ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.46.0-wmf.21
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
ဗုဒ္ဓဘာသာကောင်းတစ်ယောက်-ဒု
0
6157
21751
21750
2026-03-29T01:31:15Z
Tejinda
173
21751
wikitext
text/x-wiki
{{header
| title = ဗုဒ္ဓဘာသာကောင်းတစ်ယောက်-ဒု
| author = သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[ဗုဒ္ဓဘာသာကောင်းတစ်ယောက်]]
| previous2 =
| next = [[ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-325
အသျှင်တို့-သင်တို့သည်ကား မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်ခဲ့ပါလျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်၏။ အသျှင်တို့-တရား ကျင့်ဖက်ပုဂ္ဂိုလ်တို့ ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြသည်တို့ကို မြင်ရကုန် သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွတကား'ဟု သတိပေးပြောဆိုပါ၏။

အသျှင် ဘုရား-ဂေါပကနတ်သားသည် သတိပေး ပြောဆိုအပ်ကုန်သော ထိုနတ်သား သုံးယောက်တို့တွင် နတ်သားနှစ်ယောက်တို့သည် မျက်မှောက်ဘဝ၌ပင် ပဌမဈာန်သတိကိုရလျက် ဗြဟ္မပုရောဟိတာဘုံသို့ ရောက်ကုန်၏။ တစ်ယောက်သော နတ်သားသည်ကား ကာမဘုံ၌ပင် ပျော်၍ နေပါ၏။

အကျွန်ုပ်သည် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဥပါသိကာမ ဖြစ်ခဲ့ပါ၏။ အကျွန်ုပ်၏ အမည်သည် ဂေါပိကာ ဖြစ်ပါ၏။ အကျွန်ုပ်သည် ဘုရား တရား၌ အလွန်ကြည်ညိုခဲ့ပါ၏။ သံဃာကိုလည်း ကြည်ညိုသောစိတ်ဖြင့် လုပ်ကျွေး ခဲ့ပါ၏။

ထိုမြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်ခြင်းကြောင့်သာလျှင် အကျွန်ုပ်သည် တာဝတိံသာနတ်ပြည်ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။ ဤတာဝတိံသာ နတ်ပြည်၌လည်း အကျွန်ုပ်ကို “ဂေါပက”ဟု ခေါ်ကြပါကုန်၏။

ထိုအခါ ဂန္ဓဗ္ဗနတ်မျိုး၌ ရောက်၍ နေကုန်သော ရှေးကမြင်ဖူးကုန်သော ရဟန်းဖြစ်ခဲ့ကုန်သော ဤနတ်တို့ကို မြင်ရပါ၏။ မှန်ပါ၏။ ဂေါတမမြတ်စွာဘုရား၏ တပည့်ရဟန်းဖြစ်ခဲ့ကုန်သော ထိုနတ်တို့ကို အကျွန်ုပ်တို့သည် ရှေးလူဖြစ်စဉ်က ခြေဆေးရေ၊ ခြေနယ်ဆီတို့ဖြင့် ချီးမြှောက်ပူဇော်၍ ဆွမ်းဖြင့်လည်းကောင်း၊ အဖျော် ဖြင့်လည်းကောင်း လုပ်ကျွေးပြုစုခဲ့ပါကုန်၏။ ဤအသျှင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို နာယူခဲ့ကြပါကုန်သနည်း။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထိုးထွင်းသိမြင်တော်မူ၍ ကောင်းစွာ ဟောကြားအပ်သော တရားတော်ကို ကိုယ်တိုင်သိခဲ့ရပါ၏။ အကျွန်ုပ်သည် အသျှင်တို့ကိုပင် ဆည်းကပ်ကိုးကွယ်လျက် အရိယာတို့ကောင်းစွာ ဟောအပ်သော တရားတို့ကို ကြားနာရသဖြင့် တာဝတိံသာနတ်ပြည်သို့ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။

စာမျက်နှာ-326
အသျှင်တို့-သင်တို့သည်ကား မြတ်စွာဘုရားကို ဆည်းကပ်ရပါကုန်လျက် အမြတ်ဆုံးအကျင့်ကို ကျင့်ကြရပါကုန်လျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ် ကြရကုန်၏။

အသျှင်တို့၏ ဘဝအကျိုးပေးသည် မသင့်လျော်လေစွတကား၊ တရားကျင့်ဖက် ပုဂ္ဂိုလ်တို့ ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြရသည်တို့ကို မြင်ရကုန်သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွတကား။

အသျှင်တို့-သင်တို့သည် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေသောကြောင့် တာဝတိံသာ နတ်တို့ကို ခစားဖျော်ဖြေရန် လာကြရကုန်၏။ လူ့ဘောင်၌ နေသော အကျွန်ုပ်၏ ဤထူးခြားသောအဖြစ်ကို ရှုကြပါလော့။

ထိုအကျွန်ုပ်သည် ရှေးဘဝ၌ မိန်းမဖြစ်လျက် ယခုအခါ၌ နတ်စည်းစိမ်တို့နှင့် ပြည့်စုံသော နတ်ယောက်ျား ဖြစ်လာရပါ၏။ ဤသို့ ဂေါတမမြတ်စွာဘုရား၏ တပည့် ဂေါပကနတ်သားသည် သတိပေးပြောဆိုအပ်ကုန်သော ထိုနတ်သား သုံးယောက်တို့သည် သံဝေဂရကြကုန်၍ ဂေါပကနတ်သားထံ အညီအညွတ်သွား ကြပြီးလျှင် “ငါတို့သည် တရားထူးကို ရခြင်းငှာ ယခုအားထုတ်ကုန်တော့အံ့၊ ပြင်းစွာအားထုတ်ကုန်တော့အံ့၊ သူတပါးတို့၏ အစေခံမဖြစ်ကုန်တော့အံ့”ဟု ဆိုကုန်၍ ထို(သုံးယောက်)တို့တွင် နှစ်ယောက်သော နတ်တို့သည် ဂေါတမမြတ်စွာဘုရား၏ အဆုံးအမကို အဖန်ဖန်အောက်မေ့လျက် အားထုတ်ခြင်းကို ဖြစ်စေကုန်၏။

ဤနတ်ပြည်၌ပင် စိတ်တို့ကို တပ်မက်ခြင်းကင်းစေ၍ ကာမဂုဏ်တို့၌ အပြစ်ကို မြင်ကုန်၏။ ဆင်ပြောင်ကြီးသည် မြဲစွာဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့သို့ ထိုနတ်နှစ်ယောက်တို့သည် လွန်မြောက်နိုင်ခဲသော မာရ်နတ်၏ နှောင်ကြိုး ဖြစ်ကုန်သော ကာမသံယောဇဉ်၊ ကာမအနှောင်အဖွဲ့တို့ကို ဖြတ်၍ တာဝတိံသာ နတ်တို့ကို သာလွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏။ ရာဂကင်းခြင်းကို ပြုကုန်လျက် အနာဂါမ်ဖြစ်ကုန်သော သူရဲကောင်း နတ်နှစ်ယောက်တို့သည် သိကြားမင်းနှင့်တကွ ပဇာပတိနတ်မင်းနှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက်ကုန်သော အလုံးစုံသော နတ်တို့ကို သာလွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏။ နတ်တို့ကို စိုးမိုးသော သိကြားမင်းသည် ထိုနတ်တို့ကို မြင်၍ “ဤနတ်နှစ်ယောက်တို့သည် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်သော်လည်း တာဝတိံသာနတ်တို့ကို လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏”ဟု ဆိုလျက် နတ်အပေါင်း၏ အလယ်၌ သံဝေဂဖြစ်လေ၏၊ ထိုဂေါပက နတ်သားသည် သံဝေဂဖြစ်နေသော သိကြားမင်း၏ စကားကို ကြား၍ သိကြား မင်းကို ဤသို့ ပြောဆို၏-

စာမျက်နှာ-327
နတ်တို့၏အရှင် သိကြားမင်း-လူ့ပြည်၌ ဘုရားသည် ပွင့်တော်မူလျက်ရှိ၏။ ကာမဂုဏ်တို့ကို နှိမ်နင်းနိုင်သော သကျမုနိ“သာကီစင်မင်းသား ဘုရားသျှင်”ဟု ကျော်စော၏။ ထိုနတ်တို့သည် ပဋ္ဌမဈာန်သတိမှ ကင်းလွတ်လျက် ရှိကုန်သော ထိုမြတ်စွာဘုရား၏ သားတော်တို့ပင် ဖြစ်ပါကုန်၏။ အကျွန်ုပ်သတိပေးအပ်သည် ဖြစ်၍ ပဌမဈာန်သတိ ရကြပါကုန်ပြီ။

ထိုနတ်သားသုံးယောက်တို့တွင် နတ်သားတစ်ယောက်သည် ဤဂန္ဓဗ္ဗအမျိုး၌ ထာဝစဉ်နေသူ အာဝါသိက ဖြစ်နေပါ၏။ နှစ်ယောက်သော နတ်သားတို့သည်ကား ဂန္ဓဗ္ဗအမျိုး၌ ကပ်ရောက်၍ နေလာကုန်သော်လည်း အနာဂါမိမဂ်သို့ရောက်လျက် တည်ကြည်သော စိတ်ရှိကုန်၍ နတ်တို့ကိုပင်သော်လည်း ယုတ်ညံ့သည် ထင်ပါကုန်၏။

ဤသာသနာတော်၌ တရားတော်ကို ထင်ရှားစေကုန်သော ဂုဏ်နှင့် ပြည့်စုံသည့် ဤသို့သော တပည့်သာဝကတို့ ရှိပါကုန်၏၊ ထိုတပည့်သာဝကတို့တွင် တစုံတယောက် သော တပည့်သာဝကသည် ဘုရားစသည်၌ အဘယ်သို့ ယုံမှားတော့အံ့နည်း၊ မယုံမှားတော့သည်သာ ဖြစ်၏၊ ဩဃလေးပါးကို ကူးမြောက်ပြီးသော ဝိစိကိစ္ဆာကို ဖြတ်တောက်ပြီးသော မာရ်ငါးပါးကို အောင်တော်မူသော လူသုံးပါးတို့ထက် မြတ်တော်မူသော မြတ်စွာ ဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးကြပါကုန်စို့ဟု ပြောဆို၏။

အသျှင်ဘုရား-ထိုနတ်သားသုံးယောက်တို့တွင် နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌ အသျှင်ဘုရား၏ တရားကို သိကုန်သောကြောင့် ဗြဟ္မပုရောဟိတာ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသော တရားထူးကို ရကြပါကုန်၏။

အသျှင်ဘုရား-အကျွန်ုပ်တို့သည် ဤတရားထူးကို ရခြင်းငှာ လာရောက်ကြပါ ကုန်၏။ အသျှင်ဘုရား-မြတ်စွာဘုရားသည် အခွင့်ပေးတော်မူပါသော် အကျွန်ုပ် တို့သည် ပြဿနာကို မေးလိုပါကုန်၏ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏။ “ဤသိကြား မင်းသည် ရှည်စွာသော နေညဉ့်ပတ်လုံး စင်ကြယ်သော အကျင့်ရှိခဲ့၏။ မည်သည့် ပြဿနာကို မေးသည်ဖြစ်စေ၊ အကြောင်းနှင့်စပ်သော ပြဿနာကိုသာ မေးလတ္တံ့ အကြောင်းနှင့်မစပ်သော ပြဿနာကို မမေးလတ္တံ့။ ထိုသိကြားမင်း မေး၍ ငါဖြေလတ်သော် ထိုအဖြေကို လျင်မြန်စွာပင် သိလတ္တံ့”ဟု အကြံဖြစ်၏။

စာမျက်နှာ-328
ထိုအခါ မြတ်စွာဘုရားသည် နတ်တို့၏အရှင် သိကြားမင်းကို ဂါထာဖြင့် မိန့် ကြားတော်မူ၏။

“သိကြားမင်း-သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက် ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း ဝိစိကိစ္ဆာကို အဆုံး တိုင်ပျောက်ကင်းအောင် ငါ ဖြေရှင်းအံ့”ဟု မိန့်ကြားတော်မူ၏။

သိကြားမင်း ပြဿနာမေးခြင်း

မြတ်စွာဘုရား ခွင့်ပြုတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ရှေးဦးစွာ ဤပြဿနာကို မေးလျှောက်၏။

“အသျှင်ဘုရား'ရန်ငြိုးကင်းကုန်လျက် ဒဏ်ကင်းကုန်လျက် ရန်သူကင်းကုန်လျက် စိတ်ဆင်းရဲခြင်း ကင်းကုန်လျက် အမျက်ထွက်ခြင်း ကင်းကုန်လျက် ငါတို့ နေကြ ပါရစေ'ဟု နတ်လူ အသုရာ နဂါး ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထိုသတ္တဝါ တို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက် ဒဏ်ရှိကုန်လျက် ရန်သူရှိကုန်လျက် စိတ်ဆင်း ရဲခြင်း ရှိကုန်လျက် အမျက်ရှိကုန်လျက် နေကြရပါကုန်၏။ ဤသို့ နေရခြင်းသည် အဘယ် အနှောင်အဖွဲ့ကြောင့် ပါနည်း”ဟု နတ်တို့၏ အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ဤအခြင်းအရာဖြင့် ပြဿနာကို မေးလျှောက်၏။ ထိုသို့ သိကြားမင်း မေးလတ်သော် မြတ်စွာဘုရားသည် ပြဿနာကို ဖြေကြားတော်မူ၏။

“နတ်တို့၏အရှင် သိကြားမင်း-ရန်ငြိုးကင်းကုန်လျက်၊ ဒဏ်ကင်းကုန်လျက်၊ ရန်သူကင်းကုန်လျက်၊ စိတ်ဆင်းရဲခြင်း ကင်းကုန်လျက်၊ အမျက်ထွက်ခြင်း ကင်းကုန် လျက် နေကြရပါစေဟု နတ် လူ အသုရာ နဂါး ဂန္ဓဗ္ဗနှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်း ဖြစ်သော် လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊ စိတ်ဆင်းရဲခြင်း ရှိကုန်လျက်၊ အမျက်ရှိကုန်လျက် နေကြရကုန်၏။ ဤသို့နေရခြင်းသည် ဣဿာ၊ မစ္ဆရိယ (မနာလိုခြင်း၊ ဝန်တိုခြင်း)သံယောဇဉ်ကြောင့် ဖြစ်၏”ဟု ဖြေကြားတော်မူ၏။

နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤ အခြင်းအရာအားဖြင့် ပြဿနာကို ဖြေကြားတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏။

စာမျက်နှာ-329
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား-ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား-ဟောတော်မူသည့် အတိုင်း မှန်လှပါ၏။ မြတ်စွာဘုရားဟောအပ်သော ပြဿနာကို ကြားနာရသော ကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းမှ လွတ်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ'ဟု ဝမ်းမြောက်စွာ ခံယူ၏။

ဤသို့လျှင် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ် ပြဿနာကို မေးလျှောက်ပြန်၏-

“အသျှင်ဘုရား-ဣဿာမစ္ဆရိယသည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း၊ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်းရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ် ရာ အဘယ်အကြောင်း ရှိပါသနည်း။ အမွန်အစဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ အဘယ်တရားရှိသော် ဣဿာမစ္ဆရိယ မဖြစ်ပါသနည်း၊ အဘယ်တရား မရှိသော် ဣဿာမစ္ဆရိယ မဖြစ်ပါသနည်း”ဟု မေးလျှောက်ပြန်၏။

နတ်တို့၏အရှင် သိကြားမင်း- ဣဿာ မစ္ဆရိယသည် ချစ်ခြင်း၊ မုန်းခြင်း ဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း၊ မုန်းခြင်းဟူသော တိုးတက်ဖြစ်ပွား ရာ အကြောင်းရှိ၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း၊ မုန်းခြင်း ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း၊ မုန်းခြင်း ရှိသော် ဣဿာ မစ္ဆရိယ ဖြစ်၏၊ ချစ်ခြင်း၊ မုန်းခြင်း မရှိသော် ဣဿာ မစ္ဆရိယ မဖြစ်ဟု ဖြေကြားတော်မူ၏။

“အသျှင်ဘုရား- ချစ်ခြင်း၊ မုန်းခြင်းသည်ကား အခြေခံဖြစ်ရာ အဘယ် အကြောင်းရှိပါသနည်း။ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်း ရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ အမွန်အစဖြစ်ရာ အဘယ် အကြောင်း ရှိပါသနည်း၊ အဘယ်တရားရှိသော် ချစ်ခြင်း၊ မုန်းခြင်း ဖြစ်ပါသနည်း။ အဘယ်တရားမရှိသော် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်ပါသနည်း”ဟု မေးလျှောက်၏။

နတ်တို့၏အရှင် သိကြားမင်း-ချစ်ခြင်း၊ မုန်းခြင်းတို့သည် လိုချင်ခြင်း“ဆန္ဒ” ဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်း “ဆန္ဒ”ဟူသော တိုးတက် ဖြစ်ပွားရာ အကြောင်းရှိ၏။ လိုချင်ခြင်း“ဆန္ဒ”ဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်း“ဆန္ဒ”ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်းရှိသော် ချစ်ခြင်း၊မုန်းခြင်းဖြစ်၏၊ လိုချင်ခြင်း မရှိသော် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်ဟု ဖြေကြားတော်မူ၏။

စာမျက်နှာ-330
အသျှင်ဘုရား-လိုချင်ခြင်း “ဆန္ဒ”သည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်း ရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ် ရာ အဘယ်အကြောင်း ရှိပါသနည်း၊ အမွန်အစဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း၊ အဘယ်တရားရှိသော် လိုချင်ခြင်း“ဆန္ဒ” ဖြစ်ပါသနည်း၊ အဘယ် တရားမရှိသော် လိုချင်ခြင်း“ဆန္ဒ”မဖြစ်ပါသနည်းဟု မေးလျှောက်၏။

နတ်တို့အရှင်သိကြားမင်း-လိုချင်ခြင်း“ဆန္ဒ”သည် ကြံစည်ခြင်း“ဝိတက်”ဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း“ဝိတက်”ဟူသော တိုးတက်ဖြစ်ပွားရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း “ဝိတက်”ဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်း ရှိ၏၊ ကြံစည်ခြင်း“ဝိတက်”ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း “ဝိတက်”ရှိသော် လိုချင်ခြင်း“ဆန္ဒ”ဖြစ်၏၊ ကြံစည်ခြင်း“ဝိတက်” မရှိသော် လိုချင်ခြင်း “ဆန္ဒ” မဖြစ်ဟု ဖြေကြားတော်မူ၏။

အသျှင်ဘုရား- ကြံစည်ခြင်း “ဝိတက်”သည်ကား အခြေခံဖြစ်ရာ အဘယ် အကြောင်း ရှိပါသနည်း၊ တိုးတက်ဖြစ်ပွားရာ အဘယ်အကြောင်း ရှိပါသနည်း၊ ထင်ရှား ဖြစ်ပေါ်ရာ အဘယ်အကြောင်း ရှိပါသနည်း၊ အမွန် အစ ဖြစ်ရာ အဘယ်အကြောင်း ရှိပါသနည်း။ အဘယ်တရားရှိသော် ကြံစည်ခြင်း“ဝိတက်” ဖြစ်ပါသနည်း၊ အဘယ် တရားမရှိသော် ကြံစည်ခြင်း“ဝိတက်” မဖြစ်ပါသနည်းဟု မေးလျှောက်၏။

နတ်တို့၏အရှင်သိကြားမင်း-ကြံစည်ခြင်း“ဝိတက်”သည် သံသရာချဲ့ထွင်တတ် သည့်တရား “ပပဉ္စသညာ”အစုဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုဟူသော တိုးတက်ဖြစ်ပွားရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ သံသရာ ချဲ့ထွင်တတ်သည့် တရားအစုရှိသော် ကြံစည်ခြင်းဖြစ်၏၊သံသရာချဲ့ထွင်တတ်သည့် တရားအစုမရှိသော် ကြံစည်ခြင်း မဖြစ်ဟု ဖြေကြားတော်မူ၏။

ဒေသနာကမ္မဋ္ဌာန်း

နတ်တို့အရှင်သိကြားမင်း-ဝမ်းမြောက်ခြင်း“သောမနဿ”ကိုလည်း မှီဝဲအပ် သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါး အပြားအားဖြင့် ငါဟော၏။

စာမျက်နှာ-331
နတ်တို့၏အရှင် သိကြားမင်း-နှလုံးမသာခြင်း“ဒေါမနဿ”ကိုလည်း မှီဝဲအပ် သော နှလုံးမသာခြင်း၊ မမှီဝဲအပ်သော နှလုံးမသာခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း-လျစ်လျူရှုခြင်း“ဥပေက္ခာ”ကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း၊ မမှီဝဲအပ်သော လျစ်လျူရှုခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း-ဝမ်းမြောက်ခြင်း ‘သောမနဿ' ကိုလည်း မှီဝဲ အပ်သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြား အားဖြင့် ငါဟော၏”ဟူသောဤစကားကို ဆိုခဲ့၏။ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ-ထိုနှစ်ပါးသော ဝမ်းမြောက်ခြင်းတို့တွင် “ဤဝမ်းမြောက် ခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု အကြင်ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ဝမ်းမြောက်ခြင်းကို မမှီဝဲအပ်။

ထိုနှစ်ပါးသော ဝမ်းမြောက်ခြင်းသောမနဿတို့တွင် “ဤဝမ်းမြောက်ခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွား ကုန်၏”ဟု အကြင်ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ဝမ်းမြောက် ခြင်းကို မှီဝဲအပ်၏။

ထိုမှီဝဲအပ်သော ဝမ်းမြောက်ခြင်း‘သောမနဿ”၌ အကြင် ဝမ်းမြောက်ခြင်းသည် ကြံစည်ခြင်း “ဝိတက်”နှင့်လည်း တကွဖြစ်၏၊ သုံးသပ်ခြင်း “ဝိစာရ”နှင့်လည်း တကွ ဖြစ်၏၊ အကြင်ဝမ်းမြောက်ခြင်းသည် ကြံစည်ခြင်းလည်းမရှိ၊ သုံးသပ်ခြင်းလည်း မရှိ၊ ထိုနှစ်ပါးတို့တွင် ကြံစည်ခြင်းလည်းမရှိ၊ သုံးသပ်ခြင်းလည်းမရှိသော ဝမ်းမြောက် ခြင်းသည် သာလွန်၍ မြတ်၏။

နတ်တို့၏အရှင် သိကြားမင်း-“ဝမ်းမြောက်ခြင်း သောမနဿ'ကိုလည်း မှီဝဲအပ် သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏”ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။ ထိုနည်းတူစွာပင် နှလုံးမသာခြင်း“ဒေါမနဿ”နှင့်လျစ်လျူရှုခြင်း“ဥပေက္ခာ” တို့ကိုလည်း မှီဝဲအပ်ခြင်းနှင့် မမှီဝဲအပ်ခြင်း၏ အကြောင်းများကို ဆက်လက်ဟော ကြားတော်မူ၏။

နတ်တို့၏အရှင် သိကြားမင်း- ဤသို့ကျင့်သော ရဟန်းသည် သံသရာချဲ့ထွင် တတ်သည့် ‘ပပဉ္စသညာ’ အစု၏ ချုပ်ငြိမ်းခြင်းအား လျော်၍ ထိုချုပ်ရာ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်၏ဟု ဟောကြားတော်မူ၏။

စာမျက်နှာ-332
နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤ အခြင်းအရာဖြင့် ပြဿနာကို ဖြေကြားတော်မူလတ်သော် နတ်တို့၏ အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူလေ၏-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား-ဟောကြားတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား- ဟောတော်မူသည့် အတိုင်း မှန်လှပါ၏၊ မြတ်စွာဘုရား ဟောအပ်သော ပြဿနာအဖြေကို ကြားနာရ သောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းကို လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု ဝမ်းမြောက်စွာ ခံယူလေ၏။

ပါတိမောက္ခသံဝရသီလ

ဤသို့လျှင် နတ်တို့၏အရှင်သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ် ပြဿနာကို မေးလျှောက်ပြန်၏-

“မြတ်စွာဘုရား-အဘယ်သို့ကျင့်သော ရဟန်းသည် ပါတိမောက္ခသံဝရသီလကို ကျင့် သည်မည်ပါသနည်း”ဟု မေးလျှောက်ပြန်၏။

နတ်တို့၏အရှင် သိကြားမင်း-ကိုယ်အကျင့်“ကာယသမာစာရ”ကိုလည်း မှီဝဲ အပ်သော ကိုယ်အကျင့်၊ မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း-နှုတ်အကျင့်“ဝစီသမာစာရ”ကိုလည်း မှီဝဲအပ်သော နှုတ်အကျင့်၊ မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း-ရှာမှီးခြင်း “ပရိယေသနာ”ကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း၊ မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း-“ကိုယ်အကျင့်‘ကာယသမာစာရ'ကိုလည်း မှီဝဲ အပ်သော ကိုယ်အကျင့်၊ မမှီဝဲအပ်သောကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏”ဟူသော ဤစကားကို ဆိုခဲ့၏ အဘယ်အကြောင်းကိုစွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ-ထိုနှစ်ပါးသော ကိုယ်အကျင့်တို့တွင် “ဤကိုယ်အကျင့်ကို မှီဝဲသော

စာမျက်နှာ-333
ငါ့အား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု အကြင်ကိုယ်ကျင့်ကို သိငြားအံ့၊ ဤသို့ သဘောရှိသော ကိုယ်အကျင့်ကို မမှီဝဲအပ်။

ထိုနှစ်ပါးသော ကိုယ်အကျင့်ကာယသမာစာရတို့တွင် “ဤကိုယ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကုန်၏”ဟု အကြင်ကိုယ်ကျင့်ကို သိငြားအံ့။ ဤသို့သဘောရှိသော ကိုယ်အကျင့်ကို မှီဝဲအပ်၏။

ထိုနည်းတူစွာပင် နှုတ်အကျင့်“ဝစီသမာစာရ”နှင့် ရှာမှီးခြင်း“ပရိယေသနာ” တို့ကိုလည်း မှီဝဲအပ်ခြင်းနှင့် မမှီဝဲအပ်ခြင်း၏ အကြောင်းများကို ဆက်လက်ဟော ကြားတော်မူသည်။

နတ်တို့၏အရှင် သိကြားမင်း- ဤသို့ကျင့်သော ရဟန်းသည် ပါတိမောက္ခ သံဝရသီလကို ကျင့်သည် မည်၏ဟု ဖြေကြားတော်မူသည်။

နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤအခြင်း အရာအားဖြင့် ပြဿနာကို ဖြေကြားတော်မူလတ်သော် သိကြားမင်းသည် နှစ်လို သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏။

ဣန္ဒြိယသံဝရသီလ

ဤသို့လျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူပြီးလျှင် နောက်ထပ် ပြဿနာကို မေးလျှောက်ပြန်၏-

“အသျှင်ဘုရား-အဘယ်သို့ကျင့်သော ရဟန်းသည် ဣန္ဒြိယသံဝရ `ဣန္ဒြေ စောင့်စည်းခြင်း' သီလကို ကျင့်သည် မည်ပါသနည်း”ဟု မေးလျှောက်ပြန်၏။

နတ်တို့၏အရှင် သိကြားမင်း-မျက်စိဖြင့် သိအပ်သော ရူပါရုံကိုလည်း မှီဝဲ အပ်သော ရူပါရုံ၊ မမှီဝဲအပ်သော ရူပါရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း-နားဖြင့် သိအပ်သော သဒ္ဒါရုံကိုလည်း မှီဝဲ အပ်သော သဒ္ဒါရုံ၊ မမှီဝဲအပ်သော သဒ္ဒါရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း- နှာခေါင်းဖြင့် သိအပ်သော ဂန္ဓာရုံကိုလည်း မှီဝဲအပ်သော ဂန္ဓာရုံ၊ မမှီဝဲအပ်သော ဂန္ဓာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

စာမျက်နှာ-334
နတ်တို့၏အရှင် သိကြားမင်း- လျှာဖြင့် သိအပ်သော ရသာရုံကိုလည်း မှီဝဲ အပ်သော ရသာရုံ၊ မမှီဝဲအပ်သော ရသာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း- ကိုယ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံကိုလည်း မှီဝဲ အပ်သော ဖောဋ္ဌဗ္ဗာရုံ၊ မမှီဝဲအပ်သော ဖောဋ္ဌဗ္ဗာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း- စိတ်ဖြင့် သိအပ်သော ဓမ္မာရုံကိုလည်း မှီဝဲ အပ်သော ဓမ္မာရုံ၊ မမှီဝဲအပ်သော ဓမ္မာရုံဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။ ဤသို့ ဟောတော်မူလတ်သော် နတ်တို့၏ အရှင် သိကြားမင်းသည် မြတ်စွာ ဘုရားအား ဤစကားကို လျှောက်၏-

“အသျှင်ဘုရား- အကျဉ်းအားဖြင့် မြတ်စွာဘုရားဟောကြားတော်မူသော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် ဤသို့ သိပါ၏။

အသျှင်ဘုရား-မျက်စိဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန် ၏၊ မျက်စိဖြင့် သိအပ်သော ဤသို့ သဘောရှိသော ရူပါရုံကို မမှီဝဲအပ်။ မျက်စိဖြင့် သိအပ်သော အကြင်သို့သဘောရှိသော ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရား တို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကုန်၏၊ မျက်စိဖြင့် သိအပ်သော ဤသို့ သဘောရှိသော ရူပါရုံကို မှီဝဲအပ်၏။

အသျှင်ဘုရား- နားဖြင့် သိအပ်သော အကြင်သို့သဘောရှိသော သဒ္ဒါရုံကို မှီဝဲသောသူအား၊ နှာခေါင်းဖြင့် သိအပ်သော အကြင်သို့သဘောရှိသော ဂန္ဓာရုံကို မှီဝဲသောသူအား၊ လျှာဖြင့်သိအပ်သော အကြင်သို့ သဘောရှိသော ရသာရုံကို မှီဝဲ သောသူအား၊ ကိုယ်ဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော ဖောဋ္ဌဗ္ဗာရုံကို မှီဝဲသောသူအား၊ စိတ်ဖြင့် သိအပ်သော အကြင်သို့ သဘောရှိသောဓမ္မာရုံကို မှီဝဲ သောသူအား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ စိတ်ဖြင့် သိအပ်သော ဤသို့ သဘောရှိသော ဓမ္မာရုံကို မမှီဝဲအပ်။

အသျှင်ဘုရား-စိတ်ဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော ဓမ္မာရုံကို မှီဝဲ သောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကုန်၏၊ စိတ်ဖြင့် သိအပ်သော ဤသို့သဘောရှိသော ဓမ္မာရုံကို မှီဝဲအပ်၏။

စာမျက်နှာ-335
အသျှင်ဘုရား- အကျဉ်းအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော ဤတရား တော်၏ အနက်ကို အကျယ်အားဖြင့် ဤသို့သိသော အကျွန်ုပ်သည် မြတ်စွာဘုရား ဟောအပ်သော ပြဿနာ၏ အဖြေကို ကြားနာရသောကြောင့် ဤပြဿနာ၌ ယုံမှားခြင်းကို လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု လျှောက်၏။

ဝမ်းမြောက်မှုကို ရဖူးခြင်း

နတ်တို့၏အရှင် သိကြားမင်း- သင်သည် ဤယခုမှ ရှေးအခါက ဤသို့သဘော ရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို မှတ်မိပါ၏လောဟု မိန့်တော်မူ၏။

အသျှင်ဘုရား-အကျွန်ုပ်သည် ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို မှတ်မိပါ၏ဟု လျှောက်၏။

နတ်တို့၏အရှင် သိကြားမင်း-ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို သင် အဘယ်သို့ မှတ်မိပါသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား-ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့်အသုရာတို့ စစ်ပွဲဖြစ်ခဲ့ပါ၏။ အသျှင်ဘုရား-ထိုစစ်ပွဲ၌ နတ်တို့နိုင်၍ အသုရာတို့ ရှုံးကြပါ၏။ အသျှင်ဘုရား- ထိုစစ်ကို နိုင်သောကြောင့် စစ်နိုင်သော ထိုအကျွန်ုပ်အား ဤသို့သော နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်ပါ၏။ “ယခုအခါ နတ်တို့၏ အစာအာဟာရ၊ အသုရာတို့၏ အစာအာဟာရဟူ၍ ရှိရာ ဤနှစ်မျိုးလုံးကို နတ်တို့ချည်းသာ သုံးဆောင်ကြရကုန် လတ္တံ့”ဟု နှစ်သက်ဝမ်းမြေက်ခြင်းဖြစ်ပါ၏။ အသျှင်ဘုရား-အကျွန်ုပ်အား ထိုနှစ် သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည် တုတ်၊ ဓား လက်နက် ကိုင်ဆောင် ရသော ချမ်းသာမျိုးဖြစ်ပါ၏။ ငြီးငွေ့ ရန်အလို့ငှာ တပ်မက်ခြင်းကင်းရန်အလို့ငှာ ဝဋ်ဆင်းရဲချုပ်ရန်အလို့ငှာ ရာဂစသည် ငြိမ်းရန်အလို့ငှာ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှာ သစ္စာလေးပါးကို သိရန်အလို့ငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ မဖြစ်ပါ။

အသျှင်ဘုရား-မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ အကျွန်ုပ်၏ အကြင်နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည် ရှိပါ၏။ ထိုနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည်သာ တုတ်၊ ဓား၊ လက်နက် မကိုင်ဆောင်ရသော ချမ်းသာခြင်းမျိုး ဖြစ်ပါ၏။ စင်စစ် ငြီးငွေ့ ရန်အလို့ငှာ တပ်မက်ခြင်းကင်းရန် အလို့ငှ ဝဋ်ဆင်းရဲချုပ်ရန်အလို့ငှာ ရာဂစသည် ငြိမ်းရန်အလို့ငှာ ထူးသောဉာဏ်ဖြင့် သိရန်

စာမျက်နှာ-336
အလို့ငှာ သစ္စာလေးပါးကို သိရန်အလို့ငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်ပါသည်ဟု လျှောက်၏။

အသျှင်ဘုရားသည်သာလျှင် အလုံးစုံသော တရားတို့ကို သိသော ဘုရားဖြစ်တော် မူပါ၏။ အသျှင်ဘုရားသည် အတူမရှိသော ဆရာ ဖြစ်တော်မူပါ၏။ နတ်နှင့်တကွ သော လောက၌ အသျှင်ဘုရားနှင့် တူသောပုဂ္ဂိုလ် မရှိပါဘုရားဟု လျှောက်ထား၏။

ဤသို့ နတ်တို့၏အရှင် သိကြားမင်း တောင်းပန်သော ပြဿနာတို့ကို မြတ်စွာ ဘုရား ဖြေကြားတော်မူသောကြောင့် ဤတရားဒေသနာတော်၏ အမည်သည် သက္ကပဉှာ ဟူ၍သာလျှင် တွင်သတည်း။

ဇင်္ဂမရွှေအိုး

နိဓိကဏ္ဍသုတ်မြန်မာပြန်

ယောက်ျားသည် အကျိုးစီးပွားနှင့်စပ်သော ကိစ္စဖြစ်လတ်သော် ငါ၏ အကျိုးငှာ ဖြစ်လိမ့်မည်ဟု နှလုံးပြု၍ ရေသို့ ရောက်လောက်အောင် နက်သော အရပ်၌ ရွှေအိုးကို မြှုပ်နှံထားရာ၏။

ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရသော ငါ့အား မင်းဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့် မည်ဟူ၍လည်းကောင်း၊ ခိုးသူတို့ နှိပ်စက်ခံရသော ငါ့အား ခိုးသူဘေးမှ လွတ်မြောက် ရန် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ကြွေးမြီတင်သော ငါ့အား ကြွေးမြီမှ လွတ်မြောက် ရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ငတ်မွတ် ခေါင်းပါး သော အခါ၌ မျှတရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ မီး၊ ရေ စသော ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် [?] ငါ့အား သုံးစွဲရန် ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း နှလုံးသွင်း၍ ဤအကျိုးပြီးခြင်းငှာ လောက၌ ရွှေအိုးမည်သည်ကို မြှုပ်နှံထားရ၏။

ရေသို့ ရောက်လောက်အောင် နက်သော မြေ၌ ကောင်းစွာ မြှုပ်ထားအပ်သည် ဖြစ်သော်လည်း အလုံးစုံသော ဥစ္စာသည် အခါခပ်သိမ်းပင် ထိုယောက်ျားအား မပြည့်စုံ။

ရွှေအိုးသည် မြှုပ်ထားရာအရပ်မှမူလည်း ရွှေ့ရှားတတ်၏၊ ထိုဥစ္စာရှင်၏ အမှတ် သည်လည်း မေ့လျော့တတ်၏၊ နဂါးတို့သည်လည်း နေရာပြောင်းထားတတ်ကုန်၏ ဘီလူးတို့သည်လည်း ထိုရွှေအိုးကို ဆောင်ယူတတ်ကုန်၏။

၁။ မဟာဝဂ္ဂပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၂၃၇။

စာမျက်နှာ-337
မချစ်အပ်ကုန်သော အမွေခံတို့သည်မူလည်း (ဥစ္စာရှင်) မမြင်စဉ် တူးဖော် ထုတ်ဆောင်တတ်ကုန်၏၊ ကုသိုလ်ကံကုန်သော အခါ၌မူလည်း ထိုဥစ္စာစုသည် ပျောက်ပျက်တတ်၏။

အနုဂါမိက ထာဝရရွှေအိုး

မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အကြင်တစုံတယောက်သောသူသည် အလှူ ပေးခြင်းဖြင့်လည်းကောင်း၊ သီလဆောက်တည်ခြင်းဖြင့်လည်းကောင်း၊ ကိုယ်နှုတ် နှလုံး စောင့်စည်းခြင်းဖြင့် လည်းကောင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့် လည်းကောင်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။

ရွှေအိုးမြှုပ်ရန်ဌာန

စေတီ၌လည်းကောင်း၊ သံဃာ၌လည်းကောင်း၊ ပုဂ္ဂိုလ်၌လည်းကောင်း၊ ဧည့်သည် တို့၌လည်းကောင်း အမိ၌လည်းကောင်း၊ အဘ၌လည်းကောင်း၊ ထို့ပြင် အစ်ကိုကြီး အစ်မကြီး၌လည်းကောင်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။

ကောင်းစွာ မြှုပ်ထားအပ်သော ဤရွှေအိုးသည် (ရန်သူတို့) မအောင်နိုင်သည် ဖြစ်၍ တမလွန်ဘဝသို့ အစဉ်လိုက်၏၊ စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်၍ တမလွန် ဘဝသို့ ပြောင်းသွားရသည်ရှိသော် ထိုကုသိုလ်ရွှေအိုးကို ယူ၍ သွားရ၏။

ကုသိုလ်ရွှေအိုးသည် သူတပါးတို့နှင့် မဆက်ဆံ၊ ခိုးသူတို့ မခိုးယူနိုင်၊ ပညာရှိ သည် ကုသိုလ်ကောင်းမှုတို့ကို ပြုရာ၏ ကုသိုလ်ရွှေအိုးသည် တမလွန်ဘဝသို အစဉ်လိုက်၏။

ဣစ္ဆာသယ လိုတိုင်းရသည့်ရွှေအိုး

ဤကုသိုလ်ရွှေအိုးသည် နတ်လူတို့၏ အလိုဟူသမျှကို ပေး၏၊ အကြင်အကြင် ချမ်းသာကို တောင့်တကုန်၏။ ထိုတောင့်တရာရာ ချမ်းသာအားလုံးကိုပင် ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏

အရေအဆင်းကောင်းသည်အဖြစ်၊ အသံကောင်းသည်အဖြစ်၊ အသွင်သဏ္ဍာန် ကောင်းသည်အဖြစ်၊ ရုပ်အဆင်းလှပသည်အဖြစ်၊ အစိုးရသည်အဖြစ်၊ အခြွေအရံ များသည်အဖြစ်ဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။

စာမျက်နှာ-338
ပဒေသရာဇ်မင်း အဖြစ်ကိုလည်းကောင်း၊ အစိုးရသော ဧကရာဇ်မင်းအဖြစ်ကို လည်းကောင်း၊ နှစ်သက်မြတ်နိုးအပ်သော စကြဝတေးမင်းချမ်းသာကိုလည်းကောင်း၊ နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကိုလည်းကောင်း ဤအကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။

လူ့ပြည်ရှိ စည်းစိမ် ဥစ္စာကိုလည်းကောင်း၊ နတ်ပြည်၌ မွေ့လျော်ဖွယ်ကို လည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း ဤအကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။

မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်းကို အကြောင်းပြု၍ သင့်သောအကြောင်းအား ဖြင့် အားထုတ်သောသူအား အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ပညာတို့၌ လေ့လာခြင်း ရှိသောသူ၏ အဖြစ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။

ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ သာဝကပါရမီဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။

အကြင်ကုသိုလ်ပြည့်စုံခြင်းသည် ရှိ၏။ ထိုကုသိုလ်ပြည့်စုံခြင်းသည် ဤသို့ များသော အကျိုးရှိ၏ ထို့ကြောင့် တည်ကြည်သော ပညာရှိတို့သည် ပြုပြီးသော ကုသိုလ်ကောင်းမှု ရှိသည့်အဖြစ်ကို ချီးမွမ်းကြကုန်၏ဟု မိန့်တော်မူ၏ ။

ပရာဘဝသုတ်နိဒါန်း

ပရာဘဝသုတ်မြန်မာပြန်

အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သေဋ္ဌေး၏ အာရာမ်ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်း သုံးနေတော်မူ၏။ ထိုအခါ နတ်သား တစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်း လုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤဂါထာဖြင့် လျှောက်၏-

၁။ ခုဒ္ဒကပါဋ္ဌပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၈

စာမျက်နှာ-339

ပျက်စီးဆုတ်ယုတ်ကြောင်းများ

“အသျှင်ဂေါတမ-ပျက်စီးဆုတ်ယုတ်နေသော ယောက်ျားအကြောင်းကို အကျွန်ုပ် တို့ မေးလျှောက်ပါကုန်၏၊ အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏၊ ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

ကြီးပွားသူကိုလည်း သိရန် လွယ်ကူလှပေ၏၊ ပျက်စီးဆုတ်ယုတ်သူကိုလည်း သိရန် လွယ်ကူလှပေ၏၊ တရားကို လိုလားတောင့်တသူသည် ကြီးပွားရ၏၊ တရားကို မလိုလား မတောင့်တ မုန်းထားသူသည် ပျက်စီးရ၏။

ထိုအကြောင်းသည် ပထမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- ဒုတိယဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

ထိုသူသည် သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏၊ သူတော်ကောင်း တို့ကို ချစ်ခင်မြတ်နိုးမှု မပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏၊ ထို သုံးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းပေတည်း။

ထိုအကြောင်း ဒုတိယဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ် တို့ သိရပါကုန်၏။ မြတ်စွာဘုရား- တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်နည်း။

အကြင်သူသည် အိပ်စက်ငိုက်မျဉ်းလေ့ရှိ၏၊ အပေါင်းအဖော်၌ မွေ့လျော်လေ့ ရှိ၏၊ စကားပြောမှု၌ မွေ့လျော်လေ့ရှိ၏၊ နိုးကြားထကြွမှု မရှိ ပျင်းရိ၏၊ လျင်စွာ အမျက်ထွက်လေ့ရှိ၏။ ထိုသူ၏ ထိုအကြောင်းငါးမျိုးသည် ပျက်စီး ဆုတ်ယုတ် ကြောင်းပေတည်း။

ထိုအကြောင်းသည် တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ် တို့ သိရပါကုန်၏။ မြတ်စွာဘုရား-စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းအား အဘယ်ပါနည်း။

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဘကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး မပြုစုလေ၊ ထိုသူ၏ မကျွေးမွေး မပြုစုခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။

စာမျက်နှာ-340
ထိုအကြောင်းသည် စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ် တို့ သိရပါကုန်၏။ မြတ်စွာဘုရား-ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတပါး သော ဖုန်းတောင်းယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီး ဖြစ်လျက် မုသား ပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူ၏ ထိုလှည့်ပတ်ခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။

ထိုအကြောင်းသည် ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား- ဆဋ္ဌဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဆဋ္ဌဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အကြင်သူသည် များသော စည်းစိမ်ရှိသူ၊ အသပြာရှိသူ၊ စားဖွယ်နှင့်ပြည်စုံသူ ဖြစ်ပါလျက် ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်း စားသုံး၏။ ထိုသူ၏ စားသုံးခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။

ထိုအကြောင်းသည် ဆဋ္ဌဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- သတ္တမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အကြင်သူသည် အမျိုး “ဇာတိ မာန် ခက်ထန်၏၊ ဥစ္စာ“ဓန”မာန် ခက်ထန်၏၊ အနွယ်“ဂေါတ္တ” မာန် ခက်ထန်၏။ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြု၏၊ ထိုသူ၏ ထိုအကြောင်းလေးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။

ထိုအကြောင်းသည် သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- အဋ္ဌမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အကြင်သူသည် မိန်းမကြူး။ သေသောက်ကြူး၊ လောင်းကစားကြူးသည်ဖြစ်၍ ရတိုင်းရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏။ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။

စာမျက်နှာ-341
ထိုအကြောင်းသည် အဋ္ဌမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား- နဝမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အကြင်သူသည် မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏၊ သူတပါးမယားတို့၌ ပြစ်မှား၏။ ထိုသူ၏ ထိုအကြောင်းနှစ်မျိုးသည် ပျက်စီး ဆုတ်ယုတ်ကြောင်းတည်း။

ထိုအကြောင်းသည် နဝမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား- ဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အရွယ်လွန်ပြီးသော ယောက်ျားသည် တည်သီးသဖွယ် ငယ်သော သားမြတ် ရှိသော မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူ အိမ်သူပြုလုပ်၏၊ ထိုမိန်းမငယ်အား ယောက်ျားတပါးအတွက် စိတ်မချရသောကြောင့် မအိပ်နိုင်၊ ထိုမအိပ်နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။

ထိုအကြောင်းသည် ဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို သိရပါကုန်၏။ မြတ်စွာဘုရား- ဧကာဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကို ဟောတော်မူပါ၊ ဧကာဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းကား အဘယ် ပါနည်း။

အကြင်သူသည် ငါးအမဲစသော အစားအစာတို့၌ မက်မောသောသဘောရှိသော ဥစ္စာကို စည်းကမ်းမဲ့ ဖရိုဖရဲပြုတတ်သော မိန်းမကိုသော်လည်းကောင်း၊ ထိုသို့သော သဘောရှိသော ယောက်ျားကိုသော်လည်းကောင်း အိမ်ထောင်ထိန်းအရာ၌ ထား၏၊ ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။

ထိုအကြောင်းသည် ဧကာဒသမဖြစ်သော ပျက်စီး ဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား-ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။

အကြင်သူသည် ဥစ္စာပျက်စီးပြီး၍ စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှုကြီးမား၏ မင်းမျိုး၌လည်း ဖြစ်၏၊ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏၊ ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။

စာမျက်နှာ-342
လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့်ပြည့်စုံသော ပညာရှိသည် ဤပျက်စီးဆုတ်ယုတ်ကြောင်းနှစ်ဆယ့်လေးပါးတို့ကို ကောင်းစွာ ကြည့်ရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ချမ်းမြေ့အေးမြသော နတ်ပြည်လောကသို့ ချည်းကပ် ရ၏” မိန့်တော်မူ၏။

ကလဟဝိဝါဒသုတ်မြန်မာပြန်

ခိုက်ရန်ဖြစ်မှုနှင့် ငြင်းခုံမှုတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာကုန်သနည်း၊ ဝန်တိုမှုနှင့် တကွဖြစ်သော ငိုကြွေးမှု၊ စိုးရိမ်မှုတို့သည် လည်းကောင်း၊ ချောပစ် ကုန်းတိုက်မှုနှင့် တကွဖြစ်ကုန်သော ထောင်လွှားမှု၊ အလွန်ထောင်လွှားမှုတို့သည် လည်းကောင်း ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ပေါ် လာကုန်သနည်း၊ တောင်းပန်ပါ၏၊ ထိုအကြောင်းကို ဟောတော်မူပါလော့။

ငြင်းခုံခိုက်ရန်ဖြစ်ခြင်းအကြောင်းရင်းများ

ခိုက်ရန်ဖြစ်မှု၊ ငြင်းခုံမှုတို့သည် ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ် လာကုန်၏။ ဝန်တိုမှုနှင့်တကွ ဖြစ်ကုန်သော ငိုကြွေးမှု၊ စိုးရိမ်မှုတို့သည်လည်း ကောင်း၊ ချောပစ်ကုန်းတိုက်မှုနှင့် တကွဖြစ်ကုန်သော ထောင်လွှားမှု၊ အလွန် ထောင်လွှားမှု တို့သည်လည်းကောင်း ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ်လာကုန်၏၊ ခိုက်ရန်ဖြစ်မှု၊ ငြင်းခံမှုတို့သည် ဝန်တိုမှုနှင့် စပ်ယှဉ်ကုန်၏၊ ငြင်းခံမှုတို့ ဖြစ်ကုန်သည် ရှိသော် ချောပစ်ကုန်းတိုက်မှုတို့ ဖြစ်တတ်ကုန်၏။

လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း အကြင်သူသည်လည်း လိုချင်မှု “လောဘ”ရှိကုန်သည် ဖြစ်၍ လောက၌ သွားလာ နေထိုင်ကြကုန်၏၊ ထိုသူတို့၏ လိုချင်မှု “လောဘ”သည်လည်း အဘယ်လျှင် အကြောင်းရှိပါသနည်း၊ အကြင်တောင့်တမှု ပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အား မှီခိုရန် ဖြစ်ကုန်၏၊ ထိုတောင့်တမှု ပြည့်စုံမှုတို့သည် အဘယ်လျှင် အကြောင်းရှိပါ ကုန်သနည်း။

လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် ကာမစ္ဆန္ဒလျှင် အကြောင်းရှိကုန်၏။ အကြင်သူတို့သည် လိုချင်မှု “လောဘ”ရှိကုန်သည်ဖြစ်၍ လောက၌ သွားလာနေထိုင် ကြကုန်၏၊ ထိုသူတို့၏ ထိုလောဘသည်လည်း ကာမစ္ဆန္ဒလျှင် အကြောင်းရှိ၏၊ အကြင်တောင့်တမှု ပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အား အားထားမှီခိုရန် ဖြစ်ကုန်၏၊ ထိုတောင့်တမှု ပြည့်စုံမှုတို့သည်လည်း ဤကာမစ္ဆန္ဒလျှင် အကြောင်းရှိကုန်၏။

၁။ ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၂၇၈

စာမျက်နှာ-343
လောက၌ ကာမစ္ဆန္ဒသည် အဘယ်လျှင် အကြောင်းရှိသနည်း၊ တဏှာဒိဋ္ဌိဖြင့် ဆုံးဖြတ်ခြင်းတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း၊ အမျက်ထွက်မှု၊ မုသား စကားပြောဆိုမှု၊ သို့လောသို့လော တွေးတေားမှုဟူသော အကြင်တရားတို ကိုလည်း မြတ်စွာဘုရား ဟောအပ်ပါကုန်၏။ ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ကုန်သနည်း။

လောက၌ အကြင်သဘောတရားကို သာယာဖွယ်သဘောတရား။ မသာယာဖွယ် သဘောတရားဟူ၍ ဆိုကုန်၏၊ ထိုသာယာဖွယ်၊ မသာယာဖွယ် သဘောတရားကို အမှီပြု၍ ကာမစ္ဆန္ဒဖြစ်၏၊ လောက၌ သတ္တဝါသည် ရုပ်တရားတို့၌ ပျက်ခြင်းကို လည်းကောင်း၊ ဖြစ်ခြင်းကို လည်းကောင်း မြင်၍ တဏှာ ဒိဋ္ဌိဖြင့် ဆုံးဖြတ်ခြင်းကို ပြု၏။

အမျက်ထွက်မှု၊ မုသားစကားပြောဆိုမှု၊ သို့လောသို့လော တွေးတောယုံမှားမှု ဟူသော ဤသဘောတရားတို့သည်လည်း သာယာဖွယ်၊ မသာယာဖွယ် တရား နှစ်ပါး ရှိသော်သာလျှင် ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် သိတော်မူ၍ တရားတို့ကို ဟောတော်မူရကား သို့လောသို့လော တွေးတောယုံမှားရှိသူသည် ဉာဏ်အမြင်ကို ရစိမ့်သောငှာ သိက္ခာသုံးပါးတို့ကို ကျင့်ရာ၏။

သာယာမှုနှင့် မသာယာမှုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း။ အဘယ်တရား မရှိလတ်သော် ဤသာယာမှု၊ မသာယာမှု မဖြစ်ပါကုန်သနည်း။ အကြင်အကြောင်းကြောင့် ပျက်ခြင်း၊ ဖြစ်ခြင်းဟူသော အကြင်သဘောတရားသည် ဖြစ်၏။ ထိုအကြောင်းကြောင့် ဖြစ်သော ထိုသဘောတရားကို အကျွန်ုပ်အားဟော ကြားတော်မူပါလော့။

သာယာမှုနှင့် မသာယာမှုသည် တွေ့ထိမှု “ဖဿ”လျှင် အကြောင်းရှိ၏၊ တွေ့ ထိမှု“ဖဿ”မရှိလတ်သော် ဤတရားတို့ မဖြစ်ကုန်။ ပျက်ခြင်း၊ ဖြစ်ခြင်း ဟူသော အကြင်သဘောတရားသည် ရှိ၏။ ထိုသဘောတရားကို တွေ့ထိမှု လျှင် အကြောင်းရှိ၏ဟူ၍ သင့်အား ငါဟော၏။

လောက၌ တွေ့ထိမှု “ဖဿ”သည် အဘယ်လျှင် အကြောင်းရှိသနည်း။ သိမ်းဆည်းမှုတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း။ အဘယ်တရား မရှိလတ်သော် ငါ့ဟာဟု စွဲလမ်းမှု မရှိပါသနည်း၊ အဘယ်တရားကို လွန်မြောက်သည် ရှိသော် တွေ့ထိမှု “ဖဿ”တို့သည် မတွေ့ထိနိုင်ပါကုန်သနည်း။

နာမ်ကိုလည်းကောင်း၊ ရုပ်ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု“ဖဿ”သည် ဖြစ်၏၊ သိမ်းဆည်းမှုတို့သည် တဏှာဟုဆိုအပ်သောအလို “ဣစ္ဆာ”လျှင် အကြောင်းရှိကုန်၏။ တဏှာဟုဆိုအပ်သော အလို“ဣစ္ဆာ” မရှိလတ်သော် ငါ့ဟာဟု

စာမျက်နှာ-344
စွဲလမ်းမှု မရှိ၊ ရုပ်တရားကို လွန်မြောက်သည်ရှိသော် တွေ့ထိမှု“ဖဿ”တို့သည် မတွေ့ထိကုန်။

အဘယ်သို့ ကျင့်သောသူသည် ရုပ်ကို လွန်မြောက်နိုင်သနည်း၊ အဘယ်သို့သော အကြောင်းဖြင့် ချမ်းသာဆင်းရဲကို လွန်မြောက်နိုင်သနည်း၊ အကြင်အခြင်းအရာ အားဖြင့် လွန်မြောက်နိုင်၏၊ ထိုအခြင်းအရာကို အကျွန်ုပ်အား ဟောကြားတော် မူပါလော့၊ ထိုအကြောင်းကို သိကုန်အံ့ဟု အကျွန်ုပ်၏ စိတ်ဖြစ်ပါ၏။

ပကတိသညာရှိသူလည်း မဟုတ်သော, ဖောက်ပြန်သော သညာရှိသည့် ရူးသွပ် သူလည်း မဟုတ်သော, သညာမရှိသည့် အသညသတ်ဗြဟ္မာနှင့် နိရောဓသမာပတ် ဝင်စားသူလည်း မဟုတ်သော, ရူပသညာကို လွန်မြောက်ပြီးသည့် အရူပ ဈာန်သမာပတ်ကို ရသူလည်း မဟုတ်သော ဤသို့ သဘောရှိသည့် အာကာသာ နဉ္စာယတနဈာန်ကို ရရန်ကျင့်သူ ရူပစတုတ္ထဈာနလာဘီပုဂ္ဂိုလ်သည် ရုပ်ကို လွန်မြောက် နိုင်၏။ သံသရာချဲ့တတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိတရားတို့သည် သညာလျှင် အကြောင်းရှိကုန်သည်သာတည်း။

အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏၊ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ် တို့အား ဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါ ကုန်အံ့၊ တောင်းပန်ပါ၏၊ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ဤလောက၌ ပညာ ရှိကုန်သော အချို့သောသူတို့သည် ဤမျှ အရူပသမာပတ်ဟူသော အတိုင်းအရှည် ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုပါကုန်သလော၊ ထိုသို့မဟုတ် ဤအရူပ သမာပတ်ထက် လွန်သော အခြားသော စင်ကြယ်မှုကိုလည်း ဆိုပါကုန်သေးသလော။

ဤလောက၌ ပညာရှိကုန်သော အချို့သော သူတို့သည် ဤမျှ အရူပသမာပတ် ဟူသော အတိုင်းအရှည်ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုကုန်၏၊ ထိုသူတို့တွင် အနုပါဒိသေသ၌ လိမ္မာကျွမ်းကျင်သည်ဟု ပြောဆိုကြသော အချို့ သူတို့သည် ဥစ္ဆေဒအယူကို ပြောဆိုကြကုန်၏။

ပညာရှိသော ထိုမြတ်စွာဘုရားသည် ထိုမိစ္ဆာအယူ ရှိသူတို့ကို သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကို မှီကုန်၏ဟု သိ၍လည်းကောင်း၊ ထိုသူတို့၏ မှီရာ သဿတဒိဋ္ဋိ၊ ဥစ္ဆေဒဒိဋ္ဌိတို့ကို သိ၍ လည်းကောင်း၊တရားတို့ကို အနိစ္စ စသည်ဖြင့် သိ၍ လည်းကောင်း လွတ်မြောက်တော်မူပြီးသည်ဖြစ်၍ ငြင်းခုံခြင်းသို့ ရောက်တော်မမူ၊ ထိုပညာရှိသော မြတ်စွာဘုရားသည် အဖန်တလဲလဲဖြစ်ခြင်းသို့ ရောက်တော်မမူ

၁။ ခုဒ္ဒကပါဋ္ဌပါဠိတော် မြန်မာပြန်။
စာမျက်နှာ-၃၉၀။

စာမျက်နှာ-345

အပိုင်း (၃) ပရိယောသာနကလျာဏပိုင်း အခန်း (၁)

သုံးဆယ့်နှစ်ကောဋ္ဌာသ

သုံးဆယ့်နှစ်ကောဋ္ဌသပါဠိ

အတ္ထိ ဣမသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္စိ၊ ဝက္ကံ၊ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂ၊ ပိတ္တံ၊ သေနှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တန္တိ။

သုံးဆယ့်နှစ်ကောဋ္ဌသအနက်

ဣမသ္မိံ ကာယေ၊ ဤကိုယ်ကာယ တလံမျှ၌-

(၁) ကေသာ ။ ။ ဆံပင်

(၂) လောမာ ။ ။ အမွှေး

(၃) နခါ ။ ။ ခြေသည်း လက်သည်း

(၄) ဒန္တာ ။ ။ သွား

(၅) တစော ။ ။ အရေထူ အရေပါး

(၆) မံသံ ။ ။ အသား

(၇) နှာရု ။ ။ အကြော

(၈) အဋ္ဌိ ။ ။ အရိုး

(၉) အဋ္ဌိမိဉ္ဇ ။ ။ ရိုးတွင်းခြင်ဆီ

(၁၀) ဝက္ကံ ။ ။ အညှို့

(၁၁) ဟဒယံ ။ ။ နှလုံး

စာမျက်နှာ-346
(၁၂) ယကနံ ။ ။ အသည်း

(၁၃) ကိလောမကံ ။ ။ အမြှေး

(၁၄) ပိဟကံ ။ ။ အဖျဉ်း (သရက်ရွက်)

(၁၅) ပပ္ပါသံ ။ ။ အဆုတ်

(၁၆) အန္တ ။ ။ အူမ

(၁၇) အန္တဂုဏံ ။ ။ အူသိမ်

(၁၈) ဥဒရိယံ ။ ။ အစာသစ်

(၁၉) ကရီသံ ။ ။ အစာဟောင်း

(၂၀) မတ္ထလုင်္ဂ ။ ။ ဦးနှောက်

(၂၁) ပိတ္တံ ။ ။ သည်းခြေ

(၂၂) သေနှံ ။ ။ သလိပ်

(၂၃) ပုဗ္ဗော ။ ။ ပြည်

(၂၄) လောဟိတံ ။ ။ သွေး

(၂၅) သေဒေါ ။ ။ ချွေး

(၂၆) မေဒေါ ။ ။ အဆီခဲ

(၂၇) အဿု ။ ။ မျက်ရည်

(၂၈) ဝသာ ။ ။ ဆီကြည်

(၂၉) ခေဠော ။ ။ တံတွေး

(၃ဝ) သိင်္ဃာဏိကာ ။ ။ နှပ်

(၃၁) လသိကာ ။ ။ အစေး

(၃၂) မုတ္တန္တိ ။ ။ ကျင်ငယ်-

ဟူ၍ (သုံးဆယ့်နှစ်ပါးသော အဖို့အစုတို့သည်)။ အတ္ထိ သန္တိ၊ ရှိကုန်၏။

စာမျက်နှာ-347

၃၂-ကောဋ္ဌာသ မြန်မာပြန်

ဤကိုယ်ကာယ တလံမျှ၌-

(၁) ဆံပင်၊ အမွှေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ (တစပဉ္စက-အရေလျှင် ငါးခုမြောက်ရှိသောအဖို့အစု)

(၂) အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ (ဝက္ကပဉ္စက-အညှို့လျှင် ငါးခုမြောက်ရှိသောအဖို့အစု)

(၃) နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ် (ပပ္ဖါသပဉ္စက-အဆုတ်လျှင် ငါးခုမြောက်ရှိသော အဖို့အစု)

(၄) အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက် (မတ္ထလုင်္ဂပဉ္စက-ဦးနှောက်လျှင် ငါးခုမြောက်ရှိသော အဖို့အစု)

(၅) သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ (မေဒဆက္က-အဆီခဲလျှင် ခြောက်ခုမြောက်ရှိသော အဖို့အစု)

(၆) မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် (မုတ္တဆက္က-ကျင်ငယ်လျှင် ခြောက်ခုမြောက်ရှိသော အဖို့အစု)

ဟု ဆိုအပ်သော စက်ဆုပ်ရွံရှာဖွယ် ၃၂-ပါးသော အဖို့အစုတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်ဆက်နွယ်လျက် တည်ရှိနေကြကုန်၏။

၃၂-ကောဋ္ဌာသအဓိပ္ပာယ်

(၁) ဆံပင်

ဆံပင်တို့သည် ပကတိအဆင်းအားဖြင့် မည်းနက်ကုန်၏။ စိုသော ပုတီးနက်သီး အဆင်းရှိကုန်၏။

ပုံသဏ္ဌာန်အားဖြင့် ရှည်၍ လုံးကုန်၏။

အရပ်မျက်နှာအားဖြင့် အထက်အရပ်၌ ဖြစ်ကုန်၏။

တည်ရာအားဖြင့် နံပါးနှစ်ဖက်တို့၌ နားပန်းစွန်းတို့ဖြင့် ရှေ့ဘက်၌ နဖူးပြင် အဆုံးဖြင့် နောက်ဘက်၌ လည်ကုပ်ကျင်းဖြင့် ပိုင်းခြားလျက်ရှိသည့် ဦးခေါင်းခွံကို ရစ်ပတ်လျက်ရှိသော အရေသည် ဆံပင်တို့၏ တည်ရာဖြစ်၏။

စာမျက်နှာ-348
အပိုင်းအခြားအားဖြင့် တစ်ခုစီတစ်ခုစီသော ဆံပင်တို့ကို ဦးခေါင်းကို ရစ်ပတ် လျက်ရှိသော အရေ၌ စပါးလုံးအမြီးဖျားမျှဝင်၍ တည်သော (မြုပ်၍တည်သော) အောက်ဘက်၌ မိမိ၏ အမြစ်အပြင်ဖြင့်, အထက်ဘက်၌ ဟင်းလင်းပြင်ဖြင့်, ဖီလာ ပတ်ဝန်းကျင်၌ ဆံပင်အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။

သဘာဂပရိစ္ဆေဒ(မိမိအဖို့ဖြင့် ပိုင်းခြားခြင်း)အားဖြင့် နှစ်ခုသော ဆံပင်တို့သည် တပေါင်းတည်း မတည်ရှိကြပေ။

ဝိသဘာဂပရိစ္ဆေဒ (အခြားအဖို့ဖြင့် ပိုင်းခြားခြင်း)အားဖြင့် “ဆံပင်တို့သည် အမွေးမဟုတ်ကုန်၊ အမွေးတို့သည်လည်း ဆံပင်မဟုတ်ကြကုန်”ဟူသော နည်းဖြင့် ဆံပင်တို့မည်သည် ကျန် ၃၁-ပါးသော ကောဋ္ဌာသတို့နှင့် မရောနှောဘဲ ကွဲပြားကုန်လျက် အသီးအခြား တစ်ခုသော အဖို့အစု ဖြစ်ကုန်၏။

ဤဆံပင်တို့မည်သည်မှာ အဆင်း၊ သဏ္ဌာန်၊ အနံ့၊ မှီရာ၊ တည်ရာအားဖြင့် စက်ဆုပ်ဖွယ် ရှိကုန်၏ဟု ပိုင်းခြားမှတ်သားအပ်ပေသည်။

(၂) အမွှေး

(ကျန်ကောဋ္ဌာသများလည်း ဤနည်းတူပင် ဖြစ်သည်)

အမွှေးတို့သည် ပကတိအဆင်းအားဖြင့် မည်းကြောင်သော အဆင်းရှိကုန်၏။

သဏ္ဌာန်အားဖြင့် ထန်းမြစ်ကဲ့သို့ အောက်သို့ညွတ်သော အဖျားရှိကုန်၏။

အရပ်အားဖြင့် အထက်အောက် နှစ်ပါးသော အရပ်တို့၌ ဖြစ်ကုန်၏။

တည်ရာအားဖြင့် ဆံပင်တို့၏ တည်ရာအရပ်နှင့် လက်ဖဝါး၊ ခြေဖဝါးအပြင်တို့မှတပါး အများအားဖြင့် ကြွင်းသောကိုယ်ကို ရစ်ပတ်လျက်ရှိသော အရေ၌ ဖြစ်ကုန်၏။

အပိုင်းအခြားနှစ်မျိုးတွင် မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် ကိုယ်ကိုရစ်ပတ် လျက်ရှိသောအရေ၌ တစ်လိက္ခာခန့်မျှဝင်လျက်တည်သော အောက်ဘက်၌ မိမိ၏ အမြစ်ဖြင့်, အထက်ဘက်၌ ဟင်းလင်းပြင်အရပ်ဖြင့်, ဖီလာဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက်ရှိသည်။ အမွှေး ၂-ပင်တို့သည် တပေါင်းတည်း မရှိကြကုန်။

စာမျက်နှာ-349
မှတ်ချက်။ ။ အခြားအဖို့အားဖြင့် ပိုင်းခြားခြင်းသည် ကောဋ္ဌာသအားလုံးပင် ဆံပင်နည်းတူ ဖြစ်ပါသည်။

(၃) လက်သည်း ခြေသည်း

လက်သည်း ခြေသည်းသည်-

အဆင်းအားဖြင့် ဖြူကုန်၏။

သဏ္ဌာန်အားဖြင့် ငါး၏ အကြေးသဏ္ဌာန် ရှိကုန်၏။

အရပ်အားဖြင့် ခြေသည်းတို့သည် အောက်အရပ်၌ လက်သည်းတို့သည် အထက် အရပ်၌ ဖြစ်ကုန်၏။

တည်ရာအားဖြင့် လက်ချောင်း ခြေချောင်းတို့၏ အဖျားအပေါ်ဘက်တို့၌ တည်ကုန်၏။

မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အထက်အောက်နှစ်ပါးသော အရပ်တို့၌ လက်ချောင်း ခြေချောင်းတို့၏အစွန်းအသားတို့ဖြင့်, အတွင်းဘက်၌ လက်ချောင်း ခြေချောင်းတို့၏ အမိုးဘက်အသားဖြင့် အပြင်ဘက်နှင့် အဖျား၌ ဟင်းလင်းပြင် အရပ်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။

မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် လက်သည်း ခြေသည်းခွံ နှစ်ခုတို့သည် တပေါင်းတည်း မရှိကြပေ။

(၄) သွား

ယေဘုယျအားဖြင့် ၃၂-ချောင်းသော သွားတို့သည်

အဆင်းအားဖြင့် ဖြူကုန်၏။

သဏ္ဌာန်အားဖြင့် များသောသဏ္ဌာန် ရှိကုန်၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်ကုန်၏။

တည်ရာအားဖြင့် အထက်အောက် မေးရိုးနှစ်ခုတို့၌ တည်ကုန်၏။

မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်အရင်းဘက်၌ မေးရိုး၌ တည်သော မိမိ၏ အမြစ်အပြင်ဖြင့် အထက်အဖျားဘက်၌ ဟင်းလင်းအရပ်ဖြင့် ဖီလာနံပါး၌ အချင်းချင်းဖြင့် ပိုင်းခြားလျက်ရှိသည်။ သွားနှစ်ချောင်းတို့သည် တပေါင်း တည်း မရှိကုန်။

စာမျက်နှာ-350

(၅) အရေ

အရေထူသည်ကား-(အတွင်းစုက ဆီးစေ့မျှရှိသော အရေပါးသည် အမဲ အညို အဝါ စသော အဆင်းရှိ၏။ ပါဠိစကား ဆပ္ပိ ဖြစ်၏။)

အဆင်းအားဖြင့် ဖြူသောအဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် ကိုယ်၏သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အောက် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် တကိုယ်လုံးကို မြှေးယှက်ရစ်ပတ်လျက် တည်၏။

မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်အတွင်းဘက်၌ တည်ရာအရပ် အပြင်ဖြင့်, အထက်ဘက်အပြင်ဘက်၌ ဟင်းလင်းအရပ်ဖြင့် ပိုင်းခြားလျက်ရှိသည်။

(၆) အသား

အသားတို့သည် အဆင်းအားဖြင့် ပေါက်ပန်းကဲ့သို့ နီ၏။

သဏ္ဌာန်အားဖြင့် အမျိုးမျိုးရှိ၏။

အရပ်အားဖြင့် အထက်အောက်နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် ၃၂၀-သော အရိုးတို့ကို လိမ်းကျံတွယ်ကပ်လျက်ရှိသည်။

မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်အတွင်းဘက်၌ အချင်းချင်း ဆက်စပ်နေသော အရိုး၌ တည်ရာအပြင်ဖြင့်, အထက်ဘက်အပြင်ဘက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။

(၇) အကြော

၉၀၀-သော အကြောတို့သည်-

အဆင်းအားဖြင့် ဖြူကုန်၏။

သဏ္ဌာန်အားဖြင့် အမျိုးမျိုးသော သဏ္ဌာန် ရှိကုန်၏။

အရပ်အားဖြင့် အထက်အောက် အရပ်နှစ်ပါး၌ ဖြစ်ကုန်၏။

တည်ရာအားဖြင့် တကိုယ်လုံး၌ ဖွဲ့ယှက်လျက် တည်ကုန်၏။

စာမျက်နှာ-351
မိမိအဖို့ဖြင့် ပိုင်းခြားခြင်းအားဖြင့် အောက်ဘက်၌ ၃၀၀-သော အရိုးတို့၏ အထက်တွင် တည်ရာအရပ်အပြင်ဖြင့်, အထက်ဘက်၌ အသားနှင့် အရေတို့ကို ထိခိုက်၍ တည်ရာအရပ်တို့ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြား လျက်ရှိသည်။

(၈) အရိုး

သွားမှတပါးသော အရိုးတို့သည်-

အဆင်းအားဖြင့် ဖြူကုန်၏။

သဏ္ဌာန်အားဖြင့် အမျိုးမျိုးရှိကုန်၏။

အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏။

တည်ရာအားဖြင့် (သာမန်အားဖြင့်) တကိုယ်လုံး၌ တည်ကုန်၏။

မိမိအဖိုဖြင့် ပိုင်းခြားခြင်းအားဖြင့် အတွင်းဘက်၌ ရိုးတွင်းခြင်ဆီဖြင့်, အပြင်ဘက်၌ အသားဖြင့်, အဖျားနှင့် အရင်းဘက်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။

(၉) ရိုးတွင်းခြင်ဆီ

ရိုးတွင်းခြင်ဆီသည်-

အဆင်းအားဖြင့် ဖြူ၏။

သဏ္ဌာန်အားဖြင့် ပြုတ်ထားသော ကြိမ်ညွှန့်နု, ရင့် သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အောက် အရပ်(၂)ပါးတို့၌ ဖြစ်၏။

တည်ရာအားဖြင့် အရိုးတို့၏ အတွင်း၌ တည်၏။

မိမိအဖိုဖြင့် ပိုင်းခြားခြင်းအားဖြင့် အရိုးတို့၏ အတွင်းဘက် မျက်နှာပြင်ဖြင့် ပိုင်းခြားလျက် ရှိသည်။

(၁၀) ဝက္ကံ

အညှာတစ်ခုတည်း၌ ဖွဲ့တွယ်လျက်ရှိသော အသားစိုင် နှစ်ခုဖြစ်သော အညှို့သည်-

အဆင်းအားဖြင့် စဉ်းငယ်နီ၏။

စာမျက်နှာ-352
သဏ္ဌာန်အားဖြင့် ပူးထားသော ဂေါ်လီလုံးနှစ်လုံး သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် လည်မျိုမှ ထွက်သော တစ်ခုသော အညှာရင်းဖြင့် အတန်ငယ် ဆင်းသွားပြီးလျှင် နှစ်ဖြာကွဲသော အကြောကြီးဖြင့် ဖွဲ့တွယ်လျက် နှလုံးသားကို ခြံရံ၍ တည်၏။

မိမိအဖိုဖြင့် ပိုင်းခြားခြင်းအားဖြင့် အညှို့ကို အညှို့အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။

(၁၁) နှလုံး

နှလုံးသည်-

အဆင်းအားဖြင့် နီ၏။

သဏ္ဌာန်အားဖြင့် ဇောက်ထိုးဆွဲထားသော ပဒုမ္မာကြာငုံသဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် သားမြတ်နှစ်ခုတို့၏ကြား ကိုယ်တွင်း၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် နှလုံးအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၁၂) အသည်း

အသားလွှာအစုံဟု ဆိုအပ်သော အသည်းသည်-

အဆင်းအားဖြင့် နီ၏။

သဏ္ဌာန်အားဖြင့် ပင်လယ်ကသစ်ရွက်သဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် နှစ်ခုသော သားမြတ်တို့၏ အတွင်း၌ လက်ယာနံပါးကို မှီ၍ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အသည်းအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

စာမျက်နှာ-353

(၁၃) အမြှေး

နှစ်ပါးသော မြှေးယှက်တတ်သော အသားလွှာဟု ဆိုအပ်သော အမြှေးသည်-

အဆင်းအားဖြင့် ဖြူ၏။

သဏ္ဌာန်အားဖြင့် မိမိတည်ရာအရပ် သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် ဖုံးလွှမ်းတတ်သော အမြှေးသည် နှလုံးနှင့် အညို့ကို ဖုံးလွှမ်းလျက် တည်ရှိ၏။ မဖုံးလွှမ်းတတ်သော အမြှေးသည် တကိုယ်လုံး၌ အရေ၏ အောက်၌ရှိသော အသားကို မြှေးယှက်လျက် တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အောက်ဘက်၌ အသားဖြင့်, အထက်ဘက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အမြှေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၁၄) အဖျဉ်း

အစာသစ်အိမ်၏ အထက်စောင်း၌ တည်သော ဝမ်းလွှာ အသားတုံးဖြစ်သော သရက်ရွက်ခေါ် အဖျဉ်းသည်-

အဆင်းအားဖြင့် ညို၏။

သဏ္ဌာန်အားဖြင့် နွားငယ်၏ လျှာသဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ တည်၏။

တည်ရာအားဖြင့် နှလုံး၏ လက်ဝဲဘက်၌ အစာသစ်အိမ်လွှာ၏ အထက်ဘက်ကို မှီ၍ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အမြှေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၁၅) အဆုတ်

အသားပိုင်း နှစ်ခုသုံးခုရှိသော အဆုတ်သည်-

အဆင်းအားဖြင့် နီ၏။

သဏ္ဌာန်အားဖြင့် မညီမညွတ်ဖြတ်ထားသော ထူသော မုန့်ပိုင်းသဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် ကိုယ်၏အတွင်း၌ သားမြတ်နှစ်ခုတို့၏ အကြား၌ နှလုံးနှင့်

စာမျက်နှာ-354
အသည်းကို ဖုံးအုပ်ထားကာ တွဲရရွဲ ဆွဲလျက် တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အဆုတ်အဖွဲ့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၁၆) အန္တံ

အူမခွေသည်-

အဆင်းအားဖြင့် ဖြူ၏။

သဏ္ဌာန်အားဖြင့် ခေါင်းဖြတ်မြွေသဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် လည်မျိုအစ စအိုဝ အဆုံးရှိသော ကိုယ်အတွင်း၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အူမအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၁၇) အူသိမ်

အူမခွေအရပ်တို့၌ ဖွဲ့တွယ်ထားသော အူသိမ်သည်-

အဆင်းအားဖြင့် ဖြူ၏။

သဏ္ဌာန်အားဖြင့် ကြာသိမ်မြစ် မှော်မြစ်သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် ၂၁-ခုသော အူမခွေတို့၏ အကြား၌ ချုပ်စပ်လျက် တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အူသိမ်အဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၁၈) အစာသစ်

စား၊ သောက်၊ ခဲ၊ လျက်ထားသော အစာသစ်သည်-

အဆင်းအားဖြင့် စားမျိုထားသော အစာအဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် အဝတ်ရေစစ်၌ လျော့လျော့ထုပ်ထားသော ဆန်များသဏ္ဌာန်ရှိ၏

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

စာမျက်နှာ-355
တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်း၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အစာသစ်အိမ် အသားလွှာဖြင့်လည်းကောင်း၊ အစာသစ်အဖွဲ့ဖြင့်လည်းကောင်း ပိုင်းခြားလျက်ရှိသည်။

(၁၉) အစာဟောင်း

ကျင်ကြီးဟုဆိုအပ်သော အစာဟောင်းသည်-

အဆင်းအားဖြင့် စားမျိုးအပ်သော အစာ၏အဆင်းသာ ဖြစ်တတ်၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်၌ သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အောက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် အစာကျက်အိမ်(အစာဟောင်းအိမ်)၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အစာဟောင်းအိမ်အလွှာဖြင့် လည်းကောင်း၊ ကျင်ကြီးအဖွဲ့ဖြင့်လည်းကောင်း ပိုင်းခြားလျက်ရှိ၏။

(၂၀) ဦးနှောက်

ဦးခေါင်းခွံအတွင်းရှိ ခြင်ဆီအစုဖြစ်သော ဦးနှောက်သည်-

အဆင်းအားဖြင့် ဖြူ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် ဦးနှောက်ခွံ၏ အတွင်းဘက်မျက်နှာပြင်တို့ဖြင့် လည်းကောင်း၊ ဦးနှောက်အဖို့ဖြင့်လည်းကောင်း ပိုင်းခြားလျက်ရှိ၏။

(၂၁) သည်းခြေ

သည်းခြေသည်- ဖွဲ့အပ်သော သည်းခြေ၊ မဖွဲ့အပ်သော သည်းခြေဟူ၍ နှစ်မျိုး ရှိ၏။ ဖွဲ့အပ်သောသည်းခြေသည် ပျစ်ချွဲသော သစ်မည်စည်သီး အဆင်းရှိ၏။ မဖွဲ့အပ်သော သည်းခြေသည် ညှိုးသော တောင်ကျည်းပန်း အဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် ဖွဲ့အပ်သော သည်းခြေသည် အထက်အရပ်၌ ဖြစ်၏။ မဖွဲ့အပ် သောသည်းခြေသည် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် ဆံပင် အမွှေး သွား ခြေသည်း လက်သည်းတို့၏ အသားမှ

စာမျက်နှာ-356
လွတ်နေသော အရပ်ကိုလည်းကောင်း၊ မာခြောက်နေသော အရေကိုလည်းကောင်း ချန်ထား၍ ကြွင်းသော တစ်ကိုယ်လုံး၌ ပျံနှံ့လျက်တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် သည်းခြေအဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၂၂) သလိပ်

ကိုယ်အတွင်း၌ တကွမ်းစား၊ တစလယ် ပမာဏရှိသော သလိပ်သည်-

အဆင်းအားဖြင့် ဝက်ချေးပနဲရွက်ရည် အဆင်းကဲ့သို့ ဖြူ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်းလွှာအူခေါင်း၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် သလိပ်အဖွဲ့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၂၃) ပြည်

ပုပ်သော သွေးဖြစ်သော ပြည်သည်-

အဆင်းအားဖြင့် ဖျော့တော့သော သစ်ရွက်ရော်အဆင်း ရှိ၏။ သူသေကောင်၌ ပျစ်ချွဲသော ထမင်းရည်အပုပ်အသိုး အဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာသဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် အမြဲတမ်း တည်ရာမရှိ။

မိမိအဖို့ အပိုင်းအခြားအားဖြင့် ပြည်၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၂၄) သွေး

သွေးသည် စုဝေးရပ်တည်နေသောသွေး၊ ရွေ့လျားသွားလာနေသော သွေးအား ဖြင့်နှစ်မျိုးရှိ၏။

အဆင်းအားဖြင့် စုဝေးရပ်တည်နေသော သွေးသည် ချက်ထားပြီးသော ပျစ်ချွဲ သော ချိပ်ရည်အဆင်းရှိ၏။ သွားလာနေသော သွေးသည် ကြည်သော ချိပ်ရည် အဆင်း ရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။

စာမျက်နှာ-357
အရပ်အားဖြင့် စုဝေးရပ်တည်နေသော သွေးသည် အထက်အရပ်၌ ဖြစ်၏။ ရွေ့လျားနေသော သွေးသည် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် ရွေ့လျားနေသော သွေးသည် ဆံပင် အမွှေး သွား လက်သည်း ခြေသည်းတို့၏ အသားမှ လွတ်နေသော အရပ်ကိုလည်းကောင်း၊ မာခြောက်နေသော အရေကိုလည်းကောင်း ချန်လှပ်၍ ကြွင်းသော အလုံးစုံသော ကိုယ်ကို သွေးကြောကွန်ရက်ကို အစဉ်လျှောက်သဖြင့် ပျံ့နှံ့လျက် တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် သွေး၏ အဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၂၅) ချွေး

အမွှေးတွင်း စသည်တို့မှ ယိုထွက်သော အာပေါဓာတ်ဟု ဆိုအပ်သော ချွေးသည်-

အဆင်းအားဖြင့် ကြည်လင်သော နှမ်းဆီအဆင်း ရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် အမြဲတမ်း တည်ရာမရှိပေ။

မိမိအဖို့ အပိုင်းအခြားအားဖြင့် ချွေး၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၂၆) အဆီခဲ

ခဲနေသော အဆီကို အဆီခဲဟု ခေါ်သည်၊ ထိုအဆီခဲသည်-

အဆင်းအားဖြင့် ခြမ်းအပ်သော နနွင်းသားအဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် ဝသောသူမှာ အရေနှင့် အသားတို့၏ အကြား၌ နနွင်းရောင် ဘွဲ့ဖြူပုဆိုးကြမ်းကို ထည့်ထားသကဲ့သို့ သဏ္ဌာန်ရှိ၏။ ပိန်သောသူမှာ သလုံးသား၊ ပေါင်သား၊ ကျောက်ဆူးရိုးကိုမှီသော ကျောက်ကုန်းသား၊ ဝမ်းပျဉ်းသား ဟူသော ဤအသားတို့ကို မှီ၍ နှစ်ထပ် သုံးထပ် ပြုလျက်ထားသော နနွင်းရောင် ဘွဲ့ဖြူ ပုဆိုးကြမ်းသဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် ဝသောသူအား တစ်ကိုယ်လုံးကို ပျံ့လျက်၊ ပိန်သောသူအား သလုံးသား စသည်တို့ကို မှီ၍ တည်၏။

စာမျက်နှာ-358
မိမိအဖို့ အပိုင်းအခြားအားဖြင့် အောက်ဘက်၌ အသားဖြင့် အထက်ဘက်၌ အရေဖြင့် ဖီလာပတ်ဝန်းကျင်၌ အဆီခဲအဖွဲ့ဖြင့် ပိုင်းခြားလျက် ရှိ၏။

(၂၇) မျက်ရည်

မျက်စိတို့မှ ယိုထွက်သော အာပေါဓာတ်ဟူသော မျက်ရည်သည်-

အဆင်းအားဖြင့် ကြည်သော နှမ်းဆီအဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ တည်၏။

တည်ရာအားဖြင့် မျက်တွင်းတို့၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် မျက်ရည်၏ အဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၂၈) ဆီကြည်

မခဲမူ၍ ကြေနေသော ဆီသည် ဆီကြည်ဖြစ်သည်။ ထိုဆီကြည်သည်-

အဆင်းအားဖြင့် အုန်းဆီအဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် ရေချိုးသောအခါ၌ ကြည်သောရေ၏အထက်၌ လည်နေသော ဆီပေါက်၏ ပျံ့ဟန် သဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့်မူ အများအားဖြင့် လက်ဖဝါးမျက်နှာပြင် လက်ဖမိုး၊ ခြေဖဝါး မျက်နှာပြင် ခြေဖမိုး၊ နှာခေါင်းဖု နဖူး ပခုံးစွန်း၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် ဆီကြည်အဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၂၉) တံတွေး

ခံတွင်းအတွင်း၌ အမြှုပ်နှင့် ရောသော အာပေါဓာတ်ဟု ဆိုအပ်သော တံတွေးသည်-

အဆင်းအားဖြင့် ရေမြှုပ်ကဲ့သို့ ဖြူသောအဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် နှစ်ဘက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာ၌တည်၏။ လျှာဖျား၌ ကျဲ၏။ ပါး၏။ လျှာရင်း၌ ပျစ်ချွဲ၏။

စာမျက်နှာ-359
မိမိအဖို့ အပိုင်းအခြားအားဖြင့် တံတွေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၃၀) နှပ်

ဦးနှောက်မှ ယိုထွက်ကျသော မစင်ကြယ်သော အရာဖြစ်သော နှပ်သည်-

အဆင်းအားဖြင့် နုသောထန်းသီးဆံ အဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏။

အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏။

တည်ရာအားဖြင့် နှာခေါင်းဖုတို့ကို ပြည့်စေလျက် တည်၏။

မိမိအဖို့ အပိုင်းခြားအားဖြင့် နှပ်အဖို့ အပိုင်းအခြားအားဖြင့် ပိုင်းခြားလျက် ရှိ၏။

(၃၁) အစေး

ကိုယ်တွင်း အရိုးအဆက်တို့အကြား၌ ကျိချွဲသော အစေးပုပ်ဖြစ်သော အစေးသည်-

အဆင်းအားဖြင့် မဟာလှေကားပင်၏ အစေးနှင့်တူသော အဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် နှစ်ပါးသော အရပ်တို့၌ ဖြစ်၏။

တည်ရာအားဖြင့် အရိုးအဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် ၁၈ဝ-သော အရိုးအဆက်တို့ကြား၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် အစေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိ၏။

(၃၂) ကျင်ငယ်

ကျင်ငယ်သည် ဆီရည်ဖြစ်၏။

အဆင်းအားဖြင့် ပဲကြီးပြားရည် အဆင်းရှိ၏။

သဏ္ဌာန်အားဖြင့် မှောက်ထားသော ရေအိုးအတွင်း၌ ရှိသော ရေသဏ္ဌာန် ရှိ၏။

အရပ်အားဖြင့် အောက်အရပ်၌ ဖြစ်၏။

စာမျက်နှာ-360
တည်ရာအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်း၌ တည်၏။

မိမိအဖို့ အပိုင်းအခြားအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်းအရပ်ဖြင့် လည်းကောင်း၊ ကျင်ငယ်အဖို့ဖြင့် လည်းကောင်း ပိုင်းခြားလျက်ရှိ၏။

သို့ဖြစ်၍ သုံးဆယ့်နှစ်ကောဋ္ဌာသဆိုသည်မှာ စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ မနှစ်မြို့ဖွယ်၏ အစွမ်းအားဖြင့် နှလုံးသွင်းရန် ဗုဒ္ဓမြတ်စွာ ဟောကြားထားသော ကမ္မဋ္ဌာန်းတရား ဖြစ်သည်။ ဤသုံးဆယ့်နှစ်ကောဋ္ဌာသသည် ကာယဂတာသတိကမ္မဋ္ဌာန်းပင် ဖြစ်ပါသည်။

လူသတ္တဝါတစ်ဦး၏ ကိုယ်ကာယကို ခွဲစိတ်လေ့လာကြည့်လျှင်-

ခြေဖဝါးမှစ၍ အထက်၊ ဆံဖျားမှစ၍ အောက်၊ အရေပါးမှစ၍ ဖီလာပတ်ဝန်းကျင်ဟူသော ဤမျှ အတိုင်းအရှည်ရှိသော တစ်လံမျှလောက်သော ကိုယ်ထဲ၌ နည်းပေါင်းစုံဖြင့် စူးစမ်းရှာဖွေသော်လည်း တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော ပုလဲကိုသော်လည်းကောင်း၊ ပတ္တမြားကိုသော်လည်းကောင်း၊ ကြောင်မျက်ရွဲကိုသော်လည်းကောင်း၊ အကျော်ကိုသော်လည်းကောင်း၊ ကုကိုပံကိုသော်လည်းကောင်း၊ ပရုပ်ကိုသော်လည်းကောင်း၊ အခိုးအထုံ အမှုန့် စသည်ကိုသော်လည်းကောင်း၊ နံ့သာဖြူနီစသော အမွှေးအကြိုင်ကိုသော်လည်းကောင်း ထိုကဲ့သို့ စင်ကြယ်သန့်ရှင်း မွှေးကြိုင်သော ပစ္စည်း ဝတ္ထုသဘောကို အဏုမြူမျှလောက်ပင် မတွေ့ မမြင်ရပေ။

ဤကိုယ်ကာယ တစ်လံမျှလောက်၏ အတွင်း၌ အမှန်တကယ် တွေ့ရှိရသည်မှာ ပုပ်ညှီနံစော်၍ ကျက်သရေမဲ့ မြင်ကွင်းဖြစ်သော အမျိုးမျိုးသော ဆံပင်အမွှေး စသည်အပြားရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ကိုသာလျှင် တွေ့မြင်ရ၏။

ထို့ကြောင့် သုံးဆယ့်နှစ်ကောဋ္ဌာသဆိုသည်မှာ စက်ဆုပ်ရွံရှာဖွယ် မနှစ်မြို့ဖွယ်တို့ဖြင့် ပြည့်နှက်နေသော ဆံပင်စသော သုံးဆယ့်နှစ်ပါးသော အစုအဝေးတို့ဖြင့် ပေါင်းစည်းထားသော ဤကိုယ်ကာယ တစ်လံမျှကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းပုံ

သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းရာ၌-

(၁) ဥဂ္ဂဟကောသလ္လ- သင်ယူမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်၊

စာမျက်နှာ-361
(၂) မနသိကာရကောသလ္လ- နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်-

ဟူသော နည်း နှစ်နည်းဖြင့် စီရင်ရမည်ဖြစ်ပါသည်။

(၁) သင်ယူမှု၌ ကျွမ်းကျင်ကြောင်းအစီအရင်

(က) နှုတ်ဖြင့် ရွတ်ဆိုပုံ၊

(ခ) စိတ်ဖြင့် ရွတ်ဆိုပုံ၊

(ဂ) အဆင်းဖြင့် ပိုင်းခြားပုံ၊

(ဃ) ပုံသဏ္ဌာန်ဖြင့် ပိုင်းခြားပုံ၊

(င) အရပ်မျက်နှာအားဖြင့် ပိုင်းခြားပုံ၊

(စ) တည်ရာအားဖြင့် ပိုင်းခြားပုံ၊

(ဆ) အပိုင်းအခြားအားဖြင့် ပိုင်းခြားပုံ၊

(၁) သဘာဂပရိစ္ဆေဒ- မိမိအဖို့ဖြင့် ပိုင်းခြားခြင်း၊

(၂) ဝိသဘာဂပရိစ္ဆေဒ- အခြားအဖို့ဖြင့် ပိုင်းခြားခြင်း၊

(၂) နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်းအစီအရင်

(က) ဆံပင် အမွှေးစသောအစဉ်အားဖြင့်၊

(ခ) မမြန်လွန်းသော အားဖြင့်၊

(ဂ) မနှေးလွန်းသော အားဖြင့်၊

(ဃ) ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်၊

(င) ဆံပင်အစရှိသော အမည်ပညတ်ကို ကျော်လွန်ခြင်းအားဖြင့်၊

(စ) အစဉ်အတိုင်း မသင်သည်ကို လွှတ်သောအားဖြင့်၊

(ဆ) အပ္ပနာအားဖြင့်၊

(ဇ၊ ဈ၊ ည) သုံးပါးသော သုတ္တန်အားဖြင့် -

နှလုံးသွင်း ဆင်ခြင်အပ်၏။

စာမျက်နှာ-362

(၁) သင်ယူမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်ဖြင့် စီးဖြန်းပုံ

(က) နှုတ်ဖြင့် ရွတ်ဆိုပုံ

နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ပြုရာ၌ တစပဉ္စက (အရေလျှင် ငါးခုမြောက်ရှိသော အပိုင်း) စသည်တို့ကို ပိုင်းခြား၍ အနုလုံ၊ ပဋိလုံ (အစဉ်လိုက်၊ အပြန်အလှန်) အားဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏။

ပုံစံအားဖြင့် - “ဆံပင်၊ အမွှေး၊ လက်သည်း ခြေသည်း၊ သွား အရေ”ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီးလျှင် တဖန် “အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်” ဟု အစဉ်လိုက် ပဋိလုံအားဖြင့် ရွတ်ဆိုစီးဖြန်းရမည်။

ဝက္ကပဉ္စက- (အညှို့လျှင် ငါးခုမြောက်ရှိသော အပိုင်း) ၌ “အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့” ဟု အစဉ်လိုက် အနုလုံ အားဖြင့် ရွတ်ဆိုပြီး “အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်” ဟု အစဉ်လိုက် ပဋိလုံအားဖြင့် ရွတ်ဆို စီးဖြန်းရမည်။

ပပ္ဖါသပဉ္စက-(အဆုတ်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “နှလုံး အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်” ဟု အစဉ်လိုက် အနုလုံ အားဖြင့် ရွတ်ဆိုပြီး “အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု အစဉ်လိုက် ပဋိလုံ အားဖြင့် ရွတ်ဆိုပွားများ စီးဖြန်းရမည်။

မတ္ထလုင်္ဂပဉ္စက-(ဦးနှောက်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်”ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီး “ဦးနှောက်၊ အစာသစ်၊ အစာဟောင်း၊ အူသိမ်၊ အူမ၊ အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု အစဉ်လိုက် ပဋိလုံ အားဖြင့် ရွတ်ဆိုစီးဖြန်းရမည်။

မေဒဆက္က-(အဆီခဲလျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ “သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ”ဟု အစဉ်လိုက်

စာမျက်နှာ-363
အနုလုံအားဖြင့် ရွတ်ဆိုပြီး “အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ၊ ဦးနှောက်၊ အစာဟောင်း၊ အစာသစ် အူသိမ်၊ အူမ၊ အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု အစဉ်လိုက် ပဋိလုံအားဖြင့် ရွတ်ဆိုစီးဖြန်းရမည်။

မုတ္တဆက္က-(ကျင်ငယ်လျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ “မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်”ဟု ပဋိလုံ အားဖြင့် စီးဖြန်းပြီး တဖန် အစဉ်လိုက် ပဋိလုံအားဖြင့် “ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်၊ အဆီခဲ၊ သွေး၊ ချွေး၊ ပြည်၊ သလိပ်၊ သည်းခြေ၊ ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ၊ အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ အမွှေး၊ ဆံပင်”ဟု ရွတ်ဆိုစီးဖြန်းရမည်။

ဤသို့ အကြိမ်များစွာ နှုတ်ဖြင့် ရွတ်ဆိုစီးဖြန်းရမည်။

(ခ) စိတ်ဖြင့် ရွတ်ဆိုပုံ

နှုတ်ဖြင့် ရွတ်ဆိုခြင်းကဲ့သို့ စိတ်ဖြင့် ရွတ်ဆိုခြင်း၊ နှလုံးသွင်းခြင်းကိုလည်း ပြုအပ်၏။

မှတ်ချက်။ ။ နှုတ်ဖြင့် ရွတ်ဆိုခြင်းကြောင့် ကမ္မဋ္ဌာန်းအစဉ်သည် ကျေပွန်၏။ စိတ်သည် ထိုမှ ဤမှ မပြေးသွားတော့ပေ၊ ဆံပင်စသော ကောဋ္ဌာသတို့သည် ထင်ရှားကုန်၏။ စိတ်ဖြင့် နှလုံးသွင်းခြင်းကြောင့် အသုဘလက္ခဏာကို ထိုးထွင်းသိခြင်း သဘောပေါက်ခြင်း ကျေးဇူးပြု၏။

(ဂ) အဆင်းဖြင့် ပိုင်းခြားပုံ

ဆံပင်စသည်တို့ကို အဆင်းအားဖြင့် ပိုင်းခြားအပ်၏။

စာမျက်နှာ-364

(ဃ) ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားပုံ

ဆံပင်စသည်တို့ကို ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားမှတ်သားအပ်၏။

(င) အရပ်မျက်နှာအားဖြင့် ပိုင်းခြားပုံ

ဤကိုယ်၌ ချက်မှ အထက်ပိုင်းသည် အထက်အရပ်မျက်နှာမည်၏။ အောက်ပိုင်းသည် အောက်အရပ်မျက်နှာမည်၏။ ဤသို့ အရပ်မျက်နှာကို ပိုင်းခြားမှတ်သားအပ်၏။

(စ) တည်ရာအားဖြင့် ပိုင်းခြားပုံ

ထိုထိုကောဋ္ဌာသ၏ တည်ရာကို ပိုင်းခြားမှတ်သားအပ်၏။

(ဆ) အပိုင်းအခြားအားဖြင့် ပိုင်းခြားပုံ

(၁) သဘာဂပရိစ္ဆေဒ(မိမိအဖို့ အားဖြင့် ပိုင်းခြားခြင်း)ဆိုသည်မှာ “ဤကောဋ္ဌာသကို အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း၊ ဖီလာပတ်ဝန်းကျင်၌ လည်းကောင်း ဤမည်သော အရပ်ဖြင့် ပိုင်းခြားလျက်ရှိသည်”ဟူ၍ ပိုင်းခြားခြင်းဖြစ်သည်။

(၂) ဝိသဘာဂပရိစ္ဆေဒ (အခြားအဖို့ဖြင့် ပိုင်းခြားခြင်း)ဆိုသည်မှာ “ဆံပင်တို့သည် အမွေး မဟုတ်ကုန်။ အမွေးတို့သည်လည်း ဆံပင် မဟုတ်ကုန်”ဟူ၍ ပိုင်းခြားခြင်းမျိုး ဖြစ်၏။

(၂) နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်

(က) ဆံပင်၊ အမွှေး စသော အစဉ်အားဖြင့် သုံးဆယ့်နှစ် ကောဋ္ဌာသကို စီးဖြန်းသောအခါ ဆံပင်၊ အမွှေး အစရှိသော အစဉ်အားဖြင့် နှလုံးသွင်းအပ်၏။ တစ်ခုကျော် နှစ်ခုကျော် စသည်အားဖြင့် နှလုံးမသွင်းအပ်ပေ။ ကျော်လွန်၍ နှလုံးသွင်းက ဘာဝနာ၏ ပြည့်စုံမှုကို မပြီးစီးနိုင်ပေ။

(ခ) မမြန်လွန်းသောအားဖြင့် နှလုံးသွင်းရမည်။

(ဂ) မနှေးလွန်းသောအားဖြင့် နှလုံးသွင်းရမည်။ မြန်လွန်း နှေးလွန်းက တရားထူးကို မဆောင်နိုင်ပေ။

စာမျက်နှာ-365
(ဃ)ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်ဟူသည်ကား - ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ အပြင်အပဖြစ်သော အမျိုးမျိုးသောအာရုံ၌ စိတ်ပျံ့လွင့်ခြင်းကို တားမြစ်ခြင်း ဖြစ်၏။ ပြင်ပအာရုံ၌ ပျံ့လွင့်သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျောက်ပျက်၏။

(င) ပညတ်ကိုကျော်လွန်သောအားဖြင့် ဟူသည်ကား - ဆံပင်၊ အမွှေးစသော အမည် ပညတ်ကိုကျော်၍ စက်ဆုပ်ဖွယ်ဟု စိတ်ကိုထားအပ်၏။

(စ) အစဉ်အတိုင်း (မထင်သည်ကို) လွှတ်သောအားဖြင့် ဟူသည်ကား မထင် သော ကောဌာသကိုလွှတ်၍ နှလုံးသွင်းခြင်းပင် ဖြစ်သည်။

(ဆ) အပ္ပနာအားဖြင့် ဟူရာ၌ အပ္ပနာ၏ဖြစ်ရာ ကောဋ္ဌာသအားဖြင့် ဆံပင် စသည်တို့တွင် တစ်ခုခုသော ကောဋ္ဌာသ၌ အပ္ပနာဖြစ်သည်ဟု သိအပ်၏။ (ဇ၊ ဈ၊ ည) သုံးပါးကုန်သော သုတ္တန်တို့ဟူရာ၌ -

“ လွန်ကဲထူးမြတ်သော သမထ၊ ဝိပဿနာစိတ်ကို အားထုတ်သူသည် ရံဖန်ရံခါ သမာဓိနိမိတ်ကို ရံဖန်ရံခါ ပဂ္ဂဟ (ဝီရိယ၏ အကြောင်းအာရုံဟူသော) နိမိတ်ကို ရံဖန်ရံခါ ဥပေက္ခာ (ဥပေက္ခာ၏ အကြောင်းအာရုံ)ဟူသော နိမိတ်ကို နှလုံးသွင်း၏။ ထို့ကြောင့် ထိုဘာဝနာစိတ်သည် နူးညံ့လည်း နူးညံ့၏။ အမှု၌လည်း ခံပေ၏။ အညစ်အကြေးကင်းလျက် သန့်ရှင်းတောက်ပလည်း တောက်ပပေ၏။ ချို့ယွင်း ပျက်စီးခြင်းလည်း မရှိပေ၊ အာသဝေါတရားတို့ကုန်ရန်အတွက် ကောင်းစွာ တည် ကြည်ပေ၏။ (ဣဒ္ဓိဝိဓ စသော) ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုထိုက်သော အကြင်အကြင်တရားကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုရန်အတွက် စိတ်ကို ရှေးရှုညွှတ်စေလျှင် (ပုဗ္ဗဟေတု စသော) အကြောင်းရှိတိုင်း ရှိတိုင်း ထိုမျက်မှောက် ပြုထိုက် သော တရား၌ မျက်မြင်ကိုယ်တွေ့ ရှိသူ ဖြစ်ထိုက်ခြင်းသို့ ရောက်ပေ၏” ဟူသော ဤသုတ်ကို အဓိစိတ္တသုတ်ဟု သိအပ်၏။

“ စိတ်ကို နှိပ်သင့်သောအခါ နှိပ်၏။ မြှောက်ပင့်သင့်သောအခါ မြှောက်ပင့်၏ ရွှင် သင့်သောအခါ ရွှင်စေ၏။ လျစ်လျူရှုသင့်သောအခါ လျစ်လျူရှု၏။ မြတ်သော မဂ်ဖိုလ်၌ နှလုံးသွင်းကိုင်းညွှတ်၏။ နိဗ္ဗာန်၌ မွေ့လျော်၏။ ဤ(၆)ပါးသော တရား တို့နှင့်ပြည့်စုံလျှင် အမြတ်ဆုံးဖြစ်သော အေးချမ်းခြင်းနိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်ထိုက်ပေ၏”ဟူသော ဤသုတ်ကို အနုတ္တရသီတိဘာဝသုတ်ဟု သိအပ်၏။

စာမျက်နှာ-366
“ တွန့်ဆုတ်သော စိတ်ရှိသောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ သင့်လျော်သောအခါ မဟုတ်ပေ”စသော ဗောဇ္ဈင်္ဂကောသလ္လသုတ်ကို သိအပ်၏။

ဥဂ္ဂဟ

အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ဥဂ္ဂဟသမ္ပဒါ မနသိကာရကောသလ္လ ဟူသော ကောသလ္လနှစ်ပါးတို့ဖြင့် ကမ္မဋ္ဌာန်းကို ကောင်းစွာသင်ယူအပ်ပေသည်။ ထိုသို့ သင်ယူခြင်း ပရိကံကို ပြုပြီးနောက် ဆံပင်တို့၌ အသုဘထင်ကြောင်း နိမိတ်ကို ယူအပ်၏။

ဤဆိုခဲ့ပြီးသည့်အတိုင်း နိမိတ်ကိုယူပြီးလျှင် အလုံးစုံသော ကောဋ္ဌာသတို့ကို အဆင်း၊ သဏ္ဍာန်၊ အရပ်မျက်နှာ၊ တည်ရာ၊ အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြားဆုံးဖြတ်ပြီးလျှင် အဆင်း၊ သဏ္ဍာန်၊ အနံ့၊ မှီရာအကြောင်း၊ တည်ရာတို့၏ အစွမ်းအားဖြင့် စက်ဆုပ်ဖွယ်ရှိသည်၏အဖြစ်ကို ပိုင်းခြားမှတ်သားအပ်၏။

သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်း စီးဖြန်းရခြင်းအကျိုး

၁။ တရားအားထုတ်ရာဌာန၊ ဘာဝနာတို့၌ မပျော်မွေ့ခြင်းနှင့် ကာမဂုဏ်၌ ပျော်မွေ့ခြင်းတို့ကို နှိမ်နင်းနိုင်ပေ၏။

၂။ ဘေးငယ်၊ ဘေးကြီးကို သည်းခံနိုင်ပေ၏။

၃။ အအေး၊ အပူ၊ အစာဆာခြင်း၊ ရေဆာခြင်း၊ မှက်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်းတို့၏ ကိုက်ခဲထိပါးခြင်း အတွေ့တို့ကို သည်းခံနိုင်ပေ၏။

၄။ စကားဆိုးတို့ကို သည်းခံနိုင်ပေ၏။

၅။ ကိုယ်၏ ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်၏။

၆။ ဆံပင်စသည်တို့၏ အညို၊ အဝါ၊ အနီ၊ အဖြူ၊ဟူသော အဆင်းအထူးကို မှီ၍ ဈာန် ၄-ပါးတို့ကို ရနိုင်ပေ၏။

၇။ အဘိညာဉ်ကို ထိုးသွင်းသိနိုင်ပေ၏။ ရနိုင်ပေ၏။

ထိုသို့ မပျော်မွေ့မှုတို့ကို နှိမ်နင်းနိုင်ခြင်းမှစ၍ ဈာန် ၄-ပါးနှင့် အဘိညာဉ် တို့ကို ရသည်တိုင်အောင် များစွာသော အကျိုးရှိခြင်းကြောင့် အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိသည် ဤဆိုခဲ့သည့်အတိုင်း များစွာသော အကျိုးအာနိသင်နှင့် ပြည့်စုံသော ဤကာယဂတာသတိခေါ် သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို မမေ့မလျော့ဘဲ စင်စစ်မှန်စွာ အားထုတ်ရမည် ဖြစ်ပေသည်။

စာမျက်နှာ-367

အခန်း ( ၂) သာသနာ၏ အနှစ်သုံးပါး

သံသရာဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်ရန် ဟောကြားအပ်သော မြတ်ဗုဒ္ဓ ၏အဆုံးအမ ဒေသနာတော်ကို “သာသနာ”ဟု ခေါ်ပါသည်။ ထိုသာသနာ၏ အနှစ်သာရကား-သီလ၊ သမာဓိ၊ ပညာများပင် ဖြစ်၏။

(က) သီလ

“သီလ”ဟူသည် ပါဠိဝေါဟာရ ဖြစ်၏၊ သို့ရာတွင် မြန်မာတို့ အသုံးအစွဲ များသဖြင့် အခြားမြန်မာဝေါဟာရကဲ့သို့ပင် နားလည်ရန် လွယ်ကူပြီး မြန်မာ ဝေါဟာရအသွင်ဆောင်နေပြီ ဖြစ်ပေသည်။

၁။ သီလ၏ အဓိပ္ပာယ်

ပင်ကိုသဘော အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သော အကျင့်စသည်တို့သည် သီလသဒ္ဒါ၏ အနက်အဓိပ္ပာယ်များ ဖြစ်၏၊ ကိုယ်ဖြင့်ပြုမှု(ကာယကံ)၊နှုတ်ဖြင့်ပြုမှု (ဝစီကံ)တို့ကို ဖရိုဖရဲ မဖြစ်စေဘဲ ကောင်းစွာထားခြင်း၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်သည်ဟု ခေါ်ဝေါ်ကြပါသည်။

၂။ သီလ၏ အမည်အမျိုးမျိုး

ထိုသီလကား-ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် အမည်အမျိုးမျိုးရှိပါသည် ယင်းတို့ကို ဤ“ဗုဒ္ဓဘာသာကောင်းတစ်ယောက်”ကျမ်းစာအုပ်၊ အပိုင်း(၁)၊ အခန်း (၁၀)၌လည်းကောင်း၊ အပိုင်း(၂)၊ အခန်း(၅)၌လည်းကောင်း အသီးသီး ဖော်ပြပြီး ဖြစ်၍ မဖော်ပြတော့ပါ၊ လိုအပ်ပါက ထိုအပိုင်း အခန်းတို့၌ ကြည့်ရှုနိုင်ကြ ပါသည်။

၃။ သီလ၏ဂုဏ်ကျေးဇူးများ

ထိုသီလသည် အထူးခြား အဆန်းကြယ်ဆုံး အဆင်တန်ဆာ ဖြစ်၏။ အသွေးပျံ့ဆုံး ရနံ့ထူးလည်း ဖြစ်ပါ၏။ ထို့ကြောင့်ပင် ကျမ်းဂန်တို့၌ သီလကို ပရိယာယ် အမျိုးမျိုးဖြင့် ဖော်ပြလတ္တံ့ပါအတိုင်း မြွက်ဆိုထားကြပါသည်။

စာမျက်နှာ-368
သီလံ ယောဂိဿ လင်္ကာရော၊ သီလံ ယောဂိဿ မဏ္ဍနံ။ သီလေဟိ လင်္ကတော ယောဂီ၊ မဏ္ဍနေ အဂ္ဂတံ ဂတော။

သီလသည် ယောဂီ(တရားကျင့်သူ)၏ရိုးရိုးအဆင်တန်ဆာ၊အထူးခြား ဆုံး အဆင်တန်ဆာ မည်၏။ သီလဖြင့် တန်ဆာဆင်သော ယောဂီသည် တန်ဆာဆင်နည်း အမျိုးမျိုးတွင် အထူးခြား အဆန်းကြယ်ဆုံး တန်ဆာ ဆင်နည်း ဖြစ်သည်။

စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။ ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မိုးစွေ(မြတ်လေး)ပန်းတို့၏ မွှေးရနံ့ထက် သီလမွှေးရနံ့ကသာ အမွှေးပျံ့ဆုံး ဖြစ်သည်။

အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရ စန္ဒနံ။

ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ မွှေးရနံ့သည် အနည်းငယ်မျှသာ ဖြစ်သည်။ သီလရှိသူ၏ ကျော်စောသင်းပျံ့ မွှေးရနံ့ကား နတ်ပြည်တို့၌ပင် အလွန်အကဲ ပျံ့နှံ့မွှေးကြိုင်လှပါသည်။

ဤသို့ စသည်ဖြင့် သီလ၏ ဂုဏ်ကျေးဇူးများကို တခမ်းတနား ဖော်ပြထား ကြခြင်း ဖြစ်ပါ၏။

၄၊ သီလ၏ အကျိုးတရားများ

သီလကို စောင့်ထိန်းက ကောင်းသော အကျိုးတရားများကို ခံစားကြရမည် ဖြစ်၏၊ ယင်းကောင်းကျိုးတို့ကား-

၁။ မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရရှိခြင်း၊ ၂။ ကောင်းသော ကျော်စောသတင်းပျံ့နှံ့ထွက်ခြင်း၊

၃။ ပရိသတ်အလယ်သို့ မကြောက်မရွံ့၊ မျက်နှာ မညှိုးမငယ် ချဉ်းကပ် ရခြင်း၊

၁။ သီ၊ ဋ-၅၅

၂။ သီ၊ ဋ္ဌ-၅၆

၃၊ သီ၊ ဋ္ဌ-၅၆

စာမျက်နှာ-369
၄။ မတွေမဝေသေရခြင်း၊

၅။ အချိန်တန်၍ သေပြီးနောက် နတ်ပြည်ရောက်ရခြင်း စသော အကျိုး တရားများပင် ဖြစ်သည်။

(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)

ထို့ပြင် သီလကို စောင့်ထိန်းသူသည် သာယာရွှင်လန်းခြင်းစသောအကျိုးဆက် များကို ရရှိနိုင်၏၊ ထိုသို့ သာယာရွှင်လန်းသူမှာ ဝမ်းမြောက်ခြင်း (နုသောပီတိ ပါမောဇ္ဇ) ဖြစ်၏။ ဝမ်းမြောက်ခြင်းဖြစ်သူမှာ နှစ်သက်ခြင်း (ရင့်သောပီတိ) ဖြစ်၏။ နှစ်သက်ခြင်းဖြစ်သူမှာ ကိုယ်စိတ်ငြိမ်းချမ်းခြင်း(ပဿဒ္ဓိ) ဖြစ်၏ ငြိမ်းချမ်းခြင်းဖြစ်သူမှာ ကိုယ်စိတ်ချမ်းသာခြင်း(သုခ)ဖြစ်၏။ ကိုယ်စိတ် ချမ်းသာသူမှာ တည်ကြည်ခြင်း (သမာဓိ) ဖြစ်၏။ တည်ကြည်ခြင်းဖြစ်သူမှာ ဟုတ်တိုင်းမှန်ရာသိ ခြင်း(ယထာဘူတဉာဏ်) ဖြစ်၏။ ထိုဉာဏ်ဖြစ်သူမှာ သံသရာဝဋ်ဒုက္ခတို့၌ ငြီးငွေ့ခြင်း(နိဗ္ဗိန္ဒ) တည်းဟူသော အားကောင်း သည့် ဝိပဿနာဉာဏ်(ဗလဝ ဝိပဿနာဉာဏ်)ဖြစ်၏။ ထိုဉာဏ်ဖြစ်သူမှာ တပ်နှစ်သက် ခြင်းကင်းသော မဂ်တရားဖြစ်၏။ မဂ်တရားဖြစ်သူမှာ ဝိမုတ္တိခေါ် အရဟတ္တဖိုလ် တရားဖြစ်၏။ ယင်းဖိုလ်တရားဖြစ်သူမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆင်ခြင်ခြင်း(ပစ္စဝေက္ခဏာ) ဉာဏ်ဖြစ်၏။ ယင်းဉာဏ်ဖြစ်သူမှာ အကြွင်းမရှိသော နိဗ္ဗာန်ချမ်းသာကိုပင်ခံယူရရှိ နိုင်၏(အံ၊ ၃-၅၀၅)။

သီလစောင့်ထိန်းခြင်းအတွက် ဖော်ပြပါအတိုင်း ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန် ကောင်းကျိုးသာမက နိဗ္ဗာန်အထိ ရောက်စေနိုင်သော ကောင်းကျိုးများကို ရရှိနိုင် ပါသည်။ ထို့ကြောင့်ပင် သီလကို “ကုသိုလ်အားလုံးတို့၏အစ” ဟု ဖော်ပြကြခြင်း ဖြစ်ပါ၏။

(ခ) သမာဓိ

သာသနာ၏ အနှစ်တရားတို့တွင် “သမာဓိ” သည်လည်း တစ်ခုအပါအဝင်ဖြစ် သည်။ “သမာဓိ” သည် မြန်မာတို့ အသုံးများသဖြင့် မြန်မာတို့နှင့်ရင်းနှီးကျွမ်းဝင် နေသော ပါဠိဝေါဟာရ ဖြစ်သည်။

၁။ သမာဓိ၏ အဓိပ္ပာယ်

သမာဓိဟူသည် တစ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့ မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ ကောင်းစွာထားနိုင်ခြင်း(သမာဓာန) သည် သမာဓိ၏ သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။

စာမျက်နှာ-370

၂။ သမာဓိ၏ အမည်အမျိုးမျိုး

သမာဓိ၏ အမည်များ အမျိုးမျိုးရှိပါသည်။ သမာဓိရကာမျှ ဖြစ်သော ဟီန သမာဓိ( ယုတ်ညံ့သောတည်ငြိမ်မှု)၊ လွန်စွာ မပွားများရသေးသော မဇ္ဈိမသမာဓိ (အလယ်အလတ်တည်ငြိမ်မှု)၊ ကောင်းစွာနိုင်နင်းစွာ ပွားများပြီးသော ပဏီတသမာဓိ (မြင့်မြတ်သော တည်ငြိမ်မှု) စသည်ဖြင့် သမာဓိအမျိုးမျိုးကို ဝိသုဒ္ဓိမဂ် စသည်တို့၌ ဖော်ပြထားပါသည်။

၃။ သမာဓိထူထောင်နည်း

သမာဓိအလုပ်သည် စိတ်ကူးယဉ်အလုပ်မဟုတ်၊နှုတ်ဖြင့် ပြောရုံသာပြောရသော အလုပ်လဲမဟုတ်၊ လက်တွေ့အလုပ်ဖြစ်သည်။ သမထ၊ ဝိပဿနာတစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံရှုပွားမှသာ သမာဓိကို ရရှိနိုင်ကြမည်ဖြစ်သည်။

အကယ်၍ သမထကျင့်စဉ်ဖြင့် သမာဓိကို ထူထောင်မည်ဆိုပါက ဆိတ်ငြိမ်သော နေရာကို ရွေးရပါမည်။ သမထကျင့်စဉ် လေးဆယ်တို့တွင် ပထဝီကသိုဏ်းဝန်း (စီမံပြုလုပ်ထားသော မြေဝန်းပုံစံ) ကို ရှုမှတ်ပြီး သမာဓိကို ထူထောင်မည်ဆိုလျှင် ထိုကသိုဏ်းဝန်းကို စူစိုက်ကြည့်ပြီး “မြေမြေ” (ပထဝီ ပထဝီ)ဟု စိတ်ထဲမှာ တရစပ် ရှုမှတ်နေရမည်။ ဤသည်မှာ စိတ်ကို ပထဝီကသိုဏ်းဝန်းဖြင့် ဟိုသည်ရွေ့မသွား အောင် ဖမ်းနေခြင်းဖြစ်သည်။ အစတွင် စိတ်သည် ဟိုသည်ရွေ့လျားပြေးသွားနေတတ် သော်လည်း သတိဝီရိယကြီးစွာဖြင့် ရက်လများစွာ အားထုတ်သောအခါ စိတ်သည် ပထဝီကသိုဏ်းဝန်းပေါ်မှာ တင်ထားသည့်ပစ္စည်းလို ဘယ်မှမရွေ့လျားဘဲ တည်ငြိမ် နေလိမ့်မည်၊ ထိုအခါ ပတ်ဝန်းကျင်ရှိအသံများကိုလည်း မကြား (ကြားသော်လည်း မကွဲပြား)၊ အခြားဘာကိုမျှသတိမထားမိဘဲ “မြေမြေ” မြေမြေ “ပထဝီ ပထဝီ” ရှုမှတ်သော စိတ်သည် ကသိုဏ်းဝန်းနှင့် စွဲမြဲငြိကပ်နေလိမ့် မည်။ ဤသို့ ဖြစ်တည် နေသော စိတ်ကို “သမာဓိ” (စိတ်တည်ကြည်ခြင်း)ဟု ခေါ်ခြင်းဖြစ်၏။

ထိုမျှသာမက ဝိပဿနာအာရုံ တစ်မျိုးမျိုးကို ရှုမှတ်၍ သမာဓိထူထောင်လို ကလည်း ထူထောင်နိုင်ပါ၏။ ယောဂီသည် ဝိပဿနာရှုမှတ်စဉ် ခါးအောင့်သဖြင့် အောင့်သည့်နေရာကို စိတ်စိုက်ပြီး “အောင့်တယ် အောင့်တယ်” ဟု မှတ်နေသည် ဆိုပါစို့ စိတ်သည် အခြား ယားယံခြင်း၊ အသံကြားခြင်း စသော အာရုံများသို့ မပျံ့လွင့်ဘဲ အောင့်သည့် အာရုံကိုသာ သိနေ၏။ အောင့်သော ဝေဒနာ စပေါ်သည် ကိုလည်း သိ၏။ ပေါ်ပြီးနောက် ချုပ်ပျောက်သွားသည်ကိုလည်း သိ၏၊ ဝေဒနာ တိုးခြင်း၊ လျော့ခြင်း၊ မတိုး မလျှော့ရှိနေခြင်းကိုလည်း သိ၏၊ အောင့် သော ဝေဒနာမှာသာ စိတ်တည်ငြိမ်နေခြင်းကို“သမာဓိ”ဟု ခေါ်ပါသည်။ ထိုအခြေအနေမျိုး

စာမျက်နှာ-371
ရောက်အောင် ကျင့်ကြံရှုမှတ်နိုင်ခြင်းကိုပင် သမာဓိထူထောင်နိုင်သည်ဟု ပြောဆို

ကြခြင်း ဖြစ်သည်။

၄။ သမာဓိစိတ်စွမ်းရည်

သမာဓိ၏စွမ်းရည်ကား ကြီးမားလှ၏၊ နိဗ္ဗာန်ကို ဆုတောင်းနေရုံနှင့် မပြီး၊ သမာဓိရသည်အထိ ကျင့်ကြရဦးမည်ဖြစ်သည်။ မြတ်ဗုဒ္ဓက ဤသို့ ဟောကြားခဲ့၏-

ရဟန်းတို့-သမာဓိကို ပွားများကြကုန်လော့။

သမာဓိကို ရသော ရဟန်းသည်-

ဤကား ဒုက္ခတည်း။

ဤကား ဒုက္ခဖြစ်ကြောင်းတည်း။

ဤကား ဒုက္ခချုပ်ရာ(နိဗ္ဗာန်)တည်း။

ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း-ဟု ဟုတ်တိုင်းမှန်စွာ သိ၏။

ထိုပြင်လည်း မြတ်ဗုဒ္ဓက-

(သံယုတ်ပါဠိ၊ သစ္စသံယုတ်၊ သမာဓိဝဂ်၊ သမာဓိသုတ်)

သမာဓိကို ကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း၊ ဒိဗ္ဗစက္ခု(နတ်မျက်စိ)ဉာဏ်အမြင်ကို ရခြင်း၊ သတိ(အောက်မေ့ ခြင်း) သမ္ပဇဉ်(ဆင်ခြင်ဉာဏ်)ကို ရရှိခြင်း၊ ကိလေသာအာသဝေါတို့ ကုန်ခန်း နိုင်ခြင်းဟူသော အကျိုးတို့ကို ရရှိနိုင်ပါသည်။

(အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ ရောဟိတဿဝဂ်၊ သမာဓိဘာဝနာသုတ်) ဤသို့စသည်ဖြင့် သမာဓိစွမ်းရည်၊ သမာဓိ၏ အကျိုးတရားများကို မြတ်ဗုဒ္ဓ ဟောကြားထားခြင်း ဖြစ်ပါ၏။

(ဂ) ပညာ

“ပညာ”သည် ပါဠိဝေါဟာရ ဖြစ်သည်။ သို့ရာတွင် မြန်မာတို့အသုံးများပြီး နားယဉ် ရင်းနှီးနေသဖြင့် “ပညာ”သည် ပါဠိဝေါဟာရဖြစ်သလိုပင် မြန်မာဝေါဟာရ အသွင်လည်း ဆောင်နေပြီဖြစ်သည်။

စာမျက်နှာ-372

၁။ ပညာ၏ အဓိပ္ပာယ်

အများအပြား ကျယ်ကျယ်ပြန့်ပြန့်သိခြင်းသည် ပညာ၏ အဓိပ္ပာယ်ဖြစ်သည်။ ကောင်းကောင်းဆိုးဆိုး မည်သည့်အရာကိုမဆို အမှန်အတိုင်း သိရှိခြင်းသည် ပညာ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။

ထိုပညာသည် အရောင်အလင်းနှင့်တူ၏ အရောင်အလင်းသည် အမှောင်ကို ပယ်ဖျောက်နိုင်သလို ပညာ(သိခြင်း)သည်လည်း မောဟ(မသိခြင်း)ကို ပယ်ဖျောက် နိုင်ပါသည်။ ထို့ကြောင့်ပင်“ပညာနှင့်တူသော အရောင်အလင်းမရှိ”(ပညာသမာ အာဘာ နတ္ထိ)ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခြင်း ဖြစ်သည်။

၂။ ပညာ၏ အမည်အမျိုးမျိုး

ပညာနှင့် ပတ်သက်၍ အမည်အမျိုးမျိုး ရှိ၏။

၁။ စိန္တာမယပညာ-မိမိဉာဏ်ရည်ဖြင့် ကြံစည်သိခြင်း။

၂။ သုတမယပညာ-ပညာရှိစကား နာကြားသိမြင်ခြင်း။

၃။ ဘာဝနာမယပညာ-ဈာန်ဝင်စား ဖိုလ်ဝင်စားစဉ် ဖြစ်ပွားသိမြင်ခြင်း- ဟူ၍ (၃)ပါး ရှိ၏။

ထို့အပြင် အဘိဓမ္မာဝိဘင်းပါဠိတော်၊ ဉာဏဝိဘင်းစသည်တို့၌ ပညာအမျိုးမျိုး ရှိပေသေးသည်။ ဥပမာ-လှူဒါန်းခြင်းဆိုင်ရာ ကောင်းကျိုးများကို သိခြင်းသည် ဒါနမယပညာမည်၏။ သီလဆောက်တည်ခြင်းဆိုင်ရာ ကောင်းကျိုးတရားများကို သိခြင်းသည် သီလမယပညာမည်၏။ ဤသို့စသည်ဖြင့် ပညာအမျိုးအစားပေါင်း များပြားစွာ ရှိနေပေသေးသည်။ အလိုရှိသူတို့သည် ဖော်ပြပါကျမ်းဂန်တို့၌ ဆက်လက် လေ့လာ မှတ်သားနိုင်ကြပါသည်။

၃။ ပညာရှာနည်းများ

စိန္တာမယပညာ စသော သုံးမျိုးကို ဖော်ပြခဲ့ပေပြီ၊ ထိုတွင် သုတမယပညာသည် အခြေခံပညာဖြစ်၏၊ ဗုဒ္ဓဝင်ပါဠိတော်၌ “ပညာရှိများထံ မေးမြန်းကာ ပညာပါရမီ အထွတ်အထိပ် ရောက်စေ၍”(ပရိပုစ္ဆ ဗုဓံ ဇနံ၊ ပညာပါရမိတံ ဂန္တာ)ဟု မြတ်ဗုဒ္ဓ ဟောကြားထားတော်မူ၏။ ဤသည်မှာ သုတမယပညာ၏ အခြေခံကျမှုကို ဖော်ပြခြင်း ဖြစ်သည်၊ လောက၌ အခြေခံပညာမရှိသူသည် မည်သည့်ပညာမျိုးကိုမဆို မိမိအလို အလျောက်(စိန္တာမယပညာဖြင့်)သိနိုင်မည်မဟုတ်ချေ၊ မိမိမှာ အခြေခံပညာရှိလာရန်

စာမျက်နှာ-373
ပညာရှိများထံမှာ ရှေးဦးစွာနည်းခံ သင်ယူရပေဦးမည်၊ ဤသို့ဖြင့် အခြေခံ(သုတ မယ)ပညာ ရပြီးမှသာ ကြံသိ(စိန္တာမယ)ပညာကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်သည်၊ ဤသို့စသည်ဖြင့် ဉာဏ်ပညာကို အခြေခံပါပါ ရှာဖွေတတ်လျှင် ပညာရှိစာရင်းတွင် အဘယ်မှာ မပါဝင်နိုင်ဘဲ ရှိပါမည်နည်း။

၄။ ပညာ၏ အကျိုးတရားများ

ပညာ၏ အကျိုးတရားများကို ဖော်ပြရလျှင် ကုန်နိုင်ဖွယ်ရှိမည် မဟုတ်ပေ။ မြတ်ဗုဒ္ဓ(သိတတ်သူ)ဟူသည်ပင် ပညာ၏ အမည်ကွဲတစ်မျိုး ဖြစ်သည်၊ သစ္စာလေးပါး ကို သိခြင်းမှာလည်း ပညာ၏ အမည်ကွဲတစ်မျိုး ဖြစ်သည်၊ သစ္စာလေးပါးကို သိခြင်းမှာလည်း ပညာ၏ အရာပင်ဖြစ်ပါ၏၊ သဗ္ဗညုတဉာဏ်(အရာအားလုံးကို သိခြင်း)ဟူသည်မှာလည်း ပညာ၏ အမည်တစ်မျိုးပင် ဖြစ်ပါသည်။

လောက၌ ပညာရှိမှသာလျှင် အမျိုးဘာသာ၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်တို့ကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်၊ မည်သည့်အရာကိုမဆို ကောင်းမွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ပညာ၏ အရာဖြစ်ပါ၏။ ထိုပညာသည် မကောင်းမှုမဟုတ်၊ ကောင်းမှုဖြစ်၏၊ တရားသဘော၌ ကုသိုလ်(ကောင်းမှု)၊ အကုသိုလ်(မကောင်းမှု)ဟု ဘက်နှစ်ဘက်ရှိရာတွင် “ပညာသည်” ကုသိုလ်(ကောင်းမှု)ဘက်၌ ပါဝင်၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာသင်္ဂြိုဟ်ကျမ်း စေတသိက်ပိုင်း၌ “ပညာ”ကို သောဘဏ(အပြစ်မဲ့အကောင်းပြ) စေတသိက်အုပ်စု၌ ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

၅။ လူသတ်မိန်းမ၏ အသိသည် ပညာလော

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် သုလသာ အမည်ရှိ ပြည့်တန်ဆာမသည် သတ္တုက မည်သော ခိုးသူကို ဘုရင်၏ လူသတ်သမား များလက်မှ ကယ်တင်၍ လင်အဖြစ် ပေါင်းသင်းနေ၏၊ သတ္တုကသည် လူမိုက်တို့၏ ဉာဉ်ကို မဖျောက်နိုင်ဘဲ အကောက်ကြံ၍ သုလသာကို တစ်သိန်းတန် အဆင်တန်ဆာ များ ဝတ်ဆင်စေပြီး တောင်ထိပ်ပေါ်သို့ ခေါ်သွား၏၊ တောင်ထိပ်ရောက်လျှင် ဝတ်စားတန်ဆာများကို ချွတ်ယူပြီး သုလသာကို တောင်ထိပ်မှ တွန်းချသတ်ဖြတ်ရန် ပြုမူသည်၊ သုလသာသည်“ပရိယာယ်ပြုမှ တော်ချေမည်”ဟု-ကြံ၍ 'သေခါနီးမှာ မောင့်အား အရပ်လေးမျက်နှာမှ ရှိခိုးခွင့်ပြုပါ'ဟု တောင်းဆိုသည်၊ ရှိခိုးခွင့်ရလျှင်

စာမျက်နှာ-374
အရပ်မျက်နှာ အသီးသီးမှ ရှိခိုးအပြီး နောက်ဘက်အရပ်မျက်နှာမှ ရှိခိုးအလှည့်၌ ရှိခိုးဟန်ပြု၍ သတ္တုကကို တောင်ပေါ်မှ တွန်း- သတ်လိုက်သည်၊ တောင်ပေါ်မှ ကျ၍ သတ္တုက သေလေ၏။

ထိုစဉ် တောင်ပေါ်၌ ရုက္ခစိုးနတ် ဖြစ်နေသော ဘုရားအလောင်းက “ယောက်ျား များသာ ပညာရှိသည်မဟုတ်၊ မိန်းမများလည်း ပညာရှိ၏”(ဣတ္ထိပိ ပဏ္ဍိတာ ဟောတိ) စသည်ဖြင့် ချီးမွမ်းလေသည်။

ဤဝတ္ထု၌ သုလသာ၏ သူတပါးအသက်သတ်သော (ပါဏာတိပါတ) ဒုစရိုက် မှုမျိုးမှာ “ပညာ”(စေတသိက်) မယှဉ်နိုင်၍ “ပညာရှိ”ဟူ၍ ဘုရားအလောင်း ချီးမွမ်းခြင်းကို အမှားဟု မဆိုရပေ၊ သုလသာ၏ အသိကို “ပညာ”မဟုတ်ဟုလည်း မဆိုသင့်ပေ။“ပရိယာယ်ဆင်မှ ငါနိုင်မည်”ဟု သိခြင်းသည် အမှန်သိခြင်းဖြစ်၍ ပညာပင်ဖြစ်၏၊ ဒုစရိုက်အရာမှာ ပညာစစ် ဖြစ်နိုင်သလောဟု မယုံမှားသင့်ပေ။

သုလသာသည်“ပရိယာယ်ဆင်မှ ငါနိုင်မည်”ဟု သိသော အဆင့်မှာ အကုသိုလ် ဒုစရိုက် မဖြစ်သေး။ သတ္တုကကို တွန်းချသတ်လိုက်သော အဆင့်ရောက်မှသာ အကုသိုလ်ဒုစရိုက်ဖြစ်ခြင်း ဖြစ်သည်။ အလောင်းတော် နတ်သား၏ ချီးမွမ်းခြင်းကား မသတ်ခင်“အသိပညာ”ပိုင်းကို ချီးမွမ်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သုလသာ၏ အသိသည်လည်း “ပညာ”ပင် ဖြစ်သည်။

သုလသာသည် ပညာဖြင့် ဘဝလွတ်မြောက်ရေးကြံဆောင်သလို အရေးကြုံ က ပညာကို အားကိုးကြရမည် ဖြစ်သည်။

(ဃ) သာသနာ၏ အနှစ်တရားသုံးပါး

သီလ၊ သမာဓိ၊ ပညာတို့ကို အသီးသီး ဖော်ပြခဲ့ပြီး ပေပြီ။ ယင်းတရား သုံးပါးသည် သာသနာ၏ အနှစ်ဟူ၍လည်း ရှေ့၌ ဆိုခဲ့၏။ အဘယ့်ကြောင့်နည်း။

ယင်းတရားသုံးပါးသည် တစ်ပါးစီ၏ စွမ်းရည်ဖြင့်လည်းကောင်း၊ သုံးပါးလုံး ဆက်နွယ်ပေါင်းစပ်သော စွမ်းရည်ဖြင့်လည်းကောင်း မြတ်ဗုဒ္ဓ၏ သာသနာဆိုင်ရာ ကျင့်စဉ်များကို ကျေးဇူးကြီးမားစွာ ပြုသောကြောင့် ဖြစ်သည်။

သီလ၊ သမာဓိ၊ ပညာတို့၏ ဆက်နွယ်သော စွမ်းရည်ကို မြတ်ဗုဒ္ဓသည် ဖော်ပြလတ္တံ့ပါအတိုင်း ဟောကြားခဲ့၏-

စာမျက်နှာ-375
မြတ်ဗုဒ္ဓသည် နာဠန္ဒမြို့ ပါဝါရိက(သေဌေး)၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူစဉ် ဤတရားစကားကို ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော် မူခဲ့သည်-

သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုးအာနိသင် ရှိ၏၊ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုးအာနိသင် ရှိ၏၊ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည်ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာ သဝ၊ အဝိဇ္ဇာသဝဟူသော အာသဝေါတရားတို့မှ ကောင်းစွာလွတ်မြောက်၏။

(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့်အတိုင်း အာသဝတို့မှ လွတ်မြောက်၍ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ရန်မှာ သီလ၊ သမာဓိ၊ ပညာတို့၏ စုပေါင်းစွမ်းအင်ကို အားကိုးကြရမည်ဖြစ်သည်။ ထိုတွင် သီလမရှိက ကောင်းသောသမာဓိ (သမ္မာသမာဓိ) ဖြစ်နိုင်မည်မဟုတ်၊ ကောင်းသောသမာဓိ မဖြစ်ပေါ်က ပညာလည်း ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် မြတ်ဗုဒ္ဓက-

သီလပျက်စီးသော (ဒုဿီလ) ပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) ပျက်စီးရန် အကြောင်းရှိ၏၊ ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) ပျက်စီးလျှင် ဟုတ်တိုင်းမှန်ရာသိသောဉာဏ်(ပညာ) ပျက်စီး၏- ဟု ဟောတော်မူခြင်းဖြစ်သည်။

(အင်္ဂုတ္ထိုရ်၊ စတုတ္ထပဏ္ဏာသက၊ အာဃာတဝဂ်၊ သီလသုတ်)

သို့ဖြစ်၍ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် သီလကို လုံခြုံစေ၍ ဝိပဿနာကို ရှုပွားခြင်းဖြင့် သမာဓိကို ဖြစ်စေပြီး ဆင့်ပွား ဖြစ်ပေါ်လာသော ဉာဏ်ပညာဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မတို့၏ ဟုတ်တိုင်းမှန်ရာကို သိမြင်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ သို့မှသာ သာသနာ၏ အနှစ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာကို နည်းမှန် လမ်းမှန် ကျင့်ကြံ သုံးစွဲရာ ရောက်ပေမည်။

စာမျက်နှာ-376

ပဋိစ္စသမုပ္ပါဒ်

အခန်း ( ၃) ပဋိစ္စသမုပ္ပါဒ်အကြောင်း

ပဋိစ္စသမုပ္ပါဒဟူသော ပါဠိစကားလုံးကို ပဋိစ္စသမုပ္ပါဒ်ဟု မြန်မာမှုပြုထားခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ဖြူစင်သော အယူဝါဒရှိသည့် မြန်မာလူမျိုးတို့သည် “ပဋိစ္စသမုပ္ပါဒ်”ဟူသော အသံကို ကြားလျှင် နားယဉ်ပြီးသား ဖြစ်နေကြပေသည်။ အဓိပ္ပာယ်အတိအကျကိုမူ သိချင်မှ သိကြပေမည်။ သိထားသင့်သည်။ သိအောင် ကြိုးစားကြရမည်။

ပဋိစ္စသမုပ္ပါဒကို ပဋိစ္စ+သံ+ဥပ္ပါဒဟု ပုဒ်(၃)ပုဒ်ဖြစ်အောင် ခွဲကြည့်ပါက ပဋိစ္စ- စွဲမှီ၍ အကြောင်းပြု၍၊ သံ-ညီညီမျှမျှ အတူတကွ၊ ဥပ္ပါဒ-ဖြစ်ခြင်းဟု တစ်ပုဒ်ချင်း၏ စကားအဓိပ္ပာယ် ပေါ်ထွက်လာသည်။

ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲမှီ၍ အကျိုးအဆင့်ဆင့်တို့ ညီညီမျှမျှ တပြိုင်တည်း အတူတကွဖြစ်သော နည်းလမ်းကို ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်သည်။ ဘဝခန္ဓာရုပ်နာမ်တွေ အဆက်မပြတ် ဖြစ်ပေါ်နေမှုပင်။

အနုလောမပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊

သင်္ခါရပစ္စယာ ဝိညာဏံ၊

ဝိညာဏပစ္စယာ နာမရူပံ၊

နာမရူပပစ္စယာ သဠာယတနံ၊

သဠာယတနပစ္စယာ ဖဿော၊

ဖဿပစ္စယာ ဝေဒနာ၊

ဝေဒနာပစ္စယာ တဏှာ၊

တဏှာပစ္စယာ ဥပါဒါနံ၊

ဥပါဒါနပစ္စယာ ဘဝေါ၊

ဘဝပစ္စယာ ဇာတိ၊

ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊

ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

စာမျက်နှာ-377

အနက် (နိသျ)

အဝိဇ္ဇာပစ္စယာ၊ အဟုတ်အမှန်ကို မသိမမြင် မထင်မလင်းမှု ဟူသော အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်၊ သင်္ခါရာ၊ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရမှုတို့သည် သမ္ဘ၀န္တိ၊ ဖြစ်ပွားကုန်၏။

သင်္ခါရပစ္စယာ၊ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့်၊ ဝိညာဏံ၊ ဘဝသစ်၌ ဝိညာဏ်သစ် ဖြစ်ပေါ် မှုသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

ဝိညာဏပစ္စယာ၊ ဝိညာဏ်သစ် ဖြစ်ပေါ်မှုကြောင့်၊ နာမရူပံ၊ နာမ်အစု ရုပ်အစု သည် သမ္ဘဝတိ၊ ဖြစ်ပွား၏။

နာမရူပပစ္စယာ၊ နာမ်အစု ရုပ်အစု ဖြစ်ပွားမှုကြောင့်၊ သဠာယတနံ၊ ဒွါရ ၆-မည် အကြည် ၆-ပါး သဠာယတနတရားစုသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

သဠာယတနပစ္စယာ၊ ဒွါရ ၆-မည်, အကြည် ၆-ပါး ထင်ရှားရှိခြင်းကြောင့်၊ ဖဿော၊ အာရုံကို တွေ့မှုဟူသော ဖဿ ၆-ပါးသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

ဖဿပစ္စယာ၊ ဖဿ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ ဝေဒနာ၊ အာရုံကို ခံစားမှုဟူသော ဝေဒနာ ၆-ပါးသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

ဝေဒနာပစ္စယာ၊ ဝေဒနာ ၆-ပါး ထင်ရှားရှိနေခြင်းကြောင့်၊ တဏှာ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို ခုံမင်တွယ်တာ သာယာကပ်ငြိသော တဏှာ ၆-ပါးသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

တဏှာပစ္စယာ၊ တဏှာခြောက်ပါး ထင်ရှားရှိနေမှုကြောင့်၊ ဥပါဒါနံ၊ မလွှတ်နိုင် မခွာနိုင် ပိုင်ပိုင်စေးချွဲ အတွယ်မြဲသော ဥပါဒါန်တရားသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

ဥပါဒါနပစ္စယာ၊ ဥပါဒါန်တရား ထင်ရှားရှိနေမှုကြောင့်၊ ဘဝေါ၊ လောက အစီးအပွား သံသရာအစီးအပွားဟူသော ကံတရား,ဝိပါတ်တရားစုသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

ဘဝပစ္စယာ၊ ပစ္စုပ္ပန်စီးပွားမှု သံသရာစီးပွားမှု ထင်ရှားရှိနေခြင်းကြောင့်၊ ဇာတိ၊ အဖန်ဖန် ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းသည်၊ သမ္ဘဝတိ၊ ဖြစ်ပွား၏။

စာမျက်နှာ-378
ဇာတိပစ္စယာ၊ ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့်၊ ဇရာမရဏံ၊ အဖန်ဖန် အိုမင်းရင့်ဆွေးမှု သေဆုံးမှုသည် လည်းကောင်း၊ သောကပရိဒေဝ ဒုက္ခဒေါမနဿု ပါယာသာ၊ စိုးရိမ်ပူဆွေးမှု ငိုကျွေးမြည်တမ်းမှု ပင်ပန်းဆင်းရဲမှု နှလုံးမသာယာမှု သက်ပြင်းရှိုက်ငင် ပူပန်မှုတို့သည်လည်းကောင်း၊ သမ္ဘ၀န္တိ၊ ဖြစ်ပွားကုန်၏။

ဧဝံ၊ ဤသို့။ ကေ၀လဿ၊ ချမ်းသာမဖက် ဆင်းရဲသက်သက်သာဖြစ်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲခြင်း ဒုက္ခအစု၏။ သမုဒယော၊ ဖြစ်ပွားခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ပါးစီ၏ အဓိပ္ပာယ်

၁။ အဝိဇ္ဇာ

မသိခြင်း၊ မောဟသည် အဝိဇ္ဇာဖြစ်၏။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာလေးပါး၊ ဘဝခန္ဓာ၏ ရှေ့အဖို့အစု၊ ဘဝခန္ဓာ၏ နောက် အဖို့အစု၊ ရှေ့အဖို့အစုနှင့် နောက်အဖို့အစု နှစ်ခုလုံး၊ အဆက်မပြတ် လည်ပတ်နေသည့် ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်ဟူသော (၈)ဌာနတို့၌ မသိမမြင်ခြင်း မောဟသည် အဝိဇ္ဇာဖြစ်၏။

မျက်စိတွင် တိမ်သလာဖုံးလွှမ်းနေသူသည် မြင်သင့်မြင်ထိုက်သော အရာဌာနတို့ကို မမြင်ရဘိသကဲ့သို့ အဝိဇ္ဇာဖုံးလွှမ်းနေသောကြောင့် ဘုံသုံးပါး၌ ရှိရှိသမျှ ရုပ်နာမ် တွေသည် ဆင်းရဲခြင်း ဒုက္ခချည်းသာ ဖြစ်သည်ဟူသော အမှန်တရား ဒုက္ခသစ္စာကို မသိမမြင်ပေ။ တဏှာလောဘသည် ဆင်းရဲခြင်းအကြောင်း(သမုဒယသစ္စာ)ဖြစ်ကြောင်း တရားဟု အမှန်အတိုင်း မသိ မမြင်ပေ။ နိဗ္ဗာန်သည် ဆင်းရဲအားလုံး ချုပ်ဆုံး ကုန်ပျောက်ရာ အမှန်တရား(နိရောဓသစ္စာ)ဖြစ်သည်ဟု အမှန်အတိုင်း မသိမမြင်ပေ။ မဂ္ဂင်(၈)ပါး အကျင့်တရား လမ်းစဉ်သည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်(မဂ္ဂသစ္စာ) ဖြစ်သည်ဟု အမှန်အတိုင်း မသိမမြင်ပေ။

၂။ သင်္ခါရ

အကျိုးဝိပါက်ဖြစ်သော ရုပ်နာမ်သင်္ခတ တရားစုကို ပြုစီမံတတ်သော လောကီ ကုသိုလ် အကုသိုလ်စေတနာသည် သင်္ခါရဖြစ်၏။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရဟု သုံးမျိုးပြား၏။

စာမျက်နှာ-379

၃။ ဝိညာဏ်

ပဋိသန္ဓေစိတ်၊ လောကီဝိပါက်စိတ်ကို ဝိညာဏ်ဟု ခေါ်၏။

ရှေးရှေးဘဝက ပြုခဲ့သော ပုညာဘိသင်္ခါရကြောင့် ယခုဘဝ ကာမသုဂတိဘုံနှင့် ရူပဘုံတို့၌ ပဋိသန္ဓေဝိညာဉ် ဖြစ်ရ၏။ အာနေဉ္ဇာဘိသင်္ခါရကြောင့် အရူပဘုံ၌ ပဋိသန္ဓေဝိညာဉ် ဖြစ်ရ၏။ အပုညာဘိသင်္ခါရကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေဝိညာဉ် ဖြစ်ရ၏။ ထိုရှေးရှေးဘဝက သင်္ခါရတို့ကြောင့် ယခုဘဝဝယ် ပဝတ္တိအခါ၌လည်း စက္ခုဝိညာဉ်စသော ဝိပါက်ဝိညာဉ်များ ဖြစ်ကြရ၏။

၄။ နာမ်ရုပ်

ပဋိသန္ဓေဝိညာဉ် ဖြစ်ပေါ်လာသည့်အခါ ဝိညာဉ်နှင့် ယှဉ်ဖက်ဖြစ်သော နာမ် ခန္ဓာသုံးပါးနှင့် ကမ္မဇရုပ်ကလာပ်များ တပြိုင်နက် ဖြစ်ပေါ်လာသဖြင့် ဝိညာဉ် ကြောင့် နာမ်ရုပ်များဖြစ်ရသည်ဟု ဆို၏။

၅။ သဠာယတန

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ်၊ စိတ်ဟူသော ခြောက်ခုသော တည်ရာဌာနကို သဠာယတန ခေါ်၏။ (သ+အာယတန၊ သ-ခြောက်ခု၊ အာယတန=တည်ရာဌာန)

လူ့ ခန္ဓာကိုယ်တွင် မျက်စိ၊ နား၊ နှာခေါင်းစသော တံခါးမကြီး ခြောက်ပေါက် ပွင့်နေသောအခါ ရူပါရုံ၊ သဒ္ဒါရုံစသော သူခိုးဓားပြများ ဝင်ခွင့်ရသည်။

၆။ ဖဿ

အတွေ့အထိကို ဖဿဟု ခေါ်သည်။ မျက်စိဖြင့် တွေ့ထိခြင်း၊ နားဖြင့် တွေ့ထိခြင်း၊ နှာခေါင်းဖြင့် တွေ့ထိခြင်း၊ လျှာဖြင့် တွေ့ထိခြင်း၊ ခန္ဓာကိုယ်ဖြင့် တွေ့ထိခြင်း၊ စိတ်ဓာတ်ဖြင့် တွေ့ထိခြင်း ဟူ၍ တွေ့ထိခြင်း ဖဿ(၆)မျိုးရှိ၏။ အာရုံအကောင်းစား တွေ့ထိခြင်း၊ အလတ်စား တွေ့ထိခြင်း၊ အညံ့စား တွေ့ထိခြင်း ဟူ၍ သုံးမျိုးပြား၏။

၇။ ဝေဒနာ

ခံစားခြင်းကို ဝေဒနာဟု ခေါ်၏။ အတွေ့အထိ ဖဿကြောင့် ခံစားခြင်းဝေဒနာ ဖြစ်ပေါ်လာရသည်ဟု ဆိုရာ၌ အတောင်သုံးဆယ်လောက်မြင့်မားသော ကွမ်းသီးပင်

စာမျက်နှာ-380
ထိပ်ဖျားတွင် လူတစ်ယောက် တန်းလန်းကြီးဖြစ်ပြီး ပြုတ်ကျတော့မည့်အနေအထားကို အောက်က မြင်ရသူသည် ကြောက်ရွံ့ပြီး ခြေဖဝါးတွေ ယားလာ၏။ မျက်စိဖြင့် မြင်ရပြီး အတွေ့ အထိ (စက္ခုသမ္ဖဿဇာ)ကြောင့် ခြေဖဝါးယားလာသည်အထိ ကြောက်ရွံ့မှု ခံစားရခြင်း ဝေဒနာဖြစ်လာပုံကို သတိပြုပါ။

၈။တဏှာ

တပ်မက်ခြင်း နှစ်သက်ခြင်း သာယာခြင်းကို တဏှာဟု ခေါ်၏။ အဆင်း၌ သာယာခြင်း ရူပတဏှာ၊ အသံ၌ သာယာခြင်း သဒ္ဒတဏှာ၊ အနံ့၌ သာယာခြင်း ဂန္ဓတဏှာ၊ အရသာ၌ သာယာခြင်း ရသတဏှာ၊ အတွေ့အထိ၌ သာယာသော ဖောဋ္ဌဗ္ဗ တဏှာ၊ တွေ့ကြုံခဲ့ပြီးဖြစ်သော စက္ခု၊ သောတ စသော ဓမ္မာရုံတို့၌ ပြန်လည်အောက်မေ့ သာယာသော ဓမ္မတဏှာဟု (၆)မျိုး ရှိ၏။

(ပဋိစ္စသမုပ္ပါဒနိဒ္ဒေသ အဘိဓမ္မဝိဘင်းပါဠိတော်)

လက်တွေ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးမှ တပါး ကြွင်းသမျှ အလုံးစုံသည် ဓမ္မာရုံဖြစ်၏။

ခံစားမှုဝေဒနာကြောင့် သာယာမှုတဏှာ ဖြစ်သည်ဟု ဆိုရာ၌ အာရုံ အကောင်း စားနှင့် အလတ်စားကို ခံစားရလျှင်ဖြင့် တပြုံးပြုံးနှင့် သာယာစုံမက်လှသော တဏှာကို ဖြစ်စေ၏။ အာရုံအညံ့စားကို ခံစားရသောအခါ တမဲ့မဲ့နှင့် ဒီတဏှာ သေတော့မှာပဲလို့ ထင်ရ၏။ သို့သော် အညံ့စားတွေ့ လေလေ အကောင်းစား စိတ်ကူးလေလေ ဖြစ်သောကြောင့် တဏှာ မသေပါ။ စိတ်ကူးယဉ်သော တဏှာ၊ လှမ်းပြီး တောင့်တသော တဏှာဖြစ်၏။ ဘုရားလေးဆူအကြား အစာမစားရသော ပြိတ္တာများသည် ဘယ်တော့မှ စားကြရပါမည်လဲဟု လှမ်းပြီး တောင့်တကြ၏။ မသေကြပေ။ တဏှာသည် အာရုံအကောင်းစားနှင့် အလတ်စားကို တွေ့သောအခါ သာယာ၏။ အာရုံအညံ့စားကို တွေ့သောအခါ အကောင်းစားကို လှမ်း၍ တောင့်တ၏။

၉။ ဥပါဒါန်

အနည်းငယ် တပ်မက်မှုသည် တဏှာဖြစ်၍ လွန်လွန်ကဲကဲ စွဲလမ်းတပ်မက် မှုသည် ဥပါဒါန်ဖြစ်၏။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် အားဖြင့် လေးပါး ပြား၏။

စာမျက်နှာ-381

၁၀။ ဘဝ

ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုးရှိ၏၊ လောကီကုသိုလ် အကုသိုလ်ကံဟူသော စေတနာ(၂၉)ပါးသည် ကမ္မဘဝဖြစ်၏။ အကြောင်းကံကြောင့်ဖြစ်ရသော လောကီ ဝိပါက်(၃၂)ပါးနှင့် ကမ္မဇရုပ်များသည် ဥပပတ္တိဘဝဖြစ်၏။ ဒုစရိုက်ဆယ်ပါးသည် အကုသိုလ် ကမ္မဘဝဖြစ်၏။ ကုသလကမ္မပထတရား ဆယ်ပါးသည် ကုသိုလ်ကမ္မဘဝ ဖြစ်၏။

၁၁။ ဇာတိ

ထိုထိုဘုံဘဝ၌ ဖြစ်ရခြင်း၊ ပဋိသန္ဓေ တည်နေရခြင်းကို ဇာတိဟု ခေါ်၏။ အမိဝမ်းခေါင်း၌ အညစ်အကြေးအလူးလူးဖြင့် ကိန်းအောင်းပဋိသန္ဓေနေရသော ဇာတိဒုက္ခကို ဘုရားရဟန္တာများမှသာ အတိအကျ သိမြင်ကြ၏။

၁၂။ ဇရာ မရဏ

သတ္တဝါတိုင်းသည် ထိုထိုဘုံဘဝ၌ ပဋိသန္ဓေဇာတိရ၍ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာဟူသော ခန္ဓာကိုယ်တွေ ရရှိပါက အိုမင်းဆွေးမြေ့ ရင့်ရော်ခြင်း ဇရာ၊ သေရခြင်းမရဏ တွေ့ရမည်သာ ဖြစ်၏။

မသေမီ စိုးရိမ်ပူဆွေးခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေဝ၊ ခန္ဓာကိုယ် ဆင်းရဲ ရခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ ပြင်းထန်စွာ ပူဆွေးရခြင်း ဥပါယာသ တို့ကိုလည်း တွေ့ကြုံရမည်သာ ဖြစ်ပေသည်။

အင်္ဂါ(၁၂) ပါး

သတ္တဝါတို့၏ ဘဝခန္ဓာ စက်ရဟတ် အဆက်မပြတ် လည်ပတ်နေပုံ ပဋိစ္စသမုပ္ပါဒ် သည် အစိတ်အပိုင်း အင်္ဂါအားဖြင့် ၁၂-ပါး ရှိ၏။

၁။ အဝိဇ္ဇာ (မသိခြင်းမောဟ)၊

၂။ သင်္ခါရ (ပြုပြင်ဖန်တီးနေရသော လောကီကုသိုလ် အကုသိုလ်စေတနာ)၊ ၃။ ဝိညာဏ် (လောကီဝိပါက် ၃၂-ခု)၊

၄။ နာမ်ရုပ် (လောကီဝိပါက် ၃၂-ခု၌ရှိသော စေတသိက်နှင့်ကမ္မဇရုပ်)၊ ၅။ သဠာယတန (စက္ခု၊ သောတ စသော အာယတန ၆-ပါး)၊ ၆။ ဖဿ (အာရုံနှင့် တွေ့ထိခြင်း)၊

စာမျက်နှာ-382
၇။ ဝေဒနာ (အာရုံ၏ အရသာကို ခံစားခြင်း)၊

၈။ တဏှာ (အာရုံ၌ နှစ်သက်တပ်မက်ခြင်း)၊

၉။ ဥပါဒါန်(စွဲလမ်းသောတဏှာနှင့် အယူသီး ဒိဋ္ဌိ)၊ ၁၀။ ဘဝ (ကမ္မဘဝနှင့် ဥပပတ္တိဘဝ)၊

၁၁။ ဇာတိ(ရှေးရှေးဘဝ၌ ပြုခဲ့သော ကံအကြောင်းကြောင့် နောက်နောက် ဘဝ၌ အသစ်ဖြစ်ရသော ဇာတိ)၊

၁၂။ ဇရာ၊ မရဏ (ဘဝအသစ် ဇာတ်လမ်းမှာ အစိုးရသော အိုမင်းခြင်းဇရာ နှင့် ဇာတ်သိမ်းခန်းတွင် အစိုးရသော သေကျေပျက်စီးခြင်းမရဏ)။

စိုးရိမ်ခြင်းသောက၊ ငိုကြွေးခြင်းပရိဒေဝ၊ ခန္ဓာကိုယ် ဆင်းရဲပင်ပန်းခြင်း ဒုက္ခ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ ပြင်းစွာ ပင်ပန်းဆင်းရဲခြင်း ဥပါယာသဟူသော ဒေါသတရားတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ပါးတွင် ထည့်သွင်းရေတွက်ခြင်းမပြုရ။ အကြောင်းမှာ ဇာတိကြောင့်လည်း သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တို့ ဖြစ်ပေါ်၏။ ဇရာကြောင့်လည်း ဖြစ်ပေါ်၏။ မရဏကြောင့်လည်း ဖြစ်ပေါ်၏။ ဒုက္ခကြောင့်လည်း ဖြစ်ပေါ်၏။

ဇာတိသည် သောကစသည်တို့၏ ထင်ရှားပြဋ္ဌာန်းသော အကြောင်းလည်းမဟုတ်၊ သောကစသည်တို့သည် ဇာတိ၏ အကျိုးလည်း ဧကန်မဟုတ်၊ ဇရာ၏အကျိုးလည်း ဧကန်မဟုတ်၊ ဘယ်သူ့အကျိုးမှ ဧကန်မဟုတ်သောကြောင့် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ကို ပဋိစ္စသမုပ္ပါဒအင်္ဂါ (၁၂)ပါးထဲတွင် ထည့်သွင်း ရေတွက်ခြင်းမပြုရ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဖြစ်နေသူတို့မှာ အဝိဇ္ဇာမကင်းသေးကြောင်း သိစေလိုသောကြောင့်သာ သောက၊ ပရိဒေဝ စသည် တို့ကို ဆက်လက်ဟောကြားခြင်း ဖြစ်၏။

ဖော်ပြခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါးကို ကျေကျေညက်ညက် ကွက်ကွက် ကွင်းကွင်း သိမြင်ရေတွက်နိုင်အောင် လေ့လာကျက်မှတ်ထားမှသာ ပဋိစ္စသမုပ္ပါဒ်တွင် ကာလသုံးပါး၊ ဝဋ်သုံးပါး၊ ခြင်းရာနှစ်ဆယ်၊ အစပ်သုံးပါး၊ အလွှာလေးပါးတို့ကို ကွဲပြားအောင် မှတ်သားရေတွက်နိုင်မည် ဖြစ်၏။

စာမျက်နှာ-383

ကာလသုံးပါး

၁။ အဝိဇ္ဇာ၊ သင်္ခါရသည် အတိတ်ကာလ။

၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ သည် ပစ္စုပ္ပန်ကာလ။

၃။ ဇာတိ၊ ဇရာမရဏသည် အနာဂတ် ကာလ။

ဝဋ်သုံးပါး

၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသဝဋ်မည်၏။

၂။ သင်္ခါရ၊ ကမ္မဘဝသည် ကမ္မဝဋ်မည်၏။

၃။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာမရဏသည် ဝိပါကဝဋ်မည်၏။

ခြင်းရာနှစ်ဆယ်

၁။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ဟူသော အတိတ်အကြောင်း ခြင်းရာ(၅)ပါး၊

၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုး ခြင်းရာ(၅)ပါး၊

၃။ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ဟူသော ပစ္စုပ္ပန်အကြောင်း ခြင်းရာ(၅)ပါး၊

၄။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (ဇာတိ၊ ဇရာမရဏ)ဟူသော အနာဂတ်အကျိုး ခြင်းရာ(၅)ပါး။

ထို့ကြောင့် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝသည် အတိတ် အကြောင်း ငါးပါးဖြစ်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် ပစ္စုပ္ပန် အကျိုးငါးပါးဖြစ်၏။ ဤကား ပုဗ္ဗန္တဘဝစက်တည်း။

တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရသည် ပစ္စုပ္ပန်အကြောင်းငါးပါးဖြစ်၏ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် အနာဂတ်အကျိုးငါးပါးဖြစ်၏၊ ဤကား အပရန္တဘဝစက်တည်း။

ဤသို့လျှင် အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကျိုးငါးပါးနှင့် ပစ္စုပ္ပန် အကြောင်းငါးပါး၊ အနာဂတ်အကျိုးငါးပါးဟူ၍ ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်တွင် အခြင်းအရာနှစ်ဆယ်ရှိ၏။

စာမျက်နှာ-384

အစပ်သုံးပါး

၁။ သင်္ခါရနှင့် ဝိညာဏ်အကြားသည် တစ်စပ်။ (ပထမအစပ်)

၂။ ဝေဒနာနှင့်တဏှာအကြားသည် တစ်စပ်။ (ဒုတိယအစပ်)

၃။ ဘဝနှင့် ဇာတိအကြားသည် တစ်စပ်။ (တတိယအစပ်)

ပထမအစပ်သည် အတိတ်နှင့် ပစ္စုပ္ပန်စပ်ခြင်း၊ အကြောင်းနှင့် အကျိုးစပ်ခြင်း၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးစပ်ခြင်းဟု သုံးနည်းရ၏။

ဒုတိယအစပ်သည် ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန်စပ်ခြင်း၊ အကျိုးနှင့် အကြောင်းစပ်ခြင်း၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်းစပ်ခြင်းဟု သုံးနည်းရ၏။

တတိယအစပ်သည် ပစ္စုပ္ပန်နှင့် အနာဂတ်စပ်ခြင်း၊ အကြောင်းနှင့်အကျိုးစပ်ခြင်း၊ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးစပ်ခြင်းဟု သုံးနည်းရ၏။

အလွှာလေးပါး

၁။ အဝိဇ္ဇာ၊ သင်္ခါရသည် တစ်လွှာ

၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် တစ်လွှာ ၃။ တဏှာ၊ ဥပါဒါန်၊ ဘဝသည် တစ်လွှာ၊

၄။ ဇာတိ၊ ဇရာ မရဏသည် တစ်လွှာ။

တနည်း

၁။ အတိတ်အကြောင်း ငါးပါးသည် တစ်လွှာ၊

၂။ ပစ္စုပ္ပန်အကျိုး ငါးပါးသည် တစ်လွှာ၊

၃။ ပစ္စုပ္ပန်အကြောင်း ငါးပါးသည် တစ်လွှာ၊

၄။ အနာဂတ်အကျိုး ငါးပါးသည် တစ်လွှာ။

မူလနှစ်ပါး

၁။ အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလဖြစ်၏။

၂။ တဏှာသည် အပရန္တဘဝစက်၏ မူလဖြစ်၏။

ဘဝခန္ဓာ၏ ရှေ့အဖို့အစုသည် ပုဗ္ဗန္တဖြစ်၏။ ဘဝခန္ဓာ၏ နောက်အဖို့အစုသည် အပရန္တဖြစ်၏။

စာမျက်နှာ-385
မသိခြင်း (မောဟ)ကြောင့် အကုသိုလ်လုပ်ငန်း သင်္ခါရဖြစ်ပေါ်လာသည်ဟု ဆိုခြင်းကို လက်ခံကြမည်ဖြစ်သော်လည်း မသိခြင်း (မောဟ)ကြောင့် ကုသိုလ် လုပ်ငန်း သင်္ခါရဖြစ်ပေါ်လာသည်ဟု ဆိုသောအခါ မျက်စိလည်တတ်ကြသည်။

စင်စစ်မှာ ဘုရား၊ ရဟန္တာ မဖြစ်သေးလျှင် ဆင်းရဲဟူသမျှ လုံးဝကင်းပြီးဖြစ်သော နိဗ္ဗာန်ကို အဓိကမထားဘဲ ကုသိုလ်လုပ်ငန်းသင်္ခါရတွေ ပြုလုပ်နေပါက လူ နတ် ဗြဟ္မာချမ်းသာများကိုသာ ရရှိမည်ဖြစ်သည်။ လူ နတ် ဗြဟ္မာ ချမ်းသာတို့သည် ဆင်းရဲ မကင်းကြသေးပါ။ ဆင်းရဲမကင်းသော လူ နတ် ဗြဟ္မာ ချမ်းသာတို့ကို ရရှိစေနိုင်သည့် ကုသိုလ်လုပ်ငန်း သင်္ခါရတွေ ဖြစ်ပေါ်နေခြင်းသည် မသိခြင်း (မောဟ) ကြောင့်သာ ဖြစ်သည်ဟု ဆိုလို၏။ ဘုရား ရဟန္တာ ဖြစ်သွားသောအခါ ကုသိုလ်နှင့် အကုသိုလ်တို့ကို လုံးဝပယ်ပြီးသား ဖြစ်သွား၏။ အကုသိုလ်မှုကို လုံးဝ မပြုတော့ပါ၊ ဘုရား ရဟန္တာတို့က တရားဟောခြင်း၊ လိမ္မာအောင် ဆုံးမခြင်းဟူသော လုပ်ငန်းများသည် ကုသိုလ်ကောင်းမှုတွေ မဟုတ်ပါလောဟု မေးစရာဖြစ်၏။ ဘုရား၊ ရဟန္တာတို့၏ ထိုကဲ့သို့သော လုပ်ငန်းများသည် ကုသိုလ်ကောင်းမှု မဖြစ်တော့ပါ။ သတ္တဝါတွေ ချမ်းသာရေးအတွက် ပြုကာမတ္တသာ ဖြစ်သည်ဟု မှတ်ပါ။

မသိခြင်း (မောဟ)ကြောင့် အကုသိုလ်လုပ်ငန်း သင်္ခါရ၊ ကုသိုလ်လုပ်ငန်း သင်္ခါရ တွေ ဖြစ်ပေါ်လာ၏။ ကုသိုလ်၊ အကုသိုလ် သင်္ခါရလုပ်ငန်းများကြောင့် ပဋိသန္ဓေ ဝိညာဏ်၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ် စသည်တို့ ဖြစ်ပေါ်လာရ၏။

ဤသို့ စသည်ဖြင့် သတ္တဝါမှန်သမျှတို့၏ ခန္ဓာကိုယ်သန္တာန်၌ ကြောင်းကျိုးဆက်စပ် လျက် အဆက်မပြတ် ရုပ်နာမ်တွေ ဖြစ်ပေါ်နေခြင်းကို ပဋိစ္စသမုပ္ပါဒ် ဟုခေါ်၏။ သတ္တဝါအပေါင်းသည် မသိခြင်း အဝိဇ္ဇာနှင့် တပ်နှစ်သက်ခြင်း တဏှာဟူသော ဘဝစက်ရဟတ်၏ မူလဇာစ်မြစ် ခိုင်မြဲမှ စက်ဝိုင်းနှစ်ခုဖြင့် သံသရာဘဝအထပ်ထပ် မရပ်မတည် တလည်လည် လှည့်ပတ်သွားလာနေရခြင်းကို ပဋိစ္စသမုပ္ပါဒ်ဟု ဘုရားရှင် ဟောတော်မူ၏။

ဤသို့လျှင် ဘဝစက်ရဟတ်ကို သိ၊ သင်၊ ကြားနာထားသော သုတမယဉာဏ်၊ သိ၊ သင်၊ ကြားနာမှုအပေါ် မူတည်၍ ကြံစည် တွေးခေါ် မြော်မြင်မှ စိန္တာမယဉာဏ်၊ တရားအားထုတ်ကြိုးစား၍ ထိုးထွင်းသိသော ဘာဝနာမယဉာဏ် တို့ဖြင့် လျော်စွာ မသိသေးသမျှ ကာလပတ်လုံး သတ္တဝါအပေါင်းသည် သမုဒ္ဒရာ၌ ယုန်ငယ်ပမာ သံသရာ၌ ဆောက်တည်ရာမရဘဲ ရှည်ကြာဒုက္ခ တွေ့ကြုံနေရမည်သာ ဖြစ်၏။

စာမျက်နှာ-386
မသိခြင်း အဝိဇ္ဇာ (မောဟ)ကြောင့် ကုသိုလ်လုပ်ငန်း သင်္ခါရနှင့် အကုသိုလ် လုပ်ငန်း သင်္ခါရတွေဖြစ်သည်ဟု ဆိုရာ၌ သင်္ခါရသည် လောကီကုသိုလ် အကုသိုလ် စေတနာဖြစ်၏။

ပင်လယ်သမုဒြာ၌ သင်္ဘောပျက်၍ ရေနစ်မျောပါသူသည် ဆင်သေကောင်ပုပ်ကို တွေ့ သောအခါ ပုပ်စော်နံ၍ ရွံ့စရာဖြစ်သော်လည်း ကမ်းပါးသို့ ရောက်အောင် ရပ်တည်ပို့ဆောင်နိုင်သည် ဖြစ်သောကြောင့် တွယ်ကပ်မှီခိုလိုက်ပါသွားရပါဘိသကဲ့သို့ ကုသိုလ်ကောင်းမှု ပုညာဘိသင်္ခါရတွေဖြစ်အောင် ရွက်ဆောင် ကြိုးစားရမည်သာ ဖြစ်၏။ သံသရာဝဋ်မှ လွတ်မြောက်နိုင်သော ဝိဝဋဿိတ ကုသိုလ်ဖြစ်အောင် ရွက်ဆောင်ကြိုးစားသင့်၏။

ချမ်းသာသုခ လိုလားသောသူသည် ဘုရားဟော အဘိဓမ္မာဝိဘင်းပါဠိတော် လာ ပဋိစ္စသမုပ္ပါဒအကျဉ်းပါဠိမျှကို ရှေးဦးစွာ အလွတ်ရအောင် ကျက်ထားရမည်။ ပါဠိရသောအခါ အနက် နိဿယကိုပါ ရအောင် ဆက်၍ ကျက်ထားရမည်။

အရကျက်၍ အသက်ထက်ဆုံး အမြဲဆောင်ရွက်သူသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဓမ္မစေတီကျောင်းတော်နှင့် တူ၏။ လူနတ်တို့ ရှိခိုးပူဇော်ခြင်းကို ခံထိုက်သည်ဟု သိအပ်၏။

ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ ဟူ၍ စေတီလေးမျိုး ရှိသည်တွင် ဓမ္မာနုဿတိ တည်ရှိသော သူ၏ ခန္ဓာကိုယ်သည် စေတီကျောင်းနှင့် အလားတူ၏။ လူနတ်တို့ ပူဇော်ထိုက်သည်ဟု ဝိသုဒ္ဓိမဂ်အဋ္ဌ ကထာမှာ လာရှိ၏။

ပဋိလောမပဋိစ္စသမုပ္ပါဒ်ပါဠိတော်

အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊

ဝိညာဏနိရောဓာ နာမရူပနိရောဓော၊

နာမရူပနိရောဓာ အဠာယတနနိရောဓော၊

သဠာယတနနိရောဓာ ဖဿနိရောဓော၊

ဖဿနိရောဓာ ဝေဒနာနိရောဓော၊

ဝေဒနာနိရောဓာ တဏှာနိရောဓော၊

စာမျက်နှာ-387
တဏှာနိရောဓာ ဥပါဒါနနိရောဓော၊

ဥပါဒါနနိရောဓာ ဘဝနိရောဓော၊

ဘဝနိရောဓာ ဇာတိနိရောဓော၊

ဇာတိနိရောဓာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

အနက်

အဝိဇ္ဇာယ တွေဝ၊ အဝိဇ္ဇာ၏သာလျှင်၊ အသေသဝိရာဂနိရောဓာ၊ ဝိရာဂမည်သော ဝိဇ္ဇာဉာဏ်ဖြင့် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကြောင့်၊ သင်္ခါရနိရောဓော၊ အကုသိုလ် ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

သင်္ခါရနိရောဓာ၊ အကုသိုလ်ကံ၊ ကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဝိညာဏနိရောဓော၊ ဘဝသစ်ဝိညာဏ်၏ မပေါ်အလျှင်း ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဝိညာဏနိရောဓာ၊ ဝိညာဏ်၏ ချုပ်ငြိမ်းခြင်းကြောင့်။ နာမရူပနိရောဓော၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

နာမရူပနိရောဓာ၊ နာမ်ရုပ်၏ ချုပ်ငြိမ်းခြင်းကြောင့်။ သဠာယတနနိရောဓော၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

သဠာယတနိရောဓာ၊ သဠာယတန၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဖဿနိရောဓော၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဖဿနိရောဓာ၊ ဖဿ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ တဏှာနိရောဓော၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

တဏှာနိရောဓာ၊ တဏှာ ၆-ပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဥပါဒါနနိရောဓော၊ ဥပါဒါန်လေးပါး၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဥပါဒါနနိရောဓာ၊ ဥပါဒါန်လေးပါး၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဘဝနိရောဓော၊ ကမ္မဝ၊ ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဘဝနိရောဓာ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝတို့၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဇာတိနိ ရောဓော၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။

စာမျက်နှာ-388
ဇာတိနိရောဓာ၊ ဇာတိ၏ ချုပ်ငြိမ်းခြင်းကြောင့်။ ဇရာမရဏံ၊ အိုခြင်း သေခြင်း သည်လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာခြင်း၊ သက်ကြီးရှိုက်ငင် ပင်ပန်းခြင်းတို့သည် လည်းကောင်း။ နိရုဇ္ဈန္တိ၊ ချုပ်ငြိမ်းကုန်၏။ ဧဝံ၊ ဤသို့။ ကေဝလဿ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။ နိရောဓော၊ ချုပ်ငြိမ်းခြင်း သည်။ ဟောတိ၊ ဖြစ်၏။

ပဋိလောမပဋိစ္စသမုပ္ပါဒ် ပါဠိတော်နှင့် အနက်ပြီး၏။

ပဋိလောမ ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ်

အဝိဇ္ဇာကင်းပြတ်၍ ဝိဇ္ဇာအလင်းဓာတ်ဖြစ်ပုံ

ဤဒေသနာတော်၌ အဝိဇ္ဇာ အကြွင်းမဲ့ချုပ်ငြိမ်းမှုတစ်ခုသာ လိုရင်းတည်း။ သင်္ခါရ၏ ချုပ်ငြိမ်းမှု၊ ဝိညာဏ်၏ ချုပ်ငြိမ်းမှု၊ နာမ်ရုပ်ချုပ်ငြိမ်းမှု အစရှိသော ချုပ်ငြိမ်းမှုအစုသည် အဝိဇ္ဇာချုပ်ငြိမ်းမှုမှာ တလုံးတည်း တပါတည်း ပါလေ၏။ အနုလောမ ပဋိစ္စသမုပ္ပါဒ်ကား ဖြစ်ပေါ်မှုဖြစ်၍ တရားလည်း အသီးသီးရ၏။ ဖြစ်ပေါ်မှုလည်း အသီးသီးရ၏။ ဤပဋိလောမ ပဋိစ္စသမုပ္ပါဒ်၌ကား ဖြစ်ပေါ်မှုမဟုတ် ချုပ်ငြိမ်းမှု ရုပ်သိမ်းမှု ဖြစ်လေသောကြောင့် တရားလည်း အသီးသီးမပေါ်ပြီ ချုပ်မှုလည်း အသီးသီး မဟုတ်ပြီ။

ဥပမာကား။ ။ညောင်မျိုးစေ့ရှိ၍ ညောင်မျိုးစေ့မှ ညောင်ညှောက်ဖြစ်သည်။ ညောင်ညှောက်မှ ညောင်ပင်ဖြစ်သည်။ ညောင်ပင်မှ ညောင်ကိုင်း ဖြစ်သည်။ ညောင်ကိုင်းမှ ညောင်ခက်ဖြစ်သည်။ ညောင်ခက်မှ ညောင်သီးဖြစ် သည်။ ညောင်သီးမှ ညောင်စေ့ဖြစ်သည်။ ညောင်စေ့မှ ညောင်ညှောက်ဖြစ်သည် အစရှိသည် ဖြင့် မဆုံးနိုင်အောင် သွား၏။ ထိုသို့သွားရာ၌ ဖြစ်ပေါ်ပေါက်ပွားသွား မှုဖြစ်သော ကြောင့် အစေ့တခြား အညှောက်တခြား အပင်တခြား အကိုင်းတခြား စသည်ဖြင့် အသီးသီးရသည်။ ညောင်စေ့ကွယ်ဆုံး၍ ညောင်ညှောက်ကွယ်ဆုံးသည်၊ ညောင်ညှောက်ကွယ်ဆုံး၍ ညောင်ပင်ကွယ်ဆုံးသည် အစရှိသည်ဖြင့် ဖြစ်ရာ၌ ဤကဲ့သို့ အစဉ်အဆက်နှင့် ဆိုကား ဆိုရ၏။ ဆိုသော်လည်း အမှုမှန်မှာ မျိုးစေ့ကွယ်ဆုံးလျှင် အညှောက်ပင် ပေါက်ခွင့်မရှိတော့ပြီ၊ အပင် စသည်မှာ ဝေးစွတကား၊ မျိုးစေ့ကွယ် ဆုံးသည်ဟူသော စကားမှာလည်း အညှောက်မပေါက် မီ၊ မြေသို့မရောက်မီ မီးမှာ အကျွမ်းဖုတ်၍ ကွယ်ဆုံးသည်ကို ဆိုလိုသည်။

စာမျက်နှာ-389
ဤပဋိလောမဒေသနာ၌ အဝိဇ္ဇာချုပ်ငြိမ်းမှု ဆိုသည်ကား နိဗ္ဗာန်ပင်တည်း။ ထိုအဝိဇ္ဇာချုပ်ငြိမ်းစေနိုင်သော တရားကား ဝိဇ္ဇာတည်း။ ထိုဝိဇ္ဇာသည်

ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ-

ဟူသော ပါဠိတော်နှင့်အညီ လေးပါးရှိ၏၊ ဒုက္ခသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး သမုဒယသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး၊ နိရောဓသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါး၊ မဂ္ဂသစ္စာကို ဖွင့်ပြသော ဝိဇ္ဇာတစ်ပါးဟူ၍ လေးပါးရှိပါသည်။

ညောင်ပင်ဥပမာ၌ ညောင်ပင်အစဉ်အဆက်ကို မျိုးပြတ်စေလိုသည်ရှိသော် ညောင်စေ့ကို ဖျက်ဆီးမှုအလုပ်တစ်ခုသာ ရှိ၏။ ညောင်စေ့ကို မီးမှာ အကျွမ်းဖုတ် ၍ပစ်ခဲ့လျှင် ထိုအစေ့မှ အဆက်ဆက်ဖြစ်ပွား၍ သွားလတ္တံသော အခြင်းအရာစုသည် အစေ့မပျက်ရာတွင် တချက်တည်း တလုံးတည်း တပြိုင်တည်း ပါကြလေကုန်၏။

ထို့အတူ အနုလောမ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်တည်းဟူသော သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်လိုသော သူမှာလည်း အဝိဇ္ဇာဓာတ်ကို သတ်မှု အလုပ် တစ်ခုသာရှိ၏။ အဝိဇ္ဇာ ဓာတ်တစ်လုံးသေလျှင် အနမတဂ္ဂသံသရာ စက်ရဟတ် ပြတ်လေတော့သည်။

အဝိဇ္ဇာဓာတ်ကိုလည်း ဝိဇ္ဇာဓာတ်မှ သတ်နိုင်သည်၊ ဒါနမှုလည်း မသတ်နိုင်၊ သီလမှုလည်း မသတ်နိုင်၊ ဝိဇ္ဇာဘာဝနာမှတပါး အခြားသော ဘာဝနာမှုလည်း မသတ်နိုင်၊ ဝိဇ္ဇာဘာဝနာတစ်ခုသာ အဝိဇ္ဇာကို သတ်နိုင်သည်။ ဒါန၊ သီလ၊ တပါး တခြားသော ဘာဝနာမှုသည်ကား ထိုဝိဇ္ဇာဘာဝနာ၏ အခြေခံတို့သာတည်း။

အဝိဇ္ဇာလေးပါးတွင် ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာမှောင်တိုက် အမိုက် အမဲကို ဒုက္ခသစ္စာ၌ အလင်းဖွင့်ပြသော ဝိဇ္ဇာဆီမီးရောင်၊ ဝိဇ္ဇာနေရောင်မှ ပယ်ဖျက် နိုင်သည်။ နောက်သစ္စာသုံးပါး၌ ဖုံးလွှမ်းသော အဝိဇ္ဇာမှောင်ဓာတ်သုံးပါးနှင့် ဝိဇ္ဇာ အရောင် ဓာတ်သုံးပါးတို့၌လည်း ဤနည်းတူသိလေ။

ထိုလေးပါးသော အဝိဇ္ဇာမှောင်ဓာတ်၊ ဝိဇ္ဇာအရောင်ဓာတ်တို့တွင်လည်း ဒုက္ခသစ္စာ မှာ ဖုံးလွှမ်းသော အမှောင်ဓာတ်ကို သတ်မှုတစ်ခုသာ လိုရင်းတည်း။ ထိုအမှောင် ဓာတ်ကို သတ်လိုက်လျှင် ကြွင်းသောအမှောင်ဓာတ် သုံးပါးလည်း ပါလေတော့သည်။ ဒုက္ခသစ္စာမှာ ဖုံးလွှမ်းသော အမှောင်ဓာတ်ကို သတ်မှုဆိုသည်ကား ဒုက္ခသစ္စာတရား

စာမျက်နှာ-390
တို့၌ ဝိဇ္ဇာဉာဏ်ပေါ်အောင် (ဝါ) ဝိဇ္ဇာအမှောင်ဓာတ်မှ ဝိဇ္ဇာအရောင်ဓာတ်ဖြစ် လာအောင် အားထုတ်မှုပင်တည်း။

ဇရာ၊ မရဏမီးတို့မှ လွတ်လမ်းဖြစ်သော အလုပ်မှန်မည်သည်ကား ဝိဇ္ဇာ ဉာဏ်ကို တစ်နေ့တခြား တိုးပွားအောင် ထူထောင်၍ ဝိဇ္ဇာမှောင်ကို တစ်နေ့ တခြား ပါးရှားဆုတ်ယုတ် အကုန်ချုပ်အောင် အားထုတ်မှုသည်သာလျှင် လမ်းဖြောင့်အလုပ် မည်၏။ ထိုသို့သောအလုပ်ကို လုပ်သောသူသည် သုပ္ပဋိပန္န ၊ ဥဇုပ္ပဋိပန္န ၊ ဉာယပ္ပဋိပန္န၊ သာမီစိပ္ပဋိပန္န အရာရောက်၏။ ထိုအလုပ်၏ အခြေအနေကာ အားခွန်ဗလ မလျော့ရအောင် ခန္ဓာကိုယ်ကို မွေးမြူမှု၊ သီလစင်ကြယ်မှု၊ အပိုအမို ပလိဗောဓ ကင်းရှင်းမှုပေတည်း။ ထိုကဲ့သို့ ဥဇုပ္ပဋိပန္န အလုပ်လက်ရှိနှင့် အားထုတ် နေထိုင်သော သူတို့အား အဝိဇ္ဇာမှောင်သည် တစ်နေ့တခြား၊ တစ်လတခြား၊ တစ်နှစ်တခြား ရှားပါးဆုတ်ယုတ်၍ ယခုဘဝ၌သော်လည်းကောင်း၊ နောက်ဘဝ နတ်ဘုံသို့ ရောက်သော အခါ၌သော်လည်းကောင်း အဝိဇ္ဇာမှောင်ဓာတ်သည် ချုပ်ငြိမ်းလတ္တံ့ဟု မြတ်စွာဘုရား အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူပါသည်၊

အဝိဇ္ဇာမှောင်ကို တစ်နေ့တခြား၊ တစ်လတခြား၊ တစ်နှစ်တခြား ပါးရှားချုပ်ငြိမ်း အောင် အားထုတ်သောအလုပ်ကို ချန်လှပ်၍ ထိုအလုပ်မှတပါးသော ခပ်သိမ်းသော ကာယကံအလုပ်၊ ဝစီကံအလုပ်၊ မနောကံအလုပ်စုသည် ဇရာ၊ မရဏမီးတို့မှ လွတ်လမ်း၊ ကျွတ်လမ်း မဟုတ်ကုန်။ အဝိဇ္ဇာအစီးအပွား၊ ဇရာ၊ မရဏမီးတို့၏ အစီးအပွားအားကြီးသော အလုပ်တို့သာတည်း၊ အဝိဇ္ဇာအစီးအပွား အားကြီးသဖြင့် လည်း “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံအစရှိသော အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်မြတ်အတိုင်း ဇရာမီး မရဏမီး ပွားစီးလမ်း ဖြစ်ချေ၏၊ ဒုက္ခလမ်းမှန် ဖြစ်ချေ၏။

အဝိဇ္ဇာ၏ ကျွတ်လမ်း၊ လွတ်လမ်းဖြစ်သော အလုပ်ကို မလုပ်နိုင် မလုပ်ဖြစ်အောင် တားမြစ် ဖွဲ့နှောင်၍နေသော တဏှာသည် ဒုက္ခလမ်းမှန် ဖြစ်၏။ ဤတဏှာကို ပယ်နိုင်လျှင် သုခလမ်းမှန် အလုပ်ကို ကောင်းကောင်းလုပ်နိုင်၏။ အဝိဇ္ဇာဟူသော သံသရာဝဋ်မြစ် ကျွတ်ခွင့်သို့ ဆိုက်၏။ ခပ်သိမ်းသောဒုက္ခမှ လွတ်၏။ ဤတဏှာကို မပယ်နိုင်လျှင် သုခလမ်းမှန်အလုပ်ကို မလုပ်နိုင်ကြပေ။ အဝိဇ္ဇာဟူသော သံသရာဝဋ်မြစ် စည်ကားရန် အခွင့်၌ တည်ကြ၏။ ခပ်သိမ်းသော ဒုက္ခ စွပ်လျက်နေကြ၏။

စာမျက်နှာ-391
ထို့ကြောင့် တဏှာသည်သာလျှင် ခပ်သိမ်းသော ဒုက္ခတို့သို့ ရောက်ကြောင်း တွေ့ကြောင်း ဒုက္ခလမ်းမှန်ကြီးပင်ဖြစ်၏ဟု သိအပ်၏။

“ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ” ဆိုသည်ကား အသိဉာဏ်လျင်မြန်ခွင့်နှင့် ထောက် စာသော် သတိဖြစ်မှုက နှေးရာသေး၏။ ရှေးလူဖြစ်စဉ် ရဟန်းဖြစ်စဉ်က လေ့ကျက် ခဲ့သော တရားစုကို အမှတ်ရသည်နှင့်တပြိုင်နက် အဝိဇ္ဇာကို သတ်နိုင်သော ဝိဇ္ဇာဓာတ် ပေါ်နိုင်၏ဟူလို။ ဤဒေသနာတော်ဖြင့် ယခုဘဝ၌ လူအဖြစ် ရဟန်းအဖြစ်ကိုရ၍ အဝိဇ္ဇာကိုသတ်ခြင်းငှာ အားထုတ်သောပုဂ္ဂိုလ်တို့သည် အကြောင်းမစုံလင်၍ ယခု ဘဝ၌ မသတ်နိုင်ကြကုန်သည်ရှိသော် နတ်ပြည်သို့ ရောက်ကြသောအခါ ဉာဏ် ပညာ ရဲရဲတောက်ကြကုန်သဖြင့် အလွယ်တကူ အလျင်အမြန် သတ်နိုင်ကြကုန်လတ္တံ့ဟု ပြတော်မူသည်။ အဝိဇ္ဇာအမှောင်ဓာတ် ချုပ်ငြိမ်းလျှင်လည်း “အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော” အစရှိသော ဒေသနာတော်အတိုင်း သံသရာဝဋ်ဒုက္ခမှ ကျွတ်လမ်းလွတ်လမ်း ဖြောင့်တန်းလေတော့သည်။

စာမျက်နှာ-392

ဗောဓိပက္ခိယ

အခန်း (၄)

ဗောဓိပက္ခိယတရား (၃၇)ပါး

မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိ ပက္ခိယဟု ခေါ်ပါသည်။ (ဗောဓိ - မဂ်ဉဏ်၊ ပက္ခိယ - အဖို့အစု)

ဗောဓိပက္ခိယတရား (၃၇)ပါး

ဗောဓိပက္ခိယ တရားစုများကား-

(က) သတိပဋ္ဌာန် ၄-ပါး

(ခ) သမ္မပ္ပဓာန် ၄-ပါး

(ဂ) ဣဒ္ဓိပါဒ် ၄-ပါး

(ဃ) ဣန္ဒြေ ၅-ပါး

(င) ဗိုလ် ၅-ပါး

(စ) ဗောဇ္ဈင် ၇-ပါး

(ဆ) မဂ္ဂင် ၈-ပါး

စုစုပေါင်း ၃၇-ပါး ရှိပါသည်။

(က) သတိပဋ္ဌာန် ၄-ပါး

သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာ တည်သော သတိဟု အဓိပ္ပါယ်ရရှိပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုပါသည်။

တရားကိုယ်အားဖြင့် သတိစေတသိက် (၁)ပါးတည်း ဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ယူပုံအခြင်းအရာ ၄-မျိုး၊ ပယ်ခွါခြင်းကိစ္စ ၄-မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် ၄-မျိုး ပြားရခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ-

စာမျက်နှာ-393
၁။ ကာယာနုပဿနာသတိပဋ္ဌာန်၊

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်၊

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့ဖြစ်ပါသည်။

၁။ ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညင်းစသော ၃၂-ကောဋ္ဌာသ၌ အဖန်ဖန်ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံရှာဖွယ်ဖြစ်သော) အခြင်းအရာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသကို ပယ်ရှားနိုင်ပါသည်။

(သုဘဝိပလ္လာသ=တင့်တယ်၏ဟု ဖောက်ပြန်စွာမြင်မှု)

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တစ်နည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင် လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန် ရှုသောအခါ အဖြစ် အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ် နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားနိုင်ပါသည်။

(သုခ ဝိပလ္လာသ=ချမ်းသာ၏ဟု ဖောက်ပြန်စွာမြင်မှု)

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တစ်နည်းအားဖြင့် စိတ်ကိုအာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့်ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် ... အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာသိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန် ဖြင့် နိစ္စဝိပလ္လာသကို ပယ်ရှားနိုင်သည်။

(နိစ္စဝိပလ္လာသ=မြဲ၏ဟု ဖောက်ပြန်စွာမြင်မှု)

စာမျက်နှာ-394
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏ စသော ဓမ္မတို့၏ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့် ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှူသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက် လိပ်ပြာ ဝိညာဏ်)ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသကို ပယ်ရှားနိုင်ပါသည်။

(အတ္တဝိပလ္လာသ=အတ္တရှိ၏ဟု ဖောက်ပြန်စွာမြင်မှု)

(ခ) သမ္မပ္ပဓာန် ၄-ပါး

သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန် ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပါယ်ရရှိပါသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ကိစ္စ ၄-ပါးကို ပြီးစေနိုင် သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပါယ် ရရှိပါသည်။

တရားကိုယ်အားဖြင့် ဝီရိယ ၁-ပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့် ၄-မျိုး ဖြစ်သောကြောင့် သမ္မပ္ပဓာန် ၄-ပါး ပြားရပါသည်။ သမ္မပ္ပဓာန် ၄-ပါးကား ဖော်ပြလတ္တံ့ပါအတိုင်းဖြစ်သည် -

၁။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ်တရားကို ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်များသာ တိုးပွားလာမည်၊ ပူပန်ခြင်းကြောင့် ပြုမိသော အကုသိုလ်လည်း ပျောက်မည်မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။

၂။ မိမိသန္တာန်၌ နောင် ဖြစ်လတ္တံ့ ကုန်သော အကုသိုလ်တရားတို့ကို နောင် ဘဝအဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွားလာစေခြင်းငှ ဒါနမှု သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ်

စာမျက်နှာ-395
ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ်ပြုလုပ် နေရမည်ဟု ဆိုလိုပါသည်။

၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးကုန်သော ကုသိုလ်တရားတို့ကို မိမိသန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု သီလမှု ဘာဝနာမှု စသည်ကို ပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။

၄။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ကုသိုလ်တရားတို့ကို နိယာမ အဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွားစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုပါသည်။

(ဂ) ဣဒ္ဓိပါဒ် ၄-ပါး

ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ္ပါယ်ရရှိပါသည်။ ဣဒ္ဓိပါဒ်သည် ဖော်ပြလတ္တံ့ပါအတိုင်း ၄-ပါး ရှိပါသည် -

၁။ ဆန္ဒိဒ္ဓိပါဒ် = ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊

၂။ ဝီရိယိဒ္ဓိပါဒ် = ဝီရိယကြောင့် ပြီးပြည့်စုံမှု၊

၃။ စိတ္တိဒ္ဓိပါဒ် = စိတ်ကြောင့် ပြီးပြည့်စုံမှု၊

၄။ ဝီမံသိဒ္ဓိပါဒ် = ပညာကြောင့် ပြီးပြည့်စုံမှု။

၁။ ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူးထက်သန်သော ဆန္ဒကြောင့် ပြီးစီးပြည့်စုံလာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည်ကပင် ကောင်းသေး၏ဟု မရဘဲ နေရ သည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုး ဖြစ်သည်။

၂။ ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေ ဟူသော အင်္ဂါ ၄-ပါး ရှိသည့် ဝီရိယကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည် ရောက်မည် ပေါက်မည်ဟု အထင်ရှိနေသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပန်းခံရ သော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။

စာမျက်နှာ-396
၃။ စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာသည့် အခါမှ စ၍ အလွန်အကြူး ထက်သန်ခိုင်မာသော စိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုပါသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွားမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန်ပရိယတ်မှုများ၌ နေရ သော်လည်း ထိုအမှုတို့၌ စိတ်မပါ စိတ်မရှိ၊ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည်နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။

၄။ ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင် နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မ သဘာဝတို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာ ကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသော သူသည် လောကီတရား ချမ်းသာစီးပွားမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက်ရောက်အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။

(ဃ) ဣန္ဒြေ ၅-ပါး

ဣန္ဒြေဟူသည် စိတ်ကို အစိုးရနိုင်မှုဟု အဓိပ္ပာယ် ရရှိပါသည်။ မိမိနှင့် သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆိုလိုပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ ပါအတိုင်း ၅-ပါး ရှိသည်-

၁။ သဒ္ဓိန္ဒြေ = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း၊

၂။ ဝီရိယိန္ဒြေ = ဝီရိယဖြင့် စိတ်ကို အစိုးရခြင်း၊

၃။ သတိန္ဒြေ = သတိဖြင့် စိတ်ကို အစိုးရခြင်း၊

၄။ သမာဓိန္ဒြေ = သမာဓိဖြင့် စိတ်ကို အစိုးရခြင်း၊

၅။ ပညိန္ဒြေ = ပညာဖြင့် စိတ်ကို အစိုးရခြင်း။

၁။ သဒ္ဓိန္ဒြေ ဟူသည် ဒါနမှု သီလမှု အတုအပ ဘာဝနာမှုတို့၌ ဖြစ်သော ပကတိသဒ္ဓါမျိုး မဟုတ်ဘဲ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာ အလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွားလေအောင် ပျိုးထောင်ပြုပြင်၌ ထားအပ်သော ဘာဝနာ သဒ္ဓါမျိုးဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။

စာမျက်နှာ-397
၂။ ဝီရိယိန္ဒြေဟူသည် ပကတိဝီရိယမျိုး မဟုတ်ဘဲ ဘာဝနာဝီရိယမျိုးဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။

၃။ သတိန္ဒြေ၊

၄။ သမာဓိန္ဒြေ၊

၅။ ပညိန္ဒြေဟူသည်တို့မှာလည်း ပကတိသတိ၊ ပကတိသမာဓိ၊ ပကတိပညာ မျိုးမဟုတ်ဘဲ ဘာဝနာ-သတိ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။

(င) ဗိုလ် ငါးပါး

ဗိုလ်ဟူသည် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ဖိစီးတတ်သောတရားဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ ပါအတိုင်း ၅- ပါး ရှိပါသည်။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို တိုက်ဖျက်မည့် ဗိုလ်ချုပ်ကြီး ၅-ဦး၊ အားကြီး ၅-ပါးပင် ဖြစ်ပါသည်။

၁။ သဒ္ဓါဗိုလ် = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

၂။ ဝီရိယဗိုလ် = ဝီရိယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

၃။ သတိဗိုလ် = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

၄။ သမာဓိဗိုလ် = သမာဓိဖြင့်ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

၅။ ပညာဗိုလ် = ပညာဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

ယင်းဗိုလ်များမှာလည်း ဣန္ဒြေ ၅-ပါးကဲ့သို့ပင် ပကတိဗိုလ်များမဟုတ်ဘဲ ဘာဝနာဗိုလ်များ ဖြစ်ပါသည်။

(စ) ဗောဇ္ဈင် ၇-ပါး

ဗောဇ္ဈင်ဟူသည် သစ္စာ ၄-ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပါယ်ရရှိပါသည်။ ဗောဇ္ဈင် ၇-ပါးမှာ ဖော်ပြလတ္တံ့ပါ အတိုင်းဖြစ်ပါသည်-

၁။ သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိ မဂ္ဂင်ခေါ်သော သတိစေတသိက်၊

စာမျက်နှာ-398
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိ မဂ္ဂင်ခေါ်သော ပညာစေတသိက်(တစ်နည်း) ဒိဋ္ဌိဝိသုဒ္ဓိအစရှိသော ပညာဝိသုဒ္ဓိ ၅- ပါး၊ အနုပဿနာဉာဏ် ၃-ပါးနှင့် ဝိပဿနာဉာဏ် ၁၀-ပါးသည် ဓမ္မဝိစယ သမ္ဗောဇ္ဈင် မည်၏။

၃။ ဝီရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် ၄-ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်၊

၄။ ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ (ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း နှစ်သက်ခြင်း ပီတိစေတသိက်၊

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့် ဖြစ်သော ကိုယ်စိတ် ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း၊

၆။ သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင် ဟူသော သမာဓိတရား၊

၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျ နိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒ အမှုများစွာရှိသည်၊ အချိုးအစားကျလာသော အခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်း ဟူသော တတြမဇ္ဈတ္တတာ စေတသိက်။

စကြာရတနာ (၇)ပါးပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင်(၇)ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော် အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။

စာမျက်နှာ-399

(ဆ) မဂ္ဂင် ၈ ပါး

မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ ပါအတိုင်း ၈-ပါး ရှိပါသည် -

၁။ သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်၊

၂။ သမ္မာသင်္ကပ္ပ = မှန်သောအကြံ၊

၃။ သမ္မာဝါစာ = မှန်သောစကား၊

၄။ သမ္မာကမ္မန္တ = မှန်သောအမှုအလုပ်၊

၅။ သမ္မာအာဇီဝ = မှန်သောအသက်မွေးဝမ်းကျောင်း၊

၆။ သမ္မာဝါယာမ = မှန်သောအားထုတ်မှု၊

၇။ သမ္မာသတိ = မှန်သောအောက်မေ့မှု နှလုံးသွင်းမှု၊

၈။ သမ္မာသမာဓိ = မှန်သော တည်ကြည်မှု စူးစိုက်မှု၊

မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ပုံ

သက္ကာယဒိဋ္ဌိစသော မိစ္ဆာဒိဋ္ဌိ(အယူမှား) နိုင်ငံကြီးကိုဖျက်ဆီးပြီး သစ္စာလေးပါး အလင်းတရားကို မြင်နိုင်သော သမ္မာဒိဋ္ဌိ အယူရှိသူ၌ ဝဋ်ဒုက္ခမှ ထွက်မြောက် ကြောင်း အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပျက်စီးစေလိုသော အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပင်ပန်းစေလိုသော အကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပ အကြံသာဖြစ်သည်။ ယင်းသမ္မာသင်္ကပ္ပ အကြံအစည်မျိုး ရှိသောသူသည် ဝစီဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော အပြောအဆို ဝစီကံဟူသော သမ္မာဝါစာတစ်မျိုးကိုသာ ပြောဆိုမည်ဖြစ်ပါသည်။ ဒုစရိုက်ကင်းသော သမ္မာဝါစာ ရှိသူသည် ထို့ထက်ရုန့်ရင်းသော ကာယဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ် ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။

အမြင်များ အကြံအစည်များ ကာယကံများ ဝစီကံများ စင်ကြယ်လျက်ရှိသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သော အသက်မွေးမှုများကို ပြုလုပ်တော့မည်မဟုတ်သည့်အတွက် သမ္မာအာဇီဝဖြစ်လာပါသည်။ အမြင် အကြံ ကာယကံ ဝစီကံနှင့် အသက်မွေးမှု စင်ကြယ်သော် ဝီရိယသာ အမြဲတည်သောကြောင့် သမ္မာဝါယာမ ဖြစ်လာရပြန်ပါသည်။

စာမျက်နှာ-400
ထိုအခါ သီလ သမာဓိ ပညာအမှုတို့၌ စွဲမြဲသော သမ္မာသတိ မဂ္ဂင် နှင့် သမ္မာသမာဓိ မဂ္ဂင်တို့လည်း ဆက်ကာ ဆက်ကာ တည်ရှိလာရပါသည်။

မဂ္ဂင် ၈-ပါးကို သိက္ခာ ၃-ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် ၈-ပါးတွင် သမ္မာဝါစာ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ ၃-ပါးသည် သီလတရားစုဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ၃-ပါးသည် သမာဓိတရားစုဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ၂-ပါးသည် ပညာတရားစု ဖြစ်ပါသည်။

ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမကသီလ၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလဟူ၍ (၂)မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက်၃-ပါး(ပါဏာတိပါတ-အဒိန္နာဒါန-ကာမေသုမိစ္ဆာ စာရ)နှင့် ဝစီဒုစရိုက် ၄-ပါး(မုသာဝါဒ-ပိသုဏဝါစာ-ဖရုသဝါစာ-သမ္ဖပ္ပလာပ)ဟူသော ဒုစရိုက်တရားများလုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမက သီလလုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမက သီလ၌ အမွှမ်းတင်သီလ၊ အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် ၂၂၇-သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင် ထိန်းနေသူများသည် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ မဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။

သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်လျှင် အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ် လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ပါသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်ပါသည်။ ယင်း သီလ၊ သမာဓိ မဂ္ဂင်နှင့် ပြည့်စုံလျှင် ထိုက်သည်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ မဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။

စာမျက်နှာ-401

အခန်း (၅)

သစ္စာ(၄)ပါးတရား

သစ္စာ (၄)ပါး တရားကို ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့၏။ မြတ်စွာဗုဒ္ဓ ဟောကြားသမျှ ဒေသနာအားလုံးသည် သစ္စာ (၄)ပါးနှင့် လွတ်သော တရားမရှိပေ။

ဒုက္ခသစ္စာ

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား)ဆိုသည်မှာ ဘဝအသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ် အာရုံတို့နှင့်ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ၊ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း ဆင်းရဲ စသောဆင်းရဲခြင်းမျိုး အားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။

လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘဝသက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့် လောကီဈာန် ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း)ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသည်။ ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်၊

(၁) သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊

(၂) ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ဝိပရိဏာမဒုက္ခ၊

(၃) ပြုပြင်စီရင်ခြင်းခံရသည့် သဘော သင်္ခါရဒုက္ခ။

လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း ချစ်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွါရခြင်း၊ မိမိလိုအင်ဆန္ဒ

စာမျက်နှာ-402
မပြည့်၀ခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သည် သာမန်ဆင်းရဲခြင်း အနက်သဘော ရှိသော ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။

ပျော်ရွှင်သော စိတ်နှလုံး၊ ချမ်းသာသော ဘဝအခြေတို့သည် အစဉ်ထာဝရ တည်မြဲ ခိုင်ခံ့ကြသည်မဟုတ်ပေ၊ အနှေးနှင့်အမြန် တမျိုးတဖုံ ပြောင်းလဲတတ်သည် သာဖြစ်သည်၊ ဤကဲ့သို့ ပြောင်းလဲသောအခါ နာကျင်ခြင်း၊ ဆင်းရဲခြင်း၊ စိတ်မချမ်း မြေ့ခြင်းတို့ ဖြစ်ပေါ်ရ၏။ ဤသို့ဖောက်ပြန် ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ဝိပရိဏာမဒုက္ခဟု ခေါ်သည်။

သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တဝါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ သတ္တဝါ, ပုဂ္ဂိုလ်, ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး ခန္ဓာငါးပါးပင် ဖြစ်သည်၊ ငါးပါးသော စွဲလမ်းတပ်မက်မှု အစုအဝေး (ပဉ္စပါဒါနက္ခန္ဓာ)သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တဝါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲဖြစ်သည်။

သတ္တဝါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန် ပြောင်းလဲလျက်ရှိ၏။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲပင် ဖြစ်သည်။

ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက်ရန် နားလည်ရန် အလွန်အရေး ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဟောကြားတော်မူသည့်အတိုင်း ဒုက္ခဆင်းရဲ ခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ သွားရာလမ်းကြောင်း ရောက် ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက်နားလည်ရန် အလွန် အရေးကြီးပါသည်။

သမုဒယသစ္စာ

သမုဒယသစ္စာ- အရိယာတို့ သိမြင်အပ်သည့် ဆင်းရဲဖြစ်ကြောင်း အမှန်တရား ဆိုသည်မှာ ကာမဂုဏ်၌ တပ်မက်ခြင်း ကာမတဏှာ၊ ဘဝ၌ တပ်မက်ခြင်း ဘဝ တဏှာ၊ ဘဝပြတ်ခြင်း၌ တပ်မက်ခြင်း ဝိဘဝတဏှာ ဟူသော တဏှာသုံးပါးဖြစ်၏။ ထိုတဏှာသုံးပါးသည် တဖန် ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက် တပ်မက်စွဲလမ်း

စာမျက်နှာ-403
ခြင်းနှင့်တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ ပျော်မွေ့လေ့ရှိ၏။ ထိုတပ်မက်မှု တဏှာ၊ ရမ္မက်၊ လောဘ၊ တောင့်တမှုသည် သတ္တဝါတို့၏ ဘဝခန္ဓာ အစဉ်အဆက် ဖြစ်ရေးကို ဖန်တီးပေးလေသည်။

ထိုတဏှာသည် ကာမဂုဏ်စည်းစိမ် ပစ္စည်းဥစ္စာ ရတနာနှင့် တန်ခိုးအာဏာ တို့ကို စွဲလမ်းတပ်မက်သော သဘောရှိသည်သာမက စိတ်ကူးစိတ်သမ်း အထင် အမြင်သဘော အယူအဆတွေးတောချက် ယုံကြည်ချက်တို့ကို စွဲလမ်းဆုပ်ကိုင်ထား ခြင်းလည်း တဏှာတွင် အပါအဝင် ဖြစ်လေသည်၊ ကမ္ဘာလောကတွင် အန်တု ဖက်ပြိုင်ဘေးဒုက္ခဆိုင်လေသမျှသည် ဤကိုယ်ကျိုးရှုတဏှာမှ ဖြစ်ပွားပေါ်ပေါက် လာခြင်းသာ ဖြစ်ပါသည်၊ ကမ္ဘာ့ပြဿနာအရပ်ရပ်နှင့် ဆင်းရဲဒုက္ခအပေါင်းတို့သည် အတ္တဟိတ ကိုယ်ကျိုးရှု လောဘရမ္မက်ကြောင့် ဖြစ်ပေါ်လာရလေသည်၊

ဘဝတည်ရှိစေလိုသော၊ ဘဝကို ဆက်လက်စေလိုသော၊ တစ်ဘ၀ပြီး တစ်ဘဝ ထပ်ခါထပ်ခါဖြစ်စေလိုသော အာသာဆန္ဒ စေတနာ ဇော ရမ္မက်တဏှာသည် ဤကမ္ဘာတွင် အင်အားအကြီးမားဆုံး ဖြစ်သည်။ ရူပကာယသည် အမှုကိစ္စ အားလုံး ဆောင်ရွက်မှုရပ်စဲ၍ သေဆုံးခြင်းသို့ရောက်ပြီဟု ဆိုရသောအခါတွင် ဤတဏှာ၏ စွမ်းအင်အဟုန်သည် ရပ်တန့်မှုမရှိဘဲ အခြားရုပ်သန္တာန်တစ်ခု၌ ဆက်လက်၍ ထင်ရှားပြပြန်လေသည်။ ဤသို့ဖြင့် ဘဝသစ်ကို တဖန် ဖြစ်ပေါ် လာစေပြန်ပါသည်။

ဘဝတည်ရှိရန်နှင့် ဘဝဖြစ်ပေါ်ရန် စွဲလမ်းသော တဏှာရှိနေသမျှ သံသရာ စက်ရဟတ်သည် ကျင်လည်မြဲ ကျင်လည်နေမည်သာ ဖြစ်သည်၊ ယင်း စက်ရဟတ်ကို ခုတ်မောင်းနေသည့် အင်အားတည်းဟူသော ဤ “တဏှာ”ကို “အမှန်တရားသစ္စာ (နိဗ္ဗာန်)”ကို မျက်မှောက်ပြုသော မဂ်ပညာဖြင့် ဖြတ်တောက်ပစ်နိုင်မှသာ ဤသံသရာ စက်ရဟတ်သည် အလည်ရပ်နိုင်တော့မည်ဖြစ်ပေသည်။

နိရောဓသစ္စာ

နိရောဓသစ္စာ-အရိယာတို့သည် သိအပ်သော ဆင်းရဲမှု ချုပ်ငြိမ်းခြင်းအမှန် တရားဆိုသည်မှာ တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ချုပ်ငြိမ်းခြင်း၊ ထိုတဏှာကို စွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှု ကင်းခြင်းပင် ဖြစ်သည်။ ထိုတဏှာ၏ ချုပ်ခြင်းကို နိရောဓနိဗ္ဗာန်ဟု ခေါ်ဆိုပါသည်။

စာမျက်နှာ-404
နိရောဓနိဗ္ဗာန်ဆိုသည်မှာ တဏှာ၏ လုံးဝချုပ်ငြိမ်းခြင်း၊ စွန့်ပစ်ခြင်း၊ လက်လွှတ် ခြင်း၊ တဏှာကျွန်ဘဝမှ လွတ်မြောက်ခြင်း၊ တဏှာမှ ထွက်မြောက်ခြင်း၊ တဏှာမှ စွန့်ခွာ ခွဲထွက်ခြင်း၊ ပြုပြင်စီရင်အပ်သော အရာအားလုံးတို့ ငြိမ်းအေးစေခြင်း၊ ကိလေသာ အညစ်အကြေးဟူသမျှ စွန့်လွှတ်ခြင်း၊ တဏှာကို ငြိမ်းသတ်ခြင်းကို ခေါ်ပါသည်။

တဏှာ၏ ကုန်ရာ၊ အမျက်ဒေါသကုန်ရာ၊ တွေဝေမိုက်မဲခြင်း ကုန်ရာကို အကြောင်းတရားတို့ မပြုပြင် မစီရင်အပ်သောတရား (အသင်္ခတ) နိဗ္ဗာန်ဟု ခေါ်သည်။

ဥပါဒါနက္ခန္ဓာငါးပါးတို့၌ စွဲလမ်းတောင့်တ တပ်မက်မှုကို စွန့်ပယ်ခြင်း၊ ဖြိုဖျက် ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းခြင်း၊ ခန္ဓာအစဉ်နှင့် ဘဝချုပ်ငြိမ်းခြင်း (ဘဝနိရောဓ) သည် နိဗ္ဗာန်ဖြစ်သည်။

နိဗ္ဗာန်တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ်ကြီး (၄)ပါး မရှိ၊ အလျား၊ အနံ၊ အနု၊ အကြမ်း၊ အကောင်း၊ အဆိုး၊ အမည်နာမ၊ ရုပ်သဏ္ဌာန် စသည့်သဘောတို့သည် လုံးဝပျက်ပြုန်းကုန်၏။ ဤကမ္ဘာလည်း မမည်၊ အခြား ကမ္ဘာလည်း မဟုတ်၊ လာခြင်း၊ သွားခြင်း၊ ရပ်တည်ခြင်း၊ သေဆုံးခြင်း၊ မွေးဖွားခြင်း မရှိ၊ အာရုံဝတ္ထုဟူ၍လည်း မတွေ့ရတော့ပေ။

အစဉ်အမြဲတည်ရှိ၍ မဖောက်မပြန် မပြောင်းလဲခြင်း သဘောရှိသော ပရမတ္ထ သစ္စာသည် နိဗ္ဗာန်မည်၏။ နိဗ္ဗာန်သည် သစ္စာတကာတို့၏ အထွတ်အထိပ် အန္တိမသစ္စာဖြစ်၍ နိဗ္ဗာန်၏ နောက်ကွယ်၌ သို့မဟုတ် နောက်ဆက်တွဲအဖြစ် မည်သည့်အရာမျှ မရှိနိုင်တော့ပေ။ နိဗ္ဗာန်သည် ဘဝကွယ်လွန်ပြီးမှသာ ရောက်ရှိ နိုင်မည်မဟုတ်ပေ။ ဤပစ္စုပ္ပန် (လက်ရှိအသက်တည်ဆဲ) ဘဝ၌ပင် မျက်မှောက် ပြုနိုင်ပေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သူသည် ကမ္ဘာတွင် စိတ်အချမ်း သာဆုံးပုဂ္ဂိုလ် ဖြစ်လေတော့သည်။

မဂ္ဂင်ခရီးလမ်းကြောင်းအတိုင်း စိတ်လက်ရှည်စွာ ပြင်းစွာသော ဝီရိယဖြင့် လျှောက်သွားပြီးနောက် ကိုယ်တိုင် စင်ကြယ်စေရန် ကျင့်ကြံ အားထုတ်၍ လိုအပ်သော သီလ သမာဓိ ပညာနှင့် ပြည့်စုံစေပါလျှင် မည်သူမဆို တနေ့တွင် ကိုယ်တွင်း၌ပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေသည်။

စာမျက်နှာ-405

မဂ္ဂသစ္စာ

မဂ္ဂသစ္စာ-အရိယာတို့သည် သိမြင်အပ်သော ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက် စေတတ်သည့် လမ်းမှန်ဆိုသည်မှာ မှန်စွာ မြင်ခြင်း၊ မှန်စွာ ကြံခြင်း၊ မှန်စွာ ပြောခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာ အသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာ သတိရခြင်း၊ မှန်စွာ စူးစိုက်တည်ကြည်ခြင်းဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အရိယမဂ်ပင်ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ညွှန်ပြသောလမ်းကို မဂ္ဂင်လမ်းဟု ခေါ်သည်၊ အစွန်းနှစ်ဖက်ကို ဖယ်ရှားသော လမ်းလည်း ဖြစ်သည်။

ပထမအစွန်းမှာ ယုတ်ညံ့သော သာမန်လူတို့၏ အလေ့ဖြစ်သော အကျိုး ကျေးဇူးမရှိသော ကာမဂုဏ်အာရုံကို လိုက်စားမြူးထူးပျော်ပါးခြင်းအားဖြင့် ချမ်းသာမှုကို ရှာဖွေခြင်းဖြစ်သည်။

ဒုတိယအစွန်းမှာ ဆင်းရဲခြင်းကို ဖြစ်စေသော အရိယာသူတော်ကောင်းတို့နှင့် မထိုက်တန်သော မဂ်ဖိုလ်နိဗ္ဗာန်ရရန်အတွက် အကျိုးကျေးဇူးမရှိသော မိမိကိုယ်ကို နှိပ်စက်ညှဉ်းဆဲ၍ ကြိုးပမ်းအားထုတ်ရသော ကျင့်စဉ် အမျိုးမျိုးအားဖြင့် ချမ်းသာ မှုကို ရှာဖွေသောနည်းဖြစ်သည်။

ဤအစွန်းနှစ်ပါးသည် အချည်းနှီး၊ အကျိုးမရှိ၊ မဂ်ဖိုလ်ရရန် နည်းမှန် လမ်းမှန်၏ ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိရှိတော်မူသော ဗုဒ္ဓမြတ်စွာသည် ထိုအစွန်း၂-ပါးမှ လွတ်သော နိဗ္ဗာန်သို့ ညွှန်ပြသော အလယ်လမ်းမှန်ကို ကိုယ်တော် တိုင် စမ်းသပ်တွေ့ရှိခဲ့ပေသည်။ ထိုလမ်းကား အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်း ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အားလုံးသည် ဤမဂ္ဂင်ရှစ်ပါးတရားတွင် တနည်းနည်းဖြင့် အကျုံးဝင်လေသည်။ ထို့ကြောင့် ဤမဂ္ဂင်ရှစ်ပါးတရားကို ဒေသနာအားလုံး၏ အဆီအနှစ်ဟု ခေါ်ဆိုနိုင်ပေသည်။

ထိုမဂ္ဂင်ရှစ်ပါးတွင်-

၁။ သမ္မာဝါစာ (မှန်သောစကားကို ပြောဆိုမှု) ဆိုသည်မှာ မဟုတ်မမှန် ပြောဆိုခြင်းကို မရှောင်ကြဉ်ခြင်း၊ စိတ်ဝမ်းကွဲပြား မညီမညွတ်ဖြစ်စေ၍ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်းကို ဖြစ်စေသည့် အမနာပစကား၊ ကုန်းချောစကားတို့ကို ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော ရိုင်းစိုင်းသော ရင့်သီးသော အကျိုးယုတ် စေမည်ဖြစ်သော ဆဲရေးတိုင်းထွာခြင်း စသော စကားတို့မှ ရှောင်ကြဉ်ခြင်း၊

စာမျက်နှာ-406
အချည်းအနှီးဖြစ်သော သိမ်ဖျင်းသော အဓိပ္ပာယ်မဲ့ စကားပြောခြင်းနှင့် စကား ရောင်း၊ စကားဝယ် ပြုလုပ်ခြင်း အတင်းပြောခြင်းတို့မှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။

၂။ သမ္မာကမ္မန္တ(မှန်သောပြုလုပ်မှု) ဆိုသည်မှာ လောကကျင့်ဝတ်ကို ထိန်းသိမ်း၍ သဘောထား မြင့်မြတ်စွာဖြင့် ငြိမ်းချမ်းစွာ နေထိုင်ဆောင်ရွက်နိုင်မှုပင် ဖြစ်သည်။ သတ်ဖြတ်ခြင်း၊ ခိုးယူခြင်း၊ မရိုးသားစွာ ပြုမူဆက်ဆံခြင်း၊ မတရားသော ကာမဂုဏ် ခံစားခြင်းတို့မှ ရှောင်ကြဉ်၍ အခြားသူများကိုလည်း ရှောင်ကြဉ်စေရန် ကူညီစောင်မ တိုက်တွန်းခြင်းပင် ဖြစ်သည်။

၃။ သမ္မာအာဇီဝ (မှန်သောအသက်မွေးမှု) ဆိုသည်မှာ လိမ်လည် ကောက် ကျစ်ခြင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အဆိပ်၊ သေရည်၊ သေရက်၊ လက်နက် ခဲယမ်းမီးကျောက် စသည်တို့ကို ရောင်းဝယ်ဖောက်ကားခြင်း သူတပါးအား ဘေးအန္တရာယ် ဖြစ်စေမည့် လုပ်ငန်းဆောင်တာများဖြင့် အသက် မွေးဝမ်းကျောင်းမှုကို ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။

(ဤဖော်ပြပါ သုံးပါးသည် သီလဖြစ်သည်၊ ထိုသီလသည် အထက်တန်း လောကုတ္တရာ လုပ်ငန်းများအတွက် မရှိမဖြစ်သော အခြေခံတရား ဖြစ်သည်။ သီလအခြေခံမပါဘဲ မည်သည့် လောကုတ္တရာ အဆင့်အတန်းကိုမျှ တက်လှမ်း ပေါက်ရောက်နိုင်မည်မဟုတ်ချေ။)

၄။ သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) ဆိုသည်မှာ -

(က) ဆိုးသွမ်းညစ်ညမ်း၍ မွန်မြတ်ခြင်းမရှိသော ကာယကံမှု ဝစီကံမှု မနောကံမှုများ မဖြစ်ပေါ်စေရန်၊

(ခ) ဖြစ်ပြီးသော ထိုအမှုဆိုးများကို ဖယ်ရှားပစ်ရန်၊

(ဂ) မဖြစ်သေးသော သန့်စင်မွန်မြတ်သည့် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုများဖြစ်ပေါ်လာစေရန်၊

(ဃ) ဖြစ်ပြီးသော ထိုစိတ်ကောင်းများ၊ အပြုအမူများ ပိုမိုတိုးတက် ပွားများစေရန် ပြင်းပြသောဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

စာမျက်နှာ-407
၅။ သမ္မာသတိ (မှန်သောအောက်မေ့မှတ်သားမှု) ဆိုသည်မှာ ကိုယ်တွင်း၌ ဖြစ်ပျက် လှုပ်ရှားနေခြင်းများ (ကာယ)၊ တွေ့ထိခံစားရမှုများ (ဝေဒနာ)၊ စိတ်တွင် ဖြစ်ပျက် လှုပ်ရှားနေခြင်းများ (စိတ္တ)နှင့် စိတ်ကူးကြံစည်မှု၊ တွေးတောယူဆမှု များနှင့် အကြောင်းခြင်းရာများ (ဓမ္မ)ကို အပတ်တကုတ် လုံ့လပြု၍ စေ့ငုစွာ မလွတ်စေဘဲ စောင့်ကြပ်ကြည့်ရှု သတိပြုနေခြင်းပင်ဖြစ်ပါသည်။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို ရှုမှတ်ခြင်းသတိသည် သမ္မာသတိပေတည်း။

၆။ သမ္မာသမာဓိ (မှန်သောတည်ငြိမ်မှု) ဆိုသည်မှာ - ပထမဈာန်အဆင့်တွင် ဝတ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် ကာမဂုဏ်၌ အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပျံ့လွင့်ခြင်း၊ ယုံမှားတွေးတောခြင်း စသော နီဝရဏတရားတို့ကို ပယ်ဖျောက်ပြီး ဖြစ်ရကား အနည်းငယ်သော ကြံစည်မှု စဉ်းစားမှုများနှင့်သာ နှစ်သိမ့်ချမ်းသာခြင်း (ပီတိသုခ) တို့ကို ခံစားရသည်။

ဒုတိယဈာန်အဆင့်တွင် ကြံစည်မှု၊ စဉ်းစားမှု စသည့် ဉာဏ်လှုပ်ရှားမှု အားလုံး တို့ကို ဖိနှိပ်လျက် စိတ်ကို စိတ်တွင်သာ စူးစိုက်ထားခြင်းအားဖြင့် ကြည်လင်တည် ငြိမ်စေလျက် ပီတိနှင့်သုခတို့ကို ဆက်လက်ခံစားရသည်။

တတိယဈာန်အဆင့်သို့ ရောက်သောအခါ ထင်ရှားစွာခံစားရသော နှစ်သိမ့်မှု ပီတိကိုပင် စွန့်ပစ်လျက် စိတ်၏ချမ်းသာမှု တစ်ခုတည်းကို ခံစားကာ အညီအမျှ ရှုလျက် သိလျက်သာ နေတော့သည်။

စတုတ္ထဈာန်အဆင့်တွင်မူ ခံစားမှုအားလုံးကို စွန့်လွှတ်လိုက်ပြီး ချမ်းသာ ဆင်းရဲ၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ကင်းစွာ အညီအမျှ (ဥပေက္ခာ) ရှုလျက် သတိရှိစွာ နေတတ်သည်။

(ဤမှန်သော အားထုတ်မှု၊ မှန်သော အောက်မေ့မှတ်သားမှု၊ မှန်သောတည်ငြိမ်မှု ၃-ပါးသည် စိတ်ကိုဆုံးမသွန်သင်သည့် သိက္ခာရပ်များဖြစ်သည်၊ သမာဓိတွင် အကျုံးဝင်ပါသည်။

၇။ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု) ဆိုသည်မှာ - ကိုယ်ကျိုးကို စွန့်လွှတ် လိုခြင်း၊ သတ္တဝါအားလုံးအပေါ်တွင် မေတ္တာစိတ်ထားခြင်း၊ ကြမ်းကြုတ် ရက်စက်သောစိတ် မရှိခြင်း စသည်တို့ဖြစ်သည်။

စာမျက်နှာ-408
၈။ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဆိုသည်မှာ - အကြောင်းအရာများကို မဖောက်မပြန် မှန်ကန်စွာ သိမြင်နားလည်ခြင်းဖြစ်သည်၊ အရိယသစ္စာ ၄-ပါးကို မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်းပင်ဖြစ်သည်၊ ဤသို့ ပရမတ္ထတရားကို ထိုးထွင်းသိမြင်ခြင်းသည် ဉာဏ်ပညာအရာတွင် အထွတ်အထိပ်သို့ ရောက်ခြင်း ဖြစ်သည်။

(ဤမှန်သော ကြံစည်မှုနှင့် မှန်သော အမြင်တို့သည် ဉာဏ်ပညာအရာတွင် အကျုံးဝင်လေသည်။)

အထက်ဖော်ပြပါ မဂ္ဂင်လမ်းသည် လူပုဂ္ဂိုလ်တစ်ဦးစီ အသီးသီး ကိုယ်တိုင် ကိုယ်ကျ လိုက်နာလေ့လာ ထူထောင် ကျင့်သုံးရမည့် နေထိုင်မှု လမ်းစဉ်ပင်ဖြစ်ပေ သည်။ သီလ၊ သမာဓိ၊ ပညာ အင်္ဂါသုံးရပ်ကို ပြည့်စုံအောင် ထူထောင်ခြင်းဖြင့် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်လပ်ခြင်း ဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် လမ်းသာ ဖြစ်ပေသည်။

စာမျက်နှာ-409

အခန်း (၆) သမထနှင့်ဝိပဿနာ

သမထဟူသည် အဘယ်နည်း

ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို ငြိမ်းစေတတ်သောကြောင့် သမာဓိ တရားသည် သမထမည်၏။

စိတ်ကိုပြုပြင်ခြင်းဖြင့် ဣန္ဒြေပြောင်းနိုင်သည်

သမာဓိအလုပ်သည် စိတ်လုပ်ငန်းသက်သက်ဖြစ်၍ သမထခေါ် သမာဓိစိတ် ဖြစ်ပေါ်လာသောအခါ ဣန္ဒြေငါးပါးတို့ တဖြည်းဖြည်း သိမ်းဆည်း၍ ကိုယ်,နှုတ် အမူအရာတို့ပင် ပြောင်းလဲလာတတ်သည်။ စိတ်သည် မိမိယူလိုသော အာရုံတစ်ခု ကိုသာ စွဲမြဲစွာ ယူထားသည်ဖြစ်၍ မိမိယူထားသော အာရုံမှ တပါးသော အာရုံ တို့ကို အလိုမရှိတော့သဖြင့် မလိုက်တော့ပေ၊ အလေးမမူ ဂရုစိုက်၊ မိမိယူထားသော အာရုံတစ်ခုကိုသာ အလေးမူ ဂရုစိုက်သည်။ ထိုအခါ အနည်းအများဆိုသလို သမာဓိ ရှိ, မရှိ ဣန္ဒြေတို့ကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပေသည်။

ဥပမာ - လောက၌ လူအများတို့ သိနေကြသော စပါးသီးနှံကို ကြည့်ပါ။ စပါးပင်၌ အသီးအနှံ ထွက်လာသောအခါ ရှေးဦးစွာ နို့ရည်ခေါ်သော အနှစ်ရှိစ ပြုလာသည်။ ထိုအခါ စပါးသီးနှံသည် အနည်းငယ် ကိုင်းညွှတ်လာသည်။ နို့ရည် ခေါ်သော အနှစ်သည် တဖြည်းဖြည်း ပြည့်လာခဲ့သော် ရှေးကထက်ပင် တဆင့်တဆင့် ပို၍ ကိုင်းညွတ်လာတော့သည်။ ထို့အတူ သမာဓိအနည်းငယ်ရှိသော သူသည်လည်း ဣန္ဒြေတို့ကို အနည်းငယ်သိမ်းဆည်းလာတတ်သည်၊ တဆင့်ထက် တဆင့် ရင့်ရင့်လာသောအခါ ရှေးကထက်ပင် ပို၍ သိမ်းဆည်းတတ်ကြောင်းကို သိအပ်သည်။

ပြခဲ့ပြီးသော ဥပမာ၌ စပါးသီးနှံတို့သည် အနှံတိုင်း ကိုင်းညွှတ်ခြင်း မရှိပေ။ အချို့သောစပါးနှံများကား ထောင်လျက်ပင်ရှိကြသည်။ ကိုင်းညွှတ်သော စပါးသီးနှံ တို့ကား အနှစ်အဆံ ပြည့်ကြသည်။ အနှစ်အဆံ ပြည့်လေလေ ကိုင်းညွှတ် လေလေဖြစ်သည်။ အနှစ်အဆံမပြည့်၍ အဖျင်းရှိသော စပါးနှံများကား အနည်း ငယ်သာကိုင်းညွှတ်သည်။ ဖလံဖြူ ခေါ်သော စပါးသီးနှံပိုးများကျလျှင် လုံးလုံးကို

စာမျက်နှာ-410
ကိုင်းညွှတ်ခြင်း မရှိ ထောင်လျက်ပင်။ ထို့ကြောင့် “အနှစ်ရှိ, မရှိ မြင်ရုံနှင့် သိနိုင်သည်”ဟု ဆိုစမှတ် ပြုကြသည်။ ထို့အတူ “သမာဓိ ရှိ, မရှိ မြင်ရုံနှင့် သိနိုင်သည်”ဟု ဆိုအပ်ပြန်သည်။

သမာဓိ ရှိ, မရှိ သမဏနတ်သားကိုကြည့်

အခါတပါး၌ မြတ်စွာဘုရားသက်တော်ထင်ရှားရှိတော်မူစဉ်တုန်းက ရဟန်း တပါးသည် တရားအားထုတ်နေသည်တွင် သမာဓိစိတ်ဖြစ်ပေါ်နေ၏။ ထိုသမာဓိ စိတ် ဖြစ်ပေါ်နေစဉ်မှာပင် မဂ်ဖိုလ်မရမီ သေလွန်သွားရှာသည်။ ထိုရဟန်းသည် တာဝတိံသာနတ်ပြည်၌ သမဏနတ်သားဟု ထင်ရှားစွာ ဖြစ်ရလေသည်။ ထိုအခါ ရတနာတို့ဖြင့် တင့်တယ်သော ရွှေဗိမာန်ကြီး၌ အသင့်ရှိနေကြသော နတ်သမီးများက ဝိုင်းရံလျက်ရှိကြသည်။ ထိုနတ်သားကား လူ့ပြည်တုန်းကကဲ့သို့ ဣန္ဒြေကြီးစွာဖြင့် ဦးခေါင်းကို အောက်သို့ စိုက်ကာ မျက်လွှာချလျက် ငြိမ်သက်စွာ နေလေသည်။ ထိုနတ်သား၏အနီးတွင် ရှိနေကြသော နတ်သမီးများသည် နတ်သား၏ ဣန္ဒြေကို ကြည့်၍ အလိုမကျဖြစ်နေကြသည်။ ထိုတွင် ပါးနပ်သော နတ်သမီးတစ်ယောက်က ကိုယ်လုံးပေါ် မှန်ပြင်ကြီးတစ်ခုကိုယူ၍ နတ်သား၏ရှေ့တည့်တည့် မြင်လောက်သော နေရာ၌ ချထားလေသည်။ ထိုသို့ ချထားသောအခါ သမဏနတ်သားသည် မိမိအရိပ်ကို မြင်လိုက်ရသဖြင့် ရဟန်းမဟုတ်တော့ဘဲ နတ်သားဖြစ်နေမှန်း သိတော့သည်။

ထိုအခါ နတ်သမီးများနှင့် ရွှေဗိမာန်ကြီးကိုပါ မိမိနှင့်တပါတည်း မြတ်စွာဘုရား ထံမှောက် အရောက်ပြ၍ အကြောင်းစုံကို လျှောက်ထားတော့သည်။ မြတ်စွာဘုရား က- ပရိသတ်တို့အား တရားဟောနေတုန်းဖြစ်သဖြင့် ထိုအကြောင်းကို ပရိသတ် တို့အား သိစေ၍ တရားတော်၏ ဂုဏ်ကျေးဇူးနှင့် သစ္စာလေးပါး တရားတို့ကို ဟောကြားတော်မူသည်။ ထိုသို့ ဟောကြားတော်မူစဉ် သမဏနတ်သားသည် သောတာပန် တည်ရလေသည်။ ထိုသမဏနတ်သားကဲ့သို့ သမာဓိစိတ်ကို ဖြစ်စေ၍ ဣန္ဒြေကို သိမ်းဆည်းနိုင်ကြရန် နည်းယူကြစေလိုပါသည်။

ဝိပဿနာဟူသည်အဘယ်နည်း

ဘုံသုံးပါး၌ ဖြစ်ပေါ်နေသော ရုပ်, နာမ် ခန္ဓာ အဖြာဖြာကို အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာယာဉ်သုံးပါးသို့ တင်၍ ရှုဆင်ခြင်တတ်သောကြောင့် ဝိပဿနာ မည်၏။ မိမိကိုယ်ခန္ဓာရှိ ရုပ်တရား၊ နာမ်တရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် ဝိပဿနာရှုရသည်။

စာမျက်နှာ-411

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဝိပဿနာဘာဝနာကို ချီးမွမ်းတော်မူခြင်း

ကုသိုလ်ကောင်းမှု ဟူသမျှတို့တွင် ဝိပဿနာ ဘာဝနာ ကုသိုလ်သည် အကောင်း ဆုံးဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်သည် ကုသိုလ်ကောင်းမှုလုပ်သူ ပုဂ္ဂိုလ်အပေါင်းတို့တွင် ဝိပဿနာဘာဝနာကို ပွားများသော ပုဂ္ဂိုလ်အားသာလျှင် ချီးမွမ်းတော်မူဆုံး ဖြစ်၏။

ဝိပဿနာ ဘာဝနာသည်ကား အဂ္ဂသာဝက, မဟာသာဝကများနှင့်တကွ ဗုဒ္ဓမြတ်စွာ ကိုတော်တိုင် သဘောတူ ချီးမွမ်းတော်မူခဲ့ကြဖူးသည်။ ဝိပဿနာ ဘာဝနာကို သဘောတူ ချီးမွမ်းတော်မူခဲ့ကြပုံကို မူလပဏ္ဏာသ ပါဠိတော် မဟာယမကဝဂ် မဟာဂေါသိင်္ဂသုတ်၌လာသည်ကို အတိုချုပ် သဘောအားဖြင့် ဖော်ပြပေအံ့။

အခါတပါး၌ ရှင်သာရိပုတ္တရာ အရှင်မြတ်က အရှင်အာနန္ဒာအား မေးတော်မူ သည်မှာ ဤအင်ကြင်းတောကြီးသည် အပွင့်တို့ဖြင့် တစ်တောလုံး ကြည့်ရှု တင့်တယ် မွေ့လျော်ဖွယ်ရာ ဖြစ်လျက်ရှိ၏။ ထိုမျှ လှပတင့်တယ် ပင်လုံးကျွတ် ပွင့်ကုန်သော အင်ကြင်းတောကြီးကို ပို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံရန် အဘယ်ကဲ့သို့ပြုရသော် ကောင်းမည်ထင်သနည်းဟု မေးတော်မူ၏။

(၁) ထိုအခါ အရှင်အာနန္ဒာက- “အရှင်ဘုရား - အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်းနှင့် ပြည့်စုံသော တရားတော်တို့ကို ဟောပြောနာကြားပြီးကာ ဝိပဿနာ ဘာဝနာကို အားထုတ်ကြပါက ဤလှပ တင့်တယ် ပျော်မွေ့ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ပင် ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါသည်ဘုရား” ဟု လျှောက်ထား၏။

(၂) ထို့နောက် အရှင်ရေဝတကို မေးတော်မူသောအခါ အရှင်ရေဝတက “သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီးလျှင် ဝိပဿနာ ဘာဝနာကို ကြိုးစား အားထုတ် နေကြပါလျှင် ဤလှပတင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ တင့်တယ် မင်္ဂလာရှိဖွယ် ဖြစ်ပါသည် ဘုရား” ဟု လျှောက်ထား၏။

(၃) ထို့နောက် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို မေးတော်မူသော အခါ အရှင်အနုရုဒ္ဓါ မထေရ်မြတ်က “ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တဝါအနန္တ၏ ဆင်းရဲဒုက္ခကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရှု၍ သံဝေဂဖြစ်ကာ ဝိပဿနာ

စာမျက်နှာ-412
ဘာဝနာကို ပွားများရသော် ဤအင်ကြင်းတောကြီးသည် ပိုမို သာယာကာ ကျက်သရေကို ဆောင်မည် ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထား၏။

(၄) ထို့နောက် အရှင်မဟာကဿပကို မေးတော်မူသောအခါ “ဓူတင်ကို ဆောင်လျက် ဝိပဿနာ ဘာဝနာတရား အားထုတ် ကြရပါလျှင် ဤပင်လုံးကျွတ် ပွင့်နေသော အင်ကြင်းတောကြီးသည် ပို၍ ကျက်သရေ မင်္ဂလာရှိဖွယ်ရာပါဘုရား” ဟု လျှောက်ထား၏။

(၅) ထိုမှတဖန် ရှင်မောဂ္ဂလာန် အလှည့်တွင် အရှင်မောဂ္ဂလာန် ကိုယ်တော် မြတ်ကြီးက လျှောက်ထားသည်မှာ “ဤအင်ကြင်းတောကြီး၌ အဘိဓမ္မာ တရားကို ဆွေးနွေး မေးမြန်း ဖြေဆိုကြပြီးကာ ဝိပဿနာ ဘာဝနာကို ကြိုးစား အားထုတ်ကြပါမူကား ပို၍ တင့်တယ် မွေ့လျော်ဖွယ် ဖြစ်ပါသည် ဘုရား” ဟု လျှောက်ထား၏။

(၆) ထို့နောက် အရှင်သာရိပုတ္တရာ မထေရ်အား မေးလျှောက်ကြသည်မှာ တပည့်တော်တို့ကား မိမိတို့ဆန္ဒကို ဖြေဆိုခဲ့ပြီးလေပြီ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဆန္ဒက အဘယ်ပါနည်း” ဟု မေးကြကုန်၏။ ထိုသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဖြေဆိုတော်မူသည်မှာ “စိတ်၏ အလိုသို့ မလိုက်ဘဲ သီလ သမာဓိ၌ တည်ရှိနေလျက် ဝိပဿနာ ဘာဝနာကို အားထုတ်ရသော် ဤပင်လုံးကျွတ် လှပ သာယာစွာ ပွင့်နေသော အင်ကြင်းတောကြီးသည် သာ၍ပင် တင့်တယ် မွေ့လျော်ဖွယ် ဖြစ်ရာ၏”ဟု ဖြေဆိုတော်မူ၏။

ဤ၌သိရန်မှာ -

(၁) အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ပညာအရာ၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။

(၂) အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည် တန်ခိုးကြီးသော အရာ၌ ဧတဒဂ်ရ လက်ဝဲရံဖြစ်တော်မူ၏။

(၃) အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် ဓူတင်ကို ကျင့်ဆောင်ဟောပြော တော်မူရာ၌ ဧတဒဂ်ရ လက်ယာရံဖြစ်တော်မူ၏။

(၄) အရှင်အနုရုဒ္ဓါ မထေရ်မှာ ဒိဗ္ဗစက္ခု အဘိညာဉ်အရာ၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။

စာမျက်နှာ-413
(၅) အရှင်ရေဝတ မထေရ်မှာ အရညကင် ဓုတင်ဆောင်သော အရာ၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။

(၆) အရှင် အာနန္ဒာ မထေရ်မှာကား ဗဟုသုတ၊ သတိမန္တ၊ ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက ဤငါးဌာန၌ ဧတဒဂ်ရတော်မူ၍ လက်ယာရံ ဖြစ်တော်မူ၏။

ထိုသောအခါ ဤမျှနှင့်မတင်းတိမ်သေးဘဲ ဘုရားရှင်ထံသို့ သွားရောက်ကာ မိမိတို့ အသီးသီး မည်ကဲ့သို့ပြုကြလျှင် ဤအလွန်တင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပိုမို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံမည် ဖြစ်ကြောင်း ထင်မြင်ချက်များကို တင်လျှောက်ကြ၍ “ရှင်တော်မြတ်ဘုရားကကော အဘယ်သို့ အမိန့်တော်မြတ် မှတ်တော်မူမည်ကို သိလိုလှပါသည် ဘုရား” ဟု မြတ်စွာဘုရားရှင်အား မေးလျှောက်ကြကုန်၏။

မြတ်စွာဘုရားရှင်က မိန့်တော်မူသည်မှာ- “သင်ချစ်သားတို့ .... သင်တို့ ထင်တိုင်းလည်း ကောင်းလှပေ၏။ ငါဘုရား၏ အလိုကား အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေ နေပြီးနောက် ငါသည် တရားကို အားထုတ်အံ့၊ အာသဝေါတရား မကုန်လျှင် ဤနေရာမှ မထပြီ” ဟူ၍ ဝိပဿနာဘာဝနာကို အားထုတ်ကာ နေကြခြင်းသည် ဤပင်လုံးကျွတ် ပွင့်လျက်ရှိ သော အင်ကြင်းတောကြီးကို ပို၍ လှပတင့်တယ် မွေ့လျော်ဖွယ် ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံစေမည်” ဟု အောက်ပါအတိုင်း ဘုရားရှင် မိန့်တော်မူ၏ -

န တာဝါဟံ ဣမံ ပလ္လင်္ကံ ဘိန္ဒိဿာမိ၊ ယာဝ မေ နာနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္ဆိဿတီတိ။

(မူလပဏ္ဏာသပါဠိတော်၊ မဟာဂေါသိင်္ဂသုတ်၊ နှာ-၂၈၁)

“မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။ အနုပါဒါယ၊ ခန္ဓာငါးပါးတွင် တစ်ပါးသော ခန္ဓာကိုမျှ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် (ငါ၏ခန္ဓာ ငါ၊ ငါ၏ကိုယ်ဟူ၍) မစွဲယူဘဲ။ အာသဝေဟိ၊ အာသဝေါတရား လေးပါးတို့မှ။ န ဝိမုစ္ဆိဿတိ၊ မလွတ်မြောက်သေး။ တာဝ၊ ထို မလွတ်မြောက်သေးသမျှ ကာလပတ်လုံး။ အဟံ၊ ငါသည်။ ဣမံ ပလ္လင်္ကံ၊ ဤဖွဲ့ခွေ နေသော ထက်ဝယ်တင်ပျဉ်ကို။ န ဘိန္ဒိဿာမိ၊ မဖျက်တော့အံ့၊ ဣတိ၊ ဤသို့။ စိတ္တံ၊ စိတ်ကို။ နိက္ခိပိတွာ၊ ချ၍။ နိသီဒတိ၊ နေ၏” ဟု ဘုရားရှင် မိန့်တော်မူ၏။

စာမျက်နှာ-414
ဤသို့လျှင် အဂ္ဂသာဝက မဟာသာဝကများနှင့်တကွ မြတ်စွာဘုရား ကိုယ်တော် တိုင် ဝိပဿနာ ဘာဝနာတရား ပွားများအားထုတ်ခြင်းသည် “အကောင်းဆုံး၊ အမွန်မြတ်ဆုံး၊ သာယာမွေ့လျော်ဖွယ် အရှိဆုံး၊ ကျက်သရေ မင်္ဂလာ အဖြာဖြာ အတိုးတက်ဆုံး” ဟူ၍ တစ်နေရာတည်းတွင် တစ်သဘောတည်း ချီးမွမ်းမိန့်တော် မူခဲ့ကြလေပြီ။

အတ္တဒတ္တမထေရ်

အတ္တဒတ္တမထေရ်ကား “ဘုရားရှင်သည် ယနေ့မှသည် လေးလမြောက်သော် ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ထို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ ငါသည် ရဟန်း ကိစ္စကို ပြီးစေအံ့” ဟူသောစိတ်ဖြင့် မည်သည့်ပုဂ္ဂိုလ်နှင့်မျှလည်း ရောယှက်ခြင်း မပြုဘဲ ဝိပဿနာ ဘာဝနာတရားကို အားထုတ်ကြိုးစားလျက်နေ၏။ ဘုရားရှင် တော်မြတ်ထံသို့ပင် သွားရောက်ခြင်းကို မပြုဟူ၏။

ထိုအခါ အခြားသော ရဟန်းတော်များက ဘုရားရှင်အား ထိုသို့သော အခြင်း အရာကို လျှောက်ထားကြကုန်၏။ ထိုအခါ ဘုရားရှင်က “ငါ၏ချစ်သား အတ္တဒတ္ထ သည် ငါဘုရား ပရိနိဗ္ဗာန်ပြုတော်မမူမီ ရဟန်းကိစ္စကို ပြီးအောင် ဆောင်ရွက်နေ ခြင်းဖြစ်ရကား၊ ငါဘုရားသည် သင်တို့ထက် အတ္တဒတ္ထအား ချီးကျူး၏” ဟု မိန့်တော် မူ၏။ (ဓမ္မပဒ၊ အတ္တဝဂ်)။

အနာထပိဏ် သေဋ္ဌေးကြီး ငိုရရှာခြင်း

အနာထပိဏ် သေဋ္ဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏တရားတော်ကို နာလို၍ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏ -

သေဋ္ဌေးကြီး. . . မိမိကိုယ်၌ရှိသော စက္ခုပသာဒ၊ သောတပသာဒ၊ ဃာန ပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ၊ မနောဒွါရတို့ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းကာ (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်) ဟူ၍ မဖြစ်စေအပ်။

ထို့အတူ စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ် စသည်တို့ကိုလည်း တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်) ဟု မဖြစ်စေရန် ဝိပဿနာ ဘာဝနာကို ကျင့်အပ်ကြောင်း ဟောတော်မူ၏။

ထိုသို့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး တရားဟောတော်မူရာတွင် အနာထပိဏ် သေဋ္ဌေးကြီးသည် မျက်ရည်တွေတွေ ယိုစီးကာ ငိုကြွေးလျက်ရှိ၏။

စာမျက်နှာ-415
ထိုအခါ အနီး၌ရှိသော အာနန္ဒာအရှင်မြတ်က “ဒကာကြီး... သေရမည့်ဘေးကို ထိုမျှကြောက်ရွံ့တုန်လှုပ်သလော” ဟုမေးတော်မူ၏။ အနာထပိဏ်သေဋ္ဌေးကြီးက လျှောက်ထားသည်မှာ “တပည့်တော် သေရမည့်ဘေးကို ကြောက်ရွံ့၍ မျက်ရည် ယိုစီး ငိုကြွေးခြင်းကို ပြုသည်မဟုတ်ပါဘုရား။ ငိုကြွေးရခြင်း အကြောင်းရင်းမှာ ထိုမျှကောင်းမွန်လှသော ဝိပဿနာ ဘာဝနာတရားကို သေခါမနီးမီ ရှေးအဖို့က တခါဖူးမျှ မကြားစဖူးပါဘုရား။ ယခု သေရခါနီးကျမှ တရားအားထုတ်ချိန် မရတော့ပါ။ ထိုတရားအားထုတ်ခွင့်မရသောအခါကျမှ ဤတရားကို ကြားနာရခြင်းကြောင့် အချိန်မရှိမှုကို ဝမ်းနည်းမိ၍ မျက်ရည် ယိုစီး ငိုကြွေးရခြင်း ဖြစ်ပါသည်ဘုရား ဟု လျှောက်ထားဖူးခဲ့လေပြီ။ (ဥပရိပဏ္ဏာသပါဠိတော်၊ သဠာယတနဝဂ်၊ အနာထပိဏ္ဍိကောဝါဒသုတ်၊ နှာ-၃ဝ၁)

ပဋာစာရီ

အခါတစ်ပါး၌ ပဋာစာရီအမည်ရှိသော အမျိုးသမီးသည် အမိ အဘ မောင် လင်ယောက်ျားနှင့် ရင်သွေးဖြစ်သော သားနှစ်ယောက်တို့သည် မရှေးမနှောင်း သေကျေပျက်စီးသွားခြင်းကြောင့် အရူးမကြီးအဖြစ်သို့ ရောက်ရှိပြီးလျှင် ဗုဒ္ဓမြတ်စွာ ဘုရားသခင်နှင့် တွေ့သောအခါ မြတ်ဗုဒ္ဓသည် တရားရေအေး အမြိုက်ဆေးဖြင့် တိုက်ကျွေးတော်မူသည်ရှိသော် စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းဒုက္ခမှ သက်သာရာ ရရှိလာလေ၏။

ထိုမှတဖန် မြတ်ဗုဒ္ဓသခင်သည် ပဋာစာရီအမျိုးသမီးအား အောက်ပါ ပါဠိ တော်ဖြင့် ဟောပြောမိန့်ကြားတော်မူ၏ -

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

(ဓမ္မပဒ၊ ပဋာစာရာထေရီဝတ္ထု၊ နှာ-၃ဝ)

ယော စ၊ အကြင်သူသည်လည်း။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံပျက်ပုံကို။ အပဿံ-အပဿန္တော၊ မရှုမမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး၊ ဇီဝေ၊ အသက်ရှည်၏။ တဿ၊ ထိုသူ၏။ ဇီဝိတာ၊ အနှစ်တစ်ရာ အသက်ရှည်မှုထက်၊ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံပျက်ပုံကို။ ပဿတော၊ ရှုမြင်သောပုဂ္ဂိုလ်၏။ ဧကာဟံ၊ တစ်ရက်မျှ၊ ဇီဝိတံ၊ အသက်ရှည်ရ ခြင်းသည်၊ သေယျော။ မြတ်၏။

စာမျက်နှာ-416
ဤ၌လည်း ရယ်ကာမောကာ ပျော်ရွှင်စွာဖြင့် အနှစ်တစ်ရာ အသက်ရှည်ပြီး နေရခြင်းထက် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍ လက္ခဏာယဉ် သုံးပါးတင်ကာ ဝိပဿနာ ဘာဝနာတရားကို တစ်ရက်မျှ ပွားများ အားထုတ်သူကို မြတ်စွာဘုရားသခင် ချီးမွမ်းတော်မူခြင်းဖြစ်လေသည်။

ထိုသို့ ချီးမွမ်းတော်မူသော ဗုဒ္ဓမြတ်စွာဘုရားသခင်၏ ဒေသနာတော်မြတ်ကို သာဓကပြု၍ ဝိပဿနာတရားအလုပ်ကို မနားမနေ ကြိုးစားအားထုတ်ကုန်ရာ၏။

သမထအမျိုးမျိုး (ကမ္မဋ္ဌာန်း ၄၀)

ကမ္မဋ္ဌာန်းဟူသည် သမထဘာဝနာကံ, ဝိပဿနာ ဘာဝနာကံ နှစ်ပါးတို့၏ဖြစ်ရာ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကသိုဏ်း ပညတ် စသော တေဘုမ္မာက သင်္ခါရ တရားတို့ကို ခေါ်ဆိုပါသည်။

သမထ (စိတ်တည်ငြိမ်မှု)ကို ပေါက်မြောက်အောင်မြင်ရန် အလို့ငှာ ကမ္မဋ္ဌာန်း (စိတ်အာရုံစူးစိုက်ရာ ဌာနများ) လေးဆယ်အနက် တစ်ပါးပါးကို စူးစိုက်အားထုတ် ရပေသည်။ ထိုကမ္မဋ္ဌာန်းလေးဆယ်ကို ပါဠိ-မြန်မာတွဲဖက်၍ ရှင်းလင်း ဖော်ပြသွား ပါမည် -

(၁) ကသိုဏ်း (၁၀)ပါး

၁။ ပထဝီကသိဏ- ပထဝီ (မြေ) ကသိုဏ်း

၂။ အာပေါကသိဏ- အာပေါ (ရေ) ကသိုဏ်း

၃။ တေဇောကသိဏ- တေဇော (မီး) ကသိုဏ်း

၄။ ဝါယောကသိဏ- ဝါယော (လေ) ကသိုဏ်း

၅။ နီလကသိဏ- နီလ (အညိုရောင်) ကသိုဏ်း

၆။ ပီတကသိဏ- ပီတ (အဝါရောင်) ကသိုဏ်း

၇။ လောဟိတကသိဏ- လောဟိတ (အနီရောင်) ကသိုဏ်း

၈။ ဩဒါတကသိဏ- ဩဒါတ (အဖြူရောင်) ကသိုဏ်း

၉။ အာကာသကသိဏ- အာကာသ (ကောင်းကင်) ကသိုဏ်း

၁၀။ အာလောကကသိဏ- အာလောက (အလင်းရောင်) ကသိုဏ်း တို့ဖြစ်ပါသည်။

စာမျက်နှာ-417

(၂) အသုဘ (၁၀)ပါး

၁။ ဥဒ္ဓုမာတက - ဖူးဖူးရောင်သော လူသေကောင်

၂။ ဝိနီလက - အညို၊ အနီ စသည် ရောယှက်လျက် အရောင် အဆင်းပျက်နေသော လူသေကောင်

၃။ ဝိပုဗ္ဗက - ပုပ်ရိပြီး သွေးပြည်တို့ဖြင့် ကွဲအက်ယိုကျနေသော လူသေကောင်

၄။ ဝိစ္ဆိဒ္ဒက - အရေပြားများ အပိုင်းပိုင်း ကွဲအက်နေသော လူသေကောင်

၅။ ဝိက္ခာယိတက - ခွေး, ကျီး, လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ မွမွကြနေသော လူသေကောင်

၆။ ဝိက္ခိတ္တက - ခြေတခြား, လက်တခြား, ခေါင်း, ကိုယ် စသည်တို့ကို ကစဉ့်ကလျား ပစ်လွှင့်ထားသော လူသေကောင်

၇။ ဟတဝိက္ခိတ္တက - ဓားဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်အပ်သော လူသေကောင်

၈။ လောဟိတက - ထိုမှ ဤမှ သွေးယိုထွက်၍ အနှံ့အပြား သွေးလိမ်းကျံ နေသော လူသေကောင်

၉။ ပုဠုဝက - ပိုးလောက်များ ကျိကျိတက်ပြည့်နေသော လူသေကောင်

၁၀။ အဋ္ဌိက - အရိုးစုသာ ကြွင်းကျန်သော လူသေကောင်တို့ ဖြစ်ပါသည်။

(၃) အနုဿတိ (၁၀)ပါး

၁။ ဗုဒ္ဓနုဿတိ - အရဟံ အစရှိသော မြတ်စွာဘုရား၏ ဂုဏ်တော် ကိုးပါးကို အဖန်တလဲလဲအောက်မေ့ခြင်း။

၂။ ဓမ္မနုဿတိ - သွက္ခာတတာ အစရှိသော တရားတော်၏ဂုဏ်တော် ခြောက်ပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း

၃။ သံဃာနုဿတိ - သုပဋိပန္နာ အစရှိသော သံဃာတော်၏ ဂုဏ်တော် ကိုးပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း။

စာမျက်နှာ-418
၄။ သီလာနုဿတိ - မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း

၅။ စာဂါနုဿတိ - မိမိပြုခဲ့ဖူးသည့် ဒါန အစုစုကို အဖန်တလဲလဲ အောက်မေ့ခြင်း

၆။ ဒေ၀တာနုဿတိ - သဒ္ဓါအစရှိသော ဂုဏ်နှင့်ပြည့်စုံသဖြင့် နတ်ဖြစ် လေကုန်သည်။ ငါလည်း သဒ္ဓါအစရှိသော ဂုဏ်တို့နှင့် ပြည့်စုံ၏ဟု နတ်တို့ကို သက်သေထား၍ အဖန်တလဲလဲ အောက်မေ့ခြင်း

၇။ ဥပသမာနုဿတိ - နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲအောက်မေ့ခြင်း

၈။ မရဏာနုဿတိ - သေခြင်းကို အဖန်တလဲလဲအောက်မေ့ခြင်း

၉။ ကာယဂတာသတိ - ဆံပင်, အမွှေး, လက်သည်း၊ ခြေသည်း စသည့် (၃၂)ပါး သော ကောဋ္ဌာသကို အောက်မေ့ခြင်း

၁၀။ အာနာပါနဿတိ - နှာခေါင်းမှ ထွက်သက်, ဝင်သက်ကို အောက်မေ့ခြင်း တို့ဖြစ်သည်။

(၄) ဗြဟ္မဝိဟာရ (ဗြဟ္မစိုရ်) ၄ ပါး

၁။ မေတ္တာ - ချစ်ခြင်းဖြင့် သတ္တဝါပညတ်အပေါ် ပွားများစူးစိုက်ခြင်း

၂။ ကရုဏာ - သနားကြင်နာစိတ်ဖြင့် သတ္တဝါတို့အပေါ် ပွားများစူးစိုက်ခြင်း

၃။ မုဒိတာ - သူတပါးတို့ ကြီးပွားချမ်းသာခြင်း၌ ဝမ်းမြောက်သော စိတ်ဖြင့် သူတပါးတို့အပေါ် (ဝါ) သတ္တဝါတို့အပေါ် ပွားများစူးစိုက်ခြင်း

၄။ ဥပေက္ခာ - မုန်းခြင်း, ချစ်ခြင်း မထားသောစိတ်ဖြင့် သတ္တဝါတို့အပေါ် ပွားများစူးစိုက်ခြင်း-တို့ဖြစ်ပါသည်။

(၅) သညာတစ်ပါး

၁။ အာဟာရေ ပဋိကူလသညာ - စားသောက်သော အာဟာရတို့အပေါ် စက်ဆုပ်ဖွယ်အနေ ထင်မြင်အောင် စူးစိုက်ရှုပွားခြင်း ဖြစ်၏။

(၆) စတုဓာတုဝဝတ္ထာန်တစ်ပါး

၁။ စတုဓာတုဝဝတ္ထာန - မိမိခန္ဓာကိုယ်ကို ရေ, မြေ, လေ, မီး ဟူသော မဟာဘုတ်ကြီးလေးပါးအနေ ထင်မြင်အောင် စူးစိုက် ရှုပွားခြင်း ဖြစ်၏။

စာမျက်နှာ-419

(၇) အရူပ္ပ (အပ္ပမညာ) လေးပါး

၁။ အာကာသာနဉ္စာယတန - အစအဆုံးမရှိ အနန္တကောင်းကင်ပညတ်ကို စူးစိုက်ခြင်း

၂။ ဝိညာဏဉ္စာယတန - အစအဆုံးမရှိ အနန္တပထမာရုပ္ပဝိညာဏ်ကို စူးစိုက်ခြင်း

၃။ အာကိဉ္စညာယတန - ဘာမျှမရှိခြင်းသဘော နတ္ထိဘောပညတ်ကို စူးစိုက်ခြင်း

၄။ နေဝသညာနာသညာယတန - သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်သော တတိယာရုပ္ပဝိညာဏ်ကို စူးစိုက်ခြင်းတို့ ဖြစ်ပါသည်။

သမထနှင့် ဝိပဿနာ ၂-ပါးသာလျှင် အားကိုးဖွယ်

သမထကိုသော်လည်းကောင်း၊ ဝိပဿနာကိုသော်လည်းကောင်း ပွားများ အားထုတ်ခြင်းမရှိဘဲ နေပါက နီဝရဏတရားတို့၏ ဖုံးအုပ်ကာကွယ်သော အနှောင့်အယှက်တို့မှ မလွတ်ကင်းနိုင်၊ စိတ်ကိုမထိန်းသိမ်းဘဲ လွှတ်ထားပါက စိတ်သည် ကာမစ္ဆန္ဒ စသော နီဝရဏတရားဘက်၌သာ မွေ့လျော်ကျက်စားလေ့ ရှိ၏။ ထို့ကြောင့် ဓမ္မပဒပါဠိတော်၊ ပါပဝဂ်၌-

“ပါပသ္မိံ ရမတိ မနော (စိတ်သည် မကောင်းမှု၌ မွေ့လျော်၏)” ဟူ၍ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့လေသည်။

ဤသို့ စိတ်ကို လွှတ်၍မထားဘဲ သမထနည်းဖြင့် ဖြစ်စေ၊ ဝိပဿနာနည်းဖြင့် ဖြစ်စေ ထိန်းသိမ်းထားရပေမည်။ သေခါနီး၌ စိတ်ကို ပြောင်းနိုင်ရန် သေခါနီးကျမှ ကျင့်၍ မရ၊ အချိန်လည်း မရှိတော့၊ ရောဂါဝေဒနာ အပြင်းဖိစီး၍ သေခါနီးတွင် အကုသိုလ်စိတ် ပေါ်လာပါက အခြားကုသိုလ်စိတ်သို့ ပြောင်းနိုင်ရန် ယခုကျန်းမာစဉ် အခါက သမထလုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းတို့ကို ကျင့်ထားပါမှ ထိုသေခါနီး အချိန်တွင် မိမိစိတ်ကို မိမိနိုင်၍ အကုသိုလ်စိတ်မှ ကုသိုလ်စိတ်သို့ ပြောင်းနိုင် လေသည်။ သမထလုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းတို့ကို အာသေဝန ပစ္စည်း ရအောင် ကြိမ်ဖန်များစွာ ထုံထားသူ၊ လေ့ကျင့်ထားသူသည် ယခုချက်ချင်းပင်လျှင် မိမိစိတ်ကို လိုရာအာရုံသို့ ပြောင်းရွှေ့ယူနိုင်လေသည်။

စာမျက်နှာ-420
ထိုကဲ့သို့ မိမိစိတ်ကို နိုင်နင်းနေသူဖြစ်ထားမှ သေခါနီးတွင် အကုသိုလ်စိတ်မှ ကုသိုလ်စိတ်သို့ လွယ်ကူစွာ ရွှေ့ပြောင်းထားနိုင်ပေမည်။ ထို့ကြောင့် သေခါနီး အချိန်တွင် အလွန်အရေးကြီးရကား လားရာဂတိ ကောင်းစိမ့်သောငှာ သမထ လုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းများကို ယခုက စ၍ လေ့ကျင့်ထားရပေမည်။

သမထလုပ်ငန်းဖြစ်စေ, ဝိပဿနာလုပ်ငန်းဖြစ်စေ လေ့ကျင့်နိုင်နင်းထားသူသည် သေခါနီး၌သာ အသုံးဝင်သည်မဟုတ်၊ ယခုလောလောဆယ်၌လည်း အကုသိုလ် စိတ် ဖြစ်ပေါ်နေစဉ် သတိရလျှင် ချက်ချင်း ကုသိုလ်စိတ်ဘက်သို့ ပြောင်းနိုင်သဖြင့် မသေမီအတွင်းမှာလည်း များစွာအကျိုးရှိလေသည်။

အထက်ပါ အကြောင်းခြင်းရာတို့ကို ထောက်ဆ၍ လူတို့သည် သေခါနီး အချိန်တွင် စိတ်ထား မထားတတ်နိုင်ရကား သေသည်၏ အခြားမဲ့၌ သစ်ပင်မှ သစ်ရွက်ငယ်သည် လေတိုက်သောအခါ လေတွင် ပါရှိသွားပြီးလျှင် ကျချင်သည့်နေရာ၌ ကျရဘိသကဲ့သို့ မဖြစ်စေရန် မိမိလားရာဂတိကို ကောင်းစွာ အလိုရှိသောသူသည် သမထလုပ်ငန်းနှင့် ဝိပဿနာလုပ်ငန်းမှတပါး အခြားကိုးကွယ်ရာ မရှိတော့ချေ။

စာမျက်နှာ-421

အခန်း (၇)

ကမ္မဋ္ဌာန်းအားမထုတ်ခင် လိုအပ်ချက်များ

ပလိဗောဓ

ပလိဗောဓ ဆိုသည်မှာ ကမ္မဋ္ဌာန်း ဝိပဿနာကို အားထုတ်ဆဲအခါ ဖြစ်ပေါ် လာတတ်သော ပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ (အနှောင်အဖွဲ့) မျိုးကို ဆို၏။ ထိုပူပန် စိုးရိမ် ကြောင့်ကြစရာဖြစ်သော ပလိဗောဓကို ကမ္မဋ္ဌာန်းဝိပဿနာ အားထုတ်ရာ၌ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိစေခြင်းငှာ ရှေးဦးစွာ ပယ်ရှင်း၍ ကင်းပြတ်အောင် ပြုလုပ်ထားရမည်ဟု ဆိုလိုသည်။

ပလိဗောဓကြီး ၁ဝ ပါး

ဤပူပန် စိုးရိမ်ကြောင့်ကြစရာဖြစ်သော ပလိဗောဓကြီးသည် ဆယ်ပါးအပြားရှိ၏။ ထိုဆယ်ပါးတို့မှာ အောက်ပါတို့ဖြစ်၏ -

၁။ အာဝါသပလိဗောဓ - ကျောင်းနေရာ အရိပ်အာဝါသ အတွက် ဆောင်ရွက်ရန်မပြီးစီးသဖြင့် ကြွင်းကျန်နေ၍ ပူပန်စိုးရိမ်ကြောင့်ကြနေရခြင်း၊

