၃၅-မရ)၊

ဒွိဟိတ်၊ သုဂတိအဟိတ်တို့အား ဉာဏသမ္ပယုတ်ဝိပါက်လည်း မရ (ဝါ-၃၉-မရ)။

ဒုဂ္ဂတိအဟိတ်တို့အား ဉာဏဝိပ္ပယုတ် ဝိပါက်လည်းမရ(ဝါ-၄၃-မရ)။

တိဟိတ်တို့တွင် ရဟန္တာတို့အားကုသိုလ်ဇော၊ အကုသိုလ်ဇောမရ(ဝါ-၃၃-မရ)။

သေက္ခပုထုဇဉ်တို့အာ ကြိယာဇော မရ (ဝါ−၁၈-မရ)

သေက္ခတို့အား ဒိဋ္ဌိဂတသမ္ပယုတ်၊ ဝိစိကိစ္ဆာလည်းမရ (ဝါ- ၂၃-မရ)။

အနာဂါမ်တို့အား ဒေါသဇောလည်း မရ၊ (ဝါ- ၂၅-မရ)၊

လောကုတ္တရာ ဇောတို့သည်လည်း လျော်စွာ အရိယာတို့အားသာ တခုစီ ဖြစ်ကုန်၏၊ ဖြစ်သင့်သည် အားလျော်စွာ --

ရဟန္တာစိတ် ၄၄။

သေက္ခ ခုနစ်ယောက်စိတ် ၅၆။

ပုထုဇဉ်လေးယောက်စိတ် ၅၄။

ဤကားပုဂ္ဂိုလ်စွမ်းဖြင့်+ စိတ်ပြားခြင်းတည်း။ ဝါ-ပုဂ္ဂလ-+ဘေဒတည်း။

ဘုံဝီထိစိတ်ရ

ကာမဘုံ၌ ဝီထိစိတ် ရှစ်ဆယ်လုံး ထိုက်သလိုရသည်။

ရူပဘုံ၌ ဒေါသမူဇော၊ တဒါရုံမရ (ဝါ ၁၃-မရ)

အရူပဘုံ၌ ပဌမမဂ်၊ ရူပ၊ ဟသိတုပ္ပါဒ်လည်း မရ (ဝါ- ၃၀-မရ)။

အောက်အောက် အရူပစိတ်လည်း မရ။

ထိုထိုဘုံ၌ ထိုထိုပသာဒ ကင်းသူတို့အား ထိုထိုဒွါရိကစိတ် မရ။

အသညသတ်၌ အခြင်းခပ်သိမ်း စိတ်ဖြစ်ခြင်း မရှိ။

ဝီထိစိတ်တို့သည် ထိုက်သလို ကာမဘုံ၌-၈ဝ၊ ရူပဘုံ၌ ၆၄၊ အရူပဘုံ၌ ၄၂။

ဤကား ဘုံစွမ်းဖြင့် + စိတ်ဝေဘန်ခြင်းတည်း၊ ဝါ ဘူမိ+ဝိဘာဂတည်း။

ဤသို့လျှင် ခြောက်ဒွါရ၌ ဝီထိစိတ် ဖြစ်ခြင်းသည် ဖြစ်သင့်သည် အားလျှော်စွာ ဘဝင်စိတ်ခြားကာ-ခြားကာ တသက်လုံး မပြတ်ဖြစ်၏။

ပုဂ္ဂိုလ်ဝီထိစိတ်ရအကျယ်

ပုဂ္ဂိုလ်တို့သည် ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်ဟု ပုထုဇဉ် လေးယောက်၊ မဂ်ပုဂ္ဂိုလ် လေးယောက်၊ ဖိုလ်ပုဂ္ဂိုလ် လေးယောက်ဟု-အရိယာ ပုဂ္ဂိုလ် ရှစ်ယောက်၊ ဤသို့ ၁၂- ယောက်ရှိ၏။

ထိုတွင် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်အား အကုသိုလ်စိတ် ၁၂၊ ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ၁၇။ မဟာကုသိုလ် ၈-အားဖြင့် ၃၇-ရသည်။

သုဂတိအဟိတ်အား ပဝတ္တိအခါ မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄-နှင့် ၄၁-ရသည်၊

ဒွိဟိတ်အားလည်း ထို ၄၁-ရသည်။

(ဒွိဟိတ်အား ပဋိသန္ဓေအခါလည်း ဉာဏဝိပ္ပယုတ် ၄-ခုရသည်။)

တိဟိတ်အား မဟာဝိပါက်ရှစ်နှင့် ၄၅-ရသည်။

ဈာန်ရလျှင် မဟဂ္ဂုတ်ကုသိုလ် ၉-နှင့် ၅၄-ရသည်။

မဂ်ပုဂ္ဂိုလ် လေးယောက်တို့အား တယောက်တမဂ် စီသာ ရသည်။

သောတာပန်အား ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကြဉ်သော အကုသိုလ် ၇၊ ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မိမိသောတာပတ္တိဖိုလ် ၁-အားဖြင့် ၄၁-ရသည်။ ဈာန်ရလျှင် မဟဂ္ဂုတ်ကုသိုလ် ၉-နှင့် ၅၀-ရသည်။

သကဒါဂါမ်အား ထိုအတူ မိမိဖိုလ်နှင့် ဈာန်မရ ၄၁၊ ဈာန်ရ - ၅၀။

အနာဂါမ်အား - ဒေါသမူကြဉ်၍ မိမိဖိုလ်နှင့် ဈာန်မရ-၃၉၊ ဈာန်ရ -၄၈။

ရဟန္တာအားအဟိတ် ၁၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈၊ အရဟတ္တဖိုလ် ၁-အားဖြင့် ၃၅၊ ဈာန်ရလျှင် မဟဂ္ဂုတ်ကြိယာ ၉ နှင့် ၄၄-ရသည်။

ပုထုဇဉ်လေးယောက် .. ၃၇၊ ၄၁၊ ၄၁၊ ၄၅၊ ၅၄။

မဂ်ပုဂ္ဂိုလ်လေးယောက် .. ၁။ ၁။ ၁။ ၁။

ဖိုလ်ပုဂ္ဂိုလ် လေးယောက် .... ၄၁-၅ဝ။ ၄၁-၅၀။ ၃၉-၄၈။ ၃၅-၄၄။

ဘုံဝီထိစိတ်ရအကျယ်

အပါယ်လေးဘုံ၌ အကုသိုလ် ၁၂၊ အဟိတ် ၁၇၊ မဟာကုသိုလ် ၈-အားဖြင့် ၃၇-စီရသည်။ ကာမသုဂတိ ခုနစ်ဘုံ၌- မဟဂ္ဂုတ်ဝိပါက်ကြဉ်၍ ဝီထိစိတ် ၈ဝ-စီရသည်။

ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပဆယ်ဘုံ၌ ဒေါသမူကြဉ်သော အကုသိုလ် ၁ဝ၊ ဃာနာဒိဆက္တကြဉ်သော အဟိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ၉။ မဂ် ၄၊ ဖိုလ်၄ - အားဖြင့် ၆၄-စီ။

အသညသတ်၌ စိတ်မရ။

သုဒ္ဓါဝါသငါးဘုံ၌ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ပဋိဃကြဉ်သော အကုသိုလ် ၅၊ အဟိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ ၉၊ မဂ် ၁၊ ဖိုလ် ၂။ အားဖြင့် ၅၄-စီ။

အာကာသာနဉ္စာယတနဘုံ၌ အကုသိုလ် ၁၁၊ မနောဒွါရာဝဇ္ဇန်း ၁၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အရူပကုသိုလ် ၄၊ အရူပကြိယာ ၄၊ မဂ် ၃၊ ဖိုလ် ၄- အားဖြင့် ၄၂-ရသည်။

ဝိညာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတန နှစ်ခုကြဉ်၍ ၄ဝ။

အာကိဉ္စညာယတနဘုံ၌ အာကာသာနဉ္စာယတန ဝိညာနဉ္စာယတမှ လေးခုကြဉ်၍ ၃၈။

နေဝသညာနာသညာယတနဘုံ၌ အာကာသာနဉ္စာယတန၊ ဝိညာနဉ္စာယတန၊ အာကိဉ္စညာယတန ခြောက်ခု ကြဉ်၍ ၃၆။

ကာမ၌ ၃၇။ ဂဝ။ ။

ရူပ၌ ၆၄။ ဝ။ ၅၄။

အရူပ၌-၄၂၊ ၄ဝ။ ၃၈။ ၃၆။

ဘုံပုဂ္ဂိုလ်ဝီထိစိတ်ရ

အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိ အဟိတ်တယောက်စီ ၄-ယောက်။ ဝီထိစိတ် ၃၇-ရသည်။

လူ၊ စာတုမဟာရာဇ်နှစ်ဘုံ၌ ဒုဂ္ဂတိ အဟိတ်ကြဉ်၍ ၁၁-ယောက်စီ။ ၂၂-ယောက်။ စိတ်ရကား ၄၁၊ ၄၁၊ ၄၅-၅၄။ တမဂ်စီ၊ ၄၁-၅၀။ ၄၁-၅၀။ ၃၉-၄၈။ ၃၅-၄၄။

အထက်နတ်ငါးဘုံ၌ အဟိတ်ကြဉ်၍ ၁၀-ယောက်စီ။ ၅၀။ စိတ်ရ သိနိုင်ရမည်။

ဗြဟ္မာဆယ်ဘုံ၌ ဒွိဟိတ်၊ အဟိတ်ကြဉ်၍ တိဟိတ် ၉-ယောက်စီ။ ၉၀။

စိတ်ရကား ဈာန် မရသူမရှိ၍- ၃၈။ တမဂ်စီ၊ ၃၄၊ ၃၄၊ ၃၄၊ ၃ဝ။

အသညသတ်၌ သုဂတိအဟိတ်တယောက်၊ စိတ်မရ။

သုဒ္ဓါဝါသငါးဘုံ၌ အရိယာပုဂ္ဂိုလ် သုံးယောက်စီ။ ၁၅-ယောက်။ စိတ်ရကား၊ တမဂ်။ ၃၄၊ ၃ဝ။

အရူပလေးဘုံ၌ သောတာပတ္တိ မဂ္ဂဋ္ဌာန်ကြဉ်၍ တိဟိတ် ၈-ယောက်စီ၊ ၃၂-ယောက်။ စိတ်ရကား --

အာကာသာနဉ္စာယတနဘုံ၌၊ ၂၃၊ တမဂ်စီ ၁၉၊ ၁၉၊ ၁၉၊ ၁၄။

ဝိညာနဉ္စာယတနဘုံ၌ ၂၂၊ တမဂ်စီ၊ ၁၇၊ ၁၈၊ ၁၈၊ ၁၃။

အာကိဉ္စညာယတနဘုံ၌ ၂၁၊ တမဂ်စီ၊ ၁၇၊ ၁၇၊ ၁၇၊ ၁၂။

နေဝသညာနာသညာယတနဘုံ၌ ၂ဝ၊ တမဂ်စီ၊ ၁၆၊ ၁၆၊ ၁၆၊ ၁၁။

ဝါကရား

ကာမဘုံ၌ ၄+၂၂+၅၀။ ပေါင်း-၇၆-ယောက်။

ရူပဘုံ၌ ၉၀+၁+၁၅။ ပေါင်း ၁ဝ၆-ယောက်။

အရူပဘုံ၌ ၃၂-ယောက်။

ဤ ၂၁၄-ယောက်ကို ပိဋကတ်သင်္ချာဖြင့် ပုဂ္ဂိုလ်အပြားဝါကရား ဟုဆိုသည်။

က-အစရှိသော အက္ခရာကိုးလုံး၊ ဋ-စသောကိုးလုံး၊ ယ-စသောကိုးလုံးကို ကိုးသင်္ချာအထိ။

ပ-စသော ငါးလုံးကို ငါးသင်္ချာအထိ ယူ၍ သရရှစ်လုံး၊ ည,နကို သုညဟု ယူရသည်၊ ယ-စသောကိုးလုံးကား ယ၊ ရ၊ လ၊ ဝ၊-(ယှ)။ပ (ရှရ)၊ သ၊ ဟ။ ဠ။

(ဂ ငယ်အတွင်းဆံခတ်-ယှ၊ ပစောက်အတွင်းဆံခတ် ရှရ - ဟုဘတ်။)

“ကာဒိ ဋာဒိ ယကာရာဒိ၊ နဝသင်္ချာပကာသိတာ။

ပကာရာဒိ ပဉ္စသင်္ချာ၊ သုညနာမ သရညန”။

ဝီထိလက်ရိုး လေ့လာဘွယ် (၂၂၇−ဝီထိ)

ဝီယန္တိ ဂစ္ဆန္တိ ဧတာယာ တိ ဝီထိ။

ဧတာယ၊ ဤအစဉ်ဖြင့်။

စိတ္တစေတသိကာ၊ စိတ်စေတသိက်တို့သည်။

ဝီယန္တိ ဂစ္ဆန္တိ၊ ဖြစ်ကုန်၏။

ဣတိ၊ ထို့ကြောင့်။

ဝီထိ၊ ဝီထိမည်၏။

ဝီဓာတ်၊ ဂတိမှိ- လားခြင်း၌၊ ထိ-ပစ္စည်း။

ဝီဓာတ်၏အရကား --

ပရမတ္ထစိတ်စေတသိက်တို့၏ ခဏတ္တယသမင်္ဂိသည် မုချအားဖြင့်ရ၏။ ထိုထို အနန္တရသတ္တိ၊ ပကတူပနိဿယသတ္တိ၊ သဟဇာတသတ္တိ စသည် သည် ဌာနူပစာ၊ ဖလူပစာအားဖြင့်ရ၏။ ထိပစ္စည်းအရကား ထို မုချ၊ ဌာနူ၊ ဖလူတို့ဖြင့် မှတ်အပ်သော စိတ်ဖြစ်စဉ် သန္တာနပညပ် ရ၏။ စိတ်အစဉ် သန္တာနပညပ်သာ-ဝီထီမည်၏ ဟူလို။

ရူပါရုံနှင့် စက္ခု−ဥပါဒ်ပြိုင်၍ ဆုံသောအခါ ချက်ခြင်းမထင်၊ ဖြစ်နေကျ ဘဝင်စိတ် တချက် ၂-ချက် ၃-ချက် ၄-ချက် ၅- ချက် ၆-ချက် ၇-ချက် ဂ-ချက် ၉ ချက် ၁၀-ချက် ၁၁ ချက် ၁၂-ချက် ၁၃-ချက် ၁၄-ချက် ၁၅-ချက် ဖြစ်၍လွန်မှ (ဝါ၊ ဌီရုပ်တို့ဖြစ်ကြမှ) ထိုဌီရူပါရုံသည် ထိုဌီစက္ခုအား ထင်သည်။

ထိုအခါ ထိုအာရုံကို မယူသေးဘဲ ဘဝင်္ဂစလန ၂-ကြိမ် ဖြစ်သည်၊ ဒုတီယ ဘဝင်္ဂစလနသည် ဝီထိစိတ် ဖြစ်လိုလျှင် ပြတ်သောကြောင့် ဘဝင်္ဂုပစ္ဆေဒမည်သည်။ မဖြစ်လိုလျှင်မပြတ်၊ မမည်။ ထိုနောင်မှ ထိုရူပါရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း စသော ဝီထိစိတ်ဖြစ်သည်။ သဒ္ဒါရုံနှင့်သောတ-ဆုံခြင်း စသည်လည်း နည်းတူသည်။

အာရုံခြောက်ပါး မနောဒွါရအား ထင်သောအခါ ဘဝင်္ဂစလန ဟူသော မနောဒွါရ အားလည်း ထင်သည်၊ ဒုတီယ ဘဝင်္ဂစလနသည် ဘဝင်္ဂုပစ္ဆေဒလည်း မည်သည်။ ထို ဘဝင်္ဂုပစ္ဆေဒ-မနောဒွါရအားထင်သော အလွန်နီးကပ်သော အာရုံခြောက်ပါးကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစသော ဝီထိစိတ်ဖြစ်သည်။

၁၇-ချက် အသက်ရှိသော ပစ္စုပ္ပန်ရုပ် အာရုံခြောက်ပါး ထင်သောအခါ တချက် နှစ်ချက် သုံးချက် လေးချက် ငါးချက် ခြောက်ချက် ခုနှစ်ချက် ဖြစ်၍လွန်မှ၊ ဝါ၊ အာရုံရုပ် ဌီဖြစ်မှ ဘဝင်္ဂစလနတို့အား ထင်သည်။ ထိုမှကြွင်းသော အာရုံခြောက်ပါး ထင်သောအခါ တချက်လွန် စသည်မဆိုကုန်။

ရုပ်သည် ဌီ၌ အားရှိသည်၊ ရုပ်ဌီရောက်မှ ပစ္ဆာဇာတ ပစ္စည်း ဥပထမ္ဘက သတ္တိဖြင့် ထောက်ပံ့သောကြောင့်တည်း။ ဌီရောက်မှ ဒွါရအားလည်း ထင်သည်၊ ဥတုဇ, အာဟာရဇ-ရုပ်ကိုလည်း ဖြစ်စေသည်။

စိတ်ကား ဥပါဒ်၌ အားရှိသည်၊ စိတ်ဥပါဒ်အား အနန္တရပစ္စည်း ဇနကသတ္တိဖြင့် ကျေးဇူးပြုသောကြောင့်တည်း။ ဥပါဒ် ဖြစ်စကပင် ဒွါရအားလည်း ထင်သည်၊ စိတ္တဇရုပ်ကိုလည်း ဖြစ်စေသည်။

ထိုဝီထိသည် စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ - ဟူ၍ခြောက်ပါး အပြားရှိ၏။ ထိုတွင် --

စက္ခုဒွါရဝီထိသည် အတိမဟန္တာရုံ တဝီထိ၊ မဟန္တာရုံနှစ်ဝီထိ၊ ပရိတ္တာရုံခြောက်ဝီထိ၊ အတိပရိတ္တာရုံ ခြောက်ဝီထိဟူ၍ ၁၅-ပါးအပြားရှိ၏။

သောတဒွါရ ၁၅ ဝီထိ၊ ဃာနဒွါရ ၁၅ ဝီထိ၊ ဇိဝှါဒွါရ ၁၅ ဝီထိ၊ ကာယဒွါရ ၁၅ ဝီထိ တို့၌လည်း ဤအတူဖြစ်၍ ပဉ္စဒွါရ၌ ၇၅-ဝီထိ အပြားရှိ၏။

အတိမဟန္တာရုံ-၅

စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိဖြစ်ဟန်ကား စိတ္တက္ခဏ တချက်ခန့်လွန်သော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့။ ဘဝင်္ဂစလန နှစ်ကြိမ်ဖြစ်၏။ ဝါ၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ- ဟု ၂-ကြိမ်ဖြစ်၏။

ရူပါရုံ အလွန် ခံရသော စိတ္တက္ခဏသည် အတီတဘဝင် မည်၏။

ထိုနောင် ထိုထင်သော ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း တကြိမ်၊

မြင်တတ်သော စက္ခုဝိညာဏ်တကြိမ်၊

လက်ခံတတ်သော သမ္ပဋိစ္ဆိုင်း တကြိမ်၊

စုံစမ်းတတ်သော သန္တီရဏတကြိမ်၊

ကောင်းစွာ မှတ်တတ်သောဝုဋ္ဌော-မနောဒွါရာဝဇ္ဇန်းတကြိမ်၊

(မိမိကိစ္စအားလျော် စွာတကြိမ်စီ) ဖြစ်၍ချုင်၏။

ထိုနောင် ထိုရူပါရုံကို လျှင်စွာသိတတ်သော ကာမဇောခုနှစ်ကြိမ်၊

ဇော၏အာရုံကို အာရုံပြုတတ်သော တဒါရုံ နှစ်ကြိမ်ဖြစ်၍ ချုပ်၏။

ထိုနောင်ဘဝင်စိတ် များစွာဖြစ်၏။

(အရူပ ဘဝင်မကျ၊ ဝါ၊ အရူပဘုံ၌မဖြစ်၊ ဝီထိသည် ရူပဘုံသားတို့အား တဒါရုံ မကျမူ၍ ဖြစ်၏။)

ဤသို့လျှင် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ရူပါရုံသည် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ခုနစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ်-အားဖြင့် စိတ္တက္ခဏ ၁၇-ချက် (ခဏငယ် ၅၁-ချက်) ပြည့်သည်ဖြစ်၍ ဒုတီယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်၏၊

ဤရူပါရုံသည် အလွန်များသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် အတိမဟန္တာရုံဝီထိ မည်၏။ ပဉ္စဒွါရာဝဇ္ဇန်းအစ တဒါရုံအဆုံးရှိသောစိတ် (၁၄-ချက်) အစဉ်သည် အတိမဟန္တာရုံ ဝီထိ မည်၏။ တဒါရုံ အဆုံးရှိသောကြောင့် တဒါရမ္မဏ ဝါရမည်၏။

ဤဝီထိ၌ ဝီထိစိတ်တို့သည် ကိစ္စအားဖြင့်ခုနစ်မျိုး၊ အကြိမ်အားဖြင့် ၁၄-ကြိမ်၊ စိတ်ကျယ်အားဖြင့် ၄၆-ဖြစ်၏။

စက္ခုဒွါရ အတိမဟန္တာရုံဝီထိ ပြီး၏။

သောတဒွါရ စသည်တို့၌လည်း နည်းတူဖြစ်၏။

သဒ္ဒါရုံသည် သောတပသာဒအား-စသည်မျှထူး၏၊

အတိမဟန္တာရုံ ငါးဝီထိ ဖြစ်၏။

(ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ၌ ရူပဘဝင်လည်း မကျ။)

ဤအတိမဟန္တာရုံ ငါးဝီထိ၌ ဝီထိစိတ်တို့သည် ခုနစ်မျိုး၊ ၁၄-ကြိမ်။ စိတ်အကျယ် ၅၄။ ကိစ္စအကျယ် ၁၁-ဖြစ်၏။

အတိမဟန္တာရုံပြီး၏။

မဟန္တာရုံ-၁၀

စက္ခုဒွါရ မဟန္တာရုံဝီထိဖြစ်ဟန်ကား --

စိတ္တက္ခဏ နှစ်ချက်၎င်း သုံးချက်၎င်း လွန်သော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ထိုနောင် ပဉ္စဒွါရာဝဇ္ဇန်း တကြိမ်၊ စက္ခုဝိညာဏ်တကြိမ်၊ သမ္ပဋိစ္ဆိုင်း တကြိမ်၊ သန္တီရဏတကြိမ်၊ ဝုဋ္ဌော တကြိမ်၊ ဇောခုနစ်ကြိမ်-ဖြစ်၍ ချုပ်၏။ ထိုနောင် ဘဝင်စိတ် များစွာ ဖြစ်၏။ (ပဉ္စဝေါကာရ ဘဝင်-၁၅)

ဤသို့လျှင် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သောရူပါရုံသည် အတီတဘဝင် နှစ်ကြိမ်၎င်း၊ သုံးကြိမ်၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇောခုနစ်ကြိမ် ဘဝင်အားဖြင့် စိတ္တက္ခဏ ၁၇-ချက် ပြည့်သည်ဖြစ်၍ သတ္တမဇောနောင် ပဌမ ဘဝင်၏ ဘင်နှင့်၎င်း၊ သတ္တမဇော၏ ဘင်နှင့်၎င်း ပြိုင်၍ချုပ်၏၊ (၂-ဝီထိ)

ဤရူပါရုံသည် များသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် မဟန္တာရုံဝီထိမည်၏။ ပဉ္စဒွါရာဝဇ္ဇန်းအစ ဇောအဆုံး ရှိသော စိတ် (၁၂-ချက်) အစဉ်သည် မဟန္တာရုံဝီထိ မည်၏။ ဇောအဆုံးရှိသောကြောင့် ဇဝနဝါရ မည်၏။

ဤဝီထိ၌ ဝီထိစိတ်-ခြောက်မျိုး၊ ၁၂ ကြိမ်၊ စိတ်အကျယ် ၃၈ ဖြစ်၏။

သောတဒွါရ စသည် နည်းတူဖြစ်၍ (မဟန္တာရုံ ဆယ်ဝီထိ ဖြစ်၏။)

(ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၌ ကာမဘဝင် ၁၀-သာ)။

မဟန္တာရုံ ဆယ်ဝီထိ၌ ဝီထိစိတ်ခြောက်မျိုး။ ၁၂-ကြိမ်၊ စိတ်အကျယ် ၄၆၊ ကိစ္စကျယ် ၁၀-ဖြစ်၏။

မဟန္တာရုံဝီထိပြီး၏။

ပရိတ္တာရုံ-၃ဝ

စက္ခုဒွါရ ပရိတ္တာရုံဝီထိ ဖြစ်ဟန်ကား --

စိတ္တက္ခဏ လေးချက်၎င်း, ငါးချက်၎င်း, ခြောက်ချက်၎င်း, ခုနစ်ချက်၎င်း, ရှစ်ချက်၎င်း, ကိုးချက်၎င်း လွန်ပြီးမှ ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော နှစ်ကြိမ်၊ ဝါ၊ သုံးကြိမ်ဖြစ်၍ချုပ်၏၊ ထိုနောင် ဘဝင်စိတ် များစွာဖြစ်၏၊ (ပဉ္စဝေါကာရဘဝင် ၁၅-)

ဤသို့လျှင် ဤရူပါရုံသည် အတီတဘဝင် လေးကြိမ်၎င်း ငါးကြိမ်၎င်း, ခြောက်ကြိမ်၎င်း, ခုနစ်ကြိမ်၎င်း, ရှစ်ကြိမ်၎င်း ကိုးကြိမ်၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော နှစ်ကြိမ် (ဝါ-သုံးကြိမ်) ဘဝင်အားဖြင့် ၁၇-ချက် ပြည့်သည် ဖြစ်၍ --

ဒုတီယ ဝုဋ္ဌော နောင် ပဉ္စမဘဝင်၏ ဘင်နှင့်၎င်း၊

စတုတ္ထဘဝင်၏ ဘင်နှင့်၎င်း၊

တတီယ ဘဝင်၏ ဘင်နှင့်၎င်း၊

ဒုတီယဘဝင်၏ ဘင်နှင့်၎င်း၊

ပဌမဘဝင်၏ ဘင်နှင့်၎င်း၊

ဒုတီယဝုဋ္ဌော၏ ဘင်နှင့်၎င်း

ပြိုင်၍ ချုပ်၏ (၆-ဝီထိ)။

ဝုဋ္ဌောသုံးကြိမ်ကျသည်ဖြစ်အံ့ --

တတီယဝုဋ္ဌောနောင် စတုတ္ထ ဘဝင်၏ ဘင်နှင့်၎င်း၊

တတီယ ဘဝင်၏ ဘင်နှင့်၎င်း၊

ဒုတီယဘဝင်၏ ဘင်နှင့်၎င်း၊

ပဌမဘဝင်၏ ဘင်နှင့်၎င်း၊

တတီယဝုဋ္ဌော၏ ဘင်နှင့်၎င်း

ပြိုင်၍ချုပ်၏ (၅-ဝီထိ)။

ဤရူပါရုံသည် နည်းသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် ပရိတ္တာရုံဝီထိ မည်၏။ ပဉ္စဒွါရာဝဇ္ဇန်း အစ၊ ဝုဋ္ဌောအဆုံး ရှိသော စိတ် ၆-ချက်၊ ဝါ၊ ၇-ချက် အစဉ်သည် ပရိတ္တာရုံဝီထိ မည်၏။ ဝုဋ္ဌော အဆုံးရှိသောကြောင့် ဝေါဋ္ဌဗ္ဗနဝါရ မည်၏။

ဤဝီထိ၌ ဝီထိစိတ် ငါးမျိုး၊ ၆-ကြိမ်၊ ၇-ကြိမ်၊ စိတ်ကျယ် ၉-ဖြစ်၏။

သောတဒွါရစသည် နည်းတူဖြစ်၍ ပရိတ္တာဘုံ ၃ဝ၊ ဝါ၊ ၂၅-ဝီထိဖြစ်၏၊

(ဃာနဒွါရ၊ ဇိဝှါဒွါရ ၊ ကာယဒွါရ၌ ကာမဘဝင် ၁ဝ)၊

ပရိတ္တာရုံဝီထိတို့၌ ဝီထိစိတ်ငါးမျိုး၊ ၆-ကြိမ် ၇-ကြိမ် ကျယ် ၁၇။ ကိစ္စကျယ် ၉-ဖြစ်၏။

ပရိတ္တာရုံဝီထိပြီး၏။

အတိပရိတ္တာရုံ ၃၀

စက္ခုဒွါရ အတိပရိတ္တာရုံ ပီတိဖြစ်ဟန်ကား --

စိတ္တက္ခဏ ဆယ်ချက်၎င်း၊ ဆဲ့တချက်၎င်း၊ ဆဲ့နှစ်ချက်၎င်း၊ ဆဲ့သုံးချက်၎င်း၊ ဆဲ့လေးချက်၎င်း၊ ဆဲ့ငါးချက်၎င်း လွန်ပြီးမှ ထင်ခြင်းသို့ ရောက်သည် ဖြစ်အံ့၊ ဘဝင်္ဂစလန နှစ်ကြိမ်သာဖြစ်၍ ဘဝင်စိတ် များစွာဖြစ်၏၊ (ပဉ္စဝေါကာရဘဝင် ၁၅။)

ဤသို့လျှင် ဤရူပါရုံသည် အတီတဘဝင် ဆယ်ကြိမ်၎င်း၊ ဆဲ့တကြိမ်၎င်း၊ ဆဲ့နှစ်ကြိမ်၎င်း၊ ဆဲ့သုံးကြိမ်၎င်း၊ ဆဲ့လေးကြိမ်၎င်း၊ ဆဲ့ငါးကြိမ်၎င်း၊ ဘဝင်္ဂစလန နှစ်ကြိမ်အားဖြင့် ၁၇-ချက် ပြည့်သည်ဖြစ်၍ --

ဒုတီယ ဘဝင်္ဂစလန နောင်ပဉ္စမဘဝင်၏ ဘင်နှင့်၎င်း,

စတုတ္ထဘဝင်၏ ဘင်နှင့်၎င်း,

တတီယဘဝင်၏ ဘင်နှင့်၎င်း,

ဒုတီယဘဝင်၏ ဘင်နှင့်၎င်း,

ပဌမဘဝင်၏ ဘင်နှင့်၎င်း,

ဒုတီယ ဘဝင်္ဂစလန၏ ဘင်နှင့်၎င်း,

ပြိုင်၍ချုပ်၏ (၆-ဝီထိ)။

ဤရူပါရုံသည် အလွန်နည်းသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် အတိပရိတ္တာရုံဝီထိ မည်၏၊ ဝီထိစိတ်ပင် မရှိသော်လည်း ဥပစာအားဖြင့် အတိပရိတ္တာရုံ ဝီထိ မည်၏၊ ဝီထိစိတ် မရှိသောကြောင့် မောဃဝါရ မည်၏။

သောဒွါရစသည် နည်းတူဖြစ်၍ အတိပရိတ္တာရုံ ဝီထိ ၃၀ ဖြစ်၏၊

ဃာနဒွါရ- ဇိဝှါဒွါရ -ကာယဒွါရ ၌ ကာမဘဝင် ၁ဝ။ ဝီထိစိတ် မရှိ၊ အကြိမ် မရှိ၊ အကျယ် မရှိ၊ ကိစ္စ မရှိ။

အတိပရိတ္တာရုံဝီထိပြီး၏။

စက္ခုဒွါရဝီထိ ၁၅၊ သောတဒွါရဝီထိ ၁၅၊ ဃာနဒွါရဝီထိ ၁၅၊ ဇိဝှါဒွါရဝီထိ ၁၅၊ ကာယဒွါရဝီထိ ၁၅၊ ပေါင်း-၇၅။

အတိမဟန္တာရုံ ၅။ မဟန္တာရုံ ၁၀။ ပရိတ္တာရုံ ၃၀။ အတိပရိတ္တာရုံ ၃၀၊ ပေါင်း ၇၅။

ပဉ္စဒွါရဝီထိပြီး၏။

ရှေ့နောက်ဘဝင်တို့သည် စက္ခုဒွါရ၊ သောတဒွါရ ၊ နှစ်ဒွါရ၌ ပဉ္စဝေါကာရ ဘဝင် ၁၅။ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ သုံးဒွါရ၌ ကာမဘဝင် တဆယ်သာ။

ကာမမနောဒွါရဝီထိ ၁၀

မနောဒွါရ ဝီထိသည် ကာမဇောဝါရ၊ အပ္ပနာဇောဝါရ-ဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုတွင် ကာမဇောဝါရသည် ဝိဘူတာရုံငါးဝီထိ၊ အထိဘူတာရုံ နှစ်ဝီထိ-ဟူ၍ ခုနစ်ပါး အပြား ရှိ၏။ တနည်း၊ ဝိဘူတာရုံတဝီထိ၊ အဝိဘူတာရုံ တဝီထိ-ဟူ၍ နှစ်ပါးအပြားရှိ၏။ အိပ်မက်အဝိဘူတာရုံ-ဟူ၍လည်း တဝီထိ ရှိသေး၏။ ပေါင်းဆယ်ဝီထိ ဖြစ်၏။

စိတ္တက္ခဏ ၁၇-ချက် အသက်ရှိသော ရုပ် ၂၂-ပါးတည်းသော ပစ္စုပ္ပန်အာရုံ ခြောက်ပါးသည် ထင်ရှားစွာ ဖြစ်သောအခါ ဝိဘူတာရုံ၊ မထင်မရှား ဖြစ်သောအခါ အဝိဘူတာရုံ မည်၏။

ဝိဘူတာရုံ ငါးဝီထိ

ဝိဘူတာရုံဝီထိဖြစ်ဟန်ကား --

စိတ္တက္ခဏ တချက်ခန့်၎င်း, နှစ်ချက်ခန့်၎င်း, သုံးချက်ခန့်၎င်း, လေးချက်ခန့်၎င်း, ငါးချက်ခန့်၎င်း လွန်သော ထိုရုပ် ၂၂-ပါး တည်းဟူသော ပစ္စုပ္ပန် အာရုံ ခြောက်ပါးသည် မနောဒွါရအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဖြစ်၏။ ထိုနောင် ဘဝင်္ဂုပစ္ဆေဒ-မနောဒွါရအား ထင်သော အလွန် နီးကပ်သော ထိုအာရုံကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း တကြိမ်၊ လျင်စွာ သိတတ်သော ကာမဇော ခုနစ်ကြိမ်၊ ဇော၏အာရုံကို အာရုံ ပြုတတ်သော တဒါရုံ နှစ်ကြိမ်ဖြစ်၍ ချုပ်၏၊ ထိုနောင်ဘဝင်စိတ် များစွာ ဖြစ်၏။ (ပဉ္စဝေါကာရ ဘဝင် ၁၅။) ဤ ဝီထိလည်း ရူပဘုံသားတို့အး တဒါရုံ မကျမူ၍ဖြစ်၏။

ဤသို့လျှင် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ရုပ်အာရုံသည် အတီတ ဘဝင် တကြိမ်၎င်း၊ နှစ်ကြိမ်၎င်း, သုံးကြိမ်၎င်း လေးကြိမ်၎င်း, ငါးကြိမ်၎င်း၊ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း၊ ဇောခုနှစ်ကြိမ်၊ တဒါရုံနှစ်ကြိမ်၊ ဘဝင်အားဖြင့် ၁၇-ချက်ပြည့်သည်ဖြစ်၍ --

ဒုတီယတဒါရုံ နောင် စတုတ္ထ ဘဝင်၏ ဘင်နှင့်၎င်း,

တတီယ ဘဝင်၏ ဘင်နှင့်၎င်း,

ဒုတီယဘဝင်၏ ဘင်နှင့်၎င်း,

ပဌမဘဝင်၏ ဘင်နှင့်၎င်း,

ဒုတီယတဒါရုံ၏ ဘင်နှင့်၎င်း,

ပြိုင်၍ချုပ်၏။ (ငါးဝီထိ၊)

ဤရုပ်အာရုံသည် ထင်ရှားသောကြောင့် ဝိဘူတာရုံ မည်၏။ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနစ်ကြိမ်၊ တဒါရုံနှစ်ကြိမ်-စိတ် (၁၀- ချက်) အစဉ်သည် ဝိဘူတာရုံ ဝီထိမည်၏၊ တဒါရမ္မဏဝါရ မည်၏။ ဝီထိစိတ်သုံးမျိုး၊ သုံးကိစ္စ၊ ဆယ်ကြိမ်၊ စိတ်ကျယ် ၄၁-ဖြစ်၏။ (ပဉ္စဝိညာဏ်၊ မနောဓာတ်-အားဖြင့် ၁၃-မဖြစ်။)

ဝိဘူတာရုံဝီထိပြီး၏။

အဝိဘူတာရုံ နှစ်ဝီထိ

အဝိဘူတာရုံဝီထိ ဖြစ်ဟန်ကား --

စိတ္တက္ခဏ ၆-ချက်၎င်း၊ ၇ ချက်၎င်း၊ လွန်ပြီးမှ မနောဒွါရအား ထင်ခြင်းသို့ ရောက်သည် ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနေဒွါရာဝဇ္ဇန်း၊ ဇောခုနစ်ကြိမ် ဖြစ်၍ချုပ်၏၊ ထိုနောင် ဘဝင် များစွာဖြစ်၏၊ (ပဉ္စဝေါကာရ ဘဝင် ၁၅။)

ဤသို့လျှင် ဤရုပ်အာရုံသည် အတီတဘဝင် ခြောက်ကြိမ်၎င်း၊ ခုနစ်ကြိမ်၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော ခုနစ်ကြိမ်၊ ဘဝင်အားဖြင့် ၁၇-ချက် ပြည့်သည် ဖြစ်၍ သတ္တမဇော နောင် ပဌမ ဘဝင်၏ ဘင်နှင့်၎င်း၊ သတ္တမဇော၏ ဘင်နှင့်၎င်း ပြိုင်၍ချုပ်၏။ (နှစ်ဝီထိ)

ဤရုပ်အာရုံသည် မထင်ရှားသောကြောင့် အဝိဘူတာရုံ မည်၏၊ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနှစ်ကြိမ်- စိတ်(၈-ချက်) အစဉ်သည် အဝိဘူတာရုံဝီထိမည်၏။ ဇဝနဝါရမည်၏။ ပီတိစိတ်နှစ်မျိုး၊ နှစ်ကိစ္စ၊ ရှစ်ကြိမ်၊ စိတ်ကျယ် ၃၀-ဖြစ်၏။

အဝိဘူတာရုံဝီထိပြီး၏။

တနည်း - ဝိဘူ၊ အဝိဘူ နှစ်ဝီထိ

တနည်းကား - ဆိုပြီးသော ပစ္စုပ္ပန်ရုပ်မှ ကြွင်းသော အာရုံအလုံးစုံသည်ပင်-ဝိဘူတာရုံ အဝိဘူတာရုံ နှစ်မျိုးဖြစ်၏။ ၎င်းတို့ကား သတ္တရသာယုက မရ စကောင်းသော ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ်၊ စေတသိက်၊ ဝိညပ်ဒွေ၊ လက္ခဏရုပ်လေးခု-ဓမ္မာရုံ၎င်း၊ သတ္တရသာယုက ရစကောင်းသော အတိတ်, အနာဂတ်ဖြစ်သော ရုပ် ၂၂-ခု အာရုံခြောက်ပါး၎င်း၊ ကာလ ဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညပ်၊ ဓမ္မာရုံ၎င်း - ဤသို့ပညပ် နာမ်ရုပ် အာရုံခြောက်ပါး ဖြစ်ကုန်၏။ ထင်ရှားလျှင် ဝိဘူတာရုံ၊ မထင်ရှားလျှင် အဝိဘူဘာရုံ။

ဝီထိဖြစ်ဟန်ကား --

ထို ပညပ်နာမ်ရုပ် အာရုံခြောက်ပါး၊ (ဝိဘူတ) သည် မနောဒွါရအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနှစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။ (ပဉ္စဝေါကာရ စတုဝေါကာရ ဘဝင် ၁၉၊) ကာမ နာမ်ရုပ် အာရုံ၌သာ ကာမသတ္တဝါတို့အားသာ တဒါရုံကျသည်။

ဤကား ဝိဘူတာရုံ တဝီထိတည်း။

ထိုအာရုံခြောက်ပါး (အဝိဘူတ)သည် မနောဒွါရအားထင်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနစ်ကြိမ် ဖြစ်၍ဘဝင်ကျ၏။ (ဘဝင် ၁၉၊)

ဤကား အဝိဘူတာရုံ တဝီထိတည်း။

အိပ်မက် တဝီထိ

အလုံးစုံအာရုံခြောက်ပါး (အဝိဘူတ) သည် မနောဒွါရအား ထင်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်၍ ဘဝင်ကျ၏။ (ဘဝင် ၁၉၊)

မြင်မိသလို ကြားမိသလိုဟု အိပ်မက်ဖြင့်သာ ပြောဆိုသောအခါ ဤအဗျာကတ ဝီထိဖြစ်သည်ဟု အဋ္ဌကထာ၌ မိန့်ဆိုသောကြောင့် ဤဝီထိကို အိပ်မက်ဝီထိဟု မိန့်ဆိုကုန်၏။ ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနဝါရကဲ့သို့ မနောဒွါရ၌ အာဝဇ္ဇနဝါရ-ဟု ဆိုအပ်၏။ ဘုရားရှိခိုးရခြင်း၊ ခိုက်ရန်ဖြစ်ခြင်း - စသော အိပ်မက် အခါက ဝိဘူတာရုံတို့လည်း ဖြစ်ကုန်၏။

ကာမမနောဒွါရဝီထိပြီး၏။

ကာမဝီထိတို့သည် စက္ခုဒွါရ ၁၅၊ သောတဒွါရ ၁၅၊ ဃာနဒွါရ ၁၅၊ ဇိဝှါဒွါရ ၁၅။ ကာယဒွါရ ၁၅၊ မနောဒွါရ ၁၀၊ ပေါင်း ၈၅။

အတိမဟန္တာရုံ ၅ ။ မဟန္တာရုံ ၁ဝ။ ပရိတ္တာရုံ ၃ဝ။ အတိပရိတ္တာရုံ ၃ဝ။ ဝိဘူတာရုံ ၆။ အဝိဘူတာရုံ ၄။ ပေါင်း ၈၅။

ပဉ္စဒွါရ ၇၅၊ မနေဒွါရ ၁၀၊ ပေါင်း ၈၅။

ကာမဝီထိပြီး၏။

အပ္ပနာဇောဝါရ

အပ္ပနာဇောဝါရသည် ဈာနဝီထိ၊ မဂ္ဂဝီထိ၊ ဖလသမာပတ္တိ ဝီထိ၊ အဘိညာဝီထိ၊ နိရောဓ သမာပတ္တိဝီထိ - ဟူ၍ ငါးပါးအပြားရှိ၏။

ပဌမဈာန်သည် ကသိဏ(၁ဝ)၊ အသုဘ(၁ဝ)၊ ကာယဂတာ၊ အာနာပါန၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ-အာရုံပညပ် ၂၅-ကို အာရုံပြု၍ ဖြစ်သည်။

ဒုတီယ၊ တတီယ၊ စတုတ္ထဈာန်သည် ကသိဏ၊ အာနာပါန၊ မေတ္တာဒိတ္တယ-အာရုံပညပ် ၁၄-ကိုအာရုံပြု၏။

ပဉ္စမဈာန်သည် ကသိဏ၊ အာနာပါန၊ ဥပေက္ခာ- အာရုံပည ၁၂ ကိုအာရုံပြု၏

အာကာသာနဉ္စာယတနဈာန်သည် အာကာသ ကသိုဏ်းကြဉ်သော ကသိုဏ်း ၉-ပါး တို့တွင် တပါးပါးကို ဝင်စား၍ နှလုံးမသွင်းသော အားဖြင့် ခွါ၍ရသော ကောင်းကင် ပညပ်ကို အာရုံပြု၏။

အာကိဉ္စညာယတနဈာန်သည် အာကာသာနဉ္စာယတနဈာန်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညပ်ကို အာရုံပြု၏။

ဝိညာနဉ္စာယတန၊ နေဝသညာ နာသညာယတန ဈာန်သည် အဇ္ဈတ္တ၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန- မဟဂ္ဂုတ်ကို အာရုံပြု၏။

လောကုတ္တရာမဂ်လေး၊ ဖိုလ်လေးသည် နိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သည်။

ဤပညပ်အာရုံ၊ မဟဂ္ဂုတ်အာရုံ၊ နိဗ္ဗာန်အာရုံတို့သည် လွန်စွာ ထင်ရှားလျှက်သာ အပ္ပနာဇော ကျသောကြောင့် ဝိဘူတ၊ အဝိဘူတ မပြား၊ ဝိဘူတချည်းသာဖြစ်ကုန်၏။

မဟဂ္ဂုတ်-ဈာနဝီထိ-၇၂

ဈာနဝီထိ ဖြစ်ဟန်ကား --

ဈာန်ရစေနိုင်သော သမထ ၃၀ တို့တွင် တခုခုကို လွန်စွာ စီးဖြန်းသော ယောဂီအား ဈာန်အပ္ပနာဇော ဖြစ်လိုလတ်သည်ရှိသော် (ဝါ၊ ဈာန်ရလိုသည်ရှိသော်၊) ၂၅-ပါး ၁၄-ပါး၊ ၁၂-ပါးသော ပညပ်၊ ကောင်းကင်ပညပ်၊ နတ္တိဘော ပညပ် ဓမ္မာရုံသည်၎င်း၊ အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန မဟဂ္ဂုတ်ဓမ္မာရုံ သည်၎င်း မနောဒွါရအား ထင်ခြင်းသို့ ရောက်လာ၏၊ ထိုအခါ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ဖြစ်၏၊

ထိုနောင် ထိုအာရုံကို အာရုံပြုလျှက် မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု ဒန္ဓာဘိညပုဂ္ဂိုလ်အား လေးကြိမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟု ခိပ္ပါဘိညပုဂ္ဂိုလ်အား သုံးကြိမ် (ကာမကုသိုလ်၊ ကာမကြိယာသမ္ပယုတ်ဇော၊) ဖြစ်၍ ချုပ်၏။

ထိုကာမဇော နောင် မဟဂ္ဂုတ်ကုသိုလ်ဇော ကိုးခု၊ ကြိယာဇော ကိုးခုတို့တွင် တခုခု သည် အာဒိကမ္မိကဖြစ်အံ့၊ တကြိမ်သာ သမာပဇ္ဇနဖြစ်အံ့၊ အကြိမ် များစွာ (အပ္ပနာဇော) ဖြစ်၏။ ထိုနောင်ဘဝင်ကျ၏။ ဤကား ဈာနဝီထိ ၇၂ -ခုတည်း။

ရှေးဦးစွာဈာန်ရသူအား -- ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု လေးကြိမ်၊ ဝါ၊ ဥပစာ၊ အလုံ၊ ဂေါတြဘူဟု သုံးကြိမ်၊ ဈာန်ဇော တကြိမ်စော၍ ဘဝင်ကျ၏။

ဈာန်ဝင်စားသူအား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ (ဝါ) ဥ၊ နု၊ ဂေါ၊ ဈာန်ဇောအကြိမ်များစွာ စော၍ဘဝင်ကျ၏။

(ရူပဈာန်၌ ကာမ၊ ရူပ-တိဟိတ်ဘဝင် ၉။

အရူပဈာန်၌ အရူပနှင့် တိဟိတ်ဘဝင် ၁၃။)

ဤသို့လျှင် အာဒိကမ္မိကတိက္ခ၊ ၉-ဝီထိ၊ မန္ဒ ၉-ဝီထိ၊ သမာပဇ္ဇနတိက္ခ ၉ ဝီထိ၊ မန္ဒ-၉ ဝီထိ၊ အားဖြင့် မဟဂ္ဂုတ်ကုသိုလ် ၃၆-ဝီထိ ဖြစ်၏၊ ကြိယာဇောလည်း ထိုအတူ ၃၆-ဖြစ်၍ ၇၂- ဝီထိဖြစ်၏။

ပဌမဈာန်ကုသိုလ် ၄-ဝီထိ၊

ဒုတီယဈာန်ကုသိုလ် ၄-ဝီထိ၊

တတီယဈာန်ကုသိုလ် ၄-ဝီထိ၊

စတုတ္ထဈာန်ကုသိုလ် ၄-ဝီထိ၊

ပဉ္စမဈာန်ကုသိုလ် ၄-ဝီထိ၊

အာကာသာနဉ္စာယတန ကုသိုလ် ၄- ဝီထိ၊

ဝိညာဏဉ္စာယတန ကုသိုလ် ၄-ဝီထိ၊

အာကိဉ္စညာယတန ကုသိုလ် ၄-ဝီထိ၊

နေဝသညာနာသညာယတန ကုသိုလ် ၄-ဝီထိ၊

ပဌမဈာန်ကြိယာ ၄-ဝီထိ၊

ဒုတီယဈာန် ကြိယာ ၄-ဝီထိ၊

တတီယဈာန်ကြိယာ ၄-ဝီထိ၊

စတုတ္ထဈာန်ကြိယာ ၄-ဝီထိ၊

ပဉ္စမဈာန် ကြိယာ ၄-ဝီထိ၊

အာကာသာနဉ္စာယတန ကြိယာ ၄–ဝီထိ၊

ဝိညာဏဉ္စာယတနကြိယာ ၄-ဝီထိ၊

အာကိဉ္စညာယတန ကြိယာ ၄- ဝီထိ၊

နေဝသညာနာသညာယယန ကြိယာ ၄-ဝီထိ၊

ပေါင်း ၇၂။

ရူပဝီထိ ၄ဝ၊ အရူပဝီထိ ၃၂၊ ပေါင်း ၇၂။

မဟဂ္ဂုတ်ဝီထိပြီး၏။

မဂ္ဂဝီထိ ၄ဝ

မဂ္ဂဝီထိ ဖြစ်ဟန်ကား --

ဝိပဿနာ ကမ္မဋ္ဌာန်းကို လွန်စွာစီးဖြန်းသော ယောဂီအား မဂ်ဖိုလ် အပ္ပနာဇော ဖြစ်လိုလတ်သည်ရှိသော် (ဝါ၊ မဂ်ဖိုလ်ရလိုသည်ရှိသော်) တေဘူမကသင်္ခါရ အာရုံခြောက်ပါးသည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော အခြင်းအရာဖြင့် မနောဒွါရအား ထင်ခြင်းသို့ ရောက်လာ၏။ ထိုအခါဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဖြစ်၏။ ထိုနောင်ထိုတေဘူမကသင်္ခါရကို အာရုံပြုလျှက်၊ မနောဒွါရာဝဇ္ဇန်း ပုထုဇဉ်ဖြစ်အံ့၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘူ-ဟု ဒန္ဓ-လေးကြိမ်၊ ခိပ္ပသုံးကြိမ်၊ (ပရိကံမပါ) သေက္ခဖြစ်အံ့၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ နိဗ္ဗာန်ကို အာရုံပြုလျှက် ဝေါဒါန်-ဟု ဒန္ဓ-လေးကြိမ်၊ ခိပ္ပသုံးကြိမ်၊ (ကာမကုသိုလ် သမ္ပယုတ်ဖော) ဖြစ်၍ ချုပ်၏၊ ထိုနောင် မဂ်စိတ် ၂၀-တို့တွင် တခုခုသည် နိဗ္ဗာန်ကို အာရုံပြုလျက် ဒန္ဓအား မဂ်တကြိမ်၊ ၎င်း၏ဖိုလ်နှစ်ကြိမ်၊ ခိပ္ပအား မဂ်တကြိမ်၊ ၎င်း၏ ဖိုလ်သုံးကြိမ်ဖြစ်၏၊ ထိုနောင် ဘဝင်ကျ၏။

(ဤကား မဂ္ဂဝီထိ ၄ဝ- တည်း။)

သောတာပန် တည်သူအား - ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ - ဟုလေးကြိမ်၊ ဝါ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟုသုံးကြိမ်၊ မဂ်တကြိမ်၊ ဖိုလ်နှစ်ကြိမ်၊ ဝါ၊ ဖိုလ်သုံးကြိမ် စော၍ ဘဝင်ကျ၏ (ကာမရူပ၊ တိဟိတ်ဘဝင် ၉။)

အထက်မဂ်ဖိုလ် ရသူအား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဝေါဒါန်။ (ဝါ) ဥ၊ နု၊ ဝေါဒါန်၊ မဂ်တကြိမ်၊ ဖိုလ်နှစ်ကြိမ်၊ ဝါ၊ ဖိုလ်သုံးကြိမ် စော၍ ဘဝင်ကျ၏၊ (တိဟိတ်ဘဝင် ၁၃။)

ဤသို့လျှင် တိက္ခ ၂၀၊ မန္ဒ ၂၀-အားဖြင့် မဂ္ဂဝီထိ ၄ဝ- ဖြစ်၏။

သောတာပတ္တိမဂ် တိက္ခ ၅၊ မန္ဒ ၅၊

သကဒါဂါမိမဂ် တိက္ခ ၅၊ မန္ဒ ၅၊

အနာဂါမိမဂ် တိက္ခ ၅၊ မန္ဒ ၅၊

အရဟတ္တမဂ် တိက္ခ ၅၊ မန္ဒ ၅၊

ပေါင်း ၄၀။

ဖိုလ်အရသာ

လူမင်း၊ နတ်မင်းသည် မိမိစည်းစိမ်ကို ခံစား၍ မငြီးငွေ့၊

ဖိုလ်ပုဂ္ဂိုလ်သည် မိမိဖိုလ်အရသာကို ခံစား၍ မငြီးငွေ့။

စည်းစိမ်ခံစားစဉ် အပူဝင်၏၊ ငန်းဖမ်း၏၊ အချို့အသက်ထွက်၏။

ဖိုလ်အရသာခံစားစဉ် အပူမဝင်၊ အဧမမိ၊ အသက် ထွက်သူမရှိ၊

အမြိုက်ဆေးဖျန်းသော ပျားသည် သြဇာထက်၏၊ လွန်စွာအရသာရှိ၏။

ဖိုလ်ချမ်းသာ ဆွတ်ဖျန်းသော ဖိုလ်အရသာသည် ထက်မြက်စွာ ချမ်းသာ၏။

စိတ်ရှိသူတို့ ခံစားသော ချမ်းသာတို့တွင် ထိပ်ဆုံးချမ်းသာဖြစ်၏၊

နိဗ္ဗာန် လက်တွေ့ဖြစ်၏

ဖလသမာပတ္တိဝီထိ ၄ဝ

ဖလသမာပတ္တိ ဝီထိ ဖြစ်ဟန်ကား --

ဖိုလ်အရသာ ခံစားလိုသော၊ ဝါ၊ ဖိုလ်ဝင်စားလိုသော အရိယာပုဂ္ဂိုလ်အား ဖိုလ်ဇော အကြိမ်များစွာ ဖြစ်လိုလတ်သည်ရှိသော် တေဘူမကသင်္ခါရ အာရုံခြောက်ပါးသည် မနောဒွါရအား ထင်ခြင်းသို့ ရောက်လာ၏၊ ထိုအခါ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနေဒွါရာဝဇ္ဇန်း၊ အနုလုံ လေးကြိမ်၊ ဝါ၊ သုံးကြိမ် (ကာမကုသိုလ် ကာမကြိယာ သမ္ပယုတ်ဇော) ဖြစ်၍ ချုပ်၏။ ထိုနောင် ဖိုလ်စိတ် ၂၀-တို့တွင် တခုခုသည် နိဗ္ဗာန်ကို အာရုံပြုလျှက် ဖိုလ်ဇော အကြိမ်များစွာဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

ဤကား ဖလသမာပတ္တိ ၄၀-တည်း၊

တိက္ခ ၂၀၊ မန္ဒ ၂ဝ၊ ဝါ၊ တဖိုလ်လျှင် တိက္ခ ၅၊ မန္ဒ ၅၊

ဖိုလ်ဝင်စားသူအား - ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ အနုလုံ လေးကြိမ်၊ ဝါ၊ သုံးကြိမ်၊ ဖိုလ်အကြိမ် များစွာစော၍ ဘဝင်ကျ၏။ (တိဟိတ်ဘဝင် ၁၃)

မဂ်ဝီထိ၊ ဖိုလ်ဝီထိအားဖြင့် လောကုတ္တရာ ဝီထိနှစ်ဆယ်၌- မ၊ ပ၊ ဥ၊ နု - တို့သည် တေဘူမကသင်္ခါရကို အာရုံပြု၏။ ဂေါ၊ ဝေါ၊ မဂ်၊ ဖိုလ် တို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်၏။

မဟဂ္ဂုတ် ၇၂။ လောကုတ္တရာ ၈၀-အားဖြင့် အပ္ပနာဝီထိ ၁၅၂- ဖြစ်၏။

ကာမ ၈၅။ အပ္ပနာ ၁၅၂။ ပေါင်း ၂၃၇။

ပဉ္စဒွါရ ၇၅။ မနောဒွါရ ၁၆၂။ ပေါင်း ၂၃၇။

ကျန်ဝီထိများ

အဘိညာ ဝီထိတို့သည် ရူပပဉ္စမဈာန်ဝီထိ၊ ကာမ မနောဒွါရဝီထိ တို့၌ ဝင်ကုန်၏။ နိရောဓသမာပတ္တိဝီထိ တို့သည် မဟဂ္ဂုတ်ဝီထိ၊ အနာဂါမိဖိုလ်ဝီထိ၊ အရဟတ္တဖိုလ်ဝီထိ တို့၌ဝင်ကုန်၏။

ထိုမှတပါး မရဏာသန္နဝီထိ တို့သည် ကာမဝီထိတို့သာ ဖြစ်ကုန်၏။

ဝီထိပေါင်း ၂၃၇-ပြီး၏။

အဘိညာ ၂၈ ဝီထိ

သမာပတ် ရှစ်ပါးတို့၌ ဈာန်ကို၊ ကသိုဏ်းကို၊ အစဉ်အတိုင်း ဝင်စားခြင်း၊ တခုခြား ဝင်စားခြင်း-စသော *၁၄-ပါးသော အခြင်းအရာတို့ဖြင့် လေ့လာခြင်း ပြုနိုင်မှ အဘိညာ ရသည်။

ပါဒကတဝီထိ၊ ပရိကံတဝီထိ၊ တဖန် ပါဒကတဝီထိ၊ အဘိညာတဝီထိ ဟု လေးဝီထိ ဖြစ်သည်။ ထိုနောင် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ ကိုလည်း မိန့်ဆိုကုန်၏။

(၁၄-ပါးကား --

ကသိုဏ်း အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ-၃၊

ဈာန် အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ−၃၊

ကသိုဏ်းတခုခြား၊ ဈာန်တခုခြား၊ ကသိုဏ်းဈာန် တခုခြား-၃။

ဈာန်ပြောင်း၊ ကသိုဏ်းပြောင်း၊ ဈာန်ကသိုဏ်းပြောင်း-၃၊

ဈာန်အင်္ဂါမှတ်၊ ကသိုဏ်းအာရုံမှတ်-၂၊

ဤသို့ ၁၄-ပါးတို့ဖြင့်တည်း။)

ပါဒက

ကသိုဏ်း ဆယ်ပါးသည် အဘိညာအားလုံး၏ အကြောင်းပါဒက ဖြစ်၏။ အထူး အားဖြင့် -- ဒူရပဋိစ္ဆန္န သဏှသုခုမ ဖြစ်သော ရူပါရုံကို ဒိဗ္ဗစက္ခုဖြင့် မြင်လိုသောအခါ တေဇော, ဩဒါတ, အာလောက ကသိုဏ်းတို့တွင် တခုခု၌ ရူပပဉ္စမဈာန်ကို ဝင်စား၍ ပါဒကပြု၏။ ဣဒ္ဓိဝိဓဖြင့် တန်းခိုး ဖန်ဆင်းလိုသောအခါ ကသိုဏ်းဆယ်ခု တို့တွင် လျော်စွာ တခုခု၌ ရူပပဉ္စမဈာန်ကို ဝင်စား၍ ပါဒကပြု၏။ ဤကားပါဒက တဝီထိ တည်း။

ပရိကံ

ထိုနောင် အလိုရှိရာ ဆောက်တည်ခြင်းဖြင့် ပရိကံပြုသော ကာမမနောဒွါရ ဝီထိဖြစ်၏၊ ဆောက်တည်ပုံကား -

ဒိဗ္ဗစက္ခု၌ - ဧတဿရူပံ ပဿာမိ။

ဒိဗ္ဗသောတ၌ ဧတဿသဒ္ဒံ သုဏောမိ။

ဣဒ္ဓိဝိဓ၌ သတံဟောမိ၊ သဟဿံ ဟောမိ စသည်။

ပရစိတ္တ၌၊ ဝါ၊ စေတောပရိယ၌ ဧတဿစိတ္တံ ဇာနာမိ။

ပုဗ္ဗေ၌ ပုဗ္ဗေနိဝုတ္တံ ခန္ဓံဇာနာမိ။

ယထာကမ္မုပဂ၌ အတီတံကမ္မဇနာမိ။

အနာဂတံ၌ အနာဂတံ ခန္ဓံဇာနာမိ- - ဟုဆောက်တည်၏။ (၇-မျိုး။)

(ဤကား ပရိကံ တဝီထိတည်း။)

တဖန် ပါဒက

ထိုနောင် ရှေးပါဒကအတိုင်း ကသိုဏ်း ပဉ္စမဈာန်ကို ဝင်စားပြန်၏။ ဤကား အဘိညာ၏ အခြေဖြစ်သော ပါဒက တဝီထိတည်း။

အဘိညာ

ထိုနောင် ဆောက်တည်သော အတိုင်း ရူပါရုံကို သိခြင်း စသည်ဖြင့် အဘိညာဇော ကိစ္စ ပဉ္စမဈာန်တကြိမ် ကျသောဝီထိဖြစ်၏။ (ဤကားအဘိညာ တဝီထိတည်း။)

၁-ပရိကံ၏ဝါဒကကား- စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ ဈာန်အကြိမ် များစွာဖြစ်၍ဘဝင်ကျ၏။

၂-ပရိကံကာ: - စ၊ ဒ၊ မ၊ ကာမဇော ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။

၃-အဘိညာ၏ ပါဒကကား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ ဈာန်အကြိမ် များစွာဖြစ်၍ ဘဝင်ကျ၏။

၄- အဘိညာကား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ အဘိညာဈာန်ဇော တကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ဤအဘိညာ ဝီထိသည် အဘိညာ ၇-မျိုုး အားဖြင့် ၇-ဝီထိ။

ကုသိုလ်၊ ကြိယာအားဖြင့် ၁၄-ဝီထိ။ တိက္ခ၊ မန္ဒ အားဖြင့် ၂၈-ဝီထိ ဖြစ်၏။

(နိဿရဏတ္ထ အကျိုးငှါ စာသင်သူတို့အား ဤနေရာမျိုး၌ ငါ့ဘို့-ငါ့အတွက်ဟု အာသာဆန္ဒ ပြင်းထန်စွာ ဖြစ်နိုင်ရာ၏။)

အဘိညာ ၅၊ ၆၊ ၇၊

ယထာကမ္မုပဂ၊ အနာဂတံသ - နှစ်ခုသည် ဒိဗ္ဗစက္ခုနှင့် ကင်း၍မဖြစ်၊ ပရိကံ သီးခြားမရှိ၊ ဒိဗ္ဗစက္ခု၌ဝင်၏၊ ထိုကြောင့် အဘိညာ ၇-ပါးသည် ၅-ပါးသာ ဖြစ်၏၊ အာသဝက္ခယ အဘိညာနှင့် ခြောက်ပါးဖြစ်၏။

ပုဗ္ဗေ၊ ဒိ၊ ဒိ၊(၃)၊ စေ၊ ဣဒ္ဓိ၊(၂)၊ ငါးရှိ အဘိညာ။

စက္ခုစွမ်းနှစ်၊ -ယ၊ နာ-လှစ် (၂)၊ ခုနစ် အဘိညာ။

အာသဝက်အား(၁)၊ ထည့်စွက်ငြား-၊ ခြောက်ပါး အဘိညာ။

နိရောဓ သမာပတ်ရှစ်ဝီထိ

သမာပတ် ဈာန်အားလုံး ရသော အနာဂါမ် ရဟန္တာသည် ဤခန္ဓာဝန်ဖြင့် ငြီးငွေ့၍ “ဒိဋ္ဌဓမ္မ နိဗ္ဗာန်ချမ်းသာ ခံစားမည်” ဟု ရှေးဦးစွာ လောကီ ပဌမဈာန်ကို ဝင်စား၏။ (ဝီထိစိတ်ဖြစ်စဉ် သိရမည် )

ထိုဈာန်မှထ၍ ထိုဈာန်၌ရှိသော သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှု၏ (ဝီထိသိရမည်၊ ကာမမနောဒွါရ) ဤသို့ သမထနှင့် ဝိပဿနာကို အစုံဖွဲ့ခြင်းသည် ယုဂနန္ဓ ပြုသည်မည်၏။

ဤနည်းဖြင့် အစဉ်အတိုင်း (ဒုတီယ၊ တတီယ၊ စတုတ္ထ၊ မနောဒွါရာဝဇ္ဇန်း၊ အာကာသာနဉ္စာတန၊ ဝိညာနဉ္စာယတန) - အတိယုဂနန္ဓပြု၍ အာကိဉ္စညာယတန ဈာန်တိုင်အောင် ဝင်စား၏။ အာကိဉ္စညာယတနဈာန်မှ ထသောအခါ ဝိပဿနာ မရှုဘဲ ပုဗ္ဗကိစ္စ လေးပါးပြု၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ နေဝသညာ နာသညာယတနဈာန် နှစ်ကြိမ် အဆုံး၌ နိရောဓ ဖြစ်၏။ ဝါ၊ စိတ်, စေတသိက်, စိတ္တဇရုပ် ချုပ်၏။ တိဇရုပ် (ရူပဘုံ၌ ဒွိဇရုပ်မျှ ကြွင်း၏။)

နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇော၊ အရဟတ္တဖိုလ်ဇောသည် တကြိမ်ဖြစ်၍ ဘဝင်ကျ၏။

နိရောဓဝီထိ ဖြစ်ပုံကား --

စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ နေဝသညာနာသညာယတန ဇောနှစ်ကြိမ်၊ ထိုနောင် နိရောဓဖြစ်၏ (စိတ်စဉ်မရှိ) နိရောဓမှ ထသောအခါ ဖိုလ်ဇောတကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ဤဝီထိသည် ကာမဘုံ၊ ရူပဘုံအားဖြင့် နှစ်ဝီထိ၊ အနာဂါမ်၊ ရဟန္တာအားဖြင့် လေးဝီထိ၊ တိက္ခ၊ မန္ဒအားဖြင့် ရှစ်ဝီထိ ဖြစ်၏။

ပုဗ္ဗကိစ္စ

ပုဗ္ဗကိစ္စ လေးပါးကား၊ ကိုယ်နှင့် စပ်သည်မှ တပါး သီးခြားနေသော ပရိက္ခရာ၊ ကျောင်း စသည်တို့သည် မီးစသည်ဖြင့် မပျက်စီးစေကုန်သတည်းဟု ဓိဋ္ဌာန်ခြင်း--နာနာဗဒ္ဓအဝိကောပန တပါး။ (ကိုယ်နှင့်စပ်သည်ကို ဓိဋ္ဌာန်ဘွယ်မရှိ)

မိမိနှင့် စပ်သော ကိစ္စရှိသဖြင့် သံဃာ တောင့်တသောအခါ လာမခေါ်မီ ထနိုင်စေ သတည်းဟု ဓိဋ္ဌာန်ခြင်း-သံဃပဋိမာနန တပါး။

ဘုရားရှင် ခေါ်တော်မူသောအခါ လာမခေါ်မီ ထနိုင်စေသတည်းဟုဓိဋ္ဌာန်ခြင်း - သတ္ထုပက္ကောသန တပါး။

ခုနစ်ရက်အတွင်း မိမိအသက် တည်မည်၊ မတည်မည် ရှုခြင်း- အဒ္ဓါနပရိစ္ဆေဒ တပါး။

ဤသို့လေးပါးတည်း။

ဤပုဗ္ဗကိစ္စအခါတို့၌ ကာမ မနောဒွါရဝီထိတို့သာ ဖြစ်ကုန်၏။

နိရောဓ ဘုံပုဂ္ဂိုလ်

ဤနိရောဓ သမာပတ်ကို ကာမဘုံ၌ အာဟာရအတွက် ခုနစ်ရက်ထက်လွန်၍ မဝင်စားနိုင်၊ ရူပဘုံ၌ ကာလပိုင်းခြားမရှိ ဝင်စားနိုင်၏။ အရူပဘုံ၌ အစဉ်အတိုင်း ဝင်စားရန် ရူပဈာန် မရှိသောကြောင့် မဝင်စားနိုင်။

ပုဂ္ဂိုလ်အားဖြင့် အနာဂါမ်၊ ရဟန္တာတို့သာ ကာမရာဂကင်း၍ သမာဓိမြဲသောကြောင့် ဝင်စားနိုင်ကုန်၏။ ၎င်းတို့လည်း အစဉ်အတိုင်း ဝင်စားရန် သမာပတ်အားလုံး ရမှ ဝင်စားနိုင်ကုန်၏။ ဖြစ်တတ် ပျက်တတ်သော သင်္ခါရတို့၌ လျော်စွာ ငြီးငွေ့၍ မျက်မှောက် ချမ်းသာစွာ နေလိုသောကြောင့် ဝင်စားကုန်၏။

(အလဂဒ္ဒူ ပမာ စာသင်လျှင် ဤနည်းမျိုး အာသာ ရှိကောင်းသည်ဟု သတိ မမူနိုင်လတ္တံ့။)

မရဏာသန္န ၂၄-ဝီထိ

မရဏာသန္နဝီထိသည် စက္ခုဒွါရဝီထိစသည်ဖြင့် ခြောက်ပါး ပြား၏။ ဇောနောင်စုတိ၊ ဇောဘဝင်နောင်စုတိ၊ တဒါရုံနောင် စုတိ၊ တဒါရုံဘဝင် နောင်စုတိ အားဖြင့် လေးပါးစီ ပြားသော ကြောင့် ၂၄-ဝီထိဖြစ်၏။

ပဉ္စဒွါရ

စက္ခုဒွါရဝီထိ ဖြစ်ဟန်ကား −

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ မရဏာသန္နဇော ငါးကြိမ်၊ စုတိ။

(ဝါ၊ ဇောငါးကြိမ်၊ ဘဝင်၊ စုတိ။
ဝါ၊ ဇောငါးကြိမ်၊ တဒါရုံ နှစ်ကြိမ်၊ စုတိ။
ဝါ၊ ဇောငါးကြိမ်၊ တဒါရုံ နှစ်ကြိမ်၊ ဘဝင်၊ စုတိ။)

ထိုနောင် ပဋိသန္ဓေတချက်၊ ဘဝင် ၁၅-ချက်၊ ၁၆ချက်။ ထိုနောင် မနောဒွါရာဝဇ္ဇန်း၊ ဘဝနိကန္တိ လောဘဇော ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။

သောတဒွါရ စသည် နည်းတူပြီ။ (ပဉ္စဒွါရ ၂ဝ-ဖြစ်၏။)

မနောဒွါရ

မနောဒွါရ ဝီထိကား၊ ကာမဘုံမှ စုတေ၍ ကာမဘုံ၌ ဖြစ်သောသူအား၎င်း၊ ကာမစဝန္တ ရဟန္တာအား၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္နဇော ငါးကြိမ်၊ စုတိ၊ (ဝါ၊ ဇော၊ စုတိ။ ဇော၊ ဘဝင်၊ စုတိ။ တဒါရုံ၊ စုတိ။ တဒါရုံဘဝင်၊ စုတိ။) ဖြစ်၏။

ထိုနောင် (ရဟန္တာမဟုတ်သူအား) ပဋိသန္ဓေ၊ ဘဝင် ၁၅-ချက်၊ ၁၆-ချက်၊ မနောဒွါရာဝဇ္ဇန်း၊ ဘဝနိကန္တိ လောဘဇော ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။ (မနောဒွါရ လေးဝီထိဖြစ်၏။ )

ရူပ၊ အရူပသို့ သွားလတ္တံ့သော ကာမစဝန္တအား၎င်း၊ ရူပ အရူပစဝန္တ တို့အား၎င်း ဇောနောင် စုတိ။ ဇော၊ ဘဝင်၊ နောင်စုတိ အားဖြင့် နှစ်မျိုးသာဖြစ်သည်။

ရဟန္တာစုတိ နောင် ပဋိသန္ဓေမရှိ။ အကနိဋ္ဌစုတိ နောင် ပဋိသန္ဓေမရှိ။

အသညသတ်၌ နာမ်ပဋိသန္ဓေ မရှိ၊ ရုပ်ပဋိသန္ဓေသာတည်း။

အကနိဋ္ဌတိကား ပစ္ဆိမဘဝိက အစစ်ဖြစ်၍ ရဟန္တာ စုတိသာဖြစ်၏။

မရဏာသန္န အာရုံ

ဤ မရဏာသန္နဝီထိ တို့၌ ဘဝဟောင်း ဘဝင်စိတ်၊ စုတိစိတ်တို့သည် မူလပဋိသန္ဓေ ဟောင်း၏ အာရုံဖြစ်သော - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုကုန်၏။

ဘဝဟောင်း မရဏာသန္နဝီထိစိတ်၊ ဘဝသစ် ပဋိသန္ဓေစိတ်၊ ဘဝသစ်ဘဝင်စိတ် တို့သည် ပဋိသန္ဓေကို ဖြစ်စေသော ကံစွမ်းဖြင့် ထင်သော - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုကုန်၏။

ဘဝသစ် မနောဒွါရာဝဇ္ဇန်း ဘဝနိကန္တိဇော တို့သည် ပဋိသန္ဓေသစ်ဟု ဆိုအပ်သော ဝိပါက်၊ ကဋတ္တာရုပ်ကို အာရုံပြုကုန်၏။

ရဟန္တာ၏ မရဏာသန္န ဝီထိစိတ်တို့သည် ထင်လာတိုင်းသော နာမ်ရုပ်ကို၎င်း၊ လက္ခဏရုပ်ကို၎င်း၊ ပညပ်ကို၎င်း အာရုံပြုကုန်၏။

စိတ်အကြိမ် မှတ်ဘွယ်

အကုသိုလ်စိတ် ၁၂-ခုသည် ဇောအားဖြင့် ငါးကြိမ်၎င်း, ခြောက်ကြိမ်၎င်း, ခုနှစ်ကြိမ်၎င်း - သုံးမျိုးဖြစ်၏။

ဒွေပဉ္စဝိညာဏ် တဆယ်-တကြိမ်စီ။

သမ္ပဋိစ္ဆိုင်းဒွေ-တကြိမ်စီ။

ဥပေက္ခာ သန္တီရဏနှစ်ခု-တကြိမ်၊ နှစ်ကြိမ်၊ အကြိမ် များစွာ။

သုခသန္တီရဏ တခု-တကြိမ်၊ နှစ်ကြိမ်။

ပဉ္စဒွါရာဝဇ္ဇန်း- တကြိမ်။

မနောဒွါရာဝဇ္ဇန်း- တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။

ဟသိတုပ္ပါ- ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်။

မဟာကုသိုလ် သမ္ပသုတ်- သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်။

မဟာကုသိုလ် ဝိပ္ပယုတ်-ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်။

မဟာဝိပါက် ရှစ်ခု-တကြိမ်၊ နှစ်ကြိမ်၊ အကြိမ်များစွာ။

မဟာကြိယာ သမ္ပယုတ်-သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်။

မဟာကြိယာ ဝိပ္ပယုတ်-ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်။

ရူပစိတ် ၁၅-ခု-တကြိမ်၊ အကြိမ်များစွာ။

နေဝသညာနာသညာယတနကုသိုလ်၊ ကြိယာနှစ်ခု-တကြိမ်၊ နှစ်ကြိမ် အကြိမ် များစွာ။

ကြွင်း အရူပစိတ်ဆယ်ခု-တကြိမ်၊ အကြိမ်များစွာ။

(နိရောဓဝီထိကို သတိမရလျှင် အလွဲအမှားဟု စွပ်စွဲတတ်ကုန်၏။)

မဂ်စိတ်လေးခု-တကြိမ်။

အောက်ဖိုလ်နှစ်ခု-နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်များစွာ။

အထက် ဖိုလ်နှစ်ခု-တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်များစွာ။

တေနဝုတ္တံ

တကြိမ်သာဖြစ်၊ ဆဲ့ခုနစ်တည်း။ တစ်၊ နှစ်- တပါး။ တစ်-အများကား၊ နှစ်ဆဲ့ငါးဖြစ်။ တစ်၊ နှစ်၊ သုံးမှာ၊ တခုသာတည်း။ တခါ-နှစ်၊ များ၊ ဆဲ့နှစ်ပါးလုံး၊ နှစ်-သုံး-များ-မြောက်၊ ဒွေဟုကောက်လေ။ ငါး-ခြောက်-ခုနှစ်၊ နှစ်ဆဲ့တစ်မှတ်။ တစ် နှစ်- သုံး-များ၊ နှစ်ပါးဟုရေး။ သုံး-လေး-ငါး-ခြောက်၊ ခုနစ်မြောက်မှာ၊ ရှစ်ခုလာသည်။ တစ်ခွါ ကိုးဆယ်စိတ်ကြိမ်တည်း။

တနည်း-

တကြိမ်ဖြစ်သော စိတ်ပေါင်း ၅၈။ နှစ်ကြိမ် ၁၈။ သုံးကြိမ်-၁၃။ လေးကြိမ်-၈။ ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ် ၂၉။ အများ ၄၁။

(136 - page 120 Table)

(ဇယားကို Comment မှာ ကြည့်ပါ။)

ရှေ့နောက် စိတ်စဉ်

အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော ရှေးရှေးသော စိတ် စေတသိက် တို့သည် မိမိ နောက်သို့လိုက်၍ ဖြစ်ကုန်သော နောက်နောက်သော စိတ် စေတသိက်တို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုကုန်၏။ စိတ်တပါး အကြားမရှိသော ရှေးစိတ်-ပစ္စည်း။ နောက်စိတ်-ပစ္စယုပ္ပန်။ အနန္တပစ္စည်း-ပဋ္ဌာန်းနည်းကို ချိန်သည်။

နောက်နောက်စိတ်

ပဋိသန္ဓေ နောင်ဘဝင်တမျိုးသာ။

ဘဝင်နောင်ဘဝင်၊ အာဝဇ္ဇန်း။

စုတိ-သုံးမျိုး။

ပဉ္စဒွါရာဝဇ္ဇန်းနောင် ပဉ္စဝိညာဏ်။

ပဉ္စဝိညာဏ်နောင် သမ္ပဋိစ္ဆိုင်း။

သမ္ပဋိစ္ဆိုင်း နောင် သန္တီရဏ။

သန္တီရဏနော င်ဝုဋ္ဌော။

ဝုဋ္ဌောနောင်ဝုဋ္ဌော၊ ကာမဇော၊ ပဉ္စဝေါကာရဘဝင်-သုံးမျိုး။

မနောဒွါရာဝဇ္ဇန်းနောင် မနောဒွါရာဝဇ္ဇန်း၊ ကာမဇော၊ ဘဝင်သုံးမျိုး၊

တိဟိတ်မှတပါးသော ကာမဇောနောင် ထိုကာမဇော၊ တဒါရုံ၊ ဘဝင်၊ စုတိလေးမျိုး။

တိဟိတ်ကာမဇောနောင် ထိုကာမဇော၊ မဟဂ္ဂုတ်ဇော၊ မဂ်ဇော၊ ဖိုလ်ဇော၊ တဒါရုံ၊ ဘဝင်၊ စုတိ-၇ မျိုး။

နေဝသညာနာသညာယတန ကြဉ်သော မဟဂ္ဂုတ်ဇောနောင် ထိုမဟဂ္ဂုတ်ဇော၊ တိဟိတ်ဘဝင် ၂-မျိုး။

နေဝသညာနာသညာယတနနောင် နေဝသညာနာသညာယတနဇော၊ အထက် ဖိုလ်ဇော၊ တိဟိတ်ဘဝင်သုံးမျိုး။ (နိရောဓသတိမရလျှင် စွပ်စွဲစရာတည်း။)

မဂ်ဇောနောင်ဖိုလ်ဇော။
ဖိုလ်ဇောနောင် ဖိုလ်ဇော၊ တိဟိတ် ဘဝင် နှစ်မျိုး။

တဒါရုံနောင် တဒါရုံ၊ ကာမဘဝင်၊ ကာမစုတိ- သုံးမျိုး။

စုတိနောင် ပဋိသန္ဓေ။

ရှေးရှေးစိတ်

ပဋိသန္ဓေ ရှေ့စုတိ - တမျိုးသာ။

ဘဝင်ရှေ့ဘဝင်၊ ပဋိသန္ဓေ၊ ဇော၊ တဒါရုံ၊ ဝုဋ္ဌော-ငါးမျိုး။

ပဉ္စဒွါရာဝဇ္ဇန်းရှေ့ဘဝင်။

ပဉ္စဝိညာဏ်ရှေ့ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း ရှေ့ပဉ္စဝိညာဏ်၊ သန္တီရဏ ရှေ့သမ္ပဋိစ္ဆိုင်း။

ဝုဋ္ဌော ရှေ့ဝုဋ္ဌော သန္တီရဏ နှစ်မျိုး။

မနောဒွါရာဝဇ္ဇန်း ရှေ့မနောဒွါရာဝဇ္ဇန်း။ ဘဝင် နှစ်မျိုး၊

ကာမဇော ရှေ့ကာမဇော၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်း။

မဟဂ္ဂုတ်ဇော ရှေ့မဟဂ္ဂုတ်ဇော၊ ကာမတိဟိတ်ဇော နှစ်မျိုး။

မဂ်ဇော ရှေ့ကာမ ကုသိုလ်တိဟိတ်ဇော။

အောက်ဖိုလ်ဇော ရှေ့အောက်ဖိုလ်ဇော၊ အောက်မဂ်ဇော။ ကာမကုသိုလ်တိဟိတ် ဇော၊ သုံးမျိုး။

အထက်ဖိုလ်ဇော ရှေ့အထက်ဖိုလ်ဇော၊ အထက်မဂ်ဇော၊ ကာမတိဟိတ်ဇော၊ နေဝသညာ နာသညာယတန မဟဂ္ဂုတ်ဇော-လေးမျိုး။

တဒါရုံ ရှေ့တဒါရုံ၊ ကာမဇော နှစ်မျိုး။

စုဘိရှေ့-ကာမဇော၊ တဒါရုံ၊ ဘဝင်- သုံးမျိုး။

အနန္တရ ပစ္စည်း ပဋိဌာန်းနည်း၌ ကမ်းတဘက်ရောက်သူ-ပါရဂူ ဖြစ်နိုင်ရာ၏။

ကာမဝီထိ နောက်လိုက်

သဒ္ဒံပဌမစိတ္တေန၊ တီတံဒုတီယစေတသာ။
နာမံ တတီယစိတ္တေန၊ အတ္ထံစတုတ္ထစေတသာ။

သဒ္ဒံ၊ ပစ္စုပ္ပန် သဒ္ဒါရုံကို။
ပဌမစိတ္တေန၊ ပဌမစိတ်ဖြင့်သိ၏။

အတီတံ၊ အတိတ် သဒ္ဒါရုံကို။
ဒုတီယစေတသာ၊ ဒုတီယစိတ်ဖြင့်သိ၏။

နာမံ၊ နာမညပ်ကို။
တတီယစိတ္တေန၊ တတီယစိတ်ဖြင့်သိ၏။

အတ္ထံ၊ အတ္ထပညပ်ကို။
စတုတ္ထ စေတသာ၊ စတုတ္ထစိတ်ဖြင့်သိ၏။

ပဌမစိတ်ဟူသည်ကား သောတဒွါရ အတိမဟန္တာရုံ ဝီထိစိတ် အစဉ်တည်း။ ဝဒန္တပုဂ္ဂိုလ်သည် နွားဟုဆိုအံ့၊ သုဏန္တပုဂ္ဂိုလ်အား ရှေးဦးစွာ သောတဒွါရဝီထိဖြစ်၏။ ထိုဝီထိသည် ဆိုဆဲသဒ္ဒရုပ် ပရမတ်ကိုအာရုံပြု၏။ ပစ္စုပ္ပန်အသံကိုသာသိသေးသည်။

ဒုတီယစိတ်ကား တဒနုဝတ္တက-မနောဒွါရ ဝိဘူတာရုံတည်း။ ဒုတီယအကြိမ် ဤ မနောဒွါရဝီထိဖြစ်၏။ ဆိုပြီးသဒ္ဒရုပ် ပရမတ်ကို အာရုံပြု၏၊ အတိတ်အသံကိုသာ သိသေးသည်။ (ဤအထိ ပရမတ် နှစ်ဝီထိဖြစ်၏။)

တတီယစိတ်ကား သုဒ္ဓမနောဒွါရ ဝိဘူတာရုံတည်း။ ယတီယအကြိမ် ဤမနောဒွါရ ဝီထိဖြစ်၏၊ အက္ခရာအပေါင်းဟူသော နာမပညပ်ကို အာရုံပြု၏။ နွားဟူသောအမည် သညပ်ကိုသာ သိသေးသည်။ မြက်စားလှည်းရုန်းကောင်ဟု မသိသေး။

စတုတ္ထစိတ်ကား သုဒ္ဓမနောဒွါရ ဝိဘူတာရုံတည်း။ စတုတ္တအကြိမ် ဤမနောဒွါရ ဝီထိဖြစ်၏။ ခန္ဓာဒြပ်ဟူသော အတ္ထပညပ်ကို အာရုံပြု၏။ မြက်စားလှည်းရုန်းသော နွား အကောင်ဟု ယခုမှ သိသည်။

ဆိုဆဲအသံနွား၊ ဆိုပြီးအသံနွား (ပရမတ်နှစ်မျိုး) အမည်နွား၊ မြက်စားသောနွား (ပညပ်နှစ်မျိုး) ဤလေးမျိုးကို အစဉ်အတိုင်း အာရုံပြု၍သိ၏။

အသံကြားတိုင်း နာမပညပ်အထိ သုံးဝီထိသည် ပုဂ္ဂိုလ်မရွေး မုချဖြစ်၏။ ရှေးက သင်္ကေတ သိဘူးသူအားသာ လေးဝီထိ ဖြစ်ကောင်းသည်။ မသိဘူးသူအား အတ္ထပညပ်ကို သိသော စတုတ္ထဝီထိ မဖြစ်ကောင်း။

ဤသို့လျှင်ပဉ္စဒွါရဝီထိ တခုခုနောင် နောက်လိုက် တဒနုဝတ္တက မနောဒွါရဝီထိ၊ သုဒ္ဓမနောဒွါရ ဝီထိတို့သည် ထိုက်သလို ဖြစ်ကုန်၏။

ပါဏာတိပါတစသော အကုသိုလ်၊ ဒါနသီလ စသော ကုသိုလ်တို့ကို ပြုရာ၌လည်း ဤစတုတ္ထ ဝီထိ၌ဖြစ်သော ဇောခုနှစ်ကြိမ်တို့သာ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့ကို ဖြစ်စေကုန်၏။ ရှေးဝီထိ ဇောတို့ကား ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်ကုန်။ အားသေး ကုန်၏။

အပ္ပနာဝီထိ နောက်လိုက်

အပ္ပနာဝီထိ ငါးမျိုးတို့တွင် ဈာနဝီထိ၌ အာဒိကမ္မိကနှင့်၊ သမာပဇ္ဇန ၇၂-ဝီထိတို့နောင် ထိုဈာန်တို့၌ရှိသော ဝိတက်စသော ဈာန်အင်္ဂါတို့ကို တခုစီအာရုံပြု၍ ဈာနလာဘီ ပုဂ္ဂိုလ်တို့ ဆင်ခြင်ကုန်၏။ ဆင်ခြင်သော ဝီထိကား ဝိဘူတာရုံတည်း။

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇောငါးကြိမ်။ ထိုနောင် တိဟိတ် ဘဝင် ၁၃-ခု ထိုက်သလိုကျသည်။ လျှင်မြန်လိုသောကြောင့် ဇောငါးကြိမ်သာ။ မဟဂ္ဂုတ်အာရုံ ဖြစ်သောကြောင့် တဒါရုံမကျ။

ဝသီဘော်ငါးပါး

၁။ ဤဆင်ခြင်သော ဝီထိ၌ မနောဒွါရာဝဇ္ဇန်းသည် အာဝဇ္ဇနဝသီ မည်၏။

၂။ ဇောငါးကြိမ်သည် ပစ္စဝေက္ခဏာဝသီ မည်၏။

၃။ ဈာန်သမာပတ် ဝင်စားခြင်းကား သမာပဇ္ဇနဝသီ မည်၏။

၄။ ဤအချိန်မှ ဤအချိန်အထိ ဝင်စားမည်ဟု ဆောက်တည်ခြင်းသည် အဓိဋ္ဌာန ဝသီ မည်၏။

၅။ ဤအချိန်ဈာန်မှ ထမည်ဟု ဆောက်တည်တိုင်း ထနိုင်ခြင်းသည် ဝုဋ္ဌာနဝသီ မည်၏။

ဤ ဝသီဘာ၀ ငါးပါးတို့ဖြင့် လေ့လာခြင်း ပြုကုန်၏။

ပစ္စဝေက္ခဏာ ၁၉-ဝီထိ

မဂ္ဂဝီထိဖြင့် မဂ်ဖိုလ်ရပြီးသော အရိယာပုဂ္ဂိုလ်သည် မဂ်ကို၎င်း၊ ဖိုလ်ကို၎င်း၊ နိဗ္ဗာန်ကို၎င်း ဆင်ခြင်၏။ သုံးဝီထိစီဖြစ်၍ မဂ်လေးခု၌ ၁၂-ဝီထိ။ ပယ်ကိလေသာ၊ ကြွင်းကိလေသာ နှစ်မျိုးကိုလည်း အချို့ဆင်ခြင်၏။ နှစ်ဝီထိစီဖြစ်၏။ အရဟတ္တ မဂ်ဖိုလ် ရသောသူကား ကြွင်းကိလေသာ ဆင်ခြင်ရန်မရှိ။ ၇-ဝီထိ။ ပေါင်း ပစ္စဝေက္ခဏာ ၁၉-ဝီထိဖြစ်၏။

(ပယ်ကိလေသာကြွင်း ကိလေသာကိုအချို့ သေက္ခသာမဆင်ခြင်။)

ဆင်ခြင်သော ဝီထိကား၊ စ၊ ဒ၊ မ၊ ကာမဇော ခုနစ်ကြိမ်။ ထိုနောင် ဘဝင်ကျ၏၊ သောတာပတ္တိမဂ္ဂဝီထိအရာ၌ အရူပဘဝင် မကျ။

မှီရာဝတ္ထု

မရဏာသန္နဝီထိတို့၌ ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယ ဝတ္ထုကို မှီသည်။ စုတိတိုင်အောင် ၁၆-ချက်သော စိတ်တို့သည် ၁၇-ချက်မြောက်စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီကြသည်။

နိရောဓဝီထိတို့၌ နိရောဓသမာပတ်မှ ထသောအခါ ဖိုလ်စိတ်သည် ရှေ့စိတ္တက္ခဏ တချက်ခန့်ကာလ၌ဖြစ်သော ဟဒယဝတ္ထုကို မှီသည်။

ပဉ္စဒွါရဝီထိတို့၌ ပဉ္စဝိညာဏ်စိတ်သည် မဇ္ဈိမာယုက ဖြစ်သော ပဉ္စပသာဒ ဝတ္ထုကို၊ ဝါ၊ ပဌမ အတီတဘဝင်နှင့် အတူ ဥပါဒ်သော ပဉ္စပသာဒဝတ္ထုကို မှီသည်။

ကြွင်းလေသမျှ ဝီထိစိတ် ဘဝင်စိတ်တို့သည် ရှေးရှေးသော စိတ်နှင့်အတူဥပါဒ်သော ဟဒယဝတ္ထုကို မှီကြသည်။ ရှေ့စိတ်ဟဒယကို နောက်စိတ်မှီသည် ဟူလို။ (အရူပ၌ မမှီမူ၍သာ ဖြစ်သည်။) ဝတ္တု ပုရေဇာတပစ္စည်း ပဋ္ဌာန်းနည်းကို ချိန်သည် လွယ်ကူလတ္တံ့။

မဇ္ဈိမာယုက

ပဉ္စာရုံထိခိုက်သောအခါ ပဉ္စာရုံနှင့် ဥပါဒ်ပြိုင်သော ပဉ္စပသာဒတခုသည် (ဝါ၊ ပဌမ အတီတဘဝင် ဥပါဒ်၌ ဖြစ်သော ပသာဒ တခုသည်) မဇ္ဈိမာယုက မည်၏။

အာရုံနှင့်ဖြစ်ချုပ် မရှေးမနှောင်း အသက်တူ ပသာဒ ဟူလို။ ထိုမှနောက် ပသာဒ တို့သည် အမန္ဒာယုက မည်၏။ အာရုံချုပ်သောအခါ နောင်းကျန်ရစ်သည် ဟူလို။ ထိုမှ ရှေးပသာဒတို့သည် မန္ဒာယုက မည်၏။ အာရုံရှိစဉ် ချုပ်နှင့်လေပြီဟူလို။

အတိမဟန္တာရုံ၌ ပဉ္စဒွါရာဝဇ္ဇန်း၏ ဘင်တိုင်အောင် ဥပါဒ် ဌီ ဘင် တိုင်းဖြစ်သော နောက်ပသာဒ ၁၁-ခုသည် အမန္ဒာယုက ၁၁-ခုဖြစ်၏။ ရှေးတေရသမ ဘဝင်၏ ဘင်အထိ ဥပါဒ်, ဌီ, ဘင် တိုင်ဖြစ်သော ရှေးပသာဒ ၃၇-ခုသည် မန္ဒာယုက ၃၇-ခုဖြစ်၏။ အတီတဘဝင် တိုးသော ဝီထိတိုင်း အမန္ဒာယုက ၃-ခုစီတိုး၍ မန္ဒာယုက ၃-ခုစိ လျှော့၍ ပသာဒပေါင်း ၄၉-စီသာတည်း။

ပဉ္စဝိညာဏ်မဖြစ်မီ ရှေး၌ ပသာဒ ၅၁-ခု တည်ဆဲရှိသော်လည်း ပဉ္စဝိညာဏ် ဥပါဒ်ပြီးသောအခါ တခုချုပ်၏။ ဌီပြီးသောအခါ တခုချုပ်၏၊ ဘင်တိုင်အောင် တည်ဆဲ ပသာဒကား ၄၉-ချက်သာတည်း၊ ထို၄၉-ချက်၌သာ သက်တို၊ သက်ရှည်ဖယ်၍ အာရုံ နှင့် ပြိုင်သော သက်လတ်ပသာဒတခုကို ပဉ္စဝိညာဏ်မှီသည်။

သရက်ပမာ

လူတယောက်သည် သရက်ပင်အောက်၌ အိပ်ပျော်နေ၏၊ သရက်သီး ကြွေကျ သောကြောင့် လန့်နိုး၍၊ မျက်စိဖွင့်ကြည့်၍၊ ယူ၍၊ နယ်၍၊ နမ်း၍၊ စား၍၊ မျိုချ၏။ ထိုနောက်ပြန်အိပ်၏။

ဤဥပမာ၌ --

အိပ်ပျော်နေခြင်းသည် ရှေးဘဝင် အယဉ်နှင့် တူ၏။

ကြွေကျ-အာရုံပသာဒထိ။

နိုး-အာဝဇ္ဇန်း။

ကြည့်-စက္ခုဝိညာဏ်။

ယူ-သမ္ပဋိစ္ဆိုင်း။

နယ်-သန္တီရဏ။

နမ်း-ဝုဋ္ဌော။

စား- ဇောအကြိမ်ကြိမ်။

မျို-တဒါရုံ။

ပြန်အိပ်ခြင်းသည်-နောက်ဘဝင် အယဉ်နှင့်တူ၏။

ဤဥပမာဖြင့်-

ပသာဒ၌ ထိခြင်းသာ အာရုံ၏ကိစ္စ။

ဆင်ခြင်ခြင်းသာ အာဝဇ္ဇန်းကိစ္စ။

မြင်ခြင်းသာ စက္ခုဝိညာဏ်ကိစ္စ။

ခံယူ၊ စူးစမ်း၊ မှတ်ခြင်းသည် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောကိစ္စ။

အာရုံ အရသာကို ခံစားနိုင်ခြင်းကာ ဇောကိစ္စသာတည်း။

ဇောအာရုံကို အာရုံပြုခြင်း-တဒါရုံကိစ္စ။

ဤသို့လျှင် သဘောတရားတို့သည် မိမိကိစ္စအားဖြင့် မရောယှက်ဟု ကိစ္စ မရောယှက်ခြင်းဂုဏ်ကို ပြတော်မူသည်။

နိယာမငါးပါး

သင်သည် အာဝဇ္ဇန်းဖြစ်၍ ဘဝင်နောင်ဖြစ်လော။ သင်ကား ဒဿနဖြစ်၍ အာဝဇ္ဇန်းနောင် ဖြစ်လော- ဤသို့စသည်ဖြင့် စိတ်စဉ်ကိုစီမံသူမရှိ။နိယာမငါးပါးတွင် စိတ္တနိယာမအားဖြင့်သာ စိတ်စဉ်ဖြစ်သည်။ နိယာမငါးပါးကို ဆိုအပ်၏။

၁-သစ်ပင်တို့ တချိန်တည်း ပွင့်သီးခြင်းသည် ဥတုနိယာမ မည်၏။

၂-သရက်သီးချင်း တူအောင်၊ အုန်သီးတိုင်း ထိပ်ပေါက်ရှိအောင်-ဤသို့စသည်ဖြင့် ဖြစ်ခြင်းသည် ဗီဇနိယာမ မည်၏။

၃-တိဟိတ်ကံသည် တိဟိတ်၊ ဒွိဟိတ်၊ အဟိတ်အကျိုးကို၊ ဒွိဟိတ်ကံသည်ဒွိဟိတ်၊ အဟိတ်အကျိုးကို ပေးခြင်းသည် ကမ္မနိယာမ မည်၏။ ဖွတ်တွင်းပိတ်ဘူးသူ, လှိုဏ်ခေါင်း ပိတ်ခံရခြင်း .. စသော ကံတူအကျိုးပေးတို့လည်း ကမ္မနိယာ မည်၏။

၄-ဘုရာလောင်း သန္ဓေယူသောအခါ မြေလှုပ်ခြင်း စသည်သည် ဓမ္မနိယာမ မည်၏။

၅-အာရုံပသာဒ ထိခိုက်သောအခါ အာဝဇ္ဇန်း စသည် အစဉ်ကျအောင် ဖြစ်ခြင်းသည် စိတ္တနိယာမ မည်၏။

(ဥတု၊ ဗီဇ၊ ကမ္မ၊ ဓမ္မ၊ စိတ္တ-နိယာမငါးပါး။)

ကာမဝီထိအရာ မှတ်ဘွယ်

ကျောက်၊ လောင်စာနှင့် နေပူ-ပေါင်းဆုံမိမှ မီးဖြစ်သကဲ့သို့ ဝတ္ထုနှင့် အာရုံစသည်တို့-ပေါင်းဆုံမိမှ ဝီထိစိတ်ဖြစ်သည်။ ဝီထိစိတ်တို့သည် အာရုံကို ဆင်ခြင်ခြင်း၊ မြင်ခြင်း၊ လက်ခံခြင်း စသည်ကိုပြုရာ၌ ပြုတတ်သော ကတ္တားသတ္တိ မရှိ။ ဆင်ခြင်သကဲ့သို့ မြင်သကဲ့သို့ စသော အခြင်းအရာ ဘာဝသတ္တိဖြစ်ခြင်းမှ လာဖြစ်ကုန်၏။ တဒ္ဓမ္မူပစာ-မရှိရာတင်စား၍ ဆင်ခြင်သည်။ မြင်သည်။ လက်ခံသည် စသည်ဖြင့်ဆိုသည်။

ရူပါရုံ မလာခြင်း

ရူပါရုံသည် မိမိနေရာ၌တည်လျက် စက္ခုအား ထင်သည်။ စက္ခုပသာဒသို့လာ၍ ထိမှထင်သည် မဟုတ်၊ ထိုကြောင့်မလာ။ ရူပါရုံတနေရာမှ တနေရာသို့ သွားခြင်းကား မှီရာမဟာဘုတ်ရွေ့၍ ဖြစ်လျှင် သွားသည် မည်၏။ မရွေ့ဘဲဖြစ်လျှင် ရပ်သည်မည်၏။

(အနုစိတ်ခြင်းဖြင့်ကား နေရာ မရွေ့ဘဲဖြစ်ရာ၌သာ ချုပ်သောကြောင့် သွားတတ်သော ရုပ်တခုမျှ မရှိ၊ မှီရာမဟာဘုတ် တရွေ့ရွေ့ အသစ်အသစ်ဖြစ်ရာ၌ မခွဲနိုင်သော ရုပ်တို့၏ ဖြစ်ခြင်းကြောင့် - မသွားတတ်သော ရုပ်လည်း တခုမျှမရှိ။ ဤသို့ မဝေဘန်လျှင် ရူပ၊ သဒ္ဒ- မသွားတတ်။ ဂန္ဓ- စသည်သွားတတ်သည်ဟု အယူသည်းထန်ကုန်ရာ၏။)

ထမ်းစင် ထမ်းနည်း

မြင်ရသောအခါ များသောရူပါရုံ အပေါင်းကိုသာ မြင်သည်၊ ရုပ်ကလာပ်တခု နှစ်ခုမျှဖြစ်သော ရူပါရုံကိုမမြင်။ ရူပါရုံကိုမြင်သလော- အပေါင်းကို မြင်သလောဟူမူ။ ပရမတ်၌ အပေါင်းမရှိ။ အစိတ်အစိတ်သည်ပင် အပေါင်းဖြစ်၍ ထမ်းစင်ထမ်းနည်းဖြင့် မြင်သည်။ အများပိုင်းထမ်းမှ ထမ်းစင် ကြွသကဲ့သို့ ရူပါရုံအများပေါင်းစုမှ မြင်ရသည်။

အကြောင်းလေးပါး

ရူပါရုံများသလောက် အကုန်မမြင်၊ နှုလုံးသွင်းသလောက်မြင်သည်၊ မြင်သော အခါလည်း စက္ခုသည် အရောင်အလင်ကို မှီ၍သာ မြင်သည်။ စက္ခု၊ ရူပ၊ အာလောက၊ မနသိကာရ-ဤကား မြင်ခြင်း အကြောင်း လေးပါးတည်း။

မမြင်ရသောရူပါရုံ ၆-မျိုး

သေးလွန်းသော အဏုမြူ၊ ဝေးလွန်သော မြင်းမိုရ်တောင်၊ နီးလွန်းသော မျက်မွေးမျက်လွှာ၊ မြန်လွန်းသော သံတွေပူပေါ်ကျသော ရေပေါက်။ အနာဂတ်အ ဆင်း၊ အတိတ်အဆင်း -ဤသို့သော ရူပါရုံတို့ကို မမြင်နိူင်။ (ဖုံးကွယ်ကိုဝေး၌ထည့်။)

သေး၊ ဝေး၊ နီး၊ မြန်၊ (၄)၊ နာ၊ တီတံ (၂) ၊မြင်ရန်မစွမ်းနိုင်။

သဒ္ဒါရုံ မလာခြင်း

သဒ္ဒါရုံသည်လည်း မိမိနေရာ၌ တည်လျက် သောတအား ထင်သည်။ သောတ ပသာဒသို့ လာ၍ထိမှ ထင်သည်မဟုတ်။ ပသာဒသို့မရောက်ဘဲ ထင်မှ အရှေ့အရပ်က အဆင်းအသံ၊ အနောက်က အဆင်း အသံဟု မှတ်သားနိုင်သည်၊ သဒ္ဒါရုံသွားခြင်းကား မှီရာမဟာဘုတ် အတိုင်းပင်တည်း။

ကြားရသောအခါ များသော သဒ္ဒါရုံအပေါင်းကိုသာ ကြားသည်၊ ရုပ်ကလာပ်တခု နှစ်ခုမျှသဒ္ဒကို မကြား။ များသလောက်လည်း မကြား။ နှလုံးသွင်းသလောက်သာ ကြားသည်။ အကြား အပေါက် အာကာသကို မှီ၍သာကြားသည်။ သောတ, သဒ္ဒ, အာကာသ, မနသိကာရ-ကြားခြင်းအကြောင်းလေးပါး။

ဂန္ဓာရုံစသည် လာခြင်း

ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ တို့ကား ဃာန, ဇိဝှါ, ကာယ, ပသာဒသို့လာ၍ ထိကပ်မှ ထင်ကုန်၏။ မထိကပ်လျှင်မထင်၊ ပသာဒသို့ရောက်မှ ထင်သောကြောင့် ဤအနံ့၊ အရသာ၊ အတွေ့ကား အရှေ့က၊ အနောက်က-ဟု မမှတ်၊ ပသာဒ၌သာ အမှတ် ထားကြရလေသည်။ သွားခြင်းကား မှီရာ မဟာဘုတ် အတိုင်းပင်တည်း။ ရုပ်ကလာပ်တခု၊ နှစ်ခုမျှ သေးငယ်သော်လည်း ပသာဒသို့လာ၍ ထိလျှင်သိနိုင်၏။ နှလုံးသွင်း သလောက်သိသည်။

လေဓာတ်မှီ၍ အနံ့သိသည်၊ ဃာန၊ ဂန္ဓ၊ ဝါယော၊ မနသီ- အနံ့သိကြောင်းလေးပါး။

ရေဓာတ်မှီ၍ အရသာသိသည်၊ ဇိဝှါ၊ ရသ၊ အာပေါ၊ မနသီ-အရသာသိကြောင်း လေးပါ။

အမာဓာတ် မှီ၍ အတွေ့သိသည်၊ ကာယ၊ ဖောဋ္ဌဗ္ဗ၊ ပထဝီ၊ မနသီ-တွေ့သိကြောင်း လေးပါး။

ပသာဒ ငယ်သော်လည်း

ပဉ္စပသာဒတို့ကား ရုပ်ကလာပ်တခု နှစ်ခုမျှ သေးငယ်သော်လည်း စိတ်၏မှီရာဖြစ်၍ အာရုံကို ယူနိုင်ကုန်၏။

လှုပ်ခြင်း ပြတ်ခြင်း

ပသာဒ အာရုံ တွေ့ဆုံသောအခါ ဝီထိဖြစ်ခြင်းငှါ ဘဝင်ချက်ခြင်း မပြတ်။ ဘဝင်္ဂစလန နှစ်ကြိမ် ဖြစ်ပြီးမှပြတ်ခြင်းသည် ပြေးသူ ရပ်ခွင့်ကြုံသောအခါ ချက်ခြင်း မရပ် တလှမ်း၊ နှစ်လှမ်း လွန်ပြီးမှ ရပ်သည်နှင့်တူ၏။

အာရုံသည် ပသာဒကိုသာ ထိသည်၊ ဘဝင်ကိုမထိ။ ဘဝင်သည် ဟဒယ၌မှီနေသည်။ ဘဝင် အဘယ်ကြောင့် လှုပ်သနည်း။ ခုတ်ရာတခြား, ရှရာတခြား မဖြစ်ပြီလော?

သန္တာန် တစပ်တည်း ဖြစ်သောကြောင့်တည်း၊ စပ်ပုံကား-ပသာဒသည် မဟာဘုတ်၌ မှီသည်။ မဟာဘုတ်သည် မဟာဘုတ်ချင်း စပ်သည်။ စပ်သော မဟာဘုတ်၌ ဟဒယဝတ္ထုမှီသည်၊ ဟဒယ၌ ဘဝင်မှီသည်၊ ဤသို့ တစပ်တည်းဖြစ်သောကြောင့် အာရုံနှင့် ပသာဒ ဆုံလျှင် ဘဝင် တုန်လှုပ်ရလေသည်။ စည်မျက်နှာ တဘက်၌ တီးလျှင် အခြားတဘက်၌ ကပ်နေသော သကာခဲ၌ နားနေသော ယင်ငယ် တုန်လှုပ်၍ ပျံရလေသည်နှင့်တူ၏။

တဒါရုံနှစ်ကြိမ် ဥပမာ

တဒါရုံသည် အမြဲနှစ်ကြိမ်ဖြစ်သည်။ နှစ်ကြိမ် မဖြစ်လောက်သော မဟန္တာရုံ၌ တကြိမ်မျှပင်မဖြစ် (အချို့ကား တကြိမ်လည်း ဖြစ်ကောင်းသည်ဟူ၏။)

တဒါရုံသည် မိမိကိုဖြစ်စေသော ကာမကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကာမ အလားတူ ကာမကြိယာဇောတို့ နောင်သာ ဖြစ်သည်။ မဟဂ္ဂုတ်၊ လောကုတ္တရာ နောင်မဖြစ်၊ ကာမ ပဋိသန္ဓေစိတ်သည် တဒါရုံ၏ဖြစ်ကြောင်း မျိုးစေ့တည်း၊ ကာမ ဇောနောင်လည်း ကာမအာရုံ၌သာ ကာမဘုံ၌သာ ဖြစ်သည်။ မဟဂ္ဂုတ်စသောအာရုံ၊ ရူပဘုံ အရူပဘုံ၌မဖြစ်၊ သတို့သားငယ်နှင့်တူ၏။

သတို့သားငယ်သည် မွေးသည့်မိခင်၊ ဘခင်၊ အလားတူ ဦးကြီး၊ ဦးလေးတို့၏ နောက်သာ လိုက်သည်။ အမတ်စစ်သူကြီးတို့နောက် မလိုက်၊ မိဘဆွေမျိုး နောက်လည်း အိမ်အနီး၌ သာလိုက်သည်။ အရပ်ဝေးသို့ မလိုက်သကဲ့သို့တည်း။

တနည်း --

ကာမတဏှာသခင်၏ အစွမ်းဖြင့်ဖြစ်သော ကာမကုသိုလ် အကုသိုလ် ကျွန်မကြီးမှ တဒါရုံသားပေါက် မွေးဘွားရသည်။ ကာမတဏှာ ဟူသော သခင်၏နယ် ကာမအာရုံ ကာမဘုံအိမ် အနီး၌သာ ကာမဝိပါက် တဒါရုံဟူသော သားပေါက်ကျွန်မသာ ဖြစ်ရသည်။ လိုက်ရသည်။ နယ်မလွန်ရ သကဲ့သို့တည်း။

ဇောအာရုံ၏အသက်

အချို့ ပရိတ္တာရုံ၌ ဇောငါးကြိမ်၊ ခြောက်ကြိမ်ခန့်အာရုံ အသက်ရှိလျှက် အဘယ်ကြောင့် ဇောတကြိမ်မျှ မစောသနည်း။ ပစ္စုပ္ပန်ထင်ဆဲ အာရုံ၌ ဇော ခုနစ်ကြိမ်ဖြစ် လောက်အောင် အာရုံအသက်ရှိမှ ဇောစောသည်။ ခုနစ်ကြိမ် မဖြစ်လောက်သော အာရုံသည် အားနည်းသောကြောင့် ဇောကို ဖြစ်စေခြင်းငှါ အာရမ္မဏသတ္တိဖြင့် ကျေးဇူးမပြုနိုင်။

အပ္ပနာဝီထိအရာမှတ်ဘွယ်

အပ္ပနာဇောသည် ကာမဇောသုံးကြိမ်၊ လေးကြိမ်နောင် - လေးကြိမ်မြောက်၊ ငါးကြိမ် မြောက်၌သာကျသည်။ ငါးကြိမ်၊ ခြောက်ကြိမ်နောင် မကျ၊ အဘယ်ကြောင့်နည်း၊ ဘဝင်ကျခြင်းနှင့် နီးသောကြောင့်တည်း၊ ကမ်းပါးပြတ်သို့ ပြေးသောသူသည် မရောက်မီ ရပ်ရသည်၊ ရောက်မှရပ်လျှင် ကျခြင်းနှင့် နီးလတ္တံ့။

ကာမဇော နှစ်ကြိမ်နောင်လည်း မကျ၊ အဘယ်ကြောင့်နည်း။ ကာမဇောနှစ်ကြိမ်တွင် ဂေါတြဘူ မဖြစ်နိုင်သောကြောင့်တည်း။ ပဌမဇောသည် အာသေဝနပစ္စည်းမရ၍ အားမရှိသောကြောင့် ဒုတီယတော နေရာ၌ ဂေါတြဘူဖြစ်အောင် ကျေးဇူးမပြုနိုင် ဒုတီယဇော ဂေါတြဘူမဖြစ်သောကြောင့် သုံးကြိမ်မြောက် တတီယဇော အပ္ပနာမဖြစ်။ ကာမာတကြိမ်နောင်ကား အပ္ပနာဝေးစွ။

ကာမဇောငါးမည်

အပ္ပနာဇောရှေ့၌ ကာမဇော လေးကြိမ်တို့တွင် ပဌမဇောသည် အပ္ပနာကို ပြုပြင် တတ်သောကြောင့် ပရိကံမည်၏၊ ဒုတီယဇောသည် အပ္ပနာ၏ အနီး၌ ဖြစ်သောကြောင့် ဥပစာရမည်၏။ (မနီးလွန်းသော်လည် မဝေးသောကြောင့် အနီးဟု ဆိုသည်။) တတီယဇောသည် ကာမဇော၊ နောက်အပ္ပနာတို့အား လျော်သောကြောင့် အနုလုံမည်၏၊ စတုတ္ထဇောသည် ကာမအနွယ်၊ ပုထုဇဉ်အနွယ်ကို ဖျက်၍ မဟဂ္ဂုတ် အနွယ် လောကုတ္တရာ အရိယာအနွယ်ကို ဖြစ်စေတတ် သောကြောင့် ဂေါတြဘူ မည်၏၊ အရိယာပုဂ္ဂိုလ်၏မဂ်ရှေ့ (ဂေါတြဘူ) ကာမဇောသည် ကိလေသာ စင်ကြယ် သောကြောင့် ဝေါဒါန်မည်၏။

အပ္ပနာအမည်

ဝိတက်စသော ဈာန်အင်္ဂါငါးပါးသည် အာရုံကို ကပ်၍ ရှုတတ်သောကြောင့် ဈာန် မည်၏။ နီဝရဏတို့ကို ပယ်တတ်သောကြောင့်လည်း ဈာန်မည်၏။ ပယ်ဟန်ကား ဝိတက်သည် ထိနမိဒ္ဓကိုပယ်၏၊ ဝိစာရသည် ဝိစိကိစ္ဆာကို ပယ်၏၊ ပီတိသည် ဗျာပါဒကို ပယ်၏၊ သုခသည် ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်၏၊ ဧကဂ္ဂတာသည် ကာမစ္ဆန္ဒကိုပယ်၏။

ထိမိဒ်၊ ဝိ၊ ဗျာ၊ (၃)၊ ဥဒ် ကုတ်၊ ကာ (၂)၊ ငါးဖြာ ဈာန်ပယ်စဉ်။

ဤဈာန်အင်္ဂါငါးပါးတို့တွင် ဝိတက်သည်သာလျှင် ကသိုဏ်း စသောအာရုံ၌ ချဉ်းကပ် ဝင်ရောက် တတ်သောကြောင့် အပ္ပနာ မည်၏။ (မုချ)။ မဟဂ္ဂုတ် လောကုတ္တရာ တို့သည် ထို (ဝိတက်) အပ္ပနာစွမ်းဖြင့် ဖြစ်သောကြောင့် အပ္ပနာ မည်၏။ (ဥပစာ)

မဂ်ဖိုလ်ဝေဒနာ

မဂ်သို့ ရောက်ကြောင်း ဖြစ်သော ဝိပဿနာသည် ဝုဋ္ဌာနဂါမိနီ မည်၏၊ အထွတ် အထိပ်သို့ရောက်သော ပရိကံ၊ ဥပစာ၊ အနုလုံ၊ သုံးခုဖြစ်၏။ ထိုဝိပဿနာစွမ်းဖြင့် မဂ်ဖိုလ်၌ ဝေဒနာကိုမှတ်သားသည်။ ထိုဝိပဿနာသည် သောမနဿဖြစ်လျှင် မဂ်ဖိုလ်လည်း သောမနဿဖြစ်သည်၊ မဂ်ဖိုလ် သောမနဿဖြစ်လျှင် ထိုဝိပဿနာ လည်း သောမနဿဖြစ်သည်၊ ဥပေက္ခာဖြစ်လျှင်လည်း ထိုနည်းတည်း။

အောက်ဈာန် လေးပါး ရသူ၏ မဂ်ဖိုလ်သည် ထိုဈာန်လေးပါးနှင့်တူစွာ ဈာန်အင်္ဂါ အမျိုးမျိုးဖြစ်၍ (ဥပေက္ခာမဖြစ်) သောမနဿသာ ဖြစ်သည်။ သုက္ခဝိပဿက၏ မဂ်ဖိုလ်သည် ပဌမဈာန် နှင့်တူစွာ ဈာန်အင်္ဂါဖြစ်၍ (ဥပေက္ခာမဖြစ်) သောမနဿသာ ဖြစ်သည်။

ဝီထိပိုင်းအရသာ ပြီး၏။

၅ - ဘုံပိုင်း

ဤသို့ ဝီထိစိတ်စွမ်းဖြင့် ပဝတ္တိအခါ ဖြစ်သော ပဝတ္တိသင်္ဂဟကိုပြပြီး၍ ယခုအခါ၌ ပဋိသန္ဓေအခါဖြစ်သော ပဝတ္တိသင်္ဂဟကို ဆိုပေအံ့။

(ပဋိသန္ဓေ နောင် ပဌမဘဝင်မှစ၍ စုတိ အဆုံးတိုင်အောင်သည် ပဝတ္တိအခါ မည်၏။ ပဋိသန္ဓေ ခဏတ္တယ သည်သာလျှင် ပဋိသန္ဓေအခါ မည်၏။ ဤသင်္ဂဟကို ပဋိသန္ဓေအခါ ဆိုမည်ဟု ဝန်ခံသော်လည်း နီးကပ်သော စုတိအခါလည်း ဆိုမည်၊ ဘဝင် အခါလည်း ဆိုမည်။ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-ဝီထိမုတ် စိတ်စွမ်းဖြင့် ဆိုမည်ဟူလို။)

ဤဝီထိမုတ္တသင်္ဂဟ၌ ဘုံလေးခု၊ ပဋိသန္ဓေလေးခု၊ ကံလေးခု၊ မရဏုပ္ပတ္တိလေးခု-
ဤသို့လေးပါး လေးခုသိအပ်၏။

ဘူမိစတုက္က

ထိုလေးခုတို့တွင် အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ-
ဤကား ဘုံလေးခုတည်း။

ဘုံ သုံးဆဲ့တစ်

ထိုတွင် အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသုရကာယ်ဘုံ-ဟူ၍ လေးဘုံရှိ၏။

ကာမသုဂတိဘုံသည်၊ လူ့ဘုံ၊ စာတုမဟာရာဇ်ဘုံ၊ တာဝတိံသာဘုံ၊ ယာမာဘုံ၊ တုသိတာဘုံ၊ နိမ္မာနရတိဘုံ၊ ပရနိမ္မိတဝသဝတ္တိဘုံ-ဟူ၍ ခုနစ်ဘုံရှိ၏။ ဤနှစ်ရပ် အပေါင်းသည် ကာမ ၁၁-ဘုံ မည်၏။

ရူပါဝစရ ဘုံသည် ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ-ဟူ၍ ပဌမဈာန်သုံးဘုံ။ (ဤအထိ ကမ္ဘာမီးဖျက်သည်။)
ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘာဘုံ၊ အာဘဿရာဘုံ၊ - ဟူ၍ ဒုတီယဈာန် သုံးဘုံ။ (ဤအထိ ကမ္ဘာရေဖျက်သည်။)
ပရိတ္တသုဘာဘုံ၊ အပ္ပမာဏသုဘာဘုံ၊ သုဘကိဏှာဘုံ-ဟူ၍ တတီယဈာန် သုံးဘုံ။ (ဤအထိ ကမ္ဘာလေဖျက်သည်။)
ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒ္ဓါဝါသငါးဘုံ - ဟူ၍ စတုတ္ထဈာန်ခုနစ်ဘုံ၊ ဤသို့ ၁၆-ဘုံရှိ၏။
သုဒ္ဓါဝါသငါးဘုံကား - အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ။

အရူပါဝစရဘုံသည် --
အာကာသာနဉ္စာယတနဘုံ၊
ဝိညာနဉ္စာယတနဘုံ၊
အာကိဉ္စညာယတနဘုံ၊
နေဝသညာနာသညာယတနဘုံ-ဟူ၍လေးဘုံရှိ၏။

သုဒ္ဓါဝါသ၌ ပုထုဇဉ် သောတာပန် သကဒါဂါမ်မရ။
အသညသတ်နှင့် အပါယ်၌ အရိယာ မရ။
ကြွင်း ၂၁-ဘုံ၌ ပုထုဇဉ် အရိယာ လျှော်စွာရ၏။
ဤကား-ဘူမိစတုက္ကတည်း။

ပဋိသန္ဓိ စတုက္က

အပါယ်ပဋိသန္ဓေ၊ ကာမသုဂတိ ပဋိသန္ဓေ၊ ရူပါဝစရ ပဋိသန္ဓေ၊ အရူပါဝစရ ပဋိသန္ဓေ-ဤကား ပဋိသန္ဓေ လေးခုတည်း။

ကာမ ပဋိသန္ဓေ ၁၀

ထိုတွင် အကုသလ ဝိပါက် ဥပေက္ခာ သန္တီရဏသည် အပါယ်လေးဘုံ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ စွမ်းဖြင့်ဖြစ်၏။ ဝါ-ပဋိသန္ဓေအခါ ပဋိသန္ဓေကိစ္စဖြစ်၏၊ ထိုနောင် ပဝတ္တိအခါ ဘဝင်ကိစ္စဖြစ်၏။ အဆုံး၌ စုတိကိစ္စဖြစ်၍ပြတ်။
(ဤကားအပါယ် ပဋိသန္ဓေ တခုတည်း။)

ကုသလဝိပါက် ဥပေက္ခာသန္တီရဏသည် ကာမသုဂတိ၌၊ (ဝါ၊ လူ၊ စာတုမဟာရာဇ် နှစ်ဘုံ၌) ဇစ္စန္တစသော လူတို့အား၎င်း ဘုမ္မနိဿိတ ဝိနိပါတိက အသုရာတို့အား၎င်း, ပဋိသန္ဓေ ဘဝင် စုတိစွမ်းဖြင့်ဖြစ်၏။
(ဤအသုရာတို့သည် စာတုမဟာရာဇ်၌ ပါဝင်ကုန်၏။)

မဟာဝိပါက်နှစ်ခုသည် ကာမသုဂတိ ၇-ဘုံလုံး၌ ပဋိသန္ဓေ, ဘဝင်, စုတိ စွမ်းဖြင့်ဖြစ်၏ (ဝိပ္ပယုတ်-ဒွိဟိတ်၊ သမ္ပယုတ်-တိဟိတ် ဟုခွဲ၊) ဤကား ကာမသုဂတိ ပဋိသန္ဓေ ကိုးခုတည်း။ ထိုနှစ်ရပ် အပေါင်းသည် ကာမာဝစရ ပဋိသန္ဓေတဆယ် ဖြစ်၏။

(ဒုဂ္ဂတိအဟိတ် ၁၊ သုဂတိအဟိတ် ၁၊ ဒွိဟိတ် ၄၊ တိဟိတ်၄၊ ပေါင်း ၁၀။
အဟိတ် ၂၊ သဟိတ်-၈၊ ပေါင်း ၁၀။
အပါယ် ၁၊ သုဂတိ ၉ ပေါင်း ၁၀။
ဝိပါကန္တရာယ် ၆၊ အနန္တရာယ် ၄။ ပေါင်း ၁၀။
အဟိတ် ဒွိဟိတ်သည် ဝိပါကန္တရာယ် မည်၏။ ဈာန်မဂ်ဖိုလ် မရထိုက်။)

ကာမဘုံသက်တမ်း

ကာမ ပဋိသန္ဓေ နေသူတို့တွင် အပါယ်လေးဘုံသား၊ လူ၊ ဝိနိပါတိက အသုရာတို့အား အသက် အပိုင်းအခြားမရှိ။

စာတုမဟာရာဇ် နတ်တို့အားကား နတ်သက်ငါးရာ၊ လူတို့ အရေအတွက် အားဖြင့် ကိုးသန်းဖြစ်၏။ စာတုမဟာရာဇ် နတ်သက်လေးဆသည် (ဝါ၊ ရက်နှစ်ဆ၊ နှစ်နှစ်ဆ ကြီးခြင်းအားဖြင့် လေးဆသည်) တာဝတိံသာ နတ်သက် ဖြစ်၏။
ထိုအတူ -
တာဝတိံသာ လေးဆ-ယာမာ။
ယာမာလေးဆ-တုသိတာ။
တုသိတာလေးဆ-နိမ္မာနရတိ။
နိမ္မာနရတိ လေးဆ-ပရနိမ္မိတဝသဝတ္တီ နတ်သက်ဖြစ်၏၊
ဝသဝတ္တီနတ်သက်သည် လူတို့အရေအတွက်အားဖြင့် ၉၂၁-ကုဋေခြောက်သန်း-ဖြစ်၏။

ရူပပဋိသန္ဓေ ၆

ရူပပဋိသန္ဓေကား ပဌမဈာန်ဝိပါက်သည် ပဌမဈာန်သုံးဘုံ၌ ပဋိသန္ဓေ, ဘဝင်, စုတိ-စွမ်းဖြင့် ဖြစ်၏။
ဒုတီယဈာန်ဝိပါက်၊ တတီယဈာန်ဝိပါက် ၂-ခုသည် ဒုတီယဈာန် သုံးဘုံ၌ပဋိသန္ဓေ-ဘဝင်-စုတိစွမ်းဖြင့်ဖြစ်၏။ စတုတ္ထဈာန် ဝိပါက် သည်တတီယဈာန်သုံးဘုံ၌, ပဉ္စမဈာန် ဝိပါက်သည် စတုတ္ထဈာ ၆-ဘုံတို့၌ ပဋိသန္ဓေ, ဘဝင် စုတိစွမ်းဖြင့်ဖြစ်၏။

အသညသတ်တို့အားကား ရုပ်သည်သာလျှင် ပဋိသန္ဓေဖြစ်၏။ ထိုနောင်ပဝတ္တိအခါ၊ စုတိအခါတို့၌လည်း ထိုရုပ်သည်သာလျှင် ဘဝင်, စုတိအသွင်ဖြင့် ဖြစ်၍ ချုပ်၏။ ဤကား ရူပါဝစရ ပဋိသန္ဓေခြောက်ခုတည်း။
(ရုပ်ပဋိသန္ဓေသည် သမ္ပယုတ်ဟိတ် မရှိသောကြောင့် အဟိတ် ပဋိသန္ဓေလည်း မည်၏။
နာမ်-၅၊ ရုပ် ၁၊ ပေါင်း-၆။
အဟိတ်-၁၊ သဟိတ်-၅၊ ပေါင်း၆။
အန္တရာယ် ၁၊ အနန္တရာယ် ၅၊ ပေါင်း ၆။)

ရူပဘုံ သက်တမ်း

ရူပ ပဋိသန္ဓေနေသူတို့တွင် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာတို့အား အသင်္ချေယျကပ် သုံးဘို့ တဘို့အသက်ရှိ၏၊
ဗြဟ္မပုရောဟိတာ ... အသင်္ချေယျကပ် ထက်ဝက်။
မဟာဗြဟ္မာ အသင်္ချေယျကပ် တကပ် အသက်ရှိ၏။
ဤကား-အသင်္ချေယျကပ်ဖြင့် ပိုင်းသော ဘုံသုံးဘုံတည်း။
(အသင်္ချေယျကပ်သည် တကမ္ဘာ၏ လေးဘို့တဘို့ဖြစ်၏။)

ပရိတ္တာဘာ ၂-ကမ္ဘာ။
အပ္ပမာဏာဘာ ၄-ကမ္ဘာ။
အာဘဿရာ ၈-ကမ္ဘာ။
ပရိတ္တသုဘာ ၁၆-ကမ္ဘာ။
အပ္ပမာဏသုဘာ ၃၂-ကမ္ဘာ။
သုဘကိဏှာ ၆၄-ကမ္ဘာ။

ဝေဟပ္ဖိုလ်၊ အသညသတ် ကမ္ဘာငါးရာ။
အဝိဟာ ၁-ထောင်။
အတပ္ပါ ၂-ထောင်။
သုဒဿာ ၄-ထောင်။
သုဒဿီ ၈-ထောင်။
အကနိဋ္ဌ-တသောင်းခြောက်ထောင်။

အရူပ ပဋိသန္ဓေ ၄

အရူပဝိပါက် လေးခုတို့သည် အစဉ်အတိုင်း အရူပ ၄-ဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိစွမ်း ဖြင့်ဖြစ်ကုန်၏။ ဤကား အရူပါဝစရ ပဋိသန္ဓေလေးခုတည်း။ တဘုံတခုစီ။

အရူပဘုံ သက်တမ်း

အရူပပဋိသန္ဓေ နေသူတို့တွင် --
အာကာသာနဉ္စာယတနဗြဟ္မာတို့အား ကမ္ဘာ နှစ်သောင်း။
ဝိညာနဉ္စာယတန လေးသောင်း။
အာကိဉ္စညာယတန ခြောက်သောင်း။
နေဝသညာနာသညာယတ နစ်သောင်းလေးထောင် အသက်ရှိ၏။

ပဋိသန္ဓေ, ဘဝင်, စုတိ တူမတူ

တခုသောဘဝ၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်သည် ဘူမိ, ဇာတိ, သမ္ပယုတ္တဓမ္မ သင်္ခါရအားဖြင့် တူသည်သာတည်း။ အာရုံအားဖြင့်ကား တူသည် လည်းရှိ၏။ မတူသည်လည်းရှိ၏၊
(ပစ္စုပ္ပန်အာရုံသည် စုတိတိုင်အောင် မတည်၊ စုတိ၌ပစ္စုပ္ပန်အာရုံ မရှိသောကြောင့် တည်း။) ဤကားပဋိသန္ဓေ စတုက္ကတည်း။

ကမ္မစတုက္က

ကိစ္စကံ

ဇနကကံ၊ ဥပထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံ - ဤကား ကိစ္စကံ လေးခုတည်း။
အကျိုးပေးသော ကိစ္စခြင်းရာအားဖြင့် ဖြစ်သောကံသည် ကိစ္စကံမည်၏၊ လေးပါး ပြား၏၊
ပဋိသန္ဓေကျိုး, ပဝတ္တိကျိုး ပေးသောကံသည် ဇနကကံမည်၏၊
ဇနက ကံစွမ်းကိုထောက်ပံ့သော ကံသည် ဥပထမ္ဘကကံ မည်၏၊
ဇနကကံစွမ်းကို ကပ်၍နှိပ်စက်သောကံသည် ဥပပီဠကကံ မည်၏။
ဇနကကံစွမ်းကို ကပ်၍ သတ်သောကံသည် ဥပဃာတကကံ မည်၏။

ပါကဒါနပရိယာယ

ဂရုကံ၊ အာသန္နကံ၊ အစိစိဏ္ဏကံ၊ ကဋတ္တာကံ - ဤကား ပါကဒါနပရိယာယကံ လေးခုတည်း၊
အကျိုးပေးစဉ်အားဖြင့် ဖြစ်သောကံသည် ပါကဒါနပရိယာယကံ မည်၏။ လေးပါး ပြား၏။ အာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံ၊ မဟဂ္ဂုတ်ကံတို့သည် ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာ ကံမည်၏၊
ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံ ဂရုကံ ဖြစ်သည်။

မရဏာသန္နဇော မစောမီသေခါနီး အောက်မေ့အပ်, ပြုအပ်သောကံသည် အာသန္နကံ မည်၏။
မပြတ်ပြုအပ်, အောက်မေ့အပ်သောကံသည် အာစိဏ္ဏကံမည်၏။
အကျိုးပေးနိုင်ရုံမျှ သတ္တိရှိသော အတိတ်ကံဟူသမျှသည် ကဋတ္တာကံ မည်၏။
ဤကံလေးခုတို့သည် ရှေးရှေးကံမရှိမှ နောက်နောက်ကံ အကျိုးပေးကြသည်။

ပါကကာလ

ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံ-ဤကား ပါကကာလ ကံလေးခုတည်း။ အကျိုးပေးရာ ကာလအားဖြင့်ဖြစ်သော ကံသည် ပါကကာလကံမည်၏။ လေးပါးပြား၏။

မျက်မှောက်ဘဝ၌ ပဝတ္တိကျိုးပေးသော ပဌမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယ ကံမည်၏။
ဒုတီယဘဝ၌ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးပေးသော သတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယကံ မည်၏။
တတီယ ဘဝမှစ၍ နိဗ္ဗာန်ရသည်တိုင်အောင် ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး ပေးသော အလယ်ဇောငါးချက် စေတနာသည် အပရာပရိယဝေဒနီယ ကံမည်၏။
အကျိုးပေးပြီးလည်းမဟုတ်၊ ပေးလတ္တံ့လည်းမဟုတ်၊ ဖြစ်ပြီး၍သာ ကံအမည်ရသော ဇောခုနစ်တန်စေတနာသည် အဟောသိကံ မည်၏။

ပါကဌာန

အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရ ကုသိုလ်ကံ - ဤကား ပါကဌာနကံ လေးခုတည်း၊ အကျိုးပေးရာဘုံအားဖြင့် ဖြစ်သော ကံသည် ပါကဌာနကံ မည်၏။ လေးပါးပြား၏။

အပါယ်ဘုံ၌ အကျိုးပေးသော အကုသိုလ်စေတနာ ၁၂-ခုသည် အကုသိုလ်ကံ မည်၏။
ကာမသုဂတိဘုံ၌ အကျိုးပေးသော မဟာကုသိုလ်စေတနာ ၈-ခုသည် ကာမာဝစရ ကုသိုလ်ကံမည်၏။
ရူပဘုံ၌ အကျိုးပေးသော ရူပါဝစရ ကုသိုလ်စေတနာ ၅-ခုသည် ရူပါဝစရ ကုသိုလ်ကံ မည်၏။
အရူပဘုံ၌ အကျိုးပေးသော အရူပါဝစရ ကုသိုလ်စေတနာ ၄-ရသည် အရူပါဝစရ ကုသိုလ်ကံမည်၏၊

အကုသိုလ်ကံခွဲ

ပါကဌာနကံ လေးပါးတို့တွင် အကုသိုလ်ကံသည် ကာယကံ ဝစီကံ မနောကံဟူ၍ ကမ္မဒွါရ အစွမ်းဖြင့် သုံးပါးဖြစ်၏။
ဖြစ်ပုံကား --

ပါဏာတိပါတ-သူ့အသက်သတ်ခြင်း၊
အဒိန္နာဒါန- သူ့ဥစ္စာခိုးခြင်း၊
ကာမေသုမိစ္ဆာစာရ -ကာမဂုဏ်၌ မှားယွင်းခြင်း၊
ဤသုံးပါးသည် ကာယဝိညပ်-ဟုဆိုအပ်သော ကာယဒွါရ၌ များသောအားဖြင့် ဖြစ်သောကြောင့် ကာယကံ မည်၏
(ဤကာယဒွါရသည် ကာယပသာဒရုပ် မဟုတ်။ ကာယဝိညတ္တိရုပ်ဖြစ်၏။ စောပန ကာယလည်း မည်၏။)

မုသာဝါဒ- မဟုတ်မမှန်ပြောဆိုခြင်း။
ပိသုဏဝါစာ-ကုံးတိုက်ခြင်း။
ဖရုသဝါစာ-နာကျည်းစွာဆိုခြင်း။
သမ္ဖပလာပ -အနှစ်ရှိ သောစကားဆိုခြင်း။
ဤလေးပါးသည် ဝစီဝိညပ်ဟုဆိုအပ်သော ဝစီဒွါရ၌ များသောအားဖြင့် ဖြစ်သောကြောင့် ဝစီကံ မည်၏။
(ဤ ဝစီဒွါရသည် ဝစီဝိညတ္တိရုပ် ဖြစ်၏။ စောပနဝစီ လည်းမည်၏။ သမ္ဖပလာပသည် အနက်ဒြဗ်ဝတ္ထု မရှိသည်ကို လုပ်ကြံ၍ ပြောခြင်း ဖြစ်၏။)

အဘိဇ္ဈာ-သူ့စည်းစိမ်ကိုရှေးရှုကြံခြင်း။
ဗျာပါဒ-သူတပါးသေကြောင်း ကြံခြင်း။
မိစ္ဆာဒိဋ္ဌိ-အမြင်မှားခြင်း၊
ဤ သုံးပါးသည် ဝိညပ်နှစ်ပါး ကြဉ်၍ မနောဒွါရ၌သာ များသောအားဖြင့် ဖြစ်သောကြောင့် မနောကံမည်၏၊
(ဤ မနောဒွါရသည် ဘဝင်္ဂုပစ္ဆေဒ ၁၉-ခု မနောဒွါရမဟုတ်၊ စိတ်တခုယုတ်ကိုးဆယ် မနောဒွါရမဟုတ်။ လောဘမူ၊ ဒေါသမူစိတ်တဆယ် မနောဒွါရဖြစ်၏။)

ဤ အကုသလကမ္မပထ ဆယ်ပါးတို့တွင် --
ပါဏာတိပါတ၊ ဖရုသဝါစာ၊ ဗျာပါဒ-သုံးပါးသည် ဒေါသကြောင့်ဖြစ်၏။
ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ-သုံးပါးသည် လောဘကြောင့် ဖြစ်၏။
ကြွင်း အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပလာပ လေးပါးသည် လောဘ, ဒေါသ နှစ်ပါးကြောင့်ဖြစ်၏၊
အကုသိုလ်ကံသည် စိတ္တုပ္ပါဒ်အားဖြင့် ၁၂ -ပါး။ ကမ္မပထအားဖြင့် ဆယ်ပါးဖြစ်၏။

ကာမကုသိုလ်ကံခွဲ

ကာမာဝစရ ကုသိုလ်ကံသည်လည်း ကာယကံ၊ ဝစီကံ၊ မနောကံ-ဟူ၍ ကမ္မဒွါရ စွမ်းဖြင့် သုံးပါးဖြစ်၏။ ဒါန၊ သီလ၊ ဘာဝနာ စွမ်းဖြင့်သုံးပါးဖြစ်၏၊ စိတ္တုပ္ပါဒ်အားဖြင့် ရှစ်ပါးဖြစ်၏။ ပုညကြိယာ ဝတ္ထုအားဖြင့် ဆယ်ပါးဖြစ်၏။

ဒါန-အလှူပေးခြင်း၊
သီလ-ကိုယ်နှင့်နှုတ်ကို ကောင်းစွာထားခြင်း၊
ဘာဝနာ-ကုသိုလ်တို့ကို ပွါးစေခြင်း၊
အပစာယန -ကြီးသူအားအရိုအသေပြုခြင်း၊
ဝေယျာဝစ္စ-အမှုကြီးငယ်ပြုခြင်း၊
ပတ္တိဒါန- ကုသိုလ်အဘို့ အမျှပေးဝေခြင်း၊
ပတ္တာနုမောဒန-ကုသိုလ်အဘို့ ဝမ်းမြောက်ခြင်း၊
ဓမ္မဿဝန-တရားနာခြင်း၊
ဓမ္မဒေသနာ-တရားဟောခြင်း၊
ဒိဋ္ဌိဇုကမ္မ -အယူဖြောင့်စွာယူခြင်း၊
ဤဆယ်ပါးသည် ပုညကြိယာ ဝတ္ထုမည်၏။

ဤဆိုပြီးသော ကုသိုလ်ကံ, အကုသိုလ်ကံသည် ကာမာဝစရကံ ၂ဝ-မည်၏။

ရူပကုသိုလ်ကံခွဲ

ရူပါဝစရကုသိုလ်ကံသည်လည်း မနောကံ တပါးတည်းသာ ဖြစ်၏။ ကာယကံ, ဝစီကံမရှိ။ ဘာဝနာအတိ ပြီး၏၊ ဒါနသီလမရှိ။ အပ္ပနာသို့ရောက်၏၊ (ဝါ၊ အာရုံ၌ ကြာမြင့် စွာ သက်ဝင်နိုင်၏။) ဈာန်အင်္ဂါ အပြားအားဖြင့် ငါးပါးပြား၏။

အရူပကုသိုလ်ကံခွဲ

အရူပါဝစရ ကုသိုလ်ကံသည်လည်း မနောကံဖြစ်၏။ ဘာဝနာအတိပြီး၏။ အပ္ပနာသို့ ရောက်၏။ ကသိုဏ်းကိုခွါ၍ရအပ်သော ကောင်းကင် အာရုံ-စသော အပြားအားဖြင့် လေးပါးပြား၏။

အကုသိုလ်ကံကျိုး

ထိုကံတို့တွင် ဥဒ္ဓစ္စကြဉ်သောအကုသိုလ်ကံ (စေတနာ) ၁၁-ခုသည် အပါယ်ဘုံ၌ ပဋိသန္ဓေ တခုကို ဖြစ်စေ၏။ ပဝတ္တိအခါ အကုသိုလ်ကံ ၁၂-ခုလုံးသည် ကာမဘုံ၊ ရူပဘုံ၌ အကုသလဝိပါက် ၇-ခုကို ထိုက်သည်အလျောက် ဖြစ်စေ၏။
(ထိုက်ပုံကား - အပါယ်၌ ၇။ ကာမသုဂတိ၌ ၇။ ရူပတဆဲ့ငါးဘုံ၌ ၄။)

ကာမကုသိုလ်ကံကျိုး

ကာမာဝစရ ကုသိုလ်ကံ ရှစ်ခုသည် ကာမသုဂတိဘုံ၌သာ ပဋိသန္ဓေ ကိုးခုကို ဖြစ်စေ၏။ (လူ၊ စာတုမဟာရာဇ်ဘုံ၌ ပဋိသန္ဓေ ၉။ အထက်နတ် ငါးဘုံ၌ ရှစ်။) ပဝတ္တိအခါ မဟာဝိပါက် နှစ်ခုကိုလည်း ဖြစ်စေ၏။ အဟိတ်ကုသလ ဝိပါက် ရှစ်ခုကိုလည်း ကာမဘုံ, ရူပဘုံ၌ ထိုက်သည်အားလျော်စွာ ဖြစ်စေ၏။
(အပါယ်၌ ၈။ ကာမသုဂတိ၌ ၈။ ရူပ၌ ၅။)

ဥက္ကဋ္ဌဩမက

ကာမာဝစရ ကုသိုလ်ကံ ရှစ်ခုတို့တွင်လည်း တိဟိတ် ဥက္ကဋ္ဌကုသိုလ်ကံ လေးခုသည် တိဟိတ် ပဋိသန္ဓေလေးခုကို ဖြစ်စေ၍ ပဝတ္တိအခါ ၁၆-ပါးသော ဝိပါက်ကိုဖြစ်စေ၏။
တိဟိတ်ဩမကကံလေးခု၊ ဒွိဟိတ်ဥက္ကဋ္ဌကံ လေးခုသည် ဒွိဟိတ် ပဋိသန္ဓေလေးခုကို ဖြစ်စေ၍ ပဝတ္တိအခါ ၁၂-ပါးသော ဝိပါက်ကို ဖြစ်စေ၏။
ဒွိဟိတ် ဩမကကံ လေးခုသည် အဟိတ်ပဋိသန္ဓေတခုကို ဖြစ်စေ၍ ပဝတ္တိအခါ ရှစ်ပါးသော အဟိတ်ဝိပါက်ကို ဖြစ်စေ၏။
ဤကား-တိပိဋကစူဠနာဂမထေရ်၏ ဝါဒတည်း၊

မောရ ဝါပီဝါသီ မဟာဓမ္မရက္ခိတ မထေရ်တို့ကား --
အသင်္ခါရိက ကုသိုလ်သည် သသင်္ခါရိက အကျိုးမပေး။
သသင်္ခါရိက ကုသိုလ်သည် အသင်္ခါရိက အကျိုးမပေးဟု ဆိုကုန်၏။
ထိုဆရာတို့၏အလိုအားဖြင့်(၁၆-ပါး၊ ၁၂-ပါး၊ ၈-ပါး မဟုတ်၊)
၁၂-ပါး၊ ၁၀-ပါး၊ ၈-ပါးသော ဝိပါက်ကို ဖြစ်စေ၏ဟု ဆိုရာ၏။

ရူပကုသိုလ်ကံကျိုး

ရူပကုသိုလ် ပဌမဈာန်ကို ဈာန်ရရုံ ပွါးလျှင် (ဝါ၊ ဝသီဘော် အနည်းငယ်မျှ ပွါးလျှင်) ဗြဟ္မပါရိသဇ္ဇာဘုံ၌ဖြစ်၏။ ဝသီဘော် အလယ်အလတ် ပွါးလျှင် ဗြဟ္မပုရောဟိတာ ဘုံ၌ဖြစ်၏။ ဝသီဘော် ပြည့်စုံအောင်ပွါးလျှင် မဟာဗြဟ္မာဘုံ၌ ဖြစ်၏။

ဒုတီယဈာန် တတီယဈာန်ကို အနည်းငယ်ပွါးလျှင် ပရိတ္တာဘာဘုံ၊ အလယ်အလတ် ပွါးလျှင် အပ္ပမာဏာဘာဘုံ၊ အပြည့်အစုံပွါးလျှင် အာဘဿရာဘုံတို့၌ဖြစ်၏။

စတုတ္ထဈာန်ကို အနည်းငယ်ပွါးလျှင် ပရိတ္တသုဘာဘုံ၊ အလယ်အလတ်ပွါးလျှင် အပ္ပမာဏသုဘာဘုံ၊ အပြည့်အစုံပွါးလျှင် သုဘကိဏှာဘုံတို့၌ဖြစ်၏။

ပဉ္စမဈာန်ကို သုံးမျိုးတို့တွင် တမျိုးမျိုးပွါးလျှင် ဝေဟပ္ဖိုလ်ဘုံ၌ဖြစ်၏၊
သညာကင်းအောင်ပွါးလျှင် အသညသတ်ဘုံ၌ဖြစ်၏။
သုဒ္ဓါဝါသဘုံတို့၌ကား အနာဂါမ်တို့သာ ဖြစ်ကုန်၏။
ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်တို့ မဖြစ်ကုန်။

အရူပကုသိုလ်ကံကျိုး

အရူပ ကုသိုလ်ကံလေးပါးကို ပွါးလျှင် အစဉ်အတိုင်း အရူပလေးဘုံတို့၌ ဖြစ်ကုန်၏။
မဟဂ္ဂုတ် ကုသိုလ်ကံ ကိုးခုသည် မှတ်အပ်သော ဘုံအားလျှော်စွာ ပဋိသန္ဓေ အခါ၌၎င်း, ပဝတ္တိအခါ၌၎င်း, (ဆင်ကောင်နှင့်ဆင်ရိပ်ပမာ) မိမိနှင့်တူစွာသော အကျိုး ဝိပါက်ကိုသာ တခုစီဖြစ်စေ၏။
(ဤကား ကမ္မစတုက္ကတည်း။)

မရဏုပ္ပတ္တိစတုက္က

အာယုက္ခယမရဏ၊ ကမ္မက္ခယမရဏ၊ ဥဘယက္ခယမရဏ၊ ဥပစ္ဆေဒက ကမ္မမရဏ-ဤကား မရဏုပ္ပတ္တိလေးခုတည်း။

ကံရှိလျှက်သက်တမ်းကုန်၍ သေခြင်းသည် အာယုက္ခယ မရဏ မည်၏။
သက်တမ်းရှိလျက် ကံကုန်၍ သေခြင်းသည် ကမ္မက္ခယမရဏ မည်၏။
နှစ်ပါးစုံကုန်၍ သေခြင်းသည် ဥဘယက္ခယမရဏ မည်၏။
နှစ်ပါးစုံရှိလျှက် တပါးသောကံဖြတ်၍ သေခြင်းသည် ဥပစ္ဆေဒက ကမ္မမရဏ မည်၏။

နိမိတ်ထင်ပုံ-ကံ

ထိုသေခြင်း လေးခုတို့တွင် တခုခုဖြင့် သေသောသူအား သေချိန်နီးသောအခါ ထိုထိုဘုံ၌ ဖြစ်ထိုက်သောသူ အားလျှော်စွာ ဘဝသစ်၌ ပဋိသန္ဓေကျိုး ပေးလတ္တံ့သော ကုသိုလ်ကံ, အကုသိုလ်ကံ သော်လည်း ရှေးရှုဖြစ်၍ ထင်လာ၏။
(ဘုံ ၃၁-၌ မဖြစ်ထိုက်သော ရဟန္တာအား ကံ၊ ကမ္မနိမိတ်၊ ဂတိ နိမိတ် မထင်။ ထိုကံသည် အတိတ်ဖြစ်၏။ ဓမ္မာရုံဖြစ်၏။ မနောဒွါရ၌ ထင်၏။ အကုသိုလ် ၁၁။ မဟာကုသိုလ် ၈-အားဖြင့် စေတနာ ၁၉-ခု ဖြစ်၏။)

ကမ္မနိမိတ်

ထိုကံကိုပြုစဉ်အခါ ဘုရားဖူးခြင်း၊ တရားနာခြင်း စသည်ဖြင့် ရဘူးသော အာရုံ ခြောက်ပါး၊ ပန်း ဆီမီး လှူဒါန်း ခြင်း စသည်ဖြင့် အဆောက်အဦဖြစ်အောင် ပြုဘူးသော အာရုံ ခြောက်ပါးတို့တွင် တပါးပါးသော်လည်း ထင်လာ၏။
(ထိုအာရုံသည် ကမ္မနိမိတ် မည်၏၊ အတိတ်၊ ပစ္စုပ္ပန်-တခုခုဖြစ်၏။ အာရုံ ခြောက်ပါး ဖြစ်၏။ ဆဒွါရ၌ထင်၏။ ကာမအာရုံခြောက်ပါးဖြစ်၏။)

ဂတိနိမိတ်

အခြားမဲ့ ဘဝသစ်၌ ရအပ်, ခံစားအပ်သော အသုံးအဆောင် ဖြစ်သော နတ်သ္မီး, နတ်ဗိမာန်, အမိဝမ်းရေ, ငရဲအိုး - စသော အာရုံသော်လည်း ထင်လာ၏။
(ထိုအာရုံသည် ဂတိနိမိတ် မည်၏၊ ပစ္စုပ္ပန်ဖြစ်၏။ ရူပါရုံဖြစ်၏။ မနောဒွါရ၌ ထင်၏။ လားရာ ဂတိ၌ရှိသော ထိုရူပါရုံသည် အိပ်မက်ကဲ့သို့ စက္ခု၌ မထင်။ မနောဒွါရ၌ ထင်၏။)

ဤသို့လျှင် ဤနိမိတ် သုံးပါးသည် ပဋိသန္ဓေ အကျိုးပေးလတ္တံ့သော ကံစွမ်းဖြင့် ဒွါရခြောက်ပါး-တပါးပါး၌ ရှေးရှုထင်၏။

ထိုနောင် ထိုထင်သော အာရုံကို အာရုံပြုလျှက် ပဋိသန္ဓေကျိုး ပေးလတ္တံ့သော ကံအားလျော်စွာ စင်ကြယ်သော ကုသိုလ်ဇောသည်၎င်း, ညစ်နွမ်းသော အကုသိုလ် ဇောသည်၎င်း ဖြစ်လာ၏။ ရအပ်သော ဘဝအားလျော်စွာ ထိုဘဝသစ်၌ ညွှတ်သကဲ့သို့၊ ဝါ၊ ညွတ်၍သာလျှင် ဖြစ်လာ၏။ ထိုဇောအစဉ် (ဝီထိ) သည် အများအားဖြင့် မပြတ်ခဏခဏဖြစ်လာ၏။ အသေမြန်လွန်းသူအား ခဏခဏမဖြစ်။

ပဋိသန္ဓေကျိုး ပေးလတ္တံ့သော ထိုအတိတ် ဇနကကံသည်ပင်လျှင် (မိမိအားစွမ်းဖြင့်) ယခုပြုစ ကံအလား မိမိကိုယ်ကို အသစ်ပြုသောအားဖြင့် မနောဒွါရသို့ရောက်လာ၏။
(ကမ္မနိမိတ်၊ ဂတိနိမိတ်သည် ကံစွမ်းဖြင့်ထင်သည် မဟုတ်၊ ကံသည်လည်း ကံစွမ်းဖြင့်ထင်သည်၊ အသစ်တခါ လာပြန်ပြီဟု ဆိုရအောင် တူစွာ ထင်သည်။ တသန္တာန်တည်း ဖြစ်သောကြောင့်တည်း။)

သေပုံ

အလွန်သေခြင်း ခိုးသောသူအား (ဝါ၊ တဝီထိ အနေမျှ အသက် ကြွင်းသေးသော သူအား) ဝီထိ အဆုံး၌၎င်း, ဘဝင်အဆုံး၌၎င်း, ယခုဘဝ အဆုံးသတ်ဖြစ်သော စုတိစိတ်သည် ရွေ့လျောခြင်း ကိစ္စဖြင့် တကြိမ်ဖြစ်၍ချုပ်၏။ ဝါ၊ တဒါရုံနောင်စုတိ၊ တဒါရုံဘဝင်နောင်စုတိ၊ (မရဏာသန္န) ဇောနောင်စုတိ၊ ဇော ဘဝင်နောင်စုတိ ဟူ၍ တနည်းနည်းဖြင့် သေ၏။

ပဋိသန္ဓေတည်ပုံ

ထိုစုတိစိတ်ချုပ်သည့် အခြားမဲ့၌သာလျှင် ပဋိသန္ဓေစိတ် ဖြစ်လေ၏။ ဤပဋိသန္ဓေ စိတ်သည် ထိုမရဏာသန္နဇော၏ အာရုံကိုအာရုံပြု၍ဖြစ်၏။ ကာမဘုံရူပဘုံ၌ မှီရာဝတ္ထုနှင့် တကွဖြစ်၏။ အရူပဘုံ၌ ဝတ္ထုရုပ်ကင်း၍ဖြစ်၏။ အဝိဇ္ဇာနုသယ ခြံရံအပ်သော တဏှာနုသယ အကြောင်းရင်းရှိသော ကံသင်္ခါရသည် ဖြစ်စေအပ်၏။
(ဝါ၊ အဝိဇ္ဇာ တဏှာ ထောက်ပံ့ကူညီသော စေတနာကြောင့် ဖြစ်ပေါ်လာသော ပဋိသန္ဓေဖြစ်၏၊)
ဖဿ ဝေဒနာ စသော သမ္ပယုတ်တရားတို့ ခြံရံလျှက်ဖြစ်၏။ ထိုသမ္ပယုတ်တရား တို့၏ တည်ရာအဖြစ်ဖြင့် ပြဋ္ဌာန်းသော စိတ်ဖြစ်၏။ ဘဝနှစ်ခုကိုစပ်ခြင်း ကိစ္စဖြင့် ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်မည်၏။ ဘဝသစ်၌ ဖြစ်ဆဲဖြစ်၍သာ တည်သောစိတ် ဖြစ်လေ၏။

ကာမအာရုံနိမိတ်

မရဏာသန္နဝီထိ၌ နုံ့နုံ့ညံ့ညံ့ဖြစ်သောကြောင့် ဇောငါးကြိမ်သာ စော၏။ ထိုကြောင့် သတ္တရသာယုက ပစ္စုပ္ပန် အာရုံထင်စဉ် သေငြားအံ့၊ ပဋိသန္ဓေစိတ်နှင့် အချို့ဘဝင် စိတ်တို့သည် ထိုပစ္စုပ္ပန်အာရုံကိုသာ အာရုံပြုကုန်၏။

ဤသို့လျှင် ကာမပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ် ဖြစ်အံ့၊ ပစ္စုပ္ပန်အတိတ် ဆဒွါရဂ္ဂဟိတဖြစ်၏။ ဂတိနိမိတ်ဖြစ်အံ့၊ ပစ္စုပ္ပန် မနောဒွါရဂ္ဂဟိတဖြစ်၏။ ကံဖြစ်အံ့၊ အတိတ်၊ မနောဒွါရဂ္ဂဟိတဖြစ်၏။ ကာမ အာရုံချည်းသာတည်း။

ရူပ အရူပ အာရုံနိမိတ်

ရူပ ပဋိသန္ဓေ၏ အာရုံသည် ပညပ် ကမ္မနိမိတ်သာဖြစ်၏။
(ကသိုဏ်းစသော ပညပ် ၂၅-ပါး၊ ၁၄-ပါး၊ ၁၂-ပါး၊-ကမ္မနိမိတ်ဖြစ်၍ ကာလဝိမုတ်၊ မနောဒွါရဂ္ဂဟိတ သာတည်း။)

အရူပပဋိသန္ဓေ၏ အာရုံသည် မဟဂ္ဂုတ်ကမ္မနိမိတ်၊ ပညပ်ကမ္မနိမိတ်သာ ထိုက်သည့် အားလျော်စွာဖြစ်၏။
(အာကာသာနဉ္စာယတန အာကိဉ္စညာယတန မဟဂ္ဂုတ်ကမ္မနိမိတ် ဖြစ်လျှင် အတိတ်၊ မနောဒွါရဂ္ဂဟိတဖြစ်၏၊ ကောင်းကင်ပညပ် နတ္ထိဘောပညပ် ကမ္မနိမိတ် ဖြစ်လျှင် ကာလဝိမုတ်၊ မနောဒွါရဂ္ဂဟိတဖြစ်၏။)

အသညသတ် ပုဂ္ဂိုလ်တို့သည် ဇီဝိတနဝက ရုပ်သာလျှင် ပဋိသန္ဓေ အဖြစ်ဖြင့် တည်သောကြောင့် ရုပ်ပဋိသန္ဓေ ရှိသူတို့ မည်ကုန်၏။
အရူပ ပုဂ္ဂိုလ်တို့သည် နာမ်ပဋိသန္ဓေရှိသူတို့ မည်ကုန်၏။
ကြွင်းသော ပုဂ္ဂိုလ်တို့သည် ရုပ်နာမ် ပဋိသန္ဓေရှိသူတို့ မည်ကုန်၏။

စုတိပဋိသန္ဓေအစဉ်

အရူပ စုတိလေးခု နောင် အောက်အောက်ကြဉ်သော အရူပ ပဋိသန္ဓေ၊ ကာမ တိဟိတ် ပဋိသန္ဓေ အားဖြင့် ၈-ခု၊ ၇-ခု၊ ၆-ခု၊ ၅-ခုဖြစ်၏။
ရူပစုတိငါးခုနောင် အဟိတ်ကြဉ်သော ဒွိဟိတ်၊ တိဟိတ် ပဋိသန္ဓေ ၁၇-ခုဖြစ်၏။
ကာမတိဟိတ် စုတိလေးခုနောင် ပဋိသန္ဓေ ၁၉-ခုလုံးဖြစ်၏။
(အသညသတ်ရုပ်ပဋိသန္ဓေလည်း ဖြစ်၏။)
ဒွိဟိတ်စုတိလေး၊ အဟိတ် စုတိဒွေနောင် ကာမပဋိသန္ဓေ ဆယ်ခုဖြစ်၏။
ဤကား စုတိပဋိသန္ဓေ အစဉ်တည်း။

တနည်းကား --
အပါယ်လေးဘုံမှ ဒုဂ္ဂတိ အဟိတ်သေလျှင် ကာမ ၁၁-ဘုံ၌ ပဋိသန္ဓေ တဆယ်၊
လူ၊ စာတုမဟာရာဇ်မှ သုဂတိ အဟိတ်သေလျှင် ကာမ ၁၁-ဘုံ၌ ပဋိသန္ဓေ တဆယ်။
ကာမသုဂတိ ခုနှစ်ဘုံမှ ဒွိဟိတ်သေလျှင် ကာမ ၁၁-ဘုံ၌ ပဋိသန္ဓေ တဆယ်။
ကာမသုဂတိခုနစ်ဘုံမှ တိဟိတ်သေလျှင် (မဖြစ်မရှိ) ဘုံ ၃၁-၌စိတ် ပဋိသန္ဓေ ၁၉။ ရုပ်ပဋိသန္ဓေ ၁။

ဝေဟပ္ဖိုလ် တိုင်အောင်သော ဗြဟ္မာဆယ်ဘုံမှ သေလျှင် (အပါယ်နှင့်အသညသတ်-ငါးဘုံ၌-မဖြစ်၊ လူ, စာတုမဟာရာဇ်၌လည်း သုဂတိအဟိတ် မဖြစ်၊) ၂၆-ဘုံ၌ စိတ်ပဋိသန္ဓေ ၁၇။ (အရိယာ- အောက်ဘုံမစုန်၊ ထွတ်ဖျားသုံးဘုံမှလည်း မရွှေ့။)
အသညသတ်မှသေလျှင် ကာမသုဂတိခုနစ်ဘုံ၌ ဒွိဟိတ်တိဟိတ် ပဋိသန္ဓေ ၈။
အဝိဟာမှသေလျှင် အထက်သုဒ္ဓါဝါသလေးဘုံ၌ ပဋိသန္ဓေ ၁။
အတပ္ပါမှသေလျှင် အထက်သုံးဘုံ၌,
သုဒဿာမှသေလျှင် အထက် ၂-ဘုံ၌,
သုဒဿီမှသေလျှင် အထက်တဘုံ၌ ပဋိသန္ဓေ ၁။
အကနိဋ္ဌသေလျှင် ပဋိသန္ဓေ မရှိ၊ ၃၁-ဘုံ၌ မဖြစ်။

အာကာသာနဉ္စာယတန ဘုံမှသေလျှင် အရူပလေးဘုံ၊ ကာမ သုဂတိခုနစ်ဘုံ အားဖြင့် ၁၁-ဘုံ၌ ပဋိသန္ဓေ ၈။
ဝိညာနဉ္စာယတနဘုံမှသေလျှင် အောက်အရူပဘုံကြဉ်၍ ဆယ်ဘုံ၌ ၇။
အာကိဉ္စညာယတနဘုံမှ သေလျှင် ကိုးဘုံ၌ ၆။
နေဝသညာနာသညာယတနဘုံမှ သေလျှင် ရှစ်ဘုံ၌ ၅။

ဘဝလည်ပုံ

ဤသို့လျှင် ပဋိသန္ဓေနေပြီးသော သူတို့အား ပဋိသန္ဓေစိတ်ချုပ်သည်မှစ၍ စုတိစိတ် ဖြစ်သည်တိုင်အောင် ဝီထိစိတ် မဖြစ်သောအခါ ထိုပဋိသန္ဓေစိတ်ဟု ဆိုအပ်သော စိတ်သည်ပင်လျှင် ဘဝင်စိတ်အစဉ်ဖြင့် ဖြစ်၍ မြစ်ရေအယဉ်ကဲ့သို့ မပြတ် ဖြစ်၏။ ထိုပဋိသန္ဓေ၏ အာရုံကိုပင် အာရုံပြု၍ဖြစ်၏။

အဆုံး၌လည်း ထိုစိတ်သည်ပင်လျှင် စုတိစိတ်ဖြစ်၍ ချုပ်၏။ (ထိုပဋိသန္ဓေ၏ အာရုံ ကိုပင် အာရုံပြု၍ ချုပ်၏၊)
ထိုစုတိမှ နောက်၌လည်း ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ ဝီထိစိတ် စုတိစိတ်တို့သည် ဤဘဝ၌ ဖြစ်သကဲ့သို့ အစဉ်အတိုင်း လည်၍ ဖြစ်ကုန်၏။ ရထားလှည်းဘီးပမာ ချာချာလည်၍ ဖြစ်ကုန်၏။

ဘဝပြတ်ပုံ

အကြင်ပညာရှိတို့သည် ဤဆိုအပ်ပြီးသော ဝဋ်တရားကို ခိုင်ခြင်း, မြဲခြင်းမရှိ အနိစ္စ-ဟု ဆင်ခြင်ကုန်၏။ ဆင်ခြင်၍ ကောင်းသောအကျင့်ကို ကြာမြင့်စွာ ကျင့်ကုန်၏။ ကောင်းစွာကျင့်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကြောင့် တဏှာနှောင်ကြိုး အကြွင်းမဲ့ ပြတ်ကုန်၏။ ထိုပညာရှိ တို့သည် ခန္ဓာဒုက္ခငြိမ်းရာ နိဗ္ဗာနဓာတ်သို့ ရောက်ကုန်လတ္တံ့ ။

ပဋိသန္ဓိစတုက္ကမှတ်ဘွယ်

မျက်စိဖြစ်ချိန် မျက်စိဖြစ်ခွင့် မပေးသောကံဖြင့် ပဋိသန္ဓေနေသူ သည် ဇစ္စန္ဓ မည်၏။
ပဋိသန္ဓေအားဖြင့် --
မျက်စိကန်းသော ဇစ္စန္ဓ၊
နားပင်းသော ဇစ္စဗဓိရ၊
စကားမပြောတတ်သော ဇစ္စမူဂ၊
ထိုင်းလွန်း အလွန်းသော ဇစ္စဇဠ၊
အရိ အရွဲယိုသော ဇစ္စဧဠ။
ရူးသော ဇစ္စုမ္မတ္တက၊
ပဏ္ဍုက်၊ ဥဘတောဗျည်း၊ နပုံး၊ မန်းစွဲသောသူ
စသည်တို့သည် သုဂတိအဟိတ် ပုဂ္ဂိုလ်တို့ဖြစ်ကုန်၏။
အသညသတ်လည်း သုဂတိအဟိတ်မည်၏။ ဤသူတို့သည် ဝိပါကန္တရာယ်သင့်၍ ရပ်ပြစ်ရှစ်ပါး ခေါ်သော အခဏရှစ်ပါး၌ ပါဝင်ကုန်၏။ မဂ်ဖိုလ် မရထိုက်ကုန်။

ရပ်ပြစ်ရှစ်ပါး

ငရဲ၌ ဖြစ်သူ၊
တိရစ္ဆာန်၌ဖြစ်သူ၊
ပြိတ္တာ၌ဖြစ်သူ (၃)။
အသက်ရှည်သော နတ်ဗြဟ္မာ၌ဖြစ်သူ၊
(အသညသတ်ဟုဖွင့်သည်၊ အရူပ ပုထုဇဉ်ကိုလည်း ယူကြသည်။)
ပစ္စန္တရာဇ်၌ လူရိုင်းဖြစ်သူ၊
မိစ္ဆာဒိဋ္ဌိဖြစ်သူ (၃)
ပဋိသန္ဓေအားဖြင့် အင်္ဂါချို့သူ၊
ဘုရားသာသနာဆိတ်မှ ပညာရှိဖြစ်သူ (၂)
ဤရှစ်ယောက်သည် မဂ်ဖိုလ် မရထိုက်သောကြောင့် ရပ်ပြစ်ရှစ်ပါး မည်၏။

ငရဲ၊ တိ၊ ပြိတ်၊(၃)၊ ရှည်၊ ပစ်၊ မိစ်၊(၃) ချို့၊ ဆိတ်၊ (၂)၊ ရပ်ပြစ် ရှစ်။

ဘုရားသာသနာ အတွင်း တရားသိကြရသော အခါသည်ကား အခဏရှစ်ပါးမှ လွတ်၏။ ဗုဒ္ဓုပ္ပါဒခဏ၊ နဝမခဏ မည်၏၊ စက်လေးပါးလည်၍ ကုသိုလ်ဖြစ်ခွင့် ခဏမည်၏။
စက်လေးပါးကား --

၁။ ပဋိရူပဒေသဝါသ- သင့်တင့်ရာအရပ်၌နေခြင်း၊
၂။ သပ္ပုရိသူပနိဿယ- သူတော်ကောင်းကို အမှီပြုခြင်း၊
၃။ အတ္တသမ္မာပဏိဓိ- မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊ ဝါ၊ သီလရှိခြင်း၊
၄။ ပုဗ္ဗေကတပုညတာ- ရှေးကုသိုလ်ရှိခြင်း၊
ဤလေးပါးတွင် အလယ်နှစ်ပါးတည်လျှင် လေးပါးလုံးတည်၍လည်၏။ ဤစကားဖြင့် ကုသိုလ်သည် ဖြစ်လွယ်သည် မဟုတ်ဟု သိသာ၏။ မဂ်ဖိုလ်နှင့် ဆက်သွယ်သည်ဟု မြတ်စွာဘုရား ချီးမွမ်း၏။
ကုသိုလ်၌ မေ့လျော့သူကို အချိန်ကောင်းကို ဖြုန်းတီးသူဟူ၍ ပြစ်တင်တော်မူ၏။

အသက်တမ်း

လူနှစ် ငါးဆယ်သည်-စာတုမဟာရာဇ် တရက်၊
လူနှစ် တရာ-တာဝတိံသာတရက်၊
လူနှစ် နှစ်ရာ-ယာမာ တရက်၊
လူနှစ်လေးရာ-တုသိတာတရက်၊
လူနှစ်ရှစ်ရာ-နိမ္မာနရတိ- တရက်၊
လူနှစ် တထောင့်ခြောက်ရာ- ဝသဝတ္တီတရက်၊
ထိုရက် ၃၀-တလ၊ ၁၂-လ-တနှစ်၊ ထိုနှစ်အားဖြင့်-ငါးရာ၊ တထောင်၊နှစ်ထောင်၊ လေးထောင်၊ ရှစ်ထောင်၊ တသောင်း ခြောက်ထောင်သည် ခြောက်ထပ်နတ်သက် စဉ်တိုင်းတည်း။
လူတို့အရေအတွက်အားဖြင့် ၉-သန်း၊ ၃၆-သန်း၊ ၁၄၄-သန်း၊ ၅၇၆-သန်း၊ ၂၃၀၄-သန်း၊ ၉၂၁၆-သန်းဖြစ်၏။ (လေးဆတိုး။)

ပဌမဈာန်သုံးဘုံ၌ မဟာကပ်၏ လေးဘို့တဘို့ဖြစ်သော အသင်္ချေယျကပ်တခုဖြင့် ပိုင်းသည်၊ မဟာကပ်ဖြင့်မပိုင်း၊ ကမ္ဘာပျက်တိုင်း ဤသုံးဘုံ ပျက်သောကြောင့်တည်း၊ ကမ္ဘာသည် မီးခုနစ်ကြိမ်၊ ရေတကြိမ်၊ မီးခုနစ်ကြိမ်၊ ရေတကြိမ်-အားဖြင့် ၆၄-ကြိမ်မြောက်၌ လေတကြိမ်ဖြင့်ပျက်၏။
(၆၄-ကမ္ဘာ၌ လေ-၁၊ ရေ-၇၊ မီး-၅၆၊)
မီးဖျက်သောအခါ ပဌမဈာန်သုံးဘုံထိ ကျွမ်း၏။
ရေဖျက်သောအခါ ဒုတီယဈာန်သုံးဘုံထိ ကြေ၏။
လေဖျက်သောအခါ တတီယ ဈာန်သုံးဘုံထိလွင့်၏။
စကြဝဠာ ကုဋေတသိန်းသည် အတူပျက်၍ အတူဖြစ်၏။ ဒုတီယဈာန်စသော အထက်ဘုံတို့၌ အသင်္ချေယျ လေးကပ်ဖြစ်သော မဟာကပ် (ကမ္ဘာ) ဖြင့် ပိုင်းသည်။

အပါယ်ဘုံ၌သက်တမ်းမရှိ၊ ကံသာလျှင် ပမာဏဖြစ်၏။ ကံမကုန်မချင်းမသေ၊ ကာလနဂါး အသက်ရှည်၏။ ဘုမ္မဇိုဝ်းနတ်လည်း အချို့ ခုနစ်ရက်၊ အချို့ တကမ္ဘာ၊ ဝါ၊ အသင်္ချေယျတကပ်၊ လူတို့လည်း ရံခါ ဆယ်နှစ်၊ ရံခါ အသင်္ချေ၊ မန္ဓာတု စကြာမင်းသည် သိကြားမင်း ၃၆ - ယောက်ခန့် အသက်ရှည်၏။ ယခုကာလကဲ့သို့ တရာတမ်း၌ တရာကျော်သော်လည်း နှစ်ရာမပြည့်မီ သေ၏။

ဇိနာလင်္ကာရဋီကာတို့၌ --
ငရဲသက်ကို ဤသို့ ပြသေး၏။
စာတုမဟာရာဇ် နှစ်အားဖြင့် ငါးရာသည် သဉ္ဇိုဝ်း၌ တနေ့နှင့်တညဉ့်၊ ဝါ၊ တရက်ဖြစ်၏။ ထိုရက် ၃ဝ-သည်တလ၊ ၁၂-လသည် တနှစ်။ ထိုနှစ် ငါးရာသည် သဉ္ဇိုဝ်းငရဲသက်ဖြစ်၏။
ဤနည်းဖြင့် --

တာဝတိံသာနှစ်, တထောင်သည် ကာလသုတ် တရက်၊ ထိုငရဲသက်- နှစ်ပေါင်း တထောင်၊
ယာမာနှစ်ထောင်သည် သင်္ဃာတတရက်၊ ထိုငရဲသက် နှစ်ပေါင်း နှစ်ထောင်၊
တုသိတာ,လေးထောင်သည် ရောရုဝ တရက်၊ ထိုငရဲသက်-နှစ်ပေါင်း လေးထောင်၊
နိမ္မာနရတိ ရှစ်ထောင်သည် မဟာရောရုဝ တရက်။ ထိုငရဲသက်ပေါင်းရှစ်ထောင်၊
ဝသဝတ္တီ တသောင်း ခြောက်ထောင်သည် တာပန တရက်၊ ထိုငရဲသက်နှစ်ပေါင်း တသောင်း ခြောက်ထောင်ဖြစ်၏။ မဟာတာပန, အန္တရကပ် ထက်ဝက်ဖြစ်၏၊ အဝီစိ, အန္တရကပ် တကပ်ဖြစ်၏။

ဘုံပုဂ္ဂိုလ်ဝီထိမုတ်စိတ်ရ

အပါယ်လေးဘုံ၌ ဝီထိမုတ်စိတ် တခု။
လူ၊ စာတုမဟာရာဇ်- နှစ်ဘုံ၌ ကိုးခု။
အထက်နတ်ငါးဘုံ၌ ရှစ်ခု။
ဤသို့ကာမသုဂတိဘုံ၌ ကိုးခု၊ ကာမ ၁၁-ဘုံ၌ ဆယ်ခုရ၏။
ဤကာမဘုံ၌ --
ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် တခု။
သုဂတိအဟိတ်-တခု။
ဒွိဟိတ်-လေးခုတို့တွင် တခုခု။
တိဟိတ်-လေးခု တခုခု။
ဖိုလ်ပုဂ္ဂိုလ်-လေးခု တခုခု။
မဂ်ပုဂ္ဂိုလ်- ဝီထိမုတ်စိတ် မရ။
ဤဝီထိမုတ်စိတ်တို့သည် ဝီထိစိတ်၌ ပါဝင်ပြီး ဖြစ်၍ ဝီထိစိတ်နှင့်ပေါင်းသော်လည်း အထူးမရှိ၊ (၃၇၊ ၄၁၊ ၄၁၊ ၄၅၊ ၅၄။ ၄၁-၅၀၊ ၄၁-၅၀၊ ၃၉-၄၈၊ ၃၅-၄၄) ပင်ဖြစ်၏။

ပဌမဈာန်သုံးဘုံ၌ ဝီထိမုတ်စိတ် တခု၊
ဒုတီယဈာန် သုံးဘုံ၌ နှစ်ခု။ (ဝါနှစ်ခုတို့တွင် တခုခု။)
တတီယဈာန် သုံးဘုံ၌တခု။
ဝေဟပ္ဖိုလ်၊ သုဒ္ဓါဝါသ၌ တခု။
အသညသတ်၌ မရှိ၊
ဤသို့ရူပ ၁၅-ဘုံ၌ ငါးခုရ၏။
ဤရူပဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ်-ငါးခု တခုခု၊ မဂ်ပုဂ္ဂိုလ်မရ။
ဤစိတ်တို့သည် ဝီထိစိတ်၌မပါသောကြောင့် ပေါင်းလျှင်ထူး၏
(၃၈၊ ၃၄၊ ၃၄၊ ၃၄၊ ၃၀၊ သည် ၃၉၊ ၃၅၊ ၃၅၊ ၃၅၊ ၃၁-ဖြစ်၏။ )

အရူပလေးဘုံ၌ ဝီထိမုတ်စိတ် တခုစီရ၏။ လေးဘုံ၌ လေးခုရ၏။
ဤ အရူပဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ်-လေးခုတခုခု မဂ်ပုဂ္ဂိုလ် မရ။
ဤစိတ်တို့သည် ဝီထိစိတ်၌ မပါသောကြောင့် ပေါင်းလျှင်ထူး၏။
(ဝီထိပိုင်းဆိုပြီးနှင့် ပေါင်းနိုင်ရမည်။)

သတ္တာဝါသ ဘုံကိုးဝ

သုံးဆဲ့တဘုံသည် ဘုံ၌ နေသူအားဖြင့် ကိုးဘုံဖြစ်၏။
ငရဲဘုံ၌ ငရဲသားတို့အား ဆူကြုံနိမ့်မြင့် ကိုယ်ချင်းမတူ၊ ပဋိသန္ဓေစိတ်ကား တူ၏၊ ထို့ကြောင့် နာနတ္တကာယ ဧကတ္တသညီ ဘုံသားတို့ မည်ကုန်၏။
တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်- ထိုအတူ ကိုယ်မတူ၊ စိတ်တူ။

လူ့ဘုံ၌ လူတို့အား ကိုယ်မတူ၊ ပဋိသန္ဓေ စိတ်ကိုးခု ဖြစ်၍ စိတ်မတူ။
စာတုမဟာရာဇ် အဝင်အပါ ဝိနိပါတိက အသုရာ-ထိုအတူ ကိုယ်မတူ၊ စိတ်မတူ။
နတ်ပြည်ခြောက်ထပ် ကိုယ်မတူ၊ ပဋိသန္ဓေစိတ် ရှစ်ခုဖြစ်၍ စိတ်မတူ။

ပဌမဈာန် သုံးဘုံ- ကိုယ်မတူ၊ စိတ်တူ (ဗြဟ္မာတို့၌ ကိုယ်ရောင် ကိုယ်ဝါ မတူခြင်း သည် ပမာဏမဟုတ်။)
ဒုတီယဈာန် သုံးဘုံ- ကိုယ်တူ။ (ပဋိသန္ဓေ) စိတ်မတူ။
တတီယဈာန်သုံးဘုံ- ကိုယ်တူ၊ စိတ်တူ။
ဝေဟပ္ဖိုလ်- ကိုယ်တူ၊ စိတ်တူ။
သုဒ္ဓါဝါသ ငါးဘုံ ကိုယ်တူ၊ စိတ်တူ။

၁-နာနာတ္တကာယဧကတ္တသညီ ၇-ဘုံ။
အပါယ်ဘုံ၊ ပဌမဈာန်သုံးဘုံ၊ (ပါယ်၊ ပ၊ ခုနှစ်၊ နာဧ-ဖြစ်၏။)
၂-နာနာတ္တကာယနာနတ္တသညီ၇-ဘုံ။
လူ့ဘုံ၊ ဝိနိပါတိကနှင့် တကွ နတ်ပြည်ခြောက်ထပ်၊ (ခုနှစ်၊ ကာ၊ သု၊ နာ၊ နာ၊ ရှုလော့။)
၃-ဧကတ္တကာယ နာနတ္တသညီ ၃-ဘုံ။
ဒုတီယဈာန် သုံးဘုံ၊ (ဈာန်ဒု၊ သုံးဖြာ၊၊ ဧ၊ နာ-မှတ်လေ။)
၄-ဧကတ္တကာယ ဧကတ္တသညီ ၉-ဘုံ။
တတီယဈာန်၊ ဝေဟပ္ဖိုလ်၊ သုဒ္ဓါဝါသ၊ (တ၊ ဝေ၊ သုဒ္ဓါ၊ ကိုးဖြာ၊ ဧ၊ ဧ၊ တည်း။)
၅-အသညသတ္တ ၁-ဘုံ။
၆ - အာကာသာနဉ္စာယတနူပဂ ၁-ဘုံ။
ရ-ဝိညာနဉ္စာယတနူပဂ ၁-ဘုံ။
၈-အာကိဉ္စညာယတနူပဂ ၁-ဘုံ။
၉-နေဝသညာ နာသညာယတနူပဂ ၁-ဘုံ。
ဤသို့လျှင် သတ္တဝါတို့၏ နေရာဘုံ ကိုးမျိုးဖြစ်၏。
ဘုံဟုဆိုသော်လည်း သတ္တဝါကို ဆိုသည်ဟု သိအပ်၏။

ဝိညာဏဌိတိ ခုနစ်ဘုံ

ထိုတွင် အသညသတ္တ တဘုံသည် ဝိညာဏ်မရှိ။ နေဝသညာနာသညာယတနူပဂ တဘုံသည် ဝိညာဏ်ကား ရှိ၏။ သိမ်မွေ့လွန်း၏၊ ဝိပဿနာကိစ္စဖြင့် ရှုလောက်သော ဝိညာဏ်မရှိ၊ ထိုနှစ်ဘုံကိုဖယ်၍ ဝိညာဏဋ္ဌိတိ ဘုံခုနစ်မျိုး ဖြစ်၏။ စိတ်ဖြစ်ရာ ဘုံခုနစ်ခု ဟူလို။

ဆရာအချို့ကား -- သုဒ္ဓါဝါသ ငါးဘုံ ကိုယ်တူ၊ စိတ်တူဖြစ်သော်လည်း မယူအပ်၊ ပြန်မလည်သောကြောင့် ဝိဝဋ္ဋပက္ခ၌ တည်၏။ ကမ္ဘာ တသောင်း ခြောက်ထောင် အတွင်း ဘုရားပွင့်မှ ထိုဘုံ၌ ဗြဟ္မာတို့ဖြစ်ကုန်၏။ ကမ္ဘာတသိန်း ဘုရားဆိတ်လျှင် ထိုဘုံ၌လည်း ဗြဟ္မာဆိတ်၏-ဟုဆိုကုန်၏။
မဟာသိဝမထေရ်ကား - သုဒ္ဓါဝါသသည် စတုတ္ထဝိညာဏဋ္ဌိတိ၊ သတ္တာဝါသသို့ ဝင်သည်ဟု ဆို၏။ ထိုစကားကို ခွင့်ပြုအပ်သည်ဟု သာရတ္ထဒီပနီဋီကာ၌ အဆိုရှိ၏။

အကုသိုလ်ကမ္မပထ

အကုသိုလ်ကံဖြစ်ရာ ဒွါရသုံးပါးတို့တွင် ကာယ ဝိညတ္တိရုပ်သည် ကာယဒွါရ မည်၏။ ဝစီဝိညတ္တိရုပ်သည် ဝစီဒွါရမည်၏။ စိတ်အားလုံးသည် နောက်စိတ်ဖြစ်ကြောင်း မနောဒွါရ မည်သည်သာတည်း။ ဤအကုသိုလ်ကံအရာ၌ကား လောဘမူ၊ ဒေါသမူ စိတ် တဆယ်သည် မနောဒွါရမည်၏။

အကုသိုလ်ကာယကံသည် ကာယဒွါရ၊ ဝစီဒွါရ နှစ်ပါး၌သာ ကမ္မပထမြောက်သည်။ မနောသက်သက်၌ကား ဖြစ်ပင်မဖြစ်။ ဒွါရသို့မလိုက်ဘဲ ကာယကံသာ မည်သည်။ ဝစီကံလည်း ထိုအတူဒွါရ နှစ်ပါး၌သာ ကမ္မပထမြောက်သည်၊ ဝစီကံသာမည်သည်။ မနောကံကား ဒွါရသုံးပါးလုံး၌ ကမ္မ္ပပထမြောက်သည်။ မနောကံသာ မည်သည်။

ဒုစရိုက် ဆယ်ပါးလုံးသည် ကမ္မပထ မမြောက်သောအခါ ကာယဒွါရ၌ ဖြစ်လျှင် ကာယဒုစရိုက်၊ ဝစီဒွါရ၌ဖြစ်လျှင် ဝစီဒုစရိုက်။ မနောဒွါရ၌ဖြစ်လျှင် မနောဒုစရိုက် မည်၏။ ဤ၌အပါယ်လားကြောင်း ကံသည် ကမ္မပထ မည်၏။ ကမ္မပထ ဖြစ်လျှင် အပါယ်လားစေနိုင်၏၊

မုသာသည် သူတပါးအကျိုးပျက်မှ ကမ္မပထ၊ မပျက်လျှင် ကံသာမည်။
ပိသုဏသည် သူနှစ်ဦးကွဲမှ ကမ္မပထ၊ မကွဲလျှင် ကံသာ။
သမ္ဖပလာပသည် သူတပါး ယုံကြည်မှ ကမ္မပထ၊ မယုံကြည်လျှင် ကံသာ။
မိစ္ဆာဒိဋ္ဌိသည် အနတ္ထိက၊ အဟေတုက၊ အကြိယအားဖြင့် သုံးပါး တပါးပါးယူမှ ကမ္မပထ၊ သုံးပါးမှလွတ်လျှင် ကံသာ။
ကြွင်းခြောက်ပါးကား ကမ္မပထချည်း သာတည်း။
(ပါဏာတိပါတ၊ အဒိန္နာ၊ ကာမေ-ကာယကံ ၃။ ဖရု- ဝစီ ၁။ အဘိဇ္ဈာ၊ ဗျာပါဒ-မနော ၂၊ ပေါင်း ၆။)

သုရာမေရယသည် ရသာရုံ ကာမ၌ မှားသော အကျင့် ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရ၌ ပါဝင်၏-ဟုဆိုကြ၏။ ယင်းသို့ဖြစ်လျှင် ကမ္မပထသာတည်း။

ဒိဋ္ဌိသုံးပါး

ကံပယ်လျှင် အကြိယမည်၏။ ယခုပြုစရာ အကြောင်းကံ မရှိကောင်းဟုပယ်သည်။ ဝိပါက်ပယ်လျှင် အနတ္ထိကမည်၏၊ နောင်ခံစားစရာ အကျိုးဝိပါက် မရှိကောင်းဟု ပယ်သည်။ ကံဝိပါက်နှစ်ပါးလုံး ပယ်လျှင် အဟေတုက မည်၏။ အကျိုးကို ဖြစ်စေသော ရှေးအကြောင်းကံ မရှိကောင်း ဟူ၍၎င်း၊ အကြောင်းကြောင့် ဖြစ်သော အကျိုးဝိပါက် မရှိကောင်း ဟူ၍၎င်း ပယ်သည်။
အကြိ-ကံပယ်၊ နတ်-ကျိုးပယ်။ နှစ်သွယ်-အဟေတု။

ကာမကုသိုလ် ကမ္မပထ

ကုသိုလ်ကံ ဆယ်ပါးသည် ဒွါရသုံးပါးလုံး၌ ကမ္မပထမြောက်၏။ သုဂတိ ရောက်ကြောင်းသာဖြစ်၏။ ပဉ္စဒွါရိက ဝီထိကုသိုလ်ဇော၊ မရဏာသန္နကုသိုလ်ဇော၊ အိပ်မက်ကုသိုလ် ဇောတို့ကား ကမ္မပထမမြောက်ဟု ဆိုထိုက်ကုန်၏။ ပဋိသန္ဓေကျိုး မပေးနိုင်ကြကုန်။

ကုသိုလ်ဆယ်ပါးတို့တွင် အပစာယန၊ ဝေယျာဝစ္စနှစ်ပါးကို သီလ၌ရေတွက်အပ်၏။ စာရိတ္တသီလ ဖြစ်သောကြောင့်တည်း။ (သီလသုံးပါး)။

ပတ္တိဒါန၊ ပတ္တာနုမောဒနာ-နှစ်ပါးကို ဒါန၌ ရေတွက်အပ်၏။ ဒါနသဘောရှိသည်။ ဣဿာ မစ္ဆရိယကိုလည်း ပယ်နိုင်သည်။ ထိုကြောင့်တည်း။ (ဒါနသုံးပါး)။

ဓမ္မဿဝန ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ-သုံးပါးကို ဘာဝနာ၌ ရေတွက်အပ်၏။ ကုသိုလ် တိုးပွါးကြောင်း ဖြစ်သည်။ ထိုကြောင့်တည်း။ (ဘာဝနာလေးပါး)
တနည်း၊
ဓမ္မဿဝန ဓမ္မဒေသနာ-နှစ်ပါးကို ဘာဝနာ၌ ရေတွက်အပ်၏။ အနိစ္စစသော လက္ခဏာကို ထိုးထွင်း၍ သိ၍ သိ၍ နာသည်၊ သိ၍ သိ၍ဟောသည်၊ ပဋိဝေဓ ကိုလည်းဆောင်သည်။
တနည်း၊
ဓမ္မဒေသနာကို ဒါန၌ ရေတွက်အပ်၏။ ဓမ္မဒါနဖြစ်သည်၊ ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ သုံးပါးလုံး၌ ရေတွက်အပ်၏။ ကုသိုလ်တို့၏ ခိုင်မြဲခြင်းလက္ခဏာ ရှိသည်၊ သမ္မာဒိဋ္ဌိဖြင့် သုတ်သင်သော ကုသိုလ်တိုင်းလည်း အာနိသင်များသည်။
(ဤစကားတို့ကို တိုက်ရိုက်ဖွင့်မဆိုသော်လည်း အကြောင်းပြဟု သိအပ်၏။)

ဥက္ကဋ္ဌ

ရှေ့နောက် ကုသိုလ်ခြံရံသော၊ ဝါ၊ နောက်၌ဝမ်းမြောက်ခြင်းဖြင့် ဖန်ဖန်ရံအပ်သော သမ္ပယုတ်ကုသိုလ်သည် တိဟိတ်ဥက္ကဋ္ဌ။
ဝိပ္ပယုတ် ကုသိုလ်သည် ဒွိဟိတ်ဥက္ကဋ္ဌ မည်၏။

ရှေ့နောက် အကုသိုလ်ခြံရံသော။ ဝါ၊ နောက်၌ နှလုံးမသာယာခြင်းဖြင့် ဖန်ဖန် ထုံအပ်သော သမ္ပယုတ်ကုသိုလ်သည် တိဟိတ် ဩမက။
ဝိပ္ပယုတ်ကုသိုလ်သည် ဒွိဟိတ် ဩမက မည်၏。

စေတနာကံတခုသည် ဘဝတခု၌ ပဋိသန္ဓေတခုကိုသာ ဖြစ်စေသည်။ ပဝတ္တိကျိုးကား ဘဝရာထောင်၌ များစွာ ဖြစ်စေသည်။

ဟိတ်ရှစ်ပါးစုံမှ တိဟိတ်

တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည် ဇောခဏ၌ အလောဘ စသော ဇနကဟိတ် သုံးပါး ရှိသည်။ ဘဝသို့ ညွတ်စေသော နိကန္တက္ခဏ၌ လောဘ၊ မောဟ-ဟူသော ပရိဏာမဟိတ် နှစ်ပါးရှိသည်။ ပဋိသန္ဓေခဏ၌ အလောဘ စသော သမ္ပယုတ်ဟိတ် သုံးပါးရှိသည်။ ဤသို့ ဟိတ်ရှစ်ပါးရှိသည်၊

(တဏှာသုံးသပ်ခံရမှ ကံသည် အကျိုးပေးသည်၊ ဝါ၊ အဝိဇ္ဇာမြေတောင်မြှောက်၊ တဏှာရေ လောင်းပေးမှ ကံမျိုးစေ့ အညှောက် ထွက်သည်။)

တိဟိတ်ဩမကသည် ထိုအတူသုံးပါး၊ နှစ်ပါး၊ နှစ်ပါး-အား ဖြင့် ၇-ပါးရှိသည်။

ဒွိဟိတ်ဥက္ကဋ္ဌသည် နှစ်ပါး၊ နှစ်ပါး၊ နှစ်ပါး- အားဖြင့် ခြောက်ပါးရှိသည်။

ဒွိဟိတ်သြမကသည် နှစ်ပါး၊ နှစ်ပါး၊ အဟိတ်အားဖြင့် လေးပါးရှိသည်။

ရူပကုသိုလ်ကံ

ရူပကုသိုလ်ကံသည် ဂရုကံဖြစ်၏။ လွန်စွာ တန်းခိုးကြီး၏။ တားနိုင်သောကံ မရှိ၊ အထူးကား ဈာန်မလျှောပါမှ၊ ပစ္ဆိမဘဝိက ပုဂ္ဂိုလ်မဟုတ်ပါမှ၊ ကာမဘုံ၌ဖြစ်လိုသည် ဟု တောင့်တခြင်းမရှိပါမှ ဂရုကံဖြစ်၍ ရူပဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်သည်။ အရူပ ကုသိုလ်ကံလည်း ထိုနည်းတူတည်း။

(သုတ်မဟာဝါ အဋ္ဌကထာ၌ ဂေါပိကာ မင်းသ္မီး ကိုးကွယ်သော ရဟန်းသုံးပါးသည် ဈာန်ရလျက် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်သည်။)

အဘိညာ စေတနာကား တကြိမ်သာ ဖြစ်၍ အာသေဝနပစ္စည်း မရသောကြောင့် ပဋိသန္ဓေကျိုး မပေးနိုင်ဟု နာမရူပပရိစ္ဆေဒ ကျမ်း၌ဆို၏။ အနုဋီကာ၌ကား-အဘိညာ စေတနာသည် ကာမ၊ မဟဂ္ဂုတ်၊ နိဗ္ဗာန်၊ ပညပ်-အာရုံမျိုးစုံ အာရုံပြုသည်။ ပဉ္စမဈာန် သမာဓိ၏ အာနိသင် ဖြစ်သည်။ ထိုကြောင့် ပညပ်ကိုသာ အမြဲအာရုံပြုသော ရူပဝိပါက်အကျိုးကို မဖြစ်စေနိုင်ဟု နာမရူပပရိစ္ဆေဒကို ပယ်၍ဆို၏။

အသညသတ်၌ ဖြစ်သူတို့ကား - ကံရှိ၏။ ကံအကျိုးရှိ၏ဟု ယူသော ကမ္မဝါဒီ ပုထုဇဉ်တို့သာလျှင် - သညာရောဂေါ၊ သညာဂဏ္ဍော၊ ဓိစိတ္တံ၊ ဓီနာမံ-ဟု နာမ်၌ အပြစ်ရှု၍ ဝါယောကသိုဏ်း၌ ပဉ္စမဈာန်ပွါး၍ အသညသတ်ဘုံ၌ ဖြစ်ကုန်၏။ ကေသဉ္စိအလိုအားဖြင့် ပရိစ္ဆိန္နာကာသ ကသိုဏ်း၌ ပဉ္စမဈာန် ပွါးသည်ဟု ဆိုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် လူ့ပြည်၌သေသော ဣရိယာပုထ်ဖြင့်သာ အသညသတ်ဘုံ၌ ဖြစ်ကုန်၏။ ကမ္ဘာငါးရာ အသက်ရှိကုန်၏။

သုဒ္ဓါဝါသ၌ ဖြစ်သူတို့ကား အနာဂါမ်တို့သာလျှင် ရှေ့အဘို့၌၎င်း၊ နောက်အဘို့၌၎င်း, ပဉ္စမဈာန်ရ၍ ဝသီပြည့်စုံအောင် ပွါး၍သဒ္ဓါ စသော ဣန္ဒြေငါးပါး လုံး၏ အနည်းအများ အစဉ်အားဖြင့် သုဒ္ဓါဝါသ ငါးဘုံ၌ အစဉ်အတိုင်း ဖြစ်ကုန်၏။ ပဉ္စမဈာန် မရဘဲ သေသော အနာဂါမ်မရှိ။ သမာဓိဝန်းကျင် ပြည့်စုံပြီး ဖြစ်သော ကြောင့်တည်း။

မိန်းမတို့ကား အရိယာဖြစ်စေ၊ ပုထုဇဉ်ဖြစ်စေ သမာပတ် အားလုံးရသော်လည်း ထို ဗြဟ္မာဘုံ၌ ဗြဟ္မပါရိသဇ္ဇာမည်သော အလုပ်အကျွေး ဗြဟ္မာငယ်မျိုးသာဖြစ်ကုန်၏။ ဗြဟ္မပုရောဟိတာမျိုး မဟာဗြဟ္မာမျိုးမဖြစ်ကုန်။

သာမာဝတီအမှူးရှိသော မိဖုရား ငါးရာတို့တွင် အနာဂါမ်တို့သည် သုဒ္ဓါဝါသ၌ ဖြစ်ကုန်၏။ အချို့ကား ဗြဟ္မပါရိသဇ္ဇာဘုံ၌သာ ဖြစ်သည်၊ ဗြဟ္မပုရောဟိတာဘုံ စသည်၌ မဖြစ်ဟု ထည့်၍ အဆိုချွတ်ကုန်၏။

ထွတ်ဖျားသုံးဘုံ

ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတန - ဤသုံးသည် အထွတ်အဖျား ဖြစ်၏။ ထိုသုံးဘုံသား အရိယာတို့သည် တပါးသော ဘုံသို့မပြောင်းဘဲ ထိုဘုံ၌သာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကုန်၏။ ကြွင်းသောဘုံသား အရိယာတို့သည် အောက်အောက် ဘုံတို့၌ မဖြစ်ကုန်။

သုဒ္ဓါဝါသဘုံတို့၌ နှစ်ကြိမ် မဖြစ်ကောင်း၊ ဖြစ်ဘူးသူမရှိ။ အကနိဋ္ဌ၌ ပစ္ဆိမဘဝိက အစစ်သာဖြစ်သည်၊ အတုမဖြစ်။ အပါယ်၌ ပစ္ဆိမဘဝိကအစစ် မဖြစ်။ နောင်မဖြစ်ပြန် ကောင်းသော ပစ္ဆိမဘဝိက အတုကားဖြစ်၏။

သုဒ္ဓါဝါသ တုမရ။ အကနိဋ္ဌ-တုမရ။ အာပါယိက-စစ်မရ။

ပဋိသန္ဓေဖြစ်စေပုံ

အပါယ်လားသူတို့အား မရဏာ သန္နဇောနှင့်တကွ ဖြစ်သော အဝိဇ္ဇာသည် (အပါယ်) အာရုံအပြစ်ကို ဖုံး၏။ တဏှာသည် ထိုဖုံးအပ်သော အာရုံ၌ ညွတ်စေ၏။ အကုသိုလ် စေတနာ သင်္ခါရသည် ပစ်ချ၏။

သုဂတိ လားသူတို့အား မပယ်အပ်သေးသော တပါးသော အဝိဇ္ဇာသည် အာရုံ အပြစ်ကိုဖုံး၏။ တဏှာသည် ထိုဖုံးအပ်သော အာရုံ၌ညွတ်စေ၏။ ကုသိုလ်စေတနာ သင်္ခါရသည် ပစ်ချ၏၊

(အဝိဇ္ဇာ- မြေ၌၊ တဏှာ-ရေလောင်း၍၊ စေတနာ-မျိုးစေ့ အပင်ပေါက်၏။)

သင်္ခါရဟူသည် ကုသိုလ်ကံ၊ အကုသိုလ်ကံဖြစ်၏။ စေတနာ စေတသိက်ဖြစ်၏။ ဖုံးအပ်သောအာရုံ၌ ဝိညာဏ်ကို ပဋိသန္ဓေ စိတ်ဖြစ်အောင် ပစ်ချသကဲ့သို့ဖြစ်၏။ ဤပဋိသန္ဓေစိတ်သည် ရှေးဘဝမှ ပြောင်းရွှေ့လာသည် မဟုတ်။ ရှေးဘဝ အကြောင်းကင်း၍ ဖြစ်သည်လည်း မဟုတ်။ ပဲ့တင်သံပမာ၊ ဆီမီးလျှံပမာ တံဆိပ်ရေး ပမာဖြစ်၏။ ပြောင်းလည်းမပြောင်း၊ အကြောင်းလည်းမကင်း၊

(ပဋိသန္ဓေ အိမ်ကို ဆောက်သော လက်သမားသုံးယောက်ကို ရေတွက်နိုင်ရမည်)

မရဏာသန္နဝီထိ အာရုံဒွါရ

ကံ၌အတိတ်ကံ ဓမ္မာရုံ၌သာ မနောဒွါရဝီထိဖြစ်သည်။

ကမ္မနိမိတ်၌ကား -

အတိတ် ကမ္မနိမိတ် အာရုံခြောက်ပါး၌ မနောဒွါရဝီထိ။

ပစ္စုပ္ပန်ရူပါရုံ ကမ္မနိမိတ်၌ စက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိ။

ပစ္စုပ္ပန် သဒ္ဒါရုံ ကမ္မနိမိတ်၌ သောတဒွါရဝီထိ မနောဒွါရဝီထိ။

ပစ္စုပ္ပန် ဂန္ဓာရုံ ကမ္မနိမိတ်၌ ဃာနဒွါရ ဝီထိ၊ မနောဒွါရဝီထိ။

ပစ္စုပ္ပန်ရသာရုံ ကမ္မနိမိတ်၌ ဇိဝှါဒွါရဝီထိ၊ မနောဒွါရဝီထိ။

ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံ ကမ္မနိမိတ်၌ ကာယဒွါရ ဝီထိ မနောဒွါရဝီထိ။

ပစ္စုပ္ပန်ဓမ္မာရုံ ကမ္မနိမိတ်၌ မနောဒွါရ ဝီထိ။

ကသိုဏ်းစသော ပညပ်၊ နတ္ထိဘောပညပ် ကမ္မနိမိတ်၌ မနောဒွါရဝီထိ။

အတိတ် အာကာသာနဉ္စာယတန အာကိဉ္စညာယတန- မဟဂ္ဂုတ် ကမ္မနိမိတ်၌ မနောဒွါရဝီထိ ဖြစ်သည်။

ဂတိနိမိတ်၌ -

ပစ္စုပ္ပန်ရူပါရုံ ဂတိနိမိတ်၌သာ မနောဒွါရဝီထိ ဖြစ်သည်။

(ဤရူပါရုံသည် လားရာဂတိ၌ရှိ၍ ကံစွမ်းဖြင့်ထင်သော အာရုံ ဖြစ်သောကြောင့် အိပ်မက်၌ မြင်သလို၊ ဒိဗ္ဗစက္ခုဉာဏ်အား ထင်သလို ဖြစ်၏။ စက္ခုပသာဒ၌ ထင်လျှင် တပါးသော သူအားလည်း ထင်၏။)

ပစ္စုပ္ပန်ကမ္မနိမိတ် သဒိသူ

မရဏာသန္နဇော၏ ပစ္စုပ္ပန် ကမ္မနိမိတ်သည် မုချမဟုတ်၊ သဒိသူပစာရ ဖြစ်၏။

(ပဋိသန္ဓေအခါ၌သာ ပစ္စုပ္ပန်ဖြစ်သည်။ စုတိ၌ပစ္စုပ္ပန်မရှိ။)

ချဲ့ဦးအံ့၊

ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံကိုပြုစဉ်၊ ထိုကံ၏ ပစ္စုပ္ပန်အာရုံသည်သာလျှင် မုချပစ္စုပ္ပန် ကမ္မနိမိတ် မည်၏။ ပဋိသန္ဓေကို ဖြစ်စေတတ်သော ရှေးကံသည် မရဏာသန္န-အခါ ပစ္စုပ္ပန် အာရုံကို မထင်စေနိုင်။ မရဏာသန္နအခါ ပစ္စုပ္ပန်အာရုံကို ထင်စေနိုင်သော မရဏာသန္နဇောသည်လည်း ပဋိသန္ဓေကျိုး မပေးနိုင်။

အဖန်ဖန် အာသေဝနရသော ရှေးကံသည်ပင်လျှင် တဏှာဖြင့် သုံးသပ်ခံရမှ ပဋိသန္ဓေကျိုး ပေးသည်။ ဝါ၊ အာသေဝနရခြင်း၊ တဏှာသုံးသပ်ခံရခြင်း- အကြောင်း နှစ်ပါးရှိမှ ပဋိသန္ဓေကျိုး ပေးနိုင်သည်။

မရဏာသန္နဇော ဟူသမျှသည် ထိုအကြောင်းနှစ်ပါးလုံး မရှိသောကြောင့် သန္ဓေကျိုး မပေးနိုင်။ တနည်း၊ ပစ္စုပ္ပန်ကမ္မနိမိတ်ကို အာရုံပြုသော ပဉ္စဒွါရိကဇော ဟူသမျှလည်း အာသေဝနရခြင်း၊ တဏှာ သုံးသပ်ခံရခြင်း ရှိစေကာမူ ပဋိသန္ဓေကျိုး မပေးနိုင်၊ ပဉ္စဒွါရိကဇော ဟူသမျှသည် ထက်ဝန်းကျင် အားနည်း၏။ ထိုကြောင့် အဋ္ဌကထာ၌ ဆိုသည်။

ဤ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသာ ကမ္မအမည်ရ၍ ထိုကမ္မ၏ အာရုံသာ ကမ္မနိမိတ် အမည်ရသည်၊ ထိုမှနောက်၌ မရဏာသန္နအခါ ခြောက်ဒွါရ၌ ထင်သော ပစ္စုပ္ပန် အာရုံသည် ပဋိသန္ဓေကျိုး ပေးသောကံ၏ နိမိတ်မဟုတ်။ ဝါ၊ ပစ္စုပ္ပန် ကမ္မနိမိတ် မမည်— ဟု ဆိုဘွယ်ရှိ၏၊

ထိုစကားအားလုံး သင့်လျော်၏။ ဆွေမျိုးတို့သည် ထင်စေအပ်သော ပန်းဆီမီး စသည်တို့ရှိစဉ် ထိုအာရုံကို အာရုံပြု၍ သေငြားအံ့၊ ထိုပန်းဆီမီး စသည်၌ရှိသော ပစ္စုပ္ပန်အာရုံသည် ပဋိသန္ဓေကျိုး ပေးနိုင်သော ရှေးရှေးအာသန္န မနောဒွါရိက ဇောတို့၏ ပစ္စုပ္ပန်ကမ္မနိမိတ်အာရုံနှင့် တဆက်တည်း ဖြစ်၍တူ၏။ ထိုကြောင့် မရဏာ သန္နဇော၏ ပစ္စုပ္ပန်အာရုံကို ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံ-ဟု သဒိသူပစာရဖြင့် ဆိုအပ်၏။

ဘုမ္မိစတုက္က မှတ်ဘွယ်

အပါယ်လေးဘုံ

၁။ နိရယ-ချမ်းသာ ကင်းသော ငရဲဘုံ။

၂။ တိရစ္ဆာန-အောက်အဘို့သွား၊ ဝါ၊ ဘီလာသွားသော တိရစ္ဆာန်ဘုံ။

၃။ ပေတ-ချမ်းသာဝေးသော ပြိတ္တာဘုံ။ ဝါ၊ ပ + ဣတ-လူပြန် ဖြစ်လွယ်သော ပြိတ္တာဘုံ။

၄။ အသုရကာယ-မရွှင်မြူးသူတို့ နေရာ အသုရကာယ်ဘုံ-

ဤလေးဘုံသည် အယ-ကုသိုလ် ၊ အပ-ကင်းသောကြောင့် အပါယ-မည်၏။

သဉ္ဇိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အဝီစိ - ဤကား ငရဲကြီး ရှစ်ထပ်တည်း။

ငရဲကြီး တထပ်တထပ်၌ တံခါးကြီးလေးခုစီ ရှိ၏။ တံခါးကြီးတခု တခု၌ ဥဿဒ ငရဲ လေးခုစီ ရှိ၏။ ယမမင်းတယောက်စီ ရှိ၏။

ဥဿဒ ငရဲတို့ကား --

၁။ ဂူထ-ဘင်ပုပ်ငရဲ၊

၂။ ကုက္ကူဠ-ပြာပူငရဲ၊

၃။ သိပ္ပလိဝန -လက်ပံတောငရဲ၊

၄။ အသိပတ္တဝန- သံလျက်ရွက်တောငရဲ၊

ဤသို့ လေးခုစီဖြစ်၍ ငရဲငယ်ပေါင်း ၁၂၈-ဖြစ်၏။

လောကပညတ္တိ၌ကား မီးရည်၊ သံရည်၊ ပြာပူ၊ ရေပူ၊ ကြေးနှီရည်၊ ဘင်ပုပ်၊ လက်ပံပင်၊ ကြိမ်ပိုက်ချောင်း - ဤသို့ရှစ်ခုစီဖြစ်၍ ၂၅၆ -ဟုဆို၏။

၁။ သဉ္ဇီဝ - အဖန်ဖန် ပြန်ရှင်သောငရဲ၊

၂။ ကာလသုတ္တ - တမျဉ်းကြိုး (မဲကြိုး) ချ၍ လေးမြှောင်းရှစ်မြှောင့် ရွေသောငရဲ၊

၃။ သင်္ဃာတ - သံတောင်လိမ့်၍ကြိတ်သော ငရဲ၊

၄။ ရောရုဝ - သွေးလျှံ ပြည့်သောငရဲ၊

၅။ မဟာရောရုဝ - ၎င်းငရဲအကြီး၊

၆။ တာပန - မလှုပ်မရှား အပူလောင် ခံရသောငရဲ၊

၇။ မဟာတာပန - ၎င်းငရဲအကြီး။

၈။ အဝီစိ - အကြားမရှိ သောငရဲ။

(မီးလျှံအကြး၊ ငရဲသားအကြား၊ ဒုက္ခအကြားမရှိ၊ ပြည့်ကြပ်၏။

(အကြားမရှိသော်လည်း ကံ-တင်းပုတ် ရိုက်သွင်းခြင်းဖြင့် ဝင်ရောက်နိုင်၏ဟူလို။)

ကာမသုဂတိ ၇-ဘုံ

မာနုဿ - များမြတ်သော ကုသိုလ်စိတ် ရှိသူတို့၏ဘုံ။ သတိရှိခြင်း, ရဲရင့်ခြင်း, မြတ်သော အကျင့်ရှိခြင်း၊ ဤဂုဏ်သုံးပါးဖြင့် ဇမ္ဗူဒီပါ တောင်ကျွန်းသည် မြောက်ကျွန်း၊ တာဝတိံသာတို့ထက် သာလွန်၏။ ကြွင်းသုံးကျွန်း ဥပစာ-လူ့ဘုံ ဟူလို။

စတုမဟာရာဇ် - နတ်မင်းကြီး လေးယောက် ရှိသောဘုံ၊ (ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ-လေးယောက်။)

တာဝတိံသာ - မာဃအမှူးရှိသော သုံးကျိပ်သုံးယောက် (တေတ္တိံသ) ဘုံစံရာဘုံ (တေကို-တာဝပြု။)

ယာမာ-ဆင်းရဲကင်းသောဘုံ။

တုသိတာ - နှစ်သက်ဘွယ် ပြည့်စုံသောဘုံ။

နိမ္မာန+ရတိ - တန်းခိုး ဖန်ဆင်းခြင်း၌ + မွေလျှော်သောဘုံ။

ပရနိမ္မိတ+ဝသ+ဝတ္တီ - သူတပါး ဖန်ဆင်းသော အာရုံ၌၊ မိမိအလိုကို + ဖြစ်စေသော ဘုံ။ ဝါ၊ စိတ်တိုင်းကျ ဖန်ဆင်းသော နတ်သ္မီးတို့ ရှိသောဘုံ။

ဤခုနစ်ဘုံသည် ကောင်းသောအလား ရှိ၏။ ထိုကြောင့် သုဂတိဘုံ မည်၏။

ဗြဟ္မာ ၂၀

ဗြဟ္မပါရိသဇ္ဇာ - မဟာဗြဟ္မာတို့၏ ပရိသတ်ဘုံ။

ဗြဟ္မပုရောဟိတာ - မဟာဗြဟ္မာတို့၏ မင်းတိုင်ပင် အမတ်ဘုံ။

မဟာဗြဟ္မာ - ဗြဟ္မာကြီးတို့ နေရာဘုံ၊

ပရိတ္တာဘာ - အရောင်နည်းသောဘုံ။

အပ္ပမာဏာဘာ - အရောင် များသောဘုံ။

အာဘဿရာ - လျှပ်ပြက်သကဲ့သို့ တလက်လက် အရောင်ထွက်သောဘုံ။

ပရိတ္တသုဘာ - တခဲနက် ကိုယ်ရောင်နည်းသောဘုံ။

အပ္ပမာဏသုဘာ - တခဲနက် ကိုယ်ရောင်များသောဘုံ။

သုဘကိဏှာ - တခဲနက် ကိုယ်ရောင်ပြွမ်းသောဘုံ။

ဝေဟပ္ဖလာ - ပြန့်ပြောသော အကျိုးရှိသောဘုံ။

အသညသတ္တာ - သညာမရှိသူတို့ဘုံ။

၁။ အဝိဟာ - ကာလအနည်းငယ်ဖြင့် မိမိနေရာ မစွန့်သူတို့ဘုံ။

၂။ အတပ္ပါ - ပူပန်စရာမရှိသောဘုံ။

၃။ သုဒဿာ - ချမ်းသာစွာ ရှုမြင်အပ်သောဘုံ။

၄။ သုဒဿီ - ချမ်းသာစွာ ရှုမြင်တတ်သောဘုံ။

၅။ အကနိဋ္ဌာ - အငယ်အဖျင်း မရှိသောဘုံ။

ဤငါးဘုံသည် စင်ကြယ်သော အနာဂါမ် ရဟန္တာတို့၏ နေရာဖြစ်သောကြောင့် သုဒ္ဓါဝါသဘုံ မည်၏။

အာကာသာနဉ္စာယတန - ကောင်းကင် အဆုံးမရှိကို အာရုံပြုသောဘုံ။

ဝိညာနဉ္စာယတန - အာကာသာနဉ္စာယတန စိတ်အဆုံး မရှိကို အာရုံပြုသောဘုံ။

အာကိဉ္စညာယတန - ပဋ္ဌမာရုပ္ပ စိုးစဉ်းမျှ မရှိသော နတ္ထိဘောပညပ်ကို အာရုံပြုသောဘုံ၊ (သည်အထိ အာယတနသည် အာရုံဟော။)

နေဝသညာနာသညာယတန - ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာ ရှိသောဘုံ။ မနာယတန ဓမ္မာယတန၌ ပါဝင်သောဘုံ။

ဘုံတည်ပုံ

အောက်အဆုံးမရှိ ကောင်းကင်၌ လေပြင် အထု ယူဇနာ ကိုးသိန်းခြောက်သောင်း (၉၆၀,၀၀၀) တည်၏။

လေအထက်၌ ရေပြင်အထူ လေးသိန်း ရှစ်သောင်း (၄၈၀,၀၀၀) တည်၏။

ရေအထက်၌ မြေပြင် အထု နှစ်သိန်း လေးသောင်း (၂၄၀,၀၀၀) တည်၏။

မြေတည်ပုံကား

ရေအပြင်၌ လင်ပန်းသုံးချပ် ဆိုင်သကဲ့သို့ ကျောက်မြေ-သိလာပထဝီ ကျောက်ခွက် သုံးခုဆိုင်၍ တည်၏။ ၎င်း၌ မြေညက်-ပံသု ပထဝီတည်၏။ တသိန်း နှစ်သောင်း (၁၂၀,၀၀၀) စီအထူရှိ၏။ သိလာ၊ ပံသု - မြေနှစ်ခု - အထု ထက်ဝက်စီဖြစ်၍ နှစ်သိန်းလေးသောင်း (၂၄၀,၀၀၀) ရှိ၏။ ကျောက်ခွက် အနားရေးသည် စကြဝဠာတောင်၊ ဝါ၊ တံတိုင်း ဖြစ်၏။ ရှစ်သောင်း နှစ်ထောင် (၈၂,ဝဝဝ) မြင့်၏။ (၈၂,ဝဝဝ) မြုပ်၏။ သုံးခုဆိုင် အကြားသည် စကြဝဠာ သုံးခုအကြား ဖြစ်၏။ လောကန္တရိက် ငရဲလည်း မည်၏။ စကြဝဠာ အလျားအနံ တသန်း... (၁,၂၀၃,၄၅၀)ရှိ၏။ အဝန်းသုံးဆ-သုံးသန်း (၃,၆၁၀,၃၅၀) ရှိ၏။

သိလာအထက် ပံသု၌၊ ဝါ၊ နှစ်ခုအကြား၌ ယူဇနာ တသောင်း ကျယ်သော လှိုဏ်ခေါင်း ရှိ၏။ ထိုလှိုဏ်ခေါင်း၌ အဝီစိငရဲ တသောင်း ကျယ်တည်၏။ ထိုမှ အထက်၌ ငရဲခုနစ်ထပ် တည်၏။ ထိုအထက်၌ အသုရာပြည် တည်၏၊ ယူဇနာ တသောင်း ငါးထောင်စီ ဝေးကွာ၏။

(သိလာမြေအတွင်း ရှစ်သောင်း လေးထောင် ကျွံဆင်း၍ အဝီစိတည်ဟန်တည်း၊ သိလာအထက်၌သာ အဝီစိတည်လျှင် ငရဲနှင့် အသုရာ တည့်တည့်မဆင့်နိူင်။)

မြင်းမိုရ်တောင်သည် (၈၄,၀၀၀) မြုပ်၍ (၈၄,၀၀၀) အထက်သို့တက်၏။ အောက်၌ ယူဇနာ တသောင်း ကျယ်၏။ ထို၌ အသုရာပြည် တည်၏။ အသုရာပြည်နှင့် လူ့ပြည် (၈၄,၀၀၀) ဝေး၏။ လူ့ပြည်မှ နတ်ပြည်ခြောက်ထပ် (၄၂,၀၀၀) စီဝေး၏။ တာဝတိံသာသည် မြင်းမိုရ်တောင်ထိပ် ယူဇနာတသောင်းကျယ်၌ တည်၏။ လူ့ပြည် တောင်ကျွန်းလည်း တသောင်း ကျယ်၏။

(အဝီစိ၊ အသုရာ၊ လူ၊ တာဝတိံသာ - သောင်းလေးရပ်)

ဝသဝတ္တီမှအထက် ဗြဟ္မာ နှစ်ဆယ်သည် ၁၃-ထပ်ရှိ၏။ ငါးသန်း ငါးသိန်း ရှစ်ထောင် (၅,၅၀၈,၀၀၀) စီဝေး၏။

ပဌမဈာန်သုံးဘုံ တပြင်တည်း၊

ဒုတီယဈာန် သုံးဘုံတပြင်၊

တတီယဈာန် သုံးဘုံတပြင်၊

ဝေဟပ္ဖိုလ် အသညသတ် နှစ်ဘုံတပြင်၊

သုဒ္ဓါဝါသ ငါးဘုံငါးပြင်။ ငါးဆင့်။

အရူပလေးဘုံ-လေးပြင်- လေးဆင့်တည်၏။

လူ့ပြည်မှ နေဝသညာနာသညာယတနတိ အဆင့် ၂ဝ၊ အသုရာ၊ ငရဲနှင့် ၂၆-ဆင့်။

အသုရကာယ်၊ ဗြိတ္တာ၊ တိရစ္ဆာန်-ဘုံသီးခြားမရှိ၊ ထိုထိုတောအုပ်တောင်ခြေ စသည် တို့၌ နေကုန်၏။ မြင်းမိုရ်တောင်အောက် အသုရာတို့သည် တာဝတိံသာ၌ ပါဝင် ကုန်၏။ မြေလေတို့ အောက်၌၎င်း, နေဝသညာနာသညာယတန၏ အထက်၌၎င်း ကောင်းကင်သည် အဆုံးမရှိ။

ဘုံအကွာအဝေး

အဝီစိမှ အသုရာသို့ တသိန်း နှစ်သောင်း (၁၂၀,ဝဝဝ၊) လူ့ပြည်သို့ (၈၄,၀၀၀-ထောင်ထည့်၍) နှစ်သိန်း လေးထောင် (၂၀၄,၀၀၀)။ ဝသဝတ္တီသို့ လေးသိန်း ငါးသောင်း ခြောက်ထောင် (၄၅၆,ဝဝဝ)၊ နေဝသညာနာသညာယတနသို့ ခုနစ်ကုဋေ နှစ်သန်း ခြောက်သောင်း (၇၂,၀၆ဝ,ဝဝဝ)။

လူ့ပြည်မှ ဝသဝတ္တီသို့ နှစ်သိန်းငါးသောင်း နှစ်ထောင်(၂၅၂,ဝဝဝ)၊

နေဝသညာနာသညာယတနသို့ ခုနစ်ကုဋေ တသန်း ရှစ်သိန်း ငါးသောင်း ခြောက်ထောင် (၇၁,၈၅၆,ဝဝဝ)၊

ဝသဝတ္တိမှ နေဝသညာနာသညာယတနသို့ ခုနှစ်ကုဋေ တသန်း ခြောက်သိန်း လေးထောင် (၇၁,၆၀၄,၀၀၀) ဝေးကွာ၏။

တနည်းကား --

သိလာ အထက်၌ ငရဲရှစ်ထပ်နှင့် လူ့ပြည် (၁၅၀၀၀)စီကွာခြား၍ အဆင့်ဆင့်တည်၏။ အသူရာပြည်ကား မြင်းမိုရ်တောင်အောက် (၈၄၀၀၀) ၌တည်၏။ (၈၄၀၀၀) ကား တာပန ငရဲ၏ အထက်လောက်ကျ၏။ အဝီစိဘက် နီး၏၊ လူ့ ပြည်ဘက်ဝေး၏။

တက်ကပ်ဆုတ်ကပ်

အသင်္ချေယျ အသက်တမ်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ကပ်။ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ တက်ကပ်၊ နှစ်ကပ်သည် အန္တရကပ် တကပ်ဖြစ်၏။

(တက်ကပ်၌ တရား ကျင့်ကြသောကြောင့် ထက်ဝက် ထက်ဝက် တက်သည်။ ဆုတ်ကပ်၌ တရားအပျက်များလျှင် မျာများ ဆုတ်သည်။ အပျက်နည်းလျှင် နည်းနည်း ဆုတ်သည်)

ရောက်ဆဲ, တည်ဆဲသက်တမ်းသည် အာယုကပ်မည်၏။ အန္တရကပ် ၆၄-ကပ်သည် အသင်္ချေယျကပ် တကပ်။ အသင်္ချေယျလေးကပ်သည် မဟာကပ်တကပ်။ ဝါ၊ တကမ္ဘာဖြစ်၏။ အထက်ဗြဟ္မာတို့၌ ဤမဟာကပ်ဖြင့် အသက်ပိုင်းသည်။

ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးငြိမ်း, ရေငြိမ်း, လေငြိမ်းသဖြင့် သင်္ခါရမကြွင်း ဟင်းလင်း ဖြစ်သည် တိုင်အောင် ပျက်ဆဲသည် သံဝဋ္ဋအသင်္ချေယျကပ် မည်၏။ မီး ရေ လေ ငြိမ်းသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည်တိုင်အောင် အပျက်တည်ဆဲသည် သံဝဋ္ဋဌာယီ အသင်္ချေယျကပ် မည်၏။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ တပေါင်းလပြည့် နေ လ နက္ခတ် ပေါ်သည်တိုင်အောင် ပြုပြင်ဆဲသည် ဝိဝဋ္ဋအသင်္ချေယျကပ် မည်၏။ နေ လ နက္ခတ် ပေါ်သည်မှ စ၍တဖန် ကမ္ဘာဖျက်မိုး ရွာသည်တိုင်အောင် တည်တံ့ဆဲ သည် ဝိဝဋ္ဋဌာယီ အသင်္ချေယျ ကပ်မည်၏။ ဤ ဝိဝဋ္ဋဌာယီ အသင်္ချေယျကပ်၌ သာ ပဌမဈာန် သုံးဘုံတည်သည်။

ဘဝတခု၌ ပဋိသန္ဓေ, ဘဝင်, စုတိ-တူမတူ

ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် ဘုံအားဖြင့် ကာမတဆယ်၊ ရူပငါး၊ အရူပလေးဖြစ်၏၊ ဇာတ်အားဖြင့် အဗျာကတဿ၊ ဝါ၊ အဟိတ် နှစ်၊ သဟိတ် ၁၇။ ၁၇။

သမ္ပယုတ္တ ဓမ္မအားဖြင့် ဖဿ စသည်ယှဉ်သည်။ ဝါ၊ ဉာဏသမ္ပယုတ်-တိဟိတ် ၁၃။ ဉာဏဝိပ္ပယုတ်-ဒွိဟိတ် ၄။ ဝိမုတ်-အဟိတ် ၂။ ။ အသင်္ခါရိက ၄။ သသင်္ခါရိက ၁၃။ ဝိမုတ် ၂-ဖြစ်၏။

အာရုံအားဖြင့် အတိတ်ကံကို၎င်း၊ အတိတ်ကမ္မနိမိတ် ကို၎င်း၊ ပစ္စုပ္ပန်ကမ္မနိမိတ် ကို၎င်း၊ ပညပ်ကမ္မနိမိတ်ကို၎င်း၊ ပစ္စုပ္ပန်ဂတိနိမိတ်ကို၎င်း အာရုံပြုကုန်၏။

ပဋိသန္ဓေသည် ကာမဖြစ်အံ့၊ ဘဝင်လည်း ကာမဖြစ်၏၊ စုတိလည်း ကာမဖြစ်၏။ ဤနည်းဖြင့် တခုသောဘဝ၌ ဘူမိ, ဇာတိ, သမ္ပယုတ္တဓမ္မ, သင်္ခါရအားဖြင့် တူ၏။

မတူပုံကား --

ပဋိသန္ဓေ သည် ကမ္မနိမိတ် ပစ္စုပ္ပန်၊ ဂတိနိမိတ် ပစ္စုပ္ပန်ကို အာရုံပြုအံ့၊ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္န ဇောငါးကြိမ်၊ စုတိ ပဋိသန္ဓေ၊ ဘဝင်ခြောက်ချက်တိုင်အောင် ထိုပစ္စုပ္ပန်အာရုံသည် တည်ဆဲတည်၏။ ပဋိသန္ဓေနှင့် ဘဝင်ခြောက်ချက်သည် ထို ပစ္စုပ္ပန်ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုသည်။ ထိုနောင်ဘဝင် နှင့် စုတိတို့သည် ထိုကမ္မနိမိတ်, ဂတိနိမိတ်ကိုပင် အာရုံပြုကြသော်လည်း ပစ္စုပ္ပန်မဟုတ်လေပြီ၊ အတိတ်အဖြစ်သို့ ရောက်ကုန်ပြီ။

ဤသို့ ပဋိသန္ဓေ ပစ္စုပ္ပန်အာရုံ၌သာ ဘဝင်အာရုံတူမတူ၊ စုတိ၊ အာရုံကား မတူ-ဟုပြားသည်၊ ကြွင်းသောအာရုံတို့၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ - အာရုံတူသည်သာ တည်း။ စုတိ၌ပစ္စုပ္ပန် အာရုံ အလျဉ်းမရှိ။

ကမ္မစတုက္က မှတ်ဘွယ်

ကိစ္စကံ

အကုသိုလ်ဇနကကံသည် အပါယ်ဘုံ၌ ပဋိသန္ဓေပဝတ္တိ- ဝိပါက်နာမ်ရုပ်ကို ဖြစ်စေ၏။ ထိုကံစွမ်း-အကျိုးကို ကြာရှည်စွာ (အစွမ်းကုန်) တည်အောင် အကုသိုလ် ဥပထမ္ဘက ထောက်ပံ့၏။ ကြာရှည်စွာ မတည်အောင် ကုသိုလ် ဥပပီဠက- ကပ်၍နှိပ်စက်၏။ ချက်ခြင်း ပျက်စီးအောင် ကုသိုလ် ဥပဃာတက- ကပ်၍ ဖျက်ဆီး၏၊ (အကုသိုလ် အကျိုးကို ကုသိုလ်ဖျက်။)

ကုသိုလ်ဇနကကံသည် သုဂတိဘုံ၌ ပဋိသန္ဓေ ပဝတ္တိ-ဝိပါက် နမ်ရုပ်ကိုဖြစ်စေ၏။ ရှေးအတူကုသိုလ် ဥပထမ္ဘက ထောက်ပံ့၏။ အကုသိုလ် ဥပပီဠက-ကပ်၍ နှိပ်စက်၏။ အကုသိုလ် ဥပဃာတက-ကပ်၍ဖျက်ဆီး၏။ (ကုသိုလ်ကျိုးကို အကုသိုလ်ဖျက်။)

ဥပဃာတကသည် ရှင်မောဂ္ဂလာန် ကဲ့သို့သောသူအား ဇနက စွမ်းကိုကပ်၍ ဖျက်ဆီးရုံသာဖြစ်၏။ ဗိမ္ဗိသာရမင်းကဲ့သို့သော သူအားကပ်၍ ဖျက်ဆီးပြီးလျှင် ကံတပါးကို အကျိုးပေးခွင့်ပြု၏။ ဒေဝဒတ် ကဲ့သို့သောသူအားကပ်၍ ဖျက်ဆီးပြီးလျှင် မိမိကပင် ပဋိသန္ဓေ ပဝတ္တိ-နာမ်ရုပ်ကိုဖြစ်အောင် အကျိုးပေး၏။ ဤ ဥပဃာတကံ- သုံးမျိုးလုံးသည် ဇနကစွမ်းကို ဖျက်သည်သာတည်း။ ဇနကကံသည်ကား ကံတပါး၏ အစွမ်းကိုမဖျက်မူ၍ အကျိုးပေး၏။

ပရိယာယကံ

ပဉ္စာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံသည် အကုသိုလ်ဂရုကံ မည်၏၊ လွန်စွာ အပြစ်ကြီး၏။ တားနိုင်သောကံ တပါးမရှိ။

မဟဂ္ဂုတ်ကုသိုလ်သည် ကုသိုလ်ဂရုကံ မည်၏။ လွန်စွာ တန်းခိုးကြီး၏၊ တားနိုင်သော ကံ မရှိ။ အထူးကား - မဟဂ္ဂုတ်ကုသိုလ်ကံ သည် ဈာန်မလျှောပါမှ၊ ပစ္ဆိမဘဝိက မဟုတ်ပါမှ၊ “ကာမဘုံ၌ဖြစ်လို၏” ဟုတောင့်တခြင်း မရှိပါမှ ဂရုကံ ဖြစ်သည်။

ဤစတုက္က၌ --

ကံလေးပါးလုံး ရှိသူအား ဂရုကံသာ အကျိုးပေးသည်၊

ဂရုကံမရှိလျှင် အာသန္နကံ၊

ထိုကံနှစ်ပါးမရှိလျှင် အာစိဏ္ဏကံ၊

ထိုကံသုံးပါးမရှိလျှင် ကဋတ္တာကံ အကျိုးပေးသည်။

အာစိဏ္ဏကံသည် မပြတ်ပြုသောကြောင့် အားကြီး၏။ အာသန္နကံသည် သေခါနီး အနည်းငယ်ပြုသောကြောင့် အားသေး၏။ အဘယ်ကြောင့် အားသေးသေကံက ရှေးဦးစွာ အကျိုးပေးသနည်း။ သေချိန်တွင်ပြုသော ကံဖြစ်သောကြောင့်တည်း။ နွားပြည့်သော နွားခြံဖွင့်သောအခါ နောက်၌ အဝေး၌ အားကြီးသော နွားသန်တို့ ရှိသော်လည်း ခြံဝ၌တည်သော အားနည်းသော နွားကိုသာလျှင် ရှေးဦးစွာ ထွက်နိုင်သည်နှင့် တူ၏။

ကာလကံ

ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဆန့်ကျင်ဘက် အနှိပ်စက်မှ ကင်းလွတ်၍ ခေတ္တ-အဇ္ဈာသယ - စသော အကြောင်းထူး ပြည့်စုံလျှင် မျက်မှောက် အကျိုးပေးသည်။ အာသေဝန ပစ္စည်း မရသော - အစဆုံး ပဌမဇော ဖြစ်သောကြောင့် အကျိုးပေးချိန် နည်းသည်။ ဤဘဝ ပဝတ္တိကျိုးသာ ပေးသည်။ အသီးမပါသော လေပွင့်ကဲ့သို့ အဟိတ်ဝိပါက် အကျိုးကိုသာ ပေးနိုင်သည်။

ရတနာသုံးပါး ရှိခိုးရာ၌ ဘုရားအစရှိသော ရတနာ သုံးပါးသည် ခေတ္တ။ ရှိခိုးသော စေတနာသည် အဇ္ဈာသယ၊ ထိုကြောင့် ဂုဏ်တော်၌ သက်ဝင်ယုံကြည်၍ ရှိခိုးလျှင် ဤနှစ်ပါးဖြင့် အန္တရာယ် ကင်းခြင်း စသော ဒိဋ္ဌဓမ္မကျိုးကို ပေးသည်။ ဒါနပြုရာ၌ -

လှူဘွယ်ပစ္စည်း ဓမ္မိယလဒ္ဓဖြစ်ခြင်း၊

စေတနာထက်သန်ခြင်း၊

အလှူခံသည် အနာဂါမ်၊ ရဟန္တာဖြစ်ခြင်း၊

နိရောဓသမာပတ်မှထခြင်း -

ဤအင်္ဂါလေးပါး ပြည့်စုံလျှင် ပစ္စည်းလာဘ် စသော ဒိဋ္ဌဓမ္မကျိုးကို ပေးသည်။

ဥပပဇ္ဇသည် ဒုတီယဘဝ၌ ပဋိသန္ဓေကျိုး ပေးရလျှင် ပဝတ္တိကျိုးလည်း ဘဝ ရာထောင်ပင် ပေး၏။ သတ္တမဇောဖြစ်၍ အာသေဝန ပစ္စည်း အားအရှိဆုံးဖြစ်သည်။

အပရာပရိယသည် တတီယဘဝမှ နိဗ္ဗာန်တိုင်အောင် အကျိုးပေးသည်။ (ဒုတီယ ဘဝ ပဝတ္တိကျိုးလည်း ပေးသည် ဟု အချို့ယူဆကုန်၏။)

အကျိုး မပေးလတ္တံ့ စင်စစ်ဖြစ်သော ဇောခုနှစ်တန် - စေတနာသည် မူလကတည်း ကပင် အဟောသိကံ မည်၏။

မရဏုပ္ပတ္တိစတုက္က မှတ်ဘွယ်

ဥပစ္ဆေဒကကံ

ဥပစ္ဆေဒကကံသည် ငရဲသား၊ မြောက်ကျွန်းသူ၊ အချို့နတ်တို့အား မရှိ။ ဝါ-ဘုမ္မဇိုဝ်းနတ်မှတပါး အထက်နတ်တို့အား မရှိ။

ယမမင်း စစ်ဆေးစဉ် ကောင်းမှုသတိရ၍၎င်း၊ ငရဲမီးလျှံမြင်စဉ် သင်္ကန်း လှူဘူး သည်ကို သတိရ၍၎င်း၊ ထိုခဏတွင် စုတေ၍ သုဂတိဖြစ်သူ၊ ခုနစ်ရက် ငရဲခံ၍ နတ်ပြည်သို့ရောက်သော မာလိကာတို့အား ငရဲသား၏ကုသိုလ် ဥပစ္ဆေဒကကံ မဟုတ်လော?

မြေမျိုသော ဝသဝတ္တီဘုံစံ ဒုဿီမာရ်နတ်၊ တာဝတိံသာ အဓမ္မနတ်၊ အချင်းချင်း စိတ်ဆိုး၍ သေသော မနောပဒေါသိကနတ်၊ စားချိန်လွန်အောင် အပျော်ကျူး၍ သေသော ခိဋ္ဋာပဒေါသိကနတ်တို့အား အထက်နတ်တို့၏ အကုသိုလ် ဥပစ္ဆေဒကကံ မဟုတ်လော?

အဖြေကား --

ဥပစ္စေဒကကံ ဟုတ်ပေ၏။ တရာမှာတယောက် မရှိ၊ တထောင်မှာ တယောက်မရှိ။ နည်းပါးလှသောကြောင့် မရှိ ဟုဆိုသည်။

ဗြဟ္မာပြည်၌ ဘုရားလောင်းများ သက်တမ်းမစေ့မီ အဓိမုတ္တိ ကာလံကိရိယာဖြင့် သေခြင်း၊ ဘုရားရှင်တိုင်း သက်တမ်း ငါးပုံ-လေးပုံ၌ နိဗ္ဗာန်စံခြင်း တို့သည်လည်း ဥပစ္ဆေဒကကံ မဟုတ်လော?

အဖြေကား --

ဥပစ္ဆေဒကကံ မဟုတ်။ ဘုရားလောင်း တို့အားသာ ပါရမီ အာဘော်ကြောင့်၎င်း၊ ဘုရားရှင်တို့အားသာ ဓမ္မတာကြောင့်၎င်း သီးခြားသော အာဝေနိက သက်တမ်းဖြင့် သေခြင်း နိဗ္ဗာန်စံခြင်းဖြစ်သည်။ အကုသိုလ်ကံကြောင့် မဟုတ်။ ထိုကြောင့် အာယုက္ခယ မရဏဟု ဆိုအပ်၏။ အကုသိုလ် ဥပစ္ဆေဒကကံဟု မဆိုအပ်။ ကုသိုလ်ကျိုးကို ဖျက်သော ကုသိုလ် ဥပစ္ဆေဒကကံ ဟူ၍လည်း မရှိစကောင်း၊

ရဟန္တာစုတိ

နောက်ဘဝ ပဋိသန္ဓေမရှိသော ရဟန္တာအား ကံ၊ ကမ္မနိမိတ်, ဂတိနိမိတ်မထင်၊ ထင်မြဲတိုင်းသော နာမ်၊ ရုပ်၊ လက္ခဏာ၊ ပညပ်တို့သာ ထင်ကုန်၏။ ထင်မြဲတိုင်း နာမ်ရုပ်စသည်ကို အာရုံပြု၍ မရဏာသန္နဇော စော၏။ ရဟန္တာ၏ စုတိကား မူလပဋိသန္ဓေ၏ အာရုံကိုသာ အာရုံပြုသည်။

ဘုံပိုင်းအရသာ ပြီး၏။ သင်္ဂြိုဟ်အရသာ အပိုင်း (၁၇/၃၄)

၆-ရုပ်ပိုင်း

ဤမျှသော စကားစဉ်ဖြင့် စိတ် စေတသိက်တို့ကို ပဘေဒ၊ ပဝတ္တိနှင့်တကွ ဝေဘန်ပြီးပြီဖြစ်၍ ယခုအခါရုပ်ကို ဆိုပေအံ့။

[အစသုံးပိုင်းသည် ဥဒ္ဒေသ၊ နိဒ္ဒေသ၊ ပဋိနိဒ္ဒေသစွမ်းဖြင့် ဖြစ်၏။ စိတ်စေတသိက် တို့၏ အပြား (ပဘေဒ) ကိုပြသည်။ နောက်နှစ်ပိုင်းသည် ပဝတ္တိသင်္ဂဟ၊ ပဋိသန္ဓေ သင်္ဂဟ ဖြစ်၏။ စိတ်စေတသိက် တို့၏ဖြစ်ခြင်း (ပဝတ္တိ) ကိုပြသည်။]

၁။ သမုဒ္ဒေသ - ရုပ်တို့ကို အကျဉ်းပြခြင်း၊

၂။ ဝိဘာဂ - ရုပ်တို့ကို ဝေဘန်ခြင်း၊

၃။ သမုဋ္ဌာန - ရုပ်တို့၏ဖြစ်ကြောင်း၊

၄။ ကလာပ - ရုပ်တို့၏ အပေါင်းအစည်း၊

၅။ ပဝတ္တိက္ကမ - ရုပ်တို့၏ဖြစ်စဉ်၊

ဤသို့သင်္ဂဟငါးခု သိအပ်၏။

ရုပ်အကျဉ်း

မဟာဘုတ်လေးပါး၊ မဟာဘုတ်ကို မှီ၍ဖြစ်သော ဥပါဒါရုပ် ၂၄-ပါး၊ ဤသို့ နှစ်မျိုး နှစ်စား ရှိသောရုပ်သည် ၁၁-ပါး အပြားအားဖြင့် ရေတွက်ခြင်းသို့ ရောက်၏။

ရောက်ပုံကား --

ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်သည် ဘူတရုပ် (လေးပါး) မည်၏။

စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒသည် ပသာဒရုပ် (ငါးပါး) မည်၏။

ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ အာပေါဓာတ် ကြဉ်သော ဘုတ်သုံးခုအပေါင်းဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံသည် ဂေါစရရုပ် (ခုနှစ်ပါး) မည်၏။ (သုံးပါးထပ်သည်။)

ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်သည် ဘာဝရုပ် (နှစ်ပါး) မည်၏။

ဟဒယဝတ္ထုသည် ဟဒယရုပ် (တပါး) မည်၏။

ဇီဝိတိန္ဒြေသည် ဇီဝိတရုပ် (တပါး) မည်၏။

ကဗဠီကာရ အာဟာရသည် အာဟာရရုပ် (တပါး) မည်၏။

ရုပ် ၁၈-ခုအပေါင်းသည် --

ကက္ခဠသဘော၊ ပဂ္ဃရဏ သဘော စသော မိမိတို့၏ သဘောအားဖြင့် ရအပ်သောကြောင့် သဘာဝရုပ်မည်၏။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ၊ ဥပါဒ် ဌီ ဘင် လက္ခဏာ ရှိသောကြောင့် သလက္ခဏရုပ် မည်၏။

ကံ-စိတ်-ဥတု- အာဟာရ -ဟူသောအကြောင်းတို့သည် ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ် မည်၏။

အချမ်းအပူစသည်တို့ဖြင့် ဖောက်ပြန်သောကြောင့် ရူပရုပ်မည်၏။ (ရုပ်အစစ်ဟူလို)

အနိစ္စစသော လက္ခဏာရေး သုံးပါးဖြင့် သုံးသပ်ထိုက်သောကြောင့် သမ္မသနရုပ် မည်၏။

အာကာသဓာတ်သည် ပရိစ္ဆေဒရုပ် (တပါး) မည်၏။

ကာယဝိည၊ ဝစီဝိညပ်သည် ဝိညပ်ရုပ် (နှစ်ပါး) မည်၏။

ရူပဿ-လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဝိညပ်ရုပ် နှစ်ခုသည် ဝိကာရရုပ် (ငါးပါး) မည်၏။ (ရုပ်နှစ်ပါး ထပ်သည်။)

ရူပဿ - ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာသည် လက္ခဏရုပ်(လေးပါး)မည်၏။

ဤ လက္ခဏရုပ်၌ ဥပစယ၊ သန္တတိ-ဟူသော အမည်နှစ်ပါးဖြင့် ဇာတိရုပ်ကိုသာ၊ ဝါ-ရုပ်၏ ဥပါဒ်ကိုသာ ဆိုသည်။

ဤသို့လျှင် ရုပ်တို့သည် --

ဘူတရုပ်၊ ဥပါဒါရုပ် အားဖြင့်နှစ်ပါး၊

နိပ္ဖန္နရုပ်၊ အနိပ္ဖန္နရုပ်အားဖြင့် နှစ်ပါးဖြစ်၏။

ဇာတ်အားဖြင့် ဘူတရုပ်၊ ပသာဒရုပ်၊ ဝိသယရုပ်၊ ဘာဝရုပ်၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ဝိညပ်ရုပ်၊ ဝိကာရရုပ်၊ လက္ခဏရုပ် ဟူ၍ ၁၁-ပါး ဖြစ်၏။ (ဂေါစရရုပ်သည် ဝိသယရုပ်လည်း မည်၏။)

သရုပ်အားဖြင့် --

ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဟဒယ၊ ဇီဝိတ၊ အာဟာရ၊ ပရိစ္ဆေဒ၊ ကာယဝိညပ်၊ ဝစီဝိညပ်၊ လဟုတာ၊ ဒုတာ၊ ကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ-ဟူ၍ ၂၈-ပါးဖြစ်၏။

(ဤ၌ ပိယရုပ်၊ သာတရပ်ကို မဆို။ ချစ်အပ် သာယာအပ်သော လောကီခန္ဓာငါးပါး အပေါင်းသည် ပိယရုပ်၊ သာတရုပ်မည်၏။ တဏှာ၏ အာရုံဖြစ်သော လောကီ စိတ် စေတသိက်၊ ရုပ်အပေါင်း ရ၏။)

ရုပ်အကျဉ်းပြီး၏။

ရုပ်ဝေဘန်ခြင်း

ဤရုပ် ၂၈-ခုသည် --

အလောဘစသော သမ္ပယုတ်ဟိတ် မရှိသောကြောင့် အဟေတုက-သာမည်၏၊

အကြောင်းတရားတို့နှင့် တကွဖြစ်သောကြောင့် သပစ္စယ-သာမည်၏၊

အာသဝတို့၏ အာရုံဖြစ်သောကြောင့် သာသဝ-သာမည်၏၊

အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင်အပ်သောကြောင့် သင်္ခတ-သာမည်၏

ဥပါဒါနက္ခန္ဓလောက၌ အကျုံးဝင်သောကြောင့် လောကိယ- သာမည်၏။

ကာမတဏှာ၏ကျင်လည်ရာ ဖြစ်သောကြောင့် ကာမဝစရ-သာမည်၏၊

အာရုံကို အာရုံမပြုတတ်သောကြောင့် အနာရမ္မဏ-သာမည်၏။

တဒင်္ဂစသော ပဟာန်သုံးပါးဖြင့် မပယ်အပ်သောကြောင့် အပ္ပဟာတဗ္ဗ-သာ မည်၏။

(ဧကကရှစ်။)

ဤသို့ တဘို့တည်း ဧကဝိဓ ဖြစ်သော်လည်း အဇ္ဈတ္တိကရုပ်၊ ဗာဟိရရုပ်-စသည် အစွမ်းဖြင့် များစွာပြားသေး၏။

ပြားပုံကား - ပသာဒရုပ်သည် အဇ္ဈတ္တိကရုပ် (ငါးခု) မည်၏။ အကြွင်းသည် ဗာဟိရရုပ် ၂၃-ခုမည်၏။

ပသာဒ၊ ဟဒယသည် ဝတ္ထုရုပ် (၆-ခု)၊အကြွင်းသည် အဝတ္ထု ရုပ်(၂၂)။

ပသာဒ၊ ဝိညပ်သည် ဒွါရရုပ် (၇-ခု)၊ အကြွင်းသည် အဒွါရရုပ် (၂၁)။

ပသာဒ၊ ဘာဝ၊ ဇီဝိတသည် ဣန္ဒြိယရုပ် (၈-ခု)၊ အကြွင်းသည် အနိန္ဒြိယရုပ် (၂ဝ)၊

ပသာဒ၊ ဝိသယသည် သြဠာရိကရုပ် (၁၂-ခု)၊ သန္တိကေရုပ် (၁၂-ခု)၊ သပ္ပဋိဃရုပ် (၁၂-ခု)၊ အကြွင်းသည် သုခုမရုပ်(၁၆-ခု)၊ ဒူရေရုပ် (၁၆-ခု) အပ္ပဋိဃရုပ် (၁၆-ခု)။

ကမ္ဘဇရုပ်သည် ဥပါဒိန္နရုပ် (၁၈-ခု) မည်၏။ (ဧကန် ၉၊ အနေကန် ၉)၊ အကြွင်း တိဇရုပ်သည် အနုပါဒိန္န (ရုပ် ၁၉-ခု)၊ မည်၏။ (ကန် ၁၀၊ အနေကန် ၉) နောင် သိလတ္တံ့။)

ရူပါရုံသည် သနိဒဿနရုပ် (တခု) မည်၏။ အကြွင်းသည် အနိဒဿနရုပ် (၂၇-ခု မည်၏။)

ပသာဒရုပ်သည် ဂေါစရဂ္ဂါဟိကရုပ် (၅-ခု) မည်၏။ အကြွင်းသည် အဂေါစရဂ္ဂါဟိကရုပ် (၂၃-ခု) မည်၏၊ ဤ၌ စက္ခု၊ သောတ နှစ်ပါးသည် ပသာဒသို့ မရောက် မထိသော အာရုံကိုယူ၏။ ဃာနု၊ ဇိဝှါ၊ ကာယသည် ပသာဒသို့ ရောက်သော ထိသော အာရုံကိုယူ၏။

(သွားတတ်သော အာရုံ၊ မသွားတတ်သော အာရုံဟု ခွဲမကြံလေနှင့်)။

ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော သည် (ခွဲ၍မရသောကြောင့်) အဝိနိဗ္ဘောဂရုပ် (ရှစ်ခု) မည်၏။ အကြွင်းသည် ဝိနိဗ္ဘောဂရုပ် (၂၀) မည်၏၊ (အာဟာရရုပ်ကို ဩဇာဟူ၍လည်း ခေါ်သည်။)

ဤသို့လျှင် ရုပ်အဋ္ဌဝီသကို အဇ္ဈတ္တိကရုပ်၊ ဗာဟိရရုပ် စသော အပြားဖြင့် ထိုက်သည် အားလျော်စွာ ဝေဘန်ကုန်၏။

ရုပ်ဝေဘန်ခြင်း ပြီး၏။

(ရူပဝိဘာဂ၌ အမည်တို့ကား-

အဟေတုက၊ သပ္ပစ္စယ၊ သာသပ၊ သင်္ခတ၊ လောကိယ၊ ကာမာဝစရ၊ အနာရမ္မဏ၊ အပ္ပဟာတဗ္ဗ - ဧကက ရှစ်၊

အဇ္ဈတ္တိက ဗာဟိရ။ ဝတ္ထု အဝထ္ထု။ ဒွါရ အဒွါရ။ ဣန္ဒြိယ အနိန္ဒြိယ၊ သြဠာရိက သုခုမ၊ သန္တိက ဒူရ၊ သပ္ပဋိဃ အပ္ပဋိဃ၊ ဥပါဒိန္န အနုပါဒိန္န၊ သနိဒဿန အနိဒဿန၊ ဂေါစရဂ္ဂါဟိက အဂေါစရဂ္ဂါဟိက၊ ဝိနိဗ္ဘောဂ အဝိနိဗ္ဘောဂ၊ ဒုက တဆဲ့တစ်၊)

ရုပ်ဖြစ်ကြောင်း

ကံ၊ စိတ်၊ ဥတု၊ အာဟာရ - ဤလေးပါးတို့သည် ရုပ်ကိုဖြစ်စေတတ်သော အကြောင်း ရုပ်တို့ မည်ကုန်၏။

ထိုလေးပါးတို့တွင် ကာမကုသိုလ်၊ အကုသိုလ် ရူပကုသိုလ် အားဖြင့် ၂၅-ပါးသော စေတနာသည် ကံမည်၏၊ ဤကံ ၂၅-ပါးသည် အဇ္ဈတ္တိကသန္တာန်၌ ကမ္မဇရုပ်ကို ဖြစ်စေ၏။ ပဋိသန္ဓေဥပါဒ်မှ စ၍စိတ်တို့၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း ဖြစ်စေ၏။

အရူပဝိပါက်လေးခု၊ ဒွေပဉ္စဝိညာဏ်တဆယ် ကြဉ်သော ၇၅-ပါးသော စိတ်သည် စိတ်မည်၏။ ဤစိတ် ရ၅-ပါးသည် အဇ္ဈတ္တိကသန္တာန်၌ စိတ္တဇရုပ်ကို ဖြစ်စေ၏။ ပဋိသန္ဓေနောင် ပဌမဘဝင်၏ ဥပါဒ်မှစ၍ ဥပါဒ်တိုင်းသာ ဖြစ်စေ၏၊

(စိတ်သည် ဥပါဒ်ခဏ၌သာ အနန္တရပစ္စည်းစသော ဇနကသတ္တိဖြင့် အားရှိ၏။ ဌီခဏ ဘင်ခဏ၌ အားမရှိ။ ရုပ်ကိုမဖြစ်စေနိုင်။)

ထိုစိတ်တို့တွင် အပ္ပနာဇော ဆဗ္ဗီသသည် ဖြစ်မြဲတိုင်းသော ဣရိယာပုထ် လေးပါး ကိုလည်း ခိုင်စေ၏။ စိတ္တဇရုပ်ကိုလည်း ဖြစ်စေ၏။

ဝုဋ္ဌော၊ ကာမဇော၊ အဘိညာ အားဖြင့် ၃၂-ပါးသော စိတ်သည် ကာယဝိညပ်၊ ဝစီဝိညပ်ကိုလည်း ဖြစ်စေ၏။ ဣရိယာပုထ် ကိုလည်း ဖြစ်စေ၏၊ စိတ္တဇရုပ်ကိုလည်း ဖြစ်စေ၏။

(မနောဓာတ်၊ တဒါရုံ၊ ရူပဝိပါက်အားဖြင့် ၁၉-ပါးသော စိတ်သည် ရုပ်ကိုသာ ဖြစ်စေ၏။)

ရုပ်၊ ဣရိယာ၊ ဝိညပ် ဖြစ်စေ ၃၂။

ရုပ်၊ ဣရိယာခိုင်စေ ၂၆။

ရုပ်ဖြစ်စေ ၁၉။

ရုပ်မဖြစ်စေ ၁၄။

ပေါင်း ၉၁။

ထိုတွင် သောမနဿ ကာမဇော ၁၃-ခုသည် ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေ၏။ (ပုထုဇဉ်-၈။ သေက္ခ ၆။ ဘုရားရဟန္တာ ၅။)

သီတ၊ ဥဏှဟု ဆိုအပ်သော တေဇောဓာတ်သည် ဥတုမည်၏။ ထိုဥတုသည်ရုပ်၏ ဌီသို့ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တ၌၎င်း၊ ဗဟိဒ္ဓ၌၎င်း ထိုက်သည် အားလျော်စွာ ဖြစ်စေ၏။

(ရုပ်သည် ဥပါဒ်၌အားမရှိ၊ ဌီသို့ရောက်မှ ပစ္ဆာဇာတပစ္စည်း ဥပထမ္ဘက သတ္တိဖြင့် အားရှိသည်။ ရုပ်ကိုဖြစ်စေသည်၊ စိတ်၏ဥပါဒ်၊ ဌီ၊ ဘင်တိုင်း ရုပ်၏ဌီသို့ ရောက်၍ ရုပ်ကိုဖြစ်စေသည်။)

အစာ၌တည်သော အစေးဩဇာ ဆောင်ခြင်းသည် အာဟာရ မည်၏၊ ထိုအာဟာရသည် မျိုပြီး၍ ရုပ်၏ ဌီသို့ရောက်မှသာ အားရှိ၍ အာဟာရဇရုပ်ကို အဇ္ဈတ္တသန္တာန်၌ ဖြစ်စေ၏၊

(စိတ်၏ဥပါဒ် ဌီ ဘင်တိုင်း ရုပ်၏ဌီသို့ ရောက်၍ ရုပ်ကိုဖြစ်စေသည်။)

ထိုရုပ်တို့တွင်ဟဒယ ဣန္ဒြိယတို့သည် ကံကြောင့်သာဖြစ်ကုန်၏ (ကမ္မဇကန် ၉)။

ဝိညပ်ဒွေသည် စိတ်ကြောင့်သာ ဖြစ်၏။ (စိတ္တဇဧကန် ၂)။

သဒ္ဒါရုံသည် စိတ်, ဥတုကြောင့်ဖြစ်၏။

(စိတ္တဇ၊ ဥတုဇ၊ အနေကန် ၁။)။

လဟုတာဒိတ္တယသည် စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်၏။

(စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ၊ အနေကန် ၃။)

အဝိနိဗ္ဘောဂ၊ အာကာသတို့သည် လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏။ (စတုဇ-အနေကန် ၉)။

လက္ခဏရုပ် လေးခုသည် တစုံတခုသော အကြောင်းကြောင့်မဖြစ်။

(နကုတောဇ ၄။)

ဧကဇ ၁၁၊ ဒွိဇ ၁၊ တိဇ ၃၊ စတုဇ ၉၊ နကုတောဇ ၄၊ ပေါင်း ၂၈။

ကမ္မဇရုပ် ၁၈ (ဧကန် ၉၊ အနေကန် ၉)။

စိတ္တဇရုပ် ၁၅ (ဧကန် ၂ ၊ အနေကန် ၁၃)။

ဥတုဇရုပ် ၁၃။

အာဟာရဇရုပ် ၁၂။

လက္ခဏရုပ်လေးခုတို့သည် ဖြစ်, ရင့်ဆဲ, ပျက်ဆဲဖြစ်သော နိပ္ဖန္နရုပ် (ရုပ်စစ်) တို့၏ ဥပါဒ် ဌီ ဘင်ဖြစ်ကုန်၏။ ထိုကြောင့် လက္ခဏရပ်လေးခုတို့၏ ဖြစ်ကြောင်းကို သီးခြားမပြကုန်။

ရုပ်ဖြစ်ကြောင်းပြီး၏။

ရုပ်ကလာပ်

ဥပါဒ်အတူဖြစ်၊ ဘင်အတူချုပ်၊ မှီရာမဟာဘုတ်ကို အတူမှီလျက်၊ အစအဆုံး တပေါင်းတည်း ဖြစ်သော ရုပ်အပေါင်းအစည်းသည် ရုပ်ကလာပ် မည်၏။ ၂၁-စည်း ရှိ၏။

ဇီဝိတ၊ အဝိနိဗ္ဘောဂတို့သည် စက္ခုပသာဒနှင့်တကွ စက္ခုဒသက ကလာပ်တစည်း မည်၏။ ထိုအတူ --

သောတစသည်တို့နှင့် တကွ သောတဒသက တစည်း၊

ဃာနဒသကတစည်း၊

ဇိဝှါဒသက တစည်း၊

ကာယဒသက တစည်း။

ဣတ္ထိဘာဝဒသက တစည်း၊

ပုမ္ဘာဝဒသက တစည်း၊

ဝတ္ထုဒသက တစည်း၊

အဝိနိဗ္ဘောဂရုပ်သည်သာလျှင် ဇီဝိတနှင့်တကွ ဇီဝိတနဝက ကလပ်တစည်း-

ဤကား ကမ္မဇကလာပ် ကိုးစည်းတည်း။

စိတ္တဇကလာပ်ကား -

အဝိနိဗ္ဘောဂရုပ်သည် သုဒ္ဓဋ္ဌကကလာပ် တစည်း မည်၏။

၎င်းသည်ပင် ကာယဝိညပ်နှင့် ကာယဝိညတ္တိနုဝက တစည်း။

ဝစီဝိညပ်သဒ္ဒနှင့် ဝစီဝိညတ္တိဒသက တစည်း။

လဟုတာဒိတ္တယနှင့် လဟုတာဒေကာဒသက တစည်း။

ကာယဝိညတ္တိ လဟုတာဒိဒွါဒသက တစည်း။

ဝစီဝိညတ္တိသဒ္ဒ လဟုတာဒိ တေရသက တစည်း။

ဤကား စိတ္တဇကလာပ် ခြောက်စည်းတည်း။

သုဒ္ဓဋ္ဌက တစည်း၊

သဒ္ဒနဝက တစည်း၊

လဟုတာဒေကာ ဒသက တစည်း၊

သဒ္ဒလဟုတာဒိ ဒွါဒသက တစည်း၊

ဤကာ ဥတုဇကလာပ် လေးစည်းတည်း။

သုဒ္ဓဋ္ဌက တစည်း၊

လဟုတာဒေကာ ဒသက တစည်း၊

ဤကား အာဟာရဇကလာပ် နှစ်စည်းတည်း။

ထိုရုပ်ကလာပ်တို့တွင် သုဒ္ဓဋ္ဌက၊ သဒ္ဒနဝက-အားဖြင့် ဥတုဇ နှစ်စည်းတို့သည် ဗဟိဒ္ဓ၌လည်း ဖြစ်ကုန်၏။ အဇ္ဈတ္တ၌လည်း ဖြစ်ကုန်၏။ (သက်မဲ့၊ သက်ရှိ ၂-စည်း)၊ အကြွင်းတို့သည် အဇ္ဈတ္တ၌သာ ဖြစ်ကုန်၏။ ဗဟိဒ္ဓ၌မဖြစ်ကုန်၊ (သက်ရှိ သက်သက် ၁၉- စည်း။)

ကမ္မဇ-၉ စည်း၊ စိတ္တ-၆ စည်း၊ ဥတုဇ-၄ စည်း၊ အာဟာရဇ-၂ စည်း၊ ပေါင်း ၂၁။

အာကာသဓာတ်၊ လက္ခဏရုပ်တို့သည် ကလာပ်တို့၏ ပိုင်းခြားကြောင်း မှတ်သားကြောင်း ဖြစ်ကုန်၏။ ထိုကြောင့် ဤရုပ်ငါးခု ကလာပ်အင်္ဂါ မဖြစ်။ အာကာသသည် ရုပ်ကလာပ်တို့၏ ကလာပ်ချင်း မရောအောင် ပိုင်းခြား၏။ လက္ခဏရုပ် လေးခုသည် ရုပ်ကလာပ်တို့၏ ဥပါဒ် ဌီ ဘင် လက္ခဏာ ဖြစ်၏။

ရုပ်ကလာပ်ဖွဲ့စည်းခြင်း ပြီး၏။

ရုပ်ဖြစ်စဉ်

ကာမဘုံ၌ ပဝတ္တိအခါ ရုပ် ၂၈-ခုလုံး ထိုက်သည် အလျောက် အပြည့်အစုံရကုန်၏။ (ရုပ် ၂၈၊ ကလာပ် ၂၁။)

ပဋိသန္ဓေအခါ သံသေဒဇ၊ ဥပပါတ်တို့အား စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ၊ ဝတ္ထုအားဖြင့် ဒသက ၇-စည်းတို့သည် အလွန်ဆုံအားဖြင့် ဖြစ်ကုန်၏။ အယုတ်အားဖြင့်ကား စက္ခု၊ သောတ၊ ဃာန၊ ဘာဝ၊ ဤဒသက လေးစည်းသည် ရံခါမရ။ ထိုကြောင့် တစည်း၊ နှစ်စည်း၊ သုံးစည်း၊ လေးစည်း ချို့လျှင် ၆-စည်း၊ ၅-စည်း၊ ၄--စည်း၊ ၃-စည်း ဖြစ်ကုန်၏။

(ရုပ် ၁၆၊ ကလာပ် ၇။ ဝါ-ဘာဝနှစ်ခုဖြစ်၍ ရုပ် ၁၇၊ ကလာပ် ၈ ဖြစ်၏။ ဇီဝိတနဝကကား အာဟာရ နှံ့သောအခါမှ ပါစက တေဇောနှင့်အတူ ဖြစ်သည်။)

ဂဗ္ဘသေယျကတို့အား ကာယ, ဘာဝ, ဝတ္ထုအားဖြင့် ဒသက သုံးစည်း ထင်စွာ ဖြစ်ကုန်၏။ ထိုတွင် ဘာဝ ဒသက ရံခါမရ၊ ထိုနောင် ပဝတ္တိအခါ စက္ခု, သောတ, ဃာန, ဇိဝှါ ဤဒသက လေးစည်းတို့လည်း အစဉ်အားဖြင့် ဖြစ်ကုန်၏၊ ဝါ၊ ကံအားဖြင့် ဖြစ်ကုန်၏။

ဤသို့လျှင် ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ ဥပါဒ်, ဌီ, ဘင် တိုင်းဖြစ်ကုန်၏။

စိတ္တဇရုပ်တို့သည် ပဋိသန္ဓေ နောင် ပဌမဘဝင်၏ ဥပါဒ်ကိုအစပြု၍ ဥပါဒ်တိုင်း ဖြစ်ကုန်၏။

ဥတုဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဋီကာလကို အစပြု၍ စိတ်၏ ဥပါဒ် ဌီ ဘင် တိုင်းဖြစ်ကုန်၏။

အာဟာရဇရုပ်တို့သည် မျိုပြီး၍ သြဇာနှံ့သော ကာလကို။ ဝါ၊ သြဇာရုပ်၏ ဌီ ကာလကို အစပြု၍ စိတ်၏ ဥပါဒ် ဌီ ဘင်တိုင်း ဖြစ်ကုန်၏။

ဤ စတုသန္တတိ ရုပ်ကလာပ်အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံ ကဲ့သို့၎င်း, မြစ်ရေ အယဉ်ကဲ့သို့၎င်း, အသက်ရှည်သမျှမပြတ်ဖြစ်၏။

သေခါနီးအခါ၌ကား စုတိစိတ်မှ အထက် ၁၇-ချက်မြောက်သောစိတ်၏ ဌီကာလကို အစပြု၍ ကမ္မဇရုပ်အသစ် -နောက်ထပ် မဖြစ်။ ဌီရှေ့ ဥပါဒ် တိုင်အောင် ဖြစ်ခဲ့သော ကမ္မဇရုပ်တို့သည်လည်း စုတိစိတ်နှင့် အညီအမျှသာ တည်၍ ချုပ်ကုန်၏၊

(အစဉ်အတိုင်း အသီးသီး ချုပ်၏။ စုတိ, ဘင်နှင့် ပြိုင်၍ ချုပ်ကုန်သည် ဟူလို၊ ကမ္မဇရုပ်ရှိစဉ် မသေကောင်းသောကြောင့်တည်း။)

ထိုနောင် စိတ္တဇရုပ်လည်း ပြတ်၏။ အာဟာရဇရုပ်လည်း ပြတ်၏။ ဥတုဇရုပ်ကလာပ် အဆက်ဆက်တို့သာ အသေကောင်၊ အပုပ်ကောင်၊ အရိုးစု စသည်တိုင်အောင် ဖြစ်ကုန်၏။

ဤသို့လျှင် သေပြီးသောသူတို့အား တဖန်ဘဝသစ်၌ ပဋိသန္ဓေ ဥပါဒ်ကိုအစပြု၍ စတုသန္တတိ ရုပ်အစဉ်သည် ထိုအတူဖြစ်ပြန်၏။

ရူပ ၁၅-ဘုံ၌ ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ-ဒသက ၅-စည်း မရ။ အာဟာရဇ ကလာပ်လည်းမရ။ (ဘာဝသည် ပုဂ္ဂိုလ်၌ တစည်း။ ဘုံ၌ နှစ်စည်း။) ထိုကြောင့် ရူပဗြဟ္မာတို့အား ပဋိသန္ဓေအခါ စက္ခုဒသက၊ သောတဒသက၊ ဝတ္ထုဒသက၊ ဇီဝိတနဝကအားဖြင့် ကမ္မဇကလာပ် ၄-စည်းရ၏။ ပဝတ္တိအခါ စိတ္တဇကလာပ်၊ ဥတုဇ ကလာပ်လည်းရ၏။ (ရုပ် ၂၃၊ ကလာပ် ၁၄။)

အသညသတ် ပုဂ္ဂိုလ်တို့အား စက္ခု၊ သောတ၊ ဝတ္ထု၊ သဒ္ဒ-လည်းမရ။ စိတ္တဇလည်းမရ၊ ထိုကြောင့် ပဋိသန္ဓေအခါ ဇီဝိတနဝက ကလာပ်ကိုသာ ရသည်။ ပဝတ္တိအခါလည်း သဒ္ဒကြဉ်သော ဥတုဇရုပ်မျှသာဖြစ်သည်။ (ရုပ် ၁၇၊ ကလာပ် ၃၊)

ဤသို့လျှင် ကာမ၊ ရူပ၊ အသညသတ် သုံးဌာန၌ ပဋိသန္ဓေ၊ ပဝတ္တိအားဖြင့် ရုပ်ဖြစ်ပုံ နှစ်မျိုးကို သိအပ်၏။

ရုပ်တို့သည်ကာ၌ ၂ ၈၊ ရူပ၌ ၂၃၊ အသညသတ်၌ ၁၇၊ အရူပ၌ မရှိ။

သဒ္ဒ၊ ငါးခုသော ဝိကာရ၊ ဇရတာ၊ အနိစ္စတာ - ဤရုပ်ရှစ်ခု- ပဋိသန္ဓေအခါ မရ။ ပဝတ္တိအခါကား မရသောရုပ် မရှိ။

ရုပ်ဖြစ်စဉ်ပြီး၏။

နိဗ္ဗာန်

နိဗ္ဗာန်သည်လောကမှ လွတ်မြောက်သောကြောင့် လောကုတ္တရ မည်၏။ မဂ်ဉာဏ် လေးပါးဖြင့် မျက်မှောက်ပြုအပ်၏။ မဂ်ဖိုလ်တို့၏ အာရုံဖြစ်၏။ ဝါနမှ ထွက်လာ သောကြောင့် နိဗ္ဗာန်မည်၏။ ဝါနဟူသည် တဏှာဝဋ် အမည်တည်း။

ထိုနိဗ္ဗာန်သည် သဘာဝအားဖြင့် တပါးတည်း ဖြစ်သော်လည်း သဥပါဒိသေသ နိဗ္ဗာနဓာတု၊ အနုပါဒိသေသ နိဗ္ဗာနဓာတုဟု သိစေကြောင်း အမြွက်အားဖြင့် နှစ်ပါး ပြား၏။

(မိမိ၏ သန္တိလက္ခဏာသည် သဘာဝမည်၏။ လေဆိတ်ရာ၌ မီးပမာငြိမ်သက်၏။ ခန္ဓာရှိသူတို့၏ အာရုံပြုခံရသောကြောင့် သဥပါဒိ မည်သော်လည်း ခန္ဓာ မရှိခြင်း ကြောင့် အနုပါဒိလည်း မည်၏ဟူလို)

တနည်း၊ သုညတ၊ အနိမိတ္တ အပ္ပဏိဟိတ-ဟု အခြင်းအရာ အပြားအားဖြင့် သုံးပါး ပြား၏။ (ဆိတ်ခြင်း၊ အကြောင်းမရှိခြင်း၊ တဏှာတောင့်တ မရှိခြင်းသည် အခြင်းအရာအပြား ဟူလို။)

အကြင်သဘောတရားသည် ရွေ့လျောခြင်းမရှိ။ စုတိဟူသော ဆုံးခြင်းကိုလွန်၏။ အကြောင်းတရားတို့ မပြုပြင်နိုင်၊ မိမိထက် လွန်မြတ်သော တရားမရှိ။

ထိုသို့သော သဘောတရားသည် နိဗ္ဗာန်မည်၏။ ဤသို့လျှင် ဝါနမှ လွတ်လာ ကုန်သော ဘုရားရှင်တို့သည် ဟောကြားတော်မူကုန်၏။

ဤသို့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ ပရမတ္ထတရားကို လေးပါးပြား၍ ဟောကုန်၏။

ရုပ်သက် မှတ်ဘွယ်

နိပ္ဇန္နရုပ် ၁၈-ခုသည် ရုပ်စစ်ဖြစ်၏။ စိတ္တက္ခဏ ၁၇-ချက်၊ ခဏငယ် ၅၁-ချက်၊ အသက် ရှိ၏။(ဥပါဒ် ၁၊ ဌီ ၄၉၊ ဘင် ၁။)

အာကာသသည် ရုပ်စစ်ကလာပ်တို့၏ အကြားဖြစ်၏။ ရုပ်စစ်သို့ လိုက်၍ ၁၇-ချက်၊ ၅၁-ချက် အသက်ရှိ၏။

ဝိညပ်ဒွေသည် စိတ်သို့လိုက်၍ဖြစ်၏၊ ခဏငယ်-၃-ချက် အသက်ရှိ၏။

(ဥပါဒ် ၁၊ ဌီ ၁၊ ဘင် ၁။)

လဟုတာ ဒိတ္တယသည် ရုပ်စစ်တို့၏ အမူအရာဖြစ်၏၊

ရုပ်စစ် သို့လိုက်၍ ၁၇-ချက်၊ ၅၁-ချက် အသက်ရှိ၏။

ဥပစယသည်၊ သန္တတိသည်၊ ဝါ-ဇာတိသည် ရုပ်စစ်တို့၏ ဥပါဒ်ဖြစ်၏။

ခဏငယ်တချက် အသက်ရှိ၏။

ဇရတာသည် ရုပ်စစ်တို့၏ ဌီဖြစ်၏၊

ခဏငယ် ၄၉-ချက် အသက်ရှိ၏။

အနိစ္စတာသည် ရုပ်စစ်တို့၏ ဘင်ဖြစ်၏။

ခဏငယ် တချက်အသက်ရှိ၏။

ပထဝီ၊ တေဇော၊ ဝါယောသည် ဘူတရုပ်လည်း မည်၏၊ ဖောဋ္ဌဗ္ဗာရုံ ဂေါစရရုပ်လည်း မည်၏။

ဝိညပ်ဒွေသည် ဝိညပ်ရုပ်လည်း မည်၏၊ ဝိကာရ ရုပ်လည်းမည်၏။

ကာယပသာဒ၊ ဇီဝိတ၊ ဘာဝဒွယ၊ အဝိနိဗ္ဘောဂ-ရုပ် ၁၂-ခုသည် ကိုယ်လုံးနှံ့တည်၏၊ သည်းခြေ၊ သုက်၊ သွေး - ဤကောဋ္ဌာသ ၃-ခုသည် ကိုယ်လုံးနှံ့ တည်၏။

မထိ ထိ၊ ထိ ထိ

ရုပ် ၁၂-ခုသည် အာရုံ၊ အာရမ္မဏိက အဖြစ်ဖြင့် ရုန့်ရင်းခြင်း, ထင်ရှားခြင်းကြောင့် သြဠာရိကရုပ် မည်၏၊ သိလွယ်ခြင်း၊ အနီးနှင့်တူခြင်းကြောင့် သန္တိကေရုပ် မည်၏။ အချင်းချင်း ရှေးရှုကျခြင်း၊ ပေါင်းဆုံကျခြင်း၊ ထိခိုက်သောသဘော ရှိခြင်းကြောင့် သပ္ပဋိဃရုပ် မည်၏။ အားကြီးသူ နှစ်ယောက် ထိခိုက်လျှင် အဝေး၌ရှိသော အားနည်းသောသူ တုန်လှုပ်သကဲ့သို့ အာရုံ၊ ပသာဒ ထိခိုက်လျှင် တဒယ၌ရှိသော အားနည်းသော ဘဝင်စိတ် တုန်လှုပ်၏။

ထိခိုက်ပုံကား --

ဖောဋ္ဌဗ္ဗ ၃-ခုသည် ကိုယ်တိုင် ရောက်၍ထိသည်။ ဃာန၊ ဇိဝှါ၊ ကာယ၊ ဂန္ဓ၊ ရသ- ၅ -ခုသည် မှီရာ မဟာဘုတ်စွမ်းဖြင့် ရောက်၍ ထိသည်။ စက္ခု၊ သောတ၊ ရူပ၊ သဒ္ဒ ၄-ခု သည် မရောက်မူ၍ သိသည်။

ကိုယ်တိုင်သွား ၃။ မှီသွား ၅။ မသွား ၄၊ ပေါင်း ၁၂။

မထိဘဲ ထိ ၄။ ထိမှ ထိ ၈။ ပေါင်း ၁၂၊

ဇီဝိတ ဆက္က

ရုပ်ရှစ်ခုသည် အချင်းချင်း မခွဲ၊ တခြားစီ မဖြစ်၊ ထိုကြောင့် အဝိနိဗ္ဘောဂ ရုပ်မည်၏။ ဤစကားဖြင့် “ရူပဘုံ၌ ဂန္ဓ၊ ရသ၊ သြဇာမရှိ” ဟူသော ဝါဒကို ပယ်သည်။

ထိုဝါဒအလိုကား --

ရှိသော်လည်း ထိုဂန္ဓ ရသသည် ဃာန, ဇိဝှါတို့၏ အာရုံမဖြစ်။ အာယတန ကိစ္စမပြု။ ဓမ္မာယတနမျှ ဖြစ်သည်။ သြဇာလည်း ဩဇာဋ္ဌမကရုပ်ကို ဖြစ်အောင် ဆောင်ခြင်း ကိစ္စမပြု။ (ဝါ၊ အာဟာရဇရုပ်ကို မဖြစ်စေနိုင်။) ထိုသို့ အလုပ် မလုပ်ခြင်းကြောင့် မရှိဟု ဆိုလိုသည်။ အသညသတ်၌လည်း ဇီဝိတဆက္က-သာဟု ဆိုလိုသည်ဟူ၏။

ရုပ်ဖြစ်စဉ်၌ မှတ်သားဘွယ်

ကြာတိုက်၊ ကိုယ်ဝန်ညစ်ကြေး စသည်တို့၌ ဖြစ်သော သူသည် သံသေဒဇ ပုဂ္ဂိုလ် မည်၏။

ကိုယ်ထင်ရှားဖြစ်သော သူသည် ဥပပါတ် ပုဂ္ဂိုလ်မည်၏။

အမိဝမ်း၌ ကိန်းသောသူသည် ဂဗ္ဘသေယျက ပုဂ္ဂိုလ်မည်၏။

၎င်းသည်လည်း အဥ၌ကိန်းလျှင် အဏ္ဍဇ၊ အချင်းသူငယ်အိမ်၌ ကိန်းလျှင် ဇလာဗုဇ-ဟု နှစ်မျိုးပြား၏။

သုဂတိ ဒုဂ္ဂတိ-သံသေဒဇအား စက္ခု, သောတ, ဃာန, ဘာဝ ဒွယ-ဤရုပ် ငါးခု ချို့ကောင်းသည်။

ဒုဂ္ဂတိ-ဥပပါတ်အား-စက္ခု၊ သောတ၊ ဘာဝ-၄-ခု ချို့ကောင်းသည်၊

ဃာန မချို့ကောင်း။

သုဂတိ-ဥပပါတ်အား အာနုဘော်ကြီးသော ကံကြောင့် ဖြစ်သည်။ ထိုကြောင့် ဣန္ဒြိယရုပ် ရှစ်ခု မချို့။ ကမ္ဘာဦးသားတို့အားကား ဘာ၀ နှစ်ခု ချို့သည်သာတည်း။

ဂဗ္ဘသေယျကတို့အား စက္ခု၊ သောတ၊ ဃာန - ဤသုံးခုဖြစ်ချိန် မဖြစ်လျှင် ပဋိသန္ဓေကပင် ချို့သည်မည်၏။

နပုံးအား ပဋိသန္ဓေကပင် ဘာဝနှစ်ခု ချို့၏၊

ကာမဘုံ၌ ဇိဝှါ, ကာယ, ဝတ္ထု, ဇီဝိတ- ဤလေးခု ချို့သူမရှိ။

ဒေဝ၊ မနုဿ၊ တိရစ္ဆာန၊ ပေတ၊ နိရယ-ဟု ဂတိငါးခုရှိ၏၊ ထိုတွင် ဘုမ္မဇိုဝ်း ချွင်းချန်၍ ကြွင်းကျန်သောနတ်၊ ဗြဟ္မာ၊ နိဇ္ဈာမတဏှိက ပြိတ္တာ၊ ငရဲသားတို့အား ဥပပါတ်ယောနိ တခုသာရသည်။ (သုဂတိ-တယောနိ၊) ကြွင်းသော ပြိတ္တာ၊ တိရစ္ဆာန်၊ လူ၊ ဘုမ္မဇိုဝ်း တို့အား အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဥပပါတ်-ယောနိ လေးရလုံး ရသည်။ (လေးဂတိ - လေးယောနိ၊)

တနည်း၊

ဒေဝဂတိ၌ ဘုမ္မဇိုဝ်း ၄-ယောနိ၊ ကြွင်းဒေဝ ၁- ယောနိ။

မနုဿ ၄။

တိရစ္ဆာန ၄။

ပေတ၌ နိဇ္ဈာမ ၁၊ ကြွင်းပေတ ၄။

နိရယ ၁။

ဂဗ္ဘသေယျကတို့အား ပဋိသန္ဓေအခါ-ကာယ၊ ဘာဝ၊ ဟဒယ-အားဖြင့် ဒသက ကလာပ်သုံးစည်း ရုပ်သုံးဆယ်သည် ကလလရေကြည်မည်၏၊ နပုံးတို့အား ကလာပ် နှစ်စည်း - ရုပ်နှစ်ဆယ်သည် ကလလရေကြည် မည်၏။ လွန်စွာ နူးညံ့သော သိုးမွေးမျှင်တခု၌ကပ်ငြိသော ဆီပေါက်ပမာဏ ရှိ၏။ ထောပတ်ဆီ အဆင်း ကြည်လင်၏။

ကလလံ-ရေကြည်၊

အဗ္ဗုဒံ-အမြှုပ်၊

ပေသိ-သွေးတုံးသားတစ်၊

ဃနော-တခဲနက်။

ပသာခါ- ခက်မငါးဖြာတို့ …

ဤငါးခုသည် ခုနစ်ရက်စီဖြစ်၏-ခုနစ်ရက် ငါးလီရှိပြီ၊

(ဦးခေါင်း၊ ခြေ၊ လက်၊ အဖုအတက် ငါးခုဟူသော)

ခက်မငါးဖြာ၏ ရင့်ခြင်းကား - ခုနှစ်ရက်နှစ်လီ၊ ဤသို့ခုနှစ်ရက် ခုနစ်လီ ရှိသောအခါ စက္ခုဖြစ်၏။ ရှစ်လီရှိသောအခါ သောတ၊ ကိုးလီ-ဃာန၊ ဆယ်လီ-ဇိဝှါဖြစ်၏။ ခုနစ်ရက် ၁၁-လီတွင် အာယတန ၆-ပါး စုံလင်၏၊ ဤကား ဋီကာကျော် အလိုတည်း။

မူလဋီကာ အလိုကား --

၁၁-လီတွင် စက္ခု, သောတ, ဃာန, ဇိဝှါ လေးခုလုံး ကံစွမ်းဖြင့် ဖြစ်ပေါ်လာကုန်၏ ဟုဆို၏။ (ကာယနှင့် မန ပဋိသန္ဓေကပင် ဖြစ်ခဲ့ပြီ။)

ထို့နောက် ၄၂-ခုမြောက် သတ္တာဟ၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း -လက်သည်း စသည်တို့သည် ပြည့်စုံစွာ ဖြစ်လာကုန်၏။ ၂၉၄-ရက်။

ဝါ-ကိုးလကျော် ဆယ်လတွင် သူငယ်ကိုဖွားမြင်၏၊ ဝမ်း၌နေစဉ် အမိစားသော အစာဖြင့် သူငယ်မျှတ၏။ အမိအဧစားလျှင် သူငယ်ခိုက်ခိုက်တုန် ချမ်း၏၊ ပူစပ် စားလျှင် ငရဲခံရသကဲ့သို့ ပူပင်၏။ ချွတ်ချော် တိမ်းပါးဖြစ်လျှင် ယစ်ထုပ်လက်ဝယ် ဆိတ်သူငယ်၊ အလမ္ပါယ်မြွေငယ်ကဲ့သို့ မချိမဆံ့ ပင်ပန်း၏။

(နိဿရဏတ္ထနည်းဖြင့် စာသင်သူတို့ သန္တာန်၌ ကြောက်ခြင်း၊ ငြီးငွေ့ခြင်း ဖြစ်ရာ၏။)

ရုပ်ကလာပ်ဖြစ်စဉ်

ကမ္မဇကလာပ်သည် ပဋိသန္ဓေ ဥပါဒ်မှစ၍ စိတ်၏ဥပါဒ်, ဌီ, ဘင် ကာလတိုင်းဖြစ်၏။ နိရောဓအခါ စိတ်မရှိသော်လည်း စိတ်၏ ဥပါဒ်, ဌီ, ဘင် ကဲ့သို့သော ကာလတိုင်း ဖြစ်၏။

ပဋိသန္ဓေနှင့်အတူ ဥပါဒ်သော ကမ္မဇကလာပ်၌ ပါဝင်သော တေဇောသည် ပဋိသန္ဓေ ဌီအခါ မိမိလည်း ဌီသို့ရောက်သည်ဖြစ်၍ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏။ ဤရုပ်သည် ပဌမဥတုဇတည်း၊ ထိုမှ တေဇောသည်လည်း ပဋိသန္ဓေဘင်၌ မိမိဌီရောက်၍ ကလာပ်တခုကိုဖြစ်စေပြန်၏။ ဤကား ဒုတီယဥတုဇတည်း။

ထိုမှ တေဇောသည်လည်း ပဌမဘဝင် ဥပါဒ်၌ မိမိ ဌီရောက်၍ ကလာပ်တခုကို ဖြစ်စေပြန်၏။ ဤကား တတီယဥတုဇတည်း။ ဤနည်းဖြင့် ကမ္မဇအရင်းခံ ဥတုဇကလာပ် လေးငါးဆက် ဖြစ်စေ၏။

စိတ္တဇကလာပ်သည် ပဋိသန္ဓေနောင် ပဌမဘဝင်မှစ၍ စိတ်ဥပါဒ်တိုင်း ဖြစ်၏။ ဒွေပဉ္စဝိညာဏ် ဥပါဒ်၌ကားမဖြစ်။

ဤပဌမ ဘဝင်ဥပါဒ် စိတ္တဇကလာပ်၌ ပါဝင်သော တေဇောသည် ပဌမဘဝင်ဌီ၌ မိမိရောက်၍ ဥတုဇကလာပ်တခုကို ဖြစ်စေ၏။ ထိုမှ တေဇောသည်လည်း ပဌမ ဘဝင်ဘင်၌ မိမိရောက်၍ ဥတုဇကလာပ် တခုကိုဖြစ်စေ၏၊ ထိုမှတေဇောသည်လည်း ဒုတီယဘဝင်ဥပါဒ်၌ မိမိဌီရောက်၍ ကလာပ်တခုကို ဖြစ်စေ၏။ ဤနည်းဖြင့် စိတ္တဇ အရင်းခံ ဥတုဇကလာပ် နှစ်ဆက် သုံးဆက် ဖြစ်စေ၏။

ဥတုဇကလာပ်သည် ဗဟိဒ္ဓအဧအပူနှင့် တွေ့သောအခါ ဖြစ်၏။ ထိုဥတုဇကလာပ် တေဇောသည် မိမိဌီ ရောက်သောအခါ ဥတုဇကလာပ် တခုကိုဖြစ်စေ၏။ ထိုမှတေဇောသည် နောက်ကလာပ်တခုကို ဖြစ်စေ၏၊ ဤနည်းဖြင့် ဥတုဇအရင်းခံ ဥတုဇကလာပ် အဇ္ဈတ္တိကသုံးဆက်။ ဗဟိဒ္ဓ၌မရေတွက်နိုင်အောင် အဆက်ဆက် ဖြစ်စေ၏။

အာဟာရဇကလာပ်သည် ဂဗ္ဘသေယျက တို့အား သတ္တာဟ တစ်ခုလွန်၍ ဩဇာ ပြန့်သည်မှ စ၍ဖြစ်၏၊ သံသေဒဇ၊ ဥပပါတ်တို့အား အယုတ်ဆုံး မိမိတံတွေးကို မျိုသည်မှ စ၍ဖြစ်၏။ ထိုအခါမှစ၍ ပါစကတေဇောနှင့် ဇီဝိတနဝက ကလာပ် ဖြစ်လာသည်။

ထိုအာဟာရဇကလာပ် တေဇောသည် မိမိဌီသို့ ရောက်သောအခါ ဥတုဇကလာပ် တခုကိုဖြစ်စေ၏။ ထိုကလာပ် တေဇောသည်လည်း ဌီသို့ ရောက်သောအခါ ကလာပ်တခုကို ဖြစ်စေ၏။ ဤနည်းဖြင့် အာဟာရဇ အရင်းခံ ဥတုဇကလာပ် အဆက်ဆက်၊ ဆဲ့နှစ်ဆက်ကို ဖြစ်စေ၏။

ဤသို့လျှင် ပဋိသန္ဓေ ဥပါဒ်မှစသော ရုပ်ကလာပ်တို့သည် သစ်ပင် အခွ, အလက်, ကိုင်းခက်သဘော ပြန့်ပြောကုန်၏။ စုတိတိုင်အောင် မီးလျှံ၊ ရေအယဉ်တို့ကဲ့သို့ မပြတ်ဖြစ်ကုန်၏။

တေဇောရုပ်၊ ဩဇာရုပ်တို့သည် ဌီရောက်မှ ရုပ်ကိုဖြစ်စေရာ၌ ရုပ်ဌီသည် ၄၉ ချက် ကြာသော်လည်း ၄၉-ကြိမ်ရုပ်ကို ဖြစ်စေသည် မဟုတ်၊ ဌီသို့ရောက်စ၌ ကလာပ်တစည်းကို တကြိမ်သာလျှင် ဖြစ်လေ၏။

ရုပ်ကလာပ်ချုပ်စဉ်

မရဏအခါ အာယု-ဇီဝိတိန္ဒြေ၊ ဥသ္မာ-ကမ္မဇတေဇော၊ ဝိညာဏ်-စိတ်၊ ဤသုံးခု ချုပ်၍ သေ၏။ ထိုကြောင့်ကမ္မဇ ရုပ်ကလာပ်သည် စုတိဘင်နှင့် ပြိုင်၍ အကြွင်းမဲ့ချုပ်၏။ ဤသို့ချုပ်နိုင်အောင် ၁၇-ချက်မြောက် စိတ်၏ ဥပါဒ်မှစ၍ နောက်ဆုံးကမ္မဇရုပ် ဖြစ်ပြီးလျှင် ဌီမှစ၍ အသစ်ဖြစ်။

စိတ္တဇရုပ်ကား စုတိဥပါဒ်သည်ပင် ရုပ်ကိုဖြစ်စေသောကြောင့် စုတိနောင် ၁၆-ချက် ခန့်တိုင်အောင် တည်သေး၏။ ထိုနောင် အကြွင်းမဲ့ချုပ်၏။

အာဟာရဇရုပ်လည်း ဝိညာဏ် အထောက်အပံ့ရ၍ စုတိဘင် တိုင်အောင် ရုပ်ကို ဖြစ်စေသောကြောင့် စုတိနောင် ၁၇-ချက်ခန့် တိုင်အောင် တည်သေး၏။ ထိုနောင် အကြွင်းမဲ့ချုပ်၏၊

ဥတုဇရုပ်ကား ကမ္ဘာပျက်သည် တိုင်အောင် အဆက်ဆက် ဖြစ်၍တည်၏။

စုတိနောင် ပဋိသန္ဓေ ဖြစ်ပြန်သည်မှ စ၍လည်း စတုဇရုပ်ကလာပ်တို့သည် ထပ်တလဲလဲ ပြန်၍ နိဗ္ဗာန်မရမချင်း ဖြစ်ကုန်-ပျက်ကုန်၏။

ရူပဘုံ၌ ဃာန၊ ဇိဝှါ၊ ကာယတို့ကို ကုသိုလ်ဖြစ်ကြောင်း မဟုတ်ဟု ဘာဝနာစွမ်းဖြင့် ပယ်သည်။ ဘာဝရုပ်ကို ကာမတဏှာ အားပေးသည်ဟု ဘာဝနာစွမ်းဖြင့် ပယ်သည်။ အာဟာရဇရုပ်ကို အစာမစားခြင်းဖြင့် ပယ်သည်။ အဇ္ဈတ္တိက အာဟာရဇ ရုပ်ကား ရှိ၏၊ ထိုရုပ်သည် ဗဟိဒ္ဓအာဟာရ အထောက်အပံ့ မရသောကြောင့် အာဟာရဇ ရုပ်ကလာပ်ကို မဖြစ်စေနိုင်။

ဗြဟ္မာတို့အား ပဋိသန္ဓေကပင် ကာယဒသက အစား ဇီဝိတနဝက ရသောကြောင့် ကမ္မဇကလာပ် လေးစည်းရသည်၊ ပဝတ္တိအခါ စိတ္တဇ ၆-စည်း၊ ဥတုဇ ၄-စည်းရသည်။ ထိုရုပ်တို့သည် တိဇရုပ် ၂၃-ခုဖြစ်၏။ ကလာပ် ၁၄-စည်းဖြစ်၏၊ (ကာမပုဂ္ဂိုလ်တို့အား အစာရှိပြီးမှ ဇီဝိတနဝက ရသည်။)

အသညသတ်တို့အား - ပဋိသန္ဓေအခါ ဇီဝိတနဝက တစည်း၊ ပဝတ္တိအခါ ဥတုဇ နှစ်စည်းရ၏၊ ကလာပ် ၃-စည်း၊ ဒွိဇရုပ် ၁၇ -ဖြစ်၏။

ဗြဟ္မာသေသောအခါ ကိုယ်ကောင် မကျန်သောကြောင့် တိဇရုပ်၊ ဒွိဇရုပ်တို့သည် တပြိုင်နက်ကဲ့သို့ ချုပ်ကုန်၏။

ရုပ်ဝီထိ

ကမ္မဇရုပ်ဝီထိ ဖြစ်ဟန်ကား ပဋိသန္ဓေမှ စ၍ ဂဗ္ဘသေယျက - ပုဂ္ဂိုလ်တို့အား ကမ္မဇ ၃-စည်းစီ ဖြစ်၏။ (၁၇-ချက်အထိ အချုပ် မရှိသေး။)

ထိုကြောင့် ပဋိသန္ဓေ၏ ဥပါဒ်၌ ၃။ ဌီ ၆၊ ဘင် ၉၊

ပဌမ ဘဝင်၏ဥပါဒ်၌ ၁၂။ ဌီ ၁၅၊ ဘင် ၁၈၊

ဒုတီယဘဝင်၏ ဥပါဒ်၌ ၂၁။ ဌီ ၂၄၊ ဘင် ၂ရ၊

တတီယဘဝင်၏ ဥပါ၌ ၃၀။ ဌီ ၃၃၊ ဘင် ၃၆၊

စတုတ္ထဘဝင်၏ ဥပါဒ်၌ ၃၉။ ဌီ ၄၂၊ ဘင် ၄၅၊

ပဉ္စမဘဝင်၏ ဥပါဒ်၌ ၄၀၊ ဌီ ၅၁၊ ဘင် ၅၄၊

ဆဋ္ဌ ဘဝင်၏ ဥပါဒ်၌ ၅၇။ ဌီ ၆၀၊ ဘင် ၆၃၊

သတ္တမဘဝင်၏ဥပါဒ်၌ ၆၆၊ ဌီ ၆၉၊ ဘင် ၇၂၊

အဋ္ဌမ ဘဝင်၏ဥပါဒ်၌ ၇၅၊ ဌီ ၇၈၊ ဘင် ၈၁၊

နဝမဘဝင်၏ဥပါဒ်၌ ဂ၄။ ဌီ ၈၇၊ ဘင် ၉၀၊

ဒသမဘဝင်၏ဥပါဒ်၌ ၉၃။ ဌီ ၉၆၊ ဘင် ၉၉၊

ဧကာဒသမ ဘဝင်၏ဥပါဒ်၌ ၁ဝ၂။ ဌီ ၁၀၅၊ ဘင် ၁ဝ၈၊

ဒွါဒသမ ဘဝင်၏ဥပါဒ်၌ ၁၁၁။ ဌီ ၁၁၄၊ ဘင် ၁၁၇၊

တေရသမ ဘဝင်၏ ဥပါဒ်၌ ၁၂၀။ ဌီ ၁၂၃၊ ဘင် ၁၂၆၊

စုဒ္ဒသမဘဝင်၏ ဥပါဒ်၌ ၁၂၉။ ဌီ ၁၃၂၊ ဘင် ၁၃၅၊

ပန္နရသမ ဘဝင်၏ဥပါဒ်၌ ၁၃၈။ ဌီ ၁၄၁၊ ဘင် ၁၄၄၊

၁၇-ချက် စိတ်ဥပါဒ်-၁၄၇၊ ဌီ - ၁၅ဝ၊ ဘင် ၁၅၃။

နောက်စိတ်တို့၌ ၃-စည်းဖြစ်၊ ၃-စည်းချုပ်၊ ၁၅၃၊ ၁၅၃။

စက္ခုပေါ်သောအခါ စက္ခုနှင့်တကွ ၄-စည်းဖြစ်၊ ၄-စည်း ချုပ်။

သောတပေါ်သော အခါ ၅-ဖြစ်၊ ၄-ချုပ်။ ၅-ဖြစ်၊ ၅-ချုပ်။ ၂၅၅၊ ၂၅၅။

ဃာနပေါ်သောအခါ ၆-ဖြစ်၊ ၅--ချုပ်။ ၆-ဖြစ်၊ ၆ချုပ်၊ ၃ဝ၆၊ ၃၀၆။

ဇိဝှါပေါ်သောအခါ ၇-ဖြစ်၊ ၆ချုပ်။ ရ-ဖြစ်၊ ၇-ချုပ်၊ ၃၅၇၊ ၃၅၇။

တသက်လုံး ၃၅၇၊ ၃၅၇။

မရဏအခါ --

၁၇-ချက်မြောက်စိတ် ဌီမှစ၍ အသစ်မဖြစ်၊ ထိုကြောင့် ၁၇-ချက်မြောက် စိတ်ဥပါဒ်၌ ပဋိလုံအားဖြင့် ကလာပ် ၃၅၇။ ဌီ ၃၅၀၊ ဘင် ၃၄၃၊

ဥပါဒ် ၃၃၆၊ ဌီ ၃၂၉၊ ဘင် ၃၂၂၊

ဥပါဒ် ၃၁၅၊ ဌီ ၃၀၈၊ ဘင် ၃၀၁၊

ဥပါဒ် ၂၉၄၊ ဌီ ၂၈၇၊ ဘင် ၂၈၀၊

ဥပါဒ် ၂၇၃၊ ဌီ ၂၆၆၊ ဘင် ၂၅၉၊

ဥပါဒ် ၂၅၂၊ ဌီ ၂၄၅၊ ဘင် ၂၃၈၊

ဥပါဒ် ၂၃၁၊ ဌီ ၂၂၄၊ ဘင် ၂၁၇၊

ဥပါဒ် ၂၁၀၊ ဌီ ၂၀၃၊ ဘင် ၁၉၆၊

ဥပါဒ် ၁၈၉၊ ဌီ ၁၈၂၊ ဘင် ၁၇၅၊

ဥပါဒ် ၁၆၈၊ ဌီ ၁၆၁၊ ဘင် ၁၅၄၊

ဥပါဒ် ၁၄၇၊ ဌီ ၁၄၀၊ ဘင် ၁၃၃၊

ဥပါဒ် ၁၂၆၊ ဌီ ၁၁၉၊ ဘင် ၁၁၂၊

ဥပါဒ် ၁၀၅၊ ဌီ ၉၈၊ ဘင် ၉၁၊

ဥပါဒ် ၈၄၊ ဌီ ၇၇၊ ဘင် ၇၀၊

ဥပါဒ် ၆၃၊ ဌီ ၅၆၊ ဘင် ၄၉၊

ဥပါဒ် ၄၂၊ ဌီ ၃၅၊ ဘင် ၂၈၊

စုတိဥပါဒ် ၂၁၊ ဌီ ၁၄၊ ဘင် ၇၊ စုတိဘင်နှင့်ပြိုင်၍ ကမ္မဇရုပ် အကုန်ချုပ်၏။

သံသေဒဇ၊ ဥပပါတ်တို့အား ၇-စည်းစီဖြစ်၏၊ ထိုကြောင့် ပဋိသန္ဓေ ဥပါဒ်မှစ၍ အနုလုံအားဖြင့် ကလာပ် --

၇၊ ၁၄၊ ၂၁၊ ၂၈၊ ၃၅၊ ၄၂၊ ၄၉၊ ၅၆၊ ၆၃၊၇၀၊ ၇၇၊ ၈၄၊ ၉၁၊ ၉၈၊ ၁၀၅၊ ၁၁၂၊ ၁၁၉၊ ၁၂၆၊ ၁၃၃၊ ၁၄၀၊ ၁၄၇၊ ၁၅၄၊ ၁၆၁၊ ၁၆၇၊ ၁၇၅၊ ၁၈၂၊ ၁၈၉၊ ၁၉၆၊ ၂၀၃၊၂၁၀၊ ၂၁၇၊ ၂၂၄၊ ၂၃၁၊ ၂၃၈၊ ၂၄၅၊ ၂၅၂၊ ၂၅၉၊ ၂၆၆၊ ၂၇၃၊ ၂၈၀၊၂၈၇၊ ၂၉၄၊ ၃၀၁၊ ၃၀၈၊ ၃၁၅၊ ၃၂၂၊ ၃၂၉၊ ၃၃၆၊ ၃၄၃၊ ၃၅၀၊ ၃၅၇၊ ၃၅၇။

မရဏအခါ ပဋိလုံအားဖြင့်ကလာပ် --

၃၅၇၊ ၃၅၀၊ ၃၄၃၊ ၃၃၆၊ ၃၂၉၊ ၃၂၂၊ ၃၁၅၊ ၃၀၈၊ ၃၀၁၊ ၂၉၄၊ ၂၈၇၊ ၂၈၀၊၂၇၃၊ ၂၆၆၊ ၂၅၉၊ ၂၅၂၊ ၂၄၅၊ ၂၃၈၊ ၂၃၁၊ ၂၂၄၊ ၂၁၇၊ ၂၁၀၊ ၂၀၃၊ ၁၉၆၊ ၁၈၉၊ ၁၈၂၊ ၁၇၅၊ ၁၆၈၊ ၁၆၁၊ ၁၅၄၊ ၁၄၇၊ ၁၄၀၊ ၁၃၃၊ ၁၂၆၊ ၁၁၉၊ ၁၁၂၊ ၁၀၅၊ ၉၈၊ ၉၁၊ ၈၄၊ ၇၇၊ ၇ဝ၊ ၆၃၊ ၅၆၊ ၄၉၊ ၄၂၊ ၃၅၊ ၂၈၊ ၂၁၊ ၁၄၊ ၇၊

(ကာမဝီထိတို့၌ ဇီဝိတ နဝကကို မထည့်မသွင်းမူ၍ ပြကုန်၏။)

စိတ္တဇရုပ်ဝီထိ ဖြစ်ဟန်ကား --

ပဋိသန္ဓေ၌ မရှိ။

ပဌမဘဝင် ဥပါဒ် ၁၊ ဌီ ၁၊ ဘင် ၁၊

ဒုတီယ ဘဝင်၏ ဥပါဒ် ၂၊ ဌီ ၂၊ ဘင် ၂၊

တတီယ ဘဝင်၏ ဥပါဒ် ၃၊ ဌီ ၃၊ ဘင် ၃၊

စတုတ္ထဘဝင်၏ ဥပါဒ် ၄၊ ဌီ ၄၊ ဘင် ၄၊

ပဉ္စမဘဝင်၏ ဥပါဒ် ၅၊ ဌီ ၅၊ ဘင် ၅၊

ဆဋ္ဌဘဝင်၏ ဥပါဒ် ၆၊ ဌီ ၆၊ ဘင် ၆၊

သတ္တမဘဝင်၏ ဥပါဒ် ၇၊ ဌီ ၇၊ ဘင် ၇၊

အဋ္ဌမ ဘဝင်၏ ဥပါဒ် ၈၊ ဌီ ၈၊ ဘင် ၈၊

နဝမဘဝင်၏ ဥပါဒ် ၉၊ ဌီ ၉၊ ဘင် ၉၊

ဒသမဘဝင်၏ ဥပါဒ် ၁၀၊ ဌီ ၁၀၊ ဘင် ၁၀၊

ဧကာဒသမ ဘဝင်၏ ဥပါဒ် ၁၁၊ ဌီ ၁၁၊ ဘင် ၁၁၊

ဒွါဒသမဘဝင်၏ ဥပါဒ် ၁၂၊ ဌီ ၁၂၊ ဘင် ၁၂၊

တေရသမဘဝင်၏ ဥပါဒ် ၁၃၊ ဌီ ၁၃၊ ဘင် ၁၃၊

စုဒ္ဒသမဘဝင်၏ ဥပါဒ် ၁၄၊ ဌီ ၁၄၊ ဘင် ၁၄၊

ပန္နရသမ ဘဝင်၏ ဥပါဒ် ၁၅၊ ဌီ ၁၅၊ ဘင် ၁၅၊

သောဠသမဘဝင်၏ ဥပါဒ် ၁၆၊ ဌီ ၁၆၊ ဘင် ၁၆၊

၁၇-ချက်မြောက်စိတ် ဥပါဒ် ၁၇၊ ဌီ ၁၇၊ ဘင် ၁၇၊

နောက်နောက်စိတ်တို့၌ ဥပါဒ်တိုင်း တခုဖြစ်၊ တခုချုပ် ၁၇၊ ၁၇။

ပဉ္စဝိညာဏ် ဖြစ်သောအခါ စိတ္တရုပ်မဖြစ်။ ၁၆၊ ၁၆။

ထိုနောက် ၁၇-ချက်မြောက်၌ ချုပ်စရာတခု မရှိ၊ ၁၇၊ ၁၇။

မရဏအခါ စုတိအထိ ပဋိလုံအားဖြင့် စိတ္တက္ခဏ ၁၇။

ထိုနောက် ၁၆၊ ၁၅၊ ၁၄၊ ၁၃၊ ၁၂၊ ၁၁၊ ၁၀၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁။ စုဘိနောင် ၁၆-ချက်ခန့်၌ စိတ္တဇ အကုန်ချုပ်၏။

(သဒ္ဒ၊ ဝိညပ်၊ လဟုတာဒိတ္တယ တို့နှင့်လည်း ထိုက်သလို ဖြစ်ကုန်သေး၏။)

ဥတုဇရုပ်ဝီထိ ဖြစ်ဟန်ကား --

ပဋိသန္ဓေ ဌီမှစ၍ ခဏငယ်တိုင်း ဖြစ်၏၊ ထို့ကြောင့် ပဋိသန္ဓေ ဌီမှစ၍ အနုလုံအားဖြင့် ခဏငယ် --

၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ၊ ၇၊ ၈၊ ၉၊ ၁ဝ၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂ ၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ တသက်လုံး စုတိဘင် တိုင်အောင် ၅၁၊ ၅၁။ သေပြီး အရိုးစုစသည် တိုင်အောင်လည်း ၅၁၊ ၅၁။

အာဟာရဇရုပ်ဝီထိ ဖြစ်ဟန်ကား --

သတ္တာဟ တခု နှစ်ခုလွန်၍ ဩဇာ ပြန့်သောအခါမှ စ၍ဖြစ်၏။ ထိုကြောင့် ထိုမှစ၍ အနုလုံအားဖြင့် ခဏငယ် --

၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ၊ ၇၊ ၈၊ ၉၊ ၁ဝ၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂ ၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁။ တသက်လုံး စုတိဘင် တိုင်အောင် ပဋိလုံအားဖြင့် ခဏငယ် ၅၁၊ ၅၁။ သေပြီးနောက် ၅၀၊ ၄၉၊ ၄၈၊ ၄၇၊ ၄၆၊ ၄၅၊ ၄၄၊ ၄၃၊ ၄၂၊ ၄၁၊ ၄၀၊ ၃၉၊ ၃၈၊ ၃၇၊ ၃၆၊ ၃၅၊ ၃၄၊ ၃၃၊ ၃၂၊ ၃၁၊ ၃၀၊ ၂၉၊ ၂၈၊ ၂၇၊ ၂၆၊ ၂၅၊ ၂၄၊ ၂၃၊ ၂၂၊ ၂၁၊ ၂ဝ၊ ၁၉၊ ၁၈၊ ၁၇၊ ၁၆၊ ၁၅၊ ၁၄၊ ၁၃၊ ၁၂၊ ၁၁၊ ၁ဝ၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁။ စုတိနောင် ၁၇-ချက်ခန့်၌ အာဟာရဇရုပ် အကုန်ချုပ်၏။

ဥတုဇ အရင်းခံ ဥတုဇရုပ် အဆက်ဆက် ဖြစ်ဟန်၊ ဗြဟ္မာ၊ အသညသတ်တို့၌ ဖြစ်ဟန်ကိုလည်း ဉာဏ်ဆတွေး၍ သိအပ်၏။

ရုပ် ၁၂-မျိုး

ရုပ်တို့သည် ကမ္မဇ၊ စိတ္တဇ-စသည်ဖြင့် လေးမျိုး ပြားကုန်၏၊ တဖန် ကမ္မဇရုပ်။ ကမ္မပစ္စယရုပ်၊ ကမ္မပစ္စယ ဥတု သမုဋ္ဌာနရုပ်– စသည်ဖြင့် သုံးမျိုးစီ ပြားသဖြင့် ရုပ် ၁၂-မျိုး ပြားကုန်၏။

၁ - ဟဒယ၊ ဣန္ဒြိယအားဖြင့် ကလာပ်ကိုးစည်းသည် ကမ္မဇရုပ် မည်၏။

၂ - ဆံပင်၊ မွေးညှင်း၊ မြင်းမြီး၊ ဆင်စွယ်စသည်သည် ကမ္မပစ္စယရုပ် မည်၏။

၃ - စကြာရတနာ၊ နတ်ဗိမာန် စသည်သည် ကမ္မပစ္စယဥတုသဋ္ဌာနရုပ် မည်၏။

၄ - စိတ္တဇအဋ္ဌကလာပ်သည် စိတ္တသမုဋ္ဌာနရုပ်။ (ဝါ၊ စိတ္တဇရုပ်။) မည်၏။

၅ - ပစ္ဆာဇာတ ထောက်ပံ့သော ဧကဇ, ဒွိဇ, တိဇ, စတုဇ ကာယသည် စိတ္တပစ္စယရုပ် မည်၏။

၆ - ဖန်ဆင်းအပ်သော ဆင်ရုပ်၊ မြင်းရုပ် စသည်သည် စိတ္တပစ္စယဥတုသမုဋ္ဌာနရုပ် မည်၏။

၇ - အဇ္ဈတ္တိက ဥတုဇ အဋ္ဌကလာပ်သည် ဥတုသမုဋ္ဌာနရုပ် (ဝါ-ဥတုဇရုပ် မည်၏။)

၈ - ပဌမ အဋ္ဌက ဥတုကြောင့်ဖြစ်သော ဒုတီယ အဋ္ဌကလာပ်သည် ဥတုပစ္စယရုပ် မည်၏။

၉ - ဒုတီယအဋ္ဌက ဥတုကြောင့်ဖြစ်သော တတီယအဋ္ဌကလာပ်သည် ဥတုပစ္စယ ဥတုသမုဋ္ဌာနရုပ် မည်၏၊

(အဇ္ဈတ္တိက သက်ရှိ၌ ဥတုသုံးဆက်၊ ဗဟိဒ္ဓသက်မဲ့၌ အဆက်များစွာ။)

တနည်း၊

၇ - ဗဟိဒ္ဓဥတုကြောင့် ဖြစ်သော တိမ်တိုက် စသည်သည် ဥတုသမုဋ္ဌာနရုပ် မည်၏။

၈ - မိုးရေစသည်သည် ဥတုပစ္စယရုပ် မည်၏၊

၉ - မျိုး ပေါက်ခြင်း, မြေနံ့ ထွက်ခြင်း, တောင်ခိုး ထွက်ခြင်, သမုဒြာ ရေတိုးခြင်း စသည်သည် ဥတုပစ္စယ ဥတုသမုဋ္ဌာနရုပ် မည်၏။

၁၀ - အာဟာရဇ အဋ္ဌကလာပ်သည် အာဟာရသမုဋ္ဌာနရုပ် မည်၏။

(ဝါ- အာဟာရဇရုပ် မည်၏။)

၁၁ - အာဟာရ စောင့်ရှောက်အပ်သော ကမ္မဇရုပ်သည် အာဟာရ ပစ္စယရုပ် မည်၏။

၁၂ - မသင့်သော အစာကြောင့် ဖြစ်သော-ညှင်း- မှည့်မည်း စသည်သည်- အာဟာရ ပစ္စယဥတုသမုဋ္ဌာနရုပ် မည်၏။

ဤသို့ ၁၂-ပါးဖြစ်ကုန်၏။

ရုပ်ကလာပ် မှတ်ဘွယ်

ရုပ်တို့သည် ကံစသည်တို့ကြောင့် ဖြစ်သော်လည်း တခုစီမဖြစ်၊ ကလာပ်အားဖြင့်၊ ဝါ၊ အပေါင်းအစုအားဖြင့် ဖြစ်ကုန်၏။

၁။ ဥပါဒ်အတူဖြစ်ခြင်းသည် ဧကုပ္ပါဒ မည်၏၊

၂။ ဘင်အတူချုပ်ခြင်းသည် ဧကနိရောဓ မည်၏။

၃။ မှီရာဘုတ်လေးပါးကို အတူမှီခြင်းသည် ဧကနိဿယ မည်၏။

၄။ ဖြစ်၊ ချုပ်၊ မှီရာအားဖြင့် အစအဆုံး တပေါင်းတည်း ဖြစ်ခြင်းသည် သဟဝုတ္တိ မည်၏။

တပါးသော ကလာင်ရုပ်နှင့် မရောမူ၍ မိမိကလာပ်ရုပ်ချင်းသာ အစအဆုံး တပေါင်းတည်း အတူဖြစ်သည်ဟူလို၊ ဤကား ကလာပ် လက္ခဏာ လေးပါးတည်း။

ဝိညပ်ဒွေသည် ခဏငယ် သုံးချက်သာ ရှိ၏။ ဧကုပ္ပါဒ ဖြစ်သော်လည်း ဧကနိရောဓ မဖြစ်ခဲ့တကား။ မဟာဘုတ် လေးပါးသည် ဥပါဒါရုပ်ကဲ့သို့ ဘုတ်လေးပါးကိုမမှီ၊ သုံးပါးကိုသာ မှီသည်။ ဧကနိဿယ မဖြစ်ခဲ့တကား။ ယင်းသို့ မဖြစ်သော်လည်း ယေဘုယျသို့ လိုက်၍ ဆိုသည်ဟု မှတ်သားရာ၏။

ဝစီဝိညပ်ကို ယူလျှင် သဒ္ဒကိုလည်း ယူပြီးဖြစ်၏။

အသံနှင့် ကင်းသော ဝစီဝိညပ် မရှိသောကြောင့်တည်း။

အသံကင်းလျှင် ဝစီဝိညပ် မဟုတ်ဟူလို။

ရုပ်အကျဉ်း၌ မှတ်ဘွယ်

မဟာဘုတ် မည်ခြင်း

ပထဝီ စသော သဘောတရား လေးပါးသည် မိမိလက္ခဏာကို ဆောင်တတ် သောကြောင့်၎င်း, သတ္တဝါလည်း မဟုတ်၊ အသက်လည်း မဟုတ်သောကြောင့်၎င်း ဓာတ်မည်၏။ မဟန္တ ပါတုဘာဝ-စသော အနက်ငါးပါးဖြင့် မဟာဘုတ်လည်း မည်၏။

မဟန္တပါတုဘာဝ

ဤဓာတ်လေးပါးသည် မဟန္တ-အကြီးကြီး + ပါတုဘာဝ-ဖြစ်သောကြောင့်၊ မဟာ + ဘုတ် မည်၏။

ငါးကြီး လိပ်ကြီး တောတောင်ကြီး စသည်ဖြင့် သက်ရှိ သက်မဲ့ ကြီးကြီးဖြစ်ပုံကို အစိုင်အခဲဖြစ်သော သသမ္ဘာရ ဓာတ်စွမ်းဖြင့် သိအပ်၏။ (မဟန္တာနိ + ဘူတာနိ = မဟာဘူတာနိ။)

မဟာဘူတ သာမည

မဟာဘူတ-မျက်လှည့် ဆရာနှင့် ဝါ၊ ဘီလူးနှင့် + သာမည-တူသောကြောင့်လည်း မဟာဘုတ် မည်၏။

မျက်လှည့်ဆရာသည် မဟာ-များသော + အဗ္ဘုတ-အံ့ဘွယ်ကို။ ဝါ၊ အဘူတ-အမှားကို ပြတတ်သောကြောင့် မဟာဘူတ မည်၏။ ကျောက်ခဲကို ရွှေဟူ၍၎င်း၊ မိမိကိုယ်ကို ငှက်အသွင် စသည် ဖန်ဆင်း၍၎င်း - အံ့ဘွယ်များများ အမှားများများ ပြသကဲ့သို့ မဟာဘုတ်သည် မြေ ရေ မီး လေ-ဓာတ်လေးထွေကို အဆင်း၊ အနံ့၊ အရသာ-ဟူ၍၊ ဝါ၊ ဖန်ဆင်း၍-အံ့ဘွယ်ကို အမှားကို များစွာပြသည်။

ဘီလူးသည် ဇာတိအားဖြင့်- မဟာဘူတ - ဘုတ်ကြီး မည်၏။ ဘီလူးနှင့် ခေတ်လေးပါးသည် လှည့်ပတ်ခြင်းဖြင့်၎င်း မညွှန်းအပ်သော နေရာရှိခြင်းဖြင့်၎င်း တူ၏။ လူကို-ဘီလူးပူးသောအခါ ကိုယ်တွင်း၌လည်း မတည်၊ ကိုယ်ပ၌လည်း မတည်၊ မမှီဘဲ နေသည်လည်း မဟုတ်၊ နေရ ညွှန်း၍ မရ၊ အံ့ဘွယ်ရှိ၏။ ဓာတ်လေးပါးလည်း တခုတွင်း တခုမဝင်၊ အပြင်၌လည်း မတည်၊ မမှီ သည်လည်း မဟုတ်၊ နေရာညွှန်ပြ၍ မရ။ မကြံအပ်သော အံ့ဘွယ်တည်း။

လှည့်ပတ်ခြင်း တူပုံကား ဘီလူးမသည် မိမိ၏- အဆင်းကြပ်ကို ဖုံး၍ နှစ်သက်ဘွယ် ထင်ရအောင် ပလီ၍ လူပြိန်းကို လှည့်ပတ်၏၊ ဓာတ်လေးပါးလည်း မိမိ၏ ကက္ခဠ စသော လက္ခဏာကြမ်းကို ဖုံး၍ နှစ်သက်ဘွယ် အဆင်းဖြင့်၎င်း၊ အင်္ဂါကြီးငယ် သဏ္ဌာန်ဖြင့်၎င်း၊ လက်ခြေ မျက်ခုံး အမူအရာဖြင့်၎င်း၊ အဖြူအနီ-ဟု ထင်အောင်၊ ယောက်ျား မိန်းမဟု ထင်အောင်၊ ပလီ၍ လူ့ဗာလကို လှည့်ပတ်၏။ ဤ မျက်လှည့်ဆရာနှင့် ဘီလူးနှင့် တူပုံကို မာကြမ်း၊ ယိုစီး၊ ဧပူ၊ တွန်းငင်သော လက္ခဏာဓာတ်စွမ်းဖြင့် သိအပ်၏။ (အဟာဘူတေန၊ သဒိသာနိ။)

မဟာပရိဟာရ

မဟာ-များစွာသောပစ္စည်းတို့ဖြင့် + ပရိဟာရ ဆောင်ရွက် အပ်သောကြောင့်လည်း မဟာဘုတ် မည်၏။ နေ့စဉ် အဝတ်အစား များစွာတို့ဖြင့် ဆောင်ရွက်မှ + ဖြစ်သော မဟာဘုတ် ဟူလို။ (မဟန္တေတိ၊ ဘူတာနိ)။

တနည်း၊

မဟာပရိဟာရ - ဆောင်ရွက်ဘွယ် များလှသော ဘုတ်လေးပါး ဟူ၍လည်း ဆိုအပ်၏။ (မဟာပရိဟာရာနိ+ဘူတာနိ။)။

ဤ မဟာပရိဟာရ အနက်ကို သသမ္ဘာရ၊ လက္ခဏ နှစ်ပါးစွမ်းဖြင့် သိအပ်၏။

မဟာဝိကာရ

မဟာ-ကြီးကျယ်စွာ၊ ဝိကာရ + ဖောက်ပြန်ပျက်စီးခြင်း ရှိသောကြောင့်လည်း မဟာဘုတ် မည်၏။

သသမ္ဘာရစွမ်းဖြင့် သိအပ်၏။ (မဟာဝိကာရ ဝန္တာနိ + ဘူတာနိ၊)

ကမ္ဘာပျက်သောအခါ မီး၊ ရေ၊ လေဖြင့် သက်မဲ့ အပျက်ကြီးပျက်၏၊ ဓာတ်ချောက်ချား သောအခါ မြေ, ရေ, မီး, လေဖြင့် သက်ရှိ အပျက်ကြီးပျက်၏။

ပထဝီပျက်လျှင် ကဋ္ဌမုခ မြွေကိုက်သကဲ့သို့ တောင့်တင်း၏။

ပထဝီနှံ့သော ဤကိုယ်သည် ကဋ္ဌမုခ မြွေ၏ခံတွင်း၌ နေရသည်နှင့်တူ၏

အာပေါပျက်လျှင် ပူတိမုခ မြွေကိုက်သကဲ့သို့ ပုပ်ပွ၏၊

အာပေါနှံ့သောကိုယ်သည် ပူတိမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။

တေဇောပျက်လျှင် အဂ္ဂိမုခမြွေ ကိုက်သကဲ့သို့ ပူလောင်၏၊

တေဇောနှံ့သော ဤကိုယ်သည် အဂ္ဂိမုခမြွေ၏ ခံတွင်း၌ နေရသည် နှင့်တူ၏။

ဝါယောပျက်လျှင် သတ္ထမုခ မြွေကိုက်သကဲ့သို့ ပေါက်ကွဲ၏၊ ကြေလွင့်၏။

ဝါယောနှံ့သော ဤကိုယ်သည် သတ္ထမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။

မဟန္တဘူတ

မဟန္တ-ကြီး၍+ဘူတ-ထင်ရှား ရှိသောကြောင့်လည်း မဟာဘုတ် မည်၏။

လုံ့လကြီးစွာ ဉာဏ်ကြီးစွာဖြင့် သိမ်းဆည်းမှ သိရသောကြောင့် မဟန္တ မည်၏။ ထင်ရှားရှိသောကြောင့် ဘူတ မည်၏။ ပထဝီစသည်ဖြင့် ထင်ရှားသော်လည်း ဝိပလ္လာသလွှတ်၍ သဘောမှန်ကို သိမ်းဆည်းသောအခါ လုံ့လ လျှော့လျှင် ဉာဏ်လျှော့လျှင် မသိနိုင်၊ ထိုကြောင့် အလွန်ကြီးကျယ်သည်ဟု လက္ခဏာဖြင့်၎င်း သမ္ဘာရဖြင့်၎င်း သိရ၏။ (မဟန္တာနိ+ဘူတာနိ။)

မဟာဘုတ်လေးပါးသည် အချင်းချင်းမှီလည်း မှီတတ်သည်၊ မှီလည်း မှီအပ်သည်။ ဥပါဒါရုပ်တို့၏ မှီရာလည်း ဖြစ်သည်။ ဥပါဒါရုပ်ကား မဟာဘုတ်ကို မှီသာ မှီတတ်သည်။ မှီအပ်၊ မှီရာမဖြစ်။

ဘူတရုပ် လေးပါးသဘော

ပထဝီသည် ကြမ်းသောရုင်၏ အဖြစ်-သာလျှင် (ဝါ၊ ကြမ်းခြင်းသာလျှင်) လက္ခဏာ ရှိ၏၊ တည်ရာဖြစ်၏။ လက်ခံ၏၊ အကြမ်းအနု၊ အလေးအပေါ့ဖြင့်၎င်း၊ အတွေ့ ကောင်း မကောင်းဖြင့်၎င်း ဝေဘန်အပ်၏။ တေဇော ဝါယော၏ ထိ၍တည်ရာ၊ အာပေါ၏ မထိမူ၍ တည်ရာဖြစ်၏။

အာပေါသည် ယိုစီးသော ရုပ်၏အဖြစ် (ယိုခြင်း) သာလျှင် လက္ခဏာရှိ၏၊ တိုးပွါးစေ၏။ ပေါင်းစုပေး၏၊ ဖွဲ့၏၊ အတွေ့ဖြင့် မဝေဘန်အပ်၊ ဓာတ်သုံးပါးကို မထိမူ၍ ဖွဲ့၏။ ကျောက်ခဲစသည်၌ အာပေါနည်း၍ လွန်စွာဖွဲ့၏။

တေဇောသည် ပူသောရုပ်အဖြစ် (ပူခြင်း) သာလျှင် လက္ခဏာရှိ၏၊ ရင့်ကျက်စေ၏၊ ထက်သန်စေ၏၊ သဟဇာတ်ရုပ်တို့ကို နူးညံ့စေ၏။ ပြင်ပမီး ထောက်ပံ့သောကြောင့် ချိပ်၌ရှိသော တေဇောသည် မိမိနှင့်အတူ ဖြစ်သောရုပ်တို့ကို နူးညံ့စေသကဲ့သို့ သဟဇာတ်ရုပ်တို့ကို နူးညံ့စေ၏၊ အတွေ့ကောင်း မကောင်းဖြင့် ဝေဘန်အပ်၏၊ ပထဝီဝါယောကိုထိ၍၊ အာပေါကို မထိမူ၍ ရင့်စေ၏။

ဝါယောသည် ထောက်ပံ့သော ရုပ်၏အဖြစ် (ထောက်ပံ့ခြင်း) သာလျှင် လက္ခဏာ ရှိ၏။ ရွေ့ရှား၏၊ ဘုတ်အပေါင်းကို ရှေးရှု ဆောင်၏၊ တွန်း၏၊ ဆွဲငင်၏၊ အတွေ့ ကောင်း မကောင်းဖြင့် ဝေဘန်အပ်၏၊ ပထဝီတေဇောကို ထိ၍၊ အာပေါကို မထိမူ၍ ထောက်ခံ၏။

တင်လဲခဲ ရေနူး၍ ယိုသော် ကြေသော်လည်း ပထဝီမယို၊ မကြေ။ (အာပေါယိုသည်-ဝါယောကြေသည်။) ရေနွေးဆူပွက်၍ ပူသော်လည်း အာပေါမပူ။ ရေခဲမိုးသီး မာသော်လည်း အာပေါမမာ၊ သံရည်ကြိုလောင်း၍ ယိုသော်လည်း တေဇောမယို။ လေညှင်းခံ၍ ဧသော်လည်း ဝါယောမဧ၊ နည်းသောဓာတ်သည် များသောဓာတ်သို့ လိုက်ခြင်းသာ ဖြစ်၏။ ဓာတ်လေးပါးသည် အရေအခဲ စသည်ဖြင့် ဖောက်ပြန် သော်လည်း အသီးသီး မိမိသဘောကိုမစွန့်။

ပသာဒရုပ် ငါးပါးသဘော

မဟာဘုတ်လေးပါးကို ကြည်လင်စေသော ရုပ်သည် ပသာဒရုပ် မည်၏။ မဟာဘုတ် ကင်း၍ အကြည်တပါး မရှိ။

စက္ခုပသာဒသည် ရူပါရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ မျက်နက်ဝန်းအလယ် - ကိုယ်သဏ္ဌာန် အရိပ်ထင်ရာ၌ တည်ရှိသော မျက်လွှာ ခုနစ်ထပ်ကို အကြည်နှံ့စေလျက် တည်၏။ သန်းဦးခေါင်း ပမာဏရှိ၏။ စက္ခုဝိညာဏ် စသော စိတ်တို့၏ ဝတ္ထု၊ ဒွါရ-အဖြစ်ဖြင့်တည်၏။

သောတသည် သဒ္ဒါရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ နားအုံအတွင်း နုသောမွေးနီ စီစီညာညာ ပေါက်ရာ၌ တည်၏၊ လက်စွပ် သဏ္ဌာန်ရှိ၏။ သောတဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ဃာနသည် ဂန္ဓာရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ နှာခေါင်းအုံ အတွင်း ဆိတ်ခွါသဏ္ဌာန် အရပ်၌တည်၏။ ဃာနဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ဇိဝှါသည် ရသာရုံထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာရှိ၏။ လျှာလယ်အထက် - ကြာပွင့်ဖတ် အဖျားပိုင်းသဏ္ဌာန်အရပ်၌ တည်၏၊ ဇိဝှါဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ကာယသည်ဖောဋ္ဌဗ္ဗာရုံ ထိခိုက်အပ်သော မဟာဘုဘ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ တကိုယ်လုံးနှံ့တည်၏။ ပါစကတေဇော တည်ရာအစာသစ်အိမ် ဆံပင်ဖျား မွေးညှင်းဖျား၊ လက်သည်း, ခြေသည်းဖျား၊ ခြောက်သော အရေဖျား တို့၌ကား မတည်။ ကာယဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ကာယပသာဒ တကိုယ်လုံးနှံ့လျှင် ပသာဒငါးပါး ရောယှက် လေသလော?

မရောယှက်ပေ။ ကလာပ်တခု၌ တည်သောရုပ်သည် တပါးသော ကလာပ်၌မရှိ၊ ထိုကြောင့် မှီရာမဟာဘုတ် အားဖြင့်လည်း မရော၊ လက္ခဏာအားဖြင့်လည်း မရော။ ခွဲမရ၍သာ နှံ့တည်သည်ဟုဆိုသည်။ ဝါ၊ ဂွမ်းဆီနှံ့ ပမာတည်း။

စက္ခုသည် မြွေနှင့်တူ၏၊ အရှုပ်အထွေး ကြိုက်၏၊ ပျောင်ချော မကြိုက်၊ အရုပ်ခြူးပန်း စသည်ဖြင့် ရှုပ်ထွေးရာကိုမြင်လျှင် မျက်စိဖြင့်မဝ၊ ခံတွင်းပါဟ၍ ကြည့်စေ၏။

သောတသည် မိကျောင်းနှင့်တူ၏၊ ရေနက်ရာငုပ်၍ တွင်းခေါင်း အောင်းသကဲ့သို့ နားပေါက်အတွင်း အပေါက် အခေါင်း၌သာ အောင်းသည်။ အပေါက်အခေါင်းရှိမှ အသံကြားရသောကြောင့်တည်း။

ဃာနသည် ငှက်နှင့် တူ၏၊ ကောင်းကင်၌ မွေ့လျော်၏၊ ကောင်းကင်လေဖြင့် အနံ့ ယူသောကြောင့်တည်း။ မိုးဦး ကျစ - နွားတို့သည် မြေနမ်း၍ ကောင်းကင်မော့၍ လေရှူကုန်၏။

ဇိဝှါသည် အိမ်ခွေးနှင့် တူ၏၊ ခုံလောက်အကြား ပြာယက်၍ အိပ်ရန် မီးဖိုချောင်သို့ ကပ်လိုသကဲ့သို့ လျှာရှိသူတိုင်း မီးဖိုချောင်သို့ ကပ်လို၏၊ ခံတွင်းလျှာလယ်အထက် တံတွေးများရာကိုလည်း အလိုရှိသည်။ အရသာကို သိရသောကြောင့်တည်း။

ကာယသည် မြေခွေး (တောခွေး) နှင့်တူ၏။ သုသာန်၌ လူသားစား၍ ထိုသေမှီ၍ အိပ်လိုသကဲ့သို့ ရုပ်တခုကို မှီရန် အလိုရှိ၏။ ပထဝီ ထောက်ပံ့မှ ဖောဋ္ဌဗ္ဗကို သိရသောကြောင့်တည်း။ ရုပ်တခုမရလျှင် မိမိလက်ကိုပင် ဦးခေါင်းတင်၍ အိပ်ကုန်၏။

ဤကိုယ်သည် ကြိုးကြီးတချောင်း မဖြတ်ဘဲ အစငါးခုထုတ်၍ တိရစ္ဆာန် ငါးမျိုးချည်၍ လှောင်ထားသော တိရစ္ဆာန်ရုံတခု ဖြစ်ပေ၏။ (စိတ်-မျောက်နှင့် ခြောက်မျိုး။)

အဆင်း ငါးမျိုးရှိသော အလံ ငါးခု၏ အရိပ်အပေါင်းသည် အချင်းချင်း မရော။ မီးစာငါးခု၏ တပေါင်းတည်း မီးလျှံပေါင်းသည် အချင်းချင်းမရော၊ ပသာဒ ငါးခုလည်း တပေါင်းတည်း ဖြစ်သော်လည်း အချင်းချင်း လက္ခဏာ မရော။

ဂေါစရရုပ် ခုနစ်ပါးသဘော

ပဉ္စဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် နွားစကျက်နှင့် တူသောကြောင့် ဂေါစရရုပ် မည်၏။ ဝိသယရုပ်လည်း မည်၏။

မဟာဘုတ်လေးပါးကိုစွဲ၍ ဖြစ်သော အဆင်းသည် ရူပါရုံ မည်၏။ မဟာဘုတ်ကင်း၍ အဆင်းတပါး မရှိ။ အဖြူအနီ စသည်ဖြင့် ပြား၏။ အတိုအရှည် စသော ဝေါဟာရဖြင့် ပြား၏။ အရိပ်နေပူ စသည်ဖြင့် ပိုင်းခြားအပ်၏၊ စက္ခုပသာဒကိုထိခိုက်ခြင်း လက္ခဏာ

ရှိ၏။ စက္ခုဝိညာဏ်၏ အာရုံဖြစ်၏။(မထိဘဲနှင့် ထိသောရုပ်၊)

မဟာဘုတ်ကိုစွဲ၍ဖြစ်သော အသံသည် သဒ္ဒါရုံမည်၏။ သောတကို ထိခိုက်၏။ သောတဝိညာဏ်၏ အာရုံဖြစ်၏။ (မထဘဲနှင့် ထိသောရုပ်။)

ထိုအတူ အနံ့သည် ဂန္ဓာရုံ၊ ဃာနကိုထိ၊ ဃာနဝိညာဏ်၏ အာရုံဖြစ်၏။ (ထိလျက် ထိသောရုပ်။)

အရသာသည် ရသာရုံ။ ဇိဝှါကိုထိ။ ဇိဝှါဝိညာဏ်၏ အာရုံ ဖြစ်၏။ (အရသာတို့တွင် ပျားရည်သည် ကြာလျှင်ဖန်၏။ တင်လဲ- ကြာလျှင်ငန်ခါး၏၊ ထောပတ်ကား ကြာလျှင် အဆင်းအနံ့သာ ပျက်သည်၊ အရသာမပျက်။ စင်စစ်မဓုရ မည်၏။ ထိလျက်ထိ။)

ပထဝီအတွေ့၊ တေဇောအတွေ့၊ ဝါယောအတွေ့ - ဤသုံးပါးသည် ဖောဋ္ဌဗ္ဗာရုံ ကာယကိုထိ (ထိလျှက်ထိ) ကာယဝိညာဏ်၏ အာရုံဖြစ်၏။ (အာပေါကား သိမ်မွေ့၏၊ ထိ၍မရ။)

ဖောဋ္ဌဗ္ဗသုံးခုသည် တပြိုင်နက်ထင်၍ ကာယ၌ တပြိုင်နက် ထိသော်လည်း ကာယဝိညာဏ်စိတ်ကား သုံးခုလုံးကို တပြိုင်နက် အာရုံမပြု။

ထမင်း ပြော့၊ မာ-စမ်းသောအခါ ပထဝီ မာခြင်းကိုသာ။

ရေ-နွေး၊ မနွေး-စမ်းသောအခါ တေဇော ပူခြင်းကိုသာ။

လေညှင်းခံသောအခါ ဝါယော တွန်းခြင်းကိုသာ -

ရှေ့ဦးစွာ အာရုံပြု၍ သိသည်။

နှလုံးသွင်းအားဖြင့် တခုစီ ကာယဝိညာဏ်စိတ် အာရုံပြုသည်။

ကျောက်ခဲ ဝါးမိသောအခါ၊

မီးခဲ နင်းမိသောအခါ၊

လေပြင်း တိုက်သောအခါ-

တို့၌ လွန်ကဲသော ဓာတ်အားဖြင့် တခုစီအာရုံပြုသည်။ .

ကြက်တောင်ဖြင့် အနာဆေးသောအခါ၊

အပ်များစွာစုပေါင်း၍ ထိုးသောအခါ၊

ကာယပသာဒ များရာ အားဖြင့်၎င်း၊

လွန်ကဲစွာ ထိခိုက်ရာအားဖြင့်၎င်း၊ ကာယဝိညာဏ် ဖြစ်သည်။

နှလုံးသွင်း၊ ဓာတ်လွန်၊ ပသာဒများ၊ ထိခိုက်များ (လေးပါး) အားလျော်စွာ ရှေးဦးစွာ ကာယဝိညာဏ် ဖြစ်သည်။

အာရုံတခုကို ကြည့်လို၊ နားထောင်လို၊ စားလိုသောအခါ အလို နှလုံးသွင်းအားဖြင့် ဝိညာဏ်ပြောင်းသည်။

ရူပါရုံအာရုံ ပြုနေစဉ် အလွန်မြည်သော စည်ကြီးသံ ကြားသောအခါ အာရုံ လွန်ကဲခြင်း အားဖြင့်လည်း ဝိညာဏ်ပြောင်းသည်။ နှလုံးသွင်း၊ အာရုံလွန် နှစ်မျိုး။

ရူပါရုံ၊ ရသာရုံတို့ အချင်းချင် နှံ့တည်၍ ရုပ်ရောသော်လည်း ပရမတ်အားဖြင့် ရူပါရုံ၌ရသာရုံ မရှိ။ ရသာရုံ၌ရူပါရုံ မရှိ။ သဲနှင့် မြူ မခွဲနိုင်သောကြောင့် အချင်းချင်း နှံ့တည်သည်။ ရောသည်ဟု ဆိုသကဲ့သို့တည်း။ ရုပ်ရောသော်လည်း လက္ခဏာ မရော။

ဘာဝရုပ်နှစ်ပါးသဘော

ဣတ္ထိ၏ဖြစ်ကြောင်းသည်၊ (ဝါ၊ ဣတ္ထိဟုသိကြောင်းသည်၊) ဣတ္ထိဘာဝရုပ် မည်၏။ ပဋိသန္ဓေနှင့် အတူဖြစ်၏၊ မျက်စိဖြင့် မမြင်အပ်၊ မသိအပ်၊ စိတ်ဖြင့်သာ သိအပ်သည်။ ပဝတ္တိအခါ လိင်္ဂ-လိင်၊ နိမိတ္တ-နိမိတ်၊ ကုတ္တ-အပြုအမူ၊ အာကပ္ပ-အမူအရာ တို့ကို ဖြစ်စေနိုင်အောင် အစိုးရသောကြောင့် ဣန္ဒြေ မည်၏။ လိင်္ဂ စသည်ကိုကား မျက်စိဖြင့်လည်း သိအပ်၏၊ ဝါ၊ မြင်နိုင်၏။

မိန်းမ၏အင်္ဂါဇာတ်သည် ဣတ္ထိလိင်္ဂ မည်၏၊

မိန်းမအသံ၊ မိန်းမ အလိုဆန္ဒသည် ဣတ္ထိနိမိတ္တ မည်၏၊

မသန့်ရှင်းသော သွားခြင်း၊ ရပ်ခြင်း စသည်သည် ဣတ္ထိကုတ္တ မည်၏။

မိန်းမ၏ပုံဟန် သဏ္ဌာန်သည် ဣတ္ထိအာကပ္ပ မည်၏။

ပုရိသ၏ ဖြစ်ကြောင်းသည် ပုရိသဘာဝရုပ် မည်၏။ ပဋိသန္ဓေနှင့် အတူဖြစ်၏၊ မမြင်အပ်၊ စိတ်သိ၊ ပဝတ္တိအခါ လိင်္ဂစသည်တို့ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်အောင် အစိုးရသောကြောင့် ဣန္ဒြေ မည်၏၊ လိင်္ဂစသည်ကို မျက်စိဖြင့်လည်း သိအပ်၏၊ ဣတ္ထိလိင်္ဂစသည်ကို နည်းယူ၍ ပုရိသလိင်္ဂ စသည်ကို သိနိုင်ပြီ။

အဋ္ဌကထာ၌ကား --

လက်ခြေကြီးငယ်စသော သဏ္ဌာန်သည် အသွင်လိင်္ဂ၊

ပြုံးရယ်ခြင်း စသည်သည် သိကြောင်းနိမိတ္တ၊

ဆန်ကောငယ် ထွန်ငယ်ဖြင့် ကစားခြင်း စသည်သည် အပြုအမူကုတ္တ၊

သွားခြင်းစသည်၏ သန့်ရှင်းခြင်း၊ မသန့်ရှင်းခြင်းသည် အသွင်အပြင်အာကပ္ပ-

ဟု ဆို၏။

ဤဘာဝရုပ်နှစ်ခုသည် ကမ္ဘာဦး၌ ပဝတ္တိအခါဖြစ်သည်၊ နောက်၌ကား ပဋိသန္ဓေအခါ ဖြစ်သည်။ ကိုယ်လုံးနှံ့ တည်သည်၊ မျက်စိဖြင့် အဆင်းကို မြင်ပြီးသောအခါ အတွေးစိတ်ဖြင့် ဘာဝရုပ်ကို သိသည်၊ ပဋိသန္ဓေက ဖြစ်သော်လည်း ပဝတ္တိအခါ ဖောက်ပြန်သည်။

ဗလဝအကုသိုလ်ကြောင့် ပုရိသလိင်ကွယ်၊ ဒုဗ္ဗလကုသိုလ်ကြောင့် ဣတ္ထိလိင်ရ၊

ဒုဗ္ဗလအကုသိုလ်ကြောင့် ဣတ္ထိလိင်ကွယ်၊ ဗလဝ ကုသိုလ်ကြောင့် ပုရိသလိင်ရ။

နှစ်မျိုးလုံး အကုသိုလ်ကြောင့်ကွယ်၊ ကုသိုလ်ကြောင့်ရ။

ဟဒယရုပ်သဘော

ဟဒယဝတ္ထုသည် နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့် တွင်းငယ်၌ တလက်ဖက် ထက်ဝက်မျှ သွေးကိုမှီ၍ တည်သောရုပ်ဖြစ်၏။ မနောဓာတ်၊ မနောဝိညာဏဓာတ် တို့၏ မှီရာဝတ္ထုဖြစ်၏

ပါဠိတော်၌ကား ဒေသနာဘေဒ (တရားဟောပျက်ခြင်း) ဖြစ်သောကြောင့် မဟော။

ဒေသနာဘေဒဖြစ်ပုံကား --

စက္ခုဝိညာဏ်၏ ဝတ္ထုရုပ်၊ အဝတ္ထုရုပ် တဒုက်။

စက္ခုဝိညာဏ်၏ အာရမ္မဏရုပ်၊ အနာရမ္မဏရုပ် တဒုက်၊

ပေါင်း နှစ်ဒုက်ရသကဲ့သို့ -

ပဉ္စဝိညာဏ်၌ ဝတ္ထုဒုက်၊ အာရမ္မဏဒုက် နှစ်ဒုက်စီ ရ၏၊

မနောဝိညာဏ်၌ကား မနောဝိညာဏ်၏ ဝတ္ထုရုပ်၊ အဝထ္ထုရုပ်-ဟုဝတ္ထု ဒုက်သာ ရသည်။ မနော၏ အာရမ္မဏရုပ်၊ အနာရမ္မဏရုပ်-ဟု အာရမ္မဏဒုက် မရ၊ မနော၏ အာရုံမဟုတ်သော ရုပ်မရှိသောကြောင့်တည်း၊ ဤသို့ အာရမ္မဏ ဒုက်ပျက်၍ ဒေသနာဘေဒ ဖြစ်သည်။ ထိုကြောင့် မဟော၊

နှလုံးသွေးအရောင်

သွေး၌ ဟဒယဝတ္ထုရုပ် တည်သည်။ ဟဒယဝတ္ထု၌ စိတ်စေတသိက် တည်သည်။

ထိုကြောင့် ရာဂစိတ်ဖြစ်လျှင် ဟဒယတည်ရာ သွေးသည်နီ၏၊

ဒေါသဖြစ်လျှင် နက်၏။

မောဟဖြစ်လျှင် အသားဆေးရည် အဆင်းရှိ၏၊

ဝိတက်ဖြစ်လျှင် ပဲပြုတ်ရည် အဆင်းရှိ၏၊

သဒ္ဓါ ဖြစ်လျှင် မဟာလှေကားပန်း အဆင်း ရှိ၏၊

ပညာဖြစ်လျှင် ကြည်လင်၍ အရောင်ထွက်၏။

ထိုသွေးသည် ပုန်းညက်တွင်းလျှံ၍ ကိုယ်လုံးပြန့်သွား၏။

ထိုကြောင့် ရာဂဖြစ်လျှင် အသားနီစပ်၊ ဒေါသဖြစ်လျှင် ညိုမဲ၊ အချို့ နှလုံးကွဲ၏။

(ရုပ်ကျက်သရေ မရှိ။)

သဒ္ဓါပညာဖြစ်လျှင် ကြည်လင်၏၊ (ဣန္ဒြေရရ- တင့်တယ်စွာ ရှုမဝအောင် လှပ၏။ မြင်သူ၏မျက်စိကို ရောဂါကင်းစေ၏။)

သဒ္ဓါပညာလွန်စွာဖြစ်သော အနာထပိဏ် သူဌေးအား အရောင်အဝါ ထွန်းလင်းစွာ ပြင်ပသို့ထွက်လာ၏။ ပဋ္ဌာန်းသုံးသပ်သော မြတ်စွာဘုရား ရောင်ခြည်တော် ခြောက်သွယ် ထွက်၏။ (စိတ်ကောင်းရှိသူ၏ နှစ်သက်ဘွယ်တည်း။)

ဇီဝိတရုပ်သဘော

အသက်ရှည်ကြောင်းရုပ်သည် ဇီဝိတရုပ်မည်၏၊ ကမ္မဇရုပ်ကို စောင့်ခြင်း၌ အစိုးရသောကြောင့် ဣန္ဒြေ မည်၏၊ ကမ္မဇရုပ်သည် ကံကြောင့်ဖြစ်သော်လည်း ထိုကံသည် အတိတ်ဖြစ်၍ ထိုခဏ၌မရှိ၊ ရုပ်သက် ၅၁-ချက်လုံး တည်အောင် ဇီဝိတ စောင့်၏၊ ပါစကတေဇောနှင့်တကွ တကိုယ်လုံးအကြွင်းမဲ့ နှံ့၍တည်၏။

မဟာဘုတ်ဟူသော ဓာတ်လေးပါးကို မှီသောကြောင့် ဓာတ်လေးပါးညီ၍ ဘုတ်ခိုင်သောအခါ ဇီဝိတ ခိုင်သည်။ ဓာတ်ယိုင်၍ ဘုတ်မခိုင်သောအခါ ဇီဝိတမခိုင်၊ ဒဏ်ရာရ၍ ဘုတ်နာသောအခါ ဇီဝိတ နာသည်။ ဘုတ်အသစ် မဖြစ်သောအခါ ဇိဝိတအသစ် မဖြစ်၊ ထိုအခါ ဇီဝိတိန္ဒြေ ချုပ်သည်မည်၏။

(အဘိဓမ္မာ၏ အရသာသည် ခြင်ဆီထိအောင် ထူးကဲလေစွ။)

အာဟာရရုပ်သဘော

အလုပ်အလွေးပြု၍ ယူအပ်သော အစာသည် အာဟာရမည်၏၊ ဝမ်းကိုထောက်ပံ့၏။ အဆာပြေစေ၏။ ဤကား အစိုင်အခဲနှင့်တကွပြခြင်းတည်း။

မျိုအပ်သောအစာ၏ အစေးဖြစ်သော ဩဇာဆောင်ခြင်းသည်သာလျှင် မုချအာဟာရ ရုပ်မည်၏။ မြင်ခြင်း ထိခြင်းတို့ဖြင့် မသိ။ စိတ်သိဖြစ်၏။ အင်္ဂါကြီးငယ်သို့ လျှောက်၍ နှံ့သောအရည် အရသာကို ဆောင်၏၊ သတ္တဝါကို မျှတစေ၏၊ သက်ရှိကိုယ်ကို ထောက်ပံ့ကြောင်း လက္ခဏာရှိ၏၊ မိမိဥပါဒ်အခြားမဲ့- ဌီကာလ၌ ဩဇာလျှင် ရှစ်ခုမြောက်သော ရုပ်ကလာပ်ကို ဖြစ်စေခြင်း ဟူသော ဆောင်ခြင်းကြောင့် ဩဇာ မည်၏။ (ဥဒယာနန္တရံ ရူပံဇနေတီတိသြဇာ၊)။

ထမင်း၌တည်သော ဗဟိဒ္ဓဥတုဇ ဩဇာသည် မျိုပြီးသောအခါ အဇ္ဈတ္တစတုဇ ဩဇာနှင့် ပေါင်းဆုံ၍ အာဟာရဒရုပ်ကို ဖြစ်စေသည်၊ အဇ္ဈတ္တ သက်သက်၊ ဗဟိဒ္ဓ သက်သက် ဩဇာသည် ရုပ်ကို မဖြစ်စေနိုင်။

အစိုင်အခဲသည် အဆာပြေ၏။ မစောင့်ရှောက်၊ သြဇာသည် စောင့်ရှောက်၏၊ အဆာမပြေ။ နှစ်ပါးတွဲမှ အဆာပြေသည်၊ စောင့်ရှောက်သည်။

အစိုင်အခဲကို ချက်သော ဝမ်းမီးပါစက တေဇောသည် အရိပ်တွင်း ဝင်သူကို ဖမ်းခွင့်ရသော ဘီလူးနှင့် တူ၏။ ဘီလူးသည် ဖမ်းထားသော လူတယောက်၏ ဦးခေါင်းကို ဆာသောအခါ နာရုံကိုက်၏၊ ထိုလူ နာ၍ အော်သောအခါ ကြားသူတို့ ပြေးလာ၍ အရိပ်တွင်းဝင်ကုန်၏။ ဝင်သူတို့ကို ဘီလူး ဖမ်းစား၏။

ဝမ်းမီးသည်လည်း အစာအိမ်၌ ထမင်း မရှိသောအခါ အစာအိမ်ဝမ်းပြင်ကို ပူလောင်အောင် နှိပ်စက်၏၊ ဝမ်းပူလောင်၍ ထမင်းတို့ ဝင်လာသောအခါ ဝမ်းပြင်ကို လွှတ်၍ ထမင်းဝင်လာတိုင်းကို ချက်၏။

အာကာသ ဓာတ်သဘော

ရေးခြစ်ခြင်း ထိခိုက်ခြင်းငှါ မရစကောင်းသော အကြားအပေါက်သည် အာကာသ မည်၏။ သတ္တဇီဝ မဟုတ်သောကြောင့် ဓာတ်မည်၏။ ရုပ်ကလာပ်ချင်း မရောအောင် ပိုင်းခြားတတ်၏။ ကလာပ်တို့ဖြင့် ပိုင်းခြားခြင်းကိုလည်း ခံရ၏။ ပိုင်းခြားတတ်သော ကွက်လပ်၊ ပိုင်းခြားအပ်သော ကွက်လပ်ဟူလို။ ကလာပ်တခု မဟာဘုတ်နှင့် ကလပ်တခု မဟာဘုတ် ထိကပ်စပ် နေသော်လည်း ထိုထိုရုပ်တို့၏ ကင်းဆိတ်သော အစွန်းသည် အာကာသ မည်၏။ ထိုအာကာသကို ဘုတ် လေးပါးဖြင့် မထိအပ်၊ ရှုပ်ထွေး ငြိတွယ်ခြင်း မရှိ။

ဝိညပ်ဒွေသဘော

ကာယဝိညပ်

လှုပ်သောကိုယ်ဖြင့် မိမိအလိုကို သူတပါးကို သိစေသော အမူအရာသည်၊ ဝါ၊ မိမိကိုယ်တိုင် ရှေးဦးစွာ သိအပ်သော အမူအရာသည် ကာယဝိညပ်မည်၏။ စောပန ကာယလည်း မည်၏။ (ကိုယ်ဖြင့် + သိစေတတ်၊ သိအပ်-နှစ်မျိုး)

လက်ယပ်ခေါ်လို၊ ရှေ့သို့သွားလိုသော အခါတို့၌ စိတ်ဖြစ်၏၊ နောဒွါရဝီထိဇော ခုနစ်ကြိမ်ဖြစ်၏။ ထိုစိတ်သည် စိတ္တဇအဋ္ဌကလာပ် ရုပ်ကိုဖြစ်စေ၏။ ထို၌ဝါယောရှိ၏။ ထိုစိတ္တဇ ဝါယောသည် အတူဖြစ်သော ရုပ်ကလာပ်ကို ခိုင်စေ၏၊ ဆောင်စေ၏။ လှုပ်စေ၏၊ ဝါ၊ ပဌမဇောမှ ဆဋ္ဌဇော အထိဝါယော ၆-ခုသည် ခိုင်စေ၏။ ဆောင်စေ၏၊ မလှုပ်စေနိုင်သေး။

ဝါယော ၆-ခု အထောက်အပံ့ရသော သတ္တမ ဝါယောသည်သာလျှင် ခိုင်စေ၏၊ ဆောင်စေ၏၊ လှုပ်စေ၏၊ ထိုအခါ လက်ယပ်ခြင်း၊ သွားခြင်းတို့ ဖြစ်ကုန်၏၊ ထိုရုပ်ကလာပ်ကို ခိုင်စေခြင်း လှုပ်စေခြင်းငှါ ကျေးဇူးပြုသော အလိုဆန္ဒနှင့် တကွသော ဝါယောသတ္တိ ခြင်းရာထူးတခုသာလျှင် သိစေတတ်သောကြောင့် ကာယဝိညပ် မည်၏။

ရေကြီးစဉ်က ထင်နေသော အရေးကို နောက်မှမြင်ရသော အခါ “ဤနေရာအထိ ရေကြီး၏၊ ဤအထိ ကြီးခြင်းဖြင့် ဤလယ်မြုပ်၏” ဟု မမြင်ရသော ရေကို စိတ်တွေးဖြင့် သိရ၏၊ ဤ၌ ထင်သော အရေးသည် သိစေတတ်၏၊ သိကြောင်းဖြစ်၏။

လှုပ်သော လက်ယပ်ကို မြင်ရသောအခါ “ဤလက်ယပ်ခြင်း၌ ဝါယောသတ္တိ ခြင်းရာထူးရှိ၏။ ဤခြင်းရာထူးဖြင့် လာစေလို၏၊ သွားစေလို၏” ဟုမမြင်ရသော ဝိညပ်ကို စိတ်တွေးမနော ဝီထိဖြင့်သာ သိရ၏။ ဤ၌ ဝါသောသတ္တိသည် သိစေတတ်၏၊ သိကြောင်းဖြစ်၏၊ ဤကား သိစေသော ဝိညပ်၊ ဝါ-ကာရိုက်ဝိညပ် တည်း။

သိအပ်သောကြောင့် ဝိညပ်မည်ပုံကား --

တိရစ္ဆာန်များပင် ကျောက်ခဲကောက်သည်ကို မြင်ရလျှင် ပစ်ခတ်လိမ့်မည်ဟု အလို ဆန္ဒနှင့် တကွသော ခြင်းရာထူးကို သိကုန်၏၊ ရှောင်ပြေးကုန်၏၊ ဤ၌ ဝါယောသတ္တိ ခြင်းရာထူးသည် မိမိကိုယ်တိုင်ရှေးဦးစွာ သိအပ်သောကြောင့် ကာယဝိညပ်မည်၏၊ ဤကား သိအပ်သော ဝိညပ်၊ ဝါ-ကံ၊ ဝိညပ်တည်း။ (မျက်မြင်မှ ကာယဝိညပ်ကိုသိ။)

မမြင်ရခင် မထင်ရှားသော ဝိညပ်သည်လည်း မြင်ရသောအခါ ထင်ရှားစွာ သိကြောင်း၊ သိအပ်-နှစ်ခုသော သကတ်ကြောင့် ဝိညပ်ပင်မည်၏။

စိတ္တဇ ဝါယော၏ သတ္တိထူးဖြစ်ခဲ့လျှင် ဤဝိညပ်သည် စိတ္တဇ ဝါယောဇ ဖြစ်၏။ စိတ္တဇရုပ် မည်သင့်ပါမည်လော? မည်သင့်၏။ ဝါယောသတ္တိဖြစ်၍ စိတ်ကြောင့် တိုက်ရိုက်ဖြစ်သော စိတ္တဇရုပ် မဟုတ်သော်လည်း စိတ္တဇရုပ်၏ ဝိညပ်ဖြစ်သည်။ စိတ္တဇပိုင် ဖြစ်သည်။ ထိုကြောင့် စိတ္တဇဟူ၍သာ အမည်ရလေသည်၊ ဌာန အမည်ဌာနီ၌ တင်စားသည်။

ပရမတ်အားဖြင့် လှုပ်သောရုပ်၊ ပြောင်းရွှေ့သောရုပ် ရှိသလော၊ အဘယ်သို့ လှုပ်သနည်း?

ဥပါဒ်, ဌီ, ဘင်အားဖြင့် ဖြစ်ရာ၌ပင်၊ လျှင်စွာချုပ်သောကြောင့် နေရာပြောင်းရွှေ့သော ရုပ်မရှိ၊ လှုပ်သောရုပ်လည်း မရှိ။ နီးကပ်စွာ ရုပ်တို့၏ ဖြစ်ခြင်းသည် ရုပ်ချင်း ထိခိုက်သည် မည်၏၊ အရပ်တပါး၌ အဆင့်ဆင့် ရုပ်အသစ် အသစ်ဖြစ်ခြင်းသည် ရုပ်လှုပ်သည် မည်၏၊ ခပ်ဝေးဝေး ဆင့်ဆင့် ဖြစ်ခြင်းသည် ရုပ်နေရာပြောင်းသည်၊ ရုပ်သွားသည်မည်၏။ ဤနည်းဖြင့် ရုပ်သွား၏၊ ရုပ်လှုပ်၏၊ မသွားသောရုပ်ပင် မရှိ။ တဒ္ဓမ္မူပစာ မရှိသည်၌ တင်စားသည်။

ကာယဝိညပ် လှုပ်ခြင်းကြောင့် ယခင်စိတ္တဇရုပ် လှုပ်လျှင် လှုပ်ပါစေ။ ကြွင်းတိဇရုပ် အဘယ်ကြောင့် လှုပ်သနည်း? စတုသန္တတိရုပ်အစဉ်ကို ခွဲ၍မရသောကြောင့်တည်း။

ဝစီဝိညပ်

မြွက်ဆိုသော စကားသံဖြင့် မိမိအလိုကို သိစေသော အမူအရာသည်။ ဝါ၊ သိအပ်သော အမူအရာသည် ဝစီဝိညပ် မည်၏။ စောဝန၀စီလည်း မည်၏။ (သိစေတတ် + သိအပ်- နှစ်မျိုး)

စကားကို ဆိုလိုသောအခါ စိတ်ဇော ခုနစ်ကြိမ်ဖြစ်၏၊ ထိုစိတ်သည် စိတ္တဇ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊ ထို၌ ပထဝီဓာတ် ရှိ၏။ ထိုစိတ္တဇပထဝီသည် လည်ချောင်း၊ အာစောက် စလည်တို့၌တည်သော ကမ္မဇပထဝီကို* ထိခိုက်၏။ ပထဝီမာမာ နှစ်ခုထိခိုက်လျှင် ချက်ခြင်း အသံဖြစ်၏။ ထိုအသံသည် စိတ္တဇသဒ္ဒ မည်၏။

(*လည်ချောင်း၌ ထိခိုက်လျှင် က၊ ခ၊ ဂ၊ ဃ၊ င၊ အသံဖြစ်၏။ အာစောက်၌ ထိခိုက်လျှင် စ၊ ဆ၊ ဇ၊ ဈ၊၊ ညံ၊ အသံဖြစ်၏။ အကြွင်းသိလေ။)

ဤ၌ ပဌမဇောကပင် ထိခိုက်၍ အသံဖြစ်သော်လည်း ဇောခုနစ်ကြိမ် ပထဝီ ခုနစ်ချက်ကြောင့် အက္ခရာ တလုံးသာဖြစ်သည်။ ပထဝီနှစ်ခု ထိခိုက်ကြောင်း ဖြစ်သော အလိုဆန္ဒနှင့်တကွသော ပထဝီသတ္တိခြင်းရာထူး တခုသာလျှင် သိစေသော ဝစီဝိညပ် မည်၏။

သိအပ်သော ဝစီဝိညပ်ကား၊ တိဿ၊ ဒတ္တ- ဟု ခေါ်သံကြားလျှင် (သောတဒွါရ ဝီထိဖြင့်ကြားလျှင်) ဝိညပ်ကို မနောဒွါရ ဝီထိစိတ်ဖြင့် သိအပ်၏၊ ထိုဝိညပ်ဖြင့် ဤသို့ ဤသို့ ပြုစေလိုသည် ဟု အလိုကိုသိ၏၊ တိရစ္ဆာန်တို့အားလည်း သိခြင်း ထင်ရှား၏။ (နားကြားမှ ဝစီဝိညပ်ကို သိ၏။)

ဤဝစီဝိညပ်လည်း စိတ္တဇမဟုတ်၊ စိတ္တဇရုပ်၏ ဝိညပ်ဖြစ်၍ သာစိတ္တဇ မည်သည်။ ဝစီဝိညပ်ကြောင့် တိဇရုပ် နေရာပြောင်းရွှေ့ခြင်း လှုပ်ခြင်းမရှိ၊ စိတ္တဇပင် မပြောင်း မရွှေ့။

လဟုတာဒိတ္တယ သဘော

ကမ္မဇမှတပါးသော တိဇ နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးသော အခြင်းအရာသည် ရူပဿ လဟုတာ မည်၏။ အနာကင်းသူနှင့်တူ၏။ ရုပ်တို့၏ လေးလံခြင်းမရှိ။

တိဇနိပ္ဖန္နရုပ်တို့၏ နူးညံ့သော အခြင်းအရာသည် ရူပဿ မုဒုတာ မည်၏။ ကောင်းစွာ နယ်အပ်သော သားရေနှင့်တူ၏။ ရုပ်တို့၏ခက်ထန်ခြင်း မရှိ။

တိဇနိပ္ဖန္နရုပ်တို့၏ အမှု၌ ခံ့သော အခြင်းအရာသည် ရူပဿ ကမ္မညတာ မည်၏။ လှော်ပြီး ဦးပြီးသော ရွှေနှင့်တူ၏၊ ကိုယ်အမူအရာအား လျော်၏။

ဤရုပ်သုံးခုကို ကံမပြုပြင်၊ ဥတု စိတ် အာဟာရတို့သာ ပြုပြင်ကုန်၏။ ကမ္မဇမဟုတ်။ အချင်းချင်း မစွန့်ကြသော်လည်း လွန်ကဲသော အခြင်းအရာဖြင့် ထိုရုပ်သုံးခုတို့၏ ထူးခြားပုံကို သိအပ်၏။

လက္ခဏရုပ် လေးခုသဘော

ပဋိသန္ဓေမှ စက္ခုဒသက စသည်တို့ ဖြစ်သည် တိုင်အောင် ရုပ်တို့၏ အစစွာ ဖြစ်ခြင်းသည် ဥပစယမည်၏။ နောက်၌ အစဉ်မပြတ်ဖြစ်ခြင်းသည် သန္တတိ မည်၏။ ဝါ၊ တဘဝတွင် မဖြစ်ဘူးသေးသော ရုပ်တို့၏ ရှေးဦးစွာ ဖြစ်စသည် ဥပစယ မည်၏၊ ဖြစ်ဘူးသော ရုပ်တို့၏ နောက်ဆက်၍ ဖြစ်စဉ်သည် သန္တတိ မည်၏။ လက်ယက် တွင်းငယ်၌ ရေထွက်၍ ပြည့်သည်တိုင်အောင် ဥပစယသဘွယ်။ ရေလွှမ်း၍ စီးသွားသော ကာလကို သန္တတိသဘွယ် ရှုအပ်၏။

နိပ္ဖန္နရုပ်တို့၏ ဥပါဒ်- ဇာတိတခုကိုပင် ရှေးဦးစွာဖြစ်စ၊ နောက်ဆက်ဖြစ်စ-ဟူသော ခြင်းရာထူးဖြင့်၎င်း၊ ဝေနေယျတို့၏ အလိုစွမ်းဖြင့်၎င်း နှစ်ပါးခွဲ ဟောသည်။ သရုပ်သဘောကား မထူးမပြား။

ဥပစယသည် ရှေးဦးစွာဖြစ်ခြင်း လက္ခဏာရှိ၏၊ အနာဂတ် ရုပ်တို့ကို ရှေ့အစွန်းမှ ပေါ်လာစေ၏၊ “ဤကားရုပ်ဖြစ်သည်၊ လက်ခံကြ”ဟု အပ်နှင်း၏။ ရုပ်၏ပြည့်စုံခြင်း ထင်ရှား၏။ ရှေးဦးစွာ ဖြစ်သောကြောင့်ဖြစ်၏၊

သန္တတိသည် ဆက်၍ဆက်၍ ဖြစ်ခြင်း လက္ခဏာရှိ၏။ အစဉ် မပြတ်အောင်စပ်၏၊ ဖွဲ့ယှက်၏၊ ထင်ရှား၏၊ အစဉ်ဖွဲ့၍ ဆက်၍ဖြစ်သော ရုပ်ကြောင့်ဖြစ်၏။

နိပ္ဖန္နရုပ်တို့၏ အပျက်သို့ ရှေးရှုခြင်းဖြင့် အိုခြင်းသည် ဇရတာ မည်၏။ ရင့်ခြင်း လက္ခဏာရှိ၏။ ဌီအခိုက် ဖြစ်ခြင်းလျှင် လက္ခဏာ ရှိ၏။ ဘင်သို့ကပ်၍ဆောင်၏၊ ရုပ်သစ်ရုပ်ဦး မဟုတ်ခြင်း ထင်ရှား၏၊ စပါးဟောင်းနှင့်တူ၏၊ ရင့်ဆဲရုပ်ကြောင့်ဖြစ်၏။

ဤ၌ ဇရာဟူသည် ဆံဖြူခြင်း သွားကျိုးခြင်းကို ဖြစ်စေ၏။ ဆံဖြူခြင်း သွားကျိုးခြင်း သည် ဇရာမဟုတ်။ ဇရာသွားရာ လမ်းကြောင်း ဖြစ်၏။ မီးလောင်သွားရ၌ မီးမထင်ရှား၊ လမ်းကြောင်းသာ ထင်ရှားသည်နှင့်တူ၏။ ဇရာကို မျက်စိဖြင့်မမြင်အပ်။

နိပ္ဖန္နရုပ်တို့၏ ကွယ်ပျောက်ခြင်းသည် အနိစ္စတာ မည်၏၊ ပျက်ဆဲဘင် အခိုက် လက္ခဏာ ရှိ၏။ ပျက်ဆဲရုပ်ကြောင့်ဖြစ်၏။

ရန်သူသုံးဦး

ဤလက္ခဏရုပ်တို့ဖြင့် ဇာတိ၊ ဇရာ၊ မရဏကို ယူအပ်၏။ ဇာတိသည် တောအုပ်သို့ ဆောင်သော ပဌမရန်သူနှင့်တူ၏။ ဇရာသည် တောအုပ်၌ မထနိုင်အောင် ရိုက်သော ဒုတီယရန်သူနှင့်တူ၏။ မရဏသည် ဦးခေါင်းဖြတ်သော တတီယ ရန်သူနှင့်တူ၏။

ဤရုပ်တို့သည် ဖြစ်ရုပ်မဟုတ်။ ဖြစ်ရုပ်ကို-ဖြစ်ပြီ၊ တည်ပြီ၊ ပျက်ပြီ-ဟု မှတ်သား ကြောင်း အမှတ်အသားတို့သာ ဖြစ်သောကြောင့် လက္ခဏရုပ်တို့ မည်ကုန်၏။

ရုပ်ဝေဘန်ခြင်း မှတ်ဘွယ်

ပသာဒ ရုပ်ငါးခုသည် အတ္တဘော ဟူသော အတ္တကိုစွဲ၍ ဖြစ်သောကြောင့် အဇ္ဈတ္တိကရုပ်မည်၏၊ “ငါတို့ငါးခု မရှိလျှင် သင် ထင်းတုံးဖြစ်လတ္တံ့” ဟုဆိုသကဲ့သို့ အတ္တဘောကို လွန်စွာ ကျေးဇူးပြုသောကြောင့်လည်း အဇ္ဈတ္တိကရုပ် မည်၏၊ အတ္တမည်သော စိတ်ကိုစွဲ၍ စိတ်တို့၏ ထွက်ဝင်ရာ ဒွါရအဖြစ်ဖြင့် ဖြစ်သော ကြောင့်လည်း အဇ္ဈတ္တိကရုပ် မည်၏။ ကြွင်းရုပ် ၂၃-ခုသည် ထိုမှအပ ဖြစ်သောကြောင့် ဗာဟိရရုပ် မည်၏။

ရုပ်ခြောက်ခုသည် ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်သောကြောင့် ဝတ္ထုရုပ် မည်၏။

ရုပ်ခုနှစ်ခုသည် စိတ်စေတသိက်တို့၏ ထွက်ရာ ဝင်ရာ တံခါးနှင့် တူသောကြောင့် ဒွါရရုပ် မည်၏။

ရုပ်ရှစ်ခုသည် အကြီးအကဲ ဖြစ်သောကြောင့် ဣန္ဒြိယရုပ် မည်၏။ ဤ၌ ပသာဒငါးခုသည် ပဉ္စဝိညာဏ်၌ ကြီးကဲ၏။ ပသာဒထက်မှ ဝိညာဏ်ထက်သည်။ ဘာဝရုပ်သည် လိင်္ဂ နိမိတ္တ စသည်တို့၌ ကြီးကဲ၏။ ဣတ္ထိ၊ ပုရိသဘာဝ အားလျှော်စွာ လိင်္ဂ၊ နိမိတ္တစသော လေးပါးဖြစ်ရသည်။

ဇီဝိတသည် ကမ္မဇရုပ်ကို စောင့်ခြင်း၌ကြီးကဲ၏၊ ခဏငယ် ၅၁-ချက်တည်အောင် ဇီဝိတ-စောင့်သည်။ ဇီဝိတလည်း မိမိစောင့်အပ်သော ရုပ်နှင့်စပ်၍ ၅၁-ချက် တည်သည်။ လှေကိုစောင့်သော လှေသူကြီးနှင့် တူ၏။ လှေသူကြီးလည်း လှေကြောင့် လိုရာရောက်သည်။

သြဠာရိကရုပ် ၁၂-ခု စသည်ကို မထိ-ထိ၊ ထိ-ထိ အဖြစ်ဖြင့် ထိခိုက်ပုံကို ဆိုပြီးပြီ။

ကမ္မဇရုပ် ၁၈-ခုသည် ဥပါဒိန္နရုပ် မည်၏။ တဏှာဒိဋ္ဌိအာရုံ ပြုအပ်သော လောကီကုသိုလ်၊ အကုသိုလ်ကံသည် ဥပမည်၏။ ထိုကံ၏အကျိုး အဖြစ်ဖြင့် ယူအပ်သော ရုပ်သည် အာဒိန္န မည်၏။ ထိုကြောင့် ဥပါဒိန္နရုပ် မည်၏၊ ကြွင်း တိဇရုပ်သည် အနုပါဒိန္နရုပ် မည်၏။

(တပါးသော နေရာ၌ကား သက်ရှိ တကိုယ်လုံး စတုဇရုပ်သည် ဥပါဒိန္န၊ သက်မဲ့ ဗဟိဒ္ဓဥတုဇရုပ်သည် အနုပါဒိန္န။)

ရုပ်ငါးခုသည် ပဉ္စဝိညာဏ်၏ တည်ရာဖြစ်၍ အာရုံယူတတ်သောကြောင့် ဂေါစရဂ္ဂါဟိကရုပ် မည်၏။ ထိုတွင်စက္ခုသည် ရူပကို ယူရာ၌ တခုထံတခု မရောက်ဘဲ အလင်းကို မှီ၍ယူသည်။ သောတသည် သဒ္ဒကို ယူရာ၌ တခုထံတခု မရောက်ဘဲ အာကာသကို မှီ၍ ယူသည်၊ ထိုကြောင့် ဤအာရုံနှစ်ပါး၏ မူလတည်ရာ ဒြဗ်ကို “ဤအရပ်၌” ဟုသိရသည်။ ကြွင်းအာရုံသုံးပါးကို ယူရာ၌ တခုထံတခု ရောက်ပါမှ ဝါယော၊ အာပေါ၊ ပထဝီကို မှီ၍ယူသည်။ ထိုကြောင့် ထိုအာရုံသုံးပါး၏ မူလတည်ရာ ဒြဗ်ကို “ဤအရပ်၌” ဟု မသိရ၊ ရွေ့လျှင် နေရာမသိ၊ မရွေ့လျှင် သိနိုင်၏။

ရုပ်ရှစ်ခု မခွဲခြင်းကို ဇိဝိတဆက္က ပြရာ၌ ဆိုပြီးပြီ။

(*မရွေ့သောအဆင်းကို အသံကိုအရှေ့၌၊ အနောက်၌ဟု သိနိုင်သည်။ ရွေ့သောအနံ့၊ အရသာ၊ အတွေ့ကို ဤသို့မသိ။ နှာခေါင်း၌၊ လျှာ၌၊ ကိုယ်၌သာ သိနိုင်သည်၊ သင့်အောင်ယူလေ။)

ရုပ်ဖြစ်ကြောင်း မှတ်ဘွယ်

အရူပဝိပါက်သည် ရုပ်၌တပ်ခြင်းကင်းသော ကာမာဝစရ ဘာဝနာစွမ်းဖြင့် ဖြစ်သည်။ ၎င်း၏ အကြောင်းကံ- - အရူပကုသိုလ်သည် ရုပ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်း၏ဖြစ်ရာဘုံလည်းရုပ် ဖြစ်ရာမဟုတ်။ ဤအကြောင်း သုံးပါးကြောင့် အရူပဝိပါက် လေးခုသည် ရုပ်ကိုမဖြစ်စေ၊ အရူပဘုံ၌ ဖြစ်ခိုက်စိတ် ၄၂-ပါးလည်း ရုပ်ကိုမဖြစ်စေ။

ဒွေပဉ္စဝိညာဏ်သည် ဈာနင်မရှိသောကြောင့် ရုပ်ကိုမဖြစ်စေနိုင် (ဝိတက်၊ ဝိစာရ စသော) ဈာနင်သည် ရုပ်ဖြစ်စေခြင်း၌ ထူးသော အကြောင်းဖြစ်၏။

ပဋိသန္ဓေစိတ်သည် အားနည်းသော ဝတ္ထုရုပ်ကို မှီရသောကြောင့်၎င်း၊ ရောက်လာစ ဧည့်သည်သဘွယ် ဖြစ်သောကြောင့်၎င်း - ရုပ်ကိုမဖြစ်စေနိုင်၊ မှီရာဝတ္ထုရုပ်သည် ပဋိသန္ဓေနှင့်ပြိုင်၍ ဖြစ်ခါစ ဟဒယဝတ္ထုရုပ် ဖြစ်၏၊ အားမရှိသေး။ ထိုနေရာ၌ ကမ္မဇရုပ်ကား အတိတ်ကံကြောင့်ဖြစ်၏။

ရဟန္တာစုတိလည်း ရုပ်ကိုမဖြစ်စေနိုင်။ မူလဋီကာ၌ကား စုတိအားလုံးပင် ရုပ်ကို မဖြစ်စေနိုင်ဟုဆို၏။ ပဋိသန္ဓေနှင့် ရဟန္တာစုတိ- ရုပ်မဖြစ်စေသော်လည်း ဘဝင်စိတ်-ရုပ်ဖြစ်စေသောကြောင့် အထူးမကြဉ်။

စိတ်သည် ဥပါဒ်ခဏ၌ ဇနကသတ္တိ အားကောင်း၏၊ ထို့ကြောင့် ဥပါဒ်ခဏ၌သာ ရုပ်ကိုဖြစ်စေသည်။ ဌီ, ဘင်ခဏ၌ မဖြစ်စေ၊ အနန္တရစသော ရှေးပစ္စည်း အထောက် အပံ့ကို ဥပါဒ်၌သာ ရသောကြောင့် ဥပါဒ်အား ကောင်းသည်။

ပဉ္စဒွါရ၌ ဖြစ်သော စိတ်တို့သည် အားနည်းသောကြောင့် ဗိညပ်ကို၎င်း, ရယ်ရွှင်ခြင်း ကို၎င်း, မဖြစ်စေ၊ စိတ္တဇရုပ်မျှကိုသာ ဖြစ်စေကုန်၏။ မနောဒွါရ၌ ဖြစ်သော ဝုဋ္ဌော၊ ဇောတို့သာလျှင် အားကောင်းသောကြောင့် ဝိညပ်၊ ရယ်ရွှင်ခြင်းတို့ကိုလည်း ဖြစ်စေကုန်၏၊ ပုထုဇဉ်တို့သည် ကုသိုလ် အကုသိုလ် သောမနုဿ ရှစ်ခုဖြင့် ရယ်ကုန်၏၊ သေက္ခ-ဒိဋ္ဌိဂတသမ္ပယုတ်ကြဉ်၍ ခြောက်ခုဖြင့် ရယ်သည်။ ရဟန္တာ-ဟသိတုပ္ပါဒ်၊ မဟာကြိယာ သောမနဿ-ငါးခုဖြင့် ရယ်သည်။ မြတ်စွာဘုရား၏ ဟသိတုပ္ပါဒ်သည် ပုဗ္ဗေနိဝါသ စသော ဉာဏ်တို့၏ အဆုံး၌ ဖြစ်သည်။

ရုပ်တို့သည် ပစ္ဆာဇာတ စသော နောက်ပစ္စည်း အထောက်အပံ့ ရ၍ ဌီခဏ၌သာ အားကောင်းကုန်၏။ ထိုကြောင့် တေဇော၊ ဩဇာတို့သည် ဌီခဏ၌သာ ဥတုဇရုပ် အာဟာရဇရုပ်ကို ဖြစ်စေကုန်၏။ ဌီရောက်စ တကြိမ်သာ ဖြစ်စေကုန်၏ ဟူလို။

လဟုတာဒိတ္တယသည် ပစ္စုပ္ပန် အကြောင်း ဖြစ်သောစိတ်၊ ဥတု၊ အာဟာရ ကိုသာငဲ့သည်၊ အတိတ်ကံကိုမငဲ့။ ထိုကြောင့် ကမ္မမဖြစ်။

လက္ခဏရုပ်တို့သည် ဖြစ်ရုပ်မဟုတ်၊ ဖြစ်ရုပ်တို့၏ အမှတ် လက္ခဏာတို့သာ ဖြစ်ကုန်၏၊ ထိုကြောင့် နကုတောဇ တို့သာတည်း။

နိဗ္ဗာန်၌မှတ်ဘွယ်

မျက်မှောက်နိဗ္ဗာန်

နိဗ္ဗာန်ကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်၏-ဟု ဆိုခြင်းဖြင့် အရိယာ တို့သာ မျက်မှောက်ပြုနိုင်သည့် အဖြစ်ကို ပြသည်။

တွေးဆနိဗ္ဗာန်

မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည် ဟူသော စကားဖြင့် ကလျာဏ ပုထုဇဉ်တို့ တွေးဆ၍ သိသည့်အဖြစ်ကို ပြသည်။

တွေးဆပုံကား --

သင်္ခတကို ပညပ်ကို အာရုံပြုသော ဉာဏ်သည် ကိလေသာကို မငြိမ်းစေနိုင်။ ထိုကြောင့် သင်္ခတ ပညပ်သည် ကိလေသာငြိမ်းကြောင်း နိဗ္ဗာန မဟုတ်သေး၊ ကိလေသာကို ငြိမ်းစေခြင်းသည်လည်း ထင်ရှားရှိ၏။ ထိုငြိမ်းကြောင်း နိဗ္ဗာနသည် သင်္ခတ ပညပ်တို့မှတပါး ထင်ရှားရှိသော ဓမ္မတခုပင်ဖြစ်မည်၊ အဘာဝ မဟုတ်။ ငြိမ်သက်သော သန္တိလက္ခဏာဖြင့် လေဆိတ်ရာ ဆီမီးပမာ ထင်စွာရှိရမည်-ဟု တွေးဆ၍ သိနိုင်ကုန်၏။

နိဗ္ဗာန်တခု

တဏှာငတ်သည် တေဘူမက တရားတို့ကို ဖွဲ့ချုပ်သောကြောင့် ဝါနမည်၏၊ တဏှာ-ဝါန အာရုံမပြုနိုင်အောင် လွန်ရာအရပ်သည် နိဗ္ဗာန်မည်၏၊

(နေပူမဟုတ်လျှင် အရိပ်၊ အမှောင်မသမ်းလျှင် အလင်း၊ တဏှာမဖွဲ့လျှင် နိဗ္ဗာန်။)

နိဗ္ဗာန်နှစ်ခု

ခန္ဓာငါးပါးသည် ဥပါဒါန်လေးပါး စွဲယူအပ်သောကြောင့် ဥပါဒိမည်၏။ ကိလေသာတို့မှ ကြွင်းသောကြောင့် သေသလည်းမည်၏၊ ကိလေသာမှကြွင်းသော ထိုခန္ဓာ ငါးပါးနှင့် တကွ ဖြစ်သော နိဗ္ဗာန်သည် သဥပါဒိသေသ မည်၏။ ခန္ဓာကြွင်းရှိသူ၏ အာရုံပြု ခံရသော နိဗ္ဗာန်ဟူလို။

ထိုနိဗ္ဗာန်သည်ပင်လျှင် ခန္ဓာဟူသော ဥပါဒိလည်းမရှိ၊ သေသလည်းမရှိ၊ ထိုကြောင့် အနုပါဒိသေသ မည်၏၊ တခုတည်းသော နိဗ္ဗာန်ဖြစ်လျက် ခေါ်ဝေါ်ခြင်း၌ အကြောင်းအမြွက်ဖြင့် နှစ်မျိုးခွဲခေါ်ထားသည်။

နိဗ္ဗာန်သုံးခု

အခြင်းအရာ ပြားခြင်းဖြင့် သုံးမျိုးခွဲခေါ်ပုံကား --

ရာဂဒေါသ မောဟတို့မှ ဆိတ်သောကြောင့် သုညတ၊

(ယှဉ်လည်းမယှဉ်၊ အာရုံမျှလည်း မပြုဟူလို။)

ရာဂစသောအကြောင်း ကင်းသောကြောင့် အနိမိတ္တ၊

ရာဂစသော ဘောင့်တခြင်း မရှိသော ကြောင့် အပ္ပဏီဟိတ၊

ဤသို့သုံးမျိုးပြား၏။

တနည်း --

သင်္ခါရအားလုံးမှဆိတ်သောကြောင့် သုညတ။

သင်္ခါ ရဟူသော အကြောင်း နိမိတ်မရှိသောကြောင့် အနိမိတ္တ။

တဏှာ တောင့်တခြင်း မရှိသောကြောင့် အပ္ပဏိဟိတ။

ဤသို့သုံးမျိုး ပြား၏၊

ရုပ်ပိုင်းအရသာပြီး၏။

၇ - သမုစ္စည်းပိုင်း

လက္ခဏာနှင့်တကွ ဖြစ်ကုန်သော ၇၂-ပါးသောစိတ်၊ စေတသိက်၊ နိပ္ဖန္နရုပ်၊ နိဗ္ဗာန် တို့ကို ဆိုပြီး၍ ယခုအခါ ထိုသဘောတရားတို့၏ အပေါင်းအစုသမုစ္စည်းကို ဆိုပေအံ့။

(စိတ်သည် အာရုံသိခြင်း လက္ခဏာရှိ၏။ စေတသိက် ၅၂-ခုသည် တွေ့ထိခြင်း စသော လက္ခဏာ အသီးသီးရှိ၏။ နိပ္ဖန္နရုပ် ၁၈-ခုသည် ကြမ်းတမ်းခြင်း စသော လက္ခဏာအသီးသီးရှိ၏။ နိဗ္ဗာန်သည် ငြိမ်သက်ခြင်းလက္ခဏာရှိ၏။ ဤ ၇၂-ပါးတို့၏ ပေါင်းစုခြင်းသည် သမုစ္စည်းမည်၏။ အနိပ္ဖန္နရုပ် တဆယ်ကား နိပ္ဖန္နရုပ်တို့၏ အကြား တခု၊ အမူအရာ ငါးခု၊ အမှတ်လက္ခဏာလေးခု အဖြစ်ဖြင့် ပါဝင်၏။)

၁။ အကုသလသင်္ဂဟ၊

၂။ မိဿကသင်္ဂဟ၊

၃။ ဗောဓိပက္ခိယသင်္ဂဟ၊

၄။ သဗ္ဗသင်္ဂဟ -

ဤသို့ သမုစ္စယသင်္ဂဟ လေးခု သိအပ်၏။

အကုသလသင်္ဂဟ

အကုသလသင်္ဂဟ၌ အာသဝတို့သည် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ-အားဖြင့်လေးပါး ဖြစ်ကုန်၏၊

(တရားကိုယ်အားဖြင့် - လောဘ၊ ဒိဋ္ဌိ၊ မောဟ-သုံးပါး။

မဂ်ပယ်စဉ်အားဖြင့် သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌာသဝကိုပယ်သည်။

အနာဂါမိမဂ်ဖြင့် ကာမာသဝကို ပယ်သည်။

အရဟတ္တမဂ်ဖြင့် ဘဝါသဝ၊ အဝိဇ္ဇာသ၀ - နှစ်ပါးကို ပယ်သည်။)

(သြဃတို့သည် ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ - အားဖြင့် လေးပါး ဖြစ်ကုန်၏။ (တရားကိုယ်၊ မဂ်ပယ်စဉ် တူပြီ။)

ယောဂတို့သည် ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂ - အားဖြင့် လေးပါးဖြစ်ကုန်၏။ (တူပြီ၊)

ဂန္ထတို့သည် အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ ၊ သီလဗ္ဗတပရာမာသကာယဂန္ထ၊ ဣဒံသစ္စာ ဘိနိဝေသကာယဂန္ထ - အားဖြင့် လေးပါးဖြစ်ကုန်၏။

(တရားကိုယ် - လောဘ၊ ဒေါသ၊ ဒိဋ္ဌိ-သုံးပါး။ မဂ်ပယ်စဉ် --

သောတာပတ္တိမဂ်ဖြင့် သီလဗ္ဗတပရာမာသ ကာယဂန္ထ၊ ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထကို ပယ်သည်၊

အနာဂါမိမဂ်ဖြင့် ဗျာပါဒကာယဂန္ထကို ပယ်သည်။

အရဟတ္တမဂ်ဖြင့် အဘိဇ္ဈာကာယဂန္ထကို ပယ်သည်။)

ဥပါဒါန်တို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်-အားဖြင့် လေးပါး ဖြစ်ကုန်၏။

(လောဘ၊ ဒိဋ္ဌိ-နှစ်ပါး။

သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌုပါဒါန်။ သီလဗ္ဗတုပါဒါန်။ အတ္တဝါဒုပါဒါန် သုံးပါးကို ပယ်သည်။

အရဟတ္တမဂ်ဖြင့် ကာမုပါဒါန်ကို ပယ်သည်။

အနာဂါမိမဂ်ဖြင့်-ဟု အသိဉာဏ် ချွတ်တတ်သည်။)

နီဝရဏတို့သည် *ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏ၊ အဝိဇ္ဇာနီဝရဏ - အားဖြင့် ခြောက်ပါးဖြစ်ကုန်၏။

(လောဘ၊ ဒေါသ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ မောဟ-ရှစ်ပါး။

သောတာပတ္တိမဂ်ဖြင့် ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ နှစ်ပါးကိုပယ်သည်။

အနာဂါမိမဂ်ဖြင့် ကာမစ္ဆန္ဒ၊ ဗျာပါဒ နှစ်ပါးကိုပယ်သည်။

အရဟတ္တမဂ်ဖြင့် ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ လေးပါးကိုပယ်သည်။)