၂။ ကုလပလိဗောဓ - အလုပ်အကျွေး, အစေအပါး, ဒါယကာ ဒါယိကာမအတွက် စိတ်လက်မချ၊ သောက မကင်း၍ ကြောင့်ကြနေရခြင်း၊

၃။ လာဘပလိဗောဓ - ရရှိပြီးသော ပစ္စည်းဥစ္စာ၊ ရလတ္တံ့သော ပစ္စည်း ဥစ္စာတို့ အတွက် ငဲ့ကွက်၍ ကြောင့်ကြ နေရခြင်း

၄။ ဂဏပလိဗောဓ - နှစ်သက်ချစ်ခင် မေတ္တာဝင်၍ အကျွမ်းဝင်သော မိတ်သင်္ဂဟဖြစ်သဖြင့် အတူတကွ စားသောက် နေထိုင် လုပ်ကိုင် သွားလာဖူးသော သီတင်း သုံးဖော် စသော အပေါင်းအသင်း (ဂိုဏ်း) များ အတွက် ငဲ့ကွက်ကြောင့်ကြနေရခြင်း၊

စာမျက်နှာ-422
၅။ ကမ္မပလိဗောဓ - ထိုထိုဝေယျာဝစ္စ အမှုငယ်, အမှုသစ် လုပ်စရာ ကိုင်စရာ အတွက်ဝိတက်ရှုပ်ထွေး စိတ် မအေး သဖြင့် တရေးရေး ကြံစည် တွေးဆ၍ ကြောင့်ကြနေရခြင်း၊

၆။ အဒ္ဓါနပလိဗောဓ - အဝေးအနီး ကိစ္စကြီးငယ် အသွယ်သွယ် ကြောင့် မဖြောင့်စိတ်ထား လမ်းခရီးများ သွား လာရန် မကင်းရှင်းသဖြင့် ကြောင့်ကြနေရခြင်း၊

၇။ ဉာတိပလိဗောဓ - ဆရာ တပည့် မိဘ ဘိုးဘွား ညီရင်းအစ်ကို မောင်နှမသားချင်းစသော ဆွေမျိုးများအတွက် စိတ်လက် မအေးဘဲ တွေးတော ကြံဆ၍ ကြောင့်ကြနေရခြင်း၊

၈။ အာဗာဓပလိဗောဓ - အနာရောဂါ ဝေဒနာတစ်ခုခု စွဲကပ်နေမှု ကြောင့် နေထိုင်စားသောက် မကောင်းခြင်း စသည်များအတွက် စိတ်လက်ညှိုးနွမ်း မချမ်းမသာဖြစ်၍ ကြောင့်ကြနေရခြင်း၊

၉။ ဂန္ထပလိဗောဓ - စာပေကျမ်းဂန်ကို သင်အံပို့ချခြင်း၊ ရေးသား ပြုစုခြင်း၊ ဟောပြောသင်ကြားနေရခြင်း၊ ဘုရား ပုထိုးရှိခိုးခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ စာပေး စာယူပြုလုပ်ခြင်း စသည်များအတွက် ငဲ့ကွက် ကြောင့်ကြနေရခြင်း၊

၁၀။ ဣဒ္ဓိပလိဗောဓ - ပုထုဇဉ် ပုဂ္ဂိုလ်တို့၌ ရရှိထားသော ဈာန် အဘိညာဉ်တို့ဖြင့် မိုးပျံမြေလျှိုး အမျိုးမျိုး ဖန်ဆင်းခြင်းစသော တန်ခိုးဣဒ္ဓိပါဒ်အတွက် ငဲ့ကွက် ကြောင့်ကြနေရခြင်း။

ထိုပလိဗောဓ ၁၀-ပါး၏ အဓိပ္ပာယ်ကို အသေးစိတ် သိနိုင်ရန်အလို့ငှာ ထပ်ဆင့်၍ ရှင်းလင်းပါဦးမည် -

(၁) အာဝါသပလိဗောဓ

ကျောင်းသည်ပင်လျှင် အာဝါသပလိဗောဓမည်၏ဟူသော စကားရပ်၌ တိုက်ခန်း တစ်ခုကိုဖြစ်စေ၊ ပရိဝုဏ်တစ်ခုကိုဖြစ်စေ၊ အလုံးစုံသော သံဃာ့အာရာမ်ကိုဖြစ်စေ ကျောင်းဟု ဆိုအပ်ပေသည်။ ထိုကျောင်းသည် အလုံးစုံသော ယောဂီအားပင်

စာမျက်နှာ-423
ပလိဗောဓဖြစ်သည် မဟုတ်ပေ။ ဤကျောင်းတွင် ကျောင်းပြင်ခြင်း စသော အမှု ကိစ္စတို့၌ ကြောင့်ကြစိုက်သောသူ၊ သပိတ်, သင်္ကန်းစသော များစွာသော ပစ္စည်း တို့ကို သိုမှီးသိမ်းဆည်းထားသောသူ၊ အရိပ်အာဝါသ ရေတို့နှင့် ပြည့်စုံခြင်း, ဆွမ်းရလွယ်ခြင်း ဤသို့ အစရှိသော အကြောင်းကြောင့်ငဲ့ကွက်နေရခြင်းရှိသည် ဖြစ်၍ တွယ်တာသောစိတ် ရှိသူတို့အားသာလျှင် ပလိဗောဓဖြစ်၏။ ဤမှအခြား တပါးသောသူအား ပလိဗောဓ မဖြစ်ပေ။

အနုရာဓ မြို့သားနှစ်ဦးအကြောင်း

အနုရာဓမြို့သား နှစ်ဦးသည် ထူပါရုံကျောင်း၌ ရဟန်းပြုကြကုန်၏။ ထိုရဟန်း နှစ်ပါးတို့တွင် တစ်ပါးသည် ဒွေမာတိကာကို နှုတ်တက်ရအောင်ပြု၍ ရဟန်း ၅-ဝါ ရသောအခါ ပဝါရဏာပြုပြီးလျှင် ပါစိနခဏ္ဍရာဇိ၁ မည်သောအရပ်သို့ ကြွသွား လေ၏။ တစ်ပါးကမူ ထိုထူပါရုံကျောင်း၌ပင် သီတင်းသုံးနေ၏။ ပါစိနခဏ္ဍရာဇိ အရပ်သို့ ကြွသွားသောရဟန်းသည် ထိုအရပ်၌ ကြာမြင့်စွာနေပြီးနောက် ဆယ်ဝါ ပြည့်မြောက် ထေရ်အဖြစ်သို့ ရောက်သောအခါ “ဤအရပ်သည် တစ်ကိုယ်တည်း ကိန်းအောင်းဖို့ရာ သင့်လျော်၏။ ယခု ထူပါရုံကျောင်း၌ ကျန်ရစ်ခဲ့သော မိတ်ဆွေ ရဟန်းအားလည်း ထိုပါစိနခဏ္ဍရာဇိ အရပ်အကြောင်းကို ပြောကြားအံ့” ဟု ကြံစည် ၏။ ထိုသို့ ကြံစည်ပြီးနောက် ထိုအရပ်မှထွက်ခဲ့ရာ ထူပါရုံကျောင်းသို့ ဝင်လေ၏။ ဝင်လာစဉ်ပင်လျှင် မိတ်ဆွေရဟန်းသည် ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို ယူကာ ဝတ်ပြု၏။ ပါစိနခဏ္ဍရာဇိအရပ်နေ မထေရ်သည် ကျောင်းသို့ဝင်ပြီးနောက် “ငါ၏အဆွေ ရဟန်းသည် ထောပတ်ကိုဖြစ်စေ, တင်လဲကိုဖြစ်စေ, အဖျော်ကိုဖြစ်စေ ငါ၏ အထံသို့ အပို့လွှတ်လိမ့်မည်၊ ပို့နိုင်စရာအကြောင်းလည်းရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် ဤအဆွေရဟန်းသည် ဤမြို့၌ အနေကြာပေပြီ” ဟု ကြံတွေးမျှော်လင့်နေသော်လည်း မျှော်လင့်သည့်အတိုင်း တစ်ခုမှ ပေါ်မလာပေ။

တဖန် နံနက်အခါ၌ “အလုပ်အကျွေး ဒါယကာတို့ ယူလာသော ယာဂုခဲဖွယ် ကို ယခုအပို့လွှတ်ပေလိမ့်မည်” ဟု ကြံတွေးမျှော်လင့်ပြန်၏။ ထိုမျှော်လင့်ထားသော ယာဂု ခဲဖွယ်သည်လည်း ပေါ်မလာပေ။ ထို့နောက် “ပို့သူ ဒါယကာများ မရှိ ကြပေ၊ ရွာထဲသို့ ဆွမ်းခံဝင်သောအခါ လှူကြလိမ့်မည်” ဟု ကြံတွေးလျက် နံနက် စောစော၌ပင် ထိုထူပါရုံနေ ရဟန်းနှင့်အတူ ရွာတွင်းသို့ ဆွမ်းခံကြွလေ၏။ ထိုရဟန်းနှစ်ပါးတို့သည် ဆွမ်းခံသည်ရှိသော် တစ်ခွက်မျှသော ယာဂုကို ရ၍

၁။ ပါစိန=အရှေ့အရပ်-အရှေ့ဘက်+ခဏ္ဍ=အပြတ်+ရာဇိ-အရေးအကြောင်း အတန်း၊ ပါစိနခဏ္ဍရာဇိ=အရှေ့ဘက်တောင်တန်းအပြတ်၊ ဝါ-တောင်တန်းပြတ်။

စာမျက်နှာ-424
ဆွမ်းစားဇရပ်၌ ထိုင်ပြီးလျှင် ဘုဉ်းပေးသုံးဆောင်ကြ၏၊ ဆွမ်းဘုဉ်းပေးပြီးနောက် ပါစိနခဏ္ဍရာဇိအရပ်နေ ရဟန်းက “အရှင်ဘုရား - အခါခပ်သိမ်း ဤသို့ပင် မျှတနေပါသလော” ဟု ထူပါရုံနေရဟန်းကို မေးမြန်းလေသည်။ ထူပါရုံနေရဟန်းက “ဟုတ်ပေ၏ ငါ့ရှင်” ဟုပြန်ဖြေ၏၊ ထို့နောက် ပါစိနခဏ္ဍရာဇိအရပ်နေ ရဟန်းက “အရှင်ဘုရား-ပါစိနခဏ္ဍရာဇိအရပ်သည် နေချင်စရာ ကောင်းပါ၏၊ ချမ်းသာပါ၏ ထိုအရပ်သို့ သွားကြကုန်အံ့” ဟု ထူပါရုံနေ ရဟန်းအား လျှောက်ထား၏။

ထိုအခါ ထူပါရုံနေရဟန်းသည် မြို့၏တောင်ဘက်တံခါးမှ ထွက်၍ အိုးထိန်း သည်ရွာလမ်းသို့ ကြွလေ၏။ ပါစိနခဏ္ဍရာဇိအရပ်နေ ရဟန်းက “အရှင်ဘုရား- ဤလမ်းသို့ အဘယ်ကြောင့် ကြွပါသနည်း”ဟု ထူပါရုံနေရဟန်းအား မေး၏။ ထူပါရုံနေရဟန်းက “ငါ့ရှင်-သင်သည် ပါစိနခဏ္ဍရာဇိ အရပ်၏ ပျော်မွေ့ဖွယ်ရာ အကြောင်းကို ပြောဆိုသည် မဟုတ်ပါလော” ဟု ဖြေကြား၏၊ ပါစိနခဏ္ဍရာဇိအရပ် နေရဟန်းက “အရှင်ဘုရား-အရှင်ဘုရားတို့အား ဤမျှလောက် ကာလပတ်လုံး ကျောင်း၌ တစုံတခုသော အပိုပရိက္ခရာ မရှိပါသလော” ဟုမေး၏။ ထူပါရုံနေ ရဟန်းက “မရှိပါငါ့ရှင်၊ ညောင်စောင်းနှင့် အင်းပျဉ်သည် သံဃိကသာဖြစ်၏၊ အခြားပစ္စည်းလည်း တစုံတရာမျှ မရှိပါ” ဟုလျှောက်၏။ ပါစိနခဏ္ဍရာဇိ အရပ်နေ ရဟန်းက “အရှင်ဘုရား- တပည့်တော်မှာမူ တောင်ဝှေး, ဆီကျည်တောက် ဖိနပ်အိတ်တို့သည် ထိုထူပါရုံကျောင်း၌ပင် ကျန်ရှိသေး၏” ဟု လျှောက်ထား၏၊ ထူပါရုံနေရဟန်းက အံ့အားသင့်လျက် “ငါ့ရှင်-သင်သည် တစ်နေ့တာမျှနေ၍ ဤမျှများပြားသော ပရိက္ခရာတို့ကို ထားခဲ့ပေသကိုး” ဟုပြောကြား၏။ ပါစိနခဏ္ဍရာဇိ အရပ်နေ ရဟန်းက “မှန်ပါသည် ဘုရား” ဟု ဝန်ခံပြောဆိုလေ၏။ ထို ပါစိနခဏ္ဍ ရာဇိအရပ်နေ ရဟန်းသည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ထူပါရုံနေ ရဟန်းကို ရှိခိုး၏။ ထူပါရုံကျောင်းနေရဟန်းသည် သပိတ်, သင်္ကန်းကိုယူပြီးလျှင် တစ်ပါးတည်း ပါစိနခဏ္ဍရာဇိ အရပ်သို့ ကြွသွားလေ၏။ ဤကဲ့သို့ ထူပါရုံကျောင်းနေ ရဟန်းအား ကျောင်းသည် ပလိဗောဓ မဖြစ်ပေ။

(၂) ကုလပလိဗောဓ

ဆွေမျိုးဒါယကာကိုဖြစ်စေ, အလုပ်အကျွေးဒါယကာကိုဖြစ်စေ “ကုလ” (ဒါယကာ) ဟု ဆိုအပ်ပေ၏။ မှန်ပေ၏။ “ဒါယကာတို့ ချမ်းသာသည်ရှိသော် မိမိလည်း ချမ်းသာ၏” အစရှိသောနည်းဖြင့် ဒါယကာတို့နှင့် ချစ်ကျွမ်းဝင်ပြီးရောယှက်လျက် နေသော အချို့ရဟန်းအား အလုပ်အကျွေး ဒါယကာသော်လည်း ပလိဗောဓဖြစ်၏ ထိုသို့သော ရဟန်းသည် အလုပ်အကျွေး ဒါယကာတို့နှင့် ကင်း၍ အနီးအပါးရှိ

စာမျက်နှာ-425
ကျောင်းသို့သော်လည်း တရားနာရန်ပင် မသွားနိုင်ပေ၊ အချို့သော ရဟန်းအားမူ အမိအဘတို့သော်လည်း ပလိဗောဓ မဖြစ်ကြပေ။

ကောရဏ္ဍကကျောင်းနေ မထေရ်၏တူ ပဉ္စင်းငယ်အကြောင်း

ကောရဏ္ဍကကျောင်း၌ သီတင်းသုံးသောမထေရ်၏တူ ပဉ္စင်းငယ်သည် ပါဠိ သင်ရန်အလို့ငှာ ရောဟဏဇနပုဒ်သို့ ကြွသွားလေ၏။ ကောရဏ္ဍကကျောင်းနေ မထေရ်၏ နှမ ဥပါသိကာမသည်လည်း သားဖြစ်သူ ပဉ္စင်းငယ်၏ အကြောင်းကို အမြဲတစေ မေးလျှောက်၏။ တစ်နေ့သ၌ ကောရဏ္ဍကကျောင်းနေ မထေရ်သည် ပဉ္စင်းငယ်ကို ခေါ်မည်ဟု ကြံစည်၍ ရောဟဏဇနပုဒ်သို့ ကြွတော်မူ၏။ ပဉ္စင်းငယ် သည်လည်း “ငါသည် ဤအရပ်၌ နေခဲ့သည်မှာ ကြာညောင်းခဲ့လေပြီ၊ ယခုအခါ ဥပဇ္ဈာယ်ဆရာကို ကန်တော့၍ မိခင်၏ အကြောင်းကို သိပြီးလျှင် ပြန်လာအံ့” ဟု ကြံစည်၍ ရောဟဏဇနပုဒ်မှ ထွက်ခွာခဲ့၏။ ထိုတူဝရီး နှစ်ပါးလုံးသည် ဂင်္ဂါမြစ်ကမ်း၌ တွေ့ဆုံမိကြလေ၏။ ပဉ္စင်းငယ်သည် တစ်ခုသော သစ်ပင်ရင်း၌ မထေရ်အား ဝတ်ပြု၏။ “အဘယ်အရပ်သို့ သွားမည်နည်း” ဟု မထေရ်က မေးသော် မိမိ လာခဲ့ခြင်းအကြောင်းကို လျှောက်ထားလေ၏။ မထေရ်က “သင်သည် မိမိရပ်ရွာသို့ ပြန်လာခြင်းကား ကောင်းပါပေသည်၊ သင်၏မယ်တော်လည်း သင့်အကြောင်းကို ငါ့အား ခဏခဏ မေးလေ့ရှိ၏။ ငါသည်လည်း သင့်ကို ခေါ်ရန် လာခဲ့သည်၊ သင်သွားပေတော့၊ ငါကား ဤအရပ်၌ပင် ဝါကပ်တော့အံ့” ဟု မိန့်ကြား၍ ပဉ္စင်းငယ်ကို လွှတ်လိုက်လေ၏။ ပဉ္စင်းငယ်သည် ဝါကပ်သောနေ့၌ပင်လျှင် ထိုကောရဏ္ဍကကျောင်းသို့ ရောက်လေ၏။ ထိုကျောင်းသည်လည်း ပဉ္စင်းငယ်၏ ဖခင် လှူဒါန်းထားသော ကျောင်းဖြစ်သည်။ ပဉ္စင်းငယ်သည် ထိုကျောင်း၌ပင် ဝါကပ်ရတော့၏။

ထိုအခါ ပဉ္စင်းငယ်၏ ဖခင်သည် နောက်တစ်နေ့၌ ကျောင်းသို့လာ၍ “အရှင် ဘုရား-တပည့်တော်တို့၏ကျောင်း၌ ဝါကပ်သော ရဟန်းအား ဝတ်ရှိပါသည်” ဟု လျှောက်ထား၏။ ပဉ္စင်းငယ်က “အဘယ်ဝတ်နည်း ဒါယကာ” ဟု မေးလတ်သော် “ဝါတွင်းသုံးလပတ်လုံး တပည့်တော်တို့၏ အိမ်၌သာလျှင် ဆွမ်းခံ၍ ပဝါရဏာပြုပြီး နောက် ပြန်ကြွသောအခါ၌ တပည့်တော်တို့အား ပြောကြားရပါမည်” ဟု လျှောက်ထား၏၊ ပဉ္စင်းငယ်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်၏။

ပဉ္စင်းငယ်၏ ဖခင်သည် အိမ်သို့ ပြန်သွား၍ “ငါတို့၏ကျောင်း၌ အာဂန္တု အရှင်မြတ်တစ်ပါး ကြွရောက်နေပေပြီ၊ ရိုရိုသေသေ လုပ်ကျွေးပြုစုရမည်” ဟု သူ၏ ဇနီးအား ပြောလေ၏။ ဇနီးသည်ကလည်း “ကောင်းပါပြီ” ဟု ဝန်ခံ၍ မွန်မြတ်သော

စာမျက်နှာ-426
ခဲဖွယ်ဘောဇဉ်တို့ကို စီမံလေ၏။ ပဉ္စင်းငယ်သည်လည်း ဆွမ်းစားချိန်၌ ဆွေမျိုး (မိဘ) အိမ်သို့ ကြွ၏။ သို့ရာတွင် ပဉ္စင်းငယ်ကို တစုံတယောက်မျှ မမှတ်မိ ကြချေ။ ပဉ္စင်းငယ်သည် ဝါတွင်း သုံးလပတ်လုံး မိခင်ဖခင်တို့၏ အိမ်၌ပင် ဆွမ်းဘုဉ်းပေး၍ဝါကျွတ်လတ်သော် “ဦးပဉ္စင်းသွားတော့မည်” ဟု ပန်ကြားလေ၏။

ထိုအခါ၌ ပဉ္စင်းငယ်အား ဆွေမျိုး (မိဘ)တို့က “အရှင်ဘုရား- နက်ဖြန်မှ ကြွပါဘုရား”ဟု လျှောက်ထားကြပြီးလျှင် နောက်တစ်နေ့ အိမ်မှာပင် ဆွမ်းကပ် လျက် ဆီကျည်တောက်ကို ဆီအပြည့် ထည့်ပေးပြီးလျှင် တင်လဲတစ်ခဲနှင့် ကိုးတောင် ရှိသော အဝတ်စကို လှူ၍ “အရှင်ဘုရား - ကြွနိုင်ပါပြီဘုရား” ဟု လျှောက်ထား ကြလေ၏။ ပဉ္စင်းငယ်သည် အနုမောဒနာတရား ဟောကြားပြီးလျှင် ရောဟဏ ဇနပုဒ်သို့ ပြန်ကြွသွားလေ၏။

ပဉ္စင်းငယ်၏ ဦးရီးတော် ဥပဇ္ဈာယ်ဆရာသည်လည်း ပဝါရဏာပြုပြီး၍ ကောရဏ္ဍကျောင်းသို့ ပြန်လာခဲ့သော် ရှေးကတွေ့ ဆုံခဲ့သော ဂင်္ဂါမြစ်ကမ်း၌ပင် ထိုပဉ္စင်းငယ်ကို တွေ့ပြန်၏။ ပဉ္စင်းငယ်က မထေရ်အား တစ်ခုသော သစ်ပင် ရင်း၌ဝတ်ပြု၏။ ထိုအခါ ပဉ္စင်းငယ်ကို “ငါ့ရှင် - သင်သည် မယ်တော်ကို တွေ့ခဲ့ပြီ လော”ဟု မထေရ်က မေးလေ၏။ ပဉ္စင်းငယ်သည် “တွေ့ ခဲ့ပါသည် အရှင်ဘုရား” ဟု အကြောင်းစုံကို လျှောက်ထားလေ၏။ အမိအဘအိမ်မှ လှူဒါန်းလိုက်သော ဆီဖြင့် မထေရ်၏ ခြေတို့ကို ပွတ်လိမ်း၍ တင်လဲခဲဖြင့် အဖျော်ပြုလုပ်ကာ ကပ်ပြီးလျှင် အဝတ်စကိုလည်း မထေရ်အားပင် လှူလိုက်၏။ ထို့နောက် မထေရ်ကို ရှိခိုး၍ “အရှင်ဘုရား - တပည့်တော်အား ရောဟဏဇနပုဒ်သည်သာလျှင် သင့်လျော် လျောက်ပတ်ပါသည်ဘုရား” ဟု လျှောက်ထား၍ ကြွသွားလေ၏။

မထေရ်သည်လည်း နောက်တစ်နေ့ ကောရဏ္ဍကရွာသို့ ရောက်လေ၏။ ပဉ္စင်းငယ်၏ မိခင်သည်လည်း “ငါ၏အစ်ကို မထေရ်သည် ငါ့သားကိုခေါ်၍ ယခုလာလိမ့်မည်” ဟု အမြဲမပြတ် လမ်းကို မျှော်ကြည့်လျက် နေ၏။ ထိုပဉ္စင်းငယ်၏ မိခင်သည် တစ်ပါးတည်းသာလျှင် ကြွလာသောမထေရ်ကို မြင်လတ်သော် “ငါ၏ သားဟာ သေပြီနဲ့တူတယ်၊ မထေရ်တစ်ပါးတည်းသာ ကြွတော်မူလာတယ်” ဟု စဉ်းစားမိသဖြင့် မထေရ်၏ ခြေရင်း၌ ငိုကြွေး၏။ မထေရ်သည် “ပဉ္စင်းငယ်သည် အလို နည်းပါးခြင်းကြောင့် မိမိကို မသိစေဘဲ သွားဟန်တူပေသည်” ဟု နှမဖြစ်သော ပဉ္စင်းငယ်၏ မိခင်ကို နှစ်သိမ့်စေ၍ အဖြစ်သနစ် အလုံးစုံကို ပြောကြားပြီးလျှင် သပိတ်အိတ်ထဲမှ ထိုပဉ္စင်းငယ် လှူလိုက်သော အဝတ်စကို ထုတ်၍ ပြလေ၏။

စာမျက်နှာ-427
မွေးမိခင်၏ အိမ်၌ ဝါတွင်းသုံးလပတ်လုံး ဆွမ်းဘုဉ်းပေး၍ နေပါသော်လည်း “ဦးပဉ္စင်းက ဒါယိကာမကြီး၏သား၊ ဒါယိကာမကြီးက ဦးပဉ္စင်း၏ မယ်တော်” ဟု ဤမျှကိုသော်မှ မပြောဘဲ နေနိုင်တော်မူပါသည်၊ အံ့ဩဖွယ် ယောက်ျားပါတကား ဟု မထေရ်အား လျှောက်ထား၏။ ဤပဉ္စင်းငယ်ကား အမိအဘတို့သော်မှလည်း ပလိဗောဓ မဖြစ်ပေ၊ အခြားသော အလုပ်အကျွေးဖြစ်သော ဒါယကာ၊ ဒါယိကာမ တို့မူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။

(၃) လာဘပလိဗောဓ

ပစ္စည်းလေးပါးတို့ကို လာဘ်ဟု ဆိုအပ်ပေသည်၊ ထိုပစ္စည်းလေးပါးတို့သည် အဘယ်သို့လျှင် ပလိဗောဓဖြစ်သနည်းဟူမူ - ဘုန်းတန်ခိုးကြီးမားသော ရဟန်းအား ရောက်လေရာရာ အရပ်၌ လူတို့သည် များစွာသော ပစ္စည်းတို့ကို လှူဒါန်း ကြ၏။ ထိုရဟန်းသည် လူတို့အား အနုမောဒနာတရား ဟောရသည်ဖြစ်၍ ရဟန်း တရားကို အားထုတ်ခြင်းငှာ အခွင့်မရတော့ပေ။

တဖန် မိုးမလင်းမီ နံနက်စောစော၌ပင် ပစ္စည်းများခြင်းကို လိုလားသော ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်းတို့သည် ကြွလာကြသောအခါ “အရှင်ဘုရား- ဤမည် သော ဥပါသကာ, ဥပါသိကာမ, အမတ်, အမတ်၏ သမီးသည် အရှင်ဘုရား တို့ကို ဖူးမြင်လိုပါသည်” ဟု လျှောက်ကြ၏။ ထိုဘုန်းကြီးသော ရဟန်းသည် “င့ါရှင် သပိတ် သင်္ကန်းကို ယူခဲ့လော့” ဟု အလုပ်အကျွေး တပည့်ရဟန်းကို စေခိုင်း၍ သွားခြင်းငှာ စီမံရ၏။ ဤနည်းဖြင့် ဒါယကာတို့ကို ချီးမြှင့်ခြင်း၌ အမြဲကြောင့်ကြ စိုက်ရ၏။ ဤကဲ့သို့သော ရဟန်းအားသာလျှင် ပစ္စည်းလေးပါးတို့သည် ပလိဗောဓ ဖြစ်ကြပေသည်။ ထိုဘုန်းကြီးသော ရဟန်းသည် ဒါယကာ၊ ဒါယိကာမအပေါင်းကို စွန့်ခွာ၍ မိမိကို သိသူတို့မရှိကြရာအရပ်၌ တစ်ပါးတည်း ကျင့်သင့်ပေသည်။ ဤသို့ ကျင့်သည်ရှိသော် ပလိဗောဓ ပြတ်လေတော့၏။

(၄) ဂဏပလိဗောဓ

သုတ္တန်ဆောင်ဂိုဏ်းကိုဖြစ်စေ၊ အဘိဓမ္မာဆောင်ဂိုဏ်းကိုဖြစ်စေ ဂိုဏ်းဟု ဆိုအပ် ပေသည်။ ထိုဂိုဏ်းအား ပါဠိကိုဖြစ်စေ အဋ္ဌကထာကိုဖြစ်စေ ပို့ချပေးရသည်ဖြစ်၍ ရဟန်းတရား အားထုတ်ခြင်း၏ အခွင့်မရသော ရဟန်းအားသာလျှင် ဂိုဏ်းသည် ပလိဗောဓဖြစ်ပေသည်။ ဂိုဏ်းပလိဗောဓ ရှိသော ထိုရဟန်းသည် ပလိဗောဓကို ဤသို့ဖြတ်အပ်၏။ အကယ်၍ ထိုသင်ယူသူ ရဟန်းတို့သည် များစွာသင်ယူအပ်ပြီး သည်ဖြစ်၍ အကြွင်းအကျန် နည်းသည်ဖြစ်အံ့၊ ထိုအကြွင်းအကျန်ကို အပြီးသတ်၍

စာမျက်နှာ-428
တောသို့ဝင်အပ်၏။ အကယ်၍ အနည်းငယ်သာ သင်ယူရသေးသည်ဖြစ်၍ အကြွင်းအကျန်များသေးသည်ဖြစ်အံ့၊ တစ်ယူဇနာထက် အလွန်မသွားဘဲ တစ်ယူဇနာ အပိုင်းအခြားအတွင်း၌ ဂိုဏ်းအား စာပေပို့ချတတ်သော အခြားရဟန်းသို့ ချဉ်းကပ်၍ “အရှင်သည် ဤရဟန်းတို့ကို ပါဠိသင်ပေးခြင်း စသည်တို့ဖြင့် ချီးမြှောက်တော်မူပါ” ဟု ပြောဆို လျှောက်ထားအပ်၏။ ဤသို့ လွှဲအပ်ရမည့် ပုဂ္ဂိုလ်ကို မရသော ရဟန်းသည် “ငါ့ရှင်တို့- ငါ့မှာ ကိစ္စတစ်ခုရှိနေ၏။ သင်တို့သည် ချမ်းသာရာ အရပ်များသို့ သွားကြပါကုန်” ဟုဆို၍ ဂိုဏ်းကို စွန့်ပြီးလျှင် မိမိ၏ရဟန်းကိစ္စကို ပြုသင့်ပေသည်။

(၅) ကမ္မပလိဗောဓ

အမှုသစ်ကို အမှုကိစ္စဟု ဆိုအပ်ပေသည်။ ထိုအမှုကိစ္စကို ပြုသော ရဟန်းသည် လက်သမား စသည်တို့၏ လုပ်ခရသည် မရသည်ကို သိအပ်၏။ ပြုပြီးသော အမှု၊ မပြုရသေးသောအမှု၌ သိအောင် ကြောင့်ကြစိုက်ရ၏။ ထို့ကြောင့် အခါခပ်သိမ်း ပလိဗောဓ ဖြစ်ပေသည်။ ထိုအမှုကိစ္စဟူသော ပလိဗောဓကိုလည်း ဤဆိုလတ္တံ့သောနည်းဖြင့် ဖြတ်အပ်၏။ အကယ်၍ ဤအမှုကိစ္စသည် အနည်းငယ် ကြွင်းကျန်သည် ဖြစ်အံ့၊ ထိုအနည်းငယ် ကြွင်းကျန်နေသော အမှုကိစ္စကို ပြီးဆုံး စေအပ်၏။ အကယ်၍ အကြွင်းအကျန်များသော် ထိုအမှုကိစ္စသည် သံဃာ့ အမှုကိစ္စဖြစ်မူ သံဃာအားဖြစ်စေ၊ သံဃာ့ဝန်ဆောင် ရဟန်းတို့အားဖြစ်စေ လွှဲအပ် သင့်၏။ ထိုသို့ လွှဲအပ်ရမည့်သူကို မရရှိသော ရဟန်းသည် သံဃာအား စွန့်ခွာ၍ သွားသင့်ပေသည်။

(၆) အဒ္ဓါနုပလိဗောဓ

ခရီးသွားခြင်းကို “အဒ္ဓါန” (ခရီး)ဟု ဆိုအပ်ပေသည်။ အကြင်ရဟန်းအား တစုံတခုသောအရပ်၌ ရှင်ပြုပေးရမည့် ရှင်လောင်းသော်လည်း ရှိငြားအံ့၊ ရသင့်ရထိုက်သော တစုံတခုသော ပစ္စည်းသော်လည်း ရှိငြားအံ့၊ ရှင်ပြုပေးရမည့် ရှင်လောင်းကို ရှင်မပြုရခြင်း၊ ရသင့်ရထိုက်သော ပစ္စည်းကို မရရှိခြင်းတို့ကြောင့် သည်းမခံနိုင်ပါမူ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ်နေသော်လည်း ခရီးသွားလို စိတ်ကို ဖျောက်နိုင်ခဲ၏။ ထို့ကြောင့် ခရီးသွား၍ အမှုကိစ္စအားလုံးကို ပြီးဆုံးစေပြီးမှသာလျှင် ရဟန်းတရား၌ ကြောင့်ကြစိုက်ခြင်း၊ အားထုတ်ခြင်းကို ပြုသင့်ပေသည်။

စာမျက်နှာ-429

(၇) ဉာတိပလိဗောဓ

ဆွေမျိုးဟူသည်ကား ကျောင်း၌ ဆရာ၊ ဥပဇ္ဈာယ်ဆရာ၊ အတူနေတပည့်၊ အနီးနေတပည့်၊ ဥပဇ္ဈာယ်တူသီတင်းသုံးဘော်၊ ဆရာတူသီတင်းသုံးဘော် တို့သည် (ဆွေမျိုး)မည်၏။ အိမ်၌ အမိ၊ အဘ၊ အစ်ကို၊ နှမ အစရှိသော သူတို့သည် (ဆွေမျိုး)မည်၏။ ထိုဆရာ စသည်တို့သည် မမာမကျန်းကုန်လတ်သော် ဤယောဂီ ရဟန်းအား ပလိဗောဓ ဖြစ်ကုန်၏။ ထို့ကြောင့် ဆရာ စသော ပုဂ္ဂိုလ်တို့ကို လုပ်ကျွေးပြုစု၍ ပကတိအတိုင်း ကျန်းမာအောင် ပြုခြင်းဖြင့် ထိုပလိဗောဓကို ဖြတ်အပ်၏။

ထိုဆရာစသည်တို့တွင် ရှေးဦးစွာ ဥပဇ္ဈာယ်သည် မမာမကျန်းဖြစ်၍ နာတာ ရှည်ရောဂါဖြစ်ကာ အိပ်ရာမှ မထနိုင်သည့်တိုင်အောင် ဖြစ်ငြားအံ့၊ တစ်သက်လုံး သော်လည်း လုပ်ကျွေးပြုစုအပ်၏။ ရှင်ပြုပေးသော သရဏဂုံဆရာ၊ ရဟန်းပြုပေး သော ကမ္မဝါစာဆရာ၊ အတူနေတပည့် မိမိက ကမ္မဝါဖတ်၍ ရဟန်းပြုပေးထားသော အနီးနေတပည့်၊ သရဏဂုံပေး၍ ရှင်ပြုပေးထားသော အနီးနေတပည့်၊ ဥပဇ္ဈာယ်တူ သီတင်းသုံးဘော်တို့ကိုလည်း ထို့အတူပင် လုပ်ကျွေးပြုစုအပ်၏။ နိဿရည်းဆရာ၊ ကျမ်းဂန်သင်ကြားပေးသောဆရာ၊ နိဿရည်းယူတပည့်၊ ကျမ်းဂန်သင်ယူသည့် တပည့်၊ ဆရာတူ သီတင်းသုံးဘော်တို့ကိုမူကား နိဿရည်း (သို့မဟုတ်) ကျမ်းဂန် သင်ကြားမှု မပြတ်သေးသမျှ ကာလပတ်လုံး လုပ်ကျွေးပြုစုအပ်၏။ စွမ်းနိုင်ပါမူ ထို့ထက်အလွန်လည်း လုပ်ကျွေးပြုစုအပ်သည်သာတည်း။ အမိအဘတို့၌လည်း ဥပဇ္ဈာယ်၌ကဲ့သို့ ကျင့်အပ်၏။

(၈) အာဗာဓပလိဗောဓ

အနာရောဂါဟူသည်ကား - တစုံတခုသော အနာရောဂါတည်း။ ထိုအနာ ရောဂါသည် နာကျင်ခံခက် နှိပ်စက်လတ်သော် ရဟန်းအား ပလိဗောဓ ဖြစ်၏။ ထို့ကြောင့် ထိုပလိဗောဓကို ဆေးကုခြင်းဖြင့် ဖြတ်ရမည်။ အကယ်၍ ရက်အနည်း ငယ် ဆေးကုသော်လည်း မပျောက်အံ့၊ “ငါသည် ခန္ဓာကိုယ်တည်းဟူသော သင်၏ ကျွန် မဟုတ်၊ အခစားလည်း မဟုတ်၊ သင့်ကိုသာလျှင် လုပ်ကျွေးလျက် မထင်သော သံသရာ၌ ဆင်းရဲသို့ ရောက်ခဲ့ရလေပြီ” ဟု ခန္ဓာကိုယ်ကို ကဲ့ရဲ့၍ ရဟန်းတရားကိုသာလျှင် အားထုတ်သင့်ပေသည်။

၁။ သဒ္ဓိဝိဟာရိကခေါ် အတူနေတပည့်ဟူသည်မှာ - ဥပဇ္ဈာယ်ယူထားသော တပည့်ဖြစ်သည်။

၂။ အန္တေဝါသိကခေါ် အနီးနေတပည့်ဟူသည်မှာ-ဥပဇ္ဈာယ်မှတပါးသော ဆရာတို့၏ တပည့် ဖြစ်သည်။

စာမျက်နှာ-430

(၉) ဂန္ထပလိဗောဓ

ကျမ်းဂန်ဟူသည်ကား ပိဋကတည်းဟူသော ပရိယတ်ကို ဆောင်ရွက်ခြင်းတည်း။ ထိုကျမ်းဂန်သည် ရွတ်အံသရဇ္ဈာယ်ခြင်း စသည်ဖြင့် အမြဲကြောင့်ကြစိုက်နေရသော ရဟန်းအား ပလိဗောဓ ဖြစ်၏။ အမြဲကြောင့်ကြစိုက်မနေရသော ရဟန်းအားမူ ပလိဗောဓ မဖြစ်ပေ။

မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်နှင့် မလယဝါသီ ဒေဝမထေရ်

မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် မလယဝါသီ (မလယအရပ်၌ နေသော) ဒေဝမထေရ်၏ အထံသို့ သွား၍ ကမ္မဋ္ဌာန်း တောင်းလေ၏။ မလယဝါသီ ဒေဝ မထေရ်သည် မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်အား “ငါ့ရှင်.... ပရိယတ်၌ ဘယ်အခြေအနေသို့ ရောက်ရှိပါသနည်း” ဟုမေးလေသည်။ မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်က “မဇ္ဈိမနိကာယ်ကို နှုတ်တက်ဆောင်ပါသည်ဘုရား” ဟုလျှောက်ထား၏။

ထိုအခါ မလယဝါသီ ဒေဝမထေရ်က “ငါ့ရှင်. . . . ဤမဇ္ဈိမနိကာယ်သည် ဆောင်ရန်ခက်ခဲ၏။ မူလပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သူအား မဇ္ဈိမပဏ္ဏာသသည် နှုတ်သို့ ရောက်လာတတ်၏။ ထိုမဇ္ဈိမပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သူအား ဥပရိပဏ္ဏာသသည် နှုတ်သို့ ရောက်လာတတ်၏။ သင့်အား အဘယ်မှာလျှင် ကမ္မဋ္ဌာန်းနှလုံးသွင်းမှု ဖြစ်နိုင်လိမ့်မည်နည်း” ဟု လျှောက်ထား၏။

တဖန် မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်က “အရှင်ဘုရားတို့အထံ၌ ကမ္မဋ္ဌာန်းကို ရပြီးသည်ရှိသော် ပရိယတ်ကို နောက်တဖန် ပြန်၍ မကြည့်တော့ပါ ဘုရား” ဟု လျှောက်ထား၍ ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ၁၉-နှစ်ပတ်လုံး ရွတ်အံသရဇ္ဈာယ်ခြင်းကို မပြုဘဲ အနှစ် (၂၀)ရောက်သောအခါ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုအခါ သရဇ္ဈာယ်ခြင်းငှာ လာကြကုန်သော ရဟန်းတို့အား “ငါ့ရှင်တို့ ငါသည် ပရိယတ်ကို မကြည့်သည်မှာ အနှစ်နှစ်ဆယ် ရှိပေပြီ၊ သို့သော်လည်း ငါသည် ဤမဇ္ဈိမနိကာယ်၌ လေ့ကျင့်ကျေပွန်ပြီးဖြစ်၏၊ အားထုတ်ကြပါကုန်” ဟု မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်က ပြောကြားလေသည်။

(၁၀) ဣဒ္ဓိပလိဗောဓ

တန်ခိုးဟူသည်ကား ပုထုဇဉ်တို့၌ဖြစ်သော တန်ခိုးတည်း၊ မှန်ပေ၏၊ ထိုပုထုဇဉ် တန်ခိုးသည် ပက်လက်အိပ်တတ်ကာမျှ သူငယ်ကဲ့သို့လည်းကောင်း၊ [?] ကဲ့ သို့လည်းကောင်း မပျက်အောင် ဆောင်ထားရန် ခက်ခဲ၏၊ အနည်းငယ်မျှ

စာမျက်နှာ-431
သော အနှောင့်အယှက်ဖြင့်ပင် ပျက်စီးတတ်၏။ ထိုတန်ခိုးသည် ဝိပဿနာ၏ ပလိဗောဓသာ ဖြစ်၏။ သမာဓိ၏ ပလိဗောဓကား မဖြစ်ပေ။ အဘယ်ကြောင့် ဆိုသော် သမာဓိသို့ ရောက်ပြီးမှသာ ထိုတန်ခိုးကို ရောက်နိုင်ခြင်းကြောင့်တည်း။

ထို့ကြောင့် ဝိပဿနာကို အလိုရှိသော သူသည် တန်ခိုးဟူသော ပလိဗောဓ ကိုလည်း ဖြတ်အပ်၏။ သမာဓိကို အလိုရှိသောသူကား ကြွင်းသောပလိဗောဓကြီး ၉-ပါးတို့ကိုသာ ဖြတ်အပ်ပေ၏။

ဆောင်ပုဒ်။ ။ အာ, ကု, လာဘ၊ ဂိုဏ်း, ကိစ္စ၊ ပထ, ဉာ, အနာ။

ကျမ်းဂန်, တန်ခိုး၊ ဤဆယ်မျိုး၊ ဖြတ်ရိုး ဝိပသ်မှာ။

ပလိဗောဓငယ် (၅)ပါး

(အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း)

“ခုဒ္ဒကပလိဗောဓပစ္ဆေဒံ ကတွာ” စသည်ဖြင့် ဝိသုဒ္ဓိမဂ်၌ ကြောင့်ကြဖွယ် ဟူသော ပလိဗောဓငယ် ၅-ပါးလာ၏ -

၁။ ရှည်သောဆံပင်၊ မုတ်ဆိတ်၊ လက်သည်း၊ ခြေသည်း တို့ကို ပယ်အပ်၏။

၂။ ဆွေးမြေ့ စုတ်ပြတ်သော သင်္ကန်း၊ အဝတ် စသည်များကို ခိုင်မြဲအောင် ဖာထေးစပ်ချုပ်ခြင်းကို ပြုအပ်၏၊

၃။ ဟောင်းနွမ်း ညစ်ပေသော သင်္ကန်း၊ အဝတ် စသည်များကို ဖွပ်လျှော် ထပ်ဆိုး လိပ်နယ်ခြင်းကို ပြုအပ်၏။

၄။ အညစ်အကြေးတင်သော သပိတ်များရှိလျှင် စင်ကြယ်အောင် မီးဖုတ်ခြင်း စသည်ကို ပြုလုပ်အပ်၏။

၅။ အိပ်ရာ၊ ခုတင်၊ အင်းပျဉ်၊ ညောင်စောင်း စသည်ကို ပြုပြင်အပ်၏ - ဟူ၍ ၅-ပါးရှိပါသည်။

လူများမှာလည်း ခေါင်းဆေးလျှော်ခြင်း စသော အထက်၌ ဆိုခဲ့သည့် စပ်ဆိုင်ရာ ကြောင့်ကြဖွယ် အမှုငယ်များကို ပြုပြင်၍ ထားအပ်၏။

ဤပလိဗောဓငယ်မှာ ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်း၍ ဝိပဿနာသဘောကို မရိပ်မိသေးမီ ၅-ရက်၊ ၇-ရက်၊ ၁၀-ရက်စသည်ဖြင့် နေ့ရက် နုစဉ်အခါမှာ ကြောင့်ကြခြင်း မရှိစေရန်သာ ရှေးဦးစွာ ပြုလုပ်ထားရသည်။ ဝိပဿနာသဘောကို ရိပ်မိသောအခါ မခဲယဉ်းပေ။ စူးစိုက်အားထုတ်ကြည့်လျှင် ထင်ရှား သိသာပေ လိမ့်မည်။

စာမျက်နှာ-432

စရိုက်

စရိုက်ဆိုသည်မှာ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ် သည်ကို ခေါ်သည်။

စရိုက်သည် ၆-ပါး အပြားရှိ၏၊ ထို ၆-ပါးကား -

စရိုက် ၆-ပါး

(၁) ရာဂစရိုက် - ဝတ္ထုကာမ၊ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိ တတ်သောအကျင့်၊

(၂) ဒေါသစရိုက် - အာဃာတ၊ ဣဿာ၊ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့် အကျင့်၊

(၃) မောဟစရိုက် - ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်၊

(၄) သဒ္ဓါစရိုက် - ယုံကြည်လွယ်လေ့ရှိသောအကျင့်၊

(၅) ဝိတက်စရိုက် - စိတ်ကူးယဉ်တတ်သောအကျင့်၊

(၆) ပညာစရိုက် - အရာရာ၌ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ဆင်ခြင်တတ်သောအကျင့် ဟူ၍ စရိုက်အပြား ၆-ပါးရှိပါသည်။

မိမိစရိုက်ကို ဆန်းစစ်ရန် လိုအပ်ခြင်း

ထိုစရိုက်သည် လူတို့၌ တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါးဖြစ်စေ တွဲလျက် ရှိတတ်သည်။ ဤသူသည် အဘယ်စရိုက်ရှိသည်ဟု အကဲခတ်နိုင်မှုမှာ အသွားအလာ အနေအထိုင်၊ အပြောအဆို ဣရိယာပုထ်ကိုလည်းကောင်း၊ လုပ်မှုကိုင်မှုကိစ္စ၊ စားသောက်မှုဘောဇဉ်၊ ကြည့်ခြင်း ဒဿန စသည်တို့ကို ကြည့်ရှုအကဲခတ်ခြင်းဖြင့် လည်းကောင်း သိနိုင်သည်။

ထိုစရိုက် ၆-ပါးတို့တွင် ရာဂနှင့်သဒ္ဓါ၊ ဒေါသနှင့်ပညာ၊ မောဟနှင့်ဝိတက် စရိုက်တို့သည် သဘောအားဖြင့် တူသလိုလို ရှိတတ်သည်။

ရာဂနှင့် သဒ္ဓါစရိုက်ရှိသောသူသည် ပကတိ သွားမြဲ သွားသည်ရှိသော် ယဉ်ယဉ် ကျေးကျေး တင့်တင့်တယ်တယ် ရှိသည်။ ဖြည်းဖြည်းသာ ခြေကို ချသည်၊ ညီညီ ကြွသည်။ လုပ်မှုကိုင်မှုတို့၌ ယဉ်ကျေးသေသပ်သည်။ အချိုအဆိမ့် စားသောက်ဖွယ် တို့နှင့် အမွှေးအကြိုင်တို့ကို ကြိုက်နှစ်သက်တတ်သည်။

စာမျက်နှာ-433
ထူးသည်ကား -

ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ ပရိယာယ် မာယာ အလိမ်အကောက်များသည်၊ မာနကြီးသည်၊ လိုချင်လောဘများသည်။ သဒ္ဓါစရိုက်ရှိသောသူသည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိသည်။ ဘုရားကို ပူဇော်ခြင်း၊ တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ဝပ်တွားဆည်းကပ်ခြင်း အလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်၊ ဤသို့ထူးပါသည်။

ဒေါသနှင့် ပညာစရိုက်ရှိသောသူသည် အသွားအလာ၊ အနေအထိုင်၊ အပြော အဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိသည်၊ လုပ်မှု, ကိုင်မှုတို့၌ ယဉ်ကျေး သေသပ်ခြင်းမရှိလှ၊ အချဉ်၊ အငန်၊ အစပ်၊ အခါး၊ စူးရှသော အစာ အာဟာရကို ကြိုက်နှစ်သက်တတ်သည်။ မကောင်းသော အဆင်း၊ အသံစသည်နှင့် တွေ့ကြုံ သောအခါ သည်းခံချုပ်တည်းခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်း စိတ်တို လွယ်သည်။

ထူးသည်ကား

ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့မှု၊ ငြူစူမှု၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုမှု၊ ဂုဏ်တုဂုဏ်ပြိုင်ပြုလိုမှု၊ အဆုံးအမခက်ခဲမှုတို့ ဖြစ်လေ့ရှိသည်။

ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက် လေ့ရှိသည်။ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်၊ ဤသို့ထူးပါသည်။

မောဟနှင့် ဝိတက်စရိုက် ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ် သွားလေ့ရှိသည်။ ကြောက်ရွံ့လျက် ခြေကို ချသည်၊ ကြွသည်၊ မေ့မေ့လျော့လျော့ရှိသည်၊ လုပ်ငန်း ကိစ္စ ရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်၊ စားသောက်မှု၌လည်း အဘယ်အစာကို ကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ၊ မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက် ဆိုလောက် အောင် ပြီးမြောက်သည်ဟူ၍ မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်ရပ်ကိစ္စမှာ သူတကာ၏ နောက်လိုက်သာ ဖြစ်ရ သည်။ သူများချီးမွမ်းသည်ကို နောက်က လိုက်၍ ချီးမွမ်းတတ်သည်၊ သူများကဲ့ရဲ့ သည်ကိုလည်း နောက်ကလိုက်၍ ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက် ထိုင်းမှိုင်း ခြင်း, ပျံ့လွင့်ခြင်းတို့နှင့်သာ အချိန်ကို ကုန်လွန်စေသည်။ ထိုစရိုက်နှစ်ပါးသည် ထူးမခြားနားဖြစ်၍ ထိုထိုအမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောဘဲ မျော၍

စာမျက်နှာ-434
သာနေတတ်သည်၊ လူပေါ်ကျော့၊ လူလေ၊ လူလွင့်တို့နှင့် ပျော်မွေ့ကာ အကြံ များလျက် အလကားလူပိုတွေသာ ဖြစ်တတ်သည်။

စရိုက်အလိုက် နှလုံးသွေးဖြစ်တတ်ပုံ

ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။ ဒေါသစရိုက်ရှိသောသူသည် နှလုံး သွေးညိုသည်။ မောဟစရိုက် ရှိသောသူသည်အမဲသားဆေးသော ရေလောက်သာ နှလုံးသွေးရောင်ဖျော့သည်။ သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။ ပညာ စရိုက်ရှိသောသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့ နှလုံးသွေးပြိုးပြက်ရှိသည် ဖြူသည်။ ဝိတက်စရိုက်ရှိသောသူသည် ပဲပြုတ်ရေ အဆင်းကဲ့သို့ နှလုံးသွေးရောင် ရှိသည်။

ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်း မကင်းပေ၊ ရှေးဘဝက ကုသိုလ် ကောင်းမှုပြုလုပ်သောအခါ လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင် လောဘစရိုက် ရှိတတ် သည်၊ ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်ရှိတတ်သည်။ မောဟခြံရံ၍ ပြုလုပ်ခဲ့လျှင် မောဟစရိုက်ရှိတတ်သည်။ သဒ္ဓါတရားခြံရံ၍ ပြုလုပ်ခဲ့လျှင် သဒ္ဓါစရိုက် ရှိတတ်သည်။ သတိ, ပညာခြံရံ၍ ပြုလုပ်ခဲ့လျှင် ပညာစရိုက်ရှိတတ်သည်။ မကောင်း သော အကြံအစည် ထွေထွေလာလာဖြင့် ခြံရံ၍ ပြုလုပ်ခဲ့လျှင် ဝိတက်စရိုက် ရှိတတ်သည်။

ထို့ကြောင့် နောင်အနာဂတ်ဘဝတို့၌ စရိုက်ဆိုးများ မဖြစ်ရအောင် ကုသိုလ် ကောင်းမှုလုပ်သောအခါမှာ သတိ,ပညာတို့ဖြင့် ခြံရံ၍ ပြုလုပ်ကြရမည်။ သို့မှသာ နောင်ဖြစ်လတ္တံ့သော ဘဝတို့၌ စရိုက်ကောင်းများ ဖြစ်နိုင်၍ ကောင်းမှုကုသိုလ် တိုးပွားပေမည်။

စရိုက် ၆-ပါးနှင့် သင့်လျော်သော ကမ္မဋ္ဌာန်း

၁။ ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါး သော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်ပေသည်။

၂။ ဒေါသစရိုက်ရှိသောသူသည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပက္ခာဟူသော အပ္ပမညာ (ဗြဟ္မစိုရ်) ၄-ပါး၊ နီလ, ပီတ, လောဟိတ, ဩဒါတ ဟုဆိုအပ်သော ဝဏ္ဏကသိုဏ်း ၄-ပါး၊ ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။

၃။ မောဟနှင့် ဝိတက်စရိုက် ရှိသောသူသည် ထွက်လေဝင်လေကို နှာသီးဖျား၌ ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။

စာမျက်နှာ-435
၄။ သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ၊ ဤ ၆-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။

၅။ ပညာစရိုက်ရှိသောသူသည် မရဏာနုဿတိ, ဥပသမာနုဿတိ, (နိဗ္ဗာန်ကို အာရုံပြုခြင်း) စတုဓာတုဝဝတ္ထာန် (ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း), အာဟာရေ ပဋိကူလသညာ၊ ဤ ၄-ပါး သော ကမ္မဋ္ဌာန်း တို့နှင့် သင့်လျော်သည်။

ထိုသို့ဆိုခဲ့ပြီးသော ၃၀-သော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊ အရုပ္ပ ၄-ပါး၊ ဤ ၁၀-ပါးသော ကမ္မဋ္ဌာန်းတို့သည် အလုံးစုံသော စရိုက် ၆-ပါးလုံးနှင့် သင့်လျော်သည်။

ကသိုဏ်းတို့တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည် ဝိတက်စရိုက်ရှိသူအား သင့်လျော်သည်။ ကြီးသော ကသိုဏ်းဝန်းသည် မောဟစရိုက် ရှိသူအား သင့်လျော်သည်။

ရာဂကိုပယ်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကို ပွားအပ်သည်။ ဒေါသကိုပယ်ခြင်းငှာ မေတ္တာကို ပွားအပ်သည်။ ဝိတက်ကို ပယ်ခြင်းငှာ အာနာပါနဿတိကို ပွားအပ်သည်။ မာနကို ပယ်ခြင်းငှာ အနိစ္စသညာကို ပွားအပ်သည်။

ကမ္မဋ္ဌာန်း အားထုတ်လိုသူတို့သည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း ၄၀-တို့တွင် မိမိ တို့၏ စရိုက်နှင့် သင့်၊ မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သော ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများအားထုတ်သင့်လေသည်။

စာမျက်နှာ-436

အခန်း (၈)

သမထကမ္မဋ္ဌာန်းအားထုတ်နည်း

ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင် ပြုလုပ်နည်းအညွှန်း

(က) ပရိကံပိုင်း

သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားသည် ဈာန်ရအောင် လုပ်နည်းနှင့် မဂ်ဖိုလ်ရအောင် လုပ်နည်းဟူသော နည်းမှန်ကြီး နှစ်မျိုးကို ကမ္ဘာလူသားတို့၏ အကျိုးစီးပွား အတွက် ထားရစ်ခဲ့သည်။ ယင်းနည်း နှစ်နည်းအနက် ဈာန်ရအောင် လုပ်နည်းကို ဖော်ပြပါမည် -

(၁) အခြေခံပြင်ဆင်ချက်

ဈာန်ယာဉ်စီးနိုင်အောင် လေ့ကျင့်လိုသူသည် ပထမဦးဆုံး ကျန်းမာရေး ပြည့်စုံအောင် ကြိုးစားရမည်။ ရောဂါတစ်မျိုးမျိုးရှိနေလျှင်လည်း ထိုရောဂါ ပျောက်ကင်းအောင် ကုသပစ်ရသည်။ မည်သည့်ရောဂါမျှ မရှိ၊ ပကတိကျန်းမာသူ ဖြစ်မှသာလျှင် ဈာန်သူရဲကောင်း အလောင်းအလျာ ဖြစ်ထိုက်သည်။ ထို့နောက် အိမ်ထောင်ရေး၊ သားသမီးရေး၊ မိဘရေးတို့ကို ယာယီဖြစ်စေ ပယ်ပစ်လိုက် ရသည်။ လူပျိုဖြစ်က ပို၍ ကောင်းသည်။ သို့သော် အာကာသမောင်တွေလည်း လေ့ကျင့်ခန်း ယူနေသည့် ကာလအတွင်း အိမ်ပြန်အိပ်ခွင့် မရကြပေ၊ ထို့အတူ အားကစားသမားများလည်း ပြိုင်ပွဲနီး၍ အပူတပြင်း လေ့ကျင့်နေချိန်၌ မယားနှင့်အတူ အိပ်ခွင့် မရကြပေ၊ ဤကိစ္စသည် လူ၏ခန္ဓာထဲရှိ ခွန်အားကို ဆုတ်ယုတ်စေတတ် သဖြင့် အရေးကြီးသောကိစ္စကို ဆောင်ရွက်ခါနီးတိုင်း ရှောင်ကြဉ်ကြရခြင်း ဖြစ်သည်။ ဆောင်ရွက်ရမည့်အလုပ်၏ အတိုင်းအတာအလိုက် ဤကိစ္စကို ကန့်သတ် ရှောင်ကြဉ်ရသည်၊ ပို၍အရေးကြီးသော အလုပ်ဖြစ်လေ ပို၍ရှောင်ရလေ ဖြစ်သည်။ ထို့ကြောင့် အားကစားသမားများထက် အာကာသမောင်တို့က ပို၍ ရှောင်ကြ ရသည်။ အာကာသမောင်တို့ထက် ဈာန်သင်တန်းသားက ပို၍ ရှောင်ကြဉ်ရမည် ဖြစ်သည်။ ဤကိစ္စရှောင်ဖို့ကလည်း ခက်ခဲလှသည် မဟုတ်ပါပေ။ မယားနှင့် ခွဲအိပ်ရမှာကို တွန့်နေလျှင်လည်း ပါရာဇိကလေးပါး အမြဲထိန်းထားသော ငယ်ဖြူ ရဟန်းတော်များ ရှိနေသော ဤနိုင်ငံတွင် ရှက်ဖွယ်လိလိ ဖြစ်ရာသည်။

စာမျက်နှာ-437
ထို့ပြင် မိမိ မိသားစု၏ စားဝတ်နေရေး ကြောင့်ကြမဲ့မှု အခြေအနေကို ဖန်တီးပေးခဲ့ရမည်။ ပြည့်ပြည့်စုံစုံ ရှိစေရမည်။ သို့မဟုတ်က သူတို့ဘဝကို သူတို့ စွမ်းရည်နှင့် ရုန်းကန်နိုင်ကြသည်ဟု သဘောထားရမည်။ နောက်ဆုံး ဘာပဲဖြစ်ဖြစ် သူတို့အတွက် ငါ ပူမနေနိုင်ပါဘူးဟု သံယောဇဉ်ကြိုးကို တိခနဲ ဖြတ်လိုက်ရမည်။ ဤသို့ သံယောဇဉ်ကို ဖြတ်ရန်လည်း ခဲယဉ်းလှသည်မဟုတ်၊ ဈာန်လုပ်ငန်းခွင်ထဲ ရောက်သွားသောအခါ တဖြည်းဖြည်း သံယောဇဉ်ကွာကျ သွားတတ်ပါသည်။

နောက်တစ်ချက်က ပညာရေးဖြစ်၏၊ ပညာတပိုင်းတစနှင့် [?] ဈာန် သူရဲကောင်း အလောင်းအလျာ မဖြစ်ထိုက်၊ ကျောင်းတက်နေစဉ်မျိုး၊ ပညာ ရှာချိန်မျိုး၌ ရှေ့တွင် မည်သည့်စာမေးပွဲ အောင်ချင်သေးတယ်၊ မည်သည့်ဘွဲ့ လေးလိုချင်သေးတယ် စသည်ဖြင့် မျှော်လင့်ချက်ရှိနေတတ်သည်။ ငါ ဒီမှာ လာပြီး ကျင့်ကြံနေတုန်း ငါ့သူငယ်ချင်း ဘယ်သူ ဘယ်ဝါဖြင့် ... ဘာဘွဲ့ကြီးတွေရလို့ ဘာရာထူးကြီးနှင့် ဖြစ်နေမှာပဲ စသည်ဖြင့် စိတ်ရောက်တတ်သည်။ ထို့ကြောင့် ပညာသင်ချင်လျက် တန်းလန်းနှင့် ဈာန်သင်တန်း မတက်သင့်၊ သို့မဟုတ် ပညာရေး ကြောင့်ကြမှု အားလုံးကိုဖယ်ပစ်ပြီး စိတ်ပြတ်ပြတ်ထားနိုင်လျှင် ဤသင်တန်းနှင့် သင့်လျော်သည်။

ဤသို့ဆိုသဖြင့် တစ်သက်လုံး ပညာညွန့်တုံးရမည်ဟု အပေါ်ယံမထင်ပါနှင့်၊ ဈာန်သင်တန်းတက်ပြီးမှ ပြန်သင်ချင်လည်း ရပါသည်။ ထိုအခါကျလျှင် ယခု တစ်လ သင်ရမှာကို တစ်ရက်တည်းနှင့် တတ်ပေလိမ့်မည်။ အကြောင်းကား သူ၏စိတ်ဓာတ် သူ၏ပညာသည် အရည်အသွေး ပိုရှိလာပြီး သမာဓိအား ကောင်းလာသဖြင့် မှတ်ဉာဏ် အလွန်ထက်မြက်နေမည် ဖြစ်သောကြောင့်တည်း။

ရစရာ အလားအလာ မျှော်လင့်ချက်ရှိကလည်း သင်တန်းမဝင်မီ ရှင်းပစ် ရမည်။ ကြွေးမြီရစရာရှိလျှင် စိတ်ပူနေတတ်သည်။ မိဘထံမှ ခပ်မြက်မြက် အမွေ ရဖို့ မျှော်လင့်ချက် ရှိနေပြန်လျှင် ငါမရှိတုန်း မိဘဆုံးလျှင် မီးခံသေတ္တာသော့ မည်သူ့ဆီ ရောက်သွားမှဖြင့် အခက်ပဲဟု ကြောင့်ကြတတ်သည်။ ယုတ်စွအဆုံး ဈာန်သင်တန်း မတက်ခင် ထီမထိုးအပ်ပေ၊ ထီပေါက်လျှင် ဘာလုပ်လိုက်မည် စသည်ဖြင့် စိတ်ကူးတွေ ဝင်လာတတ်သည်။ ငါမရှိတုန်းများ ထီပေါက်နေမှဖြင့် ငါ့ထီလက်မှတ် ထားတဲ့နေရာကိုလည်း အိမ်သားတွေ သိမှာမဟုတ်ဘူး၊ အစိုးရ ဘဏ္ဍာတော်ဖြစ်ရချည့်ရဲ့ဟု တွေးပူမိတတ်သည်။ အကောင်းဆုံးက ဘာရစရာ ဘာမျှော်လင့်ချက်မှ မထားဘဲ ကိုယ်လွတ်စိတ်လွတ် ပေါ့ပေါ့ပါးပါး ရှိနေရန် လိုပေသည်။

စာမျက်နှာ-438
ကိုယ်ပိုင် ပစ္စည်းဥစ္စာ စိန်ရွှေငွေများ ရှိလျှင်လည်း လုံးဝ စိတ်ချရမည့်သူနှင့် လွှဲထားရမည်။ ဤပစ္စည်းများအတွက် ကြောင့်ကြစိုက်မှု ထိန်းသိမ်းမှု လုံးဝ မရှိရပေ။ အဝတ်အစား ချုပ်လုပ်ခြင်း၊ တဲဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ ဆိုင် ဆောက်ခြင်း၊ စက်ရုံတည်ခြင်းမှ စ၍ လုပ်ချင်သောအလုပ်, လုပ်စရာရှိသော အလုပ်များရှိနေကလည်း သင်တန်းမတက်မီ ပြီးစီးအောင် လုပ်ခဲ့ရမည်။ သို့မဟုတ် ဤအလုပ်တွေ မလုပ်တော့ဘူးဟု စိတ်ကို ပိုင်းဖြတ်ထားရမည်။ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ဖြစ်စေ၊ ဗဟုသုတအလို့ငှာဖြစ်စေ၊ ယုတ်စွအဆုံး အပျော်ဖြစ်စေ ခရီးထွက်စရာ ရှိလျှင်လည်း နောက်မှ သွားမည်ဟု သဘောမထားအပ်၊ မသွား တော့ဘူး၊ သွားစရာ မလိုဘူးဟု စိတ်ပိုင်းဖြတ် ပစ်ရမည်၊ သို့မဟုတ်က သင်တန်းခွင်ဝင်နေစဉ် ရောက်လိုသည့် နေရာတွေအကြောင်း စိတ်ထဲမှာ လာလာ ပေါ်ပြီး လုပ်ငန်းအနှောင့်အယှက် ဖြစ်တတ်သည်။

သင်တန်းတက်နေစဉ် ကာလအတွင်း သင်တန်းပြဆရာမှ အခြား မည်သူ တစ်ဦးတစ်ယောက်မျှ အပေါင်းအသင်း မလုပ်ရပေ၊ မည်သူနှင့်မျှ အတွေ့မခံ ရပေ၊ ထို့ပြင် စာဖတ်ခြင်းကို အထူးရှောင်ရမည်။ ကမ္မဋ္ဌာန်းထိုင်ရင်း စာဖတ် ခြင်းသည် လူနှင့်ပတ်ဝန်းကျင် ဘဝဆီသို့ စိတ်ရောက်သွားစေနိုင်သည်။ လုပ်ငန်း ခွင်မှ စိတ်အပြင်ထွက်သွား၍ ဖြစ်၏။ နေ့စဉ် ဒိုင်ယာရီရေးခြင်း အပါအဝင် စာရေးခြင်း၊ မှတ်သားခြင်း၊ တေးထားခြင်း မည်သည်ကိုမျှ မလုပ်ရပေ။

အချုပ်အားဖြင့် ဈာန်သင်တန်းတက်နေစဉ် ကာလအတွင်း ပတ်ဝန်းကျင်နှင့် စိတ်ရောလူပါ အဆက်အသွယ် ဖြတ်ထားရမည်။ သို့မှသာ လုပ်မည့်လုပ်ငန်းခွင်၌ စိတ်ဝင်စားနိုင်မည် (ဝါ) သမာဓိရနိုင်မည် ဖြစ်ပါသည်။ ဤသို့ ပြုသည်ကို “ပလိ ဗောဓဖြတ်သည်” ဟု စာသုံးကျကျ ခေါ်ကြလေသည်။

(၂) နေရာယူခြင်း

ပြင်ဆင်မှု ပြုလုပ်ပြီးနောက် နေရာရွေးရမည်။ ဖြစ်စေချင်သည့် ကိစ္စတစ်ခု အောင်မြင်ရေးအတွက် နေရာယူ မှန်ကန်မှုသည် လွန်စွာ အရေးကြီးလှပါသည်။ စာပေနှင့် မွေ့လျော်ပြီး ရေဒီယိုသီချင်းဖြင့် ဇိမ်ခံချင်သူသည် သိမ်ကြီးဈေး အလယ် ခေါင်၌ နေရာယူလျှင် မသင့်တော်ပါ။ သူ့ရည်ရွယ်ချက် ထမြောက်အောင်မြင်မည် မဟုတ်ပါ။ ထိုနည်းအတူ ရုပ်ရှင်, ဘောပွဲ အသည်းစွဲကြိုက်တတ်သူများလည်း လက်ရှိအခြေအနေအရ အသွားအလာခက်ခဲလှသော မြို့စွန်မှာ သွားနေမိလျှင် အတော် ဂွကျနေပေလိမ့်မည်။ ကိုယ့်အလုပ် ကိုယ့်ဝါသနာနှင့် လိုက်အောင် နေရာယူ မှန်မှ အဆင်ပြေပါသည်။

စာမျက်နှာ-439
ဈာန်အလုပ်သည် “သမာဓိ”အလုပ်၊ သမထအလုပ် ဖြစ်သည်၊ စိတ်ကို ရှေ့တန်းတင်၍ စေစားခြင်း ဖြစ်သည်။ စိတ်တည်ကြည်မှုရရေး၌ (ဝါ)သမာဓိ ထူထောင်ရေး၌ အကြီးမားဆုံး အဖျက်အဆီးမှာ အသံဗလံများ ဖြစ်သည်။ သမာဓိ စာပို့ရထားကြီးကို အသံဗလံ မိုင်းဗုံးများက ရစရာမရှိအောင် ဖျက်ဆီးပစ်တတ် ကြသည်။ ရှေ့သို့ဆက်၍ မသွားနိုင်အောင် ဟန့်တားတတ်ကြသည်။

အသံဆိုက မည်သည့်အသံပဲဖြစ်ဖြစ် ဈာန်လုပ်ငန်းကို အနှောင့် အယှက် ပေးပေသည်။ သာယာသောအသံ၊ ဆိုးဝါးသောအသံ၊ မျိုးစုံဆူညံသော အသံ၊ လူသံ၊ ငှက်သံ၊ ရထားသံ၊ ကားသံ ဘာသံမှ သမာဓိကို အကျိုးမပြုပေ။ အကြောင်းမှာ အသံတစ်ခုကို ကြားရသည်ဆိုလျှင် ကြားရသူ့စိတ်သည် ထိုအသံ လာရာ အရပ်၊ ထိုအသံပြုရာ လူ၊ တိရစ္ဆာန်၊ ယာဉ် စသည်ဆီသို့ ရောက်သွားတတ်မြဲ ဖြစ်သည်။ သမာဓိအလုပ်ကို စိတ်ဖြင့် လုပ်နေရသည်ဖြစ်ရာ အသံလာရာဆီသို့ စိတ်ကလေးက ထွက်ထွက်သွားနေပါလျှင် အလုပ်ခွင်တွင် ဖင်မမြဲသော လူလို ဖြစ်ပြီး အလုပ်မတွင်ကျယ်နိုင်တော့ပါ။ လက်သမားအလုပ်၊ စက်ကိရိယာ အလုပ်၊ လယ်ယာအလုပ် စသည်က အလုပ်မတွင်ကျယ်လျှင် ... ကြာရုံပဲရှိမည်။ ဆက်လုပ်၍ ဖြစ်နိုင်သေးသည်။ သမာဓိအလုပ်မှာမူ စိတ်ကလေးက အပြင်ထွက်ပြီး လမ်းသလားလွန်းပါက လုပ်ငန်းပျက်ကျသွားတတ်ပါသည်။ ပျင်းရိမှု၊ ငိုက်မျဉ်းမှု၊ တွန့်ဆုတ်မှုတွေ ဒလဟော ဝင်ရောက် လွှမ်းမိုးပြီး လုပ်ငန်းကို ဖျက်ဆီးပစ်တတ်ပါသည်။

သို့ဖြစ်သောကြောင့် ဈာန်သင်တန်းအတွက် အကောင်းဆုံး အသင့်တော်ဆုံး နေရာမှာ ဘာသံမျှ မကြားရသော ဆိတ်ငြိမ်နေရာမျိုး ဖြစ်ပါသည်။ မြတ်ဗုဒ္ဓက သမာဓိ ထူထောင်ချင်သူသည် “အရညဂတော၊ တောသို့ သွား။ ရုက္ခမူလဂတော၊ သစ်ပင်ရင်းမှာထိုင်၊ သို့မဟုတ် သုညာဂါရဂတော၊ ဆိတ်ငြိမ်တဲ့ တစ်နေရာရာကို ရွေး” ဟု အလွယ်ဆုံး ညွှန်ကြားခဲ့ပါသည်။

(၃) လုပ်ငန်းပြင်ဆင်ခြင်း

ဆိတ်ငြိမ်ရာဒေသတွင် တဲငယ်ဖြစ်စေ၊ ပို၍ကောင်းသော ခေတ်မီအဆောက် အအုံကိုဖြစ်စေ ဆောက်လုပ်ရပါမည်။ အကယ်၍ အဆောက်အအုံကို မဆောက် နိုင်သေးလျှင် ... မိုးနည်းသော ဒေသဖြစ်ပါက နံရံတစ်ခုကို ထောင်ရပါမည်။ ဤလောက်မျှ မလုပ်နိုင်သေးပါကလည်း သစ်ပင်ပါးပျဉ်း ကြီးကြီးတစ်ခုကို ရှာ၍ နံရံအဖြစ် အသုံးပြုရပါမည်။

စာမျက်နှာ-440
ထိုနံရံပေါ်တွင် လူတထိုင်စာ..အမြင့်လောက်၌ နေရာတစ်ခု သတ်မှတ်ပါ။ ထိုနေရာသည် လူထိုင်၍ ကြည့်လျှင် မော့လည်းမမော့ရ ငုံ့လည်း မရဘဲ မျက်စိနှင့် မျဉ်းဖြောင့်တတန်းတည်းကျသော နေရာမျိုးဖြစ်ရမည်။ အကယ်၍ လူက ထိုင်ခုံပေါ်မှာ ထိုင်မည်ဆိုလျှင် မိမိမျက်စိနှင့် မျဉ်းဖြောင့်ကျကျ နံရံပေါ်မှာ နေရာသတ်မှတ်ပါ။ ထိုင်ခုံပေါ်မှ ခြေတွဲလဲချထိုင်လျှင် ဖြစ်နိုင်စရာ ရှိသည်။ သို့သော် ယခု ကုလားထိုင်များလို နောက်မှီလက်တင် မပါသင့်၊ ပက်လက် ကုလားထိုင်နှင့် ဆိုဖာကိုမူ လုံးဝမသုံးသင့်၊ အိပ်ပျော်သွားတတ်သည်။

ကြမ်းပြင်ညီပေါ်မှာဆိုလျှင် တင်ပျဉ်ခွေထိုင်၊ ထိုင်ခုံပေါ်မှာဆိုလျှင် ခြေတွဲလဲချထိုင်နိုင်သည်။ မည်သို့ ထိုင်ထိုင် မိမိမျက်စိနှင့် မျဉ်းဖြောင့်ကျကျ နံရံ ပေါ်မှာ နေရာတစ်ခု သတ်မှတ်ရမည် ဖြစ်ပါသည်။ မတ်တပ်ထလျှင်သော် လည်းကောင်း၊ အိပ်၍ လဲလျောင်းလျက်သော်လည်းကောင်း သင်တန်းဝင်ရန် မဖြစ်နိုင်ပါ။

ကသိုဏ်းဝန်းတင်ခြင်း

ကသိုဏ်းဝန်းကို ရွှံ့မြေစေးဖြင့် ပြုလုပ်ရသည်။ နံရံမှာ ကပ်ထားလျှင် ကွာမကျလာအောင် စေးကပ်လျှင် လုံလောက်သည်။ အတုံးအခဲ ကျောက်ပြုတ် ကျောက်ခဲများ မပါစေရပါ။ ထိုရွှံ့စေးကို အချင်းတစ်ပေခန့်ရှိ အဝိုင်းတစ်ခု ပြုလုပ်ရသည်။ ကြည့်မည့် မျက်နှာပြင်ဘက်တွင် မညီမညွတ် မရှိစေရပါ။ ချောနေစေရပါမည်။

ထိုမြေကသိုဏ်းဝန်းကို နံရံပေါ်ရှိ မိမိသတ်မှတ်ထားသော နေရာ၌ တင်ထား ရပါမည်၊ ယင်းသို့ တင်ထားရာ၌ ခိုင်မြဲစေလိုသဖြင့် ချိတ်ခြင်း၊ ဆွဲခြင်း၊ ထောက်ခြင်း မလုပ်ရပါ။ သဘောက ကြည့်လိုက်သောအခါမှာ ဘေးဆီက ဘာအဆက်အသွယ်မှ မရှိဘဲ ကသိုဏ်းဝန်းသန့်သန့် မြင်နိုင်စေရန် ဖြစ်ပါသည်။ လူများလျှင် တစ်ယောက် တစ်ခန်းကျ၊ တစ်ယောက် ကသိုဏ်းဝန်း တစ်ခုကျစီ ထားရပါမည်။

(၄) အထိုင်ကျင့်ခြင်း

အားလုံးပြင်ဆင်ပြီးသောအခါ မိမိနေရာ၏ အလင်းရောင်အလိုက် ကသိုဏ်းဝန်း နှင့် ၃-ပေမှ ၆-ပေကွာ နေရာလောက်တွင် ကျကျနန ထိုင်ရပါမည်။ ကြမ်းပြင် ပေါ်မှာဖြစ်က ခြေနှစ်ခုကို ကြက်ခြေခတ်ယှက်၍ တင်ပျဉ်ခွေ ထိုင်ပါ၊ ခါးနှင့် ဦးခေါင်းကို အတတ်နိုင်ဆုံး ၉၀ ဒီဂရီကျအောင် မတ်မတ်ထားပါ၊ ခါးနှင့် ဦးခေါင်း

စာမျက်နှာ-441
ကို မတ်မတ်ထားရခြင်းအကျိုးမှာ ကြာရှည် ထိုင်နိုင်စေပါသည်။ ကျောရိုးဆက်များ ကြားရှိ ရိုးတွင်းခြင်ဆီတို့ စနစ်တကျ လည်ပတ်နိုင်သဖြင့် ကုန်းကုန်းကွေးကွေး ထိုင်သည်ထက် ပိုပြီး ကြာရှည်ထိုင်နိုင်စေပါသည်။ ထိုင်ခုံနှင့် ထိုင်လျှင်လည်း ခါးနှင့်ဦးခေါင်း မတ်မတ်ထားရပါမည်။ လက်ကိုမူ ပက်လက်လှန်၍ နှစ်ခုထပ်ကာ ပေါင်ရင်း၌ ချထားနိုင်ပါသည်။ သို့မဟုတ် လက်မှောက်ခုံချ၍ ပေါင်နှစ်ခုပေါ်မှာ တင်ထားနိုင်ပါသည်။ အမျိုးသမီးသင်တန်းသူဖြစ်က ပုဆစ်တုပ်၍ မိန်းမထိုင် ထိုင်နိုင်ပါသည်။ သို့သော် ခါးနှင့်ခေါင်းကို မတ်မတ်ထားရပါမည်။

ဤသို့ထိုင်ရာ၌ အစတွင် ဝန်လေးစရာ ရှိပါသည်။ ခါးကို မတ်မတ်ထောင် ထားရသည်မှာ ဝန်တစ်ခုကို ချီထားရသလို စိတ်တွင် ခံစားရတတ်ပါသည်။ အပြင်မှာ သက်သာသလို စိတ်လိုလိုက်၍ ထားချင်ထား၊ ထောင်ချင်ထောင်၊ ကုန်းချင် ကုန်း၊ ကော့ချင်ကော့၊ ထိုင်ချင်သလို ထိုင်နေရာမှ အခုအလုပ်ခွင် စည်းကမ်းနှင့် ထိုင်ရသောအခါ စိတ်ကျဉ်းကျပ် လာပါလိမ့်မည်။ ဤသည်မှာ အပြောင်းအလဲ တစ်ခုကြုံတိုင်း တွေ့ ရတတ်သည့် ဓမ္မတာပါ၊ နောက်တဖြည်းဖြည်း ရိုးလာပါလိမ့်မည်။

စနစ်တကျ ထိုင်ပုံထိုင်နည်း ဟန်ကျလာသောအခါ ကသိုဏ်းဝန်းကို စမ်းကြည့် ရပါမည်။ အမြင်မရှင်းလျှင် ရှေ့တိုး ထိုင်တန် ထိုင်၍ ကပ်လွန်းသလို ထင်ပြီး စိတ်ထဲမှာ ခပ်ပိတ်ပိတ် ဖြစ်နေသည်ထင်ပါက နောက်သို့ အနည်းငယ် ဆုတ်တိုင် စမ်းကြည့်ရပါမည်။ အလောတော်ကျပြီဆိုလျှင် ထိုနေရာကို ယူရပါမည်။

(ခ) ဆက်လက်အားထုတ်ခြင်း

(၁) စိတ်နှိုးခြင်း

ဈာန်လေ့ကျင့်ခန်းကို မစမီ မိမိစိတ်ကို နှိုးပေးသင့်ပါတယ်။ “ယခု ငါစမ်းသပ် လုပ်ကိုင်မည့် နည်းသည် ဘုရား ရဟန္တာနှင့်တကွ ထက်မြက်သူတွေ ကိုယ်တိုင် လုပ်သွားတဲ့ နည်းပဲဖြစ်တယ် သူတို့ကိုယ်တိုင် ရရှိအောင်မြင်သွားလို့လဲ ယခုလို လုပ်နည်း ကိုင်နည်းတွေကို ထားခဲ့နိုင်ခြင်း ဖြစ်တယ်၊ ယခုလည်း အိန္ဒိယ၊ တိဗက်လို ဒေသတွေမှာ သမထယောဂီတွေ လက်တွေ့အောင်မြင် နေကြဆဲ ဖြစ်တယ်၊ ငါလည်း ကြိုးစားလျှင် သူတို့လိုပဲ ဈာန်ရရမယ်၊ ကြိုးစားဖို့သာလိုတယ်၊ ဆန္ဒ ရှိလျှင် လုံလဝီရိယ ရှိလျှင်၊ စိတ်ရှိလျှင်၊ ပညာရှိလျှင် ဘယ်ဟာမဆို အောင်မြင်နိုင်တယ်” ဤသို့ စသည်ဖြင့် စိတ်ဓာတ်အားကို နှိုးပေးသင့်ပါတယ်။

စာမျက်နှာ-442
အကယ်၍ ဈာန်ယာဉ် စီမံကိန်းရေးဆွဲ၍ စနစ်တကျ စုပေါင်းကြိုးစားသော အခါမျိုး၌မူ နည်းစနစ်အပေါ် ယုံကြည်ချက် ခိုင်မြဲအောင် ကြိုးစားချင်စိတ် ပေါက်အောင် ၃-၄ ပတ်လောက် သင်တန်းပေးသင့်သည်။ ထိုသင်တန်းမှရသော နှိုးစိတ်ကို လုပ်ငန်းခွင်မစမီ အသုံးပြုရမည်။

အထူးအရေးကြီးသော အချက်မှာ ယင်းသို့ စိတ်ဓာတ်ခိုင်မြဲရေး သင်တန်း ပေးရာတွင် ဈာန်လုပ်ငန်းခွင်ဝင်လျှင် တွေ့တတ် ကြုံတတ် ခံစားရတတ်သော အချက်တို့ကို အနည်းငယ်မျှ စကားဦးသန်း၍ မပြောရပေ။ ဤအချက် လွန်စွာ အရေးကြီးသည်၊ မပြောအပ်တာကို ပြောမိလျှင် လုပ်ငန်းခွင်၌ သွားပြီး အနှောင့် အယှက်ဖြစ်တတ်သည်။ စိတ်ကူးတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ဝင်လာ တတ်သည်။ ကြပ်ကြပ်ဆင်ခြင်ပါ။

စီမံကိန်းနှင့် အကောင်အထည်ဖော်သောအခါ သင်တန်းဆရာများ ထားရပါမည်။ ဆရာက စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ သင်တန်းသားက သူ့အတွေ့ထူး အမြင်ထူးကို ပြောပြသည့်အခါ နားထောင်ရမည်။ ဆရာက စာနှင့် ပေနှင့် ညှိ၍ ရှေ့သို့ မည်သို့တိုး၍ ကြိုးစားရှုမြင်ရန် အကြံဉာဏ်ပေးရပါမည်။ သင်တန်းသား တစ်ဦးမှာ အပြင်းအထန် စွပ်လုပ်နေလျှင် သိမ်မွေ့စွာ အကဲခတ်၍ သူ့အမြင်အတွေ့ကို ပြောပြရန် တောင်းပန်သင့်က တောင်းပန်ရမည်။ သူလုပ်နေပုံ ဘုရားနည်းနှင့် ကိုက်ညီနေက သာဓုခေါ်၍ အားပေးရမည်။ တိမ်းယိမ်းနေသည်ထင်က တည့်မတ် ပေးရမည်။ တစ်ဦးတည်း ကြိုးစားသူဖြစ်လျှင်လည်း ဤသို့သော ဆရာကောင်းကို ချဉ်းကပ်သင့်သည်။

(၂) နိမိတ်ကို စောင့်ရှောက်ခြင်း

မိမိ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ကသိုဏ်းဝန်းရှေ့မှာ ထိုင်ပါ၊ ကိုယ်ကို နေသားတကျ နေရာယူပြီးနောက် မျက်စိကို မှန်တမ်းထား၍ ကသိုဏ်းဝန်းကို စိုက်ကြည့်နေပါ။ ကြည့်ခါစတွင် မျက်တောင် ခဏခဏ ခတ်ချင်လာတတ်သည်။ ခတ်ပါ။ နောက်တဖြည်းဖြည်း မျက်တောင်ခတ်ကြိမ် နည်းလာပါလိမ့်မည်။

ကသိုဏ်းဝန်းကို စူးစိုက်ကြည့်ရင်း စိတ်ထဲက မြေ-မြေ (ပထဝီ-ပထဝီ) ဟု တရစပ် မှတ်ပေးနေရမည်။ ပါးစပ်က ထုတ်ဆိုရန်မလိုပါ။ သဘောက ကိုယ့် စိတ်ကို ကသိုဏ်းဝန်းမှာပဲ ရှိနေအောင် သိနေအောင် မပြတ်လုပ်ပေးနေရခြင်းမျိုး ဖြစ်ပါသည်။ စိတ်ကို ကသိုဏ်းဝန်းနှင့် ဖမ်းနေခြင်းဖြစ်ပါသည်။

စာမျက်နှာ-443
ဤအခါတွင် စိတ်သည် နွားဆိုးကြီးလို ကသိုဏ်းဝန်းချည်တိုင်မှ ရုန်း၍ ရုန်း၍ ထွက်ပြေးပါလိမ့်မည်။ ကသိုဏ်းဝန်းကြီးကို ရှေ့မှာထားပြီး စိတ်က ... ဟိုဟိုဒီဒီ ပေါက်ကရ လျှောက်သွားပါလိမ့်မည်။ ဤသို့ စိတ်ထွက်ပြေးသောအခါ သတိ အလွတ်မခံဘဲ ချက်ချင်းကသိုဏ်းဝန်းဆီသို့ စိတ်ကို ပြန်ပို့ပေးရမည်။ “မြေ မြေ” လို့ သိနေအောင် စိတ်ကို ကသိုဏ်းဝန်းပေါ် ပြန်တင်ပေးရမည်။ စိတ်က ထွက်ပြေးလိုက် သတိနှင့် ဝီရိယက ပြန်ဖမ်းပြီး ကသိုဏ်းဝန်းပေါ် တင်ပေးလိုက်နှင့် ဖြစ်နေ လိမ့်မည်။

ဤသို့ စိတ်နှင့် သတိ ဝီရိယတို့ နပန်းလုံးနေကြစဉ် ငိုက်မျဉ်း ထိုင်းမှိုင်းမှု ဖြစ်လာတတ်သည်။ ဟုတ်မှ ဟုတ်ပါ့မလား၊ ဟန်မှ ဟန်ပါ့မလားဟု သံသယ တွေလည်း ဝင်လာတတ်သည်။ တွန့်ဆုတ်မှု၊ လုပ်ငန်းခွင် စွန့်လွှတ်ပြေးချင်မှု၊ တစ်ခုခုကို အလိုမကျ၍ စိတ်ဆိုးမှု၊ ကိုယ်စိတ် ဂနာမငြိမ်လွန်း၍ ဒေါသထွက်မှု မျိုးလည်း ဝင်လာတတ်သည်။ တောင်ကြံ, မြောက်ကြံ, တောင်တွေး, မြောက်တွေး, ကြံတတ်, တွေးတတ်မိ၏။ ဤအတွင်း စိတ်ကူးထဲမှာ အချောအလှ အနိပ်တွေမြင်ပြီး လိုချင်တပ်မက်လွန်းသည့် စိတ်တွေလည်း ပေါ်လာတတ်သည်။ ဤသည်တို့မှာ လုပ်ငန်း၏ ရန်သူတို့ပါတည်း။

ဤရန်သူတော်များ ခြေရှုပ်လာမှုကို အောင်မြင်ဖို့ရန် ကိုယ့်စိတ်ကို ကသိုဏ်း ဝန်းပေါ်မှာ မပြတ်တင်ပေးဖို့ပင် ဖြစ်သည်။ စိတ်ကလေးသည် ကသိုဏ်းဝန်းပေါ် မှာသာနေလျှင် မည်သည့်ရန်သူကမျှ မဖျက်ဆီးနိုင်၊ ကသိုဏ်းဝန်းပေါ်က ဆင်းပြေးသည်နှင့် တစ်ပြိုင်နက် ရန်သူနှင့် တိုးတော့သည်ပင်။

သို့သော် ဇွဲသန်သန်နှင့် ဆက်ကာဆက်ကာ ကြိုးစားပေးလျှင် တစ်ခါနှင့်တစ်ခါ တစ်ရက်နှင့် တစ်ရက်၊ တစ်လနှင့်တစ်လ မတူဘဲ စိတ်ကလေးသည် ကသိုဏ်း ဝန်းပေါ်မှာ ပျော်ပျော်လာပါလိမ့်မည်။ စိတ်ကလေးသည် ကသိုဏ်းခြုံ၍ လုံလာသည် နှင့်အမျှ ရန်သူတော်များလည်း လက်လျှော့လက်လျှော့၍ ဆုတ်ခွါသွားကြလိမ့်မည်။

မိမိစိတ်ကလေးကို ကသိုဏ်းဝန်းပေါ်မှာ ခပ်ကြာကြာတင်ထား၍ ရလာပြီ ဆိုလျှင် မိမိဖြစ်စေချင်တာ ဖြစ်လာ၍လည်းကောင်း၊ မနိုင်ဖူးသည့်စိတ်ကို နိုင်စပြုလာ၍ လည်းကောင်း သဘောကျလာပါလိမ့်မည်။ လန်းဆန်းပေါ့ပါးလာပါ လိမ့်မည်။ စိတ်ကလေးသည် တစ်နေရာတည်းမှာ ဝင်လာသည့်အတွက် စိတ်ငြိမ်မှု (ဝါ) စိတ် ချမ်းသာမှု ဖြစ်လာပါလိမ့်မည်။ စိတ်ငြိမ်လျှင် ကိုယ်လည်း ချမ်းသာလာမြဲ ဓမ္မတာပါ။

စာမျက်နှာ-444
ဤအဆင့်မှ တိုးတက်ကြိုးစားသွားလျှင် စိတ်ကလေးသည် ကသိုဏ်းဝန်းပေါ် တင်ထားလိုက်သည်နှင့် တပြိုင်နက် ဘယ်မှ မထွက် မသွားတော့ဘဲ ကသိုဏ်းကိုပဲ သိနေပါတော့သည်။ သမာဓိ တည်နေသည်ဟု ခေါ်ပါသည်။ စိတ်သည် ယခင်က ပရမ်းပတာဘဝနှင့် မတူတော့ဘဲ အင်အားသတ္တိ ရှိလာပါသည်။ ထိုအခါတွင် ကသိုဏ်းဝန်းကို ရိုးရိုးမြင်နေကျထက် ပိုပြီး ပြတ်ပြတ်သားသား ထင်ထင်ရှားရှား မြင်လာပါတော့သည်။

ဤအဆင့်မှ ဇွဲသန်သန်ဖြင့် ဆက်လက် ကြိုးစားသွားပြန်သောအခါ စိတ်တန်ခိုး ပို၍ ရှိလာသဖြင့် နံရံပေါ်က ကသိုဏ်းဝန်းကို မျက်စိဖြင့် မကြည့် တော့ဘဲ မျက်စိမှိတ်ထားလိုက်လျှင်လည်း မျက်စိဖြင့် ကြည့်သလိုပင် ကသိုဏ်း ဝန်းကို မြင်လာရသည်။ ကသိုဏ်းဝန်းမရှိသော အခြားဘက်သို့ ကြည့်သော် လည်းကောင်း၊ တော တောင် ကောင်းကင်ကိုကြည့်သော်လည်းကောင်း၊ ဘယ်ကိုပဲ ကြည့်ကြည့် မျက်စိထဲမှာ ကသိုဏ်းဝန်းကိုပဲ မြင်နေရတော့သည်။ နံရံမှာ ကပ်ထားသည့် ကသိုဏ်းဝန်းပုံအတိုင်း ချွတ်စွပ်ထပ်တူ မြင်နေရတော့၏။

ဤအဆင့် ရောက်လာသောအခါ နံရံပေါ်က မြေကသိုဏ်းဝန်း မလိုတော့ပြီး သူ့ကိုကြည့်ရန် မလိုတော့ပြီ၊ မျက်စိထဲမှာ မြင်နေသည့် ကသိုဏ်းဝန်း အတုကိုပဲ ဆက်၍ ရှုရန်လိုတော့၏။ ဤကသိုဏ်းဝန်းအတုကို ဆက်၍ဆက်၍ ရှုမြင်ပေးသော အခါ ကသိုဏ်းဝန်းသည် နဂိုနှင့်မတူတော့ဘဲ တဖြည်းဖြည်းချင်း ပို၍ ပို၍ နူးညံ့လာလိမ့်မည်၊ လှပလာလိမ့်မည်၊ မှုန်ချောလာလိမ့်မည်၊ ကြည်လင်လာလိမ့်မည်။

မိမိ ကိုယ်တွင်းမှာလည်း အင်မတန် စက်ကောင်းတဲ့ နာရီအသေးဆုံးကလေး၏ စက်လှုပ်နေသလို အသက်ရှုတာရော၊ နှလုံးခုန်တာရော လွန်စွာ ညင်သာနေ လိမ့်မည်။ ဝမ်းဗိုက်အဖောင်းအပွ အလှုပ်အရှား ရှိုက်ချက် သိမ်မွေ့ လာ၏။ စိတ်က ကသိုဏ်းဝန်းအာရုံမှာသာ ရောက်နေခြင်းကြောင့် ထမင်းဆာခြင်း၊ ရေငတ်ခြင်း တို့လည်း နဂိုကထက် သိသိသာသာ နည်းလာလိမ့်မည်။ ဤအခြေအနေသည် ပထမဈာန်ပန်းဆွတ်ခါနီး အခြေအနေမျိုးတည်း။

ဤမျှလောက် ခရီးပေါက်လာလျှင် အချို့ သင်တန်းဝင် ပုဂ္ဂိုလ်များမှာ ဝင်းဝင်း လက်လက် အရောင်အဝါတွေ မြင်လာတတ်သည်။ မိမိ နားရွက်အနီးကပ်ပြီး တစုံတယောက်က တစ်ခုခုပြောလိုက်သလိုလည်း ကြားရတတ်သည်။ အထိတ် တလန့် ဖြစ်စရာ အသံဗလံမျိုးကိုလည်း မမျှော်လင့်ဘဲ ကြားရတတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သင်တန်းဝင်ပုဂ္ဂိုလ်အနေဖြင့် ဂရုစိုက်စရာမဟုတ်ပေ။ မိမိစိတ်

စာမျက်နှာ-445
ကိုသာ ကသိုဏ်းဝန်းအာရုံ၌ ထပ်ကြပ်မကွာ ကပ်ပေးထားရမည် ဖြစ်သည်။ စိတ်နှင့် ကသိုဏ်းအာရုံ ဂဟေမြဲနေဖို့သာ အရေးကြီးဆုံးဖြစ်သည်။ ဤသို့ အထူးအဆန်းတွေနောက် စိတ်ပါသွားလျှင် ကသိုဏ်းဝန်းတုအာရုံ ပျောက်သွား လိမ့်မည်။

ထိုသို့ ကသိုဏ်းဝန်းတု အာရုံပျောက်သွားလျှင် နံရံပေါ်ရှိ မူလမြေကသိုဏ်း ဝန်းကို ပြန်ရှူရပြန်သည်။ တစ်ကပြန်ပြီး စရပြန်သည်။ သို့သော် အစိမ်းလောက် မခက်တော့ပေ။ စာရပြီးမှ မေ့သွား၍ ပြန်ကျက်သည့် ကျောင်းသားလို ရလွယ်ပါသည်။ သို့ရာတွင် ရလိုက်မေ့လိုက် ခဏခဏ ဖြစ်ပါများလျှင် မကောင်းပေ။ ရှေ့လည်း ခရီးမပေါက် စိတ်လည်း လေလာတတ်သည်။ ထို့ကြောင့် မော်တော် ကားကို ဂီယာထိုးပြီး တချီတည်းတက်သကဲ့သို့ တရှိန်တည်း သမာဓိမပျက် ဆက်နိုင်အောင် ကြိုးစားအပ်သည်။

(၃) ဈာန်ရခြင်း

ကသိုဏ်းဝန်းတု အာရုံနုကလေးကို အချိန်မရွေး မြင်နေရသော အဆင့်တွင် ဇွဲလုံ့လသန်သန်ဖြင့် ထပ်မနား စူးစိုက်ကြည့်မြင်ဖန်များလျှင် ထူးဆန်းသော စိတ်တမျိုး မိမိသန္တာန်မှာ ပေါ်လာလေသည်။ ဤစိတ်သည် မိမိမွေးကတည်းက တစ်ခါမျှ မဖြစ်ဖူးသေးသော စိတ်ဖြစ်သည်။ ယခုမှ မိမိကိုယ်ထဲမှာ အသစ် ဖြစ်ပေါ်လာသော စိတ်ဖြစ်သည်။

ဤစိတ်သည် အရည်အချင်း ငါးမျိုးပါလာသည်။ ယင်းတို့ကား

၁။ စိတ်နှင့် အာုံ ဆွဲစပ်ပေးတတ်သော သဘော (ဝိတက်)

၂။ အာရုံပေါ်မှာ စိတ်ကလေး ကြာကြာနေအောင် ဖန်တီးတတ်သော သဘော (ဝိစာရ)

၃။ နှစ်သက်မှုသဘော (ပီတိ)

၄။ ချမ်းသာအေးမြမှုသဘော (သုခ) နှင့်

၅။ အာရုံ၌ စိုက်၍ တည်ကြည်နေသောသဘော (ဧကဂ္ဂတာ) တို့ ဖြစ်ကြသည်။

စိတ်၏ အဆိပ်အတောက်

ဤစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ စသော စိတ်၏ အဆိပ်အတောက်များကင်းနေသည်။ ထို့ကြောင့် ဤစိတ်သည် ဈာန်မရသော လူသာမန်တို့၏ စိတ်ထက် သတ္တိထက်မြက်သည်။ စွမ်းအားပိုသည်။

စာမျက်နှာ-446
ဤစိတ်သည် ကသိုဏ်းဝန်းတု အာရုံနုကလေးကို ယခင်စိတ်များထက် ပိုပြီး စူးစူးစိုက်စိုက် ကြည့်မြင်နိုင်သည်။ အာရုံပေါ်မှာ ပို၍ ခိုင်မြဲစွာ စူးစိုက်ထားနိုင် သောကြောင့် စိတ်ထိုင်းမှိုင်းမှု၊ သို့လော သို့သော သံသယဖြစ်မှု၊ ဆုတ်နစ်မှု၊ ပျံ့လွင့်မှု၊ လိုချင်တပ်မက်မှုများ လုံးဝ မသိနိုင် မကပ်နိုင်တော့ချေ။ ဤစိတ် ကလေး ပလ္လင်ခံလာကတည်းက ဆိုခဲ့ပါ [?]တော်တွေ လုံးဝ လက်နက်ချလိုက် ကြရတော့သည်။

ဤစိတ်ကလေးကို ပထမဈာန်စိတ်ဟု ခေါ်သည်။ ဈာန်သင်တန်းသား ကိုယ်နှိုက်က ဤစိတ်ကလေးကို သိသည်။ ဤစိတ်ကလေး၏ အရည်အသွေးကို နားလည်လျက် ရှိသည်။ စာပေဗဟုသုတ အခံရှိသူ သင်တန်းသားမှာမူ ပထမ ဈာန်ကို ရပြီဟု သိသည်။ ထိုသို့ အာရုံမရှိက စိတ်သစ်နှင့် ယင်း၏အရည်အသွေး ကိုသာသိသည်။ ဘာစိတ်ပဲဟု နာမည်မခေါ်တတ်ပေ။

အချို့သောသူများသည် ဤပထမဈာန်စိတ်ကလေး ရပြီးနောက် ရှေ့သို့ ဆက်လက်၍ မကြိုးစား၊ နည်းကိုလည်းမသိ၊ ကြိုးစားပြန်လည်း တချို့မရ၊ ထို့ကြောင့် ဤဈာန်လေးကိုသာ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီးနေရင်း အသက်တမ်းစေ့သောအခါ သေကြရသည်။ ပထမဈာန်ရ ပုဂ္ဂိုလ်အဖြစ်နှင့် သေသည့်အတွက် ပထမဈာန်ဘုံမှာ ဗြဟ္မာဖြစ်ကြရသည်။

သို့သော် အဘိညာဉ် လိုချင်သူအနေဖြင့် ဤတွင် ရပ်၍ မရ၊ ရှေ့သို့သာ တိုး၍ ကြိုးစားရမည်ဖြစ်သည်။ ရှေ့အဆင့်တက်ပုံကား ဤသို့တည်း -

မိမိရထားပြီးသော ပထမဈာန်ကို ဆင်ခြင်သုံးသပ်ရသည်။ ဤစိတ်မှာ ဝိတက်ပါသည်၊ ဝိစာရပါသည်၊ ပီတိပါသည်၊ သုခပါသည်၊ ဧကဂ္ဂတာခေါ် သမာဓိပါသည်။ ဤအင်္ဂါအရည်အသွေးများကို လေ့လာရသည်။ ထိုပထမဈာန် စိတ်ကလေးကို ဖော်ကြည့်လိုက် အင်္ဂါတွေကို ဆင်ခြင်လိုက် ထပ်တလဲလဲ လုပ်ရ သည်။ အင်္ဂါမျိုးကို ဆင်ခြင်တုန်းမှာ ပထမဈာန်စိတ်ကလေး ချုပ်နေလိမ့်မည်၊ ဝေဖန်တတ်သည့် စိတ်နှင့် သူ၏ အင်္ဂါအရည်အချင်းတွေကို ဆစ်ပိုင်း သုံးသပ်ခြင်း ဖြစ်၏။

ထိုဈာန်စိတ်ကလေးကို ဖော်ကြည့်ပြီး သူ့အတိုင်း ထားကြည့်ရသည်။ ဘယ်လောက် ကြာကြာ မိမိထားနိုင်မလဲဟု စမ်းသပ်ခြင်းဖြစ်သည်။ သဘောက ကသိုဏ်းကို အာရုံပြု၍ ဥပါဒ်ထီဘင်ဖြင့် ဖြစ်ချုပ်နေကြသောကြောင့် စိတ်တစ်ခု တည်း အကြာကြီး ဖြစ်နေသည်မဟုတ်၊ ကားပလပ်မှ မီးတဖျပ်ဖျပ် ပွင့်နေသည့်

စာမျက်နှာ-447
သဘောမျိုးပင်၊ ဤစိတ်မျိုး ထပ်တလဲလဲ ဖြစ်နေစေခြင်းသာတည်း။ ဤသို့ တသွင်သွင်ဖြစ်နေသည့် စိတ်ကလေးကို ရပ်ချင်လျှင်လည်း အချိန်မရွေး ရပ်နိုင် အောင် (ဝါ) စိတ်အပြောင်းအလဲ မြန်မြန်လုပ်နိုင်အောင် လေ့ကျင့်ရပြန်သည်။ ထို့နောက် -

“ဒီစိတ်မှာ ပါဝင်နေတဲ့ မြင်မြင်ကရာ အာရုံကို ကြံစည်တတ်သည့်သဘော (ဝိတက်)သည် ရုန့်ရင်းသေးတယ်၊ သူ့ကြောင့် ငါရထားသော ဈာန်စိတ်မှာ လာပြီး ဂယက်ရိုက်တယ်၊ သူမရှိလျှင် စိတ်ပိုပြီး တည်ငြိမ်မယ်”

ဤသို့ သုံးသပ်ဆင်ခြင်ရမည်။ ဤသို့ သုံးသပ်ဆင်ခြင်ပါများလျှင် ဝိတက် သဘောကို လက်လွှတ်ချင်လာသည်။ တောင်ကြံ မြောက်ကြံ ဘရံတောက်တီး အချည်းနှီးကို သိမ်းဆည်းလိုလာပေသည်။

ထိုအခါ ဈာန်သင်တန်းသားသည် ကသိုဏ်းဝန်းကို ရှုသည့်အခါတွင် ကြောင့်ကြစိုက်ပြီး စိတ်ကို အာရုံပေါ်သို့ တင်ပေးမှု မပြုတော့ပေ၊ စိတ်ကို အာရုံ ပေါ်သို့ ကြိုးစားမတင်ဘဲ စိတ်ကလေးက အာရုံကို သိနေရုံမျှသာ ထားလိုက် သည်၊

ဤသို့ ဝိတက်ကိုလွှတ်၍ စိတ်နှင့်ကသိုဏ်းတု အာရုံနုကလေး တေ့ဆိုင်နေပါ များလျှင် နောက်ထပ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။ ဤစိတ်တွင်မူ ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော အင်္ဂါ (၄)ရပ်သာ ပါရှိလာသည်။ ဝိတက် သဘာဝ မပါတော့ချေ။ ဤစိတ်၌ သုံးသပ်မှုသဘော၊ နှစ်သက်မှုသဘော၊ ချမ်းအေးမှု သဘော၊ စူးစိုက်တည်ငြိမ်မှု သဘောရှိသည်။ ဝိတက်မပါသော စိတ်ကို ဒုတိယဈာန်စိတ်ဟု ခေါ်သည်။

ပထမဈာန်မှ ဒုတိယဈာန်သို့ တက်သောနည်းအတိုင်း ထိုဒုတိယဈာန်စိတ်ကို ဖော်ကြည့်၊ ထားကြည့်၊ လွှတ်ကြည့်၊ ဈာန်အင်္ဂါဆင်ခြင်ကြည့်၍ အလေ့အကျင့် ရသောအခါ “ဤစိတ်မှာ ပါသော ဝိစာရသဘောသည် ရုန့်ရင်းသေးတယ်၊ ဝိတက်နှင့် သဘာဝချင်းနီး၍ စိတ်မချရ” ဟု ဆင်ခြင်လျက် ဝိစာရကိစ္စကို လွှတ်ချင် လာပေသည်။

ကြိုးစားဖန် များသောအခါ ဝိစာရအပေါ် တွယ်တာမဲ့လျက် ဝိစာရမပါဘဲ နောက်ထပ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။ ဝိတက်, ဝိစာရ မပါသောစိတ်ကို တတိယဈာန်စိတ်ဟု ခေါ်သည်။

စာမျက်နှာ-448
ဤတတိယဈာန်စိတ်ကိုလည်း ဖော်ကြည့်လိုက်၊ ကြာရှည်ထားကြည့်လိုက် အင်္ဂါ အရည်အသွေး ဆင်ခြင်သုံးသပ်ကြည့်လိုက် စသည်ဖြင့် ယခင်နည်းအတိုင်း ပြုလုပ်ရသည်။ ဤအကြိမ်တွင် စိတ်၏နှစ်သက်မှု (ပီတိ) ကို ဝေဖန်ပြီး ပယ်ချရန် ဆုံးဖြတ်ရသည်။ ပီတိ၏ ဇိမ်ရှိမှုသဘောသည် ရုပ်ကိုယ်ကာယနှင့် ဆက်သွယ် နေသေး၍ ရုန့်ရင်းသေးသည်ဟု ပီတိကိုပယ်၍ ကသိုဏ်းဝန်းတု အာရုံနုကလေးကို ထပ်၍ ထပ်၍ ရှုသောအခါ သုခနှင့် ဧကဂ္ဂတာ အင်္ဂါနှစ်ရပ်သာပါသော စတုတ္ထ ဈာန်စိတ်သစ်တစ်မျိုး ပေါ်လာပြန်ပေသည်။

ဤစတုတ္ထဈာန်စိတ်ကိုလည်း ယခင်အတိုင်း သုံးသပ်ဝင်စား တည်ထား ထမြောက်စေပြီးနောက် “သုခ” အပေါ် အပြစ် ရှုလျက် ဆက်လက် ကြိုးစားရ ပြန်သည်။ ထိုအခါ ဥပေက္ခာနှင့် ဧကဂ္ဂတာအားဖြင့် အင်္ဂါနှစ်ရပ်သာ ရှိသော ပဉ္စမဈာန်စိတ်သစ် ပေါ်လာလေသည်။ ဤစိတ်သည် ကသိုဏ်းဝန်းတု အာရုံနု ကလေးအပေါ် စိုက်၍စွဲ၍ သိကာမျှမတ္တကလေးသာ ရှိတော့သည်။ အလွန့် အလွန် တည်ငြိမ်လျက် ရှိလေပြီ၊ အလွန့်အလွန် သိမ်မွေ့၍ နေချေပြီ။

ဈာန်သင်တန်းသားများအနက် ဉာဏ်စွမ်းဉာဏ်စ ပို၍ထက်မြက်သူဖြစ်လျှင် ဝိတက်, ဝိစာရကို ယခုလို တစ်ခုစီ ပယ်မနေဘဲ နှစ်ခုလုံးတစ်ခါတည်း ပယ်ပစ် နိုင်သည်။ ထိုသူမျိုးအတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဟူ၍ ဈာန် လေးဆင့်သာ ဖြစ်သည်။ လှေကားကို ငါးလှမ်းနှင့် တက်သည်နှင့် လေးလှမ်းနှင့် တက်သည့်သဘောဖြစ်သည်။ နောက်ဆုံးအဆင့်တွင် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဉာဏ်နုံသူ၏ ပဉ္စမဈာန်နှင့် ဉာဏ်ထက်သူ၏ စတုတ္ထဈာန်မှာ အရည်အသွေးခြင်း အတူတူသာတည်း။

ကသိုဏ်း ၁၀-ပါးတို့တွင် အစဆုံးဖြစ်သော ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင် အားထုတ်နည်းကို အထက်တွင် ဖော်ပြခဲ့ပါပြီ။ ကသိုဏ်း ၁၀-ပါးတို့တွင် မည်သည့် ကသိုဏ်းဖြင့်မဆို အထက်ပါ ပထဝီကသိုဏ်းကျင့်စဉ်အတိုင်း လက်တွေ့ ကျင့်သုံး၍ ဈာန်ကို အရယူနိုင်ကြပါသည်။ မိမိစိတ်က ချစ်ခင်နှစ်သက်သော တွယ်လွယ်သော အာရုံစွဲမြဲလွယ်မည်ထင်သော ကသိုဏ်းတစ်ခုခုကို မိမိစိတ်ကြိုက် ရွေး၍ အားထုတ်နိုင်ပါ၏။

သို့ရာတွင် အခြေခံမရှိသေးသော ရိုးရိုးပုဂ္ဂိုလ်တို့အတွက် လွယ်သော ကသိုဏ်း၊ ခက်သော ကသိုဏ်း ဟူ၍ ခွဲခြားမှု ရှိကြောင်းကိုမူ လက်တွေ့ သမားတို့က မှတ်တမ်းတင်ထားခဲ့ကြပါသည်။ ထိုသူတို့၏ မှတ်တမ်းအရ ပထဝီကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာလောကကသိုဏ်း၊ (မြေကသိုဏ်း၊ လေကသိုဏ်း၊

စာမျက်နှာ-449
အလင်းကသိုဏ်း) တို့သည် ခက်ခဲသည်။ နိမိတ်ရခဲသည်။ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ အာကာသ ကသိုဏ်း (ရေကသိုဏ်း၊ မီးကသိုဏ်း၊ ကောင်းကင် ကသိုဏ်း) တို့မှာမူ အတန်ငယ် လွယ်ကူသည်ဟု သိရပါသည်။

ပို၍ လွယ်သည်မှာ နီလကသိုဏ်း (အညိုကသိုဏ်း)၊ ပီတကသိုဏ်း (ရွှေဝါ ကသိုဏ်း)၊ လောဟိတကသိုဏ်း (အနီကသိုဏ်း)၊ ဩဒါတကသိုဏ်း (အဖြူကသိုဏ်း) ဟူသော ဝဏ္ဏကသိုဏ်း (အရောင်ရှိကသိုဏ်း) လေးပါးတို့ဖြစ်ပါသည်။

ထိုဝဏ္ဏကသိုဏ်း လေးမျိုးထဲတွင်လည်း ဩဒါတကသိုဏ်း (အဖြူကသိုဏ်း)သည် အလွယ်ဆုံးဖြစ်ကြောင်း မှတ်တမ်းတင်ထားကြပါသည်။ လွယ်ကူပုံမှာ ကသိုဏ်းဝန်းလုပ်ရ လွယ်သည်။ ကြည့်ရှုရလွယ်သည်၊ နိမိတ်ရလွယ်သည်။ ထို့ပြင် ဩဒါတကသိုဏ်းသည် ငိုက်မျဉ်းထိုင်းမှိုင်းမှု ထိနမိဒ္ဓကို လျင်မြန်စွာ ကင်းစေသည်။ ယောဂီ၏ စိတ်ဉာဏ်ကို လွန်စွာကြည်လင်စေသည်။ ကသိုဏ်းဝန်းတု အာရုံနု (ပဋိဘာဂနိမိတ်)ကို မရခင် အားထုတ်ဆဲ လမ်းခရီးမှာလည်း အထည်ဝတ္ထု အဆင်းဟူသမျှကို အလိုရှိတိုင်း မြင်စေတတ်သည်။ တန်ခိုးအာနုဘော်ကြီးသည်။ ဘုရားရှင်ကိုယ်တိုင်ကလည်း ဩဒါတကသိုဏ်းကို ကသိုဏ်းတကာတို့ထက် အသာဆုံး အကောင်းဆုံးဟု ဟောကြားပါသည်။

သို့ဖြစ်သောကြောင့် သမထကမ္မဋ္ဌာန်းကို စတင်အားထုတ်လိုသူသည် အဖြူ ဩဒါတကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှုအားထုတ်သင့်ကြောင်း ရှေးဆရာမြတ်တို့က တိုက်တွန်းညွှန်ကြားထားကြလေသည်။

အဖြူ ဩဒါတကသိုဏ်းဝန်းကို ပြုလုပ်ပုံမှာ အဖြူရောင်စက္ကူတစ်ချပ်ကို ယူ၍ စလောင်းဖုံးလောက်လည်း မငယ်၊ ဆန်ကောအရွယ်ထက်လည်း မကြီး (အချင်း ၁-ပေခန့်) အဝန်းအဝိုင်း ပြုလုပ်ပြီး ပထဝီကသိုဏ်းနည်းတူ နံရံမှာ ကပ်ထားရန် ဖြစ်ပါသည်။

ထို့နောက် ထိုင်ပုံနှင့် ရှုမှတ်ပွားများပုံမှာ ရှေ့ကသိုဏ်း၌ ဖော်ပြခဲ့သည့် နည်းအတိုင်းပင် ဆက်လက်အားထုတ်ရန်ဖြစ်ပါသည်။ ဤတွင် မြန်မာလို “အဖြူ၊ အဖြူ ” ဟူ၍လည်းကောင်း၊ ပါဠိလို “ဩဒါတော၊ ဩဒါတော” ဟူ၍လည်းကောင်း စိတ်ထဲက ပွားများရန် ဖြစ်ပါသည်။ အသံထွက်မဆိုရပါ။ အရေး ကြီးသည်က စိတ်မှတ်ပင်ဖြစ်ပါသည်။ ကသိုဏ်းဝန်းပေါ်မှာ မိမိစိတ်ကလေး ရစ်ဝဲတည်တံ့လာဖို့ ကြိုးစားရမှာဖြစ်ပါသည်။

ဘုရားပေးသော နည်းမှန်၊ လမ်းမှန်၊ ကျင့်စဉ်မှန် ဖြစ်၍ ဟုတ်တိ ပတ်တိ အားထုတ်လျှင် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် (ပဉ္စမဈာန်) အထိ ဆက်ကာဆက်ကာ ရရှိသွားမည်ဖြစ်ပါသည်။

စာမျက်နှာ-450
ဤစတုတ္ထဈာန်စိတ် (ဉာဏ်နုံ့သူအတွက်ပဉ္စမဈာန်စိတ်) ပေါ်လာသောအခါ ဈာန်ရှင်လူသား အခြေအနေမှာ အကြီးအကျယ်ပြောင်းလဲသွားလေပြီ၊ မျှဉ်းမျှဉ်း ကလေးရှုနေသော အသက်သည် တခါတည်း ယတိပြတ် ရပ်သွားလေသည်။ စတုတ္ထဈာန် ဝင်စားနေသောအခါ အသက်ရှု လုံးဝရပ်နေသောကြောင့် လူသည် အရုပ်တစ်ခုလို အလွန့်အလွန် တည်ငြိမ်လေသည်။

အဘိညာဉ်ခရီးကား မဆုံးသေး၊ စတုတ္ထဈာန်စိတ် (ပဉ္စမဈာန်စိတ်)ကို ရရှိ ပြီးနောက် ရှေ့သို့တက်ရန် ကြိုးစားရဦးမည်ဖြစ်သည်။ ဤဈာန်စိတ်ကလေးကို ဖော်ကြည့် ထားကြည့် လွှတ်ကြည့် အင်္ဂါအရည်အချင်း သုံးသပ်ကြည့် အမျိုးမျိုး လေ့လာပြီးနောက် ဈာန်အင်္ဂါမှာ ဥပေက္ခာနှင့် ဧကဂ္ဂတာနှစ်မျိုးသာ ကျန်ရှိတော့ သဖြင့် ထပ်ဖြုတ်ချရန် မဖြစ်နိုင်တော့၍ အာရုံဘက် လှည့်ရပြန်၏။

“ဤယခု ငါရထားတဲ့ စတုတ္ထဈာန်စိတ်သည် ကသိုဏ်းဝန်းတု အာရုံနုကလေးကို စွဲမှီဖြစ်ပေါ်သဖြင့် ရုပ်နှင့်မကင်းသေး ရုန့်ရင်းသေး၏။ ဤရုပ်နယ်က အာရုံကို ဖယ်ချပစ်ရလျှင် ပို၍ ကောင်းပေလိမ့်မည်” ဤသို့ ယူဆ၍ ကသိုဏ်းဝန်းတု အာရုံနုကလေး ပျောက်သွားသဖြင့် ကျန်နေခဲ့သည့် ဟင်းလင်းလဟာကိုသာ စူးစိုက်ပြီး “အဆုံးမရှိသော ကောင်းကင်လဟာ” ဟု အထပ်ထပ် ရှုမှတ်ရလေသည်။ ဤသို့ ရှုမှတ်ဆင်ခြင်ဖန် ပွားများဖန် များသောအခါ “အာကာသနဉ္စယတန ဈာန်စိတ်”ခေါ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။ ဤဈာန်ကို အသားကျအောင် ဆက်၍ လေ့လာရပြန်သည်။

နောက်တစ်ဆင့်ဆက်ရန်မှာ “ဤအာကာဈာန်စိတ်သည် ရုပ်အာရုံပြုသော အောက်နားက စတုတ္ထဈာန်နှင့် နီးနေ၏”ဟု နှလုံးသွင်းကာ ကောင်းကင်ပညတ် အာရုံကို လွှတ်လိုက်ပြီး အာကာဈာန်စိတ်ကလေးကိုပင် ပြန်၍ အာရုံပြုလျက် အားထုတ် ရပြန်သည်။ အားထုတ်ပွားများဖန် များသောအခါ ဝိညာဏဉ္စယတန စိတ်ခေါ် စိတ်သစ်တစ်မျိုး ပေါ်လာပြန်သည်။

ဝိညာဈာန်စိတ် တော်တော်အသားကျလာသောအခါ ရှေ့သို့ တက်ရဦးမည်။ “ဤဝိညာဉ်စိတ်သည် အာကာဈာန်စိတ်သို့ အလွယ်တကူ ပြန်ကျသွားနိုင်သည်၊ သိပ်လည်း မငြိမ်လှသေး” ဟု နှလုံးသွင်းလျက် အာကာဈာန်စိတ်ကိုပင် အာရုံ မပြုတော့ဘဲ လွှတ်ပစ်လိုက်သည်။ ဤသို့ လွှတ်ပစ်လိုက်ပြီးခါမှ ထို အာကာဈာန် စိတ်ကလေး လုံးဝ ချုပ်ဆုံး ပျောက်ကွယ်သွား၍ဘာမျှ မကျန်ခဲ့ခြင်းကိုပင် “ဘာမျှ မရှိ (နတ္ထိ ကိဉ္စိ)”ဟု အဖန်ဖန်ရှုရလေသည်။ လူတစ်ယောက်

စာမျက်နှာ-451
ထိုင်နေသော နေရာမှ ထသွားပြီးနောက် ကျန်နေခဲ့သောနေရာကို “ဘာမျှမရှိဘူး၊ သူမရှိတော့ဘူး” ဟု မှန်းကြည့်ရခြင်းမျိုးဖြစ်သည်။ ဤသို့ ရှုဖန်များသော အခါ အာကိဉ္စညာယတနဈာန်စိတ်ခေါ် စိတ်သစ်တစ်မျိုး ဖြစ်လာပြန်သည်။ ဤအာကိန် စိတ်သည် တုန်လှုပ်မှု လုံးဝကင်းလေပြီ၊ အတိုင်းမသိ ငြိမ်သက် လေပြီ။

နောက်ဆုံးတွင် ဤအာကိန်စိတ်ကား “ငြိမ်သက်ပေစွ၊ မွန်မြတ်ပေစွ” ဟု အထပ်ထပ် ပွားများသောအခါ နေဝသညာ နာသညာယတနဈာန်စိတ်ခေါ် စိတ်သစ်တစ်မျိုး ပေါ်လာလေသည်။ ဤစိတ်ကား စိတ်လောကထဲမှာ ထိပ်ပိတ် တည်း၊ ခေါင်ချုပ်တည်း၊ စိတ်ဟူ၍သာ ဆိုရသည်။ စိတ်မှ ဟုတ်ပါ လေတော့ရဲ့လား၊ ရှိသည်ဟုသာ ဆိုရသည်။ ရှိမှ ရှိပါတော့ရဲ့လား၊ ဤသို့ ထင်ရလောက်အောင် အလွန့်အလွန် သိမ်မွေ့ နူးညံ့နေလေပြီ။

ဤအာကာ၊ ဝိညာ၊ အာကိန်၊ နေဝ ဈာန်စိတ်လေးမျိုးတွင်လည်း ဥပေက္ခာနှင့် ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၂-ပါးစီပင် ရှိသည်။ သို့သော် တဆင့်ထက်တဆင့် ပို၍ နူးညံ့သိမ်မွေ့လာသည်။ အရည်အသွေး ပိုရှိလာလေသည်။

စိတ်သစ်တစ်ခု ပေါ်ခါနီးတွင် လက်ရှိစိတ်ပေါ် တွယ်တာမှု (နိကန္တိတဏှာ) ကွာကျသွားမြဲ ဖြစ်သည်။ မူလလက်ရှိစိတ်ပေါ် အတွယ် အတာ ကင်းမဲ့စွာဖြင့် ဆက်လက်အားထုတ်တော့မှ နောက်စိတ်သစ် ပေါ်လာရခြင်း ဖြစ်သည်။

မြတ်ဗုဒ္ဓဟောပြနည်းပေးခဲ့သဖြင့် ယခုလို ဈာန်အင်္ဂါနှင့် ဈာန်အာရုံများကို စီကာစဉ်ကာ “တက်လမ်း” ကို ဖြူးဖြူးဖြောင့်ဖြောင့် သိရခြင်းဖြစ်သည်။ အချို့ ရှေးက ယောဂီများမှာမူ ပထမဈာန်စိတ်ရပြီး နောက်တစ်ဆင့်တက်ဖို့ ဘာလုပ်ရမှန်း တော်တော်နှင့်မသိဘဲ စမ်းတဝါးဝါး ဖြစ်နေကြရသည်။ ထိုနည်းတူ စတုတ္ထဈာန် ရပြီးနောက်လည်း အာကာဈာန်သို့ ဘယ်လိုကူးရမည်ကို သိနိုင် ခဲသည်။ ဘုရားအလောင်း၏ ဆရာ နာမည်ကျော် အာဠာရ ရသေ့ကြီးသည်ပင် အာကိန်ဈာန် ရထားပြီး ရှေ့ဘယ်လို တက်ရမှန်းမသိ၍ သေသည်အထိ ရှေ့နေ ဝဈာန်သို့ တက်၍ မသွားရပေ။ မိမိရရှိထားသော ဈာန်လက်ရှိနှင့် သေရလျှင် သက်ဆိုင်ရာ ဗြဟ္မာ့ဘုံ၌ ဗြဟ္မာဖြစ်ကြရသည်။ ဈာန်ရမှ ဗြဟ္မာဖြစ်သည်။ ဈာန်မရလျှင် မည်သည့်ကုသိုလ်ပြုပြု ဗြဟ္မာမဖြစ်နိုင်ချေ၊

ပြန်၍ ပေါင်းရုံးကြည့်လျှင် ဈာန်ယာဉ်သင်တန်းသား၌ အောက်ပါအတိုင်း သမာပတ်ရှစ်ပါး(ကိုးပါး)ကို ရရှိနေပြီးဖြစ်ကြောင်း သိရပေမည် .

စာမျက်နှာ-452

သမာပတ်ကိုးပါး (ရှစ်ပါး)

စိတ်,အင်္ဂါအရည်အချင်း,အာရုံ

၁။ ပထမဈာန်စိတ်,(ဝိတက်၊ဝိစာရ၊ပီတိ၊သုခ၊ဧကဂ္ဂတာ),ကသိုဏ်းဝန်းတု

၂။ ဒုတိယဈာန်စိတ်,(ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ),အာရုံနု

၃။ တတိယဈာန်စိတ်,(ပီတိ၊ သုခ၊ ဧကဂ္ဂတာ),။

၄။ စတုတ္ထဈာန်စိတ်,(သုခ၊ ဧကဂ္ဂတာ),။

၅။ ပဉ္စမဈာန်စိတ်,(ဥပေက္ခာ၊ ဧကဂ္ဂတာ),။

၆။ အာကာဈာန်စိတ်,။,ကသိုဏ်းကွာသည့် လဟာပညတ်

၇။ ဝိညာဈာန်စိတ်,။,အာကာဈာန်စိတ်

၈။ အာကိန်ဈာန်စိတ်,။,အာကာစိတ်ကင်းမဲ့မှု မရှိပညတ်

၉။ နေဝဈာန်စိတ်,။,အာကိန်ဈာန်စိတ်

မှတ်ချက်။

ယခုပြထားသော သမာပတ် ၉-ပါးအစီအစဉ်မှာ ဉာဏ်နုံ့သူ၏တက်ရောက်စဉ် ဖြစ်သည်။ ဉာဏ်ထက်မြက်သူမှာ ဝိတက် နှင့် ဝိစာရကို တပေါင်းတည်း တကြိမ်တည်း ပယ်ပစ်လိုက်နိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ ဟူ၍ လေးဆင့်သာ ဖြစ်သည်။ ဉာဏ်ထက်သူ၏ ဒုတိယဈာန်သည် ဉာဏ်နုံ့သူ၏ တတိယဈာန်နှင့်တူသည်၊ ဉာဏ်ထက်သူ၏ စတုတ္ထ ဈာန်သည် ဉာဏ်နုံ့သူ၏ ပဉ္စမဈာန်နှင့် အင်္ဂါချင်းတူသည်။ ဉာဏ်ထက်သူအဖို့ သမာပတ် ရှစ်ပါးဟုသာ ရေတွက်ရသည်။

ပထမမှ စတုတ္ထ (ပဉ္စမ) အထိ ဈာန်လေးမျိုးက ဈာန်၏အာရုံကို အသေထားပြီး ဈာန်အင်္ဂါအရည်အချင်း လျှော့လျှော့ပြီး တက်ယူသည်။ ယင်းတို့ကို “ရူပဈာန်” ဟု ခေါ်၏။ အာကာမှ နေဝဈာန်စိတ်အထိ လေးမျိုးက ဈာန်အင်္ဂါကို အသေထားပြီး အာရုံများကို ပြောင်း၍ ပြောင်း၍ တက်သွားသည်။ ယင်းတို့ လေးမျိုးကို “အရူပဈာန်” ဟုခေါ်သည်။

စာမျက်နှာ-453
ဖော်ပြပါ စိတ်၊ အင်္ဂါ၊ အာရုံဇယားကို ကြည့်၍ ပထမဈာန်အာရုံပြုသည့် ကသိုဏ်းဝန်းနှင့် နောက်ဆုံး နေဝဈာန်က အာရုံပြုသော အာကိန်ဈာန်စိတ် တို့၏ သိမ်မွေ့ပုံချင်း အပြတ်အသတ် ကွာခြားကြောင်း သိအပ်သည်။ ကသိုဏ်း အာရုံက ရုပ်အာရုံ ကြမ်းသည်၊ မြင်လွယ် ထင်လွယ်သည်။ အာကိန်ဈာန်စိတ် ဆိုသည်မှာ နာမ်အာရုံ၊ သိမ်မွေ့လွန်းသည်၊ သိရန် မြင်ရန် ထင်ရန် အလွန် ခက်ခဲသည်။

စိတ်ဘက်ပြန်ကြည့်လျှင် အာရုံကြမ်းသော ပထမဈာန်စိတ်က အာရုံနုသော နေဝဈာန်စိတ်လောက် စွမ်းအား မကြီးချေ။ မတည်ငြိမ်ချေ။ မသိမ်မွေ့ချေ။ အာရုံ သိမ်မွေ့လေလေ နုလေလေ စိတ်စွမ်းအား ထက်မြက်လေလေ အားကောင်း လေလေ ဖြစ်သည်။

အာရုံနှင့် စိတ်ဆက်သွယ်ပုံ စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ ဥပမာ ကျွန်ုပ်တို့ ဘောပွဲ ကြည့်စဉ်အခါ ဂယက်ထနေသော စိတ်မျိုးနှင့် ယိုးဒယားသီချင်းကို အေးဆေးစွာ နားထောင်နေသောအခါ တည်ငြိမ်စွာ ဖြစ်နေသည့် စိတ်မျိုး ဤနှစ်ရပ်ကိုပင် နှိုင်းယှဉ်ကြည့်ပါ။ စိတ်သည်အာရုံအလိုက် အထက်, အနု အကြမ်း, အနု ဖြစ်တတ်သော သဘောရှိပါသည်။

ဈာန်ယာဉ်သူရဲကောင်းအလျာသည် ယခုအထိ သမာပတ်ရှစ်ပါး၊ (ဉာဏ်နုံ့ သူအနေဖြင့် ၉-ပါး)ကို ရနေပြီဖြစ်ပါသည်။ သို့သော် သမာပတ် ရှစ်ပါးကို ရရုံမျှဖြင့် မြေလျှိုး မိုးပျံ တန်ခိုး မဖန်နိုင်သေးပါ။ ဤသမာပတ် ရှစ်ပါးကို အခြေပြု၍ အဘိညာဉ်ရသောအခါမှ စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာ အောင်မြင်ပါလိမ့်မည်။

အဘိညာဉ်အဆင့်သို့

မူလကအခြေခံခဲ့သော ပထဝီကသိုဏ်းကို အာရုံပြု၍ မိမိရရှိပြီးသော ဈာန်စိတ် များကို ပြန်လည် ဖော်ကြည့်ရပါမည်။ ပြန်လည် ဝင်စားရပါမည်။ ပထမတွင် အစဉ်အတိုင်း ပထမဈာန်စိတ်မှ စ၍ ဖော်ပြရပါသည်။ ဈာန်စိတ် ပေါ်လာလျှင် ထားကြည့်၊ လွှတ်ကြည့်၊ ဈာန်အင်္ဂါ ဆင်ခြင်ကြည့် စသည်ကို လုပ်ရပါသည်။ တဆင့်ပြီး တဆင့်တက်၊ ဤနည်းဖြင့် နေဝဈာန်အထိ တက်ရပါ သည်။ အစပိုင်းတွင် ဝင်စားမှု နှေးနေပါလိမ့်မည်။ ဝင်စားပါ များလာလျှင် မပင် မပန်းဘဲ ပထမဈာန်မှ အဆုံးဈာန်အထိ အလျင်အမြန် ဖော်ထုတ်ဝင်စားလာနိုင် ပါလိမ့်မည်။

စာမျက်နှာ-454
ဤသို့ အစအဆုံး အနုလောမနည်းဖြင့် နိုင်လာသောအခါ အဆုံးနေဝဈာန်မှ ပြောင်းပြန် ပထမဈာန်သို့ ပြန်ဆင်း ဝင်စားကြည့်ရသည်။ “နမော တဿ” ကို ပြောင်းပြန် ဆိုကြည့်သလိုပင်။ ဤသို့ ဆုံးမှစ ပဋိလောမ နိုင်နင်း လာပြန်သော အခါ အနုလောမ တကျော့၊ ပဋိလောမ တကျော့၊ အတက်-အဆင်း အပြန်ပြန် ဝင်စားရသည်။ ယင်း ပဋိလောမနည်း နိုင်နင်းလာပြန်သောအခါ တစ်ခုကျော်၊ နှစ်ခုကျော်လည်းကောင်း၊ အလယ်က ဖောက်၍လည်းကောင်း ဝင်စားကြည့်ရပြန် သည်။ “ဝင်စား”ဆိုသည်မှာ ဈာန်စိတ်ကို ဖော်ထား - လွှတ် - ဆင်ခြင် စသည်ကို လုပ်နေခြင်း ဖြစ်ပါသည်။

ဤသို့ ပထဝီကသိုဏ်းအာရုံဖြင့် သမာပတ်ရှစ်ပါးကို နိုင်နင်းပြီးသောအခါ အာပေါ ကသိုဏ်း စသည်ကို ပြောင်း၍ အထက်ပါ နည်းအတိုင်း ဝင်စား လေ့ကျင့် ရပါသည်။ ကသိုဏ်း ၁၀-ပါးစုံလျှင် အစကသိုဏ်းမှ အဆုံးကသိုဏ်း အတက် အဆင်း အထွင်း အဖောက် ဝင်စားရပါသည်။ ကသိုဏ်းကို အားလုံး နိုင်ပြီးသော အခါ သမာပတ်ရှစ်ပါးနှင့် ကသိုဏ်း ၁၀-ပါး ရောပြီး ကျင့်ရပြန်ပါသည်။ ဥပမာ ပထမဈာန်က ပထဝီကသိုဏ်းကို အာရုံပြုလျှင် ဒုတိယဈာန်က အာပေါကသိုဏ်းကို အာရုံပြုသည် စသည်မျိုးဖြစ်၏။

ဤသို့ ဇွဲရှိရှိ လေ့ကျင့်ဝင်စားဖန်များသောအခါ ဈာန်သူရဲ၏ စိတ်သည် အတိုင်း မသိ သိမ်မွေ့လာသည်။ အတိုင်းမသိ စူးရှထက်မြက်လာသည်။ စိတ်၌ ယှဉ်သော သမာဓိ အားအစွမ်းလည်း အတိုင်း မသိ ကြီးမားလာသည်။ စိတ်၌ ယှဉ်သော ပညာမှာ ဘာမဆို သိသည့်အစွမ်း ရှိလာပြီး အဘိညာဉ်အဆင့် ရောက်လာသည်၊ ထိုအခါ ဈာန်သူရဲသည် အဘိညာဉ်ရပြီး ဖြစ်ပါသည်။

မှတ်ချက်။

ပါရမီဓာတ်ခံ ကြီးမြင့်၍ ဉာဏ်အလွန် ထက်မြက်သူဆိုလျှင် ယခုလို ကသိုဏ်း ၁၀-ပါးကို အနုလောမနည်း စသည်ဖြင့် အထပ်ထပ် လေ့လာဝင်စားရန် မလိုပေ၊ ပဉ္စမဈာန် (စတုတ္ထဈာန်)ရ ကတည်းက အဘိညာဉ်ကိုပါ ရလာတတ်ပေသည်။

ဤနေရာတွင် ရူပဗေဒဘက်သို့ လှည့်ကြည့်သင့်ပါသည်။ ရိုးရိုးမျက်စိဖြင့် မြင်ရန် မဆိုထားဘိ၊ မိုက်ကရိုစကုပ် အကောင်းဆုံးဖြင့်သော်မှ မမြင် မတွေ့ ရလောက် အောင် သေးငယ် သိမ်မွေ့လှသော အနုမြူသည် မည်မျှ စွမ်းရည် သတ္တိ ကြီးမား ထက်မြက်လေသနည်း။ အနုမြူကို ထပ်ခွဲ၍ တွေ့ ရှိအပ်သော အီလက်ထရွန်၊ ပရိုတွန်၊ နျူထရွန်ဓာတ်တို့သည် မည်မျှ ဆန်းကြယ်လေသနည်း။ မည်မျှ အသုံးဝင်

စာမျက်နှာ-455
လေသနည်း။ ပဋိပက္ခနှင့် တွေ့သောအခါ မည်မျှလောက် သတ္တိပြကြသနည်း။ ဤသို့လျှင် အတိုင်းမသိ သိမ်မွေ့သော ရုပ်အနှစ်ဓာတ်၏ အကြောင်းကို ဆင်ခြင်အပ်၏။

စိတ်ပိုင်းတွင်လည်း ဤသဘောမျိုးပင် ဖြစ်သည်။ လမ်းပေါ်က လူတို့၏ ရိုးရိုးစိတ်ဓာတ်မှာ ကိလေသာ အညစ်အကြေးမကင်း၍ ရိုးရိုးစွမ်းရည်မျှသာ ရှိသည်။ ဈာန်သူရဲ၏ အတိုင်းမသိ သိမ်မွေ့ သန့်ရှင်းသော ကိလေသာ ကင်းကွာသော စိတ်မှာ အတိုင်းမသိ ထူးခြားထက်မြက်သော စွမ်းရည်ရှိလေသည်။ ဤသည်မှာ သဘာဝကျသော အချက်ပင်ဖြစ်သည်။

သို့ဖြစ်သောကြောင့် အဘိညာဉ်ကို ရထားသူသည် သူ့စိတ်က ဖြစ်စေချင်သမျှ အကုန်ဖြစ်လာပေတော့သည်။ အာကာသရှိ မည်သည့်ဂြိုလ်၊ မည်သည့် ဗိမာန်သို့ မဆို ပျံတက်ရောက်ရှိနိုင်၏။ မြေလွှာခွဲဝင်၍ မြေသို့ လျှိုးချင်သလို လျှိုးနိုင်၏။ သမုဒ္ဒရာရေပြင်ပေါ်မှာ လမ်းလျှောက်နိုင်သည်။ သမုဒ္ဒရာအောက် ငုပ်၍ နေနိုင် သည်။ လူသတ်လက်နက်အားလုံးကို ကြံ့ကြံ့ခံနိုင်သည်။ မီးမကူးအောင် လုပ်နိုင် သည်၊ အဆိပ် မသင့်အောင် တားနိုင်သည်။ ဖြစ်စေချင်သော သက်ရှိ သတ္တဝါ အမျိုးမျိုး ဝတ္ထုပစ္စည်းတစ်ခုခုကို ဖန်ဆင်းဖြစ်ပေါ်လာစေနိုင်သည်။ သူ့ကိုယ်ကို ဖျောက်နိုင်သည်။ တပါးသူ၏ စိတ်အကြံအစည်ကို သိနိုင်သည်။ မည်မျှလောက် ဝေးသော အရပ်က ပြောသောစကားကို ဖြစ်စေ၊ အလုံခန်းမှာ ဝင်ပြောသော စကားကိုဖြစ်စေ ကြားလိုလျှင် ကြားအောင် တတ်နိုင်သည်။ ဘာသာမျိုးစုံ၊ မျိုးစုံကို နားလည်နိုင်သည်။ မှောင်ချနိုင်သည်။ အလင်းရောင် ဖန်တီးနိုင်သည်။ ရှေးရှေးက ဖြစ်ပျက်ခဲ့ဖူးသမျှကိုလည်း ပြန်ပြောင်း သိရှိနိုင်သည်။ ရှေ့မှာ ဘာဖြစ် လိမ့်မည်ဟုလည်း ကြိုတင်ပြောပြနိုင်သည်။

စကားချပ်

အချုပ်အားဖြင့် သတ်ဖြတ် ညှဉ်းဆဲခြင်း စသော မကောင်းဆိုးဝါးအလုပ်များမှ တပါး အပြစ်ကင်းသော အရာဟူသမျှကို အကုန်လုပ်နိုင်ပေသည်။ အဘိညာဉ် လူသားသည် လူယုတ်မာ မဟုတ်သည့်အတွက် လုပ်ချင်ရာရာ အကုန်လုပ်နိုင် သော်လည်း အဖျက်လုပ်ငန်းများကို မလုပ်ပေ။ အကယ်၍ မကောင်းမှုကို လုပ်ခဲ့ မိသော် ချက်ချင်း ဈာန်အဘိညာဉ် ကွယ်ပျောက်၍ ရိုးရိုးလူသားဘဝ ပြန်ရောက် သွားလေသည်။

ဤအခန်းကို အဆုံးမသတ်မီ စကားချပ်၍ မှာချင်ပါသေးသည်။ သမထကမ္မဋ္ဌာန်း ကို အားထုတ်၍ ဈာန်အဘိညာဉ် တစုံတရာ မရစေကာမူ အချည်းအနှီး အလဟဿ မဖြစ်ပါ။ ဤအကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတကသိဏသုတ်၌ အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။

စာမျက်နှာ-456
“ချစ်သားရဟန်းတို့ - အဖြူဩဒါတကသိုဏ်းကို လက်ဖျစ်တတွက် အချိန်ကလေး လောက်ပင်ဖြစ်စေ ကြည့်ရှုပွားများသော ရဟန်းကို ဈာန်တရားနှင့် မကင်း ဆိတ်ဘဲနေသော ရဟန်းဟူ၍လည်းကောင်း၊ ငါဘုရား၏ သာသနာတော်ကို ထမ်းရွက်သော ရဟန်းဟူ၍လည်းကောင်း၊ ငါဘုရား၏ ဩဝါဒကို လိုက်နာသူ ဟူ၍လည်းကောင်း၊ ပြည်သူတို့က ပေးလှူသောဆွမ်းကို အချည်းအနှီး မဖြစ် စေဘဲ အကျိုးကြီးစေသူ ဟူ၍လည်းကောင်း ဆိုအပ်ပေ၏။ အကယ်၍ လက်ဖျစ်တတွက်မျှမက အကြိမ်များစွာ ပွားများ အားထုတ်ပါမူကား အဘယ်သို့ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း”

အခြားအခြားသော ကသိုဏ်းတို့ကိုလည်း ဤနည်းအတိုင်း ဘုရားရှင်က ချီးကျူး ဟောကြားတော်မူထားပါသည်။

လူဝတ်ကြောင်တို့အနေဖြင့် သမထကသိုဏ်းရှုပါလျှင် ဈာန်မရစေကာမူ အကျိုး မယုတ်ကြောင်း အထက်ပါ ဒေသနာတော်ကို ထောက်ထား သိရှိနိုင်ပါသည်။ ဈာန် အဘိညာဉ်ကို ရပါမူကား အဘယ်သို့ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု ပြောရပေမည်။

ထီမထိုးသူသည် မည်သည့်အခါမျှ ထီမပေါက်ပေ၊ ထီထိုးလျှင်မူ ကံကောင်း ထောက်မပါက ပေါက်ပေလိမ့်မည်။ ဤဥပမာကဲ့သို့ပင် သမထကသိုဏ်း ဘာဝနာ ကို အားမထုတ်သူအဖို့ ဈာန်မရသည်မှာ သေချာသည်။ အားထုတ်ပါမူကား ပါရမီအခြေခံရှိပါက ဈာန်အဘိညာဉ်ကို ရနိုင်ပေသည်။ ဈာန်အဘိညာဉ်ကို ရဖို့ ရန်ကား သိပ်ခက်သည်မဟုတ်ပေ။ ခက်သည်က အားထုတ်ဖြစ်ဖို့သာ ခက်ပေ သည်။ မိမိကံကို မိမိရော အခြားသူပါ ကြိုတင်မသိနိုင်သကဲ့သို့ မိမိ၏ ပါရမီ အခြေခံကိုလည်း မိမိရော အခြားသူတို့ပါ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပေ။ သို့ဖြစ်သောကြောင့် အဆင်သင့်လျှင် အားထုတ်ကြည့်ပါက မမှားနိုင်ပေ။

ထို့ပြင် အချို့က သမထလမ်း ဈာန်လမ်းကိုအထင်သေးတတ်ကြသည်။ ဝိပဿနာ ကိုမှ အထင်ကြီးကြသည်။ တနည်းအားဖြင့် သမထလမ်းက လမ်းရှည်ဟု ယူဆ ကြသည်။ သို့ရာတွင် သမထနည်းဖြင့် ရသော ဈာန်သမာဓိကို လက်ကိုင်ပြု၍ ဝိပဿနာပွားများ အားထုတ်လျှင် ယခု ဈာန်မရှိသော လူစိမ်းများထက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါးကို ပို၍ သိမြင်လွယ်ပေသည်။

ဘုရားရှင် အဆူဆူတို့သည် အာနာပါနသမထကမ္မဋ္ဌာန်းဖြင့် ဈာန်လေးပါးကို ရအောင် အလျင် အားထုတ်ပြီးမှ မဂ်လမ်း ဖိုလ်လမ်းကို အရောက်ကူးသန်းမြဲ ဖြစ်လေသည်။ သာမန် သမာဓိအား၊ ဉာဏ်အားဖြင့် ရုပ်နာမ်ဓမ္မ သဘာဝ

စာမျက်နှာ-457
လက္ခဏာကို မြင်ဖို့အရေးဝေးလှသေး၏။ ထို့ကြောင့် အနည်းဆုံး ဥပစာရ သမာဓိ (ဈာန်အနီးကပ် သမာဓိ) မျိုးကို ရအောင် အားထုတ်ပြီးမှ ဝိပဿနာကို ရှုကြရလေသည်။

ဤသို့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပါလျှင် တစ်ဘက်က သမထကသိုဏ်း ဈာန်အပိုင်းကို အမြင် အထင် မသေးအပ်။ တခါ ဈာန်သမားတို့ကလည်း သာသနာပ ဈာန်ရှင်တို့ကဲ့သို့ ဈာန်အဘိညာဉ်တွင် လမ်းဆုံးမနေဘဲ ဝိပဿနာခရီးလမ်းဆုံးအထိ လိုက်ကြရန် မမေ့သင့်ဟူသော အချက်မှန်ကို ကောင်းစွာ သိမြင်ကြရမည် ဖြစ်ပါ ပေသတည်း။

အကျဉ်းချုပ်

ဤအခန်း၌ မြတ်ဗုဒ္ဓနည်းဖြင့် ဈာန်အဘိညာဉ် ရအောင် လက်တွေ့ အားထုတ်နည်းအတိုင်း ဖော်ပြပါသည်။ မကျင့်ခင် ကြိုတင် ပြင်ဆင်ရမည့် အချက်များ၊ အလုပ်ခွင်၌ နေရာယူပုံ၊ စိတ်ဓာတ်တည် ဆောက်ပုံများနှင့်လုပ်ငန်း၏ အနှောင့်အယှက် ဖြစ်လာလျှင် ကျော်လွှားနည်းများ အသေးစိတ် ဖော်ပြပါသည်။ ထို့ပြင် တဈာန်မှ တဈာန် တက်ရောက်ပုံ ဈာန် ကစားပုံနှင့် အဘိညာဉ်ရ၍ မည်သို့သော စွမ်းရည်များ ရှိလာပုံတို့ကို လွယ်လွယ် ရှင်းရှင်း တင်ပြထားပါသည်။

စာမျက်နှာ-458

အခန်း (၉) - မဟာသတိပဋ္ဌာနသုတ်တော်မြန်မာပြန်

ရဟန်းတို့ - ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွတ်မြောက်ရန်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကိုရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပင်တည်း။ အဘယ် လေးပါးတို့နည်းဟူမူ -

၁။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လ ရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿ ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

၂။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

၃။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

၄။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

အကျဉ်းချုပ်ပြီး၏။

၁။ အောက်မေ့ခြင်း

၂။ ဥပါဒါနက္ခန္ဓာလောကကိုဆိုသည်။

၃။ လိုချင်တပ်မက်ခြင်း

၄။ နှလုံးမသာခြင်း

စာမျက်နှာ-459

(က) ကာယာနုပဿနာသတိပဋ္ဌာန်

(၁) ထွက်သက်ဝင်သက်ကို ရှူဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့-အဘယ်သို့လျှင် ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့- ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပျဉ်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်း သည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏။ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည်ရှိုက်လျှင်လည်း “ရှည်ရှည်ရှိုက်သည်” ဟုသိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတို ရှိုက်သည်” ဟုသိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်” ဟုသိ၏။ (ထွက်သက် လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်” ဟု ကျင့်၏။ (ဝင်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟုကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။

ရဟန်းတို့- ဥပမာသော်ကား ကျွမ်းကျင်သော ပွတ်သမားသည်လည်းကောင်း၊ ပွတ်သမား၏ တပည့်သည်လည်းကောင်း (ပွတ်ကြိုးကို) ရှည်ရှည်ဆွဲငင်လျှင်လည်း “ရှည်ရှည်ဆွဲသည်” ဟုသိ၏။ (ပွတ်ကြိုးကို) တိုတိုဆွဲလျှင်လည်း “တိုတိုဆွဲသည်” ဟု သိ၏။ ရဟန်းတို့ - ဤအတူပင် ရဟန်းသည် ရှည်ရှည်ရှိုက်လျှင်လည်း “ရှည်ရှည် ရှိုက်သည်” ဟုသိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတိုရှိုက်သည်” ဟုသိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်”ဟု သိ၏။ (ထွက်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်” ဟုကျင့်၏။ (ဝင်သက်လေ၏) “အစ အလယ်အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။

၁။ ဝမ်းဗိုက်ကိုရှိုက်၍ လွှတ်ရသည်ကို ရည်၍ ထွက်လေ လွှတ်သည်ကို ရှိုက်သည်ဟု ဝေါဟာရပြုသည်။

စာမျက်နှာ-460
ဤသို့ (မိမိ၏) ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို ကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်းနေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိသည်” ဟု ထိုရဟန်း အား သတိသည် ရှေ့ရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာ, ဒိဋ္ဌိတို့ဖြင့်) မမီ မတွယ် မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ထွက်သက် ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း ပြီး၏။

(၂) ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် သွားလျှင်လည်း “သွားသည်” ဟုသိ၏။ ရပ်လျှင်လည်း “ရပ်သည်” ဟု သိ၏။ ထိုင်လျှင်လည်း “ထိုင်သည်” ဟု သိ၏။ လျောင်းလျှင်လည်း “လျောင်းသည်” ဟုသိ၏။ ထိုရဟန်း၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထို အမူအရာအားဖြင့် သိ၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်း ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း

စာမျက်နှာ-461
သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည် သာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှု ထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာ) ဟု စွဲလည်း မစွဲလမ်း။ ရဟန်းတို့-ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

(၃) သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့- တဖန် ထို့ပြင်လည်း ရဟန်းသည် ရှေ့သို့တိုးရာ, နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ, တစောင်းကြည့်ရာ၌ သိလျက်ပြုလေ့ရှိ၏။ ကွေးရာ, ဆန့်ရာ၌ သိလျက်ပြုလေ့ရှိ၏။ ဒုကုဋ်၊ သပိတ်၊ သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏။ စားရာ, သောက်ရာ, ခဲရာ, လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာ၊ နိုးရာ၊ ပြောရာ၊ ဆိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။ .

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ ပ။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

(၄) စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ခြေဖဝါးမှ အထက်၊ ဆံပင်ဖျားမှ အောက်၊ ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုး တို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏။ “ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း (ကျောက်ကပ်)၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် သည် ရှိ၏” ဟု စူးစိုက်ဆင်ခြင်၏။

စာမျက်နှာ-462
ရဟန်းတို့.. ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါး အမျိုးမျိုးတို့ဖြင့် ပြည့်လျက် ရှိရာ၏။ အဘယ်စပါးတို့နည်းဟူမူ - သလေးစပါး၊ ကောက်ကြီးစပါး၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ဆန်တို့တည်း။ မျက်စိအမြင်ရှိသော ယောက်ျားသည် ထိုအိတ်ကို ဖြေ၍ “ဤသည်တို့ကား သလေးစပါးတို့တည်း၊ ဤသည်တို့ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ကား ပဲနောက်တို့တည်း ဤသည်တို့ကား ပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ကား ဆန်တို့တည်း” ဟု စူးစိုက်ဆင်ခြင်ရာသကဲ့သို့ ရဟန်းတို့ - ဤအတူပင် ရဟန်းသည် ခြေဖဝါးမှ အထက်၊ ဆံပင်ဖျားမှ အောက် ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့်အရာ အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက် ဆင်ခြင်၏။ “ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။ ပ။ ကျင်ငယ်သည်ရှိ၏” ဟု (စူးစိုက်ဆင်ခြင်၏)။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ ပ။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းဆင်ခြင်ခြင်းအပိုင်း ပြီး၏။

(၅) ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း “ဤရုပ်အပေါင်း၌ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်သည်ရှိ၏” ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း၊ ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။

ရဟန်းတို့- ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်း ကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းလေးခွ ဆုံရာ၌ အစုအပုံအားဖြင့် ခွဲခြားလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ - ဤအတူပင် ရဟန်းသည် “ဤရုပ်အပေါင်း၌ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်သည် ရှိ၏”ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း၊ ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက် ဆင်ခြင်၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ပ။ ရဟန်းတို့- ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း ပြီး၏။

စာမျက်နှာ-463

(၆) သူသေကောင်ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေ ကောင်၊ သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေ ကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်းပျက်လျက် ညိုမည်းနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသော သင်္ချိုင်း၌ စွန့်ပစ် ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သော သဘောရှိ၏။ ဤသို့သော သဘော ဖြစ်လိမ့်မည်သာတည်း။ ဤသို့သောသဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။

ဤသို့ (မိမိ၏) ရုပ်အပေါင်း၌မူလည်း ။ပ။ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော၊ စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ လင်းတတို့ ခဲစားအပ်သည် မူလည်းဖြစ်သော၊ ဗုံမတီးငှက်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ခွေးတို့ ခဲစား အပ်သည်မူလည်းဖြစ်သော၊ ကျားတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ သစ်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ မြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သဘောရှိ၏။ ဤသို့သော သဘော ဖြစ်လိမ့်မည် သာတည်း။ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။

ဤသို့ (မိမိ၏) ရုပ်အပေါင်း၌မူလည်း ။ပ။ ရဟန်းတို့-ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် အသား အသွေးရှိသေးသော၊ အကြောတို့ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက် ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ် အပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့ ။ပ။ အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့လျက်ရှိသော၊ အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်အပ်သော သူသေကောင်ကို၊ ။ပ။ အသား အသွေးကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထားသော၊ အရိုးစုဖြစ်သော သင်္ချိုင်း၌ စွန့်ပစ်အပ်သော သူသေကောင်ကို ။ပ။ တစ်နေရာ၌ လက်ရိုး၊ တစ်နေရာ၌ ခြေရိုး၊ တစ်နေရာ၌

စာမျက်နှာ-464
ခြေဖမျက်ရိုး၊ တစ်နေရာ၌ မြင်းခေါင်းရိုး၊ တစ်နေရာ၌ ပေါင်ရိုး၊ တစ်နေရာ၌ ခါးရိုး၊ တစ်နေရာ၌ နံရိုး၊ တစ်နေရာ၌ ကျောက်ကုန်းရိုး၊ တစ်နေရာ၌ ပခုံးရိုး၊ တစ်နေရာ၌ လည်ပင်းရိုး၊ တစ်နေရာ၌ မေးရိုး၊ တစ်နေရာ၌ သွားရိုး၊ တစ်နေရာ၌ ဦးခေါင်းခွံ အားဖြင့် ဖွဲ့ခြင်း ကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကျဲပြန့်နေကုန်သော သင်္ချိုင်း၌ စွန့်ပစ်အပ်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည် လည်း ဤသို့သော သဘောရှိ၏။ ဤသို့သော သဘော ဖြစ်လိမ့်မည်သာတည်း။ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ပ။ နေ၏။

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ခရုသင်းအဆင်းနှင့် အတူ ဖြူဖွေးနေကုန်သော သချိုင်း၌ စွန့်ပစ်အပ်ကုန်သော အရိုးစု သူသေကောင် တို့ကို မြင်ရာသကဲ့သို့ ။ ပ ။ နှစ်လွန်လျက် စုပုံနေသော သင်္ချိုင်း၌ စွန့်ပစ် ထားအပ်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ။ ပ ။ ဆွေးမြည့်လျက် အမှုန့်ဖြစ်ကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားကုန်သော အရိုးစု သူသေကောင် တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်း သည်လည်း ဤသို့သဘောရှိ၏။ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း။ ဤသို့သော သဘောကို မလွန်ဆန်နိုင်” ဟု နှိုင်းစာ၍ ရှု၏။

ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း တရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်းနေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်း တရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှု ထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်

စာမျက်နှာ-465
တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာ ဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာ)ဟု စွဲလည်းမစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

သူသေကောင်ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။ ရုပ်အပေါင်းကို ဆင်ခြင်ခြင်း တစ်ဆယ့်လေးပါး ပြီး၏။

(ခ) ဝေဒနာနုပဿနာသတိပဋ္ဌာန် ဝေဒနာကို ဆင်ခြင်ခြင်း ကိုးပါး

ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် သုခဝေဒနာကို ခံစားလျှင်လည်း “သုခဝေဒနာကို ခံစားသည်” ဟု သိ၏။ ဒုက္ခဝေဒနာကို ခံစားလျှင်လည်း “ဒုက္ခဝေဒနာကို ခံစားသည်” ဟု သိ၏။ အဒုက္ခမသုခဝေဒနာကို ခံစားလျှင်လည်း “အဒုက္ခမသုခဝေဒနာကို ခံစားသည်”ဟု သိ၏။

ကာမဂုဏ်နှင့် စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်” ဟုသိ၏။ ကာမဂုဏ် နှင့် မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားသည်” ဟုသိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသော ဝေဒနာကိုခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့် စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်” ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်” ဟုသိ၏။

စာမျက်နှာ-466
ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သူတပါး၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌ ဖြစ်ကြောင်း တရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ဝေဒနာတို့၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ဝေဒနာတို့၌ ဖြစ်ကြောင်း ပျက်ကြောင်း တရားနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ဝေဒနာသည် သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ ထိုသတိသည် အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည်တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း “ငါ, ငါ၏ဥစ္စာ” ဟုလည်း စွဲလည်း မစွဲလမ်း။ ရဟန်းတို့- ဤသို့လည်း ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဝေဒနာတို့ကို ဆင်ခြင်ခြင်းကိုးပါး ပြီး၏။

(ဂ) စိတ္တာနုပဿနာသတိပဋ္ဌာန် စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး

ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ရာဂနှင့်တကွသော စိတ်ကိုလည်း “ရာဂနှင့်တကွသောစိတ်” ဟုသိ၏။ ရာဂကင်း သော စိတ်ကိုလည်း “ရာဂကင်းသောစိတ်” ဟုသိ၏။ ဒေါသနှင့်တကွသော စိတ်ကို လည်း “ဒေါသနှင့်တကွသော စိတ်” ဟုသိ၏။ ဒေါသကင်းသောစိတ်ကိုလည်း “ဒေါသ ကင်းသောစိတ်” ဟုသိ၏။ မောဟနှင့်တကွသော စိတ်ကိုလည်း “မောဟနှင့်တကွ သောစိတ်” ဟု သိ၏။ မောဟကင်းသောစိတ်ကိုလည်း “မောဟကင်းသောစိတ်” ဟု သိ၏။ သံခိတ္တစိတ်ကိုလည်း “သံခိတ္တစိတ်” ဟုသိ၏။ ဝိက္ခိတ္တစိတ်ကိုလည်း “ဝိက္ခိတ္တ စိတ်” ဟုသိ၏။ မဟဂ္ဂုတ်စိတ်ကိုလည်း “မဟဂ္ဂုတ်စိတ်” ဟုသိ၏။ အမဟဂ္ဂုတ် စိတ်ကိုလည်း “အမဟဂ္ဂုတ်စိတ်” ဟုသိ၏။ သဥတ္တရစိတ်ကိုလည်း “သဥတ္တရစိတ်” ဟုသိ၏။ အနုတ္တရစိတ်ကိုလည်း “အနုတ္တရစိတ်” ဟုသိ၏။ သမာဟိတ စိတ်ကိုလည်း “သမာဟိတစိတ်” ဟုသိ၏။ အသမာဟိတစိတ်ကိုလည်း “အသမာဟိတစိတ်” ဟုသိ ၏။ ဝိမုတ္တစိတ်ကိုလည်း “ဝိမုတ္တစိတ်” ဟု သိ၏။ အဝိမုတ္တစိတ် ကိုလည်း “အဝိမုတ္တ စိတ်” ဟု သိ၏။

စာမျက်နှာ-467
ဤသို့ မိမိ၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ စိတ်၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ စိတ်၌ ဖြစ်ကြောင်းပျက်ကြောင်း တရားနှင့်ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် ““စိတ်သည်သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ ထိုသတိသည် အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း “ငါ, ငါ၏ဥစ္စာ”ဟု စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။

စိတ်ကိုဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး ပြီး၏။

(ဃ) ဓမ္မာနုပဿနာသတိပဋ္ဌာန် သဘောတရားကို ဆင်ခြင်ခြင်း ငါးပါး

၁။ နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် သဘောတရားတို့၌ သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာ တော်၌ ရဟန်းသည် နီဝရဏ ငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် နီဝရဏငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ ရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ ရှိသည်”ဟု သိ၏။ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ မရှိလျှင်လည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒမရှိ”ဟု သိ၏။

၁။ အပိတ်အပင်တရား

၂။ ကာမဂုဏ်အလို

စာမျက်နှာ-468
မဖြစ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ကြောင်းကိုလည်း သိ၏။

ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဗျာပါဒ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒရှိသည်” ဟု သိ၏၊ မိမိသန္တာန်၌ ဗျာပါဒမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒ မရှိ” ဟု သိ၏။ မဖြစ်သေးသော ဗျာပါဒ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဗျာပါဒ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ဗျာပါဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ထိနမိဒ္ဓ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ထိနမိဒ္ဓ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ မရှိ” ဟု သိ၏။ မဖြစ်သေးသော ထိနမိဒ္ဓ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ထိနမိဒ္ဓ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ မရှိ” ဟု သိ၏။ မဖြစ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဝိစိကိစ္ဆာ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာရှိ၏” ဟု သိ၏။ မိမိသန္တာန်၌ ဝိစိကိစ္ဆာ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာ မရှိ” ဟု သိ၏။ မဖြစ်သေးသော ဝိစိကိစ္ဆာ၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဝိစိကိစ္ဆာ၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

၁။ သူတပါးပျက်စီးစေလိုခြင်းသဘော။

၃။ ပျံ့လွင့်ခြင်း

၂။ လေးလံထိုင်းမှိုင်းခြင်း

၄။ နှလုံးမသာယာခြင်း ၅။ မဝေခွဲနိုင်ခြင်း

စာမျက်နှာ-469
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ သဘော တရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း - ရဟန်းသည် နီဝရဏ ငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

နီဝရဏငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

၂။ ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့- အဘယ်သို့လျှင် ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါး သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ - ဤသာသနာ တော်၌ ရဟန်းသည် ဤကား ရုပ်တည်း။ ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း။ ဤကား ရုပ်၏ ချုပ်ရာတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ ၏ချုပ်ရာတည်း၊ ဤကား သညာတည်း၊ ဤကား သညာ၏ ဖြစ်ကြောင်းတည်း၊ ဤကား သညာ၏ချုပ်ရာတည်း၊ ဤသည် တို့ကား သင်္ခါရတို့တည်း၊ ဤကား သင်္ခါရတို့၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရတို့၏ချုပ်ရာတည်း၊ ဤကား ဝိညာဏ်တည်း၊ ဤကား ဝိညာဏ်၏ဖြစ် ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

၁။ မှတ်သိခြင်း။

၂။ ပြုပြင်စီရင်မှု အားထုတ်မှု

၃။ အထူးသိမှု။

စာမျက်နှာ-470
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။ မိမိသူတပါး၏ သဘောတရားတို့၌မူ လည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။ သဘောတရား တို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်းနေ၏။ ထို့ပြင် “သဘောတရားတို့သည်သာလျှင်ရှိကုန်၏” ဟု ထိုရဟန်း အား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်း ငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာ) ဟု စွဲလည်း မစွဲလမ်း။ ရဟန်းတို့-ဤသို့လည်း ရဟန်းသည် ခန္ဓာငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

၃။ အာယတန တစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ - အဘယ်သို့လျှင် ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေသနည်း။

ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် မျက်စိကိုလည်း သိ၏။ အဆင်း တို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ် သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ် ကြောင်းကိုလည်း သိ၏။

၁။ ဖြစ်ရာအကြောင်း

စာမျက်နှာ-471
နားကိုလည်း သိ၏။ အသံတို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

နှာခေါင်းကိုလည်း သိ၏။ အနံ့တို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

လျှာကိုလည်း သိ၏။ အရသာတို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကိုစွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

ကိုယ်ကိုလည်း သိ၏။ အတွေ့ အထိတို့ကိုလည်း သိ၏။ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏။ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း ကိုလည်း သိ၏။ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။

ဤသို့ မိမိ၏သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ သဘောတရား တို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရား တို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည် သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်)

စာမျက်နှာ-472
အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟူ၍) စွဲလည်း မစွဲလမ်း၊ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

၄။ ဗောဇ္ဈင်ခုနှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - တဖန် ထို့ပြင်လည်း ရဟန်းသည် ဗောဇ္ဈင် ခုနစ်ပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်း တို့ - အဘယ်သို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။

ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင်ရှိသည်” ဟုသိ၏။ မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏သန္တာန်၌ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်မရှိ” ဟု သိ၏။ မဖြစ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝီရိယ သမ္ဗောဇ္ဈင်ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိလျှင်လည်း

၁။သစ္စာတို့ကို သိကြောင်း။

၂။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော အောက်မေ့ခြင်း။

၃။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း။

၄။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း။

စာမျက်နှာ-473
“ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော ဝီရိယ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏အကြောင်း ကိုလည်းသိ၏။

မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိသည်” ဟု သိ၏။ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏။ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိ” ဟု သိ၏။ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ရှိလျှင်လည်း “ငါ၏သန္တာန်၌ ဥပေက္ခာ သမ္ဗောဇ္ဈင် ရှိသည်” ဟုသိ၏၊ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်မရှိ” ဟု သိ၏။ မဖြစ်သေးသော ဥပေက္ခာ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏။ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။

ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတပါး၏ သဘောတရားတို့၌ မူလည်း

၁။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော နှစ်သက်ခြင်း။

၂။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော ကိုယ်စိတ်၏ချမ်းသာခြင်း။

၃။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော တည်ကြည်ခြင်း။

၄။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အညီအမျှရှုခြင်း။

စာမျက်နှာ-474
သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ် ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထိုပြင် “သဘောတရားတို့သည် သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိ သည်)အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏၊ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍ လည်း နေ၏၊ လောက၌ တစုံတရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့- ဤသို့လည်း ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

၅။ သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်း

ရဟန်းတို့ - တဖန်ထို့ပြင်လည်း ရဟန်းသည် အရိယသစ္စာလေးပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့- အဘယ်သို့လျှင် ရဟန်းသည် အရိယသစ္စာလေးပါး သဘောတရား တို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။

ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဒုက္ခတည်း” ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။ “ဤကား ဒုက္ခဖြစ်ကြောင်းတည်း” ဟု ဟုတ်မှန်သည့် အတိုင်း သိ၏။ “ဤကား ဒုက္ခချုပ်ရာတည်း” ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခနိရောဓဂါမိနီပဋိပဒါ တည်း” ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။

၁။ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်

စာမျက်နှာ-475

ဒုက္ခအရိယသစ္စာ

ရဟန်းတို့ - ဒုက္ခသစ္စာဟူသည် အဘယ်နည်း။ ဇာတိ သည်လည်း ဒုက္ခတည်း။ ဇရာ သည်လည်း ဒုက္ခတည်း၊ မရဏ သည်လည်း ဒုက္ခတည်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တို့သည်လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံ ပေါင်းသင်းရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်ခင် နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါး တို့သည် ဒုက္ခတို့တည်း။

ရဟန်းတို့ - ဇာတိသည် အဘယ်နည်း။ ထိုထို သတ္တဝါတို့၏ ထိုထိုသတ္တဝါအစု အပေါင်း၌ ရှေးဦးစွာဖြစ်ခြင်း၊ ပြည့်စုံစွာဖြစ်ခြင်း၊ (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း၊ ကိုယ်ထင်ရှားဖြစ်ခြင်း၊ ခန္ဓာကိုယ်၏ ထင်ရှားဖြစ်ခြင်း၊ အာယတန တို့ကို ရခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဇာတိဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - ဇရာသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အပေါင်း၌ အိုခြင်း၊ အိုသော အခြင်းအရာ၊ သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေ တွန့်ရှုံ့ခြင်း၊ ရုပ်အသက် ဆုတ်ယုတ်ခြင်း၊ (မျက်စိ စသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဇရာဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - မရဏသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အပေါင်းမှ ရွေ့လျောခြင်း၊ ရွေ့လျောသော အခြင်းအရာ၊ ပျက်စီးခြင်း၊ ကွယ်ပျောက်ခြင်း၊ သက်ပြတ်ခြင်း၊ သေဆုံးခြင်း၊ ကွယ်လွန်ခြင်း၊ ခန္ဓာတို့၏ ပျက်စီးခြင်း၊ ကိုယ်ကိုပစ်ချခြင်း၊ ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို မရဏဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - သောကသည် အဘယ်နည်း။ ရဟန်းတို့ - တမျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော၊ တမျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း၊ စိုးရိမ်သော အခြင်းအရာ၊ စိုးရိမ်သည်၏ အဖြစ်၊ အတွင်း၌ စိုးရိမ်ခြင်း၊ အတွင်း၌ ပြင်းစွာစိုးရိမ်ခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို သောကဟူ၍ ခေါ်ဆိုအပ်၏။

၁။ ပဋိသန္ဓေတည်နေရခြင်း

၂။ သေခြင်း။

၅။ ငိုကြွေးခြင်း။

၇။ စိတ်ဆင်းရဲခြင်း။

၂။ အိုခြင်း

၄။ စိုးရိမ်ပူပန်ခြင်း

၆။ ကိုယ်ဆင်းရဲခြင်း

၈။ ပြင်းစွာပူပန်ခြင်း

စာမျက်နှာ-476
ရဟန်းတို့ - ပရိဒေဝသည် အဘယ်နည်း။ ရဟန်းတို့- တမျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တမျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေးခြင်း၊ ပြင်းစွာ ငိုကြွေးခြင်း၊ ငိုကြွေးသော အခြင်းအရာ၊ ပြင်းစွာ ငိုကြွေးသော အခြင်းအရာ၊ ငိုကြွေးသည်၏ အဖြစ်၊ ပြင်းစွာ ငိုကြွေးသည်၏ အဖြစ်တည်း။ ရဟန်းတို့- ဤတရားသဘောကို ပရိဒေဝ ဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - ဒုက္ခသည် အဘယ်နည်း။ ရဟန်းတို့ - ကိုယ်၌ ဖြစ်သော ဆင်းရဲ၊ ကိုယ်၌ဖြစ်သော မသာယာခြင်း၊ ကိုယ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ၊ မသာယာသောခံစားခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - ဒေါမနဿသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ဖြစ်သော ဆင်းရဲ၊ စိတ်၌ဖြစ်သော မသာယာခြင်း၊ စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲ၊ မသာယာသောခံစားခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို ဒေါမနဿ ဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - ဥပါယာသသည် အဘယ်နည်း။ ရဟန်းတို့ - တမျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တမျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်း၊ ပြင်းစွာ ပင်ပန်းခြင်း၊ ပင်ပန်းသည်၏ အဖြစ်၊ ပြင်းစွာ ပင်ပန်းသည်၏ အဖြစ်တည်း။ ရဟန်းတို့ - ဤတရားသဘောကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့- မချစ် မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံ ပေါင်းသင်းရခြင်း ဆင်းရဲသည် အဘယ်နည်း။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ သဘောတရားတို့သော်လည်းကောင်း၊ အကျိုးမဲ့ခြင်း၊ အစီးအပွားမဲ့ခြင်း၊ မချမ်းသာခြင်း၊ ဘေးမငြိမ်းခြင်းကို လိုလား ကုန်သော သူတို့သော်လည်းကောင်း၊ ထိုသူအား ရှိကုန်၏၊ ထို (အာရုံ၊ သတ္တဝါ) တို့နှင့်တကွ တွေ့ရခြင်း၊ ဆုံရခြင်း၊ ပေါင်းဖော်ရခြင်း၊ ရောနှောရခြင်းတည်း။ ရဟန်းတို့ - ဤတရားသဘောကို မချစ် မနှစ်လိုဖွယ် တို့နှင့် တွေ့ဆုံ ပေါင်းသင်း ရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။

စာမျက်နှာ-477
ရဟန်းတို့ - ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲသည် အဘယ်နည်း။ ဤလောက၌ လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့ သဘောတရားတို့သော်လည်းကောင်း၊ အကျိုး စီးပွား ချမ်းသာခြင်း၊ ဘေးကင်းခြင်းကို လိုလားကုန်သော အမိ၊ အဘ၊ ညီ၊ အစ်ကို၊ နှမ၊ အစ်မ၊ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားချင်းတို့သော် လည်းကောင်း ထိုသူအား ရှိကုန်၏။ ထို (အာရုံ၊ သတ္တဝါ) တို့နှင့် မတွေ့ရခြင်း၊ မဆုံရခြင်း၊ မပေါင်းဖော်ရခြင်း၊ မရောနှောရခြင်းတည်း။ ရဟန်းတို့ - ဤတရား သဘောကို ချစ်ခင်သောသူတို့နှင့် ကွဲကွာ ကွေကွင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။

ရဟန်းတို့ - အလိုရှိသည်ကို မရခြင်း ဆင်းရဲသည် အဘယ်နည်း၊ ရဟန်းတို့ - ဇာတိသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇာတိသဘော မရှိကြ ကုန်မူ ကောင်းလေစွ၊ ဇာတိသည် ငါတို့ထံသို့ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (ဇာတိ မလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ - ဇရာသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇရာသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တ ခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (ဇရာ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲ မည်၏။ ရဟန်းတို့ - ဗျာဓိ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဗျာဓိသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (ဗျာဓိ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့- မရဏသဘော ရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် မရဏသဘော မရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံမလာမူကားကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (မရဏ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏ ရဟန်းတို့ - သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ငါတို့သည် သောက ပရိဒေဝ ဒုက္ခ

၁။ နာခြင်း

စာမျက်နှာ-478
ဒေါမနဿ ဥပါယာသ သဘော မရှိကြကုန်မူ ကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောတို့သည် ငါတို့ထံ မလာကြကုန်မူ ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ယင်းသို့ တောင့်တသော်လည်း ဤ (သောကစသည်တို့ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊

ရဟန်းတို့ - အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာ ဆင်းရဲတို့ ဟူသည် အဘယ်နည်း။ ငါးပါးသော ဥပါဒါနက္ခန္ဓာ တို့ဟူသည် ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ၊ ဝိညာဏ် ဥပါဒါနက္ခန္ဓာ တို့ပေတည်း။ ရဟန်းတို့ - ဤ (ဥပါဒါနက္ခန္ဓာ ငါးပါး) တို့ကို အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာ ဆင်းရဲတို့ဟူ၍ ဆိုအပ်ကုန်၏။ ရဟန်းတို့ - ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏။

ဒုက္ခသမုဒယအရိယသစ္စာ

ရဟန်းတို့ - ဒုက္ခသမုဒယအရိယသစ္စာသည် အဘယ်နည်း။ တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာသည် အဘယ်နည်း၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ တို့တည်း။

ရဟန်းတို့ - ထိုတဏှာဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း။ တည်သည် ရှိသော် အဘယ်၌ တည်သနည်း။ လောက၌ (ချစ်ခင်ဖွယ် သာယာဖွယ် သဘော သည် ရှိ၏)၊ ထို (တဏှာ) သည် ဖြစ်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ)၌ဖြစ်၏။ တည်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ) ၌ တည်၏။

လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည် ရှိသော် ဤမျက်စိ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမျက်စိ၌ တည်၏။ လောက၌ နားသည် ။ပ။ လောက၌ နှာခေါင်းသည် ။ပ။ လောက၌ လျှာသည် ။ပ။ လောက၌ ကိုယ်သည် ။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏။ တည်သည် ရှိသော် ဤစိတ်၌ တည်၏။

၁။ ဥပါဒါန်၏ အာရုံတရားစု ၄။ ရူပအရူပဘုံ၌ တပ်မက်ခြင်း

၂။ တပ်မက်ခြင်း ၃။ ကာမဘုံ၌တပ်မက်ခြင်း ၅။ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း

စာမျက်နှာ-479
လောက၌ ရူပါရုံ တို့သည် ။ပ။ လောက၌ သဒ္ဒါရုံ တို့သည် ။ပ။ လောက၌ ဂန္ဓာရုံ တို့သည် ။ပ။ လောက၌ ရသာရုံ တို့သည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗာရုံ တို့သည် ။ပ။ လောက၌ တရားသဘောတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤတရားတို့၌ ဖြစ်၏။ တည်သည်ရှိသော် ဤတရားတို့၌ တည်၏။

လောက၌ စက္ခုဝိညာဏ်သည် ။ပ။ လောက၌ သောတဝိညာဏ် သည် ။ပ။ လောက၌ ဃာနဝိညာဏ် သည် ။ပ။ လောက၌ ဇိဝှါဝိညာဏ် သည် ။ပ။ လောက၌ ကာယဝိညာဏ်သည် ။ပ။ လောက၌ မနောဝိညာဏ် သည် ချစ်ခင်ဖွယ်၊ သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောဝိညာဏ်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောဝိညာဏ်၌ တည်၏။

လောက၌ စက္ခုသမ္ဖဿ သည် ။ပ။ လောက၌ သောတသမ္ဖဿ သည် ။ပ။ လောက၌ ဃာနသမ္ဖဿ သည် ။ပ။ လောက၌ ဇိဝှါသမ္ဖဿ သည် ။ပ။ လောက၌ ကာယသမ္ဖဿသည် ။ပ။ လောက၌ မနောသမ္ဖဿ သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောသမ္ဖဿ၌ တည်၏။

လောက၌ စက္ခုသမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ သောတသမ္ဖဿဇာ ဝေဒနာ သည် ။ပ။ လောက၌ ဃာနသမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ ဇိဝှါ သမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ ကာယသမ္ဖဿဇာဝေဒနာ သည် ။ပ။ လောက၌ မနောသမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနော သမ္ဖဿဇာဝေဒနာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမနော သမ္ဖဿဇာဝေဒနာ၌ တည်၏။

၁။ အဆင်း

၄။ အရသာ

၆။ မျက်စိ၌မှီသောစိတ်

၉။ လျှာ၌မှီသောစိတ်

၁၂။ မျက်စိအတွေ့

၂။ အသံ

၅။ အတွေ့အထိ

၇။ နား၌မှီသောစိတ်

၈။ ကိုယ်ဤမှီသောစိတ်

၁၃။ နားအတွေ့

၁၅။ လျှာအတွေ့

၁၆။ ကိုယ်အတွေ့

၁၈။ မျက်စိအတွေ့ကြောင့်ဖြစ်သောခံစားခြင်း၊ ၁၉။ နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ၂ဝ။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ၂၁။ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားခြင်း၊ ၂၂။ ကိုယ်အတွေ့ကြောင့် ဖြစ်သော ခံစားခြင်း၊ ၂၃။ မနောအတွေ့ကြောင့် ဖြစ်သော မစားခြင်း

၃။ အနံ့

နှာခေါင်း၌မှီသောစိတ်

၁၁။ မနော၌မှီသောစိတ် ၁၄။ နှာခေါင်းအတွေ့

၁၇။ မနောအတွေ့

စာမျက်နှာ-480
လောက၌ ရူပသညာသည် ။ပ။ လောက၌ သဒ္ဒသညာ သည် ။ပ။ လောက၌ ဂန္ဓသညာ သည် ။ပ။ လောက၌ ရသသညာသည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗသညာ သည် ။ပ။ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မသညာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသညာ၌ တည်၏။

လောက၌ ရူပသစ္စေတနာသည် ။ပ။ လောက၌ သဒ္ဒသစ္စေတနာ သည် ။ပ။ လောက၌ ဂန္ဓသစ္စေတနာ သည် ။ပ။ လောက၌ ရသသစ္စေတနာ သည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗသစ္စေတနာ သည် ။ပ။ လောက၌ ဓမ္မသစ္စေတနာ သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မ သစ္စေတနာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသစ္စေတနာ၌ တည်၏။

လောက၌ ရူပတဏှာ သည် ။ပ။ လောက၌ သဒ္ဒတဏှာသည် ။ပ။ လောက၌ ဂန္ဓတဏှာသည် ။ပ။ လောက၌ ရသတဏှာသည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗတဏှာ သည် ။ပ။ လောက၌ ဓမ္မတဏှာ သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မတဏှာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မတဏှာ၌ တည်၏။

လောက၌ ရူပဝိတက် သည် ။ပ။ လောက၌ သဒ္ဒဝိတက်သည် ။ပ။ လောက၌ ဂန္ဓဝိတက်သည် ။ပ။ လောက၌ ရသဝိတက်သည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိတက် သည် ။ပ။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏။ ထိုတပ်မက်ခြင်း “တဏှာ”သည် ဖြစ်သည်ရှိသော် ဤဓမ္မဝိတက်၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မဝိတက်၌ တည်၏။

၁။ ရူပါရုံ၌ မှတ်သားခြင်း။ ၃။ ဂန္ဓာရုံ၌ မှတ်သားခြင်း။ ၅။ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း။ ၇။ ရူပါရုံ၌စေ့ဆော်ခြင်း။ ၉။ ဂန္ဓာရုံ၌စေ့ဆော်ခြင်း။ ၁၁။ ဖောဋ္ဌဗ္ဗရုံ၌စေ့ဆော်ခြင်း။ ၁၃။ ရူပါရုံ၌ တပ်မက်ခြင်း။

၂။ သဒ္ဒါရုံ၌ မှတ်သားခြင်း။

၄။ ရသာရုံ၌ မှတ်သားခြင်း။ ၆။ ဓမ္မာရုံ၌ မှတ်သားခြင်း။

၈။ သဒ္ဒါရုံ၌စေ့ဆော်ခြင်း။

၁၀။ ရသာရုံ၌စေ့ဆော်ခြင်း။ ၁၂။ ဓမ္မာရုံ၌စေ့ဆော်ခြင်း။ ၁၄။ ရူပါရုံ၌ ကြံစည်ခြင်း။

စာမျက်နှာ-481
လောက၌ ရူပဝိစာရသည် ။ပ။ လောက၌ သဒ္ဒဝိစာရသည် ။ပ။ လောက၌ ဂန္ဓဝိစာရသည် ။ပ။ လောက၌ ရသဝိစာရသည် ။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည် ။ပ။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထို“တဏှာ”သည် ဖြစ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မဝိစာရ၌ တည်၏။

ရဟန်းတို့ - ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယ အရိယသစ္စာ- ဟူ၍ ဆိုအပ်၏။

ဒုက္ခနိရောဓအရိယသစ္စာ

ရဟန်းတို့-ဒုက္ခနိရောဓ အရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်းချုပ်ရာ၊ တဏှာကို စွန့်ရာ၊ တဏှာကို ဝေးစွာစွန့်ရာ၊ တဏှာမှ လွတ်မြောက်ရာ၊ တဏှာဖြင့် မကပ်ငြိရာ (နိဗ္ဗာန်)တည်း။

ရဟန်းတို့ - ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း။ ချုပ်သည်ရှိသော် အဘယ်၌ ချုပ်သနည်း။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏) ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ် သဘော၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ် သဘော၌ ချုပ်၏။

လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သဘော သာယာဖွယ်သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည် ရှိသော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏၊ လောက၌ နားသည် ။ပ။ လောက၌ နှာခေါင်းသည် ။ပ။ လောက၌ လျှာသည် ။ပ။ လောက၌ကိုယ်သည် ။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။

လောက၌ ရူပါရုံတို့သည်၊ လောက၌ သဒ္ဒါရုံတို့သည်၊ လောက၌ ဂန္ဓာရုံ တို့သည်၊ လောက၌ ရသာရုံတို့သည်၊ လောက၌ ဖောဋ္ဌဗ္ဗရုံတို့သည်၊ လောက၌ ဓမ္မာရုံတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤတရားတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤတရားတို့၌ ချုပ်၏။

၁။ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း။ ၂။ ဆင်းရဲဖြစ်ကြောင်း အရိယာတို့သိခပ်သော အမှန်တရား။

စာမျက်နှာ-482
လောက၌ စက္ခုဝိညာဏ်သည်၊ လောက၌ သောတဝိညာဏ်သည်၊ လောက၌ ဃာနဝိညာဏ်သည်၊ လောက၌ ဇိဝှာဝိညာဏ်သည်၊ လောက၌ ကာယဝိညာဏ်သည်၊ လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏။

လောက၌ စက္ခုသမ္ဖဿသည်၊ လောက၌ သောတသမ္ဖဿသည်၊ လောက၌ ဃာနသမ္ဖဿသည်၊ လောက၌ ဇိဝှါသမ္ဖဿသည်၊ လောက၌ ကာယသမ္ဖဿသည်၊ လောက၌ မနောသမ္ဖဿသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ချုပ်၏။

လောက၌ စက္ခုသမ္ဖဿဇာဝေဒနာသည်၊ လောက၌ သောတသမ္ဖဿဇာ ဝေဒနာသည်၊ လောက၌ ဃာနသမ္ဖဿဇာဝေဒနာသည်၊ လောက၌ ဇိဝှါသမ္ဖဿဇာ ဝေဒနာသည်၊ လောက၌ ကာယသမ္ဖဿဇာဝေဒနာသည်၊ လောက၌ မနော သမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ချုပ်၏။

လောက၌ ရူပသညာသည်၊ လောက၌ သဒ္ဒသညာသည်၊ လောက၌ ဂန္ဓသညာ သည်၊ လောက၌ ရသသညာသည်၊ လောက၌ ဗောဋ္ဌဗ္ဗသညာသည်၊ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသညာ၌ ချုပ်၏။

လောက၌ ရူပသစ္စေတနာသည်၊ လောက၌ သဒ္ဒသစ္စေတနာသည်၊ လောက၌ ဂန္ဓသစ္စေတနာသည်၊ လောက၌ ရသသစ္စေတနာသည်၊ လောက၌ ဖောဋ္ဌဗ္ဗ သစ္စေတနာသည်၊ လောက၌ ဓမ္မသစ္စေတနာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသစ္စေတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသစ္စေတနာ၌ ချုပ်၏။

လောက၌ ရူပတဏှာသည်၊ လောက၌ သဒ္ဒတဏှာသည်၊ လောက၌ ဂန္ဓတဏှာ သည်၊ လောက၌ ရသတဏှာသည်၊ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်၊ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ချုပ်၏။

စာမျက်နှာ-483
လောက၌ ရူပဝိတက်သည်၊ လောက၌ သဒ္ဒဝိတက်သည်၊ လောက၌ ဂန္ဓဝိတက် သည်၊ လောက၌ ရသဝိတက်သည်၊ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်၊ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏။

လောက၌ ရူပဝိစာရသည်၊ လောက၌ သဒ္ဒဝိစာရသည်၊ လောက၌ ဂန္ဓဝိစာရ သည်၊ လောက၌ ရသဝိစာရသည်၊ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်၊ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ ထိုတဏှာကို ပယ်အပ် သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ချုပ်၏။

ရဟန်းတို့- ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ ဟူ၍ ဆိုအပ်၏။

ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ

ရဟန်းတို့ - ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ-သည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်လမ်းတည်း။ ဤမဂ်အကျင့်လမ်း တို့သည် အဘယ်တို့နည်း။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ တို့ပေတည်း။

ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း -

ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့- ဤ(သိမြင်ခြင်း)ကို မှန်စွာသိမြင်ခြင်း “သမ္မာဒိဋ္ဌိ” ဟူ၍ ဆိုအပ်၏။

၁။ ဒုက္ခ၏ချုပ်ရာအရိယာတို့ သိအပ်သော အမှန်တရား

၂။ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟူသော အရိယာတို့သိအပ်သော အမှန်တရား

၃။ မှန်စွာသိမြင်ခြင်း

၄။ မှန်စွာကြံခြင်း

၇။ မှန်စွာအသက်မွေးခြင်း

၈။ မှန်စွာအားထုတ်ခြင်း

၅။ မှန်စွာပြောဆိုခြင်း

၉။ မှန်စွာအောက်မေ့ခြင်း

၆။ မှန်စွာပြုလုပ်ခြင်း

၁၀။ မှန်စွာတည်ကြည်ခြင်း

စာမျက်နှာ-484
ရဟန်းတို့ - သမ္မာသင်္ကပ္ပသည် အဘယ်နည်း -

(ကာမအာရုံ)မှ လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်း သောကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ - ဤကြံခြင်းကို မှန်စွာကြံခြင်း “သမ္မာသင်္ကပ္ပ” ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ - သမ္မာဝါစာသည် အဘယ်နည်း -

မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းသော စကားမှ ကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင် ခြင်းတည်း။ ရဟန်းတို့ - ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြောဆိုခြင်း “သမ္မာဝါစာ” ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ - သမ္မာကမ္မန္တသည် အဘယ်နည်း -

အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြုလုပ်ခြင်း “သမ္မာကမ္မန္တ” ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ - သမ္မာအာဇီဝသည် အဘယ်နည်း -

ရဟန်းတို့ - ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့.. ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း “ သမ္မာအာဇီဝ” ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ - သမ္မာဝါယာမသည် အဘယ်နည်း -

ရဟန်းတို့- ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကိုဖြစ်စေ၏။ အားထုတ်၏။ လုံ့လ ပြု၏။ စိတ်ကို ချီးမြှောက်၏။ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကိုချီးမြှောက်၏။ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကို ချီးမြှောက်၏ ဆောက်တည်၏၊ ဖြစ်ပြီးသောကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန်

စာမျက်နှာ-485
တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကိုချီးမြှောက်၏။ ဆောက်တည်၏၊ ရဟန်းတို့ - ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း. “သမ္မာဝါယမ” ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ - သမ္မာသတိသည် အဘယ်နည်း

ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သောလုံ့လ ရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ... စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ - ဤအောက်မေ့ခြင်· သတိကို မှန်စွာအောက်မေ့ခြင်း “သမ္မာသတိ” ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ - သမ္မာသမာဓိသည် အဘယ်နည်း။

ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင် ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ဝိတက်နှင့် တကွ ဖြစ်သော ဝိစာရနှင့် တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့် ဖြစ်သည့် ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ဝိတက်လည်းမရှိသော ဝိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏။

ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှူလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏။ သုခကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်) တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။

စာမျက်နှာ-486
ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ဝမ်းသာ ခြင်း၊ နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ ကင်းသော (ဥပေက္ခာ) ကြောင့် တိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ - ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း “သမ္မာသမာဓိ” ဟူ၍ ဆိုအပ်၏။ ရဟန်းတို့- ဤတရားသဘောကို ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟူ၍ ဆိုအပ်၏။

ဤသို့ မိမိ၏သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ သဘောတရားတို့၌မူလည်း သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိသူတပါး၏ သဘော တရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသူဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ သဘောတရား တို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏။ ထို့ပြင် “သဘောတရားတို့သည် သာလျှင် ရှိကုန်၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှာသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှာသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ - ဤသို့လည်း ရဟန်းသည် အရိယာ သစ္စာလေးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သစ္စာအပိုင်းပြီး၏။ သဘောတရားကို ဆင်ခြင်ခြင်း ပြီး၏။

သတိပဋ္ဌာန်ပွားများရကျိုး

ရဟန်းတို့- မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန် လေးပါးတို့ကို ခုနစ်နှစ်တို့ ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသော ပုဂ္ဂိုလ်အား ... မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဖိုလ်နှစ်ပါးတို့တွင် တပါးပါးသော ဖိုလ်ကို (အမှန် ရပေမည်)ဟု အလိုရှိအပ်၏။

စာမျက်နှာ-487
ရဟန်းတို့- ခုနစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့- မည်သည့် ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်နှစ်တို့ပတ်လုံး . ဤဟောပြသောနည်းဖြင့် ပွားငြားအံ့ ။ပ။ ငါးနှစ်တို့ပတ်လုံး ။ပ။ လေးနှစ်တို့ပတ်လုံး ။ပ။ သုံးနှစ်တို့ပတ်လုံး ။ပ။ နှစ်နှစ်တို့ပတ်လုံး ။ပ။ တစ်နှစ်တို့ပတ်လုံး။ပ။

ရဟန်းတို့- တစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့ - မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိ ပဋ္ဌာန်လေးပါးတို့ကို ခုနစ်လတို့ပတ်လုံး .. ဤဟောပြသောနည်းဖြင့် ပွားငြားအံ့ ထိုပွားသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်)ဟု အလိုရှိအပ်၏။

ရဟန်းတို့- ခုနစ်လကို ထားဘိဦး။ ရဟန်းတို့- မည်သည့် ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်လတို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွားငြားအံ့ ။ပ။ ငါးလတို့ပတ်လုံး။ လေးလတို့ပတ်လုံး။ သုံးလတို့ပတ်လုံး။ နှစ်လတို့ပတ်လုံး။ တစ်လတို့ပတ်လုံး ။ လခွဲတို့ပတ်လုံး။ပ။

ရဟန်းတို့- လခွဲကို ထားဘိဦး။ ရဟန်းတို့ - မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိ ပဋ္ဌာန် လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့ ထိုပွားသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်)ဟု အလိုရှိအပ်၏။

“ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန် ခြင်း၊ ငိုကြွေးခြင်းတို့ကို လွတ်မြောက်ရန် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန် အရိယာမဂ်ကိုရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်း တည်းသော ခရီးလမ်းဖြစ်၏။ ယင်းသည့်ခရီးလမ်းအား ဤသတိပဋ္ဌာန် လေးပါး တို့ပင်တည်း” ဟု ဤသို့ အကြင်သတိပဋ္ဌာန်တရား ကြေညာချက်ကို ငါဆိုခဲ့၏။ ဤကြေငြာချက်ကို ဤ(အကျိုးနှစ်ပါးတို့တွင် တစ်ပါးပါး အမှန်ရရှိနိုင်ခြင်း)ကို ရည်ရွယ်၍ ဆို၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လို ကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်ပြီး၏။

စာမျက်နှာ-488

အခန်း (၁၀)

အကျဉ်းဆုံးမှတ်ရန် ဝိပဿနာဂါထာတော်များ

အနိစ္စလက္ခဏာ

| ပါဠိတော် | မြန်မာပြန် |

| သဗ္ဗေ သင်္ခါရာ အနိစ္စာ”တိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။ | အကြင်အခါ “(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်” ဟု ဝိပဿနာ ပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ |

အဓိပ္ပာယ်

ရုပ်နာမ်ဓမ္မသင်္ခါရအားလုံးကို အနိစ္စ (မမြဲ)ဟု သိမြင်အောင် ... ဝိပဿနာ ရှုရမည်။ ထိုသို့ရှုလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မတပ်မက်တော့ဘဲ ငြီးငွေ့စက်ဆုပ် လာလိမ့်မည်။ ဤသို့ ငြီးငွေ့စက်ဆုပ်ပါက ကိလေသာ ကင်းစင်၍ နိဗ္ဗာန်ကို သိမြင်နိုင်သည်။

ဒုက္ခလက္ခဏာ

| ပါဠိတော် | မြန်မာပြန် |

| “သဗ္ဗေ သင်္ခါရာ ဒုက္ခာ”တိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။ | အကြင်အခါ “(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏” ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ငြီးငွေ့၏၊ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ |

၁-၂။ ဓမ္မပဒ၊ မဂ္ဂဝဂ် ၅၃။

စာမျက်နှာ-489

အဓိပ္ပာယ်

ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးကို ဒုက္ခ (ဆင်းရဲ)ဟု သိမြင်အောင် ဝိပဿန ရှုရမည်။ ထိုသို့ရှုလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မတပ်မက်တော့ဘဲငြီးငွေ့စက်ဆုပ် လာလိမ့်မည်။ ဤသို့ ငြီးငွေ့စက်ဆုပ်ပါက ကိလေသာကင်းစင်၍ နိဗ္ဗာန်ကို သိမြင်နိုင်သည်။

အနတ္တလက္ခဏာ

| ပါဠိတော် | မြန်မာပြန် |

| “သဗ္ဗေ ဓမ္မာ အနတ္တာ”တိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ ။ | အကြင်အခါ “သဘာဝတရားအားလုံးသည် အတ္တမဟုတ်ကုန်”ဟု ဝိပဿနာ ပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်း သည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ |

အဓိပ္ပာယ်

ရုပ်နာမ်ဓမ္မသင်္ခါရအားလုံးကို အနတ္တ (အတ္တမဟုတ်)ဟု သိမြင်အောင် ဝိပဿနာ ရှုရမည်။ ထိုသို့ရှုလျှင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မတပ်မက်တော့ဘဲငြီးငွေ့ စက်ဆုပ်လာလိမ့်မည်။ ဤသို့ ငြီးငွေ့စက်ဆုပ်ပါက ကိလေသာကင်းစင်၍ နိဗ္ဗာန်ကို သိမြင်နိုင်သည်။

ဖြစ်ချုပ်တရား

| ပါဠိတော် | မြန်မာပြန် |

| ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗ တံ နိရောဓဓမ္မံ-။ | ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏။ |

အဓိပ္ပာယ်

အရာအားလုံးသည် ဖြစ်ခြင်းသဘောရှိသလို ချုပ်ခြင်းသဘောလည်း ရှိ၏။ ဖြစ်ပေါ်သည့်တရားမှန်သမျှ ချုပ်ပျောက်ရမည်ဖြစ်သည်ဟု ဆိုလိုပါသည်။

၁။ ဓမ္မပဒ၊ မဂ္ဂဝဂ် ၅၃။

၂။ ဓမ္စက္ကပဝတ္တနသုတ်။

စာမျက်နှာ-490

အခန်း (၁၁)

တရားအားထုတ်ရန် နည်းလမ်းများ

အားထုတ်ရန်တရားများ

အားထုတ်ရန်တရားများကား သမထတရားနှင့် ဝိပဿနာတရားများပင် ဖြစ်ပါသည်။ ယင်းသမထ ဝိပဿနာ ၂-ပါးကိုပင် မိမိသန္တာန်၌ ဖြစ်ပေါ်အောင် တစ်ကြိမ်အားထုတ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်ထိုက် သောကြောင့် ဘာဝနာဟု ခေါ်ပါသည်။ . ဘာဝနာ အားထုတ်မှု၏ တည်ရာ အာရုံဖြစ်သောကြောင့် ကမ္မဋ္ဌာန်းဟူ၍လည်း ခေါ်ပါသည်။

တရားအားထုတ်မည့်သူ၌ ရှိရမည့် အင်္ဂါ ၅-ပါး

၁။ သဒ္ဓါယုံကြည်မှုရှိရမည်။

၂။ တရားအားထုတ်နိုင်စွမ်းသည့် ကျန်းမာရေးပြည့်စုံရမည်။

၃။ ဖြောင့်မတ် မှန်ကန်သော စိတ်ထားရှိရမည်။

၄။ အကုသိုလ် ဒုစရိုက်များကို ပယ်ရှားပြီး ကုသိုလ် သုစရိုက် တရားကို တိုးပွားအောင် .. အားထုတ်သော ဝီရိယရှိရမည်။

၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြား သိမြင်နိုင်စွမ်းသော ပညာနှင့် ပြည့်စုံရမည်။

တရားအားထုတ်မည့်သူ၌ ရှိရမည့် အပရိဟာနိယတရား ၇-ပါး

၁။ ဘုရား၌ ရိုသေမှုရှိရမည်။

၂။ တရားတော်၌ ရိုသေမှုရှိရမည်။

၃။ သံဃာတော်၊ ဆရာသမားနှင့် ထေရ်ကြီးများ၌ ရိုသေမှုရှိရမည်။

၄။ ကိုယ်ကျင့်သီလ၌ ရိုသေမှုရှိရမည်။

၅။ တည်ကြည်ခြင်း၌ ရိုသေမှုရှိရမည်။

၆။ မိမိအားထုတ်သော ကမ္မဋ္ဌာန်းတရားအတွက် လမ်းညွှန်မှုပေးနိုင်သော ကလျာဏမိတ်ကောင်းရှိရမည်။

၇။ ယင်းကလျာဏမိတ်ကောင်း၏ နည်းပေးလမ်းပြ ဆိုဆုံးမမှုကို မပယ်ရှားဘဲ လိုက်နာမှတ်သားနိုင်သူဖြစ်ရမည်။

စာမျက်နှာ-491

ကမ္မဋ္ဌာနုပစာရတရား ၁၅--ပါး

ကမ္မဋ္ဌာန်း အခြေခံတရား (ကမ္မဋ္ဌာန်းအလုပ်နှင့် အနီးကပ်ဆုံး တရား) ၁၅-ပါး ကိုလည်း သိအောင်လေ့လာပြီး အသားကျနေသည်အထိ အားထုတ်ပြီး ဖြစ်ရပါမည်။ ယင်းတို့ကား ဖော်ပြလတ္တံ့ပါအတိုင်း .. ဖြစ်ပါသည်-

(၁) ကမ္မဋ္ဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း၊ (၂) ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း၊ (၃) တည်ကြည်သောစိတ်ရှိခြင်း၊ (၄) ပညာရှိစကားကို နာယူလွယ်ခြင်း၊ (၅) နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ရှိခြင်း၊ (၆) အလွန် မာန မကြီးခြင်း၊ (၇) ရောင့်ရဲလွယ်ခြင်း၊ (၈) အဆာမကျယ် မွေးမြူလွယ်ခြင်း၊ (၉) ဗာဟိရကိစ္စမများဘဲ နည်းပါးသော ကိစ္စရှိခြင်း၊ (၁ဝ) အနေအစား ပေါ့ပါးသော အသက်မွေးမှုမရှိခြင်း၊ (၁၁) ငြိမ်သက်သော ဣန္ဒြေရှိခြင်း၊ (၁၂) အရာရာကို သေချာထောက်ချင့် ရင့်သောပညာရှိခြင်း၊ (၁၃) ကြမ်းတမ်းသော ကိုယ်နှုတ်စိတ် မရှိခြင်း၊ (၁၄) အမျိုးတို့၌ သံယောဇဉ်ကင်းခြင်း၊ (၁၅) ဒုစရိုက်မှုများကို ရှောင်ရှားခြင်း။

ဈာန်မဂ်ဖိုလ်ကို အန္တရာယ်ပြုသော ကံကြီး၅-ပါး

တရားအားထုတ်သော်လည်း ဈာန်မဂ်ဖိုလ်ကို မရရှိစေနိုင်သော ကံကြီး ၅-ပါးရှိပါသည်။ ယင်းကံကြီး ၅-ပါးကို ကျူးလွန်ထားသူများသည် မည်မျှပင် တရားအားထုတ်ကြစေကာမူ ဈာန် မဂ် ဖိုလ်ကို ရရှိနိုင်ကြမည် မဟုတ်ပါ။ ယင်းကံကြီး ၅-ပါးကား ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည်-

၁။ ကမ္မန္တရာယ်။ ။ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘုရားရှင်အား သွေးစိမ်းတည်စေသူ၊ သံဃာသင်းခွဲသူ ဟူသော ပဉ္စာနန္တရိယ ကံထိုက်သူများနှင့် ဘိက္ခုနီမ ဖျက်ဆီးသူ။

စာမျက်နှာ-492
၂။ ကိလေသန္တရာယ် ။ ။ ကောင်းမှု၊ မကောင်းမှုပြုသော်လည်း ပြုသည် မမည်ဟု ယူသော အကိရိယဒိဋ္ဌိ၊ ကောင်းမှ မကောင်းမှု ကံအကြောင်း မရှိဟု ယူသော အဟေတုကဒိဋ္ဌိ၊ ကောင်းမှု မကောင်းမှုကံ အကျိုးမရှိဟု ယူသော နတ္ထိကဒိဋ္ဌိဟူသော သေလျှင် မုချမလွဲ အပါယ်ငရဲကျမည့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူ။

၃။ ဝိပါကန္တရာယ် ။ ။ ပဋိသန္ဓေစိတ်အရ အဟိတ်ဖြစ်သော တိရစ္ဆာန်၊ သုဂတိ အဟိတ်ဖြစ်သော နပုံး၊ ပဏ္ဍုက်၊ ဥဘတောဗျည်းနှင့် ဒွိဟိတ် (သာမာန်ပုထုဇဉ်) ပုဂ္ဂိုလ်များ။

၄။ အရိယူပဝါဒန္တရာယ် ။ ။ အရိယာ(အောက်ထစ်ဆုံး လူသောတာပန်) အားသိလျက် သို့မဟုတ် မသိဘဲ စွပ်စွဲ ဆဲရေး ကဲ့ရဲ့ ပြစ်မှားသူ၊ (တောင်းပန်က ကျေနိုင်ပါသည်။)

၅။ အာဏာဝီတိက္ကမန္တရာယ်။ ။ ဝိနည်းသိက္ခာပုဒ်ကို ကျူးလွန်သော ရဟန်း၊ (ပါရာဇိက၊ သံဃာဒိသိသ်၊ ထုလ္လစဉ်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုဗ္ဘာသီ ဟူသော အာပတ် (၇)ပုံ အနက် အယုတ်ဆုံး ဒုဗ္ဘာသီအာပတ်ရှိလျှင်ပင် ဈာန်မဂ်ဖိုလ်ကို မရနိုင်ပါ။ ပါရာဇိကအာပတ် ကုစားမရ၊ ကျန်အာပတ်များ ကုစားရပါသည်။

ကလျာဏမိတ်ဆွေစစ်များ

အထက်ဖော်ပြပါ အချက်များ ပြည့်စုံခြင်း, ကင်းရှင်းခြင်း ရှိ၍ တရား အားထုတ်လိုပါလျှင် အခန်း(၇)၌ ဖော်ပြထားသော ပလိဗောဓကြီး (၁၀)ပါးနှင့် ပလိဗောဓငယ်များကို ရှေးဦးစွာ ပယ်ရမည်။ ၄င်းနောက် ဖော်ပြလတ္တံ့ ပါ ဂုဏ်အင်္ဂါ ၇-ပါးနှင့် ပြည့်စုံသော ကလျာဏမိတ်ဆွေစစ်များထံ ချဉ်းကပ်ရပါမည်-

စာမျက်နှာ-493

ကလျာဏမိတ်ဆွေဂုဏ်

၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်၊

၂။ သီလသမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်၊

၃။ မေတ္တာရေမခန်း ပွားစေအပ်သောဂုဏ်၊

၄။ သူတပါးကို ကောင်းအောင် ဆုံးမတတ်သောဂုဏ်၊

၅။ သူတပါးအဆိုကို ခံနိုင်သော ဂုဏ်၊

၆။ နက်နဲသော တရားစကားကို ပြောကြားတတ်သောဂုဏ်၊

၇။ မလျောက်ပတ်သောအရာ၌ မတိုက်တွန်းအပ်သောဂုဏ်။

တရားအားမထုတ်မီ ကြိုတင်ပြုဖွယ်ကိစ္စများ

ကလျာဏ မိတ်ဆွေစစ်များထံ ချဉ်းကပ်ပြီးနောက် မိမိ ပွားများလိုသော ကမ္မဋ္ဌာန်းဘာဝနာကို မပွားများမီ ဖော်ပြလတ္တံ့ပါ အချက် (၈)ရပ်ကို ကြိုတင် ပြုလုပ် ဆောင်ရွက်ရမည်-

၁။ သင့်တင့်လျောက်ပတ်သည့်နေရာကို ရွေးချယ်ခြင်း၊

၂။ သင့်တင့်လျောက်ပတ်သည့် အချိန်ကို ရွေးချယ်ခြင်း၊

၃။ ရတနာသုံးပါး ဆရာသမား မိဘတို့အား ရှိခိုးကန်တော့ခြင်း၊

၄။ သရဏဂုံသုံးပါးနှင့်တကွ စွမ်းနိုင်သည့်သီလ ဆောက်တည်ခြင်း၊

၅။ မေတ္တာပို့အမျှဝေခြင်း၊

၆။ ကမ္မဋ္ဌာန်းဆရာထံမှ မိမိပွားများလိုသော ကမ္မဋ္ဌာန်းကို တောင်းခြင်း၊

၇။ အပြစ်ကြီးငယ်ကိုခွင့်လွှတ်ရန် တောင်းပန်ခြင်း၊

၈။ သင့်တင့်လျောက်ပတ်သည့် ထိုင်နည်းကို ရွေးချယ်ခြင်း။

တရားအားထုတ်ရန် တော ၃-တော

သင့်တင့် လျောက်ပတ်သော နေရာဟူသည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊ ဥပရိပဏ္ဏာသ ပါဠိတော်တို့၌ ဖော်ပြထားသော အရပ် ၃-မျိုးဖြစ်ပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် -

စာမျက်နှာ-494
၁။ အရညဂတော = တောအရပ် (မြို့တံခါးအပြင်ဘက် အရပ်အားလုံး)

၂။ ရုက္ခမူလဂတော = သစ်ပင်ရင်းအရပ်၊

၃။ သုညာဂါရဂတော = ဆိတ်ငြိမ်ရာအရပ်။

(၎င်းအပြင် လုံ၍ မှောင်သောအရပ်သည်လည်း သင့်တင့်လျောက်ပတ်သော အရပ်ဖြစ်ပါသည်၊ ညအခါသည် သင့်တင့်လျောက်ပတ်သောအချိန် ဖြစ်ပါသည်။)

သင့်တင့်လျောက်ပတ်သော နေရာကျောင်း

အထက်ဖော်ပြပါ တော ၃-တောသည် သင့်တင့်လျောက်ပတ်သော နေရာ ဖြစ်သော်လည်း သာမညသာ ဖြစ်ပါသည်။ အထူးအားဖြင့် ယင်း တော ၃- တော တွင် ဖော်ပြလတ္တံ့ ပါ အင်္ဂါ ၅-ချက်နှင့် ပြည့်စုံသော နေရာကျောင်းသည်သာ သင့်တင့်လျောက်ပတ်သော နေရာကျောင်း ဖြစ်ပါသည် -

၁။ အသွားအလာ လွယ်ကူ၍ မြို့ရွာနှင့် မနီးလွန်း မဝေးလွန်းဖြစ်ခြင်း၊

၂။ နေ့အခါ လူသူမပြွမ်း၊ ညအခါ လူသူသံဆိတ်ပြီး အုတ်အုတ်ကျက်ကျက် ကြွေးကြော် အော်ဟစ်သံ မရှိခြင်း၊

၃။ မှက်, ခြင်, နေပူ, မြွေ, ကင်းသန်းတို့ဘေးမှ ကင်းဝေးခြင်း၊

၄။ မငြိုမငြင် မပင်ပန်းဘဲ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးတို့ကို ရလွယ်ခြင်း

၅။ စာပေ အကြားအမြင်ရှိသော သူများရှိပြီး မေးသောအရာ, သံသယဖြစ်ဖွယ် အရာတို့ကို ရှင်းပြနိုင်သူရှိခြင်း။

မသင့်တင့် မလျောက်ပတ်သော နေရာကျောင်း

ထိုတော (၃)တောတွင် ဖော်ပြလတ္တံ့ပါ အရပ် (၁၈)ရပ်သည် မသင့်တင့် မလျောက် ပတ်သော နေရာကျောင်းများဖြစ်ပါသည် -

၁။ အလွန်ကြီးကျယ်သော နေရာကျောင်း၊

၂။ အသစ်ဖြစ်သော နေရာကျောင်း၊

၃။ ဟောင်းနွမ်း ဆွေးမြည့်သော နေရာကျောင်း၊

၄။ လမ်းခရီးကို မှီသော (ဝါ) လမ်းနှင့်နီးသော နေရာကျောင်း၊

စာမျက်နှာ-495
၅။ အများသုံး ရေကန်ရှိသော နေရာကျောင်း။

၆။ ဟင်းရွက်တောနီးသော နေရာကျောင်း။

၇။ ပန်းဥယျာဉ်နီးသော နေရာကျောင်း။

၈။ သစ်သီးခြံနီးသော နေရာကျောင်း။

၉။ လူတို့ တောင့်တချီးမွမ်းအပ်သော နေရာကျောင်း။

၁၀။ မြို့ရွာကို မှီသော နေရာကျောင်း။

၁၁။ ထင်းတော သစ်တောကို မှီသော နေရာကျောင်း။

၁၂။ လူသွားလမ်းရှိသော နေရာကျောင်း။

၁၃။ သဘောမတူ ရန်သူရှိသော နေရာကျောင်း။

၁၄။ ဆိပ်ကမ်းကို မှီသော နေရာကျောင်း။

၁၅။ ပစ္စန္တရာစ်ကို မှီသော နေရာကျောင်း။

၁၆။ တိုင်းပြည်အပိုင်းအခြား (ဝါ) နယ်စပ်ကို မှီသော နေရာကျောင်း။

၁၇။ မလျောက်ပတ် မတင့်တယ်သော နေရာကျောင်း။

၁၈။ မိတ်ကောင်းဆွေစစ်ကို မရနိုင်သော နေရာကျောင်း။

ဝတ်ဆင်သင့်သော အဝတ်အစားများ

၁။ ဖြူစင်သော အဝတ်အစားများ (ပရိဗိုဇ်များ ဝတ်ဆင်လေ့ရှိသော အဝတ်အစားဖြစ်သည်။)

၂။ သစ်ခေါက်ဆိုးအဝတ်အစား (သံသရာမှ ထွက်မြောက်လိုသော သူတော်ကောင်းတို့ ဝတ်ဆင်လေ့ရှိသော အဝတ်အစား ဖြစ်သည်)။ မိမိအိမ်၌ တရားအားထုတ်ရာတွင် မည်သည့် အဝတ်အစားမဟူ ဝတ်ဆင်နိုင်သည်။ ဖြူစင်သန့်ရှင်းရန် လိုအပ်ပါသည်။

သမထကမ္မဋ္ဌာန်း

သမထကမ္မဋ္ဌာန်း (၄၀) ရှိသဖြင့် ကမ္မဋ္ဌာန်း (၄၀)စီးဖြန်းပုံ အခြေခံကို အဆင့်လိုက်ခြုံ၍ ပြသွားမည်ဖြစ်ပြီး အများက လက်စွဲပြုလုပ်အားထုတ်နေကြသော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံများကိုမူ အမြွက်မျှ သီးခြားဖော်ပြသွားပါမည်။

စာမျက်နှာ-496

သမထကမ္မဋ္ဌာန်းစီးဖြန်းပုံအခြေခံ

ကာမဂုဏ်အပြစ်ကို မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တသော ယောဂီသည် အထက်၌ ဖော်ပြခဲ့ပြီးသော အချက်များကို ပြည့်စုံစေလျက် သီလကိုစင်ကြယ်စေပြီး ပလိဗောဓများကို ဖြတ်တောက်၍ ကလျာဏမိတ်ဆွေများထံ ချဉ်းကပ်ပြီးနောက် မိမိစရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကိုယူရမည်။ ၎င်းနောက် ကမ္မဋ္ဌာန်းဆရာ သီတင်းသုံးရာဌာနသည် မိမိနှင့် သင့်လျော်လျောက်ပတ်ပါက ထိုအရပ်၌ပင် နေ၍ မသင့်လျော် မလျောက်ပတ်ပါက... သင့်လျော်လျောက်ပတ်သည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ပြီး ဆံရိတ်ခြင်း, အဝတ်သင်္ကန်း လျှော်ဖွပ်ခြင်း စသော အသေးအဖွဲကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်ထားရမည်။

ပထမအဆင့် (ပရိကမ္မဘာဝနာ၊ ပရိကမ္မနိမိတ်)

ထို့နောက် မိမိယူသော ကမ္မဋ္ဌာန်းသည် ကသိုဏ်း၊ အသုဘများ ဖြစ်လျှင် ၎င်းကသိုဏ်းဝန်းရှေ့၌ ထိုင်၍ “ပထဝီ ပထဝီ” စသည်ဖြင့် စူးစိုက်ကြည့်ကာ စီးဖြန်းရမည်။ စိတ်ဖြင့်သာ မှန်းဆရသော ဗုဒ္ဓါနုဿတိ စသည်ကဲ့သို့သော ကမ္မဋ္ဌာန်းများဖြစ်မူ ယင်းကမ္မဋ္ဌာန်းအာရုံကို ယူ၍ စိတ်မှန်းဖြင့် စီးဖြန်းရမည်။ ဤကား ပရိကမ္မဘာဝနာ၊ ပရိကမ္မနိမိတ်အဆင့်ဖြစ်သည်။

ဒုတိယအဆင့် (ပရိကမ္မဘာဝနာ၊ ဥဂ္ဂဟနိမိတ်)

ကသိုဏ်း အသုဘကမ္မဋ္ဌာန်း စီးဖြန်းသူသည် မိမိယူသော ကမ္မဋ္ဌာန်းအာရုံကို မျက်စိဖွင့်၍ ရံခါ မျက်စိမှိတ်ပြီး စိတ်မှန်းဖြင့် ဆင်ခြင်၍ ထင်ပေါ်အောင် စီးဖြန်းရမည်။ ဤသို့ မှိတ်တုံဖွင့်တုံ အဖုံဖုံ စီးဖြန်းလေရာ မှိတ်၍ ဆင်ခြင်သည့်အခါ၌လည်း မျက်စိဖွင့်၍ ကြည့်သကဲ့သို့ ထင်ပေါ်လာပါသည်။ စိတ်မှန်းဖြင့် အာရုံယူ စီးဖြန်းရသော် အနုဿတိ စသော ကမ္မဋ္ဌာန်းများဖြစ်မူ စီးဖြန်းဖန် များလာသောအခါ ... စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်နေရာမှ စိတ်ထဲ၌ ကောင်းစွာ ထင်ရှားလာပါတော့သည်။ ဤအခါ၌ သမာဓိသည်လည်း အလွန်တည်ကြည်နေပြီး ဖြစ်သည်။ ဤသို့စိတ်ဖြင့် ကောင်းစွာ ထင်ရှားစွာ ယူနိုင်သော အာရုံကိုပင် ဥဂ္ဂဟနိမိတ်ခေါ်ပြီး စီးဖြန်းနေသည့် ဘာဝနာမှာမူ ပရိကမ္မဘာဝနာပင် ဖြစ်ပါသည်။ ဤကား ပရိကမ္မဘာဝနာ၊ ဥဂ္ဂဟနိမိတ်အဆင့် ဖြစ်သည်။

တတိယအဆင့်(ဥပစာရဘာဝနာ၊ ပဋိဘာဂနိမိတ်)

ဥဂ္ဂဟနိမိတ် ဖြစ်လာသောအခါ ကသိုဏ်း, အသုဘအာရုံကို ယူသော ယောဂီဖြစ်မူ ၎င်းအနားမှ ခွါရှဲ၍နေမြဲနေရာသို့ ပြန်လာပြီး (ကသိုဏ်းအသုဘ မဟုတ်မူ

စာမျက်နှာ-497
ခွါရှဲရန် မလို) ပဋိဘာဂနိမိတ်ဖြစ်ရန် ယင်းဥဂ္ဂဟနိမိတ်အာရုံကိုပင် အဖန်ဖန် အထပ်ထပ် စီးဖြန်းရမည်။ တစုံတခုသော အကြောင်းကြောင့် ဥဂ္ဂဟနိမိတ် ပျောက်သွားလျှင် ယခင် .. အားထုတ်နည်းအတိုင်း အစမှ ပြန်၍ အားထုတ်ရမည်။ ဤသို့ ဥဂ္ဂဟနိမိတ်ကို ပရိကမ္မဘာဝနာဖြင့် ... အဖန်ဖန် အထပ်ထပ် စီးဖြန်းသော် ဣန္ဒြေ ၅-ပါး လွန်စွာတိုးတက် သန့်ရှင်းလာကာ ကုသိုလ်စိတ်ကို နှောင့်ယှက်တတ်သော နီဝရဏတရားတို့သည် တွဲဖက် ကိလေသာတို့နှင့် တကွ ကင်းကွာလာပြီး ယောဂီ၏ စိတ်အစဉ်၌ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၅-ပါးလည်း အထင်အရှား ပေါ်လာပါတော့သည်။ ကာမာဝစရစိတ်ဟူသော ဘာဝနာအစဉ်သည်လည်း ရူပဈာန်ကဲ့သို့ အာရုံ၌ လွန်စွာ တည်ကြည်လာရကား ရူပဈာန်အနီး (ဥပစာ)သို့ ရောက်ရှိလာတော့သည်။ ပရိကမ္မဘာဝနာအဆင့်ကို လွန်၍ ဥပစာရဘာဝနာအဆင့်သို့ ရောက်လာသည်ဟု ဆိုလိုပါသည်။ ယင်း ဥပစာရဘာဝနာကိုပင် ဥပစာရဈာန်ဟူ၍လည်း ခေါ်ပါသည်။ ထိုကဲ့သို့ ဘာဝနာစိတ် တည်ကြည်သဖြင့် စီးဖြန်းအပ်သော အာရုံသည်လည်း ဥဂ္ဂဟနိမိတ်ကို လွန်မြောက်၍ ပဋိဘာဂနိမိတ် အဖြစ်သို့ ရောက်ရှိလာပါတော့သည်။

ဥဂ္ဂဟနိမိတ်အဆင့်၌ ကသိုဏ်းဝန်းပြုလုပ်စဉ်က ထင်နေသော လက်ချောင်းရာများ, အညို အရွှေ အဆင်း စသော အပြစ်များရှိရာ ယင်းတို့ကို မြင်နေရသေးသည်။ ပဋိဘာဂနိမိတ်အဆင့်သို့ ရောက်သောအခါ ယင်းအပြစ်များ မရှိပြီ။ ပွတ်တိုက်ထားသော ခရုသင်း၊ အိတ်မှ ထုတ်ခါစဖြစ်သော ကြေးမုံပြင်၊ တိမ်တိုက်မှ ထွက်လာသော လဗိမာန်၊ မိုးတိမ်ညိုစခန်း၌ ပျံသန်းနေသော ဗျိုင်းဖြူကလေးကဲ့သို့ ဥဂ္ဂဟနိမိတ်ကို ဖောက်ခွဲ၍ ထွက်လာသည့်ပမာ ဥဂ္ဂဟနိမိတ်ထက် အဆ အရာ အထောင် မက အလွန် တင့်တယ်သည်ဟု ဆိုပါသည်။ အရောင် အဆင်းလည်းမရှိ၊ ပုံသဏ္ဍာန်လည်း မရှိ၊ သမာဓိအားကောင်းသော ဘာဝနာအစွမ်းကြောင့် ယောဂီစိတ်၌ ထင်လာသော ဝတ္ထုဓမ္မ ကင်းသော ပညတ်တစ်မျိုးသာ ဖြစ်ပါသည်။

စတုတ္ထအဆင့် (အပ္ပနာဘာဝနာနှင့် ပထမဈာန်)

၎င်းနောက် ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဆက်လက်အားထုတ်လျှင် ဉာဏ်ကြီးရှင်များအဖို့ မကြာခင် အပ္ပနာဘာဝနာသို့ ရောက်၍ ရူပပထမဈာန် ပေါ်လာတော့သည်။ ဉာဏ်မထက်မြက်သူများအဖို့ ရပြီး ပဋိဘာဂနိမိတ်ကို ပျောက်ပျက်မသွားစေရန် အထူးစောင့်ရှောက်လျက် အဆက်မပြတ် အားထုတ်ရမည်။ ထိုသို့ စောင့်ရှောက်မှု မရှိလျှင် ပဋိဘာဂနိမိတ် ပျောက်၍ ဥပစာရ ဘာဝနာအတန်းမှ လျှောကျသဖြင့် အစမှ ပြန်ကောက်ရမည်။

စာမျက်နှာ-498

ရူပပထမဈာန် အင်္ဂါ ၅-ပါး

၁။ ဝိတက် = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ ရောက်အောင်ပို့ပေးခြင်း၊

၂။ ဝိစာရ = ဝိတက်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း၊

၃။ ပီတိ = ဝိစာရ က အဖန်ဖန် သုံးသပ်ဆင်ခြင်သည့်အတွက် အာရုံကို နှစ်သက်နေခြင်း၊

၄။ သုခ = အာရုံ၏အရသာကို ချမ်းသာ၏ဟု ခံစားနေခြင်း၊

၅။ ဧကဂ္ဂတာ = ရှေးဈာန်အင်္ဂါ ၄-ပါးက ပြုလုပ်ပေးသည့်အတွက် အရသာပေါ်ထွက်နေသော အာရုံ၌ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းသဘော။

ဒုတိယဈာန် စသည်

၎င်းနောက် စနစ်တကျ ဆက်လက်အားထုတ်၍ ဝသီဘော် ၅-ပါးဖြင့် ပထမဈာန်ကို အဖန်ဖန် အထပ်ထပ် လေ့လာလျှင်၊ ဝင်စားလျှင် ဒုတိယဈာန် စသည်ကို ရရှိပြီး နောက်ဆုံး အဘိညာဉ်စခန်းအထိ ပေါက်ရောက်နိုင်ပါသည်။

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဟူသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြု၍ ဂုဏ်တော်ကို အောက်မေ့ပွားများရသော ကမ္မဋ္ဌာန်းဖြစ်ပါသည်။

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားများသူ၌ ရှိရမည့် အင်္ဂါ ၅-ပါး

၁။ ယုံကြည်မှု သဒ္ဓါ ရှိရမည်။

၂။ ကျန်းမာသန်စွမ်းမှု ရှိရမည်။

၃။ ဖြောင့်မတ်မှန်ကန်မှု ရှိရမည်။

၄။ လုံ့လဝီရိယ ရှိရမည်။

၅။ ရုပ်နာမ်တရား အဖြစ်အပျက်များကို သိစွမ်းနိုင်သော ပညာရှိရမည်။

စာမျက်နှာ-499

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇-ပါး

၁။ ဆိတ် = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။

၂။ တင် = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။

၃။ ဖြောင့် = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။

၄။ ငါး = ဒွါရငါးပါး ပိတ်ထားရမည်။

၅။ ရှေ့ = မိမိရှေ့ မနီးမဝေး၌ ဗောဓိပင်နှင့် မြတ်စွာဘုရား ထင်ရှားရှိပုံကို နှလုံးသွင်းရမည်။

၆။ စွဲ = သက်တော်ထင်ရှား မြတ်စွာဘုရားကို စွဲစွဲ မြဲမြဲ နှလုံးသွင်းရမည်။

၇။ ဖွား = သက်တော်ထင်ရှား မြတ်စွာဘုရားကို ကြည့်၍ အရဟံ အရဟံ စသည်ဖြင့် ဂုဏ်တော်ကို ပွားရမည်။ (စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်နည်း)

ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅-ပါး

ဂုဏ်တော်ကို ပုတီးစိပ်ပွားများရာတွင် ဖော်ပြလတ္တံ့ပါ အင်္ဂါ ၅-ပါးနှင့် ညီညွတ်ရပါမည် -

၁။ စိတ်တည်ကြည်ရမည်၊

၂။ ပုတီး၌ စိတ်မရောက်စေရ၊

၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။

၄။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။

၅။ ထိုမြတ်စွာဘုရားအား အချိန်တိုတိုအားဖြင့် ရှိခိုးရမည်၊

(မဟာဂန္ဓာရုံဆရာဟော်နည်းဖြစ်သည်)

အဓိဋ္ဌာန်ပုတီးစိပ် လုပ်ငန်းခွင် ကျင့်ဝတ်များ

အချို့သူများသည် အဓိဋ္ဌာန် ပုတီးစိပ်လေ့ရှိကြပါသည်။ ဤသို့ အဓိဋ္ဌာန် ပုတီးစိပ်ရာတွင် လိုအပ်သော လုပ်ငန်းခွင် ကျင့်ဝတ်များမှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် -

စာမျက်နှာ-500
၁။ ဆာလောင်မွတ်သိပ်မှု မရှိစေရ။

၂။ သန့်ရှင်းသန့်ပြန့်ရမည်။

၃။ အချိန်ရွေးချယ်မှုရှိရမည် (နံနက်အရုဏ်တက်ချိန်)

၄။ နေရာယူ မှန်ရမည်၊

၅။ သရဏဂုံသီလ ဆောက်တည်ရမည်၊

၆။ အနန္တငါးပါးကို ကန်တော့ရမည်၊

၇။ မေတ္တာပို့ရမည်၊

၈။ ဘုရားပင့်ရမည်၊

၉။ မိမိခန္ဓာကိုယ်ကို လှူဒါန်းရမည်၊

၁၀။ ပုတီးစိပ်ကမ္မဋ္ဌာန်း တောင်းရမည်၊

၁၁။ အဓိဋ္ဌာန်ပြုရမည်၊

၁၂။ စနစ်တကျ ထိုင်ရမည်၊

၁၃။ ပုတီးကိုင်နည်း စနစ်မှန်ရမည်၊

၁၄။ ဂုဏ်တော်နှင့် တရားဓမ္မများ၊

၁၅။ ဆောင်ရမည့်အချက်များ (ဂုဏ်တော်စိပ်လျှင် အနက်အဓိပ္ပာယ်ကို စူးစိုက် စိတ်ဝင်စားရမည်၊ ရုပ်ပုံကို ပယ်၍ ဂုဏ်တော်ဆိုက်ရန် ဖြစ်ပါသည်။)

၁၆။ ရှောင်ရမည့်အချက်များ (လိုချင်စိတ် မျှော်ကိုးစိတ် မထားရ၊ ဝိတက် မပွားရ။)

၁၇။ ပြန်လည်ဆင်ခြင်ရမည်၊

၁၈။ အမျှအတန်း ပေးဝေရမည်။

အာနာပါနကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်း (၄၀)အနက် အာနာပါနကမ္မဋ္ဌာန်းသည် အားထုတ်ရန် အလွယ်ဆုံး ဖြစ်၍ ယခုကာလ ဗုဒ္ဓဘာသာဝင်များသည် ယင်း အာနာပါနကမ္မဋ္ဌာန်းကို နည်းအမျိုးမျိုးဖြင့် အားထုတ်လျက်ရှိကြပါသည်။ သို့ဖြစ်သောကြောင့် ယင်း အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံကို အမြွက်မျှ ဖော်ပြသွားပါမည်။

စာမျက်နှာ-501

အာနာပါနကမ္မဋ္ဌာန်း အားထုတ်ရန် ထိုင်နည်း

ယောက်ျားဖြစ်လျှင် မဟာသတိပဋ္ဌာန် ပါဠိတော်၌ ဖော်ပြထားသော မဟာပလ္လင်ခွေ ထိုင်နည်းအတိုင်း ထိုင်ရမည်။ မဟာပလ္လင်ခွေ ထိုင်ပုံမှာ - ဘယ်ခြေအောက် ညာခြေအပေါ် ထားသော ထိုင်နည်းဖြစ်သည်။ ကြာမြင့်စွာ ထိုင်နိုင်ရန် ခြေသလုံးချင်း မထပ်ဘဲ အလိုက်သင့် ထိုင်နိုင်ပါသည်။ ဤသို့ ထိုင်ပြီးနောက် ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။ တင်ပျဉ်ခွေထက်တွင် ဘယ်လက်အောက် ညာလက်အပေါ် တင်ကာ လက်မချင်း ထိထားရမည်၊ မျက်လွှာ ချထားရမည်။ မိန်းမဖြစ်လျှင် မိထွေးတော်ဂေါတမီ စသည်တို့ထိုင်သော အနုပလ္လင်ခွေထိုင်နည်းဖြင့် ထိုင်ရမည်။ အနုပလ္လင်ခွေ ထိုင်ပုံမှာ ယခုကာလ အမျိုးသမီးများ ကျုံ့ကျုံ့ ပုဆစ်တုပ်ထိုင်ပုံကို ဆိုလိုပါသည်။

ကမ္မဋ္ဌာန်းစတင်ပွားများပုံ

ယောဂီသည် ဖော်ပြပါအတိုင်း စနစ်တကျ ထိုင်ပြီးနောက် နှာသီးဖျား နှာသီးဝ၌ တိုးထိဝင်ထွက်သွားသော ဝင်လေထွက်လေကို ပကတိ မိမိ ရှူရှိုက်နေကျအတိုင်း ရှူရှိုက်၍ နှာသီးဖျား နှာသီးဝတွင် ဝင်လေထွက်လေ တိုးထိ ဝင်ထွက်သွားသော နေရာ၌ စိတ်ကို ထားပါ။ မောပန်းအောင် မရှူရှိုက်ရ။ အထူးသဖြင့် ရှူရှိုက်နေသော ဝင်လေထွက်လေနောက်သို့ စိတ်မရောက်စေဘဲ နှာသီးဖျား နှာသီးဝ၌ ဝင်လေထွက်လေ ထိတိုင်းထိတိုင်း သိ၍သိ၍ နေအောင် သတိထားပါ။ အချို့ယောဂီများကား နှုတ်ခမ်း၌ ဝင်လေထွက်လေ ထိခိုက်မှုကို သတိပြု မှတ်ရှုကြပါသည်။

ဤသို့ ရှုမှတ်စဉ် အခြားအာရုံကို စိတ်ရောက်သွားသောအခါ နှာသီးဖျား နှာသီးဝ၌ စိတ်ကိုပြန်ထားပါ။ ပျင်းရိ ထိုင်းမှိုင်း၍.. အိပ်ချင်လာသော အခါ ပြင်၍ ရှူရှိုက်ပါ။ မအိပ်ဘဲ တစ်နေ့လုံး တစ်ညလုံး လွန်စွာ အားမထုတ်ပါနဲ့။ အလွန်လိုချင်သော စိတ်လည်း မထားနဲ့၊ ယုံကြည်မှုသဒ္ဓါ၊ ဆင်ခြင်မှု ပညာ၊ အားထုတ်မှု ဝီရိယ၊ တည်ကြည်မှု သမာဓိ တို့ကို ညီမျှအောင် ညှိ၍ အားထုတ်ရမည်။ အားထုတ်ဖန်များလျှင် မုဆိုးစိုင်သင်ဆိုသကဲ့သို့ အလုပ်က သင်ပြ၍ သမာဓိ တည်ကြည်လာပါလိမ့်မည်။ သမာဓိတည်ကြည်လာလျှင် စက္ကန့်ပိုင်း မိနစ်ပိုင်းမျှ ကြာအောင် နိမိတ်များ ထင်လာပါလိမ့်မည်။ ထိုအခါ စိတ်ကို ဝင်လေ ထွက်လေ ထိသိမှု၌သာ ပြန်ထားပေးရမည်။ ဤသို့ ဆက်လက် အားထုတ်သောအခါ သမာဓိလည်း ပို၍ ပို၍ အားကောင်းလာပြီး နိမိတ် အမျိုးမျိုးလည်း ထင်မြင်လာတတ်ပါသည်။

စာမျက်နှာ-502

ထင်မြင်လာတတ်သော နိမိတ်များ

လဲဝါဂွမ်းကဲ့သို့၊ ဗိုင်းဝါရက်သကဲ့သို့၊ လေအလျဉ်ကဲ့သို့၊ အခိုးအငွေ့ ကဲ့သို့၊ မီးခိုးဖြူများကဲ့သို့၊ မီးခိုးဖြူများနှင့်ရောလျက် တလက်လက်နှင့် မီးကျည် မီးပန်းကဲ့သို့၊ အလင်းရောင်များကဲ့သို့၊ ပုလဲလုံးများ ဝင်လေ ထွက်လေနှင့် ရော၍ နှာသီးဖျား၌ ဝင်လိုက် ထွက်လိုက်နေသကဲ့သို့ ရှူရှိုက်နေသော ဝင်လေ ထွက်လေ၌ ထင်မြင်လာတတ်ပါသည်။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အဆိုအရ သောကြာကြယ်ကဲ့သို့၊ ပတ္တမြားလုံးကဲ့သို့၊ ပုလဲများကဲ့သို့၊ ဝါးရိုးကဲ့သို့၊ သစ်သားနှစ်အချွန်ကဲ့သို့၊ ရှည်သော ဖွတ်မြီးကြိုးများကို ဆွဲထားသကဲ့သို့၊ ပန်းဆိုင်းကဲ့သို့၊ ပန်းခိုင်ကဲ့သို့၊ မီးခိုးညွန့်ကဲ့သို့၊ ပင့်ကူအိမ်ကြီးကဲ့သို့၊ မိုးတိမ်တိုက်ကဲ့သို့၊ ပဒုမ္မာကြာပွင့်ကြီးကဲ့သို့၊ ရထားဘီးကဲ့သို့၊ နေဝန်းကဲ့သို့ ထင်မြင်လာတတ်ပါသည်။

ယောဂီသည် ယင်းသို့ထင်မြင်လာသော နိမိတ်များကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့် တွေးမြင်လာသောအခါ လွန်စွာ စိတ်အား ထက်သန်၍ တိုးတက် အားထုတ်လိုသောဆန္ဒ ဖြစ်ပေါ်လာတတ်ပါသည်။ ယင်းဆန္ဒအတိုင်း လွန်စွာ တိုးတက် အားထုတ်လိုသောအခါ ယောဂီ၏ မျက်နှာရှေ့၌ ဝင်းခနဲ လက်ခနဲ ဝါလိုက် စိမ်းလိုက် ပြာလိုက်ဖြင့် ဖြစ်ပေါ်နေသော ညို့မှိုင်းမှိုင်း အဝန်းအဝိုင်းကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့် တွေ့မြင်လာတတ်သည်။ ဤကဲ့သို့ ဖြစ်ပေါ်လာသော နိမိတ်မျိုးကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ပါသည်။

ထိုဥဂ္ဂဟနိမိတ်များ ဖြစ်ပေါ်လာသောအခါ ဝင်လေ ထွက်လေကို မရှူရှိုက်တော့ဘဲ ယင်း ဥဂ္ဂဟနိမိတ်ကိုပင် ကြည့်ရှု အာရုံပြု နေရမည်။ ဥဂ္ဂဟနိမိတ် ပျောက်သွားပါက ဝင်လေထွက်လေကို ပြန်၍ ရှုမှတ်ရမည်။ ယင်း ဥဂ္ဂဟနိမိတ်ကို အဖန်ဖန် အထပ်ထပ် ကြည့်ရှုအာရုံပြုဖန်များသောအခါ ထိုဥဂ္ဂဟနိမိတ်ထက် လွန်စွာ သန့်ရှင်း စင်ကြယ်သော ပတ္တမြားရောင် ပုလဲရောင်ကဲ့သို့သော အဆင်း သဏ္ဌာန်ရှိသည့် အာရုံနိမိတ်များ ထင်မြင်လာသည်။ ထိုသို့ ထင်မြင်လာသော အာရုံနိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။

ထိုပဋိဘာဂနိမိတ် ဖြစ်ပေါ်လာသည့်အချိန်မှ စ၍ ယောဂီ၏ စိတ်သန္တာန်၌ ရှေးအခါက စိတ်တည်ငြိမ်မှု မရအောင် နှောင့်ယှက်တားဆီး ပိတ်ပင်တတ်သော နီဝရဏ (အနှောင့်အယှက်) တရားများ ကင်းစင်၍ ဥပစာရသမာဓိဘာဝနာ ဖြစ်လျက် နေပါတော့သည်။ နီဝရဏတရား .ကွာမှု၊ ဥပစာရသမာဓိဘာဝနာ ဖြစ်ပေါ်မှု၊ ပဋိဘာဂနိမိတ်ထင်မှု ၃-ပါးသည် တပြိုင်နက် တစ်ချက်တည်း ဖြစ်ပါသည်။

စာမျက်နှာ-503
ဤဥပစာရဘာဝနာအဆင့်မှ ဝိပဿနာကူးလိုလျှင် ကူးနိုင်သည်။ (ဤသမာဓိကို အခြေခံ၍ ဝိပဿနာသို့ ဆက်လိုလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးရှိရသည်။) ဈာန်လမ်းသို့ ဆက်လိုလျှင် အာနာပါနကို ဆက်လက်၍ အထပ်ထပ်ပွားများသည်ရှိသော် စိတ်၌ ထင်မြင်လျက်ရှိသော အာရုံနိမိတ်များ ကင်းကွာပြီး စိတ်အစဉ်လည်း စင်ကြယ်ကြည်လင်၍ လာပါတော့သည်။ ထိုအခါ ယောဂီ၏ စိတ်အစဉ်သည် . ငြိမ်သက် အေးကြည်၍ နှစ်သက်မှုပီတိလည်း ဖြစ်ပေါ်လာပါတော့သည်။ နှစ်သက်မှုပီတိ ဖြစ်ပေါ်လျှင် စိတ်ချမ်းသာမှုလည်း ဖြစ်ပေါ်လာပါတော့သည်။ . စိတ်ချမ်းသာမှု ဖြစ်လျှင် မတုန်မလှုပ် ငြိမ်သက် တည်ကြည်သော ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲသော စိတ်တည်ငြိမ်ခြင်း ဧကဂ္ဂတာ လည်းဖြစ်ပေါ်လာပါတော့သည်။ ထိုအခါ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန် အပ္ပနာသမာဓိ ဖြစ်လာပါတော့သည်။

ဤအပ္ပနာသမာဓိ ဖြစ်သည့်အခါမှ ... ဝိပဿနာကူးလျှင် အကျိုးအရှိဆုံး ဖြစ်ပါသည်။ ပထမဈာန်ကို ဝသီဘော် ငါးပါးဖြင့် ဆက်လက် ဆင်ခြင်ဝင်စားမှု အထပ်ထပ်ပြုလျှင် ... ဒုတိယဈာန်မှ အဘိညာဉ် စခန်းအထိ ပေါက်ရောက်နိုင်ပါသည်။

ပါဠိတော်နည်းအရ အားထုတ်ပုံ

ဝင်လေ ထွက်လေတို့၏ ထိမှုခိုက်မှု ထင်ရှားရာ၌ စိတ်ကို စွဲမြဲစွာ ထား၍ ရှုမှတ်သိရှိနေရမည်။ ဤသို့ ရှုမှတ်နေရာ၌ ထွက်သက်ဝင်သက်သည် ရှည်လျှင် ရှည်သည်ဟု သိရမည်။ တိုလျှင် တိုသည်ဟု သိရမည်။ ထွက်လေဝင်လေ ပြင်းမှု၊ ပျော့မှုကိုလည်း ရှည်မှု၊ တိုမှုဟု ခေါ်ပါသည်။

အချုပ်အားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည် အာရုံ အမျိုးမျိုးကို ယောက်ယက်ခတ်အောင် ပြေးသွားနေသော မိမိ၏စိတ်ရိုင်းကို ဝင်လေ ထွက်လေ ဟူသော ကမ္မဋ္ဌာန်းအာရုံ၌သာ စွဲမြဲစွာသတိဖြင့် ဖွဲ့ချည်ထားရမည်။ ထိုအခါ စိတ်သည် ထွက်သက်ဝင်သက် ထိခိုက်မှု အာရုံတစ်ခု၌သာ စွဲမြဲတည်ရှိလာမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် မယဉ်ပါးသော နွားငယ်မိုက်ကို ဆုံးမလိုသော ယောက်ျားသည် ခိုင်ခံ့သော ချည်တိုင်ကို စိုက်ထူ၍ ထိုတိုင်၌ မပြတ်နိုင်သော ကြိုးဖြင့် ချည်နှောင်ထားသောအခါ ... ထိုနွားငယ်သည် ရုန်း၍ အခြားသို့ ထွက်မသွားနိုင်ဘဲ ချည်တိုင်ရင်း၌သာ အိပ်ရသကဲ့သို့ ဖြစ်ပါသည်။

စာမျက်နှာ-504
ဝင်လေထွက်လေ အရှည်အတို သိမှု၌ စွဲမြဲပိုင်နိုင်လာသောအခါ ဝင်လေ ထွက်လေတို့၏ ထိမှုခိုက်မှုနေရာဌာန၌ စိတ်ကို စွဲမြဲစွာထား၍ ဝင်လေထွက်လေ အရှည်အတိုသိမှုနှင့်တကွ ဝင်လေထွက်လေတို့၏ အစ အလယ် အဆုံး သုံးပါးစလုံးကို ထင်ရှားစွာသိအောင် အားထုတ်ရမည်။ ဝင်လေအစကား နှာသီးဖျား၊ အလယ်ကား ရင်ချိုင့် သို့မဟုတ် နှလုံး၊ အဆုံးကား ချက်တိုင်တည်း။ ထွက်လေအစကား ချက်တိုင်၊ အလယ်ကား ရင်ချိုင့်၊ (သို့မဟုတ်) သိုမဟုတ် နှလုံး၊ အဆုံးကား နှာသီးဖျားတည်း။ အချို့ယောဂီများ အစသာ ထင်သည်။ အချို့ အလယ်သာ ထင်သည်။ အချို့ အဆုံးသာ ထင်သည်။ ဤယောဂီ (၃)ဦး ပင်ပန်းသည်။ အချို့ ယောဂီကား အစ၊ အလယ် အဆုံး သုံးမျိုးစလုံး ထင်ရှားသဖြင့် မပင်မပန်း ရှိသည်။

အဋ္ဌကထာနည်းအရ ဆိုလျှင် ထွက်လေဝင်လေကို အားထုတ်ရာ၌ ရေတွက်နည်းအရ ထွက်လေဝင်လေ တစ်မှ ငါးအထိ တစ်ဝါရ၊ နှစ်ဝါရ ထွက်လေဝင်လေ တစ်မှ ခြောက်အထိ . တစ်ဝါရ၊ ထွက်လေဝင်လေ တစ်မှ ခုနစ်အထိ တစ်ဝါရ၊ ထွက်လေဝင်လေ တစ်မှ ရှစ်အထိ တစ်ဝါရ၊ ထွက်လေဝင်လေ တစ်မှ ကိုးအထိ တစ်ဝါရ၊ ထွက်လေဝင်လေတစ်မှ တစ်ဆယ်အထိ တစ်ဝါရအားဖြင့် ခြောက်ဝါရ တင်ပြီး ရှုရန်ဖွင့်ပြပါသည်။

ထိုသို့ ဝင်လေထွက်လေတို့၏ အစ အလယ် အဆုံး သုံးမျိုးစလုံးကို ထင်ထင်ရှားရှား သိမြင်သောအခါ ဝင်လေထွက်လေတို့ကို အာရုံပြု၍ ငြိမ်းချုပ်စေအံ့ဟု နှလုံးသွင်း၍ ဝင်လေထွက်လေတို့ကို ဖြည်းညင်းစွာ ရှူရှိုက်၍ အားထုတ်ရမည်။ အာနာပါနကမ္မဋ္ဌာန်းကို မသိမ်းဆည်းရမီ အခါ၌ ကရဇကာယသည် ရုန့်ရင်း ကြမ်းတမ်း၍ စိတ်သည်လည်း အလွန်ပင် ကြမ်းတမ်းလျက်ရှိသည်။ ကိုယ်စိတ်နှစ်ပါးမငြိမ်မသက် ရုန့်ရင်းကြမ်းတမ်းလျှင် ထွက်သက် ဝင်သက်လည်း ကြမ်းတမ်းသည်၊ အားကြီးသည်၊ များသည်။ ကိုယ်စိတ်နှစ်ပါး ငြိမ်သက် အေးဆေးလျှင် ထွက်သက်ဝင်သက်လည်း တဖြည်းဖြည်း သိမ်မွေ့သွားတော့သည်။ တဖြည်းဖြည်း ငြိမ်းချမ်းသွားတော့သည်။

ကိုယ်စိတ်နှစ်ပါး ပူပန်ခြင်းများလျှင် ထွက်သက်ဝင်သက် ကြမ်းသည်၊ ကိုယ်စိတ်နှစ်ပါး ပူပန်ခြင်းနည်းလျှင် ထွက်သက်ဝင်သက် သိမ်မွေ့သည်၊ ငြိမ်းချမ်းသည်၊ ချုပ်သည်။ ထိုအခါ ယောဂီသည် မိမိ၏ ဝင်လေထွက်လေ ရှိမှရှိပါ၏လောဟု ယုံမှားဖြစ်လာရသည်။ ဝင်လေထွက်လေတို့ တိုးထိသွားရာ နှာသီးဖျား၊ နှာသီးဝ၌ သတိကို မြဲမြံစွာ စိုက်ထားပြီး မှတ်သားသည့်အခါမှ ... ဝင်လေထွက်လေတို့ကို တွေ့ရှိလာရပါသည်။ ဆက်လက်ပွားများ အားထုတ်သောအခါ သမာဓိရင့်သန်လာပြီး ပဋိဘာဂနိမိတ်များလည်း ထင်ရှားပေါ်လာကာ နီဝရဏတရားများ ကင်းကွာပြီး ပထမဈာန်ကို ရရှိလာပါတော့သည်။

စာမျက်နှာ-505

အခန်း (၁၂)

ဣရိယာပုထ် ၄-ပါးဖြင့် တရားအားထုတ်ပုံ

အာနာပါနအကျိုးဆက်

တစ်ပါးသောတရားကို ပွားများလျှင် လေးပါးသော တရားနှင့် ပြည့်စုံမည်။ လေးပါးသောတရားကို ပွားများလျှင် ခုနစ်ပါးသော တရားနှင့် ပြည့်စုံမည်။ ခုနစ်ပါးသောတရားကို ပွားများလျှင် နှစ်ပါးသော တရားနှင့် ပြည့်စုံမည်ဟု မြတ်စွာဘုရား ဟောတော်မူခဲ့ပါသည်။ (မ-၃၊ ၁၂၄)

တစ်ပါးသောတရားဟူသည် အာနာပါနတည်း။

လေးပါးသောတရားဟူသည် သတိပဋ္ဌာန်တရား လေးပါးတည်း။ ခုနစ်ပါးသောတရားဟူသည် ဗောဇ္ဈင်တရားတည်း။

နှစ်ပါးသောတရားဟူသည် ဝိဇ္ဇာနှင့် ဝိမုတ္တိတည်း။

ထို့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းတရား အားထုတ်သူများသည် အကျိုးဆက် အဖြစ်ဖြင့် သတိပဋ္ဌာန်တရား (၄)ပါးနှင့် ပြည့်စုံလာပြီး ယင်းသတိပဋ္ဌာန် တရား (၄)ပါးကို အဆက်မပြတ် ကျင့်ကြံပွားများလျှင် ဗောဇ္ဈင် (၇)ပါးနှင့် ပြည့်စုံပြီး ဝိဇ္ဇာဉာဏ်အလင်းပေါက်၍ ဝိမုတ္တိခေါ် လွတ်မြောက်မှုနယ်ပယ် နိဗ္ဗာန် စခန်းသို့ ပေါက်ရောက်နိုင်မည် ဖြစ်ပါသည်။

သတိပဋ္ဌာန်တရား (၄)ပါး ဖြစ်ပေါ်ပုံ

အာနာပါနကမ္မဋ္ဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ဝင်လေ ... ထွက်လေ ထိခိုက်မှုကို သိနေလျှင် ကာယာနုပဿနာသတိပဋ္ဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒ ခေါ်သော လောဘ, ဒေါသ ကိလေသာတို့ကို ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။

ဤသို့ ဝင်သက်ထွက်သက်ကို သိသိနေခိုက်၌ ယားယံမှု၊ နာကျင်မှု၊ ညောင်းညာမှု၊ တောင့်တင်းမှု စသော ဝေဒနာအမျိုးမျိုး ဖြစ်ပေါ်နေသည်ကို မခံနိုင် လောက်အောင် သိသိနေမည် ဖြစ်ပါသည်။ ထိုအခါ ဝေဒနာနုပဿနာ သတိပဋ္ဌာန်နှင့် ပြည့်စုံလျက် ရှိနေမည်ဖြစ်ပါသည်။ ဝေဒနာဖြစ်တိုင်း ဖြစ်တိုင်းကို

စာမျက်နှာ-506
လိုက်မှတ်၍ သိနေသော ယောဂီသည် သတိပညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ ဒေါသ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော အခါကောင်းနှင့် ကြုံကြိုက်လျက် ရှိနေပါသည်။

တဖန် ထွက်သက်ဝင်သက်ကို သိသိနေခိုက်တွင် ကောင်းသောစိတ်များ မကောင်းသောစိတ်များ အမျိုးမျိုး ပေါ်နေမည်ဖြစ်ပါသည်။ ပေါ်တိုင်း ပေါ်တိုင်းကို လိုက်မှတ်၍ သိသိနေခြင်းကို စိတ္တာနုပဿနာနှင့် ပြည့်စုံသည်ဟု ဆိုပါသည်။ ထိုအခါ သတိပညာနှင့် ပြည့်စုံခိုက်ဖြစ်၍ အဘိဇ္ဈာ, ဗျာပါဒ ခေါ်သော လောဘ, ဒေါသ ကိလေသာကို ပယ်ဖျောက်နိုင်သော အခါကောင်းဖြစ်ပါသည်။

တဖန် ထွက်သက်ဝင်သက်ကိုပင် အနိစ္စအချက်နှင့် သိသိနေခြင်း သတိပညာနှင့် ပြည့်စုံမှုကြောင့် လောဘ, ဒေါသ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော အခါကောင်းဖြစ်ခြင်းတို့ကြောင့် ထိုယောဂီသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်နှင့် ပြည့်စုံလျက် ရှိနေပါတော့သည်။ (သံ-၃၊ ၂၈၂)

ဗောဇ္ဈင် ၇-ပါး ဖြစ်ပေါ်ပုံ

ထွက်သက်ဝင်သက်ကို မူတည်၍ သတိပဋ္ဌာန် ၄-ပါး ပွားများ ပြည့်စုံအောင် အားထုတ်ရာ၌ ပါဝင်သော ခန္ဓာကိုယ် ဖြစ်ပေါ်ချုပ်ပျောက်နေမှုများကို အမှတ်တမဲ့ မနေဘဲ အစဉ်မပြတ် တရစပ် ရှုမှတ်စောင့်ကြည့်နိုင်သော သတိရှိနေမှု သည်ပင် သတိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံနေသည်ဟု ဆိုပါသည်။

ယင်းသို့ သတိနှင့် ပြည့်စုံလျက် မိမိသန္တာန်၌ ဖြစ်ပေါ်ချုပ်ပျောက်နေသည့် အဟုတ်ရှိ အမှန်ရှိနေသော သဘောတရားတို့ကို အဟုတ်သဘော အမှန်သဘော အတိုင်း သိအောင် ရွေးချယ်စိစစ် စူးစမ်းခြင်းသဘောကိုပင် ဓမ္မဝိစယသမ္ဗောဇ္ဈင်နှင့် ပြည့်စုံနေသည်ဟု ဆိုပါသည်။ ဝိပဿနာဉာဏ်အမြင် ပညာစေတသိက်ကို ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟု ခေါ်ပါသည်။

ယင်းသို့ ရွေးချယ်စိစစ် စူးစမ်းလျက် အဆက်မပြတ် တရစပ်ဖြစ်အောင် မတွန့်ဆုတ်ဘဲ ကျင့်ဆောင်အားထုတ် ပြုလုပ်ခြင်းကိုပင် ဝီရိယသမ္ဗောဇ္ဈင်နှင့် ပြည့်စုံ သည်ဟု ဆိုပါသည်။

အဟောင်းအသစ် အလျော့အတင်း အကပ်အခွာ မရှိ ပိပိရိရိ အညီအမျှ အားထုတ်၍ ဖြစ်ပေါ်လာသည့် ပီတိ (နှစ်သိမ့်အားရခြင်း)ကိုပင် ပီတိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသည်ဟု ဆိုပါသည်၊ “နှစ်သိမ့်အားရ” ဆိုသော်လည်း မည်သည့်အတွယ်

စာမျက်နှာ-507
(က) ကသစ်ဝိုင်ဆရာတော်၏ ဝိပဿနာရှုနည်း

(ခ) ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း

(ဂ) အနာဂါမ်ဆရာသက်ကြီး၏ ဝိပဿနာရှုနည်း

(ဃ) ညောင်လွန်တောရဆရာတော်၏ ဝိပဿနာရှုနည်း

(င) ရွှေဥဒေါင်းတောင်ဆရာတော်၏ ဝိပဿနာရှုနည်း

အခန်း (၁၆)

ကြည်ညိုဖွယ်ရာ အရိယာများ

(က) လူဝတ်ကြောင် ယောက်ျားအရိယာများ

(ခ) လူဝတ်ကြောင် မိန်းမအရိယာများ

(ဂ) ရဟန်းယောက်ျားအရိယာများ

(ဃ) အမျိုးသမီးထေရီများ

နောက်ဆက်တွဲ

ဝေါဟာရ ရှင်းလင်းချက်

မှတ်သားဖွယ် အက္ခရာစဉ်

စာမျက်နှာ-508
မှတ်သောအခါ၌ မှတ်စဉ်ကို မရိပ်မိ၍ မှတ်ပုံအချိုးအစား မကျသေးမီအခါ မေ့နေသည်က များတတ်ပါသည်။ ဤသို့ မေ့နေလျှင် မေ့သည်ဟု မှတ်ပါ။ မှတ်ပုံ မှတ်စဉ်ကို ရိပ်မိသောအခါ မေ့မှုနည်းပါး၍ မှတ်မိသည်က များလာပါလိမ့်မည်။ အမှတ်စိပ်လာလျှင် အသိဉာဏ်လည်း စိပ်၍ လာမည်။ အမှတ်ကျဲလျှင် အသိဉာဏ်လည်း ကျဲနေမည် ဖြစ်ပါသည်။

ဖြစ်ပေါ်လာသော အမူအရာသည် တန့်ရပ်နားနေခြင်းမရှိ၍ အမှတ်ကလည်း ဆိုင်းရပ်မနေဘဲ ဖြစ်ပေါ်လာတိုင်းသော အမူအရာကို မလစ်လပ်ရအောင် အမြဲ မှတ်နေရမည်။ အမှတ်များနိုင်လျှင် သာ၍ ကောင်းသည်။ ၂-မျိုး ၃-မျိုး စသော အမူအရာကို တစ်ခါတည်း ရောမမှတ်ရ။ ထင်ရှားရာကိုသာ တစ်ခုစီ တစ်ခုစီ အစဉ်အတိုင်း မှတ်ရမည်။ တစ်ခုစီသာ မှတ်သော်လည်း အမှတ် စိပ်လာသော အခါ အမူအရာ ၂-ခု ၃-ခုကိုလည်း တစ်ခါတည်း သိလာတတ်ပါသည်။

အဋ္ဌကထာ၌ သွားသည် အိပ်သည် စသည်များကို “သွားတယ် .. အိပ်တယ်” စသည်ဖြင့် သိခြင်းမျိုးကို “ခွေးသိ ဝက်သိ” ဟု ဆိုပါသည်။ ခွေးဝက်တို့၏ သိခြင်း သည် မှတ်၍ သိသည်မဟုတ်၊ ကမ္မဋ္ဌာန်းအားထုတ်သူမှာ မှတ်၍ သိလာရသည်။ သိခြင်း အမည်တူသော်လည်း သိပုံသဘောများမှာ လွန်စွာ ကွဲပြားခြားနား ပါပါသည်။

၎င်းအပြင် ဣရိယာပထပဗ္ဗကို နှလုံးသွင်းသော အရာတွင် ပါဠိတော်၌ သွားလျှင် “သွားတယ်” ဟု သိလာ၍ အဋ္ဌကထာ၌မူ သွားသောအခါ “စိတ္တဇဝါယောဓာတ်ကြောင့် ခန္ဓာကိုယ်အရိုးစုကြီး လှုပ်ရှားသွားသည်” ဟု ဖွင့်ပြပါသည်။ ထို ၂-မျိုး တို့တွင် သုဒ္ဓဝိပဿနာ ယောဂီသည် ပါဠိတော်နည်း အတိုင်းသာ အားထုတ်အပ် ပါပါသည်။ အဋ္ဌကထာဆရာသည် ဓာတ်ကမ္မဋ္ဌာန်း အရာကိုသာ ဖွင့်ပြတော်မူပါသည်။

ဆောင်ပုဒ်

ဖြစ်အောင်လည်း မပြုနှင့် ပျက်အောင်လည်း မပြုနှင့်

ဖြစ်အောင်ပြုက လောဘ

ပျက်အောင်ပြုက ဒေါသ

ဖြစ်တိုင်းပျက်တိုင်းကို မသိက မောဟ။

စာမျက်နှာ-509

အဓိပ္ပာယ်ကား

မှတ်သိသောအခါ အမူအရာဖြစ်ပေါ်လာအောင် ပြုခြင်း၊ မိမိစိတ်က ဘယ်လို ဖြစ်အောင် ကြံစည်ခြင်းများ မရှိစေနှင့်၊ ဤသို့ ဖြစ်ပေါ်လာအောင် လုံ့လ ပယောဂပြုခြင်း, ကြံစည်ခြင်းများသည် လောဘဖြစ်သည်။ ဖြစ်ထွန်းပေါ်ပေါက် လာသော အမူအရာကို မိမိစိတ်ဖြင့် ကြံဖန်၍ ပျက်စီးအောင်လည်း မပြုပါနှင့်၊ ဖြစ်ပေါ်လာသော အမူအရာများကို ပျက်စီးအောင် ကြံစည်ပြုလုပ်ခြင်းသည် ဒေါသ ဖြစ်သည်။ အမူအရာ စသည်တို့ ဖြစ်ပျက်နေသည်ကို မသိလျှင် မောဟဖြစ်သည်။ လုံ့လ ပယောဂ မပြုလုပ် မကြံစည်ဘဲ အလိုအလျောက် ပေါ်ပေါက်လာသော အမူအရာကိုသာ မှတ်နေရမည်။ ဤသို့ မှတ်လျှင် အဖြစ်အပျက် သဘောများကို ထင်ထင်ရှားရှား သိလာလိမ့်မည်။

ဝိပဿနာဟူသည်

ဝိပဿနာအလုပ်ဟူသည် ရုပ်နာမ်အမူအရာတို့၏ အဖြစ်အပျက်ကို သိအောင် အားထုတ်ရသည်ဟု ဆိုသော်လည်း ကြံစည်၍ ဖြစ်သည်ကို သိခြင်း၊ ကြံစည်၍ ပျက်သည်ကို သိခြင်း၊ ဤသို့ သိခြင်းမျိုးကို ဝိပဿနာဟု မဆိုရ။ အကြောင်း အားလျော်စွာ မကြံစည်ဘဲ ဖြစ်ပေါ်လာသည်ကို သိခြင်း၊ ပျက်သွားသည်ကို သိခြင်း၊ ဤသို့ သိခြင်းမျိုးကိုသာ ဝိပဿနာဟု ဆိုပါသည်။

ဥပမာ - လယ်ကတွတ်ပေါက်၌ ငါးကို စောင့်သော ဗျိုင်းသည် ငါးပေါ်လာအောင် မကြံစည်၊ ပေါ်လာသည်ကို ပျောက်သွားအောင်လည်း လုံ့လ မပြုဘဲ ပေါ်လာသော ငါးကိုသာ မိအောင် ဖမ်းသည်။ ထို့အတူ ဖြစ်ပေါ်လာသော ရုပ်နာမ်အမူအရာအတိုင်း သွားခြင်း ရပ်ခြင်း စသည်ကို “သွားတယ် ရပ်တယ်” စသည်ဖြင့် မှတ်ရမည်။ ဤသို့မှတ်လျှင် မှတ်သောအမူအရာ ရုပ်နာမ်မျှကိုသာ သိ၍ လောဘ ဒေါသ မောဟတို့ မဝင်နိုင်ဘဲ အဖြစ်အပျက်ကိုသာ သိသော ဝိပဿနာပညာဖြစ်လျက် ရှိသည်။

လက်တွေ့ ဣရိယာပုတ် ၄-ပါးဖြင့် တရားအားထုတ်ပုံ

အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းပုံအခန်း၌ ဖော်ပြခဲ့သည့်အတိုင်း နှာသီးဖျား နှာသီးဝ၌ ထွက်သက်ဝင်သက် ထိခိုက်မှုကို ထင်ထင်ရှားရှား သိရှိအောင် ရှုပွား၍ ဥပစာရဘာဝနာအဆင့်၊ သို့မဟုတ် အပ္ပနာဘာဝနာ အဆင့်သို့ ရောက်သော

စာမျက်နှာ-510
အခါ သတိပဋ္ဌာန်တရားဖြင့် ဝိပဿနာကမ္မဋ္ဌာန်းဘက်သို့ ဦးလှည့်ပြီး ကူးပြောင်း ရမည်။ အချို့လည်း အာနာပါနကို သမာဓိရရုံသာ ရှုမှတ်ပြီး ကူးကြပါသည်။

ထွက်သက်ဝင်သက် အာနာပါနကမ္မဋ္ဌာန်းတရားကို ရှုပွားနေစဉ် စိတ်ကူးလျှင် စိတ်ကူးသည်ဟုမှတ်၊ စဉ်းစားလျှင် စဉ်းစားသည်ဟုမှတ်၊ ဆင်ခြင်လျှင် ဆင်ခြင်သည်ဟုမှတ်၊ စိတ်သွားလျှင် သွားသည်ဟုမှတ်၊ တနေရာသို့ စိတ်ရောက်လျှင် ရောက်သည်ဟုမှတ်၊ စိတ်ကူးထဲ၌ တစုံတရာကို မြင်လျှင် မြင်သည်ဟုမှတ်၊ ထိုအမြင် ပျောက်သွားလျှင် ပျောက်သည်ဟုမှတ်၊ စိတ်ကူးထဲ၌ တစုံတယောက်နှင့် စကားပြောနေလျှင် ပြောသည်ဟု မှတ်၊ ဤသို့ မှတ်ပြီးနောက် ထွက်သက် ဝင်သက်ကိုပင် ပြန်လည် ရှုမှတ်နေရမည်။