(*ဈာန်ပယ်ပုံကား --

ဝိတက်ဖြင့် ထိနမိဒ္ဓကို ပယ်ခွါသည်၊

ဝိစာရဖြင့် ဝိစိကိစ္ဆာကို ပယ်ခွါသည်၊

ပီတိဖြင့် ဗျာပါဒကိုပယ်ခွါသည်၊

သုခဖြင့် ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်ခွါသည်၊

ဧကဂ္ဂတာဖြင့် ကာမစ္ဆန္ဒကို ပယ်ခွါသည်။

ထိမိဒ်၊ ဝိ၊ ဗျာ၊ ဥဒ်ကုက်၊ ကာ-ငါးဖြာ ဈာနင်ပယ်။

အဝိဇ္ဇာကိုဈာနင် မပယ်။

ဧကဂ္ဂတာ၊ ပီတိ၊ ဝိတက်၊ သုခ၊ ဝိစာရ၊ အရဟတ္တမဂ် .. ဤကား အဘယ်နှင့် ညီအောင် စဉ်သည်ဟု ဖော်နိုင်စေလော။)

အနုသယတို့သည် --

၁။ ကာမရာဂါနုသယ၊

၂။ ဘဝရာဂါနုသယ၊

၃။ ပဋိဃာနုသယ၊

၄။ မာနာနုသယ၊

၅။ ဒိဋ္ဌာနုသယ၊၊

၆။ ဝိစိကိစ္ဆာနုသယ၊

၇။ အဝိဇ္ဇာနုသယ - အားဖြင့် ခုနစ်ပါး ဖြစ်ကုန်၏၊

(လောဘ၊ ဒေါသ၊ မာနု၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ မောဟ-ခြောက်ပါး။

သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာ နှစ်ပါးကိုပယ်သည်။

အနာဂါမိမဂ်ဖြင့် ကာမရာဂါနုသယ၊ ပဋိဃာနုသယ နှစ်ပါးကိုပယ်သည်။

အရဟတ္တမဂ်ဖြင့် ဘဝရာဂ၊ မာန၊ အဝိဇ္ဇာ-သုံးပါးကို ပယ်သည်။)

သံယောဇဉ်တို့သည် သုတ္တန်နည်းအားဖြင့် --

၁။ ကာမရာဂ သံယောဇဉ်၊

၂။ ရူပရာဂ သံယောဇဉ်၊

၃။ အရူပရာဂ သံယောဇဉ်၊

၄။ ပဋိဃ သံယောဇဉ်၊

၅။ မာန သံယောဇဉ်၊

၆။ ဒိဋ္ဌိ သံယောဇဉ်၊

၇။ သီလဗ္ဗတပရာမာသ သံယောဇဉ်၊

၈။ ဝိစိကိစ္ဆာ သံယောဇဉ်၊

၉။ ဥဒ္ဓစ္စ သံယောဇဉ်၊

၁၀။ အဝိဇ္ဇာ သံယောဇဉ် - အားဖြင့် ဆယ်ပါးဖြစ်ကုန်၏။

(လောဘ၊ ဒေါ သ၊မာန၊ ဒိဋ္ဌိ၊ ဝိစိကိ စ္ဆာ၊ ဥဒ္ဓစ္စ၊ မောဟ-ခုနှစ်ပါး။)

အဘိဓမ္မာနည်းအားဖြင့် --

၁။ ကာမရာဂ သံယောဇဉ်၊

၂။ ဘဝရာဂ သံယောဇဉ်၊

၃။ ပဋိဃ သံယောဇဉ်၊

၄။ မာန သံယောဇဉ်၊

၅။ ဒိဋ္ဌိ သံယောဇဉ်၊

၆။ သီလဗ္ဗတပရာမာသ သံယောဇဉ်၊

၇။ ဝိစိကိစ္ဆာ သံယောဇဉ်၊

၈။ ဣဿာ သံယောဇဉ်၊

၉။ မစ္ဆရိယ သံယောဇဉ်၊

၁၀။ အဝိဇ္ဇာ သံယောဇဉ် - အားဖြင့် ဆယ်ပါး ဖြစ်ကုန်၏။

(လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဣဿာ၊ မစ္ဆရိယ၊ မောဟ-ရှစ်ပါး။

သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ၊ သီလဗ္ဗတ၊ ဝိစိကိစ္ဆာ၊ ဣဿာ၊ မစ္ဆရိယ-ငါးပါးကို ပယ်သည်။

အနာဂါမိမဂ်ဖြင့် ကာမရာဂါနုသယ၊ ပဋိဃာနုသယ နှစ်ပါးကို ပယ်သည်၊

အရဟတ္တမဂ်ဖြင့် ဘဝရာဂ၊ မာနု၊ အဝိဇ္ဇာ- သုံးပါးကို ပယ်သည်။)

မှတ်ချက်အထူး

(သုတ္တန်၌ ဥဒ္ဓစ္စ တခု။

အဘိဓမ္မာ၌ ဣဿာ၊ မစ္ဆရိယ နှစ်ခု။

နှစ်ပါးစ့ု၌ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ မောဟ-ခြောက်ခု။

နှစ်ရပ်ပေါင်း -- လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဣဿာ၊ မစ္ဆရိယ၊ မောဟ၊ ဥဒ္ဓစ္စ-ကိုးပါး။

အလွတ်ကား - အဟိရိက၊ အနောတ္တပ္ပ၊ ကုက္ကုစ္စ၊ ထိန၊ မိဒ္ဓ - ငါးပါး။

သောတာပတ္တိမဂ်ဖြင့် ကုက္ကုစ္စကို ပယ်သည်၊

အရဟတ္တမဂ်ဖြင့် ကြွင်း လေးပါးကို ပယ်သည်။)

ကိလေသာတို့သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ - အားဖြင့် ဆယ်ပါး ဖြစ်ကုန်၏၊

(တရားကိုယ်လည်း ထိုဆယ်ပါးတည်း။

သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ-နှစ်ပါးကို ပယ်သည်။

အနာဂါမိမဂ်ဖြင့် ဒေါသကိုပယ်သည်။

အရဟတ္တမဂ်ဖြင့် ကြွင်းသော လောဘ၊ မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ခုနစ်ပါးကိုပယ်သည်။

ကိလေသာ မမည်သော ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စကို သောတာပတ္တိမဂ်ဖြင့် ပယ်သည်။

မိဒ္ဓကို အရဟတ္တမဂ်ဖြင့် ပယ်သည်။)

အာသဝ စသည်တို့၌ - ကာမ၊ ဘဝ-ဟူသော အမည်နှစ်ပါးဖြင့် ကာမကို၎င်း၊ ဘဝကို၎င်း၊ အာရုံပြုသော တဏှာကို ယူအပ်၏။ (ကာမနှင့် ဘဝသည် အာရုံအမည် ဖြစ်သည်။)

သီလဗ္ဗတ-စသောသုံးပါးဖြင့် ထိုထိုခြင်းရာဖြင့် ဖြစ်သော ဒိဋ္ဌိစေတသိက်ကို ယူအပ်၏။ (သီလ-အလေ့+ဝတ-အကျင့်၊ ပရာမာသ-သုံးသပ်ခြင်း။)

နွားတို့၏၊ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရ၏-ဟု သုံးသပ်လျှင် သီလဗ္ဗတပရာမာသမည်၏ (ဣဒံ-ဤသည် + သစ္စံ-မှန်၏ + အဘိနိဝေသ + နှလုံးသွင်းခြင်း။)

ဤငါ၏ အယူသာမှန်သည်ဟု နှလုံးသွင်းလျှင် ဣဒံသစ္စာဘိနိဝေသ မည်၏။ (အတ္တဝါဒ-အတ္တရှိ၏ဟု ဆိုခြင်း + ဥပါဒါန-မြဲစွာယူခြင်း။)

အတ္တရှိ၏ဟု မြဲစွာယူလျှင် အတ္တဝါဒုပါဒါန မည်၏။

တရားကိုယ်အားဖြင့် အာသဝ၊ ဩဃ၊ ယောဂ၊ ဂန္ထ - သုံးပါးစီ။ ဥပါဒါန်-နှစ်ပါး။ နီဝရဏ-ရှစ်ပါး။ အသယ-ခြောက်ပါး။ သံယောဇဉ်-ကိုးပါး။ ကိလေသာ-ဆယ်ပါး။ ဤသို့ အကုသလ သင်္ဂဟကို ကိုးဌာနဟောသည်။

(ဤသင်္ဂဟ၌ စေတသိက်စဉ်တိုင်း-မောဟ-၇-ဌာန။ အဟိရိက-၁။ အနောတ္တပ္ပ-၁။ ဥဒ္ဓစ္စ-၃။ လောဘ-၉-ဌာန + ၁၄-ကြိမ်။ ဒိဋ္ဌိ-၈-ဌာန+ ၁၂ -ကြိမ်။ မ၁န-၃။ ဒေါသ- ၅။ ဣဿာ-၁။ မစ္ဆရိယ-၁၊ ကုက္ကုစ္စ-၁။ ထိန-၂။ မိဒ္ဓ-၁၊ ဝိစိကိစ္ဆာ-၄-ဌာနဖြစ်၏ အကုသိုလ်စေဘသိက် ၁၄-ခုသာ ဟောသည်။

တဌာန-၆ နှစ်။ နှစ်ဌာန-၁။ သုံးဌာန- ၂။ လေးဌာန-၁။ ငါးဌာန -၁။ ခြောက် မရှိ။ ခုနစ် ဌာန-၁။ ရှစ်ဌာန-၁။ ကိုးဌာန-၁။ ပေါင်း ၁၄၊)

မိဿကသင်္ဂဟ

မိဿကသင်္ဂဟ၌ ဟိတ်တို့သည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ-အားဖြင့် ခြောက်ပါး ဖြစ်ကုန်၏။

(တရားကိုယ်လည်း ထိုခြောက်ပါးတည်း။)

ဈာနင်တို့သည် ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ-အားဖြင့် ခုနစ်ပါးဖြစ်ကုန်၏၊

(ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ ဝေဒနာဟု-ငါးပါး၊)

မဂ္ဂင်တို့သည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ။ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ-အားဖြင့် ၁၂-ပါး ဖြစ်ကုန်၏။

(ပညာ၊ ဝိတက်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ ဝိရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ - ကိုးပါး။)

ဣန္ဒြေတို့သည် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ မနိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ အနညာ တညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ အားဖြင့် ၂၂- ပါးဖြစ်ကုန်၏။

(စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဣတ္ထိ ဘာဝရုပ်၊ ပုရိသဘာဝရုပ်၊ ဇီဝိတရုပ်၊ ရုပ်ဣန္ဒြေ ရှစ်ပါး၊

ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ -နာမ်ဣန္ဒြေရှစ်ပါး --

ပေါင်း ၁၆-ပါး။)

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဖိုလ်၊ ပညာဗိုလ်၊ ဟိရီဗိုလ်၊ ဩတ္တပ္ပဗိုလ်၊ အဟိရိကဗိုလ်၊ အနောတ္တပ္ပဗိုလ် - အားဖြင့် ကိုးပါး ဖြစ်ကုန်၏။

(တရားကိုယ်လည်း ထို ကိုးပါးတည်း။)

အဓိပတိတို့သည် ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ-အားဖြင့် လေးပါး ဖြစ်ကုန်၏။

(ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ-လေးပါ။)

အာဟာရတို့သည် ကဗဠီကာရအာဟာရ၊ ဖဿအာဟာရ၊ မနောသေဉ္စတနာ အာဟာရ၊ ဝိညာဏအာဟာရ - အားဖြင့် လေးပါးဖြစ်ကုန်၏။

(အာဟာရရုပ်၊ ဖဿ၊ စေတနာ၊ စိတ် - လေးပါ။)

ဤသင်္ဂဟ၌ ဣန္ဒြေတို့တွင် သောတာပတ္တိ မဂ်ဉာဏ်သည် အနညာတ + ညဿာမီတိ + န္ဒြေ (အနင်ဉာတင် + ဉဿာမီတိန် + န္ဒြေ) မည်၏။

အရဟတ္တဖိုလ်ဉာဏ်သည် အညာတာဝိန္ဒြေ မည်၏။

အလယ်ဉာဏ် ခြောက်ခုသည် အညိန္ဒြေ မည်၏။

ကြွင်းလောကီဉာဏ် ၃၉-ခုသည်၊ ဝါ၊ ဉာဏ်အားလုံး ၄၇-သည် ပညိန္ဒြေမည်၏။

ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေ- ဟု ရုပ်နာမ်အားဖြင့် နှစ်ပါးပြား၏။

ဒွေပဉ္စဝိညာဏ် တဆယ်၌ ဈာနင်မရ။

(ဧကဂ္ဂတာ- ၁၀၊ ဥပေက္ခာ ၈-ကား ရှိသည်။)

ပီရိယ မယှဉ်သောစိတ် ၁၆-ခု၌ ဖိုလ်မရ။

(ဧကဂ္ဂတာ ၁၆ -ကား ရှိသည်။)

အဟိတ်စိတ် ၁၈-ခု၌ မဂ္ဂင်မရ။

(ဝိတက်-၈၊ ဝီရိယ ၂။ ဧကဂ္ဂတာ ၁၈-ကား ရှိသည်။)

ပိစိကိစ္ဆာစိတ်၌ ဧကဂ္ဂတာသည် မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ် မထိုက်။

(မိစ္ဆာသမာဓိမဂ္ဂင်၊ သမာဓိန္ဒြေ၊ သမာဓိဗိုလ် မမည်ဟူလို။)

*ဓမ္မသင်္ဂဏီ ပါဠိတော်၌ အဝီရိယစိတ် ၁၆-၌ရှိသော ဧကဂ္ဂတာကို သမာဓိန္ဒြေဟု မဟော၊ ဤစကား သင်္ဂြိုဟ်၌ တိုက်ရိုက်မပြ။

(*ဓမ္မသင်္ဂဏီပါဠိတော်၌ ဝိစိကိစ္ဆာ၊ အဝီရိယစိတ်တို့၌ ဟောပုံ၊ တပါးသော စိတ်တို့၌ ဟောပုံကို ကြည့်ရှု မှတ်သားခြင်းဖြင့် အလေးပြုထိုက်၏။)

ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄-အားဖြင့် သာဓိပတိဇော ၅၂-ခုတို့၌ သာလျှင် ဖြစ်သင့်သည် အားလျော်စွာ အဓိပတိကို တခုစီရသည်။ နှစ်ခု သုံးခု လေးခု ပြိုင်တူ မရ။

တရားကိုယ်အားဖြင့် ဟိတ် ၆ - ပါး၊ ဈာနင် ၅-ပါး၊ မဂ္ဂင် ၉-ပါး၊ ဣန္ဒြေ ၁၆-ပါး၊ ဗိုလ် ၉-ပါး၊ အဓိပတိ ၄-ပါး၊ အာဟာရ ၄-ပါး။ ဤသို့ မိဿကသင်္ဂဟကို ၇-ဌာန ဟောသည်။

(ဤသင်္ဂဟ၌ စိတ်၊ စေတသိက်၊ ရုပ်-စဉ်အတိုင်း-

စိတ် ၃-ဌာန။

ဖဿ-၁။

ဝေဒနာ ၂-ဌာန + ၈ကြိမ်။

စေတနာ ၁။

ဧကဂ္ဂတာ ၄-ဌာန + ၅ ကြိမ်။

ဇီဝိတိန္ဒြေ ၁။

ဝိတက် ၂-ဌာန + ၃ -ကြိမ်။

ဝိစာရ ၁။

ဝီရိယ ၄-ဌာန + ၅-ကြိမ်။

ပီတိ ၁။

ဆန္ဒ ၁။

မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ လောဘ၊ ဒိဋ္ဌိ၊ ဒေါသ ၁-စီ။

သဒ္ဓါ ၂။

သတိ ၃။

ဟိရီ၊ သြတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ၁–စီ။

ပညာ ၅-ဌာန + ၈- ကြိမ်။

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဣတ္ထိဘာဝ၊ ပုရိသဘာဝ၊ဇီဝိတ၊ အာဟာရ ၁-စီ ဖြစ်၏။

စိတ် ၁။

စေတသိက် ၂၆။

ရုပ် ၉-အားဖြင့် ၃၆-ပါးဟောသည်။

တဌာန– ၂၈။

နှစ် ဌာန ၃။

သုံးဌာန- ၂။

လေးဌာန ၂။

ငါးဌာန ၁။

ပေါင်း ၃၆။)

ဗောဓိပက္ခိယသင်္ဂဟ

ဗောဓိပက္ခိယ သင်္ဂဟ၌ သတိပဋ္ဌာန်တို့သည် --

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်၊

၂။ ဝေဒနာနုပဿနာ သတိပဌာန်။

၃။ စိတ္တာနုပဿနာ သတိပဌာန်၊

၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်-

အားဖြင့် လေးပါးဖြစ်ကုန်၏။ (သတိ တပါးတည်း)

သမ္မပ္ပဓာန်တို့သည် --

၁။ ဥပ္ပန္န - အကုသိုလ်တို့ကို ပယ်ခြင်းငှါ လုံ့လပြုခြင်း၊

၂။ အနုပ္ပန္န - အကုသိုလ်တို့ကို မဖြစ်စေခြင်းငှါ လုံ့လပြုခြင်း၊

၃။ အနုပ္ပန္န - ကုသိုလ်တို့ကို ဖြစ်စေခြင်းငှါ လုံ့လပြုခြင်း၊

၄။ ဥပ္ပန္န - ကုသိုလ်တို့ကို လွန်စွာဖြစ်စေခြင်းငှါ လုံ့လပြုခြင်း

အားဖြင့် လေးပါးဖြစ်ကုန်၏။ (ဝီရိယ တပါးတည်း။)

ဣဒ္ဓိပါဒ်တို့သည် ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် အားဖြင့်လေးပါး ဖြစ်ကုန်၏၊ (အဓိပတိအလား လေးပါး)။

ဣန္ဒြေတို့သည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ - အားဖြင့် ငါးပါးဖြစ်ကုန်၏။ (ငါးပါး)

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် အားဖြင့် ငါးပါး ဖြစ်ကုန်၏၊ (ငါးပါး။)

ဗောဇ္ဈင်တို့သည်* သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် -အားဖြင့် ခုနစ်ပါး ဖြစ်ကုန်၏။ (သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ ဧကဂ္ဂတာ၊ တတြမဇ္ဈတ္တတာ-ခုနစ်ပါး။)

(*သဗ္ဗတ္ထိက - အချိန်နေရာမရွေး အလိုရှိအပ် တပါး၊ တွန့်ခြင်း၏ ဆန့်ကျင်ဘက် သုံးပါး၊ ပြန့်ခြင်း၏ ဆန့်ကျင်ဘက် သုံးပါး-ဟု အစဉ်ထားသည့် ဗောဇ္ဈင်ခုနစ်ပါး။)

မဂ္ဂင်တို့သည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ အားဖြင့် ရှစ်ပါးဖြစ်ကုန်၏။ (ရှစ်ပါး။)

ဤသင်္ဂဟ၌ သမ္မာသတိ တခုကိုပင် သတိပဋ္ဌာန် လေးပါးပြား၍ ဟောသည်။ သမ္မာဝါယာမ တခုကိုပင် သမ္မပ္ပဓာန်လေးပါး ပြား၍ဟောသည်။

တရားကိုယ်အားဖြင့် စိတ်စေတသိက်စဉ်အတိုင်း - စိတ်။ ဧကဂ္ဂတာ။ ဝိတက်။ ဝီရိယ။ ပီတိ၊ ဆန္ဒ။ ။ သဒ္ဓါ၊ သတိ၊ တတြမဇ္ဈတ္တတာ၊ ပဿဒ္ဓိ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ပညာ- ဟု ၁၄-ပါး။ အပြား ၃၇-ပါး။

ဌာနကား “သ၊ သမ်၊ ကုဒ်၊ ဣန်၊ ဗိုလ်၊ ဗော၊ မဂ်”-၇-ပါး။

စိတ်၊ ဝိတက်၊ ပီတိ၊ ဆန္ဒ၊ တတြမဇ္ဈတ္တတာ၊ ပဿဒ္ဓိ၊ ဝါစာ၊ ကမ္မန္တ၊ အာဇီဝ။ ဤ ကိုးပါးကို တဌာနတကြိမ်စီ ဝေဘန်သည်။

သဒ္ဓါ-နှစ်ဌာန။

ဧကဂ္ဂတာ-လေးဌာန။

ပညာ-ငါးဌာန။

သတိ- ငါးဌာန+ရှစ်ကြိမ်။

ဝီရိယ-ခြောက် ဌာန+ကိုးကြိမ် ဝေဘန်သည်။

တဌာန-၉။ နှစ်ဌာန-၁။ လေးဌာန-၁။ ငါးဌာန-၂။ ခြောက်ဌာန-၁။ ပေါင်း ၁၄။

ဗောဓိပက္ခိယ တရား ၃၇-ပါးတို့သည် လောကုတ္တရာ စိတ် ရှစ်ခု၌ တပြိုင်တည်း အတူ ဖြစ်ကုန်၏။ အချို့လောကုတ္တရာ (ဒုတီယ ဈာန်စသည်) ၌ သင်္ကပ္ပနှင့် ပီတိကားမဖြစ်၊

လောကီကုသိုလ်၌လည်း သီလဝိသုဒ္ဓိ စသော ဝိသုဒ္ဓိ ခြောက်ပါး ဖြစ်သောအခါ သတိပဋ္ဌာန် စသည်တို့ ဖြစ်ကုန်၏။ ဖြစ်သော်လည်း ထိုထိုကိစ္စအားလျော်စွာ အချို့ အသီးသီး ဖြစ်ကုန်၏။

သဗ္ဗသင်္ဂဟ

သဗ္ဗသင်္ဂဟ၌ ခန္ဓာတို့သည် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ - အားဖြင့် ငါးပါး ဖြစ်ကုန်၏။ ထိုငါးပါးတို့တွင် --

ရုပ် အဋ္ဌဝီသသည် ရူပက္ခန္ဓာ မည်၏။

ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။

သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။

ကြွင်းသော စေတသိက် ၅၀-သည် သင်္ခါရက္ခန္ဓာ မည်၏။

စိတ်တခု ယုတ် ကိုးဆယ်သည် ဝိညာဏက္ခန္ဓာ မည်၏။

နိဗ္ဗာန်သည်အပြား (၁၁-ပါး) မရှိသောကြောင့် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏။

ဥပါဒါနက္ခန္ဓာတို့သည် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ၊ အားဖြင့် ငါးပါး ဖြစ်ကုန်၏။ ထိုငါးပါးတွင်-

ရုပ်အဋ္ဌဝီသသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

လောကီဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။

လောကီသညာ စေတသိက်သည် သညုပါဒါနက္ခန္ဓာ မည်၏။

ကြွင်းသော လောကီစေတသိက် ၅၀-သည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။

လောကီစိတ် ဧကာသီတိသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။

လောကုတ္တရာစိတ်ရှစ်ခု၊ စေတသိက် ဆတ္တိံသ၊ နိဗ္ဗာန်သည် ဥပါဒါနက္ခန္ဓာမှ လွတ်၏၊

အာယတနတို့သည် စက္ခာယတနု၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတန၊ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန အားဖြင့် ၁၂-ပါး ဖြစ်ကုန်၏။ ဝါ၊ ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးသည် အာယဟန ၁၂-ပါး ဖြစ်၏။ ထိုတွင် --

စက္ခုပသာဒသည် စက္ခာယတန မည်၏။

သောတပသာဒသည် သောတာယတန မည်၏၊

ဃာနပသာဒသည် ဃာနာယတန မည်၏၊

ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏၊

ကာယပသာဒသည် ကာယာယတန မည်၏၊

စိတ်တခု ယုတ်ကိုးဆယ်သည် မနာယတန မည်၏၊

ရူပါရုံသည် ရူပါယတန မည်၏၊

သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏၊

ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏၊

ရသာရုံသည် ရသာယတန မည်၏၊

ပထဝီအတွေ့ တေဇောအတွေ့ ဝါယောအတွေ့ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ သုံးခုသည် ဖောဋ္ဌဗ္ဗာယတန မည်၏၊

စေတသိက် ဒွေပညာသ၊ သုခုမရုပ် သောဠသ၊ နိဗ္ဗာန်သည် ဓမ္မာယတန မည်၏။

သုခုမရုပ် သောဠသကား - အာပေါ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ကာယဝိညပ်၊ ဝစီဝိညပ်၊ ရူပဿ-လဟုတာ၊ ရူပဿ မုဒုတာ၊ ရူပဿ ကမညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ။

စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်-ဤ တခုယုတ်ခုနစ်ဆယ်သည် ဓမ္မာယတန မည်၏။ ဓမ္မဓာတ်လည်း မည်၏။

ဓာတ်တို့သည် --

စက္ခုဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဇိဝှါဓာတ်၊ ကာယဓာတ်။

ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်။

စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏ ဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ်- အားဖြင့် ၁၈-ပါးဖြစ်ကုန်၏။

ဝါ၊ ဒွါရခြောက်ပါး၊ အာရုံ ခြောက်ပါး၊ ထိုဒွါရအာရုံ၌ဖြစ်သော စိတ်တို့၏အစဉ်အားဖြင့် ဓာတ် ၁၈-ပါးဖြစ်၏။ ထိုတွင် --

စက္ခုပသာဒသည် စက္ခုဓာတ် မည်၏။

သောတပသာဒသည် သောတဓာတ် မည်၏၊

ဃာနပသာဒသည် ဃာနဓာတ် မည်၏။

ဇိဝှါပသာဒသည် ဇိဝှါဓာတ် မည်၏၊

ကာယပသာဒသည် ကာယဓာတ် မည်၏၊

ရူပါရုံသည် ရူပဓာတ်မည်၏။

သဒ္ဒါရုံသည် သဒ္ဒဓာတ်မည်၏၊

ဂန္ဓာရုံသည် ဂန္ဓဓာတ်မည်၏၊

ရသာရုံသည် ရသဓာတ်မည်၏။

ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏။

စက္ခုဝိညာဏ်ဒွေသည် စက္ခုဝိညာဏဓာတ် မည်၏၊

သောတဝိညာဏ်ဒွေသည် သောတဝိညာဏဓာတ် မည်၏၊

ဃာနဝိညာဏ်ဒွေသည် ဃာနဝိညာဏဓာတ် မည်၏။

ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဝိညာဏဓာတ် မည်၏၊

ကာယဝိညာဏ်ဒွေသည် ကာယဝိညာဏဓာတ်မည်၏၊

ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ် မည်၏၊

စေတသိက် ဒွေပညာသ၊ သုခုမရုပ်သောဠသ၊ နိဗ္ဗာန်သည် ဓမ္မဓာတ် မည်၏၊

ကြွင်းသောစိတ် ၇၆-ခုသည် မနောဝိညာဏဓာတ် မည်၏။

မနာယတနတပါးသည် ဝိညာဏဓာတ် ခုနစ်ပါး ပြား၏။

သစ္စာတို့သည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာအားဖြင့် လေးပါး ဖြစ်ကုန်၏။ ထိုတွင် --

လောကီစိတ် ဧကာသီတိ၊ လောဘကြဉ်သော စေတသိက် ဧကပညာသ ရုပ်အဋ္ဌဝီသ သည် ဒုက္ခသစ္စာမည်၏။

လောဘသည် သမုဒယသစ္စာ မည်၏။

နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

မဂ်စိတ်လေးခု၌ ရှိသော သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သပ္ပာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ အားဖြင့် မဂ္ဂင်တရားကိုယ် ရှစ်ပါး၊ ခုနှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုသည် သစ္စာဟူသော အရေအတွက်မှ လွတ်၏။

(ဒုတီယဈာန်စသည်တို့၌ ဝိတက်မရှိသောကြောင့် မဂ္ဂင် ၇-ပါးဖြစ်သည်။)

ခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာလေးပါး ဤသို့ သဗ္ဗသင်္ဂဟကို ငါးဌာန ဟောသည်။

မိဿကသင်္ဂဟခွဲ လေ့လာဘွယ်

ဟိတ်ခွဲ

စိတ်တို့ကို ဟိတ်ဖြင့်ခွဲလျှင် လောဘမူသည် ဒွိဟိတ် ဖြစ်၏။

ဒေါသမူ- ဒွိဟိတ်။

မောဟမူ-ဧကဟိတ်။

အဟိတ်-ဟိတ်မရှိ။

ဉာဏဝိပ္ပယုတ်- ဒွိဟိတ်။

ဉာဏသမ္ပယုတ်-တိဟိတ်။

တိဟိတ် ၄၀၊ ဒွိဟိတ် ၂၂၊ ဧကဟိတ်- ၂၊ အဟိတ် ၁၀၊ ပေါင်း ၈၉။

ဈာနင်ခွဲ

ဈာနင်ဖြင့် ခွဲလျှင် (ဒွေပဉ္စဝိညာဏ်-သတိပြု။) လောဘမူ သောမနဿသည် ဈာနင် ငါးပါးရှိ၏။

ဥပေက္ခာ-လေးပါး။

ဒေါသမူ-လေး။

မောဟမူ-လေး။

ဒွေပဉ္စဝိညာဏ်တဆယ်- ဈာနင်မရှိ။

သမ္ပဋိစ္ဆိုင်း-လေး။

ဥပေက္ခာသန္တီရဏ-လေး။

သောမနဿ သန္တီရဏ-ငါး။

အာဝဇ္ဇန်း-လေး။

ဟသိတုပ္ပါဒ်-ငါး။

ကာမသောဘဏ၌ သောမနဿ-ငါး။

ဥပေက္ခာ-လေး။

ပဌမဈာန်-ငါး။

ဒုတီယဈာန်-လေး။

တတီယဈာန်-သုံး။

စတုတ္ထဈာန်-နှစ်။

ပဉ္စမဈာန်-နှစ်။

ဈာန်အင်္ဂါ ငါးပါးရှိသောစိတ် ၂၉။

လေးပါးရှိ-၃၇။

သုံးပါရှိ- ၁၁။

နှစ်ပါးရှိ- ၃၄။

ဈာနင် မရှိ-၁၀။

ပေါင်း ၁၂၁။

မဂ္ဂင်ခွဲ

မဂ္ဂင်ဖြင့်ခွဲလျှင် (ဝိစိကိစ္ဆာ၌ ဧကဂ္ဂတာ-မဂ္ဂင်မထိုက်၊ အဟိတ်စိတ်-သတိပြု။) လောဘမူ သမ္ပယုတ်သည် မဂ္ဂင် လေးပါးရှိ၏။

ဝိပ္ပယုတ်-သုံး၊ ဒေါသမူ-သုံး။ ဝိစိကိစ္ဆာ-နှစ်၊ ဥဒ္ဓစ္စ-သုံး၊ အဟိတ်-မဂ္ဂင်မရှိ၊

မဟာကုသိုလ်သမ္ပယုတ် ငါး၊ ရံခါခြောက်၊ ခြောက်၊ ခြောက်၊ (ပေါင်းရှစ်။)

ဝိပ္ပယုတ်-လေး၊ ရံခါ ငါး၊ ငါး၊ ငါး၊ (ပေါင်းခုနှစ်)

မဟာဝိပါက်သမ္ပယုတ်-ငါး။ ဝိပ္ပယုတ် လေး။ မဟာကြိယာသမ္ပယုတ်-ငါး။

ဝိပ္ပယုတ်-လေး။ မဟဂ္ဂုတ်ပဌမဈာန်- ငါး။ ကြွင်းမဟဂ္ဂုတ်-လေး။ လောကုတ္တရာ-ရှစ်။

မဂ္ဂင်ရှစ်ပါး ရှိသောစိတ်-၈။

ခြောက်ပါး၊ ငါးပါး-၄။

ငါးပါး၊ လေးပါး-၄။

ငါးပါးသက်သက် ၁၁။

လေးပါးသက်သက်- ၃၆။

သုံးပါး-၇။

နှစ်ပါး-၁၊။

မဂ္ဂင်မရှိ-၁၈။

ပေါင်း ၈၉။

ဣန္ဒြေခွဲ

စေတသိက်ဣန္ဒြေ (ဇီ၊ ဝေ၊ ဒ္ဓါ၊ ဝီ၊ တိ၊ ဧ၊ ညာ-ခုနှစ်ပါး) ဖြင့်ခွဲလျှင် (ဝိစိကိစ္ဆာနှင့် အဝီရိယစိတ်တို့၌ ဧကဂ္ဂတာ ဣန္ဒြေမထိုက်။)

လောဘမူစိတ်သည် (ဇီ၊ ဝေ၊ ဝီ၊ ဧ) ဣန္ဒြေ လေးပါး ရှိ၏။

ဒေါသမူ-လေး။ ဝိစိကိစ္ဆာသုံး၊ ဥဒ္ဓစ္စ-လေး။

မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်လေး။

ကြွင်းအဟိတ် (ဇီ၊ ဝေ) နှစ်။

ဉာဏဝိပ္ပယုတ်- ခြောက်။ သမ္ပယုတ်− ခုနှစ်၊

ဣန္ဒြေ ခုနှစ်ပါးရှိသောစိတ် ၄၇။ ခြောက်ပါး ၁၂။ လေးပါး ၁၃။ သုံးပါး ၁။ နှစ်ပါး ၁၆။ ပေါင်း ၈၉။

ဗိုလ်ခွဲ

ဗိုလ် (ဒ္ဓါ၊ ဝီ၊ တိ၊ ဧ၊ ညာ၊ ဟိ၊ သြ-အ၊ အ-ကိုးပါး) ဖြင့် ခွဲလျှင် (ဝိစိကိစ္ဆာ၌ ဧကဂ္ဂတာ ဗိုလ်မထိုက်။ အဝီရိယ၌ ဗိုလ်မရှိ။) လောဘမူစိတ်သည် ဗိုလ်လေးပါးရှိ၏။ ဒေါသမူ-လေး။ ဝိစိကိစ္ဆာ သုံး။ ဥဒ္ဓစ္စ္ဂ လေး။ ၁၆ -၌ ဗိုလ်မရှိ၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ် နှစ်။ ဉာဏဝိပ္ပယုတ် ၆၊ သမ္ပယုတ် ခုနစ်။

ဗိုလ်ခုနစ်ပါးရှိသောစိတ်-၄၇။ ခြောက်ပါး ၁၂။ လေးပါး ၁၁။ သုံးပါး ၁။ နှစ်ပါး ၂။ ဗိုလ်မရှိ ၁၆။ ပေါင်း ၈၉။

အဓိပတိခွဲ

အဓိပတိဖြင့်ခွဲလျှင် အပ္ပနာဇော ဆဗ္ဗီသ၌ အဓိပတိ-လေးခု-တခုခု အမြဲရသည်။ လောဘမူ၊ ဒေါသမူ၊ မဟာကုသိုလ်၊ မဟာကြိယာ ၂၆-ခုတို့၌-အဓိပတိသုံးခု၊ လေးခုတို့တွင် တခုခု-ရံခါရသည်။ အမြဲမရ။ ကြွင်း ၃၇-၌ အလျဉ်းမရ။

အဓိပတိအမြဲ ၂၆။ ရံခါ ၂၆။ မရ ၃၇။ ပေါင်း ၈၉။

တနည်းကား --

သုံးပါး, တပါး ရံခါ ၁၈၊

လေးပါး တပါး ရံခါ ၈။

လေးပါး တပါး အမြဲ ၂၆။

မရ ၃၇။

ပေါင်း ၈၉။

ဗောဓိပက္ခိယစိတ်

ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ဝိဝဋ္ဋနိဿိတ ဖြစ်သော မဟာကုသိုလ်၊ မဟာကြိယာ၊ အပ္ပနာဇော- ဤ ၄၂- ပါးသော စိတ်တို့၌သာ ကောက်ယူရသည်။

လောကုတ္တရာ ရှစ်ခု၌ ၃၇-ပါးလုံး တပေါင်းတည်း ဖြစ်သည်၊ လောကီစိတ်တို့၌ သတိပဋ္ဌာန်လေးပါး တပေါင်းတည်း မဖြစ်။ သမ္မပ္ပဓာန် လေးပါး တပေါင်းတည်း မဖြစ်။ ဣဒ္ဓိပါဒ်လေးပါး တပေါင်းတည်းမဖြစ်။ မိမိကိစ္စ အားလျော်စွာ တခုစီဖြစ်သည်။

သဗ္ဗ၌ဘေဒ တဆဲ့တစ်

ခန္ဓာမည်သော တရားတို့သည် --

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟု သုံးပါး။

အဇ္ဈတ္တ၊ ဗဟိဒ္ဓ-ဟုနှစ်ပါး။

သြဠာရိက သုခုမ-ဟု နှစ်ပါး။

ဟီန၊ ပဏီတ-ဟု နှစ်ပါး။

ဒူရ၊ သန္တိက-ဟုနှစ်ပါး-

ဤသို့ ၁၁-ပါးပြားကုန်၏။

ထိုအပြားတို့ကို ပေါင်းစုခြင်းကြောင့် ခန္ဓာမည်၏။

နိဗ္ဗာန်ကား-ဤသို့မပြား။ ကာလဝိမုတ် တပါးတည်းသာ ဖြစ်၏။

ဝါ၊ ဗဟိဒ္ဓသာ၊ သုခုမသာ၊ ပဏီတသာ၊ ဒူရသာဖြစ်၏၊ ပေါင်းစု၍ မရ။

အကုသလ သင်္ဂဟမှတ်ဘွယ်

အကုသိုလ်တို့ကိုသာလျှင် သဘောတူရာ ပေါင်းစုခြင်းသည်၊ ဝါ၊ ပေါင်းစုရာသည် အကုသလသင်္ဂဟ မည်၏။

အာသဝ

ကြာမြင့်စွာ ထုံအပ်သော အရက်သည် အာသဝ မည်၏။ ဤလောဘစသည်တို့ကား- ရှေးအစွန်း မထင်သော တသံသရာလုံး ထုံအပ်ခဲ့သောကြောင့် အာသဝစင်စစ် မည်ကုန်၏။ ဝါ၊ အမာဝမှ မန်းရည်ပြည်စေး ယိုကျသကဲ့သို့ စက္ခုစသည်မှ ရူပါရုံ စသည်တို့၌ ယိုကျသောကြောင့် အာသဝ မည်ကုန်၏၊ ဝါ၊ ဘုံအားဖြင့် ဘဝဂ် တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ဖြစ်သောကြောင့် အာသဝ မည်ကုန်၏။

မာနစသော တပါးသော တရားတို့သည် ထိုအတူ ဖြစ်သော်လည်း အာသဝ မမည်။ ဤသုံးပါး၌သာ အာသဝ အမည်ထင်သည်။ အထင်ရုဠှီတည်း။

ကာမဘဝ၌ဖြစ်သော ကာမဂုဏ်ငါးပါး ရာဂသည် ကာမသဝ မည်၏။ ရူပဘဝ-အရူပဘဝ ဟူသော ဥပပတ္တိဘဝ၌ဖြစ်သော ဆန္ဒရာဂသည် ဘဝါသဝ မည်၏။ ဝါ၊ ဈာန်၌ နှစ်သက်သော ဈာနနိကန္တိရာဂသည် ဘဝါသဝ မည်၏၊ ဝါ၊ သဿတ ဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂသည် ဘဝါသဝ မည်၏။ ဝါ၊ ဘဝစွမ်းဖြင့် တောင့်တခြင်းသည် ဘဝါသဝ မည်၏။ ၆၂-ပါးသော ဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏၊ သစ္စာလေးပါး၊ သံသရာ ရှေးအစွန်း၊ နောက်အစွန်း၊ ရှေးနောက်အစွန်း၊ ပဋိစ္စသမုပ္ပါဒ် - ဤ ရှစ်ဌာနတို့၌ မသိသော မောဟသည် အဝိဇ္ဇာသဝ မည်၏။

အာသဝ မမည်

ဗြဟ္မာတို့အား ဗိမာန်တန်းဆာတို့၌ ဖြစ်သော လောကသည် ကာမရာဂ ပယ်ပြီး ဖြစ်သောကြောင့် ကာမာသဝ မမည်။ လောဘဟိတ်၊ အဘိဇ္ဈာကာယဂန္ထ၊ လောဘ ကိလေသာသာ မည်၏။

ဒိဋ္ဌိနှင့်တကွဖြစ်သော ရာဂလည်း ကာမာသဝ မမည်။ ဒိဋ္ဌိရာဂသာ မည်၏။ ဋီကာ၌ ကာမာသဝကိုစွဲ၍ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဖြစ်သည်ဟု ဟောသောကြောင့် ကာမာသဝ မမည်ဟူ၍ မဆိုနိုင်ဟုဆို၏။

မာနစသည်တို့လည်း အာသဝပင် မမည်ကုန်။

ဒိဋ္ဌိ ၆၂-ပါး

ဒိဋ္ဌာသဝ၌ ဒိဋ္ဌိ ၆၂-ပါးကား --

သဿတ ဒိဋ္ဌိ ၄။

ဧကစ္စသဿတ ၄။

အန္တာနန္တ ၄။

အမရာဝိက္ခေပ ၄။

အဓိစ္စသမုပ္ပန္န ၂။

သညီ ၁၆။

အသညီ ၈။

နေဝသညီ နာသညီ ၈။

ဥစ္ဆေဒ ၇။

ဒိဋ္ဌဓမ္မနိဗ္ဗာန ဒိဋ္ဌိ ၅။

ပေါင်း ၆၂-ဖြစ်၏။

ထိုတွင် -

ရှေ့ ၁၈-ပါးသည် ပုဗ္ဗန္တကပ္ပိက၊

နောက် ၄၄-ပါးသည် အပရန္တကပ္ပိက၊

ပေါင်း ၆၂။

ဥစ္ဆေဒ ၇။ အကြွင်းသဿတ ၅၅ - ပေါင်း ၆၂။

ဩဃ

ဩဃသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ နစ်မြှုပ်စေတတ်၏။ ဝါ၊ ရေအယဉ် (ဩဃ) နှင့် တူ၏။ ထိုကြောင့် ဩဃလည်း မည်၏။

ယောဂ

ယောဂသည် သတ္တဝါတို့ကို ဝဋ်သုံးပါး၌။ ဝါ၊ ဘဝသုံးပါး - စက်ယန္တရား၌ ယှဉ်တွဲစေ၏။ ကံကိုအကျိုးနှင့် ယှဉ်တွဲစေ၏။ သတ္တဝါတို့ကို ဘဝတပါးစသည် တို့နှင့်၎င်း၊ ဒုက္ခနှင့်၎င်း ယှဉ်တွဲစေ၏။ ထိုကြောင့် ယောဂလည်း မည်၏။

ကာယဂန္ထ

နာမ်ရုပ် အပေါင်းသည် ကာယမည်၏။ ဖွဲ့ချည် ရစ်ပတ်တတ်သော တရားသည် ဂန္ထ မည်၏၊ နာမ်နှင့်ရုပ်ကို ဝါ၊ ပစ္စုပ္ပန် နာမ်ရုပ်အပေါင်းနှင့် အနာဂတ် နာမ်ရုပ် အပေါင်းကို

ဖြေနိုင်ခဲအောင် ဖွဲ့ချည်ရစ်ပတ်တတ်သော တရားသည် ကာယဂန္ထ မည်၏။

ကာမာသဝ၊ ဘဝါသဝ - ဟူသော လောဘသည် အဘိဇ္ဈာ ကာယဂန္ထ မည်၏။ အာဃာတဝတ္ထု ကိုးပါးကြောင့်၊ ဝါ၊ အဋ္ဌာန ကောပနှင့် ဆယ်ပါးကြောင့် ဖြစ်သော ဒေါသသည် ဗျာပါဒ ကာယဂန္ထ မည်၏။ နွားစသည်တို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရ၏ ဟုအမှားသုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတပရာမာသ ကာယဂန္ထ မည်၏။ “ဤဒိဋ္ဌိသည် သွားလျက်စားခြင်း၊ ရပ်လျက် ကျင်ငယ်စွန့်ခြင်း၊ စားမြုံ့ ပြန်ခြင်း စသည်ဖြင့် နိဗ္ဗာန်ရ၏ဟူ၍ မျှယူသည်။ ဣဒမေဝ သစ္စံဟု မယူ ဟူလို”။

ဤငါ၏ အယူသာ မှန်သည်၊ သူတပါးအယူ အချည်းနှီး-ဟု လွန်စွာ နှလုံးသွင်းသော ဒိဋ္ဌိသည် ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ မည်၏။ သီလဗ္ဗတပရာမာသ ကာယဂန္ထမှ ကြွင်းသော ဒိဋ္ဌိဟူသမျှဟူလို။ ဤစကားရပ်ဖြင့် မိစ္ဆာဒိဋ္ဌိသည် ဤ နှစ်မျိုးဖြင့်သာ ဖြစ်သည်ဟုပြ၏။

ဥပါဒါန်

ဥပ-မြဲစွာ+အာဒါန-ယူသည်။ အာရုံကိုမြဲစွာ ယူတတ်သော သဘောတရားသည် ဥပါဒါန် မည်၏။ ဖားကို မြွေဖမ်းသည်နှင့် တူ၏။ ကာမအာရုံကို မြဲစွာယူသော လောဘသည် ကာမုပါဒါန် မည်၏။ သီလဗ္ဗတု၊ အတ္တဝါဒုမှ တပါး- ၆၂-ပါးသော ဒိဋ္ဌိသည်၎င်း၊ နတ္ထိဒိန္နံ-စသော ဝတ္ထုဆယ်ပါး ရှိသော ဒိဋ္ဌိသည်၎င်း ဒိဋ္ဌုပါဒါန် မည်၏။ နွားတို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရ၏ဟု မြဲစွာယူသော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏။ ရုပ်သည်အတ္တမည်၏၊ စသည်ဖြင့် မြဲစွာယူသော သက္ကာယဒိဋ္ဌိ ၂၀-သည် အတ္တဝါဒုပါဒါန် မည်၏။

ဒသဝတ္ထုကဒိဋ္ဌိ

၁။ နတ္ထိဒိန္နံ - အလှူကား ရှိ၏။ အလှူကျိုး မရှိ။

၂။ နတ္ထိယိဋ္ဌံ-ယဇ်ကြီးပူဇော်ခြင်း အကျိုးမရှိ။

၃။ နတ္တိဟုကံ-ဧည့်သည်ဝတ် စသော ယဇ်ငယ်အကျိုးမရှိ။

၄။ နတ္ထိကမ္မာနံ ဝိပါကော- ကုသိုလ်ကံအကုသိုလ်ကံ အကျိုးရင်း အကျိုးဆက်မရှိ။

၅။ နတ္ထိအယံ လောကော-ထိုထိုမှလာရာ ပစ္စုပ္ပန် လောက မရှိ။

(တမလွန်၌ စိတ်ဖြင့်တည်၍ ယူသည်။)

၆။ နတ္ထိပရော လောကော- ဤမှသွားရာ တမလွန် လောကမရှိ။

(ဤလောက၌ စိတ်ဖြင့် တည်၍ယူသည်။ သဗ္ဗေတတ္ထ တတ္ထေ၀ ဥစ္ဆိဇ္ဇန္တီတိ၊ ထိုထို၌သာ ပြတ်ကုန်၏။-ဟု ဒဿေတိ။)

၇။ နတ္ထိမာတာ-အမိ၌ ပြုကျိုးမရှိ။

၈။ နတ္ထိဝိတာ-အဘ၌ ပြုကျိုးမရှိ။

၉။ နတ္ထိသတ္တာ သြပပါတိကာ-သေ၍တဖန် ပဋိသန္ဓေနေသူမရှိ။ ဥပပါတ် ပဋိသန္ဓေမျှ မဟုတ်ဟူလို။

၁၀။ နတ္ထိလောကေ သမဏဗြာဟ္မဏာ - အနုလောမပဋိပဒါ ကျင့်သော သမဏ ဗြာဟ္မဏ လည်းမရှိ။ ပစ္စုပ္ပန်လောက တမလွန်လောက သိ၍ ဟောကြားသော သဗ္ဗညုတ ဘုရားလည်းမရှိ။

ဤအယူ ဆယ်ပါးသည် ဒိဋ္ဌုပါဒါန် မည်၏။

သက္ကာယဒိဋ္ဌိ ၂၀

၁။ ရူပံအတ္တာ-ရုပ်သည် အတ္တတည်း။

၂။ ရူပဝန္တောအတ္တာ-ရုပ်ရှိသော အတ္တတည်း။ (အတ္တသည် ရုပ်ရှိသည် ဟူလို။)

၃။ အတ္တနိရူပံ - အတ္တ၌ ရုပ်တည်သည်တည်း။

၄။ ရူပသ္မိံ အတ္တာ- ရုပ်၌ အတ္တတည်သည်ဟည်း။

ဤသို့ရုပ်၌လေးခု၊ ထိုအတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် တို့၌လည်း လေးခုစီ ဖြစ်၍ ၂၀-ဖြစ်၏။

သ-ထင်ရှားရှိသည် + ကာယ-ရုပ်နာမ်အပေါင်း + ဒိဋ္ဌိ-အမှားမြင်ခြင်း။

ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမ်အပေါင်းသည် သက္ကာယ။ ထို၌ငါသူတပါးဟု အမှားမြင်ခြင်းသည် *သက္ကာယဒိဋ္ဌိ မည်၏။

(*သန္တော-သံဝိဇ္ဇမာနော ကာယော-သက္ကာယော။ မိစ္ဆာပဿတီတိဒိဋ္ဌိ။ သက္ကာယေ ပဝတ္တာ ဒိဋ္ဌိ-သက္ကာယဒိဋ္ဌိ၊ … ဤသို့ ဝစနတ္ထပြု။)

သက္ကာယဒိ ၂ဝ-ဖြစ်ပုံကား ...

သူတော်ကောင်းတရား မကြား မမြင်မသိသော အန္ဓပုထုဇဉ်သည်-

ရုပ်သည်အတ္တ၊ ရုပ်ရှိသောအတ္တ၊ အတ္တ၌ရုပ်၊ ရုပ်၌အတ္တ ဟု လေးမျိုးရှု၏။

ဝေဒနာသည် အတ္တ၊ ဝေဒနာရှိသော အတ္တ၊ အတ္တ၌ ဝေဒနာ၊ ဝေဒနာ၌အတ္တဟု လေးမျိုးရှု၏။

သညာသည် အတ္တ၊ သညာရှိသောအတ္တ၊ အတ္တ၌သညာ၊ သညာ၌အတ္တဟု လေးမျိုး ရှု၏။

သင်္ခါရသည် အတ္တ၊ သင်္ခါရရှိသော အတ္တ၊ အတ္တ၌သင်္ခါရ၊ သင်္ခါရ၌ အတ္တဟု လေးမျိုး ရှု၏။

ဝိညာဏ်သည် အတ္တ၊ ဝိညာဏ်ရှိသောအတ္တ၊ အတ္တ၌ဝိညာဏ်၊ ဝိညာဏ်၌ အတ္တဟု လေးမျိုးရှု၏။

ရုပ်ပွဲ ၁။ နာမ်စွဲ ၇။ ရုပ်နာမ်စွဲ ၁၂ - ပေါင်း ၂၀။

တနည်းကား -

ခန္ဓာတပါးစွဲ-၅။ လေးပါးစွဲ ၁၅ - ပေါင်း ၂၀။

တနည်းကား -

သဿတဒိဋ္ဌိ ၁၅။ ဥစ္ဆေဒဒိဋ္ဌိ ၅ - ပေါင်း ၂၀။

တနည်းကား -

ဘဝဒိဋ္ဌိ ၁၅။ ဝိဘဝဒိဋ္ဌိ ၅ - ပေါင်း ၂ဝ။

ရုပ်သည်အတ္တဟု ရှုခြင်းသည် မီးလျှံသည် အဆင်း၊ အဆင်းသည် မီးလျှံဟု မကွဲမပြား ရှုသည်နှင့် တူ၏။

(အကြင်ရုပ်, ထိုငါ၊ အကြင်ငါ, ထိုရုပ်ဟု ရှုသည်။

တနည်း-ရုပ်သည်ငါ၊ ငါသည်ရုပ်ဟု ရှုသည် ဟူလို။)

ရုပ်ရှိသော အတ္တဟု ရှုခြင်းသည် အရိပ်ရှိသော သစ်ပင်ဟု အရိပ်တခြား သစ်ပင် တခြား ရှုသည်နှင့်တူ၏။

အတ္တ၌ရုပ်ဟု ရှုခြင်းသည် ပန်း၌အနံ့ဟု ပန်းတခြား၊ အနံ့တခြား ရှုသည်နှင့်တူ၏။

ရုပ်၌အတ္တဟု ရှုခြင်းသည် ကြုတ်၌ပတ္တမြားဟု ကြုတ်တခြား ပတ္တမြားတခြား ရှုသည်နှင့် တူ၏။

ဤသို့ ရှုသောသူသည် ဒိဋ္ဌိကိုတားနိုင်အောင် သင်ခြင်း မေးခြင်း ဆုံးဖြတ်ခြင်းဖြင့် ရအပ်သော အာဂမလည်း မရှိ။ ပဋိပတ်အကျင့်ဖြင့် ရအပ်သော အဓိဂမလည်းမရှိ။ ထိုကြောင့် အသုတဝန္တ မည်၏။ အရိယာတို့ကို ဉာဏ်ဖြင့် မမြင်မသိသောကြောင့် သပ္ပုရိသ အဒဿာဝီ လည်းမည်၏။ သတိပဋ္ဌာန်စသော ဓမ္မ၌ မလိမ္မာသောကြောင့် သပ္ပုရိသဓမ္မ အကောဝိဒ လည်းမည်၏။

သီလ၊ သတိ၊ ဉာဏ၊ ခန္တီ၊ ဝီရိယ-ဟူသော သံဝရဝိနည်းငါးပါး။ တဒင်္ဂ စသော ပဟာန ဝိနည်းငါးပါး မရှိသောကြောင့် သပ္ပုရိသဓမ္မ အဝိနိတ လည်းမည်၏။ ဆရာဘုရား အမျိုးမျိုးတို့၏ မျက်နှာကို ကြည့်တတ်၏။ ကာမဂုဏ်၌ နစ်မြုပ်၏။ နီဝရဏတို့ဖြင့် ဖုံးအုပ်၍ မှောက်ထားအပ်သူ ဖြစ်၏။ သူတော်ကောင်းတို့မှ အထူး သီးခြားသူဖြစ်၏။ ထိုကြောင့် ပုထုဇ္ဇနလည်း မည်၏။ အန္ဓပုထုဇဉ် မည်၏။ ကလျာဏပုထုဇဉ်အား သက္ကာယဒိဋ္ဌိ မဖြစ်။ သင်ယူ မေးမြန်း ဆုံးဖြတ်ခြင်းဖြင့် သက္ကာယဒိဋ္ဌိကင်းအောင် ခန္ဓာ၊ အာယတန၊ ဓာတ်တို့ကိုသိလျှင် ကလျာဏပုထုဇဉ် မည်၏။

ဤ အတ္တဟူသည် ပရမတ်၌ စွဲမြှောင်သော ပညပ်ကောင်ဖြစ်၏။ အန္ဓတို့၏ အစွဲကောင်ဖြစ်၏။ “အစိုးရ၏၊ အပျက်မရှိ၊ တခဲနက်”ဟု စွဲအပ်သော ကိုယ်ကောင် ဖြစ်၏။ ငါ၊ သူတပါး-ယောက်ျား မိန်းမ-ဟူ၍၎င်း၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ ဟူ၍၎င်း- စွဲအပ်သော အကောင်တုဖြစ်၏။

ရုပ်သည်အတ္တ ဟုစွဲရာ၌ ခန္ဓာတပါးသာ စွဲသည်။ ရုပ်ရှိသော အတ္တ၊ အတ္တ၌ ရုပ်၊ ရုပ်၌အတ္တ- ဟုစွဲခြင်း သုံးမျိုး၌ ခန္ဓာလေးပါးစီ စွဲသည်။ ဝေဒနာ စသည်လည်း ဤနည်းတည်း။

ခန္ဓာတပါးစွဲသည်ငါးခု ရှိ၏။ ဥစ္ဆေဒဒိဋ္ဌိမည်၏။ ဝိဘဝဒိဋ္ဌိလည်း မည်၏။ လေးပါး စွဲသည် ၁၅-ခု ရှိ၏၊ သဿတဒိဋ္ဌိ မည်၏။ ဘဝဒိဋ္ဌိလည်း မည်၏။

တပါးစွဲ ၅-ခု၌ ရုပ်စွဲတခု။ နာမ်စွဲလေးခု ဟု သိအပ်၏။ လေးပါးစွဲ ၁၅-ခုတို့တွင် ရုပ်ရှိသော အတ္တစသော သုံးခု၌ ရုပ်ကိုဖယ်၍ ၄-ပါးနာမ်စွဲဟု သိအပ်၏။ ဝေဒနာရှိသော အတ္တစသည်တို့၌ ဝေဒနာဖယ်၍ ၄ ပါးရုပ်နာမ်စွဲ။ သညာဖယ်၍၊ သင်္ခါရ ဖယ်၍၊ ဝိညာဏ်ဖယ်၍ ၄-ပါး ရုပ်နာမ်စွဲဟု ၁၂-ခု ရှိအောင် သိအပ်၏။

ဤ သက္ကာယဒိဋ္ဌိ ၂၀-သည် နတ်ပြည်မတား၊ မဂ်ကိုသာ တားသည်။ သောတာပတ္တိမဂ်ရလျှင် အမြစ်ပြတ်သည်။ ဒိဋ္ဌိဟူသမျှကို၊ ဝါ၊ ကမ္ဘာမီး လောင်သော အခါ ကမ္ဘာပြောင်း၍ ငရဲခံရသော နိယတ မိစ္ဆာဒိဋ္ဌိကြီးကိုပင် အရင်းခံပြုပေး၏။ ထိုကြောင့် ကြောက်ဘွယ် ကောင်းသော သက္ကာယဒိဋ္ဌိဖြစ်၏။ အာဂမ၊ အဓိဂမဖြင့် ကင်းအောင်ပြုအပ်၏။ အာဂမမျှဖြင့် ကင်းခြင်းကိုပင် အချို့ကျေနပ်ကုန်၏။ စိတ်မချသာသေး။ မိန်းမောသူ၊ မွေးစသူငယ်၊ ခြင်၊ ပရွက် - စသည်တို့အား သက္ကာယဒိဋ္ဌိ မဖြစ်။ အာဂမစသည်ဖြင့် ကင်းစေသောကြောင့် မဟုတ်။ မစွဲနိုင်အောင် တွေဝေခြင်း လွန်ကဲသောကြောင့်တည်း။

နီဝရဏ

ဈာန်စသော ကုသိုလ်မဖြစ်အောင်၊ ဖြစ်လျှင် ပျက်အောင် တားမြစ်တတ်သော သဘောတရားသည် နီဝရဏ မည်၏။ ပညာမျက်စိကိုလည်း ပိတ်ဆို့တတ်၏။ ကာမဂုဏ်၌ လွန်ကဲသောရာဂသည် ကာမစ္ဆန္ဒ နီဝရဏ မည်၏။ ဒေါသကိုးပါး၊ ဝါ-ဆယ်ပါးသည် ဗျာပါဒနီဝရဏ မည်၏။

ထိနနှင့်မိဒ္ဓ၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတို့ကို နီဝရဏတခုတည်း အဘယ်ကြောင့် ပေါင်းသနည်း?

ကိစ္စတူ၊ အကြောင်းတူ၊ ဆန့်ကျင်ဘက်တူ သောကြောင့်တည်း။ စိတ်စေတသိက် တို့ကို တွန့်စေခြင်းသည် ထိနမိဒ္ဓိတို့၏ ကိစ္စတည်း။ ပျင်းရိ ထိုင်းမှိုင်းခြင်းသည် ထိနမိဒ္ဓတို့၏ အကြောင်းတည်း။ ဝီရိယသည် ထိနမိဒ္ဓတို့ ၏ ဆန့်ကျင်ဘက်တည်း။

မငြိမ်မသက် ပြုခြင်းသည် ဥဒ္ဓစ္စ ကုက္ကုစ္စတို့၏ ကိစ္စတည်း။ ဉာတိဗျသန-စသည်ကို ကြံစည်ခြင်းသည် ၎င်းတို့၏ အကြောင်းတည်း။ သမထသည် ၎င်းတို့၏ ဆန့်ကျင်ဘက်တည်း။

ယုံမှားခြင်းရှစ်ပါးသည် ဝိစိကိစ္ဆာနီဝရဏ မည်၏။ ဘုရား၌၊ တရား၌၊ သံဃာ၌၊ သိက္ခာ၌၊ ရှေ့အစွန်း၌၊ နောက်အစွန်း၌၊ ရှေ့နောက်အစွန်း၌၊ ပဋိစ္စသမုပ္ပါဒ်၌ ယုံမှား၏။

ထိုတွင် သီလ၊ သမာဓိ၊ ပညာသည် သိက္ခာ သုံးပါး။

အတိတ်ခန္ဓာ အာယတနဓာတ်သည် ပုဗ္ဗန္တ တပါး။

အနာဂတ်ခန္ဓာ အာယတနဓာတ်သည် အပရန္တ တပါး။

အကြောင်းအကျိုးဝဋ်တရား ၁၂-ပါးသည် ပဋိစ္တသမုပ္ပါဒ် မည်၏။

အပ်၊ မအပ်-စူးစမ်းခြင်းကား ဝိနယကုက္ကုစ္စ မည်၏။ ရဟန္တာအားလည်းဖြစ်သည်။ နီဝရဏမဟုတ်၊ နီဝရဏ အတုအပသာ။

အနုသယ

သတ္တဝါတို့ သန္တာန်၌ မဂ်ဖြင့် မပယ်မချင်း အဖန်ဖန်ဖြစ်တတ်သော သဘော တရားသည် အနုသယ မည်၏။ မဂ်မပယ်သေးသောကြောင့် လျောက်ပတ်သော အကြောင်း ရသည်ရှိသော် ဖြစ်တတ်၏။ ထိုကြောင့် အားစွမ်းရှိ၏။ မဂ်မပယ် ခြင်းကြောင့် အားစွမ်းရှိသော ကိလေသာသည် အနုသယမည်၏ဟူလို။ မုချအားဖြင့် ခဏတ္တယသို့ မရောက်သော နဝတ္တဗ္ဗ ကိလေသာ ရ၏။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟု မဆိုအပ်။

(နဝတ္တဗ္ဗ - ကိလေသာဖြစ်ပုံကို မဂ်သတ်ရာ၌ ထင်ရှားစွာ မိန့်ဆို၏။)

တနည်းကား -- အနုသယ ကိလေသာသည် ဘူမိလဒ္ဓဥပ္ပန္န မည်၏၊ ဥပ္ပန္န မည်သောကြောင့် ပရိယာယ်အားဖြင့် ပစ္စုပ္ပန်ဟူ၍လည်း ဆိုအပ်၏။

တနည်း -- ဓမ္မသင်္ဂဏီ ပါဠိတော်၌ အနုသယကို စိတ္တသမ္ပယုတ်ဟူ၍၎င်း- အာရုံကို အာရုံပြု၏ဟူ၍၎င်း။ အကြောင်းရှိ၏ ဟူ၍၎င်း၊ စင်စစ်အကုသိုလ်ဖြစ်၏ ဟူ၍၎င်း။ အတိတ်လည်းဟုတ်၏။ အနာဂတ်လည်း ဟုတ်၏၊ ပစ္စုပ္ပန်လည်း ဟုတ်၏ ဟူ၍၎င်း-ဝေဘန်တော်မူသည်။

ထိုနှင့်ညီစွာ ယမိုက်ပါဠိတော်၌ ဥပ္ပဇ္ဇတိ - ဟူ၍ဟောသည်ဟု ယမိုက်အဋ္ဌကထာ ဆို၏။

ဓမ္မသင်္ဂဏီ၌လည်း ပရိယာယ်အားဖြင့် ဝေဘန်သည် ဟူလို။

ဋီကာကျော်၊ မဏိမဉ္ဇူတို့၌၊ “နိပ္ပရိယာယအားဖြင့် အနာဂတ”ဟုဆို၏။ နဝတ္တဗ္ဗနှင့် အနက်တူ အဓိပ္ပါယ်တူ ဖြစ်လျှင် ဆန့်ကျင်ခြင်း မရှိ။

သာရတ္ထဒီပနီဝိနည်း မဟာဝါဋီကာ ၌လည်း အနာဂတဟု ဆိုလျှက်ရှိ၏။ နဝတ္တဗ္ဗ၌ ဝဒဓာတ်။ အနာဂတ၌ ဂဒ-ဓာတ်ဟုကြံလျှင် သဒ္ဒါကျမ်းတို့၌ အနက် တူ၏။ အာဂတာနာဂတ သံဃာဟု ဆိုရာ၌လည်း မရောက်ပြီး၊ မရောက်ဆဲ၊ မရောက်လတ္တံ့ သည် အနာဂတ၌ ပါဝင်၏။

သံယောဇဉ်

ဝဋ်ဆင်းရဲမှ မထွက်နိုင်အောင် ဖွဲ့နှောင်တတ်သော သဘောတရားသည် သံယောဇဉ် မည်၏။

သေယျ၊ သဒိသ၊ ဟီန - ပုဂ္ဂိုလ် သုံးယောက်အား- ငါမြတ်သည်၊ ငါနှင့်တူသည်၊ ငါယုတ်သည်ဟု သုံးမျိုးစီဖြစ်သော မာန်ကိုးပါးသည် မာနသံယောဇဉ် မည်၏။

အာဝါသ၊ ကုလ၊ လာဘ၊ ဝဏ္ဏ၊ ဓမ္မ- အားဖြင့်ဖြစ်သော ဝန်တိုခြင်း ငါးပါးသည် မစ္ဆရိယသံယောဇဉ် မည်၏။

ကိလေသာ

စိတ်ကိုပူပန်စေတတ်၊ နှိပ်စက်တက်သော သဘောတရားသည် ကိလေသာ မည်၏။

မိဿကသင်္ဂဟ မှတ်ဘွယ်

ကုသိုလ်အကုသိုလ် အဗျာကတစွမ်းဖြင့် ရော သော တရား တို့ကိုပေါင်းရခြင်းသည်။ ဝါ၊ ပေါင်းစုရာသည် မိဿကသင်္ဂဟ မည်၏။

ဟိတ်

အကျိုး၏ ဖြစ်ကြောင်း သဘောတရားသည် ဟိတ်မည်၏။ ဟိတ်ရှိသော တရားတို့သည် အမြစ်စည်ပင်သော သစ်ပင်ကဲ့သို့ ခိုင်ခံ့ကုန်၏။ ဟိတ်မရှိသော တရားတို့သည် ရေ၌ မှော်နှင့်တူကုန်၏။

ဈာနင်

အာရုံကိုကပ်၍ ရှုတတ်သော၊ ဝါ၊ ဆန့်ကျင်ဘက် နီဝရဏတို့ကို ရှို့မြှိုက်တတ်သော တရားအပေါင်းသည် ဈာန် မည်၏။ ဝိတက်စသော အစိတ်အစိတ်သည် ဈာနင် မည်၏။

ဒေါမနဿ ဈာနင် - အကုသိုလ်သက်သက်ဖြစ်၏၊

အကြွင်း ၆-ခု ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ။

ပဉ္စဝိညာဏ်၌ ဝိတက်မရှိသောကြောင့် ဈာနင် မရ၊ ဝိတက် တင်ပေးမှ အာရုံကိုကပ်၍ ရှုနိုင်သည်။ ဝိတက်ကင်းလျှင် အာရုံ၌ ကျရုံမျှ ဖြစ်သည်၊ ကပ်၍မရှုနိုင်။ ထိုကြောင့် ပဉ္စဝိညာဏ်၌ ဥပေက္ခာ (သုခ၊ ဒုက္ခ) ဧကဂ္ဂတာသည် ဈာနင်ကိစ္စ မပြုတတ်။

မဂ္ဂင်

သုဂတိရောက်ကြောင်း၊ ဒုဂ္ဂတိရောက်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း၊ တရား အပေါင်းသည် မဂ္ဂ မည်၏။ အစိတ် အစိတ်သည် မဂ္ဂင်မည်၏။

လောကီသမ္မာဒိဋ္ဌိသည် တေဘူမက သင်္ခါရတို့ကို မဖောက်မပြန် မြင်တတ်၏။ အတ္ထဒိန္နံ၊ အတ္ထိယိဋ္ဌံ - စသည်ဖြင့် ဆယ်မျိုးပြား၏။ လောကုတ္တရာ သမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ကို၊ ဝါ၊ သစ္စာလေးပါးကို မြင်တတ်၏။ ပရိညာကိစ္စ၊ ပဟာနကိစ္စ၊ သစ္ဆိကြိယာ ကိစ္စ၊ ဘာဝနာကိစ္စ - အားဖြင့် လေးမျိုး ပြား၏။

သမ္မာသင်္ကပ္ပသည် သုံးမျိုးပြား၏။ လောဘမှ၎င်း, အကုသိုလ်မှ၎င်း ထွက်သော အလောဘသည် နေက္ခမ္မမည်၏၊ ၎င်းနှင့်ယှဉ်သော အကြံသည် နေက္ခမ္မသင်္ကပ္ပ မည်၏။ ဝါ၊ ရှင်ရဟန်းပြုခြင်းသည် နေက္ခမ္မ မည်၏။ ၎င်း၌ ဖြစ်သော အကြံသည် နေက္ခမ္မသင်္ကပ္ပ မည်၏။ မေတ္တာနှင့်ယှဉ်သော အကြံသည် အဗျာပါဒသင်္ကပ္ပ မည်၏။ ကရုဏာနှင့်ယှဉ်သော အကြံသည် အဝိဟိံသာသင်္ကပ္ပ မည်၏။

သမ္မာဝါယာမသည် သမ္မပ္ပဓာန်လေးပါးဖြင့် ပြား၏။ သမ္မာသတိသည် သတိပဋ္ဌာန် လေးပါးဖြင့် ပြား၏။ သမ္မာသမာဓိသည် ဈာန်ငါးပါးဖြင့် ပြား၏။

မိစ္ဆာဒိဋ္ဌိစသော လေးပါးသည် ဒုဂ္ဂတိရောက်ကြောင်း မိစ္ဆာမဂ္ဂင်လေးပါး မည်၏။

အဟိတ်စိတ်၌ ဟိတ်မရှိခြင်းကြောင့် မဂ္ဂင်မရ။ ဟိတ်ရှိမှ မဂ္ဂင် ကိစ္စကိုပြုသည်။ ထို့ကြောင့် အဟိတ်စိတ်၌ ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာသည် မဂ္ဂင်မမည်။

ဝိစိကိစ္ဆာ စိတ်၌ ဧကဂ္ဂတာလည်း အဓိမောက္ခ မယှဉ်သောကြောင့် မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ် မမည်၊ အဓိမောက္ခ ဆုံးဖြတ်ခြင်း မရှိသဖြင့် ဧကဂ္ဂတာသည် စိတ်၌တည်ရုံမျှ သာတည်သည်။ ခိုင်ခံ့စွာမတည်။ ထို့ကြောင့် မိစ္ဆာသမာဓိမဂ္ဂင်လည်းမမည်။ သမာဓိန္ဒြေလည်း မမည်၊ သမာဓိဗိုလ်လည်း မမည်။ သမ္မာဝါစာ-စသော သုံးပါးသည် မဟာကုသိုလ်၌ နာနာ၊ ကဒါစိ။

ဣန္ဒြေ

မိမိနှင့်အတူဖြစ်သော တရားတို့ကို မိမိသို့ လိုက်စေလျက် အစိုးတရ ကြီးကဲပြုသော သဘောတရားသည် ဣန္ဒြေ မည်၏။

စက္ခုသည် စက္ခုဝိညာဏ်ကို အစိုးတရ အကြီးအကဲပြု၍ မြင်စေ၏။ မိမိအားရှိခြင်း၊ အားနည်းခြင်းသို့ ထိုက်စေ၏၊ မိမိအားရှိလျှင် အမြင်သန်စေ၏၊ အားနည်းလျှင် မသန်စေ။

သောတ စသည်တို့သည် သောတဝိညာဏ် စသည်တို့ကို ကြားစေ၏၊ အနံ့ ယူစေ၏၊ အရသာသိစေ၏၊ အတွေ့သိစေ၏။

ဣတ္ထိန်၊ ပုရိသိန်သည် လိင်္ဂ၊ နိမိတ္တ၊ ကုတ္တ၊ အာကပ္ပ- တို့ကို ဤသို့ မိန်းမအသွင် ယောက်ျားအသွင် စသည် ဖြစ်ရမည်ဟု စီမံ၏။

ရုပ်ဇီဝိတသည် အတူဖြစ်သော ကမ္မဇကလာပ်ကို အစိုးတရ စောင့်ရှောက်၏၊

(ဥပါဒ်နှင့် ဌီအကြား၊ ဌီနှင့်ဘင်အကြား - မပျက်အောင် စောင့်ရှောက်၏ ဟူလို၊)

နာမ်ဇီဝိတသည် အတူဖြစ်သော စိတ်စေတသိက်တို့ကို ဥပါဒ် ဌီ ဘင် အကြား၌ မပျက်အောင် အစိုးတရ စောင့်ရှောက်၏၊

မနသည် စေတသိက်တို့ကို မိမိကဲ့သို့ အာရုံကို သိလေ၏။ သုခ စသောငါးပါးသည် စိတ်စေတသိက်တို့ကို ကိုယ်ချမ်းသာ၊ ကိုယ်ဆင်းရဲ၊ စိတ်ချမ်းသာ၊ စိတ်ဆင်းရဲ- ဖြစ်စေ၍ သိသာအောင် ထင်ရှားစေ၏။ လျစ်လျူရှုစေ၍ မသိမသာ သိမွေ့စေ၏။ သဒ္ဓါစသော ငါးပါးသည် စိတ်စေတသိက်တို့ကို ယုံကြည်စေ၏။ အားထုတ်စေ၏၊ သတိထင်စေ၏၊ ကောင်းစွာထားစေ၏၊ ထိုးထွင်း၍ သိစေ၏။

အနညာသည် စိတ်စေတသိက်တို့ကို “မသိသေးသော သစ္စာလေးပါးကို သိမည်” ဟု အားထုဘ်ခြင်း၌ မိမိကဲ့သို့ အားထုတ်စေ၏။

အညိန်သည် ပဌမမဂ်သိသော အတိုင်း အဖန်ဖန် သိခြင်း၌ မိမိကဲ့သို့ သိစေ၏၊ ဝါ၊ သံယောဇဉ်ကို ပယ်စေ၏။ ရာဂစသည်ကို ခေါင်းပါးအောင် ပြုစေ၏။

အညာတာဝနသည် သိပြီးသော ရဟန္တာ၏ ဣန္ဒြေဖြစ်သည့် အလျောက် ကိစ္စအားလုံး စွန့်၍ နိဗ္ဗာန်သို့ ရှေးရှုစေ။

ဤ ၂၂-ပါးတို့တွင် ဓမ္မသရုပ်ပြခြင်းငှါ ပညိန္ဒြေကို ဟောသည်၊ ကိစ္စထူးပြခြင်းငှါ အနညာစသော သုံးပါးကို ဟောသည်။ ဤစကားဖြင့် ပညိန္ဒြေသည် လောကီ သက်သက် မဟုတ်၊ လောကီ လောကုတ္တရာပညာ အားလုံးဖြစ်သည်ဟု ပြသည်။

ဣန္ဒြေဟောစဉ်

သတ္တဝါဟု ခေါ်ဆိုပညပ်ရာ၌ အဇ္ဈတ္တိက ရုပ်ငါးခုသည် ထူးသော မှီရာဖြစ်၏။

ထို ငါးခုကိုမူတည်လို၍ ရှေးဦးစွာဟောသည်၊

ဤရုပ်ကြောင့် အထီး အမပညပ် ကွဲပြားသည် ဟု ဘာဝရုပ်ကိုဟောသည်။

ဤတရားကြောင့် ကြာရှည်စွာ တည်သည် ဟု ဇီဝိတအသက် သွင်းပြသည်၊

အာရုံသိရာ၌ နာမ်တရားတို့၏ ခေါင်းဆောင်ဟု မနကို ဟောသည်။

နာမ်တရားစု၏ ညစ်နွမ်းကြောင်းကို ဝေဒနာ ငါးပါးဖြင့် ပြသည်။

ဖြူစင်ကြောင်းကို သဒ္ဓါ စသော ငါးပါးဖြင့်ပြသည်။

အစဉ်အတိုင်းဖြူစင်ပုံကို နောက်ဆုံး သုံးခုဖြင့် အဆုံးသတ်၍ ပြတော်မူသည်။

(သံသာရ ဝဋ္ဋဒုက္ခတော - ဟု ငါတို့ လိုလား တောင့်တအပ်သည်ကို လမ်းစ ညွှန်ပြပေသည်။)

ဝိစိကိစ္ဆာစိတ်၌ ဧကဂ္ဂတာသည် သမာဓိန္ဒြေ မမည်။ ဓမ္မသင်္ဂဏီ ပါဠိတော်၌ ပဉ္စဝိညာဏ်၊ မနောဓာတ်၊ သန္တီရဏ-ဤစိတ် ၁၆-ခု၌ ဧကဂ္ဂတာကိုဟောလည်း သမာဓိန္ဒြေ ဟုမဟော၊ ထိုကြောင့် ထို၁၆-ခု၌လည်း သမာဓိန္ဒြေ မမည်။ ထိုတို့မှ ကြွင်းသောစိတ် ၇၂-ခု၌သာ သမာဓိန္ဒြေ ယူရသည်။ ပညိန္ဒြေကိုလည်း လောကီ လောကုတ္တရာ သမ္ပယုတ် ၄၇-ခုလုံး၌ ယူရသည်။ ဓာတုကထာ အရကောက်၌ကား မရောယှက်စိမ့်သောငှါ လောကီ၌သာ ယူလေသည်။

ဗိုလ်

မယုံကြည်ခြင်း၊ ပျင်းရိခြင်း စသော ဆန့်ကျင်ဘက် ခုနစ်ပါးတို့ကြောင့် မတုန်လှုပ်သော သဘောတရား ခုနစ်ပါးသည် ဗိုလ်မည်၏။ (နှစ်ပါး လွတ်နေသည်) ဝါ၊ သမ္ပယုတ်တရားတို့၌ မြဲမြံခိုင်ခံ့ခြင်းကြောင့် ဗိုလ်မည်၏။ (ကိုးပါးလုံး မိသည်) အဟိရိက အနောတ္တပ္ပ - နှစ်ပါးကား ဤမြဲမြံခိုင်ခံ့ခြင်း နောက်အနက်ကြောင့်သာ ဗိုလ်အမည်ရသည်။

အဝီရိယစိတ် ၁၆-ခုတို့၌ ဗိုလ်မရ၊ ဝီရိယရှိမှ ဗိုလ်ကိစ္စပြုနိုင်သည်။ ထိုကြောင့် ပဉ္စဝိညာဏ်၊ မနောဓာတ်၊ သန္တီရဏတို့၌ ဧကဂ္ဂတာသည် ဗိုလ်မမည်။ ဝိစိကိစ္ဆာ၌ ကဂ္ဂတာလည်း ဗိုလ်မမည်။

အဓိပတိ

မိမိနှင့်စပ်၍ဖြစ်သော တရားတို့၏ အကြီးအကဲ ဖြစ်သော သဘောတရားသည် အဓိပတိ မည်၏။

ဆန္ဒရှိသူအား အဘယ်အရာ မပြီးဘဲ ရှိအံ့နည်း ဟူသော ရှေးစိတ် အားထုတ်ခြင်းဖြင့် နောက်စိတ်ဖြစ်ပေါ်သော အခါ၌သာလျှင် အဓိပတိဖြစ်သည်။

ဝီရိယရှိသူအား၊ စိတ်ရှိသူအား၊ ပညာရှိသူအား - အဘယ်အရာ မပြီးဘဲ ရှိအံ့နည်း ဟူသော ရှေးစိတ် အားထုတ်ခြင်းဖြင့် နောက်စိတ် ဖြစ်ပေါ်သောအခါ ဝီရိယသာ အဓိပတိဖြစ်သည်၊ စိတ်သာ အဓိပတိဖြစ်သည်၊ ပညာသာ အဓိပတိဖြစ်သည်။

တပါးသော အဓိပတိတို့၏ ကြီးကဲခြင်းကို တား၍ တဦးတည်း ကြီးကဲခြင်းသည် အဓိပတိ၏ သဘောဖြစ်၏။ တပါးသော ဣန္ဒြေတို့၏ ကြီးကဲခြင်းကို မတားမူ၍ မိမိအလိုသို့ လိုက်စေခြင်မှုသည် ဣန္ဒြိယ၏ သဘောဖြစ်၏။ အဓိပတိကား နှစ်ပါးပြိုင် မရှိ။

ဣန္ဒြိယကား အချင်းချင်း အားလုံးပင် ပြိုင်သည်။

အာဟာရ

အဇ္ဈတ္တသန္တာန်၏ အကြောင်းထူး လေးပါးတို့သည် အကျိုး ပစ္စယုပ္ပန်ကို ဆောင်တတ် သောကြောင့် အာဟာရတို့ မည်ကုန်၏။

ကဗဠီကာရသည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော အာဟာရဇ ရုပ်ကလာပ်ကို ဆောင်၏။ ဖဿသည် ဝေဒနာ သုံးပါးကို ဆောင်၏။ မနောသေဉ္စတနာသည်၊ ဝါ၊ လောကီကုသိုလ် အကုသိုလ်ကံသည် ဘုံသုံးပါး၌ ပဋိသန္ဓေကို ဆောင်၏၊ ဝိညာဏ်သည်၊ ဝါ၊ ပဋိသန္ဓေဝိညာဏ်သည် နာမ်ရုပ်ကိုဆောင်၏။

အကြောင်းထူးလေးပါး

အကြောင်းထူးဖြစ်ပုံကား --

ကဗဠီကာရသည် အစာစားသူတို့၏ ရူပကာယအား အကြောင်းထူး ဖြစ်သည်၊ ကံစသည်ကြောင့် ဖြစ်သော်လည်း အာဟာရ ထောက်ပံ့မှ အသက်ရှည်သောကြောင့် တည်း။ အထိန်းသည်သည် သူငယ်အား ကျေးဇူး ပြုသည်နှင့် တူ၏၊ ကျားကန်သော တိုင်သည် အိမ်အား အကြောင်းထူးဖြစ်၍ ကျေးဇူးပြုသည်နှင့် တူ၏။

ဖဿသည် သုခစသော ဝေဒနာကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့ ကြာရှည်စွာ တည်ခြင်းငှါ အကြောင်းထူး ဖြစ်သည်။ အာရုံသည် သုခစသော ဝေဒနာတည်ရာ ဖြစ်၏၊ ထိုအာရုံကို ဖဿထိပေးမှသာ ဝေဒနာ ဖြစ်နိုင်သောကြောင့်တည်း။

မနောသေဉ္စတနာသည် ဘဝ၏ အမြစ်ကိုဖြစ်စေခြင်းဖြင့် သတ္တဝါတို့ ကြာရှည်စွာ တည်ခြင်းငှါ အကြောင်းထူး ဖြစ်၏၊ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာဖြစ်အောင် အားထုတ်မှ ဘဝ၏ တည်ရာအမြစ် ဖြစ်နိုင်သောကြောင့်တည်း။

ဝိညာဏ်သည် နာမ်ရုပ်ကိုဖြစ်စေခြင်းဖြင့် သတ္တဝါတို့ ကြာရှည်စွာ တည်ခြင်းငှါ အကြောင်းထူး ဖြစ်၏။

(အကြောင်းထူး လေးပါးလုံး သံသရာမှ မထွက်နိုင်အောင် ကျေးဇူးပြုသော ထောင်မှူးကြီးတို့သာ ဖြစ်၍ ကြောက်ဘွယ် ကောင်းကုန်၏။)

ဗောဓိပက္ခိယသင်္ဂဟ မှတ်ဘွယ်

သစ္စာလေးပါးသိသော မဂ်ဉာဏ်သည် ဗောဓိမည်၏။ မဂ်ဉာဏ်၏ အသင်းအပင်း၌ ဖြစ်သော သတိပဋ္ဌာန် စသည်တို့သည် ဗောဓိပက္ခိယတို့ မည်ကုန်၏။ ထိုတရားတို့ကို တူရာပေါင်းစုခြင်းသည်၊ ဝါ၊ ပေါင်းစုရာသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။

သတိပဋ္ဌာန်

သတိစေတသိက် သည်ပင်လျှင် အာရုံ၌ ကောင်းစွာ တည်သောကြောင့် သတိပဋ္ဌာန် မည်၏။ (သတိ-သတိ စေတသိက် + ပဋ္ဌာန-တည်သည်။)

ဆံပင်မွေးညှင်း စသည်တို့၏ အပေါင်းသည်၊ ဝါ-ထွက်သက် ဝင်သက်အပေါင်းသည်၊ ဝါ၊ ဘူတရုပ် ဥပါဒါရုပ် အပေါင်းသည် ကာယမည်၏။ ကာယ၌ သုဘဟူသော ဝိပလ္လာသကို ပယ်၍ အသုဘဟူသော ဉာဏ်သည် ကာယနုပဿနာဉာဏ် မည်၏။ ထိုဉာဏ်နှင့်အတူ ဖြစ်သော သတိသည် ကာယာနုပဿနာ သတိပဋ္ဌာန် မည်၏။

ဝေဒနာ သုံးပါး၌ သုခဝိပလ္လာသ ပယ်၍ ဒုက္ခဟု ရှုသောဉာဏ်နှင့် အတူဖြစ်သော သတိသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏၊

ရာဂရှိသောစိတ်၊ ရာဂ မရှိသောစိတ် စသော ၁၆-ပါးသော စိတ်တို့၌ နိစ္စဝိပလ္လာသ ပယ်၍ အနိစ္စဟု ရှုသောဉာဏ်နှင့် ဖြစ်သော သတိသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်မည်၏။

သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဓမ္မတို့၌ အတ္တဝိပလ္လာသ ပယ်၍ အနတ္တဟု ရှုသော ဉာဏ်နှင့် အတူဖြစ်သော သတိသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် မည်၏။

လေးပါးလုံး ၄၂-ပါးသော စိတ်၌ရှိသော သတိဖြစ်၏။

လောကီ၌ အသီးသီး၊ လောကုတ္တရာ၌ တပေါင်းတည်း။

စိတ် ၁၆-ပါး

စိတ္တာနုပဿနာ သတိပဋ္ဌာန်ရှုရာ စိတ် ၁၆-ပါးကား --

သရာဂစိတ်၊ ဝီတရာဂစိတ်၊ သဒေါသစိတ်၊ ဝီတဒေါသစိတ်၊ သမောဟစိတ်၊ ဝိတမောဟစိတ်၊ သံခိတ္တစိတ်၊ ဝိခိတ္တစိတ်၊ မဟဂ္ဂတစိတ်၊ အမဟဂ္ဂတစိတ်၊ သဥတ္တရစိတ်၊ အနုတ္တရစိတ်၊ သမာဟိတစိတ်၊ အသမာဟိတစိတ်၊ ဝိမုတ္တစိတ်၊ အဝိမုတ္တစိတ်။

သမ္မပ္ပဓာန်

ဝီရိယ စေတသိက်သည်ပင်လျှင် ကောင်းစွာ အားထုတ်ကြောင်း ဖြစ်သောကြောင့် သမ္မပ္ပဓာန် မည်၏။ စိတ် ၄၂-ပါး၌ရှိသော ဝီရိယ ရ၏။ ကိစ္စလေးပါး အားဖြင့် လောကီ၌ အသီးသီး၊ လောကုတ္တရာ၌ တပေါင်းတည်း ဖြစ်သည်။ ဝိသုဒ္ဓိမဂ် ဉာဏဒဿနဝိသုဒ္ဓိ၌ ဖိုလ်စိတ်ဖြစ်သောခါ သမ္မပ္ပဓာန် ပယ်၍ ဗောဓိပက္ခိယတရား ၃၃-ပါး ပြိုင်တူဖြစ်သည်ဟု ဆို၏။ ဝီရိယရှိသော်လည်း ဖိုလ်၌ သမ္မပ္ပဓာန် ကိစ္စ မရှိ ဟူလို။

အသီးသီးဖြစ်ပုံ

လောကီ၌ အသီးသီးဖြစ်ပုံကား --

သံသရာ၌ မဖြစ်ဘူးသော အကုသိုလ်ကား မရှိ။ ဤနေရာ၌ ဝတ်ကြီး ဝတ်ငယ်ပြုခြင်း စသည်တို့ကြောင့် ဖြစ်ခွင့်မရသော အကုသိုလ်သည် အနုပ္ပန္န မည်၏။ ၎င်းကို ဖြစ်ခွင့်မပေးရ။ ဝတ်မပြုမိသဖြင့် ဖြစ်လာသော ထိုအကုသိုလ်သည် ဥပ္ပန္န မည်၏။ ထိုအခါ အားထုတ်၍ ပယ်ရသည်။

သမထ၊ ဝိပဿနာ၊ မဂ်သည် မဖြစ်သေးမီ အနုပ္ပန္နကုသိုလ် မည်၏။ ထိုအခါ ဖြစ်လာအောင် အားထုတ်ရသည်။

ဖြစ်သောအခါ ဥပ္ပန္နကုသိုလ် မည်၏။ ထိုအခါ မပျက်အောင် တိုးပွါအောင် အားထုတ် ရသည်။ မဂ်ကား မပျက်ကောင်း။ ဤသို့ လောကီ၌ ကိစ္စအသီးသီး ဖြစ်သည်။

ဥပ္ပန္န ရှစ်မျိုး

ဥပ္ပန္နအမျိုးမျိုး သိလျှင် တပေါင်းတည်း ဖြစ်ပုံ သိလွယ်လတ္တံ့။

ခဏတ္တယသို့ ရောက်ဆဲ ကိလေသာသည် ဝတ္တမာန ဥပ္ပန္န မည်၏။ မဂ်မသတ်နိုင်။

အာရုံခံစားပြီး၍ ချုပ်သော ဝိပါက်သည်၎င်း၊ ဖြစ်ပြီး၍ချုပ်သော ကံသည်၎င်း ဘူတာဝိဂတ ဥပ္ပန္န မည်၏။ မဂ်မသတ်နိုင်။

အကျိုးပေးခွင့်ရသော ဝိပါက်သည် အခွင့်ရသည်မှစ၍ ဩကာသကတ ဥပ္ပန္ပ မည်၏။ မဂ်မသတ်နိုင်။

ဝိပဿနာ၏ အာရုံဖြစ်သော အတိတ်စသော ခန္ဓာငါးပါးသည် ဘူမိ။ ထို ဘူမိ၌ ကိန်းသော ကာလတ္တယ နဝတ္တဗ္ဗ အနုသယ ကိလေသာသည် ဘူမိလဒ္ဓ ဥပ္ပန္န မည်၏။ ဤ ဥပ္ပန္နကို မဂ်သတ်သည်။

တနည်း --

ခဏတ္တယရောက်ဆဲ ကိလေသာသည် သမုဒါစာရ ဥပ္ပန္န မည်၏။ မဂ် မသတ်။

တကြိမ်မြင်ပြီးလျှင် အောက်မေ့တိုင်း သတိရတိုင်း ဖြစ်နိုင်သော ကိလေသာသည် အာရမ္မဏာဝိဂ္ဂဟိတ ဥပ္ပန္န မည်၏။ နွယ်ပင်၌ ခုတ်ရာတိုင်း အစေးထွက်နိုင် သည်နှင့် တူ၏။ မဂ်သတ်မည်။

သမာပတ်ဖြင့် မခွါသေးသော ကိလေသာသည် အဝိက္ခမ္ဘိတ ဥပ္ပန္န မည်၏။ နွယ်ပင် ခုတ်ရာတိုင်း အစေးမထွက်သောနေရာ မရှိသည်နှင့် တူ၏။ မဂ်သတ်မည်။

မဂ်ဖြင့် မသတ်သေးသော ကိလေသာသည် အသမုဂ္ဃါဋိဟ ဥပ္ပန္န မည်၏။ ဘဝဂ်၌ ဖြစ်သူအားလည်း ထိုကိလေသာ ဖြစ်သည်၊ မဂ်သတ်မည်။

ဝတ္တမာန၊ ဘူတာ၊ သြကာသ၊ သမုဒါ-လေးဖြာ မဂ်မသတ်။

မဂ်သတ်ပုံ

သရက်ပင် တပင်၌ အတိတ်သီး စားပြီးပြီ။ ပစ္စုပ္ပန်သီး မသီးဆဲ။ အနာဂတ်သီး မသီးသေး။ ထိုသရက်ပင်ကို ခုတ်လှည်းလျှင် ခုတ်လှည်းဆဲအခါ ဘယ်အသီးမှ မပျက်။ မခုတ်လှည်းခဲ့လျှင် သီးနိုင်သော ကာလဝိမုတ်အသီးတို့သာ မသီးနိုင်ခြင်း အားဖြင့် ပျက်ကုန်၏ဟု ဆိုအပ်ကုန်၏။

ထိုအတူ ဖြစ်ပြီး ချုပ်သွားသော ကိလေသာကို မဂ်မသတ်။ ပစ္စုပ္ပန် ကိလေသာလည်း မဂ်ခဏ၌ မရှိဆဲဖြစ်၍ မဂ်မသတ်။ အနာဂတ် ကိလေသာလည်း မဖြစ်သေး မရှိသေး သောကြောင့် မဂ်မသတ်။ မဂ်မဖြစ်ခဲ့လျှင် ဖြစ်နိုင်သော ကာလဝိမုတ် ကိလေသာ တို့သာ မဖြစ်နိုင်ခြင်းအားဖြင့် သတ်အပ်ကုန်၏ ဟု ဆိုအပ်၏။

တပေါင်းတည်း ဖြစ်ပုံ

လောကုတ္တရာ၌ တပေါင်းတည်း ဖြစ်ပုံကား --

၁။ မဂ်စိတ်ဖြစ်ဆဲခဏ၌ အနုပ္ပန္နအကုသိုလ် မဖြစ်ခြင်းသည် ကိစ္စတပါး။

၂။ ဘူမိလဒ္ဓ ဥပ္ပန္န စသော ဥပ္ပန္နအကုသိုလ်ကို သတ်ခြင်းသည်လည်း ကိစ္စတပါး။

၃။ တသံသရာလုံး မဖြစ်ဘူးသော မဂ်စိတ်ဟူသော အနုပ္ပန္နကုသိုလ် ဖြစ်ခြင်း သည်လည်း ကိစ္စတပါး။

၄။ မဂ်စိတ်၏ ခဏတ္တယ ပဝတ္တိသည်-တည်သည်, တိုးပွါးသည်မည်၏။ ထိုမဂ်စိတ် ဥပ္ပန္နကုသိုလ် တည်ခြင်း, တိုးပွါးခြင်း သည်လည်း ကိစ္စတပါး။

ဤသို့ ကိစ္စလေးပါး တပြိုင်တည်းဖြစ်သည်။

မဂ်စိတ်၌ သမ္မပ္ပဓာန် လေးပါးလုံး ပြိုင်သည်ဟူလို။

ဖိုလ်၌ ထိုကိစ္စမျိုး မရှိ။

(လျှာရှိသူတို့ မြိန်ရှက်ဘွယ် အရသာပေတည်း။)

ဣဒ္ဓိပါဒ်

အဓိဋ္ဌာန်ခြင်း စသည်၏ပြည့်စုံကြောင်း တန်ခိုးအမျိုးမျိုး၌ရှိသော ဉာဏ်သည် ဣဒ္ဓိ မည်၏။ ထိုဉာဏ်၏ အခြေသည် ဣဒ္ဓိပါဒ မည်၏။ စိတ် ၄၂-ခု၌ရှိသော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ ရ၏။

တနည်း --

ဈာန်၊ မဂ်၊ ဖိုလ်သည် ဣဒ္ဓိမည်၏။

ရှေ့အဘို့၌ဖြစ်သော ဥပစာရ ဝိပဿနာသည် ဣဒ္ဓိပါဒ မည်၏။

တနည်း --

ပဌမဈာန်သည် ဣဒ္ဓိပါဒ။ ဒုတီယဈာန်သည် ဣဒ္ဓိ။

ဤနည်းဖြင့် အောက်အောက်ဈာန် မဂ်သည် အထက်ထက် ဈာန်မဂ်၏ ဣဒ္ဓိပါဒ မည်၏။ အထက်ထက်ဈာန် မဂ်သည် ဣဒ္ဓိမည်၏။

တနည်း --

အဓိပတိတပ်ခိုက် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ လေးပါးသည် ဣဒ္ဓိလည်း မည်၏။ ဣဒ္ဓိပါဒလည်း မည်၏။

ဣန္ဒြေ၊ ဗိုလ်တို့သည် မိဿက သင်္ဂဟနည်းဖြင့် သိလွယ်ကုန်ပြီ။

ဗောဇ္ဈင်

ဥဒယဗ္ဗယဉာဏ် အားထုတ်သည်မှစ၍ သစ္စာလေးပါး သိသည်အထိ ယောဂီသည် ဗောဓိမည်၏။ ဝါ၊ သစ္စာလေးပါး သိကြောင်း၊ ကိလေသာဟူသော အိပ်ခြင်းမှ နိုးကြောင်း၊ ကိလေသာငုံမှ မဂ်ဖိုလ်ပွင့်ကြောင်း တရား ၇-ပါးအပေါင်းသည် ဗောဓိ မည်၏။ ဗောဓိမည်သောပုဂ္ဂိုလ်၏ ဝါ၊ တရားအပေါင်း၏ အကြောင်းအစိတ်တို့သည် ဗောဇ္ဈင်္ဂတို့ မည်ကုန်၏။ စိတ် ၄၂-ခု၌ ရှိသော သတိ စသောတရား ၇-ပါးရ၏။ ဓမ္မဝိစယ ဟူသည် ဝိပဿနာပညာဖြစ်၏။

ဥပေက္ခာဆယ်ပါး

ဥပေက္ခာ သမ္ဗောဇ္ဈင်သည် ဝေဒနာမဟုတ်၊ တတြမဇ္ဈတ္တတာ ဖြစ်၏။

ဥပေက္ခာသည် ဆဠင်္ဂုပေက္ခာ၊ ဗြဟ္မဝိဟာရုပေက္ခာ၊ ဗောဇ္ဈင်္ဂုပေက္ခာ၊ ဝီရိယုပေက္ခာ၊ သင်္ခါရုပေက္ခာ၊ ဝေဒနုပေက္ခာ၊ ဝိပဿနုပေက္ခာ၊ တတြမဇ္ဈတ္တုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ -ဟု ဆယ်ပါးရှိ၏။

ထိုတွင် --

ဝီရိယုပေက္ခာသည် ဝီရိယ။

သင်္ခါရု၊ ဝိပဿနုသည် ပညာ။

ဝေဒနုသည် ဝေဒနာ။

ကြွင်းခြောက်ပါးသည် တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်၏။

ဆဠင်္ဂုသည် ရဟန္တာအား ဖြစ်သည်။

ဈာနုသည် စတုတ္ထဈာန်၌ ဖြစ်သည်။

ပါရိသုဒ္ဓုသည် ပဉ္စမဈာန်၌ ဖြစ်သည်။

မဂ္ဂင်သည်သိသာသောနည်းရှိပြီ။

မဂ်စိတ်၌ မဂ္ဂင်ရှစ်ပါးလုံး တပေါင်းတည်း မဂ္ဂင်ကိစ္စပြုသည်။

ဖိုလ်စိတ်၌ တပေါင်းတည်းသာ ဖြစ်သည်၊ မဂ္ဂင်ကိစ္စမပြု။

ဖိုလ်စိတ်၌လည်း မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ - ဟုဟော၏။ ပရိယာယ်သာတည်း။

ဗောဓိပက္ခိယ တရားကိုယ် ၁၄-ပါးတို့တွင် ဝိဝဋ္ဋနိဿိတ ဖြစ်သော မဟာကုသိုလ်။ မဟာကြိယာ၊ အပ္ပနာဇောအားဖြင့် စိတ် ၄၂-ခုသည် စိတ်မည်၏။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ-နှစ်ပါးကိုလည်း တပေါင်းတည်း ပြုသည်။ ဝဋ္ဋနိဿိတကို ဤသင်္ဂဟ၌ မယူရ၊

သဗ္ဗသင်္ဂဟမှတ်ဘွယ်

ပရမတ္ထတရားလေးပါးကို ခန္ဓာစသည်ဖြင့် အလုံးစုံ ပေါင်းစုခြင်းသည်၊ ဝါ၊ ပေါင်းစုရာသည် သဗ္ဗသင်္ဂဟ မည်၏။

ခန္ဓာ

အတိတ်, အနာဂတ် စသော ၁၁-ပါးသော အပြားဖြင့်ပြားသော တရားတို့သည် တလုံးတည်း, တစုတည်း ပေါင်းစုခြင်း အနက်ကြောင့် ခန္ဓာတို့မည်ကုန်၏။

အတီတ-ချုပ်ပြီး၊

အနာဂတ-မဖြစ်သေး၊

ပစ္စုပ္ပန္န-အကြောင်းကိုစွဲ၍ ဖြစ်ဆဲ (သုံးမျိုး )

အဇ္ဈတ္တ-ကိုယ်တွင်း၊

ဗဟိဒ္ဓ-ကိုယ်ပ (နှစ်မျိုး။)

သြဠာရိက- ရုန့်ရင်းထင်ရှားသည်၊

သုခုမ-သိမွှေ့၍ မထင်ရှား (နှစ်မျိုး။)

ဟီန-အယုတ်၊

ပဏီတ-အမြတ် (နှစ်မျိုး။)

ဒူရ- အဝေး၊

သန္တိက-အနီး (နှစ်မျိုး။)

ဤကား ၁၁-ပါး အပြားတည်း။

ပစ္စုပ္ပန်ခွဲ

ရုပ်၌ ဤတဘဝလုံးရုပ်သည် အဒ္ဓါပစ္စုပ္ပန် မည်၏။

သဘောတူ ဥတုကြောင့်ဖြစ်သော ရုပ်အစဉ်သည်၊

ဝါ၊ သဘောတူ အာဟာရကြောင့်ဖြစ်သော ရုပ်အစဉ်သည်။

ဝါ၊ တဝီထိလုံးကြောင့်၊ ဇောအကြိမ်ကြိမ် တဆက်လုံးကြောင့်၊ သမာပတ် တခုလုံး ကြောင့်ဖြစ်သော ရုပ်အစဉ်သည်

သန္တိတိ ပစ္စုပ္ပန်မည်၏။

တခဏ၊ တနံနက်၊ တနေ့၊ တညဉ့်၊ စသောအချိန် တချိန်၌ ဖြစ်သော ရုပ်အစဉ်သည် သမယပစ္စုပ္ပန် မည်၏။

ဥပါဒ်၊ ဌီ၊ ဘင် ခဏတ္တယသို့ ရောက်ဆဲရုပ်သည် ခဏပစ္စုပ္ပန် မည်၏။

ရုပ်ပစ္စုပ္ပန် လေးမျိုး။

တနည်း - ဟေတုကိစ္စ၊ ဇနကသတ္တိသာပြီး၍ ပစ္စယကိစ္စ၊ ဥပထမ္ဘနသတ္တိ မပြီးသေးသော ရုပ်သည် ပစ္စုပ္ပန်မည်၏။

နာမ်၌ -- တခုသောဝီထိအတွင်း၊ ဇောကြိမ်ကြိမ်အတွင်း၊ သမာပတ်အတွင်း ဖြစ်သော နာမ်သည်၊ ဝါ၊ တခုသောအာရုံ၌ ဖြစ်သော နာမ်သည် သန္တတိ ပစ္စုပ္ပန် မည်၏။

ခဏတ္တယသို့ ရောက်ဆဲနာမ်သည် ခဏပစ္စုပ္ပန် မည်၏။

နာမ်ပစ္စုပ္ပန် နှစ်မျိုး၊

သြဠာရိက စသည်ကို --

ကုသိုလ် အကုသိုလ် စသောဇာတ်ဖြင့်၎င်း၊

သုခ ဒုက္ခ စသော သဘောဖြင့်၎င်း၊

သမာပတ်ဝင်စား မဝင်စားသော ပုဂ္ဂိုလ်ဖြင့်၎င်း၊

လောကီ လောကုတ္တရာဖြင့်၎င်း ခွဲအပ်၏။

စေတောပရိယ အဘိညာ --

ပစ္စုပ္ပန်စိတ်ကို အာရုံပြုရာ၌ ခဏပစ္စုပ္ပန်ကို အာရုံမပြု၊ သန္တတိပစ္စုပ္ပန်ကိုသာ အာရုံပြုသည်။ ဝေါဟာရအများ သုံးစွဲသော ပစ္စုပ္ပန်၌လည်း ခဏကိုမယူကြ။ အဘိဓမ္မာ၌ကား မုချဖြစ်သော ခဏကို အသုံးများသည်။

ခန္ဓာငါးပါးဥပမာ

ခန္ဓာငါးပါး၌ ရုပ်သည် တည်ရာ ဖြစ်သောကြောင့် လူနာရုံနှင့် တူ၏။

ဝေဒနာသည် ခံစားအပ်သောကြောင့် အနာနှင့်တူ၏။

သညာသည် ဝေဒနာကို ဖြစ်စေသောကြောင့် သလိပ်စသော နီးသော အကြောင်းနှင့် တူ၏။

သင်္ခါရသည် မသင့်သော အစာစသော ဝေးသောအကြောင်းနှင့် တူ၏။

ဝိညာဏ်သည် လူနာနှင့်တူ၏၊

(လူနာရုံ၊ အနာ၊ ကိုယ်တွင်း သလိပ်စသည်၊ ကိုယ်ပအစာ စသည်၊ လူနာ ဤ ငါးမျိုးနှင့် စဉ်တိုင်းတူ၏။)

တနည်း --

နှောင်အိမ် အမျိုးမျိုး၊ ညှဉ်းဆဲခြင်း၊ ခိုးမှုစသော အပြစ်၊ သူသတ်ယောက်ျား၊ ခိုးသူနှင့်၎င်း တူ၏။

စားခွက်၊ ထမင်း၊ ဟင်းလျာ၊ ကျွေးသူ၊ စားသူနှင့်၎င်း -- အစဉ်အတိုင်း တူ၏။

ခန္ဓာငါးပါး ရှုဘွယ်

ဤခန္ဓာငါးပါးအပေါင်းသည် ရန်သူငါးယောက်နှင့် တူလေစွ၊ ဝန်ထုပ်ကြီး ငါးထုပ်နှင့် တူစွ၊ ထိုးဆွတတ် ကိုက်ခဲတတ်လေစွ၊ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်လေစွ၊ သံလျှက်မိုးသော သူသတ်ယောက်ျား ငါးယောက်နှင့် တူလေစွဟု ဖန်ဖန်ရှုအပ်၏။

တနည်း -

ရုပ်သည် အနှစ်မပါ စွန့်ပစ်စရာ ရေမြှုပ် နှင့်တူလှ၏တကား။

ဝေဒနာသည် အသုံးချ၍မရသော ရေပွက်နှင့် တူလှ၏။

သညာသည် အထင်လွဲစေသော တံလျှပ်နှင့် တူလှ၏။

သင်္ခါရသည် အကာအဖတ် တခုလုံးဖြစ်သော ငှက်ပျောတုံးနှင့် တူလှ၏၊

ဝိညာဏ်သည် လှည့်စားသော မျက်လှည့်နှင့် တူလှ၏တကား-ဟု ဖန်ဖန်ရှုအပ်၏။

(ရေမြှုပ်၊ ရေပွက်၊ တံလျှပ်၊ ငှက်ပျောတုံး၊ မျက်လှည့်။)

သီးခြားခန္ဓာနှစ်ပါး

ဝေဒနာ၊ သညာကို စေတသိက် ချင်းတူလျက် အဘယ်ကြောင့် ခန္ဓာသီးခြားသနည်း?

ဝဋ်ဆင်းရဲတို့၌ သာယာခြင်းတခု။

သာယာခြင်း၏ အဆောက်အဦ တခုဖြစ်သောကြောင့်တည်း။

ဝေဒနာသည် တေဘူမက ဓမ္မတို့၌ သာယာခြင်း အစွမ်းဖြင့်ဖြစ်၏။ သညာသည် အသုဘ၌ သုဘ-စသော ဝိပလ္လာသစွမ်းဖြင့် ဖြစ်၍ သာယာခြင်း၏ အဆောက်အဦ ဖြစ်၏။

ဤသို့ သံသရာ၏ ပဓာနအကြောင်း ရှိခြင်းကြောင့် ဤနှစ်ပါးကို ခွဲ၍ သီးခြား ဟောသည်။ သံသရာရှည်အောင် ဝေဒနာ သာယာသည်၊ ဝေဒနာကို သညာ အားပေးသည် ဟူလို။

ခန္ဓဝိမုတ်

နိဗ္ဗာန်သည် အတိတ်နိဗ္ဗာန် စသည်ဖြင့် မပြား၊ ကာလဝိမုတ်နိဗ္ဗာန် တပါးတည်းသာ ဖြစ်၏။ ဗဟိဒ္ဓသာ၊ သုခုမသာ၊ ပဏီတသာ၊ ဒူရသာ-ဖြစ်၏။ ၁၁-ပါး အပြားမရှိသဖြင့် ပေါင်းစုခြင်း အနက်မရှိသောကြောင့် ခန္ဓာအမည် မရ။

ဥပါဒါနက္ခန္ဓာ

ဥပါဒါန်လေးပါးတို့၏ အာရုံဖြစ်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာတို့ မည်ကုန်၏။ လောကီ လောကုတ္တရာ မထူးမူ၍ သဘောတူ အားလုံ ပေါင်းခြင်းငှါ ခန္ဓာငါးပါးကို ဟောသည်။ လောကီသက်သက်ကို ဝိပဿနာ၏ အာရုံဟု ပြခြင်းငှါ ဥပါဒါနက္ခန္ဓာ ငါးပါးကို ဟောသည်။

ဝေဒနာစသော လေးပါးသည် လောကီ၊ လောကုတ္တရာ နှစ်မျိုးစီ။

ရုပ်ကား ကာမာဝစရ - လောကီသာတည်း။

သဘောတူပေါင်းစုခြင်း တနက်ဖြင့် ခန္ဓာမည်၏။

ဥပါဒါန်၏ အာရုံဖြစ်ခြင်း၊ ပေါင်းစုခြင်း နှစ်နက်ဖြင့် ဥပါဒါနက္ခန္ဓာ မည်၏။

အာယတန

စိတ် စေတသိက်တို့၏ မိမိကိစ္စဖြင့် အားထုတ်ရာ နေရာသည် အာယတန မည်၏။

စိတ် စေတသိက်တို့ကို ချဲ့တတ်သောကြောင့်လည်း အာယတန မည်၏။

သံသရာရှည်အောင် ဆောင်တတ်သောကြောင့်လည်း အာယတနမည်၏။

စိတ် စေတသိက်တို့၏ နေရာ၊ ရောပြွမ်း၍ တည်ရာ၊ ပေါင်းဆုံရာ၊ မွေးဖွားရာ၊ အကြောင်းရင်းခံ-ဟူသော အနက်ကြောင့်လည်း အာယတန မည်၏။

အာယတန ရှုဘွယ်

ဤအာယတန ၁၂-ပါးသည် အရပ်၊ တပါးမှလည်း မလာဘဲ၊ အရပ်တပါးသို့လည်း မသွားဘဲ ချုပ်တတ်၏။ ဝိညာဏ်ဖြစ်အောင်လည်း အားမထုတ်တတ်၊ မကြောင့်ကြ တတ်ဟု ရှုအပ်၏။

တနည်း --

အဇ္ဈတ္တိကာယတန ၆-ပါးသည် မြွေ၊ မိချောင်း၊ ငှက်၊ အိမ်ခွေး၊ တောခွေး၊ မျောက်-ဤ ၆-ကောင်နှင့် တူ၏။ ဗာဟိရာယတန ၆-ပါးသည် အမှိုက်ပုံ၊ ရေအောင်း၊ ကောင်းကင်၊ မီးဖိုချောင်၊ သူကောင်ရှိသော သုသာန်၊ တောအုပ်- ၆-နေရာနှင့်တူ၏။ အဇ္ဈတ္တိက သည် ရွာပျက်ခင်းနှင့် တူ၏။ ဗာဟိရသည် ရွာဖျက်သော ခိုးသူ ဓားပြနှင့် တူ၏-ဟု ရှုအပ်၏။

ဓာတ်

မိမိသဘောကိုဆောင်တတ်သောသဘောတရားသည် ဓာတ်မည်၏။

ဝါ၊ များစွာသော သံသရာဒုက္ခကို စီရင်သောကြောင့် ဓာတ်မည်၏။

ဝန်ထုပ် ကိုယ်ကဲ့သို့ ထမ်းဆောင် အပ်သောကြောင့် ဓာတ်မည်၏။

အလိုက်မသိ ဒုက္ခစီမံခြင်းမျှ ဖြစ်သောကြောင့် ဓာတ်မည်၏။

သတ္တဝါတို့ ဒုက္ခရှာ၌ အကြောင်းဖြစ်သောကြောင့် ဓာတ်မည်၏။

ရှာ၍ရသမျှ ဒုက္ခကို လှောင်ထားရာ ဖြစ်သောကြောင့် ဓာတ်မည်၏။

ကိုယ်အစိတ် သွေး သည်းခြေသည် သွေသည်းခြေသည် ဓာတ်မည်သကဲ့သို့-

ကျောက်အစိတ် ဆေးဒါန်း၊ မြင်းသီလာသည် ဓာတ်မည်သကဲ့သို့-

သိအပ်သော ဉေယျဓမ်တရား၏ အစိတ်ဖြစ် သောကြောင့် ဓာတ်မည်၏။

အသက်ဇီဝ မဟုတ်ခြင်းကြောင့်လည်း ဓာတ်မည်၏။

ကျွတ်ထိုက်သူ အချို့တို့သည် ဝိညာဏ်၌ ဇီဝဟု သညာရှိကုန်၏။ ဝါ၊ အသက် တလုံးတခဲတည်း ခွဲစိတ်မရ၊ ဘယ်အခါမျှမပျက်-ဟု မှတ်ထင်ကုန်၏။ ထိုသူတို့အား ဝိညာဏဓာတ် ခုနှစ်ပါး အစိတ်အပိုင်း များပုံကို၎င်း၊ ဝတ္ထုနှင့်အာရုံ အကြောင်းဆုံမှ ဖြစ်ရသဖြင့် အမြဲမရှိ ပျက်စီးပုံကို၎င်းပြ၍၊ ထိုဇီဝသညာကို ပယ်နှုတ်ခြင်းငှါ ဓာတ် ၁၈-ပါးကို ဟောသည်။

ဓာတ်ရှုဘွယ်

နိဗ္ဗာန်မှ တပါးသော သင်္ခတဓာတ်တို့သည် ဥပါဒ်ရှေ့၊ ဘင်နောက်-အစွန်းနှစ်ဘက်မှ ဆိတ်ကုန်၏။ သုဘ၊ နိစ္စ၊ သုခ၊ အတ္တမှ ဆိတ်ကုန်၏။ အကြောင်း ညီညွှတ်မှ ဖြစ်ကုန်၏-ဟု ရှုအပ်၏။

စက္ခုစသော ဒွါရဓာတ် ၆-ပါးသည် စည်ကြီးသဘွယ် ဖြစ်၏။

ရူပစသော အာရုံဓာတ် ၆-ပါးသည် လက်ခတ်သဘွယ် ဖြစ်၏။

စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် ၆ -ပါးသည် စည်သံသဘွယ်ဖြစ်၏။

တနည်း --

ဒွါရ၊ အာရုံ၊ ဝိညာဏ် - ဤဓာတ် သုံးမျိုးသည် မှန်ပြင်သဘွယ်၊ မျက်နှာသဘွယ်၊ အရိပ်သဘွယ်ဖြစ်၏။ ဝါ၊ နှမ်းသဘွယ်၊ ကျည်ပွေ့သဘွယ်၊ ဆီသဘွယ်ဖြစ်၏။ ဝါ၊ ပွတ်ခုံသဘွယ်၊ ပွတ်ကျေးသဘွယ်၊ မီးသဘွယ်ဖြစ်၏-ဟု ရှုအပ်၏။

မနောဓာတ်သည် ပဉ္စဝိညာဏ်၏ ရှေ့သွားနှင့်၎င်း, နောက်သွားနှင့်၎င်း တူ၏။

ဝေဒနာသည် မြှားငြောင့် တံကျင်နှင့် တူ၏။

သညာ သင်္ခါရသည် ငြောင့်စူးနာနှင့် တူ၏။

ပုထုဇဉ်သညာသည် တွယ်တာစေသောကြောင့် အချည်းနှီးသော လက်ဆုပ်နှင့်တူ၏။

အလွဲထင်တတ်သောကြောင့် တောသမင်နှင့် တူ၏။

သင်္ခါရသည် ပဋိသန္ဓေကို ဖြစ်စေသောကြောင့် မီးကျီးတွင်းသို့ ပစ်ချသူနှင့် တူ၏။

ဇာတိဒုက္ခ ထက်ချပ်ရှိသောကြောင့် မင်းချင်းလိုက်သော ခိုးသူနှင့် တူ၏။

အကျိုးမရှိသောခန္ဓာစဉ်ကို ဖြစ်စေသောကြောင့် အဆိပ်မျိုးစေ့နှင့် တူ၏

ရုပ်သည် ဘေးမျိုးစုံစေသောကြောင့် သင်ဓုန်းစက်နှင့်တူ၏ - ဟု ရှုအပ်၏။

အသင်္ခတ နိဗ္ဗာနဓာတ်သည် သေခြင်းမရှိ၊ ငြိမ်သက်၏။ ဘေးမရှိ-ဟု ရှုအပ်၏၊ မနောဝိညာဏဓာတ်သည် အာရုံတခုလွှတ်၍ တခုယူတတ်သောကြောင့် တောမျောက် နှင့် တူ၏။ ဆုံးမခက်သောကြောင့် မြင်းယုတ်နှင့် တူ၏။ ကျလိုရာ ကျတတ် သောကြောင့် ကောင်းကင်သို့ ပစ်သော တုတ်နှင့်တူ၏။ ကိလေသာ မျိုးစုံ ယှဉ်သောကြောင့် ကချေသည်မနှင့်တူ၏ - ဟု ရှုအပ်၏။

သစ္စာ

သစ္စာ လေးပါးတို့သည် --

အရိယာတို့၏ + သိအပ်သောသစ္စာ၊

ဘုရားရှင်၏ + ဟောအပ်သောသစ္စာ။

အရိယာပုဂ္ဂိုလ် ဖြစ်အောင် + ပြုသောသစ္စာ။

မချွတ်မယွင်း မှန်ကန်သော + သစ္စာတို့ ဖြစ်ကုန်၏၊

အနက်လေးနည်း။

ပုဒ်အနက်

ဒု-စက်ဆုပ်စရာ+ခ-အချည်းနှီး။

စက်ဆုပ်စရာ အချည်းနှီးဖြစ်သော တရားသည် ဒုက္ခမည်၏။

သံ-ပေါင်းဆုံမိလျှင် + ဥ-ဖြစ်ခြင်း၏ + အယ-အကြောင်း၊

အဝိဇ္ဇာစသော အကြောင်းတပါးနှင့် ပေါင်းဆုံမိလျှင် ဒုက္ခသစ္စာဖြစ်ခြင်း၏။

အကြောင်းဖြစ်သော တရားသည် သမုဒယမည်၏။

ရောဓ-ဒုက္ခ + နိ-မရှိ။

သံသရာဒုက္ခ မရှိရာ အရပ်သည် နိရောဓ မည်၏။

ဝါ၊ ဒုက္ခချုပ်ရာ ချုပ်ကြောင်းသည် နိရောဓမည်၏။

မရ-သတ်လျက် + ဂမု-သွားသည်။

ကိလေသာကို အကြွင်းမဲ့သတ်လျက် နိဗ္ဗာန်သို့ သွာသောတရားသည် မဂ္ဂမည်၏။

(မရဂမုမှ မဂ္ဂဖြစ်။)

သစ္စာအနက် ၁၆-ချက်

ဒုက္ခသစ္စာသည် နှိပ်စက်တတ်၏။ ပြုပြင်အပ်၏။ ပူပန်စေအပ်၏။ ဖောက်ပြန်၏။ လေးနက်။

သမုဒယသည် အားထုတ်၏။ အကြောင်းဖြစ်၏။ ယှဉ်တွဲစေ၏။ (ဒုက္ခနှင့် တွဲပေးခြင်းတည်း။) နှောင့်ယှက်တတ်၏။ လေးနက်။

နိရောဓသည် ထွက်မြောက်တတ်၏၊ ဆိတ်ငြိမ်၏။ မပြုပြင်အပ်။ မသေတတ်။ လေးနက်။

မဂ္ဂသည် ထုတ်ဆောင်တတ်၏။ အကြောင်းဖြစ်၏။ သိမြင်တတ်၏။ ကြီးကဲ၏။ လေးနက်။

ဤသို့ ၁၆-နက် သိအပ်၏။

လက္ခဏာ စသည်

ဒုက္ခသစ္စာသည် နှိပ်စက်ခြင်း လက္ခဏာ ရှိ၏။

သမုဒယသည် ဖြစ်ကြောင်း လက္ခဏာရှိ၏။

နိရောဓသည် ငြိမ်သက်ခြင်း လက္ခဏာရှိ၏။

မဂ္ဂသည် ထုတ်ဆောင်ခြင်း လက္ခဏာ ရှိ၏။

ဝါ ဖြစ်ခြင်း၊ ဖြစ်စေခြင်း၊ နစ်ခြင်း၊ နစ်စေခြင်း လက္ခဏာ လေးပါးစဉ်တိုင်း ရှိ၏။

ဝါ၊ ပြုပြင်ခြင်း၊ ပူပန်မက်မောခြင်း၊ မပြုပြင်ခြင်း၊ နိဗ္ဗာန်ကိုမြင်ခြင်း လက္ခဏာ စဉ်တိုင်း ရှိ၏။

ပြင်းစွာပူလောင်စေခြင်းကိစ္စ၊ ဒုက္ခမပြတ် ဖြစ်စေခြင်းကိစ္စ၊ မသေခြင်းကိစ္စ၊ ကိလေသာ ပယ်ခြင်းကိစ္စ လေးပါးစဉ်တိုင်းရှိ၏။

ဖြစ်လာသော တရားဟူ၍၎င်း၊

နှောင့်ယှက်သော တရားဟူ၍၎င်း၊

သင်္ခါရနိမိတ် ကင်းဆိတ်သော တရားဟူ၍၎င်း၊

အဇ္ဈတ္တ ဗဟိဒ္ဓမှ ထသောတရား ဟူ၍၎င်း၊

ရှုသူဉာဏ်အား ထင်ရှားသော အခြင်းအရာလေးပါး စဉ်တိုင်း ရှိ၏။

ပဒဋ္ဌာန် မပြ။

သစ္စာမည်ခြင်း

မနှိပ်စက်တတ်သော ဒုက္ခဟူ၍ မရှိ။ ဒုက္ခမှတပါး နှိပ်စက်တတ်သော တရားဟူ၍ မရှိ။ ဤသို့ အမြဲအစွဲ မှန်ကန်ခြင်းကြောင့်၊ ဝါ၊ မဖောက်ပြန်ခြင်းကြောင့်၊ ဝါ၊ ထင်ရှားခြင်း ကြောင့် ဒုက္ခသည် သစ္စာမည်၏။

ဒုက္ခကို မဖြစ်စေသော တဏှာ မရှိ။ တဏှာမှတပါး ဒုက္ခကိုဖြစ်စေသော တရား မရှိ။

မငြိမ်သက်သော နိဗ္ဗာန်မရှိ။ နိဗ္ဗာန်မှတပါး ငြိမ်သက်သော တရား မရှိ။

မထုတ်ဆောင်သောမဂ် မရှိ။ မဂ်မှတပါး ထုတ်ဆောင်သောတရား မရှိ။

ဤသို့ အမြဲအစွဲ မှန်ကန်ခြင်း၊ မဖောက်ပြန်ခြင်း၊ ထင်ရှားခြင်းကြောင့် သစ္စာမည်၏။

ဒုက္ခ ၁၂-မျိုး

ဒုက္ခသစ္စာသည် --

ဇာတိ-ပဋိသန္ဓေနေခြင်း၊

ဇရာ-အိုခြင်း၊

မရဏ-သေခြင်း၊

သောက- စိုးရိမ်ခြင်း၊

ပရိဒေဝ-ငိုကြွေးခြင်း၊

ဒုက္ခ-ကိုယ်နာခြင်း၊

ဒေါမနဿ-စိတ်နာခြင်း၊

ဥပါယာသ-ပြင်းစွာပင်ပန်းခြင်း။

အပ္ပိယသမ္ပယောဂ-မချစ်သူနှင့် တွေ့ဆုံခြင်း၊

ပိယဝိပ္ပယောဂ-ချစ်သူနှင့် ကွေကွင်းခြင်း၊

ဣစ္ဆိတာ လာဘ-လိုတိုင်းမရခြင်း၊

ဝါ၊ မရစကောင်းကို တောင့်တခြင်း၊

သံခိတ္တေနပစ္စုပါဒါနက္ခန္ဓ – အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါး-

ဤသို့ ၁၂-မျိုး ရှိ၏။

ဒုက္ခခွဲ

ကိုယ်နာ၊ စိတ်နာသည် ဒုက္ခစစ်ဖြစ်၍ ဒုက္ခဒုက္ခ မည်၏။

သုခသည် ဖောက်ပြန်လျှင် ဆင်းရဲကြောင်းဖြစ်၍ ဝိပရိဏာမဒုက္ခမည်၏။

ဥပေက္ခာနှင့် ကြွင်းသင်္ခါရသည် ဖြစ်ခြင်း ပျက်ခြင်းအမြဲရှိ၍ သင်္ခါရဒုက္ခမည်၏။

သုံးမျိုး၊

တနည်း -

သွားနာ၊ နားနာစသည်၊ ရာဂပူပန်ခြင်း စသည်သည် မထင်ရှား- ပဋိစ္ဆန္နဒုက္ခ မည်၏၊

ရိုက်နှက်၍ ဒဏ်ရာရခြင်းသည် ထင်ရှား၏- အပဋိစ္ဆန္နဒုက္ခ မည်၏။

နှစ်မျိုး။

တနည်း -

ကိုယ်နာ၊ စိတ်နာသည် ဧကန်ဆင်းရဲ၏၊ နိပ္ပရိယာယ ဒုက္ခ မည်၏။

ကြွင်းသမျှသင်္ခါရဒုက္ခသည် ကိုယ်နာ၊ စိတ်နာတို့၏ တည်ရာဖြစ်၏ အကြောင်း ဖြစ်၏။ ပရိယာယဒုက္ခ မည်၏။ နှစ်မျိုး၊

ထိုကြောင့် သောက၊ ဒုက္ခ၊ ဒေါမနဿ - ဤသုံးမျိုးသာ ဒုက္ခအစစ် နိပ္ပရိယာယဒုက္ခ မည်၏၊ မုချဒုက္ခ မည်၏။ ကြွင်းကိုးမျိုးသည် ကိုယ်နာမဟုတ်၊ စိတ်နာမဟုတ်၊ ကိုယ်နာစိတ်နာတို့၏ တည်ရာအကြောင်း ဖြစ်၍ ဒုက္ခစစ် မဟုတ်။ ပရိယာယဒုက္ခ မည်၏။ သင်္ခါရဒုက္ခ မည်၏၊။ ဝိပရိဏာမဒုက္ခ မည်၏။

သံခိတ်ဒုက္ခ

ဇာတိစသည်ဖြင့် ဟောသော ဒုက္ခ၊ မဟောသော ဒုက္ခဟူသမျှသည် ဥပါဒါနက္ခန္ဓာ ကိုသာ ညှဉ်းဆဲလျက် ရှိ၏။ မှက်ခြင်အပေါင်းသည် နွားတကောင်ကိုသာ ဝိုင်းအုံ၍ ကိုက်ခဲသကဲ့သို့တည်း။

ဒုက္ခဟူသမျှသည် ဥပါဒါနက္ခန္ဓာ၌သာ တည်၏၊ မြက်နွယ်အပေါင်းသည် မြေ၌သာ တည်သကဲ့သို့တည်း။ မရေတွက်နိုင်အောင် များလှသော ဒုက္ခဟူသမျှ၏ ဒုက္ခအရသာသည် ဥပါဒါနက္ခန္ဓာ၌သာ တည်၏။ သမုဒြာလေးစင်း ရေအရသာသည် ရေတပေါက်၌ တည်သကဲ့သို့တည်း။ ဤနည်းဖြင့် ဒုက္ခအားလုံး ကုန်စင်အောင် ချုံးလို၍ ဤအဆုံးသက် သံခိတ်ဒုက္ခကို ဟောတော်မူလေသည်။

သမုဒယသုံးမျိုး

သမုဒယ သစ္စာသည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ-ဟုသုံးမျိုး ရှိ၏။ ပိယရုပ်၊ သာတရုပ် မည်သော ဥပါဒါနက္ခန္ဓာငါးပါး လောကီတရား၌သာ အာရုံပြု သောအားဖြင့် တည်၏။ ဤတဏှာ သုံးမျိုးသည် အာရုံ ၆-ပါး အားဖြင့် ၁၈-မျိုး၊ ကာလ သုံးပါးအားဖြင့် ၅၄-မျိုး၊ အဇ္ဈတ္တိကဗာဟိရသန္တာန် နှစ်ပါးအားဖြင့် ၁၀၈-မျိုးဖြစ်၏၊

(တဏှာသုံးတန်၊ တည်၍ခံ၊ အာ၊ ကာ၊ သန်ဖြင့်မြှောက်၊ တဏှာအစစ်-တရာ့ရှစ်-- ဖြစ်၏ ထိုမျှလောက်။)

အကြောင်းထူး

ဒုက္ခ၏အကြောင်း များစွာရှိလျှက် တဏှာကိုသာ အဘယ်ကြောင့် သမုဒယဟု ဟောသနည်း? ထူးသော အကြောင်း ဖြစ်သောကြောင့်တည်း၊

ထူးပုံကား --

အဝိဇ္ဇာသည် အာရုံ၏အပြစ်ကို မမြင်အောင် ဖုံးရုံသာ ဖုံး၏။ ဒိဋ္ဌိစသည်သည် တဏှာ ပွါးကြောင်းမျှသာဖြစ်၏။ ဒေါသစသည်သည် စေတနာကံ၏ အကြောင်းမျှသာဖြစ်၏၊ တဏှာကား ဘဝစည်းစိမ် ဆန်းကြယ်ခြင်းကို မှတ်သား၏၊ အမြင်ကျယ်၏၊ အပြစ် ဒုက္ခကို မမြင်၊ နိစ္စ သုခ အတ္တထင်၍ လိုချင် တောင့်တ၏၊ ရစိမ့်သောငှါအကြောင်း ကံကို အဆန်းတကြယ် စီမံ၏၊ ကံ၏မှီရာ၊ အကြောင်း၊ အဘော်၊ အားပေးသူ-ဖြစ်၏၊ ကံကြောင့်ဖြစ်သော ဘဝစည်းစိမ် ဟူသမျှသည် ဆန်းကြယ်သော ဒုက္ခ ရောက်ကြောင်း တဏှာစွမ်းသာတည်း၊ ဤသို့ဒုက္ခ၏ ထူးသော အကြောင်း ဖြစ်သောကြောင့် တဏှာကိုသာ သမုဒယဟု ဟောသည်။

တဏှာအမြင် ကျယ်သလောက် ကံဆန်းကြယ်သည်၊

ကံဆန်းကြယ်သလောက် ဒုက္ခ ဆန်းကြယ်သည်။

နိရောဓဓာတ်

နိရောဓ သစ္စာသည် ထိုတဏှာ သုံးမျိုး၏ အကြွင်းမဲ့ချုပ်ရာ ချုပ်ကြောင်း ဝိရာဂ၊ နိရောဓ-စသည် မည်သော နိဗ္ဗာနဓာတ် ဖြစ်၏။

ဤနိဗ္ဗာနဓာတ်သည် ဒုက္ခ ၁ ၂ - မျိုးချုပ်ရာဖြစ်၏၊

ဒုက္ခချုပ်အောင် ဒုက္ခကိုမသတ်ရ၊ အကြောင်း သမုဒယကို သတ်ရသည်။

သစ်ပင် သေအောင် အညွန့် မဖြတ်ရ၊ အမြစ်ဖြတ်ရသည်နှင့် တူ၏။

ခဲပစ်ခံရသော ခြင်္သေ့သည် ခဲကိုမနှိပ်စက်၊

ပစ်သူကိုနှိပ်စက်ခြင်းဖြင့် နောက်ထပ် ခဲမကျ။

တိတ္ထိတို့ကား ဒုက္ခချုပ်အောင် ရေငုပ်ခြင်း၊ မီးလှုံခြင်း၊ ဆူး၌အိပ်ခြင်း စသည်ဖြင့် ဒုက္ခကိုပင် သတ်ကုန်၏။ သစ်ပင်သေအောင် အညွန့်ဖြတ်သည်နှင့်တူ၏။ ဒုက္ခမချုပ်၊ အကြောင်း အမြစ်ရင်း မသိရှာကြကုန်။ ခဲပစ်ခံရသော အိမ်ခွေးသည် ပစ်သူကို မကိုက်၊ ခဲကိုသာကိုက်ခြင်းဖြင့် နောက်ထပ် ဖန်ဖန်ခဲကျ ပြန်သည်။

တဏှာ၏သင်းချိုင်း

ထိုသမုဒ္ဓယကို အရိယာမဂ်ဖြင့် အမြစ်ဖြတ်သောအခါ မဂ်သည် နိဗ္ဗာန်ကို အာရုံပြုခြင်းကြောင့် သမုဒယသည် နောင်မဖြစ်နိုင်ခြင်းသို့ ရောက်၏။

တောအုပ်၌ ထကြွသော ခိုးသူကိုဖမ်း၍ မြို့အနီး၌ သတ်သော်လည်း တောအုပ်၌ ခိုးသူသေပြီဟု ဆိုအပ်သကဲ့သို့ နိဗ္ဗာန်မြို့ အာရုံပြု၍ သတ်သော်လည်း ပီတရုပ် သာတရုပ် တောအုပ်၌သာ တဏှာချုပ်ခြင်းသို့ ရောက်သည်ဟု ဆိုအပ်၏။ ထကြွရာအရပ်၌ မထကြွနိုင်ပြီ ဖြစ်သောကြောင့်တည်း။

မုချနိဗ္ဗာန်

သစ်ပင်အမြစ်ဖြတ်လျှင် သီးနေကျ အသီးမသီးနိုင်၍ ပျက်သကဲ့သို့ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်အာရုံပြုလျှင် ဖြစ်နေကျ ကိလေသာ မဖြစ်နိုင်၍ ချုပ်-ပျက်၏၊ ထို ချုပ်ပျက်ခြင်း သည် အနုပ္ပါဒနိရောဓ မည်၏။ မုချ နိဗ္ဗာန် မဟုတ်သေး၊ ဤနိရောဓ၏ အကြောင်း ဥပနိဿယသတ္တိရှိသော မဂ်အာရုံ သည်သာလျှင် မုချ နိဗ္ဗာန်မည်၏။ သိမ်မွေ့လှ၏။ တဏှာရောက်အောင် အာရုံမပြုနိုင်။

မဂ္ဂရှစ်မျိုး

မဂ္ဂသစ္စာသည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ စသည်ဖြင့် ရှစ်မျိုးရှိ၏။ မဂ်စိတ်ဖြစ်ခိုက် စေတသိက် ၃၆-ခုတို့တွင် ပညာ၊ ဝိတက်-စသော ရှစ်ခုသည် မဂ္ဂသစ္စာ မည်၏။

သစ္စဝိမုတ်

ကြွင်းသော စေတသိက် ၂၈-ခုနှင့် မဂ်စိတ်သည် မဂ်စိတ္တုပ္ပါဒ် ၂၉-ခုဖြစ်၏။ ဖိုလ်စိတ်ဖြစ်ခိုက် စေတသိက် ၃၆-ခုနှင့် ဖိုလ်စိတ်သည် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုဖြစ်၏။ ဤမဂ် စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ခုသည် သစ္စာလေးပါးမှ လွတ်၏။

ပရိယာယ်အားဖြင့်ကား ဖိုလ်စိတ်၌ သမ္မာဒိဋ္ဌိ စသော ရှစ်ပါးကို မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ- ဟု ဟောသောကြောင့် မဂ္ဂသစ္စာ၌၎င်း၊ အကြွင်းတို့ကိုသင်္ခါရ ဒုက္ခ သာမညအားဖြင့် ဒုက္ခသစ္စာ၌၎င်း ရေထွက်နိုင်၏၊ မုချမရေတွက်အပ်။

သစ္စာသိကျိုး

ဒုက္ခသိလျှင် ခန္ဓာငါးပါး၌ သုဘ၊ နိစ္စ၊ သုခ၊ အတ္တ-ဟု ယူသောအစွဲမှားကို ပယ်နိုင်သည်။

သမုဒယသိလျှင် ဗြဟ္မာဗိဿဏိုး ဖန်ဆင်း၏ဟု အကြောင်းလွဲသော အကျင့်ကိုပယ် နိုင်သည်၊

နိရောဓသိလျှင် အရူပဘုံကို နိဗ္ဗာန်ဟု အထင်မှားသော အကျင့်ကိုပယ်နိုင်သည်။

မဂ္ဂသိလျှင် ကာမသုခလ္လိက စသည်ကို နိဗ္ဗာန် ရောက်ကြောင်းဟု ယူသော အကျင့်ပျက်ကို ပယ်နိုင်သည်။

သစ္စာလေးပါး မသိလျှင် လောက၌ဖြစ်ခြင်း၊ ဖြစ်ခြင်းအကြောင်း၊ ချုပ်ခြင်း၊ ချုပ်ခြင်း အကြောင်း - ဤလေးပါးတို့၌ တွေဝေ၏။

သစ္စာဥပမာ

ဒုက္ခသစ္စာသည် ဝန်ထုပ်၊

သမုဒယသည် ဝန်ထုပ်ထမ်းယူခြင်း၊

နိရောဓသည် ဝန်ထုပ် ချခြင်း၊

မဂ္ဂသည် ဝန်ထုပ်ချနိုင်ကြောင်း နှင့်တူ၏၊

တနည်း --

အနာ၊ အနာဖြစ်ကြောင်း၊ အနာပျောက်ခြင်း၊ ဆေးကောင်းနှင့် စဉ်တိုင်းတူ၏။

ငတ်မွတ်ခြင်း၊ မိုးခေါင်ခြင်း၊ ဝပြောခြင်း၊ မိုးကောင်းခြင်းနှင့်၎င်း၊

ဤမှာဘက်ကမ်း၊ ရေအယဉ်၊ ထိုမှာဘက်ကမ်း၊ ကူးခြင်းလုံ့လနှင့်၎င်း၊

ရန်သူ၊ ဒေါသ၊ မေတ္တာ၊ ချီးမြှောက် စောင်မခြင်းနှင့်၎င်း စဉ်တိုင်းတူ၏။

စတုက္ကလေးချက်

ကြွင်း မဂ်စိတ္တုပ္ပါဒ်၊ ဖိုလ်စိတ္တုပ္ပါဒ်သည် သင်္ခါရဒုက္ခဖြစ်၍ ဒုက္ခသာ မည်သည်၊ သစ္စာမမည်။

နိဗ္ဗာန်၊ လောဘ၊ မဂ္ဂတို့သည် သစ္စာသာမည်၏-ဒုက္ခ မမည်၊

တဏှာကြဉ်သော လောကီခန္ဓာငါးပါးသည် ဒုက္ခလည်းမည်- သစ္စာလည်း မည်။

ကြွင်းမဂ်စိတ္တုပ္ပါဒ် ဖိုလ်စိတ္တုပ္ပါဒ်သည် မုချအားဖြင့် ဒုက္ခလည်း မမည်-သစ္စာလည်း မမည်။

တဏှာမှတပါးသော ကိလေသာစသည်သည် သမုဒယသာမည်၏၊ သစ္စာမမည်။

ဒုက္ခ၊ နိရောဓ၊ မဂ္ဂသည် သစ္စာသာမည်၊ သမုဒယ မမည်၊

တဏှာသည် နှစ်ပါးစုံ မည်၏၊

ကြွင်းမဂ်ဖိုလ် စိတ္တုပ္ပါဒ်သည် နှစ်ပါးစုံမမည်။

သင်္ခါရနိရောဓ၊ နိရောဓသမာပတ်သည် နိရောဓသာမည်၊ သစ္စာ မမည်။

ဒုက္ခ၊ သမုဒယ၊ မဂ္ဂသည် သစ္စာသာမည်-နိရောဓ မမည်။

နိဗ္ဗာန်သည် နှစ်ပါးစုံမည်။

ကြွင်း မဂ်ဖိုလ် စိတ္တုပ္ပါဒ်သည် နှစ်ပါးစုံမမည်။

ပဉ္စင်္ဂိကမဂ်၊ ဇင်္ဃမဂ်၊ သကဋမဂ် စသည်သည် မဂ္ဂသာမည်-သစ္စာမမည်။

ဒုက္ခ၊ သမုဒယ၊ နိရောဓသည် သစ္စာသာမည်-မဂ္ဂမမည်။

မဂ္ဂင်ရှစ်ပါးသည် နှစ်ပါးစုံမည်။

သုည

ဒုက္ခသာရှိသည်-ဆင်းရဲသူမရှိ။

တဏှာသာရှိသည် တပ်နှစ်သက်သူမရှိ။

နိဗ္ဗာန်သာရှိသည်-ငြိမ်းချုပ်သူမရှိ။

မဂ္ဂသာရှိသည်-သွားသူကျင့်သူ မရှိ၊

နိဗ္ဗာန်သည် အတ္တမှဆိတ်၏။

မဂ္ဂသည် ဓုဝ၊ သုခ၊ အတ္တ-သုံးပါးမှ ဆိတ်၏။

ဒုက္ခ၊ သမုဒယသည် သုဘ၊ ဓုဝ၊ သုခ၊ အတ္တ-လေးပါးမှ ဆိတ်၏။

နိရောဓသည် ကြွင်းသုံးပါးမှ၊ ကြွင်းသုံးပါးသည် နိရောဓမှဆိတ်၏။

သမုဒယ၊ မဂ္ဂသည် အကျိုးမှ၊ ကြွင်းနှစ်ပါးသည် အကြောင်းမှ ဆိတ်၏။

အသိခဲယဉ်းပုံ

အဝေးမှ သံကောက်ပေါက်ငယ်ဖြင့် အဆင့်ဆင့် မချွတ်ယွင်းအောင် မြှားပစ်သွင်း နိုင်ခြင်းသည် ခဲယဉ်းလှ၏။

အစိတ်တရာ စိတ်သော သားမြီး၏ အစွန်းတခုဖြင့် အစွန်းတခုကို ထိအောင် ထိုးခြင်းသည် သာ၍ ခဲယဉ်း၏။

သစ္စာလေးပါး သိခြင်းကား ထိုထက်လွန်၍ အခဲယဉ်းဆုံး ဖြစ်၏။

ခုနစ်နှစ်သားအရွယ်တို့ သစ္စာလေးပါး လွယ်ကူစွာ သိနိုင်ခြင်းကား ဖြည့်အပ်သော ပါရမီကြောင့်သာတည်း။

ထိုကြောင့် ပါရမီပြည့်အောင် အားထုတ်ရေး၌ နုန့်နှေးနွဲ့ဖင့် အချိန်မဆွဲရာ။

သဘောတူ မတူ

သစ္စာလေးပါးသည် မှန်ကန်ခြင်း၊ အတ္တဆိတ်ခြင်း၊ သိနိုင်ခဲခြင်း အားဖြင့်တူ၏။ လက္ခဏာမတူ။

ဒုက္ခ၊ သမုဒယသည် သိနိုင်ခဲသဖြင့် နက်နဲခြင်း၊ လောကီဖြစ်ခြင်း၊ အာသဝ၏ အာရုံဖြစ်ခြင်း အားဖြင့်တူ၏။ ကျိုးကြောင်းမတူ၊ သိအပ်ပယ်အပ် မတူ၊ နောက် နှစ်ပါးသည် နက်နဲသဖြင့် သိနိုင်ခဲခြင်း၊ လောကုတ္တရာ ဖြစ်ခြင်း၊ အနာသဝဖြစ်ခြင်း အားဖြင့်တူ၏။ အာရုံအာရမ္မဏိက မတူ၊ မျက်မှောက်ပြုအပ်-ပွါးစေအပ် မတူ။

ပဌမနှင့် တတီယသည် အကျိုးအားဖြင့် တူ၏၊ သင်္ခတ-အသင်္ခတ မတူ။

ဒုတီယနှင့် စတုတ္ထသည် အကြောင်းအားဖြင့် တူ၏၊ ကုသိုလ် အကုသိုလ် မတူ။

ပဌမနှင့် စတုတ္ထသည် သင်္ခတအားဖြင့်တူ၏၊ လောကီ လောကုတ္တရာ မတူ။

ဒုတီယနှင့် တတီယသည် နေဝသေက္ခ နာသေက္ခအားဖြင့် တူ၏၊ အာရုံပြုတတ် မပြုတတ်အားဖြင့် မတူ။

သုံးဦးကြိုက်တရား

သတ္တဝါတို့သည် --

နာမ်ကို၊ ရုပ်ကို၊ နှစ်ပါးစုံကို-တွေဝေသူဟု သုံးယောက်ရှိ၏။

ဝါ၊ ဉာဏ်ဣန္ဒြေထက်၊ မထက်၊ နုံ့သူဟု သုံးယောက်၊

ဝါ၊ ကျဉ်းကြိုက်၊ လတ်ကြိုက်၊ ကျယ်ကြိုက်သူဟ ုသုံးယောက်ရှိ၏။

ထိုတွင် နာမ်၌တွေဝေသူအား ချီးမြှောက်ခြင်းငှါ ခန္ဓာငါးပါးကို ဟောသည်။ ထို၌ နမ်ကို ခန္ဓာလေးပါးဖြင့် ဝေဘန်ပြသည်။

ရုပ်၌ တွေဝေသူအား ချီးမြှောက်ခြင်းငှါ အာယတန ၁၂-ပါးကို ဟောသည်။ ထို၌ ရုပ်ကို ဆယ်ပါးခွဲဖြင့် ဝေဘန်ပြသည်။

နှစ်ပါးစုံ၌ တွေဝေသူအား ချီးမြှောက်ခြင်းငှါ ဓာတ် ၁၈-ပါးကို ဟောသည်၊ ထို၌ ရုပ်ကိုလည်း ဓာတ်များစွာဖြင့် နာမ်ကိုလည်း ဓာတ်များစွာဖြင့် ဝေဘန်ပြသည်။

ထိုနည်းအတူ --

ဉာဏ်ဣန္ဒြေ ထက်သူအတွက် အကျဉ်းကြိုက်သူအတွက် ခန္ဓာငါးပါးကို၊

မထက်သူ၊ အလတ်ကြိုက်သူအတွက် အာယတန ၁၂-ပါးကို၊

နုံ့သူ၊ အကျယ်ကြိုက်သူအတွက် ဓာတ် ၁၂-ပါးကို ဟောသည်။

ထို ခန္ဓာ၊ အာယတန၊ ဓာတ်-သုံးမျိုးလုံးသည် ဖြစ်ခြင်း၊ ဖြစ်ကြောင်း၊ နစ်ခြင်း၊ နစ်ကြောင်းအားဖြင့် လေးစိတ်ကွဲ မြင်အောင် ရှုရသည်။ ထိုသို့ မိမိအား ရှုသူကို ချမ်းသာအထူး ကျေးဇူးများအောင် ရွက်ဆောင်သည်။ တပါးသော ခြင်းရာဖြင့် ရှုသူကို မဆောင်။ ထိုကြောင့် သစ္စာလေးပါးကို ဟောသည်။

သမုစ္စည်းပိုင်းအရသာ ပြီး၏။

၈ - ပစ္စည်းပိုင်း

အကြောင်း ပစ္စည်းတရားတို့သည် အကျိုးပစ္စယုပ္ပန် တရားတို့အား (တည်တံ့ခြင်းငှါ ဖြစ်ပေါ်ခြင်းငှါ) ကျေးဇူးပြုကုန်၏။ ထိုပစ္စည်းကို၎င်း၊ ထိုပစ္စယုပ္ပန်ကို၎င်း၊ ထို ကျေးဇူးပြုပုံကို၎င်း ထိုက်သည်အားလျော်စွာ ဆိုပေအံ့။

(စိတ်၊ စေတသိက်၊ ရုပ်သည် သင်္ခတ မည်၏။ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံး ဖြစ်ကောင်းသည်။ နိဗ္ဗာန်ပညပ်သည် အသင်္ခတ မည်၏။ ပစ္စည်းသာ ဖြစ်ကောင်းသည်၊ ပစ္စယုပ္ပန် မဖြစ်ကောင်း။ အကြောင်းကြောင့်ဖြစ်သော အကျိုး မဟုတ်။

ဖြစ်ပေါ်ခြင်းငှါ သက်သက်ကား - အနန္တရ စသော ငါးခု၊ တည်တံ့ခြင်းငှါ- ပစ္ဆာဇာတသာ။ ဖြစ်ပေါ်တည်တံ့ခြင်းငှါ .ဟေတုစသော ၁၈။)

နည်းနှစ်ပါး

ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဟု ပစ္စယသင်္ဂဟ နှစ်ခု သိအပ်၏။ ထိုတွင် အကြောင်း ဖြစ်လျှင် အကျိုး ဖြစ်လေ့ရှိသဖြင့် ထိုအကျိုးတို့၏ ဖြစ်ပုံခြင်းရာ သာမညဖြင့် မှတ်အပ်သောနည်းသည် ပဋိစ္စသမုပ္ပါဒ်နည်း မည်၏။ (ကျဉ်း၏။)

သတ္တိထူး ပြု၍ဖြစ်သော ၂၄-ပစ္စည်းကို အကြောင်းပြု၍ ဆိုသောနည်းသည် ပဋ္ဌာန်းနည်း မည်၏။ (ကျယ်၏။)

အာဟစ္စ-အထူးပြု၍ + ပစ္စယ-ကျေးဇူးပြုသည်။

ဤ ၂၄-ပစ္စည်းသည် အကျိုးဖြစ်ပေါ်အောင် သတ္တိအထူးပြု၍၎င်း + ကျေးဇူးပြုသော ကြောင့်၎င်း အာဟစ္စ ပစ္စယ မည်၏။ အကျိုး၏ တည်ရာဖြစ်သောကြောင့် ဌိတိလည်း မည်၏။

နည်းနှစ်ပါးကိုရော၍ အဋ္ဌကထာဆရာတို့ ချဲ့ကုန် ဖွင့်ကုန်၏။

ပဋိစ္စသမုပ္ပါဒ်နည်း

အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။

သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။

နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်၏၊

သဠာယတနကြောင့် ဖဿဖြစ်၏။

ဖဿကြောင့် ဝေဒနာဖြစ်၏။

ဝေဒနာကြောင့် တဏှာဖြစ်၏၊

တဏှာကြောင့် ဥပါဒါန်ဖြစ်၏။

ဥပါဒါန်ကြောင့် ဘဝ ဖြစ်၏။

ဘဝကြောင့် ဇာတိဖြစ်၏။

(ဝါ-ကမ္မဘဝကြောင့် ဥပပတ္တိ ဘဝဟူသော ဇာတိဖြစ်၏။

ဇာတိကြောင့် ဇရာ မရဏဖြစ်၏။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ ဖြစ်ကုန်၏။

ဤသို့အကြောင်း အဆက်ဆက်ဖြင့် ဆင်းရဲအစုသာ ထင်ရှားစွာ ဖြစ်၏။

ဤကား ပဋိစ္စသမုပ္ပါဒ်နည်းတည်း။)

ခွဲပုံမာတိကာ

ဤပဋိစ္စသမုပ္ပါဒ်နည်း၌ ကာလ ၃-ပါး။ အင်္ဂါ ၁၂-ပါး။ အခြင်းအရာ ၂၀။ အစပ် ၃-ပါး။ အလွှာ ၄-ပါး။ ဝဋ် ၃-ပါး။ မူလ ၂-ပါး-တို့ကို သိအပ်ကုန်၏။

ကာလ ၃-ပါး

အဝိဇ္ဇာ၊ သင်္ခါရသည် အတိတ်ကာလ မည်၏-နှစ်ပါး။

ဇာတိ၊ ဇရာ မရဏသည် အနာဂတ် ကာလ မည်၏- နှစ်ပါး။

အလယ် ရှစ်ပါးသည် ပစ္စုပ္ပန်ကာလ မည်၏ နှစ်ပါး။

ဤကား ကာလသုံးပါးတည်း။

အင်္ဂါ ၁၂-ပါး

အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏ။ ဤကား အင်္ဂါ ၁၂-ပါးတည်း။

သောကစသော ငါးပါးကား ဇာတိ၏ အကျိုးဆက် အကျိုးဖျားသာ ဖြစ်သည်။ မုချ အကျိုးရင်း မဟုတ်။ ထိုကြောင့် အင်္ဂါသီးခြား မယူရ။

ခြင်းရာ ၂၀-စသည်

အဝိဇ္ဇာ၊ သင်္ခါရကိုယူလျှင် တဏှာ၊ ဥပါဒါန်၊ ဘဝ-ကိုလည်း ယူရသည်-(ငါးပါး)။

တဏှာ၊ ဥပါဒါန်၊ ဘဝကိုယူလျှင် အဝိဇ္ဇာ သင်္ခါရကိုလည်း ယူရသည်(ငါးပါး)။

ဇာတိ၊ ဇရာ မရဏ (ဟူသောဂုဏ်နှစ်ပါး)ကို ယူလျှင်ကား ဝိညာဏ်စသော အကျိုး (ဒြပ်) ငါးပါးကို ယူခြင်းသာ ဖြစ်၏။ (ငါးပါး)

ဇာတိ၊ ဇရာ မရဏသည် ထိုငါးပါး၏ဂုဏ် ဥပါဒ်၊ ဌီ၊ ဘင်မျှသာဖြစ်သောကြောင့် ၇-ပါး မဖြစ်။ ၅-ပါးသာတည်း၊

ထိုကြောင့် ဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝသည် အတိတ်အကြောင်း ငါးပါး မည်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန ၊ ဖဿ၊ ဝေဒနာသည် ပစ္စုပ္ပန် အကျိုး ငါးပါး မည်၏။ (ဤကား ပုဗ္ဗန္တဘဝစက်တည်း။ ၇-ပါး အရင်းခံသည်။)

တဏှာ၊ ဥပါဒါန်၊ ဘဝ။ အဝိဇ္ဖာ၊ သင်္ခါရသည် ပစ္စုပ္ပန် အကြောင်းငါးပါး မည်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် အနာဂတ်အကျိုး ငါးပါး မည်၏။ (ဤကား အပရန္တ ဘဝစက်တည်း။ ၅-ပါး အရင်းခံသည်။)

ဤသို့လျှင် အခြင်းအရာ ၂၀၊ အစပ်သုံးပါး၊ အလွှာလေးပါး တို့ဖြစ်ကုန်၏။

(ဥပပတ္တိဘဝကား အနာဂတ်အကျိုး ဇာတိ၌ ပါဝင်၏၊

ဝိပါကဝဋ် ဖလပဉ္စက၌ ရှုအပ်၏။)

ဝဋ်သုံးပါး

အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသဝဋ် မည်၏-(သုံးပါး)။

ကမ္မဘဝဟု ဆိုအပ်သော ဘဝတစိတ်နှင့် သင်္ခါရသည် ကမ္မဝဋ် မည်၏။ (နှစ်ပါး၊ ဝါ-တပါးခွဲ)။

ဥပပတ္တိဘဝ ဟုဆိုအပ်သော ဘဝတစိတ်နှင့် အကြွင်းသည် ဝိပါကဝဋ် မည်၏။ (ရှစ်ပါး၊ ဝါ-ခုနှစ်ပါးခွဲ)

ဤကား ဝဋ်သုံးပါးတည်း။

(ဘဝကို ကမ္မဘဝ၊ ဥပပတ္တိဘဝဟု နှစ်မျိုးခွဲသည်။ မသိလျှင် ဆဲ့သုံးဖြစ်လတ္တံ့။)

ကိ-သုံး၊ ကံ-နှစ်၊ ဝိပါက်-ရှစ်၊ ဆဲ့နှစ်ဖြစ်နိုင်စေ။

မူလ ၂ပါး

အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလမည်၏။

တဏှာသည် အပရန္တဘဝစက်၏ မူလမည်၏။

ဤကား မူလနှစ်ပါးတည်း။

ဝဋ်ပြတ်ပုံ လည်ပုံ

ထို (အမြစ်) မူလနှစ်ပါး အကြွင်းမဲ့ ပြတ်မှသာ သံသရာဝဋ် ပြတ်သည်။ မပြတ်နိုင်ကြောင်းကား - တွေဝေမိန်းမောသော ဇရာမရဏ၏ အနှိပ်အစက်မပြတ် ခံရသူတို့အား မအိုလို မသေလိုသော ကာမာသဝ စသည်တို့သည် ဖြစ်တတ်ကုန်၏။

(သောက၊ ပရိဒေဝ - စသည်တို့၏ အနှိပ်စက်ခံရ သူတို့အားလည်း ကာမာသဝ စသည်တို့ဖြစ်ကုန်၏။)

အာသဝတို့ ဖြစ်သောကြောင့် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ထိုသို့ဖြစ်သောကြောင့် မပြတ်နိုင်။

ဤနည်းဖြင့် ဝဋ်သုံးပါးသည် မပြတ်လည်၏။ ဘုံသုံးပါး၌ဖြစ်၏။ အစမရှိ။ အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ အကျိုးတို့၏ ဖြစ်ရာဌာန ဖြစ်၏။ ထိုကြောင့် ဤဝဋ်သုံးပါးသည် ပဋိစ္စသမုပ္ပါဒ် မည်၏။ ဤသို့ဘုရားရှင် ဟောတော်မူလေသည်။

ပဋိစ္စသမုပ္ပါဒ် အရကောက်

သစ္စာလေးပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဤရှစ်ဌာန၌ တွေဝေသော မောဟသည် အဝိဇ္ဇာမည်၏။

(အတိတ် ခန္ဓာစသော သံသရာ အစွန်းသည် ပုဗ္ဗန္တမည်၏-စသည်ဖြင့် သိအပ်၏။)

ကာမကုသိုလ်၊ အကုသိုလ်၊ ရူပကုသိုလ်၊ အရူပကုသိုလ် စေတနာ ၂၉-ခုသည် သင်္ခါရ မည်၏။

ထိုတွင် ကာမကုသိုလ်၊ ရူပကုသိုလ်စေတနာ ၁၃-ခုသည် ပုညာဘိသင်္ခါရ မည်၏။

အကုသိုလ်စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရမည်၏။

အရူပ ကုသိုလ်စေတနာ ၄-ခုသည် အာနေဉ္ဇာဘိသင်္ခါရ မည်၏။

တနည်း-

ကာယဒွါရ၌ဖြစ်သော ကာမကုသိုလ်၊ အကုသိုလ်စေတနာ ၂၀-သည် ကာယသင်္ခါရ မည်၏။

ဝစီဒွါရ၌ဖြစ်သော ထိုစေတနာ ၂ဝ-သည် ဝစီသင်္ခါရ မည်၏။

မနောဒွါရ၌ဖြစ်သော စေတနာ ၂၉-ခုလုံးသည် စိတ္တသင်္ခါရ မည်၏။

ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ၁၉-ခု၊

ပဝတ္တိအခါ လောကီဝိပါက် ၃၂-ခုသည် ဝိညာဏ် မည်၏။

လောကီဝိပါက် ၃၂-ခု၌ရှိသော စေတသိက် ခန္ဓာသုံးပါးသည် နာမ်မည်၏။

ကမ္မဇရုပ်သည် ရုပ်မည်၏။

အဇ္ဈတ္တိကာယတန ခြောက်ပါးသည် သဠာယတန မည်၏။

လောကီဝိပါက် ၃၂-ခု၌ရှိသော ဖဿ ၃၂-ခုသည် ဖဿ မည်၏။

ထိုဖဿ ၃၂-ခုနှင့် အတူဖြစ်သော ဝေဒနာ ၃၂-ခု သည် ဝေဒနာမည်၏။

ဝေဒနာကြောင့် အာရုံခြောက်ပါး၌ နှစ်သက်သော တဏှာ ၆-ပါးသည် တဏှာမည်၏။

အားကြီးသော တဏှာနှင့် ဒိဋ္ဌိသည် ဥပါဒါန်မည်၏။

ဘဝသည် ကမ္မဘဝ၊ ဥပပတ္တိဘဝ-ဟုနှစ်မျိုးပြား၏။

ထိုတွင် ပုညာဘိသင်္ခါရစသော စေတနာ ၂၉-ပါးသည် ကမ္မဘဝ မည်၏။

စေတနာနှင့် ယှဉ်သော ဘဝဂါမိကံ ၂၉-ခုသည်လည်း ကမ္မဘ၀ မည်၏။

(လောကီကုသိုလ်၊ အကုသိုလ် ၂၉-ခု စိတ္တုပ္ပါဒ်ကို ဘဝဂါမိကံ ဟုဆိုသည်။)။

ဥပပတ္တိဘဝသည် ကာမဘဝ၊ ရူပဘဝ၊ အရူဝဘ၀-ဟုသုံးပါး။

သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ-ဟုသုံးပါး။

ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ-ဟုသုံးပါး။

ဤသို့ ကိုးပါးဖြစ်၏။

နိပ္ဖန္နရုပ်၊ နာမက္ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏။

နိပ္ဖန္နရုပ်၊ နာမက္ခန္ဓာတို့၏ ရင့်ခြင်း ပျက်ခြင်းသည် ဇရာ မရဏမည်၏။

စိုးရိမ်ပူဆွေးသော ဒေါသမူ၌ရှိသော ဒေါမနဿ ဝေဒနာသည် သောကမည်၏။

ဆွေမျိုး ပျက်စီးခြင်း စသည်တို့ကြောင့် ငိုကြွေး မြည်တမ်းသော စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်သည် (ဝါ-ငိုသံသည်) ပရိဒေဝ မည်၏။

ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ရှိသော ဒုက္ခဝေဒနာ (ကိုယ်နာ)သည် ဒုက္ခမည်၏။

ဒေါသမူဒွေ၌ ရှိသော ဒေါမနဿဝေဒနာ (စိတ်နာ) သည် ဒေါမနဿမည်၏။

ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့် ဖြစ်သော ပြင်းစွာ စိတ်ပင်ပန်းခြင်းသည် (ဝါ-ဒေါသ စေတသိက်သည်) ဥပါယာသ မည်၏။

ဤကား သုတ္တန္တ ဘာဇနီယ နည်းတည်း။

ထိုမှတပါး အဘိဓမ္မဘာဇနီယနည်း၊ ဓာတုကထာနည်း တို့ကိုလည်း သိအောင် အားထုတ်အပ်ကုန်၏။ ဓာတုကထာ၌ ဇရာနှင့်မရဏကို ခွဲသည်။ ဤ၌ အင်္ဂါ တခုတည်း ပြုသည်။

အခြင်းအရာ စသည်၌ မှတ်ဘွယ်

ကံ-ကိလေသာချင်း

အဝိဇ္ဇာ၊သင်္ခါရကိုယူလျှင် အဘယ်ကြောင့် တဏှာ၊ ဥပါဒါန်၊ ဘဝကို ယူသနည်း?

ကိလေသာချင်းတူ၊ ကံချင်းတူသောကြောင့်တည်း။ အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ၊ ဥပါဒါန်လည်း ကိလေသာ - ဤသုံးခု ကိလေသာဝဋ်ချင်း တူသည်။ သင်္ခါရလည်းကံ၊ ကမ္မဘဝ တစိတ်လည်း ကံ - ဤနှစ်ခု ကမ္မဝဋ်ချင်း တူသည်၊ တဏှာ၊ ဥပါဒါန်၊ ဘဝကိုယူလျှင်လည်း တူပြီ။

ဂုဏ် ဂုဏေ

ဇာတိ၊ ဇရာ၊ မရဏကို ယူလျှင် ဝိညာဏ်စသော အကျိုးငါးပါးကို ယူခြင်းသာ ဟူသည် အဘယ်ကြောင့်နည်း?

ဂုဏ်နှင့်ဂုဏေ ခွဲ၍ မရသောကြောင့်တည်း။ (ဝါ- ဌာနီနှင့် ဌာနခွဲ၍မရ။ ဂုဏ်နှင့်ဒြပ် ခွဲ၍ မရသောကြောင့်တည်း။) ဇာတိ၊ ဇရာ မရဏသည် ဝိညာဏ်စသော ငါးပါး၏ ဥပါဒ်၊ ဌီ၊ ဘင်ဖြစ်၍ ဂုဏ်ဖြစ်၏။ ဌာနီဖြစ်၏။ ငါးပါးကား ဂုဏေဖြစ်၏၊ ဌာနဖြစ်၏၊ ဒြဗ်ဖြစ်၏။

ဂုဏ်နှစ်ပါးယူလျှင် ဒြပ်ငါးပါး ပါ၏။ ဒြဗ်ငါးပါးယူလျှင် ဂုဏ်နှစ်ပါး ပါ၏။ ခွဲ၍မရ။ အင်္ဂါအားဖြင့် ခုနစ်ပါး။ ဒြဗ်အားဖြင့်ငါးပါး။ ဂုဏ်အားဖြင့်နှစ်ပါးဖြစ်၏။ ဤ၌ ဒြဗ်အားဖြင့် ယူသောကြောင့် ခုနစ်ပါးမဖြစ်၊ ငါးပါးသာဖြစ်သည်။

တိသန္ဓိ စသည်

သင်္ခါရနှင့် ဝိညာဏ်အကြား - ဟေတုဖလ တစပ်။

ဝေဒနာနှင့် တဏှာအကြား- ဖလဟေတု တစပ်။

ဘဝနှင့်ဇာတိအကြား-ဟေတုဖလ တစပ်။

ဤသို့သုံးစပ်ဖြစ်၏။

အစပ်သုံးပါး၏ အစအဆုံးအားဖြင့် လေးပါးသည် အလွှာလေးပါး မည်၏။ အကျဉ်းအဘို့ သင်္ခေပ လေးထပ်မည်၏။

အတိတ်အကြောင် ငါးပါး၊ ပစ္စုပ္ပန် အကြောင်းငါးပါးသည် ကိလေသာနှင့် ကံသာဖြစ်၍ အကြောင်းမျိုးစေ့ချင်း တူသောကြောင့် အကြောင်း ကမ္မဝဋ်ဆယ်ပါး မည်၏။ ပစ္စုပ္ပန် အကျိုးငါးပါး၊ အနာဂတ်အကျိုးငါးပါးသည် အကျိုးဝိပါကဝဋ်ဆယ်ပါး မည်၏။ နှစ်ရပ်ပေါင်းလျှင် အခြင်းအရာ နှစ်ဆယ်ဖြစ်၏။

ဤဘဝစက်သည် အကြောင်းမကင်း၊ အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်၏။ ကာလ ကြာရှည်မတည်၊ မခိုင်ခံ့၊ အကြောင်းဓမ္မတို့ကြောင့် အကျိုး ဓမ္မတို့၏ဖြစ်ခြင်းသာ တည်း။ ဖြစ်စေတတ်သော ငါ သူတပါး မရှိ။ အကြောင်းကို ချုပ်စေရမည်ဟု ဟောသည်၊ အကြောင်းချုပ်လျှင် ဘဝစက်ရပ်၍ သံသရာဝဋ် ပြတ်လေ၏။

ဤသို့ ဒုက္ခဓမ္မတို့၏ ဖြစ်ခြင်း, ဝဋ်ဒုက္ခပြတ်ခြင်း, တရားဟောခြင်း - ဤ သုံးပါး ရှိသောကြောင့် “ဤသာသနာ၌ ဒုက္ခကင်းအောင် ပြုခြင်းငှါ ဗြဟ္မစရိယရှိသည်” ဟု ယုံကြည်အပ်၏။ ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ ဒုက္ခဓမ္မအစုသာရှိသည်ဟု သိလျှင် သဿတ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးလည်း မဖြစ်ပြီ။

မူလ

မြွေ၏ဦးခေါင်းကို ကိုင်လျှင် လက်ကို မြွေရစ်ပတ်သကဲ့သို့ အဝိဇ္ဇာ တဏှာ မကင်းလျှင် ဝဋ်သုံးပါး ရစ်ပတ်၏။ အဆက်ဆက် မပြတ်။ အဝိဇ္ဇာသည် ဒုဂ္ဂတိ ခေါင်းဆောင်။ တဏှာသည် သုဂတိခေါင်းဆောင်၊ ဤသို့ ဝဋ်သုံးပါး၏ ပဓာန အကြောင်း ဖြစ်သောကြောင့် အဝိဇ္ဇာနှင့်တဏှာသည် မူလမည်၏၊

ပုဗ္ဗန္တစက်

အဝိဇ္ဇာသည် အတိတ်အဘို့မှ ပစ္စုပ္ပန်ဝိပါက် ဖြစ်အောင် ဆောင်သည်။ ဝေဒနာအထိ ဖြစ်အောင် ဆောင်သည်။ ထိုကြောင့် ပုဗ္ဗန္တမူလ မည်၏။

ဝေဒနာကြောင့် တဏှာဖြစ်သောအခါ အဝိဇ္ဇာလည်း တဏှာနှင့်အတူဖြစ်သည် ထိုကြောင့် “ဝေဒနာပစ္စယာ အဝိဇ္ဇာ” ဟုလှည့်ခွေအပ်၏။ ဤသို့ အဝိဇ္ဇာမူလက- ပုဗ္ဗန္တစက်ဝိုင်း တခုဖြစ်၏။ ဤစက်၌ အင်္ဂါ ၇-ပါးသာ လည်သလော ဟူမူ။

အတိတ်ဘဝ အဝိဇ္ဇာ၌တဏှာ၊ ဥပါဒါန် ပါဝင်သည်၊ သင်္ခါရ၌ ဘဝပါဝင်သည်။ ပစ္စုပ္ပန်ဘဝ ဝိညာဏ် စသော ငါးပါး၌ ဇာတိ၊ ဇရာမရဏ ပါဝင်သည်။ အင်္ဂါ ၁၂-ပါး အပြည့်လည်သည်။

အပရန္တ စက်

တဏှာသည် ပစ္စုပ္ပန်မှ အနာဂတ်ဝိပါက်ကို ဆက်၍ ချဲ့ထွင်သည်၊ ဇရာ မရဏအထိ ချဲ့ထွင်သည်၊ ထိုကြောင့် အပရန္တမူလ မည်၏။

ဇရာ မရဏ ဖြစ်သောအခါ သောကစသည် ပါဝင်ပြီးဖြစ်၍ အာသဝလည်းဖြစ်သည်။ ကာမာသဝသည် တဏှာပင်တည်း။ ထိုကြောင့် “ဇရာမရဏပစ္စယာ တဏှာ” ဟု လှည့်ခွေအပ်၏။ ဤသို့ တဏှာမူလကအပရန္တ စက်ဝိုင်း တခုဖြစ်၏၊ ဤစက်၌ အင်္ဂါငါးပါးသာ လည်သလော ဟူမူ။

ပစ္စုပ္ပန်ဘ၀ တဏှာ၊ ဥပါဒါန်၌ အဝိဇ္ဇာမည်၏။ ဘဝ၌ သင်္ခါရမည်၏။ အနာဂတ်ဘဝ-ဇာတိ၊ ဇရာမရဏ၌ ဝိညာဏ်စသော ငါးပါး ပါဝင်သည်။ အင်္ဂါ ၁၂-ပါး အပြည့် လည်သည်။

သတ္တဝါအပေါင်းသည် မူလနှစ်ပါး ခိုင်မြဲသော ဤ စက်ဝိုင်းရှစ်ခုဖြင့် မရပ်မတည် တလည်တည်း လည်ကုန်၏၊

စက်နှစ်ခု ဟောကြောင်း

အဝိဇ္ဇာ မူလရှိသော ပုဗ္ဗန္တစက်ကို ဒိဋ္ဌိစရိုက်ရှိသူစွမ်းဖြင့် ဟောသည်။ ဒိဋ္ဌိများသူကို အဝိဇ္ဇာသည် သံသရာရှည်အောင် ဆောင်သောကြောင့်တည်း။

တနည်း - ဥစ္ဆေဒဒိဋ္ဌိကို ပယ်နိုင်ခြင်းငှါ ဟောသည်၊ ကြောင်းကျိုး မပြတ် ဖြစ်သည်ကို ပြသောကြောင့်တည်း။

တနည်း - ဂဗ္ဘသေယျကစွမ်းဖြင့် ဟောသည်၊ ကလလ ရေကြည် ဝိညာဏ်မှနာမ်ရုပ်၊ သဠာယတန စဉ်၍ဖြစ်ပုံကို ပြသောကြောင့်တည်း။

တဏှာမူလရှိသော အပရန္တစက်ကို တဏှာစရိုက် ရှိသူစွမ်းဖြင့် ဟောသည်၊ တဏှာများသူကို တဏှာသည် သံသရာရှည်အောင် ဆောင်သောကြောင့်တည်း။

တနည်း - သဿတဒိဋ္ဌိကို ပယ်နိုင်ခြင်းငှါ ဟောသည်၊ ဖြစ်ဖြစ်သမျှတို့၏ ဇရာ၊ မရဏကို ပြသောကြောင့်တည်း။

တနည်း - သြပပါတိကစွမ်းဖြင့် ဟောသည်။ ဇာတိအင်္ဂါဖြင့် တကွဖြစ်ခြင်းကို ပြသောကြောင့်တည်း။

ပဋ္ဌာန်းနည်း

ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော - အစရှိသော ၂၄-ပစ္စည်းသည် ပဋ္ဌာန်းနည်း မည်၏။

ထိုတွင် ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် ဟေတုပစ္စည်း မည်၏။ သစ်မြစ်သည် သစ်ကိုင်း သစ်ခက်တို့အား စည်ပင်စေ၍ မြဲစွာ တည်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မြဲစွာတည်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် အာရမ္မဏပစ္စည်း မည်၏။ ဘောင်ဝှေး ကြိုးတန်းသည် ကျိုးသူ ကန်းသူတို့အား ဆွဲရာ ထောက်ရာ အားယူစရာ သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား - အားယူစရာ သတ္တိဖြင့် ကျေးဇူးပြု၏။

အလေးအမြတ် ပြုအပ်သော အာရုံဖြစ်၍၎င်း၊ အဓိပတိလေးပါး တပါးပါးဖြစ်၍၎င်း ကျေးဇူးပြုခြင်းသည် အဓိပတိပစ္စည်း မည်၏။ စကြာမင်းသည် နိုင်ငံသားတို့အား တဦးတည်း ကြီးကဲသောသတ္တိဖြင့် ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား တဦးတည်း ကြီးကဲသော သတ္တိဖြင့် ကျေးဇူးပြု၏။

အခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်းသည် အနန္တရပစ္စည်းမည်၏။ စကြာမင်း နတ်ရွာစံခြင်း သည် သားကြီးအား အခြားမရှိ မင်းဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား အခြားမရှိဖြစ်စေသော သတ္တိဖြင့်ကျေးဇူးပြု၏။

ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်းသည် သမနန္တရပစ္စည်း မည်၏။ စကြာမင်း တောထွက်ခြင်းသည် သားကြီးအား ကောင်းစွာအခြားမရှိ မင်းဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ကောင်းစွာ အခြားမရှိ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

(ဒေသနာဝိလာသ၊ ဝေနေယျဇ္ဈာသယ စွမ်းဖြင့် ထပ်ဟောသည်၊ အထူးမရှိ။)

တကွဖြစ်၍ ကျေးဇူးပြုခြင်းသည် သဟဇာတ ပစ္စည်းမည်၏။ ဆီမီးသည် အလင်းရောင် အား တကွဖြစ်စေသော သတ္တိဖြင့်ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်စေသော သတ္တိဖြင့်ကျေးဇူးပြု၏။

အချင်းချင်းဖြစ်၍ ကျေးဇူးပြုခြင်းသည် အညမညပစ္စည်း မည်၏။ သစ်သားသုံးချောင်း လေးချောင်းမှီ၍ ထောင်ခြင်းသည် အချင်းချင်း ကူညီထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား အချင်းချင်း ကူညီထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြု၏။

မှီရာဖြစ်၍ ကျေးဇူးပြုခြင်းသည် နိဿယပစ္စည်း မည်၏။ မြေကြီးသည် သစ်ပင် တို့အား တည်ရာမှီရာ သတ္တိဖြင့် ကျေဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား မှီရာ သတ္တိဖြင့် ကျေးဇူးပြု၏။

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုခြင်းသည် ဥပနိဿယပစ္စည်း မည်၏။ မိုးလေးလရွာသော မိုးသည် သစ်ပင် သတ္တဝါတို့အား အားကြီးသောအကြောင်း သတ္တိဖြင့် ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား အားကြီးသော အကြောင်း သတ္တိ ဖြင့်ကျေးဇူးပြု၏၊

ရှေးဦးစွာဖြစ်၍ မိမိရှိခိုက် ကျေးဇူးပြုခြင်းသည် ပုရေဇာတပစ္စည်း မည်၏။ ကမ္ဘာဦး နေလသည် အလင်းမှီသော သတ္တဝါတို့အား ရှေးဦးဖြစ်၍ မိမိရှိခိုက် ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ရှေးဦးဖြစ်၍ မိမိရှိခိုက် ထောက်ပံ့သော သတ္တိဖြင့်ကျေးဇူးပြု၏။

နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းသည် ပစ္ဆာဇာတပစ္စည်း မည်၏။ လင်းတငယ်တို့၏ နောက်မှဖြစ်သော စားလိုသော အာသာသည်၊ ဝါ၊ အာသာနှင့်ယှဉ်သော စေတနာသည် ရှေးဦးစွာဖြစ်သော ကိုယ်အား ထောက်ပံ့သောသတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စပ္ပန်တရားတို့အား နောက်မှဖြစ်၍ ထောက်ပံ့သောသတ္တိဖြင့် ကျေးဇူးပြု၏။

အဖန်တလဲလဲ ထုံသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် အာသေဝနပစ္စည်း မည်၏။ နံ့သာအထပ်ထပ် လိမ်းခြင်းသည် နောက်ထပ် လိမ်းသော နံ့သာအား-အားရှိအောင် ထုံသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တို့အား- အားရှိအောင် ထုံသော သတ္တိဖြင့် ကျေးဇူးပြု၏။

စေတနာကံဖြစ်၍ ကျေးဇူးပြုခြင်းသည် ကမ္မပစ္စည်း မည်၏။ မျိုးစေ့သည် သစ်ပင်အား ပေါ်ပေါက်လာစေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ပေါ်ပေါက် လာစေသော သတ္တိဖြင့် ကျေးဇူးပြု၏။

အကျိုးဝိပါက်ဖြစ်၍ (အချင်းချင်း) ကျေးဇူးပြုခြင်းသည် ဝိပါကပစ္စည်း မည်၏၊ လေညှင်းသည် အရိပ်၌နေသူအား ငြိမ်းဧစေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ငြိမ်းဧစေသော သတ္တိဖြင့် ကျေးဇူးပြု၏။

အာဟာရ လေးပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် အာဟာရပစ္စည်း မည်၏။ ကျားကန်သော တိုင်သည် အိမ်အိုအား ထောက်ပံ့သော သတ္တိ၊ ဆောင်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ထောက်ပံ့သော သတ္တိ၊ ဆောင်သော သတ္တိဖြင့် ကျေးဇူးပြု၏။

ရုပ်ဣန္ဒြေ၊ နမ်ဣန္ဒြေ အကြီးအကဲဖြစ်၍ ကျေးဇူးပြုခြင်းသည် ဣန္ဒြိယပစ္စည်းမည်၏၊ မင်းကြီး အသီးသီးတို့သည် တပြည်တည်းသားတို့အား အသီးသီး မိမိသဘောသို့ လိုက်စေလျက် အသီးသီး ကြီးကဲသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား အသီးသီး ကြီးကဲသော သတ္တိဖြင့် ကျေးဇူးပြု၏။

(ရုပ်ဣန္ဒြေ ရှစ်ပါး၌ ဘာဝရုပ်ဣန္ဒြေနှစ်ပါး ပစ္စည်းမဖြစ်။ နာမ်ဣန္ဒြေကား ရှစ်ပါးလုံး ပစ္စည်းဖြစ်၏၊)

ဈာနင် ငါးပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် ဈာနပစ္စည်း မည်၏။ တောင်ထိပ်သို့ ရောက်သောသူသည် တောင်အောက်၌ နေသူတို့အား ကပ်၍ရှုသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပဉ္စယုပ္ပန်တရားတို့အား ကပ်၍ရှုသော သတ္တိဖြင့် ကျေးဇူးပြု၏။

မဂ္ဂင်ကိုးပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် မဂ္ဂပစ္စည်းမည်၏။ လှေသည် ကမ်းတဘက်သို့ ပို့ဆောင်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား သုဂတိသို့် ဒုဂ္ဂတိသို့ နိဗ္ဗာန်သို့ ပို့ဆောင်သော သတ္တိဖြင့် ကျေးဇူးပြု၏။

အညီအညွတ် ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် သပ္ပယုတ္တပစ္စည်း မည်၏။ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ အားဖြင့် လေးပါးသော စတုမဓူသည် အညီအညွတ် ယှဉ်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့က အညီအညွတ် ယှဉ်သော သတ္တိဖြင့် ကျေးဇူးပြု၏။

(စတုမဓူသည် အရသာလေးမျိုး ခွဲ၍ မထွက်၊ တမျိုးတည်း သမလျက် အတူ ထွက်သည် ဟူလို။)

အတူဖြစ်လျက် မယှဉ်မူ၍ ဝါ-မယှဉ်မတွဲ တကွဲစီ သီးခြား ဖြစ်၍ ကျေးဇူးပြုခြင်းသည် ဝိပ္ပယုတ္တပစ္စည်း မည်၏။ ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါး အရသာခြောက်ပါးသည် မရောယှက်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မရောယှက် သော သတ္တိဖြင့် ကျေးဇူးပြု၏။

(သမအောင် ရောသော်လည်း အရသာ သမခြင်းမရှိ ဟူလို။)

ထင်ရှားရှိ၍ ကျေးဇူးပြုခြင်းသည် အတ္ထိပစ္စည်း မည်၏။ မြေ တောင် စသည်သည် မြက်သစ်ပင်တို့အား ထင်ရှားရှိ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား ထင်ရှားရှိ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြု၏။

မရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် နတ္ထိပစ္စည်းမည်၏။ မီးသည် အမိုက်မှောင်အား မိမိမရှိမှ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မိမိ မရှိမှဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

ကင်းသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် ဝိဂတပစ္စည်း မည်၏။ နေဝင်ခြင်းသည် ညဉ့်ဖြစ်ခြင်းအား မိမိ ဝင်ပျောက်၍ ကင်းမှ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မိမိကင်းမှ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

မကင်းမူ၍ ကျေးဇူးပြုခြင်းသည် အဝိဂတ ပစ္စည်းမည်၏။ သမုဒြာသည် ငါးအပေါင်းအား မိမိမကင်းမူ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မိမိမကင်းမူ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြု၏။

အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတ ငါးပစ္စည်းသည် ဖြစ်ပေါ်ခြင်းငှါ ကျေဇူးပြု၏။ ပစ္ဆာဇာတသည် တည်တံ့ခြင်းငှါ ကျေးဇူးပြု၏။ ကြွင်း ၁၈-ခုသည် ဖြစ်ပေါ်ခြင်းငှါ၎င်း၊ တည်တံ့ခြင်းငှါ၎င်း ကျေးဇူးပြု၏။

တည်တံ့-တစ်သာ၊ ဖြစ် ငါးဖြာ၊ ဒွယာ-တဆဲ့ရှစ်။

ကျေးဇူးပြုနည်း ၆-မျိုး

၁။ နာမ်သည် + နာမ်အား ခြောက်ပစ္စည်း။

၂။ နာမ်သည် + နာမ်ရုပ်အား ငါးပစ္စည်း။

၃။ နာမ်သည် + ရုပ်အား တပစ္စည်း။

၄။ ရုပ်သည် + နာမ်အား တပစ္စည်း။

၅။ ပညပ်နာမ်ရုပ်သည် + နာမ်အား နှစ်ပစ္စည်း။

၆။ နာမ်ရုပ်သည် + နာမ်ရုပ်အား ကိုးပစ္စည်း။

ဤသို့(၆+၅+၁+၁+၂+၉-ဟု) ၂၄-ပစ္စည်းသည် ၆-မျိုးဖြစ်၍ ကျေးဇူးပြုသည်။

နာမ်+နာမ်-ခြောက်

ဤ ၆-မျိုးတို့တွင် နာမ်သည် + နာမ်အား ခြောက်ပစ္စည်းကား --

အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန၊ သမ္ပယုတ္တ ဖြစ်၏။

အနန္တရာဒိ ဖြစ်ပုံကား

အနန္တရ နိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ + ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ - အနန္တရ သမနန္တရ နတ္ထိ ဝိဂတ ဝသေန။ အနက်ကို လွယ်လွယ်ပေး၍ အဓိပ္ပါယ်ကို ရှင်းရှင်း မြင်အောင် သတိပြုသင့်၏။

အနန္တရ နိရုဒ္ဓါ၊ အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော။

စိတ္တစေတသိကာ ဓမ္မာ၊ စိတ်စေတသိက်တို့သည်။

ပဋုပ္ပန္နာနံ၊ မိမိသို့လိုက်၍ ဖြစ်ကုန်သော။

စိတ္တစေတသိကာနံ ဓမ္မာနံ၊ စိတ်စေတသိက်တို့အား။

အနန္တရ သမနန္တရ နတ္ထိ ဝိဂတ ဝသေန၊ အနန္တရ သမနန္တရ နတ္ထိ ဝိဂတ သတ္တိဖြင့်။

ပစ္စယော၊ ကျေးဇူးပြုကုန်သည်။

ဟောတိ၊ ဖြစ်ကုန်၏။

မှတ်ချက်

ဝီထိစိတ်အစဉ်အားဖြင့် ရှေး၌ဖြစ်၍ချုပ်သော စိတ်တိုင်း ပစ္စည်း။ နောက်၌လိုက်၍ ဖြစ်သောစိတ်တိုင်း ပစ္စယုပ္ပန်-ဟု ခွဲရသည်။ ရှေးစိတ်၊ နောက်စိတ် ဝီထိသိလျှင် လွယ်၏။ ရှေးစိတ်လည်း ၈၉။ နောက်စိတ်လည်း ၈၉-ပင်တည်း။

အထူးကား --

ရဟန္တာ၏ စုတိသည် နောက်စိတ်မရှိသောကြောင့် ရှေးစိတ်မမည်။ ပစ္စည်းမဖြစ်၊ ပစ္စယုပ္ပန်သာ ဖြစ်သည်။ နိရောဓသမာပတ် ရက်များစွာ ခြားသော်၎င်း။ အသညသတ် ကမ္ဘာငါးရာ ခြားသော်၎င်း။ နောက်နောက် စိတ်အား + ရှေးရှေး စိတ်သည် အနန္တရ စသည်ဖြင့် ကျေးဇူးပြု၏။

ပစ္စည်း ပစ္စယုပ္ပန် ခွဲပုံ

အနန္တရ၌ “ရဟန္တာ စုတိကြဉ်သော” ရှေးရှေးသော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသသည် ပစ္စည်း မည်၏။ “ရဟန္တာ စုတိနှင့်တကွ” နောက်နောက်သော စိတ်တခုယုတ် ကိုးဆယ်၊ စေတသိက်ဒွေပညာသသည် ပစ္စယုပ္ပန် မည်၏။ အနန္တရမျိုး။

သမနန္တရ၊ နတ္ထိ၊ ဝိဂတ၌လည်း တူပြီ။ အနန္တရမျိုး၊

အာသေဝန

ပုရိမာနိဇဝနာနိ + ပစ္ဆိမာနံ ဇဝနာနံ - အာသေဝနဝသေန၊

ပုရိမာနိဇဝနာနိ၊ ရှေးရှေးဇောတို့သည်။

ပစ္ဆိမာနံ ဇဝနာနံ၊ နောက်နောက် ဇောတို့အား။

အာသေဝနဝသေန၊ အာသေဝန သတ္တိဖြင့်။

ပစ္စယော၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

အာသေဝန ဇောသည် ကာမ၊ ရူပ၊ အရူပ လောကုတ္တရာအားဖြင့် ဘုံမတူသော်လည်း ဝေဒနာတူ၊ ဇာတ်တူ - ကုသိုလ်ချင်း၊ အကုသိုလ်ချင်း၊ ကြိယာချင်းသာ ဖန်ဖန်ထုံသည်၊ ဘုံမတူရာ၌ ကာမကုသိုလ်သည် ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာ ကုသိုလ်အား လေးချက်။ ကာမကြိယာသည် ကာမ၊ ရူပ၊ အရူပ ကြိယာအား သုံးချက်ထုံသည်။ ဝိပါက်သည် ဖိုလ်ဇော ဖြစ်စေကာမူ မထုံမအပ်။ လောကုတ္တရာ ကုသိုလ် မဂ်ဇောကား မထုံတတ်သော်လည်း ထုံအပ်သည်။ ဇောမျှ ရှေ့ဇော နောက်ဇောသိလျှင်လွယ်၏။ အစဇော-ပစ္စည်းသာ။ အဆုံးဇော၊ မဂ်ဇော-ပစ္စယုပ္ပန်သာ။ အလယ်ဇော-ပစ္စည်း၊ ပစ္စယုပ္ပန်။ ဖိုလ်ဇော-လုံးလုံး မပါ။

ပစ္စည်းပစ္စယုပ္ပန်ခွဲပုံ

အာသေဝန၌-ရှေးရှေးသော လောကီဇော သတ္တစတ္တာလီသ၊ စေတသိက် ဒွေပညာသ သည် ပစ္စည်းမည်၏။ နောက်နောက်သော လောကီဇော၊ မဂ်ဇော-ဧကပညာသ၊ စေတသိက် ဒွေပညာသ သည် ပစ္စယုပ္ပန် မည်၏။ ။ အနန္တရမျိုး။

သမ္ပယုတ္တ

သဟဇာတာ စိတ္တစေတသိကာဓမ္မာ + အညမညံ-သမ္ပယုတ္တဝသေန။

သဟဇာတာ၊ တကွဖြစ်ကုန်သော။

စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။

အညမညံ၊ အချင်းချင်းအား။

သမ္ပယုတ္တဝသေန၊ သမ္ပယုတ္တသတ္တိဖြင့်။

မစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

နာမ်ခန္ဓာချင်းချင်း၌ တပါးသည် သုံးပါးအား၊ သုံးပါးသည် တပါးအား၊ နှစ်ပါးသည် နှစ်ပါးအား - သုံးနည်း ကျေးဇူးပြုသည်၊ လေးပါးလုံး ပစ္စည်းမဖြစ်၊ ပစ္စယုပ္ပန်မဖြစ်၊ စေတသိက်ပိုင်း သမ္ပယောဂနည်း သင်္ဂဟနည်းမျှသိလျှင် လွယ်၏။

နှစ်ချက်ခွဲ

သမ္ပယုတ္တ၌ တကွဖြစ်သော စိတ်တခုယုတ်ကိုးဆယ်၊ စေတသိက်ဒွေပညာသ- နာမ်ခန္ဓာ တပါး နှစ်ပါး သုံးပါးသည် ပစ္စည်းမည်၏။ ထိုတကွဖြစ်သော နာမ်ခန္ဓာသုံးပါး၊ နှစ်ပါး၊ တပါးသည် ပစ္စယုပ္ပန်မည်၏။ ။ သဟဇာတမျိုး။

နာမ်+နာမ်ရုပ်ငါး

နာမ်သည်+နာမ်ရုပ်အား ငါးပစ္စည်းကား -

ဟေတု၊ ဈာန၊ မဂ္ဂ၊ ကမ္မ၊ ဝိပါက ဖြစ်၏။

ဟေတာဒိ

ဟေတု ဈာနင်္ဂမဂ္ဂင်္ဂါနိ + သဟဇာတာနံ နာမရူပါနံ ဟေတာဒိဝသေန။

ဟေတု ဈာနင်္ဂမဂ္ဂင်္ဂါနိ၊ ဟိတ် ဈာနင် မဂ္ဂင်တို့သည်။

သဟဇာတာနံ နာမရူပါနံ၊ တကွဖြစ်သော နာမ်ရုပ်တို့အား။

ဟေတာဒိဝသေန၊ ဟေတု ဈာန မဂ္ဂ သတ္တိဖြင့်။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

ဟေတုမှတ်ချက်

သဟိတ်စိတ် ဧကသတ္တတိ တို့တွင် တိဟိတ် ၄၇။ ဒွိဟိတ် ၂၂။ ဧကဟိတ် ၂-ဖြစ်၏။ မောဟမူဒွေ၌ မောဟဟိတ်သည် ယှဉ်ဘက်ဟိတ် မရှိသောကြောင့် အဟိတ်မည်၏၊ ပစ္စယုပ္ပန်၌ ကြဉ်ရသည်။

သဟဇာတရုပ်အရကို ပဝတ္တိအခါဖြစ်လျှင် စိတ္တဇရုပ်ကို။ ပဋိသန္ဓေအခါဖြစ်လျှင် ပဋိသန္ဓေကမ္မဇရုပ်ကို ကောက်ရသည်။

(နောင် သဟဇာတရုပ် တွေ့တိုင်း၏ ဤနည်းဖြင့် ကောက်အပ်၏။)

ဗာဟိရရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်၊ ဤငါးမျိုး မကောက်ရ။

နှစ်ချက်ခွဲ

ဟေတု၌ လောဘ၊ ဒေါသ-စသော ဟိတ်ခြောက်ပါးသည် ပစ္စည်း မည်၏။ ထို ဟိတ်ခြောက်ပါးနှင့် အတူဖြစ်သော သဟိတ်စိတ် ဧကသတ္တတိ။ “မောဟမူဒွေ၌ မောဟကြဉ်သော” စေတသိက် ဒွေပညာသ။ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန်မည် ၏။ ။ သဟဇာတမျိုး။

ဈာနင်မှတ်ချက်

ဒွေပဉ္စဝိညာဏ်၌ ဈာနင်မရှိ၊ ဧကဂ္ဂတာ ဥပေက္ခာ ရှိသော်လည်း ဈာနင် မမည်။ ဝိတက်ရှိမှ အာရုံကပ်ရှုနိုင်သော ဈာနင် မည်သောကြောင့်တည်း၊ လောဘမူ သောမနဿစိတ်၌ ဈာန ငါးပါး။ ကြွင်းအကုသိုလ်၌ ဈာနင်လေးပါး၊ ဒွေပဉ္စဝိညာဏ်၌ ဈာနှမရှိ။ အဟိတ်သောမနဿ၌ ငါးပါး။ ကြွင်းအဟိတ် ခြောက်ခု၌ ပီတိကြဉ်လေးပါး- စသည်ဖြင့် စိတ်အကုန် ဈာနင် ခွဲမြင်ရမည်။

ဒေါမနဿဈာနင်တခုကား စင်စစ် အကုသိုလ်တည်း။

နှစ်ချက်ခွဲ

ဈာနင်၌ ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ ဝေဒနာ-ဟူသော ဈာနင်ငါးပါးသည် ပစ္စည်း မည်၏။ ထို ဈာနင်ငါးပါးနှင့် အတူဖြစ်သော စိတ်တခုယုတ် ရှစ်ဆယ်၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး။

မဂ္ဂမှတ်ချက်

အဟိတ်စိတ်၌ မဂ္ဂင်မရှိ၊ ဧကဂ္ဂတာ ရှိသော်လည်း မဂ္ဂင်ကိစ္စမပြုတတ်။ ဝိစိကိစ္ဆာ၌ ဝိတက်နှင့် ဝီရိယသာ မဂ္ဂင်မည်သည်။ ဧကဂ္ဂတာကား မဂ္ဂင်မမည်။ အဓိမောက္ခ မရှိသောကြောင့်တည်း။ ဝိစိကိစ္ဆာ၌ မဂ္ဂင်ရှစ်ပါး၊ ဒိဋ္ဌိဂတသမ္ပယုတ်၌ မဂ္ဂင်လေးပါး၊ ကြွင်းအကုသိုလ်၌ မဂ္ဂင်သုံးပါး၊ အဟိတ်၌ မရှိ။ စသည်ဖြင့် စိတ်အကုန် မဂ္ဂင် ခွဲမြင်ရမည်။

နှစ်ချက်ခွဲ

မဂ္ဂ၌-ပညာ၊ ဝိတက်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ - ဟူသော မဂ္ဂင်တရားကိုယ် ကိုးပါးသည် ပစ္စည်း မည်၏။ ထို မဂ္ဂင်ကိုးပါးနှင့် အတူဖြစ်သော သဟိတ်စိတ် ဧကသတ္တတိ၊ စေတသိက် ဒွေပညာသ။ သဟိတ် စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

(မောဟမူဒွေ၌ မောဟအဘယ်ကြောင့် မကြဉ်သနည်း?

တွေ့အောင်ရှာလေ၊ ရသောမဂ္ဂင် ရေပြပါ။)

ကမ္မ

သဟဇာတာ စေတနာ + သဟဇာတာနံ နာမရူပါနံ ....။ နာနာက္ခဏိကာစေတနာ၊ ကမ္မာဘိ နိဗ္ဗတ္တာနံ နာမရူပါနံ - ကမ္မဝသေန။

သဟဇာတာ၊ တကွဖြစ်သော။

စေတနာ၊ စေတနာသည်။

သဟဇာတာနံ နာမရူပါနံ၊ တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား။

ကမ္မဝသေန၊ ကံ၏အစွမ်းဖြင့်။

ပစ္စယော၊ ကျေးဇူးပြုသည်။

ဟောတိ၊ ဖြစ်၏။

နာနာက္ခဏိကာ၊ အထူးထူးသော ကာလ၌ တည်သော။

စေတနာ၊ စေတနာသည်။

ကမ္မာဘိ နိဗ္ဗတ္တာနံ၊ ကံကြောင့်ဖြစ်ကုန်သော။

နာမရူပါနံ၊ နာမ်ရုပ်တို့အား။

ကမ္မဝသေန၊ ကံ၏အစွမ်းဖြင့်။

ပစ္စယော၊ ကျေးဇူးပြုသည်။

ဟောတိ၊ ဖြစ်၏။

မှတ်ချက်

သဟဇာတ၌ စေတနာသည် ပစ္စယုပ္ပန် မဖြစ်။ ကျေးဇူးပြုသော စေတနာတပါး မရှိသောကြောင့်တည်း။

နာနာက္ခဏိက၌ ကမ္မာဘိနိဗ္ဗတ္တာနံ နာမရူပါနံ - ဟုဆိုခြင်းဖြင့် ကံကြောင့်ဖြစ်သော ဝိပါက်နှင့် ကမ္မဇရုပ်သာ ပစ္စယုပ္ပန် ဟူ၍၎င်း၊ ထိုကို ဖြစ်စေသော အတိတ်ကုသိုလ်၊ အကုသိုလ် စေတနာသာ ပစ္စည်း ဟူ၍၎င်း, ကျိုးကြောင်းချင်းချင်း ထောက်၍ သိသာပြီ။

နှစ်ချက်ခွဲ

ကမ္မပစ္စည်းသည် သဟဇာတကမ္မ၊ နာနာက္ခဏိကကမ္မ-ဟု နှစ်မျိုးပြား၏။ သဟဇာတကမ္မ၌ စေတနာ တခုယုတ်ကိုးဆယ်သည် ပစ္စည်းမည်၏။ ထို စေတနာနှင့် အတူဖြစ်သော စိတ်တခု ယုတ်ကိုးဆယ်၊ “စေတနာ ကြဉ်သော” စေတသိက် ဧကပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်သည် ပစ္စယုပ္ပန်မည်၏။ သဟဇာတမျိုး။

နာနာက္ခဏိက ကမ္မ၌ အတိတ်ဖြစ်သော ကုသိုလ်၊ အကုသိုလ်စေတနာ ၃၃-ခုသည် ပစ္စည်း မည်၏။ ထိုအတိတ် စေတနာသည် ဖြစ်စေအပ်သော ဝိပါက် ဆတ္တိံသ၊ စေတသိက်အဋ္ဌတိံသ၊ ပဋိသန္ဓေ ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်၊ အသညသတ် ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။

နာနာက္ခဏိကမျိုး၊ ပကတူပနိဿယမျိုး၊ အနန္တရမျိုး - သုံးမျိုး။

ဝိပါက

ဝိပါကက္ခန္ဓာ+အညမညံ၊ သဟဇာတ ရူပါနံ ဝိပါကဝသေန။

ဝိပါကက္ခန္ဓာ၊ ဝိပါက် ခန္ဓာတို့သည်။

အညမညဉ္စ၊ အချင်းချင်းအား၎င်း။

သဟဇာတရူပါနဉ္စ၊ တကွဖြစ်သော ရုပ်တို့အား၎င်း။

ဝိပါကဝသေန၊ အကျိုးပေးသည့် အစွမ်းဖြင့်။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

အညမညံ၊ သဟဇာတရူပါနံ-ဟု ရုပ်တွဲခြင်းကြောင့် --

နာမ်ခန္ဓာတပါးသည် သုံးပါးအား၎င်း၊ သဟဇာတရုပ်အား၎င်း၊

နာမ်ခန္ဓာနှစ်ပါးသည် နှစ်ပါးအား၎င်း, သဟဇာတရုပ်အား၎င်း,

နာမ်ခန္ဓာသုံးပါးသည် တပါးအား၎င်း, သဟဇာတရုပ်အား၎င်း။

နာမ်ခန္ဓာလေးပါးသည် သဟဇာတရုပ်အားသာ -- ဟုသိရသည်။

ဝုဋ္ဌော၊ ကာမဇော၊ အဘိညာ ၃၂-ပါးသာ ဝိညပ်ဒွေကို ဖြစ်စေသည်။

ထိုကြောင့် သဝိပါကစိတ္တဇရုပ်၌ ဝိညပ်ဒွေ ကြဉ်ရသည်ကိုလည်း သိရမည်။

နှစ်ချက်ခွဲ

ဝိပါက၌ ဝိပါက်ဆတ္တိံသ၊ စေတသိက်အဋ္ဌတိံသ-နာမ်ခန္ဓာတပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါးသည် ပစ္စည်း မည်၏။ တကွဖြစ်သော ဝိပါက်နာမ်ခန္ဓာ သုံးပါး၊ နှစ်ပါး၊ တပါးသည်၎င်း၊ “ဝိညပ်ဒွေကြဉ်သော” စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည်၎င်း ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

နာမ်သည် + ရုပ်အား တစ်

နမ်သည် ရုပ်အား တပစ္စည်းကား ပစ္ဆာဇာတ ဖြစ်၏။

ပစ္ဆာဇာတ

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ + ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတဝသေန။

ပစ္ဆာဇာတာ၊ နောက်နောက်၌ ဖြစ်ကုန်သော။

စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။

ပုရေဇာတဿ၊ ရှေးရှေး၌ဖြစ်သော။

ဣမဿ ကာယဿ၊ ဤကာယအား။

ပစ္ဆာဇာတဝသေန၊ နောက်နောက်၌ ဖြစ်သည်၏အစွမ်းဖြင့်။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

နောက်စိတ်သည် ရှေးဤကာယအား ဟူသည် - ဤဘဝ၌ ပဋိသန္ဓေမှစ၍ ရှေးရှေး စိတ်နှင့် အတူဖြစ်သော ရုပ်အား+ပဋိသန္ဓေနောင် ပဌမဘဝင်မှစ၍ နောက်နောက် စိတ်သည်တည်း။ တည်တံ့ခြင်းငှါ ထောက်ပံ့သည်။ ထိုအခါ ထို ရှေးရှေး ရုပ်သည် ရုပ်၏ဋ္ဌိသို့ ရောက်ပြီ။ ပဉ္စဝေါကာရနှင့်သာ ဆိုင်သည်။ ပဉ္စဝေါကာရ၌လည်း စိတ်သည်ဖြစ်ခိုက် ၄၂။ အမြဲ ဖြစ်နေ ၄၃။ မဖြစ် ၄-ကို သိရမည်။

(စတုဝေါကာရ၌ ဖြစ်ခိုက် ၄၂။ ဖြစ်နေ ၄။ မဖြစ် ၄၃ ကိုသိရမည်)။

ဤကာယ-ရှေးရုပ်ကား ပဋိသန္ဓေစိတ်၏ ဥပါဒ်၌ ကမ္မဇရုပ်သာ၊ ဧကဇဥပါဒ်သည် ပဋိသန္ဓေဌီမှစ၍ ဥတုဇရုပ်နှင့် ဒွိဇဥပါဒ်သည်။ ပဌမဘဝင် ဥပါဒ်မှစ၍ ဥပါဒ်တိုင်း စိတ္တဇရုပ်နှင့် တိဇဥပါဒ်သည်။ အာဟာရ နှံ့သောအခါမှစ၍ အာဟာရဇနှင့် စတုဇ ဥပါဒ်သည်ဟု သိရမည်။

နှစ်ချက်ခွဲ

ပစ္ဆာဇာတ၌ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်၊ ဖြစ်နေ “အရူပဝိပါက်လေးခုကြဉ်သော” ပဌမ ဘဝင်အစရှိသော နောက်နောက်သောစိတ် ၈၅-ခု စေတသိက် ဒွေပညာသသည် ပစ္စည်းမည်၏။ ထို နာမက္ခန္ဓာတို့သည် ထောက်ပံ့အပ်သော ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယသည် ပစ္စယုပ္ပန် မည်၏။ ။ ပစ္ဆာဇာတမျိုး၊

ရုပ်သည် + နာမ်အား တစ်

ရုပ်သည် နာမ်အား တပစ္စည်းကား ပုရေဇာတ ဖြစ်၏။

ပုရေဇာတ

ဆဝတ္ထူနိ+ပဝတ္တိယံ သတ္တန္နံ ဝိညာဏ ဓာတူနံ + ပဉ္စာရမ္မဏာနိစ + ပဉ္စဝိညာဏ ဝီထိယာ - ပုရေဇာတ ဝသေန။

ဆဝတ္ထူနိ၊ ခြောက်ပါးသော ဝတ္ထုရုပ်တို့သည်။

ပဝတ္တိယံ၊ ပဝတ္တိအခါ၌။

သတ္တန္နံ ဝိညာဏ ဓာတူနံ၊ ခုနစ်ပါးသော ဝိညာဏဓာတ်တို့အား။

ပုရေဇာတဝသေန၊ ရှေး၌ဖြစ်သည်၏ အစွမ်းဖြင့်။

ပစ္စယာ၊ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

ပဉ္စာရမ္မဏာနိစ၊ ပဉ္စာရုံတို့သည်လည်း။

ပဉ္စဝိညာဏ ဝီထိယာ၊ ပဉ္စဝိညာဏဝီထိအား။

ပုရေဇာတဝသေန၊ ရှေး၌ဖြစ်သည်၏အစွမ်းဖြင့်။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

ဝတ္ထု၌ မှီပုံကို ဤသို့သိရမည်။ ပဉ္စဝိညာဏ ဓာတ်ငါးပါးသည် ပဌမအတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော မဇ္ဈိမာယုကဖြစ်သော ပဉ္စဝတ္ထု၌ အသီးသီးမှီသည်။

(စက္ခုဝိညာဏ်သည် စက္ခုဝတ္ထု၌ စသည်ဖြင့် ငါးမျိုးခွဲ သိနိုင်ရမည်။)

မနောဓါတ်၊ မနောဝိညာဏဓာတ် နှစ်ပါးသည် ပဋိသန္ဓေ အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၌မှီသည်။

နိရောဓသမာပတ်မှ ထသောအခါ ရှေးစိတ် တချက်ခန့်ကာလ၌ ဖြစ်သော ဟဒယ ဝတ္ထု၌ မှီသည်။ မရဏာသန္န အခါ ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၌မှီသည်။

ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၌ မှီသည်။ ဤ ပစ္စည်း၌ကား ပဝတ္တိကိုသာ ခွဲယူလတ္တံ့။

ပဉ္စာရုံသည် + ပဉ္စဒွါရဝီထိအား - ဟုဆိုရာ၌ “နိပ္ဖန္နရုပ်သည် ကာမမနောဒွါရဝီထိ အား၎င်း၊ အဘိညာဒွေအား၎င်း” ဟုပဉှာဝါရမှ ယူ၍ ဖြည့်စွက်တော်မူကြသည်။ ထိုပဉ္စာရုံ၊ နိပ္ဖန္နရုပ် အာရုံသည် ပရမတ်ဖြစ်ခြင်းကြောင့် သုခိတ၊ ဒုက္ခိတ သတ္တဝါ ပညပ်ကိုသာ အမြဲအာရုံပြုသော အပ္ပမညာဒွေ- အာရုံမပြု-ဟူ၍လည်း သိရမည်။

နှစ်ချက်ခွဲ

ပုရေဇာတသည် ဝတ္ထုပုရေဇာတ အာရမ္မဏပုရေဇာတ-ဟု နှစ်မျိုးပြား၏။ ဝတ္ထုပုရေဇာတ၌- ပဝတ္တိအခါ ခြောက်ပါးသော ဝတ္ထုရုပ်သည် ပစ္စည်း မည်၏ ထို ဝတ္ထုရုပ်၌ မှီ၍ဖြစ်သော ခုနှစ်ပါးသော ဝိညာဏဓာတ်သည် ပစ္စယုပ္ပန်မည်၏။ ။ ဝတ္ထုမျိုး။

အာရမ္မဏ ပုရေဇာတ၌ - ပစ္စုပ္ပန် ပဉ္စာရုံသည်။ ဝါ- ပစ္စုပ္ပန် နိပ္ဖန္နရုပ်သည် ပစ္စည်း မည်၏။ ထိုပဉ္စာရုံကို အာရုံပြုသော ပဉ္စဒွါရဝီထိစိတ် ၅၄-ခု၊ “အပ္ပမညာဒွေ ကြဉ်သော” စေတသိက် ပညာသသည်။ ဝါ၊ ထိုပစ္စုပ္ပန် နိပ္ဖန္နရုပ်ကို အာရုံပြုသော ကာမ မနောဒွါရိက ဝီထိစိတ် ၄၁-ခု၊ အဘိညာဒွေ၊ “အပ္ပမညာကြဉ်သော” စေတသိက် ပညာသသည် ပစ္စယုပ္ပန် မည်၏။ ။ အာရမ္မဏမျိုး။

ပညပ်နာမ်ရုပ်+နာမ်အား နှစ်

ပညပ်၊ နာမ်၊ ရုပ်တို့သည် + နာမ်အား နှစ်ပစ္စည်းကား အာရမ္မဏ၊ ဥပနိဿယ ဖြစ်၏။

အာရမ္မဏ

ရူပါဒိဝသေန ဆဗ္ဗိဓံဟောတိ အာရမ္မဏံ။

အာရမ္မဏံ၊ အာရုံသည်။

ရူပါဒိဝသေန၊ ရူပါရုံစသည် အစွမ်းဖြင့်။

ဆဗ္ဗိဓံ၊ ခြောက်ပါးအပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

မှတ်ချက်

အာရမ္မဏ သင်္ဂဟအတိုင်း အာရုံပြုပုံ သိရှိရုံမျှဖြင့် ဤပစ္စည်း လွယ်ကူလှ၏။

နှစ်ချက်ခွဲ

အာရမ္မဏ၌ စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက်ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ နိဗ္ဗာန်၊ ပညပ် ဟုဆိုအပ်သော အာရုံခြောက်ပါးသည် ပစ္စည်း မည်၏။ ထိုအာရုံခြောက်ပါးကို အာရုံပြုသော စိတ်တခုယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသသည် ပစ္စယုပ္ပန် မည်၏။ ။ အာရမ္မဏမျိုး။

ဥပနိဿယ

ဥပနိဿယသည် အာရမ္မဏူပ နိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ဟု သုံးမျိုးပြား၏။

အာရမ္မဏူပနိဿယ

တတ္ထ အာရမ္မဏမေဝ ဂရုကတံ အာရမ္မဏူပနိဿယော။

တတ္ထ၊ ထိုအာရုံတို့တွင်။

ဂရုကတံ၊ အလေးအမြတ် ပြုအပ်သော။

အာရမ္မဏမေဝ၊ အာရုံခြောက်ပါး သည်သာလျှင်။

အာရမ္မဏူပနိဿယော၊ အာရမ္မဏူပနိဿယသည်။

ဟောတိ၊ ဖြစ်၏။

အာရမ္မဏူ မှတ်ချက်

အလေးအမြတ်အာရုံပြုရာ၌ လောဘမူရှစ်ခုသည် (ဒေါသ၊ မောဟ၊ ဒုက္ခကြဉ်သော) လောကီစိတ် ၇၆-ခု၊ စိတ္တုပ္ပါဒ်၊ ဣဋ္ဌ-နိပ္ဖန္နရုပ်ကို အလေးအမြတ် အာရုံပြု၏။ ပုထုဇဉ်၏ မဟာကုသိုလ်ရှစ်ခုသည် လောကီကုသိုလ် သတ္တ္ကရသကို အာရုံပြု၏ အောက်ဖိုလ် သုံးယောက်၏ မဟာကုသိုလ် သမ္ပယုတ်လေးခုသည် မိမိမဂ်၊ မိမိဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။ ရဟန္တာ၏ မဟာကြိယာသမ္ပယုတ်လေးခုသည် မိမိမဂ်၊ မိမိဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။

(ဝါ၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။ လောကုတ္တရာစိတ် နှစ်ခုသည် နိဗ္ဗာန်ကို အလေးအမြတ် အာရုံပြု၏။ ဤအနေခွဲသိလျှင် လွယ်ကူ၏။ ပရမတ်အာရုံ၌ အပ္ပမညာ အာရုံမပြု။)

နှစ်ချက်ခွဲ

အာရမ္မဏူပနိဿယ၌ --

အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ်အဋ္ဌာရသ။

“ဒေါသမူဒ္ဓေ မောဟမူဒွေ၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော” စိတ်၈၄-ခု။

“ဒေါသစတုက္က၊ ဝိစိကိစ္ဆာကြဉ်သော” စေတသိက် သတ္တစတ္တာလီသ၊

ကာလပိမုတ် ဖြစ်သော နိဗ္ဗာန်-အာရုံခြောက်ပါးသည် ပစ္စည်း မည်၏။

ထို အာရုံခြောက်ပါးကို အလေးအမြတ် အာရုံပြုတတ်သော --

လောဘမူစိတ်ရှစ်ခု၊

မဟာကုသိုလ်စိတ် ရှစ်ခု၊

မဟာကြိယာဉာဏသမ္ပယုတ်စိတ် လေးခု၊

လောကုတ္တရာစိတ် ရှစ်ခု?

“ဒေါသစတုက္က၊ ဝိစိကိစ္ဆာ၊အပ္ပမညာကြဉ်သော” စေတသိက် ပဉ္စစတ္တာလီသ

သည် ပစ္စယုပ္ပန် မည်၏။ ။ အာရမ္မဏမျိုး။

အနန္တရူပ နိဿယ

အနန္တရ နိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ အနန္တရူပနိဿယော။

အနန္တရနိရုဒ္ဓါ၊ အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော။

စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။

အနန္တရူပ နိဿယော၊ အနန္တရူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုသည်။

ဟောတိ၊ ဖြစ်၏။

နှစ်ချက်ခွဲ

အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏။ ။ အနန္တရမျိုး။

ပကတူပနိဿယ

ရာဂါဒယောပနဓမ္မာ သဒ္ဓါဒယောစ သုခံဒုက္ခံ ပုဂ္ဂလော ဘောဇနံဥတု သေနာသနဉ္စ + ယထာရဟံ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစ ကုသလာဒိ ဓမ္မာနံ၊ ကမ္မံ + ဝိပါကာနန္တိစ ဗဟုဓာ ဟောတိ ပကတူပနိဿယော။

ရာဂါဒယော ပန ဓမ္မာစ၊ ရာဂစသော တရားတို့သည်၎င်း။

သဒ္ဓါဒယောစ၊ သဒ္ဓါစသော တရားတို့သည်၎င်း။

သုခဉ္စ၊ သုခဝေဒနာသည်၎င်း။

ဒုက္ခဉ္စ၊ ဒုက္ခဝေဒနာသည်၎င်း။

ပုဂ္ဂလောစ၊ ပုဂ္ဂိုလ်သည်၎င်း။

ဘောဇနဉ္စ၊ ဘောဇဉ်သည်၎င်း။

ဥတုစ၊ ဥတုသည်၎င်း။

သေနာသနဉ္စ၊ ကျောင်းအိပ်ရာ နေရာသည်၎င်း။

ယထာရဟံ၊ ထိုက်သည် အားလျော်စွာ။

အဇ္ဈတ္တဉ္စ၊ အဇ္ဈတ္တသန္တာန်၌လည်း ဖြစ်ကုန်သော။

ဗဟိဒ္ဓါ စ၊ ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော။

ကုသလာဒိဓမ္မာနံ၊ ကုသိုလ် အကုသိုလ် အဗျာကတ တို့အား၎င်း။

ကမ္မံ၊ ကံသည်။

ဝိပါကာနံ၊ ဝိပါက်တို့အား၎င်း။

ဣတိစ၊ ဤသို့လျှင်။

ပကတူပ နိဿယော၊ ပကတူပနိဿယသည်။

ဗဟုဓာ၊ များသော အပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

ပကတူ မှတ်ချက်

ပကတူ စကားနှစ်ရပ်တို့တွင် ပဌမဖြင့်- ပညပ်၊ နာမ်၊ ရုပ်သည်+နာမ်အား ပကတူ တမျိုးဖြစ်၏။ ဤ၌ အနန္တရမျိုးလည်း အတွင်းဝင်၏။

ဒုတီယဖြင့် ဗလဝအတိတ်ကံ ၃၃-ခုသည် + ဝိပါက်အား ပကတူ တမျိုးဖြစ်၏။ ဤ၌ နာနာက္ခဏိကမျိုး၊ အနန္တရမျိုးလည်း အတွင်းဝင်၏- ဟုပြသည်။

နှစ်ချက်ခွဲ

ပကတူပနိဿယ၌ ဗလဝဖြစ်သော ရှေးရှေးသော စိတ်တခု ယုက်ကိုးဆယ်၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ပစ္စည်းထိုက်သော အချို့သော ပညပ်သည် ပစ္စည်းမည်၏။ နောက်နောက်သော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသသည် ပစ္စယုပ္ပန် မည်၏။ ။ ပကတူပမျိုး။

မှတ်ဘွယ်အထူး

ပကတိယာ + ဥပနိဿယော - ပကတူပနိဿာယော။

ပကတိယာ၊ အာရမ္မဏသဘော, အနန္တရသဘော မရော၊ ပင်ကိုယ် မိမိသဘော သက်သက်ဖြင့်။

ဥပနိဿယော၊ အားကြီးသော အကြောင်းသည်။

ပကတူပနိဿယော၊ ပကတူပနိဿယတည်း။

တနည်း --

ပ-ကတော ဥပနိဿယော ပကတူပနိဿယော၊

ပ-ကတော၊ အဇ္ဈတ္တ၌ဖြစ်ပြီးသော။

ဝါ၊ ဗဟိဒ္ဓ၌မှီဝဲအပ်သော။

ဥပနိဿယော၊ အားကြီးသောအကြောင်းသည်။

ပကတူပနိဿယော၊ ပကတူပနိဿယတည်း။

ရာဂ သဒ္ဓါ စသည်သည် အဇ္ဈတ္တ၌ ဖြစ်ပြီးသော ပကတမည်၏။

ပုဂ္ဂိုလ်၊ ဘောဇဉ်စသည်သည် ဗဟိဒ္ဓ၌ မှီဝဲအပ်သော ပကတမည်၏။

ပစ္စယမဟာပဒေသ မည်၏။ ထိုကြောင့် များသောအပြား ရှိ၏။

သုတ္တန်နည်း ပကတူပနိဿယ၌ကား --

နာမ်နှင့်ရုပ်သည် ပစ္စည်းမည်၏။ ရုပ်သည် ပစ္စယုပ္ပန် မည်၏ ဟု အဘိဓမ္မာမှ ထူးခြား၏။

အဘိဓမ္မာ၌ ရုပ်အား ကျေးဇူးပြုသော ပကတူ မရှိ။

သုတ္တန် ပကတူကို ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုး ကျေးဇူးပြုပုံ ပြရာ၌ များစွာမြင်ရလတ္တံ့။

ဒွယံ+ဒွယ-ကိုး

နာမ် ရုပ်သည်+နာမ် ရုပ်အား ကိုးပစ္စည်းကား --

အဓိပတိ၊ သဟဇာတ၊ အညမည (၃)

နိဿယ၊ အာဟာရ၊ ဣန္ဒြိယ (၃)

ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၃) ဖြစ်၏။

အဓိပတိ

ဂရုကတ မာရမ္မဏံ + အာရမ္မဏာဓိပတိဝသေန နာမာနံ၊ … သဟဇာတာဓိပတိ စတုဗ္ဗိဓောပိ + သဟဇာတဝသေန သဟဇာတာနံ နာမရူပါနန္တိစ ဒုဝိဓော ဟောတိ အဓိပတိပစ္စယော။

ဂရုကတံ၊ အလေးအမြတ် ပြုအပ်သော။

အာရမ္မဏံ၊ အာရုံသည်။

နာမာနံ၊ နာမ်တို့အား။

အာရမ္မဏာဓိပတိဝသေန၊ အာရမ္မဏာဓိပတိ၏ အစွမ်းဖြင့်။

ပစ္စယော၊ ကျေးဇူးပြုသည်။

ဟောတိ၊ ဖြစ်၏။

စတုဗ္ဘိဓောပိ၊ လေးပါးအပြား ရှိသည်လည်းဖြစ်သော။

သဟဇာတာဓိပတိ၊ သဟဇာတာဓိပတိသည်။

သဟဇာတာနံ နာမ ရူပါနံ၊ တကွဖြစ်သောနာမ်ရုပ်တို့အား။

သဟဇာတဝသေန၊ သဟဇာတ၏ အစွမ်းဖြင့်။

ပစ္စယော၊ ကျေးဇူးပြုသည်။

ဟောတိ၊ဖြစ်၏။

ဣတိစ၊ ဤသို့လျှင်။

အဓိပတိပစ္စယော၊ အဓိပတိပစ္စည်းသည်။

ဒုဝိဓော၊ နှစ်ပါးအပြားရှိသည်။

ဟောတိ၊ ဖြစ်၏၊

မှတ်ချက်

အာရမ္မဏာဓိပတိသည် အာရမ္မဏူနှင့် တူ၏။ သဟဇာတာဓိပတိ၌ --

ဒွိဟိတ်ဇော ၁၈-ခု၌ အဓိပတိ သုံးပါးတို့တွင် တပါးပါး ရံခါရ၏။

ကာမဉာဏ သမ္ပယုတ်ဇော ၈-ခု၌ လေးပါး တပါးပါး ရံခါရ၏။

အပ္ပနာဇော ၂၆-ခု၌ လေးပါး တပါးပါး အမြဲရ၏။

ရံခါ ၂၆၊ အမြဲ ၂၆၊ ပေါင်း ၅၂။

သုံးပါး တပါးပါး ၁၈။ လေးပါး တပါးပါး ၃၄၊ ပေါင်း ၅၂။

ဤသို့ခွဲသိရမည်။

နှစ်ချက်ခွဲ

အဓိပတိသည် အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ-ဟု နှစ်မျိုးပြား၏။

အာရမ္မဏာဓိပတိသည် အာရမ္မဏူပနိဿယနှင့် တူ၏။ ။ အာရုံမျိုး။

သဟဇာတာဓိပတိ၌ - ဆန္ဒ၊ စိတ္တ၊ ပီရိယ၊ ဝီမံသ-ဟု ဆိုအပ်သော အဓိပတိ တရားကိုယ် လေးပါးတို့တွင် တပါးပါးသည် ပစ္စည်းမည်၏။ ထို အဓိပတိ တပါးပါးနှင့် အတူ ဖြစ်သော သာဓိပတိဇော ၅၂-ခု၊ “ဝိစိကိစ္ဆာကြဉ်သော” စေတသိက် ဧကပညာသ။ သာဓိပတိစိတ္တဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး၊

(ပဋိသန္ဓေအခါ အဓိပတိ မရ။)

သဟဇာတ

စိတ္တစေတသိကာ ဓမ္မာ+ အညမညံ သဟဇာတရူပါနဉ္စ။ ... မဟာဘူတာ+အညမညံ ဥပါဒါရူပါနဉ္စ။ .... ပဋိသန္ဓိက္ခဏေဝတ္ထုဝိပါကာ + အညမညန္တိစ-တိဝိဓောဟောတိ သဟဇာတပစ္စယော။

မဟာဘူတာ၊ မဟာဘုတ်တို့သည်။

အညမညဉ္စ၊ အချင်းချင်းအား၎င်း။

ဥပါဒါရူပါနဉ္စ၊ ဥပါဒါရုပ်တို့အား၎င်း။

ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေ ခဏ၌။

ဝတ္ထုဝိပါကာ၊ ဝတ္ထုရုပ်နှင့် ဝိပါက်တို့သည်။

အညမညံ၊ အချင်းချင်းအား။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

ဣတိစ၊ ဤသို့လျှင်။

သဟဇာတပစ္စယော၊ သဟဇာတ ပစ္စည်းသည်။

တိဝိဓော၊ သုံးပါးအပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

မှတ်ချက်

အစစကား - နှစ်ရပ်၌ ဆိုပြီးသောနည်းရှိ၍ သိနိုင်ရမည်။

တတီယစကား၌ ပဋိသန္ဓေခဏဟု ဆိုခြင်းကြောင့် ဝတ္ထုသည် ဟဒယဝတ္ထုဖြစ်ရမည်။ ဝိပါကသည် ပဋိသန္ဓေဝိပါက် ဖြစ်ရမည်။ ပဉ္စဝေါကာရနှင့်သာ ဆိုင်သည်ဟု သိရမည်။

နှစ်ချက်ခွဲ

သဟဇာတ၌ --

စိတ်တခု ယုတ်ကိုးဆယ် စေတသိက် ဒွေပညာသ - နာမ်ခန္ဓာတပါး၊ ၄ပါး၊ သုံးပါး၊ လေးပါးသည်၎င်း (၁)။

မဟာဘုတ်တပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါးသည်၎င်း (၂)။

ပဋိသန္ဓေအခါ ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာသည်၎င်း (၃)။

ပစ္စည်း မည်၏။

တကွဖြစ်သော နာမ်ခန္ဓာသုံးပါး၊ နှစ်ပါး၊ တပါး၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် သည်၎င်း (၁)။

မဟာဘုတ် သုံးပါး၊ နှစ်ပါး၊ တပါး၊ ဥပါဒါရုပ်သည်၎င်း (၂)။

ပဋိသန္ဓေအခါ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထုသည်၎င်း (၃)။

ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး။

အညမည

စိတ္တစေတသိကာဓမ္မာ အညမညံ၊ မဟာဘူတာ+အညမညံ … ပဋိသန္ဓိက္ခဏေ ဝတ္ထုဝိပါကာ + အညမညန္တိစ-တိဝိဓော ဟောတိ အညမည ပစ္စယော။

စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။

အညမညံ၊ အချင်းချင်းအား။

မဟာဘူတာ၊ မဟာဘုတ်တို့သည်။

အညမညံ၊ အချင်းချင်းအား။

ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေခဏ၌။

ဟောန္တိ၊ ဖြစ်ကုန်၏၊

ဣတိစ၊ ဤသို့လျှင်။

အညမညပစ္စယော၊ အညမညပစ္စည်းသည်။

တိဝိဓော၊ သုံးပါး အပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

မှတ်ချက်

စိတ်စေတသိက်၌ ရုပ်မတွဲ။ မဟာဘုတ်၌ ဥပါဒါရုပ်မတွဲ။ ထိုကြောင့် နာမ်ခန္ဓာ လေးပါးလုံး၊ မဟာဘုတ်လေးပါးလုံး ပစ္စည်းမဖြစ်။ ပစ္စယုပ္ပန် ဝေးစွ။

နှစ်ချက်ခွဲ

အညမည၌ --

စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသ-နာမ်ခန္ဓာတပါး၊ နှစ်ပါး၊ သုံးပါး သည်၎င်း (၁)။

မဟာဘုတ် တပါး၊ နှစ်ပါး၊ သုံးပါးသည်၎င်း(၂)။

ပဋိသန္ဓေအခါ ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာသည်၎င်း (၃)

ပစ္စည်း မည်၏။

တကွဖြစ်သော နာမ်ခန္ဓာသုံးပါး၊ နှစ်ပါး၊ တပါးသည်၎င်း (၁)၊

မဟာဘုတ်သုံးပါး၊ နှစ်ပါး၊ တပါးသည်၎င်း (၂)။

ပဋိသန္ဓေအခါ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထုသည်၎င်း (၃)-

ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

နိဿယ

စိတ္တစေတသိကာ ဓမ္မာ + အညမညံ သဟဇာတရူပါနဉ္စ။ မဟာဘူတာ + အညမညံ ဥပါဒါရူပါနဉ္စ၊ ဆဝတ္ထူနိ + သတ္တန္နံဝိညာဏ ဓာတူနန္တိ စ-တိဝိဓော ဟောတိ နိဿယပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ၊ စိတ်စေတသိက် တရားတို့သည်။

အညမညံ၊ အချင်းချင်းအား၎င်း။

သဟဇာတရူပါနဉ္စ၊ အတူတကွဖြစ်သော ရုပ်တို့အား၎င်း။

မဟာဘူတာ၊ မဟာဘုတ်တို့သည်။

အညမညံ၊ အချင်းချင်းအား၎င်း။

ဥပါဒါ ရူပါနဉ္စ၊ ဥပါဒါရုပ်တို့အား၎င်း။

ဆဝတ္ထူနိ၊ ဆဝတ္ထုတို့သည်။

သတ္တန္နံဝိညာဏဓာတူနံ၊ သတ္တဝိညာဏဓာတ်တို့အား။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

ဣတိစ၊ ဤသို့လျှင်။

နိဿယပစ္စယော၊ နိဿယပစ္စည်းသည်။

တိဝိဓော၊သုံးပါးအပြားရှိသည်။

ဟောတိ ၊ဖြစ်၏။

(ပုရေဇာတ၌ ပဝတ္တိယံ ပါသည်၊ ဤ၌ မပါ။)

မှတ်ချက်

အစ စကားနှစ်ရပ်ဖြင့် သဟဇာတမျိုးကို။ တတီယဖြင့် ပဋိသန္ဓေအခါ သဟဇာတမျိုး၊ ပဝတ္တိအခါ ဝတ္ထုမျိုး၊ အာရုံမျိုးဟု သုံးမျိုးကိုပြသည်။ အာရုံမျိုး ပြရာ၌ ဝတ္ထုလည်းဖြစ်၊ အာရုံလည်းဖြစ်၊ ပုရေဇာတလည်းဖြစ်၊ နိဿယလည်း ဖြစ်သော ဝတ္ထာရမ္မဏ ပုရေဇာတ နိဿယ ကိုပြသည်။

ထိုအင်္ဂါလေးချက် ညီသော ပစ္စည်းကိုကား မရဏာအခါ ၁၇-ချက်မြောက်သော ဟဒယဝတ္ထုဟု သိရမည်။ ထိုဟဒယ၌မှီ၍ ထိုဟဒယကို အာရုံပြုနိုင်သော စိတ်ကား မရဏာသန္န မနောဒွါရိက ဝီထိစိတ်သာ ဖြစ်ရမည်။

“ဣဿာတိက၊ ဝိရတိ၊ အပ္ပမညာ အားဖြင့် စေတသိက်ရှစ်ခု ယှဉ်နိုင်စရာ အကြောင်းလည်း မရှိဟု သိရမည်”။

နှစ်ချက်ခွဲ

နိဿယသည် သဟဇာတနိဿယ၊ ပုရေဇာတနိဿယ-ဟု နှစ်မျိုး ပြား၏၊

သဟဇာတနိဿယသည် သဟဇာတ (တိဝိဓ) နှင့်တူ၏။ ။ သဟဇာတမျိုး။

ပုရေဇာတ နိဿယသည် --

ဝတ္ထုပုရေဇာတ နိဿယ၊

ဝတ္ထာရမ္မဏ ပုရေဇာတနိဿယ ဟု နှစ်မျိုးပြား၏။

ဝတ္ထုပုရေဇာတ နိဿယသည် ဝတ္ထု ပုရေဇာတနှင့် တူ၏။ ဝတ္ထုမျိုး။

ဝတ္ထာရမ္မဏ ပုရေဇာတ နိဿယ၌ - မရဏာသန္နအခါ ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ပစ္စည်းမည်၏၊ ထိုဟဒယ၌ မှီ၍ အာရုံပြု၍ မရဏာသန္နအခါ ဖြစ်သော ကာမမနောဒွါရိက ဝီထိစိတ် ၄၁-ခု၊ ဝါ-မနောဒွါရာဝဇ္ဇန်း၊ ကာမဇော တခု ယုတ်သုံးဆယ်၊ တဒါရုံ ဧကာဒသ။ “ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိရတိ၊ အပ္ပမညာကြဉ်သော” စေတသိက် စတုစတ္တာလီသသည် ပစ္စယုပ္ပန် မည်၏။ အာရုံမျိုး။

မှတ်ဘွယ်အထူး

ပစ္စယုပ္ပန်၌ အဘိညာဒွေကိုလည်း သုတ္တန်ပါဠိစသော စကားဖြင့် ဆရာမြတ်တို့ မိန့်ဆိုကုန်၏။ သတ္တရသမ ဟဒယဝတ္ထုကို အဘိညာဒွေမှီလျက် အာရုံပြု၍ ထို အဘိညာဇော နောင် စုတိ ဖြစ်သည် ဟူသော အဓိပ္ပါယ်ဖြင့် မိန့်ဆိုကုန်၏။ အဘိညာသည် စုတိအား အနန္တရပစ္စည်း။ သတ္တရ သမ ဟဒယသည် အဘိညာအား ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတနိဿယဖြင့်လည်း ဆိုဘွယ်ရှိ၏။ အဘိဓမ္မာ၌ကား မဟော။

အာဟာရ

ကဗဠီကာရောအာဟာရော+ဣမဿ ကာယဿ ...။ အရူပိနောအာဟာရာ + သဟဇာတာနံ နာမရူပါနန္တိစ -ဒုဝိဓော ဟောတိ အာဟာရ ပစ္စယော။

ကဗဠီကာရော အာဟာရော၊ ကဗဠီကာရ အာဟာရသည်။

ဣမဿကာယဿ၊ ဤကာယအား။ …

အရူပိနောအာဟာရာ၊ နာမ်အာဟာရတို့သည်။

အာဟာရပစ္စယော၊ အာဟာရပစ္စည်းသည်။

ဒုဝိဓော၊ နှစ်ပါး အပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

မှတ်ချက်

အဇ္ဈတ္တဩဇာနှင့် ဗဟိဒ္ဓဩဇာ ပေါင်းဆုံမိမှ ဤသက်ရှိ အာဟာရဇ ကာယအား ကျေးဇူးပြုသည်၊ အာဟာရဇရုပ်ကို ဖြစ်စေသည်။ အဇ္ဈတ္တသက်သက်၊ ဗဟိဒ္ဓ သက်သက် မဖြစ်စေနိုင်။

ဩဇာသည် ဩဇာကြဉ်သော မိမိကလာပ်အား၎င်း၊ ဩဇာမကြဉ်သော တပါးသော ကလပ်အား၎င်း ကျေးဇူးပြုသည်၊ ဝါ၊ ကလာပ်တူလျှင် ဩဇာကြဉ်၍ ကလာပ်ပြားလျှင် မကြဉ်မူ၍ ကျေးဇူးသည်။

နှစ်ချက်ခွဲ

အာဟာရသည် ရုပ်အာဟာရ၊ နာမ်အာဟာရ-ဟု နှစ်မျိုးပြား၏။ ရုပ်အာဟာရ၌ ထမင်းခဲဘွယ် စသည်၌ တည်သော ဗဟိဒ္ဓဩဇာသည် ပစ္စည်းမည်၏။ အာဟာရဇ ရုပ်သည် ပစ္စယုပ္ပန် မည်၏။

တနည်းကား -

အဇ္ဈတ္တသန္တာန်၌ရှိသော စတုဇဩဇာ၊ ဗဟိဒ္ဓသန္တာန်၌ ရှိသော ဥတုဇဩဇာသည် ပစ္စည်း မည်၏။ “ကလာပ်တူ ဩဇာကြဉ်သော” ကလာပ်တူ၊ ကလာပ်ပြား ဖြစ်သော စတုဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ ။ ရုပ်အာဟာရမျိုး။

နာမ်အာဟာရ၌ - ဖဿ၊ စေတနာ၊ ဝိညာဏ် ဟူသော နာမ်အာဟာရတရားကိုယ် သုံးပါးသည် ပစ္စည်းမည်၏။ ထိုအာဟာရ သုံးပါးနှင့် အတူဖြစ်သော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက်ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

ဣန္ဒြိယ

ပဉ္စပသာဒါ+ပဉ္စန္နံ ဝိညာဏဏံ။ …. ရူပဇီဝိတိန္ဒြိယံ + ဥပါဒိန္န ရူပါနံ၊ … အရူပိနောဣန္ဒြိယာ + သဟဇာတာနံ နာမရူပါနန္တိစ-တိဝိဓော ဟောတိ ဣန္ဒြိယ ပစ္စယော။

ပဉ္စပသာဒါ၊ ငါးပါးသော ပသာဒ (ဝတ္ထုရုပ်) တို့သည်။

ပဉ္စန္နံ ဝိညာဏဏံ၊ ပဉ္စဝိညာဏ်တို့အား။

ရူပ ဇီဝိတိန္ဒြိယံ၊ ရုပ်ဇီဝိတိန္ဒြေသည်။

ဥပါဒိန္နရူပါနံ၊ ကမ္မဇရုပ်တို့အား။

အရူပိနောဣန္ဒြိယာ၊ နာမ်ဣန္ဒြေတို့သည်။

ဣန္ဒြိယပစ္စယော၊ ဣန္ဒြိယပစ္စည်းသည်။

တိဝိဓော၊ သုံးပါးအပြားရှိသည်။

ဟောတိဖြစ်၏။

မှတ်ချက်

ပဌမစကားဖြင့် ဝတ္ထုမျိုးဖြစ်၏။ မဇ္ဈိမာယုကပဉ္စဝတ္ထုသာ ပဉ္စဝိညာဏ်၏ မှီရာ အသီးသီး ပစ္စည်းဖြစ်၏ဟု သိရမည်။

ဒုတီယဖြင့် ဇီဝိတရုပ်သည် မိမိရှိသော ကမ္မဇကလပ် ကိုးစည်းအား ဟုသိရမည်။ ကမ္မဇကိုလည်း ပဝတ္တိ၊ ပဋိသန္ဓေ၊ အသညသတ်-ဟု သုံးမျိုးလုံး သိရမည်။ အချို့သောနေရာ၌ သက်ရှိစတုဇရုပ်သည် ဥပါဒိန္န မည်၏။ ဤအဘိဓမ္မာ၌ကား ကမ္မဇရုပ်သာ ဥပါဒိန္န မည်၏။

တတီယဖြင့် နာမ်ဣန္ဒြေ ရှစ်ပါး ပစ္စည်းကိုသိရမည်။ ဝိစိကိစ္ဆာ၌ ဧကဂ္ဂတာ-ဣန္ဒြေ မမည်။ အဝီရိယစိတ် ၁၆-ခု၌ ဧကဂ္ဂတာလည်း ဣန္ဒြေ မမည်။

နှစ်ချက်ခွဲ

ဣန္ဒြိယသည် ပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယ၊ သဟဇာတိန္ဒြိယ၊-ဟုသုံးမျိုးပြား၏။

ပုရေဇာတိန္ဒြိယ၌ မဇ္ဈိမာယုကဖြစ်သော ပဉ္စဝတ္ထုသည် ပစ္စည်း မည်၏။ ပဉ္စဝတ္ထု၌ မှီသော ဒွေပဉ္စဝိညာဏ်တဆယ်၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနစ်ခုသည် ပစ္စယုပ္ပန် မည်၏။ ဝတ္ထုမျိုး။

ရူပဇီဝိတိန္ဒြိယ၌ ဇီဝိတိန္ဒြိယရုပ်သည် ပစ္စည်း မည်၏။ ထို ဇီဝိတိန္ဒြိယရုပ်ကြဉ်သော ကလာပ်တူ ကမ္မဇကလာပ် ကိုးစည်းသည် ပစ္စယုပ္ပန် မည်၏။ ရုပ်ဇီဝိတမျိုး။

သဟဇာတိန္ဒြိယ၌ - ဇီဝိတ၊ စိတ်၊ ဝေဒနာ (၃)၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ(၅) ဟူသော နာမ်ဣန္ဒြေ တရားကိုယ် ရှစ်ပါးသည် ပစ္စည်းမည်၏။ ထို နာမ်ဣန္ဒြေ ရှစ်ပါးနှင့် အတူဖြစ်သော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး။

မှတ်ဘွယ်အထူး

ဣန္ဒြေ ၂၂-ပါး၊ တရားကိုယ် ၁၆-ပါးတို့သည် မိမိမိမိကိစ္စ၌ ဆိုင်ရာဆိုင်ရာတရားတို့ကို မိမိအလိုအတိုင်း ဖြစ်အောင် အစိုးတရ ကြီးကဲကြသောကြောင့် ဣန္ဒြိယ မည်ကုန်၏။ ဘာဝရုပ်မှ တပါးတို့သည် ပစ္စယလည်း မည်ကုန်၏။ ဘာဝရုပ်နှစ်ခုကားလိင်္ဂ၊ နိမိတ္တ၊ ကုတ္တ၊ အာကပ္ပ-လေးမျိုးကို မိန်းမအသွင် စသည်၊ ယောက်ျားအသွင် စသည် ဖြစ်ကြရမည်ဟု အစိုးတရ ပြုသောကြောင့်သာ ဣန္ဒြိယမည်သည်။ အစိုးတရ အမြဲ မပြုသောကြောင့် ပစ္စယ မမည်။

ပဋိသန္ဓေအခါ ဘာဝရုပ်ရှိလျက် လိင်္ဂစသည်ကို မဖြစ်စေနိုင်။ ဗြဟ္မာတို့အား ဘာဝရုပ် မရှိဘဲလျက် ပုရိသလိင်္ဂ စသည် ထင်ရှား၏။ အချို့ယောက်ျား ဖြစ်လျှက် မိန်းမအသွင်၊ မိန်းမဖြစ်လျက် ယောက်ျားအသွင် အမြဲ အမှန်မှတ်၍မရ။ (လိင်္ဂါဒိမျိုး အုပ်စိုး မမြဲသတည်း)။

တနည်း --

ဘာဝရုပ် နှစ်ခုသည် လိင်္ဂစသော လေးမျိုးအား ဇနကသတ္တိဖြင့်လည်း မဖြစ်စေ။ ဥပထမ္ဘက သတ္တိဖြင့်လည်း မထောက်ပံ့၊ အနုပါလက သတ္တိဖြင့်လည်း မစောင့်ရှောက်။ ပစ္စည်းဖြစ်နည်း သုံးပါးဖြင့် ကျေးဇူး မပြုသောကြောင့် ပစ္စယမမည်၊

လိင်္ဂစသော လေးမျိုးကို ဣတ္ထိဘာဝ ပုရိသဘာဝအား လျော်သော သဏ္ဌာန်၊ မူရာ စသည်ဖြစ်အောင် ကံ, စိတ်, ဥတု, အာဟာရ တို့ကသာ ပြုပြင်ကြသည်။ ဘာဝနှစ်ခုကား ဤသို့ဤသို့ ဖြစ်ရမည်ဟု အစိုးတရ ကြီးကဲခြင်းသာ ပြုသည်။ ဖြစ်အောင် ပြုပြင်ပေးခြင်းမရှိ။ (ပစ္စည်းဖြစ်နည်း သုံးပါးမှ ရှောင်လွှဲပေသတည်း)။

တနည်း --

လိင်္ဂစသော လေးမျိုးသည် ပစ္စယုပ္ပန် ဖြစ်စကောင်းသော သင်္ခတပရမတ် စစ်စစ် မဟုတ်၊ ပညတ္တိ ဝိသေသ ဖြစ်သည်။ ထိုကြောင့် ပစ္စယမဖြစ်နိုင်။

(ပရမတ်မှ သီးခြားသော ပညပ်အား ကျေးဇူးပြုသောပစ္စည်း အဘယ်မှာ ဖြစ်နိုင် အံ့နည်း)။

လိင်္ဂါဒိမျိုး-အုပ်စိုး မမြဲ (၁)

ရှောင်လွှဲသုံးနည်း (၁)

ပညပ်သီး (၁) ပစ္စည်း ချို့ကြောင်း ဘာဝတည်း။

ဝိပ္ပယုတ္တ

ဩက္ကန္တိက္ခဏေ ဝတ္ထု + ဝိပါကာနံ၊ စိတ္တစေတသိကာ ဓမ္မာ + သဟဇာတ ရူပါနံ သဟဇာတ ဝသေန။ …. ပစ္ဆာဇာတာစိတ္တ စေတသိကာ ဓမ္မာ + ပုရေဇာ တဿ ဣမဿ ကာယဿ ပာဇာတ ဝသေန။ …. ဆဝတ္ထူနိ + ပဝတ္တိယံ သတ္တန္နံဝိညာဏဓာတူနံ ပုရေဇာတ ဝသေနေတိစ - တိပိဓောဟောတိ ဝိပ္ပယုတ္တပစ္စယော။

ဩက္ကန္တိက္ခဏေ၊ ပဋိသန္ဓေအခါ၌။

ဝတ္ထု၊ ဝတ္ထုရုပ်သည်။

ဝိပါကာနံ၊ ဝိပါက်တို့အား။

စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။

သဟဇာတရူပါနံ၊ တကွဖြစ်သော ရုပ်တို့အား။

သဟဇာတဝသေန၊ သဟဇာတ၏ အစွမ်းဖြင့်။

ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။

ဟောန္တိ၊ ဖြစ်ကုန်၏။

[ဤဝါကျမှ ဩက္ကန္တိက္ခဏေ ဝိပါကာ+ ဝတ္ထုဿ - ဟု ထုတ်ယူအပ်၏။ ပစ္ဆာဇာတာ-စသည် အတူရှိပြီ။ ။ ဆဝတ္ထုနိ စသည် အတူရှိပြီ။]

ဣတိစ၊ ဤသို့လျှင်။

ဝိပ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စည်းသည်။

တိဝိဓော၊ သုံးပါးအပြား ရှိသည်။

ဟောတိ၊ ဖြစ်၏၊

မှတ်ချက်

ဤ ဝိပ္ပယုတ္တသည် ဉာဏ်မှကင်းသော ဉာဏဝိပ္ပယုတ်မျိုး ကဲ့သို့မဟုတ်။ မယှဉ်မတွဲ တကွဲစီဖြစ်၏၊ သီးခြား ဖြစ်ခြင်းသာတည်း။ ပြိုင်တူ။ နောက်၊ ရှေ့-ဟု သုံးမျိုးဖြစ်၍ ကျေးဇူးပြု၏။ ပြိုင်တူဖြစ်ရာ၌ ပဋိသန္ဓေအခါ ဝတ္ထုသည် + ဝိပါကတို့အားကဲ့သို့ ဝိပါကတို့သည် ဝတ္ထုအား အချင်းချင်း ကျေးဇူးပြုကုန်၏။ အညမည်ဟု မဆိုသော် လည်း စိတ္တ စေတသိကာဓမ္မာ + သဟဇာတရူပါနံ-မှ “ဝိပါကာ + ဝတ္ထုဿ” ဟု ထုတ်ယူနိုင်၏။ စိတ္တဇရုပ်ကို ဖြစ်စေသောစိတ် ၇၅-ခုရှိ၏။ စိတ္တဇရုပ်ကြောင့်ကား ထို ၇၅-မဖြစ်ဟု သိရမည်။

နှစ်ချက်ခွဲ

ဝိပ္ပယုတ်သည် သဟဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်ဟု သုံးမျိုးပြား၏။ သဟဇာတဝိပ္ပယုတ်၌ - ပဋိသန္ဓေအခါ ဟဒယဝတ္ထု၊ ပဉ္စပေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာသည်၎င်း (၁)။ ရုပ်ကို ဖြစ်စေဘတ်သောစိတ် ၇၅-ခု၊ စေတသိက် ဒွေပညာသသည်၎င်း (၂) ပစ္စည်း မည်၏။

ပဋိသန္ဓေအခါ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထုသည်၎င်း (၁)၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည်၎င်း (၂) ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတနှင့်တူ၏။ ။ပစ္ဆာဇာတမျိုး။

ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတ ဝိပ္ပယုတ်၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ် ဟု နှစ်မျိုးပြား၏။ ဝတ္ထုပုရေဇာတ ဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတနှင့် တူ၏။ ။ ဝတ္ထုမျိုး။

ဝတ္ထာရမ္မဏ ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထာရမ္မဏ ပုရေဇာတနိဿယနှင့် တူ၏။ ။ အာရုံမျိုး။

အတ္ထိ

သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတဉ္စ သဗ္ဗထာ။ ကဗဠီကာရော အာဟာရော၊ ရူပဇီဝိတမိစ္စယန္တိ၊ ပဉ္စဝိဓော ဟောတိ အတ္ထိပစ္စယော အဝိဂတပစ္စယော။

သဗ္ဗထာ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။

သဟဇာတဉ္စ၊သုံးမျိုးသော သဟဇာတ၎င်း။

ပုရေဇာတဉ္စ၊ နှစ်မျိုးသော ပုရေဇာတ၎င်း။

ပစ္ဆာဇာတဉ္စ၊ ပစ္ဆာဇာတ၎င်း။

ကဗဠီကာရော အာဟာရောစ၊ ကဗဠီကာရ အာဟာရ၎င်း။

ရူပဇီဝိတဉ္စ၊ ရူပဇီဝိတ၎င်း။

ဣတိ၊ ဤသို့။

အယံအတ္ထိ ပစ္စယော၊ ဤအတ္ထိပစ္စည်းသည်။

ပဉ္စဝိဓော၊ ငါးပါးအပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

အဝိဂတပစ္စယောစ၊ အဝိဂတပစ္စည်းသည်လည်း။

ပဉ္စဝိဓော၊ ငါးပါးအပြားရှိသည်။

ဟောတိ၊ ဖြစ်၏။

နှစ်ချက်ခွဲ

အတ္တိသည် သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ရူပဇီဝိတိန္ဒြိယတ္ထိ-ဟု ငါးမျိုးပြား၏။

သဟဇာတတ္ထိသည် သဟဇာတ (တိဝိဓ)နှင့် တူ၏။ ။ သဟဇာတမျိုး။

ပုရေဇာတတ္ထိသည် ဝတ္ထုပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတတ္ထိ ဟု နှစ်မျိုးပြား၏။

ဝတ္ထုပုရေဇာတတ္ထိသည် ဝတ္ထုပုရေဇာတနှင့် တူ၏။ ။ ဝတ္ထုမျိုး။

အာရမ္မဏပုရေဇာတတ္ထိသည် အာရမ္မဏပုရေဇာတနှင့်တူ၏။ အာရုံမျိုး။

ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏။ ။ ပစ္ဆာဇာတမျိုး။

အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။ ။ ရုပ်အာဟာရမျိုး။

ရူပဇီဝိတိန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။ ။ ရုပ်ဇီဝိတမျိုး။

အဝိဂတ

ဝိဂတသည်လည်း အတ္ထိ ငါးမျိုးနှင့်တူ၏။ ။ ခြောက်မျိုး။

ပစ္စည်းပေါင်းခြင်း

ဤအလုံးစုံသော ပစ္စည်းတို့သည် အာရမ္မဏ၊ ဥပနိဿယ၊ ကမ္မ္ပ၊ အတ္ထိ-လေးပစ္စည်း၌ ပေါင်းဝင်ကုန်၏။

အမျိုးတူရာ ပေါင်းဝင်သောကြောင့် --

အာရမ္မဏ၌ အာရုံမျိုး ရှစ်ပစ္စည်းဖြစ်၏။

ဥပနိဿယ၌ ဥပနိဿယမျိုး-ကိုး။ ဝါ-အနန္တရမျိုး ၇။ ပကတူပမျိုး ၂-ဖြစ်၏။

ကမ္မ၌ နာနာက္ခဏိကကမ္မတခု ဖြစ်၏။

အတ္တိ၌ သဟဇာတမျိုး ၁၅။ ဝတ္ထုမျိုး ၆။ ပစ္ဆာဇာတမျိုး ၄။ အာဟာရမျိုး ၃။ ရူပဇီဝိတိန္ဒြိယမျိုး ၃-မျိုး ဖြစ်၏။

[ခက်ခဲသည်ဟု ထင်ရသော်လည်း ဆိုပြီးသောနည်း ရှိသဖြင့် ကြံစည် အားထုတ်၍ သိရသောအခါ ပီတိပါမောဇ္ဇတို့ ဖြစ်နိုင်ကုန်ရာ၏။]

သဟဇာတရုပ်နှစ်မျိုး

စိတ်စေတသိက်တို့နှင့် အတူတကွ ဖြစ်သောရုပ်သည် သဟဇာတရုပ် မည်၏။ ပဝတ္တိအခါ စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ ကမ္မဇရုပ် နှစ်မျိုးပြား၏။ ဤသဟဇာတရုပ်ကို ဟေတုစသော ငါးပစ္စည်း၌၎င်း၊ အဓိပတိစသော ရှစ်ပစ္စည်း၌၎င်း ပစ္စုပ္ပန်အဖြစ်ဖြင့် ဟောသည်။ ကြွင်း ၁၁-ပစ္စည်း၌ မဟော။ ပဉ္စဝေါကာရဘုံ၌သာ ဟောသည်။ စတုဝေါကာရ ၊ ဧကဝေါကာရ၌ မဟော။

ပစ္စည်းခွဲခြင်း

ဤသို့ ပစ္စည်းတို့သည် --

တေကာလိကပစ္စည်း၊ ကာလဝိမုတ္တပစ္စည်းအားဖြင့် နှစ်မျိုး ဖြစ်ကုန်၏။

အဇ္ဈတ္တိကပစ္စည်း၊ ဗာဟိရ ပစ္စည်းအားဖြင့် နှစ်မျိုး၊

သင်္ခတပစ္စည်း၊ အသင်္ခတပစ္စည်း အားဖြင့် နှစ်မျိုး၊

ပညပ်ပစ္စည်း၊ နာမ်ပစ္စည်း၊ ရုပ်ပစ္စည်းအားဖြင့် သုံးမျိုး။

အလုံးစုံသတ္တိ အသီးသီးအားဖြင့် ၂၄-မျိုးဖြစ်ကုန်၏။

(ပြားခြင်းအားဖြင့် ၄၇-ပစ္စည်း။ အမျိုးအရေအတွက် ၄၉-မျိုးကိုလည်း သိအပ်၏။)

ကာလဖြင့်လေးမျိုး

ကာလအားဖြင့် ပစ္စုပ်-ဆဲ့ငါး၊ အတိတ်-ငါးနှင့်၊ ဒွိကား-တဖြာ၊ တိကာ-ဝိမုတ်၊ သုံးခုထုတ်၊ ပေါင်းချုပ်နှစ်ဆဲ့လေး။

ပစ္စုပ်

ပစ္စုပ်ဆဲ့ငါးကား --

ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ (၄)၊

ပုရေဇာတ၊ ပစ္ဆာဇာတ၊ ဝိပါက (၃)၊

အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ (၄)

သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊(၄)၊

ဤသို့ ပစ္စုပ္ပန်ကာလ ပစ္စည်း ၁၅-ဖြစ်၏။

အတိတ်ငါးကား - အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတတည်း။

ဒွိကားတဖြာကား - ကမ္မ။ ဤကမ္မသည် ပစ္စုပ်တီတဒွိကာလိက ပစ္စည်းဖြစ်၏။

တိကာဝိမုတ်-သုံးခုထုတ်ကား - အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿ ဤသုံးပစ္စည်းသည် တေကာလိကနှင့် ကာလဝိမုတ်ပစ္စည်း ဖြစ်၏။

ယုဂ ခုနစ်စုံ

ပစ္စည်းတို့သည် အနက်တူတစုံ၊ သဒ္ဒါတူတစုံ စသည်ဖြင့် ခုနစ်စုံရှိ၏။

အနက်တူတစုံကား - အနန္တ၊ သမနန္တရ ဖြစ်၏။

သဒ္ဒါတူတစုံကား - နိဿယ၊ ဥပနိဿယ-ဖြစ်၏။”ဥပသာ ရလိုရင်းမဟုတ်”

ကာလပဋိပက္ခ တစုံကား - ပုရေဇာတ၊ ပစ္ဆာဇာတ။

ဟေတုဖလတစုံကား - ကမ္မ၊ ဝိပါက။

အညမည ပဋိပက္ခသုံးစုံကား - သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ။ အတ္တိ၊ နတ္ထိ။ ။ ဝိဂတ၊ အဝိဂတ ဖြစ်၏။

သတ္တိနှစ်မျိုး

သတ္တိအားဖြင့် ... ဇနက-ခုနစ်၊ ထမ္ဘ -တစ်၊ ဆဲ့ရှစ်-ဥဘယံ။

ဇနက-ခုနစ်ကား -

အနန္တရ ၊သမနန္တရ၊ အနန္တရူ၊ ပကတူ ဟူသော ဥပနိဿယ (၃)၊

အာသေဝန၊ နာနာက္ခဏိကကမ္မ၊ နတ္ထိ၊ ဝိဂတ (၄)

ဤ ခုနစ်ပစ္စည်းသည် ဇနကသည်ဖြင့် ဖြစ်ပေါ်ခြင်းငှါသာ ကျေးဇူးပြု၏။

ဥပထမ္ဘက မဟုတ်။

ထမ္ဘ-တစ်ကား -

ပစ္ဆာဇာတ၊ ဤ တပစ္စည်းသည် ဥပထမ္ဘက သတ္တိဖြင့် တည်တံ့ခြင်း ငှါသာ ကျေးဇူးပြု၏။ ဇနကမဟုတ်။

ဆဲ့ရှစ်-ဥဘယံကား -

ဟေတု၊ အာရမ္မဏ၊ အဓိပတိ (၃)။

သဟဇာတ၊ အညမည၊ နိဿယ၊ အာရမ္မဏူပနိဿယ (၄)

ပုရေဇာတ၊ သဟဇာတကမ္မ၊ ဝိပါက (၃)

အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ (၄)

သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၄)၊

ဤ ၁၈-ပစ္စည်းသည် ဇနက၊ ဥပထမ္ဘက-သတ္တိနှစ်ပါးဖြင့် ဖြစ်ပေါ်ခြင်းငှါ၎င်း တည်တံ့ခြင်းငှါ၎င်း ကျေးဇူးပြု၏။

(ဥပနိဿယနှင့်ကမ္မကို သတိပြု၊ နှစ်ဌာနစီ။)

ဌာနိကနှစ်မျိုး

သင်္ခတတရား အားလုံးတို့အား ကျေးဇူးပြုသော ပစ္စည်းသည် သဗ္ဗဋ္ဌာနိက ပစ္စည်း မည်၏။ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ ဟုလေးခုရှိ၏။

သင်္ခတတရား တစိတ်တဒေသအား ကျေးဇူးပြုသော ပစ္စည်းသည် အသဗ္ဗဋ္ဌာနိက ပစ္စည်းမည်၏။ ကြွင်း ၂၀-ဖြစ်၏။

ပစ္စည်းပေါင်းဝင်ခြင်း၌ မှတ်ဘွယ်

အာရုံမျိုးရှစ်

၁။ အာရမ္မဏာဓိပတိ၊

၂။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊

၃။ အာရမ္မဏူပနိဿယ၊

၄။ အာရမ္မဏပုရေဇာတ၊

၅။ ဝတ္ထာရမ္မဏပုရေဇာတ ဝိပ္ပယုတ္တ၊

၆။ အာရမ္မဏပုရေဇာတတ္ထိ၊

၇။ အာရမ္မဏ ပုရေဇာကာဝိဂတ၊

ဤ ၇-ပစ္စည်းသည် အာရမ္မဏ၌ ပေါင်းဝင်၏။

ထိုကြောင့် အာရုံမျိုး ရှစ်ပစ္စည်း ဖြစ်၏။

ဥပနိဿယ မျိုးကိုး

အနန္တရ၊ သမနန္တရ၊ အာသေဝန၊ မဂ္ဂါနန္တရဖိုလ်အား (ပစ္စည်း) တပ်သော နာနာက္ခဏိက ကမ္မ၊ နတ္ထိ၊ ဝိဂတ ၆-ပစ္စည်းသည် အနန္တရူ၌ဝင်၏။

ပိပါက် ဆတ္တိံသအား တပ်သော ဗလဝ နာနာက္ခဏိကကမ္မသည် ပကတူ ၌ဝင်၏၊ ထိုကြောင့် ဥပနိဿယမျိုးကိုး ဖြစ်၏။

ဝါ-အနန္တရမျိုး ၇။ ပကတူမျိုး ၂-ဖြစ်၏။

(ရုပ်အား ကျေးဇူးမပြုသော ပကတူ၌ ရုပ်အား ကျေးဇူးပြုသော နာနာက္ခဏိက ဝင်ခြင်းသည် တစိတ်- သပဒေသ ဝင်ခြင်းတည်း။)

နာနာက္ခဏိကမျိုး တစ်

ဝိပါက်၊ ကဋတ္တာရုပ်အားတပ်သော ဗလဝ၊ ဒုဗ္ဗလကမ္မသည် နာနာက္ခဏိကမျိုး တခုဖြစ်၏။

[ကာမဝိပါက်အား ကာမကုသိုလ်၊ အကုသိုလ်-ဒုဗ္ဗလသည် နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။

ဗလဝသည် ပကတူ၊ နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။

အပ္ပနာဝိပါက်အား အပ္ပနာကုသိုလ် ဗလဝသည် ပကတူ၊ နာနာက္ခဏိက သတ္တိဖြင့် ကျေးဇူးပြု၏။ ဒုဗ္ဗလမရှိ။

မဂ္ဂါနန္တရဖိုလ်အား မဂ်သည် အနန္တရ၊ ပကတူ၊ နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။

ကဋတ္တာရုပ်အား ကာမကုသိုလ်၊ အကုသိုလ်၊ ရူပကုသိုလ်-ဗလဝ၊ ဒုဗ္ဗလသည် နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။]

သဟဇာတမျိုး ၁၅

ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတ (၃)။

အညမည၊ သဟဇာတနိဿယ၊ သဟဇာတကမ္မ၊ (၃)။

ဝိပါက၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ (၃)။

ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ (၃)။

သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတာဝိဂတ (၂)။

ဤ ၁၄-ပစ္စည်းသည် သဟဇာတတ္ထိ၌ ဝင်၏။

ထိုကြောင့် သဟဇာတမျိုး ၁၅-ဖြစ်၏။

ဝတ္ထုမျိုး ၆

ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ပုရေဇာတိန္ဒြိယ၊ ပုရေဇာတဝိပ္ပယုတ္တ၊ ပုရေဇာတာဝိဂတ - ဤ ငါးပစ္စည်းသည် ဝတ္ထုပုရေဇာတတ္တိ၌ဝင်၏။

ထိုကြောင့် ဝတ္တု မျိုး ၆-ဖြစ်၏။

ပစ္ဆာဇာတမျိုး ၄

ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတာဝိဂတ။ ဤ သုံးပစ္စည်းသည် ပစ္ဆာဇာတတ္တိ၌ ဝင်၏။ ပစ္ဆာဇာတမျိုး ၄-ဖြစ်၏။

အာဟာရမျိုး ၃

ရုပ်အာဟာရ၊ ရုပ်အာဟာရာဝိဂတ၊ ဤနှစ်ပစ္စည်းသည် ရုပ်အာဟာရတ္တိ၌ ဝင်၏။ အာဟာရမျိုး ၃- ဖြစ်၏။

ရူပဇီဝိတမျိုး ၃

ရူပဇီဝိတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယာဝိဂတ။ ဤနှစ်ပစ္စည်းသည် ရူပဇီဝိတိန္ဒြိယတ္တိ၌ ဝင်၏။ ရူပဇီဝိတမျိုး ၃-ဖြစ်၏။

ပညပ်

ပညပ်၊ နာမ်၊ ရုပ်တို့တွင် ရူပက္ခန္ဓာသည် ရုပ်မည်၏၊

နာမ်ခန္ဓာ လေးပါး၊ နိဗ္ဗာန် - ဤငါးပါးသည် အရူပလည်း မည်၏။ နာမ်လည်း မည်၏။

ပညပ်ကား အတ္ထပညပ်၊ သဒ္ဒပညပ်ဟု နှစ်မျိုး ပြား၏။

သိစေအပ်သော “ဝါ-သိအပ်သော” ပညပ်သည် အတ္ထပညပ်မည်၏။

(ဝစ္စပညပ်လည်း မည်၏။ ပညာပီယတ္တာပညတ္တိလည်း မည်၏။)

သိစေတတ်သော ပညပ်သည် သဒ္ဒပညပ် မည်၏။ (ဝါစက ပညပ်လည်း မည်၏။ နာမပညပ်လည်း မည်၏။ ပညာပနတော ပညတ္တိလည်း မည်၏။)

သင်္ကေတ ဝစနံ သစ္စံ၊ လောကသမ္မုတိကာရဏံ။

ပရမတ္ထ ဝစနံ သစ္စံ၊ ဓမ္မာနံ တထလက္ခဏံ။

လောကသမ္မုတိကာရဏံ၊ လူတို့သမုတ်ခြင်းလျှင် အကြောင်းရှိသော။

သင်္ကေတဝစနံ၊ သင်္ကေတစကားသည်။

သစ္စံ၊ မှန်၏။

ဓမ္မာနံ၊ ဓမ္မတို့၏။

တထလက္ခဏံ၊ မှန်သော လက္ခဏာရှိသော။

ပရမတ္ထ ပစနံ၊ ပရမတ်စကားသည်။

သစ္စံ၊ မှန်၏။

သမ္မုတိသစ္စာ၊ ပရမတ္ထသစ္စာဟု သစ္စာနှစ်ပါးလုံး ဘုရားရှင် သုံး၏။ ထိုပြင် တတီယသစ္စာဟု မရှိပြီ။

(အရိုးဖြူသောကြောင့် ကျီးဟူသမျှဖြူ၏-ဟူသည် သစ္စာနှစ်ပါး၌ မပါဝင်ပြီ။)

အတ္ထပညပ်အများ

သိအပ်သော အတ္ထပညပ်သည် သန္တာနပညပ်၊ သမူဟပညပ် - စသည်ဖြင့် အများအပြား ရှိ၏။

မြေကြီး၊ တောတောင်၊ သစ်ပင် - စသည်သည် (ဝါ-မြေကြီးစသော အမည်ဖြင့် သိအပ်သော ဝတ္ထုဒြပ်သည်) သန္တာနပညပ် မည်၏။ ပဗန္ဓဟူသော အစဉ်အဆက် ဖွဲ့ခြင်း မပြတ်သောကြောင့်တည်း။ ပထဝီ၊ အာပေါစသော မဟာဘုတ်တို့၏ ပြန့်ခြင်း၊ မိုမောက်ခြင်း စသော ခြင်းရာ ဖောက်ပြန်ခြင်းကို စွဲ၍ မှည့်အပ်သော ဝတ္ထုဖြစ်၏။

အိမ်၊ အိုး၊ ပုဆိုး-စသည်သည် သမူဟပညပ် မည်၏၊ သစ်သား၊ မြေညက်၊ ဝါချည် စသည်တို့၏ ပေါင်းစုခြင်းကို စွဲ၍မှည့်အပ်သော အရာဖြစ်၏။

ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် - စသည်သည် သတ္တပညပ်မည်၏။ ခန္ဓာငါးပါး၏ ခြင်းရာကို စွဲ၍မှည့်အပ်သောအရာ ဖြစ်၏။

အရှေ့၊ အနောက်-စသည်သည် ဒိသာပညပ် မည်၏။

နံနက်၊ ညချမ်း-စသည်သည် ကာလပညပ် မည်၏။

ကဆုန်၊ နယုန်-စသည်သည် မာသပညပ် မည်၏။

လ၊နေ၊ နက္ခတ်တို့၏ လှည့်လည်သော ခြင်းရာကိုစွဲ၍ မှည့်အပ်သော အရာဖြစ်၏။

တွင်း၊ လှိုဏ်၊ ဂူ အပေါက်-စသည်သည် အာကာသပညပ် မည်၏။ မဟာဘုတ်တို့၏ မသိခြင်း၊ မရှိခြင်းကိုစွဲ၍ မှည့်အပ်သော အရာဖြစ်၏။

ကသိုဏ်းနိမိတ်၊ အသုဘနိမိတ် စသည်သည် နိမိတ်ပညပ်မည်၏။ ယောဂီတို့အား ထိုထိုနိမိတ်အာရုံ ထင်ခြင်းကို စွဲ၍မှည့်အပ်သော အရာဖြစ်၏။

ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် စသည်သည်လည်း နိမိတ်ပညပ် မည်၏။ ဘာဝနာစဉ် ထူးခြားခြင်းကိုစွဲ၍ မှည့်အပ်သော အရာဖြစ်၏။

ဤ အတ္ထပညပ်သည် ပရမတ် မဟုတ်သော်လည်း ပရမတ်၏ အရိပ်အရောင် စွဲမြှောင်တုပခြင်းဖြင့် စိတ်စေတသိက်တို့၏ အာရုံ ဖြစ်၏။ ထိုထိုခြင်းရာဖြင့် ဖြစ်သည်ကို စွဲ၍ ထောက်၍ အကြောင်းပြု၍ ထိုထိုခြင်းရာဖြင့် ကြံဆအပ်သောအရာ၊ ရေတွက်အပ်သော အရာဖြစ်၏။ မှည့်ခေါ်အပ်သော အရာဖြစ်၏၊ အပြားအားဖြင့် သိစေအပ်သော [ဝါ-သိအပ်သော] အရာဖြစ်၏။ ထိုကြောင့်ပညပ် မည်၏။

သဒ္ဒပညပ် ၆-မည်

သိစေတတ်သော သဒ္ဒပညပ်ကိုကား နာမ၊ နာမကမ္မ၊ နာမဓေယျ၊ နိရုတ္တိ၊ ဗျဉ္ဇန၊ အတိလာပ- ဟူသော အမည် ၆-ပါးဖြင့် ပြအပ်၏။ (အမည်သာ ကွဲ၏ ဟူလို။)

ဤသဒ္ဒပညပ်ဟူသည် ရွတ်ဆိုအပ်သော အသံအဖြစ်သို့ ရောက်သော အက္ခရာစဉ် ဖြစ်၏။ ထိုအက္ခရာစဉ်သည် --

(၁)-အတ္ထေသု+ နမတီတိနာမံ -- အနက်ဒြပ်တို့၌+ ညွတ်တတ်သောကြောင့် နာမ မည်၏၊

(၂)-နမတီတိနာမံ၊ ကရီယတေတိကမ္မံ၊ နာမဉ္စ တံကမ္မဉ္စာတိနာမကမ္မံ - အနက်၌လည်း ညွတ်တတ်၊ ပြုလည်း ပြုအပ်သောကြောင့် ဝါ-မှည့်အပ်သော + အမည်ဖြစ်သော ကြောင့် နာမကမ္မ မည်၏။

(၃)-နမဏီတိနာမံ၊ ဓီယတေတိဓေယျံ၊ နာမဉ္စတံဓေယျဉ္စာတိ နာမဓေယျံ- ညွတ်တတ်၊ ထားအပ်သောကြောင့်၊ ဝါ-ထားအပ်သော အမည်ဖြစ်သောကြောင့် နာမဓေယျ မည်၏။

(၄)-နီဟရိတွာ ဥစ္စတိဧတာယာတိ နိရုတ္တိ-ဝစနတ္ထကို ထုတ်၍ဆိုကြောင်း ဖြစ်သောကြောင့် နိရုတ္တိ မည်၏၊

(၅)- ဗျဉ္ဇီယတိ အတ္ထောဧတေ နာတိဗျဉ္ဇနံ - အနက်ပြတတ်သောကြောင့် ဗျဉ္ဇန မည်၏။

(၆)- အဘိမုခံလပဏီတိ အတိလာပေါ - အနက်ဒြဗ်သို့ ရှေးရှုပြု၍ ဟောတတ် သောကြောင့် အဘိလာပ မည်၏။

ဤသို့ ဤသဒ္ဒပညပ်သည် အမည်ခြောက်ပါး ရှိ၏။ ဆိုလတ္တံ့သော တတီယဝီထိ၏ အာရုံဖြစ်၏။ အနက်ဒြပ်အတ္ထပညပ်ကို သိကြောင်းဖြစ်၏။

သဒ္ဒပညပ်အပြား

ဤအက္ခရာစဉ်သည် အနွတ္ထနာမ်၊ ရုဠှီနာမ်အားဖြင့် နှစ်ပါး။ ဧကက္ခရ၊ အနေကက္ခရ၊ အနေကပဒ အားဖြင့် သုံးပါး။ သာမညနာမ်၊ ဂုဏနာမ်၊ ကြိယာနာမ်၊ ယဒိစ္ဆာနာမ် အားဖြင့် လေးပါး၊ ဒဗ္ဗနာမ်၊ ဂုဏနာမ်၊ ကြိယာနာမ်၊ နာမနာမ်၊ ဇာတိနာမ် အားဖြင့် ငါးပါး၊ ဝိဇ္ဇမာန၊ အဝိဇ္ဇမာန စသော အားဖြင့် ခြောက်ပါး။ လူမျိုးအလိုက်အားဖြင့် တရာ့တပါး ပြား၏။

ဝိဇ္ဇမာနဆက္က

ပရမတ်အားဖြင့် ထင်ရှားရှိသောရုပ်၊ ဝေဒနာ-စသည်ကို ရုပ်ဝေဒနာ-စသည်ဖြင့် လှည့်ခေါ်ခြင်းသည် ဝိဇ္ဇမာန ပညပ်မည်၏။ ပရမတ်အားဖြင့် ထင်ရှား မရှိသောမြေ၊ တောင်-စသည်ကို မြေ၊ တောင်စသည်ဖြင့် မှည့်ခေါ်ခြင်းသည် အဝိဇ္ဇမာနပညပ် မည်၏။

ပရမတ်အားဖြင့် ထင်ရှားရှိ၊ မရှိကို ရောနှော၍ ဆဠဘိညော-အဘိညာခြောက်ပါး ရှိသူဟု မှည့်ခေါ်ခြင်းသည် ဝိဇ္ဇမာနေနေ အဝိဇ္ဇမာနပညပ်မည်၏။ ဣတ္ထိသန္ဒေ-မိန်းမ ၏အသံဟု မှည့်ခေါ်ခြင်းသည် အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညပ် မည်၏။ စက္ခုဝိညာဏံ-စက္ခုဝိညာဏ်ဟု လှည့်ခေါ်ခြင်းသည် ဝိဇ္ဇမာနေနဝိဇ္ဇမာနပညပ် မည်၏။ ရာဇပုတ္တော-မင်းသားဟု မှည့်ခေါ်ခြင်းသည် အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညပ်မည်၏။

ပညပ်နှစ်ခုအထူး

နွားဟုဆိုရာ၌ နငယ်ဝဆွဲရေးချ ဝစ္စပေါက်ရုံမျှ၊ နှုတ်သံဆိုရုံမျှနွားသည် သဒ္ဒပညပ် မည်၏။ မြက်မစား၊ လှည်းမရုန်း၊ နွားကိုယ်ခန္ဓာ မဟုတ်သေး၊ ထိုနွားကိုယ်ခန္ဓာ သို့ကား ရှေးရှုညွတ်၏။ တတီယဝီထိ၏ အာရုံမျှ ဖြစ်၏။

မြက်စား- လှည်းရုန်းသော နွားကိုယ်ခန္ဓာ ဒြပ်သာလျှင် အတ္ထပညပ် မည်၏။ စတုတ္ထဝီထိ၏ အာရုံဖြစ်၏။

ဆားဟုဆိုရာ၌လည်း စာလုံးပေါင်း အက္ခရာဆား၊ နှုတ်သံ ဆားသည်မငန်။ ငန်သော ဆားဒြပ်သို့ကား ရှေးရှုညွတ်၏။ သဒ္ဒပညပ် မည်၏။ ငန်သော ဆားသာလျှင် အတ္ထပညပ်ဖြစ်၏။ ။ ဤသို့အထူးကို ခွဲသိအပ်၏။

သင်္ကေတဖြင့်ပြီးခြင်း

ဝစီဃောသာ နုသာရေန၊ သောတ ဝိညာဏ ဝီတိယာ။

ဝစီဃောသာနုသာရေန၊ ၊ နှုတ်မြွက်သံသို့ အစဉ်လျှောက်သဖြင့်။

သောတဝိညာဏ ဝီထိယာ၊ သောတဝိညာဏဝီထိသည်။

ပဝတ္တာ-ပဝတ္တာယ၊ ဖြစ်လတ်သော်။

အဓိပ္ပါယ်ကား “နွား” ဟုဆိုသံ ကြားရသောအခါ ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုလျက် သောတဝိညာဏဝီထိ- ပဌမ ဖြစ်သည်။ ထိုနောက် ထို “နွား”ဟူသော အတိတ် သဒ္ဒါရုံကို အာရုံပြုလျက် နောက်လိုက် - တဒနုဝတ္တကမနောဒွါရဝီထိ- ဒုတီယ မချွတ်ဖြစ်သည်။ ဤနှစ်ဝီထိသည်ပင် ဤနေရာ၌ သောတဝိညာဏဝီထိ မည်၏။

ပဝတ္တာနန္တရုပ္ပန္န၊ မနောဒွါရဿ ဂေါစရာ။

ပဝတ္တာ-ပဝတ္တာယ၊ ဖြစ်လတ်သော်။

အနန္တရုပ္ပန္န မနောဒွါရဿ၊ အခြားမဲ့ဖြစ်သော မနောဒွါရဝီထိ၏။

ဂေါစရာ၊ အာရုံဖြစ်သော။

(သာယံပညတ္တိ၊ ထိုပညပ်သည်။

လောကသင်္ကေတနိမိတ္တာ)။

ယခင်နှစ်ဝီထိနောင် သုဒ္ဓမနောဒွါရဝီထိ- တတီယ မချွတ်ဖြစ်သည်။ ပစ္စုပ္ပန်၊ အတိတ် သဒ္ဒါရုံပရမတ်ကို အာရုံမပြုဘဲ နငယ် ဝဆွဲ စသော အက္ခရာစဉ် နာမပညပ်ကို အာရုံပြုလျက်ဖြစ်သည်၊ သင်္ကေတ ထားသလိုဖြစ်သော နာမပညပ်ဖြစ်သောကြောင့် ဆိုသူသည် မြက်စားကောင် အနက်ဒြပ်သို့ ညွတ်လျက်ဆို၏။ ကြားသူကား သင်္ကေတ သိသူဖြစ်လျှင် မြက်စားကောင် အနက်ဒြဗ်ကို မိမိထံညွတ်စေလျက် ကြား၏။

အတ္ထာယဿာ နုသာရေန၊ ဝိညာယန္တိ တတောပရံ။

တတောပရံ၊ ထိုမှနောက်၌။

ယဿာ၊ ယင်းနာမပညပ်ကို။

အနုသာရေန၊ အစဉ်လျှောက်သဖြင့်။

အတ္ထာ၊ အနက်ဒြဗ် အတ္ထပညပ်တို့ကို။

ဝိညာယန္တိ၊ သိအပ်ကုန်၏။

တတီယဝီထိနောင် “နွားဟူသည် မြက်စားသော ခန္ဓာဒြပ်သာတည်း” ဟု နွားဒြဗ်ကို သိလျက် မနောဒွါရဝီထိ-စတုတ္ထဖြစ်သည်။ ဝါ-ကြားသူ သင်္ကေတ သိပြီးဖြစ်မှ ဤ ဝီထိ ဖြစ်၍သိသည်။ ဤစတုတ္ထနွားသည် သိအပ်သော အတ္ထပညပ် မည်၏။ ယခင် တတီယနွားသည် (သိကြောင်း) သဒ္ဒပညပ်မည်၏။ နာမပညပ်မည်၏။

သာယံပညတ္တိ ဝိညေယျာ၊ လောကသင်္ကေတနိမ္မိတာ။

သာယံပညတ္တိ၊ ထိုနာမပညပ်ကို။

လောကသင်္ကေတနိမ္မိတာ၊ လောကသင်္ကေတဖြင့် ပြီး၏ဟူ၍။

ဝိညေယျာ၊ သိအပ်၏။

ကမ္ဘာဦးလူတို့သည် ဤသို့ဤသို့ ခြင်းရာရှိသော ဝတ္ထုဒြပ်ကို နွားဟူ၍၎င်း၊ ကျွဲဟူ၍၎င်း သင်္ကေတ ထား၍ မှည့်ကုန်၏။ လူမျိုးအလိုက် သင်္ကေတထား၍ တရာ့တပါး မှည့်ခေါ်ခြင်း ပြားကုန်၏။ ထိုအတိုင်း သဒ္ဒပညပ် အလျှိုလျှို ဖြစ်လာသည် ဟု သိအပ်၏။ ထိုကြောင့် သင်္ကေတသိသူဖြစ်မှ စတုတ္ထဝီထိဖြစ်၍ နားလည်သည်။ သင်္ကေတ မသိသူအား တတီယဝီထိ အထိဖြစ်၍ နာမပညပ်မျှကိုသာသိနိုင်သည်။ စတုတ္ထဝီထိ မဖြစ်၍ အတ္ထပညပ်ကို မသိနိုင်၊

ဝဒန္တ သုံးဝီထိ

ဝဒန္တပုဂ္ဂိုလ်အား သုံးဝီထိကျမှ အသံဖြစ်သည်။

အတ္ထပညပ် သိသောဝီထိ၊

နာမပညပ် သိသောဝီထိ၊

အသံဖြစ်စေသောဝီထိ- ဤသုံးဝီထိတည်း။

ချဲ့ဦးအံ့ -

နွားဟု ရွတ်ဆိုလိုသောအခါ ရှေးဦးစွာ နွားခန္ဓာဒြပ်ကို အာရုံပြုလျက် မနောဒွါရ ဝီထိ တခုဖြစ်သည်။ ဤကား အတ္ထပညပ် သိသောဝီထိတည်း။

ထိုနောက် ထိုကိုယ်ဒြဗ် အတ္ထပညပ်မှ အစဉ်လျှောက်၍ အက္ခရာနွား ဟူသော နာမပညပ်ကို ဆင်ခြင်ကာ အာရုံပြုလျက် မနောဒွါရဝီထိ တခုဖြစ်သည်။ ဤကား နာမပညပ်သိသော ဝီထိတည်း။

ထိုနောက် သုဏန္တပုဂ္ဂိုလ် သိနိုင်အောင် အနက်ဒြပ်သို့ညွတ်၍ နွားဟူသော အသံကိုဖြစ်စေလျှက် မနောဒွါရဝီထိ တခုဖြစ်သည်။ ဤကား အသံဖြစ်စေသော ဝီထိတည်း၊

ဤသို့ သုံးဝီထိ အစဉ်အတိုင်းကျမှ “နွား”ဟူသော အသံဖြစ်သည်။

သုဏန္တ လေးဝီထိ

သုဏန္တအား လေးဝီထိကျမှ အနက်ဒြဗ်သိသည်။

ပစ္စုပ္ပန်သဒ္ဒါရုံသိသောဝီထိ၊

အတိတ်သဒ္ဒါရုံသိသောဝီထိ၊

နာမပညပ်သိသော ဝီထိ၊

အတ္ထပညပ်သိသော ဝီထိ-

ဤ လေးဝီထိတည်း။ သိသာသောနည်းရှိပြီ။

အနက်နှစ်မျိုး

အနက်ဟူသည် ဝေါဟာရတ္ထ၊ ဘာဝတ္ထ ဟု နှစ်မျိုးပြား၏။

ဂေါ-နွား။ ဤသို့ အနက်ပြန်ခြင်းသည် ဝေါဟာရတ္ထ မည်၏၊ ပရိယာယ်တမျိုး ပြောင်းခြင်းမျှ ဖြစ်သည်၊ လှည်းရုန်းသော နွားမဟုတ်။ ထို ဝေါဟာရတ္ထသည် နာမ ပညပ်သာတည်း။

နွားခန္ဓာဒြပ်သည် ဘာဝတ္ထ မည်၏။ လှည်းရုန်းနိုင်၊ မြက်စားနိုင်ပြီ။ ထိုဘာဝတ္ထ သည်သာလျှင် အတ္ထပညပ်ဖြစ်သည်။

ဤ၌ သုဏန္တ၏ တတီယဝီထိအာရုံသည် ဝဒန္တ၏ ဒုတီယဝီထိ အာရုံဖြစ်၏။

သုဏန္တ၏ စတုတ္ထဝီထိအာရုံသည် ဝဒန္တ၏ ပဌမဝီထိ အာရုံဖြစ်၏။

ဤသို့အာရုံချင်း ကိုက်ညီလျှင် အာဘော်ကိုက်ညီသည် မည်၏။

အသံများတိုင်း ဝီထိတိုးခြင်း

ပုဆိုး-ဟုအက္ခရာ နှစ်ခုရှိသော အသံကိုကြားသောအခါ ပု-၌ပစ္စုပ္ပန်သဒ္ဒါရုံတဝီထိ၊ အတိတ် သဒ္ဒါရုံတဝီထိအားဖြင့် နှစ်ဝီထိ။ ဆိုး-၌ ထိုအတူ နှစ်ဝီထိ၊ ပေါင်းစုဟန် သမူဟာကာရ ပညပ်၌တဝီထိ - ဤသို့ ငါးဝီထိဖြစ်ပြီးမှ နာမပညပ်တဝီထိ၊ အတ္ထပညပ် တဝီထိဖြစ်၍ ၇-ဝီထိကျမှ အနက် နားလည်သည်။

သံဃာတော်-ဟု သုံးခုသော အသံကို ကြားသောအခါ ရှေးအတူ သံ-၌ နှစ်ဝီထိ၊ ဃာ-၌နှစ်ဝီထိ၊ တော်-၌နှစ်ဝီထိ၊ သမူဟာကာရ ပညပ်၌ တဝီထိ။ ဤ-ရ-ဝီထိနောင် နာမပညပ် တဝီထိ၊ အတ္ထပညပ် တဝီထိဖြစ်၍ ၉-ဝီထိကျမှ နားလည်သည်။ အသံတခု တိုးလျှင် နှစ်ဝီထိ တိုးကျသည်။

မြတ်စွာဘုရား-ဟု လေးခုသောအသံ၌ ၁၁-ဝီထိ။

ညီတော် အာနန္ဒာ-ဟု ငါးခုသောအသံ၌ ၁၃-ဝီထိ။

ဤကားအကျဉ်းတည်း။

ဝဒန္တ အကျယ် ၇- ဝီထိ

ဝဒန္တအား အကျယ်အားဖြင့် ၇-ဝီထိကျမှ အသံဖြစ်သည်။

၁။ တဇ္ဇာပညပ်ကို သိသောဝီထိ၊

၂။ ဥပါဒါပညပ်ကို သိသောဝီထိ၊

၃။ သမူဟပညပ်ကို သိသောဝီထိ၊

၄။ သန္တတိပညပ်ကို သိသောဝီထိ၊

၅။ အတ္ထပညပ်ကိုသိသောဝီထိ၊

၆။ သင်္ကေတပညပ်ကို သိသောဝီထိ၊

၇။ သဒ္ဒပညပ်ကို သိသောဝီထိ-

ဤသို့ အစဉ်အတိုင်း ၇-ဝီထိကျမှ အသံ ဖြစ်သည်။

ထိုတွင် ရုပ်နာမ်တို့၏ ရုပ္ပနလက္ခဏာ၊ နမနလက္ခဏာသည် တဇ္ဇာပညပ် မည်၏။

ထိုလက္ခဏာကိုစွဲ၍ ရူပ၊ နာမ ဟုသမုတ်ခြင်း သည် ဥပါဒါပညပ်မည်၏။

ထိုရုပ်နာမ် ခန္ဓာတို့၏ အပေါင်းသည် သမူဟပညပ် မည်၏။

ထိုရုပ်နာမ်ခန္ဓာတို့၏ အစဉ်သည် သန္တတိပညပ် မည်၏။

ထိုသန္တတိပညပ်သည်သာလျှင် အနက်ဖြစ်သောကြောင့် အတ္ထပညပ် မည်၏။

ထိုအတ္ထပညပ်ကို မှတ်သားကြောင်း လောကသမ္မုတိသည် သင်္ကေတပညပ်မည်၏။

ထို သင်္ကေတပညပ်ကိုပြသော အက္ခရာစဉ်သည် သဒ္ဒပညပ် မည်၏။

ဤ ပညပ်ခုနစ်ပါးကို အစဉ်အတိုင်း အာရုံပြု၍ မနောဒွါရ တဝီထိစီဖြစ်၏။ ထိုနှောင် အသံဖြစ်လာ၏။

ဤ၌ ဝဒန္တ၏ သဒ္ဒပညပ်သည် မိမိသိပြီးသော အတ္တပညပ်ကို ဟောခြင်းငှါ ဖြစ်ပေါ် လာ၏။ ညွတ်လာ၏။ အနက်သို့ ညွတ်တတ်သော နာမပညပ်ဖြစ်၏။ ထိုကြောင့် အတ္ထေ နမတီတိနာမံ ကတ္တုသာဓိ ဆိုအပ်၏။

သုဏန္တ အကျယ် ၇ -ဝီထိ

သုဏန္တအားလည်း အကျယ်အားဖြင့် ၇-ဝီထိကျမှ နားလည်သည်၊

၁။ ဝဒန္တ၏ ပဋိလောမ အားဖြင့် သဒ္ဒပညပ်ကို သိသော ဝီထိ၊

၂။ သင်္ကေတပညပ်ကို သိသောဝီထိ၊

၃။ အတ္ထပညပ်ကို သိသော ဝီထိ၊

၄။ သန္တတိ ပညပ်ကိုသိသော ဝီထိ၊

၅။ သမူဟပညပ်ကို သိသောဝီထိ၊

၆။ ဥပါဒါပညပ်ကိုသိသော ဝီထိ၊

၇။ တဇ္ဇာပညပ်ကို သိသောဝီထိ-

ဤသို့ အစဉ်အတိုင်း၇-ဝီထိကျမှ နားလည်သည်။

ဤ၌ သုဏန္တ၏ သဒ္ဒပညပ်သည် မိမိသင်္ကေတဖြင့် မှတ်သားဘူးသော အတ္ထပညပ်ကို သိစေ၏။ မိမိသို့ညွတ်စေ၏။ မိမိထံ အနက်တို့ကို ညွတ်လာစေသော နာမပညပ် ဖြစ်၏။ ထိုကြောင့် အတ္တနိ အတ္ထေနာမေတီတိနာမံ-ဟု ဟေတုကတ္တုသာဓိ ဆိုအပ်၏။

ပညပ်ပျက်-မပျက်

ဤနာမပညပ်သည် လူတို့အသုံးပြုသောအခါ ဖြစ်လာ၏။ အသုံးမပြုသောအခါ ကွယ်ပျောက်၏။ အခြင်းအရာ အထူးထူးပြုပြင်ခြင်းကို စွဲ၍ဖြစ်သော အတ္ထပညပ်သို့ လိုက်၍လည်း အမည်တမျိုးစီဖြင့် ပြောင်းလွဲဖောက်ပြန်၏။ ထိုကြောင့် လောက သင်္ကေတ နိမ္မိတာ- ဟုဆိုအပ်၏၊ စင်စစ်အားဖြင့်ကား ဥပါဒ်၊ ဋ္ဌီ၊ ဘင်စွမ်းဖြင့် ဘယ်အခါမှ မပျက်။ အတ္တဒိဋ္ဌိဖြင့် စွဲလမ်းသော ငါ-ဟူသော ပညပ်သည် တသက်လုံး ဘယ်အခါ ပျက်ဘူးလေသနည်း။ တသံသရာလုံးပင် ငါ- မပျက်။

အတ္ထပညပ်ကား ခန္ဓာငါးပါး ပရမတ္ထတရားဖြစ်၍ ဥပါဒ်၊ ဌီ၊ ဘင်စွမ်းဖြင့် တပျက်တည်း ပျက်၏။ အတ္တဒိဋ္ဌိဖြင့် ငါဟုစွဲရာ အတ္တဘောသည် မပျက်သောအခါ ရှိသေးသလော၊ နှစ်တိုင်း,လတိုင်း ရက်တိုင်းနံနက် မွန်းတည့်စသော အချိန်တိုင်း,တပျက်တည်း ပျက်၏။ ခြေတလှမ်းတလှမ်း၌ ကြွ၊ ဆောင်၊ လွှဲ၊ ချ၊ ထား၊ နှိပ်-အခိုက်အတန့် တိုင်းပင် တပျက်တည်း ပျက်၏။ ဤသို့တပျက်တည်း ပျက်သော ခန္ဓာငါးပါးကို ဘယ်အခါမှ မပျက်သော “ငါ” ဟူသော အမည်တပ်၍ သတ္တဝါတို့ မျက်စိ လယ်ကြရလေသည်။

ဂေါ-နွား ဤသို့ဆိုရာ၌ ဂေါသဒ္ဒါသည်၎င်း၊ ဝေါဟာရတ္ထ နွားသဒ္ဒါသည်၎င်း နာမပညပ် ချည်းသာဖြစ်၏။ လှည်းမရုန်း၊ မြက်မစား၊ ဘယ်အခါမှမသေ။

ဘာဝတ္ထနွားကား ခန္ဓာငါးပါးအတ္ထပညပ်ဖြစ်၏။ လှည်းရုန်းသည်၊ မြက်စားသည်၊ သေနိုင်သည်။ ထိုကြောင့် နာမဂေါတ္တံ နဇီရတိ-ဟု ဟောသည်။

နာမဂေါတ္တံ၊ အမည်အနွယ် ပညပ်သည်။

နဇီရတိ၊ မပျက်။

ပဋိစ္စသမုပ္ပါဒ်နည်း မှတ်ဘွယ်

အကြောင်း သာမညကို ငဲ့၍ ခေါ်ဝေါ်အပ်သော အပေါင်းပစ္စည်းသည် ပဋိစ္စသမုပ္ပါဒ် နည်းမည်၏၊ ကျဉ်း၏၊ ပေါင်း၏၊ အကြောင်းဝိသေသကိုငဲ့၍ ခေါ်ဝေါ်အပ်သော အစိတ်အစိတ် ပစ္စည်းသည် ပဋ္ဌာန်းနည်းမည်၏။ ကျယ်၏၊ စိတ်၏၊ ဤသို့ကျဉ်းကျယ် ပေါင်းစိတ်ဖြစ်၍ တနည်း၌ တနည်း ဝင်သည်။ ထိုကြောင့်ရောနှော၍ ချဲ့ဖွင့်ကုန်၏။

[ပဋိစ္စ-စွဲ၍၊ ဝါ- ယုံကြည်အပ်သည်၊ သံ+ တပေါင်းတည်း ၊ ဝါ၊ မဖောက်မပြန် ဥပ္ပါဒ + ဖြစ်သောအကျိုး။]

အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ + တပေါင်းတည်း + ဖြစ်သော အကျိုးသည် ပဋိစ္စသမုပ္ပါဒ် မည်၏။

ဝါ-အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ + အကြောင်း အားလျော်ကန် မဖောက်မပြန် + ဖြစ်သော အကျိုးသည် ပဋိစ္စသမုပ္ပါဒ်မည်၏၊

ဝါ- ယုံကြည်အပ်သော + တပေါင်းတည်း ဖြစ်သော အကျိုးသည် ပဋိပ္ပသမုပ္ပါဒ် မည်၏။

ဝါ- ယုံကြည်အပ်သော + အကြောင်းအားလျော်ကန် မဖောက်မပြန် + ဖြစ်သော အကျိုးသည် ပဋိစ္စသမုပ္ပါဒ်မည်၏။ လေးနည်း။

အကြောင်းဟူသမျှသည်လည်း အကြောင်းကြောင့် ဖြစ်သော အကျိုးသာဖြစ်၍ အင်္ဂါ ၁၂-ပါးလုံးသည် ပဋိစ္စသမုပ္ပါဒ်မည်၏။

နိဗ္ဗာန်သာလျှင် အကျိုး မဟုတ်သောကြောင့် လွတ်၏ အကြောင်း ကင်း၏။

ခေါင်းဆောင်

အဘယ်ကြောင့် အဝိဇ္ဇာကိုစ၍ ဟောသနည်း?

အကြောင်းကင်းသလော၊ အစတရားလော。

အစတရား မဟုတ်၊ အကြောင်းမကင်း၊ အာသဝကြောင့် အဝိဇ္ဇာဖြစ်သည်။ ဝဋ္ဋကထာဟောရာ၌ ပမာနခေါင်းဆောင် ဖြစ်သောကြောင့် စ၍ ဟောသည်။

အဝိဇ္ဇာသည် ဒုဂ္ဂတိသို့ရောက်ကြောင်း ကံ၏ခေါင်းဆောင် ....။

တဏှာသည် သုဂတိသို့ ရောက်ကြောင်း ကံ၏ခေါင်းဆောင် ....။

ထိုနှစ်ပါးတို့တွင်လည်း အဝိဇ္ဇာသည် တဏှာ၏ အကြောင်းဖြစ်သေး၏။

ထိုကြောင့် ပဓာနခေါင်းဆောင်ဟု ဆိုအပ်၏။

ပြန်ဆက်ပုံ

အဝိဇ္ဇာရှိသူအား ဇရာမရဏ ဖြစ်သောအခါ သောက စသည်တို့ဖြစ်ကုန်၏။ နုပျိုလိုခြင်း၊ အသက်ရှည်လိုခြင်းဖြင့် အာသဝတို့လည်း ဖြစ်ကုန်၏။ အာသဝနှင့် ယှဉ်တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ထိုအာသဝကြောင့် အဝိဇ္ဇာဖြစ်သည်။ ထိုဇရာ မရဏကြောင့် အဝိဇ္ဇာ ဖြစ်သည်၊ အဝိဇ္ဇာလူမိုက်-သောက အပူဆိုက်လျှင် အာသဝ-အရက်သောက်၍ တဖန် အဝိဇ္ဇာလူမိုက် ဖြစ်ပြန်၏။ ဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပြန်၏။ ဤနည်းဖြင့် ဘဝစက် ပြန်၍ဆက်လေ၏။

အင်္ဂါမရေတွက်ခြင်း

သောက စသော ငါးပါးသည် ဇာတိ၏ မုချအကျိုးရင်း မဟုတ်။ ဇာတိကြောင့်လည်း ဖြစ်သည်၊ မရဏကြောင့်လည်း ဖြစ်သည်။ တပါးသော ဒုက္ခကြောင့်လည်း ဖြစ်သည်။ ရူပဘုံ စသည်တို့၌ကား လုံးလုံး မဖြစ်။ ထိုသို့ အကျိုးဖျားမှ ဖြစ်သောကြောင့် အင်္ဂါ သီးခြား မရေတွက်ရ။

အဝိဇ္ဇာပစ္စယာသင်္ခါရာ မှတ်ဘွယ်

အရကောက်

သစ္စာလေးပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္န၊ ပဋိစ္စသမုပ္ပါဒ်- ဤရှစ်ဌာန၌ သဘောမှန် မသိသော မောဟသည် အဝိဇ္ဇာ မည်၏။

(အာရုံမပြုခိုက်၊ အိပ်ပျော်ခိုက် မသိခြင်းမျိုးကို မယူအပ်။

အတိတ် ခန္ဓာ၊ အာယတန၊ ဓာတ်တို့သည် ပုဗ္ဗန္တ မည်၏။

ရှေ့အစွန်း-ရှေ့ဘဝမည်၏၊

ဤသို့စသည်ဖြင့် နည်းယူ၍ အကြွင်းကို သိအပ်၏။)

လောကီကုသိုလ်၊ အကုသိုလ်-စေတနာ ၂၉-ခုသည် သင်္ခါရ မည်၏။

ထိုတွင် ပုညာဘိသင်္ခါရ ၁၃။ အပုညာဘိသင်္ခါရ ၁၂။ အာနေဉ္ဇာဘိသင်္ခါရ ၄။

တနည်း-ကာယသင်္ခါရ ၂၈။ ဝစီသင်္ခါရ ၂ဝ။ စိတ္တသင်္ခါရ ၂၉။- ခွဲနိုင်ရမည်၊

တပါးသော သင်္ခါရများ

အနိစ္စာဝတသင်္ခါရာ ဟူသော “နိဗ္ဗာန်ကြွင်းသော” သင်္ခါရသည် သင်္ခတသင်္ခါရ မည်၏။

ကံကြောင့်ဖြစ်သော ဝိပါက်၊ ကမ္မဇရုပ်သည် အဘိသင်္ခတ သင်္ခါရ မည်၏။

ကိုယ်စိတ်၌ဖြစ်သော ဝီရိယသည် ပယောဂါဘိသင်္ခါရ မည်၏။

ထွက်သက် ဝင်သက် လေသည် ကာယသင်္ခါရ မည်၏။

ဝိတက်၊ ဝိစာရသည် ဝစီသင်္ခါရမည်၏၊

ကြွင်းသောစေတသိက် ၅၀-သည် စိတ္တသင်္ခါရ မည်၏။

ဤသင်္ခါရတို့ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာ၌ မယူအပ်ကုန်။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ

ဒုက္ခသစ္စာ၌၎င်း၊ ပုဗ္ဗန္တ စသော လေးဌာန၌၎င်း ဒုက္ခအစုဟု မသိသူသည် ဤ ငါးဌာနဒုက္ခကို သုခဟုထင်၏။ ထိုသုခကို ရလိုသောကြောင့် မေးမြန်း၍၎င်း၊ ကြံစည်၍၎င်း ပုညာဘိသင်္ခါရကို အချို့ပြု၏။ အပုညာဘိသင်္ခါရကို အချို့ပြု၏။ အာနေဉ္ဇာဘိသင်္ခါရကို အချို့ပြု၏။ ထိုအခါငါးဌာန တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏။

ထိုသင်္ခါရ သုံးပါးလုံးသည် ထိုထိုဘုံ၌ဇာတိ၊ မရဏ စသောဒုက္ခကိုသာ ဖြစ်စေ၏။

သမုဒယသစ္စာ၌ ဒုက္ခဖြစ်ကြောင်းဟု မသိသူသည် သုခဖြစ်ကြောင်းဟုထင်၏။ တဏှာပြုပြင်၍ တန်းဆာဆင်ထားသော သင်္ခါရတို့ကို သုခဟု ထင်ခြင်းကြောင့် ထိုတဏှာကိုလည်း သုခဖြစ်ကြောင်းဟု ထင်သည်၊ ထိုတဏှာ ပြုပြင်ပေးသော သုခကို ရလိုသောကြောင့် ရှေးအတူ ကုသိုလ်၊ အကုသိုလ်တို့ကိုပြု၏။ ထိုအခါ သမုဒယ၌ တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏

ထိုသင်္ခါရ သုံးပါးလုံးသည် တဏှာဟူသော သမုဒယ ခြံရံလျက် တဏှာ စားကျက် တွင်း၌သာ ဖြစ်၏။

နိရောဓမဟုတ်သော နေဝသညာနာသညာယတန စသော ဘုံတခုခုကို နိရောဓ-နိဗ္ဗာန်ဟု မှတ်ထင်သူသည်၎င်း၊ မဂ္ဂင်ရှစ်ပါးမှ တပါးသောတရားကို နိရောဓမဂ္ဂဟု မှတ်ထင်သူသည်၎င်း-ထို နိရောဓကို ရလိုသောကြောင့် ထိုမဂ္ဂကို အားထုတ် လိုသောကြောင့် ကုသိုလ် အကုသိုလ်တို့ကို ပြု၏။ အချို့သတ်၍ ယဇ်ပူဇော်၏。

“ဤသို့သော နတ်ဗြဟ္မာဖြစ်လျှင် မသေသောနိဗ္ဗာန်ကိုရ၏” ဟု အချို့ ချိုးခြံစွာ ကျင့်၏။ သေလုနီးပါး ကျင့်ခြင်းစသည်ကို ပြု၏။ ထိုအခါနိရောဓ၌၎င်း၊ မဂ္ဂ၌၎င်း တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏။

ထိုသင်္ခါရ သုံးပါးလုံးသည် နိရောဓနှင့် မစပ်၊ မဂ္ဂနှင့်မစပ်၊ ဒုက္ခနှင့်သာစပ်၏။

ကုသိုလ် ဆင်ကောင်ပုပ်

ဒုက္ခနှင့် သမုဒယ မသိသူ၏ ကုသိုလ်၊ အကုသိုလ်သည် မိမိဒုက္ခဖြစ်ကြောင်းသာ တည်း။ နိရောဓနှင့် မဂ္ဂမသိသူ၏ ကုသိုလ် အကုသိုလ်သည် မိမိသူတပါး ဒုက္ခဖြစ်ကြောင်းသာတည်း။ သစ္စာလေးပါးမသိသူ ပြုသမျှကုသိုလ်၊ အကုသိုလ်သည် သံသရာဒုက္ခ ဖြစ်ကြောင်းသာတည်း၊

သစ္စာလေးပါးသိသူ၏ ဝိဝဋ္ဋနိဿိတ ကုသိုလ်ကား လောကုတ္တရာမဂ်စိတ်ဖြစ်အောင် ပကတူပသတ္တိဖြင့်၎င်း, အနန္တရူပသတ္တိဖြင့်၎င်း အာသေဝနသတ္တိဖြင့်၎င်း ကျေးဇူးပြု၏ ဟု ပဋ္ဌာန်းပါဠိတော်၌ ဟောသည်။ ထို ဝိဝဋ္ဋနိဿိတ ကုသိုလ်သော်လည်း မဂ်စိတ် မဖြစ်မီ သံသရာဒုက္ခမှ မလွတ်သေး။ မြစ်သမုဒြာအတွင်း ဆင်ကောင်ပုပ်နှင့် တူ၏။ မှီတွယ်၍ ကူးရသော်လည်း ကမ်းသို့မရောက်မချင်း ပုပ်နံ့လှိုင်၏၊ ဤသည်ပင် ငါတို့အားကိုးရာတည်း။

ဥပမာဖြင့်ပြခြင်း

တနည်းကား၊ ဖြစ်လတ္တံ့ ဒုက္ခနီးကပ်သည်ကို မသိသော အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ ကိုပြုသည်။ နတ်သ္မီးရလိမ့်မည်ထင်၍ ချောက်သို့ခုန်ဆင်းသူနှင့်တူ၏။ ဝါ၊ မီးပုံတွင်း ခုန်ဆင်းသော ပိုးဖလံနှင့်တူ၏။ ဝါ-ပျားရည် လိမ်းသော သင်ဓုန်းသွား လျက်သူနှင့် တူ၏။ အနည်းငယ်ချို၍ လျှာပြတ်တတ်သည်။ ဒုက္ခနီးကပ်၏။

ဖြစ်ဆဲ လက်ရှိဒုက္ခကို မသိသော အဝိဇ္ဇာကြောင့် အပုညာဘိ ပြုသည်။ မစင်ကို ကိုင်ဆော့ကစားသော သူငယ်နှင့်တူ၏။ ဝါ၊ စိတ်ညစ်၍ အဆိပ်မျိုသည်နှင့်တူ၏။ ချက်ခြင်းဒုက္ခတွေ့၏။

ဖောက်ပြန်လတ္တံ့သော ဝိပရိဏာမဒုက္ခကို မသိသောအဝိဇ္ဇာကြောင့် အာနေဉ္ဇာဘိ ပြုသည်။ နတ်ပြည်အသွင် ခေတ္တပျော်မြူးရန် ဖန်ဆင်းထားသော ဘီလူးမြို့၊ ကျတ်မြို့ အတွင်းသို့ မျက်စိလယ် လမ်းမှား ဝင်သွားသည်နှင့်တူ၏။ ဖန်ဆင်းခြင်း ရုပ်သိမ်းလျှင် ချုံထဲရောက်၏။

ကျေးဇူးပြုပုံ

ဝိဇ္ဇာသည် ပုညာဘိအား နှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

အပုညာဘိအား ၁၅-ပစ္စည်းဖြင့် ကျေးဖူးပြု၏၊

အာနေဉ္ဇာဘိအား တပစ္စည်းဖြင့် ကျေးဇူးပြု၏。

(နှစ်ပစ္စည်းကား-အာရမ္မဏ၊ ပကတူပနိဿယ。

၁၅-ပစ္စည်းကား-ဟေတု၊ အာရမ္မဏ၊ အဓိပတိ၊ အနန္တရ၊ သမနန္တရ(၅)၊

သဟဇာတ၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ အာသေဝန (၅)၊

သမ္ပယုတ္တ၊ အတ္ထိ၊ နတ္ထိ၊ ဝိဂတ၊ အဝိဂတ (၅)။

တပစ္စည်းကား ပကတူပ။)

ပုညာဘိအား ၂-ပစ္စည်း

အဝိဇ္ဇာကို အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာ ရှုသောအခါ ကာမကုသိုလ် ပုညာဘိအား ကျေးဇူးပြု၏။ အဘိညာဝင်စား၍ သိသောအခါ ရူပကုသိုလ် ပုညာဘိအား ကျေးဇူးပြု၏။ အဝိဇ္ဇာသည် အာရမ္မဏပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။

အဝိဇ္ဇာမှလွတ်လို၍ ဒါနစသည်ကို၎င်း ရူပဈာန်ကို၎င်း ဖြစ်စေသောအခါ ပုညာဘိအား ကျေးဇူးပြု၏။ တွေဝေ၍ ကာမဘုံ ရူပဘုံ၌ဖြစ်အောင် ကာမကုသိုလ်၊ ရူပကုသိုလ်ကို ဖြစ်စေသောအခါ ပုညာဘိအား ပကတူပနိဿအဖြစ်ဖြင့် ကျေးဇူးပြု၏။

အာနေဉ္ဇာဘိအား တပစ္စည်း

အဝိဇ္ဇာမှလွတ်လို၍ အရူပကုသိုလ်ကို ဖြစ်စေသောအခါ အာနေဉ္ဇာဘိအား ကျေးဇူးပြု၏။ တွေဝေ၍ အရူပဘုံ၌ဖြစ်အောင် အရူပကုသိုလ်ကို ဖြစ်စေသောအခါ အာနေဉ္ဇာဘိအား ပကတူပနိဿယ အဖြစ်ဖြင့် ကျေးဇူးပြု၏။

အပုညာဘိအား ၁၅

အဝိဇ္ဇာကို အာရုံပြု၍ လောဘ ဒေါသစသည် ဖြစ်သောအခါ အပုညာဘိအား အာရမ္မဏသတ္တိ စသည်ဖြင့် ကျေးဇူးပြု၏။

အလေးပြု၍ သာယာသောအခါ လောဘမူ အပုညာဘိအား အာရမ္မဏာဓိပတိ သတ္တိစသည်ဖြင့် ကျေးဇူးပြု၏။

တွေဝေ၍ ပါဏာတိပါတ စသည်ကို ပြုသောအခါ အပုညာဘိအား အကြောင်းရင်းခံ အဝိဇ္ဇာသည် ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ တကွဖြစ်သော အဝိဇ္ဇာသည် ဟေတု၊ သဟဇာတ၊ သမ္ပယုတ္တစသည်ဖြင့် ကျေးဇူးပြု၏။ နောက်နောက် အဝိဇ္ဇာ ဇောအား ရှေးရှေးအဝိဇ္ဇာဇောသည် အနန္တရ၊ အာသေဝန စသည်ဖြင့် ကျေးဇူးပြု၏။

ထင်ရှားသော အဝိဇ္ဇာ

အဘယ်ကြောင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ-ဟု ဟောသနည်း။ သင်္ခါရ၏အကြောင်းသည် အဝိဇ္ဇာ တခုတည်းသာလော။ တခုတည်းမဟုတ်။ တဏှာ၊ ဥပါဒါန်စသည် အများ အပြား ရှိ၏။ အဝိဇ္ဇာကား ထိုတို့၏ အကြောင်းလည်းဖြစ်၍ ပြဋ္ဌာန်းသော ပဓာနအကြောင်းရင်းပင်မဖြစ်၊ သလိပ်နာ၍ သလိပ်သာ ထင်ရှားသကဲ့သို့ ထင်ရှား သော ပါကဋအကြောင်း ဖြစ်၏။ အဝိဇ္ဇာကင်းသော ရဟန္တာနှင့် မဆက်ဆံသော အသာဓာရဏ အကြောင်း ဖြစ်၏။ ထိုသို့ ပြဋ္ဌာန်းခြင်း, ထင်ရှားခြင်း, မဆက်ဆံခြင်း ကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဟု ဟောသည်။

ကြောင်းကျိုး တူ-မတူ

အနိဋ္ဌကျိုး ပေးသော အဝိဇ္ဇာကြောင့် အနိဋ္ဌကျိုး ပေးသော အပုညာဘိသာ ဖြစ်တန်စေ။ ပညာဘိ စသည်တို့ဖြစ်ခြင်းသည် သင့်နိုင်အံ့လော?

လောက၌ ဆန့်ကျင်သော အကြောင်း မတူသော အကြောင်းသည် များစွာရှိ၏။ အကျိုးဟူသမျှလည်း ဝိပါက်အကျိုးရင်းချည်းသာ မဟုတ်။ ထိုကြောင့် သင့်နိုင်၏။

ရှေးစိတ်သည် နောက်စိတ်အား၊ ရှေးအတတ်သည် နောက်အတတ်အား-နေရာဌာန ဆန့်ကျင်သော အကြောင်း ဖြစ်၏။ ကံသည် ရုပ်အား၊ နို့ရည်သည် နို့ဓမ်းအား-သဘာဝ ဆန့်ကျင်သော အကြောင်းဖြစ်၏။ အလင်းရောင်သည် စက္ခုဝိညာဏ်အား၊ တင်လဲခဲသည် အရက်အား ကိစ္စဆန့်ကျင်သော အကြောင်း ဖြစ်၏။

စက္ခုပသာဒ၊ ရူပါရုံတို့သည် စက္ခုဝိညာဏ်အား ဌာန မဆန့်ကျင်သော အကြောင်း ဖြစ်၏။ ရှေးဇောသည် နောက်ဇောအား သဘာဝမဆန့်ကျင်သော အကြောင်း ဖြစ်၏။

ဥတု၊ အာဟာရသည် ရုပ်အား၊ သလေးစေ့သည် သလေးသီးအား သဒိသအကြောင်း ဖြစ်၏။ ရုပ်သည်နာမ်အား၊ နာမ်သည် ရုပ်အား၊ နွားမွေး, ဆိတ်နီမွေးသည် နေဇာမြက်အား၊ သားချိုသည် အသံအား၊ နို့ဓမ်း နှမ်းညက် တင်လဲတို့သည် မြက်နံ့သာအား၊ မှော်သည် ဟင်းဆန်ခွဲပင်အား၊ မြည်းမသည် အဿတိုရ်မြင်းအား အသဒိသ အကြောင်းဖြစ်၏။

ဤသို့ဆန့်ကျင် မဆန့်ကျင်သော အကြောင်း၊ တူမတူသော အကြောင်း-များစွာ ထင်ရှားသောကြောင့် “အဝိဇ္ဇာကြောင့် ပုညာဘိစသည်တို့ ဖြစ်ခြင်းသည်” သင့်လျော်၏။

ငါးဌာန အဝိဇ္ဇာ

တနည်း - စုတိ၊ ပဋိသန္ဓေ၊ သံသရာ၊ သင်္ခတလက္ခဏာ၊ ပဋိစ္စသမုပ္ပါဒ်-ငါးဌာန၌ တွေဝေသူသည် သင်္ခါရ သုံးပါးကိုပြု၏။ ထိုကြောင့်လည်း အဝိဇ္ဇာကြောင့် ပုညာဘိ စသည်တို့ ဖြစ်ခြင်းသည် သင့်လျော်၏。

စုတိ၌ တွေဝေသူသည် “ရုပ်နာမ်ခန္ဓာတို့၏ ပျက်ခြင်းသည် မရဏ မည်၏” ဟု (ယူရမည်ကို) မယူဘဲ “သတ္တဝါသေ၏၊ ငါ့သား ငါ့သ္မီး သေ၏၊ ဘဝတပါးသို့ ပြောင်းသွား၏။” စသည်ဖြင့် ကြံဆ၏။

ပဋိသန္ဓေ၌တွေဝေသူသည် “ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏”ဟု-မယူဘဲ “သတ္တဝါဖြစ်၏။ ငါ့မှာ သားသ္မီးဖြစ်၏။ ကိုယ်အသစ်ဖြစ်၏။” စသည်ဖြင့် ကြံဆ၏။

သံသရာ၌ တွေဝေသူသည် “ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသည် သံသရာမည်၏”ဟု မယူဘဲ “ဤသူသည် ဤဘဝမှ ထိုဘဝသို့၊ ထိုဘဝမှဘဝသို့-သွား၏၊ လာ၏ ပြောင်းရွှေ့၏။” စသည်ဖြင့် ကြံဆ၏။

သင်္ခတလက္ခဏာ၌ တွေဝေသူသည် “စိတ် စေတသိက် ရုပ်သည် သိခြင်း၊ ထိခြင်း၊ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏။ ဝါ-အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ရှိ၏” ဟု သဘာဝလက္ခဏာကို၊ ဝါ-သာမညလက္ခဏာကို မယူဘဲ “ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ-မြဲ၏၊ တင့်တယ်၏ ချမ်းသာ၏”ဟုကြံဆ၏။

ပဋိစ္စသမုပ္ပါဒ်၌ တွေဝေသူသည် “အဝိဇ္ဇာ စသည်ကြောင့် သင်္ခါရစသည်တို့ ဖြစ်ကုန်၏”ဟု မယူဘဲ “အတ္တသည် ကိုယ်တိုင် သိ၏။ တနည်း-အတ္တသည် ဗုဒ္ဓိဂုဏ်နှင့် တွဲလျှင်သိ၏။ - မတွဲလျှင် မသိ။ အတ္တသည်ပြု၏ ပြုစေ၏။ သန္ဓေအခါ ဖြစ်၏။ အဏု-သိမ်မွေ့သောအကြောင်း၊ ဣဿရာဒိ-နတ်ဗြဟ္မာစသော အကြောင်း တို့သည် ကလလရေကြည် စသောအဖြစ်ဖြင့် ခန္ဓာအိမ်ကိုပြုပြင်၏။ မျက်စိစသော ဣန္ဒြေတို့ကို ပြည့်စေကုန်၏။ မျက်စိစသည်ပြည့်သောအခါ ထိ၏။ ခံစား၏၊ စုံမက်၏။ စွဲလမ်း၏၊ အားထုတ်၏၊ တဖန်ဘဝသစ်၌ ဖြစ်၏ဟူ၍၎င်း၊ သတ္တဝါအားလုံးသည် နိယတိ+ သင်္ခတိ + ဘဝ + ပရိဏတာ-သဘာဝ နိယမအတိုင်း + ပေါင်းဆုံ၍ + ဘဝတို့၌ + ဖြစ်ကုန်၏ ဟူ၍၎င်း” ကြံဆ၏။

ဤသို့ငါးဌာန အဝိဇ္ဇာကြောင့် ကန်းသော အန္ဓပုထုဇဉ် ဗာလသည် ကြံဆပုံ အနည်းနည်းဖြင့် ခရီးညွှန်ကင်း အလင်းမရ ဒုက္ခိတမျို လမ်းကောင်း လမ်းဆိုး အရမ်းတိုးသကဲ့သို့ ကုသိုလ် အကုသိုလ် အရမ်းတိုးလျှက် သင်္ခါရသုံးပါးကို ပြု၏။

သစ္စာလေးပါး သိသောအခါမှ အဝိဇ္ဇာအမြစ်ပုပ်ဆွေး၍ ဝဋ်ဒုက္ခငြိမ်းဧလေသည်။

သင်္ခါရပစ္စယာဝိညာဏံ မှတ်ဘွယ်

အရကောက်

ယခင်ပုညာဘိစသော သင်္ခါရသုံးပါးသည် သင်္ခါရမည်၏။

(ဤ၌ အဘိညာကုသိုလ် စေတနာ၊ မဂ်ပယ်သော အကုသိုလ်စေတနာ၊ အဟောသိကံစေတနာတို့ မပါကုန်၊ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရကား ဟုတ်၏။ ဝိညာဏ်ကို ဖြစ်စေနိုင်သည်မဟုတ်၊ ဥဒ္ဓစ္စစေတနာလည်း ပဋိသန္ဓေအခါ မပါ၊ ပဝတ္တိအခါ ပါသည်။)

ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ၁၉-ခု၊ ပဝတ္တိအခါ လောကီဝိပါက် ၃၂-ခုသည် ဝိညာဏ် မည်၏။

(လောကုတ္တရာတို့ကို ဝဋ္ဋကထာ၌မယူ။ အဘိဓမ္မဘာဇနီယနည်းဖြင့်ကား စိတ် ၈၉ -ခုလုံး ဝိညာဏ်မည်၏။ ကြိယာစိတ်၊ လောကုတ္တရာစိတ် တို့ကိုလည်း ပဋိစ္စသမုပ္ပန္န သာဖြစ်၍ သွင်း ဟောသည်။)

ကျေးဇူးပြုပုံ

သင်္ခါရ ၂၉-ပါးသည် ပဋိသန္ဓေအခါ ဝိပါက်ဝိညာဏ် ၁၉-ခုအား ပဝတ္တိအခါ ၃၂-ခုအား နာနာက္ခဏိက ကမ္မ၊ ပကတူပနိဿယ ပစ္စည်းနှစ်ပါးဖြင့်သာ ကျေးဇူးပြု၏။

ချဲ့ဦးအံ့၊

ကာမကုသိုလ် ပုညာဘိရှစ်သည် ပဋိသန္ဓေဝိညာဏ် ၉-ခု၊ ပဝတ္တိဝိညာဏ် ၁၆-ခုကို ဖြစ်စေ၏။ ရူပကုသိုလ်ပညာဘိ ငါးသည် ပဋိသန္ဓေ ၅-ခု၊ ပဝတ္တိ ၅-ခုကို ဖြစ်စေ၏၊ ပုညာဘိကြောင့် ဝိညာဏ် ၂၁-ဖြစ်သည်။

ဥဒ္ဓစ္စကြဉ်သော အပုညာဘိ ၁၁-သည် ပဋိသန္ဓေ တခုကို ဖြစ်စေ၏။ ဥဒ္ဓစ္စနှင့်တကွ ၁၂ သည် ပဝတ္တိဝိညာဏ် ၇-ခုကို ဖြစ်စေ၏။ ။ အပုညာဘိကြောင့် ၇။

အာနေဉ္ဇာဘိ ၄-သည် ပဋိသန္ဓေ ၄၊ ပဝတ္တိ ၄-ကိုဖြစ်စေ၏။ အာနေဉ္ဇာဘိကြောင့် ၄။

ပဋိသန္ဓေအပြား

ပဋိသန္ဓေဝိညာဏ်သည် --

ရူပမိဿ၊ အမိဿအားဖြင့် နှစ်ပါး။

ကာမ ရူပ၊ အရူပ အားဖြင့် သုံးပါး ပြား၏။

အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ သြပပါတိက-ယောနိ အားဖြင့် လေးပါးပြား၏။

ဒေဝ၊ မနုဿ၊ နိရယ၊ ပေတ၊ တိရစ္ဆာန- ဂတိအားဖြင့် ငါးပါးပြား၏။

ဧကတ္တကာယ နာနတ္တသညီ-စသော ဝိညာဏဌိတိအားဖြင့် ခုနစ်ပါးပြား၏။

သတ္တာဝါသအားဖြင့် ကိုးပါး ပြား၏။

ရူပမိဿသည်လည်း သ-ဘာဝက အဘာဝက-အားဖြင့် နှစ်ပါးပြား၏

သ-ဘာဝကလည်း ဣတ္ထိဘာဝ သဟိတ၊ ပုမ္ဘာဝသဟိတ အားဖြင့် နှစ်ပါးပြားပြန်၏။

ပဋိသန္ဓေပုစ္ဆာ

ပဋိသန္ဓေသည် အဘယ်သို့သော တရားနည်း? ရှေးဘဝမှ လာသလော?

ပဋိသန္ဓေသည် အဝိဇ္ဇာနုသယ အကြောင်းရင်းခံ၍ တဏှာနုသယ ခြံရံ၍ ကံကြောင့် ဖြစ်ပေါ်လာသော နာမ်ရုပ်တရားဖြစ်၏။ ရှေးဘဝမှ လာသည်မဟုတ်။ ဥပါဒ်ဆဲ ခဏ၌သာ ဘဝသစ်သို့ ရောက်လာသော အသွင်ဖြင့်ဖြစ်၏။

ရှေးဘဝမှမလာလျှင် ရှေးဘဝအကြောင်းကင်းသည် မဟုတ်လော?

ကင်းသည်မဟုတ်၊ ရှေးဘဝမှ အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရဟူသော အကြောင်းသုံးပါး မကင်းမှု၍ ဖြစ်သည်။ ပဲ့တင်သံ၊ မီးလျှံ၊ မှန်ရိပ်၊ တံဆိပ်ရေးအတူ ရှုအပ်၏။

ပဲ့တင်သံ စသည်တို့ဖြစ်သောအခါ မူလအသံ ရွေ့လာသည် မဟုတ်၊ မူလမီးလျှံ၊ မူလမျက်နှာ၊ မူလတံဆိပ်-ရွေ့လာသည်မဟုတ်။ မူလအသံ စသည်မှ အကြောင်း ကင်းသည်လည်း မဟုတ်။ ပဋိသန္ဓေဖြစ်သော အခါလည်း မူလရှေးဘဝမှ ရွေ့လာသည် မဟုတ်၊ ရှေးဘဝ အကြောင်း ကင်းသည်လည်းမဟုတ်ဟု ရှုအပ်၏။

သင်္ခါရကြောင့် ဝိညာဏ်ဖြစ်လျှင် သင်္ခါရနှင့် ဝိညာဏ်သည် တခုတည်းလော၊ တခုစီလော?

တခုတည်းလည်း မဟုတ်၊ တခုစီလည်း မဟုတ်။ တသန္တာန်တည်း ဆက်စပ်၍ ဖြစ်သည်။ နို့မှ နို့ဓမ်းဖြစ်သောအခါ နို့ဓမ်းသည် နို့မဟုတ်၊ တခြားမှ နို့ဓမ်းလည်း မဟုတ်၊ တသန္တာန်တည်း ဆက်စပ်၍ ဖြစ်သကဲ့သို့တည်း။

ဘဝဟောင်းမှမလာဘဲ အသစ်ဖြစ်လျှင် ကံပြုသူတယောက်၊ အကျိုးခံစားသူ တယောက် မဖြစ်နိုင်ပြီလော?

မဖြစ်နိုင်။ တသန္တာန်တည်း၌ရှိသော အကျိုးသည် သူတပါးနှင့်မဆိုင်၊ သူတပါး၏ ကံကြောင့်လည်းမဖြစ်။

သရက်စေ့ကို ပျားရည်လိမ်း စိုက်လျှင် ထိုအပင်၏ အသီးသာ ပိုလွန်၍ ချိုသည်။ ငယ်စဉ်က သင်သောပညာသည် ကြီးသောအခါ ထိုသူအားသာ အကျိုးရှိသည်။ ထိုအတူ အတိတ်ကံသည် ထိုကံပြုသူအားသာ အကျိုးပေးသည်။ သူတပါးအား မပေး။

အကျိုးခံစားတတ်သူ၊ ပုဂ္ဂိုလ်သတ္တဝါ ရှိသလော။ ထိုအကျိုးသည် အဘယ်သူအား ဖြစ်မည်နည်း?

ပရမတ်အားဖြင့် မရှိ၊ ပညပ်အားဖြင့်ရှိသည်။ သစ်ပင်၌အသီး ဖြစ်လာသောအခါ “ဤ သစ်ပင်သည် သီးတတ်ပေသည်”ဟု ခေါ်ဝေါ်ကြ၏။ ကောင်းကျိုး၊ မကောင်းကျိုး ဖြစ်လာသောအခါ “ဤသူသည် အကျိုးကို ခံစားတတ်သည်” ဟု ခေါ်ဝေါ်ကြ၏။ ထိုခေါ်ဝေါ်ခြင်း ပညပ်ဖြင့် အကျိုးခံစားသူ ပုဂ္ဂိုလ်သတ္တဝါ ရှိသည်။ ထိုအကျိုး သည်လည်း ထိုသူအားသာ ဖြစ်သည်တည်း။

ပြုအပ်သောကံရှိခိုက် အကျိုးပေးသလော။ မရှိခိုက် အကျိုးပေးသလော?

ရှိခိုက်ပေးလျှင် ကံနှင့်အကျိုးပြိုင်တူဖြစ်ရာ၏။ မရှိခိုက်ပေးလျှင် နောက် အခါမရွေး အမြဲအကျိုးပေးရာ၏။ ထိုကြောင့် ဤသို့မမှတ်အပ်။ သင်္ခါရကို ပြုခဲ့သောကြောင့်သာ ဝိညာဏ်ဖြစ်သည်ဟုမှတ်အပ်၏။

ဘဏ္ဍာဝယ်ယူခဲ့သောကြောင့်သာ အဘိုးငွေ ပေးရသည်။ ချေးငှါးခဲ့သောကြောင့်သာ အစားပြန်ပေးရသည်--ဟု အတူရှုအပ်၏။

ဝိညာဏပစ္စယာနာမရူပံ မှတ်ဘွယ်

အရကောက်

ယခင် ပဋိသန္ဓေ ဝိညာဏ် ၁၉၊ ပဝတ္တိ ဝိညာဏ် ၃၂-သည် ဝိညာဏ်မည်၏။

ဤကား သဟဇာတ ဝိညာဏ်တည်း။

လောကီကုသိုလ်၊ အကုသိုလ်စိတ် ၂၉-သည်လည်း ဝိညာဏ်မည်၏။

ဤကား အဘိသင်္ခါရ ဝိညာဏ်တည်း။ ဝါ-ကံဝိညာဏ်တည်း။

ဝိပါက်ဝိညာဏ်၊ ကံဝိညာဏ် နှစ်ပါးဟုသိအပ်၏။

စေတသိက်သည် နာမ်မည်၏။ ရုပ်သည် ရုပ်မည်၏။

တနည်း၊

အရူပဘုံ၌ ဝိပါက်နှင့်ယှဉ်သော စေတသိက်သည် နာမ် မည်၏။ အသညသတ်ဘုံ၌ ကမ္မဇရုပ်သည် ရုပ်မည်၏။ ပဉ္စဝေါကာရဘုံ၌ ဝိပါက်နှင့်ယှဉ်သော စေတသိက်နှင့် ကမ္မဇရုပ်သည် နာမ်ရုပ်မည်၏။ နာမ်+ရုပ်+နာမ်ရုပ်- သုံးမျိုးကို ပေါင်း၍ နာမ်ရုပ်ဟု ခေါ်သည်။

(ဤ၌ စိတ်နာမ်သည် အကြောင်းဝိညာဏ်ဖြစ်၍ အကျိုးနာမ်၌ မယူ။

နိဗ္ဗာန်နာမ်လည်း အကြောင်းကင်းသောကြောင့် မယူ၊

အဘိဓမ္မဘာဇနီယ နည်း၌ကား စိတ်တခု ယုတ်ကိုးဆယ်သည် ဝိညာဏ် မည်၏။

စေတသိက် ဒွေပညာသသည် နာမ်မည်၏။

စတုဇရုပ်အားလုံးသည် ရုပ်မည်၏ ဟုဟောသည်။)

ကျေးဇူးပြုပုံ

ဝိပါက် ဝိညာဏ်သည် နာမ်အား ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဟဒယဝတ္ထု၊ ရုပ်အား ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကြွင်းကမ္မဇရုပ်အား ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကံဝိညာဏ်သည် ကမ္မဇရုပ်အား တပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကြွင်း ဝိညာဏ်သည် ထိုထိုနာမ်ရုပ်အား သဟဇာတစသည်ဖြင့် လိုက်သလို ကျေးဇူးပြု၏။

ချဲ့ဦးအံ့။

အရူပဝိပါက်လေးခုသည် သဟဇာတ စေတသိက်အား --

သဟဇာတ၊ အညမည၊ နိဿယ (၃)

ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ (၃)

သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၃)-

ဤ ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ပဉ္စဝေါကာရဝိပါက် ၂၈-သည် သဟဇာတ စေတသိက်အား ထို ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။ ပဉ္စဝေါကာရ ပဋိသန္ဓေ ဝိပါက် ၁၅-သည် သဟဇာတ ပဋိသန္ဓေ စေတသိက်အား ထို ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ထိုပဉ္စဝေါကာရ ပဋိသန္ဓေဝိပါက် ၁၅-သည် ဟဒယဝတ္ထုအား သမ္ပယုတ္တနုတ်၍ ဝိပ္ပယုတ္တနှင့်ကိုး ပစ္စည်း။ ပဉ္စဝေါကာရဝိပါက် ၂၈-ခုသည် ကြွင်းသဟဇာဟ ကမ္မဇရုပ် အား အညမညကြဉ်၍ ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကံဝိညာဏ်ကား သဟဇာတ မဟုတ်သော ရုပ်ကို ဖြစ်စေသောကြောင့် အတိတ်ရူပ ပဉ္စမဈာန် ကုသိုလ်ကံ ဝိညာဏ်သည် အသညသတ်ဘုံ၌ ကမ္မဇရုပ်အား သုတ္တန် ပကတူပနိဿယဖြင့် ကျေးဇူးပြု၏။ အတိတ်ကာမကုသိုလ်၊ အကုသိုလ်၊ ရူပကုသိုလ် ကံ ဝိညာဏ် ၂၅-သည် ကာမဘုံ၊ ရူပဘုံ၌ ပဋိသန္ဓေကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်အား သုတ္တန်ပကတူဖြင့် ကျေးဇူးပြု၏။

(အဘိဓမ္မာ ပကတူသည် ရုပ်အား ကျေးဇူးမပြု။)

ပဋိသန္ဓေနောင် ပဌမဘဝင်စသော ကြွင်းဝိပါက် ဝိညာဏ်သည် ထိုထိုဘုံ၌ ထိုထို သဟဇာတ နာမ်ရုပ်အား သဟဇာတ စသည်ဖြင့် ထိုက်သလို ကျေးဇူးပြု၏။

အနုမာနနာမ်ရုပ်

ဝိညာဏ်ကြောင့် ပဋိသန္ဓေနာမ်ရုပ် ဖြစ်ခြင်းကို အဘယ်သို့ သိအပ်သနည်း?

စိတ္တာနုပရိဝတ္တိနော ဓမ္မာ-စသည်ဖြင့် စိတ်နောက်သို့ လိုက်၍ဖြစ်သော တရားတို့ကို ဟောသောကြောင့် နာမ်စေတသိက် ဖြစ်ခြင်းကို သိအပ်၏။ မြင်ရသော စိတ္တဇရုပ်ဖြင့်, မမြင်ရသောကမ္မဇရုပ်ကို ထောက်ဆ၍ ရုပ်ဖြစ်ခြင်းကိုသိအပ်၏။

စိတ်ကြည်လျှင် ရုပ်ကြည်သည်၊ စိတ်မကြည်လျှင် ရုပ်မကြည်။ ဤသို့စိတ္တဇရုပ်ကို မြင်ရခြင်းဖြင့် မမြင်ရသောကမ္မဇရုပ်ကိုလည်း ဝိညာဏ်ကြောင့်ဖြစ်သည်ဟုသိအပ်၏။

ဤသို့ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု ဟောခြင်းကို ပညာရှိတို့ ဆင်ခြင်သော အခါ ပရမတ်နာမ်ရုပ်သာ ဖြစ်သည်ဟု ထင်ရှား၏။ သတ္တဝါ၊ လူ၊ နတ်ဖြစ်သည်ဟု မထင်ရှား။

နာမရူပပစ္စယာ သဠာယတနံ မှတ်ဘွယ်

အရကောက်

စေတသိက်ခန္ဓာသုံးပါး၊ မဟာဘုတ်လေးပါး၊ ဝတ္ထုရုပ် ခြောက်ပါး၊ ဇီဝိတရုပ်၊ အာဟာရရုပ်သည် အကြောင်း နာမ်ရုပ်မည်၏။

(နာမ်+ရုပ်+နာမ်ရုပ်ကို နာမ်ရုပ်ဟု ပေါင်းသည်။)

အဇ္ဈတ္တိကာယတန ခြောက်ပါး၊ ဆဋ္ဌာယတန တပါးသည် သဠာယတနမည်၏။

(အရူပဘုံ၌ မနာယတနဟူသော ဆဋ္ဌာယတနသာဖြစ်သည်။)

ရူပါရုံစသော ဗာဟိရာယတနတို့ကား တပြိုင်နက်လည်းမရ၊ သကသန္တတိ ပရိယာပန္န ချည်းလည်း မဟုတ်သောကြောင့် ရုပ်ဟူရာ၌မကောက်၊ သကသန္တတိ ပရိယာပန္န ရုပ်ကိုသာ ကောက်သည်။

နာမ်ကျေးဇူးပြုပုံ

စေတသိက် ခန္ဓာသုံးပါး၊ နာမ်တို့တွင် (၁) အရူပဘုံ၌ ပဋိသန္ဓေအခါ နာမ်သည် ဆဋ္ဌာယတနအား သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ-ဟု အယုတ်ဆုံး ခုနစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ရံခါ ဟေတုနှင့်၎င်း၊ ရံခါ အာဟာရနှင့်၎င်း အလွန်ဆုံးအားဖြင့် ကျေးဇူးပြု၏။

ပဝတ္တိအခါ ဝိပါကနာမ်သည် ဝိပါက ဆဋ္ဌာယတနအား-ထိုအတူ ကျေးဇူးပြု၏။

အဝိပါကနာမ်သည် အဝိပါကဆဋ္ဌာယတနအား “ဝိပါကကြဉ်၍” ထိုအတူ ကျေးဇူးပြု၏။

(၂) ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ဟဒယအဘော်ရှိသော ဝိပါကနာမ်သည် ဆဋ္ဌာယတနအား ခုနစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ရံခါဟေတုနှင့်၎င်း ရံခါ အာဟာရ နှင့်၎င်း အလွန်ဆုံးအားဖြင့် ကျေးဇူးပြု၏။

မဟာဘုတ်အဘော်ရှိသော ဝိပါကနာမ်သည် ပဉ္စာယတနအား “အညမည၊ သမ္ပယုတ္တနုတ်၍” ဝိပ္ပယုတ္တဟု ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ရံခါဟေတု၎င်း, ရံခါအာဟာရ နှင့်၎င်း အလွန်ဆုံးအားဖြင့် ကျေးဇူးပြု၏။

(၃) ပဉ္စဝေါကာရ၌ ပဝတ္တိဝိပါကနာမ်သည် ဝိပါကဆဋ္ဌာယတနအား အယုတ်ဆုံး ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏။ အဝိပါကနာမ်သည် အဝိပါက ဆဋ္ဌာယတနအား အယုတ်ဆုံး ၆-နည်းဖြင့် ကျေးဇူးပြု၏။

(၄) ပဉ္စဝေါကာရ၌ ပဝတ္တိ ပဉ္စပသာဒမှီသော ပဉ္စဝိညာဏ် နာမ်သည်၎င်း၊ ဟဒယမှီသော ဝိပါကနာမ်သည်၎င်း၊ ကုသိုလ်စသော အဝိပါကနာမ်သည်၎င်း ပဉ္စာယတနအား -- ပစ္ဆာဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ရုပ်ကျေးဇူးပြုပုံ

(၁) ဟဒယဝတ္ထုရုပ်သည် ပဉ္စဝေါကာရ ပဋိသန္ဓေအခါ မနာယတနအား “သမ္ပယုတ္တ၊ ဝိပါက နုတ်၍” ဝိပ္ပယုတ္တဟု ၆-ပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၂) မဟာဘုတ်လေးပါးရုပ်သည် သန္ဓေပဝတ္တိ ထိုထို ပဉ္စာယတနအား သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ-လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၃) ရုပ်ဇီဝိတသည် သန္ဓေပဝတ္တိ ပဉ္စာယတနအား အတ္တိ၊ အဝိဂတ၊ ဣန္ဒြိယ-သုံးပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၄) ရုပ်အာဟာရသည် ကာမဘုံ၌ ပဝတ္တိပဉ္စာယတနအား - အတ္ထိ၊ အဝိဂတ၊ အာဟာရ-သုံးပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၅) ပဉ္စပသာဒရုပ်သည် ပဝတ္တိအခါ ပဉ္စဝိညာဏ် တည်းဟူသော မနာယတနအား-နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၆) ဟဒယဝတ္ထုရုပ်သည် ပဝတ္တိအခါ ကြွင်းမနာယတခုအား “ဣန္ဒြိယကြဉ်၍” ငါးပစ္စည်းဖြင့် ကျေးဇူးပြု၏။

နာမ်ရုပ်ကျေးဇူးပြုပုံ

ပဉ္စဝေါကာရ ပဋိသန္ဓေအခါ နာမ်ခန္ဓာသုံးပါး၊ ဟဒယဝတ္ထုဟူသော နာမ်ရုပ်သည် မနာယတနအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ-စသည်ဖြင့် ကျေးဇူးပြု၏။ ။ ဤ အမြွက်ဖြင့် ချဲ့နိုင်လောက်ပြီ။

မှတ်ချက်

ရူပအရ၌ ဗာဟိရာယတနကို ယူ၍လည်း အလုံးစုံသော နာမ်ရုပ်သည် မနာယတနအား အာရမ္မဏစသည်ဖြင့် ကျေးဇူးပြု၏-ဟု ကြံဘွယ်ရှိသမျှ ကြံရာ၏၊

သဠာယတနပစ္စယာ ဖဿော မှတ်ဘွယ်

အရကောက်

ဆဋ္ဌာယတန၊ အဇ္ဈတ္တိကာယတန၊ ဗာဟိရာယတန - ဤအလုံးစုံသည် ပေါင်း၍ အကြောင်းသဠာယတန မည်၏။

လောကီဝိပါက် ဗာတ္တိံသ၌ရှိသော ဖဿ ၃၂-ခုသည် ဖဿ မည်၏။ ဒွါရစွမ်းဖြင့် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ-ဟုခြောက်မျိုးပြား၏။

စက္ခုဝိညာဏ်ဒွေဖဿသည် စက္ခုသမ္ဖဿ မည်၏။

သောတဝိညာဏ်ဒွေဖဿသည် သောတသမ္ဖဿ မည်၏။

ဃာနဝိညာဏ်ဒွေဖဿသည် ဃာနသမ္ဖဿ မည်၏၊

ဇိဝှါဝိညာဏ်ဒွေ ဖဿသည် ဇိဝှါသမ္ဖဿ မည်၏။

ကာယဝိညာဏ်ဒွေဖဿသည် ကာယသမ္ဖဿ မည်၏။

ဒွေပဉ္စဝိညာဏ်မှ ကြွင်းသော လောကီဝိပါက် ၂၂-ခု ဖဿသည် မနောသမ္ဖဿ မည်၏။

ဝါဒကွဲ

သက်ရှိ ဥပါဒိန္နက-ပ္ပဝတ္တိ- ကထာ ဖြစ်သောကြောင့် ဧကသန္တတိ ပရိယာပန္န ဖြစ်သောပစ္စည်း ပစ္စယုပ္ပန်ကို ပြသည်ဟုယူသော ဆရာတို့သည် အရူပ ဆဋ္ဌာယတနှင့် ပဉ္စဝေါကာရ အဇ္ဈတ္တိက သဠာယတနတို့ကို ပေါင်း၍ သဠာယတန ဟု ယူကုန်၏။

ပစ္စယုပ္ပန်သာ ဧကသန္တတိ ပရိယာပန္န။ ပစ္စည်းကား သက်မဲ့ ဘိန္နသန္တာနကိုလည်း ပြသည်ဟု ယူသော ဆရာတို့သည် ဗာဟိရာယတနကိုလည်း ဖဿဖြစ်ကြောင်းဟု ယူ၍ ဆဋ္ဌာယတန၊ အဇ္ဈတ္တိက သဠာယတန၊ ဗာဟိရ သဠာယတနတို့ကို ပေါင်း၍ သဠာယတန ဟုယူကုန်၏။

အများကြောင့်တခု

အာယတနအားလုံးကြောင့် ဖဿ တခုမဖြစ်။

တခုကြောင့် အားလုံးမဖြစ်။

အများကြောင့်သာ တခု ဖြစ်သည်။

ဖြစ်ပုံကား စက္ခုသမ္ဖဿ တခုသည် -

စက္ခာယတန၊

ရူပါယတန၊

စက္ခုဝိညာဏ် မနာယတန၊

သမ္ပယုတ် စေတသိက် ဓမ္မာယတန၊

ဤလေးပါးကြောင့်ဖြစ်သည်။

ကျေးဇူးပြုပုံ

ငါးသည်-ခြောက်ဖြင့်၊ တစ်သည်-ကိုးဖြင့်။ ဗာဟိရသည် လေးဖြင့်တည်း။

ငါးသည်ခြောက်ဖြင့်ကား - စက္ခာယတန စသော ငါးပါးသည် စက္ခုသမ္ဖဿ စသောငါးပါးအား နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

တစ်သည် ကိုးဖြင့်ကား - ဝိပါကမနာယတန တပါးသည် ဝိပါက် ၂၂-ဟူသော မနောသမ္ဖဿ ၂၂-အား သဟဇာတ၊ အညမည၊ နိဿယ (၃) ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ (၃) သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၃) ဤ ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဗာဟိရသည် လေးဖြင့်ကား - ရူပါယတနစသော ငါးပါးသည် စက္ခုသမ္ဖဿ စသော ငါးပါးအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ-လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။ ဗာဟိရာယတန ခြောက်ပါးသည် မနောသမ္ဖဿအား အာရမ္မဏသတ္တိ တခုမျှဖြင့် ကျေးဇူးပြု၏။

ဖဿပစ္စယာဝေဒနာ မှတ်ဘွယ်

အရကောက်

ယခင်ဖဿ ၃၂-ခုသည် ဖဿမည်၏။

လောကီဝိပါက်ဝေဒနာ ၃၂-ခုသည် ဝေဒနာမည်၏။ စက္ခုသမ္ဖဿဇာဝေဒနာ စသည်ဖြင့် ခြောက်မျိုးပြား၏။

[ဤဝေဒနာသည် ဒွါရအားဖြင့် ခြောက်ပါးဖြစ်၏။ ပဘေဒအားဖြင့် ၈၉-ပါး ဖြစ်သော်လည်း လောကီဝိပါက် ဝေဒနာကိုသာ ဤ၌ယူသည်။]

ကျေးဇူးပြုပုံ

သဟဇာတအား ရှစ်၊ ဝီထိတူနောက် ဝေဒနာအားတစ်။

ပဉ္စဒွါရ၌ စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် အတူဖြစ်သော စက္ခုသမ္ဖဿဇာ-ဝေဒနာ စသော ငါးပါးအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ-ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ဒွါရတူဖြစ်သော သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ဝေဒနာတို့အား အနန္တရူပကတူ-ဟူသော ဥပနိဿယဖြင့် ကျေးဇူးပြု၏။

မနောဒွါရ၌ တဒါရုံ မနောသမ္ဖဿသည် ထိုတဒါရုံ ဝေဒနာအား ရှစ်ဖြင့် ကျေးဇူးပြု၏။

ဒွါရဝိမုတ် (ပ၊ ဘ၊ စု) ဖဿ ၁၉-ခုသည် ထိုဝေဒနာ ၁၉-ခုအား ရှစ်ဖြင့် ကျေးဇူးပြု၏။

ဝါဒကွဲ

အနုပါဒိန္နကလည်း ပစ္စည်းဖြစ်သင့်၏ဟု ယူသော ဆရာတို့ အလိုအားဖြင့် မနောဒွါရာဝဇ္ဇန်း ကြိယာ ဖဿသည် တဒါရုံဝိပါက် ဝေဒနာအား ပကတူပ နိဿယဖြင့် ကျေးဇူးပြု၏။

မူလဋီကာ၌ - ဤနည်းဖြင့် ဖဿတခုယုတ် ကိုးဆယ်သည် အနန္တရဖြစ်သော မဖြစ်သော ထိုထိုဝိပါက် ဝေဒနာ ၃၆-အား ဥပနိဿယအဖြစ်ဖြင့် ယှဉ်အပ်၏ ဟုဆို၏။

(ဤ၌ လောကီဝိပါက်၊ ကမ္မဇရုပ်မှ တပါးသည် အနုပါဒိန္န မည်၏။)

ဝေဒနာပစ္စယာတဏှာ မှတ်ဘွယ်

အရကောက်

ယခင်ဝေဒနာ ၃၂-ပါးသည် ဝေဒနာ မည်၏။

ဝါ-လောကီဝေဒနာ ၈၁-ခုသည် အကြောင်းဝေဒနာ မည်၏။

ရူပတဏှာ၊ သဒ္ဒတဏှာ၊

ဂန္ဓတဏှာ၊ ရသတဏှာ၊

ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ

ဟူသော တဏှာ ၆-ပါးသည် တဏှာ မည်၏။

တဏှာ ၁၀၈

ဤတဏှာသည် အာရုံအားဖြင့် ၆-ပါး။

အာကာရပဝတ္တိအားဖြင့် ကာမ၊ ဘဝ၊ ဝိဘဝ-ဟုသုံးခုစီပြား၍ ၁၈-ပါး။

သန္တာန်အားဖြင့် အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်ခုစီပြား၍ ၃၆-ပါး။

ကာလသုံးပါးဖြင့် သုံးခုစီပြား၍ ၁၀၈-ပါးဖြစ်၏။

အာရုံခြောက်ပါးကို ကာမရာဂဖြင့် သာယာခြင်းသည် ကာမတဏှာ။

သဿတဒိဋ္ဌိနှင့် ယှဉ်၍ သာယာခြင်းသည် ဘဝတဏှာ။

(အာသဝ၌ ပြအပ်သော ဘဝါသဝ ဟူသမျှလည်း ဘဝတဏှာ။)

ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်၍သာယာခြင်းသည် ဝိဘဝတဏှာ မည်၏။ နိရောဓ တဏှာလည်း မည်၏၊ နိဗ္ဗာန်မှန် နိရောဓမှန် ကိုကား တဏှာအာရုံ မပြုဝံ့။ တဏှာအာရုံပြုရာ နိရောဓကား ဥစ္ဆေဒဒိဋ္ဌိ လက်တွင်း၌သာတည်း။

ကျေးဇူးပြုပုံ

ပကတူတမျိုးသာ။ လောကီဝိပါက် သုခဝေဒနာ တဆယ်သည် တဏှာအား ကျေးဇူးပြု၏။ တနည်း၊ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာ ၃၂-ပါးသည်၊ ဝါ-လောကီဝေဒနာ ၈၁-ပါးသည် တဏှာအား ဥပနိဿယဖြင့် ကျေးဇူးပြု၏။

ဒုက္ခရလျှင် သုခကို တောင့်တသောကြောင့်၊

သုခရလျှင် မရောင့်ရဲနိုင်သောကြောင့်၊

ဥပေက္ခာရလျှင် သုခအတူ ငြိမ်သက်သည်ဟု စုံမက်နိုင်သောကြောင့်

ဝေဒနာအားလုံးသည် တဏှာကို ဖြစ်စေ၏။

ဝေဒနာကြောင့် သတ္တဝါအားလုံးအား တဏှာဖြစ်သလော?

အနုသယ မကင်းသူအားသာ တဏှာဖြစ်သည်။

အနုသယကင်းသော ရဟန္တာအား တဏှာမဖြစ်။

အနုသယ မကင်းသော်လည်း ယောနိသောမနသိကာရသည် ရှိလျှင် တဏှာမဖြစ်။

ဤတဏှာ မဖြစ်ခြင်းသည် သံသရာ ထွက်လမ်းဖြစ်၏။

တဏှာပစ္စယာ ဥပါဒါနံ မှတ်ဘွယ်

အရကောက်

ယခင်တဏှာသည် တဏှာမည်၏။

အားကြီးသော တဏှာဒိဋ္ဌိသည် ဥပါဒါန်မည်၏။

တဏှာ ၁၀၈-ပါး၏ ခိုင်မြဲခြင်းသည် ကာမုပါဒါန် မည်၏။

ဝတ္တုဆယ်ပါး ရှိသော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏။

နွားတို့၏ အလေ့အကျင့်ဖြင့် ဝဋ်မှ စင်ကြယ်၏ဟု စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏၊

သက္ကာယဒိဋ္ဌိ ၂၀-သည် အတ္တဝါဒုပါဒါန် မည်၏။

တဏှာနှင့် ဥပါဒါန် အဘယ်သို့ ထူးသနည်း?

တဏှာသည် မရသေးသော အာရုံကို တောင့်တ၏။ မှောင်မိုက်၌ စမ်းလေ၏။ ထိုအတူ ကာမုပါဒါန်ကြောင့် အတွင်းဝင်လေးခုတို့နှင့် တကွ ရူပဘဝနှစ်ခု၊ အတွင်းဝင် သုံးခုတို့နှင့်တကွ အရူပဘဝ နှစ်ခု-ဟု ဘဝခြောက်ခု ဖြစ်၏၊ ကြွင်း ဥပါဒါန်တို့ကြောင့်လည်း ထိုအတူ ဖြစ်၍ အတွင်းဝင်တို့နှင့် တကွ ဘဝ ၂၄-ခုဖြစ်၏။

တနည်း၊ ဘဝသည် ဥပပတ္တိဘဝကိုးပါး ပြားသောကြောင့် အကြောင်းဓမ္မသည် ကိုးပါးပြား၍ ၁၈-ပါး။ ဥပါဒါန် လေးပါးကြောင့် ၁၀-ပါးစီဖြစ်၍ ၇ -ပါးပြား၏။

သင်္ဂဟအကျဉ်း

ကမ္မနှင့် ဥပပတ္တိကို တပေါင်းတည်း ပြု၍ ကာမုပါဒါန်ကြောင့် အတွင်းဝင်တို့နှင့်တကွ ကာမဘ၀ တခု၊ ရူပဘဝတခု၊ အရူပဘဝတခုဟု ဘဝသုံးခုဖြစ်၏။ ကြွင်း ဥပါဒါန်တို့ကြောင့်လည်း သုံးခုစီဖြစ်၍ အတွင်းဝင်တို့နှင့် တကွ ဘ၀ ၁၂-ခု ဖြစ်သည်။

တနည်း --

ဥပါဒါန်တို့ကိုသာ တပေါင်းတည်းပြုလျှင် ဥပါဒါန် တူသောအကြောင်းကြောင့် အတွင်းဝင်တို့နှင့် တကွ ကာမဘ၀ ၂-ခု၊ ရူပဘ၀ ၂-ခု၊ အရူပဘဝ ၂-ခုဟု ဘ၀ ၆-ခု ဖြစ်၏။ ထို ၆-ခုတို့သည် ကမ္မ၊ ဥပပတ္တိသို့ မလိုက်လျှင် အတွင်းဝင်တို့နှင့်တကွ တခုစီသာ ဖြစ်၍ ကာမ၊ ရူပ၊ အရူပဟု ဘဝသုံးခု၊ ထိုကာမဘ၀ စသည်တို့သို့ မလိုက်လျှင် ကမ္မ၊ ဥပပတ္တိ-ဟု ဘဝနှစ်ခု။ ထိုသို့လည်း မလိုက်လျှင် ဥပါဒါနပစ္စယာ ဘဝေါ၏အစွမ်းဖြင့် ဘဝတခုသာ ဖြစ်သည်။

ဥပါဒါန် အားလုံးကြောင့် ဘဝအားလုံး

ပုထုဇဉ်သည် ဥမ္မတ္တကနှင့် တူ၏။ သင့် မသင့် မစီစစ်တတ်။ ဥပါဒါန်တခုခုဖြင့် ဘယ်ဘဝ မဆိုတောင့်တ၍ ပြုလိုရာ ကံတခုခုကို ပြုသည်သာတည်း။ ထို့ကြောင့် “သီလဗ္ဗတုပါဒါန်ဖြင့် ရူပ၊ အရူပဘဝ မဖြစ်” ဟု ဆိုသောဝါဒကို မယူအပ်။ ဥပါဒါန်အားလုံးဖြင့် ဘဝအားလုံး ဖြစ်သည်ဟု ယူအပ်၏။

ဖြစ်ပုံကား --

အချို့သောသူသည် ကြားဘူးခြင်း၊ တွေးဆခြင်းဖြင့် လူ့ပြည်နတ်ပြည်၌ ကာမအာရုံ ပြည့်စုံ၏ဟုကြံ၍ ရခြင်းငှါ မသူတော်တရား လှည့်စားအပ်သူဖြစ်မူ ကာမုပါဒါန် စုတိဖြင့် အကုသိုလ်ကံကိုပြု၏၊ တနည်း၊ မျက်မှောက်ခံစားအပ်သော ကာမအာရုံကို တောင့်တ၍သော်၎င်း၊ ရပြီးကို စောင့်ရှောက်သော်၎င်း၊ ကာမုပါဒါန်စွမ်းဖြင့် အကုသိုလ်ကံကို ပြု၏။ ထိုအကုသိုလ်ကံကြောင့် အပါယ်၌ဖြစ်၏၊ ထိုတွင်ကံသည် ကမ္မဘဝ၊ ထိုကံကြောင့် ဖြစ်သော ခန္ဓာသည် ဥပပတ္တိဘဝ၊ ထိုနှစ်ပါးလုံးသည် ကာမဘဝသာ မည်၏၊ ဤကာမဘဝ၌ သညာဘဝ၊ ပဉ္စဝေါကာရဘဝတို့သည် အတွင်းဝင်ကုန်၏။

အချို့ကား သူတော်ကောင်းတရား နာရ၍ ကာမုပါဒါန်စွမ်းဖြင့် ကာမ ကုသိုလ်ကံကိုပြု၏။ ကာမကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည်၌ဖြစ်၏။ ထိုတွင် ကံသည် ကမ္မဘဝ။ အကြွင်းတူပြီ။

အချို့ကား ရူပ၊ အရူပဘုံ၌ ကာမအာရုံ လွန်စွာပြည့်စုံ၏ဟု ကြား၍ ကြံ၍ ကာမုပါဒါန်စွမ်းဖြင့် ရူပဈာန်၊ အရူပဈာန်ကို ပြု၏။ ထိုကံကြောင့် ရူပ၊ အရူပ၌ဖြစ်၏။ ထိုတွင် ကံသည်ကမ္မဘဝ။ အကြွင်းတူပြီ။

(နှစ်ပါးလုံး ရူပဘဝ။ ဝါ၊ အရူပဘဝ။) အတွင်းဝင် ဘဝတို့သာ ထူးကုန်၏။

အချို့ကား -

ဤအတ္တသည် ကာမ၊ ရူပ၊ အရူပ ဘုံတခုခု၌သာ ကောင်းစွာမြတ်သည်ဟု ဥစ္ဆေဒကိုး၍ ဒိဋ္ဌုပါဒါန်ဖြင့် ထိုထိုအကုသိုလ်၊ ကာမကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်ကို ပြု၏။ ထိုတွင် ကံသည်တူပြီ။

အချို့ကား -

ဤအတ္တသည် ကာမ၊ ရူပ၊ အရူပ ဘုံတခုခု၌သာ မပင်မပန်း ချမ်းသာ၏ဟု အတ္တဝါဒုပါဒါန်စွမ်းဖြင့် ထိုထို - အကုသိုလ် စသည်တို့ကို ပြု၏။ ထိုတွင် ကံသည် တူပြီ။

အချို့ကား -

ဤ သီလဗ္ဗတုပါဒါန် အလေ့အကျင့်သည် ကာမ၊ ရူပ၊ အရူပ ဘုံတခုခု၌ ဖြည့်ကျင့်လျှင် သာ၍ ပြည့်စုံသည် ဟု သီလဗ္ဗတုပါဒါန်စွမ်းဖြင့် ထိုထိုအကုသိုလ် စသည်ကို ပြု၏။ ထိုတွင်ကံသည် ကမ္မဘဝမည်၏။ ထိုကံကြောင့် ဖြစ်သော ခန္ဓာသည် ဥပပတ္တိဘဝ မည်၏။ ဤ၌ ထိုထိုဥပပတ္တိဘဝတို့ အတွင်းဝင်ကုန်၏။

ကျေးဇူးပြုပုံ

ဥပါဒါန်လေးပါးသည် ရူပဘဝ၊ အရူပဘဝ၊ ကာမကုသိုလ်ဘဝတို့အား၊ ဝါ-သမ္ပယုတ် မဟုတ်သော ကမ္မဘဝအားလုံး၊ ဥပပတ္တိဘဝ အားလုံးတို့အား ဥပနိဿယ-တပစ္စည်းဖြင့် ကျေးဇူးပြု၏။

မိမိနှင့်သမ္ပယုတ်ဖြစ်သော အကုသိုလ် ကမ္မဘဝတို့အား သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဟေတု စသော သဟဇာတ ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

ဝိပ္ပယုတ် ဖြစ်သော ကမ္မဘဝတို့အား ဥပနိဿယ တပစ္စည်းဖြင့်သာ ကျေးဇူးပြု၏။

တနည်း၊

ကာမုပါဒါန်သည် သမ္ပယုတ် ကမ္မဘဝအား ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကြွင်းဥပါဒါန် သုံးပါးသည် သမ္ပယုတ် ကမ္မဘဝအား ဟေတု နုတ်၍ မဂ္ဂထည့်၍ ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဥပါဒါန်လေးပါးသည် သမ္ပယုတ် မဟုတ်သော ကမ္မဘဝ၊ ဥပပတ္တိဘဝတို့အား ဥပနိဿယ-တပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဘဝပစ္စယာဇာတိ မှတ်ဘွယ်

အရကောက်

ကမ္မဘဝသည်သာလျှင် ဘဝမည်၏။

ဥပပတ္တိဘဝကား ဇာတိ၏အကြောင်း မဟုတ်သောကြောင့် ဤ၌မယူ။

နိပ္ဖန္နရုပ်တို့၏၎င်း၊ နာမက္ခန္ဓာလေးပါးတို့၏၎င်း ဖြစ်ခြင်းသည် ဇာတိမည်၏။

ကျေးဇူးပြုပုံ

ကမ္မဘဝသည် ဇာတိအား နာနာက္ခဏိကကမ္မ၊ ဥပနိဿယ - နှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဘဝသည် ဇာတိ၏အကြောင်းဟု အဘယ်သို့ သိသနည်း?