ဤသို့ မှတ်နေစဉ် တံတွေးမျိုချင်လျှင် မျိုချင်သည်ဟုမှတ်၊ မျိုလျှင် မျိုသည်ဟု မှတ်၊ ထွေးချင်လျှင် ထွေးချင်သည်ဟု မှတ်၊ ထွေးလျှင် ထွေးသည်ဟု မှတ်ပြီးလျှင် ထွက်သက် ဝင်သက်ကိုပင် မှတ်နေကျအတိုင်း ပြန်မှတ်ပါ။ ဤသို့ မှတ်နေစဉ် ခေါင်းငုံ့လိုလျှင် ငုံ့ချင်သည်ဟု မှတ်၊ ငုံ့ဆဲ၌ ရွေ့တိုင်း ရွေ့တိုင်း ငုံ့သည် ငုံ့သည်ဟုမှတ်။ မမြန်စေရ၊ ဖြည်းဖြည်းငုံ့ပါ။ ခေါင်းမော့ချင်လျှင် မော့ချင်သည်ဟုမှတ်၊ မော့ဆဲ၌ ရွေ့တိုင်း ရွေ့တိုင်း မော့သည် မော့သည်ဟုမှတ် ဖြည်းဖြည်းမော့ပါ။ ပြီးလျှင် ထွက်သက်ဝင်သက်ကိုပင် ပြန်မှတ်ပါ။

ဤသို့ မှတ်နေစဉ် တနေရာ၌ ညောင်းမှု လွန်ကဲထင်ရှားလာလျှင် ထိုညောင်းမှုကိုသာ စူးစိုက်၍ ညောင်းသည် ညောင်းသည်ဟု မနှေးမမြန် မှန်မှန်ပိုင်း၍ မပြတ်မှတ်ပါ။ ထိုညောင်းမှုသည် တဖြည်းဖြည်း သေးသိမ်ကာ ကွယ်ပျောက်၍လည်း သွားတတ်သည်။ မခံသာအောင် လွန်ကဲ၍လည်း လာတတ်သည်။ မခံသာ၍ ပြုပြင်လိုလျှင် ထိုစိတ်ကို ပြင်ချင်သည်ဟု မှတ်၍ ပြင်ချင်သော ကိုယ်အမူအရာကိုလည်း ခေါ်နေကျအတိုင်းပင် ဆက်၍ မှတ်ပါ။

ဥပမာ- ခြေလက်တို့ကို ကြွချင်လျှင် ကြွချင်သည်ဟု မှတ်၊ ကြွလျှင် ရွေ့တိုင်း ရွေ့တိုင်း ကြွသည် ကြွသည်ဟုမှတ်၊ မမြန်စေရ၊ ဖြည်းဖြည်းပြင်ပါ။ တနေရာ၌ ထိလျှင် ထိသည်ဟု မှတ်။ ဤသို့ ပြုပြင်ပြီးသောအခါ၌ ဖြစ်စေ၊ မှတ်နေရင်း အလိုလို အညောင်းပျောက်သွားသော အခါ၌ဖြစ်စေ ထွက်သက်ဝင်သက်ကိုပင် မှတ်နေကျအတိုင်း မပြတ် ပြန်မှတ်ပါ။ တနေရာမှ ပူမှု ထင်ရှားလာလျှင်လည်း ထိုပူမှုကိုသာ စူးစိုက်၍ ပူသည် ပူသည်ဟု မနှေးမမြန် မှန်မှန်ပိုင်း၍ မပြတ် မှတ်ပါ၊ မှတ်နေရင်း ပူမှုပျောက်သွားလျှင် ထွက်သက်ဝင်သက်ကို ပြန်မှတ်ပါ။ ပူမှုလွန်ကဲလာ၍ ပြုပြင်လိုလျှင် ပြင်ချင်သည်ဟု မှတ်ပြီး ပြင်ချင်သော ကိုယ်

စာမျက်နှာ-511
အမူအရာများကိုလည်း ကြွချင်သည်, ကြွသည် ကြွသည် စသည်ဖြင့် ရှေ့နည်းအတိုင်း မလစ်လပ်အောင် မှတ်၍ တဖြည်းဖြည်းပြင်ပါ။ ပြီးဆုံးလျှင် ထွက်သက်ဝင်သက်ကိုပင် မပြတ်ဆက်မှတ်ပါ။

တနေရာ၌ ယားမှုပေါ်ပေါက်လာလျှင် ထိုယားမှုကိုသာ စူးစိုက်၍ ယားသည် ယားသည်ဟု မနှေးမမြန် မှန်မှန် ပိုင်း၍ ပိုင်း၍ မပြတ်မှတ်၊ မှတ်နေရင်း အယားပျောက်သွားလျှင် ထွက်သက် ဝင်သက်ကိုပင် ပြန်မှတ်၊ မခံသာ၍ အယားဖျောက်လိုလျှင် ဖျောက်ချင်သည်ဟု, ကုတ်ချင်သည်ဟုမှတ်၊ လက်ကို ကြွလိုလျှင် ကြွချင်သည်, ကြွလျှင် ကြွသည်ဟုမှတ်၊ ဖြည်းဖြည်းကြွပါ။ ယားသည့်နေရာနှင့် ထိလျှင် ထိသည်ဟု မှတ်၊ ကုတ်တိုင်းကုတ်သည်ဟု မှတ်၊ ရပ်လိုလျှင် ရပ်ချင်သည်ဟု မှတ်၊ လက်ကို ပြန်ချလိုလျှင် ချချင်သည်ဟု မှတ်၊ ချသောအခါ ချသည်ဟု မှတ်၊ အောက်၌ ထိလျှင် ထိသည်ဟုမှတ်၊ ပြီးလျှင် ထွက်သက်ဝင်သက်ကိုပင် ပြန်မှတ်ပါ။

ကိုယ်ထဲ၌ နာကျင်မှုစသော မခံသာသောဝေဒနာ တစုံတရာပေါ်လာလျှင် ထိုမခံသာမှုကိုသာ စူးစိုက်၍ နာသည် နာသည်ဟု, ကျင်သည် ကျင်သည်ဟု, ကိုက်သည် ကိုက်သည်ဟု, အောင့်သည် အောင့်သည်ဟု, မောသည် မောသည်ဟု မူးသည် မူးသည်ဟု စသည်ဖြင့် ခေါ်နေကျအတိုင်း မနှေးမမြန် မှန်မှန် ပိုင်း၍ ပိုင်း၍ မှတ်ပါ၊ ထိုဝေဒနာသည် မှတ်နေရင်း ပျောက်၍လည်း သွားတတ်သည်။ တိုး၍လည်း လာတတ်သည်။ မလျှော့ဘဲ အတင်းမှတ်နေလျှင် ပျောက်တတ်သည်သာ များပါသည်။ သို့ရာတွင် မမှတ်နိုင်လောက်အောင် မခံသာမှု လွန်ကဲလာလျှင်ကား ထိုဝေဒနာကို ဆက်၍ နှလုံးမသွင်းပါနှင့်၊ မှတ်နေကျ ထွက်သက် ဝင်သက်ကိုသာ အထူးဂရုပြု၍ မပြတ်မှတ်ပါ။

အချို့သူများမှာ သမာဓိအရှိန်တက်လျက် အမှတ်ကောင်းနေခိုက် အလွန်မခံသာသော ဝေဒနာ ပေါ်လာတတ်သည်။ ရင်ပတ်၌ လေလုံးကြီးဆောင့်တက် လာသကဲ့သို့ ထင်ရတတ်သည်။ အသားထဲ၌ ဓားချွန်ဖြင့် ထိုးလိုက်သကဲ့သို့ နာတတ်သည်။ တစ်ကိုယ်လုံး ပူလောင်နေသကဲ့သို့လည်း ထင်ရတတ်သည်။ အပ်ဖျားဖြင့် ထိုးသကဲ့သို့ မျိုးတိုးမျက်တက်လည်း ဖြစ်နေတတ်သည်။ ပိုးကောင်ကလေးများ အနှံ့ တက်နေသကဲ့သို့ ရိုးရိုးရွရွလည်း ဖြစ်နေတတ်သည်။ အလွန်ယားခြင်း၊ ကိုက်ခြင်း၊ ချမ်းအေးခြင်းများလည်း ဖြစ်တတ်သည်။

စာမျက်နှာ-512
ထိုသို့ ဖြစ်လာသည်ကို ကြောက်သောကြောင့် မမှတ်ဘဲ နေလိုက်လျှင် ချက်ချင်းပင် ထိုဝေဒနာ ပျောက်သွားတတ်သည်။ တဖန် မှတ်၍ အရှိန်ကောင်း လာပြန်လျှင် ထိုဝေဒနာ ပေါ်မြဲ ပေါ်လာပြန်သည်။ ဤသို့သော ဝေဒနာမျိုးကို တွေ့လျှင် မကြောက်ပါနှင့်၊ ရောဂါလည်း မဟုတ်၊ ကြီးကျယ်သော ဝေဒနာလည်း မဟုတ်ပါ။ ကိုယ်ထဲ၌ ရှေးကပင် ဖြစ်လျက်ရှိနေသော သာမန်ဝေဒနာမျှသာ ဖြစ်ပါသည်။ မမှတ်ဘဲ နေစဉ်၌ ယင်းဝေဒနာများထက် ထင်ရှားသော အာရုံများ ရှိနေသည့်အတွက် ယင်းဝေဒနာများ မထင်ပေါ်ဘဲ မြုပ်ကွယ်နေခြင်းဖြစ်ပါသည်။

အမှတ်ကောင်းစဉ်၌ မြုပ်ကွယ်နေသော ထိုဝေဒနာများသည် သမာဓိ တည်ကြည်မှုကြောင့် တရားသဘောအတိုင်း ထင်ရှား ပေါ်လာပါသည်။ ထိုပေါ်လာသော ဝေဒနာကိုသာ စူးစိုက်၍ လွန်မြောက်အောင် မှတ်ပါ။ မှတ်သည့်အတွက် တစုံတရာ ဘာမျှ နစ်နာခြင်း မဖြစ်နိုင်ပါ။ မမှတ်ဘဲ ရပ်နား ရပ်နားနေလျှင်ကား နောင်အခါ၌လည်း မှတ်တိုင်း မှတ်တိုင်း ထိုမျှလောက် သမာဓိကောင်းလာလျှင် ထိုဝေဒနာမျိုးနှင့် တွေ့၍တွေ့၍သာ နေတတ်ပါသည်။ မလျော့သော လုံ့လဖြင့် အတင်းမှတ်နေလျှင်ကား မကြာမီအတွင်း၌ ယူပစ်လိုက် သကဲ့သို့ ထိုဝေဒနာ ပျောက်ကင်းသွားမည်ဖြစ်ပါသည်။ ထိုအခါမှ စ၍ ထိုဝေဒနာမျိုး တဖန် မဖြစ်ပေါ်တော့ဘဲ ငြိမ်းသွားတတ်ပါသည်။

ကိုယ်ကို ယိမ်းချင်လျှင် ယိမ်းချင်သည်ဟုမှတ်၊ ယိမ်းဆဲ၌ ယိမ်းသည်, ယိမ်းသည် ဟုမှတ်။ အချို့ မှတ်နေကြအတိုင်း မှတ်နေစဉ် အလိုလို ယိမ်းနေတတ်သည်။ မကြောက်ပါနှင့်၊ ယိမ်းအောင်လည်း စိတ်ကို အားမပေးနှင့်၊ မှတ်လျှင် ပျောက် သွားမည်ဟု ယုံကြည်စိတ်ချပြီး ထိုယိမ်းမှုကို အထူးစူးစိုက်၍ ယိမ်းသည် ယိမ်းသည်ဟု မနှေးမမြန် မှန်မှန် ပိုင်း၍မှတ်၊ အလွန် ယိမ်းလာလျှင်ကား တိုင် နံရံ စသည်တို့ကို မှီ၍ဖြစ်စေ၊ အိပ်၍ဖြစ်စေ မှတ်ပါ၊ မကြာမီ ထိုယိမ်းမှု အလျှင်းပျောက်သွားမည်။ တုန်မှုဖြစ်လာလျှင်လည်း နည်းတူမှတ်ပါ။

အမှတ်ကောင်းနေစဉ် ဖျဉ်းကနဲ ဖျဉ်းကနဲ ကြက်သီးထတတ်သည်။ မကြောက်ပါနှင့်၊ တရားသဘောအတိုင်း ပီတိဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တစုံတရာအသံကို ကြားရသောကြောင့်လည်း ဖျတ်ခနဲ လန့်တတ်သည်။ မကြောက်ပါနှင့်၊ သမာဓိအရှိန် ကောင်းလာသည့်အတွက် ဖဿဒဏ်ပြင်းပြပုံကို ထင်ရှား သိလာခြင်းသာ ဖြစ်ပါသည်။ လက်ခြေ ကိုယ်အင်္ဂါတို့ကို ပြုပြင်လိုတိုင်း ပြင်လိုသည့် စိတ်ကိုမှတ်၊ ပြင်သည့် ကိုယ်အမူအရာ ဟူသမျှကိုလည်း ခေါ်နေကျအတိုင်း ပိုင်း၍ပိုင်း၍ မှတ်ပါ၊ မမြန်စေနှင့်၊ ဖြည်းဖြည်းပြင်ပါ။

စာမျက်နှာ-513
ရေသောက်ချင်လျှင် သောက်ချင်သည်ဟုမှတ်၊ ထ-ရန် ကြံလျှင် ထ-ချင်သည်ဟုမှတ်၊ ထ-ရန် ပြုပြင်သော ခြေလက်ကိုယ်အမူအရာများကို ခေါ်နေကျအတိုင်းမှတ်၊ တရွေ့ချင်း ပေါ့ပါးပြီး ကြွတက်လာသော ကိုယ်ကို စူးစိုက်၍ ထသည် ထသည်ဟု မှတ်လျက် ဖြည်းဖြည်းထပါ။ စန့်စန့် ရပ်မိသော အခါ၌ ရပ်သည် ရပ်သည်ဟု မှတ်၊ လှမ်းကြည့်လျှင် ကြည့်သည်, မြင်သည်ဟု မှတ်၊ သွားလိုလျှင် သွားချင်သည်ဟု မှတ်၊ သွားဆဲ၌ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း လှမ်းသည် လှမ်းသည်ဟု ဖြစ်စေ၊ ညာလှမ်းသည် ဘယ်လှမ်းသည်ဟု ဖြစ်စေ မှတ်၊ ခြေကြွသည်မှ စ၍ ချသည့်တိုင်အောင် ခြေလှမ်းရာတွင် သိလျက်ရှိပါစေ ဖြည်းဖြည်းသွားသည့်အခါ, စင်္ကြံသွားသည့်အခါများ၌ ခြေတစ်လှမ်း တစ်လှမ်းတွင် ကြွသည်, လှမ်းသည်ဟု ဖြစ်စေ၊ ကြွသည်, ချသည်ဟု ဖြစ်စေ၊ လှမ်းသည် ချသည်ဟုဖြစ်စေ နှစ်ချက်စီ နှစ်ချက်စီ မှတ်ပါ၊ ထိုနှစ်ချက်မှတ်ကို ပိုင်နိုင်သောအခါ တစ်လှမ်း တစ်လှမ်း၌ ကြွသည်, လှမ်းသည်, ချသည်ဟု သုံးချက်စီ မှတ်ပါ။

ရေအိုးစသည်တို့ကိုကြည့်လျှင် ကြည့်သည်, မြင်သည်ဟုမှတ်၊ ရပ်လျှင် ရပ်သည် ဟုမှတ်၊ ရေခွက်ဆီသို့ လက်လှမ်းလျှင် လှမ်းသည်ဟုမှတ်၊ ခွက်နှင့်ထိလျှင် ထိသည်ဟု မှတ်၊ ကိုင်လျှင် ကိုင်သည်ဟု မှတ်၊ ရေခပ်လျှင် ခပ်သည်ဟု မှတ်၊ ရေခွက်ယူလာဆဲ၌ ယူသည်, ယူသည်ဟုမှတ်၊ နှုတ်ခမ်း၌ ထိလျှင် ထိသည်ဟုမှတ်၊ အေးလျှင် အေးသည်ဟု မှတ်၊ သောက်ဆဲ၌ သောက်သည်, မျိုသည်ဟု မှတ်၊ လည်ချောင်းထဲ ဝင်ဆဲ၌ လည်ချောင်းထဲ ဝမ်းထဲ၌ အေးအေး သွားသည်ကို အေးသည်, အေးသည်ဟုမှတ်၊ ရေခွက်ကို ပြန်ထားဆဲ၌ ထားသည်, ထားသည် ဟုမှတ်၊ လက်ကို အောက်သို့ ချလျှင် ချသည်, ချသည်ဟုမှတ် ကိုယ်၌ ထိလျှင် ထိသည်ဟု မှတ်၊ ပြန်၍ လှည့်လိုလျှင် လှည့်ချင်သည်ဟု မှတ်၊ လှည့်လျှင် လှည့်သည်ဟုမှတ်၊ သွားပြန်လျှင် မှတ်မြဲပင်မှတ်၍ သွားပါ။ ရပ်လိုလျှင် ရပ်ချင်သည်, ရပ်သည်ဟုမှတ်၊ အတန်ကြာကြာ ရပ်နေလျှင် ထွက်သက် ဝင်သက်ကို ပြန်မှတ်ပါ၊ ထိုင်ရန် ကြံလျှင် ထိုင်ချင်သည်ဟုမှတ်၊ ထိုင်မည့်နေရာသို့ သွားလျှင် မှတ်မြဲပင်မှတ်ပါ။ ရောက်လျှင် ရောက်သည်ဟုမှတ်၊ လှည့်လျှင် လှည့်သည်ဟုမှတ်၊ ထိုင်မည်ဟုကြံလျှင် ထိုင်ချင်သည်ဟုမှတ်၊ ထိုင်ဆဲ၌ တရွေ့ရွေ့ချင်း လေးလေးပြီး ကျသွားသောကိုယ် စူးစိုက်၍ ထိုင်သည်, ထိုင်သည်ဟုမှတ်၊ ဖြည်းဖြည်းထိုင် ထိုင်ခါစ၌ ခြေလက်ပြုပြင်မှုများရှိမည်။ ၎င်းတို့ကို ခေါ်နေကျအတိုင်းမှတ်၊ အထူး မှတ်ရန် မရှိလျှင် ထွက်သက် ဝင်သက်ကို မှတ်နေကျအတိုင်း မပြတ်မှတ်ပါ။

စာမျက်နှာ-514
လှဲအိပ်လိုလျှင် လှဲချင်သည်ဟု ဖြစ်စေ၊ အိပ်ချင်သည်ဟု ဖြစ်စေ မှတ်၊ လှဲရန် ပြုပြင်သော လက် ခြေ ကိုယ် အမူအရာတို့ကို ကြွသည်, ဆန့်သည်, ထောက်သည် စသည်ဖြင့် မှတ်၊ လှဲအိပ်လိုက်သော အခါ တရွေ့ရွေ့ လဲကျသွားသော ကိုယ်ကို စူးစိုက်၍ လှဲသည် လှဲသည်ဟု ဖြစ်စေ၊ အိပ်သည် အိပ်သည်ဟု ဖြစ်စေ မှတ်၊ ခေါင်းအုံး, အိပ်ရာတို့၌ ထိမှုကို ထိသည် ထိသည်ဟုမှတ်၊ လှဲခါစ၌ လက်ခြေ ကိုယ် ရွေ့လျားပြုပြင်မှုများကိုလည်း မှတ်လျက် တဖြည်းဖြည်း ပြုပြင်ပါ။ မှတ်ရန် အထူးမရှိသောအခါ ထွက်သက်ဝင်သက်ကို မပြတ်မှတ်ပါ။

ဤသို့ မှတ်နေစဉ် ညောင်းမှု ပူမှု နာကျင်မှု ယားမှု စသော ဝေဒနာ အထူးများဖြစ်ပေါ်လာလျှင် ထိုဝေဒနာကို စူးစိုက်၍ ထိုင်စဉ်ကနည်းအတိုင်းပင် မှတ်ပါ။ တံတွေးမျိုမှု ထွေးမှု စိတ်ကြံစည်မှု စဉ်းစားမှုတို့ကိုလည်း နည်းတူပင် မှတ်ပါ။ ဘယ်ညာအစောင်း ပြောင်းလိုသောအခါ, လက်ခြေကွေးဆန့်လိုသော အခါ စသည်တို့၌လည်း ဖြစ်ပေါ်သော ထိုထိုစိတ်အကြံကို မှတ်၍ ပြုပြင်မှုများ ကိုလည်း မလစ်လပ်အောင် မှတ်ပါ။ အထူးမရှိသော အခါများ၌ ထွက်သက် ဝင်သက်ကို မပြတ်မှတ်ပါ။

အိပ်ချင်လာလျှင် အိပ်ချင်သည်, အိပ်ချင်သည်ဟု မှတ်၊ မှေးလာလျှင် မှေးသည်, မှေးသည်ဟု မှတ်၊ ဘာဝနာရင့်လာသောအခါ ဤသို့ မှတ်လိုက်လျှင် အိပ်ချင်မှု ကင်းလျက် တစ်ဖန် ကြည်လင်လာတတ်သည်။ ထိုအခါ ကြည်သည် ကြည်သည်ဟု မှတ်ပြီးလျှင် ထွက်သက်ဝင်သက်ကို မှတ်နေကျအတိုင်း မှတ်ပါ။ အိပ်ချင်စိတ် မပြေသော်လည်း အမှတ်ကိုလွှတ်၍ မအိပ်ရ၊ မအိပ်ဘဲ တစ်မှတ်ထဲ မှတ်နေမည်ဟု ရည်ရွယ်လျက် ထွက်သက်ဝင်သက်ကို မှတ်နေကျအတိုင်း မပြတ် မှတ်နေရမည်။ ကိုယ်ပင်ပန်းလာလျှင် ဤသို့ မှတ်နေဆဲမှာပင် တဖြည်းဖြည်း မှေးလျက် အိပ်ပျော်သွားလိမ့်မည်။

အိပ်ပျော်သည်ဟူသည်မှာ ဘဝင်စိတ်သက်သက်မျှ ကြာမြင့်စွာ ဖြစ်နေခြင်းပင်တည်း၊ ဘဝင်စိတ် ဟူသည်မှာလည်း ဘဝ၌ အစစွာ ဖြစ်ပေါ်ခဲ့သောစိတ်၊ နောက်ဆုံး သေသော စုတိစိတ်တို့နှင့် အလားတူသော စိတ်တည်း၊ ထို့ကြောင့် အလွန် သိမ်မွေ့သည်၊ မည်သည်ကို အာရုံပြုနေသည်ဟူ၍ပင် မသိနိုင်၊ နိုးနေစဉ်မှာလည်း မြင်မှုနှင့် စိတ်ကူးမှု၊ ကြားမှုနှင့် စိတ်ကူးမှု စသည်တို့၏ အကြား အကြား၌ ထိုဘဝင်စိတ် ဖြစ်ပေါ်သေးသည်။ သို့သော်လည်း ကြာမြင့်စွာ မဖြစ်ရသောကြောင့် ယင်းဘဝင်စိတ် ဖြစ်သည်ကို ထင်ရှားမသိရ။ အိပ်ပျော်ဆဲ၌ကား ကြာမြင့်စွာ ဖြစ်ရသောကြောင့် ထင်ရှားသိရသည်။ သို့သော်လည်း မည်သည်ကို အာရုံပြုနေသည်၊ မည်သို့ဖြစ်နေသည်ဟူ၍ကား မသိရ။ ထို့ကြောင့် အိပ်ပျော်ခိုက်၌ မမှတ်ရပြီ မှတ်ရန်လည်း မစွမ်းနိုင်ပြီ။

စာမျက်နှာ-515
နိုးသောအခါ၌ကား ၎င်းနိုးသော စိတ်ကို နိုးသည်ဟုမှတ်၊ အားထုတ်ခါစ၌ နိုးစိတ်ကို မှတ်သိနိုင်ခဲသည်။ နိုးစစိတ်ကို မမှတ်နိုင်သေးလျှင် သတိရသောအခါမှ စ၍ ပေါ်ရာပေါ်ရာကို မပြတ်မှတ်ပါ။ စဉ်းစားနေလျှင် စဉ်းစားသည်ဟု မှတ်ပါ၊ ၎င်းနောက် ထွက်သက်ဝင်သက်ကို ဆက်၍ မှတ်ပါ။ ကြားလျက် နိုးလာလျှင် ကြားသည်ဟု မှတ်ပြီးနောက် ထွက်သက်ဝင်သက်ကို ဆက်မှတ်၊ စောင်းခြင်း, လှဲခြင်း, ကွေးခြင်း, ဆန့်ခြင်း, ပြုပြင်ခြင်းများကိုလည်း ခေါ်နေကျအတိုင်း မှတ်လျက် ဖြည်းဖြည်းပြုပြင်ပါ၊ ဘယ်အချိန်ရှိပြီလဲဟု စဉ်းစားလျှင် စဉ်းစားသည် ဟုမှတ်၊ ထ-လိုလျှင် ထ-ချင်သည်ဟုမှတ်၊ ထ-ဆဲ၌ ကြွတက်လာသည့် ကိုယ်အမူ အရာကို စူးစိုက်၍ ထသည် ထသည်ဟုမှတ်၊ ထိုင်မိလျှင် ထိုင်သည် ထိုင်သည်ဟု မှတ်၊ ၎င်းနောက် ထွက်သက်ဝင်သက်ကို မပြတ်မှတ်ပါ။

မျက်နှာသစ်သောအခါ, ရေချိုးသောအခါများ၌ ကြည့်ခြင်း, မြင်ခြင်း, လက်လှမ်းခြင်း, ခပ်ခြင်း, ယူခြင်း, လောင်းခြင်း, အေးခြင်း, ပွတ်တိုက်ခြင်း စသည်တို့ကို မလစ်လပ်ရအောင် အစဉ်အတိုင်း မှတ်ပါ။ အဝတ်ကိုပြင်၍ ဝတ်မှု, အိပ်ရာပြင်မှု, တံခါးကိုဖွင့်မှု, ပိတ်မှု, တစုံတစ်ခုကို ကိုင်မှု, ယူမှု စသည်တို့ကို မလစ်လပ်ရအောင် မှတ်ပါ။ ထမင်းစားသောအခါ ကြည့်လျှင် ကြည့်သည်, မြင်သည်ဟုမှတ်၊ ထမင်းလုတ်ပြင်ဆဲ၌ လက်ပြုပြင်မှုများကို ပြင်သည် ပြင်သည်ဟု မှတ်၊ ထမင်းလုတ်ကို ယူလာလျှင် ယူသည် ယူသည်ဟုမှတ်၊ ခေါင်းငုံ့လျှင် ငုံ့သည်ဟုမှတ်၊ ပါးစပ်ထိလျှင် ထိသည်ဟု မှတ်၊ ပါးစပ်ဖွင့်လျှင်, ပိတ်လျှင်, ဖွင့်သည်, ပိတ်သည်ဟု မှတ်၊ လက်ချလျှင် ချသည်ဟုမှတ်၊ ဝါးလျှင် ဝါးသည်ဟု မှတ်၊ မျိုလျှင် မျိုသည်ဟုမှတ်၊ အရသာကို သိလျှင် သိသည်ဟု မှတ်၊ အစာ လည်ချောင်းထဲ အူထဲအထိ ဆင်းသွားသည်ကို ထိသည်, ထိသည်ဟု မှတ်၊ ဤနည်းဖြင့် ထမင်းလုတ်တိုင်း ဟင်းရေသောက်တိုင်း စေ့စေ့စပ်စပ်မှတ်။

အားထုတ်ခါစ၌ အစဉ်ကျအောင် မမှတ်နိုင်ဘဲ လစ်လပ်သောအရာ များစွာ ရှိမည်။ ပြုပြင်လိုသော စိတ်များကိုလည်း မမှတ်နိုင်ဘဲ မသိနိုင်ဘဲ ရှိတတ်သည်။ စိတ် မပျက်လင့်၊ စေ့စေ့ စပ်စပ် မှတ်မည်ဟု သဘောထား၍ ရိုရို သေသေ စူးစိုက်မှတ်နေလျှင် မှတ်နိုင်မှု သိနိုင်မှု များလာပါလိမ့်မည်။ ဉာဏ်ရင့်သန် လာသောအခါ အစဉ်တကျ ဖြစ်လာပါလိမ့်မည်။

ဤသို့ မှတ်၍ သတိ, သမာဓိ, ဉာဏ်ထက်သန်အားပြည့်လျှင် အာရုံနှင့်မှတ်မှု အတွဲလိုက် ကပ်နေသကဲ့သို့ အံကျလျက် ရှိနေသည်ကို တွေ့ရမည်။ အထူး ကောင်းသော မှတ်ချက်များ၌ ထိုင်တာက တခြား၊ မှတ်တာက တခြား၊ သွား တာက တခြား၊ မှတ်တာက တခြား ဤသို့ စသည်ဖြင့် ရုပ်နာမ်တို့ကို ကွဲပြားစွာ

စာမျက်နှာ-516
သိလာမည် ဖြစ်ပါသည်။ ရုပ်နာမ်နှစ်ပါး တခြားစီကွဲပြားလျက် ထင်ရှားသော အခါ၌ သုတရှိသူမဟုတ်လျှင် ထိုင်မှု, မှတ်မှု၊ ရပ်မှု, မှတ်မှု စသည်ဖြင့် နှစ်ခုသာ ရှိသည်။ ယင်းနှစ်ခုပြင် ဘာမှမရှိ၊ လူဆိုသည်မှာ ယင်းနှစ်ခုသာ ဖြစ်သည်။ မိန်းမ ယောက်ျားဆိုသည်မှာ ယင်းနှစ်ခုသာဖြစ်သည်။ ယင်းနှစ်ခုအပြင် ပုဂ္ဂိုလ် သတ္တဝါ အသီးအခြားမရှိဟု ထင်မြင်လာတတ်ပါသည်။

သုတရှိသူများအဖို့ အာရုံရုပ်၊ မှီရာရုပ်နှင့် မှတ်မှုနာမ်တို့ကိုသာ မှတ်တိုင်း မှတ်တိုင်း တွေ့မြင်ရသောကြောင့် ရုပ်နာမ် ၂-ပါးမျှသာရှိသည်။ ယင်းနှစ်ပါးမှ တပါး ငါ, သူတပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါကောင်ဟူ၍ အသီး အခြားမရှိ၊ မှတ်ခိုက်၌လည်း ရုပ်နာမ် ၂-ပါး၊ မမှတ်ဘဲ နေခိုက်၌လည်း ရုပ်နာမ် ၂-ပါးသာရှိသည်။ ဖြစ်ဆဲမှီရာရုပ်နှင့် ကြံမှုစသော နာမ် ၂-မျိုးသာ ရှိသည်ဟု ထင်မြင်လာ ဆင်ခြင်လာတတ်ပါသည်။ ထိုအခါ၌လည်း ဆင်ခြင်သည် ဆင်ခြင် သည်ဟု မှတ်ပါ။ ဤသို့ ဆက်လက် အားထုတ်သွားလျှင် ဉာဏ်စဉ်စခန်း ကုန်ဆုံး၍ မဂ်ဖိုလ်နိဗ္ဗာန်စခန်းသို့ ဆိုက်ရောက်နိုင်ပါသည်။

စာမျက်နှာ-517

အခန်း (၁၃)

ဘုရားရှင်အဆူဆူ အားထုတ်သော အာနာပါနကမ္မဋ္ဌာန်း

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်ပြီးသော ဘုရားရှင်အဆူဆူနှင့် ပစ္စေက ဗုဒ္ဓါ ဘုရားငယ် အဆူဆူတို့သည် အာနာပါနကမ္မဋ္ဌာန်းကိုသာ အားထုတ်တော် မူကြပြီး ဘုရားအဖြစ်, ဘုရားငယ်အဖြစ် ရောက်ရှိတော်မူခဲ့ကြပါသည်။ တပည့် သာဝက ရဟန္တာအရှင်မြတ် အများစုမှာလည်း ဤအာနာပါနကမ္မဋ္ဌာန်းကိုပင် အားထုတ်တော်မူခဲ့ကြပါသည်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြပြီး နောက်၌ လည်း ဤအာနာပါနကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းတော်မူကြပြီး အသက်ထက်ဆုံး ဈာန်သမာပတ် ဝင်စားတော်မူချိန်၌ ရှုပွားတော်မူခဲ့ကြပါသည်။ အလားတူပင် ဂေါတမမြတ်စွာဘုရားရှင်သည်လည်း အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်၍ သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်ရှိတော်မူလာပါသည်။

အာနာပါနကမ္မဋ္ဌာန်းဖြင့် ဘုရားဖြစ်တော်မူခြင်း

အလောင်းတော် သိဒ္ဓတ္ထမင်းသား တစ်လသားအရွယ်၌ ဖခင် သုဒ္ဓေါဓနဘုရင် လယ်ထွန်မင်္ဂလာဆင်းခိုက် ပညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ဈာန်ဝင်စား ရာတွင် ဤအာနာပါနကမ္မဋ္ဌာန်းဖြင့်ပင် ဈာန်ဝင်စားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ (၂၉)နှစ်အရွယ် တောထွက်ပြီးနောက် ဒုက္ကရစရိယာအကျင့်ကို (၆)နှစ် တိုင်တိုင် ပင်ပန်းကြီးစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့သော်လည်း တရားထူး မရနိုင် သဖြင့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ညနေခင်းမှ စ၍ ဗောဓိပင်ရင်းရှိ အပရာဇိတပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူပြီး အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထဈာန် ရောက်သည်အထိ အားထုတ်တော်မူခဲ့ ပါသည်။

စတုတ္ထဈာန်သမာဓိကြောင့် အလောင်းတော်၏ စိတ်အစဉ်သည် ဖော်ပြပါ အချက် (၈)ချက်နှင့် ပြည့်စုံလျက် ရှိနေပါသည် -

(၁) စိတ်တော်သည် အလွန်တည်ကြည်၍ အနှောင့်အယှက် နီဝရဏ တရားများ ကင်းကွာသဖြင့် ထက်ဝန်းကျင်မှ စင်ကြယ်ရခြင်း၊

(၂) စိတ်ကို ချောက်ချားစေတတ်သော ဝိတက် စသော ရုန့်ရင်းသော ဈာန်အင်္ဂါတရားတို့ကို ပယ်ဖျောက်ပြီးဖြစ်သဖြင့် ပြိုးပြိုးပြက်ပြက် အရောင် ထွက်မတတ် ထက်ဝန်းကျင် အလွန်စင်ကြယ်ခြင်း

စာမျက်နှာ-518
(၃) ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက် ဟူသော ကြံစည်မှုများ ကင်းကွာနေသဖြင့် လောဘ၊ ဒေါသ၊ မောဟ ဟူသော စိတ်အညစ် အကြေးတို့မှ ကင်းဝေးလျက်ရှိခြင်း၊

(၄) စိတ်၏ အညစ်အကြေးဖြစ်သော လောဘ၊ ဒေါသ၊ မောဟတို့ ကင်းဝေးသဖြင့် စိတ်ကို ညစ်နွမ်းစေတတ်၊ ညစ်ညူးစေတတ်သော အထူးထူးသော ကိလေသာတို့မှ ကင်းစင်လျက်ရှိခြင်း၊

(၅) ဝသီဘော် ၅-ပါးတို့ဖြင့်စိတ်ကို လေ့လာနိုင်နင်းပြီး ဖြစ်သဖြင့် စိတ် တော်သည် ကောင်းစွာ ကြိတ်နယ်ပြီးသော သားရေပမာ အလွန် နူးညံ့သိမ်မွေ့လျက်ရှိခြင်း၊

(၆) စိတ်တော်သည် အလွန်နူးညံ့သိမ်မွေ့ နေသဖြင့် ရွှေပန်းထိမ်သည်သည် ရွှေကို မိမိအလိုရှိရာ ပြုလုပ်နိုင်သကဲ့သို့ အလိုတော်ရှိရာ တရားနှင့် ဆိုင်သော အမှုကိစ္စတို့ကို ပြုလုပ်ရန် ကောင်းစွာ လွယ်ကူလျက် ရှိခြင်း၊

(၇) စိတ်တော်သည် အလွန် နူးညံ့ခြင်း၊ မိမိညွှတ်လိုသည့် အာရုံကို ညွှတ်နိုင်ခြင်းတို့ကြောင့် အလွန်တည်ငြိမ်လျက်ရှိခြင်း၊

(၈) စိတ်တော်သည် ပွားများခြင်း ဘာဝနာမှု ပြည့်စုံလုံလောက်နေသဖြင့် မိမိပွားများအပ်သော အာရုံပေါ်မှ မပြောင်း မရွှေ့ မတုန် မလှုပ် ကြံ့ကြံ့ခိုင်ကြည် တည်ငြိမ်လျက်ရှိခြင်း။

စိတ်တော်သည် အထက်ဖော်ပြပါ အချက် (၈)ချက်နှင့် ညီညွတ်နေသဖြင့် တစုံတခုကို သိရန် ဦးတည်ပေးလိုက်လျှင်၊ ညွှတ်လိုက်လျှင် အရန်သင့် လိုက်ပါလာမည့် အခြေအနေ ရှိနေပါသည်။ ထိုအခြေအနေရှိနေစဉ် ညဉ့်ဦးပိုင်းသို့ ရောက်သောအခါ ဘဝဆက်ကာ သံသရာတွင် မိမိဖြစ်ခဲ့ဖူး၊ နေခဲ့ဖူးသည့် ဘဝများကိုသိလို၍ အင်အားအလွန်ကြီးမားသော စိတ်တော်ကို နောက်ကြောင်းသို့ ပြန်၍ လှည့်ပေးလိုက်သည်။ ထိုအခါ အတိတ်ဘဝများကို သတိရလာသည်၊ သိမြင်လာသည်၊ ဤသည်ကိုပင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ရသည်ဟု ဆိုပါသည်။

ညဥ့်သန်းခေါင်အချိန်တွင် ကမ္ဘာလောကဓာတ်တစ်ခုလုံးကို ကြည့်ရှုတော် မူလို၍ စွမ်းအင်ထက်မြက်နေသော စိတ်တော်ကို တစ်လောကလုံးကိုသိရန် ညွှတ်ပေး လိုက်သည်၊ အာရုံပြုလိုက်သည်။ ထိုအခါ အဆီးအတားမရှိ၊ တစ်လောကလုံး

စာမျက်နှာ-519
သက်ရှိ သက်မဲ့ အခြေအနေ အထွေထွေကို သိမြင်တော်မူပြန်သည်။ ဤသည်ကိုပင် ဒိဗ္ဗစက္ခုဉာဏ် ရတော်မူသည်ဟု ဆိုပါသည်။

လင်းအားကြီးပိုင်းသို့ ရောက်သောအခါတွင် ပြင်ပလောကကို ကြည့်မနေ တော့ဘဲ မိမိကိုယ်တွင်း၌ စိတ်တော်ကို ပြန်ထားလိုက်သည်။ ဉာဏ်တော်ကို စိတ်တော်နှင့်တွဲပို့ပြီး ကိုယ်တွင်း ရုပ်နာမ်ဓမ္မ သဘာဝများကို ဝေဖန် ဆင်ခြင်သုံးသပ်တော်မူသည်၊ ထိုအခါ ကိုယ်အတွင်း၌ အခိုင်အမြဲ ဘာတစ်ခုမျှ ရှာမရ၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ အမှတ်အသားများကို အဖန်ဖန် အထပ်ထပ် ရှုဆင်ခြင်တော်မူ၍ (အနုပဿနာပြု၍) ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာလေးရပ်ကို သိမြင်တော်မူလာပါသည်။ သစ္စာလေးရပ်ကို သိမြင်သည်နှင့် တပြိုင်နက်တည်းမှာပင် အလောင်းတော် သန္တာန်၌ သံသရာတလျှောက်လုံး အမြစ်တွယ်လာခဲ့သော တဏှာ (လောဘ)၊ မှားမိခဲ့သောအမြင် (မိစ္ဆာဒိဌိ) နှင့် အဆိုပါ သစ္စာလေးရပ်ကို မသိမမြင်ခဲ့မှု (အဝိဇ္ဇာ) တို့သည် အကြွင်းမရှိဘဲ ကင်းစင်ချုပ်ပျောက် လာပါတော့သည်၊ ဤသည် ကိုပင် အာသဝက္ခယဉာဏ်ရသည်ဟု ဆိုပါသည်။

ဖော်ပြပါ ပု-ဒိ-အာ ခေါ်သော ဝိဇ္ဇာဉာဏ် ၃-ပါးပေါ်ပြီးနောက် အရဟတ္တ ဖိုလ်ဉာဏ်နှင့် ပစ္စဝေက္ခဏာဉာဏ်တော်များလည်း ဆက်တိုက်ပင် ပေါ်လာပါသည်၊ ပစ္စဝေက္ခဏာဉာဏ်ပေါ်ပြီးနောက် ကိလေသာအားလုံးလည်း ကင်းနေပြီးဖြစ်၍ အရှင်မြတ်၏ စိတ်တော် ဉာဏ်တော် အားအစွမ်းမှာ အတူမရှိ ထက်မြက်နေဆဲ ဖြစ်သည်၊ စိတ်အား, ဉာဏ်အားဖြင့် ဆက်လက် သုံးသပ် ဆင်ခြင်တော်မူရာ နေအရုဏ်တက်ချိန်၌ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဟူသော ဉေယျဓံတရား ငါးပါးကို ထိုးထွင်း သိမြင်သည့် သဗ္ဗညုတဉာဏ်တော်ကြီးလည်း ပေါ်လာပြီး လောကသုံးပါးတွင် အတူမရှိသော ဘုရားစင်စစ် ဧကန် ဖြစ်လာရပါ တော့သည်။

မြတ်စွာဘုရား အလေးထား ဟောကြားတော်မူသော အာနာပါန

မြတ်စွာဘုရားသည် အာနာပါန ကမ္မဋ္ဌာန်းဖြင့် သဗ္ဗညုဘုရား အဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့်အားလျော်စွာ ဤအာနာပါနကမ္မဋ္ဌာန်းကို အခြားသော သမထကမ္မဋ္ဌာန်းတို့ထက် မြတ်သော လွန်သော ဂုဏ်ပုဒ်တို့ဖြင့် များစွာချီးမွမ်း၍ ဟောကြားတော်မူပါသည်။ အဋ္ဌကထာဆရာမြတ်တို့ကလည်း မဟာပုရိသဘူမိဟု ဖွင့်ဆိုတော်မူကြပါသည်။ လူသာမာန်တို့နှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းမဟုတ်၊

စာမျက်နှာ-520
လူပညာရှိကြီးတို့နှင့်သာ ထိုက်တန်သော ကမ္မဋ္ဌာန်းဖြစ်သည်ဟု ဆိုပါသည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် စပ်လျဉ်း၍ မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်များမှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်သည် -

၁။ မဟာသတိပဋ္ဌာနသုတ် (ဒီ-၂၊ ၂၃၁)

၂။ မဟာသတိပဋ္ဌာနသုတ် (မ-၁၊ ၇၀)

၃။ တတိယပါရာဇိကပါဠိ (ဝိ-၁၊ ၈၉)

၄။ အာနာပါနဿတိသုတ် (မ-၃၊ ၁၂၂)

၅။ မဟာရာဟုလောဝါဒသုတ် (မ-၂၊ ၈၈)

၆။ ကာယဂတာသတိသုတ် (မ-၃။ ၁၃၀)

မဟာသတိပဋ္ဌာနသုတ်

အမှတ် (၁)၊ အမှတ် (၂) မဟာသတိပဋ္ဌာနသုတ် နှစ်သုတ်စလုံးကို ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး၌ ရဟန်းများအား ဟောကြားတော်မူခြင်း ဖြစ်ပါသည်။ နိကာယ်အလိုက် (၂)နေရာ ကွဲပြားခြင်း ဖြစ်ပါသည်။ နှစ်သုတ်စလုံး ပါဠိ အဓိပ္ပာယ် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။

ဝိနည်းလာ အာနာပါန

မြတ်စွာဘုရားသည် ဝေသာလီ မဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းများအား အသုဘကမ္မဋ္ဌာန်းကို ချီးမွမ်း၍ ဟောကြားတော်မူပြီး (၁၅)ရက်မျှ တစ်ပါးတည်း သီတင်းသုံးတော်မူပါသည်။ ထိုအခါ ရဟန်းများသည် အသုဘဘာဝနာကို ပွားများကြပြီး မိမိတို့၏ ခန္ဓာကိုယ်ကို ရွံရှာလာကြသဖြင့် မိမိတို့ ကိုယ်ကို မိမိတို့ ကိုယ်တိုင်ပင် သတ်ကြသည်၊ အချင်းချင်းလည်း သတ်ကြသည်၊ သူတပါးကိုလည်း တောင်းပန် ပေးကမ်း၍ အသတ်ခိုင်းကြသည်၊ ထို့ကြောင့် ရဟန်းတော် အနည်းငယ်သာ ကျန်ရှိပါသည်၊ ၁၅-ရက်ကုန်လွန်၍ မြတ်စွာဘုရားသည် တစ်ပါးတည်း စံနေတော်မူရာမှ ထတော် မူသောအခါ ရဟန်းတော်များ နည်းပါးရခြင်း အကြောင်းကို မေးတော်မူသော အခါ ရှင်အာနန္ဒာက အကြောင်းစုံကို လျှောက်ထားပြီး အသုဘကမ္မဋ္ဌာန်းမှတပါး အခြား ရဟန္တာဖြစ်နိုင်သော တရားကို ဟောတော်မူပါဟု တောင်းပန်သောကြောင့် အာနာပါနကမ္မဋ္ဌာန်းကို ဟောတော်မူပါသည်။

စာမျက်နှာ-521

အာနာပါနဿတိသုတ်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော် မူစဉ် တန်ဆောင်မုန်းလပြည့်နေ့ သာယာသော ညချမ်းအခါ၌ မြတ်စွာဘုရားကို ခြံရံလျက်နေသော တိတ်ဆိတ် ငြိမ်သက်ပြီး အဖျင်းမရှိ အနှစ်အတိပြီးသော ရဟန်းပရိသတ်ကြီးအား ဟောကြားတော်မူသော သုတ် ဖြစ်ပါသည်။ ထိုရဟန်း ပရိသတ်တွင် ရှင်သာရိပုတြာ၊ ရှင်မဟာမောဂ္ဂလ္လာန်၊ ရှင်မဟာကဿပ စသော ထင်ရှားကျော်ကြားသည့် မထေရ်ကြီးများ၊ သတိပဋ္ဌာန် သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရားများ ပွားများပြီး ပွားများဆဲ မထေရ်ကြီးများ၊ အပ္ပမညာ ၄-ပါး စသော သမထဘာဝနာနှင့် အနိစ္စ စသော ဝိပဿနာဘာဝနာတရားများ ပွားများပြီး ပွားများဆဲ မထေရ်ကြီးများ ပါဝင်ပါသည်။

ထိုပရိသတ်ထဲတွင် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း ပွားများပြီး ပွားများဆဲ ပုဂ္ဂိုလ်က များသောကြောင့် မြတ်စွာဘုရားက “ရဟန်းတို့ - ဤရဟန်းအပေါင်း၌ ထွက်လေဝင်လေကို အောက်မေ့မှု အာနာပါနဿတိ ပွားများအားထုတ်ခြင်းကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏။ ရဟန်းတို့ - အာနာပါနဿတိကို လေ့လာပွားများအားထုတ်သည်ရှိသော် များသော အကျိုး ရှိ၏၊ သတိပဋ္ဌာန် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါးနှင့် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပြည့်စုံစေနိုင်၏” စသည်ဖြင့် အာနာပါနဿတိ ဘာဝနာကို အထူးချီးမွမ်း၍ အာနာပါနဿတိသုတ်ကို ဟောတော်မူခြင်းဖြစ်ပါသည်။

ကာယဂတာသတိသုတ်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ စဉ် ရဟန်းတော်များက ကာယဂတာသတိကမ္မဋ္ဌာန်း အကျိုးကြီးကြောင်း ပြောဆိုကြ သည့် စကားနှင့်စပ်လျဉ်း၍ ဟောတော်မူခြင်းဖြစ်ပါသည်။

အာနာပါနဿတိ

အာနာပါနဟူသည် အဿာသပဿ ဆိုသည်နှင့် အတူတူပင်ဖြစ်ပါသည်။ ထွက်သက်ဝင်သက်ဟု အဓိပ္ပါယ် ရရှိပါသည်။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေရသော ဂဗ္ဘသေယျက သတ္တဝါတို့သည် အမိဝမ်း၌နေစဉ် အသက်မရှူရှိုက်ရသဖြင့် ဖွားမြင် သည်နှင့်တပြိုင်နက် ဝမ်းတွင်းမှ လေတို့သည် အပြင်ဘက်သို့ ရှေးဦးစွာ ထွက်ကြ သည်၊ ထို့နောက် အပြင်မှ လေကိုရှူသဖြင့် ဝမ်းတွင်းသို့ လေဝင်ရသည်။ ထို့ကြောင့် ထွက်သက် (ရှိုက်လေ)က ပထမဖြစ်၍ ဝင်သက်(ရှူလေ)က နောက်မှ ဖြစ်ရသဖြင့် “ထွက်သက် ဝင်သက်”ဟု ထွက်သက်ကို ရှေ့ထား၍ ဆိုကြခြင်းဖြစ်သည်။

စာမျက်နှာ-522
မိမိ၏ ထွက်သက်ဝင်သက်ကို အာရုံပြုသောအားဖြင့် ဖြစ်သော သတိသည် အာနာပါနဿတိ မည်ပါသည်၊ ပါဠိတော်နည်းအရ ရှိုက်လေ (ထွက်သက်) ကို ပထမအာရုံပြုပြီးနောက်မှ ရှူလေ (ဝင်သက်) ကို အာရုံပြုရမည်ဟု ဆိုပါသည်။ သုတ္တန်အဋ္ဌကထာနည်းအရ ကမ္မဋ္ဌာန်းအားထုတ်မှုကို အစွဲပြု၍ ပဝတ္တိအခါ၌ ဖြစ်ပုံအစဉ်အတိုင်း ဝင်သက်ကို “အဿာသအာန”ဟု ဆို၍ ပထမဦးစွာ ဝင်သက် (ရှူလေ)ကို အာရုံပြုပြီးနောက်မှ ထွက်သက်ကို “ပဿာသအပါန”ဟု ဆို၍ ထွက်သက် (ရှိုက်လေ)ကို အာရုံပြုရမည်ဟု ဆိုပါသည်။

အာနာပါနကမ္မဋ္ဌာန်း ပွားများရခြင်းအကျိုး

အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများသော ပုဂ္ဂိုလ်တို့သည် ကျမ်းဂန်တို့၌ ဖော်ပြထားသော အကျိုးတရားများကို ရရှိကြမည် ဖြစ်သည့်အပြင် လောကီ အကျိုးတရားများကိုလည်း ဒိဋ္ဌဓမ္မ ခံစား ရရှိနိုင်ပါသည်၊ အာနာပါနကမ္မဋ္ဌာန်း ပွားများသူတို့ ရရှိနိုင်သော အကျိုးတရားများမှာ ဝိသုဒ္ဓိမဂ်၌ ဖော်ပြလတ္တံ့ပါ အတိုင်း ဖော်ပြထားပါသည် -

၁။ စိတ်ငြိမ်သက် အေးငြိမ်းခြင်း၊

၂။ မရောင့်ရဲနိုင်လောက်အောင် မြင့်မြတ်ခြင်း၊

၃။ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာဖြင့် အာနာပါနကို ပွားများခြင်းဖြင့် စိတ်ငြိမ်သက်မှုရှိခြင်း၊

၄။ သမာပတ် ဝင်စားတိုင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ဖြစ်စေခြင်း၊

၅။ စိတ်တည်ငြိမ်မှုကို နှောင့်ယှက်တတ်သော နီဝရဏတရားများကို ပယ်ခွာနိုင်ခြင်း၊

၆။ စိတ်ငြိမ်သက်မှု သမာဓိ၏ အန္တရာယ်ကို ပြုတတ်သော မိစ္ဆာဝိတက်ကို ပယ်ဖျက်စွမ်းနိုင်ခြင်း၊

၇။ မဂ် ဖိုလ် နိဗ္ဗာန်သို့ ရောက်ရန် အကြောင်းရင်း မူလအခြေခံ ပါဒက ဖြစ်ခြင်း၊

၈။ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် ၁၆-ချက်သော စိတ်နှင့် အတူဖြစ်၍ အတူချုပ်ငြိမ်းခြင်းကို သိမြင်ခြင်း။

စာမျက်နှာ-523
အာနာပါနကမ္မဋ္ဌာန်း ပွားများခြင်း၏ အကျိုးတရားအဖြစ် ဥပရိပဏ္ဏာသ ပါဠိတော် အာနာပါနသုတ်၌ ဖော်ပြလတ္တံ့ပါအတိုင်း ပြထားပါသည် -

၁။ ကာယဂတာသတိ အစရှိသော သတိပဋ္ဌာန် ဘာဝနာကိစ္စကို ပြီးစီး နိုင်ခြင်း၊

၂။ အပ္ပနာဈာန် ၄-ပါး ဟူသော သမထဘာဝနာကိစ္စကို ပြီးစီးနိုင်ခြင်း၊

၃။ ဝိပဿနာဘာဝနာကိစ္စကို ပြီးစီးနိုင်ခြင်း၊

၄။ ဝိဇ္ဇာ ဝိမုတ္တိ (မဂ်ကိစ္စ)ဟု ဆိုအပ်သော မဂ္ဂဘာဝနာကိစ္စကို ပြီးစီး နိုင်ခြင်း၊

၅။ ဖလသစ္ဆိကိရိယာ (ဖိုလ်ကို မျက်မှောက်ပြုခြင်း) ကိစ္စကို ပြီးစီးနိုင်ခြင်း။

မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၌ ဖော်ပြထားသော အကျိုးတရား ၅-ပါးမှာ ဖော်ပြ လတ္တံ့ပါအတိုင်း ဖြစ်ပါသည် -

၁။ ယခုခေတ် ယခုဘဝ၌ပင် ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း၊

၂။ အားထုတ်၍ အသက်ရှင်စဉ် ရဟန္တာအဖြစ်သို့ မရောက်ခဲ့ပါလျှင် သေခါနီးကာလ၌ သမသီသီ ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း၊

၃။ အကယ်၍ သေခါနီးကာလ၌ ရဟန္တာအဖြစ်သို့ မရောက်ခဲ့ပါလျှင် နတ်ပြည်သို့ ရောက်၍ အရိယနတ်များ၏ တရားကို ကြားနာရပြီး ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း၊

၄။ အကယ်၍ နတ်ပြည်လောက၌ ရဟန္တာ မဖြစ်ခဲ့ပါလျှင် အရိမေတ္တေယျ ဘုရားမပွင့်မီ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်နိုင်ခြင်း၊

၅။ အကယ်၍ ပစ္စေကဗုဒ္ဓါအဖြစ်သို့ မရောက်ခဲ့ပါလျှင် နောင်ပွင့်တော် မူလတ္တံ့သော အရိမေတ္တေယျဘုရား စသည်တို့၏ အထံတော်မှောက်၌ ဗာဟိယဒါရုစိရိယ မထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာအဖြစ်သို့ ရောက် နိုင်ခြင်း။

အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်းဖြင့် အထက်ဖော်ပြပါ ကျမ်းဂန်လာ အကျိုးတရားများ ရရှိနိုင်သည့်အပြင် လောကီအကျိုးတရားများကိုလည်း လက်ငင်း ဒိဋ္ဌ ရရှိနိုင်ကြမည်ဖြစ်ပါသည် -

စာမျက်နှာ-524

၁။ စိတ်တည်ငြိမ်၍ ချမ်းသာခြင်း

စိတ်တည်ငြိမ်မှု၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်ပျံ့လွင့်မှုသည် သောက ပရိဒေဝ စသော မီး (၁၁)တန် တောက်လောင်ရန် အခြေခံပင် ဖြစ်ပါသည်။ စိတ် မတည်မငြိမ်ဖြစ်၍ စိတ်သွားတိုင်း ကိုယ်မပါ၊ လိုရာဆန္ဒ မပြည့်ဝသော အခါများ၌လည်း “ယံ ပိတ္တံ န လဘတိ တမ္ပိ ဒုက္ခ” ဟု ဟောတော်မူသည်နှင့် အညီ စိတ်ဆင်းရဲမှု ဖြစ်လာရမည်သာ ဖြစ်ပါသည်။ စိတ်ဆင်းရဲမှု ဖြစ်ပါက စိတ်ကြောင့်ဖြစ်ရသော ရုပ်များလည်း “စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုသည့် အတိုင်း ကိုယ်ဆင်းရဲမှုလည်း ဖြစ်ပေါ်လာတော့သည်။ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများသောအခါ စိတ်တည်ငြိမ်မှု ဖြစ်လာရသဖြင့် ကိုယ်စိတ်ချမ်းသာမှု ကိုလည်း အလိုလိုပင် ခံစားလာရမည် ဖြစ်ပါသည်။

၂။ အတွေးအမြင်မှန်ခြင်း

စူးစိုက်မှုဖြင့် စွမ်းအင်ကြီးမားလာသော စိတ်သည် ပကတိမျက်စိဖြင့် မမြင်နိုင်သော သူတပါး၏ ကိုယ်အမူအရာများ၊ ပကတိနားဖြင့် မကြားနိုင်သော သူတပါး၏ နှုတ်အမူအရာများကို သိစွမ်းစေနိုင်ပါသည်။ သူတပါး၏ အတွင်း စိတ်ဓာတ်နှင့် အတိတ် အနာဂတ် ဘဝဖြစ်ရပ်များကိုလည်း သိစွမ်းနိုင်ပါသည်။ ခေတ်သစ် စိတ္တဗေဒပညာရပ်အရ ထင်ပေါ်ကျော်ကြားလျက်ရှိသော အိပ်မွေ့ချ ပညာရပ်များဖြင့် လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်များကို သိစွမ်းနိုင်မှု၊ စိတ်ညှို့ပညာရပ်ဖြင့် သူတပါးစိတ်ကို မိမိအလိုသို့ လိုက်ပါအောင် စွမ်းဆောင် နိုင်မှုများသည် စွမ်းအင်ကြီးမားသော စိတ်စွမ်းပကားကြောင့်ပင် ဖြစ်ပါသည်၊ အများသိနေကြသော အတိတ်ဟောဆရာများသည်လည်း မိမိတို့၏ စွမ်းအား ကြီးမားသော စိတ်စွမ်းပကားကို အသုံးချ၍ အတိတ် ဟောပြောနိုင်ကြခြင်း ဖြစ်ပါသည်။ စွမ်းအားကြီးမားသော စိတ်ကား စူးစိုက်မှုဖြင့် တည်ကြည် ငြိမ်သက်လာသော သမာဓိစိတ်ပင် ဖြစ်ပါသည်။ သမာဓိစိတ်ဖြစ်ရန် ဤအာနာပါန ကမ္မဋ္ဌာန်းက စွမ်းဆောင်နိုင်ပါသည်။ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း ပွားများခြင်းဖြင့် ငြိမ်သက် တည်ကြည်သော သမာဓိစိတ်ကို ထူထောင်နိုင်သဖြင့် အတွေးအမြင် မှန်ကန်မှု အကျိုးတရားကို ရရှိခံစားနိုင်ခြင်းဖြစ်ပါသည်။

စာမျက်နှာ-525

၃။ အကြံကောင်းများပေါ်ခြင်း

အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း၍ သမာဓိစိတ်စွမ်းပကားကြောင့် ... အတွေး အမြင်မှန်လျှင် အကြံကောင်းလည်း ပေါ်နိုင်မည်ဖြစ်ပါသည်၊ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းသူသည် ... .ကြံကောင်းများပေါ်ခြင်း အကျိုးတရားကို ရရှိခံစားနိုင်ခြင်းဖြစ်ပါသည်။

၄။ ကျန်းမာရေးရရှိခြင်း

ယနေ့ ခေတ်သစ် ဆေးသိပ္ပံကဝိများက အနာရောဂါဖြစ်ခြင်း၏ ပျမ်းမျှ (၇၀) ရာနှုန်းခန့်မှာ စိတ်ကြောင့် ဖြစ်နေရသည်ဟု ..ဆိုကြပါသည်။..အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်း၍ သမာဓိထူထောင်နိုင်သောအခါ စိတ်၏ အညစ်အကြေးများ ဖြစ်သော နီဝရဏတရား ကိလေသာ အပူစိတ်များ ကင်းကွာလာရပါသည် ဤကဲ့သို့ စိတ်သည် အညစ်အကြေးများ အပူဓာတ်များ ကင်းကွာ၍ ကြည်လင် လာသောအခါ စိတ်ကြောင့်ဖြစ်သော ရုပ်များလည်း ကြည်လင်လာရသဖြင့် အနာရောဂါကင်း၍ ထိုက်သင့်သော ကျန်းမာရေးကို ရရှိနိုင်ခြင်း ဖြစ်ပါသည်။

တစ်နည်းအားဖြင့် လူတို့၏ ခန္ဓာကိုယ်ရုပ်များသည် ရေ မြေ လေ မီး ဟူသော ဓာတ်ကြီးလေးပါး ညီမျှမှ ကျန်းမာသန်စွမ်းနိုင်ပါသည်၊ တစ်ပါးပါး ချို့ယွင်းပါက ကျန်းမာရေးလည်း ညံ့ဖျင်းလာရပါသည်။ လူသည် မိမိခန္ဓာကိုယ် ရုပ်များ ကျန်းမာသန်စွမ်းရေးအတွက် အစာစားခြင်းဖြင့် မြေဓာတ်ကို ဖြည့်ဆည်းပေးလျက် ရှိသည်၊ ရေသောက်ခြင်းဖြင့် ရေဓာတ်ကို ဖြည့်ဆည်း ပေးလျက်ရှိသည်၊ အပူအအေးကို စားမျိုခြင်းဖြင့် သီတတေဇော ဥဏှတေဇော ခေါ်သော မီးဓာတ်ကို ဖြည့်ဆည်းပေးလျက်ရှိသည်၊ သို့ရာတွင် လေမာတ်ကို ဖြည့်ဆည်းပေးနိုင်မှု မရှိကြ၍ လေဓာတ်ချို့ယွင်းနေကြပါသည်၊ လေဓာတ်ကို ဖြည့်ဆည်းပေးနိုင်သော အကောင်းဆုံး လုပ်ငန်းမှာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်း ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို နေ့စဉ် စီးဖြန်းပွားများ နေသူများသည် ကျန်း ရေးကို ရရှိကြခြင်း ဖြစ်ပါသည်။

အာနာပါနသမာဓိကို အခြေခံ၍ ဝိပဿနာကူးနိုင်ခြင်း

အာနာပါနတရား တစ်ပါးကို ပွားများလျှင် သတိပဋ္ဌာန်တရား လေးပါးနှင့် ပြည့်စုံ၏။ သတိပဋ္ဌာန်တရား လေးပါးကို ပွားများလျှင် ဗောဇ္ဈင်တရာ ခုနစ်ပါးနှင့် ပြည့်စုံ၏။ ဗောဇ္ဈင်တရား ခုနစ်ပါး ပွားများလျှင် ဝိဇ္ဇာ, ဝိမုတ္တိ

စာမျက်နှာ-526
ဟူသော တရားနှစ်ပါးနှင့် ပြည့်စုံ၏ဟု ဟောတော်မူသောကြောင့် အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်း ပွားများသူသည် ယင်း အာနာပါနသမာဓိကို အခြေခံပြီး အလိုလို ပြည့်စုံလာသော သတိပဋ္ဌာန်တရား လေးပါးကို ဆက်လက် ပွားများ သောအားဖြင့် ဝိပဿနာဘက်သို့ ကူးနိုင်ပါသည်။

ဝိပဿနာဟူသည်

အနိစ္စ စသော အထူးထူးသော အခြင်းအရာအားဖြင့် .. သင်္ခါရတရားတို့ကို ပညာဉာဏ်ဖြင့် ရှုသောသဘောကို ဝိပဿနာဟု ဆိုလိုပါသည်။

အနုပဿနာဟူသည်

တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာယာဉ် သုံးပါး ပေါ်လာအောင် အဖန်ဖန်အထပ်ထပ် ရှုခြင်းသဘောကို အနုပဿနာဟု ဆိုလိုပါသည်။

ဝိပဿနာပွားများပုံ

မိမိကိုယ်တွင်း အဇ္ဈတ္တနှင့်တကွ တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာယာဉ်တင်၍ အနုပဿနာပြု၍ ဝိပဿနာရှုလိုသော ယောဂီသည် ဝိသုဒ္ဓိ (၇)ပါး၊ ဉာဏ်စဉ် (၁၀)ပါးနှင့်တကွ အခြားသိသင့်သော အချက်များကို ရှေးဦးစွာ သိထားရမည် ဖြစ်ပါသည်၊ ယင်းတို့ကို အဆင့်အလိုက် ဖော်ပြသွား မည် ဖြစ်ပါသည်။

ပထမအဆင့် သီလဝိသုဒ္ဓိစခန်း

ယောဂီသည် သမထစခန်း အာနာပါနကမ္မဋ္ဌာန်း မစီးဖြန်းမီကပင် သီလကို ဆောက်တည်ခံယူထားပြီးဖြစ်၍ သီလဝိသုဒ္ဓိစခန်း လွန်မြောက်ပြီး ဖြစ်ပါသည်။

ဒုတိယအဆင့် စိတ္တဝိသုဒ္ဓိစခန်း

ယောဂီသည် သမထယာနိကလမ်းလိုက်သူဖြစ်လျှင် ဥပစာရဈာန်၊ သို့မဟုတ် အပ္ပနာဈာန် အဆင့်အထိ သမာဓိကို ထူထောင်တားပြီးဖြစ်၍ ဝိပဿနာ ယာနိကလမ်း လိုက်သူဖြစ်လျှင် အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိကို အသင့် အတင့် ထူထောင်ထားပြီးဖြစ်၍ စိတ္တဝိသုဒ္ဓိစခန်းပေါက်မြောက်ပြီး ဖြစ်ပါသည်။

စာမျက်နှာ-527

တတိယအဆင့် ဒိဋ္ဌိဝိသုဒ္ဓိစခန်း

ငါ သူတပါး ယောက်ျား မိန်းမ အတ္တ အသက် လိပ်ပြာ ဝိညာဉ်ကောင် သတ္တဝါပုဂ္ဂိုလ်ကောင်ဟု ယူသော မှတ်ထင်သော အတ္တဒိဌိကင်းလျှင် ဒိဋ္ဌိဝိသုဒ္ဓိ စခန်း ပေါက်မြောက်ပြီး ဖြစ်ပါသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုထ် ၄-ပါး၌ သတိပဋ္ဌာန်တရား ရှုပွားနေသော ယောဂီသည် အမှတ်ဉာဏ် ရင့်သန် လာသောအချိန်၌ မိမိခန္ဓာကိုယ်တွင် ရုပ်နာမ်အပြင် ငါ သူတပါး ယောက်ျား မိန်းမ အတ္တကောင် အသက်ကောင် ဝိညာဉ်ကောင် မရှိကြောင်း အလိုအလျောက် သိမြင်လာမည်ဖြစ်ပါသည်။ ထိုအခါ ဒိဋ္ဌိဝိသုဒ္ဓိစခန်း ပေါက်မြောက်ပြီး ဖြစ်သည်ဟု ဆိုပါသည်။

စတုတ္ထအဆင့် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်း

ယုံမှားမှု ၁၆-ပါး လွန်မြောက်၍ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ ကင်းလျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်း ပေါက်မြောက်ပြီးဖြစ်နိုင်သည်၊ ယောဂီသည် ဒိဋ္ဌိဝိသုဒ္ဓိစခန်း ပေါက်မြောက်လျှင် ဤကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းလည်း အလို အလျောက် ပေါက်မြောက်လာနိုင်ပြီး ဖြစ်ပါသည်။

ယုံမားမကစ်ါ (၁၆)ပါး

(၁) အတိတ်ဘဝက ငါဖြစ်ခဲ့တာ ဟုတ်သလား၊ (၂) မဖြစ်ခဲ့ဘူးလား (၃) ဘယ်အမျိုးဇာတ် ဖြစ်ခဲ့သလဲ၊ (၄) အဘယ်ပုံသဏ္ဌာန်လဲ၊ (၅) တတိယ ဘဝက ဘယ်လို၊ ဒုတိယ ဘဝက ဘယ်ပုံလဲ။

(အတိတ် ၅-မျိုး)

နည်းတူ အနာဂတ်အတွက် ၅-မျိုး၊ ပေါင်း (၁၀)မျိုးနှင့် ပစ္စုပ္ပန်အတွက် - (၁) ပစ္စုပ္ပန်ခန္ဓာကိုယ်အတွက် သို့လောသို့လော ဖြစ်ခြင်း၊ (၂) ငါ ဟုတ်ရဲ့လား၊ (၃) င၊ မဟုတ်ဘူးလား၊ (၄) ဘယ်လို အမျိုးဇတ်လဲ၊ (၅) ငါ၏ အတ္တဘော ဘယ်ပုံသဏ္ဌာန်လဲ၊ (၆) ဤအတ္တခေါ်သော ဝိညာဉ်ကောင်သည် ဘယ်ဘဝက လာ၍ ဘယ်ဘဝသို့ သွားဦးမည်လဲ၊ ဤ (၆)မျိုးကို ပေါင်းလျှင် ယုံမှားမှု ကင်္ခါ (၁၆)ပါး ဖြစ်ပါသည်။

အဟေတုကဒိဋ္ဌိဟူသည်

ရုပ်တရား နာမ်တရားများသည် အကြောင်းမရှိဘဲ ဘာသိဘာသာ ပေါ်လာ သည်ဟု ယူသော အယူမျိုးဖြစ်သည်။ အကြောင်.ကြောင့်သာ ရုပ်တစ်မျိုးနှင့် တစ်မျိုး မတူသည်၏ အဖြစ်နှင့် နာမ်ား၌ စက္ခုဝိညာဏ်စိတ် တစ်ခု

စာမျက်နှာ-528
တည်းပင် အခါခပ်သိမ်း မဖြစ်၊ အရာရာ၌ မဖြစ်ဘဲ ရူပါရုံ မျက်စိ အရောင် အလင်း နှလုံးသွင်းမှု ဤအကြောင်း ၄-ချက်ပြည့်စုံမှ ဖြစ်လာရသည်၏ အဖြစ်များကို ဆင်ခြင်ပါ။

ဝိသမတုကဒိဋ္ဌိဟူသည်

ဗြဟ္မာ ဗိဿနိုး ထာဝရဘုရားများက ဖန်ဆင်း၍ ရုပ်နာမ်ခန္ဓာ ဖြစ်ပေါ် လာရသည်ဟု ယူသော အယူမျိုး ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များမှာ ဤသို့ အယူ ရှိကြသူများ မဟုတ်၍ ဤဒိဋ္ဌိမျိုး မဖြစ်နိုင်ပါ။

စူဠသောတာပန်

ကိလေသာတရား ၁၀-ပါးအနက် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ် နိုင်လျှင် သောတာပန်ဖြစ်ပြီး ဖြစ်ပါသည်။ ဤကင်္ခါဝိတရဏဝိသုဒ္ဓိစခန်း ပေါက်သော ယောဂီသည် ယင်း ဒိဋ္ဌိ, ဝိစိကိစ္ဆာကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း အတန်ကြာအောင် ပယ်နိုင်ပြီးဖြစ်၍ သောတာပန်နှင့် ... အလားတူသောကြောင့် စူဠသောတာပန်ဖြစ်တော့သည်။ ဒုတိယဘဝအတွက် သုဂတိမြဲပြီး ဖြစ်ပါသည်။

ပဉ္စမအဆင့် သမ္မသန, ဥဒယဗ္ဗယဉာဏ်နှင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိစခန်း

မိမိခန္ဓာကိုယ်တွင်း၌ ပေါ်တိုင်း ပေါ်တိုင်း, လှုပ်ရှားတိုင်း လှုပ်ရှားတိုင်း သတိပဋ္ဌာန် တရားအရ ရှုမှတ်ရှုမှတ်နေခြင်းကို ဝိပဿနာဉာဏ်စဉ် ၁၀-ပါးတွင် အဦးဆုံးဖြစ်သော သမ္မသနဉာဏ်စဉ် ပေါ်နေသည်ဟု ဆိုပါသည်။

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ မိမိသန္တာန်၌ ထင်မြင်ထားပြီးဖြစ်သော ရုပ်တရား နာမ်တရားတို့သည် မဖြစ်ခင်က အဆင်သင့် ဖြစ်ရန် စုဆောင်းသိမ်းဆည်းထားခြင်းလည်း မရှိ၊ ချုပ်သည့်အခါ အရပ်တပါးသို့ သွား၍ စုပုံနေသည်လည်း မဟုတ်၊ အကြောင်းကြောင့် ရုတ်တရက်ဖြစ်ပြီးနောက် မကြာခင် ချုပ်ပျောက်ကုန်၏။ ထို့ကြောင့် ဖြစ်နေသော ရုပ်နာမ်၌ အဟောင်း မရှိ၊ အသစ်ချည်းသာ ဖြစ်လေသည်၊ ဤသို့ စသည်ဖြင့် ရုပ်နာမ်တို့၏ အဖြစ် အပျက်ကို သိရသော ဥဒယဗ္ဗယဉာဏ် ပေါ်လာတော့သည်။

စာမျက်နှာ-529
ဤသို့ ရုပ်နာမ်များဖြစ်သော အကြောင်းအရာအားဖြင့် ဖြစ်စေ၊ ဥပါဒ်,ပြီ ဘင် ဟူသော စကားအားဖြင့် ဖြစ်စေ ရှုဆင်ခြင်၍ ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှင်းလင်းစွာ သိမြင်လာသောအခါ စိတ်လည်း အလွန်ကြည်လင် လာရကား ယောဂီ၌ ဝိပဿနုပတ္တိလေသခေါ် ဝိပဿနာညစ်ညူးကြောင်း တရား (၁၀)ပါး ဖြစ်ပေါ်လာတတ်ပါသည်။

ဝိပဿနာ ညစ်ညူးကြောင်းတရား ၁၀-ပါး

၁။ ဩဘာသ = ကိုယ်ရောင်ကိုယ်ဝါ အရောင်အလင်းများ၊

၂။ ပီတိ = နှစ်သက်မှုများ (အာရုံကို နှစ်သက်မှုများ)၊

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှုများ၊

၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော သဒ္ဓါတရားများ၊

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်အောင် အားပေး ချီးမြှောက် ထောက်ပံ့တတ်သော ဝီရိယ၊

၆။ သုခ = ချမ်းသာခြင်းကို ခံစားမှု၊

၇။ ဉာဏ = အမြင်သန်သော ဝိပဿနာဉာဏ်

၈။ ဥပဋ္ဌာန = ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သောသတိ၊

၉။ ဥပေက္ခာ = အဖြစ်အပျက် အလွန်ထင်ရှားချိန်ဖြစ်၍ ယင်းအဖြစ် အပျက်ကို ရှူရန် ဗျာပါရ မများတော့ဘဲ အသင့်အား ဖြင့်သာ ရှုသော ဥပက္ခော၊

၁၀။ နိကန္တိ = ဩဘာသ စသည်တို့ဖြင့် အလွန် တင့်တယ်စွာ တန်ဆာဆင်ထားသော ဝိပဿနာကို နှစ်သက်မှု။

အထက်ဖော်ပြပါ တရား ၁၀-ပါးကား ကောင်းမြတ်သော တရားများဖြစ် သော်လည်း ယင်းဩဘာသ စသည်တို့သည် ငါ့မှာ ဖြစ်သည်ဟု စွဲလမ်းသော ဒိဌိ၊ ယင်းတို့ကို အလွန်နှစ်သက်ဖွယ်ကောင်းသည်ဟု..စိတ်ကြီးဝင်သော မာန၊ ငါ၏ ဩဘာသ စသည်ဖြင့် စွဲလမ်းတတ်သော တဏှာ၊ ဤတရား ၃-ပါးတို့၏ ဟည်ရာ အာရုံများဖြစ်သောကြောင့် ဝိပဿနာညစ်ညူးကြောင်း တရားဟု ဆို ခြင်းဖြစ်သည်။ ယင်း တဏှာ, မာန, ဒိဋ္ဌိတရား ၃-ပါးသာလျှင် ဝိပဿနာ ညစ်ညူးကြောင်းတရားအစစ် ဖြစ်ပါသည်။

စာမျက်နှာ-530
ဤသို့ ဩဘာသ စသည်တို့ ဖြစ်သောအခါ ကမ္မဋ္ဌာန်းအာရုံ၌ မကျွမ်းကျင် သော ယောဂီသည် ရှေးက မဖြစ်ဖူးသော ထိုဩဘာသ စသည်ကို မဂ်စိတ် ဖိုလ်စိတ်ထင်၍ နှစ်သက်မှုဖြစ်ကာ ကမ္မဋ္ဌာန်းလက်လျှော့လိုက်လျှင် လမ်းလွဲရ ပါတော့သည်၊ ကျွမ်းကျင်သော ယောဂီများကား ထိုဩဘာသ စသည် များသည် ဝိပဿနာညစ်ညူးကြောင်းတည်း၊ ၎င်းတို့ကို နှစ်သက်နေမှုသည် လမ်း(မဂ္ဂ)မဟုတ်၊ အမဂ္ဂတည်း။ ၎င်းတို့ကို ဂရုမစိုက်ဘဲ အားထုတ်မြဲ ဝိပဿနာ သာလျှင် မဂ်ဖိုလ်ရကြောင်း လမ်းကောင်း မဂ္ဂတည်းဟု လမ်းမှန်, မမှန်ကို သိသောဉာဏ် ထင်ထင်ရှားရှား ပေါ်လာပါတော့သည်၊ ထိုအခါ မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိစခန်း ပေါက်မြောက်ပြီး ဖြစ်ပါသည်။

အထူးမှာ ဖော်ပြပါ ဝိပဿနာညစ်ညူးကြောင်း တရား ၁၀-ပါးသည် အမှန် တကယ် လုံ့လရှိရှိ အားထုတ်နေသူများ၌သာ ဖြစ်ပေါ်လေ့ ဖြစ်ပေးထ ရှိပါသည်။ အများအားဖြင့် သမထ ဝိပဿနာ (၂)ပါးစလုံး ဖြစ်နေသူတို့၌ ဖြစ်လေ့ဖြစ်ထရှိပါသည်၊ အရိယာဖြစ်ပြီးသူ၊ လွဲမှားစွာ ပွားများနေသူ၊ တရား အားထုတ်မှုကို ရပ်နားထားသူနှင့် ပျင်းပျင်းရိရိ အားထုတ်နေသူများ၌ ဖြစ်ပေါ် လေ့မရှိပါ။

ဆဋ္ဌမအဆင့် ဘင်္ဂ စသောဉာဏ်နှင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိစခန်း

ရှေး ဝိသုဒ္ဓိစခန်း၌ ဥဒယဗ္ဗယဉာဏ် ပေါ်ခဲ့သော်လည်း .. ဝိပဿနာညစ်ညူး ကြောင်းတရားများ နှောင့်ယှက်မှုကြောင့် အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာများ ကောင်းစွာ မထင်သေး၊ ၎င်းတရားတို့မှ လွတ်မြောက်သောအခါ လက္ခဏာ ယာဉ် (၃)ပါး အလွန်ထင်ရှားလာစေရန် ယင်း ဥဒယဗ္ဗယဉာဏ်ကိုပင် အဖန်ဖန် အထပ်ထပ် ဆင်ခြင် သုံးသပ် ရှုမှတ်နေရမည်၊ ဥဒယဗ္ဗယဉာဏ်ဖြင့် ရုပ်နာမ် တို့၏ဖြစ်ခြင်း ပျက်ခြင်း (၂)မျိုးစလုံးကို ထင်ရှားအောင် ရှု၍ အလွန် ထင်ရှားလာသည့်အခါ အဖြစ်အပျက်တို့က အလွန် လျင်မြန်ရကား အဖြစ်ကို အာရုံ မပြုမိတော့ဘဲ အပျက်ချည်းကိုသာ မြင်နေရသော ဘင်္ဂဉာဏ် ပေါ်လာ တော့သည်။

ဘင်္ဂဉာဏ် ပေါ်ပြီးနောက် မကြာခင် ရုပ်နာမ်တို့အပေါ် အပြစ်မြင်ပြီး ကြောက်စရာအဖြစ် ထင်မြင်သော ... ဘယဉာဏ်လည်း ပေါ်လာပါတော့သည်၊ ဘယဉာဏ် ပေါ်ပြီးနောက် ရုပ်နာမ်တို့အပေါ် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်း ပေါ်ပြီးနောက် ထိုရုပ်နာမ်တို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဉာဏ်လည်း ဆက်တိုက် ပေါ်လာပါတော့သည်၊ ၎င်းနောက် ယင်းရုပ်နာမ် သင်္ခါရတို့ကိုပင် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်တင်၍ ထပ်မံ ရှုပွားလျှင် မကြာမတင်ပင် ပဋိသင်္ခါဉာဏ်လည်း ဆင့်ကာ ပေါ်လာပါတော့သည်။

စာမျက်နှာ-531
ပဋိသင်္ခါဉာဏ်ပေါ်ရေးအတွက် ရုပ်နာမ်သင်္ခါရတို့ကို အခြင်းအရာ (၄၀)ဖြင့် လက္ခဏာယာဉ်တင်၍ ရှုပွားရန် ဝိသုဒ္ဓိမဂ်၌ ညွှန်ပြထားပါသည်။ အနိစ္စ လက္ခဏာအတွက် အခြင်းအရာ ၁၀-ပါး၊ ဒုက္ခလက္ခဏာအတွက် အခြင်းအရာ ၂၅- ပါး၊ အနတ္တလက္ခဏာအတွက် အခြင်းအရာ ၅-ပါး၊ စုစုပေါင်း (၄၀)ဖြစ်ပါသည်။ ယင်း (၄၀)ကို တော (၄ဝ)ဟူ၍လည်း ခေါ်ပါသည်၊ ယင်းတို့မှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် -

အနိစ္စအခြင်းအရာ ၁၀-ပါး

၁။ အမြဲမရှိခြင်း၊

၂။ အလွန်ပျက်ခြင်း၊

၃။ တုန်လှုပ်ခြင်း၊

၄။ ပျက်လွယ်ခြင်း၊

၅။ မခိုင်ခံ့ခြင်း၊

၆။ ဖောက်ပြန်မှု သဘောရှိခြင်း၊

၇။ အနှစ်မရှိခြင်း၊

၈။ ကြီးပွားစည်ပင်မှုကင်းခြင်း၊

၉။ ပေါင်းစု၍ ပြုအပ်ခြင်း၊

၁၀။ သေခြင်းသဘောရှိခြင်း။

ဒုက္ခအခြင်းအရာ ၂၅-ပါး

၁။ ဆင်းရဲ၏ တည်ရာဝတ္ထုဖြစ်ခြင်း၊

၂။ စွဲကပ်ရောဂါနှင့် တူခြင်း၊

၃။ အိုင်းအမာနှင့် တူခြင်း၊

၄။ စူးဝင်သောငြောင့်နှင့် တူခြင်း၊

၅။ မကောင်းမှုနှင့် တူခြင်း၊

၆။ ဖျားနာမှုနှင့် တူခြင်း၊

၇။ ဘေးရန်နှင့် တူခြင်း၊

၈။ ဥပဒေဝေါနှင့် တူခြင်း၊

စာမျက်နှာ-532
၉။ ဘေးနှင့် တူခြင်း၊

၁၀။ ကပ်ငြိသော အနှောင့်အယှက်နှင့် တူခြင်း၊

၁၁။ မစောင့်ရှောက်တတ်ခြင်း၊

၁၂။ ပုန်းအောင်းရာ မဟုတ်ခြင်း၊

၁၃။ ကိုးကွယ်ရာ မဟုတ်ခြင်း၊

၁၄။ အပြစ်အာဒီနဝဖြစ်ခြင်း၊

၁၅။ မကောင်းမှု၏ အမြစ်အရင်းဖြစ်ခြင်း၊

၁၆။ လူသတ်ယောက်ျားနှင့် တူခြင်း၊

၁၇။ အာသဝေါ၏ အာရုံဖြစ်ခြင်း၊

၁၈။ လူသတ်သမား မာရ်တို့၏ သတ်စရာ အစာဖြစ်ခြင်း၊

၁၉။ ဖြစ်ခြင်းသဘောရှိခြင်း

၂ဝ။ အိုခြင်း သဘောရှိခြင်း၊

၂၁။ နာခြင်း သဘောရှိခြင်း၊

၂၂။ စိုးရိမ်ဖွယ်သဘောဖြစ်ခြင်း၊

၂၃။ ငိုကြွေးဖွယ်သဘောဖြစ်ခြင်း။

၂၄။ ပြင်းစွာ ပူပန်ဖွယ်သဘောဖြစ်ခြင်း၊

၂၅။ ကိလေသာတို့၏ စွဲမှီရာ အာရုံသဘောဖြစ်ခြင်း၊

အနုတ္တအခြင်းအရာ ၅-ပါး

(၁) ပြင်ပသူစိမ်းနှင့်တူခြင်း၊

(၂) ဓုဝ, သုဘ စသည်အဖြစ်မှ ဆိတ်ခြင်း၊

(၃) အချည်းအနှီးဖြစ်ခြင်း၊

(၄) တိတ္ထိတို့ ကြံဆအပ်သော အတ္တမှ ဆိတ်သုဉ်းခြင်း၊

(၅) တိတ္ထိ တို့ကြံဆအပ်သော အတ္တမဟုတ်ခြင်း၊

စာမျက်နှာ-533
မုစ္စိတုကမျတာဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုရုံသာ ရှိသေး သည်၊ တကယ် မလွတ်သေးချေ။ ဤပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့ကို တကယ် စွန့်လွှတ်ရတော့မည်၊ သို့ရာတွင် မလွှတ်ခင် စွန့်လွှတ်ခါနီး၌ ရုတ်တရက် မလွှတ်လိုက်သေးဘဲ ကြပ်ကြပ်နွံနာအောင် (နိစ္စ သုခ အတ္တ ဟု နောင်အခါ မစွဲလမ်းနိုင်အောင်) တဖန် ထပ်၍ အနိစ္စ ဒုက္ခ အနတ္တဟု ရှရပြန်ခြင်းဖြစ်သည်။

ပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ် သင်္ခါရတို့ကို စွန့်လွှတ်ပြီးနောက် ယင်းရုပ်နာမ် သင်္ခါရတို့ကို ဘယ, အာဒီနဝ (ဘေး, အပြစ်) စသည်ဖြင့် မရှုတော့ဘဲ လျစ်လျူ ရှုနိုင်သော သင်္ခါရုပေက္ခာဉာဏ် ပေါ်လာတော့သည်။

ဤဉာဏ်ဖြင့် လျစ်လျူရှုသည်ဟု ဆိုသော်လည်း အလုံးစုံ အာရုံမပြုဘဲ နေ၍ မဖြစ်၊ ဝိပဿနာဉာဏ်ဟူသမျှ ရုပ်နာမ်သင်္ခါရတို့ကိုပင် အာရုံပြုရသည်၊ သို့သော် အာရုံပြုရသည့်အခါ .... သာယာနှစ်သက်ခြင်းလည်းမရှိ၊ ကြောက်မက်ဖွယ် ဟူ၍လည်း ဂရုမစိုက်ဘဲ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်နေခြင်းသာ ဖြစ်ပါသည်။

သင်္ခါရုပက္ခောဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့၌ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုဖန်များလတ်သော် ရုပ်နာမ်သင်္ခါရတို့၌ အာရုံမပြုတော့ဘဲ သင်္ခါရ တို့မှ တွန့်ဆုတ်လျက် သင်္ခါရလွတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွှတ်နေတော့သည်၊ သို့သော် နိဗ္ဗာန်ကို တိုက်ရိုက်မမြင်သေးသဖြင့် နိဗ္ဗာန်ကို ရှာဖွေရင်းပင် သင်္ခါရ တို့ကို အာရုံပြုနေရသေးသည်။ နိဗ္ဗာန်ကို မြင်လောက်သော အကြိမ်၌သာ ပရိကံ, ဥပစာ, အနုလုံဟု အနုလောမဉာဏ် ပေါ်လာပြီးနောက် ဂေါတြဘူဖြင့် အာရုံပြုလျက် မဂ်ဖိုလ်ရောက်အောင် တိုးတက်လာပါတော့သည်။

ဤအနုလောမဉာဏ်မှ တဆင့်တက်လျှင် မဂ်ဖိုလ်ရပါတော့မည်၊ သို့အတွက် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယ တရားအားလည်းကောင်း၊ ဥဒယဗ္ဗယ စသော အောက်ဉာဏ် ၈-ပါးအားလည်းကောင်း လျော်သောကြောင့် ဤဉာဏ်ကို အနုလောမဉာဏ်ဟု ဆိုခြင်းဖြစ်သည်။ လျော်ပုံကား - အနုလောမ ဉာဏ်သည် ရှေးဥဒယဗ္ဗယ စသော ဉာဏ်များ၏ ဆိုင်ရာကိစ္စကို ခွင့်ပြုကျေနပ် သကဲ့သို့ ... အနိစ္စ, ဒုက္ခ, အနတ္တဟု ထပ်၍ ရှုတုန်းပင် ဖြစ်သည်၊ ထို့ကြောင့် ရှေးဉာဏ်၈-ပါးနှင့် မဆန့်ကျင်၊ အလျော်ပင်ဖြစ်သည်။ ပင်ကိုရည်ရွယ်ရင်းက မဂ်ခဏ၌ ဗောဓိပက္ခိယတရားတို့ကို ရအောင် ရည်ရွယ်ခဲ့သည်။ ရည်ရွယ်သည့် အတိုင်း ထိုတရားတို့ကို ရတော့မည်ဖြစ်သည်၊ ထို့ကြောင့် ဗောဓိပက္ခိယတရား အားလည်း အလျော်ပင်ဖြစ်သည်။

စာမျက်နှာ-534

သတ္တမအဆင့် ဉာဏဒဿနဝိသုဒ္ဓိစခန်း

ဤအဆင့်ကား ဝိပဿနာစခန်း၏ နောက်ဆုံးအဆင့်ဖြစ်သည်၊ ဤအဆင့်သို့ ရောက်သောယောဂီသည် မဂ်ဖိုလ်ကိုမျက်မှောက်ပြုရပြီဖြစ်သည်။ ဝုဋ္ဌာနဂါမိနီ ဝိပဿနာအဆင့် ဟူ၍လည်း ခေါ်ပါသည်၊ မဂ်တရားကို ဝုဋ္ဌာနခေါ်သည်၊ မဂ်တရားကား ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုပါ၊ နိဗ္ဗာန်ကိုသာ အာရုံပြုပါသည်။ ရုပ်နာမ်သင်္ခါရတည်းဟူသော အာရုံနိမိတ်မှ လွတ်သည်။ ထို့ကြောင့် မဂ်ကို ဝုဋ္ဌာန ခေါ်ခြင်း ဖြစ်သည်။

ဝုဋ္ဌာနဂါမိနီဝိပဿနာဟူသည် မဂ်သို့ ရောက်ကြောင်း ဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာဉာဏ်ကို ဆိုလိုပါသည်။ မဂ်သို့ ရောက်ကြောင်း ဖြစ်သော ဉာဏ်ဟူသည် သင်္ခါရုပက္ခောဉာဏ်၏ နောက်ဆုံးပိုင်းနှင့် အနုလောမ ဉာဏ်ပင်ဖြစ်ပါသည်။ သင်္ခါရုပက္ခောဉာဏ်ကို ဝီထိအားဖြင့် သုံးပိုင်း ပိုင်းလျှင် နောက်ပိုင်းဖြစ်သော မနောဒွာရာဝဇ္ဇန်းနောက် ဇော (၇)ကြိမ်ဟူသော သင်္ခါရုပက္ခော ဉာဏ်ဖြစ်ပြီးလျှင် ဘဝင် အနည်းငယ်ခြား၍ ဘဝင်္ဂစလန, ဘဝင်္ဂုပေစ္ဆ ဒ, မနောဒွါရာဝဇ္ဇာန်းတို့နောင် ပရိကံ, ဥပစာ, အနုလုံဟု အနုလောမဉာဏ် ဖြစ်သည်၊ ထို့နောက် ဂေါတြဘူကို ဆက်သော် မဂ်ဖိုလ်ရတော့သည်။

ဂေါတြဘူစိတ်ဟူသည်

ပုထုဇဉ်အနွယ်ကို လွှမ်းမိုးသောစိတ်ဖြစ်သည်။ ဂေါတြဘူစိတ် ဖြစ်သော အခါ အရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်သဖြင့် သမီပူပစာအားဖြင့် ရောက်သည်ဟု ဆိုရတော့သည်။ ဤဂေါတြဘူစိတ်သည် နိဗ္ဗာန်ကိုအာရုံပြုနိုင်ပြီ။

မဂ်စိတ်ပေါ်လာပုံ

ဂေါတြဘူစိတ်ချုပ်ပြီးနောက် ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေတတ်သော မဂ်စိတ် ပေါ်လာတော့သည်။ ဆီမီးတိုင်သည် မီးစာကို လောင်ခြင်း၊ အမှောင် ပယ်ခြင်း၊ အလင်းဆောင်ခြင်း၊ ဆီကုန်ခြင်းဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေသကဲ့သို့ မဂ်တရားသည်လည်း ဒုက္ခသစ္စာကို “ဤမျှသာရှိ၏၊ ဤလောကီ စိတ် စေတသိက် ရုပ်မှတပါး အခြား မရှိ” ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ၊ သမုဒယသစ္စာ တဏှာလောဘကို ပယ်စွန့်ခြင်းဟူသော ပဟာနကိစ္စ၊ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကိရိယာကိစ္စ၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)ကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟူသော ဘာဝနာကိစ္စ ဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေနိုင်သည်။

စာမျက်နှာ-535

ပစ္စဝေက္ခဏာ (၅) ဝီထိဖြစ်ပုံ

ဤသို့ မဂ်ရပြီးနောက် ဖိုလ်ဇော (၂)ကြိမ် (၃)ကြိမ် နောင် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သောအခါ -

(၁) ငါသည် ဤမဂ်ဖြင့် နိဗ္ဗာန်ကို ရပြီဟု မဂ်ကိုဆင်ခြင်သော ဝီထိ၊

(၂) မဂ်အကျိုးကို ခံစားရလေပြီဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ၊

(၃) ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရပြီဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ၊

(၄) ဤမျှသော ကိလေသာတို့ကို ပယ်ပြီးပြီဟု ပဟိန ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ၊

(၅) ဤမျှသော ကိလေသာတို့ကို မပယ်ရသေး၊ ကျန်သေးသည်ဟု သေသ ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ။

ဤ ပစ္စဝေက္ခဏာ (၅)ဝီထိတို့ ဖြစ်ကြသည်။ ထို (၅) ဝီထိတွင် မဂ်ရပြီး ပုဂ္ဂိုလ်အား အမှတ် (၁-၂-၃) ဝီထိတို့ကား ဧကန် ဧက ဖြစ်ကြရသည်၊ အမှတ် (၄-၅) ဝီထိတို့ကား အချို့သောသူများ ဖြစ်၍ အချို့သောသူများ မဖြစ် ကြပါ။ ဤသို့အားဖြင့် သောတာပတ္တိမဂ် (၅) ဝီထိ၊ သကဒါဂါမိမဂ် (၅) ဝီထိ အနာဂါမိမဂ် (၅) ဝီထိ၊ အရဟတ္တမဂ် အမှတ် (၅) ကြဉ် (၄) ဝီထိ၊ စုစုပေါင်း ပစ္စဝေက္ခဏာဝီထိ (၁၉)ဝီထိ ရနိုင်ပါသည်။

ပယ်သောကိလေသာ၊ ကျန်သောကိလေသာ

၁။ သောတာပန်ပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ဆယ်မျိုးတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါသည်၊ ကျန် (၈)မျိုးကို မပယ်နိုင်သေးပါ။

၂။ သကဒါဂါမ်ပုဂ္ဂိုလ်သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာ (၂)မျိုးကို အကြွင်းမဲ့ ပယ်သတ် ပြီးဖြစ်သည့်အပြင် ကာမရာဂ (လောဘတစ်စိတ်)၊ ဒေါသနှင့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်, ပဋိဃသမ္ပယုတ် စိတ်၌ ယှဉ်သော မောဟကိလေသာများကို ခေါင်းပါးအောင် ပြုထားပြီးဖြစ်သည်၊ လုံးဝ အမြစ်ပြတ် မပယ်နိုင် သေးပါ။

စာမျက်နှာ-536

သတ္တမအဆင့် ဉာဏဒဿနဝိသုဒ္ဓိစခန်း

ဤအဆင့်ကား ဝိပဿနာစခန်း၏ နောက်ဆုံးအဆင့်ဖြစ်သည်၊ ဤအဆင့်သို့ ရောက်သောယောဂီသည် မဂ်ဖိုလ်ကိုမျက်မှောက်ပြုရပြီဖြစ်သည်။ ဝုဋ္ဌာနဂါမိနီ ဝိပဿနာအဆင့် ဟူ၍လည်း ခေါ်ပါသည်၊ မဂ်တရားကို ဝုဋ္ဌာနခေါ်သည်၊ မဂ်တရားကား ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုပါ၊ နိဗ္ဗာန်ကိုသာ အာရုံပြုပါသည်။ ရုပ်နာမ်သင်္ခါရတည်းဟူသော အာရုံနိမိတ်မှ လွတ်သည်။ ထို့ကြောင့် မဂ်ကို ဝုဋ္ဌာန ခေါ်ခြင်း ဖြစ်သည်။

ဝုဋ္ဌာနဂါမိနီဝိပဿနာဟူသည် မဂ်သို့ ရောက်ကြောင်း ဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာဉာဏ်ကို ဆိုလိုပါသည်။ မဂ်သို့ ရောက်ကြောင်း ဖြစ်သော ဉာဏ်ဟူသည် သင်္ခါရုပက္ခောဉာဏ်၏ နောက်ဆုံးပိုင်းနှင့် အနုလောမ ဉာဏ်ပင်ဖြစ်ပါသည်။ သင်္ခါရုပက္ခောဉာဏ်ကို ဝီထိအားဖြင့် သုံးပိုင်း ပိုင်းလျှင် နောက်ပိုင်းဖြစ်သော မနောဒွာရာဝဇ္ဇန်းနောက် ဇော (၇)ကြိမ်ဟူသော သင်္ခါရုပက္ခော ဉာဏ်ဖြစ်ပြီးလျှင် ဘဝင် အနည်းငယ်ခြား၍ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇာန်းတို့နောင် ပရိကံ, ဥပစာ, အနုလုံဟု အနုလောမဉာဏ် ဖြစ်သည်၊ ထို့နောက် ဂေါတြဘူကို ဆက်သော် မဂ်ဖိုလ်ရတော့သည်။

ဂေါတြဘူစိတ်ဟူသည်

ပုထုဇဉ်အနွယ်ကို လွှမ်းမိုးသောစိတ်ဖြစ်သည်။ ဂေါတြဘူစိတ် ဖြစ်သော အခါ အရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်သဖြင့် သမီပူပစာအားဖြင့် ရောက်သည်ဟု ဆိုရတော့သည်။ ဤဂေါတြဘူစိတ်သည် နိဗ္ဗာန်ကိုအာရုံပြုနိုင်ပြီ။

မဂ်စိတ်ပေါ်လာပုံ

ဂေါတြဘူစိတ်ချုပ်ပြီးနောက် ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေတတ်သော မဂ်စိတ် ပေါ်လာတော့သည်။ ဆီမီးတိုင်သည် မီးစာကို လောင်ခြင်း၊ အမှောင် ပယ်ခြင်း၊ အလင်းဆောင်ခြင်း၊ ဆီကုန်ခြင်းဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေသကဲ့သို့ မဂ်တရားသည်လည်း ဒုက္ခသစ္စာကို “ဤမျှသာရှိ၏၊ ဤလောကီ စိတ် စေတသိက် ရုပ်မှတပါး အခြား မရှိ” ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ၊ သမုဒယသစ္စာ တဏှာလောဘကို ပယ်စွန့်ခြင်းဟူသော ပဟာနကိစ္စ၊ နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကိရိယာကိစ္စ၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)ကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟူသော ဘာဝနာကိစ္စ ဟူသော ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေနိုင်သည်။

စာမျက်နှာ-537

ပစ္စဝေက္ခဏာ (၅) ဝီထိဖြစ်ပုံ

ဤသို့ မဂ်ရပြီးနောက် ဖိုလ်ဇော (၂)ကြိမ် (၃)ကြိမ် နောင် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သောအခါ -

(၁) ငါသည် ဤမဂ်ဖြင့် နိဗ္ဗာန်ကို ရပြီဟု မဂ်ကိုဆင်ခြင်သော ဝီထိ၊

(၂) မဂ်အကျိုးကို ခံစားရလေပြီဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ၊

(၃) ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရပြီဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ၊

(၄) ဤမျှသော ကိလေသာတို့ကို ပယ်ပြီးပြီဟု ပဟိန ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ၊

(၅) ဤမျှသော ကိလေသာတို့ကို မပယ်ရသေး၊ ကျန်သေးသည်ဟု သေသ ကိလေသာတို့ကို ဆင်ခြင်သော ဝီထိ။

ဤ ပစ္စဝေက္ခဏာ (၅)ဝီထိတို့ ဖြစ်ကြသည်။ ထို (၅) ဝီထိတွင် မဂ်ရပြီး ပုဂ္ဂိုလ်အား အမှတ် (၁-၂-၃) ဝီထိတို့ကား ဧကန် ဧက ဖြစ်ကြရသည်၊ အမှတ် (၄-၅) ဝီထိတို့ကား အချို့သောသူများ ဖြစ်၍ အချို့သောသူများ မဖြစ် ကြပါ။ ဤသို့အားဖြင့် သောတာပတ္တိမဂ် (၅) ဝီထိ၊ သကဒါဂါမိမဂ် (၅) ဝီထိ၊ အနာဂါမိမဂ် (၅) ဝီထိ၊ အရဟတ္တမဂ် အမှတ် (၅) ကြဉ် (၄) ဝီထိ၊ စုစုပေါင်း ပစ္စဝေက္ခဏာဝီထိ (၁၉)ဝီထိ ရနိုင်ပါသည်။

ပယ်သောကိလေသာ၊ ကျန်သောကိလေသာ

၁။ သောတာပန်ပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ဆယ်မျိုးတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါသည်၊ ကျန် (၈)မျိုးကို မပယ်နိုင်သေးပါ။

၂။ သကဒါဂါမ်ပုဂ္ဂိုလ်သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာ (၂)မျိုးကို အကြွင်းမဲ့ ပယ်သတ် ပြီးဖြစ်သည့်အပြင် ကာမရာဂ (လောဘတစ်စိတ်)၊ ဒေါသနှင့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်, ပဋိဃသမ္ပယုတ် စိတ်၌ ယှဉ်သော မောဟကိလေသာများကို ခေါင်းပါးအောင် ပြုထားပြီးဖြစ်သည်၊ လုံးဝ အမြစ်ပြတ် မပယ်နိုင် သေးပါ။

စာမျက်နှာ-538
၃။ အနာဂါမ်ပုဂ္ဂိုလ်သည် သကဒါဂါမ်ဘဝက ခေါင်းပါးအောင် ပြုထားပြီးသော ကာမရာဂ (လောဘတစ်စိတ်)နှင့် ဒေါသ (ဗျာပါဒ) တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်ပြီးဖြစ်သည်။ ကာမရာဂကို ပယ်သတ်ပြီးဖြစ်၍ ကာမဘုံ၌ တဖန် ပဋိသန္ဓေနေရန် မရှိပြီ၊ ထို့ကြောင့် ဤလူ့ဘုံ၌ ရဟန္တာဖြစ်လျှင် ဖြစ်၊ မဖြစ်က ရူပဘုံ, အရူပဘုံ၌ ပဋိသန္ဓေနေ၍ ထိုမှတစ်ဆင့် နိဗ္ဗာန် ရနိုင်သည်။

၄။ ရဟန္တာပုဂ္ဂိုလ်ကား ကိလေသာ (၁၀)ပါးစလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ပါသည်။

စာမျက်နှာ-539

ဝိပဿနာဉာဏ်

အခန်း (၁၄) ဝိပဿနာဉာဏ် (၁၀)ပါး

ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထ ဘာဝနာကို ပွားများအားထုတ်ရသည်။ သမထဘာဝနာဟူသည်မှာ အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်ရှုမှတ်ပွားများအပ်သော နီဝရဏ တရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀)ပါး စသည်တို့ပင် ဖြစ်ပါသည်။ တရားကိုယ်မှာ သမာဓိတရားဖြစ်၍ မိမိစိတ်ကို သမာဓိနှင့် အမြဲယှဉ်စေလျက် တစ်ခုတည်းသော အာရုံ၌ သက်ဝင်ပြီး တည်ငြိမ်ရင့်ကျက်လာအောင် ပြုစု ပျိုးထောင်ပေးခြင်း - ဖြစ်သည်။ သမာဓိသိက္ခာကို ပြည့်စုံအောင် ထူထောင်ပြီး သောအခါမှ ဝိပဿနာဘာဝနာကို ပွားများအားထုတ်ရပါမည်။ ဝိပဿနာ အရမှာ ပညာဖြစ်၍ ပညာသိက္ခာကို ပြည့်စုံအောင် ဖြည့်ကျင့်ဆည်းပူးခြင်း ဖြစ်သည်။ တေဘူမက ရုပ်နာမ်တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု အဖန်ဖန် အထပ်ထပ် ရှုမှတ် ပွားများခြင်းသည် “ဝိပဿနာဘာဝနာ” မည်သည်။ တေဘူမက ရုပ်နာမ်တရားတို့ကို လူပဲ နတ်ပဲ ဗြဟ္မာပဲ ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် သိမြင်မှတ်ထင်မှု၊ နိစ္စ သုခ အတ္တ သုဘဟု သိမြင် မှတ်ထင်မှု အမှတ်မှား အသိမှား အယူမှားတွေကို ပယ်စွန့်ပြီး နာမ်ပဲ, ရုပ်ပဲ, အနိစ္စ ဒုက္ခ အနတ္တ အသုဘပဲဟု စွဲစွဲမြဲမြဲ ရှုတတ် မြင်တတ် သိတတ်သော ပညာသည် “ဝိပဿနာဉာဏ်” မည်သည်။ (လက္ခဏ)

ဝိပဿနာဉာဏ်စဉ် (၁၀)ပါး

ထိုဝိပဿနာဉာဏ်သည် တစ်မျိုး တစ်စားတည်း မဟုတ်၊ ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဖြစ်စဉ်အားဖြင့် (၁၀)မျိုးရှိသည်။ ယင်းတို့မှာ အောက်ပါတို့ဖြစ်၏-

(၁) သမ္မသနဉာဏ် = အဓိကအားဖြင့် မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ် သုံးပါးသို့တင်၍ သုံးသပ်ဆင်ခြင်တတ်သောဉာဏ်၊

စာမျက်နှာ-540
(၂) ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲ ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာပင် ချုပ်ပျောက် ပျက်စီးသွားကြပုံကို ရှုဆင်ခြင်သောဉာဏ်၊ အဖြစ်အပျက်ကို ရှုသော ဉာဏ်တည်း။

(၃) ဘင်္ဂဉာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်မဖက် အပျက်ကိုချည်းသာ ရှုမြင်သောဉာဏ်၊

(၄) ဘယဉာဏ် = ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်ကိုချည်း တွေ့မြင် နေရသဖြင့် ရုပ်နာမ်သင်္ခါရတရားတို့ကို ကြောက်ဖွယ် လိလိ ဘေးကြီးအတိဟု ထင်မြင်သောဉာဏ်၊

(၅) အာဒီနဝဉာဏ် = ကြောက်ဖွယ်လိလိ ဘေးအတိ ရှုမြင်ရသဖြင့် ရုပ်နာမ်သင်္ခါရတရားတို့၌ အပြစ်ဟု ထင်မြင်သော ဉာဏ်၊

(၆) နိဗ္ဗိဒါဉာဏ် = အပြစ်ဟု ထင်မြင်နေရသော ရုပ်နာမ်သင်္ခါရတရားတို့ အပေါ်၌ မတွယ်တာ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့ သောဉာဏ်၊

(၇) မုစ္စိတုကမျတာဉာဏ်= သင်္ခါရ တရားတို့အပေါ်၌ ငြီးငွေ့လာ၍ ထိုခန္ဓာ ငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်လိုသော ဉာဏ်၊

(၈) ပဋိသင်္ခါဉာဏ် - ထွက်မြောက်ရန် အကြောင်း၏ ပြည့်စုံခြင်းငှါ ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရ တရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ ရှုမှတ်ဆင်ခြင်သောဉာဏ်၊

(၉) သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို မဖြစ်စေဘဲ လျစ်လျူရှုနိုင်သော ဉာဏ်၊

(၁ဝ) အနုလောမဉာဏ် = အောက်အောက်သော ဝိပဿနာဉာဏ်များနှင့် အထက် မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရား အားလျော်သော ဉာဏ်တို့ဖြစ်သည်။ (ဘေဒ)

စာမျက်နှာ-541

ဝိပဿနာဉာဏ်ကိစ္စ

ဝိပဿနာဉာဏ် (၁၀)ပါးသည် တစ်ပါးနှင့် တစ်ပါး ရှုမှတ်ပုံချင်း မတူပါ၊ တသီးတခြားစီ ရှုမှတ်ဆင်ခြင်ကြသည်၊ ရှုမှတ်ပုံကိစ္စ အသီးသီးရှိသည်။ ဝိပဿနာ သီးခြားကိစ္စများမှာ-

ဉာဏ် (၁၀)ပါး၏ ရှုမှတ်ပုံ

(၁) သမ္မသနဉာဏ်ကိစ္စ = ကလာပသမ္မသနနည်း, အဒ္ဓါသမ္မသနနည်း, သန္တတိ သမ္မသနနည်း, ခဏသမ္မသနနည်းအားဖြင့် ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်ခြင်း၊

(၂) ဥဒယဗ္ဗယဉာဏ်ကိစ္စ = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲ ဖြစ်ပေါ် လာပုံ ဥပါဒ်နှင့် မကြာခင်မှာပင် ချုပ်ပျက်သွားပုံ ဘင်ကို ရှုမှတ်ခြင်း၊

(၃) ဘင်္ဂဉာဏ်ကိစ္စ = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်, အပျက်တို့က အလွန် လျင်မြန်ရကား အဖြစ် ဥပါဒ်ကို မရှုမှတ်တော့ဘဲ အပျက် ဘင်ကိုချည်းသာ ရှုမှတ်ခြင်း၊

(၄) ဘယဉာဏ်ကိစ္စ = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရ တရားတို့၏ အပျက် ကိုချည်း တွေ့မြင်နေရ၍ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို ကြောက်မက်ဖွယ်ဘေးကြီးအဖြစ် ရှုမှတ်ခြင်း၊

(၅) အာဒီနဝဉာဏ်ကိစ္စ = ကြောက်မက်ဖွယ် ဘေးကြီးအဖြစ် ထင်မြင်လာ သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အပြစ်ဟု ရှုမှတ်ခြင်း၊

(၆) နိဗ္ဗဒါဉာဏ်ကိစ္စ = အပြစ်မြင်ထားသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အပေါ်၌ မတွယ်တာမပျော်ပိုက်တော့ဘဲ ငြီးငွေ့ခြင်း၊

(၇) မုစ္စိတုကမျတာဉာဏ်ကိစ္စ= ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ငြီးငွေ့လာ၍ ထိုခန္ဓာ ငါးပါး ရုပ်နာမ် သင်္ခါရတရားတို့မှ လွတ်မြောက်လိုခြင်း၊

စာမျက်နှာ-542
(၈) ပဋိသင်္ခါဉာဏ်ကိစ္စ = တေဘူမက ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်း၏ အကြောင်းနှင့် ပြည့်စုံစေရန် အပြစ်မြင်ထားသည့် သင်္ခါရတရားတို့ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံရှုမှတ်ခြင်း၊

(၉) သင်္ခါရုပေက္ခာဉာဏ်ကိစ္စ=အပြစ်မြင်၍ စွန့်လွှတ်လိုက်ပြီးသော ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတို့၌ ကြောက်ခြင်း, နှစ်သက် ခြင်း, အပြစ်မြင်ခြင်း စသည်ဖြင့် မရှုမှတ်တော့ဘဲ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟုသာ ရှုမှတ်ခြင်း၊

(၁ဝ) အနုလောမဉာဏ်ကိစ္စ=အောက်အောက် ဝိပဿနာဉာဏ်များနှင့် အထက် မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယ တရားအား လျော်အောင် ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟုပင် ရှုမှတ်ခြင်းတို့ဖြစ်သည်။ (ရသ)

ဝိပဿနာဉာဏ်ဘေးရန်

ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဖြစ်ပုံပျက်ပုံကို ဥဒယဗ္ဗယဉာဏ်ဖြင့် အဖန်ဖန် ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် အလွန်သန့်ရှင်း ကြည်လင်ရကား ဩဘာသ စသော တရားများ ဖြစ်ပေါ်လာတတ်သည်။ ယင်းတရား(၁၀)မျိုးတို့မှာ-

(၁) ဩဘာသ = ယောဂီပုဂ္ဂိုလ်၏ ဉာဏ်နုံ့မှု ထက်မြက်မှုအလိုက် ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာတတ်၏။

(၂) ပီတိ = ခုဒ္ဒကာ ခဏိကာ ဩက္ကန္တိကာ ဥဗ္ဗေဂါ ဖရဏာ ဟူသော ပီတိငါးမျိုးလည်း ထိုက်သင့်သလို ဖြစ်ပေါ်လျက် အလွန် နှစ်သက်နေတတ်၏။

ခုဒ္ဒကာပီတိ =ကြက်သီး မွေးညင်း ထရုံမျှ သေးငယ်စွာ ဖြစ်သော ပီတိ၊

ခဏိကာပီတိ = လျှပ်စစ်ပြက်သလို ခဏ ခဏဖြစ်၍ ခဏ ခဏပျက်သော ပီတိ၊

ဩက္ကန္တိကာပီတိ= ဒီရေ လှိုင်းလုံးကြီး လွှမ်းဖုံး လာသကဲ့သို့ တစ်ကိုယ်လုံး လွှမ်းဖုံးသက်ရောက်သော ပီတိ၊

စာမျက်နှာ-543
ဥဗ္ဗေဂါပီတိ = မိမိအဟုန်ဖြင့် ကိုယ်ကို အထက်သို့ မြှောက်တင် နိုင်သော ပီတိ၊

ဖရဏာပီတိ =တစ်ကိုယ်လုံးမှာ ကြာရှည်စွာ ပျံ့နှံ့ ယိုစီးနေသော ပီတိ၊

(၃) ပဿဒ္ဓိ = ကိုယ်စိတ်နှစ်မျိုးလုံးပင် အေးမြငြိမ်းချမ်းသဖြင့် ကာယ ပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှစ်မျိုးလည်း ဖြစ်ပေါ်လာ၏။

(၄) အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ စူးစူးစိုက်စိုက် သက်ဝင် ဆုံးဖြတ် ယုံကြည်တတ်သော သဒ္ဓါလည်း ဖြစ်ပေါ်လာ၏။

(၅) ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မတွန့်ဆုတ်ရအောင် အားပေး ချီးမြှောက် ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ် လာ၏။

(၆) သုခ = ဆီထိသော ဝါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး၌ မွန်မြတ်သော စိတ္တဇရုပ်တွေကို ပျံ့နှံ့ ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။

(၇) ဉာဏ = ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ သွက်လက် လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာ၏။

(၈) ဥပဋ္ဌာန = မြင်းမိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့ ခိုင်မြဲသော သတိလည်း ဖြစ်ပေါ်လာ၏။

(၉) ဥပေက္ခာ = သင်္ခါရတရားတို့၏ အဖြစ်အပျက်ကို ဗျာပါရ မများရ တော့ဘဲ အလွယ်တကူ အသင့်အားဖြင့် ရှုနိုင်သည့် တတြမဇ္ဈတ္တုပေက္ခာ ခေါ်သော ဝိပဿနုပေက္ခာ၊ ထို ဖြစ်မှုပျက်မှုကို ဆင်ခြင်လိုသည့်အခါ၌ အလွန်လျင်မြန်စွာ ဆင်ခြင်နိုင်သည့် စေတနာဟူသော အာဝဇ္ဇနုပေက္ခာ တို့လည်း ဖြစ်ပေါ်လာ၏။

(၁၀) နိကန္တိ = ဩဘာသ စသည်တို့ဖြင့် တန်ဆာဆင်ထားသကဲ့သို့ ဖြစ်သော ဝိပဿနာကို သာယာနှစ်သက်တတ်သော တဏှာသည် နိကန္တိမည်၏။ ထိုနိကန္တိလည်း ဖြစ်ပေါ် လာတတ်ပေသည်။

စာမျက်နှာ-544
ရှေးယခင်က မိမိစိတ်အစဉ်မှာ တစ်ကြိမ် တစ်ခါမျှ မဖြစ်ဖူးဘဲ ယခုမှ ထူးကဲစွာ ဖြစ်ပေါ်လာကြသည့် သြဘာသ စသည်တို့ကို “ငါ့မှာ ဖြစ်၏” ဟု စွဲလမ်းသော ဒိဋ္ဌိ၊ “အလွန်နှစ်သက်ဖွယ် ကောင်းပေသည်”ဟု မှတ်ထင်တတ်သော မာန၊ “ငါ၏ သြဘာသ” စသည်ဖြင့် တွယ်တာ စွဲလမ်းတတ်သော တဏှာ၊ ဤတရားသုံးမျိုးတို့၏ တည်ရာမှီရာ အာရုံဖြစ်၍ ဝိပဿနာကို ညစ်နွမ်းစေတတ် သောကြောင့် ဝိပဿနာ ညစ်ညူးကြောင်းတရား (ဝိပဿနုပတ္တိလေသ) ဟု ခေါ်သည်။

ကိုယ်ရောင်ကိုယ်ဝါ ထွက်လာသောအခါ “ငါ့မှာ ရှေးက ဤကိုယ်ရောင်ကိုယ်ဝါ များ မဖြစ်ဖူးချေ။ ဤကိုယ်ရောင်ကိုယ်ဝါကို ဖြာထွက်စေနိုင်သော စိတ်သည် မဂ်စိတ်, ဖိုလ်စိတ်ပင် ဖြစ်ရမည်၊ ငါမဂ်ရပြီ, ဖိုလ်ရပြီ”ဟု မှတ်ထင်ပြီးလျှင် အားထုတ်မြဲ ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ကိုယ်ရောင်ကိုယ်ဝါကိုသာ သာယာနှစ်သက်နေတော့သဖြင့် ဝိပဿနာ လမ်းလွဲရရှာတော့သည်။ ဤသို့သော အဖြစ်မျိုးဖြင့် သြဘာသ စသည် တို့သည် ဝိပဿနာလမ်းကြောင်းမှ သွေဖည်တိမ်းစောင်းသွားနိုင်သောကြောင့် ဝိပဿနာ၏ ဘေးရန်တို့လည်း မည်ပါသေးသည်။

မူရင်းဝိပဿနုပတ္တိလေသ (၁ဝ)ပါးကို တဏှာ မာန ဒိဋ္ဌိ ၃-ပါးဖြင့် မြှောက်ပွား လိုက်လျှင် ဥပက္ကိလေသ (၁၀)ပါး အပြား (၃၀)ဖြစ်သည်။ (မလ)

ဝိပဿနာဉာဏ်အကျိုး

သီလဝိသုဒ္ဓိ အစရှိသည့် ဝိသုဒ္ဓိ (၆)ပါးနှင့် ပြည့်စုံခြင်းကို အခြေခံထား၍ တေဘူမက ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးသို့တင်ပြီး ဝိပဿနာဉာဏ်စဉ် (၁ဝ)ပါးဖြင့် ရှုမှတ်ပွားများလိုက်ပါက မိမိတို့၏ ပါရမီကုသိုလ် အလျောက် သစ္စာလေးပါး အမှန်တရားကို သိတတ်, တိုက်ရိုက်မြင်တတ်၍ ကိလေသာ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သည့် “ဉာဏဒဿနဝိသုဒ္ဓိ“ခေါ်သော မဂ်စခန်း သို့ရောက်ပြီး ကျွတ်တမ်းဝင်ကာ အမတနိဗ္ဗာန်ချမ်းသာကို ရရှိ ခံစားရပါ လိမ့်မည်။ (ဖလ)

စာမျက်နှာ-545

အခန်း (၁၅) ယခုခေတ်ကမ္မဋ္ဌာန်းနည်းအမျိုးမျိုး

၁။ လယ်တီဆရာတော်

၂။ မင်းကွန်းဆရာတော်

၃။ မိုးညှင်းဆရာတော်

၄။ စွန်းလွန်းဆရာတော်

၅။ ဟံသာဝတီဆရာတော်

၆။ မဟာစည်ဆရာတော်

၇။ တောင်ပုလုဆရာတော်

၈။ မိုးကုတ်ဆရာတော်

၉။ နိဗ္ဗိန္ဒတောရဆရာတော်

၁ဝ။ ကသစ်ဝိုင်ဆရာတော်

၁၁။ ဝေဘူဆရာတော်

၁၂။ အနာဂါမ်ဆရာသက်ကြီး

၁၃။ ညောင်လွန့်တောရဆရာတော်

၁၄။ ရွှေဥဒေါင်းတောင်ဆရာတော်

လယ်တီဆရာတော်၏ ဝိပဿနာ၅နည်း

ကမ္မဋ္ဌာန်းရှုမှတ်လိုသော ယောဂီသည် ကမ္မဋ္ဌာန်းဆရာထံ နည်းခံ၍ တောအရပ်မှာ ဖြစ်စေ၊ သစ်ပင်ရင်းမှာ ဖြစ်စေ၊ တိတ်ဆိတ်သော နေရာမှာ ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ကိုယ်နေဖြောင့်ဖြောင့် ထိုင်ရမည်၊ မည်သည့် ကြောင့်ကြမှုမျှ မရှိစေဘဲ ဝင်သက်ထွက်သက်ကို သတိဖြင့် မပြတ် ရှုမှတ်နေရမည်။ ဤ၌ ထိုင်လျက် ဆိုသော်လည်း ထိုင်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ လျောင်းအိပ်ခြင်း လေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် အားထုတ်နိုင်သည်။

စာမျက်နှာ-546
ထို့ပြင် “ဆိတ်ငြိမ်ရာအရပ်”ဟု သမထ အလုပ်ကို ရည်စူး၍ ဆိုခြင်းဖြစ်သည်။ ဝိပဿနာအလုပ်ကား ဆိတ်ငြိမ်သော နေရာမှသာ ပေါက်ရောက်ပြီးမြောက် နိုင်သည်မဟုတ်ပါ။ ပါရမီဉာဏ်သာ အဓိကဖြစ်သည်။ လူထဲသူထဲ တရားနာရင်း အိမ်မှာ ထမင်းချက်ရင်း တရားပေါက်ရောက် ရရှိသွားသော ပုဂ္ဂိုလ်များကို ကျမ်းဂန်တို့တွင် တွေ့မြင်ရသည်။

ပထမ

ရှုမှတ်ကာစတွင် ထွက်သက်ဝင်သက် အရှည်အတိုကို နှလုံးမသွင်း သေးဘဲ နှာသီးဖျား၌ဖြစ်စေ၊ အထက်နှုတ်ခမ်းဖျား၌ဖြစ်စေ စိတ်ကို ခိုင်မြဲစွာ ထား၍ ဝင်လေထွက်လေတို့၏ ထိမှု ခိုက်မှုကို အာရုံစိုက်ရမည်။ “ဝင်လာပြီ” “ထွက်သွားပြီ”ဟု နှုတ်က ဆိုစရာမလို။ ဝင်တိုင်းထွက်တိုင်း သတိမလွတ်စေဘဲ သိအောင် အားထုတ်ရမည်။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် တတ်စွမ်းသမျှ မနားဘဲ အားထုတ်ရမည်။ ညောင်းလည်း မပြင်၊ ယားလည်းမကုတ်ဘဲ ဝင်သမျှ ထွက်သမျှ တစ်ခုမှ မလွတ်စေရပါ။ ဝင်တိုင်းထွက်တိုင်း သိအောင် ရှုမှတ်နေ ရမည်။ (အချို့ကား စိတ်ကို ရင်မှာထား၍ ရှုမှတ်ကြသေး၏။)

ဒုတိယအချက်

တဆင့်တက် ရှုမှတ်ရန်မှာ နှာသီးဖျား နှုတ်ခမ်းဖျား၌ ဝင်လေ ထွက်လေကို မလွတ်တမ်း ပိုင်အောင်မှတ်နိုင်လျှင် ဝင်သက်ထွက်သက် ရှည်လျှင် ရှည်မှန်းသိအောင် သတိထားပြီး “ရှည်တယ်”ဟု မှတ်ရမည်။ တိုလျှင် တိုမှန်းသိအောင် သတိထားပြီး “တိုတယ်”ဟု မှတ်ရမည်။ ရှည်မှုတိုမှုကို တစ်ခုမှ မလွတ်အောင် ရှုမှတ်နေရမည်။ ထွက်သက်ဝင်သက် နှေးလျှင် ရှည်သည်၊ မြန်လျှင် တိုသည်ဟု ဆိုလိုသည်။ အချို့ပုဂ္ဂိုလ်များကို ပင်ကိုအတိုင်း တစ်မိနစ် အကြိမ် (၃၈)လောက်၊ အချို့ (၄၀)လောက် ရှူသည်။ အရှည်အတို မညီကြ။

တတိယအချက်

ထို့ထက်တက်၍ ရှုမှတ်ရန်မှာ အရှည်အတိုကို ပိုင်ပိုင်မှတ်နိုင် ပြီးနောက် ဝင်သက်ဆိုလျှင် နှာသီးဖျား နှုတ်ခမ်းဖျားမှ ချက်သို့ ကျအောင် နှာသီးဖျား နှုတ်ခမ်းဖျား အစ၊ လည်ချောင်း အလယ်၊ ချက်အဆုံး သုံးပါး လုံးကို စိတ်ထဲမှာ ထင်ထင်ရှားရှား မြင်လာအောင် ရှုမှတ် ရမည်။ သမာဓိ ရလာလျှင် မှတ်၍ရသည်။

စတုတ္ထအချက်

ကား ထိုသို့စ-လယ်-ဆုံး သုံးပါးလုံးကို ပိုင်ပိုင်မှတ်နိုင်ပြီးနောက် ထွက်သက်ဝင်သက်များသည် တဖြည်းဖြည်း သိမ်မွေ့ လာကြလိမ့်မည်။ အချို့မှာ လူက သိမ်မွေ့အောင် အားထုတ်ရမည်။ အချို့မှာ လူက မလုပ်ရဘဲ သူ့အလိုလို သိမ်မွေ့လာပြီး ထွက်သက် ဝင်သက် ပျောက်သွားပြီ ထင်ရလောက်အောင် ဖြစ်လာတတ်သည်။ ထိုသို့ ထင်လာသောအခါ စိတ်အလွန်ပေါ့ပါးသွားပြီး ခန္ဓာ ကိုယ်ကြီး လေထဲ လွင့်ပျံသလို ထင်ရသည်။ ဤကား ပါဠိတော်နည်းတည်း။

စာမျက်နှာ-547

အဋ္ဌကထာနည်း

အဋ္ဌကထာအလို ... ပထမဂဏန်းကား ရေတွက်နည်းဟု နှစ်မျိုးရှိသည်။ ထိုတွင် နှာသီးဖျားမှာဖြစ်စေ၊ နှုတ်ဖျားမှာ ဖြစ်စေ စိတ်ထား၍ ထွက်သက်ဝင်သက်ကို “ထွက်တယ်၊ ဝင်တယ်”ဟု မှတ်သော အခါ အစတွင် စိတ်မငြိမ်သေး၍ ဝင်တိုင်း ထွက်တိုင်း မိအောင်မမှတ်နိုင်ဘဲ ရှိတတ်သည်။ မထင်ရှားသော ထွက်သက် ဝင်သက်ကို မရေတွက်ဘဲ ထင်ရှား သော ထွက်သက် ဝင်သက်ကိုသာ ရေတွက်ရမည်။

အနှေးရေတွက်နည်း

ရေတွက်ပုံမှာ တစ် နှစ် သုံး လေး ငါးဟု ငါးအထိ အဆုံးထား၍ တစ်မျိုး၊ တစ်မှခြောက်ထိ တစ်မျိုး၊ တစ်မှ ခုနစ်ထိ တစ်မျိုး၊ တစ်မှ ရှစ်ထိ တစ်မျိုး၊ တစ်မှ ကိုးထိ တစ်မျိုး၊ တစ်မှ တစ်ဆယ်ထိ တစ်မျိုးဟူ၍ ခြောက်မျိုးဖြင့် ရေတွက်ရမည်။ ထိုသို့ ခြောက်မျိုး ထိအောင် ရေတွက်ပြီးလျှင် ပထမတစ်မျိုးကို ပြန်ရှုပါ။ ထိုသို့ ခဏ ခဏ ခဏ ခဏ ရှုမှတ်၍ နေသားကျလာသည့်အခါ စိတ်ကို နှာခေါင်းဝစိုက်ထား၍ ထွက်သက်ဝင်သက် နှစ်မျိုးတွင် ထင်ရှားရာကို တစ်ဟု ရေတွက်ရသည်။ နှစ်ခုလုံး ထင်ရှားလျှင် အစဉ်အတိုင်း နှစ် သုံး လေး ငါးဟု ရေတွက်ရသည်။ မထင်ရှားလျှင် ရပ်တန့်၍ ထင်ရှားသော အချက်ပေါ်မှ နှစ် စသည် တက်၍ ငါးကျလျှင် တစ်က ပြန်စ ရ၏။ ထိုနည်းတူ တစ်ဆယ်မျိုးတိုင်အောင် ထင်ရှားသော ထွက်သက်ဝင်သက် ကိုသာ ကောက်၍ ရေတွက်သောကြောင့် နှေးသော ရေတွက်နည်းဟု ဆိုရသည်။

အမြန်ရေတွက်နည်း

ကား ဆိုခဲ့သည့်အတိုင်း ရှုမှတ်ဖန်များလတ်သော် ထင်ထင် ရှားရှား ရေတွက်ရသော အချက်များ ... များလာလိမ့်မည်။ တစ် နှစ် စသော မှတ်ချက်တို့ အပြတ်အလပ်မရှိ မှတ်နိုင်လာလိမ့်မည်။ ထွက်သက်ဝင်သက် အစဉ်နှင့် တစ်နှစ်စသော ဂဏာန်းအစဉ် မခုန်ကျော်၊ ထပ်ခနဲ ချပ်ခနဲ မိမိရရ ဖြစ်လာလိမ့်မည်။

ဂဏန်းအစဉ်များကို နှုတ်က ရွက်စရာ မလို၊ စိတ်ကသာ ရေရွတ်ရမည်။ အာရုံ မြန်မြန်ထင်သလောက် သတိက တိခနဲ ချပ်ခနဲ မှတ်ဖို့သာ အရေးကြီးသည်။ ဤကား မြန်မြန်ရေတွက်နည်းတည်း။

စာမျက်နှာ-548
ထို့နောက် မရေတွက်သော်လည်း ရေတွက်သကဲ့သို့ နှာဝ၌ ထွက်သက် ဝင်သက် ထိတိုင်း အသိနှင့်သတိ မြဲနေရမည်။ ထိုအခါ ဂဏန်းနည်းဖြင့် ရေတွက်ရှုမှတ်ရန် မလိုတော့ချေ။

ဒုတိယအချက် အနုဗန္ဓနာ (သတိဖြင့် အမြဲတမ်း စွဲမြဲထားမှု)

နည်းမှာ နှာဝ၌ စိတ်ကို အမြဲစိုက်ထားပြီး ဝင်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေဘဲ အစဉ်တွယ်ကပ်နေအောင် ရှုမှတ်သောနည်း ဖြစ်သည်။ ရေတွက်မှုမရှိဘဲ ထိမှု၊ သိမှု အစဉ်မှန်အောင် “ဝင်နေတယ်၊ ထွက်နေတယ်” ဟု ပဋိဘာဂနိမိတ် ပေါ်သည်အထိ ရှူမှတ်နေရမည်ဟု ဆိုလိုသည်။ ဖော်ပြပါ ဂဏန်းနည်း၊ အနုဗန္ဓနာနည်း နှစ်မျိုးလုံး ထိရာဌာနကို မလွတ်စေရပါ။

ထိုသို့ ပဋိဘာဂနိမိတ် ထင်ပြီးနောက် ထိုနိမိတ်ကို မကွယ်ပျောက်စေဘဲ ထင်ထင်ရှားရှား ပွင့်လင်းသွားအောင် အာရုံ၌ စိတ်ကို ဖိဖိစီးစီးထား၍ စူးစိုက် မှတ်ရမည်။ ထိုနည်းကို ထပနာ (စိတ်ကို ဖိကပ်ထားမှု) နည်းဟု ခေါ်သည်။

ဤကား သမထစခန်း ဖြစ်သည်။ သမာဓိရအောင် အားထုတ်နည်း ဖြစ်သည်။ ဤသို့ အားထုတ်၍ သမာဓိ အားကောင်းလာသောအခါ သမာဓိစခန်းမှ ဝိပဿနာလမ်းသို့ တက်ရမည်။ ထွက်သက် ဝင်သက်တို့၏ ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်မှုနှင့် ရုပ်နာမ်တရားတို့ကို အနိစ္စ (မမြဲ)၊ ဒုက္ခ (ဆင်းရဲ၏)၊ အနတ္တ (အနှစ်အသားမရှိ)ဟု ရှုမှတ်ရမည်။

ဤ၌ ရုပ်သည် နာမ်ထက် ဉာဏ်၌ ထင်လွယ်သောကြောင့် ရုပ်ကို စ၍ ရှုမှ ပေါက်ရောက်လွယ်သည်။ ထွက်သက်ဝင်သက်သည် သမာဓိရလွယ်ခြင်း၊ ထင်မြင် လွယ်ခြင်းတို့ကြောင့် ရိပ်သာများ၌ ထွက်သက်ဝင်သက်ကို အားထုတ်ကြခြင်း ဖြစ်သည်။ ထွက်သက်ဝင်သက်ကို ရှုမှတ်၍ အညောင်းအညာ ဝေဒနာ ပေါ်လာ သောအခါ ထိုဝေဒနာကို ရှုမှတ်ရမည်။ ထိုသို့ ရှုမှတ်လျှင် ဝေဒနာနုပဿနာ¹ ဖြစ်သည်။ ထိုသို့ ရှုမှတ်ရင်း ကြံစည်တွေးတောလျှင် ထိုစိတ်ကို မှတ်ရမည်။ ထိုသို့ မှတ်လျှင် စိတ္တာနုပဿနာ² ဖြစ်သည်။ ကာမဂုဏ်အာရုံကို ကြံစည်လျှင် ထိုအကြံကို လိုက်မှတ်ရမည်။ ထိုသို့ ရှုမှတ်က ဓမ္မာနုပဿနာ³ ဖြစ်သည်။

၁။ ဝေဒနာကို အဖန်ဖန် ရှုမှတ်ခြင်း။

၂။ စိတ်ကို အဖန်ဖန် ရှုမှတ်ခြင်း။

၃။ လောဘ စသော သဘောတရားကို အဖန်ဖန် ရှုမှတ်ခြင်း။

စာမျက်နှာ-549
ဆိုခဲ့သည့်အတိုင်း ထွက်သက်ဝင်သက် ဟူသော အာနာပါနကို ထူထောင်၍ အားထုတ်နေခြင်းသည် ယောဂီပုဂ္ဂိုလ်၏ ပါရမီအလျောက် တစ်ရက်၊ နှစ်ရက် တစ်လ၊ နှစ်လ၊ တစ်နှစ်၊ နှစ်နှစ်နှင့် မဂ်ဖိုလ်ရောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ကြပါသည်။

ထိုသို့ နိဗ္ဗာန်ကို ယခုဘဝ မျက်မှောက် မပြုနိုင်စေကာမူ-

(၁) ရတနာသုံးပါးကို ယခင်ကထက် ကြည်ညိုတတ်ခြင်း၊

(၂) သေရမည့် ဘေးကို တရားအားမထုတ်ခင်ကလောက် မကြောက်ခြင်း၊

(၃) မတရားလိုချင်မှု (ဝိသမလောဘ)၊ မတရားတပ်မက်မှု (အဓမ္မရာဂ) မဖြစ်တော့ခြင်း၊

(၄) ရသမျှနှင့် ရောင့်ရဲနိုင်ခြင်း၊

(၅) ကုသိုလ်၌ မွေ့ပျော်ခြင်း-

စသော အကျိုးတရားများကို တရားအားထုတ်သူတိုင်း ခံစားကြရမည် ဖြစ်သည်။

မင်းကွန်းဆရာတော်၏ ဝိပဿနာရှုနည်း

“ထိုင်တယ်၊ အိပ်တယ်၊ သွားတယ်၊ စားတယ်”ဟု ရှုမှတ်ရသောနည်းသည် ကာယာနုပဿနာ (ရုပ်အပေါင်းကို အဖန်ဖန်ရှုမှတ်မှု) ဖြစ်သည်။ သွားသည့်အခါ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်”ဟု မှတ်ရသည်။ သွားလာစဉ်မှာ အာရုံတစ်ခုခုကို မြင်လျှင် “မြင်တယ် မြင်တယ်”၊ ကြားလျှင် “ကြားတယ် ကြားတယ်”၊ နံလျှင် “နံတယ် နံတယ်”ဟု မှတ်ရသည်။

ထမင်းစားလျှင် “စားတယ် စားတယ်”ဟု မှတ်ရသည်။ မှတ်ကျင့်ရလာ သည့်အခါ ထို့ထက် အမှတ်စိပ်ပြီး မှတ်ရမည်။ စားရန် ဇွန်းကို ကိုင်လျှင် “ကိုင်တယ် ကိုင်တယ်”၊ ဟင်းကိုခပ်လျှင် “ခပ်တယ် ခပ်တယ်”၊ ယူလာလျှင် “ယူတယ် ယူတယ်” စသည်ဖြင့် အမူအရာတိုင်းကို မှတ်ရမည်။ အားထုတ်စမှ ဆယ်ရက်လောက်အထိ ဟိုသည် အာရုံများပြီး ထင်သလောက် မရှုမှတ်နိုင်၊ သမာဓိ မရနိုင် ဖြစ်တတ်သည်။

စာမျက်နှာ-550
ကောင်း၊ မကောင်း မည်သည့် အာရုံကို မြင်မြင် “မြင်တယ် မြင်တယ်” ဟု မှတ်ရမည်။ မှတ်ဖန်များလျှင် မြင်သော အာရုံများသည် “မြင် သိ ပျက်” “မြင် သိ ပျက်”နှင့် ပြောင်းလဲဖြစ်ပျက်သွားတတ်သည်။ ထိုအခါ မြင်သည့် အဆင်းက ရုပ်၊ သိတာက နာမ်ဟု ရုပ်နှင့်နာမ်ကို ခွဲခြားသိမြင်လာတတ်သည်။ ရှူမှတ်သည့်အခါ တစ်ခုခုကို သိအောင် မိအောင် ရှုမှတ်ရသည်။ ထိုသို့ မရှု မှတ်လျှင် တိုက်ဆိုင်ထိတွေ့မှု (ဖဿ) ကြောင့် ခံစားမှု (ဝေဒနာ) ဖြစ်ပြီး ခံစားမှု (ဝေဒနာ) ကြောင့် နှစ်သက်မှု (တဏှာ)၊ စွဲလမ်းမှု (ဥပါဒါန်) စသည့် အကုသိုလ်တရားများ ဖြစ်ပွားလာတတ်သည်။

ထို့ကြောင့် တစ်ခုနှင့် တစ်ခု၊ တစ်သဘောနှင့် တစ်သဘော ပြောင်းလဲ၍ ဖြစ်ပျက်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုမှတ်ရမည်။ တရားသဘောအတိုင်း ပြောင်းလဲ ဖြစ်ပျက်ပုံကို တွေ့လျှင် တဏှာမဖြစ်၊ တဏှာချုပ်လျှင် နောက် ဘဝပေါင်းအသင်္ချေ ဆက်ဖြစ်နေဦးမည့် ဥပါဒါန်ကံများလည်း ချုပ်ကြတော့သည်သာ ထိုအခါ ကောင်းသည့်အာရုံတွေ့လည်း တဏှာမဖြစ်၊ မကောင်းသည့် အာရုံတွေ့လည်း ဒေါသမဖြစ်၊ ကောင်း၊ မကောင်း အာရုံတွေ့လည်း မောဟ မဖြစ်တော့ချေ။

ထိုမျှသာမက မြင်တာကို “မြင်တယ် မြင်တယ်”ဟု ရှုမှတ်ရာတွင် တစ်မှတ် တစ်မှတ်၌ မဂ္ဂင် (နိဗ္ဗာန်ဝင်ရာလမ်း) ရှစ်ပါး ဖြစ်နိုင်သည်။ ရုပ်နာမ်တို့၏ဖြစ်ပျက် ပုံကို အမှန်သိမြင်ခြင်းသည် သမ္မာဒိဋ္ဌိ (မှန်စွာမြင်မှု) မဂ္ဂင်၊ ဖြစ်ပျက်အပေါ် စိတ်ကို တင်ထားလိုက်ခြင်းသည် သမ္မာသင်္ကပ္ပ (မှန်စွာကြံမှု) မဂ္ဂင် ဖြစ်သည်။ ဤနှစ်ပါးသည် ပညာမဂ္ဂင်တည်း။

ရှုမှတ်သော အာရုံမှာ စိတ်တည်ကြည်သွားခြင်းသည် သမ္မာသမာဓိ (မှန်စွာ တည်ကြည်မှု) မဂ္ဂင်၊ စိတ်မလွင့်သွားရအောင် ဆွဲဆောင်ထားခြင်းသည် သမ္မာဝါယာမ (မှန်စွာ အားထုတ်မှု) မဂ္ဂင်၊ ရှုမှတ်၍ ရခြင်း၊ သိနေခြင်းသည် သမ္မာသတိ (မှန်စွာ သိမှတ်မှု) မဂ္ဂင် ဖြစ်သည်။ ဤမဂ္ဂင် သုံးပါးသည် သမာဓိ မဂ္ဂင် ဖြစ်သည်။

ထိုသို့ မှတ်နေသည့်အခိုက် မကောင်းသော ဝစီကံဒုစရိုက်ကို မကျူးလွန် ခြင်းသည် သမ္မာဝါစာ (မှန်စွာ ပြောဆိုခြင်း) မဂ္ဂင် ဖြစ်သည်။ မကောင်းသော ကာယကံဒုစရိုက်ကို မကျူးလွန်ခြင်းသည် သမ္မာကမ္မန္တ (မှန်စွာ ပြုမှု) မဂ္ဂင်ဖြစ်သည်။ တရားရှုမှတ်နေစဉ် အသက်မွေးမှုဆိုင်ရာ ကာယကံ၊ ဝစီကံဒုစရိုက်များကို မကျူးလွန်ခြင်းသည် သမ္မာအာဇီဝ (မှန်စွာ အသက်မွေးမှု) မဂ္ဂင် ဖြစ်သည်။ ဤသုံးပါးကို သီလမဂ္ဂင်ဟု ခေါ်သည်။ ထို့ကြောင့် ရှုမှတ်သည့် အမှတ်တိုင်း အမှတ်တိုင်းမှာပင် မဂ္ဂင်ရှစ်ပါး ပါဝင်သည်ဟု ဆိုရခြင်းဖြစ်သည်။

စာမျက်နှာ-551
ထိုသို့ ရှုမှတ်စဉ် မြင်သည့်အဆင်းက ရုပ်၊ မြင်တာက ရုပ်၊ သိတာက နာမ်ဟု အမြင်ကွဲပြားသိခြင်းသည် နာမရူပပရိစ္ဆေဒ (နာမ်နှင့် ရုပ်ကို ခွဲခြားသိမြင်မှု) ဉာဏ်ဖြစ်သည်။ မျက်စိအကြည်၊ အဆင်းရုပ်၊ အလင်းရောင်၊ နှလုံးသွင်း တို့ကြောင့် မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်) ဖြစ်ရသည်ဟု အကြောင်းအကျိုးကို သိမြင်ခြင်း၊ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပေါ်ပြီးနောက် ပျက်ပျက်သွား၍ အနိစ္စ၊ မပျက်စီးအောင် အောင့်အည်းမရဘဲ ပျက်ပျက်သွား၍ ဒုက္ခ၊ ထိုသို့ ပျက်ပျက် နေ၍ ကိုယ်အလိုမကျသဖြင့် အနတ္တဟူ၍ သိမြင်ခြင်းသည် သမ္မသနဉာဏ်၊ ဤသို့ စသည်ဖြင့် ဉာဏ်စဉ်များ အဆင့်ဆင့်တက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါသည်။

အထူးအားဖြင့် မည်သည့်ဝိပဿနာဆရာတော်၏ နည်းပင်ဖြစ်စေ သမာဓိ ရအောင် ပထမအားထုတ်ရသည်၊ သတိခိုင်လျှင် သမာဓိပိုင်သည်၊ သမာဓိ ပိုင်လျှင် ဝိပဿနာနိုင်ပါသည်။ ဝိပဿနာနိုင်လျှင် ဝိဇ္ဇာခေါ် အလင်းဓာတ် ပေါ်လာမည် ဖြစ်ပါသည်။

မိုးညှင်းဆရာတော်၏ ဝိပဿနာရှုနည်းအကျဉ်း

မိမိတို့ ရှူနေကျ ထွက်သက် ဝင်သက်ကား အနိစ္စ (မမြဲ)၊ စင်္ကြံသွားမှုလည်း အနိစ္စ (မမြဲ) စသည်ဖြင့် အမူအရာ မှန်သမျှနှင့် ရုပ်နာမ်အားလုံးကို ဖြစ်ပျက် ရှုမှတ်နေရမည်။ ဉာဏ်ဖြင့် ကြည့်၍ ဥဒယဗ္ဗယ (ဖြစ် ပျက်) ဉာဏ်ထင်အောင် ရှုရမည်။ ထို့နောက် ထိုထိုရုပ်နာမ်တို့၏ အပျက်ကို ဉာဏ်ဖြင့် ကြည့်၍ “ပျက် ပျက် ပျက်” ဟု ဖြစ်စေ၊ “ပျောက် ပျောက် ပျောက်” ဟု ဖြစ်စေ၊ “မရှိ မရှိ မရှိ”ဟု ဖြစ်စေ၊ “အနိစ္စ အနိစ္စ (မမြဲ မမြဲ)”ဟု ဖြစ်စေ ဘင်္ဂ (အပျက်) ဉာဏ်၊ ဘယ (ဘေးမြင်) ဉာဏ်၊ အာဒီနဝ (အပြစ်မြင်) ဉာဏ်၊ နိဗ္ဗိန္ဒ (ငြီးငွေ့) ဉာဏ်၊ မုစ္စိတုကမျတာ (လွတ်မြောက်လိုမှု) ဉာဏ် စသည်တို့ ထင်မြင်လာအောင် နေ့ရောညပါ မပြတ် ရှုမှတ်ရမည်။

ရုပ်နာမ် အကြောင်းအဆက်ဆက်ကြောင့် ရုပ်နာမ် အကျိုးအဆက်ဆက်တို့ ဖြစ်ပျက်နေသည်ကို ရှုမှတ်၍ သိမြင်ပါက နည်းလေးပါးတို့ကို သိမြင်နိုင်ပါသည်။

သိပ္ပံကား

အစ မထင် သံသရာက စ၍ အဆုံးမရှိသည့် ကာလကျအောင် သတ္တဝါတစ်ဦးစီတို့ ဆက်စပ်၍ ဖြစ်ပျက်နေသည်ကို ထင်မြင်ခြင်း (ဧကတ္တ) နည်း။

စာမျက်နှာ-552
တဖန် အကြောင်းအကျိုးတို့ဆက်စပ်နေကြသော်လည်း အကြောင်းတခြား၊ အကျိုးတခြားဟု ထင်မြင်ခြင်း (နာနတ္တ) နည်း။

ထိုအကြောင်း အဆက်ဆက်တို့ကြောင့် အကျိုးအဆက်ဆက်တို့ ဖြစ်ကြ ရာတွင် အကြောင်းအဆက်ဆက်က အကျိုးအဆက်ဆက်ကို ဖြစ်စေရဦးမည်ဟု ကြောင့်ကြ ဗျာပါရ မရှိသည်ကို ထင်မြင်ခြင်း (အဗျာပါရ) နည်း။

ထိုသို့ ကြောင့်ကြဗျာပါရ မရှိကြသော်လည်း အကျိုးဖြစ်စေသောအခါ အကြောင်းအားလျော်စွာ အကျိုးဖြစ်ပေါ်လာသည်ကို ထင်မြင်ခြင်း (ဧဝံဓမ္မတာ) နည်း။

ဤကား “ပျက် ပျောက် မရှိ အနိစ္စ” စသည်ဖြင့် ရှုသူတို့အား ပဋိစ္စသမုပ္ပါဒ် နည်းလေးပါး ထင်လာပုံတည်း။

ထို့ပြင် အစမထင် သံသရာက အဆုံးမရှိ သံသရာကျအောင် ကြောင်းကျိုး တရားတို့ တစပ်တည်း ဆက်လက်ဖြစ်ပေါ်နေသည်ကို ဝိပဿနာဉာဏ်မှာ ထင်မြင် လာလျှင် “သတ္တဝါများ သေပြီးပြတ်သည်ဟု အထင်မှားသော ဥစ္ဆေဒဒိဋ္ဌိ” ကို ကိုယ်တိုင် သိလာရ၏။ တဖန် ထိုသို့ ကြောင်းကျိုး ဖြစ်ပျက်နေပုံကို ထင်မြင်လျှင် “သတ္တဝါတို့ တစ်ဘဝပြီးတစ်ဘဝ ကူးဆက်၍ လိုက်ပါ ဖြစ်ပျက်နေသည်ဟု အထင် မှားသော သဿတဒိဋ္ဌိ” ကို လည်းကောင်း၊ “သတ္တဝါတို့ကို တစုံတယောက်က ဖန်ဆင်းသည်ဟု အထင်မှားသော ဣဿရ နိမ္မာနဒိဋ္ဌိ” ကို လည်းကောင်း၊ “ဖြစ်ဖြစ်သမျှ ချမ်းသာဆင်းရဲတို့သည် ရှေးကံဟူသော အကြောင်းတစ်ခုတည်း ကြောင့်သာ ဖြစ်လာရ၏ဟု အထင်မှားသော ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ကို လည်းကောင်း၊ အခြား အယူမှားများကိုလည်းကောင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်နိုင်ကြပေသည်။

ထို့ပြင် ဤဘဝ ရုပ်နာမ်တို့သည် နောက်ဘဝသို့ မလိုက်နိုင်ကြဘဲ ဤဘဝ တွင်သာ ချုပ်ပျောက်ပျက်စီးသောကြောင့် “အနိစ္စ အနိစ္စ” ဟု လည်းကောင်း၊ ချုပ်ပျောက် သေဆဲ ဆင်းရဲသောကြောင့် “ဒုက္ခ ဒုက္ခ” ဟု လည်းကောင်း၊ ထိုသို့ ချုပ်ပျောက်သေသဖြင့် အလိုမကျ အစိုးမရသောကြောင့် “အနတ္တ အနတ္တ”ဟု လည်းကောင်း ထင်မြင်အောင် ရှုမှတ်ရမည်။

အရွယ်၊ အချိန်၊ ရှေ့တိုး၊ နောက်ဆုတ် စသော အမူအရာ စသည်တို့၌လည်း ပထမအရွယ်က ရုပ်နာမ်သည် ဒုတိယအရွယ်သို့ မလိုက်ပါပုံ၊ ရှေ့အချိန်ရှိ ရုပ်နာမ်သည် နောက်အချိန်သို့ မလိုက်ပါပုံ၊ ရှေ့အမူအရာရှိ ရုပ်နာမ်သည် နောက်အမူအရာသို့ မလိုက်ပါပုံ စသည်တို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်ရမည်။

စာမျက်နှာ-553

အာဟာရဇ (အစားအစာကြောင့် ဖြစ်သော)

ရုပ်ကို ရှုပုံကား အစာမစားရ သဖြင့် အာဟာရဇရုပ်တို့ လျော့ပါးပုံ၊ ဆာလောင်နုံးခွေပြီး အဆင်းပျက်ပုံ၊ အစာစားရသဖြင့် ရွှင်လန်းချမ်းသာ ဝဖြိုးလာပုံ၊ ဆာရုပ်၊ နွမ်းရုပ်တို့ ပျက်ပျက် သွားပုံတို့ကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။

ဥတုဇ (အအေးအပူကြောင့် ဖြစ်သော)

ရုပ်ကို ရှုပုံကား သတ္တဝါတို့၏ အပူအဆက်ဆက်က အအေး အဆက်ဆက်ကို ပျက်စေပုံနှင့် အအေး အဆက် ဆက်က အပူအဆက်ဆက်ကို ပျက်စေပုံတို့ကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။

ကမ္မဇ (ကံကြောင့်ဖြစ်သော)

ရုပ်တို့ကို ရှုပုံကား မျက်စိစသည်၌ ဖြစ်သော ကမ္မဇရုပ်တို့သည် နားစသည်သို့ မလိုက်ပါမူ၍ မျက်စိစသည်၌ပင် ချုပ်ပျောက်ပုံကို အနိစ္စစသည်ဖြင့် ရှုမှတ်ရမည်။

စိတ္တဇ (စိတ်ကြောင့် ဖြစ်သော)

ရုပ်တို့ကို ရှုပုံကား ဝမ်းမြောက်ခြင်းစသည် ကြောင့်ဖြစ်သော ရုပ်သည် နှလုံးမသာယာခြင်း စသည်ကြောင့် ဖြစ်သော ရုပ်သို့ မရောက်ဘဲ မိမိတို့ ဖြစ်ရာ၌ပင် ချုပ်ပျောက်ပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။

ဓမ္မတာအတိုင်း ဖြစ်သော ရုပ်တို့ကို ရှုပုံ

ကား သက်မဲ့ရုပ်တို့ ပြောင်းလဲ ဖြစ်ပျက်ကြရာ၌ တစ်ခုမှ တစ်ခုသို့ မလိုက်ပါပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။

၁။ ကလာပရုပ်အစုအပုံ နာမ်အစုအပုံတို့ကို ရှုပုံကား- ဖဿ (တွေ့ထိခြင်း)၊ ဝေဒနာ (ခံစားခြင်း)၊ သညာ (မှတ်သားခြင်း)၊ စေတနာ (စေ့ဆော်တိုက်တွန်းခြင်း)၊ ဝိညာဏ် (သိခြင်း) ဟူသော ငါးမျိုးတို့သည်လည်း ရှုမှတ်ရင်းပင် ပျက်ပျက် လိုက်နေပုံကို အနိစ္စ စသည်ဖြင့် အဖန်ဖန် ရှုမှတ်ရမည်။

၂။ ယမက (အစုံ) ရှုနည်းကား- အရှုခံရုပ်နှင့် ရှုမှတ်သည့် နာမ် (စိတ်) တို့သည် နှစ်မျိုးလုံးပင် တပြိုင်တည်း ပျက်ပျက်နေပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရပါမည်။

၃။ ခဏိက (တခဏမျှ) ရှုနည်းကား- ရုပ်ကို ရှုမှတ်သည့် နာမ်အဆင့်ဆင့် တို့သည် ရှုမှတ်ရင်း ခဏမှာပင် ပျက်နေပုံကို အနိစ္စ စသည်ဖြင့် ရှုမှတ်ရမည်။

၄။ ပဋိပါဋိ (အစဉ်) ရှုနည်းကား - ရုပ်နာမ် အဆင့်ဆင့်တို့၏ ရှုရင်းမှာပင် အစဉ်အတိုင်း ပျက်ပျက်လိုက်နေပုံကို ပျက်ပျက်နေပါတကား၊ အနိစ္စပါတကား စသည်ဖြင့် ရှုမှတ်ရမည်။

စာမျက်နှာ-554
အထက်ပါ နည်းလေးမျိုးတို့ဖြင့် အရှုခံရုပ်နာမ်တို့ကို ရှုမှတ်သည့် နာမ် တို့ကသာ ရှုမှတ်ရှုမှတ်နေသောကြောင့် ဒိဋ္ဌိ (အမြင်မှားခြင်း)၊ မာန (ထောင်လွှာခြင်း)၊ တဏှာ (တပ်မက်ခြင်း) တို့ကို ကင်းရှင်းအောင် ခွာနိုင်ကြသည်။

၅။ ဒိဋ္ဌိကို ခွါပုံကား- ငါ ဝိပဿနာရှု၏ဟု ထင်မှု ဒိဋ္ဌိဖြစ်၍ မဂ်ဖိုလ် တက်လမ်းကို တားနိုင်၏။ သင်္ခါရ (ပြုစီမံမှု) တရားတို့က သင်္ခါရ တရားတို့ကို ရှုသည်ဟု ထင်မှသာ ဒိဋ္ဌိကွာ၏။

၆။ မာနကို ခွါပုံကား- ဝိပဿနာကို ငါ ကောင်းစွာ ရှုနိုင်၏ စသည်ဖြင့် ထင်မူ တက်ကြွသော မာနဖြစ်၍ တရားတက်လမ်းကို တားနိုင်၏။ သင်္ခါရတရား တို့က သင်္ခါရတရားတို့ကို ရှု၏ဟု ထင်မှသာ မာနကွာနိုင်၏။

၇။ တဏှာကို ခွါပုံကား- စိတ်ကို နိုင်နင်းစွာ ရှုနိုင်ခြင်းကြောင့် ငါ ဝိပဿနာ ချည်း ရှုမှတ်ချင်နေ၏ဟု ဝိပဿနာကို သာယာမှု တဏှာဖြစ်က တက်လမ်းကို တားနိုင်၏။ သင်္ခါရတရားစုက သင်္ခါရတရားစုကို ရှု၏-ဟု ထင်မှသာ တဏှာ ကွာနိုင်၏။

ဖော်ပြပါ ဝိပဿနာကို စွဲ၍ ဖြစ်သော တဏှာ မာန ဒိဋ္ဌိတို့ကပင် တရား တိုးတက်မှုကို တားမြစ်နိုင်သေးလျှင် ဆွမ်း သင်္ကန်း စသည်တို့ကို စွဲ၍ ဖြစ်သော တဏှာ မာန ဒိဋ္ဌိတို့က ပို၍ တားမြစ်နိုင်ကြောင်း ပြောဖွယ်ရာ မလိုပြီ။ သို့ဖြစ်၍ ဤဘဝတွင် မဂ်ဖိုလ်ကို ရရှိလိုသူတို့သည် နောက်နောက် ဘဝဆိုင်ရာ တောင့်တခြင်းတဏှာလောဘတို့ကို ဖြတ်ကြရပေမည်။ သို့မှသာ ဤဘဝတွင် နေကြပါမူ မဂ်ဖိုလ်ကို မရနိုင်ကြောင်း သတိပြုကြရပါမည်။

စွန်းလွန်းဆရာတော်၏ ဝိပဿနာရှုနည်း

ယောဂီသည် တရားအားမထုတ်ခင် ကြိုတင်ပြုရမည့်အချက်များ ရှိသည်။ “တရားအားထုတ်နေစဉ် အတွင်း၌ မြတ်စွာဘုရားအား တပည့်တော်၏ ကိုယ်ခန္ဓာကို နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းပါ၏။ သုံးဆယ့် တစ်ဘုံသားတို့ ချမ်းသာကြပါစေ၊ ဤကောင်းမှုကို သတ္တဝါအပေါင်း တို့အား အမျှပေးဝေပါ၏။ အမျှ အမျှ အမျှ။ သူတော်ကောင်းတို့ ပို့သသော မေတ္တာ၊ ပေးဝေသော ကုိုလ်အဖို့ကိုလည်း အကျွန်ုပ် ခံယူပါ၏။ သာဓု-သာဓု-သာဓု”ဟု ရှေးဦးစွာ ပြုကျင့်ရမည်။ “ဘယ်အချိန်အထိ အားထုတ်မည်”ဟု ကိုယ့်အလိုနှင့် အဓိဋ္ဌာန်ပြီး အချိန်မပိုင်းနှင့်၊ စွမ်းအားရှိသမျှ အားထုတ်ရမည်။

စာမျက်နှာ-555
မျက်စိမှိတ်၊ ပါးစပ်ပိတ်၍ ဝင်သက် စရမည်။ နှာသီးဝကို လေတိုးတော့ သိလိမ့်မည်။ အသိ မပျောက်အောင် သတိထားပြီး နာရီဝက် တစ်နာရီခန့် ခပ်တင်းတင်း ခပ်ပြင်းပြင်းရှုပေးရမည်။ မောလည်း မနား၊ ညောင်းလည်း မပြင်၊ ယားလည်း မကုတ်ဘဲ သည်းခံနေလျက် အသက်ကို ခပ်ပြင်းပြင်း ရှူမှ စိတ်ငြိမ်လွယ်သည်။

ယင်းနောက် ခန္ဓာကိုယ်ထဲမှာ ပူအေး ညောင်းညာ ထုံကျဉ် ကိုက်ခဲ စသည့် ဝေဒနာတစ်မျိုးမျိုး ဖြစ်ပေါ် ထင်ရှားလာသည့်အခါ အရှုကို ရပ်ပြီး ထိုဝေဒနာများ ဖြစ်ပေါ်မှုကို ပေါ်ကာမတ္တ ပစ္စုပ္ပန် (လက်ငင်း) ကျကျ သတိပြု နေရမည်။

“ထိမှု၊ သိမှု၊ ဤနှစ်ခု၊ သတိကြပ်ကြပ်ပြု” ဆိုသည့်အတိုင်း ထိမှု သိမှုကို သတိထားနေရမည်။ ထိုသို့ သတိထားပြီး မိမိခန္ဓာကိုယ်ကို သုံးသပ်နေခြင်းကို သမ္မသန (သုံးသပ်) ဉာဏ်ဟု ခေါ်သည်။

ဆက်လက် သတိပြုနေလျှင် ဥဒယဗ္ဗယ (ဖြစ်ပျက်သိ) ဉာဏ်အစ အနုလောမ (မဂ်၏ ရှေ့နားရှိ ဇော) ဉာဏ်အဆုံး ဉာဏ်အားလုံးသည် သူ့သဘောနှင့် သူ ဆက်လက် ပေါ်လာလိမ့်မည်။ ပေါ်လာတော့ မြင်၊ မြင်တော့ ကိုယ်တိုင် သိလိမ့်မည်။

စိတ်

သတိထား၍ ဝေဒနာကို သည်းခံနေရမည်။ မျက်စိ နား နှာ လျှာ ကိုယ် ဟူသော တံခါးပေါက်က ဝင်လာသမျှ အာရုံကို သတိပြုနေရမည်။ မျက်စိနှင့် အဆင်း ထိသိ၊ နားနှင့်အသံ ထိသိ၊ နှာခေါင်းနှင်အနံ့ ထိသိ၊ လျှာနှင့်အရသာ ထိသိ၊ ကိုယ်နှင့်အတွေ့ ထိသိ၊ စိတ်နှင့်သဘော ထိသိ၊ ဤသို့ သိအောင် သတိထားရမည်။ ထို့ပြင် စားလျှင် သတိ၊ သွားလျှင် သတိ၊ ထိုင်လျှင် သတိ၊ အိပ်လျှင် သတိ၊ တူရူကြည့် တစောင်းကြည့် သတိ၊ ရှေ့တိုး သတိ၊ နောက်ဆုတ် သတိ၊ ကွေး သတိ၊ ဆန့် သတိ၊ ကျင်ကြီး ကျင်ငယ်စွန့် သတိ၊ အိပ်ပျော် နေချိန်မှတပါး ဘယ်အမူအရာကိုပဲဖြစ်ဖြစ် သတိအမြဲပြုနေရမည်။

ဥပမာ - ထမင်းစားရာ၌ ထမင်းရှိရာကို လက်သွားတော့ သိလိမ့်မည်။ သိအောင် သတိထားရမည်။ ထမင်းနှင့်လက် ထိလျှင်လည်း သိအောင်ပြုရမည်။ ထမင်းကို ပါးစပ်ရှိရာ ယူလာလျှင်လည်း သိ၊ ခွံ့လည်း သိ၊ ဝါးလည်း သိ၊ မျိုလည်း သိ၊ အားလုံးကိုသိအောင် ပြုရမည်။ သွားလျှင် ခြေနှင့်မြေကြီး ထိလျှင် သိ၊ ဖျာ၊ ကော်ဇောနှင့် ထိလျှင်လည်း သိ၊ ရပ်လျှင်လည်း သိ၊ ထိုင်လျှင်လည်း သိ၊

စာမျက်နှာ-556
အိပ်လျှင်လည်း သိ၊ အိပ်ရာက နိုးလျှင်လည်း သိ၊ အမူအရာတိုင်းကို သိအောင် သတိပြု ရှုမှတ်နေရမည်။ ထိမှုနှင့် သိမှု ပြိုင်ပြိုင်ကျအောင် ထိကာမျှ၊ သိကာမျှကို သတိပြု ရှုမှတ်နေရမည်။ “တရားရှာ ကိုယ်မှာတွေ့” ဆိုသည့်အတိုင်း ကိုယ်မှာ တွေ့သမျှ တရားချည်း ဖြစ်သည်။

ထိုသို့ ထိမှု သိမှု ပြိုင်ပြိုင်ကျနေသည့်အချိန်မှာ သတ္တဝါဟူသော အမှတ် သညာ၊ နှာခေါင်းဟူသော အမှတ်သညာ စသည်တို့ ကင်းကွာနေလိမ့်မည်။ ထိုအခါ “နှာခေါင်းဟာ ငါ့ကိုယ်” ဟု စွဲယူသည့် သက္ကာယ (ကာယစွဲ ကိုယ်စွဲ) မဖြစ်တော့ချေ။ အမှားစွဲ (ဒိဋ္ဌိ) မဖြစ်နိုင်တော့ချေ။ ဤကား နှာခေါင်း၌ သက္ကာယဒိဋ္ဌိကွာခြင်းဖြစ်သည်။ နှာခေါင်းမှာ သက္ကာယကွာလျှင် ကျန်ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့်တကွ တစ်ကိုယ်လုံးမှာ သက္ကာယကွာမည် ဖြစ်သည်။ ထိုသို့ သက္ကာယကွာပြီး ထိမှု၊ သိမှုကို သတိပြု ရှုနေလျှင် တစ်ကိုယ်လုံးမှာ မာန ကွာတော့သည်။ ထိုသို့ မာနကွာစိတ်နှင့် ထိမှု၊ သိမှုကို သတိပြု ရှုနေလျှင် “နှာခေါင်းဟာ ငါ့ဟာ၊ ငါ့ဥစ္စာ” ဟု စွဲယူသည့် တဏှာ မဖြစ်နိုင်တော့ပေ။ နှာခေါင်းမှာ တဏှာကွာလျှင် တစ်ကိုယ်လုံးမှာလည်း တဏှာ ကွာတော့သည်သာ။

ထိုတဏှာ မာန ဒိဋ္ဌိ သုံးပါးကို သံသရာချဲ့ (ပပဉ္စ) တရားဟု ခေါ်သည်။ ဆိုခဲ့ သည့်အတိုင်း မပြတ်သိအောင် ရှုနေမှတ်နေသဖြင့် ထိုသံသရာချဲ့ထွင်တတ်သော တရားတို့ကို တဒင်္ဂ (တခဏ) သေအောင် သတ်နိုင်ခြင်း ဖြစ်သည်။

ထို့ပြင် ထိမှု၊ သိမှုကို သတိပြုနေလျှင် အဝိဇ္ဇာ (မသိမှု) ကို တဒင်္ဂပယ်ပြီး ဖြစ်သည်။ ထိုအခိုက်မှာ ကြမ်းတမ်းသော ဒေါသမဖြစ်သဖြင့် ပဋိဃာနုသယ (ဒေါသ) ကိုလည်း တဒင်္ဂပယ်ပြီးဖြစ်သည်။ ထိုအချိန်မှာ ဘုရား တရား သံဃာ အတိတ် အနာဂတ် ရှေ့အစွန်း နောက်အစွန်း ပဋိစ္စသမုပ္ပါဒ် (ကြောင်းကျိုးဖြစ်) တရားတို့၌လည်း ဝိစိကိစ္ဆာ (ယုံမှားခြင်း) မဖြစ်၊ ဝိစိကိစ္ဆာကို တဒင်္ဂပယ်ပြီးဖြစ်သည်။

ဤသို့ဖြင့် ဝိပဿနာဉာဏ်များ အဆင့်ဆင့်ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကို အနုမာန သိဒ္ဓိ (မှန်းဆသိ) ဉာဏ်ဖြင့် အာရုံပြုနိုင်၊ သိနိုင်မည်ဖြစ်သည်။

ဆိုခဲ့သည့်အတိုင်း ပြင်းပြင်းထန်ထန် ရှုမှုကို ရပ်တန့်ပြီး “ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်” ဟူသည်နှင့်အညီ ဖြစ်ပေါ်သမျှ ဝေဒနာများကို ရှုနေကျ ပုံမှန် ရှု၍ ထိမှု၊ သိမှု ပြိုင်ပြိုင်ကျအောင် ရှုမှတ်နေရမည်။ ဤသို့ ဝေဒနာကို ရှုနေ သည်ကိုပင် ဝေဒနာလိုက်သည်ဟု ခေါ်ခြင်းဖြစ်သည်။ ထိုတွင် ကောင်းတာကို

စာမျက်နှာ-557
ခံစားခြင်းသည် သုခဝေဒနာ၊ မကောင်းတာကို ခံစားခြင်းသည် ဒုက္ခဝေဒနာ၊ မသိမသာ အလယ်အလတ် ခံစားခြင်းသည် ဥပေက္ခာဝေဒနာဖြစ်သည်။ ဤသို့ ပေါ်သမျှ ဝေဒနာကို ဝေဒနာမျှသာဟု သတိပြု မှတ်ရမည်။ ထိုသို့ ဝေဒနာမျှ သာ ရပ်နေအောင် မှတ်နိုင်လျှင် တဏှာ (လောဘ) ချုပ်လေတော့သည်။ တဏှာချုပ်လျှင် ဥပါဒါန် (စွဲလန်းမှု) လည်း ချုပ်လေ၏။ ဥပါဒါန်ချုပ်လျှင် ဘဝစသော တရားတို့ အဆက်ဆက် ချုပ်လေတော့သည်။

ဤကား ပဋိစ္စသမုပ္ပါဒ် သံသရာစက်ကို ပစ္စုပ္ပန်အစပ် ဝေဒနာနှင့် တဏှာ ကြားကနေ ဖြတ်ခြင်း ဖြစ်သည်။ ထိုသို့ ပစ္စုပ္ပန်ဝေဒနာ အကျိုးတရားပြတ်လျှင် သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာ ဖြစ်ထိုက်သည့် (လောဘ ဒေါသ အဝိဇ္ဇာဟူသော) အကြောင်းတရားလည်း သေလေတော့သည်။ ထိုအကြောင်းသေလျှင် အနာဂတ် အကျိုးတရားလည်း သေရလေသည်။

ထို့ကြောင့် သွားလာ စားသောက် နေထိုင် ရပ် အိပ်ခြင်း စသည်ဖြင့် အမှု ကိစ္စ ပြုသမျှတိုင်းမှာ ထိမှု သိမှု သတိ ကြပ်ကြပ် ပြုကြရမည်။ ဤသို့ သတိပြု ရှူနေကြပါလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ကြမည် ဖြစ်ပေသည်။

ဟံသာဝတီဆရာတော်၏ ဝိပဿနာရှုနည်း

ယောဂီသည် မျက်စိမှိတ်လျက် မိမိ၏ နှာသီးဖျား၌ အာရုံစိုက်ပြီး ထွက်လေကို ထွက်မှန်း သိရမည်။ ဝင်လေကို ဝင်မှန်း သိရမည်။ လက်မချိုး၊ ပုတီးမစိပ်၊ မရေတွက်၊ မစဉ်းစား၊ မကြံစည်၊ မတွေးတောဘဲ ဝီရိယကြီးစွာဖြင့် သတိ မလစ်စေဘဲ ဣရိယာပုထ် (လျောင်း ထိုင် ရပ် သွား) လေးပါးလုံး အမြဲ အားထုတ်ရမည်။

စိတ်သည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူသော ခြောက်ဌာနမှာ မြင်ခြင်း၊ ကြားခြင်း စသည်ဖြင့် အမြဲထွက်နေတတ်သည်။ ထို့ကြောင့် ကျန်ငါးဌာနကို ပိတ်ပြီး စိတ်ဟူသော မနောဒွါရမှ စောင့်၍ စိတ်ကိုဖမ်းမှ သမာဓိရနိုင်သည်။ အပေါက် ခြောက်ပေါက်ရှိ တောင်ပို့တွင်းက ဖွတ်ကို ဖမ်းချင်လျှင် ငါးပေါက်ကို ပိတ်ပြီး ကျန်တစ်ပေါက်မှ စောင့်ဖမ်းသည့် သဘောပင် ဖြစ်သည်။

ယောဂီသည် ရှေးဦးစွာ သီလတစ်မျိုးမျိုးကို ဆောက်တည်၍ သမထကို သုံးရက် အားထုတ်ရမည်။ သုံးရက် အားထုတ်လျှင် သမာဓိကို အမှန်ပင် ရနိုင်သည်။ သမာဓိ သုံးရက် ထူထောင်ပြီးလျှင် ဝိပဿနာသို့ ကူးပြောင်းသင့်သည်။ ဝိပဿနာသို့ ကူးပြောင်းသည့်အခါ ဖော်ပြလတ္တံ့ပါအတိုင်း ကမ္မဋ္ဌာန်းတောင်းရ၏ -

စာမျက်နှာ-558
တုမှာကံ ဘန္တေ မမ ဇီဝိတံ ပရိစ္စဇာမိ။

(၃-ခေါက်ဆို)

အရှင်ဘုရား အရှင်ဘုရားတို့အား အကျွန်ုပ်၏အသက်ကို စွန့်လှူပါ၏။

ဘန္တေ သံသာရဝဋဒုက္ခတော မောစနတ္ထာယ ဝိဇ္ဇတ္ထာယ စ ကမ္မဋ္ဌာနံ ယာစာမိ။

အရှင်ဘုရား . . . သံသရာ ဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်ခြင်းအကျိုးငှာ လည်းကောင်း၊ အတိတ်က ပါလာခဲ့သော ဝိဇ္ဇာမျိုးစေ့ရှိသော် လည်းကောင်း၊ ကယ်၍ ဝိဇ္ဇာမျိုးစေ့ မရှိခဲ့သော် ယခုအားထုတ်သော ကမ္မဋ္ဌန်းသည် ဝိဇ္ဇာမျိုးစေ့ အဖြစ်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုးငှာ လည်းကောင်း ကမ္မဋ္ဌာန်းကို တောင်းပါ၏။

ဤသို့ မြတ်စွာဘုရား (ဆင်းတုတော်) ထံ၌ ကမ္မဋ္ဌာန်းတောင်းပြီးနောက် ပြစ်မှားမိသော အပြစ်များရှိခဲ့သော် ကျေပျောက်စေရန် ဖော်ပြလတ္တံ့ပါ အတိုင်း ကန်တော့ရမည် -

ဩကာသ ဩကာသ ဩကာသ၊ ကာယကံ ဝစီကံ မနောကံတည်း ဟူသော သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုပါရခြင်းအကျိုးငှာ ဘုရား တရား သံဃာ ဆရာမိဘ ဂုဏဝုဒ္ဓိ (ဂုဏ်ကြီးသူ)၊ ဝယဝုဒ္ဓိ (အရွယ်ကြီးသူ) အစရှိသော ပုဂ္ဂိုလ်တို့အား ရှိခိုးပါ၏။ ကန်တော့ပါ၏။ အတိတ်သံသရာမှစ၍ ယခုကျအောင် ပြစ်မှားဖူးသော ကာယကံ ဝစီကံ မနောကံအပြစ်များကို သည်းခံရန် တောင်းပန်ပါ၏။ ကန်တော့ပါ၏။ မိမိအပေါ် ပြစ်မှားမိဖူးသော ကာယကံ ဝစီကံ မနောကံ အပြစ်များကို သည်းခံပါ၏။

ဤသို့ ကန်တော့ပြီးသောအခါ ဘယ်ဒူးပေါ် ဘယ်လက်တင်၊ ညာဒူးပေါ် ညာလက် တင်လျက် ဦးခေါင်းကစ ခြေဖျားအထိ ရုပ်သာချည်းဟု အာရုံ ပြုပါ။ ယင်းနောက် ဦးခေါင်းရှိ ငယ်ထိပ်နေရာကို ဒင်္ဂါးကွက် ပမာဏမျှ ကွက်ပြီး ရှုပါ။ စိတ်မလွင့်စေဘဲ သမာဓိကို ခိုင်မြဲစွာထားပြီး ရှုရမည်။ ထိုသို့ ရှုစဉ် ခန္ဓာကိုယ်မှာ နာကျင်တင်းကျပ်ဖြစ်စေ၊ အုံတုံတုံကြီးဖြစ်စေ၊ ခေါင်းကြီး ကိုယ်ကြီး ထူအမ်းနေဟန်ဖြစ်စေ တွေ့ရတတ်သည်။ ထိုသို့ တွေ့ခြင်းသည် ပထဝီ (မြေဓာတ်ခေါ် ဖွဲ့စည်းဓာတ် အလေးဓာတ်) ကို တွေ့ခြင်းဖြစ်သည်။ ပူပူဖြစ်စေ၊ အေးအေးဖြစ်စေ၊ နွေးနွေးရှိန်ရှိန်သဘောကိုဖြစ်စေ တွေ့တတ်သည်။ ဤသည်မှာ တေဇော

စာမျက်နှာ-559
(ပူမှု အေးမှု) ဓာတ်ကို တွေ့ခြင်းဖြစ်သည်။ တလှုပ်လှုပ် တရွရွ တဒိတ်ဒိတ် ပြောင်းလဲ ဖြစ်ပျက်သော သဘောကိုလည်း တွေ့တတ်သည်။ ဤကား ဝါယော (လေ) ဓာတ်သဘောကို တွေ့ခြင်းဖြစ်သည်။ ဘာကိုပဲတွေ့တွေ့ ရုပ်တရားသာဟု မှတ်ပြီး အာရုံပြုနေလျှင် တစ်ခေါင်းလုံး တစ်ကိုယ်လုံး ရုပ်ဓာတ်တွေ ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်ဖောက်ပြန် ပျက်စီးနေပုံကို တွေ့လိမ့်မည်။ သမာဓိကောင်းလျှင် ကောင်းသလို များများတွေ့တတ်သည်။ ယောဂီသည် ငါဘာဖြစ်ပါလိမ့်ဟု အထင်မှားတတ်သည်။

သူ့သဘော သူဆောင်နေသော ရုပ်သဘောတွေဟု နှလုံးသွင်း၍ စွဲမြဲစွာ အားထုတ်ရမည်။ ဤနေရာ၌ အမှန်ကို ပြသနိုင်သော ဆရာကောင်းလိုသည်။ ဤ၌ ပထမဆင်ခြင်တာက သမ္မသနဉာဏ်ဖြစ်သည်။ ဖြစ်မှန်းပျက်မှန်း သိတာက ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဥဒယဗ္ဗယဉာဏ်ကိုတွေ့လျှင် မမြဲသည့် အနိစ္စတရား၊ ဆင်းရဲသည့် ဒုက္ခတရား၊ အစိုးမရသည့် အနတ္တတရားကို အမှန်သိပြီဖြစ်သည်။ ရုပ်နာမ်တို့၏သဘောကို အမှန်မတွေ့မသိဘဲ ရုပ်နာမ်တွေ ဖြစ်ပျက်နေတာပဲဟု ရော်ရမ်းမှန်းဆခြင်းသည် ဝိပဿနာဉာဏ်မဟုတ်ပါ။ ရုပ်နာမ်တို့၏ သဘောမှန်ကို ဝိဇ္ဇာဉာဏ် ဝိပဿနာဉာဏ်ဖြင့်သာ သိနိုင်သည်။

ဆိုခဲ့သည့်အတိုင်း ရုပ်နာမ်တို့၏ အနိစ္စကိုမြင်လျှင် ရုပ်နာမ်တို့၏ပျက်ပုံကို မြင်သော ဘင်္ဂဉာဏ်၊ ထိုသို့ ပျက်ပျက်နေသဖြင့် ဘေးဆိုးဟု မြင်သော ဘယဉာဏ်၊ ထိုသို့ ဘေးဆိုးအဖြစ် မြင်သည့်အလျောက် အကောင်းမထင် အပြစ် မြင်သော အာဒိနဝဉာဏ်၊ ထိုသို့ အပြစ်မြင်သဖြင့် မပျော်ရွှင် မနှစ်သက်ဘဲ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် စသည်တို့ ဆက်လက်ဖြစ်ပေါ်လိမ့်မည်။ ဤသို့ဖြင့် အနိစ္စဉာဏ် အမြင်ကို မြင်သိရာမှ ဒုက္ခဉာဏ်အမြင်၊ အနတ္တဉာဏ်အမြင်တို့ကိုပါ မြင်သိပြီး မျက်မှောက် ဘဝမှာပင် နိဗ္ဗာန်သို့ ရောက်နိုင်ကြပေသည်။

မဟာစည်ဆရာတော်၏ ဝိပဿနာရှုနည်း

ရဟန်းများ ပါတိမောက်သီလနှင့် ပြည့်စုံပြီး လူပုဂ္ဂိုလ်များသည် အနည်းဆုံး ငါးပါးသီလ ပြည့်စုံရမည်။ ယင်းနောက် တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးများလည်း တင်ပျဉ်ခွေထိုင်နိုင်သည်။ မိန်းမထိုင် ကျုံ့ကျုံ့ ထိုင်လိုက ထိုင်နိုင်သည်။ ခါးကို မတ်မတ်ထား၍ ဘယ်လက်ဝါးဖြန့် အောက်ကထားပြီး ညာလက်ဝါးကို ဖြန့်၍ အပေါ်က ထားရမည်။ လက်မထိပ်နှစ်ခုကို ထိရုံမျှ ထိထားရမည်။ ရှေ့တည့်တည့်မှာလည်း လက်နှစ်ဘက်ကို ယှဉ်ချထားနိုင်သည်။ ဘယ်ဒူးပေါ် ဘယ်လက် ညာဒူးပေါ် ညာလက် တင်၍လည်း ထိုင်နိုင်သည်။

စာမျက်နှာ-560
ဝမ်းဗိုက်မှာ စိတ်ကို ထားရမည်။ အသက်ရှူသွင်းလိုက်လျှင် ဖောင်းတက် လာတာကိုတွေ့၍ အသက်ရှူထုတ်လိုက်သည့်အခါ ပိန်ကျသွားတာကို တွေ့လိမ့် မည်။ ဖောင်းတက်လာတာကို “ဖောင်းတယ်”၊ ပိန်ကျသွားတာကို “ပိန်တယ်” ဟု မှတ်ရမည်။ စိတ်ဖြင့် စိုက်ကြည့်ရုံနှင့် မထင်ရှားသေးလျှင် ဗိုက်ကို လက်နှင့် ဖိထားရမည်။ အသက်ရှူတာကို မပြင်ဘဲ နှေးအောင် မြန်အောင် တမင် အားမထုတ်ဘဲ ပကတိရှုမြဲအတိုင်း မှန်မှန်ရှူရမည်။ ထိုသို့ ရှူနေရင်း ဖောင်းတက်လာတာကို “ဖောင်းတယ်”၊ ပိန်ကျသွားတာကို “ပိန်တယ်” ဟု ဖောင်းတိုင်း ပိန်တိုင်း မပြတ်မှတ်နေရမည်။

“ဖောင်းတယ်၊ ပိန်တယ်” ဟု စိတ်ဖြင့်သာ ဆိုရမည်၊ (ဝါ) စိတ်ဖြင့်သာ မှတ်ရမည်၊ ပါးစပ်ဖြင့် မဆိုရ။ ဝိပဿနာဟူသည် အဆိုတွေ အမည်တွေက လိုရင်းမဟုတ်။ သိဖို့သာလိုရင်းဖြစ်သည်။ ထို့ကြောင့် စိတ်ဖြင့်ဆိုရုံနှင့် မပြီးသေးဘဲ “ဖောင်းတယ်” ဟု မှတ်သည့်အခါ ဖောင်းစ ကနေပြီး ဖောင်းဆုံးတိုင်အောင် ဖောင်းတက်လာပုံကို မျက်စိဖြင့် မြင်သလို သေသေချာချာ သိသွားစေရမည်။ “ပိန်တယ်” ဟု မှတ်သည့်အခါ ပိန်ကျသွားတာကို ပိန်စမှ ပိန်ဆုံးတိုင်အောင် မျက်စိဖြင့် မြင်သလို ထင်ထင်ရှားရှား သိသွားစေရမည်။ “ဖောင်းတယ်” မှတ်လျှင် ဖောင်းတာနှင့် အသိ ကပ်သွားစေရမည်။ ရှုမှတ်စရာ အာရုံနှင့် ရှုမှတ် လိုက်သည့် စိတ်သည် အံကျ ကိုက်ကိုက်သွားအောင် ဂရုစိုက်ပြီး မှတ်ရမည်။ “ပိန်တယ်” ဟုမှတ်သည့်အခါ ပိန်တာနှင့် ရှုမှတ်တာ အံကျကိုက်သွားစေရမည်။ အခြားအထူးမှတ်စရာ မရှိလျှင် “ဖောင်းတယ်၊ ပိန်တယ်” ဟုချည်း မှတ်နေ ရမည်။

ထိုသို့ မှတ်နေစဉ် သမာဓိအား မကောင်းသေးခင် စိတ်က အပြင်ထွက်ထွက် သွားလိမ့်မည်။ ထိုစိတ်ကို “သွားတယ်၊ သွားတယ်” သို့မဟုတ် “လွင့်တယ်၊ လွင့် တယ်” ဟု လိုက်မှတ်ရမည်။ ဤသို့ တစ်ချက်နှစ်ချက် မှတ်လိုက်လျှင် စိတ်သည် မလွင့်ဘဲ ရပ်သွားလိမ့်မည်။ ထိုအခါ “ဖောင်းတယ်၊ ပိန်တယ်” ဟု ပြန်မှတ်နေရ မည်။ စိတ်ထဲမှာ လူတစ်ယောက်ယောက်နှင့် တွေ့လျှင် “တွေ့ တယ်၊ တွေ့တယ်” ဟု မှတ်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်။ လူတစ်ယောက်ယောက်နှင့် တွေ့လို့ စကားပြောနေမှ သတိရလျှင် ထိုစိတ်ကို “ပြောတယ်၊ ပြောတယ်” ဟု မှတ်၊ ဤသို့ဖြင့် စိတ်ကူးလျှင် “စိတ်ကူးတယ်”၊ စဉ်းစားလျှင် “စဉ်းစားတယ်”၊ ကြံလျှင် “ကြံတယ်”၊ သိလျှင် “သိတယ်”၊ နှလုံးသွင်းလျှင် “နှလုံးသွင်းတယ်”၊ ပျင်းလျှင် “ပျင်းတယ်”၊ ပျော်လျှင် “ပျော်တယ်”၊ ဝမ်းသာလျှင် “ဝမ်းသာ တယ်”၊ စိတ်ပျက်လျှင် “စိတ်ပျက်တယ်” ဤသို့ မှတ်ရမည်။ တစ်ချက်နှစ်ချက် မှတ်လိုက်ပြီးနောက် စိတ်ကို မှတ်စရာ မရှိလျှင် “ဖောင်းတယ် ပိန်တယ်” ပြန်မှတ် ရမည်။

စာမျက်နှာ-561
ထိုသို့ မှတ်နေရင်း တံတွေးမျိုချင်လျှင် “မျိုချင်တယ်” ဟုမှတ်၊ တံတွေး စုတာကို “စုတယ်”၊ မျိုတော့ “မျိုတယ်” ဟုမှတ်၊ တံတွေးထွေးချင်လျှင် “ထွေးချင်တယ်”၊ ခေါင်းငုံ့တော့ “ငုံ့တယ်”၊ ကြည့်သေးလျှင် “ကြည့်တယ်”၊ မြင်လျှင် “မြင်တယ်”၊ ထွေးတော့ “ထွေးတယ်” ဟု မှတ်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်ရမည်။

ထိုင်တာကြာလျှင် ညောင်းတာ ပူတာများ ဖြစ်လာလိမ့်မည်။ ညောင်းလျှင် ညောင်းတာကို သေသေချာချာ သိအောင် စိတ်စိုက်ပြီး “ညောင်းတယ်၊ ညောင်းတယ်” မှတ်၊ ပူလျှင် “ပူတယ်”၊ နာလျှင် “နာတယ်”၊ ကျဉ်လျှင် “ကျဉ် တယ်” ဟု ဒုက္ခဝေဒနာဖြစ်သမျှ အမည်အတိုင်း မှတ်ရ၏။ ထိုသို့ ညောင်းတာ ပူတာ စသည့် ဝေဒနာများ ဖြစ်ပေါ်လာလျှင် “ညောင်းတယ်၊ ညောင်းတယ်” စသည်ဖြင့် သည်းခံမှတ်နေရမည်။ သည်းခံမမှတ်ဘဲ ခဏခဏ နေရာပြင်ပြင် နေလျှင် သမာဓိမဖြစ်နိုင်၊ သမာဓိမဖြစ်လျှင် ဉာဏ်မဖြစ်နိုင်၊ ဉာဏ်မဖြစ်လျှင် မဂ်ဖိုလ်နိဗ္ဗာန် မရောက်နိုင်။ ထို့ကြောင့် ညောင်းတာ ပူတာစသည့် ဝေဒနာ များကို အတတ်နိုင်ဆုံး သည်းခံမှတ်နေရမည်။ ထိုသို့ မှတ်နေလျှင် တော်ရုံတန်ရုံ ဝေဒနာများ ပျောက်သွားကြလိမ့်မည်။ သမာဓိဉာဏ် အားကောင်းသည့်အခါ အင်မတန်ကြီးကျယ်သည့် ဝေဒနာများပင် ပျောက်သွားတာကို တွေ့ကြရပါ လိမ့်မည်။ အတော်ကြာအောင် မှတ်နေပါလျက် မပျောက်နိုင်ဘဲ မနေသာ တော့၍ နေရာပြင်ချင်စိတ် ခဏခဏပေါ်နေလျှင် နေရာပြင်နိုင်သည်။ သို့ရာတွင် အမှတ်နှင့် နေရာပြင်ရမည်။ ပြင်ချင်တော့ “ပြင်ချင်တယ်”၊ လက်ကြွတော့ “ကြွတယ်”၊ ရွှေ့တော့ “ရွှေ့တယ်” စသည်ဖြင့် ဖြည်းဖြည်းပြင်ရင်း ဖြစ်ပေါ် သမျှ အမူအရာအားလုံးကိုမှတ်ရမည်၊ နေရာပြင်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်ရမည်။

ထိုသို့ မှတ်နေရင်း တစ်နေရာရာက ယားလာလျှင် ယားသည့်နေရာကို စိတ်စိုက်ပြီး “ယားတယ်၊ ယားတယ်” ဟုမှတ်၊ အကြိမ်ကြိမ် မှတ်ပါလျက် မပျောက်လို့ အယားဖျောက်ချင်လျှင် “ဖျောက်ချင်တယ်၊ ဖျောက်ချင်တယ်” ဟု မှတ်၊ အယားဖျောက်ရန် လက်ကြွလာလျှင် “ကြွတယ်၊ ကြွတယ်”၊ ရွှေ့လျှင် “ရွှေ့တယ်”၊ ယားသည့်နေရာကို ထိတော့ “ထိတယ်”၊ အယားဖျောက်တော့ “ဖျောက်တယ်၊ ဖျောက်တယ်” ၊ လက်ပြန်ရွှေ့တော့ “ရွှေ့တယ်”၊ တစ်နေရာရာကို ထိတော့ “ထိတယ်” မှတ်ရမည်။ ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ် နေရမည်။

စာမျက်နှာ-562
ဤသို့ ဂရုစိုက်မှတ်နေစဉ် ကိုယ်ထဲက အခံခက်သည့် ဝေဒနာများ အလိုလို ပေါ်လာလိမ့်မည်။ တရား မရှုမှတ်သော ပုဂ္ဂိုလ်များကား နည်းနည်းလေး ညောင်းလာ ပူလာလျှင် အမှတ်အသိ မရှိဘဲ ရွှေ့လိုက် ပြင်လိုက်ကြ၏။ ထို့ကြောင့် ဆင်းရဲတာတွေ ထင်ထင်ရှားရှား မဖြစ်လိုက်ကြရပေ။ ဤကား ဆင်းရဲဒုက္ခများကို ဣရိယာပုထ် (နေပုံအမူအရာ) များက ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ပြောင်းလဲနေထိုင်ပုံ အမျိုးမျိုးက ဖုံးကွယ်ဖုံးကွယ်သွား၍ လူများ၏ ကိုယ်တွင်းမှာ ဆင်းရဲဒုက္ခများ ရှိနေမှန်း မသိကြခြင်း ဖြစ်သည်။ တစ်နေ့လုံး တစ်ညလုံး နေထိုင်ကောင်းနေသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ယောဂီ များကား ကိုယ်ထဲက တရားများကို အရှိအတိုင်း မြင်အောင် မှတ်နေသဖြင့် ဒုက္ခများကို ထင်ရှားစွာ တွေ့မြင်လာခြင်း ဖြစ်သည်။

ထိုင်ရာက ထ မည်ကြံလျှင်လည်း “ထချင်တယ်၊ ထချင်တယ်” မှတ်၊ လက်ခြေ ရွေ့ပြင်တော့ “ကြွတယ်၊ ရွှေ့တယ်၊ ဆန့်တယ်၊ ထိတယ်၊ ထောက်တယ်” စသည်ဖြင့် အစဉ်အတိုင်း မှတ်လျက် ဖြည်းဖြည်းလေးထပြီး အမူအရာတိုင်းကို သိအောင် မှတ်ရမည်။ မြန်မြန်ပြုမူလျှင် လေ့ကျင့်စ သတိဉာဏ်ကလေးဖြင့် မှီအောင် မှတ်နိုင်တော့မည် မဟုတ်ပေ။

ထပြီး၍ ရပ်မိသည့်အခါ “ရပ်တယ်၊ ရပ်တယ်” ဟု မှတ်၊ ဟိုသည် ကြည့်မိပြန်လျှင် “ကြည့်တယ်၊ မြင်တယ်၊ ကြည့်တယ်၊ မြင်တယ်” ဟုမှတ်။

သွားသည့်အခါ ခြေလှမ်းကို မှတ်ရဦးမည်။ ညာဘက်ခြေက လှမ်းလျှင် “ညာလှမ်းတယ်”၊ ဘယ်ဘက်ခြေက လှမ်းလျှင် “ဘယ်လှမ်းတယ်” ဟူ၍ ခြေကြွ သည်က စပြီး ခြေချသည်အထိ ရွေ့ရွေ့သွားသည့် အမူအရာကို အစဉ်အတိုင်း သိအောင် မှတ်ရမည်။ “ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ဘယ် လှမ်းတယ်” ဟူ၍ တစ်လှမ်း တစ်လှမ်း တစ်ခါတစ်ခါ မှတ်ရမည်။ ဤကား မြန်မြန်သွားသည့်အခါ ခပ်ဝေးဝေးသွားရသည့်အခါ မှတ်ပုံတည်း။

ဖြည်းဖြည်းသွားသည့်အခါ၊ စင်္ကြံလျှောက်သည့်အခါ ခြေတစ်လှမ်းတွင် သုံးပိုင်း ရှိသည်။ ခြေကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ခြေချလိုက်တာက တစ်ပိုင်း ဖြစ်သည်။ ထိုတွင် ကြွတာနှင့် ချတာ နှစ်ပိုင်းကို စပြီး မှတ်ရမည်။ ခြေကြွတော့ “ကြွတယ်” ဟု ကြွတက်လာပုံကို သေသေချာချာသိအောင် မှတ်ရမည်။ နင်းချ လိုက်တော့ “ချတယ်” ဟု တရွေ့ရွေ့ ခြေကျသွားပုံကို သိအောင် မှတ်ရမည်။ “ကြွတယ်၊ ချတယ်၊ ကြွတယ်၊ ချတယ်” ဟူ၍ ခြေတစ်လှမ်း တစ်လှမ်းကို တစ်ချက် နှစ်ချက် မှတ်ရမည်။

စာမျက်နှာ-563
နှစ်ရက်လောက် မှတ်ပြီးက လွယ်ကူပြီး ကျင့်သားရလာလိမ့်မည်။ ထိုအခါ သုံးချက်မှတ်ရမည်။ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်”၊ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်” ဟု သုံးချက်သုံးချက် မှတ်သွားရမည်။ ကြွတက်လာသည့် အမူအရာ၊ တရွေ့ရွေ့ လှမ်းနေသည့် အမူအရာ၊ တဖြည်းဖြည်း ပိကျသွားသည့် အမူအရာ များကို သိအောင် ရှုမှတ်ရမည်။

ထိုသို့ သွားနေစဉ် ထိုင်ချင်လာလျှင် “ထိုင်ချင်တယ်၊ ထိုင်ချင်တယ်” ဟုမှတ်၊ လှမ်းကြည့်မိလျှင် “ကြည့်တယ်၊ မြင်တယ်” မှတ်၊ ထိုင်မည့်နေရာသို့ သွားလျှင် “ကြွတယ်၊ ချတယ်”၊ “ကြွတယ်၊ ချတယ်” မှတ်၍ သွားရမည်။ ထိုင်မည့်နေရာ ရောက်၍ ရပ်လျှင် “ရပ်တယ်၊ ရပ်တယ်” ဟုမှတ်၊ လှည့်လျှင် “လှည့်တယ်၊ လှည့်တယ်” မှတ်၊ ထိုင်ချင်စိတ်ပေါ်လာလျှင် “ထိုင်ချင်တယ်၊ ထိုင်ချင်တယ်” ဟုမှတ်၊ ထိုင်ချ လိုက်တော့ ကိုယ်ကြီး လေးလေးပြီး ကျသွားတာကို စူးစိုက်လျက် “ထိုင်တယ်၊ ထိုင်တယ်၊ ထိုင်တယ်” ဟု မှတ်၊ ထိုင်မိ၍ လက်ခြေတွေကို ပြင်လျှင်လည်း ရွှေ့လျှင် “ရွှေ့တယ်”၊ ကွေးလျှင် “ကွေးတယ်”၊ ဆန့်လျှင် “ဆန့်တယ်” ဟူ၍ အမူအရာတိုင်းကို တစ်ခုမကျန် မှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိဘဲ ငြိမ်နေပြီ ဆိုလျှင် “ဖောင်းတယ်၊ ပိန်တယ်၊ ဖောင်းတယ်၊ ပိန်တယ်” ဟု မှတ်နေရမည်။

လှဲအိပ်ချင်လျှင်လည်း “အိပ်ချင်တယ်၊ အိပ်ချင်တယ်” ဟု မှတ်၊ လှဲအိပ်ကာနီး လက်ခြေပြင်တာများကိုလည်း အကုန်လုံး မှတ်ရမည်။ လက်ကြွတော့ “ကြွတယ်” ရွှေ့လျှင် “ရွေ့တယ်”၊ ထောက်လျှင် “ထောက်တယ်”၊ ကိုယ်ကြီးက ယိမ်းလာလျှင် “ယိမ်းတယ်၊ ယိမ်းတယ်”၊ ခြေဆန့်လျှင် “ဆန့်တယ်၊ ဆန့်တယ်”၊ လှဲအိပ်လိုက် သည့်အခါကျတော့ “အိပ်တယ်၊ အိပ်တယ်” ဟုမှတ်ပြီး ဖြည်းဖြည်းခြင်း လှဲအိပ် သွားရမည်။ ဟိုဘက်သည်ဘက် စောင်းလျှင်လည်း “စောင်းတယ်၊ စောင်းတယ်” ဟု မှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိ ငြိမ်နေပြီဆိုလျှင် “ဖောင်းတယ်၊ ပိန်တယ်” ဟု မှတ်နေရမည်။ ဤသို့ မှတ်နေတုန်း စိတ်ကလွင့်သွားလျှင် ထိုင်တုန်း က မှတ်သလို လွင့်လျှင် “လွင့်တယ်”၊ ရောက်လျှင် “ရောက်တယ်”၊ ကြံလျှင် “ကြံတယ်” စသည်ဖြင့် မှတ်ရမည်။ စိတ်သည် တစ်ချက်နှစ်ချက် မှတ်လိုက်လျှင် ပျောက်သွားတတ်၏။ ထိုအခါ “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်နေရမည်။ အမှတ်ကို လွှတ်ပြီး မအိပ်ရပေ။ မှတ်ရင်းမှတ်ရင်း အိပ်ပျော်သွားစေရမည်။ အမှတ်က နိုင်လျှင် အိပ်မပျော်ဘဲ နေတတ်သည်။ အိပ်ချင်တာ နိုင်လျှင်လည်း အိပ်ပျော် သွားတတ်သည်။ အိပ်ချင်လျှင် “အိပ်ချင်တယ်၊ အိပ်ချင်တယ်” မျက်စိမှေးလာလျှင် “မှေးတယ်၊ မှေးတယ်”၊ လေးလာလျှင် “လေးတယ်၊ လေးတယ်” ဟုမှတ်၊ အားထုတ်စမှာ လှဲအိပ်တာ မများစေရပေ။ ထိုင်မှ၊ စင်္ကြံမှတ်တာက များရမည်။

စာမျက်နှာ-564
ယောဂီသည် အိပ်ပျော်သွားလျှင် ဘာကိုမျှ အမှတ်မရတော့ပေ။ ယောဂီ နားနေချိန် ဖြစ်သည်။ တကယ်တမ်း တရားအားထုတ်လျှင် သုံးနာရီ လေးနာရီထက် ပိုပြီး အိပ်မနေသင့်ပေ။ လေးနာရီအိပ်လျှင် ကောင်းကောင်း လုံလောက် ပါသည်။

အိပ်ပျော်ရာက နိုးလာလျှင် နိုးကတည်းက “နိုးတယ်၊ နိုးတယ်” ဟု မှတ် ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်” ဆက်မှတ်ရမည်။ အသံကြားလျှင် “ကြားတယ်၊ ကြားတယ်” မှတ်၊ ပြီးတော့ “ဖောင်းတယ်၊ ပိန်တယ်” မှတ်၊ ဟိုဘက်သည်ဘက် စောင်းတာ ပြင်တာတွေကိုလည်း ပြုပြင်ချင်သည့် စိတ်ကူးကလေးကစပြီး “ပြင်ချင်တယ်၊ ပြင်တယ်၊ စောင်းချင်တယ်၊ စောင်းတယ်၊ လှည့်ချင်တယ်၊ လှည့်တယ်၊ ကွေးချင်တယ်၊ ကွေးတယ်” စသည်ဖြင့် မှတ်ရမည်။ ဘယ်အချိန် ရှိလိမ့်မလဲဟု စဉ်းစားလျှင်လည်း “စဉ်းစားတယ်” ဟု မှတ်ရမည်။

အိပ်ရာက ထဖို့ကြံလျှင် “ထချင်တယ်၊ ထချင်တယ်” ဟုမှတ်၊ လက်ခြေပြင်တာ၊ ခေါင်းထောင်ပြီး ထလာတာများကိုလည်း “ပြင်တယ်၊ ပြင်တယ်” “ထတယ်၊ ထတယ်”၊ ထိုင်တော့ “ထိုင်တယ်”၊ လက်ခြေပြင်တာများကိုလည်း “ပြင်တယ်၊ ပြင်တယ်” ဟုမှတ်၊ ငြိမ်ငြိမ်လေး ထိုင်နေပြီဆိုလျှင် “ဖောင်းတယ်၊ ပိန်တယ်” ပြန်မှတ်။

မျက်နှာသစ်၊ ရေချိုးစဉ်မှာလည်း မှတ်နိုင်သမျှ မှတ်ရမည်။ အဝတ်အစား ဝတ်တာ၊ အိပ်ရာနေရာပြင်တာ၊ တံခါးပိတ်တာ၊ ဖွင့်တာများကိုလည်း အားလုံး မှတ်ရမည်။

ထမင်းစားသည့်အခါ ထမင်းပွဲ ကြည့်တာကစပြီး “ကြည့်တယ်၊ မြင်တယ်” မှတ်။ ထမင်းပွဲဆီ လက်လှမ်းလျှင် “လှမ်းတယ်၊ လှမ်းတယ်”၊ ထမင်းနှင့် လက် ထိတော့ “ထိတယ်”၊ ထမင်းစုလျှင် “စုတယ်”၊ ထမင်းလုတ်ပြင်တော့ “ပြင်တယ်”၊ ထမင်းလုတ်ကို ဆုပ်ကိုင်တော့ “ကိုင်တယ်၊ ကိုင်တယ်”၊ ထမင်းလုတ်ကိုမြှောက်ပြီး ယူလာတော့ “ယူတယ်၊ ယူတယ်”၊ ခေါင်းငုံ့တော့ “ငုံ့တယ်”၊ ခွံ့ တော့ “ခွံ့တယ်”၊ လက်ပြန်ချတော့ “ချတယ်”၊ ပန်းကန်ပြားနှင့်ထိတော့ “ထိတယ်”၊ ခေါင်းပြန် ထောင်တော့ “ထောင်တယ်”၊ ဝါးတဲ့အခါ အချက်တိုင်းကို “ဝါးတယ်၊ ဝါးတယ်”၊ အရသာကို သိတော့ “သိတယ်၊ သိတယ်”၊ ကောင်းလျှင် “ကောင်းတယ်၊ ကောင်းတယ်”၊ မျိုချလိုက်တော့ “မျိုတယ်၊ မျိုတယ်” ဟုမှတ်။ ဤကား ထမင်း တစ်လုတ်စားတုန်း မှတ်ပုံတည်း။ နောက်ထမင်းလုတ်များကိုလည်း ထိုနည်းအတိုင်း မှတ်ရမည်။ ဟင်းရည် သောက်လျှင်လည်း ကြည့်တာ မြင်တာ လက်လှမ်းတာ ဇွန်းကိုင်တာ ကော်တာ ခပ်တာ ယူလာတာ သောက်တာ မျိုချတာ အကုန်လုံး သူ့အမည်အတိုင်း မှတ်ရမည်။

စာမျက်နှာ-565
မှတ်ခါစတွင် မမှတ်လိုက်တာ မေ့သွားတာတွေ များစွာ ရှိလိမ့်မည်။ ကျင့်သား ရလာသည့်အခါမှ အကုန်လုံး စေ့စပ်အောင် မှတ်နိုင်မည် ဖြစ်သည်။

ရှေးက ဘုရားရဟန္တာများ နိဗ္ဗာန်သွားခြင်းသည် ဤဝိပဿနာလမ်းကချည်း သွားခြင်း ဖြစ်သည်။ ဝိပဿနာ မပါဘဲ နိဗ္ဗာန်ကို မသွားနိုင်ကြ။ တရားနာနေရင်း မဂ်ဖိုလ်နိဗ္နန် ရရောက်သည်ဆိုရာ၌ နည်းနည်းတော့ ရှုမှတ်သွားသေးသည်။ ထို့ကြောင့် ဝိပဿနာဟူသည် ဘုရား ရဟန္တာ အရိယာများ၏ နိဗ္ဗာန်သွား လမ်းမကြီး ဖြစ်သည်။ သို့ဖြစ်၍ အပြည့်အစုံ အားထုတ်ပြီး နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ ကုန်သတည်း။

တောင်ပုလုဆရာတော်၏ ဝိပဿနာရှုနည်း

ယောဂီသည် ထိုင်တာကို “ထိုင်တယ်”ဟု သိလျှင် ဝိဇ္ဇာ (အသိပညာ) ဖြစ်၏။ မသိလျှင် အဝိဇ္ဇာ(မသိမှုမောဟ) ဖြစ်၏။ ရပ်တာ သွားတာ အိပ်တာ စသည် တို့ကို သိလျှင် ဝိဇ္ဇာဖြစ်၏။ မသိလျှင် အဝိဇ္ဇာ ဖြစ်၏။

စားတာကို “စားတယ်”၊ သောက်တာကို “သောက်တယ်” စသည် ရှုမှတ်ပြီး သိလျှင် ဝိဇ္ဇာဖြစ်၏။ မသိလျှင် အဝိဇ္ဇာ ဖြစ်၏။ ထို့အတူ ကျင်ကြီးကျင်ငယ်စွန့်တာကို “စွန့်တယ် စွန့်တယ်”ဟု မှတ်ပြီး သိလျှင် ဝိဇ္ဇာ၊ မသိလျှင် အဝိဇ္ဇာဖြစ်သည်။ လိုနည်းအတူ ပြုပြုသမျှ အမူအရာအားလုံးကို သိအောင် မှတ်ရမည်။ ဤ၌ “အဝိဇ္ဇာ၊ မသိတာ၊ မောဟ” စကားလုံးတို့၏ အဓိပ္ပာယ်သည် အတူတူ ဖြစ်သည်။ “ဝိဇ္ဇာ၊ သိတာ၊ အမောဟ” ဟူသော စကားလုံးတို့၏ အဓိပ္ပာယ်လည်း အတူတူပင် ဖြစ်သည်။

အဝိဇ္ဇာဖြစ်လျှင် သင်္ခါရ(အကျိုးဆက်ကို ဆက်လက် ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံ စသည်တို့ ဆက်ဖြစ်သဖြင့် သံသရာ ရှည်မည်။ ဝိဇ္ဇာဖြစ်လျှင်ကား အဝိဇ္ဇာချုပ်၏။ အဝိဇ္ဇာချုပ်လျှင် သင်္ခါရ စသော တရားတို့ ချုပ်ပြတ်ကာ သံသရာ ရပ်သည်။

ထို့ကြောင့် ဝိဇ္ဇာဖြစ်အောင် မြင်တာ ကြားတာ နံတာ စားတာ အာရုံများကို တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း မြင်ကာမျှစသည် သိအောင် ရှုမှတ် ရမည်။ အခြား အခြားသော စကားပြောတာ၊ ဆိတ်ဆိတ်နေတာ၊ ရှူတာ၊ ရိုက်တာ၊ ပိန်တာ၊ ဖောင်းတာ၊ ဒေါသဖြစ်တာ၊ နှမြောတာ စသည်ဖြင့် ကိုယ်

စာမျက်နှာ-566
အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ ဖြစ်ဖြစ်သမျှကို သိအောင် အမြဲမပြတ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်နိုင်မှသာ သံသရာပြတ်ကြောင်း ဝိဇ္ဇာဖြစ်၍ မရှု မှတ်နိုင်က သံသရာလည်ကြောင်း အဝိဇ္ဇာချည်း ဖြစ်နေလိမ့်မည်။

နာမ်ရုပ်ကို အမှန်ထင်မြင်လျှင် ပုထုဇဉ် ဖြစ်သော်လည်း ရဟန္တာလို ချမ်းသာစွာ နေနိုင်သည်။ သို့သော် ပုထုဇဉ်ဖြစ်၍ တဒင်္ဂ (တခဏမျှ)သာ နေနိုင်ခြင်း ဖြစ်သည်။ ထိုသို့ နာမ်ရုပ်ကို အမှန်မြင်လျှင် မိစ္ဆာဒိဋ္ဌိ (၆၂)ပါးလည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် နာမ်ရုပ်ကို အမှန်အတိုင်း ပိုင်းခြားသိသော ပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိ(ငါအစွဲအမြင်)ကို ပယ်စွန့်နိုင်၍ ဉာဏ်အမြင်စင်ကြယ်ခြင်း ဖြစ်သည်။

ထို့ကြောင့် မြင် ကြား နံ စား ထိ သိ အာရုံများနှင့်တကွ ဈေးရောင်း ဈေးဝယ် လယ်လုပ် ယာလုပ် စသော မည်သည့် ကိစ္စကို ပြုပြု ပြုသမျှကို သတိမလစ်စေဘဲ စွဲစွဲမြဲမြဲ ရှုမှတ်သင့်ကြပါသည်။

မိုးကုတ်ဆရာတော်၏ ဝိပဿနာရှုနည်း

တရားအားမထုတ်ခင် ကြိုတင်ပြုလုပ်ရမည့် အမှုကိစ္စ (၅)မျိုးရှိသည်-

၁။ တရားအားထုတ်စဉ်အတွင်း မိမိကိုယ်ကို ဘုရားအား လှူပါ၏ဟု လှူထားရမည်။

၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ ပျောက် စေခြင်းငှာ ဝန်ချတောင်းပန် ကန်တော့ပါ၏ဟု ဆို၍ ကန်တော့ရမည်။

၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့် နတ်နှင့်တကွ သတ္တဝါအပေါင်းတို့ ကျန်းမာ ချမ်းသာကြပါစေဟု မေတ္တာပို့ရမည်။

၄။ ရှေးဘဝ ယခုဘ၀ ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါအလိုရှိသော မဂ် ဖိုလ် နိဗ္ဗာန် ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေ သတည်းဟု ဆိုရမည်။

၅။ ငါသည် ဘဝများစွာက သေခဲ့လှပြီ၊ ယခုဘဝ မသေခင်မှာ တရား အားထုတ်မှပဲဟု သေခြင်းတရားကို ပွားများရမည်။

စာမျက်နှာ-567
သမာဓိ ရရုံလောက်သာ သမထကို အားထုတ်ပြီး သမာဓိရလျှင် ဝိပဿနာ ပြောင်း၍ အားထုတ်ရမည်။ ဝိပဿနာပြောင်းခြင်းဟူသည် သမထ (သမာဓိ) လမ်းမှ ဝိပဿနာ (ပညာ)လမ်းသို့ စိတ်လွှတ်ပြီး ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု လက္ခဏာကို ဆင်ခြင်နေခြင်း ဖြစ်သည်။

တရားအားထုတ်ရန် တင်ပလ္လင်ခွေထိုင်ရမည်။ ခါးကို ရှေ့မငိုက်၊ နောက်မငိုက်၊ ဘေးမစောင်းစေဘဲ ဖြောင့်ဖြောင့်မတ်မတ် ထားရမည်။ ကိုယ်ကို တောင့်မ ထားဘဲ ခပ်လျော့လျော့ ထိုင်ရမည်။ ခြေထောက်ချင်း ဖိညှပ်မထားဘဲ ကြာကြာ ထိုင်နိုင်သော နည်းဖြင့် ထိုင်ရမည်။ ယောဂီသည် နှစ်သက်ရာ ဣရိယာပုထ် (အိပ် ထိုင် ရပ် သွား)ဖြင့် ထိုင်နိုင်သည်။ သို့သော် ထိုင်ခြင်း ဣရိယာပုထ်က သမာဓိကို ရလွယ်စေသည်။

ယင်းနောက် ဝင်သက်ထွက်သက်ကို မှန်မှန် ရှူရှိုက်ရမည်။ ပြင်းပြင်းထန်ထန် မြန်မြန် ရှူရှိုက်လျှင် မိမိကိုယ်ကို ညှဉ်းဆဲရာ ကျလိမ့်မည်။ သို့ဖြစ်၍ မှန်မှန်နှင့် လေကို ဝအောင် ရှူရမည်။ နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွန့် ကြိုက်ရာ နေရာမှာ စိတ်ကို ထားရမည်။ သတိမလစ်စေဘဲ ဝင်လေထွက်လေ ထိတာကို သိသိ နေစေရမည်။ အခြား ဘယ်အာရုံကိုမျှ စိတ်မရောက်စေရပါ။ ဝင်လေ ထွက်လေ ရှူသည့်အခါ နှာခေါင်းဖြင့် ရှူရမည်၊ ပါးစပ်က ရှူရမည်၊ နှာခေါင်းက ရှူသည့်အခါ ဘယ်ဘက်က ရှူတယ်၊ ညာဘက်က ရှူတယ်ဆိုတာတွေကို လိုက်နေရန် မလို။ သမာဓိရဖို့သာ လိုသည်။ ဝင်လေကို ရှူသည့်အခါ နှာသီးဖျားအစ၊ ရင်ညွန့်အလယ်၊ ချက်အဆုံး ဝင်လေရောက်တာကို သိရမည်။ လေကို ထုတ်လိုက် သည့်အခါလည်း ချက်အစ၊ ရင်ညွန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်လေကို သိရမည်။ ထိုသို့ အသိကိုလိုက်ပြီး အားထုတ်လျှင် သမာဓိရနိုင်သည်။ (၁၅)မိနစ်ခန့်မျှနှင့်ပင် သမာဓိကို ထူထောင်နိုင်သည်။

ထိုသို့ ရှူရှိုက်နေရာတွင် ရှူရှိုက်တာက ရုပ်၊ ရှူရှိုက်နေမှုကို သိတာက နာမ်ဟု သိခြင်းသည် နာမရူပပရိစ္ဆေဒ (နာမ်ရုပ်ကို ခွဲခြားသိမှု) ဉာဏ်ဖြစ်သည်။ ဝိသုဒ္ဓိလို ပြောရလျှင် ဒိဋ္ဌိဝိသုဒ္ဓိ (အမြင်စင်ကြယ်ခြင်း) ဖြစ်သည်။ အာရုံနှင့် သိမှတ်စိတ်ကို တည့်နေအောင် ရှုမှတ်ရမည်။ စဉ်းစား တွေးကြံမှု မပြုရ၊ အခြားအာရုံ ဝင်မလာအောင် ထိန်းရမည်။

ဤသို့ဖြင့် သမာဓိ အားကောင်းလာသည့်အခါ ဝိပဿနာကို ပြောင်းပြီး မှတ်ရမည်၊ ဝိပဿနာဟူသည် နာမ်ရုပ်လက္ခဏာ ဖြစ်ပေါ်မှုကို ဆင်ခြင်ခြင်း ဖြစ်သည်။ ဤခန္ဓာသည် ပဋိသန္ဓေက စပြီး သေသည့်တိုင်အောင် မပြတ်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေသည်။ တရားထိုင်တာ ကြာလာလျှင် ရုပ်ဖောက်ပြန်ပြီး

စာမျက်နှာ-568
ဝေဒနာပေါ်လာတတ်သည်။ ညောင်းလာလျှင် ညောင်းတာ၊ ညောင်းမှန်း သိတာ နှစ်မျိုးကို ဖြစ်ပြီး ပျက်သွားတာပဲဟု သိရမည်။ ထိုသို့ သိသည့်အခါ ညောင်းသည့် ရုပ်နှင့် ညောင်းမှန်းသိသည့်စိတ် မရှိတော့ဘဲ ချုပ်ပျောက်သွား ကုန်ပြီဟု နောက်ဉာဏ်က သိရမည်။ ညောင်းတာကို ပြုပြင်မပေးသမျှ ပြောင်းရွှေ့ ပြုပြင်ချင်စိတ် ပေါ်လာလိမ့်မည်။

ထိုအခါ ဆန့်ချင် ကွေးချင် ပြောင်းချင် ရွှေ့ချင်စိတ် ဖြစ်တာကိုသိမှတ်ပါ။ ထိုသို့ သိပြီး ထိုဆန့်ချင် ကွေးချင်သော ရုပ်နာမ်များ မရှိတော့တာကို ထပ်ပြီး သိမှတ်ပါ။ ဤသို့ သိနေတုန်း အသံတစ်ခု ကြားလိုက်လျှင် ကြားပြန်ပြီဟု သိမှတ်ပါ။ တစ်ခုတစ်ခု ပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်သွား ပျောက်သွားပါကလားဟု သိရမည်။

ဤသို့ အသိတရားတွေ ကျဲနေရာကနေ စိပ်သည်ထက် စိပ်လာတာကို ဉာဏ်ဖြင့် မှတ်ပါ၊ တဖြည်းဖြည်း ရုပ်နာမ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်သွား တာကို သတိဖြင့် စိုက်ကြည့်က တွေ့လိမ့်မည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ပါဠိလို ရွတ်မနေဘဲ ဖြစ်ပြီး ပျက်သွားပါကလားဟု တစ်ခုတည်းကိုသာ သတိဖြင့် စိုက်ပြီး ကြည့်နေလျှင် ဆင်းရဲသည့်သဘော၊ အစိုးမရသည့်သဘောကို ပိုပြီး ထင်မြင်လာလိမ့်မည်။ ဤသို့ မိမိခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် တွေကို ရှုကြည့်ဖန် များလာလျှင် မိမိခန္ဓာကိုယ်ကို ရွံမုန်းလာစိတ်၊ စွန့်လွှတ် ချင်စိတ် ဖြစ်လာလိမ့်မည်။ ဖြစ်ပျက်ဒုက္ခနှင့် မကင်းနိုင်ဘဲ အို နာ ဒုက္ခများနှင့် တွေ့ကြုံရဦးမည်ဟု ကြောက်ရွံ့ပြီး မိမိခန္ဓာကိုယ်ကို ရွံမုန်းလာ လိမ့်မည်။ ဖြစ်ပျက်ကို ရှုဖန်များလာလျှင် လောဘ ဒေါသ မောဟများ တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံး လွင့်ပျောက် ခန်းခြောက်သွားသည် အထိ ဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ရမည်။

ဖြစ်ပျက် ရှုဖန်များလာလျှင် ရုပ်နာမ်ကို ခွဲခြားသိသည့် နာမရူပပရိစ္ဆေဒဉာဏ်၊ ဤရုပ်နာမ်သည် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရား ဖြစ်ပြီး အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်း ဖြစ်ပျက်ဟု ဆင်ခြင်ကာ အကြောင်းကို သိမ်းဆည်းသိမြင်နိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို မမြဲ ဆင်းရဲ အစိုးမရဟု ဆင်ခြင်သုံးသပ်သော သမ္မသနဉာဏ်၊ ဖြစ်ဆဲ ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုမြင်သော ဥဒယဗ္ဗယဉာဏ်၊ ထိုသို့ ရှုဖန်များလာသည့်အခါ အပျက်ကိုသာ သိမြင်သော ဘင်္ဂဉာဏ်၊ ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်နေသဖြင့် ကြောက်ဖွယ် ဘေးကြီးဟု ထင်မြင်သော ဘယဉာဏ်၊ ချုပ်ပျက်မှု စသော အပြစ်တွေကိုသာ မြင်သော အာဒီနဝဉာဏ်၊ ရုပ်နာမ်ခန္ဓာကိုယ်ကို ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်၊ ထိုရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဉာဏ်၊ ရုပ်နာမ်တို့၏

စာမျက်နှာ-569
မမြဲ ဆင်းရဲ အစိုးမရမှုကို အလွန်ထင်မြင်သော ပဋိသင်္ခါဉာဏ်၊ ရုပ်နာမ်သင်္ခါရ တို့ကို မချစ် မမုန်း လျစ်လျူရှုသော သင်္ခါရုပေက္ခာဉာဏ်၊ ရှေ့ဉာဏ် နောက်ဉာဏ် တို့ကို မမြဲ ဆင်းရဲ အစိုးမရသော သဘောဖြင့် အစမှ အဆုံး၊ အဆုံးမှ အစ ရှေ့ပြန် နောက်ပြန် ရှုပွားသည့်အခါ နှစ်ဉာဏ်လုံး သင့်လျော်သော အနုလောမ ဉာဏ်များ ဖြစ်ပေါ်လာလိမ့်မည်။

ဤသို့ စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့် တက်ပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေလိမ့်မည်။

ပြည်မြို့ ခေမာသီဝံတောရဆရာတော်၏ ဝိပဿနာရှုနည်း

ထိုင်ပုံထိုင်နည်း

ယောက်ျား တင်ပျဉ်ခွေ၊ မိန်းမများ ကျုံ့ကျုံ့ထိုင်ရမည်။ ကိုယ်ကို ဖြောင့်ဖြောင့် ထားရမည်။ တစ်နာရီ ထိုင်မည်ဆိုလျှင် တစ်နာရီ မစဲတမ်း မထဘဲ ထိုင်ရမည်။ တစ်နာရီ စေ့သောအခါ လျောင်းလျက် တစ်နာရီ၊ စင်္ကြံသွားလျက် တစ်နာရီ၊ ရပ်လျက် တစ်နာရီ လှည့်၍ ရှုမှတ်ရမည်၊ ထိုသို့ ပြောင်းလဲ ရှုမှတ်မှသာ ရေရှည် ရှုမှတ်နိုင်သည်။ ထိုင်၍ ရှုမှတ်သော ယောဂီသည် ညာဘက် လက်ချောင်းများကို ဘယ်ဘက် လက်ချောင်းများဖြင့် ဆုပ်ကိုင်ရမည်။ (ဝါ) ဘယ်လက်ဖဝါးပေါ်မှာ ညာ လက်ဖဝါး တင်ရမည်။

မှတ်ပုံ

ထွက်သက်ဝင်သက်ကို သုံးသပ် ရှုမှတ်နေရမည်။ ညောင်းညာကိုက်ခဲစသော ဝေဒနာပေါ်လာလျှင် ကြိတ်မှိတ်သည်းခံပါ။ ထွက်သက် ဝင်သက်ကို အာရုံစိုက် ရှုမှတ်လျှင် ထွေထွေလာလာ ဝေဒနာများ ပျောက်သွားလိမ့်မည်။

ပထမစတုက္က (ပထမလေးချက်)

ကမ္မဋ္ဌာန်း ကြိုးစားအားထုတ်နေစဉ် ဈာန် မဂ် အရိပ်အရောင် မထင်လည်း အားမလျော့ဘဲ အားထုတ်မြဲ အားထုတ်ရမည်။ နှစ်နာရီ သုံးနာရီကြာအောင် ဆက်တိုက် ထိုင်နိုင်, အားထုတ်နိုင်လျှင် သမာဓိ ကောင်းကောင်းဖြစ်ပြီ။ ကောင်းသည့် အာရုံပေါ်လည်း မနှစ်သက်ရ၊ မည်သည့်အာရုံမျှ မပေါ်၍လည်း မစိုးရိမ်ရ၊ အာရုံနိမိတ် ပေါ်ချင်ပေါ်၊ မပေါ်ချင်နေ၊ မိမိအလုပ်ကိုသာ မိမိ ကြိုးစား ပြုလုပ်နေရမည်။ နှစ်နာရီ သုံးနာရီကြာအောင် ထွက်သက် ဝင်သက်ကို မှတ်နေနိုင်လျှင် အကောင်းဆုံး သမာဓိကို ရခြင်းဖြစ်ပြီး ပထမစတုက္က၏ ပထမစခန်းကို အောင်မြင်ခြင်းလည်း မည်ပါသည်။

စာမျက်နှာ-570
ဒုတိယစခန်းကို ဆက်လက် အားထုတ်လိုသော ယောဂီသည် အသက်ရှူ၊ အနှေးအမြန် နှစ်ချက်ကို သိအောင် အားထုတ်ရမည်။ နှေးနှေး အသက်ရှူ ခြင်းကို အရှည်၊ မြန်မြန် အသက်ရှူခြင်းကို အတိုဟု ခေါ်၏။ တစ်ထိုင်တည်း၌ ထွက်သက် ဝင်သက် နှေးသည့်အလှည့်ရှိသလို မြန်သည့်အလှည့်လည်း ရှိသည်။ နှေးလျှင် “နှေးတယ်”၊ မြန်လျှင် “မြန်တယ်”ဟု တစ်နာရီ နှစ်နာရီ မှတ်နေ နိုင်အောင် အားထုတ်ရမည်။ ထိုသို့ နေနိုင်လျှင် ပထမစတုက္က၏ ဒုတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

တတိယစခန်းကို ဆက်လက် အားထုတ်လိုလျှင် ထွက်သက် ဝင်သက်၏ စ,လယ်,ဆုံး သုံးချက်လုံးကို သိအောင် အားထုတ်ရမည်။

ချက်တိုင်က စ၍ ထွက်လေလာသည်ကို သိခြင်းသည် အစ၊ နှလုံးသားကို လေတိုးသွားတာကို သိခြင်းသည် အလယ်၊ နှာသီးဖျားကို လေတိုးသွားတာကို သိခြင်းသည် အဆုံးဖြစ်သည်။ “ထွက်သက် အစကား ချက်၊ ဝင်သက်အစကား နှာသီးဖျား” ဖြစ်၏။ နှလုံးသားကို လေတိုးသွားသောအခါ နှုတ်ခမ်းဖျားနှင့် လေကို မှုတ်ထုတ်လိုက်သလို နှလုံးသားကို ထိသွားလိမ့်မည်။ ဉာဏ်နှင့် သိအောင် ကြည့် ထင်ရှားလျှင် သိလိမ့်မည်။ စ,လယ်,ဆုံး ထင်ရှားလျက် တစ်နာရီ နှစ်နာရီ နေနိုင်လျှင် ပထမစတုက္က၏ တတိယစခန်း အောင်မြင်ခြင်း ဖြစ်သည်။

ဆက်လက် အားထုတ်နေစဉ်တွင် ထွက်သက် ဝင်သက်ကို သိမ်မွေ့ပြီး ရှာမတွေ့ ဘဲ ဖြစ်တတ်သည်။ မတွေ့လည်း မရှာနှင့်၊ သိမ်မွေ့သည့် အနေနှင့် တစ်နာရီ နှစ်နာရီ နေနိုင်လျှင် ပထမစတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ဝိပဿနာလမ်း

ပထမစတုက္က (ပထမလေးချက်)ကို အောင်မြင်ပြီးနောက် ဒုတိယစတုက္က (ဒုတိယလေးချက်)ကို ဆက်လက်အားထုတ်လိုလျှင် အားထုတ်၊ ဆက်လက် အားမထုတ်ဘဲ (သမထမှ) ဝိပဿနာဘက် ကူးလိုလျှင် ထွက်သက် ဝင်သက်လေကို အနိစ္စ အနိစ္စ (မမြဲ မမြဲ)ဟု ရှုဆင်ခြင်ရမည်။ ထိုသို့ ရှုဆင်ခြင်နေခိုက် ထွက်လေ ဝင်လေနှင့် ရုပ်စုရုပ်မှုန်များ တဖွားဖွား ပေါ်လာတတ်သည်။ အချို့ တစ်ကိုယ်လုံးကို ရှာမတွေ့တော့ဘဲ ရုပ်စု ရုပ်မှုန်များကိုသာ တွေ့တတ်ကြသည်။ ရုပ်တရား ပေါ်လျှင် နာမ်တရားကို ဆက်ရှု၊ ရုပ်တရား နာမ်တရား နှစ်ပါး ထင်ရှားလျှင် ထိုရုပ်နာမ်နှစ်ပါးကို လက္ခဏာတင်၍ (အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၊ အနတ္တ-အစိုးမရ၊ ကိုယ်မဟုတ်ဟု ဆင်ခြင်၍) သုံးသပ်၊ ဤသို့ ဝိပဿနာလမ်းစဉ်အတိုင်း ရှုမှတ်သွားက လမ်းစဉ်ဆုံးလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်လမ်းကို ဆက်၍လိုက်က နိဗ္ဗာန်ကို တွေ့လိမ့်မည်။ နောက်မဆုတ်ဘဲ ဆက်လက်လိုက်ရမည်။

စာမျက်နှာ-571

ဒုတိယစတုက္က (ဒုတိယလေးချက်)

ဈာန်ခန်းကို လိုက်လိုလျှင် ဒုတိယလေးချက်ကို ဆက်လက်အားထုတ်ရမည်။ ပထမ “ပီတိ (နှစ်သက်ခြင်း)ကို ထင်ရှားအောင် အားထုတ်မည်”ဟု ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ပီတိငါးမျိုး အသီးသီး ထင်ရှားလာလျှင် ဒုတိယစတုက္က၏ ပထမစခန်း အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “သုခ (ချမ်းသာခြင်း)ထင်ရှားအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ သုခထင်ရှားလျှင် ဒုတိယ စတုက္က၏ ဒုတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “သညာ(မှတ်သားခြင်း)၊ ဝေဒနာ (ခံစားခြင်း)တို့ကို ထင်ရှား အောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ သညာ၊ ဝေဒနာထင်ရှားလျှင် ဒုတိယစတုက္က၏ တတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “သညာ၊ ဝေဒနာ ချုပ်သွားအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ သညာ, ဝေဒနာချုပ်ငြိမ်းသွားပြီး မေးမရ၊ ခေါ်မထူး ဖြစ်တတ်၏။ ဆရာကောင်းလိုသည်။ ထိုစခန်းသို့ ဆရာမရောက် ဖူးက တောင်ရမ်း မြောက်ရမ်းလုပ်၍ တရားပျောက်တတ်သည်။ ဤသို့ သညာ ဝေဒနာ ချုပ်ငြိမ်းလျှင် ဒုတိယစတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ဤစတုတ္ထစခန်းမှ နေ၍ ဝိပဿနာစခန်းတက်လိုလျှင် တက်၊ မတက်လိုလျှင် တတိယစတုက္ကကို ဆက်လက်အားထုတ်ရမည်။

တတိယစတုက္က (တတိယလေးချက်)

ယောဂီသည် “ငါ၏ အဇ္ဈတ္တ (ကိုယ်တွင်း)ရှိ စိတ်ကို ထင်ရှား သိသာအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ မကြာမီ သုခ(ချမ်းသာခြင်း)၊ သညာ(မှတ်သားခြင်း)၊ ဝေဒနာ (ခံစားခြင်း)တို့ ထင်ရှားလာလိမ့်မည်။ ယင်းသို့ ထင်ရှားခြင်းသည် စိတ်ထင်ရှားခြင်း ဖြစ်၏။ တတိယ စတုက္က၏ ပထမစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “ငါ၏ ကိုယ်တွင်းရှိ စိတ်ကို ရွှင်လန်းအောင် အားထုတ်မည်” ဟူသော စိတ်ထားဖြင့် ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ မကြာမီ စိတ်ရွှင်လန်း လာပြီး ဣန္ဒြေမဆယ်နိုင်အောင် ဖြစ်တတ်သည်။ ဤကား တတိယစတုက္က၏ ဒုတိယ စခန်းကို အောင်မြင်ခြင်း ဖြစ်၏။

စာမျက်နှာ-572
ယင်းနောက် ကိုယ်တွင်းရှိ စိတ်ကို သိသိသာသာ ထင်ထင်လင်းလင်း ဖြစ်လာ အောင် အားထုတ်မည်ဟူသော စိတ်ဖြင့် ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ စိတ်ကြည်လင်လာလိမ့်မည်။ တရား၏ ချမ်းသာကို ပြောမပြနိုင်လောက်အောင် ခံစားရတတ်၏။ စိတ်သည် ကိုယ်ထဲမှာ ထားလျှင် အပြင်မထွက်၊ ခန္ဓာကိုယ်သည် ကျောက်တိုင် ကျောက်ခဲလို မတုန်မလှုပ် တည်ရှိနေတတ်သည်။ ထိုသို့ ဖြစ်လျှင် တတိယစတုက္က၏ တတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “ငါသည် စိတ်နှင့် အကုသိုလ် ကင်းအောင် ထွက်သက် ဝင်သက်ကို လွှတ်မည်” ဟု ကြံ၍ ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ ဆန့်ကျင်ဘက် တရားများ ကင်းလွတ်သွားမည်။ စိတ်ကြည်လင်အေးမြ သန့်ရှင်း သွားလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် တတိယစတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်၏။

စတုတ္ထစတုက္က (စတုတ္ထလေးချက်)

ယင်းနောက် ခန္ဓာငါးပါးတွင် တစ်ပါးပါးကို အာရုံပြု၍ မမြဲခြင်းကို သတိထားပြီး ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ထိုသို့ လွှတ်လျှင် မကြာခင် ခန္ဓာငါးပါး၏ မမြဲပုံ ပေါ်လာလိမ့်မည်။ ထိုသို့ ပေါ်လာခြင်းသည် စတုတ္ထစတုက္က၏ ပထမစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “ခန္ဓာငါးပါး၌ နှစ်သက်သာယာစိတ် မရှိအောင် ပြုမည်”ဟု ကြံ၍ ထွက်သက်ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ နှစ်သက်သာယာစိတ် ကင်းသော ဉာဏ် ပေါ်လိမ့်မည်။ ဤကား စတုတ္ထ စတုက္က၏ ဒုတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “ခန္ဓာငါးပါးကို ချုပ်ငြိမ်းအောင် အားထုတ်မည်” ဟု ကြံ၍ ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ ခန္ဓာငါးပါး ချုပ်ငြိမ်း၍ အအေးကြီး အေးသည့်ဉာဏ် ပေါ်လာလိမ့်မည်။ ဤကား စတုတ္ထစတုက္က၏ တတိယစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

ယင်းနောက် “ခန္ဓာငါးပါးနှင့် ကိလေသာတို့ကို ပယ်စွန့်မည်” ဟု ကြံ၍ ထွက်သက် ဝင်သက်ကို လွှတ်ရမည်။ ထိုအခါ မကြာမီ ခန္ဓာငါးပါးနှင့် ကိလေသာများကို ပယ်စွန့်နိုင်သော ဉာဏ် ပေါ် လာလိမ့်မည်။ ယောဂီ၏ စိတ်သည် နိဗ္ဗာန်သို့ ပြေးဝင်သော စိတ်ဖြစ်နေလျှင် စတုတ္ထ စတုက္က၏ စတုတ္ထစခန်းကို အောင်မြင်ခြင်း ဖြစ်သည်။

စီးဖြန်းပုံ (၁၆)ပါးပြီး၏။

စာမျက်နှာ-573

ကသစ်ဝိုင် ဆရာတော်၏ ဝိပဿနာရှုနည်း

မျက်လုံးမှိတ်၍ စိတ်ကို ရင်မှာ ထားရမည်။ ယင်းနောက် ပေါ်တာကို မှတ်ရမည်။ ပေါ်တာ ငါးမျိုး ရှိသည်။ ပူတာ, အေးတာ, လှုပ်တာ, ဆင်းရဲတာ, ချမ်းသာတာတို့ ဖြစ်သည်။ ပေါ်တာက ရုပ်၊ ပေါ်တာကို သိတာက နာမ်၊ ရုပ်ထဲမှာ နာမ်မရှိ၊ နာမ်ထဲမှာ ရုပ်မရှိ၊ ပေါ်တိုင်းသိ၊ ပေါ်တိုင်းသိ၊ ဤသို့ ပေါ်တာနှင့်သိတာ ဆုံဆုံ သွားအောင် ရင်ကနေ စိတ်ဖြင့် မှတ်ရမည်။

ပေါ်တာ ငါးမျိုးတို့တွင် ပူတာနှင့် အေးတာ၊ ချမ်းသာတာနှင့် ဆင်းရဲတာ မတည့်၍ တစ်ခု ပေါ်လျှင် တစ်ခု မပေါ်နိုင်ပေ။ တစ်ပြိုင်နက် ပေါ်နိုင်သော တရားကား ပူလှုပ်ဆင်းရဲ၊ ပူလှုပ်ချမ်းသာ၊ အေးလှုပ်ဆင်းရဲ၊ အေးလှုပ်ချမ်းသာ၊ ဤသုံးမျိုးသာ ဖြစ်သည်။

ပူတာ ပေါ်သည့်အခါ နည်းနည်းပူ၊ များများပူ၊ တိုးတိုးပြီးပူ၊ လျှော့လျှော့ ပြီးပူ၊ မတိုးမလျှော့ တန့်နေသည့် အပူ၊ ဤသို့ အပူအမျိုးမျိုးရှိရာတွင် မည်သို့ ပူပူ၊ ပူလာလျှင် လှုပ်နေတာ ပါတတ်သည်။ မခံသာလျှင် ဆင်းရဲမှု၊ ခံသာလျှင် ချမ်းသာမှု ပါတတ်သည်။

မည်သို့ပင် အေးအေး၊ အေးတာ ပေါ်သည့်အခါ လှုပ်တာပါ ပေါ်တတ် သည်။ မခံသာလျှင် ဆင်းရဲမှု၊ ခံသာလျှင် ချမ်းသာမှုလည်း ပါတတ်သည်။

ထိုသို့ သုံးမျိုးတွဲ ပေါ်တတ်သော်လည်း ပူတာ ထင်ရှားလျှင် ပူတာ၏ ဖြစ်ပျက်ရှု၊ လှုပ်တာ ထင်ရှားလျှင် လှုပ်တာ၏ ဖြစ်ပျက်ရှု၊ ဆင်းရဲတာ ထင်ရှားလျှင် ဆင်းရဲတာ၏ ဖြစ်ပျက်ရှု၊ ချမ်းသာတာ ထင်ရှားလျှင် ချမ်းသာတာ၏ ဖြစ်ပျက် ရှုရမည်။ မထင်ရှားတာကို ထင်ရှားအောင်ကား လိုက်မလုပ်ရ။ ပေါ်လာမှသာ ပစ္စုပ္ပန် ပေါ်တုန်းပေါ်ခိုက်ကို ရှုမှတ်ရမည်။

တရားထိုင်လျှင် ဖြစ်ပျက် မြင်ရန် ကြာကြာ ထိုင်ရမည်။ ခဏခဏ ခဏခဏ မြင် မပြောင်းဘဲ ကြာကြာထိုင်ရမည်။ နာရီဝက် တစ်နာရီ ထိုင်မည်ဟု အဓိဋ္ဌာန်ပြီး အဓိဋ္ဌာန်မဖျက် မပြင်မပြောင်းဘဲ မှတ်ရမည်။ ကြာကြာမှတ်လျှင် ခန္ဓာမှာ ပြောင်းလဲ ဖြစ်ပျက်နေပုံကို ဧကန်မြင်ရမည်။

စိတ်ကို ရင်မှာထားပြီး ပေါ်တာငါးမျိုးကို မှတ်နေစဉ် နည်းနည်း ကြာသွား လျှင် ခန္ဓာကိုယ် အောက်ပိုင်းမှာ ပူလာတတ်သည်။ အပူတွေ့လျှင် အရှိန် ကလေးလည်း ပါတတ်သည်။ အခိုးအငွေ့လည်း ထတတ်သည်။ အရှိန်အခိုးက အောက်ပိုင်းမှ စပေါ်ပြီး အထက်ကို တဖြည်းဖြည်း တက်တတ်သည်။ အပူရှိန်

စာမျက်နှာ-574
အပူခိုး မီးဓာတ်က ဖုတ်၊ လေဓာတ်က မှုတ်ပြီး တလှုပ်လှုပ် တရွရွ တစစ်စစ် တဖျစ်ဖျစ်နှင့် ပြောင်းလဲဖြစ်ပျက်ပုံ အမျိုးမျိုးတို့ ခန္ဓာကိုယ်မှာ ပေါ်တတ်သည်။ ထိုသို့ ပေါ်လျှင် ယောဂီသည် အားသန်ရာကို နိုင်အောင် မှတ်ရမည်။ အပူ သန်လျှင် ပူသိပျက်၊ အအေးသန်လျှင် အေးသိပျက်၊ အရှိန်သန်လျှင် ရှိန်းသိပျက်၊ စစ်စစ်သန်လျှင် စစ်သိပျက်၊ ရွရွအားသန်လျှင် ရွသိပျက် ဟူ၍ ခန္ဓာမှာ ပေါ်တာနှင့် သိပျက်ကို ကပ်လိုက်ရသည်။ ထိုသို့ ကပ်ကပ်သွားလျှင် ပေါ်တာနှင့် သိပျက်တို့ တင်ရှားလာတတ်သည်။ ဤကား နာရီဝက် တစ်နာရီ ထိုင်မည်ဟု အဓိဋ္ဌာန်ပါရမီ ကူးလိုက်သည့် အကျိုးပင် ဖြစ်သည်။

ကျဉ်တာ ပေါ်လျှင် ကျဉ်သိပျက်ဟု သိပျက်ကပ်၊ ထုံတာပေါ်လျှင် ထုံသိပျက်ဟု သိပျက်ကပ်၊ ကိုက်တာ နာတာ ပေါ်လျှင်လည်း သိပျက်ကပ်ပေး၊ အေးတာ၊ စိမ့်တာ၊ စိတ်ချမ်းသာတာ ဘာပဲပေါ်ပေါ် ပေါ်တာမှန်သမျှကို သိပျက်ကပ်ပေး၊ ထိုသို့ သိပျက်ကပ်ပြီး မှတ်လျှင် တရားကို မြင်နိုင်သည်။

ဆိုခဲ့သည့်အတိုင်း ဘာမျှ မမြင်လျှင် အသက်ရှူသည့်အခါ လှုပ်တာကို မှတ်၊ အသက်တစ်ခါ ရှူလျှင် ဗိုက်ဖောင်းသည်။ ရှိုက်လိုက်လျှင် ဗိုက်ပိန်သည်။ ပေါင်ရင်းကို စိတ်ကပ်ထား၊ ရှိုက်လိုက်၍ လေထွက်စဉ် ပေါင်ရင်းက ရှိန်းခနဲ ရှိန်းခနဲ ပေါ်တတ်သည်။ ပေါင်ရင်းက ရှိန်းကနဲ ရှိန်းကနဲ တိုးတိုးလာလျှင် ပေါင်ရင်း ပေါင်လယ် ဒူး ခြေသလုံး ခြေမျက်စိ ခြေဖဝါးထိအောင် တစ်ချက်ရှိုက်လိုက်တိုင်း ရှိန်းခနဲ ရှိန်းကနဲ အပူထုတ်သလို နေတတ်သည်။ ထိုသို့ ဖြစ်လျှင် အောက်ပိုင်းသည် ရွရွ ဖြစ်စေ၊ ရှိန်းရှိန်း ဖြစ်စေ၊ ဖျဉ်းဖျဉ်း စစ်စစ် ဖြစ်စေ၊ ဟုန်းခနဲ ဖျဉ်းခနဲ ကြက်သီးထသလို ဖြစ်စေ မျိုးစုံပေါ်နေတတ်သည်။ ဤကား အသက်ရှူလေနှင့် ပတ်သက်၍ သိမှတ်ရာမှာ ဖြစ်ပေါ်ပုံ ဖြစ်သည်။

အိပ်လျက်, စင်္ကြံလျှောက်လျက်လည်း မှတ်ရမည်။ ဘယ်လှမ်းလျှင် ဘယ်ခြေသို့ စိတ်ဖြန့်၊ ကြွတုန်း ပေါ်တာမှတ်၊ မြှောက်တုန်း ပေါ်တာမှတ်၊ အောက်ချလိုက်တုန်း ပေါ်တာမှတ်၊ ညာလှမ်းလျှင် ညာခြေသို့ စိတ်ဖြန့်၊ ကြွတုန်း ပေါ်တာမှတ်၊ မြှောက်ထားတုန်း ပေါ်တာမှတ်၊ အောက်ချလိုက်တုန်း ပေါ်တာ မှတ်။

လမ်းတိုလျှင် ဆယ်ခေါက်လောက် မှန်းလျှောက်၊ လမ်းရှည်လျှင် ငါးခေါက် လောက် မှန်းလျှောက်၊ ပေါ်တာကို မြင်မြင်, မမြင်မြင် လျှောက်ရမည်။ လျှောက်ပြီးလျှင် နှစ်မိနစ်လောက် ရပ်လိုက်ရမည်။ ယင်းနောက် ဆက်လျှောက်၊ ငါးခေါက်, ဆယ်ခေါက်ပြီးပြန်လျှင် နှစ်မိနစ်ရပ်၊ ထိုသို့ လျှောက်ရာက

စာမျက်နှာ-575
မလျှောက်နိုင်တော့ဘူးဆိုလျှင် အိပ်ရာထဲသွား စောင်ဖြစ်စေ၊ သင်္ကန်းဖြစ်စေ ခြုံ၊ ပက်လက်အိပ်၊ မျက်လုံးမှိတ်ပြီး အထက်ကနေ အောက်ခြေဖဝါးထိ စိတ်စိုက်၊ ခွေးသေကောင်ပုပ် လင်းတဆွဲသလို တရွရွ တဖွဖွ တဖျစ်ဖျစ် တလှစ်လှစ် တစစ်စစ်နှင့် အိုက်စပ်ဝေဒနာကို ညနေပိုင်းမှာ ကြုံရတတ်သည်။ နေ့လယ်ပိုင်း ဆိုလျှင် ချွေးများပင် ထွက်လာတတ်သည်။ နွေရာသီဆို သာပြီး ချွေးတစိုစို ဖြစ်လာတတ်သည်။

ထို့ပြင် လက်ကို ကွေးသည့် ဆန့်သည့်အခါ ပေါ်တာမှတ်ပြီး ကွေးရ ဆန့်ရမည်။ ခြေထောက်နှင့် ကိုယ်ခန္ဓာတို့ကိုလည်း ပေါ်တာမှတ်ပြီး ကွေးရ ဆန့်ရမည်။ သတိမလွတ်စေရ၊ သတိလွတ်လျှင် သူ့နေရာသူ ပြန်ထား၊ အမှတ်ဖြင့် ပြန်ကွေး ပြန်ဆန့်ရမည်။ ဘာကို ကိုင်ကိုင် ပေါ်တာမှတ်ပြီး ဖြည်းဖြည်း ကိုင်ရမည်။

ရေချိုးသည့်အခါ ပူတာပျောက်ပြီး အေးတာ ရောက်တာတွေ၊ ရေချိုးပြီးလျှင် အအေးဓာတ်ပျောက် အနွေးဓာတ် ပြန်ရောက်တာတွေ မှတ်ရမည်။

စားသည့်အခါ, လက်ဖက်ရည် သောက်သည့်အခါ လက်ကိုင်လျှင် လက်ကို စိတ်ဖြန့်၊ ခွံလျှင် စား၊ ဝါးလျှင် ပါးစပ်ထဲ စိတ်ဖြန့်မှတ်ရမည်။ ပါးစပ်အမူအရာ ဖြစ်ပုံ၊ ဟပုံများကို မှတ်ရမည်။ ပါးစပ်ကို လေနှင့်ဟခြင်း ဖြစ်၏။ ဟပါများတော့ မီးပါ လာသည်။ မီးနှင့်လေ ပေါင်းလိုက်တော့ စားတုန်းမှာ ရှိန်းခနဲ ရွခနဲ ဖျဉ်းခနဲ စစ်ခနဲ စသည်ဖြင့် ပေါ်လာသည်။ ထိုသို့ ပေါ်လာလျှင် ရွရွနှင့်စား၊ ဖျဉ်းဖျဉ်းနှင့် စား၊ စစ်စစ်နှင့်စား၊ လှပ်လှပ်နှင့်စား၊ အပူနှင့်စား၊ အပူဆိုလည်း ဖြစ်ပြီးပျက်၊ အအေးဆိုလည်း ဖြစ်ပြီးပျက်၊ လှုပ်ရွဆိုလည်း ဖြစ်ပြီးပျက်၊ ဖြစ်ပျက်နှင့်စားရမည်။ အမြင်လည်း သန်မည်ဆိုလျှင် စားတုန်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်နိုင်သည်။

ဘာပဲလုပ်လုပ် အမှတ်မပျက်စေဖို့ လို၏။ အမှတ်လွတ်လျှင် အသိ ကျဲမည်။ ဘာပဲပေါ်ပေါ် ပေါ်တာနှင့် သိနေရမည်။ ပေါ်တာအစ, သိတာအလယ် ပျက်တာ နောက်ဆုံး ဖြစ်၏။ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မြင်ချင်လျှင် ခန္ဓာထဲမှာ ဖြစ်ပျက်ကို နာနာမှတ်ကြရမည်။

မငိုက် မသမ်း မဝေ မပျင်းဘဲ တစ်မိနစ်မှာ မှတ်စိတ် (၆ဝ)ရပြီး အမှတ် စိပ်စိပ်နှင့် မြန်လာမည်ဆိုလျှင် မှတ်စိတ်ဆုံးက နိဗ္ဗာန်ကို မြင်ရတော့မည် ဖြစ်သည်။

စာမျက်နှာ-576

ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း

နှာဖျား နှာဝမှာ ထွက်လေ ဝင်လေသည် အမြဲတိုက်ဝင် တိုက်ထွက်နေသည်။ နှာဖျား နှာဝမှာ ကာယပသာဒခေါ် ရုပ်အကြည်ဓာတ်က အထိခံနေသည်။ ဝင်လေထွက်လေက ထိလာခြင်း ဖြစ်သည်။ ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်း ဖြစ်ပြီး ထိတာကို သိတာက နာမ်ဖြစ်သည်။ ကိုယ့်နှာဝကို ဉာဏ်ဖြင့် စောင့် ကြည့်ရမည်။ ထိဝင်ထွက်တာကို သိနေစေရမည်။ သိအောင် မှတ်ရမည်။ ထိုသို့ ထိတာကို သိလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်းနေ သည်။

ဝိပဿနာဟူသည် ပစ္စုပ္ပန်(ဖြစ်ဆဲ)ကိုသာ ရှုမှတ်ရသည်။ နှာဝကို ဝင်လေ ထွက်လေ မထိခင် မှတ်၍လည်း မဖြစ်၊ သိ၍လည်း မဖြစ်၊ ထိပြီးနောက်မှ မှတ်၍ သိ၍ မဖြစ်။ ဝင်လေထွက်လေ ထိဆဲကိုသာ “ထိတယ်”ဟု သိနေအောင် မှတ်ရသည်။ ထိတာကို သိနေလျှင် ရုပ်နှင့်နာမ်သာ ရှိကြောင်း၊ ငါ သူတပါး ယောက်ျား မိန်းမ မရှိကြောင်း သူတပါးကို မေးနေဖွယ်မလို၊ မိမိဘာသာ သိလာလိမ့်မည်။

ထိတာကို သိနေလျှင် ဉာဏ်အမြင် စင်ကြယ်ပြီး သမ္မာဒိဋ္ဌိ (အမြင်မှန်) ဖြစ်နိုင်သည်။ ထိုသို့ ထိတာကို သိနေလျှင် ရုပ်နှင့် နာမ် ကွဲပြားမှုကိုပါ ဉာဏ်ဖြင့် သိလာတတ်သည်။ ထိုသို့ ထိသော ဉာဏ်ကို နာမရူပပရိစ္ဆေဒ (ရုပ်နှင့်နာမ်ကို ခွဲခြားသိမှု)ဉာဏ်ဟု ခေါ်သည်။

နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် တရိပ်ရိပ် ဖြစ်ပျက်နေပုံကို ရှုမှတ် သိမြင်နေရမည်။ ထိုသို့ သိမြင်နေတာ ကြာလာလျှင် ဝိပဿနာ သမာဓိ တစထက် တစ တိုးတက်ပြီး နှာဖျား နှာဝမှာသာမက တစ်ကိုယ်လုံးမှာ တရိပ်ရိပ် တရွရွ ဖြစ်ပျက်နေတာကို တွေ့ ရပေလိမ့်မည်။ ထိုအခါ အနိစ္စ (မမြဲမှု) ဒုက္ခ (ဆင်းရဲမှု)နှင့် အနတ္တ (မိမိမစိုးပိုင်မှု)သဘောတို့ကို သိမြင်လာလိမ့်မည်။ ပါးစပ်က မဆိုရပေ။ ဝိပဿနာအလုပ်ဟူသည် ထိမှုကို ကြည့်ရှု သိမှတ်နေရုံသာ ဖြစ်သည်။ ထိုသို့ ရှုမှတ်နေလျှင် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး အလိုလို သိလာမည်ဖြစ်သည်။ ဤသို့ဖြင့် တရိပ်ရိပ် ဖြစ်ပေါ်သော ထိမှု သိမှုတို့ကို ရှုမှတ်နေရင်းပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဆိုက်ရောက်လာမည် ဖြစ်သည်။

မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးနောက် ဖလသမာပတ်ကို ဝင်စားချင်လျှင် မိမိ လာခဲ့သည့် ဝိပဿနာလမ်းကို ပြန်ကြည့်ရသည်။ ဖလသမာပတ်ဟူသည် ကိုယ်ပိုင် အိမ်နှင့် တူပေသည်။

စာမျက်နှာ-577
သို့ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရှိရန် ထိမှုသိမှုကို လုံ့လဝီရိယဖြင့် ကြည့်ရှု မှတ်သားနေကြရမည်။

အနာဂါမ်ဆရာသက်ကြီး၏ ဝိပဿနာရှုနည်း

ရှေးဦးစွာ ဘုရား တရား သံဃာ ဆရာ မိဘနှင့် ပြစ်မှားမိသူများကို ကန်တော့ရမည်။ ယင်းနောက် သီလတစ်မျိုးမျိုးကို ဆောက်တည်ပြီး သတ္တဝါ များကို မေတ္တာပို့ရမည်။ မေတ္တာပို့ပြီးလျှင် ဆင်းတုတော် မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းကို ပေးသနားရန် တောင်းပန်ပြီး ကြာကြာထိုင်နိုင်သည့် နည်းဖြင့် ထိုင်ရမည်။

ယောဂီသည် သမာဓိ ထူထောင်ရန် သမထကို ရှေးဦးစွာ ကျင့်ရမည်။ ထွက်သက်ဝင် သက်ကို ပကတိအတိုင်း ရှူ၍ နှာသီးဖျားမှာ ထားရမည်။ နှာသီးဖျားကို ထွက်လေ ဝင်လေ တိုးတိုင်း သိသိနေအောင် သတိထား ရှုမှတ်ရမည်။ ငါ အပါယ်တံခါး ပိတ်လိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် ထက်ထက် သန်သန် ရှုမှတ်နေရမည်။ ညောင်းအားကြီးလျှင် နေရာ ပြင်နိုင်သည်။

ရှူမှတ်ဖန်များလျှင် နိမိတ်တစ်ခုခု မြင်လာတတ်၏။ နှာသီးဖျားကို တိုးသော ထွက်လေ ဝင်လေကို သိအောင် ရှုမှတ်ဖန်များသောအခါ ထွက်လေ ၀င်လေသည် လေမြောင်းကြီးပမာ ဖြစ်ပေါ်ဟန် ထင်မြင်လာတတ်သည်။ ထွက်လေသည် နှာသီးဝအပြင်သို့ တစ်ထွာ တစ်တောင် ရှည်ထွက်သွားပုံ၊ ဝင်လေသည် ချက်ထိ အောင် ရောက်သွားပုံတို့ကို ထင်မြင်တတ်သည်။ နှာသီးဝမှာ ထွက်လေဝင်လေ သည် မီးခိုးဖြူလို တစ်ခါ တစ်ခါ အဖြူခိုးနှင့် ရောလျက် ရွှေမှုန့်, ငွေမှုန့်လို တစ်ခါတစ်ခါ ပုလဲလုံးလေးလို အချို့ ယောဂီများ ထင်မြင်တတ်ကြသည်။ သမာဓိ ရင့်လာလျှင် ပုလဲလုံးလေးများ အရောင်တောက်လာပြီး ထိုအရောင်ဖြင့် ဝမ်းထဲရှိ အရာများကိုပင် မြင်တတ်သည်။ အခြား အာရုံနိမိတ်များကိုလည်း မြင်တတ်သည်။ ထိုနိမိတ်တစ်ခုခု ပျောက်သွားလျှင် နှာသီးဝက ထွက်လေ ဝင်လေပြန်မှတ်ရမည်။ ထိုထင်လာသော နိမိတ်များကိုမူ နှစ်သက်ကျေနပ် မနေရပေ။ နိမိတ်ကို နှစ်သက် ကျေနပ်ပြီး မိမိကိုယ်ကို အထင်ကြီးနေလျှင် ကမ္မဋ္ဌာန်းအလုပ်ကို အနှောင့်အယှက် ဖြစ်တတ်သည်။

ထိုသို့ တွေ့သော နိမိတ်အမျိုးမျိုးကို ဥဂ္ဂဟနိမိတ် (ကြွတက်လာသော အာရုံ)ဟု ခေါ်သည်။ ထိုနိမိတ်များမှ ထင်ရှားသော ဂုံညင်းခန့် ဥသျှစ်သီးခန့် နိမိတ် တစ်လုံးလုံးကို နှာသီးဖျားနှင့် တစ်တောင်ခန့် နေရာမှာ မြင်အောင် မျက်စိမှိတ်လျက်

စာမျက်နှာ-578
အာနာပါနကို ရှူ၊ ထိုနိမိတ်လုံးသည် အစတွင် မိမိထားလိုသော နေရာမှာ ရောက်လာသလိုလို ပျောက်သွားသလိုလို ထင်တတ်သည်။ ကြာသောအခါ မပျောက်တော့ဘဲ မျက်စိဖွင့်ကြည့်လျှင်ပင် မြင်နေတတ်၏။ သို့ရာတွင် မျက်စိ မှိတ်၍ စိတ်ဖြင့် မြင်အောင် ကြည့်ရသည်။ ကြည့်ဖန်များလျှင် သမာဓိခိုင်မြဲပြီး နိမိတ်လုံးသည် နေလအရောင်ထက်ပင် လင်းထိန် အေးမြလာတတ်သည်။ ထိုနိမိတ်သည် မိမိရှေ့မှာ တည့်ငြိမ်နေလိမ့်မည်။ ထိုနိမိတ်ကို ပဋိဘာဂနိမိတ် (သမထရှုရာတွင် နောက်ဆုံးထင်သော အာရုံ)ဟု ခေါ်သည်။

ထိုပဋိဘာဂနိမိတ်ကို ကြည့်ရှုနေလျှင် ကြာလေ ထင်ရှားလေ၊ ငြိမ်သက် အေးချမ်းလေ ဖြစ်ပြီး ပီတိ (နှစ်သက်မှု) ဖြစ်လာလိမ့်မည်။ ပီတိဖြစ်လျှင် သုခ (ချမ်းသာမှု)ဖြစ်၏။ ထိုသို့ သုခဖြစ်လျှင် ဧကဂ္ဂတာ (ခိုင်မြဲတည်တံ့မှု) ဖြစ်သည်။ ထိုအခါ ထိုပဋိဘာဂအာရုံနိမိတ်ကို မြင်သည်မှတပါး အခြားဘာကိုမျှ မမြင် တော့ပေ၊ သို့ဖြစ်၍ ဈာန်အင်္ဂါ ငါးပါး (ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ) ပြည့်စုံပြီး ပထမဈာန်ဇောကျလေသည်။ ထိုပဋိဘာဂနိမိတ်ကို ကြည့်မြင်နေသော ယောဂီမှာ သဘောတရားငါးမျိုး ပါဝင်သော ပထမဈာန်စိတ် ဖြစ်လာသည်။ ပထမဈာန်ကို ရလာသည်ဟု ဆိုလိုသည်။

အာနာပါန သမထမျှသာမဟုတ် အခြား မည်သည့် သမထကိုမဆို သမာဓိ ရအောင် ရှေးဦးစွာ ကျင့်ရပါမည်။

ဝိပဿနာတက်၍ ရှူမှတ်နည်း

ဆိုခဲ့သည့် ဥဂ္ဂဟနိမိတ်မျိုးကို ခပ်ကြာကြာမြင်ရလျှင် သမာဓိ အတော် အားကောင်းပြီး ဖြစ်သည်။ ဝိပဿနာကို ပြောင်း၍ ရှုမှတ်မည် ဖြစ်သဖြင့် အာနာပါန ရှုခါနီးက ပြုသလို ကန်တော့ခြင်း၊ သီလဆောက်တည်ခြင်းတို့ကို ပြုရမည်။ ဝိပဿနာတရားကို ငါရမည်ဟု ထက်သန်စွာ ယုံကြည်စိတ် မွေးရမည်၊ ထို့နောက် မိမိထိုင်တတ်သလို ထိုင်ပြီး (၁၀)မိနစ်ခန့် နှာသီးဖျား၌ ထွက်လေ ဝင်လေထိခြင်း ဖြစ်ပေါ်ခြင်း ပျောက်သွားခြင်းသဘောတို့ကို အနိစ္စ (အမြဲမရှိ)ဟု ရှုမှတ်ရမည်။

(၁၀)မိနစ် (၁၅)မိနစ်ခန့် ရှိသောအခါ မိမိ၏ ငယ်ထိပ်ကို အာရုံပြု၍ ငယ်ထိပ်မှာ စိတ်ထားရမည်။ ငါးမူးစေ့ ကျပ်စေ့ခန့်ရှိ ငယ်ထိပ်နေရာတွင် အေးခနဲ ပူခနဲ နွေးခနဲ တွေ့ရတတ်သည်။ စိတ်ကို မလွင့်စေရ၊ ငယ်ထိပ်နေရာမှ အာရုံသည် လှုပ်လာ ကြီးကျယ်ပွားလာတတ်သည်။ တရွရွ တဖွဖွ တဖွဲဖွဲ တသဲသဲ ဖြစ်လာ တတ်သည်။ အာရုံအတွေ့ကို မျက်စိဖြင့် တွေ့မြင်ရခြင်း မဟုတ်၊ ဉာဏ်ဖြင့် တွေ့မြင်နေရခြင်း ဖြစ်သည်။

စာမျက်နှာ-579
ဤသို့ဖြင့် ရုပ်နာမ်တို့၏ ဖြစ်ပျက်ခြင်းကို ရှုမှတ်ရာမှ နာမရူပပရိစ္ဆေဒ (ရုပ်နာမ်ကို ခွဲခြားမြင်မှု)ဉာဏ် စသော စသော ဉာဏ်စဉ်များ အဆင့်ဆင့် ဖြစ်ပေါ်ပြီး တရားထူးကို ရရှိနိုင်ကြပါသည်။

ညောင်လွန့်တောရဆရာတော်၏ ဝိပဿနာရှုနည်း

တရားအားထုတ်မည့် ပုဂ္ဂိုလ်သည် ရဟန်းဖြစ်က ရဟန်းသီလ၊ လူဝတ် ကြောင်များဖြစ်က အနည်းဆုံး ငါးပါးသီလ လုံခြုံရမည်။ ကိစ္စကြီးငယ် ကြောင့်ကြဖွယ် မရှိစေရ။ ယင်းနောက် မြတ်စွာဘုရား ဆင်းတုတော်ရှေ့၌ ဖြစ်စေ၊ ဆင်းတုတော်မရှိလျှင် ဆင်းတုတော်ကို စိတ်မှန်း၍ ဖြစ်စေ၊ ကမ္မဋ္ဌာန်းပေးမည့် ကမ္မဋ္ဌာန်းဆရာ၏ ရှေ့၌ဖြစ်စေ ရိုသေစွာ ရှိခိုး၍ ကမ္မဋ္ဌာန်းတောင်းရမည်။ ယင်းနောက် မိမိ၏ ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား ဖြစ်စေ၊ ကမ္မဋ္ဌာန်းဆရာအား ဖြစ်စေ အပ်နှံလှူဒါန်းရမည်။ ထို့နောက် ရတနာသုံးပါး ဆရာသမားတို့အား ကန်တော့ပြီး ဆိတ်ငြိမ်ရာနေရာမှာ ရှုမှတ်ရမည်။