အမြွှာမွေးသူတို့အား ပြင်ပအကြောင်း တူလျက် အယုတ်အမြတ် စသော အထူး ထင်ရှားသောကြောင့်တည်း။ မိဘ၏ သွေးသာ၊ အာဟာရ စသော ဗာဟိရ အကြောင်းချင်း တူလျှက် ယုတ်မြတ် မတူခြင်းသည် ကံမှတပါး အကြောင်းတပါးမရှိ၊ ကမ္မဘဝကြောင့် ဖြစ်သော သတ္တဝါတို့အား အဇ္ဈတ္တသန္တာန်၌ ကမ္မဘဝသာအ ကြောင်းရှိ၏။

ကမ္မံသတ္တေဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ-ဟု ဟောသည်။

ယဒိဒံ-ယာအယံဟီနပ္ပဏီတတာ၊ အကြင် အယုတ်အမြတ်၏ ဖြစ်ခြင်းသည်။

အတ္ထိ၊ ရှိ၏။

တာယဟနီပ္ပဏီတတာယ၊ ထိုအယုတ်အမြတ်၏ ဖြစ်ခြင်းအကျိုးငှါ။

ကမ္မံ၊ ကုသိုလ် အကုသိုလ်ကံသည်။

သတ္တေ၊ သတ္တဝါတို့ကို။

ဝိဘဇတိ၊ ဝေဘန်၏။

ထို ကြောင့် ဘဝသည် ဇာတိ၏အကြောင်းဟု သိအပ်၏။

ဇာတိပစ္စယာ ဇရာမရဏံ မှတ်ဘွယ်

အရကောက်

ယခင်ရုပ်ဇာတိ၊ နာမ်ဇာတိသည် ဇာတိ မည်၏။

ထိုနိပ္ဖန္နရုပ်နာမက္ခန္ဓာတို့၏ ရင့်ခြင်း ပျက်ခြင်းသည် ဇရာ မရဏမည်၏။

ကျေးဇူးပြုပုံ

ဇာတိသည် ဧရာမရဏအား သုတ္တန် ပကတူပနိဿယ တပစ္စည်းဖြင့် ကျေးဇူးပြု၏။ ဇာတိရှိသူအားသာ ဇရာမရဏသည်၎င်း၊ သောကစသည်တို့သည်၎င်း ဖြစ်ကုန်၏။ ထိုကြောင့် ဇာတိကို ဇရာမရဏ၎င်း၊ သောက စသည်တို့၏၎င်း အကြောင်း-ဟု ဟောသည်။

သောက စသည် မှတ်ဘွယ်

အရကောက်

စိုးရိမ်ပူဆွေးသော ဒေါသမူဒွေ၌ ရှိသော ဒေါမနဿဝေဒနာသည် သောကမည်၏။

ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့် ငိုကြွေး မြည်တမ်းသော စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်သည်၊ ဝါ-ငိုကြွေးသံသည် ပရိဒေ၀ မည်၏။

ကာယဝိညာဏ်၌ရှိသော ဒုက္ခဝေဒနာ ကိုယ်နာသည် ဒုက္ခမည်၏။

ဒေါသမူဒွေ၌ရှိသော ဒေါမနဿဝေဒနာ စိတ်နာသည် ဒေါမနဿ မည်၏။

ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့်ဖြစ်သော ပြင်းစွာပင်ပန်းသော ဒေါသသည် ဥပါယာသ မည်၏။

(ဝေဒနာ ၃၊ ဒေါသ ၁၊ သဒ္ဒရုပ် ၁။)

အာသဝကြောင့် ပြန်ဆက်ပုံ

သောကစသည် ဖြစ်သောအခါ အဝိဇ္ဇာလည်း ဖြစ်သည်။ ပရိဒေဝသဒ္ဒ၌ မောဟ အဝိဇ္ဇာ မယှဉ်သော်လည်း တွေဝေသူတို့သာ ငိုကြွေးသောကြောင့် မောဟ အဝိဇ္ဇာ ရှိပြီးပုံကို သိသာ၏။

တနည်း၊

ကာမအာရုံ စုံမက်သော ကာမာသဝ ရှိသူအား ကာမအာရုံ ပျက်စီးသောအခါ သောက စသည်ဖြစ်၏။ အသက်ရှည်၍ ဘဝါသဝရှိသော နတ်တို့အား အနိစ္စ ဒုက္ခ စသောတရားသံ ကြားအခါ စုတိနိမိတ်ထင်သကဲ့သို့ ထိတ်လန့်ခြင်းသည် ဖြစ်၏။

ရုပ်သည် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဟု ဒိဋ္ဌာသဝ ရှိသူတို့အား ရုပ်ဖောက်ပြန်သောအခါ သောက စသည်ဖြစ်၏။ တွေဝေသော အဝိဇ္ဇာသ၀ ရှိသူတို့အား မျက်မှောက်၌ပင် သောကစသည် ဖြစ်လွယ်လှ၏။

ဤသို့အာသဝလေးပါးကြောင့် သောကစသော ငါးပါးဖြစ်၏၊ သောကစသည်ဖြစ်လျှင် အာသဝပါပြီးဖြစ်၏။ ထိုအာသဝကြောင့် အဝိဇ္ဇာဖြစ်၏။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။ ဤသို့စသည်ဖြင့် ဘဝဆက်စပ်၍ မပြတ်ဖြစ်၏။

ဤသို့ဆက်စပ်၍ ဖြစ်ပုံကိုပြလို၍ သောကစသည်ကို အဆုံး၌ဟောသည်။

ဤဘဝစက်သည် အစမရှိ၊ ပြုပြင်ဖန်ဆင်းသူမရှိ၊ ခံစားသူမရှိ။ နိစ္စ၊ သုခ၊ အတ္တ၊ သုဘမှ ဆိတ်၏။

ကျေးဇူးပြုပုံပစ္စည်း အမျိုးချုပ်

ပစ္စည်းအမျိုး ရှစ်မျိုးတို့တွင် သဟဇာတမျိုးသည် နာမ်ရုပ် ပစ္စည်း+ နာမ်ရုပ်ပစ္စယုပ္ပန်။

။ အာရုံမျိုး။

ပကတူမျိုးသည် ပညပ်၊ နာမ်၊ ရုပ်ပစ္စည်း+နာမ်ပစ္စယုပ္ပန်။

အနန္တရမျိုးသည် နာမ် ပစ္စည်း+နာမ်ပစ္စယုပ္ပန်။

နာနာက္ခဏိကမျိုးသည် စေတနာကံ ပစ္စည်း + နာမ်ရုပ်ပစ္စယုပ္ပန်။

ပစ္ဆာဇာတမျိုးသည် နာမ်ပစ္စည်း၊ ရုပ်ပစ္စယုပ္ပန်။

ဝတ္တုမျိုးသည် ရုပ်ပစ္စည်း + နာမ်ပစ္စယုပ္ပန်။

အာဟာရမျိုး၊ ရူပဇီဝိတိန္ဒြိယမျိုးသည် ရုပ်ပစ္စည်း + ရုပ်ပစ္စယုပ္ပန်။

သုတ္တန် ပကတူပမျိုးသည် နာမ်ရုပ်ပစ္စည်း + ရုပ်ပစ္စယုပ္ပန်။

(အနန္တရမျိုး၊ ပကတူပမျိုးသည် ဥပနိဿယမျိုးပင်တည်း။)

အဝိဇ္ဇာပစ္စယာသင်္ခါရာ၌ -- အာရုံမျိုး၊ အနန္တရမျိုး၊ ပကတူမျိုး သဟဇာတမျိုးအားဖြင့် လေးမျိုး ကျေးဇူးပြုသည်။

သင်္ခါရပစ္စယာ ဝိညာဏံ၌-ပကတူ၊ နာနာက္ခဏိက-နှစ်မျိုး

ဝိညာဏပစ္စယာနာမရူပံ၌-သဟဇာတ၊ သုတ္တန်ပကတူ-နှစ်မျိုး၊

နာမရူပပစ္စယာ သဠာယတနံ၌-သဟဇာတ၊ ပစ္ဆာဇာတ၊ ဣန္ဒြိယ၊ အာဟာရ၊ ဝတ္ထု-ငါးမျိုး။

သဠာယတန ပစ္စယာဖဿော၌- သဟဇာတ၊ ဝတ္ထု၊ အာရုံ-သုံးမျိုး။

ဖဿပစ္စယာဝေဒနာ၌-သဟဇာတ၊ ပကတူ-နှစ်မျိုး။

ဝေဒနာပစ္စယာ တဏှာ၌ ပကတူ-တမျိုး။

တဏှာပစ္စယာ ဥပါဒါနံ၌-ပကတူ၊ သဟဇာတ- နှစ်မျိုး ။

ဥပါဒါနပစ္စယာ ဘဝေါ၌-သဟဇာတ၊ ပကတူ-နှစ်မျိုး။

ဘဝပစ္စယာ ဇာတိ၌-နာနာက္ခဏိက၊ ပကတူ-နှစ်မျိုး။

ဇာတိပစ္စယာ ဇရာမရဏံ၌-သုတ္တန်ပကတူ-တမျိုး၊

ဤကား အဋ္ဌကထာမှီ၍ ပြခြင်းတည်း၊

ကြံဘွယ်ကား --

သင်္ခါရ ပစ္စယာ ဝိညာဏံ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဝိညာဏ်သည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြု၍ဖြစ်၏၊ ကံသည် သင်္ခါရ ဖြစ်၏။ ကံသင်္ခါရကိုအာရုံပြု၍ ဝိညာဏ်ဖြစ်သောကြောင့် အာရုံမျိုးဖြင့်လည်း ကျေးဇူးပြုသေး၏ ဟုကြံဘွယ်ရှိ၏၊ နောက်ပုဒ်တို့၌လည်း ကြံဘွယ်ရှိသမျှ ကြံအပ်သည်သာတည်း၊

ဝိနိစ္ဆယခြောက်ပါး မှတ်ဘွယ်

ဤပဋိစ္စသမုပ္ပါဒ်၌ --

သစ္စပဘာဝ-အကြောင်းသစ္စာရှိခြင်း။

ကိစ္စ- အလုပ်ကိစ္စ။

ဝါရဏ-တားခြင်း။

ဥပမာ-တူခြင်း။

ဂမ္ဘီရဘေဒ- နက်နဲခြင်းလေးပါး။

နယဘေဒ-နည်းလေးပါး။

ဤသို့ ဝိနိစ္ဆယ ခြောက်ခုသိအပ်၏။

သစ္စပဘာဝ

သာမညအားဖြင့် လောကီကုသိုလ်၊ အကုသိုလ်သည် သမုဒယသစ္စာ မည်၏။

ကြွင်းသော လောကီစိတ်၊ စေတသိက်၊ ရုပ်သည် ဒုက္ခသစ္စာ မည်၏။

ထိုကြောင့် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်-လေးခုသည် သမုဒယသစ္စာ မည်၏။

ဘဝသည် သစ္စာဒွယ မည်၏။

ကမ္မဘဝကား သမုဒယ။ ဥပပတ္တိဘဝကား ဒုက္ခဖြစ်သောကြောင့်တည်း။

ဝိညာဏ် စသော ကြွင်းခုနစ်ခုသည် ဒုက္ခသစ္စာ မည်၏။

အဝိဇ္ဇာပစ္စယာသင်္ခါရာသည် သမုဒယသစ္စာကြောင့် သမုဒယသစ္စာဖြစ်သည် မည်၏။

သင်္ခါရပစ္စယာ ဝိညာဏံသည် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်သည်မည်၏၊

(ဤနည်းဖြင့် အားလုံး ဖေါ်ဆိုနိုင်ရမည်။)

ဥပါဒါနပစ္စယာဘဝေါသည် သမုဒယသစ္စာကြောင့် သစ္စာဒွယဖြစ်သည်မည်၏။

ဘဝပစ္စယာ ဇာတိသည် သမုဒယကြောင့် ဒုက္ခသစ္စာဖြစ်သည် မည်၏။

ဤသို့ ဤဘဝစက်ကို ဖန်ဖန်ရှုအပ်၏။

(ကမ္မဘဝကြောင့်သာ ဇာတိဖြစ်သည်။

ဥပပတ္တိဘဝကား ဇာတိ၌ဝင်သည်-ဟု အထူးသိအပ်၏။)

ကိစ္စ

ဝိဇ္ဇာသည် တွေဝေစေ၏။ သင်္ခါရ၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။

သင်္ခါရသည် သင်္ခတတရားကို ပြုပြင်၏။ ဝိညာဏ်၏အကြောင်းလည်းဖြစ်၏၊ နှစ်ကိစ္စ။

ဝိညာဏ်သည် အာရုံ ကိုသိ၏။ နာမ်ရုပ်၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။

နာမ်ရုပ်သည် အချင်းချင်း ထောက်ပံ့၏။ သဠာယတန၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။

သဠာယတနသည် မိမိစားကျက် အာရုံခြောက်ပါး၌ဖြစ်၏။ ဖဿအကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။

ဖဿသည် အာရုံကို တွေ့ထိ၏။ ဝေဒနာ၏ အကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။

ဝေဒနာသည် ခံစား၏။ တဏှာအကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။

တဏှာသည် တပ်နှစ်သက်၏။ ဥပါဒါန၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။

ဥပါဒါန်သည်စွဲလမ်း၏။ ဘဝ၏အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။

ဘဝသည် ဂတိငါးပါး၌ပစ်ချ၏။ ဇာတိ၏အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။

ဇာတိသည် ခန္ဓာတို့ကိုဖြစ်စေ၏။ ဇရာ၏ အကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။

ဇရာမရဏသည် ခန္ဓာတို့၏ရင့်ခြင်း ပျက်ခြင်းကို စွဲ၍တည်၏။ ဘဝသစ်၏၎င်း၊ သောကပရိဒေဝ စသည်တို့၏၎င်း အကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။

ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန်ရှုအပ်၏။

ဝါရဏ

အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဟု ဟောခြင်းသည် ပြုပြင်ဖန်ဆင်းသူရှိ၏ဟု ယူသော မိစ္ဆာအယူကို တား၏။

သင်္ခါရ ပစ္စယာ ဝိညာဏံ-ဟုဟောခြင်းသည် အတ္တသည် ပြောင်းရွှေ့၏ ဟုယူသော မိစ္ဆာအယူကို တား၏။

ဝိညာဏပစ္စယာ နာမရူပံ သည် အတ္တသည် တလုံးတည်း တခဲနက်ဟုယူသော မိစ္ဆာအယူကို တား၏။ (နာမ်တခြား၊ ရုပ်တခြားဟု အကွဲအစိတ်ကို ပြသောကြောင့်တည်း။)

နာမရူပပစ္စယာ သဠာယတနံ-သည် မြင်၊ ကြား၊ နမ်း၊ စား၊ ထိ၊ သိသူ အတ္တရှိ၏ဟု ယူသောမိစ္ဆာအယူကိုတား၏။

သဠာယတနပစ္စယာ ဖဿော-သည် တွေ့ထိတတ်သူ အတ္တရှိ၏ ဟူသော မိစ္ဆာအယူကိုတား၏။

ဖဿပစ္စယာ ဝေဒနာ-သည် ခံစားတတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တား၏။

ဝေဒနာ ပစ္စယာ တဏှာ-သည် တပ်နှစ်သက်တတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာ အယူကိုတား၏၊

တဏှာပစ္စယာ ဥပါဒါနံ-သည် စွဲလမ်းတတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တား၏။

ဥပါဒါန ပစ္စယာ ဘဝေါ-သည် အသစ်ဖြစ်ပေါ်သူ အတ္တရှိ၏ဟုယူသောမိစ္ဆာအယူကို တား၏။

ဘဝပစ္စယာဇာတိ-သည် ပဋိသန္ဓေ နေတတ်သူ အတ္တရှိ၏ ဟု ယူသော မိစ္ဆာအယူကို တား၏။

ဇာတိပစ္စယာ ဇရာမရဏံ စသည်သည် အိုသူ၊ သေသူ အတ္တရှိ၏။ စိုးရိမ်သူအတ္တ၊ ငိုသူအတ္တ၊ ကိုယ်ဆင်းရဲသူ အတ္တ၊ စိတ်ဆင်းရဲသူအတ္တ၊ ပြင်းစွာပင်ပန်းသူ အတ္တ ရှိ၏-ဟုယူသော မိစ္ဆာအယူကိုတား၏။

ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန်ရှုအပ်၏။

တနည်း --

မသိခြင်း အဝိဇ္ဇာသာ ရှိသည်။ မသိသူပုဂ္ဂိုလ်သတ္တဝါ မရှိ။

ပြုပြင်ခြင်းသင်္ခါရသာ ရှိသည်။ ပြုပြင်သူမရှိ။

ဝိညာဏ်ဖြစ်ခြင်းသာ ရှိသည်။ တဘဝမှ ပြောင်းရွှေ့လာသူမရှိ။

နာမ်နှင့်ရုပ် တွဲခြင်းသာရှိသည်။ တလုံးတည်း တခဲနက်မရှိ။

စက္ခု သောတစသော မြင်၊ ကြား၊ နမ်း၊ စား၊ ထိ၊ သိခြင်းသာရှိသည်။ မြင်သူ၊ ကြားသူ၊ နမ်းသူ၊ စားသူ၊ ထိသူ၊ သိသူမရှိ။

တွေ့ထိခြင်း ဖဿသာ ရှိသည်။ တွေ့ထိသူမရှိ။

ခံစားခြင်း ဝေဒနာသာရှိသည်။ ခံစားသူမရှိ။

တပ်နှစ်သက်ခြင်း တဏှာသာ ရှိသည်။ တပ်နှစ်သက်သူမရှိ။

စွဲလမ်းခြင်း ဥပါဒါန်သာရှိသည်၊ စွဲလမ်းသူမရှိ။

ဂတိငါးပါး၌ ပစ်ချခြင်း၊ ဖြစ်ခြင်း ဘဝသာရှိသည်၊ ပစ်ချသူ၊ ဖြစ်သူမရှိ။

ပဋိသန္ဓေဖြစ်ခြင်းသာရှိသည်။ ပဋိသန္ဓေနေသူမရှိ။

အိုခြင်းသေခြင်း သာရှိသည်။ အိုသူသေသူမရှိ။

စိုးရိမ်ခြင်း၊ ငိုကြွေးသံ၊ ကိုယ်နာခြင်း၊ စိတ်နာခြင်း၊ ပြင်းစွာပင်ပန်း ခြင်းသာရှိသည်။ စိုးရိမ်သူ၊ ငိုကြွေးသူ၊ ကိုယ်နာသူ၊ စိတ်နာသူ၊ ပြင်းစွာပင်ဝန်းသူ မရှိ- ဟု

ဖန်ဖန်ရှုအပ်၏။

ဥပမာ

အဝိဇ္ဇာသည် သူကန်းနှင့်တူ၏။

(ထိုထိုဓမ္မတို့ကို ဆက်ဆံသော လက္ခဏာ၊ မဆက်ဆံသော လက္ခဏာတို့ဖြင့် မသိသောကြောင့်တည်း။)

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာသည် သူကန်း ချွတ်ချော်သည်နှင့်တူ၏။

(ရံခါကုသိုလ်၊ ရံခါအကုသိုလ်ဖြင့် ချွတ်ချော်၏။)

ဝိညာဏ်သည် ချွတ်ချော်၍ လဲကျသည်နှင့်တူ၏။

(ပဋိသန္ဓေထဲ လိမ့်ကျ၏။)

နာမ်ရုပ်သည် လဲကျ၍ ဖူးရောင်သည်နှင့်တူ၏။

(နာမ်နှင့်ရုပ် ပွဖောင်း၏၊)

သဠာယတနသည် ဖူးယောင်၍ အနာအဖု ပြည်ဥသည်နှင့်တူ၏။

(အနာ ၆-ခုဖြစ်၏။)

ဖဿသည် အနာအ ပြည်ဥသည်ကို ထိခိုက်သည်နှင့်တူ၏။

ဝေဒနာသည် ထိခိုက်၍ အနာနာသည်နှင့်တူ၏။

တဏှာသည် အနာနာ၍ ဆေးကုလိုသည်နှင့် တူ၏။

ဥပါဒါန်သည် ဆေးကုလို၍ မသင့်သော ဆေးအလွဲကိုယူ သည်နှင့်တူ၏။

ဘဝသည် ဆေးအလွဲကိုယူ၍ လိမ်းသည်နှင့် တူ၏။

ဇာတိသည် ဆေးလိမ်းမှား၍ အနာတိုးသည်တူ၏။

မရဏသည် အနာတိုး၍ ပေါက်ကွဲသည်နှင့်တူ၏။

ဤသို့လည်း ဤဘဝစက်ကို တသန္တာန်တည်း ဥပမာဖြင့် ဖန်ဖန်ရှုအပ်၏။

ကန်း၊ ချော်၊ လဲကျ၊ (၃)

ဖူး၊ ကြွ၊ ပြည်၊ ထိ၊ (၃)

နာ၏၊ ကု၊ လွဲ၊ (၃)

လိမ်း၊ တိုး၊ ကွဲ၊ (၃)

ဆက်တွဲပမာ-သူငါ တူလှ၏။

တနည်း --

အဝိဇ္ဇာသည် မျက်စိတိမ်လွှား သည်နှင့်သူ၏။

သင်္ခါရသည် မိမိကိုယ်ကို အိမ်ဖွဲ့သော ပိုးကောင်နှင့်တူ၏။

ဝိညာဏ်သည် အမတ်ကြီးတို့၏ ထိမ်းအုပ်ခြင်း ခံ၍ မင်းစည်းစိမ် ရသော မင်းသားငယ်နှင့် တူ၏။

(သင်္ခါရ အမတ်ကြီတို့ ပြုပြင်ပေးမှ ဂတိငါးပါး၌ တည်နိုင်သည်။)

နာမ်ရုပ်သည် မျက်လှည့်ရုပ် မျိုးစုံနှင့်တူ၏။

သဠာယတနသည် ကောင်း၌ ပေါက်သော ချုံသစ်ပင်နှင့်တူ၏။

ဖဿသည် ပွတ်၍ရသော မီးနှင့်တူ၏။

(အာရုံနှင့် ပသာဒထိခိုက်မှ ဖဿဖြစ်သည်။)

ဝေဒနာသည် ပွတ်၍ ရသော မီးပူလောင်သည်နှင့်တူ၏။

တဏှာသည် ဆားငန်ရေသောက်၍ ရေငတ်သည်နှင့်တူ၏။

ဥပါဒါန်သည် ရေငတ်၍ ဖန်ဖန် တောင့်တသည်နှင့်တူ၏။

ဘဝသည် ငါးမျှားချိတ်ကောက် မျိုသည်နှင့်တူ၏။

ကမ္မဘဝပြုမိ၍ ပဋိသန္ဓေဖြစ်ရသည။

ဇာတိသည် မျိုးစေ့ပင် ပေါက်သည်နှင့်တူ၏။

ဇရာမရဏသည် ပေါက်သောသစ်ပင် ပြိုလဲသည်နှင့်တူ၏။

ဤသို့လည်း ဤဘဝစက်ကို သန္တန်သီးခြား ဥပမာဖြင့် ဖန်ဖန်ရှုအပ်၏။

တိမ်၊ ပိုး၊ ထိန်းအုပ် (၃)၊

မျက်လှည့်ရုပ်၊ ချုံထူ (၂)၊

မီးပွတ်၊ ပူ၊ ငန် (၃)၊

ဖန်ဖန်၊ ချိတ်ကောက် (၂)၊

မျိုးပေါက်၊ ပင်လဲ (၂)၊

သီးခြားတွဲ-ကွဲကွဲပမာ-သူငါ တူလှ၏။

ဂမ္ဘီရဘေဒ

အဝိဇ္ဇာကြောင့်၎င်း၊ အဝိဇ္ဇာနှင့် အတူဖြစ်သော တရားကြောင့်၎င်း သင်္ခါရဖြစ်သည်။ တပါးသောအကြောင်းကြောင့် မဖြစ်။ ဤသို့အဝိဇ္ဇာ စသည်ကြောင့် သင်္ခါရစသော အကျိုး အဆင့်ဆင့် ဖြစ်လာခြင်း ဟူသောအနက်၊ အဝိဇ္ဇာစသည် မရှိလျှင် သင်္ခါရစသော အကျိုးမရှိခြင်း ဟူသောအနက် - ဤအနက်နှစ်ပါးသည် ဟုတ်မှန်၏။ သိနိုင်ခဲ၏။ သားမြီးဖျားချင်းထိအောင် ထိုးနိုင်သည်ထက် အသိခက်၏။ ထိုကြောင့် ဤဘဝစက်သည် အကျိုးအတ္ထအားဖြင့် (သမုဒ်ရေလယ် ယုန်ငယ်တမျှ) နက်နဲလှ၏ ဟု အတ္ထဂမ္ဘီရအားဖြင့် ဖန်ဖန်ရှုအပ်၏။

အဝိဇ္ဇာသည် အကြင်ခြင်းရာဖြင့်သာ၊ အကြင်အခိုက်အတန့် တည်ခိုက်၌သာ ကျေးဇူးပြု၏။ ထိုခြင်းရာကို၎င်း, ထိုအခိုက်အတန့်ကို၎င်း သိနိုင်ခဲ၏။ သားမြီးဖျား ထိုးနိုင်သည်ထက် အသိခက်၏၊ ထိုကြောင့် ဤဘဝစက်သည် အကြောင်းဓမ္မ အားဖြင့် နက်နဲလှ၏ ဟု ဓမ္မဂမ္ဘီရအားဖြင့် ဖန်ဖန်ရှုအပ်၏။

ဤဘဝစက်ကို ဝေနေယျတို့အား ကောင်းစွာသိအောင် ထိုထို အနုလုံဖြင့်၎င်း, ပဋိလုံဖြင့်၎င်း, ဟောခြင်းသည် လွယ်ကူသည်မဟုဟ်။ သာဝကဉာဏ် ထွတ်ထိပ်သို့ ရောက်သော ရှင်သာရိပုတြာတို့ပင် မဟောနိုင်။ သဗ္ဗညုတ ဉာဏ်တော်ရ၍သာ ဟောနိုင်သည်။ ထိုကြောင့် ဤဘဝစက်သည် ဟောခြင်းဒေသနာ အားဖြင့် နက်နဲ လှ၏ဟု ဒေသနာဂမ္ဘီရဖြင့် ဖန်ဖန်ရှုအပ်၏၊

အဝိဇ္ဇာသင်္ခါရစသည်တို့၏ သဘောသည် သိအပ်သောပဋိဝေဓမည်၏။ ထိုသဘောကို သိသောဉာဏ်သည် သိတတ်သော ပဋိဝေဓမည်၏။ ဤသိအပ်၊ သိတတ်-နှစ်ရပ်သော ပဋိဝေဓသည် သိနိုင်ခဲသော သဘောရှိ၏၊ ထိုကြောင့် ဤဘဝစက်သည် ပဋိဝေဓ အားဖြင့် နက်နဲလှ၏ဟု ပဋိဝေဓဂမ္ဘီရဖြင့် ဖန်ဖန်ရှုအပ်၏။

နယဘေဒ

မျိုးစေ့အညွန့်စသည် ဖြစ်၍ သစ်ပင်ကြီး ဖြစ်သကဲ့သို့ အဝိဇ္ဇာစသည်မှ သင်္ခါရ စသည်တို့ တဆက်တည်း စပ်၍ ဖြစ်ခြင်းသည် ဧကတ္တနည်းမည်၏။ ဤနည်းသိလျှင် ဥစ္ဆေဒဒိဋ္ဌိကင်း၏။ (တသန္တာန်တည်း ကျိုးကြောင်း စပ်သည်ကို မြင်ရသောကြောင့် တည်း။) အသိလွဲလျှင် သဿတဒိဋ္ဌိ စွဲ၏။ (သန္တာန် မပြတ်ဘဲ တခုတည်းဟု ယူသောကြောင့် တည်း။)

အဝိဇ္ဇာသဘောတခြား၊ သင်္ခါရသဘောတခြား - ဤသို့စသည်ဖြင့် တခြားစီ ဖြစ်ခြင်းသည် နာနတ္တနည်း မည်၏။ ဤနည်းသိလျှင် သဿတဒိဋ္ဌိ ကင်း၏။ အသစ်အသစ် တခြားစီဖြစ်သည်ကို မြင်သောကြောင့်တည်း။ အသိလွဲလျှင် ဥစ္ဆေဒဒိဋ္ဌိ စွဲ၏။ မွေးသူတခြား၊ သေသူတခြားဟု လွဲနိုင်သောကြောင့်တည်း။

သင်္ခါရကို ငါဖြစ်စေမည်ဟု အဝိဇ္ဇာအား ကြောင့်ကြဗျာပါရ မရှိ။ ဝိညာဏ်စသည်ကို ငါဖြစ်စေမည်ဟု သင်္ခါရစသည်တို့အား ကြောင့်ကြဗျာပါရမရှိ၊ ဤသို့ကြောင့်ကြ ဗျာပါရ မရှိခြင်းသည် အဗျာပါရနည်း မည်၏။ ဤနည်းသိလျှင် အတ္တဒိဋ္ဌိ ကင်း၏။ ပြုသူအတ္တမရှိ၊ ပြုပြင်သော သတ္တဝါမရှိ၊ နိဿတ္တ နိဇ္ဇီဝ-ဓမ္မသဘောမျှသာ ရှိသည်ဟု မြင်သောကြောင့်တည်း။ အသိလွဲလျှင် အကြိယာဒိဋ္ဌိ စွဲ၏။ အကြောင်းကို မယူသောကြောင့်တည်း။ ဗျာပါရ မရှိသော်လည်း သဘာဝ နိယမအားဖြင့် ဖြစ်သောအကြောင်း ဖြစ်ခြင်းသည် ရှိ၏။ မီးလျှံဟူသမျှ အထက်သို့ဘက်ခြင်း။ လေဟူသမျှ ဖီလာတိုက်ခြင်းသည် သဘာဝနိယမအားဖြင့် ဖြစ်သော အကြောင်းဖြစ်ခြင်းသည်ရှိ၏။ ဤသို့အကြောင်း ဖြစ်ခြင်းရှိသည်ကို မယူနိုင်သောကြောင့်တည်း

နို့ရည်စသည်မှ နို့ဓမ်းစသည် ဖြစ်သကဲ့သို့ ဓမ္မတာအားဖြင့် အဝိဇ္ဇာစသည်မှ သင်္ခါရ စသည်ဖြစ်ခြင်းသည် ဧဝံဓမ္မတာနည်း မည်၏။ ဤနည်းသိလျှင် အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိကင်း၏။ ကြောင်းကျိုးလျော်စွာ ဖြစ်ခြင်းကို သိသောကြောင့်တည်း။ နို့မှ နို့ဓမ်းဖြစ်သည်၊ ရေမှမဖြစ် နှမ်းမှဆီဖြစ်သည်၊ သဲမဖြစ်။ အကြောင်း ဟူသမျှကြောင့် အကျိုးဟူသမျှ မဖြစ်၊ လျော်စွာဖြစ်သည်ဟု သိသောကြောင့် အကြောင်းကံကိုလည်း မပယ်။ အကျိုးဝိပါက်ကို လည်း မပယ်ဟူလို။ အသိလွဲလျှင် အဟေတုကဒိဋ္ဌိ၊ နိယတိပါဒစွဲ၏။ အကြောင်းကြောင့် အကျိုး ဖြစ်ခဲ့လျှင် အကြောင်းတခြား၊ အကျိုး တခြား ဖြစ်ခြင်း ကြောင့် သဲမှဆီသော်၎င်း၊ ကြံမှနို့သော်၎င်း ဖြစ်သင့်ရာ၏။ ထိုသို့ မဖြစ်လေရကား ထိုထိုအကျိုး၏ ထိုထိုအကြောင်း မရှိစကောင်းဟု အကြောင်းပယ်၍ အဟေတုက ဒိဋ္ဌိစွဲသည်၊ ထိုသို့ အကြောင်း မရှိသော်လည်း သဘာဝ နိယမအားဖြင့် နို့မှ နို့ဓမ်း ဖြစ်သကဲ့သို့ မိဘသွေးသားကြောင့် သဘာဝနိယမအားဖြင့် သတ္တဝါဖြစ်သည်။ သဘာဝ နိယမ အားဖြင့် နတ်လူစသော ဂတိငါးပါး၌ဖြစ်သည်။ သဘာဝနိယမအားဖြင့် တနေ့ကျလျှင် သံသရာ ဝဋ်ကင်းပြတ်၍ နိဗ္ဗာန်ရနိုင်သည်ဟု နိယတိ ဝါဒစွဲသည်။

ဥယျောဇဉ်

သတ္တဝါ အပေါင်းသည် မူလနှစ်ပါး ခိုင်မြဲသော စက်ဝိုင်းနှစ်ခုဖြင့် သံသရာအထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။

ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာသိသော ဉာဏ်ကား ထိုမူလနှစ်ပါး မဖြစ်နိုင်ကြောင်း ဉာဏ်ဖြစ်၏။ မူလနှစ်ပါးမဖြစ်လျှင် သံသရာ ဘဝစက် ပျက်၏။

ဤဘဝစက်ကို မဖျက်နိုင် မခွဲနိုင်လျှင် မိုးကြိုး စက်ကြီး လောင်မီးပမာ သံသရာမှ ခုန်ကာကျော်ထွက် လွတ်မြောက်ချက်ကား အိပ်မက်၌ပင် မရှိလေစွတကား။

ဤဘဝစက်ကို သုတမယဉာဏ်၊ စိန္တာမယဉဏ်၊ ဘာဝနာမယဉာဏ်တို့ဖြင့် လျော်စွာ မသိခြင်းကြောင့် မြိတ်ဆာချည်ထွေး စာသိုက်ထွေးနှင့် မြက်ထွေး အတူ သူငါမကြွင်း

လေးဘုံဆင်းကာ သံသရာ၌ ရှည်ကြာဒုက္ခ တွေ့ရလေစွတကား။ ဤပဋိစ္စသမုပ္ပါဒ် သဘောသည် သမုဒြာ၌ ယုန်ငယ်ပမာ ထောက်ရာ တည်ရာမရ နက်နဲလေစွတကား။

သို့စဉ်နက်မှောင် နက်ရောင်ပြင်းထန် နက်နဲမှန်လည်း စိန်ဉာဏ်ဆောင်ထား ခုနစ်နှစ်သ္မီး ခုနစ်နှစ်သားတို့ပင် ဘုရားရှင် ဉာဏ်တော်မှီ၍ ခွဲနိုင် ဖောက်နိုင် ဖျက်ဆီးနိုင်ကြကုန်၏။

ထိုကြောင့် သူတပါး အကျိုးများစေလိုသော အမျိုးကောင်းသားသည် ကိစ္စတပါး ပယ်ရှား၍ နက်လှသော ဤဘဝစက်ကို ထောက်ရာ တည်ရာ ရအောင် မနေမနား အားထုတ်ရာ၏။

ပစ္စည်းပိုင်းအရသာပြီး၏။

၉ - ကမ္မဋ္ဌာန်းပိုင်း

ယခုအခါ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတို့၏ (အာရုံ) ကမ္မဋ္ဌာန်း နှစ်မျိုးကို ဆိုပေအံ့။

နီဝရဏတို့ကို ငြိမ်းအောင်ပြုခြင်းသည် သမာဓိမည်၏၊ သမထလည်းမည်၏။ အနိစ္စ ဒုက္ခ အနတ္တ ဟူသော အခြင်းအရာဖြင့် ရှုခြင်းသည် ပညာမည်၏။ ဝိပဿနာ လည်းမည်၏။ တိုးပွါးအောင် ပွါးများစေခြင်းသည် ဘာဝနာ မည်၏။ သမာဓိကို ပွါးများစေလျှင် သမထဘာဝနာ၊ ပညာကို ပွါးများစေလျှင် ဝိပဿနာဘာဝနာ မည်၏။

အာရုံ ကမ္မဋ္ဌာန်းနှစ်မျိုး

(ကမ္မဿ-ပြုအပ်သော ကမ္မ၏ + ဌာနံ တည်ရာအာရုံ၊) ပြုအပ်သော ဘာဝနာကမ္မ၏ + တည်ရာဖြစ်သော ကသိုဏ်းစသော အာရုံသည် ကမ္မ + ဋ္ဌာန မည်၏။

သမာဓိဘာဝနာကမ္မ၏ အာရုံသည် သမထကမ္မဋ္ဌာန်း၊

ပညာဘာဝနာကမ္မ၏ အာရုံသည် ဝိပဿနာကမ္မဋ္ဌာန်း၊

ဤအာရုံကမ္မဋ္ဌာန်း နှစ်မျိုးကို ယခုဆိုပေအံ့ ဟူလို။

ဘာဝနာကမ္မဋ္ဌာန်း နှစ်မျိုး

(ကမ္မမေဝ-ကမ္မသည်သာလျှင်+ဌာနံ-အကြောင်း။) ဘာဝနာ ကမ္မ သည်သာလျှင် + နောက်နောက် အားထုတ်ခြင်း၊ တရားထူးရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မ+ဋ္ဌာန မည်၏။ သမာဓိဘာဝနာ ကမ္မသည် သမထကမ္မဋ္ဌာန်း၊ ပညာဘာဝနာကမ္မ သည် ဝိပဿနာကမ္မဋ္ဌာန်း၊ ဤ ဘာဝနာကမ္မဋ္ဌာန်း နှစ်မျိုးလည်း- ပါဝင်ပေလတ္တံ့ ဟူလို။

ဥဒ္ဒေသ

သမထကမ္မဋ္ဌာန်း၌ ကသိုဏ်း ဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ အပ္ပမညာလေးပါး၊ သညာတပါး၊ ဝဝတ္ထာန်တပါး၊ အာရုပ္ပလေးပါး - ဤသို့ သမထ ကမ္မဋ္ဌာန သင်္ဂဟ ခုနစ်ခု သိအပ်၏။

ရာဂစရိုတ်၊ ဒေါသစရိုတ်၊ မောဟစရိတ်၊ သဒ္ဓါစရိုတ်၊ ဗုဒ္ဓိစရိတ်၊ ဝိတက်စရိတ်၊ ဤသို့စရိုတ်ခြောက်ခု သိအပ်၏။

ရာဂသည် (ရာဂစရိုတ် မည်၏။ ရာဂပင်ကိုယ် များသူသည် ရာဂစရိတပုဂ္ဂိုလ် မည်၏။ အကြွင်း လွယ်ပြီ၊)

ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ-ဤသို့ ဘာဝနာသုံးခု သိအပ်၏။

ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် - ဤသို့ နိမိတ်သုံး ခု သိအပ်၏။

ဤကား ဥဒ္ဒေသတည်း။

(အစစွာဖြစ်သော ဘာဝနာသည် ပရိကမ္မဘာဝနာ၊

နီဝရဏ ခွါနိုင်သည်မှစ၍ ဂေါတြဘူ အဆုံးတိုင်ဖြစ်သော ဘာဝနာသည် ဥပစာရဘာဝနာ၊

မဟဂ္ဂုတ် လောကုတ္တရာ ဘာဝနာသည် အပ္ပနာဘာဝနာ။

ပရိကမ္မဘာဝနာ၏ အာရုံသည် ပရိကမ္မနိမိတ်၊

မျက်စိဖြင့်မြင်သကဲ့သို့ စိတ်ဖြင့်ယူအပ်သော အာရုံသည် ဥဂ္ဂဟနိမိတ်။

ထိုဥဂ္ဂဟနိမိတ်နှင့်တူသော အပြစ်ကင်းသော အာရုံသည် ပဋိဘာဂနိမိတ်၊

ပရိကမ္မ၊ ဥဂ္ဂဟနိမိတ် နှစ်ပါးသည် ပရိကမ္မဘာဝနာ တခု၏ အာရုံ။

ပဋိဘာဂနိမိတ် တပါးသည် ဥပစာရ၊ အပ္ပနာ ဘာဝနာနှစ်ခု၏ အာရုံ၊)

ကသိုဏ်းဆယ်ပါး

ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း၊ ဤသို့ မြေ၊ ရေ၊ မီး၊ လေ-အလုံးစုံ နှံ့ထင်သော ဓာတ်ကသိုဏ်းလေးပါး၊ (ပထဝီ-မြေ+သိဏ-အလုံးစုံအရပ်၌နှံ့ထင်၊)

နီလကသိုဏ်း၊ ပီတကသိုဏ်း၊ လောဟိတကသိုဏ်း၊ သြဒါတကသိုဏ်း-ဤသို့-ညို၊ ရွှေ၊ နီ၊ ဖြူ-အလုံးစုံ နှံ့ထင်သော ဝဏ္ဏကသိုဏ်း လေးပါး၊

အာကာသကသိုဏ်း၊ အာလောကကသိုဏ်း - ဤသို့ ကြားပေါက်ကောင်းကင်၊ အလင်းရောင်-အလုံးစုံ နှံ့ထင် နှစ်ပါး။

ဤကား ကသိုဏ်းဆယ်ပါးတည်း။

အသုဘဆယ်ပါး

ဥဒ္ဓုမာတကံ - သေသည်အထက်၌+ဖူးဖူးရောင်သော အကောင်ပုပ်။

ဝိ+နီလကံ - ဖြူနီရောလျက် + ညိုမဲသော အကောင်ပုပ်။

ဝိ+ပုဗ္ဗကံ - ယိုသော၊ ပြည်ရှိသောအကောင်ပုပ်။

ဝိ+စ္ဆိဒ္ဒကံ - ခါးလယ်၌+ပြတ်သောအကောင်ပုပ်။

ဝိ+က္ခာယိတကံ - အထူးထူး+ဆိတ်ဆွဲ ကိုက်ခဲအပ်သော အကောင်ပုပ်။

ဝိ+က္ခိတ္တကံ - ဖရိုဖရဲ+ပစ်အပ်သော အကောင်ပုပ်။

ဟတ+ဝိ+က္ခိတ္တကံ - ကြက်ခြေခတ်မွှမ်း၍+ ဖရိုဖရဲ+ပစ်အပ်သော အကောင်ပုပ်။

လောဟိတကံ - သွေးထွက် သံယို အကောင်ပုပ်။

ပုဠုဝကံ - ပိုးလောက်တဖွါးဖွါး အကောင်ပုပ်။

အဋ္ဌိကံ - အရိုးစု အကောင်ပုပ်။

ဤကားအသုဘ ဆယ်ပါးတည်း၊

(ကျီးဦးစွန်းကို ကြက်တောင်စည်း ဟူသကဲ့သို့ ကျီးခြေ သဏ္ဍာန်ကို ကြက်ခြေခတ် ဟူ၏။)

အနုဿတိဆယ်ပါး

ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကို အောက်မေ့ခြင်း၊

ဓမ္မာနုဿတိ - တရားဂုဏ်ကို အောက်မေ့ခြင်း။

သံဃာနုဿတိ - သံဃာဂုဏ်ကို အောက်မေ့ခြင်း။

သီလာနုဿတိ - ငါ၏သီလ စင်ကြယ်လေစွဟု အောက်မေ့ခြင်း

စာဂါနုဿတိ - စွန့်ကြဲဘူး လှူဒါန်းဘူးသည်ကို အောက်မေ့ခြင်း။

ဒေဝတာနုဿတိ - နတ်တို့သည် သဒ္ဓါစသည်ရှိ၍ နတ်ဖြစ်ကြသည်၊ ငါ့အား လည်း ထိုသဒ္ဓါ စသည်ရှိ၏-ဟု နတ်တို့ကို စံထား၍ အောက်မေ့ခြင်း၊

ဥပသမာနုဿတိ - နိဗ္ဗာန်အား ကိလေသာအားလုံး ငြိမ်း၏ဟု အောက်မေ့ခြင်း။

မရဏာနုဿတိ - ငါသေရလတ္တံ့ဟု အောက်မေ့ခြင်း၊

ကာယ+ဂတာ+သတိ - ၃၂-ကောဋ္ဌာသ ကာယ၌ ဖြစ်သော အောက်မေ့ခြင်း၊

အာနာပါနဿတိ - ထွက်သက် ဝင်သက်ကိုအောက်မေ့ခြင်း။

ဤကား အနုဿတိ ဆယ်ပါးတည်း။

အပ္ပမညာလေးပါး

မေတ္တာ - သတ္တဝါ အားလုံးကို ကိုယ်နှင့်အမျှချစ်ခြင်း၊

ကရုဏာ - ဆင်းရဲသူကိုသနားခြင်း၊

မုဒိတာ - ချမ်းသာသူကို ဝမ်းမြောက်ခြင်း၊

ဥပေက္ခာ - ကံအားလျော်စွာ ဖြစ်ရသည်ဟု အသင့်အတင့် ရှုခြင်း၊

ဝါ၊ ကံကို အလေးပြုခြင်း၊

ဤကား အပ္ပမညာ လေးပါးတည်း။

ဗြဟ္မဝိဟာရတရား- ဗြဟ္မစိုရ်တရား ဟူ၍လည်း ခေါ်ကြ၏။

သညာတပါး

အာဟာရေ+ပဋိကူလ+သညာ - အာဟာရ၌ + စက်ဆုပ်ဘွယ်ဟု + အမှတ်ပြုခြင်း။

ဤကား သညာတပါးမည်၏။

ဝဝတ္ထာန်တပါး

စတုဓာတု+ဝဝတ္ထာနံ - ဓာတ်လေးပါးတို့ကို+ပိုင်းခြားခြင်း။

ဤကားဝဝတ္ထာန်တပါးမည်၏။

ပထဝီ ၂ဝ၊ အာပေါ ၁၂၊ တေဇော ၄၊ ဝါယော ၆ - ၄၂-ကောဋ္ဌာသဖြင့် ပိုင်းခြား၏။

မာ၊ ဖွဲ့၊ ရင့်၊ ထောက်- လက္ခဏာဖြင့် ဝိုင်းခြား၏။

အာရုပ္ပလေးပါး

အာကာသာနဉ္စာယတနံ - အဆုံးမရှိသော ကောင်းကင်ပညပ်အာရုံ၊

ဝိညာနဉ္စာယတနံ - အဆုံးမရှိသော အာကာသာနဉ္စာယတနဈာန် မဟဂ္ဂုတ်အာရုံ၊

အာကိဉ္စညာယတနံ - နတ္ထိဘောပညပ်အာရုံ၊

နေဝသညာနာသညာယတနံ - အာကိဉ္စညာယတနဈာန် မဟဂ္ဂုတ်အာရုံ၊

ဤကား အာရုပ္ပ လေးပါးတည်း။

ဤသို့လျှင် သမထ ကမ္မဋ္ဌာန်း (အာရုံ) လေးဆယ်ဖြစ်၏။

သပ္ပါယဘေဒ

ရာဂစရိတ်ရှိသူအား ဒသအသုဘ၊ ကာယဂတာသတိ-အားဖြင့် ကမ္မဋ္ဌာန်း ၁၁-ပါး လျောက်ပတ်၏။

ဒေါသများသူအား အပ္ပမညာ၊ ဝဏ္ဏကသိုဏ်း-အားဖြင့် ရှစ်ပါး လျောက်ပတ်၏။

မောဟများသူ၊ ဝိတက်များသူအား အာနာပါန-တပါး လျောက်ပတ်၏။

သဒ္ဓါများသူအား ဗုဒ္ဓါနုဿတိ စသော-ခြောက်ပါး လျောက်ပတ်၏။

ပညာများသူအား မရဏ၊ ဥပသမ၊ သညာ၊ ဝဝတ္ထာန်-လေးပါး လျောက်ပတ်၏။

ကြွင်းကသိုဏ်း ၆-ပါး၊ အာရုပ္ပ ၄-ပါးအားဖြင့် ဆယ်ပါး သည် ပုဂ္ဂိုလ်အားလုံးတို့အား လျောက်ပတ်၏။ (ဓာတ်ကသိုဏ်း၊ အာကာ၊ အာလောက-၆။)

ဤဆယ်ပါးတို့တွင် ကသိုဏ်းတို့၌ ကောက်နယ် တလင်းခန့်မျှ ကြီးသော ကသိုဏ်းဝန်းသည် မောဟများသူအား လျောက်ပတ်၏။ ခွက်မျှ ဆန်ကောမျှ ငယ်သော•ကသိုဏ်းဝန်းသည် ဝိတက်များသူအား လျှောက်ပတ်၏။

ဤကား သပ္ပါယဘေဒသည်း။

ဤ၌ ဖြောင့်ဖြောင့် ဆန့်ကျင်ခြင်းသည် လျောက်ပတ်သည် မည်၏။ အနာ၏ ဆန့်ကျင်ဘက် ဆေးကဲ့သို့လွန်စွာ လျောက်ပတ်သည် ဟူလို။ ရာဂစသည်ကို မခွါနိုင်သော၊ သဒ္ဓါစသည်ကို ကျေးဇူးမပြုနိုင်သော မလျောက်ပတ်သော ကမ္မဋ္ဌာန်း ဟူ၍ကား မရှိ။ ကသိုဏ်းဝန်းကြီးလျှင် စိတ်မတွေဝေ၊ မောဟများ သူနှင့်သင့်၏။ စိတ်ပြေးသာသောကြောင့် ဝိတက်နှင့် မသင့်။ ကသိုဏ်းဝန်းငယ်လျှင် စိတ်မပြေးသာ၊ ဝိတက်များသူနှင့်သင့်၏။ စိတ်တွေဝေစရာ ဖြစ်သောကြောင့် မောဟနှင့်မသင့်။

[ရာဂ-၁၁+၁၀=၂၁။

ဒေါသ-၈+၁၀=၁၈။

မောဟ ဝိတက်- ၁+၁၀-၁၁။

သဒ္ဓါ-၆+၁၀=၁၆။

ပညာ-၄+ ၁၀=၁၄]

ဘာဝနာဘေဒ

ကမ္မဋ္ဌာန်းလေးဆယ်လုံး၌ ပရိကမ္မဘာဝနာ-ရသည်သာတည်း။ ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်-အားဖြင့် ဆယ်ပါး၌ ဥပစာရဘာဝနာလည်းရသည်၊ အပ္ပနာမရ။ ကြွင်း ၃ဝ-၌ အပ္ပနာဘာဝနာလည်းရ၏။ [ပရိကမ္မ ၄ဝ၊ ဥပစာရ ၄၀၊ အပ္ပနာ၃ဝ။]

ထို ၃၀ တို့တွင် --

ဒသကသိဏ၊ အာနာပါနသည် ဈာန်ငါးပါးလုံးကိုရစေ၏။ (၁၁)

ဒသအသုဘ၊ ကာယဂတာသတိသည် ပဉ္စမဈာန်ကိုရစေ၏။ (၁၁)

မေတ္တာ၊ ကရုဏာ၊ မုဒိတာသည် အောက် ဈာန်လေးပါးကိုရစေ၏။ (၃)

ဥပေက္ခာသည် ပဉ္စမဈာန်ကိုရစေ၏။ (၁)

ဤသို့ကမ္မဋ္ဌာန်း ၂၆-ပါးသည် ရူပဈာန်ကိုရစေ၏။

[ပဌမ ဈာန်- ၂၅။ ဒုတီယဈာန်၊ တတီယဈာန်၊ စတုတ္ထ္ကဈာန်-၁၄၊ ပဉ္စမဈာန် ၁၂။]

အဆုံးမရှိသော ကောင်းကင်ပညပ် စသော အာရုပ္ပအာရုံ လေးပါးသည် အရူပဈာန် လေးပါးကို တခုစီအစဉ်အတိုင်း ရစေ၏။ (ဤကား ဘာဝနာဘေဒတည်း။)

နိမိတ္တဘေဒ

ကမ္မဋ္ဌာန်း လေးဆယ်လုံး၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်နှစ်ပါးကို ထိုက်သည် အားလျော်စွာ ရသည်သာတည်း။ အချို့ကမ္မဋ္ဌာန်း၌ မထင်ရှားသောကြောင့် ပရိယာယ် အားဖြင့် ရ၏ဟူလို။

ပဋိဘာဂနိမိတ်ကိုကား ဒသကသိဏ၊ ဒသအသုဘ၊ ကောဋ္ဌာသ၊ အာနာပါန-အားဖြင့် ၂၂-ပါးတို့၌သာ ရသည်။ ထင်ရှားစွာရသည်။ ပရိယာယ်မဟုတ်။

ထို ၂၂-ပါး၌ ရသော ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့ ဖြစ်ကုန်၏။

ပရိကမ္မနိမိတ်

ဖြစ်ပုံကား -- အာဒိကမ္မိက ပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း စသည်တို့၌ အာရုံယူ၍ (ကြည့်၍) ပထဝီ ပထဝီ စသည်ဖြင့် စီးဖြန်းသည်ဖြစ်အံ့၊ ထိုကသိုဏ်းဝန်း စသော အာရုံသည် ပရိကမ္မနိမိတ် မည်၏။ ဒီးဖြန်းသော ဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏။

ပရိကမ္မနိမိတ်သည် ပစ္စုပ္ပန်ရူပါရုံဖြစ်၏။ ထိုကြောင့် သာမညအားဖြင့် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တိရဏ၊ ဝုဋ္ဌော၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။

ဥဂ္ဂဟနိမိတ်

ထိုပရိကမ္မနိတ်ကို ဖန်ဖန်စီးဖြန်း၍ စိတ်ဖြင့် ကောင်းစွာယူနိုင်သောအခါ မျက်စိဖြင့် မြင်သကဲ့သို့ မနောဒွါရအား ထင်၏။ ထိုအခါ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်မည်၏။ ထို ပရိကမ္မဘာဝနာသည်လည်း ခိုင်ခန့်စွာတည်၏။

ဥဂ္ဂဟနိမိတ်သည် မနောဒွါရဂ္ဂဟိတ ရူပါရုံဖြစ်၏။ ထိုကြောင့် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇေ၁ ၇-ကြိမ်၊ တဒါရုံ ၂ -ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။

ပဋိဘာဂနိမိတ်

ထိုနောင် ထိုဥဂ္ဂဟနိမိတ်၌ ပရိကမ္မသမာဓိဖြင့်-ပထဝီ၊ ပထဝီ-ဟုလွန်စွာစီးဖြန်းသော ယောဂီအား သမာဓိ လွန်စွာခိုင်မြဲသောအခါ ထိုဥဂ္ဂဟနိမိတ်နှင့်တူစွာ အာရုံ တခုသည် စိတ်၌ ကောင်းစွာတည်၏။ သက်ဝင်လာ၏။ ထိုအာရုံသည် ကသိုဏ်း အပြစ်မှလွတ်၏။ ဝါ၊ ပရမတ်မှလွတ်သော ပညပ်ဖြစ်၏။ ဘာဝနာစွမ်းကြောင့်ဖြစ်၏။ ထိုအခါ ပဋိဘာဂ နိမိတ် ဖြစ်ပြီဟု ဆိုအပ်၏။

(ကသိုဏ်းအပြစ် ဟူသည် လက်ရာ အရေးအသား အပွန်းအပဲ့ စသည်တည်း။)

(ပဋိဘာဂနိမိတ်သည် ပညပ်ဓမ္မာရုံဖြစ်၏။ ထိုကြောင့် စ၊ ဒ၊ မ၊ ဇော-ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။)

ဥပစာရဈာန်

ထိုပဋိဘာဂ နိမိတ်ထင်သည်မှစ၍ ကာမာဝစရသမာဓိသည် နီဝရဏတည်းဟူသော ဘေးရန်ကို ပယ်နိုင်ခွါနိုင်၏။ ထိုအခါ ဥပစာရ ဘာဝနာ ဖြစ်သည်မည်၏။ ဝါ၊ ဥပစာရဈာန် ရသည်မည်၏။

အပ္ပနာဈာန်

ထိုနောင် ထိုပဋိဘာဂနိမိတ်ကိုသာလျှင် ဥပစာရသမာဓိဖြင့် ပထဝီ၊ ပထဝီ-ဟု ဖန်ဖန် စီးဖြန်းသော ယောဂီအား ရူပါဝစရ ပဌမဈာန်စိတ်သည် အပ္ပနာ၏ အစွမ်းဖြင့်ဖြစ်၏။ ဝါ၊ အပ္ပနာဘာဝနာဖြစ်သည် မည်၏။ ဝါ၊ အပ္ပနာဈာန်ရသည် မည်၏။

(ဤ၌ ဝိတက်သည် အပ္ပနာမည်၏။)

[ပဋိဘာဂနိမိတ်ပညပ်ဓမ္မာရုံ၌ ဈာန်အပ္ပနာ ဖြစ်ဟန်ကား။ စ၊ ဒ၊ မ၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ အာဒိကမ္မိကဖြစ်အံ့၊ ဈာန်စိတ် တကြိမ်ဖြစ်၍ ဘဝင်ကျ၏။ သမာပဇ္ဇနဖြစ်အံ့၊ ဈာန်စိတ် အကြိမ်များစွာဖြစ်၍ ဘဝင်ကျ၏။ မဟဂ္ဂုတ် ၇၂-ဝီထိ၊]

ဈာန်တက်ပုံ

ထိုနောင် ထိုပဌမဈာန်ကိုသာလျှင် --

အာဝဇ္ဇန- မနောဒွါရာဝဇ္ဇန်းစိတ်ဖြင့် ဆင်ခြင်ခြင်း၊

သမာပဇ္ဇန- ဈာန်ဇော ကြိမ်ကြိမ်ဖြင့် ဝင်စားခြင်း၊

အဓိဋ္ဌာန - အလိုရှိတိုင်း ဈာန်ကိုထားခြင်း၊

ဝုဋ္ဌာန - ဈာန်မှထခြင်း၊

ပစ္စဝေက္ခဏာ - ဉာဏ်ဇောဖြင့် ဆင်ခြင်ခြင်း-

ဤဝသီဘော် ငါးပါးဖြင့် လေ့လာသောအခါ -

“ဝိတက်စသော ဈာန်အင်္ဂါသည် ရုန့်ရင်း၏” ဟူ၍၎င်း၊

“ရုန့်ရင်းသော အင်္ဂ ါကိုပယ်လို၏” ဟူ၍၎င်း၊

“ဝိစာရစသော ဈာန်အင်္ဂါသည် သိမ်မွေ့၏” ဟူ၍၎င်း၊

“သိမ်မွေ့သော အင်္ဂါတို့ကိုသာ ဖြစ်စေလို၏” ဟူ၍၎င်း-

တဖန် ပထဝီ၊ ပထဝီ-စသည်ဖြင့် အားထုတ်ပြန်သည် ဖြစ်အံ့၊ အစဉ်အတိုင်း ဒုတီယ ဈာန်စသည်တို့သည် အာရုံ အားလျော်စွာ အပ္ပနာစွမ်းဖြင့် ဖြစ်ကုန်၏။

[ပဌမဈာန်၌ ဝိတက်ပယ်လို၍ အားထုတ်သောအခါ ဒုတီယ ဈာန်ဖြစ်၏။

ဒုတီယဈာန်၌ ဝိစာရပယ်လို၍ အားထုတ်သော အခါ တတီယဈာန်ဖြစ်၏။

တတီယဈာန်၌ ပီတိပယ်လို၍ အားထုတ်သောအခါ စတုတ္ထဈာန်ဖြစ်၏။

စတုတ္ထဈာန်၌ သုခပယ်လို၍ အားထုတ်သောအခါ ပဉ္စမဈာန်ဖြစ်၏။]

ဤသို့လျှင် ဒသကသိဏ၊ ဒသအသုဘ၊ ကောဋ္ဌာသ၊ အာနာပါန-ဟူသော ၂၂-ပါးသော ကမ္ဘဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ် ထင်သည်။ အပ္ပမညာ လေးပါးကား သတ္တဝါပညပ် အာရုံ၌ ဈာန်ရလေ၏ ပဋိဘာဂနိမိတ်မထင်။

ဤကား ကမ္မဋ္ဌာန်း ၂၆-ပါး၌ ရူပဈာန်ဖြစ်ပုံတည်း။

ဝသီဘော်ငါးပါး

ရသောဈာန်၊ ဝင်စားသောဈာန်တို့၌ ငါးပါးသောလေ့လာခြင်းဖြင့် လေ့လာသော သူသည် ဝသီမည်၏။ လေ့လာခြင်းဂုဏ်သည် ဝသီဘော်မည်၏။

ဝိတက်စသော ဈာန်အင်္ဂါ တခုတခု၌ မနောဒွါရာဝဇ္ဇန်း နောင် ကာမဇော လေးကြိမ်၊ ငါးကြိမ်၊ ဘဝင်နှစ်ကြိမ်၊ သုံးကြိမ်ထက် မလွန်စေဘဲ ဈာန်အင်္ဂါကို အဆင့်ဆင့် မနောဒွါရာဝဇ္ဇန်းဖြင့် ဆင်ခြင်ခြင်းသည် အာဝဇ္ဇနာဝသီဘော် မည်၏။

ဈာန်ဝင်စားလိုသည့် အခြားမဲ့၌ ဘဝင် နှစ်ကြိမ်၊ သုံးကြိမ်ထက် မလွန်စေဘဲ-မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ ဈာန်ဇော အကြိမ်များစွာဖြင့် ဝင်စားနိုင်ခြင်းသည် သမာပဇ္ဇန ဝသီဘော် မည်၏။

ပိုင်းခြားသော ကာလအတိုင်း ဘဝင်မကျစေဘဲ ဈာန်စိတ်ကို ထားနိုင်ခြင်းသည် အဓိဋ္ဌာနဝသီဘော် မည်၏

ပိုင်းခြားသောကာလအတိုင်း ဘဝင်ကျစေ၍ ဈာန်မှထနိုင်ခြင်းသည် ဝုဋ္ဌာနဝသီဘော် မည်၏။

အာဝဇ္ဇနဝသီဘော်၌ အာဝဇ္ဇန်းနောင် ကာမဇော လေးကြိမ်၊ ငါးကြိမ်မျှ ထားနိုင်ခြင်း သည် ပစ္စဝေက္ခဏာ ဝသီဘော် မည်၏။

အရူပဈာန်

ကသိုဏ်းရုပ်၌ ပဉ္စမဈာန်ရပြီးသော ယောဂီသည် ထိုကသိုဏ်းရုပ်၌ အပြစ်မြင်၍ အရူပဈာန်ကို ဖြစ်စေလိုသည်ရှိသော် အာကာသကြဉ်သော ကသိုဏ်းကိုးပါးတို့တွင် ပါးပါးကိုခွါ၍ ရအပ်သော ကောင်းကင်ပညပ်ကို “အနန္တော အာကာသော” ဟုဖန်ဖန် စီးဖြန်းသည်ဖြစ်အံ့။ ပဌမအရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။

[ကသိုဏ်းဈာန်ဝင်စားပြီးမှ ပဋိဘာဂနိမိတ်ကို နှလုံးမသွင်းခြင်းသည် ခွါသည် မည်၏။ ထိုသို့ခွါ၍ ဖြစ်လာသော ကောင်းကင်သည် ကသိဏုဂ္ဃါဋိမ အာကာသ မည်၏။ အဇဋာကာသ မမည်။ ပဋိဘာဂနိမိတ်မမည်။ အာကာသကသိုဏ်းကိုကား ခွါ၍မရ။]

ထို ပဌမာရုပ္ပ အာကာသာနဉ္စာသယန ဈာန်စိတ်ကိုသာလျှင် “အနန္တံ ဝိညာဏံ” ဟု ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့၊ ဒုတီယ အရူပဈာန်သည် အပ္ပနာစွမ်းဖြင့်ဖြစ်၏။ ဝါ-ဝိညာနဉ္စာယတန ဈာန် ရ၏။

ထိုပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညပ်ကို သာလျှင် “နတ္ထိကိဉ္စိ” ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့။ တတီယ အရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။ ဝါ-အာကိဉ္စညာယတန ဈာန်ရ၏။

တတီယာရုပ္ပဈာန်စိတ်ကို “သန္တမေတံ၊-ပဏီတမေတံ” ဟု ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့၊ စတုတ္ထအရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။ ဝါ-နေဝသညာနာသညာယတန ဈာန်ရ၏။ ဤကား အာရုပ္ပကမ္မဋ္ဌာန်းလေးပါး၌ အရူပဈာန် ဖြစ်ပုံတည်း။

အပ္ပနာမရ တဆယ်

ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်ဖြင့် ကြွင်းသော ကမ္မဋ္ဌာန်းဆယ်ပါးတို့၌ ဘုရားဂုဏ် စသည်ကို အာရုံပြု၍ “အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ” စသည်ဖြင့် ပရိကံပြုအံ့။ (စီးဖြန်းအံ့၊) ပရိကမ္မဘာဝနာ သမာဓိလည်း ရ၏။ နီဝရဏ ခွါနိုင်သော ဥပစာရ ဘာဝနာ သမာဓိလည်း ပြည့်စုံ၏။ ဝါ၊ ဥပစာရဈာန်အထိရ၏။

အဘိညာငါးပါး

အဘိညာဏ်စွမ်းဖြင့်သော်ကား ပါဒကဖြစ်သော ပဉ္စမဈာန်မှထ၍ အဓိဋ္ဌာန်အပ်သော အာရုံ၊ ဖန်ဆင်းအပ်သော အာရုံကိုဆင်ခြင်၍ “သတံဟောမိ၊ သဟဿံဟောမိ” စသည်ဖြင့် ပရိကံပြုအံ့။ ရူပါရုံစသော အာရုံခြောက်ပါး၌ ထိုက်သည်အားလျော်စွာ အဘိညာ ကိစ္စတပ်သော ရူပပဉ္စမဈာန် ကုသိုလ်ကြိယာသည် အပ္ပနာစွမ်းဖြင့် တကြိမ်သာ ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

အဘိညာသည် ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပရစိတ္တဝိဇာနန၊ ပုဗ္ဗေနိဝါသနုဿတိ၊ ဒိဗ္ဗစက္ခု-အားဖြင့် ငါးပါ.ပြား၏။

ဤကား နိမိတ္တဘေဒတည်း။

သမထကမ္မဋ္ဌာန်းပြီး၏။

အာဝဟစသည် မှတ်ဘွယ်

ကမ္မဋ္ဌာန်း ၄၀-တို့တွင် ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်-ဆယ်ပါးသည် ဥပစာရာဝဟ ကမ္မဋ္ဌာန်း မည်၏။ ကြွင်း ၃ဝ-သည် အပ္ပနာဝဟ ကမ္မဋ္ဌာန်းမည်၏။

ဥပစာ ဈာန်ဆောင် ၁၀။ အပ္ပနာဈာန်ဆောင် ၃၀။ ပေါင်း ၄၀။

ပဘေဒ

အပ္ပနာဝဟ ၃၀-တို့တွင် အသုဘ၊ ကာယဂတာ၊ ဥပေက္ခာ၊ အာရုပ္ပ ၁၆-ပါးသည် ဧကဈာနိကကမ္မဋ္ဌာန်း မည်၏။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ သုံးပါးသည် စတုတ္ထ္ဘ ဈာနိကကမ္မဋ္ဌာန်း မည်၏။ ကသိုဏ်း၊ အာနာပါန ၁၁-ပါးသည် ပဉ္စကဈာနိက ကမ္မဋ္ဌာန်း မည်၏။

တဈာန် ၁၆။ လေးဈာန် ၃။ ငါးဈာန် ၁၁။ ပေါင်း ၃၀။

အတိက္ကမ

ကသိုဏ်း၊ အာနာပါန၊ အပ္ပမညာ ဤ ၁၅ပါးသည် ဝိတက်စသော ဈာန်အင်္ဂါကို လွန်သောကြောင့် အင်္ဂါတိက္ကမ ကမ္မဋ္ဌာန်း မည်၏။ အာရုပ္ပလေးပါးသည် ကသိုဏ်း အာရုံ၊ ကောင်းကင်အာရုံ စသည်ကို လွန်သောကြောင့် အာရမ္မဏာတိက္က ကမ္မဋ္ဌာန်း မည်၏။ ကြွင်း ၂၁-ပါးသည်လွန်ခြင်းမရှိ။

အင်္ဂါလွန် ၁၅။ အာရုံလွန် ၄။ မလွန် ၂၁။ ပေါင်း ၄၀။

ဝဍ္ဎနာဝုဍ္ဎန

ကသိုဏ်း ဆယ်ပါးသည် ပွါးစေအပ် (ချဲ့အပ်) သောကြောင့် ဝဍ္ဎန မည်၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ- ဤအဘိညာတို့ကား ချဲ့နိုင်သမျှ ကျေးဇူးပြုသော ဆယ်ပါးတည်း။ ကြွင်း ၃ဝ-ကား မချဲ့အပ်၊ အဝဍ္ဎနမည်၏

ချဲ့အပ် ၁ဝ။ မချဲ့အပ် ၃ဝ။ ပေါင်း ၄၀။

မချဲ့အပ် ၃ဝ-တို့တွင် အသုဘ၊ ကာယဂတာ၊ အာနာပါန-ဤ ၁၂–ပါးသည် အရပ်ပိုင်းခြား၍ ပွါးစေနိုင်သော်လည်း အသုဘကောင် စသည်တို့သာ တိုးပွါး၍ အကျိုးမရှိသောကြောင့် မပွါးစေအပ်။

အပ္ပမညာ-လေးပါးသည် ပဋိဘာဂနိမိတ် မရှိသောကြောင့် မပွါးစေအပ်။

အာကာသာနဉ္စာယတနသည် ကသိုဏ်းကိုခွါ၍ ရအပ်သော အာကာသ ဖြစ်သောကြောင့် မပွါးစေအပ်။

နတ္ထိဘောသည် မရှိသောကြောင့် မပွါးစေအပ်။

ဒုတီယ၊ စတုတ္ထ အာရုပ္ပ၏အာရုံဖြစ်သော အာကာသာနဉ္စာယတန၊ အာကိဉ္စညာ- ယတနနှင့် အကြွင်းသည်။ ဝါ၊ ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်၊ ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတနတို့၏ အာရုံအားဖြင့် ၁၂-ခုသည် ပရမတ် ဖြစ်သောကြောင့် မပွါးစေအပ်။

အကျိုးမရှိ ၁၂။ ပဋိဘာဂမရှိ ၄။ ကသိုဏ်းခွါ ၁။ မရှိ ၁။ ပရမတ် ၁၂။ ပေါင်း ၃ဝ။

အာရုံ

ကသိဏ၊ အသုဘ၊ ကာယဂတာ၊ အာနာပါန- ဤ ၂၂-ပါးသည် ပဋိဘာဂနိမိတ် ထင်သည်။ ကြွင်း ၁၈ပါး-မထင်။

ပဋိဘာဂထင် ၂၂ ။ မထင် ၁၈။ ပေါင်း ၄၀။

ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်၊ ဝိညာနဉ္စာယတန၊ နေဝသညာ နာသညာယတန- ၁၂-ပါးသည် သဘာဝဓမ္မပရမတ်ကို အာရုံပြု၏။ ၂-ပါးသည် ပဋိဘာဂနိမိတ်ပညပ်ကို အာရုံပြု၏။ အပ္ပမညာ၊ အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန ၆-ပါး သည် သဘာဝလည်း မဟုတ်။ ပဋိဘာဂလည်း မဟုတ်သော နဝတ္တဗ္ဗပညပ်ကို အာရုံပြု၏။

ပရမတ်အာရုံ ၁၂။ ပဋိဘာဂ အာရုံ ၂၂၊ နဝတ္တဗ္ဗအာရုံ ၆။ ပေါင်း ၄ဝ။

စလာစလ

အာပေါ၊ တေဇော၊ ဝါယော၊ အာလောက၊ ကသိဏ (၄)၊

ဝိပုဗ္ဗက၊ လောဟိတက၊ ပုဠုဝက-အသုဘ၊ (၃)

အာနာပါန (၁)

ဤရှစ်ပါးသည် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် အခိုက် လှုပ်သော ခြင်းရာ ထင်သောကြောင့် စလိတကမ္မဋ္ဌာန်း မည်၏။

(ပဋိဘာဂနိမိတ်၌ လှုပ်သောကမ္မဋ္ဌာန်း မရှိ၊)

ကြွင်း ၃၂- ပါးသည် အစလိတ ကမ္မဋ္ဌာန်းမည်၏။

လှုပ် ၈၊ မလှုပ် ၃၂။ ပေါင်း ၄၀။

ဘုံ

နတ်ပြည်၌ အသုဘ၊ ကာယဂတာ၊ သညာ - ၁၂ -ပါးမရ။

ဗြဟ္မာပြည်၌ အာနာပါနနှင့် ၁၃ ပါးမရ။

အရူပလေးဘုံ၌ အာရုပ္ပလေးပါးသာ ရသည်။

ကာမဘုံ၌ ၄၀-လုံး ရသည်။

ကာမ၌ ၄၀။ နတ်ဘုံ ၂၈။ ဗြဟ္မာ ၂၇။ အရူပ ၄။ ပေါင်း ၄၀။

အရူပ လေးဘုံ၌လည်း အောက်အောက် ကြဉ်၍

အစဉ်အတိုင်း ၄။ ၃။ ၂။ ၁ သာပေါင်း ၄။

ဂဟဏ

ဝါယောကသိုဏ်းကို ဒိဋ္ဌဝတ္ထု။ ဖုဋ္ဌဝတ္ထုဖြင့် (မြင်ရာ၊ ထိရာဖြင့်) ဥဂ္ဂဟနိမိတ် ယူရသည်။ ကြွင်းကသိဏ၊ အသုဘ၊ တစပဉ္စကအားဖြင့် ၂၀-ကို ဒိဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။ အာနာပါနကို ဖုဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။ ကြွင်း ၁၉-ပါးကို သုတဝတ္ထု ကြားဘူးရာဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။

ဒိဋ္ဌဖုဋ္ဌ ၁။ ဒိဋ္ဌ ၂ဝ။ ဖုဋ္ဌ ၁။ သုတ ၁၉။ ပေါင်း ၄၁။

[ကာယဂတာ၌ ၃၂-ကောဋ္ဌာသကို ဒိဋ္ဌိ ၅။ သုတ ၂၇-ဟု နှစ်ခု ပြု၍ ယူသည်၊ ထိုကြောင့် ၄ဝ မဖြစ်၊ ၄၁-ဖြစ်သည်။]

အာဒိကမ္မိက

ဥပေက္ခာ၊ အာရုပ္ပ-ငါးပါးကို အာဒိကမ္မိက မပွါးအပ်။

အာဒိကမ္မိကပွါး ၃၅။ မပွါး ၅။ ပေါင်း ၄၀။

ပစ္စယ

ကသိုဏ်းဆယ်ပါးသည် အဘိညာ၏ အကြောင်း ဖြစ်သည်။ အာကာသာနဉ္စာယတန ကြဉ်သော ကသိုဏ်း ကိုးပါးသည် အာရုပ္ပဈာန်၏ အကြောင်းဖြစ်သည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ-သုံးပါးသည် ဥပေက္ခာဈာန်၏ အကြောင်း ဖြစ်သည်။

အောက်အောက် အာရုပ္ပသည် အထက်အထက် အာရုပ္ပ၏ အကြောင်းဖြစ်သည်။

နေဝသညာနာသညာယတနသည် နိရောဓ၏ အကြောင်းဖြစ်သည်၊

လေးဆယ်လုံးသည် မျက်မှောက်ဘဝ ချမ်းသာစွာ နေရခြင်း၏ အကြောင်းဖြစ်သည်၊

ဝိပဿနာ၏ အကြောင်းဖြစ်သည်။

ဘဝသမ္ပတ္တိ၏ အကြောင်းဖြစ်သည်။

အဘိညာအကြောင်း ၁၀။ အာရုပ္ပ ၉။ ဥပေက္ခာ ၃။ အထက် အာရုပ္ပ ၃။ နိရောဓ ၁။ မျက်မှောက်ချမ်းသာ၊ ဝိပဿနာ၊ ဘဝသမ္ပတ္တိ အကြောင်း ၄၀။ ပေါင်း ၄၀။

စရိယာနုကူလ

ရာဂစရိုတ်အား ၁၁-ပါးလျော်၏။ ဒေါသ ၈။ မောဟ ၁။ ဝိတက် ၁။ သဒ္ဓါ ၆။ ဗုဒ္ဓိ ၄။ စရိုတ်အားလုံးအား ၁၀။ ပေါင်း ၄၀။

သဗ္ဗတ္ထက

မေတ္တာ၊ မရဏ၊ အသုဘ-သုံးပါးသည်၊ ဝါ၊ ၁၂-ပါးသည် ရဟန်းကိစ္စအားလုံး၌၊ ကမ္မဋ္ဌာန်း အားထုတ်ရာတိုင်း၌ အလိုရှိအပ်သောကြောင့် သဗ္ဗတ္ထက ကမ္မဋ္ဌာန်း မည်၏။ စရိုတ်အားလျော်စွာ အမြဲဆောင်အပ်သော ကမ္မဋ္ဌာန်း ၄၀-သည် ပါရိဟာရိယ ကမ္မဋ္ဌာန်းမည်၏။

သဗ္ဗတ္ထက ၁၂ ။ပါရိဟာရိယ ၄၀။ ပေါင်း ၄၀။

ပရမတ်၌အပ္ပနာ

ဘုရားဂုဏ် စသည်သည် ပရမတ် ဖြစ်များသော အပြားရှိ၏။ ဂုဏ်တခုတခုသည်ပင် လွန်စွာနက်နဲ၏။ ရေနက်ရာ လှေနစ်သကဲ့သို့ ထောက်တည်ရာ မရ။ ထိုကြောင့် ဗုဒ္ဓါဒိအဋ္ဌ သည်၊ ဝဝတ္ထာန်-ဆယ်ပါး၌ အပ္ပနာမဖြစ်။

ဝိညာနဉ္စာယတန၊ နေဝသညာနာသညာယတန ဈာန်ကား ပရမတ်ကို အာရုံပြု သော်လည်း အာရုံကိုလွန်သော ဘာဝနာစွမ်းဖြင့် အပ္ပနာသို့ရောက်၏။

ပရမတ်၌ အပ္ပနာမဖြစ် ၁ဝ။ ဖြစ် ၂ ။ပေါင်း ၁၂။

ဆက်ဦးအံ့၊

လောကုတ္တရာ သမာဓိသည်လည်း ဗိသုဒ္ဓိဘာဝနာစဉ် စွမ်းဖြင့် ပရမတ်အာရုံ၌ အပ္ပနာသို့ရောက်၏။ အာရုံလွန်သော ဘာဝနာထူး၊ ဝိသုဒ္ဓိဘာဝနာထူး၊ ၂-မျိုး။

ဈာန်တစိတ်ဖြစ်ကြောင်း

အသုဘ၊ ကာယဂတ-တို့သည် စက်ဆုပ်ဘွယ် ဖြစ်ကုန်၏။ ရေယဉ်ကြမ်း၌ ထိုးဝါးစွမ်းဖြင့်သာ လှေတည်သကဲ့သို့ စက်ဆုပ်ဘွယ် အာရုံဆိုး၌ ဝိတက်စွမ်းဖြင့်သာ စိတ်တည်သည်။ ထိုကြောင့် ထိုအာရုံ၌ ဝိတက်ရှိသော ပဌမဈာန်သာဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည် ဗျာပါဒ၊ ဝိဟိံသာ၊ အရတိဟူသော ဒေါမနဿ သဟဂုတ်တို့ကို ပယ်သဖြင့် ဆန့်ကျင်ဘက် သောမနဿတို့သာ ဖြစ်ထိုက်ကုန်၏။ ထိုကြောင့် ထိုအာရုံ၌ သောမနဿရှိသော ဈာန်လေးပါးသာ ဖြစ်သည်။

ဥပေက္ခာ၊ အာရုပ္ပတို့သည် ကမ္မဿကတာ ဉာဏ်ဖြင့် လျစ်လျူရှုကုန်၏။ တတြမဇ္ဈတ္တတာ စေတသိက် အားရှိကုန်၏။ ထိုကြောင့် ထိုအာရုံ၌ ဥပေက္ခာရှိသော ပဉ္စမဈာန်သာ ဖြစ်သည်။

ပဌမဈာန်သာ ၁၁။ အောက်ဈာန်လေးပါးသာ ၃။ ပဉ္စမဈာန်သာ ၅။ ပေါင်း ၁၉။

ဈာန်ငါးပါးလုံးရသော ကသိဏ၊ အာနာပါန ၁၁-နှင့် ပေါင်း ၃၀။

ကမ္မ+ဿကတာဉာဏ်

ကုသိုလ်ကံ၊ အကုသိုလ်ကံ သည်ကမ္မမည်၏။ မိမိဥစ္စာသည် သကမည်၏။ ကမ္မ-ကံဟူသော+ သက-မိမိဥစ္စာ၊ ရှိသော သတ္တပါအားလုံးသည် - ကမ္မ+ဿက မည်၏။ ကမ္မဿက ဖြစ်ကြောင်း ကံသည် ကမ္မဿကတာ မည်၏။ ယခင်ကုသိုလ်ကံ အကုသိုလ်ကံ ပင်တည်း။ ထိုကံကို မြင်သိသောဉာဏ်သည် ကမ္မဿကတာဉာဏ် မည်၏။

စရိုတ်မှတ်ဘွယ်

စရိုတ် ၆-ပါးတို့တွင် ရာဂသည် အကုသိုလ်အတို့၌ ဝတ္ထုကာမဂုဏ်ကိုရှာဖွေ၏။

သဒ္ဓါသည် ကုသိုလ်အတို့၌ နူးညံ့၏၊ သီလစသော ဂုဏ်ကိုရှာဖွေ၏။ သဘောချင်း တူသည်။ ထိုကြောင့် ရာဂများလျှင် သဒ္ဓါများတတ်သည်။ သဒ္ဓါများလျှင် ရာဂ များတတ်သည်။

ဒေါသသည် အာရုံ၌ မကပ်ငြိ၊ မဟုတ်သောအပြစ်ကို ရှာဖွေ၏။ ပညာလည်းမကပ်ငြိ၊ ဟုတ်သော အပြစ်ကို ရှာဖွေ၏။ သဘောချင်းတူသည်။ ဒေါသများလျှင် ပညာများ၊ ပညာများလျှင် ဒေါသ များတတ်သည်။

မောဟသည် အနှောင့်အယှက်များ၍ မတည်ကြည်၊ မသက်ဝင်နိုင်ခြင်းဖြင့် တုန်လှုပ်၏။ ဝိတက်သည် အကြံများ၍ မတည်ကြည်၊ လျင်စွာကြံခြင်းဖြင့် တုန်လှုပ်၏၊ သဘောချင်း တူသည်။ မောဟများလျှင် ဝိတက်များ၊ ဝိတက်များလျှင် မောဟ များတတ်သည်။

ဣဋ္ဌာရုံ၌ လေ့ကျက်သူ၊ နတ်ပြည်မှလာသူတို့အား ရာဂများတတ်သည်။ သတ်ဖြတ် ခြင်း၌ လေ့ကျက်သူ၊ ငရဲမှလာသူတို့အား ဒေါသများတတ်သည်၊ သေအရက် သောက်စားသူ၊ အမေးအမြန်းနည်းသူ၊ တိရစ္ဆာန်ဘဝမှ လာသူတို့အား မောဟ များတတ်သည်ဟု ဆိုကုန်၏။

ယင်းသို့ဆိုသော်လည်း စင်စစ်အားဖြင့် ကုသိုလ်ပြုစဉ် ရာဂ ခြံရံအံ့။ ထိုကံဖြင့် ပဋိသန္ဓေ နေသောသူသည် ရာဂစရိုတ်ရှိသူဖြစ်၏။ ဒေါသ၊ မောဟ၊ ဝိတက်ခြံရံလျှင် ထိုအတူတည်း။ ပညာခြံ ရံလျှင် ဗုဒ္ဓိစရိုတ်ရှိသူ၊ သဒ္ဓါခြံရံလျှင် သဒ္ဓါစရိုတ်ရှိသူဖြစ်၏။

စရိုတ်ညံ့လျှင် ခွေးမြီးကောက်နှင့် တူ၏။ ကျည်တောက်စွပ်၍ မဖြောင့်နိူင်၊

စရိုတ်သဘောသည် မပြတ်ဖြစ်တတ်၏။

မိုးမမြင်၊ လေမမြင်၊ အဆင်အခြင်မရှိ။

စုတ်ထိုးမရ၊ နွားငတ်ရေကျ ဖြစ်တတ်၏။

ပဋိသန္ဓေကံပြုစဉ်ကပင် မျိုးဆက် ပါလာသောကြောင့်တည်း။

ထိုကြောင့် ကုသိုလ်ပြုသောအခါ ရာဂစသည် မခြံရံစေဘဲ သဒ္ဓါ ပညာ ခြံရံအောင် သတိကြီးစွာ ထားအပ်၏။

(ကျင့်ဘွယ်အရသာ ထူးလှ၏။)

ရာဂစရိုတ်ရှိသူသည် ဆေးခြောက်မူးကဲ့သို့ အမူအရာရှိ၏။ ခြေရာအလယ် မထင်အောင် ဖြေးဖြေးနင်း၍ သွားတတ်၏။ အင်္ဂါကြီးငယ် ကောင်းစွာ ထား၍အိပ်။ ထသောအခါ ဖြေးဖြေးသာသာ စကားတုံ့ပေး၍ ထတတ်၏။ ကိစ္စပြုရာ၌ သပ်ရပ်၏ အဝတ်အရုံ သေသပ်၏၊ ဆိမ့်ချိုမွှေးကြိုင်ကြိုက်၏။ အရသာခံ၍ အဝန်းညီစွာ စားတတ်၏။ ဣဋ္ဌာရုံ အနည်းငယ်မြင်လျှင် မခွါရက်အောင် ခင်မင်၏။

ဒေါသစရိုတ်ရှိသူသည် နွားရူးစူးထိုး နဖားကြိုးတင်းသကဲ့သို့ ရှူးရှားသော အမူအရာ ရှိ၏၊ ခြေစွန်းဖြင့် တူသကဲ့သို့ ဒရွတ်တိုက်၍ သွားတတ်၏။ မျက်မှောင်ရှုံ့၍ အိပ်တတ်၏။ လျှင်စွာစကားတုံ့ပေး၍ ထတတ်၏။ ကိစ္စပြုရာ၌ မသပ်ရပ်၊ အဝတ်အရုံ တင်းကြပ် မညီရှိ၏။ ချဉ်ငန်စပ်ခါးကြိုက်၏။ အရသာမခံ။ ခံတွင်းအပြည့် အဖောင်း စားတတ်၏ အနိဋ္ဌာရုံ အနည်းငယ်မြင်လျှင် ကဲ့ရဲ့လွယ်၏။

မောဟစရိုတ်ရှိသူသည် ပတိုင်းသီးစားသော ဖွတ်ပဒပ်ကဲ့သို့ ငေးမှိုင်သော အမူအရာ ရှိ၏။ အသွားကြံ့ကြာ၏။ ကိုယ်လက် တောင့်တင်းသကဲ့သို့ ချွတ်ချော်စွာ နင်း၍ သွားတတ်၏။ မှောက်ခုံ ကားယား အိပ်တတ်၏။ တအင်အင်ပြု၍ ဖြေးဖြေး ထတတ်၏။ ကိစ္စပြုရာ၌ သိပ်သည်းခြင်းမရှိ။ အဝတ်အရုံ ရှုပ်ထွေး မညီရှိ၏။ ကြိုက်သောအစာ အမြဲမရှိ။ အလုပ် သေးသေး မညီမညွတ် စားတတ်၏၊ လက် နှုတ်ခမ်း ပေကပ်ခြင်း၊ ဖိတ်စင်ခြင်း များ၏။ ပင်ကိုယ်သဘောဖြင့် ချီးမွမ်း၊ ကဲ့ရဲ့မပြု။ သံယောင်လိုက်တတ်၏။

သဒ္ဓါစရိုတ်ရှိသူ စသည်တို့သည် ရာဂစသည်တို့နှင့် သဘောချင်း တူသောကြောင့် အမူအရာ စသည်တို့လည်း တူကုန်၏။

ရာဂစရိုတ်ရှိသူအား ဆွမ်းခံလမ်း၊ ရွာ၊ ဒါယကာနှင့် ပစ္စည်းလေးဖြာ၊ ရွံဘွယ် စုတ်ချာ အနိဋ္ဌာဖြစ်လျှင် သင့်၏။ ရပ်ခြင်း သွားခြင်း ဣရိယာပုထ် သင့်၏။ ရာဂမဖြစ်နိုင်။

ဒေါသစရိုတ်ရှိသူ။ သဒ္ဓါစရိုတ် ရှိသူတို့အား သန့်ရှင်းသော ဣဋ္ဌာရုံဖြစ်လျှင် သင့်၏။ အိပ်ခြင်း,ထိုင်ခြင်း သင့်၏။

မောဟစရိုတ်ရှိသူအား ကြီးပြန့်ကျယ်ဝန်းသော အာရုံသင့်၏၊ သွားခြင်း ဣရိယာပုထ် သင့်၏။

ဝိတက်စရိုတ်ရှိသူအား ကျဉ်းမြောင်း ဖုံးကွယ် သေးငယ်သော အာရုံသင့်၏။ ရပ်ခြင်း၊ သွားခြင်း သင့်၏။

ဗုဒ္ဓိစရိုတ်ရှိသူအား မသင့်သောအာရုံ မရှိ။

ဝိပဿနာကမ္မဋ္ဌာန်း

ဥဒ္ဒေသ

ဝိပဿနာ ကမ္မဋ္ဌာန်း၌ သီလဝိသုဒ္ဓိ- စသော ဝိသုဒ္ဓိ ခုနစ်ပါးကို သိအပ်၏။

၁။ သီလလေးပါး စင်ကြယ်ခြင်းသည် သီလဝိသုဒ္ဓိ။

၂။ ဥပစာရဈာန်၊ အပ္ပနာဈာန်ဖြင့် နီဝရဏကင်း၍ စိတ်စင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိ။

၃။ နာမ်ရုပ်နှစ်ပါးသာဟု သိမ်းဆည်း၍ အတ္တမရှိဟု သိခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ။

၄။ နာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်းမိသဖြင့် ယုံမှားခြင်း ၁၆-ပါး၊ ၈-ပါး ကင်းခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ။

၅။ သမ္မသနဉာဏ်ပြီး၍ ဥဒယဗ္ဗယဉာဏ် အားထုတ်စဉ် ဘေးရန် ဆယ်ပါး ဖြစ်လတ်သော် ဝိပဿနာ၏ လမ်းမှန်၊ လမ်းမှား-မှတ်သား ဆုံးဖြတ်နိူင်ခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊

၆။ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမ ဉာဏ်တိုင်အောင် အဆင့်ဆင့်ဖြစ်သော ဉာဏ် ၉-ပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊

၇။ မဂ်ဉာဏ်လေးပါးသည် ဉာဏဒဿနဝိသုဒ္ဓိ။

သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ - ခုနှစ်ပါး၊

အနိစ္စလက္ခဏာစသော လက္ခဏာသုံးပါးကိုလည်း သိအပ်၏။

၁။ ရုပ်နာမ်ခန္ဓာတို့၏ မမြဲခြင်းသည် အနိစ္စလက္ခဏာ။

၂။ ဆင်းရဲခြင်းသည် ဒုက္ခလက္ခဏာ။

၃။ ရုပ်နာမ်ခန္ဓာတို့၌ အတ္တမရှိခြင်းသည် အနတ္တလက္ခဏာ။

အနိစ္စ၁ပဿနာစသော အနုပဿနာသုံးပါးကိုလည်း သိအပ်၏။

၁။ ရုပ်နာမ်ခန္ဓာတို့၏ အနိစ္စလက္ခဏာကို ဖန်ဖန်ရှုသော ဉာဏ်သည် အနိစ္စာနုပဿနာ။

၂။ ဒုက္ခလက္ခဏာကို ဖန်ဖန်ရှုသောဉာဏ် သည် ဒုက္ခာနုပဿနာ။

၃။ အနတ္တလက္ခဏာကို ဖန်ဖန်ရှုသောဉာဏ်သည် အနတ္တာနုပဿနာ။

သမ္မသနဉာဏ်စသော ဉာဏ်ဆယ်ပါးကိုလည်း သိအပ်၏။

၁။ ခန္ဓာစသည်ကို အပေါင်းအစုအားဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ခြင်းသည် သမ္မသနဉာဏ်။ (ဤဉာဏ်ဖြင့် အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် မဖြစ်သေး။)

၂။ ဖြစ်ခြင်း ပျက်ခြင်းကို ရှုခြင်းသည် ဥဒယဗ္ဗယဉာဏ်။

(ဤဉာဏ်မှစ၍ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဖြစ်၏။)

၃။ ပျက်ခြင်းကိုသာ ရှုခြင်းသည် ဘင်္ဂဉာဏ်။

၄။ သင်္ခါရတို့ကို ဘေးဟု ရှုခြင်းသည် ဘယဉာဏ်။

၅။ ဘေးရှိသော သင်္ခါရတို့ကို အပြစ်ဟု ရှုခြင်းသည် အာဒီနဝဉာဏ်။

၆။ အပြစ်ရှိသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းသည် နိဗ္ဗိဒါဉာဏ်။

၇။ ငြီးငွေ့၍ သင်္ခါရတို့မှ လွတ်လိုခြင်းသည် မဉ္စိတုကမျတာဉာဏ်၊

၈။ လွတ်ကြောင်း ပြည့်စုံအောင် တဖန်သင်္ခါရတို့ကိုပင် ပြန်၍သိမ်းဆည်းခြင်းသည် ပဋိသင်္ခါဉာဏ်။

၉။ ထိုတဖန် သိမ်းဆည်းသော သင်္ခါရတို့၌မချစ် မမုန်း လျှစ်လျူရှုခြင်းသည် သင်္ခါရုပေက္ခာဉာဏ်၊

၁၀။ ဥဒယဗ္ဗယ စသော ရှေးဉာဏ် နှစ်ပါးတို့အား၎င်း၊ မဂ်ခဏရလတ္တံ့သော ဗောဓိပက္ခိယတရား ၃၇-ပါးတို့အား၎င်း လျော်သော ဉာဏ်သည်၊ ဝါ၊ မဂ္ဂဝီထိ၌ ဂေါတြဘူမှ ရှေ့ဖြစ်သော သစ္စာနုလောမိကာ ဉာဏ်သည် အနုလောမဉာဏ် မည်၏။

သမ္မသန၊ ဥဒယ၊ ဘင်္ဂ၊ ဘယ(၄)

အာဒီနဝ၊ နိဗ္ဗိဒါ၊ မုဉ္စိတု (၃)

ပဋိသင်္ခါ၊ သင်္ခါရု၊ အနုလောမ (၃)- ဉာဏ်ဆယ်ပါး။

သုညတ ဝိမောက္ခ စသော ဝိမောက္ခသုံးပါးကိုလည်း သိအပ်၏။

၁။ အနတ္တ ရှု၍ ရသော မဂ်ဖိုလ်သည် သုညတဝိမောက္ခ။

၂။ အနိစ္စရှု၍ရသော မဂ်ဖိုလ်သည် အနိမိတ္တဝိမောက္ခ၊

၃။ ဒုက္ခရှု၍ရသော မဂ်ဖိုလ်သည် အပ္ပဏိဟိတဝိမောက္ခ။

သုညတာနုပဿနာ စသော ဝိမောက္ခ မုခသုံးပါးကိုလည်း သိအပ်၏။

၁။ မဂ်ဖိုလ်ရကြောင်း အနတ္တာနုပဿနာဉာဏ်သည် သုညတာ နုပဿနာ ဝိမောက္ခမုခ။

၂။ အနိစ္စာနုပဿနာဉာဏ်သည် အနိမိတ္တာနုပဿနာ ဝိမောက္ခမုခ။

၃။ ဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိတာနုပဿနာ ဝိမောက္ခမုခ။

ဥဒ္ဒေသပြီး၏။

သီလဝိသုဒ္ဓိ

ဤဥဒ္ဒေသ၌ --

ရှေးဦးစွာ ဝိနည်းပညပ်ကို လွန်ကျူးမိသည် မရှိခြင်းဖြင့်၎င်း၊

လွန်ကျူးမိလျှင် ကုစားပြီးခြင်းဖြင့်၎င်း၊

ကုစားသာသေးလျှင် အပြစ်ကိုထင်စွာ ဖွင့်ပြောထားခြင်းဖြင့်၎င်း၊

ပါတိမောက္ခ သံဝရသီလ စင်ကြယ်သည် မည်၏။

ဒွါရ ခြောက်ခွင် အကုသိုလ် မဝင်အောင် သတိယှဉ်ခြင်းဖြင့်၎င်း၊

သတိလစ်၍ အကုသိုလ်ဖြစ်လျှင်- နပုနေဝံကရိဿာမိ (နောင်မပြုပါအံ့) ဟု စိတ် ဆောက်တည်ခြင်းဖြင့်၎င်း ဣန္ဒြိယသံဝရသီလ စင်ကြယ်၏။

မိမိ၏၎င်း, တပါးသော ရဟန်း၏၎င်း မိစ္ဆာဇီဝ ပစ္စည်းလေးပါးကို မသုံးဆောင်ခြင်း ဖြင့်၎င်း, သုံးဆောင်မိလျှင် ဒေသနာကြား ကုစားခြင်းဖြင့်၎င်းင်, အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ် ၏။

ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတ သီလစင်ကြယ်၏။

ထိုအခါ သီလလေးပါး စင်ကြယ်ပြီ၊ တရားအားထုတ်နိုင်ပြီ။

စိတ္တဝိသုဒ္ဓိ

အပ္ပနာဈာန် ရခြင်းဖြင့်၎င်း,

မရလျှင် နီဝရဏကင်း၍ စိတ်ငြိမ်အောင် ဥပစာရဈာန ်ရခြင်းဖြင့်၎င်း

စိတ္တဝိသုဒ္ဓိ ဖြစ်၏။

ထိုအခါ နီဝရဏမှ စိတ်စင်ကြယ်ပြီး တရား အားထုတ်နိုင်ပြီ။

ဒိဋ္ဌိဝိသုဒ္ဓိ

လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်-အားဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ ဖဿသည် ဖုသနလက္ခဏာရှိ၏။ ပထဝီသည် ကက္ခဠလတ္ထဏာ ရှိ၏ စသော အကျယ်သိမ်းဆည်းခြင်းဖြင့်၎င်း၊ နာမ်သည် အာရုံသို့ ညွတ်ခြင်း လက္ခဏာရှိ၏၊ ရုပ်သည် အဧအပူ စသည်ကြောင့် ရှေးနှင့်မတူ ဖောက်ပြန်ခြင်း လက္ခဏာရှိ၏ - စသော အကျဉ်း သိမ်းဆည်းခြင်းဖြင့်၎င်း ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။ နာမ်ရုပ်မှတပါး အတ္တ၊ ဇီဝမရှိဟု ဉာဏ်အမြင် စင်ကြယ်ပြီ၊ သက္ကာယဒိဋ္ဌိကွာပြီ။

[လက္ခဏာနှစ်မျိုးရှိ၏။

အနိစ္စလက္ခဏာ စသည်သည် နာမ်၊ ရုပ် အများနှင့်ဆက်ဆံ၏။ သာမညလက္ခဏာ မည်၏။

ဝိဇာနန၊ ဖုသန၊ ကက္ခဠ၊ သန္တိ-စသော လက္ခဏာသည် အများနှင့် မဆက်ဆံ၊ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့၏ သီးခြားသော မိမိ လက္ခဏာဖြစ်၏။ သဘာဝ လက္ခဏာ မည်၏။

ရသနှစ်မျိုး + ပြုလုပ်ခြင်းသည် ကိစ္စရသ။

ပြည့်စုံခြင်းသည် သမ္ပတ္တိရသ။

ပစ္စုပဋ္ဌာန် နှစ်မျိုး၊

ထင်ရှားသော အခြင်းအရာသည် ဥပဋ္ဌနာကာရ ပစ္စုပဋ္ဌာန်၊

အကျိုးသည် ဖလပစ္စုပဋ္ဌာန်။

ပဒဋ္ဌာန်တမျိုး -နီးသော အကြောင်းသည် ပဒဋ္ဌာန်မည်၏။]

ကင်္ခါဝိသုဒ္ဓိ

ထိုနာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ မည်၏။

ပဋိသန္ဓေ နာမ်ရုပ်သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ-ဟူသော အကြောင်းကြောင့် ဖြစ်သည်။

ပဝတ္တိရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်သည်။

ပဝတ္တိနာမ်သည် ဝတ္ထု အာရုံ စသည်ကြောင့်ဖြစ်သည်။ အထူးအားဖြင့် ကုသိုလ်သည် ယောနိသော မနသိကာရကြောင့် ဖြစ်သည်။ အကုသိုလ်သည် အယောနိသော ကြောင့် ဖြစ်သည်။

ဝိပါက်သည် ကုသိုလ်၊ အကုသိုလ်စွမ်းကြောင့် ဖြစ်သည်။

အာဝဇ္ဇန်းဒွေသည် ဘဝင်စသည် အစွမ်းကြောင့်ဖြစ်သည်။

ကြိယာဇောသည် ရဟန္တာသန္တန် စွမ်းကြောင့်ဖြစ်သည်။

အကြောင်းမကင်းသော အကျိုးတရား အပေါင်းတို့သာတည်း။ ဤသို့ အကြောင်း သိမ်းဆည်းခြင်းဖြင့် ကင်္ခါ စင်ကြယ်၏။ ယုံမှားခြင်း ၁၆-ပါး၊ ၈-ပါးတို့မှလွန်၏။ ထိုအခါ စူဠသောတာပန် အငယ်စား ဖြစ်ပြီ။ ဉာဏ်ဆယ်ပါး အားထုတ်နိုင်ပြီ။

မဂ္ဂါမဂ္ဂ၌ သမ္မသနဉာဏ်

ထိုနောက် ထိုသို့သိမ်းဆည်းပြီးသော အကြောင်းမကင်းသော တေဘူမကသင်္ခါရတို့၌ အတိတ် စသည်ခွဲ၍ လက္ခဏာရေး သုံးပါးတင်၍ ဖန်ဖန်သုံးသပ်အပ်၏။ ဤသို့သုံးသပ်ခြင်းသည် သမ္မသနဉာဏ် မည်၏။

ဤ၌ ခန္ဓာဒိနယ မာရဗ္ဘဖြင့် သီဟိုဠ်သားတို့ အလို နယဝိပဿနာ မည်၏ ဟုဆိုသည်။ ကလာပဝသေန သင်္ခိပိတွာဖြင့် ဇမ္ဗူဒိပ်သားတို့ အလို ကလာပသမ္မသန မည်၏ဟု ဆိုသည်။ အဓိပ္ပါယ် တူသည်သာတည်း။

နယဝိပဿနာ

နယဝိပဿနာ သုံးသပ်ပုံကား --

ခန္ဓာငါးပါး၊ ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး စသည်ဖြင့် လာသော ပဋိသမ္ဘိဒါ ဒေသနာ နည်းကိုယူ၍ ...

ရူပံအနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။

ဝေဒနာအနိစ္စာခယဋ္ဌေန ...။

သညာအနိစ္စာခယဋ္ဌေန၊

သင်္ခါရာအနိစ္စာခယဋ္ဌေန၊

ဝိညာဏံ အနိစ္စံခယဋ္ဌေန......။

ဤသို့ စသည်ဖြင့် သုံးသပ်အပ်၏။

ကလာပသမ္မသန

ကလာပ သမ္မသန သုံးသပ်ပုံကား --

အတိတ် အနာဂတ် စသော ၁၁-ပါးသော အပေါင်းအစု ကလာပစွမ်းဖြင့် ပေါင်းချုံး၍

အတိတ်ရုပ်သည် အတိတ်၌ချုပ်ပြီးပြီ။

အနိစ္စံခယဋ္ဌေန၊ ဒုက္ခံဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။

အနာဂတ်ရုပ်သည် အနာဂတ်၌ချုပ်လတ္တံ့။

အနိစ္စ ဒုက္ခ အနတ္တ။

ပစ္စုပ္ပန်ရုပ်သည် အနာဂတ် မဖြစ်မီ ချုပ်၏။

အဇ္ဈတ္တတရုပ်သည် ဗဟိဒ္ဓမဖြစ်မူ၍ ချုပ်၏။

ဗဟိဒ္ဓရုပ်သည် အဇ္ဈတ မဖြစ်မူ၍ချုပ်၏။

သုခုမရုပ်သည် သြဠာရိက မဖြစ်မူ၍ချုပ်၏။

သြရိကရုပ်သည် သုခုမ မဖြစ်မူ၍ ချုပ်၏။

ဟီနရုပ်သည် ပဏီတ မဖြစ်မူ၍ ချုပ်၏။

ပဏီတရုပ်သည် ဟီန မဖြစ်မူ၍ ချုပ်၏။

ရူရရုပ်သည် သန္တိက မဖြစ်မူ၍ ချုပ်၏။

သန္တိကရုပ်သည် ဒူရ မဖြစ်မူ၍ ချုပ်၏၊

အနိစ္စ,ဒုက္ခ,အနတ္တ။

ဝေဒနာ စသည်လည်း ထိုအတူ ၁၁-ပါးခွဲ၍ သုံးသပ်အပ်၏။

အဒ္ဓါနစသည်

အဒ္ဓါန၊ သန္တတိ၊ ခဏစွမ်းဖြင့်လည်း လက္ခဏာရေးသုံးပါးတင်၍ သုံးသပ်အပ်၏။

အဒ္ဓါနစွမ်းဖြင့်ကား --

အတိတ်ဘဝရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

အနာဂတ်ဘဝရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ပစ္စုပ္ပန်ဘဝရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

သန္တတိစွမ်းဖြင့် --

အတိတ်သန္တာန်ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

အနာဂတ်သန္တာန်ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ပစ္စုပ္ပန်သန္တာန် ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ခဏစွမ်းဖြင့် --

အတိတ်ခဏတ္တယရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

အနာဂတ် ခဏတ္တယရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ပစ္စုပ္ပန် ခဏတ္တယရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ဤသို့ဖန်ဖန် သုံးသပ်သောသူသည် သမ္မသနဉာဏ်ဖြင့် သုံးသပ်သည် မည်၏။

ဥဒယဗ္ဗယဉာဏ်

ထိုတေဘူမက သင်္ခါရတို့၌သာလျှင် ပစ္စယစွမ်း၊ ခဏစွမ်းဖြင့်ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော ဉာဏ်ဖြင့် ဖန်ဖန်ရှုသောသူသည် ဥဒယဗ္ဗယဉာဏ်ဖြင့် ရှုသည်မည်၏။

ပစ္စယစွမ်းဖြင့် ရှုပုံကား

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ် ဖြစ်သည်။

တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။

ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။

အာဟာရ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။

ဤသို့ အကြောင်း လေးပါးဖြင့် ရှုအပ်၏။

ခဏစွမ်းဖြင့်ရှုပုံကား

ဥပါဒ်ခဏ၌ ရုပ်ဖြစ်သည်။

ဤသို့ ခဏတပါးဖြင့် ရှုအပ်၏။

ဥဒယ၌ ငါးပါး ဖြင့်ရှုအပ်၏။

အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။

တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။

ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။

အာဟာရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။

အကြောင်းလေးပါး။ ဘင်ခဏ၌ ရုပ်ချုပ်သည်။ ခဏတပါး။

ဝယ၌ ငါးပါးဖြင့် ရုပ်ချုပ်သည်။

ဝေဒနာ၊ သညာ၊ သင်္ခါရတို့၌ အာဟာရပယ်၍ ဖဿကြောင့် ဝေဒနာ၊ သညာ၊ သင်္ခါရဖြစ်သည်။

ဝိညာဏ်၌ အာဟာရပယ်၍ နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်သည်။

ဤသို့ပြင်၍ ရှုအပ်၏။ ခန္ဓာငါးပါး၌ ဥဒယဗ္ဗယ ဆယ်ပါးစီ ရှုအပ်၏။

ဥဒယဗ္ဗယ ငါးဆယ် ရှုသည်မှစ၍ အာရဒ္ဓဝိပဿက ယောဂီ မည်၏။ ဤသို့သော ယောဂီအား သြဘာသစသော ဘေးရန်ဆယ်ပါးဖြစ်လတ်သော် ထိုဘေးရန်တို့ကို သိမ်းဆည်း၍ လမ်းမှန် လမ်းမှား မှတ်သားခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ မည်၏။ ဘေးရန်ဆယ်ပါးကား ထင်မြဲဓမ္မတာဟု ဆို၏။

ဘေးရန်ဆယ်ပါး

ဆယ်ပါးကား --

၁။ လွန်ကဲသော ဝိပဿနာစိတ်ကြောင့် ကိုယ်မှအရောင်ထွက်ခြင်း၊

၂။ ထိုအတူ ဝိပဿနာစိတ်ကြောင့် ပီတိငါးမျိုးဖြစ်ခြင်း၊

၃။ ကိုယ်စိတ်အပူငြိမ်း၍ ပဿဒ္ဓိ နှစ်ပါးဖြစ်ခြင်း၊

၄။ အားကြီးသော သဒ္ဓါဟူသော အဓိမောက္ခဖြစ်ခြင်း၊

၅။ ဝီရိယသမ္ဗောဇ္ဈင်ဟူသော ပဂ္ဂဟဖြစ်ခြင်း၊

၆။ အတိပဏီတသုခဖြစ်ခြင်း၊

၇။ ဝိပဿနာဉာဏ် အမြင်သန်ခြင်း၊

၈။ ရှေးဟောင်းပြန်သိ သတိထင်ခြင်း၊

၉။ ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသော တတြမဇ္ဈတ္တုပေက္ခာ၊ မနောဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇနုပေက္ခာဖြစ်ခြင်း၊

၁၀။ အရောင်စသည်၌ “ငါအား ဤသို့ မဖြစ်စဘူး ဖြစ်ကုန်၏” ဟုသိမ်မွေ့သော တဏှာ နိကန္တိ ဖြစ်ခြင်း -

ဤဆယ်ပါးတည်း။

ထိုအခါ ငါအား မဖြစ်စဘူး ဖြစ်သည်။ မချွတ်ဧကန် မဂ်ဖိုလ် ရပြီဟု မယူမူ၍-ဤဆယ်ပါးသည် တဏှာဖြစ်ကြောင်း၊ မာနဖြစ်ကြောင်း၊ ဒိဋ္ဌိဖြစ်ကြောင်းဖြစ်၍ ဝိပဿနာညစ်ငြူးကြောင်း ဘေးရန်သာ ဖြစ်သည်၊ လမ်းမှန်မဟုတ်။ ထိုမှလွတ်သော ဝိပဿနာဉာဏ် အစဉ်သာ လမ်းမှန်ဖြစ်ချေသည်ဟု မှတ်သား ဆုံးဖြတ်ခြင်းဖြင့် သိမ်းဆည်းအပ်၏။

ပဋိပဒါဉာဏ်

ထိုဘေးရန်ဆယ်ပါးမှ လွတ်ပြီးသောအခါ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် အဆင့်ဆင့် အားထုတ်အပ်သော ဝိပဿနာဉာဏ် ကိုးပါးသည် ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ မည်၏။

ဉာဏ်အဆင့်ဆင့်ဖြစ်ရာ၌ ရှေးဦးစွာ သမ္မသနဉာဏ် သ့ုးသပ်သောအခါ ဝိပဿနာ ဉာဏ် အားထုတ်သည် မမည်သေး။

ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိသောအခါ ဥဒယဗ္ဗယဉာဏ်။

ဖြစ်ခြင်းလွှတ်၍ ပျက်ခြင်းမျှ သိသောအခါ ဘင်္ဂဉာဏ်။

ပျက်ခြင်းမြင်၍ ခြင်္သေ့ သစ်ကျားပမာ ကြောက်စရာဟု သိသောအခါ ဘယဉာဏ်။

(ဥ၊ ဘင်၊ ဘ - ၃။)

ကြောက်လန့်၍ ယူချင်စရာမထင် မီးလောင်သောအိမ်အသွင် အပြစ်မြင်သောအခါ အာဒီနဝဉာဏ်။

အပြစ်မြင်၍ ငြီးငွေသောအခါ နိဗ္ဗိဒါဉာဏ်။

ပိုက်ကွန်မိသော ငါးပမာ ဘုံသုံးပါးမှလွတ်လိုသောအခါ မုဉ္စိတုကမျတာဉာဏ်။

(အာ၊ နိ၊ မု - ၃။)

အပြစ်မြင်သော်လည်း တရှိန်တည်းမပြေးဝင်နိုင်သဖြင့် သမုဒြာ ငှက်ပမာ ဖန်ဖန်ပြန်၍ လွတ်ခြင်းကြီး လွတ်အောင် သုံးသပ်သောအခါ ပဋိသင်္ခါဉာဏ်။

အပြစ်မြင်ပြီးသော သင်္ခါရတို့၌ စွန့်ပြီးသော မယားအတူ လျှစ်လျူရှုသောအခါ သင်္ခါရုပေက္ခာဉာဏ်၊

မဂ္ဂဝီထိ၌ ပရိကံ, ဥပစာ, အနုလုံ ဖြစ်သောအခါ အနုလောမဉာဏ်။

(ပဋိ၊ ရု၊ နု - ၃)

ဤသို့ အဆင့်ဆင့်ဖြစ်၏။

(ဤတွင် ဝိသုဒ္ဓိခြောက်ပါး ပြီး၏။)

ဉာဏဒဿနဝိသုဒ္ဓိ-မဂ်ဝီထိ

ဤသို့ ဝိသုဒ္ဓိခြောက်ပါး အစဉ်အားဖြင့် အားထုတ်သော ယောဂီအား ဝိပဿနာ ဉာဏ်၏ ရင့်ခြင်းကို (ဝါ၊ သင်္ခါရုပေက္ခာဉာဏ်၏ ရင့်ခြင်းကို စွဲ၍ မဂ်ဖိုလ် အပ္ပနာ ဖြစ်လိုလတ်သည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ- ဖြစ်၍ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အလုံ၊ ဂေါတြဘူ၊ မဂ် တကြိမ်၊ ဖိုလ်နှစ်ကြိမ် သုံးကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ပ-ဥ-နု-လေးမည်

ဤမဂ္ဂဝီထိစိတ်စဉ်၌ ပရိကံ၊ ဥပစာ၊ အနုလုံသည် အထွတ်အထိပ်သို့ ရောက်သော ဝိပဿနာဖြစ်သောကြောင့် သိခါပတ္တာမည်၏။ သစ္စာလောမဉာဏ်နှင့် (ဝါ၊ဝိပဿနာ ရှုသော မဟာကုသိုလ်ဉာဏ်နှင့်) တကွဖြစ်သောကြောင့် သစ္စာနုလောမဉာဏ်မည်၏၊ သင်္ခါရတို့ကို လျစ်လျူရှုသောကြောင့် သင်္ခါရုပေက္ခာမည်၏။ မဂ်သို့ ရောက်ကြောင်း ဝိပဿနာ ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မည်၏။ လေးမည်။

ဤစိတ်တို့သည် အနိစ္စစသော လက္ခဏာတခုခုကို အာရုံပြုကုန်၏။

(ဝုဋ္ဌာနသည် မဂ်၏အမည်ဖြစ်၏။ ကိလေသာမှ ထသောကြောင့်တည်း။)

ဂေါတြဘူ

ဂေါတြဘူသည် နိဗ္ဗာန်ကို အာရုံပြု၍ ပုထုဇဉ်အနွယ်ကိုဖျက်လျှက် အရိယာအနွယ်သို့ ရောက်စေလျက်ဖြစ်၏။ နိဗ္ဗာန်ကိုမြင်လျှက် ကိလေသာကိုမသတ်ဘဲ မဂ်အားအချက် ပေးသောကြောင့် မဂ်၏အာဝဇ္ဇန်း အရာ၌ တည်သည်။

မဂ်ဉာဏ်

မဂ်သည် ဒုက္ခသစ္စာကို အကုန်အစဉ် သိလျက်၊

သမုဒယသစ္စာကို ပယ်လျက်၊

နိရောဓသစ္စာကို မျက် မှောက်ပြုလျက်၊

မဂ္ဂသစ္စာကို ပွါးစေသောအားဖြင့် အပ္ပနာဝီထိသို့ ရောက်၏။

ဤ၌ မဂ်ဉာဏ်သည် လေးကိစ္စကို တပြိုင်နက် ပြီးစေသည်။

နိဗ္ဗာန်ကို အာရုံပြုခြင်းသည် နိရောဓ မျက်မှောက်ပြုသည် မည်၏။

မဂ်စိတ်ကို၎င်း။ ကြွင်း မဂ္ဂင်ခုနစ်ပါးကို၎င်း အတူတကွ ခဏတ္တယသို့ ရောက်စေခြင်း သည် မဂ္ဂကို ပွါးစေသည် မည်၏။

နောင်ဖြစ်ထိုက်သော ကိလေသာကို မဖြစ်နိုင်သောအနေသို့ ရောက်စေခြင်းသည် သမုဒယ ပယ်သည်မည်၏။ ဒုက္ခ၏ အကြောင်းကိုပယ်ခြင်းဖြင့် ဒုက္ခကိုအကုန်အစဉ် သိသည်မည်၏။

မဂ်ဉာဏ်သည် ကိလေသာ သတ်သည့်အပြင် --

အနမတဂ္ဂ သံသရာ-ဝဋ်ဒုက္ခ သမုဒြာကိုလည်း ခန်းစေ၏။

အပါယ်တံခါးကိုလည်း ပိတ်စေ၏၊

သူတော်ကောင်း ဥစ္စာခုနှစ်ပါး၏ ပိုင်ရှင် တရားသူဌေးကိုလည်း ဖြစ်စေ၏။

မိစ္ဆာမဂ္ဂင် ရှစ်ပါးကိုလည်း ပယ်၏။

တွင်း၊ ပ၊ နီး၊ ဝေး၊ အကြီး၊ အသေး-ဘေးဟူသမျှကိုလည်း ငြိမ်းစေ၏။

ဘုရားရှင်၏ သားတော်စစ် အဖြစ်သို့လည်း ရောက်စေ၏။

ရတနာသုံးပါး၌ သက်ဝင်သော အဓိဂမသဒ္ဓါ၊ ပဋိသမ္ဘိဒါ၊ အဘိညာ စသည်ကိုလည်း ရစေ၏။

ဖိုလ်ဉာဏ်

ဖိုလ်ဇောနှစ်ကြိမ် သုံးကြိမ်သည် နိဗ္ဗာန်ကို အာရုံပြု၏။

မဂ်ပယ်သော ကိလေသာကို အခိုးအငွေ့မျှ မကျန်အောင် ငြိမ်းဧစေ၏။

ပစ္စဝေက္ခဏာဉာဏ်

ထိုနောင်ဘဝင်ဖြတ်၍ ပစ္စဝေက္ခဏာဉာဏ် ဝီထိတို့ဖြစ်ကုန်၏။ မဂ်ဖိုလ်ရပြီးသော လောကုတ္တရာ ပညာရှင်သည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် သုံးမျိုးကို တခုစီအာရုံပြု၍ ဆင်ခြင်၏။ ပယ်ကိလေသာ၊ ကြွင်းကိလေသာ နှစ်ခုကို အချို့သေက္ခ ဆင်ခြင်၏၊ အချို့ သေက္ခ မဆင်ခြင်။ သာကီဝင်မင်းသာ: မဟာနာမ်သည် ဘုရားရှင်ထံ ချဉ်းကပ်၍ တပည့်တော် သန္တာန်၌ ကိလေသာ အဘယ်မျှ မပယ်ရသေးပါသနည်း ဟု လျှောက်၏။ အသေက္ခကား ကြွင်းကိလေသာကိုသာ မရှိသောကြောင့် မဆင်ခြင်၊

ဤသို့ ဝိသုဒ္ဓိခြောက်ပါး အစဉ်ဖြင့် ဖြစ်စေအပ်သော မဂ်ဉာဏ်လေးပါးသည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

(ဝိသုဒ္ဓိဘေဒ ပြီး၏။)

ဝိမောက္ခဘေဒ

ဝိမောက္ခဘေး၌ အနတ္တာနုပဿနာသည် အတ္တဟု နှလုံးသွင်းခြင်းကို စွန့်၏၊

(အတ္တမှဆိတ်သော သုညကိုမြင်၏။)

ထိုကြောင့် သုညတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊

အနိစ္စာဥပဿနာသည် ဝိပလ္လာသဖြစ်ကြောင်း နိမိတ်ကို စွန့်၏။

အနိမိတ္တာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏။

ဒုက္ခာနုပဿနာသည် တဏှာတောင့်တခြင်းကို စွန့်၏။

အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏။

ထိုကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် --

အနတ္တရှုအံ့၊ မဂ်သည် သုညတဝိမောက္ခမဂ် မည်၏။

အနိစ္စအံ့၊ အနိမိတ္တဝိမောက္ခမဂ် မည်၏။

ဒုက္ခရှုအံ့၊ အပ္ပဏိဟိတဝိမောက္ခမဂ် မည်၏။

ဝိပဿနာအာရုံစွမ်းဖြင့် မဂ်အမည် သုံးခုရသည်။

မဂ္ဂဝီထိ၌ မဂ်နောင်ဖိုလ်သည် မဂ်အာရုံစွမ်းဖြင့် အမည်သုံးခု ရသည်။

ဖလသမာပတ္တိဝီထိ၌ ဖိုလ်သည် ဝိပဿနာရှုခြင်း အားလျော်စွာ ဝိပဿနာ အာရုံစွမ်းဖြင့် အမည်သုံးခုရသည်။ (မဂ်အာရုံမရှိ)။

မဂ္ဂဝီထိ၊ ဖလသမာပတ္တိ ဝီထိအားလုံး၌ မဂ်ဖိုလ်တို့သည် နိဗ္ဗာန်အာရုံ စွမ်းဖြင့်လည်း သုံးမည်၊ မိမိကိစ္စ ဂုဏ်စွမ်းဖြင့်လည်း သုံးမည်ရ၍ တူသည်သာတည်း။

ပုဂ္ဂလဘေဒ

ပုဂ္ဂလဘေဒ၌ သောတာပတ္တိမဂ် ရသောသူသည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကို၎င်း၊ အပါယ် လားကြောင်း အကုသိုလ်ကို၎င်း ပယ်ပြီးဖြစ်၏။ သောတာပန် မည်သောသူဖြစ်၏။ ကာမဘုံ၌ လူနတ်အရော ပဋိသန္ဓေ ခုနစ်ကြိမ်ရှိလျှင် သတ္တက္ခတ္တုပရမ။ နှစ်ကြိမ်မှ ခြောက်ကြိမ်ထိရှိလျှင် ကောလံကောလ။ တကြိမ်ရှိလျှင် ဧကဗီဇိ မည်၏။ လူဘုံ သက်သက်၊ နတ်ဘုံသက်သက်၌ မရောယှက်ဘဲ ဘဝရာထောင် ထပ်ဖြစ် သော်လည်း တကြိမ်သာ မည်၏။ သကဒါဂါမ်၊ အနာဂါမ်ဖြစ်၍ ရူပဘုံသို့ရောက်လျှင် ဘဝများစွာ ဘုံစဉ်စံဖြစ်သေး၏။ လူနတ်အရော ကာမဘုံ ပဋိသန္ဓေကိုသာ ရည်၍ သတ္တက္ခတ္တု ပရမဟု ဆိုသည်။

သကဒါဂါမိမဂ်ရလျှင် ရာဂ, ဒေါသ, မောဟ ခေါင်းပါးပြီးဖြစ်၏။ သကဒါဂါမ် ပုဂ္ဂိုလ် မည်၏။ ဤလူ့ ပြည်သို့ ပဋိသန္ဓေတကြိမ် လာနိုင်၏။

အနာဂါမိမဂ်ရလျှင် ကာမရာဂ၊ ဗျာပါဒ အကြွင်းမဲ့ပယ်ပြီး ဖြစ်၏။ အနာဂါမ်ပုဂ္ဂိုလ် မည်၏။ ကာမဘုံသို့ ပဋိသန္ဓေ လာခြင်း မရှိ။

အရဟတ္တမဂ်ရလျှင် ကိလေသာ အားလုံး အကြွင်းမရှိ ပယ်ပြီး ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ် မည်၏။ အာသဝေါကုန်၍ အလှူခံပုဂ္ဂိုလ် အမြတ်ဆုံးဖြစ်၏။

လောကုတ္တရာ ဉာဏ်ဖြစ်ရာ၌ ဝသီဘော် လေ့လာဘွယ် မရှိ။ ဆန့်ကျင်ဘက်တို့ကို သမုစ္ဆေဒပြုပြီး ဖြစ်သောကြောင့် အလိုလို ဝသီဘော်ပြည့်စုံ၏၊ လောကီဈာန် သမာပတ်၌သာ နုန့်နှေးခြင်းကင်းအောင် ဝသီဘော် လေ့လာရသည်။

(ဤစကားဖြင့် ဝသီဘော် မလေ့လာခြင်းကြောင့် ဖလသမာပတ် မဝင်စားနိုင် ဟူသော စကားကို ပယ်အပ်၏။)

သမာပတ္တိဘေး

သမာပတ္တိဘေဒ၌ မိမိရသော ဖိုလ်ကို မိမိဝင်စားခြင်းဖြင့် ဖလဋ္ဌာန်ပုဂ္ဂိုလ်တိုင်း ဖလသမာပတ်ကို ဝင်စားနိုင်ကုန်၏။

နိရောဓ သမာပတ်ကိုကား အနာဂါမ်၊ ရဟန္တာတို့သာ ဝင်စားနိုင်ကြသည်။

ဝင်စားပုံကား၊

ရှေးဦးစွာ ပဌမဈာန်ကို ဝင်စား၏၊ ဤကား သမထ ပြုခြင်းတည်း။ ထိုနောင် ပဌမဈာန်မှထ၍ ပဌမဈာန်၌ ရှိသောသင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တရှု၏၊ ဤကား ဝိပဿနာ ပြုခြင်းတည်း။ ဤသို့ သမထ။ ဝိပဿနာ ပြုခြင်းသည် ယုဂနန္ဓပြုသည် မည်၏။

ဤနည်းဖြင့် ဈာန်အစဉ်အတိုင်း ယုဂနန္ဓပြုကာ အာကိဉ္စညာယတနဈာန်အထိ ဝင်စား၍ အာကိဉ္စညာယတန ဈာန်မှထသောအခါ ဝိပဿနာ မပြုဘဲ အဓိဋ္ဌာန်ခြင်း စသော ပုဗ္ဗကိစ္စ ၄-ပါး ပြု၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ နေဝသညာ နာသညာယတန ဈာန်ဇောသည် နှစ်ကြိမ်စော၍ စိတ်အစဉ်ပြတ်၏။ စိတ်စေတသိက် စိတ္တဇရုပ် ချုပ်၍ တိဇရပ်မျှ ကြွင်း၏။ ထိုအခါ နိရောဓသမာပတ် ဝင်စားသည် မည်၏။

ပုဗ္ဗကိစ္စလေးပါး ပြုခြင်းကား --

၁။ မိမိနှင့်စပ်သော သီးခြားတည် ကျောင်း၊ သပိတ်၊ သင်္ကန်းစသည်သည် မီးစသော အန္တရာယ်ကြောင့် မပျက်စီးနိုင်စေသတည်းဟု ဓိဋ္ဌာန်၏။

(ကိုယ်၌ဝတ်ရုံထားသော သင်္ကန်းအတွက် ဓိဋ္ဌာန်ဘွယ်မလို။)

၂။ သံဃာအပေါင်း တောင့်တသောအခါ လာမခေါ်မီ သမာပတ်မှ ထနိုင်စေသတည်း ဟု ဓိဋ္ဌာန်၏။

၃။ မြတ်စွာဘုရား ခေါ်တော်မူသောအခါ လာမခေါ်မီ ထနိုင်စေသတည်းဟု ဓိဋ္ဌာန်၏။

၄။ ခုနစ်ရက်အတွင်း မိမိအသက် အပိုင်းအခြား တည်နိုင် မတည်နိူင ်ကြည့်ရှု၏။

ဤ လေးပါးတည်း။

နိရောဓသမာပတ်ကို ကာမဘုံ၊ ရူပဘုံ၌သာ- အနာဂါမ်၊ ရဟန္တာတို့သာ-မဟဂ္ဂုတ်ဈာန် ကိုးပါးလုံး ရမှသာ ဝင်စားနိုင်ကြသည်။ အရူပဘုံ၌ ဈာန်ကိုးပါးမရှိ၍ ယုဂနန္ဓပင် မပြည့်စုံ။ ကာမဘုံ၌ အာဟာရ အတွက် အလွန်ဆုံး ခုနစ်ရက်သာ၊ ရူပဘုံ၌ ပိုင်းခြားမရှိ ဝင်စားကြ၏။

နိရောဓ သမာပတ်မှ ထသောအခါ အနာဂါမ်အား အနာဂါမိ ဖိုလ်ဇောတကြိမ် စော၍ဘဝင်ကျ၏။ ရဟန္တာအား အရဟတ္တ ဖိုလ်ဇောတကြိမ် စော၍ဘဝင်ကျ၏။ ထိုနောင် ပစ္စဝေက္ခဏာ ဉာဏ်ဝီထိဖြစ်၏။

(အနာဂါမ်၊ ရဟန္တာအားသာ- သမာဓိပြည့်သည်။)

ဤ၌ ခုနစ်ရက်ခြားသော်လည်း နေဝသညာနာသညာယတန ဒုတီယဇောသည် အနာဂါမိဖိုလ်ဇော၊ အရဟတ္တ ဖိုလ်ဇောအား (စိတ်အခြားမရှိ) အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

ဤနည်းမျိုးဖြင့် အသညသတ်ဘုံ အသက်- ကမ္ဘာငါးရာခြားလျှက် တတီယ ဘဝ နောက်ဆုံးရက်သည် ယခုဘဝ ပဋိသန္ဓေစိတ် အားလည်း အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

(ဤသဘောကို မြင်လျှင် အဘိဓမ္မာ၌ ထူးသောဉာဏ်မျက်စိရှိသူ မည်၏။)

လူမင်းနတ်မင်း ဗြဟ္မာမင်းတို့သည် မိမိစည်းစိမ်ကို ခံစား၍ မငြီးငွေနိုင်ကြကုန်။

ဖလဋ္ဌာန်ပုဂ္ဂိုလ်လည်း မိမိဖိုလ် အရသာခံ စား၍ မငြီးငွေ့နိုင်။

မင်းစည်းစိမ်ခံစားစဉ် အပူဝင် အဧမိ၊ ငန်းဖမ်း၊ အသက်ထွက်—အဖြစ်သေး၏။

ဖိုလ်အရသာ ခံစားစဉ် ထိုအန္တရာယ်မျိုး စိုးစဉ်းမျှမဖြစ်။

အမြိုက်ဆေး ဖျန်းသော ပျားသည် ဩဇာထက်၍ လွန်စွာ အရသာရှိ၏။

ဖိုလ်ချမ်းသာ ဆွတ်ဖျန်းသော ဖိုလ်အရသာသည် သာလွန် ထက်မြက်စွာ ချမ်းသာသော အရသာရှိ၏။ စိတ်ရှိသူတို့ ခံစားသော ချမ်းသာတို့တွင် ထိပ်ဆုံးချမ်း သာဖြစ်၏။ နိဗ္ဗာန်လက်တွေ့ဖြစ်၏။ ထိုကြောင့် ဤသို့ တိုက်တွန်းအပ်၏၊

ဘာဝေတဗ္ဗံ ပနိစ္စေဝံ၊ ဘာဝနာဒွယ မုတ္တမံ။

ပဋိပတ္တိ ရသ ဿဒံ၊ ပတ္ထယန္တေန သာသနေ။

သာသနေ၊ ဘုရားရှင် သာသနာတော်၌။

ပဋိပတ္တိရသဿဒံ၊ ပဋိပတ်အကျင့်ဖြင့် ရအပ်သော သမာပတ် အရသာ သာယာဘွယ် လွန်စွာကို။

ပတ္ထယန္တေန၊ တောင့်တသော သူသည်။

ဣစ္စေဝံ၊ ဤဆိုပြီးသော နည်းဖြင့်။

ဥတ္တမံ၊ မြတ်သော။

ဘာဝနာဒွယံ၊ သမထ ဝိပဿနာ ဘာဝနာနှစ်ပါး ရဟန်းတရားကို။

ဘာဝေတဗ္ဗံ၊ ပွါးများအပ်၏။

ဝါ၊ ပွါးများနိုင်ကြပါစေကုန်သတည်း။

ကမ္မဋ္ဌာန်းပိုင်း အရသာ တစိတ်ပြီး၏။

နိဂုံး

ဤမျှဖြင့် ညောင်လေးပင်မြို့ တောရကျောင်တိုက်၌ ပဓာန ဥက္ကဋ္ဌ မထေရ်ဖြစ်ခိုက် ဖြစ်သော ဦးအရိယမထေရ် အရှင် စီရင် ရေးသားသော ဤသင်္ဂြိုဟ်အရသာသည် ၂၄၈၂-ခု သာသနာတော်နှစ်လွန်သော ၁၃၀၀-ပြည့်နှစ်၌ ပြီးဆုံးခြင်းသို့ ရောက်၏။

၃၃-ယောက်သော နတ်တို့စံရာ တာဝတိံသာ၌ ဟောကြားသော အဘိဓမ္မာ ခုနစ်ကျမ်းမှ ဖြစ်လာသော ရှင်အနုရုဒ္ဓါ၏ သင်္ဂြိုဟ်ကျမ်းသည်ရှိ၏။ ထိုသင်္ဂြိုဟ်ကျမ်း၏ အရသာဖြစ်သော ဤကျမ်းသည် ခံတွင်းကောင်းသူတို့အား မဂ်ဖိုလ်မျိုးစေ့ဖြစ်အောင် အရသာ ဆောင်နိုင်လတ္တံ့။

ကမ္မဋ္ဌာန်းပိုင်းအရသာကို ဝိသုဒ္ဓိမဂ်အရသာ၌ ပြည့်စုံစေအံ့။

သင်္ဂြိုဟ်အရသာ ပြီး၏။

getmauztmi0x0wvihg4cnet9obqfdfm
18954
18951
2025-07-02T23:47:19Z
Tejinda
173
18954
wikitext
text/x-wiki
{{header
| title = သင်္ဂြိုဟ်အရသာ
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = သင်္ဂြိုဟ်အရသာ
| previous = [[ဝိသုဒ္ဓိမဂ်အရသာ]]
| previous2 =
| next = [[ဓမ္မစကြာသုတ်နိဿယ]]

sddoij4dq89oqk3x36ii8ftudbwjgxo
ဓမ္မစကြာသုတ်နိဿယ
0
5805
18953
2025-07-02T23:41:02Z
Tejinda
173
"{{header | title = ဓမ္မစကြာသုတ်နိဿယ | author = ဆရာတော်ဦးဗုဓ် | override_author = | editor = | translator = | contribuor = | override_contributor = | section = ဓမ္မစကြာသုတ်နိဿယ | previous = [[]] | previous2 = | next = [[]] | next2 = | year = | n..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18953
wikitext
text/x-wiki
{{header
| title = ဓမ္မစကြာသုတ်နိဿယ
| author = ဆရာတော်ဦးဗုဓ်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဓမ္မစကြာသုတ်နိဿယ
| previous = [[]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

ဆရာတော်ဦးဗုဓ်

ဓမ္မစကြာသုတ်နိဿယ

▬▬ஜ۩۞۩ஜ▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဓမ္မစကြာအမွှန်း

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊

ဣသိပတန နာမကေ။

မိဂဒါယေ ဓမ္မဝရံ၊

ယံ တံ နိဗ္ဗာနပါပကံ။

(ခ) သဟမ္ပတိ နာမကေန၊

မဟာဗြဟ္မေန ယာစိတော။

စတုသစ္စံ ပကာသေန္တော၊

လောကနာထော အဒေသယိ။

(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊

သဗ္ဗသမ္ပတ္တိ သာဓကံ။

သဗ္ဗလောကဟိတတ္ထာယ၊

ဓမ္မစက္ကံ ဘဏာမ ဟေ။

(က-ခ) စတုသစ္စံ၊ သစ္စာလေးပါးကို။

ပကာသေန္တော၊ ပြတော်မူသော။

လောကနာထော၊ လူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။

သဟမ္ပတိနာမကေန၊ သဟမ္ပတိအမည်ရှိသော။

မဟာဗြဟ္မေန၊ မြတ်သော ဗြဟ္မာမင်းသည်။

ယာစိတော၊ တရားဟောစိမ့်သောငှါ တောင်းပန်အပ်သည်ဖြစ်၍။

ဣသိပတန နာမကေ၊ ဘုရား ပစ္စေကဗုဒ္ဓါ, အရိယာတို့၏ ကောင်းကင်မှ သက်ရာ ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော။

မိဂဒါယေ၊ သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံသည့် တောရဂုံ၌။

ပဉ္စဝဂ္ဂီနီ၊ ငါးယောက်အစု ရှိခြင်းကြောင့် ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော။

ဘိက္ခူနံ၊ ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ ရဟန်းတို့အား။

နိဗ္ဗာနပါပကံ၊ နိဗ္ဗာန်သို့ရောက်စေတတ်သော။

ဓမ္မဝရံ၊ မြတ်သောတရားဖြစ်သော။

ယံဓမ္မစက္ကံ၊ အကြင် ဓမ္မစကြာ ဒေသနာတော်ကို။

အဒေသယိ၊ ဟောတော်မူပြီ။

(ဂ) သဗ္ဗဒေဝေဟိ၊ ခပ်သိမ်းကုန်သော သမ္မုတိနတ်, ဥပပတ္တိနတ်, ဝိသုဒ္ဓိနတ် တို့သည်။

ဝါ၊ ခပ်သိမ်းကုန်သော နတ်, ဗြဟ္မာတို့သည်။

နန္ဒိတံ၊ နှစ်လိုအပ်သော။

သဗ္ဗသမ္ပတ္တိ သာဓကံ၊ ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုပ္ပန် သံသရာ စည်းစိမ်ကို ပြီးစေတတ်သော။

တံဓမ္မစက္ကံ၊ ထိုဓမ္မစကြာ ဒေသနာတော်ကို။

သဗ္ဗလောကဟိတတ္ထာယ၊ ခပ်သိမ်းသော လောက၏ အစီးအပွားအကျိုးငှါ။

ဟေ၊ အို-အရှင် သူတော်ကောင်းတို့။

မယံ၊ ငါတို့သည်။

ဘဏာမ၊ ရွတ်ကြကုန်အံ့။

(၁) ဓမ္မစကြာ နိဒါန်း

ဧဝံ မေ သုတံ -

ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။

တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

ဘန္တေကဿပ၊ အရှင်မဟာကဿပ။

ဣဒံသုတ္တံ၊ ဤဓမ္မစက္ကပဝတ္တနသုတ်ကို။

မေ-မယာ၊ အကျွန်ုပ်အာနန္ဒာထေရ်သည်။

ဘဂဝတော၊ မြတ်စွာဘုရား၏။

သမ္မုခါ၊ မျက်မှောက်တော်မှ။

ဧဝံ၊ ဤသို့။

သုတံ၊ ကြားလိုက်ရ၏။

ဧကံ၊ တပါးသော။

သမယံ၊ အခါ၌။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။

ဣသိပတနေ၊ ဣသိပတန အမည်ရှိသော။

မိဂဒါယေ၊ မိဂဒါဝုန်တော၌။

ဝိဟရတိ၊ နေတော်မူ၏။

တတြခေါ၊ ထိုဣသိပတနမိဂဒါဝုန်တောဝယ် နေတော်မူသော အခါ၌။

ဘဂဝါ၊ မြတ်စွာဘုရားသခင်သည်။

ပဉ္စဝဂ္ဂိယေ၊ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော။

ဘိက္ခု၊ ရဟန်းတို့ကို။

အာမန္တေသိ၊ မိန့်တော်မူ၏။

(၂) အယုတ်တရားနှစ်ပါး

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။

ကတမေ ဒွေ -

ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊

ယော စာယံ အတ္ထကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။

ဘိက္ခဝေ၊ ရဟန်းတို့။

ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်။

ဒွေ၊ နှစ်ပါးကုန်သော။

ဣမေအန္တာ၊ ဤအယုတ်တရားအစုတို့ကို။

နသေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။

ဒွေအန္တာ၊ ရဟန်းတို့ မမှီဝဲအပ်ကုန်သော အယုတ်တရား နှစ်ပါး အစုတို့သည်။

ကတမေ၊ အဘယ်သည်တို့နည်း။

ဟီနော၊ယုတ်သော။

ဂါမ္မော၊ ရွာသူတို့၏ဥစ္စာဖြစ်သော။

ပေါထုဇ္ဇနိကော၊ ပုထုဇ္ဇန်တို့၏ အလေ့အကျက် ဖြစ်သော။

အနရိယော၊ အရိယာတို့၏ ဥစ္စာမဟုတ်သော။

အနတ္ထသံဟိတော၊ စီးပွားချမ်းသာ ဖြစ်ကြောင်းနှင့်မစပ်သော။

ကာမေသု၊ တေဘူမကတရား တည်းဟူသော ဝတ္ထုကာမတို့၌။

ကာမသုခလ္လိကာနုယောဂေါ၊ ဆန္ဒရာဂ တည်းဟူသော ကိလေသာ ကာမနှင့် ယှဉ်သော ချမ်းသာကို အဘန်တလဲလဲ ခံစားခြင်းဟုဆိုအပ်သော။

ယောစာယံ ယောစအယံ-အန္တော၊ အကြင်အစုသည်၎င်း။

ဒုက္ခော၊ ဆူးငြောင့်ကိုမှီ၍အိပ်ခြင်း စသည်ဖြင့် ဆင်းရဲကို ဆောင်တတ်သော။

အနရိယော၊ အရိယာမဟုတ်သော တိတ္တိတို့၏ဥစ္စာဖြစ်သော။

အနတ္ထသံဟိတော၊ စီးပွားချမ်းသာဖြစ်ကြောင်းနှင့် မစပ်သော။

အတ္တကိလမထာနုယောဂေါ၊ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဘန် တလဲလဲ ဖြစ်စေတတ်သော။

ယောစာယံ, ယောစ အယံအန္တော၊ အကြင်အစုသည်၎င်း။

ဒွေအန္တာ၊ အယုတ်တရား နှစ်ပါးအစုမည်ကုန်၏။

(၃) အလယ်အလတ် အကျင့်တရား

ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။

သေယျထိဒံ -

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

အယံ ခေါသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ဘိက္ခဝေ၊ ရဟန်းတို့။

ဧတေခေါ ဥဘောအန္တေ၊ ထို ကာမသုခလ္လိကာနုယောဂ, အတ္တကိလမထာနုယောဂ ဟူသော အယုတ်တရား နှစ်ပါးအစုတို့ကို။

အနုပဂမ္မ၊ မကပ်မူ၍။

တထာဂတေန၊ ငါဘုရားသည်။

အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်သော။

စက္ခုကရဏီ၊ သစ္စာလေးပါးကို မြင်တတ်သော ပညာမျက်စိကို ပြုတတ်သော။

ဉာဏကရဏီ၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော။

မဇ္ဈိမာ၊ ကာမသုခလ္လိကာနုယောဂ သဿတဒိဋ္ဌိ ဟူသော တခုသော အစု, အတ္တကိလမထာနုယောဂ ဥစ္ဆေဒဒိဋ္ဌိ ဟူသော တခုသော အစု၏ အလယ်၌ ဖြစ်သော။

ပဋိပဒါ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို အလိုရှိသော သူတို့သည် ကျင့်အပ်သော အကျင့်သည်။

ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသ နိဗ္ဗာန်အကျိုးငှါ။

အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့်သိခြင်းငှါ။

သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။

နိဗ္ဗာနာယ၊ အနုပါဒိသေသနိဗ္ဗာန် အကျိုးငှါ။

သံဝတ္တတိ၊ ဖြစ်၏။

ယာ မဇ္ဈိမာပဋိပဒါ၊ အကြင်အလတ်ဖြစ်သော အကျင့်သည်။

သာ မဇ္ဈိမာပဋိပဒါ၊ ထိုအလတ်ဖြစ်သောအကျင့်သည်။

ကတမာ၊ အဘယ်နည်း။

အရိယော၊ မြတ်သော။

အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။

အယမေဝ မဂ္ဂေါ၊ ဤမဂ်လျှင်တည်း။

ဣဒံ-မဂ္ဂင်္ဂံ၊ ဤမဂ္ဂင်သည်။

သေယျထာ-ကတမံ၊ အဘယ်နည်း။

၁။ သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်း။

၂။ သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာကြံခြင်း။

၃။ သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း၊

၄။ သမ္မာကမ္မန္တော၊ ကောင်းစွာပြုခြင်း။

၅။ သမ္မာအာဇီဝေါ၊ ကောင်းစွာ အသက်မွေးခြင်း။

၆။ သမ္မာဝါယာမော၊ ကောင်းစွာအားထုတ်ခြင်း။

၇။ သမ္မာသတိ၊ ကောင်းစွာ အောက်မေ့ခြင်း။

၈။ သမ္မာသမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း။

ဣဒံ-ဓမ္မဇာတံ၊ ဤရှစ်ပါးသော သဘောတရားသည်။

မဂ္ဂင်္ဂံ၊ မဂ္ဂင်မည်၏။

အယံခေါ သာ မဇ္ဈိမာပဋိပဒါ၊ ဤမဂ္ဂင်ရှစ်ပါး တည်းဟူသော အလတ်ဖြစ်သော အကျင့်သည်။

(၄) ဒုက္ခသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ဘိက္ခဝေ၊ ရဟန်းတို့။

ဇာတိပိ၊ ပဋိသန္ဓေနေရခြင်းသည်လည်း။

ဒုက္ခာ၊ ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။

ဇရာပိ၊ ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ရခြင်းသည်လည်း။

ဒုက္ခာ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

ဗျာဓိပိ၊ ဖျားနာရခြင်းသည်လည်း။

ဒုက္ခာ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

မရဏံပိ၊ သေရခြင်းသည်လည်း။

ဒုက္ခံ၊ ဆင်းရဲခြင်း၏အကြောင်းဖြစ်၏။

အပ္ပိယေဟိ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်။

သမ္ပယောဂေါ၊ အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း။

ဒုက္ခော၊ ဆင်းရဲ၏။

ပိယေဟိ၊ ချစ်နှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်။

ဝိပ္ပယောဂေါ၊ ကွေကွင်း ကင်းကွာ ရှဲခွါ ဖဲကြဉ် မပေါင်းယှဉ် ရခြင်းသည်လည်း။

ဒုက္ခော၊ ဆင်းရဲ၏။

ယံပိစ္ဆံ၊ အကြင်ပဋိသန္ဓေနေခြင်း စသော သဘောတရားအား မဖြစ်ပါမူ ကောင်းလေစွ စသည်ဖြင့် တောင့်တခြင်းကို။

နလဗ္ဘတိ ၊မရအပ်။

တံပိ၊ ထိုတောင့်တတိုင်း မရခြင်းသည်လည်း။

ဒုက္ခံ၊ ဆင်းရဲ၏။

သံခိတ္တေန၊ အကျဉ်းအားဖြင့်။

ပဉ္စ၊ ငါးပါးကုန်သော။

ဥပါဒါနက္ခန္ဓာပိ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။

ဒုက္ခာ၊ ဆင်းရဲကုန်၏။

ဣဒံ ခေါ ပန - ဓမ္မဇာတံ၊ ဤဇာတိ အစရှိသောတရားသည်။

ဒုက္ခံ၊ ဒုက္ခဖြစ်သော။

အရိယသစ္စံ၊ အရိယာတို့သည် သိအပ်သော သစ္စာမည်၏။

(၅) သမုဒယသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။

ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြာတတြာဘိနန္ဒိနီ၊

သေယျထိဒံ -

ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

ဘိက္ခဝေ၊ ရဟန်းတို့။

ယာယံတဏှာ၊ အကြင်လောဘသည်။

ပေါနောဗ္ဘဝိကား တဘန်ဘဝသစ်ကို ဖြစ်စေတတ်သော အလေ့ရှိ၏။

နန္ဒီရာဂသဟဂတာ၊ နှစ်သက်ခြင်း တပ်ခြင်းဖြစ်၍ ဖြစ်၏။

တတြ တတြ၊ ထိုထိုကိုယ်၏ အဖြစ် ထိုထိုအာရုံ၌။

အဘိနန္ဒိနီ၊ အလွန်နှစ်သက်တတ်၏။

ဣဒံ-ဧသာ တဏှာ၊ တဏှာသည်။

သေယျထာ-ကတမာ၊ အဘယ်နည်း။

ကာမတဏှာ၊ ရူပါရုံစသောဝတ္ထုကာမကို တပ်တတ်သော တဏှာလည်းကောင်း။

ဘဝတဏှာ၊ သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာလည်းကောင်း။

ဝိဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာလည်းကောင်း။

ဣဒံ ခေါ ပန- ဓမ္မဇာတံ၊ ဤတဏှာဟူသော သဘောတရားသည်။

ဒုက္ခသမုဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော။

အရိယသစ္စာ၊ အရိယာတို့သည် သိအပ်သော သစ္စာမည်၏။

(၆) နိရောဓသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။

ယော တဿာ ယေ ဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

ဘိက္ခဝေ၊ ရဟန်းတို့။

တဿာယေဝ တဏှာယ၊ ထိုကာမတဏှာစသည်ဖြင့် ဝေဘန်အပ်သော လောဘ၏ သာလျှင်။

ယော အသေသ ဝိရာဂနိရောဓော၊ အကြင် အကြွင်းမဲ့ တပ်ခြင်းကင်းရာ ချုပ်ရာ ဖြစ်သော နိဗ္ဗာန်သည်။

ယောစာဂေါ၊ အကြင် စွန့်ရာဖြစ်သောနိဗ္ဗာန်သည်။

ယော ပဋိနိဿဂ္ဂေါ၊ အကြင်ဝေးစွာ စွန့်ရာဖြစ်သော နိဗ္ဗာန်သည်။

ယာမုတ္တိ၊ အကြင်လွတ်ရာဖြစ်သော နိဗ္ဗာန်သည်။

ယော အနာလယော၊ အကြင်ကပ်ငြိခြင်း ကင်းရာဖြစ်သော နိဗ္ဗာန်သည်။

အတ္ထိ၊ ရှိ၏။

ဣဒံ ခေါ ပန-ဓမ္မဇာတံ၊ ဤနိဗ္ဗာန်ဟူသော သဘောတရားသည်။

ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။

အရိယသစ္စံ၊ အရိယာတို့သည် သိအပ်သောသစ္စာမည်၏။

(၇) မဂ္ဂသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ။

အယမေဝ မဂ္ဂေါ၊ ဤမဂ်သည်လျှင်။

အဋ္ဌင်္ဂိကော ၊အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏။

ဣဒံခေါပန-ဓမ္မဇာတံ၊ ဤမဂ္ဂင်ရှစ်ပါး တရားသည်လျှင်။

ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော။

အရိယသစ္စံ၊ အရိယာတို့သည်သိအပ်သောသစ္စာမည်၏။

(၈) ဒုက္ခသစ္စာ၌ သစ္စဉာဏ်

“ဣဒံ ဒုက္ခံ အရိယသစ္စ”န္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

သစ္စာလေးပါးကို သရုပ်အားဖြင့် ပြတော်မူပြီး၍ ဤသစ္စာလေးပါး၌ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဟူသောအပြန်သုံးပါးကို ပြတော်မူခြင်းငှါ “ဣဒံဒုက္ခ”အစ ရှိသောဒေသနာတော်ကို မိန့်တော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။

ဣဒံ၊ ဤတဏှာကြဉ်သော တေဘုမ္မက တရားသည်။

ဒုက္ခံ၊ ဒုက္ခဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာမည်၏။

ဣတိ၊ ဤသို့။

မေ-မယာ၊ ငါဘုရားသည်။

ပုဗ္ဗ၊ ဘုရားဖြစ်သည်မှရှေး၌။

အနနုဿုတေသု၊ မကြားစဘူးကုန်သော။

ဓမ္မေသု၊ သစ္စာတရားတို့၌။

စက္ခုံ၊ ဒုက္ခသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဉာဏံ၊ ဒုက္ခသစ္စာကို သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ပညာ၊ ဇာတိဒုက္ခစသည်ကို အပြားအားဖြင့် သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဝိဇ္ဇာ၊ ဒုက္ခသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

အာလောကော၊ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်အလင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

[ဤကား ဒုက္ခသစ္စာ၌ သစ္စဉာဏ်]

(၉) ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံခေါပနိဒံ ဒုက္ခံအရိယသစ္စံ၊ ထို ဒုက္ခဖြစ်သော အရိယသစ္စာကို။

ပရိညေယျံ၊ ဤတရားကား ဒုက္ခတည်း, ဤဒုက္ခကား ဤမျှသာတည်း, ဤထက် အလွန် ဤမှအောက်အယုတ်မရှိဟု ထက်ဝန်းကျင်မှ ပိုင်းခြား၍ သိအပ်၏။

[ဤကားဒုက္ခသစ္စ၌ ကိစ္စဉာဏ်]

(၁၀) ဒုက္ခသစ္စာ၌ ကတဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံ ခေါပနိဒံ ဒုက္ခံ အရိယသစ္စံ၊ ထို ဒုက္ခဖြစ်သော အရိယသစ္စာကို။

ပရိညာတံ၊ ဤတရားကား ဒုက္ခတည်း, ဤဒုက္ခကား ဤမျှသာတည်း, ဤထက် အလွန် ဤမှအောက်အယုတ်မရှိဟု ထက်ဝန်းကျင်မှ ပိုင်းခြား၍ သိအပ်ပြီ။

[ဤကား ဒုက္ခသစ္စာ ၌ ကတဉာဏ်]

(၁၁) သမုဒယသစ္စာ၌ သစ္စဉာဏ်

“ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

ဣဒံ၊ ဤတဏှာဟူသော လောဘသည်။

ဒုက္ခသမုဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော။

အရိယသစ္စာ၊ အရိယသစ္စာမည်၏။

ဣတိ၊ ဤသို့။

မေ-မယာ၊ ငါဘုရားသည်။

ပုဗ္ဗေ၊ ဘုရားဖြစ်သည်မှရှေး၌။

အနနုဿုတေသု၊ မကြားစဘူးကုန်သော။

ဓမ္မေသု၊ သစ္စာတရားတို့၌။

စက္ခုံ၊ သမုဒယသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဉာဏံ၊ သမုဒယသစ္စာကို သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ပညာ၊ တရားကိုယ်အားဖြင့် တပါး၊

အခြင်းအရာအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ပိဘဝတဏှာဟူ၍ သုံးပါး၊

ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာဟူ၍ အာရုံအားဖြင့် တဆယ့်ရှစ်ပါး၊

အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တန်အားဖြင့် သုံးဆယ့်ခြောက်ပါး၊

အတိတ် အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါး အားဖြင့် တရာ့ရှစ်ပါး-

ရှိ၏ဟု အပြားအားဖြင့်သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှား ဖြစ်၏။

ဝိဇ္ဇာ၊ သမုဒယသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

အာလောကော၊ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

[ဤကား သမုဒယသစ္စာ ၌သစ္စဉာဏ်]

(၁၂) သမုဒယသစ္စာ၌ ကိစ္စဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံခေါပနိဒံ ဒုက္ခသမုယံ အရိယသစ္စံ၊ ထိုဒုက္ခ၏အကြောင်းဖြစ်သော အရိယသစ္စာကို။

ပဟာတဗ္ဗံ၊ ဒိဋ္ဌိ, ဝိစိကိစ္ဆာ သမ္ပယုတ်ကို သောတာပတ္တိမဂ်ဖြင့်၊

ကာမရာဂကို အနာဂါမိမဂ်ဖြင့်၊

ရူပရာဂ, အရူပရာဂကို အရဟတ္တမဂ်ဖြင့် ပယ်အပ်၏။

[ဤကား သမုဒယသစ္စာ၌ ကိစ္စဉာဏ်]

(၁၃) သမုဒယသစ္စာ၌ ကတဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံခေါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ထိုဒုက္ခ၏ အကြောင်းဖြစ်သော အရိယသစ္စာကို။

ပဟီနံ၊ မဂ်လေးပါးဖြင့် အကြွင်းမဲ့ပယ်အပ်ပြီ။

[ဤကား သမုဒယသစ္စာ၌ ကတဉာဏ်]

(၁၄) နိရောဓသစ္စာ၌ သစ္စဉာဏ်

“ဣဒံ ဒုက္ခ နိရောဓံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

ဣဒံ၊ ဤနိဗ္ဗာန်သည်။

ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာမည်၏။

ဣတိ၊ ဤသို့။

မေ-မယာ၊ ငါဘုရားသည်။

ပုဗ္ဗေ၊ ဘုရားဖြစ်သည်မှ ရှေး၌။

အနနုဿုတေသု၊ မကြားစဘူးကုန်သော။

ဓမ္မေသု၊ သစ္စာတရားတို့၌။

စက္ခုံ၊ နိရောဓသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဉာဏံ၊နိရောဓသစ္စာကို သိတတ်သောဉာဏ်သည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ပညာ၊ တရားကိုယ်အားဖြင့် တပါး၊

သဥပါဒိသေသ အနုပါဒိသေသအားဖြင့်နှစ်ပါး၊

သုညတ, အနိမိတ္တ, အပ္ပဏီဟိတ အားဖြင့် သုံးပါး-

ရှိ၏ဟု အပြားအားဖြင့် သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဝိဇ္ဇာ၊ နိရောဓသစ္စာကိုထိုးထွင်း၍ သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

အာလောကော၊ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက် တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

[ဤကား-နိရောဓသစ္စာ၌ သစ္စဉာဏ်]

(၁၅) နိရောဓသစ္စာ၌ ကိစ္စဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ထိုဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာကို။

သစ္ဆိကာ တဗ္ဗံ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်ဖြင့် မျက်မှောက်ပြုအပ်၏။

[ဤကား-နိရောဓသစ္စာ၌ ကိစ္စဉာဏ်]

(၁၆) နိရောဓသစ္စာ၌ ကတဉာဏ်

“တံ ခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသုဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယ သစ္စံ၊ ထိုဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာကို။

သစ္ဆိကတံ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်ဖြင့် မျက်မှောက် ပြုအပ်ပြီ။

[ဤကား-နိရောဓသ၌ ကတဉာဏ်]

(၁၇) မဂ္ဂသစ္စာ၌ သစ္စဉာဏ်

“ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါးသည်။

ဒုက္ခနိရောဓဂါမိနီပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော။

အရိယသစ္စာ၊ အရိယသစ္စာမည်၏။

ဣတိ၊ ဤသို့။

မေ-မယာ၊ ငါဘုရားသည်။

ပုဗ္ဗေ၊ ဘုရားဖြစ်သည်မှ ရှေး၌။

အနနုဿုတေသု၊ မကြားစဘူးကုန်သော။

ဓမ္မေသု၊ သစ္စာတရားတို့၌။

စက္ခုံ၊ မဂ္ဂသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဉာဏံ၊ မဂ္ဂသစ္စာကို သိတတ်သော ဉာဏ်သည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ပညာ၊ သမ္မာဒိဋ္ဌိ စသည်ကိုအပြားအားဖြင့် သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ဝိဇ္ဇာ၊ မဂ္ဂသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

အာလောကော၊ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟ တည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

(ဤကား-မဂ္ဂသစ္စာ၌ သစ္စဉာဏ်]

(၁၈) မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံ ခေါပနိဒံ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ၊ ထိုဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကိုး

ဘာဝေတဗ္ဗံ၊ ပွားစေအပ်၏။

[ဤကား-မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်]

(၁၉) မဂ္ဂသစ္စာ၌ ကတဉာဏ်

“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘိက္ခဝေ၊ ရဟန်းတို့။

တံ ခေါပနိဒံ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယသစ္စံ၊ ထိုဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို။

ဘာဝိတံ၊ ပွားစေအပ်ပြီ။

[ဤကားမဂ္ဂသစ္စာ၌ ကတဉာဏ်]

(၂ဝ) ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။

နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ- ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။

ဘိက္ခဝေ၊ ရဟန်းတို့။

ယာဝကီဝဉ္စ-ယတ္တကံ ကာလံ၊ အကြင်မျှလောက်သော ကာလပတ်လုံး။

ဣမေသု စတူသု အရိယ သစ္စေသု၊ ဤသစ္စာလေးပါးတို့၌။

ဧဝံ၊ ဤသို့။

တိပရိဝဋ္ဋံ၊ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် အားဖြင့် သုံးပါးသော အပြန်ရှိသော။

ဒွါဒသာကာရံ၊ သုံးပါးလေးလီဖြစ်၍ တဆယ့်နှစ်ပါးသော အခြင်းအရာရှိသော။

ယထာဘူတံ၊ ဟုတ်မှန်တိုင်း ဖြစ်သော။

ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။

မေ၊ ငါ့အား။

သုဝိသုဒ္ဓံ၊ အလွန်သန့်ရှင်း ကြည်လင် စင်ကြယ်သည်။

န အဟောသိ၊ မဖြစ်သေး။

ဘိက္ခဝေ၊ ရဟန်းတို့။

တာဝ-တတ္တကံ ကာလံ၊ ထိုဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး။

အဟံ၊ ငါဘုရားသည်။

သဒေဝကေ၊ ကာမာဝစရနတ်ပြည် ငါးထပ်နှင့်တကွသော။

သမာရကေ၊ ဝသဝတ္တီ နတ်ပြည်နှင့် တကွသော။

သဗြဟ္မကေ၊ ဗြဟ္မာ့ပြည်နှင့် တကွသော။

လောကေ၊ သြကာသ လောက၌။

သဿမဏ ဗြာဟ္မဏိယာ၊ ရဟန်း ပုဏ္ဏားနှင့်တကွသော။

သဒေဝမနုဿာယ၊ သမ္မုတိနတ်တည်းဟူသော မင်း, ကြွင်းသောလူနှင့် တကွသော။

ပဇာယ၊ သတ္တလောက၌။

အနုတ္တရံ၊ အတုမရှိသော။

သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်ကို။

အဘိသမ္ဗုဒ္ဓေါတိ၊ ထိုးထွင်း၍ သိပြီဟူ၍။

နေဝ ပစ္စညာသိံ၊ ဝန်ခံတော်မမူသေး။

(၂၁) ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ

ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။

အထာဟံ ဘိက္ခေ၀ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ- ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။

ဘိက္ခဝေ၊ ရဟန်းတို့။

မယတောစ ခေါ-ယဒါကာလေ၊ အကြင်အခါ၌ကား။

အဟောသိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။

အထ-တသ္မိံ ကာလေ၊ ထိုဉာဏ်အမြင်စင်ကြယ်စွာဖြစ်သောအခါ၌။

ပစ္စညာသိံ၊ ဝန်ခံတော်မူပြီ။

(၂၂) ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ

ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ "အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ" တိ။

မေ၊ ငါ့အား။

ဉာဏဉ္စပနဒဿနံ၊ ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။

မေ၊ ငါ၏။

စေတော ဝိမုတ္တိ၊ အရဟတ္တဖိုလ်ဉာဏ်ကို။

အကုပ္ပါ၊ ဆန့်ကျင်ဘက်တရားတို့သည် မဖျက်ဆီးအပ်။

အယံ၊ ဤကိုယ်၏အဖြစ်သည်။

အန္တိမာ၊ အဆုံးစွန်ဖြစ်သော။

ဇာတိ၊ အဖြစ်တည်း။

ဣဒါနိ၊ ယခုအခါ။

ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်။

နတ္ထိ၊ မရှိ။

ဣတိ-ဉာဏဒဿနံ၊ ဤသို့သော ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။

(၂၃) ပဉ္စဝဂ္ဂီရဟန်းတို့ တရားကို နှစ်သက်ကြပုံ

ဣဒမဝေါစ ဘဂဝါ၊

အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

ဣဒံ ဝစနံ၊ ဤ“ဒွေ မေ ဘိက္ခဝေ” စသော စကားတော်ကို။

အဝေါစ၊ မိန့်တော်မူ၏။

ပဉ္စဝဂ္ဂိယာ၊ ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော။

ဘိက္ခု၊ ရဟန်းတို့သည်။

အတ္တမနာ၊ နှစ်လိုဝမ်းမြောက်ကုန်သည်ဖြစ်၍။

ဘဂဝတော၊ မြတ်စွာဘုရား၏။

ဘာသိတံ၊ ဟောတော်မူအပ်သော တရားတော်ကို။

အဘိနန္ဒုံ၊ သာဓု - သာဓု-ဟု ရိုသေစွာ ဦးဖြင့် ခံကုန်၏။

(၂၄) အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ "ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မ"န္တိ။

ဣနသ္မိံ စပန ဝေယျာကရဏသ္မိံ၊ ဤဂါထာမဘက် သက်သက်သော အမေးအဖြေ ဖြစ်သော ဗျာကရိုဏ်းကို။

ဘညမာနေ၊ ဟောတော်မူအပ်သည်ရှိသော်။

အာယသ္မာတော၊ ရှည်သောသက်တော်ရှိသော။

ကောဏ္ဍညဿ၊ ကောဏ္ဍညထေရ်အား။

ဝိရဇံ၊၊ အပါယ်သို့ လားစေတတ်သော ရာဂအစရှိသော မြူမှကင်းသော။

ဝီတမလံ၊ အကြွင်းမရှိ ဒိဠိ, ဝိစိကိစ္ဆာကို ပယ်သဖြင့် ကင်းသော အညစ်အကြေး ရှိသော။

ဓမ္မစက္ခုံ၊ သစ္စာလေးပါးတရားကို မြင်တတ်သော သောတာပတ္တိ မဂ်ဉာဏ်တည်း ဟူသော မျက်စိသည်။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ယံကိဉ္စိ၊ အလုံးစုံသော တေဘုမ္မကတရားသည်။

သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။

တံသဗ္ဗံ၊ ထိုဖြစ်ခြင်းသဘောရှိသော တရားဟူသမျှသည်။

နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏။

ဣတိ၊ ဤသို့။

ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

(၂၅) နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ

ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ" တိ။

ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။

စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။

ဘဂဝတာ၊ မြတ်စွာဘုရားသည်။

ဓမ္မစက္ကေ၊ ဓမ္မစကြာတရားတော်ကို။

ပဝတ္တိတေစ ပန၊ ဟောတော်မူအပ်သည်ရှိသော်ကား။

ဘူမာဒေဝါ၊ ဘူမစိုးနတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသော အသံကို။

အနုဿာဝေသုံ၊ တပြိုင်နက် ကြွေးကြော်ကုန်၏။

ကိံ အနုဿာဝေသုံ၊ အဘယ်သို့ ကြွေးကြော်ကုန်သနည်း။

ဘဂဝတာ၊ မြတ်စွာဘုရားသည်။

ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။

ဣသိပတနေ၊ ဣသိပတန အမည်ရှိသော။

မိဂဒါယေ၊ မိဂဒါဝုန်တော၌။

လောကသ္မိံ၊ လောက၌။

ကေနစိသမဏေနဝါ၊ တစုံတယောက်သော ရဟန်းသည်၎င်း။

ကေနစိဗြဟ္မဏေနဝါ၊ တစုံတယောက်သော ပုဏ္ဏားသည်၎င်း။

ကေနစိ ဒေဝေနဝါ၊ တစုံတယောက်သော နတ်သည်၎င်း၊

ကေနစိမာရေနဝါ၊ တစုံတယောက်သော မာရ်သည်၎င်း။

ကေနစိဗြဟ္မုနာဝါ၊ တစုံတယောက်သော ဗြဟ္မာသည်၎င်း။

အပ္ပဋိဝတ္တိယံ၊ မတားမြစ်နိုင်, မဟောနိုင်သော။

အနုတ္တရံ၊ အတုမရှိသော။

ဧတံဓမ္မစက္ကံ၊ ဤဓမ္မစကြာ တရားတော်ကို။

ပဝတ္တိတံ၊ ဟောတော်မူအပ်ပြီ။

ဣတိ၊ ဤသို့။

အနုဿာဝေသုံ၊ တပြိုင်နက် ကြွေးကြော်ကုန်၏။

ဘူမာနံ ဒေဝါနံ၊ ဘူမစိုးနတ်တို့၏။

သဒ္ဒံ၊ ကောင်းချီးပေးသော အသံကို။

သုတွာ၊ ကြားကုန်၍။

စာတုမဟာရာဇိကာဒေဝါ၊ စာတုမဟာရာဇ်နတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏ ...။

စာတုမဟာရာဇိကာနံဒေဝါနံ၊ စာတုမဟာရာဇ်နတ်တို့၏။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို၊

သုတွာ၊ ကြားကုန်၍။

တာဝတိံသာ ဒေဝါ၊ တာဝတိံသာ နတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏ ...။

တာဝတိံသာဒေဝါနံ၊ တာဝတိံသာနတ်တို့၏။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို၊

သုတွာ၊ ကြားကုန်၍။

ယာမာ ဒေဝါ၊ ယာမာနတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏ ...။

ယာမာနံဒေဝါနံ၊ ယာမာနတ်တို့၏။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို၊

သုတွာ၊ ကြားကုန်၍။

တုသိတာဒေဝါ၊ တုသိတာနတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏ ...။

တုသိတာနံဝေဝါနံ၊ တုသိတာနတ်တို့၏။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို၊

သုတွာ၊ ကြားကုန်၍။

နိမ္မာနရတီဒေဝါ၊ နိမ္မာနရတီနတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏ ...။

နိမ္မာနရတီနံဒေဝါနံ၊ နိမ္မာနရတီနတ်တို့၏၊

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို၊

သုတွာ၊ ကြားကုန်၍။

ပရနိမ္မိတ သဝဝတ္တီဒေဝါ၊ ပရနိမ္မိတ ဝသဝတ္တီနတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏ ...။

ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ၊ ပရနိမ္မိတဝသဝတ္တီနတ်တို့၏၊

သဒ္ဒံ၊ ကောင်းချီးပေးသောအသံကို၊

သုတွာ၊ ကြားကုန်၍။

ဗြဟ္မကာယိကာ၊ ဗြဟ္မာ့ပြည်၌ ဖြစ်ကုန်သော။

ဒေဝါ၊ ဗြဟ္မာတို့သည်။

အနုဿဝေသုံ၊ တပြိုင်နက် ကြွေးကြော်ကုန်၏။

တေနခဏေန၊ ထိုခဏဖြင့်။

တေနလယေန၊ ထိုလယဖြင့်။

တေနမုဟုတ္တေန၊ ထိုမုဟုတ်ဖြင့်။

ယာဝဗြဟ္မလောကာ၊ အထက် အကနိဋ္ဌ ဗြဟ္မာ့ပြည် တိုင်အောင်။

သဒ္ဒေါ၊ ကျော်စောသော အသံသည်။

အဗ္ဘုဂ္ဂစ္ဆတိ၊ နှံ့၍တက်၏။

(၂၆) တသောင်းသော လောကဓာတ် တုန်လှုပ်ပုံ

အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။

အယဉ္စ ဒဿသဟဿိ လောကဓာတု၊ ဤ တသောင်းသော လောကဓာတ် စကြဝဠာသည်လည်း။

သံကမ္မိ၊ သက်၍သက်၍ လှုပ်၏။

သမ္ပကမ္ပိ၊ တက်၍တက်၍လှုပ်၏။

သမ္ပဝေဓိ၊ ထိုမှဤမှ အေးယာဉ်ကဲ့သို့လှုပ်၏။

(၂၇) အရောင်အလင်း ဖြစ်ပေါ်လာပုံ

အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

အပ္ပမာဏော၊ အတိုင်းအရှည် မရှိသော။

ဥဠာရော၊ ပြန့်ပြောသော။

သြဘာသာစ၊ ဒေသနာဉာဏ်ကြောင့်ဖြစ်သော အရောင်အလင်းသည်လည်း။

လောကေ၊ လောက၌။

ဒေဝါနံ၊ နတ်,ဗြဟ္မာတို့၏။

ဒေဝါနုဘာဝံ၊ နတ်,ဗြဟ္မာတို့၏ အာနုဘော်ကို။

အတိက္ကမ္မ၊ သာလွန်၍။

ပါတုရဟောသိ၊ ထင်ရှားဖြစ်၏။

(၂၈) မြတ်စွာဘုရား ဥဒါန်းကျူးပုံ

အထခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ "အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော"တိ။

ဣတိဟိဒံ အာယသ္မတော ကောဏ္ဍညဿ အညာသိကောဏ္ဍညောတွေဝ နာမံ အဟောသိ။

အထ၊ ထိုအခါ၌။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

ဥဒါနံ၊ ဝမ်းမြောက်သောစကားကို။

ဥဒါနေသိ၊ တသောင်းတိုက်သား ကြားသိအောင် မြွက်ဆိုတော်မူ၏။

ကိံ ဥဒါနေသိ၊ အဘယ်သို့ မြွက်ဆိုတော်မူသနည်း။

ဘော၊ အိုရဟန်းတို့။

ကောဏ္ဍညော၊ ကောဏ္ဍညသည်။

ဝတ၊ စင်စစ်။

အညာသိ၊ သစ္စာလေးပါးကို သိလေပြီ။

ဘော၊ အိုရဟန်းတို့။

ကောဏ္ဍညော၊ ကောဏ္ဍညသည်။

ဝတ၊ စင်စစ်။

အညာသိ၊ သစ္စာလေးပါးကို သိလေပြီ။

ဣတိ၊ ဤသို့။

ဥဒါနေသိ၊ မြွက်ဆိုတော်မူ၏။

ဣဟိဟိ-ဣတိဧဝ၊ ဤသို့ ဥဒါန်းကျူးတော်မူသောကြောင့်သာလျှင်။

အာယသ္မာတော ကောဏ္ဍညဿ၊ အရှင်ကောဏ္ဍညအား။

အညာသိကောဏ္ဍညောတွေဝ၊ အညာသိ ကောဏ္ဍည ဟူ၍သာလျှင်။

ဣဒံနာမံ၊ ဤအမည်သည်။

အဟောသိ၊ ဖြစ်၏။

(၂၉) အညာသိ ကောဏ္ဍည

ရှင်ရဟန်းအဖြစ် တောင်းပုံ

အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ -
"လဘေယျာဟံ ဘန္တေ ဘဂဝတောသန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒန္တိ။"

အထခေါ၊ ထိုသောတာပန် ဖြစ်ပြီးသောအခါ၌။

အာယသ္မာ အညာသိကောဏ္ဍညော၊ အရှင်အညာသိ ကောဏ္ဍညသည်။

ဒိဋ္ဌဓမ္မော၊ မြင်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍။

ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍။

ဝိဒိတဓမ္မော၊ သိအပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍။

ပရိယောဂါဠှဓမ္မော၊ ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍။

တိဏ္ဏဝိစိကိစ္ဆော၊ ကူးမြောက်ပြီးသော တဆယ့်ခြောက်ပါးသော ယုံမှားခြင်း ရှစ်ပါးသောယုံမှားခြင်း ရှိသည်ဖြစ်၍။

ဝိဂတကထံကထော၊ သို့လော သို့လော တွေးတော ယုံမှားခြင်း ကင်းသည်ဖြစ်၍။

သတ္ထု သာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။

ဝေသာရဇ္ဇပ္ပတ္တော၊ ရဲရင့်ခြင်းသို့ရောက်သည်ဖြစ်၍။

အပရပ္ပစ္စယော၊ ကိုယ်တိုင်မျက်မှောက် သိမြင်အပ်သောကြောင့် သူတပါးတို့အား ယုံကြည်ခြင်း မဖြစ်မူ၍။

ဘဂဝန္တံ၊ မြတ်စွာဘုရားကို။

ဧတံ-ဝစနံ၊ ဤသို့သော စကားကို။

အဝေါစ၊ လျှောက်၏။

ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။

ဘန္တေ၊ အရှင်ဘုရား။

အဟံ၊ အကျွန်ုပ်သည်။

ဘဂဝတော၊ မြတ်စွာဘုရား၏။

သန္တိကေ၊ အထံတော်၌။

ပဗ္ဗဇ္ဇံ၊ ရှင်၏အဖြစ်ကို။

လဘေယျံ၊ ရချင်ပါ၏။

ဥပသမ္ပဒံ၊ ပဉ္စင်း၏အဖြစ်ကို။

လဘေယျံ၊ ရချင်ပါ၏။

ဣတိ၊ ဤသို့။

အဝေါစ၊ လျှောက်၏။

(၃၀) ဧဟိဘိက္ခုရဟန်းဖြစ်ပုံ

"ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ။

ဘိက္ခု၊ ရဟန်း။

ဧဟိ၊ လာလှည့်။

ဓမ္မော၊ တရားတော်ကို။

သွာက္ခာတော၊ ကောင်းစွာ ငါဟောအပ်ပြီ။

ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။

အန္တကိရိယာယ၊ အဆုံးကို ပြုခြင်းငှါ။

သမ္မာ၊ ကောင်းစွာ။

ဗြဟ္မစရိယံ၊ အထက်မဂ်သုံးပါး တည်းဟူသော မြတ်သောအကျင့်ကို။

စရ၊ ကျင့်လော့။

ဣတိ၊ ဤသို။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

အဝေါစ၊ မိန့်တော်မူ၏။

တဿ အာယသ္မတော၊ ထိုအရှင် အညာသိကောဏ္ဍညအား။

သာဝဥပသမ္ပဒါ၊ ထို ဧဟိဘိက္ခုပဉ္စင်း အဖြစ်သည်သာလျှင်။

အဟောသိ၊ ဖြစ်၏။

ဓမ္မစက္ကပဝတ္တနသုတ္တံ၊ ဓမ္မစက္ကပဝတ္တနသုတ်သည်။

နိဋ္ဌိတံ၊ အပြီးသို့ ရောက်ပြီ။

[ဝါဆိုလပြည့်နေ့ အရှင်ကောဏ္ဍညထေရ် သောတာပန်ဖြစ်သည်၊

လပြည့်ကျော် တရက်နေ့ ဝပ္ပထေရ် သောတာပန်ဖြစ်သည်၊

နှစ်ရက်နေ့ ဘဒ္ဒိယထေရ် သောတာပန်ဖြစ်သည်၊

သုံးရက်နေ့ မဟာနာမထေရ် သောတာပန် ဖြစ်သည်၊

လေးရက်နေ့ အဿဇိထေရ် သောတာပန် ဖြစ်သည်၊

ငါးရက်နေ့ အနတ္တလက္ခဏသုတ်ကို ဟော၍ ငါးပါးလုံး ရဟန္တာချည်း ဖြစ်ကုန်၏]

နိဂုံး

ဣတိ မဟိဋ္ဌကာဝါသနိဝါသိနာ မဟာထေရေန ရစိတော ဓမ္မစက္ကဝပတ္တနသုတ္တ နိဿယော -

သဟဿသတ နဝုတိ၊

စတုဝဿမှိသာဝဏေ။

ပုဏ္ဏမေ ပုရေ ဘတ္တမှိ၊

ပဟာရေကမှိ သောရိယေ။

ဣတိ-ဣမိနာ အနုက္ကမေန၊ ဤသို့သော သဒ္ဓါအစဉ်, အနက်အစဉ်ဖြင့်။

မဟိဋ္ဌကာဝါသနိဝါသိနာ၊ မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်၌ သီတင်းသုံး နေသော။

မဟာထေရေန၊ စက္ကိန္ဒာဘိ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု မဟာထေရ်သည်။

ရစိတော၊ ရေးစီရင်အပ်သော။

ဓမ္မစက္ကပဝတ္တနသုတ္တနိဿယော၊ ဓမ္မစက္ကပဝတ္တနသုတ်၏ နိဿယသည်။

သဟဿသတနဝုတိစတုဝဿမှိ၊ သက္ကရာဇ် ၁၁၉၄-ခုနှစ်၌။

သာဝဏေ၊ နံကာလ၌။

ပုဏ္ဏမေပုရေဘတ္တမှိ၊ လပြည့်နေ့ နံနက်။

ပဟာရေကမှိသောရိယေ၊ စနေနေ့ တချက်တီးအချိန်၌။

နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်၏။

ဆရာတော် ဦးဗုဓ်

ဓမ္မစကြာသုတ်နိဿယ ပြီး၏။

tlw1li4qdrayr4tgdw7rio8inkhc2fu
18955
18953
2025-07-02T23:47:45Z
Tejinda
173
18955
wikitext
text/x-wiki
{{header
| title = ဓမ္မစကြာသုတ်နိဿယ
| author = ဆရာတော်ဦးဗုဓ်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဓမ္မစကြာသုတ်နိဿယ
| previous = [[သင်္ဂြိုဟ်အရသာ]]

mlmcsjwt7idhh1wlvenku4h45wr7qm5
18956
18955
2025-07-02T23:59:41Z
Tejinda
173
18956
wikitext
text/x-wiki
{{header
| title = ဓမ္မစကြာသုတ်နိဿယ
| author = ဆရာတော်ဦးဗုဓ်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဓမ္မစကြာသုတ်နိဿယ
| previous = [[သင်္ဂြိုဟ်အရသာ]]
| previous2 =
| next = [[မဟာဓမ္မစကြာအရသာ]]

iblvz2n237rv6235g4kycdyow75rgr4
မဟာဓမ္မစကြာအရသာ
0
5806
18957
2025-07-03T00:12:51Z
Tejinda
173
"{{header | title = မဟာဓမ္မစကြာအရသာ | author = ညောင်လေးပင်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာဓမ္မစကြာအရသာ | previous = ဓမ္မစကြာသု..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18957
wikitext
text/x-wiki
{{header
| title = မဟာဓမ္မစကြာအရသာ
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာဓမ္မစကြာအရသာ
| previous = [[ဓမ္မစကြာသုတ်နိဿယ]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

မဟာဓမ္မစကြာအရသာ

ဗုဒ္ဓေါ ဓမ္မောစ သံဃောစ၊ အဟော ဝန္ဒီယတေ မမ။

ဝန္ဒိတဗ္ဗာ နုဘာဝေန၊ ဇီယန္တု ဝေရ လာမကာ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဓမ္မစကြာသုတ် နိဒါန်း

အတ္ထုပ္ပတ္တိ မှတ်သားဖွယ်

ဓမ္မစကြာအဓိပ္ပါယ်

ဓမ္မစကြာသုတ်ဟူသည် ကျမ်းဂန်တို့၌ ဓမ္မစက္ကပဝတ္တနသုတ် မည်၏။

(ဓမ္မ-ဉာဏ်တော် + စက္က-စက်ဝန်း + ပဝတ္တန-လည်သောတရား) ဖြစ်၏။

ချဲ့ဦးအံ့၊ ပဋ္ဋိဝေဓဉာဏ်၊ ဒေသနာဉာဏ် နှစ်ပါးသည် ဓမ္မစက္က-ဉာဏ်တော် စက်ဝန်း မည်၏။

၁။ ပဋိဝေဓဉာဏ်ဟူသည် ဗောဓိပလ္လင်၌ နေတော်မူစဉ် သစ္စာလေးပါးတို့၌ဖြစ်သော ၁၂-ပါးသော အခြင်းအရာတို့ကို ထိုးတွင်း၍ သိသောဉာဏ် ဖြစ်၏။

၂။ ဒေသနာဉာဏ်ဟူသည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ နေတော်မူစဉ် ၁၂-ပါးသော အခြင်းအရာ ရှိသော သစ္စာလေးပါး ဟောကြားခြင်းကို ဖြစ်စေသောဉာဏ် ဖြစ်၏။

[ဤကား ဘုရားရှင်၏ဉာဏ်တော် အကျဉ်းနှစ်ပါးတည်း။]

ဤဒေသနာကို ဟောခြင်းသည် ဉာဏ်စက်ဝန်းကို လှည့်သည် မည်၏။ နတ်ဗြဟ္မာ ၁၈-ကုဋေနှင့် တကွ အရှင် ကောဏ္ဍည သောတာဝန်တည်အောင် ဟောခြင်းသည် ဉာဏ်တော်စက်ဝန်း လှည့်ဆဲ၊ သောတာပန် တည်ပြီးသောအခါ လှည့်ပြီး မည်၏။

ဤ၌ ဣသိပတန ဟူသည်ကား-ဘုရား၊ ပစ္စေကဗုဒ္ဓါတို့သည် ဣသိမည်ကုန်၏။ ဣသိတို့၏ သက်ရာ၊ တက်ရာ အရပ်ဖြစ်၍ “ဣသိ+ ပတန” မည်၏။ မိဂဒါဝုန်ဟူသည်ကား-မိဂ-သားသမင် တို့အား + ဒါယ-ဘေးမဲ့ပေးရာ အရပ်ဖြစ်၍“မိဂ+ဒါယ” မည်၏။ မိဂဒါဝုန်ဟု မြန်မာပြန် ဆိုကြသည်။ ဣသိပတန အမည်ရသော မိဂဒါဝုန်တော-ဟု ဆိုလိုသည်။ ဤတော၌ ဘုရားရှင်တိုင်း ဓမ္မစကြာ ဟောခြင်းငှာ ကောင်းကင်မှ သက်ဆင်း၍ နေထိုင်ကုန်၏။

ပစ္စေကဗုဒ္ဓါတို့သည်လည်း နန္ဒမူလိုဏ်မှ ကောင်းကင် ခရီးဖြင့်ကြွလာ၍ ဤတောအုပ်၌ သက်ဆင်း၍ စည်းဝေးကုန်၏။ ဂန္ဓမာဒနတောင်သို့ ပြန်ကြွလိုသောအခါ ဤတောအုပ်မှ ကောင်းကင်သို့ ပျံတက် ကုန်၏။ တနည်း-ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါတို့သည် နိရောဓ သမာပတ်မှ ထပြီးသော အခါ ကောင်းကင်ခရီးဖြင့် ကြွလာ၍ ဤတောအုပ်၌ သက်ဆင်း၍ ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံ ဝင်ကုန်၏။ ဆွမ်းကိစ္စ ပြီးသောအခါလည်း ဤတောအုပ်မှသာလျှင် ကောင်းကင်သို့ပျံတက်၍ ကြွကုန်၏။

အတ္ထုပ္ပတ်ကျဉ်း

ဤဓမ္မစကြာသုတ်ကို ဘုရားရှင်တို့သည် တရားဦးအဖြစ်ဖြင့် ဟောကြားကုန်၏။ ငါတို့ဘုရား ကြွလာ၍ ဟောကြားပုံ အမြွက်ကို ဆိုဦးအံ့။ ဘုရားလောင်းသည် ဝေဿန္တရာဘဝမှ တုသိတာ နတ်ပြည်သို့ရောက်၍ နှစ်ပေါင်း ၅၇၆-သန်းတို့ပတ်လုံး နတ်စည်းစိမ်ခံစား၍ စုတိ နိမိတ်ငါးပါး ထင်သောအခါ သောင်းလောကဓာတ်မှ နတ်ဗြဟ္မာအားလုံး စုရုံး၍ အရှင်သန္တုဿိတ နတ်သား. အရှင်အား ဘုရားဖြစ်ချိန် တန်ပါပြီ။ လူ့ပြည်၌ ဘုရားဖြစ်တော်မူပါ။ သတ္တဝါအပေါင်းကို သံသရာမှ ကယ်တင်တော်မူပါ-ဟု တောင်းပန်ကုန်၏။ ထိုအခါ ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုပြီးလျှင်–

၁။ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် နတ်ပြည်မှ ရွှေ့လျော၍ သာကီဝင် မင်းမျိုး မယ်တော်မာယာ မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေလေသည်။

၂။ ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်လေသည်။

(သံသရာနယ်ချဲ့သော လောကာယတ ဆရာတို့ကား ငါတို့ဘုရား ဖွားမြင်သောနေ့ကို ပြဿဒါးနေ့- ဟု ဆိုကုန်၏။)

၃။ မင်းသားစည်းစိမ် ၁၆-နှစ်၊ မင်းစည်းစိမ် ၁၃-နှစ် စံစား၍ သက်တော် ၂၉-နှစ် ရှိသောအခါ နိမိတ်ကြီး လေးပါးမြင်၍ ၉၇-ခု ဝါဆိုလပြည့် တနင်းလာနေ့တွင် မြင်းယာဉ်စီး၍ တောထွက် တော်မူလေသည်။

၄။ တော၌ အာဠာရရသေ့၊ ဥဒကရသေ့တို့ထံမှ ဈာန်တရားများ ရသော်လည်း ငါအလိုရှိသောတရား မဟုတ်သေးဟု ပယ်စွန့်၍ ပဉ္စဝဂ္ဂီငါးဦးတို့၏ အလုပ်အကျွေးခံလျက် ဒုက္ကရစရိယာ ၆-နှစ်ကျင့်စဉ် ပဉ္စဝဂ္ဂီတို့သည် ခြောက်နှစ် ရှိသောအခါ ဘုရားဖြစ်အံ့သော အကြောင်း မရှိပြီဟု ရှောင်တိမ်းကာ ဖဲခွာ၍သွားကုန်၏။ ထိုအခိုက်တွင် ဗောဓိမဏ္ဍိုင်သို့ကြွ၍ ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

၅။ ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့တွင် ဓမ္မစကြာ ဟောတော်မူလေသည်။

၆။ ထိုနောက် ၄၅-ဝါပတ်လုံး သတ္တဝါတို့အား တရား အမြိုက်ဆေး တိုက်ကျွေးကယ်တင်၍ ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံတော်မူလေသည်။

၇။ ကဆုန်လပြည့်ကျော် ၁၂-ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ်မီး အပူဇော် ခံယူတော်မူ လေသည်။

ထို့ကြောင့် ရှေးပညာရှိတို့သည်-

“ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး”ဟု အကျဉ်းဆောင်ပုဒ် ဆိုကုန်၏။

၁။ မ-ကြာသပတေးနေ့ သန္ဓေယူသည်။

၂။ သိ-သောကြာနေ့ ဖွားမြင်သည်။

၃။ ကြ-တနင်းလာနေ့ တောထွက်သည်။

၄။ လျှင်-ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်သည်။

၅။ တွေး-စနေနေ့ ဓမ္မစကြာတရားဦး ဟောသည်။

၆။ ဆ-အင်္ဂါနေ့ နိဗ္ဗာန်စံသည်။

၇။ ဦး-တနင်္ဂနွေနေ့ မီးပူဇော်ခံသည်။

ဤ၌ စုတိနိမိတ် ငါးပါးကား -

၁။ နတ်အဝတ် နွမ်းခြင်း၊

၂။ ဆင်မြန်းသော နတ်ပန်း ညှိုးခြင်း၊

၃။ ချိုင်းကြား ချွေးယိုခြင်း၊

၄။ နတ်အဆင်း ပျက်ခြင်း၊

၅။ နတ်ပြည်၌ မမွေ့လျော်ခြင်း၊

ဤငါးပါးတည်း။

ကြည့်ခြင်းကြီး ငါးပါးကား -

၁။ ကာလ - တသိန်းတမ်းနှင့် တရာတမ်း အတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း၊

၂။ ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း၊

၃။ ဒေသ - မဇ္ဈိမဒေသကို ကြည့်ခြင်း၊

၄။ ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့ အလေးပြုသော အမျိုးကို ကြည့်ခြင်း၊

၅။ ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း၊

ဤငါးပါးတည်း။

နိမိတ်ကြီး လေးပါးကား -

ဥယျာဉ်၌ သူအို၊ သူနာ၊သူသေ- ဟူသော နတ်တို့ဖန်ဆင်းပြသော နိမိတ်သုံးခုတို့ကို အစဉ် အတိုင်း မြင်၍ သံဝေဂဉာဏ် ဖြစ်၏။ စတုတ္ထအကြိမ် ရဟန်း နိမိတ်ကို မြင်သောအခါ ရဟန်းအဖြစ်သည် ကောင်း၏-ဟု အလိုဆန္ဒဖြစ်၏။ ထိုနေ့၌ပင် ဥယျာဉ်မှ မပြန်သေးမီ သားတော် ဖွားမြင်ကြောင်း သတင်းကြားရ၍ “ရာဟုလာတိ၊ ငါ့ကို လငပုပ်ဖမ်း၏”ဟု မြွက်ဆိုလိုက်၏။ ထိုနောက် ဤသား သံယောဇဉ်ကို ယနေ့ပင် ဖြတ်ပေအံ့ဟု ကြံစည်လေ၏။

ဗောဓိမဏ္ဍိုင် ဟူသည်ကား-

ဗောဓိ - သဗ္ဗညုတဉာဏ်၏၊

မဏ္ဍ - ကြည်ကြည်လင်လင်ဖြစ်ရာ ပလ္လင်တော်၊

ဗောဓိမဏ္ဍပုဒ်ရင်းမှ ဗောဓိမဏ္ဍိုင် ဖြစ်လာသည်။

တရားဟောကြွခြင်း

ဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်၍ ၄၉-ရက် လွန်ပြီးသောအခါ ဘုရားရှင်အား ဤသို့ အကြံဖြစ်၏။ သတ္တဝါတို့ကား စရိုက်ကြမ်းလှ၏။ တရားတော်ကား နူးညံ့လှ၏၊ ဟောကြားခြင်းငှာ မသင့်တော် လေစွတကား။ ဤသို့ အကြံ ဖြစ်သည်ကို သဟံပတိ ဗြဟ္မာကြီးသိ၍ နတ်ဗြဟ္မာအပေါင်းနှင့် တကူ လာ၍ တရားကို ဟောသာဟောတော်မူပါ-ဟု သုံးကြိမ် တိုင်အောင် တောင်းပန်၏။ တရားဟောရန် သင့်တော်သူကို ကြည့်ရှုလတ်သော်–

“အာဠာရ ရသေ့၊ ဥဒကရသေ့ တို့သည် ဉာဏ်ကြီးကုန်၏။ သို့ရာတွင် ကွယ်လွန်ကုန်ပြီ။ ကျေးဇူး များသော ပဉ္စဝဂ္ဂီတို့အား တရားဦးဟောပေအံ့”

ဟု ဗောဓိမဏ္ဍိုင်မှ ၁၈-ယူဇနာ ဝေးကွာသော ဗာရာဏသီသို့ ခြေဖြင့်ကြွသွား၏။ ဂယာသို့ မရောက်မီ ခရီးအကြား၌ ဥပကနှင့် တွေ့၏။ ထိုနောက် ဗာရာဏသီ ဣသိပတန မိဂဒါဝုန်၌ နေသော ပဉ္စဝဂ္ဂီတို့ထံ ရောက်တော်မူ၏။ ဤခရီးကို ရှေးဘုရားတို့ကား ကောင်းကင်ဖြင့် ကြွကုန်၏။ ငါတို့ ဘုရားရှင်ကား မဂ်၊ ဖိုလ် မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ခြေဖြင့်သာ ကြွသည်။ အချို့ကား ဗောဓိမဏ္ဍိုင်မှ ဂယာအထိ သုံးဂါဝုတ်မျှသာ ခြေဖြင့် ကြွသည်။ ဥပကနှင့် တွေ့ပြီးနောက် ကောင်းကင်ခရီးဖြင့် ကြွသည်-ဟူ၍လည်း ဆိုကုန်၏။

မယုံကြည်ကြခြင်း

ပဉ္စဝဂ္ဂီတို့သည် ဘုရားရှင် ကြွလာသည်ကို မြင်လတ်သော် ရှင်ကြီးဂေါတမသည် ငါတို့ထံ ကြွလာ၏။ ကမ္မဋ္ဌာန်းခွင်မှထွက်၍ လာဘ်ပေါများခြင်းငှာ လှည့်လည်၏။ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း စသည်ကို မပြုအပ်၊ အမျိုး မြတ်သူဖြစ်၍ ထိုင်လိုလျှင် ထိုင်စရာနေရာမျှသာ ခင်းအပ်၏-ဟု ကတိကဝတ် ပြုကုန်၏။

အနီးသို့ ရောက်သောအခါ ကတိကဝတ်၌ မထည်နိုင်ကုန်။ ငါးဦးလုံးထ၍ ခရီးဦးကြိုဆိုကြပြီးလျှင် တဦးက သပိတ်သင်္ကန်း လှမ်းယူ၏။ တဦးက နေရာ ခင်း၏။ ခြေဆေးရေ တဦး၊ ခြေဆေး အင်းပျဉ် တဦး၊ ခြေပွတ်အိုးခြမ်း တဦး ယူလာကြ၍ ခြေဆေးပေးကြ၏။ ဆုပ်နယ်ပေးကြ၏။ သို့ရာတွင် ဘုရားရှင်ကို “ငါ့ရှင်”ဟူ၍၎င်း၊ အမည်ဖြင့် “ရဟန်းဂေါတမ”ဟူ၍၎င်း ခေါ်ဝေါ်ကုန်၏။

ချစ်သားတို့ ငါဘုရားကို ဤသို့မခေါ်ဝေါ်ကြနှင့်၊ ယခု ငါသည် ဘုရား ဖြစ်ပြီ။ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန် ရစေနိုင်သောတရားကို ဟောကြားအံ့။ နာကြားကြလော့-ဟု မိန့်ဆိုတော်မူ၏။ ငါ့ရှင် ဂေါတမ ... သင်သည် ဒုက္ကရစရိယာ အကျင့်ဖြင့်သော်မှလည်း ဘုရားမဖြစ်၊ ယခု ကမ္မဋ္ဌာန်းခွင်မှ ထွက်ခွာ၍ လာဘ်ပေါများခြင်းငှာ လှည့်လည်ခြင်းဖြင့် အဘယ်မှာ ဘုရားဖြစ်နိုင်အံ့နည်း-ဟု ဆိုကုန်၏။ ငါသည် ကမ္မဋ္ဌာန်း ခွင်မှ ထွက်ခွာသည် မဟုတ်။ ယခု ဘုရားဖြစ်ပြီ-ဟု သုံးကြိမ်တိုင် ပြောကြားသော်လည်း မယုံကြည်နိုင်ကြကုန်။

ယုံကြည်ခြင်း

ချစ်သားတို့ ... ငါသည် ရှေးအခါက ဤသို့ ဘုရားဖြစ်ပြီ-ဟု ပြောကြားဘူးသလော-ဟု မိန့်လတ် သော် မပြောကြားစဘူးပါ-ဟု လျှောက်ကုန်၏။ ယခုကား ငါ ဘုရားဖြစ်ပြီ။ အမြိုက်နိဗ္ဗာန်တရားကို ဟောကြားမည်။ နာကြားကြဟု မိန့်ဆို၏။ ထိုအခါမှ ယုံကြည်၍ ရိုသေစွာ တရားနာကြကုန်၏။

“ဒွေ မေ ဘိက္ခဝေ အန္တာ”ဟု အစချီ၍ ဟောလတ်သော် ဘုရားရှင်၏ အာနုဘော်အားဖြင့် အောက်ကို အဝီစိ၊ အထက် ဘဝဂ်တိုင်အောငံ သောင်းလောကဓာတ် အသံတော် နှံ့၍တည်၏။ နတ်ဗြဟ္မာတို့လည်း ၁၈-ကုဋေ တရားနာ ရောက်လာကြကုန်၏။ အနောက်၌ နေဝင်၍ အရှေ့၌ အာသဠီနက္ခတ်နှင့်ယှဉ်လျက် လပြည့်ဝန်း ပေါ်ထွက်လာ၏။ ဤအချိန်တွင် ဤဓမ္မစကြာသုတ်ကို ဟောတော်မူလေသည်။

၁။ ဓမ္မစကြာသုတ်အဆုံး၌ နတ်ဗြဟ္မာ ၁၈-ကုဋေနှင့်တကွ အရှင်ကောဏ္ဍည သောတာပန် တည်သည်။

၂။ ဝါဆိုလပြည့်ကျော်တရက်၌ ရှင်ဝပ္ပ၊

၃။ နှစ်ရက်၌ ရှင်ဘဒ္ဒိယ၊

၄။ သုံးရက်၌ ရှင်မဟာနာမ်၊

၅။ လေးရက်၌ ရှင်အဿဇိ သောတာပန်တည်သည်။

၆။ ငါးရက်နေ့၌ အနတ္တလက္ခဏသုတ်ဟောသဖြင့် ငါးပါး လုံး ရဟန္တာဖြစ်ကြသည်း

[ဤဓမ္မစကြာသုတ်ကို နောင်အခါ သင်္ဂါယနာတင်သော မထေရ်မြတ်တို့သည် ဝိနည်းမဟာဝါ ပါဠိတော် ၁-မဟာခန္ဓက၊ ပဌမဘာဏဝါရ၌၎င်း၊ မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁၂-သစ္စသံယုတ်၊ ၂-ဓမ္မစက္ကပဝတ္တနဝဂ်၌ ပဌမသုတ် အဖြစ်ဖြင့်၎င်း သင်္ဂါယနာတင်ကုန်၏။]

ဤကား အမြွက်တည်း။

ဥယျောဇဉ်

ယခုဆိုပြီးသော ဓမ္မစကြာ ဒေသနာသည် ဘုရားရှင် အနန္တတို့၏ တရားဦး ဖြစ်၏။

အဘိဓမ္မာ ခုနစ်ကျမ်း၏ သည်းခြေ ဖြစ်၏။

ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်၏ မိခင်ပမာ မာတိကာ ဖြစ်၏။

လေးဆဲ့ငါးဝါပတ်လုံး ဟောသမျှသည် သစ္စာလေးပါးမှ လွတ်သည် မရှိ၊

နတ်ဗြဟ္မာတို့ ရှေ၊ဦးစွာ မြိန်မြိန်ရှက်ရှက် ခံစားရသော ကန္နားဦးတရား ဖြစ်၏။ နှုတ်ဖတ်သံ ကြားတိုင်း နတ်ဘို့နား၌ မရိုး၊ ဝမ်းမြောက်စွာ မြတ်နိုးကုန်၏။ (နတ်လိုမှ ဂြိုဟ်မသည်ကို သိသူ များပြီ။)

တနင်္ဂနွေစသော အခါခုနစ်နေ့တို့တွင် စနေနေ့ကို မြေတုန်အောင် ထင်ရှားစေ၏။ စနေနေ့ကို ရိုသေစွာ အလေးပြုသူတို့ အားကောင်းကျိုး များစေ၏။

လောက၊ ဓမ္မ နှစ်ဌာန၌ လိုအပ်သော ကောင်းကျိုး တိုးစေသော ဓမ္မစကြာသည် အလွန်ရခဲ၏။

ဘုရားရှင်တဆူပွင့်မှ တကြိမ်သာပေါ်လာ၏။

ထို့ကြောင့် ဤဓမ္မစကြာကို အဘယ်သို့သောသူ မရွတ်ဖတ်ချင်ဘဲ ရှိအံ့နည်း။ နေ့စဉ် ရွတ်ဖတ်ချင်မည် သာတည်း။

[အလွတ်မရသေးမီ ညဉ့်၊ နံနက် တချိန်ချိန် ဘုရားရှိခိုးရာ၌သော်လည်း စာအုပ်၌ ကျကျနန ကြည့်ရှုလျက် နိုင်သမျှပိုင်း၍ ပိုင်း၍ နှုတ်ဖတ်ရာ၏။ ဤကား အကျိုးများလှ၍ တိုက်တွန်းရခြင်း တည်း။]

နိဒါန်း ပြီး၏။

ဆရာတော် ဦးဗုဓ်၏ ဓမ္မစကြာ အမွှန်း

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊

ဣသိပတန နာမကေ။

မိဂဒါယေ ဓမ္မဝရံ၊

ယံ တံ နိဗ္ဗာနပါပကံ။

(ခ) သဟံပတိ နာမကေန၊

မဟာဗြဟ္မေန ယာစိတော။

စတုသစ္စံ ပကာသေန္တော၊

လောကနာထော အဒေသယိ။

(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊

သဗ္ဗသမ္ပတ္တိ သာဓကံ။

သဗ္ဗလောကဟိတတ္ထာယ၊

ဓမ္မစက္ကံ ဘဏာမ ဟေ။

(က-ခ) စတုသစ္စံ၊ သစ္စာလေးပါးကို။

ပကာသေန္တော၊ ပြတော်မူသော။

လောကနာထော၊ လူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။

သဟံပတိနာမကေန၊ သဟံပတိအမည်ရှိသော။

မဟာဗြဟ္မေန၊ မြတ်သော ဗြဟ္မာမင်းသည်။

ယာစိတော၊ တရားဟောစိမ့်သောငှါ တောင်းပန်အပ်သည်ဖြစ်၍။

(နောက်၌ အဒေသယိနှင့် စပ်လတ္တံ့။)

ဣသိပတန နာမကေ၊ ဘုရား ပစ္စေကဗုဒ္ဓါ, အရိယာတို့၏ ကောင်းကင်မှ သက်ရာ ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော။

မိဂဒါယေ၊ သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံသည့် တောရဂုံ၌။

ပဉ္စဝဂ္ဂီနံ၊ ငါးယောက်အစု ရှိခြင်းကြောင့် ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော။

ဘိက္ခူနံ၊ ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ ရဟန်းတို့အား။

နိဗ္ဗာနပါပကံ၊ နိဗ္ဗာန်သို့ရောက်စေတတ်သော။

ဓမ္မဝရံ၊ မြတ်သောတရားဖြစ်သော။

ယံဓမ္မစက္ကံ၊ အကြင် ဓမ္မစကြာ ဒေသနာတော်ကို။

အဒေသယိ၊ ဟောတော်မူပြီ။

(နောက်၌ တံဓမ္မစက္ကံနှင့် စပ်လတ္တံ့။)

(ဂ) သဗ္ဗဒေဝေဟိ၊ ခပ်သိမ်းကုန်သော သမ္မုတိနတ်, ဥပပတ္တိနတ်, ဝိသုဒ္ဓိနတ် တို့သည်။

ဝါ၊ ခပ်သိမ်းကုန်သော နတ်, ဗြဟ္မာတို့သည်။

နန္ဒိတံ၊ နှစ်လိုအပ်သော။

သဗ္ဗသမ္ပတ္တိ သာဓကံ၊ ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုပ္ပန် သံသရာ စည်းစိမ်ကို ပြီးစေတတ်သော။

တံဓမ္မစက္ကံ၊ ထိုဓမ္မစကြာ ဒေသနာတော်ကို။

သဗ္ဗလောကဟိတတ္ထာယ၊ ခပ်သိမ်းသော လောက၏ အစီးအပွားအကျိုးငှါ။

ဟေ၊ အို-အရှင် သူတော်ကောင်းတို့။

မယံ၊ ငါတို့သည်။

ဘဏာမ၊ ရွတ်ကြကုန်အံ့။

မှတ်ချက်

ဤသို့သောအမွှန်းမျိုးကို အချိန်ကုန်ကျိုးမနပ် ဟု သုတမယဉာဏ် ရင့်သန်သူတို့ အသုံးပြုခြင်း နည်းပါး၏။ ဉာဏ်နုသူတို့အတွက်ကား ရွှင်လန်းထက်သန်ခြင်းကို ဖြစ်စေနိုင်၏။ ခွဲခြမ်းနိုင်စေလော့။

ဆရာတော်ဦးဗုဓ်၏ ဓမ္မစကြာအမွှန်း ပြီး၏။

(၁) ဓမ္မစကြာသုတ် ပါဠိတော်ပါဌ်

နမောတဿ ဘဂဝတော အနုဟတော သမ္မာသမ္ဗုဒ္ဓဿ

အတွင်းနိဒါန်း

၁။ ဧဝံ မေ သုတံ -

ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။

တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

မမှီဝဲအပ်သောအဖို့အစုနှစ်ပါး

၂။ ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။

ကတမေ ဒွေ -

ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော (၁)။

ယော စာယံ အတ္ထကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော (၂)။

ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ

၃။ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

မဇ္ဈိမပဋိပဒါသရုပ်

၄။ ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။

သေယျထိဒံ -

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ (၂)၊

သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ (၃)၊

သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ (၃)။

အယံ ခေါသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ဒုက္ခသစ္စာ

၅။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

သမုဒယသစ္စာ

၆။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။

ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြာတတြာဘိနန္ဒိနီ၊

သေယျထိဒံ -

ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

နိရောဓသစ္စာ

၇။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။

ယော တဿာ ယေ ဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

မဂ္ဂသစ္စာ

၈။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ။

ဒုက္ခ၌ သစ္စဉာဏ်

၉။“ဣဒံ ဒုက္ခံ အရိယသစ္စ”န္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

(ဥဒ+ပါဒိ ဟု မဖတ်နှင့်၊ ဥ+ဒပါဒိ ဟုဖတ်)

ဒုက္ခ၌ ကိစ္စဉာဏ်

၁၀။“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

ဒုက္ခ၌ ကတဉာဏ်

၁၁။“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

သမုဒယ၌ သစ္စဉာဏ်

၁၂။“ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

သမုဒယ၌ ကိစ္စဉာဏ်

၁၃။“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

သမုဒယ၌ ကတဉာဏ်

၁၄။“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

နိရောဓ၌ သစ္စဉာဏ်

၁၅။“ဣဒံ ဒုက္ခ နိရောဓံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

နိရောဓ၌ ကိစ္စဉာဏ်

၁၆။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

နိရောဓ၌ ကတဉာဏ်

၁၇။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသုဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မဂ္ဂ၌ သစ္စဉာဏ်

၁၈။“ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မဂ္ဂ၌ ကိစ္စဉာဏ်

၁၉။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မဂ္ဂ၌ ကတဉာဏ်

၂၀။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မသိမီ ဝန်မခံခြင်း

၂၁။ ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။

နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ- ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။

(ပစ်စင်ဉာသိံ ဟုဖတ်၊ ပြစ်စင်ဉာသိံ ဟု မဖတ်နှင့်။)

သိမှ ဝန်ခံခြင်း

၂၂။ ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။

အထာဟံ ဘိက္ခေ၀ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ- ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။

ပစ္စဝေက္ခဏာဉာဏ်

၂၃။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ "အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ" တိ။

ပဉ္စဝဂ္ဂီတို့ ဝမ်းမြောက်ခြင်း

၂၄။ ဣဒမဝေါစ ဘဂဝါ၊

အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

အရှင်ကောဏ္ဍညရဟန်း သောတာပန်တည်ခြင်း

၂၅။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ "ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မ"န္တိ။

ဘုမ္မစိုးနတ်တို့ ကြွေးကြော်ခြင်း

၂၆။ ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ" တိ။

အထက်နတ်တို့ ကြွေးကြော်ခြင်း

၂၇။ ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။

စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

မြေလှုပ်ခြင်း

၂၈။ ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။ အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။ အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

ဘုရားရှင် ဥဒါန်းကျူးခြင်း

၂၉။ အထခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ "အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော"တိ။

ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ အညာသိကောဏ္ဍညောတွေဝ နာမံ အဟောသိ။

ရဟန်းအဖြစ် တောင်းခြင်း

၃၀။ အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ -

"လဘေယျာဟံ ဘန္တေ ဘဂဝတောသန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယံ ဥပသမ္ပဒန္တိ။"

ဧဟိဘိက္ခု ခေါ်ခြင်း

၃၁။ "ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

ဓမ္မစကြာသုတ်ပါဠိတော်ပါဌ် ပြီး၏။

ဓမ္မစကြာသုတ် ပါဠိတော်နိဿယ

အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။

သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော။

တဿ ဘဂဝတော၊ ထိုဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရားအား။

နမော၊ ရိုသေ ညွှတ်ကျိုး ရှိခိုးပါ၏ဘုရား။

အတွင်းနိဒါန်း

၁။ ဘန္တေ ကဿ၊ အို-အရှင်မဟာကဿပ။

ဣဒံ သုတ္တံ၊ ဤ ဓမ္မစက္ကပ္ပဝတ္တန သုတ်ကို။

မေ-မယာ အာနန္ဒေန၊ အကျွန်ုပ် အာနန္ဒာသည်။

ဘဂဝတော၊ မြတ်စွာဘုရား၏။

သံမုခါ၊ မျက်မှောက်တော်မှ၊

ဧဝံ၊ ဤသို့။

သုတံ၊ ကြားလိုက်ရ၏။

ဧကံ၊ တပါးသော။

သမယံ၊ အခါ၌။

ဘဝဝါ၊ မြတ်စွာဘုရားသည်။

ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။

ဣသိပတနေ၊ ဣသိပတနအမည်ရှိသော။

မိဂဒါယေ၊ မိဂဒါဝုန်တော၌။

ဝိဟရတိ၊ နေတော်မူ၏။

တတြခေါ၊ ထိုသို့နေတော်မူသော အခါ၌။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

ပဉ္စဝဂ္ဂိယေ၊ ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော။

ဘိက္ခူ၊ ရဟန်းတို့ကို။

အာမန္တေသိ၊ မိန့်တော်မူ၏။

(ရဟန္တာငါးရာ ပဌမ သင်္ဂါယနာ တင်သောအခါ ဤ ဓမ္မစကြာသုတ်ကို အဘယ်အရပ်၌ ဘုရား ဟောသနည်း- စသည်ဖြင့် မေးခွန်းများစွာ ရှင်မဟာကဿပ မေး၍ ရှင်အာနန္ဒာသည် မေးတိုင်း ဖြေ၏။ ဖြေဆိုပြီးသောအခါ ရဟန္တာ ငါးရာလုံး ညှိ၍ ဤသုတ်ကို ရွတ်ဆိုကြ၏။ ထို့ကြောင့် ရှေး ဦးစွာ “ဘန္တေကဿပ”ဟု အနွယ်အားဖြင့် အာလုပ်ပုဒ် ထည့်သည်။ ဘန္တေပိပ္ပလိ-ဟု အမည်၎င်း အာလုပ်မထည့် သင့်-ဟူလို၊)

ဤသုတ်ဟောစဉ် ရှင်အာနန္တာ တရားနာ မပါသော်လည်း အလုပ်အကျွေးရာထူး လက်ခံသောအခါ တောင်းဆုရှစ်ပါးတွင်“မျက်ကွယ်ဟောသော တရားများ ပြန်ဟောပြတော်မူပါ။ အလုပ်အကျွေး ဖြစ်လျက် ဤမည်သောသုတ်ကို အဘယ်၌ ဟောသည် မသိ-ဟူ၍ မဖြစ်လိုပါ”ဟူသော ဆုတခု ပါသည်။ ထို့ကြောင့် ဘုရားရှင်၏ မျက်မှောက်တော်၌ ရှင်အာနန္ဒာ တိုက်ရိုက်မကြားရခြင်းကို သိသာ၏၊ မထေကြီး-ရှင်မဟာကဿပ အထံ၌ “မေမယာ အာနန္ဒတ္ထေရေန”“အကျွန်ုပ် အာနန္ဒာ မထေရ်သည်”ဟု မိမိကိုယ်ကို ထေရသဒ္ဒါဖြင့် မဖြည့်စွက်အပ်၊ ထို့ကြောင့် “မေမယာ အာနန္ဒေန-အကျွန်ုပ် အာနန္ဒာသည်” ဟူ၍မျှ ဆို၏။ ဤနေရာမျိုး၌ ထေရသဒ္ဒါ ဖြည့်စွက်ဆိုလျှင် ကြီးသည် ငယ်သည် ဟု အမှတ် မထား။ အတန်းအစား မသိတတ်ရာ ကျနိုင်သည်။

ပဉ္စဝဂ္ဂီတို့သည် ဝိနည်းအရ ဘိက္ခု မဖြစ်ကြသေး။

ဘယံ ဣက္ခတီတိ ဘိက္ခု။

ဘယံ၊ သံသရာဘေးကို။

ဣက္ခတိ၊ ရှုတတ်၏။

ဣတိ၊ ထို့ကြောင့်။

ဘိက္ခု၊ ဘိက္ခု မည်၏။

ဤအလိုဖြင့် သံသရာဘေးကို ရှုသူတိုင်း ဘိက္ခု မည်၏၊ ပဗ္ဗဇိတတို့လည်း မည်ကုန်၏။ လူတို့ သံယောဇဉ်ကို ဖြတ်၍ ရှောင်ကြဉ်ခြင်းသို့ ရောက်သူသည် ပဗ္ဗဇိတ မည်၏။ သုတ္တန်နည်းဖြင့် ဘိက္ခု ဖြစ်ကုန်ပြီ။ ထို့ကြောင့် “ပဉ္စဝဂ္ဂိယေ ဘိက္ခူ”ဟု အဆိုပြုသည်။

မမှီဝဲအပ်သောအဖို့ အစု နှစ်ပါး

၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်။

ဒွေ၊ နှစ်ပါးကုန်သော။

ဣမေအန္တာ၊ ဤအဖို့အစုတို့ကို။

(အယုတ်တရားတို့ကိုဟု အဓိပ္ပါယ် အားလျော်စွာ ပေးခြင်းလည်း သင့်၏။)

နသေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။

ဒွေ၊ နှစ်ပါးတို့သည်။

ကတမေ၊ အဘယ်သည်တို့နည်း။

ကာမေသု၊ ရူပါရုံစသော ဝတ္ထုကာမတို့၌

ကာမသုခလ္လိကာနုယောဂေါ၊ ကိလေသာ ကာမ ချမ်းသာကို ကပ်ငြိ၍ အဖန်ဖန် အားထုတ်ခြင်း ဟုဆိုအပ်သော။

ယောစာယံ၊ အကြင် အဖို့အစုသည်လည်း။

ဟီနော၊ ယုတ်ညံ့၏။

ဂမ္မော၊ ရွာသူတို့၏ဥစ္စာဖြစ်၏။

ပေါထုဇ္ဇနိကော၊ ပုထုဇ္ဇန်တို့၏ အလေ့အကျက် ဖြစ်၏။

အနရိယော၊ အရိယာတို့၏ ဥစ္စာမဟုတ်။

အနတ္ထသံဟိတော၊ အကျိုးစီးပွားနှင့်မစပ်။ (၁)

အတ္တကိလမထာနုယောဂေါ၊ မိမိကိုယ် ပင်ပန်းခြင်းကို အဖန်ဖန် အားထုတ်ခြင်း ဟုဆိုအပ်သော။

ယောစာယံ၊ အကြင် အဖို့အစုသည်လည်း။

ဒုက္ခော၊ ကိုယ် ဆင်းရဲ၏။

အနရိယော၊ အရိယာမဟုတ်သော တိတ္တိတို့၏ အကျင့်ဖြစ်၏။

အနတ္ထသံဟိတော၊ အကျိုးစီးပွားနှင့် မစပ်။ (၂)

ဣမေဒွေ၊ ဤနှစ်ပါးတို့တည်း။

(ကာမဂုဏ် ခံစားခြင်းသည်၎င်း၊ ဆူးငြောင့်ပေါ်၌ မှီခြင်း၊ အိပ်ခြင်းစသော ကိုယ်ပင်ပန်းကြောင်း အကျင့်သည်၎င်း၊ ရဟန်းတို့ မမှီဝဲအပ်သော အဖို့အစုနှစ်ခု ဖြစ်၏။ ဤ၌ အန္တသဒ္ဒါသည် အဖို့အစု ဟောသော ကောဋ္ဌာသအနက် ဘာဂအနက်၌ ဖြစ်သည်ဟု ဖွင့်သည်။ အယုတ်တရားဟု မဖွင့်။ အဓိပ္ပာယ်ကား သင့်ပေ၏။)

ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ

၃။ ဘိက္ခဝေ၊ ရဟန်းတို့။

ဧတေခေါ ဥဘောအန္တေ၊ ဤနှစ်ပါးသော အဖို့အစုတို့ကို။

အနုပဂမ္မ၊ မကပ်မူ၍။

မဇ္ဈိမာ၊ အလယ်အလတ် ဖြစ်သော။

ပဋိပဒါ၊ အကျင့်ကို။

တထာဂတေန၊ မြတ်စွာဘုရားသည်။

အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်၏။

သာ၊ မဇ္ဈိမပဋိပဒါသည်။

စက္ခုကရဏီ၊ သစ္စာလေးပါးကို မြင်သော ပညာမျက်စိကို ပြုတတ်၏။

ဉာဏကရဏီ၊ သစ္စာလေးပါးကို သိသောဉာဏ်ကို ပြုတတ်၏။

ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းငှါ။

ဝါ၊ သဥပါဒိသေသနိဗ္ဗာန်အကျိုးငှာ။

အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ။

သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။

နိဗ္ဗာနာယ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ။

ဝါ၊ အနုပါဒိသေသနိဗ္ဗာန်အကျိုးငှာ။

သံဝတ္တတိ၊ ဖြစ်၏။

မဇ္ဈိမပဋိပဒါသရုပ်

၄။ ဘိက္ခဝေ၊ ရဟန်းတို့။

တထာဂတေန၊ မြတ်စွာဘုရားသည်။

အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်သော။

စက္ခုကရဏီ၊ သစ္စာလေးပါးကို မြင်သော ပညာမျက်စိကို ပြုတတ်သော။

ဉာဏကရဏီ၊ သစ္စာလေးပါးကို သိသောဉာဏ်ကို ပြုတတ်သော။

ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းငှါ။

အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ။

သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။

နိဗ္ဗာနာယ၊ အနုပါဒိသေသနိဗ္ဗာန် အကျိုးငှါ။

သံဝတ္တတိ၊ ဖြစ်၏-ဟု ဆိုအပ်သော။

သာ မဇ္ဈိမပဋိပဒါ၊ ထိုမဇ္ဈိမပဋိပဒါသည်။

ကတမာ၊ အဘယ်နည်း။

အရိယော၊ မြတ်သော။

အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။

အယမေဝ မဂ္ဂေါ၊ ဤမဂ်သည်သာလျှင်တည်း။

သေယျထိဒံ၊ အင်္ဂါ ရှစ်ပါးကား။

သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်း။

သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာကြံခြင်း။

(ဤကား အဓိပညာမဂ္ဂင် နှစ်ပါးတည်း။)

သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း၊

သမ္မာကမ္မန္တော၊ ကောင်းစွာပြုခြင်း။

သမ္မာအာဇီဝေါ၊ ကောင်းစွာ အသက်မွေးခြင်း။

(ဤကား အဓိသီလမဂ္ဂင် သုံးပါးတည်း။)

သမ္မာဝါယာမော၊ ကောင်းစွာအားထုတ်ခြင်း။

သမ္မာသတိ၊ ကောင်းစွာ အောက်မေ့ခြင်း။

သမ္မာသမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း။

(ဤကား အဓိစိတ္တမဂ္ဂင် သုံးပါးတည်း။)

ဣတိ၊ ဤရှစ်ပါးတည်း။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

အယံခေါ သာ မဇ္ဈိမာပဋိပဒါ၊ ဤမဇ္ဈိမာပဋိပဒါကို။

တထာဂတေန၊ မြတ်စွာဘုရားသည်။

အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်၏။

သာ၊ ထိုမဇ္ဈိမပဋိပဒါသည်။

ဉာဏကရဏီ၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်၏။

ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းငှါ။

အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့်သိခြင်းငှါ။

သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။

နိဗ္ဗာနာယ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ။

သံဝတ္တတိ၊ ဖြစ်၏။

[ကာမသုခလ္လိကအကျင့်သည် ဟီနဖြစ်၏။ လျော့လွန်းသည်။

အတ္တကိလမထအကျင့်သည် ကိုယ်ဒုက္ခ ဖြစ်၏။ တင်းလွန်းသည်။

နှစ်ခုလုံး နိဗ္ဗာန်ရောက်ကြောင်းလမ်း မဟုတ်၊

လမ်းသို့မရောက် တခု။ လမ်းကိုလွန် တခု၊

ဤမဂ္ဂင်ရှစ်ပါးကား မလျော့လွန်း မတင်းလွန်း လမ်းကျ၏။

အလယ်အလတ်၌ ဖြစ်သည်။ ထို့ကြောင့် မဇ္ဈိမပဋိပဒါ မည်သည်။]

ဒုက္ခသစ္စာ

၅။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံခေါပန၊ ဤ ဆိုလတ္တံ့သည်ကား။

ဒုက္ခံ၊ ဒုက္ခဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

ဇာတိပိ၊ ပဋိသန္ဓေ နေရခြင်းသည်လည်း။

ဒုက္ခာ၊ ဆင်းရဲ၏။

ဇရာပိ၊ အိုရခြင်းသည်လည်း။

ဒုက္ခော၊ ဆင်းရဲ၏။

ဗျာဓိပိ၊ နာရခြင်းသည်လည်း။

ဒုက္ခော၊ ဆင်းရဲ၏။

မရဏံပိ၊ သေရခြင်းသည်လည်း။

ဒုက္ခံ၊ ဆင်းရဲ၏။

အပ္ပိယေဟိ၊ မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရ တို့နှင့်။

သမ္ပယောဂေါ၊ အတူယှဉ်တွဲ၍ နေရခြင်းသည်း။

ဒုက္ခော၊ ဆင်းရဲ၏။

ပိယေဟိ၊ နှစ်သက်အပ်သော သတ္တဝါ (ဝါ) သင်္ခါရတို့နှင့်။

ဝိပ္ပယောဂေ၊ ကွေကွင်းရခြင်းသည်။

ဒုက္ခော၊ ဆင်းရဲ၏။

ယံပိစ္ဆံ၊ အကြင် တောင့်တခြင်းကို။

နလဘတိ၊ မရ။

တံပိ၊ ထိုတောင့်တခြင်းကို မရခြင်းသည်လည်း။

(ဝါ၊ ထိုမရစကောင်းကို တောင့်တခြင်းသည်လည်း၊)

ဒုက္ခံ၊ ဆင်းရဲ၏။

သံခိတ္တေန၊ အကျဉ်းအားဖြင့်။

ပဉ္စ၊ ငါးပါးကုန်သော။

ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။

ဒုက္ခာ၊ ဆင်းရဲကုန်၏။

ဣဒံ၊ ဤဇာတိစသော တရားသည်။

ဒုက္ခံ၊ ဒုက္ခဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

(အရိယ + သစ္စာ ဟူသည် – အရိယာတို့ + သိအပ်သော သစ္စာ ဖြစ်၏။

ဝါ၊ အရိယာ ဖြစ်အောင် + ပြုတတ်သော သစ္စာ ဖြစ်၏။

ဝါ၊ မဖောက်မပြန် + မှန်ကန်သော သစ္စာ ဖြစ်၏။

ဤသစ္စာကိုသိလျှင် အရိယာဖြစ်၏။ အပါယ်တံခါး ပိတ်၏။)

သမုဒယသစ္စာ

၆။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။

ဒုက္ခသမုဒယံ၊ ဒုက္ခ၏ အကြောင်းဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

ယာယံတဏှာ၊ အကြင်တဏှာသည်။

ပေါနောဗ္ဘဝိကာ၊ တဖန် ဘဝသစ်ကို ပြုလေ့ရှိ၏။

နန္ဒီရာဂ သဟဂတာ၊ နှစ်သက်ခြင်း တပ်ခြင်းနှင့် တကွဖြစ်၏။

တတြတတြ၊ ထိုထိုအတ္တဘောဖြစ်ရာ ထိုထို ဘဝ၌။

အဘိနန္ဒိနီ၊ လွန်စွာနှစ်သက်တတ်၏။

ဣဒံ- အယံ တဏှာ၊ ဤတဏှာသည်။

သေယျထာ-ကတမာ၊ အဘယ်နည်း။

ကာမတဏှာ၊ ကာမအာရုံ၌ တပ်တတ်သော တဏှာ၎င်း။

ဘဝတဏှာ၊ ရူပဘ၀ အရူပဘဝ၌ တပ်တတ်သော တဏှာ၎င်း။

ဝါ၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ၎င်း။

ဝိဘဝတဏှာ၊ ဥစ္ဆေဒ ဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာ၎င်း။

ဣတိ၊ ဤသုံးပါးတည်း။

ဣဒံ၊ ဤတဏှာသည်။

ဒုက္ခသမုဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

နိရောဓသစ္စာ

၇။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။

ဒုက္ခနိရောဓံ၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

တဿာယေဝ တဏှာယ၊ ထိုဘဏှာသုံးပါး၏သာလျှင်။

ယော အသေသ- ဝိရာဂ- နိရောဓော၊ အကြင်အကြွင်းမဲ့ ကင်းချုပ်ရာ နိဗ္ဗာန်သည်။

ယောစာဂေါ၊ အကြင်စွန့်ရာ နိဗ္ဗာန်သည်။

ယောပဋိနိဿဂ္ဂေါ၊ အကြင် လွတ်လွတ်စွန့်ရာ နိဗ္ဗာန်သည်။

ယာမုတ္တိ၊ အကြင် လှုတ်ရာ နိဗ္ဗာန်သည်။

ယောအနာလယော၊ အကြငါ ကပ်ငြိခြင်းကင်းရာ နိဗ္ဗာန်သည်။

အတ္ထိ၊ ရှိ၏၊

ဣဒံ၊ ဤနိဗ္ဗာန်သည်။

ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

မဂ္ဂသစ္စာ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။

ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါ၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

အရိယော၊မြတ်သော။

အယမေဝ မဂ္ဂေါ၊ ဤမဂ်သည်သာလျှင်။

အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါး ရှိ၏။

သေယျထိဒံ၊ အင်္ဂါရှစ်ပါးကား။

သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်း။

သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာကြံခြင်း။(နှစ်ပါး)။

သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း။

သမ္မာကမ္မန္တော၊ ကောင်းစ္စာပြုခြင်း။

သမ္မာအာဇီဝေ၊ ကောင်းစွာ အသက်မွေးခြင်း။ (သုံးပါး)၊

သမ္မာဝါယာမော၊ ကောင်းစွာအားထုတ်ခြင်း။

သမ္မာသတိ၊ ကောင်းစွာ အောက်မေ့ခြင်း၊

သမ္မာသမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း၊ (သုံးပါး)။

ဣတိ၊ ဤရှစ်ပါးတည်း။

ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါးသည်။

ဒုက္ခနိရောဓဂါမနီပဋိပဒါ၊ ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် ဖြစ်သော။

အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

ဒုက္ခ၌သစ္စဉာဏ်

၉။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံ၊ ဤဘုံသုံးပါး၌ ကျင်လည်သော တရားအပေါင်းသည်။

ဒုက္ခံ အရိယသစ္စန္တိ၊ ဒုက္ခသစ္စာ မည်၏-ဟူ၍။

မေ၊ ငါသည်။

ဝါ၊ ငါအား။

ပုဗ္ဗေ၊ (ဘုရားဖြစ်သည်မှ) ရှေး၌။

အနနုဿုတေသု၊ မကြားအပ် စဘူးကုန်သော။

ဓမ္မေသု၊ သစ္စာလေးပါးတို့၌။

စက္ခု၊ ပညာမျက်စိသည်။

ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။

ဉာဏံ၊ သိခြင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။

ပညာ၊ အပြားအားဖြင့် သိခြင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။

ဝိဇ္ဇာ၊ ထိုးထွင်း၍သိခြင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။

အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီး

ဒုက္ခ၌ကိစ္စဉာဏ်

၁၀။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခံ အရိယသစ္စံ၊ ထိုဒုက္ခသစ္စာကို။

ပရိညေယျန္တိ၊ ဤရွေ့ ဤမျှဟု ပိုင်းခြား၍ သိအပ်၏-ဟူ၍။

မေ၊ ငါသည်။

ဝါ၊ ငါအား။

ပုဗ္ဗေ၊ ရှေး၌။

အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။

ဓမ္မေသု၊ သစ္စာလေးပါးတို့၌။

စက္ခုံ၊ ပညာမျက်စိသည်။

ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။

ဉာဏံ၊ သိခြင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။

ပညာ၊ အပြားအားဖြင့် သိခြင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။

ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။

ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

ဒုက္ခ၌ ကတဉာဏ်

၁၁။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခအရိယသစ္စံ၊ ထို ဒုက္ခသစ္စာကို။

ပရိညာတန္တိ၊ ဤရွေ့ ဤမျှဟု ပိုင်းခြား၍ပြီးပြီ ဟူ၍။

မေ၊ ငါသည်။

ဝါ၊ ငါအား။

ပုဗ္ဗေ၊ ရှေး၌။

အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။

ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။

[သစ္စာလေးပါးတို့၌ ဤကား ဒုက္ခ၊ ဤကား သမုဒယ- စသည်ဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည် သစ္စဉာဏ်မည်၏။ ပြုသင့်သောကိစ္စကို သိခြင်းသည် ကိစ္စဉာဏ်မည်၏၊(သိကိစ္စ၊ ပယ်ကိစ္စ၊ မျက်မှောက်ပြုကိစ္စ၊ ပွားစေခြင်းကိစ္စ-ဟူသော ကိစ္စလေးပါးကို သိခြင်းဟု ဆိုလိုသည်။) ဤ ပြုသင့်သောကိစ္စကို ပြုပြီးပြီဟု သိခြင်းသည် ကတဉာဏ် မည်၏။ ဤကား ဉာဏ် သုံးပြန်တည်း၊ ဝါ၊ ဉာဏ်သုံးပါးတည်း။

ဤဒုက္ခသစ္စာ၌ ဉာဏ်သုံးပြန် ဖြစ်ပုံသိအပ်၏၊

လောကီစိတ် ၈၁-ခု၊ လောဘကြဉ်သော စေတသိက် ၅၁-ခု၊ ရုပ် ၂၈-ခု သည် ဒုက္ခသစ္စာ မည်၏။ ဤသို့ သိခြင်းသည် သစ္စဉာဏ် မည်၏။ (ကာမ၊ ရူပ၊ အရူပ-ဟူသော ဘုံသုံးပါး၌သာ ဖြစ်သောကြောင့် တေဘူမက တရားဟူ၍လည်း ထိုဒုက္ခသစ္စာကို ခေါ်သည်။)

ဒုက္ခသစ္စာကား ဤတေဘူမက တရားစုသာတည်း။ ဤထက် အယုတ်အလွန် မရှိဟု ပိုင်းခြား၍ သိအပ် သောတရား ဖြစ်၏၊ ဤသို့ သိခြင်းသည် ကိစ္စဉာဏ် မည်၏။

ဤတေဘူမက ဒုက္ခတရားစုကို ငါ ပိုင်းခြား၍ သိပြီးပြီ။ဤသို့ သိခြင်းသည် ကတဉာဏ် မည်၏။ သစ္စ၊ ကိစ္စ၊ ကတ-ဟု ဉာဏ်သုံးပါး၊]

သမုဒယ သစ္စဉာဏ်

၁၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံ၊ ဤတဏှာဟူသော လောဘသည်။

ဒုက္ခသမုဒယံ အရိယသစ္စန္တိ၊ သမုဒယသစ္စာမည်၏ ဟူ၍။

၁၃။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ထိုသမုဒယသစ္စာကို။

ပဟာတဗ္ဗန္တိ၊ ထိုထိုမဂ်ဖြင့် ပယ်အပ်၏ဟူ၍။

၁၄။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ထိုသမုဒယသစ္စာကို။

ပဟီနန္တိ၊ ထိုထိုမဂ်ဖြင့် ပယ်ပြီးပြီဟူ၍။

[ဤသမုဒယသစ္စာ၌ ဉာဏ်သုံးပြန်ဖြစ်ပုံကား -

လောဘသည် သမုဒယသစ္စာမည်၏ဟု သိခြင်းသည် သစ္စဉာဏ် မည်၏။

သမုဒယသစ္စာကား ပယ်အပ်သောတရား ဖြစ်၏ဟု သိခြင်းသည် ကိစ္စဉာဏ် မည်၏။

သမုဒယသစ္စာကို ငါပယ်ပြီးပြီဟု သိခြင်းသည် ကတဉာဏ်မည်၏။

ဒိဋ္ဌိဝိကိစ္ဆာနှင့် အပါယ် လားကြောင်းကို သောတာပတ္တိ မဂ်ဖြင့် ပယ်သည်။

ရုန့်ရင်းသော ကိလေသာကို သကဒါဂါမိမဂ်၊

ကာမ ရာဂနှင့် ဒေါသကို အနာဂါမိမဂ်ဖြင့်၊

ရူပရာဂ အရူပရာဂ နှင့် ဥဒ္ဓစ္စကို အရဟတ္တမဂ်ဖြင့် ပယ်သည်။]

နိရောဓ၌ သစ္စဉာဏ်

၁၅။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံ၊ ဤနိဗ္ဗာန်သည်။

ဒုက္ခနိရောဓံ အရိယသစ္စန္တိ၊ နိရောဓသစ္စာ မည်၏ဟူ၍။

၁၆။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ထိုနိရောဓသစ္စာကို။

သစ္ဆိကာတဗ္ဗန္တိ၊ မဂ်ဉာဏ် ဖိုလ် ဉာဏ်ဖြင့် မျက်မှောက် ပြုအပ်၏ ဟူ၍။

၁၇။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ထိုနိရောသေစ္စာကို။

သစ္ဆိကတန္တိ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက် ပြုပြီးပြီဟူ၍။

မေ၊ ငါသည်။

ဝါ၊ ငါ့အား။

[ဤနိရောဓသစ္စာ၌ ဉာဏ်သုံးပြန် ဖြစ်ပုံကား-

နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏ဟု သိခြင်းသည် သစ္စဉာဏ်မည်၏။

နိရောဓသစ္စာကား မျက်မှောက်ပြုအပ်သောတရားဟု သိခြင်းသည် ကိစ္စဉာဏ် မည်၏။

နိရောဓသစ္စာကို ငါမျက်မှောက် ပြုပြီးပြီဟု သိခြင်းသည် ကတဉာဏ် မည်၏။]

မဂ္ဂ၌ သစ္စဉာဏ်

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါးသည်။

ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ၊ မဂ္ဂသစ္စာမည်၏ ဟူ၍။

၁၉။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခနိရောဓ ဂါနီပဋိပဒါ အရိယသစ္စံ၊ ထိုမဂ္ဂသစ္စာကို။

ဘာဝေတဗ္ဗန္တိ၊ ပွားစေအပ်၏ဟူ၍။

၂၀။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တံခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ ထိုမဂ္ဂသစ္စာကို။

ဘာဝိတန္တိ၊ ပွားစေအပ်ပြီးပြီဟူ၍။

မေ၊ ငါသည်။

ဝါ၊ ငါအား။

ပုဗ္ဗေ၊ (ဘုရားမဖြစ်မီ) ရှေး၌။

(ဤမဂ္ဂသစ္စာ၌ ဉာဏ်သုံးပြန်ဖြစ်ပုံကား-

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ-စသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏ဟု သိခြင်းသည် သစ္စဉာဏ် မည်၏။

မဂ္ဂသစ္စာကား ပွားစေအပ်သော တရားဖြစ်၏ဟု သိခြင်းသည် ကိစ္စဉာဏ် မည်၏။

မဂ္ဂသစ္စာကို ငါပွားစေပြီးပြီဟု သိခြင်းသည် ကတဉာဏ် မည်၏။

သစ္စာ လေးပါးတို့၌ ဉာဏ်သုံးပြန်စီပြန်သော် ၁၂-ပါးသောအခြင်း အရာ ဖြစ်၏။)

မသိမီ ဝန်ခံခြင်း

၂၁။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊

မေ၊ ငါအား။

ဣမေသု စတူသု အရိယ သစ္စေသု၊ ဤသစ္စာလေးပါးတို့၌။

ဧဝံ၊ ဤသို့။

တိပရိဝဋ္ဋံ၊ သုံးပါးသောအပြန်ရှိသော။

ဒွါဒသာကာရံ၊ ၁၂-ပါးသော အခြင်းအရာရှိသော။

ယထာဘူတံ၊ ဟုတ်မှန်တိုင်းဖြစ်သော။

ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။

သုဝိသုဒ္ဓံ၊ အထူးစင်ကြယ်သည်။

နအဟောသိ၊ မဖြစ်သေး။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။

အဟံ၊ ငါဘုရားသည်။

သဒေဝကေ၊ နတ်ပြည်ငါးထပ်နှင့် တကွဖြစ်သော။

သမာရကေ၊ ဝသဝတ္တီနတ်ပြည်နှင့် တကွဖြစ်သော။

သဗြဟ္မကေ၊ ဗြဟ္မာပြည်နှင့်တကွဖြစ်သော။

လောကေ၊ ဩကာသလောက၌။

သဿမဏဗြာဟ္မဏိယာ၊ ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော။

မနုဿာယ၊ သမ္မုတိနတ်မင်း၊ ကြွင်းသောလူတို့နှင့် တကွ ဖြစ်သော။

ပဇာယ၊ သတ္တလောက၌။

အနုတ္တရံ၊ အတုမရှိသော။

သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုညုတဉာဏ်ကို။

အဘိသမ္ဗုဒ္ဓေါတိ၊ ထိုးထွင်း၍ သိပြီဟူ၍။

နေဝပစ္စညာသိံ၊ ဝန်မခံပြီ။

[လူမင်းသည် သမ္မုတိနတ် မည်၏။

ခြောက်ထပ်နတ်တို့သည် ဥပပတ္တိနတ်၊

ဘုရားရဟန္တာတို့သည် ဝိသုဒ္ဓိနတ် - နတ်သုံးမျိုး။]

သိမှ ဝန်ခံခြင်း

၂၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

ယတောစခေါ၊ အကြင်အခါမှစ၍။

မေ၊ ငါအား။

ဣမေသု စတူသု အရိယသစ္စေသု၊ ဤသစ္စာလေးပါးတို့၌။

ဧဝံ၊ ဤသို့။

တိပရိဝဋ္ဋံ၊ သုံးပါးသောအပြန်ရှိသော။

ဒွါရသာကာရံ၊ ၁၂-ပါးသော အခြင်းအရာရှိသော။

ယထာဘူတံ၊ ဟုတ်မှန်တိုင်းဖြစ်သော။

ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။

သုဝိသုဒ္ဓံ၊ အလွန်စင်ကြယ်သည်။

အဟောသိ၊ ဖြစ်ပြီ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

အထ၊ ထိုအခါမှစ၍။

အဟံ၊ ငါဘုရားသည်။

သဒေဝကေ၊ နတ်ပြည်ငါးထပ်နှင့်တကွဖြစ်သော။

သမာရကေ၊ ဝသဝတ္တီ နတ်ပြည်နှင့်တကွဖြစ်သော။

သဗြဟ္မကေ၊ ဗြဟ္မာပြည်နှင့် တကွဖြစ်သော။

လောကေ၊ ဩကာသလောက၌။

သဿမဏ ဗြာဟ္မဏိယာ၊ ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော။

သဒေဝမနုဿာယ၊ သမ္မုတိနတ်မင်း၊ ကြွင်းသော လူတို့နှင့်တကွဖြစ်သော။

ပဇာယ၊ သတ္တလောက၌။

အနုတ္တရံ၊ အတုမရှိသော။

သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို။

အဘိသမ္ဗုဒ္ဓေါတိ၊ ထိုးထွင်း၍ သိပြီဟူ၍။

ပစ္စညာသိံ၊ ဝန်ခံတော်မူပြီ။

(သတ္တဝါအပေါင်းသည် လောက။

၃၁-ဘုံသည် ဩကာသလောက။

စိတ်၊ စေတသိက်၊ ရုပ်သည် သင်္ခါရ လောက။ ။ လောကသုံးပါး။)

ပစ္စဝေက္ခဏာဉာဏ်

၂၃။ ဉာဏဉ္ဇနဒဿနံ၊ ပစ္စဝေက္ခ ဏာဉာဏ် အမြင်သည်လည်း။

မေ၊ ငါ့အား။

ဥ-ဒပါဒိ၊ ထင်ရှား ဖြစ်ပြီ။ (ဖြစ်ပုံကား-)

“မေ၊ ငါ၏။

ဝိမုတ္တိ၊ ကိလေသာမှ လွတ်သော စိတ်ကို။

ဝါ၊ အရဟတ္တဖိုလ်ကို။

အကုပ္ပါ၊ ဆန့်ကျင်ဘက်တရားတို့သည် မဖျက်ဆီးအပ်။

ဣတိ၊ ဤသို့ ဖြစ်ပြီ။

အယံ၊ ဤကိုယ်၏ အဖြစ်သည်။

အန္တိမာ၊ အဆုံး၌ ဖြစ်သော။

ဇာတိ၊ ဖြစ်ခြင်းတည်း။

ဣဒါနိ၊ ယခုအခါ၌။

ပုနဗ္ဘဝေါ၊ တဖန်ဘဝသစ်သည်။

နတ္ထိ၊ မရှိ။”

ဣတိ၊ ဤသို့လည်း ဉာဏ်အမြင် ဖြစ်ပြီ။

(ပစ္စဝေက္ခဏာဉာဏ် ဟူသည် ပြီးသော ဂုဏ်တို့ကို ဟုတ်မှန်စွာမြင်သိသော မဟာကြိယာဉာဏ် တည်း၊ တနည်း -

မဂ်ကို ဤခရီးဖြင့် ငါလာခဲ့သည်ဟု....၊

ဖိုလ်ကို ဤအကျိုး ရသည်ဟု ...၊

နိဗ္ဗာန်ကို ဤတရားကို အာရုံပြုသည်ဟု ..