ရှေးဦးစွာ တင်ပျဉ်ခွေထိုင်ပါ၊ ခြေမနာ တင်ပါးမနာအောင် အောက်က အဝတ် ခင်းထိုင်ပါ၊ ကြာကြာထိုင်နိုင်အောင် ခြေသလုံးချင်း ဖိကပ်မထားရ၊ ခါးကို ကုန်း၍လည်း မထား၊ အားစိုက်၍လည်း ဆန့်မထားဘဲ မှန်မှန်ဖြောင့်ဖြောင့် အလိုက်သင့် ထိုင်ရမည်။ အမျိုးသမီးများ ကျုံ့ကျုံ့ပုဆစ်တုပ် ထိုင်ရမည်။ လက်နှစ်ဘက်ကို ဖြန့်၍ လက်ဝါးအဖျားချင်း ကပ်၍ ထားရမည်။ မျက်စိကို မှိတ်၍ တဘက်၊ ပဝါ၊ သင်္ကန်း စသည်ဖြင့် မျက်နှာကို ဖုံးအုပ်ထားရမည်။ ယင်းနောက် နှာသီးဝ၌ တိုးထိသော ထွက်လေ ဝင်လေကို သတိဖြင့် မှတ်ရမည်။ ထွက်လျှင် “ထွက်တယ်”၊ ဝင်လျှင် “ဝင်တယ်”ဟု အခြားသို့ စိတ်မသွားစေဘဲ ကြိုးစားမှတ်ရမည်။ ဤကား ပထမဆင့် ဖြစ်၏။

ဤသို့ အားထုတ်၍ ထွက်လေဝင်လေ နှစ်ပါးကို ထင်ရှားအောင် မှတ်နိုင် သော်လည်း နိမိတ်များ မထင်လာသေးလျှင် ရှေ့သို့ တိုး၍ အားထုတ်ရမည်။ ထွက်လေဝင်လေတို့ကို ရှည်လျှင် ရှည်သည့်အတိုင်း၊ တိုလျှင် တိုသည့်အတိုင်း အစကအဆုံးတိုင် သတိပြု၍ “ထွက်သက်သိသိ” ဟု လည်းကောင်း၊ “ဝင်သက်သိသိ”ဟု လည်းကောင်း၊ “သိ” တစ်ခါနှင့် ထွက်လေဝင်လေဆုံးလျှင် “သိ” ဟူ၍ လည်းကောင်း၊ “သိ” နှစ်ခါနှင့် ထွက်လေ ဝင်လေဆုံးလျှင် “သိ သိ” ဟူ၍ လည်းကောင်း၊ “သိ” သုံးခါနှင့် ထွက်လေ ဝင်လေဆုံးလျှင် “သိ သိ သိ”ဟူ၍ လည်းကောင်း၊ ဤသို့ စသည်ဖြင့် ထွက်လေ ၀င်လေ ဆုံးသည့်တိုင်အောင် “သိ” ကို မပြတ်လိုက်၍ မှတ်ရမည်။ ဤကား ဒုတိယဆင့် ဖြစ်၏။

စာမျက်နှာ-580
ဤသို့ အားထုတ်လျှင် ထွက်လေဝင်လေများ အလွန်ထင်ရှားလာလိမ့်မည်။ ထိုသို့ ထင်ရှားသော်လည်း နိမိတ်များ မထင်လာသေးလျှင် ထို့ထက်အလွန် သတိကို တိုးတက်အောင် ထား၍ ထွက်သက်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း၊ ဝင်သက်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း ထင်ရှားအောင် ရှုမှတ်ရမည်။ ထွက်လေ၏ အစကား ချက်၊ အလယ်ကား ရင်ချိုင့်၊ အဆုံးကား နှာသီးဝ ဖြစ်၏။ ဝင်လေ၏ အစကား နှာသီးဝ၊ အလယ်ကား ရင်ချိုင့်၊ အဆုံးကား ချက်ဖြစ်၏။ ယောဂီသည် ထွက်လေ ဝင်လေတို့၏ တိုးထိရာ နှာသီးဝ၌ စိတ်ကို စိုက်ထားလျှင် ထွက်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း၊ ဝင်လေ၏ အစ အလယ် အဆုံး သုံးပါးလုံးကို လည်းကောင်း ထင်ရှားစွာ သိမြင်နိုင်ပါသည်။

ဤ၌ ထွက်လေ ဝင်လေတို့၏ စ လယ် ဆုံးကို သိရန် ဝမ်းတွင်းသို့ စိတ်ကို လွှတ်ရမည်မဟုတ်၊ အပြင်သို့ စိတ်ကို ပို့ရမည်လည်း မဟုတ်၊ နှာသီးဝ၌သာ စိတ်ကို စူးစိုက်၍ “သိ သိ သိ”ဟု ရှုမှတ်ရမည်ဖြစ်ကြောင်း သတိပြုပါ။

မှတ်နည်းသုံးဆင့်ကို ပြသော်လည်း ပထမအဆင့်မှာပင် ယေဘုယျအားဖြင့် နိမိတ်များ ထင်တတ်ပါသည်။ ထိုသို့ ထင်လျှင် ဒုတိယ၊ တတိယ အဆင့်များကို ဆက်လက် အားထုတ်ဖွယ် မလိုပါ။ နိမိတ်မထင်မှသာ ဆက်လက် အားထုတ်ရမည် ဖြစ်သည်။

ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို အားထုတ်နေစဉ် နာရီဝက်ခန့် အချိန် စသည်ရှိလျှင် အချို့ယောဂီမှာ ခန္ဓာကိုယ် တစ်နေရာ၌ မခံသာအောင် နာကျင် ကိုက်ခဲ တတ်ပါသည်။ ထိုအခါ ထွက်လေ ဝင်လေ ရှုမှတ်မှုကို ရပ်နား၍ ဝေဒနာ အပြင်းထန်ဆုံး နေရာကို စိတ်စိုက်ထားရမည်။ ထိုဝေဒနာတို့ ရှေးက မရှိ၊ ယခုမှ ဖြစ်ပေါ်လာသဖြင့် မမြဲပုံကို အာရုံပြု၍ “အနိစ္စ အနိစ္စ အနိစ္စ” (မမြဲ မမြဲ မမြဲ) ဟူ၍ လည်းကောင်း၊ နာကျင်သည်ကို အာရုံပြု၍ “ဒုက္ခ ဒုက္ခ ဒုက္ခ” (ဆင်းရဲ၏ ဆင်းရဲ၏ ဆင်းရဲ၏) ဟူ၍ လည်းကောင်း၊ မနာကျင်ချင်ဘဲလျက် နာကျင်ရသော ကြောင့် အစိုးမရပုံကို အာရုံပြု၍ “အနတ္တ အနတ္တ အနတ္တ” (အစိုးမရ အစိုးမရ အစိုးမရ) ဟူ၍ လည်းကောင်း ရှုမှတ်ရမည်။ ထိုသုံးမျိုးတွင် အနိစ္စကို ဖြစ်စေ၊ ဒုက္ခကို ဖြစ်စေ၊ အနတ္တကို ဖြစ်စေ တစ်ခုခုကိုလည်း ရှုမှတ်နိုင်သည်။ ယင်းတစ်ခုခုကို အာရုံပြု၍ “သိ သိ သိ”ဟုလည်း ရှုမှတ်နိုင်သည်။

ဤသို့ ရှုမှတ်လျှင် ဝေဒနာများ ပျောက်ကင်း သွားတတ်ပါသည်။ ထိုအခါ ဝေဒနာရှုမှတ်ခြင်းကို ရပ်နား၍ ဝင်လေ ထွက်လေကိုပင် ပြန်လည် ရှုမှတ်ရမည်။

စာမျက်နှာ-581
အချို့ယောဂီများသည် ဝင်လေ ထွက်လေ ရှုမှတ်ရင်း ဝင်လေ ထွက်လေ တဖြည်းဖြည်း သိမ်မွေ့ပြီး ရှာ၍ မတွေ့အောင် ပျောက်သွားတတ်၏။ ထိုအခါ ဝင်လေထွက်လေ ပြန်ပေါ် ထင်ရှားအောင် ပင်ပန်းကြီးစွာ မရှူရှိုက်ပါနှင့်၊ စိတ်ကို နှာသီးဝမှာ ထားမြဲ ထားပြီး ဝင်လေထွက်လေ ပြန်ပေါ်လာလိမ့်မည်ဟူသော အမှတ်ဖြင့် ရှုမှတ်နေလျှင် ဝင်လေထွက်လေ ပြန်လည်ဖြစ်ပေါ် ထင်ရှားလာ လိမ့်မည်။

အချို့ယောဂီများသည် ဝေဒနာဖြစ်ပေါ်စဉ် ဝေဒနာကို ကြောက်ပြီး ကမ္မဋ္ဌာန်း အကျင့်ကို ဖျက်ပစ်တတ်ကြသည်။ ကမ္မဋ္ဌာန်းအလုပ်ကို မလုပ်ဝံ့ဘဲ ကြောက်နေ တတ်ကြသည်။ ထက်သန်သော သဒ္ဓါတရားဖြင့် သည်းခံရှုမှတ်လျှင် ဝေဒနာသည် မုချပျောက်ကင်းမည် ဖြစ်ပါသည်။ ခန္ဓာကိုယ်ကို ငြိမ်ငြိမ်မထားဘဲ လှုပ်ယိမ်းသော ယောဂီသည် ဒုက္ခဝေဒနာ တာရှည်တတ်သည်။ အချို့ယောဂီသည် ဒုက္ခဝေဒနာ မချုပ်ပျောက်ဘဲလည်း ဝိပဿနာဉာဏ်များ ဆက်လက် ဖြစ်ပေါ် ထင်ရှားလာတတ် ပါသေးသည်။

အချို့ယောဂီများကား ဖြစ်ပေါ်သော ဝေဒနာများ ချုပ်ပျောက်ပြီးနောက် မီးခိုးရောင်၊ တိမ်တိုက်ရောင်၊ သက်တံရောင်၊ နေရောင်၊ လရောင်၊ ကြယ်ရောင်၊ အဖြူရောင်၊ အဝါရောင် စသော အာရုံများကို မြင်တတ်ကြ၏။ အချို့လည်း အိမ်ပျက်၊ ကျောင်းပျက်၊ သစ်ပင်လဲ စသောအပျက်များကို ထင်မြင်တတ်ပြီး အချို့မှာ မိမိခန္ဓာကိုယ်ကို ပကတိအတိုင်း ဖြစ်စေ၊ အပုပ်ကောင် အသေကောင် စသည်ဖြစ်စေ အမျိုးမျိုး ထင်မြင်တတ်ကြသည်။

မည်သို့ထင်ထင် ဝေဒနာကို ဖြစ်စေ၊ အခြားအာရုံ နိမိတ်ကို ဖြစ်စေ အထင်ရှားဆုံး အာရုံကို စိတ်စိုက်ပြီး အနိစ္စ အနိစ္စ အနိစ္စ (မမြဲ မမြဲ မမြဲ)ဟု အထပ်ထပ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်ဖန်များလာသောအခါ စိုက်၍ ရှုမှတ်သော နေရာ၌ ဖြစ်ပျက်သဘောကို အထင်အရှားမြင်ပြီး မိမိခန္ဓာကိုယ် တစ်ခုလုံးနှင့်တကွ ကိုယ်တွင်းကိုယ်ပ အာရုံအလုံးစုံကို ဖြစ်ပျက်သဘောချည်းမြင်သော ဥဒယဗ္ဗယ ဉာဏ် ဖြစ်ပေါ်တတ်၏။ ထိုဉာဏ်မှ ဆက်၍ အထက် အထက် ဉာဏ်များပါ ဖြစ်ပေါ်ပြီး မဂ်ဖိုလ်ကိုပင် ရနိုင်ပါသည်။

ရွှေဥဒေါင်းတောင် ဆရာတော်၏ ဝိပဿနာရှုနည်း

တရားရှုမှတ်တော့မည်ဆိုလျှင် ရှေးဦးစွာ မိမိကိုယ်ကို ဘုရား တရား သံဃာ ကမ္မဋ္ဌာန်း ဆရာအား အပ်နှံလှူဒါန်းရမည်။ ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထိုင်ရမည်။

စာမျက်နှာ-582
ယောဂီသည် နှာသီးဖျားမှာ စိတ်ကို ထား၍ ရှူရ ရှိုက်ရမည်။ ရှုတိုင်း ရှိုက်တိုင်း နှာသီးဖျား၌ ထိသော လေကို သိရမည်။ လှေနှစ်စင်းကို ယှဉ်လှော်သလို ရှုမှတ် ရမည်။ လှေနှစ်စင်း ဟူသည် “ထိလှေ”နှင့် “သိလှေ” ဖြစ်သည်။ “ထိလှေ”က မကျော်ရသလို “သိလှေ”ကလည်း မကျော်ရပေ။ တန်းတူ ညီတူ ယှဉ်ပြိုင် နေစေ ရမည်။ နှာသီးဝ၌ ထွက်လေ ၀င်လေ ထိသည်နှင့် တပြိုင်နက် သိအောင် မှတ်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့ သိအောင် ရှုမှတ်နေလျှင် ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ မရှိ၊ ရုပ်နှင့် နာမ်သာရှိကြောင်း သိမြင်လာပေမည်။ ထိုအခါ နှစ်သက်မှု သာယာမှု စွဲလမ်းမှု မရှိတော့ဘဲ မဂ်ဆိုက်ပြီး လောဘ ဒေါသ မောဟများ ကင်းစင် နိုင်ကြမည် ဖြစ်ပေသည်။

မှတ်ချက်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၏ အနောက်တောင်ဘက်၊ ရွှေဥဒေါင်းတောင် တောရ၌ သီတင်း သုံးနေတော်မူသော ရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး သည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ညောင်လွန် တောရကျောင်း ဆရာတော် ဦးမေဓာဝီထံတွင် တရားရှုမှတ် နည်းကို တပည့်ခံ သင်ယူခဲ့ပေသည်။ သို့ဖြစ်၍ ရွှေဥဒေါင်း တောင် ဆရာတော်၏ ရှုမှတ်နည်းသည် ညောင်လွန့်ဆရာတော် ၏ ရှုမှတ်နည်းနှင့် တူညီကြောင်း မှတ်ယူနိုင်ပါသည်။

ကမ္မဋ္ဌာန်းနည်း အမျိုးမျိုး ပြီး၏။

စာမျက်နှာ-583

အခန်း (၁၆)

ကြည်ညိုဖွယ်ရာ အရိယာများ

အရိယာဟူသည် ကိလေသာတို့မှ ကင်းဝေး၏။ အကျိုးစီးပွားမဲ့ကို မဖြစ်စေဘဲ အကျိုးစီးပွားကိုသာ ဖြစ်စေတတ်၏။ သတ္တလောကကို နှိပ်စက်တတ်သော ကိလေသာ ရန်သူတို့ကို ပယ်သတ်တတ်၏။ မဂ် ဖိုလ်တရား ကိန်း၏။ ဖြူစင် သန့်ရှင်း၏၊ အကျင့်ကောင်း၏၊ ထိုအရိယာပုဂ္ဂိုလ်သည်-

(၁) အာစာရအရိယာ

(၂) ဒဿနအရိယာ

(၃) လိင်္ဂအရိယာ

(၄) ပဋိဝေဓအရိယာ ဟူ၍ (၄)မျိုး ရှိ၏။

ထိုတွင် အရိယာတို့၏ အကျင့်တရား၌ တည်သော သူသည် (လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ) အာစာရအရိယာ မည်၏။ ရုပ်အဆင်းအားဖြင့်လည်းကောင်း၊ ဣရိယာပုထ်အားဖြင့် လည်းကောင်း ကြည်ညိုစဖွယ် ရှုမြင်ရသော ပုဂ္ဂိုလ်သည် ဒဿနအရိယာ မည်၏။ အဝတ်အရုံ အသွင်အပြင်အားဖြင့် ရဟန်းနှင့်တူသော ပုဂ္ဂိုလ်သည် သီလမရှိသူပင် ဖြစ်စေကာမူ လိင်္ဂအရိယာ မည်၏။ ဘုရား ပစ္စေက ဗုဒ္ဓါနှင့် မဂ် ဖိုလ်တရားကို ရသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ပဋိဝေဓ အရိယာ မည်၏၊ ဤသို့သော သဘောတရားတို့နှင့် ကုံလုံပြည့်စုံသောကြောင့် အရိယာသည် ကြည်ညိုဖွယ်ရာ ဖြစ်ပါသည်။

(က) လူဝတ်ကြောင် ယောက်ျား အရိယာများ

၁။ တပုဿ, ဘလ္လိကညီနောင်

တပုဿ ဘလ္လိက ညီနောင်တို့သည် “အသိတဉ္ဇန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ ဖြစ်ကြ၏၊ နောင်တော်ကား တပုဿ အမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏၊ ညီနောင်နှစ်ဦးတို့သည် ဗုဒ္ဓမြတ်စွာ အဋ္ဌမသတ္တာဟတွင် ရာဇာယတနလင်လွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူစဉ် ဖူးတွေ့ခွင့် ကြုံခဲ့၏၊ ဘုရားရှင်အား မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်များ လှူဒါန်း၏၊ သောက်တော်ရေ

စာမျက်နှာ-584
တရားတော် နာကြားရပြီး ဒွေဝါစိက သရဏဂုံတည်ကြ၏၊ မြတ်ဗုဒ္ဓထံမှ ဆံတော်ရှစ်ဆူ ရရှိခဲ့ပါသည်။ ထိုဆံတော်မြတ်ကို ဌာပနာ၍ အသိတဉ္ဇန မြို့တံခါးဝ၌ စေတီတော်တည်၏၊ ဥပုသ်နေ့တိုင်း စေတီတော်မှ ရောင်ခြည် တော်များ ကွန့်မြူးလေသည်။

မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ညီနောင်နှစ်ဦး တို့အား “ပထမသရဏဂမန=ရှေးဦးစွာ သရဏဂုံ ခံယူသောအရာ၌ အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။

မြတ်ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးစဉ် ညီနောင်နှစ်ဦးတို့ ကုန်ရောင်းရောက်ကြ၏။ မြတ်ဗုဒ္ဓထံသို့ ဆည်းကပ်၍ တရားတော်ကို နာယူရာ နောင်တော်တပုဿမှာ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာဖြစ် လေသည်။ ညီတော် ဘလ္လိကကား ရဟန်းပြုပြီးမှ အဘိညာဉ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ် ဖြစ်တော်မူ၏၊ ဤသို့ ညီနောင်နှစ်ဦးတို့၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များကို တွေ့ရပါသည်။

၂။ အနာထပိဏ်သေဋ္ဌေး

အနာထပိဏ်သေဋ္ဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏၊ သူ၏ ဖခင်မှာ သာဝတ္တိပြည်မှ သုမနသေဋ္ဌေးကြီး ဖြစ်၏၊ ကိုးကွယ်ရာမဲ့ သူတို့အား ထမင်း ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍ “အနာထပိဏ်သေဋ္ဌေး”ဟု ထင်ရှား လေသည်။ အနာထပိဏ်သေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-

အနာထပိဏ်သေဋ္ဌေးသည် ၅၄-ကုဋေတန်သော ဇေတဝန်ကျောင်းတော် ကြီးကို မြတ်ဗုဒ္ဓအားဆောက်လုပ်လှူဒါန်း၏၊ ကျောင်းရေစက်ချပွဲကို သုံးလ တိုင်တိုင် တစ်ဆယ့်ရှစ်ကုဋေ အကုန်အကျခံကာ ကျင်းပပြုလုပ်ခဲ့၏။ ရာဇဂြိုဟ် ပြည်၌ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူကြောင်း ကြားသိရ၍ သွားရောက်ကာ ဗုဒ္ဓထံ ချဉ်းကပ်၍ တရားကြားနာရသောအခါ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်၏။

၁။ ဘုရား၊ တရား၊ ရတနာနှစ်ပါးကိုသာ ဆည်းကပ်ခြင်း (သံဃာမပေါ်သေး)

စာမျက်နှာ-585
အနာထပိဏ်သေဋ္ဌေး၏ နေ့စဉ် လှူဒါန်းသည့် အလှူဝတ်များမှာ- မဲကျရာ ရဟန်းတို့အား လှူဒါန်းသည့် စာရေးတံဆွမ်း ငါးရာ၊ လဆန်း၊ လဆုတ်ပက္ခတို့၌အထူးဝတ်ထား၍ လှူဒါန်းသည့် ပက္ခိကဆွမ်းငါးရာ မဲကျရာ ရဟန်းတို့အား လှူဒါန်းသည့် စာရေးတံ ယာဂုဆွမ်း ငါးရာ၊ လဆန်းလဆုတ်ပက္ခတို့၌ အထူးဝတ်ထား၍ လှူဒါန်းသည့် ပက္ခိကယာဂုငါးရာ၊ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်း ငါးရာ၊ ရောက်သစ်စ လမ်းမကျွမ်းသည့် အာဂန္တုရဟန်းအား လှူဒါန်းသည့် ဆွမ်း ငါးရာ၊ ခရီးသွားရဟန်းအား လှူဒါန်းသော ဂမိကဆွမ်း ငါးရာ၊ မမာမကျန်းသော ရဟန်းတို့အား လှူဒါန်းသည့် ဂိလာနဆွမ်း ငါးရာ၊ သူနာပြုရဟန်းတို့အား လှူဒါန်းသည့် ဂိလာနုပဋ္ဌာကဆွမ်း ငါးရာ၊ နေရာထိုင်ခင်း ငါးရာ တို့ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ အနာထပိဏ်သေဋ္ဌေး (သုဒတ္တ)ကို ရဟန်းတို့. . . . လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌ မွေ့လျော်ကြသည့် ငါ ဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် အနာထပိဏ္ဍိကအမည်ရသော သုဒတ္တသူကြွယ် သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။

အနာထပိဏ်သေဋ္ဌေးသည် အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို အလွန် နှစ်သက်၏၊ အရှင်သာရိပုတ္တရာနှင့် အရှင်အာနန္ဒာတို့၏ အဆုံးအမဩဝါဒကို နာခံပြီးနောက် မကြာမီ ကွယ်လွန်၍ တုသိတာနတ်ပြည်၌ နတ်သားဖြစ်လေ၏။

၃။ စိတ္တသူကြွယ်

စိတ္တသူကြွယ်သည် မစ္ဆိကာသဏ္ဍမြို့တွင် မွေးဖွား၏၊ သေဋ္ဌေးသားဖြစ်၏၊ စိတ္တသူကြွယ်၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါ အတိုင်း ဖြစ်၏-

စိတ္တသူကြွယ်ကို မွေးဖွားစဉ်က တစ်မြို့လုံး၌ အံ့ဩဘနန်း အဆန်းတကြယ် အဆင်းငါးမျိုးရှိသော ပန်းမိုး ပုဆစ်ဒူး နှစ်လုမျှ ရွာသွန်း၏၊ ပဉ္စဝဂ္ဂီငါးဦးတွင် ဘဒ္ဒိယ [?] ဦးအပါအဝင်ဖြစ်သော အရှင်မဟာနာမ်မထေရ်ကို အမ္ဗာဋက (ဂွေးပင်တော) အာရာမ်ဥယျာဉ်၌ ကျောင်းဆောက်လှူဒါန်း၍ ပစ္စည်းလေးပါး ဒါယကာပြု၏၊

စာမျက်နှာ-586
မထေရ်မြတ်သည် စိတ္တသူကြွယ်၏ ဉာဏ်ပညာ အလယ်အလတ် ရှိသည်ကို သိ၍ အာယတန ၁၂-ပါးကို အကျယ်ဟော၏၊ ထို့ပြင် စိတ္တသူကြွယ်သည် ရှေးရှေး ဘဝအများစွာက သင်္ခါရတရားတို့ကို လက္ခဏာဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးသူ ဖြစ်သောကြောင့် ဝိပဿနာတရား အားထုတ်၍မကြာမီ အနာဂါမိဖိုလ် အဆင့်သို့ မြောက်လေ၏။

မြတ်ဗုဒ္ဓထံ ဖူးမြော်သွားစဉ် မိမိနှင့်အတူ လိုက်ပါလာသော ရဟန်း ရှင် လူ သုံးထောင်တို့အတွက် အစားအသောက်စသည်တို့ကို မပင်ပန်းစေရန် တာဝန်ယူ၍ ခေါ်ခဲ့၏။ ယူဇနာသုံးဆယ်ခရီးဝယ် တစ်ယူဇနာ တစ်ယူဇနာ၌ နတ်တို့၏ စောက်ရှောက်ကူညီမှုဖြင့် အစားအသောက် အနေအထိုင်တို့ ပြည့်စုံသည်ချည်းဖြစ်၏။ မြတ်ဗုဒ္ဓကျောင်းတော်သို့ ရောက်သောအခါတွင်လည်း ဘုရားအမှူးရှိသော ရဟန်း သံဃာတို့အားလည်း အလှူကြီးပေးလှူလေသည်။ လူအပေါင်းတို့သည် စိတ္တသူကြွယ်ကို အထူးအဆန်းသဖွယ် ကြည့်ရှုကြလေ၏။ စိတ္တသူကြွယ်က မြတ်ဗုဒ္ဓကို လျှောက်သည်မှာ တပည့်တော်တို့ ခရီးထွက်လာသည်မှာ တစ်လကြာခဲ့ပါသည်။ ဤဇေတဝန်ကျောင်းမှာလည်း တစ်လကြာခဲ့ပါပြီဘုရား၊ တပည့်တော် ယူဆောင်လာခဲ့သော ပစ္စည်းပစ္စယများ လှူဒါန်းရန် အခွင့်မရခဲ့ပါ၊ နတ်လူတို့၏ လက်ဆောင်တို့ဖြင့်သာ ပေးလှူခဲ့ရပါသည်၊ တပည့်တော်၏ လှည်းအစီး ငါးရာတိုက် ပစ္စည်းတို့ကို သံဃာအား လှူဒါန်းပါ၏၊ သိုမှီးရာ နေရာကို ညွှန်ကြားစေတော်မူပါဘုရားဟု လျှောက်ထား၍ လှူ၏။

မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို-

ချစ်သား အာနန္ဒာ- ဤစိတ္တသူကြွယ်ကား လောကီ လောကုတ် သဒ္ဓါတရား နှစ်ပါးတို့ဖြင့် မပျက်မစီး ယုံကြည်သူဖြစ်သည့်အပြင် ရတနာသုံးပါးကိုလည်း လောကီလောကုတ် သဒ္ဓါတရားဖြင့် အလွန့်အလွန် ကြည်ညိုသူ ဖြစ်သည်။ ဤသို့သော သဘောရှိသူအဖို့ ရောက်လေရာ ဌာနတိုင်းမှာပင် လာဘ်ပူဇော် သက္ကာရကား ဖြစ်ပွားမြဲဓမ္မတာ ဖြစ်ချေသည်ဟု ဟောတော်မူ၏။

မြတ်ဗုဒ္ဓသည် တရားဟော ကောင်းကြသည့် ငါဘုရား၏တပည့်သာဝက ဥပါသကာတို့တွင် စိတ္တသူကြွယ်သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြောက်တော်မူပါသည်။ စိတ္တသူကြွယ်သည် အနာဂါမ် အရိယာဖြစ်ပြီး ဒါနာဘိရတ- အလှူအတန်း၌မွေ့လျော်သူ၊ ဓမ္မာဘိရတ-တရားတော်၌ မွေ့လျော်သူ ပုဂ္ဂိုလ်ဖြစ်ပါသည်။

စာမျက်နှာ-587

၄။ ဟတ္ထကာဠဝက သီတင်းသည်

ဟတ္ထကာဠဝကသည် အာဠဝီတိုင်း အာဠဝီပြည် အာဠဝကမင်း၏ သားဖြစ်သည်၊ ဟတ္ထကာဠဝက၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-

ဟတ္ထကာဠဝကသည် ပိဋကသုံးပုံကို ကျွမ်းကျင်စွာ တတ်မြောက်၏။ အနာဂါမ် ပုဂ္ဂိုလ်ဖြစ်၏။ ဥပါသကာသီတင်းသည် ငါးရာ အခြံအရံရှိ၏။ မြတ်ဗုဒ္ဓကပင် သူ၏ အလွန်ယဉ်ကျေးသိမ်မွေ့လှစွာသော ပရိသတ်ကို မြင်တော်မူ၍ သင်၏ ပရိသတ်ကို အဘယ်သို့ ချီးမြှင့်သနည်းဟု မေးတော်မူ၏။

ဟတ္ထကာဠဝက က မြတ်စွာဘုရား. . . . တပည့်တော်သည်-

(၁) စွန့်ကြဲပေးကမ်းမှ နှစ်သက်အားရမည့်သူအား ဒါနဖြင့် ချီးမြှင့်ပါသည်၊

(၂) ချစ်စဖွယ် စကားပြောမှ အားရ နှစ်သက်မည့် သူအား ပိယဝါစာဖြင့် ချီးမြှင့်ပါသည်။

(၃) ဖြစ်ပေါ်လာသော ကိစ္စကြီးငယ်ကို ပြီးစီးအောင် ဆောင်ရွက်ပေးမှ အားရ နှစ်သက်မည့်သူအား ဖြစ်ပေါ်လာသော ကိစ္စကြီးငယ်ကို ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း အတ္ထစရိယာဖြင့် ချီးမြှင့်ပါသည်။

(၄) ကိုယ်တူထားမှ အားရ နှစ်သက်မည့် သူအား ကိုယ်တူထားခြင်း သမာနတ္တတာဖြင့် ချီးမြှင့်ပါသည်ဟု လျှောက်ထားလေသည်။

မြတ်ဗုဒ္ဓသည် ဟတ္ထကာဠဝက သီတင်းသည်ကို သင်္ဂဟဝတ္ထု (၄) ပါးဖြင့် မိမိ၏ပရိသတ်ကို ချီးမြှောက်ကြသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာ တို့တွင် ဟတ္ထကာဠဝကသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။

၅။ မဟာနာမ သာကီဝင်မင်းသား

မဟာနာမသည် ကပိလဝတ်ပြည်သား သာကီဝင် မင်းမျိုးမှ ပေါက်ဖွားသူ ဖြစ်၏။ အရှင်အနုရုဒ္ဓါ၏ နောင်တော်တည်း၊ မဟာနာမ သာကီဝင်မင်းသား၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မြတ်ဗုဒ္ဓနှင့် ရဟန်းသံဃာအပေါင်းတို့ ဝေရဉ္ဇာမြို့တွင် ဆွမ်းပန်းကိစ္စ အလွန် ဆင်းရဲပင်ပန်းသည်ဟု ကြားသိရ၍ လွန်စွာ စိတ်နှလုံး မချမ်းမြေ့ပေ၊ ယခုအခါ ကပိလဝတ်ပြည်သို့ ကြွလာပြီဖြစ်၍ မဟာနာမသည် မြတ်ဗုဒ္ဓအား လျှောက်

စာမျက်နှာ-588
ထားပြီး ဘုရားအမှူးရှိသော ရဟန်း သံဃာတော် အပေါင်းတို့အား အလွန် မွန်မြတ်လှစွာသော ဘောဇဉ်ငါးပါး၊ စတုမဓုဆေးတို့ဖြင့် နေ့စဉ် ရက်ဆက် လုပ်ကျွေးပြုစုကာ ရဟန်းသံဃာတော်တို့၏ ကိုယ်၌ ဩဇာ အဆီ အစေးကို ထည့်သွင်းပေးလေသည်၊ ထိုသို့ ပြုစုလုပ်ကျွေးသည်မှာ လေးလ လေးလ သုံးကြိမ် ပြည့်မြောက်ခဲ့လေပြီ၊ နောက်ထပ် တဖန် ထပ်မံ လျှောက်ကြားသော် လည်း မြတ်ဗုဒ္ဓသည် ခွင့်ပြုတော်မမူပါ။ ထိုအချိန်အခါမှ စ၍ မဟာနာမ သာကီဝင်မင်းသားသည် မိမိထံသို့ ကြွရောက်လာသော ရဟန်းသံဃာတော် တို့အား အလွန် မွန်မြတ်သော ဘောဇဉ်ငါးပါးနှင့် စတုမဓုဆေးတို့ဖြင့် ပြုစု လုပ်ကျွေးသူဟု ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် ကျော်စောထင်ရှားလေသည်။

ထို့ကြောင့် မြတ်စွာဘုရားသည် မွန်မြတ်သော ဘောဇဉ်အရသာ ပစ္စည်းတို့ကို လှူဒါန်းကြသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် မဟာနာမသာကီဝင် မင်းသားသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူပါသည်။

မဟာနာမသည် မြတ်ဗုဒ္ဓကို ပထမအကြိမ် ဖူးမြော်ရစဉ်ကပင် သောတာပတ္တိ ဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်ပါသည်။

၆။ ဥဂ္ဂသေဋ္ဌေး

ဥဂ္ဂသေဋ္ဌေးသည် ဝေသာလီပြည် သေဋ္ဌေးမျိုး၌ ဖြစ်၏၊ သေဋ္ဌေး၏ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဂုဏ်ကျေးဇူးတို့သည် ကျော်ကြား ထင်ရှား၏ ဥဂ္ဂသေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-

ဥဂ္ဂသေဋ္ဌေးသည် မြတ်ဗုဒ္ဓကို မိမိနေအိမ်သို့ ကြွတော်မူရာ၏ဟု စိတ်အကြံ ဖြစ်သည့်အတိုင်း ဗုဒ္ဓကြွတော်မူ၏။ ဗုဒ္ဓနှင့် ရဟန်းသံဃာတော်တို့ကို အထူးထူး များမြတ်သော အရသာတို့ဖြင့် ပြုစုလုပ်ကျွေး၏။ ထို့နောက် မြတ်ဗုဒ္ဓအား “မနာပဒါယီ လဘတေ မနာပံ-နှစ်ခြိုက်ဖွယ် ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် အကျိုးကို ရ၏”ဟု ဗုဒ္ဓ၏ စကားတော်ကို နာယူခဲ့ပါ၏၊ မြတ်စွာ ဘုရားအား အကျွန်ုပ်၏ အင်ကြင်းပွင့် အဆင်းရှိသော ခဲဖွယ်ကို အလှူခံတော် မူစေချင်၏ဟု လျှောက်၏။ ထို့အတူ အကျွန်ုပ်၏ ဆီးသီးဖြင့် စီမံထားအပ်သော ကန်စွန်းရွက် ဆီပြန်ကြော်၊ သလေးဆွမ်း၊ ကာသိတိုင်းဖြစ် အဝတ်၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ ဝံပိုင်ရေအခင်း၊ ဆေး

စာမျက်နှာ-589
နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဘက်ရှိသည့် နေရာ၊ အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနှစ် ထိုင်ခုံတို့ကို အလှူခံတော်မူစေချင်၏ဟု လျှောက်၏။ မြတ်စွာဘုရား သည် ကရုဏာ ရှေးရှု အလှူခံတော်မူ၏၊ ထိုအချိန်မှစ၍ မိမိပိုင် နှစ်ခြိုက်ဖွယ်ရာ အလှူဝတ်များကို မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား မပြတ် လှူဒါန်း လေ၏။

မြတ်ဗုဒ္ဓသည် နှစ်သက်ဖွယ်သော ဝတ္ထုကို လှူလေ့ရှိကြသည့် ငါ ဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် ဥဂ္ဂသေဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှောက်တော်မူပါသည်။

ဥဂ္ဂသေဋ္ဌေးသည် မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ရသောအခါကပင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာဖြစ်ပြီး နောက်အဖို့ဝယ် အောက်မဂ် ၃-ပါး၊ အောက်ဖိုလ် ၃-ပါးတို့ကို မျက်မှောက် ပြုရလေသည်။ ထို့နောက် ကွယ်လွန်သောအခါတွင် သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ဗြဟ္မာဖြစ်လေ၏။

ဥဂ္ဂသေဋ္ဌေး၏ အံ့ဖွယ်ရှစ်ပါး

(၁) မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း၊

(၂) မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ တရားနာရ၍ အနာဂါမ် အရိယာအဖြစ်ရရှိကာ လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယ ပဉ္စမကသီလကို ခံယူဆောက်တည်ကျင့်သုံးခြင်း၊

(၃) မယားကြီးကို ယောက်ျားတစ်ပါးအား ပေးစား စွန့်လှူ လိုက်ရ သော်လည်း စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်မှု မရှိခြင်း၊

(၄) မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှသည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ ဟူ၍ စိတ်ထားရှိခြင်း၊

(၅) ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း၊

(၆) ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း၊ ရဟန်း သူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း၊

(၇) ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း၊

(၈) အနာဂါမ် အရိယာဖြစ်ခြင်း။

စာမျက်နှာ-590

၇။ ဥဂ္ဂသေဋ္ဌေး

ဥဂ္ဂတသေဋ္ဌေးသည် ဝဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သား ဖြစ်၏။ ဥဂ္ဂတသေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ အောက်ပါ အတိုင်း ဖြစ်၏-

ဗုဒ္ဓမြတ်စွာသည် နာဂဝနဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနစ်ရက် တိုင်တိုင် သေရည်မူးယစ်လျက် ကချေသည်တို့ဖြင့် ခြံရံကာ ဥယျာဉ်သို့ သွား၍ မြူးထူး ပျော်ပါးကြသော် ဥယျာဉ်တစ်နေရာတွင် မြတ်ဗုဒ္ဓကို ဖူးတွေ့ရ၏။ ထိုအခါ အလွန်ရှက်ကြောက်သွား၏။ မြတ်ဗုဒ္ဓကို အနီးကပ် ဖူးရသောအခါ အရက်မူးပြေ သွား၏၊ မြတ်ဗုဒ္ဓက တရားဟောတော်မူရာ ဓမ္မဒေသနာအဆုံး၌ ဥဂ္ဂတသေဋ္ဌေးသည် အနာဂါမ် အရိယာ ဖြစ်လေသည်။

ဥဂ္ဂတသေဋ္ဌေးသည် ထိုအချိန်မှစ၍ ရဟန်း သံဃာတော်တို့အား အလှူ ဒါနကိုသာ ပေးလှူ၍ နေ၏၊ နတ်တို့သည် လာရောက်၍ ဘယ်လိုပင် သဒ္ဓါပျက်အောင် ပြောကြားသော်လည်း အလှူခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ သဒ္ဓါတရား ပျက်စီးခြင်းမရှိဘဲ တူမျှသော သဒ္ဓါစိတ်ဖြင့် လှူဒါန်း၏၊ သီလဝန္တပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကိုသာလျှင် ချီးမွမ်း၏။

မြတ်ဗုဒ္ဓသည် သံဃာအား စိတ်တူမျှစွာ ထား၍ ပြုစု လုပ်ကျွေးကြသော ငါဘုရား၏ တပည့် သာဝက ဥပါသကာတို့တွင် ဥဂ္ဂတသေဋ္ဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေသည်။

ဥဂ္ဂတသေဋ္ဌေး၏ အံ့ဖွယ်ရှစ်ပါး

(၁) မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း၊

(၂) မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ လောကုတ္တရာ သရဏဂုံနှင့် တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူ ဆောက်တည် ကျင့်သုံးခြင်း၊

(၃) မယားကို ယောက်ျားတပါးအား ပေးစား စွန့်လှူ လိုက်ရ သော်လည်း စိတ်တစ်မျိုး ပြောင်းလွဲ ဖောက်ပြန်မှု မရှိခြင်း၊

စာမျက်နှာ-591
(၄) မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့သည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း၊

(၅) ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း၊ ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း၊ ရဟန်းသူမြတ်က တရား မဟောလျှင် မိမိက တရားဟောခြင်း၊

(၆) သီလဝန္တပုဂ္ဂိုလ် ဒုဿီလပုဂ္ဂိုလ် နှစ်မျိုးလုံး၌ပင် ညီမျှသော စိတ်ရှိလျက် ပေးလှူပြုစုခြင်း၊

(၇) ငါ့ထံသို့ နတ်တို့ချဉ်းကပ်ကုန်၏၊ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း၊

(၈) နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ် အာရုံမရှိခြင်း။

၈။ သူရမ္ဗဋ္ဌသေဋ္ဌေး

သုရမ္ဗဋ္ဌသေဋ္ဌေးသည် သာဝတ္ထိပြည် သေဋ္ဌေးမျိုး၌ ဖြစ်၏။ သူရမ္ဗဋ္ဌသေဋ္ဌေး၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ အောက်ပါအတိုင်းဖြစ်၏။

မြတ်ဗုဒ္ဓသည် သူရမ္ဗဋ္ဌသေဋ္ဌေးအား စရိုက်နှင့် လျော်သော စကားကို ဟောကြားတော်မူသော အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာဖြစ်၏။ မာရ်နတ်က ဗုဒ္ဓအယောင်ဆောင် အကဲစမ်းသော်လည်း သူရတ္ထဋ္ဌသေဋ္ဌေးသည် ဗုဒ္ဓအပေါ်၌ မတုန်မလှုပ်သော သဒ္ဓါတရား ရှိ၏။ ထိုအကြောင်းကို မြတ်ဗုဒ္ဓအား ကြားလျှောက်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကြကုန်သော ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် သူရမ္ဗဋ္ဌသေဋ္ဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့် တော်မူပါသည်။

၉။ ဇီဝကဆေးဆရာ

ဆရာဇီဝကသည် ရာဇဂြိုလ်ပြည်၌ သာလဝတီပြည့်တန်ဆာမ၏ သားဖြစ်၏။ အဘယမင်း၏ မွေးစားသားတည်း။ ဆရာဇီဝက၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏။

ဆရာဇီဝကသည် ဆေးပညာတွင် တစ်ဖက်ကမ်းခပ် တတ်မြောက်၏။ ဗိမ္ဗိသာရမင်းကြီး၏ သမားတော်ကြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ကိုယ်တော်၌ သိမ်မွေ့ သော ဝမ်းလားဆေးကို ပေး၍ မြတ်ဗုဒ္ဓအား မိမိပိုင် သရက်ဥယျာဉ်

စာမျက်နှာ-592
ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစေ၏။ ဆရာဇီဝကသည် ဆေးကုသ ပေးသည့်အပြင် “မြတ်စွာဘုရား - ဤ သိဝိတိုင်းဖြစ် ပုဆိုးအစုံကို အရှင်ဘုရား တို့သာလျှင် သုံးဆောင်တော်မူကြပါကုန်ဘုရား”ဟု လျှောက်ထား၍ အရံ ဖြစ်သော ပုဆိုးအဝတ်အထည် တစ်ထောင်ကို ရဟန်းသံဃားအား လှူဒါန်းလေ၏။ မြတ်ဗုဒ္ဓသည် ပုဂ္ဂိုလ်ကို ကြည်ညိုသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် အဘယမင်း၏ သား ဇီဝကဆေးဆရာသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

၁၀။ နကုလပိတုသေဌေး

နကုလပိတုသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့တွင် သေဋ္ဌေးမျိုး၌ ဖြစ်၏။ သားကလေး နကုလအမည်ကို စွဲ၍ နကုလပိတု, နကုလမာတုဟု အမည်အသီးသီး ရှိကြ၏။ နကုလပိတု၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါ အတိုင်း ဖြစ်၏-

နကုလပိတုသေဋ္ဌေးသည် ဗုဒ္ဓမြတ်စွာ၏ ဘဝပေါင်းငါးရာ ဖခမည်းတော်၊ ဘဝပေါင်းငါးရာ ဘထွေး (အဖေ၏ညီ)၊ ဘဝပေါင်းငါးရာ ဘကြီး (အဖေ၏အစ်ကို)၊ ဘဝပေါင်းငါးရာ ဦးကြီး (အမေ့အစ်ကို) ဖြစ်ခဲ့လေသည်။ ဘေသကဠာ တောအုပ်၌ သီတင်းသုံးသော မြတ်ဗုဒ္ဓထံသို့ ဖူးမြော်ရောက်ရှိသော် ဘဝသံသရာ ရှည်စွာသော ကာလပတ်လုံး အချစ်မေတ္တာဓာတ် ကိန်းဝပ်ခဲ့သောကြောင့် မြတ်ဗုဒ္ဓ ကို မြင်တွေ့ရလျှင် သားဟူသော အမှတ်ကို ပြု၍ အကျွမ်းတဝင် တရင်းတနှီး ပြောဆို လေသည်။ မြတ်ဗုဒ္ဓသည် နကုလသေဋ္ဌေးကြီးတို့၏ အာသယဓာတ်ကို သိ၍ တရားဟောတော်မူသည်ရှိသော် ဇနီးမောင်နှံ နှစ်ဦးလုံးပင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်ကြလေကုန်၏။

မြတ်ဗုဒ္ဓသည် နကုလပိတုသေဋ္ဌေးဇနီးမောင်နှံအား ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝ၌ အချင်းချင်း ရှုမြင်လိုကုန်သော် - ၁။ တူမျှသော သဒ္ဓါတရား ရှိကြကုန်ရာ၏၊ ၂။ တူမျှသော သီလ ရှိကြကုန်ရာ၏၊ ၃။ တူမျှသော စွန့်ကြဲမှု ရှိကြကုန်ရာ၏၊ ၄။ တူမျှသော အသိဉာဏ် ရှိကြကုန်ရာ၏ ယင်းသို့ သဒ္ဓါ, သီလ, စာဂ, ပညာ တူမျှစွာ ရှိကြလျှင် ယခုဘဝ နောင်တမလွန် ဘဝ၌ အချင်းချင်း ရှုမြင်ကြရကုန်၏ ဟု သံသာရေကမ်းတိုင်တရားကို မိန့်တော်မူ၏။

စာမျက်နှာ-593
နကုလပိတုသေဋ္ဌေး ဇနီးမောင်နှံတို့သည် မြတ်ဗုဒ္ဓအား သားအရင်းပမာ အလွန် အကျွမ်းတဝင် ရင်းနှီးအားထား ခင်မင်သော စိတ်ရှိကြသောကြောင့် မိမိတို့စိတ်၌ ရှိသမျှကို မရှက် မကြောက် အလုံးစုံ ဖွင့်လျှောက်ထား၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက ငါဘုရားနှင့် အကျွမ်းတဝင် ခင်မင်ရင်းနှီးသော စကားကို ပြောကြားသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် နကုလပိတု သေဋ္ဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော် မူပါသည်။

အမိတဘောဂသေဌေးကြီးများ

၁။ ဇောတိကသေဌေး

ဇောတိကသည် ရာဇဂြိုလ် သေဋ္ဌေးမျိုး၌ ဖြစ်၏။ ဇောတိက၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

ဇောတိကကို မွေးသောနေ့ နာမည်မှည့်သောနေ့၌ လက်နက်အားလုံး အလျှံတပြောင်ပြောင် တောက်လောင်၏။ လူအားလုံးတို့၏ ကိုယ်ဝယ် ဝတ်ဆင် ထားသည့် အဆင်တန်ဆာတို့သည် အလျှံလွှတ်ကြသည့်ပမာ အရောင်အဝါ လွှတ်ကြကုန်၏၊ ရာဇဂြိုလ်တစ်ပြည်လုံးသည် တခဲနက် အရောင်တောက် ပြောင်လျက် ရှိလေ၏။ ဇောတိကသေဋ္ဌေးနေအိမ်ကို သိကြားမင်း ဖန်ဆင်း ပေး၏။ ၁၆-မင်းပယ်ကျယ်ပြီး ညီညွတ်သော မြေအရပ်ဖြစ်၏၊ ရတနာ (၇)ပါးဖြင့် ပြီးသော ဘုံခုနစ်ဆင့် ရှိ ပြာသာဒ်ကြီးပေါ်လာ၏၊ ပြာသာဒ်ကို ဝန်းရံ၍ ရတနာခုနစ်ပါးနှင့် ပြီးသော တံတိုင်းကြီး ခုနစ်ထပ် ပေါ်လာ၏၊ တံတိုင်း (၇)ထပ်တို့၏ အပိုင်းအခြား အကြား အကြား ၌ ပဒေသာပင်တို့ ပေါ်လာ၏ ဘုံ (၇)ဆင့်ရှိသည့် ပြာသာဒ်ကြီး၏ ထောင့် လေးထောင့် တို့ ထန်းပင်ပျို ပင်စည်လုံးခန့် ရွှေကြံပင် လေးပင် ပေါက်၏၊ အရွက်တို့မှာ မြရတနာဖြင့် ပြီးကုန်၏၊ ပင်စည်မှာ ရွှေဖြင့် ပြီး၏၊ တံခါးမုခ်တို့၌ နတ်ဘီလူး ခုနစ်ဦးတို့ စောင့်ရှောက်ကြ၏။

ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကထံသို့ လာ၍ သေဋ္ဌေးထီးနှင့် အဆောင် အယောင်ကို ချီးမြှင့်၏၊ ဇောတိက သေဋ္ဌေးကတော် “သတ္တုလာယီ” သည် မြောက်ကျွန်းသူဖြစ်၏၊ နတ်တို့ကပင် ပို့ဆောင်ပေးရ၏။ မြောက်ကျွန်းသူကား ဆန်တစ်စလယ်နှင့် မီးကျောက်သုံးလုံးတို့ကိုသာ ယူခဲ့၏၊ တစ်သက် စား၍ မကုန်တော့ပေ။

စာမျက်နှာ-594
ဇောတိကသည် ဗိမ္ဗိသာရမင်းကြီးနှင့် သားတော် အဇာတသတ်အား ဘုံနန်းပြာသာဒ်ထက်၌ မြောက်ကျွန်းဖြစ် သလေးဆန်နှင့် ပွဲတော် တည်စေ၏၊ စစ်သည် ဗိုလ်ပါတို့ကိုလည်း ကျွေးမွေး၏၊ ဇောတိကသေဋ္ဌေး၏ ကျွန်မများ ကိုပင် ဘုရင်ကိုယ်တိုင် သေဋ္ဌေးကတော်ဟု ထင်မှားခဲ့၏၊ သတုလကာယီသည် ဘုရင်အား ယပ်ခတ်စဉ် ဘုရင်၏ ဦးရစ်ခေါင်းပေါင်းမှ အနံ့ကြောင့် မျက်ရည် ကျ၏။ ရတနာရောင်တို့ဖြင့် နေခဲ့ရသောကြောင့် ဖြစ်၏၊ ဘုရင်ကြီးအားလည်း ရတနာအရောင်တို့ဖြင့် နေနိုင်ရန် သခွားငဆစ်သီးခန့်ရှိ ကျောက်မျက်ရတနာကို ဆက်သလိုက်၏။

ဝိသမလောဘ၊ ပြွမ်းပြွမ်းထ၍၊ အန္ဓကြော့ကြမ်း၊ လူသော့သွမ်းတို့၊ ညှိုးနွမ်းဒုက္ခ၊ ရောက်သမျှပင်၊ ဓမ္မကိန်းပျော်၊ သူ, သူတော်ကား၊ စိတ်သော် ရွှင်မွေ့၊ ကိုယ်ချမ်းမြေ့၏ (ဓမ္မပဒေသ)။

အဇာတသတ်မင်းအား ဇောတိကသေဋ္ဌေးကြီးက ပြောသည်မှာ အကျွန်ုပ် သဘောမတူလျှင် အကျွန်ုပ်၏ ဥစ္စာကို မြိတ်ဆာချည်မျှင် တစ်ပင်ကိုမျှ သိမ်းပိုက် ယူငင်ခြင်းမှာ မစွမ်းနိုင်ပါ၊ မာန်မာနတက်သော မင်းကြီးအား လက်နှစ်ဖက်ကို ဆန့်တန်း၍ လက်စွပ် အကွင်း (၂၀)ကိုချွတ်ခိုင်း၏၊ အားကောင်းမောင်းသန်သော မင်းကြီးသည် ဘယ်ပြန်ညာပြန်ချွတ်သော်လည်း မစွမ်းနိုင်ချေ၊ ယူတော့ဟု ပေးမှ လက်စွပ် အကွင်း (၂ဝ)တို့ ကျွတ်ကျ၏၊ ဤသို့ အဇာတသတ်မင်း၏ မတရား အပြုအမူကြောင့် ဇောတိကသေဌေးကြီး သံဝေဂရ၏။

ဗုဒ္ဓမြတ်စွာထံ၌ ရဟန်းပြု၏၊ မကြာမီ ရဟန်းတရားများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခါ ရဟန္တာဖြစ်လေ၏၊ ရဟန်းတို့၏ ပြစ်တင် စကားနှင့် ပတ်သက်၍ မြတ်စွာဘုရားက “ရဟန်းတို့ - ငါ့သားတော် ဇောတိက ရဟန္တာ၏ စိတ် အစဉ် ခန္ဓာအစဉ်ဝယ် ထိုဘုံနန်းပြာသာဒ်စည်းစိမ်နှင့် သေဋ္ဌေး ကတော်အပေါ်၌ တပ်မက်မှု တဏှာလောဘ မရှိဧကန် အမှန်ဖြစ်၏”ဟု မိန့်တော် မူပြီးလျှင် တရားဒေသနာကို ဟောကြားတော်မူ၏၊ ဒေသနာအဆုံးတွင် များစွာသောလူတို့သည် သောတာပတ္တိဖိုလ်၌ တည်စေ၍ သောတာပန်အရိယာ ဖြစ်စေလေသည်။

၂။ မေဏ္ဍကသေဋ္ဌေး

မေဏ္ဍကသည် ဘဒ္ဒိယမြို့ သေဋ္ဌေးမျိုး၌ ဖြစ်သည်၊ ဇနီးသည်မှာ စန္ဒပဒုမာ အမည်ရှိ၏။ သူ၏သားမှာ ဝိသာခါ၏ဖခင် ဓနဉ္စယသေဋ္ဌေးဖြစ်၏၊ မေဏ္ဍက၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

စာမျက်နှာ-595
သေဋ္ဌေးကြီး၏ ရှေးကောင်းမှုကံကြောင့် ရွှေဆိတ်ရုပ်များ ကျောက်ကုန်းချင်း ထိခတ် ဆက်စပ်လျက် အိမ်၏ အနောက်ဘက် မြေတွင် ပေါက်လျက် ရှိ၏၊ ရွှေဆိတ်ရုပ် တစ်ရုပ်၏ ခံတွင်းမှ ဇမ္ဗူဒိပ်ကျွန်း၌ နေသူ အားလုံးတို့အတွက် ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ၊ အဝတ်အထည်၊ ရွှေ ငွေတို့ ထွက်လာကုန်၏၊ ကျွန်းသူကျွန်းသားတို့သည်၊ မေဏ္ဍကသေဋ္ဌေးကြီးထံ လာ၍ ယူကြရ၏။

မေဏ္ဍကသေဋ္ဌေးသည် ဘဒ္ဒိယမြို့တွင် ဘုန်းကြီးသောသူ ငါးဦးတို့၏ အကြီး အမှူးဖြစ်၏၊ သူသည် မိမိရှိ စပါးကျီ ၁၂၅ဝ တို့ကို ရှင်းလင်း သုတ်သင်ပြီး ကောင်းကင်သို့ မော့ကြည့်စဉ် သလေးနီစပါးမိုးကြီး ရွာချ၍ စပါးကျီ ၁၂၅ဝ တို့မှာ ပြည့်ကုန်၏။

ရှေးဘဝမှ တော်စပ်ခဲ့ဖူးသော ဇနီး၊ သား၊ ချွေးမ၊ ကျွန်တို့သည်လည်း ယခုဘဝတွင် ဇနီး သား ချွေးမ ကျွန် ပြန်ဖြစ်ကုန်၏။

ဗုဒ္ဓမြတ်စွာသည် မေဏ္ဍကသေဋ္ဌေးကြီးအား သူ၏စရိုက်နှင့် သင့်လျော်သော တရားတော်ကို ဟောကြား၏။ ဒေသနာတော်အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေ၏။ သေဋ္ဌေးကြီးသည် ၁၅ ရက် ပတ်လုံး ကြီးစွာသော အလှူဒါနကို ပြု၏။

တိတ္ထိတို့နှင့် ပတ်သက်၍ ဗုဒ္ဓကို လျှောက်သောအခါ မြတ်ဗုဒ္ဓက “ဒါယကာ သေဋ္ဌေး - ဤသတ္တဝါတို့မည်သည် ကြီးစွာသော မိမိအပြစ်ကိုကား မမြင်ကြကုန်၊ သူတပါးတို့၏ အပြစ်ကိုကား မရှိသည်ကိုပင် အရှိပြုကာ ထိုထိုအရပ်တို့၌ ဖွဲ့ဖျင်း ကဲ့သို့ လေလွှင့်ပြောကြားတတ်ကုန်၏” ဟု ဟောတော်မူကာ ဒေသနာအဆုံးတွင် များစွာသော လူအပေါင်းတို့ကို သောတာပတ္တိဖိုလ်၌ တည်စေ၍ သောတာပန် အရိယာ ဖြစ်စေလေသည်။

၃။ ဇဋိလသေဋ္ဌေး

ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏၊ အမိမှာ အလွန်အဆင်းလှသော အမျိုးသမီးတစ်ဦး ဖြစ်၏။ ဖခင်မှာ ဝိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသော ကြည်ညိုဖွယ် ဂုဏ်ရည်များမှာ အောက်ပါအတိုင်း ဖြစ်၏-

ဇဋိလသည် ကုန်သည်တစ်ဦး၏ အိမ်တွင် သားအဖြစ်နေစဉ် (၁၂) နှစ် ရောင်းမကုန်သော ကုန်ပစ္စည်းများကို တစ်နေ့တည်းနှင့် ရောင်းကုန်၏။ သူကြွယ်ကြီး ကပင် “အဖိုးမဖြတ်နိုင်အောင် ထိုက်တန်သည့် ယောက်ျား၊ ချမ်းချမ်း သာသာ”

စာမျက်နှာ-596
အသက်ရှင်နိုင်မည့်သူ” ဟု သိ၍ သမီးကညာနှင့် လက်ဆက်ကာ အိမ်တစ်ဆောင် မီးတပြောင်ထား၏၊ အိမ်တက်မင်္ဂလာ ပြုလုပ်သောအခါ အိမ်၏ နောက်ပိုင်း၌ ရွှေတောင်ကြီး ပေါက်လေ၏၊ သေဋ္ဌေးထီးဖြူ၊ ရလေ၏၊ သားသုံးယောက်၏ ဘုန်းကံကို စမ်းပြီးသောအခါ သေဋ္ဌေးကြီးက -

“ဤရွှေတောင်ကြီးသည် ငါနှင့် ငါ့သားငယ် ဘုန်းကံကြောင့် ပေါ်ပေါက် လာခြင်းဖြစ်သည်၊ သားကြီးတို့သည် ညီငယ်နှင့် တစိတ်တပေါင်းတည်း ဖြစ်ကြ ကာ စားသုံးကြလော့” ဟု မှာကြား၍ မြတ်ဗုဒ္ဓထံ၌ ရဟန်းပြု၏၊ ရဟန်းပြုပြီးနောက် ရဟန်းတရားကို ပွားများအားထုတ် ကြိုးကုတ်သဖြင့် နှစ်ရက်သုံးရက်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာ ဖြစ်လေ၏၊ သားသုံးယောက်တို့သည် မြတ်ဗုဒ္ဓအမှူးရှိသော ရဟန်းသံဃာတော်များအား လဝက်ပတ်လုံး ဆွမ်းအလှူဒါနကို ပေးလှူကြကုန်၏။

အရှင်ဇဋိလနှင့် ပတ်သက်၍ ရဟန်းတို့ ပြစ်တင်စကားဆိုရာ၌ မြတ်ဗုဒ္ဓက “ရဟန်းတို့ - ငါ့သားတော် ဇဋိလရဟန်း၏ သန္တာန်မှာ ထိုရွှေတောင်နှင့် သားတို့၌ တပ်မက်ခြင်း၊ မြတ်နိုးခြင်း အလျှင်းပင် မရှိတော့ချေ” ဟု မိန့်တော်မူပြီးလျှင် တရားဟောတော်မူ၏၊ ဒေသနာအဆုံးတွင် များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်လေသည်။

၄။ ကာဠဝဠိယသေဋ္ဌေး

ကာဠ၀ဠိယသည် ရာဇဂြိုဟ်ပြည်၌ ဆင်းရဲသားတစ်ယောက် ဖြစ်သည်။ တစ်နေ့တွင် ကာဠ၀ဠိယ၏ ဇနီးသည် စားသုံးရန် ဟင်းရွက်နှင့်ရောသော ယာဂုချဉ်ကို ပြုတ်၍ ထား၏။ ထိုနေ့၌ အရှင်မဟာကဿပမထေရ်သည် နိရောဓ သမာပတ်မှ ထတော်မူ၍ “ငါသည် အဘယ်သူအား ချီးမြှောက်မှု ပြုရပါမည်နည်း” ဟု ကြည့်ရှုလေလျှင် ကာဠဝဠိယဆင်းရဲသားကို ဥာဏ်၌ မြင်၍ သူ၏ အိမ်တံခါးဝသို့ ကြွရောက် ဆွမ်းရပ်တော်မူ၏။

ကာဠ၀ဠိယ၏ ဇနီးသည် မထေရ်၏လက်မှ သပိတ်ကို တောင်းယူ၍ ကျိုပြီး အသင့်ရှိသော ယာဂုချဉ်အားလုံးကို သပိတ်၌ လောင်းထည့်၍ မထေရ်အား ဆက်ကပ် လှူဒါန်းလေ၏။ အရှင်မဟာကဿပသည် ကျောင်းတော်သို့ သွား၍ ထိုယာဂုကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏၊ ဗုဒ္ဓမြတ်စွာသည် မျှတတော်မူရုံသာ ခံတော် မူ၏၊ ကျန်သော ယာဂုကို ရဟန်းငါးရာတို့အား လောက်ငစေ၏၊ ကာဠ၀ဠိယ ဆင်းရဲသားသည် ဆွမ်းကြွင်းဆွမ်းကျန် တောင်းခံရန် ထိုနေရာသို့ ရောက်လာ၍ ယာဂုအနည်းငယ်ကို ရရှိလေသည်။

စာမျက်နှာ-597
အရှင်မဟာကဿပ မထေရ်မြတ်သည် မြတ်ဗုဒ္ဓအား ယာဂုဒါယကာ ရရှိမည့် အကျိုးကို မေးလျှောက်လေ၏။ ဗုဒ္ဓမြတ်စွာသည် “ဤနေ့မှစ၍ ခုနစ်ရက် မြောက်၌ ကာဠ၀ဠိယသည် သေဋ္ဌေးဖြစ်လိမ့်မည်” ဟု မိန့်ကြားတော်မူလေ၏။ ကာဠ၀ဠိယသည် ဗုဒ္ဓမြတ်စွာ၏ မိန့်မြွက်တော်မူသည်ကို နားနှင့် ဆတ်ဆတ် ကြား၍ အိမ်သို့ ပြန်လာပြီးလျှင် ဇနီးသည်အား ထိုအကြောင်းကို ပြန်ကြားပြောဆို လေ၏။

ဗိမ္ဗိသာရမင်းသည် မြို့ကို လှည့်လည်သည်ရှိသော် အရှင်လတ်လတ် ကားစင် တင်ရာ တံကျင်၌ ရာဇဝတ်သားတစ်ယောက်ကို မြင်တော်မူလေ၏။ ရာဇဝတ်သား သည် မင်းကြီးကိုမြင်လျှင် “အရှင်မင်းကြီး - ပွဲတော်ထမင်းကို ပို့သစေချင်ပါသည်” ဟု အရဲစွန့်ကာ အော်ဟစ် ပြောဆိုလေ၏။ မင်းကြီးသည် ကောင်းပြီဟု ဝန်ခံခဲ့ရာ ညချမ်းပွဲတော်စာ ဆက်သောအခါ၌ ရာဇဝတ်သား တောင်းခံသော စကားကို အမှတ်ရ၍ “ဤပွဲတော်စာ ထမင်းကို မြို့အပြင် ကားစင် တံကျင်သို့ ရောက်အောင် ပို့ဆောင်နိုင်မည့်သူကို စုံစမ်းကြလော့” ဟု မိန့်လေ၏။

ရာဇဂြိုဟ်၏ ပတ်ဝန်းကျင် မြို့ဥပစာအရပ်သည် အလွန်ကြမ်းကြုတ်သည့် ဘီလူးများ လှည့်လည်ကျက်စားရာ အရပ်ဖြစ်၍ ညအချိန်၌ အလွယ်တကူ မြို့ပြင်သို့ မထွက်ဝံ့သောကြောင့် ဆိုင်ရာဝန်တို့သည် “မြို့ပြင်ကားစင် တံကျင်သို့ ထမင်း သွားရောက် ပို့ဝံ့သောသူသည် ဤအသပြာ တစ်ထောင်ကို ယူစေ” ဟု မြို့တွင်း၌ လှည့်လည်ကြေညာစေလေသည်။ ပထမ, ဒုတိယ အကြိမ်များ၌ အသပြာ တစ်ထောင်ထုပ်ကို ယူမည့်သူ မပေါ်ဘဲ တတိယအကြိမ် လှည့်လည်စေသောအခါမှ ကာဠ၀ဠိယ၏ ဇနီးသည် ထိုအသပြာ တစ်ထောင်ထုပ်ကို မင်းချင်းတို့ လက်မှ ယူလိုက်လေ၏။ မင်းချင်းတို့သည် သူမကို မင်းကြီးအား ပြသကြလေကုန်၏။ သူမသည် ယောက်ျားအသွင်ကို ယူပြီးလျှင် ကိုယ်၌ လက်နက် ငါးပါး ဖွဲ့ချည်လျက် ထမင်းပွဲတော်ကို ယူဆောင်ကာ ရဲရဲရင့်ရင့် မြို့မှ ထွက်ခဲ့လေ၏။ မြို့ပြင်သို့ ရောက်လျှင် ဒီဃတာလနတ်ဘီလူးသည် ထန်းပင်အနီးမှသွားသော သူမကို မြင်လေလျှင် “ရပ်လော့၊ သင်သည် ငါ့အစာ ဖြစ်လေပြီ” ဟု ခြိမ်းခြောက်စကား ပြောကြားလေ၏။

သူမ။ ငါသည် သင့်အစာမဟုတ်၊ ငါကား မင်းကြီး၏တမန်တော် ဖြစ်သည်။

ဘီလူး။ ယခု အဘယ်သို့ သွားမည်နည်း။

သူမ။ အရှင်လတ်လတ်ကားစင်တင်သော တံကျင်၌ နေသော ရာဇဝတ်သား ထံသို့ ငါသွားမလို့။

စာမျက်နှာ-598
ဘီလူး။ ငါ၏ သတင်းစကားတစ်ခုကို ဆောင်သွားခြင်းငှာ စွမ်းနိုင်ပါ မည်လော။

သူမ။ စွမ်းနိုင်ပေ၏။

ဘီလူး။ ထိုသို့ဖြစ်လျှင် “သုမနနတ်မင်းကြီး၏ သမီး ဒီဃတာလဘီလူး၏ဇနီး ကာဋီနတ်သမီးသည် သားကို မွေးဖွားလေပြီ” ဟု လမ်းတစ်လျှောက် ဟစ်အော် ပြောကြားပါလေ၊ ဤ ထန်းပင်ခြေ၌ ရွှေအိုးခုနစ်လုံးတို့ ရှိကြပါကုန်၏၊ ထိုရွှေအိုးများကို သတင်းကြွေးကြော်ခအဖြစ် သင်ယူပါလေ။ သူမသည် ဘီလူးပြောသည့်အတိုင်း ဟစ်အော် ကြွေးကြော်သွားသည် ရှိသော် သုမနနတ်မင်းကြီးသည် နတ်ဘီလူးတို့ အစည်းအဝေး၌ ထိုအသံကို ကြားရ၍ လူသားတစ်ယောက်ဖြစ်လျက် ငါတို့အတွက် အလွန်နှစ်သက်ဖွယ်သော သတင်းကို ယူဆောင်လာ၏ဟု ဆိုကာ ဝမ်းသာလှသဖြင့် ထိုသူကို ခေါ်ပြီး “ဤသစ်ပင်၏ ဘေးပတ်ပတ်လည် အရိပ်ပျံ့နှံ့ရာအရပ်၌ ရွှေအိုးများ ရှိကြသည်၊ ထိုရွှေအိုးများကို သင့်အား ငါပေး၏” ဟု ပြောဆိုလေ၏။

ထို့နောက် သူမသည် ကားစင်ရှိရာသို့ သွား၍ ရာဇဝတ်သားကို ထမင်းခွံ့၍ ကျွေးလေ၏။ ရာဇဝတ်သားသည် ထမင်းစားပြီးနောက် ခံတွင်းကို သူမ၏လက်ဖြင့် သုတ်ပေးသောအခါ မိန်းမအတွေ့မှန်းသိ၍ သူမ၏ဆံထုံးကို တအားကိုက်၍ ထားလေ၏။ သတ္တိကောင်းသော သူမသည် သန်လျက်ဖြင့် ဆံထုံးကို ဖြတ်ခဲ့ပြီး မင်းကြီးထံသို့ ပြန်လာလေ၏။

ထိုအခါ မင်းကြီးက - “မယ်မင်း- ထမင်းကို ကျွေးခဲ့ပြီးကြောင်းကို အဘယ်သို့ သော အခြင်းအရာ အမှတ်အသားဖြင့် ငါသိရမည်နည်း” ဟု မေးတော်မူလျှင် သူမသည် “ကျွန်တော်မျိုးမ၏ ဆံထုံးအမှတ်အသားဖြင့် သိတော်မူနိုင်ပါသည်” ဟု လျှောက်တင်ကာ မင်းကြီးအား မိမိ တွေ့ကြုံခဲ့ရသမျှသော ဖြစ်ရပ်အားလုံးကို ပြန်ကြားလျှောက်ထား၍ ထိုရွှေအိုးများကို ဆောင်ယူစေလေ၏။ မင်းကြီးသည် ရွှေအိုးများကို ယူဆောင်စေပြီးလျှင် မှူးမတ်တို့အား “အခြားသူ တစ်ဦး တစ်ယောက်မှာ ဤမျှများပြားသော ဥစ္စာရှိသလား” ဟုမေးတော်မူ၍ မရှိပါဟု ပြန်ကြားလျှောက်ထားလေလျှင် မင်းကြီးသည် သူမ၏ အိမ်ရှင် ကာဠ၀ဠိယကို ရာဇဂြိုဟ်ပြည်၌ အဆောင်အယောင်များပါပေးအပ်ကာ “ဓနသေဋ္ဌိ” ဘွဲ့တံဆိပ် တပ်သည့် သေဋ္ဌေးကြီးရာထူး၌ ခန့်အပ် မြှောက်စားထားလေသတည်း။

စာမျက်နှာ-599

(ခ) လူဝတ်ကြောင် မိန်းမ အရိယာများ

၁။ သုဇာတာသေဋ္ဌေးကတော်

သုဇာတာသည် ဥရုဝေလတောအုပ်အနီး သေနနိဂုံးသူ သေနိယသေဋ္ဌေးကြီး၏ သမီးဖြစ်သည်။ သူ၏ သားမှာ ယသ သတို့သားဖြစ်၏။ သူ၏ ခင်ပွန်းမှာ ဗာရာဏသီသေဋ္ဌေး ဖြစ်လေသည်။ သုဇာတာသေဋ္ဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏ -

သုဇာတာသေဋ္ဌေးကတော်သည် ဗုဒ္ဓအလောင်းတော်အား ညောင်စောင့်နတ် ထင်မှတ်၍ ရွှေခွက်နှင့်တကွ နို့ဃနာဆွမ်းကို ဆက်ကပ်၏။ “အကျွန်ုပ်၏ စိတ်နှလုံး အလိုဆန္ဒ ပြည့်ဝသကဲ့သို့ အရှင်တို့၏ အလိုဆန္ဒလည်း ပြည့်ဝပါစေသတည်း” ဟု ဆုတောင်း၏၊ ဆုတောင်းပြည့်၍ သား ယသကို ရ၏။

နောင်အခါတွင် သုဇာတာ၏ ခင်ပွန်းသေဋ္ဌေးကြီးက ပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာသည် အရှင်ယသကို နောက်ပါ ရဟန်းပြု၍ သုဇာတာသေဋ္ဌေးကတော်အိမ်သို့ ဆွမ်းဘုဉ်း ပေးကြွ၏။ မြတ်ဗုဒ္ဓ၏ ဟောကြားတော်မူအပ်သော ဓမ္မဒေသနာ ဆုံးသောအခါ သေဋ္ဌေးကတော် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။

ဗုဒ္ဓမြတ်စွာသည် ရှေးဦးစွာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံသို့ ရောက်ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာတို့တွင် သေနိယသေဋ္ဌေး၏ သမီး သုဇာတာသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေသည်။

၂။ ဝိသာခါကျောင်းအမကြီး

ဝိသာခါသည် အင်္ဂတိုင်း၊ ဘဒ္ဒိယမြို့ သူ မေဏ္ဍကသေဋ္ဌေးကြီး၏သား ဓနဉ္စယ သေဋ္ဌေးနှင့် သုမနဒေဝီသေဋ္ဌေးကတော်ကြီး၏သမီး ဖြစ်လေသည်။ ဝိသာခါ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

ဝိသာခါသည် အဘိုးဖြစ်သူ မေဏ္ဍကသေဋ္ဌေးကြီး၏ လမ်းညွှန်မှုဖြင့် ခုနစ်နှစ် သမီးအရွယ်တွင် ရံရွေဖော်များ ခြံရံလျက် မြတ်ဗုဒ္ဓအား ခရီးဦးကြိုဆိုမှု ပြုလေ၏။ မြတ်စွာဘုရားသည် ဝိသာခါသေဋ္ဌေးသမီးအား သူမ၏ စရိုက်နှင့် လိုက်လျော ညီညွတ်သော တရားကို ဟောကြားတော်မူသော အဆုံး၌ သောတာ ပတ္တိဖိုလ်၌ တည်၍ ခုနစ်နှစ်အရွယ်ကပင် သောတာပန် အရိယာဖြစ်လေ၏။

စာမျက်နှာ-600
အရွယ်ရောက်၍ မင်္ဂလာပြုသောအခါ ဝိသာခါ၏ မင်္ဂလာပွဲသို့ ကောသလ မင်းကြီးကိုယ်တိုင် လိုက်ပါချီးမြှင့်၏။ ယောက္ခမအိမ်သို့ လိုက်သွားမည့် ချစ်သမီး ဝိသာခါအား ဓနဉ္စယသေဋ္ဌေးကြီးက အတွင်းမီး အပြင်မီး စသည့် ဩဝါဒ (၁ဝ)ချက်ဖြင့် သင်ကြားဆုံးမလေ၏။ သမီးဝိသာခါကို ကိုးကုဋေတန်သော မဟာလတာတန်ဆာဖြင့် တန်ဆာဆင်လေ၏။ နံ့သာမှုန့်ဖိုး လှည်း ၁၅၄ စီးတိုက် ဥစ္စာကို ပေး၏။ ကျွန်မ ၅၀၀၊ အာဇာနည်မြင်း ကသော ရထား ၅၀၀၊ အသုံး အဆောင်မျိုးစုံ တစ်မျိုးလျှင် တစ်ရာစီ တစ်ရာစီ ပေး၏။

သမီးဝိသာခါသည် “ရဟန်းသံဃာနှင့် ကင်းကွာ၍ နေထိုင်ရန် မဖြစ်နိုင်ပါ။ ရဟန်းသံဃာတို့ကို ပြုစုလုပ်ကျွေးလိုပါ၏” ဟု မိဂါရသေဋ္ဌေးကို အရေးဆိုခဲ့၏။ အခွင့်ရသောအခါ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့အား ဆွမ်းဖြင့် လုပ်ကျွေး၏။ မိဂါရသေဋ္ဌေး ယောက္ခမကြီးအား မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားစေ၏။ ထိုအခါ မိဂါရသေဋ္ဌေး ဇနီးမောင်နှံမှာ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။ မိဂါရသေဋ္ဌေးကြီးသည် ဝိသာခါကို အမိအရာ၌ တည်စေ၏။

ဝိသာခါ၏ ထူးခြားချက်မှာ အသက် ၁၂ဝ ရှည်သူ ဖြစ်၏။ ဆံဖြူတစ်ပင်မျှ မပေါက်ချေ။ အမြဲတစေ (၁၆)နှစ် အရွယ် ပျိုမျစ်နုနယ်လျက် နေ၏။ သားသမီး မြေး မြစ်တို့နှင့် အတူသွားသည်ကို မြင်လျှင် အဘယ်သူသည် ဝိသာခါလဲဟု မေးရ လောက်အောင်ပင် ပျိုမျစ်နုနယ်၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တို့တွင် အဘယ်ဣရိယာပုတ်ဖြင့်တော့ မတင့်တယ်ဘူးဟု ပြောဆိုဖွယ် မရှိအောင် တင့်တယ်၏။ ဆင်ပြောင်တစ်ကောင်ကို လက်ချောင်းကလေးနှစ်ခုဖြင့် နှာမောင်း၌ ညှပ်ကိုင်ကာ အသာအယာ တွန်းလှဲနိုင်သည့် ဆင်ပြောင်ငါးစီးအား ရှိ၏။

ဝိသာခါသည် မိမိကိုယ်တိုင်သာလျှင် မဟာလတာတန်ဆာ၏ တန်ဖိုး ကိုးကုဋေ နှင့်တစ်သိန်းကို ပေး၍ သာဝတ္ထိမြို့တံခါးအနီး၌ ပုဗ္ဗာရုံကျောင်းနေရာ မြေကိုပင် ကိုးကုဋေသော အသပြာတို့ဖြင့် ဝယ်ယူ၏။ အခြား ကိုးကုဋေသော ဥစ္စာတို့ဖြင့် ပုဗ္ဗာရုံ ကျောင်းတိုက်ကြီးကို တည်ဆောက်၏။ ကိုးလကြာသောအခါ ရှင်မောဂ္ဂလန်မထေရ်ကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းတော်ကြီး ပြီးစီးလေ၏။ ကျောင်းရေစက်ချပွဲကို လေးလကြာ ကျင်းပပါသည်။

ဝိသာခါ ကျောင်းအမကြီးသည် ထိုနေ့မှစ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာ တော်တို့အား ပုဗ္ဗာရုံကျောင်းတိုက်မှာပင် အလှူဒါနကြီး ပေးလှူ၏၊ အငယ်ဆုံး

စာမျက်နှာ-601
သံဃာရသော သင်္ကန်းလျာအဝတ်တို့သည် အဖိုးတစ်ထောင် ထိုက်တန်ကုန်၏။ ရဟန်းတို့အား သပိတ်အပြည့် ထည့်၍ စတုမဓုဆေးကို လှူဒါန်းလေ၏။ ကျောင်းလွှတ်ပူဇော်ပွဲ၌ ကိုးကုဋေသော အသပြာတို့ ကုန်လေ၏။

ဝိသာခါကျောင်းအမကြီးသည် ကျောင်းရေစက်ချပွဲတွင် “ငါတောင့်တခဲ့ သမျှ ဆုတောင်းခဲ့သမျှ ဥဿုံ အလုံးစုံ အထွတ်အထိပ်သို့ အပြီးအဆုံးသို့ ရောက်လေပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ကျောင်းတော်ကြီးကို လှည့်လည်လျက် ငါးဂါထာတို့ဖြင့် အလွန်သာယာ ချိုမြိန်သော အသံဖြင့် ဥဒါန်းကျူးရင့်လေ၏။

ကျောင်းအမကြီးသည် နေ့စဉ် နံနက်အခါတွင် ရဟန်းသံဃာတော်တို့အား ဆိုင်ရာဆိုင်ရာသော ဆွမ်းများလှူဒါန်းပြီး နေမွန်းလွဲသောအခါ ကျောင်းတော်သို့ သွား၍ ဆီဦး, ထောပတ်, ပျား, ဆီ, တင်လဲ တို့ကို လည်းကောင်း၊ အဖျော် ဆီတင်လဲ ရှစ်မျိုးတို့ကို လည်းကောင်း၊ ရဟန်းတို့ လိုအပ်သော ဆေးပစ္စည်းများကို လည်းကောင်း ဆက်ကပ်လေ၏။ ဤကား ဝိသာခါ၏ နိဗဒ္ဓဝတ် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၌ နှစ်ခြိုက်မွေ့လျော် ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် မိဂါရ၏ မယ်တော် ဝိသာခါ သေဋ္ဌေးမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော် မူလေသည်။

၃-၄၊ ခုဇ္ဇုတ္တရာနှင့် သာမာဝတီ

ခုဇ္ဇုတ္တရာသည် ဃောသကသေဋ္ဌေး၏ အထိန်းတော်ကြီးသမီး ဖြစ်၏။ ကိုယ်ခန္ဓာ ကုန်းကုန်းကလေးရှိ၍ ခုဇ္ဇုတ္တရာသူငယ်မဟု အမည်တွင်၏။

သာမာဝတီသည် ဘဒ္ဒိယမြို့၊ ဘဒ္ဒဝတိယသေဋ္ဌေးကြီး၏ သမီး ဖြစ်၏။ ခုဇ္ဇုတ္တရာနှင့် သာမာဝတီတို့၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏-

သာမာဝတီကို ဃောသကသေဋ္ဌေးကြီးက သမီးအဖြစ် မွေးစား၏၊ တဖန် ဥဒေနမင်းကြီးကလည်း မိဖုရားမြှောက်ခဲ့၏။

တနေ့သ၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် ပန်းသည်ကြီး အိမ်တွင် ထိုင်နေတော်မူ၏။ သာမာဝတီမိဖုရား၏ အလုပ်အကျွေးဖြစ်သော ခုဇ္ဇုတ္တရာသည် ထိုအိမ်သို့ ပန်းလာဝယ်၏။ ဘုရားအမှူးရှိသော သံဃာတော် များအား ဆွမ်းကပ်ရာတွင် ဝေယျာဝစ္စကုသိုလ် ကူညီပြုလုပ်ပေး၏။

စာမျက်နှာ-602
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော တရားအလုံးစုံကို နှုတ်ငုံရအောင် သင်ယူ၏။ အနုမောဒနာ တရားအဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။

တဖန် ခုဇ္ဇုတ္တရာသည် သာမာဝတီမိဖုရားထံ ပြန်လာပြီး သာမာဝတီ အမှူးရှိ သော မောင်းမငါးရာတို့အား တရားဟောလေ၏။ တရားဒေသနာ ဆုံးသောအခါ သာမာဝတီမိဖုရားကို အကြီးအမှူးပြု၍ အလုံးစုံသော မောင်းမငါးရာ တို့သည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာများ ဖြစ်ကုန်၏။

ခုဇ္ဇုတ္တရာသည် ထိုနေ့မှစ၍ နေ့စဉ် မြတ်ဗုဒ္ဓထံမှ တရားဓမ္မကို နာယူပြီးလျှင် သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့အား ရွှေနန်းတော်မှာပင် ပြန်၍ ဟောကြားလေ၏။

သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့သည် မာဂဏ္ဍီမိဖုရား၏ ရန်တိုက် မှုကို သုံးကြိမ်မြောက် ခံရသော်လည်း -

“သူတစ်ဖက်သား၊ မျက်မာန်ပွားသော်၊ တရားမကွာ၊ ထိန်းစောင့် ကာဖြင့်၊ မေတ္တာနှလုံး၊ ကိုယ်က သုံးလျှင်၊ အရှုံး ဘယ်မှာ ရှိချိမ့်နည်း”

(ဓမ္မပဒေသ) ဆိုသည်နှင့်အညီ မေတ္တာနှလုံး ကျင့်သုံးခြင်းဖြင့် အနိုင်ရခဲ့လေသည်။ သို့သော် ရှေးအကုသိုလ်ကံကြောင့် နောက်ဆုံးအကြိမ်တွင် မီးလောင်တိုက်သွင်း၍ သတ်ခြင်း ခံရရှာ၏။

မြတ်ဗုဒ္ဓသည် အကြားအမြင် ဗဟုသုတများကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာဥပါသိကာမသည် အသာဆုံးအမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

သာမာဝတီမိဖုရားကိုမူကား မေတ္တာဈာန်ဖြင့် နေလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် သာမာဝတီသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

၅။ ဥတ္တရာနန္ဒမာတာ ဥပါသိကာ

ဥတ္တရာနန္ဒမာတာသည် ရာဇဂြိုဟ်ပြည်သူ ပုဏ္ဏသီဟ အလုပ်သမားနှင့် ဇနီး ဥတ္တရာတို့၏ သမီးဖြစ်လေ၏၊ သူ့တွင် နန္ဒအမည်ရှိသော သားတစ်ယောက် ထွန်းကား၏။ ဥတ္တရာနန္ဒမာတာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏-

စာမျက်နှာ-603
ဥတ္တရာနန္ဒမာတာ ဥပါသိကာမ၏ ဖခင် ပုဏ္ဏဆင်းရဲသားသည် နိရောဓ သမာပတ်မှ ထ၍ မိမိလယ်တောသို့ ကြွရောက်လာသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို မျက်နှာသစ်တော်ရေနှင့် ဒန်ပူ ဆက်ကပ်လှူရသော အကျိုးနှင့် ဇနီးဖြစ်သူ ဥတ္တရာ၏ ဆွမ်းလှူရသော အကျိုးကြောင့် မိမိထွန် အပ်သော ထွန်စိုင်မြေတုံးတို့သည် ရွှေတုံးရွှေခဲများ ဖြစ်လာပြီး ဗိမ္ဗိသာရမင်းသို့ ဆက်သရာမှ မင်းကြီးက “မဟာဓနသေဋ္ဌိ” ဟူသော ဘွဲ့ထူးဖြင့် သေဋ္ဌေးကြီး ရာထူးကို ကြီးကျယ်ခမ်းနားစွာ ချီးမြှောက်လေ၏။ ထို့နောက် ခုနစ်ရက်တို့ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာတော်များအား ကြီးစွာသော အလှူကြီးကို ပေးလှူ၏။ ဗုဒ္ဓမြတ်စွာ၏ အနုမောဒနာတရားကို ကြားနာရ သောကြောင့် ပုဏ္ဏသေဋ္ဌေးကြီး၊ သေဋ္ဌေးကတော်ကြီး ဥတ္တရာ၊ သမီး ဥတ္တရာ နန္ဒမာတာ မိသားစု သုံးဦးတို့သည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန် အရိယာ ဖြစ်ကြလေသည်။

ဥတ္တရာ၏ ကြီးစွာသော သဒ္ဓါဆန္ဒမှာ မိမိခင်ပွန်းလင်အား ဖျော်ဖြေရန် အသပြာ တစ်သောင်း ငါးထောင် ပေး၍ သီရိမာပြည့်တန်ဆာမကို ငှားကာ ၁၅ ရက် အိမ်တွင် နေကြစေ၏။ မိမိမှာမူ ဗုဒ္ဓအတွက် ကိုယ်တိုင် ဦးစီးကာ ဆွမ်း ခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်၍ ဥပုသ်သီတင်း စောင့်သုံးနေလေသည်။ သီရိမာသည် သေဋ္ဌေးအိမ်မှာ သေဋ္ဌေးကို ဖျော်ဖြေနေရ၍ မိမိကိုယ်ကိုပင် သေဋ္ဌေး ကတော်ထင်ကာ -

“ဝတ္ထုကာမ၊ သဘာဝကား ကာလရှည်ကြာ၊ သုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာ ထင်၏” (ဓမ္မပဒေသ) ဆိုသည့်အတိုင်း ဖြစ်ပြီး ဥတ္တရာ၏ ဦးခေါင်းပေါ်သို့ အိုးကင်းထဲမှ ကျိုက်ကျိုက် ဆူသော ဆီကို ခပ်ပြီး လောင်းချလိုက်လေ၏။ သို့သော် ဥတ္တရာသည် မေတ္တာဈာန်ဖြန့်ကြက်ထားသောကြောင့် ဆီပူသည် ပဒုမ္မာကြာရွက်ပေါ်၌ လောင်းချအပ်သည့် ရေကဲ့သို့ လျှော၍သာ ကျလေ၏။ သီရိမာသည် မိမိအမှားကို တောင်းပန်၏။ ဥတ္တရာက မြတ်ဗုဒ္ဓသည်းခံမှ သည်းခံမည်ဟု ပြော၏။ သီရိမာသည် မြတ်ဗုဒ္ဓထံ သည်းခံစေပြီးမှ ဥတ္တရာကိုလည်း သည်းခံစေ၏။ ထို့နောက် ဗုဒ္ဓရှင်တော်ဘုရား၏ တရားဓမ္မကို ကြားနာရသောကြောင့် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။

ဗုဒ္ဓမြတ်စွာသည် ဈာန်ဝင်စားခြင်းရှိကြသည့် ငါဘုရား၏ တပည့်သာဝိကာ ဥပါသိကာမတို့တွင် နန္ဒသူငယ်၏ အမိဖြစ်သူ ဥတ္တရာဥပါသိကာမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

စာမျက်နှာ-604

၆။ သုပ္ပဝါသာ (ကောလိယ) သာကီဝင်မင်းသမီး

သုပ္ပဝါသာသည် ကောလိယပြည်သူ သာကီဝင် မင်းသမီး ဖြစ်၏။ သီဝလိ သတို့သား၏ မိခင်ဖြစ်၏၊ သုပ္ပဝါသာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည် များမှာ ဤသို့ဖြစ်၏ -

သုပ္ပဝါသာသည် မိမိ၏ ခင်ပွန်းအိမ်သို့ လိုက်နေစဉ် မြတ်ဗုဒ္ဓကို ပထမဦးဆုံး အကြိမ် ဖူးတွေ့ခွင့်ရ၏။ ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် သောတာ ပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။

သုပ္ပဝါသာ၏ ဘုန်းကံကြောင့် မင်းသမီး၏လက်ဖြင့် ထိစေပြီး စိုက်အပ်သော စပါးတို့တွင် မျိုးစေ့တစ်စေ့မှ အပင်အညှောက်ပေါင်းရာထောင်ပေါက်၍ မင်းပယ်တစ်ပယ်ကျယ်သော လယ်မြေတစ်ကွက်မှပင် လှည်းအစီးပေါင်း ငါးဆယ် ခြောက်ဆယ်တိုက် စပါးထွက်၏။ စပါးများကို ကျီတိုက်တွင် ဖြည့်သွင်းသော အခါတွင်လည်း မင်းသမီး၏ လက်ဖြင့် ထိစေ၏။ မင်းသမီး၏ ဘုန်းကံကြောင့် ကောက်စပါး ထုတ်ယူသည်ရှိသော် ယူတိုင်းယူတိုင်း နေရာသည် တဖန်ထပ်၍ ပြည့်မြဲဖြစ်၏။ ထို့ပြင် ထမင်းအိုးမှခူးကာ ခူးကာပေးသော်လည်း ထမင်းသည် မကုန်နိုင်ချေ။

သုပ္ပဝါသာသည် ခုနစ်နှစ် ခုနစ်ရက် ကိုယ်ဝန်ကို ဆောင်ထားစဉ် ခံစား ရသော ဒုက္ခကို မြတ်ဗုဒ္ဓ၏ဂုဏ်တော်၊ သံဃာတော်၏ သုပ္ပဋိပန္နဂုဏ်တော်၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်တော်တို့ကို နှလုံးသွင်း အာရုံပြု၍ အောင့်အည်း သည်းခံလေသည်။ သားတော်သီဝလိကို မွေးဖွားပြီးနောက် မြတ်စွာဘုရား အမှူးရှိသော သံဃာတော် များကို ဆွမ်းကပ်လှူ၏။

မြတ်ဗုဒ္ဓသည် မွန်မြတ်သော ဝတ္ထုကို ပေးလှူသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် ကောလိယသာကီဝင် မင်းသမီး သုပ္ပဝါသာသည် အသာဆုံး အမြတ်ဆုံး ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

၇။ သုပ္ပိယာ ဥပါသိကာ

သုပ္ပိယာ ဥပါသိကာမသည် ဗာရာဏသီပြည်သူ သေဋ္ဌေးသမီး ဖြစ်လေသည်။ သုပ္ပိယာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

သုပ္ပိယာသေဋ္ဌေးကတော်သည် မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးမြင် ရသော အခါ၌ပင်လျှင် တရားတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်ကာ သောတာပန်အရိယာ ဖြစ်လေ၏။ တနေ့သ၌ သုပ္ပိယာ ဥပါသိကာမသည်

စာမျက်နှာ-605
မိဂဒါဝုန်ကျောင်းတိုက်တွင် ကျောင်းစဉ် လှည့်လည်လတ်သော ဝမ်းလျှော၍ အားနည်းကာ မမာမကျန်းဖြစ်နေသော ရဟန်းတစ်ပါးကို ဖူးတွေ့ရ၏။ ထိုဂိလာနရဟန်း အလိုရှိအပ်သော သားမျိုးဟင်းရည်ကို ပြုလုပ်ရန် ကျွန်မအား ပံ့သကူအသားကို ရှာခိုင်း၏။ မရသည့်အတွက် မိမိပေါင်သားကို ဖြတ်၍ သားမျိုးဟင်းရည်ပြုလုပ်ကာ ဂိလာနဟန်းအားကပ်စေ၏။ သုပ္ပိယာ ဥပါသိကာမ၏ အံ့ဩဖွယ် ဒါနစေတနာကို တွေ့ရပါသည်။

ဗုဒ္ဓမြတ်စွာသည် ထိုအကြောင်းကို သိ၍ နောက်ပါရဟန်းသံဃာတော်တို့နှင့် သုပ္ပိယာ ဥပါသိကာမ အပါးတို့ ကြွလေ၏။ သုပ္ပိယာ ဥပါသိကာမသည် ဗုဒ္ဓကို ဖူးမြင်ရလျှင်ပင် ပေါင်သားလှီးရာ အနာသည် ပကတိအတိုင်း ဖြစ်သွားလေ၏။

မြတ်ဗုဒ္ဓသည် သူနာကို လုပ်ကျွေးပြုစုကုန်သော ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် သုပ္ပိယာဥပါသိကာမသည် အသာဆုံးအမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

၈။ ကာတိယာနီဥပါသိကာ

ကာတိယာနီသည် ကုရရယရမြို့သူ သေဋ္ဌေးသမီးဖြစ်၏။ သူ၏ သူငယ်ချင်းမှာ သောဏကုဋိကဏ္ဏမထေရ်၏ မယ်တော် ကာဠိ သေဌေးကတော် ဖြစ်လေသည်။ ကာတိယာနီ ဥပါသိကာမ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

သူငယ်ချင်းမ၏ သားဖြစ်သော သောဏကုဋိကဏ္ဍ မထေရ်သည် မယ်တော်၏ တောင်းပန်မှုကြောင့် ညတရားပွဲကို ကုရုရယရမြို့တွင် ကျင်းပလေ၏။ မထေရ်သည် မြတ်စွာဘုရားအား လျှောက်ထားခဲ့သည့် နည်းအတိုင်း တရားတော်ကို ဟောကြားလေသည်။

ထိုအခါ ကာတိယာနီသေဌေးမသည် ကာဠိနှင့်အတူ ပရိတ်သတ်အစွန်းမှ တရားကို ရိုသေစွာ နာယူ၏။ ကျွန်မက အိမ်တွင် သူခိုး ခိုးယူနေကြောင်း လာရောက်ပြောကြားသည်ကို “အမိ- အသံမပြုလင့်၊ တရားတော်၏ အန္တရာယ်ကို မပြုပါလင့်” ဟု ပြောဆိုလိုက်၏။ တရားတော်၏ အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။

ခိုးသူမှူးကြီးသည် ကျွန်မနှင့် ကာတိယာနီတို့ ပြောဆိုသော စကားကို ကြားသိရ၍ ပစ္စည်းများကို ပြန်ထားကာ ဝန်ချတောင်းပန်ပြီး သောဏကုဋိကဏ္ဍအရှင်မြတ်ထံတွင် ကာတိယာနီကို ရဟန်းဒါယိကာမအဖြစ် ခံယူစေကာ

စာမျက်နှာ-606
ခိုးသူမှူးကြီးနှင့် တကွ ခိုးသားငါးရာတို့သည် ရဟန်းပြုကြကုန်၏။ ရဟန်းတရားများကို ပွားများ ကြိုးကုတ် အားထုတ်သဖြင့် ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာဖြစ်ကြကုန်၏။

ဗုဒ္ဓမြတ်စွာသည် သာသနာတော်၌မတုန်မလှုပ် သက်ဝင် ယုံကြည်ကြသည့် ငါဘုရား၏ တပည့်မသာဝိကာ ဥပါသိကာမတို့တွင် ကာတိယာနီ ဥပါသိကာမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူလေသည်။

၉။ ကုရရမြို့နေ ကာဠိဥပါသိကာ

ကာဠိဥပါသိကာမသည် ရာဇဂြိုလ်ပြည်သူ သေဋ္ဌေးသမီး ဖြစ်၏။ ကာဠိဥပါသိကာမ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောတော်မူသောနေ့ သန်းခေါင်ယံ ညဉ့်အခါ၌ မိဘတို့၏ အိမ်ပြာသာဒ်ထက်သို့ တက်၍ ကိုယ်ဝန်၏ ပင်ပန်းမှုကို ဖျောက်လိုသဖြင့် လေညင်းခံကာ ရပ်တန့်နေ၏။ မိမိနေရာ ဘုံနန်းပြာသာဒ်အထက် ကောင်းကင်၌ ရပ်တည်ကြလျက် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မေးမြန်းပြောဆိုနေကြသည့် သာတာဂိရိနတ်မင်း, ဟေမဝတ နတ်မင်း တို့၏ တရားစကား ကို ကြားနာရ၍ “မြတ်စွာဘုရားတို့သည် ဤသို့ အံ့ဖွယ်အထူး ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူပါပေစွတကား” ဟု နှစ်သက်မှု ပီတိကို ပွားများစေလျက် နီဝရဏ ပယ်ခွာကာ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။

ဗုဒ္ဓဘုရားရှင်ကို မဖူးမတွေ့ရဘဲ ကာဠိအမျိုးသမီးသည် သောတာပန်အရိယာ သာဝိကာထဲတွင် အကြီးဆုံး အစ်မကြီးသဖွယ် ဖြစ်လေသည်။

(၈) ရဟန်းယောက်ျား အရိယာများ

၁။ အရှင်ကောဏ္ဍည

အရှင်ကောဏ္ဍညသည် ကပိလဝတ်ပြည်၏အနီး “ဒေါဏဝတ္ထုပုဏ္ဏားရွာသား ဗြဟ္မဏမျိုးဖြစ်၏။ အရှင်ကောဏ္ဍညမထေရ်မြတ်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ဖြစ်၏-

ကောဏ္ဍညသည် ဗေဒင်သုံးပုံတတ်ကျွမ်း၍ မဟာပုရိသ လက္ခဏာတော်ကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ ဘုရားအလောင်းတော်၏ မဟာပုရိသ လက္ခဏာတော်ကြီး အလုံးစုံတို့နှင့် ပြည့်စုံတော်မူပုံကို သေချာစွာ ကြည့်ရှု၍ “ဤ အလောင်းမင်းသားမှာ ဧကန်ပင် ဘုရားစစ်စစ် ဖြစ်လိမ့်မည်” ဟု တစ်ချောင်းသော လက်ညှိုးကို မြှောက်ချီ၍ ရဲရဲတောက် ဟောဆိုလေ၏။

စာမျက်နှာ-607
ဘုရားလောင်း တောထွက် ရဟန်းပြုပြီ ဟူသော သတင်းကို ကြားသိရလေလျှင် ထိုယောက်ျားမြတ်နောက် အတူလိုက်၍ ရဟန်းပြုကြစို့ဟု ပြောကာ ကောဏ္ဍညပုဏ္ဏားသည် အခြားသော ပုဏ္ဏားတို့၏ သားလေးယောက်နှင့်အတူ ရဟန်းပြုလေ၏။ ဥရုဝေလတော၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် မြတ်ဗုဒ္ဓလောင်းလျာအား ဘုရားဖြစ်တော့မည်ဟု မျှော်လင့်ချက်ကြီးဖြင့် ခြောက်နှစ်တာ ကာလပတ်လုံး အနီးထံပါး၌ အလုပ်အကျွေး ပြုနေကြကုန်၏။

မြတ်ဗုဒ္ဓလောင်းလျာသည် ဘုရားဖြစ်တော်မူပြီးနောက် မိဂဒါဝုန်တောသို့ ကြွတော်မူကာ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောကြားတော်မူ၏။ အရှင်ကောဏ္ဍညနှင့် မဟာဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့ သောတာပတ္တိ ဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်ကုန်၏။

ဗုဒ္ဓမြတ်စွာသည် “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော - အို-- ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်လေပြီတကား၊ အို---- ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်လေပြီတကား”ဟု ဥဒါန်းကျူးရင့်၍ အညာသိကောဏ္ဍညဟု အမည်တွင်စေလေသည်။

အရှင်ကောဏ္ဍညသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် သောတာပန် အရိယာဖြစ်ပြီး ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် အနတ္တလက္ခဏသုတ္တန် ဒေသနာအဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာ ဖြစ်တော်မူလေသည်။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်ဝယ် “ရဟန်းတို့- ညဉ့်အပိုင်း အခြားကို သိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အညာသိ ကောဏ္ဍညသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူပါသည်။

ရတ္တညူသည် ရဟန်းပြုချိန်မှ စ၍ ရှည်မြင့်စွာသော ညဉ့်အပိုင်းအခြားကို သိသောသူ ဖြစ်သည် (ရဟန်းသိက္ခာ ဝါဒအကြီးဆုံး ပုဂ္ဂိုလ် ဟူလို)။ အစောဆုံး သစ္စာလေးပါးတရားကို သိသူဟုလည်း ဆိုသေး၏။

အရှင်ကောဏ္ဍညသည် အဂ္ဂသာဝကနှစ်ပါးအား ချမ်းသာစွာ နေနိုင်ရန်နှင့် မိမိ၏တူ အရှင်ပုဏ္ဏကို ဘုရား၏ အန္တေဝါသိက - အနီးနေတပည့် ဖြစ်စေပြီးလျှင် မိမိမှာ ဖလသမာပတ်ဖြင့် ချမ်းသာစွာ နေမှုကိုသာ အလေးဂရုပြု၍ မြတ်ဗုဒ္ဓကို

စာမျက်နှာ-608
ခွင့်ပန်ကာ ဆဒ္ဒန်အိုင်အနီး မဏ္ဍာကိနီရေကန် ဆိပ်ကမ်းသို့ ကြွတော်မူလေ၏။ ဆင်အပေါင်းတို့၏ လုပ်ကျွေးမှုကို ခံယူကာ ဖလသမာပတ်ဖြင့် နေတော်မူ၏။

မထေရ်မြတ်သည် ရံခါ ရံခါ နတ်သားတို့ ဗိမာန်သို့ ကြွ၍ နို့ဃနာဆွမ်းကို ခံယူလေ၏။ (၁၂)နှစ်ကြာသည့် တိုင်အောင် မဏ္ဍာကိနီ ရေကန်အနီး၌ သီတင်းသုံး နေတော်မူ၏။ ပရိနိဗ္ဗာန် ပြုချိန်နီးမှ မြတ်ဗုဒ္ဓထံ ကြွရောက် ခွင့်ပန်၍ တန်ခိုးပြာဋိဟာ အမျိုးမျိုးကို ပြသကာ မဏ္ဍာကိနီရေကန်အနီးသို့ ပြန်ကာ ပရိနိဗ္ဗာန်ပြုတော်မူ၏။

တေဇောဓာတ်လောင်ပြီးသောအခါ ရေစစ်နှင့်အပြည့်ရှိ မုလေးပန်းငုံအဆင်းရှိသည့် ဖြူဖွေးသော အရှင်မြတ်၏ ဓာတ်တော်များကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတိုက် မုခ်အနီး မြေကြီး၌ လက်တော် ဆန့်တန်းစဉ်ခဏမှာပင် ငွေရေပွက်သဏ္ဍာန် စေတီတော် ပေါ်ထွက်လာပြီး ဗုဒ္ဓမြတ်စွာကိုယ်တော်၏ လက်တော်ဖြင့် ထိုစေတီတော်၌ အရှင်ကောဏ္ဍည၏ ဓာတ်တော်များကို ဌာပနာတော်မူလေသည်။

၂-၃။ အဂ္ဂသာဝကမထေရ်နှစ်ပါး

အရှင်သာရိပုတ္တရာသည် ရာဇဂြိုလ်ပြည်၏အနီး ဥပတိဿမည်သော ရွာ၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ၏ သားဖြစ်၏။ ဥပတိဿ အမည်တွင်လေ၏။

အရှင်မဟာမောဂ္ဂလာန်သည် ရာဇဂြိုလ်ပြည်၏အနီး ကောလိတရွာ၌ မောဂ္ဂလိ ပုဏ္ဏေးမ၏ သားဖြစ်၍ ကောလိတ အမည်တွင်၏။ ဥပတိဿနှင့် ကောလိတ တို့သည် ချစ်ခင်ရင်းနှီးကြသည့် သူငယ်ချင်းများ ဖြစ်ကြ၏။ အဂ္ဂသာဝကနှစ်ပါး တို့၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

တနေ့တွင် သူငယ်ချင်းနှစ်ဦးတို့သည် တောင်ထိပ်ပွဲသဘင်ကို သွားရောက် ကြည့်ရှု၏။ သူငယ်ချင်း နှစ်ဦးလုံးပင် “ဤပွဲသဘင်၌ ရှုချင်စဖွယ် အဘယ်မှာ ရှိအံ့နည်း၊ ဤယခု ပွဲကသောသူ ပွဲကြည့်သောသူ အားလုံးတို့သည်ပင် အနှစ်တစ်ရာသို့ မရောက်မီ ချုပ်ဆုံး ကွယ်ပျောက်ကြလိမ့်မည် ဧကန်သာတည်း။ ငါတို့သည် သံသရာမှ လွတ်မြောက်ရေးတစ်ခုခုကို ရအောင်ရှာမှ သင့်လျော်တော့မည်”။

သံသရာမှ လွတ်မြောက်ရေးအတွက် ဆရာရှာပြီး ရဟန်းပြုမှ သင့်မည်ဟု နှီးနှောပြောဆို တိုင်ပင်လေ၏။ သိဉ္စည်းဆရာကြီး နှင့် တွေ့ကာ အခြံအရံ ငါးရာနှင့်အတူ ရဟန်းပြုကြ၏။ နှစ်ရက် သုံးရက်နှင့်ပင် ဆရာကြီး၏ အယူဝါဒအားလုံးကို တတ်မြောက်၏။

စာမျက်နှာ-609
ထို့ကြောင့် ဆရာကြီးအထံ၌ ငါတို့ရှာသော သံသရာမှ လွတ်မြောက်ရေးတရားကို အဘယ်နည်းနှင့်မျှ ရနိုင်မည်မဟုတ်၊ သို့သော် ဇမ္ဗူဒိပ်ကျွန်းကြီးမှာတော့ ဆရာ တစ်ဆူဆူ ရှိပေလိမ့်မည်ဟု တိုင်ပင်ကြ၏။ ထိုအခါမှစ၍ ပညာရှိ ရဟန်း ပုဏ္ဏားတို့ ရှိရာသို့ ချဉ်းကပ်၍ သံသရာမှ လွတ်ရာတရားကိုရှာရာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးတွင် ဆရာတင်လောက်သော ပုဂ္ဂိုလ်မတွေ့သဖြင့် မိမိပရိဗိုဇ် အာရာမ်သို့ ပြန်၍ “ငါတို့နှစ်ဦးတွင် အမြိုက်တရားကို ရှေးဦးစွာ ရရှိသိမြင်သူသည် ကျန်တစ်ဦးအား ပြန်ပြောကြစတမ်း” ဟု ကတိကဝတ်ထားပြီး တစ်ဦးစီ သွားကြကုန်၏။

ဥပတိဿသည် အရှင်အဿဇိရဟန္တာနှင့် ရာဇဂြိုဟ်တွင် တွေ့ပြီး “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” စသော ဂါထာကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်၏။ သောတာပန်အရိယာ ဖြစ်လေသည်။ ကောလိတပရိဗိုဇ်သည်လည်း ဥပတိဿ ထံမှ ထိုဂါထာကို တစ်ဆင့်ကြားနာရ၍ သောတာပန်အရိယာ ဖြစ်ပြန်လေ၏။

ထို့နောက် သူငယ်ချင်းနှစ်ဦးတို့သည် ဗုဒ္ဓမြတ်စွာအထံတော်၌ တပည့်ပရိဗိုဇ် ပရိသတ်နှင့်တကွ ဧဟိဘိက္ခု ရဟန်းဖြစ်ကြလေသည်။ အဂ္ဂသာဝကပါရမီဉာဏ်သည် အလွန် ကြီးကျယ် မြင့်မြတ်သောကြောင့် အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ် ပြီးသည်မှ ခုနစ်ရက်မြောက်သော နေ့၌ ရဟန္တာဖြစ်တော်မူ၏။ အရှင် သာရိပုတ္တရာမှာ ရဟန်းပြုပြီးနောက် ၁၅-ရက်ကြာမှ တပို့တွဲလပြည့်နေ့၌ ရဟန္တာ ဖြစ်တော်မူ၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ “ရဟန်းတို့- ဉာဏ်ပညာကြီးကြ သည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သာရိပုတ္တရာသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေသည်။ ရှင်မောဂ္ဂလာန် အားလည်း တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ထား၏။ ထို့ပြင် ပါရမီတော်အလိုက် ရှင်သာရိပုတ္တရာအား မြတ်စွာဘုရား၏ လက်ယာတော်ရံ၊ ရှင်မဟာမောဂ္ဂလာန်အား လက်ဝဲတော်ရံ ထားတော်မူ၏။

ဤမထေရ်မြတ်နှစ်ပါးတို့သည် (၄၄)ဝါ ကာလပတ်လုံး သတ္တလောက အကျိုးငှာ ကျင့်တော်မူကြ၏။ ထိုမထေရ်မြတ်တို့ ဟောကြားတော်မူအပ်သော တရားတော်တို့မှာ ပိဋကတ်တော်၌ များလှ၏။ အထူးအားဖြင့် ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်, မဟာနိဒ္ဒေသပါဠိတော်, စူဠနိဒ္ဒေသပါဠိတော်တို့မှာ အရှင်သာရိပုတ္တရာ ဟောအပ်သော ဓမ္မရတနာတို့ပါတည်း။ ထေရဂါထာတို့သည် အရှင်နှစ်ပါး၏ တရားဟင်းလေးအိုးကြီးတို့ပါပေတည်း။

စာမျက်နှာ-610
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားစစ်သူကြီး အရှင်သာရိပုတ္တရာသည် ဗုဒ္ဓအား အာရုံပြု၍ မိမိနေသည့် အရပ်၌ အရဟတ္တဖလသမာပတ် ဝင်စား၏။ ထိုမှ ထသောအခါ ငါ၏ အာယုသင်္ခါရတို့သည် (၇)ရက်သာလျှင် ဖြစ်လိမ့်မည်ကို သိ၍ ပရိနိဗ္ဗာန်ဝင်စံရန် အရပ်ဒေသကို စဉ်းစားပြန်၏။

မယ်တော်ရူပသာရီပုဏ္ဏေးမ၏ ဥပနိဿယကို ဆင်ခြင်တော်မူပြီး “ငါ၏မယ်တော်သည် ငါ၏ တရားဒေသနာတော်ဖြင့် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်လိမ့်မည်။ ငါသည် မယ်တော်ကို ကြောင့်ကြစိုက်မှု မပြုခဲ့ဘဲ လျစ်လျူမရှုသင့်။ မထေရ်မြတ်၌ သဒ္ဓါကြည်ညို ကြသော အမျိုးအိမ် (၈)သောင်း အရေအတွက် ရှိကုန်၏။ ထိုဒကာအချို့တို့က အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိမယ်တော်၏ အယူဝါဒမျှကိုပင် မပယ်ဖျောက်နိုင်ဟု ပြစ်တင်ကြလိမ့်မည်။ ထို့ကြောင့် မယ်တော်၏ အယူမှားကို ချေချွတ်ပယ်ဖျောက်လျက် ဖွားရာတိုက်ခန်း၌ပင် ပရိနိဗ္ဗာန်စံပေအံ့ဟု ဆုံးဖြတ်၏။

အရှင်သာရိပုတ္တရာသည် မိမိအာဝါသကို နောက်ဆုံးကြည့်တော်မူ၍ ဗုဒ္ဓ၏ ထံတော်သွားပြီး ပရိနိဗ္ဗာန်စံရန် အာယုသင်္ခါရကို လွှတ်အပ်ပြီးပြီဟု လျှောက်ထား၏။ မြတ်စွာဘုရား - မဂဒတိုင်း နာလကရွာ တပည့်တော်၏ မွေးရာတိုက်ခန်း၌ တပည့်တော် ပရိနိဗ္ဗာန်စံပါမည်ဟု လျှောက်သော် “ချစ်သား သာရိပုတ္တရာ- ယခုအခါ သင်သည်ပင် မိမိပရိနိဗ္ဗာန်စံရာ ကာလကို သိပေ၏။ မိမိ၏ နောင်တော် ညီတော်တို့အတွက် တရားဟောဦးလော့” ဟု ခိုင်းလေ၏။

အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ကောင်းကင်သို့ ထန်း (၇) ဆင့် ပမာဏတိုင်အောင် တက်ချီ သက်ချီပြု၍ တန်ခိုးပြာဋိဟာပြကာ တရားဟော၏။ မြတ်စွာဘုရား တပည့်တော်သည် အရှင်ဘုရား၏ ဤခြေတော်အစုံတို့ကို ဖူးမြော်နိုင်ရန် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်အပ်ခဲ့ပါပြီ။ တပည့်တော်၏ နှလုံးသည် ယခုအခါ အထွတ်အထိပ်ရောက် အောင်မြင်ခဲ့ပါပြီ စသည်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော့မည့် အကြောင်း လျှောက်ကြားလေ၏။

မြတ်ဗုဒ္ဓကလည်း အရှင်သာရိပုတ္တရာအား ယခုအခါ မိမိ သွားသင့်ရာ ကာလကို သိဖို့ရန်မှာ သင်ချစ်သား၏ အလိုအတိုင်း ဖြစ်ပေ၏ဟု မိန့်ကြားတော်မူ၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ရေအဆုံးတိုင်အောင် ပြင်းစွာ တုန်လှုပ်လေ၏။ ကောင်းကင်၌လည်း သည်းထန်စွာ မိုးကြိုးထစ်ချုန်းလေ၏။ ပေါက္ခရဝဿမိုး ဖြိုးဖြိုးရွာသွန်းလေ၏။

စာမျက်နှာ-611
အရှင်သာရိပုတ္တရာသည် ငိုကြွေးမည်တမ်းကြသော ဒါယကာ ဒါယိကာမ အပေါင်းတို့အား ရုပ်နာမ်ဓမ္မ သင်္ခါရတို့မည်သည် ဤသို့ ဖြစ်လေ့ရှိကုန်၏။ ဖြစ်ပြီးလျှင် စုတိပြတ်ကြွေ သေခြင်းလျှင် အဆုံးရှိကုန်၏ဟု အပ္ပမာဒတရား လက်ကိုင်ထားကြဖို့ ဩဝါဒပေး ဆုံးမတော်မူ၏။

ဇာတိရွာသို့ ကြွသွားရာတွင် ရွာတံခါး၌ တူတော်မောင် ဥပရေဝတနှင့် တွေ့၍ တူတော်မောင်အား မယ်တော်ကြီးထံ သွားစေ၍ နောက်ပါသံဃာ တို့အတွက် နေရာထိုင်ခင်းနှင့်တကွ မိမိမွေးဖွားရာ တိုက်ခန်းကို သန့်ရှင်းစွာ သုတ်သင်ပြင်ဆင်ထားဖို့ မှာကြားလွှတ်လိုက်၏။

မထေရ်မြတ်ကြီးသည် မိမိဖွားရာ တိုက်ခန်းသို့ ရောက်ပြီး ကိုယ်ခန္ဓာမှာ ပြင်းထန်ကြမ်းတမ်းသော အနာရောဂါ ဖြစ်ပွားလေ၏။ မယ်တော်ကြီးမှာ သားတော်ကြီး၏ ဖြစ်အင်ကို မနှစ်သက်နိုင်ရှာဘဲ တိုက်ခန်းတံခါးဝကို မှီ၍ ရပ်တည်နေလေ၏။

စတုမဟာရာဇ် နတ်မင်းကြီး ၄-ဦး၊ ထို့နောက် သိကြားမင်း၊ တဖန် မဟာဗြဟ္မာကြီး အသီးသီးတို့သည် အစဉ်အတိုင်း လာရောက်ကြပြီး အရှင်သာရိပုတ္တရာ အရှင်မြတ်အား သူနာပြုရန် လာရောက်ကြကြောင်း လျှောက်ထား ကြလေ၏။ အရှင်မြတ်ကလည်း သူနာပြုရဟန်း ရှိပြီးဖြစ်၍ ပြန်လွှတ်လေ၏။

မယ်တော်ကြီးသည် သားတော်ကြီးထံ ရောက်လာပြီး “ချစ်သား - သင် ချစ်သားထံ ရှေးဦးစွာ ရောက်လာသူကား အဘယ်သူနည်း” ဟု မေးလျှောက်၏။ “ဒါယိကာမကြီး- ပထမ ရောက်လာသူကား စတုမဟာရာဇ် နတ်မင်းကြီးတို့ ဖြစ်သည်” ဟု မိန့်တော်မူလျှင် မယ်တော်ကြီးက “ချစ်သား သင်ချစ်သားက စတုမဟာရာဇ် နတ်မင်းကြီးတို့ထက် သာလွန် မြင့်မြတ်သလော” ဟု မေး၏။

မထေရ်မြတ်က “ဒါယိကာမကြီး- စတုမဟာရာဇ်နတ်မင်းကြီးတို့မှာ သားတော်တို့၏ အာရာမ်စောင့်များနှင့် တူကြပါသည်။ သားတော်တို့၏ ဆရာ မြတ်စွာဘုရား ပဋိသန္ဓေတည်နေသော အချိန်မှ စ၍ သန်လျက်စွဲကိုင်ကြကာ စောင့်ရှောက်မှု ပြုခဲ့ကြပါသည်” ဟု မိန့်တော်မူလျှင် မယ်တော်ကြီးက “နတ်မင်းကြီးပြန်သွားသော အခါ လာရောက်သူကား အဘယ်သူနည်း” ဟု မေးပြန်၏။

မထေရ်မြတ်က “သိကြားနတ်မင်း ဖြစ်သည်” ဟု မိန့်လေလျှင် မယ်တော်ကြီးသည် “သင်ချစ်သားက သိကြားနတ်မင်းထက်လည်း သာလွန် မြင့်မြတ်သလော” ဟု မေးလေ၏။

စာမျက်နှာ-612
မထေရ်မြတ်က “သိကြားနတ်မင်းမှာ သပိတ် ပရိက္ခရာ ဘဏ္ဍာကိုင် သာမဏေ ငယ်ကလေးနှင့် တူပါသည်။ သားတော်တို့၏ ဆရာ မြတ်စွာဘုရား တရား ဟောကြားတော်မူပြီး၍ တာဝတိံသာ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်း ကြွလာတော်မူသော အခါ သပိတ်သင်္ကန်းကို ယူဆောင်၍ သိကြား နတ်မင်း သက်ဆင်း လိုက်ခဲ့ပါသည်” ဟု မိန့်တော်မူလျှင် မယ်တော်ကြီးက “သိကြားနတ်မင်း ပြန်သွားပြီးနောက် ရောက်လာသူကား အဘယ်သူနည်း” ဟု မေးပြန်လေ၏။

မထေရ်မြတ်က “ဒါယိကာမကြီး- ထိုနောက်ဆုံး ရောက်လာသူမှာ ဒါယိကာမကြီး၏ ဘုရားလည်းဖြစ်၊ ဆရာလည်းဖြစ်သည့် မဟာဗြဟ္မာကြီးဆိုသူဖြစ်သည်” ဟု မိန့်လေလျှင် “သင်ချစ်သားက ငါ၏ ဘုရားဖြစ်သူ မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်သလော” ဟု မေးလေ၏။

မထေရ်မြတ်က “ဟုတ်ပေတယ် ဒါယိကာမကြီး၊ ဤမဟာဗြဟ္မာကြီးတို့ မည်သည် ငါတို့ဆရာ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့၌ တစ်ယောက်မက မဟာဗြဟ္မာကြီး လေးယောက်တို့လုံးကပင် အလောင်းတော် ယောက်ျားမြတ်ကို ရွှေဇာကွန်ရက်ဖြင့် ခံလင့်လာကြကုန်ပြီ” ဟု မိန့်ကြားလေ၏။

ထိုအခါ မယ်တော်ကြီး၏ သန္တာန်မှာ “ယခုငါမြင်ရသော အာနုဘော်မှာ ငါ့သားတော်၏ အာနုဘော်သာ ဖြစ်၏။ ငါ့သား၏ ဆရာ မြတ်စွာဘုရား၏ အာနုဘော်တော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း။ မမှန်းမဆနိုင်အောင် ရှိလေတော့၏တကား” ဟု ဆင်ခြင်လျှင်ပင် မယ်တော်ကြီး၏ တစ်ကိုယ်လုံး၌ ပီတိငါးမျိုးတို့ ပျံ့နှံလေတော့၏။ မထေရ်ကြီးက ငါ့မယ်တော်ကြီးအား တရားဟောရန် သင့်လျော်သော အခါဟု သိ၍ “ဒါယိကာမကြီး- ဘာကို စဉ်းစားနေသလဲ” ဟု မေးတော်မူလေ၏။

မယ်တော်ကြီးက “ချစ်သား- ဤယခု ငါမြင်ရသော အာနုဘော်မှာ ငါ့သား တော်၏ အာနုဘော်သာ ဖြစ်သေး၏။ ငါ့သား၏ ဆရာ မြတ်စွာဘုရား၏ အာနုဘော်ကား ဘယ်လိုများဖြစ်လိမ့်မည်နည်း၊ မမှန်းမဆနိုင်အောင် ရှိတော့၏ တကား” ဟု ဤအကြောင်းအရာကို မယ်တော်ကြီး ကြံစည်ဆင်ခြင်၍ နေပါသည်ဟု လျှောက်ထားလေလျှင် “ဒါယိကာမကြီး - ငါတို့ဆရာ မြတ်စွာဘုရား ဖွားတော်မူသောအခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသော အခါ ဓမ္မစကြာတရားဦး ဟောတော်မူသော အခါများ၌ စကြာဝဠာပေါင်း တိုက်တစ်သောင်း တုန်လှုပ်ခဲ့လေပြီ။ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ်တော်အားဖြင့် ငါတို့ဆရာ မြတ်စွာ ဘုရားနှင့် တူသောသူ မည်သည် လောက၌ တစ်စုံတစ်ယောက်မျှ မရှိချေ။ ငါတို့

စာမျက်နှာ-613
ဆရာ မြတ်စွာဘုရားသည် ဤအကြောင်း ဤအကြောင်းများကြောင့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူ၏ စသဖြင့် မြတ်ဗုဒ္ဓဂုဏ်တော်နှင့်စပ်သော တရားတော်ကို ဟောကြားတော်မူ၏။ ဒေသနာအဆုံးတွင် မယ်တော်ကြီးသည် သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာ ဖြစ်လေသည်။

မယ်တော်ကြီးအား မွေးကျေးဇူးကို ဆပ်အပ်လေပြီးနောက် ရဟန်းအပေါင်းကို “ငါ့ရှင်တို့- (၄၄)ဝါပတ်လုံး ငါနှင့် အတူ လှည့်လည် သွားလာ နေထိုင်ကြရသော ငါ့ရှင်တို့ အဖို့ရာ ငါ့အပေါ်၌ မနှစ်သက်ဖွယ် ကာယကံမှု ဝစီကံမှုများရှိခဲ့လျှင် သည်းခံကြပါကုန်လော့” ဟု တောင်းပန်ပြောကြား၏။ ရဟန်းအပေါင်းကလည်း သည်းခံခွင့်လွှတ်ပြီး “အရှင်ဘုရားတို့ကသာ တပည့်တော်တို့အား သည်းခံတော်မူကြပါ” ဟု တောင်းပန်ကန်တော့၏။

ထို့နောက် မထေရ်မြတ်သည် သမာပတ် (၉)ပါးကို ဝင်စားတော်မူ၏။ ထိုစတုတ္ထဈာန်မှ ထ၍ မဟာပထဝီမြေကြီးကို ပဲ့တင်ထပ်စေလျက် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော် မူလေ၏။

မယ်တော်ကြီးသည် သားတော်ကြီး၏ ခန္ဓာချုပ်ငြိမ်းမှုကို သိ၍ ငိုကြွေးပြီးလျှင် ရွှေတုံးရွှေစိုင်တို့ဖြင့် ရွှေပြာသာဒ် ငါးရာ၊ ရွှေမဏ္ဍပ် ငါးရာတို့ကို တည်ဆောက်စေ၏။ သိကြားမင်းကလည်း ဝိသကြုံနတ်သားအား ရွှေပြာသာဒ် ငါးရာနှင့် ရွှေမုခ်ဦး၊ တဲနန်းမဏ္ဍပ် ငါးရာတို့ကို ဖန်ဆင်းစေ၏။ ဤသို့လျှင် နှစ်ထောင်သော ပြာသာဒ်, မဏ္ဍပ်တို့ဖြင့် သာဓုကီဠနသဘင် ဆင်ယင်ကျင်းပ ကြကုန်၏။ အမြင့် (၉၉)တောင်ရှိ နံ့သာထင်းပုံပေါ်တွင် မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို တင်၍ ဈာပနအမှု ပြုကြကုန်၏။

ညီတော် အရှင်စုန္ဒမထေရ်သည် ဓာတ်တော်မြတ်ကို ရေစစ်နှင့်ထည့်ပြီး ငါ၏ နောင်တော်ကြီး ပရိနိဗ္ဗာန် စံတော်မူကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားအံ့ဟု ကြံ၍ ဓာတ်တော်ထည့်ထားသော ရေစစ်နှင့် မထေရ်မြတ်၏ သင်္ကန်းစသော ပရိက္ခရာတို့ကို ယူ၍ သာဝတ္ထိပြည်သို့ ခရီးဆက်ခဲ့၏။

အရှင်စုန္ဒသည် မိမိဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာကို ချဉ်းကပ်၍ အရှင် အာနန္ဒာနှင့်အတူ မြတ်ဗုဒ္ဓထံသို့ ရောက်လေ၏။ အရှင်အာနန္ဒာက မြတ်စွာ ဘုရားကို “အရှင်ဘုရား အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံတော်မူပါပြီ။ ဤသည်ကား အရှင်သာရိပုတ္တရာ၏ သပိတ်သင်္ကန်းပါတည်း။ ဤသည်ကား ဓာတ်တော်ထည့်ထားသော ရေစစ်ပါတည်း” ဟု လျှောက်ထားပြီးလျှင် ဓာတ်တော် ထည့်ထားသောရေစစ်ကို မြတ်စွာဘုရားရှင်လက်သို့ ဆက်ကပ်လေ၏။ ဗုဒ္ဓမြတ်စွာသည် ဓာတ်တော်များကို ခံယူတော်မူပြီးလျှင် ရဟန်းတော်တို့အား

စာမျက်နှာ-614
မထေရ်မြတ်နှင့်ပတ်သက်၍ “ချစ်သား ရဟန်းတို့ ယခုအခါ အရှင်သာရိပုတ္တရာ၏ ခရုသင်း ပွတ်သစ်အတူ ဖြူစင်သော ဓာတ်တော်များ ထင်ရှားကျန်ခဲ့ပြီ။ ရဟန်းတို့- သာရိပုတ္တရာသည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့၏။ တရားဓမ္မကိုလည်း ငါ့နောက်လိုက်ကာ လည်စေ-ဖြစ်စေ-ဟောမြွက်နိုင်သော ပုဂ္ဂိုလ်ဖြစ်၏။ ငါဘုရားမှ ထောက်သော် နှစ်ခုမြောက်သောနေရာကို ကောင်းစွာ ရရှိထားသူဖြစ်၏။ သာဝကသန္နိပါတကို လှလှကြီး ပြည့်စေသူဖြစ်၏။ ငါဘုရားက လွဲ၍ ဇာတိခေတ် စကြာဝဠာတိုက် တစ်သောင်း၌ ပညာအားဖြင့် အတူမရှိသူ ဖြစ်၏။

ထိုသာရိပုတ္တရာသည် ကြီးသော, ကျယ်ပြန့်သော, ရွှင်သော, လျင်သော, ထက်သော, ကိလေသာကို ဖောက်ထွင်းနိုင်သော ပညာရှိသူဖြစ်၏။ အလိုနည်းသူ, ရောင့်ရဲလွယ်သူ, နီဝရဏတရားတို့မှ ဆိတ်သူ, လူတို့နှင့် ရောနှောခြင်းမှ ကင်းသူ, ထက်သန်သော- လုံ့လရှိသူ, အပြစ်ပြ၍ ဆုံးမတတ်သူ, မကောင်းမှုနှင့် မကောင်းမှု ပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သူ ဖြစ်၏။

သာရိပုတ္တရာသည် -

(က) ဘဝငါးရာတို့ ပတ်လုံး ကြီးစွာသောစည်းစိမ်တို့ကို ပယ်စွန့်၍ ရဟန်းပြုခဲ့သူ ဖြစ်၏။

(ခ) ငါဘုရားသာသနာ၌ မဟာပထဝီမြေကြီးတမျှ သည်းခံသောပုဂ္ဂိုလ် ဖြစ်၏။

(ဂ) ဦးချိုကျိုးသော နွားလားပမာ မာန်မာန နည်းလှစွာ၏။ ဒွန်းစဏ္ဍား သားနှင့်အတူ နှိမ့်ချသောစိတ်ရှိသူလည်း ဖြစ်ပေ၏။

ဤသို့ မြတ်စွာဘုရားသည် ဂါထာငါးရာတို့ဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဟောကြားတော်မူ၏။

မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ဟောကြားတော်မူသောအခါ အရှင်အာနန္ဒာမှာ တဖျပ်ဖျပ် တုန်လှုပ်လျက် ဆောက်တည်ရာ မရ ဖြစ်ပေါ်၏။ ဗုဒ္ဓမြတ်စွာသည် အရှင်အာနန္ဒာအား သက်သာတော်မူစေ၍ အရှင်သာရိပုတ္တရာ၏ အမျိုးဓာတ်တော်များကို သာဝတ္ထိပြည်တွင် စေတီတည်ထားတော်မူလေ၏။

ရှင်မောဂ္ဂလာန်

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်မောဂ္ဂလာန်သည် ဣသိဂိလိတောင်ယံ ကာဠသိလာ မည်သော ကျောက်ဖျာ၌ သီတင်းသုံး နေထိုင်တော်မူ၏။

စာမျက်နှာ-615
အရှင်မောဂ္ဂလာန်သည် တန်ခိုးအရာ၌ အထွတ်အထိပ်ရောက်တော်မူသော မထေရ်မြတ်ဖြစ်၍ နတ်ပြည်နှင့် ငရဲပြည်သို့ ဒေသစာရီ ကြွချီတော်မူစဉ် နတ်ပြည်၌ ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝကတို့ ကြီးစွာသော စည်းစိမ်ခံစားရပုံ၊ ဥဿဒငရဲ၌ တိတ္ထိတို့၏တပည့်များ ကြီးစွာသော ဆင်းရဲဒုက္ခခံစားရပုံများကို ကိုယ်တော်တိုင်မြင်တော်မူခဲ့ကာ လူ့ပြည်သို့ ရောက်ရှိသောအခါ ထိုအကြောင်းကို လူအပေါင်းအား ဟောကြားတော်မူ၏။

ထိုအခါ လူတို့သည် သာသနာတော်၌ ကြည်ညိုကြ၍ တိတ္ထိတို့အား ရှောင်ကြဉ်ကြလေကုန်၏။ မြတ်စွာဘုရားနှင့် တပည့် သာဝကတို့မှာ ကြီးစွာသော ပူဇော်သက္ကာရဖြစ်၍ တိတ္ထိတို့အဖို့ တနေ့တခြား ပူဇော်သက္ကာရမှ လျော့ပါးဆုတ်ယုတ်လာတော့၏။ ထို့ကြောင့် တိတ္ထိတို့သည် အရှင်မြတ်အား ရန်ငြိုးဖွဲ့ကာ သတ်စေကုန်အံ့ဟု တိုင်ပင်ညီညွတ်၍ သမဏဂုတ္တက ဓားပြဗိုလ်အား အသပြာတစ်ထောင်ပေး၍ ငှားကြလေကုန်၏။

သမဏဂုတ္တက ဓားပြဗိုလ်သည် လူဆိုးဓားပြ အခြံအရံနှင့်တကွ ကာဠသိလာ ကျောက်ဖျာရှိရာအရပ်သို့ မထေရ်မြတ်ကို သတ်ရန် သွားလေ၏။ မထေရ် မြတ်သည် တန်ခိုးဖြင့် ကောင်းကင်ပျံတက်၍ တိမ်းရှောင်နေလေ၏။ ဤကဲ့သို့ ခြောက်ရက်တိုင်တိုင် တိမ်းရှောင်ခဲ့လေသည်။

ခုနစ်ရက်မြောက်သော နေ့၌ကား မထေရ်မြတ်အား ရှေးက ပြုမှားခဲ့သော အပရာပရိယ အကုသိုလ်ကံသည် အကျိုးပေးခွင့် ရရှိလေသည်။

မထေရ်မြတ်သည် နုစဉ်ဘဝက မယား၏ ကုန်းချောစကားကို ယုံ၍ မျက်မမြင် မိဘနှစ်ပါးကို သတ်ဖို့ရန် လှည်းဖြင့် တင်ဆောင်၍ တောသို့ ခေါ်ခဲ့ပြီး လူဆိုး ဓားပြဟန်ပြုလျက် ရိုက်နှက်လေ၏။ မိဘနှစ်ပါးသည် တကယ့်လူဆိုး ဓားပြတွေ ရိုက်နှက်သည် ထင်မှတ်၍ သားကိုပင် လွတ်ရာသို့ ပြေးဖို့ ငိုကြွေးလျက် ပြောလေ၏။

သားဖြစ်သူသည် “ဪ -- ငါ့မိ ငါ့ဘတို့ကား ငါက ရိုက်နှက် ပုတ်ခတ်ပါလျက်လည်း ငါ့အတွက်သာ စိုးရိမ် ငိုကြွေးကြရှာ၏။ ငါကား မသင့်လျော်သောအမှုကို ပြုအပ်ခဲ့ပြီ” ဟု နောင်တ ပူပန်မှုဖြစ်ရကား လူဆိုး ဓားပြများ ပြေးသွားကြပြီဟု ဆိုလျက် မိခင် ဖခင်တို့ကို သက်သာရာ ရစေကာ အိမ်သို့ ပြန်၍ ခေါ်ဆောင်ခဲ့၏။

အရှင်မောဂ္ဂလာန်မထေရ်မြတ်သည် မိမိပြုခဲ့သော အကုသိုလ်ကြောင့် ခုနစ်ကြိမ်မြောက်၌ တန်ခိုးဖြင့် ဖဲသွားမှု မပြုနိုင်တော့ချေ။

သမဏဂုတ္တကနှင့်အဖွဲ့သည် မထေရ်မြတ်၏ အရိုးတို့ကို ဆန်ကျိုး ဆန်ကွဲမျှ ဖြစ်အောင် ထုနှက်ကြ၍ “သေပြီ” ဟု မှတ်ထင်ကာ ချုံပုတ်တစ်ခုပေါ်၌ ပစ်ချခဲ့၍ ဖဲသွားကြလေ၏။ မထေရ်မြတ် သတိရလာသောအခါ မိမိကိုယ်ကို တန်ခိုးဖြင့်

စာမျက်နှာ-616
ပြန်လည်ဆောက်တည်ပြီး မြတ်စွာဘုရားအား ခွင့်ပန်ပြီးမှ ပရိနိဗ္ဗာန်ပြုရန် ကောင်းကင်ခရီးဖြင့် မြတ်ဗုဒ္ဓထံသို့ သွားရောက်ပြီးလျှင် ပရိနိဗ္ဗာန်ပြုရန် ခွင့်ပန် လျှောက်ထား၏။

မြတ်စွာဘုရားက “ထိုသို့ဖြစ်လျှင် တရားဟောပြီးမှ သွားလော့၊ ယခုအခါ သင်ချစ်သားကဲ့သို့ တပည့်သာဝက နောက်တစ်ကြိမ် တွေ့မြင်နိုင်ခွင့် မရှိတော့ပြီ”ဟု မိန့်တော်မူ၏။ မထေရ်မြတ်သည် ကောင်းကင်ယံသို့ တက်ကာ တန်ခိုးပြာဋိဟာ အမျိုးမျိုးပြသပြီး တရားဓမ္မကိုလည်း ဟောကာ ကာဠသိလာ ကျောက်ဖျာရှိရာ တောအုပ်သို့ ကြွတော်မူ၍ ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။

နတ်ပြည် (၆)ထပ်လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍ နတ်ဗြဟ္မာတို့သည် နံ့သာပန်း အထုံအခိုး စန္ဒကူးအမှုန့်တို့ကို လည်းကောင်း၊ အထူးထူးသော နံ့သာ ထင်းတို့ကိုလည်းကောင်း ယူဆောင်၍ စုပုံလိုက်သောအခါ စန္ဒကူး နတ်ထင်းပုံ တို့သည် (၉၉)တောင် အမြင့်ရှိလေသည်။

ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် ကြွချီ၍ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်အနီး၌ ရပ်၍ စီမံကာ သင်္ဂြိုဟ်မှုကို ပြုစေတော်မူ၏။ သာဓုကီဠနသဘင်ဝယ် တစ်ယူဇနာမျှသော အရပ်၌ ပန်းမိုးများ ရွာချ၏။ နတ်၊ လူ၊ ဘီလူး၊ ရုက္ခနတ်၊ ဂန္ဓဗ္ဗနတ်များ၊ နဂါးများ၊ ဂဠုန်များ၊ ကိန္နရာများ၊ ထီးများ၊ ရွှေစာမရီ သားမြီးယပ်များ၊ တံခွန်လုံးများ၊ တံခွန်ပြားများ အကြား အကြား၌ တည်ရှိကြလျက် ဆင်ယင်ကျင်းပကြကုန်၏။

မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဓာတ်တော်တို့ကို ယူဆောင်တော်မူ၍ ဝေဠုဝန်ကျောင်းတိုက်၏ တံခါးမုခ်အနီး၌ ဓာတုစေတီ တည်ထားတော်မူ၏။ အရှင်မောဂ္ဂလာန်၏ သာဓုကီဠနသဘင် ဈာပနကိစ္စတွင် ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ကြီးစွာသော မြတ်နိုးတနာမှု ပြုလေသည်။

၄။ အရှင်မဟာကဿပမထေရ်

မဂဓတိုင်း မဟာတိတ္ထပုဏ္ဏားရွာ ကပိလပုဏ္ဏား သေဋ္ဌေးကြီးနှင့် သေဋ္ဌေး ကတော်တို့မှ ပိပ္ပလိကို မွေးဖွား၏။ ပိပ္ပလိ၏ ဇနီးကြင်ရာမှာ ဘဒ္ဒါကာပိလာနီ အမည်ရှိ၏။ အရှင်မဟာကဿပမထေရ်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

ပိပ္ပလိကို မိဘနှစ်ပါးတို့သည် အရွယ်ရောက်ပြီးဖြစ်၍ အိမ်ထောင်ပြုရန် နားချကြ၏။ အမြဲ မပြတ် နားချ ပြောဖန်များသော အခါ ပိပ္ပလိသည် ရွှေစင်ရုပ်တု တစ်ခုကို သွန်းထုစေပြီး အဝတ်တန်ဆာရတနာများ ဆင်မြန်း၍

စာမျက်နှာ-617
မိခင်ကြီးအား ပေးလေ၏။ “အို မိခင်-အကျွန်ုပ်သည် ဤရွှေစင်ရုပ်တုကဲ့သို့သော မိန်းမလှကို ရပါလျှင် အိမ်၌ နေမည်၊ မရလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေလိမ့်မည် မဟုတ်ပါ”ဟု ပြော၏။

မိခင်ကြီးသည် ပညာရှိပုဏ္ဏား ရှစ်ယောက်တို့အား ရွှေစင်ရုပ်ကို ပေး၍ မိန်းမမြတ် ချွေးမ အရှာခိုင်းရာ မဒ္ဒတိုင်း သာဂလမြို့တွင် တွေ့လေ၏။ ကောသိယဂေါတ္တပုဏ္ဏားသေဋ္ဌေးကြီး၏ သမီး ဘဒ္ဒါကာပိလာနီ ဖြစ်၏။

ပုဏ္ဏား တို့သည် ရွှေစင်ရုပ်ကို ပေးအပ်ကာ ပိပ္ပလိ၏ မိခင်နှင့် ဖခင် ကပိလသေဋ္ဌေးထံ သတင်းပြန်ကြားကြကုန်၏။ ပိပ္ပလိနှင့် ဘဒ္ဒါကာပိလာနီတို့သည် မိမိတို့၏ ဆန္ဒ သဝဏ်လွှာများကို ပို့ဆက်ကြ၏။ သဝဏ်လွှာတွင် အခြား တစ်ယောက်ကို ရှာယူဖို့၊ ရဟန်းပြုပြီး တောထွက်မည့်သူ ဖြစ်၍ နောင်မှ နှလုံးမသာမယာ မဖြစ် စေချင် စသည်ဖြင့် အသီးသီး ရေးကြသော်လည်း စာပို့လုလင် ကျေးကျွန် တို့သည် လမ်းတွင် စွန့်ပစ်ပြီး နှစ်သက်သဘောတူညီဝမ်းမြောက်သည့် အဓိပ္ပါယ် ပါရှိသော သဝဏ်လွှာရေးသား၍ သတို့သား သတို့သမီးတို့ထံ ပို့ကြလေ၏။

မိဘနှစ်ပါးနှင့် ကြားလူတို့၏ ဆောင်ရွက်မှုကြောင့် ထိမ်းမြားခြင်းသို့ ရောက်ကုန်၏။ သို့သော် သတို့သားသတို့သမီးတို့သည် မောင်နှမအရင်းကဲ့သို့ နေထိုင်ပြုမူကြ၏။ ပန်းကုံး နှစ်ကုံးကို အလယ်က ထား၍ ရာဂစိတ်ဖြစ်သူဘက်မှ ပန်းကုံးသည် ညှိုးစတမ်းဟု ကတိထားကာ အိပ်ကြ၏။ ပန်းကုံးတို့သည် မညှိုးနွမ်းကြချေ။

သေဋ္ဌေးသားသည် မိဘနှစ်ပါးကွယ်လွန်သောအခါ စီးပွားရေးကို လုပ်ကိုင် ကြပ်မတ်စီမံလေ၏။ ပိပ္ပလိ၏ စည်းစိမ်ကား များပြားလှ၏။ တစ်နေ့တစ်နေ့လျှင် ကိုယ်ကို ပွတ်တိုက်၍ စွန့်ပစ်အပ်သော ရွှေမှုန့်သည်ပင် ခြောက်ပြည်သားခန့်ရှိ၏။ ယန္တရား တပ်ဆင်ထားသော တစ်ဖက်ဆည်ကန်များ၊ ၁၂ ယူဇနာကျယ်ဝန်းသော မြေယာများ၊ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်များ အများအပြားရှိ၏။

တနေ့တွင် ပိပ္ပလိသည် လယ်ယာထွန်ယက်ရာသို့ သွားကြည့်စဉ် ကျီး ငှက် တို့က ထွန်ယက်ရာ မြေမှ တီကောင် စသော ပိုးမွှားများကို စားသောက် ဖျက်ဆီးကြသည်ကို မြင်၍ မေးမြန်းရာ ကျေးကျွန်များက “အရှင်သေဋ္ဌေးမင်း တို့အတွက် လယ်ထွန်ကြခြင်း ဖြစ်၍ ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်သေဋ္ဌေးမင်းတို့၏ အကုသိုလ်ကံဖြစ်ပါ၏”ဟု ဖြေကြားလျှင် ငါ့အဖို့ရာ ရွှေ ငွေ ဥစ္စာ မြေယာတို့သည် အဘယ်အကျိုးရှိပါအံ့နည်း၊ အကျိုးမရှိသည်သာ၊ ငါ၏ အလုံးစုံသော ဥစ္စာကို သေဋ္ဌေးကတော်အား အပ်နှင်း၍ တောထွက် ရဟန်းပြုတော့အံ့ဟု စဉ်းစားမိ၏။

စာမျက်နှာ-618
ဘဒ္ဒါကာပိလာနီလည်း နှမ်းများနေလှမ်းစဉ် ကျီးငှက်တို့သည် နှမ်းပိုး များကို စားကြကုန်၏။ “အမိတို့-ထိုသို့ ကျီးငှက်တို့ နှမ်းပိုးတို့ကို စားသောက် ကြသော မကောင်းမှုသည် အဘယ်သူ၏ မကောင်းမှု အကုသိုလ် ဖြစ်သနည်း” ဟု မေးရာ “အရှင်မတို့အတွက် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်မတို့၏ မကောင်းမှု အကုသိုလ်ကံ”ဟု ဖြေကြားလေလျှင် “အကယ်၍များ ဖြစ်ခဲ့သော် ငါသည် ဧကန်ပင် ဘဝပေါင်း အထောင်ဖြင့်လည်း သံသရာဝဋ်ဒုက္ခမှ ထွက်နိုင်တော့မည် မဟုတ်ချေ” ဟု စဉ်းစားပြီး အရှင့်သားအား အလုံးစုံသော စည်းစိမ်ကို အပ်၍ တောထွက် ရဟန်းပြုမည်ဟု ဆင်ခြင်မိ၏။ ဤကဲ့သို့ ပါရမီရှင်နှစ်ဦးတို့သည် အပြန်အလှန် ပြောဆိုတိုင်ပင်ကြပြီး ရဟန်းအသွင် ဝတ်ဆင်ကြလျက် တောထွက်ကြလေ၏။

ပိပ္ပလိ မထေရ်မြတ်သည် ရှေ့မှ ကြွ၏။ ဘဒ္ဒါကာပိလာနီသည် နောက်မှ လိုက်၏။ တစ်ဦးတစ်ယောက်သောသူက ဤသို့ နေထိုင်ခြင်းသည် ရဟန်းတို့နှင့် မသင့်လျော်ဟု အကြံမှားမည်ဆိုက မှားနိုင်ချေ၏။ စိတ်ပြစ်မှားချေက အပါယ်သို့ ရောက်နိုင်လေရာ၏။ ထို့ကြောင့် ငါသည် ဘဒ္ဒါကာပိလာနီကို စွန့်ခွာ၍ သွားအံ့ဟု ကြံစည်၍ လမ်းနှစ်မွှာ၏ အလယ်တွင်ရပ်၍ ဘဒ္ဒါကာပိလာနီအား လက်ဝဲလမ်းမှ ဖဲသွားစေ၏။ ပိပ္ပလိမထေရ်သည် လက်ယာလမ်းဖြင့် ဖဲခဲ့၏။

ထိုအခါတွင် မဟာပထဝီမြေကြီးသည် ပဲ့တင်သံမည်ဟီးလျက် တုန်လှုပ်၏။ မိုးကြိုး ထစ်ချုန်း၏။ စကြဝဠာတောင် မြင်းမိုရ်တောင်တို့သည် အထက်သို့ မြင့်၍ မြင့်၍ တက်လေ၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဉ် မြေကြီးတုန်လှုပ်ခြင်းအကြောင်းကို ဆင်ခြင်ကြည့်သော် ပိပ္ပလိတို့၏ ဂုဏ် ကျေးဇူးကြောင့် တုန်လှုပ်သည်ကို သိတော်မူ၍ ချီးမြှောက်တော်မူရန် ကိုယ်တော် တစ်ပါးတည်းသာ ရာဇဂြိုလ်နှင့် နာလန္ဒမြို့၏အကြား ဗဟုပုတ္တပညောင်ပင်ရင်းသို့ ကြွတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။

အရှင်မဟာကဿပ၏ သဒ္ဓါ တရား တိုးပွားစေရန် လက္ခဏာတော် ကြီးငယ်တို့ဖြင့် ပကတိဘုရား အသရေ တော်တို့ကို မဖုံးမကွယ်ဘဲ အတောင်ရှစ်ဆယ်အရပ်တိုင်အောင် ထွန်းပြောင် တောက်ပသည့် ဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူကာ ထိုင်နေတော် မူ၏။ မြတ်စွာဘုရား၏ ရောင်ခြည်တော်ကြောင့် ဗဟုပုတ္တပညောင်ပင်ကြီးသည် ရွှေရောင်အဆင်း ဝါဝင်းထိန်ဝေ၍သာ နေလေတော့သည်။

စာမျက်နှာ-619
အရှင်မဟာကဿပသည် မြတ်စွာဘုရားကို မြင်ရာအရပ်မှ စ၍ မိမိကိုယ်ကို ညွတ်လျက် အဝေး, မနီးမဝေး, အနီးအရပ်တို့မှ ဗုဒ္ဓမြတ်စွာအား ရိုသေစွာ ရှိခိုးပြီးလျှင် “သတ္တာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိံ= မြတ်စွာဘုရား - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏။ အကျွန်ုပ်သည် တပည့်သာဝက ဖြစ်ပါ၏”ဟု သုံးကြိမ်တိုင် နှုတ်မြွက်၍ တပည့်အဖြစ်ကို ခံယူလေ၏။

ဤကဲ့သို့ အရှင်မဟာကဿပ၏ ရိုသေမှုတို့သည် မြတ်ဗုဒ္ဓသာလျှင် အရိုအသေခံနိုင်ပေ၏။ မွေးညင်းတစ်ပင်မျှပင် မတုန်လှုပ်ချေ။ အကယ်၍ မဟာပထဝီမြေကြီးကို အရိုအသေပြုအံ့၊ ဆောင်ထားနိုင်ခြင်းငှာ မစွမ်းနိုင်ရာပေ။ မြတ်စွာဘုရားသည် အရှင်မဟာကဿပအား အမွေပေးတော့အံ့ဟု မိန့်တော်မူပြီး--

(၁) ကဿပ-သင်သည် သီတင်းသုံးဖော်ပုဂ္ဂိုလ်တို့၌ ငါ့အား ထက်စွာ ဟိရီသြတ္တပ္ပတရားကို ရှေးရှုထင်သည် ဖြစ်လတ္တံ့ဟု ကျင့်ရမည်။

(၂) ကဿပ-ဤသာသနာတော်၌ သင်သည် ကုသိုလ်နှင့်စပ်သော တရား အားလုံးကို နာအံ့၊ အရိုအသေပြုကာ နှလုံးသွင်း၍ စိတ်ဖြင့် ကောင်းစွာဆောင်၍ နားစိုက်လျက် တရားကို နာအံ့ဟု ကျင့်ရမည်။

(၃) ကဿပ-သင်သည် သုခနှင့်တကွဖြစ်သော ကာယဂတာသတိသည် ငါ့အား မစွန့် လတ္တံ့ဟု ဤသို့ ကျင့်ရမည်ဟု အဆုံးအမ သြဝါဒကို ပေးတော်မူလေ၏။

ဤအဆုံးအမ သြဝါဒသည် အရှင်မဟာကဿပအတွက် ရှင်ပြုခြင်း၊ ရဟန်း ခံခြင်း ဖြစ်၏။ ဤသာသနာတော်၌ အရှင်မဟာကဿပမထေရ် တစ်ပါးသာ ရတော်မူ၏။ ဤရဟန်းခံခြင်းမျိုးကို သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါဟု ခေါ်၏။

အရှင်မဟာကဿပသည် ဗုဒ္ဓမြတ်စွာကဲ့သို့ သုံးဆယ့်နှစ်ပါးသော မဟာ ပုရိသလက္ခဏာတော်တို့နှင့် ပြည့်စုံ၏။ လမ်းခရီးတွင် ဗုဒ္ဓမြတ်စွာထိုင်တော်မူရန် အလွန်နူးညံ့သော ဒုကုဋ်သင်္ကန်းကို လေးခေါက်ပြုကာ “မြတ်စွာဘုရား ဤနေရာ၌ ထိုင်တော်မူပါ၊ ထိုသို့ မြတ်စွာဘုရား ထိုင်တော်မူခြင်းသည် အကျွန်ုပ် အဖို့ ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာအလို့ငှာ ဖြစ်လေရာပါ၏” ဟု လျှောက်ထားလေ၏။

ဗုဒ္ဓမြတ်စွာသည် “ချစ်သား ကဿပ- သင်ချစ်သား၏ ဒုကုဋ်သင်္ကန်းကြီးသည် နူးညံ့လှစွာတကားဟု ချီးမွမ်းသည်ကို သိ၍ သင်္ကန်းချင်း

စာမျက်နှာ-620
လဲတော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ သင်္ကန်းကို ဂုဏ်ကျေးဇူးနည်းပါးသော ပုဂ္ဂိုလ်သည် ဝတ်ရုံခြင်းငှာ မစွမ်းနိုင်၊ ပဋိပတ်အကျင့်နှင့် ပြည့်စုံသူ ဇာတိပံ့သကူဆောင် ပုဂ္ဂိုလ်များသာ ခံထိုက်ပေ၏။ ဤသို့ သင်္ကန်းချင်း လဲတော်မူခြင်းကြောင့် မဟာပထဝီမြေကြီးသည် ပြင်းစွာ တုန်လှုပ်လေ၏။

အရှင်မဟာကဿပသည် ဗုဒ္ဓမြတ်စွာထံမှ ဓုတင်အကျင့် ဆယ့်သုံးပါးတို့ကို ကောင်းစွာ ခံယူဆောက်တည်ပြီးလျှင် ရဟန်းတရား ပွားများအားထုတ်လေရာ ခုနှစ်ရက်မျှသာ ပုထုဇဉ်အဖြစ် တည်နေ၍ ရှစ်ရက်မြောက် အရုဏ်တက်သော အခါ၌ ပဋိသမ္ဘိဒါ ၄-ပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။

ရဟန်းတို့-ကောင်းမြတ်သော ဓုတင်ပဋိပတ်အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတစ်ပါးကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ငါဘုရား၏ တပည့်သား ရဟန်းတို့တွင် မဟာကဿပမထေရ်သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူ၏။

၅။ အရှင်ပိဏ္ဍောလဘာရဒွါဇ

အရှင်ပိဏ္ဍောလသည် ရာဇဂြိုဟ်ပြည်သား ပုဏ္ဏားမျိုးဖြစ်၏။ ဘာရဒွါဇဟု အမည်တွင်၏။ ဘာရဒွါဇသည် ဗေဒင်သုံးပုံကို သင်ကြား တတ်မြောက်၍ ပုဏ္ဏား ငါးရာတို့အား လှည့်လည်ပို့ချလျက် ဆရာတစ်ဆူလုပ်ကာ နေလေ၏။ ရောက်လေရာ၌ အစာထမင်းကိုသာ တောင့်တမျှော်ခေါ်ကာ လှည့်လည် နေထိုင်တတ်သောကြောင့် ပိဏ္ဍောလဘာရဒွါဇဟု ထင်ရှား၏။ ဘာရဒွါဇ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

တနေ့သ၌ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တရားဟော ကြားရာ ပိဏ္ဍောလဘာရဒွါဇပုဏ္ဏားသည် တရားနာယူ၍ သဒ္ဓါတရားဖြစ်ကာ ရှင်ရဟန်းပြုလေ၏။ မထေရ်သည် အလွန်ကြီးသော အိုးကင်းသပိတ်ကြီးကို ဆောင်လျက် ယာဂုကိုလည်း အပြည့်သောက်၏။ မုန့်တို့ကိုလည်း အပြည့် စားသုံးလေ၏။ ဆွမ်းကိုလည်း အပြည့်ဘုဉ်းပေးလေ၏။ ထို့ကြောင့် ရဟန်းတို့က အစားကြီးကြောင်းကို မြတ်ဗုဒ္ဓအား ကြားလျှောက်ကြကုန်၏။

မထေရ်မြတ်သည် သပိတ်ကို ခုတင်အောက် ထားရာ အသွင်း အထုတ် ပြုဖန် များလာသောအခါ အနားရေးများ ပြတ်ပြီး တစ်ခွက်ချက်ခန့်သာ ဆန့်သော သပိတ် ဖြစ်လာတော့သည်။ ထိုအခါ မြတ်စွာဘုရားသည် သပိတ် အိတ်ကို ခွင့်ပြုလေသည်။

စာမျက်နှာ-621
အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် ဣန္ဒြိယဘာဝနာတရား ပွားများ ကြိုးကုတ် အားထုတ်တော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာဖြစ်တော် မူ၏။ မထေရ်မြတ်သည် ရဟန္တာဖြစ်သောအခါ သော့ကို ယူဆောင်၍ ကျောင်းတိုက်တစ်တိုက်မှ တစ်တိုက်သို့ သွား၍ “မဂ်တရား ဖိုလ်တရားတို့၌ သံသယရှိသော ရဟန်းတို့သည် အကျွန်ုပ်ကို မေးစေချင်ပါ၏”ဟု မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတင်းတင်း ပြောကြား လှည့်လည်လေ၏။

အရှင်မြတ်သည် တနေ့သ၌ ရာဇဂြိုလ်သေဋ္ဌေး၏ အတောင် ၆၀ မြင့်သော ကောင်းကင်၌ ချိတ်ဆွဲထားသော စန္ဒကူးသပိတ်ကို ယူဆောင်၍ မြတ်ဗုဒ္ဓ၏လက်၌ ထားလေ၏။ ဗုဒ္ဓမြတ်စွာသည် သိလျက် အဘယ်မှ ရသနည်းဟု မေးမြန်း၏။ မထေရ်မြတ်က ပြန်ကြားလျှောက်ထားသောအခါ “သင် ချစ်သားကား ဈာန် မဂ် ဖိုလ်တရားကို ပြသဘိ၏။ မပြုသင့်သည်ကို ပြုဘိ၏”ဟု ကဲ့ရဲ့ရှုတ်ချ ပြီးနောက် ချီးမွမ်းသင့်သောအရာ၌-

ရဟန်းတို့-ဣန္ဒြေသုံးပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ လေ့လာခြင်း ကြောင့် ဘာရဒွါဇသည် “ငါ့မှာ ပဋိသန္ဓေနေရမှု ကုန်ပြီး အကျင့်မြတ်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ်ကိစ္စများကို ပြုပြီးပြီဟု ငါသိ၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ သဒ္ဓိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေကို ပွားများခြင်း ကြိမ်ဖန်များစွာ လေ့လာ ခြင်းကြောင့် အထက်ပါအတိုင်း အရဟတ္တဖိုလ်ကို ပြောကြား၏။

ဤဣန္ဒြေသုံးပါးတို့သည် ကုန်ခြင်းလျှင် အဆုံးရှိကုန်၏။ ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှု ကုန်ပြီဟု ကောင်းစွာသိသော ဘာရဒွါဇသည် အထက်ပါအတိုင်း အရဟတ္တဖိုလ်ကို ပြောကြား၏ဟု ချီးမွမ်းတော်မူပါသည်။

မထေရ်မြတ်သည် ကောသမ္ဗီပြည့်ရှင် ဘုရင် ဥဒေနမင်းကို သရဏဂုံတည်သူ ဥပါသကာတစ်ယောက်ဖြစ်အောင် တရားဟောတော်မူခဲ့၏။

ဗုဒ္ဓမြတ်စွာသည် မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြားသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ပိဏ္ဍောလဘာရဒွါဇ ရဟန်းသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမွမ်းတော်မူပါသည်။

၆။ အရှင်အာနန္ဒာ

အရှင်အာနန္ဒာသည် ကပိလဝတ်နေပြည်တော်တွင် အမိတောဒနသာကီဝင် မင်း၏ သားဖြစ်လေသည်။ ဆွေမျိုးအားလုံးတို့ကို နှစ်သက်အောင် ပြုတတ် သောကြောင့် အာနန္ဒာအမည်တွင်လေ၏။ အရှင်အာနန္ဒာ၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤသို့ ဖြစ်၏-

စာမျက်နှာ-622
အာနန္ဒာသည် မြတ်စွာဘုရား ကပိလဝတ်မှ ပြန်ကြွသွားသောအခါ ဘုရား၏ အခြံအရံဖြစ်ရန်အတွက် ဘဒ္ဒိယမင်းသား စသည်တို့နှင့်အတူ တောထွက်ခဲ့၍ အနုပိယမြို့၏အနီး အနုပိယမည်သော သရက်ဥယျာဉ်ဝယ် ဗုဒ္ဓမြတ်စွာဘုရားရှင် အထံတော်၌ ရှင်ရဟန်းပြုလေသည်။ အရှင်အာနန္ဒာသည် “ပုဏ္ဏမန္တာဏိပုတ္တ အရှင်၏ ပပဉ္စတရားကြေးမုံ ဥပမာတရားကို ကြားနာရသောကြောင့် ငါသည် သစ္စာ ၄-ပါးတရားကို သိရ၏၊ သောတာပန်အရိယာဖြစ်၏”ဟု မိန့်ဆို၏။

ရှင်အာနန္ဒာကား ဗုဒ္ဓမြတ်စွာအား ပြုစုလုပ်ကျွေးခွင့်ရရန် မတောင်း၊ ဆိတ်ဆိတ် သာနေလသည်။ မြတ်ဗုဒ္ဓက “အာနန္ဒာသည် သူတပါး တိုက်တွန်းမှ ပြုစုမည့်သူ မဟုတ်၊ မိမိအလိုလို အသိဖြင့်ပင် ငါဘုရားကို ပြုစု လုပ်ကျွေးလိမ့်မည်”ဟု မိန့်တော်မူမှ ပယ်လေးတန်, ခံလေးပါးဆုကို တောင်းခံတော်မူ၏။

ပယ်လေးတန်ဟူသည်မှာ-

(၁) “မြတ်စွာဘုရား- ရှင်တော်ဘုရားသည် တပည့်တော်အား အကယ်၍ ကိုယ်တော်မြတ် ရအပ်သည့် ကောင်းမြတ်သော သင်္ကန်းကို မပေးစွန့်ဘူးဆိုလျှင်၊

(၂) ကောင်းမြတ်သော ဆွမ်းကို မပေးစွန့်ဘူး ဆိုလျှင်၊

(၃) ကိုယ်တော်မြတ်နှင့်အတူ ဂန္ဓကုဋီတစ်တိုယ်တည်း၌ အတူအကွ နေထိုင်ခွင့်မပေးဘူးဆိုလျှင်၊

(၄) ကိုယ်တော်မြတ်အား ဒါယကာ ဒါယိကာမ တို့က ပင့်ဖိတ်ရာသို့ တပည့်တော်ကို ခေါ်ဆောင်၍ ကြွတော်မမူဘူးဆိုလျှင် ဤလျှောက်ဆိုရာပါ ဆုလေးပါးကို သနား ချီးမြှောက်တော်မူပါလျှင် တပည့် တော်သည် ရှင်တော်ဘုရားကို ပြုစု လုပ်ကျွေးပါရစေဘုရား”ဟု လျှောက်ထား လေသည်။

မြတ်စွာဘုရားက အဘယ်အပြစ်ကို မြင်၍ လျှောက်ထားသနည်းဟု မေးတော် မူသော် မြတ်စွာဘုရား-ဤဝတ္ထုလေးပါးတို့ကို အကယ်၍ ရယူခဲ့လျှင် “အရှင် အာနန္ဒာသည် ဆွမ်းကောင်းကိုလည်း ဘုန်းပေးရ၏၊ သင်္ကန်းကောင်းကိုလည်း ဝတ်ရုံရ၏၊ မြတ်စွာဘုရားနှင့်လည်း အတူအကွနေရ၏။ ပင့်ဖိတ်ရာသို့လည်း အတူ လိုက်ပါရ၏။ ဤသို့လာဘ်ကြီးလေးပါးကို ရသည်ဖြစ်၍ ပြုစုလုပ်ကျွေးသည်မှာ ဝန်လေးဖွယ် မရှိသည်သာတည်း”ဟု ရှုတ်ချပြောကြားသူများ ပေါ်ပေါက်လာမည့် အဖြစ်ကို မြင်၍ တောင်းခံခြင်းဖြစ်သည်ဟု လျှောက်ထားတော်မူ၏။

ခံလေးပါးဟူသည်မှာ-

(၁) “မြတ်စွာဘုရား- ရှင်တော်ဘုရားသည် အကယ်၍ တပည့်တော်ပင့်လျှောက်အပ်သည့် ဖိတ်ကြားရာ အရပ်သို့ လိုက်ပါကြွရောက် ချီးမြှောက်တော်မူမည်ဆိုလျှင်၊

(၂) အကယ်၍ တပည့်တော်သည် တိုင်းတပါး တိုက်နယ်တပါးမှ ဘုရားဖူးရောက်လာသော ပရိသတ်ကို လာရောက်သော

စာမျက်နှာ-623
ခဏမှာပင် ဘုရားရှင်ကို ဖူးမြင်စေနိုင်ခွင့် ပေးမည်ဆိုလျှင်၊

(၃) တပည့်တော်၏ သန္တာန်ဝယ် တရားနှင့်စပ်၍ ယုံမှားသံသယဖြစ်သော ခဏမှာပင် ရှင်တော်ဘုရား ထံသို့ ကပ်ရောက်မေးလျှောက်နိုင်ခွင့်ကို ရမည်ဆိုလျှင်၊

(၄) ထိုမှ တပါး မြတ်စွာဘုရားသည် တပည့်တော်၏ မျက်ကွယ်ဝယ် ဟောကြားတော်မူအပ်သော တရားတော်ကို တဖန် ပြန်ရောက်လာလျှင် တပည့်တော်အား သနားသဖြင့် ဟောကြားတော်မူမည်ဆိုလျှင်- ဤလျှောက်ဆိုရာပါ ဆုလေးပါးကို သနား ချီးမြှောက်တော်မူပါလျှင် တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေး ပါရစေဘုရား”ဟု လျှောက်ထားလေသည်။

အဘယ်ကြောင့် အရှင်အာနန္ဒာသည် ပြုစုလုပ်ကျွေးဘိသနည်း၊ မြတ်စွာ ဘုရားသည် ထိုအရှင်အာနန္ဒာအား ဤမျှလောက်သော ချီးမြှင့်မှုကိုပင် ပြုတော်မမူချေဟု ကဲ့ရဲ့သူများ ထင်ရှားပေါ်ပေါက်ပါလိမ့်မည်။ ထို့ကြောင့် လျှောက်ထားပါ ကဲ့ရဲ့မှုများ မပေါ်စေရန် ရှေးဆုသုံးပါးကို လိုလားတောင့်တ ပါသည်။

ထို့ပြင်လည်း ရှင်တော်ဘုရား၏ မျက်ကွယ်၌ တပည့်တော်ကို “ငါ့ရှင် အာနန္ဒာ-ဤဂါထာ၊ သုတ္တန်၊ ဇာတ်ကို မြတ်စွာဘုရားသည် အဘယ် အရပ်၌ ဟောကြားတော်မူပါသနည်း”ဟု မေးမြန်းကြပါလိမ့်မည်။ တပည့်တော်သည် အကယ်၍ ထိုအမေးကို အပြည့်အစုံ မဖြေနိုင်ပါလျှင် “ငါ့ရှင်-သင်သည် ဤမျှလောက်ပင်မသိချေ။ အဘယ်ကြောင့် သင်သည် အရိပ်ပမာ မြတ်စွာဘုရား ကို မစွန့်ဘဲ ကာလရှည်ကြာစွာ လိုက်ပါပြုစုနေဘိသနည်း”ဟု အပြစ်တင်စကား ပြောကြားသူများ ပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် တပည့်တော်၏ မျက်ကွယ်၌ ဟောကြားအပ်သည့် တရားကိုလည်း တဖန်ပြန်၍ ဟောကြား တော်မူခြင်း စတုတ္ထဆုကို လိုလားတောင့်တပါသည်။

မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ် တောင်းခံအပ်သည့် ပယ်လေးတန်+ခံလေးပါး ဤဆုရှစ်ပါးတို့ကို ပေးတော်မူလေ၏။ ဤသို့လျှင် အရှင်အာနန္ဒာသည် ပယ်လေးတန်+ခံလေးပါး ဤဆုရှစ်ပါး တို့ကို ယူ၍ အမြဲအလုပ်အကျွေး ဖြစ်တော်မူ၏။ ထိုရာထူးအတွက် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီ ဖြည့်ဆည်းပူးခဲ့ရ၏။

မထေရ်မြတ်သည် ထိုနေ့မှ စ၍ ဗုဒ္ဓမြတ်စွာအား ရေပူရေချမ်း ကမ်းခြင်း၊ ခြေဆုပ်လက်နယ် ပြုခြင်း၊ ရေချိုးတော်မူသောအခါ ကြေးတွန်းပေးခြင်း၊ ဂန္ဓကုဋီကို တံမြတ်လှည်းခြင်း၊ အစရှိသော ကိစ္စကြီးငယ်တို့ကို ပြုစုလုပ်ကျွေးလျက် အနီးအပါး၌ နေလေ့ရှိ၏။ ညချမ်းအချိန်ရောက်သောအခါ၌ ဆီမီးတိုင် ကိုင်စွဲကာ ဂန္ဓကုဋီ ပရိဝှဏ်ကို ကိုးပတ် လှည့်တော်မူလေသည်။

စာမျက်နှာ-624
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော်စဉ် “ရဟန်းတို့- အကြားအမြင်များခြင်းရှိကြသော၊ ငါဘုရား၏ တရားစကားကို ကြာမြင့်စွာ ဆောင်နိုင်သည့် သတိရှိကြသော၊ ငါဘုရားဟောအပ်သည့်အတိုင်း ပုဒ်တို့ကို သိစွမ်းနိုင်သည့် အသိပညာရှိကြသော၊ ငါဘုရား၏ တရားစကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းနှင့် ပြုစုလုပ်ကျွေးခြင်း လုံ့လဝီရိယရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အရှင်အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။

၇။ အရှင်အနုရုဒ္ဓါမထေရ်

အနုရုဒ္ဓါမထေရ်သည် ကပိလဝတ်ပြည်၌ သုက္ကောဒနမင်း၏ သားဖြစ်သည်။ သူ၏ နောင်တော်မှာ မဟာနာမဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် ကပိလဝတ်နေပြည် အနုပိယတော၌ သီတင်းသုံးတော်မူစဉ် အနုရုဒ္ဓါသည် ဘဒ္ဒိယ၊ အာနန္ဒာစသော အပေါင်းအဖော်များနှင့်အတူ ဗုဒ္ဓမြတ်စွာထံတော်တွင် ရဟန်းပြုကြလေသည်။

ထိုရဟန်းခုနစ်ပါးတို့တွင် အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရတော် မူလေသည်။ ထိုဉာဏ်သည် စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို ရှုမြင်ခြင်းငှာ စွမ်းနိုင်လေသည်။

တနေ့တွင် အရှင်အနုရုဒ္ဓါသည် ရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ ချဉ်းကပ် ပြီးလျှင် မထေရ်မြတ်အား “တပည့်တော်သည် လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ (ဒိဗ္ဗစက္ခုအဘိညာဉ်) ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်ပါ၏။ လုံ့လကို မတွန့် မဆုတ် အားထုတ်ပါ၏။ မမေ့ မလျော့သော သတိလည်း ထင်ပါ၏။ ပင်ပန်းမှု မရှိ၊ ပူပန်မှု ငြိမ်း၏။ တခုတည်းသော အာရုံ၌ စိတ်သည် ကောင်းစွာတည်ကြည်၏။ သို့ဖြစ်သော်လည်း အာသဝေါတရား မကင်းသေးပါ”ဟူ၍ လျှောက်ထား၏။

ထိုအခါ မထေရ်မြတ်က “ငါ့ရှင်အနုရုဒ္ဓါ- သင်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်သည်ဟု အကြံဖြစ်ခြင်းသည် သင့်သန္တာန်ဝယ် မာနဖြစ်၍ နေ၏၊ တဖန် “ငါသည် လုံ့လကို မတွန့်မဆုတ် အားထုတ်ပါ၏။ မမေ့မလျော့သော သတိလည်းထင်ပါ၏။ ပင်ပန်းမှုမရှိ၊ ပူပန်မှုငြိမ်း သော ကိုယ်လည်း ရှိ၏၊ တစ်ခုတည်းသော အာရုံ၌ စိတ်သည် ကောင်းစွာတည် ကြည်၏”ဟု ဤသို့ အကြံဖြစ်ခြင်းသည် သင့်သန္တာန်ဝယ် စိတ်ပျံ့လွင့်မှု (ဥဒ္ဓစ္စ) ဖြစ်၍ နေ၏။

ထို့နောက် “သို့ဖြစ်သော်လည်း တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မကင်းသေးပါ” ဟု ဤသို့ အကြံဖြစ်ခြင်းသည်

စာမျက်နှာ-625
သင့်သန္တာန်ဝယ် တွေးတောမှု သံသယ (ကုက္ကုစ္စ) ဖြစ်၍ နေ၏။ ငါ့ရှင် အနုရုဒ္ဓါ-သင့်အား တိုက်တွန်းစကား ပြောကြားလိုသည်မှာ သင့်သန္တာန်၌ ဖြစ်ပွားနေသော ဤမာန, ဥဒ္ဓစ္စ, ကုက္ကုစ္စ တရားသုံးပါးတို့ကို ပယ်စွန့်ကာ နှလုံးမသွင်းမူ၍ အမြိုက် (နိဗ္ဗာန်) ဓာတ်သို့ မိမိစိတ်ကို ပို့စေချင်ပါသည်” ဟု ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူလေ၏။

အရှင်အနုရုဒ္ဓါသည် မထေရ်မြတ်၏ ကမ္မဋ္ဌာန်းတရားကို ခံယူပြီးနောက် စေတိယတိုင်း အရှေ့ဝါးတောအရပ်သို့ ကြွရောက် သီတင်းသုံးတော်မူပြီး ရဟန်းတရားကို မအိပ်မနေ စင်္ကြံကြွ၍ အားထုတ်တော်မူ၏။ ထိုအခါ အရှင်မြတ်သန္တာန်ဝယ် ယောက်ျားမြတ်တို့၏ အကြံကြီးများ ထင်ရှားဖြစ်ပေါ် လာလေသည်။

(၁) ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းသော ပုဂ္ဂိုလ်၏သန္တာန် မှာသာ ပြည့်စုံနိုင်၏။ အလိုကြီးသော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။

(၂) ဤလောကုတ္တရာတရား ကိုးပါးသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ မရောင့်ရဲသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၃) ဤလောကုတ္တရာတရား ကိုးပါးသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။

(၄) ဤလောကုတ္တရာတရား ကိုးပါးသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၅) ဤလောကုတ္တရာတရား ကိုးပါးသည် ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။

(၆) ဤလောကုတ္တရာတရား ကိုးပါးသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏သန္တာန်မှာသာ ပြည့်စုံနိုင်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၇) ဤလောကုတ္တရာတရား ကိုးပါးသည် ပညာရှိသော ပုဂ္ဂိုလ်၏သန္တာန် မှာသာ ပြည့်စုံနိုင်၏။ ပညာမဲ့သော ပုဂ္ဂိုလ်၏သန္တာန်မှာ မပြည့်စုံနိုင်။

စာမျက်နှာ-626
အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် အထက်ပါ မဟာပုရိသဝိတက်ကြီး ခုနစ်ပါး တို့ကို ကြံစည်စဉ်းစားပြီးနောက် ရှစ်ခုမြောက်သော မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေ၏။

မှန်၏။ တပည့်သာဝက တို့အဖို့ရာ အလိုနည်းခြင်း အပိစ္ဆတာတရား, ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရား, ကင်းဆိတ်ခြင်း ပဝိဝေကတရား, အားထုတ်ခြင်း ဝီရိယာရမ္ဘတရား, သတိထင်လင်းခြင်း ဥပဋ္ဌိတသတိတာတရား, တည်ကြည်ခြင်း သမာဓိတရား, ပိုင်းခြား၍ သိခြင်း ပညာတရား၊ ဤတရားများကို စဉ်းစားဆင်ခြင်ပြီးသောအခါ ထို့ထက် အထက်သို့ တက်၍ တရားတမျိုးဆင်ခြင်ရန် ဝန်လေးမြဲ ပင်ပန်းမြဲ ဓမ္မတာဖြစ်ပါသည်၊ ပညာတွင်သာ တရားဆုံး၍ နေမြဲ ဓမ္မတာ ဖြစ်ပါသည်။ ထို့ကြောင့် မထေရ်မြတ်မှာ ပင်ပန်းလျက် ရှိလေသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ဘေသကဠာတောအုပ်၌ သီတင်းသုံးနေ တော်မူရင်းကပင် မထေရ်မြတ်သည် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီး၌ ပင်ပန်းလျက် နေ၏ဟု သိတော်မူ၍ မထေရ်မြတ်၏ အလိုအကြံကို ဖြည့်စွက် ပေးရန် ကြံစည်လျက် တန်ခိုးတော်ဖြင့် တခဏတွင်းမှာပင် အရှေ့ ဝါးတောရှိ အရှင်အနုရုဒ္ဓါ၏ မျက်မှောက်သို့ ကြွရောက်တော်မူ၍-

“အနုရုဒ္ဓါ . . . ကောင်းလေစွ. . . . ကောင်းလေစွ၊ သင်သည် ယောက်ျားမြတ်တို့၏ အကြံကို ကောင်းစွာသာလျှင် ကြံပေ၏။ အနုရုဒ္ဓါ. . . . ထိုသို့ဖြစ်လျှင် သင်သည် “ဤလောကုတ္တရာတရားကိုးပါးသည် သံသရာကို ချဲ့ထွင်တတ်သည့် (တဏှာ, မာန, ဒိဋ္ဌိတည်းဟူသော) ပပဉ္စတရားမှ လွတ်ကင်းရာနိဗ္ဗာန်၌ မွေ့လျော်နှစ်ခြိုက်ပျော်ပိုက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ ပပဉ္စတရား၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်”ဟု လိုနေသည့် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ဆင်ခြင်လော့ဟု ဖြည့်စွက်ပေးတော်မူလေသည်။

ဆက်လက်၍ ဗုဒ္ဓမြတ်စွာသည် မထေရ်မြတ်အား ဤမဟာပုရိသဝိတက် ရှစ်မျိုးကို ကြံစည်နေလျှင် လောကီပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို အလွယ်တကူ ရယူဝင်စားနိုင်၏။ ထိုသို့ ဝင်စားနေလျှင်-

(၁) စီဝရသန္တောသ = သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း၊

(၂) ပိဏ္ဍပါတသန္တောသ = ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း၊

စာမျက်နှာ-627
(၃) သေနာသနသန္တောသ = ကျောင်းအိပ်ရာနေရာတို့၌ ရောင့်ရဲလွယ်ခြင်း၊

(၄) ဘာဝနာရာမတာ = ဘာဝနာအလုပ်၌ မွေ့လျော်ပျော်ပိုက်ခြင်း- တည်းဟူသော အရိယဝံသပဋိပဒါလေးပါးကို အလွယ်နှင့် ရမည်ဟု ဟောကြားတော်မူလေ၏။

ထို့နောက် ဗုဒ္ဓမြတ်စွာသည် မထေရ်မြတ်၏ အာဝါသသပ္ပါယကို ဆင်ခြင် တော်မူ၍ မထေရ်မြတ်အား ဤဝါးတောအရပ်၌ပင် ဝါကပ်နေရန် မိန့်တော် မူပြီး ပြန်ကြွတော်မူလေ၏။

မထေရ်မြတ်သည် ထိုဝါးတော၌ ရဟန်းတရားကို ကြိုးစားအားထုတ်လေရာ မကြာမြင့်မီပင် ပုဗ္ဗေနိဝါသဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် တည်းဟူ သော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၍ အာသဝေါကုန်ခန်းကာ ရဟန္တာမထေရ်မြတ် ဖြစ်တော်မူလေသည်။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် “ရဟန်းတို့ . ဒိဗ္ဗစက္ခု အဘိညာဏ်ရှိသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အရှင်အနုရုဒ္ဓါသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူလေသည်။

၈။ အရှင်မဟာကစ္စည်းမထေရ်

အရှင်မဟာကစ္စည်းမထေရ် လောင်းလျာသည် ဥဇ္ဇေနီမြို့သား ပုရောဟိတ် ပုဏ္ဏား၏သား ဖြစ်လေသည်။ ရွှေရောင်အဆင်းဝါဝင်းသော ကိုယ်ရှိသောကြောင့် “ကဉ္စန” ဟု မိဘဆွေမျိုးတို့က မှည့်ခေါ်ကြလေ၏။ အရွယ်ရောက်သော် ဗေဒင်သုံးပုံကို တတ်မြောက်၍ ပုရောဟိတ်ရာထူးကို ရရှိလေသည်။ ထိုပုဏ္ဏားသည် အနွယ်၏ အစွမ်းအားဖြင့် “ကစ္စာန”ဟု အမည်တွင်လေသည်။

ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူသောအခါ ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောတ မင်းသည် ကစ္စာနပုရောဟိတ်အား ခေါ်စေ၍ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်ရန် အမိန့်ချမှတ်လေ၏။ ထိုအခါ ကစ္စာနပုရောဟိတ်သည် ရဟန်းပြုခွင့် ရပါမူ သွားရောက်ပင့်ပါမည်ဟု လျှောက်လေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အမောင် နှစ်သက်ရာကို ပြုပြီးလျှင် မြတ်စွာဘုရားကိုသာ ပင့်ဆောင်ခဲ့ပါလော့”ဟု ခွင့်ပြု မိန့်ကြားလေ၏။

စာမျက်နှာ-628
ထိုအခါ ကစ္စာနပုရောဟိတ်သည် အဖော်ခုနစ်ယောက်ကို ခေါ်၍ မြတ်ဗုဒ္ဓ ထံတော်သို့ သွားရောက်လေသည်။ ဗုဒ္ဓမြတ်စွာသည် ကစ္စာနပုရောဟိတ်အား တရားဟောတော်မူ၏။ တရားဒေသနာ ဆုံးသောအခါ ကစ္စာနပုရောဟိတ်သည် အဖော်ခုနစ်ယောက်နှင့်အတူ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် “ဧထ ဘိက္ခဝေါ-ရဟန်းတို့-လာကြ ကုန်လော့”ဟု ခေါ်တော်မူကာ လက်ယာလက်တော်ကို ဆန့်တန်းတော်မူလိုက် လေ၏။ ထိုခဏမှာပင် ဆံမုတ်ဆိတ်တို့ ကွယ်ပျောက်၍ ဣဒ္ဓိမယသပိတ်သင်္ကန်း တို့သည် ကိုယ်သို့ရောက်လာပြီး ဝါတော်ခြောက်ဆယ်ရှိသော မထေရ်ကြီးများ ကဲ့သို့ ရဟန်းအဖြစ်သို့ ရောက်ရှိကြလေသည်။

အရှင်မဟာကစ္စည်းမထေရ်သည် ရဟန္တာဖြစ်ပြီးသော်လည်း ကြောင့်ကြမဲ့ နေတော်မမူဘဲ မြတ်စွာဘုရားရှင် ဥဇ္ဇေနီပြည်သို့ ကြွရောက်တော်မူရန် လမ်း ခရီး၏ ဂုဏ်ကျေးဇူးကို ဖော်ညွှန်းသော ဂါထာများကို လျှောက်ထားလေ၏။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် မထေရ်မြတ်၏ ဥဇ္ဇေနီသို့ လိုက်ပါရန် ပင့်ဖိတ်သည်ကို သိတော်မူ၍ အရှင်မဟာကစ္စည်းမထေရ်မြတ်ကို “ချစ်သား-သင်သာလျှင် ဥဇ္ဇေနီပြည်သို့ သွားလေလော့၊ သင်ချစ်သား သွားလျှင်လည်း စဏ္ဍပဇ္ဇောတ မင်းသည် ကြည်ညိုပေလိမ့်မည်”ဟု မိန့်တော်မူ၏။

အရှင်မဟာကစ္စည်းမထေရ်မြတ်သည် မိမိနှင့်အတူ လိုက်ပါခဲ့ရသော ရဟန်း ခုနစ်ပါးတို့နှင့် ဥဇ္ဇေနီပြည်သို့ ကြွတော်မူလေ၏။ လမ်းခရီးတွင် အရှင်မဟာ ကစ္စည်းမထေရ်မြတ်တို့ ဆွမ်းခံဝင်ကြလေ၏။ ဆံပင်ကောင်း၍ ဥစ္စာစီးပွား ပျက်သော တချိန်က သေဋ္ဌေးသမီးသည် ရဟန်းခုနစ်ပါး ခြံရံလျက် ရွှေရောင် အဆင်းရှိသည့် ဗြဟ္မာနွယ်ဖွား ရဟန်းတစ်ပါး ဆွမ်းမပါဘဲ ဆေးမြဲတိုင်းသော သပိတ်ဖြင့်သာလျှင် ဆွမ်းခံကြွလာသော မထေရ်မြတ်တို့ကို ပင့်ဖိတ်ပြီး အိမ် တွင်း၌ ထိုင်စေလေ၏။

ထို့နောက် မိမိအား တချိန်က ဆံပင်ရောင်းရန် ပြောဖူးသော သေဋ္ဌေးသမီးတစ်ဦးထံ မိမိ၏ဆံပင်ကို ဖြတ်၍ အထိန်းတော် ကြီးအား အရောင်းခိုင်းလေ၏။ အသပြာရှစ်ကျပ် ရခဲ့လေသည်။ စီးပွားပျက် သေဋ္ဌေးသမီးသည် မထေရ်မြတ်ရှစ်ပါးတို့အား တစ်ပါးလျှင် အသပြာ တစ်ကျပ်တန်ဆွမ်း ဆက်ကပ် လှူဒါန်းလေ၏။

အရှင်မဟာကစ္စည်း မထေရ် မြတ်သည် ဆင်ခြင်ကြည့်ရှုတော်မူလတ်သော် သေဋ္ဌေးသမီး၏ အားကြီးသော ကောင်းမှုကို မြင်တော်မူ၍ “သေဋ္ဌေးသမီးသည် ယခုအခါ အဘယ်မှာနည်း”ဟု မေးတော်မူ၏။ အထိန်းတော်ကြီးက “အိမ်ခန်းထဲမှာပါ အရှင်ဘုရား” ဟု လျှောက်ထားလေလျှင်-

စာမျက်နှာ-629
“ထိုဆွမ်းဒါယိကာမ သေဋ္ဌေးသမီးကို ခေါ်လိုက် ကြလော့”ဟု မိန့်တော်မူလေ၏။ ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး ရောက်လာကာ မထေရ်မြတ်ကို ရှိခိုးလိုက်သည်နှင့် တပြိုင်နက် ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး၏ ဆံပင်များသည် မူလပကတိအတိုင်း ပြန်၍ ဖြစ်လာကြသည်။ ထို့နောက် မထေရ်တို့သည်လည်း ကောင်းကင်ခရီးဖြင့် စဏ္ဍပဇ္ဇောတမင်း၏ ကဉ္စနဝနမည်သော ဥယျာဉ်၌ ဆင်းသက်တော်မူကြလေကုန်၏။

ဥယျာဉ်မှူးသည် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ရလျှင် မင်းကြီးထံသို့ သွားရောက်၍ “အရှင်မင်းကြီး-ကစ္စာနပုရောဟိတ်သည် ယခုအခါ ရဟန်းပြု၍ ဥယျာဉ်တော်သို့ ကြွရောက်လာပါပြီ”ဟု လျှောက်ထားလေ၏။ စဏ္ဍပဇ္ဇောတ မင်းသည် ဥယျာဉ်တော်သို့ ကြွရောက်၍ အရှင်မဟာကစ္စည်း မထေရ်ကို ဤသို့ ကြားလျှောက်၏ “အရှင်ဘုရား- မြတ်စွာဘုရား အဘယ်မှာနည်း” ဟု လျှောက်လေ၏။

ထိုအခါ မထေရ်မြတ်က “မြတ်သောမင်းကြီး-ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် ကြွတော်မမူသေးဘဲ ငါ့ကို လွှတ်လိုက်၏”ဟု မိန့်လေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အရှင်ဘုရားတို့ ယနေ့ဆွမ်းကို ဘယ်အရပ်၌ ရပါကုန် သနည်း” ဟု မေးလေလျှင် မထေရ်မြတ်သည် ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး၏ ခဲယဉ်းစွာပြုအပ်သော ကောင်းမှုကုသိုလ်အကြောင်းကို အလုံးစုံ မိန့်တော် မူ၏။

စဏ္ဍပဇ္ဇောတမင်းကြီးသည် အရှင်မဟာကစ္စည်း မထေရ်မြတ်အား နက်ဖြန် အတွက် ဆွမ်းအလှူ ပင့်ဖိတ်ပြီးလျှင် ရွှေနန်းတော်သို့ ပြန်ကြွကာ ဆွမ်း ဒါယိကာမ သေဋ္ဌေးသမီးကို မင်းအာဏာဖြင့် ခေါ်ယူ၍ မိဖုရားကြီးအရာ၌ မြှောက်စားလေ၏။ ဤ ဆွမ်းဒါယိကာမ သေဋ္ဌေးသမီး၏ ပထမဇောကုသိုလ် စေတနာသည် မျက်မှောက် ဘဝ၌ပင် ချမ်းသာသုခကို ခံစားရလေသည်။

ထိုအချိန်မှစ၍ စဏ္ဍပဇ္ဇောတမင်းကြီးသည် မထေရ်မြတ်အား လာဘ်ပူဇော် သက္ကာရ ကြီးစွာ ပြု၏။ လူအပေါင်းတို့သည်လည်း မထေရ်မြတ်၏ ဆုံးမ ဩဝါဒကြောင့် မထေရ်မြတ်ထံတွင်ပင် ရဟန်းပြုကြလေ၏။ မထေရ်မြတ်သည် ဥဇ္ဇေနီပြည်သူပြည်သားများကို သာသနာတော်၌ သက်ဝင်ယုံကြည်စေ၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် “ရဟန်းတို့. . . . . အကျဉ်းဟောကြားထားသော တရားတော်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန် ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာကစ္စာနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဟု ဧတဒဂ်ဘွဲ့ထူးကို ချီးမြှောက်တော်မူလေသည်။

စာမျက်နှာ-630

၉။ အရှင်သီဝလိမထေရ်

အရှင်သီဝလိသည် ကောလိယသာကီဝင်မင်းမျိုးဝယ် သုပ္ပဝါသာ သာကီဝင် မင်းသမီး၏ ဝမ်း၌ ပဋိသန္ဓေတည်လေ၏။ ထိုပဋိသန္ဓေတည်သော အချိန်မှ စ၍ မင်းသမီးထံသို့ လက်ဆောင်ပဏ္ဏာတို့သည် ညဥ့် နံနက် ဆက်ကာ ဆက်ကာ ရာပေါင်းများစွာ ရောက်လာကြကုန်၏။

တစ်နေ့သောအခါတွင် သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံအစွမ်းကို သိရှိရန် ဆွေတော်မျိုးတော်တို့သည် မင်းသမီး၏ လက်ဖြင့် မျိုးစေ့ဟောင်းများကို ထိစေကြကုန်၏၊ ထိုမျိုးစေ့များကို ကြဲချသောအခါ မျိုးစေ့ တစ်စေ့ တစ်စေ့မှ အညှောက်ပေါင်း အရာအယောင်ပေါက်၍ ထွက်လာလေ၏။ မင်းပယ်တစ်ပယ် ကျယ်သော လယ်မြေတစ်ကွက်မှ လှည်းအစီးပေါင်း ငါးဆယ် ခြောက်ဆယ်တိုက် ကောက်စပါးများ ထွက်ရှိကြကုန်၏။

စပါးကျီအတွင်း စပါးများ ဖြည့်သွင်းသောအခါ၌လည်း ဆွေတော်မျိုးတော် များက မင်းသမီး၏လက်ဖြင့် ကျီတံခါးကိုထိစေကြကုန်၏။ မင်းသမီး၏ ဘုန်းကံ ကြောင့် ကောက်စပါးများကို ထုတ်ယူသော်လည်း ယူသောနေရာတိုင်းသည် တစ်ဖန်ပြန်၍ ပြည့်လေ၏။ ထို့ပြင် ပြည့်သောထမင်းအိုးမှ ထမင်းကို ခူးကာ ရောက်လာသမျှသော လူအပေါင်းအား ပေးလှူကြသည်ရှိသော်လည်း မကုန် နိုင်ချေ။

ရှင်သီဝလိသည် အမိဝမ်း၌ ခုနစ်နှစ်တိုင်အောင် ပဋိသန္ဓေနေရ၏။ ရင့်ကျက်လာသောအခါ မင်းသမီးသည် ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေ ရခြင်း ဆင်းရဲကို ခုနစ်ရက်ကြာ ခံစားရ၏။ ထိုအခါ မင်းသမီးသည်-

(၁) ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊

(၂) သံဃာတော်၏ ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ

(၃) နိဗ္ဗာန်၏ သန္တိသုခ ဂုဏ်နှင့် စပ်သော ကောင်းသောအကြံ- တို့ကို အောက်မေ့၍ ကိုယ်ဝန်၏ ဆင်းရဲဒုက္ခကို အောင့်အည်း သည်းခံလေသည်။

ထို့နောက် မင်းသမီးသည် မိမိ၏ ခင်ပွန်းကိုခေါ်၍ “အို.... အရှင့်သား ကြွပါ၊ အကျွန်ုပ်၏ ဖြစ်ရပ်ကို မြတ်ဗုဒ္ဓအား လျှောက်ထား၍ ဘုရားရှင်အား ပင့်ဖိတ်တော် မူခဲ့ပါ၊ ဗုဒ္ဓမြတ်စွာ၏ မိန့်ကြားတော်မူလိုက်သည်များကိုလည်း မှတ်သား၍ အကျွန်ုပ်အား ပြောကြားတော် ပါ”ဟု ပြောဆို လွှတ်လိုက်လေ၏။ ကောလိယ မင်းသားသည် သုပ္ပဝါသာမင်းသမီး၏ အကြောင်းအရာ သတင်းစကားကို ဗုဒ္ဓ မြတ်စွာအား လျှောက်ထားလျှင် ဘုရားရှင်သည် “ကောလိယ-မင်းသမီး သုပ္ပဝါသာသည် ရောဂါ ပကတိချမ်းသာစေသတည်း၊ ရောဂါကင်းသော သားကို ဖွားစေသတည်း” မိန့်တော်မူလေသည်။

စာမျက်နှာ-631
ထိုသို့ မိန့်တော်မူသည့်အတိုင်း သားကို ဖွားမြင်လေ၏။ ကောလိယသည် မင်းသမီးအား ဘုရားရှင်၏ မိန့်ကြားတော်မူလိုက်သော သတင်းစကားကို ပြန်ပြောလေ၏။ မင်းသမီးသည် “အရှင့်သား ပင့်ဖိတ်အပ်သော အသက်ရှင် ဆွမ်းသည် မင်္ဂလာဆွမ်းဖြစ်လိမ့်မည်၊ တဖန်ပြန်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းဘုဉ်း ပေးတော်မူရန် မြတ်စွာဘုရားကို ပင့်လျှောက်ချေပါဦး”ဟု ပြောဆို၏။ ကောလိယသည် မင်းသမီး၏ ဆန္ဒကို ပြည့်စေ၍ ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်များအား အကြီးအကျယ် လှူဒါန်းကြလေကုန်၏။

သီဝလိဟူသော အမည်သည် ဆွေမျိုးမိဘတို့၏ စိတ်နှလုံးပူပန်မှုကို ငြိမ်းအေး စေသောကြောင့် မှည့်ခေါ်သောအမည် ဖြစ်ပေသည်။ သီဝလိသည် အမိဝမ်း၌ ခုနစ်နှစ်ကြာအောင် ကိန်းအောင်းနေရသဖြင့် ဖွားမြောက်လာသော အခါ ခုနစ်နှစ်သားအရွယ်တို့ ပြုနိုင်သောအရာတို့ကို ပြုစွမ်းနိုင်သူ ဖြစ်ပါသည်၊ ခုနစ်ရက်ပတ်လုံး အလှူဒါနပွဲကြီး၌ ရဟန်းသံဃာတော်များအား ရေစစ်ဖြင့် ရေကို စစ်၍ ဆက်ကပ်လှူဒါန်းလေ၏။

တရားစစ်သူကြီး အရှင်သာရိပုတ္တရာသည် ခုနစ်ရက်မြောက်သောနေ့၌ သီဝလသူငယ်အား “သီဝလိ သင်သည် ဤသို့သဘောရှိသော ဒုက္ခအစုကို ခံစား ရခဲ့၍ ရှင်ရဟန်းပြုရန် မသင့်မလျော်ဘူးလော”ဟု မေးတော်မူ၏။ သီဝလိသည် မိဘထံမှ ခွင့်ရလျှင် ရဟန်းပြုလိုပါသည်ဟု လျှောက်လေ၏။ သုပ္ပဝါသာသည် သားနှင့် မထေရ်မြတ်ပြောဆိုနေသည်ကို မြင်၍ မထေရ်မြတ်ထံ ချဉ်းကပ်ကာ မေးလျှောက်လေ၏။

ထိုအခါ မထေရ်မြတ်က “အမိဝမ်းထဲ၌ ခံစားခဲ့ရသော ဒုက္ခကို ပြောပြ၍ အသင်မိဘနှစ်ပါးတို့က ခွင့်ပြုလျှင် ရှင်ရဟန်းပြုပေးမည်”ဟု မိန့်ကြားလျှင် သုပ္ပဝါသာ မင်းသမီးသည် ခွင့်ပြုကြောင်း စကားကို လျှောက်ထားလေ၏။ ထိုအခါ မထေရ်မြတ်သည် သီဝလိကို ကျောင်းတော်သို့ ခေါ်ဆောင်၍ တစပဉ္စကကမ္မဋ္ဌာန်းကို ပေးပြီးလျှင် ရှင်ပြုပေး၏။ “သီဝလိ-သင့်အား အခြားဩဝါဒ ပေးရန်မလို၊ ခုနစ်နှစ်ပတ်လုံး မိမိ ခံစားခဲ့ရသော ဆင်းရဲဒုက္ခဒဏ်ကိုသာ ဆင်ခြင်ပါ”ဟု မိန့်တော်မူလေ၏။ သီဝလိသည် ပြုနိုင်သမျှသော တရားနှလုံးသွင်းခြင်း အမှုကို ဆင်ခြင်ပွားများ၏။

ရှင်သီဝလိသည် ပထမဆံဖျားကို ရိတ်ချလိုက်သောခဏမှာပင် သောတာပတ္တိ ဖိုလ်၌ တည်လေ၏။ ဒုတိယဆံဝန်းကို ရိတ်ချလိုက်သောအခါ သကဒါဂါမိဖိုလ်၌ တည်၏။ တတိယဆံဝန်းကို ရိတ်ချလိုက်သောအခါ အနာဂါမိဖိုလ်၌ တည်၏။ အားလုံးသော ဆံဝန်းကို ရိတ်ချလိုက်သည်နှင့် တပြိုင်နက် အရဟတ္တဖိုလ်၌ တည်လေ၏။

စာမျက်နှာ-632
ရှင်သီဝလိသည် ရှင်ရဟန်းပြုသောနေ့မှစ၍ ပစ္စည်းလေးပါးတို့ အလိုရှိတိုင်း ပေါများလေ၏။ ထိုသို့ လာဘ်ပေါများလာသောကြောင့် မိမိ၏ဘုန်းကို စုံစမ်းရန် မြတ်ဗုဒ္ဓ၏ ခွင့်ပြုချက်ဖြင့် ရဟန်းငါးရာတို့ကို အဖော်အဖြစ်ခေါ်၍ ဟိမဝန္တာ တောသို့ ရှေးရှုကြွသွားတော်မူ၏။ ထိုအခါ ခရီးစခန်း၌ ရှေးဦးစွာ ပညောင်ပင် ကြီးကို တွေ့လေ၏၊ ညောင်ပင်စောင့်နတ်မင်းသည် မထေရ်မြတ်အား ခုနစ်ရက် ကြာအောင် အလှူဒါနပြုလေသည်။

ဤနည်းဖြင့်

(၁) ရှေးဦးစွာ ပညောင်ပင်ကြီး

(၂) နှစ်ကြိမ်မြောက်၌ ပဏ္ဍဝတောင်

(၃) သုံးကြိမ်မြောက်၌ အစိရဝတီမြစ်

(၄) လေးကြိမ်မြောက်၌ ဝရသာဂရမည်သော သမုဒ္ဒရာ

(၅) ငါးကြိမ်မြောက်၌ ဟိမဝန္တာတောင်

(၆) ခြောက်ကြိမ်မြောက်၌ ဆဒ္ဒန်အိုင်

(၇) ခုနစ်ကြိမ်မြောက်၌ ဂန္ဓမာဒနတောင်

(၈) ရှစ်ကြိမ်မြောက်၌ အရှင်ရေဝတနေရာသို့-

ကြွရောက်တော်မူလေသည်။ နေရာအားလုံးတို့၌ ခုနစ်ရက်စီ မထေရ်မြတ်အား နတ်တို့က ကြီးစွာ လှူဒါန်းကြလေသည်။

အထူးသဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသော ခုနစ်ရက်တွင် နွားနို့ ဆွမ်း တစ်ရက်၊ ထောပတ်တစ်ရက်၊ အလှည့်အလည် နတ်တို့ ပေးလှူ၏။ ထိုသို့ ပေးလှူနိုင်ခြင်းမှာ-ကဿပ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ၌ စာရေးတံ နို့ဆွမ်းလှူဒါန်းခဲ့သော ဒါနကောင်းမှုအကျိုးကြောင့် ဖြစ်ပါသည်ဟု နာဂဒတ္တ နတ်မင်းက ရဟန်းသံဃာတော်များအား လျှောက်ထားလေသည်။

ဗုဒ္ဓမြတ်စွာသည် အရှင်ခဒိရဝနိယရေဝတမထေရ်ထံ ကြွတော်မူရာဝယ် လမ်းခရီး၌ နတ်များက အရှင်သီဝလိမထေရ်မြတ်အား ဦးတည်၍ နေ့ရက် မပြတ် အလှူဒါန ဆက်ကပ်ကြသည်ကို အကြောင်းပြု၍ “ရဟန်းတို့-လာဘ် လာဘပေါများကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သီဝလိ ရဟန်းသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော် မူပါသည်။

စာမျက်နှာ-633

(ဃ) အမျိုးသမီးထေရီများ

၁။ မဟာပဇာပတိ ဂေါတမီထေရီ

မဟာပဇာပတိ ဂေါတမီသည် ဒေဝဒဟပြည် မဟာသုပ္ပဗုဒ္ဓ သာကီဝင် မင်းကြီး၏ သမီးတော်အငယ် ဖြစ်လေသည်။ ဂေါတမီဟု အမည်တွင်၏။ မဟာ မာယာမင်းသမီး၏ ညီမတော်တည်း။ ဤမင်းသမီးနှစ်ပါး၏ ဝမ်း၌ သန္ဓေယူသော သားတို့သည် စကြဝတေးမင်း ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတို့က နိမိတ်ဖတ်ကြကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည် မဟာမာယာနှင့် ဂေါတမီ ညီအမနှစ်ယောက်လုံးကို ထိမ်းမြားမင်္ဂလာပြု၍ ကပိလဝတ်နန်းတော်သို့ ဆောင်ယူခဲ့၏။ မဟာမာယာကို အဂ္ဂဒေဝီ မဟေသီ မိဖုရားခေါင်ကြီးအရာ၌ ထား၏။

အကျွန်ုပ်တို့၏ ဗုဒ္ဓလောင်းလျာသည် မိဖုရားခေါင်ကြီးဝမ်း၌ ပဋိသန္ဓေ နေတော်မူ၏။ မဟာမာယာမိဖုရားကြီးသည် ဘုရားအလောင်းတော်ကို ဖွားမြင် တော်မူသည်။ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့မှ နောက် ခုနှစ်ရက် မြောက်သောနေ့ (ကဆုန်လပြည့်ကျော် ခုနှစ်ရက်နေ့)၌ နတ်ရွာစံ၍ တုသိတာ နတ်ပြည်ဝယ် သန္တုသိတ နတ်သားဖြစ်လေသည်။

သုဒ္ဓေါဒနမင်းကြီးသည် ညီမတော် ဂေါတမီကို အဂ္ဂဒေဝီမဟေသီမိဖုရားကြီး အရာ မြှောက်စားလေ၏။ ဘုရားအလောင်းတော်ကို ဖွားမြင်၍ ခုနှစ်ရက်မြောက် သောနေ့တွင် ပဇာပတိဂေါတမီ မိဖုရားမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ ပဇာပတိဂေါတမီသည် မိမိ၏သားရင်း နန္ဒမင်းသားကို အထိန်းတော်များအား ပေးအပ်ပြီး မိမိကိုယ်တိုင်ကမူ ဘုရားအလောင်း၏ အထိန်းအယ ကိစ္စအဝဝကို ကိုယ်တိုင် ပြုလုပ်ကာ ဘုရားအလောင်းတော်အား နို့ချိုအေးကို တိုက်ကျွေး မွေးမြူခဲ့လေသည်။

သားတော်ဘုရားအလောင်း ဘုရားဖြစ်ပြီး ကပိလဝတ်နေပြည်တော်သို့ ရောက်တော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဆွမ်းခံလမ်း အကြားမှာပင် တရားစကား ကြားနာရ၍ သောတာပန် အရိယာ ဖြစ်လေသည်။ ခုနစ်ရက်မြောက်သော နေ့တွင် နန္ဒမင်းသား ရဟန်းပြု၏။ ခုနစ်ရက်မြောက်သောနေ့တွင် ရာဟုလာ ရှင်ပြုလေသည်။ မြတ်စွာဘုရား မဟာဝုန်တော၌ သီတင်းသုံးနေစဉ် သုဒ္ဓေါဒနမင်းကြီးသည် ကပိလဝတ်ပြည် ရွှေနန်းတော်အတွင်း၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ဝင်စံလေသည်။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ရဟန်းပြုရန် စိတ်အားသန်လေ၏။

စာမျက်နှာ-634
မိထွေးတော်ဂေါတမီသည် သာကီဝင်မင်းသမီး ငါးရာနှင့် ရဟန်းပြုခွင့်ရရန် ပထမအကြိမ် ဗုဒ္ဓမြတ်စွာကို တောင်းပန်သော်လည်း အခွင့်မရသောကြောင့် ဤအကြိမ်တွင် ခေါင်းရိတ်, ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ဆင်လျက် သာကီဝင် မင်းသမီး ငါးရာနှင့်အတူ ဝေသာလီပြည်သို့ သွားရောက်၍ အရှင်အာနန္ဒာကို အကူအညီတောင်းကာ ဗုဒ္ဓမြတ်စွာကို တောင်းပန်စေပြီးနောက် ဂရုဓံရှစ်ပါး တရားတို့ဖြင့် ရှင်, ရဟန်းအဖြစ်ကို ရယူလေသည်။

မိထွေးတော် ဂေါတမီထေရီမသည် ရဟန်းမိန်းမဖြစ်ပြီးနောက် “သံခိတ္တ” သုတ် ဒေသနာကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သာကီဝင် မင်းသမီး ရဟန်းမငါးရာတို့သည်ကား နောက်အခါ၌ “နန္ဒကောဝါဒ” သုတ္တန်ကို ကြားနာရသဖြင့် မိမိတို့ အလိုဆန္ဒအတိုင်း အချို့ သောတာပန်, အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာ ဖြစ်ကြလေကုန်၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ်- ရဟန်းတို့- ညဉ့်အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် မဟာပဇာပတိဂေါတမီထေရီသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။

သက်တော် ၁၂ဝ ရှိပြီ ဖြစ်သော မိထွေးတော်ဂေါတမီ ထေရီမကြီးသည် နံနက်အခါ ဝေသာလီပြည်တွင်း၌ ဆွမ်းခံလှည့်လည်ကာ ဆွမ်းဘုန်းပေးပြီးနောက် မိမိနေ့သန့်ရာ နေရာ၌ ဖလသမာပတ်ဝင်စားပြီးလျှင် ထိုသမာပတ်မှထ၍ မိမိ၏ အာယုသင်္ခါရကို ဆင်ခြင်ကြည့်ရှူလတ်သော် ကုန်နေပြီကို သိ၍ “ဗုဒ္ဓမြတ်စွာအား ပရိနိဗ္ဗာန်စံဖို့ရန် ခွင့်ပြုသိစေပြီး အဂ္ဂသာဝက နှစ်ပါးစသော မထေရ်မြတ်များ၊ သီတင်းသုံးဖော် အရိယာသံဃာတော်တို့ကို ပန်ကြားပြီး မိမိဘိက္ခုနီမကျောင်းသို့ ပြန်လာ၍ ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွ” ဟု ကြံစည်မိ၏။

ထို့အတူ သာကီဝင်မင်းသမီး ဘိက္ခုနီမငါးရာတို့လည်း ကြံစည်ဆင်ခြင်မိကြ၏။ ထိုအခါ မြေငလျင် ပြင်းစွာ တုန်လှုပ်၏။ အခါမဟုတ် မိုးထစ်ချုန်း၏။

မိထွေးတော်ဂေါတမီထေရီမကြီးက- “ငါသည် အိုခြင်း ကင်းရာ, သေခြင်းကင်းရာ, မနှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတို့နှင့် တွေ့ဆုံရခြင်း ဆင်းရဲကင်းရာ, နှစ်သက်အပ်သည့် သတ္တဝါသင်္ခါရ တို့နှင့် ကွေကွင်းရခြင်း ဆင်းရဲကင်းရာ အသင်္ခတဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ သွားရောက်တော့အံ့” ဟု ရွတ်ဆိုလိုက်လျှင် နတ်လူတို့သည် ငိုကြွေးကြလေသည်။

စာမျက်နှာ-635
မြို့လယ်လမ်းမကြီးအတိုင်း ဘိက္ခုနီမများထွက်လာရာ ဥပါသိကာမတို့သည် ငိုကြွေးကြလေသည်။ ထေရီမကြီးသည် သောကပျောက်ရေး တရားကို ဟောတော်မူခဲ့ရသေး၏။ ဗုဒ္ဓမြတ်စွာထံတော်သို့ ရောက်သောအခါ “အဟံ သုဂတ တေ မာတာ၊ တွံ စ ဝီရ ပိတာ မမ” စသော ၁၆ ဂါထာတို့ဖြင့် ပရိနိဗ္ဗာန် စံလိုကြောင်း ခွင့်တောင်းကန်တော့ပြီးနောက် ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူ၏။

ထို့နောက် ရဟန်းသံဃာတော်များ, အရှင်ရာဟုလာ, အရှင်အာနန္ဒာ, အရှင်နန္ဒ တို့ကိုလည်း ရိုသေစွာရှိခိုး၍ ခန္ဓာ၏ အပြစ် ဖော်ပြကာ ပရိနိဗ္ဗာန် ဝင်စံ လိုကြောင်း ခွင့်တောင်းပြန်လေသည်။ အခြားအရှင်တို့မှာ ရဟန္တာဖြစ်ကြ၍ ဓမ္မသံဝေဂ ဖြစ်ကြသော်လည်း အရှင်အာနန္ဒာမှာ သေက္ခအရိယာဖြစ်၍ သည်းစွာငိုကြွေးလေသည်။

ထို့နောက် ဗုဒ္ဓရှင်တော်ဘုရားက မိထွေးတော် ဂေါတမီအား တန်ခိုး ပြဋိဟာကို ပြခိုင်းလေ၏။ ထေရီမကြီးသည် တစ်ပါးတည်းက အများဖြစ်ခြင်း, အများကြီးမှ တစ်ပါးတည်းဖြစ်ခြင်း,ပေါ်ခြင်း, ပျောက်ကွယ်ခြင်း,နံရံတဖက် တောင်တဖက်သို့ မငြိမကပ်သွားခြင်း စသော တန်ခိုးကို ပြသည့်အပြင် မြင်းမိုရ် တောင်ကို ထီးရိုး မဟာပထဝီမြေကြီးကို ထီးရွက်ပြု၍ အထက်အောက် ပြန်လှန် ကာ ကောင်းကင်၌ ထီးသဖွယ် ဆောင်၍ စင်္ကြံလျှောက်ကာ ပြသလေသည်။ နေခြောက်စင်း .. ထွက်သောအခါကဲ့သို့ ဩကာသလောကတစ်ခုလုံး အခိုးတွေ ဖုံးနေပုံကိုလည်း ဖန်ဆင်းပြသလေသည်။

တန်ခိုးပြပြီးနောက် ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရားကို ရှိခိုးကာ “သားတော်ဘုရား-တပည့်တော်မ မိထွေးတော်ကြီးသည် အသက် ၁၂ဝ ရှိပါပြီ အိုမင်းလှပါပြီ သားတော်ဘုရား၊ ပရိနိဗ္ဗာန်ဝင်စံပါရစေတော့” ဟု လျှောက်ထားလေသည်။ ထို့အတူ ငါးရာသော ဘိက္ခုနီမတို့သည်လည်း ကောင်းကင်သို့ တက်၍ တန်ခိုးအမျိုးမျိုးကို ပြသ ပြီးနောက် ဗုဒ္ဓမြတ်စွာအား ပရိနိဗ္ဗာန် ဝင်စံခွင့် တောင်းကြလေသည်။

ဗုဒ္ဓ ဘုရားရှင်၏ ခွင့်ပြုချက်ရသောအခါ မိထွေးတော် ဂေါတမီ အမှူးရှိသော ဘိက္ခုနီမငါးရာတို့သည် မိမိတို့ ကျောင်းအသီးသီး၌ ထက်ဝက်ဖွဲ့ခွေ ထိုင် နေတော်မူလျက်ရှိစဉ် ဘိက္ခုနီမတို့ကို ဆည်းကပ်သော ဥပါသိကာမတို့က ရင်ဘတ်ကို တီးခတ်၊ ဗုန်းဗုန်းပစ်လှဲ ငိုကြွေးကြကုန်၏။

မိထွေးတော်ကြီးက “သမီးတို့-ငိုကြွေးခြင်းဖြင့် အကျိုးမရှိ၊ သင်္ခါရတရားတို့သည် အမြဲမရှိ၊ ကွေ့ကွင်း ရခြင်း အဆုံးရှိ၏။ ဖောက်ပြန်တတ်၏” ဟု ဟောပြောဆုံးမ၍ အိမ်သို့ ပြန်စေ ကုန်ပြီးလျှင် လောကီဈာန်သမာပတ် ရှစ်ပါးတို့ကို အနုလုံ ပဋိလုံ ဝင်စား၍ စတုတ္ထဈာန်မှ ထပြီးသော် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် အငြိမ်းကြီး ငြိမ်းလေ၏။

စာမျက်နှာ-636
ဘိက္ခုနီမငါးရာတို့သည်လည်း ထို့အတူ နိဗ္ဗာန်ယူသိမ်း ငြိမ်းကြလေကုန်၏။ ထိုသို့ ဘိက္ခုနီငါးရာ တပြိုင်နက် ပရိနိဗ္ဗာန်စံယူသောအခါ ပြင်းစွာ မြေတုန်လှုပ် ခြင်း၊ ကောင်းကင်မှ ဥက္ကာကျခြင်း၊ နတ်မိုး နတ်စည် ချုန်းမြည်ခြင်း၊ နတ်တို့ ငိုယိုမြည်တမ်းလျက် ထိတ်လန့် သံဝေဂရ၍ “အနိစ္စာ ဝတ သင်္ခါရာ၊ ယထာယံ ဝိလယံ ဂတာ” ဟု သံဝေဂစကား မြွတ်ဆိုခြင်း စသည့် အံ့ဩဖွယ်တို့သည် ဖြစ်ကုန်၏။

မြတ်စွာဘုရားသည် ရဟန်းသံဃာများနှင့်တကွ ကိုယ်တော်တိုင် ကြွတော် မူပြီးလျှင် (၁) ရှေ့ဆုံးမှ လူ နတ် နဂါး အသူရာ ဗြဟ္မာများ (၂) ထို့နောက် ဝိသကြုံ ဖန်ဆင်းအပ်သည့် ရွှေသားအလောင်းစင်ပြာသာဒ် ငါးရာထက်သို့ ညောင်စောင်းနှင့်တကွ တင်စေ၍ ဘိက္ခုနီမငါးရာတို့၏ အလောင်းစင်ပြာသာဒ် တို့ကို နတ်တို့က ထမ်းလျက်လည်းကောင်း (၃) ထို့နောက်မှ မိထွေးတော် ဂေါတမီ၏ အလောင်းစင်ပြာသာဒ်ကို လောကပါလနတ်မင်းကြီး လေးယောက် တို့က ထမ်းလျက်လည်းကောင်း (၄) ထို့နောက်မှ သံဃာတော်များနှင့် မြတ်စွာ ဘုရားရှင် လိုက်ပါတော်မူ၍ လည်းကောင်း ဤအစီအစဉ်အတိုင်း လမ်းမ တစ်လျှောက် ကောင်းကင်အပြည့် ဗိတာန်မျက်နှာကြက်မိုးကာ အမျိုးမျိုးသော ပန်းနံ့သာ သာယာချိုအေးသော တူရိယာတို့ဖြင့် ပူဇော်ချီးမြောက်ကြ၍ သုသာန်သို့ ပို့ကြလေ၏။

နေသည် ... မွန်းတည့်ချိန်ဖြစ်သော်လည်း လကဲ့သို့ အေးမြ၍ နေ၏။ မိထွေးတော်၏ နိဗ္ဗာန်စံမြန်းခန်းလောက် မြတ်ဗုဒ္ဓ၏ နိဗ္ဗာန်စံမြန်းခန်းသည်ပင် အံ့ဩဖွယ် မများလှချေ။ မိထွေးတော် ဂေါတမီ နိဗ္ဗာန်လားရာ၌ကား မြတ်စွာ ဘုရားရော အရှင်သာရိပုတ္တရာပါ ကြပ်မတ်စီရင်ကြကုန်၏။

မြတ်စွာဘုရားသည် မိထွေးတော်၏ အရိုးဓာတ်တို့ကို ကိုင်ပြတော်မူလျက် လူ နတ် ဗြဟ္မာ ပရိသတ်တို့အား အနှစ်သာရပြည့်ဝပြီး ခိုင်မြဲစွာ တည်တံ့သော သစ်ပင်ကြီး၏ ပင်စည်သည် အလွန်ပွားများ ကြီးကျယ်၏။ ထိုပြန်ပွားကြီးကျယ် သော ပင်စည်သည် ပင်ကိုသဘော မမြဲလေသောကြောင့် ယိမ်းယိုင်ပျက်ပြား လဲပြိုသကဲ့သို့ သစ်ပင်ကြီးပမာ ဘိက္ခုနီသံဃာ၏ ပင်စည်ကြီးနှင့် တူသော မိထွေးတော်ဂေါတမီသည် နိဗ္ဗာန်ယူသိမ်း ငြိမ်းလေပြီတကားဟု တရားပြ ဆုံးမတော်မူ၏။

၂။ ခေမာထေရီ

ခေမာသည် သာဂလမြို့ မဒ္ဒရာဇ်မင်း၏ သမီးတော် ဖြစ်သည်။ ပြည်သူ တို့ကို ... ဘေးကင်းစေလျက် ... မွေးဖွားလာသူ ဖြစ်သောကြောင့် “ခေမာ” ဟု အမည်တွင်လေသည်။

စာမျက်နှာ-637
ခေမာသည် ဗိမ္ဗိသာရမင်းကြီး၏ အလွန် ချစ်မြတ်နိုးသည့် မိဖုရားကြီး ဖြစ်၍ အလွန်ချော အလွန်လှသည့်အတွက် သူ့အဆင်း၌ အလွန် မာန်ယစ်သူ ဖြစ်လေသည်။

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ခေမာမိဖုရားသည် မြတ်ဗုဒ္ဓက ရုပ်၌ အပြစ်ကို ပြ၍ တရားဟောတော်မူသတဲ့ဟု တဆင့်စကား ကြားသိရ၍ ငါသွားလျှင်လည်း ဗုဒ္ဓမြတ်စွာသည် အဆင်းရုပ်၌ အပြစ်ကိုပင် ပြတော်မူလေရာ၏ဟု ကြံစည်မိကာ မြတ်ဗုဒ္ဓထံသို့ အဖူး အမြော် ... မသွားရောက်ချေ။

ဗိမ္ဗိသာရမင်းကြီးသည် ဗုဒ္ဓမြတ်စွာ၏ တပည့်အရိယာတစ်ယောက် ဖြစ်လျက် သူ၏ မိဖုရားမှာ ဗုဒ္ဓထံတော်သို့ အဖူးအမြော် မသွားရောက်ခြင်းကို မနှစ်သက်နိုင် ရကား စာဆိုကဝိတို့အား ဝေဠုဝန်ကျောင်းတိုက်ကြီး၏ သာယာပုံအကြောင်း တို့ကို ဖွဲ့နွဲ့သီကုံးစေလျက် ... ခေမာမိဖုရား ကြားလောက်ရာအရပ်၌ သီဆိုကြ ရမည်ဟု အမိန့်ပေးလေ၏။

ထိုသီချင်းသံကို ခေမာမိဖုရားကြားရလျှင် ရှေးက ဝေဠုဝန်ကျောင်းတော်၌ မင်းတရားနှင့် ... မွေ့လျော်ပျော်ပါးဖူးသော်လည်း မသွားရဖူးသကဲ့သို့ အဆန်း တကြယ် ... အံ့ဩဖွယ်ကြီး ထင်၍ကြည့်ရှုချင်သော အာသာဆန္ဒ ပြင်းပြလျက် ဗိမ္ဗိသာရမင်းကြီးအား ခွင့်ပန်ပြီး ဗုဒ္ဓမြတ်စွာနှင့် မတွေ့ရအောင် ကြံ၍ မြတ်ဗုဒ္ဓ ဆွမ်းခံဝင်ချိန်တွင် ကြီးစွာသော အခမ်းအနားဖြင့် ဝေဠုဝန် ဥယျာဉ်တော်သို့ ဝင်ပြီး ပျားပိတုန်း တသောသော, ဥဩတွန်ကျူး, ဒေါင်းမြူး ကခုန်, လူစုံ မရောပြွမ်း, ဆိတ်ချမ်း လူသံ, စင်္ကြံ မဏ္ဍပ်, ကျောင်း ဇရပ်တို့ဖြင့် ယောဂီ သူမြတ်တို့ မွေ့လျော်ရာ ဝေဠုဝန်ဥယျာဉ်တော်ကို ရှုမျှော်လှည့်လည်လေ၏။

ထိုသို့ လှည့်လည်စဉ် သစ်ပင်ရင်း၌ ရဟန်းတရားအားထုတ်နေသည့် ရဟန်းပျို တစ်ပါးကို မြင်၍ ဤအရွယ်မှာ မွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ကို ခံစားပြီး အသက်ကြီးမှ ရဟန်းတရား အားထုတ်သင့်၏ဟု... အမှားကြံဆင်ခြင်း၍ မြတ်ဗုဒ္ဓ မရှိဟူသော အမှတ်ဖြင့် ဂန္ဓကုဋီကျောင်းသို့ လှည့်ပတ်ချဉ်းကပ်လေသော် ခေမာ မိဖုရားလာလိမ့်မည်ကို သိ၍ ဆွမ်းခံမကြွဘဲ ဂန္ဓကုဋီကျောင်းတော်၌ ခေမာ မိဖုရားထက် အဆဆ သာလွန်လှပ တင့်တယ်သော မိန်းမငယ် ဣဒ္ဓိရုပ်ကို ဖန်ဆင်းတော်မူလျက် ယပ်ခတ်စေ၍ နေတော်မူသော မြတ်စွာဘုရားရှင်ကို ပတ်ပင်း ဖူးမြင်ရလေ၏။

စာမျက်နှာ-638
ခေမာမိဖုရားသည် မိမိအဆင်း၌ တပ်မက်ခြင်းကို ပယ်စွန့်၍ ထိုဣဒ္ဓိရုပ် သူငယ်မအဆင်း၌ ပြင်းစွာတပ်မှိန်း တစိန်းစိန်း ကြည့်ရှုဆဲ၌ပင် ဗုဒ္ဓမြတ်စွာ၏ ဖန်ဆင်းမှုကြောင့် ထိုသူငယ်မမှာ ရွတ်တအိုမင်း အဆင်းဖောက်ပြန် ဆံဖြူ သွားကျိုး ညှင်းဆိုး မှဲ့စွဲလျက် တွဲရရွဲကျသော သားမြတ်, တွန့်ကပ်ပိန် ခြောက်သော အရေအသား, ကိုးရိုး ကားရား ခြေလက်အင်္ဂါ, ကြီးစွာသော . အဆစ်အပိုင်း, အကြော ပြိုင်းပြိုင်းနှင့် ကုပ်ကိုင်းသော ကိုယ်ရှိလျက် ပင့်သက်ရှူရှိုက် တုန်တုန်ခိုက်ခိုက် မျက်ဖြူဆိုက်၍ ဖိုက်ခနဲ လဲသေသည်ကို မြင်ရလေလျှင် ခေမာ မိဖုရား၏ စိတ်သန္တာန်၌ ဓာတ်လေးပါးဆောင် ဤရုပ်ကောင်သည် ပင်ကို သူ့သဘောဝယ် မစင်ကြယ်ပါတကား၊ စက်ဆုပ်ဖွယ်ရာပါတကား၊ ယင်းသို့ စက်ဆုပ်ဖွယ် ရုပ်ကောင်၌ ပညာအန္ဓ အမိုက်မတို့သည် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်၍ နေကုန်၏တကားဟု သံဝေဂဉာဏ် ဖြစ်လာလေ၏။

ထိုအခါ ဗုဒ္ဓမြတ်စွာက

(က) ချစ်သမီး ခေမာ-ကျင်နာခံခက် နှိပ်စက်တတ်သော, မစင်မကြယ် ပုပ်ဟောင် ညှီလှောင်သော အနံ့ရှိသော, အထက် အောက် တစက်စက် ယိုထွက်သော လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့။

(ခ) မတင့်တယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝယ်ထင်ခြင်းမှာ တစ်ခုတည်းသော အာရုံရှိသော ကောင်းစွာ တည်ကြည်သော ဘာဝနာစိတ်ကို ပွားစေလော့၊ ကာယကောဋ္ဌာသ၌ ဖြစ်သော အောက်မေ့ခြင်း သတိသည် သင့်အား ဖြစ်စေလော့၊ ငြီးငွေ့ခြင်းများသည် ဖြစ်စေလော့။

(ဂ) ချစ်သမီးခေမာ-ဤငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးရသကဲ့သို့ ထို့အတူ သင်၏ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးရလတ္တံ့၊ သင်၏ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရသကဲ့သို့ ထို့အတူ ငါ့ထံကပ်ခို ဤမိန်းမ၏ ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရ၏။ အတွင်း, အပလည်းဖြစ်သော ကိုယ်၌ တပ်မက်သော ဆန္ဒရာဂကို ပယ်စွန် ဖြတ် ကောက်လော့။

(ဃ) ပေါင်း၍တည်ဟန် သဏ္ဌာန်အကောင်အထည်မရှိဟု ခွဲထုစပ်ဖန် အဖြစ် အပျက်ကို ရှုသော ဝိပဿနာဉာဏ်ကိုလည်း ပွားစေလော့၊ ထောင်လွှားသော မာနကို စွန့်ပယ်လော့၊ ထိုသို့စွန့်ပယ်ခြင်းကြောင့် ၁၁-ပါးသောမီး ငြိမ်းကုန်သည် ဖြစ်၍ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့ ။

စာမျက်နှာ-639
(င) ပင့်ကူကောင်သည် မိမိပြုအပ်သော ကွန်ရက်အသွင် ပင့်ကူချည်မျှင်သို့ အစဉ်လျှောက်၍ နေသကဲ့သို့ အကြင်သတ္တဝါတို့သည် ရာဂဖြင့် တပ်မက်မော ကုန်၏။ ထိုသတ္တဝါတို့သည် မိမိပြုအပ်သော ကိလေသာအလျဉ် ခန္ဓာအစဉ်သို့ အစဉ်လိုက်၍ နေရကုန်၏။ ပညာရှိတို့သည် ကာမဂုဏ်ချမ်းသာကို ငဲ့ကွက် ... တွယ်တာခြင်း မရှိကုန်ဘဲ ... ပယ်စွန့်ကုန်၍ ထိုကိလေသာအလျဉ် ခန္ဓာအစဉ် ကိုလည်း တစမကျန် တွန်းလှန် ဖြတ်တောက်ကုန်၍ နိဗ္ဗာန်ထုတ်ချောက် သွားရောက် ကြကုန်၏။

ဤတရားဒေသနာတော်ကို ကြားနာရ၍ ခေမာမိဖုရား ... စိတ်ကြည်သာ ရွှင်လန်းနေသည်ကို သိမြင်တော်မူကာ ဗုဒ္ဓမြတ်စွာသည် မဟာနိဒါနသုတ်ကို ဟောတော်မူ၏။ ထိုသုတ်ကို ကြားနာရသော ခေမာမိဖုရားသည် ရှေးက မိမိ လေ့ကျက်ခဲ့ဖူးသည်ကို အမှတ်ရကာ ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ၏။

ထိုအခါ ခေမာမိဖုရားသည် ရှေးက ရုပ်မာနဖြင့် အထင်မှား အမြင်မှားခဲ့သည့် အပြစ်ကို တောင်းပန်ကန်တော့လျက် မြတ်ဗုဒ္ဓ၏ ခြေတော်ရင်း၌ ဝပ်စင်းကာ လျှောက်ဆိုသည်မှာ-

(၁) အလုံးစုံသော တရားကို သိမြင်တော်မူသော မြတ်စွာဘုရား. . . . အရှင် ဘုရားအား ရှိခိုးပါ၏ဘုရား၊ မဟာကရုဏာ၏ တည်ရာဖြစ်တော်မူသော မြတ်စွာ ဘုရား.... သံသရာဝဲဂယက်မှ ကူးမြောက်တော်မူပြီးသော မြတ်စွာဘုရား. . . . ဘယ်အခါမှမံသေ အမြိုက်မွေကို ပေးဝေတော်မူသော မြတ်စွာဘုရား. . . . အရှင် ဘုရားအား ရှိခိုးပါ၏ဘုရား။

(၂) မိစ္ဆာညစ်ထေး ချုံပျစ်စေးသို့ ပြေးဝင်သော, ကာမဗဂုဏ်ကို ခင်စုံတပ်မက် နှစ်သက်လိုက်စား၍ မျက်စိလည်လမ်းမှားသော အကျွန်ုပ်သည် လှပတင့်တယ် ရှုချင်စဖွယ် မိန်းမငယ်အဆင်းကို ဖန်ဆင်းတုံရှောင်း နည်းကောင်းဥပါယ်တံမျဉ်ဖြင့် ရှင်ပင်ဘုရားသည် လိမ္မာယဉ်ကျေးအောင် နည်းပေးဆုံးမအပ်သည်ဖြစ်၍ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဘုံမခြင်း၌ နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ရပါပြီ ဘုရား။

(၃) အရှင်ဘုရားကဲ့သို့ သဘောရှိကုန်သော သီလ သမာဓိ အစရှိကုန်သော ဂုဏ်တို့ဖြင့် ကြီးမြတ်တော်မူသော ဘုရားရှင်တို့ကို မဖူးမြင်ရသဖြင့် ကွေကွင်း ရခြင်းကြောင့် သတ္တဝါတို့သည် သံသရာတည်းဟူသော မြစ်ပင်လယ်၌ ကြီးစွာသော ဆင်းရဲကို ခံစားကြရကုန်၏။

စာမျက်နှာ-640
(၄) တပည့်တော်မသည် လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်သော, ကိလေသာ ရန်သူ ကင်းဝေးတော်မူသော, ကိလေသာတို့၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်တော် မူသော အရှင်ဘုရားကို ဝေဠုဝန်ဥယျာဉ်၌ နေတော်မူပါလျက် လာရောက် ဦးမတင် မဖူးမြင်သောအပြစ်ကို လျှောက်ကြားတောင်းပန်ပါ၏ဘုရား။

(၅) သတ္တဝါအများတို့၏ အကျိုးစီးပွားကို ဆောင်တော်မူသော, မြတ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ... ပေးတော်မူတတ်သော အရှင်ဘုရားကို “အစီးပွားမဲ့အောင် ကဲ့ရဲ့ ရှုတ်ချတတ်သည်” ဟူ၍ ယုံမှား တွေးတောလျက် အရောင်အဆင်း၌ လွန်မင်းစွာ မွေ့လျော် ပျော်ပိုက်သည်ဖြစ်၍ မဆည်းကပ် မလာရောက်မိပါ၊ ထိုအပြစ်ကို ... လျှောက်ကြားတောင်းပန်ပါ၏ဘုရား။

ဤသို့ တောင်းပန် လျှောက်ထားလေသော် ... ဗုဒ္ဓမြတ်စွာသည် .. အမြိုက် ရေချမ်းဖြင့် သွန်းဖျန်းတော် မူလိုက်သကဲ့သို့ ခေမာမိဖုရားကို သည်းခံစကား မိန့်ကြားတော်မူလေ၏။ ခေမာမိဖုရားသည် ဗုဒ္ဓမြတ်စွာအား ရှိခိုးပြီး၍ ရွှေနန်းတော်သို့ ပြန်လာကာ ဗိမ္ဗိသာရမင်းကြီးကို ရဟန်းမ ပြုရန် ခွင့်ပန်စကား လျှောက်ကြားလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ခွင့်လွှတ်ကြောင်း ဆုပေးစကားကို မိန့်တော်မူပြီးလျှင် ခေမာမိဖုရားကို ရွှေထမ်းစင်ထက်တင်၍ ကြီးကျယ် ခမ်းနားစွာ ဘိက္ခုနီမကျောင်းတိုက်သို့ ဆောင်၍ ရှင်ရဟန်းမ ပြု စေလေ၏။

ခေမာထေရီသည် ဥပုသ်ပြုရာ၌ ဝတ်ပြုရင်း ဆီမီးတောက်ထွန်းခြင်း, ဆီမီး ငြိမ်းသေခြင်းများကို မြင်၍ ထိတ်လန့်သံဝေဉာဏ်ကို ရသဖြင့် ရုပ်နာမ်သင်္ခါရတို့၏ အဖြစ်အပျက်ကို ဆက်၍ တဖန် သုံးသပ်ဆင်ခြင်ပြန်လျှင် ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ် ခြောက်ပါးတို့ဖြင့် တန်ဆာဆင်အပ်သော အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာထေရီမ ဖြစ်လေ၏။

ခေမာထေရီသည် ပရိယတ် ပဋိပတ် နှစ်ရပ် စွယ်စုံ လေ့လာသူ ဖြစ်သဖြင့် ဝိသုဒ္ဓိခုနစ်ပါး၌ အထူးကျွမ်းကျင်လိမ္မာသည့်အပြင် ကထာဝတ္ထုဆယ်ပါးတို့၌လည်း ရဲရင့်သူ ဖြစ်လျက် အဘိဓမ္မာနည်း၌လည်း ကျွမ်းကျင်သူ ပညာထူးချွန်သူ ဖြစ်လေသည်။ ကောသလမင်းကြီးအားလည်း သိမ်မွေ့သောတရား ခေမသုတ္တန်ကို ဟောကြားလေသည်။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် “ရဟန်းတို့ - ပညာဉာဏ်ကြီးသည့် ငါဘုရား၏ သာဝိကာတပည့်မ ဘိက္ခုနီမ တို့တွင် ခေမာထေရီဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူလေသည်။

စာမျက်နှာ-641

၃။ ဥပ္ပလဝဏ္ဏာထေရီ

ဥပ္ပလဝဏ္ဏာသည် သာဝတ္ထိပြည် သေဋ္ဌေးမျိုး၌ ဖြစ်၏။ သေဋ္ဌေးသမီး၏ ကိုယ်ရေအဆင်းကား ကြာညိုပန်းနှင့် တူသောကြောင့် ဥပ္ပလဝဏ္ဏာဟု မှည့်ခေါ် ကြ၏။ ဥပ္ပလဝဏ် အရွယ်သို့ ရောက်သောအခါ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ရှိသော မင်းသေဋ္ဌေး ... အားလုံးကပင် စာသဝဏ်နှင့် တမန်စေလွှတ်၍ တောင်းခံကြ လေသည်၊ မတောင်းခံသော မင်းသေဌေးဟူ၍ မရှိချေ။

ထိုအခါ ဖခင်သေဋ္ဌေးကြီးသည် “ငါကား သမီးကို လိုချင်သူအားလုံးတို့၏ စိတ်ကို ကျေနပ်မှု ရယူခြင်းငှာ မည်သည့်နည်း ဖြင့်မျှစွမ်းနိုင်လိမ့်မည်မဟုတ်၊ ဥပါယ်တံမျဉ်ကို ငါပြုပေအံ့” ဟု ကြံစည်၍ သမီးကို ခေါ်ပြီး “ချစ်သမီး-ရဟန်းမ ပြုနိုင်ပါမည်လော” ဟု မေးမြန်းလေ၏။ ဥပ္ပလဝဏ် သေဋ္ဌေးသမီး ကိုယ်တိုင်ကပင် သံသရာ နောက်ဆုံးဘဝ၌ ဖြစ်သူ ပစ္ဆိမဘဝိက သမီးဖြစ်လေသောကြောင့် ဖခင်ကြီး၏ မေးမြန်း ပြောဆို လိုက်သော စကားသည် ဦးခေါင်းထက်ဝယ်လောင်းချလိုက်သည့် အကြိမ်တစ်ရာ ချက်လေပြီးသော ဆီမွှေးကဲ့သို့ ရှိလေ၏။ ဖခင်ကြီးကို “ ရဟန်းမ ပြုပါမည်” ဟု ဝမ်းမြောက်ဝမ်းသာ ဖြေကြားပြောလိုက်လေ၏။

သေဋ္ဌေးကြီးသည် သမီးဥပ္ပလဝဏ္ဏာအား ကြီးစွာသော ချီးမြှောက်သက္ကာရမ္မ ပြုလုပ်၏။ ဘိက္ခုနီမကျောင်းသို့ ခေါ်ဆောင်ပြီးလျှင် ရှင်ရဟန်းမ, ပြုလုပ်စေ၏။ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမ ရဟန်းပြု၍ မကြာမြင့်မီ ဥပုသ်အိမ်သိမ်အပြင် ဝတ်ပြုရန် အလှည့် ကျရောက်လေ၏။

ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမသည် ဆီမီး ညိုထွန်း၍ ဥပုသ်အိမ် သိမ်အပြင်ကို တံမြတ်လှည်းပြီးလျှင် ဆီမီးတောက် အညွှန့်၌ ကမ္မဋ္ဌာန်းအာရုံနိမိတ်ကို ရယူလျက် ရပ်တည်လျက်ပင် အကြိမ်ကြိမ် အဖန်ဖန် ဆီမီးညွန့်ကို ကြည့်ရှု၍ တေဇောကသိုဏ်းကို ပွားများအားထုတ်လေရာ တေဇောကသိုဏ်းကို ရ၍ ထိုတေဇောကသိုဏ်း ဈာန်သမာဓိကို အခြေပြုကာ ဝိပဿနာတရား ပွားများ အားထုတ်လေလျှင် မကြာမီမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရဟန္တာထေရီမ ဖြစ်လေ၏။ ရှေးဆုတောင်းအတိုင်း တန်ခိုးစီမံ ဖန်ဆင်းခြင်း၌ ဝသီဘော်ငါးတန် လေ့လာနိုင်နင်းပြီးသူ ဖြစ်လေသည်။

ဥပ္ပလ၀ဏ္ဏာ ရဟန္တာထေရီမသည် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက် ရောက်လတ်သောအခါဝယ် ယမိုက်ပြာဋိဟာ ပြတော်မူရာမှာ မြတ်စွာဘုရား- တပည့်တော်မ တန်ခိုးပြာဋိဟာကို ပြုပါရစေဘုရား စသည်ဖြင့် မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား လျှောက်ထားခဲ့လေသည်။

စာမျက်နှာ-642
ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ နေစဉ် “ရဟန်းတို့-တန်ခိုးနှင့် ပြည့်စုံကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် ဥပ္ပလဝဏ္ဏ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်ခဲ့လေသည်။

၄။ ပဋာစာရာထေရိ

ပဋာစာရီသည် သာဝတ္ထိပြည်သူ သေဋ္ဌေးသမီး ဖြစ်လေ၏။ သေဋ္ဌေးသမီး အရွယ်ရောက်လတ်သော် မိမိအိမ်၌ နေသူ အလုပ်သမား တစ်ယောက်နှင့် မေတ္တာသက်ဝင် ချစ်ခင်နေ၏။ မိဘတို့က အမျိုးဇာတ်တူသူ သေဋ္ဌေးသား တစ်ယောက်နှင့် ထိမ်းမြားမှ ပြုအံ့ဆဲဆဲတွင် မေတ္တာသက်ဝင် ချစ်ခင်ခဲ့ရင်း ဖြစ်သော အိမ်ကျွန် အလုပ်သမားအား “ငါ့ကို ခေါ်ဆောင်၍ ပြေးလော့”ဟု အသိပေးစကား ပြောကြားလေ၏။ ထိုအိမ်ကျွန် အလုပ်သမားသည် လျောက် ပတ်သော ဥစ္စာနှစ်ကို ယူဆောင်ကာ သေဋ္ဌေးသမီးကို ခိုး၍ သာဝတ္ထိပြည်မှ လေးယူဇနာတိုင်တိုင် ဖဲခွာထွက်ပြေးခဲ့ပြီး ရွာငယ် တစ်ရွာတွင် နေလေ၏။

ပဋာစာရီ၏ ဝမ်းကြာတိုက်၌ ကိုယ်ဝန်အရင့်အမာ ဖြစ်လတ်သော် လင်ဖြစ် သူကို “ဤအရပ်သည် ကျွန်မတို့အတွက် ကိုးကွယ်ရာမဲ့သော အရပ်ဖြစ်လေသည်။ ထို့ကြောင့် မိဘအိမ်သို့ ပြန်ကြပါစို့” ဟု ပြောဆိုတိုင်ပင်၏။ လင်ယောက်ျား ဖြစ်သူမှာ မပြန်ဝံ့၍ အချိန်ကုန်စေသော် ပဋာစာရီသည် လင်မရှိစဉ် မိဘအိမ်သို့ ပြန်လေ၏။

လင်ဖြစ်သူ အိမ်သို့ ပြန်ရောက်၍ ချစ်ဇနီးကို မတွေ့ရလျှင် အိမ်နီးချင်းတို့ကို မေး၍ မိဘအိမ်သို့ ပြန်သွားကြောင်း သိရသောအခါ “အော်...ငါ့ကို အမှီပြု၍ သေဋ္ဌေးသမီးသည် ကိုးကွယ်ရာမဲ့ ဖြစ်ရရှာချေ၏”ဟု သနားကရုဏာဖြစ်လျက် အပြေးလိုက်သော် လမ်းခရီးအကြား၌ မီလေ၏။ ပဋာစာရီ သည် လမ်းခရီးအကြားမှာပင် သားဖွားမြင်လေသည်။ ယခုအခါ သားဖွားခြင်း ကိစ္စ ပြီးပြီဖြစ်၍ မိဘထံသို့ မသွားတော့ဘဲ အိမ်သို့ပြန်ရန် သဘောတူ တိုင်ပင်ပြီး ထိုနေရင်း တောရွာငယ်သို့ ပြန်ကြလေကုန်၏။

တဖန် ပဋာစာရီ၏ ဝမ်းကြာတိုက်၌ ဒုတိယအကြိမ် ကိုယ်ဝန်တည်ပြန်၏။ ပဋာစာရီက မိဘရပ်ထံ ပြန်ဖို့ လင်ယောက်ျားကို ပြောကြားသော်လည်း ခင်ပွန်းဖြစ်သူက အချိန်ဆွဲနေသဖြင့် သေဋ္ဌေးသမီးသည် တစ်ယောက်တည်း မိဘအိမ်သို့ ခရီးထွက်ခဲ့၏။ ရှေးနည်းအတူပင် လင်ယောက်ျား လိုက်လာကာ လမ်းခရီးအကြား၌ မီလေ၏။

ပဋာစာရီသည် လမ်းခရီးအကြား၌ သားဖွားခြင်း ဖြစ်ပြီးလျှင်ပင် အရပ် လေးမျက်နှာတို့၌ မိုးကြီး သည်းစွာ ရွာသွန်းလေသည်။ ပဋာစာရီသည် လင်ယောက်ျားကို မိုးခိုဖို့ နေရာပြုလုပ်ရန် ပြောဆိုလေ၏။

စာမျက်နှာ-643
လင်ယောက်ျားသည် ထင်းချောင်းတုတ်တံတို့ဖြင့် တဲကုပ်ကလေး ဖြစ်ကတတ်ဆန်း ဆောက်လုပ်ပြီး အမိုးအတွက် ညဉ့်အချိန် ဖြစ်သဖြင့် တောင်ပို့ ရှိ မရှိ မသိရှာဘဲ တစ်ခုသော တောင်ပို့အခြေ၌ မြက်ကို ... နုတ်လေ၏။ မြွေဟောက်သည် . ထိုယောက်ျား၏ ခြေ၌ ပေါက်လိုက်လေ၏။ ထိုယောက်ျားသည် ထိုနေရာ၌ပင် လဲကျသေဆုံး သွားလေ၏။

ပဋာစာရီသည် ယောက်ျားလာတော့မည်ဟု မျှော်လင့်ရင်း ညဉ့်သုံးယံကို ကုန်စေလျက် ဤယောက်ျားသည် ငါ့ကို စွန့်ပစ်သွားပြီဟု ကြံစည်အောက်မေ့ကာ အလင်းရောင် ဖြစ်ပေါ်လာသောအခါ၌ ခြေရာခံလိုက်သွားလျက် ကြည့်ရှုလတ်သော် လဲကျသေဆုံးနေသော လင်ယောက်ျားကို တွေ့ရ၍ သည်းစွာ ငိုကြွေးလျက် သားငယ်ကိုချီ သားကြီးကို လက်ဆွဲ၍ ခရီးဆက်လေသော် ခရီး အကြားဝယ် ချောင်းငယ်တစ်ခုကို တွေ့၍ သားနှစ်ယောက်နှင့် တပြိုင်နက်တည်း ကူးခြင်းငှာ တတ်နိုင်မည် မဟုတ်ဟု ဆင်ခြင်မိ၍ သားကြီးကို ထားခဲ့ကာ သားငယ်ကို ... ဟိုမှာဘက်ကမ်းသို့ ပို့ဆောင်ပြီး အနှီးအဝတ်ဖြင့် သိပ်ထားပြီးမှ တဖန် ပြန်၍ သားကြီးကို ခေါ်အံ့ဟု ကြံစည်လျက် ချောင်းအတွင်းသိုပ ဆင်းသက်လေ၏။

ပဋာစာရီ ချောင်းအလယ်သို့ ရောက်သောအခါ သိန်းစွန်ရဲတစ်ကောင်သည် သားတစ်ရာဟူသော အမှတ်ဖြင့် သားငယ်ကို ထိုးသုတ်ရန် ပျံသန်းလာလေသည်။ ပဋာစာရီသည် ... ခရီးဝေးနေသဖြင့် လက်ကို ဆန့်တန်းကာ သိန်းစွန်ရဲကို ပြေးစေရန် အသံပြုလေ၏။ မိခင်သေဋ္ဌေးသမီး၏ လက်ဆန့်တန်းသော အမူ အရာကို မြင်ရ၍ သားအကြီးသည် “ငါ့ကိုမိခင်ခေါ်၏” ဟူသော အမှတ်ဖြင့် ချောင်းအတွင်းသို့ ပြေးဆင်းလာလတ်သော် ရေအဟုန်ဖြင့် လဲကာ မျောပါ သေဆုံးရှာလေသည်။ သိန်းစွန်ရဲသည်လည်း မိခင် ပဋာစာရီ မရောက်မီပင် သားငယ်ကို သုတ်ချီယူဆောင်၍ သွားလေတော့သည်။

ပဋာစာရီ၏ ဒုက္ခသည် သားကြီးရေမြုပ်၊ သားငယ်စွန်ချီ၊ လင်ပိုးထိ၍ လမ်းခရီးတွင် သေမဲ့လေပြီဟု ငိုကြွေးလျက် သာဝတ္ထိပြည်ဘက်သို့ သွားလေ၏။ ပဋာစာရီသည် ဤသို့ ငိုကြွေးလျက် မိဘအိမ်အနီးသို့ ရောက်ပါသော်လည်း သောကအဟုန် အားကြီးသဖြင့် မိဘအိမ်ကို မမှတ်မိနိုင်ရှာဘဲ အနီးရှိသူများကို မေးလေသော် အနီးရှိလူများက ထိုသေဋ္ဌေးမိသားစုနေအိမ်သည် ယမန်ညက လေပြင်းတိုက်ခတ်သောကြောင့် ပြိုကျခဲ့လေပြီ။

ထိုတိုက်ပြိုကြီးထဲမှာ သေဋ္ဌေး မိသားစု အားလုံးလည်း အသက်ပျောက်ကြ ရှာလေပြီ၊ ထိုသေဋ္ဌေးမိသား ကြီးငယ်တို့ကို ထင်းပုံ တစ်ပုံတည်းဖြင့်ပင် မီးသဂြိုဟ် လိုက်ကြလေသည်။

စာမျက်နှာ-644
မီးခိုးညွန့်တက်ရာဆီသို့ ရှင်မ ကြည့်ရှုပါလော့ဟု ပြောကြားလေလျှင် ပဋာစာရီ သည် “အို----အရှင်တို့ ဘယ်လို ပြောလိုက်ကြတာလဲ” ဟု တစ်ခွန်းတည်းသာ ပြောနိုင်ရှာပြီး . အဝတ်ကိုပင် မဝတ်နိုင်တော့ဘဲ မီးသင်္ဂြိုဟ်ရာ အရပ်သို့ သွားရောက်၍ အမျိုးကောင်းသမီး စောင့်စည်းရန်ဝတ် ယွင်းချွတ်မှုကြောင့် သားငယ်ကို စွန်ချီ၊ သားကြီးရေနစ်၊ လင်ပိုးထိကာ သေခဲ့လေပြီ၊ မွေးမိသခင် မွေးဘသခင် ကျေးဇူးရှင်တို့နှင့် တစ်အူတုံဆင်း မောင်အရင်းတို့ တိုက်ပြို၍ အသက်ကုန် တစ်ခုတည်းသော ထင်းပုံ၌ သင်္ဂြိုဟ်အပ်ကုန်ပြီဟု ငိုကြွေးရှာလေ၏။ ပဋာစာရီသည် သတိယွင်းချွတ် ရူးသွပ်ရှာ၍ အဝတ်မဝတ်ဘဲ ကျက်စားသွားလာ နေသောကြောင့် ပဋာစာရီဟု ခေါ်ဆိုကြ၏။

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ များစွာသော ပရိသတ် အလယ် ထိုင်တော်မူလျက် တရားဟောတော်မူနေစဉ် မရပ်မတည် လှည့်လည် သွားလာနေသော ပဋာစာရီကို မြင်၍ သူမ၏ အသိဉာဏ် ရင့်ကျက်ချိန်ကို သိမြင်တော်မူသောကြောင့် ထိုပဋာစာရီကို ကျောင်းတိုက်တော်သို့ ရှေးရှုလာ ရောက်အောင် ... အဓိဋ္ဌာန်ပြုတော်မူ၏။

တရားနာပရိသတ်တို့သည် အရူးမကို လာရောက်ခွင့် မပြုကြလင့်ဟု ပြောဆိုလေသော် ဗုဒ္ဓမြတ်စွာသည် ပဋာစာရီကို မတားကြလင့်ဟု မိန့်တော်မူ၍ အနီးသို့ ရောက်သောအခါ “ချစ်သမီး- သတိရလော့” ဟု မဟာကရုဏာဖြင့် မိန့်တော်မူ၏။

ပဋာစာရီသည် သတိရ၍ ထမီအဝတ်မပါသည်ကို အမှတ်ရကာ အရှက် ကြီးစွာဖြစ်လျက် အတတ်နိုင်ဆုံး ဖုံးပြီးသော် ဒူးထောက်ခါးညွတ်ကာ ထိုင်နေ ရှာလေ၏။ ထိုအချိန်တွင် လူတစ်ယောက်သည် အပေါ်ရုံအဝတ်ကို ပစ်ပေး၍ ထိုအဝတ်ကို ဝတ်ကာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး တည်ခြင်းငါးပါးဖြင့် ရှိခိုးလျက် မိမိသောကဖြစ်ရခြင်း အကြောင်းရင်းကို လျှောက်ထားလေ၏။

မြတ်စွာဗုဒ္ဓက “ချစ်သမီး ပဋာစာရီ-ထွေရာလေးပါး သင်ချစ်သမီး အကြံ များမနေလင့်၊ သင်ချစ်သမီး၏ မှီခိုကိုးစား အားထားရာ ဖြစ်နိုင်သောသူ၏ အထံသို့ သင်ချစ်သမီး ရောက်ခဲ့လေပြီ၊ သင်ချစ်သမီးသည် ယခုအခါ သား, လင်, မိဘ, မောင်တို့ သေဆုံးရခြင်းဟူသော အကြောင်းကြောင့် မျက်ရည်ပေါက် ကြီးငယ်ကို ဖြစ်စေရဘိသကဲ့သို့ပင် အနမတဂ္ဂ အစမထင် သံသရာတခွင်၌ သား, လင်, မိဘ, မောင်တို့ သေဆုံးရခြင်းဟူသော အကြောင်းကြောင့် ကျခဲ့ရသော မျက်ရည်ပေါက်များကား မဟာသမုဒ္ဒရာ လေးစင်း အတွင်းမှာ ရှိသော ရေပေါက်တို့ထက် များလှတုံသေး၏”ဟု တရားဓမ္မ ညွှန်းဖော် ပြလျက် ချစ်သမီး ပဋာစာရီ- ကာယစိတ္တ ဒုက္ခနှစ်ဖုံဖြင့် တွေ့ကြုံနှိပ်စက်အပ်သော ဒေါသကိလေသာ

စာမျက်နှာ-645
မခွါရသေးသူ လူတစ်ယောက်၏ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းကြောင့် ဖြစ်ပေါ်၍ လာသော ဂဏန်းမချနိုင်သော မျက်ရည်ပေါက်များသည် သမုဒ္ဒရာလေးစင်း အတွင်းမှာရှိသော ရေထက် များပြားလှ၏။ ချစ်သမီး ပဋာစာရီ- အဘယ်ကြောင့် သတိယွင်းပေါ့ မေ့လျော့နေလေသနည်း၊ အသိတရား လက်ကိုင်ထား၍ သင်ကား မမေ့မလျော့လေလင့်” ဟူ၍ သောကငြိမ်းတရားကို ဟောကြားတော်မူ၏။

ဗုဒ္ဓမြတ်စွာသည် ပဋာစာရီ၏ သောကတရား ပါး၍ နေသည်ကို သိမြင် တော်မူ၍ ပညာရှိသောသူသည် မိမိ၏သီလကို သုတ်သင်စင်ကြယ်စေ၍ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်း လမ်းစဉ်ကိုသာ ကောင်းစွာ ပြီးစေရမည်ဟု ဖော်ပြတော်မူလျက် တရားဟောတော်မူ၏။ ဒေသနာဆုံးသော အခါ ပဋာစာရီ သေဋ္ဌေးသမီးသည် မဟာပထဝီမြေမှုန့်ပမာဏ များလှစွာသော ကိလေသာတို့ကို သောတပတ္တိမဂ်ပညာဖြင့် အပြီးတိုင် လောင်ကျွမ်းစေလျက် သောတာပန်အရိယာ ဖြစ်လေ၏။

ဗုဒ္ဓမြတ်စွာသည် ပဋာစာရီကို ဘိက္ခုနီမတို့ထံသို့ ခေါ်၍ ရှင်ရဟန်းမ ပြုပေးစေတော်မူ၏။ ပဋာစာရီ ဘိက္ခုနီမ ဖြစ်ပြီးနောက် ဝိပဿနာ အလုပ်ကို အားထုတ်ကျင့်ကြံစဉ် တနေ့သ၌ ရေအိုးဖြင့် ရေကိုခပ်၍ ခြေကိုဆေးရန် ရေလောင်းလေလျှင် အနည်းငယ်သော အရပ်တိုင်အောင် ရေရောက်၍ ပြတ် လေ၏။ ဒုတိယအကြိမ် တတိယအကြိမ် လောင်းပြန်သောအခါတွင်လည်း အနည်းငယ်ဝေးသော အရပ်တိုင်အောင် ရေရောက်၍ ပြတ်လေ၏။

ပဋာစာရီသည် ထိုရေသုံးမျိုး ရောက်ရာ အရပ်သုံးမျိုးကို အာရုံပြု၍ အရွယ်သုံးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားပြီးလျှင် ပထမအရွယ်၌လည်း စုတိပြတ်ကြွေ သေလွန်နိုင်ကြ ကုန်၏။ မဇ္ဈိမအရွယ်၌လည်း စုတိပြတ်ကြွေ သေလွန်နိုင်ကြကုန်၏။ ပစ္ဆိမအရွယ် ၌လည်း စုတိပြတ်ကြွေ ဧကန်ပင် သေလွန်နိုင်ကြကုန်၏ဟု ပညာသက်ဝင် ဆင်ခြင်စဉ်းစား၍ နေလေ၏။

ထို့နောက် အနိစ္စ လက္ခဏာကိုလည်းကောင်း၊ ထိုအနိစ္စလက္ခဏာကို အစဉ်လျှောက်သဖြင့် ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ နှစ်ပါးတို့ကိုလည်းကောင်း စူးစမ်းဆင်ခြင်လျက် ဝိပဿနာအလုပ် ပွားများ အားထုတ်နေစဉ် မိမိနေရာ ကျောင်းတိုက်ခန်းသို့ ဝင်လေလျှင် အမိုက်မှောင်ကို ပယ်ဖျောက်ရန် ဆီမီးခွက်ကို စွဲကိုင်ကာ အခန်းတွင်းသို့ ဝင်ရောက်၍ ဆီမီး ခွက်ကို နေရာတကျထားပြီးလျှင် ညောင်စောင်းငယ်၌ ထိုင်လျက်ပင်လျှင် ဆီမီးခွက်ကို ငြိမ်းစေရန် အပ်သံချွန်ဖြင့် ဆီမီးစာကို ဆီသို့ ရှေးရှု ဆွဲငင် လိုက်လေသည်။

စာမျက်နှာ-646
ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်၌ ထိုင်နေတော် မူရင်းကပင် ကိုယ်တော်ရောင်ကို ဖြန့်လွှတ်၍ ထေရီမ မျက်မှောက်၌ ရပ်တည်ကာ ဟောသကဲ့သို့-

“ချစ်သမီး ပဋာစာရီ- သင်ချစ်သမီး စဉ်းစားဆင်ခြင်သော ဤအကြောင်း အရာသည် စဉ်းစားဆင်ခြင်သည့်အတိုင်း မှန်ပေ၏။ ခပ်သိမ်းသော သတ္တဝါ တို့သည်ပင် စုတိပြတ်ကြွေ သေလွန်ခြင်းသဘော ရှိကြကုန်၏။ သို့ဖြစ်ရကား ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ဉာဏ်ပညာဖြင့် မသိမြင်သောသူ၏ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ဉာဏ်ပညာဖြင့် သိမြင်သောသူ၏ တစ်ရက်မျှသော်လည်းကောင်း၊ တစ်ခဏ မျှသော်လည်းကောင်း အသက်ရှင် နေရခြင်းသည် ချီးမွမ်းအပ် အထူးသဖြင့် မြတ်လှပေ၏။

ဤ တရားဒေသနာ ဆုံးသောအခါ ပဋာစာရီထေရီသည် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။ ပဋာစာရီသည် ရဟန္တာ ဖြစ်ပြီးနောက် ဗုဒ္ဓအထံတော်၌ ဝိနည်းပိဋကတ်ကို သင်ကြားတင်မြောက်ပြီး ဝိနည်းနှင့်ပတ်သက်လျှင် ဟုတ်မှန်သည့်အတိုင်း ဖြေဆိုလေ့ရှိသည်။

ဗုဒ္ဓမြတ်စွာက “ဝိနည်းကို ဆောင်ကုန်သော ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် ပဋာစာရီ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူပါသည်။

၅။ ဓမ္မဒိန္နာထေရီ

ဓမ္မဒိန္နာထေရီသည် ရာဇဂြိုဟ်ပြည်သူ သေဋ္ဌေးသမီးဖြစ်၍ ဝိသာခသေဋ္ဌေးနှင့် လက်ဆက်ပြီး သေဋ္ဌေးအိမ်သို့ လိုက်ရကာ ဓမ္မဒိန္နာ သေဋ္ဌေးကတော်ဟူ၍ ထင်ရှားလေသည်။ ဝိသာခသေဋ္ဌေးသည် ဗုဒ္ဓမြတ်စွာ ပထမဆုံးအကြိမ် ရာဇဂြိုဟ်သို့ ရောက်တော်မူ၍ တစ်သိန်းနှစ်သောင်းသော ပရိသတ်နှင့် အတူ လာရောက်သော ဗိမ္ဗိသာရ မင်းတရားအား တရား ဟောတော်မူသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ကြသော တစ်သိန်း နှစ်သောင်းသော ပုဂ္ဂိုလ်တို့ အနက် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ဗိမ္ဗိသာရမင်းကြီးနှင့် အလွန် ရင်းနှီးသော မိတ်ဆွေသေဋ္ဌေးဖြစ်သည်။

စာမျက်နှာ-647
တဖန် ဝိသာခသည် တစ်နေ့သ၌ တရားနာရပြန်သော် သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်လေသည်။ နောက်တစ်ကြိမ် တရားနာရပြန်သော် အနာဂါမိဖိုလ်၌ တည်လေသည်။ ဝိသာခသေဋ္ဌေးသည် အနာဂါမ် အရိယာ ဖြစ်ပြီးနောက် အိမ်သို့ပြန်လာရာတွင် ခါတိုင်းကဲ့သို့ မဟုတ်ဘဲ အလွန်ငြိမ်သက်သော ဣန္ဒြေ အလွန်ငြိမ်းအေးသော စိတ်ရှိလျက် ပြန်လာလေသည်။

ဓမ္မဒိန္နာသေဋ္ဌေးကတော်သည် လေသာပြူတင်းဖွင့်၍ လမ်းမသို့ မျှော်ကြည့် လတ်သော် ဣန္ဒြေကြီးစွာဖြင့် လာနေသော ငါ၏အရှင် ဝိသာခသေဋ္ဌေးသည် အဘယ်အကြောင်းထူးရှိပါလိမ့်ဟု အောက်မေ့ကာ အိမ်လှေကားရင်း၌ ရပ်လျက် မိမိလက်ကို ဆန့်တန်း ပေးလိုက်သော်လည်း ခါတိုင်းလို မဟုတ်ဘဲ ဝိသာခ သေဋ္ဌေးသည် မိမိလက်ကို ကွေး၍ပင် ထားလိုက်လေ၏။ သေဋ္ဌေးကတော်သည် နံနက်စာ စားသောအခါ သိရမည်ဟု အောက်မေ့ကာ စိတ်ကို ဖြေလေ၏။

ထိုနေ့၌ ဝိသာခသည် သေဋ္ဌေးကတော်ကို မခေါ်ဘဲ ကမ္မဋ္ဌာန်းအားထုတ်သော ရဟန်းတစ်ပါးကဲ့သို့ ဣန္ဒြေကြီးစွာဖြင့် တစ်ယောက်တည်းသာ စားလေ၏။ သေဋ္ဌေးကတော်လည်း ညနေချမ်းအခါ၌ သိရလိမ့်မည်ဟု အောက်မေ့ကာ စိတ်ကို ဖြေသိမ့်လေ၏။

ဝိသာခါ သေဋ္ဌေးသည် ညချမ်းကာလ ရောက်လတ်သော် ကျက်သရေ တိုက်ခန်းသို့ မဝင်ဘဲ အခြားအခန်းတစ်ခုကို ရှင်းလင်းကာ ခုတင်ညောင်စောင်း တစ်ခုကို ခင်းစေ၍ တစ်ယောက်တည်းသာ အိပ်စက်လေ၏။ သေဌေးကတော် ဓမ္မဒိန္နာမှာ မျိုးမျိုးတွေးတောကာ လွန်စွာ စိတ်နှလုံး မချမ်းသာဘဲ တစ်ရက် နှစ်ရက်နေပြီးသောအခါ၌ ဝိသာခသေဋ္ဌေးအား ပြုစုယုယရန် သွားရောက်၍ ရှိခိုးလျက် ရပ်တည်နေလေ၏။

ထိုအခါ ဝိသာခ-က “ဓမ္မဒိန္နာ-အခါမဟုတ်ဘဲ ဘာကြောင့်လာသလဲ” ဟု မေး၏။ သေဋ္ဌေးကတော်က အရှင့်သားသည် ယခုအခါ ရှေးကလို မဟုတ်တော့ပါ၊ ဘယ်လိုလဲ၊ အရှင့်သား၏ အဖို့ရာ ကျွန်တော်မမှ အပြင်ပ၌ တောင့်တချစ်ခင်မှုပင် ရှိလေသလောဟု မေး၏။ သေဋ္ဌေးကြီးက မရှိပါဟု ဖြေ၏။

သေဋ္ဌေးကတော်က သို့မဟုတ်လျှင် အခြား တစုံတယောက် စိတ်ဝမ်းကွဲအောင် ပြုလုပ်သူ ရှိသလောဟု မေး၏။ သေဋ္ဌေးက ဤသို့ စိတ်ဝမ်းကွဲ အောင် ပြုလုပ်သူ မရှိပါ။ သေဋ္ဌေးကတော်က ထိုသို့ဖြစ်လျှင် တစုံတရာ ကျွန်တော်မ၏ အပြစ်ပင် ရှိပါသလော။ သေဋ္ဌေးက သင်၏အပြစ်မရှိပါ။ သေဋ္ဌေး ကတော်က ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် အရှင့်သားတို့သည် ကျွန်တော်မနှင့် ပင်ကိုပကတိ ဇနီးမောင်နှံသဘောဖြင့် နှုတ်ခွန်းဆက်စကား တုံ့ပြန်စကားမျှကိုပင် မပြောကြားကြပါသနည်း။

စာမျက်နှာ-648
ဝိသာခသေဋ္ဌေးသည် ငါသိသော လောကုတ္တရာတရားမည်သည် လျှို့ဝှက် ထားသင့်သော တရားဖြစ်၏။ သို့သော် အကယ်၍ မဖြေလျှင် သေဋ္ဌေးကတော် သေဖွယ်ရှိသည်ကို ဆင်ခြင်စဉ်းစားမိ၍ -