ပယ်ကိလေသာကို ဤမျှကို ပယ်ပြီးပြီဟု....၊

ကြွင်းကိလေသာကို ဤမျှ ကြွင်းသေးသည်ဟု ဆင်ခြင်သည်။

ဓမ္မစကြာတရား ဟောကြားခြင်းလည်း ဤတွင် ပြီးလေပြီ။)

ပဉ္စဝဂ္ဂီတို့ ဝမ်းမြောက်ခြင်း

၂၄။ ဘဂဝါ၊ မြတ်စွာဘုရားသည်။

ဣဒံ၊ ဤ ဒွေ မေ ဘိက္ခဝေ-အစချီသော ဓမ္မစကြာတရားကို။

အဝေါစ၊ မိန့်တော်မူ၏။

ပဉ္စဝဂ္ဂီယာ ဘိက္ခူ၊ ပဉ္စဝဂ္ဂီရဟန်းတို့သည်။

အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။

ဘဂဝတော၊ မြတ်စွာဘုရား၏။

ဘာသိတံ၊ ဟောအပ်သော ဓမ္မစကြာ တရားတော်ကို။

အဘိနန္ဒုံ၊ သာဓုနှုတ်မြွက် လွန်စွာ နှစ်သက်ကုန်ပြီ။

ဣတိ၊ ဤသို့ မျက်မှောက်တော်မှ ကြားလိုက်ရ၏ဟု ရှင်အာနန္ဒာ လျှောက်ကြား၏။

အရှင်ကောဏ္ဍည သောတာပန်တည်ခြင်း

၂၅။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ၊ ဤဂါထာ မစွက်မသုံး ဗျာကရုဏ်းတရားကို။

ဘညမာနေ၊ ဟောတော်မူသည်ရှိသော်။

အာယသ္မတော ကောဏ္ဍညဿ၊ အရှင်ကောဏ္ဍညအား။

ဝိရဇံ၊ ရာဂစသော မြူမရှိသော။

ဝီတမလံ၊ ဒိဋ္ဌိစသော အညစ်အကြေးကင်းသော။

ဓမ္မစက္ခုံ၊ သောတာပတ္တိမဂ်ဉာဏ်မျက်စိသည်။

ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။

(ဖြစ်ပုံကား-)

“ယံကိဉ္စိ၊ အလုံးစုံသော သင်္ခတတရားသည်။

(ဝါ၊ တေဘူမက သင်္ခါရတရားသည်၊)

သမုဒယဓမ္မံ၊ အကြောင်းမကင်း ဖြစ်ခြင်းသဘော ရှိ၏။

သဗ္ဗန္တံ၊ ထိုအလုံးစုံသည်။

နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘော ရှိ၏။”

ဣတိ၊ ဤသို့ ဉာဏ်မျက်စိ ဖြစ်၏။

(မဂ်သည် နိဗ္ဗာန်ကိုသာ အမြဲအာရုံပြုသည်။ သင်္ခါရကို ဘယ်အခါမျှ အာရုံမပြု။

သင်္ခါရကို ကိစ္စစွမ်းဖြင့်သာ သိသည်၊ အာရုံစွမ်းဖြင့် မသိ။

ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း ဟူသော ကိစ္စစွမ်းဖြင့် သင်္ခါရတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်းကို မတွေမဝေ သိသည်ဟု အာရုံပြု၍ မဟုတ်။)

ဘုမ္မစိုးနတ်တို့ ကြွေးကြော်ခြင်း

၂၆။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။

ဓမ္မစက္ကေ၊ ဓမ္မစကြာတရားကို။

ပဝတ္တိတေစပန၊ ဟောတော်မူအပ်သည် ရှိသော်။

ဘုမ္မာဒေဝါ၊ ဘုမ္မစိုးနတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီး ပေးသံကို။

အနုဿာဝေသုံ၊ တပြိုင်နက် ကြွေးကြော်ကုန်၏။

(ကြွေးကြော်ပုံကား-)

“ဘဂဝတော၊ မြတ်စွာဘုရားသည်။

ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။

ဣသိပတနေ မိဂဒါယေ၊ ဣသိပတန မိဂဒါဝုန်တော၌။

သမဏေန ဝါ၊ ရဟန်းသည်၎င်း။

ဗြာဟ္မဏေ န ဝါ၊ ပုဏ္ဏားသည်၎င်း။

ဒေဝေနဝါ၊ နတ်သည်၎င်း။

မာရေန ဝါ၊ မာရ်နတ်သည်၎င်း။

ဗြဟ္မုနာ ဝါ၊ ဗြဟ္မာသည်၎င်း။

လောကသ္မိံ၊ လောက၌။

ကေနစိ၊ ဝါ၊ တစုံတယောက်သော သူသည်၎င်း။

အပ္ပဋိဝတ္တိယံ၊ မဟောနိုင်သော။

အနုတ္တရံ၊ အတုမရှိသော။

ဧတံ ဓမ္မစက္ကံ၊ ဤ ဓမ္မစကြာ တရားတော်ကို။

ပဝတ္တိတံ၊ ဟောတော်မူအပ်ပြီ။

ဝါ၊ ဉာဏ်တော်စက်ဝန်း လှည့်အပ်ပြီ။”

ဣတိ၊ ဤသို့ တပြိုင်နက် ကြွေးကြော်ကုန်၏။

အထက်နတ်တို့ ကြွေးကြော်ခြင်း

၂၇။ ဘုမ္မာနံဒေဝါနံ၊ ဘုမ္မစိုးနတ်တို့၏။

သဒ္ဒံ၊ ကောင်းချီးပေးသံကို။

သုတွာ၊ ကြား၍။

စာတုမဟာရာဇိကာ၊ စတုမဟာရာဇ်နတ်တို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏။

စာတုမဟာရာဇိကာနံ၊ စာတုမဟာရာဇ်နတ်တို့၏။

သဒ္ဒံ၊ကောင်းချီးပေးသံကို။

သုတွာ၊ ကြား၍။

တာဝတိံသာဒေဝါ၊ တာဝတိံသာနတ်တို့သည်။

ယာမာဒေဝါ၊ ယာမာနတ်တို့သည်။

တုသိဘာဒေဝါ၊ တုသိတာနတ်တို့သည်။

နိမ္မာနရတီဒေဝါ၊ နိမ္မာနရတီနတ်တို့သည်။

ပရနိမ္မိတဝသဝတ္တီဒေဝါ၊ ပရနိမ္မိတ ဝသဝတ္တိနတ်တို့သည်။

ဗြဟ္မကာယိကာ ဒေဝါ၊ ဗြဟ္မာတို့သည်။

သဒ္ဒံ၊ ကောင်းချီးပေးသံကို။

အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏။

ကြွေးကြော်ပုံကား-

“ဘဂဝတော၊ မြတ်စွာဘုရားသည်။

ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။

ဣသိပတနေ မိဂဒါယေ၊ ဣသိပတန မိဂဒါဝုန်တော၌။

သမဏေန ဝါ၊ ရဟန်းသည်၎င်း။

ဗြာဟ္မဏေ န ဝါ၊ ပုဏ္ဏားသည်၎င်း။

ဒေဝေနဝါ၊ နတ်သည်၎င်း။

မာရေန ဝါ၊ မာရ်နတ်သည်၎င်း။

ဗြဟ္မုနာ ဝါ၊ ဗြဟ္မာသည်၎င်း။

လောကသ္မိံ၊ လောက၌။

ကေနစိ၊ ဝါ၊ တစုံတယောက်သော သူသည်၎င်း။

အပ္ပဋိဝတ္တိယံ၊ မဟောနိုင်သော။

အနုတ္တရံ၊ အတုမရှိသော။

ဧတံ ဓမ္မစက္ကံ၊ ဤ ဓမ္မစကြာ တရားတော်ကို။

ပဝတ္တိတံ၊ ဟောတော်မူအပ်ပြီ။

ဝါ၊ ဉာဏ်တော်စက်ဝန်း လှည့်အပ်ပြီ။”

ဣတိ၊ ဤသို့ အဆင့် ကြွေးကြော်ကုန်၏။

မြေလှုပ်ခြင်း

၂၈။ ဣတိဟ၊ ဤသို့လျှင်။

တေနခဏေန-တေနလယေန-တေနမုဟုတ္တေန၊ ထိုခဏဖြင့်။

ယာဝဗြဟ္မလောကာ၊ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်။

သဒ္ဒေါ၊ ကျော်စောသံသည်။

အဗ္ဗုဂ္ဂစ္ဆိ၊ ပြန့်နှံ့၍တက်၏။

အယဉ္ဇ ဒသသဟဿီ လောက ဓာတု၊ ဤသောင်းလောကဓာတ် စကြဝဠာသည်လည်း။

သံကမ္ပိ၊ နိမ့်တုံမြင့်တုံ ခုန်၍လှုပ်၏။

သမ္ပကမ္ပိ၊ အိုးထိန်းစက် ကဲ့သို့ လည်၍ လုပ်၏။

သမ္မဝေဓိ၊ ဧယာဉ် ပုခက်ကဲ့သို့ ထိုမှ ဤမှ လွဲ၍ လှုပ်၏။

အပ္ပမာဏော၊ အတိုင်းအရှည် မရှိသော။

ဥဠာရော၊ ပြန့်ပြောသော။

ဩဘာသောစ၊ သဗ္ဗညုတ ဉာဏ်ရောင်သည်လည်း။

ဝါ၊ စိတ်ကြောင့် ဖြစ်သော ဥတုဇ အရောင်သည်လည်း။

လောကေ၊ လောက၌။

ဒေဝါနံ၊ နတ် ဗြဟ္မာတို့၏။

ဒေဝါနုဘာဝံ၊ နတ်ဗြဟ္မာ အာနုဘော်ကို။

အတိက္ကမ္မ၊ လွန်၍။

ပါတုရဟောသိ၊ ထင်ရှားစွာ ဖြစ်၏။

ဘုရားရှင် ဥဒါန်းကျူးခြင်း

၂၉။ အထခေါ၊ ထိုအခါ၌။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

ဣမံ ဥဒါနံ၊ ဤဥဒါန်းကို။

ဥဒါနေသိ၊ ဝမ်းမြောက်စွာ မြွက်ဆိုတော်မူ၏။

(မြွက်ဆိုပုံကား)

“ဘော၊ အို-အချင်းတို့၊

ကောဏ္ဍညော၊ ကောဏ္ဍညသည်။

တေ၊ စင်စစ်။

အညာသိ၊ သစ္စာလေးပါးကို သိလေပြီ။

ဘော၊ အို-အချင်းတို့။

ကောဏ္ဍညော၊ ကောဏ္ဍညသည်။

တေ၊ စင်စစ်။

အညာသိ၊ သစ္စာလေးပါးကို သိလေပြီ။”

ဣတိ၊ ဤသို့မြွက်ဆိုတော်မူ၏။

ဣတိဟိ၊ ဤသို့ဥဒါန်းကျူးသောကြောင့်သာလျှင်။

အာယသသ္မတော ဧကာဏ္ဍညဿ၊ အရှင်ကောဏ္ဍညအား။

အညာသိ ကောဏ္ဍညော တွေဝ၊ အညာသိကောဏ္ဍည ဟူ၍သာလျှင်။

ဣဒံနာမံ၊ ဤအမည်သည်။

အဟောသိ၊ ဖြစ်ပြီ။

[ရေကန်၌ ရေဝေလျှံသကဲ့သို့၊ ဆီအိုး၌ ဆီဝေသကဲ့ သို့၊ နှလုံးအိမ်၌ ဝမ်းမြောက်ခြင်း ဝေလျှံသဖြင့် မြည်ထွက်သောအသံသည် ဥဒါန်းကျူးသည် မည်၏။ နားထောင်သူ ရှိခြင်း မရှိခြင်းကို ငဲ့သော အသံမဟုတ်။ ဤဥဒါန်းကျူးသံသည် သောင်းလောကဓာတ်၍ တည်၏။]

ရဟန်းအဖြစ် တောင်းခြင်း

၃၀။ အထခေါ၊ ထိုအခါ၌။

အာယသ္မာအညာသိ ကောဏ္ဍညော၊ အရှင်အညာသိကောဏ္ဍညသည်။

ဒိဋ္ဌဓမ္မော၊ သစ္စာလေးပါးကို မြင်ပြီးပြီဖြစ်၍။

ပတ္တဓမ္မော၊ သစ္စာလေးပါး ကို ရပြီးပြီးဖြစ်၍။

ဝိဒိတဓမ္မော၊ သစ္စာလေးပါးကို သိပြီးပြီ ဖြစ်၍။

ပရိယောဂေါဠှဓမ္မော၊ သစ္စာလေးပါးသို့ ဉာဏ်ဖြင့် သက်ဝင်ပြီးပြီဖြစ်၍။

တိဏ္ဏဝိစိကိစ္ဆော၊ ယုံမှားခြင်း ရှစ်ပါး၊ ယုံမှားခြင်း ၁၆-ပါးတို့ကို လွန်မြောက်ပြီးပြီဖြစ်၍။

ဝိဂတကထံ-ကထော၊ သို့လော သို့လောဟု တွေးတောခြင်းမှ ကင်းလွတ်ပြီ ဖြစ်၍။

သတ္ထုသာသနေ၊ မြတ်စွာဘုရား၏ သာသနာတော်၌။

ဝေသာရဇ္ဇပ္ပတ္တော၊ ရဲရင့်ခြင်းသို့ရောက်ပြီ ဖြစ်၍။

အပ္ပရပစ္စယော၊ ဘုရားမှတပါး ယုံကြည်အပ်သောသူ မရှိပြီ ဖြစ်၍။

ဝါ၊သူတပါးဟူသော အကြောင်းကင်းသူ ဖြစ်၍။

ဘဂဝန္တံ၊ မြတ်စွာဘုရားကို။

ဧတံ၊ ဤစကားကို။

အဝေါစ၊ လျှောက်ကြားလေ၏။

(လျှောက်ကြားပုံကား–)

“ဘန္တေ၊ မြတ်စွာဘုရား။

အဟံ၊ အကျွန်ုပ်သည်။

ဘဂဝတော၊ မြတ်စွာဘုရား၏။

သန္တိကေ၊ အထံတော်၌။

ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။

လဘေယျံ၊ ရလိုပါ၏။

ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို။

လဘေယျံ၊ ရလိုပါ၏။”

ဣတိ၊ ဤသို့ လျှောက်ကြားလေ၏။

(ယုံမှားရှစ်ပါးကား - ဘုရား၌၊ တရား၌၊ သံဃာ၌၊ သိက္ခာ၌၊ သံသရာရှေးအစွန်း၌၊ နောက်အစွန်း၌၊ ရှေးနောက် အစ္စန်း၌၊ ပဋိစ္စသမုပ္ပါဒ်၌၊ ဤရှစ်ဌာန၌ ဟုတ်သလော၊ မဟုတ်သလောဟု ယုံမှား၏၊ သောတာပတ္တိမဂ်ဉာဏ် ရလျှင် ထိုရှစ်ပါး ပျောက်ကင်း၏။

ယုံမှား ၁၆-ပါးကား - ငါသည် ရှေးဘဝ၌ ဖြစ်ဘူးပြီလော၊ မဖြစ်ဘူးပြီလော။ အဘယ်သို့သောသူ ဖြစ်ဘူးပြီနည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်ဘူးပြီနည်း။ အဘယ်သူဖြစ်ပြီး၍ အဘယ်သူ ဖြစ်ခဲ့ပြန် သနည်း-ဟု အတိတ်ဘဝ၌ ငါးပါး ယုံမှား၏။

ငါသည် နောက်ဘဝ၌ ဖြစ်လတ္တံ့လော။ မဖြစ်လတ္တံ့လော၊ အဘယ်သို့သောသူ ဖြစ်မည်နည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်မည်နည်း၊ အဘယ်သူဖြစ်၍ အဘယ်သူ ဖြစ်ဦးမည်နည်း-ဟု အနာဂတ် ဘဝ၌ ငါးပါးယုံမှား၏။

ငါသည် ယခုငါ ဟုတ်၏လော၊ မဟုဘ်သလော၊ အဘယ်သို့သောသူ ဖြစ်သနည်း၊ အဘယ်ခြင်းရာနှင့် ဖြစ်သနည်း၊ ဤငါသည် အဘယ်ဘဝမှ လာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း-ဟု ပစ္စုပ္ပန်၌ ခြောက်ပါး ယုံမှား၏။

အတ္တဒိဋ္ဌိစွဲ၍ ယုံမှားသည်။ အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်သာဖြစ်၍ ရှိသည်။ ငါဟူ၍ မရှိဟုလျှင် ယုံမှား ၁၉-ပါး ပျောက်ကင်း၏။)

ဧဟိဘိက္ခု ခေါ်ခြင်း

၃၁။ “ဘိက္ခု၊ ချစ်သားရဟန်း။

ဧဟိ၊ လာလော့။

ဓမ္မော၊ တရားကို။

မယာ၊ ငါဘုရားသည်။

သွာက္ခာတော၊ ကောင်းစွာ ဟောအပ်၏။

ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။

အန္တကိရိယာယ၊ အဆုံးကို ပြခြင်းငှာ။

သမ္မာ၊ ကောင်းစွာ။

ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။

စရ၊ ကျင့်လော့။”

ဣတိ၊ ဤသို့။

ဘဂဝါ၊ မြတ်စွာဘုရားသည်။

အဝေါစ၊ မိန့်တော်မူပြီ။

တဿအာယသ္မတော၊ ထိုအရှင် ကောဏ္ဍညအား။

သာဝဥပသမ္ပဒါ၊ ထိုဧဟိဘိက္ခု ပဉ္စင်းဖြစ်သည် သာလျှင်။

အဟောသိ၊ ဖြစ်ပြီ၊

(အရှင်ယသကဲ့သို့ ရဟန္တာဖြစ်သူကို ဧဟိဘိက္ခု ခေါ်ရာ၌ကား သမ္မာဒုက္ခဿ အန္တကိရိယာယ-ဟု မထည့်ဘဲ ဧဟိဘိက္ခု၊ သွာခါတောဓမ္မော၊ စရဗြဟ္မစရယံ နဲ့ ခေါ်သည်။ ဧဟိဘိက္ခု ခေါ်လျှင် သပိတ် သင်္ကန်း လွယ်ချီဆင်မြန်း ပြီးဖြစ်လျက် ရဟန်း ဖြစ်၏။ သပိတ်သင်္ကန်း အထူးရှာဖွယ် မရှိ။ ရှေးဘဝ၌ သပိတ်သင်္ကန်း ပရိက္ခရာ လှူဒါန်းဖူးသူကိုသာ ဧဟိဘိက္ခု ခေါ်တော်မူသည်။)

ဓမ္မစကြာသုတ်ပါဠိတော်နိဿယ ပြီး၏။

သစ္စာလေးပါးအရသာ

အရိယသစ္စာမည်ပုံ

ဤဓမ္မစကြာ၌ဟောသော သစ္စာလေးပါးသည် အရိယာတို့ သိအပ်သောသစ္စာ ဖြစ်၏။

ထို့ကြောင့် “အရိယ + သစ္စာ” မည်၏။ (ဤ + လက္ခဏာဖြင့် အနက်မိအောင် ခွဲသိနိုင်ရမည်။)

တနည်း -

မြတ်စွာဘုရားတို့၏ + ဟောအပ်သော သစ္စာ ဖြစ်၏။

ဝါ၊ အရိယာပုဂ္ဂိုလ်ဖြစ်အောင် + ပြုတတ်သော သစ္စာဖြစ်၏။

ဝါ၊ မချွတ်မယွင်း + မှန်ကန်၏။

ထို့ကြောင့် “အရိယသစ္စာ”မည်၏။ (လေးနည်း။)

သဒ္ဒါအနက်

ဒု-စက်ဆုပ်စရာ + ခ-အချည်းနှီး စက်ဆုပ်စရာ + အချည်းနှီးဖြစ်သောတရားသည် ဒုက္ခမည်၏၊ (တေဘူမက တရားစု၏။ ရွံစရာ + အလကားဥစ္စာဟု ဆိုလို သည်။)

သံ-ပေါင်းဆုံမိလျှင် + ဥ-ပြစ်ခြင်း၏ + အယ-အကြောင်း၊ အဝိဇ္ဇာစသော အကြောင်းနှင့် ပေါင်းဆုံ မိလျှင် + ဒုက္ခဖြစ်ခြင်း၏ +အကြောင်းဖြစ်သောတရားသည် သမုဒယ မည်၏။

(လောဘတဏှာ ရ၏။)

နိ-မရှိ + ရောဓ-ဒုက္ခ၊ သံသရာ ဒုက္ခ၏ + မရှိရာအရပ်သည် နိရောဓ မည်၏။

ဝါ၊ ဒုက္ခ၏ + ချုပ်ကြောင်း တရားသည် နိရောဓ မည်၏။ (နိဗ္ဗာန် ရ၏။)

မရ - သတ်သည် + ဂမု-သွားသည်။ ကိလေသာတို့ကို သတ်၍ + နိဗ္ဗာန်သို့ သွားသောတရားသည် မဂ္ဂ မည်၏။ (မဂ္ဂင်ရှစ်ပါး ရ၏။မရဂမုကို သဒ္ဒါနည်းဖြင့် မဂ္ဂပြုထားသည်။)

သစ္စာအနက် ၁၆-ချက်

၁။ ဒုက္ခသစ္စာသည် နှိပ်စက်တတ်၏။ ပြုပြင်တိုင်းခံရ၏။

ပူပန်စေ၏။ ဖောက်ပြန်တတ်၏။ (လေးနက်။)

၂။ သမုဒယသစ္စာသည် အားထုဘ်ဖတ်၏။ အကြောင်း ဖြစ်၏။

ယှဉ်တွဲစေ၏။နှောင့်ယှက်တတ်၏။(လေးနက်၊ ဒုက္ခ၏ အကြောင်း။)

၃။ နိရောဓသစ္စာသည် ထွက်မြောက်ဖတ်၏။

ဆိတ်ငြိမ်၏။ မပြုပြင်အပ်။ မသေတတ်။ (လေးနက်၊)

၄။ မဂ္ဂသစ္စာသည် ထုဘ်ဆောင်တတ်၏။ အကြောင်း ဖြစ်၏။

မြင်တတ်၏။ အကြီးအကဲဖြစ်၏။ (လေးနက်၊ နိရောဓ၏ အကြောင်း၊)

လက္ခဏ

ဒုက္ခသည် နှိပ်စက်ခြင်းလက္ခဏာရှိ၏၊

သမုဒယသည် ဖြစ်ကြောင်း လက္ခဏာ ရှိ၏။ ဝါ၊ ဖြစ်စေတတ်ခြင်း လက္ခဏာ ရှိ၏။

နိရောဓသည် ငြိမ်သက်ခြင်းလက္ခဏာ ရှိ၏။

မဂ္ဂသည် ထုတ်ဆောင်ခြင်းလက္ခဏာ ရှိ၏။

တနည်း။

ဒုက္ခသည် ဖြစ်ခြင်း လက္ခဏာ ရှိ၏။

သမုဒယသည် ဖြစ်စေခြင်း လက္ခဏာ ရှိ၏။

နိရောဓသည် နစ်ခြင်း လက္ခဏာ ရှိ၏။

မဂ္ဂသည် နှစ်စေခြင်းလက္ခဏာ ရှိ၏၊

တနည်း

ဒုက္ခသည် ပြုပြင်တိုင်း ခံရခြင်းလက္ခဏာ ရှိ၏။

သမုဒယသည် ပူပန်မက်မောခြင်း လက္ခဏာ ရှိ၏။

နိရောဓသည် မပြုပြင်အပ်ခြင်း လက္ခဏာ ရှိ၏။

မဂ္ဂသည် နိဗ္ဗာန်ကို မြင်ခြင်း လက္ခဏာ ရှိ၏။

ရသ

ဒုက္ခသည် ပြင်းစွာပူပန်စေခြင်း အလုပ်ကိစ္စ၊

သမုဒယသည် ဒုက္ခမပြတ်ဖြစ်အောင်ပြုခြင်း အလုပ်ကိစ္စ၊

နိရောဓသည် မသေမပျောက်ခြင်းမျှသာကိစ္စ၊

မဂ္ဂသည် ကိလေသာပယ်ခြင်း အလုပ်ကိစ္စ ရှိ၏။

ပစ္စုပဋ္ဌာန်

ဒုက္ခသည် ဖြစ်သော တရားဟူ၍ ရှုသူ၏ ဉာဏ်အား ထင်ရှား၏။

သမုဒယသည် နှောက်ယှက်သောတရား ဟူ၍ ရှုသူ၏ ဉာဏ်အား ထင်ရှား၏။

နိရောဓသည် သင်္ခါရနိမိတ်ကင်းဆိတ်သော တရား ဟူ၍ ရှုသူ၏ ဉာဏ်အား ထင်ရှား၏။

မဂ္ဂသည် အဇ္ဈတ္တ ဗဟိဒ္ဓ ခန္ဓာမှထသော တရား ဟူ၍ ရှုသူ၏ဉာဏ်အား ထင်ရှား၏။

သစ္စာမည်ပုံ

မနှိပ်စက်သော ဒုက္ခဟူ၍ မရှိ၊ ဒုက္ခမှတပါး နှိပ်စက်တတ်သော တရားဟူ၍ မရှိ။

ဤသို့ အမြဲအစွဲ မှန်ကန်ခြင်းကြောင့်၊ ဝါ-ထင်ရှားခြင်းကြောင့် ဒုက္ခသည် သစ္စာ မည်၏။

ဒုက္ခမဖြစ်စေသော တဏှာဟူ၍ မရှိ။ တဏှာမှတပါး ဒုက္ခ ဖြစ်စေသော တရားဟူ၍ မရှိ။

ဤသို့ အမြဲမှန် မဖောက်ပြန် ထင်ရှားသောကြောင့် သမုဒယသည် သစ္စာမည်၏။

မငြိမ်သက်သော နိဗ္ဗာန်ဟူ၍ မရှိ။ နိဗ္ဗာန်မှတပါး ငြိမ်သက်သော တရားဟူ၍ မရှိ၊

ဤသို့ အမြဲမှန် မဖောက်ပြန် ထင်ရှားသောကြောင့် နိရောဓသည် သစ္စာ မည်၏။

မထုတ်ဆောင်တတ်သော မဂ်ဟူ၍ မရှိ။ မဂ်မှတပါး ထုတ်ဆောင်တတ်သော တရားဟူ၍ မရှိ၊

ဤသို့ မှန် မဖောက်ပြန် ထင်ရှားသောကြောင့် မဂ္ဂသည် သစ္စာ မည်၏။

ဒုက္ခသစ္စာ၌မှတ်ဖွယ်

ဒုက္ခ ၁၂-မျိုး

ဒုက္ခသစ္စာသည် --

၁-ဇာတိ ပဋိသန္ဓေ နေခြင်း၊

၂-ဇရာ အိုခြင်း၊

၃-မရဏ သေခြင်း၊

၄-သောက စိုးရိမ်ခြင်း၊

၅-ပရိဒေဝ ငိုကြွေးခြင်း၊

၆-ဒုက္ခ ကိုယ်နာခြင်း၊

၇-ဒေါမနဿ စိတ်နာခြင်း၊

၈-ဥပါယာသ ပြင်းစွာ ပင်ပန်း ခြင်း၊

၉-အပ္ပိယ သမ္ပယောဂ မချစ်သူနှင့် တွေ့ဆုံခြင်း၊

၁၀-ပိယဝိပ္ပယောဂ ချစ်သူနှင့် ကွေကွင်းခြင်း၊

၁၁-ဣစ္ဆိတာလာဘ လိုတိုင်းမရခြင်း၊ ဝါ-မရကောင်းသည်ကို တောင့်တခြင်း၊

၁၂-သံခိတ္တေန ပါဒါနက္ခန္ဓာ အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါး။

ဤသို့ ၁၂-ပါး ပြား၏၊

ဒုက္ခအခွဲ

ကိုယ်နာ၊ စိတ်နာသည် ဒုက္ခစစ် ဖြစ်၏။ ဒုက္ခဒုက္ခမည်၏။

သုခသည် ဖောက်ပြန်လျှင် ဆင်းရဲကြောင်းဖြစ်၏။ ဝိပရိဏာမဒုက္ခ မည်၏။

ဥပေက္ခာနှင့် ကြွင်း တေဘူမကတရားတို့သည် ဖြစ်ခြင်း၊ ပျက်ခြင်း၏ အနှိပ်စက် အမြဲ ခံရကုန်၏၊ သင်္ခါရဒုက္ခ မည်၏။ (ဒုက္ခ၊ ဝိပရိ၊ သင်္ခါရ-သုံးမျိုး။)

တနည်း

နားနာ၊ သွားနာ၊ ရာဂကြောင့် ပူပန်ခြင်း၊ ဒေါသကြောင့် ပူပန်ခြင်း စသည် မထင်ရှား၊ မသိသာ။ ပဋိစ္ဆန္နဒုက္ခမည်၏။ အရိုက်အနှက်ခံရခြင်းကြောင့် ဒဏ်ရာရခြင်း စသည်သည် ထင်ရှား၏။ သိသာ၏။ အပ္ပဋိစ္ဆန္နဒုက္ခ မည်၏။ (ပဋိစ္ဆန္န၊ အပ္ပဋိစ္ဆန္န-နှစ်မျိုး၊)

တနည်း

ကိုယ်နာ၊ စိတ်နာသည် ဧကန် ဆင်းရဲ၏။ နိပ္ပရိယာယဒုက္ခ မည်၏။ ကြွင်းသော ဒုက္ခဟူသမျှသည် ကိုယ်နာခြင်း၊ စိတ်နာခြင်းတို့၏ တည်ရာအကြောင်းမှ ဖြစ်၏။ ပရိယာယဒုက္ခ မည်၏။ ဒုက္ခဒုက္ခနှင့် နိပ္ပရိယာယဒုက္ခသည် တူ၏။ (နိပ္ပရိယာယ၊ ပရိယာယ-နှစ်မျိုး။)

ဇာတိဒုက္ခ

ပဋိသန္ဓေသည် အဘယ် ဒုက္ခမျိုးနည်း၊- ပဋိသန္ဓေသည် ဥပါဒ်၊ ဌီ၊ ဘင်-ခဏသုံးခုမျှသာ ဖြစ်၏။ ရုပ်ခန္ဓာနှင့် သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ ရှိသော နာမ်ခန္ဓာ ဖြစ်၏၊ ကိုယ်နာ၊ စိတ်နာ မပါ။ ပဋိသန္ဓေကို အကြောင်းပြု၍ ဝမ်း၌ ကြာရှည်နေခြင်း၊ ဖွားမြင်ခြင်း စသည်တို့ကြောင့် ကိုယ်နာ၊ စိတ်နာကား များစွာဖြစ်၏။ ကိုယ်နာ၊ စိတ်နာ၏ တည်ရာ အကြောင်းမျှဖြစ်၏။ ထို့ကြောင့် ဇာတိသည် ဒုက္ခ အစစ်မဟုတ်။ ဒုက္ခဒုက္ခ မဟုတ်။ နိပ္ပရိယာယ မဟုတ်၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခမျိုး၊ ပရိစ္ဆန္နဒုက္ခမျိုး၊ ပရိယာယဒုက္ခ မျိုးဖြစ်၏။

၁။ ငရဲဘုံ စသည်တို့၌ သတ္တဝါတို့ ပဋိသန္ဓေ မနေလျှင် ငရဲမီး ဘယ်သူကို လောင်မည်နည်း။

၂။ လှည်းရုန်း၊ မြက်ဝါး၊ ကြိမ်ရိုက်ခံရသော နွား အဘယ် မှာ ရှိမည်နည်း၊

၃။ ငတ်မွတ်သောပြီ၊ လောကန္တရိုက်ငရဲ၌ ကျသော အသုရကာယ် အဘယ်မှာရှိမည်နည်း။

၄။ ဘင်ပုပ်ငရဲအတိ အမိဝမ်းခေါင်း၌ ဆယ်လ ဘယ်သူ အောင်းမည်နည်း။

အကျယ်ဆိုခြင်းဖြင့် အကျိုး ရှာ၍ မရ။ လောက၌ရှိသမျှ ဒုက္ခသည် ဇာတိကြောင့်သာတည်း။ ဇာတိကင်းလျှင် ဒုက္ခမဖြစ် ပြီ။ ထို့ကြောင့် ဇာတိကို ဒုက္ခဟု ရှေးဦးစွာ ဘုရားဟောသည်။

ဇရာဒုက္ခ

ဥပါဒ် အခြားမဲ့၌ ဌီ ဖြစ်ခြင်းသည် သင်္ခတ လက္ခဏာ ဧရာမည်၏။

ဆံဖြူခြင်း၊ သွားကျိုးခြင်း စသော သဘောသည် ခန္ဓာကိုယ်ရင့်သော ဧရာမည်၏။

ဆံဖြူခြင်း၊ သွားကျိုးခြင်းစသည်သည် ဇရာမဟုတ်၊ ဇရာရောက်ရာ လမ်းခရီးသာတည်း။

မီးလောင်သောလယ်ပြင်၌ ပြာကိုမြင်ရုံဖြင့် မမြင်ရသော မီးကို ဤနေရာ ရောက်သည်-ဟု သိရသကဲ့သို့ ဆံဖြူ၊သွားကျိုးကို မြင်ရုံဖြင့် ဤကား ဇရာခြေရာ ကျသော လမ်းခရီး-ဟု သိအပ်၏။ ဇရာကို မျက်စိဖြင့် မမြင်ကောင်း။

အင်္ဂါကြီးငယ် လျော့ခြင်း၊ မျက်စိမွဲခြင်း၊ နားထိုင်းခြင်း၊ အရွယ်ယုတ်ခြင်း၊ အားနည်းခြင်း၊ သတိမေ့ခြင်း၊ သားသမီး စက်ဆုပ်ခြင်း၊ သူငယ်ပြန်ခြင်း- စသည်ဖြင့် ဧရာကြောင့် ကိုယ်နာ၊ စိတ်နာသည် များစွာဖြစ်၏။ ထိုသို့ ကိုယ်နာ၊ စိတ်နာ ဒုက္ခတို့၏ တည်ရာအကြောင်း ဖြစ်သောကြောင့် ဇရာကို ဒုက္ခဟု ဟောသည်။ နိပ္ပရိယာယ မဟုတ်။ ဒုက္ခစစ် မဟုတ်။

မရဏဒုက္ခ

ဌီ အခြားမဲ့၌ ဘင် ဖြစ်ခြင်းသည် သင်္ခတ လက္ခဏာ မရဏမည်၏။

တဘဝတခါ သေခြင်းသည် သမ္မုတိမရဏ မည်၏။

သေချိန်နီးသူအား မကောင်းသောနိမိတ် ထင်လျှင် စိတ်ဆင်းရဲလှ၏။

ကောင်းသောနိမိတ် ထင်လျှင် လည်း ချစ်သူတို့နှင့် ခွဲရတော့မည်ကို တွေးမိတိုင်း စိတ်ဆင်းရဲလှ၏။

အထူးအားဖြင့် သည်းမခံနိုင်အောင် နာကျင်ခြင်း၊ ပူလောင် ခြင်းစသည်ဖြင့် ကိုယ်ဆင်းရဲလှ၏။ ထိုသို့ ဒုက္ခအစစ်၏တည်ရာ အကြောင်း ဖြစ်သောကြောင့် မရဏသည် ဒုက္ခမည်၏။ ပရိယာယ ပင်တည်း။

ဗျာဓိ

ဗျာဓိကို ၁၂-မျိုး၌ မရေတွက်သော်လည်းကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဗျာဓိဟူသမျှသည် မရဏကို ဖြစ်စေနိုင်သည်သာတည်း။ ထို့ကြောင့် မရဏ၌ထည့်၍ရေတွက် အပ်၏၊ ကိုယ်နာခြင်း ဒုက္ခစစ်၊ နိပ္ပရိယာယ ဖြစ်၏။ စိတ်နာခြင်း၏ တည်ရာ အကြောင်းလည်း ဖြစ်၏။ ကိုယ်နာခြင်းကြောင့် ဒုက္ခစစ်-ဟု မှတ်အပ်၏။

ရန်သူသုံးဦး

သတ္တဝါတိုင်း ရန်သူသုံးယောက်ပမာ ရှုသင့်၏။ ဇာတိရန်သူသည် ငါ့ကို တဘဝသို့ ရောက်အောင် ချော့ခေါ်ပြီ။ ဧရာရန်သူသည် ငါ့ကို ရောက်ရာတဝ၌ မထနိုင်အောင် ရိုက်ပုတ်ဆဲဖြစ်၏။ မရဏရန်သူသည် မထနိုင်သောအခါ ငါ၏ လည်ပင်းကို ပြတ်တော့လတ္တံ့ဟု ရှုသင့်၏။

သောကစသော ငါးပါး

သောက - စိုးရိမ်ခြင်း ဟူသည် စိတ်နာခြင်းသာ ဖြစ်၏၊ ဒုက္ခစစ် ဖြစ်၏။ တပါးသော ကိုယ်နာ၊ စိတ်နာတို့ကိုလည်း ဖြစ်စေနိုင်သေးသည်။

ပရိဒေဝ - ငိုကြွေးခြင်းသည် အသံ-သဒ္ဒရုပ် ဖြစ်၏။ အလွန်အကဲ ငိုသူအား ကိုယ်နာ၊ စိတ်နာကို ထင်ရှားစွာ ဖြစ်စေနိုင်၏။ ဒုက္ခစစ် မဟုတ်။

ဒုက္ခ - ကိုယ်နာခြင်းသည်၎င်း၊ ဒေါမနဿ - စိတ်နာခြင်းသည်၎င်း ဒုက္ခအစစ် နိပ္ပရိယာယ ဖြစ်၏။ တိုက်မိ၍ ထပ်တိုက်သူ၊ စိတ်ညစ်၍ အဆိပ်သောက်သူတို့အား တပါးသော ကိုယ်နာ၊ စိတ်နာတို့ကို ဖြစ်စေသေး၏။

ဥပါယာသ - ပြင်းစွာ ပင်ပန်းခြင်းသည် ဒေါသ စေတသိက် ဖြစ်၏၊ ဒေါသသည် တပါးသော ကိုယ်နာခြင်း၊ စိတ်နာခြင်းတို့ကို လွယ်ကူစွာ ဖြစ်စေနိုင်၏။ ဒေါသကြီးသူ၌ ထင်ရှား၏။ ဒုက္ခစစ် မဟုတ်။

အပ္ပိယသမ္ပယောဂါဒိ

မချစ်အပ်၊ မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ပေါင်းဆုံမိလျှင် ရှေးဦးစွာ စိတ်နာခြင်းကို ဖြစ်စေ၏၊ မဆင်ခြင်နိုင်၍ တိုင်၌ ဦးခေါင်း ဆောင့်ခြင်း- စသည်ဖြင့် အရမ်းပြုလျှင် ကိုယ်နာခြင်းကို ဖြစ်စေနိုင်၏၊ ဒုက္ခ အစစ် မဟုတ်။

ချစ်အပ်၊ နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်းလျှင် ရှေးအတူ စိတ်နာခြင်းကို ဖြစ်စေ၏။ ကိုယ်နာခြင်း ကိုလည်း ဖြစ်စေ၏၊ ဒုက္ခအစစ် မဟုတ်။

ဇာတိ ကင်းသူ၊ ဇရာမရဏ ကင်းသူ ဖြစ်မူ ကောင်းလေစွ စသည်ဖြင့် မရစကောင်းသော တောင့်တခြင်း၊ တောင့်တတိုင်း အလိုမပြည့်ခြင်းသည် ဣစ္ဆိတာလာဘ ဒုက္ခမည်၏။ မင်းစည်းစိမ် တောင့်တသော ဒွန်းစဏ္ဍားကဲ့သို့၎င်း၊“ကျောင်းထိုင်ခင်ကြီး အကြံကြီး ဘုရင့်သမီး ရနိုးနိုး” ဟူသကဲ့သို့၎င်း၊ တောင့်တတိုင်း မရနိုင်သဖြင့် စိတ်ပန်း၊ကိုယ်နာဖြစ်စေရရှာသည်။ ထို့ကြောင့် ဒုက္ခ မည်၏၊ ဒုက္ခစစ်ကား မဟုတ်။

သံခိတ္တေန

မှက်၊ ခြင်အပေါင်းသည် နွားကိုယ်ကို ခဲကုန်သကဲ့သို့ ဇာတိစသော ဒုက္ခ အပေါင်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးကိုသာ ကိုက်ခဲ ညှဉ်းဆဲ ကုန်၏။ မြက်နွယ်အပေါင်းသည် မြေ၌ တည်သကဲ့သို့ ဇာတိစသော ဒုက္ခ အပေါင်းသည် ဥပါဒါနက္ခန္ဓာငါးပါး၌သာ တည်ကုန်၏။ ဥပါဒါနက္ခခန္ဓာငါးပါး၏ အစ၌ ဇာတိဒုက္ခ၊ အလယ်၌ ဇရာဒုက္ခ၊ အဆုံး၌မရဏဒုက္ခ အမြဲ ရှိ၏။ လိုတိုင်းမရသောအခါ ဒုက္ခများစွာရှိသေး၏၊ ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခမျိုးစုံပေါင်းစုရာ ဒုက္ခ အစည်းအရုံး ချည်းသာ၏၊ ဒုက္ခတခုစီ ထုတ်ပြော၍ မကုန်နိုင်ရာ။

သမုဒြာရေသည် ပိုင်းခြားမရှိ များလှသော်လည်း ထိုရေ အားလုံး၏ အရသာကား ရေတပေါက်၌ တည်၏။ ထို့အတူ ပိုင်းခြားရှိ များလှသော ဒုက္ခဟူသမျှအရသာသည် ဥပါဒါနက္ခန္ဓာငါးပါး၌သာ တည်၏။ ဤသို့ ချုံး၍ပြခြင်းငှာ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာဟု အဆုံးသတ်ဒုက္ခကို ဟောတော် မူသည်။ ဤ၌ -

၁။ ရုပ် ၂၈-ခုသည် ရူပုပါဒါနက္ခန္ဓာ- မည်၏။

၂။ လောကီ ဝေဒနာသည် ဝေဒနုပါဒါနက္ခန္ဓာ-

၃။ လောကီသညာသည် သညုဒါနက္ခန္ဓာ-

၄။ ကြွင်းသော လောကီစေတသိက် ၅၀-သည်သင်္ခါရူပါဒါနက္ခန္ဓာ-

၅။ လောကီစိတ် ၈၁-ခုသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။

လောကုတ္တရာစိတ် ၈-ခု၊ စေတသိက် ၃၆-ခု၊ နိဗ္ဗာန်သည် ဥပါဒါနက္ခန္ဓာငါးပါးမှ လွတ်၏။

တဏှာ၊ ဒိဋ္ဌိဟူသော ဥပါဒါန် နှစ်ပါးတို့၏ လက်အောက်ခံ စွဲလမ်းတိုင်း မဖယ်မလှန်နိုင် သောကြောင့် လောကီတရားအစုသည် ဥပါဒါနက္ခန္ဓာမည်၏။ ခန္ဓာ ငါးပါးလောက် မကျယ်။ ခန္ဓာငါးပါး၌ နိဗ္ဗာန်တခုသာလွတ် သည်။

(ဤဒုက္ခ ၁၂-မျိုးတို့တွင် သောက၊ ဒုက္ခ၊ ဒေါမနဿသည် ဒုက္ခစစ် ဒုက္ခဒုက္ခမည်၏၊ နိပ္ပရိယာယ မည်၏။ ကြွင်းကိုးပါးသည် ဒုက္ခစစ်၏တည်ရာအကြောင်း ဖြစ်သောကြောင့်သာ ဒုက္ခမည်၏။ ပရိယာယဒုက္ခ မည်၏။)

တိုက်တွန်းခြင်း

ဝဋ်ဒုက္ခမှ လွတ်လိုသော ကုလပုတ္တသည် အထူးအားဖြင့် ဒါန၊ သီလစသည် ပြုသောအခါ ဤဒုက္ခ တို့ကို ပိုင်းခြားကုန်စင် သိမြင်အောင် ဖန်ဖန်ရှုလော့။ ဒါန၊ သီလ မပြုသော အခါလည်း ဖန်ဖန် ရှုလော့၊ ထိုနောက်မှ လိုရာဆု တောင်းသင့်ရာကို တောင်းလေလော့။

သမုဒယသစ္စာ၌ မှတ်ဖွယ်

တဏှာနယ်

တဏှာသည် ဥပါဒါနက္ခန္ဓာ ငါးပါး၌သာ အာရုံပြုခြင်းဖြင့် တည်၏။ လောကီ ဒုက္ခသစ္စာ နယ်ကုန်ကို လွှမ်းခြုံ၍ တည်၏။

တဏှာအစစ် ၁၀၈

တဏှာသည် ဖြစ်ပုံ ခြင်းရာ အားဖြင့် ကာမတဏှာ၊ ဘဝတဏှာ ဝိဘဝတဏှာဟု သုံးမျိုး ပြား၏။

၁။ အာရုံ ခြောက်ပါးကို ကိလေသာ ကာမဖြင့် သာယာခြင်းသည် ကာမတဏှာ မည်၏၊

၂။ ဤအာရုံသည် ခိုင်၏၊ မြဲ၏ဟု သဿတဒိဋ္ဌိ ယှဉ်တွဲ၍ သာယာခြင်းသည် ဘဝတဏှာ မည်၏။ ရူပဘဝ၊ အရူပဘဝကို သာယာခြင်းသည်လည်း ဘဝတဏှာ မည်၏။

၃။ ဤအာရုံသည် အလိုလို ပြတ်လတ္တံ့ဟု ဥစ္ဆေဒဒိဋ္ဌိ ယှဉ်တွဲ၍ သာယာခြင်းသည် ဝိဘဝတဏှာ မည်၏။

အာရုံအားဖြင့် ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာဟု ခြောက်မျိုး ပြား၏။

တဏှာသုံးမျိုးသည် အာရုံခြောက်ပါးဖြင့် နယ်ချဲ့သော အခါ ၁၈-မျိုး၊

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးမျိုး ဖြင့် နယ်ချဲ့သော အခါ ၅၄-မျိုး၊

အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန် နှစ်ပါးဖြင့် နယ်ချဲ့သောအခါ ၁၀၈-မျိုးဖြစ်၏။

ဆောင်

၁၊ တဏှာသုံးတန်၊ တည်၍ခံ၊ အာ, ကာ, သံဖြင့် မြှောက်၊

၂။ တဏှာအစစ်၊ တရာ့ရှစ်၊ ဖြစ်၏ ထိုမျှလောက်။

တဏှသာ သမုဒယ

ဒုက္ခသစ္စာ၏ အကြောင်းသည် များစွာရှိလျက် အဘယ့်ကြောင့် တဏှာသာ သမုဒယ မည်သနည်း။ ထူးသောအကြောင်း ဖြစ်သောကြောင့်တည်း။

အကြောင်းများစွာတို့တွင် အဝိဇ္ဇာသည် ဘ၁ အပြစ် မမြင်အောင် ဖုံးရုံသာဖုံး၏။

ဒိဋ္ဌိစသည်သည် တဏှာတိုးပွားကြောင်း မျှဖြစ်၏။

ဒေါသစသည်သည် စေတနာကံ၏ အကြောင်းမျှသာ ဖြစ်၏။

တဏှာကား ထိုထိုဘဝ၊ ဂတိစသည်တို့၏ ဆန်းကြယ်ခြင်းကို တောင့်တ၏။ စီမံ၏။ ဆန်းကြယ်သော ကံ၏ မှီရာ ဖြစ်၏။ အဖော်ပြု၍ အားပေး၏။ ဆန်းကြယ်သောဘဝ စသည် တို့ကို မှတ်သား၏။ အမြင်ကျယ်၏။ ဤသို့ တဏှာသာလျှင် ဒုက္ခ၏ ထူးသောအကြောင်း ဖြစ်သောကြောင့် သမုဒယ မည်သတည်း။

ယခု လူ့ဘဝသည် ရှေးနှစ်များစွာနှင့်မတူ အမြန် သွားနိုင်၏။ အမြန် ကြားနိုင်၏။ အထက် အထပ်ထပ်မှ အောက်မဆင်းဘဲ ရေချိုးနိုင်၏။ အိမ်သာ တက်နိုင်၏။ အခါမရွေး မီးလင်းစေနိုင်၏။ ယပ်လေ ရစေနိုင်၏။ လူတို့ကံ ထူးပေ၏။ ဤသို့ စသည်ဖြင့် ဘဝ ဆန်းကြယ်အောင် ဆန်းကြယ်သော ကံလက်သမားသည် ပြုပေး၏။

ဆန်းကြယ်သော တဏှာ နယ်ချဲ့သမားသည် ဆန်းကြယ်သော ကံလက်သမားကို စေခိုင်း၏။ လူတို့ ကံထူးသမျှသည် ဆန်းကြယ်သော တဏှာနယ်ချဲ့ဖြင့် ဖြူးထားခြင်းသာ ဖြစ်လေတော့၏။

တိုက်တွန်းခြင်း

ဒါန၊ သီလ ကုသိုလ်ပြုတိုင်း တဏှာကို သတ်နိုင်သော်လည်း ဒုက္ခသစ္စာ အမြင်နည်းလျှင် ကုသိုလ် ပြုရာ၌ တဏှာတပဲသားသာ သေ၍ တပိဿာ တိုးလာတတ်၏။ အကုသိုလ်ပြုရာ၌ သာ၍ တိုးသေး၏။ ထို့ကြောင့် တဏှာသစ် အတိုးနည်းအောင် တဏှာကြောင့်ဖြစ်သော ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရှုလေလော့။

နိရောဓသစ္စာ၌ မှတ်ဖွယ်

နိဗ္ဗာနဓာတ်

နိရောဓသစ္စာသည် ထိုတဏှာ၏ အကြွင်းမဲ့ ချုပ်ရာချုပ်ကြောင်း နိဗ္ဗာနဓာတ် ဖြစ်၏။ ဝိရာဂ၊ နိရောဓ၊ စသည်လည်း မည်၏။ ဒုက္ခ ၁၂-မျိုး ချုပ်ရာအရပ် စင်စစ် ဖြစ်၏။

ဒုက္ခသတ်နည်း

ဒုက္ခ ချုပ်အောင် ဒုက္ခကို သတ်လျှင် အတ္တကိလမထ အကျင့် ဖြစ်၏။ အကြောင်း သမုဒယကို ဖြစ်ခွင့် မပေးခြင်းဖြင့် သတ်ရသည်။ သစ်ပင် သေအောင် သစ်ကိုင်းကိုခုတ်လျှင် ကိုယ်ပင်ပန်း၏။ အမြစ်ရင်း ဖြတ်ရသည်။ သမုဒယ အမြစ်ရင်း ဖြတ်ခြင်း၌ မဂ်သည် နိဗ္ဗာန်ကို အာရုံ ပြုခြင်းကြောင့် သမုဒယသည် နောင် မဖြစ်နိုင်ခြင်းသို့ ရောက်၏။ ဤကား- သမုဒယကို သတ်နည်းတည်း။

တောအုပ်၌ ထကြွနေကျ ခိုးသူကို ဖမ်း၍ မြို့အနီး၌ သတ်သော်လည်း ထကြွနေကျ တောအုပ်၌ ခိုးသူ သေပြီဟု ဆိုရသကဲ့သို့ နိဗ္ဗာန်အာရုံပြု၍ တဏှာ ချုပ်သော်လည်း ထကြွနေကျ ဥပါဒါနက္ခန္ဓာငါးပါး၌၊ ဝါ-ဒုက္ခနယ်၌ တဏှာ သေပြီဟု ဆိုရ၏။ ထကြွနေကျအရပ်၌ မထကြွနိုင်သော ကြောင့်တည်း။

သစ်ပင်သတ်ဥပမာ

အတိတ်အသီး ကြွေကျပြီး၍ အနာဂတ်အသီး မသီးရသေးသော သစ်ပင်ကို အမြစ်ပြတ်လျှင် အတိတ်သီးလည်း မပျက်၊ အနာဂတ်သီးလည်း မပျက်၊ ပစ္စုပ္ပန်သီးလည်း မရှိဆဲဖြစ်၍ မပျက်။ နောင်သီးနိုင်သော အသီးသာ မသီးနိုင်သဖြင့် ချုပ်၏။

ထို့အတူ တဏှာကို မဂ်ဖြင့် အမြစ်ပြတ်ရာ၌လည်း အတိတ်တဏှာ မသေ၊ အနာဂတ်တဏှာ မသေ၊ ပစ္စုပ္ပန်တဏှာလည်း မဂ်နှင့် အတူ ဖြစ်ဆဲမဟုတ်၍ မသေ။ (ကာလသုံးပါး တဏှာကို မသတ်နိုင်။)

နောင် အကြောင်းအားလျော်စွာ ဖြစ်နိုင်သော တဏှာ သာလျှင် မဖြစ်နိုင်တော့သဖြင့် ချုပ်၏။ (ကာလဝိမုတ် နဝတ္တဗ္ဗတဏှာကိုသာ မဖြစ်စေခြင်းဖြင့် သတ်သည်။ ထို ချုပ်ခြင်းသည် အနုပ္ပါဒ + နိရောဓ-မဖြစ်ခြင်းဖြင့် + ချုပ်သည် မည်၏။ ထို နိရောဓသည် နိဗ္ဗာန်အစစ် မဟုတ်သေး။ ထိုနိရောဓ ၏ အကြောင်း ဥပနိဿယသတ္တိရှိသော အာရုံသည်သာလျှင် နိဗ္ဗာန်အစစ် ဖြစ်၏။ မဂ်၊ ဖိုလ်တို့၏ အာရုံ ဖြစ်၏။

တိုက်တွန်းခြင်း

နိဗ္ဗာန်အစစ်ကို အာရုံပြုလျှင် တဏှာ သမုဒယ ချုပ်၏။ သမုဒယချုပ်လျှင် ဒုက္ခချုပ်၏။ ထို့ကြောင့် နိဗ္ဗာန်အစစ်ကို တွေးဆခြင်းဖြင့်၎င်း၊ မျက်မှောက် ပြုခြင်းဖြင့်၎င်း အာရုံပြုနိုင်အောင် ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရှုလေလော့။ ရေများများငတ်မှ ရေကို မြိန်ရှက်စွာ သောက်နိုင်သည်။ ဒုက္ခများများမြင်မှ ဒုက္ခကင်းရာ နိဗ္ဗာန်အစစ်ကို မြိန်ရှက်စွာ အာရုံပြုနိုင်သည်။

မဂ္ဂသစ္စာ၌ မှတ်ဖွယ်

မဂ္ဂင်ရှစ်ပါး

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ- စသော ရှစ်ပါးသည် တရားကိုယ်အားဖြင့် --

ပညာ၊ ဝိတက် (၂-ပါး)

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (၃-ပါး)

ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ (၃-ပါး) ဤသို့ ရှစ်ပါး ဖြစ်၏။

မဂ်စိတ် ဖြစ်သောအခါ စေတသိက် ၃၆-ခု ယှဉ်၏။ ထိုတွင် ပညာ၊ ဝိတက်စသော စေတသိက် နှစ်ခုသည် မဂ္ဂင် ရှစ်ပါး ဖြစ်၏။ မဂ္ဂသစ္စာ မည်၏။

သစ္စဝိမုတ်

ကြွင်းသောစေတသိက် ၂၈-ခုနှင့် မဂ်စိတ် သည်၎င်း၊ ဖိုလ်စိတ်နှင့် စေတသိက် ၃၆-ခု တို့သည်၎င်း၊ သစ္စာလေးပါးမှ လွတ်ကုန်၏။ ဝါ-မဂ်စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုတို့သည် သစ္စာလေးပါးမှ လွတ်ကုန်၏။

ပညာမဂ္ဂင်နှစ်

သမ္မာဒိဋ္ဌိ-ကောင်းစွာ မြင်ခြင်း၊

သမ္မာသင်္ကပ္ပေါ-ကောင်းစွာကြံစည်ခြင်း၊

ဤနှစ်ပါးသည် အဓိ ပညာသိက္ခာ မည်၏၊

သမ္မာသင်္ကပ္ပသည် သမ္မာဒိဋ္ဌိ၏ လက်ညှိုးသဖွယ် ဖြစ်၏။ ဝိတက်ပင် ဖြစ်၏။ ပညာမျက်စိသည် ကောင်းစွာ မြင်တတ်သော်လည်း ဝိတက် လက်ညိုး ကြံစည်၍ လှည့်ပေးခြင်းကို များစွာ လိုအပ်သည်။ ထို့ကြောင့် ထိုနှစ်ပါးကို ပညာ၌ ပေါင်းသည်။

သီလသုံး

သမ္မာဝါစာ-ကောင်းစွာ ဆိုခြင်း၊ ဝါ၊ ဝစီ ဒုစရိုက်လေးပါးမှ ကြဉ်သည်။

သမ္မာကမ္မန္တော- ကောင်းစွာ ပြုခြင်း၊ ဝါ-ကာယဒုစရိုက်သုံးပါးမှ ကြဉ်သည်။

သမ္မာအာဇီဝေါ-ကောင်းစွာ အသက်မွေးခြင်း၊ ဝါ-ကာယဒုစရိုက်၊ ဝစီဒုစရိုက်ဖြင့် အသက်မမွေးဘဲ မိစ္ဆာဇီဝ ဒုစရိုက် ခုနစ်ပါးမှ ကြဉ်သည်။

ဤသုံးပါးသည် ကိုယ်၊ နှုတ်ကို စောင့်ထိန်း၏။

ထို့ကြောင့် အဓိသီလသိက္ခာ မည်၏။ သီလ၌ သုံးပါး ပေါင်းသည်၊

သမာဓိသုံး

သမ္မာဝါယာမော - ကောင်းစွာ အားထုတ် ခြင်း၊ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရအောင်၊ ဖြစ်ပြီးကို ပျောက်အောင်၊ မဖြစ်သေးသောကုသိုလ်ကို ဖြစ်အောင်၊ ဖြစ်ပြီးကို တိုးပွားအောင် လုံ့လပြုခြင်း လေးပါး ပြားသည်။

သမ္မာသတိ - ကောင်းစွာ အောက်မေ့ခြင်း၊ ၃၂-ကောဋ္ဌာသ ကာယကို အသုဘဟု၊ ဝေဒနာကို ဒုက္ခဟု၊ စိတ်ကို အနိစ္စဟု၊ ထိုထိုဓမ္မကို အနတ္တဟု အောက်မေ့ခြင်း လေးပါး ပြားသည်၊

သမ္မာသမာဓိ - ကောင်းစွာတည်ကြည်ခြင်း ပဌမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အားဖြင့် ဈာန်ငါးပါး သမာဓိ ပြားသည်၊

ဤသုံးပါးသည် စိတ်ကို နိုင်နင်းစွာ အစိုးရသာကြောင့် အဓိစိတ္တ သိက္ခာ မည်၏။ သမာဓိ၌ သုံးပါး ပေါင်းသည်။

မဂ္ဂသစ္စာပွားစေခြင်း

မဂ်စိတ် ဖြစ်သောအခါ ဤမဂ္ဂင်ရှစ်ပါး တပေါင်းတည်း ဖြစ်ပေါ်လာခြင်းသည် မဂ္ဂသစ္စာကို တိုးပွားစေသည် မည်၏။ နိဗ္ဗာန်ကို အမြဲ အာရုံပြုခြင်းကြောင့်- တဏှာ သမုဒယ အသေကြီး သေ၏။ တသံသရာလုံး မဂ်လေးကြိမ်ဖြစ်လျှင် တဏှာသမုဒယ သတ်ခြင်းကိစ္စသည် အပြီးသို့ ရောက်လေ၏။

လောကီမဂ္ဂင်

ကာမကုသိုလ်စိတ်ဖြင့် ကုသိုလ် ပြုသောအခါ ပညာ၊ ဝိတက်၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ-မဂ္ဂင်ငါးပါး အမြဲ ဖြစ်၏။ ရံခါ သမ္မာဝါစာနှင့် ၆-ပါး၊ ရံခါ သမ္မာကမ္မန္တ နှင့် ၆-ပါး၊ ရံခါ သမ္မာအာဇီဝနှင့် ၆-ပါး ဖြစ်၏။ တဏှာကို တဒင်္ဂပဟာန်ဖြင့် ထိုထိုအခိုက်တွင် သတ်၏။ ဉာဏဝိပ္ပယုတ် ကုသိုလ် ဖြစ်လျှင်ကား ပညာတခု မဖြစ်။

တိုက်တွန်းခြင်း

မဂ္ဂသစ္စာကို တိုးပွားစိမ့်သောငှာ ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရှုလေလော့။ ကုန်စင်အောင် ရှုလေလော့။ အားနာသောအား သနားလေဟန်ဖြင့် ဘယ်သူကိုမျှ မချန်နှင့်။ ချစ်လှစွာသော သားသမီးကို သော်လည်း ဒုက္ခ ၁၂-မျိုး မလွတ်ဟန်ကို ဖန့်ဖန်ရှုလော့။

ပကိဏ်း မှတ်ဖွယ်

အကျိုး

ဒုက္ခသစ္စာကို သိလျှင် ခန္ဓာငါးပါး၌ သုဘ၊ နိစ္စ၊ သုခ၊ အတ္တ-ဟု စွဲယူသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏၊

သမုဒယကိုသိလျှင် ဤလောကကို ဗြဟ္မာ၊ ဗိဿဏိုး ဖန်ဆင်း၏-ဟု စွဲယူသော အကြောင်း လွဲသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏။

နိရောဓကို သိလျှင် အရူပဘုံကို နိဗ္ဗာန်-ဟု စွဲယူသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏။

မဂ္ဂကို သိလျှင် ကာမသုခလ္လိက စသည်ဖြင့် နိဗ္ဗာန် ရ၏-ဟု စွဲယူသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏။

ဤသစ္စာလေးပါးကို မသိလျှင် ဖြစ်ခြင်း၊ ဖြစ်ကြောင်း၊ ချုပ်ခြင်း၊ ချုပ်ကြောင်း- လေးဌာန၌ တွေဝေနစ်မွန်း၏။

ဥပမာ

သစ္စာလေးပါးတို့တွင် ဒုက္ခသည် ဝန်ထုပ်၊

သမုဒယသည် ဝန်ထုပ်ထမ်းယူသူ၊

နိရောဓသည် ဝန်ထုပ်ချခြင်း၊

မဂ္ဂသည် ဝန်ထုပ် ချနိုင်ကြောင်း လုံ့လနှင့် အစဉ် အတိုင်း တူ၏။

ထို့အတူ အနာ၊ အနာဖြစ်ကြောင်း၊ အနာ ပျောက်ခြင်း၊ ဆေးကောင်းနှင့် အစဉ်အတိုင်း တူ၏။

တနည်း- ငတ်မှုတ်ခြင်း၊ မိုးခေါင်ခြင်း၊ ဝပြောခြင်း၊ မိုဃ်းကောင်းခြင်းနှင့်၎င်း၊

ဤမှာဘက်ကမ်း၊ ရေအယဉ်၊ ထိုမှာဘက်ကမ်း၊ ကူးခြင်းလုံ့လနှင့်၎င်း၊

ရန်သူ၊ ဒေါသ၊ မေတ္တာ၊ စောင်မခြင်းနှင့်၎င်း အစဉ်အတိုင်း တူ၏။

သုည

ဒုက္ခသာ ရှိသည်၊ ဒုက္ခရောက်သူ ပုဂ္ဂိုလ် သတ္တဝါ မရှိ။

တဏှာသာ ရှိသည်၊ နှစ်သက်စုံမက်သူ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိ၊

နိဗ္ဗာန်သာ ရှိသည်၊ ချုပ်ငြိမ်းသူ ပုဂ္ဂိုလ် သတ္တဝါမရှိ။

မဂ္ဂသာရှိသည်၊ သွားသူ၊ကျင့်သူပုဂ္ဂိုလ်၊ သတ္တဝါ မရှိ။

နိဗ္ဗာန်သည် အတ္တတခုမှ ဆိတ်၏၊

မဂ္ဂသည် ဓုဝ၊ သုခ၊ အတ္တ-သုံးခုလုံးမှ ဆိတ်၏။

ဒုက္ခနှင့် သမုဒယသည်၊ သုဘ-ဓုဝ- သုခ အတ္တ လေးခုမှ ဆိတ်၏။

နိရောဓသည် ကြွင်းသုံးပါးမှ ဆိတ်၏။ ကြွင်းသုံးပါးသည် နိရောဓမှ ဆိတ်၏။

သမုဒယ၊ မဂ္ဂသည် အကျိုးမှ ဆိတ်၏။ ကြွင်းနှစ်ပါးသည် အကြောင်းမှ ဆိတ်၏။

အသိခဲယဉ်းပုံ

အဝေးမှ သံကောက် ပေါက်ငယ်ဖြင့် အဆင့်ဆင့် မချွတ်မယွင်း မြှားပစ်သွင်းခြင်းသည် ခဲယဉ်းလှ ၏။ အစိတ်တရာ စိတ်သော သားမြီး၏ အစွန်းတခုကို အစွန်းတခုဖြင့် ထိအောင် ထိုးခြင်းသည် သာ၍ ခဲယဉ်း၏။ သစ္စာလေးပါးကို သိခြင်းကား ထိုထက်လွန်၍ အခဲယဉ်းဆုံး အခဲယဉ်းကြီး ဖြစ်၏။

သဘောတူ-မတူ

သစ္စာလေးပါးလုံးသည် မှန်ကန်ခြင်း၊ အတ္တမှ ဆိတ်ခြင်း၊ သိနိုင်ခဲခြင်း အားဖြင့် တူ၏။ လက္ခဏာ အားဖြင့်ကား အသီးအသီးမတူ။

ရှေးနှစ်ပါး ဒု၊သ-သည် သိနိုင်ခဲသဖြင့် နက်နဲခြင်း၊ လောကီ ဖြစ်ခြင်း၊ အာသဝ၏ အာရုံ ဖြစ်ခြင်း အားဖြင့် တူ၏၊ ကျိုး၊ ကြောင်းမတူ။ သိအပ်နှင့် ပယ်အပ်ဖြစ်၍ မတူ။

နောက်နှစ်ပါး နိ၊မ-သည် နက်နဲသဖြင့် သိနိုင်ခဲခြင်း၊ လောကုတ္တရာ ဖြစ်ခြင်း၊ အာသဝ၏ အာရုံ မဟုတ်ခြင်းအားဖြင့် တူ၏။ အာရုံ၊ အာရမ္မဏိက မတူ၊ မျက်မှောက် ပြုအပ်နှင့် ပွားစေအပ်ဖြစ်၍ မတူ။

ဒုနှင့်နိသည် အကျိုးအားဖြင့် တူ၏။ သင်္ခတ၊ အသင်္ခတ ဖြစ်၍ မတူ။

သနှင့်မသည်အကြောင်းအားဖြင့်တူ၏။ အကုသိုလ်၊ ကုသိုလ်ဖြစ်၍ မတူ။

ဒုနှင့်မသည် သင်္ခတအားဖြင့် တူ၏။ လောကီ၊ လောကုတ္တရာ ဖြစ်၍ မတူ။

သနှင့်နိသည် နေဝသေက္ခ နာသေက္ခဓမ္မ အားဖြင့် တူ၏။ အာရုံပြုတတ်နှင့် မပြု တတ်ဖြစ်၍ မတူ။

တိုက်တွန်းခြင်း

သစ္စာလေးပါးကို သိရခြင်းသည် သံကောက်ပေါက် ပစ်သွင်းခြင်း၊ သားမြီးဖျား ထိုးခြင်းတို့ထက် ခဲယဉ်း၏-ဟု ဆိုသော်လည်း စိတ်အား မလျော့သင့်ပေ။ သမုဒြာ နက်၏-ဟု ဆိုသော်လည်း ယုန်ငယ်အတွက်သာ နက်သည်။ အသုရိန်နတ်မှာကား ဒူးဆစ်မျှ ဖြစ်သည်ဟု ဆိုသကဲ့သို့ ပါရမီ ဆည်းပူးခြင်း ကင်းဝေးသူတို့အားသာ ခဲယဉ်းပေသည်။ ပါရမီရှိသော သူတို့မှာ ခုနစ်နှစ်သမီး၊ ခုနစ်နှစ်သားတို့ပင် ဘုရားရှင်ဉာဏ်တော် မှီး၍ လွယ်ကူစွာ သိကုန်ပြီ။

ထို့ကြောင့် သစ္စာလေးပါးကို သိလိုသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးသည် မဆုတ်နစ်သော စိတ်ဖြင့် “သင်၊ မှတ်၊ ကြံ၊ မေး” ဆွေးနွေးဟောကြား ပွားများရာ၏။ ဝါ-ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရရာ၏။

သစ္စာလေးပါးအရသာ ပြီး၏။

ညောင်လေးပင်တောရဆရာတော်

nu8b5bjep8g3bayyrrwderhjxybe82g
18958
18957
2025-07-03T00:36:24Z
Tejinda
173
18958
wikitext
text/x-wiki
{{header
| title = မဟာဓမ္မစကြာအရသာ
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာဓမ္မစကြာအရသာ
| previous = [[ဓမ္မစကြာသုတ်နိဿယ]]
| previous2 =
| next = [[မဟာသမယသုတ် ပါဌ် နိဿယ]]

0y3fe7k4hno9bqstqd0xrvnlg1yh0nm
18960
18958
2025-07-03T00:53:43Z

jcx8dg34doattl3xrx283pkm6huvfge
18961
18960
2025-07-03T01:04:47Z

၈။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

၁၈။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

iz813jmibs48futjjt9tgrc9kgetun0
18969
18961
2025-07-03T01:29:03Z
Tejinda
173
18969
wikitext
text/x-wiki
{{header
| title = မဟာဓမ္မစကြာအရသာ
| author = ညောင်လေးပင်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာဓမ္မစကြာအရသာ
| previous = [[ဓမ္မစကြာသုတ်နိဿယ]]
| previous2 =
| next = [[မဟာသမယ (၇) သုတ်]]

m64ypkgqxihfuj6qwqqojb2q2ssoo13
မဟာသမယသုတ် ပါဌ် နိဿယ
0
5807
18959
2025-07-03T00:37:01Z
Tejinda
173
"{{header | title = မဟာသမယသုတ် ပါဌ် နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာသမယသုတ် ပါဌ် နိဿ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18959
wikitext
text/x-wiki
{{header
| title = မဟာသမယသုတ် ပါဌ် နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယသုတ် ပါဌ် နိဿယ
| previous = [[မဟာဓမ္မစကြာအရသာ]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

မဟာသမယသုတ် ပါဌ် နိဿယ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မဟာသမယသုတ် ပါဌ် နိဿယ

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

“ပရိတ်ပျိုး ဂါထာ”

သတေဟိ ပဉ္စမတ္တေဟိ ခီဏာသဝေဟိ ကေဝလံ၊ ဘိက္ခူဟိ ဘူပဝံသေဟိ သတ္ထာ ဇိနော ပရိဝုတော။ သက္ကေ ကပိလဝတ္ထု သ္မိံ ဆာယာရမ္မေ မဟာဝနေ၊ သမန္တတော သဟဿေဟိ စက္ကဝါဠေဟိ ဒသဟိ။ အာဂမ္မ သန္နိသိန္နာနံ ဒေဝါနံ ယ မဒေသယိ၊ အာယုဒီဃကရံ သဗ္ဗသမ္ပတ္တိသာဓကံ ဝရံ။ သုဒ္ဓါဝါသပ္ပဘူတီဟိ ဒေဝေဟိ ပဋိနန္ဒိတံ၊ သဗ္ဗရောဂ ဘယု ဂ္ဃါတံ သမယံ တံ ဘဏာမ ဟေ။

ကေဝလံ ဘူပဝံသေဟိ - တစ်ပါးသောမျိုးနွယ်နှင့် မရောမယှက် သက်သက် မင်းမျိုး မင်းနွယ်ချည်း ဖြစ်တော်မူကြပေကုန်သော၊

ကေဝလံ ခီဏာသဝေဟိ - ပုထုဇဉ်နှင့် သေက္ခမဖက် သက်သက် ရဟန္တာချည်း ဖြစ်တော်မူကြပေကုန်သော၊

ပဉ္စမတ္တေဟိ သတေဟိ - ရေတွက်စရာ ကိန်းသင်္ချာဖြင့် မကွာပြည့်ညီ ရာငါးလီ အတိုင်း အရှည် ရှိတော်မူကြပေကုန်သော၊

ဘိက္ခူဟိ - ဗုဒ္ဗသာသနာ အေးရိပ် သာဝယ် မကွာမွေ့လျော် ရဟန်းတော် အရှင်မြတ် တို့သည်၊

ပရိဝုတော - ရှေ့နောက်ဝဲယာ ပတ်ခြံမလပ် ခြံရံအပ်သော၊

သတ္ထာ - လူနတ် ဗြဟ္မာ သတ္တဝါ အများတို့၏ အားထားကြည်ဖြူ ဆရာတစ်ဆူ ဖြစ်တော်မူသော၊

ဇိနော - မာရ်ရုပ်ငါးအင် ခုတ်ထွင် ပယ်ရှား အောင်တော်မူ မြတ်စွာဘုရားသည်၊

သက္ကေ ကပိလ ဝတ္ထုသ္မိံ - ဂုဏ်ဝါကဲလှ တိုင်းသက္က အဝင်အပါ အောင်ပဌဖြာဘူမိ ကပိလဝတ်မည်ဟီး ရွှေမြို့တော်ကြီး အနီး၌၊

ဆာယာရမ္မေ - သစ်ရိပ်ဝါးရိပ် တောတောင်ရိပ်နှင့် ဓမ္မရိပ်သာ အေးဆာယာရောက် အောင် လွန်စွာမွေ့လျော် ပျော်ဖွယ်ရာ ကောင်းပေသော၊

မဟာဝနေ - သုံးထောင် ယူဇနာ ဟေမဝါနှင့် တည်ရာတစ်စပ်တည်း တောမြိုင်ကြီး၌၊

သမန္တတော - ဤစကြဝဠာ ခွင် ပတ်ဝန်းကျင်မှ၊

ဒသဟိ သဟဿေဟိ စက္ကဝါဠေဟိ - ဇာတိခေတ်အပါ စကြဝဠာအပေါင်း တိုက် တစ်သောင်းတို့မှ၊

အာဂမ္မ - ကျက်သရေ အနန္ဒ မြတ်ဗုဒ္ဓနှင့် ပွင့်သစ်စ ရဟန္တာအပေါင်း ငါးရာကို မကွာစိတ်ညီ ဖူးမြော်မည်ဟု တူညီဆန္ဒ လာရောက်ကြကုန်ပြီး၍၊

သန္နိသိန္နာနံ - မြေပြင်မလပ် ဝေဟင်ထပ်အောင် ကပ်ညပ်ညီညာ စည်းဝေးနေကြ ပါကုန်သော၊

ဒေဝါနံ - နတ်ဗြဟ္မာတို့အား၊

အာယုဒီဃကရံ - အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော၊

သဗ္ဗသမ္ပတ္တိသာဓကံ - လူ နတ် နိဗ္ဗာန် သုံးတန် သိမ်းကြုံး ချမ်းသာ သမ္ပတ္တိ အားလုံးကို ပြီးစီးစေတတ်သော၊

ဝရံ - လွန်တောင့်တအပ် ကောင်းမြတ်ပေထသော၊

သုဒ္ဓါဝါသပ္ပဘူတီဟိ - သုဒ္ဓါဝါသ အစရှိကုန်သော၊

ဒေဝေဟိ - မကျန် သိမ်းကြုံး နတ်ဗြဟ္မာအားလုံးတို့သည်၊

ပဋိနန္ဒိတံ - ကြားနာဖို့ရန် ရည်သန်တောင့်တ မြတ်ဆန္ဒဖြင့် မုချစုံမက် အဖန်ဖန် နှစ်သက်အပ်ပေသော၊

သဗ္ဗ ရောဂ ဘယု ဂ္ဃါတံ - ရောဂါတန်ဆိုး ဘေးအမျိုးမျိုးကို နှိမ်ချိုးခုတ်ဖြတ် ပယ်နုတ် တတ်သော၊

ယံ သမယံ - ရဟန္တာပေါင်း ဒေဝါပေါင်းတို့ စုပေါင်းညီညာ ဆုံစည်းရာ၌ ကြေငြာ မိန့်ကြား မြတ်တရားမို့ မှတ်သားခေါ်ရာ အကြင် မဟာသမယသုတ် တရားဒေသနာ တော်ကို၊

အဒေသယိ - နတ်ဗြဟ္မာပေါင်း စိတ်ငြိမ်ညောင်းဖြင့် ငြိမ့်ညောင်းသံသာ ဟောကြား တော်မူခဲ့ပါပေပြီ။

ဟေ - ပါရမီပေါင်း ပြည့်စေကြောင်းဖြင့် စုပေါင်းပျော်ရွှင် အို .. သူတော်စင် အများတို့၊

မယံ - မင်္ဂလာပုည ကိုယ်ပိုင်ရဖို့ မုချကြည့်မျှော် ဘုရား တပည့်တော်တို့သည်၊

ယံ သမယံ - ကြည်သာ နှစ်ထောက် နာရကြောင်းဖြင့် အပေါင်းသတ္တဝါ နတ်ဗြဟ္မာတို့ မကွာစောင့်မျှော် ထို မဟာသမယသုတ် ဒေသနာတော်ကို၊

ဘဏာမ - အက္ခရာ ပုဒ် ပါဒ် သပ်ယပ်ပီပြင် ကြည်ဘဝင်ဖြင့် စီစဉ်ဝမ်းသာ ရွတ်ပွားကြ ပါကုန်စို့တကား။

“ဗြဟ္မာလေးယောက် လျှောက်ပုံ”

၃၃၁။ ဧဝံ မေ သုတံ - ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထု သ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊

ဧဝံ - ယခု ဆိုလတ္တံ့သည့်အတိုင်း၊

မေမယာ - အကျွန်ုပ် အာနန္ဒာမထေရ်သည်၊

ဘဂဝတော - မြတ်စွာဘုရား၏၊

သမ္မုခါ - မျက်မှောက်တော်မှ၊

ဣဒံ သုတ္တံ - ဤ မဟာသမယသုတ်ကို၊

သုတံ - ကြားနာအပ်၏။

ဧကံ သမယံ - တစ်ရံရောအခါ၌၊

ဘဂဝါ - မြတ်စွာဘုရားသည်၊

သက္ကေသု - သက္ကတိုင်းတို့၌၊

ကပိလဝတ္ထုသ္မိံ - ကပိလဝတ်ပြည်၌၊

မဟာဝနေ - မဟာဝုန်တော၌၊

မဟတာ - များစွာသော၊

ဘိက္ခုသံဃေန - ရဟန်းအပေါင်းနှင့်၊

သဗ္ဗေ၀ အရဟန္တေဟိ - အားလုံးကုန် ရဟန္တာချည်း ဖြစ်ကုန်သော၊

ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ - ငါးရာ အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့နှင့်၊

သဒ္ဓိံ - အတူတကွ၊

ဝိဟရတိ - နေတော်မူ၏။

ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။

ဒသဟိ စ လောကဓာတူဟိ - ဆယ်ခုသော လောကဓာတ်တို့မှလည်း၊

ဝါ - တစ်သောင်းသော စကြဝဠာတို့မှလည်း၊

ဒေဝတာ - နတ်ဗြဟ္မာတို့သည်၊

ဘဂဝန္တံ - မြတ်စွာဘုရားကို လည်းကောင်း၊

ဘိက္ခုသံဃဉ္စ - ရဟန္တာငါးရာ အပေါင်းကိုလည်း ကောင်း၊

ဒဿနာယ - ဖူးမြော်ခြင်းငှာ၊

ယေဘုယျေန သန္နိပတိတာ - များသောအားဖြင့် စည်းဝေး လာရောက်ကုန်သည်၊

ဟောန္တိ - ဖြစ်ကုန်၏။

အထ ခေါ စတုန္နံ သုဒ္ဓါဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ “အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊

အထ ခေါ - ထိုအခါ၌၊

သုဒ္ဓါဝါသကာယိကာနံ - သုဒ္ဒါဝါသ ဗြဟ္မာ့ဘုံ၌ နေကုန်သော၊

စတုန္နံ ဒေဝတာနံ - ဗြဟ္မာကြီး လေးယောက်တို့အား၊

ဧတံပရိဝိတက္ကနံ - ဤသို့သော အကြံသည်၊

အဟောသိ - ဖြစ်ပြီ။

ကိံ အဟောသိ - အဘယ်သို့ ဖြစ် သနည်းဟူမူ၊

အယံ ခေါ ဘဂဝါ - ဤ မြတ်စွာဘုရားသည်၊

သက္ကေသု - သက္ကတိုင်း တို့၌၊

ကပိလဝတ္ထုသ္မိံ - ကပိလဝတ်ပြည်၌၊

မဟာဝနေ - မဟာဝုန်တော၌၊

မဟတာ - များစွာသော၊

ဘိက္ခု သံဃေန - ရဟန်း အပေါင်းနှင့်၊

ပဉ္စမတ္တေဟိ ဘိက္ခဳသတေဟိ - ငါးရာ အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့နှင့်၊

ဒသဟိစ လောကဓာတူဟိ - ဆယ်ခုသော လောကဓာတ်တို့မှလည်း၊

ဝါ - တစ်သောင်းသော စကြဝဠာတို့မှလည်း၊

ဒေဝတာ - နတ်ဗြဟ္မာတို့သည်၊

ဘဂဝန္တံ - မြတ်စွာဘုရားကို လည်းကောင်း၊

ဘိက္ခုသံဃဉ္စ - ရဟန္တာငါးရာ အပေါင်းကို လည်းကောင်း၊

ဒဿနာယ - ဖူးမြော်ခြင်းငှာ၊

ယေဘုယျေန သန္နိပတိတာ - များသော အားဖြင့် စည်းဝေး လာရောက်ကုန်သည်၊

ဟောန္တိ - ဖြစ်ကုန်၏။

ယံနူန မယမ္ပိ ယေန ဘဂဝါ တေနုပ သင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာတိ။

မယမ္ပိ - ငါတို့သည်လည်း၊

ယေန - အကြင်အရပ်၌၊

ဘဂဝါ - မြတ်စွာဘုရားသည်၊

အတ္ထိ - ရှိ၏။

တေန - ထို ဘုရားရှိရာအရပ်သို့၊

ဥပသင်္ကမေယျာမ - ချဉ်းကပ်ရကုန်မူကား၊

ယံနူန - သြော် ကောင်းလေစွ၊

ဥပသင်္ကမိတွာ - ချဉ်းကပ် ကုန်ပြီး၍၊

ဘဂဝတော - မြတ်စွာဘုရား၏၊

သန္တိကေ - အထံတော်၌၊

ပစ္စေကံ - အသီးသီး၊

ဂါထံ - ဂါထာကို၊

ဘာသေယျာမ - ရွတ်ဆိုရကုန်မူကား၊

ယံနူန - သြော် ကောင်းလေစွ၊

ဣတိ ဧတံပရိဝိတက္ကနံ - ဤသို့သော အကြံသည်၊

အဟောသိ - ဖြစ်ပြီ။

၃၃၂။ အထ ခေါ တာ ဒေဝတာ သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ ဗာဟံ ပသာရေယျ ပသာရိတံ ဝါ ဗာဟံ သမိဉ္ဇေယျ။ ဧဝမေ၀ သုဒ္ဓါဝါသေသု ဒေဝေသု အန္တရဟိတာ ဘဂဝတော ပုရတော ပါတုရဟေသုံ။

အထခေါ - ယင်းသို့ အကြံဖြစ်ပြီးသည်၏ အခြားမဲ့၌၊

တာ ဒေဝတာ - ထိုဗြဟ္မာကြီး လေးယောက်တို့သည်၊

သေယျထာပိ နာမ - ဥပမာ မည်သည်ကား၊

ဗလဝါ - အားကြီးသော၊

ပုရိသော - ယောက်ျားသည်၊

သမိဉ္ဇိတံ - ကွေးအပ်သော၊

ဗာဟံ ဝါ - လက်မောင်းကိုမူလည်း၊

ပသာရေယျ သေယျထာပိ - ဆန့်သကဲ့သို့ လည်းကောင်း၊

ဧဝမေ၀ - ဤအတူသာလျှင်၊

သုဒ္ဓါဝါသေသု ဒေဝေသု - သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတို့၌၊

အန္တရဟိတာ - ကွယ်ခဲ့ကုန်သည်ဖြစ်၍၊

ဘဂဝတော - မြတ်စွာဘုရား၏၊

ပုရတော - ရှေ့တော်၌၊

ပါတုရဟေသုံ - ထင်ရှားဖြစ်ကုန်၏။

အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။

အထ ခေါ - ထိုအခါ၌၊

တာ ဒေဝတာ - ထို ဗြဟ္မာကြီး လေးယောက်တို့သည်၊

ဘဂဝန္တံ - မြတ်စွာဘုရားကို၊

အဘိဝါဒေတွာ - ရှိခိုးကုန်ပြီး၍၊

ဧကမန္တံ - သင့်တင့် လျှောက် ပတ်သော အရပ်၌၊

အဋ္ဌံသု - ရပ်ကုန်၏။

ဧကမန္တံ ဌိတာ ခေါ ဧကာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။

ဧကမန္တံ - သင့်တင့်လျှောက်ပတ်သော အရပ်၌၊

ဌိတာ ခေါ - ရပ်ပြီးသော၊

ဧကာ ဒေဝတာ - အရှေ့စကြဝဠာ နခမ်းဝ၌ သက်ဆင်းသော ဗြဟ္မာကြီး တစ်ယောက်သည်၊

ဘဂဝတော - မြတ်စွာဘုရား၏၊

သန္တိကေ - အထံတော်၌၊

မဟာသမယော ပဝနသ္မိံ ။ပေ။ အပရာဇိတသံဃန္တိ - မဟာသမယော ပဝနသ္မိံ ။ပေ။ - အပရာဇိတသံဃံဟူသော၊

ဣမံ ဂါထံ - ဤ ဂါထာကို၊

အဘာသိ - ရွတ်ပြီ။

“မဟာသမယော ပဝနသ္မိံ၊ ဒေဝကာယာ သမာဂတာ။ အာဂတမှ ဣမံ ဓမ္မသမယံ၊ ဒက္ခိတာယေ အပရာဇိတသံဃ”န္တိ။

ပဝနသ္မိံ - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန်တောကြီး၌၊

မဟာသမယော - အစည်းအဝေးကြီးပါတကား၊

ဒေဝကာယာ - နတ်ဗြဟ္မာအပေါင်း တို့သည်၊

သမာဂတာ - အညီအညွတ် စည်းဝေး လာရောက်ကုန်၏။

ဘဂဝါ - မြတ်စွာဘုရား၊

မယံ - အကျွန်ုပ်တို့ သည်၊

အပရာဇိတသံဃံ - ရန်သူတို့သည် မအောင်နိုင် ကုန်သည်ဖြစ်၍ ယနေ့ပင် အောင် အပ်ပြီးသော မာရ်သုံးပါးရှိသော ရဟန္တာအပေါင်းကို၊

ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊

ဣမံ ဓမ္မသမယံ - ဤတရားသဘင်သို့၊

အာဂတာ - လာရောက်ကုန်သည်၊

အမှ - ဖြစ်ကုန်၏။

အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။

အထခေါ - ထို ပထမဗြဟ္မာ၏ အခြားမဲ့၌၊

အပရာ ဒေဝတာ - တောင်စကြဝဠာ နခမ်းဝ၌ သက်ဆင်းသော ဗြဟ္မာတစ်ယောက် သည်၊

ဘဂဝတော - မြတ်စွာဘုရား၏၊

သန္တိကေ - အထံတော်၌၊

တတြ ဘိက္ခဝေါ ။ပေ။ ပဏ္ဍိတာ တိ - တတြ ဘိက္ခဝေါ ။ပေ။ ပဏ္ဍိတာ ဟူသော၊

ဣမံ ဂါထံ - ဤ ဂါထာကို၊

အဘာသိ - ရွတ်ပြီ။

“တတြ ဘိက္ခဝေါ သမာဒဟံသု၊ စိတ္တမတ္တနော ဥဇုကံ အကံသု။ သာရထီ၀ နေတ္တာနိ ဂဟေတွာ၊ ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ” တိ။

တတြ - ထိုအစည်းအဝေးကြီး၌၊

ဘိက္ခဝေါ - ရဟန္တာငါးရာတို့သည်၊

သမာဒဟံသု - တည်ကြည်ကုန်၏။

အတ္တနော - မိမိ၏၊

စိတ္တံ - စိတ်ကို၊

ဥဇုကံ - ဖြောင့်ဖြောင့်၊

အကံသု - ပြုကုန်၏။

သာရထိ - ရထားထိန်းသည်၊

သိန္ဓဝေသု - မြင်းတို့သည်၊

သမပ္ပဝတ္တေသု - မယုတ်မလွန် အညီအမျှ ဖြစ်ကုန်လတ်သော်၊

နေတ္တာနိ - ကြိုးတို့ကို၊

ဂဟေတွာ - ကိုင်၍၊

အစောဒေန္တော - မမောင်းပဲ၊

အဝါရန္တော - မတားမြစ်ပဲ၊

တိဋ္ဌတိဣ၀ - လစ်လျူရှု၍ တည်သကဲ့သို့၊

ဧဝံတထာ - ထို့အတူ၊

ဆဋ္ဌင်္ဂုပေက္ခာ - အာရုံခြောက်ပါး၌ လစ်လျူရှုတတ်သော ဆဋ္ဌင်္ဂုပေက္ခာနှင့်၊

သမန္နာဂတာ - ပြည့်စုံကုန်သော၊

ဂုတ္တဒွါရာ - လုံခြုံသော ဒွါရခြောက်ပါး ရှိကုန်သော၊

ပဏ္ဍိတာ - ပညာရှိကုန်သော၊

ဘိက္ခဝေါ - ရဟန်းငါးရာတို့သည်၊

ဣန္ဒြိယာနိ - ဣန္ဒြေခြောက်ပါးတို့ကို၊

ရက္ခန္တိ - စောင့်ရှောက်ကုန်၏။

ဘဂဝါ - မြတ်စွာဘုရား၊

ဧတေ - ဤ ရဟန္တာငါးရာတို့ကို၊

ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊

မယံ - အကျွန်ုပ်တို့သည်၊

ဣမံ ဓမ္မသမယံ - ဤ တရားသဘင်သို့၊

အာဂတာ - လာကုန်သည်၊

အထ ခေါ - ထို ဒုတိယ ဗြဟ္မာ၏ အခြားမဲ့၌၊

အပရာ ဒေဝတာ - အနောက် စကြဝဠာ နခမ်းဝ၌ သက်ဆင်းသော ဗြဟ္မာတစ်ယောက် သည်၊

ဘဂဝတော - မြတ်စွာ ဘုရား၏၊

သန္တိကေ - အထံတော်၌၊

ဆေတွာ ခိလံ ။ပေ။ သုသုနာဂါတိ - ဆေတွာ ခိလံ ။ပေ။ သုသုနာဂါ ဟူသော၊

ဣမံ ဂါထံ - ဤ ဂါထာကို၊

အဘာသိ - ရွတ်ပြီ။

“ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊ ဣန္ဒခီလံ ဦဟစ္စ မနေဇာ။ တေ စရန္တိ သုဒ္ဓါ ဝိမလာ၊ စက္ခုမတာ သုဒန္တာ သုသုနာဂါ” တိ။

ခိလံ - ရာဂ ဒေါသ မောဟမည်လျင်း ငြောင့်တံသင်းကို၊

ဆေတွာ - မဂ်လေးရပ်ဖြင့် ပယ်ဖြတ်ကုန်၍၊

ပလိဃံ - ရာဂ ဒေါသ မောဟခေါ်မည် တံခါးကျည်ကို၊

ဆေတွာ - ပယ်ဖြတ်ကုန်၍၊

ဣန္ဒခိလံ - ရာဂ ဒေါသ မောဟတည်းဟူသော တံခါးတိုင်ကို၊

ဦဟစ္စ - မဂ်လေးသွယ်ဖြင့် ပယ်နုတ်ပြီး၍၊

အနေဇာ - တဏှာမရှိကုန်သော၊

သုဒ္ဓါ - ကိလေသာ မရှိသည်ဖြစ်၍ စင်ကြယ်ကုန်သော၊

ဝိမလာ - ကိလေသာ အညစ်အကြေး မရှိကုန်သော၊

စက္ခုမတာ - စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊

သုဒန္တာ - အလွန် ယဉ်ကျေးအောင် ဆုံးမ အပ်ပြီးကုန်သော၊

သုသုနာဂါ - ပျိုမျစ်နုနယ် ငယ်စဉ်က ရဟန္တာ ဖြစ်ကုန်သော၊

တေ - ထို ရဟန္တာငါးရာတို့သည်၊

စရန္တိ - အရပ် လေးမျက်နှာတို့၌ အပိတ်အပင် အတားအဆီး မရှိကုန်သည်ဖြစ်၍ သွားလာလှည့်ပတ် ကုန်၏။

ဘဂဝါ - မြတ်စွာဘုရား၊

ဧတေ - ဤ ရဟန္တာငါးရာတို့ကို၊

ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊

မယံ - အကျွန်ုပ် တို့သည်၊

အထ ခေါ - ထို တတိယ ဗြဟ္မာ၏ အခြားမဲ့၌၊

အပရာ ဒေဝတာ - မြောက်စကြဝဠာ နခမ်းဝ၌ သက်ဆင်းသော ဗြဟ္မာတစ်ယောက် သည်၊

ဘဂဝတော - မြတ်စွာဘုရား၏၊

သန္တိကေ - အထံတော်၌၊

ယေကေစိ ။ပေ။ ပရိပူရေဿန္တီ တိ - ယေကေစိ ။ပေ။ ပရိပူရေဿန္တိ ဟူသော ဤ ဂါထာကို၊

အဘာသိ - ရွတ်ပြီ။

“ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊ န တေ ဂမိဿန္တိ အပါယဘူမိံ။ ပဟာယ မာနုသံ ဒေဟံ၊ ဒေဝကာယံ ပရိပူရေဿ န္တီ” တိ။

ယေကေစိ - ခပ်သိမ်းကုန်သော သူတို့သည်၊

ဗုဒ္ဓံ - မြတ်စွာဘုရားကို၊

သရဏံ - လောကုတ္တရာ သရဏဂုံဖြင့် ကိုးကွယ်ရာဟူ၍၊

ဂတာသေ - လေးလေးမြတ်မြတ် ဆည်းကပ်ကုန်၏။

တေ - ထို လောကုတ္တရာ သရဏဂုံဖြင့် ဆည်းကပ်ကုန်သော သူတို့ သည်၊

အပါယဘူမိံ - အပါယ်လေးဘုံသို့။

နဂမိဿန္တိ - မလားကုန်လတ္တံ့။

မာနုသံ ဒေဟံ - လူ၌ဖြစ်သော ကိုယ်ခန္ဓာကို၊

ပဟာယ - စွန့်ပစ်ကုန်သည်ရှိသော်၊

ဒေဝကာယံ - နတ်၌ဖြစ်သော ကိုယ်ခန္ဓာကို၊

ပရိပူရေဿန္တိ - ပြည့်စေကုန်လတ္တံ့။

ဘဂဝါ - မြတ်စွာ ဘုရား၊

ဧတေ - ဤ ရဟန္တာငါးရာတို့ကို၊

ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊

မယံ - အကျွန်ုပ် တို့သည်၊

ဣမံ ဓမ္မသမယံ - ဤ တရားသဘင်သို့၊

အာဂတာ - လာကုန်သည်၊

အမှ - ဖြစ်ကုန်၏။

စာညွှန်း -

မဟာသမယသုတ် ပါဌ်နိဿယ-အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

“နတ်တို့၏အမည်ကို ဟောတော်မူခြင်း”

၃၃၃။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ယေဘုယျေန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေဝတာ သန္နိပတိတာ (ဟောန္တိ) တထာဂတံ ဒဿနာယ ဘိက္ခု သံဃဉ္စ။

အထ ခေါ - ထိုနတ်ဗြဟ္မာအများ စည်းဝေးသောအခါ၌၊

ဘဂဝါ - မြတ်စွာဘုရား သည်၊

ဘိက္ခူ - ရဟန္တာငါးရာတို့ကို၊

အာမန္တေသိ - ခေါ်၍ မိန့်တော်မူပြီ။

ကိံ အာမန္တေသိ - အဘယ်သို့ မိန့်တော်မူသနည်း ဟူမူ၊

ဘိက္ခဝေ - ရဟန်းတို့၊

ဒသသု လောကဓာတူသု - ဆယ်ခုကုန်သော လောကဓာတ်တို့၌၊

ဝါ - တစ်သောင်းသော စကြဝဠာတို့၌၊

ဝသန္တာ - နေကုန်သော၊

ဒေဝတာ - နတ်ဗြဟ္မာတို့သည်၊

တထာဂတံ - ငါဘုရားကို လည်းကောင်း၊

ဘိက္ခုသံဃဉ္စ - ရဟန္တာငါးရာကို လည်းကောင်း၊

ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ။ တေသမ္ပိ ဘဂဝန္တာနံ ဧတံ ပရမာယေ၀ ဒေဝတာ သန္နိပတိတာ အဟေသုံ သေယျထာပိ မယှံ ဧတရဟိ။

ဘိက္ခဝေ - ရဟန်းတို့၊

အတီတမဒ္ဓါနံ - လွန်လေပြီးသော အဓွန့်၌၊

အရဟန္တော - ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊

ယေပိ တေ သမ္မာသမ္ဗုဒ္ဓါ - အကြင် ဘုရားသခင် တို့သည်လည်း၊

အဟေသုံ - ပွင့်တော်မူကုန်ပြီ။

သေယျထာပိ - ဥပမာမည်သည်ကား၊

ဧတရဟိ - ယခုအခါ၌၊

မယှံ - ငါဘုရား၏၊

သန္တိကေ - အထံ၌၊

ဒေဝတာ - နတ် ဗြဟ္မာ တို့သည်၊

သန္နိပတိတာ - စည်းဝေးလာရောက်ကုန်သည်၊

ဟောန္တိ သေယျထာပိ - ဖြစ်ကုန် သကဲ့သို့၊

တေသမ္ပိ ဘဂဝန္တာနံ - ဂင်္ဂါသဲလုံးမက ပွင့်တော်မူကုန်ပြီးသော ထိုဘုရားသခင် တို့၏လည်း၊

သန္တိကေ - အထံ၌၊

ဧတံ ပရမာယေ၀ - ယခုငါ၏အထံ၌ စည်းဝေးသည် လောက် ပမာဏရှိသည်သာလျှင် ဖြစ်ကုန်သော၊

ဒေဝတာ - နတ် ဗြဟ္မာတို့သည်၊

သန္နိပတိတာ - စည်းဝေး လာရောက် ကုန်သည်၊

အဟေသုံ - ဖြစ်ကုန်ပြီ။

ယေပိ တေ ဘိက္ခဝေ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေ၀ ဒေဝတာ သန္နိပတိတာ ဘဝိဿန္တိ၊ သေယျထာပိ မယှံ ဧတရဟိ။

ဘိက္ခဝေ - ရဟန်းတို့၊

အနာဂတမဒ္ဓါနံ - လာလတ္တံ့သော အဓွန့်၌၊

ယေပိ တေ သမ္မာသမ္ဗုဒ္ဓါ - အကြင် ဘုရားရှင် တို့သည်လည်း၊

ဘဝိဿန္တိ - ပွင့်တော်မူကုန်လတ္တံ့။

သေယျထာပိ - ဥပမာ မည်သည်ကား၊

ဧတရဟိ - ယခုအခါ၌၊

မယှံ - ငါဘုရား၏၊

သန္တိကေ - အထံ၌၊

ဒေဝတာ - နတ်ဗြဟ္မာ တို့သည်၊

သန္နိပတိတာ - စည်းဝေးလာရောက်ကုန်သည်၊

ဟောန္တိ သေယျထာပိ - ဖြစ်ကုန်သကဲ့သို့၊

သန္နိပတိတာ - စည်းဝေး လာရောက်ကုန်သည်၊

ဘဝိဿန္တိ - ဖြစ်ကုန်လတ္တံ့။

အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊

ဘိက္ခဝေ - ရဟန်းတို့၊

ဒေဝကာယာနံ - နတ်ဗြဟ္မာ အပေါင်းတို့၏၊

နာမာနိ - အမည်တို့ကို၊

အာစိက္ခိဿာမိ - ငါဘုရား ပြောအံ့။

ကိတ္တယိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊

ဘိက္ခဝေ - ရဟန်းတို့၊

ဒေဝကာယာနံ - နတ်ဗြဟ္မာအပေါင်းတို့၏၊

နာမာနိ - အမည်တို့ကို၊

ကိတ္တယိဿာမိ - ငါဘုရား ကြားအံ့။

ဒေသေဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊

ဘိက္ခဝေ - ရဟန်းတို့၊

ဒေဝကာယာနံ - နတ်ဗြဟ္မာ အပေါင်းတို့၏၊

နာမာနိ - အမည်တို့ ကို၊

ဒေသေဿာမိ - ငါဘုရား ဟောအံ့။

တံ သုဏာထ သာဓုကံ မနသိကရောထ ဘာသိဿာမီ” တိ။

တံ - ထို ငါဘုရား ဟောပြောလတ္တံ့သော စကားကို၊

သုဏာထ - နားစေ့စေ့ ထောင်ကြကုန်လော့။

သာဓုကံ - ကောင်းစွာ၊

မနသိ ကရောထ - နှလုံးသွင်းကြကုန်လော့။

ဘာသိဿာမိ - ဟောအံ့။

ဣတိ - ဤသို့၊

အာမန္တေသိ - မိန့်တော်မူပြီ။

“ဧဝံ ဘန္တေ” တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။

ဘန္တေ - အရှင်ဘုရား၊

ဧဝံ - မိန့်တော်မူသည့် အတိုင်းပါဘုရား။

ဣတိ ခေါ - ဤသို့လျှင်၊

တေ ဘိက္ခူ - ထို ရဟန္တာငါးရာတို့သည်၊

ဘဂဝတော - မြတ်စွာဘုရား၏၊

ဝစနံ - အမိန့်တော်စကားကို၊

ပစ္စဿောသုံ - ရှေးရှု ဝန်ခံကုန်၏။

ဘဂဝါ - မြတ်စွာဘုရား သည်၊

ဧတံ စဝနံ - ယခုဆိုလတ္တံ့သော “သိလောကမနုကဿာမိ” အစရှိသော ဤစကားကို၊

အဝေါစ - မိန့်တော်မူပြီ။

(၁၆၀၀၀ ) သော နတ်များ

၃၃၄။ ဘဂဝါ ဧတဒဝေါစ - သိလောက မနုကဿာမိ၊ ယတ္ထ ဘုမ္မာ တဒဿိတာ။ ယေ သိတာ ဂိရိဂဗ္ဘရံ၊ ပဟိတတ္တာ သမာဟိတာ။ ပုထူသီဟာ၀ သလ္လီနာ၊ လောမဟံသာ ဘိသမ္ဘုနော။ သြဒါတမနသာ သုဒ္ဓါ၊ ဝိပ္ပသန္နမနာဝိလာ။

ယတ္ထ - အကြင်အကြင် အရပ်တို့၌၊

ဘုမ္မာ - မြေနှင့်စပ်၍ နေလေ့ရှိကုန်သော နတ်တို့သည်၊

တဒဿိတာ - ထိုထို အရပ်ကို မှီ၍နေကုန်၏။

တေဟိ - ထို မြေနှင့်စပ်၍ နေလေ့ရှိကုန်သော နတ်တို့နှင့်၊

သဒ္ဓိံ - တကွ၊

သိလောကံ - ဂါထာကို၊

အနုကဿာမိ - ငါဘုရား ဖြစ်စေအံ့။

ယေ ဘိက္ခူ - အကြင် ရဟန္တာငါးရာတို့သည်၊

ဂိရိဂဗ္ဘရံ - တောင်ခေါင်း တောင်ဝှမ်းကို၊

သိတာ - အမှီပြု၍ နေကုန်၏။

ပဟိတတ္တာ - နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏။

သမာဟိတာ - တည်ကြည်ကုန်၏။

ပုထူ - ငါးရာအရေအတွက် ရှိသည်ဖြစ်၍ များပြားကုန်၏။

သီဟာ၀ - ကေသရာဇာ ခြင်္သေ့မင်း တို့ကဲ့သို့။

သလ္လီနာ - ကိန်းအောင်းကုန်၏။

လောမဟံသာ ဘိသမ္ဘုနော - ကြက်သီး မွေးညှင်းထခြင်းကို လွှမ်းမိုးနိုင်ကုန်၏။

သြဒါတမနသာ - ဖြူစင်သောစိတ် ရှိကုန်သည်ဖြစ်၍၊

သုဒ္ဓါ - စင်ကြယ်ကုန်၏။

ဝိပ္ပသန္နာ - အထူးသဖြင့်ကြည်လင်ကုန်၏။

အနာဝိလာ - နောက်ကျူ ခြင်း မရှိကုန်။

ဘိယျော ပဉ္စသတေ ဉတွာ၊ ဝနေ ကာပိလဝတ္ထဝေ။ တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။ ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ တေ စ အာတပ္ပမကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။

ကာပိလဝတ္ထေ၀ - ကပိလဝတ်ပြည်၏ အနီးဖြစ်သော၊

ဝနေ - မဟာဝုန်တော၌၊

ဝသန္တေ - သီတင်းသုံးနေကုန်သော၊

ဘိယျော ပဉ္စသတေ - မြတ်စွာဘုရားနှင့်တကွ ငါးရာထက် တစ်ပါးပိုလွန်ကုန်သော၊

တေ ဘိက္ခူ - ထိုရဟန္တာတို့ကို၊

ဉတွာ - ဤ ရဟန်းတို့ကား ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့ကို မြင်နိုင် ကုန်၏ဟု သိတော်မူ၍၊

တတော - ထိုအခါ၌၊

သာသနေ - သိက္ခာသုံးပါးဖြင့် သိမ်းကျုံးအပ်သော သာသနာတော်၌၊

ရတေ - မွေ့လျော် ပျော်ပိုက်ကုန်သော၊

သာဝကေ - ရဟန္တာငါးရာ သာဝကတို့ကို၊

သတ္ထာ - မြတ်စွာဘုရားသည်၊

အာမန္တယိ - ခေါ်၍ မိန့်တော်မူပြီ။

ကိံ အာမန္တယိ - အဘယ်သို့ခေါ်၍ မိန့်တော်မူသနည်း ဟူမူ၊

ဘိက္ခေ၀ - ရဟန်းတို့၊

ဒေဝကာယာ - နတ် ဗြဟ္မာအပေါင်းတို့သည်၊

အဘိက္ကန္တာ - စည်းဝေး လာရောက် ကုန်၏။

တေ - ထိုနတ် ဗြဟ္မာအပေါင်းတို့ကို၊

တုမှေ - သင် ရဟန္တာငါးရာတို့သည်၊

ဝိဇာနာထ - ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်လျက် သိကြကုန်လော့။

ဣတိ - ဤသို့၊

အာမန္တယိ - ခေါ်၍ မိန့်တော်မူပြီ၊

တေ စ - ထို ရဟန္တာငါးရာတို့သည်လည်း၊

ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊

သာသနံ - အမိန့်တော်ကို၊

သုတွာ - ကြားကုန်၍၊

အာတပ္ပံ - ဒိဗ္ဗစက္ခု အဘိညာဉ်အကျိုးငှာ ဝီရိယကို၊

အကရုံ - ပြုကြကုန်ပြီ။

တေသံ ပါတုရဟု ဉာဏံ၊ အမနုဿာနဒဿနံ။ အပ္ပေကေ သတမဒ္ဒက္ခုံ၊ သဟဿံ အထ သတ္တရိံ။ သတံ ဧကေ သဟဿာနံ၊ အမနုဿာနမဒ္ဒသုံ။ အပ္ပေကေနန္တမဒ္ဒက္ခုံ၊ ဒိသာ သဗ္ဗာ ဖုဋာ အဟုံ။

တေသံ - ထိုရဟန္တာငါးရာတို့၏ (သန္တာန်၌)၊

အမနုဿာနံ - နတ်ဗြဟ္မာအပေါင်း တို့ကို၊

ဒဿနံ - မြင်စွမ်းနိုင်သော၊

ဉာဏံ - ဒိဗ္ဗစက္ခုဉာဏ်သည်၊

ပါတုရဟု - ထင်ရှား ဖြစ်ပြီ၊

တေသံ - ထိုရဟန္တာငါးရာတို့တွင်၊

အပ္ပေကေ - အချို့သော ရဟန္တာတို့သည်၊

သတ - နတ်ဗြဟ္မာ တစ်ရာလောက်ကို၊

အဒ္ဒက္ခုံ - ဒိဗ္ဗစက္ခုဖြင့် မြင်ကုန်ပြီ။

အပ္ပေကေ - အချို့သော ရဟန္တာတို့သည်၊

သဟဿံ - နတ်ဗြဟ္မာ တစ်ထောင်လောက်ကို၊

အထ - ထိုမှတပါး၊

အပ္ပေကေ - အချို့သော ရဟန္တာတို့သည်၊

သတ္တရိံသဟဿာနိ - ခုနှစ်သောင်းလောက်သော နတ်ဗြဟ္မာတို့ကို၊

အဒ္ဒက္ခုံ - ဒိဗ္ဗစက္ခု ဖြင့် မြင်ကုန်ပြီ။

ဧကေ - အချို့သော ရဟန္တာတို့သည်၊

အမနုဿာနံ - နတ်ဗြဟ္မာတို့၏၊

သဟဿာနံသတံ - တစ်သိန်းလောက်ကို၊

အဒ္ဒသုံ - ဒိဗ္ဗစက္ခုဖြင့် မြင်ကုန်ပြီ။

အပ္ပေကေ - အချို့သော ရဟန္တာတို့သည်၊

အနန္တံ - အပိုင်းအခြားမရှိသော နတ်ဗြဟ္မာအပေါင်းကို၊

သဗ္ဗာ - ခပ်သိမ်းကုန်သော၊

ဒိသာ - အရပ်မျက်နှာ တို့သည်၊

ဖုဋာ - နတ်ဗြဟ္မာတို့နှင့် ပြည့်နှက်နေသည်၊

အဟုံ - ဖြစ်ကုန်ပြီ။

တဉ္စ သဗ္ဗံ အဘိညာယ၊ ၀၀တ္ထိတွာန စက္ခုမာ။ တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။ ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ ယေ ဝေါဟံ ကိတ္တယိဿာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။

စက္ခုမာ - စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော၊

သတ္ထာ - မြတ်စွာဘုရားသခင် သည်၊

တေသု - ထို ရဟန္တာငါးရာတို့တွင်၊

ဧကေကေန - တစ်ပါးပါးသည်၊

ဒိဋ္ဌံ - မြင်အပ်သော၊

တဉ္စသဗ္ဗံ - ထိုအလုံးစုံကိုလည်း၊

အဘိညာယ - သိတော်မူ၍၊

၀၀တ္ထိတွာန - ပိုင်းခြား မှတ်သားတော်မူ၍၊

တတော - နတ်ဗြဟ္မာတို့ စည်းဝေး ရောက်လာ ထိုအခါ၌၊

သာသနေ - သိက္ခာသုံးပါးဖြင့် သင်္ဂြိုဟ်အပ်သော သာသနာတော်၌၊

ရတေ - မွေ့လျော် ပျော်ပိုက်ကုန်သော၊

သာဝကေ - ရဟန္တာငါးရာ သာဝကတို့ကို၊

အာမန္တယိ - ခေါ်၍ မိန့်တော်မူပြီ။

ကိံ အာမန္တယိ - အဘယ်သို့ခေါ်၍ မိန့်တော်မူ သနည်း ဟူမူ၊

ဘိက္ခဝေါ - ရဟန်းတို့၊

ဒေဝကာယာ - နတ် ဗြဟ္မာ အပေါင်းတို့သည်၊

အဘိက္ကန္တာ - စည်းဝေးလာရောက်ကုန်၏။

ယေ ဒေဝကာယေ - ယင်း နတ် ဗြဟ္မာအပေါင်းတို့ကို၊

ဂိရာဟိ - ဂါထာစကားတို့ဖြင့်၊

အနုပုဗ္ဗသော - အစဉ်အတိုင်း၊

အဟံ - ငါဘုရားသည်၊

ဝေါ - သင်တို့အား၊

ကိတ္တယိဿာမိ - ကြားပေအံ့၊

တုမှေ - သင်ရဟန်းတို့သည်၊

ဝိဇာနာထ - ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်လျက် သိကြကုန် လော့။

၃၃၅။ သတ္တသဟဿာ တေယက္ခာ၊ ဘုမ္မာကာပိလဝတ္ထဝါ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိ တိံ ဝနံ။

သတ္တသဟဿာ - ခုနှစ်ထောင် အရေအတွက်ရှိကုန်သော၊

တေ ဒေဝကာယာ - ထိုနတ်ဗြဟ္မာ အပေါင်းတို့သည်၊

ကာပိလဝတ္ထဝါ - ကပိလဝတ်ပြည်ကို မှီ၍ဖြစ်ကုန်သော၊

ဘုမ္မာ - မြေနှင့်စပ်၍နေလေ့ရှိကုန်သော၊

ယက္ခာ - ယက္ခအမျိုးတို့ ချည်းတည်း။

ဣဒ္ဓိမန္တော - တန်ခိုးကြီးကုန်၏။

ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။

ဝဏ္ဏဝန္တော - လှပသော ကိုယ်အဆင်း ရှိကုန်၏။

ဝါ - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။

ယသဿိနော - များသော အခြံအရံ ရှိကုန်၏။

မောဒမာနာ - ဝမ်းမြောက်ကုန်သည်ဖြစ်၍၊

ဘိက္ခူနံ - ရဟန္တာငါးရာ တို့၏၊

သမိတိံ - အထံသို့၊

ဘိက္ခူနံ - ရဟန္တာငါးရာတို့ကို၊

ဒဿနာယ - ဖူးမြင်ခြင်းငှာ၊

ဝနံ - ဤ မဟာဝုန်တောသို့၊

အဘိက္ကာမုံ - လာရောက်ကုန်၏။

တနည်းကား …

ဘိက္ခူနံ - ရဟန္တာ ငါးရာတို့၏၊

သမိတိံ - အပေါင်းကို၊

ဒဿနာယ - ဖူးမြင်ခြင်းငှာ၊

ဝနံ - ဤ မဟာဝုန် တောသို့၊

အဘိက္ကာမုံ - လာရောက်ကုန်၏။

ဆ သဟဿာ ဟေမဝတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဆသဟဿာ - ခြောက်ထောင် အရေအတွက်ရှိကုန်သော နတ်တို့သည်၊

ဟေမဝတာ - ဟေမဝတာ တောင်၌ဖြစ်ကုန်၏၊

ယက္ခာ - ယက္ခမျိုးတို့ ချည်းတည်း။

သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊

တေ - ထို ခြောက်ထောင်သော နတ်တို့သည်၊

နာနတ္တဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်း ရှိကုန်၏။

ဣဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏။

ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။

ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။

ယသဿိနော - များသော အခြံအရံ ရှိကုန်၏။

မောဒမာနာ - ဝမ်းမြောက်ကုန်သည်ဖြစ်၍၊

ဘိက္ခူနံ သမိတိံ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊

ဒဿနာယ - ဖူးမြင်ခြင်းငှာ၊

ဝနံ - ဤ မဟာဝုန်တောသို့၊

အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိ တိံ ဝနံ။

တိသဟဿာ - သုံးထောင် အရေအတွက်ရှိကုန်သော နတ်တို့သည်၊

သာတာဂိရာ - သာတာဂီရိ တောင်၌ဖြစ်ကုန်၏၊

ယက္ခာ - ယက္ခမျိုးတို့ချည်းတည်း။

သဗ္ဗေပိ - အလုံးစုံ လည်း ဖြစ်ကုန်သော၊

တေ - ထို သုံးထောင်သော နတ်တို့သည်၊

ဇုတိမန္တော - အာနုဘော်ကြီးကုန်၏။

မောဒမာနာ - ဝမ်းမြောက် ကုန်သည်ဖြစ်၍၊

ဝနံ - ဤ မဟာဝုန်တော သို့၊

အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

ဣစ္စေတေ သောဠသ သဟဿာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိ တိံ ဝနံ။

ဣစ္စေတေ - ကပိလဝတ်ပြည်ကို မှီ၍ဖြစ်သော နတ်အပေါင်း ခုနှစ်ထောင်၊ ဟေမဝတာ တောင်ကို မှီ၍ဖြစ်သော နတ်အပေါင်း ခြောက်ထောင်၊ သာတာဂီရိတောင်ကို မှီ၍ ဖြစ်သော နတ်အပေါင်း သုံးထောင်ဟု ဆိုအပ်ကုန်သော ဤနတ်အပေါင်း တို့သည်၊

သောဠသ သဟဿာ - တစ်သောင်းခြောက်ထောင် အရေအတွက် ရှိကုန်၏။

ယက္ခာ - ယက္ခမျိုးတို့ချည်းတည်း။

သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန် သော၊

တေ - ထိုတစ်သောင်းခြောက်ထောင်သော နတ်တို့သည်၊

မောဒမာနာ - ဝမ်းမြောက် ကုန်သည် ဖြစ်၍၊

အဘိက္ကာမုံ - လာရောက် ကုန်ပြီ။

နတ်မင်း (၆) မျိုး

ဝေသာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိ တိံ ဝနံ။

ပဉ္စသတာ - ငါးရာအရေအတွက် ရှိကုန်သော နတ်တို့သည်၊

ဝေသာမိတ္တာ - ဝေသာမိတ္တတောင်၌ ဖြစ်ကုန်၏။

ယက္ခာ - ယက္ခမျိုးတို့ချည်းတည်း။

သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊

တေ - ထို ငါးရာသော နတ်တို့သည်၊

ဣဒ္ဓိမန္တော - တန်ခိုးကြီး ကုန်၏။

ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။

ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံ ကုန်၏။

ကုမ္ဘီရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။ ဘိယျော နံ သတ သဟဿံ၊ ယက္ခာနံ ပယိရုပါသတိ။ ကုမ္ဘီရော ရာဇဂဟိကော၊ သောပါဂါ သမိတိံ ဝနံ။

ကုမ္ဘီရော - ကုမ္ဘီရမည်သော နတ်မင်းသည်၊

ရာဇဂဟိကော - ရာဇဂြိုလ်ပြည်၌ ဖြစ်၏။

အဿ - ထိုနတ်မင်း၏၊

နိဝေသနံ - နေရာအရပ်ကား၊

ဝေပုလ္လော - ဝေပုလ္လတောင်တည်း။

နံ - ထို ကုမ္ဘီရနတ်မင်းကို၊

ယက္ခာနံ - ယက္ခမျိုးဖြစ်ကုန်သော နတ်တို့၏၊

သတ သဟဿံ ဘိယျော - တစ်သိန်းထက်အလွန်သည်၊

ပယိရုပါသတိ - ဆည်းကပ် ခစား၏။

ရာဇဂဟိကော - ရာဇဂြိုလ်ပြည်၌ ဖြစ်သော၊

ကုမ္ဘီရော - ကုမ္ဘီရအမည်ရှိသော၊

သောပိ - ထိုနတ်မင်းသည်လည်း၊

သပရိဝါရော - အခြံအရံနှင့် တကွ၊

သမိတိံ - ရဟန္တာ ငါးရာတို့၏ အပေါင်းကို၊

ဒဿနာယ - ဖူးမြင်ခြင်း ငှာ၊

ဝနံ - ဤ မဟာဝုန်တောသို့၊

အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

၃၃၆။ ပုရိမဉ္စ ဒိသံ ရာဇာ၊ ဓတရဋ္ဌော ပသာသတိ။ ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဓတရဋ္ဌော - ဓတရဋ္ဌ အမည်ရှိသော၊

ရာဇာ - နတ်မင်းသည်၊

ပုရိမံ ဒိသံ - မြင်းမိုရ်တောင်၏ အရှေ့အရပ်မျက်နှာကို၊

ပသာသတိ - ဆုံးမ၏။

ဂန္ဓဗ္ဗာနံ - ဂန္ဓဗ္ဗ နတ်မျိုးတို့ကို၊

အဓိပတိ - အစိုးရ၏။

သော မဟာရာဇာ - ထို ဓတရဋ္ဌ နတ်မင်းသည်၊

ယသဿိ - များစွာသော အခြံအရံ ရှိ၏။

တဿ - ထို ဓတရဋ္ဌ နတ်မင်း၏၊

ဗဟဝေါ - များစွာကုန်သော၊

မဟဗ္ဗလာ - ကြီးသော အားရှိကုန်သော၊

ပုတ္တာပိ - သားတို့ သည်လည်း၊

ဣန္ဒနာမာ - ဣန္ဒဟူသော အမည်ချည်း ရှိကုန်၏။

ယသဿိနော - များသော အခြံအရံရှိကုန်၏။

ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ဝိရူဠှော တံ ပသာသတိ။ ကုမ္ဘဏ္ဍာနံ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိ တိံ ဝနံ။

ဝိရူဠှော - ဝိရူဠှမည်သော၊

ရာဇာ - နတ်မင်းသည်၊

ဒက္ခိဏံ - မြင်းမိုရ်တောင်၏ တောင်ဘက်ဖြစ်သော၊

တံ ဒိသံ - ထို အရပ်မျက်နှာကို၊

ပသာသတိ - ဆုံးမ၏။

ကုမ္ဘဏ္ဍာနံ - ကုမ္ဘဏ်တို့ကို၊

အဓိပတိ - အစိုးရ၏။

သော မဟာရာဇာ - ထို ဝိရူဠှ နတ်မင်းကြီးသည်၊

ယသဿိ - များစွာသော အခြံအရံ ရှိ၏။

တဿ - ထို ဝိရူဠှ နတ်မင်း၏၊

ဗဟဝေါ - များစွာကုန်သော၊

မဟဗ္ဗလာ - ကြီးသော အားရှိကုန်သော၊

ပုတ္တာပိ - သားတို့သည်လည်း၊

မောဒမာနာ - ဝမ်းမြောက်ကုန်သည် ဖြစ်၍၊

ပစ္ဆိမဉ္စ ဒိသံ ရာဇာ၊ ဝိရူပက္ခော ပသာသတိ။ နာဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ပစ္ဆိမံ စ ဒိသံ - မြင်းမိုရ်တောင်၏ အနောက်ဘက်ဖြစ်သော မျက်နှာကိုမူကား၊

ဝိရူပက္ခော - ဝိရူပက္ခမည်သော၊

ရာဇာ - နတ်မင်းသည်၊

ပသာသတိ - ဆုံးမ၏။

နာဂါနဉ္စ - နဂါးတို့ကိုလည်း၊

အဓိပတိ - အစိုးရ၏။

သော မဟာရာဇာ - ထို ဝိရူပက္ခ နတ်မင်းသည်၊

ယသဿိ - များစွာသော အခြံအရံ ရှိ၏။

တဿ - ထို ဝိရူပက္ခ နတ်မင်း၏၊

ဥတ္တရဉ္စ ဒိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။ ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္နနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဥတ္တရံ - မြင်းမိုရ်တောင်၏ မြောက်ဘက်ဖြစ်သော၊

တံ ဒိသဉ္စ - ထို မျက်နှာကိုကား၊

ကုဝေရော - ကုဝေရ မည်သော၊

ရာဇာ - နတ်မင်းသည်၊

ပသာသတိ - ဆုံးမ၏။

ယက္ခာ နဉ္စ - ယက္ခမျိုးဖြစ်သော နတ်တို့ကိုလည်း၊

အဓိပတိ - အစိုးရ၏။

သော မဟာရာဇာ - ထို ကုဝေရနတ်မင်းသည်၊

ယသဿိ - များစွာသော အခြံအရံ ရှိ၏။

တဿ - ထို ကုဝေရ နတ်မင်း၏၊

ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံကုန်၏။

ပုရိမံ ဒိသံ ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။

ဒသ သဟဿ စက္ကဝါဠတော - တစ်သောင်းသော စကြဝဠာမှ၊

အာဂတော - လာသော၊

ဓတရဋ္ဌော - တစ်သောင်းသော ဓတရဋ္ဌ နတ်မင်းသည်၊

ကောဋိသတ သဟဿ ကောဋိသတသဟဿ ဂန္ဓဗ္ဗပရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ ဂန္ဓဗ္ဗနတ်မျိုး အခြံအရံ ရှိသည်ဖြစ်၍၊

ပုရိမံ ဒိသံ - မြတ်စွာဘုရား၏ အရှေ့အရပ်၌၊

ကပိလဝတ္ထု မဟာဝနတော - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန်တောမှ၊

ပဋ္ဌာယ - စ၍၊

စက္ကဝါဠဂဗ္ဘံ - စကြဝဠာတိုက်ကို၊

ပူရေတွာ - ပြည့်စေ၍၊

ဌိတော - တည်၏။

ဝိရုဠှကော - တစ်သောင်းသော ဝိရုဠှက နတ်မင်းသည်၊

ကောဋိသတ သဟဿ ကောဋိသတသဟဿ ကုမ္ဘဏ္ဍပရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေ တစ်သိန်းစီ ကုမ္ဘဏ် အခြံအရံ ရှိသည်ဖြစ်၍၊

ဒက္ခိဏေန - မြတ်စွာဘုရား၏ တောင်မျက်နှာ၌၊

ပူရေတွာ - ပြည့်စေ ၍၊

ဝိရူပက္ခော - တစ်သောင်းသော ဝိရူပက္ခ နတ်မင်းသည်၊

ကောဋိသတ သဟဿ ကောဋိသတသဟဿ နာဂပရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ နဂါး အခြံအရံ ရှိသည်ဖြစ်၍၊

ပစ္ဆိမေန - မြတ်စွာဘုရား၏ အနောက်မျက်နှာ၌၊

ကုဝေရော - တစ်သောင်းသော ကုဝေရ နတ်မင်းသည်၊

ကောဋိသတသဟဿ ကောဋိသတသဟဿ ယက္ခပရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ ယက္ခ နတ်မျိုး အခြံအရံ ရှိသည်ဖြစ်၍၊

ဥတ္တရံဒိသံ - မြတ်စွာဘုရား၏ မြောက်မျက်နှာ အရပ်၌၊

စတ္တာရော တေ မဟာရာဇာ၊ သမန္တာ စတုရော ဒိသာ။ ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ဝနေ ကာပိလဝတ္ထဝေ။

ဣတိ - ဤသို့၊

သမန္တာ - ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းမှ၊

အာဂတာ - လာကုန်သော၊

ဒသ သဟဿ ဒသ သဟဿသင်္ခါ - တစ်သောင်းစီ တစ်သောင်းစီ အရေအတွက် ရှိကုန်သော၊

ကောဋိသတသဟဿ ကောဋိသတသဟဿ ပရိဝါရာ - ကုဋေတစ်သိန်းစီ ကုဋေ တစ်သိန်းစီ အခြံအရံ ရှိကုန်သော၊

စတ္တာရော - လေးယောက် ကုန်သော၊

တေ မဟာရာဇာ - ထို နတ်မင်းကြီးတို့သည်၊

သမန္တာ - မြတ်စွာဘုရား၏ ပတ်ဝန်းကျင်မှ၊

စတုရော ဒိသာ - အရပ်လေးမျက်နှာတို့၌၊

ကာပိလဝတ္ထေ၀ - ကပိလဝတ်ပြည်၏ အနီးဖြစ်သော၊

ဝနေ - မဟာဝုန်တော၌၊

ဒဒ္ဒလ္လမာနာ - မီးပုံကြီးကဲ့သို့ တောက်ပကုန်လျက်၊

အဋ္ဌံသု - တည်ကုန်၏။

နတ်မင်း (၁၁) ယောက်

၃၃၇။ တေသံ မာယာဝိနော ဒါသာ၊ အာဂုံ ဝဉ္စနိကာ သဌာ။ မာယာ ကုဋေဏ္ဍု ဝိဋေဏ္ဍု၊ ဝိဋုစ္စ ဝိဋုဋော သဟ။ စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိဃဏ္ဍု နိဃဏ္ဍု စ။

တေသံ - ထိုနတ်မင်းကြီးတို့၏၊

ဒါသာ - ရှစ်ယောက်သော ကျွန်တို့သည်၊

မာယာဝိနော - မာယာများကုန်၏၊

ဝဉ္စနိကာ - လှည့်ပတ်တတ်ကုန်၏၊

သဌာ - ကောက်ကျစ် စဉ်းလဲကုန်၏၊

မာယာ - လှည့်စားတတ်ကုန်၏၊

တေပိ - ထို ရှစ်ယောက်သော ကျွန်တို့သည်လည်း၊

အာဂုံ - လာရောက်ကုန်ပြီ။

ကုဋေဏ္ဍု - ကုဋေဏ္ဍုမည်သော ကျွန်၊

ဝိဋေဏ္ဍု - ဝိဋေဏ္ဍု မည်သော ကျွန်၊

ဝိဋုစ္စ - ဝိဋုစမည်သော ကျွန်၊

ဝိဋုဋော - ဝိဋုဋမည်သော ကျွန်၊

သော - ထို ဝိဋုတမည်သောကျွန်သည်၊

တေဟိ - ထို နတ်မင်းကြီးတို့နှင့်၊

သဟ - အတူတကွ၊

အာဂတော - လာရောက်၏။

စန္ဒနော - စန္ဒနမည်သော ကျွန်၊

ကာမသေဋ္ဌော - ကာမသေဋ္ဌမည်သော ကျွန်၊

ကိန္နိဃဏ္ဍု - ကိန္နိဃဏ္ဍုမည်သော ကျွန်၊

နိဃဏ္ဍု - နိဃဏ္ဍုမည်သော ကျွန်၊

ဧတေ ဒါသာ - ဤ ရှစ်ယောက်သောကျွန်တို့သည်၊

အာဂုံ - လာရောက်ကုန်ပြီ။

ပနာဒေါ သြပမညော စ၊ ဒေဝသူတော စ မာတလိ။ စိတ္တသေနော စ ဂန္ဓဗ္ဗော၊ နဠော ရာဇာ ဇနေသဘော။ အာဂါ ပဉ္စသိခေါ စေဝ၊ တိမ္ဗရူ သူရိယဝစ္ဆသာ။ ဧတေ စညေ စ ရာဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇုဘိ။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ပနာဒေါ - ပနာဒမည်သော နတ်မင်းသည် လည်းကောင်း၊

သြပမညော စ - သြပမညမည်သော နတ်မင်းသည် လည်းကောင်း၊

ဒေဝသုတော - သိကြားမင်း၏ ရထားထိန်းဖြစ်သော၊

မာတလိ စ - မာတလိမည်သော နတ်မင်းသည် လည်းကောင်း၊

ဂန္ဓဗ္ဗော - ဂန္ဓဗ္ဗနတ်မျိုးဖြစ်သော၊

စိတ္တသေနော စ - စိတ္တမည်သော နတ်မင်း၊ သေနမည်သော နတ်မင်း၊ စိတ္တသေန မည်သော နတ်မင်းသည် လည်းကောင်း၊

နဠော - နဠမည်သော၊

ရာဇာ စ - နတ်မင်းသည် လည်းကောင်း၊

ဇနေသဘော - ဇနေသဘမည်သော နတ်မင်းသည် လည်းကောင်း၊

ပဉ္စသိခေါ စေ၀ - ပဉ္စသီခ မည်သော နတ်မင်းသည် လည်းကောင်း၊

တိမ္ဗရု - တိမ္ဗရုမည်သော နတ်မင်းသည် လည်းကောင်း၊

သူရိယဝစ္ဆသာ - တိမ္ဗရုနတ် မင်း၏သမီး, သူရိယဝစ္ဆသာ မည်သော နတ်သမီးသည် လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ။

ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်မျိုး ဖြစ်ကုန်သော၊

ဧတေ ရာဇာနော စ - အမည်ကို ဖော်ထုတ်၍ ဆိုခဲ့သော တစ်ကျိပ်တစ်ယောက်သော ဤနတ်မင်း တို့သည်လည်းကောင်း၊

ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်မျိုး ဖြစ်ကုန်သော၊

အညေရာဇာနော စ - တစ်ကျိပ်တစ်ယောက်မှ တစ်ပါးကုန်သော နတ်မင်း တို့သည် လည်းကောင်း၊

ရာဇုဘိ - ဓတရဋ္ဌနတ်မင်းကြီးတို့နှင့်၊

သဟ - အတူတကွ၊

မောဒမာနာ - နှစ်သက်ရွှင်လန်းသော စိတ်ရှိကုန်သည်ဖြစ်၍၊

ဘိက္ခူနံ သမိတိံ - ရဟန္တာငါးရာတို့၏ စည်းဝေးရာဖြစ်သော၊

ဝနံ - ဤ မဟာဝုန်တောသို့၊

အဘိက္ကာမုံ - လာရောက်ကြကုန်ပြီ။

နဂါး ဂဠုန် အသုရာများ

၃၃၈။ အထာဂုံ နာဂသာ နာဂါ၊ ဝေသာလာ သဟတစ္ဆကာ။ ကမ္ပလဿတရာ အာဂုံ၊ ပါယာဂါ သဟ ဉာတိဘိ။ ယာမုနာ ဓတရဋ္ဌာ စ၊ အာဂူ နာဂါ ယသဿိနော။ ဧရာဝဏော မဟာနာဂေါ၊ သောပါဂါ သမိတိံ ဝနံ။

အထ - ထိုနတ်တို့၏ လာခြင်းမှတစ်ပါး နဂါးတို့၏လာခြင်းကို ဆိုအံ့၊

နာဂသာ - နာဂသအိုင်၌ နေကုန်သော၊

နာဂါစ - နဂါးတို့သည်လည်းကောင်း၊

ဝေသာလာ - ဝေသာ လအိုင်၌ နေကုန်သော၊

နာဂါစ - နဂါးတို့သည်လည်းကောင်း၊

တစ္ဆကာ - တစ္ဆကနဂါး ပရိသတ်နှင့်၊

သဟ - အတူတကွ၊

အာဂုံ - လာရောက်ကုန်ပြီ၊

ကမ္ပလဿတရာ - မြင်းမိုရ် တောင်ခြေ၌ နေကုန်သော ကမ္ပလမည်သော နဂါးမင်း၊ အဿတရမည်သော နဂါးမင်းတို့သည် လည်းကောင်း၊

ပါယာဂါ - ပါယာဂ ဆိပ်၌နေကုန်သော နဂါးတို့သည် လည်းကောင်း၊

ဉာတိဘိ - ဆွေမျိုးတို့နှင့်၊

သဟ - အတူတကွ၊

အာဂုံ - လာရောက်ကုန်ပြီ၊

ယာမုနာ - ယမုနာမြစ်၌ နေကုန်သော၊

ယသဿိနော - များသော အခြံအရံရှိကုန်သော၊

နာဂါစ - နဂါးတို့သည်လည်းကောင်း၊

ဓတရဋ္ဌာ - ဓတရဋ္ဌအမျိုး ဖြစ်ကုန်သော၊

ယသဿိနော - များသော အခြံအရံရှိကုန်သော၊

နာဂါစ - နဂါးတို့သည်လည်းကောင်း၊

အာဂုံ - လာရောက် ကုန်ပြီ။

ဧရာဝဏော - ဧရာဝဏ်အမည်ရှိသော၊

မဟာနာဂေါ - သိကြားမင်း၏ စီးတော်ဆင်သည်၊

အတ္ထိ - ရှိ၏၊

သောပိ - ထို ဧရာဝဏ်ဆင်မင်း သည်လည်း၊

သမိတိံ - ရဟန္တာငါးရာတို့ စည်းဝေးရာဖြစ်သော၊

ဝနံ - ဤမဟာဝုန်တောသို့၊

အာဂါ - လာ ရောက်ပြီ။

ယေ နာဂရာဇေ သဟသာ ဟရန္တိ၊ ဒိဗ္ဗာ ဒိဇာ ပက္ခိ ဝိသုဒ္ဓစက္ခူ၊ ဝေဟာယသာ တေ ဝနမဇ္ဈပတ္တာ၊ စိတြာ သုပဏ္ဏာ ဣတိ တေသ နာမံ။

ဒိဗ္ဗာ - နတ်၏အာနုဘော်နှင့် ပြည့်စုံကုန်သော၊

ဒိဇာ - ငှက်မျိုးဖြစ်ကုန်သော၊

ပက္ခီ - ကြီးမားသော အတောင်ရှိကုန်သော

ဝိသုဒ္ဓစက္ခူ - ယူဇနာတစ်ရာ ယူဇနာတစ်ထောင် ခြားရာ၌ နဂါးကို မြင်ခြင်းငှာ စွမ်းနိုင်သည်ဖြစ်၍ စင်ကြယ်သော မျက်လုံးရှိကုန်သော၊

ယေ - အကြင် ဂဠုန်မင်းတို့သည်၊

နာဂရာဇေ - ဆိုအပ်ပြီးသော နဂါးမင်းတို့ကို၊

သဟသာ - အဆောတလျင်၊

ဟရန္တိ - သုတ်ယူနိုင်ကုန်၏၊

တေ - ထို နဂါး ဂဠုန်မင်းတို့သည်လည်း၊

ဝေဟာယသာ - ကောင်းကင်ခရီးဖြင့်၊

ဝနံ - ဤ မဟာဝုန်တောသို့၊

အဇ္ဈပတ္တာ - ရောက် လာကြကုန်ပြီ၊

တေသံ - ထို ဂဠုန်မင်းတို့၏၊

နာမံ - အမည်ကား၊

စိတြာ သုပဏ္ဏာ ဣတိ - စိတြသုပဏ္ဏ မည်ကုန်၏။

အဘယံ တဒါ နာဂရာဇာနမာသိ၊ သုပဏ္ဏတော ခေမမကာသိ ဗုဒ္ဓေါ။ သဏှာဟိ ဝါစာဟိ ဥပဝှယန္တာ၊ နာဂါ သုပဏ္ဏာ သရဏမကံသု ဗုဒ္ဓံ။

တဒါ - ထို နဂါးနှင့်ဂဠုန်တို့ အတူတကွ စည်းဝေးသောအခါ၌၊

နာဂရာဇာနံ - နဂါး မင်းတို့အား၊

အဘယံ - ဘေးမရှိသည်၊

အာသိ - ဖြစ်ပြီ၊

ဗုဒ္ဓေါ - မြတ်စွာဘုရားသည်၊

သုပဏ္ဏတော - ဂဠုန်မှ၊

ခေမံ - ဥပဒ္ဒဝေါ မရှိသည်ကို၊

အကာသိ - ပြုတော်မူပြီ၊

သဏှာဟိ - ချိုသာသော၊

ဝါစာဟိ - စကားတို့ဖြင့်၊

ဥပဝှယန္တာ - အချင်းချင်း ခေါ်ခေါ်ပြောပြော နှုတ်ခွန်းဆက်ကုန်လျက်၊

နာဂါ - နဂါးတို့သည် လည်းကောင်း၊

သုပဏ္ဏာ - ဂဠုန်တို့သည် လည်းကောင်း၊

ဗုဒ္ဓေံ - မြတ်စွာဘုရား ကိုသာလျှင်၊

သရဏံ - ကိုးကွယ်ရာဟူ၍၊

အကံသု - ပြုကုန်ပြီ။

၃၃၉။ ဇိတာ ဝဇိရဟတ္ထေန၊ သမုဒ္ဒံ အသုရာသိတာ။ ဘာတရော ဝါသဝဿေတေ၊ ဣဒ္ဓိမန္တော ယသဿိနော။ ကာလကဉ္စာ မဟာဘိသ္မာ၊ အသုရာ ဒါနဝေဃသာ။ ဝေပစိတ္တိ သုစိတ္တိ စ၊ မဟာရာဒေါ နမုစီ သဟ။

ဝဇိရဟတ္ထေန - သိကြားမင်းသည်၊

ဇိတာ - အောင်အပ်ကုန်သော၊

သမုဒ္ဒံ - သမုဒ္ဒရာကို၊

သိတာ - မှီ၍နေကုန်သော၊

ဝါသဝဿေ - သိကြားမင်း၏၊

ဘာတရော - ညီနောင်ဖြစ်ကုန်သော၊

ဧတေအသုရာ - ဤအသုရာတို့သည်၊

ဣဒ္ဓိမန္တော - တန်ခိုးကြီး ကုန်၏၊

ယသဿိနော - များသော အခြံအရံ ရှိကုန်၏၊

တေသု - ထိုအသုရာတို့တွင်၊

ကာလကဉ္စာ - ကာလကဉ္စ မည်ကုန်သော အသုရာတို့သည်၊

မဟာဘိသ္မာ - ကြောက် မက်ဖွယ် ကြီးမားသော ကိုယ်ကို ဖန်ဆင်းကုန်ပြီး၍၊

အာဂမိံသု - လာရောက်ကုန်ပြီ၊

ဒါနဝေဃသာ - ဒါနဝေဃသ အမည်ရှိကုန်သော၊

အသုရာ - အသုရာတို့သည် လည်းကောင်း၊

ဝေပစိတ္တိ - ဝေပစိတ္တမည်သော အသုရာသည် လည်းကောင်း၊

သုစိတ္တိ စ - သုစိတ္တိမည်သော အသုရာသည် လည်းကောင်း၊

မဟာရာဒေါ - မဟာရာဒ မည်သော အသုရာသည် လည်းကောင်း၊

အာဂမိံသု - လာရောက်ကုန်ပြီ၊

နမုစိ - မာရ်နတ်သား သည်လည်း၊

ဧတေဟိ - ဤအသုရာတို့နှင့်၊

သဟ - အတူတကွ၊

အာဂတော - လာရောက်ပြီ။

သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗ ဝေရောစနာမကာ။ သန္နယှိတွာ ဗလိသေနံ၊ ရာဟုဘဒ္ဒမုပါဂမုံ။ သမယော ဒါနိ ဘဒ္ဒန္တေ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဗလိပုတ္တာနံ - ဗလိမည်သော မဟာအသုရာ၏ သားတို့၏၊

သတဉ္စ - တစ်ရာသည်လည်း၊

ဟောတိ - ဖြစ်၏၊

သဗ္ဗ - ခပ်သိမ်းကုန်သော တစ်ရာသော သားတို့သည်၊

ဝေရောစနာမကာ - ဦးရီးဖြစ်သော ရာဟုအသုရိန်၏ အမည်ကို ဆောင်ကုန်သည်ဖြစ်၍ ဝေရောစ ဟူသော အမည်ချည်းရှိကုန်၏၊

ဗလိသေနံ - ဗလိအသုရာ၏ ရဲမက်တော် အပေါင်းသည်၊

သန္နယှိတွာ - ချပ်မိန်ညို ဝတ်ဆင်ကြလျက်၊

ဘဒ္ဒန္တေ - အိုသခင် (တနည်း)

တေ - အသျှင်အား၊

ဘဒ္ဒံ - ကောင်းခြင်းသည်၊

ဟောတု - ဖြစ်စေသတည်း၊

ဒါနိ - ယခု၊

ဘိက္ခူနံ သမိတိံ - ရဟန္တာငါးရာတို့ စည်းဝေးရာဖြစ်သော၊

ဝနံ - မဟာဝုန်တောသို့၊

သမယော - သွားချိန်တန်ပြီ၊

ဣတိ - ဤသို့၊

ရာဟုဘဒ္ဒံ - ရာဟုအသုရိန် နတ်မင်းကို၊

ဥပါဂမုံ - ချဉ်းကပ်၍ လျှောက်ထား ကုန်၏။

(၁၀) မျိုး (၆) လီ နတ်များ

၃၄၀။ အာပေါ စ ဒေဝါ ပထဝီ၊ တေဇော ဝါယော တဒါဂမုံ။ ဝရုဏာ ဝါရဏာ ဒေဝါ၊ သောမော စ ယသသာ သဟ။ မေတ္တာ ကရုဏာ ကာယိကာ၊ အာဂုံ ဒေဝါ ယသဿိနော။

အာပေါ ဒေဝါ စ - အာပေါနတ်တို့သည် လည်းကောင်း၊

ပထဝီ ဒေဝါ စ - ပထဝီ နတ်တို့သည် လည်းကောင်း၊

တေဇော ဒေဝါ စ - တေဇောနတ်တို့သည် လည်းကောင်း၊

ဝါယော ဒေဝါ စ - ဝါယောနတ်တို့သည် လည်းကောင်း၊

တဒါ - ထိုအခါ၌၊

အာဂမုံ - လာရောက်ကုန်ပြီ၊

ဝရုဏာ ဒေဝါ စ - ဝရုဏမည်သောနတ် တို့သည် လည်းကောင်း၊

ဝါရဏာ ဒေဝါ စ - ဝါရဏမည်သောနတ်တို့သည် လည်းကောင်း၊

သောမော ဒေဝါ စ - သောမမည်သောနတ်တို့သည် လည်းကောင်း၊

ယသသာ - ယသမည်သောနတ်တို့သည် လည်းကောင်း၊

သဟ - အတူတကွ၊

အာဂမုံ - လာရောက်ကုန်ပြီ၊

ယသဿိနော - များသော အခြံအရံရှိကုန်သော၊

မေတ္တာ ကာယိကာ ဒေဝါစ - မေတ္တာဈာန်အလို့ငှာ ပရိကံပြု၍ ဖြစ်ကုန်သော နတ်အပေါင်းတို့သည် လည်းကောင်း၊

ကရုဏာ ကာယိကာ ဒေဝါစ - ကရုဏာဈာန်အလို့ငှာ ပရိကံပြု၍ ဖြစ်ကုန်သော နတ်အပေါင်းတို့သည် လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ။

ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဧတေဒသကာယာ - ဤ အာပေါနတ်အစ ကရုဏာနတ် အဆုံးရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

ဒသဓာ - ဆယ်စုအားဖြင့်၊

ဌိတာ - တည် ကုန်၏၊

သဗ္ဗေ - ခပ်သိမ်းကုန်သော ဆယ်မျိုးကုန်သော နတ်တို့သည်၊

နာနတ္တဝဏ္ဏိနော - အညို အရွှေစသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိကုန်၏၊

ဝေဏ္ဍုဒေဝါ သဟလိ စ၊ အသမာ စ ဒုဝေ ယမာ။ စန္ဒဿူပနိသာ ဒေဝါ၊ စန္ဒမာဂုံ ပုရက္ခတွာ။ သူရိယဿူပနိသာ ဒေဝါ၊ သူရိယမာဂုံ ပုရက္ခတွာ။ နက္ခတ္တာနိ ပုရက္ခတွာ၊ အာဂုံ မန္ဒဝလာဟကာ။ ဝသူနံ ဝါသဝေါ သေဋ္ဌော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။

ဝေဏ္ဍုဒေဝါ စ - ဝေဏ္ဍုမည်သော နတ်တို့သည်လည်းကောင်း၊

သဟလိဒေဝါစ - သဟလိမည်သော နတ်တို့သည်လည်းကောင်း၊

အသမာ ဒေဝါစ - အသမမည်သော နတ်တို့သည်လည်းကောင်း၊

ဒုဝေ - နှစ်ပါးကုန်သော၊

ယမာဒေဝါစ - ယမမည်သော နတ်တို့သည်လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

စန္ဒဿ - လကို၊

ဥပနိသာ - မှီ၍ဖြစ်ကုန်သော၊

ဒေဝါ - နတ်တို့သည်၊

စန္ဒံ - လကို၊

ပုရက္ခတွာ - ရှေ့သွားပြု၍၊

အာဂုံ - လာရောက်ကုန်ပြီ၊

သူရိယဿ - နေကို၊

ဥပနိသာ - မှီ၍ဖြစ်ကုန်သော၊

ဒေဝါ - နတ်တို့သည်၊

သူရိယံ - နေကို၊

ပုရက္ခတွာ - ရှေ့သွားပြု၍၊

အာဂုံ - လာရောက်ကုန်ပြီ၊

နက္ခတ္တနိဿိတာ - နက္ခတ်ကိုမှီ၍ ဖြစ်ကုန်သော၊

ဒေဝါ - နတ်တို့သည်၊

နက္ခတ္တာနိ - နက္ခတ်ကို၊

ပုရက္ခတွာ - ရှေ့သွားပြု၍၊

အာဂုံ - လာရောက်ကုန်ပြီ၊

မန္ဒဝလာဟကာ - မန္ဒဝလာဟကမည်သော နတ်တို့သည်၊

အာဂုံ - လာရောက် ကုန်ပြီ၊

ဝသူနံ - ဝသုအမည်ရှိသော နတ်မျိုးတို့ထက်၊

သေဋ္ဌော - မြတ်သော၊

ဝါသဝေါ - သိကြားမင်းသည်၊

သက္ကော - သက္ကမည်၏၊

ပုရိန္ဒဒေါ - ပုရိန္ဒဒလည်း မည်၏၊

သောပိ - ထို ဝါသဝလည်းမည်, သက္ကလည်းမည်, ပုရိန္ဒဒလည်းမည်သော သိကြားမင်း သည်၊

အာဂါ - လာရောက်ပြီ၊

ဧတေ ဒသကာယာ - ဤ ဝေဏ္ဍုနတ်အစ သိကြားနတ် အဆုံးရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

ဒသဓာ - ဆယ်စုအားဖြင့်၊

ဌိတာ - တည်ကုန်၏၊

ဝနံ - ဤ မဟာ ဝုန်တောသို့၊

အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

အထာဂုံ သဟဘူ ဒေဝါ၊ ဇလမဂ္ဂိ သိခါရိဝ။ အရိဋ္ဌကာ စ ရောဇာ စ၊ ဥမာပုပ္ဖနိဘာသိနော။ ဝရုဏာ သဟဓမ္မာ စ၊ အစ္စုတာ စ အနေဇကာ။ သူလေယျရုစိရာ အာဂုံ၊ အာဂုံ ဝါသဝနေသိနော။

အထ - ထိုမှတပါး၊

အဂ္ဂိသိခါရိ၀ - မီးတောက်မီးလျှံတို့ကဲ့သို့၊

ဇလံ ဇလန္တာ - တောက်ပကုန်သော၊

သဟဘူ ဒေဝါ စ - သဟဘူမည်သော နတ်တို့သည် လည်းကောင်း၊

ဥမာပုပ္ဖနိဘာသိနော - အောင်မဲညိုပန်းနှင့်တူသော အဆင်းရှိကုန်သော၊

အရိဋ္ဌကာ စ - အရိဋ္ဌကမည်သော နတ်တို့သည် လည်းကောင်း၊

ရောဇာစ - ရောဇမည်သော နတ်တို့သည် လည်းကောင်း၊

ဝရုဏာ စ - ဝရုဏမည်သော နတ်တို့သည် လည်းကောင်း၊

သဟဓမ္မာ စ - သဟဓမ္မမည်သော နတ်တို့သည်လည်းကောင်း၊

အစ္စုတာ စ - အစ္စုတမည်သော နတ်တို့သည် လည်းကောင်း၊

အနေဇကာ - အနေကဇမည်သော နတ်တို့သည် လည်းကောင်း၊

သုလေယျ ရုစိရာ စ - သုလေယျ မည်သော နတ်, ရုစိရမည်သော နတ်တို့သည် လည်းကောင်း၊

အာဂုံ - လာရောက် ကုန်ပြီ၊

ဝါသဝနေသိနော - ဝါသဝနေသိ မည်သော နတ်တို့သည်လည်း၊

ဧတေ ဒသေတေ - သဟဘူနတ်အစ ဝါသဝနေသိနတ် အဆုံး ရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

သမာနာ မဟာသမာနာ၊ မာနုသာ မာနုသုတ္တမာ။ ခိဍ္ဍာပဒေါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။ အထာဂုံ ဟရယော ဒေဝါ၊ ယေ စ လောဟိတဝါသိနော။
ပါရဂါ မဟာပါရဂါ၊ အာဂုံ ဒေဝါ ယသဿိနော။

သမာနာ - သမာနမည်သော နတ်တို့သည် လည်းကောင်း၊

မဟာသမာနာ - မဟာသမာနမည်သော နတ်တို့သည် လည်းကောင်း၊

မာနုသာ - မာနုသမည်သော နတ်တို့သည် လည်းကောင်း၊

မာနုသုတ္တမာ - မာနုသုတ္တမမည်သော နတ်တို့သည် လည်းကောင်း၊

ခိဍ္ဍာပဒေါသိကာ - ခိဍ္ဍာပဒေါသိကမည်သော နတ်တို့သည် လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

မနောပဒေါသိကာ - မနောပဒေါသိကမည်သော နတ်တို့သည်လည်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

အထ - ထိုမှတပါး၊

ဟရယော - ဟရိမည်ကုန်သော၊

ဒေဝါ - နတ်တို့သည်လည်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

လောဟိတဝါသိနော - လောဟိတဝါသီ မည်ကုန်သော၊

ယေစ - အကြင်နတ်တို့သည် လည်းကောင်း၊

ပါရဂါ - ပါရဂမည်သော နတ်တို့သည် လည်းကောင်း၊

မဟာပါရဂါ - မဟာပါရဂ မည်သော နတ်တို့သည် လည်း ကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

ဒေဝါ - ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

ယသဿိနော - အသီးသီးများသော အခြံအရံ ရှိကြကုန်၏၊

ဧတေ ဒသကာယာ - သမာနနတ်အစ မဟာပါရဂနတ် အဆုံးရှိကုန်သော ဤ ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

နာနတ္တဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူးအထွေထွေ အဆင်း ရှိကုန်၏၊

မောဒမာနာ - ဝမ်းမြောက် ကုန် သည် ဖြစ်၍၊

သုက္ကာ ကရမ္ဘာ အရုဏာ၊ အာဂုံ ဝေဃနသာ သဟ။ သြဒါတဂယှာ ပါမောက္ခာ၊ အာဂုံ ဒေဝါ ဝိစက္ခဏာ။ သဒါမတ္တာ ဟာရဂဇာ၊ မိဿကာ စ ယသဿိနော။ ထနယံ အာဂ ပဇ္ဇုန္နော၊ ယော ဒိသာ အဘိဝဿတိ။

သုက္ကာ - သုက္ကမည်သော နတ်တို့သည် လည်းကောင်း၊

ကရမ္ဘာ - ကရမ္ဘမည် သော နတ်တို့သည် လည်းကောင်း၊

အရုဏာ - အရုဏမည်သော နတ်တို့သည် လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

တေဟိ - ထိုသုံးဂိုဏ်းသော နတ်တို့နှင့်၊

သဟ - အတူတကွ၊

ဝေဃနသာစ - ဝေဃနသ မည်သော နတ်တို့သည်လည်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

ပါမောက္ခာ - အကြီးအမှူး ဖြစ်ကုန်သော၊

သြဒါတဂယှာ - သြဒါတဂယှမည်သော နတ်တို့ သည်လည်းကောင်း၊

ဝိစက္ခဏာ ဒေဝါ - ဝိစက္ခဏ မည်သော နတ်တို့သည်လည်းကောင်း၊

သဒါမတ္တာ စ - သဒါမတ္တမည်သော နတ်တို့ သည်လည်းကောင်း၊

ဟာရဂဇာ စ - ဟာရဂဇ မည်သော နတ်တို့သည် လည်းကောင်း၊

ယသဿိနော - များသော အခြံအရံ ရှိကုန်သော၊

မိဿကာ စ - မိဿကမည်သော နတ်တို့သည် လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

ယော - အကြင် ပဇ္ဇုန်နတ်သည်၊

ဒိသာ - ရောက်ရာရောက်ရာ အရပ်တို့၌၊

အဘိဝဿတိ - မိုးရွာစေ၏၊

သောစ ပဇ္ဇုန္နော - ထို ပဇ္ဇုန်နတ်သည်လည်း၊

ထနယံ ထနယန္တော - မိုးချုန်းလျက်၊

အာဂေါ - လာရောက်ပြီ။

ဧတေ ဒသကာယာ - သုက္ကနတ်အစ ပဇ္ဇုန်နတ်အဆုံး ရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

ဒသဓာ - ဆယ်စုအားဖြင့်၊

ဌိတာ - တည်ကုန်၏၊

သဗ္ဗေ - ခပ်သိမ်းကုန်သော ဆယ်မျိုးသော နတ်တို့သည်၊

နာနတ္တဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်းရှိ ကုန်၏၊

ဣဒ္ဓိမန္တော - တန်ခိုး ကြီး ကုန်၏။

ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသဿိနော။ လမ္ဗီတကာ လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသဝါ။ နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။

ခေမိယာ - ခေမိယ မည်သော နတ်တို့သည် လည်းကောင်း၊

တုသိတာ - တုသိတာ ဘုံ၌ နေကုန်သော နတ်တို့သည် လည်းကောင်း၊

ယာမာ - ယာမာဘုံ၌ နေကုန်သော နတ်တို့သည် လည်းကောင်း၊

ယသဿိနော - များသော အခြံအရံ ရှိကုန်သော၊

ကဋ္ဌကာ စ - ကဋ္ဌက မည်သော နတ်တို့သည် လည်းကောင်း၊

လမ္ဗီတကာ - လမ္ဗီတက မည်သော နတ်တို့သည် လည်းကောင်း၊

လာမသေဋ္ဌာ - လာမသေဋ္ဌမည်သော နတ်တို့သည် လည်း ကောင်း၊

ဇောတိနာမာ စ - ဇောတိမည်သော နတ်တို့သည် လည်းကောင်း၊

အာသဝါ စ - အာသ၀ မည်သော နတ်တို့သည် လည်းကောင်း၊

နိမ္မာနရတိနော - နိမ္မာနရတိဘုံ၌ နေကုန်သော နတ်တို့သည် လည်းကောင်း၊

အာဂုံ - လာရောက်ကုန်ပြီ၊

အထ - ထိုမှတပါး၊

ပရနိမ္မိတာ - ပရနိမ္မိတဘုံ၌ နေကုန်သော နတ်တို့သည်လည်း၊

ဧတေ ဒသကာယာ - ခေမိယနတ်အစ ပရနိမ္မိတနတ်အဆုံး ရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

ဒသဓာ - ဆယ်စုအားဖြင့်၊

ဌိတာ - တည်ကုန်၏၊

သဗ္ဗေ - ခပ်သိမ်းကုန် သော ဆယ်မျိုးသော နတ်တို့သည်၊

သဋ္ဌေတေ ဒေဝနိကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ နာမနွယေန အာဂစ္ဆုံ၊ ယေ စညေ သဒိသာ သဟ။

သဋ္ဌိ - ခြောက်ဆယ်သော

သဗ္ဗေ - ခပ်သိမ်းကုန်သော၊

ဧတေ ဒေဝနိကာယာ - အာပေါနတ်အစ ပရနိမ္မိတနတ်အဆုံး ရှိကုန်သော ဂိုဏ်းသီးဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊

နာနတ္တဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်း ရှိကုန်သည်ဖြစ်၍၊

နာမနွယေန - အာပေါနတ် ပထဝီနတ် အစရှိကုန်သော အမည်သညာ အသီးသီး အားဖြင့်၊

အာဂစ္ဆုံ - လာရောက်ကုန်ပြီ၊

အညေ စ - တစ်ပါးလည်း ဖြစ်သော၊

သဒိသာ - ထိုခြောက်ဆယ်သော ဂိုဏ်းသီးဂိုဏ်းကွဲ နတ်တို့နှင့် အဆင်းအားဖြင့် လည်းကောင်း၊ အမည်အားဖြင့် လည်းကောင်း တူကုန်သော၊

ယေစ - ကြွင်းသော စကြဝဠာ၌ နေကုန်သော အကြင်နတ်တို့သည် လည်း၊

သန္တိ - ရှိကုန်၏၊

တေပိ - ထိုနတ် တို့သည်လည်း၊

သဟ - ဆိုခဲ့ပြီးသော နတ်မျိုး ခြောက်ဆယ်တို့နှင့် အတူတကွ၊

အာဂစ္ဆုံ - လာရောက်ကုန်ပြီ။

ပဝုဋ္ဌဇာတိမခိလံ၊ သြဃတိဏ္ဏမနာသဝံ။ ဒက္ခေမောဃတရံ နာဂံ၊ စန္ဒံ၀ အသိတာတိဂံ။

ပဝုဋ္ဌဇာတိံ - ကင်းပြီးသော ပဋိသန္ဓေနေခြင်း ရှိထသော၊

အခိလံ - ရာဂ ဒေါသ မောဟ တည်းဟူသော ငြောင့်တံသင်း မရှိထသော၊

သြဃတိဏ္ဏံ - သြဃလေးပါးတို့မှ ကူးမြောက်ပြီးထသော၊

အနာသဝံ - အာသဝေါတရားလေးပါး မရှိထသော၊

ဘိက္ခုသံဃံ - ရဟန္တာငါးရာ အပေါင်းကို လည်းကောင်း၊

သြဃတရံ - သြဃလေးပါးမှ ကူးမြောက်တော် မူပြီးထသော၊

နာဂံ - အကုသိုလ်ကို ပြုတော် မမူထသော၊

တာတိဂံ - မည်းညစ်ခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့မှ လွန်မြောက်တော် မူပြီးထသော၊

စန္ဒံ၀ - ရွှေလမင်း ကဲ့သို့သော ကျက်သရေတော်ဖြင့် တင့်တယ်တော်မူထသော၊

ဒသဗလဉ္စ - မြတ်စွာဘုရားကိုလည်း၊

ဒက္ခေမ - ဖူးမြော် ကုန်အံ့၊

ဣတိ - ဤသို့ နှလုံးပိုက်၍၊

ဧတဒတ္ထံ - ဤသံဃာ တော်ကို ဖူးမြှော်ခြင်း၊ မြတ်စွာဘုရားကို ဖူးမြှော်ခြင်း အကျိုးငှာ၊

ဧတ သဗ္ဗေ - ဤ စကြဝဠာ၌ နေကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ခြောက်ဆယ်သော နတ်မျိုး၊ ထို ခြောက်ဆယ်နှင့် အဆင်းအမည်တူသော တစ်ပါးသော စကြဝဠာ၌ နေကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ခြောက်ဆယ်သော နတ်မျိုးအားဖြင့် ထိုအလုံးစုံသော နတ်အပေါင်းတို့သည်၊

အာဂစ္ဆုံ - လာရောက်ကုန်ပြီ။

ဗြဟ္မာမင်းများ

၃၄၁။ သုဗြဟ္မာ ပရမတ္တော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။ သနင်္ကုမာရော တိဿော စ၊ သောပါဂ သမိတိံ ဝနံ။

သုဗြဟ္မာ - သုဗြဟ္မာမည်သော ဗြဟ္မာသည် လည်းကောင်း၊

ပရမတ္တော စ - ပရမတ္ထမည်သော ဗြဟ္မာသည် လည်းကောင်း၊

ဣဒ္ဓိမတော - တန်ခိုးကြီးတော်မူသော မြတ်စွာဘုရား၏၊

ပုတ္တာ - သားတော်မည်၏၊

ဧတေ - ဤ ဗြဟ္မာနှစ်ဦးတို့သည်၊

သဟ - အတူတကွ၊

အာဂုံ - လာရောက်ကုန်ပြီ။

သနင်္ကုမာရော - သနင်္ကုမာရမည်သော ဗြဟ္မာသည် လည်းကောင်း၊

တိဿော စ - တိဿမည်သော ဗြဟ္မာသည် လည်းကောင်း၊

သောပိ - ထို ဗြဟ္မာနှစ်ဦးသည်လည်း၊

သမိတိံ - ရဟန္တာငါးရာတို့၏ စည်းဝေးရာဖြစ်သော၊

ဝနံ - ဤ မဟာဝုန်တောသို့၊

အာဂါ - လာရောက်ပြီ။

သဟဿံ ဗြဟ္မလောကာနံ၊ မဟာဗြဟ္မာဘိတိဋ္ဌတိ။ ဥပပန္နော ဇုတိမန္တော၊ ဘိသ္မာကာယော ယသဿိသော။ ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေကဝသ၀တ္တိနော။
တေသဉ္စ မဇ္ဈတော အာဂ၊ ဟာရိတော ပရိဝါရိတော။

ဗြဟ္မလောကာနံ - ဗြဟ္မာ့ပြည်လျှင် နေရာရှိကုန်သော မဟာဗြဟ္မာတို့၏၊

သဟဿံ - တစ်ထောင်သည်၊

အာဂတံ - လာ၏၊

ဥပပန္နော - ဗြဟ္မာ့ဘုံ၌ ဖြစ်သော၊

ဇုတိမန္တော - အာနုဘော် ကြီးသော၊

အဘိသ္မာကာယော - ကြီးမားသော ကိုယ်ရှိသော၊

ယသဿိ - များသော အခြံအရံရှိသော၊

သော မဟာဗြဟ္မာ - တစ်ထောင်သော မဟာဗြဟ္မာတွင် တစ်ယောက် တစ်ယောက် သော ထိုမဟာဗြဟ္မာသည်၊

အဘိတိဋ္ဌတိ - တစ်ပါးသော ဗြဟ္မာတို့ကို အဆင်း အသက် အခြံအရံ အားဖြင့် လွှမ်းမိုး၍ တည်၏၊

ဧတ္ထ - ဤ တစ်ထောင်သော မဟာဗြဟ္မာတွင်၊

ပစ္စေကဝသ၀တ္တိနော - အသီးအသီး မိမိအလိုသို့ လိုက်စေနိုင်သော၊

ဣဿရာ - အစိုးရ ဖြစ်ကုန်သော၊

ဒသ - တစ်ကျိပ်သော မဟာဗြဟ္မာတို့သည်၊

အာဂုံ - လာရောက်ကုန်ပြီ၊

တေသဉ္စ - ထို ဗြဟ္မာတို့၏လည်း၊

မဇ္ဈတော - အတွင်း၌၊

ဟာရိတော - ဟာရိတမည်သော ဗြဟ္မာသည်၊

ပရိဝါရိတော - ဗြဟ္မာတစ်သိန်း အခြံအရံ ရှိသည်ဖြစ်၍၊

အာဂ - လာရောက်ပြီ၊

ဣတိ - ဤသို့၊

ဘဂဝါ - မြတ်စွာဘုရားသည်၊

ဘိက္ခူ - ရဟန္တာငါးရာတို့ကို၊

အာမန္တေယိ - ခေါ်၍ အမိန့်တော်ရှိ၏။

မာရ်နတ် နှောင့်ယှက်ပုံ

၃၄၂။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊ သဣန္ဒေ ဒေဝေ သဗြဟ္မကေ။ မာရသေနာ အဘိက္ကာမိ၊ ပဿ ကဏှဿ မန္ဒိယံ။ ဧထ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဓမတ္ထု ဝေါ။ သမန္တာ ပရိဝါရေထ၊ မာ ဝေါ မုဉ္စိတ္ထ ကောစိ နံ။