ဓမ္မဒိန္နာ- ငါသည် မြတ်စွာဘုရား၏တရားတော်ဒေသနာကို ကြားနာရသောကြောင့် လောကုတ္တရာ တရားကို ရရှိ သိမြင်ခဲ့လေပြီ။ ထို့ကြောင့် လောကီ အပြု အမူများသည် လားလားမျှ မသင့်တော့ချေ။ အကယ်၍ သင်အလိုရှိပါမူ ကုဋေရှစ်ဆယ်သော ဥစ္စာများ ဤအိမ်မှာ ရှိပေသည်။ သင်သည် စိုးပိုင်သူ ဖြစ်ကာ ငါ၏ အမိအရာ၌ ဖြစ်စေ၊ အစ်မအရာ၌ ဖြစ်စေ တည်နေပါလော့။ သင်ပေးအပ်သည့် ထမင်းအစာမျှဖြင့်ပင် ငါသည် မျှတ၍ နေပါမည်။ ဤသို့ မပြုလုပ်လိုလျှင်လည်း ဤစည်းစိမ်ဥစ္စာတို့ကို ယူဆောင်ကာ သင့်မိဘအိမ်သို့ ပြန်သွားပါလေ၊ အကယ်၍ အပြင်အပ၌ တောင့်တမှု မရှိဘူးဆိုလျှင် ငါသည် သင့်ကို နှမငယ်အရာ၌ သော်လည်းကောင်း၊ သမီးအရာ၌ သော်လည်းကောင်း ထား၍ ကျွေးမွေး စောင့်ရှောက်ပါမည်ဟု ပြောကြားလေ၏။

သေဌေးကတော်သည် ထိုစကားကို ကြားသိရလျှင် ဝိသာခါသေဋ္ဌေးကို အရှင့်သား- အသို့နည်း၊ ဤလောကုတ္တရာတရားကို ယောက်ျားများသာ ရထိုက် ပါသလော၊ မာတုဂါမမိန်းမများလည်း ရနိုင်ပါသလောဟု မေးမြန်းလေ၏။

ထိုအခါ ဝိသာခသေဋ္ဌေးက ဘယ့်နှယ်ပြောပါလိမ့် ဓမ္မဒိန္နာ၊ ဓမ္မာနုဓမ္မ ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြသော သူတိုင်းပင် ဤလောကုတ္တရာ တရားဓမ္မကို ရယူနိုင်ကြကုန်၏။ မဂ်ဖိုလ်၏ ဥပနိဿယည်း ရှေးကုသိုလ် ပစ္စည်းရှိသူတိုင်းပင် ဤလောကုတ္တရာတရားကို ရယူနိုင်ကြ၏ဟု ဖြေကြား ပြောဆိုလေလျှင် ဓမ္မဒိန္နာ သေဌေးကတော်သည် “အရှင့်သား- ထိုသို့ ဖြစ်လျှင် ကျွန်မအား ရှင်ရဟန်းမ ပြုလုပ်ရန် ခွင့်ပြုတော်မူကြကုန်လော့” ဟု ခွင့်ပန် စကား ပြောကြားလေ၏။

ထိုခဏမှာပင် ဗိမ္ဗိသာရ မင်းကြီးထံသို့ သွား၍ ရှိခိုးကာ ရပ်တည်လေလျှင် မင်းကြီးက “သေဋ္ဌေး- အခါမဟုတ် ဘာကြောင့် လာရောက် သလဲ”ဟု မေးလျှင် “မြတ်သော မင်းကြီး -ဓမ္မဒိန္နာသေဋ္ဌေးကတော် ရှင်ရဟန်းမ ပြုတော့မည်” ဟု လျှောက်ထားလေ၏။ “အဘယ်ဝတ္တုကို အလိုရှိသနည်း”ဟု မင်းကြီး မေးလျှင် သဌေးကြီးက “ရွှေထမ်းစင်ကို ရလိုပါ၏။ မြို့တော်ကိုလည်း သုတ်သင်စေခြင်းငှာ အလိုရှိပါ၏”ဟု လျှောက်လေ၏။ မင်းကြီးသည် သေဋ္ဌေး အလိုအတိုင်း ပြုလုပ်ပေး၏။

စာမျက်နှာ-649
ဝိသာခသေဋ္ဌေးသည် သေဋ္ဌေးကတော်ကို နံ့သာရေဖြင့် ရေချိုးစေ၍ အဆင်တန်ဆာစုံဖြင့် တန်ဆာဆင်စေပြီးလျှင် ရွှေထမ်းစင်ထက်၌ ထိုင်နေစေလျက် ဆွေမျိုးအပေါင်းကို ဝန်းရံစေပြီးနောက် မြို့တော်ကို များစွာသော နံ့သာ ပန်းမာလ်တို့ဖြင့် ပူဇော်မှုပြုကာ ဘိက္ခုနီမများ နေထိုင်ရာ ကျောင်းတိုက်သို့ သွားရောက်၍ “အရှင်မကြီးတို့ဘုရား- အကျွန်ုပ်၏ ဓမ္မဒိန္နာ သေဋ္ဌေးကတော်ကို ရှင်ရဟန်းမ ပြုပေးတော်မူကြပါ” ဟု လျှောက်ထား ပြောဆိုလေ၏။

ဘိက္ခုနီမတို့က အပြစ်ရှိလျှင် သည်းခံဖို့ ပြောဆိုသောအခါ ဝိသာခသေဋ္ဌေး သည် “အရှင်မကြီးတို့ဘုရား- ဓမ္မဒိန္နာသေဋ္ဌေးကတော်မှာ တစိုးတစိ အပြစ် မရှိပါ။ ဓမ္မဒိန္နာသည် သဒ္ဓါကြည်ညိုသဖြင့် ရှင်ရဟန်းမ ပြုလိုသူ ဖြစ်ပါသည်” ဟု လျှောက်ထားလေ၏။ ထိုအခါ ဝိနည်းကျွမ်းကျင်သော ထေရီတစ်ပါးသည် တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားပြီးနောက် ဆံတို့ကို ပယ်ရိတ်၍ ရှင်ရဟန်းမ ပြုပေးလေ၏။ ဝိသာခသည် ဓမ္မဒိန္နာထေရီမကို “အရှင်မ - သာသနာတော်၌ မွေ့လျော်စွာ နေတော်မူပါ၊ မြတ်စွာဘုရားသည် တရားတော်ကို စ, လယ်, ဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ဟောကြားအပ်ပါပြီ” ဟု လျှောက်ထား၍ ရှိခိုးပြီးလျှင် အိမ်သို့ ပြန်လေ၏။

ဓမ္မဒိန္နာ ထေရီမ၏ အဖို့ရာ လာဘ်ပူဇာသက္ကာရ များလှသောကြောင့် ရဟန်းတရားကို အားထုတ်ခွင့်ကို မရနိုင်ဘဲ ရှိလေသည်။ “ဝိသာခသေဋ္ဌေးသည် အိမ်အလယ်၌ တည်နေစဉ်ပင် သံသရာဝဋ်ဒုက္ခဆုံးအောင် ပြုသေး၏။ ငါကား ရဟန်းမ ဖြစ်ချေပြီ၊ ထို့ကြောင့် သံသရာဝဋ်ဒုက္ခဆုံးအောင် ကျင့်ဆောင် ကြိုးစား အားထုတ်မှ သင့်တော့မည်ဟု” ဆင်ခြင်မိကာ ထေရီမကြီးတို့ထံ သွား၍ ရွာငယ်တောကျောင်းသို့ သွားလိုပါသည်ဟု လျှောက်ထားရာ ထေရီမ ကြီးတို့သည် ဓမ္မဒိန္နာထေရီမ၏ တောကျောင်းနေလိုသောစိတ်ကို မတားနိုင် ရကား ဓမ္မဒိန္နာကို တောကျောင်းတစ်ခုသို့ ခေါ်ဆောင်သွားကြလေကုန်၏။

ဓမ္မဒိန္နာထေရီသည် ဘဝများစွာက သင်္ခါရတရားတို့ကို ဉာဏ်ပညာဖြင့် ကြိတ်ချေခဲ့ဖူးသူ ဖြစ်သောကြောင့် မကြာမြင့်မီပင်လျှင် ရဟန်းတရား ပွားများ ကြိုးကုတ် အားထုတ်သဖြင့် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့် တကွ အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်လေ၏။ ဓမ္မဒိန္နာသည် ရဟန္တာဖြစ်သောအခါ ဆွေမျိုး တို့ကို ချီးမြှောက်လို၍ ရာဇဂြိုဟ်ပြည်သို့ တဖန်ပြန်၍ လာလေသည်။

ဝိသာခသေဋ္ဌေးသည် “ထေရီမ ပြန်လာပြီ” ဟူသော သတင်းစကားကို ကြားသိရ၍ အခြေအနေကို သိရှိရန် ညနေချမ်းအခါ၌ ဓမ္မဒိန္နာထေရီမထံသို့ သွားရောက်ရှိခိုးကာ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ကပ်ကာဆောင်၍ ပြဿနာကို

စာမျက်နှာ-650
မေးလျှောက်ပေအံ့၊ အမေးကို ဖြေဆိုခြင်းဖြင့် ထိုဓမ္မဒိန္နာ၏ သာသနာ၌ မွေ့လျော်ခြင်း, မမွေ့လျော်ခြင်းကို ငါသိအောင် စုံစမ်းပေအံ့ဟု ကြံစည်ဆင်ခြင် ပြီးလျှင် ခန္ဓာငါးပါး အစရှိသော အစွမ်းအားဖြင့် ပြဿနာတို့ကို မေးမြန်း လေသည်။

ဓမ္မဒိန္နာထေရီသည် သန်လျက်ဖြင့် ကြားရိုးကို ဖြတ်သကဲ့သို့ မေးတိုင်း မေးတိုင်းသော ပြဿနာစုကို မဆုတ်မဆိုင်း မြင်းလျင် စိုင်းသကဲ့သို့ ဟုတ်တိုင်း မှန်ရာ ဖြေဆိုလေသည်။ ဝိသာခသေဌေးသည် ဓမ္မဒိန္နာထေရီမ၏ ဉာဏ်ထက်မြတ် ခြင်းကို သိရှိ၍ မိမိ ရအပ် သိအပ်ပြီးသော အရာဝယ် အစဉ်အတိုင်း အောက်မဂ် သုံးပါးတို့၌ မေးသင့်သမျှ ခြင်းရာဥဿုံ ကုန်အောင် စုံအောင် မေးပြီးလျှင် နာယူသင်ကြား မှတ်သားသောအားဖြင့် အရဟတ္တမဂ်၌လည်း ပြဿနာကို မေးမြန်းပြန်လေသည်။

ဓမ္မဒိန္နာ ထေရီမသည်လည်း ဝိသာခါသေဋ္ဌေး၏ အဖို့ရာ အနာဂါမ် တိုင်အောင်သာ မေးဖို့ရန် အရာဖြစ်သည်ကို သိ၍ ယခုအခါ ဝိသာခသေဋ္ဌေးသည် မိမိ၏ မေးသင့်သော အရာနယ်ပယ်ကို လွန်၍ ပြေးသွား လေပြီဟု သိရှိကာ ဝိသာခါကို တန့်ရပ်စေ၏။

“ဒါယကာ ဝိသာခ- သင်သည် ပြဿနာ လွန်၍ သွားပြီ၊ သင်သည် ပြဿနာတို့၏ အဆုံးအပိုင်းအခြားကို ယူရန် မစွမ်းနိုင်၊ မှန်ပါသည်၊ ဒါယကာ ဝိသာခါ- သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သော အကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ နိဗ္ဗာန်လျှင် လားရာရှိ၏။ နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဒါယကာဝိသာခ-အလိုရှိခဲ့မူ သင်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအနက် အဓိပ္ပါယ် အကြောင်းအရာကို မေးလျှောက်လော့၊ သင့်အား မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ် အကြောင်းအရာကို မှတ်လော့”ဟု ပြောဆိုလိုက်လေသည်။

ထိုအခါ ဝိသာခသေဋ္ဌေးသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်၍ မိမိက မေးပုံ၊ ဓမ္မဒိန္နထေရီမက ဖြေပုံ အလုံးစုံကို မြတ်စွာဘုရားအား လျှောက် ထားလေ၏။ မြတ်စွာဘုရားရှင်သည် ဝိသာခသေဋ္ဌေး လျှောက်ထားသည့် စကားကို ကြားသိတော်မူရလေလျှင် “ငါသမီးတော် ဓမ္မဒိန္နာ ထေရီမ၏ သန္တာန်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ခန္ဓာတရားတို့၌ တပ်မက်မှု တဏှာ လောဘ မရှိတော့ချေ” ဟု မိန့်တော်မူ၏။

ထို့နောက်မှ မြတ်စွာဘုရားရှင်သည် ဓမ္မဒိန္နာထေရီအား သာဓုကောင်းချီး ပေးတော်မူပြီးလျှင် ဝိသာခသေဋ္ဌေးကို “ဒါယကာ ဝိသာခ-ဓမ္မဒိန္နာရဟန်းမသည် ပညာရှိ၏။ ဒါယကာဝိသာခါ-ဓမ္မဒိန္နာ ရဟန်းမသည် များမြတ်သော ပညာရှိ၏”

စာမျက်နှာ-651
ဒါယကာဝိသာခ- ငါဘုရားကို အကယ်၍ ထိုအနက်သဘောကို သင်မေးမြန်းလျှင် ငါဘုရားသည်လည်း ထိုအနက် သဘောကို ဓမ္မဒိန္နာရဟန်းမ ဖြေကြားသကဲ့သို့ ဖြေကြားရာ၏။ ထိုပြဿနာ၏ အနက်သည် ဤအနက်ပင်တည်း။ ဤသို့ ဓမ္မဒိန္နာရဟန်းမ ဖြေကြားသည့်အတိုင်း သင်မှတ်ယူလော့” ဟု မိန့်တော်မူ၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဓမ္မဒိန္နာထေရီမအား “ရဟန်းတို့- တရားဟောကောင်းကြ၊ တရားဟောခြင်း၌ လိမ္မာကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် ဓမ္မဒိန္နာ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး”ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေ၏။

၆။ နန္ဒာထေရီ (ဇနပဒကလျာဏီ)

နန္ဒာထေရီသည် နန္ဒမင်းသား၏ ကြင်ရာလောင်း နန္ဒာမင်းသမီး ဖြစ်၍ လာလေသည်။ အဘိရူပနန္ဒာမင်းသမီးဟုလည်း ခေါ်ဆိုကြ၏။ နောင်တွင် အလွန် တင့်တယ်သော ရုပ်အဆင်းရှိသူဖြစ်ခြင်းကြောင့် ဇနပဒကလျာဏီအမည်တွင် လေသည်။ မိထွေးတော် ပဇာပတိဂေါတမီ၏ သမီးအရင်း ဇနပဒကလျာဏီသည် ဗုဒ္ဓမြတ်စွာက ကပိလဝတ်သို့ ကြွ၍ နန္ဒမင်းသား, ရာဟုလာ, မယ်တော်မိထွေးတော် ဂေါတမီတို့ ရဟန်းပြု ရဟန်းမ ပြုကြသော အချိန်မှ စ၍ မယ်တော်ကြီးထံ သွားရောက်၍ ရဟန်းမ ပြုလေ၏။

ဇနပဒကလျာဏီသည် ရဟန်းပြုပြီးသော နေ့မှစ၍ မြတ်ဗုဒ္ဓက ရုပ်အဆင်းကို ကဲ့ရဲ့တော်မူ၏ဟု အောက်မေ့ကာ ဗုဒ္ဓမြတ်စွာထံ မဆည်းကပ်ရဲချေ။ အဆုံးအမ ဩဝါဒခံယူရန် အလှည့်ရောက်သော်လည်း ကိုယ်တိုင်မသွားဘဲ အခြားဘိက္ခုနီမ ကိုသာ ကိုယ်စားလွှတ်၍ အဆုံးအမ ဩဝါဒကို ယူဆောင်စေ၏။

ဗုဒ္ဓမြတ်စွာသည် နန္ဒာထေရီမ၏ ရုပ်ရည်၌ မာန်ယစ်၍နေကြောင်း သိတော် မူ၍ “ဘိက္ခုနီမများသည် မိမိအတွက် ဩဝါဒကို မိမိ ကိုယ်တိုင်သာ လာရောက်၍ ခံယူကြရမည်၊ ဘိက္ခုနီမများသည် အခြားဘိက္ခုနီမကို ကိုယ်စား မလွှတ်ရ” ဟု ထပ်ဆင့်၍ အမိန့် ထုတ်ပြန်တော်မူလေ၏။ ထိုအခါ ရူပနန္ဒာထေရီမသည် ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ဘဲ အလိုမရှိဘဲ အဆုံးအမခံရန် ဗုဒ္ဓမြတ်စွာထံသို့ သွားရတော့၏။

ဗုဒ္ဓမြတ်စွာသည် ရူပနန္ဒာထေရီ၏ စရိုက်နှင့် လိုက်လျောညီညွတ်အောင် ကြိုတင်၍ တန်ခိုးတော်ဖြင့် မိန်းမလှ နိမ္မိတရုပ်တစ်ခုကို ဖန်ဆင်းလျက် ကိုယ်တော် မြတ်ကို ယပ်ခတ်ပေးနေသည့်ဟန် ဖန်ဆင်း၍ ထားတော်မူလေသည်။ ရူပနန္ဒာ ထေရီသည် ထိုနိမ္မိတ မိန်းမလှရုပ်ကိုမြင်ရလေလျှင် “အော်. . . . ငါသည် အကြောင်း”

စာမျက်နှာ-652
မဟုတ်ဘဲလျက် မေ့လျော့ကာ မြတ်စွာဘုရားရှင် ထံတော်သို့ မလာမိချေတကား၊ ဤသို့ တင့်တယ်လှသည့် မိန်းမများသည်လည်း မြတ်စွာဘုရားအနီး၌ အကျွမ်းတဝင် ဝတ်ပြုကာ လှည့်လည် နေထိုင်ကြကုန်၏။ ငါ၏ အဆင်းကား ဤမိန်းမလှ တို့၏ အဆင်းနှင့် နှိုင်းဆလျှင် တစ်ဆယ့်ခြောက်စိတ် ဆယ့်ခြောက်ပြန်စိတ် (၂၅၆-စိတ်)သော်လည်း တစ်စိတ်လောက်မျှ မမီပါတကား၊ ငါသည် မသိ ဆိုးဝါးသည့်အတွက် ဤမျှလောက်ကြာအောင် ဗုဒ္ဓမြတ်စွာထံတော်သို့ မလာ ရောက်မိချေတကား” ဟု အောက်မေ့၍ ထိုနိမ္မိတ မိန်းမလှအာရုံနိမိတ်ကို ယူကာ စူးစူးစိုက်စိုက် ကြည့်ရှုလျက် ရပ်တည်နေလေ၏။

ဗုဒ္ဓမြတ်စွာသည် ရူပနန္ဒာထေရီအား ရှေးကောင်းမှုကုသိုလ်နှင့် ပြည့်စုံသော ကြောင့် “အဒြီနံ နဂရံ ကတံ” အစရှိသော ဂါထာကို ဟောတော်မူ၍ “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ဥဒ ဝါ သယံ” အစရှိသော သုတ္တနိပါတ် ပါဠိတော်လာ ဝိဇယ သုတ္တန်ကို ဟောကြားတော်မူလေ၏။ ရူပနန္ဒာထေရီသည် ဝိဇယသုတ္တန် ဒေသနာကို အဖန်ဖန် နှလုံးသွင်း၍ သုညတ ကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လတ်ရကား (၂)ရက် (၃)ရက် အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်လေ၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ နန္ဒထေရီအား “ရဟန်းတို့ ဈာန်ဝင်စားလေ့ရှိကြသော ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် နန္ဒာထေရီ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူလေ၏။

၇။ ကုဏ္ဍလကေသာထေရီ

ကုဏ္ဍလကေသာသည် ရာဇဂြိုဟ်ပြည်သူ ဘဒ္ဒါသေဋ္ဌေးသမီး ဖြစ်၏။ ရာဇဂြိုဟ် ပြည်၌ သတ္တုကလူဆိုး ထကြွသောင်းကျန်း၍ ဘုရင်က မြို့ဝန်ကို မင်းအာဏာ ထားပြီး ဖမ်းခိုင်းသောကြောင့် သတ္တုက လူဆိုးကို ခိုးထုပ်ခိုးထည်နှင့် မိလေ၏။ မင်းကြီးသည် သတ္တုက လူဆိုးကို ရွှေမြို့တော် တောင်တံခါးမှ ထုတ်၍ သတ်ကြ ကုန်ဟု အမိန့်ထုတ်တော်မူ၏။ မြို့ဝန်သည် သတ္တုက လူဆိုးကို လမ်းလေးခွ ဆုံတိုင်း ကြိမ်ဒဏ်အချက်တစ်ထောင် ရိုက်နှက်လျက် လက်ပြန်ကြိုးတုပ်ကာ တောင်တံခါးသို့ ခေါ်ဆောင်၍ သွားလေ၏။

ထိုအချိန်၌ ဘဒ္ဒါသေဋ္ဌေးသမီးသည် လူအများ၏ အုတ်အုတ် ကျက်ကျက် အသံကြောင့် လေသာပြူတင်းကို ဖွင့်၍ ကြည့်လေလျှင် ရိုက်နှက်ခေါ်ဆောင်

စာမျက်နှာ-653
အပ်သော သတ္တုက လူဆိုးကို မြင်သဖြင့် လက်နှစ်ဖက်ဖြင့် မိမိရင်ကို မ၍ သွားရောက်ကာ ကျက်သရေရှိသော အိပ်ရာ၌ မျက်နှာအောက်ချင် (မှောက် လျက်) လျောင်း၍ နေလေ၏။

ဘဒ္ဒါသေဋ္ဌေးသမီးကား ထိုသေဋ္ဌေးကြီး သေဋ္ဌေးကတော်ကြီးတို့၏ ချစ်၍ မငြီး တစ်ဦးတည်းသော သမီးဖြစ်လေသည်။ ထို့ကြောင့် ဘဒ္ဒါသေဋ္ဌေးသမီး၏ ဆွေမျိုးများသည် သမီးကလေး အနည်းငယ်မျှ မျက်နှာပျက်သည်ကို သည်းမခံ နိုင်အောင် ရှိကြလေသည်။

ထိုအခါ မိခင် သေဌေးကတော်ကြီးသည် ဘဒ္ဒါသေဋ္ဌေးသမီး အိပ်ရာ၌ ဝမ်းအလျားမှောက်၍ နေသည်ကို မြင်ရ၍ “သမီး- ဘယ်အမှုကို ပြုလုပ်ပေးရ မလဲ” ဟု မေးလေ၏။ ဘဒ္ဒါသေဋ္ဌေးသမီးက “သတ်ဖို့ ခေါ်ဆောင်သွားသော ခိုးသားကို ရပါမှ သမီးအသက်ရှင်ရပါလိမ့်မယ်၊ မရပါမူ သမီးအဖို့ရာ သေရန်သာ ရှိပါတော့တယ်” ဟု တိုက်ရိုက် ပြောဆို၏။

မိဘများနှင့် ဆွေမျိုးများသည် နားချကြသော်လည်း မရသည့်အဆုံး၌ “သေခြင်းထက်တော့ အသက်ရှင်၍ မြင်နေရခြင်းက မြတ်ပါသေး၏” ဟု မှတ်ချက်ချကုန်၏။ ထို့နောက် ဖခင်ကြီးသည် မြို့ဝန်အား အသပြာတစ်ထောင် လာဘ်ထိုး၍ သတ္တုကကို ကယ်ယူကာ သမီး၏ စိတ်အလို ပြည့်စေဖို့ မိဘတို့၏ ကြီးမားလှစွာသော အနန္တမေတ္တာဖြင့် သမီး၏ ပြာသာဒ်ထက်သို့ ပို့စေ၏။ ဘဒ္ဒါသေဋ္ဌေးသမီးသည်လည်း ပြုစုလုပ်ကျွေးလေ၏။

သတ္တုက လူဆိုးသည် သေဋ္ဌေးသမီး၏ အဆင်တန်ဆာ ဘဏ္ဍာအားလုံးကို ရယူမည်ဟု ယုတ်မာစွာ ကြံစည်၍ ဘဒ္ဒါသေဋ္ဌေးသမီးကို “ဘဒ္ဒါ- သင်ကတော့ ငါ့ကို အမှီပြု၍ သတ္တုကသည် အသက်ရအပ်လေပြီ ဟု အောက်မေ့ပေလိမ့်မည်။ စင်စစ်ကား ငါသည် အဖမ်းခံရလျှင် ခံရချင်းပင် စောရပပါတ တောင်စောင့်နတ်မင်း ကြီးအား 'အကယ်၍ အကျွန်ုပ်သည် အသက်ရှင်မှုကို ရပါမူ အရှင် နတ်မင်းအား ဗလိပူဇော်ပွဲကို ပေးဆက်ပါမည်' ဟု တောင်းပန်ခဲ့လေသည်။ ငါသည် စောရပပါတ တောင်စောင့်နတ်မင်းကို အမှီပြု၍ အသက်ရှင်မှုကို ရအပ်ခဲ့ပါပြီ၊ သင်ဘဒ္ဒါသည် လျင်မြန်စွာ ဗလိပူဇော်ပွဲကို စီရင်ပြင်ဆင်ပါလော့” ဟု ပြောလေ၏။

ဘဒ္ဒါ သေဋ္ဌေးသမီးသည် “သတ္တုက၏ အလိုဆန္ဒကို ဖြည့်မည်” ဟူသော ရည်ရွယ်ချက်ဖြင့် ဗလိပူဇော်ပွဲကို ပြင်ဆင်စေ၍ အဆင်တန်ဆာစုံဝတ်ဆင်ကာ သတ္တုကနှင့်အတူ စောရပပါတတောင်သို့ အရောက်သွားပြီးသော် ရိုးသား စိတ်ဖြင့်ပင် “တောင်စောင့်နတ်မင်းအား ဗလိ ပူဇော်မှု ပြုပေတော့အံ့” ဟု အဖော်များနှင့် တောင်ပေါ်တက်ရန် အားထုတ်လေ၏။

စာမျက်နှာ-654
သတ္တုကသည် တောင်ပေါ်တက်စဉ် သေဋ္ဌေးသမီးအား ချစ်ဖွယ်သော စကား မပြောကြားဘဲ ရုန့်ရင်းကြမ်းတမ်းသော စကားကိုသာ ပြောဆိုလေ၏။ ဘဒ္ဒါသေဋ္ဌေးသမီးသည် ပါးနပ်သူဖြစ်၍ သတ္တုက၏ ကောက်ကျစ်သော အကြံကို သိရှိလေသည်။ တောင်ပေါ်သို့ ရောက်သောအခါ သတ္တုက က “ဘဒ္ဒါ . . . သင်၏ အပေါ်ရုံ အဝတ်ကို ချွတ်၍ သင့်ကိုယ်မှာ ဆင်လာသည့် အဆင်တန်ဆာ အားလုံးကို ဤတဘက်၌ ထုပ်လိုက်” ဟု မိုက်ရိုင်းစွာ ပြောဆို၏။

ဘဒ္ဒါသေဋ္ဌေး သမီးက “အို့.. အရှင် ဘာအပြစ်ရှိလို့လဲ” ဟု သာယာစွာ မေးသော်လည်း သတ္တုကသည် “အမိုက်မ ငါသည် ဗလိနတ်ပူဇော်ရန် ရောက်လာသည်ဟု မှတ်ထင်သလော၊ ငါကား ဗလိနတ်အား ပူဇော်ဖို့ မဆိုထားနှင့် ဤတောင်စောင့် နတ်၏ အသည်းကိုပင် ထုတ်စားဝံ့သူ ဖြစ်တယ်၊ စင်စစ် ငါကား သင်၏ အဆင် တန်ဆာများကို လုယူလို၍ တောင်ထိပ်သို့ ခေါ်လာခြင်း ဖြစ်တယ်” ဟု ရိုင်းပြစွာ ပြောလေ၏။

အလွန်လိမ္မာ ပါးနပ်သော သေဌေးသမီးသည် “အရှင်. . . . အဆင်တန်ဆာ များသည် အရှင်၏ ဥစ္စာပင် ဖြစ်တယ်၊ ကျွန်တော်မသည်လည်း အရှင်၏ ဥစ္စာပင် ဖြစ်တယ်” ဟု ပြောဆိုသောအခါ သတ္တုက လူဆိုးသည် “ဤစကားမျိုးကို ငါနားမလည်၊ သင့်ဥစ္စာကား တပါး၊ ငါ့ဥစ္စာကား တခြားသာလျှင် ဖြစ်၏” ဟု ပြတ်တောင်းစွာ ပြောလေ၏။ ထိုအခါ ဘဒ္ဒါသေဋ္ဌေးသမီးသည် “သူ၏ နှလုံး အလိုဆန္ဒကို ပြည့်စေဖို့ တန်ဆာဆင်မြဲတိုင်းဖြင့် ကျွန်မအား အရှင့်ကို ရှေ့မှ လည်းကောင်း, နောက်မှလည်းကောင်း လည်ဖက်၍ ယုယကြင်နာဖို့ အခွင့် ပေးရန်” အထူးတောင်းပန်လေ၏။

ဘဒ္ဒါသေဋ္ဌေးသမီးသည် သတ္တုက လက်ခံသည်ကို သိရလျှင် အချိန်မဆွဲဘဲ လူဆိုး၏ရှေ့မှ လည်ဖက်၍ ယုယကြင်နာမှု ပြုပြီးလျှင် နောက်မှ လည်ဖက်၍ ယုယကြင်နာဟန်ဖြင့် သတ္တုက လူဆိုးကို တောင်ကြား၌ တအား တွန်းချ လိုက်လေ၏။

ဘဒ္ဒါသေဋ္ဌေးသမီး၏ ဥပါယကောသလ္လဉာဏ်ကို တောင်စောင့်နတ်မင်းက “အလုံးစုံသော အရာဌာနတို့၌ ယောက်ျားသာလျှင် ပညာရှိသည် မဟုတ်၊ မိန်းမသည်လည်း ထိုထိုကိစ္စ အဝဝတို့၌ မြော်မြင်ဆင်ခြင်နိုင်သူ, အကျိုးရ ကြောင်း နည်းလမ်းကောင်းကို ဆင်ခြင်နိုင်သူ ဖြစ်ဘိမှု ပညာရှိ ဖြစ်နိုင်တယ်” ဟု ချီးကျူးလေ၏။

စာမျက်နှာ-655
ဘဒ္ဒါသေဋ္ဌေးသမီးသည် အိမ်သို့ ပြန်၍ မဖြစ်တော့သဖြင့် ဦးတည်ရာ သွားလေလျှင် တက္ကတွန်းအာရာမ်တခုကို ရောက်၍ တက္ကတွန်းဆရာတို့၏ သာသနာဝယ် အမြတ်စားနည်းဖြင့် ရဟန်းမ ပြုလေ၏။ ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နာကျင်စွာနုတ်၍ ဆံပင်များ နောက်တဖန် ပေါက်လာပြန်သော အခါ နားတောင်းပမာ ဝိုင်းလျက် ဝိုင်းလျက် အစုလိုက် ပေါက်လာကြ၏။ ထိုအချိန်မှစ၍ ကုဏ္ဍလကေသာ (နားတောင်းပမာ အစုလိုက်ဝိုင်းသော ဆံပင်ရှိသူ)ဟု အမည်တွင်လေ၏။

ကုဏ္ဍလကေသာ တက္ကတွန်းမသည် တက္ကတွန်းတို့ထံ၌ အလုံးစုံသော အတတ် ပညာကို သင်ယူပြီးနောက် ပါရမီ ရှိသူဖြစ်ရကား တက္ကတွန်းတို့ အယူဝါဒသည် တရားထူး မဟုတ်ဟု ဆင်ခြင်သိမြင်ကာ ထိုထို ရွာ နိဂုံး မင်းနေပြည်တော်တို့သို့ လှည့်လည်လျက် ပညာရှိတို့ထံ ချဉ်းကပ်၍ တတ်သိအပ်သော အတတ်ပညာ အားလုံးကို သင်ယူလေသည်။ ထိုအခါ ကုဏ္ဍလကေသာအား ဝါဒအပြိုင်အဆိုင် ပေးစွမ်းနိုင်သူ မရှိသလောက် ဖြစ်နေလေ၏။

ကုဏ္ဍလကေသာသည် ဝါဒရှင်တစ်ယောက်ဖြစ်ကာ ရောက်လေရာ ရွာ နိဂုံး တို့၏ တံခါးဝ၌ သဲပုံပြုကာ သပြေခက်ကို စိုက်ထူပြီး “ဝါဒယှဉ်ပြိုင် ပြစ်တင် ပြောဆိုနိုင်သူသည် နင်းချေ.. ဖျက်စေသတည်း” ဟု အသိပေး၍ ထားလေ၏။ ခုနစ်ရက်တိုင်တိုင် ယှဉ်ပြိုင်သူ မရှိသောအခါ သပြေခက်ကို ယူဆောင်ကာ ဖဲသွားလေ၏။

ကုဏ္ဍလကေသာသည် အစဉ်အတိုင်း ရွာ နိဂုံး မင်းနေပြည်သို့ လှည့်လည် လေရာ သာဝတ္ထိပြည်သို့ ရောက်၍ မြို့သို့ ဝင်လတ်သော် သဲပုံ၌ သပြေခက်ကို စိုက်၍ အနီးရှိ သူငယ်တို့အား အသိပေးကာ မြို့တွင်းသို့ ဝင်လေ၏။ တရား စစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် တပါးတည်း မြို့တွင်းသို့ ဆွမ်းခံဝင် လေသော် သဲပုံ၌ စိုက်ထားသည့် သပြေခက်ကို မြင်တော်မူ၍ အနီးရှိ ကလေး များကို မေးလေ၏။ ကလေးတို့သည် ကုဏ္ဍလကေသာ ပြောဆိုသမျှသော အကြောင်းအရာကို လျှောက်ထားကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာက ကလေးတို့ကို သပြေခက်ကို ဆွဲယူကာ နင်းချေဖျက်ဆီးခိုင်းလေ၏။

ကုဏ္ဍလကေသာသည် မြို့တွင်းမှ ပြန်ထွက်လာသောအခါ နင်းချေဖျက်ဆီး ထားသော သပြေခက်ကို တွေ့မြင်ရ၍ အဘယ်သူ၏ အပြုအမူနည်းဟု အနီးရှိ ကလေးတို့ကို မေးလေ၏။ ကလေးတို့က တရားစစ်သူကြီး အရှင်သာရိပုတ္တရာ နင်းချေဖျက်ဆီးခိုင်း၍ နင်းချေကြောင်း ပြောလေ၏။ ထိုအခါ ကုဏ္ဍလကေသာ သည် “မိမိ၏ စွမ်းအင်ကို မသိမြင်သောသူသည် ဤသပြေခက်ကို နင်းချေစေခြင်းငှာ

စာမျက်နှာ-656
စွမ်းနိုင်လိမ့်မည် မဟုတ်၊ အမှန်ပင် ဤမထေရ်သည် ကြီးမြတ်သူ ဖြစ်လိမ့်မည်။ ငါသည် တစ်ယောက်တည်း အဖော်နည်းပါးသူ ဖြစ်လျှင် တင့်တယ်လိမ့်မည် မဟုတ်ချေ။ မြို့တွင်းသို့ ဝင်ရောက်ကာ ပရိသတ်အား တရားစစ်သူကြီး အရှင်သာရိပုတ္တရာနှင့် ဝါဒပြိုင်ကြမည် ဖြစ်ကြောင်း အသိပေးမှ သင့်တော်တော့မည်” ဟု ကြံစည်ကာ နီးစပ်ရာ အချင်းချင်း ပြောကြားသဖြင့် သာဝတ္ထိပြည်သူပြည်သား အားလုံးတို့ပင် သိရှိကြလေကုန်၏။

အရှင်သာရိပုတ္တရာမထေရ်မြတ်ထံ ကုဏ္ဍလကေသာသည် လူအပေါင်းခြံရံလျက် သွားရောက်ပြီး -

ကုဏ္ဍလကေသာ - အရှင်ဘုရားတို့သည် တပည့်တော်မ၏ သပြေခက်ကို နင်းချေစေအပ်သလော။

အရှင်သာရိပုတ္တရာ - အေး. . . ငါ နင်းချေစေအပ်သည်။

ကုဏ္ဍလကေသာ - ထိုသို့ဖြစ်လျှင် အရှင်ဘုရားတို့နှင့် တပည့်တော်မ တို့၏ ဝါဒပြိုင်ဆိုင်မှု ဖြစ်စေတော့မလား။

အရှင်သာရိပုတ္တရာ - ဖြစ်ပါစေ တက္ကတွန်းမလေး။

ကုဏ္ဍလကေသာသည် မထေရ်မြတ်၏ ခွင့်ပြုချက်အရ မိမိသိသမျှ ဝါဒ အားလုံးကို မေးလေ၏။ မထေရ်မြတ်သည် အားလုံးကို ဖြေတော်မူလေ၏။

အရှင်သာရိပုတ္တရာ - တက္ကတွန်းမလေး သင်သည် ငါ့ကို များစွာသော ပုစ္ဆာကို မေးအပ်ပြီ (ငါလည်း ဖြေအပ်ပြီ) ငါတို့ကလည်း သင့်ကို ပြဿနာတစ်ခုကို မေးကြကုန်အံ့။ ဧကံ နာမ ကံ၊ တက္ကတွန်းမလေး - ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ သိရမည့် တရားတစ်မျိုးဟူသည် အဘယ်တရားနည်း။

ကုဏ္ဍလကေသာ - တပည့်တော်မ မသိပါ အရှင်ဘုရား။

အရှင်သာရိပုတ္တရာ - တက္ကတွန်းမလေး. . . . သင်သည် ငါတို့ သာသနာဝယ် သာမဏေငယ်ကလေးများ လေ့လာရသည့် ဤမျှကို မသိလျှင် အခြား အဘယ်တရားကို သင် သိနိုင်လိမ့် မည်နည်း။

စာမျက်နှာ-657
ဤသို့ မထေရ်မြတ်က မိန့်ဆိုလျှင် ပါရမီအရှင် ကုဏ္ဍလကေသာသည် မထေရ်၏ ခြေရင်း၌ ဝပ်စင်း၍ တပည့်တော်မသည် အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏ဟု လျှောက်လေ၏။ မထေရ်မြတ်က နတ်နှင့်တကွသော သတ္တလောကကြီး တစ်ခုလုံး၌ အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်၌ သီတင်းသုံးလျက် ရှိတော် မူ၏။ သင်သည် ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်လောဟု မိန့်တော်မူ၏။

ကုဏ္ဍလကေသာသည် ဗုဒ္ဓမြတ်စွာထံသို့ သွားရောက် ဆည်းကပ်၍ တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီး နေလေ၏။ ဗုဒ္ဓမြတ်စွာသည် ကုဏ္ဍလကေသာ၏ ဉာဏ်ရင့်ကျက်ချိန်ကို သိမြင်တော်မူ၍ -

ဂါထာတစ်ထောင် ဖြစ်လင့်ကစား အကျိုးမရှိသော မိုးဖွဲ့ တောင်ဖွဲ့ ဖြစ်ဘိမူ မချီးမွမ်းအပ် မမြတ်ချေ။ “အပ္ပမာဒေါ အမတံ ပဒံ” . အစရှိသော ဂါထာပိုဒ်ကို ကြားနာရသည်ရှိသော် ကိလေသာအပူ ငြိမ်းလေ၏။ ထိုစာပိုဒ် တစ်ပိုဒ်ကသာလျှင် မြတ်၏ ဟု ချီးမွမ်းအပ်၏။

ကုဏ္ဍလကေသာသည် ဟောတော်မူအပ်သော တရားဂါထာ ဆုံးသောအခါ ရပ်တည်ရင်းပင် ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ ဗုဒ္ဓမြတ်စွာအား ရဟန်းမ ပြုပေးပါရန် လျှောက်ထား တောင်းပန်လေ၏။ ဗုဒ္ဓမြတ်စွာ၏ ခွင့်ပြုချက်အရ ကုဏ္ဍလကေသာသည် ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်၍ ရဟန်းမ ပြုလေ၏။

ဗုဒ္ဓမြတ်စွာသည် ဇေတဝန်ကျောင်းတော်၌ “ရဟန်းတို့- လျင်မြန်စွာ ရအပ်သည့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိကြသည့် ငါဘုရား၏ တပည့်မသာဝိကာ ဘိက္ခုနီမတို့တွင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အသာဆုံး အမြတ်ဆုံး” ဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူပါသည်။

စာမျက်နှာ-658

ဝေါဟာရရှင်းလင်းချက်

အကုသိုလ်ကံ = မျက်မှောက်ဘဝ, တမလွန်ဘဝ၌ အပြစ်ရှိသည့်အပြင် ဆင်းရဲကြောင်း အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော အကုသိုလ် စေတနာ။

အကျိုးဝိပါက် = ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးရင်း, အကျိုးဆက် ဖြစ်သော ဝိပါက်ဝိညာဉ်။

အတ္တဝါဒုပါဒါန် = အတ္တဝါဒ + ဥပါဒါန်၊ အတ္တရှိ၏ဟု ပြောဆို စွဲလမ်းခြင်း။

အနန္တတန်ခိုး = အနန္တ + တန်ခိုး၊ အကန့်အသတ် အပိုင်းအခြားမရှိ များပြား ကြီးကျယ်လှသည့် တန်ခိုးတော်။

အနမတဂ္ဂသံသရာ = အန + မတဂ္ဂ + သံသရာ၊ အစပိုင်းကို မသိနိုင်သော သံသရာ။ အစပိုင်း မထင်ရှားသော သံသရာ။

အနာဂါမ် = အနာဂါမ်ပုဂ္ဂိုလ်၊ ဤလူ့ပြည်သို့ ပဋိသန္ဓေနေရန် တဖန်မလာ တော့သည့် အနာဂါမိဖလဋ္ဌာန် အရိယာ ပုဂ္ဂိုလ်။

အနုပါဒိသေသနိဗ္ဗာန = အနုပါဒိသေသ + နိဗ္ဗာန၊ ကိလေသာတို့မှ ကြွင်းကျန် ရစ်သည့် ဝိပါက်ကမ္မဇရုပ်များပင် အကြွင်းအကျန် မရှိသော နိဗ္ဗာန်။

အနုလုံ = ရှေးရှေးဖြစ်သော ပရိကံနှင့် နောက်နောက်ဖြစ်သော အပ္ပနာတို့အား လျော်စွာဖြစ်သော စိတ်။

အနုဿတိ = အ + သတိ၊ အနုဿတိကမ္မဋ္ဌာန်း၊ အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်ခြင်း။

အပရာပရိယအကုသိုလ်ကံ = အပရာပရိယ + အကုသိုလ်ကံ၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ဘဝအဆက်ဆက်၌ အကျိုးပေးသော အကုသိုလ်ကံ။

စာမျက်နှာ-659
အပုညာဘိသင်္ခါရ = အပုည + အဘိသင်္ခါရ၊ အကျိုးဝိပါက်ဖြစ်သော ရုပ် နာမ် သင်္ခတတရားစုကို ပြုစီမံတတ်သော အကုသိုလ် စေတနာ။

အပ္ပနာဈာန် = အပ္ပနာ + ဈာန်၊ ရူပ အရူပဈာန်၊ လောကုတ္တရာဈာန်၊ အာရုံသို့ သမ္ပယုတ်တရားတို့ကို ရှေးရှုတင်ပေးတတ်သော ဈာန်တရား။

အပ္ပမာဒတရား = အပ္ပမာဒ + တရား၊ ကုသိုလ်ကောင်းမှုကိစ္စများ၌ မမေ့ မလျော့ကြောင်းဖြစ်သော သတိတရား။

အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ကို မတရား ရယူလိုမှု။

အရညကင်ဓုတင် = အရညကင်+ဓုတင်၊ လူသူ ဝေးရာအရပ်၌ တောရ ဆောက် တည်သော ဓုတင်အကျင့်။

အရဟတ္တမဂ် = ရဟန္တာဖြစ်ကြောင်းဖြစ်သော စတုတ္ထမဂ်။

အရဟတ္တဖိုလ် = ရဟန္တာဖြစ်ကြောင်းဖြစ်သော ဖိုလ်။

အရိယသစ္စာ = အရိယ + သစ္စာ၊ မချွတ်မယွင်း မှန်ကန်သော သစ္စာ တရား။ ဘုရား အစရှိသော အရိယာပုဂ္ဂိုလ်တို့၏ အမှန် တရား။

အရူပဘုံ = အရူပ+ဘုံ၊ ရုပ်မရှိ နာမ်ဝိညာဉ်တစ်မျိုးတည်းသာ ရှိသော အရူပ ဗြဟ္မာတို့၏ နေထိုင်ရာဖြစ်သော ဘုံ။

အဝိဇ္ဇာ = အဝိဇ္ဇာတရား၊ အမှန်တရားသဘောကို ဖုံးလွှမ်းတတ်သော မောဟတရား။

အဝိဇ္ဇာသဝ = အဝိဇ္ဇာ+အာသဝ၊ အဝိဇ္ဇာဟူသော အာသဝေါတရား။

အဝီတိက္ကမတရား = အဝီတိက္ကမ+တရား၊ မလွန်ကျူးအပ်သော ဒုစရိုက်တရား။

အာကာသာနဉ္စာယတနဈာန် = အဆုံး အပိုင်း အခြား မရှိသော ကောင်းကင် ပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်။

အာကိဉ္စညာယတနဈာန် = အာကာသာနဉ္စာယတနဝိညာဉ်၏ ကင်းကွာချုပ် ပျောက်ခြင်းဟူသော နတ္ထိသောပညတ်လျှင် တည်ရာ အာရုံရှိသော ဈာန်။

စာမျက်နှာ-660
အာဂန္တုရဟန်း = အာဂန္တု +ရဟန်း၊ အရပ်တပါးမှ ကြွရောက်လာသော ဧည့်သည် ရဟန်း။

အာဒိကလျာဏ = အာဒိ+ကလျာဏ၊ အစ အပိုင်း အခန်း, ဘဝအစ ပထမ အရွယ်၏ ကောင်းခြင်း။

အာနေဉ္ဇာဘိသင်္ခါရ = အာနေဉ္ဇ+အဘိသင်္ခါရ၊ မတုန်မလှုပ် ငြိမ်သက်သော အရူပ ဝိပါက်ဝိညာဉ်ကို ပြုပြင်စီရင်တတ်သော အရူပ ကုသိုလ် စေတနာ။

အာယုသင်္ခါရ = အာယု+သင်္ခါရ၊ အသက်(ဇီဝိတိန္ဒြေ)ကို ပြုပြင်စီရင် တတ်သော ဖလသမာပတ်။

အာဝါသ = နေရာဌာနဖြစ်သော အိမ်, ကျောင်း, ပရိဝုဏ် စသည်။

[ ဣ၊ ဥ၊ ဧ၊ ဩ ]

ဣဒ္ဓိမယသပိတ်သင်္ကန်း = ဣဒ္ဓိမယ+သပိတ်သင်္ကန်း၊ တန်ခိုးတော်ကြောင့် ဖြစ်ပေါ် လာသော သပိတ်သင်္ကန်း။

ဣဿရိယဘုန်းတော် = ဣဿရိယ+ဘုန်းတော်၊ မိမိ၏ စိတ်တော်ကို အစိုးရ နိုင်နင်းခြင်းဟူသော ဘုန်းတော်။

ဥစ္ဆေဒဒိဋ္ဌိ = ဥစ္ဆေဒ+ဒိဋ္ဌိ၊ ဥစ္ဆေဒအယူဝါဒ၊ အတ္တနှင့် လောကသည် သေပြီး နောက် ထပ်၍ မဖြစ် အဆက်ပြတ်၏ဟူသော အယူမှား။

ဥဒယဗ္ဗယဉာဏ် = ဥဒယ+ဗယ+ဉာဏ်၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အဖြစ်နှင့် အပျက်ကို ရှုမှတ်သော ဝိပဿနာဉာဏ်။

ဥဒ္ဒိဿစေတီ = ဥဒ္ဒိဿ+စေတီ၊ သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာ ဘုရားကို ရည်မှတ်၍ သွန်းထုပြုလုပ်ထားသည့် ရုပ်ပွား ဆင်းတုတော်စေတီ။

ဥပစာ = အပ္ပနာ၏ အနီး၌ ဖြစ်သောစိတ်။

ဥပစာရဈာန်စိတ် = အပ္ပနာဈာန်၏ ရှေ့အဖို့၌ ဖြစ်သော ဉာဏသမ္ပယုတ် ကာမာဝစရဇောစိတ်။

စာမျက်နှာ-661
ဥပဇ္ဈာယ်ဆရာ = ရဟန်းဘောင်သို့ ရောက်အောင် ပို့ဆောင်ပေးသော ဆရာ။

ဥပဋ္ဌာက = အလုပ်အကျွေးပြုသူ၊ ပြုစုလုပ်ကျွေးသောသူ။

ဥပပါရမီ = မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်ဘဲ ဖြည့်ကျင့် ဆည်းပူး အပ်သော မွန်မြတ်သည့် ပါရမီ။

ဥပါဒ်, ဌီ, ဘင် = ရုပ်နာမ်တရားတို့၏ စတင်ဖြစ်ပေါ်ဆဲ ခဏသည် ဥပါဒ်၊ တည်ဆဲ ခဏသည် ဌီ၊ ချုပ်ပျက်သွားဆဲ ခဏသည် ဘင်မည်၏။

ဥပါယကောသလ္လဉာဏ် = အကြောင်းဥပါယ် နည်းပရိယာယ်၌ ထူးချွန်ကျွမ်းကျင် သော ပညာ။

ဧတဒဂ် = ဧတဒဂ်ဘွဲ့ထူး၊ “အမြတ်ဆုံး, အသာဆုံး, အကောင်းဆုံး” ဟု ဘုရားရှင်ကိုယ်တော်တိုင် အသိအမှတ်ပြုအပ်သော ဘွဲ့ထူး။

ဩဃလေးပါး = ဩဃ+လေးပါး၊ မိမိကိန်းရာ သတ္တဝါကို ဝဋ်ဒုက္ခ၌ နစ်မြုပ်အောင် လွှမ်းဖိ သတ်ဖြတ်တတ်သောတရား။ ယင်းတရားကား ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃအားဖြင့် လေးပါးတည်း။

[ က ]

ကမ္မဇရုပ်ကလာပ် = ကမ္မဇ+ရုပ်ကလာပ်၊ ကမ္မဇ = ကံကြောင့်ဖြစ်သော၊ ရုပ်ကလာပ်=ရုပ်အပေါင်း၊ ကံကြောင့် ဖြစ်ပေါ်လာသည့် ရုပ်အပေါင်း။

ကသိုဏ်း = ကသိဏ (ပါဠိ)၊ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံ အကုန် အစင် တပြိုင်နက် ထင်မြင်အောင် ရှုမှတ်ဆင်ခြင်အပ် သော မြေစသည့် အာရုံ (၁ဝ)မျိုး။

ကာမစ္ဆန္ဒ = ကာမ+ဆန္ဒ၊ ဝတ္ထုအာရုံ ကာမဂုဏ်၌ အလိုရှိခြင်း၊ တပ်မက်ခြင်း။

ကာမဘုန်းတော် = မိမိ လိုလားတောင့်တအပ်သည့် အကျိုးစီးပွားများ မိမိ အလိုဆန္ဒအတိုင်း ပြည့်စုံပြီးစီးစေနိုင်သော ဘုန်းတော်။

စာမျက်နှာ-662
ကာမသုဂတိဘုံ = ကာမ+သု+ဂတိ (ဘုံ)၊ ကာမတဏှာနှင့် တကွဖြစ်သော ကောင်းသော လားရာ ရောက်ရာဘုံ၊ လူ့ပြည်နှင့် နတ်ပြည် ခြောက်ထပ်ကို “ကာမသုဂတိဘုံ” ဟု ခေါ်သည်။

ကာမာသဝ = ကာမ+အာသဝ၊ ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တွယ် တာသော တဏှာတည်းဟူသော အာသဝေါတရား။

ကာမုပါဒါန် = ကာမ+ဥပါဒါန်၊ ဝတ္ထု အာရုံ ကာမဂုဏ်တို့၌ စွဲစွဲလမ်းလမ်း တပ်မက်တွယ်တာသော တဏှာတည်းဟူသော ဥပါဒါန် တရား။

ကာယဂတာသတိ = ကာယ+ ဂတာ+ သတိ၊ ဆံပင် အစရှိသော ၃၂-ကောဋ္ဌာ သရူပကာယကို အာရုံပြု၍ ဖြစ်သောသတိ။

ကာယပသာဒ = ကာယ+ပသာဒ၊ ကာယဟု ဆိုအပ်သော ပသာဒ၊ ကိုယ်အကြည်ဓာတ်။

ကုသိုလ်ကံ = မျက်မှောက်ဘဝ, တမလွန်ဘဝ၌ လုံးဝအပြစ်မရှိသည့် အပြင် ချမ်းသာသော အကျိုးကို ပေးစွမ်းနိုင်သော ကုသိုလ်စေတနာ။

[ ဂ၊ ဃ ]

ဂတိမန္တ = ဂတိ+မန္တ၊ ဂတိ=ဉာဏ်ပညာ+မန္တ=ရှိခြင်း၊ ဉာဏ်ပညာရှိ သောသူ။

ဂန္ဓကုဋိ = ဂန္ဓ+ကုဋိ၊ နံ့သာဖြင့် ထုံမွှမ်းအပ်သော ကျောင်း၊ ဘုရားကျောင်းတော်။

ဂဗ္ဘသေယျကသတ္တဝါ = ဂဗ္ဘ+သေယျ+က+သတ္တဝါ၊ အမိဝမ်း၌ ကိန်းအောင်း သော သတ္တဝါ။

ဂရုဓံ = ဂရု+ဓံ (ဓမ္မ)၊ အလေးပြုအပ်သောတရား၊ ရိုသေ လေးစားစွာ ဝန်ခံအပ်, လိုက်နာပြုကျင့်အပ်သောတရား။ ဂရုဓံတရားကို မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဟောကြားတော်မူသည်။ ယင်းတရား (၈)ပါး ရှိသည်။

စာမျက်နှာ-663
ဂေါတြဘူ = ဂေါတြ+ဘူ၊ ကာမအနွယ်, ပုထုဇဉ်အနွယ်ကို ဖျက်ဆီး တတ်သော စိတ်၊ မဟဂ္ဂုတ်အနွယ်, လောကုတ္တရာအနွယ် ကို ဖြစ်စေတတ်သော စိတ်။

ဃာနပသာဒ = ဃာန+ပသာဒ၊ ဃာနဟု ဆိုအပ်သော ပသာဒ၊ နှာခေါင်း အကြည်ဓာတ်။

[ စ၊ ဇ ]

စက္ခုငါးပါး = စက္ခု+ငါးပါး၊ စက္ခု=မျက်စိ+ငါးပါး၊ မျက်စိငါးပါး။ ယင်းတို့ကား-မံသစက္ခု, ဒိဗ္ဗစက္ခု, ပညာစက္ခု, သမန္တစက္ခု, ဗုဒ္ဓစက္ခုတို့ ဖြစ်သည်။

စက္ခုပသာဒ = စက္ခုပသာဒ၊ စက္ခုဟု ဆိုအပ်သော ပသာဒ၊ မျက်စိအကြည်ဓာတ်။

စက္ခုဝိညာဉ် = စက္ခု+ဝိညာဉ် (ဝိညာဏ)၊ မျက်စိအကြည်ဓာတ်ကို မှီ၍ သိတတ် သောတရား၊ မြင်သိစိတ်။

စရဏတရား = စရဏ+တရား၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရား။ ယင်းစရဏတရားသည် သီလစောင့်ထိန်းခြင်း၊ ဣန္ဒြေကို စောင့် ရှောက်ခြင်း၊ အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း၊ နိုးကြားခြင်း၌ အဖန်ဖန်အားထုတ်ခြင်း၊ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, သတိ, ပညာဟူသော သူတော်ကောင်းတရား (၇)ပါး၊ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဟူသော ရူပါဝစရဈာန် (၄)ပါးအားဖြင့် (၁၅)ပါးရှိသည်။

စွန့်ခြင်းကြီးငါးပါး = စွန့်ခြင်းကြီး+ငါးပါး၊ လူသာမန်တို့ အလွန်ပြုနိုင်ခဲစွာ သောကြောင့် လွန်ကဲမြင့်မြတ်ကြီးကျယ်သော စွန့်လှူခြင်း။ ယင်း စွန့်ခြင်းကြီးသည် (၁)မင်းစည်းစိမ်ဥစ္စာကို စွန့်လှူခြင်း ဓနပရိစ္စာဂ၊ (၂)သားသမီးကို စွန့်လှူခြင်း ပုတ္တပရိစ္စာဂ၊ (၃)မယားကို စွန့်လှူခြင်း ဘရိယပရိစ္စာဂ၊ (၄) ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူခြင်း အင်္ဂပရိစ္စာဂ၊ (၅) ကိုယ့်အသက်ကို ပေးလှူခြင်း ဇီဝိတပရိစ္စာဂအား ဖြင့် ငါးပါးရှိသည်။

ဇိဝှါပသာဒ = ဇိဝှါ+ပသာဒ၊ ဇိဝှါဟု ဆိုအပ်သော ပသာဒ၊ လျှာ အကြည်ဓာတ်။

စာမျက်နှာ-664

[ တ၊ ဒ၊ ဓ၊ န ]

တက္ကတွန်းအာရာမ် = တက္ကတွန်း+အာရာမ်၊ တိတ္ထိတို့ နေထိုင်သော ကျောင်း အာရာမ်။

တဏှာ = ဆာလောင် မွတ်သိပ်တတ်သော တရား၊ မရောင့်ရဲ မတင်း တိမ်နိုင်သော တရား၊ တရားကိုယ်မှာ လောဘဖြစ်သည်။

တေဘုမ္မကသင်္ခါရတရား = တေဘုမ္မ+က+သင်္ခါရတရား၊ ကာမ, ရူပ, အရူပ ဟူသော ဘုံ (၃)ပါး၌ ဖြစ်သော ခန္ဓာငါးပါး သင်္ခါရ တရား။

ဒိဋ္ဌာသဝ = ဒိဋ္ဌိ+အာသဝ၊ ဒိဋ္ဌိဟူသော အာသဝေါတရား။

ဒိဋ္ဌိ = ဖောက်ပြန် မှားယွင်းသော အယူ၊ တရားကိုယ်မှာ ဒိဋ္ဌိ စေတသိက် ဖြစ်သည်။

ဒိဋ္ဌိဂတဝိပ္ပယုတ် = ဒိဋ္ဌိဂတ+ဝိပ္ပယုတ်၊ မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သည့် စိတ်။

ဒိဋ္ဌိဝိစိကိစ္ဆာ = ဒိဋ္ဌိ+ဝိစိကိစ္ဆာ၊ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ၊ အယူဖောက်ပြန် မှားယွင်းခြင်း ဒိဋ္ဌိနှင့် ဘုရား စသည်တို့၌ ယုံမှား သံသယဖြစ်ခြင်း ဝိစိကိစ္ဆာ။

ဒိဋ္ဌုပါဒါန် = ဒိဋ္ဌိ+ဥပါဒါန်၊ မိစ္ဆာဒိဋ္ဌိဟူသော ဥပါဒါန်တရား။

ဒိဗ္ဗစက္ခုဉာဏ်တော် = ဒိဗ္ဗစက္ခု+ဉာဏ်တော်၊ နတ်မျက်စိကဲ့သို့ ဖုံးလွှမ်း ကွယ် ဝှက် နေသော အရာဝတ္ထု၊ ဝေးသော အရာဝတ္ထုများကို မြင်နိုင်သော ဉာဏ်တော်။

ဓမ္မစေတီ = မြတ်ဗုဒ္ဓဟောကြားထားခဲ့သည့် ပိဋကတ်သုံးသွယ် နိကာယ် ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟူသော ဓမ္မစေတီတော်။

ဓမ္မဘုန်းတော် = ဓမ္မ+ဘုန်းတော်၊ လောကုတ္တရာတရားနှင့် ပြည့်စုံတော် မူခြင်းဟူသော ဘုန်းတော်။

ဓမ္မာနုဿတိ = ဓမ္မ+အနုဿတိ၊ တရားဂုဏ်တော်ကို အဖန်ဖန် အထပ် ထပ် အောက်မေ့ခြင်း သတိ။

ဓာတုစေတီ = ဓာတု+စေတီ၊ ဘုရားရှင်၏ ဓာတ်တော် မွေတော်၊ ထိုဓာတ်တော် မွေတော်များကို ဌာပနာပြီး တည်ထား သော စေတီတော်။

စာမျက်နှာ-665
ဓိတိမန္တ = ဓိတိ + မန္တ၊ ဓိတိ = လုံ့လဝီရိယ + မန္တ = ရှိခြင်း၊ လုံ့လရှိသောသူ။

ဓုတင် = ကိလေသာတရားဆိုးများကို ခါထုတ်ပစ်တတ်သော အကျင့်။

နတ္ထိကဒိဋ္ဌိ = နတ္ထိက + ဒိဋ္ဌိ၊ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဝိပါက် မရှိဟု လက်ခံယုံကြည်သော မိစ္ဆာအယူ။

နီဝရဏတရား = နီဝရဏ + တရား။ ကုသိုလ်တရား ဈာန်မဂ်များကို တားဆီးပိတ်ပင်တတ်သောတရား။ ယင်းတရားသည် ကာမစ္ဆန္ဒ စသောအားဖြင့် ခြောက်ပါးရှိသည်။

နေဝသညာနာသညာယတနဈာန် = နေဝ + သညာ + န + အသညာ + အာယတနဈာန်၊ ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာရှိသည့် စတုတ္ထအရူပဈာန်။

နာမ်ခန္ဓာ = နာမ် + ခန္ဓာ၊ ခန္ဓာငါးပါးရှိရာတွင် နာမ်တရားဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့ကို နာမ်ခန္ဓာဟု ခေါ်သည်။

နာမ်ဓမ္မ = နာမ် + ဓမ္မ၊ နာမ်တရား၊ စိတ် ၈၉ ပါး၊ စေတသိတ် ၅၂ ပါး၊ နိဗ္ဗာန်ဟူသော နာမ်တရား။

ပ

ပစ္စေကဗုဒ္ဓါ = ပစ္စေက + ဗုဒ္ဓ၊ အသီးအခြား ကိုယ်တိုင်သာ သစ္စာ ၄-ပါးကို သိမြင်သောဘုရား၊ သီးခြားဘုရား၊ ဘုရားငယ်။

ပစ္စေကဗောဓိဉာဏ် = ပစ္စေကဗောဓိ + ဉာဏ်၊ အသီးအခြား သိတတ်သောဉာဏ်၊ ပစ္စေကဗုဒ္ဓါတို့ ရအပ်သော ဉာဏ်။

ပစ္ဆိမအရွယ် = ပစ္ဆိမ + အရွယ်၊ လူ့ဘဝသက်တမ်းကို ၃-ပိုင်း ပိုင်းခြားရာ၌ နောက်ဆုံးပိုင်းဖြစ်သော အရွယ်။

ပစ္ဆိမဘဝိက = ပစ္ဆိမ + ဘဝိက၊ နောက်ဆုံးဘဝ၌ ဖြစ်သောသူ၊ ယခုရရှိဆဲ ဘဝမှ စုတေလျှင် ဘဝအသစ်၌ ပဋိသန္ဓေ မနေတော့ဘဲ ပရိနိဗ္ဗာန် ဝင်စံမည့်သူ။

ပညတ် = အပြားအားဖြင့် သိမှတ်စေအပ်သော နွားဒြပ်အစရှိသည့် အတ္ထပညတ်၊ အပြားအားဖြင့် သိမှတ်စေတတ်သော နွားအစရှိသည့် နာမပညတ်။

စာမျက်နှာ-666
ပညာအန္ဓ = ပညာ + အန္ဓ၊ ပညာတည်းဟူသော မျက်စိကန်းသူ၊ ပညာမျက်ကန်း။

ပညိန္ဒြေ = ပညာ + ဣန္ဒြေ၊ ပညာတည်းဟူသော ဣန္ဒြေတရား။

ပဋိဃသမ္ပယုတ်စိတ် = ပဋိဃ + သမ္ပယုတ်စိတ်၊ ဒေါသနှင့်ယှဉ်သောစိတ်။

ပဋိလောမ = ပဋိလုံ၊ နောက်စကားရပ်က ပြန်စသောအားဖြင့်၊ ရှေ့စကားရပ်နှင့် ဆန့်ကျင်ဘက်အားဖြင့် ဟောကြားအပ်သော ဒေသနာစကားစဉ်။

ပဋိသန္ဓေစိတ် = ပဋိသန္ဓေ + စိတ်၊ ရှေ့ဘဝ ဘဝဟောင်းနှင့် နောက်ဘဝ ဘဝသစ်ကို ပေါင်းကူးဆက်သွယ်ပေးသော စိတ်။

ပဋိသန္ဓေဝိညာဉ် = ပဋိသန္ဓေ + ဝိညာဉ်၊ ဘဝအဟောင်းနှင့် ဘဝသစ်ကို ပေါင်းကူး ဆက်သွယ်ပေးသော ဝိပါက်ဝိညာဉ်။

ပဋိသမ္ဘိဒါလေးပါး = ပဋိသမ္ဘိဒါ + လေးပါး၊ ဉာဏ်တော်လေးပါး၊ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တော်၊ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်တော်။

ပယတ္ထဘုန်းတော် = လူ နတ် ဗြဟ္မာ သတ္တဝါအများ လေးစားလောက်သော လုံ့လဝီရိယနှင့် ပြည့်စုံတော်မူခြင်းဟူသော ဘုန်းတော်။

ပရမတ္ထပါရမီ = ပရမတ္ထ + ပါရမီ၊ မိမိ၏ ကိုယ်အသက်ကို မငဲ့ကွက်ဘဲ ဖြည့်ကျင့် ဆည်းပူးအပ်သော အလွန်မွန်မြတ်လှသည့် ပါရမီ။

ပရမတ္ထသံဃာတော် = ပရမတ္ထ + သံဃာတော်၊ မြင့်မြတ်သော အရိယာသံဃာ၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးယောက် ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက် ဟူသော မြင့်မြတ်သည့် အရိယာသံဃာ။

ပရိကံ = အပ္ပနာဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော စိတ်။

ပရိဘောဂစေတီ = ပရိဘောဂ + စေတီ၊ မြတ်စွာဘုရား၏ အသုံးအဆောင် ပစ္စည်းများကို ဌာပနာပြီး တည်ထားသောစေတီ၊ မြတ်စွာဘုရား၏ အသုံးအဆောင် ပစ္စည်းဖြစ်သော မဟာဗောဓိပင်အစရှိသည့် စေတီ။

ပရိယောသာနကလျာဏ = ပရိယောသာန + ကလျာဏ၊ အဆုံးအပိုင်းအခန်း၊ အဆုံးပိုင်းဘဝ၏ ကောင်းခြင်း။

စာမျက်နှာ-667
ပဝတ္တိအခါ = ပဝတ္တိ + အခါ၊ ဘဝတစ်သက်တာ၌ အစပိုင်း ပဋိသန္ဓေအခါ အဆုံးပိုင်း စုတိအခါကို ချန်လှပ်၍ အစပိုင်း၊ အဆုံးပိုင်းတို့၏ အလယ်ဖြစ်သောအခါ။

ပဝါရဏ = ပဝါရဏာပြုခြင်း၊ “မိမိအပေါ်မှာ မြင်အပ်၊ ကြားအပ်၊ ယုံမှားအပ်သော အပြစ်တစ်စုံတစ်ရာရှိပါက ပြောကြားကြပါ၊ ကုစားပါမည်” ဟု ဖိတ်ကြားခြင်း။

ပိဏ္ဍပါတ်ဓုတင် = ပိဏ္ဍပါတ် + ဓုတင်၊ သလုံး မြင်းခေါင်း ခြေနှစ်ချောင်းဖြင့် လှည့်လည်ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုဉ်းပေး သုံးဆောင်ခြင်းဟူသော ဓုတင်အကျင့်။

ပုညာဘိသင်္ခါရ = ပုည + အဘိသင်္ခါရ၊ အကျိုးဝိပါက်ဖြစ်သော ရုပ်နာမ် သင်္ခတ တရားစုကို ပြုစီမံတတ်သော ကာမကုသိုလ်၊ ရူပကုသိုလ်စေတနာ။

ပုဏ္ဏကတိုက်ခြင်း = လောကီအောက်လမ်း အင်းအတတ်ဖြင့် ပုဏ္ဏကဘီလူးကို နှောင့်ယှက် နှိပ်စက် ဖျက်ဆီးခိုင်းခြင်း။

ပုဗ္ဗေကတဟေတုဒိဋ္ဌိ = ပုဗ္ဗေကတ + ဟေတု + ဒိဋ္ဌိ၊ ပစ္စုပ္ပန်ဘဝ ဉာဏ်ဝီရိယ မပါ၊ ရှေးအကြောင်း ကံကြောင့်သာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ဖြစ်ရသည်ဟု ကံတစ်မျိုးတည်းကိုသာ စွဲယူထားသော အယူမှား။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် = ပုဗ္ဗေနိဝါသ + အနုဿတိဉာဏ်တော်၊ ရှေးဘဝ ပေါင်းများစွာ၌ နေအပ်ခဲ့ဖူးသည့် ဘဝဖြစ်စဉ်ကို ပြန်လည် အောက်မေ့သိမြင်တော်မူသော ဉာဏ်တော်။

ပေါက္ခရဝဿ = ပေါက္ခရ + ဝဿ၊ ပေါက္ခရ = ကြာ + ဝဿ = မိုး၊ ပေါက္ခရဝဿမိုး၊ ကြာဖက်မိုး၊ မြတ်စွာဘုရား တန်ခိုးတော်အရ ကြာရွက်ခန့် ပမာဏရှိသော တိမ်တိုက်မှ အမွန်အစပြုပြီး ရွာသွန်းချလိုက်သော မိုးရေစိုစွတ်လိုသူအပေါ်သာ မိုးပေါက်ကျ၍ မစိုစွတ်လိုသူအပေါ် မိုးရေတပေါက်မျှ မကျရောက်သည့် မိုးကြီး။

စာမျက်နှာ-668

ဖ၊ ဗ၊ ဘ၊ မ

ဖလသမာပတ် = ဖလ + သမာပတ်၊ ဖလ = ဖိုလ် + သမာပတ် = ကောင်းစွာ ရောက်ခြင်း၊ ဖိုလ်သို့ ကောင်းစွာရောက်နေခြင်း၊ ဖိုလ်ဝင်စားခြင်း။

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း = ဗုဒ္ဓ + အနုဿတိ + ကမ္မဋ္ဌာန်း၊ ဘုရားဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် ရှုမှတ်ပွားများနေသည့် ကမ္မဋ္ဌာန်း။

ဗောဓိပက္ခိယတရား = ဗောဓိ + ပက္ခိယတရား၊ ဗောဓိ = ဗောဓိဉာဏ် + ပက္ခိယတရား။ (မှတ်ချက်။ ။ အဓိပ္ပာယ်ဖော်ပြချက်သည် အောက်ပါ ဘဝါသဝ နှင့် ရောထွေးနေသည်ကို တွေ့ရသော်လည်း မူရင်းအတိုင်း ထားရှိပါသည်)။

ဗျာပါဒ = စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသတရား၊ သူတစ်ပါး အကျိုးမဲ့ကို တွေးတောကြံစည်နေခြင်းဟူသော ဒေါသတရား။

ဗြဟ္မပုရောဟိတာ = ဗြဟ္မ + ပုရောဟိတာ၊ ပုရောဟိတ်ဗြဟ္မာ၊ ဗြဟ္မာတို့၏ ပုရောဟိတ်အရာ၌ တည်သောဗြဟ္မာ။

ဘဝါသဝ = ဘဝ + အာသဝ၊ ဘဝ = ရူပဘဝ၊ အရူပဘဝ + အာသဝ = အာသဝေါတရား၊ ရူပဗြဟ္မာ၊ အရူပဗြဟ္မာဟူသော ဥပပတ္တိဘဝ၊ ရူပဈာန် အရူပဈာန်ဟူသော ကမ္မဘဝ၌ တပ်မက် တွယ်တာသော တဏှာတည်းဟူသော အာသဝေါတရား။

မဇ္ဈိမအရွယ် = မဇ္ဈိမ + အရွယ်၊ မဇ္ဈိမ = အလယ်ပိုင်းဖြစ်သော + အရွယ် = လူ့ဘဝသက်တမ်းကို ၃ ပိုင်း ပိုင်းခြားရာ၌ အလယ်ပိုင်းဖြစ်သောအရွယ်။

မဇ္ဈေကလျာဏ = မဇ္ဈေ + ကလျာဏ၊ အလယ်ပိုင်းအခန်း၊ အလယ်ပိုင်းဘဝ၏ ကောင်းခြင်း။

မနောဒွါရ = မနော + ဒွါရ၊ မနော = ဘဝင်စိတ် + ဒွါရ = ဝီထိစိတ်ဖြစ်ကြောင်း၊ ဝီထိစိတ်တို့၏ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းဖြစ်သော ဘဝင်စိတ် ၁၉ ပါးသည် “မနောဒွါရ” မည်သည်။

မာန = ငါတကားဟု ထောင်လွှားတက်ကြွတတ်သော သဘောတရား၊ မာန၊ မာန်။

မာန်သုံးပါး = မာန် + သုံးပါး၊ မာန် = ထောင်လွှား တက်ကြွ မောက်မာခြင်း + သုံးပါး၊ သေယျမာန်၊ သဒိသမာန်၊ ဟီနမာန်ဟူသော မာန်သုံးပါး။

စာမျက်နှာ-669
မာရ်ငါးပါး = မာရ်(မာရ) = သတ်ဖြတ် တားဆီးခြင်း + ငါးပါး = ကုသိုလ်တရား မဖြစ်ပွားရအောင် သတ်ဖြတ် တားဆီးပိတ်ပင်တတ်သော မာရ်ငါးမျိုး၊ ဒေဝပုတ္တမာရ် ကိလေသမာရ် အဘိသင်္ခါရမာရ် ခန္ဓမာရ် မစ္စုမာရ် ငါးပါး။

မိစ္ဆာဇီဝ = မိစ္ဆာ + အာဇီဝ၊ မိစ္ဆာ = မှားယွင်းယုတ်မာသော လုပ်ငန်းဖြင့် + အာဇီဝ = အသက်မွေးဝမ်းကျောင်းပြုခြင်း၊ မှားယွင်းယုတ်မာသော ဒုစရိုက်မှုလုပ်ငန်းဖြင့် အသက်မွေးမြူခြင်း။

မိစ္ဆာဒိဋ္ဌိ = မိစ္ဆာ + ဒိဋ္ဌိ၊ မိစ္ဆာ = ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော + ဒိဋ္ဌိ = အသိအမြင်၊ ချွတ်ယွင်း ဖောက်ပြန် မမှန်ကန်သော အယူဝါဒ။

ယ၊ ရ၊ လ၊ ဝ

ယမိုက်ပြာဋိဟာ = ယမိုက် + ပြာဋိဟာ၊ ယမိုက် = အစုံအစုံ + ပြာဋိဟာ = တန်ခိုး၊ ရေအစုံ၊ မီးအစုံဟု ဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်လာသည့် တန်ခိုးတော်။

ယသဘုန်းတော် = ယသ + ဘုန်းတော်၊ အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူခြင်း ဟူသော ဘုန်းတော်။

ရာဂစိတ် = တပ်မက်တွယ်တာတတ်သော တဏှာရာဂနှင့် စပ်ယှဉ်သောစိတ်။

ရူပဘုံ = ရူပဗြဟ္မာတို့ နေထိုင်ရာဖြစ်သောဘုံ။

ရုပ်ဓမ္မ = ရုပ် + ဓမ္မ၊ ရုပ်တရား၊ အချမ်းအပူ အစရှိသည့် ဆန့်ကျင်ဘက်အကြောင်းများကြောင့် ဖောက်ပြန်ပြောင်းလဲတတ်သောတရား။

ရုပ်နာမ်ဓမ္မသင်္ခါရလောက = ရုပ်နာမ် ဓမ္မ + သင်္ခါရလောက၊ ရုပ်နာမ်တရားဟူသော သင်္ခါရလောက။

လက္ခဏာရေးသုံးပါး = အနိစ္စ, ဒုက္ခ, အနတ္တဟူသော ရှုမှတ်ပုံလက္ခဏာသုံးပါး။

လောကီဝိပါက်စိတ် = လောကီ + ဝိပါက်စိတ်၊ လောကီကုသိုလ် အကုသိုလ်၏ အကျိုးဖြစ်သော ဝိပါက်စိတ် ၃၂ ပါး။

ဝိစာရ = ဝိစာရစေတသိက်၊ အာရုံကို သုံးသပ်တတ်သော ဝိစာရစေတသိက်။

ဝိစိကိစ္ဆာ = ဝိစိကိစ္ဆာစေတသိက်၊ ဘုရား တရား စသည်များ၌ ယုံမှား သံသယဖြစ်ခြင်းသဘောရှိသော ဝိစိကိစ္ဆာ အကုသိုလ်စေတသိက်။

ဝိဇ္ဇာ = ထူးကဲစွာသိတတ်သောဉာဏ်။ ယင်းဝိဇ္ဇာဉာဏ်သည် ၃-ပါး၊ ၈-ပါး ရှိသည်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်...

စာမျက်နှာ-670
.အာသဝက္ခယဉာဏ် ၃-မျိုးကို “ဝိဇ္ဇာ ၃-ပါး” ဟုခေါ်သည်။ ဝိပဿနာဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် ၈-မျိုးကို “ဝိဇ္ဇာ ၈-ပါး” ဟု ခေါ်သည်။

ဝိညာဏဉ္စာယတနဈာန် = “အနန္တ ဝိညာဏံ” ဟု ကမ္မဋ္ဌာန်းစီးဖြန်း၍ ရလာသော ဒုတိယအာရုပ္ပဈာန်။

ဝိပဿနာ = ဝိ + ပဿနာ၊ ရုပ်နာမ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် အဖန်ဖန် အထပ်ထပ် ရှုမှတ်ခြင်း။

ဝိပဿနာဘာဝနာကံ = ရုပ်နာမ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် အဖန်ဖန် အထပ်ထပ် ရှုမှတ်ပွားများအားထုတ်အပ်သော အမှု။

ဝိပါက်ဝိညာဉ် = ဝိပါက် + ဝိညာဉ်၊ လောကီကုသိုလ်, အကုသိုလ် စေတနာ သင်္ခါရကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားဖြစ်သည့် ပဋိသန္ဓေဝိညာဉ်၊ ပဝတ္တိဝိပါက်ဝိညာဉ်။

ဝိမောက္ခရှစ်ပါး = ဝိမောက္ခ + ရှစ်ပါး၊ ဝိမောက္ခ-လွတ်မြောက်သော တရား + ရှစ်ပါး။ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ လွတ်မြောက်တတ်သောတရား၊ ယင်းတရားကား “ရူပီ ရူပါနိ ပဿတိ” အစရှိသော အားဖြင့် ရှစ်မျိုးရှိသည်။ (အံ၊ ၃။၁၂၆)။

ဝီတရာဂစိတ် = ဝီတရာဂ + စိတ်၊ ရာဂကင်းသောစိတ်၊ ရာဂမရှိသောစိတ်။

သ

သကဒါဂါမ် = သကဒါဂါမိဖလဋ္ဌာန်အရိယာပုဂ္ဂိုလ်၊ ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာရောက်ပြီး ပဋိသန္ဓေနေ၍ လူပြန်ဖြစ်ခြင်းသဘောရှိသော အရိယာပုဂ္ဂိုလ်။

သင်္ခတတရား = ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားတို့က ပြုပြင်စီရင်အပ်သောတရား။

သတိ = သတိ + ဣန္ဒြေ၊ သတိဟူသော ဣန္ဒြေတရား။

သတိမန္တ = သတိ + မန္တ၊ သတိ = အောက်မေ့ အမှတ်ရကြောင်း သတိတရား + မန္တ = ရှိခြင်း၊ သတိတရားရှိသောသူ၊ သတိနှင့် ပြည့်စုံသူ။

စာမျက်နှာ-671
သတ္တဝါအနန္တ = သတ္တဝါ + အနန္တ = အဆုံးအပိုင်းအခြား အရေအတွက် မရှိခြင်း၊ အဆုံးအပိုင်းအခြား မရှိ မရေမတွက်နိုင်အောင် များပြားလှသည့် သတ္တဝါအပေါင်း။

သဗ္ဗညုတဉာဏ် = သဗ္ဗ + ညုတဉာဏ်၊ သိစရာမှန်သမျှ မကျန်ရအောင် ဉေယျဓံတရား ငါးပါးကို ပိုင်းခြားသိမြင်သော ဉာဏ်တော်။

သမထ = ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သော သမာဓိတရား။

သမထဘာဝနာကံ = အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်အပ်သော သမထကမ္မဋ္ဌာန်းအလုပ်။

သမထဝိပဿနာ = သမထ + ဝိပဿနာ၊ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ။

သမထဝိပဿနာယာနိကလမ်း = သမထယာဉ်, ဝိပဿနာယာဉ် နှစ်မျိုးလုံးနှင့် စပ်ယှဉ်သောလမ်း။

သမာဓိန္ဒြေ = သမာဓိ + ဣန္ဒြေ၊ သမာဓိဟူသော ဣန္ဒြေတရား။

သမ္မာသမ္ဗောဓိဉာဏ် = သမ္မာ + သံ + ဗောဓိဉာဏ်၊ မဖောက်မပြန် ကိုယ်တိုင် သိတတ်သော၊ ကောင်းမွန်စွာ ထိုးထွင်း သိတတ်သော ဉာဏ်တော်။

သယမ္ဘူဉာဏ် = သူတစ်ပါးညွှန်ပြမှုမရှိဘဲ မိမိအလိုလိုဖြစ်သော ဉာဏ်တော်။

သရာဂစိတ် = သရာဂ + စိတ်၊ တဏှာရာဂနှင့် တကွဖြစ်သောစိတ်၊ တဏှာရာဂ မကင်းသေးသောစိတ်။

သဿတဒိဋ္ဌိ = သဿတ + ဒိဋ္ဌိ၊ တိတ္ထိတို့ ကြံဆအပ်သော အတ္တသည် မြဲ၏ဟု အယူမှားသော ဒိဋ္ဌိ။

သာဓုကီဠနသဘင် = သာဓု + ကီဠန + သဘင်၊ သံဝေဂကဗျာ လင်္ကာများ ရွတ်ဆိုကာ ကောင်းစွာမြူးထူးပျော်ပါးသော ပွဲသဘင်။

သာဝကပါရမီဉာဏ် = အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝကဟူသော အရိယာသာဝကတို့ ဖြည့်ကျင့် ဆည်းပူးအပ်သော ဉာဏ်။

သာဝကသန္နိပါတ = သာဝက + သန္နိပါတ၊ မြတ်စွာဘုရား တပည့်သား ရဟန်းတို့၏ အစည်းအဝေးပွဲ။

စာမျက်နှာ-672
သိရီဘုန်းတော် = သိရီ + ဘုန်းတော်၊ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နှင့် ပြည့်စုံသဖြင့် လှပတင့်တယ်တော်မူခြင်း ဟူသော ဘုန်းတော်။

သီလဗ္ဗတုပါဒါန် = သီလဗ္ဗတ + ဥပါဒါန်၊ နွား ခွေး စသည်တို့၏ အလေ့အကျင့် ကို ကျင့်ခြင်းဖြင့် ကိလေသာမှ စင်ကြယ်ကာ သံသရာမှ လွတ်မြောက်၏ဟု စွဲစွဲလမ်းလမ်း ယူထားသော မိစ္ဆာဒိဋ္ဌိ။

သီလမဂ္ဂင် = သီလ, သမာဓိ, ပညာအားဖြင့် သုံးပါးရှိရာတွင် သီလ၌ ထည့်သွင်းအပ်သော မဂ္ဂင်၊ သမ္မာဝါစာ, သမ္မာကမ္မန္တော, သမ္မာအာဇီဝေါဟူသော သီလမဂ္ဂင်သုံးပါး။

သီလဝန္တပုဂ္ဂိုလ် = သီလ + ဝန္တ + ပုဂ္ဂိုလ်၊ သီလ = သီလ + ဝန္တ = ရှိခြင်း၊ သီလရှိသော၊ သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်။

သုခဧကဂ္ဂတာ = သုခ + ဧကဂ္ဂတာ၊ သုခဝေဒနာနှင့် ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ။

သုဒ္ဓဝိပဿနာယာနိကလမ်း = သုဒ္ဓ + ဝိပဿနာယာနိကလမ်း၊ သမထနှင့် မရောမယှက် သီးခြား သက်သက်ဖြစ်သော ဝိပဿနာယာဉ်နှင့်သာ စပ်ယှဉ်သော လမ်း။

သေက္ခအရိယာပုဂ္ဂိုလ် = သေက္ခ + အရိယာပုဂ္ဂိုလ်၊ ကျင့်ဆဲဖြစ်သော အရိယာပုဂ္ဂိုလ်။

သောတပသာဒ = သောတ + ပသာဒ၊ သောတဟု ဆိုအပ်သော ပသာဒ၊ နားအကြည်ဓာတ်။

သောတဝိညာဉ် = နားအကြည်ဓာတ်ကိုမှီ၍ သိတတ်သောတရား၊ ကြားသိစိတ်။

သောတာပတ္တိဖိုလ် = သောတာပတ္တိမဂ်၏ အကျိုးဖြစ်သော ဖိုလ်စိတ်။

သောတာပန် = သောတာပန်ပုဂ္ဂိုလ်၊ သောတပတ္တိမဂ်ကို ရသောပုဂ္ဂိုလ်။

သံဃာ့အာရာမ် = သံဃာ့ + အာရာမ်၊ သံဃာတော်များ သီတင်းသုံး နေထိုင်ရာဖြစ်သော ကျောင်းအာရာမ်။

သံဝရငါးပါး = သံဝရ + ငါးပါး၊ မိမိသန္တာန်မှာ ကာယဒုစရိုက်စသော အကုသိုလ်တရားဆိုးများ မဖြစ်ပွားရအောင် ပိတ်ဆို့ တားမြစ်တတ်သောတရား။ ယင်းတရားသည်- ပါတိမောက္ခသံဝရ, သတိသံဝရ, ဉာဏသံဝရ, ခန္တီသံဝရ, ဝီရိယသံဝရအားဖြင့် ငါးပါးရှိသည်။

စာမျက်နှာ-673

မှတ်သားဖွယ်အက္ခရာစဉ်

အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ အ ],,[ အ ],

အကပ်မြောက်အင်္ဂါ ၅-မျိုး,၁၅၂,အညှို့,၃၅၅

အကျဉ်းဆုံးမှတ်ရန်,၁၀၇,အဋ္ဌာနမေတံ ဗုဒ္ဓမန္တန်,၄၃၂

ဝိပဿနာဂါထာ,၄၁၈,အက္ခရာစဉ်,၂၀၂

အကြော,၉၃,အဒ္ဓါနပလိဗောဓ,၅၂၈

အတွေးအမြင်မှန်ခြင်း,၈၂,အကြောင်းလေးပါး,၄၄၄

အတ္တဒတ္ထမထေရ်,၆၃၈,အကြံကောင်းများပေါ်ခြင်း,၄၉၂

အတ္ထက္ခာယီမိတ်ဆွေ,၉၄,အခါမဲ့ (ညအခါ၌) သွားလာခြင်း အပြစ် ၆-ပါး,၃၅၄

အထိုင်ကျင့်ခြင်း,၅၂၉,အခြားယုံကြည်ရမည့် အချက်များ,၈၄

အဒိန္နာဒါန အပြစ်ပြဝတ္ထု,၂၆,အခြေခံပြင်ဆင်ချက်,၄၄၀

အဓိဋ္ဌာန်ပုတီးစိပ်ကျင့်ဝတ်များ,၅၀၃,အင်္ဂါ ၁၂-ပါး,၃၈၅

အနတ္တလက္ခဏာ,၄၉၃,အင်္ဂုလိမာလသုတ်ရွတ်ဖတ်ခြင်းအကျိုး,၂၉၉

အနတ္တအခြင်းအရာ ၅-ပါး,၅၃၆,အစာသစ်,၃၅၈

အနန္တော အနန္တ ၅-ပါး,၆,အစာဟောင်း,၃၅၉

အန္တရာယ်ကင်းရွတ်ရန်ဂါထာ,၁၀၆,အစေး,၃၆၃

အနာဂါမ်ဆရာသက်ကြီး ဝိပဿနာရှုနည်း,၂၇၉,အစည်ကားဆုံး သာဓုကီဠနသဘင်,၄၁၈

အနာထပိဏ်သေဋ္ဌေး,၅၈၆,အစပ်သုံးပါး,၅၈၇

အနာထပိဏ်သေဋ္ဌေးကြီး ငိုရရှာခြင်း,၁၀၆,အဆီခဲ,၃၆၁

အနာထပိဏ်သေဋ္ဌေး၏ အလှူဝတ္ထုများ,၅၈၆,အနာရောဂါကင်းရှင်းခြင်း,၁၉၄

အဆင်းဖြင့် ပိုင်းခြားပုံ,၃၆၇,အနာရောဂါများခြင်း,၁၉၃

အဆင်းလှခြင်း,၁၉၄,အနိစ္စအခြင်းအရာ ၁၀-ပါး,၅၃၅

အဆုတ်,၃၅၇,အနိစ္စလက္ခဏာ,၄၉၂

အညဒတ္ထုဟရမိတ်ဆွေတု,၉၀,အနုကမ္ပကမိတ်ဆွေ,၉၄

စာမျက်နှာ-674
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ အ ],,[ အ ],

အနုဂါမိက ရွှေအိုး,၃၄၀,မျက်နှာအားဖြင့် ပိုင်းခြားပုံ,၃၆၈

အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်,၁၅၈၊ ၁၆၉,အရေ,၃၅၄

အနုပဿနာဟူသည်,၅၃၀,အရိုး,၃၅၅

အနုပ္ပိယဘာဏီမိတ်ဆွေတု,၉၁,အရုပ်ဆိုးရခြင်း,၁၉၄

အနုဗန္ဓနာနည်း,၅၅၀,အရှင်အနုရုဒ္ဓါ,၆၂၆

အနုရာဓမြို့သား နှစ်ဦးအကြောင်း,၄၂၁,အရှင်အာနန္ဒာ,၆၂၃

အနုဿတိ ၁၀-ပါး,၄၂၇,အရှင်ကောဏ္ဍည,၆၀၈

အပရာပရိယဝေဒနီယကံ,၁၈၉,အရှင်ပိဏ္ဍောလဘာရဒွါဇ,၆၂၂

အပါယသဟာယ မိတ်ဆွေတု,၉၁,အရှင်မဟာကစ္စည်း,၆၂၀

အပိုင်းအခြားအားဖြင့် ပိုင်းခြားပုံ,၃၆၈,အရှင်မဟာကဿပ,၆၁၄

အဖျဉ်း,၃၅၇,အရှင်မောဂ္ဂလာန်,၆၁၆

အဗျာပါရနည်း,၅၅၄,အရှင်သီဝလိ,၆၃၂

အဘိဇ္ဈာအပြစ်ပြဝတ္ထု,၂၁၁,အရှင်သာရိပုတ္တရာ,၆၁၂

အဘိညာဉ်အဆင့်သို့,၄၅၇,အမှုနှင့်ဝတ္တရားငါးပါး,၁၀၂

အဘိဏှသုတ်,၃၀၇,အလှည့်ကျတာဝန်ယူသော ကံလေးမျိုး,၁၉၂

အမိတဘောဂသေဋ္ဌေးကြီးများ,၅၉၅,အလွှာလေးပါး,၃၈၈

အမျိုးမြတ်ခြင်း,၁၉၅,အဝိဇ္ဇာ,၃၈၂

အမျိုးယုတ်ခြင်း,၁၉၅,အဝိဇ္ဇာကင်းပြတ်၍ ဝိဇ္ဇာအလင်းဓာတ်ဖြစ်ပုံ,၃၉၂

အမွေး,၃၅၂,အသေင်္ချေယျကပ်,၂၅၁

အမြှေး,၃၅၇,အသုဘ ၁၀-ပါး,၄၂၁

အယူဝါဒပျက်စီးခြင်း,၁၈,အသား,၃၅၄

အရဟံဂုဏ်တော်,၁၅၈၊ ၁၆၈,အသက်တိုရခြင်း,၁၉၃

အရိယဝံသပဋိပဒါ ၄-ပါး,၆၂၈,အသက်ရှည်ရခြင်း,၁၉၃

အရိယာ ၄-ပါး,၅၈၅,အသည်း,၃၅၆

အရပ်ခြောက်ပါး,၁၀၄,အဟေတုကဒိဋ္ဌိဟူသည်,၁၈၉

အရပ်ခြောက်ပါးကို လုံခြုံစေခြင်း,၉၅,အဟောသိကံ,၅၈၅

အာစရိယဂုဏောအနန္တော,၆,အာစာရအရိယာ,၅၃၁

စာမျက်နှာ-675
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ အ ],,[ ဣ ],

အာစိဏ္ဏကံ,၁၉၂,ဣဒ္ဓိပါဒ် ၄-ပါး,၃၉၉

အာဇီဝဋ္ဌမကသီလ,၅၇-၈,ဣန္ဒြေ ၅-ပါး,၄၀၁

အာဋာနာဋိယသုတ် ရွတ်ဖတ်ရကျိုး,၂၉၂,ဣန္ဒြိယသံဝရသီလ,၃၃၆

အာနာပါန အကျိုးဆက်,၅၀၉,ဣရိယာပုတ်ကို ဆင်ခြင်ခြင်းအပိုင်း,၄၆၄

အာနာပါန ကမ္မဋ္ဌာန်း,၅၀၄,ဣရိယာပုတ်လေးပါးဖြင့် တရားအားထုတ်ပုံ,၅၁၃

အာနာပါန ကမ္မဋ္ဌာန်း အားထုတ်နည်း,၅၀၅,ဣဿရနိမ္မာနဒိဋ္ဌိ,၁၈၉

အာနာပါနကမ္မဋ္ဌာန်းပွားများရခြင်း အကျိုး,၅၂၆,,

အာနာပါနကမ္မဋ္ဌာန်းကိုဖြင့် ဘုရားဖြစ်တော်မူခြင်း,၅၂၁,[ ဥ ],

အာနာပါနကမ္မဋ္ဌာန်းကို အခြေခံ၍ ဝိပဿနာကူးနိုင်ခြင်း,၅၂၉,ဥဂ္ဂသေဋ္ဌေးနှင့် အံ့ဖွယ် ၈-ပါး (၁),၅၉၀

အာနာပါနဿတိ,၅၂၅,ဥဂ္ဂတသေဋ္ဌေးနှင့် အံ့ဖွယ် ၈-ပါး (၂),၅၉၁

အာနာပါနဿတိသုတ်,၅၀၁,ဥစ္ဆေဒဒိဋ္ဌိ,၁၉၀

အာဗာဓပလိဗောဓ,၄၃၃,ဥတ္တရာနန္ဒမာတာ,၆၀၅

အာယတန ၁၂ ပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၄,ဥပကာရမိတ်ဆွေ,၉၂

အာရုပ္ပ(အပ္ပမညာ)လေးပါး,၄၂၃,ဥပစ္ဆေဒကံ,၁၉၂

အာဝါသပလိဗောဓ,၄၂၆,ဥပပဇ္ဇဝေဒနီယကံ,၁၈၉

အာသန္နကံ,၁၉၂,ဥပတ္ထမ္ဘကကံ,၁၉၁

အားတော်ဆယ်ပါး,၁၆၂,ဥပပီဠကကံ,၁၉၁

အားထုတ်ရန် တရားများ,၄၉၄,ဥပါဒါန်,၃၈၄

အူမ အူသိမ်,၃၅၈,ဥပါယကောသလ္လ ဉာဏ်ကြီးရှင်မ,၆၄၃

,,ဥပါသကာ,၄၁-၄

[ ဣ ],,ဥပါသကာအရည်အချင်း ၅-ပါး,၄၁

ဣစ္ဆာသယ လိုတိုင်းရသည့် ရွှေအိုး,၃၄၀,ဥပါသကာဂုဏ် ၁၀-ပါး,၄၂

ဣဒ္ဓိပလိဗောဓ,၄၃၄,ဥပါသကာတို့ရှောင်ရန် ၅-ပါး,၄၁

,,ဥပါသကာပျက်စီးခြင်း ၅-မျိုး,၄၁

,,ဥပေါသထနတ်သမီး,၂၃၈

,,ဥပ္ပလဝဏ္ဏာထေရီ,၆၃၅

,,ဦးနှောက်,၃၆၃

,,ဥယျောဇဉ်,၄၂၈

စာမျက်နှာ-676
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ ဧ-ဩ ],,[ က ],

ဧကတ္တနည်း,၅၅၃,ကာမေသုမိစ္ဆာစာရဝိရတီ အကျိုးပြဝတ္ထု,၂၀၄

ဧဝံဓမ္မတာနည်း,၅၅၄,ကာယဂတာသတိသုတ်,၅၂၅

ဩကာသကန်တော့ချိုး,၅၃,ကာယကမ္မ,၁၈၄

,,ကာယဒုစရိုက် ၃ ပါး,၄၅၊ ၁၉၇

[ က ],,ကာယသုစရိုက် ၃ ပါး,၁၉၉

ကံအကြောင်း,၁၈၁,ကာယာနုပဿနာ သတိပဋ္ဌာန်,၃၉၇၊ ၄၆၃

ကံအမျိုးမျိုး (ကမ္မဘေဒ),၁၈၈,ကာလဒါန ၅ မျိုး,၂၂၄

ကံ၏အကျိုး (ကမ္မဖလ),၁၈၆,ကာလသုံးပါး,၃၈၇

ကံ၏ ဆန်းကြယ်ခြင်း,၁၈၃,ကာဠဝဂ္ဂိယသေဋ္ဌေး,၅၉၈

ကံကိစ္စလေးမျိုး,၁၉၁,ကာတိယာနီဥပါသိကာ,၆၀၈

ကံကို ယုံသလား,၁၈၁,ကိသာဂေါတမီ,၆၄၂

ကံနှင့်လက်တွေ့ဘဝ,၁၅၅,ကုဏ္ဍလကေသာထေရီ,၆၄၁

ကံမတူ၍ လူချင်းခြားနား,၂၄၇,ကုလပလိဗောဓ,၄၂၈

ကံဟူသည် အဘယ်နည်း,၁၈၁,ကိုးကွယ်မှု၏ အဓိပ္ပါယ်,၁

ကဋကတ္တာကံ,၁၉၂,ကိုးကွယ်မှု သုံးပါး,၁

ကပ္ပိယံ ကရောဟိ,၂၄၂,ကိုးကွယ်မှား အပြစ်,၁

ကမ္ဘာမြေတည်ပုံ,၂၅၈,ကိုးကွယ်ရာ ရတနာသုံးပါး,၁

ကမ္မဋ္ဌာန်း,၄၂၀,ကိုးကွယ်မှန်အကျိုး,၃

ကမ္မဋ္ဌာန်းအားမထုတ်ခင် လိုအပ်ချက်များ,၄၉၄,ကိုးပါးသီလ,၅၆၊ ၇၇

ကမ္မဋ္ဌာန်းစတင်ပွားများပုံ,၄၄၄,ကလဟဝိဝါဒသုတ်,၃၄၅

ကမ္မဋ္ဌာနုပစာရတရား ၁၅-ပါး,၄၉၅,ကောင်းကင်နတ်,၂၅၈

ကမ္မပလိဗောဓ,၄၃၂,ကလာပရှုနည်း,၅၅၅

ကလျာဏမိတ်ဆွေ,၄၉၆,ကျက်သရေမင်္ဂလာဂါထာ,၁၃၇

ကလျာဏမိတ်ဆွေဂုဏ်ရည်,၄၉၇,ကျင်ငယ်,၃၆၃

ကသိုဏ်း ၁၀ ပါး,၄၂၀,ကျန်းမာရေးရရှိခြင်း,၅၂၉

ကသိုဏ်းဝန်းတင်ခြင်း,၄၄၄,ကျွန်ဝတ္တရား ၅-ပါး,၁၀၂

ကာတိယာနီဥပါသိကာ,၆၀၇,ကျော်စောသတင်း ပျံ့သင်းကြောင်းတရား,၁၀၄

ကာမေသုမိစ္ဆာစာရ အပြစ်ပြဝတ္ထု,၂၀၃,,

စာမျက်နှာ-677
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ ခ-ဂ-င ],,[ စ ],

ခံလေးပါးဆု,၆၂၄,စတုတ္ထအဆင့်,၅၀၁၊ ၅၃၁

ခဏိကရုနည်း,၅၅၅,စတုတ္ထစတုက္က,၅၇၄

ခန္ဓသုတ်ရွတ်ရခြင်းအကျိုး,၂၇၇,စတုဓာတုဝဝတ္ထာန်,၄၂၂

ခန္ဓာငါးပါးကို ဆင်ခြင်ခြင်း အပိုင်း,၄၇၃,စရိယသုံးပါး,၂၆၅

ခုဇ္ဇုတ္တရာ,၆၀၃,စရိုက်,၄၃၆

ခေမာထေရီ,၆၃၈,စရိုက် ၆-ပါး,၄၃၆

ခင်ပွန်းယုတ်အပြစ် ၆-ပါး,၈၆,စရိုက်အလိုက် နှလုံးသွေး ဖြစ်တတ်ပုံ,၄၃၈

ချမ်းသာခြင်း,၁၉၅,စရိုက် ၆-ပါးနှင့် သင့်လျော်သောကမ္မဋ္ဌာန်း,၄၃၈

ချီးမွမ်းဖွယ် အသက်ရှင်ခြင်း,၆၄၈,စားသောက်ဖွယ်များ ကပ်လှူနည်း,၁၅၁

ချွေး,၃၆၁,စိတ္တသူကြွယ်,၅၈၇

ခြင်းရာ နှစ်ဆယ်,၃၈၇,စိတ္တာနုပဿနာ သတိပဋ္ဌာန်,၃၉၇၊ ၄၇၀

ခွဲဝေသုံးစွဲ မိတ်ဆွေမြဲ,၉၅,စိတ္တိဒ္ဓိပါဒ်,၄၀၀

ဂဝ်မာလဇာတ်,၂၃၉,စိတ်ကိုဆင်ခြင်ခြင်း ၁၆-ပါး,၄၇၀

ဂဏန(ဂဏန်း)နည်း,၅၄၉,စိတ်ကို ပြုပြင်ခြင်းဖြင့် ဣန္ဒြေပြောင်းနိုင်သည်,၄၁၃

ဂဏပလိဗောဓ,၄၃၁,စိတ်ကောင်းရှိသောမိတ်ဆွေ,၉၂

ဂန္ထပလိဗောဓ,၄၃၄,စိတ်တည်ငြိမ်၍ ချမ်းသာခြင်း,၅၂၈

ဂရုကံ,၁၉၂,စိတ်ထားမှန်ကန်ခြင်း,၉

ဂိဟီဝိနယ(လူ့ဝိနည်း),၇၉,စိတ်နှိုးခြင်း,၄၄၅

ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅-ပါး,၅၀၃,စိတ်ဖြင့်ရွတ်ဆိုပုံ,၃၆၇

ဂုဏ်တော်နှင့် မိဖုရားစောလုံ,၁၅၉,စိန္တာမဏိဂါထာစွမ်းရည်,၁၄၃

ဂေါတြဘူစိတ်ဟူသည်,၅၃၈,စူဠသောတာပန်,၅၃၂

ဂေါပကနတ်သားဝတ္ထု,၃၂၇,စေတနာ ၃-ပါး,၂၂၃

ငရဲ,၂၁၆,စက်ဆုပ်ဖွယ်ရာ နှလုံးသွင်းခြင်း အပိုင်း,၄၆၅

ငရဲပုံ,၂၁၈,စည်းစိမ်ပျက်ကြောင်း ၆-ပါး,၅၃

ငါးပါးသီလ,၅၅၊ ၇၅,,

ငြင်းခုံခိုက်ရန်ဖြစ်ခြင်း အကြောင်းရင်းများ,၃၄၅,,

စာမျက်နှာ-678
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ စ ],,[ ည ],

စွန်းလွန်းဆရာတော် ဝိပဿနာရှုနည်း,၅၅၆,ညစ်ညူးသောကံလေးပါး,၈၁

,,ညောင်လွန့်တောရ ဝိပဿနာ ရှုနည်း,၅၈၁

[ ဆ ],,,

ဆံပင်,၃၅၁,[ တ ],

ဆံပင်ဖြတ်၍ ဆွမ်းကပ်သူ,၆၃၀,တံတွေး,၃၆၂

ဆဋ္ဌအဆင့်,၅၃၄,တဏှာ,၃၈၄

ဆန္ဒိဒ္ဓိပါဒ်,၃၉၉,တဏှာခွာပုံ,၅၅၆

ဆရာဝတ်ငါးပါး,၉၉,တတိယအဆင့်,၅၀၀၊ ၅၃၁

ဆီကြည်,၃၆၂,တတိယစတုက္က,၅၇၃

ဆီမီးလှူရကျိုး ၂ မျိုး,၆၈,“တပုဿ, ဘလ္လိက”,၅၈၅

ဆီမီးကပ်နှင့် ဆုတောင်း,၅၉,တပည့်နှင့်ဆရာဆက်ဆံရေး,၉၈

ဆုတောင်းအမျှဝေ,၆၄,တပည့်ဝတ္တရားငါးပါး,၉၈

ဆက်လက်အားထုတ်ခြင်း,၄၄၅,တရားအားမထုတ်မီ ကြိုတင်ပြုဖွယ်များ,၄၉၄

ဆင်းရဲခြင်း,၁၉၅,တရားအားထုတ်မည့်သူ၏ အင်္ဂါ ၅-ပါး,၄၉၄

ဆွမ်းတော်ကပ်နှင့် ဆုတောင်း,၅၇,တရားအားထုတ်မည့်သူ၏ အပရိဟာနိယတရား ၇-ပါး,၄၉၄

ဆွမ်းအကျိုး ၅-မျိုး,၆၆,တရားအားထုတ်ရကျိုး,၅၅၁

,,တရားအားထုတ်ရန် တော(၃)တော,၄၉၇

[ ဇ ],,တရားအားထုတ်ရန် နည်းလမ်းများ,၄၉၄

ဇင်္ဂမရွှေအိုး,၃၃၉,တရားကျေးဇူး,၃၂

ဇဋိလသေဋ္ဌေး,၅၉၇,တရားက ပြန်စောင့်သူ,၂၃၈

ဇနကကံ,၁၉၁,တရားဂုဏ်တော်,၂၅-၆၊ ၇၂-၃

ဇရာမရဏ,၃၈၅,တိလဒေဝီနတ်သမီး,၆၀၇

ဇာတိ,၃၈၅,တိသရဏဂမနီယထေရ်,၃၂

ဇီဝကဆေးဆရာ,၅၉၃,တည်ရာအားဖြင့် ပိုင်းခြားပုံ,၃၆၈

ဇောတိကသေဋ္ဌေး,၅၉၅,တန်ခိုးအာဏာကြီးမားခြင်း,၁၉၄

ဇောတိရသနတ်သမီး,၂၃၈,,

,,[ ဈ၊ ည ],

,,ဈာန်ရခြင်း,၄၄၉

,,ဈာနမဂ်ဖိုလ်ကို အန္တရာယ် ပြုသောကံကြီး ၅-ပါး,၄၉၅

,,ဉာတိပလိဗောဓ,၄၃၃

,,ဉာဏ်တော်ဆယ်ပါး,၁၆၄

,,“ဉာဏ်ယှဉ်, မယှဉ်”,၁၂

စာမျက်နှာ-679
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ တ၊ ထ၊ ဒ ],,[ ဒ၊ ဓ ],

တန်ခိုးအာဏာနည်းပါးခြင်း,၁၉၄,ဒုတိယစတုက္က,၅၇၃

တောင်ပုလုဆရာတော်၏ ဝိပဿနာရှုနည်း,၅၆၇,ဒုတိယဈာန်စသည်,၅၀၂

,,ဒေဝတာသန္နိပါတ,၃၂၁

[ ထ ],,ဓဇဂ္ဂသုတ်ရွတ်ဖတ်ခြင်းအကျိုး,၂၈၃

ထာပနာနည်း,၁၅၁,ဓမ္မဂုဏော အနန္တော,၇

ထိခြင်းငါးမျိုး,၅၅၀,ဓမ္မဒိန္နာထေရီ,၆၄၈

ထင်မြင်လာတတ်သော နိမိတ်များ,၄၄၆,ဓမ္မရတနာ,၅

ထွက်သက်ဝင်သက်ကို ဆင်ခြင်ခြင်းအပိုင်း,၄၆၃,ဓမ္မာနုပဿနာသတိပဋ္ဌာန်,၃၉၈၊ ၄၇၁

,,ဓာတ်အားဖြင့် နှလုံးသွင်းခြင်း အပိုင်း,၄၆၆

[ ဒ ],,ဓာဏရပရိတ်,၁၂၉

ဒကာနှင့်ဆရာ ဆက်ဆံရေး,၁၀၂,,

ဒဿနအရိယာ,၅၈၅,[ န ],

ဒါနအမျိုးမျိုး,၂၂၂,နကုလပိတုသေဋ္ဌေး,၅၉၄

ဒါန၏ အင်္ဂါ ၄-ပါး,၂၂၂,နန္ဒာထေရီ,၆၅၃

ဒါနဆိုင်ရာဝတ္ထုများ,၂၃၆,နမော တေ ဂါထာ,၁၀၉

ဒါယကာဝတ္တရား ၅-ပါး,၁၀၃,နာညတြဂါထာ,၁၀၈

ဒါဋ္ဌဓမ္မဝေဒနီယကံ (ဒိဋ္ဌဓမ္မ),၁၈၈,နာနတ္တနည်း,၅၅၄

ဒိဋ္ဌဓမ္မဝေဒနီယကံ အင်္ဂါ ၄-ပါး,၁၉၀,နာမ်ရုပ်,၃၈၃

ဒိဋ္ဌိခွာပုံ,၅၅၆,နိဓိကဏ္ဍသုတ်မြန်မာပြန်,၃၃၉

ဒိဗ္ဗစက္ခု,၂၅၃,နိဗ္ဗိန္ဒတောရ ဆရာတော်၏ ဝိပဿနာရှုနည်း,၅၇၁

ဒုက္ခအခြင်းအရာ ၂၅-ပါး,၅၃၅,နိဗ္ဗာန်သွား လမ်းမကြီး,၅၆၇

ဒုက္ခအရိယသစ္စာ,၄၀၅၊ ၄၇၉,နိမိတ်ကို စောင့်ရှောက်ခြင်း,၄၄၆

ဒုက္ခနိရောဓအရိယသစ္စာ,၄၈၅,နိရောဓသစ္စာ,၄၀၇

ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ,၄၈၇,နီဝရဏတရား ငါးပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၁

ဒုက္ခလက္ခဏာ,၄၉၂,နတ်အစားစား,၂၄၉

ဒုက္ခသမုဒယအရိယသစ္စာ,၄၈၂,နတ်အစည်းအဝေး,၃၁၀

ဒုစရိုက် ၁၀-ပါး,၄၅,“နတ်, ဗြဟ္မာပြည်မှ မြေအမျိုးအစား”,၂၄၉

“ဒုစရိုက် (၁၀)ပါး, အပြား (၄၀)”,၁၉၇-၈,,

ဒုစရိုက်အပြစ်ပြဝတ္ထုများ,၂၀၀,,

ဒုတိယအဆင့်,၅၀၀၊ ၅၃၀,,

စာမျက်နှာ-680
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ န ],,[ ပ ],

နတ်သက်တမ်း,၂၅၀,ပလိဗောဓကြီး ၁၀-ပါး,၄၂၅

နေရာယူခြင်း,၄၄၂,ပလိဗောဓငယ် ၅-ပါး,၄၃၅

နှလုံး,၃၅၆,ပါဏာတိပါတ အပြစ်ပြဝတ္ထု,၂၀၀

နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်းအစီအရင်,၃၆,ပါဏာတိပါတဝိရတီ အကျိုးပြဝတ္ထု,၂၀၁

နှပ်,၃၆၃,ပါတိမောက္ခသံဝရသီလ,၃၃၅

နှုတ်ဖြင့် ရွတ်ဆိုပုံ,၃၆၆,ပါဠိတော်နည်းအရ အားထုတ်ပုံ,၅၀၇

,,ပိသုဏဝါစာအပြစ်ပြဝတ္ထု,၂၀၇

[ ပ ],,ပိသုဏဝါစာဝိရတီ အကျိုးပြဝတ္ထု,၂၀၇

ပစ္စဝေက္ခဏာ ၅-ဝီထိ,၅၃၉,ပုတီး,၁၆၇

ပဉ္စမအဆင့်,၅၃၂,ပုတီးစိပ်ခြင်း၏အကျိုး,၁၇၇

ပညာ,၃၇၅,ပုတီးစိပ်ပုံ,၁၇၆

ပညာ၏အကျိုး,၃၇၇,ပုတီးစိပ်စဉ် ကျင့်ဝတ် ၅-ပါး,၁၇၇

ပညာ၏အဓိပ္ပါယ်,၃၇၆,ပုတီးစိပ်နည်းများ,၁၇၀

ပညာ၏အမည်,၃၇၆,ပုတီးစိပ်ပြီး ကျင့်ဝတ် ၂-ပါး,၁၇၇

ပညာကြီးခြင်း,၁၉၆,ပုတီးစိပ်သူအင်္ဂါ(၃)ရပ်,၁၇၈

ပညာနည်းခြင်း,၁၉၆,ပုတီးစွမ်းရည် (၇)ချက်,၁၇၉

ပညာရှာနည်း,၃၇၆,ပုတီးမစိပ်မီကျင့်ဝတ် ၁၀-ပါး,၁၇၆

ပဋာစာရာထေရီ,၆၄၄,ပုဗ္ဗဏသုတ်ရွတ်ဖတ်ရကျိုး,၃၀၃

ပဋိစ္စသမုပ္ပါဒ်,၃၈၀-၃၉၂,ပုဗ္ဗေကတဟေတုဒိဋ္ဌိ,၅၅၄

ပဋိပါဋိရှုနည်း,၅၅၅,ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားပုံ,၃၆၇

ပဋိဝေဓအရိယာ,၅၈၅,ပန်းတော်ကပ်နှင့် ဆုတောင်း,၅၈

ပဋ္ဌာန်း,၁၁၀,ပန်းလှူရကျိုး ၃-မျိုး,၆၈

ပဋ္ဌာန်းရွတ်ရကျိုး,၁၁၀,ပယ်လေးတန်ဆု,၆၂၄

ပထမအဆင့်,၅၀၀၊ ၅၃၀,ပယ်သောကိလေသာ,၅၃၉

ပထမစတုက္က,၅၇၁,ပေါင်းသင်းဆက်ဆံရေး,၈၇

ပထဝီကသိုဏ်းဖြင့် ဈာန်ရအောင်ပြုလုပ်နည်း,၄၄၀,ပရာဘဝသုတ် မြန်မာပြန်,၉၅

ပရိကံပိုင်း,၄၄၀,ပျားကောင်ပမာ စီးပွားရှာ,၃၄၁

ပလိဗောဓ,၄၂၅,ပျက်စီးဆုတ်ယုတ်ကြောင်းများ,၃၄၂

,,ပျင်းရိခြင်းအပြစ်(၆)ပါး,၅၄

,,ပြည်,၃၆၀

စာမျက်နှာ-681
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ ပ၊ ဖ ],,[ ဗ ],

ပွဲလမ်းသဘင်ကြည့်ခြင်း အပြစ် (၆)ပါး,၈၅,ဗုဒ္ဓရုပ်ပွားဆင်းထုတော်ကို ကိုးကွယ်ခြင်းအကျိုး(၉)မျိုး,၂၂

,,ဗောဓိပက္ခိယ,၃၉၆

[ ဖ ],,ဗောဓိပက္ခိယတရား(၃၇)ပါး,၃၉၆

ဖရုသဝါစာအပြစ်ပြဝတ္ထု,၂၀၈,,

ဖရုသဝါစာဝိရတီ အကျိုးပြဝတ္ထု,၂၀၈,[ ဗ၊ ဘ ],

ဖဿ,၃၈၃,ဗိုလ်ငါးပါး,၄၀၁

ဖားနတ်သား,၃၉,ဗောဇ္ဈင်(၇)ပါး,၄၀၁

“ဖြစ်, ချုပ်တရား”,၄၉၃,ဗောဇ္ဈင်(၇)ပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၆

ဖွတ်ဖမ်းပမာ တရားရှာ,၅၅၉,ဗောဇ္ဈင်(၇)ပါးဖြစ်ပေါ်ပုံ,၅၁၀

,,ဗောဇ္ဈင်သုတ်ရွတ်ဖတ်ခြင်း အကျိုး,၃၀၀

[ ဗ ],,ဗျာပါဒအပြစ်ပြဝတ္ထု,၂၁၃

ဗုဒ္ဓဂုဏော အနန္တော,၆,ဗြဟ္မဝိဟာရ(ဗြဟ္မစိုရ်)၄-ပါး,၄၂၂

ဗုဒ္ဓဂုဏ်တော်,၁၅၉၊ ၁၆၉,ဗြဟ္မာအစားစား,၂၅၀

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း,၅၀၂,ဗြဟ္မာသက်တမ်း,၂၅၁

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ကျင့်ကြံနည်းအင်္ဂါ(၇)ပါး,၅၀၃,ဘဂဝါဂုဏ်တော်,၁၅၉၊ ၁၆၉

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများသူအင်္ဂါ(၅)ပါး,၅၀၂,ဘဝ,၃၈၅

ဗုဒ္ဓဘာသာတစ်ဦး၏ တစ်နေ့တာကာလ,၆၈,ဘဝနာသဘော,၂၄၁

ဗုဒ္ဓဘာသာတစ်ဦး၏ တစ်နေ့တာလုပ်ငန်း,၅၂,ဘီလူးအဆွဲခံရသောသူငယ်,၁၃

ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်ရမည့်အချက်များ,၂၄,ဘီလူးမက ပေးသောဂါထာ,၁၄၃

ဗုဒ္ဓဘာသာတစ်ယောက် ရှောင်ရမည့်အချက်များ,၄၅,ဘုရားအာရုံပြုနည်း,၁၅၇

ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း,၉,ဘုရားကျေးဇူး,၂၄

ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးပုံ,၁၈,ဘုရားဂုဏ်တော်,၂၄-၅၊ ၇၀၊ ၁၀၆

ဗုဒ္ဓဘာသာဝင်တိုင်း ယုံကြည်ရမည့်အချက်(၆)ခု,၁၆,ဘုရားဂုဏ်တော်ပွားများရကျိုး (၁၃)မျိုး,၃၁-၂၊ ၁၇၉

ဗုဒ္ဓရတနာ,၅,ဘုရားဂုဏ်တော်အာရုံပြုနည်း,၁၅၇

,,ဘုရားရှိခိုးပုံ,၅၄

,,ဘုရားရှိခိုးခြင်းအကျိုး,၆၅

,,ဘုရားရှင်အဆူဆူအားထုတ်သော အာနာပါနကမ္မဋ္ဌာန်း,၅၂၁

စာမျက်နှာ-682
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ မ ],,[ မ ],

မကိုးကွယ်ရာနှင့်ကိုးကွယ်ရာ,၂,မာတာပိတုဂုဏော အနန္တော,၇

မဂ်စိတ်ပေါ်လာပုံ,၅၃၈,မာနခွာပုံ,၅၅၆

မဂ္ဂသစ္စာ,၄၀၉,မိစ္ဆာဒိဋ္ဌိ ၄-မျိုး,၁၈-၉

မဂ္ဂင် ၈-ပါး,၄၀၃,မိစ္ဆာဒိဋ္ဌိ အပြစ်ပြဝတ္ထု,၂၁၄

မဂ္ဂင် ၈-ပါး ဖြစ်ပေါ်လာပုံ,၄၀၃,မိဘဝတ္တရား ၅-ပါး,၉၉

မဂ္ဂင် ၈-ပါးကို သိက္ခာ ၃-ပါးဖြင့် ပိုင်းခြားပုံ,၄၀၄,မိမိစရိုက်ကို ဆန်းစစ်ရန်,၄၃၆

မင်္ဂလာသုတ်ရွတ်ရကျိုး,၂၆၀,မိတ်ဆွေစစ်,၈၇

မနောကမ္မ,၁၈၄,မိတ်ဆွေစစ်ကို ချဉ်းကပ်,၉၄

မနောဒုစရိုက် ၃-ပါး,၄၆၊ ၁၉၈,မိတ်ဆွေတု,၈၇၊ ၈၉

မနောသုစရိုက် ၃-ပါး,၁၉၉,မိတ်ဆွေတုကို ရှောင်,၉၂

မယားဝတ္တရား ၅-ပါး,၁၀၀,မိတ်ဆွေဝတ္တရား ၅-ပါး,၁၀၁

မရဏာသန္နဇော,၂၁၉,မုသာ အပြစ်ပြဝတ္ထု,၂၀၅

မရောင်းကောင်းသော ကုန်စည်မျိုး ၅-ပါး,၄၉,မုသာဝါဒဝိရတီ အကျိုးပြဝတ္ထု,၂၀၆

မတင့်တယ်မလျောက်ပတ်သော နေရာကျောင်း,၄၉၈,မူလနှစ်ပါး,၃၈၈

မဟာကပ်,၂၅၂,မေတ္တာဖြင့် နိုးထခြင်း,၆၁

မဟာကပ္ပိနသစ္စာ သုံးဂါထာ,၁၄၅,မေတ္တကသေဋ္ဌေး,၅၉၆

မဟာကပ္ပိနမင်းကြီးရွတ်ဆိုသော ဂါထာအကျိုး,၁၄၅,မေတ္တာအကျိုး ၁၁-မျိုး,၆၆

မဟာစည်ဆရာတော်၏ ဝိပဿနာရှုနည်း,၅၆၁,မေတ္တာပို့ခြင်း,၅၂

မဟာနာမသာကီဝင်မင်းသား,၅၈၉,မေတ္တာနှလုံး,၆၀၄

မဟာပဇာပတိဂေါတမီ,၆၃၅,မေတ္တာဘာဝနာ (၁၁)မျိုး,၆၃

မဟာပုရိသဝိတက်ကြီး ၇-ပါး,၆၂၇,မေတ္တာသုတ်ရွတ်ဖတ်ခြင်း အကျိုး,၂၇၄

မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်,၄၆၂,မောရသုတ်ရွတ်ဖတ်ခြင်း အကျိုး,၂၇၉

မဟာသမယသုတ်,၃၁၉,မင်းကွန်းဆရာတော်၏ ဝိပဿနာရှုနည်း,၅၅၁

မဟာသမယသုတ် မြန်မာပြန်,၃၀၉,မိုးကုတ်ဆရာတော်၏ ဝိပဿနာရှုနည်း,၅၆၈

,,မိုးညှင်းဆရာတော်၏ ဝိပဿနာရှုနည်း,၅၅၃

စာမျက်နှာ-683
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ မ ],,[ ရ ],

မျက်နှာတော်၏ ငြိမ်းအေးမှု,၂၀,ရုပ်ပွားဆင်းထု ပူဇော်ရသည့် အကျိုး,၂၂

မျက်ရည်,၃၆၂,,

မြတ်စွာဘုရားအလေး ထားသည့် အာနာပါန,၅၂၃,[ ရှ ],

မြတ်ဗုဒ္ဓ၏ အားတော်,၁၆၃,ရှင်သီဝလိဂါထာ,၁၃၈

မြတ်ဗုဒ္ဓချီးမွမ်းသည့် ဝိပဿနာဘာဝနာ,၄၁၅,ရှင်သီဝလိဂါထာစွမ်းရည်,၁၃၉

မြတ်သောဥပါသကာ ၃-မျိုး,၄၂,ရှစ်ပါးသီလ,၅၅၊ ၇၆

မြေမှီနတ်,၂၅၈,ရှိခိုးဦးချနည်း,၁၅၀

[ ယ၊ ရ ],,[ ရ ],

ယမကရှုနည်း,၅၅၅,ရွှေအိုးမြှုပ်ရန်ဌာန,၃၄၀

ယုံမှားမှုကင်္ခါ ၁၆-ပါး,၅၃၁,ရွှေဥဒေါင်းတောင်ဆရာတော်၏ ဝိပဿနာရှုနည်း,၅၈၃

ယုတ်ညံ့သော ဥပါသကာ ၃-မျိုး,၄၃,ရွှေထမ်းစင်ဖြင့် ဘိက္ခုနီဘောင်ဝင်သူ,၆၄၂၊ ၆၅၀

လာဇာဒေဝီ,၄၀,ရဲသော် မသေ,၁၉၉

ရတနာရွှေချိုင့်စည်းချနည်း,၂၅၄,,

ရတနာသုံးပါး,၂၉,[ လ ],

ရတနာသုံးပါးအကျိုးကျေးဇူး,၂၉,လာဘပလိဗောဓ,၄၃၀

ရတနာသုံးပါးအား ရှိခိုးခြင်း,၅၂,လိင်္ဂအရိယာ,၅၈၅

ရတနာသုံးပါးကို ယုံကြည်ခြင်း,၂၄,လောကဝိဒူဂုဏ်တော်,၁၅၈၊ ၁၆၉

ရတနသုတ်ရွတ်ရကျိုး,၂၆၅,လောကီသရဏဂုံ ၄-မျိုး,၁၆

ရတ္တညူဘိက္ခုနီမကြီး,၆၃၆,လောသကတိဿ,၃၉

ရတ္တညူဟူသည်,၆၁၉,လောင်းကစားခြင်းအပြစ် ၆-ပါး,၈၆

ရဟန်းဝတ္တရား ၆-ပါး,၁၀၃,လူနှင့်ကိုးကွယ်မှု,၉

ရဟန်းသံဃာနှင့် စကားပြောနည်း,၅၁,လူပျင်းဘဝ ၁၀-မျိုး,၈၈

ရိုးတွင်းခြင်ဆီ,၃၅၅,လူဘဝဖျက်အကျင့်စရိုက်များ,၈၇

ရေချမ်းကပ်နှင့် ဆုတောင်း,၅၈,လူသတ်မိန်းမ၏အသိသည် ပညာလော ?,၃၇၉

ရေချမ်းလှူရခြင်းအကျိုး ၁၀-မျိုး,၆၇,လင်နှင့်မယားဆက်ဆံရေး,၁၀၀

ရုပ်ပွားဆင်းထု ပူဇော်နည်း,၂၁,လင့်ဝတ္တရား ၅-ပါး,၁၀၀

,,လင်းနို့သား ငါးရာ,၃၉

,,လက်တွေ့ဣရိယာပုထ် ၄-ပါးဖြင့် တရားအားထုတ်ပုံ,၅၁၃

စာမျက်နှာ-684
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ လ ],,[ ဝ ],

လက်နက်ကိုးပါးအောင် ဘုရားရှိခိုး,၅၉,ဝိသမဟေတုကဒိဋ္ဌိ,၁၈၉

လက်သည်းခြေသည်း,၃၅၃,ဝိသာခါကျောင်းအမကြီး,၆၀၁

လယ်တီဆရာတော်၏ ဝိပဿနာရှုနည်း,၅၄၇,ဝီမံသိဒ္ဓိပါဒ်,၄၀၀

လုပ်ငန်းပြင်ဆင်ခြင်း,၄၄၃,ဝီရိယစွမ်းအား,၈၉

လှေနှစ်စင်း ယှဉ်လှော်,၅၈၄,ဝီရိယိဒ္ဓိပါဒ်,၃၉၉

,,ဝေဒနာ,၃၈၃

[ ဝ ],,ဝေဒနာကမ္မဋ္ဌာန်း,၃၃၃

ဝစီကမ္မ,၁၈၄,ဝေဒနာကို ဆင်ခြင်ခြင်း ၉-ပါး,၄၆၉

ဝစီဒုစရိုက်,၄၆၊ ၁၉၇,ဝေဒနာနုပဿနာ သတိပဋ္ဌာန်,၃၉၇၊ ၄၆၉

ဝစီပရမမိတ်ဆွေတု,၉၀,ဝေဘူဆရာတော်၏ ဝိပဿနာရှုနည်း,၅၇၈

ဝစီသုစရိုက်,၁၉၉,“ဝဋ်အမြဲ, ငရဲအပ”,၂၁၅

ဝဋသုတ်ရွတ်ဖတ်ခြင်းအကျိုး,၂၈၁,ဝဋ်မြဲပုံ,၂၁၆

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်,၁၅၈၊ ၁၆၇,ဝဋ် ၃-ပါး,၃၈၇

ဝိဇ္ဇာ ၃-ပါး,၆၂၉,ဝဋ်ဟူသည်,၂၁၅

ဝိညာဏ်,၃၈၃,ဝတ်ဆင်သင့်သော အဝတ်အစား,၄၉၉

ဝိနည်းလာ အာနာပါန,၅၂၄,ဝတ်ပန်းပုဆိုး,၂၃၆

ဝိပဿနာဉာဏ်,၅၄၁,,

ဝိပဿနာဉာဏ်အကျိုး,၅၄၆,[ သ ],

ဝိပဿနာဉာဏ်ကိစ္စ,၅၄၃,သံဃဂုဏော အနန္တော,၇

ဝိပဿနာဉာဏ်စဉ် (၁၀)ပါး,၅၄၁,သံဃာရတနာ,၅

ဝိပဿနာဉာဏ်ဘေးရန်,၅၄၄,သံဃာ့ကျေးဇူး,၃၄

ဝိပဿနာညစ်ညူးကြောင်း တရား (၁၀)ပါး,၅၃၃,သံဃာ့ဂုဏ်တော်,၂၆၊ ၇၄၊ ၁၀၇

ဝိပဿနာပွားများပုံ,၅၃၂,သံဃိကဒါန ၇-မျိုး,၂၂၄

ဝိပဿနာဘာဝနာ,၄၁၄၊ ၅၁၃၊ ၅၃၀,သက္ကပဥှသုတ်မြန်မာပြန်,၃၂၇

ဝိပဿနာဟူသည်,၅၃၀,သင်္ခါရ,၃၈၂

“ဝိပဿနုပတ္တိလေသ (၁၀)ပါး, အပြား (၃၀)”,၅၄၆,သံသရာ,၂၄၃

ဝိပဿနာတက်၍ ရှုမှတ်နည်း,၅၈၀,သံသာရေကမ်းတိုင်တရား,၅၉၄

,,သင်္ဂဟတရားလေးပါး,၁၀၄

စာမျက်နှာ-685
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ သ ],,[ သ ],

သင်္ဂဟတရားမဲ့က အကျိုးမရ,၁၀၅,သမာဓိ၏စွမ်းရည်,၃၇၅

သင်္ဂဟဝတ္ထု ၄-ပါး,၅၈၉,သမာဓိထူထောင်နည်း,၃၇၄

သစ္စာ ၄-ပါး,၄၀၅,“သမာဓိရှိ, မရှိ”,၄၁၄

သစ္စာ ၄-ပါးကို ဆင်ခြင်ခြင်းအပိုင်း,၄၇၈,သမာနသုခဒုက္ခ မိတ်ဆွေ,၉၃

သညာတစ်ပါး,၄၂၂,သမာပတ်ကိုးပါး (ရှစ်ပါး),၄၅၆

သတိပဋ္ဌာန် ၄-ပါး,၃၉၆၊ ၄၆၂,သမုဒယသစ္စာ,၄၀၆

သတိပဋ္ဌာန် ၄-ပါး ဖြစ်ပေါ်ပုံ,၅၀၉,သမ္ဖပ္ပလာပ အပြစ်ပြဝတ္ထု,၂၁၀

သတိပဋ္ဌာန်တရားကို ဣရိယာပုထ်ဖြင့် ရှုမှတ်ပုံ,၅၁၁,သမ္ဖပ္ပလာပဝိရတီအကျိုးပြဝတ္ထု,၂၁၁

သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း,၄၆၅,သမ္ဗုဒ္ဓေဂါထာ,၁၂၅

သတ္တက္ခတ္တုပရမသောတာပန်,၂၆၈,သမ္မပ္ပဓာန် ၄-ပါး,၃၉၈

သတ္တမအဆင့်,၅၃၈,သမ္မာဒိဋ္ဌိအမြင်မှန် ၁၀-ချက်,၂၇

သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်,၁၅၉၊ ၁၆၉,သမ္မာသမ္ဗုဒ္ဓဂုဏ်တော်,၁၅၈၊ ၁၆၈

သဒ္ဓိန္ဒြေ,၄၀၀,သရဏဂုံ,၉၊ ၁၀

သဗ္ဗမင်္ဂလာဂါထာ,၁၃၈,သရဏဂုံခံယူပုံ,၁၀၊ ၅၄

သဘောတရားကို ဆင်ခြင်ခြင်းငါးပါး,၄၇၁,သရဏဂုံတည်ခြင်းအကျိုး,၁၁

သမထအမျိုးမျိုး,၄၂၀,သရဏဂုံပျက်စီးခြင်း,၁၆

သမထကမ္မဋ္ဌာန်းစီးဖြန်းပုံ,၃၇၁၊ ၃၇၈,သလိပ်,၃၆၀

သမထကမ္မဋ္ဌာန်းအားထုတ်နည်း,၄၄၀,သဿတဒိဋ္ဌိ,၅၅၄

သမထနှင့်ဝိပဿနာ,၄၁၃,သဠာယတန,၃၈၃

သမထနှင့်ဝိပဿနာ ၂-ပါးသာလျှင် အားကိုးဖွယ်,၄၂၃,သာမာဝတီ,၆၀၃

သမထဘာဝနာ,၂၄၁,သာသနာ၏အနှစ်သုံးပါး,၅၀၀

သမထဟူသည်,၄၁၃,သိကြားမင်းပြဿနာမေးခြင်း,၃၃၁

သမာဓိ,၃၇၃,သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ,၇၉

သမာဓိ၏အဓိပ္ပာယ်,၃၇၃,သီလ,၃၇၁

သမာဓိ၏အမည်,၃၇၄,သီလအမျိုးမျိုး,၂၃၀

,,သီလ၏အကျိုး,၃၇၂

,,သီလ၏အဓိပ္ပါယ်,၃၇၁

,,သီလ၏အမည်,၃၇၁

,,သီလ၏ဂုဏ်ကျေးဇူး,၃၇၁

,,သီလဆောက်တည်ခြင်းအကျိုး,၆၅

,,သီလဝတ္ထုများ,၂၃၉

စာမျက်နှာ-686
အက္ခရာစဉ်,စာမျက်နှာ,အက္ခရာစဉ်,စာမျက်နှာ

[ သ ],,[ သ၊ ဟ ],

သုဂတဂုဏ်တော်,၁၅၈၊ ၁၆၈,သေရည်သေရက်သောက်ခြင်း အပြစ် ၆-ပါး,၈၄

သုစရိုက် ၁၀-ပါး အပြား ၄၀,၁၉၉၊ ၂၀၀,သက်ကြီးအိုမ စဏ္ဍာလီ,၃၆

သုဇာတာသေဋ္ဌေးကတော်,၆၀၁,သင်ယူမှု၌ ကျွမ်းကျင်ကြောင်း,၃၆၅

သုပ္ပဝါသာမင်းသမီး,၆၀၆,သင့်တင့်လျောက်ပတ်သော နေရာကျောင်း,၄၉၈

သုပ္ပိယာဥပါသိကာ,၆၀၆,သည်းခြေ,၃၅၉

သူဋ္ဌေးကြီးဦးကပ်စေး,၃၉,သုံးဆယ့်တစ်ဘုံတည်ပုံ,၂၄၇

သူရဗ္ဗဋ္ဌသေဋ္ဌေး,၅၉၃,သုံးဆယ့်တစ်ဘုံသရုပ်,၂၄၆

သူရင်းငှား,၂၃၇,သုံးဆယ့်နှစ်ကောဋ္ဌာသ,၃၄၉

သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း,၄၆၇,သုံးဆယ့်နှစ်ကောဋ္ဌာသ အဓိပ္ပာယ်,၃၅၁

သူ့ဟာကိုပင် ကိုယ့်ဟာထင်,၆၀၅,သုံးဆယ့်နှစ်ကောဋ္ဌာသ မြန်မာပြန်,၃၅၁

သောဏဒိန္နာနတ်သမီး,၂၄၀,သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းပုံ,၃၆၄

သွား,၃၅၃,သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းစီးဖြန်းရကျိုး,၃၇၀

သွေး,၃၆၀,သွာက္ခာတဂုဏ် ၇-ပါး,၃၂၃

သခင်နှင့်ကျွန်ဆက်ဆံရေး,၁၀၁,,

သားသမီးနှင့်မိဘဆက်ဆံရေး,၉၆,[ ဟ ],

သားသမီးဝတ္တရား ၅-ပါး,၉၇,ဟံသာဝတီဆရာတော်၏ ဝိပဿနာရှုနည်း,၅၅၉

,,ဟတ္ထကအာဠဝကသီတင်းသည်,၅၈၉

စာမျက်နှာ-687

သာသနာထွန်းကားပြန့်ပွားရေးသို့

ဗုဒ္ဓမြတ်စွာဘုရားသခင်သည် အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်းဖြစ်သည်မဟူ (၄၅) ဝါ ပတ်လုံး မဟာလုံ့လဝီရိယတော်မြတ်ဖြင့် သာသနာပြုတော်မူ၏။

သာသနာပြုခြင်းကုသိုလ်ထက် မြတ်သောအမှုကားမရှိပြီ။

သာသနာပြုခြင်းဖြင့် လူ့ပြည်နတ်ရွာ အလုံးစုံသော ချမ်းသာကိုရ၏။

အဆုံးစွန်သောဘဝ၌ အမတရွှေပြည်နန်း နိဗ္ဗာန်ချမ်းသာကိုလည်းရ၏။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ ဗုဒ္ဓဘာသာဝင်ဦးရေ ပွားများတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါကုန်လော့။

b7leclw22tp1z0a1cai87mp0biukfzu
ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁
0
6158
21752
2026-03-29T01:48:02Z
Tejinda
173
"{{header | title = ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁ | author = ဦးအေးနိုင်၊ ဦးညွှန့်ဇော် | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21752
wikitext
text/x-wiki
{{header
| title = ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁
| author = ဦးအေးနိုင်၊ ဦးညွှန့်ဇော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[ဗုဒ္ဓဘာသာကောင်းတစ်ယောက်-ဒု]]
| previous2 =
| next = [[ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၃]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

သာသနာရေးဦးစီးဌာန

ကျမ်းပြုဌာနစု (ဘာသာပြန်)

ဗုဒ္ဓအဘိဓမ္မာ

စေတသိက်များအဖွင့်

အတွဲ-၁

[ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ]

ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွှန့်ဇော်တို့ ရေးသားပြုစုသည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

သာသနာ ၂၅၂၇

ကောဇာ ၁၃၄၅

ဧပြီလ ၁၉၈၄

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်မောင် (မှတ်ပုံတင်အမှတ်-၀၂၄၀၅/၀၂၅၂၇) က ပုံနှိပ်ထုတ်ဝေသည်။

နိဒါန်း

မျက်မှောက်ခေတ်နှင့် အဘိဓမ္မာ

ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကသုံးပုံတွင် အဘိဓမ္မာပိဋကသည် သုတ္တန်ပိဋက၊ ဝိနည်းပိဋကတို့ထက်ပို၍ ခက်ခဲသည် နက်နဲသည်၊ သဘောတရားရေးရာ တရားတော်ဖြစ်၍ သင်ကြားပို့ချသူ မလိမ်မာ မပါးနပ်လျှင် သင်ယူလေ့လာရာ၌ စိတ်ဝင်စားမှုမရှိ၊ ပျင်းရိငြီးငွေ့စရာကောင်းပေသည်၊ ထို့ကြောင့် ရှေးအခါက လူပုဂ္ဂိုလ်များ အဘိဓမ္မာကို လေ့လာလိုက်စားမှု နည်းပါးကြခြင်းဖြစ်ပေသည်။

မှန်ပါသည်၊ အဘိဓမ္မာသည် သဗ္ဗညုတဉာဏ်တော်ကြီး၏ ကျက်စားရာ တရားတော်ဖြစ်၍ နက်လည်းနက်နဲပါသည်၊ ခက်လည်း ခက်ခဲပါသည်။ သို့သော် သင်ကြားပို့ချသူ နည်းပရိယာယ်ကြွယ်ဝ၍ လိမ်မာပါးနပ်လျှင် စိတ်ဝင်စားစရာ အလွန်ကောင်းသော သဘာဝတရားကြီး ဖြစ်သည်။

ရှင်တော်ဘုရား ကိုယ်တိုင်ပင်လျှင် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူစဉ်အတွင်းမှာပင် ကျွတ်ထိုက်သည့် နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်နိုင်ရန် သုတ္တန်နည်းများကို ကြားညှပ်ကာ ဟောတော်မူခဲ့ပါသည်။ ထို့ကြောင့် အဘိဓမ္မာတရားသည် နက်နဲခက်ခဲသော်ငြားလည်း သင်ကြားပို့ချသူ တော်လျှင် တော်သလို စိတ်ဝင်စားစရာ လေ့လာစရာကောင်းသည့် သဘာဝတရားဖြစ်သည်။

အဘိဓမ္မာကား ရုပ်အကြောင်း နာမ်အကြောင်းတို့ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားထားသည့် တရားတော်ဖြစ်သည်။ အဘိဓမ္မာကို လေ့လာလျှင် ရုပ်တရား နာမ်တရားတို့၏ သဘာဝကို အမှန်အတိုင်း သိမြင်လာသဖြင့် ရုပ်ဝါဒသမား နာမ်ဝါဒသမားဟူသော တဖက်စွန်းသို့လည်း မရောက်ရှိနိုင်၊ တွေးခေါ်မြော်မြင်ရေး အပိုင်းတွင်လည်း ထက်မြက်စူးရှလာနိုင်၏။

ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းရာ၌လည်း ရုပ်နာမ်တို့၏ သဘာဝကို လျင်မြန်စွာ ထိုးဖောက်သိမြင်နိုင်၏၊ တရားနာကြားသည့် အခါ၌လည်း တရားသဘောကို အဘိဓမ္မာ မတတ်သူများထက် ပိုမို နားလည် သဘောပေါက်နိုင်ပါသည်။ ပဋိသမ္ဘိဒါဉာဏ်ရရန် ပါရမီမျိုးစေ့လည်း ဖြစ်ပေသည်။

ယခုမျက်မှောက်ခေတ်ကိုကြည့်လျှင် တောရောမြို့ပါ အဘိဓမ္မာ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်ကို တွေ့ရသည်။ ရန်ကုန်မြို့၌ဆိုလျှင် ဆူးလေဘုရား အဘိဓမ္မာ ပြန့်ပွားရေးအသင်း အဘိဓမ္မာ သင်တန်း၊ ဝိုင်အမ်ဘီအေ အသင်း အဘိဓမ္မာသင်တန်း၊ မဉ္ဇူသကတိုက် အဘိဓမ္မာသင်တန်း စသော သင်တန်းများနှင့် မထင်ရှားသော အဘိဓမ္မာသင်တန်းများ အများအပြား ရှိပေသည်။

ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကလည်း ၁၃၁၅-ခုနှစ်မှစ၍ တနိုင်ငံလုံး အဘိဓမ္မာစာမေးပွဲများ ကျင်းပပေးခြင်း၊ အောင်မြင်သူများအား အဆင့်အလိုက် အောင်လက်မှတ်များ၊ ဆုစာအုပ်များ၊ ဆုငွေများ၊ ဆုတံဆိပ်များ ထောက်ပံ့ချီးမြှင့်ခြင်းတို့ဖြင့် အဘိဓမ္မာ လိုက်စားရေးကို အားပေးလျက်ရှိပေသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်များ အဘိဓမ္မာကို ရှေးကထက် ပိုမိုလေ့လာ လိုက်စားလာကြသည်။

ဤကျမ်းသည် အဘိဓမ္မာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အထူးအစီအစဉ်ဖြင့် ရေးသားပြုစုထားသည့် ကျမ်းတကျမ်းဖြစ်သည်။ ဤကျမ်းကို ဖတ်ရှုလေ့လာသူတို့ လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် ပါဠိဝေါဟာရတို့ကို ရှောင်နိုင်သမျှရှောင်၍ မြန်မာစကားပြေ သက်သက်ဖြင့် ရေးသားပြုစုထားပါသည်။

ဤကျမ်းကို လေ့လာမိလျှင် ဤကျမ်းက လေ့လာဖတ်ရှုသူများအား အဘိဓမ္မာ သဘောရေးရာနှင့် ပတ်သက်၍ မည်မျှ အကူအညီပေးသည်၊ မည်မျှအသုံးဝင်တန်ဖိုးရှိသည်တို့ကို ဖတ်ရှုသူများကိုယ်တိုင် သိရှိလာမည်ဖြစ်ပါသည်။

ဤကျမ်းမှာ အဘိဓမ္မာအဖွင့် ကျမ်းတကျမ်းဖြစ်၍ ကျမ်းရင်းကို မဖတ်ရှု မလေ့လာမီ အဘိဓမ္မာပိဋကအကြောင်းနှင့် ကျမ်းရင်းလာ အကြောင်းအချို့တို့ကို စာရှုသူနှင့် မိတ်ဆက်ပေးလိုပါသည်။

အဘိဓမ္မပိဋက

ပိဋကမည်ပုံ။ ။ အဘိဓမ္မပိဋက ဟူသော ပုဒ်၌ ပိဋကဟူသော ပါဠိ ဝေါဟာရသည် “သင်ယူအပ်သော ပါဠိတော်” (ပရိယတ္တိပါဠိကျမ်း) ဟူသော အနက်အဓိပ္ပာယ်ကို ဖော်ပြ၏။ ဤအဓိပ္ပာယ်ဖြင့် အဘိဓမ္မတရားတော်များသည် သင်ယူသင့် သင်ယူထိုက်သည့် တရားတော်များဖြစ်ကြောင်း ပိဋကသဒ္ဒါက ညွှန်ပြလေသည်။ ထို့ကြောင့် အဘိဓမ္မပိဋကဆိုသည်မှာ အဘိဓမ္မပရိယတ္တိပါဠိကျမ်း (ဝါ) သင်ယူထိုက်သော အဘိဓမ္မပါဠိကျမ်းဟု ဆိုလိုပေသည်။ (ပိဋက = ပရိယတ္တိ = သင်ယူအပ်သော ပါဠိကျမ်း)။

တနည်းအားဖြင့် ပိဋကသဒ္ဒါသည် မြန်မာလို “တောင်း”ဟု အဓိပ္ပာယ် ရသည်။ တောင်းဆိုသည်မှာ ပစ္စည်းဝတ္ထုများ ထည့်သွင်းသိမ်းဆည်းရာ ဖြစ်၍ ပစ္စည်းဝတ္ထုတို့၏ တည်ရာမှီရာ အသုံးအဆောင်တခုဖြစ်၏။ ထို့အတူ ဘုရားဟောပါဠိတော်များသည်လည်း အနက်အဓိပ္ပာယ် အမျိုးမျိုးတို့ကို ထည့်သွင်းသိုမှီး ထားရာဖြစ်၍ အနက်အဓိပ္ပာယ်များ၏ တည်ရာမှီရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားဟောပါဠိတော်များကို တောင်းနှင့် တည်ရာမှီရာ သဘောချင်းတူ၍ ပိဋကဟု ပါဠိလို ခေါ်ဆိုထားခြင်း ဖြစ်သည်။ (ပိဋက = ဘာဇန = တောင်း။ အနက်အမျိုးမျိုးတို့၏ တည်ရာ)။

အဘိဓမ္မာမည်ပုံ။ ။ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များအားလုံးကို ဒုကနည်းဖြင့် အကျဉ်းချုပ်လိုက်လျှင် ဓမ္မဝိနယဟူ၍ နှစ်မျိုးရသည်။ ဝိနယမှာ ဝိနည်းပိဋကဖြစ်၍ ဓမ္မတွင် သုတ္တန်ဓမ္မနှင့် အဘိဓမ္မာဓမ္မဟူ၍ နှစ်မျိုးပါဝင်သည်။

၁။ အဘိ၊ဋ္ဌ၊၁၊၂၁။

၂။ အဘိ၊ဋ္ဌ၊၁၊၃၊၄။ ဓမ္မသင်္ဂဏိမူလဋီကာ၊ ၁၂။၁၃။

အဘိဓမ္မာပုဒ်တွင် အဘိ (ဥပသာရ) ပုဒ်သည် အနက်များစွာကို ဟောသော်လည်း ဤနေရာ၌ “သာလွန်သော၊ ထူးဆန်းသော” ဆိုသည့် အနက်နှစ်မျိုးကိုသာ ဟော၏။ ဓမ္မသဒ္ဒါသည် သဘာဝအနက်၊ ပရိယတ္တိအနက် စသည်ဖြင့် အနက်များစွာကို ဟောသော်လည်း ဤနေရာ၌ သင်ယူအပ်သော ပါဠိ (ပရိယတ္တိ) ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် အဘိဓမ္မာဆိုသည်မှာ “သာလွန်သောပါဠိ၊ ထူးဆန်းသောပါဠိ” ဟု အဓိပ္ပာယ်ရသည်။

ဓမ္မနှစ်မျိုးရှိသည့်အနက် သုတ္တန်ဓမ္မထက် သာလွန်သောဓမ္မ (ဝါ) သုတ္တန်ဓမ္မထက် ထူးဆန်းသောဓမ္မ ဖြစ်သောကြောင့် ပါဠိလို အဘိဓမ္မ၊ မြန်မာလို “အဘိဓမ္မာ” ခေါ်သည်ဟု ဆိုလိုပါသည်။ အချုပ်ဆိုရသော် အဘိဓမ္မာဟူသည် ဓမ္မအမျိုးအစားချင်းတူသော သုတ္တန်ဓမ္မထက် သာလွန်သော ပါဠိတော် (ဝါ) ထူးဆန်းသော ပါဠိတော်ပင်ဖြစ်သည်။ (အဘိ = သာလွန်သော၊ ထူးဆန်းသော + ဓမ္မ = သင်ယူထိုက်သည့် ပါဠိ)။

မှန်၏၊ အဘိဓမ္မာပါဠိတော်သည် သုတ္တန်ပါဠိတော်ထက် သာလွန်၏၊ ထူးလည်းထူးဆန်း၏။ ဤနေရာ၌ သုတ္တန်ပါဠိတော်ထက် ပိုမိုရှည်လျားသည်ကို သာလွန်သည်ဟု ဆိုပေသည်။ ထူးဆန်းသည်ဆိုသည်မှာ အဘိဓမ္မာပါဠိတော်သည် သုတ္တန်ပါဠိတော်ကဲ့သို့ သုတ္တန်နည်းတနည်းတည်းဖြင့်သာ ဟောကြားသည့် ပါဠိတော်မဟုတ်၊ သုတ္တန်နည်း၊ အဘိဓမ္မာနည်း၊ အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် ဝေဖန်ပိုင်းခြားဟောကြားထားသည့် ပါဠိတော် ဖြစ်၍ သုတ္တန်ပါဠိတော်ထက် ထူးဆန်းသောပါဠိတော်ဟု ဆိုခြင်းဖြစ်ပေသည်။

သုတ္တန်တရားတော်များမှာ ကျွတ်ဆိုက်သည့် ဝေနေယျသတ္တဝါတို့၏ အဇ္ဈာသယ၊ ဝါသနာ၊ စရိုက်တို့အလိုက် ထိုက်သင့်သလို ဟောကြားထားသည့် အစိတ်အပိုင်း တရားတော်မျိုးဖြစ်သည်။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်စသောတရားတို့ကို ဟောကြားရာ၌ ပြည့်ပြည့်စုံစုံ ဟောကြားတော်မမူဘဲ တရားနာပုဂ္ဂိုလ်တို့နှင့် လျှော်ရုံ တစိတ်တဒေသအားဖြင့်သာ ဝေဖန်ဟောကြားတော်မူသည်။

တခါတရံ တဂါထာတည်းဖြင့် သို့မဟုတ် နှစ်ဂါထာ၊ သုံးဂါထာမျှလောက်ဖြင့်လည်း သုတ္တန်တရားတပုဒ် ပြီးဆုံးသွားသည်လည်း ရှိပေသည်။

အဘိဓမ္မာတရားတော်များမှာမူ သုတ္တန်တရားတော်များကဲ့သို့ သတ္တဝါတို့၏ အဇ္ဈာသယ၊ ဝါသနာ၊ စရိုက်တို့ကို မလိုက်ဘဲ သဘာဝတရားသက်သက်ကိုသာ ပဓာနထား၍ ဟောကြားထားသည့် တရားတော်မျိုးဖြစ်သည်။ ဘုရားရှင်သည် အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူရာတွင် သဗ္ဗညုတဉာဏ်တော် အစွမ်းရှိတိုင်း သဘာဝလောကဓာတ်တခုလုံးကို မွှေနှောက်ချောက်ချားလျက် ခန္ဓာ၊ အာယတနစသော တရားတို့၏ သဘာဝဖြစ်စဉ်ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း၊ အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် အကြွင်းအကျန်မရှိ အကုန်အစင် ဝေဖန်ပိုင်းခြား ဟောကြားတော်မူပါသည်။

အဘိဓမ္မာတရားတော်များသည် ကျမ်းအားဖြင့် ၇-ကျမ်းရှိသော်လည်း တနေရာတည်း၌ တထိုင်တည်းဖြင့် တခုတည်းသောပရိသတ်အား တဆက်တည်း ဟောထားသော တရားရှည်ကြီး တပုဒ်သာဖြစ်၏။ အဘိဓမ္မာတရားတော်များကို အစမှ အဆုံးတိုင်အောင် ဆက်တိုက် နာကြားရမှ အရေလည်၏။ နားလည်သဘောပေါက်နိုင်၏။ တပိုင်းဖြတ်ဟောခြင်း၊ တပိုင်းဖြတ်နာကြားခြင်းတို့ဖြင့် အဘိဓမ္မာတရားတော်များကို သဘောမပေါက်နိုင်၊ အရေမလည်နိုင်။

ကုသလတိက်တခုကို ဓမ္မသင်္ဂဏီကျမ်းမှ အစပြု၍ ဟောကြားတော်မူလျှင် “တနွယ်ငင်၊ တစင်ပါ” ဆိုသကဲ့သို့ ခုနစ်ကျမ်းမြောက်ဖြစ်သော ပဋ္ဌာန်းကျမ်းကြီးသို့ရောက်မှ ကုသလတိက်၏ သဘောအဓိပ္ပာယ်များ အားလုံး ပြီးဆုံးတော့၏။ အဓိပ္ပာယ်မှာ- အဘိဓမ္မာ သဘာဝတရားတခုကို ဟောမည်ဆိုလျှင် ဓမ္မသင်္ဂဏီနည်းတနည်းမျှဖြင့်ဟော၍ အဓိပ္ပာယ်မပြည့်စုံနိုင်၊ ဝိဘင်းနည်း၊ ဓာတုကထာနည်း၊ ပုဂ္ဂလပညတ်နည်း၊ ကထာဝတ္ထုနည်း၊ ယမိုက်နည်း၊ ပဋ္ဌာန်းနည်းတို့ဖြင့် နည်းပေါင်းစုံခင်း၍ သဘာဝတရားစဉ်ရှိသည့်အတိုင်း သဗ္ဗညုတဉာဏ်တော်အဟုန်ကို အစွမ်းကုန်လွှတ်ကာ ဟောကြားတော်မူပါမှ သဘောတရားတခု၏ အဓိပ္ပာယ်အားလုံး ပြီးပြည့်စုံနိုင်သည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ရှင်တော်ဗုဒ္ဓသည် အဘိဓမ္မာတည်းဟူသော တရားရှည်ကြီးကို လူ့ပြည်၌မဟောဘဲ တာဝတိံသာနတ်ပြည်သို့တက်၍ ဝါတွင်းသုံးလပတ်လုံး ဣရိယာပုတ်တခုတည်းဖြင့် ဟောကြားတော်မူရသည်။ လူသားတို့အဖို့ ဝါတွင်းသုံးလပတ်လုံး ဣရိယာပုထ်တခုတည်းဖြင့် တရားအဆုံးနာယူရန် မည်သို့မျှတတ်နိုင်မည် မဟုတ်ပါချေ။ နတ်ဗြဟ္မာတို့သော်ကား အစမှအဆုံးအထိ ဣရိယာပုထ်တခုတည်းဖြင့် နာကြားနိုင်ကြပါသည်။ ဝါတွင်းသုံးလဆိုသည်မှာ တာဝတိံသာနတ်တို့ အရေအတွက်အားဖြင့် မိနစ်ပိုင်းမျှသာ ကြာပေသည်။

ဤသို့ဆိုသဖြင့် မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားခဲ့ဟု မမှတ်ယူသင့်ချေ။ ထိုဝါတွင်း၌ပင် ရှင်တော်ဘုရားသည် လူ့ပြည်၌လည်း ဓမ္မသေနာပတိရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချုပ်နည်းပေး ဟောကြားတော်မူခဲ့ပါသည်။ တရားစစ်သူကြီးရှင်သာရိပုတ္တရာက မိမိ၏အတူနေ တပည့်ရင်း ငါးရာတို့အား ထိုအဘိဓမ္မာတရားကို လူ့လောကနှင့်တန်ရုံ မကျဉ်းမကျယ် တဆင့် ဟောကြားပို့ချခဲ့ပါသည်။ ယခုရှိနေသော အဘိဓမ္မာပိဋကကား တရားစစ်သူကြီး ရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သည့် ပိဋကပင်ဖြစ်ပါသည်။

ပရမတ္ထဒေသနာ

အဘိဓမ္မာတရားတော်များသည် ဝိနည်းကဲ့သို့ နည်းအာဏာကို အများဆုံးအသုံးပြုသည့် အာဏာဒေသနာမျိုး၊ သုတ္တန်ကဲ့သို့ ဝေနေယျတို့၏ အသိဉာဏ်နှင့်တိုက်ဆိုင်ညီညွတ်သည့် လောကအသုံးအနှုန်းများကို အများဆုံးဦးစားပေးဟောကြားသော ဝေါဟာရဒေသနာမျိုးမဟုတ်ချေ။ အမှန်စင်စစ်ဖြစ်ပျက်နေသည့် ပရမတ္ထသဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော “ပရမတ္ထဒေသနာ” မျိုးဖြစ်ပေသည်။

ယထာဓမ္မသာသနာ

သာသနာဆိုသည်မှာ ဘုရားရှင်တို့၏ အဆုံးအမ တရားတော်ဖြစ်သည်။ ဘုရားရှင်၏ အဆုံးအမ တရပ်ဖြစ်သော အဘိဓမ္မာတရားတော်သည် ဝိနည်းအဆုံးအမတရားတော်ကဲ့သို့ လွန်ကျူးသည့်အပြစ်အားလျော်စွာ ဆုံးမပညတ်ထားသည့် “ယထာပရာဓသာသနာ” မျိုးလည်းမဟုတ်၊ သုတ္တန်အဆုံးအမတရားတော်ကဲ့သို့ သတ္တဝါတို့၏ ဝါသနာစရိုက်အားလျော်စွာ ဆုံးမလမ်းညွှန် သွန်သင်ထားသော “ယထာနုလောမသာသနာ” မျိုးလည်းမဟုတ်။

အမှန်စင်စစ် ခန္ဓာငါးပါး ရုပ်နာမ်ဓမ္မအစု၌ ငါဟူသောမာနစွဲ၊ ငါ့ဥစ္စာဟူသောတဏှာစွဲ၊ အတ္တရှိ၏ဟူသော ဒိဋ္ဌိတို့ကို ဖြိုခွဲနိုင်၍ ရုပ်နာမ်နှစ်ဝသဘာဝ ဓမ္မတို့၏ သဘာဝဖြစ်စဉ်ကို သိမြင်နိုင်စေရန် သဘာဝတရားအားလျော်စွာ ဆုံးမတော်မူသည့် “ယထာဓမ္မသာသနာ” မျိုးဖြစ်ပေသည်။

နာမရူပပရိစ္ဆေဒကထာ

ပြစ်မှုကြီးငယ်အသွယ်သွယ်ကို မကျူးလွန်မိစေရန် စောင့်ထိန်းနည်း အမျိုးမျိုးတို့ကို သတ်မှတ် ပညတ်ထားရာဖြစ်၍ ဝိနည်းတရားတော်ကို “သံဝရာသံဝရကထာ” ဟု ခေါ်၏။

အယူဝါဒအမျိုးမျိုးတို့ကို လက်ခံယုံကြည်ထားကြသည့် သတ္တဝါတို့ သန္တာန်၌ ရစ်ပတ်ထုံးဖွဲ့နေသော မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့ကို ဖြေရှင်းဟောကြားရာဖြစ်၍ သုတ္တန်တရားတော်ကို “ဒိဋ္ဌိဝိနိဝေဌနကထာ” ဟုခေါ်သည်။

ယထာ = အားလျော်စွာ + အပရာဓ = အပြစ် + သာသနာ = အဆုံးအမ။

ယထာ = အားလျော်စွာ + အနုလောမ = တရားနာသူနှင့် လျော်သည့် + သာသနာ = အဆုံးအမ။

ယထာ = အားလျော်စွာ + ဓမ္မ = သဘာဝတရား + သာသနာ = အဆုံးအမ။

သံဝရ = ငယ်သောစောင့်ထိန်းမှု + အသံဝရ = ကြီးသောစောင့်ထိန်းမှု + ကထာ = ဟောကြားအပ်သောတရား။

ဒိဋ္ဌိ = မှားသော အယူဝါဒ + ဝိနိဝေဌန = ဖြေရှင်းကြောင်း + ကထာ = တရား။

အဘိဓမ္မာတရားတော်ကား ဝိနည်းတရား သုတ္တန်တရားများနှင့် မတူ၊ ပုဂ္ဂိုလ်, သတ္တဝါစသည့် အပေါ်ယံပညတ်ကို ဖောက်ထွင်း၍ အတွင်းဓာတ် ဖြစ်သည့် ရုပ်တရား၊ နာမ်တရား နှစ်ပါးတို့ကို ကွဲကွဲပြားပြား ပိုင်းခြား သိမြင်နိုင်စေရန် နည်းလမ်းအမျိုးမျိုးတို့ဖြင့် ဟောထားသည့်တရားတော် ဖြစ်သည်။

ထို့ကြောင့် အဘိဓမ္မာတရားတော်သည် “နာမရူပပရိစ္ဆေဒကထာ” ဟူသော နာမည်ထူးကို ရပေသည်။ ဤသို့ သုတ် ဝိနည်း အဘိဓမ္မာဟူသော တရားသုံးမျိုးကို ဟောပုံ ဟောနည်းအားဖြင့်လည်းကောင်း (ဒေသနာ)၊ ဆုံးမပုံ ဆုံးမနည်းအားဖြင့်လည်းကောင်း (သာသနာ)၊ ဟောကြားထားသည့် တရားတော်အားဖြင့်လည်းကောင်း (ကထာ)၊ နှိုင်းယှဉ်ဝေဖန်ပြခြင်းသည် အဘိဓမ္မာတရားတော်၏ ထူးခြားသည့် ဂုဏ်အင်္ဂါများကို ပိုမိုသိမြင်လာစေရန် ဖြစ်ပေသည်။

အဘိဓမ္မာ ၇-ကျမ်း

ကျမ်းအမည်များ

ထိုအဘိဓမ္မာတရားတော်သည် တနေရာတည်း၌ တစ်ခုတည်းသော ပရိသတ်အား ဣရိယာပုထ်တစ်ခုတည်းဖြင့် ဆက်တိုက် ဟောကြားထားသည့် တရားရှည်ကြီးတပုဒ် ဖြစ်သော်လည်း ဟောပုံ ဟောနည်း ကွဲပြားခြားနားရကား ဟောနည်းအားလျော်စွာ-

(၁) ဓမ္မသင်္ဂဏီ

(၂) ဝိဘင်း (ဝိဘင်္ဂ)

(၃) ဓာတုကထာ

(၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)

နာမရူပ=နာမ်နှင့်ရုပ်ကို + ပရိစ္ဆေဒ=ပိုင်းခြားကြောင်း + ကထာ=တရား။

(၅) ကထာဝတ္ထု၊ (၆) ယမိုက် (ယမက) (၇) ပဋ္ဌန်း (ပဋ္ဌာန) ဟူ၍ ကျမ်းပေါင်း ၇-ကျမ်းရှိသည်။

ဓမ္မသင်္ဂဏီ

ထိုတွင် ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ ကုသိုလ်စသည့် သဘာဝတရားတို့ကို ကောင်းမွန် ပြည့်စုံစွာ ရေတွက်ပြသောကျမ်း (ဝါ) အကျဉ်းချုပ် ဟောတော်မူသောကျမ်းဖြစ်သည်။ (ဓမ္မ=သဘောတရား + သင်္ဂဏိ=ကောင်းစွာ ရေတွက်ပြခြင်း)။

ဓမ္မသင်္ဂဏီကျမ်း၌ စိတ်, စေတသိက်စသည့် သဘာဝတရားတို့ကို ဤရွေ့ဤမျှ ရှိသည်ဟု အပြည့်အစုံ ရေတွက်ပြထား၏။ အမှန်အားဖြင့် ဤကျမ်းသည် ကျန်အဘိဓမ္မာ ခြောက်ကျမ်းတို့၏ ခေါင်းစဉ်မာတိကာပင် ဖြစ်သည်။ ဓမ္မသင်္ဂဏီကျမ်း၌ ချမှတ်ထားသည့် ခေါင်းစဉ် မာတိကာအတိုင်း ကျန်အဘိဓမ္မာကျမ်းများကို ဝေဖန်ဟောကြားသည်။

မာတိကာစဉ်ရာ၌ ပရမတ်တရားတို့ကို သုံးစု သုံးစုံ စု၍ တိကမာတိကာ, နှစ်စု နှစ်ပုံစု၍ ဒုကမာတိကာဟု မာတိကာနှစ်မျိုးစဉ်၍ ဟောသည်။ ဒုကမာတိကာ၌လည်း အဘိဓမ္မာနည်း ဒုကမာတိကာ၊ သုတ္တန်နည်း ဒုကမာတိကာဟု နှစ်မျိုးခွဲ ဟောသည်။ တိက (တိုက်) မာတိကာ ၂၂-ခု၊ ဒုက (ဒုက်) မာတိကာ ၁၄၂-ခု ရှိသည်။

ယင်းတိက်, ဒုက်တို့ကို မူထား၍-

(၁) စိတ္တုပ္ပါဒကဏ္ဍ (စိတ်စေတသိက်ပိုင်း)

(၂) ရူပကဏ္ဍ (ရုပ်ပိုင်း)

(၃) နိက္ခေပကဏ္ဍ (အကျဉ်း အရကောက်ပိုင်း)

(၄) အဋ္ဌကထာကဏ္ဍ (အကျယ် အရကောက်ပိုင်း)

ဟူ၍ အပိုင်းကြီး လေးပိုင်း ပိုင်းကာ ဟောတော်မူသည်။

ဓမ္မသင်္ဂဏီဟောနည်းမှာ မာတိကာ ခေါင်းစဉ်အားဖြင့် အကျဉ်းချုပ် ဟောသည်ဆိုသော်လည်း ဖဿစသော နာမ်တရား, ပထဝီစသော ရုပ်တရားတို့၏ အနက်အဓိပ္ပာယ်တို့ကို အမျိုးမျိုး အစားစားသော ဝေါဟာရ ပရိယာယ်တို့ဖြင့် ထပ်ဆင့် ဝေဖန် ဟောနည်းများလည်း ပါရှိပေသည်။

ဝိဘင်း (ဝိဘင်္ဂ)

ပါဠိလို ဝိဘင်္ဂကို မြန်မာလို ဝိဘင်းဟု ခေါ်သည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြသော ကျမ်းဟု အဓိပ္ပာယ်ရသည်။ ဓမ္မသင်္ဂဏီကျမ်း၌ ရေတွက်ပြထားသည့် မာတိကာ ခေါင်းစဉ်အတိုင်း တိက် ၂၂-တိက်နှင့် ဒုက် ၁၀၀ ဒုက်တို့ကိုပင် ခန္ဓဝိဘင်း, အာယတနဝိဘင်း, ဓာတုဝိဘင်း, ဣန္ဒြိယဝိဘင်း, ပဋိစ္စသမုပ္ပါဒ်ဝိဘင်းစသည်ဖြင့် ခေါင်းစဉ်ကြီး ၁၈-ခုထားကာ သုတ္တန်နည်း, အဘိဓမ္မာနည်း, အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောတော်မူသည်။

ဥပမာ-ဓမ္မသင်္ဂဏီကျမ်း၌ ဝေဒနာစေတသိက်ကို ၅-ပါး၊ ၆-ပါး၊ ၁၂-ပါးစသည်လောက်သာ ဝေဖန်ဟောထားသော်လည်း ဝိဘင်းကျမ်း၌မူ ဝေဒနာမျိုးပေါင်း (၁၀၇၀၇၆) ပါးအထိ ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောကြားထားသည်။ သညာစေတသိက်ကိုလည်း သညာပေါင်း (၁၂၂၉၆၄) ပါးအထိ ဝေဖန်ဟောကြားထားသည်။

ဓာတုကထာ

ဝိဘင်းနည်းဖြင့် ဟောကြားပြီးနောက် ထိုတရားများကိုပင် ဓာတုကထာနည်းဖြင့် ဆက်လက်ဟောကြားပါသည်။ ဓာတုကထာကား- ခန္ဓာစသော ဓာတ်တရားများကို “သင်္ဂဟော- အသင်္ဂဟော” စသောနည်း ၁၄-နည်းတို့ဖြင့် တမျိုးဝေဖန်ဟောကြားသော ကျမ်းဖြစ်သည်။ (ဓာတု=ခန္ဓာစသောဓာတ်တရား + ကထာ=ဟောကြားသောကျမ်း)။

၁။ ဝိဘင်း ပါဠိတော်မြန်မာပြန်၊ ၁၁၂၊ ၁၄၅။

ဟောပုံအကျဉ်းမှာ-ရူပက္ခန္ဓာကိုမူတည်လျှင် ရူပက္ခန္ဓာကို ခန္ဓာမည်မျှ အာယတနမည်မျှ ဓာတ်မည်မျှတို့ဖြင့် ရေတွက်ရမည်၊ မည်မျှသော ခန္ဓာ အာယတန, ဓာတ်တို့ဖြင့် မရေတွက်ဟုလည်းကောင်း၊ ရူပက္ခန္ဓာသည် ခန္ဓာမည်မျှ အာယတနမည်မျှ ဓာတ်မည်မျှတို့ဖြင့် ယှဉ်သည်၊ မည်မျှသော ခန္ဓာ, အာယတန, ဓာတ်တို့ဖြင့် မယှဉ်ဟုလည်းကောင်း အကျယ်ဝေဖန် ဟောကြားတော်မူသည်။

အမှန်အားဖြင့် ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားခဲ့သည့် တိက်, ဒုက်တို့ကို ပင် မူတည်၍ ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို နည်းပေါင်း ၁၄-နည်းတို့ဖြင့် စက်လှည့်ကာ ဟောကြားထားလေသည်။

ပုဂ္ဂလပညတ်

ဓာတုကထာနည်းဖြင့် ဟောကြားပြီးနောက် ပုဂ္ဂလပညတ်နည်းကို ဆက်လက်ဟောကြားပါသည်။ ပုဂ္ဂလပညတ် ဆိုသည်မှာ လူ, နတ်, ဗြဟ္မာ, ယောက်ျား, မိန်းမစသော ပုဂ္ဂိုလ်သတ္တဝါတို့ကို လူနတ်ဗြဟ္မာ စသည်ဖြင့် ခေါ်ဝေါ် ပညတ်ခြင်းဟု အဓိပ္ပာယ် ရသည်။ (ပုဂ္ဂလ=လူနတ်ဗြဟ္မာစသော ပုဂ္ဂိုလ် + ပညတ္တိ=အမည်မှည့်ခေါ် ပညတ်ခြင်း။)

ဤပုဂ္ဂလပညတ်ကျမ်း၌ ခန္ဓာပညတ်, အာယတနပညတ်, ဓာတုပညတ်, သစ္စပညတ်, ဣန္ဒြိယပညတ်ဟူသော သဘာဝပညတ်ငါးမျိုးနှင့် ပုဂ္ဂလပညတ်ဟူသော အသဘာဝပညတ်၊ ပေါင်း ပညတ် ၆-မျိုးကို ဝေဖန်ဟောကြားပါသည်။ အခြား ပညတ်များထက် ပုဂ္ဂိုလ်ပညတ်အကြောင်းကို အကျယ်ဝေဖန် ဟောကြားထားသောကြောင့် ဤကျမ်းကို ပုဂ္ဂလပညတ်ကျမ်းဟု ခေါ်သည်။

ဓမ္မသင်္ဂဏီနည်း၊ ဝိဘင်းနည်း၊ ဓာတုကထာနည်းတို့ဖြင့် ဘုရားရှင် ဟောကြားသည့် တရားတော်များမှာ ကုသိုလ် အကုသိုလ်, အဗျာကတ စသော ပရမတ္ထသဘာဝတရားသက်သက်တို့သာ ဖြစ်ပေသည်။ ထိုကျမ်းများ၌ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျား မိန်းမစသည့် ပညတ်တရားများကို ထင်ထင်ရှားရှား မဟောကြားခဲ့ပါချေ။

ထို့ကြောင့် အချို့ နတ်ဗြဟ္မာများအဖို့ “ကမ္ဘာလောကကြီးမှာ ပရမတ်သဘာဝတရားချည်းသာရှိလေသလော၊ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တဝါ ဟူသော ပညတ်တရားမရှိလေသလော” ဟု သံသယဝင်လာနိုင်စရာ ရှိပေသည်။ ပညတ်ဆိုသည်မှာ အမှန်တရား မဟုတ်သောကြောင့် အသုံးကျသည့် တရားမျိုး မဟုတ်ဟူ၍လည်း ပရမတ်လွန်တဖက်စွန်းသို့ ရောက်သွားနိုင်ပေသည်။ ထို့ကြောင့် ဤသို့သော သံသယမျိုး၊ တဖက်စွန်းမျိုးသို့ မရောက်စေနိုင်ရန် ဤပုဂ္ဂလပညတ်ကျမ်းကို ဆက်လက်ဟောရခြင်းဖြစ်ပေသည်။

လောက၌ ပရမတ္ထ သဘာဝတရားချည်းသာ ရှိသည်မဟုတ်၊ ပုဂ္ဂလပညတ်စသည့် ပညတ်တရားများလည်း ရှိသေးသည်။ ထို ပညတ်တရားများသည် လောကီဘုံသား လူအများတို့ အညီအညွှတ် အမှန်ပြု၍ ခေါ်ဝေါ် ပြောဆိုသောတရားဖြစ်သောကြောင့် သမုတိသစ္စာ အမှန်တရားမျိုးပင် ဖြစ်၏။ အကယ်၍ ပရမတ်တဖက်စွန်းသို့ရောက်၍ အမိ အဖ ဆရာသမား သားသမီး မောင်နှမ မိန်းမ ယောက်ျားစသည့် ပညတ်များကို ပယ်လိုက်လျှင် လောကကြီးတခုလုံး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လောကကြီး ဖြစ်သွားနိုင်သည်။

အမိ အဖ ဆရာသမားတို့အား ကျေးဇူးဆပ်ခြင်း၊ ရိုသေလေးစားခြင်း၊ သားသမီးတို့အား ကျွေးမွေးပြုစုစောင့်ရှောက်ခြင်း၊ အသက်ကြီးသူတို့အား အရိုအသေပေးရခြင်း၊ ကျေးဇူးရှင်တို့အား ကျေးဇူးဆပ်ရခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သူတပါးအသက်ကို မသတ်ပါ စသည်ဖြင့် သီလ ဆောက်တည်ခြင်း၊ သတ္တဝါပညတ်ကို အာရုံပြု၍ မေတ္တာပို့ခြင်း စသော သမထဘာဝနာပွားများခြင်း စသည်တို့သည် ပညတ်တရားပေါ် အမှီပြု၍ ဖြစ်ကြရသည်။

အယုတ်ဆုံးအားဖြင့် ကုသိုလ် အကုသိုလ်, ခန္ဓာ, အာယတန စသော အမည်များသည်ပင် ပညတ်တရားများဖြစ်ကြလေသည်။ ဤပညတ်တရားများ ကျေးဇူးကြောင့် ဘုရားရှင်လည်း တရားဟောတော်မူနိုင်၏၊ နတ်ဗြဟ္မာများလည်း တရားနာယူနိုင်ကြ၏။ ဤသို့ ပညတ်တရားသည်လည်း သူ့နေရာနှင့်သူ အရေးပါ အသုံးဝင်ပေသည်။

တလောကလုံး ရုပ်နာမ်ပရမတ်တရားချည်းဖြင့် တည်ဆောက်ထားသဖြင့် အယုတ် အလတ် အမြတ် မကွဲပြားပဲ တပြေးညီစွာတည်ရှိသည်ဟု မမှတ်ယူရချေ။ သီလရှိသောပုဂ္ဂိုလ်, သီလမဲ့သောပုဂ္ဂိုလ်, ယုတ်မာသော ပုဂ္ဂိုလ်, မြင့်မြတ်သောပုဂ္ဂိုလ်, ကိလေသာထူသောပုဂ္ဂိုလ်, ကိလေသာနည်းသောပုဂ္ဂိုလ်, ကိလေသာမရှိသောပုဂ္ဂိုလ် စသည်ဖြင့် အမျိုးမျိုး အစားစား ကွဲပြားမှုကို ပညတ်တရားဖြင့် သတ်မှတ်ဖော်ပြရပေသည်။

ဤသို့ လောကလူမှုရေးနယ်၌ ပညတ်တရား၏ အရေးပါပုံ, အမှန်တရားဖြစ်ပုံ, ဒါနအဆင့်၊ သီလအဆင့်၊ သမထဘာဝနာအဆင့်တို့၌ ပညတ်တရားကို မပယ်ရသေးပုံတို့ကို ဝေနေယျသတ္တဝါတို့ ထင်ရှားကွဲပြားအောင် ပုဂ္ဂလပညတ်နည်းဖြင့် ဆက်လက်ဟောကြားရသည်။

ကထာဝတ္ထု

ပုဂ္ဂလပညတ်ကျမ်းကို ဟောပြီးနောက် ကထာဝတ္ထုကျမ်းကို ဆက်လက်ဟောပါသည်။ ကထာဝတ္ထုဆိုသည်မှာ အယူဝါဒနှင့်ဆိုင်သော ပုဂ္ဂိုလ်ရေးရာ စသော စကားတို့၏ တည်ရာဖြစ်သော ကျမ်းဟု အဓိပ္ပာယ်ရ၏။ (ကထာ = အယူဝါဒနှင့်ဆိုင်သော စကား + ဝတ္ထု = တည်ရာ)။

ဘုရားရှင်သည် ဤကျမ်းကို အပြည့်အစုံ ဟောကြားခဲ့သည် မဟုတ်။ “နောင်သောအခါ၌ ငါ့တပည့်ပညာရှိကြီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ဖြစ်ပေါ်လာမည့် သာသနာ့ အညစ်အကြေးတို့ကို ဆေးကြောသုတ်သင်ကာ တတိယသံဂါယနာ တင်ပေလိမ့်မည်။ ထိုအခါ ထိုအရှင်သည် ရဟန်းသံဃာများအလယ်၌ သီတင်းသုံးလျက် မိမိဝါဒဘက်က သုတ်ပေါင်းငါးရာ၊ သူတစ်ပါးဝါဒဘက်က သုတ်ပေါင်းငါးရာ၊ ပေါင်းသုတ်ပေါင်းတထောင်တို့ဖြင့် တန်ဆာဆင်ကာ ဤကျမ်းကို ဝေဖန် ဟောကြားလိမ့်မည်” ဟု မိန့်တော်မူပြီး နည်းရရုံမာတိကာမျှကိုသာ ဟောကြားထားခဲ့ပေသည်။

ဘုရားရှင်ဗျာဒိတ်ထားတော်မူသည့်အတိုင်းပင် ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးနောက် နှစ်ပေါင်း (၂၃၅) နှစ်ကြာသောအခါ ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ရဟန္တာတထောင်တို့နှင့်အတူ တတိယသံဂါယနာတင်ကာ ဤကထာဝတ္ထုကျမ်းကို ဘုရားရှင်ပေးခဲ့သောနည်းကိုမှီ၍ ဝေဖန်ဟောကြားခဲ့ပေသည်။

ဤကထာဝတ္ထုဟောနည်းမှာ ပြဿနာတရပ်ကို သူ့ဘက် (ပရဝါဒီမိစ္ဆာဒိဋ္ဌိ)၊ ကိုယ့်ဘက် (သကဝါဒီသမ္မာဒိဋ္ဌိ) အပြန်အလှန်အခြေအတင် မေးဖြေ ဟောပြောခြင်းဖြစ်သည်၊ ဤကျမ်း၌မူတည် ဆွေးနွေးဖြေရှင်းသည့် ပြဿနာခေါင်းစဉ် (ကထာ) ပေါင်းမှာ ၂၂၆-ခုရှိပေသည်။

ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာနည်းတို့ဖြင့် ပရမတ်တရားသက်သက်ကို ဟော၍ ပုဂ္ဂလပညတ်နည်းဖြင့် ပညတ်တရားကို ဟောကြားရာ မည်သည့် အတိုင်းအတာအထိ ပညတ်နည်းကိုသုံး၍ မည်သည့်အတိုင်းအတာအထိ ပရမတ်နည်းသုံးရမည်ကို တရားနာနတ်ဗြဟ္မာတို့စိတ်၌ ဝေခွဲနိုင်မည်မဟုတ်၊ သံသယအမျိုးမျိုးဝင်၍ ပြဿနာမေးခွန်းအမျိုးမျိုး ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရားဟောထားခဲ့သည့် သုတ္တန်ပါဠိတော်များ၌ မည်သည့်အရာကို ပရမတ္ထသဘာဝအထိယူရမည်၊ မည်သည့်အရာကို ပညတ်ယူရမည်ဟု ပရမတ္ထသစ္စာနှင့် သမုတိသစ္စာတို့ကို အယူမလွဲအောင် ဤကထာဝတ္ထု အဘိဓမ္မာနည်းဖြင့် ပြန်၍ညှိနှိုင်းဟောကြားရပေသည်။

ဥပမာ-မိမိအကျိုးစီးပွားကို ကျင့်သောပုဂ္ဂိုလ်သည်ရှိ၏ဟု ဘုရားဟောသုတ္တန်ရှိသောကြောင့် ပုဂ္ဂိုလ်သည် အမှန်တကယ်ရှိ၏ဟု ပရဝါဒီကဆို၏။

ထိုဟောကြားချက်မှာ သမုတိသစ္စာအားဖြင့် ဟောကြားခြင်းဖြစ်၍ ပုဂ္ဂိုလ်သည် သမုတိသစ္စာအားဖြင့်သာရှိ၏။ ပရမတ္ထသစ္စာအားဖြင့်ကား ပုဂ္ဂိုလ်ဆိုသည်မှာ လုံးဝမရှိဟု သကဝါဒီက ပြန်လည်ဖြေရှင်းပြခြင်းမျိုး ဖြစ်ပေသည်။

ယမိုက်

ကထာဝတ္ထုကျမ်းကို ဟောတော်မူပြီးသည့်နောက် ယမိုက်ကျမ်းကို ဆက်လက်ဟောကြားပါသည်။ ယမိုက်ဆိုသည်မှာ ယမကဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်၍ “အစုံ” ဟု အဓိပ္ပာယ်ရသည်။ အနုလုံနှင့်ပဋိလုံ၊ အမေးနှင့်အဖြေ၊ သန္နိဋ္ဌာန်နှင့်သံသယ စသည်ဖြင့် အစုံအစုံဟောကြားထားသည့်ကျမ်းဟု ဆိုလိုပေသည်။ (ယမက=ယမိုက်အစုံ)။

အမှန်စင်စစ် ခန္ဓာ အာယတန ဓာတ် သစ္စာစသောတရားတို့ကို-

(က) ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊

(ခ) ဘုံဌာနအားဖြင့်လည်းကောင်း၊

(ဂ) ပုဂ္ဂိုလ်ဘုံနှစ်မျိုးရောသောအားဖြင့်လည်းကောင်း၊

ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဟောကြားထားသည့်ကျမ်း ဖြစ်ပေသည်။

ဘုရားရှင်သည် အထက်အဘိဓမ္မာငါးကျမ်းတို့ဖြင့် ပရမတ္ထတရားနှင့် သမုတိသစ္စာတရားနှစ်ပါးတို့ကို ပြည့်ပြည့်စုံစုံ ဝေဖန်ပိုင်းခြား ဟောကြားတော်မူလေသည်။ သို့ရာတွင် ပုဂ္ဂိုလ်သတ္တဝါဟူသော သမုတိသစ္စာတရားနှင့် ခန္ဓာ, အာယတနစသော ပရမတ္ထသစ္စာတရားနှစ်ပါးတို့ အချင်းချင်း ဆက်သွယ်ကြပုံ၊ သုံးဆယ့်တဘုံဟူသော ဩကာသလောကကြီးနှင့် ထိုသစ္စာတရားနှစ်ပါးတို့ ဆက်သွယ်ပုံတို့ကို ဟောရန်ကျန်နေပေသည်။ ထို့ကြောင့် ၎င်းတို့အချင်းချင်း မည်သို့မည်ပုံ ဆက်သွယ်တည်ရှိနေကြပုံကို ယမိုက်နည်းဖြင့် ဆက်လက်ဟောရခြင်းဖြစ်ပေသည်။

ပဋ္ဌာန်း

ယမိုက်ကျမ်းကိုဟောပြီးသည့်အခါ ပဋ္ဌာန်းကျမ်းကို နောက်ဆုံး ဟောကြားတော်မူပါသည်။ ပဋ္ဌာနဟူသော ပါဠိပုဒ်ကို မြန်မာလို ပဋ္ဌာန်းဟု ခေါ်ဝေါ်ခြင်းဖြစ်၏။ အမျိုးမျိုးသောအကြောင်းတရားများဟု အဓိပ္ပာယ်ရသည် (=အမျိုးမျိုးသော + ဌာန = အကြောင်းတရား)။

ပဋ္ဌန်းကျမ်းတွင် ၂၄-ပါးသော အကြောင်းပစ္စည်းတရားတို့ကြောင့် စကြာဝဠာလောကဓာတ်အတွင်းရှိ သဘာဝတရားတို့ ဖြစ်ပေါ်တည်ရှိနေပုံကို အပြည့်အစုံ ရှင်းလင်းဟောကြားထားသည်။ ပုဂ္ဂိုလ်, သတ္တဝါဟူသော သတ္တလောကသည်လည်းကောင်း၊ ရုပ်နာမ်တရားဟူသော သင်္ခါရလောကသည်လည်းကောင်း၊ ၃၁-ဘုံဟူသော ဩကာသလောကသည်လည်းကောင်း မည်သို့သောအကြောင်းကြောင့် ဖြစ်ပေါ်လာကြသနည်း။ တန်ခိုးရှင်တဦးက ဖန်ဆင်း၍ ဖြစ်လာကြသလော။ အကြောင်းမဲ့သက်သက် ဖြစ်လာကြသလောဟူသော ပြဿနာရပ်များကို ဖြေရှင်းရန် ဤ ၂၄-ပစ္စည်း ပဋ္ဌာန်းနည်းဖြင့် အကြောင်းအကျိုးဆက်စပ် ဟောကြားရခြင်းဖြစ်သည်။

လောကသုံးပါးသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာသည်လည်းမဟုတ်၊ အကြောင်းကင်း၍ ဖြစ်ပေါ်လာသည်လည်းမဟုတ်၊ ရုပ်နာမ်တရားတို့ အချင်းချင်း ကြောင်းကျိုးဆက်ကာ ဖြစ်ပေါ်လာကြခြင်းဖြစ်သည်ဟု အသေးစိတ်ဝေဖန်ရှင်းလင်းပြသော နည်းဖြစ်သည်။ ဤသို့ ကုသိုလ်စသည့် ပရမတ္ထသဘာဝတရားများကို ဓမ္မသင်္ဂဏီနည်းဖြင့် စ၍ဟောလျှင် နောက်ဆုံးပဋ္ဌာန်းနည်းဖြင့် ဟောပြီးမှသာ အဘိဓမ္မာတရားတော် ပြီးဆုံးလေသည်။

အဘိဓမ္မာအဖွင့်ကျမ်းများ

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အဘိဓမ္မာတရားတော်များသည် ပညတ်တည်းဟူသော အပေါ်ယံအကာများဖုံးအုပ်နေသည့် ရုပ်နာမ် သဘောတရားများဖြစ်၍ နက်လည်းနက်ပေသည်၊ ခက်လည်းခက်ပေသည်။

ထို့ကြောင့် ရှေးရှေးအဘိဓမ္မာပါရဂူ ဆရာတော်ဘုရားကြီးများသည် ပညာမျက်စိဖြင့် ပညတ်အပေါ်ယံအလွှာကိုခွာ၍ ပရမတ်အတွင်းဓာတ်သားအထိ ထိုးဖောက်မြင်နိုင်ရန် (ဝါ) အဘိဓမ္မာသဘောတရားများကို လွယ်လွယ်ကူကူ သဘောပေါက်နားလည်နိုင်ရန် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနာ၊ ဂဏ္ဌိ၊ အရကောက်၊ နိဿယ၊ မြန်မာပြန်စသည့် အဘိဓမ္မာအဖွင့်ကျမ်းပေါင်းများစွာတို့ကို ခေတ်အဆက်ဆက်တွင် နည်းအမျိုးမျိုးတို့ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြပေသည်။

ထိုအဖွင့်ကျမ်းများအနက် မြန်မာပြည်ပြု အဘိဓမ္မာအဖွင့်ကျမ်းတို့မှာ ပါဠိဘာသာအားဖြင့် ၄၃-ကျမ်း၊ နိဿယနှင့် မြန်မာပြန် ၁၁၂-ကျမ်း၊ အထွေထွေ ၁၇၈-ကျမ်းအားဖြင့် စုစုပေါင်း ၃၃၃-ကျမ်းအထိ ရှာဖွေတွေ့ရှိရပေသည်။

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များ အဖွင့်ကျမ်း

ရည်မှန်းချက်များ

သာသနာရေးဦးစီးဌာန၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ၊ ကျမ်းပြုဌာနစု (ဘာသာပြန်) က ပြုစုသည့် ဗုဒ္ဓအဘိဓမ္မာစေတသိက်များအဖွင့်ကျမ်းသည်လည်း အဘိဓမ္မာအဖွင့်ကျမ်းတကျမ်းပင် ဖြစ်ပါသည်။ ဤအဖွင့်ကျမ်းသည် ရှေးရှေး အဘိဓမ္မာအဖွင့် ကျမ်းများနှင့် အဖွင့်ကျမ်းချင်းတူသော်လည်း ဖွင့်နည်း ဖွင့်ဟန် အလွန်ခြားနားပါသည်။

“ဗုဒ္ဓအဘိဓမ္မာစေတသိက်များအဖွင့်” ဟူသော နာမည်အရ အဘိဓမ္မာပိဋက၌ လာရှိသည့် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြိယ၊ မနသိကာရ စေတသိက်တရားများကို ထူးခြားသော အစီအစဉ်ဖြင့် ဖွင့်ဆိုထားသည့် ကျမ်းဖြစ်သည်။ ဤကဲ့သို့သော အဖွင့်ကျမ်းမျိုး ရှေးက တကြိမ်တခါမျှ မပေါ်ခဲ့ဘူးသေးချေ။

၁။ အဘိဓမ္မာသင်းချုပ် (နှာ ၆၁) ၌ ကျမ်းအမည်များ ဖော်ပြထားသည်။

ဤအဖွင့်ကျမ်းကို ပြုစုထုတ်ဝေရာ၌ သာသနာရေးဦးစီးဌာနအနေဖြင့် ပဓာနရည်မှန်းချက်ကြီး (၅)ချက် ထားရှိပါသည်။ ယင်းရည်မှန်းချက်ကြီးများမှာ-

(၁) ဤကျမ်းကို ဖတ်ရှုလေ့လာသူများအဖို့ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာအာရုံများနှင့် တွေ့ကြုံရသည့်အခါ လောဘ ဒေါသ အကုသိုလ်တရားတို့ မဖြစ်ပွားအောင် စိတ်ကို ထိန်းတတ် သိမ်းတတ်ရန်။

(၂) သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိတို့မှ ကင်းစင်၍ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင် သန်ရန်။

(၃) ရုပ်နာမ်တို့ကို မသိမြင်သောအန္ဓ (အကန်း) ပုထုဇဉ်အဆင့်မှ ရုပ်နာမ် သိမြင်သည့်ကလျာဏ (အကောင်း) ပုထုဇဉ် အဆင့်သို့ တက်လှမ်းနိုင်ရန်။

(၄) ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ရောက်၍ စူဠုံသောတာပန် ဖြစ်ရန်။

(၅) ပဋိသမ္ဘိဒါဉာဏ်အတွက် ပါရမီမျိုးစေ့ ရရှိရန်တို့ဖြစ်ပါသည်။

အကုသိုလ်မဖြစ်အောင် စိတ်ကိုထိန်းသိမ်းနိုင်ခြင်း

စိတ်အရေးပါပုံ

ဤရည်မှန်းချက်ကြီး ၅-ခုအနက်၊ အမှတ်(၁) ရည်မှန်းချက်ကို ရှင်းပြပါမည်။ လောကတွင် ရှိရှိသမျှ သင်္ခါရတရားများကို အနှစ်ချုပ်လိုက်လျှင် ရုပ်နှင့် နာမ် နှစ်မျိုးသာရှိ၏။ ရုပ်နာမ်မှတပါး ငါ သူတပါး ယောက်ျား, မိန်းမ, ပုဂ္ဂိုလ် သတ္တဝါဟူ၍မရှိချေ။

ထိုနှစ်မျိုးတွင် ရုပ်တရားသည် အာရုံကို မယူနိုင်၊ မသိနိုင်သဖြင့် အကန်းနှင့် တူ၏။ နာမ်တရားကား အာရုံကို ယူနိုင်သော်လည်း စားခြင်း သောက်ခြင်း, သွားခြင်း, လာခြင်း, ရပ်ခြင်း ထိုင်ခြင်း စသည်တို့ကို မပြုလုပ်နိုင်သောကြောင့် အကျိုးနှင့်တူ၏။

ထိုတရားနှစ်မျိုးတို့သည် သူ့နေရာနှင့်သူ ပဓာနဖြစ်ကြသော်လည်း အကန်းနှင့်တူသော ရုပ်တရားကို အကျိုးနှင့်တူသော နာမ်တရားက အမြဲရှေ့ဆောင်လျက်ရှိသည်။

နာမ်တရားများတွင် စိတ်သည် ပဓာနအကျဆုံးဖြစ်၏၊ အတူဖြစ်ဖော် ဖြစ်ဖက် နာမ်တရားများ၏ ခေါင်းဆောင် အကြီးအကဲဖြစ်သည်။ စိတ်ညစ်နွမ်းလျှင် သတ္တဝါများသည် ညစ်နွမ်းကြရသည်။ စိတ်ဖြူစင်သန့်ရှင်းလျှင် သတ္တဝါများ သန့်ရှင်းစင်ကြယ်ကြရသည်။ စိတ်တခုတည်းကိုသတိဖြင့် စောင့်ရှောက် ထိန်းသိမ်းထားနိုင်လျှင် အကုသိုလ်ဒုစရိုက်တရားများ မဖြစ်ပွားနိုင်၊ သံသရာဝဋ်ဒုက္ခမှ မုချလွတ်မြောက်နိုင်၏။

ဤသို့စသည်ဖြင့် စိတ်အလွန်အရေးပါပုံကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယဂဒ္ဒူလဗန္ဓသုတ်နှင့် တိကအင်္ဂုတ္တိုရ်ပါဠိတော်၊ အရက္ခိတသုတ်တို့၌ ရှင်တော်ဘုရား ဟောကြားထားပေသည်။ ဤအချက်နှင့် ပတ်သက်၍ ဗုဒ္ဓရှင်တော်ဘုရား၏ ဩဝါဒဒေသနာတော်တခုကို သတိပြုနိုင်ရန် တင်ပြပါမည်။

ရဟန်းဘဝတွင်စောင့်ထိန်းရမှုများလှသဖြင့် လူထွက်လိုသောရဟန်း

ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်သား သဌေးသားတယောက်သည် မိမိကိုးကွယ် ဆည်းကပ်နေသည့် ဆရာမထေရ်အား- “အရှင်မြတ်ဘုရား... တပည့်တော်သည် ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်လိုပါသည်၊ ဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်းတရား တခုကို တပည့်တော်အား ဟောကြားတော်မူပါဘုရား” ဟု လျှောက်ထား၏။

ဆရာမထေရ်က- “ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်လိုလျှင် စာရေးတံဆွမ်းကို ကပ်လှူရမည်၊ လဆန်းပက္ခ လဆုတ်ပက္ခတို့၌ ဆွမ်းကပ်လှူရမည်၊ ဝါဆိုသင်္ကန်းကိုလည်း ကပ်လှူရမည်၊ သင်္ကန်းစသော ပစ္စည်းတို့ကိုလည်း ကပ်လှူရမည်၊ မိမိ၏ ရှိပစ္စည်းကို သုံးပုံ ပုံ၍ တပုံကို ဘုရားသာသနာတော်သို့ လှူဒါန်းရမည်၊ တပုံကို ရောင်းဝယ်မှု၌ အရင်းအနှီးပြု၍ ကျန်တပုံကို သားမယားလုပ်ကျွေးမှု၌ အသုံးချရမည်” ဟု ညွှန်ကြားလေသည်။

သဌေးသားသည် ဆရာမထေရ်အမိန့်ရှိသည့်အတိုင်း အားလုံးကို ဆက်ကပ်လှူဒါန်းသည်။ “ထို့နောက် ထိုအလှူဒါနများအပြင် အခြားမည်သည့် ကုသိုလ်ကောင်းမှုမျိုးကို ပြုလုပ်ရပါဦးမည်နည်း” ဟုလျှောက်ထားပြန်သည်။

ဆရာမထေရ်က- “သရဏဂုံသုံးပါးကို ဆောက်တည်၍ ငါးပါးသီလကို ခံယူကျင့်သုံးရမည်” ဟု အမိန့်ရှိ၏။

သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ပြီးသည့် အခါ၌လည်း “ထိုကုသိုလ်အပြင် အခြားမည်သည့်ကုသိုလ်မျိုးကို ပြုလုပ်ရပါမည်နည်း” ဟု လျှောက်ထားပြန်သည်။

ဆရာမထေရ်က “ဆယ်ပါးသီလကို ခံယူဆောက်တည်ရန်” ညွှန်ကြား၍ ဆယ်ပါးသီလကိုခံယူဆောက်တည်ပြန်လေသည်။

ထိုသဌေးသားသည် ဆရာမထေရ်မြတ်ညွှန်ကြားသကဲ့သို့ အစဉ်အတိုင်း ကုသိုလ်ကောင်းမှုကို တခုပြီးတခုပြုလုပ်သည်။ ထို့ကြောင့် ထိုသဌေးသားကို “အနုပုဗ္ဗသဌေးသား” ဟု ခေါ်ဝေါ်ကြသည်။ (အနုပုဗ္ဗ = အစဉ်အတိုင်း ကုသိုလ်ပြုသူ)။

ထို့နောက် ဆရာမထေရ်အား ရှေးနည်းအတိုင်း လျှောက်ထားပြန်ရာ ဆရာမထေရ်က ရဟန်းပြုရန် ညွှန်ကြားတော်မူလိုက်လေသည်။ သဌေးသားသည်လည်း ဆရာမထေရ်ညွှန်ကြားသည့်အတိုင်း ရဟန်းပြုလေသည်။

ထိုသဌေးသားရဟန်း၏ ဥပဇ္ဈာယ်ဆရာကား ဝိနည်းအရာ၌ လိမ္မာကျွမ်းကျင်သည့် ဝိနည်းဓိုရ်ဆရာတော်တပါးဖြစ်၏။ နိဿယည်းဆရာမှာမူ အဘိဓမ္မာအရာ၌ လိမ္မာကျွမ်းကျင်သည့် အဘိဓမ္မာဆောင် ဆရာတော်တပါးဖြစ်သည်။

သဌေးသားရဟန်းသည် ဥပဇ္ဈာယ်ဆရာထံတော်ပါးသို့ ချဉ်းကပ်သွားသည့်အခါ ဥပဇ္ဈာယ်ဆရာတော်က ရဟန်းများ မပြုလုပ်ကောင်းသည့် အသွားအလာ အနေအထိုင် အပြောအဆို အစားအသောက် အဝတ်အရုံ စသည်တို့ကို ဝိနည်းဥပဒေရှိသည့်အတိုင်း သွန်သင်ဆုံးမ၏။ နိဿယည်းဆရာထံရောက်သည့်အခါ၌လည်း ဘုရားသာသနာတော်တွင် ရှောင်ကြဉ်ရမည့်အမှုကိစ္စ၊ ပြုလုပ်ရမည့်အမှုကိစ္စတို့ကို အဘိဓမ္မာတရားတော်၌ လာရှိသည့်အတိုင်း ဩဝါဒပေးတော်မူသည်။

ဤသို့ ရဟန်းဘဝတွင် ရှောင်ကြဉ်ရမည့်အရာ၊ ဆောင်ရမည့်အရာတို့ကို ဥပဇ္ဈာယ်ဆရာက ဝိနည်းဥပဒေဖြင့်တမျိုး၊ နိဿယည်းဆရာက အဘိဓမ္မာနည်းဖြင့်တဖုံ ဆုံးမဩဝါဒပေးတော်မူသည်ကို ကြားနာရသည့်အခါ သဌေးသားရဟန်းမှာ အလွန်စိတ်ရှုပ်သွားလေတော့သည်။

ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်မြတ်ကြီးကို အကျဉ်းထောင်ကြီးအဖြစ် မြင်၍ ရဟန်းဘဝကို ထောင်သားအသွင် ထင်သွားဟန်ရှိပေသည်။ ဤရဟန်းအလုပ်ကား အလွန်တာဝန်ကြီးလေရကား၊ ငါသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်လို၍ ရဟန်းပြုခဲ့သည်။ ယခု ဤရဟန်းဘဝသည် လက်ဆန့်တန်းဖို့နေရာပင် မရှိလောက်အောင် ကျဉ်းမြောင်းလှ၏၊ (ဝါ) လက်ကိုပင် မဆန့်ရဲအောင် ကြပ်တည်းလှ၏။ လူ့ဘဝကပင် ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် လုပ်နိုင်ပေလိမ့်ဦးမည်။ ငါလူထွက်မှတော်မည်ဟု အကြံဖြစ်လေသည်။

ထိုအချိန်မှစ၍ ထိုရဟန်းကား ရဟန်းဘဝကို စိတ်အပျက်ကြီး ပျက်သွား၏။ သာသနာတော်၌ လုံးဝ မပျော်ပိုက်တော့ချေ။ ကမ္မဋ္ဌာန်းကိုလည်း မစီးဖြန်းနိုင်၊ စာပေပရိယတ္တိကိုလည်း မသင်ယူနိုင်၊ တမှိုင်မှိုင် တတွေတွေဖြစ်နေပေရာ တဖြည်းဖြည်း ပိန်ချုံးလာ၏။ အကြောများပင် အပြိုင်းပြိုင်း ထလာ၏။ ပွေးနာ ယားနာများလည်း တကိုယ်လုံး ပေါက်လာလေသည်။

တနေ့တွင် ထိုရဟန်း၏ ဖြစ်ပုံကို သတိထားမိသောသာမဏေငယ်လေးတစုက- “အရှင်ဘုရားမှာ အားနည်းတဲ့ရောဂါရှိပုံရတယ်၊ ပိန်လည်းပိန်တယ်၊ အသားအရေလည်းခြောက်တယ်၊ အကြောတွေလည်း အထင်းသားပေါ်နေတယ်၊ ပျင်းတဲ့လူတွေမှာပေါက်လေ့ရှိတဲ့ဝဲနာ ပွေးနာတွေလည်း ပေါက်နေတယ်၊ တမှိုင်မှိုင်တတွေတွေလည်း ဖြစ်နေတာတွေ့ရပါတယ်၊ အရှင်ဘုရား... ဘယ်အလုပ်ကိုပြုလုပ်မိပါသလဲ” ဟု ဝိုင်းမေးကြ၏။

သဌေးသားရဟန်းက ရဟန်းဘဝကို စိတ်ပျက်ပုံ၊ သာသနာတော်မှာ နေရတာ မပျော်ပိုက်ပုံတို့ကို အကြောင်းနှင့်တကွ ရှင်းပြလိုက်လေသည်။ ထိုအခါ ကိုရင်လေးများသည် ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာနှင့် နိဿယည်းဆရာတို့ထံသွား၍ ထိုရဟန်း၏အကြောင်းကို လျှောက်ကြလေသည်။

ဆရာနှစ်ပါးတို့သည် တပည့်ရဟန်းကို ဗုဒ္ဓရှင်တော်ဘုရားထံ ခေါ်ဆောင်သွား၍ အဖြစ်အပျက်အလုံးစုံကို လျှောက်ထားကြလေသည်။ မြတ်စွာဘုရားသည် ထိုသဌေးသား ရဟန်းအား ကိုယ်တော်တိုင် စစ်မေးတော်မူပြီး- “ချစ်သား...သင်သည် တရားအများကြီးကို စောင့်ထိန်းနေစရာမလို၊ တပါးတည်းကိုသာ စောင့်ထိန်းရမည်၊ အဲဒီတရားတပါးကို စောင့်ထိန်းနိုင်မည်လား” ဟု မေးတော်မူ၏။

“အရှင်ဘုရားမြတ်ဘုရား... တရားတပါး ဆိုသည်မှာ ဘယ်လိုတရားမျိုးပါလဲဘုရား” ဟု လျှောက်၏။

“တရားတပါးဆိုသည်မှာ သင်ချစ်သား၏ စိတ်တခုတည်းပင် ဖြစ်သည်၊ သင့်စိတ်ကို စောင့်ထိန်းနိုင်မည်လား”

“စောင့်ထိန်းနိုင်ပါမည်ဘုရား”

“ဒီလိုဆိုလျှင် သင်ချစ်သားရဲ့စိတ်တခုတည်းကို စောင့်ထိန်းပေတော့၊ ဆင်းရဲဒုက္ခအားလုံးမှ မကြာမီ လွတ်မြောက်သွားလိမ့်မည်” ဟု ညွှန်ကြားတော်မူကာ အောက်ပါဆုံးမဩဝါဒကို ပေးတော်မူပါသည်။

အလွန်အကဲ၊ မြင်နိုင်ခဲသည့်၊

ကြည့်လဲမြင်၊ ရှာလျှင်မရ၊

သိမ်မွေ့လှသည့်၊ ငါးဝအာရုံ၊

ကာမဂုဏ်လျှင်၊ ခုံမင်ပျော်မွေ့၊

ကျရောက်လေ့ရှိ၊ စိတ်အသိကို၊

ပဏ္ဍိမည်မှတ်၊ ပုဂ္ဂိုလ်မြတ်သည်၊

မလပ်မကွာ၊ စောင့်ရှောက်ရာ၏၊

စောင့်ကာတားဆီး၊ လုံခြုံပြီးငြား

စိတ်တရားသည်၊ ထက်ဖျားဟုဆို၊

မဂ်ဖိုလ်နိဗ္ဗာန်၊ သုံးတန်သတ်မှတ်၊

ချမ်းသာမြတ်ကို၊ ဆတ်ဆတ်မသွေ ဆောင်သတည်း။

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတီနံ၊

စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

ဤဒေသနာတော်အဆုံး၌ သဌေးသားရဟန်းနှင့်တကွ များစွာသော ပရိသတ်တို့သည် သောတာပန်တည်သွားကြပေသည်။

စိတ်နှင့်စေတသိက်

ဤသို့ စိတ်သည် အလွန် အရေးပါသည်။ စိတ်တခုတည်းကို ချုပ်ထိန်းနိုင်ပါလျှင် (ဝါ) ယဉ်ကျေးအောင် ဆုံးမထားနိုင်လျှင်၊ “ဒန္တံ၊ ဆုံးမထားသဖြင့်ယဉ်ကျေးပြီးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်ချမ်းသာကို ဆောင်နိုင်၏” (စိတ္တံ ဒန္တံ သုခါဝဟံ) ဟု ဘုရားရှင် ဟောတော်မူထားသည့်အတိုင်း ချမ်းသာသုံးပါးကို ရနိုင်ပေသည်။

သတ္တဝါများ၌ ပဋိသန္ဓေတည်ကတည်းက ပါလာခဲ့သော ထိုစိတ်သည် ပင်ကိုသဘာဝအားဖြင့် ညစ်ကြေးမတင် အလွန်စင်ကြယ်သန့်ရှင်းလျက် ရှိပေသည်။ ယင်းသို့ဖြူစင်သန့်ရှင်းသော သဘောရှိသောကြောင့် ထိုစိတ်ကို ဓမ္မသင်္ဂဏီပါဠိတော်၌ “ပဏ္ဍရ” ဟု ဟောထား၏။

သို့ရာတွင် စိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းသည် ထာဝစဉ်တည်မြဲမှုမရှိချေ။ (ဝါ) ထိုသန့်ရှင်းစင်ကြယ်သည့်ဘဝင်စိတ်အတိုင်း အမြဲထားရန်မဖြစ်နိုင်ချေ။ မိမိကို အခိုက်အတန့်အားဖြင့် လာမှီကြသည့်ဧည့်သည် (အာဂန္တုက) စေတသိက်တရားများကြောင့် ညစ်နွမ်းသည့်အခါ ညစ်နွမ်းရလေသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဏိဟိတအစ္ဆရာဝဂ်၌-

“ရဟန်းတို့... ဤဘဝင်စိတ်သည် ဖြူစင်သန့်ရှင်းသောကြောင့် ပြိုးပြိုးပြက်ပြက် အရောင်ထွက်သကဲ့သို့ရှိ၏။ ထိုစိတ်သည်ပင်(ဇောခဏ၌) ဧည့်သည်အာဂန္တုက ဖြစ်ကုန်သော (ဝါ) အခိုက်အတန့်အားဖြင့်လာရောက်ကြကုန်သော ညစ်ညူးကြောင်း ကိလေသာတရားတို့ကြောင့် ညစ်နွမ်းရပေသည်” ဟုလည်းကောင်း-

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌လည်း “ရဟန်းတို့ ဤစိတ်ကို ရာဂ၊ ဒေါသ၊ မောဟတို့က ညစ်ညူးအောင် ပြုထားသည်မှာ အချိန်ကြာလှပြီဟု အမြဲမပြတ် မိမိစိတ်ကို ဆင်ခြင်ရမည်” ဟု လည်းကောင်း-ဟောတော်မူထားပေသည်။

မှန်ပါသည်၊ စိတ်ညစ်နွမ်းမှုသည် လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်စေတသိက်များကြောင့်ဖြစ်၏။ စေတသိက်ဆိုသည်မှာ သူ့ချည်း သက်သက်ဖြစ်လာနိုင်၊ အာရုံကိုယူနိုင်သောတရားမျိုးမဟုတ်၊ စိတ်ဖြစ်ပေါ်လာမှ စိတ်ကိုမှီ၍ အာရုံကိုယူနိုင်သော တရားမျိုးဖြစ်သည်။ စိတ်နှင့် တပြိုင်နက်ဖြစ်၊ တပြိုင်နက်ပျက်၍ စိတ်မှီသောဝတ္ထုရုပ်ကိုမှီကာ စိတ်ယူသောအာရုံကိုသာ ယူနိုင်ကြသည်။

ပင်ကိုပကတိ ဖြူစင်သန့်ရှင်းနေသည့် စိတ်အစဉ်တွင် ဇောခဏ၌ ညစ်နွမ်းသည့် လောဘဒေါသစသော စေတသိက်များ ပူးဝင်ယှဉ်တွဲခဲ့လျှင် စိတ်အစဉ်သည် ညစ်နွမ်းသွားရသည်။

၁။ ပဏ္ဍရ =စင်သောသဘော၊

ထို့ကြောင့်စိတ်အစဉ်တွင် လောဘဒေါသမောဟ စသော စေတသိက်များ ဝင်မလာအောင် ထိန်းသိမ်းတတ်ရန် အလွန်အရေးကြီး၏။ လောဘ, ဒေါသ, မောဟ ဖြစ်စရာအာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့် အခါ၌ လောဘ ဒေါသ မောဟတို့မဖြစ်အောင် ထိန်းသိမ်းထားနိုင်မှသာ စိတ်အစဉ် ဖြူစင်သန့်ရှင်းနေပေမည်။

ဤသို့ဒေါသ, သောကတို့ ဖြစ်ဖွယ်ရာအနိဋ္ဌာရုံတို့နှင့် တွေ့ကြုံရသည့်အခါ ဒေါသောကစသည့် အကုသိုလ်တရားများ မဖြစ်ပွားအောင် စိတ်ကိုထိန်းသိမ်းနိုင်သည့်နေရာ၌ “မလ္လိကာ” ခေါ်ဗန္ဓုလစစ်သူကြီးကတော်ကို စံနမူနာယူသင့်ကြ၏။

အတုယူစရာမလ္လိကာ

ဗန္ဓုလစစ်သူကြီးကား သာဝတ္ထိပြည်၊ ပသေနဒီကောသလမင်းကြီး၏ စစ်သူကြီးဖြစ်သည်။ ဘုရင်၏ ငယ်သူငယ်ချင်းဖြစ်သည့်ပြင် လက်ရုံးရည် နှလုံးရည်တို့နှင့် အလွန်ပြည့်စုံသူ ဖြစ်သောကြောင့် ဘုရင်ကိုယ်တိုင်စစ်သူကြီးအရာထား၍ အားပေးမြှောက်စားခြင်းကိုခံရသူဖြစ်သည်။ ထိုဗန္ဓုလစစ်သူကြီး၏ဇနီးကား မလ္လိကာဖြစ်သည်။ မလ္လိကာ၌ ဖခင်ကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် သားသုံးကျိပ်နှစ်ယောက် ထွန်းကားသည်။

တနေ့တွင် မတရားအဆုံးအဖြတ်ခံရသည့် တရားရှုံးသူများ၏ တိုင်တန်းချက်အရ ဗန္ဓုလစစ်သူကြီးကိုယ်တိုင် တရားစီရင်ရေးကို ဝင်ရောက်ကိုင်တွယ်ရာ ပြည်သူတို့၏ နှစ်သက်လေးစားမှုကိုရရှိခဲ့သည်။ ထိုအကြောင်းကို မင်းကြီးသိသဖြင့် လာဘ်စား၍ တရားဆုံးဖြတ်သည့်အမတ်များကို ရာထူးမှ နှုတ်ပယ်ပစ်လိုက်သည်၊ တရားစီရင်ရေးကိုလည်း ဗန္ဓုလစစ်သူကြီးအား လုံးဝ အပ်နှင်းလိုက်သည်။

ထိုအခါ ရာထူးချခံရသည့် အမတ်ဟောင်းများသည် စစ်သူကြီးဗန္ဓုလအား ရန်ညှိုးဖွဲ့ကြတော့သည်။ သူတို့သည်အခြေအနေပေးသည်နှင့် “စစ်သူကြီးဗန္ဓုလသည်မင်းဖြစ်ရန်ကြိုးစားနေပါသည်” ဟု မင်းကြီးအား ချောပစ်ကုန်းတိုက်ကြသည်၊ မင်းကြီးသည် ထိုသူတို့၏စကားကိုယုံကြည်ပြီး စစ်သူကြီးဗန္ဓုလကို သားသုံးကျိပ်နှစ်ယောက်နှင့်အတူ သတ်ဖြတ်ရန် စီမံလေသည်။

မင်းကြီး၏ စီမံချက်ကား စစ်သူကြီးကို ဤသာဝတ္ထိပြည်ထဲတွင် သတ်ပါက ပြည်သူလူထု၏ အကဲ့ရဲ့ကို ခံရမည်။ သို့အတွက် ရွာစွန်ဖျား၌ သူပုန်ထဟန်ပြုစေ၍ ထိုသူပုန်များကို သားများနှင့်အတူ သွားရောက်နှိမ်နင်းရန် ဗန္ဓုလကို တာဝန်ပေးမည်။ တာဝန်ထမ်းဆောင်ရာမှအပြန် မြို့ပြင်တွင် ဗန္ဓုလစစ်သူကြီးကို သားသုံးကျိပ်နှစ်ယောက်နှင့်အတူ လုပ်ကြံသတ်ဖြတ်ရန် အခြားသူရဲကောင်းများကို တာဝန်ပေးမည်ဟူ၍ ဖြစ်သည်။

ထိုစီမံချက်အတိုင်း အမိန့်ပေးပြုလုပ်စေရာ လုပ်ကြံသတ်ဖြတ်မှုကြီး ထမြောက် အောင်မြင်သွားခဲ့သည်။ ထိုလုပ်ကြံသည့်နေ့၌ပင် မလ္လိကာသည် အဂ္ဂသာဝကကြီးနှစ်ပါးနှင့်အတူ ရဟန်းငါးရာကို ဆွမ်းကပ်ရန် ပင့်ဖိတ်ထား၏။ ထိုနေ့နံနက်စောစော၌ စစ်သူကြီးကတော် မလ္လိကာထံသို့ အကြောင်းကြားစာတစောင် ရောက်လာသည်။ ထိုစာကား “သင်၏သားသုံးကျိပ်နှစ်ယောက်တို့နှင့်အတူ အရှင်သခင် စစ်သူကြီးဗန္ဓုလ၏ ဦးခေါင်းကို ဖြတ်လိုက်ပြီ” ဟူ၍ ဖြစ်၏။

မလ္လိကာသည် ထိုအကြောင်းကို မည်သူ့အားမျှ အသိမပေးဘဲ စာကို ရင်ခွင်၌ သိမ်းကာ ရဟန်းသံဃာများကိုသာ ဣန္ဒြေရရ ဆွမ်းကျွေးပြုစုလေသည်။ မလ္လိကာ၏ အလုပ်အကျွေး အိမ်ဖော်အမျိုးသမီးကလေးများသည် ဆွမ်းကပ်ပြီး၍ ထောပတ်အိုးများကို သယ်ယူလာကြစဉ် သံဃာတော်များရှေ့မှာပင် ထောပတ်အိုးကွဲသွား၏။

ထိုအခါ တရားစစ်သူကြီး အရှင်သာရိပုတ္တရာက “ကွဲတတ် ပျက်တတ်တဲ့ သဘောတရားသည် ကွဲရ ပျက်ရ၏၊ ဟိုဟို ဒီဒီ မကြံမစည် မတွေးတောရ” ဟု ဆုံးမတော်မူလိုက်သည်။

ထိုအခါမလ္လိကာက ရင်ခွင်မှစာကို ထုတ်၍ “အရှင်မြတ်ဘုရား သားသုံးကျိပ်နှစ်ယောက်နှင့်အတူ ဖခင်ဖြစ်သူ စစ်သူကြီးဗန္ဓုလရဲ့ ဦးခေါင်းကို ဖြတ်လိုက်ကြပြီဆိုတဲ့ ဒီစာကို ယခုမနက်ပဲ တပည့်တော်မ ရရှိခဲ့ပါတယ်၊ ဒါပေမဲ့ တပည့်တော်မမှာ တစုံတရာ စိုးရိမ်ပူဆွေး တွေးတော ကြံစည်ခြင်း မရှိပါ၊ ဒီထောပတ်အိုးကလေးကွဲသည့် ကိစ္စမှာ အဘယ်မှာ တွေးတောကြံစည်ပါ့မလဲဘုရား” ဟု လျှောက်ထားသည်။

ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဆွမ်းအနုမောဒနာတရားဒေသနာချီးမြှင့်၍ သံဃာတော်များနှင့်အတူ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။

စစ်သူကြီးကတော် မလ္လိကာသည် ချွေးမသုံးကျိပ်နှစ်ယောက်တို့ကို ခေါ်ပြီး “ချစ်သမီးတို့... သင်တို့၏ ခင်ပွန်းယောက်ျားတို့သည် မျက်မှောက်လောကတွင် အပြစ်မရှိကြဘဲလျက် ရှေးဘဝက သူတို့ပြုခဲ့ဖူးသည့် အကုသိုလ်ကံ၏အကျိုးကို မလွှဲမရှောင်သာ ခံစားကြရလေပြီ။ ချစ်သမီးတို့... မစိုးရိမ်ကြနဲ့၊ မပူဆွေး မငိုကြွေးကြနဲ့၊ ဘုရင်မင်းမြတ်အပေါ်၌လည်း စိတ်ဖြင့် ပြစ်မှားမှုကိုမပြုကြနဲ့” ဟု ဆုံးမစကား ပြောကြားလိုက်လေသည်။

ထိုစစ်သူကြီးကတော် မလ္လိကာကား အရိယာမဟုတ်၊ ပုထုဇဉ်မျှသာ ဖြစ်ပေသည်။ သို့သော် မိမိစိတ်ကို အကုသိုလ်မဖြစ်အောင် ထိန်းတတ် သိမ်းတတ်သည့် အထက်တန်းစား ပုထုဇဉ်ဖြစ်သည်။ ဘုရားရှင်နှင့် သာဝကတို့၏ ဆုံးမဩဝါဒကို နည်းနာကျကျ လက်တွေ့ကျင့်သုံးသူ ဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့ ဒေါသ, သောက ဖြစ်ဖွယ်ရာ အနိဋ္ဌာရုံတို့နှင့်တွေ့ကြုံရခိုက်၌ ဒေါသ သောကတို့ ဝင်မလာနိုင်အောင် စိတ်နှလုံးကိုထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းဖြစ်သည်။ အရှင်သခင် လင်ယောက်ျားနှင့် သားများ သေဆုံးကြရခြင်းသည် ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ ရှေးအတိတ်က

က သူတို့ ပြုလုပ်ခဲ့သည့် အကုသိုလ်ကံကြောင့် ဖြစ်သည်။ မည်သူ့ကိုမျှ အပြစ်တင်စရာ စိတ်ဆိုးစရာ တရားခံလုပ်စရာမလို၊ ပူဆွေးသောက ဖြစ်နေဖို့လည်း မဟုတ်”ဟု အမှန်အတိုင်း နှလုံးသွင်းနိုင်ခြင်းဖြစ်သည်။

၂။ သက္ကာယကွာသော ဒိဋ္ဌိဝိသုဒ္ဓိစခန်း

ရုပ်နာမ် ဓမ္မ ပရမတ္ထသဘာဝတရားများ၌ လက္ခဏ (သဘောလက္ခဏာ)၊ ရသ (ဆောင်ရွက်ရသည့် လုပ်ငန်းကိစ္စ)၊ ပစ္စုပဋ္ဌာန် (မိမိကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား)၊ ပဒဋ္ဌာန် (မိမိကို ဖြစ်ပေါ်စေသည့် အကြောင်းတရား) ဟူသော သဘောတရား လေးမျိုးတို့ ရှိကြစမြဲဖြစ်သည်။

ထိုလက္ခဏ, ရသ စသော သဘောတရားလေးမျိုးတို့ဖြင့် ရုပ်တရား နာမ်တရားတို့ကို ပိုင်းခြားယူငင် သိမြင်နိုင်ခြင်းသည် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့မှ ကင်းစင်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏ဟု အဘိဓမ္မတ္တသင်္ဂဟ အဋ္ဌကထာ၌ မိန့်ဆိုထားပါသည်။

ရုပ်တရား နာမ်တရားတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တင်၍ ဆင်ခြင်လိုက်သည့်အခါ သိမှုသည် ဝိညာဉ်၊ ခံစားမှုသည် ဝေဒနာ၊ မှတ်သားမှုကား သညာ၊ ပြုလုပ်အားထုတ်မှုကား သင်္ခါရ၊ ဖောက်ပြန်တတ်သည့် ဤခန္ဓာကိုယ်ကြီးကား ရုပ်တည်းဟု ပိုင်းခြား သိမြင်ရန်လိုပေသည်။

ယင်းသို့ သဘောလက္ခဏာစသည်ဖြင့် ပိုင်းခြား သိမြင်နိုင်လျှင် ဤရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့မှတပါး အခြားအတ္တဟူသောတရား၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟူသော တရားများမရှိဟု အမှန်အတိုင်း (ဝါ) ပကတိအရှိအတိုင်း သိမြင်နိုင်၏။

ယင်းသို့ သိမြင်ခြင်းသည် အတ္တဟု စွဲလမ်းယူမှု (အတ္တဒိဋ္ဌိ)၊ ငါ၊ သူတပါး၊ ယောက်ျား မိန်းမဟု စွဲလမ်းယူမှု (သက္ကာယဒိဋ္ဌိ) မိစ္ဆာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်စခန်းသို့ ရောက်ပြီဟုဆိုရသည်။

ဤအဖွင့်ကျမ်းတွင် ရှေးဦးစွာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရစေတသိက်တရားတို့၏ သဘောလက္ခဏာများကို သိလွယ်, မြင်လွယ်, သဘောပေါက်လွယ်စေရန် ယင်းစေတသိက်တို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်-ဟူသော ရှုထောင့်လေးထောင့်ကနေ၍ လေးဘက်မြင် အသီးသီးရှုမြင် သုံးသပ်တင်ပြထားပါသည်။

ယင်းသို့တင်ပြရာ၌ “ဥပမာယ မိဓေကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ” ဟူသော ဩဝါဒဒေသနာတော်နှင့်အညီ လူသာမန်များပင် လွယ်ကူစွာ သဘောပေါက် နားလည်နိုင်စေရန် ထင်ရှားသော ဥပမာများဖြင့် ပုံဆောင် တင်ပြထားပါသည်။

ထိုရှင်းလင်း သင်ပြချက်များကို ဖတ်ရှု လေ့လာသည့် သုတေသီပုဂ္ဂိုလ်တို့အား ဖတ်ရှုလေ့လာခြင်းဖြင့် နားလည်သိမြင်လာသော သုတမယဉာဏ်၊ ထိုသုတမယဉာဏ်ကို အခြေခံလျက် မိမိကိုယ်တိုင် တွေးတောကြံစည်ခြင်းဖြင့် တိုးတက်ပွင့်လင်းသိမြင်လာသည့် စိန္တာမယဉာဏ်များ ဖြစ်ပွားပေါ်ပေါက်လာနိုင်ပါသည်။

ထိုသုတမယဉာဏ် စိန္တာမယဉာဏ်တို့ဖြင့် ဖဿစသော စေတသိက်နာမ်တရားတို့၏ သဘောလက္ခဏာများကို သိမြင်လာသည့်အခါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အတ္တဟု မှားယွင်းစွာ ယူမှု၊ ငါသူတပါး ယောက်ျား မိန်းမဟု မှားယွင်းစွာယူမှု မိစ္ဆာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ပြီး ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အဆင့်သို့ ရောက်နိုင်ပေသည်။

၃။ အန္ဓပုထုဇဉ်အဆင့်မှ ကလျာဏပုထုဇဉ်အဆင့်သို့

ပုထုဇဉ်ဟူသော ဝေါဟာရသည် ပုထုဇ္ဇန ပါဠိမှ ဆင်းသက်လာသည့် မြန်မာဝေါဟာရဖြစ်သည်။ ကိလေသာထူပြောသော ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရ၏ (ပုထု=များစွာသော ကိလေသာတို့ကို + ဇန=ဖြစ်စေသူ)။ ထိုပုထုဇဉ်သည်—

(၁) အန္ဓပုထုဇဉ်

(၂) ကလျာဏပုထုဇဉ်-

ဟု နှစ်မျိုးရှိကြောင်း ဘုရားရှင်ဟောထား၏။

ထိုတွင် အန္ဓပုထုဇဉ်ဆိုသည်မှာ ခန္ဓာ, အာယတန စသော ရုပ်တရား နာမ်တရားတို့အကြောင်းကို သင်ယူခြင်း၊ မေးမြန်းခြင်း၊ ကြားနာမှတ်သားခြင်း၊ ကြံစည်စဉ်းစားခြင်းတို့ မရှိသဖြင့် ထိုရုပ်တရား နာမ်တရားတို့နှင့်စပ်၍ အသိဉာဏ် ဗဟုသုတကင်းမဲ့သော ပုဂ္ဂိုလ်မျိုးဖြစ်၏။

(ဝါ) ရုပ်တရား နာမ်တရားများ၌ ဉာဏ်ပညာမျက်စိ ကန်းနေသော ပုဂ္ဂိုလ်မျိုးဖြစ်၏။ ထိုပုဂ္ဂိုလ်မျိုးကို သုတ်ပါဠိတော်ကြီးများ၌ အသုတဝါပုထုဇဉ် (သုတမရှိသော ပုထုဇဉ်) ဟု ဟောထားပေသည် (အန္ဓ= ဉာဏ်ပညာ မျက်စိကန်းသော + ပုထုဇဉ်=ကိလေသာများသူ)။

ကလျာဏပုထုဇဉ်ဆိုသည်မှာ ခန္ဓာ စသော ရုပ်တရား နာမ်တရားတို့ကို ခွဲခြားသိမြင်သည့် ဉာဏ်မျက်စိရှိသော (ဝါ) ဉာဏ်ပညာမျက်စိကောင်းသော ပုဂ္ဂိုလ်မျိုးဖြစ်သည် (ကလျာဏ=ဉာဏ်ပညာ မျက်စိကောင်းသော + ပုထုဇဉ်=ကိလေသာများသူ)။

ချဲ့ပြဦးအံ့။ အကြင်ပုဂ္ဂိုလ်သည် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသည့် ရုပ်နာမ်အကြောင်းအရာများကို သင်ယူလေ့လာခြင်း၊ သဘောအဓိပ္ပာယ်တို့ကို အကြိမ်ကြိမ် မေးမြန်းဆွေးနွေးခြင်း၊ ကြားနာမှတ်သားခြင်း၊ ဆောင်ထားခြင်း၊ ခက်ရာခဲဆစ်တို့၌ပင် အဆုံးအဖြတ်ပေးနိုင်ခြင်း စသည်တို့ဖြင့် ရုပ်တရား၊ နာမ်တရားတို့၌ လိမ္မာကျွမ်းကျင်သိမြင်သော သုတမယဉာဏ်လည်းရှိ၏။

ထိုသုတမယဉာဏ်ကို အခြေပြုလျက် ခန္ဓာစသော ရုပ်တရား နာမ်တရားတို့၏ သဘောသဘာဝကို မိမိဉာဏ်စွမ်းဖြင့် ကြံစည်စဉ်းစား၍ “ဤလောက၌ ရုပ်နာမ် ခန္ဓာသာရှိ၏။ ပုဂ္ဂိုလ် သတ္တဝါ ငါသူတပါးမရှိ၊ အတ္တမရှိ”ဟု တိုးတက်သိမြင်လာသည့် စိန္တာမယဉာဏ် အသိမျိုးလည်းရှိ၏။ ထိုပုဂ္ဂိုလ်မျိုးကို ရုပ်နာမ်ဓမ္မ

တို့၌ ပကတိအရှိအတိုင်း သိမြင်သည့် ဉာဏ်မျက်စိ ရှိသောကြောင့် ကလျာဏပုထုဇဉ်ဟုခေါ်သည်။

ထိုကလျာဏပုထုဇဉ်သည်လည်း အနုအရင့်အားဖြင့် နှစ်မျိုးနှစ်စား ရှိပါသည်။ ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ခွဲခြား သိမြင် ဉာဏ်အမြင်မျှသာရှိ၍ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဟူသော ကျင့်စဉ်ကြီးသုံးရပ်ကို အားထုတ်ဆဲမဟုတ်သော ပုထုဇဉ်မျိုးသည် “နုသော ကလျာဏပုထုဇဉ်” ပုဂ္ဂိုလ်မျိုးဖြစ်သည်။

ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ပိုင်းခြားသိမြင်သည့်အပြင် မဂ်ဖိုလ်တရားများကိုရရန် ဝိပဿနာတရား (ပညာကျင့်စဉ်) ကို အားထုတ်ကျင့်ကြံနေသော ပုထုဇဉ်မျိုးသည် “ရင့်သောကလျာဏပုထုဇဉ်” ပုဂ္ဂိုလ်မျိုးဖြစ်သည်။

တနည်းအားဖြင့် ခန္ဓာ စသော ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်၍ သီလကျင့်စဉ် စသည့် ကျင့်စဉ်ကြီးသုံးရပ်ကို အားထုတ်ဆဲ ပုထုဇဉ်မျိုးကိုလည်း “ရင့်သောကလျာဏပုထုဇဉ်” ဟု ခေါ်သည်။ အယုတ်ဆုံးအားဖြင့် ရုပ်နာမ်ကိုမြင်၍ ကျင့်စဉ်ကြီးသုံးပါးတွင် တပါးပါးကို ကျင့်နေလျှင်ပင် “ရင့်သောကလျာဏပုထုဇဉ်” အဆင့်သို့ ရောက်ပြီဟု ဆိုနိုင်ပါသည်။ ထိုကလျာဏပုထုဇဉ်အဆင့်ကို သေက္ခပုဂ္ဂိုလ်ထဲတွင် (ဝါ) သောတာပန် ပုဂ္ဂိုလ်ထဲတွင် ထည့်သွင်းရေတွက်ရမည်ဟု အဋ္ဌကထာကြီးများ၌ ဖွင့်ဆိုထားပါသည်။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဤအဘိဓမ္မာ အဖွင့်ကျမ်းကို လေ့လာ ဖတ်ရှုရခြင်းဖြင့် နာမ်တရားတို့၏ သဘောလက္ခဏာများကို သုတမယဉာဏ်, စိန္တာမယဉာဏ်တို့ဖြင့် သိမြင်၍ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အဆင့်သို့ ရောက်နေ

၁။ အဘိ၊ဋ္ဌ၊၁၊၃၈၄။ ဒီ၊ဋ္ဌ၊၁၊၅၈။

၂။ သာရတ္ထ ဒီပနီဋီကာ၊ ၂၊၅၄။ ယမိုက်အဖြေကျမ်း၊ ၆၅။ -။ ဝိ၊ဋ္ဌ၊၁၊၂၇၀။ အံ၊ဋ္ဌ၊၂၊၂၉။

သော ပုဂ္ဂိုလ်မျိုးကို သီလ စသောကျင့်စဉ်သုံးရပ်တို့ကို ဖြည့်ကျင့်နေသူ မဟုတ်ပါက “နုသောကလျာဏပုထုဇဉ်” ခေါ်ရ၍ ယင်းကျင့်စဉ်သုံးရပ်ကို ဖြည့်ကျင့်နေသူဖြစ်ပါက “ရင့်သောကလျာဏပုထုဇဉ်” အဆင့်သို့ရောက်နေသူဟုဆိုရသည်။

နုသောကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်သည် နောက်ဘဝတွင် နတ်ပြည်စသော သုဂတိဘုံများသို့ရောက်ရန် (ဝါ) အပါယ်လေးပါးမှ လွတ်ရန် စိတ်မချရသေးသော်လည်း အန္ဓပုထုဇဉ်ပုဂ္ဂိုလ်ထက် အခွင့်အလမ်း သာလျက်ရှိပေသည်။ ရင့်သောကလျာဏပုထုဇဉ်ပုဂ္ဂိုလ်မျိုးကား သောတာပန်နှင့် အလားတူသောကြောင့် သုဂတိဘုံများသို့ လားရောက်ရန် သေချာလျက်ရှိပေသည်။

လက်ရှိဘဝတွင် တမဂ်တဖိုလ်မရသေးသော်လည်း နတ်ပြည်သို့ရောက်သည့်အခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လွယ်ကူစွာ ရရှိနိုင်၏။ လွန်ခဲ့သည့် ဘဝက လေ့ကျင့်အားထုတ်ဖူးသော ဝိပဿနာအာရုံနှင့် ဘာဝနာအသိတို့သည်လည်း အလုံးစုံပွင့်လင်းခြင်းသို့ရောက်တတ်ပေသည်။

၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိနှင့် စူဠသောတာပန်

ပထဝီဓာတ်တလုံးကိုဖြစ်စေ၊ လောဘဓာတ်တလုံးကိုဖြစ်စေ၊ ပဋိစ္စသမုပ္ပါဒ်အချက်ကိုဖြစ်စေ အကြောင်းအကျိုးနှင့် ဟုတ်တိုင်းမှန်စွာ နေရာတကျသိမှုသည် ယထာဘူတဉာဏ်အသိမျိုးဖြစ်သည်။ ထိုယထာဘူတဉာဏ်ဖြင့် ရုပ်တရား နာမ်တရားတို့ကား အကြောင်းမဲ့ ဖြစ်ပေါ်လာကြသော တရားများမဟုတ်၊ ဆိုင်ရာအကြောင်းများကြောင့် ဖြစ်လာရသည့်တရားများတည်းဟု ရုပ်နာမ်တို့၏ဖြစ်ကြောင်းကိုသိမြင်၏။

ထို့ကြောင့် ထိုဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်ဟုလည်း ခေါ်သည်။ (ပစ္စယ=အကြောင်းတရား + ပရိဂ္ဂဟ= သိမ်းဆည်းသောဉာဏ်)။

၁။ အံ၊၁၊၅၀၅ (သောတာနုဂတသုတ်)။

ဤသို့လက်ရှိဘဝ၌ ရုပ်နာမ်တို့၏ဖြစ်ကြောင်းကို ကောင်းကောင်းသိမြင်သည့်အခါ “ရှေးဘဝတုန်းကလည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ဖြစ်ခဲ့လှပြီ၊ ရဟန္တာမဖြစ်သေးသမျှ နောက်နောက်ဘဝတို့၌ လည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ ဖြစ်ကြလိမ့်ဦးမည်ဟု သဘောကျသဖြင့် “ငါသည် ရှေးအတိတ်က ဖြစ်မှဖြစ်ခဲ့ဘူးလေရဲ့လား” စသောယုံမှားဖြစ်မှု “အလုံးစုံကို အကုန်သိမြင်နိုင်သော ဘုရားရှင်ဆိုတာ ရှိမှရှိနိုင်ပါ့မလား” စသော ယုံမှားဖြစ်မှုများ လုံးဝကင်းပျောက်သွား၏။

ရုပ်နာမ်တရားများသည် အကြောင်းမရှိပဲ ဘာသိဘာသာ ဖြစ်ပေါ်လာ၏ဟု ယူသောအယူများကို အဟေတုကဒိဋ္ဌိဟုခေါ်၏။ ထာဝရဘုရားစသော တန်ခိုးရှင်တို့ ဖန်ဆင်းမှုကြောင့် ဤရုပ်နာမ်ခန္ဓာများ ဖြစ်ပေါ်လာရသည်ဟု ယူဆသော အယူသည် ဣဿရနိမ္မာနဒိဋ္ဌိ ဖြစ်၏။

ရုပ်နာမ်တို့၏ တကယ့်ဖြစ်ကြောင်းတရားများကို ကောင်းစွာ သိမြင်လာရသည့်အခါ ထိုအဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) ဣဿရနိမ္မာန (ဖန်ဆင်းဝါဒတို့) ဖြစ်ရန် အကြောင်းမရှိတော့ချေ။ ထိုမိစ္ဆာအယူမျိုးတို့မှ ကင်းစင်သွား၏။

ဤသို့ ယုံမှားမှုအားလုံးကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ၊ ဣဿရနိမ္မာနဒိဋ္ဌိ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်သည့်အခါ ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ရောက်ပြီဟု ဆိုရပေမည်။ (ကင်္ခါ=ယုံမှားဖြစ်မှု + ဝိတရဏ=လွန်မြောက်ခြင်း + ဝိသုဒ္ဓိ=ဒိဋ္ဌိနှစ်ပါးအယူမှားမှ စင်ကြယ်ခြင်း)

ဒိဋ္ဌိဝိသုဒ္ဓိအဆင့်၌ ရုပ်နာမ်တို့၏ သဘောလက္ခဏာမျှကိုသာ သိ၏။ ရုပ်နာမ်တို့၏ အကြောင်းတရားကိုမသိသေး။ ဤကင်္ခါဝိတရဏဝိသုဒ္ဓိကျမှ အကြောင်းနှင့်တကွရုပ်နာမ်တို့ကို သိလေသည်။

ဤဝိသုဒ္ဓိကိုရသောပုဂ္ဂိုလ်သည် သောတာပန်အစစ်ကဲ့သို့ဒိဋ္ဌိ (သက္ကာယ) နှင့် ဝိစိကိစ္ဆာ (ရုပ်နာမ်နှင့်ဘုရားစသည်တို့၌ ယုံမှားဖြစ်မှု) တို့ကို ပဋိဝေဓမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့မပယ်သတ်နိုင်သေးစေကာမူ ယထာဘူတဉာဏ်စွမ်းဖြင့် ကြာရှည်လေးမြင့်စွာဖယ်ရှားထားနိုင်ပါသည်။ ထို့ကြောင့် ယင်းပုဂ္ဂိုလ်

မျိုးကို သောတာပန်နှင့်အလားတူရကား သောတာပန်အငယ်စား စူဠသောတာပန်ဖြစ်ပြီဟု ဆိုရသည်။ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိတို့ဖြင့် စင်ကြယ်ပြီး တည်တံ့ခိုင်မြဲပြီးသော သီလ, သမာဓိတို့ရှိပြီးဖြစ်ရကား ကမ္မပထမြောက်သည့် အကုသိုလ်ဒုစရိုက်များကို မပြုတော့သဖြင့် လာမည့်ဘဝ၌ ဧကန်မုချ အပါယ်မကျရန် သေချာနေလေသည်။

ဤကျမ်းတွင် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရဟူသော နာမ်တရားတို့၏ အကြောင်းတရား (ပဒဋ္ဌာန်) တို့ကို နားလည်လွယ်အောင် နည်းအမျိုးမျိုးတို့ဖြင့် ဝေဖန်တင်ပြထားပါသည်။

ဤဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရတို့၏ အကြောင်းတရားတို့ကို လေ့လာ ဖတ်ရှုရသည့်အခါ ဖဿစသော နာမ်တရားများသည် အကြောင်းမဲ့ ဖြစ်ပေါ်လာကြသည်လည်းမဟုတ်၊ တစုံတယောက်သော တန်ခိုးရှင်ကြီးက ဖန်ဆင်းလိုက်သဖြင့် ပေါ်လာကြသည်လည်းမဟုတ်၊ ဆိုင်ရာ (ရုပ်နာမ်) ဟူသော အကြောင်းတရားတို့ကြောင့်သာ ပေါ်လာရခြင်းဖြစ်သည်ဟု ဟုတ်တိုင်းမှန်စွာ ယထာဘူတဉာဏ်ဖြင့်သိနိုင်၏။

ထို့အတူ လူလူချင်းတူကြသော်လည်း ရုပ်ခန္ဓာအချင်းချင်းမတူကြပုံ၊ အချို့ကအသက်ရှည်၍ အချို့ကအသက်တိုပုံ၊ အချို့ကရောဂါထူ၍ အချို့က ရောဂါကင်းပုံ၊ ယောက်ျား မိန်းမကွဲပြားပုံ စသောအကျိုးတရားတို့ကို ထောက်လျှင် ဧကန် အကြောင်းမဲ့မဖြစ်ရာ၊ ဆိုင်ရာအကြောင်းအသီးသီး ရှိရမည်စသည်ဖြင့်လည်း တိုးချဲ့စဉ်းစားကာ အသိဉာဏ်ပွားလာနိုင်ပါသည်။

ဤကျမ်းတွင် ဖဿစသော စေတသိက်များ အဖွင့်၌ ဖဿစသော စေတသိက်များကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ၊ ဖဿစသော စေတသိက်များ ပြတ်သဖြင့် ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံဟူသော ခေါင်းစဉ်များဖြင့် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပြနည်းကို အနုလုံ ပဋိလုံ အစုံအလင်ဖွင့်ဆိုရေးသားထားရာ ပဋိစ္စသမုပ္ပါဒ်နည်းအရ သင်္ခါရ

ဝိညာဉ်ရုပ်နာမ်စသောတရားတို့၏ အကြောင်းများကို သိမ်းဆည်းသိမြင်နိုင်သည့် ပစ္စယပရိဂ္ဂဟဉာဏ် (ဝါ) ဓမ္မဋ္ဌိတိဉာဏ်များ ဖြစ်ပွားလာနိုင်ပါသည်။

ထိုဉာဏ်များ ဖြစ်ပွားလာသည့်အခါ အထက်တွင်တင်ပြခဲ့သကဲ့သို့ ယုံမှားခြင်း အားလုံးကိုလွန်မြောက်၍ အကြောင်းမဲ့ဝါဒ၊ ဖန်ဆင်းဝါဒဟူသော ဒိဋ္ဌိနှစ်ပါးမှစင်ကြယ်သွားသောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ရောက်ပြီဟုဆိုရပါသည်။

ထိုဝိသုဒ္ဓိသို့ ရောက်သောသူသည် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာတရားတို့ကို ကြာမြင့်စွာဖယ်ရှားနိုင်သောကြောင့် သောတာပန်အငယ်စား စူဠသောတာပန်ဖြစ်ပြီဟုဆိုနိုင်ပါသည်။ စူဠသောတာပန်အဆင့် ရောက်သူသည် နောက်ဘဝ၌ သုဂတိဘဝသို့ရောက်ရန် သေချာနေပေပြီဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒုတိယအုပ် (၂၄၀) ၌ ဖွင့်ဆိုထားပါသည်။

၅။ ပဋိသမ္ဘိဒါဉာဏ်အတွက် ပါရမီမျိုးစေ့ရရှိနိုင်ခြင်း

ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်တွင်—

(၁) ပါရမီပတ္တရဟန္တာ

(၂) ပဋိသမ္ဘိဒါပတ္တရဟန္တာ

(၃) ဆဠာဘိညရဟန္တာ

(၄) တေဝိဇ္ဇရဟန္တာ

(၅) သုက္ခဝိပဿက ရဟန္တာ

ဟူ၍ ရဟန္တာ (၅) မျိုး ရှိပါသည်။

ထိုတွင် ပါရမီပတ္တရဟန္တာဆိုသည်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့ သာဝကပါရမိဉာဏ်အရာ၌ အထွတ်အထိပ်သို့ မရောက်သည့် ရဟန္တာမျိုးဖြစ်သည်။

၁။ ထေရ၊ဋ္ဌ၊ ၂၊၅၄၅။ (ဝင်္ဂီသတ္ထေရ)

ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် (ဝါ) အရိယမဂ်ကို ရသည်နှင့် တပြိုင်နက် ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုရသည့် ရဟန္တာမျိုးကို ပဋိသမ္ဘိဒါပတ္တရဟန္တာဟု ခေါ်သည်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်ဟူသော ဉာဏ်သုံးပါးနှင့် ပြည့်စုံသည့် ရဟန္တာကို တေဝိဇ္ဇရဟန္တာဟု ခေါ်သည်။ ဈာန်မရသော ရဟန္တာမျိုးကို သုက္ခဝိပဿကရဟန္တာဟု ခေါ်သည်။

ထိုငါးမျိုးတွင် ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ ရရှိသော ပဋိသမ္ဘိဒါဉာဏ်လေးပါးမှာ—

(၁) အကျိုးတရား စသည်ကို သိမြင်သော အတ္ထပဋိသမ္ဘိဒါဉာဏ်၊

(၂) အကြောင်းတရားစသည်ကို သိမြင်သော ဓမ္မပဋိသမ္ဘိဒါဉာဏ်၊

(၃) သဒ္ဒါအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ဝေါဟာရပညတ် အမျိုးမျိုးကို သိမြင်သော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊

(၄) အခါအခွင့်ကြုံလာသည့်အခါ သက်ဆိုင်ရာဥပမာ၊ ဥပမေယျတို့နှင့်တကွ ရှင်းလင်းပြရန် အလိုလိုထင်လာ မြင်လာသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်၊

တို့ဖြစ်ပါသည်။

ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ကား ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ထိုဉာဏ်လေးပါးတို့ကိုပါ တခါတည်းရရှိကြသည်။ သို့ရာတွင် အရှင်အာနန္ဒာနှင့် ခုဇ္ဇုတ္တရာထေရီမတို့ကဲ့သို့ ရဟန္တာမဖြစ်မီ သောတာပတ္တိမဂ်ရချိန်ကပင် ထိုဉာဏ်လေးပါးကို ရရှိကြသည့် ပုဂ္ဂိုလ်ထူးများလည်း ရှိကြသေးသည်။

ဘုရားသာသနာတော်တွင် အကျွတ်တရား ရကြကုန်သော ရဟန်းရှင်လူအပေါင်းတို့တွင် ပဋိသမ္ဘိဒါပတ္တဖြစ်ကြကုန်သူတို့သည် အထွတ်အထိပ် ဖြစ်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့မှာ—

၁။ အရှင်သာရိပုတ္တရာ၊

၂။ အရှင်မဟာမောဂ္ဂလ္လာန်၊

၃။ အရှင်အာနန္ဒာ၊ (ရဟန်းယောက်ျား)

၄။ ခေမာထေရီ၊

၅။ ဓမ္မဒိန္နာထေရီ၊ (ရဟန်းမိန်းမ)

၆။ စိတ္တသူကြွယ်၊

၇။ ဥဂ္ဂသူကြွယ်၊

၈။ ဥပါလိသူကြွယ်၊ (လူယောက်ျား)

၉။ ဝေဠုကန္တကီ၊

၁၀။ ဥတ္တရာ (လူမိန်းမ) စသူတို့ ဖြစ်ကြသည်။

ပဋိသမ္ဘိဒါဉာဏ်ကား အလွန်ရခဲသောဉာဏ်တည်း။ ဘုရားရှင်လက်ထက်တော်ကပင် ပဋိသမ္ဘိဒါဉာဏ်ရသူများ အလွန်နည်းပါး၏။ ရဟန္တာဖြစ်တိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်ကို မရနိုင်။ ဈာန်အဘိညာဉ်ကို ရတိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်နှင့် မပြည့်စုံနိုင်။

ရှေးရှေးဘဝတို့က အဘိဓမ္မာတရားကို လေ့လာလိုက်စား သင်ကြားဖူးသော ပါရမီအခံရှိခဲ့ပါမှ ပဋိသမ္ဘိဒါဉာဏ်တော်ကြီး လေးပါးနှင့် ပြည့်စုံနိုင်ပါသည်။ ဥပမာအားဖြင့် ဧဟိဘိက္ခု ရဟန်းအဖြစ်နှင့်တူပါသည်။

ရှေးရှေးဘဝက သင်္ကန်းလှူခဲ့ဖူးသူဖြစ်ပါမှ သာသနာတော်တွင် ဧဟိဘိက္ခု ရဟန်းဖြစ်ခွင့်ရှိသည်။ မလှူခဲ့ဘူးသူမှာ ဧဟိဘိက္ခုရဟန်းဖြစ်နိုင်ခွင့် မရှိသကဲ့သို့ ဖြစ်သည်။

အနမတဂ္ဂသံသရာတွင် ဈာန်အဘိညာဉ်တရားတို့ကို လေ့လာကြိုးစားနိုင်ချိန်ကား အလွန်များ၏။ သာသနာတော်ပပ သာသနာတော်တွင်းအချိန် နှစ်ချိန်လုံး လေ့လာအားထုတ်နိုင်ကြသည်။ အဘိဓမ္မာတရားကို လေ့လာ

လိုက်စားနိုင်ဘို့အချိန်ကား အလွန်နည်း၏။ သာသနာတော်တွင်းအချိန်၌ သာ လေ့လာလိုက်စားနိုင်သည်၊ ယင်းသို့ ဈာန်အဘိညာဉ်ကို လေ့လာ အားထုတ်နိုင်ချိန်ကများ၍ အဘိဓမ္မာတရားကို လေ့လာလိုက်စားခွင့်ရချိန် က အလွန်နည်းသဖြင့် ကျွတ်တမ်းဝင်ကြသည့်အခါ ဆဠဘိညခေါ် အဘိ ညာဉ်ရပုဂ္ဂိုလ်များ များပြား၍ ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်များ ရှားပါးရခြင်း ဖြစ်သည်။

ဤအဓိပ္ပာယ်သဘောတရားအရ နောင်ကျွတ်တမ်းဝင်သည့်အခါ ပဋိ သမ္ဘိဒါဉာဏ်နှင့် ပြည့်စုံကြရလေအောင် ယခုလိုဗုဒ္ဓသာသနာတော်ကြီးနှင့် ကြုံကြိုက်နေသည့် ခေတ်ကောင်း ကာလကောင်းကြီးတွင် အဘိဓမ္မာထွန်း ကားသည့် တိုင်းပြည်တွင် လူဖြစ်ရခိုက် အဘိဓမ္မာတရားများကို လေ့လာ လိုက်စားခြင်းဖြင့် ပါရမီမျိုးစေ့ကို ပျိုးထောင်သင့်ကြပေသည်။

ဤကျမ်းစာအုပ် ဖြစ်ပေါ်လာပုံ

ဤကျမ်းကားဖော်ပြပါ ရည်မှန်းချက်ကြီးများကို အကြောင်းပြု၍ ဒုတိယကျမ်းစာအဖြစ် ပေါ်ထွက်လာသော ကျမ်းတည်း။ သို့သော် ဤ ကျမ်းစာအုပ် ထွက်ပေါ်လာရာ တွင် စီမံကိန်းချမှတ်သည်မှစ၍ ပုံနှိပ်ထုတ် ဝေသည့် အဆင့်အထိ ကွင်းဆက်အကြောင်းများ များစွာရှိပါသေးသည်။

မှန်ပါသည်။ ဤကျမ်းစာအုပ်ကို ယခုလို ထွက်ပေါ်လာနိုင်ရန် ရှေးဦးစွာ ဦးဆောင်ညွှန်ကြားသူမှာ ဆရာဦးလှမောင် (နိုင်ငံတော်ကောင်စီဝင် ဟောင်း)ဖြစ်ပါသည်။ ထိုစဉ်အခါက ဆရာဦးလှမောင်မှာ ဗုဒ္ဓသာသနအဖွဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူးနှင့် ဗုဒ္ဓသာသနအဖွဲ့ အုပ် ချုပ်ရေးအရာရှိချုပ်ဖြစ်ပါသည်။

တနေ့တွင် ဆရာဦးလှမောင်သည် နိုင်ငံတော်ဗုဒ္ဓသာသနအဖွဲ့ ဘာသာ ပြန်ဌာန အယ်ဒီတာချုပ် ဦးကျော်ထွတ် (အစိုးရပထမဆုံး ဓမ္မာစရိယ နှင့် သကျသီဟ ဓမ္မာစရိယ) တို့နှင့် ဗုဒ္ဓအဘိဓမ္မာလာ စိတ် စေတသိက်များအကြောင်းကို ဆွေးနွေးကြပါသည်။

ထိုဆွေးနွေးပွဲတွင် စိတ်စေ တသိက်တရားများကို သုတေသနပြုလိုသူ အဘိဓမ္မောသုတေသီများအဖို့ စိတ်အကြောင်းနှင့် ဖဿစသော စေတသိက်တပါးစီ၏ အဓိပ္ပာယ် အကြောင်းအရာများကို တထိုင်တည်းဖြင့် အပြည့်အစုံလေ့လာနိုင်မည့် ကျမ်းစာအုပ်မျိုးရှိရန် လိုအပ်ကြောင်း အဖြေထွက်လာပါသည်။

ထို့ကြောင့် ဆရာဦးလှမောင်က ဆရာကြီး ဦးကျော်ထွတ်အား ဘာသာပြန်ဌာနရှိ ပညာရှင်ဝန်ထမ်းများဖြင့် စေတသိက်တပါးစီတပါးစီ၏ အဓိပ္ပာယ်အကြောင်းအရာများကို ပိဋကသုံးပုံ နိကာယ်ငါးစုံ၌လာရှိသမျှ အားလုံးစုဆောင်း၍ လူသာမန်များ နားလည်နိုင်သောမြန်မာစကားပြေ ရေးသားဟန်ဖြင့် အပြည့်အစုံဆုံး ရေးသားပြုစုရန် ညွှန်ကြားပါသည်။

ဤကဲ့သို့သော ကျမ်းမျိုးကိုပြုစုရန် လုပ်ငန်းကား ညွှန်ကြားရန်လွယ်ကူ သလောက် စုဆောင်းရေးသားပြုစုရာတွင် အလွန်ခက်ခဲသော လုပ်ငန်း ဖြစ်ပါသည်။ နိကာယ်ငါးစုံ ပိဋကသုံးပုံတွင် ပြန့်ကျဲတည်ရှိနေသော စေတသိက်တပါးစီ၏ အဓိပ္ပာယ်များကို ရှာဖွေစုဆောင်းရသည်မှာ မည်မျှ ခက်ခဲသည်ကို စာရှုပရိသတ်များ ခန့်မှန်းနိုင်ပါသည်။ ဘာသာရပ်အနေ အားဖြင့်လည်း ပိဋကသုံးပုံတွင် အခက်ခဲဆုံး အနက်နဲဆုံး အဘိဓမ္မာ ဘာသာရပ်ဖြစ်၍ ရေးသားပြုစုရသည်မှာ ပို၍ ခက်လှပါသည်။

သို့ဖြစ်၍ ဤကျမ်းစာမျိုးကို ရေးသားပြုစုရသည့် ပညာရှင်နှင့်တည်း ဖြတ် ပြင်ဆင်ရသည့် ပညာရှင်များမှာ-

(၁) ပါဠိဘာသာကို နိုင်နိုင်နင်းနင်း တတ်မြောက်ရခြင်း၊

(၂) မြန်မာဘာသာ၌လည်း ကျွမ်းကျင်လိမ္မာရခြင်း၊

(၃) အဘိဓမ္မာ သဘောတရားများကိုလည်း အခြေခံကျကျ တတ် မြောက် နားလည်ထားရခြင်း၊

(၄) အများနားလည် သဘောပေါက်အောင်လည်း ရေးသားတင်ပြ တတ်ရခြင်း -

ဟူသော အင်္ဂါရပ်များနှင့်ပြည့်စုံမှ ရေးသားပြုစုနိုင်မည်၊ တည်းဖြတ် ပြင် ဆင်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဆရာကြီးဦးကျော်ထွတ်သည် ဆရာဦးလှမောင်၏ ညွှန် ကြားချက်အတိုင်း ဤကျမ်းစာအုပ်ဖြစ်ပေါ်လာရေးအတွက်-

(၁) စာစုလုပ်ငန်းအဆင့်၊

(၂) စာပြုလုပ်ငန်းအဆင့်၊

(၃) စာတည်းလုပ်ငန်းအဆင့်၊

ဟု လုပ်ငန်းစဉ်အဆင့်သုံးဆင့် ချမှတ်ကာ ၁၉၆၇-ခုနှစ်တွင် စာစုလုပ်ငန်း အဆင့်ကို စတင်ဆောင်ရွက်စေပါသည်။

စာစုလုပ်ငန်းမှာ ဖဿ စသော စေတသိက် တပါးစီ၏ အဓိပ္ပာယ် အကြောင်းအရာများကို ရှေးရှေးဆရာတော်ဘုရားကြီးများ မြန်မာ ဘာသာဖြင့် ဖွင့်ဆိုရေးသားထားကြသည့် အဘိဓမ္မတ္ထဒီပကကျမ်း၊ ပရမတ္ထသရူပအနုဝဏ္ဏနာကျမ်း၊ ပရမတ္ထသံခိပ်ဋီကာ စသော အဘိဓမ္မာ ကျမ်းကြီးများနှင့် အဘိဓမ္မာပါဠိတော် မြန်မာပြန်၊ သုတ္တန်ပါဠိတော်မြန်မာ ပြန် စသော မြန်မာပြန်ကျမ်းကြီးများမှ ထုတ်နုတ် ရေးကူးကြရပါသည်။ ရေးကူးရာတွင် ကျမ်းအမည်နှင့် စာမျက်နှာနံပါတ်တို့ကိုပါ ဖော်ပြရ ပါသည်။

ရေးကူးပြီးသည့် လက်ရေးစာမူများကို ကျမ်းရင်းနှင့် ပြန်လည်တိုက် ဆိုင်တည်းဖြတ်၍ စေတသိက်တပါးလျှင် ငါးမူစီ လက်နှိပ်စက်ဖြင့် ရိုက်ကူး ကြရသည်။ လက်နှိပ်စက်မူများကို ငါးဖိုင်စီ တွဲချုပ်ထားရာ စေတသိက် (၅၂)ပါးအတွက် ဖိုင်ပေါင်း (၂၆၁)ရှိပါသည်။ ထိုစေတသိက်များတွင် သုတ် အဘိဓမ္မာကျမ်းပေါင်း (၂၀)ကျော်မှ လက်နှိပ်စက် စာမျက်နှာ

(၁၆၀)ကျော်အထိ စုဆောင်းရသည့် လောဘကဲ့သို့သော စေတသိက် မျိုးလည်း ပါဝင်ပေသည်။

စာစုလုပ်ငန်းပြီးဆုံးသည့်အခါ စာပြုလုပ်ငန်းကို ဆက်လက်ထမ်း ဆောင်ရပါသည်၊ ဤလုပ်ငန်းကား ကျမ်းစာအုပ် ပေါ်ထွက်လာရေး အတွက် အချက်အချာပဓာနအကျဆုံး လုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းအောင်မြင်ရေးအတွက် အောက်ပါမူများကို ချမှတ်၍ဆောင်ရွက် ရပြန်ပါသည်။

စာပြုပညာရှင်များသည် စေတသိက်အသီးသီး၏ သဘောအဓိပ္ပာယ် များကို ဖွင့်ဆိုရေးသားကြရာ၌-

(၁) စေတသိက်တို့၏ ဖဿ စသော နာမည်အသီးသီးကိုရပုံ၊

(၂) (က) စေတသိက်၏ သဘောလက္ခဏာ (လက္ခဏ)၊

(ခ) စေတသိက်၏ ဆောင်ရွက်ချက် (ရသ)၊

(ဂ) စေတသိက်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား (ပစ္စုပဋ္ဌာန်)၊

(ဃ) စေတသိက်၏ အနီးဆုံးအကြောင်းတရား (ပဒဋ္ဌာန်)၊

တို့ကို နားလည်လွယ်အောင် ဥပမာ၊ ဥပမေယျတို့ဖြင့် တန်ဆာဆင် ရေးသားရမည်။

(၃) စေတသိက်၏ အမျိုးအမည်များကို ရေတွက် ရှင်းလင်းပြရမည်။

(၄) စေတသိက်၏ နာမည်အမျိုးမျိုးရပုံကို ဖွင့်ဆိုရမည်။

(၅) စေတသိက်အကြောင်း အခြားသိကောင်းစရာများကို ပိဋက တော်၌လာရှိသမျှ စုံစုံလင်လင်တင်ပြရမည်။

(၆) အကုသိုလ်စေတသိက်ဖြစ်လျှင် ထိုစေတသိက်ကို ပယ်သတ်ရန် နည်းလမ်းများ၊ ပယ်သတ်နိုင်လျှင် သံသရာမှထွက်မြောက်ပုံ၊ မပယ်သတ်နိုင်လျှင် သံသရာလည်ပုံတို့ကို ရှင်းပြရမည်။

(၇) ကုသိုလ်စေတသိက်ဖြစ်လျှင် ထိုစေတသိက်၏ကောင်းကျိုးများ၊ ထိုစေတသိက်ကြောင့် သံသရာမှ ထွက်မြောက်ပုံတို့ကိုရေးသား ရမည်-

ဟူသော မူစည်းကမ်းများနှင့်အညီ မိမိတာဝန်ကျရာ စေတသိက်ကို ရေး သားကြရပါသည်။

စာပြုပညာရှင်များသည် စေတသိက်အကြောင်းကို မပြုစုမရေးသားမီ စာစုပညာရှင်များ စုဆောင်းထားသည့် သက်ဆိုင်ရာစေတသိက်ဖိုင်ပါ အကြောင်းအရာများကို ကြေညက်နေအောင် လေ့လာကြရသည်။ ထို နောက် ပိဋကသုံးပုံ နိကာယ်ငါးစုံရှိ ပါဠိတော်၊ အဋ္ဌကထာ၊ မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဒီပနီ စသည့် ပါဠိကျမ်းကြီးများ တွင် ယင်းစေတသိက်၏ အကြောင်းအရာများကို စေ့စေ့စုံစုံရှာဖွေ သုတေသနပြုကြရသည်။

ဓမ္မသင်္ဂဏီပါဠိတော်၊ ဝိဘင်းပါဠိတော်စသည့် ဘုရားဟောပါဠိတော် ကြီးများလာ အဓိပ္ပာယ်တို့ကို သက်ဆိုင်ရာ အဋ္ဌကထာအဖွင့်များဖြင့် လည်းကောင်း၊ အဋ္ဌကထာလာအဓိပ္ပာယ်များကို မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဒီပနီဖွင့်ဆိုချက်များဖြင့်လည်းကောင်း တိုက်ဆိုင်၍ အဓိပ္ပာယ် သဘောတရားများကို ထုတ်နုတ်ရေးသား မှတ်စုပြုထားရပါသည်။

တခါတရံ မရှင်းမလင်း မပြတ်မသားသည့် သဘောအဓိပ္ပာယ်များနှင့် တွေ့ကြုံလာလျှင် အချင်းချင်းဆွေးနွေး၍သော်လည်းကောင်း၊ အယ်ဒီတာ ချုပ်နှင့် နှီးနှော၍သော်လည်းကောင်း၊ ဂဏ္ဌိ၊ ဝိနိစ္ဆယစသော အဆုံးအဖြတ် ကျမ်းကြီးများကို ကြည့်ရှုလေ့လာ၍သော်လည်းကောင်း ရှင်းလင်း ပြတ်သားစွာ နားလည်သဘောပေါက်သည်အထိ ကြိုးစားရသည်။