အဘိက္ကန္တေ - သိကြားမင်းကို အကြီးအမှူးပြု၍ လာကုန်သော၊

သဣန္ဒေ - သိကြားမင်းနှင့် တကွကုန်သော၊

သဗ္ဗေ - အလုံးစုံကုန်သော၊

တေ ဒေဝေ စ - ထိုနတ် အပေါင်း တို့ကိုလည်းကောင်း၊

အဘိက္ကန္တေ - ဟာရိတဗြဟ္မာကို အကြီးအမှူးပြု၍ လာကုန် သော၊

သဗြဟ္မကေ - ဟာရိတဗြဟ္မာနှင့် တကွကုန်သော၊

သဗ္ဗေ - အလုံးစုံ ကုန်သော၊

တေ ဒေဝေ စ - ထို ဗြဟ္မာအပေါင်းတို့ကို လည်းကောင်း၊

မာရသေနာ - မာရ်နတ်မင်း၏ ရဲမက်သားတို့သည်၊

အဘိက္ကာမုံ - လွှမ်းမိုး၍ လာကုန်၏၊

ကဏှဿ - မာရ်နတ်၏၊

မန္ဒိယံ - မိုက်သည်၏ အဖြစ်ကို၊

ပဿ (ပဿထ) - ကြည့်ကြကုန်လော့၊

ဧထ - လာကြကုန်လော့၊

ဂဏှထ - ဖမ်းကြကုန်လော့၊

ဗန္ဓထ - ချည်နှောင်ကြ ကုန်လော့၊

ဝေါ - သင် ရဲမက်သား တို့၏၊

ဝါ - တို့သည်၊

ဣဒံ ဒေဝမဏ္ဍလံ - ဤနတ်ဗြဟ္မာအပေါင်းသည်၊

ဝါ - ဤနတ်ဗြဟ္မာအပေါင်းကို၊

ရာဂေန - ရာဂဖြင့်၊

ဗဒ္ဓံ - ချည်နှောင်အပ်သည်၊

အတ္ထု - ဖြစ်စေလော့၊

သမန္တာ - ပတ်ဝန်းကျင်မှ၊

ပရိဝါရေထ - ဝိုင်းထားကြကုန်လော့၊

ဝေါ - သင်ရဲမက်သားတို့တွင်၊

ဝါ - သင်တို့ထဲတွင်၊

ကောစိ - တစ်ယောက် တစ်လေကမျှ၊

နံ - ထိုနတ်ဗြဟ္မာ အပေါင်းကို၊

မုဉ္စိတ္ထ - မလွှတ်လိုက်ပါနှင့်၊

ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ အပေသယိ။ ပါဏိနာ တလမာဟစ္စ၊ သရံ ကတွာန ဘေရဝံ။ ယထာ ပါဝုဿကော မေဃော၊ ထနယန္တော သဝိဇ္ဇုကော။ တဒါ သော ပစ္စုဒါဝတ္တိ၊ သင်္ကုဒ္ဓေါ အသယံဝသေ။

ဣတိ - ဤသို့၊

တတ္ထ - ထို အစည်းအဝေး၌၊

မဟာသေနော - များသော ရဲမက်ရှိသော၊

ကဏှော - မာရ်နတ်သည်၊

ပါဏိနာ - လက်ဖြင့်၊

တလံ - မြေအပြင်ကို၊

အာဟစ္စ - ထုရိုက်၍လည်းကောင်း၊

ပါဝုဿကော - မိုးအခါ၌ ရွာသော၊

မေဃော - မိုးကြီး သည်၊

သဝိဇ္ဇုကော - လျှပ်စစ်နှင့်တကွဖြစ်သော၊

ထနယန္တော ယထာ - ထစ်ချုန်း သကဲ့သို့၊

ဘေရဝံ - ကြောက်စရာကောင်းသော၊

သရံ - အသံကို၊

ကတွာန - ပြု၍ လည်းကောင်း၊

သေနံ - မိမိ၏ စစ်တပ်ကို၊

အပေသယိ - စေလွှတ်ပြီ၊

တဒါ - ထိုအခါ၌၊

သော - ထို မာရ်နတ်သည်၊

သင်္ကုဒ္ဓေါ - အလွန်စိတ်ဆိုးသည်ဖြစ်၍၊

အသယံဝသေ - မိမိ အလိုမရှိပါဘဲလျက်၊

ပစ္စုဒါဝတ္တိ - ပြန်ဆုတ်ရလေပြီ။

၃၄၃။ တဉ္စ သဗ္ဗံ အဘိညာယ၊ ၀၀တ္ထိတွာန စက္ခုမာ။ တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။ မာရသေနာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ တေ စ အာတပ္ပ မကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။ ဝီတရာဂေဟိ ပက္ကာမုံ၊ နေသံ လောမာပိ ဣဉ္ဇယုံ။

တဉ္စ သဗ္ဗံ - ထိုအလုံးစုံကိုလည်း၊

အဘိညာယ - သိတော်မူ၍၊

၀၀တ္ထိတွာန - အသီးသီး မြင်တော်မူ၍၊

သာသနေ - သိက္ခာသုံးပါးနှင့် သိမ်းကျုံးအပ်သော သာသနာတော်၌၊

ရတေ - မွေ့လျော် ပျော်ပိုက်ကုန်သော၊

သာဝကေ - ရဟန္တာငါးရာ သာဝကတို့ကို၊

အာမန္တယီ - ခေါ်၍ မိန့်တော်မူပြီ၊

ကိံ အာမန္တယီ - အဘယ်သို့ ခေါ်၍မိန့်တော်မူသနည်း ဟူမူ၊

ဘိက္ခေ၀ - ရဟန်းတို့၊

မာရသေနာ - မာရ်နတ်နှင့် သူ၏စစ်တပ်တို့သည်၊

အဘိက္ကန္တာ - လာရောက်ကုန်၏၊

တေ တုမှေ - သင် ရဟန်းတို့သည်၊

ဝိဇာနာထ - မိမိတို့အား ထိုက်သော သမာပတ်ကို ဝင်စားခြင်းငှာ သိကြကုန်လော့၊

ဣတိ - ဤသို့၊

အာမန္တယီ - ခေါ်၍ မိန့်တော်မူပြီ၊

တေ စ ဘိက္ခူ - ထို ရဟန္တာငါးရာ တို့သည်လည်း၊

ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊

သာသနံ - အမိန့်တော်ကို၊

သုတွာ - ကြားကုန်သည်ရှိသော်၊

အာတပ္ပံ - သမာပတ် ဝင်စားခြင်းငှာ လုံ့လကို၊

အကရုံ - ပြုကုန်ပြီ၊

ဝီတရာဂေဟိ - ရဟန္တာတို့အထံမှ၊

ပက္ကာမုံ - အရပ် တစ်ပါးသို့ ဖဲသွားကြလေကုန်၏။

(ထိုအခြင်းအရာကိုမြင်ရကား မာရ်နတ်သားသည် ရဟန်းသံဃာကို အကြောင်းပြု၍ သဗ္ဗေ ဝိဇိတသင်္ဂါမာ - ဟူသော ဂါထာကို ရွတ်၏။)

သဗ္ဗေ ဝိဇိတသင်္ဂါမာ၊ ဘယာတီတာ ယသဿိနော။ မောဒန္တိ သဟ ဘူတေဟိ၊ သာဝကာ တေ ဇနေသုတာတိ။

သဗ္ဗေ - ခပ်သိမ်းကုန်သော ဤရဟန်းတို့သည်၊

ဝိဇိတသင်္ဂါမာ - အောင်အပ်ပြီး သော စစ်မြေရှိကုန်၏၊

ဘယာတီတာ - ကြောက်ခြင်းကို လွန်မြောက်ကုန်၏၊

ယသဿိနော - များသော ကျော်စောခြင်း ရှိကုန်၏၊

ဇနေ - နတ်ဗြဟ္မာ အပေါင်း၌၊

သုတာ - ထင်ရှားကုန်သော၊

တေ သာဝကာ - ထို ရဟန္တာတို့သည်၊

ဘူတေဟိ - မိမိတို့ကဲ့သို့ အရိယာဖြစ်ပြီးသော အခြားသာဝကတို့နှင့်၊

သဟ - အတူတကွ၊

မောဒန္တိ - ဝမ်းမြောက် ကုန်၏၊

ဣတိ - ဤသည်လျှင် မဟာသမယသုတ် အပြီးတည်း။

မဟာသမယသုတ္တံ နိဋ္ဌိတံ။

94kl50p857pcplbhbppnbt2fzblkpce
18962
18959
2025-07-03T01:08:05Z
Tejinda
173
18962
wikitext
text/x-wiki
{{header
| title = မဟာသမယသုတ် ပါဌ် နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယသုတ် ပါဌ် နိဿယ
| previous = [[မဟာဓမ္မစကြာအရသာ]]
| previous2 =
| next = [[သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ]]

3w5my1erprf5lqecb7kzba9p6ymekpk
18971
18962
2025-07-03T01:35:52Z
Tejinda
173
18971
wikitext
text/x-wiki
{{header
| title = [[မဟာသမယ (၇) သုတ်]]
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယသုတ် ပါဌ် နိဿယ
| previous = [[မဟာသမယ (၇) သုတ်]]

ips9pj636k7ssha6avy9hi7xp06trwm
18980
18971
2025-07-03T03:09:25Z
Tejinda
173
18980
wikitext
text/x-wiki
{{header
| title = [[မဟာသမယ (၇) သုတ်]]
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယသုတ် ပါဌ် နိဿယ
| previous = [[မတုဝဋ္ဋကသုတ် ပါဌ်-နိဿယ]]

18dcgj6vchk3840he2w5eh39i4i6r79
18981
18980
2025-07-03T03:09:49Z
Tejinda
173
18981
wikitext
text/x-wiki
{{header
| title = [[မဟာသမယ (၇) သုတ်]]
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယသုတ် ပါဌ် နိဿယ
| previous = [[တုဝဋ္ဋကသုတ် ပါဌ်-နိဿယ]]

5no7ew0iyhg1vpz9nxkvahot9y6thx6
သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ
0
5808
18963
2025-07-03T01:09:39Z
Tejinda
173
"{{header | title = သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = သမ္မာပရိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18963
wikitext
text/x-wiki
{{header
| title = သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ
| previous = [[မဟာသမယသုတ် ပါဌ် နိဿယ]]
| previous2 =
| next = [[ပုရာဘေဒသုတ် ပါဌ်-နိဿယ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး ဂါထာ

၁။ ပုစ္ဆာမိ မုနိံ ပဟူတပညံ၊

တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ။

နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ၊

ကထံ ဘိက္ခု သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ပဟူတပညံ - ကြီးမားကျယ်ပြန့်သည့် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော၊

မုနိံ - ရှင်တော်မြတ်ဘုရားကို၊

ပုစ္ဆာမိ - မေးမြန်းပါသည်။

တိဏ္ဏံ ပါရင်္ဂတံ - တစ်ဖက်ကမ်း ရောက် ကူးမြောက်တော် မူပြီးသော၊

ပရိနိဗ္ဗုတံ ဌိတတ္တံ - ကိလေသာမီး ငြိမ်းအေးပြီး၍ တည်ငြိမ်သည့် စိတ်နှလုံး ရှိတော် မူသော၊

မုနိံ - ရှင်တော်မြတ်ဘုရားကို၊

ပုစ္ဆာမိ - မေးမြန်းပါသည်။

ကာမေ ပနုဇ္ဇ - ကာမဂုဏ်တို့ကို ပယ်စွန့်၍၊

ဃရာ နိက္ခမ္မ - (အိမ်ရာတည်ထောင် လူ့ဘောင်မှ) ထွက်ခွါခဲ့ပြီးလျှင်၊

သော ဘိက္ခု - ထိုသို့ တောထွက်လာသောရဟန်းသည်၊

လောကေ - လောက၌၊

ကထံ - အဘယ်သို့လျှင်၊

သမ္မာ ပရိဗ္ဗဇေယျ - ကောင်းစွာ ကျင့်သုံးနေရာပါသနည်း။

မြတ်စွာဘုရား၏ အဖြေ ပထမ ဂါထာ

၂။ ယဿ မင်္ဂလာ သမူဟတာ၊

ဥပ္ပတာ သုပိနာ စ လက္ခဏာ စ။

သော မင်္ဂလဒေါသဝိပ္ပဟီနော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မုနိ - နိမ္မိတရုပ်ပွားရှင်တော်ဘုရား၊

ယဿ - အကြင်ရဟန်းသည်၊

မင်္ဂလာ - ကောင်းကျိုးရကြောင်း နိမိတ်ကောင်းဖြစ်သည် စွဲယုံကြည်သည့် လောကီ ဆိုင်ရာ မင်္ဂလာတို့ကို၊

သမူဟတာ - အရိယမဂ်ဖြင့် ကောင်းစွာ ပယ်အပ်ပြီး ဖြစ်လေကုန်ပြီ။

ဥပ္ပတာ စ - မိုးကြိုးပစ်ခြင်း လောင်မီးကျခြင်း စသော ဘေးဥပါဒ်ဆိုင်ရာ အယူအစွဲ တို့ကိုလည်းကောင်း၊

သုပိနာ စ - အိပ်မက်ဆိုင်ရာ အယူအစွဲ တို့ကိုလည်းကောင်း၊

လက္ခဏာ စ - သက်ရှိသက်မဲ့ အသုံးအဆောင်တို့၏ လက္ခဏာဆိုင်ရာ အယူအစွဲ တို့ကို လည်းကောင်း၊

သော - ထိုရဟန်းသည်၊

မင်္ဂလဒေါသဝိပ္ပဟီနော - မင်္ဂလာနှင့်စပ်သော အပြစ်ဒေါသ ဟူသမျှကို ပယ်ပြီးဖြစ်လေ တော့သည်။

သော - ထိုသို့သော ရဟန်း သည်၊

လောကေ - လောက၌၊

သမ္မာ ပရိဗ္ဗဇေယျ - ကောင်းစွာ ကျင့်သုံးနေနိုင် ပါပေသည်။

မြတ်စွာဘုရား၏အဖြေ ဒုတိယ ဂါထာ

၃။ ရာဂံ ဝိနယေထ မာနုသေသု၊

ဒိဗ္ဗေသု ကာမေသု စာပိ ဘိက္ခု။

အတိက္ကမ္မ ဘဝံ သမေစ္စ ဓမ္မံ၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ကာမဂုဏ်ပယ်ခွါ တောထွက်လာသော ရဟန်းသည်၊

မာနုသေသု ကာမေသု စ - လူ့လောက ကာမဂုဏ်တို့၌လည်း၊

ရာဂံ - တပ်မက်သာယာ တဏှာရာဂကို၊

ဝိနယေထ - ပယ်ဖျောက်ရာ၏။

စ - ထို့ပြင်လည်း၊

ဒိဗ္ဗေသု ကာမေသု အပိ - နတ်လောက ကာမဂုဏ်တို့၌လည်း၊

ရာဂံ - တပ်မက်သာယာ တဏှာရာဂကို၊

ဝိနယေထ - ပယ်ဖျောက်ရာ၏။

ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊

သမေစ္စ - အရဟတ္တမဂ်ဉာဏ်ဖြင့် မှန်စွာသိပြီး၍

ဘဝံ - သုံးပါးသော ဘဝကို၊

အတိက္ကမ္မ - ကျော်လွန်၍၊

ဌိတော အဿ - တည်သည် ဖြစ်ရာ၏။

သော - ဘဝသုံးပါးကို ကျော်လွန်၍တည်သော ထိုရဟန်းသည်၊

လောကေ - လောက၌၊

သမ္မာ - ကောင်းစွာ၊

ပရိဗ္ဗဇေယျ - ကျင့်သုံးနေနိုင် ပါပေသည်။

မြတ်စွာဘုရား၏အဖြေ တတိယ ဂါထာ

၄။ ဝိပိဋ္ဌိကတွာန ပေသုဏာနိ၊

ကောဓံ ကဒရီယံ ဇဟေယျ ဘိက္ခု။

အနုရောဓဝိရောဓ ဝိပ္ပဟီနော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

ပေသုဏာနိ - တစ်ဖက်လူ၏ အပြစ်ပြောသည့် ကုန်းချောစကားတို့ကို၊

ဝိပိဋ္ဌိကတွာန - ကျောပေးသည့်အလား စွန့်ပယ်ရှား၍၊

ကောဓံ - အမျက်ထွက်ခြင်းကိုလည်းကောင်း၊

ကဒရီယံ - ဝန်တို နှမျောခြင်းကို လည်းကောင်း၊

ဇဟေယျ - ပယ်ရှားရာ၏။

အနုရောဓဝိရောဓ ဝိပ္ပဟီနော - လိုက်လျော နှစ်သက်ခြင်း ဆန့်ကျင် မုန်းထားခြင်း ကိုလည်း ပယ်ပြီးဖြစ်ရာ၏။

သော - ထိုသို့သော ထိုရဟန်းသည်၊

လောကေ - လောက၌၊

သမ္မာ - ကောင်းစွာ၊

ပရိဗ္ဗဇေယျ - ကျင့်သုံး နေနိုင်ပါပေသည်။

မြတ်စွာဘုရား၏အဖြေ စတုတ္ထ ဂါထာ

၅။ ဟိတွာန ပိယဉ္စ အပ္ပိယဉ္စ၊

အနုပါဒါယ အနိဿိတော ကုဟိဉ္စ။

သံယောဇနိယေဟိ ဝိပ္ပမုတ္တော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

ဝါ - သံသရာဘေးကို ရှုမြင်၍ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ကျင့်သုံး အားထုတ်နေသော ပုဂ္ဂိုလ်သည်၊

ပိယဉ္စ - ချစ်အပ်သော သတ္တဝါနှင့် သင်္ခါရဝတ္ထုကို လည်းကောင်း၊

အပ္ပိယဉ္စ - မုန်းအပ်သော သတ္တဝါနှင့် သင်္ခါရဝတ္ထုကို လည်းကောင်း၊

ဟိတွာန - စွန့်ပယ်၍၊

အနုပါဒါယ - တစ်စုံတစ်ခုကိုမျှ မစွဲလမ်းမူ၍၊

ကုဟိဉ္စ - တစ်စုံတစ်ရာ၌မျှ၊

အနိဿိတော - မမှီသည် အမှီအတွယ် ကင်းသည်၊

အဿ - ဖြစ်ရာ၏။

သံယောဇနိယေဟိ - သံယောဇဉ်၏ အာရုံဖြစ်သော သက်ရှိသက်မဲ့ အာရုံတည်းဟူ သော ချည်တိုင်တို့မှ၊

ဝိပ္ပမုတ္တော - ကောင်းစွာ လွတ်ပြီးသည်လည်း၊

အဿ - ဖြစ်ရာ ၏။

သော - ထိုသို့သော ထိုရဟန်းသည်၊

လောကေ - လောက၌၊

သမ္မာ - ကောင်းစွာ၊

ပရိဗ္ဗဇေယျ - ကျင့်သုံး နေနိုင်ပါ တော့သည်။

မြတ်စွာဘုရား၏အဖြေ ပဉ္စမ ဂါထာ

၆။ န သော ဥပဓီသု သာရမေတိ၊

အာဒါနေသု ဝိနေယျ ဆန္ဒရာဂံ။

သော အနိဿိတော အနညနေယျော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

ဘိက္ခု - သံသရာဘေးကို ရှုမြင်၍ သံသရာမှ လွတ်မြောက်ရန် ကျင့်ကြံအားထုတ် နေသော ပုဂ္ဂိုလ်သည်၊

ဥပဓီသု - ဆင်းရဲ၏ ကပ်မှီ၍တည်ရာ ခန္ဓာငါးပါးတို့၌၊

ဝါ - ဆင်းရဲချမ်းသာတို့၏ ကပ်မှီ၍တည်ရာ ခန္ဓာငါးပါးတို့၌၊

သာရံ - အနှစ်သာရသို့၊

ဝါ - အနှစ်သာရ ရှီသည်ဟု ထင်မှတ်ခြင်းသို့၊

န ဧတိ - မရောက်တော့ပေ။

သော - ခန္ဓာတို့၌ အနှစ်မထင်သော ထိုရဟန်းသည်၊

အာဒါနေသု - ပကတိလူတို့က ငါ ငါ့ဥစ္စာအနေဖြင့် စွဲလမ်းအပ်သော ရုပ်နာမ်ခန္ဓာ တို့၌၊

ဆန္ဒရာဂံ - လိုလားခြင်း တပ်မက်ခြင်းကို၊

ဝိနေယျ - ပယ်ဖျောက်၍၊

ဌိတော ဟောတိ - တည်နေတော့၏။

သော - ထိုရဟန်းသည်၊

အနိဿိတော - မမှီမတွယ်သည်ဖြစ်၍၊

အနညနေယျော - သူတပါးက မသိစေအပ်ဘဲ ကိုယ်တိုင်ပင်သိသည်၊

ဟောတိ - ဖြစ်၏။

သော - ထိုသို့သော ရဟန်းသည်၊

လောကေ - လောက၌၊

သမ္မာ - မည်သည့် အရာ မည်သူနှင့်မှ မငြိတွယ်ပဲ ကောင်းစွာ၊

ပရိဗ္ဗဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ ဆဋ္ဌမ ဂါထာ

၇။ ဝစသာ မနသာ စ ကမ္မုနာ စ၊

အဝိရုဒ္ဓေါ သမ္မာ ဝိဒိတွာ ဓမ္မံ။

နိဗ္ဗာနပဒါဘိပတ္ထယာနော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

ဘိက္ခု - သံသရာဘေးကို ရှုမြင်၍ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ကျင့်ကြံအားထုတ် နေသော ပုဂ္ဂိုလ်သည်၊

ဝစသာ - နှုတ်ဖြင့်၎င်း၊

မနသာ စ - စိတ်ဖြင့်၎င်း၊

ကမ္မုနာ စ - ကိုယ်ဖြင့်၎င်း၊

အဝိရုဒ္ဓေါ - မဆန့်ကျင်ဘဲ သင့်လျော်စွာ ကျင့်သည်ဖြစ်၍၊

ဘိက္ခု - ရဟန်းသည်၊

ဝိဒိတွာ - သိပြီး၍၊

နိဗ္ဗာနပဒါဘိ ပတ္ထယာနော - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကိုသာလျှင် လိုလားတောင့်တသည်၊

ဟောတိ - ဖြစ်၏။

သော - ထိုသို့သော ရဟန်းသည်၊

လောကေ - လောက၌၊

သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊

ပရိဗ္ဗဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ သတ္တမ ဂါထာ

၈။ ယော ဝန္ဒတိ မန္တိ နုန္နမေယျ၊

အက္ကုဋ္ဌောပိ န သန္ဓိယေထ ဘိက္ခု။

လဒ္ဓါ ရဘောဇနံ န မဇ္ဇေ၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊

ဝန္ဒတိ မန္တိ - ငါ့ကို သူများက ရှိခိုးသည်ဟု၊

န ဥန္နမေယျ - မာန်မတက်ကြွ အထင်မကြီးရာ၊

အက္ကုဋ္ဌောပိ - သူတပါးက ဆဲရေး စွပ်စွဲ သော်လည်း၊

န သန္ဓိယေထ - ဒေါသစိတ်ဖြင့် မဆက်စပ်ရာ၊

ပရဘောဇနံ - သူတပါးတို့က လှူသောစားဖွယ် သုံးဆောင်ဖွယ် ပစ္စည်းကို၊

လဒ္ဓါ - အလိုရှိတိုင်း အလွယ်တကူ ရ၍၊

ဝါ - အလွယ်တကူ ရသောကြောင့်၊

န မဇ္ဇေ - မာန်တက်ကြွကာ မယစ်ရာ၊

မြတ်စွာဘုရား၏အဖြေ အဋ္ဌမ ဂါထာ

၉။ လောဘဉ္စ ဘဝဉ္စ ဝိပ္ပဟာယ၊

ဝိရတော ဆေဒနဗန္ဓနာ စ ဘိက္ခု။

သော တိဏ္ဏကထံကထော ဝိသလေက္ခာ၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊

လောဘဉ္စ - လိုချင်မှု လောဘကို လည်းကောင်း၊

ဘဝဉ္စ - ဘဝသစ်ဖြစ်ကြောင်း ကံကိုလည်းကောင်း၊

ဝိပ္ပဟာယ - အကြွင်းမဲ့ ပယ်ပြီးဖြစ်၍၊

ဆေဒနဗန္ဓနာ စ - လက်, စသည်ကို ဖြတ်၍ နှိပ်စက်ခြင်း၊ ချည်နှောင်၍ နှိပ်စက်ခြင်း မှလည်း၊

ဝိရတော - ရှောင်ကြဉ်သည်၊

အဿ - ဖြစ်ရာ၏။

သော - ထိုရဟန်းသည်၊

တိဏ္ဏကထံကထော - ကျော်လွန်ပြီးသော ယုံမှားခြင်း ရှိသည်ဖြစ်၍၊

ဝါ - ယုံမှားကို ကျော်လွန်ပြီးသည်ဖြစ်၍၊< ဝိသလေက္ခာ - ကိလေသာ ငြောင့် ကင်းသည်လည်း၊

မြတ်စွာဘုရား၏အဖြေ နဝမ ဂါထာ

၁၀။ သာရုပ္ပံ အတ္တနော ဝိဒိတွာ၊

နော စ ဘိက္ခု ဟိံသေယျ ကဉ္စိ လောကေ။

ယထာတထိယံ ဝိဒိတွာ ဓမ္မံ၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

အတ္တနော - မိမိအား၊

သာရုပ္ပံ - သင့်လျော် လျောက်ပတ်သည်ကို၊

ဝိဒိတွာ - သိပြီးဖြစ်၍၊

ဌိတော - တည်သည်၊

အဿ - ဖြစ်ရာ၏။

လောကေ - လောက၌၊

ကဉ္စိ - တစ်စုံတစ်ယောက်ကိုမျှ၊

နော စ ဟိံသေယျ - မညှဉ်းဆဲ ပါနှင့်၊

ယထာတထိယံ - ဧကန်စင်စစ် အမှန်ဖြစ်သော၊

ဓမ္မံ - သစ္စာလေးပါး တရားကို၊

မြတ်စွာဘုရား၏အဖြေ ဒသမ ဂါထာ

၁၁။ ယဿာ နုသယာ န သန္တိ ကေစိ၊

မူလာ စ အကုသလာ သမူဟတာသေ။

သော နိရာသော အနာသိသာနော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယဿ ဘိက္ခုနော - အကြင်ရဟန်းအား၊

ကေစိ အနုသယာ - အချို့သော အနုသယတို့သည်၊

န သန္တိ - မရှိတော့ကုန်။

အကုသလာ မူလာ စ - အကုသိုလ် မူလအရင်းအမြစ်တို့ကိုလည်း၊

သမူဟတာ - အကြွင်းမဲ့ နှုတ်ပယ် အပ်ကုန်ပြီ။

သော - အနုသယနှင့် အကုသိုလ် အရင်းအမြစ်တို့ကို အကြွင်းမဲ့ ပယ်ပြီးသော ရဟန်း သည်၊

နိရာသော-နိအာသော - လိုချင်မှု အာသာ ကင်းသည်ဖြစ်၍၊

အနာသိသာနော-န အာသိသာနော - တောင့်တမှု အာသီသလည်း မရှိတော့ပြီ။

မြတ်စွာဘုရား၏အဖြေ ဧကာဒသမ ဂါထာ

၁၂။ အာသဝခီဏော ပဟီနမာနော၊

သဗ္ဗံ ရာဂပထံ ဥပါတိဝတ္တော။

ဒန္တော ပရိနိဗ္ဗုတော ဌိတတ္တော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊

အာသဝခီဏော -အာသဝေါ ခပ်သိမ်း ကုန်ငြိမ်းပြီးသည်၊

ပဟီနမာနော - မာန ၉-ပါးကို ပယ်ရှားပြီးသည်၊

သဗ္ဗံ - အလုံးစုံ သော၊

ရာဂပထံ - တပ်မက်တရား ပွားများဖို့ရာ လမ်းပမာ တူလှသည့် သင်္ခါရတရား အပေါင်းကို၊

ဥပါတိဝတ္တော - ဉာဏ်ဖြင့် ချဉ်းကပ် ရှုမှတ် ပိုင်းခြား သိသောအားဖြင့်၊

အဿ - ဖြစ်ရာ၏။

ဒန္တော - ယဉ်ကျေးပြီးသည်၊

ပရိနိဗ္ဗုတော - ကိလေသာခပ်သိမ်း ကုန်ငြိမ်းပြီးသည်၊

ဌိတတ္တော - တည်တံ့သော စိတ်ရှိသည်၊

မြတ်စွာဘုရား၏အဖြေ ဒွါဒသမ ဂါထာ

၁၃။ သဒ္ဓေါ သုတဝါ နိယာမဒဿီ၊

ဝဂ္ဂဂတေသု န ဝဂ္ဂသာရိ ဓီရော။

လောဘံ ဒေါသံ ဝိနေယျ ပဋိဃံ၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယော ဓီရော - အကြင် ပညာရှိရဟန်းသည်၊

သဒ္ဓေါ - ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံသည် လည်းကောင်း၊

သုတဝါ - အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည် လည်းကောင်း၊

နိယာမဒဿီ - အရိယမဂ်ဟူသော ကိန်းသေတရားကို တွေ့မြင်သည် လည်းကောင်း၊

အဿ - ဖြစ်ရာ၏။

ဝဂ္ဂဂတေသု - ကွဲပြားကြောင်းဖြစ်သော အယူများ သို့ ရောက်နေသော လူတို့၌၊

န ဝဂ္ဂသာရိ - ကွဲပြားကြောင်းဖြစ်သော အယူသို့ မလျှောက်မသွားသည်၊

အဿ - ဖြစ်ရာ၏။

လောဘံ - လောဘကို လည်းကောင်း၊

ဒေါသံ - ဒေါသကို လည်းကောင်း၊

ပဋိဃ - ပဋိဃကိုလည်း၊

ဝိနေယျ - ပယ်ဖျောက် ရာ၏။

(တနည်း) ဝိနေယျ - ပယ်ဖျောက်၍၊

ဌိတော - တည်သည်၊

အဿ - ဖြစ်ရာ၏။

သော - ထိုသို့သော ရဟန်းသည်၊

လောကေ - လောက၌၊

သမ္မာ - ဘာနှင့်မျှ မကပ် မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊

ပရိဗ္ဗဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ တေရသမ ဂါထာ

၁၄။ သံသုဒ္ဓဇိနော ဝိဝဋ္ဋဆဒ္ဒေါ၊

ဓမ္မေသု ဝသီ ပါရဂူ အနေဇော။

သင်္ခါရနိရောဓ ဉာဏကုသလော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

သံသုဒ္ဓဇိနော - အစင်ကြယ်ဆုံး အရဟတ္တမဂ်ဖြင့် ကိလေသာရန်ကို အောင်နိုင်ပြီးသည် လည်းကောင်း၊

ဝိဝဋ္ဋဆဒ္ဒေါ - ဝဋ်သုံးပါးနှင့် အဖုံးအကွယ် ကင်းပြီးသည် လည်းကောင်း၊

အဿ - ဖြစ်ရာ၏။

ဓမ္မေသု - တရားတို့၌၊

ဝသီ - မိမိအလိုအတိုင်း နိုင်နင်းသည်၊

အဿ - ဖြစ်ရာ၏။

ပါရဂူ - တစ်ဘက်ကမ်းသို့ ရောက်သည်လည်းကောင်း၊

အနေဇော - တုန်လှုပ်တတ်သော တဏှာကင်းသည် လည်းကောင်း၊

အဿ - ဖြစ်ရာ၏။

သင်္ခါရနိရောဓ ဉာဏကုသလော - သင်္ခါရချုပ်ရာ နိဗ္ဗာန်ကို သိသောဉာဏ်၌ ကျွမ်းကျင် လိမ္မာသည်၊

အဿ - ဖြစ်ရာ၏။

သော - ထိုသို့ သော ရဟန်းသည်၊

မြတ်စွာဘုရား၏အဖြေ စုဒ္ဒသမ ဂါထာ

၁၅။ အတီတေသု အနာဂတေသု စာပိ၊

ကပ္ပါတီတော အတိစ္စ သုဒ္ဓိပညော။

သဗ္ဗာယတနေဟိ ဝိပ္ပမုတ္တော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊

အတီတေသု စာပိ - အတိတ်တရားတို့၌ လည်း ကောင်း၊

အနာဂတေသု စာပိ - အနာဂတ် တရားတို့၌ လည်းကောင်း၊

ကပ္ပါတီတော - ကြံတွေးခြင်းကို လွန်မြောက်သည်၊

အဿ - ဖြစ်ရာ၏။

အတိစ္စ သုဒ္ဓိပညော - အလွန်စင်ကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံသည်လည်း၊

အဿ - ဖြစ်ရာ၏။

သဗ္ဗာယတနေဟိ - မျက်စိနှင့် အဆင်း၊ နားနှင့် အသံ အစရှိသော အလုံးစုံသော အာယတန ၁၂-ပါးတို့မှ၊

ဝိပ္ပမုတ္တော - လွတ်မြောက်ပြီးသည်လည်း၊

မြတ်စွာဘုရား၏အဖြေ ပန္နရသမ ဂါထာ

၁၆။ အညာယ ပဒံ သမေစ္စ ဓမ္မံ၊

ဝိဝဋံ ဒိသွာန ပဟာနမာသဝါနံ။

သဗ္ဗုပဓီနံ ပရိက္ခယာနော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊

ပဒံ - ရောက်အပ်သိအပ်သောတရားကို၊

အညာယ - အရိယမဂ်သို့ မရောက်သေးမီ ရှေးအဖို့က အသီးသီး သိပြီး၍၊

ဓမ္မံ - သစ္စာလေးပါးတရားတို့ကို၊

သမေစ္စ - အရိယမဂ်ခဏ၌ တစ်ပြိုင်နက် သိပြီ။

အာသဝါနံ ပဟာနံ - အာသဝေါတရားတို့ကို ပယ်ကြောင်းဖြစ်သော နိဗ္ဗာန်ကို၊

ဝိဝဋံ ဒိသွာန - ပွင့်ပွင့်လင်းလင်း အထင်အရှား ဆင်ခြင်လျက် သိမြင်လေပြီ။

သဗ္ဗုပဓီနံ -အလုံးစုံသော ဥပဓိတို့၏၊

ပရိက္ခယာ - ကုန်ခြင်းကြောင့်၊

နော သဇ္ဇတိ - ဘယ်အရာ၌မျှ မငြိကပ် မတွယ်တာတော့ပေ။

နိမ္မိတဘုရားက ချီးကျူးအနုမောဒနာပြုပုံ

၁၇။ အဒ္ဓါ ဟိ ဘဂဝါ တထေ၀ ဧတံ၊

ယော သော ဧဝံဝိဟာရီ ဒန္တော ဘိက္ခု။

သဗ္ဗသံယောဇနယောဂဝီတိဝတ္တော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊

ဧတံ - အရှင်ဘုရား ဖြေကြား တော်မူသော ဤစကားလုံး အားလုံးသည်၊

အဒ္ဓါ - မချွတ်ဧကန်၊

တထေ၀ - ထို ဖြေကြား ဟောပြသည့်အတိုင်းပင် မှန်လှပါပေသည်။

ယော သော ဘိက္ခု - အကြင် ရဟန်းသည်၊

ဧဝံဝိဟာရီ - လောကီမင်္ဂလာ ဟူသမျှကို ပယ်ပြီးဖြစ်ရမည် စသည်ဖြင့် အရှင်မြတ် ဘုရား ဟောကြား ဖြေဆိုတော် မူသည့်အတိုင်း ကျင့်သုံးနေလေ့ရှိ၏။

ဝါ - ကျင့်သုံးနေလေ့ရှိသော၊

ယော သော ဘိက္ခု - အကြင်ရဟန်းသည်၊

ဒန္တော - ကိလေသာ ဟူသော ရိုင်းစိုင်းခြင်း ကင်းလျက် ယဉ်ကျေးပြီးသည်၊

ဟောတိ - ဖြစ်ပါပေ၏။

သဗ္ဗသံယောဇနယောဂဝီတိဝတ္တော - အလုံးစုံသော သံယောဇဉ်တို့နှင့် အလုံးစုံသော ယောဂတို့ကို ကျော်လွန်ပြီးသည်လည်း၊

ဟောတိ - ဖြစ်ပေ၏။

သော - အကြင် ရဟန်း သည်၊

သမ္မာပရိဗ္ဗာဇနီယသုတ္တံ နိဋ္ဌိတံ။

သမ္မာပရိဗ္ဗာဇနီယသုတ် ပြီး၏။

9zfr70c6id2rxrlbc9csin1v8ytgz6p
18972
18963
2025-07-03T01:36:11Z

0c8iygydq0tql7cpugogvfvo9amdgpk
ပုရာဘေဒသုတ် ပါဌ်-နိဿယ
0
5809
18964
2025-07-03T01:13:04Z
Tejinda
173
"{{header | title = ပုရာဘေဒသုတ် ပါဌ်-နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = ပုရာဘေဒသုတ် ပါဌ်-န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18964
wikitext
text/x-wiki
{{header
| title = ပုရာဘေဒသုတ် ပါဌ်-နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ပုရာဘေဒသုတ် ပါဌ်-နိဿယ
| previous = [[သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ]]
| previous2 =
| next = [[ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

ပုရာဘေဒသုတ် ပါဌ်-နိဿယ

▬▬▬ஜ۩۞۩ஜ▬▬▬▬

နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး တစ်ဂါထာ

ကထံဒဿီ ကထံသီလော၊

ဥပသန္တောတိ ဝုစ္စတိ။

တံ မေ ဂေါတမ ပဗြူဟိ၊

ပုစ္ဆိတော ဥတ္တမံ နရံ။

ဂေါတမ - ဂေါတမနွယ်ဖွား ဖြစ်တော်မူသော မြတ်စွာဘုရား၊

ကထံဒဿီ - အဘယ်ကဲ့သို့ မြင်လေ့ရှိသော ပုဂ္ဂိုလ်ကို၊

ကထံသီလော - အဘယ်သို့သော အလေ့ အကျင့်ရှိသော ပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

ဝုစ္စတိ - ခေါ်ဆို ရပါသနည်း။

ဥတ္တမံ နရံ - မြတ်သော ပုဂ္ဂိုလ်ကို၊

ပုစ္ဆိတော - မေးမြန်းအပ်သော အရှင်ဘုရားသည်၊

တံ - ထို အမေး ကို၊

မေ - ငါအား၊

ပဗြူဟိ - ဟောကြားဖြေရှင်းတော် မူပါလော့။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁)

ဝီတတဏှော ပုရာဘေဒေါ၊

ပုဗ္ဗမန္တ မနိဿိတော။

ဝေမဇ္ဈေ နုပသင်္ခေယျော၊

တဿ နတ္ထိ ပုရက္ခတံ။

မုနိ - နိမ္မိတရုပ်ပွား ပေါ်တော်မူဘုရား၊

မုနိ - နိမ္မိတရုပ်ပွားဖြစ်သော အရှင်ရဟန်း၊

ယော - အကြင် ပုဂ္ဂိုလ်သည်၊

ပုရာဘေဒေါ - ခန္ဓာအိမ်ပျက်ကြွေ သေသည်မှ ရှေးအဖို့ ကာလ၌၊

ဝါ - မသေမီ၊

ဝီတတဏှော - ကင်းသော တဏှာရှိသည်၊

ဝါ - တဏှာကင်း သည်၊

ဟောတိ - ဖြစ်၏။

တံ - ထိုသို့သော ပုဂ္ဂိုလ်ကို၊

ဥပသန္တာတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

အဟံ - ငါသည်၊

ဗြူဟိ - ဟောကြားပေ၏။

ပုဗ္ဗံအန္တံ - ရှေးအဖို့ ရှေးအစွန်းကို၊

အနိဿိတော စ - မမှီသည်လည်း၊

ဟောတိ - ဖြစ်၏။

ဝေမဇ္ဈေ - အလယ်ပိုင်း၌၊

န ဥပသင်္ခေယျော စ - မရေတွက်အပ် မခေါ်ဝေါ် အပ်သည်လည်း၊

ဟောတိ - ဖြစ်၏။

တဿ - ထိုပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

အဟံ - ငါသည်၊

ဗြူဟိ - ဟောကြားပေ၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၂)

အက္ကောဓနော အသန္တာသီ၊

အဝိကတ္ထီ အကုက္ကုစော။

မန္တဘာဏီ အနုဒ္ဓတော၊

သဝေဝါစာယတော မုနိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊

အက္ကောဓနော စ - အမျက်ထွက်လေ့ မရှိသည် လည်း၊

ဟောတိ - ဖြစ်၏။

(အမျက်ထွက်ခြင်း ကင်းရမည်။)

အသန္တာသီ စ - ပူပန် စိုးရိမ်ခြင်းလည်း ကင်းရမည်။

အဝိကတ္ထီ - ကြွားဝါခြင်းမရှိသည်လည်း၊

ဟောတိ - ဖြစ်၏။

အကုက္ကုစော စ - စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော မကောင်းသောကိုယ် နှုတ်အမူ အရာ မရှိသည်လည်း၊

ဟောတိ - ဖြစ်၏။

မန္တဘာဏီ - ပညာဖြင့် ချင့်ချိန်၍ ပြောဆိုလေ့ ရှိသည်လည်း၊

ဟောတိ - ဖြစ်၏။

အနုဒ္ဓတော - စိတ်ပျံ့လွင့်ခြင်း မရှိသည်လည်း၊

သသောမုနိ - ထိုကဲ့သို့သော ရဟန်းသည်၊

ဝါစာယတော - နှုတ်စကားကို စောင့်စည်းသောပုဂ္ဂိုလ် မည်သည်၊

ဟောတိ - ဖြစ်၏။

တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - (ဥပသန္တ) ငြိမ်းအေး သော ပုဂ္ဂိုလ်ဟူ၍၊

ဗြူဟိ - ငါဟော၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၃)

နိရာသတ္တိ အနာဂတေ၊

အတီတံ နာနုသောစတိ။

ဝိဝေကဒဿီ ဖဿေသု၊

ဒိဋ္ဌီသု စန နီယတိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊

အနာဂတေ - မလာရောက်သေး မဖြစ်သေးသော အနာဂတ်၌၊

နိရာသတ္တိ - မည်သို့ ဖြစ်ပါစေဟု ကပ်ငြိတွယ်တာ သာယာမျှော်လင့်ခြင်း မရှိသည်၊

ဟောတိ - ဖြစ်၏။

အတီတံ - လွန်ခဲ့ပြီးသော အတိတ်တရားကို၊

နာနုသောစတိ - မစိုးရိမ် မပူဆွေး မတမ်းတ၊

ဖဿေသု - အတွေ့ ဟူသမျှတို့၌၊

ဝိဝေကဒဿီ - နိစ္စ သုခ အတ္တမှ ကင်းဆိတ်ခြင်း၊ အချင်းချင်း ကင်းဆိတ်ခြင်းကို ရှုမြင်လေ့ရှိသည်၊

ဟောတိ - ဖြစ်၏။

ဒိဋ္ဌီသု စ - မှားသော အယူတို့၌လည်း၊

န နီယတိ - မဆွဲတောင်အပ်၊

ဝါ - အဆွဲအဆောင် မခံရ၊

တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

ဗြူဟိ - ငါဘုရား ဟောဆို၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၄)

ပတိလီနော အကုဟကော၊

အပ္ပိဟာလု အမစ္ဆရီ။

အပ္ပဂဗ္ဘော အဇေဂုစ္ဆော၊

ပေသုဏေယျေစ နောယုတော။

ယော - အကြင်ပုဂ္ဂိုလ်သည်၊

ပတိလီနော စ - တွန့်ဆုတ်သည်လည်း၊

ဟောတိ - ဖြစ်၏။

အကုဟကော စ - ဟန်ဆောင်မပြသည်လည်း၊

ဟောတိ - ဖြစ်၏။

အပ္ပိဟာလု စ - မတောင့်တ မသာယာသည်လည်း၊

ဟောတိ - ဖြစ်၏။

အမစ္ဆရိ စ - ဝန်တိုခြင်း မရှိသည်လည်း၊

ဟောတိ - ဖြစ်၏။

အပ္ပဂဗ္ဘော စ - မကြမ်းကြုတ်သည်လည်း၊

ဟောတိ - ဖြစ်၏။

အဇေဂုစ္ဆော စ - စက်ဆုပ်ဖွယ် မရှိသည်လည်းကောင်း၊

ဟောတိ - ဖြစ်၏။

ပေသုဏေယျေ - ကုန်းတိုက်စကား၌၊

နောယုတောစ - မယှဉ် သည်လည်း၊

ဟောတိ - ဖြစ်၏။

တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

ဗြူဟိ - ဟောဆို၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၅)

သာတိယေသု အနဿာဝီ၊

အတိမာနေ စနော ယုတော။

သဏှော စပဋိဘာနဝါ၊

န သဒ္ဓေါ န ဝိဇ္ဇတိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊

သာတိယေသု - သာယာဖွယ်အာရုံ ကာမဂုဏ် ဝတ္ထုတို့၌၊

အနဿာဝီ - ယိုထွက် စီးသွားခြင်းမရှိသည်၊

ဟောတိ - ဖြစ်၏။

အတိမာနေ စ - အလွန် မာန်ထောင်လွှားလျက် သူတပါးကို အထင်သေးခြင်း မထီမဲ့မြင်ပြုခြင်း၌လည်း၊

နော ယုတော - မယှဉ်သည်၊

ဟောတိ - ဖြစ်၏။

သဏှော စ - နူးညံ့သိမ်မွေ့သည်လည်း၊

ဟောတိ - ဖြစ်၏။

ပဋိဘာနဝါ စ - ထင်မြင်သော ဉာဏ်ရှိ သည်လည်း၊

ဟောတိ - ဖြစ်၏။

သဒ္ဓေါ စ - သူတပါးကိုပုံ၍ ယုံကြည်သည်လည်း၊

န ဟောတိ - မဖြစ်။

န ဝိဇ္ဇတိ - တပ်မက်ကင်းဆဲလည်း မဟုတ်၊

(တပ်မက်မှုကင်းပြီး ဖြစ်သဖြင့် တပ်မက်မှု ကင်းအောင် ကျင့်စရာမရှိတော့ဟု ဆိုလိုသည်။)

တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

အဟံ - ငါသည်၊

ဗြူဟိ - ဟောဆို၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၆)

လာဘကမျာ န သိက္ခတိ၊

အလာဘေ စန ကုပ္ပတိ။

အဝိရုဒ္ဓေါ စ တဏှာယ၊

ရသေသု နာနုဂိဇ္ဈတိ။

ယော - အကြင်ရဟန်းသည်၊

လာဘကမျာ - လာဘ်လာဘကို အလိုရှိသဖြင့်၊

န သိက္ခတိ - ကျင့်သည်မဟုတ်၊

အလာဘေ စ - မရခြင်းကြောင့်လည်း၊

န ကုပ္ပတိ - အမျက်မထွက်။

အဝိရုဒ္ဓေါ စ - ထိုထိုအာရုံ ထိုထိုပုဂ္ဂိုလ်နှင့် မဆန့်ကျင်တတ်၊ စိတ်မဆိုးတတ် သည်လည်း၊

ဟောတိ - ဖြစ်၏။

တဏှာယ - တဏှာဖြင့်၊

ရသေသု - အရသာတို့၌၊

န အနုဂိဇ္ဈတိ - မမက်မော မစွဲလမ်းတတ်။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၇)

ဥပေက္ခကောသဒါသတော၊

န လောကေ မညတေ သမံ။

န ဝိသေသီ န နီစေယျော၊

တဿ နော သန္တိ ဥဿဒါ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊

သဒါ - အခါခပ်သိမ်း၊

သတော - အမှတ်ရသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍၊

လောကေ - လောက၌၊

အတ္တာနံ - မိမိကိုယ်ကို၊

သမံ - သူတပါးနှင့် တူသည်ဟူ၍လည်း၊

န မညတေ - မထင်မှတ်၊

ဝိသေသီ - သူတပါးထက် ထူးသည်ဟူ၍လည်း၊

န မညတေ - မထင်မှတ်၊

နီစေယျော - သူတပါးထက် အောက်ကျသည် နိမ့်သည် ညံ့သည်ဟူ၍လည်း၊

န မညတေ - မထင်မှတ်၊

တဿ - ထိုပုဂ္ဂိုလ်အား၊

ဥဿဒါ - သံသရာ၌ စည်ပင်ကြီးထွား ပွားများ စေတတ်သော ကိလေသာ ကံတရား တို့သည်၊

နောသန္တိ - မရှိကုန်။

တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ကိလေသာ အပူခပ်သိမ်း ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊

အဟံ - ငါဘုရားသည်၊

ဗြူဟိ - ဟောဆိုပေ၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၈)

ယဿ နိဿယနာ နတ္ထိ-
ဉတွာ ဓမ္မံ အနိဿိတော။

ဘဝါယ ဝိဘဝါယ ဝါ၊

တဏှာ ယဿ န ဝိဇ္ဇတိ။

ယဿ - အကြင်ပုဂ္ဂိုလ်အား၊

နိဿယနာ - တဏှာဒိဋ္ဌိဟူသော မှီရာတို့သည်၊

နတ္ထိ - မရှိကုန်၊

ဓမ္မံ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားကို၊

ဉတွာ - သိ၍၊

အနိဿိတော - တစ်စုံတစ်ခုကိုမျှ မမှီတွယ်သည်၊

ဟောတိ - ဖြစ်၏။

ယဿ - အကြင် ရဟန္တာ ပုဂ္ဂိုလ်အား၊

ဘဝါယ ဝါ - ဘဝဒိဋ္ဌိ သဿတဒိဋ္ဌိအတွက် ဖြစ်စေ၊

ဝါ - အဖန်ဖန် ဖြစ်ရန်အတွက်ဖြစ်စေ၊

ဝိဘဝါယ ဝါ - ဘဝဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ အတွက်ဖြစ်စေ၊

တဏှာ - တပ်မက်နှစ်သက်မှု တဏှာသည်၊

န ဝိဇ္ဇတိ - မရှိတော့ချေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၉)

တံ ဗြူမိ ဥပသန္တောတိ၊

ကာမေသု အနပေက္ခိနံ။

ဂန္ထာတဿ န ဝိဇ္ဇန္တိ၊

အတရီ သော ဝိသတ္တိကံ။

ကာမေသု - ကာမဂုဏ်၌

အနပေက္ခိနံ - ငဲ့ကွက် တွယ်တာခြင်း မရှိသော၊

တံ - ထို ဆိုအပ်ပြီးသော ဂုဏ်အလုံးစုံနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်ကို၊

ဥပသန္တောတိ - ကိလေသာအပူမီး ငြိမ်းပြီးသောသူ ဟူ၍၊

ဗြူမိ - ငါ ဟောဆိုပေ၏။

တဿ - ထို ဥပသန္တမည်သော ရဟန္တာပုဂ္ဂိုလ်အား၊

ဂန္ထာ - ထုံးဖွဲ့တတ်သော တရားတို့သည်၊

န ဝိဇ္ဇန္တိ - မရှိကုန်၊

သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊

ဝိသတ္တိကံ - ငြိကပ် တွယ်တာ သာယာတတ်သော တဏှာကို၊

အတရီ - ကျော်လွန်သွားလေပြီ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၀)

န တဿ ပုတ္တာ ပသဝေါ၊

ခေတ္တ ဝတ္ထုဉ္စ ဝိဇ္ဇတိ။

အတ္တာ ဝါပိ နိရတ္တာဝါ၊

န တသ္မိံ ဥပလဗ္ဘတိ။

ပုတ္တာ စ - သားသမီး တို့သည်လည်းကောင်း၊

ပသဝေါ စ - ကျွဲ နွား ဆင် မြင်း ဆိတ် သိုး ဝက် ကြက်စသော သက်ရှိပစ္စည်းဖြစ်သော သတ္တဝါတို့သည် လည်းကောင်း၊

ခေတ္တံ စ - လယ်သည် လည်းကောင်း၊

ဝတ္ထုဉ္စ စ - ယာသည်လည်းကောင်း၊

န ဝိဇ္ဇတိ - မရှိ။

တသ္မိံ - ထို ရဟန္တာပုဂ္ဂိုလ်၌၊

အတ္တာ ဝါပိ - အတ္တဒိဋ္ဌိကို လည်းကောင်း၊

နိရတ္တာဝါ - ဥစ္ဆေဒဒိဋ္ဌိကို လည်းကောင်း၊

န ဥပလဗ္ဘတိ - မရအပ်ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၁)

ယေန နံ ဝဇ္ဇုံ ပုထုဇ္ဇနာ၊

အထော သမဏဗြာဟ္မဏာ။

တံ တဿ အပုရက္ခတံ၊

တသ္မာ ဝါဒေသု နေဇတိ။

ပုထုဇ္ဇနာ - ပညာမဲ့သော အများစု နတ်လူတို့သည် လည်းကောင်း၊

အထော - ထို့ပြင်၊

သမဏဗြာဟ္မဏာ - ပညာရှိ ရသေ့ ရဟန်း ပုဏ္ဏားတို့သည် လည်းကောင်း၊

နံ - ထိုပုဂ္ဂိုလ်ကို၊

ယေန - အကြင် ရာဂ အစရှိသော အပြစ်အနာအဆာဖြင့်၊

ဝဇ္ဇုံ - တပ်မက်နေသောသူ စိတ်ဆိုးနေသောသူ စသည်ဖြင့် စွပ်စွဲပြောဆိုရာ၏။

တံ - ထို စွပ်စွဲပြောဆို နိုင်ကြောင်းဖြစ်သော ရာဂစသော အပြစ်အနာအဆာကို၊

တဿ - ထို ရဟန္တာပုဂ္ဂိုလ်သည်၊

အပုရက္ခတံ - ရှေ့သွား မပြုအပ်တော့ပြီ။

တသ္မာ - ထို့ကြောင့်၊

သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊

ဝါဒေသု - စွပ်စွဲပြောဆိုမှုကြောင့်၊

နေဇတိ - မတုန် မလှုပ်တော့ပြီ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၂)

ဝီတဂေဓော အမစ္ဆရီ၊

နဥဿေသု ဝဒတေမုနိ။

န သမေသု န သြမေသု၊

ကပ္ပံ နေတိ အကပ္ပိယော။

သော မုနိ - ရဟန္တာမြတ်ဖြစ်သော ထိုရဟန်းသည်၊

ဝီတဂေဓော - မက်မောခြင်း လည်း ကင်းပေ၏။

အမစ္ဆရီ - ဝန်တိုခြင်းလည်း မရှိ။

ဥဿေသု - မိမိထက်မြင့်မြတ်သော ပုဂ္ဂိုလ်တို့၌၊

နဝဒတေ - အမျိုးတူ တန်းတူအဖြစ်ဖြင့် ထည့်သွင်း၍ နှိုင်းပြိုင်လျက် မပြောတတ်ပေ။

န သြမေသု - အောက်ကျသော ပုဂ္ဂိုလ်တို့၌လည်း ထည့်သွင်း နှိုင်းစာ၍ မပြောတတ်။

အကပ္ပိယော - တဏှာဒိဋ္ဌိဖြင့် ကြံဆခြင်းကင်းသည်ဖြစ်၍၊

ကပ္ပံ - တဏှာဒိဋ္ဌိဖြင့် ကြံဆခြင်းသို့၊

နေတိ န ဧတိ - မရောက်တော့ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၃)

ယဿ လောကေ သကံ နတ္ထိ၊

အသတာ စ နသောစတိ။

ဓမ္မေသု စ န ဂ စ္ဆတိ၊

သ ဝေသ န္တောတိ ဝုစ္စတီတိ။

ယဿ - ယင်းဆိုခဲ့ပြီးသော ရဟန္တာအား၊

သကံ - ငါ၏ဥစ္စာဟု သာယာသိမ်းပိုက် အပ်သော မိမိဥစ္စာမည်သည်၊

နတ္ထိ - မရှိတော့ပေ။

အသတာ စ - မရှိခြင်းကြောင့်လည်း၊

န သောစတိ - မစိုးရိမ် မပူဆွေးတော့ပြီ။

ဓမ္မေသု စ - ရုပ်နာမ်ဓမ္မ သင်္ခါရတရား တို့၌လည်း၊

ဝါ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကြောင့်လည်း၊

န ဂစ္ဆတိ - မရောက်သင့် မရောက်ထိုက်ရာသို့ မရောက်တော့ပေ။

သ သော - ထို ဆိုအပ်ခဲ့ပြီးသော ဂုဏ်အလုံးစုံနှင့် ပြည့်စုံသော ရဟန္တာမြတ်ကို၊

ဝေ - စင်စစ်၊

သ န္တောတိ - ကိလေသာ အပူမီး အလုံးစုံ ငြိမ်းအေးပြီးသော ပုဂ္ဂိုလ်မြတ်ဟူ၍၊

ဝုစ္စတီတိ - ခေါ်ဆိုအပ်ပေ သတည်း။

ပုရာဘေဒသုတ္တံ နိဋ္ဌိတံ။

ပုရာဘေဒသုတ် ပြီး၏။

5nn88i218jyp4swdcchpozbiq0amxq2
18973
18964
2025-07-03T01:36:27Z

c71v4zr6ez3af7ap9up5yygy6tkbzoq
ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
0
5810
18965
2025-07-03T01:15:31Z
Tejinda
173
"{{header | title = ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = ကလဟဝိဝါဒသုတ် ပါဌ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18965
wikitext
text/x-wiki
{{header
| title = ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ
| previous = [[ပုရာဘေဒသုတ် ပါဌ်-နိဿယ]]
| previous2 =
| next = [[စူဠဗျူဟသုတ် ပါဌ်-နိဿယ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ကုတောပဟူတာ ကလဟာ ဝိဝါဒါ၊

ပရိဒေဝသောကာ သဟမစ္ဆရာ စ။

မာနာတိမာနာ သဟပေသုဏာ စ၊

ကုတောပဟူတာ တေ တဒိင်္ဃ ဗြူဟိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

ကလဟာ - ခိုက်ရန်ဖြစ်ခြင်းတို့သည် လည်းကောင်း၊

ဝိဝါဒါ - ငြင်းခုံခြင်းတို့သည်လည်းကောင်း၊

ပရိဒေဝသောကာ - ငိုကြွေး ခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊

သဟမစ္ဆရာ စ - ဝန်တိုခြင်းတို့သည် လည်းကောင်း၊

မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးကို မထေမဲ့မြင်ပြုခြင်း တို့သည်လည်းကောင်း၊

သဟပေသုဏာ စ - ကုန်း တိုက်ခြင်း တို့သည် လည်းကောင်း၊

ကုတောပဟူတာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါသနည်း၊

ဣင်္ဃ - တောင်းပန်ပါသည်၊

တံ - ထိုအကြောင်းကို၊

ဗြူဟိ - ဟောကြားတော်မူပါ အရှင်ဘုရား။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ၊

ပရိဒေဝသောကာ သဟမစ္ဆရာ စ။

မာနာတိမာနာ သဟပေသုဏာ စ၊

မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊

ဝိဝါဒဇာတေသု စ ပေသုဏာနိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်း ကောင်း၊

ဝိဝါဒါ - ငြင်းခုံခြင်း တို့သည် လည်းကောင်း၊

ပရိဒေ၀ သောကာ - ငိုကြွေးခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊

သဟမစ္ဆရာ စ - ဝန်တိုခြင်း တို့သည် လည်းကောင်း၊

မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး ၍သူတပါးကို မထေမဲ့မြင် ပြုခြင်းတို့သည်လည်းကောင်း၊

သဟပေသုဏာ စ - ကုန်း တိုက်ခြင်း တို့သည်လည်းကောင်း၊

ပိယပ္ပဟူတာ - ချစ်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှု အာရုံကြောင့် ဖြစ်ကုန်၏။

ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်းကောင်း၊

မစ္ဆေရယုတ္တာ - ဝန်တိုခြင်းနှင့်လည်း သက်ဆိုင် ကုန်၏

ဝိဝါဒဇာတေသု - ငြင်းခုံမှုများ ဖြစ်ပွားကြလျှင်၊

ပေသုဏာနိ စ - ကုန်းချော စကား ပြောကြားခြင်း တို့သည်လည်း၊

ဟောန္တိ - ဖြစ်တတ်ကြပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၃)

ပိယာ သု လောကသ္မိံ ကုတောနိဒါနာ၊

ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။

အာသာ စ နိဋ္ဌာ စ ကုတောနိဒါနာ၊

ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

လောကသ္မိံ - လောက၌၊

ပိယာ - ချစ်ဖွယ်တို့သည်၊

ကုတောနိဒါနာ - ဘယ်အကြောင်း ရှိပါကုန်သနည်း၊

ဝါ - ဘယ် အကြောင်းကြောင့် ဖြစ်ပါကုန်သနည်း။

ယေ စ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊

လောဘာ - နှစ်သက်လိုချင်သည့် လောဘရှိကြသည်ဖြစ်၍၊

လောကေ - လောက၌၊

ဝိစရန္တိ - လှည့်လည်ကျက်စား ပျော်ပါးနေထိုင်လျက် ရှိကုန်၏၊

တေသံ - ထိုပုဂ္ဂိုလ် တို့၏၊

လောဘောပိ - နှစ်သက်လိုချင်သော လောဘသည်လည်း၊

ကုတောနိဒါနာ - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။

ယေ - ကာမဂုဏ်ငါးပါးစသော အကြင် အကျိုးစီးပွားတို့သည်၊

နရဿ - လူ၏၊

ဝါ - နတ် လူပုဂ္ဂိုလ် သတ္တဝါ၏၊

သမ္ပရာယာယ - မှီခိုရာ အားထားရာ အလို့ငှာ၊

ဝါ - မှီခိုရာ အားထားရာတို့သည်၊

ဟောန္တိ - ဖြစ်ကုန်၏။

တေသု - ကာမဂုဏ်ငါးပါးစသော ထိုအကျိုးစီးပွားတို့၌၊

အာသာ စ - တောင့်တခြင်း သည် လည်းကောင်း၊

နိဋ္ဌာ စ - တောင့်တသည့်အတိုင်း ပြီးစီးပြည့်စုံခြင်းသည်၊

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

ဆန္ဒာနိဒါနာနိ ပိယာနိ လောကေ၊

ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။

အာသာ စ နိဋ္ဌာ စ ဣတောနိဒါနာ၊

ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

လောကေ - လောက၌၊

ပိယာနိ - ချစ်ဖွယ် ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံ ဟူသမျှတို့သည်၊

ဆန္ဒာနိဒါနာနိ - နှစ်သက် လိုချင်မှုဆန္ဒ လျှင် အကြောင်းရှိကုန်၏။

ဝါ - နှစ်သက် လိုချင်မှုဆန္ဒကြောင့် ဖြစ်ကုန်၏။

ယေ စ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊

လောဘာ - နှစ်သက် လိုချင်သည့် လောဘ ရှိကြသည် ဖြစ်၍၊

တေသံ - ထို ပုဂ္ဂိုလ်တို့၏၊

လောဘောပိ - နှစ်သက် လိုချင်သည့် လောဘသည်လည်း၊

ဆန္ဒာနိဒါနော - ဆန္ဒကြောင့် ဖြစ်သည်။

ယေ - ကာမဂုဏ်ငါးပါး စသော အကြင် အကျိုးစီးပွားတို့သည်၊

အာသာ စ - တောင့်တခြင်းသည် လည်းကောင်း၊

နိဋ္ဌာ စ - တောင့်တသည့်အတိုင်း ပြီးစီး ပြည့်စုံခြင်းသည်၊

ဣတောနိဒါနာ - ဤ တဏှာဆန္ဒလျှင် အကြောင်းရှိ၏၊

ဝါ - ဤ တဏှာဆန္ဒကြောင့်ပင် ဖြစ်ပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၅)

ဆန္ဒော နု လောကသ္မိံ ကုတောနိဒါနော၊

ဝိနိစ္ဆရာ စာပိ ကုတောပဟူတာ။

ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ၊

ယေ ဝါပိ ဓမ္မာ သမဏေန ဝုတ္တာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

လောကသ္မိံ - လောက၌၊

ဆန္ဒော - လိုချင်နှစ်သက်မှု တဏှာဆန္ဒသည်၊

ကုတောနိဒါနော နု - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။

ဝိနိစ္ဆရာ စာပိ - ချစ်စရာပဲ, မည်သို့ပြုရမည် စသည်ဖြင့် ဆုံးဖြတ်ခြင်းတို့ သည်လည်း၊

ကုတောပဟူတာ - အဘယ့်ကြောင့် ဖြစ်ပါကုန်သနည်း။

ကောဓော စ - အမျက်ထွက်ခြင်းသည်လည်းကောင်း၊

မောသဝဇ္ဇဉ္စ - လိမ်လည် ပြောဆိုခြင်းသည် လည်းကောင်း၊

ကထံကထာ စ - ယုံမှားခြင်းသည်လည်းကောင်း၊

ယေဝါပိ ဓမ္မာ - ယင်း အမျက် ထွက်ခြင်း စသော တရားတို့ကိုလည်း၊

သမဏေန - ဘုရားရှင်ဖြစ်သော ရဟန်းမြတ် သည်၊

ဝုတ္တာ - ဟောတော်မူအပ်ကုန်၏။

မြတ်စွာဘုရား၏ အဖြေဂါထာ (၆)

သာတံ အသာတန္တိ ယမာဟု လောကေ၊

တမူပနိဿာယ ဟောတိ ဆန္ဒော။

ရူပေသု ဒိသွာ ဝိဘဝံ ဘဝဉ္စ၊

ဝိနိစ္ဆယံ ကုဗ္ဗတိ ဇန္တု လောကေ။

လောကေ - လောက၌၊

ယံ - အကြင် အကောင်းအဆိုးကို၊

သာတံ အသာတန္တိ - သာယာဖွယ် မသာယာဖွယ်ဟူ၍၊

အာဟု - ဆိုကြ၏။

ဆန္ဒော - လက်ဦးစ၍ လိုချင်နှစ် သက်သော တဏှာဆန္ဒသည်၊

တံ - ထို သာယာဖွယ် မသာယာဖွယ်ကို၊

ဥပနိဿာယ ဟောတိ - မှီ၍ ဖြစ်ပေသည်။

လောကေ - လောက၌၊

ဇန္တု - ပုဂ္ဂိုလ်သတ္တဝါသည်၊

ရူပေသု - ရုပ်ဝတ္ထုတို့၌၊

ဝိဘဝဉ္စ - ပျက်စီးခြင်းကိုလည်းကောင်း၊

ဘဝဉ္စ - ဖြစ်ပွားခြင်းကိုလည်းကောင်း၊

ဒိသွာ - မြင်၍၊

ဝါ - မြင်တွေ့ရသောကြောင့်

ဝိနိစ္ဆယံ - ချစ်စရာပဲ, မည်သို့ပြုရမည် စသည်ဖြင့် ဆုံးဖြတ်ခြင်းကို၊

ကုဗ္ဗတိ - ပြုပေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ၊

ဧတေပိ ဓမ္မာ ဒွယမေ၀ သန္တေ။

ကထံကထီ ဉာဏပထာယ သိက္ခေ၊

ဉတွာ ပဝုတ္တာ သမဏေန ဓမ္မာ။

ကောဓော စ - အမျက်ထွက်ခြင်းသည်လည်းကောင်း၊

မောသဝဇ္ဇဉ္စ - လိမ်လည် ပြောဆိုခြင်းသည်လည်းကောင်း၊

ကထံကထာ စ - ယုံမှားခြင်းသည်လည်းကောင်း၊

ဧတေပိ ဓမ္မာ - ဤတရားတို့သည်လည်း၊

ဒွယံ ဒွယသ္မိံ ဧ၀ - သာယာဖွယ် မသာယာ ဖွယ်ဟူသော ဤနှစ်ပါးသည်ပင်၊

သန္တေ - ရှိလတ်သော်၊

ဟောန္တိ - ဖြစ်ကုန်၏။

ကထံကထီ - ယုံမှားရှိသောသူသည်၊

သမဏေန - ဘုရားတည်းဟူသော ရဟန်းမြတ်က၊

ဉတွာ - ကိုယ်တိုင်သိပြီးမှ၊

ပဝုတ္တာ ဓမ္မာ - ဟောထားသည့် တရားမှန် တို့ပေတည်း၊

ဣတိ - ဤသို့ ဆင်ခြင်၍၊

ဉာဏပထာယ - ထိုတရားများကို ကိုယ်တိုင် သိအောင်၊

သိက္ခေ - ဘုရားရှင်က ညွှန်ပြထားသည့်အတိုင်း မဂ္ဂင် ၈-ပါး၊ သီလ သမာဓိ ပညာ အကျင့်များကို ကျင့်ရာသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၈)

သာတံ အသာတဉ္စ ကုတောနိဒါနာ၊

ကိသ္မိံ အသန္တေ န ဘဝန္တိ ဟေတေ။

ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊

ဧတံ မေ ပဗြူဟိ ယတောနိဒါနံ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

သာတံ စ - သာယာဖွယ်သည် လည်းကောင်း၊

အသာတဉ္စ - မသာယာဖွယ် ရွံမုန်းဖွယ်သည် လည်းကောင်း၊

ကုတောနိဒါနာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါသနည်း။

ကိသ္မိံ အသန္တေ - အဘယ် တရား မရှိလတ်သော်၊

ဧတေ - ဤ သာယာဖွယ် မသာယာဖွယ်တို့သည်၊

န ဘဝန္တိ - မဖြစ်ပဲ ရှိကြပါသနည်း။

ဝိဘဝံ စ - ပြတ်စဲ အယူသည်လည်းကောင်း၊

ဘဝဉ္စ - တည်မြဲ အယူသည် လည်းကောင်း၊

ယံ ဧတံအတ္ထံ - အကြင် ၂-ပါးသောအနက်သဘောသည်၊

အတ္ထိ - ရှိ၏။

ဧတံ - ဤအယူ ၂-ပါးသည်၊

ယတောနိဒါနံ - အကြင် အကြောင်းကြောင့် ဖြစ်၏။

ဧတံ ပိ - ဤ အကြောင်းကိုလည်း၊

မေ - နိမ္မိတရုပ်ပွား ငါဘုရားအား၊

ပဗြူဟိ - ဖြေရှင်းပြတ်သား ဟောကြားတော်မူပါ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

ဖဿနိဒါနံ သာတံ အသာတံ၊

ဖဿေ အသန္တေ န ဘဝန္တိ။

ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊

ဧတံ တေ ပဗြူမိ ဣတောနိဒါနံ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

သာတံ - သာယာဖွယ်သည် လည်းကောင်း၊

အသာတံ - မသာယာဖွယ်သည် လည်းကောင်း၊

ဖဿ နိဒါနံ - အာရုံကိုတွေ့သော ဖဿလျှင် အကြောင်းရှိပါသည်။

ဝါ - ဖဿကြောင့် ဖြစ်ပါသည်။

ဖဿေ အသန္တေ - အာရုံကိုတွေ့မှု ဖဿမရှိလတ်သော်၊

ဝါ - အာရုံကို မတွေ့ရလျှင်၊

ဧတေ - ဤ သာယာ ဖွယ် မသာယာဖွယ်တို့သည်၊

န ဘဝန္တိ - မဖြစ်ကြပါ။

ဝါ - မဖြစ်ဘဲ ရှိကြပါသည်။

ဝိဘဝံ စ - ပြတ်စဲ အယူသည်လည်းကောင်း၊

ဘဝဉ္စ - တည်မြဲ အယူသည် လည်းကောင်း၊

ယံ ဧတံအတ္ထံ - အယူ ၂-ပါးသောအကြင်သဘောသည်၊

အတ္ထိ - ရှိ၏။

ဧတံ ပိ - ဤ အယူ ၂-ပါးသည်လည်း၊

ဣတော နိဒါနံ - ဤ ဖဿလျှင် အကြောင်းရှိ၏၊

ဝါ - ဤ ဖဿကြောင့်ပင် ဖြစ်သည် ဟူ၍၊

ဧတံ - အယူ ၂-ပါးဖြစ်ခြင်း၏ ဤအကြောင်းကို၊

တေ - နိမ္မိတရုပ်ပွား သင်ဘုရားအား၊

ပဗြူမိ - ဖြေရှင်းပြတ်သား ဟောကြား ပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၁၀)

ဖဿောနု လောကသ္မိံ ကုတောနိဒါနော၊

ပရိဂ္ဂဟာ စာပိ ကုတောပဟူတာ။

ကိသ္မိံ အသန္တေ န မမတ္တ မတ္ထိ၊

ကိသ္မိံ ဝိဘူတေ န ဖုသန္တိ ဖဿာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

လောကသ္မိံ - လောက၌၊

ဖဿော - အာရုံကိုတွေ့မှု ဖဿသည်၊

ကုတောနိဒါနော နု - ဘယ်အကြောင်းကြောင့် ဖြစ်ပါ သနည်း၊

ပရိဂ္ဂဟာ စာပိ - သိမ်းပိုက်ခြင်း တို့သည်လည်း၊

ကုတောပဟူတာ - ဘယ် အကြောင်းကြောင့် ဖြစ်ကြပါကုန်သနည်း၊

ကိသ္မိံ အသန္တေ - အဘယ်တရား အဘယ်အကြောင်း မရှိလတ်သော်၊

မမတ္တံ - ငါ့ဟာ အဖြစ်သည်၊

ဝါ - ငါ့ဟာဟု သိမ်းပိုက်ခြင်းသည်၊

န အတ္ထိ - မရှိဘဲ ကင်းပါ သနည်း။

ကိသ္မိံ ဝိဘူတေ - ဘယ်အရာပျက်ကွယ်လတ် မရှိလတ်သော်၊

ဖဿာ - ရုပ်ဒွါရ ရုပ်အာရုံအတွေ့ ဖဿတို့သည်၊

န ဖုသန္တိ - မတွေ့ မထိဘဲ ကင်းကြပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

နာမဉ္စ ရူပဉ္စ ပဋိစ္စ ဖဿော၊

ဣစ္ဆာနိဒါနာနိ ပရိဂ္ဂဟာနိ။

ဣစ္ဆာယ သန္တျာ န မမတ္တ မတ္ထိ၊

ရူပေ ဝိဘူတေ န ဖုသန္တိ ဖဿာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

နာမဉ္စ - မြင်သိမှုစသော နာမ်ကိုလည်းကောင်း၊

ရူပဉ္စ - မျက်စိနှင့် အဆင်းစသော ရုပ်ကိုလည်းကောင်း၊

ပဋိစ္စ - စွဲမှီ၍၊

ဖဿော - အာရုံ ကိုတွေ့မှု ဖဿသည်၊

ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏။

ပရိဂ္ဂဟာနိ - ငါ့ဟာဟု သိမ်းပိုက်ခြင်းတို့ သည်၊

ဣစ္ဆာနိဒါနာနိ - နှစ်သက်လိုချင်သည့် တဏှာလျှင် အကြောင်းရှိကုန်၏။

ဣစ္ဆာယ - နှစ်သက်လိုချင်မှု တဏှာသည်၊

သန္တျာ - မရှိလတ်သော်၊

မမတ္တံ - ငါ့ဟာဟု သိမ်းပိုက်ခြင်းသည်၊

န အတ္ထိ - မရှိဘဲ ကင်းပါသည်။

ရူပေ - ရုပ်သည်၊

ဝိဘူတေ - ကင်းလတ်သော်၊

ဖဿာ - မြင်တွေ့မှုစသော ငါးပါးသော ဖဿတို့သည်၊

န ဖုသန္တိ - မတွေ့မထိဘဲ မဖြစ်ဘဲ ရှိကြလေတော့သည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၁၂)

ကထံ သမေတဿ ဝိဘောတိ ရူပံ၊

သုခံ ဒုက္ခဉ္စာပိ ကထံ ဝိဘောတိ။

ဧတံ မေ ပဗြူဟိ ကထံ ဝိဘောတိ၊

တံ ဇာနိယာမာတိ မေ မနော အဟု။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

ကထံ သမေ တဿ - အဘယ် သို့ ကျင့်သောသူအား၊

ရူပံ ဝိဘောတိ - ရုပ်အာရုံ ကင်းကွာပါသနည်း။

ဝါ - ရုပ်အာရုံ ကို ကျော်လွန်ပါသနည်း။

သုခံ ဒုက္ခဉ္စာပိ - ဒုက္ခနှင့် သုခဖြစ်ကြောင်း အကောင်းအဆိုး ရုပ်အာရုံ ၂-မျိုး သည်လည်း၊

ကထံ ဝိဘောတိ - ဘယ်သို့ကျင့်က ကင်းပ ကျော်လွန်ပါသနည်း။

ကထံ ဝိဘောတိ - အဘယ်သို့ ကင်းပ ကျော်လွန်ပါသည် ဟူသော၊

ဧတံ - ဤ အကြောင်းအရာကို၊

မေ - နိမ္မိတရုပ်ပွား ငါဘုရားအား၊

ပဗြူဟိ - ရှင်းလင်း ဖြေကြားတော် မူပါလော့။

မေ မနော - ငါ၏ စိတ်သည်၊

တံ ဇာနိယာ မာတိ - ထို အကြောင်းအရာကို သိကြရလိမ့်မည် ဟူ၍၊

အဟု - ဖြစ်ခဲ့ပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

န သညသညီ န ဝိသညသညီ၊

နောပိ အသညီ န ဝိဘူတသညီ။

ဧဝံ သမေတဿ ဝိဘောတိ ရူပံ၊

သညာနိဒါနာ ဟိ ပပဉ္စသင်္ခါ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

(ယထာ - အကြင် အကြောင်းအရာဖြင့် ကျင့်လျှင်)

န သညသညီ - ပကတိ ကာမသညာလည်း မရှိပေ၊

န ဝိသညသညီ - ရူးသွပ်ဖောက်ပြန်သော သညာလည်း မရှိပေ၊

န ဝိဘူတသညီ - ထင်ရှားသော ရူပဈာန် သညာလည်း မရှိတော့ပေ၊

နောပိ အသညီ - အမှတ်သညာ လုံးဝမရှိသည်လည်း မဟုတ်ပေ၊

ဧဝံ - ဤသို့သော အချင်းအရာဖြင့်၊

သမေတဿ - ကျင့်သောသူအား၊

ရူပံ - ရုပ်အာရုံ ဟူသမျှသည်၊

ဝိဘောတိ - ကင်းလေတော့၏။

ဝါ - ရုပ်အာရုံကို ကျော်လွန်လေတော့၏၊

ဟိ - မှန်ပေ၏။

ဝါ - ထိုသို့ သိရခြင်း၏အကြောင်းကား၊

ပပဉ္စသင်္ခါ - တဏှာ ဒိဋ္ဌိ မာန ဟူသော နယ်ချဲ့တရား အဖို့တို့သည်၊

သညာနိဒါနာ - သညာလျှင် အကြောင်းရင်း ရှိကြကုန်၏။

နိမ္မိတဘုရား၏ အမေးဂါထာ (၁၄)

ယံ တံ အပုစ္ဆာမှ အကိတ္တယီ နော၊

အညံ တံ ပုစ္ဆာမ တဒိင်္ဃ ဗြူဟိ။

ဧတ္တာဝတဂ္ဂံ နု ဝဒန္တိ ဟေကေ၊

ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ၊

ဥဒါဟု အညမ္ပိ ဝဒန္တိ ဧတ္တော။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

တံ - အရှင်ဘုရားကို၊

ယံ အပုစ္ဆာမှ - အကြင် အကြောင်းအရာကို မေးခဲ့ပါကုန်ပြီ။

တံ - ထိုမေးသည့် အကြောင်းအရာကို၊

တွံ - အရှင်ဘုရားသည်၊

နော - ငါတို့အား၊

အကိတ္တယီ - ဖြေရှင်း ဟောကြားခဲ့ပေပြီ။

အညံ - အခြား အကြောင်းအရာကို၊

တံ ပုစ္ဆာမ - အရှင်ဘုရားအား မေးပါကုန်အံ့၊

ဣင်္ဃ - တိုက်တွန်း တောင်းပန်ပါသည်၊

တံ - ယခုမေးမည့် ထိုအကြောင်းအရာကို၊

ဗြူဟိ - ဖြေရှင်း ဟောကြားတော်မူပါဘုရား။

ဣဓ - ဤလောက၌၊

ပဏ္ဍိတာသေ - ပညာရှိဟု ဝန်ခံနေကုန်သော၊

ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊

ဧတ္တာဝတာ - အခြားသညာတွေမရှိ အရူပသညာမျှရှိသည် ဆိုသော ဤမျှဖြင့်၊

ယက္ခဿ - နတ် လူ ဗြဟ္မာ၏၊

သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

အဂ္ဂံ - အမြတ်ဆုံးဟူ၍၊

ဝဒန္တိ နု - ဆိုကြပါကုန်သလော။

ဥဒါဟု - ထိုသို့မဟုတ်လျှင်၊

ဧတ္တော - ဤ အရူပဈာန် အရူပဘုံမှ၊

အညံ - အခြားအရာကို၊

အဂ္ဂံ - အမြတ်ဆုံးဟူ၍၊

ဝဒန္တိ နု - ဆိုကြပါကုန်သလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဧတ္တာဝတဂ္ဂမ္ပိ ဝဒန္တိ ဟေကေ၊

ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ။

တေသံ ပနေကေ သမယံ ဝဒန္တိ၊

အနုပါဒိသေသေ ကုသလာဝဒါနာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

ဣဓ - ဤလောက၌၊

ပဏ္ဍိတာ - ပညာရှိဟု ဝန်ခံနေကုန်သော၊

ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊

ယက္ခဿ - နတ် လူ ဗြဟ္မာ၏၊

သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

ဧတ္တာဝတာပိ - အရူပဈာန် အရူပဘဝဟူသော ဤမျှဖြင့် လည်း၊

အဂ္ဂံ - အမြတ်ဆုံးဟူ၍၊

ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။

တေသံ - ထိုပညာရှိဝန်ခံသူတို့တွင်၊

အနုပါဒိသေသေ ကုသလာဝါဒနာ - ဥပါဒါနက္ခန္ဓာ အကြွင်းမရှိ ချုပ်ခြင်း၌၊

ကုသလာဝဒါနာ - ကျွမ်းကျင်လိမ္မာသည်ဟု ဝန်ခံကြသော၊

ဧကေ-ပန - အချို့ပုဂ္ဂိုလ်တို့သည်ကား၊

သမယံ - ဥစ္ဆေဒအယူကို၊

ဝါ - ဘဝပြတ်ခြင်းကို၊

အဂ္ဂံ - အမြတ်ဆုံးဟူ၍၊

ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။

မြတ်စွာဘုရား၏ အဖြေ နိဂုံးချုပ်ဂါထာ (၁၆)

ဧတေ စ ဉတွာ ဥပနိဿိတာတိ၊

ဉတွာ မုနီ နိဿယေ သော ဝိမံသီ။

ဉတွာ ဝိမုတ္တော န ဝိဝါဒမေတိ၊

ဘဝါဘဝါယ န သမေတိ ဓီရော။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

ယော မုနိ - ဗုဒ္ဓဘုရား တည်းဟူသော အကြင်ရဟန်းမြတ်သည်၊

ဝါ - ရဟန္တာဖြစ်သော ရဟန်းသည်။

ဧတေ - အရူပဘဝကို အမြတ်ဆုံးဟူ၍ လည်းကောင်း၊လူ့ဘ၀ နတ်ဘ၀ ရူပဘ၀ အရူပဘဝမှ စုတေလျှင် ဘဝပြတ်သည် ဟူ၍လည်းကောင်း ဆိုကြသော ဤပုဂ္ဂိုလ် တို့ကို၊

ဥပနိဿိတာတိ - တည်မြဲအယူ ပြတ်စဲအယူကို စွဲမှီနေကြသည်ဟု၊

ဉတွာ စ - သိပြီး၍လည်းကောင်း၊

နိဿယေ ဉတွာ စ - မှီရာဒိဋ္ဌိတို့ကို သိပြီး၍လည်းကောင်း။

ဝါ - စွဲမှီရာ ဒိဋ္ဌိနှင့် စွဲမှီရာ ရုပ်နာမ်ခန္ဓာတို့ကို အမှန်အတိုင်း သိပြီး၍လည်းကောင်း။

ဝိမံသီ - သစ္စာလေးတန်ကို မှန်စွာသိသော ဉာဏ်ပညာနှင့် ပြည့်စုံသည်၊

ဟောတိ - ဖြစ်၏။

သော မုနိ - ဗုဒ္ဓဘုရားတည်းဟူသော ထိုရဟန်းမြတ်သည်၊

ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ်သည်၊

ဉတွာ - သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်ပြီး၍၊

ဝိမုတ္တော - အာသဝေါ ကိလေသာဟူသမျှမှ ကင်းပလွတ်မြောက်သည်ဖြစ်၍၊

ဝိဝါဒံ - ငြင်းခုံခြင်းသို့၊

န ဧတိ - မရောက်တော့ပေ။

ဓီရော - ပညာရှိအစစ်ဖြစ်သော၊

ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ် သည်၊

ဘဝါဘဝါယ - ဘဝယုတ်မြတ် တစ်ဖန်ထပ်၍ ဖြစ်ရန်အလို့ငှာ၊

ဝါ - ဘ၀ ယုတ်မြတ် နောက်ထပ်ဖြစ်ခြင်းသို့၊

န သမေတိ - မရောက်တော့ပေ။

ကလဟဝိဝါဒသုတ္တံ နိဋ္ဌိတံ။

ကလဟဝိဝါဒသုတ် ပြီး၏။

6n5uu8yv179hb2vcukoisbnuk748ipq
18974
18965
2025-07-03T01:36:43Z

biotnjwddo90wpaizsdydzc1z8avd99
စူဠဗျူဟသုတ် ပါဌ်-နိဿယ
0
5811
18966
2025-07-03T01:18:04Z
Tejinda
173
"{{header | title = စူဠဗျူဟသုတ် ပါဌ်-နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = စူဠဗျူဟသုတ် ပါဌ်-န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18966
wikitext
text/x-wiki
{{header
| title = စူဠဗျူဟသုတ် ပါဌ်-နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စူဠဗျူဟသုတ် ပါဌ်-နိဿယ
| previous = [[ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ]]
| previous2 =
| next = [[မဟာဗျူဟသုတ် ပါဌ်-နိဿယ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

စူဠဗျူဟသုတ် ပါဌ်-နိဿယ

▬▬▬ஜ۩۞۩ஜ▬▬▬

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ၊

ဝိဂ္ဂယှ နာနာ ကုသလာ ဝဒန္တိ။

ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ၊

ဣဒံ ပဋိက္ကောသ မကေဝလီ သော။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊

သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ - မိမိတို့၏ အယူအသီးသီး၌ နေကုန်သော၊

ကုသလာ - ကျွမ်းကျင်သူ ပညာရှိဟု ဝန်ခံနေကြသော သူတို့သည်၊

ဝိဂ္ဂယှ - မိမိအယူကို ခိုင်မြဲစွာ ယူကုန်၍၊

ဝါ - အခြားအယူနှင့်မတူဘဲ ကွဲပြားစွာ ယူကုန်၍၊

နာနာ - အမျိုးမျိုးသော အယူတို့ကို၊

ဝဒန္တိ - ပြောဟော နေကုန်၏။

ယော - အကြင်သူသည်၊

ဧဝံ - ဤသို့ ငါတို့ယူသည့်အတိုင်း၊

ဇာနာတိ - သဘောပေါက် သိနားလည်သည်၊

သ သော - ထိုသူသည်၊ ဓမ္မံ - တရားမှန်ကို၊

ဝေဒိ - သိပေသည်၊

ဣဒံ - ဤ ငါတို့အယူကို၊

ပဋိက္ကောသံ - မြစ်ပယ်သော၊

သော - ထိုသူ သည်၊

အကေဝလီ - အသိဉာဏ် မပြည့်စုံသော လူညံ့လူယုတ် ပေတည်း၊

ဧဝမ္ပိ ဝိဝါဒယန္တိ - ဤသို့လည်း ငြင်းခုံနေကြသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၂)

ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊

ဗာလော ပရော အက္ကုသလောတိ စာဟု။

သစ္စော နု ဝါဒေါ ကတမော ဣမေသံ၊

သဗ္ဗေ၀ ဟီမေ ကုသလာ ဝဒါနာ။

ဧဝမ္ပိ - (ငါတို့အယူသိလျှင် အသိမှန်သူ၊ ပယ်လျှင် မပြည့်စုံသူဟု ဆိုသော) ဤပုံ ဤနည်းဖြင့်လည်း၊

ဝိဂ္ဂယှ - မြဲမြံစွာ ယူကုန်၍၊

ဝိဝါဒယန္တိ - ငြင်းခုံနေကြသည်။

ပရော - ငါတို့အယူကို လက်မခံသော အခြားသူသည်၊

ဗာလော - လူမိုက် လူညံ့တည်း၊

အက္ကုသလော - မတတ်သိ မကျွမ်းကျင်သောသူတည်း၊

ဣတိ စ - ဤသို့လည်း၊

အာဟု - ရှုတ်ချ ပြောဆိုနေကြပါသည်။

ဣမေသံ - ဤသို့ ငြင်းခုံရှုတ်ချ ပြောဆိုနေကြ သော သူတို့၏၊

သစ္စော ဝါဒေါ - မှန်ကန်သော အယူဝါဒကား၊

ကတမော နု - အဘယ် အယူဝါဒပါနည်း။

ဟိ - ဤသို့ မေးရခြင်း အကြောင်းကား၊

သဗ္ဗေ၀ - အလုံးစုံ သာလျှင်ဖြစ်ကုန်သော၊

ဣမေ - ဤသူတို့သည်၊

ကုသလာ ဝဒါနာ - ဘာသာရေး အယူဝါဒအရာ၌ ကျွမ်းကျင် တတ်သိသော ပညာရှိတို့ ဟူ၍ ဝန်ခံကြပါသည်၊

ဝါ - ဝန်ခံနေသောကြောင့် မေးရပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၃)

ပရဿ စေ ဓမ္မ မနာနုဇာနံ၊

ဗာလော မကော ဟောတိ နိဟီနပညော။

သဗ္ဗေ၀ ဗာလာသု နိဟီနပညာ၊

သဗ္ဗေဝိမေ ဒိဋ္ဌိပရိဗ္ဗသာနာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

ပရဿ ဓမ္မံ - သူတပါး၏ ဘာသာတရားကို၊

အနာနုဇာနံ - ခွင့်မပြုဘဲ ပယ်မြစ်သောသူသည်၊

နိဟီန ပညော - အသိဉာဏ်ပညာ ယုတ်ညံ့သည်ဖြစ်၍၊

သြမကော - အဆင့်အတန်း နိမ့်ကျသော၊

ဗာလော - မသိမလိမ္မာသူ လူညံ့လူဖျင်းသည်၊

စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊

သဗ္ဗေ၀ - မိစ္ဆာအယူရှိသူ အားလုံးတို့ပင်၊

နိဟီနပညာ - ယုတ်ညံ့သော ဉာဏ်ပညာ ရှိကုန်သော၊

ဗာလာ - လူဖျင်း လူညံ့တို့သည်သာလျှင်၊

အဿု - ဖြစ်ကုန်ရာ၏။

ကသ္မာ - အဘယ်ကြောင့်ဆိုသော်၊

သဗ္ဗေ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊

ဣမေ - ဤ မိစ္ဆာအယူရှိသူတို့သည်၊< b>ဒိဋ္ဌိပရိဗ္ဗသာနာ - မိစ္ဆာအယူဖြင့်သာ အယူသည်းကာ နေကြ သောကြောင့်ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

သန္ဒိဋ္ဌိယာ စေ ဝန ဝီဝဒါတာ၊

သံသုဒ္ဓပညာ ကုသလာ မုတီမာ။

န တေသံ ကောစိ ပရိဟီနပညော၊

ဒိဋ္ဌီ ဟိ တေသမ္ပိ တထာ သမတ္တာ။

ဝန - ဤသို့သိလျှင် အမှန်တရားကို မြင်သည်ဟု ဆိုသောစကားအရ တနည်းအားဖြင့် ရှင်းပြရလျှင်၊

သန္ဒိဋ္ဌိယာ - မိမိ၏ အယူဖြင့်ပင်လျှင်၊

ဝီဝဒါတာ - အထူး ဖြူစင်ကုန်သည်၊

သံသုဒ္ဓပညာ - ကောင်းစွာ စင်ကြယ်သော ပညာရှိကုန်သည်၊

ကုသလာ မုတိမာ - ကျွမ်းကျင်ကြသော ပညာရှင်တို့သည်၊

စေ သိယုံ - အကယ်၍ ဖြစ်ကုန်ငြားအံ့၊

ဧဝံ - ဤသို့ ဖြစ်ကုန်လတ်သော်၊

တေသံ - မိစ္ဆာအယူရှိသော ထိုသူ တို့တွင်၊

ကောစိ - တစ်စုံတစ်ယောက်မျှ၊

န ပရိဟီနပညော - အသိဉာဏ်ပညာ ယုတ်ညံ့သူ မဖြစ်လေရာ။

ဟိ - အသိဉာဏ်ပညာ ယုတ်ညံ့သူ တစ်စုံတစ်ယောက်မျှ မရှိဟု ဆိုသင့်သည့် အကြောင်းကား၊

တေသမ္ပိ - မိမိတို့အယူမှ အခြားအယူရှိသူဟု ဆိုအပ်သော ထိုသူတို့၏လည်း၊

ဒိဋ္ဌိ - အယူသည်၊

တထာ - ထို့အတူပင်၊

သမတ္တာ - ပြည့်စုံပေ၏။

ဝါ - ပြည့်စုံသောကြောင့်ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၅)

န ဝါဟမေတံ တထိယန္တိ ဗြူမိ၊

ယမာဟု ဗာလာ မိထု အညမညံ။

သကံ သကံ ဒိဋ္ဌိ မကံသု သစ္စံ၊

တသ္မာ ဟိ ဗာလောတိ ပရံ ဒဟန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

ယံ - အကြင် မိမိအယူကို စွဲမှီ၍၊

မိထု - အယူ ကွဲပြားသည့် နှစ်ဦးနှစ်ဖက်သားတို့သည်၊

အညမညံ - အချင်းချင်း၊

ဗာလာ - မသိ မလိမ္မာသူ လူညံ့လူဖျင်းတို့ဟူ၍၊

အာဟု - နှိမ့်ချသောအားဖြင့် ပြောကြားကြကုန်၏။

အဟံ - ငါသည်၊

ဧတံ - သူတို့၏ စွဲမှီရာဖြစ်သော ထိုအယူကို၊

တထိယန္တိ - မှန်ကန် သည်ဟူ၍၊

န ဗြူမိ နေ၀ ဗြူမိ - မဆိုသည်သာတည်း။

သကံ သကံ ဒိဋ္ဌိ - အသီးသီးသော မိမိအယူကို၊

သစ္စံ - မှန်သည်ဟူ၍၊

အကံသု - ပြုကြ ထင်မှတ်နေကြလေသည်။

တသ္မာဟိ - ထို့ကြောင့်ပင်လျှင်၊

ပရံ - အယူကွဲပြား သည့် သူတပါးကို၊

ဗာလောတိ - မသိမလိမ္မာသူ လူယုတ်လူညံ့ဟူ၍၊

ဒဟန္တိ - နှိမ့်ချ ပြောကြား ပစ်ပယ်ထားကြကုန်၏။

နိမ္မိတဘုရား၏ အမေးဂါထာ (၆)

ယမာဟု သစ္စံ တထိယန္တိ ဧကေ၊

တမာဟု အညေ တုစ္ဆံ မုသာတိ။

ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊

ကသ္မာ န ဧကံ သမဏာ ဝဒန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊

ဧကေ - သမဏ အမည်ခံ အချို့ပုဂ္ဂိုလ်တို့သည်၊

ယံ သစ္စံ - အကြင် သစ္စာတရားကို၊

တထိယန္တိ - မချွတ်ဧကန် မှန်သည်ဟူ၍၊

ဝဒန္တိ - ဟောပြောကြကုန်၏။

တံ - မှန်သည်ဟုဆိုသော ထိုသစ္စာတရား ကို၊

တုစ္ဆံ - အချည်းနှီးသာတည်း၊

မုသာ - ချွတ်ယွင်းသော တရားတည်း၊

ဣတိပိ - ဤသို့လည်း၊

အညေ - တစ်ပါးသော သမဏ အမည်ခံ ပုဂ္ဂိုလ်တို့က၊

ဝဒန္တိ - ပြောဆိုနေကြပါသည်။

ဧဝမ္ပိ - ဤနည်းဖြင့်လည်း၊

ဝိဂ္ဂယှ - မြဲမြံကွဲလွဲစွာ စွဲယူကုန်၍၊

ဝိဝါဒယန္တိ - ငြင်းခုံနေကြပါသည်။

သမဏာ - ကိလေသာငြိမ်းသည့် သမဏဟု ဝန်ခံနေကြသော ပုဂ္ဂိုလ်တို့သည်၊

ဧကံ - အမှန်တရားကို တစ်ပါးတည်းမျှ၊

ကသ္မာ - အဘယ်ကြောင့်၊

န ဝဒန္တိ - မဟောဘဲ များပြားစွာ ဟောပြောနေကြပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ဧကံ ဟိ သစ္စံ န ဒုတိယံ မတ္ထိ၊

ယသ္မိံ ပဇာ နော ဝိဝဒေ ပဇာနံ။

နာနာ တေ သစ္စာနိ သယံ ထုနန္တိ၊

တသ္မာ န ဧကံ သမဏာ ဝဒန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

သစ္စံ - အမှန်တရားသည်၊

ဧကံ ဟိ - တစ်ပါးတည်းသာ ရှိပါသည်။

ဒုတိယံ - နှစ်ခုမြောက် အမှန်တရားသည်၊

န အတ္ထိ - မရှိပေ။

ယသ္မိံ - ယင်းသစ္စာတရား၌၊

ဝါ - ယင်းသစ္စာတရားကို၊

ပဇာနံ - သိသည် ရှိသော်၊

ဝါ - သိသော၊ ပဇာ - နတ် လူ ဗြဟ္မာ အရိယာပုဂ္ဂိုလ်သည်၊

နော ဝိဝဒေ - မငြင်းခုံတော့ပေ။

တေ - အမှန်တရားကို၊

နာနာ သစ္စာနိ - အမျိုးမျိုး အထွေထွေ များစွာသော သစ္စာတရားတို့ကို၊

သယံ - ကိုယ်တိုင် အကြံမျှဖြင့် တွေးဆကြံစည်ကြ၍၊

ထုနန္တိ - မိမိတို့၏ အမှန်တရားကို ချီးမွမ်းပြောဆိုနေကြသည်။

တသ္မာ - ထိုသို့ မိမိထင်ခြေဖြင့် အမျိုးမျိုး ဟောပြောနေကြသောကြောင့်၊

သမဏာ - သမဏ အမည်ခံ ပုဂ္ဂိုလ်တို့သည်၊

န ဧကံ ဝဒန္တိ - အမှန်တရားကို တစ်ပါးတည်း မဟောကြဘဲ များစွာ ဟောကြသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၈)

ကသ္မာ နု သစ္စာနိ ဝဒန္တိ နာနာ၊

ပဝါဒိယာသေ ကုသလာဝဒါနာ။

သစ္စာနိ သူတာနိ ဗဟူနိ နာနာ၊

ဥဒါဟု တေ တက္က မနုဿရ န္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊

ကုသလာဝဒါနာ - အရာရာတွင် ကျွမ်းကျင်လိမ္မာသည့် ပညာရှိဟု ဝန်ခံသော ပုဂ္ဂိုလ်တို့သည်၊

နာနာ - အသီးအသီး သော အမှန်သစ္စာတရားတို့ကို၊

ပဝါဒိယာသေ - စိတ်အားထက်သန်စွာ ဟောပြောကုန် လျက်၊

သစ္စာနိ - များစွာသော အမှန်တရားတို့ကို၊

ကသ္မာ - အဘယ့်ကြောင့်၊

ဝဒန္တိ နု - ဟောကြပါကုန်သနည်း။

နာနာ - အမျိုးအထွေထွေ ကွဲပြားကုန်သော၊

ဗဟူနိ သစ္စာနိ - များစွာသော သစ္စာတို့ကို၊

သူတာနိ -သုတာနိ - ကြားအပ်ပါကုန်သလော၊

ဝါ - ကြားဖူး သည်ဖြစ်၍ ဟောကြပါသလော။

ဥဒါဟု - ထိုသို့မဟုတ်ပါမူ၊

တေ - ထို ဘာသာရေး ဆရာတို့သည်၊

တက္ကံ - မိမိ၏ အတွေးအကြံသို့၊

အနုဿရ န္တိ - အစဉ်လိုက်ကြ ပါကုန် သလော၊

(ဝါ) - အစဉ်လိုက်၍ ဟောကြပါကုန်သလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

နဟေ၀ သစ္စာနိ ဗဟူနိ နာနာ၊

အညတြ သညာယ နိစ္စာနိ လောကေ။

တက္ကဉ္စ ဒိဋ္ဌီသု ပကပ္ပယိတွာ၊

သစ္စံ မုသာတိ ဒွယဓမ္မ မာဟု။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

သညာယ - ဖောက်ပြန်စွာ မှတ်သားမှု သညာကို၊

အညတြ - ကြဉ်ထား၍၊

လောကေ - လောက၌၊

နိစ္စာနိ - မြဲကုန်သော၊

နာနာ - အထွေထွေ အစားစား ကွဲပြားကုန်သော၊

ဗဟူနိ သစ္စာနိ - များစွာကုန်သော သစ္စာ တို့သည်၊

န ဟေ၀ သန္တိ - မရှိကြသည်သာလျှင်တည်း။

တက္ကဉ္စ - ကြံစည်တွေးဆခြင်းကိုလည်း၊

ဒိဋ္ဌီသု - မိမိယုံကြည် နှစ်သက်သော အယူတို့၌၊

ပကပ္ပယိတွာ - အဖန်ဖန် လေ့လာသောအားဖြင့် ဖြစ်ပွားစေ၍၊

သစ္စံ - မိမိ အယူသာမှန်သည်၊

မုသာ - အခြားသူတို့၏ အယူကား အချည်းနှီး အလကား အမှား သာတည်း။

ဣတိ - ဤသို့၊

ဒွယ ဓမ္မံ - အမှန်နှင့်အမှား နှစ်ပါးသောတရားကို၊

အာဟု - ဟောပြောနေကြလေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ၊

ဧတေ စ နိဿာယ ဝိမာနဒဿီ။

ဝိနိစ္ဆယေ ဌတွာ ပဟဿမာနော၊

ဗာလော ပရော အက္ကုသလောတိ စာဟ။

စ - ထိုမှတစ်ပါး ဟောပြောပုံကား၊

ဒိဋ္ဌေ ဝါ - မြင်ရသည်၌ သော်လည်းကောင်း၊

ဝါ - ဒိဋ္ဌမင်္ဂလာအယူကို သော်လည်းကောင်း၊

သုတေ ဝါ - ကြားရသည်၌ သော်လည်း ကောင်း၊

ဝါ - သုတမင်္ဂလာအယူကို သော်လည်းကောင်း၊

သီလဝတေ ဝါ - အလေ့ အကျင့်၌ သော်လည်းကောင်း၊

ဝါ - သီလဗ္ဗတပရာမာသ အယူကို သော်လည်းကောင်း၊

မုတေ ဝါ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရသည်၌ သော်လည်းကောင်း၊

ဝါ - မုတမင်္ဂလာ အယူကို သော်လည်းကောင်း၊

ဧတေ - ဤ အယူတို့ကို၊

နိဿာယ - မှီ၍၊

ဝိမာနဒဿီ - နှလုံးမသာဖွယ် ရှုတ်ချဖွယ်ကို မြင်တွေ့သော်လည်း၊

ဝိနိစ္ဆယေ ဌတွာ - မူလရင်းအယူ အဆုံးအဖြတ်၌ မြဲမြံစွာတည်၍၊

ပဟဿ မာနော - ရွှင်ပျလျက်၊

ဝါ - ရွှင်ပျစောစိတ် ရှိလျက်၊

ပရော - အယူကွဲပြား အခြားသူသည်၊

ဗာလော - မသိ တတ်သော၊

အက္ကုသလော - မကျွမ်းကျင်သောသူတည်း။

ဣတိ စ - ဤသို့လည်း၊

အာဟ - ရှုတ်ချ ပြောဆိုလေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

ယေနေ၀ ဗာလောတိ ပရံ ဒဟာတိ၊

တေနာတုမာနံ ကုသလောတိ စာဟ။

သယ မတ္တနာ သော ကုသလောဝဒါနော၊

အညံ ဝိမာနေတိ တဒေ၀ ပါဝ။

ဧဝံ သတိ - ဤသို့ ရှုတ်ချ ပြောဆိုလတ်သော်၊

ယေနေ - အကြင် အယူဖြင့်၊

ပရံ - အယူကွဲပြားသည့် သူတပါးကို၊

ဗာလောတိ ဒဟာတိ - မသိမလိမ္မာသူ လူယုတ်လူညံ့ ဟူ၍ ရှုတ်ချပြောဆိုထား၏။

တေနေ၀ - ထို အယူဖြင့်ပင်လျှင်၊

အာတုမာနံ - မိမိကိုယ်ကို၊

ကုသလောတိ စ - တတ်သိ ကျွမ်းကျင်သူ ပညာရှိဟူ၍လည်း၊

အာဟ - ပြောဆို ချီးမြှောက်၏။

သော - သူတပါးကို ရှုတ်ချ၍ မိမိကိုယ်ကို အမွှန်းတင်သော ထိုသူသည်၊

အတ္တနာ-အတ္တာနံ - မိမိကိုယ်ကို၊

သယံ - ကိုယ်တိုင်သာလျှင်၊

ကုသလောဝဒါနော - ပညာရှိဟုဆိုလျက်၊

အညံ - အယူကွဲပြား အခြားသူကို၊

ဝိမာနေတိ - ရှုတ်ချနေ၏။

တဒေ၀ - ထို မိမိအယူကိုသာလျှင်၊

ပါ၀ - စိတ်အားထက်သန်စွာ ပြောဆိုနေချေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၂)

အတိသာရ ဒိဋ္ဌိယာ ၀ သော သမတ္တော၊

မာနေန မတ္တော ပရိပုဏ္ဏမာနီ။

သယမေ၀ သာမံ မနသာဘိသိတ္တော၊

ဒိဋ္ဌီ ဟိ သာ တဿ တထာ သမတ္တာ။

သော - မိမိကိုယ်ကို ကျွမ်းကျင်သူဆို၍ သူတပါးကို ရှုတ်ချလျက် မိမိအယူဝါဒကို ထက်သန်စွာ ဟောပြောနေသော ထိုသူသည်၊

အတိသာရ ဒိဋ္ဌိယာ - အကြောင်း လက္ခဏာ ဌာနဟူသော အနှစ်သာရကို ကျော်လွန်သော အယူဖြင့်၊

ဝါ - အနှစ်သာရ ကင်းသောအယူဖြင့်၊

သမတ္တော - ပြည့်ဝစုံလင်သည်ဖြစ်၍၊

မာနေန - မိမိအယူကို စွဲမှီသော မာန်မာနဖြင့်၊

မတ္တော - ယစ်မူး တက်ကြွလျက်၊

ပရိပုဏ္ဏမာနီ - တင်းတင်း ပြည့်၀ အလွန်တက်ကြွသော မာန်မာန ရှိနေချေသည်။

သယမေ၀ - မိမိကိုယ်တိုင် သာလျှင်၊

သာမံ - မိမိကိုယ်ကို၊

မနသာ - စိတ်နေစိတ်ထားဖြင့်၊

အဘိသိတ္တော - တတ်သိကျွမ်းကျင် ပညာရှင်ဟု အဘိသိက် သွန်းရာလည်း ရောက်နေ ချေ၏။

ဟိ - အကြောင်းကား၊

တဿ - ထိုသူ၏၊

သာ ဒိဋ္ဌိ - အနှစ်မဲ့သော ထိုဒိဋ္ဌိသည်၊

တထာ - ထိုသို့ အလွန် အထင်ကြီးအောင်၊

ပညာရှင်ဟု အဘိသိက် သွန်းရာရောက်အောင်၊

သမတ္တာ - တင်းကြပ်များစွာ ပြည့်ဝလျက်ရှိချေသည်။

ဝါ - ပြည့်ဝလျက်ရှိသော ကြောင့် ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

ပရဿ စေ ဟိ ဝစသာ နိဟီနော၊

တုမော သဟာ ဟောတိ နိဟီနပညော။

အထ စေ သယံ ဝေဒဂု ဟောတိ ဓီရော၊

န ကောစိ ဗာလော သမဏေသု အတ္ထိ။

ဟိ - မိမိကိုယ်ကို ချီးမြှောက်၍ သူတပါးအား နှိမ့်ချခြင်း၌ အပြစ်ကို ပြရလျှင်၊

ပရဿ - သူတပါး၏၊

ဝစသာ - နှိမ်ချသည့်စကားဖြင့်၊

နိဟီနော - ယုတ်ညံ့သောသူ သည်၊

စေသိယာ - အကယ်၍ ဖြစ်ငြားအံ့၊

တုမော - နှိမ်ချပြောဆိုသော ထိုသူသည်၊

သဟ - နှိမ်ချခံရသောသူနှင့် အတူတကွ၊

နိဟီနပညော - အသိဉာဏ် ယုတ်ညံ့သူသည်၊

ဟောတိ - ဖြစ်၏။

အထ - ထိုသို့ မဟုတ်မူ၍၊

သယံ - နှိမ်ချပြောဆိုသူ ကိုယ်တိုင်ကမူ၊

ဝေဒဂူ - ဉာဏ်ပညာဖြင့် ရောက်တတ်သိတတ်သော၊

ဓီရော - ပညာရှိသည်၊

စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊

သမဏေသု - သမဏအမည်ခံ ဘာသာရေးငြင်းခုံသူ ပုဂ္ဂိုလ်တို့တွင်၊

ကောစိ ဗာလော - လူယုတ် လူညံ့ တစ်စုံ တစ်ယောက်မျှ၊

န အတ္ထိ - မရှိတော့ လေရာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၄)

အညံ ဣတော ယာဘိဝဒန္တိ ဓမ္မံ၊

အပရဒ္ဓါ သုဒ္ဓိ မကေဝလီ တေ။

ဧဝမ္ပိ တိတ္ထျာ ပုထုသော ဝဒန္တိ၊

သန္ဒိဋ္ဌိရာဂေန ဟိ တေဘိရတ္တာ။

ဣတော - ငါတို့၏ ဤအယူဝါဒတရားမှ၊

အညံ ဓမ္မံ - အခြား ဘာသာရေးတရားကို၊

ယေ - အကြင် ပုဂ္ဂိုလ်တို့သည်၊

အဘိဝဒန္တိ - အမွန်အမြတ် ထား၍ ဟောကြား ကုန်၏။

တေ - ထို ပုဂ္ဂိုလ်တို့သည်၊

သုဒ္ဓိံ - စင်ကြယ်သော အကျင့်လမ်းကို၊

ဝါ - စင်ကြယ်သော အကျင့်လမ်းမှ၊

အပရဒ္ဓါ - ချွတ်ချော်တိမ်းပါး လွဲမှားကြသည်ဖြစ်၍၊

အကေဝလီ - မပြည့်စုံဘဲ ယုတ်ညံ့ကုန်သည်၊

ဟောန္တိ - ဖြစ်ကုန်၏။

ဧဝမ္ပိ - ဤသို့လည်း၊

ပုထုသော တိတ္ထျာ - များစွာသော တိတ္ထိတို့သည်၊

ဝဒန္တိ - ပြောဆိုကြကုန်၏။

ဟိ - ထိုသို့ ပြောဆိုကြခြင်း၏ အကြောင်းကား၊

တေ - ထို တိတ္ထိတို့သည်၊

သန္ဒိဋ္ဌိရာဂေန - မိမိ၏အယူ၌ တပ်စွဲသောရာဂဖြင့်၊

အဘိရတ္တာ - လွန်လွန်ကဲကဲ တပ်စွဲနေကြပါကုန်၏။

တသ္မာ - ထို့ကြောင့်ပေတည်း။

ဝါ - လွန်လွန်ကဲကဲ တပ်စွဲနေကြသောကြောင့် ထိုသို့ ပြောဆိုနေကြပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဣဓေ၀ သု ဒ္ဓိံ ဣတိ ဝါဒယန္တိ၊

နာညေသု ဓမ္မေသု ဝိသုဒ္ဓိ မာဟု။

ဧဝမ္ပိ တိတ္ထျာ ပုထုသော နိဝိဋ္ဌာ၊

သကာယနေ တတ္ထ ဒဠှံ ဝဒါနာ။

အဘိရတ္တာ - မိမိတို့အယူ၌ အလွန်အကဲ တပ်စွဲကုန်သော၊

ပုထုသော တိတ္ထျာ - များစွာကုန်သော တိတ္ထိတို့သည်၊

ဣတိ - ဤ ဆိုခဲ့သည့်အတိုင်း၊

ဣဓေ၀ - ဤ မိမိတို့အယူ၌သာလျှင်၊

သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

ဝါဒယန္တိ - ပြောဆိုကြကုန်၏။

အညေသု - မိမိတို့အယူမှ တစ်ပါးကုန်သော၊

ဓမ္မေသု - တရားတို့၌၊

ဝိသုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

န အာဟု - မဆိုကြကုန်၊

ဝါ - မစင်ကြယ်ခြင်းကို ဆိုကြကုန်၏။

ဧဝမ္ပိ - ဤပုံ ဤနည်းအားဖြင့်လည်း၊

သကာယနေ - မိမိတို့၏ အယူဝါဒ အကျင့်လမ်း၌၊

နိဝိဋ္ဌာ - သက်ဝင်လျက် တည်နေကုန်၏။

တေ - ထို တိတ္ထိတို့သည်၊

တတ္ထ - ထို မိမိတို့၏ အယူဝါဒ အကျင့်လမ်း၌၊

ဒဠှံ ဝဒါနာ - ခိုင်မြဲသည်ဟု ဆိုကုန်၏။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၆)

သကာယနေဝါပိ ဒဠှံဝဒါနော၊

ကမေတ္ထ ဗာလောတိ ပရံ ဒဟေယျ။

သယမေ၀ သော မေဓဂ မာဝဟေယျ၊

ပရံ ဝဒံ ဗာလ မသုဒ္ဓိဓမ္မံ။

သကာယနေ ဧ၀ - မိမိ၏ အယူဝါဒ အကျင့်လမ်း၌သာလျှင်၊

ဒဠှံ ဝဒါနောပိ - ခိုင်မြဲသည်ဟု ဆိုနိုင်သော်လည်း၊

ဧတ္ထ - အယူဝါဒ အသီးသီးရှိကြသော ဤသူတို့တွင်၊

ကံ ပရံ - အဘယ် အခြားသူကို၊

ဗာလောတိ - မသိ မလိမ္မာသူ လူညံ့ဟူ၍၊

ဒဟေယျ - ချထားနိုင် ရှုတ်ချပြောဆိုနိုင်ရာအံ့နည်း။

ဝါ - မပြောမဆို နိုင်ရာပါ။

ပရံ - အယူကွဲပြားသည့် သူတပါးကို၊

သုဒ္ဓိဓမ္မံ - မစင်ကြယ်သည့် အယူ အကျင့် တရားရှိသော၊

ဗာလံ - မသိမလိမ္မာသူ လူယုတ်လူညံ့ဟူ၍၊

ဝဒံ ဝဒန္တော - ရှုတ်ချ ပြောဆိုလျှင်၊

ဝါ - ပြောဆိုသော၊

သော - ထိုသူသည်၊

သယမေ၀ - မိမိကိုယ်တိုင်ပင်၊

မေဓဂံ - ငြင်းခုံခြင်းကို၊

အာဝဟေယျ - ဆောင်လာရာ ရောက်၏။

ဝါ - ဆောင်လာသူ ဖြစ်ရာ၏။ အခြားအယူ ရှိသူကလည်း သူ့အယူနှင့်သူ စွဲမြဲနေသောကြောင့် ထိုအခြားသူကို၊

ဗာလ - လူညံ့ဟု မဆိုထိုက်ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၇) ရှေ့ပိုင်း

ဝိနိစ္ဆယေ ဌတွာ သယံ ပမာယ၊

ဥဒ္ဓံ သ လောကသ္မိံ ဝိဝါဒ မေတိ။

သ သော - ငြင်းခုံခြင်းကို ဆောင်လာရာ ရောက်သည်ဟု ဆိုအပ်သော ထိုအယူ သည်းသူသည်၊

ဝိနိစ္ဆယေ - မိစ္ဆာအယူ အဆုံးအဖြတ်၌၊

ဌတွာ - စွဲမြဲစွာ တည်ပြီး၍၊

သယံ - မိမိကိုယ်တိုင်၊

ဝါ - မိမိကိုယ်တိုင် ဉာဏ်ဖြင့်၊

ပမာယ - မိစ္ဆာအယူကို ဟောကြားသူနှင့် ယင်းအယူဝါဒကို နှိုင်းချိန်ပြီးလျှင်၊

ဥဒ္ဓံ - ထိုမှ အထက်ဖြစ်သော နောက်ကာလ၌၊

လောကသ္မိံ - လောက၌၊

ဝိဝါဒံ - ငြင်းခုံခြင်းသို့၊

ဧတိ - ရောက်လေ တော့သည်။

နောက်ဆုံးညွှန်ကြားတော်မူပုံ ဂါထာ (၁၇-ခ)

ဟိတွာန သဗ္ဗာနိ ဝိနိစ္ဆယာနိ၊

န မေဓဂံ ကုဗ္ဗတိ ဇန္တု လောကေ။

သဗ္ဗာနိ - အလုံးစုံကုန်သော၊

ဝိနိစ္ဆယာနိ - မိစ္ဆာအယူ အဆုံးအဖြတ်တို့ကို၊

ဟိတွာန - စွန့်ပယ်ပြီး၍ တည်သော၊

ဝါ - စွန့်ပယ်ပြီးသော၊

ဇန္တု - အရိယာပုဂ္ဂိုလ် သည်၊

ဝါ - ရဟန္တာ ပုဂ္ဂိုလ်သည်၊

လောကေ - နတ် လူ ဗြဟ္မာ သတ္တဝါများဟူသော လောကထဲ၌၊

မေဓဂံ - ငြင်းခုံခြင်းကို၊

န ကုဗ္ဗတိ - မပြုတော့သည်သာတည်း။

စူဠဗျူဟသုတ္တံ နိဋ္ဌိတံ။

jmkdcmcydlk449jicht50we13bktyek
18975
18966
2025-07-03T01:36:58Z

jhec030wrlo77frhj9457tar7xr1ih5
မဟာဗျူဟသုတ် ပါဌ်-နိဿယ
0
5812
18967
2025-07-03T01:21:50Z
Tejinda
173
"{{header | title = မဟာဗျူဟသုတ် ပါဌ်-နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာဗျူဟသုတ် ပါဌ်-န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18967
wikitext
text/x-wiki
{{header
| title = မဟာဗျူဟသုတ် ပါဌ်-နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာဗျူဟသုတ် ပါဌ်-နိဿယ
| previous = [[စူဠဗျူဟသုတ် ပါဌ်-နိဿယ]]
| previous2 =
| next = [[တုဝဋ္ဋကသုတ် ပါဌ်-နိဿယ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

မဟာဗျူဟသုတ် ပါဌ်-နိဿယ

▬▬▬ஜ۩۞۩ஜ▬▬▬▬

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ယေ ကေစိ မေ ဒိဋ္ဌိပရိဗ္ဗသာနာ၊

ဣဒမေ၀ သစ္စန္တိ ဝိဝါဒယန္တိ။

သဗ္ဗေ၀ တေ နိန္ဒမနွာနယန္တိ၊

အထော ပသံသမ္ပိ လဘန္တိ တတ္ထ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

ယေ ကေစိ - အလုံးစုံကုန်သော၊

ဒိဋ္ဌိပရိဗ္ဗသာနာ - မိစ္ဆာဒိဋ္ဌိဟူသော အိမ်၌နေကုန်သော၊

ဝါ - မိစ္ဆာဒိဋ္ဌိ အယူသည်းနေ ကုန်သော၊

ဣမေ - ဤ တိတ္ထိပရိဗိုဇ်တို့သည်၊

ဣဒမေ၀ သစ္စန္တိ - ဤအယူသာ မှန်သည်ဟူ၍၊

ဝိဝါဒယန္တိ - ငြင်းခုံနေကြကုန်၏။

သဗ္ဗေ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊

တေ - ထို ငြင်းခုံနေသော သူတို့သည်၊

နိန္ဒံ - ကဲ့ရဲ့ခြင်းကို၊

အနွာနယန္တိ - အဖန်ဖန် ဆောင်ယူကုန်သလော၊

ဝါ - ရရှိကြပါကုန်သလော၊

အထော - ထိုသို့မဟုတ် မူ၍၊

တတ္ထ - ထို ငြင်းခုံခြင်းကြောင့်၊

ပသံသမ္ပိ - ချီးမွမ်းခြင်းကိုလည်း၊

လဘန္တိ - ရကြ ပါကုန်သေးသလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

အပ္ပံ ဟိ ဧတံ န အလံ သမာယ၊

ဒုဝေ ဝိဝါဒဿ ဖလာနိ ဗြူမိ။

ဧတမ္ပိ ဒိသွာ န ဝိဝါဒယေထ၊

ခေမာ ဘိပဿံ အဝိဝါဒ ဘူမိံ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

ဧတံ - ဤ အချီးအမွမ်း ခံရခြင်းသည်၊

အပ္ပံ ဟိ - အနည်းငယ်မျှ သာလျှင်တည်း၊

သမာယ - ရာဂစသော ကိလေသာငြိမ်းရန်၊

န အလံ - မစွမ်းနိုင်သည် သာလျှင်တည်း၊

ဝိဝါဒဿ - ငြင်းခုံခြင်း၏၊

ဖလာနိ ဒုဝေ - အကျိုးတို့ သည် နှစ်ပါးတို့ ဟူ၍၊

ဝါ - နှစ်ပါးသော အကျိုးတို့ကို၊

ဗြူမိ - ငါဘုရားက ဟော ပါသည်။

ဧတမ္ပိ - ဤ ငြင်းခုံမှု၏ အကျိုးဖြစ်သော အပြစ်ကိုလည်း၊

ဒိသွာ - သိမြင်ပြီး၍၊

အဝိဝါဒ ဘူမိံ - ငြင်းခုံမှုကင်းရာ နိဗ္ဗာန်ကို၊

ခေမာ - ဘေးငြိမ်းရာ ဟူ၍၊

အဘိပဿံ - အမြတ်ထားကာ ရှုစားမျှော်လင့်သည်ဖြစ်၍၊

န ဝိဝါဒယေထ - မငြင်းခုံဘဲ ရှိရာတော့ သတည်း။

အဖြေဂါထာ (၃)

ယာ ကာစိမာ သမ္မုတိယော ပုထုဇ္ဇာ၊

သဗ္ဗာ၀ ဧတာ န ဥပေတိ ဝိဒွါ။

အနုပယော သော ဥပယံ ကိမေယျ၊

ဒိဋ္ဌေ သုတေ ခန္တိ မကုဗ္ဗမာနော။

ယာ ကာစိ - အလုံးစုံကုန်သော၊

ဣမာ သမ္မုတိယော - သမုတ်ဟောဆိုထား သော ဤအယူဝါဒတို့သည်၊

ပုထုဇ္ဇာ - ဘာသာရေးဆရာ အများကြောင့် ဖြစ်ကုန်၏။

သဗ္ဗာ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊

ဧတာ - ဤ ဘာသာရေး အယူဝါဒတို့ကို၊

ဝိဒွါ - ဘုရားတပည့် ပညာရှိသည်၊

န ဥပေတိ - မချဉ်းကပ်ပေ။

သော - ဘုရားတပည့် ရဟန္တာပညာရှိသည်၊

အနုပယော - ကပ်ငြိတွယ်တာတတ်သော တဏှာနှင့်ဒိဋ္ဌိ ကင်းသည်ဖြစ်၍၊

ဥပယံ - ကပ်ငြိတွယ်တာအပ်သော၊

ကိံ - အဘယ်အရာသို့၊

ဧယျ - ကပ်ရောက်ရာအံ့နည်း။

ဝါ - ဘယ်အရာသို့မျှ တဏှာဒိဋ္ဌိဖြင့် မကပ်ရောက်ရာ၊

ဒိဋ္ဌေ - မြင်ရသည်၌လည်းကောင်း၊

ဝါ - မြင်ရသည်နှင့်စပ်၍ စင်ကြယ်ခြင်း၌ လည်းကောင်း၊

သုတေ - ကြားရသည်၌ လည်းကောင်း၊

(မုတေ - နံလျက် စားလျက် ထိလျက် ရောက်ရသည်၌ လည်းကောင်း၊

ဝါ - ရောက်ရသည်နှင့်စပ်၍ စင်ကြယ်ခြင်း၌ လည်းကောင်း၊)

ခန္တိံ - နှစ်သက်ခြင်းကို၊

အကုဗ္ဗမာနော - မပြုသည်၊

ဟောတိ - ဖြစ်၏။

အဖြေဂါထာ (၄)

သီလုတ္တမာ သညမေနာဟု သုဒ္ဓိံ၊

ဝတံ သမာဒါယ ဥပဋ္ဌိတာသေ။

ဣဓေ၀ သိက္ခေမ အထဿ သုဒ္ဓိံ၊

ဘဝူပနီတာ ကုသလာဝဒါနာ။

သီလုတ္တမာ - သီလလျှင် အမြတ်ရှိသော သူတို့သည်၊

ဝါ - သီလကို အမြတ်ဆုံး ဟု အယူရှိသောသူတို့သည်၊

သညမေန - ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းခြင်းဖြင့်၊

သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

ဝါ - သံသရာဆင်းရဲမှ လွတ်မြောက်ခြင်းကို၊

အာဟု - ဟောပြော ပြဆိုကြကုန်၏။

တေ - ထိုသူတို့သည်၊

ဝတံ - နွား ခွေး စသည်တို့၏အကျင့် နတ် သိကြားစသည်ကို ကိုးကွယ်သော အကျင့်ကို၊

ဥပဋ္ဌိတာ - ကပ်ရောက်စွဲမှီလျက် တည်ကြကုန်၏။

တေ - ထို သီလဗ္ဗတ အယူရှိသူတို့သည်၊

ဣဓေ၀ - ဤ အယူ၌သာလျှင်၊

သိက္ခေမ - ကျင့်ကုန်အံ့။

ဣတိ - ဤသို့ ကြံကုန်၏။

အဿ - အယူဝါဒကို ဟောပြ သော ထိုဆရာ၏၊

ဝါ - ထိုအယူ၏၊

သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

အာဟု - ဆိုကုန်၏။

တေ - ထိုသူတို့သည်၊

ဘဝူပနီတာ - သီလဝတ အယူအစွဲက ဘဝသို့ ဆောင်ကပ်အပ်ကုန် သည်၊

ဝါ - ဘဝ၌ ကပ်ငြိလျက် ရှိကုန်သည်၊

ဟောန္တိ - ဖြစ်ကုန်၏။

ပန - သို့သော် လည်း၊

ကုသလာဝဒါနာ - တတ်သိကျွမ်းကျင်သည့် ပညာရှိဟု ဝန်ခံကြကုန်၏။

အဖြေဂါထာ (၅)

သစေ စုတော သီလဝတတော ဟောတိ၊

ပဝေဓတီ ကမ္မ ဝိရာဓယိတွာ။

ပဇပ္ပတီ ယတ္ထယတီ စ သုဒ္ဓိံ၊

သတ္ထာ၀ ဟီနော ပဝသံ ဃရမာ။

သော - ထို သီလဗ္ဗတ အယူရှိသူသည်၊

သီလဝတတော - သူကျင့်သုံးနေသော အလေ့အကျင့်မှ၊

စုတော - ရွေ့လျောပျက်စီးသွားသည်၊

စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊

ကမ္မံ - ပြုသင့်သော အလေ့အကျင့် အမှုကံကို၊

ဝိရာဓယိတွာ - ချွတ်ယွင်း စေသောကြောင့်၊

ပဝေဓတိ - စိုးရိမ်ပူပန်သောအားဖြင့် လှုပ်ရှားလေတော့၏။

သုဒ္ဓိံ - သံသရာဆင်းရဲမှ လွတ်မြောက်ခြင်း ဟူသော စင်ကြယ်ခြင်းကို၊

ပဇပ္ပတိ - ယောင်ယမ်း တသ၏၊

ပတ္ထယတီ စ - တောင့်တလည်း တောင့်တ၏။

ဃရမာ - အိမ်မှ၊

ပဝသံ - ထွက်ခွါကွေကွင်း ခဲ့သောသူသည်၊

သတ္ထာ - ခရီးသွားဖော် မှီရာကုန်သည်အပေါင်းမှ၊

ဟီနော - ကျန်ရစ်ခဲ့သည်ဖြစ်၍၊

ပဇပ္ပတိ ပတ္ထယတိ ဣ၀ - ကုန်သည်အပေါင်းတို့သို့ အမှီလိုက်ရန် မိမိအိမ်သို့ပြန်ရန် ကြံဖန်မျှော်မှန်း ယောင်ယမ်းတသ တောင့်တနေဘိ သကဲ့သို့ ပင်တည်း။

အဖြေဂါထာ (၆)

သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ၊

ကမ္မဉ္စ သာဝဇ္ဇ နဝဇ္ဇမေတံ။

သုဒ္ဓိံ အသုဒ္ဓိန္တိ အပတ္ထယာနော၊

ဝိရတော စရေ သန္တိ မနုဂ္ဂဟာယ။

တသ္မာ - ထို့ကြောင့်၊

သဗ္ဗံ - အလုံးစုံသော၊

သီလဗ္ဗတံ ဝါပိ - အလေ့အကျင့် ဟူသမျှကိုလည်း၊

ဝါ - သီလဗ္ဗတ အယူဝါဒ ဟူသမျှကိုလည်း၊

ပဟာယ - ပယ်စွန့်၍၊

သာဝဇ္ဇံ - အပြစ်ရှိသော၊

အနဝဇ္ဇံ - အပြစ်ကင်းသော၊

ဧတံ ကမ္မဉ္စ - ဤ အကုသိုလ်ကံ ကုသိုလ်ကံ ၂-ပါးကိုလည်း၊

ပဟာယ - ပယ်စွန့်၍၊

သုဒ္ဓိံ - ဆင်းရဲကင်းရှင်း စင်ကြယ် ခြင်းကို လည်းကောင်း၊

အသုဒ္ဓိံ - မကင်းရှင်း မစင်ကြယ်ခြင်းကို လည်းကောင်း၊

ဣတိ - ဤနှစ်ပါးလုံးကို၊

အပတ္ထယာနော - မတောင့်တမူ၍၊

ဝိရတော - စင်ကြယ် မစင်ကြယ်ကို (လိုလားခြင်းမှ) ကြဉ်ပယ် ကင်းရှင်းလျက်၊

သန္တိံ - မိစ္ဆာအယူဟူသော သန္တိကို၊

အနုဂ္ဂဟာယ - မယူမစွဲ မူ၍၊

စရေ - နေရတော့သတည်း။

အဖြေဂါထာ (၇)

တမူပနိဿာယ ဇိဂုစ္ဆိတံ ဝါ၊

အထ ဝါပိ ဒိဋ္ဌံ ၀ သုတံ မုတံ ဝါ။

ဥဒ္ဓံသရာ သုဒ္ဓိ မနုတ္ထုနန္တိ၊

အဝီတတဏှာ သေ ဘဝါ ဘဝေသု။

ဥဒ္ဓံသရာ - သေသည်မှ အထက်ဖြစ်သော နောက်ကာလ၌ ရှိမြဲရှိနေသည်ဟု ယူသော သဿတဝါဒီ ပုဂ္ဂိုလ်တို့သည်၊

ဇိဂုစ္ဆိတံ - မကောင်းမှုကို စက်ဆုပ်သော၊

တံ ဝါ တပံ - ပင်ပန်းစွာကျင့်သော ထိုအကျင့်ကို မူလည်း၊

ဥပနိဿာယ - အမှီပြု၍၊

အထ ဝါပိ - ထိုမှတစ်ပါးလည်း၊

ဒိဋ္ဌံ ဝါ - ဒိဋ္ဌ မင်္ဂလာကိုသော်လည်းကောင်း၊

သုတံ ဝါ - သုတ မင်္ဂလာကိုသော် လည်းကောင်း၊

မုတံ ဝါ - မုတ မင်္ဂလာကိုသော် လည်းကောင်း၊

ဥပနိဿာယ - အမှီပြု၍၊

အနုတ္ထုနန္တိ - အဖန်ဖန် ချီးကျူးပြောဟောကုန်၏၊

တေ - ထိုသူတို့သည်၊

ဘဝါ ဘဝေသု - ဘဝကြီးငယ်တို့၌၊

အဝီတ တဏှာ - မကင်းသော တဏှာရှိကြကုန်၏။

ဝါ - တဏှာမကင်းကြသည်ဖြစ်၍ ထိုသို့ ပြောဟောနေကြသည်။

အဖြေဂါထာ (၈-က)

အတ္ထယမာနဿ ဟိ ဇပ္ပိတာနိ၊

အဝေဓိတံ ဝါပိ ပကပ္ပိတေသု။

ဟိ - အပြစ်ကို ဖော်ပြရလျှင်၊

ပတ္ထယမာနဿ - ဘ၀ တဏှာမကင်းသေး၍ တောင့်တနေသူအား၊

ဇပ္ပိတာနိ - ယောင်ယမ်း တသခြင်းတို့သည်၊

ဟောန္တိ - ဖြစ်ကုန်၏။

ပကပ္ပိတေသု - ကြံတွေးမိသော အရာတို့၌၊

ပဝေဓိတံ ဝါပိ - စိုးရိမ်ပူပန်လျက် လှုပ်ရှားခြင်းသည်လည်း၊

ဟောတိ - ဖြစ်၏။

အဖြေဂါထာ (၈-ခ)

စုတူပပါတော ဣဓ ယဿ နတ္ထိ၊

သ ကေန ဝေဓေယျ ကု ဟိံ ၀ ဇပ္ပေ။

ဣဓ - ဤလောက၌၊

ယဿ - အကြင် ရဟန္တာပုဂ္ဂိုလ်အား၊

စုတူပပါတော - သေခြင်း ဖြစ်ခြင်းသည်၊

ဝါ - ဖြစ်ခြင်း သေခြင်းသည်၊

နတ္ထိ - မရှိ။

သ သော - ထို ဖြစ်ခြင်း သေခြင်း မရှိသော ရဟန္တာပုဂ္ဂိုလ်သည်၊

ကေန - ဘယ်အကြောင်းကြောင့်၊

ဝေဓေယျ - တုန်လှုပ်ရာအံ့နည်း၊

ကုဟိံ ဝါ - အဘယ်၌မူလည်း၊

ဇပ္ပေ - ယောင်ယမ်း တမ်းတရာအံ့နည်း။

နိမ္မိတဘုရား၏ အမေးဂါထာ (၉)

ယမာဟု ဓမ္မံ ပရမန္တိ ဧကေ၊

တမေ၀ ဟီနန္တိ ပနာဟု အညေ။

သစ္စော နု ဝါဒေါ ကတမော ဣမေသံ၊

သဗ္ဗေ၀ ဟီမေ ကုသလာဝဒါနာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊

ဧကေ - အချို့ ဘာသာရေးဆရာ တို့သည်၊

ယံ ဓမ္မံ - အကြင် ဘာသာရေးတရားကို၊

ပရမန္တိ - အမြတ်ဆုံးဟူ၍၊

ဝဒန္တိ - ပြောဆို ဟောကြားကုန်၏။

ပန - သို့သော်လည်း၊

တမေ၀ - ထို ဘာသာရေးတရားကိုပင်၊

အညေ - အခြား ဘာသာရေးဆရာတို့က၊

ဟီနန္တိ - ယုတ်ညံ့သည်ဟူ၍၊

ဝဒန္တိ - ပြောဆို ဟောကြားကုန်၏။

ဣမေသံ - ဤသို့ ပြောဟောငြင်းခုံနေသော သူတို့၏၊

ဝါ - ဤသို့ဆိုသော ဝါဒတို့တွင်၊

ကတမော ဝါဒေါ - အဘယ်ဝါဒသည်၊

သစ္စော နု - အမှန်ဖြစ်ပါသနည်း၊

ဟိ - မေးရခြင်း၏ အကြောင်းကား၊

သဗ္ဗေ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊

ဣမေ - ငြင်းခုံ ပြောဆိုနေကြသော ဤသူတို့သည်၊

ကုသလာဝဒါနာ - ကျွမ်းကျင်တတ်သိ ပညာရှိဟု ဝန်ခံကြပါသည်၊

ဝါ - ဝန်ခံနေကြသောကြောင့် မေးရပါသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

သကံ ဟိ ဓမ္မံ ပရိပုဏ္ဏ မာဟု၊

အညဿ ဓမ္မံ ပန ဟီန မာဟု။

ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊

သကံ သကံ သမ္မုတိ မာဟု သစ္စံ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊

သကံ ဟိ ဓမ္မံ - မိမိ၏ ဘာသာရေး တရားကို သာလျှင်၊

ပရိပုဏ္ဏံ - ပြည့်စုံ ကောင်းမြတ်သည်ဟူ၍၊

ဧတေ - ငြင်းခုံနေသော ဤ ဘာသာရေးဆရာတို့သည်၊

အာဟု - ဖြေဆိုကုန်၏။

အညဿ ဓမ္မံ ပန - အခြားသူ၏ ဘာသာရေး တရားကိုကား၊

ဟီနံ - အယုတ် အညံ့ဟူ၍၊

အာဟု - ဆိုကုန်၏။

ဧဝမ္ပိ - ဤပုံ ဤနည်းဖြင့်လည်း၊

ဝိဂ္ဂယှ - မြဲမြံစွာ ယူကုန်၍၊

ဝိဝါဒယန္တိ - ငြင်းခုံနေကြကုန်၏။

ဧတေ - ဤ ငြင်းခုံနေသော ဘာသာရေးဆရာတို့သည်၊

သကံ သကံ - မိမိဟာ မိမိဟာဖြစ်သော၊

သမ္မုတိံ - အမှန်ဟု သမုတ်ထားသော ဘာသာရေးတရားကို၊

သစ္စံ - အမှန်ဟူ၍၊

အာဟု - ပြောဆိုကြ၏။

အဖြေဂါထာ (၁၁)

ပရဿ စေ ဝမ္ဘယိတေန ဟီနော၊

န ကောစိ ဓမ္မေသု ဝိသေသိ အဿ။

ပုထူ ဟိ အညဿ ဝဒန္တိ ဓမ္မံ၊

နိဟီနတော သမှိ ဒဠှံဝဒါနာ။

ပရဿ - သူတပါး၏၊

ဝမ္ဘယိတေန - ရှုတ်ချခြင်းကြောင့်၊

ဟီနော - ယုတ်ညံ့သည်၊

စေ အဿ - အကယ်၍ ဖြစ်ငြားအံ့၊

ကောစိ - တစ်စုံတစ်ယောက်မျှ၊

ဓမ္မေသု - ဘာသာရေးတရားတို့၌၊

ဝါ - ဘာသာရေးတရားတို့ကြောင့်၊

ဝိသေသီ - ထူးသော ဂုဏ်ရှိသည်၊ ဝါ - ထူးခြားမြင့်မြတ်သည်၊

န အဿ - မဖြစ်ရာတော့သည်သာတည်း။

ဟိ - ထူးခြား မြင့်မြတ်သူ မဖြစ်နိုင်ခြင်း၏ အကြောင်းကား၊

ပုထူ - ဘာသာရေးဆရာ များစွာတို့သည်၊

သမှိ - မိမိ၏ ဘာသာရေးတရား၌၊

ဒဠှံဝဒါနာ - အကောင်းအမြတ် အနေ ဖြင့် မြဲမြံစွာ ပြောဟောကြကုန်လျက်၊

အညဿ ဓမ္မံ - အခြားသူ၏ ဘာသာရေး တရားကို၊

နိဟီနတော - အယုတ်အညံ့အနေအားဖြင့်၊

ဝါ - အယုတ်အညံ့ဟူ၍၊ ဝဒန္တိ - ပြောဟောကြကုန်၏၊

ဝါ - ပြောဟော ကြသောကြောင့်ပေတည်း။

အဖြေဂါထာ (၁၂)

သဒ္ဓမ္မပူဇာပိ နေသံ တထေဝ၊

ယထာ ပသံသန္တိ သကာယနာနိ။

သဗ္ဗေ၀ ဝါဒါ တထိယာ ဘဝေယျုံ၊

သုဒ္ဓီ ဟိ နေသံ ပစ္စတ္တမေဝ။

ယထာ - အကြင် အခြင်းအရာဖြင့်၊

သကာယနာနိ - မိမိ၏ တည်မှီရာ အယူဝါဒတို့ကို၊

ပသံသန္တိ - မှန်ကန်သည် မြင့်မြတ်သည်ဟု ချီးမွမ်းကုန်၏။

တထာ - ထိုသို့ ချီးမွမ်းသော အခြင်းအရာဖြင့်၊

နေသံ - ထို ဘာသာရေး ပုဂ္ဂိုလ်တို့၏၊

သဒ္ဓမ္မပူဇာပိ - သဒ္ဓမ္မဟု ဆိုအပ်သော မိမိတရားကို ပူဇော်ခြင်းသည်လည်း၊

တထေ၀ - မှန်ကန်သည်သာလျှင်၊

စေ သိယာ - အကယ်၍ ဖြစ်ငြားအံ့၊

ဧဝံ - ဤသို့ ဖြစ်ပါမူ၊

သဗ္ဗေ၀ ဝါဒါ - ဘာသာရေးဝါဒ အကုန်လုံးတို့ပင်လျှင်၊

တထိယာ - အမှန်တို့ချည်းသာ၊

ဘဝေယျုံ - ဖြစ်ကုန်ရာသည်။

ဟိ - ထိုသို့ အမှန်ချည်းဖြစ်ခြင်း၏ အကြောင်းကား၊

နေသံ - ထို ဘာသာရေး ပုဂ္ဂိုလ်တို့၏၊

သုဒ္ဓိ - စင်ကြယ်ခြင်း- ဆင်းရဲမှ လွတ်မြောက်ခြင်းသည်၊

ပစ္စတ္တမေ၀ - အသီးသီးသော မိမိ၏သန္တာန်၌ ဖြစ်ကြကုန်သည်ချည်းပင်။

ဝါ - အသီးသီးသော မိမိ၏ သန္တာန်၌ ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ပေတည်း။

အဖြေဂါထာ (၁၃)

န ဗြဟ္မဏဿ ပရနေယျ မတ္ထိ၊

ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ။

တသ္မာ ဝိဝါဒါနိ ဥပါတိဝတ္တော၊

န ဟိ သေဋ္ဌတော ပဿတိ ဓမ္မမညံ။

ဗြဟ္မဏဿ - မကောင်းမှု အကုသိုလ်ဟူသမျှကို အပပြုပြီး ပယ်ပြီးသော ရဟန္တာအား၊

ပရနေယျံ - သူတပါးက သိစေအပ် ညွှန်ကြားအပ်သည်၏ အဖြစ်သည်၊

ဝါ - ညွှန်ကြားဖွယ်သည်၊

နတ္ထိ - (သစ္စာလေးတန် တရားမှန်ကို သိပြီးဖြစ်သောကြောင့်) မရှိတော့သည် သာတည်း။

ဓမ္မေသု - မိစ္ဆာအယူတရားတို့၌၊

နိစ္ဆေယျ - ကြံစည် ဆုံးဖြတ်၍၊

သမုဂ္ဂဟီတံ - စွဲယူခြင်းသည်လည်း၊

နတ္ထိ - မရှိတော့သည်သာတည်း။

တသ္မာ - ထို့ကြောင့်၊

ဝိဝါဒါနိ - မိစ္ဆာအယူကို စွဲမှီ၍ ငြင်းခုံမှုတို့ကို၊

ဥပါတိ ဝတ္တော - လွန်မြောက် ကင်းရှင်းလျက် ရှိပေ၏။

ဟိ - လွန်မြောက်ခြင်း၏ အကြောင်း တစ်ပါးကား၊

အညံ - သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ အကျင့်မှတစ်ပါးသော၊

ဝါ - အရိယမဂ် အကျင့်မှ တစ်ပါးသော၊

ဓမ္မံ - အကျင့်တရားကို၊

သေဋ္ဌတော - မှန်ကန်မြင့်မြတ်သော တရားအနေဖြင့်၊

န ပဿတိ - မရှုမြင် မထင်မှတ်တော့ပေ၊

ဝါ - မရှုမြင် မထင်မှတ်သောကြောင့်ပေတည်း။

အဖြေဂါထာ (၁၄)

ဇာနာမိ ပဿာမိ တထေ၀ ဧတံ၊

ဒိဋ္ဌိယာ ဧကေ ပစ္စေန္တိ သုဒ္ဓိံ။

အဒက္ခိ စေ ကိဉ္စိ တုမဿ တေန၊

အတိသိတွာ အညေန ဝဒန္တိ သုဒ္ဓိံ။

ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊

ဇာနာမိ ပဿာမိ - ငါသိသည် ငါမြင်သည်၊

ဧတံ - ဤအရာသည်၊

တထေ၀ - ကိုယ်တိုင် အသိအမြင် ဖြစ်သောကြောင့် သိမြင်သည့်အတိုင်း မှန်သည် သာတည်း၊

ဣတိ - ဤသို့ ထင်မြင်ယူဆသော၊

ဒိဋ္ဌိယာ - အယူဖြင့်၊

သုဒ္ဓိံ - ဝဋ်ဆင်းရဲမှ လွတ်မြောက် စင်ကြယ်ခြင်းကို၊

ပစ္စေန္တိ - ယုံကြည် ဆုံးဖြတ် သိမှတ်ကြကုန်၏။

အဒက္ခိ စေ - ထိုသို့ သိမြင်ပြီး ဖြစ်ငြားအံ့၊

ဝါ - ကိုယ်တိုင်သိမြင်ပြီး ဖြစ်ရုံမျှဖြင့် အကယ်၍ စင်ကြယ်လွတ်မြောက်ငြားအံ့၊

တုမဿ - ထိုသို့ သိမြင်သောသူအား၊

တေန - ထို သိမြင်ခြင်းဖြင့်၊

ကိဉ္စိ - အဘယ်ကိစ္စ ပြီးအံ့နည်း။

ဝါ - အဘယ်ကိစ္စမှ မပြီးပါ။

အတိသိတွာ - အမှန်ကို ကျော်လွှားရှောင်ဖယ်၍၊

အညေန - အခြားသော နည်းလမ်း မှားဖြင့်၊

သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊

ဝဒန္တိ - ပြောဆိုနေကြကုန်၏။

အဖြေဂါထာ (၁၅)

ပဿံ နရော ဒက္ခတိ နာမရူပံ၊

ဒိသွာန ဝါ ဉဿတိ တာနိမေဝ။

ကာမံ ဗဟုံ ပဿတု အပ္ပကံ ဝါ၊

န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ။

ပဿံ - ပကတိမျက်စိ အဘိညာဉ်ဉာဏ်တို့ဖြင့် မြင်သော၊

နရော - လူသည်၊

နာမရူပံ - နာမ်ရုပ်ကို၊

ဒက္ခတိ - သာမန်မြင်ရိုးမြင်စဉ်ဖြင့်သာ မြင်လတ္တံ့၊

ဒိသွာန ဝါ - ကိုယ်တိုင် မြင်ပြီး၍လည်း၊

တာနိမေ၀ - ရိုးရိုးမြင်ထားသော ထို နာမ်ရုပ်တို့ကိုသာလျှင်၊

ဉဿတိ - ဆင်ခြင် ကြံစည်သောစိတ်ဖြင့် သိလတ္တံ့။

ဗဟုံဝါ - များစွာကိုဖြစ်စေ၊

အပ္ပံ ဝါ - အနည်းငယ်ကိုဖြစ်စေ၊

ကာမံ ပဿတု - ပကတိမျက်စိနှင့် လောကီအဘိညာဉ် တို့ဖြင့် အကယ်၍ မြင်သိပါစေ၊

ဟိ - ထိုသို့ပင် ကိုယ်တိုင် မြင်သိသော်လည်း၊

တေန - ထိုသို့ မြင်သိခြင်းဖြင့်၊

သုဒ္ဓိံ - ဝဋ်ဆင်းရဲမှ လွတ်မြောက်စင်ကြယ်ခြင်းကို၊

ကုသလာ - ခန္ဓာ အာယတန စသည်တို့၌ သိမြင်ကျွမ်းကျင်သော (ဘုရားစသော) ပုဂ္ဂိုလ်မြတ် တို့သည်၊

န ဝဒန္တိ - မဟောကြပါကုန်။

အဖြေဂါထာ (၁၆)

နိဝိဿဝါဒီ န ဟိ သုဗ္ဗိနာယော၊

ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော။

ယံ နိဿိတော တတ္ထ သုဘံ ဝဒါနော၊

သုဒ္ဓိံ ဝဒေါ တတ္ထ တထဒ္ဒသာ သော။

နိဝိဿဝါဒီ - အယူမှား၌ သက်ဝင်စွဲလမ်းလျက် ပြောဟောနေလေ့ရှိသူသည်၊

သုဗ္ဗိနာယော - ဆုံးမသွန်သင် ပြုပြင်ပေးရန် လွယ်ကူသည်၊

န ဟိ ဟောတိ - မဖြစ်တော့သည် သာတည်း။

ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော - ကြံဆ မှတ်စွဲထားသော အယူမှားကို ရှေ့သွားပြုလျက် ရှိနေချေသည်။

ဝါ - ကြံဆ မှတ်စွဲထားသော အယူမှား ကို ရှေ့သွားပြုလျက် ရှိနေသောကြောင့် တည်း။

ယံ - အကြင်အယူ အကြင်ဆရာကို၊

နိဿိတော - မှီခိုအားထားလျက် ရှိ၏။

တတ္ထ - ထိုအယူ ထိုဆရာ၌၊

သုဘံ ဝဒါနော - တင့်တယ်သည် ကောင်းမြတ်သည်ဟု ဆိုလေ့ ချီးကျူးလေ့ရှိ၏။

သော - ဆုံးမပြုပြင်ရန် မလွယ်ကူသော ထိုသူသည်၊

သုဒ္ဓိံ ဝဒေါ - သူ့အယူဖြင့် စင်ကြယ်ခြင်းကို ဟောပြောနေလျက်၊

တတ္ထ - ထိုအယူ၌၊

တထံ - သူပြောသည့်အတိုင်းပင် မှန်သည်ကို၊

အဒ္ဒသာ - ထင်မြင်နေလေတော့၏။

အဖြေဂါထာ (၁၇)

န ဗြဟ္မဏော ကပ္ပမုပေတိ သင်္ခါ၊

န ဒိဋ္ဌိသာရီ နပိ ဉာဏဗန္ဓု။

ဉတွာ စ သော သမ္မုတိယော ပုထုဇ္ဇာ၊

ဥပေက္ခတီ ဥဂ္ဂဟဏန္တိ မညေ။

ဗြဟ္မဏော - မကောင်းမှု အကုသိုလ်ဟူသမျှကို အပပြုပြီး ပယ်ပြီးသော ရဟန္တာ သည်၊

သင်္ခါ-သင်္ခါယ - သိသင့်သမျှကို သိပြီး၍၊

ဝါ - သိပြီးဖြစ်သောကြောင့်၊

ကပ္ပံ - တဏှာဖြင့် ဒိဋ္ဌိဖြင့် တွေးတော ကြံဆခြင်းသို့၊

န ဥပေတိ - မရောက်တော့သည် သာတည်း။

န ဒိဋ္ဌိသာရီ - မိစ္ဆာဒိဋ္ဌိနောက်လည်း မလိုက်တော့ပြီ၊

နပိ ဉာဏဗန္ဓု - ဉာဏ်ဖြင့် ဖွဲ့တွယ်အပ်သော မိတ်ဆွေလည်း မရှိတော့ပြီ။

ဝါ - ဉာဏ်ဖြင့် တဏှာဒိဋ္ဌိကို မိတ်ဖွဲ့ ခြင်းလည်း မရှိတော့ပေ၊

သော - ထို ရဟန္တာသည်၊

ဉတွာ - မှန်စွာ သိပြီး၍၊

ဝါ - မှန်စွာ သိပြီးဖြစ်သောကြောင့်၊

ပုထုဇ္ဇာ - များစွာသော မိစ္ဆာအယူ ရှိသူတို့ကြောင့် ဖြစ်ကုန် သော၊

သမ္မုတိယော စ - သမုတ်ပညတ်ထားသော မိစ္ဆာအယူတို့ကိုလည်း၊

ဥပေက္ခတိ - ဂရုမစိုက်ဘဲ လျစ်လျူရှုလျက် ရှိပေ၏။

အညေ - ရဟန္တာနှင့် ဆန့်ကျင်ကွဲပြား အခြား သော ပုဂ္ဂိုလ်တို့သည်၊

ဥဂ္ဂဟဏန္တိ - မြဲမြံစွာ စွဲယူလျက် ရှိကုန်၏။

အဖြေဂါထာ (၁၈)

ဝိဿဇ္ဇ ဂန္ထာနိ မုနီဓ လောကေ၊

ဝိဝါဒဇာတေသု န ဝဂ္ဂသာရီ။

သန္တော အသန္တေသု ဥပက္ခကော သော၊

အနုဂ္ဂဟော ဥဂ္ဂဟဏန္တိ မညေ။

ဣဓ လောကေ - ဤလောက၌၊

မုနိ - မှန်စွာသိပြီးသော ရဟန္တာရဟန်းသည်၊

ဂန္ထာနိ - သံသရာ၌ ဖွဲ့တွယ်တတ်သော ဂန္ထလေးပါး ကိလေသာ တရားတို့ကို၊

ဝိဿဇ္ဇ - ပယ်စွန့်ပြီး၍၊

ဝါ - ပယ်စွန့်ပြီး ဖြစ်သောကြောင့်၊

ဝိဝါဒဇာတေသု - ဖြစ်သော ငြင်းခုံမှု ရှိသော လူတို့၌၊

ဝါ - အယူအစွဲဖြင့် ကွဲလွဲငြင်းခုံနေကြသော လူတို့၌၊

န ဝဂ္ဂသာရီ - ကွဲလွဲသော အယူနောက်သို့ မလိုက်တော့ပေ။

ဝါ - အယူကွဲသောအားဖြင့် သူတို့ထဲ၌ မပါဝင်တော့ပေ။

သော - ထို ရဟန္တာသည်၊

အသန္တေသု - အယူမှားကိုစွဲလျက် မငြိမ်မသက်သော သူတို့၌၊

သန္တော - အယူစွဲကင်းလျက် ငြိမ်သက်သည်ဖြစ်၍၊

ဥပက္ခကော - အယူစွဲရှိ သူများနှင့် ထိုအယူစွဲတို့ကို လျစ်လျူရှုလျက် ငြိမ်သက် နေပေ၏။

အညေ - ရဟန္တာနှင့် ဆန့်ကျင်ကွဲပြား အခြားသူတို့သည်၊

ဥဂ္ဂဟဏန္တိ - မိစ္ဆာအယူကို မြဲမြံစွာ ယူလျက် ရှိကြကုန်၏။

သော - ထို ရဟန္တာသည်ကား၊

အနုဂ္ဂဟော - အယူဝါဒ ဟူသမျှကို အစွဲ မယူ လျစ်လျူရှုလျက်သာ ရှိပေ၏။

အဖြေဂါထာ (၁၉)

ပုဗ္ဗာသေ၀ ဟိတွာ နေ၀ အကုဗ္ဗံ၊

န ဆန္ဒဂူ နောပိ နိဝိဿဝါဒီ။

သ ဝိပ္ပမုတ္တော ဒိဋ္ဌိဂတေဟိ ဓီရော၊

န လိမ္ပတိ လောကေ အနတ္တဂရဟီ။

သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊

ပုဗ္ဗာသေ၀ - ရှေးအာသဝေါတို့ကို၊

ဟိတွာ - ပယ်ပြီး၍၊

နေ၀ - အသစ် အာသဝေါတို့ကိုလည်း၊

အကုဗ္ဗံ - မပြုသည်၊

ဟောတိ - ဖြစ်၏။

န ဆန္ဒဂူ - အလိုဆန္ဒနောက်သို့လည်း မလိုက်ပြီ။

နောပိ နိဝိဿဝါဒီ - မိစ္ဆာ အယူ ဟူသမျှ၌ သက်ဝင်စွဲယူ၍ ပြောဆိုနေခြင်းလည်း မရှိတော့ပြီ။

သော ဓီရော - ပညာရှိဖြစ်သော ထို ရဟန္တာသည်၊

ဒိဋ္ဌိဂတေဟိ - အယူမှား ဟူသမျှတို့မှ၊

ဝိပ္ပမုတ္တော - ကင်းရှင်း လွတ်မြောက်လေပြီ။

လောကေ - လောက၌၊

န လိမ္ပတိ - တဏှာဖြင့် မကပ်ငြိတော့ပြီ၊

အနတ္တဂရဟီ - မိမိကိုယ်ကိုလည်း မကဲ့ရဲ့ မရှုတ်ချတော့ပြီ။

မြတ်စွာဘုရား၏ နောက်ဆုံးအဖြေဂါထာ (၂၀)

သ သဗ္ဗဓမ္မေသု ဝိသေနိဘူတာ၊

ယံ ကိဉ္စိ ဒိဋ္ဌံ ဝါ သုတံ မုတံ ဝါ။

သ ပန္နဘာရော မုနိ ဝိပ္ပမုတ္တော၊

န ကပ္ပိယော နူပရတော န ပတ္ထိယော။

ယံ ကိဉ္စိ - အမှတ်မရှိ အလုံးစုံသော၊

ဒိဋ္ဌံ ဝါ - မြင်ရသော အရာသည် လည်းကောင်း၊

သုတံ ဝါ - ကြားရသော အရာသည် လည်းကောင်း၊

မုတံ ဝါ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရတွေ့ရသော အရာသည်လည်းကောင်း၊

ဝိညာတံ ဝါ - ကြံသိရသော အရာသည်လည်းကောင်း၊

အတ္ထိ - ရှိ၏။

သဗ္ဗဓမ္မေသု - ထို မြင်ရ ကြားရ တွေ့ရ သိရသော တရားအားလုံးတို့၌၊

သ သော - ထို ရဟန္တာသည်၊

ဝိသေနိဘူတာ - သေမင်းစစ်သည် ကင်းလျက်ရှိပေသည်။

သ သော မုနိ - ထို ရဟန္တာရဟန်းသည်၊

ပန္နဘာရော - ချအပ်ပြီးသော ဝန်ထုပ်ဝန်ပိုး ရှိပေပြီ။

ဝါ - ဝန်ထုပ်ဝန်ပိုး ဟူသမျှကို ပယ်ချအပ်ပေပြီ။

ဝိပ္ပမုတ္တော - ကိလေသာ ဟူသော အနှောင်အဖွဲ့မှလည်း ကင်းရှင်းလွတ်မြောက်ပေပြီ။

သော - ထို ရဟန္တာသည်၊

န ကပ္ပိယော - တဏှာဒိဋ္ဌိဖြင့် ကြံတွေး စွဲယူခြင်း လည်း မရှိတော့ပြီ၊

န ဥပရတော - မည်သည့်ဘ၀ မည်သည့်ဌာန၌မျှ ပျော်မွေ့ခြင်း လည်း မရှိတော့ပြီ။

န ပတ္ထိယော - မည်သို့ ဖြစ်ရပါစေ စသည်ဖြင့် တောင့်တခြင်း လည်း မရှိတော့ပြီ။

မဟာဗျူဟသုတ္တံ နိဋ္ဌိတံ။

မဟာဗျူဟသုတ် ပြီး၏။

k6nwpvu34zug7pra3fgvdp5zl365f33
18976
18967
2025-07-03T01:37:13Z

9n0mnsy4wyphbs28y6mmvp0ww1l49fo
တုဝဋ္ဋကသုတ် ပါဌ်-နိဿယ
0
5813
18968
2025-07-03T01:24:15Z
Tejinda
173
"{{header | title = တုဝဋ္ဋကသုတ် ပါဌ်-နိဿယ | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = တုဝဋ္ဋကသုတ် ပါဌ်-န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18968
wikitext
text/x-wiki
{{header
| title = တုဝဋ္ဋကသုတ် ပါဌ်-နိဿယ
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = တုဝဋ္ဋကသုတ် ပါဌ်-နိဿယ
| previous = [[မဟာဗျူဟသုတ် ပါဌ်-နိဿယ]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

တုဝဋကသုတ် ပါဌ်-နိဿယ

▬▬▬ஜ۩۞۩ஜ▬▬▬

နိမ္မိတဘုရား၏ မေးခွန်းတော်

၁။ ပုစ္ဆာမိ တံ အာဒိစ္စဗန္ဓု၊

ဝိဝေကံ သန္တိပဒဉ္စ မဟေသိ။

ကထံ ဒိသွာ နိဗ္ဗာတိ ဘိက္ခု၊

အနုပါဒိယာနော လောက သ္မိံ ကိဉ္စိ။

အာဒိစ္စဗန္ဓု - နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၊

တံ - အရှင်ဘုရား ကို၊

ပုစ္ဆာမိ - မေးလိုပါ၏၊

မဟေသိ - မြတ်သော သီလအစရှိသော ဂုဏ်ကျေးဇူးတို့ကို ရှာမှီးတော်မူပြီးသော မြတ်စွာဘုရား၊

ဘိက္ခု - ရဟန်းသည်၊

ဝိဝေကံ စ - ဆိတ်ငြိမ်သော တရား (၃-ပါး) ကို လည်းကောင်း၊

သန္တိပဒဉ္စ - အငြိမ်းဓာတ် နိဗ္ဗာန်တရားကို လည်းကောင်း၊

ဝါ - ငြိမ်းကြောင်းတရားကိုလည်းကောင်း၊

ကထံ ဒိသွာ - အဘယ်သို့ သိမြင်၍၊

နိဗ္ဗာတိ - ရာဂစသော ကိလေသာငြိမ်းသည့် အလိုအားဖြင့် ငြိမ်းပါသနည်း၊

ဝါ - ရာဂ စသည်ကို ငြိမ်းစေပါသနည်း။

လောကသ္မိံ - လောကထဲ၌၊

ကိဉ္စိ - တစ်စုံတစ်ခုကိုမျှ၊

အနုပါဒိယာနော - မစွဲလမ်းမူ၍၊

ဝါ - အစွဲအလမ်းကင်းလျက်၊

နိဗ္ဗာတိ - ငြိမ်းပါသနည်း၊

ဝါ - ငြိမ်းစေပါသနည်း။

ဗုဒ္ဓမြတ်စွာဘုရား၏ အဖြေတော်

၂။ မူလံ ပပဉ္စသင်္ခါယ၊

မန္တာ ‘အသ္မီ’တိ သဗ္ဗ’မုပရုန္ဓေ။

ယာ ကာစိ တဏှာ အဇ္ဈတ္တံ၊

တာသံ ဝိနယာ သဒါ သတော သိက္ခေ။

မုနိ - နိမ္မိတ ရုပ်ပွားမြတ်ဘုရား၊

ပပဉ္စသင်္ခါယ - နယ်ချဲ့လျက် ဖင့်နွဲ့ကြာမြင့်စေ တတ်သောကြောင့် ပပဉ္စမည်သော တရားအစု၏၊

မူလံ - အရင်းအမြစ်ကို လည်းကောင်း၊

အသ္မီတိ - ငါဖြစ်သည်ဟု ထင်မှားလျက် ထောင်လွှားတက်ကြွသည့် မာနကိုလည်း ကောင်း၊

မန္တာ မန္တာယ - သိသောပညာဖြင့်၊

ဝါ - ပညာဖြင့် သိမြင်၍၊

သဗ္ဗံ - အလုံးစုံကို၊

ဥပရုန္ဓေ - ဖြစ်ခွင့် ပယ်ရှားလျက် မြစ်တားချုပ်ငြိမ်း စေရာ၏။

အဇ္ဈတ္တံ - မိမိသန္တာန်၌၊

ဝါ - မိမိ၏စိတ်၌၊

ယာကာစိ တဏှာ - အမှတ်မရှိ အလုံးစုံသော တဏှာတို့သည်၊

ဥပ္ပဇ္ဇေယျုံ - အကြောင်းညီညွတ်သောအခါ ဖြစ်နိုင်ကုန်၏၊

တာသံ - အကြောင်းညီညွတ်လျှင် ဖြစ်နိုင်သော တဏှာအားလုံးတို့ကို၊

ဝိနယာ ဝိနယာယ - ပယ်ဖျောက်ရန် အလို့ငှာ၊

သဒါ - နေ့ ရောညဉ့် ပါ အခါခပ်သိမ်း၊

သတော - အမှတ်ရလျက်၊

သိက္ခေ - ကျင့်သုံးနေရာတော့ သတည်း။

မိမိဂုဏ်, ဆရာ့ဂုဏ်ဖြင့် မာနမတက်ပါလင့်

၃။ ယံ ကိဉ္စိ ဓမ္မ မဘိဇညာ၊

အဇ္ဈတ္တံ အထ ဝါပိ ဗဟိဒ္ဓါ။

န တေန ထာမံ ကုဗ္ဗေထ၊

န ဟိ သာ နိဗ္ဗုတိ သတံ ဝုတ္တာ။

အဇ္ဈတ္တံ ဝါ - မိမိသန္တာန်၌သော် လည်းကောင်း၊

အထ - ထို့ပြင်၊

ဗဟိဒ္ဓါ ဝါ - အပြင်ပဖြစ်သော ဆရာသမားသန္တာန်၌သော် လည်းကောင်း၊

ယံ ကိဉ္စိ ဓမ္မံ - အမှတ်မရှိ တစ်စုံတစ်ခုသော ဂုဏ်ကျေးဇူးတရားကို၊

အဘိဇညာ - တွေ့သိနေရာ၏၊

အပိ - ထိုသို့ပင် တွေ့သိနေသော်လည်း၊

တေန - ထို မိမိဂုဏ် ဆရာဂုဏ်ဖြင့်၊

ထာမံ - မာန်ထောင်ခြင်း ဆိုသည့် စွမ်းအားကို၊

န ကုဗ္ဗေထ - မပြုရာ မဖြစ်စေရာ။

ဟိ - မာနကို ပယ်သတ်ရသည့် အကြောင်းကား၊

သာ - ထိုသို့ မာန်တက်ခြင်းကို၊

သတံ - ဘုရားအစရှိသော သူတော် ကောင်းတို့က၊

နိဗ္ဗုတိ - ငြိမ်းအေးသော တရားဟူ၍၊

န ဝုတ္တာ - မဟောအပ် မဆိုအပ်။

မာန သုံးမျိုးလုံးကို ပယ်ရန်

၄။ သေယျော န တေန မညေယျ၊

နီစေယျော အထ ဝါပိ သရိက္ခော။

ဖုဋ္ဌော အနေကရုပေဟိ၊

နာ’တုမာနံ ဝိကပ္ပယံ တိဋ္ဌေ။

တေန - ထို မိမိဂုဏ် ဆရာဂုဏ်ဖြင့်၊

သေယျော - ငါက သူ့ထက်မြတ်သည် ဟူ၍သော် လည်းကောင်း၊

နီစေယျော - ငါက သူ့အောက်နိမ့်သည် ယုတ်ညံ့သည် ဟူ၍ သော်လည်းကောင်း၊

အထ - ထို့ပြင်၊

သရိက္ခော ဝါပိ - တန်းတူပင် ဟူ၍သော် လည်းကောင်း၊

န မညေယျ - မအောက်မေ့ မထင်မှတ်ရာ။

အနေကရုပေဟိ - အမျိုးမျိုး သောအာရုံသဘောတို့နှင့်၊

ဖုဋ္ဌော - တွေ့လတ်သော်၊

အာတုမာနံ ဝိကပ္ပယံ - (ငါမြင်သည်၊ ငါကြားသည် စသည်ဖြင့်) အတ္တကောင် ငါကောင် ဟု ကြံဆစွဲလမ်းလျက်၊

န တိဋ္ဌေ - မတည်ရာ။

အဇ္ဈတ္တ၌သာ ငြိမ်းစေရမယ်

၅။ အဇ္ဈတ္တ မေဝု ပသမေ၊

န အညတော ဘိက္ခု သန္တိ မေသေယျ။

အဇ္ဈတ္တံ ဥပသန္တဿ၊

နတ္ထိ အတ္တာ ကုတော နိရတ္တာ ဝါ။

ဘိက္ခု - ရဟန်းသည်၊

အဇ္ဈတ္တ မေ၀ - ကိုယ်တွင်းသန္တာန်၌သာလျှင်၊

ဥပသမေ - ငြိမ်းစေရာ၏၊

အညတော - သတိပဋ္ဌာန်စသည်မှတစ်ပါးသောနည်းဖြင့်၊

သန္တိံ - ကိလေသာ ငြိမ်းခြင်းကို၊

န ဧသေယျ - မရှာမှီးရာ။

အဇ္ဈတ္တံ ဥပသန္တဿ - ကိုယ်တွင်း၌ ကိလေသာ ငြိမ်းသောသူမှာ၊

အတ္တာ - အမြဲတည်ရှိနေသည်ဟု ထင်မှတ်စွဲလမ်းစရာ အတ္တကောင် ငါကောင်သည်၊

နတ္ထိ - မရှိတော့ပြီ၊

နိရတ္တာ ဝါ - သေပြီးလျှင် အတ္တကောင် ငါကောင် မရှိ တော့ပြီဟု ထင်မှတ်စွဲလမ်း ဖွယ်သည်လည်း၊

ကုတော - အဘယ်မှာ ရှိတော့အံ့နည်း။

သမုဒ္ဒရာအလယ် ရေပြင်လို တည်ငြိမ်စေရမယ်

၆။ မဇ္ဈေ ယထာ သမုဒ္ဒဿ၊

ဦမိ နော ဇာယတိ ဌိတော ဟောတိ။

ဧဝံ ဌိတော အနေဇဿ၊

ဥဿဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။

သမုဒ္ဒဿ မဇ္ဈေ - သမုဒ္ဒရာ၏ အလယ်၌၊

ဦမိနော ဇာယတိ - လှိုင်းမရှိ၊

ဌိတော ဟောတိ ယထာ - ရေသည် တည်ငြိမ်နေသကဲ့သို့၊

ဧဝံ - ဤအတူပင်၊

အနေဇော - လှုပ်ရှားတတ်သည့် တဏှာကင်းသည်ဖြစ်၍၊

ဌိတော - အကောင်းအဆိုး အာရုံများကြောင့် အလှုပ်အရှားမရှိဘဲ တည်ငြိမ်နေသည်၊

အဿ - ဖြစ်ရာ၏၊

(တထာဘာဝါယ - ထိုသို့ တည်ငြိမ်စွာ နေနိုင်ရန်)

ဘိက္ခု - ရဟန်းသည်၊

ဥဿဒံ - ရာဂစသည်တို့၏ စည်ပင် ပွားများခြင်းကို၊

ကုဟိဉ္စိ - ကိုယ်တွင်းကိုယ်ပ တစ်စုံတစ်ရာ၌မျှ၊

န ကရေယျ - မပြုရာ မဖြစ်စေရာ။

နိမ္မိတဘုရားရှင်၏ တောင်းပန်ချက်

၇။ အကိတ္တယီ ဝိဝဋစက္ခု၊

သက္ခိဓမ္မံ ပရိဿယ ဝိနယံ။

ပဋိပဒံ ဝဒေဟိ ဘဒ္ဒန္တေ၊

ပါတိမောက္ခံ အထ ဝါပိ သမာဓိံ။

ဝိဝဋစက္ခု - ပွင့်လင်းသော မျက်စိငါးပါးနှင့် ပြည့်စုံတော်မူပေသော အရှင်ဘုရား၊

တွံ - အရှင်ဘုရားသည်၊

ပရိဿယ ဝိနယံ - ဘေးရန်ဟူသမျှကို ပယ်ရှားဖျက်ဆီးတတ်သော၊

သက္ခိဓမ္မံ - မျက်မြင်ကိုယ်တွေ့ ဉာဏ်တွေ့တရားကို၊

အကိတ္တယိ - ဟောကြားတော် မူပါပေပြီ။

ဘဒ္ဒန္တေ - အရှင်ဘုရား၊

တွံ - အရှင်ဘုရားသည်၊

ပဋိပဒံ - မျက်မြင်ကိုယ်တွေ့ ဉာဏ်တွေ့တရား၏ အခြေခံအကျင့်ကို၊

ဝဒေဟိ - ဟောတော်မူပါဦးလော့၊

(ဘယ်လို အကျင့်ကို ဟောရမှာလဲဆိုတော့)

ပါတိမောက္ခံ - (သူ့ကိုစောင့်ရှောက်လျှင် စောင့်သူကို အပါယ်ဘေး သံသရာဘေးတို့မှ လွတ်မြောက်စေတတ်သော) ပါတိမောက် သီလအကျင့် ကို လည်းကောင်း၊

အထ - ထို့ပြင်၊

သမာဓိံ ဝါပိ - စိတ်ကို မပျံ့လွင့်အောင် ကောင်းစွာ ထားတတ်သော (စိတ်တည်ငြိမ်မှု) သမာဓိအကျင့်ကို လည်းကောင်း၊

ဝဒေဟိ - ဟော ကြားတော် မူပါဦးလော့။

စက္ခုန္ဒြေ စောင့်စည်းရေး

၈။ စက္ခူဟိ နေ၀ လောလ ဿ၊

ဂါမကထာယ အာဝရယေ သောတံ။

ရသေစ နာနုဂိဇ္ဈေယျ၊

န စ မမာယေထ ကိဉ္စိ လောကသ္မိံ။

ဘိက္ခု - သံသရာဘေးကို ရှုမြင်သောရဟန်းသည်၊

စက္ခူဟိ - မျက်စိတို့ဖြင့်၊

လောလော - လျှပ်ပေါ် လော်လည်သည်၊

နေဝအဿ - မဖြစ်ရာသည်သာတည်း။

ဂါမကထာယ - ရွာစကား အရပ်စကားမှ၊

သောတံ - နားကို၊

အာဝရယေ - တားမြစ် စောင့်စည်းရာ၏။

ရသေ စ - အရသာ၌လည်း၊

န အနုဂိဇ္ဈေယျ - မမက်မော မတွယ်တာရာ။

လောကသ္မိံ - လောက၌၊

ကိဉ္စိ - တစ်စုံတစ်ခုကိုမျှ၊

န စ မမာယေထ - မြတ်နိုးသမှု မပြုရာသည်သာတည်း။

ဒုက္ခတွေ့ရင် မညည်းနဲ့ ရှုမှတ်ပယ်ပါ

၉။ ဖဿေန ယဒါ ဖုဋ္ဌဿ၊

ပရိဒေဝံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။

ဘဝဉ္စ နာဘိ ပတ္ထေယျ၊

ဘေရဝေသု စ န သမ္ပဝေဓေယျ။

ဝါ - သံသရာဘေးကို မျှော်တွေး ရွံ့ကြောက်၍ လွတ်မြောက်ရန် ကျင့်နေသော ပုဂ္ဂိုလ်သည်၊

ယဒါ - အကြင်အခါ၌၊

ဖဿေန - အတွေ့ဆိုးဖြင့်၊

ဖုဋ္ဌော - တွေ့ရသည်၊

အဿ - ဖြစ်ရာ၏၊

တဒါ - ထိုသို့ တွေ့ရသောအခါ၌၊

ကုဟိဉ္စိ - တစ်စုံတစ်ရာကိုမျှ၊

ဝါ - တစ်စုံတစ်ခုသော အကြောင်း ကြောင့်မျှ၊

ပရိဒေဝံ - ငိုကြွေးမြည်တမ်းခြင်း ညည်းညူခြင်းကို၊

န ကရေယျ - မပြုရာ။

ဘဝဉ္စ - ကာမဘ၀ ရူပဘ၀ အရူပဘ၀ ဟူသော ဘဝသုံးပါးကိုလည်း၊

န အဘိ ပတ္ထေယျ - မတောင့်တရာ။

ဘေရဝေသု စ - တွေ့ကြုံရမည့် ဘေးတို့ကြောင့်လည်း၊

န သမ္ပဝေဓေယျ - မတုန်လှုပ်ရာ။

ပစ္စည်းပိုသိမ်းထားမှု သန္နိဓိ ကင်းရမည်

၁၀။ အန္နာန မထော ပါနာနံ၊

ခါဒနီယာနံ အထောပိ ဝတ္ထာနံ။

လဒ္ဓါ န သန္နိဓိံ ကယိရာ၊

န စ ပရိတ္တသေ တာနိ အလဘမာနော။

ဘိက္ခု - ရဟန်းသည်၊

အန္နာနံ - ဆွမ်းတို့ကိုလည်းကောင်း၊

အထော - ထို့ပြင်၊

ပါနာနံ - အဖော်တို့ကိုလည်းကောင်း၊

ခါဒနီယာနံ - ခဲဖွယ်တို့ကိုလည်းကောင်း၊

အထောပိ - ထို့ပြင်လည်း၊

ဝတ္ထာနံ - အဝတ်အထည် သင်္ကန်းတို့ကို လည်းကောင်း၊

လဒ္ဓါ - ရပြီးဖြစ်၍၊

သန္နိဓိံ - သိုမှီးသိမ်းထားခြင်းကို၊

န ကယိရာ - မပြုရာ။

တာနိ - ထို စားသောက် ဖွယ်နှင့်ညအဝတ်တို့ကို၊

အလဘမာနော - မရသော်လည်း၊

န ပရိတ္တသေ - မပူပန် မကြောက်ရာ, မစိုးရိမ်ရာ။

အခြေခံများနှင့်တကွ သမာဓိအကျင့်

၁၁။ ဈာယီ န ပါဒလောလဿ၊

ဝိရမေ ကုက္ကုစ္စာ နပ္ပမဇ္ဇေယျ။

အထာ သနေသု သယနေသု၊

အပ္ပသဒ္ဒေသု ဘိက္ခု ဝိဟရေယျ။

ဘိက္ခု - သံသရာဘေးကို ရှုမြင်သော ရဟန်းသည်၊

ဈာယီ - သမထ နိမိတ်အာရုံကို ကပ်၍ ရှုသောအားဖြင့် ဈာန်ဝင်စားလေ့ရှိသည်။

ဝါ - သဘောလက္ခဏာ အနိစ္စလက္ခဏာ စသည်ကို ကပ်၍ရှုသောအားဖြင့် ဝိပဿနာ ဈာန် (မဂ်ဖိုလ်ဈာန်) ကို ဝင်စားလေ့ရှိသည်၊

အဿ - ဖြစ်ရာ၏။

ပါဒလောလော - ခြေတို့ဖြင့် လျှပ်ပေါ်လှုပ်ရှား အသွားအလာ များသည်၊

န အဿ - မဖြစ်ရာ။

ကုက္ကုစ္စာ - ကုက္ကုစ္စမှ၊

ဝိရမေ - ရှောင်ကြဉ်ရမည်။

နပ္ပမဇ္ဇေယျ - မမေ့ရပါ။

အပ္ပသဒ္ဒေသု - အသံနည်း၍ တိတ်ဆိတ်ကုန်သော၊

အာသနေသု - နေရာ တို့၌၊

သယနေသု - အိပ်ရာတို့၌၊

ဝိဟရေယျ - နေရာ၏။

အအိပ်နည်းပါး အနိုးများလျက် ကြိုးစားနေသင့်

၁၂။ နိဒ္ဒံ န ဗဟုလီကရေယျ၊

ဇာဂရိယံ ဘဇေယျ အာတာပီ။

တန္ဒိံ မာယံ ဟဿံ ခိဍ္ဍံ၊

မေထုနံ ဝိပ္ပဇဟေ သဝိဘူသံ။

နိဒ္ဒံ - အိပ်ခြင်းကို၊

န ဗဟုလီကရေယျ - များစွာမပြုရာ၊

အာတာပီ - ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော လုံ့လ ရှိသည်ဖြစ်၍၊

ဇာဂရိယံ - နိုးကြားခြင်းကို၊

ဘဇေယျ - ချဉ်းကပ်မှီဝဲ စွဲမြဲဖြစ်ပွား စေရာ၏။

တန္ဒိံ - ပျင်းရိခြင်းကို၊

ဝိပ္ပဇဟေ - ပယ်ရမည်၊

မာယံ - လှည့်စားခြင်းကို၊

ဝိပ္ပဇဟေ - ပယ်ရမည်၊

ဟဿံ - ရယ်မောခြင်းကို လည်းကောင်း၊

ခိဍ္ဍံ - ကစားခြင်းကို လည်းကောင်း၊

ဝိပ္ပဇဟေ - ပယ်ရမည်၊

သဝိဘူသံ - အလှအပ ပြင်ဆင်ခြင်းနှင့်တကွသော၊

မေထုနံ - မေထုန်အမှုကို၊

ဝိပ္ပဇဟေ - ပယ်ရမည်၊

ဗေဒင်ဟော ဆေးကု မပြုရှောင်ကြဉ် သူတော်စင်

၁၃။ အာထဗ္ဗဏံ သုပိနံ လက္ခဏံ၊

နော ဝိဒဟေ အထောပိ နက္ခတ္တံ။

ဝိရုတဉ္စ ဂဗ္ဘကရဏံ၊

တိကိစ္ဆံ မာမကော န သေဝေယျ။

မာမကော - ဘုရား တရား သံဃာကို မြတ်နိုးသော ရဟန်းသည်၊

အာထဗ္ဗဏံ - အာထဗ္ဗဏမန္တန်ကို၊

နော ဝိဒဟေ - မစီရင် မပြုလုပ်ရာ။

သုပိနံ - အိပ်မက်၏ အကျိုးအပြစ် ဟောခြင်းကိုလည်းကောင်း၊

လက္ခဏံ - လက္ခဏာ အမျိုးမျိုး၏ အကျိုးအပြစ် ဟောခြင်းကို လည်းကောင်း၊

နော ဝိဒဟေ - မစီရင် မပြုလုပ်ရာ။

အထောပိ - ထို့ပြင်လည်း၊

နက္ခတ္တံ - နက္ခတ်အယှဉ်၏ အကျိုးအပြစ် ဟောခြင်းကိုလည်းကောင်း၊

နော ဝိဒဟေ - မစီရင် မပြုလုပ်ရာ။

ဝိရုတဉ္စ - သားငှက်မြည်သံ အကျိုးအပြစ် ဟောခြင်းကိုလည်းကောင်း၊

ဂဗ္ဘကရဏံ - ကိုယ်ဝန်တည်ရေး ဆေးပေးခြင်းကို လည်းကောင်း၊

တိကိစ္ဆံ - ဆေးကုခြင်း ကို လည်းကောင်း၊

မာမကော - ဘုရား တရား သံဃာကို မြတ်နိုးသောရဟန်းသည်၊

န သေဝေယျ - မမှီဝဲရာ။

ကဲ့ရဲ့သံ ချီးမွမ်းသံ သည်းခံနိုင်ပါစေ

၁၄။ နိန္ဒာယ နပ္ပဝေဓေယျ၊

န ဥန္နမေယျ ပသံသိတော ဘိက္ခု။

လောဘံ သဟ မစ္ဆရိယေန၊

ကောဓံ ပေသုဏိယဉ္စ ပနုဒေယျ။

ဘိက္ခု - ရဟန်းသည်၊

နိန္ဒာယ - သူတစ်ပါးတို့က ကဲ့ရဲ့ခြင်းကြောင့်၊

နပ္ပဝေဓေယျ - စိတ်ဓာတ်တွန့်ဆုတ် မတုန်လှုပ်ရာ။

ပသံသိတော - အချီးမွမ်းခံရလျှင် လည်း၊

န ဥန္နမေယျ - ဝမ်းသာ လှုပ်ရွ မတက်ကြွရာ။

သဟ မစ္ဆရိယေန - ဝန်တိုခြင်း နှင့်တကွ၊

လောဘံ - လိုချင်တပ်မက်သည့်လောဘကိုလည်းကောင်း၊

ကောဓံ - အမျက်ဒေါသကိုလည်းကောင်း၊

ပေသုဏိယဉ္စ - ကုန်းချောစကားကို လည်းကောင်း၊

ပနုဒေယျ - ပယ်ချရာ၏။

ရဟန်းကောင်း အရောင်းအဝယ် မပြုရ၊ ကဲ့ရဲ့ဖွယ်အမှု မပြုရ၊ ငြိတွယ်ရွာ၌ မပြုရာ၊

၁၅။ ကာယဝိက္ကယေ န တိဋ္ဌေယျ၊

ဥပဝါဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။

ဂါမေ စ နာဘိသဇ္ဇေယျ၊

လာဘကမျာ ဇနံ န လပယေယျ။

ဘိက္ခု - ရဟန်းသည်၊

ကာယဝိက္ကယေ - ရောင်းဝယ်မှု၌၊

န တိဋ္ဌေယျ - မတည်ရာ။

ဘိက္ခု - ရဟန်းသည်၊

ဥပဝါဒံ - သူတပါးတို့က ကဲ့ရဲ့ဖွယ် အမှုကို၊

ကုဟိဉ္စိ - တစ်စုံတစ်ရာ ၌မျှ၊

န ကရေယျ - မပြုရာ။

ဂါမေ စ - ရွာ၌လည်း၊

န အဘိသဇ္ဇေယျ - မကပ်ငြိ မတွယ်တာရာ။

လာဘကမျာ - လာဘ်လာဘကို ရလိုသဖြင့်၊

ဇနံ - ဒကာ ဒကာမကို၊

န လပယေယျ - နူးညံ့သာယာ သွေးဆောင်ကာဖြင့် မပြောမဆိုရာ။

အကြွားအဝါ ကင်းပါစေ

၁၆။ န စ ကတ္ထိတာ သိယာ ဘိက္ခု၊

န စ ဝါစံ ပယုတ္တံ ဘာသေယျ။

ပါပဗ္ဘိယံ န သိက္ခေယျ၊

ကထံ ဝိဂ္ဂါဟိကံ န ကထယေယျ။

ဘိက္ခု - ရဟန်းသည်၊

ကတ္ထိတာ စ - ကြွားဝါသည်လည်း၊

န သိယာ - မဖြစ်ရာ။

ပယုတ္တံ - ပစ္စည်းလေးပါးနှင့်စပ်သော၊

ဝါ - ပစ္စည်းလေးပါး ရရေးနှင့်စပ်သော၊

ဝါစံ စ - စကားကိုလည်း၊

န ဘာသေယျ - မပြောမဆိုရာ။

ပါပဗ္ဘိယံ - ကြမ်းကြုတ်ခြင်းကို၊

န သိက္ခေယျ - မပြုကျင့်ရာ။

ဝိဂ္ဂါဟိကံ ကထံ - ငြင်းခုံစကားကို၊

န ကထ ယေယျ - မပြော မဆိုရာ။

မုသာဝါဒမှ ကြဉ်ရှောင်ရမည်

၁၇။ မောသဝဇ္ဇေ န နီယေထ၊

သမ္ပဇာနော သဌာနိ န ကယိရာ။

အထ ဇီဝိတေန ပညာယ၊

သီလဗ္ဗတေန နာညမတိမညေ။

ဘိက္ခုနာ - ရဟန်းသည်၊

မောသဝဇ္ဇေ - မဟုတ်မမှန်သည်ကို ပြောဆိုခြင်း၌၊

န နီယေထ - မိမိကိုယ်ကို မဆောင်အပ်ရာ။

ဝါ - မိမိစိတ်ကို မဆောင်ပို့ရာ။

သမ္ပဇာနော - မိမိမှာ မရှိမှန်း သိပါလျက်၊

သဌာနိ - ရှိသယောင် ဟန်ဆောင်၍ ကောက်ကျစ်စဉ်းလဲ သော ပြောဆိုမှုတို့ကို၊

န ကယိရာ - မပြုရာ။

အထ - ထို့ပြင်၊

ဇီဝိတေန - အသက်မွေးမှုဖြင့် လည်းကောင်း၊

ပညာယ - အသိဉာဏ်ပညာဖြင့် လည်းကောင်း၊

သီလဗ္ဗတေန - သီလနှင့် ကျင့်ဝတ်ဖြင့် လည်းကောင်း၊

အညံ - သူတပါးကို၊

န အတိမညေ - မထီမဲ့မြင် မပြုရာ။

စွပ်စွဲ ကဲ့ရဲ့ခံရသော်လဲ အကြမ်းပတမ်း မချေပလင့်

၁၈။ သုတွာ ရုပသိတော ဗဟုံ ဝါစံ၊

သမဏာနံ ဝါ ပုထုဇနာနံ။

ဖရုသေန နေ န ပဋိဝဇ္ဇာ၊

န ဟိ သန္တော ပဋိသေနိ ကရောန္တိ။

သမဏာနံ ဝါ - ရဟန်းတို့၏သော်လည်းကောင်း၊

ပုထုဇနာနံ ဝါ - လူအများ တို့၏ သော်လည်းကောင်း၊

ဗဟုံ ဝါစံ - များစွာသော ကဲ့ရဲ့စွပ်စွဲ စကားကို၊

သုတွာ - ကြားရသော် လည်း၊

ရုပသိတော - ကဲ့ရဲ့စွပ်စွဲ ခံရသော ရဟန်းသည်၊

နေ - ထို ကဲ့ရဲ့စွပ်စွဲသူတို့ကို၊

ဖရုသေန - ကြမ်းတမ်းသောစကားဖြင့်၊

န ပဋိဝဇ္ဇာ - တုံ့ပြန်၍ မပြောဆို မချေပရာ။

ဟိ - မချေပသင့်ခြင်း၏ အကြောင်းကား၊

သန္တော - ကိလေသာငြိမ်းသော သူတော်ကောင်းတို့ သည်၊

န ပဋိသေနိ ကရောန္တိ - တုံ့ပြန်တိုက်ခိုက်ခြင်းကို မပြုကြကုန်၊

ဝါ - တုံ့ပြန် တိုက်ခိုက်ရိုး မရှိကြသောကြောင့် ပေတည်း။

အမြဲမပြတ် ရှုမှတ်ကျင့်ပါ

၁၉။ ဧတဉ္စ ဓမ္မမညာယ၊

ဝိစိနံ ဘိက္ခု သဒါ သတော သိက္ခေ။

သန္တီတိ နိဗ္ဗုတိံ ဉတွာ၊

သာသနေ ဂေါတမဿ န ပမဇ္ဇေယျ။

ဧတဉ္စ ဓမ္မံ အညာယ - ယခု ဟောခဲ့သော သီလ သမာဓိ အကျင့်တရားကို သိနားလည် ပြီး၍လည်း၊

ဘိက္ခု - သံသရာဘေးကို ရှုမြင်၍ သံသရာမှ လွတ်မြောက်ရန် ရည်သန် ကျင့်သုံး နေသော ရဟန်းသည်၊

ဝိစိနံ - စူးစမ်းဆင်ခြင်လျက်၊

သဒါ - နေ့ရော ညဉ့် ပါ အခါခပ်သိမ်း၊

သတော - ဖြစ်တိုင်းသော ရုပ်နာမ်ကို အမှတ်ရလျက်၊

သိက္ခေ - ကျင့်ရာတော့ သတည်း။

နိဗ္ဗုတိံ - ကိလေသာ၏ ငြိမ်းခြင်းကို၊

သန္တီတိ - အငြိမ်းဓာတ် နိဗ္ဗာန်ဟူ၍၊

ဉတွာ - သိ၍၊

ဂေါတမဿ -ဂေါတမ (ဘုရား) ၏၊

သာသနေ - အဆုံးအမ သာသနာ၌၊

န ပမဇ္ဇေယျ - မမေ့ရာ။

မမေ့မလျော့ ကျင့်သင့်ပုံ

၂၀။ အဘိဘူ ဟိ သော အနဘိဘူတော၊

သက္ခိဓမ္မ မနီတိဟ မဒ ဿီ။

တသ္မာ ဟိ တ ဿ ဘဂဝတော သာသနေ၊

အပ္ပမတ္တော သဒါ နမ ဿ မနုသိက္ခေ။

ဟိ - ဂေါတမဘုရား၏ သာသနာ၌ မမေ့မလျော့ ကျင့်သင့်ခြင်း၏ အကြောင်းကား၊

သော - ထို ဂေါတမဘုရားသည်၊

အဘိဘူ - အဆင်းအာရုံတို့ကို လွှမ်းမိုးနိုင်ပေ၏၊

အနဘိဘူတော - အာရုံ ၆-ပါးတို့၏ လွှမ်းမိုးခြင်းကို မခံရပေ၊

အနီတိဟံ - ဤသို့ ဖြစ်သတတ်ဟု ဆိုရုံမျှ သိရံမျှဖြင့် ကိစ္စမပြီးသော၊

သက္ခိဓမ္မ - ကိုယ်တိုင် မျက်မှောက် တရားကို၊

အဒဿီ - မြင်လေပြီ။

တသ္မာ ဟိ - ထိုသို့ ကိုယ်တိုင်မျက်မှောက် တွေ့မြင်အပ်သော တရားကို တွေ့မြင်ပြီး ဖြစ်သောကြောင့်ပင်လျှင်၊