ယင်းသို့ မိမိတာဝန်ကျသည့်စေတသိက်၏ အဓိပ္ပာယ်သဘောတရား များကို အဖက်ဖက်က ပြည့်စုံအောင် လေ့လာသုတေသနပြုကြပြီးမှ အထက်ပါချမှတ်ထားသည့်မူအတိုင်း စာမူကြမ်းကို စတင်ရေးသားကြရ သည်၊ သက်ဆိုင်ရာစာပိုဒ်များနောက်၌လည်း ရည်ညွှန်း ကိုးကားသည့် ကျမ်းဂန်အမည်နှင့် စာမျက်နှာတို့ကိုပါဖော်ပြရသည်။ ယင်းစာမူကြမ်းကို ဆိုင်ရာ မူရင်းကျမ်းများနှင့် ပြန်လည်တိုက်ဆိုင်၍ ဝေါဟာရအသုံးအနှုန်း၊ ဝါကျဆောက်တည်ပုံ၊ သတ်ပုံသတ်ညွှန်းတို့မှအစ အားလုံးပြင်ဆင်ပြီး စာမူချောထပ်မံရေးသားရသည်၊ စာမူချောရေးသားပြီးသည့်အခါ ထိုစာမူ ချောကိုတည်းဖြတ်ပြင်ဆင်ရန် အယ်ဒီတာချုပ်ထံတင်ပြရပါသည်။

စာတည်းလုပ်ငန်းကို အယ်ဒီတာချုပ်ကပင် တာဝန်ယူရပါသည်။ အယ်ဒီတာချုပ်သည် စာပြုပညာရှင်တင်ပြလာသည့် စာမူချောကို ၎င်းတို့ ရည်ညွှန်းကိုးကားထားသည့် ကျမ်းများနှင့် တိုက်ဆိုင်တည်းဖြတ်ရသည်။ သတ်ပုံသတ်ညွှန်း၊ ဝေါဟာရအသုံးအနှုန်းမှစ၍ ဝါကျဖွဲ့စည်းပုံ၊ စာပိုဒ်ခွဲ အထိ အသေးစိတ်တည်းဖြတ်ရသည်။ အဓိပ္ပာယ်မရှင်းလင်းမပြတ်သားသည့် အရာများကို တွေ့ရှိရသည့်အခါ ဆိုင်ရာစာပြုပညာရှင်နှင့် ဆွေးနွေးညှိနှိုင်း ရသည်။ အကြံပေးလမ်းညွှန်ရသည်။ ဖြည့်စွက်ရေးသားရမည့်အချက်များ နှင့် ပိုနေသည့်အချက်များကိုလည်း ညွှန်ကြားရသည်။

ဤကဲ့သို့ ၁၉၆၇-ခုနှစ်မှစ၍ လုပ်ငန်းစဉ်ကြီးသုံးရပ် ချမှတ်ဆောင်ရွက် ခဲ့သော်ငြားလည်း ပညာရှင်ဝန်ထမ်းများမလုံလောက်ခြင်း၊ အထက်အမိန့် အရ အရေးကြီးသည့် အခြားစာပေလုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက် ရခြင်း စသည်တို့ကြောင့် ယခုအချိန်မှ “ဤဗုဒ္ဓအဘိဓမ္မာစေတသိက်များ အဖွင့် အတွဲ ၁၊ (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ) ကျမ်းစာအုပ်” သည် ဒုတိယကျမ်းစာအဖြစ် ထွက်ပေါ်လာ ရခြင်းဖြစ်ပါသည်။ အတွဲ ၂၊ ၄၊ ၅ စသည့်ကျမ်းစာအုပ်များလည်း မကြာမီ ဆက်ကာဆက်ကာ ထွက်လာမည်ဖြစ်ပါသည်။

ဗုဒ္ဓအဘိဓမ္မာအတွဲ (၃)ကို ရှေးဦးစွာထုတ်ဝေရခြင်း

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်၊ အတွဲ-၃ (လောဘ, ဒေါသ, မောဟ) ကို ၁၉၈၀-ခုနှစ်၊ ဇွန်လတွင် ပထမကျမ်းစာအဖြစ် ထုတ်ဝေဖြန့်ချိ ခဲ့ပြီးဖြစ်ပါသည်။ ဤနေရာ၌ ဤအတွဲ-၁-ကို အတွဲ-၃-နောက်မှထုတ်ဝေ ဖြန့်ချိရသည့်အကြောင်းကို အနည်းငယ်တင်ပြပါမည်။ ဤကျမ်းပြုဌာနစု (ဘာသာပြန်) သည် ဗုဒ္ဓအဘိဓမ္မာ စေတသိက်အဖွင့်ကျမ်းများကို ရေး သားပြုစုရာတွင် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း စေတသိက်ပိုင်း၌ ပြဆိုထားသည့် အစဉ်အတိုင်း-

(၁) သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-မျိုး (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ) ကို အတွဲ(၁)၊

(၂) ပကိဏ်း စေတသိက်-၆-မျိုး (ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ) ကို အတွဲ-၂၊

(၃) အကုသိုလ်စေတသိက်-၃-မျိုး (လောဘ၊ ဒေါသ၊ မောဟ) ကို အတွဲ-၃၊ စသည်ဖြင့် ထုတ်ဝေ ဖြန့်ချိသွားရန် မူလကသတ်မှတ်ထား ခဲ့ပါသည်။

ထိုသတ်မှတ်ချက်အတိုင်း ကျမ်းပြုဝန်ထမ်းများသည် စေတသိက်များ ကိုခွဲဝေ၍ ပြုစုရေးသားကြရာ အတွဲ (၃) သတ်မှတ်ထားသော လောဘ၊ ဒေါသ၊ မောဟစေတသိက်များက ရှေ့ဦးစွာပြီးသဖြင့် ထိုစေတသိက်-၃-မျိုးကို မူလရာထားချက်အတိုင်း ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ(၃) အဖြစ်ဖြင့် ရှေ့ဦးစွာထုတ်ဝေဖြန့်ချိ လိုက်ရခြင်းဖြစ်ပါသည်။ အတွဲ-၃-ကိုထုတ်ဝေပြီး (၃) နှစ်ကျော်ကြာမှ ဤဗုဒ္ဓအဘိဓမ္မာအတွဲ-၁-ကို ရိုက်နှိပ်ထုတ်ဝေရခြင်းမှာလည်း-

(၁) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီး ဖြစ်မြောက်ရေးကိစ္စအဝဝတွင် ကျမ်းပြု ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေကြရခြင်း၊

(၂) နက်နဲခက်ခဲသော အဘိဓမ္မာသဘောတရားရေးရာများဖြစ်၍ အလျင်အမြန် ရေးသားရန်မလွယ်ကူခြင်း၊

(၃) ပုံနှိပ်ရာ၌အချိန်ကြာမြင့်ခြင်း – စသော အကြောင်းများကြောင့်ဖြစ်ပါသည်။

ဤဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁ (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ) ကို သာသနာ ရေးဦးစီးဌာန၊ သုတေသနနှင့်ကျမ်းပြုဌာနခွဲ ကျမ်းပြုဌာနစု (ဘာသာပြန်) က လက်ထောက်ကျမ်းပြုမှူးများဖြစ်ကြသော ဦးအောင်မြင် (ယခု ကယား ပြည်နယ်သာသနာရေးဦးစီးမှူး)၊ ဦးညွန့်မောင် (ယခု ပဲခူးတိုင်း သာသနာ ရေးဦးစီးမှူး)၊ ဦးထွန်းလှ (ယခု တနင်္သာရီတိုင်းသာသနာရေးဦးစီးမှူး) တို့၏ အကျဉ်းရေးသားချက်များကို အောက်ပါကျမ်းပြုမှူး-၂-ဦးတို့က အကျယ် ရေးသားပြုစုကြ၍၊ ကျမ်းပြုမှူး ဦးအေးနိုင်၊ အစိုးရဓမ္မာစရိယနှင့် စေတိယင်္ဂဏ (ရွှေတံဆိပ်ရ အဋ္ဌကထာပြန်အကျော်) ဓမ္မာစရိယ-ဘီအေ တည်း ဖြတ်ပြင်ဆင်ပြီး သာသနာရေးဦးစီးဌာနက ရိုက်နှိပ်ဖြန့်ချိ လိုက်ပါသည်။

(၁) ဦးအေးနိုင် (ကျမ်းပြုမှူး) ဓမ္မာစရိယ-ဘီအေ (ဖဿ၊ ဝေဒနာ၊ စေတနာ)

(၂) ဦးညွန့်ဇော် (ဒု-ကျမ်းပြုမှူး) စ-အ-ဓမ္မာစရိယ (သညာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ)

ဦးအေးနိုင် (ကျမ်းပြုမှူး)

ကျမ်းပြုဌာနစု (ဘာသာပြန်)

သာသနာရေးဦးစီးဌာန

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် မာတိကာ

ပရမတ်တရားလေ့လာစိစစ်နည်းလေးမျိုး - ၃

တွေ့ထိပုံ (၃) မျိုး - ၅

ဖဿစေတသိက်

ဖဿစေတသိက်၏သဘောလက္ခဏာ - ၈

ဖဿ၏ရသ (၂) မျိုး - ၉

(၁) ဖဿ၏ဆောင်ရွက်မှုကိစ္စရသ - ၉

(၂) ဖဿ၏အပြည့်အစုံဖြစ်မှုဟူသောသမ္ပတ္တိရသ - ၉

ဖဿစေတသိက်၏ပစ္စုပဋ္ဌာန် - ၁၁

(၁) အကျိုး (ဖလ) ပစ္စုပဋ္ဌာန် - ၁၂

(က) စက္ခုဒွါရ၌ဖြစ်သော ဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ - ၁၂

(ခ) သောတဒွါရ၌ ဖြစ်သောဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ - ၁၃

(ဂ) မနောဒွါရ၌ မှီသောဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ - ၁၄

(ဃ) ဥမ္မာဒန္တီနှင့်သိဝိမင်း - ၁၅

(၂) ဉာဏ်တွင်ထင်မြင်လာသော သဘောချင်းရာ (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန် - ၁၇

ဖဿ၏အနီးကပ်ဆုံး အကြောင်းတရား (ပဒဋ္ဌာန်) ၂-မျိုး - ၁၉

(၁) အာရုံ ၆-ပါး - ၁၉

(၂) ဖဿ၏ အနီးကပ်ဆုံးအကြောင်းတရား အာယတန ၆-ပါး - ၂၁

ဖဿစေတသိက်အမျိုးမျိုးပြားပုံ - ၂၂

(၁) ဖဿ ၆-မျိုး - ၂၂

(က) စက္ခုသမ္ဖဿနှင့်ဘုရားလောင်းရသေ့ ကြီး - ၂၂

(ခ) သောတသမ္ဖဿနှင့်ပုဏ္ဏကနတ်ဘီလူး - ၂၃

(ဂ) ကာယသမ္ဖဿနှင့် ဣသိသိင်္ဂရသေ့ - ၂၄

(ဃ) မနောသမ္ဖဿ - ၂၆

(င) အနိဋ္ဌဖဿများ - ၂၆

(စ) ဖဿစွမ်းရည် - ၂၇

(၂) ဖဿ ၃၂-မျိုး - ၂၉

(၃) ဖဿ ၈၉-မျိုး - ၃၀

ဖဿအကြောင်း အခြားသိကောင်းစရာများ - ၃၂

(၁) ဖဿကို အာဟာရဟုခေါ်ရပုံ - ၃၂

(၂) ဖဿကြောင့် အယူဝါဒ (ဒိဋ္ဌိ) အမျိုးမျိုးပေါ်လာပုံ - ၃၄

(၃) ဘေးဒုက္ခအပေါင်း၏ အကြောင်းရင်းဖဿ - ၃၆

(၄) ဖဿကြောင့် စစ်ပွဲကြီးများ ဆင်နွှဲကြရခြင်း - ၃၈

(၅) ဖဿနှင့်ပဋိစ္စသမုပ္ပါဒ် | ၃၈

(၆) ဖဿနှင့်ပဋ္ဌာန်း | ၃၉

ဖဿစေတသိက်ကို ရှေးဦးစွာဟောရပုံ

(၁) မဟာသံဃိကဂိုဏ်းဝါဒ သို့မဟုတ် မဟာအဋ္ဌကထာဝါဒ | ၄၀

(၂) အဋ္ဌကထာဝါဒ | ၄၀

(၃) ဋီကာဝါဒ | ၄၁

(၄) အနုဒီပနီဝါဒ | ၄၂

ဖဿကြောင့် သံသရာလည်ပုံ | ၄၄

ဖဿပြတ်က သံသရာအလည်ရပ်ပုံ | ၄၆

ဝေဒနာစေတသိက်

ခံစားပုံ (၃) မျိုး | ၄၉

(၁) ဝေဒနာစေတသိက်၏ သဘောလက္ခဏာ | ၄၉

(၂) သုခဝေဒနာနှင့် သောမနဿဝေဒနာဖြစ်ပုံ | ၄၉

(၃) ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာဖြစ်ပုံ | ၅၀

(၄) မနောဒွါရ၌ ဝေဒနာသုံးမျိုးဖြစ်ပုံ | ၅၁

(၅) စက္ခုဒွါရစသည်၌ ဝေဒနာသုံးမျိုးဖြစ်ပုံ | ၅၃

သုတ္တန်နှင့် အဘိဓမ္မာ | ၅၃

ဝေဒနာ၏ ဆောင်ရွက်မှုကိစ္စ (ရသ)

(၁) သုခဝေဒနာနှင့် သောရေယျသဌေးသား | ၅၄

(၂) ပဋာစာရီသဌေးသမီးနှင့် ဒုက္ခဝေဒနာ | ၅၅

(၃) ဥပေက္ခာဝေဒနာနှင့် မဟာသင်္ခပုဏ္ဏား | ၅၆

(၄) ဖဿစသည်တို့ ဝေဒနာအမည်မရနိုင်ပုံ | ၅၇

ဝေဒနာစေတသိက်၏ ပစ္စုပဋ္ဌာန်

(၁) သာယာအပ်သောတရားဟု ထင်မြင်ပုံ | ၅၉

(၂) နှိပ်စက်နာကျင်တတ်သော တရားဟုထင်ပုံ | ၆၀

(၃) ငြိမ်သက်သောတရားဟု ထင်မြင်ပုံ | ၆၁

ဝေဒနာစေတသိက်၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်) | ၆၁

ဝေဒနာစေတသိက် အမျိုးမျိုးပြားပုံ

(၁) ဝေဒနာ ၁-မျိုး | ၆၃

(၂) ဝေဒနာ ၂-မျိုး | ၆၃

(၃) ဝေဒနာ ၂-မျိုးနှင့် ရေကန်ကြီးဥပမာ | ၆၄

(၄) ဝေဒနာ ၃-မျိုး | ၆၆

(၅) ဝေဒနာ ၅-မျိုး | ၆၇

(၆) ဝေဒနာ ၆-မျိုး | ၆၈

(က) သာမိသသုခဝေဒနာ | ၆၉

(ခ) နိရာမိသသုခဝေဒနာ | ၇၁

(ဂ) သာမိသဒုက္ခဝေဒနာ | ၇၃

(ဃ) နိရာမိသဒုက္ခဝေဒနာ | ၇၅

(င) အရှင်မဟာသီဝမထေရ်ကြီးဝတ္ထု | ၇၇

(စ) သာမိသ အဒုက္ခမသုခဝေဒနာ | ၈၂

(ဆ) နိရာမိသ အဒုက္ခမသုခဝေဒနာ | ၈၄

(၇) ဝေဒနာ ၈-မျိုး | ၈၆

(၈) ဝေဒနာ ၃၆-မျိုး | ၈၇

(၉) ဝေဒနာ ၁၀၈-မျိုး | ၈၉

ဝေဒနာအကြောင်း အခြားသိကောင်းစရာများ

(၁) စိတ်နှင့်အမြဲတမ်းဖြစ်သောတရား | ၉၁

(၂) ရဟန္တာနှင့် ဒုက္ခဝေဒနာ | ၉၁

(၃) ပုထုဇဉ်နှင့် အရိယာတို့ ဝေဒနာခံစားပုံချင်း မတူပုံ | ၉၂

(၄) သတိသမ္ပဇဉ်ရှိသူတို့ ဝေဒနာသုံးပါး၌ ရှုပုံ | ၉၆

(၅) ဝေဒနာတို့၏ ဖြစ်ကြောင်း ချုပ်ကြောင်းတရားစသည်များ | ၉၉

(၆) သုခဝေဒနာအချင်းချင်း အဆင့်အတန်းကွာခြားပုံ | ၁၀၀

(၇) ဝေဒနာနှင့် ဥတ္တမပုရိသ | ၁၀၂

(က) ဝေဒနာ ၆-ပါးကို သိရခြင်း | ၁၀၃

(ခ) ဝေဒနာဖြစ်ကြောင်းတရားကို သိရခြင်း | ၁၀၃

(ဂ) ဝေဒနာချုပ်ဆုံးခွင့်ကို သိရခြင်း | ၁၀၄

(ဃ) ဝေဒနာချုပ်ဆုံးကြောင်းအကျင့်ကို သိရခြင်း | ၁၀၆

(င) ဝေဒနာ၏ နှစ်သက်သာယာဖွယ်ကို သိရခြင်း | ၁၀၈

(စ) ဝေဒနာ၏ ကြောက်မက်ဖွယ်ဘေးကို သိခြင်း | ၁၀၉

(ဆ) ဝေဒနာ၏ ကျွတ်လွတ်ခွင့်ကို သိရခြင်း | ၁၁၁

(၈) သတိပဋ္ဌာန်တရားနှင့် ဝေဒနာ | ၁၁၂

စိတ္တလတောင် မဟာထေရ်ဝတ္ထု | ၁၁၄

ဝေဒနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ

(၁) ဝေဒနာကြောင့် တဏှာဖြစ်ပုံ | ၁၁၆

(၂) တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ | ၁၁၉

(၃) ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ | ၁၂၀

(၄) ဘဝကြောင့် ဇာတိစသည်ဖြစ်ပုံ | ၁၂၁

သံသရာဘဝစက်ဝန်းလည်ပုံ | ၁၂၁

ဝေဒနာကို အစွဲပြု၍ ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံ | ၁၂၁

သညာစေတသိက်

မှတ်သားပုံ ၃-မျိုး | ၁၂၅

သညာ၏ သဘောလက္ခဏာ

(၁) အာရုံအမျိုးမျိုးကို မှတ်သားပုံ | ၁၂၅

(၂) သညာသိ ပညာသိ ဝိညာဉ်သိ အထူး | ၁၂၇

(၃) ဝိပဿနာကမ္မဋ္ဌာန်းအရာ အသိ ၃-မျိုးအထူး | ၁၂၈

(၄) ပင်လယ်ပမာ သညာသဘော | ၁၂၉

(၅) သတိနှင့် သညာအထူး | ၁၃၁

သညာစေတသိက်၏ ဆောင်ရွက်မှုကိစ္စ (ရသ)

(၁) နောက်ထပ်သိရန် မှတ်သားပုံ | ၁၃၁

(၂) လက်သမားဥပမာ | ၁၃၁

(၃) ပစ္စည်းထိန်းဥပမာ | ၁၃၂

(၄) လက္ခဏာနှင့် ကိစ္စအထူး | ၁၃၂

(၅) သညာ၏ သဘောအကျဉ်းချုပ် | ၁၃၂

(၆) ဘုရားအဆူဆူချွတ်၍ မကျွတ်နိုင်ပုံ | ၁၃၃

(၇) သညာ၏ ပစ္စုပဋ္ဌာန် | ၁၃၄

(၈) မှားမှားမှန်မှန် စွဲလမ်းတတ်ပုံ | ၁၃၄

(၉) မျက်မမြင်ခြောက်ယောက်ဥပမာ | ၁၃၄

သညာ၏ ပဒဋ္ဌာန်

(၁) အနီးကပ်ဆုံး အကြောင်းဖြစ်ပုံ | ၁၃၅

(၂) တောစောင့်ယောက်ျားရုပ် (စာခြောက်ရုပ်) ဥပမာ | ၁၃၆

(၃) မိန်းမရှာ၊ ယောက်ျားရှာ ဥပမာ | ၁၃၆

(၄) သညာ၏ နီးသောအကြောင်းနှင့် ဝေးသော အကြောင်း | ၁၃၆

သညာစေတသိက် အမျိုးမျိုးပြားပုံ

(၁) သညာ ၂-မျိုး | ၁၃၇

(၂) သညာ ၂-မျိုး (တနည်း) | ၁၃၈

(၃) သစ္စာသညာ ၃-မျိုး | ၁၃၉

(၄) တနည်း သညာ ၃-မျိုး | ၁၃၉

သမဏသညာ ၃-မျိုးကို ပွားများသဖြင့် ရအပ်သော အကျိုး ၇-ပါး | ၁၄၁

(၅) သညာ ၄-မျိုး | ၁၄၁

(၆) သညာ၌ ဝေဖန်ပုံ ၆-မျိုး | ၁၄၂

(၇) သညာတို့ကို သိခြင်း | ၁၄၂

(၈) သညာတို့၏ ဖြစ်ကြောင်း | ၁၄၃

(၉) သညာတို့၏ ထူးသောအဖြစ် | ၁၄၃

(၁၀) သညာတို့၏ အကျိုး | ၁၄၃

(၁၁) သညာတို့၏ ချုပ်ငြိမ်းမှု | ၁၄၃

(၁၂) သညာချုပ်ငြိမ်းစေနိုင်သည့် အကျင့် | ၁၄၄

(၁၃) တနည်း သညာ ၆-မျိုး | ၁၄၄

(၁၄) ဝတ္ထုဘေဒ (မှီရာအပြား) သညာ ၆-မျိုး | ၁၄၅

(၁၅) သညာ ၇-မျိုး | ၁၄၆

(၁၆) သညာ ၇-မျိုး (တနည်း) | ၁၄၆

ပစ္စေကဗုဒ္ဓါဖြစ်သွားသော ဗာရာဏသီမင်း | ၁၄၇

(က) ကြက်တောင် အကြောတုံးများကို မီးရှို့သည့် ဥပမာ | ၁၄၈

(ခ) သန်လျက်မြှောက်ချီသည့် ဥပမာ | ၁၄၉

(ဂ) အာဟာရေ ပဋိကူလသညာ | ၁၅၀

(ဃ) အကျိုးဆက် (နိဿယ) အားဖြင့် ဆင်ခြင်ခြင်း | ၁၅၁

(၁၇) သညာ ၁၀-မျိုး | ၁၅၁

အရှင်ဝင်္ဂီသ ပဟာနသညာဖြစ်ပုံ | ၁၅၂

(၁၈) သညာ ၁၀-မျိုး (တနည်း) | ၁၅၄

(က) ဂိရိမာနန္ဒထေရ်၏ ရောဂါကို သညာဖြင့် ကုသပေးပုံ | ၁၅၅

(ခ) အနိစ္စသညာ ပွားခြင်းကြောင့် ရအပ်သော အကျိုး ၆-မျိုး | ၁၅၅

(ဂ) အရှင်အာနန္ဒာ၏ တပည့် အရှင်ဝင်္ဂီသ အသုဘသညာဖြစ်ပုံ | ၁၅၆

(၁၉) သညာ ၁၁-မျိုး | ၁၅၇

(၂၀) သညာ ၁၂-မျိုး | ၁၅၈

သညာအကြောင်း အခြားသိကောင်းစရာများ

(၁) သညာ ဝိညာဉ် ပညာ အဆုံးအဖြတ် | ၁၅၈

(၂) သစ္စာနှင့် မိစ္ဆာ | ၁၅၈

(၃) သညာနှင့် ခန္ဓဒေသနာ | ၁၇၂

(၄) သညာကို သီးခြား ဟောခြင်းအကြောင်း | ၁၇၃

(၅) ဝိပလ္လာသတရားသုံးပါး | ၁၇၃

(၆) သညာဝိပလ္လာသ၌ တောသမင်ဥပမာ | ၁၇၃

(၇) ကြောင်ကြောင်မြင်လျက်နှင့် မှားကြပုံ | ၁၇၄

(၈) လွန်ကဲသောတရားများ | ၁၇၅

(၉) သညာကို သီးခြားဟောရခြင်း အကြောင်းတမျိုး | ၁၇၆

(က) သညာက ဝေဒနာအရသာပေါ်အောင် ကျေးဇူးပြုပုံ | ၁၇၆

(ခ) တီကောင်ကို ကြာဆံထင်မှတ်သည့် ဥပမာ | ၁၇၇

(ဂ) မျက်မှန်စိမ်းတပ်၍ အစာကျွေးသည့် ဥပမာ | ၁၇၇

(၁၀) သတ္တဝါနှင့် သညာ | ၁၇၇

(၁၁) တံလျှပ်ဥပမာနှင့် သညာ | ၁၇၈

(၁၂) သညာပွေက ဒုက္ခဝေမည် | ၁၇၉

သညာအထပ်ထပ် ရစ်ပတ်ပွေလိမ်ပုံ | ၁၈၀

သညာကို သိမ်းလျှင် ဒုက္ခငြိမ်းမည် ဧကန် | ၁၈၁

စေတနာစေတသိက်

ဆက်သွယ်ပေးပုံ (ဝါ) နှိုးဆော်ပုံ (၃) မျိုး | ၁၈၂

စေတနာစေတသိက်၏ သဘောလက္ခဏာ | ၁၈၂

(၁) စေ့ဆော်တိုက်တွန်းပုံ | ၁၈၃

(၂) ပြုပြင် စီမံပုံ | ၁၈၄

စေတနာ၏ ဆောင်ရွက်မှုကိစ္စ (ရသ) | ၁၈၅

စေတနာနှင့် လယ်ပိုင်ရှင် | ၁၈၅

စေတနာ၏ ပစ္စုပဋ္ဌာန် | ၁၈၆

စေတနာနှင့် လက်သမားဆရာကြီး | ၁၈၆

စေတနာစေတသိက်၏ ပဒဋ္ဌာန် | ၁၈၇

စေတနာစေတသိက်၏ နာမည်ထူးများ | ၁၈၈

(၁) ကမ္မ | ၁၈၈

(၂) ပစ္စယ | ၁၈၉

(၃) အာဟာရ | ၁၉၁

(၄) သင်္ခါရ | ၁၉၃

(၅) ဘဝ (ကမ္မဘဝ) | ၁၉၄

(၆) သင်္ခါရနှင့် ဘဝအထူး | ၁၉၅

(၇) ဒါန | ၁၉၅

စေတနာစေတသိက် အမျိုးမျိုးပြားပုံ | ၁၉၆

(၁) စေတနာ ၂-မျိုး | ၁၉၆

(၂) စေတနာ ၃-မျိုး | ၁၉၉

(က) စေတနာသုံးတန်နှင့် ပဋိသန္ဓေအကျိုး | ၂၀၁

(ခ) စေတနာသုံးတန် ပြည့်ဝသော သုမနပန်းသည် | ၂၀၂

(ဂ) ပုဗ္ဗစေတနာ၏ အကျိုး | ၂၀၃

(ဃ) ပုဗ္ဗစေတနာ ချို့တဲ့ခဲ့သော ပဉ္စပါပီနှင့် မင်းကုသ | ၂၀၃

(င) အပရစေတနာ ချို့တဲ့သော အပုတ္တက သဌေးကြီး | ၂၀၄

(စ) ကုသိုလ်ကံ အကုသိုလ်ကံနှင့် စေတနာသုံးတန် | ၂၀၅

(၄) ကိစ္စအားဖြင့် စေတနာ ၄-မျိုး | ၂၀၉

(က) ဇနကကံ | ၂၀၉

(ခ) ဥပတ္ထမ္ဘကကံ | ၂၁၀

ဇနကကံကို အမျိုးမျိုးထောက်ပံ့ပုံ | ၂၁၁

ကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က ကုသိုလ်ကို ထောက်ပံ့ပုံ | ၂၁၂

(ဂ) ဥပပီဠကကံ | ၂၁၂

နှိပ်စက်ပုံ ၃-မျိုး | ၂၁၄

(ဃ) ဥပဃာတကကံ | ၂၁၆

သတ်ဖြတ်ပုံ ၃-မျိုး | ၂၁၈

(၆) အကျိုးပေးစဉ်အားဖြင့် စေတနာ ၄-မျိုး | ၂၂၀

(က) ဂရုကကံ | ၂၂၀

ကုသိုလ်ဂရုကံနှင့် အကုသိုလ်ဂရုကံများ | ၂၂၀

အကုသိုလ် ဂရုကံ ၅-မျိုး | ၂၂၁

(ခ) အာသန္နကံ | ၂၂၄

(ဂ) အာစိဏ္ဏကံ | ၂၂၅

(ဃ) ကဋတ္တာကံ | ၂၂၅

(င) ကံလေးမျိုးတို့ အကျိုးပေးပုံ | ၂၂၆

(စ) အာသန္နကံနှင့် အာစိဏ္ဏကံပြဿနာ | ၂၂၇

(၇) အကျိုးပေးကာလအားဖြင့် စေတနာ ၄-မျိုး | ၂၂၈

(က) ဒိဋ္ဌဓမ္မဝေဒနိယကံ | ၂၂၈

ဒိဋ္ဌဓမ္မဝေဒနိယကံနှင့် ပဝတ္တိကျိုး | ၂၂၉

ဒိဋ္ဌဓမ္မဝေဒနိယကံ အကျိုးပေးပုံ | ၂၂၉

ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အင်္ဂါ ၄-ပါး | ၂၃၁

(ခ) ဥပပဇ္ဇဝေဒနိယကံ | ၂၃၂

(ဂ) အပရာပရိယာယဝေဒနိယကံ | ၂၃၃

(ဃ) အဟောသိကံ | ၂၃၇

(င) အကျိုးပေးခြင်း နှိုင်းယှဉ်ပုံ | ၂၃၈

(၈) အကျိုးပေးရာဌာနအားဖြင့် စေတနာ ၄-မျိုး | ၂၃၉

(က) အကုသိုလ်ကံ | ၂၃၉

(ခ) ကာမာဝစရကုသိုလ်ကံ | ၂၄၀

တိဟိတ်ကုသိုလ်နှင့် ဒွိဟိတ်ကုသိုလ် | ၂၄၂

အယုတ်အမြတ် ကုသိုလ်ကံ ၄-မျိုး | ၂၄၃

အယုတ်အမြတ် ကုသိုလ်ကံ ၃-မျိုး | ၂၄၆

ကာမာဝစရကုသိုလ်ကံများ အကျိုးပေးပုံ | ၂၅၁

(ဂ) ရူပါဝစရကုသိုလ်ကံ | ၂၅၄

ရူပကုသိုလ်ကံ ၃-မျိုးစီတို့ ကွဲပြားပုံ | ၂၅၆

ရူပကုသိုလ်ကံများ အကျိုးပေးပုံ | ၂၅၇

အဘိညာဉ်နှင့် ပဋိသန္ဓေအကျိုး | ၂၅၉

ရူပကုသိုလ်ကံများနှင့် နိကန္တိတဏှာ | ၂၆၀

အင်္ဂါတိက္ကမဈာန်နှင့် အာလမ္ဗနာတိက္ကမဈာန် | ၂၆၃

(ဃ) အရူပါဝစရကုသိုလ်ကံ | ၂၆၄

အကြောင်းအရာ,စာမျက်နှာ

အရူပဈာန် အားထုတ်ရာ၌ ရည်မှန်းချက်များ,၂၆၄

အရူပဈာန်များရအောင်အားထုတ်နည်းများ,၂၆၅

အရူပကုသိုလ်ကံများ အကျိုးပေးပုံ,၂၆၈

(၉) ပြုလုပ်ပုံ အားဖြင့် စေတနာ လေးမျိုး,၂၆၉

(က) ကဏှကဏှဝိပါကကံ,၂၆၉

(ခ) သုက္ကသုက္ကဝိပါကကံ,၂၆၉

(ဂ) ကဏှသုက္ကဝိပါကကံ,၂၇၀

(ဃ) အကဏှအသုက္က အကမ္မဝိပါကကံ,၂၇၀

(၁၀) ဖြစ်ရာဌာန စသောအားဖြင့် စေတနာ ၁၆ မျိုး,၂၇၁

(က) ဂတိသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၁

(ခ) ဥပဓိသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၂

(ဂ) ကာလသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၃

(ဃ) ပယောဂသမ္ပတ္တိ ပဋိဗာဠှအကုသိုလ်ကံ,၂၇၃

(င) ဂတိဝိပတ္တိ အကုသိုလ်ကံ,၂၇၃

(စ) ဥပဓိဝိပတ္တိ အကုသိုလ်ကံ,၂၇၄

(ဆ) ကာလဝိပတ္တိ အကုသိုလ်ကံ,၂၇၄

(ဇ) ပယောဂဝိပတ္တိ အကုသိုလ်ကံ,၂၇၅

(ဈ) ဂတိဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၆

(ည) ဥပဓိဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၆

(ဋ) ကာလဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၇

(ဌ) ပယောဂဝိပတ္တိ ပဋိဗာဠှကုသိုလ်ကံ,၂၇၈

(ဍ) ဂတိသမ္ပတ္တိကုသိုလ်ကံ,၂၇၈

အကြောင်းအရာ,စာမျက်နှာ

(ဎ) ဥပဓိသမ္ပတ္တိကုသိုလ်ကံ,၂၇၉

(ဏ) ကာလသမ္ပတ္တိ ကုသိုလ်ကံ,၂၇၉

(တ) ပယောဂသမ္ပတ္တိ ကုသိုလ်ကံ,၂၈၁

စေတနာအကြောင်း အခြားသိကောင်းစရာများ,၂၈၁

(၁) ရှေးဘဝကံက ယခုဘဝ၌ အကျိုးပေးနိုင်ပုံ,၂၈၁

(၂) ဝေးကွာသောအရပ်၌ ကံတို့အကျိုးပေးနိုင်ပုံ,၂၈၇

(၃) ကံတရားနှင့် မျိုးစေ့,၂၉၀

(၄) ကံကိုချည်းသာ အားမကိုးရာ,၂၉၀

(၅) စေတနာ ပါမပါသာ ပဓာန,၂၉၃

(၆) ကံယုံကြည်မှုနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ,၂၉၇

(၇) အိပ်မက်စေတနာနှင့် မိဘလင်သားတို့စေတနာ,၂၉၉

(၈) ကံတူအကျိုးပေးပုံ,၃၀၀

(၉) တစ်ယောက်ကုသိုလ်ကံကြောင့် အများစံရပုံ,၃၀၂

(၁၀) တစ်ယောက်အကုသိုလ်ကံကြောင့် အများခံရပုံ,၃၀၃

(၁၁) ဒဏ်ခံရတတ်ပုံ,၃၀၈

(၁၂) ကုသိုလ်ကံများသူနှင့် နည်းသူ,၃၀၈

(၁၃) ကုသိုလ်က အကုသိုလ်ထက် အားကြီးပုံ,၃၀၉

(၁၄) ကံအကျိုးပေးဆန်းကြယ်ပုံ,၃၁၁

(က) သူတို့သုံးဦး,၃၁၃

(ခ) သေကံမရောက် သက်မပျောက်သူနှစ်ဦး,၃၁၅

(ဂ) အမိနိုင်ငံပြန်လိုသည့်သင်္ဘောသား,၃၁၅

(ဃ) လက်မှတ်မရမက ဝယ်သောဘုန်းတော်ကြီး,၃၁၆

စေတနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပုံ,၃၁၇

(၁) ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်သည်,၃၁၈

အကြောင်းအရာ,စာမျက်နှာ

(၂) နာမ်ရုပ်ကြောင့် အာယတန (၆)ပါး စသည်ဖြစ်ခြင်း,၃၁၉

(၃) အာသဝကြောင့် အဝိဇ္ဇာဖြစ်သည်,၃၁၉

(၄) အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်,၃၂၀

စေတနာချုပ်ငြိမ်းကင်းပြတ်သဖြင့် ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံ,၃၂၀

ဧကဂ္ဂတာစေတသိက်,၃၂၂

စိတ်၏ တည်ကြည်ခြင်းသဘော ၃-မျိုး,၃၂၂

ဧကဂ္ဂတာစေတသိက်၏ လက္ခဏာ,၃၂၃

(၁) သဘောအားဖြင့် မရွေ့ရှားပုံ,၃၂၃

(၂) သုတ္တန်ဧကဂ္ဂတာနှင့် အဘိဓမ္မာဧကဂ္ဂတာ,၃၂၄

(၃) သမ္ပယုတ်တရားတို့ကို မပျံ့လွင့်အောင်ပြုပုံ,၃၂၅

(၄) ဧကဂ္ဂတာသမာဓိနှင့် ဈာန်ဣန္ဒြေဗိုလ်,၃၂၅

(၅) စိတ်ဖြစ်တိုင်း ဧကဂ္ဂတာဖြစ်ပုံ,၃၂၆

ဧကဂ္ဂတာသမာဓိ၏ လက္ခဏာတမျိုး,၃၂၆

(၁) အကြီးအမှူးပဓာနဖြစ်ပုံ,၃၂၈

(၂) သမာဓိနှင့် စုလစ်မွမ်းချွန်ဥပမာ,၃၂၈

(၃) သမာဓိနှင့် ပြည့်ရှင်မင်း ဥပမာ,၃၂၉

(၄) သမာဓိနှင့် ထီးဖြူရုံဥပမာ,၃၂၉

ဧကဂ္ဂတာ၏ ဆောင်ရွက်မှု ရသ ၂-မျိုး,၃၃၀

အတူဖြစ်ဖက်နာမ်တရားတို့ကို ပေါင်းစုပေးခြင်းကိစ္စ,၃၃၁

(၁) ပေါင်းစုပေးပုံနှင့် ရေဥပမာ,၃၃၀

(၂) ဘုရင်မင်းမြတ်ဥပမာ,၃၃၁

အကြောင်းအရာ,စာမျက်နှာ

ပျံ့လွင့်မှုဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ,၃၃၁

(၁) ဥဒ္ဓစ္စကို ဖျက်ဆီးပုံ,၃၃၁

(၂) သမ္ပတ္တိရသ (အကျိုးရသ),၃၃၂

ဧကဂ္ဂတာ၏ ပစ္စုပဋ္ဌာန် ၂-မျိုး,၃၃၂

ငြိမ်သက်သောတရားဟု ရှုမြင်ထင်ခြင်း,၃၃၂

(၁) အာရုံတခု၌ ငြိမ်သက်ပုံ,၃၃၂

(၂) ဆီမီးလျှံ၏ငြိမ်သက်ခြင်းနှင့်တူပုံ,၃၃၃

ဉာဏ်ဟူသော အကျိုးတရားကိုဖြစ်ပွားစေသည်ဟု ရှုမြင်ထင်ခြင်း,၃၃၃

သမာဓိကဉာဏ်ကို ဖြစ်စေနိုင်ပုံ,၃၃၄

ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်),၃၃၅

(၁) အနီးကပ်ဆုံးအကြောင်းဖြစ်ပုံ,၃၃၅

(၂) သုခပဒဋ္ဌာန်,၃၃၅

(၃) သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဖြစ်ပုံ,၃၃၆

(၄) သုခနှင့် စတုတ္ထဈာန်,၃၃၆

(၅) စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်း,၃၃၇

(၆) သုခသည် သမာဓိ၏ နီးစွာသောအကြောင်း,၃၃၈

ဧကဂ္ဂတာစေတသိက်အမျိုးမျိုးပြားပုံ,၃၃၉

(၁) ဇာတ်အားဖြင့် ဧကဂ္ဂတာ ၃-မျိုး,၃၃၉

(က) အကုသိုလ်ဧကဂ္ဂတာ,၃၃၉

သတ်မှုဆိုင်ရာ,၃၃၉

အကြောင်းအရာ,စာမျက်နှာ

ခိုးမှုဆိုင်ရာ,၃၄၀

မိစ္ဆာစာရမှုဆိုင်ရာ,၃၄၀

(၂) ကုသိုလ် ဧကဂ္ဂတာ,၃၄၂

(၃) အဗျာကတ ဧကဂ္ဂတာ,၃၄၂

(က) အဗျာကတ ဧကဂ္ဂတာဖြစ်ပုံ,၃၄၂

(ခ) အဗျာကတ ဧကဂ္ဂတာနှင့် အားနည်းမှု,၃၄၂

(၄) အကုသိုလ်ဧကဂ္ဂတာနှင့် ကုသိုလ်ဧကဂ္ဂတာ နှိုင်းယှဉ်ပုံ,၃၄၃

(၅) သမာဓိ ၂-မျိုး,၃၄၄

(၆) သမာဓိ ၃-မျိုး,၃၄၅

(၇) သမာဓိ ၄-မျိုး,၃၄၇

(၈) သမာဓိ ၅-မျိုး,၃၄၇

သမာဓိ၏အမည်ထူးများ,၃၄၈

(၁) သမထအမည်ကိုရခြင်း,၃၄၈

(က) ပုထုဇဉ်သမာဓိ,၃၄၈

(ခ) ရဟန္တာသမာဓိ,၃၄၉

(ဂ) ဒုတိယဈာန်စသည်၌ရှိသောသမာဓိ,၃၄၉

(၂) အဓိစိတ္တအမည်ကိုရခြင်း,၃၄၉

(၃) အပ္ပနာအမည်ကိုရခြင်း,၃၅၀

(၄) ဣန္ဒြေဗိုလ် စသောအမည်ကိုရခြင်း,၃၅၀

(၅) ဣန္ဒြေမည်ပုံ,၃၅၀

(၆) ဥဒ္ဓစ္စသည် သမာဓိအလိုသို့ လိုက်မလိုက်,၃၅၀

(၇) မဏိသာရ မဉ္ဇူ အဆို,၃၅၀

(၈) ပရမတ္ထ သရူပ အနုဝဏ္ဏနာအလို,၃၅၁

အကြောင်းအရာ,စာမျက်နှာ

(၉) ဒီပနီအလို,၃၅၂

(၁၀) ဗိုလ်မည်ပုံ,၃၅၂

(၁၁) ဗောဇ္ဈင်မည်ပုံ,၃၅၂

(၁၂) မဂ္ဂင်မည်ပုံ,၃၅၃

(၁၃) ဣန္ဒြေ ဗိုလ် မဂ္ဂင် မမည်သော ဧကဂ္ဂတာ,၃၅၃

(၁၄) ဈာနင်မည်ပုံ,၃၅၃

(က) ဈာနင်အမည်မရသော ဧကဂ္ဂတာ,၃၅၃

(ခ) ဈာနင်အမည်ရသော သမာဓိ၏ သမာဓာနသဘော,၃၅၄

(ဂ) အာရုံ၌စိတ်ကို ကောင်းစွာထားခြင်း,၃၅၄

(ဃ) အာရုံ၌စိတ်ကို အညီအမျှထားခြင်း,၃၅၅

(င) ဣန္ဒြေတို့ကို အညီအမျှထားရှိခြင်း,၃၅၅

(၁၅) မဇ္ဈိမပဋိပဒါလမ်းစဉ်,၃၅၇

သမာဓိအကြောင်း အခြားသိကောင်းစရာများ,၃၅၇

(၁) သမာဓိ သမာဓာနနှင့်သီလသမာဓာနအထူး ၂-ပါး,၃၅၇

(၂) ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိအထူး,၃၅၈

(၃) တည်ကြည်မှုသမာဓိကိုပွားပုံ,၃၅၉

(၄) သမာဓိ၏အကျိုးအာနိသင်,၃၅၉

(၅) သမာဓိ၏တန်ခိုး,၃၆၁

(၆) သမာဓိဝိပ္ဖာရဣဒ္ဓိ,၃၆၂

(၇) သမာဓိဝိပ္ဖာရဣဒ္ဓိဖြစ်ပေါ်သော ပုဂ္ဂိုလ်များ,၃၆၂

(၈) အရှင်သာရိပုတ္တရာ၏ သမာဓိတန်ခိုး,၃၆၂

(၉) အရှင်သဉ္ဇီဝမထေရ်၏ သမာဓိတန်ခိုး,၃၆၃

(၁၀) အရှင်ခါဏုကောဏ္ဍည၏ သမာဓိတန်ခိုး,၃၆၃

အကြောင်းအရာ,စာမျက်နှာ

(၁၁) မယ်ဥတ္တရာ၏ သမာဓိတန်ခိုး,၃၆၄

(၁၂) မိဖုရားခေါင်ကြီးသာမာဝတီ၏ သမာဓိတန်ခိုး,၃၆၅

သမာဓိကိုမထူထောင်နိုင်ကသံသရာ၌အူကြောင်ကြောင်ဖြစ်မည်,၃၆၆

(၁) စိတ်ကိုအစိုးမရသူ အရူးနှင့်တူ,၃၆၇

(၂) စိတ်ကိုအစိုးမရသူ ခွေးရူးပြန်သူနှင့်တူ,၃၆၇

(၃) ဣတိပိသော တပုဒ်ဆုံးအောင် သမာဓိမရှိကြ,၃၆၈

(၄) နှုတ်နှင့်သာအဆုံးသတ်ကြရန်,၃၆၈

(၅) စိတ်မခိုင်သူနှင့် ပဲ့မနိုင်သည့်လှေသူကြီးဥပမာ,၃၆၈

သမာဓိကိုထူထောင်မှ အူကြောင်ကြောင်ဘဝမှလွတ်မည်,၃၆၉

(၁) သမာဓိကို ထူထောင်ကြပါစို့,၃၆၉

(၂) အာနာပါနဖြင့် သမာဓိကိုထူထောင်ပုံ,၃၇၀

(၃) ဝီရိယ ၂-ပါး,၃၇၀

(၄) စိတ်အမှတ်ပြုမှု မြဲအောင်လုပ်,၃၇၁

(၅) စိတ်ရူးစိတ်နောက်ပျောက်နိုင်ပုံ,၃၇၁

ဇီဝိတိန္ဒြေစေတသိက်,၃၇၃

ဇီဝိတိန္ဒြေမည်ပုံ,၃၇၃

ဇီဝိတိန္ဒြေ၏လက္ခဏာ,၃၇၃

(၁) နာမ်တရားတို့ကို စောင့်ရှောက်ပုံ,၃၇၃

(၂) ရေဥပမာ,၃၇၄

(၃) ထင်ရှားရှိခိုက်သာ စောင့်ရှောက်ပုံ,၃၇၅

(၄) ရေကန်ရှိရေ,၃၇၅

(၅) ကြာရိုးကြာစွယ်အတွင်းရှိရေ,၃၇၅

(၆) နို့ထိန်း (ကလေးထိန်း) ဥပမာ,၃၇၆

အကြောင်းအရာ,စာမျက်နှာ

(၇) လှေလှော်သူဥပမာ,၃၇၆

ဇီဝိတိန္ဒြေစေတသိက်၏ရသ,၃၇၇

နာမ်အစဉ်ဖြစ်အောင် ဆောင်ရွက်ပုံ,၃၇၇

ဇီဝိတိန္ဒြေစေတသိက်၏ ပစ္စုပဋ္ဌာန်,၃၇၈

(၁) ဘင်ခဏမတိုင်မီ တည်တံ့အောင်ထားပုံ,၃၇၈

(၂) ဆီမီးဥပမာ,၃၇၉

ဇီဝိတိန္ဒြေစေတသိက်၏ ပဒဋ္ဌာန်,၃၇၉

နာမ်တရားများ နီးစွာသောအကြောင်းဖြစ်ပုံ,၃၇၉

ဇီဝိတိန္ဒြေအကြောင်း အခြားသိကောင်းစရာများ,၃၈၁

(၁) ဇီဝိတိန္ဒြေ ၂-မျိုး,၃၈၁

(၂) သက်ရှိသတ္တဝါတို့၏အသက်,၃၈၁

(၃) အသက်နှင့်ရုပ်နာမ်,၃၈၂

(၄) သဝိညာဏကနှင့် အဝိညာဏက,၃၈၃

(၅) သစ်ပင်သည် သက်ရှိလော၊ သက်မဲ့လော,၃၈၃

(က) သာရတ္ထဒီပနီဋီကာရှင်းလင်းချက်,၃၈၅

(ခ) အဘိဓမ္မာအဆို,၃၈၆

(ဂ) စိတ်ရှိသည်အသက်ရှိသည်ဟုထင်မှတ်ရအောင် စွမ်းဆောင်ပုံ,၃၈၇

(ဃ) အသေအရှင်ပြဿနာ,၃၈၈

(င) အကျဉ်းချုပ်မှတ်သားရန်,၃၈၉

(၆) ဇီဝိတိန္ဒြေ၏ စောင့်ရှောက်ရာကာလအဆုံးအဖြတ်,၃၉၀

(၇) နာမ်ဇီဝိတိန္ဒြေသည် နာမ်ရုပ်နှစ်ပါးတို့ကို စောင့်ရှောက်သလော,၃၉၁

(၈) စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့ကိုလည်း စောင့်ရှောက်သည်မဟုတ်လော,၃၉၁

အကြောင်းအရာ,စာမျက်နှာ

(၉) ရုပ်နာမ်ဇီဝိတိန္ဒြေတို့ အတူချုပ်ကြပုံ,၃၉၂

(၁၀) ဇီဝိတိအစဉ် ၂-မျိုး,၃၉၃

(၁၁) ဇီဝိတိန္ဒြေအစဉ် ၂-မျိုးပျက်စီးပုံ,၃၉၃

(၁၂) ကာလသုံးပါးနှင့် ဇီဝိတိန္ဒြေ,၃၉၅

(၁၃) ဦးခေါင်းပြတ်နှင့် ဇီဝိတိန္ဒြေ,၃၉၇

(၁၄) ကိုယ်စောင့်ဇီဝိတိန္ဒြေ,၃၉၉

(၁၅) ဇီဝိတိန္ဒြေသည် ဝဋ်ဒုက္ခတို့၏ဦးခေါင်း,၄၀၀

(၁၆) ဇီဝိတိန္ဒြေ၏အစွမ်း,၄၀၁

(၁၇) ဇီဝိတိန္ဒြေကြာမြင့်စွာရှင်သန်ရေး,၄၀၁

(၁၈) ဖြစ်ချုပ်ခြင်းလက္ခဏာနှင့် ဇီဝိတိန္ဒြေ,၄၁၀

မနသိကာရစေတသိက်,၄၁၄

နှလုံးသွင်းပုံ ၃-မျိုး,၄၁၄

မနသိကာရစေတသိက်၏လက္ခဏာ,၄၁၄

(၁) အာရုံသို့ ဖြောင့်စွာသွားစေပုံ,၄၁၆

(၂) ရထားထိန်းဥပမာ,၄၁၆

မနသိကာရစေတသိက်၏ရသ,၄၁၆

(၁) အာရုံနှင့်ယှဉ်စေပုံ,၄၁၆

(၂) ဝိတက်၊ စေတနာ၊ မနသိကာရအထူး,၄၁၇

(၃) လှေပြိုင်သူဥပမာ,၄၁၇

မနသိကာရစေတသိက်၏ ပစ္စုပဋ္ဌာန်,၄၁၈

(၁) အာရုံရှိရာသို့ ရှေးရှုပုံ,၄၁၈

(၂) သတိနှင့် မနသိကာရအထူး,၄၁၈

(၃) တိဿရဟန်းကြီး၏ မကောင်းသောနှလုံးသွင်း,၄၁၉

(၄) မျောက်မင်း၏သတိနှင့်မနသိကာရ,၄၂၀

အကြောင်းအရာ,စာမျက်နှာ

မနသိကာရ စေတသိက်၏ ပဒဋ္ဌာန်,၄၂၂

အာရုံသည် အနီးကပ်ဆုံးအကြောင်းဖြစ်ပုံ,၄၂၂

မနသိကာရအမျိုးမျိုး,၄၂၃

(၁) မနသိကာရ ၃-မျိုး,၄၂၃

(က) ဝီထိပဋိပါဒက မနသိကာရ,၄၂၃

(ခ) ဇဝနပဋိပါဒက မနသိကာရ,၄၂၃

(ဂ) အာရမ္မဏပဋိပါဒက မနသိကာရ,၄၂၃

(၂) မနသိကာရ ၃-မျိုး အထူးထပ်မံရှင်းပြခြင်း,၄၂၄

(၃) မနသိကာရ ၂-မျိုး,၄၂၆

(က) အသုံးများသော မနသိကာရ,၄၂၆

(ခ) သင့်လျော်အောင်နှလုံးသွင်းရပုံ,၄၂၈

(ဂ) စိတ်နာဖွယ်မဟုတ်,၄၂၉

(ဃ) ဘုရားအဆုံးအမနာခံနိုင်ရမည်,၄၃၀

(င) ရန်တုံ့မူသည်နှင့်တူ,၄၃၀

(စ) နှလုံးသွင်းမကောင်းမှု,၄၃၁

(ဆ) ခါးပိုက်နှိုက် ၂-ဦး နှလုံးသွင်း,၄၃၂

(ဇ) နှလုံးသွင်းပြောင်းပါ,၄၃၃

(ဈ) ကုသိုလ်မပြတ်ဖြစ်ပါစေ,၄၃၄

(ည) လိုချင်ရနေသည့် ရုက္ခစိုးနတ်ကြီး,၄၃၄

(ဋ) အထည်ချုပ်သမားဘဝ,၄၃၅

(ဌ) အမြင်အထင်မကောင်းသောပြိတ္တာ,၄၃၅

(ဍ) မနသိကာရနှင့် အရိယာမဂ်,၄၃၆

(ဎ) နှလုံးသွင်းကောင်းတော့ သောတာပန်ဖြစ်,၄၃၇

(ဏ) ငါးမျှားသမားအရိယ,၄၃၇

(တ) မလ္လိကာမိဖုရားကြီးနှင့် နှလုံးသွင်း,၄၃၈

အကြောင်းအရာ,စာမျက်နှာ

ယောနိသောနှင့် ကောင်းရာသုဂတိ,၄၄၁

သေခါနီးရှင်ပြု,၄၄၁

အမျိုးသမီးငါးရာနှင့် နှလုံးသွင်း,၄၄၂

(ခ) နှလုံးသွင်းမကောင်းမှုကြောင့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ,၄၄၄

သေခါနီးငယ်,၄၄၆

ကြောင်နှင့်ကြက်,၄၄၆

ကျားသစ်မနှင့် သမင်မ,၄၄၆

ဘီလူးနှင့်လူ,၄၄၇

ဘီလူးမရှာပုံတော်ထွက်,၄၄ဂ

ဘုရားထံတော်သို့,၄၄ဂ

ဘီလူးမသောတာပန်တည်,၄၄ဂ

ဘီလူးမကျေးဇူးဆပ်ခြင်း,၄၄၉

နှလုံးသွင်းမှုသတိပြုဆင်ခြင်,၄၅ဝ

(ဂ) အယောနိသောနှင့်မြေပြိတ္တာ,၄၅ဝ

သဌေးကြီးနှလုံးသွင်းကောင်းပုံ,၄၅၁

သဌေးကြီးလက်ခမောင်းခတ်ခြင်း,၄၅၁

ရန်သူအား ရှေးဦးစွာအမျှဝေခြင်း,၄၅၂

သူခိုးက တောင်းပန်ပုံ,၄၅၃

(ဃ) အမျှမဝေ ကုသိုလ်မရ,၄၅၃

အ၀တ်မဆီး ကိုယ်လုံးတီးဘဝ,၄၅၄

အယောနိသောနှင့် ပြိတ္တာဘုံ,၄၅၅

(င) နှလုံးသွင်းမကောင်းလျှင်ကဏှာ၊ ကောင်းလျှင် ဘာဝနာ,၄၅၆

အကြောင်းအရာ,စာမျက်နှာ

အစုံတဏှာနှင့် အဆန်ဘာဝနာ,၄၅၆

ပွဲကြည့်တတ်၍ ရဟန္တာဖြစ်ပုံ,၄၅ဂ

မတ္တရာဆရာတော်,၄၅ဂ

မနသိကောင်းမှ အယူမှန်မည်,၄၅ဂ

ယောနိသောနှင့်ဘုရားရှင်,၄၅၉

ဘုရားဖြစ်ရန် မနသိကာရအကြောင်းခံပုံ,၄၅၉

နှလုံးသွင်းကောင်းအောင်ကြိုးပမ်းကြစို,၄၆ဝ

နှလုံးသွင်းမကောင်းလျှင် အပါယ်ကျ၍ သံသရာလည်မည်,၄၆ဝ

နှလုံးသွင်းကောင်းလျှင် နိဗ္ဗာန်ရ၍ သံသရာစက်ရပ်မည်,၄၆၂

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သံသရာ,၄၆၄

(၁) အနုလုံ,၄၆၄

(၂) ပဋိလုံ,၄၆၅

နိဂုံး,၄၆၆

စာမျက်နှာ-1

အတွဲ (၁)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပရမတရား လေ့လာစိစစ်နည်း လေးမျိုး

လေ့လာစိစစ်နည်းခေါ်ပုံ။ ။ ရုပ်နာမ်ဓမ္မ ပရမတ္ထသဘာဝတရားအားလုံး၌ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော သဘောတရားလေးမျိုး အသီးသီး ရှိစမြဲ ဖြစ်သည်။ ရုပ်တရား နာမ်တရားများကို လေ့လာရာ၌ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော ရှုထောင့်လေးဘက်မှ ရှုမြင်လေ့လာနိုင်မှ ဒိဋ္ဌိဝိသုဒ္ဓိ အဆင့်သို့ ရောက်နိုင်ပါသည်။ ဤသို့ ပရမတ်တို့ကို လေ့လာစိစစ်ရာ၌ အသုံးပြုသော နည်းများဖြစ်၍ ဤလက္ခဏစသော ရှုထောင့်လေးခုတို့ကို “ပရမတ်တရား လေ့လာစိစစ်နည်းလေးမျိုး” ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။

ဤရုပ် နာမ်တရားတို့ကို ရှုမှတ်ရာ၌ သုတမယဉာဏ် အဖြစ်ဖြင့် အထောက်အကူ ရနိုင်ရန် ဤသာသနာရေးဦးစီးဌာနမှ ပြုစုထုတ်ဝေသော “ဗုဒ္ဓအဘိဓမ္မာအဖွင့်ကျမ်းများ” ၌ ရုပ်နာမ်တို့၏ သဘောတရားများကို တင်ပြရာတွင် လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဟူသော အချက်ကြီး လေးချက်ကို ပဓာနပြု၍ တင်ပြထားပါသည်။ ထို့ကြောင့် ဗုဒ္ဓအဘိဓမ္မာ

စာမျက်နှာ-2
ရုပ်နာမ်တို့၏ သဘောတရားများကို မလေ့လာမီ ဤလက္ခဏစသော အချက်ကြီး လေးချက်တို့၏ အဓိပ္ပာယ်အသီးသီးကို သိထားရန် တစ်ခုစီ ရှင်းပြပါမည်။

လက္ခဏ

လက္ခဏဆိုသည်မှာ မြန်မာလို အမှတ်အသားဟု အဓိပ္ပာယ်ရ၏၊ ပါဠိသက်အားဖြင့် လက္ခဏာဟု ရှေးထုံးပြုကြ၏။ ဤနေရာ၌ ပရမတ်တရားတို့၏ အမှတ်အသားကို လက္ခဏာဟု ခေါ်၏။ ထိုအမှတ်အသားလက္ခဏာသည် -

(၁) တရားအများနှင့် သက်ဆိုင်သည့် သာမညလက္ခဏာ၊

(၂) အများနှင့်မဆိုင် ကိုယ်ပိုင်သီးခြား အမှတ်အသားဖြစ်သော သဘာဝလက္ခဏာ၊

ဟု နှစ်မျိုးရှိ၏။

ထိုတွင် မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)၊ အစိုးမရခြင်း(အနတ္တ)၊ လက္ခဏာအမှတ်အသားများသည် ရုပ်တရား နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် သာမညလက္ခဏာ မည်၏။ ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော(ရုပ္ပန) လက္ခဏာနှင့် နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သော အာရုံသို့ သွတ်ကိုင်းခြင်း(နမန) လက္ခဏာတို့သည်လည်း “သာမညလက္ခဏာ”များဖြစ်ကြသည်။

ရုပ်တရားများတွင် ခက်မာမှုသဘောသည် ပထဝီဓာတ်၏ ကိုယ်ပိုင်သီးခြားလက္ခဏာဖြစ်၏။ ဖွဲ့စည်းမှု ယိုစီးမှုသဘောသည် အာပေါဓာတ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ နာမ်တရားများတွင်လည်း အာရုံကို သိခြင်း ယူခြင်းသည် စိတ်၏ သီးခြားလက္ခဏာဖြစ်၍ အာရုံကိုတွေ့ထိခြင်းသည် ဖဿစေတသိက် တစ်မျိုးတည်းနှင့်သာ ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ထိုကိုယ်ပိုင် သီးခြားလက္ခဏာများကို “သဘာဝလက္ခဏာ” ဟု ခေါ်သည်။

စာမျက်နှာ-3
ဤ “ဗုဒ္ဓအဘိဓမ္မာ အဖွင့်ကျမ်းများ” ၌ တရားတစ်ပါးစီ တစ်ပါးစီ၏ ကိုယ်ပိုင်သီးခြား လက္ခဏာဖြစ်သော “သဘာဝလက္ခဏာ” ဖြင့်သာ စိစစ် တင်ပြထားပါသည်။

ရသ

ရသသဒ္ဒါသည် ဤနေရာ၌ (၁) ပြုဖွယ်လုပ်ငန်း (ကိစ္စ) နှင့် (၂) ပြည့်စုံခြင်း (သမ္ပတ္တိ) ဟူသော အဓိပ္ပာယ်နှစ်မျိုးကို ဟောသည်။ ယင်းအဓိပ္ပာယ်များအရ ရသသည် (၁) ကိစ္စရသ၊ (၂) သမ္ပတ္တိရသဟု နှစ်မျိုးပြား၏။ ထိုတွင် ကိစ္စရသဆိုသည်မှာ ပရမတ်တရားတို့၏ ကိုယ်ပိုင် ပြုမူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ဥပမာ - အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းသည် မောဟစေတသိက်၏ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ မိမိဖြစ်ရာပုဂ္ဂိုလ်နှင့် ဟဒယဝတ္ထုရုပ်တို့ကို လောင်ကျွမ်းခြင်းသည် ဒေါသစေတသိက်လုပ်ငန်းဖြစ်သည်။ ယင်းကိစ္စရသကို အကျိုးပစ္စုပဋ္ဌာန် တရားကို ဖြစ်ပေါ်စေနိုင်သဖြင့် အကြောင်းရသဟူ၍လည်း ဆိုနိုင်သည်။

အကြောင်းစုံညီသဖြင့် ဖြစ်ပေါ်လာရခြင်းကို သမ္ပတ္တိရသဟု ခေါ်သည်။ ယင်းရသကို အကျိုးရသဟူ၍လည်း ခေါ်နိုင်သည်။ ဥပမာ - ဒေါသကြောင့် ခြေတုန်လက်တုန်ဖြစ်ခြင်း၊ အသံတုန်ခြင်း၊ မျက်နှာထားခက်ထန်ကြမ်းတမ်းလာခြင်း စသော တစ်ကိုယ်လုံး၌ မလိုလားအပ်သော အနိဋ္ဌရုပ်များ ဖြစ်ပေါ်လာခြင်းသည် ဒေါသစေတသိက်၏ သမ္ပတ္တိရသပင် ဖြစ်ပါသည်။

ပစ္စုပဋ္ဌာန်

ပစ္စုပဋ္ဌာန် ဆိုသည်မှာ ဉာဏ်တွင် ရှေးရှုထင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုပစ္စုပဋ္ဌာန်သည် (၁) အကျိုး (ဖလ) ပစ္စုပဋ္ဌာန်၊ (၂) ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်ဟု နှစ်မျိုးရှိသည်။

၁။ ပစ္စုပဋ္ဌာန = ပတိ + ဥပဋ္ဌာန။ ပတိ = ရှေးရှု။ ဥပဋ္ဌာန = ထင်ခြင်း။

၂။ ဥပဋ္ဌာနာကာရ = ထင်သောအခြင်းအရာ။

စာမျက်နှာ-4
ထိုတွင် အကျိုးပစ္စုပဋ္ဌာန်ဆိုသည်မှာ ကိစ္စတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ ထိုကိစ္စကြောင့် အကျိုးတစ်မျိုးမျိုးရှိလာသကဲ့သို့ ပရမတ်တရားတို့၏ ပြုမူဆောင်ရွက်မှု ကိစ္စရသကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရားမျိုးဖြစ်၏။ ဥပမာ - ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းဟူသော မောဟစေတသိက်၏ ပစ္စုပဋ္ဌာန်နှင့်တူသည်။ မောဟစေတသိက်၏ ကိစ္စရသသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၏။ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်း ကိစ္စရသကြောင့်ဖြစ်၍ အကျိုးပစ္စုပဋ္ဌာန်ဟု ခေါ်သည်။

ဉာဏ်တွင်ထင်မြင်လာသော သဘောခြင်းရာ ပစ္စုပဋ္ဌာန်ကား ပရမတ်တရားတစ်ခု၏ သဘောထားကို ဉာဏ်ဖြင့်သက်ဝင် နက်နက်နဲနဲ ဆင်ခြင်လိုက်သည့်အခါ စူးစူးစိုက်စိုက် လေ့လာရှုမြင်သူတို့၏ ဉာဏ်တွင် ထိုပရမတ်တရား၏ သဘောလက္ခဏာဖြစ်စေ၊ ကိစ္စဖြစ်စေ၊ အကြောင်းတရားဖြစ်စေ၊ အကျိုးတရားဖြစ်စေ ထင်လာတတ်သည်။ ယင်းသို့ထင်မြင်လာသော ပရမတ်တရား၏ သဘောလက္ခဏာစသော အခြင်းအရာသည်ပင် ဥပဋ္ဌာနာကာရ-ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဥပမာ - တစ်စုံတစ်ယောက်သောသူကို သူ၏ ဟန်ပန် အမူအရာတို့ကိုကြည့်၍ အကဲခတ်သည့်အခါ အကဲခတ်သူဉာဏ်တွင် ထိုသူ၏ စိတ်နေသဘောထားတစ်မျိုး ထင်မြင်လာသကဲ့သို့ပင် ဖြစ်ပါသည်။

ပဒဋ္ဌာန်

ပဒဋ္ဌာန် ဆိုသည်မှာ ပရမတ်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းတရားဖြစ်သည်။ အကျိုးတရားတစ်ခု ဖြစ်ပေါ်လာမှုတွင် အကြောင်းတစ်ခုသာ ရှိသည်မဟုတ်၊ ဆင့်ကဲဆင့်ကဲ အထောက်အကူပြုနေကြသည့် ကွင်းဆက်အကြောင်းများ အမြောက်အမြားရှိ၏။ ယင်းအကြောင်းများကို နီးသောအကြောင်း၊ ဝေးသောအကြောင်းဟု ကျမ်းဂန်များ၌ နှစ်မျိုးခွဲထား၏။ ယခု ပဒဋ္ဌာန်ဆိုသည်မှာ ထိုနှစ်မျိုးအနက် အကျိုးတရား၏ အနီးကပ်ဆုံးသောအကြောင်းပင်ဖြစ်သည်။

၁။ ပဒဋ္ဌာန် - ပဒ + ဋ္ဌာန။ ပဒ = အကြောင်း + ဋ္ဌာန = အကြောင်း။

စာမျက်နှာ-5
ဥပမာ - ဒေါသဖြစ်စရာ အနိဋ္ဌာရုံတစ်ခုနှင့် တွေ့ကြုံ၍ ဒေါသဖြစ်ပေါ်လာရာ၌ ဒေါသဖြစ်ခြင်း အကြောင်းတရားကို စိစစ်လျှင် (၁) အနိဋ္ဌာရုံ နှင့် (၂) နှလုံးသွင်းမကောင်းမှု (အယောနိသောမနသိကာရ) ဟူသော အကြောင်းနှစ်ခုကို တွေ့၏။ ထိုတွင် အနိဋ္ဌာရုံနှင့် တွေ့ကြုံနေရစေကာမူ နှလုံးသွင်းမကောင်းမှသာ ဒေါသဖြစ်လာနိုင်စရာ ရှိသောကြောင့် နှလုံးသွင်းမကောင်းမှု (အယောနိသော မနသိကာရ) သည်သာ နီးသော အကြောင်း ပဒဋ္ဌာန်ဖြစ်၍ အနိဋ္ဌာရုံမှာ ဝေးသောအကြောင်းမျှသာ ဖြစ်သည်။

၁။ အယောနိသော = နည်းမှန်လမ်းမှန် မဟုတ်သောအားဖြင့် (ဝါ) မသင့်လျော်သောအားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း။

စာမျက်နှာ-6

ဖဿစေတသိက်

ထိပုံ (၃) မျိုး

(က) အာရုံကို တွေ့ထိခြင်းမျှ သဘောသည်လည်းကောင်း၊

(ခ) အာရုံကို တွေ့ထိတတ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများအား အာရုံနှင့် ထိအောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း

ဖဿမည်၏။

အထက်ဖော်ပြပါ ထိပုံ (၃) မျိုးတွင် (က) ၌ ဖော်ပြထားသော “အာရုံကို တွေ့ထိခြင်းမျှ သဘော” သည်သာ ဖဿ၏အမှန်သဘော မုချသဘောဖြစ်သည်။ (ခ) (ဂ) တို့၌ ဖော်ပြထားသော သဘောတို့သည် ဖဿ၏ အမှန်သဘာဝ မုချသဘောများ မဟုတ်ကြချေ၊ အတ္တစွဲလမ်းသူတို့၏ အယူကိုပယ်ဖျက်ဖို့ရာ ပရိယာယ်ဆင် ဥပစာတင်၍ ဖော်ပြထားသော သဘောအဓိပ္ပာယ်များဖြစ်ပါသည်။

ချဲ့ဦးအံ့ - ပရမတ္ထသဘောတရားတို့မည်သည် အမူအရာကြိယာ သက်သက်မျှသာဖြစ်သော တရားမျိုးဖြစ်၏၊ ထိုပရမတ္ထသဘောတရားများ၌ ဒြဗ် သဏ္ဌာန် ကိုယ်ဟန်ပုံပန်းဟူ၍ မရှိကြ၊ ဖြစ်ပေါ်ရန် အကြောင်းတို့ စပ်၍သာ ဖြစ်ကြရကုန်၏၊ မိမိတို့၏ အားစွမ်းသတ္တိဖြင့် ဖြစ်ပေါ်လာနိုင်ကြသည်မဟုတ်ကြကုန်၊ ခဏမျှသာ တည်တံ့နိုင်ကြကုန်၏၊ သူတစ်ပါးအလိုသို့လိုက်နိုင်သော တရားမျိုးမဟုတ်၍ အနတ္တဓမ္မတို့သာ ဖြစ်ကုန်၏၊ ဖဿစေတသိက်သည်လည်း ပရမတ္ထသဘောတရားဖြစ်၍ အာရုံကို တွေ့ထိခြင်း အမူအရာကြိယာသဘောသည်သာ ဖဿ၏အမှန်သဘော၊ မုချသဘောဖြစ်ပါသည်။

၁။ အဘိဓမ္မာဝတာရဋီကာသစ်၊ ပ၊ ၂၉ဝ။

စာမျက်နှာ-7
သို့သော် ပရမတ်အရာတွင် မကျွမ်းကျင်သော ပုထုဇဉ်အချို့က ခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကိုပြုလုပ်စီမံတတ်၍ ကာရက၊ ခံစားတတ်၍ ဝေဒက ခေါ်သော အတ္တသည်ရှိ၏။ အာရုံကို ထိရာ၌ တွေ့ထိခြင်းကြိယာကား ဖဿတည်း၊ ထိုတွေ့ထိခြင်းကြိယာကို ဖြစ်စေတတ်သော (ဝါ) အာရုံကို တွေ့ထိတတ်သော ကတ္တားမှာ အတ္တဖြစ်သည်ဟု စွဲလမ်းမှတ်ထင်ကြလေသည်။ ထိုယူမှားချက်ကို ပယ်ဖျက်ဖို့ရာ ဖဿ၌ ထိတတ်သော ကတ္တားသဘောမရှိသော်လည်း ရှိသကဲ့သို့ ပရိယာယ်ဆင် ဥပစာတင်၍ (ခ) အဓိပ္ပာယ်ကို ပြဆိုထားခြင်း ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ - အာရုံကို တွေ့ထိရာ၌ အတ္တက တွေ့ထိသည်မဟုတ်၊ အတ္တဆိုသည်ပင် အထင်အရှား မရှိ၊ ဖဿကသာ တွေ့ထိသည်၊ ဖဿဟူသော သဘောတရားမှတစ်ပါး အခြား တွေ့ထိတတ်သော ကတ္တားမျိုးမရှိဟု ဆိုလိုပါသည်။

အချို့ကလည်း “ဝေဒနာစသော တရားတို့သည် အတ္တကြောင့်သာ အာရုံကိုတွေ့ထိကြရ၏၊ အတ္တသည် တွေ့ထိခြင်းကြိယာကို ပြီးစေနိုင်သော သတ္တိရှိ၏” ဟု စွဲလမ်းကြပြန်၏။ ထိုစွဲလမ်းချက်ကို ပယ်ဖျက်ဖို့ရာ ဖဿ၌ အာရုံကို ထိစေကြောင်း သတ္တိမရှိသော်လည်း ရှိသကဲ့သို့ ဥပစာတင် ပရိယာယ်ဆင်၍ (ဂ) အဓိပ္ပာယ်ကို ပြဆိုထားခြင်း ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ - ဖဿနှင့် ဖြစ်ဖော်ဖြစ်ဖက်ဖြစ်ကြသော ဝေဒနာစသည့် နာမ်တရားတို့၏ အာရုံကို ထိစေခြင်း အကြောင်းမှာ အတ္တမဟုတ်၊ အတ္တဟုပင် အထင်အရှားမရှိ၊ ဖဿသည်သာလျှင် ဝေဒနာစသော ဖြစ်ဖော်ဖြစ်ဖက် တရားတို့၏ အာရုံကို တွေ့ထိကြောင်း ဖြစ်သည်ဟု ဆိုလိုပါသည်။

ဤသို့ ပရမတ္ထတရားတိုင်း၌ အဓိပ္ပာယ်သုံးမျိုး ဖွင့်ဆိုရခြင်း အကြောင်းကို အခြား စေတသိက် အဖွင့်များ၌လည်း ဤနည်းအတိုင်း သိရန်ဖြစ်ပါသည်။

စာမျက်နှာ-8
(၁) ဖဿစေတသိက်၏ သဘောလက္ခဏာ

ဖဿသည် အာရုံကို တွေ့ထိခြင်း သဘောလက္ခဏာရှိ၏။

အာရုံကို တွေ့ထိခြင်း ဆိုသည်မှာ အာရုံ၏ ကောင်းသော (ဣဋ္ဌ) အရသာနှင့် မကောင်းသော (အနိဋ္ဌ) အရသာသို့ ဆိုက်ရောက်အောင် ထိထိခိုက်ခိုက် ယူမှုမျိုးဖြစ်သည်။

တွေ့ထိမှု သဘောသည် ရုပ်တရား အချင်းချင်း၌သာ ရှိနိုင်ဖြစ်နိုင်၏၊ နာမ်တရားများ၌ မရှိနိုင်၊ မဖြစ်နိုင်၊ ထိုသို့မဖြစ်နိုင်ပါလျက် ဖဿဟူသော နာမ်တရားသည် အဘယ်သို့ အာရုံကို တွေ့ထိနိုင်ပါသနည်းဟု မေးဖွယ်ရှိ၏။

အဖြေကား - ဖဿက အာရုံကို တွေ့ထိနိုင်သည်ဟုဆိုရာ၌ ရုပ်ဝတ္ထုအချင်းချင်း တွေ့ထိသကဲ့သို့ ကိုယ်ထိလက်ရောက် တိုက်ရိုက် တွေ့ထိခြင်းမျိုး မဟုတ်၊ နာမ်တရားတို့၏ သဘာဝအတိုင်း အာရုံတစ်ခုခု၌ တွေ့ထိသော အခြင်းအရာအားဖြင့် (ဝါ) ဓာတ်ခိုက်သည့် သဘောဖြင့် ဖြစ်ခြင်းမျိုးကို တွေ့ထိသည်ဟု ဆိုပါသည်။ အမှန်အားဖြင့် ရူပါရုံသည် မျက်စိအကြည်ဓာတ်ကို ထိခိုက်ရာ၌ အရာဝတ္ထုချင်း မငြိမကပ် မထိမစပ်မိဘဲ ဓာတ်ခိုက်သည့် သဘောအားဖြင့် ထိခိုက်သကဲ့သို့ ဖဿကလည်း မငြိမကပ် မထိမစပ်ဘဲ စိတ်နှင့်အာရုံနှစ်ပါးစုံကို ဓာတ်ခိုက်သည့်သဘောဖြင့် ထိခိုက်ခြင်းဖြစ်သည်။

ထိုဓာတ်ခိုက်မှုမျိုးသည် အချို့အရာ၌ အလွန်ထင်ရှား၏၊ ဥပမာ - (၁) ချဉ်သီးစားနေသူကို မြင်ရသောသူသည် မိမိကိုယ်တိုင် မစားရသော်လည်း စားရဘိသကဲ့သို့ တံတွေး လျှာရည်ယိုခြင်း၊

၁၊ ၂၊ ၃။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၁။ သင်္ဂြိုဟ်မဟာဋီကာသစ်၊ ၉၁။

စာမျက်နှာ-9
(၂) ကြင်နာသနား တတ်သူသည် သူတပါး သတ်ပုတ်ညှဉ်းဆဲခံ နေရသည်ကို မြင်ရသောအခါ မိမိကိုယ်တိုင်မခံရသော်လည်း ခံနေရဘိသကဲ့သို့ ကြက်သီးမွေးညှင်းထခြင်း၊ ခန္ဓာကိုယ် တုန်လှုပ်ခြင်း၊

(၃) ကြောက်လန့်တတ်သူသည် သစ်ပင်ထိပ်ဖျားသို့ ရောက်နေသူကို မြင်ရသည့်အခါ မြေပေါ်မှာ ရပ်နေပါလျက် မိမိကိုယ်တိုင်သစ်ပင်ထိပ်ဖျားသို့ ရောက်နေဘိသကဲ့သို့ ကြောက်ဒူးတုန်ခြင်း၊

(၄) ခွေးစသောသတ္တဝါတို့သည် ခြင်္သေ့ ကျား စသည်တို့ကိုမြင်သည့်အခါ တစ်ရက်မပြေးနိုင်ပဲ ဖင်သီနေသကဲ့သို့ ကြောက်မက်ဖွယ်ရာ အာရုံများနှင့် တွေ့ကြရသည့်အခါ ခြေလက်မသယ်နိုင် မင်သက်မိနေခြင်း စသည်တို့ကဲ့သို့ ဖြစ်သည်။

အထက်ပါ ဥပမာများ အတိုင်း ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိရခြင်း မဟုတ်သော်ငြားလည်း ဓာတ်သဘာဝ အလိုက် ထိခိုက်မှုမျိုး ဖြစ်နိုင်သကဲ့သို့ နာမ်ဓာတ်တို့၏ သဘာဝအတိုင်း ထိခိုက်မှု သဘောကိုပင် ဖဿဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဖဿစေတသိက်၌-

(၂) ဖဿ၏ ရသ (၂) မျိုး

(က) ဆောင်ရွက်မှု လုပ်ငန်း ဟူသော ကိစ္စရသ၊

(ခ) အပြည့်အစုံဖြစ်ပေါ်ခြင်း ဟူသော သမ္ပတ္တိရသ၊

နှစ်မျိုးလုံးရှိ၏။

၁။ အဘိဓမ္မာဝတာရဋီကာသစ်၊ ပ၊ ၂၉၁။

စာမျက်နှာ-10

(က) ဖဿ၏ ဆောင်ရွက်မှုကိစ္စရသ

ဖဿ၏ ဆောင်ရွက်မှုလုပ်ငန်း ကိစ္စမှာ စိတ်နှင့်အာရုံကို ထိပေးခြင်း ဖြစ်၏။

စိတ်သည် ဖဿနှင့်ကင်း၍ မိမိအလိုလို အာရုံကို မယူနိုင်ချေ၊ ဖဿက စိတ်ကို အာရုံနှင့်ဆက်စပ်ပေးမှု တွေ့ထိပေးမှုကြောင့်သာ စိတ်သည် အာရုံကို ယူနိုင်၏၊ မြင်သိစိတ်(စက္ခုဝိညာဏ်)ကို အဆင်းအာရုံ(ရူပါရုံ)နှင့် ဆက်စပ်ပေး၏။ပ။ လျက်သိစိတ်(ဇိဝှါဝိညာဏ်)ကို အရသာအာရုံ(ရသာရုံ) နှင့် ဆက်စပ်ပေး၏၊ ထိသိစိတ် (ကာယဝိညာဏ်)ကို အတွေ့အထိအာရုံ (ဖောဋ္ဌဗ္ဗာရုံ) နှင့် ဆက်စပ်ပေး၏၊ ကြံစိတ်(မနောဝိညာဏ်)ကို တရားအာရုံ(ဓမ္မာရုံ) နှင့် ဆက်စပ်ပေး၏၊ ဤသို့ ဖဿစေတသိက်သည် ဝိညာဏ်ခြောက်ပါးကို အာရုံခြောက်ပါးနှင့် ဆက်စပ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်သည်။

(ခ) ဖဿ၏ အပြည့်အစုံဖြစ်မှုဟူသော သမ္ပတ္တိရသ

ဖဿဖြစ်ပေါ်မှုဟူသည် ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ တွေ့ဆုံထိခိုက်မှုကြောင့် ဖြစ်၏၊ မျက်စိအကြည်ဓာတ် (စက္ခုပသာဒ) စသောဝတ္ထုရုပ်များနှင့် အဆင်းအာရုံ(ရူပါရုံ)စသောအာရုံတရားတို့ ထိခိုက်မှုကြောင့် ဖဿဟူသော အကျိုးတရား ပေါ်လာခြင်းဖြစ်သည်။

ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ ဆုံထိခိုက်မှုကြောင့် ဖဿဖြစ်ပေါ်ပုံကို ဆိတ်နှစ်ကောင် ဝှေ့ခတ်သောဥပမာ၊ လင်းကွင်းနှစ်ခုတီးသော ဥပမာ၊ လက်ဝါးနှစ်ဘက်တီးသော ဥပမာတို့ဖြင့် မိလိန္ဒပဉှာပါဠိတော်၌ ရှင်းလင်းဟောကြားထား၏၊ ဆိတ်နှစ်ကောင်ခတ်သော ဥပမာ၌ ဆိတ်တကောင်သည် ရူပါရုံစသောအာရုံတရားနှင့်တူ၍ အခြားဆိတ်တကောင်က မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်နှင့်တူ၏။

၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၁။

စာမျက်နှာ-11
ထိုဆိတ်နှစ်ကောင် ထိတွေ့ဝှေ့ခတ်ခြင်းသည် ဖဿဖြစ်ပုံနှင့်တူ၏၊ လင်းကွင်းတီးသော ဥပမာ၊ လက်ဝါးတီးသော ဥပမာတို့၌လည်း တစ်ဘက်သောလင်းကွင်း၊ တစ်ဘက်သောလက်ဝါးတို့သည် အာရုံတရားနှင့်တူ၍ အခြားလင်းကွင်းနှင့် လက်ဝါးတို့သည် ဝတ္ထုရုပ်များနှင့်တူကြ၏၊ လင်းကွင်းနှစ်ခု၊ လက်ဝါးနှစ်ဘက်တို့ တွေ့ဆုံတီးခတ်မိခြင်းသည် ဖဿဖြစ်ပေါ်ခြင်းနှင့်တူ၏ဟု ဖော်ပြထားပါသည်။

(၃) ဖဿစေတသိက်၏ ပစ္စုပဋ္ဌာန်

ဖဿစေတသိက်၏ ပစ္စုပဋ္ဌာန်သည်——

(က) အကျိုး(ဖလ)ပစ္စုပဋ္ဌာန်နှင့်

(ခ) ဉာဏ်တွင် ထင်မြင်လာသော သဘောအချင်းအရာ (ဥပဋ္ဌာနာကာရ)ပစ္စုပဋ္ဌာန်

ဟူ၍ နှစ်မျိုးရှိသည်။

(က) အကျိုး (ဖလ)ပစ္စုပဋ္ဌာန်

ဖဿ၏အကျိုး ပစ္စုပဋ္ဌာန်သည် ဝေဒနာဟူသော အကျိုးတရားဖြစ်၏။ အာရုံကို ထိတွေ့မှုဖဿကြောင့် အာရုံ၏အရသာကို ခံစားမှု(ဝေဒနာ) ဟူသော အကျိုးတရား ပေါ်လာ၏၊ အာရုံတခုခုကို ခံစားရာ၌ ရှေးဦးစွာ ထိုအာရုံနှင့် ထိတွေ့ရန်လိုအပ်ပါသည်၊ တွေ့ထိမှုရှိမှသာ ထိုအာရုံကို ခံစားနိုင်၏၊ ဖဿသည် မိမိနှင့်ပေါင်းဆုံမိသော ရူပါရုံစသော အာရုံခြောက်ပါးတို့၏ ကောင်းသောရသဂုဏ် မကောင်းသော ရသဂုဏ် ပေါ်အောင် ကြိတ်နယ်ထိခိုက်ပေး၏၊ ယင်းသို့ ဖဿ ကြိတ်နယ် ထိခိုက်ပေးမှုကြောင့် ပေါ်လာသည့်အရသာကို ဝေဒနာက ခံစားခြင်း ဖြစ်ပါသည်။

၁။ မိလိန္ဒပဉှာပါဠိတော်၊ ၆၁။

၂။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၂။

၃။ ပရမတ္ထသံခိပ်ဋီကာ ဒု၊ ၃၇၄။

စာမျက်နှာ-12
ဖဿသည် ဝေဒနာဟူသောအကျိုးတရားကို ဖြစ်စေရာ၌ စိတ်၌သာ ဖြစ်စေပေသည်၊ ဥပမာ-မီးကျီးခဲ၊ ချိတ်၊ အပူငွေ့တို့နှင့် အလားတူသည်၊ မီးကျီးခဲကား ပြင်ပဝတ္ထုဖြစ်သော အကြောင်းတည်း၊ ထိုမီးကျီးခဲဖြင့် ချိတ်ကို ကင်သောအခါ ချိတ်၌အပူငွေ့ ဖြစ်ပေါ်လာ၏၊ ထိုအပူငွေ့သည် မီးကျီးခဲကြောင့်ဖြစ်ရသော်လည်း မီးကျီးခဲကို နူးညံ့ပျော့ပြောင်းအောင် မပြု၊ မိမိမှီရာ ချိတ်ကိုသာ နူးညံ့ပျော့ပြောင်းအောင် ပြုသကဲ့သို့ ထို့အတူ ဝတ္ထုအာရုံဟူသော ပြင်ပအကြောင်းနှင့် စိတ်ဟူသော အတွင်းအကြောင်း သုံးမျိုးတွင် ဝတ္ထုအာရုံ ကြောင့် ဖြစ်ရသော ဖဿသည် ထိုဝတ္ထုအာရုံတို့၌ ဝေဒနာကို မဖြစ်၊ မိမိမှီရာ စိတ်၌သာ ဝေဒနာကို ဖြစ်စေခြင်း ဖြစ်သည်။

ဤဥပမာ၌ ဝတ္ထုအာရုံတို့သည် မီးကျီးခဲနှင့်တူ၏၊ စိတ်သည် ချိတ်နှင့် တူ၏၊ ဖဿသည် အပူငွေ့နှင့်တူ၏၊ ဖဿကြောင့်ဖြစ်သော ဝေဒနာသည် ချိတ်၏ ပျော့ပြောင်းနူးညံ့ပုံနှင့်တူ၏။

စက္ခုဒွါရ၌ဖြစ်သော ဖဿကြောင့် ဝေဒနာသုံးမျိုး ဖြစ်ပုံ

မျက်စိအကြည်ဓာတ်၊ အဆင်းအာရုံနှင့် မြင်သိဝိညာဏ်ဓာတ်တို့ သုံးပါးပေါင်းဆုံမိသည့်အခါ အာရုံကို ထိခြင်းဆိုသည့် ဖဿသဘော ပေါ်လာပါသည်၊ ဤနေရာ၌ မြင်သိမှု စက္ခုဝိညာဏဓာတ်က အဆင်းမှန်း သဏ္ဌာန်မှန်း၊ ဖြူလျှင်ဖြူမှန်း၊ နီလျှင်နီမှန်းမျှကိုသာ သိသည်၊ ကောင်းသောအရသာ မကောင်းသောအရသာ ပေါ်ထွက်အောင် စက္ခုဝိညာဏ်က မစွမ်းနိုင်၊ အရသာပေါ်လာအောင် အာရုံကို ဖိညှစ်ကြိတ်နယ်မှုကား ဖဿ၏ ကိစ္စဖြစ်သည်၊ ဖဿကြိတ်နယ်ပေးမှုကြောင့် အရသာပေါ်လာသည့်အခါ အာရုံအမျိုးအစားအလိုက် အာရုံ၏အရသာကို ခံစားသည့် ဝေဒနာတရား အစားစား ပေါ်လာရသည်။

၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၂။

စာမျက်နှာ-13
အဆင်းအာရုံက လှလှပပ တင့်တင့်တယ်တယ် ကောင်းသည့်အာရုံ ဖြစ်လျှင် ကောင်းသည်ကို ခံစားသည့် သုခဝေဒနာ ဖြစ်လာသည်။ မြင်တွေ့ရသည့်အဆင်းက ဆိုးသည့်အဆင်းအာရုံ၊ ရွံ့စရာ မုန်းစရာ ကောင်းသည့် အဆင်းအာရုံဖြစ်လျှင် ဆိုးသည်ကို ခံစားသည့် ဒုက္ခဝေဒနာ ဖြစ်လာသည်။

အဆင်းအာရုံက အကောင်းအဆိုး မထင်ရှားသည့် ရိုးရိုးအဆင်း အာရုံဖြစ်လျှင် ခံစားမှုသဘော မထင်ရှားသည့် ဥပေက္ခာဝေဒနာ ဖြစ်လာသည်။

သောတဒွါရ၌ ဖြစ်သော ဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ

ထို့အတူ နားအကြည်ဓာတ်၊ အသံအာရုံ၊ ကြားသိမှု သောတဝိညာဏ်တို့ ပေါင်းဆုံမိ၍ ဖဿဖြစ်ပေါ်လာသည့်အခါ၌လည်း ကြားရသည့် အသံအာရုံ၏ အကောင်းအဆိုးကို လိုက်၍ ခံစားမှုဝေဒနာ အကောင်းအဆိုးများ ထိုက်သလို ဖြစ်လာရပေသည်။

သီချင်းသံ၊ တူရိယာသံ၊ သာယာနာပျော်ဖွယ် ကောင်းသည့်အသံ၊ ချိုသာအေးမြသည့်အသံများကို ကြားရသည့်အခါ နားထဲမှာ ခံသာသည့် သုခဝေဒနာဖြစ်သည်။ နားထောင်လို့ကောင်းသည့် သဘော၊ နားဝင်ချိုသည့် သဘောမျိုးပင် ဖြစ်ပါသည်။

စူးရှသည့်အသံ၊ ကြိမ်းမောင်း ဆဲဆိုသံများကို ကြားရသည့်အခါ နားထဲမှာ မခံသာသည့် ဒုက္ခဝေဒနာဖြစ်ပေါ်လာသည်။ နားမခံသာသည့် သဘော၊ အခံရခက်သည့် သဘောမျိုးဖြစ်ပါသည်။

ကောင်းဆိုးနှစ်ပါး မထင်ရှားသည့် ရိုးရိုးအသံများကို ကြားရသည့်အခါ၌ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာသည်။ ယင်းဥပေက္ခာဝေဒနာသည် အလွန်သိမ်မွေ့ ငြိမ်သက်သည့်အတွက် ခံစားမှု မထင်ရှားချေ၊ ခံစားသည်ကိုပင် မသိပဲ ဖြစ်တတ်ပေသည်။

စာမျက်နှာ-14
နှာခေါင်းအကြည်ဓာတ် အနံ့အာရုံ ဃာနဝိညာဏ်၊ လျှာအကြည်ဓာတ် ရသာရုံ ဇိဝှာဝိညာဏ်၊ ကိုယ်အကြည်ဓာတ် ဖောဋ္ဌဗ္ဗာရုံ ကာယဝိညာဏ်၊ ထိုသုံးပါးစီ သုံးပါးစီ ဆုံမိသည့်အခါ၌လည်း ဖဿဓာတ်ဖြစ်ပေါ်လာပြီး ယင်းဖဿကြောင့် ခံစားမှုဝေဒနာသုံးမျိုး ဖြစ်ပေါ်ပုံတို့ကိုလည်း အထက်ပါနည်းကိုမှီ၍ သိနိုင်ကြပေသည်။

မနောဒွါရ၌မှီသော ဖဿကြောင့် ဝေဒနာသုံးမျိုးဖြစ်ပုံ

စိတ်နှလုံးနှင့် သဘောအာရုံကို မှီပြီး ကြံသိမှု ဖြစ်တိုင်း ဖြစ်တိုင်းမှာ မနောဒွါရ ခေါ်သည့် စိတ်နှလုံး၊ သဘောအာရုံဆိုသည့် စိတ်ကူးအာရုံနှင့် ကြံသိမှုခေါ်သည့် မနောဝိညာဏ်ဓာတ်တို့ ဆုံမိကြသည်။ ယင်းသုံးပါးတို့ ဆုံမိသည့်အခါ စိတ်ကူးထဲမှာ အာရုံကို တွေ့မှုဖဿ ဖြစ်ပေါ်လာပါသည်။ စိတ်ကူးထဲမှာ အာရုံကို တွေ့လျှင် ထိုအာရုံကို ခံစားသည့်ဝေဒနာများ ထိုက်သလိုဖြစ်ပေါ်လာပါသည်။

ကိုယ်အလိုရှိသည့် အာရုံကောင်းများနှင့်တွေ့လျှင် သုခဝေဒနာဖြစ်လာ၏၊ မှန်၏၊ ရှေးတုန်းက ကောင်းစား ချမ်းသာခဲ့ဖူးသည်များကို ပြန်လည်တွေးတောပြီး စိတ်ထဲမှာချမ်းသာပျော်ရွှင်နေတတ်ပေသည်။ နောင်အခါ ကြီးပွားချမ်းသာမည့် အရေးများကိုလည်း မြော်တွေးကြံတွေးပြီး ဝမ်းသာပျော်ရွှင်နေတတ်ပေသည်။ ယခုလောလောဆယ် ကြီးပွားချမ်းသာနေပုံများကိုလည်း စဉ်းစားကြံပြီး ပျော်ရွှင်ချမ်းသာနေတတ်ပေသည်။ ဤသည်မှာ ကောင်းသော ဖဿအတွေ့ကြောင့် သုခဝေဒနာ ဖြစ်လာပုံ ဖြစ်သည်။

မိမိအလိုမရှိသည့် အနိဋ္ဌာရုံများနှင့် တွေ့လျှင်ကား ဆင်းရဲဒုက္ခဝေဒနာ ဖြစ်လာ၏။ ဒုက္ခဝေဒနာ ဖြစ်ပုံကား ရှေးအခါက ဆင်းရဲခဲ့ရပုံ၊ ဘေးဒုက္ခရောက်ခဲ့ရပုံများကို ပြန်လည်စဉ်းစား တွေးတော၍သော်လည်းကောင်း၊ နောင်အခါ ဆင်းရဲဒုက္ခရောက်ရမှာ ဘေးရန်နှင့်တွေ့ရမှာ အကြပ်အတည်းနှင့် ရင်ဆိုင်ရမှာများကို စဉ်းစားကြံတွေး၍သော်လည်းကောင်း၊

စာမျက်နှာ-15
ယခုလောလောဆယ် ဆင်းရဲနေပုံ ဘေးရန်နှင့် တွေ့နေပုံတို့ကို စဉ်းစား ကြံတွေး၍သော်လည်းကောင်း စိတ်မချမ်းမသာ ဝမ်းနည်းစိတ်ပျက်စွာ ဖြစ်နေတတ်ပေသည်။ ဤသို့ဖြစ်ခြင်းသည် မကောင်းသော ဖဿအတွေ့ကြောင့် ဒုက္ခဝေဒနာဖြစ်ပုံ ဖြစ်ပါသည်။

ဤသို့အာရုံက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စိတ်ကူးထဲမှာ အာရုံကောင်းနှင့် တွေ့လျှင် ဝမ်းသာရွှင်ပြသည့် သုခဝေဒနာဖြစ်သည်။ အာရုံဆိုးနှင့် တွေ့လျှင် စိတ်နှလုံး မသာယာသည့် ဒုက္ခဝေဒနာဖြစ်သည်။ သို့ရာတွင် အာရုံက မထင်မရှား မှေးမှေးမှိန်မှိန်ဖြစ်နေလျှင် ဝေဒနာကလည်း နည်းနည်းသာ ဖြစ်သည်။ အာရုံက ပီပီသသ ထင်ထင်ရှားရှားဖြစ်လျှင်ကား ဝေဒနာကလည်း အလွန်အကဲ ဖြစ်လာပေသည်။

မဆိုးမကောင်း သာမန်အာရုံနှင့် တွေ့လျှင်တော့ ဥပေက္ခာဝေဒနာ ဖြစ်လာသည်။ ယင်းဝေဒနာသည် ချမ်းသာမှုလည်းမရှိ၊ ဆင်းရဲမှုလည်း မပါ၊ ခံစားမှုသဘောပင် မထင်ရှားသည့် အလွန်သိမ်မွေ့သော ဝေဒနာမျိုး ဖြစ်ပေသည်။

ဥမ္မာဒန္တီနှင့် သိဝိဘုရင်

ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်၌ ဘုရားလောင်း သိဝိဘုရင်ကြီးသည် ဥမ္မာဒန္တီသဌေးသမီးကို မြင်တွေ့ရသည့် ဖဿကြောင့် ရူးနောက်သွားသည်အထိ ဒုက္ခရောက်သွားရပေသည်၊ ဇာတ်လမ်းအကျဉ်းချုပ်မှာ-

သိဝိဘုရင်ကြီးသည် တန်ဆောင်မုန်းလပြည့် တစ်ခုသောနက္ခတ်ပွဲသဘင်နေ့မှာ ဆီမီးရောင်ရှိန် တထိန်ထိန်ထွန်းညှိ အလှဆင်ထားသည့် အရိဋ္ဌပူရ မြို့တော်ကြီးကို လှည့်လည်ရှုစားရန် ထွက်တော်မူလာခဲ့ပေသည်။ ရှေးဦးစွာ စစ်သေနာပတိကြီး အဘိပါရက၏ အိမ်ရှေ့သို့ ရောက်သွား၏၊ ထိုအခါမှာ စစ်သေနာပတိကြီးကတော် ဥမ္မာဒန္တီသဌေးသမီးသည် ကိန္နရီမကလေး သဖွယ် လေသာပြူတင်းပေါက်မှာရပ်လျက် မင်းကြီးအား ပန်းပွင့်ပန်းကုံးတို့ဖြင့် ကြဲချယင်း မိမိရဲ့အလှအပကို ပြသလိုက်၏။

စာမျက်နှာ-16
ယင်းသို့ အလှအပပြခြင်းမှာ အကြောင်း ရှိပေသည်။ ဥမ္မာဒန္တီသဌေး သမီးကလေးအရွယ်ရောက်လာချိန်တွင် ဖခင်သဌေးကြီးက “မိမိမှာဘုရင်နှင့်သာ ထိုက်တန်သည့် သမီးရတနာထွန်းကားခဲ့ပါသည်။ လက္ခဏာတတ် ပုဏ္ဏားတော်ကြီးများကို စေလွှတ်စုံစမ်းပြီး အရှင်မင်းကြီး အလိုရှိတိုင်း စီမံပါ”ဟု သိဝိဘုရင်ကြီးအား လျှောက်ထားခဲ့ဖူးသည်။ ထိုစဉ်အခါက မင်းကြီးသည် သဌေးကြီး လျှောက်တင်သည်အတိုင်း ပုဏ္ဏားတော်ကြီးများကို သွားရောက်စုံစမ်းရန် စေလွှတ်လိုက်သည်။

ပုဏ္ဏားတော်ကြီးများသည် ဥမ္မာဒန္တီကို မြင်ရသည်နှင့်တပြိုင်နက် သတိလွှတ်ကင်းပြီး ဣန္ဒြေ မဆောင်နိုင်ပဲ စားသောက်သည့်နေရာမှာပင် အမှားမှားအယွင်းယွင်း ဖြစ်ခဲ့ကြရသည်၊ ထိုအခါ ဥမ္မာဒန္တီက ကျက်သရေမဲ့တယ်ဆိုပြီး ပုဏ္ဏားတော်ကြီးများကို အိမ်မှ နှင်ထုတ်စေခဲ့သည်။

ဤပြုမူချက်ကြောင့် ပုဏ္ဏားတော်ကြီးများသည် ဥမ္မာဒန္တီအပေါ် ရန်ငြိုးဖွဲ့ကြသည်။ ဘုရင့်ထံသို့ ရောက်ကြသည့်အခါ “ဥမ္မာဒန္တီဟာ ယုတ်မာတဲ့ အမျိုးသမီးဖြစ်ပါတယ်၊ မိဖုရား မဖြစ်ထိုက်ပါဘူး”လို့ လျှောက်တင်ကြ၏။ မင်းကြီးကလည်း ယုံကြည်ပြီး ဥမ္မာဒန္တီကို လျစ်လျူရှုထားခဲ့သည်။ ထိုအကြောင်းကို သိရသည့်အခါ ဥမ္မာဒန္တီက “နေနှင့်ဦးပေါ့၊ ဘုရင်ကြီးကို ဖူးမြော်ခွင့် ရတဲ့တစ်နေ့မှာ ဘုရင်ကြီး ဘယ်လိုဖြစ်မယ်ဆိုတာ သိရပါလိမ့်မယ်” လို့ ဘုရင်ကြီးအပေါ် စိတ်ထဲမကျေမနပ်ဖြစ်နေခဲ့သည်။

ထို့နောက် ဖခင် သဌေးကြီးက သမီးချော ဥမ္မာဒန္တီကို စစ်သေနာပတိကြီး အဘိပါရကထံ ဆက်သလိုက်လေသည်။ ထို့နောက် စစ်သူကြီးကတော် ဖြစ်လာသည့် ဥမ္မာဒန္တီသည် ဘုရင်ကြီး မြို့လှည့်လည်လာသည့်အခါမှာ ဤကဲ့သို့ မိမိ၏ အလှကျက်သရေများကို အစွမ်းကုန် ပြသလိုက်ခြင်း ဖြစ်ပေသည်။

ထိုအခါ သိဝိဘုရင်ကြီးမှာ ဥမ္မာဒန္တီ၏ ရုပ်ဆင်းအင်္ဂါလက္ခဏာများကို မြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက် စိတ်ရူးနောက်သွား၏။ မြို့ကိုဆက်လက် မရှုစားနိုင်တော့ပဲ ထိုအိမ်ရှေ့မှပင် နန်းတော်သို့ လှည့်ပြန်လာခဲ့ရသည်။ နန်းတော်သို့ ရောက်သော်လည်း မအိပ်နိုင် မစားနိုင် ဥမ္မာဒန္တီ၏ ရုပ်ဆင်း-

စာမျက်နှာ-17
အင်္ဂါကိုသာ မျက်စိထဲမှာဖျောက်မရပဲ သူရူးပမာ မြည်တမ်းပြောဆိုနေလေသည်၊ သိကြားမင်းကသာ လိုရာဆုကို ပေးမယ် ဖြစ်လဲဖြစ်နိုင်မယ်ဆိုလျှင် “တညနှစ်ညလောက် အဘိပါရက စစ်သူကြီးဖြစ်ပါရစေ၊ ဥမ္မာဒန္တီနဲ့ တညနှစ်ညလောက် ပျော်မွေ့ ပြီးတော့မှ သိဝိမင်းကြီးပြန်ဖြစ်ပါရစေ” ဆုတောင်းမယ်ဟု မဖြစ်နိုင်သည်ကို ယောင်ယမ်းပြောဆိုနေပါသတဲ့။

ဤကဲ့သို့ သိဝိဘုရင်ကြီး ဒုက္ခဝေဒနာခံစားနေရသည်မှာ ဥမ္မာဒန္တီ၏ အဆင်းအာရုံကို သူ့စိတ်ထဲမှာ တွေ့နေတဲ့ ဖဿကြောင့်ပင် ဖြစ်ပါသည်။

(ခ) ဉာဏ်တွင် ထင်မြင်လာသော သဘောအချင်းအရာ (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

ဖဿသည် (၁) မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ် (၂) အဆင်းအာရုံ (ရူပါရုံ)စသော ရုပ်တရားများနှင့် (၃) မြင်သိစိတ် (စက္ခုဝိညာဏ်) စသောဝိညာဏ်၊ ထိုသုံးပါးတို့၏ပေါင်းဆုံတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသောတရားဟု အဘိဓမ္မာသဘောကို လေ့လာသူတို့၏ဉာဏ်တွင် သဘောပေါက် ထင်မြင်လာသော အချင်းအရာရှိ၏။

ဥပမာ-ကောင်းကင်ပြင်၌ တိမ်တိုက်နှစ်ခုတို့ တွေ့ဆုံတိုက်ခိုက်မိသောအခါ လျှပ်စစ် ဝင်းပြောင်လာသကဲ့သို့ လည်းကောင်း၊ ကျောက်ခဲနှင့် မီးခတ်သံတုံးတို့ တွေ့ဆုံထိခိုက်မိသောအခါ မီးပွားမီးတောက်ပေါ်လာသကဲ့သို့လည်းကောင်း၊ မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်များနှင့် အဆင်းအာရုံစသော အာရုံရုပ်တို့ထိခိုက်မိသောအခါ မြင်သိစိတ်စသော အသိစိတ်ဓာတ်(ဝိညာဏ်)ဖြစ်ပေါ်လာပါသည်၊ ထိုဝတ္ထုအာရုံ ဝိညာဏ်သုံးပါး ဆုံမိကြသောအခါမှ ဖဿပေါ်လာပါသည်။

၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၂။

စာမျက်နှာ-18
အဘိဓမ္မာ ရုပ်နာမ်တရားကို စူးစူးစိုက်စိုက် လေ့လာသူသည် ဖဿ၏ သဘောကို ဆင်ခြင်လေ့လာလိုက်သည့်အခါ “ဖဿဆိုသည်မှာ ဝတ္ထု အာရုံ ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံမိသောကြောင့် ဖြစ်ပေါ်လာသော တရား”ဟု ဉာဏ်တွင်ထင်မြင်လာခြင်းဖြစ်ပါသည်။

၄။ ဖဿ၏ အနီးကပ်ဆုံး အကြောင်းတရား (ပဒဋ္ဌာန်) ၂-မျိုး

(၁) အာရုံခြောက်ပါး

ဖဿစေတသိက်၏ အနီးကပ်ဆုံး အကြောင်းတရားသည် မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်ခြောက်ပါး၌ ရှေးရှုထင်လာသော အာရုံခြောက်ပါးဖြစ်၏။

ဖဿသည် ပစ္စုပဋ္ဌာန်ခန်းတွင်ပြဆိုခဲ့သည့်အတိုင်း ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်ပေါ်လာသောတရားဖြစ်၏၊ ထိုသုံးပါးတွင် မျက်စိအကြည်ဓာတ်စသော ဝတ္ထုရုပ်များ၌ အဆင်းအာရုံ (ရူပါရုံ)စသောအာရုံများရှေးရှု ထင်လာမှုသည် အရေးအကြီးဆုံး သော အကြောင်းဖြစ်သည်၊ ဝတ္ထုရုပ် အကြည်ဓာတ်များ၌ အာရုံထင်လာလျှင် ထိုအာရုံကို ဆင်ခြင်နှလုံးသွင်းမှု (အာဝဇ္ဇန်း)ရှိပါက မြင်သိစိတ်စသော စိတ်ဝိညာဏ်များ ဧကန် ဖြစ်ပေါ်လာရ၏။ စိတ်ဖြစ်လျှင် ထိုစိတ်နှင့် တပါတည်း ဖဿလည်းဖြစ်လာရသည်။

ဤသို့ ဝတ္ထုအကြည်ဓာတ်များ၌ အာရုံထင်လာလျှင် ဧကန်အမှန် ဖဿဖြစ်တော့ရကား ဖဿဖြစ်ဖို့ရာ အနီးကပ်ဆုံးအကြောင်းမှာ ရှေးရှုထင်လာသော အာရုံပင်ဖြစ်သည်

၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၂။

၂။ ဓမ္မသင်္ဂဏိမူလဋီကာ၊ ၁၊ ၈၆။

စာမျက်နှာ-19
(၂) ဖဿ၏ အနီးဆုံးအကြောင်းတရား အာယတန ၆-ပါး ဟူသော ဖဿစေတသိက်ကို ဖြစ်ပေါ်စေနိုင်သော အနီးကပ်ဆုံး အကြောင်းတရားသည် တနည်းအားဖြင့် “သဠာယတနပစ္စယာ ဖဿော” ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော်အရ အာယတန (၆) ပါး ဖြစ်ပါသည်။ အာယတန (၆) ပါးအရ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ကိုယ်တွင်းအာယတန (၆) ပါးနှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ သဘောဟူသော ပြင်ပအာယတန (၆) ပါး နှစ်မျိုးလုံးပင် ဖြစ်ပေါ်လာခြင်း၏ အနီးဆုံး အကြောင်းများ ဖြစ်ပါသည်။

မျက်စိအကြည်ဓာတ်ကိုလည်းကောင်း၊ အဆင်းရူပါရုံတို့ကိုလည်းကောင်း စွဲမှီ၍ မြင်သိမှု စက္ခုဝိညာဉ်စိတ် ဖြစ်ပေါ်လာ၏။ မျက်စိ၊ အဆင်း၊ မြင်သိမှု သုံးခုတို့ ပေါင်းဆုံမိခြင်းကြောင့် အာရုံတို့ကို ဓာတ်ခိုက်သကဲ့သို့ တွေ့ထိခြင်းဆိုသည့် ဖဿစေတသိက် ဖြစ်ပေါ်လာသည်ဟု ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့ပါသည်။

မှန်ပါသည်။ မီးခြစ်အိမ်နံဘေး ယမ်းသုတ်ထားသည့် စက္ကူပြားကလေးကို မီးခြစ်ဆံနှင့် ခြစ်လိုက်သည့်အခါ မီးတောက်မီးလျှံ ပေါ်လာသကဲ့သို့ မျက်စိအကြည်ဓာတ် အစရှိသည့် အာယတန (၆) ပါး၌ အဆင်းစသည့် အာရုံ (၆) ပါးတို့ အသီးသီး ထင်လာသည့်အခါ စက္ခုဝိညာဉ်စသော ဝိညာဏဓာတ် (၆) ပါးတို့ ပေါ်လာကြပါသည်။

ယင်းသို့ စက္ခုအကြည်ဓာတ်၌ လူရိပ်စသော အဆင်းအာရုံတို့ ထင်လာ ထိခိုက်လာသည်နှင့် တပြိုင်နက် စက္ခုဝိညာဉ်ခေါ်သော မြင်သိစိတ်သည် ထိုအဆင်းအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ထိုအခါ ထိုစက္ခုဝိညာဉ်စိတ်နှင့်အတူ အာရုံကို ထိတတ်သည့် စက္ခုသမ္ဖဿခေါ်သော ဖဿစေတသိက်လည်း ဖြစ်ပေါ်လာ၏။

၁။ အဘိ၊ ၂၊ ၁၄၃။ ၂။ သံ၊ ၁၊ ၃၀၀။

စာမျက်နှာ-20
ထို့အတူ နားအကြည်၊ သဒ္ဒါရုံ၊ သောတဝိညာဉ် သုံးပါးပေါင်းဆုံသည်နှင့် တပြိုင်နက် သောတသမ္ဖဿ ဖြစ်ပေါ်လာ၏။ နှာခေါင်းအကြည်၊ ဂန္ဓာရုံ၊ ဃာနဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် ဃာနသမ္ဖဿ ဖြစ်ပေါ်လာ၏။ လျှာအကြည်၊ ရသာရုံ၊ ဇိဝှာဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် ဇိဝှာသမ္ဖဿ ဖြစ်ပေါ်လာ၏။ ကိုယ်အကြည်၊ ဖောဋ္ဌဗ္ဗာရုံ၊ ကာယဝိညာဉ် သုံးပါးပေါင်းဆုံမိသည်နှင့် တပြိုင်နက် ကာယသမ္ဖဿ ဖြစ်ပေါ်လာ၏။ ဘဝင်မနော၊ အာရုံခြောက်ပါးနှင့် တပါးပါး၊ မနောဝိညာဉ်ဆိုတဲ့ ဓာတ်သုံးပါး ပေါင်းဆုံမိသည်နှင့် တပြိုင်နက် မနောသမ္ဖဿ ဖြစ်ပေါ်လာ၏။

စက္ခုသမ္ဖဿဆိုသည်မှာ မျက်စိအတွေ့ ဖြစ်သည်။ မျက်စိအတွေ့ဆိုသည်မှာ မျက်စိတွင် ထင်လာထိခိုက်လာသော အဆင်းအသံ၏ ကောင်း၊ မကောင်းသော အရသာကို ကြိတ်၍ယူခြင်း၊ ညှစ်၍ထုတ်ခြင်းတည်း။

မျက်စိအကြည်ဓာတ်သည် မိမိ၌ ထင်လာသည့် အဆင်းကို လက်ခံရုံမျှသာ စွမ်းနိုင်သည်၊ ထိုအဆင်းကို အာရုံမပြုနိုင်။ စက္ခုဝိညာဉ်သည် ထိုအဆင်းကို အာရုံပြုရုံမျှသာ ပြုနိုင်သည်၊ ကောင်းသောရသ၊ မကောင်းသောရသ ပေါ်လာ ထင်လာအောင် ကြိတ်နယ်ခြင်းကို မပြုတတ်။ ဖဿဓာတ်ကသာ အာရုံကောင်းလျှင် ကောင်းသလောက်၊ မကောင်းလျှင် မကောင်းသလောက် ဣဋ္ဌအရသာ၊ အနိဋ္ဌအရသာ အကုန်ထွက်လာအောင် ကြိတ်နယ်ဖိညှစ်၍ ထုတ်နိုင်သည်။

ဥပမာအားဖြင့်ဆိုသော် နှမ်းကို ဆီကြိတ်သည်နှင့် တူ၏။ ဆီကြိတ်ရာတွင် ကြိတ်ဆုံသည် မျက်စိအကြည်ဓာတ်နှင့်တူ၏၊ နှမ်းဆန်သည် ရူပါရုံစသည်နှင့်တူ၏၊ ကြိတ်ဆုံတွင်းသို့ နှမ်းထည့်ပေးသူသည် ဝိညာဉ်နှင့်တူ၏၊ ဆီထွက်အောင် ကြိတ်ဝါးသည်နှင့်တူသော ဖဿ၏အစွမ်းကြောင့် ထွက်လာသော နှမ်းဆီသည် ကောင်းသောအရသာ၊ မကောင်းသောအရသာတို့နှင့်တူ၏။

၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၆။

စာမျက်နှာ-21
ဤသို့ ဖဿသည် မျက်စိစသော အတွင်းအာယတန ခြောက်ပါး၊ အဆင်းအာရုံစသော အပြင်အာယတန ခြောက်ပါးတို့ကြောင့် ဖြစ်ပေါ်လာရသည်။

ဖဿစေတသိက် အမျိုးမျိုးပြားပုံ

ဖဿ (၆) မျိုး။ ။ ဖဿစေတသိက်သည် အာရုံကို တွေ့ထိခြင်းသဘော လက္ခဏာအားဖြင့် တပါးတည်းဖြစ်သော်လည်း စက္ခုဝိညာဉ်စသော ဝိညာဉ်ဓာတ်များနှင့်အတူ ဖြစ်ရခြင်းကြောင့် စက္ခုဝိညာဉ်စသော ဝိညာဉ်ဓာတ်တို့ကို အစွဲပြု၍ အကျဉ်းအားဖြင့် (၆) ပါး ပြားပါသည်။ ယင်း (၆) ပါးမှာ-

(၁) စက္ခုသမ္ဖဿ = စက္ခုဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊

(၂) သောတသမ္ဖဿ = သောတဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊

(၃) ဃာနသမ္ဖဿ = ဃာနဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊

(၄) ဇိဝှာသမ္ဖဿ = ဇိဝှာဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊

(၅) ကာယသမ္ဖဿ = ကာယဝိညာဉ်နှင့်အတူဖြစ်သော ဖဿ၊

(၆) မနောသမ္ဖဿ = ဒွေးပဉ္စဝိညာဉ်မှတပါး လောကီဝိပါက် (၂၂) ပါးနှင့်အတူဖြစ်သော ဖဿ၊

တို့ဖြစ်ပါသည်။

စက္ခုသမ္ဖဿနှင့် ဘုရားလောင်း ရသေ့ကြီး

စက္ခုသမ္ဖဿ ဆိုသည်မှာ မျက်စိအတွေ့တည်း။ မျက်စိအတွေ့ဆိုသည်ကား မျက်စိတွင် ထင်လာ ထိခိုက်လာသော အဆင်းသဏ္ဌာန်၏ ကောင်း၊ မကောင်းသော အရသာကို ကြိတ်နယ်၍ယူခြင်းတည်း။ တနည်းဆိုရသော် အာရုံ၏အရသာကို ကြိတ်နယ်၍ ထုတ်ပေးခြင်းပင် ဖြစ်သည်။

၁။ အဘိ၊ ၂၊ ၁၄၃။

၂။ ဇာတက၊ ဋ္ဌ၊ ၁၊ ၃၂ဝ။

စာမျက်နှာ-22
ဖဿဖြင့် အာရုံကိုတွေ့၍ ဝေဒနာဖြင့် ခံစားရာ၌ဖြစ်စေ၊ စက်ဆုပ်ရွံရှာရာ၌ဖြစ်စေ၊ ကြောက်လန့်ရာ၌ဖြစ်စေ၊ တဏှာဖြင့် သာယာရာ၌ဖြစ်စေ၊ ဖဿသည် အချုပ်အချာ ပဓာနဖြစ်၏။ ဖဿအားကောင်းလျှင် ဝေဒနာအားကောင်း၏၊ တဏှာအားကောင်း၏။ ဖဿပျော့လျှင် ဝေဒနာပျော့၏၊ တဏှာပျော့၏။

ဥပမာ - အဆင်းသဏ္ဌာန် လှပသည့် အရာဝတ္ထုကို ကြည့်ရှုကြရာ၌ ထိုအရာဝတ္ထုက ဝေးနေခဲ့သော်လည်းကောင်း၊ အလင်းရောင် နည်းခဲ့သော်လည်းကောင်း ဖဿအားပျော့၏။ ထိုအခါ ဝေဒနာနှင့် တဏှာလည်း အားသေးသွား၏။ ထိုအဆင်းအာရုံကို နီးနီးကပ်ကပ် ထင်ထင်လင်းလင်း ကြည့်ရှုရသည့်အခါ၌မူ ဖဿအားကောင်း၍ ခံစားမှုဝေဒနာ၊ သာယာမှု တဏှာတို့လည်း အားကြီးလာပေသည်။

ယောက်ျားတို့၏ စက္ခုသမ္ဖဿခေါ် မျက်စိအတွေ့များအနက် မိန်းမတို့၏ အဆင်းသဏ္ဌာန်နှင့်စပ်သော မျက်စိအတွေ့သည် အပြင်းထန်ဆုံး အားအကောင်းဆုံးဖြစ်သကဲ့သို့ မိန်းမတို့၏ မျက်စိအတွေ့တွင်လည်း ယောက်ျားတို့၏ အဆင်းသဏ္ဌာန်နှင့်စပ်သော မျက်စိအတွေ့သည် အပြင်းထန်ဆုံး အားအကောင်းဆုံး ဖြစ်ပေသည်။ စက္ခုအတွေ့မှ လျှောက်၍ မနောအတွေ့၌ ခိုက်လေသည်။ ရွှင်လန်းရုံမျှ ဝေဒနာခဏတွင် မရပ်မူ၍ ဝေဒနာမှတဆင့် တဏှာအထိ အကြောင်းအကျိုးဆက် ဖြစ်လာ၏။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက-

“မိန်းမတို့၏ အဆင်းသဏ္ဌာန်ကဲ့သို့ ယောက်ျားစိတ်ကို သိမ်းကျုံးဆွဲငင်ယူနိုင်သော အဆင်းသဏ္ဌာန်မည်သည်ကို လောကတွင် တခုခုသော အဆင်းသဏ္ဌာန်ကိုမျှ ငါဘုရားမြင်တော်မမူ၊ မိန်းမအဆင်းသည်လည်း ယောက်ျား၏စိတ်ကို သိမ်းကျုံးဆွဲငင်၍ ယူနိုင်၏”

စသည်ဖြင့် အင်္ဂုတ္တိုရ်ပါဠိတော် ရူပါဒိဝဂ်၌ ဟောတော်မူခဲ့ခြင်း ဖြစ်ပေသည်။

စာမျက်နှာ-23
ဤနေရာ၌ သမာပတ်ရှစ်တန်၊ ဈာန်အဘိညာဉ်ရပြီး ပုဂ္ဂိုလ်ကြီးဖြစ်ပါလျက် မိန်းမရုပ်ဆင်းအင်္ဂါကို တွေ့ရသည့် စက္ခုသမ္ဖဿ ဒဏ်ချက်ကြောင့် ဈာန်အဘိညာဉ်များ ကွယ်ပျောက်၍ ဒုက္ခရောက်ရပုံကို အကျဉ်းချုပ် ဖော်ပြပါမည်။

ရှေးအခါက ဘုရားလောင်းသည် ရသေ့ဝတ်၍ ကသိုဏ်းပရိကံကို ပွားများအားထုတ်ခဲ့ရာ သမာပတ်ရှစ်တန် ဈာန်အဘိညာဉ်ကို ရရှိ၍ ဟိမဝန္တာတော၌ပင် ဈာန်ချမ်းသာဖြင့် ချမ်းသာစွာ နေထိုင်လေသတဲ့။ တနေ့တွင် ဆားဓာတ်၊ အချဉ်ဓာတ်များကို မှီဝဲရန် ဗာရာဏသီဘုရင်၏ ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် ရောက်လာခဲ့လေသည်။ ဘုရင်က ကြည်ညိုသဖြင့် ဥယျာဉ်တော်တွင် သီတင်းသုံးစေကာ နန်းတော်သို့ နေ့တိုင်း ဆွမ်းခံကြွပြီး ဆုံးမဩဝါဒပေးရန် ဖိတ်ကြားထားလေသည်။ ဘုရားလောင်းရသေ့သည် ဘုရင့်ဖိတ်ကြားချက်ကို လက်ခံ၍ သီတင်းသုံးခဲ့ရာ (၁၆) နှစ်အထိပင် ကြာခဲ့လေသည်။

တစ်နေ့တွင် ဘုရင်ကြီးသည် မိဖုရားကြီး မုဒုလက္ခဏအား ရသေ့ကြီးအား ပြုစုရန် မမေ့ဖို့ မှာကြားပြီး သူပုန်ရန်ကို နှိမ်နင်းရန် နယ်စွန်နယ်ဖျားသို့ ကြွသွားလေသည်။ မိဖုရားကြီးသည် ဘုရင်ကြီး မှာကြားခဲ့သည့်အတိုင်း ရသေ့ကြီးအား ဆွမ်းဝတ်မှန်မှန် ပြုခဲ့လေသည်။ တစ်နေ့မှာတော့ မိဖုရားကြီးသည် ဘုရားလောင်းရသေ့ကြီး ဆွမ်းခံဝင် နောက်ကျနေသဖြင့် နံ့သာရေဖြင့် ရေမိုးချိုးပြီး ဖီးလိမ်းပြင်ဆင်ကာ အခင်းငယ်ကလေးတွင် လဲလျောင်းယင်း ရသေ့ကြီးအလာကို စောင့်နေပါသည်။ မကြာမီ နန်းတော်လေသာပြူတင်းမှ ဘုရားလောင်းရသေ့ ကြွလာသည်ကို အသံကြား၍ လဲလျောင်းရာ ကပျာကရာ ထလိုက်ရာ ခါးဝတ်ထမီ လျှောကျသွားသတဲ့။

ရသေ့ကြီးသည် ထိုဝိသဘာဂအာရုံကို ဣန္ဒြေစောင့်စည်းဘဲ ကြည့်လိုက်မိသည့် စက္ခုသမ္ဖဿဒဏ်ချက်ကြောင့် နှစ်ပေါင်းများစွာ ဈာန်သမာဓိ အစွမ်းဖြင့် ပယ်ခွာထားခဲ့သည့် နီဝရဏကိလေသာများ ပြန်ပေါ်လာခဲ့ရာ

စာမျက်နှာ-24
ရရှိထားသည့် ဈာန်အဘိညာဉ်များ ပျောက်ကွယ်သွားရရှာလေသည်။ ခါတိုင်းကဲ့သို့ နန်းတော်တွင် ဆွမ်းမစားနိုင်ရှာတော့ဘဲ ဆွမ်းကိုသပိတ်နှင့် ခံပြီး ကျောင်းအရောက် မြေပြင်ကပင် ခြေလျင်လျှောက်ပြန်လာခဲ့ရသည်။

ကျောင်းပြန်ရောက်တော့လည်း ဆွမ်းမစားနိုင်ရှာဘဲ သပိတ်ကို ခုံအောက်မှာသာ ချပြီး ပျဉ်ချပ်ပုံပေါ်မှာ ခုနစ်ရက်ပတ်လုံး ကိလေသာမီးလောင်ကာ လဲလျောင်းနေရှာသတဲ့။ ဘုရင်ကြီး တိုင်းပြည်သို့ ပြန်လာသောအခါ နန်းတော်သို့ မသွားသေးဘဲ ရသေ့ကြီးကျောင်းသို့ ရှေးဦးစွာ ဝင်ရောက်ဖူးမြော်ကန်တော့၏။ ထိုအခါ ရသေ့ကြီး၏ အတ္ထုပ္ပတ်ကို ကြားသိရတဲ့အတွက် ရသေ့ကြီးကို နန်းတော်သို့ ပင့်ဆောင်သွားခဲ့သည်။ နန်းတော်သို့ ရောက်သည့်အခါ မိဖုရားကြီးကို ရသေ့ကြီးအား သဘောထားကြီးကြီးနဲ့ ပေးလှူလိုက်လေသည်။ နောက်ဆုံးတွင် မိဖုရားကြီး မုဒုလက္ခဏက မိန်းမတို့၏ အလိမ္မာဉာဏ်ဖြင့် ဆုံးမလိုက်သည့်အခါမှ သတိသံဝေဂရပြီး မိဖုရားကြီးကို ဘုရင်ကြီးဘဲ ပြန်အပ်လိုက်သည်။ ထို့နောက် ဟိမဝန္တာသို့ပြန်ပြီး သမထဘာဝနာကို ပြန်လည်အားထုတ်ရာ ဈာန်အဘိညာဉ်များကို ပြန်လည်ရရှိသွားလေသည်။

ဤသို့ စက္ခုသမ္ဖဿဒဏ်ချက်ကြောင့် ဘုရားလောင်း ရသေ့ကြီးမှာ ဒုက္ခဝေဒနာအမျိုးမျိုးကို ခံစားရလေသည်။

သောတသမ္ဖဿနှင့် ပုဏ္ဏကနတ်ဘီလူး

ဝေဿဝဏ် နတ်မင်းကြီး၏ တူဖြစ်သော ပုဏ္ဏက နတ်ဘီလူးသည် ဣရန္ဓတီ နဂါးပျိုမ၏ သီချင်းသံကိုကြားရသည့်အခါ ဖြစ်ပေါ်လာသော သောတသမ္ဖဿခေါ် နားအတွေ့သည် တကိုယ်လုံး ပျံ့နှံ့ပြီး ရိုးတွင်းခြင်ဆီကို ဆိုက်သည်ဟု ဝိဓူရဇာတ်တော်၌ လာရှိသည်။ သီဟိုဠ်ကျွန်း၌ ကြာအိုင်ကြီး တအိုင်တွင် ကြာဖူးချိုးနေသော မိန်းမပျိုလေးတစ်ဦး၏ သီချင်းသံကို ကြားရသဖြင့် ကောင်းကင်ပျံသမဏေမှာ ဖြစ်ပေါ်လာ

စာမျက်နှာ-25
သော နားအတွေ့ကြောင့် အတောင်ကျိုး၍ကျလာသော ငှက်ပမာ ဈာန်ကျိုး၍ မြေသို့ ကျရလေသည်။ ဃာနအတွေ့၊ ဇိဝှာအတွေ့တို့မှာလည်း ဤနည်းကို မှီ၍သိနိုင်ပေသည်။

ကာယသမ္ဖဿနှင့် ဣသိသိင်္ဂရသေ့

ရှေးအခါက ဣသိသိင်္ဂခေါ် ရသေ့လေးတစ်ပါးသည် ဈာန်ကစားလျက် (ဝါ) ဈာန်ချမ်းသာကို ခံစားလျက် ဟိမဝန္တာ၌ နေလေသည်။ ထိုရသေ့ကလေးသည် ကာသိတိုင်း ဘုရားလောင်းပုဏ္ဏား ရသေ့ကြီး၏သားဖြစ်၏။ သမင်ပျိုမတကောင်က ဘုရားလောင်းရသေ့ကြီး၏ ကျင်ငယ်စွန့်ရာ ဌာနရှိ ရသေ့ကြီးသုက်သွေးပေကျံလိမ်းကပ်နေသည့် မြက်များကို စားမိရာမှ ကိုယ်ဝန်ရှိကာ ထိုဣသိသိင်္ဂရသေ့ကလေးကို မွေးဖွားခဲ့ခြင်း ဖြစ်ပေသည်။

ဖခင်ရသေ့ကြီးသည် သားငယ်ကို ကြီးပြင်းအောင် မွေးမြူ၍ အရွယ်ရောက်လာသည့်အခါ “ဣသိသိင်္ဂ” ဟု နာမည်ပေးကာ ရသေ့ပြုပေးထား၏။ ထိုရသေ့ငယ်ကလေးကား ဟိမဝန္တာအရပ်၌ ကြီးပြင်းရ၍ အမျိုးသမီးများကို တခါတရံမျှ မမြင်ဖူး မတွေ့ဖူးပါချေ။ တချိန်က ဖခင်ကြီးခေါ်ဆောင်ပြသဖြင့် အမျိုးသမီးနှင့် ပုံသဏ္ဌာန်တူသည့် ပန်းမျှကိုသာ မြင်ဖူးတွေ့ဖူးပေသည်။ ဖခင်ရသေ့ကြီးက ဟိမဝန္တာမှာရှိသည့် ထိုပန်းများကို ပြသ၍ “လောကမှာ ဤပန်းများနှင့် ပုံသဏ္ဌာန်တူသည့် မိန်းမဆိုတာ ရှိတယ်၊ ထိုမိန်းမများရဲ့ အလိုကိုလိုက်တဲ့သူမှန်သမျှ အားလုံး ပျက်စီးလေ့ရှိကြတယ်၊ အဲဒီမိန်းမများရဲ့ အလိုကို ဘယ်အခါမှ မလိုက်ပါလေနဲ့ ငါ့သား” လို့ ဆုံးမထားခဲ့သည်။

ဖခင်ရသေ့ကြီး ဗြဟ္မာ့ပြည်လားပြီးနောက် ဣသိသိင်္ဂ ရသေ့လေးဟာ သီလအကျင့်ကို ပြင်းထန်စွာ ကျင့်ခဲ့လေသည်၊ ကျင့်သည့်အတွက် ဣန္ဒြေများလည်း အလွန်ရင့်ကျက်တည်ငြိမ်လျက်ရှိပေသည်။ ထိုရသေ့ငယ်၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ဘုံဗိမာန်တုန်လှုပ်လေသည်။ သိကြားမင်းက ဆင်ခြင်ကြည့်သည့်အခါ ရသေ့ကလေးကို တွေ့သည်။ “ဤရသေ့ငယ်သည် ငါ၏သိကြားမင်း စည်းစိမ်ကို လုယူမည့်ရသေ့ငယ်ဖြစ်သည်။ ထို

စာမျက်နှာ-26
ရသေ့ငယ်၏ သီလကို ဖျက်ဆီးမှတော်ပေမည်” ဟု ကြံစည်ပြီး မိမိ၏ အလုပ်အကျွေး နတ်သမီးများထဲမှ အလမ္ဗုသာ နတ်သမီးကို ရွေးချယ်ခေါ်ယူ၍ ရသေ့ငယ်ကလေး၏ သီလကို ဖျက်ဆီးရန် တာဝန်ပေးလိုက်လေသည်။

အလမ္ဗုသာနတ်သမီးကလေးသည် ဝတ်စားပြင်ဆင် တန်ဆာဆင်ယင်၍ ရသေ့ကလေး၏ ကျောင်းသင်္ခမ်းသို့ ရောက်လာခဲ့လေသည်။ ထိုအချိန်တွင် ရသေ့ကလေးမှာ နံနက်စောစော ရေမိုးချိုးကာ ဈာန်ချမ်းသာဖြင့် နေပြီးနောက် ကျောင်းသင်္ခမ်းမှ ထွက်ကာ မီးဖိုချောင်ကို တံမြက်စီးလှည်းနေခိုက်ဖြစ်သည်။ နတ်သမီးသည် မီးဖိုချောင်အပြင်မှ နတ်အသွင်ဖြင့် မိန်းမရိပ်ကို ပြ၏။ ရသေ့ကလေးမြင်သွား၍ စက္ခုသမ္ဖဿမျက်စိအတွေ့ကြောင့် ကျောင်းတံခါးဝသို့ ထွက်ကြည့်၏။ နတ်သမီးက အတန်ငယ် ဆုတ်ယောင်ပြု၍ မျှား၏၊ ရသေ့ကလေးမှာ တံခါးပြင်ပသို့ အနည်းငယ်ထွက်လာ၏၊ နတ်သမီးလည်း နောက်သို့ ဆုတ်ယောင်ပြုကာ မျှားပြန်၏။ စက္ခုအတွေ့သည် အားရှိလာ၍ ရသေ့ကလေးသည် နတ်သမီးကို လိုက်၍ တားလေသည်။ နတ်သမီးလည်း နောက်ဆုတ်ဟန်ပြုစဉ် ရသေ့ငယ်က အပြေးလှမ်း၍ ဖမ်းသည့်အခါ ရသေ့ငယ်ကို နတ်အတွေ့နှင့် ပွေ့ပိုက်၍ သီလပျက်စေလေသည်။

ထိုခဏမှာ သိကြားမင်းလာ၍ ထိုနေရာ၌ အကာအရံ ဖန်ဆင်းပေးရလေသည်။ ရသေ့ငယ်သည် နတ်သမီး၏ ဖောဋ္ဌဗ္ဗအတွေ့ကြောင့် သုံးနှစ်တိုင်တိုင် သတိမရဘဲ နတ်သမီးအတွေ့နှင့် နေရလေသည်။ နတ်သမီး၏ ဖောဋ္ဌဗ္ဗအတွေ့နှင့်ပင် အာဟာရကိစ္စလည်း ပြီးစီးလေသည်။ သုံးနှစ်ကြာ၍ နတ်သမီး လွှတ်လိုက်သည့်အခါမှ သတိရ၍ ကြည့်ရှုရာ သင်္ခမ်းကျောင်းမှာ တောခြုံပုပ္ပေါင်းများ ဖုံးလွှမ်းနေသည်ကို တွေ့ရလေသည်။ နတ်သမီးသည် မိမိကိုယ်ကို ကွယ်ပြီး ရသေ့ကလေး၏ အမူအရာကို အကဲခတ်နေ၏။ ရသေ့ကလေးသည် မိမိ၌ သီလသိက္ခာ၊ ဈာန်သမာပတ် အကုန်ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရ၍ ငိုကြွေးလေတော့သည်။

စာမျက်နှာ-27
ထိုအခါ နတ်သမီးသည် ကိုယ်ထင်ပြ၍ “ရှင်ရသေ့၊ ကျွန်တော်မ ပြုလို၍ ပြုရသည်မဟုတ်ပါ၊ သိကြားမင်း၏ အမိန့်အာဏာနှင့် ပြုရပါသည်၊ ကျွန်တော်မကို သည်းခံတော်မူပါ၊ ရှင်ရသေ့လည်း အားထုတ်မြဲ အားထုတ်တော်မူပါ၊ သီလသိက္ခာ၊ ဈာန်သမာပတ်ကို ရမြဲရပါလိမ့်မည်” ဟု ကန်တော့၍ နတ်ပြည်သို့ ပြန်လေသည်။ သိကြားမင်းလည်း အားရတော်မူ၍ “သင်အလိုရှိရာ အခွင့်ကိုတောင်းတော့” ဟု ဆို၏။ “တခြားအခွင့်ကို အလိုမရှိပါ၊ နောင်ရသေ့သူတော်ကောင်း၊ ရဟန်းသူတော်ကောင်းများကို ဖျက်ဆီးမှုမှ လွတ်ပါရစေ” ဟု ခွင့်တောင်းလေသည်။

မနောသမ္ဖဿ

မနောသမ္ဖဿဆိုသည်မှာ ဘဝင်ခိုက်မှု၊ နှလုံးခိုက်မှု သဘောမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်သော သူသည် တပ်နှစ်သက်ဖွယ်ကောင်းသူလေးကို အခါခါမြင်ခဲ့ရဖူး၏။ ထိုသူကလေးနှင့် ရင်းရင်းနှီးနှီး စကားပြောသော်လည်း ပြောခဲ့ဖူး၏။ ကိုယ်အင်္ဂါ ရောယှက်ခြင်းသို့လည်း ရောက်ခဲ့ဖူး၏။

နောက်ညအချိန်တွင် စိတ်ကူးယဉ်စရာ ကောင်းသည့် မှောင်မိုက်သော တိုက်ခန်းထဲတွင် တစ်ယောက်တည်း နေရသည့်အခါ ထိုအတိတ် အာရုံဟောင်းများကို ပြန်လည်စိတ်ကူး အာရုံပြုသော စိတ်ဝိညာဉ်များ ပေါ်လာကြ၏။ ထိုအခါ ဘဝင်ခိုက်မှုဟူသော မနောသမ္ဖဿတို့သည် ထိုအာရုံများနှင့် တွေ့ကြုံရောယှက်စဉ်ကကဲ့သို့ စက္ခုအတွေ့၊ သောတအတွေ့၊ ဃာနအတွေ့၊ ဇိဝှာအတွေ့၊ ကာယအတွေ့ အမျိုးမျိုးတို့ကို တဖန် မနောအတွေ့ဖြင့် တွေ့ဆုံပိုက်ကျုံး၍ အမျိုးမျိုးသော ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ကို လှုံ့ဆော်ထကြွ စေကုန်၏။

ဤသည်တို့ကား ဣဋ္ဌဖြစ်သော ဖဿခြောက်ပါးတို့ အာရုံခြောက်ပါး၌ ထိခိုက်ပုံ၊ တွေ့ထိပုံ သဘောများ ဖြစ်ပါသည်။

အနိဋ္ဌဖဿများ

အနိဋ္ဌအရာ၌ အလွန် ရွံရှာဖွယ် စက်ဆုပ်ဖွယ် ကောင်းသော အာရုံများကို မြင်ရသည့်အခါ စက္ခုအတွေ့မှ နှလုံးအတွေ့သို့ စိုက်၍ ပျို့ခြင်း၊ အံခြင်း၊ ကြောက်စရာ၊ ထိတ်-

ပဋိစ္စသမုပ္ပါဒဒီပနီ၊ ၇၇။

စာမျက်နှာ-28
လန့်စရာ အာရုံကိုမြင်ရ၍ စက္ခုအတွေ့မှ နှလုံးအတွေ့သို့ခိုက်၍ အထိတ်တလန့်ဖြစ်ခြင်း၊ လန့်၍ ထိတ်၍ သေဆုံးခြင်းတို့သည် စက္ခု (စက္ခုသမ္ဖဿ) ခိုက်မှုဖြစ်ပေသည်။

ထို့အတူ ကြောက်မက်ဖွယ်ကောင်းသံကို ကြားရ၍ လန့်ခြင်း ထိတ်ခြင်း၊ ခြင်္သေ့သံကိုကြားရ၍ တောသားအပေါင်းတို့ သေဆုံးခြင်း စသည်တို့သည် သောတအတွေ့ (သောတသမ္ဖဿ) ခိုက်မှုပေတည်း။ ကြွင်းသော ဃာနအတွေ့၊ ဇိဝှာအတွေ့၊ ကာယအတွေ့၊ မနောအတွေ့တို့ကိုလည်း ဤနည်းအတိုင်း သိနိုင်ပေသည်။

ဖဿစွမ်းရည်

လောက၌ အဆင်းသဏ္ဌာန်မှာ ကြည့်ရှု၍ ကောင်းသည်၊ မကောင်းသည်ဟု မျက်စိမှာ နှစ်ထွေ ဖြစ်ကြရသည်ကား စက္ခုသမ္ဖဿ၏ အစွမ်းဖြစ်သည်။ အဆင်းသဏ္ဌာန်ကိုမြင်ရ၍ ချစ်ခင်စုံမက်ဖွယ်၊ မုန်းဖွယ်၊ ပြင်းပြဖွယ်ဟု မျက်စိမှာ နှစ်ဆူ ဖြစ်ကြရသည်မှာလည်း စက္ခုသမ္ဖဿ၏ အစွမ်းပေတည်း။ နား၊ နှာ စသည်တို့၌လည်း ဤနည်းအတူပင် ဖြစ်လေသည်။ ဤသည်ကို ရည်၍ -

ခြောက်ပါးဖဿ၊ ဖြန်းဖြန်းထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နယ်သောအား၊ တွေ့ထိငြားက၊ ဤကားဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖော်အာရုံ၊ ရသဂုဏ်တို့၊ အကုန်ပေါ်ထွက်၊ ရွှန်းရွှန်းတက်၍၊ မက်ဖွယ်မုန်းဖွယ် အနှုန်းခြယ်သည် ... ခြောက်သွယ်ဖဿ စွမ်းရည်တည်း --

ဟု ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားခဲ့ပေသည်။

၃၂-မျိုး

အထက်ပါဖဿ ၆-မျိုးကား သဠာယတနပစ္စယာ ဖဿောဟူသော ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် -

၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၆။

စာမျက်နှာ-29
ဘုရားရှင်ဟောတော်မူထားသော ဖဿအမျိုးအစားဖြစ်ပါသည်၊ ဘုရားရှင်သည် ဤဖဿ ၆-မျိုးကို မျိုးတူရာပေါင်း၍ အကျဉ်းနည်းဖြင့် ဟောတော်မူထားခြင်း ဖြစ်သည်၊ အကျယ်အားဖြင့်မူ-

(၁) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှာဝိညာဏ်, ကာယဝိညာဏ်တို့နှင့် အတူဖြစ်သော စက္ခုသမ္ဖဿစသည့်ဖဿ ၅-ပါး၊

(၂) အဟိတ်အကုသလဝိပါက် စက္ခုဝိညာဏ်, စသည်တို့နှင့်အတူဖြစ်သော စက္ခုသမ္ဖဿစသော ဖဿ ၅-ပါး၊

(၃) ကျန်လောကီဝိပါက်ဝိညာဏ် ၂၂-ပါးနှင့်အတူ ဖြစ်သောမနောသမ္ဖဿ ၂၂-ပါး- ဟူ၍ ဖဿပေါင်း ၃၂-ပါးဖြစ်သည်။

ဖဿ ၈၉-မျိုး

ဖဿသည် ၃၂-ပါးသာ ရှိသည်မဟုတ်၊ သဗ္ဗစိတ္တသာဓာရဏစေတသိက်ဖြစ်သည့်အတိုင်း စိတ် ၈၉-ပါးလုံးနှင့် အမြဲတမ်း အတူဖြစ်နိုင်သဖြင့် တနည်းအားဖြင့် ဖဿပေါင်း (၈၉)ပါး ရှိပါသည်။

ဖဿ အကြောင်း အခြားသိကောင်းစရာများ

ဖဿကိုအာဟာရခေါ်ပုံ

သတ္တဝါများ ကြာရှည်လေးမြင့် တည်တံ့အောင် (ဝါ)အသက်ရှည်အောင် လွန်စွာ ဆောင်တတ်, လွန်စွာ အားပေးတတ်, လွန်စွာ ကျေးဇူးပြုတတ်သည့် အကြောင်းတရားများကို “အာဟာရ”ဟု ခေါ်ပါသည်။ (အာဟာရ = အကျိုးကိုဆောင်ယူတတ်သော အကြောင်းတရား)။

စာမျက်နှာ-30
ထိုအာဟာရအမည်ရသော တရားများသည် “ကဗဠီ၊ ဖဿ၊ မနောသန္ဓေ၊ ဝိညာဏေ၊ လေးထွေအာဟာရ” ဆိုသည့်အတိုင်း လေးပါးရှိကြောင်း နိဒါနဝဂ္ဂသံယုတ်ပါဠိတော် အာဟာရသုတ်၌ ဘုရားရှင် ဟောတော်မူထားပါသည်။ ထိုလေးပါးမှာ-

(၁) ဩဇာရုပ်ဟူသော ကဗဠီကာရအာဟာရ၊

(၂) ဖဿစေတသိက်ဟူသော ဖဿအာဟာရ၊

(၃) စေတနာစေတသိက်ဟူသော မနောသန္ဓေတနာအာဟာရ၊

(၄) စိတ် ၈၉-ပါး (ဝါ) ပဋိသန္ဓေဝိညာဏ်ဟူသော ဝိညာဏအာဟာရတို့ဖြစ်ပါသည် ။

ထိုလေးမျိုးတွင် ကဗဠီကာရ အာဟာရကို ရုပ်အာဟာရခေါ်၍ ဖဿအာဟာရ, မနောသန္ဓေတနာအာဟာရ, ဝိညာဏအာဟာရတို့ကို နာမ်အာဟာရ (၃)ပါးဟုခေါ်သည်၊ ထိုလေးပါးတို့အကျိုး အသီးသီးဆောင်ပုံမှာ-

ကဗဠီကာရ အာဟာရသည် ဩဇာရုပ်လျှင် ရှစ်ခုမြောက်ဖြစ်သော ဩဇာဋ္ဌမကရုပ်ဟူသော အကျိုးတရားကို ဆောင်သည်၊ ဖြစ်စေသည်။ ဖဿအာဟာရသည် ဝေဒနာသုံးပါးဟူသော အကျိုးတရားကိုဆောင်သည်၊ ဖြစ်စေသည်။

မနောသန္ဓေတနာအာဟာရသည် ဘဝသုံးပါးတို့၌ ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးတရားကို ဆောင်သည်၊ ဖြစ်စေသည်။

ဝိညာဏအာဟာရသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်ရုပ်တရားဟူသော အကျိုးတရားများကို ဆောင်သည်၊ ဖြစ်စေသည်။

၁။ သံ၊ ၁၊ ၂၅၃။ သံ၊ ဋ္ဌ၊ ၂၊ ၂၁၊

၂။ ဝိဘာဝိနီဋီကာ၊ ၂၂၄။

စာမျက်နှာ-31
ထိုနာမ်အာဟာရသုံးပါးတွင် ဖဿအာဟာရသည် ငှက်တို့၏နှုတ်သီးနှင့်တူ၏။ ငှက်စသောသတ္တဝါတို့သည်နှုတ်သီးဖြင့် အစာအာဟာရကို ယူ၍ မိမိခန္ဓာကိုယ်ကို မွေးမြူကြရသည်။ နှုတ်သီးမရှိချေသော် အာဟာရကို မရကြသဖြင့် သေဖွယ်ရာ ရှိကြသကဲ့သို့ သတ္တဝါတို့သည်လည်း ဖဿဖြင့်သာလျှင် အာရုံ၏အရသာတို့ကို ယူ၍ ဝေဒနာဟူသော ခံစားမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဖဿဖြစ်မှု မရှိခဲ့သော် အာရုံအရသာကို မယူနိုင် မရနိုင်သဖြင့် ခံစားမှုဝေဒနာများလည်း မပေါ်ပေါက်နိုင်ပေ၊ ထိုသို့ ဖဿသည် ဝေဒနာဟူသော အကျိုးတရားကို ဆောင်နိုင် ပေါ်စေနိုင်သောကြောင့် “အာဟာရ”ဟူသောနာမည်ကို ရခြင်းဖြစ်ပါသည်။

သံသရာကျင်လည်ရသော သတ္တဝါတို့၏ဘဝဆက် ရှည်ရာမှာ ဖဿအာဟာရဟူသော အတွေ့သာလျှင် အချုပ်အခြာဖြစ်၏၊ ဖဿမဖြစ်လျှင် ဝေဒနာလည်း မဖြစ်နိုင်။ ဝေဒနာမဖြစ်က တဏှာလည်း မရစ်ဝဲတော့သဖြင့် သံသရာပြတ်စဲဖို့သာရှိ၏။ ယခုမှာကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှုမိရာဝယ် ဖဿဟူသော အတွေ့ဓာတ်ဖြစ်ပေါ်လာသဖြင့် “ဖဿပစ္စယာ ဝေဒနာ”ဟူသည့် အတိုင်း ဣဋ္ဌအနိဋ္ဌအရသာကို ခံစားတတ်သော ဝေဒနာဖြစ်ပေါ်လာသည့်အတွက် တောင့်တမှုတဏှာများတိုးပွားလျက် ထိုအရသာမျိုးရနိုင်ဖို့ အကြောင်း ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကိုပြုကာ သံသရာဝဋ်ကြွေးတက်၍ ဘဝသက်ရှည်ရပြန်သည်။ ထို့ကြောင့် သံသရာတွင် ခန္ဓာအစဉ်ရှည်ဖို့ရာ ဖဿကံက ဆောင်ထားသဖြင့် ဖဿကို အာဟာရနာမည်နှင့် ဟောတော်မူခြင်းဖြစ်ပါသည်။

ဖဿကြောင့် အယူဝါဒ (ဒိဋ္ဌိ) အမျိုးမျိုး

ဤလောက၌ အယူဝါဒ အမျိုးမျိုး ရှိကြပုံ

အကြောင်းနှင့်အကျိုးသည် နှစ်ခုမပြား တခုတည်းသာဖြစ်၏ဟု ခံယူစွဲကိုင်ထားသူများ (ဧကတ္တဝါဒီ) ရှိကြသကဲ့သို့ အကြောင်းနှင့် အကျိုးသည် တစုံတရာ ဆက်စပ်မှုမရှိ၊ တသီးတခြားစီ အဆက်အစပ် မရှိဖြစ်နေကြသည်ဟု အယူဝါဒရှိသူများ (နာနာတ္တဝါဒီ) လည်း ရှိကြသည်။

၁။ သင်္ဂဟမဟာဋီကာ (လယ်တီ) ၃၄၇။

၂။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၅၇၂။

စာမျက်နှာ-32
အချို့က အရာရာကို ထာဝရဘုရားသခင်က ဖန်ဆင်းပေးသည်ဟု အယူရှိကြသည်။ (ဣဿရနိမ္မာနဝါဒီ) အချို့က ခန္ဓာကိုယ်ကြီး ပျက်စီး သေဆုံးသွားသော်လည်း အသက်ဝိညာဏ်ကောင်သည် ပျက်စီးသေဆုံးခြင်းမရှိ၊ အခြားခန္ဓာသစ်တခုသို့ ပြောင်းရွှေ့သွားသည်ဟုယူဆကြသော (သဿတဝါဒီ)၊ အချို့က ဘဝဆိုသည်မှာ မိခင်ဝမ်းဗိုက်မှ သင်္ချိုင်းအထိသာဖြစ်၍ သေလျှင်ပြတ်၏၊ နောက်ဘဝမရှိဟု ယူဆကြသူ (ဥစ္ဆေဒဝါဒီ) များလည်း ရှိကြပေသည်။

ဤသို့ကမ္ဘာတွင် အယူဝါဒအမျိုးမျိုး ပေါ်လာရခြင်းသည် “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ ဖဿဟူသော အကြောင်းရင်းကြောင့် ဖြစ်သည်ဟု သုတ်သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်၌ ဘုရားရှင်ဟောတော်မူထားပါသည်။ မှန်ပါသည် “တိဏ္ဏံ သင်္ဂတိ ဖဿော” ဟူသောဒေသနာတော်အရ ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးတို့ ဆုံမိသောအခါ၌ သတ္တဝါများသဏ္ဌာန်၌ ဖဿဓာတ်ပေါ်လာပါသည်။

ထိုဖဿဓာတ်သည် “ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ... ကြိတ်နယ်သောအား၊ စက်ရှိန်ဝါး၍ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည် အရည်မီးမီး၊ ယိုထွက်စီးသော်၊ ဓာတ်သီးခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်ပြူး၍” လင်္ကာလာသည့် အတိုင်း ကောင်းသော ဣဋ္ဌအရသာ၊ မကောင်းသော အနိဋ္ဌအရသာတို့ကို အရည်မီးမီး ယိုစီးထွက်သကဲ့သို့ ထင်ရှားပေါ်ထွက်အောင် အာရုံကို ဖိညှစ်ကြိတ်နယ်ပေး၏။ ထိုဖဿကြိတ်နယ်မှုကြောင့် အာရုံမှကောင်းသောအရသာ ပေါ်လာသောအခါ ထိုအရသာကို ဝမ်းသာစွာခံစားသည့် သုခဝေဒနာဖြစ်လာ၏၊ မကောင်းသော အရသာပေါ်လာသောအခါ ထိုအရသာကိုမသာမယာညှိုးနွမ်းစွာ ခံစားရသော ဒုက္ခဝေဒနာဖြစ်ပေါ်လာ၏။

စာမျက်နှာ-33
ထိုအခါ ချမ်းသာမှုကို တပ်မက်စွဲလမ်းခြင်း တဏှာ၊ ဆင်းရဲခြင်းမှ လွတ်မြောက်လိုခြင်း တဏှာဖြစ်လာ၏၊ ထိုတဏှာတို့ကို အရင်းခံကာ မိမိချမ်းသာတည်မြဲရေး လက်မလွှတ်ရေးတို့ကို အကူအညီ အကာအကွယ်ပေးမည့် အယူအဆဝါဒတခုကို တွေးတော ကြံစည်ကြတော့သည်။

ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ထားသူသည် မိမိလုပ်ဆောင်ချက်များကို ပျောက်ပျက်မသွားစေလိုပေ၊ ဤကောင်းမှုများကြောင့် အနာဂတ်တွင် ကောင်းကျိုးချမ်းသာကို ခံစားလိုပေသေးသည်၊ ထို့ကြောင့် အနာဂတ်ဘဝရှိခြင်းကို နှစ်သက်သဘောကျ၏၊ အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်းကို နှစ်သက်၏။

မကောင်းမှုများစွာကိုသာ ပြုလုပ်လွန်ကျူးထားသူသည် မိမိကျူးလွန်မှုများကြောင့် ဖြစ်ပေါ်လာမည့် အပြစ်ကို မခံယူလိုချေ၊ ထို့ကြောင့် အပြစ်ခံရမည့် နောက်ဘဝတခုရှိမှုကို မလိုလားပေ၊ အကြောင်းအကျိုး ဆက်စပ်မှုကို မလိုလားချေ။

သို့ဖြစ်၍ မိမိပြုခဲ့သော ကောင်းမှု၏ အကျိုးကို ခံစားလို၍ အနာဂတ်ဘဝရှိ၏ဟူသော အယူဝါဒ (သဿတဝါဒ)၊ မိမိပြုခဲ့သော မကောင်းမှု၏ အကျိုးကို မခံစားလို၍ အနာဂတ်ဘဝမရှိဟူသော အယူဝါဒ (ဥစ္ဆေဒဝါဒ) များကို တီထွင်ကြံဆကြ၏၊ လက်ခံယုံကြည်ကြ၏၊ ဤသို့အယူဝါဒမှန်သမျှသည် မိမိတွေ့ကြုံရမှု (ဖဿ) ကို အကြောင်းပြု၍ ပေါ်လာရခြင်းဖြစ်သည်။

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အာရုံ၏ထိခိုက်တွေ့ထိမှုဖဿကြောင့် ခံစားမှုဝေဒနာဖြစ်လာ၏၊ ထိုဝေဒနာကြောင့် တဏှာဖြစ်ပေါ်လာ၏၊ ထိုတဏှာကြောင့် ဒိဋ္ဌိ (ဥပါဒါန်) ဟူသော အယူဝါဒများ ဖြစ်ပေါ်လာရပေသည်။ အမှန်ဆိုရသော် ဖဿကြောင့် ပေါ်လာသော ဝေဒနာကို ငမ်းငမ်းတက် စုံမက်တွယ်တာသော တဏှာ၏ ပြင်းစွာ မွတ်သိပ်

စာမျက်နှာ-34
သော ဆာလောင်မှုကြောင့် ဒိဋ္ဌိလှိုင်းဂယက်ထ၍ တုန်လှုပ်ခြင်းသာ ဖြစ်ပေသည်၊ ထို့ကြောင့် ဖဿသည် ဒိဋ္ဌိ (ခေါ်) အယူဝါဒအမျိုးမျိုးပေါ်လာခြင်း၏ မူလအကြောင်းရင်း ဖြစ်လေသည်။

ဘေးဒုက္ခအပေါင်း၏အကြောင်းရင်း ဖဿ

သတ္တဝါတို့သည် ချမ်းသာ ခံစားမှုကို အလွန် စုံမက်ကြ၏၊ ချမ်းသာခံစားရေးအတွက် ချမ်းသာမှုပေးနိုင်မည့် အာရုံကို တွေ့ထိရန် အမြဲ ကြိုးပမ်းနေကြ၏။

လှပသော အဆင်းကို မြင်ရလျှင် ချမ်းသာမှု ဖြစ်ပေါ်၏၊ ထို့ကြောင့် လှပသော အဆင်းကို မြင်တွေ့မှု (စက္ခုသမ္ဖဿ) အတွက် ထိုအဆင်း ရူပါရုံ ရှိရာသို့ သွားရ၏၊ ထိုအဆင်းရူပါရုံ ရရှိရေးအတွက် ဒုက္ခခံကြရ၏၊ သာယာသော အသံကို ကြားတွေ့မှု (သောတသမ္ဖဿ)၊ မွှေးကြိုင်သောရနံ့ကို နံတွေ့မှု (ဃာနသမ္ဖဿ)၊ လျှာပေါ်၌ မြိန်မြိန်ကလေးတွေ့မှု (ဇိဝှာသမ္ဖဿ)၊ နူးညံ့သောအိပ်ရာ နေရာ အဝတ်အထည် ယောက်ျား မိန်းမ အတွေ့အထိ (ကာယသမ္ဖဿ)၊ စိတ်ကူးယဉ်ကြည်နူးမှု (မနောသမ္ဖဿ) ဤဖဿများ ဖြစ်ပေါ်ရေးအတွက် ကြိုးပမ်းနေစဉ် အဆုံးအပိုင်းအခြား မရှိသော ဒုက္ခများကို ခံစားနေကြရ၏။

မြင်တွေ့မှု၊ ကြားတွေ့မှု၊ နံတွေ့မှု၊ လျက်တွေ့မှု၊ ထိတွေ့မှု၊ စိတ်ကူးတွေ့မှုများ ဖြစ်ပေါ်လာရေးအတွက် ထိုထိုအာရုံများနောက်သို့ တကောက်ကောက် လိုက်နေကြ၏၊ ထိုသို့အာရုံများနှင့် ထိတွေ့နိုင်ရေးအတွက် တရားသဖြင့် ကြိုးပမ်းအားထုတ်၍ မရနိုင်သောအခါ ဖြတ်လမ်းမှ လိုက်၍ ခိုးဝှက်လုယက်၏၊ သူတပါး သားမယား ပြစ်မှား၏၊ ထိုအခါ ခိုးသူကို ပိုင်ရှင်တို့က ဖမ်းဆီးသတ်ဖြတ်ကုန်၏၊ အစိုးရမင်းတို့က အပြစ်ဒဏ်ခတ်၊ နှိပ်စက် ညှဉ်းဆဲကုန်၏၊ သေလွန်သောအခါ၌လည်း အပါယ်လေးပါးသို့ လားရ၏၊ ထို့ကြောင့် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘေးဒုက္ခအပေါင်းသည် ဖဿသာလျှင် အကြောင်းရင်းမူလ ရှိ၏။

၁။ ဒီ၊ ၁၊ ၃၈၊ ၄၁။ ဒီ၊ ဋ္ဌ၊ ၁၊ ၁၁၄။ ဒီ၊ ဋီ၊ ၁၊ ၁၈၁။ ဒီ၊ ဋီ၊ သစ်၊ ၄၆၀။

စာမျက်နှာ-35
သာသနာပ ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် သတ္တဝါတို့၏ချမ်းသာမှု ဆင်းရဲမှု၏ အကြောင်းရင်းကို အမျိုးမျိုးယူဆလာကြကုန်၏၊ အချို့သော ကမ္မဝါဒီ ပုဂ္ဂိုလ်တို့က သတ္တဝါတို့၏ ချမ်းသာ ဆင်းရဲဖြစ်ခြင်းသည် မိမိကြောင့်သာဖြစ်၏ဟုယူဆကြ၏၊ အချို့က မိမိကြောင့်ဖြစ်သည်မဟုတ်၊ သူတပါးကြောင့်သာဖြစ်၏ဟု ယူဆကြ၏၊ အချို့က မိမိသူတပါးအကြောင်း နှစ်မျိုးကြောင့်ဖြစ်၏ဟု ယူဆကြ၏၊ အချို့ကမူ အကြောင်းတရားကင်း၍ အလိုလို ဖြစ်၏ဟု ယူဆကြ၏။

ဗုဒ္ဓဘုရားရှင်၏အလိုတော်အရကား သတ္တဝါတို့၏ ချမ်းသာဆင်းရဲဖြစ်ရခြင်းမှာ မိမိ သူတပါးစသော အကြောင်းလည်းမဟုတ်၊ အကြောင်းကင်း၍လည်း ဖြစ်သည်မဟုတ်၊ အမှန်မူ ချမ်းသာမှု ဆင်းရဲမှုဟူသော အကျိုးတရားတို့သည် အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်ကြရ၏၊ ဖဿဟူသော အကြောင်းကြောင့်သာ ချမ်းသာမှု၊ ဆင်းရဲမှုဟူသော ဝေဒနာအမျိုးမျိုးတို့ ဖြစ်ပေါ်လာကြကုန်၏၊ ချမ်းသာမှု ဆင်းရဲမှုတို့၏ အရင်းခံအကြောင်းတရားကား ဖဿသာလျှင် ဖြစ်တော့၏။ ဖဿတွေ့ထိမှု မရှိပဲ ချမ်းသာဆင်းရဲမှုဟူသောမည်သည့်ဝေဒနာမျိုးမျှမဖြစ်ပေါ်နိုင်ချေ။

ဖဿကြောင့်စစ်ပွဲကြီးများဆင်နွှဲကြရခြင်း

ကောင်းမြတ်သော အဆင်း ရူပါရုံစသည်ဖြင့် တွေ့ထိမှု ဖဿဖြစ်သောအခါ သာယာသော ခံစားမှု သုခဝေဒနာဖြစ်၏၊ မကောင်းသော အဆင်းရူပါရုံ စသည်နှင့် တွေ့ထိမှုဖဿ ဖြစ်သောအခါ မသာယာသောခံစားမှု ဒုက္ခဝေဒနာ ဖြစ်ရ၏၊ ထိုသာယာသောခံစားမှု သုခဝေဒနာကို ပြင်းစွာတပ်မက်စွဲလမ်းခြင်း တဏှာဖြစ်ရ၏၊ မသာယာသော ခံစားမှု ဒုက္ခဝေဒနာ ဖြစ်ပေါ်ချိန်၌ ထိုဒုက္ခမှလွတ်မြောက်လိုမှုနှင့် သုခဝေဒနာကို ပြင်းစွာလိုလားတောင့်တမှု တဏှာဖြစ်၏၊ ထိုတပ်မက်စွဲလမ်းမှု တဏှာကြောင့် မိမိနှစ်သက်သော ရူပါရုံစသော အာရုံပစ္စည်းဝတ္ထုကို ရရှိရန် ရှာဖွေမှု (ပရိယေသန) ဖြစ်၏၊ ထိုသို့ရှာဖွေမှုကြောင့် ထိုအာရုံ

၁။ သံ၊ ၁၊ ၂၇၀။

စာမျက်နှာ-36
ပစ္စည်းဝတ္ထုများကိုရခြင်း (ပဋိလာဘ) ဖြစ်၏၊ ထိုရရှိလာသော အာရုံ ပစ္စည်းဝတ္ထု အစုစုတို့ကို ဤပစ္စည်းစုကား ငါ့အတွက်၊ ဤပစ္စည်းစုကား သူတပါးအတွက် ဖြစ်လတ္တံ့၊ ဤမျှသော ပစ္စည်းကို သုံးဆောင်အံ့၊ ဤမျှသော ပစ္စည်းကို သိုမှီးသိမ်းဆည်းထားအံ့စသည်ဖြင့် ကြံစည်ဆုံးဖြတ်မှု (ဝိနိစ္ဆယ) ဖြစ်၏၊ ထိုသို့ ဆုံးဖြတ်ပြီးသောအခါ မိမိသုံးဆောင်ခံစားမည့် ပစ္စည်းဝတ္ထုများကို သိုမှီးသိမ်းဆည်းထားမည့် ပစ္စည်းဝတ္ထုများအပေါ်၌ တွယ်တာတပ်မက်မှု (ဆန္ဒရာဂ) ဖြစ်၏။

ထိုသို့တွယ်တာတပ်မက်အပ်သော ပစ္စည်းဝတ္ထုတို့ကို ငါ့ပစ္စည်း ငါပိုင်ဟု အပြီးအပိုင်သိမ်းပိုက်မှု (ပရိဂ္ဂဟ) ဖြစ်၏။ ထိုသို့ ငါပိုင်သိမ်းပိုက်ပြီးသော ပစ္စည်းတို့ကို အခြားသူတို့နှင့် ဆက်ဆံမည်ကို သည်းမခံနိုင်မှု၊ ဤမျှထူးခြားကောင်းမွန်သော ပစ္စည်းဝတ္ထုတို့ကို မည်သူနှင့်မျှ ဝေခွဲ၍ မသုံးဆောင်လိုမှု၊ ငါတယောက်တည်း သုံးဆောင်မည် စသည်ဖြင့် နှမြောတွန့်တိုမှု ဝန်တိုမှု (မစ္ဆရိယ) ဖြစ်၏။ ထိုသို့ နှမြောတွန့်တိုမှုကြောင့် ဘဏ္ဍာတိုက် သေတ္တာစသည်တို့တွင် ထည့်သွင်းပိတ်ဆို၍ စောင့်ရှောက်မှု (အာရက္ခ) ဖြစ်၏။

ထိုသို့ ပစ္စည်းဥစ္စာများကို ငါပိုင်သိမ်းဆည်းစောင့်ရှောက်ရာတွင် ခိုးသားဓားပြရန် ကာကွယ်ရန် ဒုတ် ဓား စသော သေနတ် စသောလက်နက်စွဲကိုင်မှု၊ မိုက်ရိုင်းစော်ကားသော စကားများကို ပြောဆိုမှု၊ လိမ်လည်မှု၊ ကုန်းတိုက်မှု၊ သူပိုင်ငါပိုင် ငြင်းခုံမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ခိုက်ရန် ဖြစ်ပွားမှုများ စစ်ပွဲကြီးငယ်များအထိ ဖြစ်ပွားရလေသည်။ ပိုင်ဆိုင်မှုကို ချိုးဖောက်လုယက်သူနှင့် ပိုင်ဆိုင်မှုကို ခုခံကာကွယ်သူတို့၏ရန်ပွဲ နယ်မြေ ကျူးကျော်ရေး စစ်ပွဲများ နယ်မြေပိုင်ဆိုင်မှုအတွက် ခုခံရေးစစ်ပွဲများ ဝါဒစစ်ပွဲများ စသည်ဖြင့် အာရုံကိုထိမှုဖဿအစုကို အရင်းခံပြု၍ အတိုင်းမသိသော ယုတ်မာမှု အကုသိုလ်တရားများ ဖြစ်ပေါ်လာလေတော့သည်။

၁။ (ဒီ၊ ၂၊ ၅၀။ သုတ္တနိ၊ ၄၁၃-၅။ ဒီ၊ ဋ္ဌ၊ ၂၊ ၉၀။ မဟာနိ၊ ၁၉၆-၂၂၀။)

စာမျက်နှာ-37

ဖဿနှင့် ပဋိစ္စသမုပ္ပါဒ်

ဝိဘင်းပါဠိတော် ပဋိစ္စသမုပ္ပါဒ်ဝိဘင်း၌ ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဆက်နည်းကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း နည်းနှစ်ပါးတို့ဖြင့် ဝေဖန်ဟောကြားတော်မူပါသည်။

သုတ္တန်နည်းဖြင့် ဝေဖန်ဟောကြားရာ၌ “သဠာယတနပစ္စယာ ဖဿော - စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန” ဟူသော အာယတနခြောက်ပါးကြောင့် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှာသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ ဟူသော ဖဿခြောက်ပါးတို့ ဖြစ်ပေါ်လာကုန်၏။ “ဖဿပစ္စယာ ဝေဒနာ” ထိုဖဿ ခြောက်ပါးတို့ကြောင့် ဒွါရခြောက်ပါးတို့၌ ဝေဒနာ ခြောက်မျိုးတို့ ဖြစ်ပေါ်လာကုန်၏။

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်စေရန် ဖဿသည် အရေးကြီးသော ကွင်းဆက်ကြီးတခု ဖြစ်ပေသည်။ မီးပွတ်ဆုံ၌ ကျည်ပွေ့တပ်၍ ပြင်းစွာဖိနှိပ်မှုကြောင့် မီးနှင့်မီးပွားများ ပေါ်လာသကဲ့သို့ ဝတ္ထုအာရုံ ထိခိုက်မှုကြောင့် ဖဿဖြစ်ပေါ်လာ၏။ မီးပွင့်မီးပွားကြောင့် ပူလောင်မှု ဖြစ်ရသကဲ့သို့ ဖဿကြောင့် ခံစားမှုဝေဒနာ ဖြစ်ပေါ်လာ၏။

အဘိဓမ္မာနည်းအားဖြင့် ဝေဖန်ဟောကြားရာ၌ “နာမ ပစ္စယာ ဖဿော” မနောဝိညာဏဓာတ်ဟူသော နာမ်တရားကြောင့် ဖဿဖြစ်၏။ “သဠာယတန ပစ္စယာ ဖဿော” မနာယတနကြောင့် ဖဿဖြစ်၏။ “ဝေဒနာ ပစ္စယာ ဖဿော” ဝေဒနာကြောင့် ဖဿဖြစ်၏။ “ဖဿ ပစ္စယာ နာမံ” ဖဿကြောင့် မနောဝိညာဏဓာတ်ဖြစ်၏။ “ဖဿ ပစ္စယာ ဆဋ္ဌာယတနံ” ဖဿကြောင့် မနာယတနဖြစ်၏။ “ဖဿ ပစ္စယာ ဝေဒနာ” ဖဿကြောင့် ဝေဒနာဖြစ်၏၊ ဤသို့ အကြောင်းအကျိုး အပြန်အလှန် ဆက်စပ်ဟောကြားတော်မူ၏။

၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၇၆။

၂။ အဘိ၊ ဝိ၊ ၁၄၈။

စာမျက်နှာ-38
ဤသို့ သုတ္တန်နည်း အဘိဓမ္မာနည်း နှစ်မျိုးကွဲပြားရခြင်းမှာ သုတ္တန်နည်းသည် စိတ္တက္ခဏအားဖြင့် ရှေ့နောက် ကာလကွဲပြားသော တရားတို့ကို အကြောင်းအကျိုး ဆက်စပ်ပြခြင်းဖြစ်၍ အဘိဓမ္မာနည်းမှာမူ စိတ္တက္ခဏတခုအတွင်း၌ အတူဖြစ်ဖက်တရားများကို အနုစိတ်အကြောင်းအကျိုး ဆက်စပ်ပြခြင်းဖြစ်သောကြောင့် နည်းနှစ်ပါးမတူပဲ ကွဲပြားရပါသည်။

အဘိဓမ္မာနည်းအားဖြင့် အနုစိတ် အကြောင်းအကျိုး ဆက်စပ်ပုံကို ပို၍ရှင်းလင်းစေရန် ပဋ္ဌာန်းနည်း ကျေးဇူးပြုပုံကို ပြဦးအံ့။

ဖဿနှင့်ပဋ္ဌာန်း

“သဠာယတန ပစ္စယာ ဖဿော” ၌ ပဋ္ဌာန်းနည်းကြောင်းကျိုး ဆက်စပ်ဟန်ကား စက္ခုပသာဒ ရုပ်သည် စက္ခုဒွါရဖြစ်သော ဖဿအား နိဿယ၊ ပုရေဇာတ၊ ဣန္ဒိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိ ခြောက်ပါးတို့ဖြင့်ကျေးဇူးပြု၏၊ သောတ, ဃာန, ဇိဝှါ, ကာယပသာဒတို့၌လည်း ဤနည်းတူ သိအပ်၏။ မနာယတနဖြစ်သော လောကီဝိပါက် စိတ်သည် သမ္ပယုတ်ဖြစ်သော မနောသမ္ဖဿအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ပစ္စယသတ္တိကိုးပါးတို့ဖြင့် ကျေးဇူးပြု၏။

ရူပါရုံသည် စက္ခုသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဒါရုံစသည်၌လည်း ဤနည်းအတူပင် သိအပ်၏၊ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့သည် မနောသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ ဟူသော ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ အတိတ် အနာဂတ် ကာလဝိမုတ်ဖြစ်သော အာရုံခြောက်ပါးသည် မနောသမ္ဖဿအား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၈။ မူလဋီ၊ ၂၊ ၁၃၃။

စာမျက်နှာ-39
ဖဿပစ္စယာ ဝေဒနာ၌ ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုဟန်ကား- စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် မိမိယှဉ်ဖက်ဖြစ်သော ဝေဒနာ ငါးပါးအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိရှစ်ပါးဖြင့် အသီးသီးကျေးဇူးပြု၏။

စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သမ္ပဋိစ္ဆိုင်း၌ယှဉ်သော ဝေဒနာအား အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတဟူ၍ ပစ္စယသတ္တိငါးပါးတို့ဖြင့် ကျေးဇူးပြု၏။

စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သန္တီရဏ, တဒါရုံ၌ ယှဉ်သော ဝေဒနာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

မနောဒွါရဝီထိ၌ တဒါရုံ၌ယှဉ်သော မနောသမ္ဖဿသည် ထိုတဒါရုံ၌ယှဉ်သော ဝေဒနာအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူသော ပစ္စယသတ္တိရှစ်ပါးတို့ဖြင့် ကျေးဇူးပြု၏။

ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၌ယှဉ်သော မနောသမ္ဖဿသည် မိမိယှဉ်ဖက်ဝေဒနာအား ထိုနည်းအတူ ရှစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

မနောဒွါရာဝဇ္ဇန်း၌ ယှဉ်သော မနောသမ္ဖဿသည် တဒါရုံ၌ယှဉ်သော ဝေဒနာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဤကား နည်းရုံမျှ သဲလွန်စပြခြင်းဖြစ်၏။

ဖဿစေတသိက်ကို ရှေးဦးစွာဟောရပုံ

မဟာသံဃိကဂိုဏ်းဝါဒ (သို့မဟုတ်) မဟာအဋ္ဌကထာဝါဒ

အာရုံ၌ စိတ်ပထမဆုံးကျရောက်ခြင်း သဘောကို ဖဿဟုခေါ်၏။ ထို့ပြင် “ဖုဋ္ဌော ဘိက္ခဝေ ဝေဒေတိ၊ ဖုဋ္ဌော ဖုဋ္ဌော စေတေတိ၊ ဖုဋ္ဌော သဉ္ဇာနာတိ” ဖဿဖြင့် တွေ့ထိပြီးသော အာရုံကို ခံစား၏၊ လှုံ့ဆော်၏၊ မှတ်သား၏၊ ဟူသော ပါဠိတော်ကို ကိုးကား၍ အာရုံတခု ရှေးရှုထင်လာရာ၌ ဖဿသည် ရှေးဦးစွာဖြစ်၏။ ဖဿဖြစ်ပြီးမှ ဝေဒနာ၊ သညာစသော သမ္ပယုတ်တရားများ ဖြစ်ကြသည်။

၁။ အဘိ၊ဋ္ဌ၊၂၊၁၆၉။ ၁၇၀။ မူလဋီ၊၂၊၁၁၉။ ၁၂၀။ အနုဋီ၊၂၊၁၃၁၊ ၁၃၂။

၂။ သံ၊၂၊၂၉၁။

စာမျက်နှာ-40
ဤသို့လျှင် ဖဿသည် ယှဉ်ဖက်စေတသိက်တို့ထက် အလျင်စော၍ ပထမဖြစ်သောကြောင့် “တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဖဿကို ရှေးဦးစွာဟောခြင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။

ထို့ပြင်... နန်းပြာသာဒ်ကြီးတခု၌ တိုင်သာလျှင်ပဓာနဖြစ်၍ ထုပ် လျောက်ဒိုင်း, မြှားတန်းတို့သည် တိုင်ကိုမှီကြရ၍ တိုင်သည် အားကြီးသော အကြောင်းဖြစ်သကဲ့သို့ ထိုနည်းအတူ ဖဿနှင့်ယှဉ်ဖက် စေတသိက်တရားများသည် ဖဿက အာရုံကို ထိပေးမှသာလျှင် မိမိတို့လုပ်ငန်း အသီးသီးကို လုပ်ဆောင်နိုင်ကြသည်။

ထို့ကြောင့် သမ္ပယုတ်တရားအပေါင်းသည် ဖဿကိုမှီကြရ၍ ဖဿသည် ယှဉ်ဖက်စိတ်စေတသိက်တို့၏ အားကြီးသော အကြောင်း (ဗလဝပစ္စယ) ဖြစ်သည်။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဖဿကို ရှေးဦးပထမဟောခြင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။ ဤဝါဒနှစ်ခုကို အဘိဓမ္မာဝတာရဋီကာသစ်၌ မဟာသံဃိကဝါဒဟုဆို၍ အနုဒီပနီ၌ မဟာအဋ္ဌကထာဝါဒဟု ဆိုလေသည်။

ဤဝါဒကို အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသနှင့် အရှင်ဗုဒ္ဓဒတ္တတို့က မနှစ်သက်သဖြင့် ပယ်ခဲ့ကြသည်။

အဋ္ဌကထာဝါဒ

စိတ်တခုဖြစ်ပေါ်လာရာ၌ ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်တရားအားလုံးသည် တပြိုင်နက်ဖြစ်ပေါ် ချုပ်ပျက်ကြ၏။ ဖဿသည် ရှေးဦးဖြစ်၍ ဝေဒနာသည် နောက်မှဖြစ်သည် စသည်ဖြင့် ရှေ့နောက်ခွဲခြား၍ မရနိုင်ချေ။ ထို့ကြောင့် သမ္ပယုတ်တရားတို့ထက် ရှေးဦးစွာ ဖြစ်သောကြောင့် ဖဿကို ရှေးဦးစွာ ဟောတော်မူသည်ဟု ဆိုခြင်းမှာ ယုတ္တိမရှိချေ။

၁။ အဘိဓမ္မာဝတာရဋီ၊၁၊၂၈၉။

၂။ အနုဒီပနီ၊၈၂။

စာမျက်နှာ-41
ထို့ပြင် ဖဿသည် ဝေဒနာစသော တရားတို့၏ အားကြီးသောအကြောင်းတရား (ဗလဝပစ္စယ) ဖြစ်သည်ဟု ဆိုရန်မှာလည်း အကြောင်းပြချက်အထောက်အထား အခိုင်အမာမရှိချေ။ ထို့ကြောင့် သမ္ပယုတ်တရားအပေါင်း၏ အားကြီးသော အကြောင်းတရား (ဗလဝပစ္စယ) ဖြစ်သောကြောင့် ဖဿကို ရှေးဦးစွာ ဟောတော်မူသည်ဟု ဆိုခြင်းမှာလည်း ယုတ္တိမရှိဟု ပယ်ချခဲ့သည်။

ဖဿကို ရှေးဦးစွာ ဟောရခြင်း၏ အကြောင်းပြချက် တစုံတရာရှာရန် မလိုချေ။ ဟောရိုးဟောစဉ် (ဒေသနာက္ကမ) မျှသာ ဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်များမှာ ကျင့်စဉ်ဖြစ်စဉ် ဒေသနာစဉ် စသည်ဖြင့် အစီအစဉ်ထားနည်း အမျိုးမျိုးရှိသေးသည်။ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဝိသုဒ္ဓိစသည်ဖြင့် ဝိသုဒ္ဓိ ခုနစ်ပါးသည် အစဉ်အတိုင်း ကျင့်ရသော ကျင့်စဉ် (ပဋိပတ္တိက္ကမ) များဖြစ်ပါသည်။

ဂဗ္ဘသေယျကသတ္တဝါတို့အား ပဋိသန္ဓေအခါ၌ ကလလရေကြည်၊ အမြှုပ်၊ သားတစ်၊ အသားစိုင်စသော သတ္တာဟများသည် ဖြစ်စဉ် (ဥပ္ပတ္တိက္ကမ) များ ဖြစ်ပါသည်။ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ စသည်တို့သည် ဟောစဉ်များ (ဒေသနာက္ကမ) ဖြစ်ပါသည်။

ဖဿကအလျင်ဖြစ်၍ ဝေဒနာက နောက်မှဖြစ်ခြင်းကြောင့် ဖဿကို ရှေးဦးစွာဟောသည်မဟုတ်ပေ။ တသ္မိံ သမယေ ဝေဒနာ ဟောတိ၊ ဖဿော ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ စသည်ဖြင့် ဝေဒနာ သညာတို့ကို ရှေးကထား၍ ဟောလိုက ဟောနိုင်ပေသည်။ ဤသို့လျှင် ဒေသနာစဉ်အားဖြင့်သာ ဖဿကို ရှေးဦးစွာ ဟောတော်မူခြင်းဖြစ်၍ ရှေ့နောက်အစီအစဉ်ကို မရှာကြံသင့်ဟု ပယ်မြစ်ခဲ့လေသည်။

ဋီကာဝါဒ

အထက်ပါ ရှင်မဟာဗုဒ္ဓဃောသနှင့် အရှင်ဗုဒ္ဓဒတ္တ အဋ္ဌကထာဆရာကြီးများ၏ အယူအဆကို မနှစ်သက်သဖြင့်-

၁။ အဘိ၊ဋ္ဌ၊၁၊၁၅၀။ အဘိဝတာရ၊ ၂၁။

စာမျက်နှာ-42
ဖဿသည် ဝေဒနာ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) တရားဖြစ်သည်ဟူသော မဟာအဋ္ဌကထာ အယူဝါဒကို ဋီကာဆရာကြီးများက ထပ်ဆင့်ထောက်ခံ ဖွင့်ပြကြပြန်သည်။

ဖဿအပါအဝင်ဖြစ်သော စိတ်စေတသိက်တရားစုသည် အာရုံနှင့် တွေ့ထိသောအခါ တပြိုင်နက်တည်းဖြစ်ပေါ်ချုပ်ပျက်ကြသည်။ ဖဿကြောင့် ဖြစ်သော ဝေဒနာသည်လည်း တပြိုင်နက်တည်း ဖြစ်ကြပျက်ကြသည်။ သို့ရာတွင် အလင်းရောင်နှင့်ဆီမီးသည် တပြိုင်နက်ဖြစ်ပေါ်ကြသော်လည်း ဆီမီးသည် အလင်းရောင်၏ အကြောင်းထူး တခုဖြစ်သကဲ့သို့ ဖဿသည်လည်း ဝေဒနာ၏အကြောင်းတခု ဖြစ်သောကြောင့် ဖဿသည် ဝေဒနာထက် ရှေးဦးစွာ ဖြစ်သကဲ့သို့ ပြဆိုခြင်း ဖြစ်ပေသည်။

ဝေဒနာသည် စက္ခုစသောရုပ်တို့နှင့် ရံခါကင်း၍ ဖြစ်နိုင်၏။ ဝိတက် လောဘစသော အချို့သောယှဉ်ဖက် စေတသိက်များနှင့် ရံခါကင်း၍ လည်းဖြစ်နိုင်၏။ ဖဿနှင့်ကင်း၍မူကား ဝေဒနာသည် တကြိမ်တခါမျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ဖဿသည် ဝေဒနာ၏ အားကြီးသော အကြောင်း (ဗလဝပစ္စယ) ဟု ဆိုနိုင်သည်၊ ဖဿသည် ဝေဒနာအတွက်သာ အားကြီးသောအကြောင်းတရားမဟုတ်သေး၊ ယှဉ်ဖက်စေတသိက်တရား အားလုံးအတွက် အားကြီးသော အကြောင်းထူးတခု ဖြစ်ပေသည်။

စိတ်စေတသိက်တရားတို့မှာ တွေ့ထိသောအခြင်းအရာ ဖဿသာမရှိပါက အာရုံသည် ထိုစိတ်စေတသိက်တရားတို့အား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဖဿသည် ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားတို့အတွက် အားကြီးသော အကြောင်းထူးတခုဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ စိတ္တုပ္ပါဒ်ကို ဝေဖန်တော်မူသော မြတ်စွာဘုရားသည် ဖဿကို ပထမဆုံးထုတ်ဖော်ဟောကြားတော်မူသည်။

၁။ မူလဋီ ၁၊၁၆။ ဒီ၊ဋီ၊၁၊၁၇၂။ သီ၊ဋီ၊သစ်၊၁၊၄၆၀။

စာမျက်နှာ-43

အနုဒီပနီဝါဒ

လယ်တီဆရာတော်ဘုရားကြီးသည်လည်း မဟာအဋ္ဌကထာဝါဒကို ထောက်ခံရေးသားတော်မူခဲ့သည်။

အာရုံ၌ စိတ်ပထမဆုံးကျရောက်သောအခြင်းအရာသည် ဖဿစေတသိက်က အာရုံကို တွေ့ထိသည်မည်၏ဟု မဟာအဋ္ဌကထာဆရာ ပြဆိုခြင်းမှာ ဖဿက အခြားသောစေတသိက်တို့ထက် စော၍ ပထမဦးစွာ ဖြစ်ခြင်းကို ဆိုလိုသည်မဟုတ်။ ဖဿစေတသိက် အာရုံကို တွေ့ထိမှုကိစ္စက ပဓာနဖြစ်သောကြောင့် ပထမဖြစ်သည်ဟု ဆိုလိုသည်။

ဥပမာ-မနောပုဗ္ဗင်္ဂမာဟုဆိုရာ၌ စိတ်သည် စေတသိက်တရားတို့၏ ဦးစီးခေါင်းဆောင် ပဓာနဖြစ်မှုကို ရှေ့သွား (ပုဗ္ဗင်္ဂမ) ဟု ဆိုလိုသည်။ စိတ်သည် စေတသိက်တရားတို့ထက် အချိန်ကာလစော၍ ရှေးဦးစွာဖြစ်သည်ကို ရှေ့သွား (ပုဗ္ဗင်္ဂမ) ဟုဆိုလိုသည်မဟုတ်။ ဤနည်းတူ ဝေဒနာ၏ အာရုံအရသာခံစားမှု၊ သညာ၏ မှတ်သားမှုကိစ္စထက် ဖဿ၏ အာရုံကို တွေ့ထိမှုက ပဓာနကျသောကြောင့် ဖဿကို ရှေးဦးစွာ ဟောရခြင်းဖြစ်သည်။

ထို့ပြင် ဖဿ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဖြစ်ရာ၌ “ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာသုံးပါးတို့ကို အမည်သညာ ထုတ်ဖော်ပညတ်ရန်အကြောင်းတရားကား ဖဿသာလျှင်ဖြစ်၏” ဟု ဟောတော်မူခြင်းကြောင့် ဖဿ၏ အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဖြစ်ပုံမှာ သိသာလှပေသည်။ စိတ်သည် အာရုံကိုသိခြင်းသဘောအားဖြင့် အလုံးစုံသောစေတသိက်တို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သကဲ့သို့ ဖဿသည်လည်း အာရုံကို တွေ့ထိခြင်းသဘောအားဖြင့် ကြွင်းသော စေတသိက်တရားတို့၏ ရှေ့သွားဦးစီးခေါင်းဆောင်ဖြစ်သည် စသည်ဖြင့် ဖဿ၏ ရှေ့ဦးစွာဖြစ်ပုံ (ပထမာဘိနိပါတ) နှင့် အားကြီးသောအကြောင်း (ဗလဝပစ္စယ) ဖြစ်ပုံများကို ထောက်ခံထားပေသည်။

၁။ မ၊၃၊ပါ၊၆၇။

၂။ အံ၊၂၊၃၆၃။

စာမျက်နှာ-44

ဖဿကြောင့် သံသရာလည်ပုံ

ဝတ္ထု အာရုံ ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံထိခိုက်မှု ဖဿဖြစ်လတ်သော် ခံစားမှုဝေဒနာဖြစ်၏။ ဝေဒနာဖြစ်သည့်အခါ သာယာတပ်မက်မှု တောင့်တမှုတဏှာဖြစ်၏။ ထိုတပ်မက်မှုတဏှာကြောင့် ပြင်းစွာစွဲလမ်းမှု ဥပါဒါန်ဖြစ်၏။ ထိုဥပါဒါန်ကြောင့် ထိုအာရုံများကို တွေ့ထိခံစားနိုင်ရေးအတွက် ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကိုပြု၏။ ထိုကံကြောင့် ဘဝသစ်၌ ဆက်ကာဆက်ကာ ဖြစ်ရပြန်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကြောင်းရင်းကား ဖဿပင်ဖြစ်ပေသည်။

အာရုံကိုတွေ့ထိမှု ဖဿအရင်းခံ၍ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့ဖြစ်ရ၏။ ထိုတွင် သုခဝေဒနာကို သာယာစွဲလမ်းသောသူအား ရာဂါနုသယဖြစ်၏။ ဒုက္ခဝေဒနာကို ခံစားရသောအခါ စိုးရိမ်ပင်ပန်းရ၏၊ ရင်ဘတ်စည်တီး ငိုကြွေးရ၏၊ ထိုသူအား ပဋိဃာနုသယဖြစ်၏။ ဥပေက္ခာဝေဒနာခံစားရသော အခါ၌ ထိုဥပေက္ခာဝေဒနာ၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ လွတ်မြောက်ရာကိုလည်းကောင်း၊ ဟုတ်တိုင်းမှန်ရာမသိ ထိုသူအား အဝိဇ္ဇာနုသယဖြစ်၏။ ရာဂါနုသယ၊ ပဋိဃာနုသယ၊ အဝိဇ္ဇာနုသယတို့ကို မပယ်နိုင်လျှင် ဝဋ်ဆင်းရဲ၌ ရှည်ကြာဦးမည်သာ ဖြစ်ပေသည်။

ဖဿအာဟာရ၌ တပ်မက်မှုတဏှာဖြစ်လျှင် ဝိညာဏ်သည် ထိုဖဿ၌ ထောက်ရာတည်ရာရ၍ စည်ပင်ကြီးပွား၏။ ထိုအခါ (ဝိညာဏပစ္စယာ နာမရူပံ) အရ နာမ်ရုပ် နှစ်ပါးဖြစ်ပေါ်၏။ ထိုနာမ်ရုပ် ၂-ပါး၌ စေတနာ ကံသင်္ခါရတို့တိုးပွားလာ၏။ ကံသင်္ခါရတို့တိုးပွားလျှင် နောက်ဘဝ၌ ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှုစသည်တို့ ဖြစ်ပေါ်လာ၏။ ဥပမာအားဖြင့် ပန်းချီဆရာသည် အရုပ်ရေးရန် ဆေးရောင်စုံ ရှိသော်ငြားလည်း နံရံ ပျဉ်ချပ်-

၁။ အနုဒီ၊၈၂။

၂။ မ၊၃၊၃၃၃။

စာမျက်နှာ-45
အဝတ်စသော အောက်ခံကားချပ်ရှိပါမှ အင်္ဂါကြီးငယ် တင့်တယ်ပြည့်စုံသော ယောက်ျားရုပ် မိန်းမရုပ်စသည့်တို့ကို ဖန်ဆင်းရေးခြယ်နိုင်ပေသည်။ ထိုအတူ ဖဿရှိမှ တဏှာဖြစ်မည်၊ တဏှာဖြစ်မှ ဝိညာဏ်နာမ်ရုပ် စသော တရားများ ဆက်လက်ဖြစ်၍ သံသရာစက်လည်တော့သည်။

ဖဿကို ဟုတ်တိုင်းမှန်စွာ မသိသောကြောင့် ဖဿ၌တပ်မက်၏။ တပ်မက်မှုနှင့်ယှဉ်၍ တွေဝေလျက် သာယာမှုကို ရှုမြင်နေသောသူအား နောင်အခါဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဆည်းပူးစုံဆောင်းမိ၏။ ဘဝသစ်ကိုဖြစ်စေတတ်သော တပ်မက်မှု တဏှာရာဂသည် တိုးပွားလာ၏။ ကိုယ်စိတ်နှစ်ပါး ပူပန်ဆင်းရဲခြင်း တို့သည် တိုးပွားကုန်၏။

ဖဿက အာရုံကိုတွေ့ထိမှု မပြုလျှင် ခံစားမှုဝေဒနာ၊ မှတ်သားမှုသညာ၊ စေ့ဆော်မှုစေတနာ၊ သာယာတပ်မက်မှုတဏှာ အစရှိသော သံသရာရှည်ကြောင်း နာမ်တရားအပေါင်းသည် ဖြစ်ပေါ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် “နာမ်တရားတို့အစ ဖဿက၊ သံသရာလည်မှု ဖပြု” ဟုဆိုနိုင်ပေသည်။ ထို့ကြောင့် “ဖဿ သမုဒယာ သဗ္ဗေဓမ္မာ” ဟု ဟောတော်မူပေသည်။

ဖဿပြတ်က သံသရာအလည်ရပ်ပုံ

ဖဿချုပ်လျှင် ဝေဒနာချုပ်၏။ ဝေဒနာချုပ်လျှင် တဏှာ, ဥပါဒါန် ချုပ်ငြိမ်း၍ သံသရာဇာတ်သိမ်းပေပြီ။ ထိုတဏှာချုပ်ရာ ဌာနသည်လည်း ချစ်အပ်သော၊ သာယာအပ်သော ဖဿပင် ဖြစ်လေသည်။

ဖဿ၌ တပ်မက်စွဲလမ်းမှု တဏှာရာဂ မရှိသောအခါ ဝိညာဏ်သည် ထောက်တည်ရာမရှိတော့ချေ။ ထိုအခါ နာမ်ရုပ်နှစ်ပါး ဖြစ်ပေါ်ခြင်းမရှိနိုင် စေတနာ ကံသင်္ခါရ တို့သည်လည်း မတိုးပွားတော့ချေ။ ထိုသို့ ကံသင်္ခါရတို့-

၁။ အံ၊၁၊၃၂၅။

၂။ မ၊၃၊၃၃၅။

၃။ အံ၊၃၊၁၅၃။ ၂၄၁။

၄။ အဘိ၊၂၊၁၀၉။

စာမျက်နှာ-46
တိုးပွားခြင်း မရှိလျှင် ဘဝသစ်၌ ဖြစ်ခြင်း၊ နောက်ဘဝ၌ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း စသည်တို့ မဖြစ်တော့ပါချေ။ ဥပမာဆိုရသော် စုလစ်မွမ်းချွန် အထွဋ်တပ်ထားသော အိမ်၏ အရှေ့ဘက် လေသာပြုတင်းပေါက်ကို ဖွင့်ထားလျှင် အရှေ့မှ နေထွက်လာသောအခါ ပြုတင်းပေါက်မှ ထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်သည် အနောက်ဖက်နံရံ၌တည်၏။ အကယ်၍ထိုနံရံမရှိမူ ထိုနေရောင်သည်။ မဟာပထဝီမြေကြီး၌ တည်၏။ အကယ်၍ မြေကြီးမရှိမူ ရေ၌တည်၏။ အကယ်၍ရေမရှိမူ ထိုနေရောင်ခြည်သည် တည်ရာမရှိတော့ချေ။ ထို့အတူ ဖဿမဖြစ်လျှင် တပ်မက်မှုရာဂ မရှိ၊ တပ်မက်မှုမရှိလျှင် ဝိညာဏ်, နာမ်ရုပ်, သင်္ခါရ ဘဝသစ်၌ ဖြစ်ပေါ်မှုများ မရှိတော့ချေ။

ထိုသို့ မူလအကြောင်းရင်းဖြစ်သော ဖဿချုပ်ငြိမ်းလျှင် အကျိုးဆက်ဖြစ်သော ဝေဒနာတဏှာစသည်တို့ ချုပ်ငြိမ်းပုံကို ဤဥပမာဖြင့် သိအပ်၏။ ထင်းချောင်းနှစ်ချောင်း ပွတ်တိုက်လျှင် အပူဓာတ် မီးဓာတ် ဖြစ်ပေါ်လာ၏။ ထိုထင်းချောင်းကို တခြားစီထားလျှင် အပူဓာတ် ချုပ်ငြိမ်းသွား၏။ ဤနည်းတူ ဖဿမဖြစ်လျှင် ဝေဒနာစသည်တို့လည်း မဖြစ်တော့ချေ။

ဝေဒနာသည် ဖဿကို စွဲ၍ဖြစ်၏။ ထိုဖဿသည်လည်း အာယတန ၆-ပါး စသောအကြောင်းတရားကို စွဲ၍ဖြစ်သောတရားတည်း။ အကြောင်းတရားတို့သည် ပြုပြင်စီရင်အပ်သော သင်္ခတတရားတည်း။ ထို့ကြောင့် ဖဿသည် မမြဲသောအနိစ္စတရားဖြစ်၏။ အကြောင်း ဖဿမမြဲလျှင် အကျိုးဖြစ်သော ဝေဒနာသည် အဘယ်မှာမြဲအံ့နည်း။ ဤသို့ ဖဿ ဝေဒနာတို့၏မမြဲခြင်း၊

၁။ သံ၊၁၊၃၂၇။

၂။ သံ၊၂၊၄၁၆။

စာမျက်နှာ-47
ပျက်စီးခြင်း၊ ချုပ်ငြိမ်းခြင်း၊ တပ်မက်ဖွယ်မရှိခြင်း၊ စွန့်ပစ်စရာဖြစ်ခြင်းကို ရှုဆင်ခြင်သော ယောဂီပုဂ္ဂိုလ်အား ဖဿဝေဒနာတို့၌ တပ်မက်မှု (ရာဂါနုသယ) မကြေနပ်မှု (ပဋိဃာနုသယ)၊ တွေဝေမှု (အဝိဇ္ဇာနုသယ) တို့ကို ပယ်နိုင်၏။ ထိုပုဂ္ဂိုလ်သည် ဤခန္ဓာကိုယ် ပျက်စီးသေဆုံးသောအခါ ဤဘဝ၌ပင် အလုံးစုံသော ဝေဒနာတို့သည် ချုပ်ငြိမ်းလေပြီ။

ဤသို့လျှင် ဖဿချုပ်ငြိမ်းက ဝဋ်ဒုက္ခကုန်ဆုံး၍ သံသရာဆိတ်သုဉ်းလေတော့သည်။

၁။ သံ၊၂၊၄၁၅။

စာမျက်နှာ-48

ဝေဒနာ စေတသိက်

ဝေဒနာ=ခံစားခြင်း ခံစားပုံ (၃)မျိုး

(က) အာရုံ၏အရသာကို ခံစားတတ်သော သဘောသည်လည်းကောင်း၊

(ခ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများအား အာရုံ၏ အရသာကို ခံစားအောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း၊

(ဂ) အာရုံ၏ အရသာကို ခံစားကာမျှဖြစ်သော သဘောသည် လည်းကောင်း-

ဝေဒနာမည်၏။

(၁) ဝေဒနာစေတသိက်၏ သဘောလက္ခဏာ

ဝေဒနာသည် အာရုံ၏ အရသာကို ခံစားခြင်း သဘောလက္ခဏာရှိ၏။

ခံစားပုံ။ ။ခံစားခြင်းဆိုသည်မှာ... အာရုံနှင့် တွေ့ဆုံရသည့်အခါ အာရုံအလိုက် ကိုယ်စိတ်နှစ်ပါးတို့၌ ခံသာသည့်သဘော၊ မခံသာသည့်သဘောပင် ဖြစ်ပါသည်။ တွေ့ကြုံရသည့်အာရုံက ကောင်းသောအာရုံ (ဣဋ္ဌာရုံ)၊ မကောင်းသောအာရုံ (အနိဋ္ဌာရုံ) အလယ်အလတ် ရိုးရိုး အာရုံ (မဇ္ဈတ္တာရုံ) ဟု သုံးမျိုးရှိသောကြောင့် ထိုခံစားခြင်းသဘောသည်လည်း သုံးမျိုး ရှိပါသည်။

၁။ အဘိ၊ဋ္ဌ၊၁၊၁၅၂။ ဝိသုဒ္ဓိ၊၂၊၉၁။

စာမျက်နှာ-49
ယင်းသုံးမျိုးမှာ-

(၁) အာရုံကောင်းကို ခံစားသည့်သုခဝေဒနာ (သုခချမ်းသာကို+ ဝေဒနာ=ခံစားခြင်း) ၊

(၂) အာရုံဆိုးကို ခံစားသည့် ဒုက္ခဝေဒနာ ( ဒုက္ခ=ဆင်းရဲကို+ဝေ ဒနာ=ခံစားခြင်း) ၊

(၃) မကောင်းမဆိုး အလယ်အလတ် ရိုးရိုးအာရုံကို ခံစားသည့် ဥပေက္ခာဝေဒနာ (ဥပေက္ခာ=မကောင်းမဆိုး ရိုးရိုးအာရုံ ကို ခံစားခြင်း+ဝေဒနာ= ခံစားခြင်း)။ ဟူ၍ ဖြစ်ပါသည်။

တနည်းအားဖြင့် ကိုယ်၌ ခံသာသည့်သဘော, မခံသာသည့်သ ဘော၊ စိတ်၌ခံသာသည့်သဘော, မခံသာသည့်သဘောတို့ကို လိုက်၍ လည်းခံစားခြင်းသည် ငါးမျိုးရှိပါသည်၊ ယင်းငါးမျိုးမှာ--

(၁) ကိုယ်၌ ခံသာသည့်သဘော (သုခ ဝေဒနာ)

(၂) ကိုယ်၌ မခံသာသည့်သဘော (ဒုက္ခ ဝေဒနာ) ၊

(၃) စိတ်၌ ခံသာသည့်သဘော (သောမနဿ ဝေဒနာ)၊

(၄) စိတ်၌ မခံသာသည့် သဘော (ဒေါမနဿ ဝေဒနာ)၊

(၅) ခံသာ မခံသာ မရှိ၊ အလယ်အလတ် ရိုးရိုး အာရုံကို ခံစား သည့်သဘော (ဥပေက္ခာ ဝေဒနာ)၊ တို့ဖြစ်ပါသည်။

သုခဝေဒနာနှင့် သောမနဿဝေဒနာဖြစ်ပုံ

ယင်း ဝေဒနာစေတသိက် သည် ဒွါရခြောက်ပါးလုံး၌ ဖြစ်သော်လည်း ကာယဒွါရ၌ ဖြစ်ပုံမှာ အထူး သိသာထင်ရှားပေသည်၊ ထို့ကြောင့် ကာယဒွါရ၌ ဝေဒနာဖြစ်ပုံကို ရှေးဦးစွာ ပြဆိုပါမည်၊ မည်သူ မဆို ပူအိုက်နေစဉ် ခန္ဓာကိုယ်ကို ရေအေး လေအေးကလေးများနှင့်

စာမျက်နှာ-50
တွေ့ထိလိုက်ရသည့်အခါ၌ဖြစ်စေ၊ အလွန်ချမ်းအေးနေစဉ် မီးလှုံရခြင်း၊ စောင်ခြုံအနွေးထည် ဝတ်ဆင်ရသည့်အခါ၌ဖြစ်စေ၊ ရာသီဥတုသာယာသည့် အခါ၌ဖြစ်စေ၊ နူးညံ့အိစက်သည့်အိပ်ရာ၌ အိပ်စက်ရသည့်အခါ၌ ဖြစ်စေ၊ လေ ရေ မီးရှိန်, ဥတုငွေ့ အိပ်ရာနေရာတို့၏ အတွေ့ဖောဋ္ဌဗ္ဗာရုံသည် ကာယ ပသာဒရုပ်ကို ထိခိုက်၍ မနောဒွါရကိုပါ ထိခိုက်လေသည်။

ထိုအခါ ကာယပသာဒရုပ်အိမ်တွင် ခံသာသည့်သဘောများ ဖြစ်ပေါ် လာသလို မနောဒွါရခေါ်သောနှလုံးအိမ်တွင်လည်း ဝမ်းမြောက်ခြင်း ချမ်း သာခြင်း ကြည်နူးခြင်းဟု ဆိုရသော ခံသာသည့် သဘောများ ဖြစ်ပေါ် လာပေသည်၊ ထိုခံသာသည့် သဘောများကို သုခဝေဒနာဟု ခေါ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ် (ကာယပသာဒ)၌ ခံသာသည့် သဘောကို သုခဝေဒနာခေါ်၍ နှလုံးအိမ်၌ ခံသာသည့် သဘောကို သောမနဿဝေဒနာဟု ခေါ်ဆိုပါသေးသည်။

ယင်းသုခဝေဒနာများသည် ခြင်ဆီ အရိုးအကြော, အသား, အသွေး အရေတို့လည်းမဟုတ်၊ ထိခိုက်လာသည့် ဖောဋ္ဌဗ္ဗာရုံလည်း မဟုတ်ကြချေ၊ မီးခြစ်အိမ်နှင့် မီးခြစ်ဆံတို့ ထိခိုက်သည့်ကြားမှ ပေါ်လာသည့်မီးတောက် မီးပွားကဲ့သို့ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံတို့ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာ သော ဝေဒနာစေတသိက် နာမ်တရားပင် ဖြစ်ပါသည်။

ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာဖြစ်ပုံ

မည်သူမဆို မကောင်းသော အတွေ့ရှိသည့် မီး လေ နေပူ သစ် သံ ကျောက်စသော တစုံတခုနှင့်ထိမိ တိုက်ခိုက်မိသည့်အခါ ထိုအရာ ဝတ္ထုတို့၏ အတွေ့ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒရုပ်များကို ထိခိုက်၍ မနောဒွါရကို တိုက်ခိုက်လေသည်၊ ထိုအခါ ကာယပသာဒရုပ်တွင် နာကျင် ကိုက်ခဲခြင်း ညောင်းညာခြင်းပူလောင်ခြင်း,အေးစိမ့်ပြီး အခံရခက်ခြင်း

၁။ပရမတ္ထစက္ခု၊၁၄၈။

စာမျက်နှာ-51
ယားယံခြင်းစသည့် မခံသာသော သဘောများဖြစ်ပေါ်လာ၍ နှလုံးအိမ်၌ လည်း မနေသာမထိုင်သာခြင်း, စိတ်ဆင်းရဲခြင်း စသော မခံသာသ သဘောများ ဖြစ်ပေါ်လာလေသည်။ ထိုမခံသာသည့် သဘောများကို ဒုက္ခဝေဒနာဟု ခေါ်ပါသည်။

တနည်းအားဖြင် ခန္ဓာကိုယ်(ကာယပသာဒ)၌ ဖြစ်သော မခံသာသည့် သဘောကို ဒုက္ခဝေဒနာဟုခေါ်၍ နှလုံးအိမ် (မနောဒွါရ)၌ ဖြစ်သော မခံသာသည့် သဘောကို ဒေါမနဿဝေဒနာဟု ခေါ်ဆိုပါသေးသည်။ ဤသည်မှာ ပြင်ပ ဖောဋ္ဌဗ္ဗာရုံကြောင့် ဒုက္ခဝေဒနာ ဖြစ်ပုံဖြစ်ပါသည်။

ကိုယ်တွင်း ဖောဋ္ဌဗ္ဗာရုံကြောင့် ဒုက္ခဝေဒနာဖြစ်ပုံကို ဆက်လက် ရှင်းပြ ပါမည်။ ဥတုမညီညွတ်သည့် အတွက်ကြောင့်ဖြစ်စေ၊ ဣရိယာပုထ်မမျှတ သည့်အတွက်ကြောင့်ဖြစ်စေ၊ မသင့်သော အစာအဟာရကြောင့်ဖြစ်စေ၊ သံကျောက် လက်နက်စသော မာသည့် အရာဝတ္ထုတခုနှင့် ထိခိုက်မိသော ကြောင့်ဖြစ်စေ ကိုယ်တွင်း အဇ္ဈတ္တတေဇောဓာတ် ပျက်သွားလေသည်။ ယင်း တေဇောဓာတ် ပျက်သည် ဝါယောဓာတ်ကိုဖြစ်စေ၍ တေဇော ဝါယောဓာတ်ပျက်အငွေ့အရှိန်ဖောဋ္ဌဗ္ဗာရုံဖြစ်လာ၏၊ ယင်းဓာတ်ပျက်အငွေ့ အရှိန်ဖောဋ္ဌဗ္ဗာရုံသည် ဓာတ်တပါးကိုလည်း ဖောက်ပြန်ပျက်ပြားစေ၏၊ ကိုယ်လုံးရှိ ကာယပသာဒရုပ်များကို ထိခိုက်၍ မနောဒွါရကိုလည်း ထိခိုက်၏။

ထိုအခါ ကိုယ်ခန္ဓာ(ကာယဒွါရ)၌ အောင့်,ကိုက် နာကျင်ခြင်းစသော မခံသာသည့် သဘောဖြစ်ပေါ်လာသကဲ့သို့ နှလုံးအိမ် (မနောဒွါရ)၌ လည်း ဆင်းရဲပင်ပန်းစွာ မနေသာ,မထိုင်သာ,မခံသာသည့် သဘောများ ဖြစ်ပေါ်လာလေသည်။

ယင်း တေဇော, ဝါယောဓာတ်ပျက်အငွေ့အရှိန် ဖောဋ္ဌဗ္ဗာရုံသည် ဦးခေါင်း မျက်စိ, နား, သွား ခါး ဝမ်း, ရင် အကြောအချဉ်စသည် တို့ကို ထိခိုက်တိုးဝှေ့ခဲ့ပါက ခေါင်းခဲနာ, မျက်စိနာ, နားနာ, သွားနာ,

စာမျက်နှာ-52
ခါးနာ ဝမ်းနာ ရင်နာ ညောင်းကိုက်သည့်အနာစသော ရောဂါအမျိုးမျိုး ဖြစ်ပေါ်လာ၏၊ ထိုဖောဋ္ဌဗ္ဗာရုံသည် တခုတည်းသောနေရာ၌ ထိခိုက်စုဝေး ၍ အသွေးအသားဟူသော ဓာတ်တပါးကို ပျက်ပြားစေခဲ့သော် အနာ ပေါက်သည်ဟု ဆိုရပြန်လေသည်၊ ဤသို့စသည်ဖြင့် ဆိုးဝါးသော ဖောဋ္ဌဗ္ဗာရုံကြောင့် မခံသာသည့် ဒုက္ခဝေဒနာများဖြစ်ပေါ်လာရလေသည်။

မနောဒွါရ၌ ဝေဒနာသုံးမျိုးဖြစ်ပုံ

မနောဒွါရဟုခေါ်သော စိတ်ထဲ၌ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဖြစ်ပေါ်လာပုံမှာ ရှေးကခံစားရခဲ့ဖူးသော ဝမ်းသာကြည်နူး ဖွယ် ကောင်းသည့် အာရုံများကိုဖြစ်စေ၊ ခံစားရမည့် အာရုံကောင်းများ ကိုဖြစ်စေ စဉ်းစား စိတ်ကူးသည့်အခါ၌ စိတ်ထဲတွင် ရွှင်လန်းဝမ်းသာမှု၊ ချမ်းသာမှု သုခဝေဒနာများ ဖြစ်လာပါသည်။

တွေ့ကြုံပြီး တွေ့ကြုံရလတ္တံ့ သော စိတ်ညစ်စရာ, စိတ်ပျက်စရာ, ဝမ်းနဲ စရာ, လွမ်းဆွတ် ဆွေးစရာ, ကြောက်လန့်စရာ စသည့် အာရုံဆိုးများကို စဉ်းစား စိတ်ကူးမိသည့်အခါ၌ စိတ်ထဲတွင် နှလုံးမသာယာမှု ဆင်းရဲ ညှိုးနွမ်းမှု ဒုက္ခဝေဒနာများ ဖြစ်လာပါသည်။

ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မမည်၊ အလယ်အလတ်၌ တည်သော သာမန်ရိုးရိုး အကြောင်းအရာများကို စဉ်းစားကြံစည်နေ သည့်အခါ၌မူ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာများ ဖြစ် ပေါ်လာပါသည်။

စက္ခုဒွါရစသည်၌ ဝေဒနာသုံးမျိုးဖြစ်ပုံ

နှစ်သက်မြတ်နိုးဖွယ် ကောင်း သည့် အာရုံကောင်းများကို မြင်ရ ကြားရ နံ စားရသည့်အခါ ကောင်းသည့်ခံစားမှု သုခဝေဒနာ များ ဖြစ်ပေါ်လာသကဲ့သို့ မလိုချင်ဖွယ်, စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် အာရုံဆိုးများကို မြင်ရ ကြားရ နံ စားရသည့်အခါ၌လည်း မခံသာ သည့် (ဝါ) ဆင်းရဲသည့် ဒုက္ခဝေဒနာများ ဖြစ်ပေါ်လာပေသည်။

စာမျက်နှာ-53
မကောင်းမဆိုး အလယ်အလတ်ရိုးရိုး မြင်နေကျ ကြားနေကျ နံနေကျ စသည့် အာရုံတို့ကို မြင် ကြားရ နံစားရသည့်အခါ၌ ကောင်းသည့်သဘော, မကောင်းသည့်သဘော ခံသာသည့်သဘော မခံသာသည့်သဘောများ မထင်ရှားချေ၊ သို့သော် အာရုံကို ခံစားကာမှ သဘောကား ရှိပေသည်၊ ယင်းကဲ့သို့ မကောင်းမဆိုး ရိုးရိုးအလယ်အလတ် ခံစားမှုသဘောသည် ဥပေက္ခာဝေဒနာပင် ဖြစ်ပါသည်။

သုတ္တန်နှင့် အဘိဓမ္မာ

အထက်တွင် စက္ခုဒွါရ စသော ဒွါရခြောက်ပါး လုံး၌ ဝေဒနာသုံးမျိုးလုံး ဖြစ်ပုံကိုဖော်ပြထားခြင်း မှာ သုတ္တန်ဒေသနာတော်များအရ ဖော်ပြခြင်း ဖြစ်ပါသည်၊ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်ဆဆက္ကသုတ်စသည်၌ မြင်ခိုက် ကြားခိုက် နံခိုက် စသည်တို့၌ ဝေဒနာသုံးမျိုးလုံး ဖြစ်ပုံကို ဘုရားရှင်ဟောတော်မူ ထားပါသည်၊ သို့ရာတွင် အဘိဓမ္မာဒေသနာ၌မူ စက္ခုဒွါရစသည်၌ မြင်သိ စိတ် စသည်တို့ ဖြစ်လာသည့်အခါ ယင်းမြင်သိစိတ် စသည်နှင့်အတူ ယှဉ်တွဲ ပါရှိသည့်ဝေဒနာမှာ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်၊ ဥပေက္ခာ ဝေဒနာသာ ဖြစ်သည်၊ သုခဝေဒနာနှင့် ဒုက္ခဝေဒနာတို့သည် ကာယဒွါရ၌ ဖြစ်သည့် တွေ့သိစိတ် (ကာယဝိညာဏ်) နှင့် သာ ဖြစ်သည်ဟု ဟောတော် မူထားပါသည်။

သို့ဖြစ်၍ ဤနေရာတွင် သုတ္တန်နှင့် အဘိဓမ္မာ မညီသကဲ့သို့ ရှိနေပါ သည်၊ အမှန်စင်စစ် အဘိဓမ္မာဒေသနာတွင် စက္ခုဝိညာဏ် (မြင်သိစိတ်) ဖြစ်ခိုက်ကို ရည်ညွှန်းဟောထားခြင်းဖြစ်၍ သုတ္တန်ဒေသနာ၌မူ စက္ခု ဝိညာဏ် ခေါင်းဆောင်သော စိတ်ဖြစ်စဉ် (စက္ခုဝိညာဏာဝီထိ)တွင် ပါဝင် သော ဇောအခိုက်အတန့်ကို ရည်ညွှန်းဟောထားခြင်း ဖြစ်ရကား တရား တော်နှစ်ခု ညီညွတ်ပါသည်၊ ဇောအခိုက်၌မူ ဝေဒနာသုံးမျိုးလုံး ဖြစ်နိုင် ပါသည်။

၁။ အနတ္တလက္ခဏသုတ် တရားတော်ကြီး၊ ၃၅။

စာမျက်နှာ-54

၂။ ဝေဒနာ၏ ဆောင်ရွက်မှုကိစ္စ(ရသ)

ဝေဒနာစေတသိက်သည် အာရုံ၏အရသာခံစားမှုကို ဆောင်ရွက်သည်။ ဤ၌ ဝေဒနာစေတသိက်၏ သဘောလက္ခဏာနှင့် ဆောင်ရွက်မှုကိစ္စ (ရသ) တို့သည် “အာရုံ၏ အရသာကို ခံစားမှု” တခုတည်းဖြစ်၍ တူညီကြသည်၊ သို့ဖြစ်၍ ဝေဒနာ၏ ရသကို မရှင်းပြတော့ပါ၊ လက္ခဏာ ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း မှတ်သားရန် ဖြစ်ပါသည်၊ သို့ရာတွင် လက္ခဏာပိုင်းတွင် မပါရှိသေးသည့် အဓိပ္ပာယ်များကိုမူ ဤရသပိုင်းတွင် ဖြည့်စွက်ရှင်းလင်း ရေးသားပါမည်။

ဝေဒနာစေတသိက်သည် အာရုံ၏အရသာကို ခံစားသည်ဟု ဆိုခြင်း မှာ-သာမန်အားဖြင့် ဆိုခြင်းဖြစ်ပေသည်။ အထူးအားဖြင့်ကား- သုခ ဝေဒနာသည် အာရုံကောင်းကိုခံစား၍ ဒုက္ခဝေဒနာက အာရုံဆိုးတို့ကို ခံစားခြင်းကိစ္စကို ဆောင်ရွက်သည်၊ ဥပေက္ခာဝေဒနာကမူ မကောင်း မဆိုး သာမန်ရိုးရိုးအာရုံကို ခံစားကာမျှ သဘောဖြစ်ပါသည်။ ဤနေရာ၌ ထိုဝေဒနာသုံးပါးတို့ ဖြစ်ပေါ်ခံစားပုံကို ဥပမာပုံဆောင်၍ ဆက်လက် ရှင်းပြပါမည်။

သုခဝေဒနာနှင့် သောရေယျသဌေးသား

ဗုဒ္ဓရှင်တော်ဘုရား သက် တော်ထင်ရှားရှိစဉ်အခါက သောရေယျမြို့၌ သောရေယျအမည်ရှိသော သဌေးသားတဦး ရှိပါသည်၊ မိဘများနှင့်အတူနေသော်လည်း အိမ်ထောင်သည်ဖြစ်၍ သားနှစ်ယောက် ဖခင်ဖြစ်ပါသည်၊ တနေ့တွင် သောရေယျ သဌေးသားသည် သူငယ်ချင်း တယောက်ကိုခေါ်၍ ယာဉ်စီးကာ အခြံအရံများနှင့် ရေကူးရန် မြို့မှ ထွက်လာခဲ့၏၊ ထိုအချိန်တွင် အရှင်မဟာကစ္စည်းမထေရ်သည် သောရေယျ မြို့တွင်းသို့ ဆွမ်းခံဝင်ရန် မြို့ပြင်တွင်သင်္ကန်းရုံနေခိုက် ဖြစ်သည်။

၁။ အဘိ၊ ဋ္ဌ၊၁၊ ၁၅၂။

၂။ ဓမ္မပဒဋ္ဌ၊၁၊ ၂၀၇။

စာမျက်နှာ-55
အရှင်မဟာကစ္စည်းမထေရ်ကား အလွန်ချောမောလှပ၏၊ အသားအရေမှာ ရွှေအဆင်းကဲ့သို့ ဝါဝင်းနေသည်၊ သောရေယျ သဌေးသားသည် မြို့ပြင် အထက်တွင် အရှင်မဟာကစ္စည်းမထေရ်ကို ရုတ်တရက် မြင်လိုက်ရာ နှလုံး သားတွင် တမျိုးခံစားလိုက်ရ၏၊ စိတ်နှလုံး ချမ်းမြေ့သွား၏၊ ကြည့်လို့ မြင်လို့မဝအောင် ဖြစ်၏၊ ယင်းကဲ့သို့ သောရေယျ သဌေးသားသန္တာန်၌ ကြည့်လို့ မြင်လို့ကောင်းခြင်း, စိတ်ချမ်းသာခြင်းသည် သုခဝေဒနာပင် ဖြစ်သည်။

ယင်းသို့ သုခဝေဒနာဖြစ်ပေါ်ပြီးမှ “ဝေဒနာ ပစ္စယာ တဏှာ”ဆိုသည့် ပဋိစ္စသမုပ္ပါဒ် တရားတော်အတိုင်း ထိုအရှင်မဟာကစ္စည်း မထေရ်ကဲ့သို့ ချောမောလှပသူမျိုးကို လိုချင်ခြင်း၊ အရှင်မဟာ ကစ္စည်းမထေရ်ကိုပင် လိုချင်ခြင်းဆိုသည့် တဏှာ ဖြစ်ပေါ်လာသည်၊ ထို့ကြောင့် သောရေယျ သဌေးသားသည် “ဒီမထေရ်သည် ငါ့အမျိုးသမီးဖြစ်ယင် ကောင်းမှာပဲ ငါ့အမျိုးသမီးဟာ ဒီမထေရ်လို လှပချောမောယင် သိပ်ကောင်းမှာပဲ” လို့ စိတ်ထဲတွင် ပြစ်မှားမိလိုက်သည်၊ ဤသို့ ရဟန္တာမထေရ်မြတ်ကို ပြစ် မှားမိတဲ့မနောကံကြောင့် သောရေယျသဌေးသားမှာ ယောင်္ကျားဘဝမှ မိန်းမဘဝသို့ ချက်ခြင်း ပြောင်းလဲသွားရလေသည်။

ပဋာစာရီသဌေးသမီးနှင့်ဒုက္ခဝေဒနာ

ပဋာစာရီသဌေးသမီးဆိုလျှင် ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိကြပါသည်၊ ပဋာစာရီသဌေးသမီး ခံစားရသည့် ဒုက္ခဝေဒနာဒဏ်ချက် ကား အလွန်ပြင်းထန်လှပါသည်၊ အဝတ်မကပ် ရူးသွပ်သည့်ဘဝသို့ရောက် သည့်အထိ ဒုက္ခဝေဒနာကို ခံစားရသည်၊ သူသည် ဒုတိယသားကို မွေး ဖွားရန်အတွက် မိဘဆွေမျိုးများထံ ပြန်လာစဉ် လမ်းတွင်လေကြီးမိုးကြီး မိပြီး အားကိုးရာလင်ယောက်ျားမှာမြွေကိုက်ခံရ၍သေဆုံးသွားရရှာသည်၊ မိဘများထံ ဆက်လက်ပြန်လာသည့်အခါ မှာလည်း လမ်းတွင်ဖွားပြီးစ သားငယ်ကို စွန်ချီသွား၍ သားကြီးမှာ ရေထဲမျောပါ သွားပြန်သည်၊

၁။ ဓမ္မပဒ၊ဋ္ဌ၊ဝ၊၄၃၇။

စာမျက်နှာ-56
နောက် လွန်ခဲ့တဲ့ညကပင် မိဘနှစ်ပါးနှင့် မောင်ဖြစ်သူပါ သုံးယောက်လုံး အိမ်ပိသေဆုံးသွားသည့်သတင်းကို ကြားရပြန်သည်၊ ထိုအခါ ပဋာစာရီ မှာ အဝတ်မကပ် ရူးသွပ်သည့်ဘဝသို့ ရောက်သွားရရှာသည်၊ ဤသို့ ဒုက္ခ ဝေဒနာဖြစ်ပေါ်ပုံသည် ပဋာစာရီသဌေးသမီး၌ အလွန်ထင်ရှားသိသာ ပါသည်။

ဥပေက္ခာဝေဒနာနှင့် မဟာသင်္ခပုဏ္ဏား

စိတ်ချမ်းသာသည်လည်း မဟုတ်၊ စိတ်ဆင်းရဲသည် လည်းမဟုတ်, ဝမ်းသာသည်လည်းမဟုတ်, ဝမ်းနည်းသည်လည်းမဟုတ်ပဲ မထင်မရှား ခံစားရသည့် ဝေဒနာကား ဥပေက္ခာဝေဒနာဖြစ်သည်။

အကုသိုလ်အရာတွင် စိတ်မပါပဲ ဝတ်ကျေတန်းကျေ ပြုလုပ်ရသည့် မကောင်းမှုမျိုး၊အလှူဒါနပြုရာတွင် ပင်ကိုယ်က သဒ္ဓါတရားနည်းပါးသော် လည်း အများလုပ်၍ မနေသာ မလွှဲသာသည့်အတွက် ရောက်ပြုလုပ်ရ သောကုသိုလ်မျိုး၊ပင်ကိုယ်က သဒ္ဓါတရားကောင်းသူ ဖြစ်ပါသော်လည်း မိမိဘာသာသဒ္ဓါ ပြုရသည်မဟုတ်ပဲ မနေသာအောင် သူတပါးတို့က ပြော ဟောသဖြင့် ငါးမူး တကျပ် နှစ်ကျပ်စသည်တို့ကို အောင့်အည်း ပါဝင်လှူ ဒါန်းရသည့် ကုသိုလ်မျိုး၊အမိအဖညီအစ်ကို မောင်နှမတို့သေ၍ မလွှဲသာ မရှောင်သာပဲ ပြုရသည့် ကုသိုလ်မျိုးတို့သည် ဥပေက္ခာဝေဒနာ ကုသိုလ် မျိုးဖြစ်သည်။

သီလကုသိုလ်ခံယူရာတွင် သူတပါးအလှူပွဲ၌ တခါတရံ စိတ်မပါလှပဲ အများနှင့်တွဲ၍ ခံယူဆောက်တည်ရသော ငါးပါးသီလမျိုး၊ သူတပါးတိုက် တွန်းလွန်းသဖြင့် စိတ်မပါ့တပါ ခံယူဆောက်တည်ရသော ဥပုသ်သီလမျိုး၊ မိဘဆရာသမားတို့၏ ဝေယျာဝစ္စများကို ဝမ်းဝယ်မဖြောင့် စိတ်မှာ ဆောင့်၍ ဆောင်ရွက်ရသည့် သီလကုသိုလ်မျိုးတို့သည်လည်း ဥပေက္ခာ ဝေဒနာကုသိုလ်မျိုးဖြစ်ပါသည်။

စာမျက်နှာ-57
ဘာဝနာကုသိုလ်အရာ၌လည်း ပျင်းပျင်းရှိရှိနှင့် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာရေးသုံးပါးကို ပွားများခြင်း၊ရတနာသုံးပါးဂုဏ်ကို အောင့် မေ့တချက်၊ မုံ့တချက်နှင့် ပုတီးစိပ်ခြင်း၊ တသမ်းသမ်းတဝေဝေနှင့် ပရိတ်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ တငိုက်ငိုက်နှင့် ဘုရားရှိခိုးခြင်း၊ပျင်းပျင်း ရှိရှိနှင့် ပရိယတ္တိစာပေကျက်အံခြင်း စသည်တို့သည် ဥပေက္ခာဝေဒနာများ ဖြစ်ကြသည်၊ ဤဥပေက္ခာဝေဒနာများကား အညံ့စားဥပေက္ခာဝေဒနာ များ ဖြစ်ပါသည်။

ကုသိုလ်ရေး၌ အားမရနိုင်လောက်အောင် အကြီးအကျယ် အလိုဆန္ဒ ရှိသောပုဂ္ဂိုလ်တို့၏သန္တာန်၌ ဖြစ်သောဥပေက္ခာဝေဒနာမျိုးကား အမြတ် စား ဥပေက္ခာဝေဒနာပင်ဖြစ်သည်။

ဥပမာ-အလောင်းတော် မဟာသင်္ခပုဏ္ဏားကြီးသည် သမာဓိတရား ကြီးမား၍ ကုသိုလ်ရေး၌ပြု၍ အားမရနိုင်လောက်အောင် အဇ္ဈာသယဆန္ဒ ဓာတ် ပြင်းထန်သူ ဖြစ်သည်၊ ဗာဟိရဝတ္ထုပစ္စည်းများကို လှူဒါန်းရ သည်ကို မရောင့်ရဲ မကျေနပ်နိုင်၊ ခန္ဓာကိုယ်တွင်း ပစ္စည်းများဖြစ်သည့် ခြေ လက် အင်္ဂါနားနှာခေါင်း မျက်စိစသည်တို့ကို လှူရမှ ရောင့်ရဲတင်း တိမ်နိုင်သူဖြစ်သည်၊ ထို့ကြောင့် သိကြားမင်းဖန်ဆင်းပေးသော ရတနာ မဏ္ဍပ်ကြီး၌ ဘုရားအမှူးရှိသော သံဃာတော် လေးသိန်းတို့ကို ခုနစ်ရက် ပတ်လုံး ဂဏာနို့ဆွမ်းဖြင့်လှူဒါန်းပါသော်လည်း ဝမ်းမြောက်မှု သောမနဿဝေဒနာ မဖြစ်၊သာမန်ခံစားမှု ဥပေက္ခာဝေဒနာသာ ဖြစ်ရလေသည်။

ထို့အတူ မဟာသိဝိရာဇ်မင်းကြီးသည်လည်း တနေ့လျှင် အသပြာ ငါးသိန်းကုန် ငါးသိန်းကုန်အသက်ထက်ဆုံး လှူဒါန်းရသော်လည်း တကြိမ် တခါမျှဝမ်းမြောက်ဝမ်းသာမှုမဖြစ်၊ ဥပေက္ခာဝေဒနာသာဖြစ်ရလေသည်။

ဖဿစသည်တို့ ဝေဒနာအမည်မရနိုင်ပုံ

ဤနေရာ၌ အာရုံ၏အရသာ ခံစားမှုကို ဝေဒနာဟု ခေါ် လျှင် ဝေဒနာနှင့်အတူ ဖြစ်ကြသည့် ဖဿ သညာစသော စေတသိက်များ

၁။ အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ၊၁၄၅။

စာမျက်နှာ-58
သည်လည်း အာရုံ၏အရသာကို ခံစားကြသည်ဖြစ်၍ ယင်းစေတသိက်တို့ ကိုလည်း ဝေဒနာဟုခေါ်သင့်သည်မဟုတ်လောဟု မေးနိုင်၏၊ အဖြေကား ဖဿ သညာစသော စေတသိက်တို့သည် အာရုံ၏ အရသာကို ခံစားကြ သည်ဟုဆိုရသော်လည်း မိမိတို့၏အာရုံကို တွေ့ထိမှုကိစ္စ၊ အမှတ်ပြုမှုကိစ္စ စသည်တို့ကို ငံ့နေရသောကြောင့် မပြောပဖွယ် အနည်းငယ် တစိတ် တဒေသမျှကိုသာ ခံစားနိုင်ကြသည်၊ ဝေဒနာစေတသိက်မှာမူကား ခံစား မှုသည်ပင် မိမိကိစ္စဖြစ်၍ အာရုံ၏အရသာကို အားရှိပါးရှိ အစိုးတရအလုံးစုံကို ခံစား၏၊ ထို့ကြောင့် ထိုစေတသိက်ကိုသာ ဝေဒနာဟုခေါ်ခြင်းဖြစ် ပါသည်။

ဥပမာအားဖြင့် ဘုရင်မင်းမြတ် စားတော်ကဲတို့နှင့်တူပါသည်၊ တူပုံ မှာ ဘုရင်မင်းမြတ်အား နေ့စဉ်မပြတ် ပွဲတော်ဆက်ရသော စားတော်ကဲ သည် ဘုရင်ရှေ့တော်မှောက်သို့ ရောက်သောအခါ ပွဲတော်များ၌အဆိပ် အတောက်များပါမပါကို ဘုရင်သိဖို့ရန် ပွဲတော်ပါ ထမင်းဟင်းလျာတို့မှ အနည်းငယ်အနည်းငယ်စီယူ၍ စားပြရလေသည်၊ ယင်းကဲ့သို့ စားတော် ကဲက စားပြပြီး အဆိပ်မပါမှန်းသိမှ ဘုရင်မင်းမြတ်သည် ပွဲတော်ပါ ဘောဇဉ်များကို အားပါးတရ ဝအောင်ပွဲတော် တည်လေသည်။

ဤဥပမာ၌ ပွဲတော်ပါဘောဇဉ်များကို အားပါးတရ ဝဝလင်မစားရ၊ အနည်းငယ် မြည်းရုံသာမြည်းရသော စားတော်ကဲနှင့် အာရုံ၏အရသာကို တစိတ်တဒေသ ခံစားရသော ဖဿ သညာစေတသိက်တို့ တူကြသည်၊ အလိုရှိတိုင်း အစိုးတရ ပွဲတော်တည်ရသော ဘုရင်မင်းမြတ်နှင့် အာရုံ၏ အရသာကို အစိုးတရပိုင်ပိုင်နိုင်နိုင် ခံစားရသော ဝေဒနာ စေတသိက်တို့တူ ကြပါသည်။

၃။ ဝေဒနာစေတသိက်၏ပစ္စုပဋ္ဌာန်

ဝေဒနာစေတသိက်သည် “ကိုယ်စိတ်တို့၌ဖြစ်၍ သာယာအပ်သော တရား၊ နှိပ်စက်နာကျင်တတ်သောတရား၊ ငြိမ်သက်သောတရားဟု လေ့ လာရှုမှတ်သူတို့၏ဉာဏ်၌ ရှေးရှုထင်မြင်လာသော အခြင်းအရာရှိ၏။၁

၁။ ဝိသုဒ္ဓိ၊၂၊၉၁။

စာမျက်နှာ-59
ဤပြဆိုချက်သည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ခန္ဓနိဒ္ဒေသ၌ ဖွင့်ဆိုထားသည့် ဝေဒနာငါးမျိုး၏ ပစ္စုပဋ္ဌာန်တို့ကို တခုတည်းပေါင်း၍ စုစည်းပြထားခြင်းဖြစ်ပါသည်။ ထိုစုစည်းပြဆိုချက်ကို ခွဲခြားစိတ်ဖြာ၍ ပြရလျှင်-

(၁) သုခဝေဒနာသည် ကိုယ်၌ဖြစ်၍ သာယာအပ်သော တရားဟု လည်းကောင်း၊

(၂) ဒုက္ခဝေဒနာသည် ကိုယ်၌ဖြစ်၍ နှိပ်စက်တတ် နာကျင်တတ်သော တရားဟုလည်းကောင်း၊

(၃) သောမနဿ ဝေဒနာသည် စိတ်၌ဖြစ်၍ သာယာအပ်သော တရားဟုလည်းကောင်း၊

(၄) ဒေါမနဿဝေဒနာသည် စိတ်၌ဖြစ်၍ နှိပ်စက်နာကျင်တတ်သော တရားဟုလည်းကောင်း၊

(၅) ဥပေက္ခာဝေဒနာသည် ငြိမ်သက်သောတရားဟုလည်းကောင်း၊ လေ့လာရှုမှတ်သူတို့၏ ဉာဏ်တွင် ရှေးရှုထင်မြင်လာသော အခြင်းအရာရှိပေသည်။

သာယာအပ်သောတရားဟုထင်ပုံ

ပူအိုက်နေစဉ် လေအေး, ရေအေးကလေးများဖြင့် တွေ့ထိလိုက်ရသည့်အခါ နေသာထိုင်သာရှိပြီး ကောင်းသွား၏၊ အလွန်ချမ်းအေးနေစဉ် ပူနွေးသည့် ဂွမ်းစောင် သိုးမွေးစောင်ကြီးများကို ခြုံလိုက်ရသည့်အခါ၌လည်း နွေးသွား ချမ်းသာသွား၏၊ ယင်းသို့ကောင်းမွန်သော ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒရုပ်များကိုတွေ့ထိ၍ ကိုယ်ခန္ဓာ၌ ဖြစ်ပေါ်လာသော ခံသာသောသဘော၊ ချမ်းသာသော သဘော၊ နေသာထိုင်သာရှိသော သဘောများကို သုခဝေဒနာဟုခေါ်၍ နှလုံးအိမ်၌ ဖြစ်ပေါ်လာသော ဝမ်းမြောက်မှု ချမ်းသာမှုများကို သောမနဿ ဝေဒနာဟု ခေါ်သည်။ ဤကဲ့သို့ ကိုယ်ထဲ စိတ်ထဲ၌ ခံသာမှု ချမ်းသာမှုသဘော ပေါ်လာသည့်

စာမျက်နှာ-60
အခါ ဝေဒနာသဘောကို ရှုမှတ်လေ့လာနေသည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ဤသုခဝေဒနာ, သောမနဿဝေဒနာများသည် သာယာဖွယ်ကောင်းသည့် တရားများပေတည်းဟု ထင်မြင်လာပေသည်။

နှိပ်စက်နာကျင်တတ်သော တရားဟုထင်ပုံ

မကောင်းသော အတွေ့အထိများနှင့် တွေ့ထိပြီး နာကျင်ကိုက်ခဲမှု မူးဝေမှု ညောင်းမှု ပူမှု ချမ်းမှု မောပန်းမှု ယားယံမှု ထုံကျင်မှု အောင့်မှုအစရှိသော ကိုယ်ထဲ၌မခံသာမှုဟူသမျှတို့ကို ဒုက္ခဝေဒနာဟုခေါ်သည်။ စိတ်နှလုံးထဲ၌ မချမ်းသာမှု စိတ်ဆင်းရဲမှုတို့ကို ဒေါမနဿဝေဒနာဟုခေါ်သည်။

ဤသို့ ကိုယ်ထဲ, စိတ်ထဲ၌ မခံသာမှု ဆင်းရဲမှု သဘောပေါ်လာသည့် အခါ ဝေဒနာသဘောကို ရှုမှတ်လေ့လာနေသည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာများသည် နာကျင်တတ်သောတရား နှိပ်စက်တတ်သောတရားများပေတည်းဟု ထင်မြင်လာပေသည်။

ငြိမ်သက်သောတရားဟု ထင်မြင်ပုံ

မကောင်းမဆိုး အလယ်အလတ် ရိုးရိုး မြင်နေကြ ကြားနေကြ အာရုံစသည်တို့ကို မြင်ရ ကြားရသည့်အခါ စသည်မှာတော့ ကောင်းသည် ခံသာသည်ဟူ၍လည်း မထင်ရှား၊ အခံရခက်သည် ဆင်းရဲသည် ဟူ၍လည်း မထင်ရှားချေ။ သို့သော် မကောင်းမဆိုး ရိုးရိုးအလယ်အလတ် ခံစားမှုသဘောကတော့ ရှိပေသည်၊ ထိုသို့ဆင်းရဲသည်လည်း မဟုတ်၊ ချမ်းသာသည်လည်းမဟုတ်သော ခံစားမှုသဘောကို ဥပေက္ခာဝေဒနာဟု ခေါ်သည်။ ထိုဥပေက္ခာဝေဒနာသည် အမိုက်မှောင်ကဲ့သို့ (ဝါ) မှောင်ထဲရှိသော ဝတ္ထုပစ္စည်းကဲ့သို့ မထင်မရှားချေ၊ ပစ္စက္ခဉာဏ်ဖြင့်သိနိုင်ခဲ၏၊ သို့သော် ချမ်းသာမှု ဆင်းရဲမှုတို့ ပျောက်ကင်းသွားသည့်အခါ၌ ပျောက်ကင်းသွား

၁။ မ၊ဋ္ဌ၊၁၊၂၇၂။

စာမျက်နှာ-61
သော ချမ်းသာမှု ဆင်းရဲမှုတို့မှ တခြားတပါးဖြစ်သော အလတ်စား ခံစားမှုသဘောသည် ဥပေက္ခာဝေဒနာတည်းဟု မိဂပဒဝတ္ထုနည်းဖြင့် မှန်းဆ၍သိရသည်။

မိဂပဒဝဠဉ္စနနည်း

မိဂပဒဝဠဉ္စနနည်းဆိုသည်မှာ “ကျောက်ဖျာကြီး၏တဘက်တွင် သမင်၏အတက်ခြေရာ အခြားတဘက်တွင် အဆင်းခြေရာတို့ကိုတွေ့ရလျှင် ကျောက်ဖျာပေါ်၌ သမင်ခြေရာ မတွေ့ရသော်လည်း ကျောက်ဖျာပေါ်၌ ခြေရာမထင်ကောင်း၍ ခြေရာမထင်သည်၊ သမင်က ကျောက်ဖျာပေါ်တွင် ဖြတ်သွားသည်” ဟု မှန်းဆသိရသောနည်းဖြစ်သည်။ (မိဂ = သမင် + ပဒဝဠဉ္စန = ခြေရာ။)

ဤနေရာ၌ ဥပေက္ခာဝေဒနာဖြစ်ပေါ်မှုသည် အလွန်သိမ်မွေ့ ငြိမ်သက်သောကြောင့် မထင်ရှား မသိသာသော်ငြားလည်း နာမှု ကျင်မှုစသော ရှေးဒုက္ခဝေဒနာ ပျောက်ကင်းသွားပြီး နောက်ဖန်ခံသာမှု သုခဝေဒနာ သို့မဟုတ် မခံသာမှု ဒုက္ခဝေဒနာ မဖြစ်ပေါ်သေးမီအတွင်း၌ ခံစားမှုမထင်ရှားသော်လည်း အလတ်စားအာရုံ၌ အလတ်စား အခြင်းအရာအားဖြင့် ခံစားသောဝေဒနာတမျိုးရှိရာသည်၊ ထိုဝေဒနာသည် ဥပေက္ခာဝေဒနာပင်တည်းဟု (မျက်မှောက်ထင်ရှားသိရသော သုခဝေဒနာ, ဒုက္ခဝေဒနာတို့ကို ထောက်ဆ၍) သိရပေသည်။

ဤဥပမာ၌ သမင်၏အတက်ခြေရာ အဆင်းခြေရာတို့နှင့် ဒုက္ခဝေဒနာ သုခဝေဒနာတို့တူကြသည်။ ကျောက်ဖျာပေါ်တွင်ဖြတ်သွားသော မမြင်ရသည့်သမင်ခြေရာနှင့် ခံစားမှုမထင်ရှားသော ဥပေက္ခာဝေဒနာတို့ တူကြသည်။

ဤကဲ့သို့ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်မှုသည် အလွန်သိမ်မွေ့ နူးညံ့လှသောကြောင့် ဝေဒနာသဘောကိုရှုမှတ်လေ့လာနေသည့် ပုဂ္ဂိုလ်၏ဉာဏ်၌ ဤဥပေက္ခာဝေဒနာသည် ငြိမ်သက်သော သဘောတရားပေတည်းဟု ထင်မြင်လာပေသည်။

စာမျက်နှာ-62

၄။ ဝေဒနာစေတသိက်၏အနီးဆုံးအကြောင်း (ပဒဋ္ဌာန်)

ဝေဒနာစေတသိက်ကို ဖြစ်ပေါ်လာစေသော အကြောင်းများအနက် အနီးကပ်ဆုံးသော အကြောင်းတရားမှာ ဖဿစေတသိက်ဖြစ်ပါသည်။ ဖဿကြောင့် ဝေဒနာဖြစ်ပေါ်ပုံကို ဖဿစေတသိက်၏အကျိုး ပစ္စုပဋ္ဌာန်အခန်း၌ အကျယ်ရှင်းပြခဲ့ပါသည်။ သို့အတွက် ဤနေရာ၌ သဘောချင်းတူသဖြင့် သိသာရုံမျှသာ ဖော်ပြပါတော့မည်။

“မျက်စိအကြည်ဓာတ်နှင့် ရူပါရုံတို့ကိုလည်းကောင်း၊ နားအကြည်ဓာတ်နှင့် သဒ္ဒါရုံတို့ကိုလည်းကောင်း၊ နှာခေါင်းအကြည်ဓာတ်နှင့် ဂန္ဓာရုံတို့ကိုလည်းကောင်း၊ လျှာအကြည်ဓာတ်နှင့်ရသာရုံတို့ကိုလည်းကောင်း၊ ကိုယ်အကြည်ဓာတ်နှင့် ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်းကောင်း၊ စိတ်နှလုံးနှင့် စိတ်ကူးအာရုံတို့ကိုလည်းကောင်း၊ အစွဲပြု၍ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ် ကြံသိစိတ်ဟူသော ဝိညာဏ်ခြောက်ပါး ဖြစ်ပေါ်လာသည်၊ ဝတ္ထု အာရုံဝိညာဏ်သုံးပါး ဆုံမိခြင်းကြောင့် အာရုံကို တွေ့ထိမှု ဖဿဖြစ်ပေါ်လာ၏၊ ဖဿ ဖြစ်ပေါ်လာသောကြောင့် ခံစားမှုဝေဒနာဖြစ်လာ၏။”

“သူရိယကန္တာ၊ ကျောက်လောင်စာနှင့်၊ ရောင်ဝါဝင်းထိန်၊ နေအရှိန်သည်၊ အကြောင်းစုံ၍ ပေါင်းဆုံမိသည်ရှိသော် ကျောက်နှင့် နေတို့မှာ မီးမရှိသော်ငြားလည်း ဓာတ်သဘောအလျောက် မီးထတောက်လာသကဲ့သို့ ထို့အတူ၊ အာရုံစုံစု၊ သိမှုသဘော၊ စိတ်ဟူသောဓာတ်တမျိုးသည် အခွင့်သာလျှင်၊ သင့်ရာပေါ်ရေး၊ စုဝေးသောအား၊ ထင်ရှားရှိနေပြီ မဟုတ်ပါသော်လည်း၊ ဝတ္ထု အာရုံ စသည်ဆုံ၍၊ ကြုံတွေ့ကြသည်ရှိသော်၊ မကြုံစတောင်း မယုံကောင်းမျှ၊ အကြောင်းလျော်စွာဖြစ်ပေါ်၍လာရပေသည်။”

၁။ အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။

၂။ သံ၊၁၊၃ဝဝ။

၃။ သင်္ခေပ၊၂၈။

စာမျက်နှာ-63
အထက်ပါဒေသနာတော်နှင့် အဆိုအမိန့်များအရ ဝတ္ထုရုပ် (သို့မဟုတ်) ပသာဒခေါ်သော အကြည်ဓာတ်အခံဓာတ်များတွင် ရူပါရုံစသော အာရုံဓာတ်အတိုက်ဓာတ်များလာတိုက် လာထင်သည့်အခါ မူလ အခံဓာတ်နှင့် အတိုက်ဓာတ်တို့တွင် စိတ်ဝိညာဏ်ဟုခေါ်သည့်ဓာတ်တမျိုး မရှိသော်ငြားလည်း ဓာတ်သဘောအလျောက် မီးထတောက်သည့်ပမာ သိမှုခေါ်သည့် ဝိညာဏဓာတ်တမျိုး ဖြစ်ပေါ်လာပေသည်။

ဤသို့ အခံဓာတ်(ဝတ္ထု)၊ အတိုက်ဓာတ်(အာရုံ) နှင့် အသိဓာတ်(ဝိညာဏ်) တို့သုံးမျိုးပေါင်းဆုံမိသည့်အခါ အာရုံကိုဓာတ်ခိုက်သကဲ့သို့ တွေ့ထိမှုဆိုသည့် ဖဿသဘောတရားလည်း ပေါ်လာပါသည်။ ဤနေရာ၌ ဖဿစေတသိက်ဖြစ်ပေါ်လာခြင်းသည် ထိုဝတ္ထု, အာရုံ, ဝိညာဏ်သုံးပါးတို့ ပေါင်းဆုံမိပြီးမှ ပေါ်လာသည်မဟုတ်၊ ဖဿသည် စေတသိက်ဖြစ်သောကြောင့် ဝိညာဏဓာတ်ပေါ်သည်နှင့်တပြိုင်နက် ထိုဝိညာဏဓာတ်နှင့်အတူ ဖဿပါလာခြင်း ဖြစ်သည်။ ထိုသုံးပါးဆုံမိသည်နှင့် တပြိုင်နက် ဖဿက မိမိတွေ့ထိရသော အာရုံ၏ အရသာကို ပေါ်လာအောင် ကြိတ်နယ်ထုတ်ဆောင်ပေးသည်။

ဖဿကြိတ်နယ် ထုတ်ပေးသဖြင့် ပေါ်ထွက်လာသည့်အာရုံ၏ အရသာကို ကောင်းလျှင် ကောင်းသည့် အလျောက်၊ မကောင်းလျှင် မကောင်းသည့်အလျောက် ခံစားသည့် ဝေဒနာတရား ပေါ်လာရသည်။ နှစ်သက်သာယာဖွယ် ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့လျှင် ရွှင်ရွှင်လန်းလန်း ဝမ်းမြောက်ဝမ်းသာ ခံစားသော သုခဝေဒနာ, သောမနဿဝေဒနာများ ဖြစ်၏။ ထိုအခါ ယင်းဝေဒနာတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ပြုံးပြုံးရွှင်ရွှင် ကြည်ကြည်လင်လင် ဖြစ်နေပေသည်။

မသာယာဖွယ်၊ မုန်းဖွယ်၊ အော့နှလုံးနာဖွယ်ကောင်းသော အနိဋ္ဌာရုံနှင့် တွေ့ကြုံလျှင် ညှိုးညှိုးနွမ်းနွမ်း ကိုယ်စိတ်မချမ်းမသာ ဖြစ်မှုကို ခံစားသော ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာများ ဖြစ်၏။ ထိုအခါ ယင်းဝေဒနာတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ညှိုးညှိုးနွမ်းနွမ်းနှင့် မျက်နှာ မသာမယာ ဖြစ်၍နေပေသည်။

စာမျက်နှာ-64
ဤသို့ ဖဿက အာရုံကို တွေ့ထိမှုအာရုံ၏ အရသာပေါ်အောင် ဖိညှစ်ကြိတ်နယ်ပေးပါမှ အာရုံ၏ အရသာကို ခံစားမှုဆိုသည့် ဝေဒနာ ဖြစ်လာနိုင်ပါသည်။ ဖဿက ဤသို့မရွက်ဆောင်ပါက (ဝါ) ဖဿတရား မဖြစ်ပေါ်လာပါက အာရုံ၏ အရသာကို ခံစားမှုဆိုသည့်ဝေဒနာတရားလည်း ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် ဖဿစေတသိက်သည် ဝေဒနာစေတသိက် ဖြစ်ပေါ်ခြင်း၏ အနီးကပ်ဆုံးသော အကြောင်း (ပဒဋ္ဌာန်) တရား ဖြစ်သည်။

ထို့ကြောင့် သဠာယတနဝဂ္ဂသံယုတ် ပါဠိတော် ဝေဒနာသံယုတ် မူလကသုတ်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။

“ရဟန်းတို့၊ ဖဿကြောင့်ဖြစ်ကုန်သော၊ ဖဿလျှင် အရင်းမူလရှိကုန်သော၊ ဖဿဟူသော အကြောင်းရှိကုန်သော၊ ဖဿဟူသော အထောက်အပံ့ရှိကုန်သော ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့တည်း။”

“ရဟန်းတို့၊ ချမ်းချမ်းသာသာ ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ သုခဝေဒနာ ဖြစ်ပေါ်လာရ၏။ ထိုသုခဝေဒနာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဖဿတရားချုပ်ငြိမ်းသွားမှသာ သုခဝေဒနာ ချုပ်ငြိမ်း၏။”

“ရဟန်းတို့၊ ဆင်းရဲစွာ ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဒုက္ခဝေဒနာ ဖြစ်ပေါ်လာရ၏၊ ထိုဒုက္ခဝေဒနာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှသာ ဒုက္ခဝေဒနာ ချုပ်ငြိမ်း၏။”

“ရဟန်းတို့၊ အသင့်အတင့် ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာရ၏၊ ထိုဥပေက္ခာဝေဒနာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှသာ ဥပေက္ခာဝေဒနာ ချုပ်ငြိမ်း၏။”

စာမျက်နှာ-65
“ရဟန်းတို့၊ ဥပမာအားဖြင့် ထင်းချောင်းနှစ်ချောင်းတို့၏ အချင်းချင်းထိခိုက်မှု ပေါင်းဆုံမှုကြောင့် အပူငွေ့ဖြစ်ပေါ်လာရ၏၊ မီးဖြစ်ပေါ်လာရ၏၊ ထိုထင်းချောင်းနှစ်ချောင်းကို တခြားစီခွဲထားလိုက်လျှင် ထိုထင်းချောင်းနှစ်ချောင်း ထိခိုက်ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် အပူငွေ့သည် ချုပ်ငြိမ်းသွား၏ (မဖြစ်ပေါ်လာနိုင်)။”

“ရဟန်းတို့၊ ဤအတူပင် ဤဝေဒနာ သုံးမျိုးတို့သည် ဖဿကြောင့် ဖြစ်ကုန်၏၊ ဖဿလျှင် အရင်းမူလရှိကုန်၏၊ ဖဿဟူသော အကြောင်းရှိကုန်၏၊ ဖဿဟူသော အထောက်အပံ့ရှိကုန်၏၊ ဖဿကို အစွဲပြု၍ ဝေဒနာတို့ ဖြစ်ကုန်၏၊ ထိုဝေဒနာအားလျော်သော ဖဿ၏ချုပ်ငြိမ်းခြင်းကြောင့် ထိုဖဿကြောင့် ဖြစ်သော ဝေဒနာတို့ ချုပ်ငြိမ်းကြကုန်၏။”

၅။ ဝေဒနာစေတသိက်အမျိုးမျိုးပြားပုံ

ဝေဒနာတမျိုး

သင်္ခါရတရားတို့၏ အမြဲမရှိသည့် သဘောအားဖြင့် ခံစားမှု ဝေဒနာဟူသမျှသည် “ဒုက္ခဝေဒနာ” တမျိုးတည်းသာ ဖြစ်ပေသည်။ မှန်၏။ အခါတပါး၌ ရဟန်းတပါးသည် ဘုရားရှင်၏ မျက်မှောက်သို့ သွားရောက်၍-

“မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် ဒုက္ခဝေဒနာ, သုခဝေဒနာ, ဥပေက္ခာဝေဒနာ ဟူ၍ ဝေဒနာသုံးမျိုး ရှိကြောင်း ဟောတော်မူခဲ့ပါသည်။ နောက် ထပ်မံ၍ ‘ဝေဒနာမှန်သမျှ ဒုက္ခဝေဒနာချည်း ဖြစ်သည်’ ဟု ဟောတော်မူပြန်သည်၊ ဤသို့ဟောရာ၌ ရှင်တော်မြတ်ဘုရား၏ ရည်ရွယ်ချက်ကို သိလိုပါသည် ဘုရား” ဟု လျှောက်၏။

၅။ သံ၊ ၂။ ၄၁၇။

စာမျက်နှာ-66
ဘုရားရှင်က--

“ချစ်သား၊ ဝေဒနာသုံးမျိုး ဟောကြားပြီးလျက် နောက် ဝေဒနာဟူသမျှ ဒုက္ခဝေဒနာချည်းဖြစ်သည်ဟု ထပ်မံဟောခြင်းမှာ ပြုပြင်ပြောင်းလဲမှုရှိသော သင်္ခါရတရားတို့၏မမြဲခြင်းသဘော၊ ကုန်ခမ်းခြင်းသဘော၊ ပျက်စီးခြင်းသဘော၊ စွဲမက်စရာမရှိခြင်းသဘော၊ ချုပ်ငြိမ်းခြင်းသဘော၊ ဖောက်ပြန်ပြောင်းလဲခြင်းသဘောတို့ကို ရည်ရွယ်၍ ငါဘုရားဟောတော်မူခြင်း ဖြစ်သည်။” ဟု မိန့်တော်မူပါသည်။

ဤ၌ ဟောတော်မူလိုရင်းမှာ – ဆင်းရဲမှုကို ခံစားသည် ဖြစ်စေ၊ ချမ်းသာမှုကို ခံစားသည်ဖြစ်စေ ခံစားမှုဟူသမျှသည် ပျက်စီးမှု၊ မမြဲမှု၊ ပြုပြင်ပြောင်းလဲမှု သဘောရှိသောကြောင့် သင်္ခါရဒုက္ခချည်းသာ ဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။

ဝေဒနာနှစ်မျိုး

ဝေဒနာစေတသိက်သည် အာရုံ၏ အရသာကို ခံစားခြင်း သဘောလက္ခဏာအားဖြင့် တမျိုးတည်းဖြစ်သော်လည်း ဖြစ်ပေါ်ရာ ဒွါရ၏ အစွမ်းအားဖြင့်--

(၁) ပဉ္စဒွါရိက ဝေဒနာ

(၂) မနောဒွါရိက ဝေဒနာ

ဟု နှစ်မျိုးရှိပါသည်။

ထိုနှစ်ပါးတွင် ပဉ္စဒွါရိက ဝေဒနာဆိုသည်မှာ--ဒွါရငါးပါး ထင်ရှားရှိနေသမျှ ကာလပတ်လုံး စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရဟူသော ဒွါရငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ ဖြစ်သည်။

မနောဒွါရိက ဝေဒနာကား အသက်ထင်ရှားရှိနေသမျှ ကာလပတ်လုံး မနောဒွါရ၌ ဖြစ်ပေါ်နေသော ဝေဒနာ ဖြစ်သည်။

၁။ သံ၊ ဋ္ဌ၊ ၂။ ၇၃။ အံ၊ ဋ္ဌ၊ ၂။ ၃၆၀။

စာမျက်နှာ-67
ဒွါရငါးပါး၌ ဖြစ်သော ပဉ္စဒွါရိကဝေဒနာသည် မနောဒွါရိက ဝေဒနာနောက်မှ ဖြစ်ပေါ်ပြီး ရှေးဦးစွာ ချုပ်ဆုံးသွားသည်၊ မနောဒွါရိက ဝေဒနာမှာမူ ပဉ္စဒွါရိက ဝေဒနာ မဖြစ်မီ ရှေးဦးစွာဖြစ်၍ ပဉ္စဒွါရိက ဝေဒနာချုပ်ဆုံးပြီးနောက်မှ ချုပ်ဆုံးပေသည်။

မှန်၏။ ထိုမနောဒွါရိက ဝေဒနာသည် ပဋိသန္ဓေနေချိန်၌ ပဋိသန္ဓေစိတ်နှင့်အတူ ဟဒယဝတ္ထုရုပ်ကိုမှီ၍ ဖြစ်ပေါ်လာသည်။ ပဉ္စဒွါရိက ဝေဒနာသည် စက္ခုဒွါရစသည်တို့ ဖြစ်ပေါ်ရာ ပဝတ္တိအခါမှသာ ဖြစ်၍ မနောဒွါရိက ဝေဒနာထက် အဖြစ်နောက်ကျသည်။

ပထမအရွယ် အသက်(၂၀)တွင် တပ်မက်ခြင်း(လောဘ)၊ ပြစ်မှားခြင်း(ဒေါသ)၊ တွေဝေခြင်း(မောဟ)တို့ လွန်ကဲသဖြင့် ပဉ္စဒွါရိက၌ ဖြစ်သော (ပဉ္စဒွါရိက) သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာတို့သည် အလွန်အားရှိကြ၏။ အသက်(၅၀) အရွယ် ရောက်သည့်အခါ၌မူ ထိုဝေဒနာသည် တန့်နေ၏။ အသက်(၆၀) အရွယ်မှစပြီး ထိုဝေဒနာဖြစ်မှု ဆုတ်ယုတ်သွားပေသည်။ အသက်(၈၀) (၉၀) အရွယ်၌မူ ခံစားမှု ဝေဒနာ အလွန့်အလွန် အားနည်းသွားတော့သည်။

ထိုအရွယ်တွင် သတ္တဝါတို့သည် သတိလွှတ်၍ ခံစားမှုဝေဒနာလည်း မပေါ်လျှင် မထင်ရှားတော့ချေ။ ကြာမြင့်စွာ အတူနေထိုင်ဘူးသူတို့ကိုပင်မသိကြတော့ကုန်။ အလွန်ထင်ရှားသော ရူပါရုံစသည့် အာရုံများကိုလည်း မမြင်ကြတော့၊ အနံ့ကောင်းနှင့် အနံ့ဆိုးတို့ကိုလည်းကောင်း၊ သာယာဖွယ်နှင့် ရွံရှာဖွယ်တို့ကိုလည်းကောင်း၊ အကြမ်းနှင့် အနုတို့ကိုလည်းကောင်း ခွဲခြား မသိကြတော့ကုန်၊ ထို (သူငယ်ပြန်) သည့်အချိန်တွင် အရွယ်ကြီးသူတို့အား ပဉ္စဒွါရိက ဝေဒနာသည် ပျက်စီးသွားပေသည်။

မနောဒွါရိက ဝေဒနာမှာမူ ဆက်လက်ဖြစ်လျက် ရှိသေးသည်။ သို့သော် ထိုဝေဒနာသည်လည်း အစဉ်အတိုင်း ယုတ်လျော့သွား၍ သေခါနီးအချိန်တွင် နှလုံးအိမ်ကိုမှီ၍ တည်နေ၏၊ ထိုဝေဒနာ ဆက်လက်ဖြစ်နေသမျှ ကာလပတ်လုံး သတ္တဝါ အသက်ရှင်နေသေးသည်ဟုဆိုရ၏၊ ထိုဝေဒနာ ဆက်လက်မဖြစ်တော့မှပင် သတ္တဝါ သေသည် ချုပ်သည်ဟု ဆိုရပေမည်။

စာမျက်နှာ-68

ဝေဒနာ (၂)မျိုးနှင့် ရေကန်ကြီး ဥပမာ

ဤအဓိပ္ပာယ် ပေါ်လွင်အောင် ဥပမာဆောင်ပြပါမည်၊ ရေဝင်ပေါက်လမ်း ငါးခုရှိသော ရေကန်ကြီး တကန်ရှိပါသည်၊ ပထမမိုးစတင်ရွာသည့်အခါ မိုးရေသည် ရေဝင်လမ်း ငါးသွယ်တို့ဖြင့် ကန်ထဲသို့ ကန်အတွင်းရှိတွင်းများ ပြည့်သွားအောင် စီးဝင်၏၊ မိုးအကြိမ်ကြိမ် ရွာသည့်အခါ ရေဝင်လမ်းတို့ ပြည့်လျှံသွားပြီး တစ်ဂါဝုတ် နှစ်ဂါဝုတ်အထိ ရေလွှမ်းမိုးသွားလေသည်။

ထိုအချိန်တွင် ရေလွှတ်ပေါက်တို့ကို ဖွင့်၍ လယ်ယာလုပ်ငန်းတို့ကို ပြုလုပ်သည့်အခါ ကန်မှရေများ ထွက်လာ၏၊ ကောက်ရိတ်ချိန် ရောက်သည့်အခါ၌မူ ကန်မှ ရေထွက်ယုတ်လျော့ အားနည်းသွားပေသည်၊ ကန်တွင်ရေနည်းသွားသဖြင့် ငါးဖမ်းလို့ရမည့်အခြေပင် ရောက်လာ၏။ ထို့နောက် တွင်းထဲတွင် နှစ်ရက်သုံးရက်အထိ ရေရှိနေပေသေးသည်၊ တွင်းများထဲ၌ ရေရှိနေသေးသရွေ့ ရေကန်ကြီး၌ ရေရှိ၏ဟု ဆိုရ၏၊ တွင်းထဲ၌ရေများ ခန်းသွားမှ ကန်ကြီး၌ ရေမရှိတော့ဟု ဆိုရလေသည်။

ဤဥပမာ၌ ပထမအကြိမ် မိုးစတင်ရွာ၍ ရေဝင်ပေါက်ငါးသွယ်တို့ဖြင့် မိုးရေဝင်ပြီး ကန်အတွင်းရှိ တွင်းများပြည့်သည့်နှင့် ပထမဆုံးပဋိသန္ဓေနေချိန်တွင် ဟဒယဝတ္ထုရုပ်ကိုမှီ၍ မနောဒွါရိကဝေဒနာ ဖြစ်ပေါ်လာခြင်းတို့ တူပါသည်။ မိုးအကြိမ်ကြိမ် ရွာသဖြင့် ရေဝင်လမ်းငါးသွယ်တို့ ပြည့်သွားခြင်းနှင့် ပဉ္စဒွါရိကဝေဒနာ ဖြစ်ပေါ်လာခြင်းတို့ တူကြပါသည်၊ တစ်ဂါဝုတ် နှစ်ဂါဝုတ်မျှ ရေလွှမ်းမိုးခြင်းနှင့် ပထမအရွယ် အသက်နှစ်ဆယ်အချိန်၌ တပ်မက်ခြင်းစသည်တို့ကြောင့် ထိုပဉ္စဒွါရိကသုခဝေဒနာစသည်တို့ လွန်ကဲအားကောင်းခြင်းတို့ တူပါသည်၊ ကန်မှ ရေမထွက်သေးဘဲ ကန်တွင် ရေအပြည့် တည်ရှိနေခြင်းနှင့် အသက်ငါးဆယ်အရွယ်တွင် ထိုပဉ္စဒွါရိက ဝေဒနာတို့မယုတ်လျော့ ရပ်တည်နေခြင်းတို့ တူပါသည်။

စာမျက်နှာ-69
ရေလွှတ်ပေါက်များကို ဖွင့်၍ လယ်ယာလုပ်ငန်းတို့ဖြင့် ပြုလုပ်သည့် အခါ ရေများ ထွက်ကုန်သဖြင့် လျော့နည်းသွားခြင်းနှင့် အသက် ခြောက်ဆယ် အရွယ်မှစ၍ ထိုဝေဒနာ ဆုတ်ယုတ်လျော့နည်းသွားခြင်းတို့ တူပါသည်၊ ရေလျော့နည်းသွား၍ ရေလမ်းများ၌ ရေအနည်းငယ်သာ တည်ရှိတော့ခြင်းနှင့် အသက်ရှစ်ဆယ် ကိုးဆယ်အရွယ် ပဉ္စဒွါရိကဝေဒနာ အားနည်းသွားခြင်းတို့ တူပါသည်။

တွင်းများ၌သာ ရေရှိတော့ခြင်းနှင့် ဟဒယဝတ္တုရုပ်ကိုမှီ၍ မနောဒွါရိက ဝေဒနာသာ ဖြစ်တော့ခြင်းတို့ တူ၏၊ တွင်းများ၌ ရေအနည်းငယ်မျှသာ ကျန်စေကာမူ ကန်တွင် ရေရှိနေသေးသည်ဟု ဆိုရသကဲ့သို့ ထို့အတူ မနောဒွါရိကဝေဒနာ ဆက်လက်ဖြစ်နေသေးသရွှေ့ သတ္တဝါအသက်ရှင်နေသေးသည်ဟု ဆိုရပေမည်။ တွင်းများထဲ၌ ရေလုံးဝ ခန်းသွားပါလျှင် ကန်တွင် ရေမရှိတော့ဟု ဆိုရသကဲ့သို့ ထိုသို့ မနောဒွါရိကဝေဒနာ လုံးဝမဖြစ်တော့လျှင် သတ္တဝါသေပြီဟု ဆိုရပေတော့သည်။

တနည်းအားဖြင့် ဝေဒနာသည်-

(၁) ကာယိကဝေဒနာ၊

(၂) စေတသိကဝေဒနာ၊

ဟူ၍ နှစ်မျိုးရှိပါသည် ။ ထိုတွင် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ ကိုယ်၌ဖြစ်သော ခံစားမှုသည် ကာယိကဝေဒနာ ဖြစ်သည်။ အာရုံခြောက်ပါးကို အာရုံပြု၍ စိတ်ထဲ၌ဖြစ်သော ခံစားမှုသည် စေတသိကဝေဒနာ ဖြစ်သည်။

ကာယိကဝေဒနာသည် ဒုက္ခဝေဒနာ, သုခဝေဒနာဟု နှစ်မျိုးရှိသကဲ့သို့ စေတသိကဝေဒနာသည်လည်း ဒုက္ခဝေဒနာ သုခဝေဒနာဟူ၍ နှစ်မျိုးရှိပေသည်။

၁။ သံ၊၂၊၄၂၉။

စာမျက်နှာ-70
တနည်းအားဖြင့် ဝေဒနာသည်-

(၁) သာတဝေဒနာ၊

(၂) အသာတဝေဒနာ၊

အားဖြင့် နှစ်ပါးရှိ၏၊ ထိုတွင် သာယာနှစ်သက်ဖွယ်ကောင်းသော အာရုံကို ခံစားခြင်းသည် သာတဝေဒနာ မည်၏၊ မသာယာဖွယ်, မနှစ်သက်ဖွယ် ကောင်းသော အာရုံကို ခံစားခြင်းသည် အသာတဝေဒနာ မည်၏။

ထိုသာတဝေဒနာသည် ကာယိကသာတဝေဒနာ၊ မာနသိကသာတဝေဒနာအားဖြင့် နှစ်မျိုးရှိသကဲ့သို့ အသာတဝေဒနာသည်လည်း ကာယိကအသာတဝေဒနာ၊ မာနသိကအသာတဝေဒနာအားဖြင့် နှစ်မျိုးရှိပေသည်။

ဝေဒနာ(၃)မျိုး

ဝေဒနာ စေတသိက်သည် အာရုံကို ခံစားခြင်း သဘောလက္ခဏာရှိသော်လည်း အာရုံခံစားပုံ(၃)မျိုး ကွဲပြားသောကြောင့် ဝေဒနာလည်း အောက်ပါအတိုင်း သုံးမျိုးရှိပါသည်။

(၁) သုခဝေဒနာ (ချမ်းသာသုခကို ခံစားခြင်း)

(၂) ဒုက္ခဝေဒနာ (ဆင်းရဲဒုက္ခကို ခံစားခြင်း)

(၃) အဒုက္ခမသုခဝေဒနာ (ချမ်းသာလည်း မဟုတ်၊ ဆင်းရဲ လည်း မဟုတ်သည်ကို ခံစားခြင်း)

ထိုသုံးမျိုးတွင် သုခဝေဒနာဆိုသည်မှာ-မိမိ အလိုရှိအပ် နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံတို့နှင့် တွေ့ကြုံ ဆုံဆည်းရသည့်အခါ ထိုဣဋ္ဌာရုံကို ခံစားခြင်းသဘော၊ ကိုယ်ထဲစိတ်ထဲ၌ ခံသာသောသဘော၊ ရွှင်လန်း ချမ်းမြေ့သော သဘောများပင် ဖြစ်သည်။

၁။ အဘိ၊၁၊၁။ အဘိ၊၂၊၃။ သံ၊၂၊၄ဝ၇။

စာမျက်နှာ-71
မိမိတို့ အလိုမရှိအပ်၊ မနှစ်သက် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ ထိုအနိဋ္ဌာရုံ ခံစားခြင်း၊ ကိုယ်ထဲစိတ်ထဲ မခံသာသောသဘော၊ မရွှင်လန်း မချမ်းမြေ့သောသဘော၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုသဘောတို့ကို ဒုက္ခဝေဒနာဟု ခေါ်သည်။

အဒုက္ခမသုခဝေဒနာဆိုသည်မှာ-ဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာဖြစ်သည်၊ ထိုဝေဒနာကို ဥပေက္ခာဝေဒနာဟုလည်း ခေါ်သည်၊ ဣဋ္ဌာရုံလည်းမဟုတ် အနိဋ္ဌာရုံလည်းမမည်၊ ရိုးရိုးအလယ်အလတ်ဖြစ်သော သာမန်အာရုံများနှင့် တွေ့ကြုံရသည့်အခါ မသိမသာမထင်မရှား ခံစားမှု သဘောသည် အဒုက္ခမသုခဝေဒနာခေါ် ဥပေက္ခာဝေဒနာပင် ဖြစ်သည်၊ ထိုဝေဒနာသုံးမျိုး၏ သဘော လက္ခဏာများကို ဖော်ပြပြီးခဲ့သော လက္ခဏာခန်းနှင့်ရသခန်းတို့တွင် ဝတ္ထုသက်သေများနှင့်တကွ ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။

ဝေဒနာ(၅)မျိုး

ဝေဒနာ၏ အာရုံ၏ အရသာကို ခံစားပုံသည် သာယာနှစ်သက်သောအားဖြင့်လည်း အာရုံ၏ အရသာကို ခံစား၏၊ မသာမယာမခံသာသောအားဖြင့်လည်း အာရုံ၏ အရသာကို ခံစား၏၊ သာယာသည်လည်းမဟုတ် မသာယာသည်လည်း မဟုတ် အလယ်အလတ်အားဖြင့်လည်း အာရုံ၏ အရသာကို ခံစား၏၊ ဤသုံးမျိုးမှတပါးသော အာရုံ၏ခံစားမှုမည်သည် မရှိချေ။ ထို့ကြောင့် ခံစားပုံ(၃)မျိုး ကွဲပြား(အနုဘဝနဘေဒ)သောကြောင့် ဝေဒနာသုံးမျိုး ရှိပုံကို အထက်တွင် ပြဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဗုဒ္ဓရှင်တော်ဘုရားသည် ဣန္ဒိယဝိဘင်းပါဠိတော်၌ ”သုခိန္ဒိယံ၊ ဒုက္ခိန္ဒိယံ၊ သောမနဿိန္ဒိယံ၊ ဒေါမနဿိန္ဒိယံ၊ ဥပေက္ခိန္ဒိယံ”ဟု ငါးပါး ခွဲခြားဝေဖန် ဟောတော်မူပြန်သောကြောင့် ထိုဝေဒနာသည် ဣန္ဒြေ အပြား(ဣန္ဒိယဘေဒ)အားဖြင့် အောက်ပါအတိုင်း ငါးပါးရှိကြပြန်သည်။

(၁) သုခဝေဒနာ (ကိုယ်၌ဖြစ်သော ချမ်းသာခံစားမှု)

(၂) ဒုက္ခဝေဒနာ (ကိုယ်၌ဖြစ်သော ဆင်းရဲခံစားမှု)

စာမျက်နှာ-72
(၃) သောမနဿဝေဒနာ (စိတ်၌ဖြစ်သော ချမ်းသာခံစားမှု)

(၄) ဒေါမနဿဝေဒနာ (စိတ်၌ဖြစ်သော ဆင်းရဲခံစားမှု)

(၅) ဥပေက္ခာဝေဒနာ (အလယ်အလတ်အားဖြင့် ခံစားမှု)

အဘယ်ကြောင့် ဝေဒနာသုံးပါးက ငါးပါး ဖြစ်လာရသနည်း ဆိုသော် သုခဝေဒနာ တမျိုးတည်း ဖြစ်သော်လည်း ချမ်းသာခံစားမှု (သုခဝေဒနာ) သည် ကိုယ်၌ဖြစ်သော ချမ်းသာခံစားမှု၊ စိတ်၌ဖြစ်သော ချမ်းသာခံစားမှု ဟု နှစ်မျိုးကွဲပြားပါသည်၊ ထို့ကြောင့် ကိုယ်၌ဖြစ်သော ချမ်းသာခံစားမှုကို သုခဝေဒနာဟု ခေါ်၍ စိတ်၌ဖြစ်သော ချမ်းသာ ခံစားမှုကို သောမနဿဝေဒနာဟု ခေါ်ရလေသည်။

ထို့အတူ ဆင်းရဲခံစားမှု (ဒုက္ခဝေဒနာ) သည်လည်း တပါးတည်း ဖြစ်သော်လည်း ကိုယ်၌ဖြစ်သော ဆင်းရဲခံစားမှု၊ စိတ်၌ဖြစ်သော ဆင်းရဲ ခံစားမှုဟု နှစ်မျိုးပြားသောကြောင့် ကိုယ်၌ဖြစ်သော ဆင်းရဲခံစားမှုကို ဒုက္ခဝေဒနာဟု ခေါ်၍ စိတ်၌ဖြစ်သော ဆင်းရဲခံစားမှုကို ဒေါမနဿ ဝေဒနာဟု ခေါ်ပါသည်။

ဝေဒနာ ၆-မျိုး

ဝေဒနာသည် ဖြစ်ပေါ်ရာ ဒွါရ ပြား (ဒွါရဘေဒ) အားဖြင့် အောက်ပါအတိုင်း (၆) မျိုးရှိသည်။

(၁) စက္ခုသမ္ဖဿဇာဝေဒနာ (မျက်စိအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

(၂) သောတသမ္ဖဿဇာဝေဒနာ (နားအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

(၃) ဃာနသမ္ဖဿဇာ ဝေဒနာ (နှာခေါင်းအတွေ့ကြောင့် ဖြစ်လာ သောခံစားမှု)၊

(၄) ဇိဝှါသမ္ဖဿဇာ ဝေဒနာ (လျှာအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

စာမျက်နှာ-73
(၅) ကာယသမ္ဖဿဇာ ဝေဒနာ (ကိုယ်အတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

(၆) မနောသမ္ဖဿဇာ ဝေဒနာ (နှလုံးအတွေ့ကြောင့် ဖြစ်လာသော ခံစားမှု)၊

ထိုခြောက်ပါးတွင် စက္ခုဝိညာဏ်ဒွေ၌ရှိသော ဝေဒနာသည် စက္ခု အတွေ့ (စက္ခုသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ စက္ခု သမ္ဖဿဇာ ဝေဒနာမည်၏။

သောတဝိညာဏ်ဒွေ၌ရှိသော ဝေဒနာသည် သောတအတွေ့ (သောတသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ သောတ သမ္ဖဿဇာ ဝေဒနာမည်၏။

ဃာနဝိညာဏ်၌ရှိသော ဝေဒနာသည် ဃာနအတွေ့ (ဃာနသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ ဃာနသမ္ဖဿဇာ ဝေဒနာ မည်၏။

ဇိဝှါဝိညာဏ်၌ရှိသော ဝေဒနာသည် ဇိဝှါအတွေ့ (ဇိဝှါသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ ဇိဝှာသမ္ဖဿဇာဝေဒနာ ဖြစ်သည်။

ကာယဝိညာဏ်ဒွေ၌ရှိသော ဝေဒနာသည် ကာယအတွေ့ (ကာယသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာ၍ ကာယသမ္ဖဿဇာ ဝေဒနာမည်၏။

ဒွေပဉ္စဝိညာဏ် တဆယ်ကြဉ်သော လောကီဝိပါက် ၂၂-ပါး၌ရှိသော ဝေဒနာသည် (ဝါ) ဒွေပဉ္စဝိညာဏ်ကြဉ်သော စိတ် ၇၉-ပါး၌ ရှိသော ဝေဒနာသည် မနောနှလုံးအတွေ့ (မနောသမ္ဖဿ) ကြောင့် ဖြစ်ပေါ်လာ သော ဝေဒနာဖြစ်၍ မနောသမ္ဖဿဇာ ဝေဒနာမည်၏။

စာမျက်နှာ-74
ဝေဒနာခြောက်ပါး ဖြစ်ပုံကို အနည်းငယ် ရှင်းပြဦးအံ့။ ဣဋ္ဌ အာရုံကို မြင်သည့်အခါ မျက်စိအတွေ့ခေါ်သော စက္ခုသမ္ဖဿ၏ အာနုဘော်ကြောင့် ထိုအာရုံ၌ ရှုချင်ဖွယ်ကောင်းသော ဣဋ္ဌရသသည် ပေါ်ထွက် လာ၏၊ ထိုအခါ ပေါ်လာသော ဣဋ္ဌရသကို ကောင်းစွာ ကောင်းနိုး၊ လှပတင့်တယ်စွာဟု ခံစားစံစားသော စက္ခုသမ္ဖဿဇာသုခဝေဒနာသည် စိတ်သန္တာန်မှာ ဖြစ်ပေါ်လာ၏၊ ခြောက်သွေ့သော ထမင်းကို ထောပတ် ရည်ဆမ်းလိုက်ဘိသကဲ့သို့ စိတ်သန္တာန်မှာ ရွှမ်းရွှမ်းစို၍ လာ၏၊ ညှိုးနွမ်းနေသော ပဒုမ္မာကြာကို သီတာရေချမ်း ဆွတ်ဖျန်းလိုက်သဖြင့် လန်းဆန်းလာသကဲ့သို့ စိတ်သန္တာန်၌ ရွှင်လန်း ဖွံ့ဖြိုးလာ၏၊ မျက်နှာရွှန်း၍ အသွေးအရည်တက်၍လာ၏။ ထိုသို့ စက္ခုအမြင် စိတ်အစဉ်မှာ ရွှမ်းရွှမ်းစိုတက်၍လာသော သုခဝေဒနာသည် စက္ခုသမ္ဖဿဇာ သုခဝေဒနာ ဖြစ်သည်။

မြင်တွေ့လိုက်ရသည့် အဆင်းအာရုံက မကြည့်ချင်စရာ, ရွံ့စရာ, မုန်းစရာ အနိဋ္ဌာရုံမျိုးဖြစ်ပါက စိတ်မချမ်းသာမှု စိတ်ဆင်းရဲမှု ဟူသော ဒုက္ခဝေဒနာ ဖြစ်လာသည်၊ ထိုဝေဒနာသည် မျက်စိအတွေ့ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဖြစ်၍ စက္ခုသမ္ဖဿဇာ ဒုက္ခဝေဒနာဖြစ်သည်။

ကောင်း မကောင်း မထင်ရှားသည့် ရိုးရိုးမြင်နေကျ အဆင်းအာရုံ ကို မြင်ရသည့်အခါ၌မူ ခံစားမှုသဘော မထင်ရှားသည့် ဥပေက္ခာဝေဒနာ ဖြစ်လာသည်၊ ထိုဝေဒနာသည် စက္ခုသမ္ဖဿဇာ ဥပေက္ခာဝေဒနာ ဖြစ်သည်။

သာယာဖွယ်အသံကိုကြား၍ သောတ အတွေ့ကြောင့် ဖြစ်ပေါ်လာသော နားအရသာ, နားမြိန်ယှက်မှု နားချမ်းသာမှု နားဆိမ့်အိန့်မှုသည် သောတသမ္ဖဿဇာ သုခဝေဒနာဖြစ်သည်။

မသာယာဖွယ် အသံကိုကြားရ၍ သောတအတွေ့ကြောင့် ဖြစ်ပေါ်လာသော နားမချမ်းသာမှုသည် သောတသမ္ဖဿဇာ ဒုက္ခဝေဒနာ ဖြစ်သည်။

စာမျက်နှာ-75
အနံ့ကို နံ၍ ဃာနအတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု၊ ဃာနသမ္ဖဿဇာ ဝေဒနာများ၊ ရသာစုံကို သုံးဆောင်ရ၍ ဇိဝှါအတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု ဇိဝှါသမ္ဖဿဇာ ဝေဒနာများ၊ ဖောဋ္ဌဗ္ဗာရုံတို့နှင့် ပေါင်းဆုံမိ၍ ကိုယ်အတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု ကာယသမ္ဖဿဇာ ဝေဒနာများ၊ အာရုံခြောက်ပါးတွင် တစ်ပါးပါးသော အာရုံကို အာရုံပြု၍ စိတ်အတွေ့ နှလုံးအတွေ့ကြောင့် ဖြစ်ပေါ်လာသော ခံစားမှု မနောသမ္ဖဿဇာ ဝေဒနာများ ဖြစ်ပုံကိုလည်း စက္ခုသမ္ဖဿဇာ ဝေဒနာ၊ သောတသမ္ဖဿဇာ ဝေဒနာများနည်းကိုမှီး၍ သိနိုင်ကြပေသည်။

တနည်းအားဖြင့် ဝေဒနာသည်

(၁) သာမိသ သုခဝေဒနာ (ကာမဂုဏ် အစာနှင့် စပ်ဆိုင်သော ချမ်းသာမှု)

(၂) နိရာမိသ သုခဝေဒနာ (ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော ချမ်းသာမှု)

(၃) သာမိသ ဒုက္ခဝေဒနာ (ကာမဂုဏ် အစာနှင့် စပ်ဆိုင်သော ဆင်းရဲမှု)

(၄) နိရာမိသ ဒုက္ခဝေဒနာ (ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော ဆင်းရဲမှု)

(၅) သာမိသ အဒုက္ခမသုခဝေဒနာ (ကာမဂုဏ်အစာနှင့် စပ်ဆိုင်သော မထင်မရှား ခံစားမှု)

(၆) နိရာမိသ အဒုက္ခမသုခဝေဒနာ (ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော မထင်မရှား ခံစားမှု)

ဟူ၍ (၆) မျိုးရှိပါသည်။

၁။ ဒီ၊၂၊၂၃၆။

စာမျက်နှာ-76

(၁) သာမိသ သုခဝေဒနာ

ဤခြောက်မျိုးတွင် အလိုရှိအပ် ချစ်ခင်အပ် နှစ်သက်သာယာအပ်သော လင်မယား, သား သမီး, အဝတ်အစား, အိမ်, ယာ, နွား, ဆင်, မြင်း, ရွှေ, ငွေစသည်တို့ကို လည်းကောင်း၊ ကိုယ်တွင်း၌ရှိသော အဆင်း၊ မျက်စိမြင်မှု၊ ချမ်းသာမှု၊ တတ်သိလိမ္မာမှု စသည်တို့ကိုလည်းကောင်း အကြောင်းပြု၍ ဝမ်းသာခြင်းသည် သာမိသသုခမည်ပါသည်၊ ကာမဂုဏ်အစာနှင့် စပ်ဆိုင်သောချမ်းသာဟု ဆိုလိုပါသည်။

ထိုချမ်းသာမှုကို ဂေဟဿိတသောမနဿဟုလည်း ခေါ်ပါ၏၊ ကာမဂုဏ်နေအိမ်ကို မှီသော ရွှင်လန်းဝမ်းသာမှုဟု ဆိုလို၏၊ ဤ၌ဂေဟဆိုသည်မှာ အိမ်ဟု အဓိပ္ပာယ်ရ၏၊ အဆင်း, အသံ, အနံ့, ရသာ, အတွေ့အထိ, ဓမ္မသဘောဟူသော အာရုံခြောက်ပါး ကာမဂုဏ်တရားများကို ကာမတဏှာ၏ နေအိမ်ကြီးသဖွယ်ဖြစ်သောကြောင့် ဂေဟဟုခေါ်၏၊ ထိုဂေဟ ဟူသော ကာမဂုဏ်ခြောက်ပါး ကာမဂုဏ်တရားကို အကြောင်းပြု၍ ကာမတဏှာနှင့်အတူဖြစ်ပေါ်လာသော ဝမ်းမြောက်ခြင်း သောမနဿဝေဒနာကို ဂေဟဿိတသောမနဿဝေဒနာဟု ခေါ်ပါသည်။

ဤသာမိသသုခဝေဒနာသည် လှပသောအဆင်းကို အကြောင်းရင်းပြု၍ လင်မယားစသော ကာမဂုဏ်ဝတ္ထုကို အာရုံပြုလျက် ဝမ်းသာသောအခါ၌ ရူပါရုံကို မှီ၍ဖြစ်သည် မည်၏။ သာယာချိုမြိန်သော စကားသံ စသည်ကို အကြောင်းရင်းပြု၍ လင်မယား စသော ကာမဂုဏ်ဝတ္ထုကို အာရုံပြုလျက် ဝမ်းသာသောအခါ၌ သဒ္ဒါရုံစသည်ကို မှီ၍ ဖြစ်သည် မည်၏၊ ထိုသို့သော ကာမဂုဏ်ဝတ္ထုတို့နှင့် လောလောဆယ် ပြည့်စုံသည်ကို နှလုံးသွင်းမိ၍လည်း ဝမ်းသာမှုဖြစ်တတ်၏၊ ရှေးက ပြည့်စုံစွာခံစားခဲ့ဖူးသည်ကို ဆင်ခြင်အောက်မေ့၍လည်း ဝမ်းသာမှုဖြစ်တတ်၏၊ ထိုဝမ်းသာမှု အားလုံးသည် သာမိသသုခဝေဒနာဖြစ်ပါသည်။

၁။ သာမိသ = ကာမဂုဏ်အစာ၌မှီသော + သုခဝေဒနာ = အချမ်းသာခံစားမှု။

စာမျက်နှာ-77

(၂) နိရာမိသသုခဝေဒနာ

သီလ, သမာဓိ, ပညာ ကုသိုလ်တရားတို့ကို ကြိုးစားအားထုတ်သောသူအား ထိုကုသိုလ်လုပ်ငန်းရပ်ကို အကြောင်းပြု၍ ရွှင်လန်းဝမ်းမြောက်မှုကို နိရာမိသသုခဝေဒနာဟု ခေါ်၏။ ဥပမာ ဒွါရခြောက်ပါး၌ ထင်လာသော အာရုံခြောက်ပါးတို့ကို မပြတ်မစဲ အမြဲရှုမှတ်နေသောသူသည် ဉာဏ်ရင့်လာသောအခါ၌ ထိုအာရုံခြောက်ပါး၏ ဖြစ်မှုပျက်မှုကို မျက်မှောက်တွေ့မြင်၍ မမြဲသော အချင်းအရာကိုလည်း သိမြင်၏၊ ထိုအခါ၌ မျက်မှောက်မြင်အပ်သော ပစ္စုပ္ပန်အာရုံနှင့် နှိုင်းဆ၍ တွေ့ကြုံခဲ့ဖူးသည့် အတိတ်အာရုံ ခြောက်ပါးတို့ကိုလည်းကောင်း၊ တွေ့ကြုံဆဲ အာရုံတို့ကိုလည်းကောင်း မမြဲဆင်းရဲ ပြောင်းလဲဖောက်ပြန်သော တရားချည်းသာဟု သိမြင်ဆုံးဖြတ်၏၊ ဤသို့သိမြင်သောသူအား မှတ်သိတိုင်း မှတ်သိတိုင်း ဝမ်းသာမှု ဖြစ်ပေါ်တတ်၏၊ ဤဝမ်းသာမှုသည် နိရာမိသသုခဝေဒနာမည်၏၊ “ကာမဂုဏ်အစာနှင့် မစပ်ဆိုင်သော ချမ်းသာ”ဟု ဆိုလို၏။

ယင်းချမ်းသာမှုကို “နေက္ခမ္မဿိတသောမနဿ” ဟုလည်း ခေါ်၏၊ အိမ်ရာ အနှောင်အဖွဲ့ နီဝရဏစသော ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း နေက္ခမ္မပဋိပတ်လုပ်ငန်းကို မှီသော ရွှင်လန်းဝမ်းသာမှု ဟု ဆိုလို၏။ ဤ၌ “နေက္ခမ္မ” ဆိုသည်မှာ ရှင်ရဟန်းပြုခြင်း, ပထမဈာန်, နိဗ္ဗာန်, ဝိပဿနာတို့နှင့်တကွ ခပ်သိမ်းသော ကုသိုလ်တရားတို့ကို ထိုအိမ်ရာ အနှောင်အဖွဲ့ နီဝရဏ စသော ဆန့်ကျင်ဘက်တရားတို့မှလွတ် မြောက်သောကြောင့် နေက္ခမ္မဟူ၍ခေါ်၏။

ထင်ရှားစေဦးအံ့။ “သံသရာဝဋ်ဒုက္ခမှ ငါလွတ်မြောက်ရတော့မည်”ဟု ရည်မှန်းကာ ရှင်ရဟန်းပြုရန် ရဟန်းများထံသို့ သွားသူ၊ သွားရောက်ပြီး ရှင်ရဟန်းပြုသောသူ၊ ရှင်ရဟန်းပြုပြီး စတုပါရိသုဒ္ဓိသီလ၌ တည်သောသူ၊ ဓုတင်ပဋိပတ်တို့ကို ဆောက်တည်ကျင့်ကြံသောသူ၊ ကသိုဏ်း ပရိကံစီမံ ပွားများအားထုတ်သူ၊ ယင်းသို့ ပွားများအားထုတ်သဖြင့် ရူပါဝစရပထမဈာန် စသည်ကို ရသောသူ၊ ထိုဈာန်ကို အခြေပါဒပြု၍ ဝိပဿနာတရား ပွားသောသူတို့၏ ပဋိပတ်လုပ်ငန်းရပ်များကို နေက္ခမ္မ ဟုခေါ်၏၊ ယင်း နေက္ခမ္မလုပ်ငန်းရပ်ကို အကြောင်းပြု၍ဖြစ်သော ဝမ်းမြောက်ခြင်းသောမနဿဝေဒနာကို နေက္ခမ္မဿိတသောမနဿဝေဒနာဟု ခေါ်ပါသည်။ ဤဝမ်းသာမှု ဝမ်းမြောက်မှုသည် ဥဒယဗ္ဗယဉာဏ်သို့ ရောက်ခါစ၌ ဆီး၍ မရနိုင်လောက်အောင် အလွန်ထက်သန်စွာ ဖြစ်ပေါ်တတ်၏။

၁။ နိရာမိသ = ကာမဂုဏ်အစာ၌ မမှီသော + သုခဝေဒနာ = ချမ်းသာခံစားမှု။

စာမျက်နှာ-78

သာမိသဒုက္ခဝေဒနာ

အလိုရှိအပ်သော ကိုယ်တွင်းကိုယ်ပ ကာမဂုဏ် စည်းစိမ်တို့နှင့် လောလောဆယ် မပြည့်စုံမှုကို စဉ်းစားမိသောသူအား “ငါ့မှာ ကံဆိုးလေစွ”ဟု ဝမ်းနည်းမှု စိတ်မချမ်းသာမှု ဖြစ်ပေါ်တတ်၏၊ ရှေးက မပြည့်စုံခဲ့၍ ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် တွေ့ခဲ့ဖူးသည်ကို စဉ်းစားမိ၍လည်း ဝမ်းနည်းမှု ဖြစ်ပေါ်တတ်၏၊ ဤသို့ လိုအပ်သော (ဝါ) လိုချင်သော ကာမဂုဏ်စည်းစိမ်တို့နှင့် မပြည့်စုံခြင်းကို အကြောင်း ပြု၍ ဖြစ်ပေါ်လာသော ဝမ်းနည်းမှု၊ နှလုံးမသာယာမှု, စိတ်ညစ်မှု, လွမ်းဆွတ်မှု, ပူဆွေးမှုဟူသမျှသည် သာမိသဒုက္ခမည်၏။

ထိုဝမ်းနည်းမှုအစုစုကို ဂေဟဿိတဒေါမနဿဟုလည်း ခေါ်၏၊ ကာမဂုဏ် နေအိမ်ကို မှီ၍ဖြစ်သော ဝမ်းနည်းမှုဟု ဆိုလိုသည်။ ဤ၌ ပါဠိလို ဂေဟသည် မြန်မာလို အိမ်ဟု အဓိပ္ပာယ်ရသည်၊ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အထိ, ဓမ္မသဘောဟူသော ခြောက်ဖြာအာရုံ ကာမဂုဏ်တရားစုကို ကာမ တဏှာ၏နေအိမ်ကြီးသဖွယ် ဖြစ်သောကြောင့် ဂေဟဟုခေါ်ပါသည်၊ ထိုဂေဟဟုခေါ်သော အာရုံခြောက်ပါး ကာမဂုဏ်တရားတို့ကို တောင့်တတိုင်းမရသဖြင့် “ငါ့မှာ ဤကာမတရားတို့ကို မရလေခြင်း”ဟု နှလုံးပူပန်သောသူ၊ ရပြီးသော ကာမဂုဏ်စည်းစိမ်ချမ်းသာများ ဆုံးရှုံးပျက်စီးသွားသည့်အခါ “ငါ့မှာ လက်ရှိစည်းစိမ်ဥစ္စာများ ဆုတ်ယုတ်လျော့ပါးပျက်စီးသွားကုန်ပြီ”ဟု နှလုံးပူပန်သောသူတို့၏ သန္တာန်၌ ကာမဂုဏ်စည်းစိမ် ချမ်းသာကို မှီ၍(အာရုံပြု၍)ဖြစ်သော နှလုံးမသာယာမှု စိတ်ဆင်းရဲမှုကို ဂေဟဿိတဒေါမနဿဝေဒနာဟု ခေါ်ပါသည်။

စာမျက်နှာ-79

နိရာမိသဒုက္ခဝေဒနာ

နိရာမိသဒုက္ခဝေဒနာ။ ။ ဥဒယဗ္ဗယ စသော ဝိပဿနာဉာဏ်ထူးများသို့ ရောက်ပြီးသော ယောဂီပုဂ္ဂိုလ်သည် အားထုတ်သည့်အချိန်ကာလ ကြာမြင့်လာသည့်အခါ “အရိယာတို့ သိအပ်သည့် မဂ်တရား ဖိုလ်တရားကို ဘယ်သောအခါမှ သိရပါ့မလဲဟု ကြံစည် တောင့်တမိတတ်၏။

ကြာမြင့်စွာအားထုတ်ပါသော်လည်း တောင့်တတိုင်း မပြည့်စုံလာသည့်အခါ “ဒီဘဝမှာတော့ မဂ်, ဖိုလ်ကို မရတော့ဘူးထင်ပါရဲ့” ကြံတွေးလျက် ဝမ်းနည်းပူဆွေးမှု ဖြစ်လာတတ်၏၊ ကြာမြင့်စွာအားထုတ်ပါသော်လည်း ဝိပဿနာဉာဏ် အထူးများသို့ပင် မရောက်နိုင်သောသူအားလည်း ဤဝမ်းနည်းမှုမျိုး ဖြစ်ပေါ်တတ်ပေသည်၊ ဤနိရာမိသဒုက္ခဖြစ်ပုံကို ပေါ်လွင်ထင်ရှားအောင် သုတ်မဟာဝါအဋ္ဌကထာ၊ သက္ကပဉှသုတ်လာ အရှင်မဟာသီဝ မထေရ်ကြီး ဝတ္ထုကို အကျဉ်းချုပ် ထုတ်ပြပါမည်။

အရှင်မဟာသီဝမထေရ်ကြီးဝတ္ထု

ရှေးအခါက အရှင်မဟာသီဝမည်သော မထေရ်ကြီးသည် ဂိုဏ်းကြီး (၁၈)ဂိုဏ်းရှိ သံဃာ့ပရိသတ်အား စာပေကျမ်းဂန်တို့ကို ပို့ချနေလေသည်၊ ထိုမထေရ်ကြီး၏လမ်းညွှန်နည်းပေးမှုဖြင့် ရဟန္တာဖြစ်သွားကြသည့် ရဟန်းတော်များမှာ သုံးသောင်းမျှ ရှိသတဲ့၊ ထိုရဟန်းတို့ထဲတွင် တပည့် ရဟန်းတော်တစ်ပါးက ဆရာမထေရ်၏ သီလဂုဏ်အဆင့်ကို ဆင်ခြင်ကြည့်ရာ ပုထုဇဉ်မျှသာ ရှိသေးကြောင်း သိရ၍ “ဩော် ငါတို့ဆရာတော်ကြီးဟာ တစ်ပါးသူတို့ရဲ့ ကိုးကွယ်ရာသာဖြစ်ပြီး သူကိုယ်တိုင် ကိုးကွယ်ရာဖြစ်အောင် မစွမ်းဆောင်နိုင်သေးပါတကား၊ ငါ့ကိုယ်တိုင်သွားပြီး သတိပေး ဆုံးမ စကား ပြောကြားမည်”ဟု စဉ်းစားပြီး ကောင်းကင်ခရီးဖြင့် ကြွသွား၏။

ကျောင်းအနီးတွင် ဆင်းသက်၍ ဆရာတော် မထေရ်ကြီး အနီးသို့ သွား၏၊ ဘာကိစ္စအတွက် ကြွလာပါသလဲလို့ ထိုမထေရ်ကြီးက မေးသည့် အခါ အနုမောဒနာတရားတပုဒ်ကိုသင်ယူလို၍ လာပါသည်ဟုလျှောက်၏ အားလပ်ချိန် မရှိဟု မထေရ်ကြီးက အမိန့်ရှိသည့်အခါ ဆွမ်းခံသွားရန် တန်ဆောင်းတွင် ရပ်နေခိုက် မေးပါမည်ဟု လျှောက်၏၊ ထိုနေရာ၌ အခြား

စာမျက်နှာ-80
ရဟန်းတို့က မေးနေကြသည်ဟုဆိုရာ ဆွမ်းခံရွာသို့ဝင်စဉ် လမ်းမှာ မေးပါ မည်ဟု လျှောက်ပြန်၏၊ အဲသည်လမ်းမှာလဲပဲ မေးမည့်သူများ ရှိနေကြသည်ဟုဆိုရာ သင်္ကန်းရုံချိန် သပိတ်ကိုအိပ်ထဲမှ ထုတ်ချိန် ယာဂု သောက်ပြီးချိန်တို့မှာ မေးပါမည်ဟု လျှောက်ပြန်၏၊ အဲဒီအချိန်တွေမှာလဲ အဋ္ဌကထာကို လေ့လာကြတဲ့ မထေရ်များက မေးနေကြသည်ဟု ဆိုပြန်၏။

ဤသို့အားဖြင့် ဆွမ်းခံရွာမှ ပြန်လာချိန်၊ ဆွမ်းစားပြီးစအချိန်၊ နေ့လယ်ချိန်၊ အိပ်ယာဝင်ခါနီး ခြေဆေးချိန်၊ နံနက် မျက်နှာသစ်ရန် သွားချိန်၊ မျက်နှာသစ်ပြီး ပြန်လာချိန်၊ ကျောင်းခန်းတွင်း၌ ခေတ္တ နေထိုင်ချိန်တို့၌ မေးပါမည်ဟု တချိန်ပြီးတချိန် ခွင့်တောင်း၏၊ ဤအချိန် များ၌လည်း မေးမည့်သူများ ရှိနေသည်ဟု မိန့်တော်မူလေသည်။

တပည့် ရဟန္တာမထေရ်က “အရှင်ဘုရား မျက်နှာသစ်ပြီးသည့်အခါ ကျောင်းခန်းတွင်းသို့ဝင်၍ သုံးလေးထိုင်ခန့်မျှ ဖင်နွေးအောင်ထိုင်ပြီး တရားနှလုံးသွင်းတဲ့ အချိန်ကလေးတော့ ထားခွင့်ရှိသင့်ပါသေးသည်၊ ယခု အတိုင်းဆိုလျှင် အရှင်ဘုရားတို့မှာ သေဖို့ အချိန်ကိုပင် မရကြတော့ပါလားဘုရား၊ အရှင်ဘုရားသည် နောက်မှီခုံကြီးနှင့် တူပါသည်၊ သူတစ်ပါးတို့၏ မှီရာသာဖြစ်ပြီး မိမိကိုယ်တိုင်၏ မှီရာတော့ မဖြစ်နိုင်၊ မတတ်နိုင်ပါ၊ အရှင်ဘုရား၏ အနုမောဒနာ တရားကိုလည်း မနာကြားလိုတော့ပါ” ဟု လျှောက်ပြီး ကောင်းကင်သို့ ပျံတက်ကြွသွားလေတော့သည်။

ထိုအခါ မထေရ်ကြီးက “ထိုရဟန်းလာခြင်းမှာ စာသင်ဖို့ မဟုတ်၊ ငါ့ကို သတိပေးဖို့ဖြစ်မယ်” ဟု သိရှိရိပ်မိပြီးနောက်တစ်နေ့နံနက် စောစောတွင် သပိတ်, သင်္ကန်းများကိုယူကာ တရား အားထုတ်ရန် ကျောင်းမှထွက်ခွာသွားလေတော့သည်။

စာမျက်နှာ-81
ယင်းသို့ ထွက်ခွာသွားသည်ကို မည်သည့်တပည့်ကိုမျှ အသိမပေးခဲ့ပေ၊ အသိမပေးခြင်းမှာလည်း “မိမိလို ပုဂ္ဂိုလ်မျိုးအတွက် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရရန် မခဲယဉ်း၊ နှစ်ရက် သုံးရက် အားထုတ်ရုံမျှဖြင့် ရဟန္တာ ဖြစ်ပြီး ပြန်လာနိုင်မည်”ဟု အထင်ကြီးမိသောကြောင့် ဖြစ်၏။

ဤသို့ဖြင့် ရွာအနီး တောင်ချိုင့်တစ်ခု၌နေပြီး ဝါဆိုလဆန်း ၁၃-ရက် နေ့မှစ၍ တရားအားထုတ်လေရာ ဝါဆိုလပြည့်နေ့အထိ တရားထူးကို မရရှိ သေးသောကြောင့် “ဩော်-ငါသည် နှစ်ရက် သုံးရက်မျှဖြင့် အရဟတ္တဖိုလ်ကိုရမည်ဟု မျှော်လင့်လာခဲ့၏၊ သို့သော် ယခု မျှော်လင့်သလို မရခဲ့ချေ၊ ရှိပါစေတော့ ဤဝါတွင်း သုံးလကို သုံးရက်လောက် သဘောထားပြီး အားထုတ်ပစ်မည်၊ ဝါကျွတ်လျှင် သိရောပေါ့”ဟု နှလုံးသွင်းပြီး ဆက်လက်အားထုတ်ပြန်လေသည်။

ဝါကျွတ်သည့်အခါမှာလည်း မဂ်, ဖိုလ်ကို မရသေးသောကြောင့် “ဪ နှစ်ရက် သုံးရက်မျှဖြင့် ကိစ္စပြီးမည်ဟုထင်လာခဲ့တာ ၃-လကြာသော်လည်း ကိစ္စမပြီးသေးပါတကား၊ သီတင်းသုံးဖော်များကတော့ ရဟန္တာ အဖြစ်ဖြင့် ပဝါရဏာပြုကြပေလိမ့်မည်”ဟု တွေးတောစဉ်းစားနေစဉ် မထေရ်မြတ်၏မျက်လုံးအိမ်ထဲမှ မျက်ရည်အယဉ်တို့သည် တသွင်သွင်ယိုစီး ကျလာကုန်၏။

ထို့နောက် အိမ်ရာဝင်ခါနီး ခြေဆေးရခြင်း၊ ခုတင်ပေါ်၌ လဲလျောင်းနေရခြင်းများကြောင့် မဂ်ဖိုလ်ကို မရနိုင်ခြင်းဖြစ်မည်၊ ရဟန္တာ မဖြစ်သရွှေ့ ကျောလဲမခင်း၊ ခြေလည်းမဆေးတော့အံ့ဟု ဆုံးဖြတ်ကာ ခုတင်ကို သိမ်းထားလိုက်လေသည်။ ထိုင်, ရပ်, သွား ဣရိယာပုတ်သုံးပါး ဖြင့်သာ အားထုတ်ခဲ့ရာ ၂၉-နှစ်တိုင်တိုင် ကြာခဲ့သော်လည်း မဂ်,ဖိုလ်ကို မရနိုင်ဘဲ ရှိလေသည်။ ထို၂၉-နှစ်အတွင်း ပဝါရဏာနေ့ ရောက်တိုင်းရောက်တိုင်း မထေရ်ကြီးမှာ မျက်ရည်အဖြာဖြာ ကျဆင်းခဲ့ရလေသည်။

စာမျက်နှာ-82
အနှစ် ၃၀-မြောက်၊ ပဝါရဏာနေ့သို့ ရောက်သည့်အခါမှာလည်း မဂ်, ဖိုလ်ကို မရသေးသောကြောင့် “ဪ...ငါတရားအားထုတ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀-ကြာခဲ့ပြီးအရဟတ္တဖိုလ်ကိုလည်း မရသေး၊ အမှန်ပါပဲ ငါ့မှာ သည်ဘဝတွင် မဂ်ဖိုလ်ရပုံမပေါ်ပါဘူး”ဟု တွေးတောမိစဉ် ဝမ်းနည်းလာပြီး မျက်ရည်များ စီးကျလာလေတော့သည်။

ထိုအခါ နတ်သမီးတစ်ယောက်က သတိပေးလိုသဖြင့် မနီးမဝေးတွင် မတ်တပ်ရပ်ကာ ငိုကြွေးနေလေသည်၊ “ဟဲ့ ဒီမှာငိုကြွေးနေတာ ဘယ်သူလဲ” ဟု မထေရ်ကြီးက မေးသည့်အခါ “တပည့်တော် နတ်သမီးပါဘုရား”လို့ လျှောက်၏၊ ဘာကြောင့် ငိုနေရတာလဲဟု မေးလျှင် “အရှင်ဘုရား ငိုနေသည်ကိုမြင်ရ၍ ငိုလျှင်လဲ မဂ်ဖိုလ်ရနိုင်သည်ဟု ထင်မှတ်သည့်အတွက် ငါလဲ တမဂ်တဖိုလ်၊ နှစ်မဂ်နှစ်ဖိုလ်လောက် ဖြစ်စေမည်ဟုကြံပြီး ငိုနေပါသည်အရှင်ဘုရား”ဟု နတ်သမီးက လျှောက်၏။

နတ်သမီးက ဤသို့လျှောက်မှပင် မဟာသိဝမထေရ်ကြီးသည် သတိ သံဝေဂရပြီး မိမိကိုယ်ကို ဤသို့ဆုံးမ၏။ “အို-အမောင်မဟာသီဝ-နတ် သမီးကပင် မင်းကိုပျက်ရယ်ပြုနေချေပြီ၊ သည်အပြုအမူသည် မင်းနှင့် သင့်လျော်ပါသလား”ဟု ဆင်ခြင်ဆုံးမ၍ သမ္မပ္ပဓာန်လုံ့လကို ရှေးကထက် ထက်သန်စေလျက် ဝိပဿနာတရားကို ပွားများအားထုတ်တော်မူရာ မကြာမီ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်တော်မူသွားပါသည်။

ဤဝတ္ထု၌ အနှစ်သုံးဆယ်တိုင်တိုင် ပဝါရဏာနေ့ရောက်တိုင်း ရောက်တိုင်း မဟာသီဝမထေရ်ကြီး ဝမ်းနည်း၍ ငိုကြွေးရခြင်းသည် နိရာမိသဒုက္ခ ဝေဒနာပင် ဖြစ်ပါသည်။

သာမိသာဒုက္ခမသုခဝေဒနာ

သာမိသာဒုက္ခမသုခဝေဒနာ။ ။ ဝိပဿနာကင်းသော အန္ဓပုထုဇဉ်အား ကိုယ်တွင်းကိုယ်ပ၌ ရှိသော မကောင်း မဆိုး ရိုးရိုးကာမဂုဏ်ဝတ္ထုတို့ကို မြင်သောကာလစသည်၌ ဝမ်းသာမှု

စာမျက်နှာ-83
မထင်ရှား၊ နှလုံးမသာမှုလဲမဖြစ်၊ ထိုအာရုံဝတ္ထုကို စွန့်ပစ်နိုင်သည်လဲ မဟုတ်၊ အမှန်အားဖြင့် ထိုအာရုံဝတ္ထု၌ သာယာတပ်မက်သော လောဘ နှင့်တကွ မကောင်းမဆိုး ရိုးရိုးခံစားမှု ဖြစ်ပေါ်လျက်ရှိ၏၊ ဤအလတ်စား ခံစားမှုသည် သာမိသဒုက္ခမသုခမည်၏၊ ဂေဟဿိတဥပေက္ခာလည်း မမည်၏။ အညာဏုပေက္ခာဟူ၍လည်း ခေါ်၏၊ မောဟနှင့်တကွဖြစ်သော လျစ်လျူရှုမှုဟုဆိုလို၏၊ ဤဝေဒနာသည် ဝိပဿနာယောဂီအားလည်း ရှူမှုတို့၏ အကြားအကြား၌ ဝင်၍ဖြစ်တတ်၏၊ ဖြစ်သော်လည်း ပြခဲ့သည့် အတိုင်းပင် မထင်ရှားဘဲ ရှိတတ်၏။

နိရာမိသအဒုက္ခမသုခဝေဒနာ

နိရာမိသအဒုက္ခမသုခဝေဒနာ။ ။ ဝိပဿနာ၏ ညစ်ညူးကြောင်းဘေးရန်တို့မှ စင်ကြယ်ပြီးသောအခါ၌ ထင်တိုင်းသော အာရုံခြောက်ပါးတို့ကို မှတ်တိုင်းမှတ်တိုင်း သိမှုဝိပဿနာ ဉာဏ်နှင့် ယှဉ်တွဲလျက် အလတ်စားခံစားမှုသည် ထင်ရှားစွာဖြစ်တတ်၏၊ ဘင်္ဂဉာဏ် ထက်သန်သည်မှစ၍ အထူးထင်ရှားတတ်၏။ သင်္ခါရုပေက္ခာ ဉာဏ်၌ကား သာ၍ပင် ထင်ရှားစွာဖြစ်တတ်၏၊ ဤအလတ်စားခံစားမှုသည် နိရာမိသဒုက္ခမသုခမည်၏၊ နေက္ခမ္မဿိတဥပေက္ခာလည်း မမည်ပေသည်။

ဝေဒနာ(၁၈)မျိုး

ဝေဒနာ(၁၈)မျိုး။ ဝေဒနာသည် ဣဋ္ဌာရုံကို ဆင်ခြင်သုံးသပ်သည့် ဝိစာရနှင့် အတူဖြစ်သော-

(၁) သောမနဿူပဝိစာရဝေဒနာ ၆-ပါး

(၂) ဒေါမနဿူပဝိစာရဝေဒနာ ၆-ပါး

(၃) ဥပေက္ခူပဝိစာရဝေဒနာ ၆-ပါး

အားဖြင့် ဝေဒနာ(၁၈)ပါး ရှိပါသည်။

ထိုတွင် သောမနဿူပဝိစာရဝေဒနာဆိုသည်မှာ အလိုရှိအပ် နှစ်သက်အပ်သော ရူပါရုံစသည့် ဣဋ္ဌာရုံ(၆) မျိုး၌ ဆင်ခြင်သုံးသပ်မှု ဝိစာရနှင့် တကွ ဖြစ်သည့် ဝမ်းမြောက်ခြင်းသောမနဿူပဝိစာရ ဝေဒနာ(၆)ပါး ဖြစ်ပါသည်။

၁။ သံ၊ဋ္ဌ၊၄၂၉။ သံ၊ ၂၃၊ ၁၂၃... ၄။

စာမျက်နှာ-84
ဒေါမနဿူပဝိစာရဝေဒနာ ဆိုသည်မှာလည်း အလိုမရှိအပ် မနှစ်သက် မမြတ်နိုးအပ်သော ရူပါရုံ သဒ္ဒါရုံစသည့် အနိဋ္ဌာရုံ(၆)မျိုး၌ ဆင်ခြင်သုံး သပ်မှု ဝိစာရနှင့် တကွဖြစ်သော မသက်မသာဖြစ်ခြင်း၊ မခံသာခြင်း ဒေါမနဿူပဝိစာရ ဝေဒနာ(၆)ပါး ဖြစ်ပါသည်။

ဥပေက္ခူပဝိစာရ ဆိုသည်မှာလည်း အလိုရှိအပ်သည်လည်း မဟုတ် အလိုမရှိအပ်သည်လည်း မဟုတ်သော ရူပါရုံ သဒ္ဒါရုံစသည့် ဣဋ္ဌမဇ္ဈတ္တာရုံ (၆)မျိုး၌ ဆင်ခြင်သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော လျစ်လှူရှုခြင်း မသိမသာ အလယ်အလတ် ခံစားခြင်း ဥပေက္ခူပ ဝိစာရဝေဒနာ(၆)ပါး ဖြစ်ပါသည်။

ဝေဒနာ(၃၆)မျိုး

ဝေဒနာ(၃၆)မျိုး။ ။ထိုဝေဒနာသည်–

(၁) ကာမဂုဏ်၌မှီသော ဂေဟဿိတ သောမနဿဝေဒနာ - ၆-ပါး

(၂) ကာမဂုဏ် ထွက်မြောက်မှု၌မှီသော နေက္ခမ္ဗဿိတ သောမနဿဝေဒနာ - ၆-ပါး

(၃) ကာမဂုဏ်၌မှီသော ဂေဟဿိတဒေါမနဿဝေဒနာ - ၆-ပါး

(၄) ကာမဂုဏ် ထွက်မြောက်မှု၌ မှီသော နေက္ခမ္မဿိတ ဒေါမနဿဝေဒနာ - ၆-ပါး

(၅) ကာမဂုဏ်၌မှီသော ဂေဟဿိတဥပေက္ခာဝေဒနာ - ၆-ပါး

(၆) ကာမဂုဏ် ထွက်မြောက်မှု၌ မှီသောနေက္ခမ္မဿိတ ဥပေက္ခာဝေဒနာ - ၆-ပါး

အားဖြင့်(၃၆)ပါး ရှိလေသည်။

၁။ သံ၊၂၊၄၂၉။ သံ၊ဋ္ဌ၊၄၂၉။ သံ၊ဋ္ဌ၊၃၊၁၂၃-၄။

၂။ ဂေဟ၊ တဏှာ၏ အိမ်သဖွယ်ဖြစ်သော ကာမဂုဏ်တရား + သိတ၊ မှီသော။ သောမနဿဝေဒနာ = ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေါ်ခံစားမှု။

စာမျက်နှာ-85
(၁) ထိုတွင် ဂေဟဿိတ သောမနဿ ဝေဒနာဆိုသည်မှာ လိုချင်ဖွယ် နှစ်သက်မြတ်နိုးဖွယ် စိတ်နှလုံး ရွှင်ပြုံးကြည်နူးဖွယ် ကောင်းသည့် အဆင်းအာရုံ စသည်တို့နှင့် တွေ့ကြုံဆုံစည်းရသည့် အခါ၌ ဖြစ်ပေါ်လာတတ်သော ဝမ်းသာမှု, ချမ်းသာမှု သဘောသည်လည်းကောင်း၊ ရှေးက မြင်ခဲ့ တွေ့ကြုံခဲ့ဖူးသည့် နှစ်သက် မြတ်နိုးဖွယ် အဆင်းအာရုံ စသည်တို့ကို ပြန်လည်စဉ်းစား တွေးတောလိုက်သည့် အခါ၌ ဖြစ်သော ကြည်နူးခြင်း ဝမ်းသာရွှင်လန်းခြင်း စသည်တို့သည်လည်းကောင်း ဂေဟဿိတ သောမနဿဝေဒနာမည်ပါသည်။

ထိုဝေဒနာသည် ရှေ့တွင်ပြဆိုခဲ့ပြီးသော “သာမိသသုခ”ဝေဒနာနှင့် တူပါသည်၊ ဂေဟဿိတ၌ ဂေဟမည်ပုံကို ရှေးနည်းအတိုင်း မှတ်သားရန် ဖြစ်ပါသည်။

ထိုဂေဟဿိတသောမနဿ ဝေဒနာသည် လိုလားနှစ်သက်ဖွယ်ကောင်းသော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟူသော အာရုံတို့ကိုမြင်၍၊ ကြား၍၊ အနံ့ရ၍၊ စားရ၍၊ တွေ့ထိရ၍၊ တွေးတောစဉ်းစားရ၍၊ စက္ခု သောတ ဃာန ဇိဝှာ, ကာယ မန-ဟူသော ဒွါရခြောက်ပါး၌ ဖြစ်သော အားဖြင့် ဂေဟဿိတသောမနဿဝေဒနာ ခြောက်ပါးဖြစ်ပါသည်။

(၂) နေက္ခမ္မဿိတသောမနဿဝေဒနာ ဆိုသည်မှာရူပါရုံတို့သဘော သည် တည်မြဲသော သဘောမရှိ၊ ဖောက်ပြန်ပျက်စီး၍ ချုပ်ငြိမ်း သွားသော သဘောရှိ၏ဟု သိမြင်ထားသူသည် ရူပါရုံကို တွေ့မြင်သည့် အခါ“ယခုရှေ့တွင် တွေ့မြင်နေရသည့် ရူပါရုံသည်လည်းကောင်း၊ ရှေးက တွေ့မြင်ဖူးသော ရူပါရုံသည်လည်းကောင်း၊ အားလုံးသော ရူပါရုံတို့သည် အမြဲမရှိကြ၊ ဆင်းရဲကြ၏၊ နောက်ဆုံး ဖောက်ပြန် ပျက်စီးသွားရသော သဘောရှိကြ၏”ဟု အမှန်သဘောအတိုင်း ပညာဖြင့် ရှုမြင်သည့်ပုဂ္ဂိုလ်အား စိတ်ချမ်းသာမှု၊ ရွှင်လန်းဝမ်းမြောက်မှုဖြစ်၏။

၁။ နေက္ခမ္မ = ကာမဂုဏ်မှလွတ်သော ပဋိပတ္တိလုပ်ငန်း၌ + သိတ = မှီသော၊ သောမနဿဝေဒနာ = ဝမ်းမြောက် ဝမ်းသာ ဖြစ်ပေါ်ခံစားမှု။

စာမျက်နှာ-86
ထိုဝမ်းမြောက်ရွှင်လန်းခြင်းသည် ကာမဂုဏ်နှင့်မစပ်ဆိုင်၊ မပတ်သက် သည့် ဝိပဿနာအာရုံကိုမှီ၍ဖြစ်သော ဝမ်းမြောက်ခြင်းမျိုးဖြစ်၍ နေက္ခမ္မဿိတ သောမနဿဝေဒနာဖြစ်သည်၊ ထိုဝေဒနာသည် ရှေ့တွင်ပြဆိုခဲ့ပြီးသော နိရာမိသသုခဝေဒနာနှင့်တူပါသည်။

ထိုနေက္ခမ္မဿိတသောမနဿ ဝေဒနာသည်လည်း ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟူသော အာရုံခြောက်ပါးတို့ကို မြင်၍ကြား၍ အနံ့ရ၍၊ စားရ၍၊ တွေ့ထိရ၍၊ တွေးတောစဉ်းစား၍ စက္ခုဒွါရစသော ဒွါရခြောက်ပါး၌ဖြစ်သောအားဖြင့် နေက္ခမ္မဿိတ သောမနဿဝေဒနာ ခြောက်ပါးဖြစ်ပါသည်။

(၃) ဂေဟဿိတဒေါမနဿဝေဒနာကား ‘ထိုချစ်ဖွယ်၊ နှစ်သက်မြတ်နိုးဖွယ် စိတ်နှလုံး ရွှင်ပြုံးဖွယ်ကောင်းသော ရူပါရုံ စသောအာရုံကောင်း များကို မရရှိခြင်းကြောင့်လည်းကောင်း၊ ထိုအာရုံကောင်းများကို “ငါမရပါ ကလား”ဟု ကြံစည်စဉ်းစားမိသောကြောင့်လည်းကောင်း၊ ရှေးကဆုံစည်း ခဲ့ဖူး၍ ချုပ်ဆုံး ပျက်စီးသွားပြီးသော အာရုံကောင်းများကို ပြန်လည် စဉ်းစားမိသောကြောင့်လည်းကောင်း နှလုံးမသာယာမှု၊ စိတ်မချမ်းသာမှု တို့ဖြစ်ရသည်။ ထိုစိတ်နှလုံးမသာယာမှုသည် ကာမဂုဏ်ကိုအကြောင်းပြု၍ ဖြစ်ပေါ်သော ဂေဟဿိတ ဒေါမနဿဝေဒနာဖြစ်ပါသည်။

ထိုဂေဟဿိတဒေါမနဿ ဝေဒနာသည် ဂေဟဿိတသောမနဿ ဝေဒနာနည်းတူ အာရုံခြောက်ပါး၊ ဒွါရခြောက်မျိုးအလိုက် ခြောက်မျိုး ရှိပါသည်။

(၄) နေက္ခမ္မဿိတ ဒေါမနဿဝေဒနာဆိုသည်မှာ “ရူပါရုံဆိုတာ တည်မြဲတဲ့သဘောမရှိ၊ ဖောက်ပြန်ပျက်စီးပြီး ချုပ်သွားတတ်တဲ့သဘော ရှိ၏” ဟု သိမြင်ထားသူသည် ရှေးကတွေ့ခဲ့ဖူးသည့် ရူပါရုံ၊ ယခုတွေ့မြင်နေရသည့် ရူပါရုံစသော ရူပါရုံမှန်သမျှတို့သည် အမြဲမရှိကြ၊ ဆင်းရဲကြ၏၊ နောက်ဆုံးတွင် ပျက်စီးရသည့်သဘောရှိ၏ဟု ဟုတ်တိုင်းမှန်စွာ သိမြင်၍ အရဟတ္တ ဖိုလ်ကို လိုချင်တောင့်တလျက်ရှိ၏။

စာမျက်နှာ-87
သို့သော် ဒွါရခြောက်ပါးတို့၌ ဣဋ္ဌာရုံများထင်လာသည့် အခါ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှု၍ ကြိုးစားအားထုတ်ရန် မစွမ်းနိုင်သောကြောင့် “ဒီလဆန်းပိုင်းမှာလည်း (သို့မဟုတ်) ဒီလဆုတ်ပိုင်းမှာလည်း အရဟတ္တဖိုလ်ရအောင် ဝိပဿနာတရားကို အားမထုတ်နိုင်သေး၊ ဒီလမှာလည်း အားမထုတ်နိုင်သေး၊ ဒီနှစ်မှာလည်း အားမထုတ်နိုင်သေး” ဟုစိုးရိမ်ပူဆွေးသောသူအားဖြစ်သော နှလုံးမသာယာမှုမျိုးသည် နေက္ခမ္မဿိတ ဒေါမနဿဝေဒနာဖြစ်ပါသည်။ တနည်းအားဖြင့် နိရာမိသဒုက္ခ ဝေဒနာအဖွင့်တွင် တင်ပြခဲ့သည့် မဟာသီဝမထေရ်ကြီးသန္တာန်မှာ ဖြစ်သည့် နိရာမိသဒုက္ခဝေဒနာမျိုးနှင့်တူပါသည်၊

ထိုနေက္ခမ္မဿိတ ဒေါမနဿဝေဒနာသည် နေက္ခမ္မဿိတသောမနဿ ဝေဒနာနည်းတူ ဒွါရခြောက်စုံ၊ အာရုံခြောက်ပါးအလိုက် ခြောက်မျိုး ရှိပါသည်။

(၅) ကာမဂုဏ်၌မှီသော ဂေဟဿိတဥပေက္ခာ ဝေဒနာသည် ခန္ဓာ, အာယတန စသော ရုပ်နာမ်တရား၌ အကြားအမြင်မရှိသော အန္ဓပုထုဇဉ် ပုဂ္ဂိုလ်အား မျက်စိဖြင့် ရူပါရုံကို မြင်ရသည့်အခါ ဝမ်းသာမှုလည်း မထင်ရှား၊ နှလုံးမသာယာမှုလည်းမဖြစ်၊ ရူပါရုံကို စွန့်ပစ်နိုင်သည်လည်းမဟုတ်၊ ထန်းလျက်ခဲဝယ်ပုန်းကွယ်နားနေသည့် ယင်ကောင်ပမာ ထိုရူပါရုံစသည်၌ သာယာတပ်မက်သော လောဘနှင့်တကွ မကောင်းမဆိုး ရိုးရိုးခံစားမှု သည် ဖြစ်ပေါ်လာ၏၊ ဤအလတ်စား ခံစားမှုသည် ကာမဂုဏ်ကိုမှီ၍ဖြစ် သောကြောင့် ဂေဟဿိတ ဥပေက္ခာဝေဒနာဖြစ်သည်။ ထိုဝေဒနာသည် လည်း ဂေဟဿိတ ဒေါမနဿဝေဒနာနည်းတူ အာရုံဒွါရအားဖြင့်ခြောက် မျိုးပြားသည်။

(၆) နေက္ခမ္မဿိတဥပေက္ခာ ဝေဒနာသည် ရူပါရုံကို မျက်စိဖြင့် မြင်ရ သည့်အခါ ရူပါရုံတို့၏ မမြဲသောသဘော၊ ဖောက်ပြန်သည့်သဘော၊ တပ်မက်ဖွယ်မဟုတ်သည့်သဘော၊ ချုပ်ဆုံး ကွယ်ပျောက်တတ်သည့် သဘော

စာမျက်နှာ-88
တို့ကို ကောင်းစွာ သိမြင်ပြီးဖြစ်သောကြောင့်ရူပါရုံမှန်သမျှ အမြဲမရှိကုန်၊ ဆင်းရဲကြကုန်၏၊ ဖောက်ပြန်ပျက်စီးတတ်သောသဘောရှိကုန်၏-ဟုဟုတ် တိုင်းမှန်စွာ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဝိပဿနာဉာဏ် နှင့်ယှဉ်တွဲလျက် အလတ်စား ခံစားမှုသည် ထင်ရှားစွာဖြစ်တတ်၏၊ ထို ခံစားမှုမျိုးသည် ရူပါရုံ၏ ဆွဲဆောင်မှု မပါ၊ ရူပါရုံကို မတပ်မက်သော အားဖြင့် ဖြစ်သောခံစားမှုမျိုးဖြစ်သောကြောင့် နေက္ခမ္မဿိတဥပေက္ခာ ဝေဒနာဖြစ်ပါသည်။

ထိုနေက္ခမ္မဿိတဥပေက္ခာ ဝေဒနာသည် ဒွါရခြောက်ပါး၌ ဣဋ္ဌာရုံများ ထင်လာသည့်အခါ ထိုဣဋ္ဌာရုံများ၌ မတပ်မက်မစွဲလမ်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ အနိဋ္ဌာရုံများ ထင်လာသည့်အခါ ထိုအနိဋ္ဌာရုံ များ၌ ဒေါသမဖြစ်သော ပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း ဖြစ်ပေါ်လာ သောဝိပဿနာဉာဏ်နှင့်အတူဖြစ်သည့် အလတ်စား ခံစားမှုမျိုးဖြစ်သည်။

ထိုဝေဒနာသည် ရှေ့ဝေဒနာများနည်းတူ ဒွါရခြောက်စုံ အာရုံခြောက် ပါးအားဖြင့်ခြောက်မျိုးရှိပါသည်။

ဝေဒနာ(၁၀၈)မျိုး

ဝေဒနာ(၁၀၈)မျိုး။ အထက်ဖော်ပြပါ ဝေဒနာ (၃၆)ပါးသည်-

(၁) အတိတ်၌ဖြစ်သောဝေဒနာ - ၃၆-ပါး

(၂) ပစ္စုပ္ပန်၌ဖြစ်သောဝေဒနာ - ၃၆-ပါး

(၃) အနာဂတ်၌ ဖြစ်သောဝေဒနာ - ၃၆-ပါး

အားဖြင့် ဝေဒနာ(၁၀၈)ပါးဖြစ်လာပါသည်။

ယင်းကဲ့သို့ဝေဒနာအမျိုးမျိုးပြားပုံကို ကျေးဇူးရှင်လယ်တီဆရာတော် ဘုရားကြီးက ဤသို့ လင်္ကာဖွဲ့ဆိုခဲ့ပါသည်။

၁။ သံ၊ ၂၊ ၄၂၉။

စာမျက်နှာ-89
“ခံစား စံစား၊ စကားနှစ်ထွေ၊ တရားနေမှာ၊ ဝေဒနာဓာတ်၊ ခန္ဓာမှတ်လော၊ သုံးရပ်ဝေခဲ့၊ ဆင်းရဲဒုက္ခ၊ သုခချမ်းသာ၊ ဥပေက္ခာ ဟူ၊ လျစ်လျူခံစား၊ မထင်ရှားတည်း၊ ငါးပါးအလို၊ တပုံဆိုသော်၊ ကိုယ်စိတ်နှစ်ဖြာ၊ ချမ်းသာဆင်းရဲ၊ လျစ်လျူခဲ့လော၊ တနဲထို့ပြင်၊ အမြင်အကြား၊ အနံ့အားနှင့်၊ စားလျက်ထိ၊ ကြံသိခြောက်ဖြာ၊ ချမ်းသာဆင်းရဲ၊ လျစ်လျူခဲ့ငြား၊ ဆယ့်ရှစ်ပါးတည်း၊ သုံးပါးကာလ၊ ပွားထတုံသေး၊ ငါးဆယ့်လေးတည်း၊ တရေးသဏ္ဌာန်၊ နှစ်ပွားပြန်က၊ တရာ့ရှစ်ပင်၊ အကျယ်မြင်လော”

၆။ ဝေဒနာအကြောင်း အခြားသိကောင်းစရာများ

စိတ်နှင့်အမြဲတမ်းဖြစ်သောတရား

ဝေဒနာစေတသိက်သည် စိတ်ဖြစ်တိုင်းပါရသော စေတသိက်ဖြစ်သည်။ စိတ် ၈၉-ပါးတွင် မည်သည့်စိတ်ဖြစ်စေ ဝေဒနာပါရမြဲဖြစ်၏။ စိတ်ဆိုသည်မှာ အာရုံနှင့်ကင်း၍ ဖြစ်ပေါ်နိုင်ကောင်းသော တရားမဟုတ်၊ အာရုံတစ်ခုခုကို အမှီပြု၍ ဖြစ်ပေါ်ရမြဲပင်ဖြစ်၏။

အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သည့် ဣဋ္ဌာရုံကိုစွဲမှီ၍ စိတ်ဖြစ်ပေါ်လာရလျှင် ထိုစိတ်နှင့်အတူ ထိုဣဋ္ဌာရုံကို ခံစားမှု သုခဝေဒနာ၊ သောမနဿဝေဒနာတို့ ဖြစ်ပေါ်လာသည်။ မလိုလားအပ် မတောင့်တအပ်သော အနိဋ္ဌာရုံကို အာရုံပြု၍ စိတ်ဖြစ်ပေါ်လာလျှင် ထိုစိတ်နှင့်အတူ ယင်းအနိဋ္ဌာရုံကို ခံစားသော ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့ ဖြစ်ပေါ်လာသည်။

ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်းမဟုတ်သော ဣဋ္ဌမဇ္ဈတ္တာရုံကိုစွဲ၍ စိတ်ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်နှင့်အတူ ယင်းဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားသော ဝေဒနာဖြစ်သည်။ ထိုဝေဒနာကို ဥပေက္ခာဝေဒနာဟု ခေါ်သည်။ ဤသို့ ဝေဒနာသည် ကုသိုလ်စိတ်ဖြစ်သောအခါ၌လည်း ပါသည်၊ အကုသိုလ်စိတ်ဖြစ်သောအခါ၌လည်း ပါသည်၊ အဗျာကတစိတ်ဖြစ်သည့်အခါ၌လည်း ပါသည်။

စာမျက်နှာ-90
သို့သော် သုခဝေဒနာ၊ ဒုက္ခဝေဒနာဖြစ်သောအခါ၌ ဝေဒနာ၏သဘော ထင်ရှား၍ ဥပေက္ခာဝေဒနာဖြစ်သောအခါ၌ ဝေဒနာ၏သဘော မထင်ရှားချေ။ ဤမျှသာ ထူးပေသည်။ ဤသို့ စိတ်ဖြစ်တိုင်းပါသောကြောင့် ဝေဒနာစေတသိက်ကို အဘိဓမ္မာဝတာရအဋ္ဌကထာ၊ နာမရူပပရိစ္ဆေဒအဋ္ဌကထာများ၌ “သဗ္ဗသာဓာရဏစေတသိက်” ဟု လည်းကောင်း၊ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ၌ “သဗ္ဗစိတ္တသာဓာရဏစေတသိက်” ဟု လည်းကောင်း အမည်ပေးထားခြင်း ဖြစ်သည်။

ရဟန္တာနှင့် ဒုက္ခဝေဒနာ

ရဟန္တာပုဂ္ဂိုလ်သည် နောက်ထပ်အသစ်တဖန် ပဋိသန္ဓေမနေတော့ပါ။ ထိုပုဂ္ဂိုလ်သည် တစုံတခုသော ဒုက္ခဝေဒနာကို ခံစားဦးမည်လော။ အချို့သောဝေဒနာကို ခံစား၍ အချို့သော ဝေဒနာကို မခံစားရတော့ပါ။

အဘယ်ဝေဒနာကို ခံစား၍ အဘယ်ဝေဒနာကို မခံစားတော့သနည်း။ ကိုယ်၌ဖြစ်သော ကာယိကဒုက္ခဝေဒနာကိုသာ ခံစား၍ စိတ်၌ဖြစ်သော စေတသိကဒုက္ခဝေဒနာကို မခံစားတော့ပါ။

အဘယ်ကြောင့် ကာယိကဒုက္ခဝေဒနာကို ခံစား၍ စေတသိကဒုက္ခဝေဒနာကို မခံစားတော့သနည်း။

ရဟန္တာပုဂ္ဂိုလ်သည် ကာယိကဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းတရားများကို မပယ်ရသေးသောကြောင့် ကာယိကဒုက္ခဝေဒနာကို ခံစားရသေး၏။ စေတသိကဒုက္ခဝေဒနာဖြစ်ကြောင်း တရားများကိုမူ ပယ်သတ်ပြီးဖြစ်သောကြောင့် စေတသိကဒုက္ခဝေဒနာကို မခံစားရတော့ပါ။

ဤကား မိလိန္ဒမင်းကြီး၏ အမေးနှင့် အရှင်နာဂသေနမထေရ်မြတ်၏ အဖြေများဖြစ်ပါသည်။

၁။ မိလိန္ဒ၊ ၄၄။

စာမျက်နှာ-91
မှန်ပါသည်။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ၌ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်သည် ကာယဒွါရကို အမှီပြု၍ ဖြစ်ပေါ်လာသည်။ ထိုဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့်အတူ ထိုအနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို ခံစားသော ကာယိကဒုက္ခဝေဒနာစေတသိက် ပါမြဲဖြစ်ပါသည်။ ထိုကာယိကဒုက္ခဝေဒနာဖြစ်ကြောင်း အဗျာကတတရားများကို သောတာပတ္တိမဂ်စသော လောကုတ္တရာကုသိုလ်စိတ်များဖြင့် မပယ်သတ်ပါ။ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သန္တာန်၌ ကာယိကဒုက္ခဝေဒနာ ဖြစ်ပေါ်ပါသေးသည်။

ရဟန္တာပုဂ္ဂိုလ် မဆိုထားဘိ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် ထိုတရားများကို မပယ်သောကြောင့် ဘုရားရှင်အား ကျောက်ကုန်းတော် ကိုက်ခဲခြင်းနှင့် လေနာရောဂါစွဲကပ်ခြင်း ဟူသော ကာယိကဒုက္ခဝေဒနာများကို ခံစားရပေသေးသည်။

စေတသိကဒုက္ခဝေဒနာမှာကား ဒေါသစိတ်ဖြစ်ပေါ်လာမှ ထိုဒေါသစိတ်နှင့်အတူဖြစ်ရသော ဝေဒနာမျိုးဖြစ်သည်။ ဒေါသစိတ်မဖြစ်လျှင် ထိုစေတသိကဒုက္ခဝေဒနာလည်း မဖြစ်ပေါ်နိုင်တော့ချေ။ ရဟန္တာပုဂ္ဂိုလ်တို့သည် စေတသိကဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဒေါသစိတ်ကို အကြွင်းမဲ့ ပယ်သတ်ခဲ့ပြီးဖြစ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်များသဏ္ဌာန်၌ စိတ်နှလုံးမသာယာခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ဆိုးခြင်းစသော စေတသိကဒုက္ခဝေဒနာမျိုး လုံးဝမဖြစ်ပေါ်တော့ချေ။

ပုထုဇဉ်နှင့် အရိယာတို့ ဝေဒနာခံစားပုံခြင်း မတူပုံ

ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝေဒနာသုံးမျိုးလုံးကို ခံစားသကဲ့သို့ အရိယာပုဂ္ဂိုလ်သည်လည်း သုခဝေဒနာကိုလည်း ခံစား၏၊ ဒုက္ခဝေဒနာကိုလည်း ခံစား၏၊ ဥပေက္ခာဝေဒနာကိုလည်း ခံစား၏။

၁။ မ၊ ၂၊ ၁၇။ ၂။ သံ၊ ၁၊ ၁၇၆။ သံ၊ ဋ္ဌ၊ ၁၊ ၂၃၇။ ၃။ သံ၊ ၂၊ ၄၀၉ (သလ္လသုတ်)။ ၄။ သံ၊ ဋ္ဌ၊ ၃၊ ၂ဝ။

စာမျက်နှာ-92
သို့သော် ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်တို့ ဝေဒနာခံစားပုံသည် တစ်ဦးနှင့်တစ်ဦး မတူကြ၊ ကွဲပြားခြားနားကြသည်။ ယင်းသို့ ကွဲပြားခြားနားပုံကို ဘုရားရှင်သည် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၊ ဝေဒနာသံယုတ် သလ္လသုတ်၌ ဤသို့ ဟောကြားတော်မူပါသည်။

“ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်သည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူပန်မှုဖြစ်၏။ ကိုယ်စိတ်ပင်ပန်း၏၊ ငိုကြွေးမြည်တမ်း၏၊ မေ့မြော့သွား၏။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု ဝေဒနာနှစ်ခုကို ခံစားရ၏။ ဥပမာအားဖြင့် ပထမအကြိမ် ငြောင့်စူးခံရသော ယောက်ျားအား ထိုနေရာအနီး၌ပင် ဒုတိယအကြိမ် ထပ်မံငြောင့်စူးခံရ၍ ငြောင့်နှစ်ချောင်းဖြင့် ဝေဒနာခံစားနေရသူနှင့် တူပေသည်။

ရဟန်းတို့ ထိုသို့ နှစ်ချောင်းစူးခံရသော ယောက်ျားကဲ့သို့ အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ အမျက်ဒေါသထွက်၏။ ထိုအခါ ယင်းပုထုဇဉ်ပုဂ္ဂိုလ်၏ သဏ္ဌာန်၌ ဒုက္ခဝေဒနာကြောင့်ဖြစ်သော ပဋိဃာနုသယ (ဒေါသဟူသော အနုသယတရား) သည် ကိန်းလာဖြစ်ပေါ်လာ၏။

ပုထုဇဉ်ပုဂ္ဂိုလ်သည် ယင်းဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ၌ ကာမချမ်းသာမှတစ်ပါး ဒုက္ခဝေဒနာမှ လွတ်မြောက်ရာကို မသိမြင်သောကြောင့် ကာမချမ်းသာကို လိုချင်နှစ်သက်၏။ ထိုကာမချမ်းသာကို လိုချင်နှစ်သက်သော ပုထုဇဉ်ပုဂ္ဂိုလ်အား သုခဝေဒနာကြောင့်ဖြစ်သော ရာဂါနုသယသည် ကိန်းလာဖြစ်ပေါ်လာ၏။

ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ထိုဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ လွတ်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိမြင်ချေ။ ယင်းသို့ ဟုတ်တိုင်းမှန်စွာ မသိမြင်သော ပုထုဇဉ်အား ဥပေက္ခာဝေဒနာကြောင့်ဖြစ်သော အဝိဇ္ဇာနုသယသည် ကိန်းလာဖြစ်ပေါ်လာ၏။”

စာမျက်နှာ-93
ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရသည့်အခါမှာလည်း ကိလေသာနှင့်ယှဉ်၍ ဒုက္ခဝေဒနာကို ခံစားရ၏။ သုခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်ယှဉ်၍ သုခဝေဒနာကို ခံစားရ၏။ ဥပေက္ခာဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်ယှဉ်၍ ဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့၊ အကြားအမြင်မရှိသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှု၊ စိုးရိမ်ပူဆွေး ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပူပန်မှုတို့နှင့် ယှဉ်စပ်နေသူ၊ ဆင်းရဲဒုက္ခနှင့် ယှဉ်စပ်နေသူဟု ငါဘုရား ဟောပေသည်။

ရဟန်းတို့၊ အကြားအမြင်ရှိသော အရိယာတပည့်မှာမူကား ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း စိတ်ပင်ပန်းခြင်းလည်းမဖြစ်၊ မေ့မြော့သွားခြင်းလည်းမရှိ။ စိတ်ဆင်းရဲခြင်း၊ စိတ်ညစ်ခြင်းစသော စိတ်ဝေဒနာကို မခံစားရသော်လည်း ကိုယ်ဆင်းရဲမှု၊ ကိုယ်ပင်ပန်းမှုစသည့် ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။

ရဟန်းတို့၊ ဥပမာအားဖြင့်ဆိုသော် ပထမအကြိမ်သာ ငြောင့်စူးခံရ၍ ထိုကြောင့်တစ်ချောင်းတည်းဖြင့်သာ ဝေဒနာခံစားရသော ယောက်ျားနှင့် တူပေသည်။

ရဟန်းတို့၊ ထိုကြောင့်တစ်ချောင်းသာ အစူးခံရသော ယောက်ျားကဲ့သို့ အကြားအမြင်ရှိသော အရိယာသာဝကသည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း စိတ်ပင်ပန်းခြင်းလည်းမရှိ၊ မေ့မြော့သွားခြင်းလည်းမရှိ၊ စိတ်ဆင်းရဲမှု၊ စိတ်ညစ်မှုစသော စိတ်ဝေဒနာကို မခံစားရသော်လည်း ကိုယ်ဆင်းရဲပင်ပန်းမှုစသော ကာယိကဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။

၁။ ရဟန္တာအရိယာဖြစ်သည်။ အနာဂါမ်အရိယာဟုလည်း ဆိုကြသည်။ (သံ၊ ဋ္ဌ၊ ၃၊ ၁၁၇။)

စာမျက်နှာ-94
အရိယာသာဝကသည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် အမျက်ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်းများ မဖြစ်တော့။ ထို့ကြောင့် အရိယာသာဝကအား ဒုက္ခဝေဒနာကြောင့်ဖြစ်သည့် ပဋိဃာနုသယလည်း မကိန်းတော့၊ မဖြစ်ပေါ်တော့။ ထိုအရိယာသာဝကသည် ယင်းဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် ကာမချမ်းသာမှတစ်ပါး ဒုက္ခဝေဒနာ၏ လွတ်မြောက်ရာကို သိသောကြောင့် ကာမချမ်းသာကို မနှစ်သက် မလိုချင်။ ထို့ကြောင့် ထိုအရိယာသာဝကအား သုခဝေဒနာကြောင့်ဖြစ်သော ရာဂါနုသယသည် မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။

ထိုအရိယာသာဝကသည် ဝေဒနာတို့၏ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာသိ၏။ ယင်းသို့ သိသောကြောင့် ထိုအရိယာသာဝကအား ဥပေက္ခာဝေဒနာကြောင့်ဖြစ်သော အဝိဇ္ဇာနုသယသည် မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။

ထိုအရိယာသာဝကသည် ဒုက္ခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍ ဒုက္ခဝေဒနာကို ခံစား၏။ သုခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍ သုခဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍ ဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့၊ အကြားအမြင်ရှိသော အရိယာသာဝကကို ပဋိသန္ဓေနေမှု၊ အိုမှု၊ သေမှု၊ စိုးရိမ်ပူဆွေး ငိုကြွေးမှု၊ စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့နှင့် မယှဉ်စပ်သူ၊ ဆင်းရဲဒုက္ခနှင့် မယှဉ်စပ်သူဟု ငါဘုရားဟော၏။

ရဟန်းတို့၊ ဤကား အရိယာသာဝကနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့နှစ်ဦး ဝေဒနာခံစားပုံ အထူးတည်း။

စာမျက်နှာ-95

သတိသမ္ပဇညရှိသူတို့ ဝေဒနာသုံးပါး၌ရှုပုံ

အခါတစ်ပါး၌ ဗုဒ္ဓရှင်တော်ဘုရားသည် ဝေသာလီပြည်၊ မဟာဝုန်တော၊ ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ တစ်ခုသော ညနေချမ်းအချိန်တွင် ရှင်တော်ဘုရားသည် သူနာရဟန်းရှိသောကျောင်းသို့ ကြွတော်မူပြီး “ရဟန်းတို့၊ ရဟန်းဆိုသည်မှာ အချိန်ရှိသရွေ့ သတိသမ္ပဇညတရား လက်ကိုင်ထားလျက် နေထိုင်ရမည်” ဟု ဆုံးမတော်မူပါသည်။

ရဟန်းတို့၊ အဘယ်သို့ နေထိုင်ခြင်းသည် ရဟန်းတော်များအား သတိရှိသော နေထိုင်ခြင်းမည်သနည်း။

ရဟန်းတို့၊ ဤငါဘုရားသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ်ရှုမှတ်လျက်နေ၏။ ပြင်းစွာအားထုတ်သော လုံ့လဝီရိယရှိ၏၊ သတိသမ္ပဇဉ်ဆင်ခြင်ဉာဏ်ရှိ၏၊ လောက၌ မက်မောခြင်း အဘိဇ္ဈာ၊ နှလုံးမသာယာခြင်း ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ ဝေဒနာတို့၌။ပ။ ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ စိတ်၌။ပ။ ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ သဘောတရားတို့၌။ပ။ ဒေါမနဿတို့ကို ပယ်ဖျောက်၍ နေထိုင်၏။ ဤသို့နေထိုင်ခြင်းသည် သတိရှိသော နေထိုင်ခြင်းမည်၏။

ရဟန်းတို့၊ အဘယ်သို့ နေထိုင်ခြင်းသည် ရဟန်းတော်များအား ဆင်ခြင်ဉာဏ် သမ္ပဇဉ်ရှိသော နေထိုင်ခြင်းဖြစ်သနည်း။

ရဟန်းတို့၊ ဤငါဘုရားသာသနာတော်၌ ရဟန်းသည် ရှေ့သို့လှမ်းရာ၊ နောက်သို့ဆုတ်ရာတို့၌ သိလျက် လှမ်းလေ့ ဆုတ်လေ့ရှိ၏။ တည့်တည့်ကြည့်ရာ၊ စောင်းကြည့်ရာတို့၌ သိလျက်နှင့် ကြည့်လေ့ရှိ၏။ ကွေးရာ၊ ဆန့်ရာတို့၌ သိလျက်နှင့် ကွေးလေ့ ဆန့်လေ့ရှိ၏။ ဒုကုဋ်၊ သပိတ်၊ သင်္ကန်းတို့ကို ဆောင်ရာတို့၌ သိလျက် ဆောင်လေ့ရှိ၏။ စားရာ၊ သောက်ရာ၊ ခဲရာ၊ လျက်ရာတို့၌ သိလျက်နှင့် စားသောက်လေ့၊ ခဲလေ့၊ လျက်လေ့ရှိ၏။

၁။ သံ၊ ၂၊ ၄၁၂။ (ပဌမဂေလညသုတ်)

စာမျက်နှာ-96
ကျင်ကြီး ကျင်ငယ်စွန့်ရာတို့၌ သိလျက်နှင့် စွန့်လေ့ရှိ၏။ သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာတို့၌ သိလျက် သွားလေ့၊ ရပ်လေ့၊ ထိုင်လေ့၊ အိပ်လေ့ရှိ၏။ နိုးရာ၊ စကားပြောရာ၊ ဆိတ်ဆိတ်နေရာတို့၌ သိလျက် နိုးလေ့၊ စကားပြောလေ့၊ ဆိတ်ဆိတ်နေလေ့ရှိ၏။ ရဟန်းတို့၊ ဤသို့သိလျက် နေထိုင်ခြင်းသည် ဆင်ခြင်ဉာဏ် သမ္ပဇဉ်ဉာဏ်ရှိသော နေထိုင်ခြင်းမည်၏။

ရဟန်းတို့၊ သတိသမ္ပဇဉ် ဆင်ခြင်ဉာဏ်ရှိ၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်ရောက်ဖို့စိတ်သာ ရှိနေသောသူအား သုခဝေဒနာ ဖြစ်ပေါ်လာသည့်အခါ ထိုသူသည် “ငါ့အား ဤသုခဝေဒနာ ဖြစ်ပေါ်လာခဲ့ပေပြီ၊ ဤသုခဝေဒနာသည် အစွဲပြု၍သာ ဖြစ်ပေါ်၏၊ အစွဲမပြုဘဲ ဖြစ်လာသည်မဟုတ်။ အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ဤခန္ဓာကိုယ်ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်လည်း မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိ၏။ ဤသို့ သဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော သုခဝေဒနာကား အဘယ်သို့ မြဲနိုင်မည်နည်း” ဟု သိ၏။

ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုနေ၏၊ ပျက်စီးတတ်သောသဘောကို မပြတ်ရှုနေ၏၊ မကွယ်ရာမရှိသည့် သဘောကို မပြတ်ရှုနေ၏၊ ချုပ်ပျောက်တတ်သည့်သဘောကို မပြတ်ရှုနေ၏၊ စွန့်ပစ်ဖွယ်သဘောကို မပြတ်ရှုနေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း ယင်းသို့ မပြတ်ရှုနေသော ရဟန်းအား ခန္ဓာကိုယ်နှင့် သုခဝေဒနာတို့၌ ရာဂါနုသယသည် ပျောက်ကင်း၏။

ရဟန်းတို့၊ သတိသမ္ပဇဉ် ဆင်ခြင်ဉာဏ်ရှိ၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်ရောက်ဖို့စိတ်သာ ရှိနေသောသူအား ဒုက္ခဝေဒနာ ဖြစ်ပေါ်လာသည့်အခါ ထိုသူသည် “ငါ့အား ဤဒုက္ခဝေဒနာ ဖြစ်ပေါ်လာခဲ့ပြီ၊ ဤဒုက္ခဝေဒနာသည် အစွဲပြု၍သာ ဖြစ်လာ၏၊ အစွဲမပြုဘဲ ဖြစ်လာသည်မဟုတ်။

စာမျက်နှာ-97
အဘယ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသနည်း၊ ခန္ဓာကိုယ်ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ဤခန္ဓာကိုယ်သည်လည်း မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်လာခြင်း သဘောရှိ၏။ ဤသို့ သဘောရှိသော ခန္ဓာကိုယ်ကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော ဒုက္ခဝေဒနာကား အဘယ်သို့ မြဲနိုင်မည်နည်း” ဟု သိ၏။

ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုနေ၏၊ ပျက်စီးတတ်သော သဘောကို မပြတ်ရှုနေ၏၊ စွဲမက်ဖွယ်ရာမရှိသည့် သဘောကို မပြတ်ရှုနေ၏၊ ချုပ်ပျောက်တတ်ခြင်းသဘောကို မပြတ်ရှုနေ၏၊ စွန့်ပစ်ဖွယ်သဘောကို မပြတ်ရှုနေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ ဒုက္ခဝေဒနာ၌လည်းကောင်း ယင်းသို့ မပြတ်ရှုနေသော ထိုရဟန်းအား ခန္ဓာကိုယ်နှင့် ဒုက္ခဝေဒနာတို့၌ ပဋိဃာနုသယသည် ပျောက်ကင်း၏။

ရဟန်းတို့၊ သတိသမ္ပဇဉ် ဆင်ခြင်ဉာဏ်ရှိ၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်ရောက်ဖို့စိတ်သာ ရှိနေသောသူအား ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာသည့်အခါ ထိုသူသည် “ငါ့အား ။ပ။ ဥပေက္ခာဝေဒနာသည် အဘယ်သို့ မြဲနိုင်မည်နည်း” ဟု သိအပ်၏။

ထိုသူသည် ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း မမြဲခြင်းသဘောကို မပြတ်ရှုနေ၏။ပ။ စွန့်ပစ်ဖွယ်သဘောကို မပြတ်ရှုနေ၏။ ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း ယင်းသို့ မပြတ်ရှုနေသော ထိုရဟန်းအား ခန္ဓာကိုယ်၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း အဝိဇ္ဇာနုသယသည် ပျောက်ကင်း၏။

ထိုသူသည် သုခဝေဒနာကို ခံစားရသည့်အခါ ထိုသုခဝေဒနာကား မမြဲဟုသိ၏။ လွှမ်းမိုး၍ မဖြစ်သောတရားဟု သိ၏၊ မနှစ်သက်အပ်သောတရားဟု သိ၏။ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခံစားရသည့်အခါ၌လည်း ထိုအတူသိ၏။ ထိုသူသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခံစားရသည့်အခါ (ကိလေသာနှင့်) မယှဉ်စပ်သည်ဖြစ်၍ ထိုဝေဒနာတို့ကို ခံစား၏။

စာမျက်နှာ-98
ထိုသူသည် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားရသည်ရှိသော် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏ဟု သိ၏။ အသက်အပိုင်းအခြားရှိသော (ဝါ) အသက်ကို ရန်ရှာသော ဝေဒနာကို ခံစားရသည်ရှိသော် အသက်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏ဟု သိ၏။ ခန္ဓာကိုယ်ပျက်စီးရ၍ အသက်ကုန်ဆုံးသည်မှ အထက်ကာလ၌ (ဝါ) ခန္ဓာကိုယ်ပျက်စီးခါနီး အသက်ကုန်ဆုံးခါနီး၌ ဤဘဝ၌ပင် ခံစားမှုဟူသမျှတို့သည် မနှစ်သက်အပ်ကုန်သည်ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့ဟု သိ၏။

ရဟန်းတို့၊ ဥပမာအားဖြင့် ဆီကိုစွဲ၍လည်းကောင်း၊ မီးစာကိုစွဲ၍လည်းကောင်း ဆီမီးသည် တောက်ရ၏။ ထိုဆီနှင့် မီးစာတို့ ကုန်ခမ်းခြင်းကြောင့်ပင်လျှင် မီးသည် လောင်စာမရှိသည်ဖြစ်၍ ငြိမ်းလေသကဲ့သို့တည်း။

ဝေဒနာတို့၏ ဖြစ်ကြောင်း၊ ချုပ်ကြောင်းတရားစသည်များ

အခါတစ်ပါး၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍—

“အရှင်ဘုရား ဝေဒနာတို့သည် အဘယ်မျှရှိပါကုန်သနည်း။ ဝေဒနာ၏ဖြစ်ကြောင်းကား အဘယ်ပါနည်း။ ဝေဒနာ၏ ချုပ်ငြိမ်းကြောင်းကား အဘယ်ပါနည်း။ ဝေဒနာချုပ်ငြိမ်းကြောင်းသို့ ရောက်ကြောင်းအကျင့်ကောင်းကား အဘယ်ပါနည်း။ ဝေဒနာ၏ သာယာဖွယ် (အဿာဒ) ကား အဘယ်ပါနည်း။ အပြစ် (အာဒီနဝ) ကား အဘယ်ပါနည်း။ ထွက်မြောက်ရာ (နိဿရဏ) ကား အဘယ်ပါနည်း”

ဟု အမေးပုစ္ဆာ (၇) ချက်ကို မေးမြန်းလျှောက်ထားပါသည်။

၁။ သံ၊ ၂၊ ၄၂၀၊ ၄၂၁။

စာမျက်နှာ-99
ဘုရားရှင်က “အာနန္ဒာ-ဝေဒနာတို့သည် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ”ဟု သုံးမျိုးရှိပေသည်။

အာရုံ, ဝိညာဏ်သုံးပါးတို့ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသောကြောင့် ဝေဒနာဖြစ်ပေါ်လာရသည်၊ ဖဿချုပ်ငြိမ်းသွားသောကြောင့် ဝေဒနာလည်း ချုပ်ငြိမ်းသွားရသည်။

မှန်ကန်သောအမြင် (သမ္မာဒိဋ္ဌိ)။ပ။ မှန်ကန်သောတည်ကြည်မှု (သမ္မာသမာဓိ) ဟု အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်သည်ပင် ဝေဒနာချုပ်ငြိမ်းကြောင်းသို့ ရောက်ကြောင်းအကျင့်ဖြစ်သည်။

ဝေဒနာကိုအစွဲပြု၍ဖြစ်သော ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုသည် ဝေဒနာ၏ သာယာဖွယ်ဖြစ်၏။

ဝေဒနာ၏ မမြဲခြင်း ဆင်းရဲခြင်း, ဖောက်ပြန်ခြင်းသဘောသည် ဝေဒနာ၏အပြစ်ဖြစ်၏။

ဝေဒနာခံစားလိုမှု၊ ဝေဒနာခံစားခြင်း၌ သာယာစွဲမက်မှုတို့ကိုဖျောက်ခြင်း ပယ်ခြင်းသည် ဝေဒနာ၏ထွက်မြောက်ရာဖြစ်၏။

သုခဝေဒနာအချင်းချင်း အဆင့်အတန်းကွာခြားပုံ

အာနန္ဒာ- ကာမဂုဏ် ငါးပါးဆိုသည်မှာ-

(၁) အလိုရှိအပ်, နှစ်သက်အပ်, စိတ်နှလုံးတို့ကို တိုးပွားစေတတ်၍ ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်သဖြင့် စွဲမက်အပ်ကုန်သော ရူပါရုံများ၊

(၂) အလိုရှိအပ်။ပ။စွဲမက်အပ်ကုန်သော သဒ္ဒါရုံများ၊

(၃) အလိုရှိအပ်။ပ။ စွဲမက်အပ်ကုန်သော ဂန္ဓာရုံများ၊

၁။ သံ၊ ၂၊ ၄၂၄။

စာမျက်နှာ-100
(၄) အလိုရှိအပ်။ပ။ စွဲမက်အပ်ကုန်သော ရသာရုံများ၊

(၅) အလိုရှိအပ်။ပ။ စွဲမက်အပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံများ ဖြစ်ကြကုန်၏။

အာနန္ဒာ၊ ဤကာမဂုဏ်ငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော ကိုယ်စိတ်ချမ်းသာမှုကို ကာမချမ်းသာဟု ခေါ်၏။

အာနန္ဒာ၊ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ အကုသိုလ်တရားများကင်းလျက် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါငါးပါးရှိသော ပထမဈာန်ချမ်းသာသို့ ရောက်နေ၏။ အာနန္ဒာ၊ ဤပထမဈာန်ချမ်းသာသည် ဆိုခဲ့ပြီးသော ကာမချမ်းသာထက် အထူးသဖြင့် သာလွန်မွန်မြတ်လှ၏။

အာနန္ဒာ၊ ထိုပထမဈာန်ချမ်းသာထက် ဒုတိယဈာန်ချမ်းသာကလည်းကောင်း၊ ဒုတိယဈာန်ချမ်းသာထက် တတိယဈာန်ချမ်းသာကလည်းကောင်း၊ တတိယဈာန်ချမ်းသာထက် စတုတ္ထဈာန်ချမ်းသာကလည်းကောင်း၊ စတုတ္ထဈာန်ချမ်းသာထက် အာကာသာနဉ္စာယတနဈာန်ချမ်းသာကလည်းကောင်း၊ ထိုထက် ဝိညာဏဉ္စာယတနဈာန်ချမ်းသာကလည်းကောင်း၊ ထိုထက် အာကိဉ္စညာယတနဈာန်ချမ်းသာကလည်းကောင်း၊ ထိုထက် နေဝသညာနာသညာယတနဈာန်ချမ်းသာကလည်းကောင်း သာလွန်မွန်မြတ်လှပေသည်။

အာနန္ဒာ- ထိုနေဝသညာနာသညာယတနဈာန်ချမ်းသာထက် သညာဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်ချမ်းသာသည် သာလွန်မွန်မြတ်လှပေသည်။

အာနန္ဒာ- အယူတပါးရှိကြသော ပရိဗိုဇ်တို့က သညာဝေဒနာတို့ချုပ်ခြင်း ငြိမ်းခြင်းကို ချမ်းသာဟု ရဟန်းဂေါတမသည် ခေါ်ဆိုပညတ်၏။ အဘယ်ကြောင့် ယင်းသို့ဆိုသနည်းဟု မေးဖွယ်ရှိ၏။

စာမျက်နှာ-101
အာနန္ဒာ- ဤသို့မေးသော ပရိဗိုဇ်တို့ကို “ငါ့ရှင်တို့၊ ရှင်တော်ဘုရားသည် ချမ်းသာခံစားမှုကိုသာ ရည်ရွယ်၍ ချမ်းသာဟု ပညတ်သည်မဟုတ်၊ အကြင်အကြင်အရပ်၌ ခံစားမှုရှိသောချမ်းသာ (ဝေဒယိတသုခ) တို့ဖြစ်စေ၊ ခံစားမှုမရှိသောချမ်းသာ (အဝေဒယိတသုခ) ကို ဖြစ်စေရအပ်၏။ ထိုချမ်းသာဟူသမျှကို ရှင်တော်ဘုရားသည် ချမ်းသာသုခဟု ပညတ်၏” ဟု ပြန်လည်ဖြေဆိုရမည်၊ ပြန်လည်ပြောဆိုကြရမည်။

မှတ်ချက်။ ။ ငါးပါးသော ကာမဂုဏ်ချမ်းသာနှင့် ရှစ်ပါးသော ဈာန်သမာပတ်ချမ်းသာတို့သည် ခံစားမှုရှိသော ဝေဒယိတသုခမည်ကုန်၏။ နိရောဓသမာပတ်ချမ်းသာသည် ခံစားမှုမရှိသော အဝေဒယိတသုခမည်၏။ ခံစားမှုရှိသော ဝေဒယိတသုခဖြစ်စေ၊ ခံစားမှုမရှိသော အဝေဒယိတသုခဖြစ်စေ၊ ဆင်းရဲကင်းမှု သုခသဘောကြောင့် အမှန်စင်စစ် ချမ်းသာဧကန်ဖြစ်ပေသည်။

ဝေဒနာနှင့် ဥတ္တမပုရိသ

ဥတ္တမပုရိသဆိုသည်မှာ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်ဖြစ်သည်။ ဝေဒနာနှင့် သက်ဆိုင်သည့် ၇-ဌာနတို့၌ လိမ္မာကျွမ်းကျင် ဉာဏ်မြင်ရှိသောပုဂ္ဂိုလ်ကို “ဥတ္တမပုရိသ” ဟု ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သတ္တဋ္ဌာနသုတ်၌ ဘုရားရှင်ဟောတော်မူပါသည်၊ လိမ္မာကျွမ်းကျင် ဉာဏ်ဖြင့် သိမြင်ရမည့် (၇) ဌာနမှာ-

(၁) စက္ခုသမ္ဖဿဇာဝေဒနာ။ပ။ မနောသမ္ဖဿဇာဝေဒနာ ဟူသော ဝေဒနာခြောက်ပါးကိုသိရခြင်း၊

(၂) ဝေဒနာဖြစ်ပွားခြင်းအကြောင်းတရားကို သိရခြင်း၊

(၃) ဝေဒနာ၏ ချုပ်ဆုံးခွင့်ကို သိရခြင်း၊

၁။ သံ၊ဋ္ဌ၊ ၃၊ ၁၂၀။ ၂။ သံ၊ ၁၊ ၅၀။

စာမျက်နှာ-102
(၄) ဝေဒနာချုပ်ဆုံးခြင်းသို့ ဆိုက်ရောက်စေတတ်သော အကျင့်ကို သိရခြင်း၊

(၅) ဝေဒနာ၏ နှစ်သက်သာယာဖွယ်ကို သိရခြင်း၊

(၆) ဝေဒနာ၏ ကြောက်မက်ဖွယ် ဘေးကို သိရခြင်း၊

(၇) ဝေဒနာ၏ ကျွတ်လွတ်ခွင့်ကို သိရခြင်း

တို့ဖြစ်ပါသည်။

ဤနေရာ၌ သိခြင်းဆိုရာဝယ် နှုတ်ဖြင့် ပြောတတ် ဟောတတ်ရုံမျှကို အမှတ်သိ သညာသိသာဖြစ်သောကြောင့် သိသည်ဟု မဆိုရ၊ ကိုယ်တွင်းမှာ အလင်းပေါက်အောင် သိသည်ကိုသာ သိသည်ဟု ဆိုရသည်။

၁။ ဝေဒနာ ၆-ပါးကို သိရခြင်း

စက္ခုသမ္ဖဿဇာ ဝေဒနာစသော ဝေဒနာခြောက်ပါးအကြောင်းကို ဝေဒနာစေတသိက်အမျိုးမျိုးပြားပုံအခန်း၌ အကျယ်ရှင်းလင်းခဲ့ပြီးဖြစ်၍ ဤနေရာ၌ ရှင်းလင်းပြရန် မလိုဟု ယူဆပါသည်။

၂။ ဝေဒနာဖြစ်ကြောင်းတရားကို သိရခြင်း

ဖဿစေတသိက်သည် ထိုဝေဒနာခြောက်ပါးဖြစ်ပွားကြောင်း တရားဖြစ်သည်။ ပြင်ပမှ အဆင်း အသံ အနံ့စသည့် အာရုံတရားတို့နှင့် ကိုယ်တွင်းရှိ မျက်စိအကြည်ဓာတ် (စက္ခုပသာဒ)၊ နားအကြည်ဓာတ် (သောတပသာဒ) စသည်တို့ တွေ့ကြုံဆုံဆည်းကြသည့်အခါ ထိုအဆင်း အသံ အစရှိသောအာရုံတို့ကို ဖဿက ဖိနှိပ်ကြိတ်နယ်ပေးသည်၊ ယင်းသို့ ဖိနှိပ်ကြိတ်နယ်ပေးမှ အာရုံအရသာပေါ်သည်၊ ထိုအရသာပေါ်မှ ထိုအရသာကို ခံစားသော ဝေဒနာဖြစ်လာသည်၊ ဤသို့ ဝေဒနာမှန်သမျှ ဖဿရှိမှ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖဿသည် ဝေဒနာဖြစ်ပေါ်ရန် အကြောင်းတရားဖြစ်သည်။

စာမျက်နှာ-103

၃။ ဝေဒနာချုပ်ဆုံးခွင့်ကို သိရခြင်း

ဖဿချုပ်ငြိမ်းလျှင်လည်း ဖဿကြောင့် ဖြစ်ပေါ်လာရသည့် ဝေဒနာသည်လည်း “အရင်းလဲ အဖျား ထင်းဖြစ်” ဆိုသကဲ့သို့ လုံးဝ ချုပ်ငြိမ်းသွားပေသည်။ ထို့ကြောင့် ဝေဒနာချုပ်ဆုံးခွင့်တရားသည် ဖဿပင် ဖြစ်ပါသည်။

ချဲ့ဦးအံ့- အဆင်းအရောင်ဆိုသည့် ရူပါရုံသည် စက္ခုပသာဒဆိုသည့် ဓာတ်မှန်၌လာထင်သည့်အခါ စက္ခုသမ္ဖဿဇာဝေဒနာ တဖွားဖွားပေါ်လာ၏၊ ရူပါရုံအဆင်းဓာတ်ပျောက်ကွယ်သွားလျှင် စက္ခုပသာဒ၌ ဖြစ်ပေါ်သမျှသော ဝေဒနာများ အကုန်လုံး ပျောက်ကွယ်သွားပါသည်။ ထိုအတူ သောတသမ္ဖဿဇာ ဝေဒနာ၊ ဃာနသမ္ဖဿဇာ ဝေဒနာ၊ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊ ကာယသမ္ဖဿဇာ ဝေဒနာတို့သည်လည်း ပြင်ပမှ အတိုက်အာရုံနှင့် ကိုယ်တွင်းမှ အခံပသာဒဓာတ်တို့ တိုက်ဆိုင်မိချိန်တွင် ပေါ်လာ၍ အာရုံများ ပျောက်ကွယ်သည်နှင့်တပြိုင်နက် အားလုံး ပျောက်ကွယ်သွားကြကုန်၏။

မနောမှာလည်း မိမိအလိုရှိသော အာရုံနှင့် တွေ့၍နေဆဲအခါ မနောသမ္ဖဿဇာဝေဒနာများ တဖွားဖွားပေါ်နေ၏၊ အာရုံနှင့် စိတ်မျက်နှာလွှဲပြန်လျှင် ထိုဝေဒနာအားလုံး ကွယ်ပျောက်ပြန်၏။

ဤသို့ ဝေဒနာခြောက်မျိုး ဖြစ်ပေါ်မှု ပျောက်ကွယ်ပျက်ဆုံးမှုတို့သည် မိမိတို့ ခန္ဓာကိုယ်မှာ တနာရီမစဲ ကိုယ်တေ့စိတ်တွေ့ချည်း ဖြစ်ကုန်၏၊ ဝိပဿနာသမ္မာဒိဋ္ဌိညာဏ်မရှိကုန်သောသူတို့သည် ထိုဝေဒနာတို့ကို ငါဟုလည်းကောင်း၊ ငါ၏အတ္တဟုလည်းကောင်း သက္ကာယဒိဋ္ဌိအစွဲအလမ်း ပြင်းထန်နေကြ၏၊ ဆင်းရဲလျှင်လည်း ငါဆင်းရဲ၏၊ ငါနာသည်၊ ငါကျင်သည်၊ ငါပူပင်သည်၊ ငါကိုက်ခဲသည်ဟု စွဲလမ်း၏၊ ချမ်းသာလျှင်လည်း ငါချမ်းသာ၏၊ ငါဝမ်းမြောက်၏၊ ငါခံစား၏၊ ငါအေးချမ်း၏ဟု စွဲလမ်း၏။

ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုဝေဒနာတို့ကို အနာအို အနာပျက်ကြီး၌ ကျနေသော ပိုးလောက်ငယ်များအား မှန်ဘီလူးဖြင့်ကြည့်သည့်အခါ ရွစိတက်နေကြသည်ကို မြင်ရသကဲ့သို့ ဒွါရခြောက်ဌာနတို့၌ အာရုံ

စာမျက်နှာ-104
ခြောက်ပါး ဆက်တိုက်နေသောအခါ၌သာ တဖွားဖွား ဖြစ်ပေါ်နေမှု၊ အာရုံခြောက်ပါး ကွယ်ပျောက်သွားပြန်လျှင် ပျောက်ကွယ်ကုန်ခမ်း၍ သွားမှုတို့ကို မြင်သည့်အခါမှ ထိုသက္ကာယဒိဋ္ဌိကို ပယ်နိုင်ပေသည်။

ဤသို့ ဖဿတရားဖြစ်ပွားခြင်းကြောင့် ဝေဒနာတရား ဖြစ်ပွားလာရသည်၊ ဖဿတရားချုပ်ငြိမ်းသွားသည့်အခါ ဝေဒနာတရားလည်း တခါတည်း ချုပ်ငြိမ်းသွားရသည်ဟု ဝေဒနာ၏ ချုပ်ဆုံးခွင့်ကိုလည်းသိရသည်။ ထို့ကြောင့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၊ ဝေဒနာသံယုတ်၊ ဖဿမူလကသုတ်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။

“ရဟန်းတို့ ဖဿကြောင့်ဖြစ်ကုန်သော၊ ဖဿလျှင် အရင်းမူလရှိကုန်သော၊ ဖဿဟူသော အကြောင်းရှိကုန်သော၊ ဖဿဟူသော ထောက်အပံ့ရှိကုန်သော ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့တည်း။

ရဟန်းတို့.... ချမ်းချမ်းသာသာခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ သုခဝေဒနာဖြစ်ပေါ်လာရ၏၊ ထိုသုခဝေဒနာ ဖြစ်ပေါ်ကြောင်းဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှသာ သုခဝေဒနာချုပ်ငြိမ်း၏။

ရဟန်းတို့.... ဆင်းရဲစွာ ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဒုက္ခဝေဒနာဖြစ်ပေါ်လာရ၏၊ ထိုဒုက္ခဝေဒနာဖြစ်ပေါ်ကြောင်းဖြစ်သော ဖဿတရားချုပ်ငြိမ်းသွားမှသာ ဒုက္ခဝေဒနာ ချုပ်ငြိမ်း၏။

ရဟန်းတို့.... အသင့်တင့်ခံစားမှု၏ အကြောင်းဖြစ်သော ဖဿကို အစွဲပြု၍ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်လာရ၏၊ ထိုဥပေက္ခာဝေဒနာဖြစ်ပေါ်ကြောင်းဖြစ်သော ဖဿတရား ချုပ်ငြိမ်းသွားမှ ဥပေက္ခာဝေဒနာချုပ်ငြိမ်း၏။

စာမျက်နှာ-105
ရဟန်းတို့.... ဥပမာအားဖြင့် ထင်းချောင်းနှစ်ချောင်းတို့၏ အချင်းချင်းထိခိုက်မှု၊ ပေါင်းဆုံမှုကြောင့် အပူငွေ့ဖြစ်ပေါ်လာ၏။ မီးဖြစ်ပေါ်လာ၏၊ ထိုထင်းချောင်းနှစ်ချောင်းကို တစ်ချောင်းစီ ခွဲထားလိုက်လျှင် ထိုထင်းနှစ်ချောင်း ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အပူငွေ့သည် ချုပ်ငြိမ်းသွား၏၊ (မဖြစ်ပေါ်လာနိုင်)။

ရဟန်းတို့.... ဤအတူပင် ဤဝေဒနာသုံးမျိုးတို့သည် ဖဿကြောင့် ဖြစ်ကုန်၏၊ ဖဿလျှင် အရင်းမူလရှိကုန်၏၊ ဖဿဟူသောအကြောင်းရှိကုန်၏၊ ဖဿဟူသော အထောက်အပံ့ရှိကုန်၏၊ ဖဿကိုအစွဲပြု၍ ဝေဒနာတို့ ဖြစ်ကြကုန်၏၊ ထိုဝေဒနာ အားလျှော်သောဖဿ၏ ချုပ်ငြိမ်းခြင်းကြောင့် ထိုဖဿကြောင့် ဖြစ်သော ဝေဒနာတို့ ချုပ်ငြိမ်းကြကုန်၏။”

၄။ ဝေဒနာချုပ်ဆုံးကြောင်း အကျင့်ကို သိရခြင်း

ဝေဒနာ ချုပ်ဆုံးခြင်းသို့ ရောက်စေတတ်သော အကျင့်ဆိုသည်မှာ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပစသော မဂ္ဂင်တရား ၈-ပါးဖြစ်သည်။

ထိုမဂ္ဂင် ၈-ပါးတွင် သမ္မာဒိဋ္ဌိမဂ္ဂင်သည် ပုဗ္ဗဘာဂသမ္မာဒိဋ္ဌိမဂ္ဂင် နှင့် လောကုတ္တရာသမ္မာဒိဋ္ဌိမဂ္ဂင်ဟု နှစ်မျိုးရှိသည်၊ ဝေဒနာခြောက်ပါး သဘောတရားတို့ကိုလည်းကောင်း၊ ဝေဒနာတို့၏ ဖြစ်ကြောင်း ချုပ်ကြောင်းတရားကိုလည်းကောင်း၊ အဟုတ်မြင်အောင် ကြည့်နိုင်သော ဉာဏ်သည် ပုဗ္ဗဘာဂသမ္မာဒိဋ္ဌိမဂ္ဂင်မည်၏၊ ထိုပုဗ္ဗဘာဂသမ္မာဒိဋ္ဌိမဂ္ဂင်သည် ကြည့်ရှုဖန်များ၍ အလွန်ကြည်လင်ထက်သန်ခြင်းသို့ ရောက်သောအခါ “လောကုတ္တရာသမ္မာဒိဋ္ဌိ” ဖြစ်လာသည်။

သမ္မာသင်္ကပ္ပသည်လည်း ထို့အတူနှစ်ပါးပင်ရှိသည်၊ သမ္မာဒိဋ္ဌိ၏ အဖော်သဟဲကြီးဖြစ်သည်။ ကိုယ်ခန္ဓာ၌ ဝေဒနာတို့၏ ဖြစ်ပေါ်လာမှု၊ ချုပ်ပျောက်သွားမှုတို့ကို မျက်စိနှင့် မြင်သလို မြင်မှုကား သမ္မာဒိဋ္ဌိတည်း။

၁။ ဥတ္တမပုရိသဒီပနီ၊ ၈၂။

စာမျက်နှာ-106
မြင်ကွက်ပေါ်အောင် အချက်ရှာကြံ၍ ပေးတတ်သည်ကား သမ္မာသင်္ကပ္ပဖြစ်သည်။ အချက်ရှာကြံမှုကောင်းမှ မြင်ကွက်ပေါ်သည်။

ဤခန္ဓာကိုယ်၌ တစ်နေ့တစ်နေ့လျှင် အခါများစွာ ဝေဒနာပြောင်းလဲမှု အခါများစွာ ဝေဒနာအသစ်အသစ်ဖြစ်ပေါ်မှု၊ အဟောင်းအဟောင်းချုပ်ပျောက်မှုတို့ကို ထင်လင်းစွာမြင်မှုကား သမ္မာဒိဋ္ဌိ၏ ကိစ္စဖြစ်သည်။ မြင်ကွက်ပေါ်အောင် ကိုယ်တွေ့မျက်မြင်ဖြစ်သော အချက်တွေကို ရှာကြံပေးမှုကား သမ္မာသင်္ကပ္ပမဂ္ဂင်၏ ကိစ္စဖြစ်သည်၊ သမ္မာသင်္ကပ္ပမဂ္ဂင် အချက်ပေးကောင်းမှ သမ္မာဒိဋ္ဌိမဂ္ဂင် ပွင့်လင်းနိုင်သည်။

သမ္မာဒိဋ္ဌိမဂ္ဂင်၊ သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါး တစ်နေ့တခြား တိုးပွား၍ လောကုတ္တရာသို့ ကူးသည်နှင့်တပြိုင်နက် ရှေးရှေးက စိတ်သန္တာန်၌ အစဉ်ပါ၍လာခဲ့သော ကာယဒုစရိုက်မျိုး ဝစီဒုစရိုက်မျိုးတို့ကို အကြွင်းမဲ့သတ်နိုင်သောဓာတ်သုံးခု ပေါ်လာ၏၊ ယင်းဓာတ်သုံးခုကား- သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးတို့ဖြစ်သည်။

သမ္မာဝါယမမဂ္ဂင်ကား ဤအလုပ် အထမမြောက်သမျှ မနားမနေ စက်ကုန်လွှတ်၍ အားထုတ်သောဝီရိယတည်း။ ယင်းကို သမ္မပ္ပဓာန်ဟုလည်း ခေါ်သည်၊ အာတာပဟုလည်း ခေါ်သည်။

အာရမ္ဘဓာတ်, နိက္ခမဓာတ်, ပရက္ကမဓာတ်ဟူ၍လည်း သုံးပါးရှိ၏၊ အာတာပဆိုသည်မှာ ကိလေသာတို့ကို ပူပန်ခြောက်သွေ့စေနိုင်သော ဝီရိယဖြစ်သည်ဟု ဖွင့်ကြသည်။ ထိုအလုပ်အထမမြောက်သမျှ ရက်လအရှည် မအိပ်မနေ အပူအပြင်း အပင်ပန်းခံသော ဝီရိယမျိုးဖြစ်သည်။

အကျိုးနှင့်တကွ လုပ်ခွင့်လုပ်လမ်းကို ကြားသိရလျှင် နေ့ချင်းညချင်း ထ၍လုပ်နိုင်သော ဝီရိယကို “အာရမ္ဘဓာတ်” ဆိုသည်။ လုပ်စဉ်အခါ နှောက်ယှက်လာသော ထိနမိဒ္ဓ ကောသဇ္ဇစသော စိတ်အညစ်အကြေးတို့ကို ပယ်ဖျက်တွန်းလှန်၍ လုပ်အားသန်သော ဝီရိယကို “နိက္ခမဓာတ်” ဆိုသည်။ အထက်အထက်၌ အလုပ်မှဆုတ်နစ်ရန် စိတ်သန္တာန်မှာပေါ်လာသမျှသော

စာမျက်နှာ-107
ဘေးရန်တို့ကို တွန်းလှန်နင်းနယ်၍ သွားနိုင်သောဝီရိယကို “ပရက္ကမဓာတ်” ခေါ်သည်။ ယခုကာလ ဤဝီရိယမျိုး မရှိကြ၍ ဈာန်မဂ်ဖိုလ် အရနည်းကြခြင်း ဖြစ်သည်။

ကမ္မဋ္ဌာန်းမှု၌ တမုဟုတ်မျှမလစ်ရအောင် စိတ်အစဉ်ကို အတွင်တိုက်တွန်းသော သတိသည် “သမ္မာသတိ” မည်၏။ ကမ္မဋ္ဌာန်းအာရုံကို လွှတ်၍ အခြားအာရုံသို့ စိတ်မသွားမှုသည် “သမ္မာသမာဓိ” မည်၏။

ဤရှစ်ပါးတွင် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဤသုံးပါးကား လောကုတ္တရာဘက်သို့ ကူးပြောင်းသောအခါမှ အလိုလိုပေါ်လာသော အင်္ဂါသုံးပါးတည်း၊ မိမိခန္ဓာကိုယ်၌ တစ်ကိုယ်လုံး သမ္မာဒိဋ္ဌိဉာဏ်အလင်း ပေါက်အောင် မွှေနှောက်ဖောက်ထွင်း ရှုခြင်းဟူသော ဝိပဿနာဘာဝနာအမှု၌ကား သမ္မာသတိ, သမ္မာဝါယမ, သမ္မာသမာဓိ, သမ္မာသင်္ကပ္ပ ဟူသော စက်ကိရိယာလေးခု တပ်ဆင်ထားသည့် သမ္မာဒိဋ္ဌိဟူသော မီးရထားကြီးကို တစ်လံမျှလောက်သော ကိုယ်ခန္ဓာရထားလမ်း၌ ဆံဖျားမှ ခြေဖျားသို့ရောက်အောင်၊ ခြေဖျားမှ ဆံဖျားကိုရောက်အောင် အထင်အမြင် အတွင်ခုတ်ခိုင်းပါလျှင် ခုနစ်ရက်နှင့် လောကုတ္တရာနိဗ္ဗာန်မြို့ကြီးသို့ ဆိုက်သောသူ၊ လခနှင့်ဆိုက်သောသူ၊ တစ်နှစ်နှင့်ဆိုက်သောသူ၊ နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်နှင့်ဆိုက်သောသူများ ရှိပုံကို ကျမ်းဂန်တို့၌ အမျိုးမျိုးဟောတော်မူသည်။

၅။ ဝေဒနာ၏ နှစ်သက်သာယာဖွယ်ကို သိရခြင်း

ဝေဒနာကိုစွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု (သုခ)၊ ဝမ်းသာရွှင်လန်းမှု (သောမနဿ) တို့သည် ဝေဒနာ၏ နှစ်သက်သာယာဖွယ်များ ဖြစ်သည်။ မိမိတို့အလိုရှိသော အာရုံဝတ္ထုအမှုအခွင့်တို့နှင့် ဆုံဆည်းကြရ၍ စိတ်နှလုံး ပြုံးပြုံးရွှင်ရွှင် ကြည်လင်ချမ်းမြ သုခသောမနဿများနှင့် နေရသည်မှာ သာယာဖွယ်အဿာဒမည်ပေသည်။ မျက်စိနှင့်ရူပါရုံတို့ တိုက်ဆိုင်တွေ့ဆုံမိသည့်အခါ နှစ်သက်ဖွယ် ဣဋ္ဌရူပါရုံမျိုးဖြစ်ပါက စိတ်နှလုံးရွှင်ပြုံးချမ်းသာသော သုခဝေဒနာဓာတ်နှင့် သောမနဿဝေဒနာဓာတ်

စာမျက်နှာ-108
နှစ်မျိုးပေါ်လာ၏။ ထိုအခါ ပရွက်ဆိတ်သတ္တဝါတို့သည် ပျားသကာတင်လဲတို့ကို မက်မောကြသကဲ့သို့ လူနတ်, ဗြဟ္မာ သတ္တဝါတို့သည် ထိုသုခသောမနဿဓာတ်များကို တွယ်တာမက်မောကြ၏။ ဤအတူ နားစသော ဒွါရများနှင့် သဒ္ဒါရုံစသည်တို့ တိုက်ဆိုင်တွေ့ဆုံမိသောအခါ၌လည်း ဖြစ်ပေါ်လာရသည့် သုခဝေဒနာ၊ သောမနဿဝေဒနာတို့ကိုလည်း မက်မောတွယ်တာကြကုန်၏။

ထိုတွယ်တာသာယာမှုက ယခုလို သာသနာတော်နှင့် ကြုံသည့်အခိုက်မှာပင် ကာမဂုဏ်ဘေး အဝီစိငရဲမီးနှင့် သံသရာဝဋ်ဒုက္ခကြီးတို့မှ မလွတ်ကင်းအောင် ဖမ်းဆီးချုပ်နှောင်၍ ထားကြကုန်၏။ လောဘ, ဒေါသ, မောဟ, မာန်မာနတရားများနှင့် သက္ကာယဒိဋ္ဌိတရားများကို ပွားစေသောအားဖြင့် နှိပ်စက်၏၊ ဤသို့ ဥတ္တမပုရိသခေါ် ယောက်ျားမြတ်တို့သည် ဝေဒနာတို့၏ နှစ်သက်သာယာဖွယ်တို့ကို အပြစ်နှင့်တကွ သိမြင်နိုင်ပေသည်။

၆။ ဝေဒနာ၏ ကြောက်မက်ဖွယ်ဘေးကို သိခြင်း

လူနတ်ဗြဟ္မာစသော သတ္တဝါအပေါင်းတို့သည် သံသရာခရီးသည်ချည်း ဖြစ်ကြ၍ လူ့ပြည်၌ဖြစ်သည့်အခါ လူ့ကာမဂုဏ်၊ နတ်ပြည်၌ဖြစ်သည့်အခါ နတ်ကာမဂုဏ်စသော အာရုံခြောက်ပါးတို့ကို ဒွါရခြောက်ပါးတို့ဖြင့် ခံစားစံစားခဲ့ကြဖူးကုန်၏၊ ထိုခံစားခဲ့စဉ်က အလွန်ဝမ်းသာခြင်း၊ အလွန်စိတ်ချမ်းသာခြင်း၊ အလွန်နှစ်သက်ပျော်ရွှင်ခြင်းစသည့် သုခဝေဒနာ သောမနဿဝေဒနာတို့ကို ရခဲ့ကြဖူးကုန်၏။

သို့သော် ထိုဝေဒနာတရားတို့သည် အမြဲမတည်နိုင်သော အနိစ္စဓာတ်မျိုးဖြစ်၍ ယခုအချိန်တွင် ထိုဝေဒနာတို့ကို လုံးဝမတွေ့ရတော့ချေ၊ အိပ်မက်လောက်မျှပင် ရှာ၍မရတော့ပေ။ သို့သော် ယခုတည်ဆဲဘဝမှာလည်း ထိုသုခ သောမနဿဝေဒနာတို့ကို ရှိနိုင်ရန် နေ့ရှိသရွေ့ မနေမနား ကြိုးစားရှာဖွေနေရခြင်းဟူသော ဒုက္ခခွင်က ထွက်ရသည်ဟူ၍ မရှိပါချေ၊ နောင်ဘဝအဆက်ဆက်၌လည်း မတည်မြဲသော ဝေဒနာတို့ကို ရရှိဖို့ရန်

စာမျက်နှာ-109
ဒုက္ခပေါင်းအနန္တဖြင့် ဆက်လက်ရှာဖွေရဦးမည်ဖြစ်သည်၊ ဤသို့ ဝေဒနာသည် သတ္တဝါအပေါင်းတို့ကို အနိစ္စဒဏ်ချက်ဖြင့် အမြဲတစစ နှိပ်စက်ညှဉ်းပမ်း၍ နေပေသည်။

ဝေဒနာသည် သတ္တဝါအပေါင်းတို့ကို မမြဲမှု အနိစ္စဒဏ်ချက်ဖြင့်သာ နှိပ်စက်သည်မဟုတ်သေး၊ ဆင်းရဲမှု ဒုက္ခဒဏ်ချက်တို့ဖြင့်လည်း အစဉ်နှိပ်စက်ညှဉ်းပမ်းလျက်ရှိသည်၊ ယခုလက်ရှိဘဝ၌ မိမိအလိုရှိရာ နှစ်သက်ရာ အာရုံများနှင့် ပြုံးပြုံးတရွှင်ရွှင် ကြည်လင်ချမ်းမြနေရခြင်း အခွင့်အရေးသည် အလိုအလျောက် ပေါ်ပေါက်လာသော အခွင့်အရေး မဟုတ်၊ ထိုအခွင့်အရေးကို ရဖို့ရန် ရှေးရှေးဘဝတို့က ကြိုတင်၍ ဒါနမှုနှင့် ဒုက္ခခံကာ ရင်းနှီးခဲ့ရခြင်း၊ သီလမှုနှင့် ဒုက္ခစိုက်ရခြင်း၊ ဘာဝနာမှုနှင့် ဒုက္ခစိုက်ရခြင်းစသည်ဖြင့် အမျိုးမျိုးဒုက္ခခံကာ ရင်းနှီးခဲ့ရပေသည်။

ထိုသို့ကြိုတင်ကာ ဒုက္ခနှင့်ရင်းနှီး၍ ထိုအခွင့်အရေးကို ရပါသော်လည်း မိမိသန္တာန်၌ အမြဲအစွဲ အပင်စိုက်၍နေသော ဓာတ်မျိုးမဟုတ်၊ မိမိတို့၏ အတွင်းအကြည်ဓာတ်ခြောက်ပါးနှင့် ပြင်ပအာရုံခြောက်ပါးတို့ တွေ့ဆုံခိုက်မှာမှ ဒွါရခြောက်ပါးတွင် ဖြစ်ပေါ်လာသော အခိုက်အတန့် ယာယီဓာတ်သဘောမျိုး ဖြစ်ပေသည်။ ထို့ကြောင့် အာရုံကောင်းတို့ကို ရရှိဖို့ရန် နေ့ရှိသမျှ ဒုက္ခစိုက်နေရပေသည်။

ကြောင့်ကြစိုက်နိုင်၍ အလိုရှိရာ နှစ်သက်ရာအာရုံနှင့် ပြုံးကာရွှင်ကာ နေရပါသော်လည်း မမြဲသောတရားဖြစ်၍ ပြုံးပြီးကွယ်ပျောက်ကုန်ခန်း၍ သွား၏၊ ထို့ကြောင့် ပြုံးလိုသေးသမျှကာလပတ်လုံး အာရုံကောင်းများ အတွက် ဒုက္ခစိုက်ခွင့်မှ လွတ်ခွင့်မရပြီ၊ ဒုက္ခစိုက်၍ နေဆဲမှာပင် ချုပ်ပျောက်ပျက်စီးသွား၏၊ ပကတိအခါ၌ မပျက်စီးသော်လည်း သေဆုံးသည့်အခါ၌ ဧကန်ပျက်စီးရလေသည်၊ ယင်းသို့ ဧကန်ပျက်စီးသည်ကို သိသောကြောင့်လည်း နောင်ဘဝတွင် သုခသောမနဿ ဝေဒနာများကို အသစ်ထူထောင်နိုင်ရန် ယခုဘဝကပင် ဒါနမှု သီလမှု ဘာဝနာမှုတို့ဖြင့် ဒုက္ခစိုက်ကာ ရင်းနှီးကြရ၏။

စာမျက်နှာ-110
ဤသို့ ဝေဒနာသည် သံသရာတလျှောက်လုံး၌ သတ္တဝါများကို ဒါနမှု သီလမှုတို့ဖြင့် နှိပ်စက်၏၊ ရဟန်းအလုပ်ဖြင့် နှိပ်စက်၏၊ ရသေ့အလုပ်ဖြင့် နှိပ်စက်၍၊ အသက်မွေးမှုအလုပ်ဖြင့် နှိပ်စက်၏။

ဤသို့အားဖြင့် မိမိအလိုရှိအပ်သော အခွင့်ဝတ္ထုတို့နှင့် တွေ့ကြုံ၍ စိတ်နှလုံးပြုံးပြုံးရွှင်ရွှင် ကြည်လင်ချမ်းမြ သုခသောမနဿနှင့် နေရမှုသည် ဝေဒနာ၏ သာယာဖွယ် နှစ်သက်ဖွယ် အဿာဒဖြစ်သည်။ ထိုဝေဒနာ၏ အမည်ရင်းမှာ ဆင်းရဲဒုက္ခပေါင်း များစွာ စိုက်ရမှုသည် မလိုလားအပ်သော ပြစ်ချက် (အာဒီနဝ) များဖြစ်၏။

ဤနေရာ၌ ဥပမာအားဖြင့် မုဆိုးသည် သားကောင်များကို ဖမ်းဆီးသည့်နေရာ၌ အသုံးပြုသည့် အမဲသားတုံးနှင့် တူသည်။ ထိုအမဲသားတုံးများကား စားလိုက်သည်နှင့်တစ်ပြိုင်နက် အသက်သေစေနိုင်သည့် အဆိပ်များကိုတား၍ မွှေးကြိုင်စွာချက်ထားသော အမဲတုံးများဖြစ်သည်၊ ထိုအမဲတုံး၏ မွှေးကြိုင်သော အနံ့အရသာများသည် သာယာဖွယ် နှစ်သက်ဖွယ်ကောင်းသော အဿာဒဖြစ်သည်။ ထိုအမဲတုံးအတွင်း၌ ဝင်နေသောအဆိပ်သည် ထိုအမဲတုံး၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အပြစ်အာဒီနဝ ဘေးဖြစ်၏၊ မွှေးကြိုင်သော အနံ့အရသာဟူသော သာယာနှစ်သက်ဖွယ်သော အဿာဒဖြင့် မိအောင်ဖမ်း၍ အဆိပ်တည်းဟူသော ကြောက်မက်ဖွယ်ရာ အာဒီနဝနှင့် သတ်ခြင်းပင်ဖြစ်သည်။

ဤသို့ ဥတ္တမပုရိသခေါ် ယောက်ျားမြတ်တို့သည် ဝေဒနာတို့၏ ကြောက်မက်ဖွယ်ဘေးကို ကောင်းစွာမြင်ကြသည်။

၇။ ဝေဒနာ၏ ကျွတ်လွတ်ခွင့်ကိုသိရခြင်း

ဝေဒနာမှ ကျွတ်လွတ် ထွက်မြောက်ရာ လမ်းကား ထိုဝေဒနာတို့၌ သာယာတပ်စွဲသော ဆန္ဒရာဂခေါ်သည့် တဏှာကိုစွန့်ပယ်ခြင်းဖြစ်သည်။ မှန်၏၊ လောက၌ ရွှေငွေကို သာယာတွယ်တာသော သူကိုသာ ရွှေငွေနှင့်စပ်သော ဒုက္ခဘေးက နှိပ်စက်နိုင်သည်၊ ရွှေငွေကို သာယာ

စာမျက်နှာ-111
တွယ်တာသော တဏှာမရှိလျှင် ရွှေငွေနှင့်စပ်သော ဒုက္ခဘေးမှလွတ်၏၊ ဆင်မြင်းကျွဲနွားကို သာယာတွယ်တာသူကို ဆင်မြင်းကျွဲနွားနှင့်စပ်သော ဒုက္ခဘေးက နှိပ်စက်နိုင်၏၊ မသာယာ မတွယ်တာလျှင် ထိုဒုက္ခဘေးမှ ကျွတ်လွတ်၏။ ထို့အတူ ဝေဒနာ၌ သာယာတွယ်တာမှုတဏှာရှိသူကို ဝေဒနာနှင့်စပ်သော ဒုက္ခဘေးတို့နှိပ်စက်နိုင်၏၊ ဝေဒနာ၌ သာယာတွယ်တာမှုတဏှာကို ပယ်နိုင်လျှင် ထိုဒုက္ခဘေးမှ ကျွတ်လွတ်နိုင်၏။

ဝေဒနာ၌ သာယာမက်မောမှုကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာ၏ အဿာဒဘေး၊ ဝေဒနာတို့၏ အမြဲမတည်ဘဲ ပျက်စီးချုပ်ငြိမ်းသွားမှု စသည်တို့ဖြင့် နှိပ်စက်ခြင်း အာဒီနဝကိုကား တရားကြီး၏ အဿာဒ အာဒီနဝဘေးဟူသကဲ့သို့ အလွန်ကြီးကျယ်လှ၏၊ သံသရာတလျှောက်လုံး၌ မိမိကိုယ်ကို ဝေဒနာ၏အဿာဒဘေး အာဒီနဝဘေးတို့ မပြတ်မစဲ အမြဲနှိပ်စက်နေကြောင်းကို သမ္မာဒိဋ္ဌိဉာဏ်အမြင်ပေါက်သည့်အခါမှ ကျွတ်လွတ်ခွင့်ကို သိနိုင်ပေသည်။ ထိုဝေဒနာမှ ကျွတ်လွတ်ခွင့်ကား ထိုဝေဒနာတို့၌ သာယာတွယ်တာသည့် တဏှာကိုပယ်စွန့်ခြင်းပင်ဖြစ်သည်။

ဤသို့ ဥတ္တမပုရိသခေါ် ယောက်ျားအာဇာနည်သည် ဝေဒနာတို့၏ ကျွတ်လွတ်ခွင့်ကို ကောင်းစွာ သိမြင်ကြပေသည်။

သတိပဋ္ဌာန်တရားနှင့်ဝေဒနာ

ရှင်တော်ဗုဒ္ဓသည် ကုရုတိုင်း၊ ကမ္မာသဓမ္မမြို့ကလေး၌ တပည့်ရဟန်းများအား သံသရာထွက်ရပ်လမ်း တရားတစ်မျိုးကို ဟောကြားညွှန်ပြတော်မူပါသည်။ ထိုတရားတော်မှာ သတိပဋ္ဌာန်တရားတော်ဖြစ်၏၊ ဘုရားရှင် ညွှန်ပြသည့်အတိုင်း ထိုသတိပဋ္ဌာန်တရားကို ပွားများအားထုတ်လျှင် အားထုတ်သူတိုင်း လောဘ ဒေါသစသော စိတ်အညစ်အကြေးများ ပယ်ရှားနိုင်သဖြင့် စိတ်ဓာတ်ဖြူစင်လာမည်၊ စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်းရခြင်းဆိုသည့် သောကမီး ပရိဒေဝမီးများလည်း ငြိမ်းသွားမည်၊ ဒုက္ခ ဒေါမနဿတရားများ ချုပ်ငြိမ်းသွားပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံး ချမ်းသာမည်၊

စာမျက်နှာ-112
နောက်ဆုံးတွင် အရိယာမဂ်ကိုရရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဟု အကျိုးတရားများကို အတိအကျ ညွှန်ပြထားပေသည်။ ထိုသတိပဋ္ဌာန်တရားမှာ—

(၁) ကာယာနုပဿနာသတိပဋ္ဌာန်၊

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်၊

(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်၊

(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်—

ဟု လေးပါးရှိပါသည်၊ ထိုလေးပါးတွင် ဝေဒနာတရား၌ သတိပဋ္ဌာန် ရှုမှတ်ပွားများပုံကို ဖော်ပြပါမည်။

ကိုယ်ထဲစိတ်ထဲ၌ ချမ်းသာမှုဖြစ်ပေါ်လာသည့်အခါ ချမ်းသာတယ်၊ ခံသာတယ်၊ ကောင်းတယ်၊ ဝမ်းသာတယ်စသည်ဖြင့် ရှုမှတ်ရမည်၊ ရှုမှတ်ဖန်များသောအခါ ခံသာသော အခြင်းအရာ၊ ကောင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သုခဝေဒနာကို အမှန်အတိုင်းသိလာမည်၊ ညောင်းမှု ကိုက်ခဲမှု စိတ်ဆင်းရဲမှု ဖြစ်ပေါ်လာသည့်အခါ၌လည်း ညောင်းတယ်၊ ကိုက်ခဲတယ်၊ စိတ်ဆင်းရဲတယ်စသည်ဖြင့် ရှုမှတ်ရမည်၊ ရှုမှတ်ဖန်များလာသည့်အခါ ညောင်းသော အခြင်းအရာ၊ စိတ်ဆင်းရဲသော အခြင်းအရာအားဖြင့်ဖြစ်သော ဒုက္ခဝေဒနာကို အမှန်အတိုင်း သိလာမည်။

ဤကဲ့သို့ မပြတ်မစဲရှုမှတ်သော ယောဂီပုဂ္ဂိုလ်အား ချမ်းသာမှုကို ဖြစ်တိုင်းဖြစ်တိုင်းလည်းသိ၏၊ ချမ်းသာမှု၏ကောင်းသောအတွေ့ကိုခံစားမှု စသည်ဖြင့် သဘောတရားတစ်ခုမျှဟူ၍လည်း သိ၏၊ ရှေးရှေးချမ်းသာမှုတို့သည် နောက်နောက်ချမ်းသာမှုတို့နှင့်မဆက်မစပ် အပိုင်းပိုင်းပြတ်လျက် ကုန်ဆုံးကုန်ဆုံးသွားကြသည်ဟူ၍လည်းသိ၏၊ ထိုအခါ တဆက်တည်း တစ်ခုတည်းဟုထင်မြင်ရသော သန္တတိပညတ်ကွဲ၍ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ ငါ့ကောင်မဟုတ်ဟူသောသဘောကိုလည်းသိ၏၊ ဤအသိမျိုးသည် သတ္တဝါဟူသောအယူ ငါကောင်ဟူသော ထင်မှတ်ခြင်းတို့ကို ပယ်စွန့်နိုင်၏။ ကမ္မဋ္ဌာန်းလည်းမည်၏၊ သတိပဋ္ဌာန်ဘာဝနာလည်း ဖြစ်၏။

စာမျက်နှာ-113
ညောင်းညာကိုက်ခဲမှုစသော ဒုက္ခဝေဒနာကို ရှုမှတ်ရာ၌လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

စိတ္တလတောင် မဟာထေရ်ဝတ္ထု

အခါတစ်ပါး၌ စိတ္တလတောင်၌ သီတင်းသုံးနေတော်မူသော မထေရ်တစ်ပါးသည် မကျန်းမမာဖြစ်ချိန်၌ ဝေဒနာပြင်းထန်လွန်းသဖြင့် တညည်းညည်း တညူညူဖြင့် လူးလှိမ့်နေသည်၊ ထိုအခါ ရဟန်းငယ်တစ်ပါးက “အရှင်ဘုရား၊ ဘယ်နေရာက နာကျင်ပါသလဲ” ဟု မေး၏။ “ငါ့ရှင် ဘယ်နေရာက နာသည်ဟု ကွဲကွဲပြားပြားမပြောနိုင်၊ တစ်ကိုယ်လုံးပင် ဝတ္ထုကို အာရုံပြုကာ ဝေဒနာကသာ ခံစားလျက်ရှိသည်” ဟုပြော၏။ “အရှင်ဘုရား ဝေဒနာကသာ ခံစားနေရသည်ဟုသိချိန်မှစ၍ သည်းခံသင့်သည် မဟုတ်ပါလော” ဟု လျှောက်၏။ “ငါ့ရှင် သည်းခံပါတော့မည်” ဟု ပြန်ပြော၏။ “အရှင်ဘုရား သည်းခံခြင်းသည် အလွန်ကောင်းမြတ်ပါသည်” ဟု လျှောက်၏။ မထေရ်လည်း မညည်းမတွားတော့ဘဲ ကြိတ်မှိတ် သည်းခံတော်မူလေသည်။

ရောဂါသည် မထေရ်၏နှလုံးသားအထိ ခွဲပစ်လိုက်လေသည်၊ မထေရ်၏ ဝမ်းဗိုက်မှထွက်လာသော အူတို့သည် ညောင်စောင်းပေါ်တွင် ပုံနေလေသည်။ “ငါ့ရှင် ဤမျှသည်းခံလျှင် သင့်ပြီလား” ဟု အူတို့ကိုပြ၍ မေး၏၊ ရဟန်းငယ်ကား ဘာမျှပြန်မလျှောက်တော့ဘဲ ဆိတ်ဆိတ်နေလေသည်။ မထေရ်သည် ဝီရိယနှင့်သမာဓိကို ညီစေလျက် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဇီဝိတသမသီသီရဟန္တာအဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။

ဇီဝိတသမသီသီရဟန္တာ ဆိုသည်ကား- မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ အကြိမ်အလှည့်၏ အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုတော်မူသော ရဟန္တာမျိုးဖြစ်ပေသည်။

ဝိ၊ ဒီ၊ ဋ္ဌ၊ ၂၊ ၃၆၄။

အဘိ၊ ဋ္ဌ၊ ၂၊ ၂၅၁။

စာမျက်နှာ-114
ဤဝတ္ထု၌ မထေရ်၏ သည်းခံခြင်းသည် ဝေဒနာကို နှလုံးမသွင်းဘဲ ကမ္မဋ္ဌာန်းအာရုံကို ဆင်ခြင်ပွားများသည်ဖြစ်သော သည်းခံနိုင်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဒုက္ခဝေဒနာတည်းဖြစ်သော သောကအာရုံကို အာရုံပြု၍ နာကသာ ခံစားသည်၊ ငါခံစားသည် မဟုတ်၊ ငါ၏ဝေဒနာမဟုတ်၊ ထိုဝေဒနာ၌လည်း ငါမရှိ၊ ဤဝေဒနာသည် မမြဲသောအနိစ္စသဘောရှိ၏၊ ဆင်းရဲအစစ်ဖြစ်၏၊ အလိုသို့မပါ၊ အတ္တမဟုတ်သဖြင့် သင်္ခါရဟု နှလုံးသွင်းနေသောကြောင့် သည်းခံနိုင်သည်ဟု ဆိုရသည်။

ဤသို့လည်း ဆင်ခြင်ရမည်၊ သုခပေါ်၍ သုခဝေဒနာကို ခံစားဆဲအချိန်၌ ဒုက္ခဝေဒနာမရှိခြင်းကြောင့် သုခဝေဒနာကို ခံစားစဉ်၌ သုခဝေဒနာကိုသာ ခံစားသည်ဟုသိရမည်၊ ရှေးကဖြစ်ဖူးသော ဒုက္ခဝေဒနာသည် ယခု သုခဝေဒနာကို ခံစားချိန်၌မရှိတော့၊ ယခုခံစားနေသော သုခဝေဒနာသည်လည်း ယခုဆဲအချိန်တွင် ပထမ၌မရှိသေး၊ ထို့ကြောင့် ဝေဒနာဟူသောတရားသည် ဖြစ်ပြီးလျှင် ပျက်စီးခြင်း သဘောရှိ၏ဟု ဆင်ခြင်သိမြင်ရမည်။

ဣဋ္ဌာရုံကိုအာရုံပြု၍ သုခဝေဒနာဖြစ်လျှင် ဣဋ္ဌာရုံကိုအကြောင်းပြု၍ သုခဝေဒနာဖြစ်သည်ဟုသိရမည်။ ဣဋ္ဌာရုံချုပ်ပျောက်သွားသောအခါ၌ အကြောင်းဖြစ်သော ဣဋ္ဌာရုံချုပ်သည့်အတွက် အကျိုးဖြစ်သော သုခဝေဒနာလည်း ချုပ်ကွယ်တော့မည်ကို သိရမည်၊ ဣဋ္ဌာရုံတည်နေသမျှ အချိန်ကာလအတွင်း၌ သုခဝေဒနာတစ်ပါးတည်းသာလျှင် တည်မြဲ၍ အာရုံကိုခံစားနေသည်မဟုတ်၊ သုခဝေဒနာပေါင်းများစွာတို့သည် ခဏတိုင်းဖြစ် ခဏတိုင်းချုပ်ကာ သုခဝေဒနာအစဉ်အတန်းကြီး တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ခံစားခြင်းဖြစ်သည်ဟုသိ၍ သုခဝေဒနာ၏ မမြဲသောသဘောကိုလည်း ဆင်ခြင်ရမည်။

ဣဋ္ဌာရုံကိုမြဲစေချင်လျက် မမြဲ၊ သုခဝေဒနာကိုလည်း မြဲစေချင်လျက် မမြဲ၊ မြဲအောင်တောင့်တ၍မရခြင်းကြောင့် ဆင်းရဲသောသဘောရှိသည်ဟု ဆင်ခြင်ရမည်၊ ဣဋ္ဌာရုံနှင့် သုခဝေဒနာတို့ကို မြဲအောင်...

စာမျက်နှာ-115
မြဲအောင်ပြု၍ မရခြင်းကြောင့် ငါပိုင်မဟုတ်၊ ငါအစိုးမရ၊ သဘာဝတရား၌ ရုပ်နာမ်တို့၏အလျောက် အကြောင်းအကျိုးစပ်ကာ ဖြစ်ပျက်နေကြခြင်းသာ ဖြစ်သည်ဟု ဆင်ခြင်ရမည်။

ယင်းသို့ အမှန်သဘောကို ဆင်ခြင်သိမြင်သော ယောဂီသည် ဣဋ္ဌာရုံ၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း ငြီးငွေ့လာမည်၊ နှစ်သက်သာယာခြင်းကင်းလာမည်၊ နှစ်သက်သာယာခြင်းကင်းလျှင် တပ်မက်သော တဏှာမှ လွတ်မြောက်မည်၊ တဏှာမှလွတ်မြောက်လျှင် ဥပါဒါန်မဖြစ်၊ ဥပါဒါန်မဖြစ်က ဘဝမဖြစ်၊ ဘဝမဖြစ်လျှင်လည်း တဖန်ဘဝသစ်၌ ဇာတိဖြစ်ရန်မရှိ၊ ဇာတိမဖြစ်က ဇာတိ၏အကျိုးဖြစ်သော ဇရာမရဏ၊ အကျိုးမဲ့များဖြစ်သော သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ဖြစ်ခွင့်မရှိနိုင်ကြချေ၊ သောကစသည်တို့ကင်းသဖြင့် အာသဝေါတရားတို့လည်း မပေါ်နိုင်ကြကုန်၊ အာသဝေါတရားများ မဖြစ်ပေါ်ခြင်းကြောင့် သံသရာလည်ခြင်း၏စက်ခေါင်းကြီးဖြစ်သော အဝိဇ္ဇာလည်း လုံးဝမပေါ်လာတော့ချေ၊ သံသရာစက်ခေါင်းကြီး မပေါ်လာ မဖြစ်လာတော့သဖြင့် ဒုက္ခပေါင်းစုံတို့မှ ကင်းလွတ်၍ သံသရာထွက်ရပ်လမ်း ပေါက်ပါတော့သည်။

၇။ ဝေဒနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ

ဝေဒနာကြောင့်တဏှာဖြစ်ပုံ

ဝေဒနာကြောင့် ဘဝစက်ဝန်းလည်ပတ်ပုံကို ပဋ္ဌာန်းပါဠိတော်တွင် ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့သည့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးပြ ဒေသနာတော်အတိုင်း သိသာရုံ ဖော်ပြပါမည်၊ ဝေဒနာဆိုသည်မှာ အာရုံ၏အရသာကို ခံစားသည့် သဘောဖြစ်ကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့ပေပြီ၊ မိမိနှစ်သက်လိုလားသည့်အာရုံနှင့် တွေ့ကြုံရသည့်အခါ ကိုယ်၌ဖြစ်စေ စိတ်၌ဖြစ်စေ ခံသာသည့်သဘော၊ ချမ်းမြေ့ရွှင်လန်းသည့်သဘော ပေါ်လာသည်။ ထိုထိုသဘောကို သုခဝေဒနာဟုလည်းကောင်း၊ သောမနဿဝေဒနာဟုလည်း

စာမျက်နှာ-116
ကောင်း ခေါ်သည်၊ ထိုခံသာသည့်သဘော၊ ချမ်းမြေ့ရွှင်လန်းသည့် သဘောများ ပေါ်လာသည့်အခါ ထိုသဘော ထိုခံစားမှုဝေဒနာများ၌ သာယာတပ်မက်မှုတဏှာဖြစ်လာ၏၊ ထိုတဏှာသည် ခံစားမှုဝေဒနာ၌သာ မရပ်ဘဲ ထိုခံစားမှုကိုဖန်တီးပေးသည့် ရူပါရုံစသော အာရုံများကိုလည်း “တနွယ်ငင် တစင်ပါ” ဆိုသကဲ့သို့ ဆက်၍တပ်မက်၏။

ဥပမာအားဖြင့် သတ္တဝါတို့သည် အသက်ခန္ဓာကိုအလွန်တွယ်တာကြ၏၊ အသက်ကို တွယ်တာသည့်အတွက် အသက်ကို ဆက်လက်တည်မြဲစေနိုင်သော ထမင်းအစာကို တွယ်တာကြ၏။ ထမင်းကိုတွယ်တာသည့်အတွက် ဆန်ကို တွယ်တာ၏၊ ဆန်ကို တွယ်တာသည့်အတွက် စပါးကို တွယ်တာ၏၊ စပါးကို တွယ်တာသည့်အတွက် ကျွဲ နွား လယ် ယာ မိုးမြေကို တွယ်တာ၏၊ ထိုအလုံးစုံကို တွယ်တာသည့်အတွက် ကြေးငွေကို တွယ်တာ၏၊ ဤသို့ တဏှာရာဂမည်သည် ဝတ္ထုတစ်ခုကို တွယ်တာမိလျှင် ထိုဝတ္ထုနှင့်ဆက်စပ်သမျှ အရာမက အထောင်မကသော အဆင့်ဆင့်တွယ်တာမှု တဏှာရာဂတရားပြန့်ပွား၍သွားတော့၏။

ထို့အတူ စက္ခုသမ္ဖဿဇာ ဝေဒနာဟုဆိုအပ်သော မျက်စိအရသာတစ်ခုကို တွယ်တာမက်မောမိလျှင် ကောင်းသောအဆင်း သဏ္ဌာန်ကိုလည်းကောင်း၊ ထိုအဆင်းသဏ္ဌာန် တည်ရှိသော သက်ရှိ သက်မဲ့အထည်ဝတ္ထုကိုလည်းကောင်း၊ ထိုအထည်ဝတ္ထုနှင့် စပ်လျဉ်းသမျှကို လည်းကောင်း တွယ်တာမက်မောမှု အဆင့်ဆင့်ဖြစ်ပွား၍ သွားတော့သည်။

ထို့အတူ သောတသမ္ဖဿဇာ ဝေဒနာ (နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု) စသော ကျန်ဝေဒနာငါးပါးတို့ကြောင့် တွယ်တာမက်မောမှု တဏှာဖြစ်ပုံကိုလည်း ဤနည်းမှီ၍ သိနိုင်ပေသည်။ ဤသို့ သုခဝေဒနာများ ဖြစ်နေခိုက်မှာလည်း ထိုသုခသောမနဿဝေဒနာတို့ကို တဏှာဖြင့် သာယာသည့်အပြင် ထို့ထက်သာလွန်သော သုခ၊ သောမနဿတို့ကိုလည်း မျှော်လင့် တောင့်တလျက်နေပြန်၏။

စာမျက်နှာ-117
ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကြောင့် တဏှာဖြစ်ပုံကား- ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့ကို ခံစားရသည့်အခါ ထိုဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့မှ လွတ်မြောက်၍ ဘယ်တော့များမှ ချမ်းသာသုခကို ရပါတုန်းဟု သုခနှင့်သုခဖြစ်မည့် အာရုံကို လှမ်းပြီး တောင့်တသည့် တဏှာဖြစ်လာ၏။

ဥပေက္ခာဝေဒနာခံစားရသည့် အခါ၌လည်း သုခလိုပင် ငြိမ်သက်အေးမြသည်ဟု ထိုဝေဒနာ၌ စုံမက်သည့် တဏှာဖြစ်ပေါ်လာသည်။ ဤသို့ ခံစားမှုဝေဒနာကို အကြောင်းပြု၍ တဏှာအမျိုးမျိုး ဖြစ်ပေါ်လာပေသည်။

တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သန္တာန်၌ တဏှာဖြစ်လာလျှင် ဥပါဒါန်ဖြစ်ရန် လွယ်ကူသွားတော့၏။ အနည်းငယ် တပ်မက်မှုသည် တဏှာဖြစ်သည်၊ လွန်လွန်ကဲကဲ စွဲလမ်းမှုသည် ဥပါဒါန်မည်၏ (ဥပ=လွန်လွန်ကဲကဲ + အာဒါန=ယူခြင်း)။ လှပသောရူပါရုံကို ပထမဆုံးမြင်လျှင် တဏှာဖြစ်၏၊ ထိုတဏှာသည် တစတစ ရင့်သန်အားကောင်းလာလျှင် ဥပါဒါန် ဖြစ်လာ၏၊ ထို့အတူ သဒ္ဒါရုံစသည်၌ တဏှာဖြစ်ပုံ၊ ဥပါဒါန်ဖြစ်ပုံတို့ကိုလည်း ဤနည်းကိုမှီ၍ သိနိုင်ပေသည်။ “ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး၊ တစ္ဆေကြီးလျှင် သရဲ၊ သူရဲကြီးလျှင် သံဘက်” ဆိုဘိသကဲ့သို့ တဏှာဓာတ်မှ အဆင့်ဆင့် ရင့်သန်၍ ဖြစ်ပေါ်လာသော ပြင်းထန်သောစွဲလမ်းမှုကိုပင် ဥပါဒါန်ဟု ဆိုရပါသည်။

ထိုဥပါဒါန်သည် ရူပါရုံစသော ကာမအာရုံ ၅-ပါး၌ အလွန်အမင်း တပ်မက်စွဲလမ်းခြင်း ကာမုပါဒါန်၊ သက္ကာယဒိဋ္ဌိ၊ သီလဗ္ဗတုပါဒါန်တို့မှတစ်ပါး အခြား မိစ္ဆာအယူများကို စွဲလမ်းစွာယူခြင်း ဒိဋ္ဌုပါဒါန်၊ နွားကျင့် ခွေးကျင့် စသည်တို့သည် သံသရာထွက်ရပ်လမ်း ဖြစ်သည်ဟု အပြင်းအထန် စွဲယူခြင်း သီလဗ္ဗတုပါဒါန်၊ အတ္တအယူကို စွဲလမ်းစွာယူခြင်း အတ္တဝါဒုပါဒါန် ဟူ၍ လေးမျိုးရှိသည်။

စာမျက်နှာ-118
ဒိဋ္ဌိမှန်လျှင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အယူအစွဲပြင်းထန်သောကြောင့် ဥပါဒါန် အမည်ရတော့သည်။ ဒိဋ္ဌိအမျိုးမျိုးတွင် “အတ္တဝါဒုပါဒါန်သည် ခန္ဓာငါးပါး၌ အခိုင်အမာ အသက်ရှိ၏ဟု စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးဖြစ်၏၊ သက္ကာယဒိဋ္ဌိ ဟူ၍လည်းခေါ်၏၊ ထိုသက္ကာယဒိဋ္ဌိဖြင့် မိမိခန္ဓာကိုယ်ကိုငါ ငါဟု စွဲလမ်းခြင်းသည် ပင်ကိုက မိမိကိုယ်ကို တဏှာဖြင့် တပ်မက် ခင်မင်လျက်ရှိခြင်းကြောင့် ဖြစ်၏။

သီလဗ္ဗတုပါဒါန် ဆိုသည်မှာ ခွေးကျင့်၊ နွားကျင့် စသည်ဖြင့် သံသရာဝဋ် ဒုက္ခမှ လွတ်မြောက်နိုင်သည်ဟု အပြင်းအထန် ယုံကြည်စွဲလမ်းသော ဒိဋ္ဌိဖြစ်သည်၊ မိမိကိုယ်ကို တဏှာဖြင့် တပ်မက် ခင်မင်လျက်ရှိသောကြောင့် နောက်နောက်ဘဝ၌ မိမိချမ်းသာဖို့ရန် တောင့်တလျက် ခွေးကျင့်၊ နွားကျင့်များကို ပြင်းထန်စွာ ကျင့်ခြင်းဖြစ်သည်။ ဒိဋ္ဌုပါဒါန်နှင့် ဆိုင်သော ဒိဋ္ဌိများကိုလည်း တဏှာအတွက်ကြောင့်သာ ကောင်းနိုးရာရာထင်၍ ယူမှားမိကြလေသည်။ ဤသို့ အနည်းငယ် တွယ်တာမှုတဏှာကြောင့် ပြင်းပြင်းထန်ထန် စွဲလမ်းတပ်မက် ဥပါဒါန် ဖြစ်ပေါ်လာရပေသည်။

ဥပါဒါန်ကြောင့် ဘဝဖြစ်

သတ္တဝါများသန္တာန်၌ ဥပါဒါန်တရားဖြစ်ပွားလာခဲ့လျှင် ထိုဥပါဒါန်ကြောင့် ဘဝခေါ်သော အကျိုးတရား ပေါ်လာပေသည်၊ ဘဝမှာ ကမ္မဘဝ၊ ဥပပတ္တိဘဝ ဟု နှစ်မျိုးရှိ၏၊ သတ္တဝါတို့ နေ့စဉ်နှင့်အမျှ လှုပ်ရှားပြုလုပ်နေကြသော ကောင်းသောအလုပ်၊ မကောင်းသောအလုပ်တို့ကို ကမ္မဘဝဟုခေါ်၏၊ တရားကိုယ်မှာ လောကီကုသိုလ် (၁၇) ခု၊ အကုသိုလ် (၁၂) ခု၌ ရှိသော စေတနာ (ကံ) ၂၉-ခုဖြစ်သည်။ ဥပပတ္တိဘဝဆိုသည်မှာ ထိုကံကြောင့် ထိုထိုဘုံဘဝတို့၌ လူ၊ နတ်၊ တိရစ္ဆာန် သတ္တဝါများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်၊ တရားကိုယ်မှာ သတ္တဝါအဖြစ် ပေါ်လာသည့် လောကီဝိပါက် စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်တို့ ဖြစ်သည်။

စာမျက်နှာ-119
သတ္တဝါတို့ လူချမ်းသာ၊ နတ်ချမ်းသာ စသည်တို့ကို လိုချင်မှုသည် ကာမုပါဒါန်မည်၏။ ထိုကာမုပါဒါန်ကြောင့် လူချမ်းသာ နတ်ချမ်းသာ များကို ရကြောင်းဖြစ်သည့် ဒါန သီလကုသိုလ် စသည့်ကောင်းမှု ကံ(ကမ္မဘဝ) တို့ကြိုးစားအားထုတ်ကြရသည်။ ထိုဒါနကုသိုလ်, သီလ ကုသိုလ် ဟူသော ကမ္မဘဝကြောင့် လူ့ဘုံ နတ်ဘုံတို့၌ ပဋိသန္ဓေတည်နေရခြင်း၊ ဥပပတ္တိဘဝ ဖြစ်လာရသည်။

ထို့အတူ ယခုဘဝမှာပင် ကာမချမ်းသာကို ခံစား၍ သတ်ခြင်း၊ ခိုးယူခြင်းစသော အကုသိုလ် ဒုစရိုက်အမျိုးမျိုး (ကမ္မဘဝ)ကို ပြုကြ၏။ ထိုအကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဘုံ၌ ဥပပတ္တိဘဝဖြစ်ရလေသည်။ ဤသည်မှာ ကာမုပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝ ဖြစ်ပုံပင် ဖြစ်သည်။

ဥစ္ဆေဒဒိဋ္ဌိ အယူရှိသူများသည် “ငါ၏အတ္တသည် နတ်ဘုံဗြဟ္မာ့ဘုံတို့၌ ပြတ်စဲရလျှင် ကောင်းသော ပြတ်ခြင်းပေတည်း” ဟု ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ဒိဋ္ဌုပါဒါန်အရင်းခံ၍ ထိုဘုံများသို့ ရောက်ဖို့ ကုသိုလ်ကမ္မဘဝကို ပြုစီမံ၏။ သဿတဒိဋ္ဌိအယူရှိသူက “ငါ၏ အတ္တသည် နတ်ဘုံ ဗြဟ္မာ့ဘုံ တို့၌ဖြစ်ရလျှင် ဧကန်ချမ်းသာရလိမ့်မည်” ဟု ဒိဋ္ဌုပါဒါန် အရင်းခံလျက် ထိုဘုံများသို့ ရောက်ဖို့ရန် ကံကိုပြု၏။

သီလဗ္ဗတုပါဒါန်အယူရှိသူတို့ကလည်း “ငါယခု ကျင့်နေသော အလေ့အကျင့်ကို နတ်ပြည် ဗြဟ္မပြည်တို့၌ ကျင့်ရလျှင် လွယ်ကူစွာ ပြည့်စုံပေလိမ့်မည်” ဟု သီလဗ္ဗတုပါဒါန် အရင်းခံလျက် ထိုဘုံများသို့ ရောက်ဖို့ရန် ကံတခုခုကိုပြု၏။ ထိုသို့ပြုရာ၌ လမ်းမှန်ကျင့်မိလျှင် ရည်ရွယ်တိုင်း သုဂတိဘုံ၌ ဥပပတ္တိဘဝဖြစ်၍ လမ်းလွှဲကျင့်မိလျှင် အပါယ်ဘုံ၌ ဥပပတ္တိဘဝ ဖြစ်ရလေသည်။ ဤသို့ ဒိဋ္ဌုပါဒါန် စသည်တို့ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝ နှစ်မျိုး ဖြစ်ရလေသည်။

ဘဝကြောင့်ဇာတိ စသည်ဖြစ်ပုံ

ဇာတိဆိုသည်မှာ ဘဝသစ်၌ ပဋိသန္ဓေ ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုဇာတိသည် လောကီကုသိုလ်ကံ အကုသိုလ်ကံ ဟူသော ကမ္မဘဝကြောင့် ဖြစ်လာရ၏။ ဇာတိဖြစ်ခြင်းကြောင့် အိုခြင်း၊

စာမျက်နှာ-120
ဇရာ၊ သေခြင်း (မရဏ)၊ စိုးရိမ်ကြောင့်ကြခြင်း (သောက)၊ ငိုကြွေးမြည်တမ်းခြင်း (ပရိဒေဝ)၊ ကိုယ်ဆင်းရဲခြင်း (ဒုက္ခ)၊ စိတ်ဆင်းရဲခြင်း (ဒေါမနဿ)၊ အလွန်အမင်း ပြင်းစွာ ပင်ပန်း ဆင်းရဲခြင်း (ဥပါယာသ) ဟူသော အကျိုးဆက်များ ဆက်တိုက် ဖြစ်ပေါ်လာကြသည်။

သံသရာ ဘဝစက်ဝန်းလည်ပုံ

စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဆင်းရဲမှု၊ ပြင်းစွာ ပင်ပန်းဆင်းရဲမှု တို့သည် ဒေါသစိတ်၏ တွဲဖော်တွဲဖက် အပေါင်းအသင်း စေတသိက်များဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ကြောင့်ကြမှု သောက စသည်တို့ဖြစ်တိုင်း အဝိဇ္ဇာတည်းဟူသော မောဟလည်း အမြဲတွဲလျက်ပါရှိသည်။ ပရိဒေဝခေါ် ငိုကြွေးမြည်တမ်းမှုမှာလည်း အဝိဇ္ဇာမကင်းသူတို့၌သာ ဖြစ်လေ့ရှိသည်။ ကိုယ်ဆင်းရဲမှု (ဒုက္ခ) ဖြစ်လာသည့်အခါ စိတ်ဆင်းရဲမှု ဒေါမနဿနှင့်အတူ မောဟလည်း ယှဉ်တွဲပါလာသည်။

မောဟဟူသော အဝိဇ္ဇာဖြစ်လာပြန်လျှင် သင်္ခါရ စသောတရားများလည်း ကြောင်းကျိုးဆက်ကာ ဖြစ်လာရပြန်သည်။ ဤနည်းအားဖြင့် ဝေဒနာကြောင့် ဘဝစက်ဝန်းသည် ချားရဟတ်ပမာ မပြတ်မစဲ တလည်တည်း လည်ပတ်နေပေသည်။

ဝေဒနာကိုအစွဲပြု၍ ဘဝစက်ဝန်း(သံသရာ)အလည်ပုံ

ဘဝသံသရာ လည်ပတ်ရေးတွင် မောဟခေါ် အဝိဇ္ဇာနှင့် လောဘခေါ် တဏှာတို့သည် ပင်မ အကြောင်းကြီးနှစ်ရပ် ဖြစ်ကြသည်။ ထိုနှစ်ပါးသည် ဘဝစက်ဝန်းကြီး လည်ရာ၌ စက်ခေါင်းကြီး နှစ်လုံးဖြစ်သည်။ အဝိဇ္ဇာမှ ဝေဒနာအထိ ရှေ့ပိုင်းဘဝ စက်ကြီးတစ်ခု၊ တဏှာမှ ဇာတိအထိ နောက်ပိုင်း ဘဝစက်ကြီး တစ်ခု ဟူ၍ စက်ကြီးနှစ်လုံး ရှိသည်။ ရှေ့ပိုင်းစက်ကြီးတွင် အဝိဇ္ဇာသည် စက်ခေါင်းဖြစ်၍ နောက်ပိုင်းစက်ကြီးတွင် တဏှာသည် စက်ခေါင်းဖြစ်သည်။

ဤသို့ ဘဝစက်ဝန်း လည်ပတ်ပုံသည် ရှေ့စက်ခေါင်းတစ်လုံး၊ နောက်စက်ခေါင်းတစ်လုံး တပ်ထားသော မီးရထားကြီး သွားလာလည်ပတ်ပုံနှင့် တူပေသည်။ စက်ခေါင်းနှစ်လုံး တပ်ထားသော မီးရထားကြီးသည်

စာမျက်နှာ-121
တောကြိုတောင်ကြား တောင်နံပါး စသည့်လမ်းကောက် လမ်းကျဉ်းများတွင် တက်တုံဆုတ်တုံ ကွေ့ကောက်တုံဖြင့် တသုန်သုန်သွားလာ နေဘိသကဲ့သို့ အဝိဇ္ဇာတဏှာတည်းဟူသော ရှေ့စက်ခေါင်း နောက်စက်ခေါင်း နှစ်လုံးတပ်ထားသော ဘဝယန္တရားသံသရာရထားကြီးသည်လည်း တက်တုံ ဆုတ်တုံ ကွေ့တုံဖြင့် တသုန်သုန်လှည့်လည် သွားလာ၍သာ နေလေသည်။

ဤဘဝသံသရာ လည်ပတ်ကြောင်း အဝိဇ္ဇာ, တဏှာဆိုသည့် သံသရာစက်ခေါင်းကြီး နှစ်လုံးတွင် တစ်လုံးလုံးကို လုံးဝပြတ်အောင် ရပ်အောင် လုပ်နိုင်ပါမှ သံသရာအလည် ရပ်ပေမည်။ ဤနေရာ၌ တဏှာစက်ခေါင်း၏ အကြောင်းတရားဖြစ်သည့် ဝေဒနာတရားကို ရှေ့တွင်ဆိုခဲ့သည့်အတိုင်း သတိပဋ္ဌာန်နည်းဖြင့် ရှုမှတ်ပွားများလျှင် တဏှာစက်ကြီး အလည်ရပ်မည်ဟု ဘုရားရှင်က အောက်ပါအတိုင်း ညွှန်ကြားတော်မူခဲ့ပေသည်။

“ဝေဒနာနုပဿနာ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်တို့သည် သတိပဋ္ဌာန်တရား လေးပါးလုံးကို ပြည့်စုံစေနိုင်ကုန်၏၊ ထိုသတိပဋ္ဌာန်တရား လေးပါးနှင့် ပြည့်စုံသော ယောဂီပုဂ္ဂိုလ်တို့သည် မဂ်လေးပါးဟူသော ဝိဇ္ဇာဉာဏ်၊ ဖိုလ်လေးပါးဟူသော ဝိမုတ္တိအကျိုးတရားတို့ကို ရရှိ၍ သံသရာထွက်ရပ်လမ်း ပေါက်နိုင်ကြကုန်၏။”

ထို့ကြောင့် ဝေဒနာနုပဿနာ သတိပဋ္ဌာန်တရားဖြင့် တဏှာမဖြစ်ပေါ်လာအောင် တားဆီးပိတ်ပင်နိုင်လျှင် တဏှာတည်းဟူသော သံသရာစက်ခေါင်းပြတ်၍ ဘဝသံသရာ အလည်ရပ်နိုင်ပေသည်။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သုခဝေဒနာ ပေါ်လာလျှင်ဖြစ်စေ၊ ဒုက္ခဝေဒနာ ပေါ်လာလျှင်ဖြစ်စေ၊ ဥပေက္ခာဝေဒနာ ပေါ်လာလျှင်ဖြစ်စေ ဖြစ်ပေါ်လာသမျှ ဝေဒနာတို့ကို ဝေဒနာဟူ၍သာ ရှုမှတ်

စာမျက်နှာ-122
ရမည်၊ ဝေဒနာဟူ၍သာ သိရမည်၊ ဝေဒနာမှတစ်ပါး ခံစားတတ်သော သတ္တဝါမရှိ။ ဝေဒနာကသာ ခံစားသဖြင့် ဝေဒနာသာရှိသည်၊ ထိုဝေဒနာတို့သည်လည်း တည်မြဲနေသည်မဟုတ်၊ မြစ်ရေယာဉ်ကဲ့သို့ အစဉ်တတန်းကြီး ရှေ့ကချုပ် နောက်ကအသစ်ဖြစ်၍ တခဏချင်း ပျောက်ပျက်နေကြသော ဝေဒနာတရားတို့ပါတကားဟု အမြဲမပြတ် ဉာဏ်သတိဖြင့် ဆင်ခြင်ရှုမှတ်နေလျှင် ထိုဝေဒနာကို အကြောင်းပြုပြီး တဏှာမဖြစ်ပေါ်နိုင်တော့ချေ။

ထိုဝေဒနာတရားတို့၌ အနိစ္စအစစ်ကို မြင်နိုင်သော အနိစ္စဝိဇ္ဇာဉာဏ်၊ ဒုက္ခအစစ်ကို မြင်နိုင်သော ဒုက္ခဝိဇ္ဇာဉာဏ်၊ အနတ္တအစစ်ကို မြင်နိုင်သော အနတ္တဝိဇ္ဇာဉာဏ် ဓာတ်များ ပိုင်ပိုင်နိုင်နိုင် ပေါ်လာအောင် အားထုတ်ရမည်။ ထိုဝိဇ္ဇာဓာတ်များ ပေါ်လာသည့်အခါ အဝိဇ္ဇာတည်းဟူသော မောဟအမှောင်ဓာတ်ကြီး ပျောက်ပြီး၊ သံသရာစက်ခေါင်းကြီး တစ်လုံးရပ်သွားပြန်သည်။

ထိုမှတစ်ဆင့်တက်၍ မဂ်ဝိဇ္ဇာလေးပါးတွင် နောက်ဆုံး အရဟတ္တမဂ်ဝိဇ္ဇာဉာဏ် ပေါ်လာသည့် အဆင့်သို့ရောက်လျှင်ကား အဝိဇ္ဇာဓာတ်နှင့် တဏှာဓာတ် ဟူသော သံသရာစက်ခေါင်းကြီး နှစ်လုံးအကြွင်းမဲ့ ပျက်ပြုန်း ချုပ်ငြိမ်းသွားပြီဟု မှတ်ရမည်။ ထိုသို့ အဝိဇ္ဇာ, တဏှာတည်းဟူသော သံသရာစက်ခေါင်းကြီးနှစ်လုံး အလည်ရပ်သည်နှင့် ပြိုင်နက် သံသရာထွက်ရပ်လမ်း ပေါက်တော့သည်။

စာမျက်နှာ-123
သညာ = အမှတ်ပြု၍သိခြင်း၊ မှတ်သားခြင်း။

မှတ်သားပုံ ၃-မျိုး

(က) အာရုံကို မှတ်သားခြင်းမျှဖြစ်သော သဘောသည်လည်းကောင်း၊

(ခ) မိမိဖြစ်ရာ တည်ရာ သတ္တဝါများကို ဖြစ်စေ၊ မိမိနှင့် အတူတကွ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကို ဖြစ်စေ အာရုံကို မှတ်သားအောင် ပြုတတ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိကိုယ်တိုင် အာရုံကို မှတ်သားတတ်သော သဘောသည်လည်းကောင်း၊ သညာစေတသိက် မည်ပါသည်။

(၁) သညာစေတသိက်၏ လက္ခဏာ

သညာစေတသိက်သည် အဖြူ အနီ အစရှိသော အာရုံအမျိုးမျိုးကို မှတ်သားမိရုံ သိခြင်းသဘော လက္ခဏာရှိသည်။

အာရုံ အမျိုးမျိုးကို မှတ်သားပုံ

သညာဆိုသည်မှာ အဖြူ အနီ အစရှိသော အာရုံအမျိုးမျိုးကို မှတ်သားတတ်သော သဘောဖြစ်သည်။ သညာ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ မူလပဏ္ဏာသပါဠိတော်၌ ဘုရားလက်ထက်တော်က ရှင်မဟာကောဋ္ဌိကနှင့် ရှင်သာရိပုတ္တရာမထေရ်တို့ ဆွေးနွေးချက်ကို ဤသို့တွေ့ရသည်။

၁။ သံ+ဉာ၊ သညာ။ သံ=အမှတ်ပြု၍ +ဉာ=သိခြင်း။ သညာ=အမှတ်ပြု၍သိခြင်း၊ မှတ်သားခြင်း။ မဏိမဉ္စူ၊ ပ၊ ၃၁၅။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၃။

၃။ မ၊ ၁၊ ၃၆၇။

စာမျက်နှာ-124
ရှင်မဟာကောဋ္ဌိက။ ။ ငါ့ရှင် “သညာ သညာ” ဟု ဆို၏၊ အဘယ်အကြောင်းကြောင့် “သညာ” မည်ပါသနည်း။

ရှင်သာရိပုတ္တရာ။ ။ မှတ်သားတတ်၊ မှတ်သားတတ်သောကြောင့် “သညာ” မည်ပေ၏ ငါ့ရှင်။

ရှင်မဟာကောဋ္ဌိက။ ။ အဘယ်ကို မှတ်သားတတ်ပါသနည်း ငါ့ရှင်။

ရှင်သာရိပုတ္တရာ။ ။ ညိုသောအရာကိုလည်း မှတ်သားတတ်၏၊ ဝါသောအရာကိုလည်း မှတ်သားတတ်၏၊ နီသောအရာကိုလည်း မှတ်သားတတ်၏၊ ဖြူသောအရာကိုလည်း မှတ်သားတတ်၏၊ ငါ့ရှင် မှတ်သားတတ်၊ မှတ်သားတတ်သော အကြောင်းကြောင့် သညာဟု ခေါ်ဆိုအပ်၏။ ဟူ၍ ဖြစ်သည်။

ဤပါဠိတော်အရ သတ္တဝါတို့သည် မှတ်သားတတ်သော ဤသညာဖြင့် အာရုံအမျိုးမျိုးကို မှတ်သားကြ၏။ ဤသို့ မှတ်သားရာတွင် ပုဂ္ဂိုလ်သတ္တဝါတို့က မှတ်သားခြင်းမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ သန္တာန်မှာ ဖြစ်ပေါ်လာသည့် မှတ်သားမှုသဘောရှိသော ဤသညာကသာ မှတ်သားခြင်း ဖြစ်သည်။

မှန်၏။ ဤသညာသည် စက္ခုပသာဒ (မျက်စိအကြည်)၊ သောတပသာဒ (နားအကြည်) အစရှိသည့် အတွင်းပသာဒ ဝတ္ထုများနှင့် ရူပါရုံ အစရှိသည့် ပြင်ပအာရုံတို့ တွေ့ထိရာမှ သတ္တဝါတို့သန္တာန်ဝယ် မှတ်သားတတ်သည့်သညာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သတ္တဝါတို့သည် ယင်းသညာဖြင့် ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ အာရုံအမျိုးမျိုးကို အမှတ်ပြုလေသည်။

ဖြူသောအဆင်းအာရုံကို “အဖြူ” ဟု မှတ်သား၏၊ နီသောအဆင်းအာရုံကို “အနီ” ဟု မှတ်သား၏။ ထို့အတူ အချိုအချဉ် စသော အရသာ၊ အရှည်, အတို စသော သဏ္ဌာန် အစရှိသည်တို့ကိုလည်း “အချိုပဲ၊ အချဉ်ပဲ၊ အရှည်ပဲ၊ အတိုပဲ” စသည်ဖြင့် မှတ်သား၏။

စာမျက်နှာ-125
ဤ၌ မှတ်သားခြင်းဆိုသည်မှာ မှတ်သောအားဖြင့် သိခြင်း၊ မှတ်သိ သိခြင်းဖြစ်သည်။ အမိအဖကို “အမိအဖ” ဟူ၍သိခြင်း (မိမှန်း, ဖမှန်း သိခြင်း)၊ “အရှေ့ အနောက် တောင်, မြောက်” ဟူ၍သိခြင်း၊ အခေါ်အဝေါ် အမည်နာမများကို “မည်သူမည်ဝါ၊ မောင်ဖြူ၊ မောင်နီ” ဟု သိခြင်း အစရှိသဖြင့် မျက်စိဖြင့် မြင်သမျှအာရုံ၊ နားဖြင့်ကြားသမျှ အာရုံ စသည့် အာရုံအမျိုးမျိုးကို မှတ်သိ သိခြင်းဖြစ်သည်။

သညာက သိသည်ဟုဆိုသော် ပညာသိ ဝိညာဏ်သိတို့နှင့် သိပုံခြင်း မတူပါ၊ ခြားနားကြပါသည်။

သညာသိ၊ ပညာသိ, ဝိညာဏ်သိအထူး

သညာ၏ အာရုံသိပုံမှာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မှတ်မိရုံသာသိခြင်းမျိုး ဖြစ်သည်။ အမှားမရှိ၊ အမှန်အတိုင်း ထိုးထွင်း၍ သိခြင်းမျိုးမှာ ပညာသိဖြစ်သည်။ ဝိညာဏ်မှာ အာရုံကိုရအောင်ယူခြင်း ဖြစ်သည်။ ထိုကြောင့်—

အမှားလည်းရှိ၊ အမှန်ရှိ၍၊ မှတ်မိရုံသာ၊ သိသည်မှာကား၊ သညာဖြစ်၏။ အစဉ်ပိုဒ်နင်း၊ ထိုးထိုးထွင်းလျက်၊ ရှင်းရှင်းသေချာ၊ သိပညာတည်း။ ဝိညာဏဘုံ၊ စိတ်သိပုံကား၊ အာရုံယူမှု၊ ရအောင်ပြုသည်၊ သောတုမှတ်ဖွယ် အချုပ်တည်း— ဟု ဆရာမြတ်တို့ မိန့်ဆိုကြလေသည်။

ဤကား စိတ္တုပ္ပါဒကဏ္ဍမူလဋီကာနှင့်အညီ ရိုးရိုးဖြစ်လေ့ရှိသော သညာ- ပညာ- ဝိညာဏ်အားလုံးနှင့် သက်ဆိုင်သည့်ထူးခြားပုံဖြစ်သည်။ ဤထူးခြားပုံ၏ဆိုလိုရင်းမှာ အနီရောင်အဆင်းတစ်ခုကို မျက်စိဖြင့် တွေ့မြင်ရသောအခါ မြင်သိစိတ် (စက္ခုဝိညာဏ်) ဖြစ်ပေါ်လာပြီး ယင်းစိတ်ဝိညာဏ်သည် အာရုံကိုရအောင်ယူ၏။ အာရုံ၏အရောင်အဆင်းကိုမူ မည်သည့်အရောင်ဟု မသိပေ၊ အာရုံတစ်ခုရှိနေကြောင်း သိရုံမျှသာဖြစ်သည်။ ဤသည်ပင်လျှင်

၁။ ဘာသာဋီကာ၊ ၁၂။

၂။ မူလဋီ၊ ၁၊ ၆၅။

စာမျက်နှာ-126
ဝိညာဏ်၏အာရုံသိပုံဖြစ်သည်။ မျက်စိတွင်ထင်လာသည့် အနီရောင်ကို အနီရောင်ဟုသိခြင်းမှာ သညာသိဖြစ်သည်။ သညာကသာလျှင် “အနီရောင်” ဟု အသိအမှတ်ပြု မှတ်သားထားလေသည်။ ဤသို့ သညာက “အနီရောင်” ဟု အသိအမှတ်ပြုသော်လည်း အဘယ်ပုံနီသည်၊ အဘယ့်ကြောင့်နီသည်ဟု ဝေဖန်ပိုင်းခြား၍သိခြင်းမျိုး မဟုတ်။ ပညာကသာ အဘယ်ပုံနီသည်၊ အဘယ့်ကြောင့်နီသည်ဟု ဝေဖန်ပိုင်းခြားသိနိုင်သည်ဟုဆိုလိုရင်းဖြစ်သည်။

ဤအသိသုံးမျိုး အထူးကို ဝိသုဒ္ဓိမဂ်စသော ကျမ်းများ၌လည်း အသပြာသိပုံဥပမာဖြင့်ဖွင့်ဆိုလျက်ရှိ၏။ ဝိသုဒ္ဓိမဂ်လာ အသိသုံးမျိုးအထူးမှာ ဝိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းသည့်အခါ ဖြစ်ပေါ်သည့် သညာ-ပညာ ဝိညာဏ်တို့၏ ခြားနားပုံအထူးဖြစ်သည်။

အသိသုံးမျိုးအထူး

ဝိပဿနာကမ္မဋ္ဌာန်းအရာ သညာသိပုံမှာ သူငယ်၏ အသပြာသိပုံနှင့် တူ၏။ လောက အသုံးကို မသိသေးသော သူငယ်သည် အတုံးအခဲဖြစ်သောအသပြာကို မြင်သောအခါ အညို (သို့မဟုတ်) အဝါ အရွှေဟု မြင်ရတိုင်းသော အဆင်းကိုသာ သိ၏။ အသပြာဖြစ်ကြောင်းမသိ။ ထို့အတူ သညာလည်း မြင်ရသောအာရုံ၏ အညို, အရွှေစသော အဆင်းလောက်ကိုသာသိ၏၊ မှတ်၏။ အနိစ္စစသော အခြင်းအရာတိုင်အောင် မသိနိုင်။

ဝိညာဏ်သိပုံသည် ရွာသူရွာသားတို့ သိပုံနှင့်တူ၏။ ရွာသူရွာသားသည် ထိုအတုံးအခဲကို အညိုအရွှေစသော အဆင်းနှင့်တကွ အသပြာဖြစ်ကြောင်းကိုသိ၏။ သို့သော် မည်မျှအဖိုးတန်သည်၊ အသပြာစစ်သည် မစစ်သည်ကိုကား မသိနိုင်။ ထို့အတူ ဉာဏဝိပ္ပယုတ် ဝိညာဏ်သည်လည်း အာရုံ၏အညိုအရွှေစသော အဆင်းနှင့်တကွ အနိစ္စစသော အခြင်းအရာတိုင်အောင်ကား သိ၏။ သို့သော် တိုးတက်အားထုတ်၍ မဂ်ဖိုလ်ရအောင်ကား မစွမ်းနိုင်။

၁။ ဝိသုဒ္ဓိ၊ ၂၊ ၆၆၊ ၆၇။

စာမျက်နှာ-127
ပညာသိပုံသည် ရွှေပန်းထိမ်သည်၏သိပုံနှင့် တူ၏။ ပန်းထိမ်ဆရာသည် အညို အရွှေစသော အဆင်း၊ အသပြာဖြစ်ကြောင်းနှင့် မည်မျှထိုက်တန်ကြောင်း စသည်ဖြင့် အလုံးစုံကိုသိ၏။ ထို့အတူ ပညာလည်း အာရုံ၏အဆင်း၊ အနိစ္စစသော အခြင်းအရာနှင့် မဂ်, ဖိုလ်ပေါ်လာသည့်တိုင်အောင်ပင် အလုံးစုံကိုသိနိုင်သည်၊ ဤသဘောအဓိပ္ပာယ်ကိုယူ၍ သင်္ဂြိုဟ်ဂဏ္ဌိသစ်၌—

သူငယ်အသပြာ၊ မြင်သောအခါ၌၊ ညိုဝါအရွှေ၊ သိလေမှန်စွာ၊ အသပြာဟု၊ သေချာမသိ။ ဂါမိကဟူ၊ ရွာသူမူကား၊ ဖြူဝါတထွေ၊ ညိုရွှေလည်းကောင်း၊ တကြောင်းအသပြာ၊ သိပုံသာတည်း။ ကမ္မရာအဂ္ဂ၊ မည်မျှအဖိုး၊ သိရိုးမရှိ။ ဟေရညိက၊ နာမအမည်၊ ပန်းထိမ်သည်ကား၊ တပါးမကြွင်း၊ ခပင်းဥဿုံ၊ အလုံးစုံကို၊ အကုန်မှန်စွာ၊ သိလေရာ၏။ သညာဝိညာဉ်၊ ပညာယှဉ်လျက်၊ ဤသုံးချက်နှင့်၊ ယထာက္ကမ၊ တူလေစွဟု၊ မိန့်ဟဋီကာဆိုသတည်း— ဟု မိန့်တော်မူလေသည်။ ဤသို့လျှင် သညာသည် အာရုံကိုသိရာ၌ သူငယ်များမှတ်သားသကဲ့သို့ မှတ်သားမိရုံသိခြင်းဖြစ်သည်။ ထို့ကြောင့် သညာသည် မှတ်သားမိရုံ သိခြင်းလက္ခဏာရှိသည်ဟု ဖွင့်ဆိုကြလေသည်။

ပင်လယ်ပမာသညာသဘော

သညာ၏ မှတ်သားမှု သဘောများမှာ များစွာပင် အဓိပ္ပာယ်နယ်ကျယ်လှပါသည်။ သညာသည် ပညာကဲ့သို့ အမှန်ကိုသာသိသည်မဟုတ်၊ အမှားကိုလည်း သိမှတ်ပါသည်။ တစ္ဆေကြောက်သူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို “တစ္ဆေ” ဟု မှတ်ထင်ရာ၌ အမှားကို မှတ်ခြင်းဖြစ်သည်။

မှားယွင်းသောတရားတွေကို တရားမှန်ဟုထင်မှတ်ရာ၌လည်း ဒိဋ္ဌိသာမက မှားသောသညာလည်း ပါဝင်ပါသည်။ မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ်စွဲနေသူကို အမှန်သိအောင်ပြုပြင်ရန် ခဲယဉ်းပါသည်။ အမှားကို အမှန်ဟု ထင်မှတ်နေသောသညာသည် သမုဒ္ဒရာပင်လယ်ပမာ လွန်စွာပင် နယ်ကျယ်ပါသည်။

၁။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၀၁။

စာမျက်နှာ-128
သံသရာတွင် ကြာရှည်စွာကျင်လည်ရာ၌ အဝိဇ္ဇာတဏှာအတွက်သာမက သညာ၏အမှတ်လွဲမှုများလည်း ပါဝင်ပါသည်။ မစင်ကို လူတို့က စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်သားကြသော်လည်း ခွေး၊ ဝက်၊ ကြက်နှင့် ပိုးလောက်စသော သတ္တဝါတို့ကမူ အလွန်ကောင်းသော အာဟာရဟု မှတ်ထင်ကြသည်။ လင်းတစသည်တို့ကလည်း ခွေးသေကောင်ပုပ်ကို အလားတူပင် ကောင်းသောအာဟာရဟုမှတ်ထင်ကြသည်။

ဘုရားရဟန္တာတို့သည်ကား ကာမဂုဏ် အာရုံတွေကို စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း ထင်မှတ်တော်မူကြသည်။ “ဟီနော၊ အယုတ်တမာတည်း။ ဂမ္မော၊ ရွာသူရွာသားတို့ဥစ္စာတည်း။ ပေါထုဇ္ဇနိကော၊ မဖြူစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဥစ္စာတည်း။ အနရိယော၊ ဖြူစင်သူတို့၏ ဥစ္စာမဟုတ်။ အနတ္ထသံဟိတော၊ ကောင်းကျိုးမစပ်” ဟု ပြတ်ပြတ်သားသားပင် ရှုတ်ချတော်မူသည်။ လောကီလူသားတို့ကမူ ထိုတရားတို့ကို နားမဝင်ဘဲ ကာမဂုဏ်အာရုံတွေကို မရမနေ ရှာဖွေလျက်ပင် နေကြပါသည်။

ထိုမှတစ်ပါး သညာ၏ မှတ်သားမှုသဘောများကို စဉ်းစားလျှင် များစွာပင်ရှိပါသေးသည်။ ဆွေမျိုး မိတ်သင်္ဂဟများကို အောက်မေ့ သတိရမှု၊ သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို သတိရမှု၊ မိမိအားဂရုတစိုက် လက်ဆောင်ပေးလိုက်သည်ကို အမှတ်ရမှု ဤသို့စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများသည်လည်းကောင်း၊

ထို့ပြင် မိမိအားနှိပ်စက်ဖူးသူကို လက်စားချေရန်အမှတ်ရနေမှု၊ သတ်ချိန်ဖြတ်ချိန်ကို အမှတ်ရနေမှု၊ သွားလာရာ၌ ဘေးရန်အန္တရာယ်ကို သတိထားမှု ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿ ဆိုင်ရာအမှတ်ရမှုများသည်လည်းကောင်း၊ သာမန်အားဖြင့် သတိဟု မှတ်ထင်ရသော်လည်း စင်စစ်မှာ သတိသဘော မဟုတ်ပါချေ။ သညာ၏ အမှတ်အသား ကောင်းသောသဘောများသာ ဖြစ်ထိုက်ပါသည်။ ဤတွင် သတိနှင့်သညာ (၂)မျိုး အထူးကို မှတ်သားရန် လိုအပ်ပါသည်။

၁။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၀၂။

၂။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၇၁၊ ၇၃။

စာမျက်နှာ-129
သတိနှင့်သညာအထူး။ ။ သတိအစစ်အမှန်သဘောမှာ ကုသိုလ်ကောင်းမှုဆိုင်ရာ၌သာ ဖြစ်နိုင်ပါသည်၊ သညာကား ကောင်းမှုကုသိုလ်ပိုင်းဆိုင်ရာ၌လည်း ပါဝင်နိုင်ပြီး၊ မကောင်းမှုအကုသိုလ်ပိုင်းဆိုင်ရာ၌လည်း ပါဝင်နိုင်ပါသည်၊ ကောင်းမှုဆိုင်ရာတွင် ကောင်းသော သညာများဖြစ်နိုင်ပြီး မကောင်းမှုဆိုင်ရာတွင် မကောင်းသော သညာဆိုးများဖြစ်နိုင်ကြလေသည်။

(၂) သညာစေတသိက်၏ ဆောင်ရွက်မှုကိစ္စ (ရသ)

သညာသည် နောက်ထပ်တဖန် သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်းကိစ္စရှိ၏။

နောက်ထပ်သိရန် မှတ်သားပုံ။ ။ နောက်ထပ်တဖန်သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်းဟူသော အထက်ပါဖော်ပြချက်သည် အဋ္ဌကထာဖွင့်ဆိုချက်အတိုင်း မြန်မာပြန်ထားခြင်းဖြစ်ပါသည်၊ သိလွယ်အောင် ရေးသားရလျှင် သညာသည် အာရုံအမျိုးမျိုးကို သိရုံသာမဟုတ်၊ ထိုအာရုံကို နောက်ထပ်တဖန် ပြန်တွေ့ရသည့်အခါ ပြန်လည်သိရှိနိုင်ရန် မှတ်သားခြင်းကိစ္စကိုလည်း ဆောင်ရွက်သည်ဟု ဆိုလိုပါသည်။

လက်သမားဥပမာ။ ။ သညာ၏ ယင်းကိစ္စဆောင်ရွက်ပုံကို လက်သမားဥပမာစသည်တို့ဖြင့် ကျမ်းဂန်များ၌ ဖော်ပြထား၏၊ လက်သမားသည် အိမ်ဆောက်ရန်အတွက် တံခါးရွက် စသည့် အိမ်ဆောက်ပစ္စည်းများကို ပြုလုပ်ပြီးလျှင် နောင်တံခါးပေါင်ပေါ်၌ တပ်ဆင်လိုသည့်အခါ အထက်အောက် လွယ်ကူစွာ မှတ်မိစေရန် “ဤတံခါးရွက်ကို အထက်ဘက်၌ တပ်ဆင်ရန်၊ ဤတံခါးရွက်ကို အောက်ဘက်၌ တပ်ဆင်ရန်” စသည်ဖြင့် ခဲကြောင်းကလေးများ အသီးသီး ရေးမှတ်သကဲ့သို့

၁။ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၀၂။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-130
ထို့အတူ သညာသည် တကြိမ်တခါ တွေ့ကြုံရသော အာရုံကို နောက်တကြိမ်ထပ်တွေ့သည့်အခါ လွယ်ကူစွာ ပြန်လည်သိရှိနိုင်ရန် “အဖြူပဲ အနီပဲ” စသည်ဖြင့် မှတ်သားခြင်းကိစ္စကို ဆောင်ရွက်လေသည်။

ပစ္စည်းထိန်းဥပမာ။ ။ ကျမ်းဂန်များ၌ လက်သမားဥပမာအပြင် ပစ္စည်းထိန်း၏ ပစ္စည်းများကို မှတ်သားပုံနှင့်လည်း ဥပမာဆောင်ပြပါသေးသည်။ ပစ္စည်းထိန်းသည် တာဝန်အရ မိမိထိန်းသိမ်းထားသော အဝတ်တန်ဆာပစ္စည်းဥစ္စာ အမျိုးမျိုးကို နောင်အခါ အလွယ်တကူ သိရှိအသုံးပြုနိုင်ရန် စာရင်းဇယားများပြုလုပ်မှတ်သားထားသည်။ ထို့အတူ သညာသည်လည်း နောက်ထပ်တကြိမ်တွေ့လျှင် ပြန်လည်သိရှိနိုင်ရန် မှတ်သားခြင်းကိစ္စကို ဆောင်ရွက်သည်။

လက္ခဏာနှင့် ကိစ္စအထူး

သညာ၏ လက္ခဏာနှင့် ကိစ္စအထူးမှာ အကျဉ်းချုပ်အားဖြင့် အာရုံတခုကို အသိအမှတ်ပြုမှုကို လက္ခဏာဟုခေါ်ပြီး နောင်သိလွယ်ရန် အမှတ်ပြုမှုကို ကိစ္စဟု ခေါ်သည်။ မှန်၏။ လူတစ်ယောက်ကို တွေ့မြင်သည့်အခါ ထိုသူ၏ အမူအရာ ပုံပန်းသဏ္ဌာန်ကို စိတ်ထဲက အသိအမှတ်ပြုလိုက်၏၊ ယင်းသို့ အသိအမှတ်ပြုခြင်းသည် ရှေးဦးစွာ ပထမသညာဖြစ်ခြင်းတည်း။

ဤသို့ လူတစ်ယောက်ကို အသိအမှတ်ပြုမှု = ပထမသညာဖြစ်မှုသည် ထိုလူအား နောင်အခြားတနေရာတွင် တွေ့ရသောအခါ လွယ်ကူစွာသိနိုင်ရန်အတွက်လည်း အမှတ်ပြုရာရောက်၏၊ ဤသို့ ရှေးဦးစွာ အသိအမှတ်ပြုမှုနှင့် နောင်လွယ်ကူစွာ သိနိုင်ရန်အမှတ်ပြုမှု (၂) မျိုးအနက် ရှေးဦးစွာ အသိအမှတ်ပြုမှုသည် သညာ၏ လက္ခဏာဖြစ်ပြီး နောင်လွယ်ကူစွာ သိနိုင်ရန် အမှတ်ပြုမှုကား သညာ၏ ကိစ္စလုပ်ငန်း ဖြစ်လေသည်။

ဘုရားအဆူဆူချွတ်၍ မကျွတ်နိုင်ပုံ

သညာ၏ လက္ခဏာနှင့် ကိစ္စ (၂) ရပ်ကို ဆက်စပ်၍ ကောက်ချက်ချလျှင် သညာသည် အာရုံအမျိုးမျိုးကို အသိအမှတ်လည်း ပြုတတ်၏၊ နောင်သိလွယ်ရန်လည်း အမှတ်ပြုတတ်၏၊ ထိုအမှတ်ပြုသည့်အတိုင်းလည်း နောက်ထပ်သိတတ်၏ဟု အဓိပ္ပာယ်ပေါ်ထွက်လေသည်။ ဤသည်ကိုပင် နောက်၌ သိခြင်း၏အကြောင်းဖြစ်သော အမှတ်ကို ပြု၍ သိတတ်သောကြောင့် သညာမည်၏ဟု ဖွင့်ဆိုကြခြင်းဖြစ်လေသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-131
ဤ၌ နောင်သိလွယ်ရန် အမှတ်ပြု၍ သိတတ်သောကြောင့် သညာမည်၏ဟုဆိုလျှင် ဤပထမသညာက သိလွယ်အောင် အမှတ်ပြုလိုက်သည့်အတိုင်း ထိုအမှတ်အတိုင်းကြည့်၍ နောက်ထပ်သိသော ဒုတိယသညာသည် အဘယ်သို့ သညာမည်နိုင်ပါသနည်းဟု မေးဖွယ်ရှိ၏၊ ဤဒုတိယသညာသည်လည်း နောက်တဖန် သိလတ္တံ့ဖြစ်သော တတိယသညာကို သိလွယ်အောင် အမှတ်ပြု၍ပင်ဖြစ်သောကြောင့် သညာမည်နိုင်လေသည်။

ဤသို့ အဆက်ဆက်သော သညာများသည် နောင်အခါ တဖန်သိလွယ်ရန် မှတ်၍ မှတ်၍ သိမှုကြောင့် မြဲမြံသော သညာအဖြစ်သို့ ရောက်ပြီး အာရုံတခုခု၌ စွဲမြဲကာ တသက်ပတ်လုံး အသက်ဆုံးသည့်တိုင်အောင်လည်းကောင်း၊ ဘဝတပါးသို့တိုင်အောင်လည်းကောင်း မမေ့မပျောက်နိုင်ပဲ ခိုင်ခိုင်မြဲမြဲမှတ်သားမှုကို ဖြစ်စေနိုင်ပေသည်၊ သညာသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း မှားမှားမှန်မှန် မှတ်သားတတ်သော သဘောရှိပေရာ ဤခိုင်မြဲစွာ မှတ်သားမှုသည် အကောင်းဘက်တွင်ဖြစ်ပါက များစွာ အကျိုးရှိသော်လည်း အဆိုးဘက်တွင် မိစ္ဆာသညာသို့ ရောက်သွားပါမူ ဘုရားအဆူဆူ ချွတ်၍ မကျွတ်နိုင်သောအဖြစ်သို့ ရောက်စေနိုင်လေသည်။

သညာ၏ သဘောအကျဉ်းချုပ်

ဖော်ပြပါ သညာ၏ သဘောအဓိပ္ပာယ်တို့မှာ- အဘိဓမ္မာအရာ လိမ္မာတော်မူကြသည့် အဘိဓမ္မာအဖွင့်ကျမ်းဆရာမြတ်တို့၏ အဆိုအမိန့်များဖြစ်သည်။ စင်စစ်အားဖြင့် သညာ၏ သဘောအဓိပ္ပာယ် အတိုချုပ်မှာ သညာသည် အာရုံကို သိရာ၌ မှားသည်လည်း ရှိ၏၊ မှန်သည်လည်း ရှိ၏၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားခြင်းမရှိ၊ ထင်လာသည့်အာရုံကို ထင်လာသည့်အတိုင်း မှတ်သားမိရုံ သိခြင်းသာဖြစ်သည်၊ (ဝါ) အာရုံကို မှတ်သားမိရုံ သိခြင်းသဘောကို သညာဟု ခေါ်ဆိုလေသည်။

၁။ မဏိမဉ္ဇူ၊ ပ၊ ၃၁၆၊ ၃၁၇။ ပရမတ္ထသံခိပ်၊ ဋီ၊ ပ၊ ၁၁၃။ ဋီကာကျော်၊ ၁၀၅။

စာမျက်နှာ-132
သညာသည် ရှေးက မှတ်သားခဲ့ဖူးသော အမှတ်အသားအတိုင်း မှားမှားမှန်မှန် နှလုံးသွင်းတတ် စွဲလမ်းတတ်သော အခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိ၏။

မှားမှားမှန်မှန် စွဲလမ်းတတ်ပုံ။ ။ သညာ၏ အာရုံကို မှတ်သားမှုမှာ စဉ်းစဉ်းစားစား နှိုင်းနှိုင်းချိန်ချိန် မှတ်သားခြင်းမျိုးမဟုတ်၊ ယထာဘူတကျကျ သိမြင်၍ မှတ်သားနည်းမျိုးမဟုတ် (အမေမှာသည့် ဆန်တခွဲ သုံးစိတ်နှင့်မလဲ) ဆိုသကဲ့သို့ ရှေးကမှတ်သားဖူးသော အမှတ်အသားအတိုင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှတ်သားနည်းမျိုးသာ ဖြစ်သည်။

မျက်မမြင် ခြောက်ယောက်ဥပမာ။ ။ သညာသည် မှားသောအရာ၌ စွဲလမ်းမှတ်သားတတ်ပုံကို မျက်မမြင်ခြောက်ယောက် ဥပမာဖြင့် ကျမ်းဂန်များ၌ ဖွင့်ဆိုထားသည်ကိုတွေ့ရ၏။

အခါတပါး၌ မျက်မမြင် (၆) ယောက်တို့သည် ဆင်ပြောင်ကြီးကို စမ်းသပ်ကြသည်၊ တဦးက လှုပ်လှုပ်ရှားရှားနေသော နှာမောင်းကို စမ်းမိ၍ အခြား (၅) ဦးတို့မှာလည်း အစွယ်၊ နားရွက်၊ ကိုယ်၊ ခြေထောက်နှင့် အမြီးတို့ကို စမ်းမိကြပြီး ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အမှတ်သညာဖြင့် မှတ်သားပြီးနောက် ၎င်းတို့ ခြောက်ဦး စုပေါင်း၍ ဆင်အကြောင်းကို ဤသို့ပြောဆိုကြသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-133
နှာမောင်းကို စမ်းမိသူက “ဆင်ဆိုတာ-ငါတို့ မျက်လုံးမကွယ်မီက တွေ့မြင်ခဲ့ရသော မြွေကြီးနှင့်တူသည်” ဟု ပြော၏၊ အစွယ်စမ်းသူက “ဆင်ဆိုတာ စပါးထောင်းသောကျည်ပွေ့နှင့်တူ၏” ဟူ၍လည်းကောင်း၊ ကိုယ်စမ်းမိသူက “ဆင်ဆိုတာ-အိမ်နံရံနှင့်တူ၏” ဟူ၍ လည်းကောင်း၊ နားရွက်စမ်းမိသူက “ဆင်ဆိုတာ-ဖျာသင်ဖြူးနှင့်တူ၏” ဟူ၍ လည်းကောင်း၊ ခြေထောက်စမ်းမိသူက “ဆင်ဆိုတာ အိမ်တိုင်နှင့်တူ၏” ဟူ၍လည်းကောင်း၊ အမြီးစမ်းမိသူက “ဆင်ဆိုတာ-တံမြက်စည်းနှင့်တူ၏” ဟူ၍လည်းကောင်း အသီးသီး ကိုယ့်အမြင် ကိုယ့်အမှတ်အသားအတိုင်း ပြောဆိုကြတော့သည်၊ ဤသို့ဖြင့် သညာသည် ရှေးကမှတ်သားခဲ့ဖူးသော အမှတ်အသားအတိုင်း မှားမှားမှန်မှန် စွဲလမ်းမှတ်ယူတတ်၏၊ ထို့ကြောင့် သညာသည် ရှေးကမှတ်သားခဲ့ဖူးသည့် အမှတ်အသားအတိုင်း စွဲလမ်းမှတ်ယူတတ်သော အခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိသည်ဟု ဖွင့်ဆိုကြလေသည်။

(၄) သညာ၏ ပဒဋ္ဌာန်

သညာသည် ထင်လာသော အာရုံလျှင် နီးစွာသောအကြောင်း (ပဒဋ္ဌာန်) ရှိ၏။

အနီးကပ်ဆုံးအကြောင်းဖြစ်ပုံ။ ။ သညာသည် ထင်လာမြင်လာသော အာရုံကို အထူးမစဉ်းစားပဲ ထင်မြင်တိုင်း မှတ်သားတတ်၏၊ ဖြူသောအဆင်း အာရုံထင်လာလျှင် အဖြူဟု မှတ်သားပြီး၊ နီသောအဆင်း အာရုံထင်လာလျှင် အနီဟုမှတ်သား၏။ အာရုံထင်လာမှုသည် မည်သည့်ပုံစံဖြင့် မည်သို့ပင် ထင်သည်ဖြစ်စေ ထင်လာသည့် ပုံစံအတိုင်း သညာက မှတ်သား၏။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

စာမျက်နှာ-134
တောစောင့်ယောက်ျားရုပ် (စာခြောက်ရုပ်) ဥပမာ။ ။ တောသမင်သည် မြက်ဖြင့် ပြုလုပ်အပ်သော တောစောင့်ယောက်ျားရုပ် (စာခြောက်ရုပ်) ကို တွေ့မြင်ရာ ယောက်ျားသဏ္ဌာန် ထင်လာသည့်အတိုင်း တကယ်တောစောင့်ယောကျ်ားဟု အမှတ်မှားသကဲ့သို့ သညာသည် ထင်လာမြင်လာသော အာရုံကို အမှားအမှန် အထူးမစဉ်းစားပဲ အာရုံဆင်လာသည့် ပုံစံအတိုင်း မှတ်သားတတ်၏။

မိန်းမရှာ၊ ယောက်ျားရှာဥပမာ။ ။ အလားတူပင် မိန်းမစိတ်ပေါက်နေသည့် မိန်းမရှာနှင့် ယောက်ျားစိတ်ပေါက်နေသည့် ယောက်ျားရှာတို့ကို တွေ့မြင်ရသောအခါ မိန်းမရှာယောက်ျားသည် တကယ်မိန်းမမဟုတ်သော်လည်း မိန်းမသဏ္ဌာန်ထင်လာ၏။ ယောက်ျားရှာမိန်းမသည် တကယ်ယောက်ျားမဟုတ်သော်လည်း ယောက်ျားသဏ္ဌာန်ထင်လာ၏၊ ထိုသို့ထင်လာသည့်အတိုင်း အချို့သူတို့မှာ မဆင်ခြင်မစဉ်းစားမိသဖြင့် မိန်းမရှာယောက်ျားကို မိန်းမအစစ်ဟုလည်းကောင်း၊ ယောက်ျားရှာမိန်းမကို တကယ်ယောက်ျားအစစ်ဟုလည်းကောင်း အမှတ်မှားသကဲ့သို့ သညာသည် ထင်လာသောအာရုံကို အထူးမစဉ်းစားပဲ ထင်မြင်လာသည့် ပုံစံအတိုင်း မှတ်သားတတ်၏။ ထို့ကြောင့် ထင်မြင်လာသောအာရုံသည် သညာ၏အနီးကပ်ဆုံးအကြောင်းဖြစ်သည်။

သညာနီးသောအကြောင်းနှင့် ဝေးသောအကြောင်း။ ။ တောသမင်သည် တောစောင့်ယောက်ျားရုပ်ကို တကယ်ယောက်ျားဟု မှတ်ထင်ရာ၌ တောစောင့်ယောက်ျားရုပ် ထင်လာပါမှ ယောက်ျားအစစ်ဟု အမှတ်မှားမှု သညာဖြစ်လာ၏၊ မထင်သော် မဖြစ်နိုင်၊ ထို့ကြောင့် ဤအမှတ်မှားမှု သညာဖြစ်လာခြင်း၏ အနီးကပ်ဆုံးအကြောင်းကို ရှာသော် တောစောင့်ယောက်ျားရုပ်တည်းဟူသော ထင်လာမြင်လာသော အာရုံသာဖြစ်သည်။

စာမျက်နှာ-135
အလားတူပင် မိန်းမရှာယောက်ျားက မိန်းမသဏ္ဌာန်၊ ယောက်ျားရှာမိန်းမက ယောက်ျားသဏ္ဌာန် ထင်လာရာတို့၌လည်း ဆိုင်ရာမိန်းမသဏ္ဌာန်၊ ယောက်ျားသဏ္ဌာန် ထင်လာပါမှ ယောက်ျားကို မိန်းမ၊ မိန်းမကို ယောက်ျားဟု အမှတ်မှားမှုသညာများ ဖြစ်လာနိုင်၏။ မထင်သော် မဖြစ်လာနိုင်၊ ထို့ကြောင့် ထိုအမှတ်မှားမှုသညာများ ဖြစ်လာနိုင်ခြင်း၏ အနီးကပ်ဆုံးအကြောင်းကိုရှာသော် ဆိုခဲ့သည့်အတိုင်း မိန်းမရှာသဏ္ဌာန်၊ ယောက်ျားရှာသဏ္ဌာန်များ ထင်မြင်လာခြင်းတို့သာဖြစ်သည်။

ဤသို့လျှင် ထင်လာသောအာရုံကို သညာက မှတ်သား၏၊ ယင်းသို့မှတ်သားခဲ့သော် ထင်လာသောအာရုံရှိပါမှ သညာဖြစ်နိုင်မည်ဖြစ်၏၊ မရှိသော်မဖြစ်နိုင်၊ ထို့ကြောင့် သညာဖြစ်ခြင်း၏ အနီးကပ်ဆုံးအကြောင်းကို ရှာသော် ထင်လာသောအာရုံကိုသာ တွေ့ရပါမည်။ ယင်းမှတပါး သင့်လျော်သောအပြားအားဖြင့် နှလုံးသွင်းမှု (ယောနိသော မနသိကာရ)၊ မသင့်မလျော်နှလုံးသွင်းမှု (အယောနိသော မနသိကာရ) စသည်တို့မှာ သညာဖြစ်ခြင်း၏ ဝေးကွာသော (ဒူရ) အကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် ထင်လာတိုင်းသောအာရုံသည် သညာဖြစ်ခြင်း၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်) ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။

သညာစေတသိက် အမျိုးမျိုးပြား

သညာ ၂-မျိုး

(၁) ဉာဏသမ္ပယုတ်သညာ (အသိဉာဏ်နှင့်ယှဉ်သော မှတ်သားမှုသညာ)

(၂) ဉာဏဝိပ္ပယုတ်သညာ (အသိဉာဏ်နှင့်မယှဉ်သော မှတ်သားမှုသညာ)

ဉာဏသမ္ပယုတ်သညာမှာ အသိဉာဏ်၏ ဦးဆောင်မှုဖြင့် မှန်ကန်သော မှတ်သားမှုသညာများသာဖြစ်နိုင်၏။

စာမျက်နှာ-136
စူးစမ်းမှုအသိဉာဏ်ကင်းသော ဉာဏဝိပ္ပယုတ်သညာများကား ဖောက်ပြန်မှုသဘောများဖြစ်လာနိုင်သည်။ အထက်တွင်ဆိုခဲ့သည့် မျက်မမြင်ခြောက်ယောက်တို့ မှားယွင်းစွာ စွဲလမ်းနှလုံးသွင်းခြင်းကိုပြုမှု၊ လယ်စောင့်ယောက်ျားရုပ်ကို လူသားယောက်ျားအစစ်ဟု အမှတ်မှားမှု၊ မိန်းမရှာကို မိန်းမသားအစစ်ဟု အမှတ်မှားမှု၊ ယောက်ျားရှာကို ယောက်ျားအစစ်ဟု အမှတ်မှားမှု အစရှိသည်တို့မှာ စူးစမ်းမှုအသိဉာဏ်ကင်းသော ဉာဏဝိပ္ပယုတ်သညာများဖြစ်သည်။ ဉာဏသမ္ပယုတ်သညာမှာ ဤဖောက်ပြန်မှုသဘောများ မဖြစ်နိုင်။

အလားတူပင် သမာဓိနှင့်ယှဉ်သော သညာမှာလည်း ဉာဏသမ္ပယုတ်သညာကဲ့သို့ သမာဓိနောက်သို့ အစဉ်လိုက်၏။ သမာဓိက ဦးဆောင်၏။ မှန်၏။ အင်္ဂုတ္ထိုရ်ပါဠိတော်တွင် သမာဓိအားကောင်းနေသော ပုဂ္ဂိုလ်များမှာ သညာရှိသော်လည်း မရှိသကဲ့သို့ဖြစ်တတ်ကြောင်း ဟောတော်မူသည်။

တနည်း

မဖောက်မပြန် မှန်ကန်သော မှတ်သားမှု = သစ္စာသညာ၊

ဖောက်ပြန်မှားယွင်းသောမှတ်သားမှု = မိစ္စာသညာ၊

ဤသညာ ၂-မျိုးအနက် သစ္စာသညာမှာ ၃-မျိုးရှိကြောင်း ပရမတ္ထသံခိပ်ဋီကာ၌ဆို၏။

သစ္စာသညာ ၃-မျိုး

(၁) မမြဲဟု မှတ်သားမှု = (အနိစ္စသညာ)၊

(၂) ဆင်းရဲဟု မှတ်သားမှု = (ဒုက္ခသညာ)၊

(၃) အနှစ်သာရအတ္တမဟုတ်ဟု မှတ်သားမှု = (အနတ္တသညာ)၊

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၅၄။

၂။ အံ၊ ၃၊ ၅၂၂။

၃။ ပရမတ္ထသံခိပ်၊ ဋီ၊ ပ၊ ၁၄၄။

စာမျက်နှာ-137
ဤသညာ ၃-မျိုးမှာ လက္ခဏာရေးသုံးပါးကို မှတ်သားသော သညာများဖြစ်သည်။

တနည်း သညာ ၃-မျိုး

(၁) မြဲသည်ဟုမှတ်သားမှုသညာ = (နိစ္စသညာ)၊

(၂) ချမ်းသာဟုမှတ်သားမှုသညာ = (သုခသညာ)၊

(၃) အနှစ်သာရ အတ္တဟုမှတ်သားမှုသညာ = (အတ္တသညာ)၊

မဟာဝဂ္ဂသံယုတ် အဋ္ဌကထာတွင် ဤခန္ဓာကိုယ်ကို အနိစ္စအားဖြင့် ဆင်ခြင်သော် နိစ္စသညာကို ပယ်နိုင်ကြောင်းကို လည်းကောင်း၊ ဒုက္ခအားဖြင့် ရှုဆင်ခြင်သော် သုခသညာကို ပယ်စွန့်နိုင်ကြောင်းကို လည်းကောင်း၊ အနတ္တအားဖြင့် ရှုဆင်ခြင်သော် အတ္တသညာကို ပယ်စွန့်နိုင်ကြောင်းကို လည်းကောင်း ဖွင့်ဆိုထားသည်။

တနည်း

(၁) ညိုသောအဝတ်၊ ညိုသောပန်းစသည်၌ ရှေးဦးစွာ စီးဖြန်းမှုကို မှတ်သောသညာ = (ပရိကမ္မသညာ)၊

(၂) အပ္ပနာ၏ အနီးဖြစ်သော မှတ်သားမှုသညာ = (ဥပစာရသညာ)၊

(၃) ပရိကမ္မ၏ အခြားမဲ့ဖြစ်သော ဈာန်သို့သက်ဝင်၍ တည်ခြင်းကို မှတ်သားသောသညာ = (အပ္ပနာသညာ)

၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ၀၊ ၁၄၄။

၂။ သံ၊ ဋ္ဌ၊ ၃၊ ၂၅၁။

၃။ သံ၊ ဋ္ဌ၊ ၂၊ ၂၆၉။

စာမျက်နှာ-138

တနည်း

(၁) ကာမဂုဏ်ကို မှတ်သားသောသညာ = (ကာမသညာ)၊

(၂) ပျက်စီးစေရန် မှတ်သားသောသညာ = (ဗျာပါဒသညာ)၊

(၃) ညှဉ်းဆဲရန် မှတ်သားသောသညာ = (ဝိဟိံသသညာ)၊

ဤသညာ ၃-မျိုးတို့သည် ပယ်အပ်သော သညာများဖြစ်သည်။

တနည်း

(၁) ထွက်မြောက်ရန်မှတ်သားသောသညာ = (နေက္ခမ္မသညာ)၊

(၂) မပျက်စီးစေရန် မှတ်သားသော သညာ = (အဗျာပါဒသညာ)၊

(၃) မညှဉ်းဆဲရန်မှတ်သားသောသညာ = (အဝိဟိံသသညာ)၊

ဤသညာ ၃-မျိုးတို့သည် ပွားများအပ်သော သညာများ ဖြစ်သည်။

ဘုရားရှင်သည် ဆိုခဲ့သည့် ကာမ၊ ဗျာပါဒ၊ ဝိဟိံသ သညာတို့ကို ပယ်နိုင်ရန် နေက္ခမ္မ၊ အဗျာပါဒ၊ အဝိဟိံသ သညာတို့ကို ပွားများရမည်ဟု ဆက္ကအင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောတော်မူသည်။

တနည်း

(၁) ငါသည် အဆင်းဖောက်ပြန်မှုသို့ ရောက်၍ နေ၏ဟု မှတ်သားမှုသညာ၊

(၂) ငါ၏ အသက်မွေးမှုသည် သူတပါးတို့နှင့် ဆက်စပ်နေ၏ဟု မှတ်သားမှုသညာ၊

(၃) ငါသည် လူ့အသွင်အပြင်မှ အခြားသော ရဟန်းအသွင်အပြင်ကို ပြုအပ်၏ဟု မှတ်သားမှုသညာ၊

ဤသညာ ၃-မျိုးကို ရဟန်းအား ဖြစ်ထိုက်သည့် သမဏသညာ ၃-မျိုးဟု ခေါ်သည်၊ ၎င်းသညာ ၃-မျိုးကို ရဟန်းတို့ပွားများရန် ကြိမ်ဖန်များစွာ...

၁။ အံ၊ မြန်၊ ၂၊ ၄၉၁။ ၄၉၂။

စာမျက်နှာ-139
ပြုလုပ်ကြရန် ဟောတော်မူသည်၊ ၎င်းသညာ ၃-မျိုးတို့သည် တရား ၇-မျိုးကို ပြည့်စေနိုင်ကြောင်းကိုလည်း ဟောတော်မူသည်။

သမဏသညာ ၃-မျိုးကို ပွားများသဖြင့် ရအပ်သောအကျိုး ၇-ပါး

(၁) သီလတို့၌ မပြတ်ဖြစ်ခြင်း၊ မပြတ်ဖြည့်ကျင့်လေ့ရှိခြင်း၊

(၂) အဘိဇ္ဈာ မများခြင်း၊

(၃) ဆင်းရဲ ရှိခြင်း၊

(၄) အလွန်မာန်မူမှု မရှိခြင်း၊

(၅) သိက္ခာ ၃-ပါးကို လိုလားခြင်း၊

(၆) ထိုရဟန်းအား အသက်၏ အရံအတားဖြစ်သော ပစ္စည်းတို့၌ ဤအကျိုးငှာတည်းဟု ဆင်ခြင်ခြင်း၊

(၇) ထက်သန်သော လုံ့လရှိသည်ဖြစ်၍လည်း နေခြင်း -

ဤတရား ၇-ပါးတို့မှာ သမဏသညာ ၃-မျိုးတို့ကို ရဟန်းတို့ ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်သဖြင့် ရအပ်သည့် အကျိုးတရားများ ဖြစ်သည်။

သညာ ၄-မျိုး

(၁) နည်းသော အာနုဘော်ရှိသောသညာ = (ကာမာဝစရ သညာ)၊

(၂) မြတ်သည်၏အဖြစ်သို့ ရောက်သောသညာ = (ရူပါဝစရ သညာ)၊

(၃) အတိုင်းအရှည် မရှိသောသညာ = (လောကုတ္တရာသညာ)၊

(၄) “တစုံတခုမျှ မရှိ”ဟူသော သညာ = (အာကိဉ္စညာယတန သညာ)၊

ဤသညာ ၄-မျိုးတို့တွင် အာကိဉ္စညာယတနသညာသည် အမြတ်ဆုံးတည်းဟု ဟောတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဤအာကိဉ္စညာယတနသညာမှနောက်၌ သညာဟု ပညတ်ခြင်းမည်သည်မရှိသောကြောင့်ပင်ဖြစ်သည်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုလေသည်။

၁။ အံ။ ၃။ ၄၂၇။

စာမျက်နှာ-140

သညာ၌ ဝေဖန်ပုံ ၆-မျိုး

(၁) သညာတို့ကို သိခြင်း၊

(၂) သညာတို့၏ ဖြစ်ကြောင်းကို သိခြင်း၊

(၃) သညာတို့၏ ထူးသောအဖြစ်ကို သိခြင်း၊

(၄) သညာတို့၏ အကျိုးကို သိခြင်း၊

(၅) သညာတို့၏ ချုပ်ငြိမ်းရာကို သိခြင်း၊

(၆) သညာတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိခြင်း၊

သညာတို့ကို သိခြင်း

သညာတို့ကို သိခြင်းဟူသည် ရူပသညာ စသည့် သညာ ၆-မျိုးတို့ကို သိခြင်းကိုဆိုလို၏၊ ၎င်းတို့မှာ-

(၁) ရူပသညာ (အဆင်း၌ မှတ်သားမှု)၊

(၂) သဒ္ဒသညာ (အသံ၌ မှတ်သားမှု)၊

(၃) ဂန္ဓသညာ (အနံ့၌ မှတ်သားမှု)၊

(၄) ရသသညာ (အရသာ၌ မှတ်သားမှု)။

၁။ အံ ၃၊ ၃၀၆။

၂။ အံ၊ ဋ္ဌ၊ ၃၊ ၃၀၅။

စာမျက်နှာ-141
(၅) ဖောဋ္ဌဗ္ဗသညာ (အတွေ့၌ မှတ်သားမှု)၊

(၆) ဓမ္မသညာ (သဘောတရား၌ မှတ်သားမှု)၊

ဟူ၍ ၆-မျိုးရှိပါသည်။

သညာတို့၏ဖြစ်ကြောင်း

သညာတို့၏ ဖြစ်ကြောင်းဆိုသည်မှာ ဖဿကိုပင် ဆိုလို၏၊ တွေ့ထိမှု ဖဿကြောင့် သညာများဖြစ်ပေါ်လာ၏၊ “စက္ခုသမ္ဖဿဇာသညာ” (စက္ခုဝိညာဏ်စိတ်နှင့်အတူဖြစ်သော ဖဿကြောင့်ဖြစ်သောသညာ) စသည်ဖြင့် ဘုရားရှင် ဟောတော်မူထားသည်ကို ကြည့်က ဖဿသည် သညာတို့၏ဖြစ်ကြောင်း ဖြစ်သည်မှာ ထင်ရှားပါသည်။

သညာတို့၏ထူးသောအဖြစ်

သညာတို့၏ထူးသောဖြစ်ခြင်းဆိုသည်မှာ ရူပါရုံ၌ မှတ်သားမှု ရူပသညာသည် တမျိုးတခြားဖြစ်၍ သဒ္ဒါရုံ၌ မှတ်သားမှု သဒ္ဒသညာသည် တမျိုးတခြားသာဖြစ်သည်၊ ထို့အတူ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာ တို့လည်း တမျိုးတခြားသာ ဖြစ်သည်၊ ဤသည်ကိုပင် သညာတို့၏ထူးသောအဖြစ်ဟု ဆိုပေသည်။

သညာတို့၏အကျိုး

သညာတို့၏အကျိုးဆိုသည်မှာ “ဤသို့ မှတ်သားမှုသညာ ရှိသူဖြစ်ခဲ့၏” ဟူ၍ သိနိုင်လောက်သည့် အခြင်းအရာအားဖြင့် ခေါ်ဝေါ်ပြောဆိုနိုင်သောကြောင့် သညာကို ခေါ်ဝေါ်ရခြင်း အကျိုးရှိ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤသည်ကိုပင် သညာတို့၏ အကျိုးဟု ဆိုအပ်ခြင်းဟူ၍ ဘုရားရှင်ဟောတော်မူသည်။

သညာတို့၏ချုပ်ငြိမ်းမှု

သညာတို့၏ ချုပ်ငြိမ်းမှုဆိုသည်မှာ တွေ့ထိမှု ဖဿ၏ ချုပ်ငြိမ်းမှုပင် ဖြစ်သည်၊ တွေ့ထိမှု ဖဿချုပ်လေသော် မှတ်သားမှုသညာတို့လည်း ချုပ်ငြိမ်းလေတော့သည်။

စာမျက်နှာ-142

သညာချုပ်ငြိမ်းစေနိုင်သည့်အကျင့်

ဤအကျင့်တရားဟူသည် အင်္ဂါ ၈-ပါးရှိသော မဂ္ဂင်တရားများပင် ဖြစ်သည်၊ မဂ္ဂင်တရား ၈-ပါးမှာ-

(၁) မှန်ကန်စွာသိမြင်မှု (သမ္မာဒိဋ္ဌိ)၊

(၂) မှန်ကန်စွာပြောဆိုမှု (သမ္မာဝါစာ)၊

(၃) မှန်ကန်စွာကြံစည်မှု (သမ္မာသင်္ကပ္ပ)၊

(၄) မှန်ကန်စွာပြုလုပ်မှု (သမ္မာကမ္မန္တ)၊

(၅) မှန်ကန်စွာအသက်မွေးမှု (သမ္မာအာဇီဝ)၊

(၆) မှန်ကန်စွာအားထုတ်မှု (သမ္မာဝါယာမ)၊

(၇) မှန်ကန်စွာအောက်မေ့မှု (သမ္မာသတိ)၊

(၈) မှန်ကန်စွာတည်ကြည်မှု (သမ္မာသမာဓိ)၊

ဟူ၍ဖြစ်သည်။

ဤသို့အားဖြင့် ဘုရားရှင်သည် သညာတို့၏ဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်၍ ဟောတော်မူ၏၊ ဤသို့ဟောတော်မူသော ဒေသနာကို ကိလေသာကို ဖောက်ခွဲကြောင်း၊ (နိဗ္ဗေဓိက ပရိယာယ) တရားဒေသနာဟု ခေါ်၏၊ ဤဒေသနာတော်ကို “နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်” ဟု ဘုရားရှင် တိုက်တွန်းတော်မူသည်။

တနည်းသညာ ၆-မျိုး

(၁) ရူပသညာ (အဆင်း၌ မှတ်သားမှု)

(၂) သဒ္ဒသညာ (အသံ၌ မှတ်သားမှု)

(၃) ဂန္ဓသညာ (အနံ့၌ မှတ်သားမှု)

(၄) ရသသညာ (အရသာ၌ မှတ်သားမှု)

(၅) ဖောဋ္ဌဗ္ဗသညာ (အတွေ့၌ မှတ်သားမှု)

(၆) ဓမ္မသညာ (သဘောတရား၌ မှတ်သားမှု)

၁။ အံ၊ ၂၊ ၃၆၁။

စာမျက်နှာ-143
ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင်ရာဟုလာ လျှောက်ထားတောင်းပန်ချက်အရ “ရူပသညာသည် မြဲသလော၊ မမြဲသလော” စသည်ဖြင့် ဤသညာ (၆) မျိုးကို လက္ခဏာရေး (၃) ပါးဖြင့် စိစစ်ပြတော်မူကာ ထိုသညာများ၌ ငြီးငွေ့သော် တပ်ခြင်းကင်းသော် အရဟတ္တဖိုလ်ရနိုင်ကြောင်း ဟောတော်မူသည်။

တနည်းသညာ (၆) မျိုး

ဝတ္ထုဘေဒ (မှီရာအပြား) သညာ ၆-မျိုး

မှီရာအပြား (ဝတ္ထုဘေဒ) အားဖြင့် သညာ (၆) မျိုးရှိ၏။

(၁) မျက်စိအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (စက္ခုသမ္ဖဿဇာသညာ)၊

(၂) နားအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (သောတသမ္ဖဿဇာသညာ)၊

(၃) နှာခေါင်းအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (ဃာနသမ္ဖဿဇာသညာ)၊

(၄) လျှာအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (ဇိဝှာသမ္ဖဿဇာသညာ)၊

(၅) ကိုယ်အကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (ကာယသမ္ဖဿဇာသညာ)၊

(၆) မနောအကြည်ဓာတ်တွင် ထိခိုက်မှုကြောင့်ဖြစ်သော မှတ်သားမှု (မနောသမ္ဖဿဇာသညာ)၊

ဤသညာ (၆) မျိုးတို့ကို ဝိဘင်းပါဠိတော်၊ အဘိဓမ္မဘာဇနိယတွင် သညာက္ခန္ဓာ၌ အကျုံးဝင်သော သညာများအဖြစ် ဘုရားရှင်ဟောတော်မူသည်။

၁။ အဘိ၊ ဝိ၊ ၂၇။

စာမျက်နှာ-144

သညာ (၇) မျိုး

(၁) မမြဲဟု မှတ်သားမှုသညာ = (အနိစ္စသညာ)၊

(၂) အနှစ်သာရ အတ္တမဟုတ်ဟု မှတ်သားမှုသညာ = (အနတ္တသညာ)၊

(၃) မတင့်တယ်ဟု မှတ်သားမှုသညာ = (အသုဘသညာ)၊

(၄) အပြစ်ကို မှတ်သားမှုသညာ = (အာဒီနဝသညာ)၊

(၅) ပယ်ရန်မှတ်သားမှုသညာ = (ပဟာနသညာ)၊

(၆) တပ်မက်မှုကင်းရန် မှတ်သားမှုသညာ = (ဝိရာဂသညာ)၊

(၇) ချုပ်ငြိမ်းမှုကို မှတ်သားမှုသညာ = (နိရောဓသညာ)၊

ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် မဆုတ်ယုတ်ကြောင်း (ကြီးပွားကြောင်း) အပရိဟာနိယတရား (၇) ပါးကို ဟောတော်မူရာ-

“ငါ၏ချစ်သား၊ ချစ်သမီးတို့သည် ဖော်ပြပါ သညာ (၇) မျိုးတို့၌ ပွားများနေသမျှ သင်တို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ”- ဟု ဟောတော်မူလေသည်။

ဖော်ပြပါ သညာ (၇) မျိုးအနက် အာဒီနဝသညာဆိုသည်မှာ အချုပ်အားဖြင့် ခန္ဓာကိုယ်၏ ဆိုးကျိုး ဆိုးပြစ်များကို မှတ်သားသော သညာဖြစ်သည်။ သုတ္တနိပါတ်အဋ္ဌကထာတွင် အာဒီနဝသညာကြောင့် အရှင်ပစ္စေကဗုဒ္ဓါဖြစ်ကာ ဂန္ဓမာဒနတောင်၊ နန္ဒမူလိုဏ်သို့ ကြွတော်မူကြောင်း ဖွင့်ဆိုထားပုံကို တွေ့ရသည်။

၁။ အံ၊ ၂၊ ၃၀၉။

၂။ အံ၊ မြန်၊ ၂၊ ၅၂၁။

၃။ သုတ္တနိပါတ်အဋ္ဌကထာ၊ ပ၊ ၈၉။

စာမျက်နှာ-145

ပစ္စေကဗုဒ္ဓါဖြစ်သွားသော ဗာရာဏသီမင်း

ရှေးအခါ ဗာရာဏသီပြည် ဗာရာဏသီမင်းကြီးတွင် အိုင်းအမာနာခေါ် မြင်းဖုနာပေါက်သဖြင့် မခံသာအောင် နာကျင်ကိုက်ခဲနေ၏၊ ဆေးဆရာသမားတော်ကြီးများက မင်းကြီး၏မြင်းဖုနာကို ခွဲစိပ်ကုသပေးကြကာ ထောပတ်ဆီဦး စသောမသင့်သော အစာများကို မသုံးဆောင်ရန် တားမြစ်လျှောက်ထားခဲ့ကြ၏။

ဤသို့ဖြင့် မြင်းဖုနာမှာ သက်သာရာရသော်လည်း အစားရှောင်၍ သုံးဆောင်နေရသဖြင့် အာဟာရချို့တဲ့ကာ အားအင်နည်းပြီး ခန္ဓာကိုယ် ပိန်ချုံးလာတော့၏၊ မင်းကြီးသည် မိမိ၏အနာ ပျောက်ကင်းနိုင်လောက်ပြီဟု ထင်မှတ်ကာ အားအင်ပြည့်ဖြိုးစေသည့် ထောပတ်၊ ဆီဦး၊ ပျားသကာတို့ကို ပြန်လည်သုံးဆောင်လေ၏။ ထိုအခါ မြင်းဖုနာမှာ တဖြည်းဖြည်း ပြန်ယင်းလာပြီး မခံသာအောင် ကိုက်ခဲနာကျင်လျက်ရှိလေသည်။ သမားတော်ကြီးများသည် ဗာရာဏသီမင်း၏ မြင်းဖုနာကို သုံးကြိမ်တိုင်အောင်ပင် ပြန်လည်ခွဲစိပ်ကုသပေးကြရလေသည်။

မင်းကြီးသည် ထိုအခါ မိမိခံစားရသည့် ရောဂါဝေဒနာကို အကြောင်းပြု၍ “ငါ့မှာ ဤခန္ဓာကိုယ်ရလာမှုကြောင့် ဒုက္ခများလှချေ၏၊ ခန္ဓာကိုယ်သည် အနာရောဂါများလှစွာ ဖြစ်ပေါ်တတ်၏၊ အပြစ်အနာအဆာတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပေသည်” ဟု ခန္ဓာကိုယ်ပေါ်အပြစ်ဟူ၍မှတ်သားမှု = (အာဒီနဝသညာ) ဖြစ်ပြီး မင်းစည်းစိမ်ကိုစွန့်၍ ရဟန်းပြုကာ ဝိပဿနာတရား ပွားများအားထုတ်လေ၏။ ခုနစ်နှစ်ကာလ ကြာမြင့်သောအခါ ပစ္စေကဗောဓိဉာဏ်ကိုရပြီး အရှင်ပစ္စေကဗုဒ္ဓါဘုရားငယ်တဆူဖြစ်ကာ ပစ္စေကဗုဒ္ဓါအရှင်တို့၏ သီတင်းသုံးတော်မူရာ ဂန္ဓမာဒနတောင်၊ နန္ဒမူလိုဏ်သို့ ကြွတော်မူလေသည်။

တနည်း

(၁) မတင့်တယ်ဟု မှတ်သားမှုသညာ = (အသုဘသညာ)၊

(၂) သေခြင်း၌ မှတ်သားမှုသညာ = (မရဏသညာ)၊

စာမျက်နှာ-146
(၃) စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှုသညာ = (အာဟာရေပဋိကူလသညာ)၊

(၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှုသညာ = (သဗ္ဗလောကေအနဘိရတိသညာ)၊

(၅) မမြဲဟု မှတ်သားမှုသညာ = (အနိစ္စသညာ)၊

(၆) မမြဲမှု၌ ဆင်းရဲပုံ မှတ်သားမှုသညာ = (အနိစ္စဒုက္ခသညာ)၊

(၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှုသညာ = (ဒုက္ခေအနတ္တသညာ)၊

ကြက်တောင် အကြောထုံးများကို ရှူသည့် ဥပမာ

ဖော်ပြပါသညာ (၇) မျိုးတို့တွင် ကြက်တောင်ကို လည်းကောင်း၊ အကြောထုံးကိုလည်းကောင်း မီးဖြင့် ရှို့အပ်လေသော် တွန့်ရှုတ်ခြင်း၊ ဆုတ်နစ်ခြင်း၊ မပျံ့နှံ့ခြင်းများ ဖြစ်သကဲ့သို့ ထိုအတူ အသုဘသညာ၌ လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာ ပွားများအားထုတ်သော ရဟန်းအား မေထုန်အကျင့်သို့ရောက်ခြင်းမှတွန့်ဆုတ်ခြင်း၊ မပျံ့နှံ့ခြင်း၊ လျစ်လျူရှုခြင်း၊ စက်ဆုပ်ရွံရှာခြင်းဖြစ်၏။ ထိုအသုဘသညာကို ကြိမ်ဖန်များစွာ ပွားသော်လည်း မေထုန်နှင့်စပ်၍ စက်ဆုပ်ရွံရှာမှု မရှိခဲ့သော်-

“ငါသည် အသုဘသညာ၌ မပွားများရသေး၊ ငါ့အား ယင်းသညာကို မပွားမီရှေ့နှင့် ပွားပြီးနောက် ထူးခြားမှု မရှိပါ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး”- ဟု သဘောပေါက်နားလည်နိုင်၏။ ယင်းသညာ၌ ကြိမ်ဖန်များစွာ ပွားသဖြင့် မေထုန်မှု၌ စက်ဆုပ်ခဲ့သော် အသုဘသညာကို ပွားများပြီး ဖြစ်ကြောင်းကို လည်းကောင်း၊ ရှေ့နှင့်နောက် ထူးခြားမှု ရှိကြောင်းကို လည်းကောင်း၊ ဘာဝနာ၏ အားအစွမ်းသို့ ရောက်နေပြီဖြစ်ကြောင်းကို လည်းကောင်း သဘောပေါက် နားလည်နိုင်၏။

၁။ အံ၊ မြန်၊ ၂၊ ၅၄၇။

စာမျက်နှာ-147
ထို့အတူ-

မရဏသညာ၌ အသက်ရှင်ခြင်းကို နှစ်သက်မှု၊

သဗ္ဗလောကေအနဘိရတိသညာ၌ လောက၏ ဆန်းကြယ်မှု၊

အာဟာရေပဋိကူလသညာ၌ အရသာကို တပ်မက်မှု၊

အနိစ္စသညာ၌ လာဘ်ပူဇော်သော အကျော်အစောလိုလားမှု- တို့၌ မစက်ဆုပ်မရွံရှာခဲ့သော် ဆိုခဲ့သည့်သညာတို့၌ မပွားများရသေးကြောင်းကို လည်းကောင်း၊ ရှေ့နောက် ထူးခြားမှု မရှိကြောင်းကို လည်းကောင်း၊ ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေးကြောင်းကို လည်းကောင်း သဘောပေါက် သိရှိနိုင်၏။ အကယ်၍ စက်ဆုပ်ခြင်းရှိခဲ့သော် ဆိုင်ရာ သညာအသီးသီးတို့၌ “ဘာဝနာ၏ အားအစွမ်း အသီးသီးသို့ရောက်ပြီ” ဟု သိနိုင်လေသည်။

သန်လျက် မြှောက်ချီသည့် ဥပမာ

အနိစ္စေဒုက္ခသညာ၌ သန်လျက် မြှောက်ချီသော လူသတ်သမား၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာသည် ရှေ့ရှုတည်သကဲ့သို့ ဘေးဟုရှုသော သညာသည်အကယ်၍တည်ခဲ့မူ အနိစ္စေဒုက္ခသညာကို အားထုတ်ပွားများသောသူအား ပျင်းရိမှု ပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှု မဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာတည်သောအခါ “ဘာဝနာ၏ အားအစွမ်းသို့ရောက်ပြီ” ဟု သိနိုင်၏။

ထို့အတူ ဒုက္ခေအနတ္တသညာကို ပွားများအားထုတ်သောအခါ ဝိညာဉ်ဆိုသော ကိုယ်ခန္ဓာ၌လည်းကောင်း၊ အပဖြစ်သော အလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှုဒိဋ္ဌိ၊ ငါ၏ ဥစ္စာဟူသော စွဲလမ်းမှုတဏှာနှင့် ထောင်လွှားမှု မာနကင်းသောစိတ်သည် မာနသုံးပါးကို ကောင်းစွာလွန်မြောက်ခြင်းဖြစ်ခဲ့မူ “ဘာဝနာအားအစွမ်းသို့ ရောက်ပြီ” ဟု သိနိုင်လေသည်။

စာမျက်နှာ-148
ဤသို့လျှင် ဆိုခဲ့သည့်သညာ (၇) ပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ လေ့လာခြင်းအားဖြင့် အကျိုးအာနိသင် ကြီးမားပုံ၊ နိဗ္ဗာန်လျှင် တည်ရာရှိပုံ၊ နိဗ္ဗာန်လျှင် အဆုံးရှိပုံတို့ကို ဘုရားရှင် ဟောတော်မူသည်။

အာဟာရေပဋိကူလသညာ

ဆိုခဲ့သည့်သညာ (၇) မျိုးအနက် အာဟာရေပဋိကူလ သညာမှာ စားသောက်ဖွယ် အစာအာဟာရ ဟူသမျှကို “စက်ဆုပ်ရွံရှာဖွယ်ရာ” ဟု မှတ်ထင်လာအောင် ဆင်ခြင်မှုကို “အာဟာရေ ပဋိကူလ သညာ” ဟု ခေါ်၏။ ထိုကဲ့သို့ ပဋိကူလသညာ ဖြစ်ပေါ်လာအောင် ဆင်ခြင်ရာ၌ နည်း (၁၀) မျိုး ရှိ၏။ ထို (၁၀) မျိုးမှာ-

(၁) အာဟာရကိုရနိုင်ရာအရပ်သို့ အရောက်သွားရခြင်း (ဂမန)၊

(၂) ရှာဖွေရခြင်း (ပရိယေသန)၊

(၃) စားသောက် သုံးဆောင်ရခြင်း (ပရိဘောဂ)၊

(၄) သလိပ်၊ သည်းခြေ၊ သွေး၊ ပြည် ဟူသော အာသယ ၄-ပါး (အာသယ)၊

(၅) စုဝေးတည်ရာ အစာသစ်အိမ် (နိဓာန)၊

(၆) မကြေမကျက်ခင် (အပက္က)၊

(၇) ကြေကျက်ပြီး (ပက္က)၊

(၈) အကျိုးရင်း (ဖလ)၊

(၉) အကျိုးဆက် (နိဿန္ဒ)၊

(၁၀) အလူးလူး အလဲလဲဖြစ်ပုံ (သမ္မက္ခန)၊

ဤဆင်ခြင်နည်း (၁၀) မျိုးတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်၏ အဖြစ်ကို မျိုအပ် စားအပ်၊ သောက်အပ်၊ လျက်အပ်သမျှသော ဆွမ်း ခဲဖွယ် ဘောဇဉ် စသောအာဟာရ၌ ရှုဆင်ခြင်ရပါမည်။

၁။ အံ၊ မြန်၊ ၂၊ ၅၄၇၊ ၄၈၄၉။

၂။ ဝိသုဒ္ဓိ၊ ပ၊ ၃၃၆။

စာမျက်နှာ-149

အကျိုးဆက်(နိဿန္ဒ)အားဖြင့် ဆင်ခြင်ခြင်း

ဆင်ခြင်နည်း (၁၀) မျိုးအနက် အထူးထင်ရှားသိလွယ်သည့် အကျိုးဆက်(နိဿန္ဒ)အားဖြင့် ဆင်ခြင်ပုံကို သိသာရုံ ဖော်ပြပါမည်။

မွန်မြတ်လှတဲ့ ခဲဖွယ် ဘောဇဉ်သည် တပေါက်သောဒွါရဖြင့် ကိုယ်တွင်းသို့ဝင်ပြီး ဒွါရကိုးဖြာတို့မှ ယိုစီးခဲ့၏၊ ထိုဘောဇဉ်ကို အခြံအရံများနှင့်အတူ သုံးဆောင်စားသောက်ကြ၏၊ စွန့်ပစ်ကြသောအခါ မိမိကိုယ်ကို မမြင်ရအောင် ပုံးအောင်း စွန့်ပစ်ကြရလေသည်၊ ထိုဘောဇဉ်ကို ရသတဏှာဖြင့် လွန်စွာတပ်မက် သုံးဆောင်ကြ၏၊ စွန့်ပစ်သောအခါ ရွံ့ရှာစက်ဆုပ်ဖွယ် ကောင်းလှပေသည်၊ ထိုဘောဇဉ်သည် တညဉ့်မျှကိုယ်တွင်း၌ အောင်းကာမျှဖြင့် အံ့ဖွယ်စက်ဆုပ်ဖွယ်အတိဖြစ်လေ၏ ဟူ၍ ဆင်ခြင်ရသည်။

ခန္ဓာကိုယ်၌ ပုဂ္ဂိုလ်, သတ္တဝါ ငါ သူတပါး ယောက်ျား, မိန်းမဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး အစုအဝေးမျှသာထင်မြင် လာအောင်လည်း ဆင်ခြင်ရပေသည်။

သညာ (၁၀) မျိုး

(၁) မတင့်တယ်ဟု မှတ်သားမှုသညာ (အသုဘသညာ)၊

(၂) သေခြင်း၌ မှတ်သားမှုသညာ (မရဏသညာ)၊

(၃) စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှုသညာ (အာဟာရေပဋိကူလသညာ)၊

(၄) လောကသုံးပါး၌ မမေ့လျော်ဖွယ်ဟု မှတ်သားမှုသညာ (သဗ္ဗလောကေအနဘိရတိသညာ)၊

(၅) မမြဲဟု မှတ်သားမှုသညာ (အနိစ္စသညာ)၊

၁။ ဝိသုဒ္ဓိ၊ ပ၊ ၃၄၀။

စာမျက်နှာ-150
(၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှုသညာ (အနိစ္စဒုက္ခသညာ)၊

(၇) ဆင်းရဲခြင်း၌ အစိုးရမဟုတ် အနတ္တဟု မှတ်သားမှုသညာ (ဒုက္ခေအနတ္တသညာ)၊

(၈) ပယ်ရန်မှတ်သားမှုသညာ (ပဟာနသညာ)၊

(၉) တပ်မက်မှုကင်းရန် မှတ်သားမှုသညာ (ဝိရာဂသညာ)၊

(၁၀) ချုပ်ငြိမ်းခြင်းကို မှတ်သားမှုသညာ (နိရောဓသညာ)။

ဆိုခဲ့ပါ သညာ ၁၀ ပါးကို တစ်ပါးစီထည့်၍ သညာ (၁၀) မျိုးဖြစ်သည်။

အရှင်ဝင်္ဂီသနှင့် ပဟာနသညာ

ဖော်ပြပါ သညာများအနက် ပဟာနသညာဆိုသည်မှာ ဖြစ်ပေါ်လာသော မကောင်းမှုအကုသိုလ်တရားများကို ပယ်စွန့်ခြင်း၌ မှတ်သားသော သညာဖြစ်သည်၊ မိမိသန္တာန်သို့ မကောင်းမှုအကုသိုလ်တရားများ ဝင်လာသည့်အခါ လက်ခံထားခြင်းမပြုဘဲ တဒင်္ဂပဟာန်စသည်ဖြင့် ပယ်စွန့်ခြင်း၌ မှတ်သားသောသညာကို ပဟာနသညာဟု ခေါ်သည်။

သံယုတ္တနိကာယ် ပါဠိတော်တွင် အရှင်ဝင်္ဂီသ ပဟာနသညာ ဖြစ်ပေါ်လာပုံမှာ အတုယူလိုက်နာဖွယ်ရာ ကောင်းလှပေသည်၊ ထိုအချိန်က အရှင်ဝင်္ဂီသမှာ ရဟန်းဘောင်သို့ ရောက်လာကာစ ရဟန်းငယ် ဦးပဉ္စင်းငယ်သာ ရှိသေး၏။ ဥပဇ္ဈာယ်ဆရာဖြစ်သော အဂ္ဂသာဝက အရှင်သာရိပုတ္တရာ [?] ထံတော်၌ သီတင်းသုံးနေထိုင်ရ၏၊ တနေ့တွင် ဥပဇ္ဈာယ်ဆရာတော် မရှိခိုက် တစ်ပါးတည်း ကျောင်းစောင့်နေစဉ် အမျိုးသမီးတစ်စု ကျောင်းလှည့်လည်ကြည့်ရှုရန် ရောက်လာကြ၏၊ ထိုအခါ အရှင်ဝင်္ဂီသသည် အမျိုးသမီးတို့ ရူပါရုံအဆင်းအလှကို တွေ့မြင်ရသဖြင့် သာသနာတော်၌ မမွေ့လျော်ဘဲ ဖြစ်လာ၏။

၁။ ဒီ၊ ၃၊ ၂၅၄။

၂။ ဒီ၊ ၃၊ ၂၅၉။

စာမျက်နှာ-151
ရဟန်းဖြစ်စ အရှင်ဝင်္ဂီသကို တပ်မက်ခြင်းရာဂသည် နှိပ်စက်ဖျက်ဆီးလေပြီ၊ ထိုအခါ အရှင်ဝင်္ဂီသသည် မိမိ၏ ရဟန်းဘဝအရ မတော်ဖြစ်ရသည့်ဘေးကို တွေးမိပြီး မိမိစိတ်၌ ဖြစ်ပေါ်လာသည့် အကုသိုလ်ရာဂကို “တွန်းလှန်တော့အံ့” ဟု အကြံဖြစ်ကာ ဝိပဿနာတရားဓမ္မဖြင့် ထိုရာဂကို ပယ်ဖျောက်၏၊ အရှင်ဝင်္ဂီသသည် ထိုကဲ့သို့ အကုသိုလ်ရာဂကို ပယ်ဖျောက်ခြင်း၌ အမှတ်သညာကို ဖြစ်စေပြီး အောက်ပါအတိုင်း ထုတ်ဖော်ကျူးရင့်လေသည်။

“လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ငြိမ်သက်နေသော ငါ့ကို ကာမဝိတက်တို့သည် ပြေးဝင်လာကုန်ပြီတကား၊ ဤခက်ထန်ကြမ်းကြုတ်မှုတို့သည် ပြေးဝင်လာကုန်ပြီတကား၊ ဤခက်ထန်ကြမ်းကြုတ်မှုတို့သည် မည်းနက်သော မာရ်၏ အသင်းအပင်းမှ ပြေးဝင်လာကုန်ပြီတကား။

သင်ပြီးသော လေးအတတ်ရှိကုန်သော ခိုင်ခန့်သောလေးကို စွဲကိုင်ကုန်သော လေးသမားကြီးများဖြစ်ကုန်သော မပြေးတတ်ကုန်သော တစ်ထောင်မျှသော ထင်ရှားသောမင်းသားတို့သည် ထက်ဝန်းကျင်မှ ဝိုင်းအုံပစ်ကြကုန်ရာ၏။

ဤလေးသည်တော် တစ်ထောင်အလွန်ရှိကုန်သော (ရူပါရုံစသော ကာမဂုဏ်ငါးပါးတို့ကို တပြိုင်နက်ပစ်ခြင်းငှာ စွမ်းနိုင်ကုန်သော) မိန်းမတို့သည် အကယ်၍ လာကုန်လတ္တံ့ (ဤသို့လာကုန်သော်လည်း) မိမိတရား၌ တည်နေသောငါ့ကို တုန်လှုပ်ခြင်းငှာ မစွမ်းနိုင်ကုန်လတ္တံ့။

စင်စစ်အားဖြင့် ငါသည် နိဗ္ဗာန်ကိုရကြောင်း ဝိပဿနာကို နေမင်း၏အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (မျက်မှောက်တော်မှ) ဤသို့ကြားနာဖူး၏၊ နိဗ္ဗာန်ကိုရကြောင်းဖြစ်သော ဝိပဿနာ၌ ငါ၏စိတ်သည် မွေ့လျော်ခြင်းရှိ၏။”

စာမျက်နှာ-152
“ဟယ် ... ကိလေသာယုတ်၊ ဤသို့နေသော ငါ့ကို အကယ်၍ ကပ်လာငြားအံ့၊ ဤသို့ကပ်လာသည်ရှိသော်၊ ဟယ် ... သေစေတတ်သော ကိလေသာယုတ်၊ အကြင်အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ငါ၏ သွားရာလမ်းကို မမြင်ရလတ္တံ့၊ ထိုအခြင်းအရာအားဖြင့် ငါပြုလတ္တံ့” –

ဟူ၍ ကျူးရင့်လေသည်၊ ဤသို့ တဒင်္ဂပဟာန် စသည်ဖြင့် အကုသိုလ်ကို ပယ်ခြင်း၌ မှတ်သားသော သညာကို ပဟာနသညာဟု ခေါ်သည်။

ဂိရိမာနန္ဒသုတ်လာ သညာ (၁၀) မျိုး

(၁) မမြဲဟု မှတ်သားမှုသညာ (အနိစ္စသညာ)၊

(၂) အနှစ်သာရ အတ္တမဟုတ်ဟု မှတ်သားမှုသညာ (အနတ္တသညာ)၊

(၃) မတင့်တယ်ဟု မှတ်သားမှုသညာ (အသုဘသညာ)၊

(၄) အပြစ်ကို မှတ်သားမှုသညာ (အာဒီနဝသညာ)၊

(၅) ပယ်ရန်မှတ်သားမှုသညာ (ပဟာနသညာ)၊

(၆) တပ်မက်မှုကင်းရန် မှတ်သားမှုသညာ (ဝိရာဂသညာ)၊

(၇) ချုပ်ငြိမ်းမှုကို မှတ်သားမှုသညာ (နိရောဓသညာ)၊

(၈) လောကသုံးပါး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှုသညာ (သဗ္ဗလောကေအနဘိရတိသညာ)၊

(၉) သင်္ခါရအားလုံး၌ အလိုမရှိအပ်ဟူသော အမှတ်သညာ (သဗ္ဗသင်္ခါရေသုအနိစ္ဆာသညာ)၊

(၁၀) ထွက်သက် ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်းသညာ (အာနာပါနဿတိသညာ)။

၁။ သံ၊ ၁၊ ၁၉၇။ မြန်၊ ၁၇၅။

စာမျက်နှာ-153

သညာဖြင့် ကုသပေးပုံ

ဘုရားရှင်လက်ထက်တော်က အရှင်ဂိရိမာနန္ဒထေရ် အသဲအသန်မမာမကျန်း ဖြစ်နေ၏၊ ထိုအကြောင်းကို အရှင်အာနန္ဒာမထေရ်မြတ်က ဘုရားရှင်အား လျှောက်ထား၏၊ ဘုရားရှင်က-

“ချစ်သား အာနန္ဒာ... ဂိရိမာနန္ဒရဟန်းတော်သည် ဆိုခဲ့သည့် သညာ (၁၀) မျိုးကို ပွားများအားထုတ်ပါက ပျောက်ကင်းချမ်းသာပါလိမ့်မည်” ဟု မိန့်တော်မူ၏၊ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် ဖော်ပြပါ သညာ (၁၀) မျိုးတို့ကို ဘုရားရှင်ထံမှ သင်ယူပြီး ဂိရိမာနန္ဒထေရ်အား ဟောတော်မူ၏၊ ဂိရိမာနန္ဒထေရ်သည် အရှင်အာနန္ဒာဟောတော်မူသည့်အတိုင်း ဖော်ပြပါ သညာ (၁၀) မျိုးကို အနိစ္စသညာမှစ၍—

“ရူပံ - ဖောက်ပြန်တတ်သော ရုပ်သည်၊ အနိစ္စံ = အမြဲမရှိ။ ဝေဒနာ = ခံစားမှုဝေဒနာသည်၊ အနိစ္စာ = အမြဲမရှိ။ သညာ = မှတ်သားမှုသညာသည်၊ အနိစ္စာ = အမြဲမရှိ” စသည်ဖြင့် ပွားများတော်မူရာ အရှင်ဂိရိမာနန္ဒ၏ ရောဂါမှာ တစ်ခဏချင်း ပျောက်ကင်းချမ်းသာလေတော့သည်။

အနိစ္စသညာပွားခြင်းကြောင့် ရအပ်သော အကျိုး (၆) မျိုး

အနိစ္စသညာကို ပွားခြင်းကြောင့် (၆) မျိုးသော အာနိသင်များကို ရနိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်တွင် တွေ့ရသည်၊ ယင်းမှာ-

(၁) သင်္ခါရတရားတို့ကို အပိုင်းအခြားမရှိ ထင်မြင်လာနိုင်ခြင်း၊

(၂) သင်္ခါရလောကကို မမွေ့မလျော်ဖွယ်ဟု ထင်မြင်လာနိုင်ခြင်း၊

(၃) အလုံးစုံသော သင်္ခါရဒုက္ခမှ လွန်မြောက်နိုင်ခြင်း၊

(၄) နိဗ္ဗာန်သို့ ညွတ်ကိုင်းသောစိတ် ဖြစ်ပေါ်လာနိုင်ခြင်း၊

၁။ အံ၊ ၃၊ ၄၄၂။

၂။ အံ၊ ၂၊ ၃၇၅။

စာမျက်နှာ-154
(၅) လောဘ, ဒေါသ စသည့် သံယောဇဉ်တရားများကို ပယ်ဖျောက်နိုင်ခြင်း၊

(၆) လောဘ, ဒေါသ စသည့် ကိလေသာမီးများ ငြိမ်းအေးခြင်းနှင့် ပြည့်စုံနိုင်ခြင်း -

ဟူ၍ ၆ ပါးသော အကျိုးကို ရရှိနိုင်သည်၊ အနိစ္စသညာကို ပွားများကြရန် ဘုရားရှင်ကိုယ်တိုင် တိုက်တွန်းတော်မူခဲ့သည်။ အနတ္တသညာအကျိုးကို အင်္ဂုတ္တိုရ်ပါဠိတော်တွင် ရှုပါ။

အရှင်အာနန္ဒာ၏ တပည့် အရှင်ဝင်္ဂီသနှင့် အသုဘသညာ

ဘုရားရှင်လက်ထက်တော်က ရဟန်းငယ် အရှင်ဝင်္ဂီသသည် အရှင်အာနန္ဒာမထေရ်မြတ်၏ တပည့်တစ်ဦးဖြစ်သည်၊ သာသနာတော်တွင် ထင်ရှားလှသည့် အရှင်အာနန္ဒာမထေရ်မြတ်အား လူမျိုးပေါင်းစုံ ကြည်ညိုမြတ်နိုးကြသဖြင့် ပင့်ဖိတ်ကြသောအခါ အရှင်ဝင်္ဂီသသည် မထေရ်မြတ်၏ နောက်တော်ပါအဖြစ် အမြဲပင်လိုက်ပါရလေသည်၊ မထေရ်မြတ်ကြွလာသည့်အခါတွင် လူအများ တရားနာလာရောက်ကြပြီး မရှင်းလင်းသည့် ဓမ္မသဘောများကို မေးမြန်းကြ၏၊ အမျိုးသမီးများကလည်း အရှင်မြတ်၏ အနီးအနား ချဉ်းကပ်ကြကာ ယပ်လေခပ်ခြင်း စသည်ဖြင့် ရှိခိုးကြည်ညိုကြ၏၊ ထိုရဟန်းငယ်အရှင်ဝင်္ဂီသသည် အမျိုးသမီးတို့၏ ရူပါရုံအဆင်းအလှကို အနီးကပ်တွေ့မြင်ရလေရာ ရာဂမီးတောက်လောင်လေ၏၊ အရှင်ဝင်္ဂီသသည် မြင့်မြတ်သော ရဟန်းဘဝ၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောအကျိုးစီးပွားကို တွေးမိကာ ထိုရာဂကို ပယ်ဖျောက်ရန် စဉ်းစားမိ၏၊ သို့ရာတွင် မည်သို့မည်ပုံ ပယ်ဖျောက်ရမည်ကို နည်းလမ်းရှာမရဘဲ ဖြစ်နေ၏၊ ထို့ကြောင့် အရှင်ဝင်္ဂီသသည် မထေရ်မြတ် အရှင်အာနန္ဒာအား ဖွင့်ဟ၍ လျှောက်ထားရလေသည်။ ထိုအခါ အရှင်အာနန္ဒာမထေရ်မြတ်က -

၁။ အံ၊ ၂၊ ၃၀၆။

စာမျက်နှာ-155
“ငါ့ရှင် - သင်ကား အမှတ်သညာ မှားနေပါပေါ့ကော၊ မာတုဂါမတို့၏ မတင့်မတယ် စက်ဆုပ်ဖွယ်သော ရုပ်အဆင်းကို တင့်တယ်လှပသည်ဟု အမှတ်မှားနေမှုကြောင့် ကာမရာဂမီး တောက်လောင်မှုကို ခံရပါလေသည်၊ ထိုရာဂကို အသုဘသညာဖြင့် မတင့်မတယ် စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း ရှုမှတ်ပါလေ၊ ထိုကဲ့သို့ ရှုမှတ်လျှင် ရာဂမီး ငြိမ်းအေးပါလိမ့်မည်” -

ဟု မိန့်တော်မူ၏၊ ဤသို့ဖြင့် ရဟန်းငယ် အရှင်ဝင်္ဂီသသည် အသုဘသညာဖြင့် ဖြစ်ပေါ်လာသည့် ကာမရာဂကို ငြိမ်းစေခဲ့ရလေသည်။

သညာ (၁၁) မျိုး

(၁) ဖြစ်ပြီးမှတ်သားမှု (အတီတသညာ)၊

(၂) ဖြစ်လတ္တံ့မှတ်သားမှု (အနာဂတသညာ)၊

(၃) ဖြစ်ဆဲမှတ်သားမှု (ပစ္စုပ္ပန္နသညာ)၊

(၄) အတွင်းသန္တာန်၌ ဖြစ်သောမှတ်သားမှု (အဇ္ဈတ္တသညာ)၊

(၅) အပသန္တာန်၌ဖြစ်သောမှတ်သားမှု (ဗဟိဒ္ဓသညာ)၊

(၆) ကြမ်းတမ်းသော မှတ်သားမှု (ဩဠာရိကသညာ)၊

(၇) နူးညံ့သောမှတ်သားမှု (သုခုမသညာ)၊

(၈) ယုတ်ညံ့သောမှတ်သားမှု (ဟီနသညာ)၊

(၉) မြင့်မြတ်သောမှတ်သားမှု (ပဏီတသညာ)၊

(၁၀) ဝေးသောမှတ်သားမှု (ဒူရသညာ)၊

(၁၁) နီးသောမှတ်သားမှု (သန္တိကေသညာ)။

ဤသညာ ၁၁ မျိုးကို ဝိဘင်းပါဠိတော် သုတ္တန္တဘာဇနိယတွင် ဘုရားရှင်ဟောတော်မူသည်၊ ယင်းသညာ (၁၁) မျိုးကို စုပေါင်း၍ သညာက္ခန္ဓာ သညာအစုဟု ခေါ်ဆိုကြောင်း ဟောတော်မူသည်။

၁။ သံ၊ ၁၊ ၁၈၉။ သံ၊ ဋ္ဌ၊ ၁၊ ၂၅၈။

စာမျက်နှာ-156

သညာ (၁၂) မျိုး

(၁) ကာမဂုဏ်၌ မှတ်သားမှုသညာ (ကာမသညာ)၊

(၂) ပျက်စီးစေရန် မှတ်သားမှုသညာ (ဗျာပါဒသညာ)၊

(၃) ညှဉ်းဆဲရန် မှတ်သားမှုသညာ (ဝိဟိံသသညာ)၊

(၄) ထွက်မြောက်ရန် မှတ်သားမှုသညာ (နေက္ခမ္မသညာ)၊

(၅) မပျက်စီးစေရန် မှတ်သားမှုသညာ (အဗျာပါဒသညာ)၊

(၆) မညှဉ်းဆဲရန် မှတ်သားမှုသညာ (အဝိဟိံသသညာ)၊

(၇) အဆင်း၌ မှတ်သားမှုသညာ (ရူပသညာ)၊

(၈) အသံ၌ မှတ်သားမှုသညာ (သဒ္ဒသညာ)၊

(၉) အနံ့၌ မှတ်သားမှုသညာ (ဂန္ဓသညာ)၊

(၁၀) အရသာ၌ မှတ်သားမှုသညာ (ရသသညာ)၊

(၁၁) အတွေ့၌ မှတ်သားမှုသညာ (ဖောဋ္ဌဗ္ဗသညာ)၊

(၁၂) သဘောတရား၌ မှတ်သားမှုသညာ (ဓမ္မသညာ)။

ဖော်ပြပါ သညာ (၁၂) ပါးတို့ကို မဟာနိဒ္ဒေသပါဠိတော်တွင် ပရိညာ (၃) ပါးဖြင့် ပိုင်းခြား၍ ဘုရားရှင်ဟောတော်မူသည်။

သညာအကြောင်း အခြားသိကောင်းစရာများ

သညာ, ဝိညာဏ်, ပညာ အဆုံးအဖြတ်

သာသနဝိသောဓနီကျမ်း ဒုတိယတွဲ၌ သညာ၊ ဝိညာဏ်၊ ပညာတို့ ခြားနားပုံ အဆုံးအဖြတ်ကို တွေ့ရ၏။ တချိန်က မြောင်းမြမြို့၊ နယ်ပိုင်ဝန်ထောက် ဦးရွှေစံအောင်က လျှောက်ထားသဖြင့် လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုတော်မူသော အဆုံးအဖြတ်ဖြစ်သည်။

၁။ မဟာနိဒ္ဒေသပါဠိ၊ ၄၃။

စာမျက်နှာ-157
ဤအဆုံးအဖြတ်ကိုထောက်၍ ထိုခေတ်က လူဒါယကာတို့ အဘိဓမ္မာလေ့လာလိုက်စားကြသည်ကိုလည်းကောင်း၊ ထိုသူတို့၏ အဘိဓမ္မာဉာဏ်အတိမ်အနက်ကိုလည်းကောင်း၊ အဘိဓမ္မာသာသနာပြန့်ပွားခဲ့သည်ကိုလည်းကောင်း မှန်းဆသိရသည့်ပြင် ဗဟုသုတဖြစ်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ မှတ်သားဖွယ်လည်း ကောင်းလှသဖြင့် ဤ၌ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

သညာ, ဝိညာဏ်, ပညာသုံးပါးတို့၏ အထူးကိုပြဆိုသော အဋ္ဌကထာ ဋီကာများ၌ ဉာဏ်သဘောမကြေမလည်ရှိရာကို ထုတ်ဆိုလျှောက်ထားချက်မှာ--

၁။ သညာ၊

၂။ ဝိညာဏ်၊

၃။ ပညာ၊

ဤအမည်သုံးပါးတို့သည် သိခြင်းအနက်ကိုဟောသော ဉာ-ဓာတ်ဖြင့် ပြီးကြကုန်၏၊ သံ, ဝိ, ပ ဟူသော ဥပသာရပုဒ်အတွက်သာ ထူးကြကုန်၏။ ထိုသုံးပါးတို့တွင်-

သညာ၌ သံသဒ္ဒါသည် သုဋ္ဌုအနက်ကိုဟော၏၊ ကောင်းကောင်းသိခြင်းကို ဆိုလို၏၊ ကောင်းကောင်းသိခြင်းဆိုသည်မှာလည်း မမေ့မပျောက်သည်ကို ဆိုလိုသည်၊ မှတ်မိသည်ကိုဆိုလိုသည်၊ ထိုသညာသည် အားနည်းခဲ့သော် ခဏမျှသာမှတ်မိ၏၊ မကြာမီမေ့ပျောက်၏၊ အတန်အားရှိခဲ့သော် အတန်ကြာမှတ်မိ၏၊ အတန်ကြာလျှင် မေ့ပျောက်၏၊ အလွန်အားရှိခဲ့သော် အလွန်ကြာမြင့်စွာ မှတ်မိ၏။

ဝိညာဏ်၌ ဝိသဒ္ဒါသည် ဝိဝိဓအနက်ကိုဟော၏၊ ထွေထွေလာလာ သိခြင်းကိုဆိုလို၏၊ ထွေထွေလာလာသိခြင်းဆိုသည်မှာလည်း-

၁။ မျက်စိမြင်မှု၊

၂။ နားကြားမှု၊

စာမျက်နှာ-158
၃။ နှာခေါင်းနံမှု၊

၄။ လျှာ၏သိမှု၊

၅။ ကိုယ်အင်္ဂါတို့၏ အတွေ့အထိကို သိမှု၊

၆။ စိတ်မနော၏ အတွေးအကြံကို သိမှု၊

၇။ ဟုတ်သည်မှန်သည်ကို ဟုတ်မှန်တိုင်းသိမှု၊

၈။ ဟုတ်သည်မှန်သည်ကို မဟုတ်မမှန်သိမှု၊

၉။ မဟုတ်မမှန်သည်ကို မဟုတ်မမှန်သိမှု၊

၁၀။ မဟုတ်မမှန်သည်ကို ဟုတ်မှန်သည်ဟု သိမှု - စသည်တို့ကို ဆိုလိုသည်။

ထိုစကား၌ ဟုတ်သည်မှန်သည်ကို ဟုတ်မှန်တိုင်းသိမှုဆိုသည်ကား နေ့အခါ၌ တုံးကိုတုံးမှန်းသိမှု၊ တိုင်ကိုတိုင်မှန်းသိမှုစသည်တည်း။ ဟုတ်သည်မှန်သည်ကို မဟုတ်မမှန်သိမှုဆိုသည်ကား ညဉ့်မှောင်တွင်း၌ တုံးတိုင်ကိုပင် လူဟုသိမှုစသည်တည်း။

ထို့အတူ မျက်စိမလည်သူမှာ အရှေ့ကို အရှေ့၊ အနောက်ကို အနောက်ဟု သိမှုစသည်တည်း။ မျက်စိလယ်သူမှာ အရှေ့ကို အနောက်ဟု၊ အနောက်ကို အရှေ့ဟုသိမှု၊ လူကောင်းတို့မှာ မီးကိုမီးဟု၊ ရွှေကိုရွှေဟုသိမှု၊ လူရူးတို့မှာ မီးကိုရွှေဟု၊ ရွှေကိုမီးဟုသိမှု စသည်တည်း။

ပညာ၌ ပသဒ္ဒါသည် ပကာရအနက်ကို ဟော၏၊ အထူးအပြား သိခြင်းကိုဆိုလို၏၊ အထူးအပြားသိခြင်းဆိုသည်မှာလည်း သညာ၏သိခြင်း၊ ဝိညာဏ်၏သိခြင်းတို့သည် ခပ်သိမ်းသောသတ္တဝါတို့၏ ပကတိအရိုးသိ အစဉ်သိဖြစ်ကြကုန်၏၊ ထိုအသိနှစ်မျိုးတို့ကိုလွန်၍ ခက်ခဲနက်နဲသော...