တဿ ဘဂဝတော - ထို ဂေါတမဘုရား၏၊

သာသနေ - သာသနာတော်၌၊

အပ္ပမတ္တော - မမေ့မလျော့သည်ဖြစ်၍၊

သဒါ - နေ့ရော ညဉ့် ပါ အခါခပ်သိမ်း၊

န မဿံ - ရှိခိုးလျက်၊

အနုသိက္ခေ - ရိုသေလိုက်နာ ကျင့်သုံးသွားရာ တော့သတည်း။

တုဝဋကသုတ္တံ နိဋ္ဌိတံ။

တုဝဋကသုတ် ပြီး၏။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။

ယံ အမှေဟိ ကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။

သဗ္ဗေ တံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊

ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။

သာသနဿ စ လောကဿ, ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ၊

သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။

သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တနော၊

အနီဃာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,

အဗျာပဇ္ဇာ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု

သဟသဗ္ဗေဟိ ဉာတိဘိ။

သဗ္ဗေသု - အလုံးစုံကုန်သော၊

စက္ကဝါဠေသု - စကြဝဠာအပေါင်း တိုက်တစ် သောင်းတို့၌၊

သဗ္ဗေ - ခပ်သိမ်းကုန်သော၊

ယက္ခာ စ - ဘီလူးတို့သည် လည်း ကောင်း၊

ဒေဝါ စ - နတ်တို့သည် လည်းကောင်း၊

ဗြဟ္မနော စ - ဗြဟ္မာတို့သည် လည်းကောင်း၊

အမှေဟိ - ငါတို့သည်၊

သဗ္ဗသမ္ပတ္တိသာဓကံ - အလုံးစုံသော စည်းစိမ်ချမ်းသာကို ပြီးမြောက်စေတတ်သော၊

ယံ ပုညံ - အကြင်ကောင်းမှုကို၊

ကတံ - ပြုအပ်ပြီ။

တံ ပုညံ - ထိုကောင်းမှုကို၊

အနုမောဒိတွာ - ဝမ်းမြောက်ကြကုန်လျက်၊

သမဂ္ဂါ - ညီညွတ်ကြ ကုန်လျက်၊

သာသနေ - ဘုရားအဆုံးအမ သာသနာ တော်မြတ်၌၊

ရတာ - မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ကြကုန်သည်၊

ဟောန္တု - ဖြစ်ကြပါစေကုန် သတည်း၊

ဝိသေသတော - အထူးအားဖြင့်၊

အာရက္ခာသု - လူသား တို့ဝယ် ကွယ်ကာ စောင့်ရှောက်မှု၌၊

ပမာဒရဟိတာ - မေ့လျော့ခြင်းမှ ကင်းကြကုန်သည်၊

ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း။

သာသနဿ စ - မြတ်စွာဘုရား သာသနာတော်၏ လည်းကောင်း၊

လောက ဿစ - သတ္တဝါအပေါင်း၏ လည်းကောင်း၊

သဗ္ဗဒါ - အခါခပ်သိမ်း၊

ဝုဍ္ဎိ - တိုးတက် ကြီးပွားခြင်းသည်၊

ဘဝတု - ဖြစ်ပါစေသတည်း။

သာသနမ္ပိ စ - သာသနာ တော်ကို လည်းကောင်း၊

လောကဉ္စ - သတ္တဝါအပေါင်းကို လည်းကောင်း၊

ဒေဝါ - နတ်အများ တို့သည်၊

သဗ္ဗဒါ - အခါခပ်သိမ်း၊

ရက္ခန္တု - စောင့်ရှောက်ကြပါစေကုန် သတည်း။

သဗ္ဗေ - သတ္တဝါ အလုံးစုံတို့သည်၊

အတ္တနော - မိမိ၏၊

ပရိဝါရေဟိ - ခြွေရံ သင်းပင်းတို့နှင့်၊

သဒ္ဓိံ - အတူတကွ၊

သုခီ - ချမ်းသာခြင်း ရှိကြကုန်သည်၊

ဟောန္တု - ဖြစ်ကြပါစေကုန် သတည်း။

သဗ္ဗေဟိ - အလုံးစုံကုန်သော၊

ဉာတိဘိ - အဆွေမျိုး တို့နှင့်၊

သဟ-အတူတကွ၊

အနီဃာ - ကိုယ်ဆင်းရဲမရှိ ကြကုန်သည်၊

အဝေရာ - ဘေးရန် ကင်းကြကုန်သည်၊

အဗျာပဇ္ဇာ - စိတ်ဆင်းရဲကင်းကြကုန်သည်၊

အသောကံ - စိုးရိမ်ပူပန်ခြင်း မရှိကြကုန်သည်၊

သုမနာ - နှစ်သက်ရွှင်လန်း စိတ်ချမ်းသာ ကြကုန်သည်၊

ဟောန္တု - ဖြစ်ကြ ပါစေကုန်သတည်း။

မေတ္တာပို့, အမျှဝေ

ဧတ္တာဝတာ စ အမှေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေ ဒေဝါနုမောဒန္တု, သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ ဧတ္တာဝတာ စ အမှေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေ ဘူတာနုမောဒန္တု, သဗ္ဗေ ယက္ခာနုမောဒန္တု သဗ္ဗေ ဂန္ဓဗ္ဗ နုမောဒန္တု , သဗ္ဗေ ကုမ္ဘဏ္ဍံနုမောဒန္တု သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ ဒါနံ ဒဒန္တု သဒ္ဓါယ, သီလံ ရက္ခန္တု သဗ္ဗဒါ၊ ဘာဝနာဘိရတာ ဟောန္တု, ရက္ခန္တု သဗ္ဗဒေဝတာ။

စ - ပတ္တိဒါနစကား မြွက်ကြားလိုက်ပါဦးအံ့။

ဧတ္တာဝတာ - ဤမျှ အတိုင်း အရှည် ရှိသော တရားအလျဉ် စကားအစဉ်ဖြင့်၊

အမှေဟိ - ငါတို့သည်၊

သမ္ဘတံ - ကောင်းစွာ ဆည်းပူးအပ်သော၊

ပုညသမ္ပဒံ - ကောင်းမှု၏ ပြည့်စုံခြင်းကို၊

သဗ္ဗေ - အလုံးစုံသော၊

ဒေဝါ - နတ်တို့သည်၊

သဗ္ဗေဘူတာ - ခပ်သိမ်းသော ကံ ကိလေ သာကြောင့် ထင်ရှား ဖြစ်ကြကုန်သော သတ္တဝါတို့သည်၊

သဗ္ဗေ ယက္ခာ - ခပ်သိမ်းသော ဘီလူးတို့သည်၊

သဗ္ဗေ ဂန္ဓဗ္ဗ - ခပ်သိမ်းသော ဂန္ဓဗ္ဗနတ်တို့သည် ၊

သဗ္ဗေ ကုမ္ဘဏ္ဍံ - ခပ်သိမ်း သော ကုမ္ဘဏ်နတ်တို့သည်၊

သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ - စည်းစိမ်များစွာ ချမ်းသာ အကုန် ပြည့်စုံပြီးမြောက်ခြင်းငှာ၊

အနုမောဒန္တု - သာဓု သာဓု အနုမောဒနာ ပြုကြ ပါကုန်လော။

သဒ္ဓါယ - ရတနာသုံးတန် ကံ-ကံ အကျိုး မြတ်နိုးယုံကြည်ကြကုန်၍၊

ဒါနံ - အလှူဒါနကို၊

ဒဒန္တု - လှူကြပါ ကုန်လော့။

သဗ္ဗဒါ - အခါမလပ်၊

သီလံ - သီလကို၊

ရက္ခန္တု - စောင့်ရှောက်ကြပါ ကုန်လော့။

ဘာဝနာဘိရတာ - သမထ ဝိပဿနာ ဘာဝနာ၌ နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ကြ ကုန်သည်၊

ဟောန္တု - ဖြစ်ကြပါကုန်လော့။

သဗ္ဗ - ခပ်သိမ်းသော၊

ဒေဝတာ - နတ်တို့သည်၊

ရက္ခန္တု - စောင့်ရှောက်ကြပါ ကုန်လော့။

စာညွှန်း -

မဟာသမယသုတ္တ၊ ဒီဃနိကာယ မဟာဝဂ္ဂပါဠိ၊

အတ္တဒဏ္ဍသုတ္တ၊ ခုဒ္ဒကနိကာယ သုတ္တနိပါတပါဠိ၊

မဟာသမယသုတ် ပါဌ်နိဿယ-အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော

(၁) သမ္မာပရိဗ္ဗာဇနီယသုတ်တရားတော်

(၂) ပုရာဘေဒသုတ်တရားတော်

(၃) မဟာသမယသုံးသုတ် တရားတော်

(၄) တုဝဋကသုတ်တရားတော်

5249m8o5p2wxqipl369a2thnmcup9pz
18977
18968
2025-07-03T01:37:28Z

480rpnvxfex2b5z1l2idq8vfijiub6g
18979
18977
2025-07-03T03:08:46Z

s2yevl6lg741lsnsax2rvgfoh7482ga
မဟာသမယ (၇) သုတ်
0
5814
18970
2025-07-03T01:34:51Z
Tejinda
173
"{{header | title = မဟာသမယ (၇) သုတ် | author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်) | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာသမယ (၇) သုတ် | previous = မဟာဓမ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18970
wikitext
text/x-wiki
{{header
| title = မဟာသမယ (၇) သုတ်
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယ (၇) သုတ်
| previous = [[မဟာဓမ္မစကြာအရသာ]]
| previous2 =
| next = [[မဟာသမယသုတ် ပါဌ် နိဿယ]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

နယုန်လပြည့် မဟာသမယအခါတော်နေ့

▬▬ஜ۩۞۩ஜ▬▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မြတ်စွာဘုရား ကပိလဝတ်နေပြည် မဟာဝုန်တောမှာ တရားဟောတော်မူစဉ်က သမ္မာပရိဗ္ဗာဇနီယ သုတ်တော် စတဲ့ သုတ်တော်တို့ကို ဟောတော်မူလိုရင်း ဖြစ်တယ်။

အဲဒီအခါမှာ စည်းဝေးရောက်လာတဲ့ နတ်ဗြဟ္မာ ပရိသတ်ထဲမှာ တချို့က ရာဂစရိုက် အရင်းခံ ရှိတယ်။ တချို့က ဒေါသ၊ မောဟ၊ တချို့က သဒ္ဓါ၊ ဗုဒ္ဓိ၊ ဝိတက်၊ အဲသလို စရိုက် ၆-မျိုးရှိတဲ့ သတ္တဝါတွေကို ခွဲလိုက်တော်မူတယ်။ ခွဲပြီးတော့ကာ ရဟန်းတော်များကတော့ အားလုံး ရဟန္တာ ဖြစ်ပြီးသားမို့လို့ အထူး ဟောစရာ မလိုတော့ဘူး။

လာတဲ့ နတ်ဗြဟ္မာတွေမှာ ၆-မျိုး ခွဲလိုက်တဲ့အခါ ---

(၁) ရာဂ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်များအတွက် [[ သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ|သမ္မာပရိဗ္ဗာဇနီယသုတ်တော်]]ကို ဟောတော်မူတယ်။

(၂) ဒေါသ စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ|ကလဟဝိဝါဒသုတ်တော်]]ကို ဟောတော်မူတယ်။

(၃) မောဟ စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[ မဟာဗျူဟသုတ် ပါဌ်-နိဿယ|မဟာဗျူဟသုတ်တော်]]ကို ဟောတော်မူတယ်။

(၄) ဝိတက္က စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[စူဠဗျူဟသုတ် ပါဌ်-နိဿယ|စူဠဗျူဟသုတ်တော်]]ကို ဟောတော်မူတယ်။

(၅) သဒ္ဓါ စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[တုဝဋ္ဋကသုတ် ပါဌ်-နိဿယ|တုဝဋ္ဋကသုတ်တော်]]ကို ဟောတော်မူတယ်။

(၆) ဗုဒ္ဓိ ခေါ်တဲ့ ပညာစရိုက်ရှိတဲ့ သတ္တဝါများအတွက် [[ပုရာဘေဒသုတ် ပါဌ်-နိဿယ|ပုရာဘေဒသုတ်တော်]]ကို ဟောတော်မူတယ်။

အဲဒီ သုတ် ၆-သုတ်ကို ဟောတော်မူလိုပေမဲ့လို့ ပထမဆုံး လာရောက်တဲ့ နတ်ဗြဟ္မာများရဲ့ စိတ်ထားကို နူးညွတ်သွားအောင် ဘယ်သူတွေ ဘယ်သူတွေ ဘယ်သူတွေ ဘယ်နတ်တွေ ဘယ်ဗြဟ္မာတွေ ဘယ်ပုဂ္ဂိုလ်တွေ လာတယ်လို့ မြတ်စွာဘုရားက ပထမဆုံး သူတို့ရဲ့ လာတဲ့အကြောင်းကို အားလုံး ပရိသတ်တွေ သိအောင်လို့ [[မဟာသမယသုတ် ပါဌ် နိဿယ|မဟာသမယသုတ်]] ဆိုတဲ့ အဲဒီသုတ်တော်ကို အရင် ဟောတော်မူတယ်။

အဲဒီတော့ ခုခေတ်မှာတော့ကာ မဟာသမယသုတ်က နတ်များ အင်မတန် နှစ်သက်တယ်လို့ ဒီလို နာမည် ရှိနေတာနဲ့ မဟာသမယသုတ်ကိုသာ အရွတ်အဖတ်များပြီးတော့ နေကြတယ်။

အမှန် ထိုအချိန်အခါကာလ ဘုရား ဟောတော်မူလိုရင်းကတော့ မဟာသမယသုတ်က အခြေခံ အဖြစ်နဲ့သာ ဟောတော်မူခြင်း ဖြစ်ပါတယ်။ သမ္မာပရိဗ္ဗာဇနီယသုတ်တော် စတဲ့ သုတ်များကိုသာ မြတ်စွာဘုရားက သတ္တဝါများရဲ့ ရည်ရွယ်ချက် အကျွတ်တရားရအောင် ဟောတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မဟာသမယသုတ်ဟာ ထိုသုတ် (၆) ပါးရဲ့ ရှေးဦးစွာ နတ်ဗြဟ္မာများ စိတ်ထဲ ညွတ်ပြီးတော့ ပျော့ပျောင်းလာအောင် အခြေခံ အဖြစ်နဲ့ ဟောတော်မူတဲ့ သုတ်လို့သာ မှတ်ထိုက်ပါတယ်။

(အရှင်ဇနကာဘိဝံသ)

98xs9quz4a8ckmrfzay8i44fl2q0lib
18978
18970
2025-07-03T03:08:20Z
Tejinda
173
18978
wikitext
text/x-wiki
{{header
| title = မဟာသမယ (၇) သုတ်
| author = အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယ (၇) သုတ်
| previous = [[မဟာဓမ္မစကြာအရသာ]]
| previous2 =
| next = [[မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

နယုန်လပြည့် မဟာသမယအခါတော်နေ့

▬▬ஜ۩۞۩ஜ▬▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မြတ်စွာဘုရား ကပိလဝတ်နေပြည် မဟာဝုန်တောမှာ တရားဟောတော်မူစဉ်က သမ္မာပရိဗ္ဗာဇနီယ သုတ်တော် စတဲ့ သုတ်တော်တို့ကို ဟောတော်မူလိုရင်း ဖြစ်တယ်။

အဲဒီအခါမှာ စည်းဝေးရောက်လာတဲ့ နတ်ဗြဟ္မာ ပရိသတ်ထဲမှာ တချို့က ရာဂစရိုက် အရင်းခံ ရှိတယ်။ တချို့က ဒေါသ၊ မောဟ၊ တချို့က သဒ္ဓါ၊ ဗုဒ္ဓိ၊ ဝိတက်၊ အဲသလို စရိုက် ၆-မျိုးရှိတဲ့ သတ္တဝါတွေကို ခွဲလိုက်တော်မူတယ်။ ခွဲပြီးတော့ကာ ရဟန်းတော်များကတော့ အားလုံး ရဟန္တာ ဖြစ်ပြီးသားမို့လို့ အထူး ဟောစရာ မလိုတော့ဘူး။

လာတဲ့ နတ်ဗြဟ္မာတွေမှာ ၆-မျိုး ခွဲလိုက်တဲ့အခါ ---

(၁) ရာဂ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်များအတွက် [[ သမ္မာပရိဗ္ဗာဇနီယသုတ် ပါဌ်-နိဿယ|သမ္မာပရိဗ္ဗာဇနီယသုတ်တော်]]ကို ဟောတော်မူတယ်။

(၂) ဒေါသ စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ|ကလဟဝိဝါဒသုတ်တော်]]ကို ဟောတော်မူတယ်။

(၃) မောဟ စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[ မဟာဗျူဟသုတ် ပါဌ်-နိဿယ|မဟာဗျူဟသုတ်တော်]]ကို ဟောတော်မူတယ်။

(၄) ဝိတက္က စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[စူဠဗျူဟသုတ် ပါဌ်-နိဿယ|စူဠဗျူဟသုတ်တော်]]ကို ဟောတော်မူတယ်။

(၅) သဒ္ဓါ စရိုက်ရှိတဲ့ သတ္တဝါများအတွက် [[တုဝဋ္ဋကသုတ် ပါဌ်-နိဿယ|တုဝဋ္ဋကသုတ်တော်]]ကို ဟောတော်မူတယ်။

(၆) ဗုဒ္ဓိ ခေါ်တဲ့ ပညာစရိုက်ရှိတဲ့ သတ္တဝါများအတွက် [[ပုရာဘေဒသုတ် ပါဌ်-နိဿယ|ပုရာဘေဒသုတ်တော်]]ကို ဟောတော်မူတယ်။

အဲဒီ သုတ် ၆-သုတ်ကို ဟောတော်မူလိုပေမဲ့လို့ ပထမဆုံး လာရောက်တဲ့ နတ်ဗြဟ္မာများရဲ့ စိတ်ထားကို နူးညွတ်သွားအောင် ဘယ်သူတွေ ဘယ်သူတွေ ဘယ်သူတွေ ဘယ်နတ်တွေ ဘယ်ဗြဟ္မာတွေ ဘယ်ပုဂ္ဂိုလ်တွေ လာတယ်လို့ မြတ်စွာဘုရားက ပထမဆုံး သူတို့ရဲ့ လာတဲ့အကြောင်းကို အားလုံး ပရိသတ်တွေ သိအောင်လို့ [[မဟာသမယသုတ် ပါဌ် နိဿယ|မဟာသမယသုတ်]] ဆိုတဲ့ အဲဒီသုတ်တော်ကို အရင် ဟောတော်မူတယ်။

အဲဒီတော့ ခုခေတ်မှာတော့ကာ မဟာသမယသုတ်က နတ်များ အင်မတန် နှစ်သက်တယ်လို့ ဒီလို နာမည် ရှိနေတာနဲ့ မဟာသမယသုတ်ကိုသာ အရွတ်အဖတ်များပြီးတော့ နေကြတယ်။

အမှန် ထိုအချိန်အခါကာလ ဘုရား ဟောတော်မူလိုရင်းကတော့ မဟာသမယသုတ်က အခြေခံ အဖြစ်နဲ့သာ ဟောတော်မူခြင်း ဖြစ်ပါတယ်။ သမ္မာပရိဗ္ဗာဇနီယသုတ်တော် စတဲ့ သုတ်များကိုသာ မြတ်စွာဘုရားက သတ္တဝါများရဲ့ ရည်ရွယ်ချက် အကျွတ်တရားရအောင် ဟောတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မဟာသမယသုတ်ဟာ ထိုသုတ် (၆) ပါးရဲ့ ရှေးဦးစွာ နတ်ဗြဟ္မာများ စိတ်ထဲ ညွတ်ပြီးတော့ ပျော့ပျောင်းလာအောင် အခြေခံ အဖြစ်နဲ့ ဟောတော်မူတဲ့ သုတ်လို့သာ မှတ်ထိုက်ပါတယ်။

(အရှင်ဇနကာဘိဝံသ)

0bqtaiiehjngrlbj96y5fttg4xpnyuj
မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်
0
5815
18982
2025-07-03T03:11:33Z
Tejinda
173
"{{header | title = | author = မုံတောဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက် | previous = [[မဟာသမယ (၇) သုတ်]] | previous2 = | next = [[]]..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18982
wikitext
text/x-wiki
{{header
| title =
| author = မုံတောဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်
| previous = [[မဟာသမယ (၇) သုတ်]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဟောတရားများ
| shortcut =
| portal =

မုံတောဆရာတော် စီရင် ရေးသားအပ်သော

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမ-ပဋိညာဉ်

(က) ဝန္ဒိတွာသတိပ္ပဋ္ဌာန၊

သုတ္တံ သုဒေသကံ ဇိနံ။

ဧကေနောပါသကေနာဟံ၊

သုဘာဝေတုံ သုယာစိတော။

[ပဌမ မကာ ဝိပုလာဂါထာ]

(ခ) မဟာသတိပဋ္ဌာနဿ၊

သာဓူနံ သုခကာမာနံ။

သုလိက္ခိဿံ အဓိပ္ပါယ-

ပကာသနံ သမာသေန။

[ဝတ္တဂါထာ]

(က) အဟံ = ငါသည်၊

သတိပ္ပဋ္ဌာနသုတ္တံ = မဟာသတိပဋ္ဌာနသုတ်ကို၊

သုဒေသကံ = ကောင်းစွာ ဟောတော်မူတတ်သော၊

ဇိနံ = မြတ်စွာဘုရားကို၊

ဝန္ဒိတွာ-ဝန္ဒာမိ = အလွန်ရိုသေစွာ ရှိခိုးပါ၏၊

ဝန္ဒိတွာ = အလွန်ရိုသေစွာ ရှိခိုးပြီး၍၊

ဧကေန = တစ်ယောက်သော၊

သန္တေန = သူတော်ကောင်း ဖြစ်သော၊

ဥပါသကေန = "တကာ စံမှတ်" အမည်ရှိသော ဥပါသကာသည်၊၊

သုယာစိတော = ရိုသေစွာ တောင်းပန်အပ်သည်ဖြစ်၍၊

(ခ) သုခကာမနံ = မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော၊

သာဓူနံ = သူတော်ကောင်း တို့အား၊

သုဘာဝေတုံ = သတိပဋ္ဌာန်လေးပါးကို ပွားလွယ်စေခြင်းငှါ၊

မဟာသတိပဋ္ဌာနဿ = မဟာ သတိပဋ္ဌာနသုတ်၏၊

သမာသေန = အကျဉ်းအားဖြင့်၊

အဓိပ္ပါယပကာသနံ = သဘောအဓိပ္ပါယ်မျှကို ပြရာပြကြောင်း ဖြစ်သောကြောင့် "အဓိပ္ပါယ် ပကာသနီ" အမည်ရှိသော နိဿယည်းကျမ်းကို၊

သုလိက္ခိဿမိ = ကောင်းစွာ ရေးပေအံ့။

နိဒါန်း

သုလိက္ခိဿံ-ဟူသော ပဋိညာဉ်၏ ပဋိညာတဗ္ဗဖြစ်သော အဓိပ္ပါယပကာသနံ-ပါဌ် ၌ အဓိပ္ပါယ်ကား-

၁။ ကုရုတိုင်းတွင် ကျားကြောင်သော ခြေရှိသော လူသားစား ပေါရိသာဒ ဘီလူးကို ဆုံးမရာဖြစ် သောကြောင့် ကမ္မာသဒမ္မ အမည်ရှိသော နိဂုံး၌ သဗ္ဗညုမြတ်စွာဘုရား သီတင်းသုံးနေတော်မူသော အခါ၌ -

ဥဒ္ဒေသ

၂။ (၁) ရာဂအစရှိသော အညစ်အကြေးတို့ဖြင့်လည်းကောင်း, အဘိဇ္ဈာ ဝိသမ လောဘ အစရှိကုန်သော ကိလေသာတရားတို့ဖြင့်လည်းကောင်း ညစ်ညူးသော စိတ်ရှိ ကုန်သော သတ္တဝါတို့၏ စိတ်အညစ်အကြေးကို အထူးသဖြင့် စင်ကြယ်စေခြင်း အကျိုး၊

(၂) စိုးရိမ်သောကမီးကို လွန်ခြင်း, ပယ်ဖျောက်ခြင်းအကျိုး၊

(၃) ငိုကြေးမြည်တမ်းခြင်း ပရိဒေဝမီးကို လွန်ခြင်း ပယ်ဖျောက်ခြင်းအကျိုး၊

(၄) ကိုယ်၏ ဆင်းရဲခြင်း, ဒုက္ခမီးကို ငြိမ်းစေ, ချုပ်စေခြင်းအကျိုး၊

(၅) စိတ်နှလုံးမသာယာခြင်း, ထိတ်လန့်ခြင်း ဒေါမနဿ မီးကို ငြိမ်းစေခြင်းအကျိုး၊

(၆) အရိယာမဂ်ကို ရစေခြင်းအကျိုး၊

(၇) အသင်္ခတဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုး- အားဖြင့် ခုနစ်ပါး အပြား ရှိသော အကျိုးထူး အကျိုးမြတ်တို့ကို ရစေ, ပြည့်စုံစေတတ်သော ဟောကြားတော်မူ အပ်သော သတိပဋ္ဌာန်သည် -

(၁) ကာယာနုပဿနာ သတိပဋ္ဌာန်၊

(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊

(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်၊

(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန်-

အားဖြင့် လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် -

(က) လက်ခြေ အင်္ဂါကြီးငယ်အစရှိသောအပေါင်း, မကောင်း စက်ဆုပ်ရွံရှာဖွယ် ဆံ,အမွေး, ခြေသည်း လက် သည်း, သွား, အရေထူ အရေပါး စသော သုံးဆယ့် နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ် အစုတို့၏ဖြစ်ရာ ရူပကာယ ခန္ဓာကိုယ်ကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ကာယာ နုပဿနာ သတိပဋ္ဌာန်မည်၏။

(ခ) သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ အားဖြင့်သုံးပါးသော အပြားရှိသော လောကီ ဖြစ်သော ဝေဒနာကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏။

(ဂ) သရာဂစိတ် စသော တစ်ဆယ့်ခြောက်ပါးအပြားရှိသော လောကီဖြစ်သော စိတ်ကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် စိတ္တာနုပဿနာ သတိပဋ္ဌာန် မည်၏။

(ဃ) နီဝရဏငါးပါးအစ သစ္စာလေးပါးတရား အဆုံးရှိသော ငါးပါးအပြားရှိသော တရားကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်မည်၏ ဟူလို။

သတိပဋ္ဌာန်လေးပါးအကျဉ်းသရုပ် ဥဒ္ဒေသ ပြီး၏။

ကာယာနုပဿနာ ၁- အာနာပါနပိုင်း

၁။ ထိုဆိုအပ်ပြီးသော သတိပဋ္ဌာန်လေးပါးတို့တွင် ကာယာနုပဿနာ သတိပဋ္ဌာန်၌ -

၁။ အာနာပါနပဗ္ဗ၊

၂။ ဣရိယာပထပဗ္ဗ၊

၃။ သမ္ပဇာနပဗ္ဗ၊

၄။ ပဋိကူလမနသိကာရပဗ္ဗ၊

၅။ ဓာတုမနသိကာပဗ္ဗ၊

၆-၁၄။ နဝသိဝထိကာရပဗ္ဗ -

အားဖြင့် တစ်ဆယ့်လေးပိုင်း အပြားရှိသည်သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့် လေးပိုင်း တို့တွင်-

၁။ အာနာပါနပဗ္ဗ၌ -

(က) ဥပမာကား လိမ္မာသော ပန်းပွတ်သမားသည် စည်ကြီး အစရှိသည်ကို ပွတ်လုပ်သောအခါ ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်သကဲ့သို့ ဆံထိုး ဆံကျင် အစ ရှိသည်ကို ပွတ်လုပ်သောအခါ ပွတ်ကြိုးကို တိုတိုဆွဲငင်သကဲ့သို့ ထို့အတူ ထွက်သက် ဝင်သက်ကို ရှည်ရှည်ဖြစ်စေသည် တိုတို ဖြစ်စေသည်ဟု အောက်မေ့ခြင်းသတိကို ပြုရာ၏။

(ခ) ထိုသို့ ထွက်သက် ဝင်သက်ကိုအရှည်အတိုအားဖြင့် အောက်မေ့ သိမ်းဆည်းခြင်း သတိရှိပြီး သော် -

(၁) ငါ၏ထွက်သက် ဝင်သက်သည် အဘယ်ကိုအစွဲ အမှီပြုသနည်း။ လေးပါးသော မဟာဘုတ်, ဥပါဒါရုပ်ဟူသော ကရဇကာယကို စွဲမှီ၍ ဖြစ်၏။ ထို ထွက်သက် ဝင်သက် အဿာသ ပဿာသ ကရဇကာယသည် ရုပ်မည်၏။

(၂) ထိုရုပ်ကို အာရုံပြု၍ဖြစ်သော အာရုံကို တွေ့တတ်သော ဖဿ, အာရုံကို ခံစားတတ်သော ဝေဒနာ, အာရုံကို မှတ်၍ သိတတ်သော သညာ, အာရုံသို့ရှေ့ရှု တင်တတ် စေ့ဆော်တတ်သော စေတနာ, အာရုံကို အထူးသဖြင့် သိတတ်သော ဝိညာဏ်အားဖြင့် ဖဿပဉ္စကတရား ငါးပါးသည် နာမ်မည်၏ ဟု ရုပ်နာမ်တရားကို သိမ်းဆည်း ပြီး၍ -

(၃) ရုပ်နာမ်၏အကြောင်းကား အဘယ်နည်း။ အဝိဇ္ဇာ တဏှာ ကံ အာဟာရစသော တရားသာ လျှင်တည်းဟု သိမြင်ပြီးလျှင် အကြောင်းအကျိုး ပစ္စည်း ပစ္စယုပ္ပန်မျှသာ ဖြစ်သည်။ သတ္တဝါ ပုဂ္ဂိုလ်ဟူ၍ တရားကိုယ် အသီး အခြား မရှိပြီဟု ယုံမှားခြင်း မရှိမူ၍

(၁) ရုပ်နာမ်တရားတို့ ဖြစ်ပြီး၍ ဖြစ်တိုင်းမတည်၊ ကုန်တတ် ကင်းတတ်သော သဘောကြောင့် အနိစ္စ သာတည်း။

(၂) ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် မပြတ်နှိပ်စက်တတ်သော ဘေးဟူသော သဘောကြောင့် ဒုက္ခ သာတည်း။

(၃) အစိုးမရ, အစိုးမပိုင်, ကိုယ်မဟုတ်, အနှစ်မရှိသော သဘောကြောင့် အနတ္တသာတည်း -

ဟု လက္ခဏာရေးသုံးပါးသို့တင်၍ ဝိပဿနာကို ပွားစေ၍ အစဉ်သဖြင့် အရဟတ္တဖိုလ် သို့ ရောက်သည်သာလျှင် ဖြစ်၏ ဟူလိုသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) အဿာသ ပဿာသဟူသော ထွက်သက် ဝင်သက်ကိုအောက်မေ့ သိမ်းဆည်း တတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထို ဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိတတ်သော သမုဒယသစ္စာကို ပယ်တတ်သော နိရောဓသစ္စာလျှင် အာရုံရှိသော ကောင်းမွန် လွန်မြတ်သော အကျင့်ဖြစ်သော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဟုဆိုအပ်သော အရိယာ မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် လုံ့လပြု၍ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးသို့ တင်၍လည်း စီးဖြန်းရာ, ပွားများစေရာသည်။

[ဤကား အာနပါနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၂- ဣရိယာပထပိုင်း

၂။ ဣရိယာပထပဗ္ဗ၌ -

(က) ခွေး, မြေခွေး အစရှိသော သတ္တဝါတို့သည် သွားကုန် ရပ်ကုန် ထိုင်ကုန် လျောင်းကုန်သည် ရှိသော် သွားကုန် ရပ်ကုန် ထိုင်ကုန် လျောင်းကုန်သည်ဟု အကယ်၍ကား သိကုန်၏၊ ထိုသို့ သိကုန် သော်လည်း ထိုခွေး, မြေခွေးစသည်တို့၏ သိခြင်းကိုရည်၍ ဂစ္ဆန္တော စသည်ကို ဟောတော်မမူအပ်၊ ဤခွေး, မြေခွေး စသည်တို့၏ သိခြင်းသည် သတ္တဝါဟူသော အယူကိုလည်း မစွန့်၊ သတ္တဝါဟူသော အမှတ်ကိုလည်း မခွါ၊ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားစေသည်လည်း မဖြစ်။

(ခ) ဣရိယာပုတ်လေးပါးကို အောက်မေ့သိမ်းဆည်းသော ယောဂီပုဂ္ဂိုလ်၏ သိခြင်းသည်ကား သတ္တဝါဟူသော အယူကို စွန့်၏။ သတ္တဝါဟူသော အမှတ်ကိုလည်း စွန့်၏။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏။ သတိပဋ္ဌာန်ကို ပွားစေသည်လည်း ဖြစ်၏။ ထို့ကြောင့် သွားလျှင် သွား၏။ ရပ်လျှင် ရပ်၏။ထိုင်လျှင် ထိုင်၏။ လျောင်းလျှင် လျောင်း၏။ အောက်မေ့သိမ်းဆည်းခြင်း သတိကို ဖြစ်စေရာသည်။

အဘယ်သို့ ဖြစ်စေရာသနည်းဟူမူကား။

(ဂ) သွား၏, ရပ်၏, ထိုင်၏, လျောင်း၏ ဟူသည် တစ်စုံတစ်ယောက်သော သတ္တဝါတို့သည် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည် မရှိပြီ။ သွားမည်, ရပ်မည်, ထိုင်မည်, လျောင်းမည်ဟု ဖြစ်သော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ တတ်သည်။ ထိုစိတ္တဇဝါယောဓာတ် ပျံ့သဖြင့် တစ်ကိုယ် လုံး ရှေ့သို့ တက်သည်ကို သွားသည်။ တစ်ကိုယ်လုံး ထောင်၍ နေသည်ကို ရပ်သည်။ အောက်တစ်ပိုင်း ကွေးလျက် အထက်တစ်ပိုင်း ထောင်လျက်ရှိသည်ကိုသာ ထိုင်သည်။ တစ်ကိုယ်လုံး ဖီလာဆန့် လျက်ရှိ သည်ကိုသာ လျောင်းသည် ဆိုရချေသည်။

(ဃ) ဥပမာကား နွားလေးခုက၍ လှည်းသမား လှည်းနှင်သည်ရှိသော် လှည်းသွား သည်, လှည်း ရပ်သည်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းမျှသာ ဖြစ်သကဲ့သို့ ထို့အတူ လှည်းသမားနှင့်တူသော သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသော စိတ်သည် နွားနှင့်တူသော စိတ္တဇဝါယောဓာတ်ကို ဖြစ်စေသည်ရှိသော်

၁။ ထို စိတ္တဇဝါယောဓာတ် ပျံ့သဖြင့် လှည်းနှင့်တူသော တစ်ကိုယ်လုံးရှေ့သို့ တက်သည်ကို သွားသည်။

၂။ တစ်ကိုယ်လုံး ထောင်၍နေသည်ကိုသာ ရပ်သည်။

၃။ အောက်တစ်ပိုင်း ကွေးလျက် အထက်ပိုင်း ထောင်လျက် ရှိသည်ကိုသာ ထိုင်သည်။

၄။ တစ်ကိုယ်လုံး ဖီလာဆန့်လျက် ရှိသည်ကိုသာ လျောင်းသည် ဆိုရချေသည်။

တစ်စုံတစ်ယောက်သော သတ္တဝါ ပုဂ္ဂိုလ် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည် မရှိဟု အောက်မေ့ခြင်း သတိကိုဖြစ်စေရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဣရိယာပုထ်လေးပါးကို သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သောမဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း လုံ့လပြု၍ ဘေးငြိမ်းရာနိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ် ပွားစေရာ၏ ဟူလိုသည်။

[ဤကား ဣရိယာပထပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၃- သမ္ပဇာနပိုင်း

၃။ သမ္ပဇာနပဗ္ဗ၌ -

(၁) ရှေ့သို့တက်သည်, နောက်သို့ ဆုတ်သည်။

(၂) ရှေ့တူရူကြည့်သည်, တစောင်းကြည့်သည်။

(၃) ကွေးသည်, ဆန့်သည်။

(၄) အဝတ်ပုဆိုး ဝတ်သည်။

(၅) စားသည်, သောက်သည်, ခဲသည်, လျက်သည်။

(၆) ကျင်ကြီး ကျင်ငယ်စွန့်သည်။

(၇) သွားသည်, ရပ်သည်, ထိုင်သည်, အိပ်သည်, နိုးသည်, စကားပြောဆိုသည်, ဆိတ်ဆိတ်နေသည်တို့၏ အစွမ်းအားဖြင့် ဤခုနစ်ပါးသော အရာတို့၌ ပညာ အဆင်အခြင်ဖြင့် ပြုရာသည်။

အဘယ်သို့ ပြုရာသနည်းဟူမူကား -

(က) အလွန်မိုက်သော ပုထုဇဉ်သည် ရှေ့သို့တက်ခြင်း အစရှိသည်တို့၌ ငါသည် ရှေ့သို့ တက်ခြင်းကိုဖြစ်စေတတ်သည်။ ငါသည် ရှေ့သို့တက်သည်။ ငါသည် ရှေ့သို့တက်ခြင်း ကို ဖြစ်စေအပ် သည်ဟု တွေဝေသကဲ့သို့၊ ထို့အတူ မတွေမဝေဘဲ ရှေ့သို့တက်သည်, နောက်သို့ ဆုတ်သည်, တစ်စုံ တစ်ယောက်သောပုဂ္ဂိုလ်သည် မရှိပြီ။ ရှေ့သို့တက်မည်, နောက်သို့ ဆုတ်မည် စိတ်ဖြစ်သည်ရှိသော် ထိုစိတ်နှင့်အတူဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့် ကိုယ်ဟု ခေါ်ဝေါ်သမုတ်အပ်သော အရိုးစုသာ ရှေ့သို့ တက်ရ လေသည်။ နောက်သို့ ဆုတ်ရလေသည်။

(၁) ရှေ့သို့ တက်မည်, နောက်သို့ ဆုတ်မည်ဟု ခြေကို ချီကြွခြင်း - ဥဒ္ဓရဏ။

(၂) ခြေကို ရှေ့သို့ ဆောင်ခြင်း - အတိဟရဏ။

(၃) ခြေကို ထိုမှသည်မှ ဆောင်ခြင်း - ဝီတိဟရဏ။

[ကာလသုံးပါးတို့၌ပထဝီဓာတ်, အာပေါဓာတ်နှစ်ပါးတို့သည် ညံ့ကုန်, အားနည်း ကုန်သည်။ တေဇောဓာတ်, ဝါယောဓာတ် နှစ်ပါးတို့သည် လွန်ကုန်, အားကြီး ကုန်သည်။]

(၄) ခြေကို စွန့်လွတ်ခြင်း - ဝေါသဇ္ဇန။

(၅) ခြေကို ချခြင်း - သန္နိက္ခေပန။

(၆) ခြေကို မြေနှင့်တကွ ကြပ်ကြပ်နင်းခြင်း - သန္နိရုဇ္ဈန။

[ကာလသုံးပါးတို့၌ တေဇောဓာတ်, ဝါယောဓာတ် နှစ်ပါးတို့သည် ညံ့ကုန်, အားနည်း ကုန်သည်။ ပထဝီဓာတ်, အာပေါဓာတ်နှစ်ပါးတို့သည် လွန်ကုန်, အားကြီးကုန်သည်။]

ထိုခြေတစ်လှမ်းကို ခြောက်စု ပြုရာတွင် -

တစ်စုဖြစ်သော ဥဒ္ဓရဏကာလဖြစ်သော နာမ်ရုပ်တရားတို့သည် အတိဟရဏ ကာလသို့ မရောက်ကုန်။

အတိဟရဏကာလ၌ ဖြစ်သော နာမ်ရုပ်တရားသည် ဝီတိဟရဏ, ဝေါသဇ္ဇန, သန္နိက္ခေပနကာလ သို့ မရောက်ကုန် မူ၍ ထိုထိုသို့သော အဖို့အစုတို့၌သာလျှင် အဆစ်အဆစ် အစပ်အစပ် အဖို့အဖို့ ဖြစ်ကုန်၏။ လောလော ပူသော အိုးကင်း၌ထည့်အပ်သောနှမ်းကဲ့သို့ ဖျစ်ဖျစ်အသံ ပြုကုန်လျက် ပျက်လေ, ချုပ်လေ, ပျောက်လေ ကုန်ရာသည်။

(ခ) ရှေ့တူရူကြည့်သည်, တစောင်းကြည့်သည်ကာလ၌လည်း ရှေ့တူရူ ကြည့်သည်, တစောင်း ကြည့်သည် အတွင်း၌ ကိုယ်ဟူ၍ မရှိပြီ။ ရှေ့တူရူ ကြည့်မည်, တစောင်းကြည့်မည်ဟု စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော ဝါယောဓာတ်ပျံ့သောအားဖြင့် အောက်မျက်လွှာသည် အောက်သို့ ကျသည်၊ အထက် မျက်လွှာသည် အထက်သို့ တက်သည်ကို ရှေ့တူရူ ကြည့်သည်, တစောင်းကြည့် သည်ဟု ဆိုရချေသည်။ ယန္တရား လှံတံဖြင့် တစ်စုံတစ်ယောက် မျက်လွှာကို ဖွင့်လှစ် ရသည် မရှိပြီ။ စက္ခုဝိညာဉ်ဖြင့် ဒဿနကိစ္စ ကို ပြီးစေလျက် ဖြစ်လေသည်။

(ဂ) လက်ခြေတို့ကို ကွေးသည်,ဆန့်သည်၌လည်း လက်ခြေကို ကွေးတတ်, ဆန့်တတ်သော တစ်စုံတစ်ခုသော ကိုယ်ဟူ၍ မရှိပြီ။ လက်ခြေတို့ကို ကွေးမည်, ဆန့်မည်ဟု စိတ်ဖြစ်သည်ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့် ဆွဲငင်သော ယန္တရား ရုပ်သေးလက်ခြေ လှုပ်သကဲ့သို့ ကွေးခြင်း, ဆန့်ခြင်း ဖြစ်လေသည်။

(ဃ) အဝတ်ပုဆိုး ဝတ်ရုံသည်၌လည်း အဝတ်ပုဆိုးကို ဝတ်တတ်, ရုံတတ်သော သတ္တဝါကိုယ် မည်သည် မရှိပြီ။ အဝတ်ပုဆိုး ဝတ်လို၌ရုံလိုသော စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ် သော စိတ္တဇဝါယောဓာတ် ပျံ့သောအားဖြင့် အဝတ် ပုဆိုး ဝတ်သည်, ရုံသည်ဟု ဖြစ်လေသည်။ အဝတ်ပုဆိုး ကလည်း ငါသည် ကိုယ်ကို ဝတ်ရုံဖုံးလွှမ်းသည်ဟု မသိ၊ ကိုယ်ကလည်း ငါ့ကို အဝတ်ပုဆိုး ဝတ်ရုံဖုံးလွှမ်း လေသည်ဟူ၍ မသိ၊ ညွှန်တစ်စိ ရွှံ့ရုပ်ကို ပုဆိုးကြမ်း ဖုံးလွှမ်းသကဲ့သို့ တစ်ခုသော ဓာတ် သည် တစ်ခုသောဓာတ်ကို ဖုံးလွှမ်းလေသည်။

(င) စားသည်, သောက်သည်, ခဲသည်, လျက်သည်၌လည်း စားတတ်, သောက်တတ်, ခဲတတ်, လျက်တတ်သော ကိုယ်, ပုဂ္ဂိုလ်, သတ္တဝါ မည်သည် တစ်စုံတစ်ယောက်မျှ ရှိသည်မဟုတ်။ စားလို, သောက်လို, ခဲလို, လျက်လိုသော စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော စိတ္တဇ ဝါယောဓာတ်ပျံ့သဖြင့်သာလျှင် ထမင်းစသည် ကိုယူခြင်းဖြစ်လေသည်။ စိတ္တဇ ဝါယောဓာတ် ပျံ့သဖြင့် ထမင်းခွက်၌ လက်ကိုချခြင်း, ထမင်းလုပ်ကိုဆုပ်ခြင်း, ထမင်းလုပ်ကို ချီကြွခြင်း, ခံတွင်းသို့ ခွံ့သွတ်ခြင်း ဖြစ်လေသည်။ တစ်စုံတစ်ယောက် သံကောက် ယန္တရား လှံတံဖြင့် မေးရိုးကို ဖွင့်မည့်သူရှိသည်မဟုတ်။

စိတ္တဇဝါယောဓာတ် ပျံ့သဖြင့်သာလျှင် ထမင်းလုပ် ခံတွင်းဝယ်ထည့်ခြင်း, အထက်သွား တို့၏ ကျည်ပွေ့ကိစ္စကို ပြီးစေခြင်း, အောက်သွားတို့၏ ဆုံကိစ္စကို ပြီးစေခြင်း, လျှာ၏ လက်ကိစ္စကိုပြီးစေ ခြင်းသာ ဖြစ်လေသည်။ ခံတွင်းသို့ ရောက်သော ထမင်းလုပ်ကို အောက်သွားတည်းဟူသော ဆုံ၌ လျှာတည်းဟူသော လက်ဖြင့် လှန်လှော၍ တံတွေးတည်းဟူသော ရေဖြင့် ဆွတ်၍ အထက်သွားတည်း ဟူသော ကျည်ပွေ့ဖြင့် မှုန့်မှုန့်ညက်ညက် ကြိတ်ပြီးလျှင် တစ်စုံတစ်ယောက် ဟင်းချို ယောက်မဖြင့် ဝမ်းတွင်းသို့ သွင်းတတ်သူ ရှိသည်မဟုတ်။

စိတ္တဇဝါယောဓာတ် ကြောင့်သာလျှင် ဝင်လေသည်။ ဝင်လေသမျှကိုလည်း တစ်စုံ တစ်ယောက် ကောက်ရိုးခင်း၍ ခံတတ်သူရှိသည်မဟုတ်။ စိတ္တဇဝါယောဓာတ်၏ အစွမ်းဖြင့်သာ တည်၏။ ဝင်လေ သောထမင်းလုပ်ကိုလည်း တစ်စုံတစ်ယောက် ခုံလောက် ဆောက်ပြီးလျှင် မီးထည့်၍ ချက်ပြုတ်သူရှိ သည်မဟုတ်၊ တေဇော ဓာတ်ဖြင့်သာလျှင် ကျက်ရလေသည်။ ကျက်လေ သမျှကိုလည်း တစ်စုံ တစ်ယောက် တုတ်လှံတံဖြင့် အပသို့ ထုတ်ဆောင် တတတ်သူရှိသည်မဟုတ်။ စိတ္တဇဝါယောဓာတ် သာလျှင် ထုတ်ဆောင်လေသည်။

(စ) ကျင်ကြီးကျင်ငယ် စွန့်သည်၌လည်း ကျင်ကြီးကျင်ငယ် စွန့်တတ်သော ကိုယ်, ပုဂ္ဂိုလ်, သတ္တဝါမည်သည် တစ်စုံ တစ်ယောက်မျှ ရှိသည်မဟုတ်။ ဥပမာကား မှည့်ပြီးသော အိုင်းအမာ ပေါက်ကွဲသည်ရှိသော် သွေး, ပြည် အလိုလိုထွက်သကဲ့သို့၊ ထို့အတူ အစာကျက်အိမ်, ကျင်ငယ်အိမ်၌ စုတေသော ကျင်ကြီးကျင်ငယ်တို့သည် ဝါယောဓာတ် အဟုတ် ဖြစ်သာ အလိုလို အပသို့ ထွက်လေသည်။

(ဆ) သွားသည်, ရပ်သည်, ထိုင်သည်၌လည်း တစ်စုံတစ်ယောက် သွားတတ်, ရပ်တတ်, ထိုင်တတ်သော သတ္တဝါ ပုဂ္ဂိုလ် ရှိသည်မဟုတ်။ သွားလို, ရပ်လို, ထိုင်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်ပျံ့သောအားဖြင့် တစ်ကိုယ်လုံး ရှေ့သို့ တက်သည်ကို သွားသည်၊ တစ်ကိုယ်လုံး ထောင်၍ နေသည်ကိုသာ ရပ်သည်၊ အောက်ကိုယ်တစ်ပိုင်းကွေးလျက် အထက်ကိုယ်တစ်ပိုင်း ထောင်လျက်ရှိ သည်ကိုသာ ထိုင်သည်ဟု ဆိုရလေသည်။ သွားဆဲကာလဖြစ်သော ရုပ်နာမ်တရား တို့သည် သွားဆဲ ခဏ ကပင်၊ ရပ်ဆဲကာလဖြစ်သော ရုပ်နာမ်တရားတို့သည် ရပ်ဆဲခဏကပင် ချုပ်လေ ကုန်သည်။

(ဇ) အိပ်သည်, နိုးသည်၌လည်း အိပ်တတ်, နှိုးတတ်သော သတ္တဝါ ပုဂ္ဂိုလ် ရှိသည်မဟုတ်၊ ဝီထိစိတ် အခြားမရှိ ဘဝင်စိတ် သက်သက်ဖြစ်သည်ကသာ အိပ်သည်၊ ဘဝင်စိတ်ခြား၍ ဝီထိစိတ်ဖြစ် သည်ကိုသာ နိုးသည် ဆိုရလေသည်။ အိပ်ဆဲ ကာလ ဖြစ်သော နာမ်ရုပ်တရားတို့သည် အိပ်ဆဲခဏ ကပင်, နိုးဆဲ ကာလဖြစ်သော နာမ်ရုပ်တရားတို့သည် အိပ်ဆဲ ခဏကပင် ချုပ်လေကုန်သည်။

(ဈ) စကားပြောဆိုသည်, ဆိတ်ဆိတ် နေသည်၌လည်း စကားပြောဆိုတတ်, ဆိတ်ဆိတ်နေ တတ်သော သတ္တဝါ, ပုဂ္ဂိုလ် ရှိသည်မဟုတ်၊ နှုတ်ခမ်း, သွား, လျှာ, အာစောက်, စိတ်အားလျောက်ပတ် သော ပယောဂကိုစွဲ၍ အသံဖြစ်သည်ကိုသာ စကားပြောဆိုသည်, အသံမဖြစ်သည်ကိုသာ ဆိတ်ဆိတ် နေသည် ဆိုရလေသည်။ စကားပြောဆိုသည့် ကာလဖြစ်သော နာမ်ရုပ်တရား တို့သည် စကားပြော ဆိုဆဲခဏကပင်, ဆိတ်ဆိတ်နေသည့် ကာလဖြစ်သော နာမ်ရုပ်တရားတို့သည် ဆိတ်ဆိတ် နေဆဲ ခဏကပင် ချုပ်လေကုန်သည်ဟု ပညာ အဆင်အခြင်ကို ပြုရာသည်။

[ဂတေဌိတေနိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေတို့ကို တစ်ခုသော ကောဋ္ဌသဌာန ယူလေ။]

သမ္ပဇဉ် လေးပါး

သမ္ပဇညတရားကား -

(၁) သာတ္ထကသမ္ပဇည,

(၂) သပ္ပါယသမ္ပဇည,

(၃) ဂေါစရသမ္ပဇည,

(၄) အသမ္မောဟသမ္ပဇည -

ဟူ၍ လေးပါး အပြားရှိသည်။ ထိုလေးပါးတို့တွင် -

(၁) အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်ခြင်းသည် သာတ္ထကသမ္ပဇည။

(၂) လျောက်ပတ်သည် မလျောက်ပတ်သည်ကို ဆင်ခြင်ခြင်းသည် သပ္ပါယသမ္ပဇည။

(၃) ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း စသော ခုနစ်ပါးသော ဌာနတို့၌ ကမ္မဋ္ဌာန်းနှင့် မကင်းခြင်း သည် ဂေါစရ သမ္ပဇည။

(၄) ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း စသော ခုနစ်ဌာနတို့၌ ရှေ့သို့ တက်တတ်, နောက်သို့ ဆုတ်တတ်သော သတ္တဝါ,ပုဂ္ဂိုလ် ရှိသည်မဟုတ် အစ ရှိသည်ဖြင့် အောက်က ဆိုခဲ့ပြီးသည့်အတိုင်း မတွေ မဝေ ဆင်ခြင်ခြင်းသည် အသမ္မောဟသမ္ပဇည မည်၏။

ထို့ကြောင့် အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်၍ အကျိုးရှိမှသာ ရှေ့သို့ တက်ခြင်းစသည် ကိုပြုရာသည်။ အကျိုးပင်ရှိသော်လည်း လျောက်ပတ်သည်, မလျောက်ပတ်သည်ကို ဆင်ခြင်၍ လျောက်ပတ်မှသာ ပြုရာသည်။ အကျိုးရှိသည်, လျောက်ပတ်သည်ဖြစ်၍ ရှေ့သို့တက်ခြင်းစသည်ကို ပြုရာ၌လည်း ကမ္မဋ္ဌာန်းနှင့် မကင်းပြုရာသည်။ ရှေ့သို့တက်တတ်သော ပုဂ္ဂိုလ် သတ္တဝါရှိသည်မဟုတ်။

ရှေ့သို့ တက်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့်သာ တစ်ကိုယ်လုံး ရှေ့သို့ တက်ရလေသည် အစရှိသည်ဖြင့် အောက်ကဆိုခဲ့ပြီးသောအတိုင်း မတွေမဝေ ပညာအဆင် အခြင်ကို ပြုရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) သမ္ပဇညကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓ သစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် သစ္စကမ္မဋ္ဌာန်းကို လုံ့လပြုရာသည်၊ သစ္စကမ္မဋ္ဌာန်းကို လုံ့လပြု၍လည်း နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏-ဟူလို သည်။

[ဤကား သမ္ပဇာနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၄- ပဋိကူလ မနသိကာရပိုင်း

၆။ ပဋိကူလမနသိကာရပဗ္ဗ ၌ ဆင်ခြင် အောက်မေ့ရာသည်ကား -

(က) အောက်ခြေဖဝါး အပြင်မှသည် အထက်ဆံဖျားတိုင်အောင် ကိုယ်ကို ဆင်ခြင်သည်ရှိသော် အကျော်, ကရမက် အစရှိသော တစ်စုံတစ်ခု အမွှေးအကြိုင်ကို မမြင်။

စင်စစ်သော်ကား -

၁။ ဆံ, အမွှေး, ခြေသည်းလက်သည်, သွား, အရေ။

၂။ အသား, အကြော, အရိုး, ခြင်ဆီ, အညှို့။

၃။ နှလုံးသား, အသည်း, အမြှေး, အဖျဉ်း, အဆုတ်။

၄။ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်။

၅။ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ။

၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ် -

အားဖြင့် သုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ်အစုအတိသာ ပြည့်လေသည်ဟု ဆင်ခြင်အောက်မေ့ ရာသည်။

(ခ) ဥပမာကား - ကောက်မျိုး, ပဲ,နှမ်း, ဆန်တို့ဖြင့် ပြည့်သော အောက်အထက် အဝနှစ်ဖက် ရှိသော အိတ်ကို ဖြေ၍ ကြည့်သည်ရှိသော် မျက်စိအမြင်ရှိသော ယောကျ်ားသည် "ဤကား သလေး, ဤကား ကောက်, ဤကား ပဲနောက်, ဤကား ပဲလွန်း, ဤကား နှမ်း, ဤကား ဆန်'ဟူ၍ ဆင်ခြင် အောက်မေ့ရာသကဲ့သို့ ထို့အတူ အိတ်ကို ဖြေ၍ ကြည့်သော ယောက်ျားနှင့် တူသော ကမ္မဋ္ဌာန်းကို အားထုတ်စီးဖြန်းသော ယောဂီ သူတော်ကောင်းသည် အဝနှစ်ဖက်ရှိသော အိတ်နှင့် တူသော ကိုယ်ကို အောက်ခြေဖဝါးအပြင်မှသည် အထက်ဆံဖျားတိုင်အောင် ဆင်ခြင်အောက်မေ့သည်ရှိသော် -

၁။ ဤကား ဆံ, ဤကား အမွှေး, ဤကား ခြေသည်းလက်သည်း, ဤကား သွား, ဤကား အရေ။

၂။ ဤကား အသား, ဤကား အကြော, ဤကား အရိုး, ဤကား ခြင်ဆီ, ဤကား အညှို့။

၃။ ဤကား နှလုံးသား, ဤကား အသည်း, ဤကား အမြှေး, ဤကား အဖျဉ်း, ဤကား အဆုတ်။

၄။ ဤကား အူမ, ဤကား အူသိမ်, ဤကား အစာသစ်, ဤကား အစာဟောင်း, ဤကား ဦးနှောက်။

၅။ ဤကား သည်းခြေ, ဤကား သလိပ်, ဤကား ပြည်, ဤကား သွေး, ဤကား ချွေး, ဤကား အဆီခဲ။

၆။ ဤကား မျက်ရည်, ဤကား ဆီကြည်, ဤကား တံတွေး , ဤကားနှပ်, ဤကား အစေး, ဤကား ကျင်ငယ်- ဟု သုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ် အစုအတိသာ ပြည့်လေသည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ထိုသုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ်အစုကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်လည်း အားထုတ်ရာသည်၊ အားထုတ်သည် ရှိသော် ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏ - ဟူလိုသတည်း။

[ဤကား ပဋိကူလမနသိကာရပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၅- ဓာတုမနသိကာရပိုင်း

၇။ ဓာတုမနသိကာရပဗ္ဗ၌ ဆင်ခြင်အောက်မေ့သည်ရာသည်ကား -

(က) နွားသတ်သမားတို့သည် နွားကို သတ်ပြီးလျှင် ခရီးလမ်းအဆုံ၌ အပိုင်းပိုင်း လှီးဖြတ် ဝေဖန်ပိုင်းခြား သကဲ့သို့ ထို့အတူ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဣရိယာပုထ် လေးပါးအားဖြင့် တည်သော ငါ၏ကိုယ်၌ -

(၁) ကြမ်းတမ်းခက်ထန်ခြင်းလက္ခဏာ အဆုံးရှိသော ပထဝီဓာတ်,

(၂) ပျောင်းညံ့ခြင်း လက္ခဏာရှိသော အာပေါဓာတ်,

(၃) ရင့်ခြင်း ကျက်ခြင်းလက္ခဏာရှိသော တေဇောဓာတ်,

(၄) တုန်လှုပ် ထောက်ပံ့ခြင်း လက္ခဏာရှိသော ဝါယောဓာတ်-

အားဖြင့် ဤလေးပါးသော ဓာတ်သာရှိသည်ဟု ဓာတ်လေးပါးအားဖြင့် ဆင်ခြင် အောက်မေ့ရာ သည်။ ထိုသို့ အောက်မေ့သည်ရှိသော် သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ် သညာကင်း၍ ဓာတ်လေးပါး ဟူသော အမှတ် သညာသာလျှင် ဖြစ်၏။

(ခ) ဥပမာကား - နွားသတ်သမားတို့သည် နွားမွေးသည့် ကာလ,နွားကို သတ်ရာ အရပ်သို့ ဆောင်ယူသည့် ကာလ, သတ်ရာ အရပ်တွင် ချည်ထားသည့်ကာလ, သတ်သည့် ကာလ, သတ်၍ သေသည့်ကာလ, နွားဟူသော အမှတ်သညာသာ ရှိလေသကဲ့သို့, လှီးဖြတ်၍ အပိုင်းပိုင်း ဝေဖန်ခြားနား သည့်ကာလမှ နွားဟူသော အမှတ်သညာကင်း၍ အမဲဟူသော အမှတ်သညာ, ငါ အမဲရောင်းသည် ဟူသော အမှတ်သညာ, အမဲဝယ်ကြ သည်ဟူသော အမှတ်သညာသာ ရှိသကဲ့သို့၊ ထို့အတူ ဓာတ် လေးပါး အားဖြင့် ဝေဖန်ပိုင်းခြား၍ မဆင်ခြင် မအောက်မေ့မီ သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာ, ငါဟူသော အမှတ်သညာသာ ရှိလေသည်။ ဓာတ် လေးပါးအားဖြင့် ဝေဖန်ပိုင်းခြားသည့် ကာလမူကား သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာ, ငါဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး ဟူသော အမှတ်သညာသာ ဖြစ်လေသည်။

(၁) ဓာတ်လေးပါးအားဖြင့်ဆင်ခြင် သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ရာ၏။ ထို့ကြောင့် စတုသစ္စ ကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်လည်း အားထုတ်ရာသည်။

[ဤကား ဓာတုမနသိကာရပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ (၆-၁၄) – နဝသိဝထိကပိုင်း

၈။ နဝသိဝထိကပဗ္ဗ ကိုးပါး၌ ဆင်ခြင်အောက်မေ့ရာသည်ကား -

(က) ၁ သေ၍ တစ်ရက်, နှစ်ရက်, သုံးရက်ရှိ၍ သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော ဖူးဖူး ရောင်သော အကောင်,

၂- အဖြူအနီစသော အဆင်းတို့ဖြင့် ရောသော အဆင်းရှိသော များသောအားဖြင့် ညိုသော အဆင်းရှိသော စက်ဆုပ်ဖွယ်ရှိသော အကောင်,

၃- ပေါက်ပြဲပျက်စီးသော အရပ်တို့မှလည်းကောင်း, ကိုးပါးသော အမာဝ အပေါက် တို့မှ လည်းကောင်း ယိုစီးသော ပြည်ရှိသော စက်ဆုပ်ဖွယ်ရှိသော အကောင်ကို မြင်သည့် ကာလ, ငါ၏ကိုယ်သည်လည်း ဇီဝိတိန္ဒြေ, ကမ္မဇတေဇောဓာတ် ဝိညာဏ် ဟူသော ဤ တရားသုံးပါးတို့၏ထင်ရှားရှိသည့်ကာလ သွားခြင်း, ထိုင်ခြင်း, ရပ်ခြင်း, လျောင်းခြင်း စသည်ကို ပြုခြင်းငှါ တတ်နိုင်ချေသည်။ ဇီဝိတိန္ဒြေ, ကမ္မဇ တေဇောဓာတ်, ဝိညာဏ် ဟူသောတရားသုံးပါး ကင်းသည်ရှိသော် ဤကဲ့သို့ အကောင် ပုပ်အဖြစ်သို့ မချွတ်ရောက် အံ့သည်။ ဤကဲ့သို့ဥဒ္ဓုမာတကစသည် အပြားရှိသော အဖြစ်စသည် မချွတ်ဖြစ်အံ့သည်၊ ဤကဲ့သို့ ဖူးဖူးရောင်သော အကောင်ပုပ်အဖြစ်သည် အပြားရှိသောအဖြစ်ကို မလွန်ဆန် နိုင်ချေ။ စင်စစ် အကောင်ပုပ် အဖြစ်သို့ ရောက်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

(ခ) သင်္ချိုင်းဝယ်စွန့်ပစ်၍ ကျီး, လင်းတ, ခွေး, မြေခွေးအစရှိသော သတ္တဝါတို့ ထိုးဆွကိုက်ခဲ သော အကောင်ကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည် တရား သုံးပါးရှိသည်ကာလ သွားခြင်းစသည် ကိုပြုခြင်းငှါ တတ်နိုင်ချေသည်။ တရားသုံးပါး ကင်းသည်ရှိသော် ဤကဲ့သို့ အကောင်ပုပ်အဖြစ် ဥဒ္ဓုမာတက စသည်အဖြစ်ကို မချွတ်ဖြစ်အံ့, ရောက်အံ့, မလွန်ဆန်နိုင်ချေအံ့ ဟု ဆင်ခြင်အောက်မေ့ ရာသည်။

(ဂ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသွေး, အသားနှင့်တကွ အကြောမပြတ်သေးသော အရိုးစု သာရှိသော အကောင်ကို မြင်သည် ကာလလည်း ငါ၏ကိုယ်သည်လည်း တရားသုံးပါးရှိစဉ် ကာလသာ လျှင် သွားခြင်းစသည်ကို ဖြစ်စေနိုင်ချေသည်။ တရား သုံးပါးကင်းသည့်ကာလ ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ ရာသည်။

(ဃ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသားမကပ်, အသွေးလိမ်းကျံ၍ အကြောမပြတ် သေးသော အရိုးစုကို မြင်သည့်ကာလလည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင်အောက်မေ့ရာသည်။

(င) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသား, အသွေးမကပ် အကြောမပြတ်သေးသော အရိုးစုကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ခြင်း သတိ တရားကို ဖြစ်စေရာသည်။

(စ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော -

(၁) ခြောက်ဆယ့်လေးချောင်းသော လက်ရိုး၊

(၂) ခြောက်ဆယ့်လေးချောင်းသော ခြေရိုး၊

(၃) တစ်ဘက်တစ်ဘက်သော ခြေ၌နှစ်ချောင်း, နှစ်ချောင်းသော ဖမျက်ရိုး၊

(၄) နှစ်ချောင်း, နှစ်ချောင်းသော မြင်းခေါင်းရိုး၊

(၅) တစ်ချောင်း, တစ်ချောင်းသော ပုဆစ်ရိုး၊

(၆) တစ်ချောင်း, တစ်ချောင်းသော ပေါင်ရိုး၊

(၇) နှစ်ချောင်း, နှစ်ချောင်းသော ခါးရိုး၊

(၈) နှစ်ဆယ့်လေးချောင်းသော နံရိုး၊

(၉) တစ်ဆယ့်နှစ်ချောင်းသော ကျောရိုး၊

(၁၀) နှစ်ချောင်းသော လက်ပြင်ရိုး၊

(၁၁) ခုနစ်ဆစ်သော လည်ရိုး၊

(၁၂) နှစ်ချောင်းသော မေးရိုး၊

(၁၃) သုံးဆယ့်နှစ်ချောင်းသော သွားရိုး၊

(၁၄) ကိုးချောင်းသော ဦးခေါင်းခွံရိုး၊

ဖရိုဖရဲ အသီးသီး အကွဲကွဲရှိသော အရိုးတို့ကို မြင်သည့်ကာလလည်း ငါ၏ ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင်အောက်မေ့ရာသည်။

(ဆ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော ခရုသင်းနှင့်အတူ ဖွေးဖွေးဖြူသော အရိုးစုကို မြင်သည့် ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင်အောက်မေ့ သိမ်းဆည်း ခြင်း သတိတရားကို ဖြစ်စေရာသည်။

(ဇ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော နှစ်လည်ခါကျူး လွင်တီးခေါင်၌ လေနေပူ အတွေ့တို့ဖြင့် တွေ့ကုန်လျက် ဟောင်းမြင်း၍ စုပုံထားအပ်သော အရိုးစုကို မြင်သည့် ကာလလည်း ငါ၏ကိုယ်သည် လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဈ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော ပုပ်ဆွေး၍ မှုန့်မှုန့်ညက်ညက် ဖြစ်လေပြီးသော အရိုးစုကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ ပုပ်ဆွေး၍ မှုန့်မှုန့် ညက်ညက် မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် သိမ်းဆည်းခြင်း သတိတရားကိုဖြစ်ပွား စေရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) နဝသိဝထိက ကိုးပါးကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ထိုသစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း လုံ့လပြု၍ ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက် သည်သာ ဖြစ်၏။ ထို့ ကြောင့် သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့် လည်း လုံ့လပြုရာသည်။

[ဤကား နဝသိဝထိကပဗ္ဗ ကိုးပါး၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

တစ်ဆယ့်လေးပါး အပြားရှိသော ကာယာနုပဿနာ သတိပဋ္ဌာန်ပြီး၏။

ဝေဒနာနုပဿနာ

၉။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၌ -

(က) ဥပမာကား ပက်လက် အိပ်တတ်ကာမျှဖြစ်သော သူငယ်သည် နို့ကိုစို့ခြင်းစသော ကာလ၌ ချမ်းသာကိုခံစားရသည်ရှိသော် ငါသည် ချမ်းသာခြင်းသုခဝေဒနာကို ခံစား၏ဟု အကယ်၍ကား သိ၏။ ထိုသို့သိငြားသော်လည်း ထိုသူငယ်၏ သိခြင်း သည် သတ္တဝါဟူသော အယူကိုလည်း မစွန့်၊ သတ္တဝါ ဟူသော အမှတ်သညာကိုလည်း မခွါ၊ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားစေသည်လည်း မမည်။

ဤသုခဝေဒနာစသော ကိုးပါးသော ဝေဒနာကို အောက်မေ့ သိမ်းဆည်းသော ယောဂီ ပုဂ္ဂိုလ်၏ သုခဝေဒနာစသည်ကို ခံစားသည်ရှိသော် ငါ သုခဝေဒနာ စသည်ကို ခံစား၏ဟု သိခြင်းသည် သတ္တဝါ ဟူသော အယူဝါဒကိုလည်း စွန့်သည်။ သတ္တဝါ ဟူသော အမှတ်သညာကိုလည်း ခွါသည်။ ကမ္မဋ္ဌာန်းလည်း ဖြစ်သည်။ သတိပဋ္ဌာန် တရားကို ပွားစေသည်လည်း မည်သည်။

(ခ) ထိုဝေဒနာသည်ကား သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍ သုံးပါးအပြား ရှိသည်သာလျှင် ဖြစ်၏။ ထိုသုံးပါးတို့တွင် -

(၁) ဣဋ္ဌာရုံကို ခံစားခြင်းလက္ခဏာရှိသော ဝေဒနာသည် သုခဝေဒနာ မည်၏။

(၂) အနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာသည် ဒုက္ခဝေဒနာ မည်၏။

(၃) ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာသည် ဥပေက္ခာဝေဒနာ မည်၏။

(ဂ) သုခဝေဒနာသည်လည်း သာမိသသုခဝေဒနာ, နိရာမိသသုခဝေဒနာဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -

(၁) အလိုရှိအပ်သော ရူပါရုံအစရှိသည်ကို ရလျှင် ငါရပေသည်။ ရပြီးသည်ကို ငါလည်း ရပေပြီဟု အောက်မေ့သော သူအား ဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါးဟူသော အာမိသနှင့် စပ်ယှဉ်သော ကြောင့် သာမိသသုခ ဝေဒနာမည်၏။

(၂) ရူပါရုံ စသည်တို့၏အနိစ္စသဘောကို မြင်၍ ယခုဖြစ်ဆဲ ရှေးက ဖြစ်ပြီးသော ရူပါရုံစသည်တို့သည် အနိစ္စ သဘောရှိကုန်၏ဟု အောက်မေ့သောသူအားဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါး ဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသသုခဝေဒနာ မည်၏။

(ဃ) ဒုက္ခဝေဒနာသည်လည်း သာမိသဒုက္ခဝေဒနာ, နိရာမိသဒုက္ခဝေဒနာ ဟူ၍နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -

(၁) အလိုရှိအပ်သော ရူပါရုံ အစရှိသည်ကိုမရလျှင် မရပါလေ၊ ရပြီး၍ ပျောက်ပျက် သည်ကိုလည်း ပျောက်ပျက်ခဲ့သည်ဟု အောက်မေ့သော သူအား ဖြစ်သော ဒုက္ခ ဝေဒနာသည် ကာမဂုဏ်ငါးပါး ဟူသော အာမိသနှင့် စပ်ယှဉ်သောကြောင့် သာမိသဒုက္ခဝေဒနာမည်၏။

(၂) ရူပါရုံ စသည်တို့၏ အနိစ္စသဘောကို မြင်၍ အရိယဖိုလ်ကို တောင့်တ၍ရအောင် အနိစ္စ သဘောအားဖြင့် စီးဖြန်းအားထုတ်၍ မရနိုင်သောကြောင့် နှလုံးမသာယာခြင်း ရှိသောသူ အားဖြစ်သော ဒုက္ခဝေဒနာသည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသဒုက္ခဝေဒနာ မည်၏။

(င) ဥပေက္ခာဝေဒနာသည်လည်း သာမိသဥပေက္ခာဝေဒနာ, နိရာမိသဥပေက္ခာဝေဒနာ ဟူ၍ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါး တို့တွင်-

(၁) အလိုရှိအပ်သော ရူပါရုံ အစရှိသည်တို့ကို အာရုံပြု၍ ဗာလပုထုဇဉ်အား ဖြစ်သော ဥပေက္ခာဝေဒနာ သည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် စပ်ယှဉ် သောကြောင့် သာမိသဥပေက္ခာ ဝေဒနာ မည်၏။

(၂) ရူပါရုံ အစရှိသည်တို့၏အနိစ္စသဘောကို မြင်၍ ယခုဖြစ်ဆဲ ရှေးက ဖြစ်ပြီးသော ရူပါရုံ အစရှိ သည်တို့သည် အနိစ္စသဘောသာ ရှိကုန်၏ဟု အောက်မေ့သောသူအား ဖြစ်သော ဥပေက္ခာဝေဒနာသည် ကာမဂုဏ်ငါးပါး ဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသဥပေက္ခာ ဝေဒနာမည်၏။

(စ) ထိုဆိုခဲ့ပြီးသော သုခဝေဒနာ စသော ကိုးပါးအပြားရှိသော ဝေဒနာတို့တွင် တစ်ပါးပါးသော ဝေဒနာကို ခံစားသည့် ကာလ တစ်စုံတစ်ယောက်သော ဝေဒနာကို ခံစားတတ်သောသတ္တဝါ၊ ပုဂ္ဂိုလ် မည်သည် မရှိ၊ သုခဝေဒနာရှိသော ဝေဒနာတို့၏ အာရုံပြု၍ ဝေဒနာခံစားလေသည်။ ထိုသို့ ဝေဒနာ ဖြစ်သည်ဟုသာစွဲ၍ ငါ ဝေဒနာ ခံစားသည်ဟု ခေါ်ဝေါ် သမုတ်ခြင်း ဖြစ်လေသည်။

တစ်နည်းကား -

(၁) သုခဝေဒနာကို ခံစားသည့်ကာလ ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာကို မခံစား။

(၂) ဒုက္ခဝေဒနာကို ခံစားသည့်ကာလ သုခဝေဒနာ, ဥပေက္ခာဝေဒနာကို မခံစား။

(၃) ဥပေက္ခာဝေဒနာကို ခံစားသည့်ကာလ သုခဝေဒနာ, ဒုက္ခဝေဒနာကို မခံစား။

ထို့ကြောင့် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့သည် ကုန်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း သဘော ရှိကုန်သည် ဖြစ်၍ အနိစ္စသဘောသာ ဖြစ်ကုန်၏ဟု ဆင်ခြင် အောက်မေ့ရာသည်။ ထို့သို့ ဆင်ခြင် အောက်မေ့သည်ကိုသာ -

(၁) သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစားသည်ဟု သိ၏။

(၂) ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။

(၃) ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစားသည်ဟု သိ၏။

(၄) သာမိသသုခဝေဒနာကို ခံစားသည်ရှိသော် ငါ သာမိသသုခဝေဒနာကို ခံစား သည်ဟု သိ၏။

(၅) သာမိသဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါသာမိသဒုက္ခဝေဒနာကို ခံစား သည်ဟု သိ၏။

(၆) သာမိသဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ သာမိသဥပေက္ခာဝေဒနာကို ခံစားသည်ဟု သိ၏။

(၇) နိရာမိသသုခဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသသုခဝေဒနာကို ခံစား သည်ဟု သိ၏။

(၈) နိရာမိသဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသဒုက္ခဝေဒနာကို ခံစား သည်ဟု သိ၏။

(၉) နိရာမိသဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသဥပေက္ခာ ဝေဒနာ ကို ခံစားသည်ဟု သိ၏ ဆိုလေသတည်း။

(ဆ) ထို့ကြောင့် သုခဝေဒနာ အစရှိသည်တို့ကို ခံစားသည်ရှိသော် ငါ ခံစား၏ဟု သိကာမျှကို မဆိုလို။ ထိုသို့ သိခြင်း သည်ကား ပက်လက်အိပ်တတ်ကာမျှသာဖြစ်သော သူငယ်သည်ပင် အမိနို့ကို စို့သောကာလ ငါ သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ထိုသို့ သိခြင်းကိုသတ္တဝါဟူသော အယူအမှတ် သညာ မကင်းသောကြောင့် မလိုအပ်။ သုခဝေဒနာ အစရှိသော ဝေဒနာကို ခံစားသည့်ကာလ တစ်စုံတစ်ယောက်သော ဝေဒနာကို ခံစားတတ်သောသတ္တဝါ ပုဂ္ဂိုလ်မည်သည် မရှိသည်ကိုပင် အောက်က ပြဆိုခဲ့သည့်အတိုင်း ဆင်ခြင်အောက်မေ့သည်ကိုသာ သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ် သညာ အယူကင်းသောကြောင့် လိုအပ်သည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဝေဒနာကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း နိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်း အစွမ်းအားဖြင့်လည်း အားထုတ် ရာသည်။

[ဤကား ကိုးပါးအပြားရှိသော ဝေဒနာနုပဿနာ သတိပဋ္ဌာန်၏ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဝေဒနာနုပဿနာသတိပဋ္ဌာန် ပြီး၏။

စိတ္တာနုပဿနာ

၁၀။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၌ စိတ်သည် -

(က) သရာဂစိတ်, ဝီတရာဂစိတ်၊

(ခ) သဒေါသစိတ်, ဝီတဒေါသစိတ်၊

(ဂ) သမောဟစိတ်, ဝီတမောဟစိတ်၊

(ဃ) သံခိတ္တစိတ်, ဝိက္ခိတ္တစိတ်၊

(င) မဟဂ္ဂတစိတ်, အမဟဂ္ဂတစိတ်၊

(စ) သဥတ္တရစိတ်, အနုတ္တရစိတ်၊

(ဆ) သမာဟိတစိတ်, အသမာဟိတစိတ်၊

(ဇ) ဝိမုတ္တစိတ်, အဝိမုတ္တစိတ် -

ဟူ၍ တစ်ဆယ့်ခြောက်ပါး အပြားရှိသည် သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့်ခြောက်ပါး တို့သည် -

(၁) ရာဂနှင့်ယှဉ်သော လောဘမူစိတ်ရှစ်ခုသည် သရာဂစိတ် မည်၏။

(၂) ရာဂနှင့်ကင်းသော လောကီကုသိုလ် သတ္တရသ, လောကီဝိပါက် ဗာတ္တိံသ, ကြိယာစိတ် ဝီသ အားဖြင့် တစ်ခုယုတ် ခုနစ်ဆယ်သော လောကီကုသိုလ် အဗျာကတ စိတ်သည် ဝီတရာဂစိတ် မည်၏။

ဤစိတ်ကို အောက်မေ့ သိမ်းဆည်းခြင်း သည်ကား အကြင့်ကြောင့် လောကီဖြစ်သော စိတ်တို့၏ အပေါင်းသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန် အရာဝယ် တစ်ခုသော ပုဒ်၌မျှသော်လည်း လောကုတ္တရာစိတ်ကို မရအပ်သည်သာ လျှင်တည်း။ လောဘမူစိတ်ရှစ်ခုမှ ကြွင်းသော ဒေါသမူဒွေ, မောဟမူဒွေ အားဖြင့် ဤလေးပါးသော အကုသိုလ်စိတ်တို့သည် သရာဂပုဒ်သို့လည်း မဆည်းမကပ် မဝင်ကုန်၊ ဝီတရာဂပုဒ်သို့လည်း မဆည်းမကပ် မဝင်ကုန်ဟု မှတ်အပ်၏ ဟူလိုသည်။

(၃) ဒေါသနှင့်ယှဉ်သော ဒေါမနဿသဟဂုတ်စိတ်နှစ်ခုသည် သဒေါသစိတ် မည်၏။

(၄) ဒေါသနှင့် မယှဉ်သော ဆိုအပ်ပြီးသော လောကီကုသိုလ် အဗျာကတစိတ်သည် ဝီတဒေါသစိတ် မည်၏။ သဒေါသစိတ်မှကြွင်းသော လောဘမူစိတ်ရှစ်ခု မောဟမူစိတ ်နှစ်ခုအားဖြင့် ဤဆယ်ခု သော အကုသိုလ်စိတ်တို့သည် သဒေါသပုဒ်, ဝီတဒေါသပုဒ် နှစ်ပါးတို့သို့ မဆည်းမကပ် မဝင်ကုန် ဟူလို။

(၅) မောဟနှင့်ယှဉ်သော အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုတို့သည် သမောဟစိတ် မည်၏။

(၆) မောဟနှင့်ကင်းသော ဆိုခဲ့ပြီးသော လောကီကုသိုလ် အဗျာကတစိတ်သည် ဝီတမောဟစိတ် မည်၏။

(၇) ထိနမိဒ္ဓနှင့်ယှဉ်သော အကုသိုလ်စိတ် သသင်္ခါရိကစိတ် ငါးခုသည် သံခိတ္တစိတ် မည်၏။

(၈) ပျံ့လွင့်သော ဥဒ္ဓစ္စသဟဂုတ်စိတ်သည် ဝိက္ခိတ္တစိတ် မည်၏။

(၉) ရူပါဝစရစိတ် ပန္နရသ အရူပါဝစရစိတ် ဒွါဒသအားဖြင့် ဤနှစ်ဆယ့်ခုနစ်ခုသော စိတ်သည် မဟဂ္ဂတစိတ် မည်၏။

(၁၀) ငါးဆယ့်လေးပါး အပြားရှိသော ကာမာဝစရစိတ်သည် အမဟဂ္ဂတစိတ် မည်၏။

(၁၁) ဆိုခဲ့ပြီးသော အပြားရှိသော ကာမာဝစရစိတ်သည် သဥတ္တရစိတ် မည်၏။

(၁၂) ဆိုခဲ့ပြီးသော အပြားရှိသော ရူပါဝစရစိတ်, အရူပါဝစရစိတ်သည် အနုတ္တရစိတ် မည်၏။

[ရူပါဝစရစိတ်, အရူပါဝစရစိတ်တို့တွင် ရူပါဝစရစိတ်သည် သဥတ္တရစိတ် မည်၏။ အရူပါဝစရ စိတ်သည် အနုတ္တရစိတ်မည်၏။]

(၁၃) အပ္ပနာသမာဓိ, ဥပစာရသမာဓိနှင့် ယှဉ်သောစိတ်သည် သမာဟိတစိတ် မည်၏။

(၁၄) ဆိုခဲ့ပြီးသော သမာဓိနှင့် မယှဉ်သောစိတ်သည် အသမာဟိတစိတ်မည်၏။

(၁၅) တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် ကိလေသာတို့မှ လွတ်သောစိတ်သည် ဝိမုတ္တစိတ် မည်၏။

(၁၆) တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် ကိလေသာတို့မှ မလွတ်သော စိတ်သည် အဝိမုတ္တစိတ် မည်၏။

ထိုဆိုခဲ့ပြီးသော တစ်ဆယ့်ခြောက်ပါးအပြားရှိသော စိတ်တို့တွင် -

(က) သရာဂစိတ်ကို ဤကား သရာဂစိတ်,

(ခ) ဝီတရာဂစိတ်ကို ဤကား ဝီတရာဂစိတ်,

(ဂ) သဒေါသစိတ်ကို ဤကား သဒေါသစိတ်,

(ဃ) ဝီတဒေါသစိတ်ကို ဤကား ဝီတဒေါသစိတ်,

(င) သမောဟစိတ်ကို ဤကား သမောဟစိတ်,

(စ) ဝီတမောဟစိတ်ကို ဤကား ဝီတမောဟစိတ်,

(ဆ) သံခိတ္တစိတ်ကို ဤကား သံခိတ္တစိတ်,

(ဇ) ဝိက္ခိတ္တစိတ်ကို ဤကား ဝိက္ခိတ္တစိတ် -

ဤသို့ စသည်ဖြင့် ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) တစ်ဆယ့်ခြောက်ပါး အပြားအားဖြင့် စိတ်ကိုအောက်မေ့ သိမ်းဆည်း တတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာချုပ်ရာဖြစ်သော အသင်္ခတ ဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓ သစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် လုံ့လပြု၍ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း စီးဖြန်း အားထုတ် ရာသည်။

[ဤကား စိတ္တာနုပဿနာ သတိပဋ္ဌာန်၏ အကျဉ်းဖြစ်သောအဓိပ္ပါယ်တည်း။]

စိတ္တာနုပဿနာ သတိပဋ္ဌာန် ပြီး၏။

ဓမ္မာနုပဿနာ ၁- နီဝရဏပိုင်း

၁၁။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်၌ -

(၁) နီဝရဏပဗ္ဗ,

(၂) ခန္ဓပဗ္ဗ,

(၃) အာယတနပဗ္ဗ,

(၄) ဗောဇ္ဈင်္ဂပဗ္ဗ -

ဟူ၍ ငါးပါးအပြားရှိသည်သာလျှင် ဖြစ်၏။

ထိုငါးပါးသော ပဗ္ဗတို့တွင် နီဝရဏပဗ္ဗ၌ နီဝရဏတရားသည် -

(၁) ကာမစ္ဆန္ဒနီဝရဏ,

(၂) ဗျာပါဒနီဝရဏ,

(၃) ထိနမိဒ္ဓနီဝရဏ,

(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ,

(၅) ဝိစိကိစ္ဆာနိဝရဏ -

အားဖြင့် ငါးပါးအပြား ရှိ၏။ ထိုငါးပါးတို့တွင် -

(၁) ကာမစ္ဆန္ဒနီဝရဏသည် ဝတ္ထုကာမကိုအလိုရှိခြင်း, တောင့်တခြင်း လက္ခဏာရှိ၏။

(၂) ဗျာပါဒနီဝရဏသည် သူတစ်ပါးကို ပျက်စီးစေခြင်း လက္ခဏာရှိ၏။

(၃) ထိနမိဒ္ဓနီဝရဏသည် ပျံ့လွင့်ခြင်း, မခံ့ခြင်း, ပျင်းရိခြင်း လက္ခဏာ ရှိ၏။

(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏသည် ပျံ့လွင့်ခြင်း, နောင်တပူပန်ခြင်း လက္ခဏာရှိ၏။

(၅) ဝိစိကိစ္ဆာနီဝရဏသည် အာရုံကို မဆုံးဖြတ်နိုင်ခြင်း လက္ခဏာရှိ၏။

(က) ထိုနီဝရဏငါးပါးတို့တွင် အစဉ်မပြတ်သောအားဖြင့် ကာမစ္ဆန္ဒနီဝရဏ မိမိ သန္တာန်၌ ဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ ဖြစ်၏။ အစဉ်မပြတ် သောအားဖြင့် လည်းကောင်း, ပယ်ပြီးသော အားဖြင့်လည်းကောင်း မဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ မဖြစ်၊

သုဘ အာရုံ၌ အနိစ္စကို နိစ္စ, ဒုက္ခကို သုခ, အနတ္တကိုအတ္တ, အသုဘကို သုဘဟု မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ကာမစ္ဆန္ဒနီဝရဏ အတိုင်းထက်အလွန် ပွားများ၏။

အသုဘအာရုံ၌ အနိစ္စကို အနိစ္စ, ဒုက္ခကို ဒုက္ခ, အနတ္တကို အနတ္တ, အသုဘကို အသုဘဟု အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒ နီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ခ) မိမိသန္တာန်၌ ဗျာပါဒနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ ပဋိဃ အာရုံကို မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဗျာပါဒနီဝရဏ အတိုင်းထက်အလွန် ပွားများ၏။ မေတ္တာကို နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒ နီဝရဏသည် အနာဂါမိမဂ်ဖြင့် နောက်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဂ) ထိနမိဒ္ဓနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ မမွေ့လျော်ခြင်း, ပျင်းရိခြင်း, ထမင်းဆီယစ်ခြင်း အစရှိသည်တို့၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိနမိဒ္ဓ နီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏအတိုင်းထက် အလွန်ပွားများ၏။

လုံ့လ ဝီရိယ၌ အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိနမိဒ္ဓ နီဝရဏ မဖြစ်။ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏကို ပယ်၏။ ပယ်ပြီးသော ထိနမိဒ္ဓ နီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောက် အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဃ) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ စိတ်မငြိမ်ခြင်း, ပျံ့လွင့်ခြင်း၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေး သော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ အတိုင်းထက် အလွန် ပွားများ၏။ သမာဓိ၌ အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ် သေးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ မဖြစ်။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို ပယ်၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောက်အသစ် တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(င) မိမိသန္တာန်၌ ဝိစိကိစ္ဆာနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ ဝိစိကိစ္ဆာ၏ အာရုံရှိသော တရားတို့၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း ကြောင့် မဖြစ်သေးသော ဝိစိကိစ္ဆာနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဝိစိကိစ္ဆာ နီဝရဏ အတိုင်းထက်အလွန် ပွားများ၏။

ကုသိုလ်အစရှိ သောတရားတို့၌ အသင့်သော အားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဝိစိကိစ္ဆာနီဝရဏ မဖြစ်။ ဖြစ်ပြီးသော ဝိစိကိစ္ဆာနီဝရဏကို ပယ်၏။ ပယ်ပြီးသော ဝိစိကိစ္ဆာနီဝရဏသည် သောတာပတ္တိမဂ် ဉာဏ်ဖြင့်နောက်အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) နီဝရဏငါးပါးကိုအောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယ သစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးတရားတို့၏ အစွမ်း အားဖြင့် လုံ့လပြုရာသည်။

[ဤကား နီဝရဏပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၂- ခန္ဓပိုင်း

၁၂။ ခန္ဓပဗ္ဗ၌ ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာသည် -

(၁) ရူပက္ခန္ဓာ,

(၂) ဝေဒနာက္ခန္ဓာ,

(၃) သညာက္ခန္ဓာ,

(၄) သင်္ခါရက္ခန္ဓာ,

(၅) ဝိညာဏက္ခန္ဓာ -

ဟူ၍ ငါးပါးအပြားရှိ၏။ ထိုငါးပါးတို့တွင် -

၁။ ဘူတရုပ်, ဥပါဒါရုပ်အားဖြင့် ပြားသော ရုပ်နှစ်ဆယ့်ရှစ်ခုသည် ရူပက္ခန္ဓာ မည်၏။

၂။ လောကီစိတ်ရှစ်ဆယ့်တစ်ခုနှင့် ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။

၃။ သညာသည် သညာက္ခန္ဓာ မည်၏။

၄။ ဝေဒနာ, သညာမှကြွင်းသော ဖဿ, ဝေဒနာစသော စေတသိက် ငါးဆယ်သည် သင်္ခါရက္ခန္ဓာ မည်၏။

၅။ လောကီစိတ်ရှစ်ဆယ့်တစ်ခုသည် ဝိညာဏက္ခန္ဓာ မည်၏။

ဤမှတစ်ပါး ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာ မရှိပြီ။

ထိုခန္ဓာငါးပါးသည် အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ, နိဗ္ဗတ္တိလက္ခဏာအားဖြင့် ငါးပါး သော အကြောင်းတရား ဖြစ်သည်ရှိသော် ဖြစ်၏၊ အဝိဇ္ဇာ စသော အကြောင်း တရား ငါးပါး ချုပ်သည်ရှိသော် ချုပ်၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဥပါဒါနက္ခန္ဓာ ငါးပါးကိုအောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာသာလျှင် အာရုံရှိသောမဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါး တို့၏အစွမ်းအားဖြင့် အားထုတ်၍ ဘေးအပေါင်း ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရာ, ပွားစေ, လုံ့လပြုရာ သည်။

[ဤကား ခန္ဓပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၃- အာယတနပိုင်း

၁၃။ အာယတနပဗ္ဗ၌ အာယတနသည် -

(က) စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟူ၍ အဇ္ဈတ္တိအာယတန ခြောက်ပါး၊

(ခ) ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဟူ၍ ဗာဟိရာယတန ခြောက်ပါး -

အားဖြင့် အာယတန တစ်ဆယ့်နှစ်ပါး အပြားရှိသည် သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့် နှစ်ပါးတို့တွင် -

၁။ စက္ခုပသာဒသည် စက္ခာယတန မည်၏။

၂။ သောတပသာဒသည် သောတာယတန မည်၏။

၃။ ဃာနပသာဒသည် ဃာနာယတန မည်၏။

၄။ ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏။

၅။ ကာယပသာဒသည် ကာယာယတန မည်၏။

၆။ လောကီစိတ်ရှစ်ဆယ့်တစ်ခုသည် မနာယတန မည်၏။

၇။ ရူပါရုံသည် ရူပါယတန မည်၏။

၈။ သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏။

၉။ ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏။

၁၀။ ရသာရုံသည် ရသာယတန မည်၏။

၁၁။ ဖောဋ္ဌာဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။

၁၂။ ရူပါရုံစသော ငါးပါးမှ တစ်ပါးသော ရုပ်နာမ် ပညတ်သည် ဓမ္မာယတန မည်၏။

စက္ခု, ရူပါရုံ၊ သောတ, သဒ္ဒါရုံ အစရှိသော အဇ္ဈတ္တိက, ဗဟိဒ္ဓါယတန နှစ်ပါးကို စွဲ၍ဖြစ်သော သံယောဇဉ်သည် ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ်, မာနသံယောဇဉ်, ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, ဘဝရာဂသံယောဇဉ်, သီလဗ္ဗတပရာမာသသံယောဇဉ်, ဣဿာသံယောဇဉ်, မစ္ဆရိယသံယောဇဉ်, အဝိဇ္ဇာသံယောဇဉ်ဟူ၍ ဆယ်ပါးအပြားရှိသည်သာလျှင် ဖြစ်၏။

ထိုဆယ်ပါးသော သံယောဇဉ်တို့သည် အဘယ်သို့ ဖြစ်သနည်းဟူမူကား -

၁။ စက္ခုဒွါရ၌ ဣဋ္ဌဖြစ်သော ရူပါရုံ,

၂။ သောတဒွါရ၌ ဣဋ္ဌဖြစ်သော သဒ္ဒါရုံ,

၃။ ဃာနဒွါရ၌ ဣဋ္ဌဖြစ်သော ဂန္ဓာရုံ,

၄။ ဇီဝှါဒွါရ၌ ဣဋ္ဌဖြစ်သော ရသာရုံ,

၅။ ကာယဒွါရ၌ ဣဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံ,

၆။ မနောဒွါရ၌ ဣဋ္ဌဖြစ်သော ဓမ္မာရုံ ထင်ရှားဖြစ်သည်ရှိသော် -

၁။ သာယာနှစ်သက်သောသူအား ကာမရာဂသံယောဇဉ်,

၂။ အနိဋ္ဌာရုံ ထင်ရှားဖြစ်သည်ရှိသော် အမျက်ထွက်သောသူအား ပဋိဃသံယောဇဉ်,

၃။ ငါ့ပြင် မရှိ၊ ငါသာလျှင် မြတ်၏ဟုထောင်လွှား အောက်မေ့သော သူအား မာနသံယောဇဉ်,

၄။ ရူပါရုံ စသည် အမြဲရှိ၏ဟု ယူသောသူအား ဒိဋ္ဌိသံယောဇဉ်,

၅။ ဤအာရုံသည် သတ္တဝါတည်းဖြစ်သလောဟု တွေးတောယုံမှားရှိသောသူအား ဝိစိကိစ္ဆာသံယောဇဉ်,

၆။ ပြည့်စုံချမ်းသာသောဘဝကို ငါရမည်ဟု တောင့်တသောသူအား ဘဝရာဂသံယောဇဉ်,

၇။ နောင်လည်း ဤသို့အကျင့်ကို ကျင့်ဆောက်တည် လိုသောသူအား သီလဗ္ဗတသံယောဇဉ်,

၈။ ငါကဲ့သို့ သူတစ်ပါးအား မဖြစ်ပါစေလင့်ဟု ငြူစူသောသူအား ဣဿာသံယောဇဉ်,

၉။ မိမိရပြီးသော စည်းစိမ်ချမ်းသာကို သူတစ်ပါးတို့နှင့် မစပ်ယှက်စေလို ဝန်တို သောသူအား မစ္ဆရိယသံယောဇဉ်,

၁၀။ ကာမရာဂသံယောဇဉ်အစရှိသည်တို့နှင့်အတူတကွမသိသောသူအား အဝိဇ္ဇာသံယောဇဉ် ဖြစ်၏။

စက္ခုအစရှိသော ဒွါရခြောက်ပါး၌ ရူပါရုံအစရှိသော အာရုံခြောက်ပါး ထင်ရှား ဖြစ်သည်ရှိသော် အသင့်အားဖြင့် နှလုံး သွင်း၍ တဒဂ်ပဟာန်, ဝိက္ခမ္ဘနပဟာန်အားဖြင့် မဖြစ်သော သံယောဇဉ် မဖြစ်၊ ဖြစ်ပြီးသော သံယောဇဉ်ကို ပယ်၏။ ပယ်ပြီးသော သံယောဇဉ်တို့တွင် -

၁။ ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, သီလဗ္ဗတပရာမသသံယောဇဉ်, ဣဿာသံယောဇဉ်, မစ္ဆရိယသံယောဇဉ်အားဖြင့် သံယောဇဉ်ငါးပါးသည် သောတာပတ္တိမဂ်ဖြင့် နောင်အသစ် တစ်ဖန် မဖြစ်ပြန်ပြီ။

၂။ ရုန့်ရင်းသော ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ် အားဖြင့် သံယောဇဉ် နှစ်ပါးသည် သကဒါဂါမိမဂ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ။

၃။ သိမ်မွေ့သော ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ်အားဖြင့် သံယောဇဉ် နှစ်ပါးသည် အနာဂါမိမဂ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ။

၄။ မာနသံယောဇဉ်, ဘဝရာဂသံယောဇဉ်, အဝိဇ္ဇာသံယောဇဉ်အားဖြင့် ဤ သံယောဇဉ် သုံးပါးသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) အာယတနကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်၍လည် နိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ်ရာသည်။

[ဤကား အာယတနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၄- ဗောဇ္ဈင်္ဂပိုင်း

၁၄။ ဗောဇ္ဈင်္ဂပဗ္ဗ၌ ဗောဇ္ဈင်တရားသည် -

၁။ သတိသမ္ဗောဇ္ဈင်,

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်,

၃။ ဝီရိယသမ္ဗောဇ္ဈင်,

၄။ ပီတိသမ္ဗောဇ္ဈင်,

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်,

၆။ သမာဓိသမ္ဗောဇ္ဈင်,

၇။ ဥပေက္ခာသမ္ဗောဇ္ဈင်-

ဟူ၍ ခုနစ်ပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ထိုခုနစ်ပါးတို့တွင် -

၁။ အာရုံထင်ခြင်း, မမေ့မလျော့ခြင်း လက္ခဏာရှိသော သတိသည် သတိသမ္ဗောဇ္ဈင်မည်၏။

၂။ အနိစ္စ အစရှိသော တရားကို အောက်မေ့ဆင်ခြင်သော လက္ခဏာရှိသော ပညာသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

၃။ အားထုတ်ခြင်း ထောက်ပံ့ခြင်း လက္ခဏာရှိသော ဝီရိယသည် ဝီရိယသမ္ဗောဇ္ဈင် မည်၏။

၄။ သမ္ပယုတ်တရားတို့ကို ပျို့စေခြင်း နှစ်သက်စေခြင်း လက္ခဏာရှိသော ပီတိသည် ပီတိသမ္ဗောဇ္ဈင် မည်၏။

၅။ စိတ်၏ငြိမ်းခြင်း လက္ခဏာရှိသော ပဿဒ္ဓိသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်၏။

၆။ အာရုံ၌မတုန်မလှုပ် တည်ကြည်ခြင်း လက္ခဏာရှိသော ဧကဂ္ဂတာသည် သမာဓိသမ္ဗောဇ္ဈင် မည်၏။

၇။ ထိုသို့အာရုံကို လျစ်လျူရှုခြင်းလက္ခဏာရှိသော တတြမဇ္ဈတ္တတာသည် ဥပေက္ခာသမ္ဗောဇ္ဈင် မည်၏။

ထို့ကြောင့် ဗောဇ္ဈင် ခုနစ်ပါးတို့တွင် -

၁။ ရအပ်သောအားဖြင့် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ မရသောအားဖြင့် ထင်ရှားမဖြစ်သည်ကိုလည်း ထင်ရှား မဖြစ်။

(က) သတိသမ္ဗောဇ္ဈင်၏ အကြောင်းတရားတို့၌ အသင့်အားဖြင့် နှလုံးသွင်းခြင်း ကြောင့်လည်းကောင်း,

(ခ) ၁။ ရှေ့သို့ တက်ခြင်းစသော ခုနစ်ပါးသော သတိသမ္ပဇညအရာတို့၌ သတိသမ္ပဇညနှင့် ပြည့်စုံခြင်း,

၂။ လွတ်သော သတိရှိသောပုဂ္ဂိုလ်ကို ကြဉ်ခြင်း,

၃။ ထင်သော သတိရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၄။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသောစိတ် ရှိသည်၏ အဖြစ်အားဖြင့် ဤလေးပါးသော အကြောင်း တရားတို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော သတိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင် အတိုင်းထက် အလွန် ပွားများ၏။ အရဟတ္တ မဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာ သည်။

၂။ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ်သည် ကိုလည်း ထင်ရှား မဖြစ်။

(က) ကုသိုလ် စသော တရားတို့၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့် လည်းကောင်း,

(ခ) ၁။ ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ စသည်တို့၏အနက်ကိုမှီသော ပါဠိ အဋ္ဌကထာ သင်ခြင်း, မေးမြန်းခြင်း များသည်အဖြစ်,

၂။ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်ကုန်သော ဝတ္ထုတို့၏ သန့်ရှင်းသည်၏ အဖြစ်ကိုပြုခြင်း,

၃။ သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့၏ တူမျှသည်၏ အဖြစ်ကိုပြုခြင်း,

၄။ ခန္ဓာစသည် အပြားရှိသော ပရမတ္ထဓမ္မ၌ သက်ဝင်သော ဉာဏ်မရှိသော ပုဂ္ဂိုလ် တို့ကို ဝေးစွာကြဉ်ခြင်း,

၅။ အမြင်ငါးဆယ်ရှိသော လက္ခဏာကို သိမ်းဆည်းတတ်သော ဥဒယဗ္ဗယပညာနှင့် ပြည့်စုံ သောပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၆။ နက်နဲသော ခန္ဓာစသည်တို့၌ ဖြစ်သော နက်နဲသော ပညာအပြားကို ဆင်ခြင်ခြင်း,

၇။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ခုနစ်ပါးသော အကြောင်းတရားတို့ နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ် ဖြင့် ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင် အောက်မေ့ရာသည်။

၃။ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှား မဖြစ်သည်ကိုလည်း ထင်ရှားမဖြစ်။

(က) လုံ့လအားထုတ်ခြင်း အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,

(ခ) ၁။ အပါယ်ဘေးကို ဆင်ခြင်သည်၏အဖြစ်,

၂။ အကျိုးဆက်ကို မြင်လေ့ရှိသည်၏အဖြစ်,

၃။ ဘုရား, ပစ္စေကဗုဒ္ဓါ စသည်တို့သည် သွားအပ်သောခရီးကို ဆင်ခြင်ခြင်း ရှိသည်၏အဖြစ်,

၄။ ဆွမ်းထမင်းကို ရိုသေခြင်း ရှိသည်၏အဖြစ်,

၅။ အမွေခံ၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,

၆။ ဘုရား၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,

၇။ အမျိုးမြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,

၈။ သီတင်းသုံးဖော်၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,

၉။ ပျင်းရိသော ပုဂ္ဂိုလ်၏ ကြဉ်ခြင်းရှိသည်၏အဖြစ်,

၁၀။ အားထုတ်ခြင်းလုံ့လရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း ရှိသည်၏အဖြစ်,

၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤ တစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

၄။ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ်သည်ကိုလည်း ထင်ရှားမဖြစ်။

(က) ပီတိသမ္ဗောဇ္ဈင်တို့၏ အကြောင်းတရားတို့၏ အသင့်အားဖြင့် နှလုံးသွင်းခြင်း ကြောင့်လည်းကောင်း,

(ခ) ၁။ ဘုရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,

၂။ တရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,

၃။ သံဃာ့ဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,

၄။ ရဟန်းတို့အား စတုပါရိသုဒ္ဓိသီလ, လူတို့အား ဒသသီလ ပဉ္စသီလကို ဆင်ခြင်ခြင်း,

၅။ စွန့်ကြဲခြင်း စာဂကို ဆင်ခြင်ခြင်း,

၆။ နတ်တို့ကို သက်သေအရာထား၍ မိမိ၏ဂုဏ်ကို ဆင်ခြင်ခြင်း,

၇။ သမာပတ်ဖြင့် ခွါအပ်ပြီးသော ကိလေသာတို့သည် အနှစ်ခြောက်ဆယ်, ခုနစ်ဆယ်တို့ ပတ်လုံး မဖြစ်ကုန်သဖြင့် ကိလေသာငြိမ်းခြင်းကိုဆင်ခြင်ခြင်း,

၈။ ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ကြဉ်ခြင်း,

၉။ နူးညံ့သော စိတ်ရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၁၀။ ရတနာသုံးပါးတို့ ဂုဏ်ကျေးဇူးကို ပြတတ်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်း,

၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ပီတိသမ္ဗောဇ္ဈင်ကိုဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤတစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီး သော ပီတိသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီး သော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ ရာသည်။

၅။ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ် သည်ကိုလည်း ထင်ရှား မဖြစ်။

(က) ကိုယ်စိတ်ငြိမ်းခြင်း၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,

(ခ) ၁။ မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,

၂။ ချမ်းသာစွာ လျောက်ပတ်သော ဥတု ဘောဇဉ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,

၃။ ချမ်းသာစွာ လျောက်ပတ်သောဣရိယာပုထ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,

၄။ လျစ်လျူရှုသော လုံ့လရှိသည်၏အဖြစ်,

၅။ ပူပန်သော ကိုယ်ရှိသော ပုဂ္ဂိုလ်ကို ကြဉ်ခြင်းရှိသည်၏အဖြစ်,

၆။ ငြိမ်းချမ်းသော ကိုယ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,

၇။ ရပ်ခြင်း, ထိုင်ခြင်း အစရှိသည်တို့၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤခုနစ်ပါးသော အကြောင်းတရား တို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်အတိုင်းထက် အလွန်ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင် အောက်မေ့ရာသည်။

၆။ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ် သည်ကိုလည်း ထင်ရှား မဖြစ်။

(က) သမာထအာရုံ၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,

(ခ) ၁။ အဇ္ဈတ္တဗဟိဒ္ဓ၌ဖြစ်သော ဝတ္ထုတို့၏ သန့်ရှင်းသည်၏အဖြစ်ကို ပြုခြင်း,

၂။ သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့၏ တူမျှညီညွတ်သည်၏အဖြစ်ကို ပြုခြင်း,

၃။ ကသိုဏ်းအာရုံကိုသင်ခြင်း၌ လိမ္မာခြင်းရှိသည်၏အဖြစ်,

၄။ ချီးမြှောက်သင့်သောအခါ၌ စိတ်ကို ချီးမြှောက်ခြင်း,

၅။ နှိပ်သင့်သောအခါ၌ စိတ်ကို နှိပ်ခြင်း,

၆။ ရွှင်စေသောအခါ၌ သံဝေဂ ဝတ္ထုရှစ်ပါးကို ဆင်ခြင်၍ ထိတ်လန့်စေသဖြင့် စိတ်ကို ရွှင်စေခြင်း,

၇။ လျစ်လျူရှုသင့်သောအခါ၌ စိတ်ကို လျစ်လျူရှုခြင်း,

၈။ ပျံ့လွင့်သောပုဂ္ဂိုလ်ကို ကြဉ်ခြင်း,

၉။ တည်ကြည်ငြိမ်သက်သော စိတ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၁၀။ ဈာန်ဝိမောက္ခတရားကို ဆင်ခြင်ခြင်း,

၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် တစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

၇။ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှား မဖြစ်သည်ကိုလည်း ထင်ရှား မဖြစ်။

(က) ဥပေက္ခာသမ္ဗောဇ္ဈင်တို့၏အကြောင်းတရားတို့၌ အသင့်အားဖြင့် နှလုံးသွင်း ခြင်းကြောင့် လည်းကောင်း,

(ခ) ၁။ သတ္တဝါ၌ လျစ်လျူရှုခြင်း ရှိသည်၏အဖြစ်,

၂။ သင်္ခါရတို့၌ လျစ်လျူရှုခြင်း ရှိသည်၏အဖြစ်, တရားဂုဏ် ကျေးဇူးကို အောက်မေ့ခြင်း,

၃။ သတ္တဝါ သင်္ခါရတို့၌ ချစ်မြတ်နိုးခြင်း ရှိသောပုဂ္ဂိုလ်ကို ကြဉ်ခြင်း ရှိသည်၏ အဖြစ်,

၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုခြင်း ရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း ရှိသည်၏အဖြစ်,

၅။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤတစ်ဆယ့် တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေး သော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် အတိုင်း ထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာ နှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဗောဇ္ဈင် ခုနစ်းပါးကို အောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတ ဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်း ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရာ, ပွားစေရာ, လုံ့လပြုရာသည်။

[ဤကား ဗောဇ္ဈင်္ဂပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၅- သစ္စာပိုင်း

၁၅။ သစ္စပဗ္ဗ၌ သစ္စာသည် -

(၁) ဒုက္ခသစ္စာ,

(၂) သမုဒယသစ္စာ,

(၃) နိရောဓသစ္စာ,

(၄) မဂ္ဂသစ္စာ -

ဟူ၍ လေးပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ထိုလေးပါးတို့တွင်

(က) ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အပ္ပိယသမ္ပယောဂ, ပိယဝိပ္ပယောဂ, ဣစ္ဆာအပဋိလာဘ, ဥပါဒါနက္ခန္ဓာ ဤအလုံးစုံ သည် ဒုက္ခသစ္စာ မည်၏။

တစ်နည်းလည်း တဏှာကြဉ်သော တေဘူမိက ဝဋ်တရားအပေါင်းသည် ဒုက္ခသစ္စာ မည်၏။

ထိုတရား အပေါင်းတို့တွင် -

(၁) သတ္တဝါအပေါင်းတို့၏ ထိုထိုဘဝ၌ ဖောက်ပြန်ခြင်း ရှိကုန်သော ရှေးဦးစွာ ဖြစ်သော ခန္ဓာငါးပါးတို့၏ သဘောသည် ဇာတိ မည်၏။

(၂) အိုခြင်း, သွားကျိုးခြင်း, ဆံဖြူခြင်း, အရေတွန့်ခြင်း, မျက်စိသီခြင်း, နားထိုင်း ခြင်း ဤအလုံးစုံ သည် ဇရာ မည်၏။

(၃) ထိုထိုဘဝမှ စုတေ သေလွန်ခြင်းသည် မရဏ မည်၏။

(၄) အဆွေအမျိုး ပျက်စီးခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း အစရှိသည်ကို တွေ့၍ စိုးရိမ်ခြင်း သည် သောက မည်၏။

(၅) ငါ့သမီး, ငါ့သား အစရှိသည်ဖြင့် ငိုကြွေး မြည်တမ်းခြင်းသည် ပရိဒေဝ မည်၏။

(၆) ကိုယ်ကိုမှီ၍ ဆင်းရဲခြင်း ဝေဒနာသည် ဒုက္ခ မည်၏။

(၇) စိတ်ကို မှီ၍ ဆင်းရဲခြင်း ဝေဒနာသည် ဒေါမနဿ မည်၏။

(၈) အဆွေအမျိုး ပျက်စီးခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း အစရှိသည်ကိုတွေ့၍ သက်ကြီး ရှိုက်တငင် ပြင်းစွာ ပင်ပန်းခြင်းသည် ဥပါယာသ မည်၏။

(၉) မချစ်မနှစ်လိုသော သတ္တဝါအာရုံနှင့် တွေ့ကြုံ ပေါင်းဖက်ရခြင်းသည် အပ္ပိယသမ္ပယောဂ မည်၏။

(၁၀) ချစ်နှစ်လိုသော သတ္တဝါ အာရုံနှင့် ကွေကွင်း ရခြင်းသည် ပိယဝိပ္ပယောဂ မည်၏။

(၁၁) ငါ့အား ဇာတိစသည် မဖြစ်မူကား ကောင်းလေစွ၊ ဤသို့ တောင့်တသော ဆန္ဒအလို မပြည့်စုံခြင်း သည် ဣစ္ဆာအပဋိလာဘ မည်၏။

(၁၂) ဥပါဒါန်တရားလေးပါး၏ အာရုံဖြစ်သောရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာသည် ဥပါဒါနက္ခန္ဓာ မည်၏။

(ခ) ထိုထိုဘဝအာရုံတို့၌ နှစ်သက်တတ်သောကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သည် သမုဒယသစ္စာ မည်၏။

ထိုတဏှာသုံးပါးတို့တွင် -

(၁) ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံအားဖြင့် ကာမဂုဏ်ငါးပါးကို တပ်သော တဏှာသည် ကာမတဏှာ မည်၏။

(၂) ဘဝကို တောင့်တသော အားဖြင့် ဖြစ်သော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရူပဘဝ, အရူပဘဝကို တပ်သော ရာဂ၊ ဈာန်ကို တပ်သော တဏှာသည် ဘဝတဏှာ မည်၏။

(၃) ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏။

ထိုတဏှာသုံးပါးသည် အဘယ်၌ ဖြစ်သနည်း ဟူမူကား - ပိယရုပ်, သာတရုပ်၌ ဖြစ်၏။ ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်း။

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန။

၂။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ။

၃။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနော ဝိညာဏ်။

၄။ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ။

၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ။

၆။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ။

၇။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ။

၈။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ။

၉။ ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက်။

၁၀။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ။

ဤအလုံးစုံသည် သတ္တဝါတို့၏ ချစ်အပ်, သာယာအပ်သော သဘောရှိသောကြောင့် ပိယရုပ်, သာတရုပ်မည်၏။ ထို ပိယရုပ်, သာတရုပ်တို့၌ဆိုအပ်ခဲ့ပြီးသော တဏှာသုံးပါး ဖြစ်၏။ဤဒုက္ခသစ္စာ၏ အကြောင်းရင်းဖြစ်သောကြောင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးကိုသာ အကျဉ်းအား ဖြင့် ဟောတော်မူသည်။

အကျယ်အားဖြင့်ကား တဏှာ အပြားသည် တစ်ရာ့ရှစ်ပါး အပြားရှိသည်သာလျှင် ဖြစ်၏။ အဘယ်သို့ တစ်ရာ့ရှစ်ပါး ဖြစ်သနည်းဟူမူကား -

အာရုံအားဖြင့်ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာဟူ၍ ခြောက်ပါး အပြားရှိ၏။

ထိုခြောက်ပါးတို့တွင် တစ်ပါးပါးသောတဏှာ၌ -

ပဝတ္တိအာကာရအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ အားဖြင့် အသီး အသီး သုံးပါး သုံးပါးစီ ဖြစ်သောကြောင့် တစ်ဆယ့်ရှစ်ပါးအပြားရှိသော တဏှာသည် ဖြစ်၏။ ထိုတစ်ဆယ့်ရှစ်ပါးသော တဏှာတို့တွင်လည်း တစ်ပါးတစ်ပါးသော တဏှာ၌ -

သန္တာန်၏ အစွမ်းအားဖြင့် အဇ္ဈတ္တိကတဏှာ, ဗဟိဒ္ဓတဏှာအားဖြင့် အသီးအသီး နှစ်ပါးနှစ်ပါးစီ ဖြစ်သော ကြောင့် သုံးဆယ့်ခြောက်ပါး အပြားရှိသော တဏှာ သည်ဖြစ်၏ ဟူလိုသည်။

ထိုသုံးဆယ့်ခြောက်ပါးသော တဏှာတို့တွင် တစ်ပါးတစ်ပါးသော တဏှာ၌ -

ကာလအားဖြင့် အတီတတဏှာ, အနာဂတတဏှာ, ပစ္စုပ္ပန္နတဏှာဟူ၍ အသီးအသီး သုံးပါး သုံးပါးစီဖြစ်သောကြောင့် တစ်ရာ့ရှစ်ပါး အပြားရှိသော တဏှာသည်ဖြစ်၏ ဟူလိုသည်။

(ဂ) ထိုတဏှာသုံးပါး၏ အကြွင်းမဲ့ချုပ်ရာ အသင်္ခတဓာတ် နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

ထိုတဏှာသုံးပါးသည် အဘယ်ဝတ္ထုမှီရာ၌ ချုပ်သနည်း။ ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်း ဟူမူကား -

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန။

၂။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ။

၃။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနော ဝိညာဏ်။

၄။ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ။

၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါ သမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ။

၆။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ။

၇။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗ- သေဉ္စတနာ, ဓမ္မသေဉ္စတနာ။

၈။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ။

၉။ ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက်။

၁၀။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ။

ဤအလုံးစုံသည် သတ္တဝါတို့၏ ချစ်အပ်, သာယာအပ်သော သဘောရှိသောကြောင့် ပိယရုပ်, သာတရုပ် မည်၏။ ထို ပိယရုပ်, သာတရုပ်တို့၌ ဆိုအပ်ခဲ့ပြီးသော တဏှာ သုံးပါးအကြွင်းမဲ့ ချုပ်၏။

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာသတိ, သမ္မာသမာဓိ အားဖြင့် ဤမဂ္ဂင်တရားကိုယ် ရှစ်ပါးတို့တွင် -

၁။ ဒုက္ခသစ္စာ,သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအားဖြင့် လေးပါးသော သစ္စာ တို့ကို သိတတ် သောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။

၂။ ကာမဂုဏ်မှ ထွက်မြောက်သည်ကို ကြံခြင်း, သူတစ်ပါးတို့အား မပျက်စီး စိမ့်သောငှါ ကြံခြင်း, သူတစ်ပါးတို့အာ မညှဉ်းဆဲအံ့ သည်ကို ကြံခြင်းသည် သမ္မာသင်္ကပ္ပ မည်၏။

၃။ အာဇီဝ အကြောင်းမရှိဘဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရူသဝါစာ, သမ္ဖပ္ပလာပ အားဖြင့် ဤ ဝစီဒုစရိုက်လေးပါးမှကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။

၄။ အာဇီဝ အကြောင်းရှိသော ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ အားဖြင့် ကာယ ဒုစရိုက်သုံးပါးမှ ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။

၅။ အာဇီဝ အကြောင်းမရှိဘဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရူသဝါစာ, သမ္ဖပ္ပလာပ ဟူသော ဝစီဒုစရိုက် လေးပါး၊ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရဟူသော ကာယဒုစရိုက် သုံးပါးအားဖြင့် ဒုစရိုက်ခုနစ်ပါးမှ ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။

၆။ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စိမ့်သောငှါ, ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်အံ့သောငှါ, မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စိမ့် သောငှါ, ဖြစ်ပြီးသော ကုသိုလ် တရားတို့ကို လွန်စွာ ပွားစေခြင်းငှါ အားထုတ်ခြင်း သည် သမ္မာဝါယာမ မည်၏။

၇။ လက်ခြေအစရှိသော အင်္ဂါကြီးငယ်အပေါင်း မကောင်းရွံရှာဖွယ် ဆံ, အမွေး, လက်သည်း ခြေသည်းစသော သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအစုတို့၏ တည်ရာဖြစ်ရာ ရူပကာယခန္ဓာ ကိုယ်ကို အောက်မေ့ခြင်း၊ သုခ, ဒုက္ခ, ဥပေက္ခာ အားဖြင့် ပြားသော ဝေဒနာကို အောက်မေ့ခြင်း၊ သရာဂစသော စိတ်ကို အောက်မေ့ခြင်း၊ နီဝရဏငါးပါး စသော တရားကို အောက်မေ့ခြင်းသည် သမ္မာသတိ မည်၏။

၈။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့်ယှဉ်သော ပထမ ဈာန်၊ ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးနှင့်ယှဉ်သော ဒုတိယဈာန်၊ သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် ယှဉ်သော တတိယဈာန်၊ ဥပေက္ခာ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ယှဉ်သော စတုတ္ထ ဈာန်သည် သမ္မာသမာဓိ မည်၏။

သစ္စာလေးပါး ခွဲပြချက်

၁။ သစ္စာလေးပါးကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

၂။ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

၃။ ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

၄။ ဒုက္ခသစ္စာကို ပိုင်းခြားတတ်သော သမုဒယသစ္စာကို ပယ်တတ်သော နိရောဓ သစ္စာလျှင် အာရုံ ရှိသော ကောင်းမွန်လွန်မြတ်သော အကျင့်ဟုဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်လုံ့လပြု၍ ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုစီးဖြန်း အားထုတ်ရာ, ပွားစေရာ, အားထုတ်ရာသည်။

သစ္စာလေးပါး၌ အထူးမှတ်ဖွယ်

ကတမာ စ ဘိက္ခဝေ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနိရောဓေ ဉာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ - ပါဠိတော်ဖြင့် စတုသစ္စကမ္မဋ္ဌာန်းကို ပြတော်မူသည်သာလျှင် ဖြစ်၏။ ထိုသို့ပြတော်မူသော သစ္စာ လေးပါး တို့တွင်-

၁။ ရှေးဖြစ်သော ဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့သည် ဝဋ်နှင့်ယှဉ်သောကြောင့် ဝဋ္ဋသစ္စာ မည်၏။

၂။ နောက်ဖြစ်သော နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါးတို့သည် ဝဋ်နှင့် မယှဉ် ဝဋ်မှ ကင်းသောကြောင့် ဝိဝဋ္ဋသစ္စာ မည်၏။

ထို့ကြောင့် ထိုသစ္စာလေးပါးတို့တွင် ယောဂီပုဂ္ဂိုလ်အား ဝဋ်နှင့်ယှဉ်သော သစ္စာနှစ်ပါး တို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏။ ဝဋ်မှကင်းသော သစ္စာနှစ်ပါးတို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း သည် မရှိ။

ထိုစကား မှန်၏။ ရှေးဖြစ်သော သစ္စာနှစ်ပါးတို့ကို -

၁။ ပဉ္စက္ခန္ဓော ဒုက္ခံ၊ တဏှာ သမုဒယော - ဤသို့ အကျဉ်းအားဖြင့်လည်းကောင်း,

၂။ ကတမေ ပဉ္စက္ခန္ဓာ၊ ရူပက္ခန္ဓော စသော အကျယ်အားဖြင့်လည်းကောင်း,

ဆရာ့၏အထံ၌ သင်၍ နှုတ်ဖြင့် အဖန်တလဲလဲ တပြောင်းပြန်ပြန် စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်၍ ယောဂီပုဂ္ဂိုလ်သည် အမှုကို ပြုရာ၏။

ဤ ဝဋ်နှင့် ယှဉ်သော သစ္စာနှစ်ပါးတို့မှ တစ်ပါးသောဝဋ်နှင့် မယှဉ်သော ဝဋ်မှ ကင်းသော နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါး တို့တွင်-

၁။ နိရောဓသစ္စာသည် အလွန် အလိုရှိအပ်, နှစ်လိုအပ်, နှလုံးဖြင့် ရောက်အပ် နှလုံးကို ပွားစေတတ် သည်ဖြစ်၏။ ဣဋ္ဌ, ကန္တ,မနာပ ဖြစ်၏။

၂။ မဂ္ဂသစ္စာသည်လည်း ဣဋ္ဌ, ကန္တ, မနာပ ဖြစ်၏-ဟု ဤသို့ နာခြင်း သဝန၏အစွမ်းအားဖြင့် အမှုကို ပြုရာ၏။

ဤသို့ သဝနဖြင့် အမှုကိုပြုသော ယောဂီပုဂ္ဂိုလ်သည် -

၁။ သစ္စာလေးပါးတို့ကို တစ်ခုသော ထိုးထွင်းခြင်း ဧကပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။

၂။ တစ်ခုသော သိခြင်း ဧကာဘိသမယဖြင့် အလွန်သိ၏။

၃။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။

၄။ သမုဒယသစ္စာကို ပယ်၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။

၅။ နိရောဓသစ္စာကို မျက်မှောက်ပြု၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။

၆။ မဂ္ဂ သစ္စာကို ပွားစေ၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။

၇။ ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်း ပရိညာဘိသမယဖြင့်, သမုဒယ သစ္စာကို ပယ်၍ သိခြင်း ပဟာနာဘိသမယဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြု၍ သိခြင်း သစ္ဆိကိရိယာဘိသမယဖြင့်, မဂ္ဂသစ္စာ ကို ပွားစေ၍ သိခြင်း ဘာဝနာဘိသမယဖြင့် အလွန်အထူးသဖြင့် သိ၏။

ဤသို့ ထိုယောဂီပုဂ္ဂိုလ်အား ရှေးရှေးအဖို့၌ -

(က) နှစ်ပါးသော ဒုက္ခသစ္စာ, သမုဒယသစ္စာတို့၌ ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, နာခြင်း, ဆောင်ခြင်း, သုံးသပ်ခြင်းဖြင့် ထိုးထွင်းခြင်း ဥဂ္ဂဟ, ပရိပုစ္ဆာ, သဝန, ဓာရဏ, သမ္မသနပဋိဝေဓ ဖြစ်သည်သာလျှင် ဖြစ်၏။

(ခ) နှစ်ပါးသော နိရောဓသစ္စာ, မဂ္ဂသစ္စာတို့၌ကား နာသဖြင့်ထိုးထွင်းခြင်း သဝနပဋိဝေဓ ဖြစ်သည် သာလျှင် ဖြစ်၏။

(ဂ) နောက်အခါ၌ သုံးပါးသောဒုက္ခ, သမုဒယ, မဂ္ဂသစ္စာတို့၌ ကိစ္စအားဖြင့် ပဋိဝေဓ ဖြစ်၏။ နိရောဓ သစ္စာ၌ အာရမ္မဏပဋိဝေဓ ဖြစ်၏။

ပစ္စဝေက္ခဏာဉာဏ်သည်ကား ရောက်အပ်သော သစ္စာရှိသော ယောဂီပုဂ္ဂိုလ်အား ဖြစ်၏။ ဤသို့ ဖြစ်ခြင်းသည်လည်း အာဒိကမ္မိကပုဂ္ဂိုလ်နှင့်ယှဉ်၏။ ထို့ကြောင့် ထိုပစ္စဝေက္ခဏာဉာဏ်ကို ဤအရာ၌ ဟောအပ်၏။

ဤယောဂီပုဂ္ဂိုလ်အား သိမ်းဆည်းခြင်းမှ ရှေ့အဖို့၌ -

၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။

၂။ သမုဒယသစ္စာကို ပယ်၍ သိ၏။

၃။ နိရောဓသစ္စာကို မျက်မှောက်ပြု၏။

၄။ မဂ္ဂသစ္စာကို ပွားစေ၏။

ထို့ကြောင့် နှလုံးဆောင်ခြင်း, နှလုံးသွင်းခြင်း, ဆင်ခြင်ခြင်းတို့သည် မရှိကုန်။ ထိုသို့သော်လည်း သိမ်းဆည်းခြင်းမှ စ၍မူကား ဖြစ်သည်သာလျှင် ဖြစ်၏။

၁။ ငါသည် ဒုက္ခသစ္စာကို ပိုင်းခြားအပ်သည်သာလျှင်,

၂။ သမုဒယသစ္စာကို ပယ်အပ်သည်သာလျှင်,

၃။ နိရောဓသစ္စာကို မျက်မှောက်ပြုအပ်သည်သာလျှင်,

၄။ မဂ္ဂသစ္စာကို ပွားစေအပ်သည်သာလျှင် ဖြစ်၏။

ထိုသစ္စာလေးပါးတို့တွင်လည်း -

(၁) ရှေ့သစ္စာနှစ်ပါးတို့သည် မြင်နိုင်ခဲသည်၏ အဖြစ်ကြောင့် နက်နဲခြင်း ဂမ္ဘီရ ဖြစ်ကုန်၏။

(၂) နောက်သစ္စာနှစ်ပါးတို့သည် နက်နဲသည်၏အဖြစ်ကြောင့် သိမြင်နိုင်ခဲခြင်း ဒုဒ္ဒသ ဖြစ်ကုန်၏။

ထိုစကားမှန်၏။ သစ်ငုတ် ထိခြင်း,ဆူးငြောင့် စူးခြင်း အစရှိသည်တို့၌ သြော် - အလွန် ဆင်းရဲစွဟု ဆိုအပ်သည်၏ အဖြစ်သို့လည်း ရောက်သည်၏ အဖြစ်ကြောင့် ဒုက္ခသစ္စာသည်, ဖြစ်ခြင်း ဥပ္ပတ္တိအားဖြင့် ထင်ရှားသည်သာလျှင် ဖြစ်၏။ သမုဒယ သစ္စာသည်လည်း ခဲခြင်းငှါ အလိုရှိသည်၏အဖြစ်, စားခြင်းငှါ အလိုရှိသည်၏အဖြစ် စသည်၏စွမ်းအားဖြင့် ဖြစ်သောကြောင့် ထင်ရှား၏။ လက္ခဏာကို ထိုးထွင်း၍ သိခြင်းဖြင့်ကား ထိုသစ္စာနှစ်ပါးစုံသည်လည်း ဂမ္ဘီရ ဖြစ်၏။ ထို့ကြောင့် သစ္စာနှစ်ပါး တို့သည် ဒုဒ္ဒသ, ဂမ္ဘီရ ဖြစ်ကုန်၏။

ဤသစ္စာနှစ်ပါးမှ တစ်ပါးသော နိရောသစ္စာ, မဂ္ဂသစ္စာ နှစ်ပါးတို့ကို မြင်ခြင်းငှါ လုံ့လပြုခြင်းသည် ဘဝဂ်ဘုံကိုလွန်ခြင်း ကိုင်ခြင်းငှါ အလိုရှိအပ်သော သူသည် မိမိလက်ကိုဆန့်သကဲ့သို့ အဝီစိငရဲကြီးဘုံကို သိခြင်းငှါ အလိုရှိသောသူသည် ခြေကို ဆန့်သကဲ့သို့ အစိတ်တစ်ရာ စိတ်အပ်သော သားမြီးဖျား တစ်ခုဖြင့် သားမြီးဖျား တစ်ခုကို ထိုးတိုက်မိခြင်းကဲ့သို့ ဖြစ်၏။ ထို့ကြောင့် သစ္စာနှစ်ပါးတို့သည် ဂမ္ဘီရ, ဒုဒ္ဒသ ဖြစ်ကုန်၏။

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် မြင်နိုင်ခဲသည်၏အဖြစ်ကြောင့် နက်နဲကုန်သော, နက်နဲသည်၏ အဖြစ်ကြောင့် မြင်နိုင်ခဲကုန်သော လေးပါးသော သစ္စာတို့၌ ဥဂ္ဂဟ, ပရိပုစ္ဆာ စသည်တို့၏ အစွမ်းဖြင့် ပဋိဝေဒက္ခဏမှ ရှေ့အဖို့၌-

၁။ ဒုက္ခသစ္စာကို သိသောဉာဏ်,

၂။ သမုဒယသစ္စာကို သိသောဉာဏ်,

၃။ နိရောဓသစ္စာကို သိသောဉာဏ်,

၄။ မဂ္ဂသစ္စာကို သိသောဉာဏ်-

ဟူ၍ အသီးအသီး သစ္စာဉာဏ်လေးပါးဖြစ်ခြင်းကိုရည်၍ "ဒုက္ခေ ဉာဏံ" စသော ဤပါဠိတော်ကို ဟောတော်မူအပ်သည်၊ ပဋိဝေဒက္ခဏ၌ကား ထိုသစ္စာလေးပါးကို သိသောဉာဏ်သည် တစ်ပါး တည်းသာလျှင်ဖြစ်၏။

ထို့ကြောင့် ဤလေးပါး၌ တစ်ပါး အပြားသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏ ဟူလို သတည်း။

ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ -

ဒုက္ခေ ဉာဏန္တိအာဒိနာ စတုသစ္စကမ္မဋ္ဌာနံ ဒဿိတံ၊ တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ (ဒွေ သစ္စာနိ) ဝိဝဋ္ဋံ၊ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (ဒီ ဋ္ဌ ၂၊ ၃၉၁) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဒုက္ခေ ဉာဏန္တိအာဒိနာ = ဒုက္ခေ ဉာဏံ အစရှိသော ပါဠိတော်ဖြင့်၊

စတုသစ္စကမ္မဋ္ဌာနံ = စတုသစ္စ ကမ္မဋ္ဌာန်းကို၊

ဒဿိတံ = ပြအပ်၏၊

တတ္ထ = ထိုလေးပါးသော သစ္စာတို့တွင်၊

ပုရိမာနိ = ရှေး၌ ဖြစ်ကုန်သော၊

ဒွေ သစ္စာနိ = နှစ်ပါးသော သစ္စာတို့သည်၊

ဝဋ္ဋံ = ဝဋ်နှင့်ယှဉ်သောကြောင့် ဝဋ္ဋသစ္စာမည်၏၊

ပစ္ဆိမာနိ = နောက်၌ ဖြစ်ကုန်သော၊

ဒွေ သစ္စာနိ = နှစ်ပါးသော သစ္စာတို့သည်၊

ဝိဝဋ္ဋံ = ဝဋ်မှကင်းသောကြောင့် ဝိဝဋ္ဋ သစ္စာမည်၏၊

တေသု = ထိုသစ္စာလေးပါးတို့တွင်၊

ဘိက္ခုနော = ယောဂီ ဖြစ်သော လူ, ရဟန်းအား၊

ဝဋ္ဋေ = ဝဋ္ဋသစ္စာ၌၊

ကမ္မဋ္ဌာနာဘိနိဝေသော = ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊

ဟောတိ = ဖြစ်၏၊

ဝိဝဋ္ဋေ = ဝိဝဋ္ဋသစ္စာ၌၊

အဘိနိဝေသော = ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊

နတ္ထိ = မရှိ။

နေက္ခမ္မသင်္ကပ္ပ အစရှိသည်တို့ကား -

ကာမ, ဗျာပါဒ, ဝိဟိံသတို့မှ ကြဉ်ခြင်းအမှတ် ဝိရမဏသညာတို့၏ အသီးအသီး ဖြစ်သည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး သုံးပါးအပြားရှိကုန် သော နေက္ခမ္မသင်္ကပ္ပ စသည်တို့သည် ဖြစ်ကုန်၏။ လောကုတ္တရာမဂ် ခဏ၌ကား သုံးပါးသော အရာတို့၌ဖြစ်သော အကုသလသင်္ကပ္ပ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန် မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏ အစွမ်း အားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်း သာလျှင်ဖြစ်သော ကုသလသင်္ကပ္ပ သည် ဖြစ်၏။ ဤသုံးပါး၌ တစ်ပါးအပြားရှိသော သင်္ကပ္ပသည် သမ္မာသင်္ကပ္ပ မည်သည်သာလျှင် ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

နေက္ခမ္မသင်္ကပ္ပါဒယော ကာမဗျာပါဒဝိဟိံ သာဝိရမဏသညာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

နေက္ခမ္မသင်္က ပ္ပါဒယော = ကာမမှ ထွက်မြောက်ခြင်း အစရှိသည်တို့သည်၊

ကာမဗျာပါဒ ဝိဟိံသာ-ဝိရမဏသညာနံ = ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာ ဝိတက်တို့မှ ကြဉ်ခြင်းအမှတ်တို့၏၊

နာနာတ္တာ = အသီးအသီးကြဉ်ခြင်းရှိသည်၏အဖြစ်ကြောင့်၊

ပုဗ္ဗဘာဂေ = မဂ်၏ရှေးအဖို့၌၊

နာနာ = အသီးအသီး ဖြစ်ကုန်၏။

ချွတ်ယွင်းစေသော စကားမှ ကြဉ်ခြင်း အစရှိသည်တို့သည်လည်း -

မုသာဝါဒ အစရှိသည်တို့မှ ကြဉ်ခြင်း အမှတ်တို့၏ အသီးအသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် မဂ်၏ ရှေးအဖို့ အသီး အသီးဖြစ်၍ လောကုတ္တရာမဂ် ခဏ၌ကား ဤ လေးပါးသော အရာတို့၌ ဖြစ်သော အကုသိုလ် ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန် မဖြစ်ပြန်ခြင်းကို ပြီးစေသည် ၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော ဝိရတီသည် သမ္မာဝါစာမည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

မုသာဝါဒါ ဝေရမဏိအာဒယောပိ မုသာဝါဒါဒီဟိ ဝိရမဏသညာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

မုသာဝါဒါ = ချွတ်ယွင်းသော စကားကို ဆိုခြင်းမှ၊

ဝေရမဏိအာဒယောပိ = ကြဉ်ခြင်းအစရှိသည် တို့သည်လည်း၊

မုသာဝါဒါဒီဟိ = မုသာဝါဒ အစရှိသည်တို့မှ၊

ဝိရမဏသညာနံ = ဝိရမဏသညာတို့၏၊

နာနတ္တာ = အသီးအသီးဖြစ်ခြင်း အစရှိသည်တို့၏အဖြစ်ကြောင့်၊

ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌၊

နာနာ = အသီးအသီး ဖြစ်ကုန်၏။

ပါဏာတိပါတမှ ကြဉ်ခြင်း အစရှိသည်တို့သည်လည်း -

သူ့အသက်ကိုသတ်ခြင်း အစရှိသည်တို့မှ ကြဉ်ခြင်းအမှတ်, ဝိရမဏသညာတို့၏ အသီး အသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ် ခဏ၌ကား ဤသုံးပါးသော အရာတို့၌ဖြစ်သော အကုသိုလ်ဒုဿီလ စေတနာကို မပြုခြင်းကြောင့် လည်းကောင်း, အကုသိုလ်ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် လည်းကောင်း တစ်ဖန်မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။

ဤသုံးပါး၌ တစ်ပါးအပြားရှိသော လောကီ လောကုတ္တရာ ဝေရမဏိသည် သမ္မာသမ္မန္တ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

ပါဏာတိပါတာ ဝေရမဏိအာဒယောပိ ပါဏာတိပါတာဒီဟိ ဝိရမဏသညာနံ နာနတ္တာပုဗ္ဗဘာဂေ နာနာ မဂ္ဂက္ခဏေ ပန ဣမေသု တီသု ဌာနေသု ဥပ္ပန္နာယ - (ဒီ ဋ္ဌ ၂၊ ၃၉၂)စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ပါဏာတိပါတာ = သူ၏အသက်ကိုသတ်ခြင်းမှ၊

ဝေရမဏိအာဒယောပိ = ကြဉ်ခြင်းအစရှိသည် တို့သည်လည်း၊

ပါဏာတိပါတာဒီဟိ = ပါဏာတိပါတ အစရှိသည်တို့မှ၊

ဝိရမဏသညာနံ = ကြဉ်ခြင်း အမှတ် ဝိရမဏသညာတို့၏၊

နာနတ္တာ = အသီးအသီးဖြစ်ခြင်း အစရှိသည်တို့၏ အဖြစ်ကြောင့်၊

ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌၊

နာနာ = အသီးအသီး ဖြစ်ကုန်၏၊

မဂ္ဂက္ခဏေ ပန = လောကုတ္တရာမဂ် ခဏ၌ကား၊

ဣမေသု တီသု ဌာနေသု = ဤသုံးပါးသောအရာတို့၌၊

ဥပ္ပန္နာယ = ဖြစ်သော။

သမ္မာအာဇီဝ ဟူသည်လည်း -

ခဲဖွယ်ဘောဇဉ် အစရှိသည်တို့၏အကျိုးငှါ ဖြစ်စေတတ်သော ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက် လေးပါးကိုကြဉ်၍ မြတ်စွာဘုရားသည် ချီးမွမ်းအပ်သော အသက်မွေးခြင်း ဖြင့် အသက်မွေးခြင်းကို ဖြစ်စေ၏။

ကုဟုနအစရှိသည်တို့မှ ကြဉ်ခြင်း အမှတ်တို့၏ အသီးအသီးဖြစ်ခြင်း ရှိသည်၏ အဖြစ် ကြောင့် ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာ မဂ်ခဏ၌ကား ဤ ခုနစ်ပါးသော အရာဌာန အကြောင်းတို့၌ဖြစ်သော မှားသော အသက်မွေးခြင်း အကုသိုလ်ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန်မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏ အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။ ဤ ခုနစ်ပါး၌ တစ်ပါး အပြားရှိသော လောကီ လောကုတ္တရာ ဝေရမဏိသည် သမ္မာအာဇီဝမည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

မိစ္ဆာအာဇီဝန္တိ ခါဒနီယဘောဇနီယာဒီနံ အတ္ထာယ ပဝတ္ထိတံ ကာယဝစီဒုစ္စရိတံ -

(ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့်မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

မိစ္ဆာအာဇီဝန္တိ = မိစ္ဆာအာဇီဝံ ဟူသည်ကား၊

ခါဒနီယဘောဇနီယာဒီနံ = ခဲဖွယ်ဘောဇဉ် အစ ရှိသည်တို့၏၊

အတ္ထာယ = အကျိုးငှါ၊

ပဝတ္တိတံ = ဖြစ်စေအပ်သော၊

ကာယဝစီဒုစ္စရိတံ = ကာယဒုစရိုက်, ဝစီဒုစရိုက် တည်း။

သမ္မာဝါယာမ ဟူသည်ကား -

(၁) ကာယဒုစရိုက်ကို တစ်ခုသော ဘဝ၌လည်းကောင်း, ထိုသို့ သဘောရှိသော အာရုံ၌ လည်းကောင်း, မိမိသန္တာန်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့ကိုလည်းကောင်း, သူတစ်ပါး၏ သန္တာန် ၌ဖြစ်ကုန်သော အကုသိုလ်တရားတို့ကို လည်းကောင်း ဖြစ်စေ၍ ဤသို့သဘော ရှိကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် ငါ့အား မဖြစ်ပါ မူကား ကောင်းလေစွ၊ ဤသို့ မဖြစ်သေးသော ယုတ်မာသောအကုသိုလ်တရားတို့ကို မဖြစ်စေတတ်သော လုံ့လပြုခြင်း အလိုကို ဖြစ်စေ၏။ လုံ့လကို ပြု၏။ လုံ့လကို ဖြစ်စေ၏။ ဝီရိယစိတ်ကို ချီးမြှောက်ခြင်းကိုပြု၏။ စင်စစ် အရေ အကြော အရိုး အသား ကြွင်းစေ, အသွေးအသား ခြောက်စေဟု အားထုတ်ခြင်းကိုဖြစ်စေ၏။

(၂) ဖြစ်သည်၏အစွမ်းအားဖြင့် မိမိကား ဖြစ်ကုန်ဖြစ်ကုန်ပြီးသော အကုသိုလ် တရားတို့ကို ယခုအခါ၌ ထိုသို့သဘောရှိသော အကုသိုလ်တရားတို့ကို မဖြစ်စေအံ့ဟု ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ အလိုကိုသာ ဖြစ်စေ၏။

(၃) မရအပ်ကုန်သေးသော ပထမဈာန် အစရှိသည်ကိုဖြစ်စေ, ရစေခြင်းငှါ လုံ့လ ပြုခြင်း အလိုကို ဖြစ်စေခြင်း၊

(၄) ရအပ်ပြီးသော ထိုပထမဈာန် အစရှိသည်တို့ကို အဖန်တလဲလဲ ဖြစ်စေခြင်း, ဖွဲ့ခြင်း၏ အစပ်ဖြင့်တည်စေခြင်း, မပျက်စေခြင်း, အထက်၌ ဖြစ်စေခြင်းငှါ လုံ့လ ပြုခြင်း, အလိုကို ပြန့်ပြောစွာ ဖြစ်စေခြင်း, ဘာဝနာကိုပြည့်စေခြင်းငှါ အလိုဆန္ဒကို ပြည့်စေခြင်း ဖြစ်၏။

ဤသို့ ဆိုခဲ့ပြီးသော သမ္မာဝါယာမ သည်လည်း မဖြစ်ကုန်သော အကုသိုလ်တို့ကို မဖြစ်စေခြင်းငှါ လုံ့လပြုခြင်းစသော စိတ်တို့၏ အသီးအသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လောကုတ္တရာ မဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာမဂ်ခဏ၌ကား ဤလေးပါးသော အရာတို့၌ ကိစ္စကိုပြီးစေ သည်၏ အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်း သာလျှင် ဖြစ်သော ကုသိုလ်ဝီရိယသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ ကုသိုလ် ဝီရိယသည် သမ္မာဝါယာမ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

(က) အနုပ္ပန္နာနန္တိ ဧကသ္မိံ ဝါ ဘဝေ တထာရူပေ ဝါ အာရမ္မဏေ အတ္တနောဥပ္ပန္နာနံ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့်လည်းကောင်း၊

(ခ) အယမ္ပိ သမ္မာဝါယာမော အနုပ္ပန္နာနံ အကုသလာနံ အနုပ္ပါဒနာဒိစိတ္တာနံ နာနတ္တာပုဗ္ဗဘာဂေ နာနာ၊ မဂ္ဂက္ခဏေ ပန ဣမေသုယေဝ စတူသု ဌာနေသု ကိစ္စသာဓနဝသေန မဂ္ဂင်္ဂံ ပူရယမာနံ ဧကမေဝ ကုသလဝီရိယံ ဥပ္ပဇ္ဇတိ။ အယံ သမ္မာဝါယာမော နာမ - (ဒီ ဋ္ဌ ၂၊ ၃၉၃)ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

(က) အနုပ္ပန္နာနန္တိ = အနုပ္ပန္နာနံ ဟူသည်ကား၊

ဧကသ္မိံ ဘဝေ ဝါ = တစ်ခုသော ဘဝ၌ လည်းကောင်း၊

တထာရူပေ = ထိုသို့သဘောရှိကုန်သော၊

အာရမ္မဏေ ဝါ = အာရုံ၌လည်းကောင်း၊

အတ္တနော = မိမိအား၊

ဥပ္ပန္နာနံ = ဖြစ်ကုန်သော။

(ခ) အယမ္ပိ သမ္မာဝါယာမော = ဤသမ္မာဝါယာမသည်လည်း၊

အနုပ္ပန္နာနံ = မဖြစ်ကုန်သော၊

အကုသလာနံ = အကုသိုလ်တရားတို့ကို၊

အနုပ္ပါဒနာဒိစိတ္တာနံ = မဖြစ်စေခြင်းငှါ လုံ့လပြုခြင်းစသော စိတ်တို့၏၊

နာနတ္တာ = အသီးအသီး ဖြစ်ခြင်း ရှိသည်၏အဖြစ်ကြောင့်၊

ပုဗ္ဗဘာဂေ = ရှေးအဖို့၌၊

နာနာ = အသီးအသီးဖြစ်ကုန်၏၊

မဂ္ဂက္ခဏေ ပန = မဂ်ခဏ၌ကား၊

ဣမေသုယေဝ စတူသု ဌာနေသု = ဤ လေးပါးသော အရာတို့၌သာလျှင်၊

ကိစ္စသာဓနဝသေန = ကိစ္စကို ပြီးစေသည်၏အစွမ်း အားဖြင့်၊

မဂ္ဂင်္ဂံ = မဂ္ဂအင်္ဂါကို၊

ပူရယမာနံ = ပြည့်စုံစေလျက်၊

ဧကမေဝ ကုသလဝီရိယံ = တစ်ပါးတည်း သာလျှင်ဖြစ် သော ကုသိုလ်ဝီရိယသည်၊

ဥပ္ပဇ္ဇတိ = ဖြစ်၏၊

အယံ = ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ ကုသိုလ် ဝီရိယ သည်၊

သမ္မာဝါယာမော နာမ = သမ္မာဝါယာမ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ သမ္မာသတိသည်လည်း -

ကာယ, ဝေဒနာ, စိတ္တ, ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ကို အောက်မေ့ သိမ်းဆည်း တတ်သော စိတ်၏ အသီးအသီး ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့် လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ် အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာမဂ် ခဏ၌ကား ဤလေးပါးသော အရာတို့၌ ကိစ္စကိုပြီးစေ သည်၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကိုပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော သတိသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ သတိသည် သမ္မာသတိ မည်၏ ဟူလို သတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

သမ္မာသတိပိ ကာယာဒိပရိဂ္ဂါဟကစိတ္တာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ - (ဒီ ဋ္ဌ ၂၊ ၃၉၃) စသည်ဖြင့် မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

သမ္မာသတိပိ = သမ္မာသတိသည်လည်း၊

ကာယာဒိပရိဂ္ဂါဟကစိတ္တာနံ = ကာယ, ဝေဒနာ စသည်တို့ကို အောက်မေ့ သိမ်းဆည်း တတ်သော စိတ်တို့၏၊

နာနတ္တာ = အသီးအသီးဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်၊

ပုဗ္ဗဘာဂေ = လောကီဖြစ်သော ပုဗ္ဗဘာဂမဂ်အဖို့၌၊

နာနာ = အသီးအသီး ဖြစ်ကုန်၏။

ဈာန်စသည်တို့နှင့် ယှဉ်သော သမာဓိတို့သည် -

ရှေးအဖို့၌လည်းကောင်း, မဂ်ခဏ၌လည်းကောင်း အသီးအသီး ဖြစ်ကုန်၏။ ရှေး အဖို့၌ ရှစ်ပါးသော သမာပတ်တို့၏အစွမ်းအားဖြင့် အသီးအသီးဖြစ်ကုန်၏။ မဂ်ခဏ၌ မဂ်လေးပါးတို့၏အစွမ်းအားဖြင့် အသီးအသီး ဖြစ်ကုန်၏။ ထိုစကား မှန်၏။

(၁) တစ်ယောက်သော ပုဂ္ဂိုလ်၏ ပထမမဂ်သည် ပထမဈာန်နှင့် ယှဉ်သည်သာလျှင် ဖြစ်၏။ ဒုတိယမဂ်အစရှိသည်တို့လည်း ပထမဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။ ဒုတိယဈာန်အစ ရှိသည်တို့တွင်လည်း အမှတ်မရှိ တစ်ပါးပါးသော ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။

(၂) တစ်ယောက်သော ပုဂ္ဂိုလ်၏ ပထမမဂ်နှင့် ဒုတိယဈာန် စသည်တို့တွင် တစ်ပါးပါး သော ဈာန်နှင့် ယှဉ်သည်သာလျှင် ဖြစ်၏။ ဒုတိယမဂ် စသည်တို့သည်လည်း ဒုတိယဈာန် စသည်တို့တွင် တစ်ပါးပါးသောဈာန်နှင့် ယှဉ်ကုန်သည် မူလည်း, ပထမ ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။ ဒုတိယဈာန်အစရှိသည် တို့တွင်လည်း အမှတ်မရှိ တစ်ပါးပါးသော ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် လေးပါးလည်းဖြစ်ကုန်သော မဂ်တို့သည် ဈာန်၏ အစွမ်းဖြင့် တူကုန်သည်မူလည်း, မတူ ကုန်သည်မူလည်း, တစ်စိတ်တူကုန်သည် မူလည်း ဖြစ်ကုန်၏ဟူလိုသတည်း။

[ဤတွင် များစွာဆိုရန် ရှိလေသေး၏။ကျယ်လွန်းစိုးအံ့၍ အားမထုတ်လိုက်ပြီ။]

ဤသို့ ဆိုခဲ့ပြီးသော အပြားရှိသော သမာဓိသည် လောကုတ္တရာ၏ ရှေးအဖို့၌ လောကီ သမာဓိသာတည်း။ နောက်အဖို့၌ကား လောကုတ္တရာဖြစ်သော သမ္မာသမာဓိမည်၏ ဟူ၍ဆိုအပ်၏ ဟူလို သတည်း။

သစ္စာလေးပါး ခွဲပြချက်

(၁) သစ္စာလေးပါးကို အောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခသစ္စာ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာလျှင် အာရုံရှိသော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါး သည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်၍ နိဗ္ဗာန်သို့ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုလည်း အဖန်တလဲလဲ စီးဖြန်း အားထုတ်ရာ, ပွားစေရာ, အားထုတ်ရာ သည်။

[ဤ၌ကား သစ္စပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာသတိပဋ္ဌာန် ပြီး၏။

အာနိသင်ပြ မိန့်ခွန်းတော်

၁၆။ လောကုတ္တရာမဂ်၏ ရှေးအဖို့၌ ခုနှစ်နှစ်အစ, ခုနစ်ရက်အဆုံးရှိသော ကာလ ပတ်လုံး မပြတ် အဖန်တလဲလဲ ဖြစ်စေ, ပွားစေအပ်သော လောကီဖြစ်သော ဤသတိပဋ္ဌာန် တည်းဟူသော မဂ်သည် လောကုတ္တရာမဂ်ကို ရခြင်းငှါ ကောင်းစွာ ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ -

အယံ ဟိပုဗ္ဗဘာဂေ လောကိယော သတိပဋ္ဌာနမဂ္ဂေါ ဘာဝိတော လောကုတ္တရမဂ္ဂဿ အဓိဂမာယ သံဝတ္တတိ - (ဒီ ဋ္ဌ ၂၊ ၃၄၂) စသည်ဖြင့်မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

ဟိ - သစ္စံ = မှန်၏၊

ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌၊

ဘာဝိတော = ခုနစ်နှစ်အစ, ခုနစ်ရက် အဆုံးရှိသော ကာလပတ်လုံး မပြတ် အဖန် တလဲလဲ ဖြစ်စေ, ပွားစေအပ်သော၊

လောကိယော = လောကီ ဖြစ်သော၊

အယံ သတိပဋ္ဌာနမဂ္ဂေါ = ဤသတိပဋ္ဌာန်တည်းဟူသော မဂ်သည်၊

လောကုတ္တရ မဂ္ဂဿ = လောကုတ္တရာမဂ်ကို၊

အဓိဂမာယ = ရခြင်းငှါ၊

သံဝတ္တတိ = ကောင်းစွာ ဖြစ်၏။

ထို့ကြောင့် ပါဠိတော်၌ -

(၁) ဉာယဿအဓိဂမာယ - ဟူ၍လည်းကောင်း၊

(၂) သြဃဿ သမတိက္ကမာယ - ဟူ၍လည်းကောင်း ဟောတော်မူပြီ။

ပါဠိတော် အနက်

(၁) ဉာယဿ= မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော လောကုတ္တရာမဂ်ကို၊ အဓိဂမာယ = ရခြင်းဖြစ်စေခြင်းငှါ၊

သံဝတ္တတိ = ကောင်းစွာ ဖြစ်၏။

(၂) သြဃဿ = သံသရာတည်းဟူသော ရေအယာဉ်ကို၊ (ဝါ) လေးပါးသောသြဃကို၊ သမတိက္ကမာယ = ကောင်းစွာ လွန်မြောက်ခြင်းငှါ၊

သံဝတ္တတိ = ဖြစ်၏။

ပွားစေအပ်သော လောကီဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်သည် အရိယအဋ္ဌင်္ဂိက မဂ်ကိုသာ ရစေတတ်သည် မဟုတ်သေး။

(၁) သုံးပါးသော ဘဝတို့တွင် တစ်ပါးသော ဘဝမှသည် တစ်ပါးသော ဘဝသို့၊

(၂) လေးပါးသော ယောနိတို့တွင် တစ်ပါးသော ယောနိမှသည် တစ်ပါးသော ယောနိသို့၊

(၃) ငါးပါးသော ဂတိတို့တွင် တစ်ပါးသော ဂတိမှသည် တစ်ပါးသော ဂတိသို့၊

(၄) ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့တွင် တစ်ပါးသော ဝိညာဏဋ္ဌိတိမှသည် တစ်ပါးသော ဝိညာဏ- ဋ္ဌိတိသို့၊

(၅) ကိုးပါးသော သတ္တာဝါသတို့တွင် တစ်ပါးသော သတ္တာဝါသမှသည် တစ်ပါးသော သတ္တာဝါသသို့ -

သတ္တဝါတို့ကို တပြောင်းပြန်ပြန် စုန်ဆန်မျောပါစေတတ်, ကျင်လည်စေတတ်သော တောင့်တ ခြင်း, တပ်ခြင်း, ကပ်ငြိခြင်း, နှစ်သက်ခြင်း, သာယာခြင်း, မက်မောခြင်း ကြောင့် တဏှာဟု ဆိုအပ်သော ဝါနမှ ကင်းသည်၏အဖြစ်ကြောင့် နိဗ္ဗာန်ဟု ရအပ်သော အမည်ရှိသော အမြိုက်အမတကို မိမိ၏ မျက်မှောက်ပြုခြင်းငှါလည်း ဖြစ်၏။

ထိုစကား မှန်၏။ ဆိုခဲ့ပြီးသော ကာလပတ်လုံး မပြတ်အဖန်တလဲလဲဖြစ်စေ, ပွားစေအပ်သော လောကီဖြစ်သော ဤ ပုဗ္ဗဘာဂသတိပဋ္ဌာန်တည်းဟူသော မဂ်သည် အစဉ်သဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းကိုလည်း ပြီးစေတတ်သည်သာလျှင်ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

နိဗ္ဗာနဿသစ္ဆိကိရိယာယာတိ တဏှာဝါနဝိရဟိတတ္တာ နိဗ္ဗာနန္တိ လဒ္ဓနာမဿအမ- တဿ သစ္ဆိကိရိယာယ အတ္တပစ္စက္ခတာယာတိ ဝုတ္တံ ဟောတိ။ အယံ ဟိ မဂ္ဂေါ ဘာဝိတော အနုပုဗ္ဗေန နိဗ္ဗာန သစ္ဆိကိရိယံ သာဓေတိ၊ တေနာဟ "နိဗ္ဗာနဿ သစ္ဆိကိရိယာယာ"တိ - (ဒီ ဋ္ဌ ၂၊ ၃၄၂) ဟု မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

နိဗ္ဗာနဿသစ္ဆိကိရိယာယာတိ = နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူသည်ကား၊

တဏှာဝါန -ဝိရဟိတတ္တာ = တဏှာဝါနမှ ကင်းသည်၏အဖြစ်ကြောင့်၊

နိဗ္ဗာနန္တိ = နိဗ္ဗာန်ဟူ၍၊

လဒ္ဓနာမဿ = ရအပ်သော အမည်ရှိသော၊

အမတဿ= အမြိုက်နိဗ္ဗာန်ကို၊

သစ္ဆိကိရိယာယ = မျက်မှောက်ပြုခြင်းငှါ၊

အတ္တပစ္စက္ခတာယ = မိမိ၏ ဉာဏ်မျက်စိကိုမှီ၍ဖြစ်ခြင်း ရှိသည်၏အဖြစ်၌၊

ဣတိ = ဤသို့၊

ဝုတ္တံ = ဟောအပ်သည်၊

ဟောတိ = ဖြစ်၏၊

ဟိ-သစ္စံ = မှန်၏၊

ဘာဝိတော = ဆိုခဲ့ပြီးသော ကာလပတ်လုံး မပြတ် အဖန်တလဲလဲ ပွားစေအပ်သော၊

အယံ မဂ္ဂေါ = ဤလောကီဖြစ်သော၊

ပုဗ္ဗဘာဂ = သတိပဋ္ဌာနမဂ်သည်၊

အနုပုဗ္ဗေန = အစဉ်သဖြင့်၊

နိဗ္ဗာန-သစ္ဆိကိရိယံ = နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကို၊

သာဓေတိ = ပြီးစေတတ်၏၊

တေန = ထို့ ကြောင့်၊

နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ = နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူ၍၊

အာဟ = ဟောတော်မူပြီ။

[ဤကား အာနိသင်ပြ မိန့်ခွန်းတော်၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

နိဂုံးချုပ် မိန့်ခွန်းတော်

၁၇။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ - ဟူသော ပါဠိတော်၌ ရှေးကာလဝယ်လည်း မဟာထေရ်တို့အား ဆွေးနွေးမေးမြန်းခြင်းသည် ဖြစ်သည်သာလျှင်တည်း။ အသို့ ဖြစ်ဖူးသနည်း ဟူမူကား -

(က) တပည့်ဖြစ်သော တိပိဋက စူဠနာဂမထေရ်သည် "ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်" ဟူ၍ ဆို၏။

(ခ) ဆရာဖြစ်သော တိပိဋက စူဠသုမမထေရ်သည်ကား "မိဿကမဂ်"ဟူ၍ ဆို၏။

(က) တစ်ဖန် တိပိဋက စူဠနာဂမထေရ်ကား "ပုဗ္ဗဘာဂေါ ဘန္တေ"ဟု ဆိုပြန်၏။

(ခ) ဆရာကလည်း "မိဿကော အာဝုသော" ဟုဆိုပြန်၏။

ဤသို့ ဆရာသည်ကား အဖန်တလဲလဲ ဆိုသည်ရှိသော် ထိုဆရာဆိုအပ်သော စကားကို မမြစ် မတားမူ၍ တပည့်က ဆိတ်ဆိတ်နေသည်သာလျှင် ဖြစ်၏။ ထိုပြဿနာကို မဆုံးမဖြတ်မူ၍သာလျှင် ထ၍ ကြွသွားလေကုန်သတည်း။

တပည့်တို့နောက်မှ ဆရာဖြစ်သော တိပိဋကစူဠသုမမထေရ်သည် ရေချိုးအံ့ဟု သွားသည်ရှိသော်

(က) ငါသည် "မိဿကမဂ်"ဟု ဆိုအပ်၏။

(ခ) တိပိဋက စူဠာနာဂ စသည်ကား "ပုဗ္ဗဘာဂမဂ်"ဟူ၍ဆို၏။

ဤ မိဿကမဂ်, ပုဗ္ဗဘာဂမဂ်ဟု ဆိုသော အရာ၌ အဆုံးအဖြတ်ကား အဘယ်သို့ ဖြစ်သနည်း ဟူမူ -

သတိပဋ္ဌာန် ပါဠိတော်ကို အစမှစ၍ တပြောင်းပြန်ပြန် ဖြစ်စေသည်ရှိသော် -

ယောဟိ ကောစိ ဘိက္ခယေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တ ဝဿာနိ - ဟူသော ပါဠိတော်အရာ၌ ကောင်းစွာမှတ်မိလေ၏။ လောကုတ္တရာမဂ်သည် ဖြစ်ပြီး၍ ခုနစ်နှစ်ပတ်လုံးတည်သော မည်သည် မရှိ။ ထို့ကြောင့် ငါဆိုအပ် သော မိဿကမဂကို မရအပ်ချေ။ တိပိဋက စူဠနာဂမထေရ်သည် သိမြင်အပ်သော ပုဗ္ဗဘာဂ မဂ်ကိုသာလျှင် ရအပ်ဟု သိမြင်ပြီး၍ ရှစ်ရက်မြောက်သောနေ့၌ တရားနာခြင်း ကို ကြွေးကြော်သည်ရှိသော် သွားလေ၏။

ရှေး၌ဖြစ်သောမထေရ်ကြီးတို့သည်တရားနာခြင်းတို့သည်ဖြစ်ကုန်သတတ်။

တရားနာကြွေးကြော် သံကိုကြား၍ ငါသည် ရှေးဦးစွာနာအံ့ဟု တစ်ပြိုင်နက်ဖြင့် သာလျှင် စည်းဝေးကုန်၏။ ထိုနေ့၌လည်း တိပိဋက စူဠနာဂမထေရ်၏ အလှည့် ဖြစ်၏။ ထို့ကြောင့် တရားဟောနေရာ၌ နေ၍ ယပ်ကိုကိုင်၍ ရှေးဖြစ်သော တရားစကားတို့ကို ဟောအပ်ကုန်သည်ရှိသော် တိပိဋက စူဠနာဂမထေရ်၏နေရာ၌ နောက် အဖို့၌နေသော တိပိဋက စူဠသုမမထေရ်အား ငါသည် ဆိတ်ကွယ်ရာအရပ်၌ မဆိုအံ့။ ဤသို့သော စိတ်အကြံသည် ဖြစ်၏။

ထိုစကား မှန်၏။ ရှေး၌ဖြစ်သော မထေရ်ကြီးတို့သည် ငြူစူခြင်းမရှိကုန်သည်သာလျှင် ဖြစ်၏။ မိမိအလိုကိုသာလျှင် ကြံ့ကဲ့သို့ ဝန်ကိုချီ၍ မသွားကုန်၊ အကြောင်းကိုသာလျှင် လျစ်လျူရှုကုန်၏။ အကြောင်း ဟုတ်မှန်သည်ကိုသာလျှင် သွားကုန်၏။ အကြောင်း မဟုတ်မမှန်သည်ကို စွန့်လွှတ်ကုန်၏။ ထို့ကြောင့် -

(က) ဆရာဖြစ်သော တိပိဋက စူဠသုမမထေရ်သည် "အာဝုသော စူဠနာဂ"ဟု ဆို၏။ ထိုအခါ -

(ခ) တပည့်ဖြစ်သော စူဠနာဂသည်လည်း ဆရာ၏ ချစ်ဖွယ်သော အသံတည်းဟု သိ၍ တရားဟော ခြင်းကို ထား၍ "ကိံဘန္တေ"ဟု လျှောက်ဆိုသည်ရှိသော် -

(က) ငါ့ရှင် စူဠနာဂ, ငါသည်ဆိုအပ်ပြီးသော မိဿကမဂ်ကို မရအပ်၊ သင်သည် ဆိုအပ်သောပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ကိုသာလျှင် ရအပ်၏ဟု ဆို၏။ ထိုသို့ဆိုသည် ရှိသော်

(ခ) တပည့်ဖြစ်သော တိပိဋက စူဠနာဂမထေရ်သည် ကြံ၏၊ ငါတို့၏ဆရာသည် အလုံးစုံသော ပရိယတ်နှင့် ပြည့်စုံသော ပိဋကတ်သုံးပုံကို တတ်သော သုတဗုဒ္ဓတည်း။ ဤသို့သဘောရှိသော ရဟန်းစင်လျက်လည်း ဤပြဿနာကို ချောက်ချား နှောင့်ယှက် စေဘိ၏။

နောင်အခါ၌ ငါ၏ညီဖြစ်ကုန်သော သူတို့သည် ဤပြဿနာကို မွှေနှောက် ချောက်ချား စေကုန် လတ္တံ့ဟု ပါဠိကို ယူ၍ ဤပြဿနာကို တုန်လှုပ်ခြင်း မရှိသည်ကို ပြုအံ့ဟု ကြံပြီး၍ -

အဋ္ဌကထာ၌ -

(က) "ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ။"

(ခ) မဂ္ဂါနဋ္ဌင်္ဂီကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။ ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။

(ဂ) ဧသေဝ မဂ္ဂေါနတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။

ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရသေနပ္ပမဒ္ဒနံ။

ဧ တဥှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။ (ဒီ ဋ္ဌ -၂၊ ၃၃၇)

ဟူသော ပါဠိကို ဆောင်၍ ထားပေ၏ ဟူလိုသတည်း။

အဋ္ဌကထာ အနက်

(က) ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ပွားစေအပ်သော လောကီ ဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကို၊

ဧကာယနမဂ္ဂေါ = နှစ်ပါးသော ခရီး မဟုတ်သည်ဖြစ်၍ တစ်ကြောင်းတည်းသော နိဗ္ဗာန်သို့ သွားရာခရီးဖြစ်သောကြောင့် ဧကာယနမဂ်ဟူ၍၊

ဝုစ္စတိ = ဆိုအပ်၏။

(ခ) မဂ္ဂါနံ = မဂ်တို့တွင်၊

အဋ္ဌင်္ဂီကော = အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည်၊

သေဋ္ဌော = မြတ်၏၊

သစ္စာနံ = သစ္စာတို့ တွင်၊

စတုရောပဒါ = လေးပါးသောပုဒ်ရှိကုန်သော သစ္စာတို့သည်၊

သေဋ္ဌာ = မြတ်ကုန်၏၊

ဓမ္မာနံ = တရားတို့တွင်၊

ဝိရာဂေါ= ရာဂကင်းရာဖြစ်သော နိဗ္ဗာန်တရားသည်၊

သေဋ္ဌော = မြတ်၏၊

ဒွိပဒါနဉ္စ = အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့တွင်လည်း၊

စက္ခုမာ = စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊

သေဋ္ဌော = မြတ်၏။

(ဂ) ဧသေဝ - ဧသော ဧဝ မဂ္ဂေါ = ထိုအဋ္ဌင်္ဂီက လောကီဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာန မဂ်သည် သာလျှင်၊

ဝိသုဒ္ဓိယာ = အထူးသဖြင့် စင်ကြယ်ရာဖြစ်သောနိဗ္ဗာန်ကို၊

ဒဿနဿ = မြင်ခြင်း၏၊

မဂ္ဂေါ = အကြောင်းတည်း၊

အညော = တစ်ပါးသော မဂ်သည်၊

နတ္ထိ = မရှိ၊

မာရသေနပ္ပမဒ္ဒနံ = ကိလေသာ မာရ်စစ်သည်အပေါင်းကို နှိမ်နင်းဖျက်ဆီးကြောင်း ဖြစ်ထသော၊

ဧတဥှိ - ဧတံ ဧဝ = ထိုပုဗ္ဗဘာဂ သတိ ပဋိဋ္ဌာန်တည်းဟူသော လောကီမဂ်ကိုသာလျှင်၊

တုမှေ = သင်တို့သည်၊

ပဋိပဇ္ဇထ = ကျင့်ကုန်လော့၊

ဧတဉှိ = ထိုလောကီဖြစ်သောပွားစေအပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာန်ဟူသော လောကီမဂ်ကို သာလျှင်၊

တုမှေ = သင်တို့သည်၊

ပဋိပန္နာ =ကျင့်ကုန်သည်ဖြစ်၍၊

ဒုက္ခဿ = ဝဋ်ဆင်းရဲအပေါင်း၏၊

အန္တံ = အဆုံးဖြစ်သော နိဗ္ဗာန်ကို၊

ကရိဿထ = ပြုကုန်လော့။

မေးမြန်းချက်

မေး။ ။ အဘယ်ကြောင့် မဂ်မည်သနည်း ဟူမူကား -

ဖြေ။ ။ နိဗ္ဗာန်သို့ သွားတတ်သော အနက်ကြောင့်လည်းကောင်း, နိဗ္ဗာန်ကို အလိုရှိကုန်သော သူတို့သည် ရှာမှီးအပ်သော အနက်ကြောင့်လည်းကောင်း မဂ်မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

(က) ပုဗ္ဗေပိ စဣမသ္မိံ ပဒေ မဟာထေရာနံ သာကစ္ဆာ အဟောသိယေဝ၊ တိပိဋက စူဠနာဂတ္ထေရော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါတိ အာဟ၊ အာစရိယော ပနဿ တိပိဋကစူဠသုမတ္ထေရော မိဿကမဂ္ဂေါတိ အာဟ (ဒီ-ဋ္ဌ ၂၊ ၃၃၆-၃၃၇) - စသည်ဖြင့် လည်းကောင်း၊

(ခ) မဂ္ဂေါတိ ကေနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနဂမနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနတ္ထိကေဟိ မဂ္ဂနီယဋ္ဌေန စ (ဒီ-ဋ္ဌ ၂၊ ၃၃၈)-ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

(က) ပုဗ္ဗေပိ စ = ရှေးကာလ၌လည်း၊

ဣမသ္မိံ ပဒေ = ဤဧကာယနော ပုဒ်၌၊

မဟာထေရာနံ = မဟာထေရ်တို့အား၊

သာကစ္ဆာ = ဆွေးနွေးမေးမြန်းခြင်းသည်၊

အဟောသိယေဝ = ဖြစ်ဖူးသည်သာလျှင်တည်း၊

တိပိဋကစူဠနာဂတ္ထေရော = တိပိဋကစူဠနာဂထေရ်သည်၊

ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ ပွားစေအပ်သော လောကီ ဖြစ်သော သတိပဋ္ဌာန်တည်းဟူသော မဂ်တည်း၊

ဣတိ = ဤသို့၊

အာဟ = မိန့်ဆို၏၊

အဿ = ထို တိပိဋကစူဠနာဂမထေရ၏၊

အာစရိယော = ဆရာဖြစ်သော၊

တိပိဋကစူဠသုမတ္ထေရော ပန = တိပိဋကစူဠသုမမထေရ်သည်ကား၊

မိဿက-မဂ္ဂေါတိ = မိဿကမဂ်ဟူ၍၊

အာဟ = ဆို၏။

(ခ) မဂ္ဂေါတိ = မဂ္ဂေါဟူသည်ကား၊

ကေနဋ္ဌေန = အဘယ်အနက်ကြောင့်၊

မဂ္ဂေါ = မဂ်မည်သနည်း၊

နိဗ္ဗာနဂမနဋ္ဌေန စ = နိဗ္ဗာန်သို့ သွားတတ်သော အနက်ကြောင့်လည်းကောင်း၊

နိဗ္ဗာနတ္ထိကေဟိ = နိဗ္ဗာန်ကို အလိုရှိကုန်သောသူတို့သည်၊

မဂ္ဂနီယဋ္ဌေန စ = ရှာမှီးအပ်သော အနက်ကြောင့်လည်း ကောင်း၊

မဂ္ဂေါ = မဂ်မည်၏။

မဂ္ဂေါဟူသောပုဒ်၌ မဂ်ကို ပွားစေအပ်သော လောကီဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာန် မဂ်ကို သာလျှင် လိုအပ်၏။

လောကုတ္တရာမဂ်ကို မလိုအပ် ဟူလိုသတည်း။

ထိုကြောင့် အဋ္ဌကထာ၌ -

ကာယာဒိစတုရာရမ္မဏပ္ပဝတ္တော ဟိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ ဣဓ အဓိပ္ပေတော န လောကုတ္တရော - (ဒီ ဋ္ဌ ၂၊ ၃၃၆) ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဟိ-သစ္စံ = မှန်၏၊

ကာယာဒိစတုရာရမ္မဏပ္ပဝတ္တော = ကာယ, ဝေဒနာစသော လေးပါးသော အာရုံ၌ ဖြစ်သော၊

ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ဖြစ်သော သတိပဋ္ဌာန် တည်းဟူသောမဂ်ကို၊

ဣဓ = ဤဧကာယနမဂ် အရာ၌၊

အဓိပ္ပေတော = လိုအပ်၏၊

လောကုတ္တရော = လောကုတ္တရာဖြစ်သောမဂ်ကို၊

န အဓိပ္ပေတော = မလိုအပ်။

[ဤကား နိဂုံးချုပ်မိန့်ခွန်းတော်၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

သတိပဋ္ဌာန်၌ အထူးမှတ်ဖွယ်

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် အာနာပါနပဗ္ဗ,ဣရိယာပထပဗ္ဗ, စတုသမ္ပဇာနပဗ္ဗ, ပဋိကူလမနသိကာရပဗ္ဗ, ဓတုမနသိကာရပဗ္ဗ, နဝသိဝထိကပဗ္ဗ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, နီဝရဏပဗ္ဗ, ခန္ဓပဗ္ဗ, အာယတနပဗ္ဗ, ဗောဇ္ဈင်္ဂပဗ္ဗ, သစ္စပဗ္ဗအားဖြင့် နှစ်ဆယ့်တစ်ပါးအပြားရှိသော ကမ္မဋ္ဌာန်းတို့သည် ဖြစ်ကုန်၏။

ထိုကမ္မဋ္ဌာန်းတို့တွင် -

အာနာပါနကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်း, နဝသိဝထိက ကမ္မဋ္ဌာန်းအားဖြင့် ဤ တစ်ဆယ့် တစ်ပါးသော ကမ္မဋ္ဌာန်းတို့သည် အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့သည်သာလျှင် ဖြစ်ကုန်၏။

ဒီဃနိကာယ်ကို တတ်သော ဒီဃဘာဏကမဟာသိဝမထေရ်သည်ကား -

ကိုးပါးသော နဝသိဝထိက ကမ္မဋ္ဌာန်းတို့ကို အာဒီနဝါနုပဿနာ၏ အစွမ်းအားဖြင့် ဟောအပ် ကုန်၏ဟု ဆို၏။ ထို ဒီဃဘာဏက မဟာသိဝမထေရ်၏ အလိုအားဖြင့် အာနာပါနကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်းနှစ်ပါး တို့သည်သာလျှင် အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့တည်း။ ဤကမ္မဋ္ဌာန်း နှစ်ပါးတို့မှ ကြွင်းကုန်သော တစ်ဆယ့်ကိုးပါးသော ကမ္မဋ္ဌာန်းတို့သည် ဥပစာရ ကမ္မဋ္ဌာန်းတို့သည် သာလျှင်တည်း။

မေးမြန်းဖွယ်

မေး။ ။ ထိုအလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် ဖြစ်သလောဟု စောဒနာ ရှိသည်ရှိသော် -

ဖြေ။ ။ မဖြစ်ဟု ဖြေရန်ရှိ၏။

ထိုစကား မှန်၏။ ဣရိယာပထကမ္မဋ္ဌာန်း, သမ္ပဇညကမ္မဋ္ဌာန်း, နီဝရဏကမ္မဋ္ဌာန်း, ဗောဇ္ဈင်္ဂ ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် မဖြစ်။ ထိုလေးပါးသောကမ္မဋ္ဌာန်းတို့မှ ကြွင်းသော တစ်ဆယ့်ခုနစ် ပါးသော ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် ဖြစ်၏ဟု ဆို၏။

မဟာသိဝမထေရ်သည်ကား -

ထိုလေးပါးသော ကမ္မဋ္ဌာန်းတို့၌လည်း နှလုံးသွင်းခြင်းသည် ဖြစ်၏ဟု ဆို၏။ ထိုစကား မှန်၏။

၁။ ငါ့အား လေးပါးသောဣရိယာပုထ်တို့သည် ရှိကုန်သလော၊ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

၂။ ငါ့အား လေးပါးသော သမ္ပဇညတို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကားမရှိကုန်သလော။

၃။ ငါ့အား နီဝရဏတို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

၄။ ငါ့အား ခုနစ်ပါးသော ဗောဇ္ဈင်တို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

ဤသို့ အောက်မေ့ သိမ်းဆည်း၏။ ထို့ကြောင့် အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ နှလုံး သွင်းခြင်း သည် ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌-

ဧတ္တာဝတာအာနာပါနပဗ္ဗံ စတုဣရိယာပထပဗ္ဗံ စတုသမ္ပဇာနပဗ္ဗံ (စတုသမ္ပဇညပဗ္ဗံ) (ဒီ ဋ္ဌ ၂၊ ၃၉၄) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဧတ္တာဝတာ = ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်၊

အာနာပါနပဗ္ဗံ = အာနာပါနအပိုင်း လည်းကောင်း၊

စတု - ဣရိယာပထပဗ္ဗံ = လေးပါးသော ဣရိယာပထအပိုင်း လည်းကောင်း၊

စတုသမ္ပဇာနပဗ္ဗံ = လေးပါးသော သမ္ပဇာနအပိုင်းလည်းကောင်း၊

ယော ဟိ ကောစိ ဘိက္ခဝေ - ဟူသော ပါဠိတော်၌ -

အကြင်အမှတ်မရှိ ရဟန်းယောက်ျား သည်လည်းကောင်း, ရဟန်းမိန်းမသည် လည်းကောင်း, ဥပါသကာယောက်ျား သည်လည်းကောင်း, ဥပါသိကာမိန်းမ သည်လည်းကောင်း ယော ဟိ ကောစိ အရဖြစ်သော ယောဂီပုဂ္ဂိုလ် မည်၏။

ဧဝံ ဘာဝေယျ - ဟူသည်ကား မဟာသတိပဋ္ဌာန်သုတ် ပါဠိတော်၏ အစမှစ၍ ဟောတော်မူအပ် သော ဘာဝနာအစဉ်ဖြင့် ပွားစေရာ၏ဟူလို့သည်။

ပါဋိကင်္ခံ - ဟူသည်ကား အလိုရှိအပ်၏၊ မချွတ်ဖြစ်လတ္တံ့သော အဖို့ရှိ၏ ဟူလိုသည်။

အညာ - ဟူသည်ကား အရဟတ္တဖိုလ်တည်း။

သတိ ဝါ ဥပါဒိသေသေ - ဟူသည်ကား အနာဂါမ်ပုဂ္ဂိုလ်၏အဖြစ် ဟူလိုသည်။

ဤသို့လျှင် ခုနစ်နှစ်တို့၏ အစွမ်းအားဖြင့် သာသနာတော်၏ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း ကြောင့် နိယျာနိကအဖြစ်ကို ပြတော်မူပြီး၍ တစ်ဖန် ထိုခုနစ်နှစ် အောက် နည်းယုတ်သည်လည်း ဖြစ်ကုန်သော ကာလတို့ကို ပြတော်မူလိုသည်ဖြစ်၍ "တိဋ္ဌန္တုဘိက္ခဝေ"အစရှိသော ပါဠိတော်ကို ဟော တော်မူ၏။

အဓိပ္ပါယ်ကား - သတ္တဝဿ အစ, သတ္တာဟ အဆုံးရှိသော ကာလပတ်လုံး ပုဗ္ဗဘာဂသတိပဋ္ဌာန် မဂ်ကို ပွားစေရာ၏ ဟူသော ထိုအလုံးစုံသော စကားကိုလည်း အလတ်ဖြစ်သော ကျွတ်ထိုက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်သော မဇ္ဈိမဝေနေယျပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ဟောတော်မူအပ်၏ ဟူလိုသည်။ ထက်သော ပညာရှိသောပုဂ္ဂိုလ်ကို ရည်၍မူကား နံနက်စောစောကသာလျှင် ဆုံးမအပ်သည်ရှိသော် ညအခါ တရား အထူးကို ရလတ္တံ့သတည်း။ ညအခါ ဆုံးမအပ်သည်ရှိသော် နံနက်စောစော တရား အထူးကို ရလတ္တံ့ သတည်းဟု ဟောတော်မူအပ်၏ ဟူလိုသတည်း။

ဤသို့လျှင် သဗ္ဗညုမြတ်စွာဘုရားသည် "နိယျာနိကံ ဘိက္ခဝေ မမ သာသနံ"ဟု ပြတော်မူပြီး၍ နှစ်ဆယ့်တစ်ပါးအပြားရှိသည်လည်း ဖြစ်ကုန်သောအရာတို့၌ အရဟတ္တဖိုလ် တည်းဟူသော အထွတ်ဖြင့် ဟောတော်မူအပ်သော ဒေသနာတော်ကို" ဤတွင်ဆုံး၏, ပြီး၏ဟု နိဂုံးအုပ်သဖြင့် နှင်းတော်မူလိုသည် ဖြစ်၍ "ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ" စသည်ကို ဟောတော်မူ၏။

ဤမဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်၏ အဆုံး၌ သုံးသောင်းသော ရဟန်း တို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

ယော ဟိ ကောစိ ဘိက္ခဝေတိ ယော ကောစိ ဘိက္ခဝေ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ - (ဒီ ဋ္ဌ ၂၊ ၃၉၅) စသည်ဖြင့်လည်းကောင်း၊ ဒေသနာပရိယောသာနေ ပန တိံသ ဘိက္ခုသဟဿာနိ အရဟတ္တေ ပတိဋ္ဌဟိံသု -

(ဒီ ဋ္ဌ ၂၊ ၃၉၅)ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ယော ဟိ ကောစိ ဘိက္ခဝေတိ = ယော ဟိ ကောစိ ဘိက္ခဝေဟူသည်ကား၊

ဘိက္ခဝေ = ရဟန်းတို့၊

ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော၊

ဘိက္ခုဝါ = ရဟန်းသည်လည်းကောင်း၊

ဘိက္ခုနီ ဝါ = ဘိက္ခုနီ သည်လည်းကောင်း၊

ဥပါသကော ဝါ = ဥပါသကာသည်လည်းကောင်း၊

ဥပါသိကာ ဝါ = ဥပါသိကာသည်လည်းကောင်း၊

ဒေသနာပရိယောသာနေ ပန = မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်၏ အဆုံး ၌ကား၊

တိံသ ဘိက္ခုသဟဿာနိ = သုံးသောင်းသော ရဟန်းတို့သည်၊

အရဟတ္တေ = အရဟတ္တဖိုလ်၌၊

ပတိဋ္ဌဟိံသု = တည်ကုန်၏။

ဤတွင်ရွေ့ မဟာသတိပဋ္ဌာနသုတ်၏ အကျဉ်းဖြစ်သော အဓိပ္ပါယ်ပြီး၏။

အာသီသ ပတ္ထနာ

ဤသို့ ပါဠိ, အဋ္ဌကထာတို့နှင့်အညီ သတိပဋ္ဌာန် လေးပါးတို့ကို သဘောကျကျ ဆင်ခြင်အောက်မေ့ ပွားစေရာသော အကျဉ်းအနက်အဓိပ္ပါယ်ကို ပညာမျက်စိဖြင့် အဖန်တလဲလဲ ဆင်ခြင်၍ မဂ်, ဖိုလ်, နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်း တို့သည် အခါခပ်သိမ်း မမေ့မလျော့ အထူးသဖြင့် ကြည်ညို လှစွာသော စိတ်ဖြင့်ဖြစ်စေ, ပွားစေသတည်း။

ကျမ်းပြီးနိဂုံး

(က) သဗ္ဗသိက္ခာပဒါဝိတထာစာရေန ဝိသုဒ္ဓသီလာဒိဂုဏသောဘိတေန ဝံသာဒိ - လေဉ္ဆန မဟာ ထေရေန -

(ခ) သုခကာမာနံ သာဓူနံ စတ္တာရော သတိပဋ္ဌာနေ ယာထာဝတော သုဘာဝေတုံ ကေဝလံ သင်္ခေပါဓိပ္ပါယမတ္တေန ယထာပါဠိယဋ္ဌကထာဂတနယံ သုလိခိတော အယံ ဂန္ထော -

(ဂ) ဇိနစက္ကေ ကဝိဂီရေ ကလိယုဂေ ဓိမက္ကကေ သမ္ပတ္တေ ဖေဂ္ဂုဏပုဏ္ဏမ ဂုရုပုဗ္ဗဏှ စတုပ္ပဟာရာတိက္ကမ သတ္တရသ ပါဒသင်္ခါတေ ဧကာဒသဂုၤလိဒ္ဓိယဝဋ္ဌတိလေကကေသ စတုနာဋီက တေပါဒဆဗ္ဗီဇနာ တိပြန္နဋ္ဌက္ခရယုတ္တေ မိန္နတြင်္ဂမကာရနဝင်္ဂဆဗ္ဗီသနက္ခတ္တ ဒွိပါဒလက္ခဏာဂတေ မူလဋ္ဌနက္ခတ္တ စုဒ္ဒသတိထီမိန္န လက္ခဏောဒါသီကာလေ ဧဝ နိဋ္ဌင်္ဂေါ ဟောတိ။

(ဃ) ယထာ အယံ ဂန္ထော အန္တရာယံ ဝိနာနိဋ္ဌံ ဥပါဂတော။ တထာ သဗ္ဗသတ္တာနံ ဓမ္မနိဿိတာ သင်္ကပ္ပါသမိဇ္ဈန္တု။

(င) ဣမံ ဂန္ထံ သာဓူ သဒ္ဓမ္မေ ဂါရ ကတွာသဒါ ပညာစက္ခုနာပုနပ္ပုနံ ပဿိတွာ ဘာဝေန္တု၊ ဝါ စုဂ္ဂတဉ္စ ကတွာ ဓာရေန္တု။

(စ) ဣဒံ မေပုညဉ္စ အညပုညဉ္စ သဗ္ဗညုတဉာဏပဋိဝေဓဿ ပစ္စယော ဟောတု။

(က) သဗ္ဗသိက္ခာပဒါဝိတထာစာရေန = ခပ်သိမ်းသော သိက္ခာပုဒ်တို့၌ မချွတ်မယွင်း ဖြည့်ကျင့် လေ့ရှိထသော၊

ဝိသုဒ္ဓ - သီလာဒိဂုဏသောဘိတေန = အထူးသဖြင့်စင်ကြယ်သော သီလစသောဂုဏ် တို့ဖြင့် တင့်တယ်ခြင်းလည်းရှိထသော၊

ဝံသာဒိ - လေဉ္ဆန = "ဝံသာလင်္ကာရ သဒ္ဓမ္မာဘိဓဇ မဟာဓမ္မရာဇဂုရု" ဟုရအပ်သော တံဆိပ်နာမံ ရှိထသော၊

မဟာထေရေန = မထေရ်လည်းဖြစ်ထသော၊

မယာ = "မုံတောဆရာတော်"ဟု ခေါ်ဝေါ်အပ်သော ငါသည်၊

(ခ) သုခကာမာနံ = မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာတို့ကိုအလိုရှိကုန်သော၊

သာဓူနံ = သူတော်ကောင်းတို့အား၊

စတ္တာရော သတိပဋ္ဌာနေ = လေးပါးသော သတိပဋ္ဌာန်တို့ကို၊

ယာထာဝတော = မဖောက်မပြန် ဟုတ်မှန်သော သဘောအားဖြင့်၊

သုဘာဝေတုံ = ကောင်းစွာ ပွားလွယ်စေခြင်းငှါ၊

ကေဝလံ = သက်သက်၊

သင်္ခေပါ-ဓိပ္ပါယမတ္တေန = အကျဉ်းအဓိပ္ပါယ်မျှဖြင့်သာလျှင်၊

ယထာပါဠိယဋ္ဌ -ကထာဂတနယံ = ပါဠိ, အဋ္ဌကထာ တို့၌လာသော နည်းအတိုင်း၊

သုလိခိတော = ကောင်းစွာ ရေးသားအပ်သော၊

အယံ ဂန္ထော = ဤသတိပဋ္ဌာန်လေးပါးတို့ကို မဖောက်မပြန် ဟုတ်မှန်စွာ ပရမတ္ထ အားဖြင့် သဘောကျကျပွားစေရာ, ဆင်ခြင်အောက်မေ့ရာ အကျဉ်း အဓိပ္ပါယ် သက်သက်ကို ပြရာ ပြကြောင်းဖြစ်သောကြောင့် “အဓိပ္ပါယ် ပကာသနီ” အမည် ရှိသော နိဿယည်း ကျမ်းသည်၊

(ဂ) ဇိနစက္ကေ = ဘုရားသခင် သာသနာတော်သည်၊

ကဝိဂီရေ = နှစ်ထောင့်သုံးရာ့လေးဆယ့် တစ် (၂၃၄၁) ခုနှစ်သည် လည်းကောင်း၊

ကလိယုဂေ = ကောဇာသက္ကရာဇ်သည်၊

ဓိမက္ကကေ = တစ်ထောင့်တစ်ရာ့ငါးဆယ့်ကိုး (၁၁၅၉) ခုသည် လည်းကောင်း၊

သမ္ပတ္တေ = ရောက်သည်ရှိသော်၊

ဖေဂ္ဂုဏပုဏ္ဏမ ဂုရုပုဗ္ဗဏှ စတုပ္ပဟာရာတိက္ကမ သတ္တရသ ပါဒသင်္ခါတေ = တပေါင်းလပြည့် တနင်္ဂနွေနေ့ နံနက် လေးချက်တီးကျော် တစ်ဆယ့်ခုနစ်ဖဝါး ဟု ဆိုအပ်သော၊

ဧကာဒသင်္ဂုလိဒ္ဓိယဝဋ္ဌ တိလေကကေသ စတုနာဋီက တေပါဒ ဆဗ္ဗီဇနာ တိပြန္နဋ္ဌက္ခရယုတ္တေ = တစ်ဆယ့်တစ်လက်သစ်, နှစ်မုယော, ရှစ်နှမ်း, တစ်ဆံခြည်, လေးနာရီ, သုံးပါဒ်, ခြောက်ဗီဇနာ, သုံးပြန်, ရှစ်ခရာနှင့်ယှဉ်သော၊ (အချို့စာမူတို့၌ ဝါခေါင် လပြည့်ကျော် ၁၅-ရက်ဟု ရှိ၏။)

မိန္နတြင်္ဂမကာရနဝင်္ဂ ဆဗ္ဗီသနက္ခတ္တ ဒွိပါဒလက္ခဏာဂတေ မူလဋ္ဌနက္ခတ္တ စုဒ္ဒသ တိထီမိန္န လက္ခဏောဒါသီကာလေ ဧဝ = မိန်တြင်း, မကာရ နဝင်း, နက္ခတ် နှစ်ဆယ့်ခြောက်လုံး, နှစ်ပါဒ်ထက် လဂ်စီးလျက် မူလနက္ခတ်ရှစ်လုံး, တိထီ တစ်ဆယ့်လေးလုံး, မိန်လဂ်နှင့်ယှဉ်သော အလွန်ကောင်းမြတ်သော ဥဒါသိန် အခါ၌ သာလျှင်၊

နိဋ္ဌင်္ဂေါ = အပြီးသို့ ရောက် သည်၊

ဟောတိ = ဖြစ်၏။

(ဃ) အယံ ဂန္ထော =ဤ “အဓိပ္ပါယပ္ပကာသနီ” အမည်ရှိသော နိဿရည်းကျမ်းသည်၊

အန္တရာယံ = အန္တရာယ်ကို၊

ဝိနာ = ကြဉ်၍၊

နိဋ္ဌံ = ပြီးခြင်းသို့၊

ဥပါဂတော ယထာ = ရောက်သကဲ့သို့၊

တထာ = ထို့အတူ၊

သဗ္ဗသတ္တာနံ = ခပ်သိမ်းသော သတ္တဝါတို့၏၊

ဓမ္မနိဿိတာ = တရားကို မှီကုန်သော၊

သင်္ကပ္ပါ = အကြံတို့သည်၊

သမိဇ္ဈန္တု = ပြည့်စေကုန်သတည်း။

(င) ဣမံ ဂန္ထံ = ဤ “အဓိပ္ပါယပ္ပကာသနီ” အမည်ရှိသောကျမ်းကို၊

သာဓူ = သူတော်ကောင်း တို့သည်၊

သဒ္ဓမ္မေ = သူတော်ကောင်းတရား၌၊

ဂါရဝံ ကတွာ = ရိုသေခြင်းကို ပြု၍၊

သဒါ = အခါခပ်သိမ်း၊

ပညာစက္ခုနာ = ပညာမျက်စိဖြင့်၊

ပုနပ္ပုနံ = အဖန်တလဲလဲ၊

ပဿိတွာ= ကြည့်ရှု၍၊

ဘာဝေန္တု = ပွားစေကုန်သတည်း၊

ဝါစုဂ္ဂတံ ကတွာ = နှုတ်ဆိုတက်သည်ကို ပြု၍၊

ဓာရေန္တု စ = ဆောင်လည်း ဆောင်စေကုန် သတည်း။

(စ) မေ = ငါ၏၊

ဣဒံပုညဉ္စ = ဤကောင်းမှုသည်လည်းကောင်း၊

အညပုညဉ္စ = တစ်ပါးသော ကောင်းမှုသည်လည်းကောင်း၊

သဗ္ဗညုတဉာဏပဋိဝေဓဿ = သဗ္ဗညုတဉာဏ်ကို ထိုးထွင်းခြင်း၏၊

ပစ္စယော = အကြောင်းသည်၊

ဟောတု = ဖြစ်ပါစေသတည်း။

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက် ဤတွင်ရွေ့ ပြီး၏။

အာသီသ ပတ္ထနာ

ဤသို့ ပါဠိ, အဋ္ဌကထာတို့နှင့်အညီ သတိပဋ္ဌာန်လေးပါးတို့ကို သဘောကျကျ ဆင်ခြင်အောက်မေ့ ပွားစေရာသော အကျဉ်းအနက်အဓိပ္ပါယ်ကို ပညာမျက်စိဖြင့် အဖန်တလဲလဲ ဆင်ခြင်၍ မဂ်, ဖိုလ်, နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်းတို့သည် အခါခပ်သိမ်း မမေ့မလျော့ အထူးသဖြင့် ကြည်ညို လှစွာသော စိတ်ဖြင့်ဖြစ်စေ, ပွားစေသတည်း။

r71qibmw10ll9fvhpvpqdbcxntj2y22