စာမျက်နှာ-159
အရေးအခွင့်တို့၌ အမှန်အကန်သိခြင်းကို အထူးအပြားသိခြင်းဆိုသည်။ ဤသိခြင်းကို သညာသိ ဝိညာဏ်သိတို့က ချီးမွမ်းအံ့ဩကြရ၏၊ သညာ သိခြင်းသည်လည်း-

၁။ မိရိုးဖလာနှင့်ပြီးသောသညာသိ၊

၂။ ပိဋကတ်ကျမ်းဂန်ရှိတိုင်းကို သင်ကြားအားထုတ်သဖြင့် ပိဋကတ်ကျမ်းဂန်ရှိသည့်အတိုင်းကို အစေ့အစပ် မှတ်မိသဖြင့် ပြီးသောသညာသိ- ဟူ၍နှစ်မျိုးရှိ၏။

ထိုသင်ကြားအားထုတ်သဖြင့် ပိဋကသုံးပုံကို အကုန်အစင်တတ်သော်လည်း သဘောဘက်ကို ပေါက်ရောက်အောင် မကြံမစည်နိုင်မူ၍ ကျမ်းဂန်ရှိတိုင်း ပြောတတ် ဟောတတ်ရုံမျှသာ တတ်ခဲ့သော် သညာတတ်သညာသိပင်ဖြစ်၏၊ ထိုသုံးမျိုးတို့တွင် ဝိညာဏ်ပညာတို့သည် မိမိ၏အရာတို့၌ မိမိတို့နှင့် ဆိုက်တိုက်လာသမျှ အာရုံတို့ကို ဖော်ပြတတ်ကြကုန်၏၊ မှတ်မိအောင်ကား မပြုတတ်ကြကုန်။

၁။ စက္ခုဝိညာဏ်သည် စက္ခုဒွါရတို့၌ ဆိုက်တိုက်လာသမျှသော ရူပါရုံတို့ကို မြင်မှုနှင့်ဖော်ပြ၏။

၂။ သောတဝိညာဏ်သည် သောတဒွါရတို့၌ ဆိုက်တိုက်လာသမျှ သော သဒ္ဒါရုံတို့ကို ကြားမှုနှင့်ဖော်ပြ၏။

၃။ ဃာနဝိညာဏ်သည် ဃာနဒွါရ၌ ဆိုက်တိုက်လာသမျှသော ဂန္ဓာရုံတို့ကို နံမှုနှင့်ဖော်ပြ၏။

၄။ ဇိဝှါဝိညာဏ်သည် ဇိဝှါဒွါရတို့၌ ဆိုက်တိုက်လာသမျှသော ရသာရုံတို့ကို လျက်မှုနှင့် ဖော်ပြ၏။

၅။ ကာယဝိညာဏ်သည် ကိုယ်အင်္ဂါတို့၌ ဆိုက်တိုက်လာသမျှ သော ဖောဋ္ဌဗ္ဗာရုံတို့ကို ထိမှုသိမှုနှင့်ဖော်ပြ၏။

စာမျက်နှာ-160
၆။ မနာဝိညာဏ်သည် ဘဝင်ဟူသော မနောဒွါရ၌ ဆိုက်တိုက် လာသမျှသော ဓမ္မာရုံတို့ကို ကြံမှုသိမှုနှင့်ဖော်ပြ၏။ (ဝိညာဏ်ခြောက်ပါးတို့က ဖော်ပြသမှုတို့ကို သညာကအမှတ်ပြု၏)

ပညာသည်လည်း မိမိအရာ၌ ဆိုက်တိုက်လာသမျှတို့ကို ဖြောင့်မှန်စွာ ဖော်ပြ၏။ ပညာဖော်ပြသမျှတို့ကို သညာက အမှတ်ပြု၏။

ဒိဋ္ဌိသည် ပညာ၏အရာတို့၌ မဟုတ် မမှန်ရာတို့ကို ဖော်ပြ၏၊ ဒိဋ္ဌိဖော် ပြသမျှကို သညာက အမှတ်ပြု၏။

(ဤသို့လျှင် သညာသည် ဒိဋ္ဌိတို့၏ နောက်လိုက်နောက်ပါဖြစ်၏)

စားပွဲထိုင်ကြရာ၌ စားပွဲပေါ်တွင်ရှိသမျှသော စားဖွယ်သောက်ဖွယ် ဝတ္ထုတို့ကို ဘယ်နေရာ၌ ရှိသည်ဟု စက္ခုဝိညာဏ်ကဖော်ပြ၏၊ စက္ခုဝိညာဏ်၏အလိုမှာ စားဆဲသောက်ဆဲအခါ၌ ထိုထိုဝတ္ထုကို မြင်ရ၏၊ စားသောက်၍ပြီးသောအခါ၌ ဘယ်ဟာများကို စားသောက်ရသည်ဟု ပြန်၍ ပြောဆိုနိုင်ကြရန် မရှိ၊ သညာ၏ အတွက်ကြောင့်သာ ပြန်၍ ပြောဆိုနိုင်ကြ၏။

စာပေကျမ်းဂန်တို့ကို ကျက်အံကြရာ၌ စက္ခုဝိညာဏ်သည် စာလုံးတို့ကို အစဉ် အတိုင်း ဖော်ပြ၏၊ သညာက အစဉ်အတိုင်း အမှတ်ပြု၏၊ စက္ခုဝိညာဏ်အလိုသော် အစဉ်အတိုင်း မြင်ရရုံမျှသာ ရှိရာ၏။ ပြီးလျှင်အကုန်အစင် ကွယ်ပျောက်ရာ၏၊ အနှစ်တရာတိုင်တိုင် ကျက်အံ နေသော်လည်း စာရသည်ဟူ၍မရှိရာ၊ သညာအတွက်ကြောင့်သာ တခေါက်ထက်တခေါက် မှတ်မိသဖြင့် စာရမှု ဖြစ်လာ၏။

( ပညာ ဒိဋ္ဌိအရာတို့မှာလည်း ဤနည်းတူမှတ်လေ )

စာမျက်နှာ-161
ဝိညာဏ်နှင့်ပညာဒိဋ္ဌိတို့၌ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ” ဟူသော ဓမ္မပဒပါဠိတော်နှင့် အညီ ပညာဒိဋ္ဌိတို့၏ အရာတို့၌ လည်း ဝိညာဏ်သည် ပညာဒိဋ္ဌိတို့၏ ရှေ့ဆောင်ရှေ့သွားဖြစ်၍ ပညာဒိဋ္ဌိတို့၏ အာရုံတို့ကို ထွန်းပြ၏၊ ဥပမာကား-

၁။ ညဉ့်အခါ၌ မီးထွန်းကြရာ ဝိညာဏ်သည် မီးတောက်နှင့်တူ၏၊

၂။ ပညာဒိဋ္ဌိတို့သည် အိမ်သူအိမ်သားတို့နှင့် တူကုန်၏၊

၃။ အာရုံခြောက်ပါး တရားသဘောတို့သည် အိမ်တွင်းရှိအထည် ဝတ္ထုတို့နှင့်တူကုန်၏၊

ထိုသုံးမျိုးတို့တွင် မီးတောက်သည် ထိုအထည်ဝတ္ထုတို့ကို ထွန်းပြလေ၏၊ မိမိသည်မူကား တစုံတခုကိုမျှ မမြင်တတ်၊ မသိတတ်၊ အိမ်သူအိမ်သားတို့သည်ကား အထည်ဝတ္ထုတို့ကို အကုန်မြင်ကြ သိကြကုန်၏။

ထိုအတူ- ဝိညာဏ်သည် အာရုံ ၆ ပါး တရားသဘောတို့ကို ရှေ့ဆောင်ရှေ့သွား ကိစ္စနှင့် ထွန်းပြ၏၊ မိမိသည်မူကား ပညာအမြင်မျိုး ဒိဋ္ဌိအမြင်မျိုးနှင့် မြင်တတ် သိတတ်သည်မဟုတ်။

သဗ္ဗညုတဉာဏ်တော်ကြီးပင်ဖြစ်သော်လည်း ဝိညာဏ်ရှေ့ဆောင်ရှေ့သွား မရှိက တစုံတခုသောဓမ္မကိုမျှ အာရုံမပြုနိုင်၊ ဥပါဒ်ကိစ္စနှင့် ဖြစ်ခြင်းငှာပင် မတတ်နိုင်။

ဤဥပမာ၌ မီးတောက်သည် ရုပ်တရားဖြစ်၍ အထည်ဝတ္ထုတို့ကို အလင်းကိစ္စနှင့် ထွန်းပြ၏၊ သိမှုကိစ္စနှင့် မပြနိုင်၊ ဝိညာဏ်သည်မူကား နာမ် တရားဖြစ်ပေ၍ အာရုံကို သိမှုကိစ္စနှင့် ထွန်းပြပေ၏၊ မနက်နဲသော ပညာဒိဋ္ဌိတို့၏နောက်လိုက်ဖြစ်သော သညာရှေ့သွားဖြစ်သော ဝိညာဏ်တို့သည်

စာမျက်နှာ-162
မနက်နဲကြကုန်၊ နက်နဲသော ပညာ, ဒိဋ္ဌိ၏ နောက်လိုက်ဖြစ်သော သညာ၏ရှေ့သွားဖြစ်သော ဝိညာဏ်တို့သည် နက်နဲကြကုန်၏ ပညာ, ဒိဋ္ဌိနှင့် မယှဉ်သော သညာဝိညာဏ်တို့သည်လည်း ရှိကြကုန်၏၊ ဤစကား၌ ဒိဋ္ဌိကိုထည့်သွင်း၍ ဆိုသည်မှာ မှားသောအဖို့၌ သိမှုမြင်မှုမျိုးဖြစ်၍ ထည့်သွင်းလိုက်သည်။

(ဤကား-သညာ, ဝိညာဏ်, ပညာဟူသောသိမှု ၃-ပါးတို့၏ခြားနားပုံကိုပြဆိုခြင်းတည်း)

အဋ္ဌကထာ,ဋီကာတို့၏ အာဘော်

အဋ္ဌကထာ,ဋီကာတို့၌ သညာ၏သိခြင်းသည် သူငယ်တို့၏ ရွှေကို သိခြင်းနှင့်တူ၏၊ ဝိညာဏ်၏သိခြင်းသည် ရပ်သူရွာသား လူကြီးလူကောင်းတို့၏ ရွှေကိုသိခြင်းနှင့်တူ၏၊ ပညာ၏သိခြင်းသည် ရွှေပန်းထိမ်သည်တို့၏ ရွှေကိုသိခြင်းနှင့်တူ၏ဟူ၍ တရပ်။

သညာသည် လောကီရေးရာ၌ သိ၏၊ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတို့ကို ပေါက်ရောက်အောင် မသိနိုင်၊ ဝိညာဏ်သည် လောကီ ရေးရာ၌လည်း သိတတ်၏၊ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော တို့ကိုလည်း ပေါက်ရောက်အောင် ကြံနိုင်သိနိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် သို့မူကား မပေါက်မရောက်နိုင်၊ ပညာသည်မူကား လောကီရေးရာတို့၌ လည်း သိတတ်၏၊ အနိစ္စသဘော,ဒုက္ခသဘော, အနတ္တသဘောတို့ကို လည်း ပေါက်ရောက်အောင် သိနိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလည်း ပေါက်ရောက်နိုင်၏-ဟူ၍ တရပ်လာ၏။

မောင်ရွှေစံအောင် ထင်မြင်ချက်မှာမူကား-သညာသည် အာရုံကို သိဟတ်ရုံမျှသာဖြစ်၏၊ အာရုံ၏ နက်နဲသော သဘောကို ထိုးထွင်း၍ သိတတ်သည်မဟုတ်၊ အာရုံ၏သဘောမျိုးတို့တွင်လည်း ရုပ်တရား နာမ်

စာမျက်နှာ-163
တရားဟူသော ပရမတ္ထတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တသဘောများသည် အလွန်နက်နဲ၏၊ ထိုးထွင်းသော ပဋိဝေဓဉာဏ်၏ အရာသာဖြစ်၏၊ ထိုအရာများကို ဝိညာဏ်သည် ပေါက်ရောက်အောင် သိနိုင်လိမ့်မည်မထင်၏။

(ဤကား မောင်ရွှေစံအောင်၏ ထင်မြင်ချက်တည်း)

အဖြေမူကား ဝိပလ္လာသတရား ၃-ပါးတို့တွင် သညာဝိပလ္လာသထက် စိတ္တဝိပလ္လာသ နက်နဲ၏၊ ထို့ကြောင့် သညာဝိပလ္လာသကို “မရှိစိကုပမာ သညာ” ဟူ၍ ဟောတော်မူ၏။ (သညာသည် တံလျှပ်နှင့် တူ၏ ဟူလို)

စိတ္တဝိပလ္လာသကို “မာယုပမဝိညာဏံ” ဟူ၍ ဟောတော်မူ၏။ (ဝိညာဏ်သည် မျက်လှည့်နှင့်တူ၏ ဟူလို)

တံလျှပ်ဥပမာသည် တိမ်၏၊ မျက်လှည့်ဥပမာသည် နက်နဲ၏၊ ဤသို့လျှင် မိစ္ဆာပက္ခ၌ သညာ၏သိမှုသည် သေးငယ်၏၊ ထွေထွေလာလာကြံဖန်တတ်သည်မဟုတ်၊ ဝိညာဏ်၏ သိမှုသည် ကြီးမား၏၊ ထွေထွေလာလာ မှောက်မှားစွာ ကြံဖန်တတ်၏။

ထို့ကြောင့် ဗောဓိပက္ခိယတရားတို့၌ ဝိညာဏ်သည်သာလျှင် စိတ္တိဒ္ဓိပါဒ အမည်နှင့်ပါဝင်၏၊ သညာသည် တစုံတခုသောကိစ္စနှင့်မျှ မပါဝင်လေ၊ အဋ္ဌကထာဋီကာတို့၌ သညာ၏အသိထက် ဝိညာဏ်၏ အသိက ကြီးမားသည်ကို ပြဆိုကြပေကုန်သည်။

“ဝိညာဏ်သည် အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတို့ကို ပေါက်ရောက်အောင် ကြံနိုင် သိနိုင်သည်” ဟူသောစကား၌လည်း အနိစ္စ သဘောသည် အကြမ်း အလတ်, အနု ၃-မျိုးရှိ၏၊ ထို ၃-မျိုးတို့တွင်-

၁။ မျက်မြင် ကိုယ်တွေ့တို့ကို သက်သေပြု၍ သိမြင်ထင်လင်းနိုင်ကောင်းသော ရုပ်အနိစ္စ, နာမ်အနိစ္စများသည် အကြမ်းမည်၏၊

စာမျက်နှာ-164
ဥပမာကား- လူတို့၏ ခန္ဓာကိုယ်တို့၌ အဆင်း, အသံ, အပူ, အအေး, သုခဝေဒနာ ဒုက္ခဝေဒနာ သောမနဿ ဒေါမနဿ အစရှိသည်တို့သည် ဖောက်ပြန် ပျက်ပြား ပြောင်းလဲခွင့်ရှိတိုင်း ပြောင်းလဲ၍ နေကြမှုတို့ပေတည်း၊ ဤကဲ့သို့သော အနိစ္စအကြမ်းများသည် မျက်မြင်ကိုယ်တွေ့ဟု ဆိုအပ်သော ဝိညာဏ်၏ အရာမှာပင် ထင်လင်းစွာ သိမြင်နိုင်ကောင်း၏၊ သညာသည်မူကား ထွေထွေလာလာ ကြံဖန်ခြင်းမရှိဖြစ်၍ ဤကဲ့သို့သော အနိစ္စအကြမ်းကိုမျှ မိမိ၏ အစွမ်းသတ္တိအားဖြင့် ပေါက်ရောက်အောင် ကြံဖန်တတ်သော တရားမဟုတ်။

၂။ အနိစ္စလတ်ဆိုသည်ကား – ဣရိယာပုထ်တို့၏ ပြောင်းလဲမှုတို့ကို ကိုယ်တွေ့ မျက်မြင်တွေ့ထင်ကြရသဖြင့် ထင်ရှားလျက်နေသော ရုပ်, နာမ်, ဓမ္မတို့၏ အနိစ္စသဘောမျိုးကို ဆိုသတည်း၊ ထို အနိစ္စလတ်မျိုးသည်လည်း ကိုယ်တွေ့မျက်မြင် ဝိညာဏ်၏ ကြံဖန်မှုနှင့်ပင် ထင်ရှားနိုင်ရာ၏၊ ဝိညာဏ်ဆိုသော်လည်း ဘုရားဟော ဒေသနာကို ကြားနာဖူးသူတို့၏ ဝိညာဏ်ကိုယူလေ။

၃။ အနိစ္စနုဆိုသည်ကား- ဝိညာဏ်၏ အရာဖြစ်သော အနိစ္စကြမ်း အနိစ္စလတ်တို့ကို အထောက်အထားပြု၍ အချို့ အနုထက်အနုတို့ကို အဆင့်ဆင့်သိမြင်ကြရာ၌၊ ထင်မြင်ရသော အနိစ္စသဘောမျိုးကို ဆိုသတည်း။ ဥပမာကား- ကြာမြင့်စွာ နေထိုင်ရာ၌ အတော်ကြာခဲ့လျှင် ညောင်းညာမှု ထင်ရှား၍လာ၏၊ ထိုသို့ထင်ရှား၍ လာသောညောင်းညာမှုတို့ကို ကိုယ်တွေ့ဒိဋ္ဌဟုခေါ်၏၊ ဝိညာဏ်၏သိမှုနှင့်ပင် သိနိုင်၏၊ ထိုသို့ ထင်ရှား၍လာသော ညောင်းညာမှုကိုတွေ့ကြုံကြရသဖြင့် ထိုင်စမှ

စာမျက်နှာ-165
စ၍ ညောင်းရုပ်မျိုး၊ ညာရုပ်မျိုး အစဉ်အတိုင်း အဆင့်ဆင့်ဖြစ်ပေါ်ပွားများပြောင်းလဲ၍ အနိစ္စအချက်တွေ တရွဖြစ်နေသည်ကို ဉာဏ်ထဲတွင် သိမြင်နိုင်၏။

ဤကား အနိစ္စအနုတည်း၊ သိမ်မွေ့နက်နဲသည်ကို အနုဟုဆိုသည်။ ဤအနိစ္စအနုဆိုသည်ကား - ဝိညာဏ်၏ အရာမဟုတ်၊ ပညာ၏ အရသာပေတည်း။

(အနိစ္စကြမ်းကို ထင်မြင်ခဲ့လျှင် ဒုက္ခကြမ်း၊ အနတ္တကြမ်းတို့ကို ထင်မြင်တော့သည်၊ အနိစ္စလတ်ကို ထင်မြင်ခဲ့လျှင် ဒုက္ခလတ် အနတ္တလတ်တို့ကို ထင်မြင်ခဲ့တော့သည်၊ အနိစ္စနုကို ထင်မြင်ခဲ့လျှင် ဒုက္ခနု အနတ္တနုတို့ကို ထင်မြင်တော့သည်)

ဒုက္ခဆိုသည်ကား ဘယဋ္ဌေနဒုက္ခကို ဆိုလိုသည်၊ ဥပမာကား- ပင်လယ်ကျွန်း၌ ပျက်လတ္တံ့သော သင်္ဘောကို စီးမိသောသူတို့သည် မြန်မြန်ကြီးပျက်မည်ကို မြင်ကြလေလေ စိတ်အပူကြီးပူရန် ဘယဋ္ဌဒုက္ခ ကြီးကြီးမားမား ဖြစ်လေသကဲ့သို့ အနမတဂ္ဂသံသရာ ထိုသမုဒ္ဒရာကြီး အတွင်း၌ ပဋိစ္စသမုပ္ပါဒ်စက်သင်္ဘောကိုစီး၍ နေကြရကုန်သောသူတို့သည် ရုပ်နာမ် ဓမ္မတို့၏ မြန်မြန်ကြီးပျက်မှုကို ထင်မြင်လေလေ သင်္ခါရဒုက္ခဘေး၊ ဝိပရိဏာမဒုက္ခဘေး ကြီးမားလေလေ ထင်မြင်ကြကုန်၏၊ ထိုသုံးပါးတို့တွင် အကြမ်း အလတ်တို့ကို ထင်မြင်နိုင်ရုံမျှနှင့် အနုသယ ကိလေသာတို့ကို မပယ်နိုင်သေး၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မပေါက်နိုင်သေး၊ အနုကို ထင်မြင်နိုင်ကြမှသာလျှင် အနုသယကိလေသာတို့ကို ပယ်နိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပေါက်နိုင်၏၊ ထို့ကြောင့် အဋ္ဌကထာဋီကာတို့၌--

ဝိညာဏ်၏ သိမှုသည် လက္ခဏာရေးသုံးပါးကို ပေါက်နိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့မူကား မပေါက်နိုင်၊ ပညာ၏သိမှုသည်သာ လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက်နိုင်သည်- ဟူ၍ ဖွင့်ဆိုကြလေကုန်သည်။

စာမျက်နှာ-166
(ဤကား-အဋ္ဌကထာဋီကာကျမ်းတို့၏ အာဘော်ကို ပြဆိုချက်ပေတည်း)

ဤအရာ၌ စောဒနာရန်ရှိသည်ကား- သတ္တင်္ဂုတ္တရပါဠိတော် နောက်ဆုံးဝဂ်၌ “ရာဂဿ ဘိက္ခဝေ အဘိညာယ သတ္တဓမ္မာ ဘာဝေတဗ္ဗာ၊ ကတမေ သတ္တ အနိစ္စသညာ အနတ္တသညာ အသုဘသညာ နဝသညာ ပဟာနသညာ ဝိရာဂသညာ နိရောဓသညာ” စသည်ဖြင့်လည်းကောင်း။ ဆက္ကင်္ဂုတ္တရပါဠိတော် နောက်ဆုံးဝဂ်၌လည်း “ရာဂဿ ဘိက္ခဝေ အဘိညာယ ဆမ္မာ ဘာဝေတဗ္ဗာ၊ ကတမေ စ အနိစ္စသညာ အနိစ္စေဒုက္ခသညာ ဒုက္ခေအနတ္တသညာ၊ ပဟာနသညာ ဝိရာဂသညာ နိရောဓသညာ” စသည်ဖြင့်လည်းကောင်း သုတ်ပေါင်းများစွာလာ၏။ ဤသို့လာသောကြောင့် သညာ၏ သိခြင်းသည်လည်း ဝိညာဏ်၏ သိခြင်းကဲ့သို့ လက္ခဏာရေးသုံးပါးကို ပေါက်ရောက်နိုင်၏ဟူ၍ ဆိုရန်ရှိ၏။

အဖြေကား = သညာ၏သိခြင်းမည်သည် ဝိညာဏ်၏သိခြင်း ပညာ၏ သိခြင်းတို့ကို စွဲမြဲစေတတ်၏၊ ထို့ကြောင့် လက္ခဏာရေးသုံးပါးအရာ၌ ထိုနှစ်ပါးသော သိခြင်းတို့ကို စွဲမြဲစေခြင်းငှာ သညာကိုပွားစေရမည်ဟူ၍ ဟောတော်မူသည်၊ အသိအမြင်မပေါက်သေးသော လက္ခဏာရေးအချက် တို့၌ သညာ၏ကိစ္စသက်သက်နှင့် အသစ်အသစ် အသိအမြင်တိုးပွားစေရန် ဟောတော်မူသည်မဟုတ်။

အနိစ္စသညာ ဘာဝေတဗ္ဗာ ဟူသည်ကား အသိအမြင် အသစ်အသစ် တိုးပွားအောင် ပွားများစေမှုကို ဆိုလိုရင်းမဟုတ်၊ သတိပဋ္ဌာန်အရာ၌ သတိပဋ္ဌာန်ကို ပွားများစေမှုကဲ့သို့ မမေ့မပျောက် မလစ်မလပ်ရအောင် အထပ်ထပ်ပွားများစေမှုကို ဆိုလိုသည်၊ သညာကို အထပ်ထပ်ပွားများစေခဲ့လျှင် အသစ်အသစ် အသိအမြင် တိုးပွားစေမှုဟူသော ဝိညာဏ်ကိစ္စ ပညာကိစ္စတို့လည်း အထူးအားရှိကြကုန်လတ္တံ့။

စာမျက်နှာ-167
(ဤကား အဋ္ဌကထာဋီကာကျမ်းဂန်တို့နှင့် ပါဠိတော်တို့ကို ညှိနှိုင်းချက်တည်း)

နယ်ပိုင်ဝန်ထောက် မောင်ရွှေစံအောင်ထံ ပြန်ကြားချက်

မောင်ရွှေစံအောင်ထံမှ ရောက်ရှိသည့် သညာ, ဝိညာဏ် ပညာ၏ သုံးပါးစိစစ်ချက်များကို အသေအချာကြည့်ရှုရာ မောင်ရွှေစံအောင် အလိုမှာ-

“အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးမည်သည် အကြမ်းပင် ဖြစ်သော်လည်း ပညာသိ၏ အရာသာ ဖြစ်သင့်သည်၊ ဝိညာဏ်၏ အရာ မဖြစ်သင့်ရာ”။ တချက်။

အဋ္ဌကထာ၌- “ဝိညာဏ်သည် လက္ခဏာရေးသုံးပါးကို ပေါက်ရောက်စေနိုင်၏၊ မဂ်ဖိုလ်ပေါ်ပေါက်၍ လာအောင်ကား မစွမ်းနိုင်” ဟူသော စကားမှာလည်း လက္ခဏာရေးအလင်းပေါက်မှ မဂ်ပေါက် ဖိုလ်ပေါက်မှုသည် ပညာသိ၏ အရာသာဖြစ်သော်လည်း ဝိညာဏ်သည် ထို ပေါက်မှုနှစ်ပါးမှာလည်း ပညာ၏ ရှေ့ဆောင် ရှေ့သွား ကိစ္စနှင့်ပါရလျက် ရှိ၏၊ ထိုနှစ်ပါးတွင်မူကား လက္ခဏာရေးအရာမှာ ဝိညာဏ်၏ ကိစ္စသည် ပြောစလောက်အောင်ပင် ရှိသေး၏၊ မဂ်ဖိုလ်ပေါက်မှုမှာမူကား ဝိညာဏ် ကိစ္စသည် ပြောစလောက်အောင် မရှိပြီ။

ဥပမာကား- ညဉ့်အခါ ရွှေလသာခိုက်မှာ ပိုးစုန်းကြူး၏ အရောင်သည် လရောင်တွင်းမှာပင် ပြောစလောက်အောင် ပေါ်နိုင်သေး၏၊ နေ့အခါ နေရောင်တွင်းမှာမူ ပြောစလောက်အောင် မပေါ်နိုင်ပြီ။

(ဤဥပမာအတိုင်း ၎င်းအဋ္ဌကထာစကားမှာယူလို၏ မောင်ရွှေစံအောင်)

စာမျက်နှာ-168
ဆရာတော်၏ ဉာဏ်မှာလည်း မောင်ရွှေစံအောင် ဉာဏ်နှင့် ယှဉ်ကာပင် သွား၏၊ သို့ရာတွင်–

(၁) လက္ခဏပဋိဝေဓံ ပါပေတုံ သက္ကောတိ၊ မဂ္ဂဖလာပါတုဘာဝံ ပါပေတုံ န သက္ကောတိ- ဟူသော အဋ္ဌကထာ၏ ပြဋ္ဌာန်းချက်ကြီးကို အလွန် ပေါ့လျော့၍ သွားအောင် မရှောင်ရှားသာချဟု မြော်မိသည်။ တချက်။

(၂) စိတ်ဝိညာဏ်မည်သည် အာရုံအသစ်အသစ်ကိုလည်း ရှာကြံတတ်သည်ဖြစ်၍ ဒိဋ္ဌသုတ, ဥပနိဿယ အားပေး အားမြှောက်ကောင်းခဲ့လျှင် လက်နက်ကိရိယာ အဆန်းတကြယ်ကြံဖန်လုပ်ဆောင်ခြင်း အစရှိသော မိစ္ဆာဉာဏ်၏အရာဖြစ်သော အကုသိုလ်အမှုမျိုးတို့၌လည်း လောကတွင် ခက်ခဲနက်နဲသောအရာကြီးများကိုပင် ပေါက်ရောက် အထမြောက်အောင် ကြံဖန်လုပ်ဆောင်နိုင်ကြသည်များကိုလည်း တွေ့မြင် ကြားသိ ရှိနေကြသည်။ တချက်။

(ဤစကား၌ “မိစ္ဆာဉာဏံ” ပုဒ်ကိုဖွင့်ရာ အဋ္ဌကထာမှာ “ပါပကေ ဥပါယစိန္တနဝသေန ဥပ္ပန္နော မောဟော မိစ္ဆာဉာဏံ နာမ” ဟူ၍မောဟကို မိစ္ဆာဉာဏ်ဆိုလို၏၊ မူလဋီကာဆရာကား ဆန်းကြယ်သောဝိတက်ကို မိစ္ဆာဉာဏ်ဆိုလို၏၊ ဆရာတော်၏ အလိုကား ဆန်းကြယ်သော စိတ်ဝိညာဏ်ကို မိစ္ဆာဉာဏ်ဆိုလို၏။)

(၃) မြတ်စွာဘုရားသည်လည်း တိရစ္ဆာန်သတ္တဝါတို့၏ အဆင်မျိုး၊ သဏ္ဌာန်မျိုး၊ အနန္တဆန်းကြယ်မှုကို ဥဒါဟရုဏ်ထုတ်ပြတော်မူ၍ ထို တိရစ္ဆာန်သတ္တဝါစု အနန္တဆန်းကြယ်မှုကို စိတ်သည်ပင်ပြုလေ၏၊ တိရစ္ဆာန်သတ္တဝါစု အနန္တဆန်းကြယ်မှုထက်ပင် စိတ်သည် ပိုလွန်၍ ဆန်းကြယ်နိုင်သေးသည်ဟု ဟောတော်မူသည့်များကို မြော်မိသည်။ တချက်။

စာမျက်နှာ-169
အနိစ္စကြမ်း, ဒုက္ခကြမ်း အနတ္တကြမ်းဆိုသည်မှာလည်း ဝိညာဏ်၏နယ်တွင်းမှာပင် ထင်မြင်တွေ့ရှိ၍နေကြသော အနိစ္စမျိုး, ဒုက္ခမျိုး အနတ္တမျိုးတို့ကို ဆိုလိုပေသည်၊ ကိုယ်တွေ့မျက်မြင် နားကြားတို့နှင့် အများသိကြသော အနိစ္စမှု ဒုက္ခမှု အနတ္တမှုတို့ကား ဝိညာဏ်၏ နယ်တွင်း၌ရှိသည်။ သေလောက်သော ဘေးနှင့် တွေ့ရှိခဲ့လျှင် ဘယ်အခါမဆို သေရခြင်း၊ အိုခွင့်ဆိုက်လျှင် အိုရခြင်း၊ နာခွင့်ဆိုက်လျှင် နာရခြင်းတို့ပေတည်း။

အလတ်ဆိုသည်ကား- ထိုအကြမ်းတို့ထက် အတန်ငယ် သိမ်မွေ့သော ဣရိယာပုထ် ကြီးငယ်ပြောင်းလဲခြင်း၊ အပူအအေး ပြောင်းလဲခြင်း၊ အာဟာရအတွက် ပြောင်းလဲခြင်း၊ သောမနဿ ဒေါမနဿအတွက် ပြောင်းလဲခြင်း၊ ဤကဲ့သို့သော ရုပ်နာမ်တို့၏ပြောင်းလဲခြင်းများကို အနိစ္စလတ်, ဒုက္ခလတ် အနတ္တလတ်ဟု ဆိုသည်၊ ထိုသို့ပြောင်းလဲခြင်းသည် ကိုယ်တွေ့ဖြစ်ကြ၍ ဝိညာဏ်နယ်ဟူ၍ ဆိုပေသည်။

သို့ရာတွင် ပကတိ မိမွေးတိုင်း ဖမွေးတိုင်း အနေအထားအားဖြင့် ရုပ်ဟူ၍ နာမ်ဟူ၍ မသိကြ၊ ရုပ်နာမ်တို့၏ အနိစ္စမှု ဒုက္ခမှု အနတ္တမှုဟူ၍ မသိကြ၊ မသိကြသော်လည်း အမှုမှာ ဝိညာဏ်သိ၏ နယ်တွင်းမှာဖြစ်၍ ရုပ်နာမ်ပေါ်အောင် ခွဲခြမ်း၍ ပြောခဲ့လျှင် ဝိညာဏ်သိနှင့် ကွဲပြားစွာ သိနိုင်ရန်ရှိပါ၏။

(“အာရမ္မဏဝိဇာနာနလက္ခဏံ ဝိညာဏံ”ဟူသော စကား၌ အာရမ္မဏပုဒ်ကို ကံပုဒ်ထားသည်မှာ အာရုံဟူ၍ သိကာမတ္တမျှ ဖြစ်၍ထားသည်မဟုတ်၊ နာမ်တရားတို့၏ သဘောသတ္တိကိုပြဆိုရာ “အာရမ္မဏ ဖုသနလက္ခဏော ဖဿော၊ အာရမ္မဏ ဝေဒယိတလက္ခဏာ ဝေဒနာ” အစရှိသဖြင့် များသောအားဖြင့် အာရုံကို ကံပုဒ် အာဓာရပုဒ် ထားမြဲဖြစ်ပေသည်။)

အာရမ္မဏသဒ္ဒါနှင့် ဆိုသည်ကို မြှော်၍ ဝိညာဏ်သည် အာရုံကို အာရုံယူ၍ သိကာမျှသာဟု မဆိုသာပေ၊ မနောဝိညာဏ်သည်မူကား သုခကို သုခဟူ၍၊ ဒုက္ခကို ဒုက္ခဟူ၍၊ ဣဋ္ဌကို ဣဋ္ဌဟူ၍ အနိဋ္ဌကို အနိဋ္ဌဟူ၍ ဖြစ်သည်ကို အဖြစ်ဟူ၍၊ ပျက်သည်ကို အပျက်ဟူ၍၊ လူကို လူဟူ၍၊ နွားကို နွားဟူ၍၊ မြေကို မြေဟူ၍၊ ရေကို ရေဟူ၍၊ မီးကို မီးဟူ၍၊ ရွှေကို ရွှေဟူ၍၊ ငွေကို ငွေဟူ၍ သိသည်သာဖြစ်သည်။

စာမျက်နှာ-170
သူတော်ကောင်းတရားကို ကြားနာရသော သူ၏ ဝိညာဏ်သည် ကုသိုလ်ကို ကုသိုလ်ဟူ၍၊ အကုသိုလ်ကို အကုသိုလ်ဟူ၍၊ လောဘကို လောဘဟူ၍၊ ဒေါသကို ဒေါသဟူ၍ သိသည်သာ ဖြစ်သည်။

လူ့လောက၌ အရပ်ဒေသအားလျော်စွာ အမျိုးအရိုးအားလျော်စွာ လုပ်ရေး ဆောင်ရေး ပြောရေး ဆိုရေး အသက်မွေးမှု အမျိုးမျိုးတို့မှစ၍ အချင်းချင်း ဒိဋ္ဌသုတတို့နှင့် ပြီးစီးကြသော အသိအလိမ္မာမျိုးသည် သညာ ဝိညာဏ်တို့၏ကိစ္စပေတည်း။

ထိုအရေးတို့၏ အတွင်းမှာမူကား အချို့အချို့သော အချက်အရာတို့၌ ဉာဏ်၏အချက်လည်း ပါ၏၊ ဉာဏ်၏အချက်မည်သည်ကား ကြံနိုင်ပေစွဟု ချီးမွမ်းရ နည်းယူ၍ နည်းခိုးရသော အရာမျိုးပေတည်း။

(ဤမျှလောက်သော စကားရပ်တို့ဖြင့် ဝိညာဏ်သည် အနိစ္စကြမ်း အနိစ္စလတ်တို့ကို ကြံနိုင်၏ဟူသော စကားရပ်တို့ကို အတည်ပြုလိုက်သည်။)

(သညာဝိညာဏ် ပညာအဆုံးအဖြတ်ပြီး၏)

သစ္စာနှင့်မိစ္ဆာ

“ပရမတ္ထသံခိပ် ဋီကာ”တွင် မှန်သော သစ္စာသညာမှာ အနိစ္စသညာ၊ ဒုက္ခသညာနှင့် အနတ္တသညာဟူ၍ သုံးပါးမျှသာရှိကြောင်းကို လည်းကောင်း၊ ချွတ်ယွင်း ဖောက်ပြန် မမှန်သောသညာများမှာ နိစ္စသညာ, သုခသညာ, အတ္တသညာ, သတ္တသညာ, ဣတ္ထိသညာ, ပုရိသသညာ စသောအားဖြင့် များပြားလှကြောင်းကို လည်းကောင်း ဖွင့်ဆိုထားသည်။

၁။ ပရမတ္ထသံခိပ်ဋီ၊ ပ၊ ၁၄၄။

စာမျက်နှာ-171

သညာနှင့်ခန္ဓဒေသနာ

မှတ်သားမှုသညာကို ဆိုခဲ့သည့်အတိုင်း အတိတ်သညာ အနာဂတ်သညာ အစရှိသည့် သညာအမျိုးမျိုးကို ဉာဏ်ဖြင့်စုစည်းတော်မူကာ မှတ်သားမှုသညာအစု (သညာက္ခန္ဓာ) အဖြစ် ခန္ဓဒေသနာ (ခန္ဓာငါးပါး)တွင် သီးခြားထည့်သွင်း ဟောတော်မူသည်။

သညာကိုသီးခြားဟောခြင်းအကြောင်း

တွေ့ထိမှုဖဿ စသည်တို့ကဲ့သို့ ပြုပြင်မှုအစုံ (သင်္ခါရက္ခန္ဓာ) တွင် ထည့်သွင်းဟောသင့်ပါလျက် မဟောဘဲ သီးခြားဟောတော်မူရခြင်းမှာ သတ္တဝါတို့အား အနှစ်သာရ ရှာမရသည့် အနတ္တသဘောကို အထည်ကိုယ်အမာခံ အနှစ်သာရအတ္တဟူ၍ ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော တရားစုတွင် မှတ်သားမှုသညာသည် အလွန်ကဲဆုံးဖြစ်၏။

မှတ်သားမှုသညာအတွက်ကြောင့် အနတ္တကိုအတ္တဟု ဖောက်ဖောက်ပြန်ပြန်ထင်မှတ်မှုများ ဖြစ်ရသည်၊ ဤ၌ ဖောက်ဖောက်ပြန်ပြန်မှားယွင်းသော တရားဆိုသည်မှာ ဝိပ္ပလ္လာသတရားတည်း။ ဖောက်ဖောက်ပြန်ပြန် မှားယွင်းခြင်းကို (ဝါ) ဟုတ်သည် မှန်သည်ကို မဟုတ်မမှန်ဟု မှားယွင်းခြင်း၊ မဟုတ်မမှန်သည်ကို ဟုတ်မှန်သည်ဟု မှားယွင်းခြင်းကို ဝိပ္ပလ္လာသသညာဟုခေါ်သည်။

ဝိပ္ပလ္လာသတရား (၃) ပါး

(၁) အမှတ်မှားမှု (သညာဝိပ္ပလ္လာသ)

(၂) အကြံအသိမှားမှု (စိတ္တဝိပ္ပလ္လာသ)

၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ဒု၊ ၃၂၅၊ ၃၂၆၊ ၃၂၇။

စာမျက်နှာ-172
(၃) အမြင်အယူမှားမှု (ဒိဋ္ဌိဝိပ္ပလ္လာသ) ဟူ၍ သုံးမျိုးရှိ၏။

ထိုသုံးမျိုးတို့တွင် သညာဝိပ္ပလ္လာသ၌-

(၁) အနိစ္စ၌ နိစ္စဟု အမှတ်မှားခြင်း၊

(၂) အသုဘ၌ သုဘဟု အမှတ်မှားခြင်း၊

(၃) ဒုက္ခ၌ သုခဟု အမှတ်မှားခြင်း၊

(၄) အနတ္တ၌ အတ္တဟု အမှတ်မှားခြင်း၊

ဟူ၍ လေးမျိုးရှိ၏။ ထို့အတူ စိတ္တဒိဋ္ဌိ ဝိပ္ပလ္လာသတို့၌လည်း လေးမျိုးစီပင် ရှိသည်။

သညာဝိပ္ပလ္လာသ၌ တောသမင်ဥပမာ

သညာ၏အမှတ်မှားပုံမှာ တခုသော တောကြီးအလယ်တွင် လယ်သမားတို့သည် စပါးခင်းများလုပ်ကိုင်ထားကြ၏၊ တောသမင်တို့သည် လယ်ရှင်ယောက်ျားမရှိခင် စပါးခင်းသို့ လာ၍ အသီးအနှံတို့ကို စားတတ်ကြသည်၊ လယ်ရှင်သည် တောသမင်တို့ကို ကြောက်လန့်စေခြင်းငှာ မြက်ခြောက်တို့ကို လူသဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၌ စိုက်ထား၏။

ထိုလူရုပ်၌ မြက်ခြောက်တို့ကို လျှော်ဖြင့် ဖွဲ့စည်း၍ ကိုယ်သဏ္ဌာန် ဦးခေါင်းသဏ္ဌာန် လက်သဏ္ဌာန်လုပ်၏၊ အိုးငယ်ကို ထုံးဖြူဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွပ်ထား၏။ အဝတ်ဟောင်း, အင်္ကျီဟောင်းတို့ကို စွတ်၍ထား၏၊ လက်တို့၌ လေးမြားတို့ကို ကိုင်စွဲ၏၊ တောသမင်တို့သည် စပါးခင်းသို့ စားသောက်ရန် ရောက်လာကြသောအခါ ထိုမြက်ခြောက်ရုပ်ကို မြင်ရလျှင် လူမဟုတ်သည်ကို လူအဟုတ်ထင်မှတ်၍ ကြောက်လန့်ပြီး ထွက်ပြေးကြလေသည်။

ဤဥပမာတွင် တောသမင်တို့၌ ပကတိလူအသွင်ကို ရှေးအခါက မှတ်ခဲ့ဖူးကြ၏၊ ထိုအမှတ်သညာအတိုင်း မြက်ရုပ်ကို လူဟူ၍ မှတ်ကြပြန်၏၊ အမှတ်မှားကြ၏၊ သညာဝိပ္ပလ္လာသသည် ဤသို့ တောသမင်ဥပမာနှင့်တူလေသည်။

စာမျက်နှာ-173

ကြောင်ကြောင်မြင်လျက်နှင့် မှားကြပုံ

တောသမင်တို့ ဤသို့ မှားကြပုံမှာ မျက်စိလယ်သောသူသည် နေထွက်နေဝင် ကြောင်ကြောင်မြင်လျက်နှင့် မှားကြခြင်းဖြစ်သည်။ ကိုယ်ခန္ဓာတွင် အသုဘသဘော၊ အနိစ္စဒုက္ခ အနတ္တသဘောတို့သည် ကိုယ်တွေ့မျက်မြင် အလွန်ထင်ရှား၏၊ ကြောင်ကြောင်မြင်မျိုးပင်ဖြစ်ပါသည်။

သညာဝိပ္ပလ္လာသသည် တောသမင်ကဲ့သို့ ကြောင်ကြောင်မြင်လျက် မှားတတ်၏၊ မှားမိပြန်လျှင်လည်း အလွန်ခိုင်မြဲတတ်ပါသည်၊ ပြောင်းလဲ၍ မရနိုင်အောင် ရှိတတ်ပါသည်၊ ထို့ကြောင့် မိစ္ဆာသညာများသည် ဘုရားအဆူဆူချွတ်သော်လည်း ကျွတ်ရန် ခဲယဉ်းလှကြောင်း မိန့်ဆိုကြသည်။ စိတ္တဝိပ္ပလ္လာသသည် မဟုတ်သည်ကို အဟုတ်ကြံ၍ လှည့်စားတတ်သောကြောင့် ဤသညာဝိပ္ပလ္လာသထက် နက်နဲ၏၊ သို့ရာတွင် အကြောင်းယုတ္တိနှင့် ဖြေဖျောက်လျှင် ပြေပျောက်နိုင်ပါသေးသည်၊ သညာဝိပ္ပလ္လာသကဲ့သို့ မခိုင်မြဲတတ်ပေ။

လွန်ကဲသောတရားများ

ပုထုဇဉ်တို့အား အထည်ကိုယ် အမာခံအနှစ်သာရမဟုတ်သော အနတ္တကို အထည်ကိုယ် အမာခံအနှစ်သာရ အတ္တဟု ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော တရားတို့တွင် သညာသည် အလွန်ကဲဆုံးဖြစ်၏၊ သညာအတွက်ကြောင့် အတ္တဝိပ္ပလ္လာသဖြစ်ရသည်။

သတ္တဝါတို့အား သုခဟူ၍ ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သောတရားတို့တွင် ဝေဒနာသည် အလွန်ကဲဆုံး ဖြစ်သည်၊ ဝေဒနာအတွက်ကြောင့် သုခဝိပ္ပလ္လာသဖြစ်ရသည်။ သတ္တဝါတို့အား နိစ္စဟူ၍ ဖောက်ဖောက်ပြန်ပြန်ထင်စေတတ်သော တရားတို့တွင် စိတ်သည် အလွန်ကဲဆုံး ဖြစ်သည်၊ စိတ်အတွက်ကြောင့် နိစ္စဝိပ္ပလ္လာသဖြစ်ရသည်။ ဤသို့အားဖြင့် သညာသည် အနတ္တကို အတ္တဟု ထင်မှတ်ရာ၌ အလွန်ကဲဆုံးဖြစ်သည်။

၁။ ဒီပနီပေါင်းချုပ်၊ ၁။ ၂။

စာမျက်နှာ-174
အလွန်ကဲဆုံးဖြစ်သောကြောင့် သတ္တဝါကို အတ္တဟုစွဲလမ်းကြရာ၌ ထားအပ်သော အားကိုးအပ်သော တရားစုတွင် သညာသည် အားအထားရဆုံး အားအကိုးရဆုံးဖြစ်၏။

မှန်၏၊ လောကသားတို့သည် မိမိတို့ သိသင့်သိထိုက်သည့်အရာ အတတ်ပညာများကို မှတ်သားခြင်းသညာဖြင့် အပြည့်အစုံတတ်မြောက်အောင် သင်ကြားမှတ်သားကြပြီး သိကြားလိမ္မာသော အတတ်ပညာရှင် အဖြစ်သို့ ရောက်သောအခါ မိမိကိုယ်ကို အထင်ကြီးလာကာ “ငါသည်လည်း အများနည်းတူ တတ်သည်ပင် အဘယ်သူက ငါ့ထက်သာလွန်တတ်ဦးမည်နည်း”ဟု ထင်မြင်ကြွားမောက် ဘဝင်မြင့်လာကြ၏။

ဤသည်မှာ သိကြားလိမ္မာမှု၊ မှတ်သားသိရှိမှုဟု ဆိုအပ်သည့်သညာကို အမွန်အမြတ်အတ္တကြီးတခု ပြုလုပ်ခြင်းပင် ဖြစ်၏၊ ထို့ကြောင့် အတ္တဟူ၍ မှတ်ထင်အားကိုးအပ်သော တရားတို့တွင် သညာသည် အထွတ်အထိပ်ဖြစ်သည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ယင်းသညာကို အသီးအခြား ထုတ်နုတ်တော်မူ၍ ခန္ဓာတခုအဖြစ် သီးခြားဟောခဲ့လေသည်။

သညာကို သီးခြားဟောရခြင်း အကြောင်းတမျိုး

သညာက ဝေဒနာအရသာပေါ်အောင် ကျေးဇူးပြုပုံ

နာမရူပပရိစ္ဆေဒကျမ်းအဆိုအရ သညာကို သီးခြားခန္ဓာတခုအဖြစ် ဟောရခြင်းမှာ သာယာတပ်မက်မှုတဏှာ၏အကြောင်းရင်းမှာ ခံစားမှုဝေဒနာဖြစ်သည်၊ ဝေဒနာက အရသာကို ခံစားသည့်အခါ မှတ်သားမှုသညာ အရေးကြီးသည်၊ သညာက အမျိုးမျိုးမှတ်လေလေ ခံစားမှုဝေဒနာမှာ အရသာရှိလေလေဖြစ်သည်။

၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ဒု၊ ၃၂၆။ ၃၂၇။

၂။ နာမရူပပရိစ္ဆေဒ။

စာမျက်နှာ-175

တီကောင်ကို ကြာဆံထင်မှတ်သည့်ဥပမာ

ရှေးအခါက ကုန်သည်တစုတို့ ညမှောင်မှောင် ထမင်းတောင်းစားကြရာ အမျှင်အမျှင်သဏ္ဌာန်ရှိသော တီကောင်ဟင်းချိုကို ကြာဆံဟင်းထင်မှတ်သဖြင့် ကြာဆံဟင်းဟူသောသညာဖြင့် မြိန်ရှက်စွာ စားသောက်ကြပြီးနောက် အရသာရှိလှသောကြောင့် ကျန်သမျှကို နံနက်စာအတွက် ချန်ထားကြ၏၊ နံနက်လင်းသောအခါ တီကောင်တွေကိုမြင်ရ၍ အော့အန်ကြသည်ဟုဆိုသည်၊ ဤ၌ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သညာက မှတ်သားတိုင်း ဝေဒနာမှာ အရသာရှိလေသည်။

မျက်မှန်စိမ်းတပ်၍ အစာကျွေးသည့်ဥပမာ

တိရစ္ဆာန်ရုံမှမြင်းကျားကို အစာကျွေးနေပုံ တမျိုးကို တွေ့ရဖူးသည်၊ ပထမ ကောက်ရိုးကျွေးသည်၊ မြင်းသည် အနည်းငယ်သာ စားသည်၊ ထိုအခါ အလုပ်သမားသည် ယင်းမြင်းကို မျက်မှန်စိမ်းတပ်ပေးပြီး ယခင်ကောက်ရိုးကိုပင် ပြန်ကျွေးရာ မြင်းသည် အားပါးတရ များစွာ စားသောက်သည်၊ ဤ၌ ပထမတကြိမ် ကောက်ရိုးကျွေးစဉ်က ခံစားမှုဝေဒနာမှာ အရသာမပေါ်ဘဲဖြစ်နေရာ မျက်မှန်စိမ်းတပ်ပေးလိုက်သောအခါ မှတ်သားမှုသညာက မျက်စိအကြည်တွင် ထင်လာသည့်အတိုင်း စိမ်းစိုသော မြက်ပင်ကလေးများဟု မှတ်သားပေးလိုက်သဖြင့် ဝေဒနာမှာ အရသာပေါ်သွားလေသည်။

ဤသို့ ခံစားမှုဝေဒနာ အရသာပေါ်အောင် မှတ်သားမှုသညာက ကျေးဇူးပြုတတ်လေသည်၊ ထို့ကြောင့် သညာကို သီးခြားထုတ်တော်မူ၍ ခန္ဓဒေသနာကို ဟောတော်မူလေသည်။

သတ္တဝါနှင့်သညာ

သတ္တဝါတို့သည် အာရုံအမျိုးမျိုးကို သညာဖြင့် အမှတ်ပြုကြ မှတ်သားကြ၏၊ ကောင်းမှုကုသိုလ်ဆိုင်ရာကိုလည်း မှတ်သား၍ မကောင်းမှုအကုသိုလ်ဆိုင်ရာကိုလည်း မှတ်သားကြ၏။

၁။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၅၈၆-၈၉။

စာမျက်နှာ-176
စင်စစ်အားဖြင့် သတ္တဝါတို့၏ ဤမှတ်သားမှုသညာသည် ရေငတ်နေကြသော သားသမင်တို့အား ရေအသွင် ထင်မှတ်အောင် ဟန်ဆောင်တတ်သည့် တံလျှပ်နှင့်တူသော သဘောတရားသာဖြစ်သည်၊ တရားသဘောအရ အမာခံအနှစ်သာရ ရှာမရဘဲ ဆိုင်ရာဝတ္ထုအာရုံတို့ ပေါင်းဆုံသောအခါ ရုတ်တရက် ဖြစ်ပေါ်၍ ကွယ်ပျောက်တတ်သော သဘောမျှသာဖြစ်သည်။

တံလျှပ်ဥပမာနှင့်သညာ

နေပူရှိန်ပြင်းထန်လှသည့် ကာလတွင် မြစ်ကမ်းပါးတလျှောက် သဲသောင်ပြင်တို့၏ ထက်ဝန်းကျင်ဝယ် ရေဟုထင်မှတ်ရသည့် တံလျှပ်ခေါ် နေရောင်လှိုင်းတွန့်များ ထနေသောအခါ အပူဒဏ်ကြောင့် ရေငတ်နေကြသည့် သားသမင်များသည် ထိုတံလျှပ်ကို ရေထင်မှတ်ပြီး တံလျှပ်ရှိရာသို့ အပြေးအလွှားသွားရောက်ကြကုန်၏။

တံလျှပ်သည် ရေမဟုတ်ဘဲ ရေအသွင် ထင်နေရသော နေရောင်လှိုင်းတွန့်များသာဖြစ်၍ အစိုင်အခဲ အနှစ်ရှိသော အရာဝတ္ထုမဟုတ်၊ သားသမင်တို့ ရေထင်မှတ်ပြီး ထိုဤ ပြေးလွှား ရှာဖွေကြသော်လည်း ရေတွေ့လိမ့်မည်မဟုတ်ဘဲ နောက်ဆုံး မောဟိုက်ပင်ပန်းပြီး သေပွဲဝင်ရသည့်အထိ ဒုက္ခရောက်ကြရလေသည်။

အလားတူပင် မှတ်သားမှု သညာအစုသည် ဆိုင်ရာဝတ္ထုအာရုံတို့ ပေါင်းဆုံကြသည့်အခါ ရုတ်တရက်ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသော သဘောသာဖြစ်သည်၊ အထည်ကိုယ် အမာခံအနှစ်သာရရှိသော တရားမဟုတ်၊ သတ္တဝါတို့အား ငါ သူတပါး ယောက်ျား မိန်းမ စသည်ဖြင့် အမျိုးမျိုးထင်မှတ်အောင် ပြုလုပ်တတ်သော သဘောတရားသာဖြစ်သည်၊ ယင်းသည် တဆင့်ထက်တဆင့် ယောက်ျား မိန်းမ စသော အမှတ်သညာကို ရင့်စေကာ သံသရာဝဋ်အတွင်းမှ မလွတ်ကင်းနိုင်အောင် နှိပ်စက်တတ်၏၊ စင်စစ်အားဖြင့် ငါ သူတပါး ယောက်ျား မိန်းမစသည်တို့မှာလည်း အမာခံအနှစ်သာရ ရှာမရသော ရုပ်, နာမ်အစုမျှသာဖြစ်သည်။

၁။ သံခိပ်၊ ဋီ၊ ဒု၊ ၃၂၉။ ၃၃ဝ။

စာမျက်နှာ-177

သညာပွေက ဒုက္ခဝေမည်

မှတ်သားမှုသညာ အမျိုးအစားများကို သညာအကြောင်း သိကောင်းစရာများ အဖြစ် ဖော်ပြခဲ့သည်။ ထိုဆိုခဲ့သည့် သညာအမျိုးအစားများ အနက် အောက်ဖော်ပြပါ သညာလေးမျိုးတို့၏ သဘောကို နောက်ဆုံးအနေဖြင့် ရှင်းလင်းလိုပါသည်၊ ယင်းလေးမျိုးမှာ-

(၁) ဤကိုယ်ကာယ ခန္ဓာကိုယ်သည် ကျင်ကြီး, ကျင်ငယ်, ချွေး တံတွေး ချေးညှော်တို့ဖြင့်လည်းကောင်း၊ ပိုးမျိုးရှစ်ဆယ်တို့ဖြင့်လည်းကောင်း အခါခပ်သိမ်း မတင့်တယ်၊ စက်ဆုပ်ဖွယ် ဖြစ်ပါလျက် တင့်တယ်လှပသည်ဟု အမှတ်မှားမှု (အသုဘေ သုဘသညာ)၊

(၂) လူ့ဘဝ, လူအသွင် လူတို့အနေအထားအားဖြင့်ဖြစ်စေ၊ နတ်ဘဝ, နတ်အသွင် နတ်တို့အနေအထားအားဖြင့်ဖြစ်စေ၊ ဗြဟ္မာဘဝ ဗြဟ္မာအသွင်, ဗြဟ္မာတို့အနေအထားအားဖြင့်ဖြစ်စေ၊ မည်သည့်ဘဝ မည်သည့်အသွင် မည်သည့်အနေအထား မည်သည့်အဆင့်အတန်းမျိုးနှင့်ဖြစ်စေကာ ရုပ်နှင့်နာမ် နှစ်တန်သော ဖြစ်ပေါ်ခြင်းမျိုးသာဖြစ်နေကြောင်း တွေ့နိုင်၏၊ ဤရုပ် ဤနာမ် ဖြစ်ပေါ်နေမှုသည် ဝဋ်ဒုက္ခအစစ်သာ ဖြစ်ပါချေသည်။ ယင်းသို့ ဖြစ်ပါလျက် တမျိုးတဖုံ နည်းမျိုးစုံအောင် ကြိုးစားပါက ချမ်းသာသုခကို ရနိုင် ခံစားနိုင်သည်ဟု အထင်မှား အမှတ်မှားနေမှု (ဒုက္ခေ သုခသညာ)၊

(၃) သုံးဆယ့်တဘုံ သင်္ခါရလောက အတွင်းဝယ် လူဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း၊ ဗြဟ္မာဟူ၍လည်းကောင်း၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍လည်းကောင်း အထည်ကိုယ် အတုံးအခဲ မြဲသော အမာခံ အနှစ်သာရ မရှိပါဘဲလျက် နည်းမျိုးစုံအောင် ကြိုးစားပါက အမှန်မြဲသောသဘော ရှိနိုင်သည်ဟု အထင်မှား အမှတ်မှားမှု (အနိစ္စေ နိစ္စသညာ)၊

စာမျက်နှာ-178
(၄) သုံးဆယ့်တစ်ဘုံ သင်္ခါရလောကအတွင်းဝယ် အရိယာအရှင်တို့ အမြင်အားဖြင့် ပြုလုပ်သူ စီမံဖန်တီးသူ၊ စံစား ခံစားသူ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး အတ္တ အနေအထားမရှိပါဘဲလျက် ရှိနိုင် တွေ့နိုင်သည်ဟု အထင်မှား အမှတ်မှားနေမှု (အနတ္တေ အတ္တသညာ) ဟူ၍ အမှတ်သညာ လေးမျိုးဖြစ်သည်။

သညာအထပ်ထပ် ရစ်ပတ်ပွေလိမ်ပုံ

ဖော်ပြပါ သညာလေးမျိုးတို့ ပုထုဇဉ်လောကတွင် ရှုပ်ပွေကြပုံကို အများနားလည်သော နည်းဖြင့် ရှင်းလင်းရသော်- လောကဤလူနယ်တွင် ရုပ်နှင့်နာမ် နှစ်ခုသာ ပေါင်းစုနေသည့် ဤကိုယ်ကာယ ခန္ဓာငါးပါးကို ပထမ “လူ” ဟု အမှတ်သညာဖြင့် မှတ်သားကြသည်၊ ထိုမှတဆင့် ယင်းလူကိုပင် “ယောက်ျား မိန်းမ” ဟု မှတ်သားကြပြန်သည်၊ ထိုမှတဆင့် ယောက်ျား မိန်းမကိုပင် “ပုသည်၊ ကွဲသည်၊ ချောသည်၊ လှသည်၊ ဝသည်၊ ဂုဏ်ရှိသည်၊ ဂုဏ်မဲ့သည်” အစရှိသည်ဖြင့် မှတ်သားကြပြန်သည်။

ဤသို့ မှတ်သားမှုသညာ ရှုပ်ကြသဖြင့် သားဒုက္ခ၊ သမီးဒုက္ခ၊ ပစ္စည်းဒုက္ခ၊ အပေါင်းအသင်းဒုက္ခအစရှိသည်ဖြင့် ဆင်းရဲဒုက္ခတွေ ရှုပ်ပွေလျက် ဝေချင်တိုင်း ဝေနေကြပါတော့သည်၊ ဤဒုက္ခ ထိုဒုက္ခတို့မှ ဆင့်ပွား၍ သံသရာလောကထဲတွင် မရပ်မနား ပြေးသွားလျက်သာ နေကြရလေသည်။

သညာကိုသိမ်းလျှင် ဒုက္ခငြိမ်းမည်ဧကန်

အမှတ်မှားမှု မှတ်သားမှု သညာများ လောကသံသရာတွင် ရှုပ်ပွေနေကြပုံကို သိမြင်လာကြသဖြင့် ခေတ်အဆက်ဆက်မှ ပညာရှင် သူတော်စင်တို့ နည်းကောင်း နည်းမှန် ရနိုင်ရန် ရှာဖွေစူးစမ်းခဲ့ကြသည်၊ သို့ရာတွင် သာသနာပ ထိုကာလများ၌ နည်းမှန် လမ်းမှန် မတွေ့နိုင်ကြဘဲ သံသရာလောကထဲဝယ် တဝဲလယ်လယ်ဖြစ်၍သာ နေခဲ့ကြရပေသည်၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာ၍ သာသနာတော်နှင့်ကြုံကြိုက်သော အခါကျမှသာ-

စာမျက်နှာ-179
(၁) တင့်တယ်၏ဟူ၍ ထင်မှတ်မှု (သုဘသညာ) ကို ပျက်ပြယ်စေနိုင်သော ကာယာနုပဿနာသတိပဋ္ဌာန် နည်းကိုလည်းကောင်း၊ (၂) ချမ်းသာသုခရှိ၏ဟု ထင်မှတ်မှု (သုခသညာ) ကို ပျက်ပြယ်စေနိုင်သော ဝေဒနာနုပဿနာ သတိပဋ္ဌာန် နည်းကိုလည်းကောင်း၊

(၃) မြဲ၏ဟု ထင်မှတ်မှု (နိစ္စသညာ) ကို ပျက်ပြယ်စေနိုင်သော စိတ္တာနုပဿနာ သတိပဋ္ဌာန်နည်းကိုလည်းကောင်း၊

(၄) ငါရှိ၏ဟု ထင်မှတ်မှု (အတ္တသညာ) ကို ပျက်ပြယ်စေနိုင်သော ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို လည်းကောင်း တွေ့လာကြရလေသည်၊ ထိုသတိပဋ္ဌာန် နည်းလေးတန်ကို သတိပဋ္ဌာန် ဝိဘင်း ပါဠိတော်တွင် မြတ်စွာဘုရား ဟောကြားတော်မူသည်။

ဤသတိပဋ္ဌာန် နည်းလေးတန်သည် လောကဝယ် လောကီသားတို့၏ အထပ်ထပ် အကြိမ်ကြိမ် ရှုပ်ထွေးပွေလိမ်နေသည့် အမှတ်သညာများကို ပယ်ဖျောက်စေနိုင်သော နည်းကောင်း နည်းမှန် ကိုယ်တွေ့ လက်တွေ့ တရားတော်ကြီး ဖြစ်သည်၊ ဤ တရားတော်ကြီးကို လေ့လာကြိုးပမ်း အားထုတ်ခြင်းအားဖြင့် ဝဋ်ဒုက္ခသံသရာမှ လွတ်မြောက်နိုင်ကြမည်မှာ မုချဧကန်ပင် ဖြစ်ပါသတည်း။

စာမျက်နှာ-180

စေတနာစေတသိက်

စေတနာ = ဆက်စပ်ဆက်သွယ်ပေးခြင်း၊ နှိုးဆော်တိုက်တွန်းခြင်း

ဆက်သွယ်ပေးပုံ (ဝါ) နှိုးဆော်ပုံ (၃) မျိုး

(က) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများကို အာရုံနှင့် ဆက်စပ်ပေးတတ်၊ ဆက်သွယ်ပေးတတ်သော သဘောသည်လည်းကောင်း၊ (ဝါ) အတူဖြစ်ဖက် ဖဿ စသောတရားတို့ကို တွေ့ထိမှုစသော မိမိတို့၏ကိစ္စကို ရွက်ဆောင်ရန် ကြောင့်ကြစိုက်တတ် နှိုးဆော်တတ်သော သဘောသည်လည်းကောင်း၊

(ခ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများ၏ မိမိတို့ကိစ္စကို ရွက်ဆောင်ကြောင်းဖြစ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများကို အာရုံနှင့် ဆက်စပ် ဆက်သွယ်ပေးကာမျှ သဘောသည်လည်းကောင်း၊ မိမိတို့၏ ကိစ္စကို ဆောင်ရွက်အောင် နှိုးဆော်တိုက်တွန်းကာမျှ သဘောသည် လည်းကောင်း စေတနာမည်၏။

(၁) စေတနာစေတသိက်၏ သဘောလက္ခဏာ

စေတနာသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် ဖဿစသော တရားတို့ကို မိမိတို့၏ အာရုံကိုတွေ့ထိမှု စသော ကိစ္စ၌ နှိုးဆော်တိုက်တွန်းမှု သဘော “စေတယိတလက္ခဏာ” ရှိသည်။

၁။ အဘိ၊ဋ္ဌ။ ၁၊ ၁၅၄။

စာမျက်နှာ-181
တနည်းအားဖြင့် ဖဿစသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို အာရုံနှင့် စေ့စပ် ဆက်သွယ်ပေးမှုသဘော “အဘိသန္ဒနလက္ခဏာ” ရှိသည်။

တနည်းအားဖြင့် ဖဿစသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ပြုပြင်စီမံမှုသဘော “အဘိသင်္ခါရဏလက္ခဏာ” ရှိသည်ဟု ကျမ်းဂန်များ၌ ဖွင့်ဆိုထားပေသည်။

စေ့ဆော်တိုက်တွန်းပုံ

ချဲ့ဦးအံ့ - စေတနာစေတသိက်သည် စိတ်ဖြစ်သည့် အခါတိုင်း စိတ်နှင့်အတူ ဖြစ်ပေါ်လာရသည့် စေတသိက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုစေတသိက်ကို စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (ဝါ) စိတ်ဖြစ်တိုင်းပါ (သဗ္ဗစိတ္တသာဓာရဏ) စေတသိက်ဟု အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကျမ်း စသည်တို့၌ ဖော်ပြထားခြင်း ဖြစ်ပါသည်။

ထိုစေတနာ စေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်တို့ကိုလည်း အာရုံနှင့် ဆက်စပ်ပေးသည်။ ထို့အတူ ဖြစ်ဖက် စိတ်စေတသိက် တရားများ ဆိုင်ရာ ကိစ္စများကို ရွက်ဆောင်အောင်လည်း တိုက်တွန်းနှိုးဆော်ပေးသည်။

ဥပမာအားဖြင့် စေတနာစေတသိက်သည် ကျောင်းတွင် ပညာသင်ကြားနေသော ခေါင်းဆောင် တပည့်ကြီးနှင့် သဘောတူပေသည်။ ခေါင်းဆောင် တပည့်ကြီးသည် ဆရာလာနေသည်ကို အဝေးမှ မြင်သည်နှင့် တပြိုင်နက် မိမိကိုယ်တိုင်လည်း စာအံစာကျက်၏၊ အခြားအတူနေ တပည့်ငယ်များကိုလည်း “ဟိုမှာ ဆရာလာနေပြီ” စသည် ပြော၍ စာအံစာကျက်ရန် တိုက်တွန်းနှိုးဆော်၏။ ထိုခေါင်းဆောင် တပည့်ကြီးနည်းတူ စေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူ ဖြစ်ဖက် စိတ်စေတသိက် တရားတို့ကို အာရုံ၌ ဆက်စပ်ပေးမှုကိုလည်းပြုသည်။

၁။ မဏိမဉ္ဇူ၊ ၁၊ ၃၁၈။

၂။ မိလိန္ဒ၊ ၆၂။

စာမျက်နှာ-182
စသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ဆိုင်ရာကိစ္စများ ရွက်ဆောင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ပေးသည်။

ဤသို့ မိမိကိစ္စ သူတပါးကိစ္စတို့ကို ပြီးစေတတ်သောကြောင့် (ဝါ) မိမိလည်း အာရုံကိုယူတတ်၊ အတူဖြစ်ဖက်တရားတို့ကိုလည်း မိမိကဲ့သို့ အာရုံကိုယူပြီး ဆိုင်ရာကိစ္စကို ဆောင်ရွက်ကြရန် နှိုးဆော်သကဲ့သို့ ဖြစ်သောကြောင့် စေတနာကို ခေါင်းဆောင် တပည့်ကြီးနှင့် တူသောတရားဟု အဋ္ဌကထာ ဋီကာများ၌ ဖွင့်ဆိုကြပေသည်။

ပြုပြင်စီမံပုံ

တနည်းအားဖြင့် စေတနာ စေတသိက်သည် အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ပြုပြင်စီမံတတ်သော သဘောရှိသည်၊ ဥပမာအားဖြင့် စေတနာ စေတသိက်သည် စစ်ဗိုလ်ချုပ်ကြီးနှင့် တူပါသည်။ စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသော စစ်ဗိုလ်ချုပ်ကြီးသည် မိမိကိုယ်တိုင်လည်း ရန်သူများကို တက်တက်ကြွကြွ မနေမနား ကြိုးစား တိုက်ခိုက်သည်၊ နောက်လိုက်ငယ်သား တပည့်စစ်သားများကိုလည်း မိမိကဲ့သို့ မနေမနား ကြိုးစား တိုက်ခိုက်ကြရန် ပြုပြင်စီမံ ကွပ်ကဲရသည်။

ထိုစစ်ဗိုလ်ချုပ်ကြီးနည်းတူ စေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည် (ဝါ) အာရုံ၌ ယှဉ်စပ်ထားသည်၊ မိမိနှင့်အတူ ဖြစ်ဖက် စိတ်စေတသိက် တရားတို့ကိုလည်း အာရုံ၌ ယှဉ်စပ်ပေးသည်၊ ထို့အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့အား ဆိုင်ရာဆိုင်ရာကိစ္စတို့ကို ရွက်ဆောင်ကြရန်လည်း စီမံပေးသည်။

ဤသို့ စီမံတတ်သောကြောင့် စေတနာစေတသိက်ကို စစ်ဗိုလ်ချုပ်ကြီးနှင့် တူသောတရားဟု ဖွင့်ဆိုကြပေသည်။

(၂) စေတနာ၏ ဆောင်ရွက်မှုကိစ္စ ရသ

မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားများ ဆိုင်ရာ ကိစ္စများကို ရွက်ဆောင်နိုင်ကြမှု၌ ကြောင့်ကြ ဗျာပါရပြုမှုဟူသော လုပ်ငန်းကိစ္စကို ဆောင်ရွက်ခြင်း သဘောရှိသည်။

၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၅။

၂။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၄။

စာမျက်နှာ-183
မှန်၏၊ စေတနာစေတသိက်သည် ထိုထိုအာရုံကိုယူရာ၌ မိမိကိုယ်တိုင် အာရုံ၌ ယှဉ်စပ်မိဖို့ရန်လည်းကောင်း၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ကိုလည်း ယှဉ်စပ်မိဖို့ရန်လည်းကောင်း လွန်စွာကြောင့်ကြ ဗျာပါရများလှ၏၊ စေတနာသည် ကောင်းမှုကုသိုလ်ကို ပြုရာ၌လည်းကောင်း၊ မကောင်းမှု အကုသိုလ်ကို ပြုရာ၌လည်းကောင်း အလွန်ကြောင့်ကြဗျာပါရ များသည်။ ထို့ကြောင့် စေတနာထက်သန်လျှင် ထက်သန်သလောက် ခန္ဓာကိုယ်တစ်ခုလုံး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိ၍ စေတနာသဘော ပေါ်လွင်ထင်ရှားသည်၊ အခြားယှဉ်ဖက်တရားများမှာ စေတနာသဘော လောက် မထင်ရှားကြချေ။

စေတနာနှင့် လယ်ပိုင်ရှင်

ဥပမာအားဖြင့် စေတနာ စေတသိက်၏ ကြောင့်ကြ ဗျာပါရများပုံသည် လယ်လုပ်သားများနှင့်အတူ ကိုယ်တိုင်ထွက်၍ လယ်ရိတ်သိမ်းသော လယ်ပိုင်ရှင်ကြီးနှင့် တူပေသည်။ လယ်ပိုင်ရှင်ကြီးတို့မည်သည် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပြီးသော လယ်ယာသီးနှံများကို ရိတ်သိမ်းရာတွင် မိမိပိုင်ပစ္စည်းများ မပျက်မစီးစေရန်၊ အလေအလွင့် နည်းပါးစေရန်၊ အချိန်မီပြီးစီးရန် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဆိုသလို လယ်လုပ်သားများထက် ပိုမို၍ ကြောင့်ကြဗျာပါရ စိုက်ရမည်မှာ ဓမ္မတာဖြစ်ပေသည်။

သို့ဖြစ်၍ လယ်ပိုင်ရှင်သည် ရှေးဦးစွာ လယ်ရိတ်သွားရန် လယ်လုပ်သားများကို ဆော်ဩ၍ ခေါ်ဝေါ်စုဆောင်းရ၏၊ ထို့နောက် မိမိနှင့် တပေါင်းတစည်းတည်း လယ်ရိတ် ဆင်းကြသည်၊ ကောက်ရိတ်သည့် အခါ၌လည်း “ယူကြပါ၊ ငင်ကြပါ၊ ရိတ်ကြပါ” ဟု အမြဲမပြတ် နှိုးဆော်ရ၏။ မည်သည့်နေရာအထိ ရိတ်ရမည်ဟုလည်း အပိုင်းအခြားကို ညွှန်ကြားရ၏။ ကောက်ရိတ်သမားတို့ ကြိုးကြိုးစားစား ရိတ်ကြရန် သူတို့အား ထမင်း ယမကာ နံ့သာ ပန်းမာလ်စသည်တို့ဖြင့် အလိုက်သိစွာ တိုက်ကျွေးပေးကမ်းရ၏၊ ရိတ်ရမည့် လမ်းကိုလည်း ညီမျှအောင် ဆောင်ရွက်ပေးရ၏။

စာမျက်နှာ-184
ထို့အတူ စေတနာ စေတသိက်သည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက်တရားကို အာရုံ၌ ယှဉ်စပ်မိရန် လွန်စွာ ကြောင့်ကြဗျာပါရများလှ၏။

ဤဥပမာ၌ လယ်ပိုင်ရှင်ကြီးသည် စေတနာ စေတသိက်နှင့်တူ၍ ကောက်ရိတ်သမား လယ်လုပ်သားများသည် စေတနာနှင့်အတူ ဖြစ်ကြသည့် တရားများနှင့် တူသည်။ လယ်လုပ်သားများ ကြိုးကြိုးစားစား ကောက်ရိတ်အောင် လယ်ပိုင်ရှင်ကြီး၏ ကြောင့်ကြဗျာပါရ များခြင်းသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ အာရုံ၌ ယှဉ်စပ်မိရန် စေတနာ၏ ကြောင့်ကြဗျာပါရများပုံတို့ တူကြပါသည်။

(၃) စေတနာ စေတသိက်၏ ပစ္စုပဋ္ဌာန်

စေတနာစေတသိက်သည် ပြုပြင်စီမံတတ်သောတရားဟု လေ့လာရှုမှတ်သူတို့၏ ဉာဏ်၌ ရှေးရှုထင်လာသော အခြင်းအရာရှိ၏။

ချဲ့ဦးအံ့ - ပစ္စုပဋ္ဌာန်ဆိုသည်မှာ ရှေးတွင် ဖော်ပြခဲ့သည့်အတိုင်း ပရမတ်သဘောတရားတစ်ခု၏ သဘောကို ဉာဏ်ဖြင့် သက်ဝင် နက်နက်နဲနဲ ဆင်ခြင်ရှုမှတ်ဖန် များသည့်အခါ လေ့လာရှုမှတ်သူတို့၏ ဉာဏ်တွင် ထိုပရမတ် သဘောတရား၏ သဘောလက္ခဏာဖြစ်စေ၊ ဆောင်ရွက်သည့်ကိစ္စ ဖြစ်စေ၊ အကျိုးဖြစ်စေ၊ အကြောင်းဖြစ်စေ ထင်မြင်လာခြင်းမျိုးဖြစ်သည်။ ယင်းသို့ ထင်မြင်လာခြင်းကို ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ဟု ခေါ်သည်။

ဤစေတနာ စေတသိက်၌ “ပြုပြင်စီမံတတ်သောတရား” ဆိုသည့် ပစ္စုပဋ္ဌာန်မှာလည်း ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်မျိုးဖြစ်၍ စေတနာ စေတသိက်၏ လက္ခဏာပိုင်းတွင် ပြခဲ့သော လက္ခဏာသုံးမျိုးအနက် တစ်မျိုးထင်လာခြင်းဖြစ်သည်။

စေတနာနှင့် လက်သမားဆရာကြီး

ထို့ကြောင့် လက္ခဏာပိုင်းတွင် တင်ပြခဲ့သည့် စစ်ဗိုလ်ချုပ်ကြီး ဥပမာအတိုင်း စေတနာစေတသိက်၏ ပြုပြင်စီမံပုံကို မှတ်သားသင့်ပေသည်။

၁။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၄၊ ၁၅၅။

၂။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ၁၅၅။

စာမျက်နှာ-185
ဤနေရာတွင် စေတနာစေတသိက် စီမံပုံသဘောကို ခေါင်းဆောင် လက်သမားကြီးနှင့် ပမာဆောင်၍ ရှင်းပြပါမည်။ ခေါင်းဆောင် လက်သမားကြီးသည် ခေါင်းဆောင်ဖြစ်သည့်အတိုင်း ထကြွနိုးကြား၊ ကြောင့်ကြဗျာပါရများလှ၏၊ မိမိကိုယ်တိုင် သစ်များကို ရွေဘော်ထိုးခြင်း စသည်ကိုပြုသည့်ပြင် လက်အောက်ငယ်သားများကိုလည်း မိမိကဲ့သို့ သစ်များကို ရွေဘော်ထိုးခြင်းစသည့် ကိစ္စများ ရွက်ဆောင်ရန် စီမံ၏။

ထို့အတူ စေတနာစေတသိက်သည်လည်း မိမိကိုယ်တိုင်လည်း အာရုံကိုယူ၏၊ အတူဖြစ်ဖော်ဖြစ်ဖက် တရားများကိုလည်း အာရုံ၌ ယှဉ်စပ်၍ ဆိုင်ရာကိစ္စတို့ကို ရွက်ဆောင်ရန် ကြောင့်ကြစိုက်ကာ စီမံ၏။ ဤသို့ စေတနာစေတသိက်၏ သဘောလက္ခဏာများကို အဖန်ဖန်အထပ်ထပ် ရှုမှတ်လေ့လာ ပွားများသူတို့၏ ဉာဏ်၌ စေတနာစေတသိက်သည် ခေါင်းဆောင် လက်သမားကြီးပမာ ပြုပြင်စီမံတတ်သော သဘောတရားပင်တည်းဟု ထင်မြင်လာတတ်သော သဘောရှိပေသည်။

(၄) စေတနာစေတသိက်၏ ပဒဋ္ဌာန်

ပဒဋ္ဌာန်ဆိုသည်မှာ တရားတစ်ခု ဖြစ်ပေါ်လာဖို့ရာ အနီးကပ်ဆုံး အကြောင်းတရားပင်ဖြစ်သည်။ ဤ၌ စေတနာစေတသိက်၏ အနီးကပ်ဆုံး အကြောင်းတရားဟူသော ပဒဋ္ဌာန်ကား ဝိညာဏ်ခေါ်သော စိတ် ၈၉-ပါး ဖြစ်သည်။

မှန်၏။ စေတနာကား စေတသိက်တရား ဖြစ်သည်၊ စေတသိက် ဆိုသည်မှာ စိတ်နှင့်ကင်း၍ အာရုံကိုမယူနိုင်ချေ။ စိတ်ဖြစ်ပေါ်လာမှ စိတ်ကို အမှီပြု၍ အာရုံကိုယူနိုင်ကြသည်။ စိတ်သည်သာ အချို့သော စေတသိက်များနှင့် ကင်း၍ အာရုံကိုယူနိုင်သည်၊ ထိုစေတနာစေတသိက်သည်လည်း ဝိညာဉ်ခေါ်သော စိတ်ဖြစ်ပေါ်လာမှသာ ဝိညာဉ်ကိုမှီ၍ ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် စေတနာစေတသိက် ဖြစ်ပေါ်လာရာ၌ ဝိညာဉ်သည် အနီးကပ်ဆုံးသော အကြောင်း (ပဒဋ္ဌာန်) ဖြစ်ပေသည်။

၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၅၅။

စာမျက်နှာ-186

(၅) စေတနာစေတသိက်၏ နာမည်ထူးများ

စေတနာစေတသိက်သည် ကောင်းမှုကုသိုလ်ကို ပြုလုပ်ရာ၌လည်းကောင်း၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရာ၌လည်းကောင်း ရှေ့တန်းက ပါဝင်ရသော စေတသိက်ဖြစ်သည်။ ထို့ကြောင့် ကောင်းမှု မကောင်းမှု ပြုရာတို့၌ မိမိဆောင်ရွက်ရသည့် သဘောသတ္တိအလိုက် စေတနာဟူသော နာမည်မှတပါး အခြားနာမည်ထူးများကိုလည်း ရရှိသေးသည်။ ထိုနာမည်ထူးများမှာ “ကမ္မ၊ ပစ္စယ၊ အာဟာရ၊ သင်္ခါရ၊ ဘဝ၊ ဌာန” ဟူသော နာမည်များဖြစ်သည်။ စေတနာစေတသိက်၏ ထိုနာမည်ထူးများရပုံကို အနည်းငယ်စီ ရှင်းပြပါမည်။

ကမ္မ

ကမ္မဟူသောပါဠိကို မြန်မာလို “ကံ” ဟု ခေါ်ကြသည်။ အမှုအလုပ်ဟု အဓိပ္ပာယ်ရ၏။ ထိုအလုပ်သည် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ဟူ၍ သုံးမျိုးရှိသည်၊ ကိုယ်အလုပ်ဆိုသည်မှာ လက်ခြေစသော ကိုယ်အင်္ဂါတို့ဖြင့် ပြုလုပ်ရသော အမှုကိစ္စများ ဖြစ်သည်။ ဥပမာ - သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ ကိုယ်တိုင်လှူဒါန်းပေးကမ်းခြင်း စသည်တို့ ဖြစ်သည်။

နှုတ်အလုပ်ဆိုသည်မှာ နှုတ်ဖြင့် ပြောဆိုပြုလုပ်ရသော အမှုကိစ္စမျိုး ဖြစ်သည်။ ဥပမာ - သူ့ကိုကြိုးပေးသတ်လိုက်ပါ၊ ဘုရားရှိခိုးပါ စသည်ဖြင့် စေခိုင်းတိုက်တွန်းမှု၊ လိမ်လည်ပြောဆိုမှု၊ စာပေသင်ကြားပို့ချမှု၊ တရားဟောပြောမှု စသည်တို့ဖြစ်သည်။

စိတ်အလုပ်ဆိုသည်မှာ ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်ထဲ၌သာ တွေးတောကြံစည် စိတ်ကူးမှုများဖြစ်သည်။ ဥပမာ - “ဒီလူသေသွားယင် ကောင်းမှာပဲ” စသည်ဖြင့် မကောင်းကြံခြင်း၊ ပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်တို့ကို ပြန်လည်စဉ်းစားအောက်မေ့ခြင်း၊ ဘုရားဂုဏ်ကို စိတ်ဖြင့် အာရုံပြု ပွားများခြင်း စသည်တို့ ဖြစ်ပါသည်။

အချုပ်ဆိုရသော် ကံဆိုသည်မှာ ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်တို့ပင် ဖြစ်ပါသည်။ (ကမ္မ = ကံ = အလုပ်)

စာမျက်နှာ-187
ထိုကိုယ်အလုပ် နှုတ်အလုပ် စိတ်အလုပ်ဆိုသည့် ကံတရားများသည် လှုံ့ဆော်သည့် အကြောင်းတရားမရှိဘဲ ဘာသိဘာသာအလိုလို ဖြစ်ပေါ်လာကြသည်မဟုတ်၊ စိတ်နှင့်အတူ အမြဲယှဉ်တွဲ ဖြစ်ပေါ်နေသည့် စေတနာ စေတသိက်တရား၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို ပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရားဖြစ်သည်။ မည်သည့် လုပ်ကိစ္စမဆို စေတနာမပါလျှင် မထမြောက် မအောင်မြင်နိုင်။ စေတနာပါရှိမှသာ ထမြောက်အောင်မြင်နိုင်သည်။ ထိုကိုယ်မှု နှုတ်မှု စိတ်မှုစသော ကံတရားမှန်သမျှ စေတနာရှိမှ ဖြစ်ပေါ်လာကြရသောကြောင့် -

“ချစ်သားရဟန်းတို့ - စေတနာကို ကံဟူ၍ ငါဘုရားဟောတော်မူ၏၊ စေတနာက စေ့ဆော်တိုက်တွန်းသောကြောင့် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို ပြုကြ၏” ဟု ဘုရားရှင် ဟောတော်မူခြင်းဖြစ်သည်။

အမှန်အားဖြင့် ကံဆိုသည်မှာ ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကိုပင် ခေါ်ပါသည်။ သို့သော် ထိုကိုယ်မှု နှုတ်မှု စိတ်မှုများသည် စေတနာကြောင့်သာ ထမြောက်အောင်မြင်ကြရသောကြောင့် အကျိုးတရားများဖြစ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့၏ “ကံ” ဟူသော နာမည်ကို အကြောင်းရင်း စေတနာပေါ် တင်စား၍ ဖလူပစာရနည်းအားဖြင့် အကြောင်းရင်း စေတနာကိုပင် ကံတရားဟု ခေါ်ရသည်။ ထို့ကြောင့် စေတနာထက်လျှင် ကံထက်၏၊ စေတနာညံ့လျှင် ကံညံ့ရလေသည်။

ပစ္စယ

ကံအမည်ရသော စေတနာသည် အကျိုးတရားတို့ကို ဖြစ်ပေါ်ရန် (ဝါ) အတူဖြစ်ဖော် ဖြစ်ဖက်တရားကို တည်တံ့နိုင်ရန် ကျေးဇူးပြုနိုင်သောကြောင့် အကြောင်းတရားဟူသော အဓိပ္ပာယ်ဖြင့် ထိုစေတနာကို “ပစ္စယ” ဟု ခေါ်ဝေါ်ရသည်။

၁။ အံ၊ ၂။ ၃၆၃။

၂။ မ၊ ဋ္ဌ၊ ၃၊ ၃၇။ မူလဋီကာ ၁၊ ၇၇။

စာမျက်နှာ-188
ထိုပစ္စယသည် နာနာက္ခဏိက ကမ္မပစ္စယ၊ သဟဇာတကမ္မပစ္စယဟု ၂-မျိုးရှိသည်။ အကျိုး (ပစ္စယုပ္ပန်) တရားမဖြစ်ပေါ်မီ ကြိုတင်ဖြစ်ပေါ်၍၊ အကျိုး (ပစ္စယုပ္ပန်) တရားနှင့် ဖြစ်ရာကာလ ကွဲပြားသော အတိတ်ကုသိုလ် အကုသိုလ်စေတနာ ၃၃-ခုကို နာနာက္ခဏိက ကမ္မပစ္စည်းဟု ခေါ်သည်။ အကျိုး (ပစ္စယုပ္ပန်) တရားနှင့် ပြိုင်တူဖြစ်ပေါ်လာသော ကုသိုလ်အကုသိုလ် ဝိပါက် ကြိယာ စေတနာအားလုံးကို သဟဇာတကမ္မ ပစ္စယ ဟု ခေါ်သည်။

နာနာက္ခဏိက ကမ္မပစ္စည်းသည် မိမိဖြစ်ပေါ် ချုပ်ပျောက်ပြီးနောက် ဝိပါက်စိတ်စေတသိက် နာမ်တရားနှင့် ပဝတ္တိ ပဋိသန္ဓေကမ္မဇရုပ် တရားတို့အား ဖြစ်ပေါ်တည်တံ့စေသောအားဖြင့် ကျေးဇူးပြုသည်၊ သဟဇာတကမ္မပစ္စည်းသည် ပြိုင်တူဖြစ်ဖက် စိတ်စေတသိက်နာမ်တရားနှင့် စိတ္တဇပဋိသန္ဓေကမ္မဇရုပ်တို့အား ဖြစ်ပေါ်တည်တံ့ စေသောအားဖြင့် ကျေးဇူးပြုသည်။ ကုသိုလ် အကုသိုလ် စေတနာ ၃၃-ခုသည် သဟဇာတကမ္မသတ္တိဖြင့်လည်းကောင်း၊ နာနာက္ခဏိကကမ္မသတ္တိဖြင့် လည်းကောင်း ကျေးဇူးပြုသည်၊ ဝိပါက်ကြိယာ စေတနာသည်ကား သဟဇာတကမ္မသတ္တိဖြင့်သာ ကျေးဇူးပြုသည်။

နာနာက္ခဏိကကမ္မစေတနာသည် မိမိဖြစ်ပေါ် ချုပ်ပျောက်သွားပြီးဖြစ်သော်လည်း ဂတိ ဥပဓိ ကာလ ပယောဂ စသောအခြားအကြောင်းများနှင့် ပေါင်းဆုံညီညွတ်လျှင် ဝိပါက်စိတ် စေတသိက်နာမ်တရားနှင့် ပဝတ္တိပဋိသန္ဓေကမ္မဇရုပ် အကျိုးတရားတို့ ဖြစ်ပေါ်လာစေရန် မိမိဖြစ်ပေါ်ရာ ပုဂ္ဂိုလ်၏ခန္ဓာအစဉ်၌ သတ္တိထူးကို မြှုပ်နှံထားသကဲ့သို့သော သတ္တိထူးမျိုးရှိ၏။

၁။ အဘိ၊ ဋ္ဌ၊ ၃။ ၃၄၉။

၂။ အဘိ၊ ဋ္ဌ၊ ၃။ ၃၇၅။ မူလဋီ၊ ၃-၁၇၂။ အနုဋီ၊ ၃။ ၂၃၂။ ပရမတ္ထဒီပနီ၊ ၃၉၁။

၃။ မူလဋီ၊ ၃။ ၁၇၂။ အနုဋီ၊ ၃။ ၂၃၂။ ပရမတ္ထဒီပနီ၊ ၃၉၁။

စာမျက်နှာ-189
ထိုကြောင့် နာနာက္ခဏိက ကမ္မစေတနာသည် ဖြစ်ပေါ်ချုပ်ပျောက် ပြီး၍ ထင်ရှားမရှိတော့သော်လည်း နောင်အခါဝယ် ကမ္ဘာပေါင်းကုဋေများစွာ ကွာခြားစေကာမူ အကျိုးတရားများ ဖြစ်ပေါ်လာစေရန် စွမ်းဆောင်နိုင်ပေသည်။ ဥပမာ ရှေးရှေး သင်ယူထားသော အတတ်ပညာသည် ဖြစ်ပေါ် ချုပ်ပျောက်ပြီး၍ ထင်ရှားမရှိသော်လည်း နောက်နောက် သင်ယူသော အတတ်ပညာများ တိုးတက်ဖြစ်ပွားစေရန် စွမ်းဆောင်နိုင်သကဲ့သို့ ဖြစ်ပေသည်။

အာဟာရ

မိမိနှင့် စပ်ဆိုင်သော အကျိုးတရားတို့ကို လွန်စွာဆောင်တတ်၊ လွန်စွာအားထုတ်ပေးတတ်၊ လွန်စွာကျေးဇူးပြုတတ်သော အကြောင်းတရားကို ပါဠိလို “အာဟာရ” ဟု ခေါ်၏။ အာဟာရအမည်ရသော တရားကား ကဗဠီကာရာဟာရ စသောအားဖြင့် လေးပါးရှိပေသည်။ ထိုလေးပါးတွင် စေတနာသည်လည်း “မနောသန္စေတနာဟာရ” ဟူသော နာမည်ဖြင့် ပါဝင်၏။

စေတနာသည် ငှက်စသော သတ္တဝါတို့၏ အတောင်နှင့် တူပေသည်။ ငှက်စသော သတ္တဝါတို့သည် အတောင်ရှိ၍သာ သစ်ပင်တပင်မှ တပင်သို့၊ တောတခုမှ တခုသို့ လှည့်လည်ပြီး မိမိတို့ခန္ဓာကိုယ်ကို ထိန်းကျောင်း မွေးမြူနိုင်ကြ၏။ အကယ်၍ ထိုသတ္တဝါများ၌ အတောင်မရှိခဲ့ပါလျှင် မပျံသန်းနိုင်ကြပဲ သေကြဖို့သာ ရှိပေသည်။

ထိုအတူ သတ္တဝါအပေါင်းတို့၌လည်း အတောင်နှင့်တူသော စေတနာရှိ၍သာ စေတနာ၏ လှုံ့ဆော်တိုက်တွန်းမှုကြောင့် ကံကြီး ကံငယ်အသွယ်သွယ်တို့ ဖြစ်ပေါ်လာကြပြီးလျှင် ဘဝတခုမှ ဘဝတခုသို့၊ ဘုံတခုမှ တခုသို့ လှည့်လည်နိုင်ကြပေသည်။ အကယ်၍ စေတနာမရှိပါက ကံတရားလည်း မပေါ်လာနိုင်၊ ကံတရားမပေါ်ပါက အကျိုးဝိပါကဝဋ်လည်း မဖြစ်လာနိုင်၊ အကျိုးဝိပါကဝဋ် မဖြစ်လာကလည်း ထိုဝိပါကဝဋ်အတွင်း၌—

၁။ အဘိ၊ဋ္ဌ၊၃၊၃၇။

၂။ မ၊ဋ္ဌ၊၁၊၂၁၀-၂၁၄။

စာမျက်နှာ-190
ထောက်တည် ကိန်းအောင်းနေကြသည့် ကိလေသာဝဋ်တို့လည်း မရှိနိုင်၊ ထိုအခါ ဝဋ်သုံးပါး ပြတ်သွားဖို့ရာပင် ဖြစ်သည်။ ထို့ကြောင့် ဝဋ်သုံးပါး၌ ကျင်လည်နေရမှုသည် စေတနာ၏ အစွမ်းသတ္တိဖြစ်ကြောင်း သိသာထင်ရှားပေသည်၊ ထိုကြောင့် စေတနာသည် အာဟာရဆိုသည့် နာမည်ထူးတမျိုးကို ရရှိခြင်း ဖြစ်သည်။

မနောသန္စေတနာဟာရ အမည်ရသော စေတနာသည် ကာမပဋိသန္ဓေဝိညာဉ်ဟူသော ကာမဘဝ၊ ရူပပဋိသန္ဓေဝိညာဉ်ဟူသော ရူပဘဝ၊ အရူပပဋိသန္ဓေဝိညာဉ်ဟူသော အရူပဘဝအားဖြင့် ဘဝသုံးပါးကို ဖြစ်စေသည်။ ထိုမနောသန္စေတနာဟာရ၌ ကြောက်မက်ဖွယ်ရာ ဘေးကြီးတခုရှိသည်၊ ထိုဘေးကြီးကား သံသရာဝဋ်ဒုက္ခများပြည့်နှက်လျက်ရှိသော ဘဝသုံးပါးကို ဖြစ်စေနိုင်သည့် ကုသိုလ်၊ အကုသိုလ်ကံတို့ကို ပြုလုပ်အားထုတ်မိခြင်းပင် ဖြစ်သည်။ ထိုပြုလုပ် အားထုတ်မိခြင်းကြောင့် ဘဝ ၃-ပါးကို ရရှိကာ အမျိုးမျိုးသော သံသရာဝဋ်ဒုက္ခကို ရရှိခံစားကြရပေသည်။

မနောသန္စေတနာဟာရကို မီးကျီးတွင်း ဥပမာဖြင့် နှိုင်းယှဉ် မှတ်သားသင့်၏။ အခိုးအလျှံမရှိ ရဲရဲညီးသော မီးကျီးခဲတို့ဖြင့် ပြည့်နေသော မီးကျီးတွင်းသို့ အသက်ရှည်ကြာ အနာမဲ့လျက် ချမ်းချမ်းသာသာ နေလိုသော ယောက်ျားတယောက်ကို ခွန်အားကြီးသည့် ယောက်ျားနှစ်ယောက်တို့က ဆွဲငင်တွန်းချသကဲ့သို့ မနောသန္စေတနာဟာရခေါ် ကုသိုလ် အကုသိုလ်စေတနာသည် ပြုလုပ်အားထုတ်သူ ဗာလပုထုဇဉ်တို့ကို ဘဝ (၃) ပါးသို့သာ ဆွဲငင်တွန်းချပေးသည်။ ဤဥပမာ၌ မီးကျီးတွင်းနှင့် ဘဝ ၃-ပါး၊ ချမ်းသာစွာ နေလိုသော ယောက်ျားနှင့် ဝဋ်တရားကို လိုလား တောင့်တသူ ဗာလပုထုဇဉ်၊ ဆွဲငင်တွန်းချသူ ယောက်ျား ၂-ယောက်နှင့် ကုသိုလ်အကုသိုလ် စေတနာ၊ ဆွဲငင်ရာအခါနှင့် ကုသိုလ် အကုသိုလ် စေတနာကို ပြုလုပ်အားထုတ်ရာအခါတို့ တူကြသည်။

၁။ ပရမတ္ထသံခိပ်ဋီကာ၊ဒု၊၃၀၅-၆။

၂။ သံ၊ဋ္ဌ၊၂၊၂၄-၂၆။

၃။ မ၊ဋ္ဌ၊၁၊၂၁၇၊ သံ၊ဋ္ဌ၊၂၊၁၀၄။

စာမျက်နှာ-191
ဤ၌ ထူးခြားသော အကြောင်းတရားဖြစ်သည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ခုကိုသာ မနောသန္စေတနာဟာရဟု ဆိုရသော်လည်း သာမညအားဖြင့် ယှဉ်ဘက်စိတ် စေတသိက်နာမ်တရားနှင့် စိတ္တဇရုပ် ပဋိသန္ဓေကမ္မရုပ်တို့ကို ဖြစ်စေနိုင်သော ကုသိုလ် အကုသိုလ် ဝိပါက်ကိရိယာ စေတနာအားလုံးကိုလည်း မနောသန္စေတနာဟာရဟုပင် ခေါ်ဆိုထိုက်ပေသည်။

မနောသန္စေတနာဟာရသည် ဘဝ ၃-ပါးကို ဖြစ်စေ၏ဟု ဆိုရာ၌ သုတ္တန်နည်းအားဖြင့်သာ ဆိုခြင်းဖြစ်သည်။ အဘိဓမ္မာပဋ္ဌာန်း ပါဠိတော်၌ကား တပြိုင်နက် အတူတကွ ဖြစ်ကြသည့် စိတ် စေတသိက်နာမ်တရားနှင့် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သည့် သဟဇာတ စေတနာသည်သာ “အာဟာရပစ္စည်း” အဖြစ်ဖြင့် လာရှိ၍ အတူတကွ မဖြစ်ပဲ နောက်မှ ဖြစ်ပေါ်လာမည့် အကျိုးတရားတို့ကို ဖြစ်စေနိုင်သော နာနာက္ခဏိကစေတနာသည် “အာဟာရပစ္စည်း” အဖြစ်ဖြင့် မလာရှိပေ။ ဤသို့အားဖြင့် စေတနာသည် မနောသန္စေတနာဟာရဟူသော နာမည်ဖြင့် “အာဟာရ” ဟူသော နာမည်ထူးကို ရရှိပေသည်။

သင်္ခါရ

စေတနာ စေတသိက်သည် ကမ္မပစ္စယ အာဟာရဟူသော နာမည်ထူးများအပြင် “သင်္ခါရ” ဟူသော နာမည်ထူးကိုလည်း ရရှိသေးသည်။ အကျိုးဖြစ်သော ရုပ်နာမ် သင်္ခတတရားစုကို ပြုပြင် စီမံတတ်သည့် အကြောင်းတရားကို ပါဠိလို “သင်္ခါရ” ဟု ခေါ်သည်။ ထိုသင်္ခါရမည်သော တရားသည် တရားကိုယ်အားဖြင့် လောကီကုသိုလ် စေတနာ ၁၇-ခု၊ အကုသိုလ်စေတနာ ၁၂-ခု၊ ပေါင်း ၂၉-ခုဖြစ်သည်။ ထိုစေတနာ၏ လှုံ့ဆော်စီမံမှုကြောင့် မကောင်းသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည်လည်းကောင်း၊ ကောင်းသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် လည်းကောင်း ဖြစ်ပေါ်လာကြရသည်။

၁။ အဘိ၊ဋ္ဌ၊၁၊၁၉၇။ မ၊ဋ္ဌ၊၁၊၂၁၃။

၂။ ပရမတ္ထဒီပနိ၊၃၅၀။

စာမျက်နှာ-192
ထိုကောင်းမကောင်းသော ကုသိုလ်ကံ အကုသိုလ်ကံ များကြောင့် ဒုဂ္ဂတိဘုံ သုဂတိဘုံများ၌ ငရဲသား တိရစ္ဆာန် ပြိတ္တာ အသူရကာယ် လူ နတ် စသည်တို့ ဖြစ်လာရခြင်းဆိုသည့် အကျိုးတရားများ ဖြစ်ပေါ်လာရသည်။ ထိုသို့ အကျိုးဖြစ်သော ရုပ်နာမ်တရားစုများ ဖြစ်ပေါ်လာအောင် စီမံဖန်တီးပေးလိုက်သည့် တရားကား “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ စေတနာဟူသော အရင်းခံမူလတရားပင် ဖြစ်ပါသည်။ ထို့ကြောင့် စေတနာစေတသိက်ကို “သင်္ခါရ” ဟူသော နာမည်ထူးတမျိုးဖြင့် ဟောတော်မူထားခြင်းဖြစ်ပါသည်။

ဘဝ (ကမ္မဘဝ)

ရှင်တော်ဗုဒ္ဓသည် ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် စသည်၌ စေတနာ စေတသိက်ကို “ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ” ဟူ၍ ဘဝဟူသော နာမည်အမျိုးမျိုးဖြင့် ဟောတော်မူထားပေသည်၊ အဓိပ္ပါယ်မှာ ဆိုခဲ့ပြီးသော လောကီကုသိုလ် ၁၇-ပါး၊ အကုသိုလ်စိတ် ၁၂-ပါး၊ ပေါင်း ၂၉-ပါး၌ ရှိသော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးသည် ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်ဟူသော အကျိုးတရားတို့ ဖြစ်ပေါ်ကြောင်း ဖြစ်သောကြောင့် ဘဝဟူသော နာမည်ကိုရသည်။ အားကြီးသော တဏှာခေါ်သည့် ဥပါဒါန်ကြောင့် ထိုဘဝဖြစ်လာရသည်။ ထိုဘဝဟူသော အကြောင်းကြောင့် ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်ဟူသော ဇာတိဖြစ်လာရသည်ဟု ဆိုလိုပေသည်။

တနည်းအားဖြင့် ဘဝဆိုသည်မှာ ကံကြောင့်ဖြစ်ပေါ်လာသည့် အကျိုးရုပ် နာမ်တရားတို့၏ အမည်ဖြစ်သည်။ သို့သော် အကျိုးရုပ်နာမ်တရားတို့၏ ဘဝဟူသော နာမည်ကို အကြောင်းစေတနာကံ၌ တင်စား၍ ဖလူပစာရနည်းအားဖြင့် အကြောင်းကံကို ဘဝဟု ခေါ်ပေသည်။

၁။ ဝိဘာဝိနီဋီကာ၊၂၃၆။

၂။ အဘိ၊ဋ္ဌ၊၂၊၁၇၄။

စာမျက်နှာ-193

ဧကဂ္ဂတာ စေတသိက်

၄။ ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်း (ပဒဋ္ဌာန်)

အာရုံတခု၌ တည်တံ့မှု

ဧကဂ္ဂတာသည် တခုသော အာရုံလျှင် နီးစွာသော အကြောင်းရှိသည် (ဧကောသမ္ဗဏပဒဋ္ဌာန်)။

အနီးကပ်ဆုံး အကြောင်းဖြစ်ပုံ

ဧကဂ္ဂတာသည် စိတ်၏ တခုသော အာရုံရှိခြင်းပင်ဖြစ်ရာ တခုသော အာရုံသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ ယင်းတခုသော အာရုံကြောင့် ဧကဂ္ဂတာဖြစ်လာရသည်။ စိတ်က အာရုံအများသို့ ပျံ့လွှင့်ပြေးသွားနေလျှင် ဧကဂ္ဂတာ မဖြစ်နိုင်။ မှန်ပေသည်၊ ပုထုဇဉ်တို့စိတ်သည် “ပုထုဇ္ဇနော ဥမ္မတ္တကော” ဟု ဆိုသည့်အတိုင်း အာရုံတခု၌ မတည်၊ ထိုထိုဤဤ အလီလီသော အာရုံများသို့ ပြေးသွား၍ နေတတ်ပေသည်။

“စိတ်သွားတိုင်းကိုယ်မပါ” ဟု ပြောဆိုခြင်းမှာ စိတ်သည် အာရုံတခု၌ တည်တံ့မှုမရှိပဲ အာရုံအများသို့ ပြေးသွားပျံ့လွင့်တတ်ပုံကို ပေါ်လွင်စေသည့် အချက်တရပ်ဖြစ်သည်။ ထို့ပြင် “အလုပ်ခွင်တွင် စိတ်ဝင်စားမှုမရှိ” ဟု ပြောဆိုခြင်းများသည်လည်း စိတ်သည် အာရုံတခု၌ တည်တံ့မှုမရှိ၊ အာရုံအများသို့ ပြေးသွားကြောင်း ထင်ရှားစေသည့် သာဓကများပင်ဖြစ်သည်။

ဤကဲ့သို့ စိတ်က အာရုံအမျိုးမျိုးသို့ ပျံ့လွှင့်ပြေးသွားနေလျှင် ဧကဂ္ဂတာ မဖြစ်နိုင်၊ စိတ်က အာရုံတခု၌ တည်တံ့နေပါမှ ဧကဂ္ဂတာဖြစ်လာနိုင်သည်။ ထို့ကြောင့် တခုသောအာရုံသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ သင့်သောအားဖြင့် နှလုံးသွင်းမှု (ယောနိသောမနသိကာရ)၊ မသင့်သောအားဖြင့် နှလုံးသွင်းမှု (အယောနိသောမနသိကာရ) စသောအကြောင်းများမှာ ဧကဂ္ဂတာ၏ ဝေးသော အကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် ဧကဂ္ဂတာကို တခုသောအာရုံလျှင် နီးစွာသော အကြောင်းရှိသည်ဟု ဖွင့်ဆိုကြသည်။

သုခပဒဋ္ဌာန်

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် များသောအားဖြင့် သုခလျှင် နီးစွာသော အကြောင်းရှိသည်။

၁။ အဘိ၊ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-194

သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဖြစ်ပုံ

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူ၍ ဈာန်အင်္ဂါငါးပါးရှိ၏။ ယင်းငါးပါးအနက် ဧကဂ္ဂတာ၏ အနီးကပ်ဆုံး ပဒဋ္ဌာန်မှာ သုခဖြစ်ကြောင်း ထင်ရှားလှသည်။ မှန်၏၊ ဆိုခဲ့သည့် ဈာန်အင်္ဂါငါးပါးတို့သည် မိမိတို့ကိစ္စကို အသီးသီး ဆောင်ရွက်လျက်ရှိကြသည်။ ထိုသို့ ဆောင်ရွက်ကြရာ၌ ဝိတက်က ယှဉ်ဖက်သမ္ပယုတ်တရားစုကို အာရုံတခုသို့ ရောက်နေအောင် မနေမနား တင်ပေးပါမှ ဝိစာရက အာရုံကို ထပ်တလဲလဲ စွဲမြဲစွာ သုံးသပ်ခြင်းသဘောကို ဆောင်ရွက်နိုင်ပေသည်။

ဝိစာရက အာရုံကို ထပ်တလဲလဲ သုံးသပ်ပေးပါမှ ပီတိက အာရုံကို နှစ်သက်ခြင်းသဘောကို ဆောင်ရွက်နိုင်ပါမည်။ ပီတိက အာရုံကို နှစ်သက်ပါမှလည်း သုခက အာရုံ၏ အရသာကို ခံစားခြင်း သဘောကို ဆောင်ရွက်နိုင်ပါမည်။ သုခက မွန်မြတ်သော အရသာကို ခံစားပါမှ ဧကဂ္ဂတာက တခုတည်းသော အာရုံ၌ စိတ်ကို တည်တံ့စေခြင်း ကိစ္စကို ဆောင်ရွက်နိုင်ပါသည်။

ဤဆိုခဲ့သည့် စကားအစဉ်အရ ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခဖြစ်နေသည်ကို ထင်ရှားစွာ တွေ့နိုင်လေသည်။ အခြားဝိတက်၊ ဝိစာရ စသည်တို့ကား ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမဟုတ်ပဲ ဝေးသော (ဒူရ) အကြောင်းများသာ ဖြစ်ကြလေသည်။

သုခနှင့် စတုတ္ထဈာန်

ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းသည် သုခဖြစ်သည်ဟု ဆိုသော်လည်း စတုတ္ထဈာန် စသည်မှာ သုခမရှိသောကြောင့် ယင်းစတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခမဖြစ်နိုင်။ ထို့ကြောင့် သုခသည် ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းဖြစ်သည်ဟု ဆိုခြင်းသည်—

စာမျက်နှာ-195

ဖြစ်ရာဌာန စသောအားဖြင့် စေတနာ ၈-မျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် ဖြစ်ရာဌာန (ဂတိ)၊ ရုပ်အင်္ဂါလက္ခဏာ (ဥပဓိ)၊ အားထုတ်ခြင်းလုံ့လ (ပယောဂ)၊ ခေတ်ကာလ (ကာလ)၊ ပြည့်စုံမှု ချို့တဲ့မှုတို့ကို အစွဲပြု၍ အကုသိုလ်ကံ ၈-မျိုး၊ ကုသိုလ်ကံ ၈-မျိုး အားဖြင့် (၁၆) မျိုးရှိ၏။ ထိုတွင် အကုသိုလ်ကံ ၈-မျိုးကား—

၁။ ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊

၂။ ဥပဓိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊

၃။ ကာလသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊

၄။ ပယောဂသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ၊

၅။ ဂတိဝိပတ္တိ အကုသိုလ်ကံ၊

၆။ ဥပဓိဝိပတ္တိ အကုသိုလ်ကံ၊

၇။ ကာလဝိပ္ပတ္တိ အကုသိုလ်ကံ၊

၈။ ပယောဂဝိပတ္တိ အကုသိုလ်ကံ— တို့ဖြစ်သည်။

၁။ ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ

ထိုတွင် ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ ဆိုသည်မှာ လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်ခြင်း ဂတိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသော အကုသိုလ်ကံဖြစ်၏။ မှန်၏၊ လူတယောက်၌ များစွာသော အကုသိုလ်ကံတို့ ရှိကြ၏။ ထိုအကုသိုလ်ကံများသည် အပါယ်လေးဘုံ၌ ဖြစ်ခြင်း ဂတိဝိပတ္တိရှိပါမှ အကျိုးပေးနိုင်ကြသည်။ သို့ရာတွင် ထိုသူကား ကုသိုလ်ကံကြောင့် လူ့ဘုံနတ်ဘုံ တဘုံဘုံတို့၌ဖြစ်၍ ဂတိသမ္ပတ္တိ ရှိနေ၏။ ထို့ကြောင့် အကျိုးပေးခွင့်မရကြသော အကုသိုလ်ကံများကို ဂတိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံဟု ခေါ်ပါသည် (ဂတိသမ္ပတ္တိ = ဂတိပြည့်စုံခြင်း၏ + ပဋိဗဒ္ဓ = တားမြစ်ချက်)။

၁။ အဘိ၊၂၊၃၅၁။

စာမျက်နှာ-196

၂။ ဥပဓိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါ ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသော အကုသိုလ်ကံကို ဥပဓိသမ္ပတ္တိ ပဋိဗဒ္ဓ အကုသိုလ်ကံဟု ခေါ်၏။ မှန်၏၊ လူတဦးတွင် များစွာသော အကုသိုလ်ကံများရှိရာ ထိုအကုသိုလ်ကံများသည် ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါချို့တဲ့မှ အကျိုးပေးနိုင်၏။ သို့သော် ထိုသူမှာ ကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာနှင့် ပြည့်စုံလျက်ရှိရာ ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် မရပဲ ရှိလေသည်။

ဥပမာ—အကုသိုလ်ကံကြောင့် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရစေကာမူ ဥပဓိသမ္ပတ္တိကြောင့် ယုတ်ညံ့သောအလုပ်ကို မလုပ်ရပဲ ဘဏ္ဍာစိုး စသော ရာထူးများ၌ ခန့်ထားခံရခြင်းမျိုးဖြစ်သည်။

ဘာတိကမင်းလက်ထက်၌ နွားသတ်သမားများကို ဖမ်း၍ မင်းထံ ခေါ်ဆောင်လာကြသည်။ နွားသတ်သမားတို့၏ သမီးတယောက်သည် အလွန်တရာ အဆင်းလှပ၍ ဥပဓိရုပ်လက္ခဏာနှင့် ပြည့်စုံ၏။ ထို့ကြောင့် မင်းကြီးက ထိုသတို့သမီးကို မောင်းမအရာ၌ထား၍ ချီးမြှောက်၏။ ကျန်ရှိသော ဆွေမျိုးများမှာလည်း ထိုသတို့သမီး၏ အရှိန်အဝါကြောင့် ချမ်းချမ်းသာသာ အသက်မွေးကြရသည်။ ဤသည်မှာ ဥပဓိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရသော သာဓကပင်ဖြစ်သည်။

၁။ အဋ္ဌ၊၂၊၄၂၁-၂။

၂။ အံ၊ဋ္ဌ၊၂၊၁၁၁။

စာမျက်နှာ-197
ဘဝကား ကမ္မဘဝ၊ ဥပပတ္တိဘဝဟု နှစ်မျိုးရှိ၏။ လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးကို ကမ္မဘဝခေါ်၍ ထိုစေတနာ ကမ္မဘဝကြောင့် ဖြစ်ပေါ်လာသော လောကီဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်များကို ဥပပတ္တိဘဝဟု ခေါ်ပါသည်။ ဤနေရာ၌ ဘဝဆိုသည်မှာ ဤဘဝနှစ်မျိုးတွင် ကမ္မဘဝပင် ဖြစ်ပါသည်။

သင်္ခါရနှင့် ဘဝအထူး

သင်္ခါရနှင့် ဘဝသည် စေတနာကိုချည်း ကောက်ယူရသော်လည်း ထူးခြားကွဲပြားမှု ရှိပေသည်။

မှန်၏၊ ပစ္စုပ္ပန်ပဋိသန္ဓေ၏ အကြောင်းဖြစ်သော အတိတ်စေတနာသည် သင်္ခါရမည်၏။ အနာဂတ်ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ပစ္စုပ္ပန်စေတနာသည် ဘဝမည်၏။ တနည်းအားဖြင့် စေတနာသက်သက်သည် သင်္ခါရမည်၏။ စေတနာ၊ ထိုစေတနာနှင့်အတူ ဖြစ်သောစိတ်စေတသိက်တို့သည် ဘဝမည်၏။

တနည်းအားဖြင့် ထိုထိုကုသိုလ် အကုသိုလ်တို့ကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် သင်္ခါရမည်၏။ အထမြောက်သော မုဉ္စစေတနာသည် ဘဝမည်၏။ တနည်းသော်ကား ဇော ၇-ကြိမ်တွင် ရှေ့ဇော ၆-ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရမည်၏။ သတ္တမဇောနှင့်ယှဉ်သော စေတနာသည် ဘဝမည်၏။

ဒါန

စေတနာသည် ဖော်ပြပါနာမည်များအပြင် “ဒါန” ဟူသော နာမည်ကိုလည်း ရသေးသည်။ ဒါနဟူသော ပါဠိသည် ပေးကမ်း လှူဒါန်းကြောင်း (ဝါ) လှူဖွယ်ပစ္စည်းကို စွန့်လွှတ်ကြောင်း တရားဟု အဓိပ္ပါယ်ရသည်။ ထိုတရားကား စေတနာစေတသိက်ပင် ဖြစ်သည်။ ထိုစေတနာစေတသိက်၏ လှုံ့ဆော်မှုကြောင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုဆိုသည့် ကံတရားပေါ်လာရသည်။ ထိုစေတနာမျိုးရှိမှ ဒါနမှု အထမြောက်သည်။

၁။ အဘိ၊ဋ္ဌ၊၂၊၁၇၅။

၂။ အဘိ၊ဋ္ဌ၊၂၊၁၀၂။

၃။ မူလဋီ၊၂၊၁၂၇။

စာမျက်နှာ-198
ထို့ကြောင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ပေးကမ်းလှူဒါန်းသောသူ၏ သန္တာန်၌ ထိုဝတ္ထုပစ္စည်းတို့ ဖြစ်ရာကာလမှစ၍ မလှူမီရှေ့အဖို့၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းဆဲ၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းပြီးနောက်၌ဖြစ်စေ အချိန်သုံးမျိုးလုံး၌ ဖြစ်ပေါ်လာသော စေတနာသည် ဒါနခေါ် “ပုညကိရိယာဝတ္ထုမည်၏” ဟု အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဖွင့်ဆိုထားခြင်းဖြစ်သည်။

စေတနာ စေတသိက် အမျိုးမျိုးပြားပုံ

စေတနာ ၂-မျိုး

စေတနာစေတသိက်သည် သဘောလက္ခဏာအားဖြင့် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် ဖဿစသော တရားတို့ကို အာရုံတွေ့ထိမှုစသော ကိစ္စအသီးသီး၌ နှိုးဆော် တိုက်တွန်းမှု သဘောတမျိုးတည်းသာ ရှိသော်လည်း အကျိုးတရားကို ဖြစ်ပေါ်လာစေနိုင်မှု၊ အကျိုးတရားကို မဖြစ်ပေါ်လာနိုင်စေမှု သဘောအားဖြင့်—

(၁) သဝိပါက စေတနာ၊

(၂) အဝိပါက စေတနာ— ဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားပါသည်။

ထိုတွင် သဝိပါကစေတနာဆိုသည်မှာ ကောင်းကျိုး မကောင်းကျိုး နှစ်မျိုးလုံးကို ဖြစ်ပွားပေါ်ပေါက်လာစေနိုင်သည့် စေတနာမျိုးဖြစ်သည်။ (သ = ရှိသော + ဝိပါက = အကျိုးတရား)။ ထိုစေတနာသည် ကုသိုလ်စိတ် ၂၁-မျိုး၊ အကုသိုလ်စိတ် ၁၂-မျိုးတို့နှင့်အတူ ယှဉ်တွဲ ဖြစ်ပေါ်လာသော စေတနာ ၃၃-မျိုး ဖြစ်သည်။

ကုသိုလ်စိတ်နှင့် အတူလာသော ကုသိုလ်စေတနာ ၂၁-မျိုးသည် ကောင်းမွန်သော ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး နှစ်မျိုးလုံးကို ထိုက်သလို ဖြစ်ပေါ်စေသည်။ ထိုအတူ အကုသိုလ်စိတ်များနှင့်အတူ ဖြစ်ပေါ်လာသော အကုသိုလ်စေတနာ ၁၂-မျိုးသည်လည်း မကောင်းသော ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး နှစ်မျိုးလုံးကို ထိုက်သလို ဖြစ်ပေါ်စေသည်။

၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁-၂။

၂။ အဘိ၊ဋ္ဌ၊၃၊၂၃၀။

စာမျက်နှာ-199
အဝိပါကစေတနာကား ပဋိသန္ဓေအခါ၌လည်းကောင်း၊ ပဝတ္တိအခါ၌ လည်းကောင်း အကျိုးတရား ဖြစ်ပွားစေမှုမရှိသော စေတနာမျိုးတည်း။ (အ=မရှိ+ဝိပါက=အကျိုးတရား) ထိုစေတနာသည် ဝိပါက်စိတ် ၃၆-ခု ကြိယာစိတ် ၂၀-တို့ ဖြစ်သည့်အခါ အတူယှဉ်တွဲပါလာသော စေတနာ ၅၆-မျိုး ဖြစ်သည်။

သဝိပါက စေတနာ ၂-မျိုး

သဝိပါက စေတနာသည်လည်း အကျိုးပေး မြဲမမြဲအားဖြင့်–

၁။ ဓုဝဝိပါက စေတနာ၊

၂။ အဓုဝဝိပါက စေတနာ-

ဟူ၍ နှစ်မျိုးရှိပြန်သည်။

ထိုတွင် ဓုဝဝိပါကစေတနာဟူသည် အကျိုးပေးမြဲသော စေတနာမျိုး ဖြစ်သည့် (ဓုဝ=မြဲသော+ဝိပါက=အကျိုးတရား) အကျိုးပေးမြဲခြင်း ဆိုသည်မှာ ထိုစေတနာ ဖြစ်ပေါ်ပြီးသည်၏ အခြားမဲ့ကာလ၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို မုချဆတ်ဆတ် ဧကန်အကျိုးပေးခြင်း သဘောပင် ဖြစ်သည်။ ထိုစေတနာသည်လည်း-

၁။ ပဉ္စာနန္တရိယ စေတနာ၊

၂။ မဟဂ္ဂုတ်စေတနာ၊

၃။ မဂ်စေတနာ၊

၄။ နိယတမိစ္ဆာဒိဋ္ဌိစေတနာ-

ဟူ၍ လေးမျိုးရှိသည်။

ထိုတွင် ပဉ္စာနန္တရိယစေတနာဆိုသည်မှာ မိခင်ကိုသတ်ခြင်း (မာတုဃာတက) ဖခင်ကိုသတ်ခြင်း (ပိတုဃာတက) ရဟန္တာအရှင်မြတ်ကို သတ်ခြင်း (အရဟန္တဃာတက) ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း (လောဟိတုပ္ပါဒက) သံဃာအချင်းချင်း သင်းခွဲခြင်း (သံဃဘေဒက) ငါးမျိုးတွင် တမျိုးမျိုးကို ပြုလုပ်အားထုတ်ရာ၌ ပါဝင်သော အကုသိုလ်စေတနာမျိုး ဖြစ်သည်။

၁။ အဘိ၊ဋ္ဌ၊၁။၃၉၃။ အနုဋီ၊၁။၁၀၁။

စာမျက်နှာ-200
မဟဂ္ဂုတ်စေတနာဆိုသည်မှာ ရူပကုသိုလ်ဈာန် ၅-ပါး၊ အရူပကုသိုလ်ဈာန် ၄-ပါး၊ ပေါင်း မဟဂ္ဂုတ်ကုသိုလ်ဈာန် ၉-ပါးနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်သော မဟဂ္ဂုတ်ကုသိုလ်စေတနာ ၉ ပါးဖြစ်သည်။ ရူပစိတ် အရူပစိတ်များကို မြင့်မြတ်သောစိတ်များ ဖြစ်သောကြောင့် ပါဠိလို မဟဂ္ဂတ ခေါ်၍ မြန်မာလို မဟဂ္ဂုတ်ဟု ပြန်ဆိုကြသည်။ (မဟာ=မြင့်မြတ်ခြင်းသို့+ဂတ=ရောက်သောစိတ်=မဟဂ္ဂတ=မြင့်မြတ်ခြင်းသို့ ရောက်သော မဟဂ္ဂုတ်စိတ်)။

မဂ်စေတနာဆိုသည်မှာ သောတာပတ္တိမဂ်စိတ်၊ သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသည့် စေတနာမျိုးဖြစ်သည်။

နိယတမိစ္ဆာဒိဋ္ဌိစေတနာကား ဘုရားပေါင်းများစွာ ချွေချွတ်ကုစား၍ မရအောင် အယူမှားကို ခိုင်မြဲစွာယူသော ဒိဋ္ဌိနှင့်အတူဖြစ်သည့် စေတနာမျိုးဖြစ်သည်။ သက္ကာယဒိဋ္ဌိစသော အယူမှားသည့် ဒိဋ္ဌိများအနက် နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိဟူသော ဒိဋ္ဌိကြီးသုံးမျိုးသာ ကမ္မပထမြောက်၍ အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။

အဇိတတိတ္ထိဆရာကြီးတို့ကဲ့သို့ ပေးကမ်းလှူဒါန်းခြင်းသည် အကျိုးမရှိ စသည်ဖြင့် အကျိုးတရားကိုပယ်သော အယူသည် နတ္ထိကဒိဋ္ဌိဖြစ်သည်။ မက္ခလိဂေါသာလတိတ္ထိ ဆရာကြီး ယူသကဲ့သို့ အကြောင်းလည်း မရှိ၊ အကျိုးလည်းမရှိဟု ကြောင်းကျိုး နှစ်မျိုးလုံးကို ပယ်သောအယူသည် အဟေတုကဒိဋ္ဌိဖြစ်သည်။ ပုရာဏကဿပတိတ္ထိဆရာကြီး၏ အယူကဲ့သို့ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်၊ ပြုရာမရောက်ဟု အကြောင်းကံကို တားမြစ်သောအယူသည် အကိရိယဒိဋ္ဌိဖြစ်သည်။ ဆရာကြီးတို့၏ ယူဆပုံသည် မှားသောအယူ ဖြစ်သောကြောင့် မိစ္ဆာဒိဋ္ဌိမည်၏။

စာမျက်နှာ-201
ထိုအယူ၌ ဘုရားရှင်ချွတ်မရလောက်အောင် ခိုင်မြဲသောကြောင့် နိယတခေါ်၏။ ထိုခိုင်မြဲသောအယူမှား (နိယတမိစ္ဆာဒိဋ္ဌိ) နှင့် အတူဖြစ်သော စေတနာကို နိယတမိစ္ဆာဒိဋ္ဌိ စေတနာဟုခေါ်သည်။

ဤဆိုအပ်ခဲ့ပြီးသော ကုသိုလ်စေတနာ အကုသိုလ်စေတနာ ၄-မျိုးမှ တပါးသော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့ကား အကျိုးပေး မမြဲသောကြောင့် အဓုဝဝိပါက စေတနာများ ဖြစ်ပါသည်။

စေတနာ ၃-မျိုး

စေတနာကို--

၁။ ကာယသန္ဓေတနာ၊

၂။ ဝစီသန္ဓေတနာ၊

၃။ မနောသန္ဓေတနာ-

ဟု ကျမ်းဂန်များ၌ သုံးမျိုးခွဲခြားပြထားသေးသည်။

ထိုတွင် ကာယသန္ဓေတနာဆိုသည်မှာ ကာယဒွါရ (ကိုယ်)၌ ဖြစ်သော စေတနာ (ဝါ) ကာယဝိညတ်ကို ဖြစ်စေသော စေတနာဖြစ်သည်။ ထိုစေတနာသည်လည်း အကုသိုလ် ကာယသန္ဓေတနာ၊ ကုသိုလ်ကာယသန္ဓေတနာဟု နှစ်မျိုးပြားသည်။

သူ့အသက်သတ်မှု သူ့ဥစ္စာခိုးယူမှု သူ့သားမယား ကျူးလွန်မှုတို့ကို ဖြစ်စေတတ်သော စေတနာသည် အကုသိုလ်ကာယသန္ဓေတနာမည်၏။ ထိုသုံးပါးမှ ရှောင်ကြဉ်မှုကို ဖြစ်စေတတ်သော စေတနာသည် ကုသိုလ်ကာယသန္ဓေတနာမည်၏။

ဝစီသန္ဓေတနာမှာလည်း ဝစီဒွါရ(နှုတ်)၌ဖြစ်ပေါ်သောစေတနာ(ဝါ) ဝစီဝိညတ်ကိုဖြစ်ပေါ်စေသော စေတနာပင်တည်း။ ထိုဝစီသန္ဓေတနာသည်လည်း အကုသိုလ်ဝစီသန္ဓေတနာ၊ ကုသိုလ်ဝစီသန္ဓေတနာဟု နှစ်မျိုးပြားသည်။

၁။ အဘိ၊၂၊၁၄၂။ အဘိ၊၄။၂၉၀။ အံ၊ဋ္ဌ၊၂။၃၄၇။

စာမျက်နှာ-202
လိမ်လည်ပြောဆိုမှု၊ ချောပြစ်ကုန်းတိုက်မှု၊ ကြမ်းတမ်းစွာဆဲရေးတိုင်းထွာမှု၊ အကျိုးမရှိသောစကားပြောဆိုမှုတို့ကို ဖြစ်စေတတ်သောစေတနာသည် အကုသိုလ်ဝစီသန္ဓေတနာမည်၏။ ထိုလေးပါးမှ ရှောင်ကြဉ်မှုကိုဖြစ်စေတတ်သော စေတနာသည် ကုသိုလ်ဝစီသန္ဓေတနာမည်၏။

မနောသန္ဓေတနာဆိုသည်မှာ မနောဒွါရ၌ဖြစ်ပေါ်လာသောစေတနာဖြစ်သည်။ ထိုစေတနာသည်လည်း အကုသိုလ်မနောသန္ဓေတနာ၊ ကုသိုလ်မနောသန္ဓေတနာဟု နှစ်မျိုးရှိသည်။ ထိုတွင် သူတပါးစည်းစိမ်ဥစ္စာကို မိမိစည်းစိမ်ဥစ္စာဖြစ်စေလိုမှု (အဘိဇ္ဈာ)၊ သူတပါးကို ပျက်စီးစေလိုမှု (ဗျာပါဒ)၊ မှားယွင်းသော အယူဝါဒကို လက်ခံယုံကြည်မှု (မိစ္ဆာဒိဋ္ဌိ) တို့ကို ဖြစ်စေတတ်သောစေတနာသည် အကုသိုလ်မနောသန္ဓေတနာ မည်၏။ သူတပါးစည်းစိမ်ဥစ္စာကိုမိမိဥစ္စာမဖြစ်စေလိုခြင်း (အနဘိဇ္ဈာ)၊ သူတပါးကို မပျက်စီးစေလိုခြင်း (အဗျာပါဒ)၊ မှန်ကန်သော အယူဝါဒကို လက်ခံယုံကြည်ခြင်း (သမ္မာဒိဋ္ဌိ)တို့ကို ဖြစ်စေတတ်သော စေတနာသည် ကုသိုလ်မနောသန္ဓေတနာမည်၏။

ဤစေတနာသုံးမျိုးကိုပင် ကံသုံးမျိုးဟု ခေါ်ပါသည်။ ကာယသန္ဓေတနာသည် ကာယကံ၊ ဝစီသန္ဓေတနာသည် ဝစီကံ၊ မနောသန္ဓေတနာသည် မနောကံဖြစ်ပါသည်။

တနည်းအားဖြင့် စေတနာသည် ပေးကမ်းလှူဒါန်းခြင်း ဒါနအရာ၌–

၁။ ပုဗ္ဗစေတနာ၊

၂။ မုဉ္စစေတနာ၊

၃။ အပရစေတနာ-

ဟူ၍ စေတနာသုံးမျိုးရှိသည်။

ထိုတွင် လှူဒါန်းပေးကမ်းမည်ဟု ကြံစည်သည်မှစ၍ (ဝါ) လှူဖွယ်ဝတ္ထုမရှိသေးလျှင် လှူဖွယ်ဝတ္ထုကို ရှာဖွေစုဆောင်းသည်မှစ၍ “လှူပါ၏”ဟု မဆိုမီ၊ မစွန့်လွှတ် မဆက်ကပ်မီ ရှေ့အဖို့၌ ဒါနနှင့်ဆက်သွယ်၍

စာမျက်နှာ-203
ဒွါရသုံးပါးလုံး၌ ဖြစ်ဖြစ်သမျှကုသိုလ်စေတနာများကို ပုဗ္ဗစေတနာဟုခေါ်သည်။ မဆက်ကပ် မလှူဒါန်းမီ ရှေ့အဖို့၌ဖြစ်သော်လည်း ဒါနကိစ္စနှင့် မဆက်သွယ်ပဲ အခြားကိစ္စအတွက်ဖြစ်သော စေတနာများကို ပုဗ္ဗစေတနာဟု မခေါ်ရချေ။ (ပုဗ္ဗ=မလှူမီ ရှေ့အဖို့၌ဖြစ်သော+စေတနာ=စေတနာ)။

မုဉ္စစေတနာ ဆိုသည်မှာ အလှူခံပုဂ္ဂိုလ်၏လက်သို့ အလှူဝတ္ထုကို ဒေမိ=လှူဒါန်းပါ၏ဟု လျှောက်ဆဲ ဆက်ကပ်ပေးကမ်းဆဲ စွန့်လွှတ်လှူဒါန်းဆဲအခိုက်မှာဖြစ်သော စေတနာမျိုးဖြစ်သည်။ အလှူဒါန ပြီးဆုံးသည့်အခိုက်၌ဖြစ်သော စေတနာဖြစ်၍ ထိုစေတနာကို သန္နိဋ္ဌာနစေတနာဟုလည်း ခေါ်ပါသည်။ (မုဉ္စ=လှူဆဲကာလ၌ ဖြစ်သော+စေတနာ=စေတနာ)။

အပရစေတနာကား-လှူဒါန်းပေးကမ်း စွန့်ကြဲပြီးသည့်နောက် ထိုဒါနကို အထပ်ထပ် မပြတ်ဆင်ခြင်အောက်မေ့မှု၊ ဝမ်းသာအားရဖြစ်မှုများ၌ ပါရှိသော ကုသိုလ်စေတနာမျိုးဖြစ်ပေသည်။

ထိုစေတနာသုံးတန် ထက်သန်ညီညွတ်နေခြင်းကို အလှူဒါနပြည့်စုံခြင်း(ယညသမ္ပဒါ)ဟု ခေါ်သည်။ ယင်းစေတနာသုံးတန်၏ ပြည့်စုံခြင်း (ယညသမ္ပဒါ)သည် မျက်မှောက်ဘဝ၌ပင် လက်ငင်း အကျိုးပေးနိုင်သော တရားသဖြင့်ရရှိသော လှူဖွယ်ဝတ္ထုပစ္စည်း၏ ပြည့်စုံခြင်း (ပစ္စယသမ္ပဒါ)စသည့် သမ္ပဒါလေးပါးတို့တွင် တပါးအပါအဝင်ဖြစ်သည်။

စေတနာသုံးတန်နှင့် ပဋိသန္ဓေကျိုး

ထိုစေတနာသုံးပါးတွင် ပုဗ္ဗစေတနာ၊ အပရစေတနာတို့သည် မုဉ္စစေတနာထက်သန် မွန်မြတ်ခြင်း၏ အကြောင်းသာဖြစ်သောကြောင့် မုဉ္စစေတနာသည်သာ ပဋိသန္ဓေကျိုးကိုပေးသည်။ ပုဗ္ဗစေတနာ အပရစေတနာတို့သည်ကား ပဋိသန္ဓေအကျိုးကို မပေးနိုင်။ ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်၏။

၁။ အဘိ၊ဋ္ဌ၊၁။၂၀၆။

စာမျက်နှာ-204
ထို့ကြောင့် ဥပရိပဏ္ဏာသ အဋ္ဌကထာ၊ စူဠကမ္မဝိဘင်္ဂသုတ်အဖွင့်၌ “ဆုံးဖြတ်သော သန္နိဋ္ဌာနစေတနာ၏ အစွမ်းကြောင့်လည်း နတ်ပြည်တို့၌ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ဆိုအပ်ပြီးသောနည်းဖြင့် အသက်ရှည်ခြင်းဖြစ်ပေသည်”ဟူသောအဆိုကို ကိုးကား၍ ကေတုမာလာဘိဓဇစသော ရာဇဂုရုဘွဲ့တံဆိပ်တော်ရ စလင်းဆရာတော်ဘုရားကြီး ဆုံးဖြတ်တော်မူပေသည်။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကမူ စေတနာသုံးပါးတွင် မည်သည့်စေတနာမဆို အားကောင်းလျှင် ပဋိသန္ဓေကျိုးကိုပေးနိုင်သည်ဟု ပရမတ္ထဒီပနီအမည်ရှိသော သင်္ဂဟမဟာဋီကာ၌ ဖွင့်ဆိုထားပေသည်။

စေတနာသုံးတန်ပြည့်ဝသော သုမနပန်းသည်

ဗိမ္ဗိသာရမင်းအား နေ့စဉ် ပန်းဆက်သရသော သုမနပန်းသည်ယောက်ျားသည် တနေ့တွင် မင်းကြီးအား ပန်းဆက်သရန်လာရာ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာဆွမ်းခံဝင်တော်မူလာသည့်ဘုရားရှင်အား ဖူးမြင်ရသည့်အခါ အလွန်ကြည်ညိုသဖြင့် မင်းအားဆက်သရန် ယူဆောင်လာသည့် ပန်းရှစ်ဆုပ်ကို ပေးလှူလိုက်လေသည်။ ပေးလှူပြီးနောက် စိတ်ထဲတွင် ကြည်နူးဝမ်းမြောက်နေပေသည်။ ထိုစေတနာ သုံးတန် ထက်သန် ပြည့်ဝသော ပန်းဒါနကြောင့် ထိုနေ့မှာပင် ဆင်ရှစ်စီး၊ မြင်းရှစ်စီး၊ ကျွန်ယောက်ျားရှစ်ယောက်၊ ကျွန်မိန်းမရှစ်ယောက်၊ ကောင်းမြတ်သောအဆင်း တန်ဆာရှစ်မျိုး၊ အသပြာရှစ်ထောင်၊ မင်းမျိုးမှမွေးဖွားသည့် အမျိုးသမီးရှစ်ယောက်၊ ရွာကြီးရှစ်ရွာ ဟူသော ရှစ်မျိုးရှစ်လီသောဆု “သဗ္ဗဋ္ဌကဒါန”ကိုရရှိသည်။ ထိုဘဝမှစုတေပြီးနောက် ကမ္ဘာတသိန်းပတ်လုံး ဒုဂ္ဂတိဘဝသို့မလားရပဲ လူ နတ်စည်းစိမ်တို့ကို ခံစားပြီးလျှင် နောက်ဆုံးဘဝ၌ သုမနမည်သော ပစ္စေကဗုဒ္ဓါအဖြစ်ဖြင့် ပရိနိဗ္ဗာန်ဝင်စံရပေသည်။

၁။ ဓမ္မပဒ၊ဋ္ဌ၊၁။၃ဝ၆-၃၁၀။

စာမျက်နှာ-205

ပုဗ္ဗစေတနာ၏အကျိုး

စေတနာသုံးတန်ပြည့်စုံသည်ကို မဆိုထားဘိ မိမိ၏ ပစ္စည်းဥစ္စာကို မပေးလှူမီ ပုဗ္ဗစေတနာဖြစ်ရုံမျှဖြင့်ပင် ကြီးမြတ်သောအကျိုးကို ရရှိနိုင်သည်။ ရာဇဂြိုဟ်ပြည်၌ အမျိုးသမီးတယောက်သည် ဝါဝင်းသော သပွတ်ခါးပန်းလေးကို စေတီတော်အားတင်လှူရန် အိမ်မှထွက်ခဲ့သည်။ စေတီတော်သို့မရောက်မီလမ်းခရီးအကြား၌ နွားမကြီးဝှေ့သဖြင့် ထိုအမျိုးသမီးမှာ စုတေရရှာသည်။ ထိုအမျိုးသမီးကလေးမှာ စေတီတော်အား ပန်းလှူမှုအထမမြောက်သော်လည်း တင်လှူလိုသော ပုဗ္ဗစေတနာကြောင့် တာဝတိံသာ နတ်ပြည်၌ သိကြားမင်း၏ အခြံအရံနတ်သမီးဖြစ်ရသည်။ ထိုနတ်သမီးသည် သိကြားမင်း၏ရံရွှေတော်နတ်သမီးအပေါင်းတို့တွင် ရွှေသားအရောင် ဝင်းဝါတောက်ပြောင်သော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် အခြားနတ်သမီးတို့ထက်သာလွန်သော နတ်သမီးတယောက်ဖြစ်ရသည်။

ပုဗ္ဗစေတနာ ချို့တဲ့ခဲ့သော ပဉ္စပါပီ နှင့် မင်းကုသ

စေတနာသုံးတန်တွင် ပုဗ္ဗစေတနာချို့တဲ့ပျက်ကွက်ပါလျှင် ပထမအရွယ်၌ ဆင်းရဲနွမ်းပါးခြင်း၊ ရုပ်ဆင်းအင်္ဂါမလှခြင်းစသော အကျိုးများ ဖြစ်ရတတ်သည်။ ဘုရားရှင်လက်ထက်တော်က အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံအရာ၌ ထင်ရှားကျော်ကြားသည့် ဆင်းရဲသူမကလေး ပဉ္စပါပီသည် ရှေးတခုသောဘဝ၌ ဆင်းရဲသူမကလေးဖြစ်၍ မြေညက်များကို နယ်ပြီး အိမ်နံရံများကို လိမ်းကျံရသော အလုပ်ကိုလုပ်၏။ တနေ့တွင် ပစ္စေကဗုဒ္ဓါတပါးသည် လိုဏ်ဂူလိမ်းကျံရန် မြေညက်လိုသဖြင့် သပိတ်ပိုက်ကာ ထိုဆင်းရဲသူမကလေးအနီးတွင် လာရပ်သည်။ ထိုအခါ ဆင်းရဲသူမကလေးက “ဒီကိုယ်တော်ကြီးဟာ မြေညက်တောင်မှ အလှူခံတယ်”လို့ ဒေါသစိတ်ဖြင့် ပြောကြားပြီး မျက်စောင်းထိုး၍ကြည့်နေသည်။ သို့သော်လည်း မလှုပ်မရှက် ငြိမ်သက်စွာ ရပ်မြဲရပ်နေသည်ကို မြင်ရသည့်အခါ တဖန် ကြည်ညိုစိတ်ဖြစ်ပေါ်လာပြီး ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သပိတ်ထဲသို့ မြေညက်ခဲကြီးကို ထည့်၍ စေတနာထက်သန်စွာဖြင့် လှူဒါန်းလိုက်လေသည်။

၁။ ဝိမာန။ ၆၅။ ဝိမာန၊ ဋ္ဌ၊ ၁၈၄။

စာမျက်နှာ-206
ထိုဆင်းရဲသူမကလေးသည် ပဉ္စပါပီဘဝ ရောက်သောအခါ မြေညက်လှူခဲ့သောဒါန စေတနာကြောင့် ကိုယ်အတွေ့ အလွန်ကောင်းသော အမျိုးသမီးကလေးဖြစ်ရသော်လည်း မလှူမီ ရှေ့အဖို့၌ ဒေါသစိတ်ဖြင့် မကောင်းပြောကြားမှု၊ မျက်စောင်းထိုးကြည့်မှု ဆိုသည့် ပုဗ္ဗစေတနာချို့တဲ့မှုကြောင့် လက်, ခြေ, ပါးစပ်, မျက်စိ, နှာခေါင်း အင်္ဂါငါးပါးလုံး အချိုးအစားမကျ အရုပ်ဆိုးလှသော အမျိုးသမီးကလေး ဖြစ်ရလေသည်။

ဘုရားအလောင်းတော် ကုသမင်းသည် ကုသမင်းမဖြစ်မီဘဝတခု၌ မိမိအတွက် ဝေစုရသောမုန့်ကို မရီးဖြစ်သူက ပစ္စေကဗုဒ္ဓါတပါးအား ပေးလှူလိုက်ရာ အမျက်ထွက်ပြီး မုန့်ကိုပြန်၍လုယူလိုက်သည်။ နောက်မှ ထိုမုန့်ကို ပစ္စေကဗုဒ္ဓါအား ပြန်လှူသည်။ မုန့်ကိုလှူခဲ့သော ဒါနစေတနာကြောင့် တန်ခိုးကြီးသော မင်းတပါး ဖြစ်ရသော်လည်း ပုဗ္ဗစေတနာချို့တဲ့ပျက်ကွက်ခဲ့သောကြောင့် ရုပ်ဆိုးသူ ဖြစ်ရလေသည်။

အပရစေတနာချို့တဲ့သော အပုတ္တကသဌေးကြီး

အပရစေတနာ ချို့တဲ့ခဲ့လျှင် ကောင်းမြတ်သော အသုံးအဆောင် ပစ္စည်းဘဏ္ဍာတို့ မိမိလက်ဝယ်ရှိနေလင့်ကစား ထိုပစ္စည်းဘဏ္ဍာများကို မသုံးစွဲလိုခြင်း မသုံးစွဲရခြင်းစသော မကောင်းကျိုးများ ဖြစ်ရတတ်လေသည်။ ရှေးအခါက အပုတ္တကမည်သော သဌေးသည် တမ္ဗရသိင်္ခအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူရန် မှာကြားသွား၏။ အရပ်တပါးမှ ပြန်လာ၍ ဇနီးဖြစ်သူ လောင်းလှူလိုက်သည့် မွန်မြတ်သော ဘောဇဉ်ကို မြင်ရသည့်အခါ “ဤမွန်မြတ်သော ဘောဇဉ်ကို ငါ၏ အစေအပါးကျေးကျွန်များအား ကျွေးမွေးလိုက်လျှင် ကောင်းပေမည်၊ အလုပ်သမားကျေးကျွန်များသည် ဤဘောဇဉ်ကို စားရသည့်အတွက် ငါ့အမှုကိစ္စများကို ပြုလုပ်ကြလိမ့်မည်။ ဤရဟန်းကား မိမိနေရာသို့ပြန်ပြီး ဤဘောဇဉ်ကိုစားကာ အိပ်နေပေလိမ့်မည်”ဟု နှလုံးမသာမယာဖြစ်ကာ အပရစေတနာ ချို့ယွင်းခဲ့လေသည်။

ထိုသဌေးသည် ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့သော ဒါနစေတနာကြောင့် နတ်ပြည်၌ နတ်သား ၇ ကြိမ်၊ လူ့ပြည်၌ သဌေး ၇-ကြိမ်ဖြစ်ရသည်။ အပရစေတနာ ချို့တဲ့ပျက်ကွက်ခဲ့သောကြောင့် စည်းစိမ်ဥစ္စာ ရတနာ သုံးဆောင်ဖွယ်ရာ အဖြာဖြာတို့နှင့် ပြည့်စုံသည့် သဌေးကြီးဖြစ်ရသော်လည်း ထိုမွန်မြတ်သည့် ပစ္စည်းဥစ္စာ အသုံးအဆောင်တို့ကို မသုံးစွဲရက်ပဲ ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ စား၍ သုံးစပ်, စပ်ချုပ်ထားသော ပိုက်ဆံလျှော်အဝတ်ကိုသာ ဝတ်ဆင်သည်၊ သွားသည့်အခါ၌လည်း သစ်ရွက်ထီးမျှကိုသာ ဆောင်းကာ ရထားအို ရထားဟောင်းကလေးဖြင့် သွားရလေသည်။

၁။ ဇာတက၊ဋ္ဌ၊၅၊၄၇၅-၄၇၆။ ၂။ ဇာတက၊ဋ္ဌ၊၅။၃ဝ၆။ ၃။ သံ၊၁။၉၂။ သံ၊ဋ္ဌ၊၁၊၁၄၇-၈။

စာမျက်နှာ-207

ကုသိုလ်ကံအကုသိုလ်ကံနှင့် စေတနာသုံးတန်

ဒါနပြုရာ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာသုံးမျိုး အကြိမ်များစွာ ဖြစ်ပေါ်သကဲ့သို့ အခြားသော ပုညကြိယာဝတ္ထု၊ သုစရိုက်မှု၊ ဒုစရိုက်မှုတို့ကို ပြုလုပ်ရာ၌လည်း ထိုစေတနာသုံးမျိုးတို့ အကြိမ်များစွာ ဖြစ်ပေါ်လေ့ရှိပေသည်၊ သို့ဖြစ်၍ ကုသိုလ်မှု အကုသိုလ်မှု တခုခုကိုပြုလုပ်ရာ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာ သုံးမျိုးရနိုင်သည်သာ ဖြစ်ပေသည်။ ယင်းစေတနာသုံးမျိုးတွင် မုဉ္စစေတနာကို သန္နိဋ္ဌာပက စေတနာဟုလည်း ခေါ်သည်။ တနည်းအားဖြင့် စေတနာသည် မိမိဆိုင်ရာအကျိုးတရားကို အထူးသဖြင့် ပြုပြင်စီရင်ခြင်း “အဘိသင်္ခါရ”ကိုစွဲ၍-

၁။ ပုညာဘိသင်္ခါရ၊

၂။ အပုညာဘိသင်္ခါရ၊

၃။ အာနေဉ္စာဘိသင်္ခါရ-

ဟု ၃-မျိုးရှိသည်။

၁။ အဘိ၊ဋ္ဌ၊၁။၂ဝ၁-၂။ မ၊ဋ္ဌ၊၄။၁၇၉-၁၈ဝ။

စာမျက်နှာ-208
ထိုသုံးမျိုးတွင် ကာမကုသိုလ်စိတ် ၈-ပါးနှင့်အတူဖြစ်သော ကာမကုသိုလ်စေတနာ ၈-ပါး၊ ရူပကုသိုလ်စိတ် ၅-ပါးနှင့်အတူဖြစ်သော ရူပကုသိုလ်စေတနာ ၅-ပါး၊ ပေါင်း စေတနာ ၁၃-ပါးသည် “ပုညာဘိသင်္ခါရ” မည်၏။ အကုသိုလ်စိတ် ၁၂-ပါးနှင့်အတူဖြစ်သော အကုသိုလ်စေတနာ ၁၂-ပါးသည် “အပုညာဘိသင်္ခါရ” မည်၏။ အရူပကုသိုလ်စိတ် ၄-ပါးနှင့်အတူဖြစ်သော အရူပကုသိုလ်စေတနာ ၄-ပါးသည် “အာနေဉ္စာဘိသင်္ခါရ” မည်၏။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ ၂-ပါးတို့၌ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ သုံးပါးစီ ရနိုင်ဖြစ်နိုင်ကြသော်လည်း အာနေဉ္စာဘိသင်္ခါရ၌ကား စိတ္တသင်္ခါရတပါးသာ ဖြစ်နိုင်ပါသည်။

ဤဖော်ပြခဲ့ပြီးသော သင်္ခါရတို့သည် “အဝိဇ္ဇာပစ္စယာသင်္ခါရာ” ပါဠိတော်အရ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်ကြသည်။ အဝိဇ္ဇာမရှိလျှင် ထိုသင်္ခါရတရားများ မဖြစ်ပွားနိုင်ချေ၊ မှန်၏၊ အဝိဇ္ဇာမကင်းသေးသော ပုဂ္ဂိုလ်တို့သည်သာ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရတို့ကို ပြုလုပ်အားထုတ်လေ့ရှိကြသည်။ အဝိဇ္ဇာကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်များမှာမူ ထိုပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရတို့ကို မပြုလုပ် အားမထုတ်ကြတော့ချေ။

ချဲ့ပြဦးအံ့-ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာနှင့် ထိုဒုက္ခသစ္စာဖြစ်ပေါ်လာကြောင်းတဏှာဆိုသည့် သမုဒယသစ္စာတို့ကို မသိမှု အဝိဇ္ဇာတရားကြောင့်သာ သံသရာဝဋ်ဆင်းရဲကို ဆင်းရဲဟု မသိမြင်ပဲ ချမ်းသာဟု မှတ်ထင်...

၁။ အဘိ၊၂။၁၄၃၊၃၅၃။ အဘိ၊ဋ္ဌ၊၂၊၁၃၄-၁၃၆။

၂။ အဘိ၊ဋ္ဌ၊၂။၁၃၇။

၃။ ဝိသုဒ္ဓိ၊၂။၁၆၃။ အဘိ၊ဋ္ဌ၊၂။၁၃၈။

စာမျက်နှာ-209
ကာဝဋ်ဆင်းရဲကို ဖြစ်စေတတ်သည့် ကုသိုလ် အကုသိုလ်သင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြသည်။ သံသရာဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်ဟူသော နိရောဓသစ္စာနှင့် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း လမ်းကောင်း လမ်းမှန်ဖြစ်သော မဂ္ဂသစ္စာတို့ကို မသိမှုအဝိဇ္ဇာကြောင့် သံသရာဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာမဟုတ်သော ဗြဟ္မာ့ပြည်စသော ဘုံထူးများကို ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်ထင်၍လည်းကောင်း၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းမဟုတ်သော ကြက် ဝက် ဆိတ် နွား စသော သတ္တဝါများကို သတ်ဖြတ်၍ ယဇ်ပူဇော်မှုစသည်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မှန်ဟု မှတ်ထင်၍လည်းကောင်း၊ ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာကို တောင့်တကာ ကုသိုလ် အကုသိုလ်သင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြသည်။

တနည်းအားဖြင့် ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း သေခြင်းစသော ဘေးများစွာတို့ဖြင့် ရောပြွမ်းနေသည့် လူ့ဘဝ လူ့ခန္ဓာ နတ်ဘဝ နတ်ခန္ဓာဟူသော သံသရာဝဋ်ဆင်းရဲကို ဆင်းရဲဟု မသိမြင် ချမ်းသာဟုမှတ်ထင်ကာ လူ့ဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာကို ရရှိရန် ကာမကုသိုလ်ခေါ်သော ပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်။ ဥပမာ-နတ်သမီးအလိုရှိသောသူသည် နတ်တောင်ဟုခေါ်သော တောင်ကမ်းပါးသို့ ခုုန်ချသကဲ့သို့ဖြစ်သည်။

ကမ္ဘာပေါင်း ရာထောင်ချီ၍ အသက်ရှည်ကြာသော ရူပဗြဟ္မာဘဝ ရူပဗြဟ္မာ့ခန္ဓာသည် အလွန်ချမ်းသာသည်ဟု ဆိုရသော်လည်း နောက်ဆုံးတွင် ဖောက်ပြန်ပျက်စီးရခြင်း (ဝိပရိဏာမ) ဒုက္ခသဘော၊ သာယာနှစ်သက်ဖွယ်မရှိခြင်း၊ အဿာဒသဘောတို့ရှိနေကြပေသည်။ ယင်းသဘောတို့ကို မသိမြင်သောကြောင့် ရူပဗြဟ္မာဘဝ ရူပဗြဟ္မာ့ခန္ဓာကိုရရှိရန် ရူပကုသိုလ်ခေါ်သော ပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်နေကြခြင်းဖြစ်သည်။

စာမျက်နှာ-210
ဥပမာအားဖြင့်သတ္တဝါတို့သည် မီးလျှံကိုတိုးနေကြသော ပိုးဖလံတို့နှင့်လည်းကောင်း၊ ပျားရည်ကိုစုံမက်သဖြင့် ပျားရည်လူးထားသောသန်လျက်သွားကို လျှာဖြင့်လျက်သူနှင့်လည်းကောင်း လွန်စွာတူလှပေသည်။

သူ့အသက်သတ်မှု သူ့ဥစ္စာခိုးယူမှုစသော ဒုစရိုက်မှုများသည် အပြစ်များစွာရှိသော်လည်း အပြစ်ကို မသိမြင်သောသူသည် အသက်မွေးမှု၏ ချမ်းသာကြောင်းဟု မှတ်ထင်သောကြောင့်လည်းကောင်း၊ လောဘ ဒေါသ စသော ကိလေသာနှိပ်စက်သောကြောင့်လည်းကောင်း၊ အကုသိုလ်ခေါ်သော အပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်။ ဥပမာ-မသိနားမလည်သေးသော ကလေးငယ်ကလေးသည် မစင်ပျော့ကိုကိုင်ဆော့ကစားသကဲ့သို့ လည်းကောင်း၊ သေလိုသောသူသည် အဆိပ်သောက်သကဲ့သို့လည်းကောင်းဖြစ်သည်။

ကမ္ဘာပေါင်း သောင်းနှင့်ချီ၍ အသက်ရှည်ကြသော အရူပဗြဟ္မာ့ဘဝ အရူပဗြဟ္မာ့ခန္ဓာ၌ သင်္ခါရဒုက္ခသဘော ဝိပရိဏာမဒုက္ခသဘောကို မသိမြင်သောသူသည် အရူပဗြဟ္မာ့ဘဝ အရူပဗြဟ္မာခန္ဓာသည် သေကျေပျက်စီးမှုမရှိ၊ မြဲစွာတည်နေ၏ဟု မှားသောအယူဖြင့် ယူဆယုံကြည်ကာ အရူပဗြဟ္မာ့ဘဝ အရူပဗြဟ္မာ့ခန္ဓာကို ရရှိရန် အရူပကုသိုလ်ခေါ်သော အာနေဉ္စာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်။ ဥပမာ- မျက်စိလည် လမ်းမှားသောသူသည် ဘီလူးတို့နေထိုင်ရာမြို့သို့ ဖြောင့်စွာသွားသော လမ်းခရီးကို လိုက်မှားမိသကဲ့သို့ဖြစ်သည်။

ဆည်းပူးအားထုတ်ပြုလုပ်ထားသော သင်္ခါရရှိက ဝိညာဉ်ခေါ်သော အကျိုးတရားများဖြစ်ပေါ်လာမြဲဖြစ်သည်။ ဆည်းပူးအားထုတ် ပြုလုပ်ထားသော သင်္ခါရမရှိက ဝိညာဉ်ခေါ်သော အကျိုးတရားများ မဖြစ်ပေါ်နိုင်။ မှန်၏၊ ကာမပုညာဘိသင်္ခါရကြောင့် ကာမသုဂတိ ၇-ဘုံ၌ အဟိတ်ကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါး ပေါင်း ၁၆-ပါးသော ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ ရူပပုညာဘိသင်္ခါရကြောင့် ရူပဘုံ၌ ရူပဝိပါက် ၅-ပါးဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ အပုညာဘိသင်္ခါရကြောင့် အပါယ် ၄-ဘုံ၌ အကုသလဝိပါက် ၇-ပါး ဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာကြရသည်။ အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဘုံ၌ အရူပဝိပါက် ၄-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ်လာကြရသည်။

၁။ အဘိ၊ဋ္ဌ၊၂၊၁၃၈။

စာမျက်နှာ-211
ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ ရူပပုညာဘိသင်္ခါရကြောင့် ရူပဘုံ၌ ရူပဝိပါက် ၅-ပါးဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာရသည်။ အပုညာဘိသင်္ခါရကြောင့် အပါယ် ၄-ဘုံ၌ အကုသလဝိပါက် ၇-ပါး ဟူသော ဝိညာဉ်တရားများဖြစ်ပေါ်လာကြရသည်။ အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဘုံ၌ အရူပဝိပါက် ၄-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ်လာကြရသည်။

ကိစ္စအားဖြင့် စေတနာ ၄-မျိုး

စေတနာမည်သော ကံတရားသည် မိမိဆောင်ရွက်သည့်ကိစ္စကိုလိုက်၍

၁။ ဇနကကံ = အကျိုးအပြစ်ကိုဖြစ်စေသောကံ၊

၂။ ဥပတ္ထမ္ဘကကံ = အထောက်အကူပေးသောကံ၊

၃။ ဥပပီဠကကံ = နှိပ်စက်သောကံ၊

၄။ ဥပင်္ဃာတကကံ = သတ်ဖြတ်သောကံ- ဟူ၍ ၄-မျိုးရှိသည်။

ဇနကကံ

(၁) ထိုတွင် ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်၊ ကမ္မပစ္စယဥတုဇရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်စေတနာသည် “ဇနကကံ” မည်၏။ ချဲ့ဦးအံ့-ထိုဇနကကံသည် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက် ကမ္မဇရုပ်များကိုလည်းကောင်း၊ နတ်ပြည်၌ နတ်တို့၏ဘုံဗိမာန်များ၊ ငရဲပြည်၌ သင်ဓုန်းစက်စသော ကမ္မပစ္စယဥတုဇရုပ်များကိုလည်းကောင်း ဖြစ်စေနိုင်ပါသည်။

ပဝတ္တိအခါ၌ ပဉ္စဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ မဟာဝိပါက် စသော နာမ်ဝိပါက်များကိုလည်းကောင်း၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ကမ္မဇရုပ်များကိုလည်းကောင်းဖြစ်စေပါသည်။ အထူးအားဖြင့် အကုသိုလ် ဇနကကံကြောင့် တိရစ္ဆာန်ဘုံ၌ နဂါး ဂဠုန် စသည် ဖြစ်ရသော်ငြားလည်း ပဝတ္တိအခါတွင် လှပသောအဆင်းနှင့် ဘုံဗိမာန် စသည်တို့ကိုရရှိအောင် ပဝတ္တိကုသိုလ်ဇနကကံကဖြစ်စေပါသည်။ ကုသိုလ်ဇနကကံကြောင့် လူ့ဘုံ နတ်ဘုံ စသည်တို့၌ဖြစ်ရသော်ငြားလည်း ပဝတ္တိအခါ ရုပ်ဆင်းအင်္ဂါလှပခြင်းမရှိအောင်၊ ဝေမာနိကပြိတ္တာတို့ကဲ့သို့ နေ့၌ ချမ်းသာသုခကို ခံစားရသော်လည်း ညအခါတွင် ဆင်းရဲဒုက္ခခံရအောင် ပဝတ္တိဇနကကံက ဖြစ်စေပေသည်။

၁။ အဘိ၊ဋ္ဌ၊၂။ ၁၄၃-၄။ ၁၅၇.၃။

၂။ အံ၊ဋ္ဌ၊၂။၁၁၉။မ၊ဋ္ဌ၊၄။၁၇၈။

စာမျက်နှာ-212
ထိုဇနကကံသည် ကမ္မပထမြောက်မှသာ ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးနှစ်မျိုးလုံးကို ပေးစွမ်းနိုင်သည်။ ကမ္မပထမမြောက်လျှင် ပဝတ္တိအကျိုးမျှကိုသာပေးသည်ဟု ပရမတ္ထဒီပနီမဟာဋီကာ၌ ဆို၏။ သို့ရာတွင် အင်္ဂုတ္တိုရ်ဋ္ဌကထာ၊ ဒုတိယအုပ်၊ နိဒါနသုတ်အဖွင့်၌ကား ဇနကကံသည် ပဋိသန္ဓေကျိုးကိုသာဖြစ်စေနိုင်၍ ပဝတ္တိကျိုးကို မဖြစ်စေနိုင်ဟုဆိုသေး၏။

ဥပတ္ထမ္ဘကကံ

ဥပတ္ထမ္ဘကကံဆိုသည်မှာ ဇနကကံကို လည်းကောင်း၊ ဇနကကံ၏ အကျိုးကို လည်းကောင်း ကူညီ ထောက်ပံ့ပေးသော ကုသိုလ် အကုသိုလ်စေတနာများ ဖြစ်ပါသည်။ ထိုစေတနာများသည်-

(က) ဇနကကံကို အကျိုးပေးခွင့်ရအောင်လည်း ကူညီထောက်ပံ့သည်။

(ခ) အကျိုးပေးခွင့်ရသည့် ဇနကကံကို အကျိုးပေး ထက်သန်အောင်လည်း ကူညီထောက်ပံ့သည်။

(ဂ) ဇနကကံ၏ အကျိုးကို ကြာရှည်စွာ တည်တံ့အောင်လည်း ကူညီထောက်ပံ့သည်။

၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၀၉။

၂။ ပရမတ္ထဒီပနိဋီကာ၊ ၂၀၈၊၉။ အံ၊ဋ္ဌ၊၂။၁၀။

စာမျက်နှာ-213

ဇနကကံကို အမျိုးမျိုးထောက်ပံ့ပုံ

ချဲ့ဦးအံ့-သေခါနီးအချိန်၌ ကုသိုလ်ဇောစောလျှင် နောက်ဘဝ၌ ကုသိုလ်ကံ အကျိုးပေးခွင့်ရ၏။ သေခါနီးအချိန်၌ အကုသိုလ်ဇောစောလျှင် နောက်ဘဝ၌ အကုသိုလ်ကံအကျိုး ပေးခွင့်ရ၏။ ဤနေရာ၌ သေခါနီးအချိန်တွင် စောသော ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ကိုယ်တိုင် အကျိုးမပေးပဲ ရေလာမြောင်းပေးဆိုသလို အခြားကံများ အခွင့်သာအောင် ထောက်ပံ့သော ဥပတ္ထမ္ဘကကံများဖြစ်သည်။ ရိုးရိုးပဝတ္တိအခါ၌လည်း ကုသိုလ်များစွာ ပြုလုပ်နေလျှင် ထိုကုသိုလ်ဥပတ္ထမ္ဘကကံများက အခွင့်သာအောင် ထောက်ပံ့မှုကြောင့် ရှေးရှေး ကုသိုလ်ဇနကကံများ အကျိုးပေးခွင့်ရကြ၏။ အကုသိုလ်များစွာပြုလုပ်နေလျှင်လည်း ရှေးရှေးက အကုသိုလ်ဇနကကံများ အကျိုးပေးခွင့် ရပြန်လေသည်။

ဇနကကံတို့ အကျိုးပေးဖို့ အခွင့်သာနေသည့်အခါ အကျိုးပေးထက်သန်အောင်လည်း ထောက်ပံ့၏၊ ဘုရားအလောင်းတော်တို့ ပဋိသန္ဓေနေရာ၌ ပဋိသန္ဓေကျိုးကို ပေးမည့် ဇနကကံတပါးပါး အားရှိအောင် (ဝါ)အကျိုးပေးထက်သန်အောင် များစွာသော ပါရမီကုသိုလ်များက ဝိုင်းဝန်းထောက်ပံ့ကြ၏။ ဥပမာ-လူ့လောက၌ ပြစ်ချက်များစွာ ရှိဖူးသူများသည် အပြစ်တခုပေါ်ပေါက် ထင်ရှားလာသောအခါ ထိုပြစ်ချက်များ၏ ထောက်ပံ့ချက်ကြောင့် ကြီးလေးသော အပြစ်ဒဏ်ကို ခံရ၏။ ဤသည်မှာ ဇနကကံကို ဥပတ္ထမ္ဘကကံက ထောက်ပံ့ပုံဖြစ်သည်။

ဇနကကံက စီမံဖြစ်စေသောအကျိုးဝိပါက်အစဉ်ကို (ဝါ) ဣဋ္ဌ အနိဋ္ဌ ဖြစ်သော အကျိုးနာမ်ရုပ်တရားများကို ကြာရှည်စွာ တည်တံ့နိုင်အောင်လည်း အထောက်အကူပြု၏။ ကုသိုလ်ဇနကကံ၏ အစွမ်းကြောင့် လူ့ဘဝ နတ်ဘဝကိုရရှိလေရာ ထိုလူ နတ်အဖြစ်၌ တာရှည်စွာ တည်နိုင်အောင် ကုသိုလ်ဥပတ္ထမ္ဘကကံက ဘေးအန္တရာယ်ရန်အသွယ်သွယ်တို့ကို ကာကွယ်ပေး၏။ အသက်ရှည်ရာ ရှည်ကြောင်း ဆေးဝါးကောင်းများကို ရရှိအောင် ထောက်ပံ့၏။ အကုသိုလ်ဇနကကံအစွမ်းကြောင့် ခွေးဘဝကိုရရှိလေရာ ထိုခွေးဘဝ၌ ခွေးပိန် ခွေးချီအဖြစ်ဖြင့်တာရှည်အောင်အကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့ပေး၏၊ ဤကား ဇနကကံ၏ အကျိုးဝိပါက်အစဉ်ကိုအဓွန့်ရှည်စွာ တည်လေအောင် ဥပတ္ထမ္ဘကကံက အထောက်အကူပြုပုံတည်း။

၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၀၈၊ ၉။ အံ၊ဋ္ဌ၊၂။ ၁၀၉။

စာမျက်နှာ-214

ကုသိုလ်က အကုသိုလ်ကို အကုသိုလ်က ကုသိုလ်ကို ထောက်ပံ့ပုံ

ဤနေရာ၌ ကုသိုလ်ဥပတ္ထမ္ဘကကံက အကုသိုလ် ဇနကကံကြောင့် ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ကို လည်းကောင်း၊ အကုသိုလ်ဥပတ္ထမ္ဘကကံက ကုသိုလ်ဇနကကံကြောင့်ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ကို လည်းကောင်း ထောက်ပံ့နိုင်ပေသေးသည်။ ရှင်းဦးအံ့၊ နဂါး ဂဠုန်စသော သတ္တဝါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်ကို ရရှိခြင်းကား အကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။ ထိုနဂါး ဂဠုန်စသည်တို့ ပဝတ္တိအခါ၌ တန်ခိုးအာနုဘော်ကြီးခြင်းစသော အကျိုးတရားများကို ရရှိခြင်းသည် ရှေးအတိတ်ကပြုခဲ့ဖူးသော ကုသိုလ် ဥပတ္ထမ္ဘကကံ၏ ကူညီထောက်ပံ့မှုပင်ဖြစ်သည်။ ထို့ပြင် ဝိနိပါတိကအသူရာဘဝကို ရောက်ရခြင်းသည် ကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။ ထိုဘဝ၌ ဆင်းရဲခံရခြင်းစသော အနိဋ္ဌကျိုးများကို ကြာရှည်လေးမြင့် ခံစားနေရခြင်းကား ရှေးဘဝက ပြုခဲ့သော အကုသိုလ်ဥပတ္ထမ္ဘကကံ၏ ကူညီထောက်ပံ့မှုဖြစ်သည်။

ဥပပီဠကကံ

ဥပပီဠကကံကား ဇနကကံကိုလည်းကောင်း၊ ထိုဇနကကံကြောင့် ဖြစ်သော အကျိုးခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ်လျော့ပါး ညှိုးနွမ်းသိမ်ငယ်သွားအောင် ဖိစီးနှိပ်စက် နှောင့်ယှက် တားမြစ်တတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာများတည်း။

၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၈၊ ၉။

၂။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၀၉။

စာမျက်နှာ-215
ထိုဥပပီဠကကံသည်--

(က) ကုသိုလ်ဇနကကံကို တားမြစ် နှိပ်စက်တတ်သော အကုသိုလ်ဥပပီဠကကံ၊

(ခ) အကုသိုလ်ဇနကကံကို တားမြစ် နှိပ်စက်တတ်သော ကုသိုလ်ဥပပီဠကကံဟု နှစ်မျိုးရှိသည်။

ထို့တွင် အထက်အထက်ဘုံ၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ နှိပ်စက်မှုကြောင့် အောက်အောက်ဘုံတို့၌ အကျိုးပေးရခြင်း၊ တန်ခိုးကြီးသော ဌာနတို့၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ တားမြစ် နှိပ်စက်မှုကြောင့် ဘုန်းတန်ခိုးငယ်သောဌာနတို့၌ အကျိုးပေးရခြင်း၊ မြတ်သော အမျိုး၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် ယုတ်ညံ့သောအမျိုး၌ အကျိုးပေးရခြင်း၊ အသက်ရှည်၍ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသော အမျိုး၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် အသက်တို၍ စည်းစိမ်ဥစ္စာ နည်းပါးသော အမျိုး၌ ဖြစ်ရခြင်းစသည်တို့ကား အကုသိုလ်ဥပပီဠကကံက တပါးသော ကုသိုလ်ဇနကကံကို တားမြစ်နှိပ်စက်ခြင်း ဖြစ်ပါသည်။ အကုသိုလ်ဥပပီဠကကံက တပါးသော ကုသိုလ်ကံကို တားမြစ်ရာ၌ သုနက္ခတ္တဝတ္ထုဖြင့် ထင်ရှားသိသာပေသည်။

ငရဲကြီးရှစ်ထပ်၌ အကျိုးပေးနိုင်သော အကုသိုလ်ကံ ရှိသော်လည်း နောက်နောက်ကပြုခဲ့သော အားကြီးသော ကုသိုလ်ဥပပီဠကကံ၏ တားမြစ် နှိပ်စက်မှုကြောင့် ဥဿဒငရဲတို့၌လည်းကောင်း၊ ပြိတ္တ၊ တိရစ္ဆာနဘုံ၊ အသုရကာယ်ဘုံတို့၌လည်းကောင်း အကျိုးပေးရခြင်း၊ ခိုးသူတို့ကို သတ်ဖြတ်ရသည့် အကုသိုလ်ကံကို အနှစ်ငါးဆယ်ပတ်လုံး လွန်ကျူးခဲ့သော်လည်း လက်ယာတော်ရံ အရှင်သာရိပုတ္တရာအား နို့ဆွမ်းလှူဒါန်းရသည့် ကုသိုလ်ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် ဝါတကာဠကမည်သော ခိုးသူသတ်ယောကျ်ား၏ တာဝတိံသာနတ်ပြည်၌ ဖြစ်ရခြင်းစသည်တို့သည် ကုသိုလ်ဥပပီဠကကံက တပါးသော အကုသိုလ်ကံကို တားမြစ်နှိပ်စက်ခြင်း ဖြစ်ပေသည်။

၁။ အံ၊ဋ္ဌ၊၂။၁၄၉။ ပရမတ္ထဒီပနီဋီကာ၊၂၁၉။

စာမျက်နှာ-216
ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို တားမြစ်ရာ၌ ကုသိုလ်ဇနကကံကြောင့် လူ့ခန္ဓာကိုယ်ကို ရရှိပြီးသော်လည်း ပဝတ္တိအခါ၌ အကုသိုလ်ဥပပီဠကကံ၏ နှိပ်စက်မှုကြောင့် အနာရောဂါထူပြောခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ ရာထူးဌာနန္တရ လျှောကျခြင်းစသည်တို့သည် ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို အကုသိုလ်ဥပပီဠကကံက တားမြစ်နှိပ်စက်ခြင်းပင် ဖြစ်သည်။

နှိပ်စက်ပုံ (၃)မျိုး

ထို့ပြင် ဥပပီဠကကံသည် ကုသိုလ်ဇနကကံ၊ အကုသိုလ် ဇနကကံတို့ကို နှိပ်စက်ရာတွင်—

(၁) ဇနကကံများလုံးဝအကျိုးပေးခွင့်မရအောင်လည်းကောင်း၊

(၂) အကျိုးပေးခွင့် ရနေသည့်အခါ၌ပင် အကျိုးပေးမထက်သန်အောင်လည်းကောင်း၊

(၃) ပေါက်ရောက်ပြီးသော သစ်ပင်ချုံနွယ်များကို ဓား တုတ်စသည်တို့ဖြင့် နှိပ်စက်သည့်အခါ ကြာရှည်စွာ မစည်ပင်နိုင်သကဲ့သို့ ကံတပါးတို့ပေးထားအပ်သော အကျိုးဝိပါက်အစဉ်ကို မစည်ပင်အောင် ကြာရှည်စွာမတည်အောင်လည်းကောင်း နည်းသုံးမျိုးဖြင့် နှိပ်စက်လေ့ရှိပေသည်။

၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၁၀။ အံ၊ဋ္ဌ၊၂၊၁၁၉။

၂။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၁၀။

စာမျက်နှာ-217
ထိုတွင် အကျိုးပေးခွင့်မရအောင် နှိပ်စက်ရာ၌-ကျမ်းပြုဆရာများသည် ကျမ်းမပြုမီ ရှေးဦးစွာ “နမောတဿ” စသည်ဖြင့် ရတနာသုံးပါးတို့ကို ရှိခိုးပူဇော်လေ့ရှိကြသည်။ ထိုရှိခိုးပူဇော်ရာ၌ ဖြစ်ပေါ်လာသော ကုသိုလ်စေတနာကို ပဏာမကုသိုလ်စေတနာဟုခေါ်သည်။ ထိုပဏာမကုသိုလ်စေတနာသည် ကျမ်းပြုခြင်းကိစ္စ၌ ကျမ်းမပြီးအောင် အန္တရာယ်ပြုနိုင်သော အကုသိုလ်များကို အကျိုးပေးခွင့် မရအောင် ကာကွယ် နှောင့်ယှက် နှိပ်စက်၏။ ယခုကာလ၌ ဆရာသမား၊ မိဘဘိုးဘွား၊ သက်ကြီး ဝါကြီးများကို ပြစ်မှားမှု၊ သူတော်သူမြတ်တို့အား ပြစ်မှားမှု အကုသိုလ်ကံသည် ရှေးရှေးကုသိုလ်ကံများ အကျိုးပေးခွင့်မရအောင် တားမြစ် နှိပ်စက်၏။

အကျိုးပေး မထက်သန်အောင် နှိပ်စက်ခြင်းကား ပင်ကိုက မျက်စိ နား နှာ အင်္ဂါစုံသော လူ့ဘဝကိုပေးနိုင်သည့် ဇနကကုသိုလ်ကံရှိသော်လည်း အကုသိုလ်ကံနှောင့်ယှက်မှုကြောင့် စက္ခုပသာဒမပါပဲ ဇစ္စန္ဓအကျိုးကိုသာ ပေးရခြင်း၊ အဇာတသတ်မင်း၏ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်မှု ပိတုဃာတက အကုသိုလ်ကံကြီးသည် အဝီစိတိုင်အောင် အကျိုးပေးရန်ရှိသော်လည်း ဘုရားရှင်နှင့် သာသနာတော်ကို ကြည်ညိုသော ကုသိုလ်ကံများက နှောင့်ယှက်နှိပ်စက်မှုကြောင့် အဝီစိငရဲကြီး၏ အခြံအရံဖြစ်သော ဥဿဒငရဲငယ်၌သာ အကျိုးပေးခြင်းမျိုးတည်း။

အကျိုးပေးကြာရှည်စွာ မတည်အောင်နှိပ်စက်ခြင်းမှာ-ကုသိုလ်ဇနကကံစွမ်းကြောင့် လူ့ခန္ဓာကိုယ်ကို ရပြီးဖြစ်သော်လည်း ပဝတ္တိအခါဝယ် အကုသိုလ်ကံ၏ နှိပ်စက်မှုကြောင့် ရောဂါထူပြောခြင်း၊ ဆွေမျိုးဂုဏ်သိန် စည်းစိမ်ရာထူးများ ပျက်ပြားလျက် စိတ်စက်မကြည်သာခြင်း စသည်တို့သည် ကုသိုလ်ကံ၏အကျိုးကို အကုသိုလ်ကံက နှိပ်စက်ခြင်းပင်တည်း။ အကုသိုလ်ကံ၏ အကျိုးဝိပါက်အစဉ်ကို ကုသိုလ်ကံကနှိပ်စက်ပုံမှာ ကျမ်းဂန်များ၌ အထင်အရှား မလာချေ။ အကုသိုလ်ကံကြောင့်ခွေး နဂါး ဂဠုန် စသည်ဖြစ်ရသော ခန္ဓာအစဉ်ဝယ် အကုသိုလ်ကံ အလိုကျအောင်

စာမျက်နှာ-218
ဆင်းရဲသမျှ မဆင်းရဲရပဲ အစားအသောက်စသည်ကို ရရှိအောင် စီမံတတ်သော ကုသိုလ်ကံသည် အကုသိုလ်ကံ၏အကျိုးဝိပါက်အစဉ်ကို နှိပ်စက်ရာရောက်သည်ဟု ပြောစမှတ်ပြုကြပေသည်။ ထို့ပြင် အကုသိုလ်ကြောင့်ဖြစ်သော အကျိုးဝိပါက်အစဉ်ကို အကုသိုလ်ကပင် ထပ်မံနှိပ်စက်သော အရာလည်းရှိသေးသည်။ ဥပမာ- အကုသိုလ်ဇနကကံကြောင့် ဖြစ်လာရသော ခွေးခန္ဓာဝယ် အစာငတ်၍ ခွေးပိန်ခွေးနာဖြစ်အောင် အကုသိုလ်ကံက နှိပ်စက်ပုံမျိုးကဲ့သို့ပင်ဖြစ်သည်။

ဥပဃာတကကံ

ဥပဃာတကကံဆိုသည်မှာ- ကံတပါးကိုလည်းကောင်း၊ ကံတပါးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးခန္ဓာအစဉ်ကိုလည်းကောင်း သတ်ဖြတ်တတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာများဖြစ်သည်။ ထိုကံကိုပင် ကံတပါးကိုကပ်၍ ဖြတ်တတ်သောကြောင့် “ဥပစ္ဆေဒက” ကံဟုလည်း ခေါ်ပါသည်။

ထိုဥပဃာတကကံသည်—

၁။ တပါးသောကုသိုလ်ကံကို သတ်ဖြတ်တတ်သော အကုသိုလ် ဥပဃာတကကံ၊

၂။ တပါးသော အကုသိုလ်ကံကို သတ်ဖြတ်တတ်သော ကုသိုလ် ဥပဃာတကကံ-

ဟူ၍ နှစ်မျိုးရှိပေသည်။

ထိုနှစ်မျိုးတွင် အဇာတသတ်မင်း၏ တဘဝလုံး ဘုရားသခင်အား ဆည်းကပ်ခြင်းစသော ကုသိုလ်ကံများကို ဖခင်ကြီးဗိမ္ဗိသာရဘုရင်အား သတ်ခြင်းဟူသော ဥပဃာတကကံက တားမြစ်သတ်ဖြတ်သည်။ ထို့ပြင် သေခါနီးအချိန်၌ ကုသိုလ်ကံ၏အစွမ်းကြောင့် သုဂတိနိမိတ်ထင်လာစဉ် တဖန် အကုသိုလ် ဥပဃာတကကံက ထင်လာသော သုဂတိနိမိတ်ကိုတား

၁။--အံ၊ ဋ္ဌ၊ ၂။ ၁၁၀။ဝိသုဒ္ဓိ၊ ၂၊ ၂၃၆။

စာမျက်နှာ-219
တားမြစ်သတ်ဖြတ်သည်။ ထိုသို့တားမြစ်သတ်ဖြတ်ချက်ကြောင့် ဒုဂ္ဂတိနိမိတ် ထင်လာ၍ အပါယ်ဘုံ၌ ဖြစ်စေသည်၊ ဤသည်မှာ အကုသိုလ် ဥပဃာတကကံက ကုသိုလ်ကံကို သတ်ဖြတ်ပုံဖြစ်ပါသည်။

အင်္ဂုလိမာလမထေရ်အကြောင်း စာဖတ်ပရိသတ်များ သိပြီးဖြစ်ပါသည်။ အင်္ဂုလိမာလ ခိုးသူကြီးဘဝတွင် ကျူးလွန်ခဲ့သည့် အကုသိုလ်ကံများကား အလွန်များလှသည်။ သို့သော် အရဟတ္တမဂ်ကို ရသည်နှင့် တပြိုင်နက် မဂ်စေတနာဟူသော ကုသိုလ်ဥပဃာတကကံက ထိုအကုသိုလ်အားလုံးကို ချေမှုန်းသတ်ဖြတ်ပစ်လိုက်ပေသည်။ ထို့ပြင် သေခါနီးကာလ၌လည်း အကုသိုလ်ကံ၏အစွမ်းကြောင့် ဒုဂ္ဂတိနိမိတ်ထင်လာစဉ် တဖန် ကုသိုလ်ဥပဃာတကကံက ထင်လာသော ဒုဂ္ဂတိနိမိတ်ကို တားမြစ်သတ်ဖြတ်သည်။ ထိုသို့ တားမြစ်သတ်ဖြတ်ချက်ကြောင့် သုဂတိနိမိတ်ထင်လာ၍ နတ်ပြည်၌ဖြစ်စေသည်။

ထင်ရှားစေဦးအံ့၊ သောဏဂီရိခေါ် တောင်ပေါ်ကျောင်း၌ သီတင်းသုံးနေသော ရဟန္တာ အရှင်သောဏမထေရ်၏ ခမည်းတော်ကြီးသည် သန်သန်မာမာရှိစဉ်က မုဆိုးအလုပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏၊ အိုမင်းမစွမ်းရှိလာသည့်အခါမှ သားတော်ထံတွင် ရဟန်းကြီးပြုနေသည်။ မကျန်းမာ၍ သေခါနီးအချိန်ရောက်သည့်အခါ မုဆိုးလုပ်ခဲ့သည့်အကုသိုလ်ကံကြောင့် တောင်ခြေမှခွေးကြီးများ မိမိကိုကိုက်တော့မည့်ဟန်ဖြင့် ဂတိနိမိတ်များထင်လာ၍ “ခြောက်ပါဟဲ့ သားရဲ့” ဟု ဆက်ကာဆက်ကာအော်ဟစ်ရှာသတဲ့။

ထိုအခါ ရှင်သောဏက “ဘာလဲဦးပဉ္စင်းကြီး” ဟု မေးသည့်အခါ “ခွေးကြီးတွေ၊ ခွေးကြီးတွေ” ဟု ပြန်ပြောရာ ငရဲဂတိနိမိတ် ထင်နေကြောင်း ရဟန္တာအရှင်မြတ်သိသွားလေသည်။ ထို့နောက် “ငါ့လိုသားရှိပါလျက် ငရဲဘာဖြစ်လို့ကျရမလဲ” ဟူသောစိတ်ထားဖြင့် သာမဏေများကို ပန်းရှာခိုင်းပြီး ဘုရားယင်ပြင်တော်မှာ ပန်းမွေ့ရာခင်းစေကာ ဦးပဉ္စင်းကြီးကို ညောင်စောင်းနှင့်တကွမပြီး ရုပ်ပွားတော်ရှေ့၌ ချထားသည်။

၁။ အံ၊ဋ္ဌ၊၂။၁၁၀-၁။

၂။ အံ၊ဋ္ဌ၊၂။၁၁၀-၁။ အဘိ၊ဋ္ဌ၊၂၊၄၂၀။

စာမျက်နှာ-220
သားဖြစ်သူရဟန္တာမထေရ်က “ဦးပဉ္စင်းကြီးအတွက် ပန်းပူဇော်ထားသည်၊ ကြည်ညိုပါ” ဟု တိုက်တွန်းသဖြင့် ကြည်ညိုဝမ်းမြောက်သည့်ခဏ၌ ခွေးကြီးနိမိတ်များမထင်တော့ပဲ နတ်သမီးနိမိတ်များ ပြောင်းလဲထင်လာရာ “သားရဲ့ ဖယ်ပေးပါ၊ ဖယ်ပေးပါ၊ သားရဲ့ မိထွေးများလာနေတယ်” ဟု ယောင်ယမ်းပြောဆိုနေစဉ် စုတိစိတ်ကျ၍ နတ်ပြည်သို့ရောက်ရလေသည် ။

ဤသို့ ကုသိုလ်ဥပဃာတကကံက ထင်လာသော ဒုဂ္ဂတိနိမိတ်ကို တားမြစ်၍ သုဂတိနိမိတ်ထင်စေကာ နတ်ပြည်၌ ဖြစ်စေနိုင်ပေသည်။

ကုသိုလ် ဇနကကံ၏အစွမ်းကြောင့် လူနတ်ခန္ဓာအစဉ်ကို ရရှိလာရာ အကုသိုလ်ဥပဃာတကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် အသက်တမ်းမကုန်မီ လတ်တလောသေရခြင်းသည် ကံတပါးကြောင့် ရလာသောခန္ဓာအစဉ်ကို အကုသိုလ် ဥပဃာတကကံက တားမြစ်သတ်ဖြတ်သည် မည်ပေသည်။

သတ်ဖြတ်ပုံ (၃)မျိုး

ကံတပါး၏ အကျိုးဝိပါက်ခန္ဓာအစဉ်ကို သတ်ဖြတ်ရာ၌—

၁။ သတ်ရုံသာသတ်သော ဥပဃာတကကံ၊

၂။ သတ်ပြီးနောက် အခြားသောဇနကကံကို အကျိုးပေးခွင့်ပြုသော ဥပဃာတကကံ၊

၃။ သတ်ဖြတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေအကျိုးကို ဆက်လက်ပေးသော ဥပဃာတကကံ—

ဟူ၍ (၃)မျိုးရှိပြန်သည်။

၁။ အဘိ၊ဋ္ဌ၊၂။၄၂၀။

၂။ မ၊၄။၁၇၇။

စာမျက်နှာ-221
ထိုတွင် ဓမ္မပဒ၌လာသော စက္ခုပါလမထေရ်ဝတ္ထုဝယ် ဆေးဆရာဘဝတုန်းကပြုခဲ့သောအကုသိုလ်ဥပဃာတကကံ၏ သတ်ဖြတ်မှုကြောင့် ကုသိုလ်ဇနကကံက စီမံထားအပ်သော စက္ခုပသာဒကမ္မဇရုပ်၏ ပျက်စီးသွားရခြင်း၊ အရှင်မဟာမောဂ္ဂလာန်၏ ရှေ့ဘဝကအမိကိုသတ်ခဲ့သော အကုသိုလ်ကံကြောင့် ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံတော်မူရခြင်းတို့မှာ ကံတပါး၏အကျိုးကို သတ်ရုံသာသတ်၍ နောက်ထပ် အကျိုးမဆက်သော ဥပဃာတကကံများ၏ လက်ချက်ပေတည်း။

ဗိမ္ဗိသာရမင်းသည် ရှေ့ဘဝက ဘုရားယင်ပြင်တော်ပေါ်မှာ ဖိနပ်စီးခဲ့ဖူးသော အကုသိုလ် ဥပဃာတကကံ၏ လက်ချက်ကြောင့် ခြေဖဝါးကို ဓားခွဲခံရပြီးနောက် အခြားသော ကုသိုလ်ဇနကကံအတွက် စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရ၏။ သာမာဝတီ အမှူးရှိသော မောင်းမတို့သည် ရှေ့ဘဝက အကုသိုလ်ဥပဃာတကကံကြောင့် မီးလောင်ခံရ၍ သေဆုံးပြီးနောက် ကုသိုလ်ဇနကကံအတွက် နတ်ပြည် ဗြဟ္မာ့ပြည်တို့သို့ တက်ရောက်ကြရလေသည်။

ဝဠုမုဒါမြစ်နား၌နေသော ရဟန်းငါးရာတို့သည် ရှေ့ဘဝ သားမုဆိုးဖြစ်ခဲ့စဉ်က သားငှက်တို့ကိုသတ်ဖြတ်ခဲ့သော အကုသိုလ်ဥပဃာတကကံကြောင့် ရဟန်းတုရဟန်းယောင် မိဂလဏ္ဍိက၏ သတ်ဖြတ်မှုကိုခံရပြီးနောက် တပါးသောကုသိုလ်ဇနကကံကြောင့် နတ်ပြည်၌ဖြစ်ကြရသည်။ ဤသည်တို့ကား မိမိကသတ်ရုံသာသတ်၍ အခြားသော ဇနကကံကို အကျိုးပေးခွင့်ပြုသော ဥပဃာတကကံဖြစ်သည်။

ဒူသီခေါ် မာရ်နတ်သည် ကကုသန်မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်ဝိဓုရ၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်၏။ နန္ဒမည်သော နတ်ဘီလူးတယောက်သည် အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးခါစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏။ ကလာဗုမင်းသည် အလောင်းတော် ခန္တီဝါဒီရှင်ရသေ့ကို သေကြေအောင် နှိပ်စက်၏။ ထိုနတ်များနှင့် မင်းတို့၏ ခန္ဓာအစဉ်ကို ထိုအကုသိုလ်ကံက သတ်ဖြတ်၍ ထိုအကုသိုလ်ကံကြောင့်ပင် အဝီစိငရဲ၌ ပဋိသန္ဓေ နေရပြန်သည်။ ဤလျှင် ကံတစ်ပါး၏ အကျိုးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေကျိုးကို ဆက်လက်ပေးသော ဥပဃာတကကံမျိုးလည်း ရှိပေသည်။

၁။ ပရမတ္ထဒီပနီ မဟာဋီကာ၊၂၁၂။ အနုဒီပနီ၊၁၅၄။

စာမျက်နှာ-222

အကျိုးပေးစဉ်အားဖြင့် စေတနာ ၄-မျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် အကျိုးပေးစဉ်အားဖြင့်—

၁။ ဂရုကကံ = အကျိုးအပြစ် ကြီးမားသောကံ၊

၂။ အာသန္နကံ = သေခါနီး၌ အောက်မေ့အပ် ပြုအပ်သောကံ၊

၃။ အာစိဏ္ဏကံ = အမြဲလေ့ကျက် တိုးပွားစေသောကံ၊

၄။ ကဋတ္တာကံ = အမှတ်တမဲ့ သာမန်ပြုလုပ်သောကံ—

ဟူ၍ (၄) မျိုး ရှိသည်။

ဂရုကကံ

ထိုတွင် ဂရုကကံဆိုသည်မှာ—ကြီးလေးသော အကျိုးကိုပေးသည့် ကံမျိုး ဖြစ်သည်။ (ဂရု = ကြီးလေးသော အကျိုးကို၊ က = ပြုတတ်သောကံ) ကြီးလေးသော အကျိုးကို ပေးခြင်းဆိုသည်ကား အခြားကံများက ထိုကံ၏အကျိုးပေးမှုကို မခုခံမတားဆီးနိုင်သဖြင့် သေဆုံးသည်နှင့်တပြိုင်နက် ဧကန်အကျိုးပေးသည့် (အကျိုးပေးမြဲသော)ကံမျိုးဟု အဓိပ္ပာယ်ရှိပေသည်။

ကုသိုလ်ဂရုကံနှင့် အကုသိုလ်ဂရုကံများ

ထိုဂရုကကံများကား ကုသိုလ်အရာ၌ တန်ခိုး အာနုဘော် ကြီးမားသော မဟဂ္ဂုတ်ဈာန် ကုသိုလ်ကံများဖြစ်၍ အကုသိုလ်အရာတွင် အပြစ်ကြီးမားသော ပဉ္စာနန္တရိယကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံများတည်း။

ဆက်ဦးအံ့ — ဂရုကကံဟူသည် ပင်ကိုသဘောအားဖြင့် ကြီးလေးသော ကံပင်ဖြစ်၏။ တစ်ပါးသောကံများက လွှမ်းမိုးတားဆီးနိုင်မှု၊ မလွှမ်းမိုးမတားဆီးနိုင်မှုမှာ ဤကြီးလေးသောသဘောနှင့်မသက်ဆိုင်။ ထို့ကြောင့် အာနန္ဒရိယကံ ၂-ပါး ၃-ပါး ပြုရာ၌ ကံတစ်ခုက လွှမ်းမိုး၍ အကျိုးပေးခြင်း၊ မဟဂ္ဂုတ်ဈာန် ၂-ပါး ၃-ပါး စသည်ရာ၌ အထက်အထက်ဈာန်က လွှမ်းမိုး၍ အကျိုးပေးခြင်းတို့ကြောင့် အကျိုးမပေးရသော ကံများ၌ ဂရုကဟူသော အမည်မပျက်၊ ပင်ကိုသဘောအားဖြင့် ကြီးလေးသော ကံများဖြစ်၍ ဂရုကကံအမည် ရမြဲရပေသည်။

၁။ မ၊၁၊၄၀၇-၄၁၅။ မ၊ဋ္ဌ၊၂၊၃၁၂-၃၂၀။

စာမျက်နှာ-223

အကုသိုလ် ဂရုကကံ ၅-မျိုး

အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံ ဆိုသည်မှာ အာနန္ဒရိယကံ ငါးပါး ဖြစ်သည်။ သေဆုံးကွယ်လွန်ပြီးနောက် အခြားမဲ့ ဒုတိယဘဝနှင့် အကျိုးပေးလေ့ ရှိသော ကံမျိုးကို အာနန္ဒရိယကံဟုခေါ်သည်။ ထိုကံသည်—

၁။ မာတုဃာတကကံ = အမိကို သတ်သောကံ၊

၂။ ပိတုဃာတကကံ = အဖကို သတ်သောကံ၊

၃။ အရဟန္တဃာတကကံ = ရဟန္တာကို သတ်သောကံ၊

၄။ လောဟိတုပ္ပါဒကကံ = ဘုရားရှင်၌သွေးခြေဥအောင်လုပ်သောကံ၊

၅။ သံဃဘေဒကကံ = သံဃာအချင်းချင်း သင်းခွဲသောကံ—

ဟူ၍ ငါးမျိုးရှိသည်။

ထိုတွင် အမိကို သတ်အောင် လှုံ့ဆော်ပေးသည့် စေတနာကို မာတုဃာတကကံ၊ အဖကိုသတ်အောင် လှုံ့ဆော်ပေးသည့် စေတနာကို ပိတုဃာတကကံဟု ခေါ်သည်။ အမိအဖမှန်းသိသိ-မသိသိ သေစေလို၍ သတ်မိလျှင် ဂရုကကံ ထိုက်၏။ မိဘတို့က တိရစ္ဆာန်ဖြစ်လျှင် သို့မဟုတ် မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္ဒရိယကံ မထိုက်သော်လည်း အာနန္ဒရိယကံ လောက်နီးနီး အပြစ်ကြီးလှ၏။ အခြားသူကို သေစေလို၍ သေနတ်ဖြင့် ပစ်ခတ်ရာ မိဘတို့ မတော်တဆ ထိမှန်လျှင်လည်း မာတုဃာတကကံ၊ ပိတုဃာတကကံများ ထိုက်သည်ဟု တတိယပါရာဇိက အဋ္ဌကထာစသည်၌ ဖွင့်ဆိုထားပေသည်။

စာမျက်နှာ-224
ရဟန္တာပုဂ္ဂိုလ်အား သတ်ကြောင်းဖြစ်သော စေတနာကို အရဟန္တဃာတကကံဟု ခေါ်သည်။ ရဟန္တာမဖြစ်မီ သတ်သော်လည်း ရဟန္တာဖြစ်ပြီးမှ သေခဲ့လျှင် ထိုဘဝဇီဝိတိန္ဒြေအစဉ်ကို လျင်စွာချသည်မည်သောကြောင့် အရဟန္တဃာတကပင် ဖြစ်သည်။

လောဟိတုပ္ပါဒကကံ

လောဟိတုပ္ပါဒကကံ ဆိုသည်မှာ ဘုရားရှင်၏ မပြိုကွဲနိုင် သွေးမယိုထွက်နိုင်သော ခန္ဓာကိုယ်၌ သွေးခြေဥအောင် ပြုလုပ်ကြောင်းဖြစ်သော စေတနာပင်ဖြစ်သည်။ ထင်ရှားစေဦးအံ့-အရှင်ဒေဝဒတ်သည် ဂိဇ္ဈကုဋ် တောင်ခြေ၌ စင်္ကြံကြွတော်မူနေသော ဘုရားရှင်ကို ယန္တရားစက်ဆင်၍ ကျောက်တုံးကြီးဖြင့် ဖိသတ်သည်၊ ကျောက်တုံးကြီး ပြိုကျလာရာတွင် တောင်ထွတ်နှစ်ခု ခံထားမှုကြောင့် ကျောက်တုံးကြီးဖြင့် မဖိမိပဲ ကျောက်တုံးမှ ကျိုးပဲ့ကွာကျလာသော ကျောက်ခဲဖြင့် ဘုရားရှင်၏ ခြေမတော်ကို ထိခိုက်မိရာ ခြေမတွင် သွေးခြေဥသွားပေသည်။

ဤကဲ့သို့ ဘုရားရှင်၏ ခန္ဓာကိုယ်တော်၌ သွေးခြေဥအောင် ပြုလုပ်မှုမျိုးကို လောဟိတုပ္ပါဒကကံဟု ခေါ်သည်။ ဤသွေးခြေတော်ဥအောင် ပြုလုပ်မှုသည် သေစေလိုသော စေတနာဖြင့် ပြုသောကြောင့် ပါဏာတိပါတ ကမ္မပထ မမြောက်သော်လည်း (အနုဋီကာ အလိုအားဖြင့်) ဗျာပါဒ ကမ္မပထ မြောက်သည်ဟု ဆိုသင့်ပေသည်။

သံဃဘေဒကကံ

သံဃာတော်အချင်းချင်း ကွဲပြားအောင် ပြုလုပ်ကြောင်း စေတနာသည် သံဃဘေဒကကံ မည်ပါသည်။ သိမ်တစ်ခုတည်း၌ ရဟန်း သံဃာ အချင်းချင်း အတူတကွ ကံမပြုပဲ သူ့ဘက်ငါ့ဘက် နှစ်စုခွဲ၍ တပြိုင်နက် ကံပြုအောင် အားထုတ်စီမံသဖြင့် အထမြောက်ခဲ့သော် ကွဲပြားအောင် ကြံဆောင်စီမံသော ပုဂ္ဂိုလ်မှာ သံဃဘေဒကကံထိုက်၏။ မတရားဘက်၌ လိုက်ပါအားပေးသော ပုဂ္ဂိုလ်များသည်လည်း အပြစ်ကြီးမားလှ၏။

စာမျက်နှာ-225
တသိမ်တည်းပင် ဖြစ်သော်လည်း တဘက်ပြီးမှတဘက်က ကံပြုခြင်း ကံ ဒွါရကွဲပြားခြင်း စသည်တို့မှာ သံဃဘေဒကကံနှင့်မဆိုင်။ တသိမ်တည်းဝယ် ကံကြီးကံငယ် ခွဲခြားလျက် တပြိုင်နက် ကံပြုမှ သံဃဘေဒကကံ ဖြစ်သောကြောင့် လူသာမဏေတို့မှာ သံဃဘေဒကကံ မထိုက်နိုင်ပါချေ။ သို့သော် ရပ်ရွာနယ်ပယ်တို့၌ သံဃာတော်အချင်းချင်း ကွဲပြားအောင် ကြံဆောင်အားထုတ်သူတို့မှာ သူတို့အတွက် ဆိုင်ရာဝယ် အကုသိုလ် တိုးပွားရသောကြောင့် သံဃဘေဒကကံလောက်နီးနီး အပြစ်ကြီးလေးလှ၏။

ဤအာနန္ဒရိယကံ ၅-ပါးတွင် တစ်ပါးပါးကို ပြုမိလျှင် သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ရောက်ရ၏။ အဇာတသတ်မင်းသည် အဖကို သတ်၍ ပိတုဃာတကကံ ထိုက်သောကြောင့် အဝီစိငရဲ၏အခြံအရံ ဥဿဒငရဲ၌ ကျရောက်ရသော်လည်း အဝီစိတွင် အပါအဝင်ပင်ဖြစ်၏။

ဤကံ ၅-ပါးတွင် သံဃဘေဒကကံသည် အပြစ်အကြီးဆုံးဖြစ်၏၊ အဝီစိ ငရဲကြီးတွင် ထိုငရဲဘုံသက်ကုန်သည်အထိ ခံရသော ကပ္ပဋ္ဌိတိယကံတည်း။ ကြွင်းသောကံလေးပါးကို ကပ္ပဋ္ဌိတိယကံများဟု အဆိုမရှိချေ။ ထိုက်သင့်သမျှ ခံကြရမည်။

ထို့ကြောင့် ကံ ၅-ပါးလုံးပြုမိလျှင် သံဃဘေဒကကံက အခြားကံ ၄-ပါးကို လွှမ်းမိုး၍ ပဋိသန္ဓေကျိုးပေး၏။ အခြားကံများအတွက် အဝီစိ၌ ဖြစ်ဖွယ်မရှိ။ သို့သော် နောင်အခွင့်သင့်ရာဘဝ၌ ပဝတ္တိကျိုးကိုကား ပေးပေမည်။ ရှေ့ကံ ၄-ပါးလုံးကို ပြုမိလျှင် လောဟိတုပ္ပါဒကကံ အကျိုးပေး၏။ ရှေ့ကံသုံးပါးလုံးပြုမိလျှင် အရဟန္တဃာတကကံက အကျိုးပေး၏။ ရှေ့ဆုံး ကံ ၂-ပါးလုံးကို ပြုမိလျှင် မိဘနှစ်ဦး သီလရှိခြင်း မရှိခြင်း တန်းတူဖြစ်ခဲ့သော် အမိကသာ၍ ကျေးဇူးများသောကြောင့် မာတုဃာတကကံက အကျိုးပေး၏၊ အဖက အမိထက် သီလသာနေပါမူ ပိတုဃာတကကံက အကျိုးပေးလေသည်။ နိယတမိစ္ဆာဒိဋ္ဌိစေတနာအကြောင်းကို ရှေ့တွင် ဖော်ပြခဲ့ပြီးလေပြီ။

စာမျက်နှာ-226

အာသန္နကံ

အာသန္န သဒ္ဒါသည် အနီးဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့်အာသန္နကံ ဆိုသည်မှာ သေခါနီးကာလ၌ (မရဏာသန္နဇောဝီထိသို့ မရောက်မီ) ပြုခဲ့ပြီးသည်ကိုပြန်၍ အောက်မေ့သောကံသည်လည်းကောင်း၊ သေခါနီးကာလ၌ တရားနာခြင်း, အလှူဒါနပြုခြင်း, သီလဆောက်တည်ခြင်း, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းစသော ကံသည်လည်းကောင်း အာသန္နကံ မည်ပါသည်။

ထင်ရှားစေဦးအံ့။ အချို့ကုသိုလ်ကံ အကုသိုလ်ကံများကို ကာလအတန်ကြာက ပြုခဲ့ပြီးသည့်နောက် ထပ်ခါထပ်ခါ သတိမရပဲ မသေခါနီးရောက်မှ သတိရတတ်၏။ ထိုကံမျိုးသည် အာသန္နကံမည်၏။ သေခါနီးမှ တရားနာခြင်း၊ ပန်းဆီမီးပူဇော်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ်ရိုက်နှက်ခြင်းစသော ကံမျိုးကိုလည်း အာသန္နကံဟု ခေါ်ပါသည်။

ဒမိဠဒေါဝါရိကမည်သော တံငါသည်တစ်ယောက်သည် အနှစ်ငါးဆယ်ပတ်လုံး ငါးမျှားခြင်းဖြင့် ပါဏာတိပါတကံကို ပြုခဲ့သော်လည်း သေခါနီးအချိန်တွင် စူဠပိဏ္ဍပါတိကတိဿမထေရ်ထံ၌ သရဏဂုံနှင့် ငါးပါးသီလ ဆောက်တည်လိုက်ရသော ကုသိုလ်အာသန္နကံကြောင့် စာတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရလေသည်။

မဟာဝါစကာလအမည်ရှိသော ဥပါသကာသည် သောတာပန်ဖြစ်ရန် ရည်မှန်း၍ အနှစ်သုံးဆယ်ပတ်လုံး ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော်လည်း ဩဘာသနိမိတ်မျှ မရသောကြောင့် “ဘုရားသာသနာတော်သည် သံသရာမှထွက်မြောက်ကြောင်း ဖြစ်မည်မထင်” ဟု အယူမှားယွင်း ဖောက်ပြန်၏။ ထိုအယူမှားယွင်း ဖောက်ပြန်မှု အကုသိုလ်အာသန္နကံ၏ အစွမ်းကြောင့် သေဆုံးကွယ်လွန်သည့်အခါ မဟာဂင်္ဂါမြစ်၌ ကိုးဥသဘရှည်သော မိကျောင်းပြိတ္တာကြီး ဖြစ်ရရှာပေသည်။

၁။ အံ၊ဋီ၊၂၊၁၀၂။ ဝိဘာဝိနီဋီကာ။ ၁၆၇။

၂။ အံ၊ဋ္ဌ၊၂၊၁၀၇-၈။

စာမျက်နှာ-227

အာစိဏ္ဏကံ

အာစိဏ္ဏဟူသော ပါဠိကား မြန်မာလို “အမြဲမပြတ်၊ ဆည်းပူးလေ့လာအပ်၊ တိုးပွားစေအပ်ခြင်း” ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် အကုသိုလ်အရာ၌ သတ်ခြင်း ခိုးခြင်း စသည်တို့ဖြင့် အမြဲအသက်မွေးမှုသည်လည်းကောင်း ကုသိုလ်အရာ၌ ပိဏ္ဍပါတ်ဆွမ်းလောင်းလှူခြင်း, ငါးပါးသီလ ဆောက်တည်ခြင်း, ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်း, စာပေသင်ကြားပို့ချမှု စသည်တို့ကို အမြဲမပြတ် လေ့လာ ဆည်းပူးမှုသည်လည်းကောင်း အာစိဏ္ဏကံဖြစ်ပါသည်။

ထို့ပြင် အကြိမ်ကြိမ် အဖန်ဖန် ထပ်တလဲလဲ ပြုလုပ်နေမှ အာစိဏ္ဏကံ မည်သည်မဟုတ်၊ တစ်ကြိမ်ကုသိုလ်ပြုပြီးသည့်နောက် ထိုကုသိုလ်ကို ထပ်တလဲလဲ ကြိမ်ဖန်များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှုသည်လည်းကောင်း၊ တစ်ကြိမ် အကုသိုလ်ပြုပြီးနောက် ထိုအကုသိုလ်ကို အကြိမ်ကြိမ်အဖန်ဖန် စိုးရိမ်ပူပန်နေမှုသည်လည်းကောင်း အာစိဏ္ဏကံ မည်ပါသည်။

ကဋတ္တာကံ

ဂရုကကံ, အာသန္နကံ, အာစိဏ္ဏကံတို့မှ အလွတ်ဖြစ်သော အတိတ်ဘဝ ပစ္စုပ္ပန်ဘဝတို့၌ အမှတ်မဲ့ပြုအပ်သော ကုသိုလ်အကုသိုလ်ကံမျိုးကို ကဋတ္တာကံဟု ခေါ်သည်။ သူရူးပစ်လိုက်သော တုတ်သည် အမှတ်မရှိသော အရပ်၌ ကျသကဲ့သို့ ဂရုကကံစသော ကံသုံးပါးမရှိသော် ကဋတ္တာကံသည် အကျိုးပေး၏။

ကံလေးမျိုးတို့အကျိုးပေးပုံ

ထိုဆိုခဲ့ပြီးသော ဂရုကကံစသော ကံလေးမျိုးလုံးပင် ပဋိသန္ဓေ အကျိုးကို ပေးပါသည်။ ယခု ဤကံလေးမျိုးကို စဉ်ထားခြင်းမှာလည်း ပဋိသန္ဓေအကျိုးပေးသည့် အလှည့်အကြိမ်အစဉ်အားဖြင့် စဉ်ထားခြင်းဖြစ်ပါသည်။

၁။ အံ၊ဋ္ဌ၊၂၊၁၀၀။

၂။ အံ၊ဋ္ဌ၊၂၊၁၀၅။ ဝိဘာဝိနီဋီကာ၊ ၁၆၉-၇၀။

၃။ ပရမတ္ထဒီပနီဋီကာ။ ၂၁၄။

စာမျက်နှာ-228
ထို့ကြောင့် ကံ ၄-မျိုးလုံးရှိသူတို့၌ နောက်ဘဝမှာ ဂရုကကံက ပဋိသန္ဓေကျိုးကို ပေး၏၊ လောကီဈာန်လည်းမရ၊ အာနန္ဒရိယကံ နိယတမိစ္ဆာဒိဋ္ဌိကံလည်း ကင်းကြ၍ ဂရုကကံမရှိသော ပုဂ္ဂိုလ်များ၌ အာသန္နကံစသော ကံသုံးမျိုးရှိလျှင် အာသန္နကံက ပဋိသန္ဓေကျိုးကို ပေး၏။ ဂရုကကံ အာသန္နကံမရှိပဲ လတ်တလောသေဆုံးရသူ မေ့မေ့မူးမူးနှင့် သေဆုံးရသူများ၌ အာစိဏ္ဏကံစသောကံ ၂-ပါးရှိလျှင် အာစိဏ္ဏကံက ပဋိသန္ဓေကျိုးကို ပေးလေသည်။

ဤစကားစဉ်အရ ဂရုကစသော ရှေ့ကံ ၃-မျိုးသည် ယခုမျက်မှောက်ဘဝ၌ ပြုသောကံများတည်း၊ ကဋတ္တာကံကား ယခုဘဝ၌ အမှတ်တမဲ့ ပြုထား၍ ဂရုကစသောအဖြစ်သို့ မရောက်သောကံများနှင့် ရှေးရှေးဘဝတို့၌ ပြုခဲ့ပြီးသောကံများတည်း။ ထို့ကြောင့် ကဋတ္တာကံနှင့် မည်သူမျှ မကင်းနိုင်ကြပေ။

ဂရုကကံစသော ရှေ့ကံ ၃-ပါးမရှိလျှင် ဤကဋတ္တာကံသည်ပင် ပဋိသန္ဓေကျိုးကို ပေးရလေသည်။ ဤအဓိပ္ပာယ်ဖြင့် နောင်တမလွန်ဘဝအတွက် ဂတိကောင်းဖို့ မကောင်းဖို့မှာ ယခုလက်ရှိဘဝတွင် အားရပါးရထူထောင်ထားသော ကံတို့၏ လက်ချက်သာဖြစ်သည်။ ထိုကံများ မရှိမှ ရှေ့ဘဝက ကံများ အကျိုးပေးခွင့်ရနိုင်ပေသည် ဆိုသည့်အချက်မှာ ပေါ်လွင်သိသာပါသည်။ ထို့ကြောင့် ဒုတိယဘဝ၌ အားရကျေနပ်နိုင်မည့် ပဋိသန္ဓေကို ရနိုင်ဖို့ လက်ရှိဘဝတွင် ကြိုးစားအားထုတ်သင့်ကြသည်။

အာသန္နကံနှင့် အာစိဏ္ဏကံပြဿနာ

အာသန္နကံ၊ အာစိဏ္ဏကံ ၂-မျိုးတွင် ဒုတိယဘဝ၌ ပဋိသန္ဓေကျိုးပေးမှုကို မငဲ့ပဲပင်ကို သဘောအတိုင်းဆိုပါက အာသန္နကံထက် အာစိဏ္ဏကံက အားကောင်း၏၊ ထို့ကြောင့် အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့၌ “ယဂ္ဂရုကံ၊ ယဗ္ဗဟုလံ၊ ယဒါသန္နံ၊ ကဋတ္တာကမ္မံ” ဟု အာသန္န

၁။ အံ၊ဋ္ဌ၊၂၊၁၀၄-၅။ ဝိသုဒ္ဓိ၊၂၊၂၃၆။

စာမျက်နှာ-229
ကံ၏ ရှေ့က အာစိဏ္ဏကံကိုထား၍ အစဉ်တစ်မျိုးစဉ်ထားသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ဋီကာနှင့် ဝိသုဒ္ဓိမဂ်ဋီကာတို့၌ “ဂရုကကံသည် ကျန်ကံသုံးပါးတို့၏ ရှေးဦးစွာအကျိုးပေးသည်။ ဂရုကကံမရှိသော် အာစိဏ္ဏကံအကျိုး ပေးသည်။ အာစိဏ္ဏကံမရှိသော် အာသန္နကံအကျိုးပေးသည်။ အာသန္နကံ မရှိသော် ကဋတ္တာကံအကျိုးပေးသည်”ဟု ဖွင့်ဆိုတော်မူကြခြင်းဖြစ်သည်။

သို့ဖြစ်၍ ဤကံလေးပါး၏ ရှေ့နောက်စီစဉ်ပုံမှာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ မဟာကမ္မဝိဘင်္ဂဉာဏ်အရာသာဖြစ်သည်။ သာဝကတို့၏ ဉာဏ်အရာမဟုတ်ဟု ဝိသုဒ္ဓိမဂ်မဟာဋီကာ၌ ကောက်ချက်ချထားတော်မူသည်။ (ယဗ္ဗဟုလံ ဆိုသည်မှာ အာစိဏ္ဏကံပင် ဖြစ်သည်)။

ဤသို့ ပင်ကိုသဘောအားဖြင့် အာသန္နကံထက် အာစိဏ္ဏကံက အားရှိသော်လည်း တမလွန် (ဒုတိယ)ဘဝ၌ ပဋိသန္ဓေကျိုးပေးရာတွင် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသော အာသန္နကံသာလျှင် သာလွန်၍ အရေးပါ အရာရောက်၏၊ မှန်၏၊ မရဏာသန္နဇော၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်တစ်ပါးပါးသည် ပဋိသန္ဓေကျိုးပေးမည့်ကံ၏အစွမ်းကြောင့် ထင်လာရမြဲ ဓမ္မတာဖြစ်၏။

ထိုသို့ထင်စေနိုင်သောကံသည် အမှန်ပဋိသန္ဓေကျိုးကို ပေးရတော့မည်။ ထိုကဲ့သို့ မရဏာသန္နဇော၌ နိမိတ်တစ်ပါးပါးထင်စေဖို့ ကိစ္စကိုလည်း ရှေးရှေးက အလေ့အကျက်များခဲ့သော အာစိဏ္ဏကံထက် မရဏာသန္နဇောနှင့် နီးကပ်လျက်ရှိသော အာသန္နကံကသာလွန်၍ ဆောင်ရွက်နိုင်ဖွယ်ရှိ၏။

ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ အင်္ဂုတ္တရအဋ္ဌကထာ စသည်၌ နွားခြံကြီးထဲတွင် အားခွန်ဗလကောင်းသော နွားငယ်၊ လိမ္မာသော နွားပျိုများ ရှိနေကြသော်လည်း နွားခြံတံခါးကို ဖွင့်လိုက်သည့်အခါ ခြံတံခါး အနီး၌ရောက်နေသော အားအင်ချိနဲ့သည့် နွားအိုကြီးကသာ ခြံတံခါးဝနှင့် နီးသောကြောင့် ရှေ့ဆုံးကထွက်ရသကဲ့သို့ အာစိဏ္ဏကံစသည့်အခြားကံများ ရှိသော်လည်း အာသန္နကံသည်သာ သေခါနီးကာလနှင့် နီးသည့်အတွက် ထိုကံကသာ ပဋိသန္ဓေကျိုးကို ပေးသည်ဟု ဥပမာဆောင်ပြထားလေသည်။

၁။ အံ၊ဋီ၊၂၊၁၀၂။ ဝိသုဒ္ဓိဋီ၊၂၊၃၇၇။

၂။ အံ၊ဋ္ဌ၊၂၊၁၁၇။

စာမျက်နှာ-230
ဤနည်းအရ အာသန္နကံက အာစိဏ္ဏကံထက် ရှေ့ဦးစွာအကျိုးပေးလှည့်ကျသောကြောင့် အာသန္နကံကို အာစိဏ္ဏကံ၏ ရှေ့မှာချ၍ သင်္ဂဟအဋ္ဌကထာ၌ စဉ်ပြထားခြင်း ဖြစ်ပါသည်။

အကျိုးပေးကာလအားဖြင့် စေတနာလေးမျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် အကျိုးပေးရာကာလကို အစွဲပြု၍ –

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = လက်ရှိဘဝ၌ပင် ပဝတ္တိအကျိုးပေးသောကံ၊

၂။ ဥပပဇ္ဇဝေဒနီယကံ = သေပြီးဒုတိယဘဝ၌ ပဋိသန္ဓေ ပဝတ္တိ အကျိုးပေးသောကံ၊

၃။ အပရာပရိယာယဝေဒနီယကံ = တတိယဘဝမှ နိဗ္ဗာန်ရသည်အထိ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို ပေးသောကံ၊

၄။ အဟောသိကံ = လုံးဝအကျိုးမပေးသောကံ-ဟူ၍လေးမျိုးရှိပြန်သည်။

ဒိဋ္ဌဓမ္မဝေဒနီယကံ

ထိုတွင် ဒိဋ္ဌဓမ္မဝေဒနီယကံဆိုသည်မှာ မျက်မှောက်ထင်ထင် တွေ့မြင်ရသော ပစ္စုပ္ပန် အတ္တဘော၌ (ဝါ) လက်ရှိဘဝ၌ ခံစားအပ်သောကံမျိုး ဖြစ်သည်။ “ခံစား”ဟူသော စကားသည် အကြောင်းကံနှင့်မဆိုင်၊ အကျိုးဝိပါက်နှင့်သာဆိုင်၏။ အကြောင်းကံကို ခံစား၍မဖြစ်၊ အကျိုး ဝိပါက်ကိုသာ ခံစား၍ဖြစ်သည်။

ထို့ကြောင့် အကျိုးဝိပါက်၏-“ဝေဒနီယ” (ခံစားအပ်) ဟူသော နာမည်ကို အကြောင်းကံပေါ်တင်စား၍ ဖလူပစာရအားဖြင့် အကြောင်း ကံကိုပင် “ဝေဒနီယ” (ခံစားအပ်) ဟု ဆိုထားသည်၊ လက်ရှိ ပစ္စုပ္ပန်ဘဝ ၌ပင် အကျိုးပေးသောကံဟုဆိုလိုသည်။ (ဒိဋ္ဌဓမ္မ၊ မျက်မှောက်ထင်ထင် တွေ့မြင်ရသော ပစ္စုပ္ပန်အတ္တဘော၌-ဝါ.လက်ရှိဘဝ၌။ ဝေဒနီယ၊ ခံစားအပ်သောကံ)။

စာမျက်နှာ-231

ဒိဋ္ဌဓမ္မဝေဒနီယကံနှင့် ပဝတ္တိကျိုး

တရားကိုယ်အားဖြင့် ကုသိုလ် အကုသိုလ် ပထမဇောစေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံဖြစ်သည်။ ဤပထမဇောစေတနာသည် ဇောခုနစ်ကြိမ် တွင် အစဆုံးဖြစ်ရသည့်အတွက် မိမိရှေ့က အာသေဝနသတ္တိဖြင့် ထောက်ပံ့ကူညီချက်ကို မရသောကြောင့် ဒုတိယ၊ တတိယစသော ဇောစေတနာ များလောက် အားမရှိပါချေ။

ထို့ကြောင့် အခြားဒုတိယ၊ တတိယစသော ဇောစေတနာများကဲ့သို့ ပဋိသန္ဓေကျိုးကို ရွက်ဆောင်၍ ဘဝသစ်တမျိုး ဖြစ်ပေါ်လာအောင် မထူထောင်နိုင်။ လက်ရှိဘဝ၌သာ အဟိတ်ကုသလ ဝိပါက် အကုသလဝိပါက် အကျိုးများနှင့် ကမ္မဇရုပ်၊ ကမ္မပစ္စယဥတုဇ ရုပ် အကျိုးများဟူသော ပဝတ္တိကျိုးမျှကိုသာ ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သည်။

ဒိဋ္ဌဓမ္မဝေဒနီယကံ အကျိုးပေးပုံ

ဤ၌ ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးပေးပုံကို ဝတ္ထု သာဓကများဖြင့် ရှင်းပြပါမည်။ ပုဏ္ဏမည်သော ဆင်းရဲသားသည် နိရောဓသမာပတ်မှ ထပြီးစ ဖြစ်သော အရှင်သာရိပုတ္တရာမထေရ်ကြီးအား နံနက်စောစော မျက်နှာ သစ်ရေကို လှူဒါန်း၏။ ဇနီးသည် ဘာရိတက ဆွမ်းလှူဒါန်းဆက် ကပ်၏။ ထိုကုသိုလ်များကြောင့် ဇနီးမောင်နှံတို့မှာ ထွန်ချေးခဲများက ရွှေတုံးရွှေခဲဖြစ်၍ နေ့ချင်းပင် သူဌေးဖြစ်သွားကြ၏။

ကာကဝဠိယဇနီး မောင်နှံတို့သည် နိရောဓသမာပတ်မှ ထပြီးစဖြစ်သော အရှင်မဟာကဿပ မထေရ်မြတ်ကြီးအား ယာဂုဆွမ်းလှူဒါန်း၏၊ ထိုကုသိုလ်ကြောင့် ၇-ရက် အတွင်း၌ ရွှေအိုး ငွေအိုးများကိုရ၍ သူဌေးဖြစ်လေသည်။ ထိုသို့ သူဌေးဖြစ်ကြသည့်အခါ ကောင်းသောအာရုံများကို မြင်ရ ကြားရမှုကြောင့် အဟိတ်ကုသလဝိပါက် စက္ခုဝိညာဉ်စသည်နှင့် ခန္ဓာ ကိုယ်ဝယ် ကုသိုလ်ကမ္မဇရုပ်များ တိုးပွားခွင့်ရလေသည်။ သူဌေးဖြစ် အောင် တိုးပွားလာကြသော ဥစ္စာများကား ကံကြောင့်ဖြစ်ပေါ်သော ရုပ်ဝတ္ထုများဖြစ်၍ ကမ္မပစ္စယဥတုဇရုပ်များဟု ခေါ်သည်။

၁။ ပရမတ္ထဒီပနီမဟာဋီကာ။ ၂၁၂.၈။

စာမျက်နှာ-232
ဤကား ဒိဋ္ဌဓမ္မဝေဒနီယကုသိုလ်ကံကြောင့် လက်ရှိဘဝ၌ ထင်ထင်ရှားရှား အကျိုးပေးသော သာဓကများဖြစ်၏။ ကောင်းသောအမှုကို ပြုသဖြင့် သူတော်ကောင်းစသည်တို့၏ ချီးကျူးမှု၊ ချီးမြှောက်ထောက်ပံ့မှုတို့ကို ခံရခြင်းသည်လည်းကောင်း၊ ထိုက်သည့်အလျောက် လောကီဝတ္တရားဖြင့် အစိုးရတို့၏ အချီးအမြှောက် အမအစကို ခံရခြင်းတို့သည်လည်းကောင်း ကုသိုလ်ဒိဋ္ဌဓမ္မဝေဒနီယကံ၏ မထင်ရှားသော အကျိုးတရားများဟု ဆိုသင့်ပေသည်။

နန္ဒလုလင်သည် ဥပ္ပလဝဏ်မည်သော ရဟန္တာထေရီမအား မတရား ကျင့်သည့် အကုသိုလ်ကြောင့် နေ့ချင်းမြေမျို၍ ဘဝဆုံးရသည်။ နန္ဒ နွားသတ်သမားသည် အနှစ် ၅၀-ပတ်လုံး နွားသတ်ခြင်းဖြင့် အသက်မွေးခဲ့၏၊ တနေ့တွင် ထမင်းပွဲ၌ အမဲသားဟင်းမပါသောကြောင့် နွားအရှင်တကောင်၏ လျှာကို လှီးဖြတ်၍ မီးကင်စားနေစဉ်မှာပင် လျှာပြတ်ကျပြီး သေဆုံးရသည်၊ သေဆုံးပြီးသည့်နောက် ငရဲသို့ ကျရရှာ၏။

နန္ဒဘီလူးသည် အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏၊ ထိုအကုသိုလ်ကြောင့်ပင် “ပူလှချည့်၊ လောင်လှချည့်”ဟု မြည်တမ်းကာ အဝီစိငရဲကျရလေသည်။ ဤသည်တို့မှာ ဒိဋ္ဌဓမ္မဝေဒနီယ အကုသိုလ်ကံကြောင့် မျက်မှောက်ဘဝ၌ပင် ထင်ထင်ရှားရှား အကျိုးပေးသော သာဓကများဖြစ်ပါသည်။

မကောင်းမှုဒုစရိုက်များကို ပြုကျင့်သဖြင့် သူတော်ကောင်းတို့၏ ကဲ့ရဲ့ မှုကို ခံရခြင်း၊ ထိုက်သည့်အလျောက် အစိုးရအပြစ်ဒဏ်ကို ခံရခြင်းများသည် အကုသိုလ်ဒိဋ္ဌဓမ္မဝေဒနီယကံ၏ မထင်ရှားသော အကျိုးတရားများဖြစ်သည်ဟု ဆိုသင့်ပေသည်။

၁။ မ၊ဋ္ဌ၊၄-၄-၅။

၂။ ပရမတ္ထသံခိပ်ဋိကာ ၂၊၉၈။

၃။ ဝိ၊ဋ္ဌ၊၁။၂၃၇။ ဓမ္မပဒ၊ဋ္ဌ၊၂။၂၁၃-၄။

၄။ မ၊ဋ္ဌ၊၄။၅-၆။

စာမျက်နှာ-233
ဤပထမဇောစေတနာဟူသော ဒိဋ္ဌဓမ္မဝေဒနိယကံသည် ပဝတ္တိအကျိုး ကို ပေးသည်ဟုဆိုသော်လည်း အခါခပ်သိမ်း ပေးနိုင်ကြသည် မဟုတ်၊ အကြောင်းအထောက်အပံ့များစွာ စုံညီမှ အကျိုးပေးနိုင်သည်။ ချဲ့ဦးအံ့- ဤပထမဇောစေတနာသည် ရှေ့ဦးဆုံးဖြစ်သော ဇောဖြစ်၍ မိမိကို အာသေဝနသတ္တိဖြင့် ထောက်ပံ့ကူညီသည့် တရားမရှိသည့်အတွက် အလွန်အားနည်းပေသည်။

ထို့ကြောင့် ကုသိုလ်ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် ဆန့်ကျင်ဘက် အကုသိုလ်တို့၏ လွှမ်းမိုးနှိပ်စက် နှောင့်ယှက်မှုကို မခံရပါမှ မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်ပါသည်။ ဆန့်ကျင်ဘက် ကုသိုလ် အကုသိုလ်တို့၏ လွှမ်းမိုးနှိပ်စက်မှုများ မရှိသည်တိုင်အောင် ကုသိုလ်အရာ၌ ဂတိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ၊ ဥပဒိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိဆိုသည့် ထူးခြားသောအကြောင်း အထောက်အပံ့အကူအညီတို့ကိုလည်းကောင်း၊ အကုသိုလ်အရာ၌ ဂတိဝိပတ္တိ၊ ကာလဝိပတ္တိ၊ ဥပဓိဝိပတ္တိ၊ ပယောဂဝိပတ္တိ ဆိုသည့် ထူးခြားသောအကြောင်း အထောက်အပံ့ အကူအညီတို့ကိုလည်းကောင်း ပဌမဇောအားကောင်းလောက်အောင် ရရှိပါမှ ဒိဋ္ဌဓမ္မကျိုးကို ပေးနိုင်သည်။

ဒိဋ္ဌဓမ္မ ဝေဒနီယကံ၏ အင်္ဂါ ၄-ပါး

ထို့ပြင် ဓမ္မပဒ သုခသာမဏေဝတ္ထု၌-

၁။ အလှူခံပုဂ္ဂိုလ်သည် အနာဂါမ်၊ ရဟန္တာတမျိုးမျိုး ဖြစ်ရခြင်း = ဝတ္ထုသမ္ပဒါ၊

၂။ လှူသော ပစ္စည်းမှာ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြစ်ခြင်း = ပစ္စယသမ္ပဒါ၊

၃။ အလှူရှင်က စေတနာ သုံးတန်လုံး ထက်သန်ရခြင်း = စေတနာသမ္ပဒါ၊

၄။ အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးစဖြစ်၍ လွန်ကဲသော ဂုဏ်နှင့် ပြည့်စုံခြင်း = ဂုဏာတိရေကသမ္ပဒါ-

ဟု ဒိဋ္ဌဓမ္မကျိုးပေးဖို့ရာ အကြောင်းလေးမျိုး လာသေး၏။ သို့သော် ဤအကြောင်းလေးပါးမှာ ဒါနကုသိုလ်စေတနာ၏ ဒိဋ္ဌဓမ္မကျိုးပေးရာ၌သာ ဆိုင်၏၊ အခြားကုသိုလ်တို့နှင့်မဆိုင်ဟု မှတ်သားရမည်။

၁။ ဝိဘာဝိနီဋီကာ။ ၁၇၁။

စာမျက်နှာ-234
ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ကာကဝဠိယသူဌေး နန္ဒလုလင်တို့ကဲ့သို့ ပြုလုပ်လွန်ကျူးပြီး ၇-ရက်အတွင်း အကျိုးပေးသော “ပရိပက္ကဒိဋ္ဌဓမ္မဝေဒနီယကံ”၊ ၇-ရက်လွန်ပြီးမှ အရွယ် ၃-ပါးတွင် တရွယ်ရွယ်၌ အကျိုးပေးသော “ဒိဋ္ဌဓမ္မဝေဒနီယမတ္တကံ”ဟူ၍ နှစ်မျိုးနှစ်စား ရှိပေသည် ။

ဥပပဇ္ဇ ဝေဒနီယကံ

ဥပပဇ္ဇဝေဒနီယကံကား- ပထမဘဝ၏ အနီးဖြစ်သော ဒုတိယဘဝသို့ရောက်၍ (ဝါ) အခြားမဲ့ဘဝ၌ ရရှိခံစားရသော ကံမျိုးဖြစ်သည်။ ဒုတိယဘဝ၌ အကျိုးပေးသောကံဟု ဆိုလိုပါသည်။ ဤကံသည် တရားကိုယ်အားဖြင့် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံးသတ္တမဇော၌ရှိသော စေတနာဖြစ်၏။ ဒါန သီလစသောကုသိုလ်မှု၊ သူတပါးအသက်သတ်ခြင်း ပါဏာတိပါတစသော အကုသိုလ်မှုများသည် ဤသတ္တမဇောအခိုက်ရောက်မှ အထမြောက်ကြ၏။

ရှင်းပြဦးအံ့– ထိုဆိုကုသိုလ်မှု အကုသိုလ်မှုကိုပြုရာ၌ ရှေ့ဇောများဖြင့် အထမမြောက်သေး၊ ရှေ့ဇောများသည် သတ္တမဇောအားရှိအောင် အထောက်အပံ့များသာ ဖြစ်ကြ၏။ သတ္တမဇောကျမှသာ ဆိုင်ရာအမှုများ ပြီးစီးနိုင်၏။ ထို့ကြောင့် “အမှုကိစ္စများကိုပြီးမြောက်စေနိုင်၍ သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချကြောင်း ဖြစ်သော သတ္တမဇောစေတနာသည် ဥပပဇ္ဇ ဝေဒနီယကံမည်၏”ဟု ဝိဘာဝိနီဋီကာစသည်တို့၌ မိန့်ဆိုကြခြင်း ဖြစ်ပေ သည်။

ဤသို့ သတ္တမဇောစေတနာသည် ကံအထမြောက်မှု၌ အချုပ်အချာဖြစ်၏။ ထို့ကြောင့်ပင် ဤသတ္တမဇောစေတနာသည် ပဋိသန္ဓေကျိုးကို ပေးနိုင်သောစေတနာတို့တွင် ရှေ့ဦးစွာထွက်၍ ဒုတိယဘဝတွင် ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်လေသည်၊ (ဥပပဇ္ဇ = အနီးဖြစ်သော ဒုတိယဘဝသို့ ရောက်၍ (ဝါ) အခြားမဲ့ဘဝ၌ + ဝေဒနီယ = ခံစားရခြင်း အကျိုးရှိသောကံ)။

၁။ ဓမ္မပဒ၊ဋ္ဌ၊၂။၅၁။

၂။ မ၊ဋ္ဌ၊၄။၃။

စာမျက်နှာ-235
ထိုဥပပဇ္ဇဝေဒနီယကံသည် ဒုတိယဘဝတွင် ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကို ဖြစ်စေ၊ တမျိုးမျိုးကိုဖြစ်စေ အကျိုးပေးသောကံမျိုး ဖြစ်သည်။ ထိုကံသည် ဒုတိယဘဝတွင် ပဋိသန္ဓေကျိုးကို မပေးသော်လည်း ပဝတ္တိကျိုးကို ပေးနိုင်ပေသည်၊ မှန်၏၊ စမ္ပေယျဇာတ်၌ အလောင်းတော် စမ္ပေယျနဂါးမင်းသည် ရှေးဘဝက နဂါးမင်းစည်းစိမ်ကို တောင့်တ၍ ဒါန သီလစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့၏။ သေဆုံးသောအခါ အကုသိုလ်ကံကြောင့် အဟိတ်တိရစ္ဆာန်ဖြစ်သော နဂါးပဋိသန္ဓေနေ၍ နဂါးမင်းဖြစ်လာခဲ့ပါသည်။

ဤ၌ ရှေ့ဘဝကပြုလုပ်ခဲ့သော ဒါန သီလ စသည့် ကုသိုလ်ကောင်းမှုများသည် ပဋိသန္ဓေကျိုးကို မပေးလိုက်ရပါချေ။ သို့သော် ထိုကုသိုလ်ကောင်းမှုများကြောင့် ပဝတ္တိအခါ၌ကား ကြီးကျယ်သော နဂါးစည်းစိမ်ကို ခံစားရလေသည်။ ဤသို့ ဒုတိယဘဝ၌ ပဋိသန္ဓေကျိုးကို မပေးရသော်လည်း ပဝတ္တိကျိုးမျှကိုပေးသော ဇာတ်ဝတ္ထုပေါင်းများစွာ ရှိလေသည်။

ထိုဥပပဇ္ဇဝေဒနီယကံသည် အခြားမဲ့ဒုတိယဘဝ၌ အကျိုးပေးသောကံ ဖြစ်သောကြောင့် ကုသိုလ်အရာတွင် သမာပတ် ၈-ပါးသည်လည်းကောင်း၊ အကုသိုလ်အရာတွင် အာနန္တရိယကံ ၅-ပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိကံတို့သည် လည်းကောင်း ဥပပဇ္ဇဝေဒနီယကံများ ဖြစ်ပေသည်။

အပရာပရိယာယ ဝေဒနီယကံ

အပရာပရိယာယ ဝေဒနီယကံဆိုသည်မှာ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် အခွင့်သာတိုင်း ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့ကို ဖြစ်စေနိုင်သောကံမျိုး ဖြစ်သည်။ ဤကံသည် တရားကိုယ်အားဖြင့် ဇော ၇ ကြိမ်တို့တွင် အလယ်ဇောငါးချက်ရှိ စေတနာပင်ဖြစ်သည်။

၁။ ဇာ၊ဋ္ဌ၊၄။၄၅၇-၄၇၂

၂။ အံ၊ဋ္ဌ၊၂။၁၀၄။

စာမျက်နှာ-236
ဤစေတနာများသည် ရှေ့ရှေ့ဇောများ၏ အာသေဝနအကြောင်းဖြင့် ထောက်ပံ့ကူညီမှုကို ရရှိကြသောကြောင့် အလွန်အားကောင်းကြသည်။ ထို့ကြောင့် တတိယဘဝမှစ၍ ဘဝမဆုံးမချင်း သံသရာအတွင်း၌ အခွင့်သင့်ရာဘဝတွင် အကျိုးပေးနိုင်သည်။ အပရာပရိယာယဝေဒနီယကံမှ လွတ်သောသတ္တဝါမည်သည် မရှိချေ။

“ဧကာယ စေတနာယ ကမ္မေ အာယူဟိတေ ဧကာ ပဋိသန္ဓေ ဟောတိ” ဟူသော အဋ္ဌသာလိနီအဋ္ဌကထာအဖွင့်၌ “စေတနာတခုဖြင့် ကံကို အားထုတ်လျှင် တခုသောပဋိသန္ဓေ ဖြစ်၏၊ (ဝါ) စေတနာတခုလျှင် ပဋိသန္ဓေကျိုးတမျိုးပေး၏”ဟု အဓိပ္ပာယ်ယူ၍ အပရာပရိယာယဝေဒနီယကံသည် ဇောစေတနာ ၅ ချက်ရှိသည့်အတွက် ပဋိသန္ဓေကျိုးငါးမျိုးကို ပေး၏ (၅-ဘဝပဋိသန္ဓေရ၏)ဟု ပြောစမှတ်ပြုကြသည်။ ဤကျမ်း၌ကား ထိုအဋ္ဌသာလိနီစကားကိုပင်ထောက်၍ အပရာပရိယာယဝေဒနီယကံသည် စေတနာ ၅-တန်လုံးမှ ပဋိသန္ဓေကျိုးတမျိုးသာ ပေးခွင့်ရှိသည်ဟု ယူလိုပေသည်။

ထင်ရှားစေဦးအံ့-“ဧကာယ စေတနာယ ကမ္မေ အာယူဟိတေ” ပါဌ်၌ စေတနာဟူသည် ဇောနှင့် ယှဉ်သော စေတနာစေတသိက်တည်း။ ကံကား ကိုယ် နှုတ် စိတ်တို့၏ အမူအရာတည်း။ ထိုကံကို ဇောစေတနာတခုတည်းဖြင့် ထမြောက်အောင် အားမထုတ်နိုင်၊ ဝီထိတခုတွင် ပါဝင်သော ဇော ၇-ကြိမ်ဖြင့် အားထုတ်မှ ကံတခု ထမြောက်နိုင်သည်။ ထိုဇောစေတနာ ၇-ကြိမ်လုံးကိုပင် သဘောတူသောကြောင့် စေတနာတခုဟု ဆိုထားသည်။

ထို့ကြောင့် “သတ္တမဇောအတွက် ပဋိသန္ဓေတကျိုး၊ အလယ်ဇော ၅-ချက်အတွက် ပဋိသန္ဓေ ၅-ကျိုး”ဟူသော စကားသည် လားလားမှ မသင့်။ တဝီထိပါ ဇောစေတနာအားလုံးအတွက်မှ ပဋိသန္ဓေကျိုးတချက်သာ ရနိုင်သည်။

၁။ ပရမတ္ထဒီပနီဋီကာ၊ ၂၁၉။ အံ၊ဋ္ဌ၊၂။၁၀၄။

စာမျက်နှာ-237
သို့ဖြစ်၍ ဥပပဇ္ဇဝေဒနီယကံ (သတ္တမဇောစေတနာ)သည် ဒုတိယဘဝ၌ ပဋိသန္ဓေကျိုးပေးခဲ့လျှင် အလယ်ဇော (၅)ချက်က နောက်ထပ် ပဋိသန္ဓေကျိုး မပေးနိုင်၊ ပဝတ္တိအကျိုးကိုသာ ဆိုင်ရာဘဝ၌ ပေးခွင့်ရှိတော့သည်။ သတ္တမဇော ပေးပြီးနောက် အလယ်ဇော ၅-ချက်က ထပ်၍ပဋိသန္ဓေကျိုး ပေးဦးမည်ဆိုလျှင် အာနန္တရိယ နိယတမိစ္ဆာဒိဋ္ဌိ သတ္တမဇောတို့အတွက် အဝီစိ၌ ဖြစ်ပြီးနောက် အလယ်ဇောများအတွက် အဝီစိ၌ပင် ထပ်၍ ဖြစ်ရလိမ့်ဦးမည်။ ထိုကဲ့သို့လည်း ဖြစ်ရိုးမဟုတ်။

“နာနာစေတနာဟိ ကမ္မေ အာယူဟိတေ နာနာ ဟောတိ ပဋိသန္ဓေ” ဟူသော အဋ္ဌသာလိနီ အဖွင့်၌လည်း နာနာစေတနာအရ တဝီထိ၌ပါသော ဇောစေတနာ ၇ ကြိမ်ကို ဆိုလိုရင်းမဟုတ်၊ ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာအမျိုးမျိုးကို ဆိုလိုရင်းဖြစ်သည်။ ထိုစေတနာအမျိုးမျိုး ဖြင့် ကံကိုအားထုတ်လျှင် ပုဗ္ဗအပရ စေတနာတို့ အတွက်ကြောင့် ပဋိသန္ဓေကျိုး များစွာဖြစ်နိုင်သည်ဟူလို။

ဤအဆုံးအဖြတ်နှင့် စပ်လျက် ထောက်ထားချက်များမှာ လက္ခဏသံယုတ်၊ စတုတ္ထပါရာဇိကပါဠိတော် အဋ္ဌကထာနှင့် ဝိမတိဝိနောဒနီဋီကာ တို့တည်း။ ညွှန်ပြပေအံ့-နွားသတ်သမားတယောက်သည် နွားသတ်မှုကံကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ကျက်ရ၏။ ထိုနွားသတ်မှုကံ အကြွင်းအကျန်ကြောင့် ဂိဇ္ဈကုဋ်တောင်မှာ အရိုးစုပြိတ္တာ ဖြစ်လာသည်။

ဤဝတ္ထု၌ အချို့ဆရာတို့ အယူအတိုင်းဆိုလျှင် နွားသတ်မှု ပါဏာတိပါတကံ ကို ထမြောက်အောင် ပြုလုပ်သော ဝီထိ၌ ပါဝင်သော ဇောစေတနာ-၇ ကြိမ်တွင် သတ္တမဇောဟူသော ဥပပဇ္ဇဝေဒနီယကံကြောင့် ငရဲ၌ ကျ၍ ထိုဝီထိ၌ပါသော အလယ်ဇော ၅-ချက်တွင် တချက်ချက် အပရာပရိယာယဝေဒနီယကံကြောင့် ပြိတ္တာဖြစ်ရသည်ဟု မှတ်ယူဖွယ်ရှိ၏။ အမှန်မှာကား ထိုအတိုင်းမဟုတ်၊ နွားသတ်မှုပြုစဉ်က ပါဏာတိပါတကံ တကြိမ် ထမြောက်ဖို့ရာ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာများဖြစ်၏။

စာမျက်နှာ-238
မုဉ္စစေတနာမှာ ကံထမြောက်သည့် တဝီထိ၌ပါသော ဇောစေတနာတို့ တည်း။ ကံအထမမြောက်မီ ရှေ့အဖို့က ဝီထိပေါင်းများစွာ ပါရှိသော စေတနာများကို ပုဗ္ဗစေတနာဟု လည်းကောင်း၊ နောက်အဖို့၌ စေတနာများကို အပရစေတနာဟုလည်းကောင်း ခေါ်၏။

ထိုတွင် မုဉ္စစေတနာ၌ ပါဝင်သော သတ္တမဇောကြောင့် ငရဲ၌ ပဋိသန္ဓေနေရပြီးနောက် ပုဗ္ဗစေတနာ အပရစေတနာတို့တွင် ဝီထိတခုခု၌ ပါသော အလယ်ဇော စေတနာကြောင့် ပြိတ္တာဖြစ်လာရသည်ဟု ဖွင့်၏။ အလယ်ဇောစေတနာ ၅-ချက်တို့ ပဋိသန္ဓေတကြိမ်ပေးရာ၌ “မည်သည့် ဇောက ပေးသနည်း၊ ဒုတိယဇောက ပေးသလော၊ ဆဋ္ဌဇောက ပေးသလော”ဟု မစောကြောထိုက်၊ သင့်ရာတချက်ချက်အတွက် ပဋိသန္ဓေတကျိုးသာ ထွက်သည်ဟု မှတ်ဟူ၍ သင်္ဂြိုဟ်ဘာသာဋီကာတွင် ဆုံးဖြတ်ထားပေသည်။

ထို့ပြင် “အပရာပရိယာယဝေဒနီယကံသည် တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ပဝတ္တိကျိုးကို ပေးနိုင်သည်” ဟူသောစကားအရ မည်သည့် အပရာပရိယစေတနာမဆို အကြိမ်များစွာ ထပ်ကာထပ်ကာ အကျိုးပေးနိုင်သည်ဟု မှတ်ယူကြ၏။ ထိုကဲ့သို့ မမှတ်ယူထိုက်၊ မိမိသတ္တိရှိသမျှ အကျိုးပေးပြီးဖြစ်လျှင် နိဗ္ဗာန်မရမီလည်း ထိုစေတနာများ၏ အစွမ်းသတ္တိ ကုန်ဆုံးကြရသည်သာ။ အကျိုးမပေးရသေးလျှင်သာ နောက်ဆုံးဘဝတိုင်အောင် သတ္တိပါနိုင်သည်ဟု ဆိုလိုသည်။

များစွာသော ဇာတ်နိပါတ်တို့၌ သတ္တဝါတကောင်ကို သတ်မိ၍ ငရဲကျက်ရပြီးနောက် ထိုသတ္တဝါ၏ အမွေအရေအတွက်နှင့် အညီအမျှ (ပုဗ္ဗ အပရ စေတနာများစွာအတွက်) အသတ်ခံရ၍ချည်း သေရကြောင်း၊ နောက်ဆုံး အရေအတွက်စေ့မည့်ဘဝ၌ အသတ်ခံရသော်လည်း ဝဋ်ကျွတ်တော့မည် ဖြစ်၍ ဝမ်းမြောက်ကြောင်းကို ပြသောဝတ္ထုတွေများစွာရှိလေသည်။ နိမိယဇာတကအဋ္ဌကထာ၌လည်း “အပရာပရိယဝေဒနီယကံသည် အကျိုးမပေးရလျှင် မပျက်စီး”ဟု တိုက်ရိုက်ပြသဖြင့် အကျိုးပေးပြီးသည့်အခါမှ ပျက်စီးပျောက်ကွယ်သည်ဟု အဓိပ္ပာယ်ပြလျက် ရှိသည်။

စာမျက်နှာ-239

အဟောသိကံ

အဟောသိကံဆိုသည်မှာ ကံတရားသာဖြစ်၍ ထိုကံ၏အကျိုးတရား လုံးဝမဖြစ်ပွါး မပေါ်ပေါက်လာသည့်ကံမျိုးဖြစ်သည်။ (အဟောသိကမ္မ = အဟောသိကံ။ ကမ္မ = ကံသာလျှင် + အဟောသိ = ဖြစ်၏)။ ထိုကံသည် တရားကိုယ်အားဖြင့် သီးခြားမရှိချေ။ ပထမဇောစေတနာ (ဒိဋ္ဌဓမ္မဝေဒနီယကံ)၊ အလယ်ဇော ၅-ချက် စေတနာ (အပရာပရိယာယဝေဒနီယကံ)၊ သတ္တမဇော စေတနာ (ဥပပဇ္ဇဝေဒနီယကံ) တို့သည်ပင် အဟောသိကံ၏ တရားကိုယ်များ ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ ပထမဇောစေတနာဟူသော ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးမပေးသော်လည်းကောင်း၊ အလယ်ဇော ငါးချက်ဟူသော အပရာပရိယာယဝေဒနီယကံသည် တတိယဘဝမှ နိဗ္ဗာန်ရသည့်ဘဝအထိ အကျိုးမပေးခဲ့သော်လည်းကောင်း၊ သတ္တမဇောစေတနာဟူသော ဥပပဇ္ဇဝေဒနီယကံသည် ဒုတိယဘဝ၌ အကျိုးမပေးခဲ့သော်လည်းကောင်း အဟောသိကံဖြစ်သည်ဟု ဆိုလိုပေသည်။

မှန်၏၊ ပစ္စုပ္ပန်ဘဝ၌ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်လောက်သောကံအများကို အားထုတ်ထားလျှင် ကံတခုကသာ ဒိဋ္ဌဓမ္မအကျိုးကို ပေးနိုင်၏၊ ကြွင်းသော ကံများသည် အဟောသိကံဖြစ်ကြရသည်။ ဥပပဇ္ဇဝေဒနီယကံများကို အားထုတ်ထားရာ၌လည်း ကံတခုက ပဋိသန္ဓေကျိုးကို ပေးလျှင် ကြွင်းသောကံများသည် ပဋိသန္ဓေကျိုးကိုမပေးနိုင်၊ ပဝတ္တိအကျိုးကိုကား ပေးနိုင်သေး၏။ ပဝတ္တိကျိုးကိုမျှမပေးနိုင်လျှင် အဟောသိကံ ဖြစ်ကြရလေသည်။

ပဉ္စာနန္တရိယကံ ငါးမျိုးလုံးကို လွန်ကျူးထားရာ၌ အစွမ်းသတ္တိ အထက်ဆုံးဖြစ်သော သံဃဘေဒကကံကသာ ပဋိသန္ဓေကျိုးကို ပေးသည်၊ ကြွင်းသော အာနန္တရိယကံလေးမျိုးသည် အဟောသိကံဖြစ်ကြရသည်။ ဈာန်သမာပတ် ၈-ပါးလုံးကို ရရာ၌ တပါးသာ ပဋိသန္ဓေကျိုးကို ပေး၏၊ ကြွင်းသော ဈာန်သမာပတ်များသည် အဟောသိကံ ဖြစ်ကြရသည်။

၁။ အဘိ၊ဋ္ဌ၊၂။၄၃၄။ အံ၊ဋ္ဌ၊၂။၁၀၄-၅။

စာမျက်နှာ-240
အပရာပရိယာယဝေဒနီယကံကား နိဗ္ဗာန်ရ၍ သံသရာစက်ပြတ်မှ အဟောသိကံ ဖြစ်သည်၊ သံသရာစက်ရဟတ် မပြတ်လည်နေသေးလျှင် အဟောသိကံ မဖြစ်ပေ။

ဤကဲ့သို့ အဟောသိကံ ဖြစ်ရသောကံများကား အတော်များများရှိပေသည်။ ကမ္မပထမမြောက်သော စားရင်းသောက်ရင်း သွားရင်းလာရင်း ဖြစ်သည့် သာမန်ကုသိုလ် အကုသိုလ်ဇောစေတနာများ များစွာရှိပေသည်။ ထိုစေတနာများသည် ပဝတ္တိကျိုးမှုကို ပေးနိုင်ထောက်ပံ့နိုင်သည်ဟု ဆိုရသော်လည်း သန္တာန်အစဉ်၌ သတ္တိအရာမထင်ရှားရစ်ပဲ ပြီးပြီးပျောက်ပျောက် အဟောသိကံလောက်ဖြစ်သော ဇောစေတနာတို့သာ များဖွယ်ရှိလေသည်။ အချုပ်ဆိုရသော် အဟောသိကံဆိုသည်မှာ သီးခြားကံတမျိုးမဟုတ်၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုး လုံးဝမပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံနှင့် အပရာပရိယာယဝေဒနီယကံတို့ပင် ဖြစ်ပါသည်။

ထိုကံများကို ပထမဘဝ ဒုတိယဘဝ တတိယဘဝမှ နိဗ္ဗာန်အထိ စသည်ဖြင့် အကျိုးပေးရာ အချိန်ကာလ နယ်နိမိတ် သတ်မှတ်ပိုင်းခြားထားသောကြောင့် ပါကကာလကံများဟု ခေါ်ရလေသည်။

အကျိုးပေးခြင်း နှိုင်းယှဉ်ပုံ

ယခုကာလ၌ ချက်ခြင်း သူဌေးဖြစ်သွားမှု၊ ချက်ခြင်း မြေမျိုမှု၊ လျှာပြတ်မှုများကို အလွန်ကြီးကျယ်သော အကျိုးအပြစ်များဟု ထင်မှတ်ကြ၏။ ချက်ခြင်း သူဌေးဖြစ်မှုနှင့် ပဋိသန္ဓေသစ် ဘဝသစ်ကို ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှုနှစ်မျိုးကို နှိုင်းယှဉ်ကြည့်လျှင် အလွန်ကွာခြားကြောင်း ထင်ရှားပေသည်။ ချက်ခြင်းသူဌေးဖြစ်မှုကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးတည်း၊ ပဋိသန္ဓေသစ် ဘဝသစ်ကို ထူထောင်၍ နတ်ပြည်၌ဖြစ်ရမှုကား ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယာယဝေဒနီယကံ တမျိုးမျိုး၏ အကျိုးဖြစ်သည်။

၁။ အံ၊ဋ္ဌ၊၂။၁၀၅။ ဝိသုဒ္ဓိ၊၂၊၂၃၆။

စာမျက်နှာ-241
ဤနေရာ၌ ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဥပပဇ္ဇဝေဒနီယကံ အပရာပရိယာယဝေဒနီယကံများကဲ့သို့ သဟိတ်ပဋိသန္ဓေကျိုးကို မပေးနိုင်ပဲ နောက်တဆင့်မျိုးစေ့ရဖို့ အသီးမသီးနိုင်သည့် လေပွင့်ကဲ့သို့ အဟိတ်ဝိပါက်မျှဖြစ်သော ပဝတ္တိအကျိုးကိုသာ ပေးနိုင်လေသည်။ ဘဝသစ်တခုကို ထူထောင်နိုင်ဖို့ကား မလွယ်ကူလှ။ အလွန်အားကောင်းသောကံဖြစ်မှ ဘဝတခုကို ထူထောင်နိုင်သည်။ ပထမဇောစေတနာကား အစဆုံးဇောဖြစ်သောကြောင့် အင်အားမရှိသေးချေ၊ ထို့ကြောင့် အခြားကံများကဲ့သို့ ဘဝသစ်တခုကို မထူထောင်နိုင်ပဲ ပဝတ္တိကျိုးမျှကိုသာ ပေးရခြင်းဖြစ်သည်။ သို့ဖြစ်၍ ဒိဋ္ဌဓမ္မအကျိုးကား ကြီးကျယ်သော အကျိုးမျိုး မဟုတ်ချေ။

အကျိုးပေးရာဌာနအားဖြင့် စေတနာလေးမျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် အကျိုးပေးရာဘုံဌာနအားဖြင့်–

၁။ အကုသိုလ်ကံ

၂။ ကာမာဝစရကုသိုလ်ကံ

၃။ ရူပါဝစရကုသိုလ်ကံ

၄။ အရူပါဝစရကုသိုလ်ကံ

ဟူ၍ လေးမျိုးရှိသည်။

၁။ အကုသိုလ်ကံ

အပြစ်လည်းရှိ၊ မကောင်းကျိုးကိုလည်း ပေးတတ်သော (ဝါ) ကုသိုလ်နှင့် ဆန့်ကျင်ဘက် ဖြစ်သော တရားကို အကုသိုလ်ဟု ခေါ်သည်။ ထိုအကုသိုလ်တရား ၁၂ ပါး၌ရှိသော အကုသိုလ်စေတနာ ၁၂-ပါးသည် အကုသိုလ်ကံ မည်၏။

ထိုတွင် ဥဒ္ဓစ္စစေတနာမှတပါး အခြားအကုသိုလ်စေတနာ ၁၁-ပါးသည် အပါယ် ၄-ဘုံ၌ “အကုသလဝိပါက် ဥပေက္ခာသန္တီရဏ”ဟူသော အပါယ် ပဋိသန္ဓေကျိုးကို ဖြစ်ပေါ်စေနိုင်၏။ ပဝတ္တိအခါ၌မူ ဥဒ္ဓစ္စစေတနာနှင့်

စာမျက်နှာ-242
အကုသိုလ်စေတနာ ၁၂-ပါးလုံးပင် ကာမ ၁၁-ဘုံတို့၌ အကုသလဝိပါက် ၇-ပါးဟူသော ပဝတ္တိကျိုးကို ဖြစ်စေနိုင်၏။ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ကား ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ်တို့မှ တပါး ကျန်အကုသလဝိပါက် ၄-ပါး ဟူသော ပဝတ္တိကျိုးကိုသာ ဖြစ်စေနိုင်၏။ ဥဒ္ဓစ္စအကုသိုလ်စေတနာမှာ ပဝတ္တိအကျိုးမျှကိုသာ ပေးနိုင်၍ ပဋိသန္ဓေ အကျိုးကို မပေးနိုင်။

ထိုအကုသိုလ်ကံသည် ကံ၏ဖြစ်ကြောင်း ကမ္မဒွါရအားဖြင့် ကာယကံ ဝစီကံ မနောကံဟု သုံးမျိုးပြားသည်။ ထိုသုံးမျိုးတွင် သူတပါးအသက်သတ်မှု (ပါဏာတိပါတကံ)၊ သူ့ဥစ္စာခိုးမှု (အဒိန္နာဒါနကံ)၊ ကာမတို့၌ ဖောက်ဖောက်ပြားပြား မှောက်မှောက်မှားမှားပြုကျင့်မှု (ကာမေသုမိစ္ဆာစာရကံ) သုံးပါးတို့ကို ကိုယ်ဖြင့်ပြုလုပ်မှုများဖြစ်၍ အကုသိုလ်ကာယကံဟု ခေါ်သည်၊ လိမ်လည်ပြောဆိုမှု (မုသာဝါဒကံ)၊ ချောပြစ်ကုန်းတိုက်စကား ပြောဆိုမှု (ပိသုဏဝါစာကံ)၊ ဆဲရေးတိုင်းထွာခြင်းစသည်ဖြင့် ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှု (ဖရုသဝါစာကံ)၊ မဟုတ်မမှန် ကောင်းကျိုးမဆန်သောစကားကို ပြောဆိုမှု (သမ္ဖပ္ပလာပဝါစာကံ) လေးပါးတို့ကို နှုတ်ဖြင့် ပြောဆိုမှုများဖြစ်၍ အကုသိုလ်ဝစီကံဟုခေါ်သည်။ သူတပါးစည်းစိမ်ကို တောင့်တကြံစည်မှု (အဘိဇ္ဈာ)၊ သူတပါးပျက်စီးသွားစေလိုမှု (ဗျာပါဒ)၊ မှားယွင်းသောအယူ (မိစ္ဆာဒိဋ္ဌိ) သုံးပါးတို့ကို စိတ်ဖြင့်ကြံစည်မှုများ ဖြစ်၍ အကုသိုလ်မနောကံဟု ခေါ်သည်။

၂။ ကာမာဝစရကုသိုလ်ကံ

ကာမာဝစရကုသိုလ်စေတနာ ၈-ပါးသည် ကာမာဝစရကုသိုလ်ကံမည်၏၊ ထိုကုသိုလ် စေတနာ ၈-ပါးသည် များသောအားဖြင့် ကာမ ၁၁-ဘုံ၌ ဖြစ်တတ်သောကြောင့် ကာမာဝစရ (ကာမ = ကာမ ၁၁-ဘုံ၌ + အာစရ = အများအားဖြင့် ဖြစ်တတ်သောတရား) အမည်ရ၍ အပြစ်လည်းကင်း၊ ကောင်းကျိုးပေးခြင်း သဘောလည်းရှိသောကြောင့် ကုသိုလ်အမည်ကို ရပေသည်။

၁။ ဝိဘာဝိနိဋီကာ၊ ၁၇၈-၉။

၂။ အဘိဓမ္မတ္ထသင်္ဂဟ-၃၄၊ ၃၅။

စာမျက်နှာ-243
ထိုကာမာဝစရကုသိုလ်ကံ ၈-ပါးသည် ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက်စိတ် ၈-ပါးဟူသော ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်၏။ ပဝတ္တိအခါ၌ကား ကာမဘုံ ရူပဘုံတို့၌ ထိုက်သည့်အားလျော်စွာ မဟာဝိပါက်စိတ် ၈-ပါး၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး အကျိုးတရားတို့ကို ဖြစ်စေပေသည်။

ဤကာမာဝစရကုသိုလ်ကံသည် အခြားရူပကုသိုလ်စသောကုသိုလ်များထက်လည်း အရေအတွက်များသည်၊ ကုသိုလ်ဖြစ်ရာဌာနအားဖြင့်လည်း ကျယ်ဝန်းသည်၊ လှူဒါန်းပေးကမ်းမှုမျိုးစုံကို ပြုရာ၌လည်း ထိုကုသိုလ် ၈-ပါးတွင် တပါးပါးဖြစ်သည်။ ငါးပါး ဆယ်ပါးစသော သီလများကို စောင့်ထိန်းရာ၌လည်း ထိုကုသိုလ် ၈-ပါးတွင် တပါးပါးဖြစ်သည်။ အယုတ်ဆုံးအားဖြင့် ရူပကုသိုလ် အရူပကုသိုလ်ဆိုသည့် ဈာန်တရားများရအောင် အားထုတ်ရာ၌လည်းကောင်း၊ လောကမှ လွန်မြောက်ကြောင်း မဂ်တရား ဖိုလ်တရားများကို ရအောင်အားထုတ်ရာ၌လည်းကောင်း ဤကာမာဝစရကုသိုလ်ကံ ၈-ပါးအနက် ပညာဉာဏ်ပါသော ကုသိုလ်စိတ် ၄-ပါးကို အခြေခံ အရင်းအနှီးပြုကာ အားထုတ်ကြရသည်။ ထို့ကြောင့် ထိုကုသိုလ်စိတ် ၈-ပါးကို “မဟာ”ဟူသောပုဒ်ဖြင့် အထူးပြုကာ “မဟာကုသိုလ်ကံ ၈-ပါး”ဟု အမည်ပေးကြပေသည်။

ထိုမဟာကုသိုလ်စေတနာတို့သည် ပဝတ္တိအခါ၌ အပါယ်လေးဘုံတို့၌ ကြီးကျယ်ခမ်းနားသော စည်းစိမ်ချမ်းသာတို့ကို ဖြစ်စေနိုင်သည်။ တန်ခိုးကြီးကုန်သော နဂါး ဂဠုန် ဆင်အာဇာနည် မြင်းအာဇာနည် ခြင်္သေ့အာဇာနည်စသော သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ချမ်းသာခြင်း တန်ခိုးကြီးခြင်း အစွမ်းသတ္တိရှိခြင်းစသော ပဝတ္တိအကျိုးများသည် မဟာကုသိုလ်စေတနာ၏ အကျိုးများဖြစ်သည်။

၁။ အဘိဓမ္မတ္ထသင်္ဂဟ၊ ၃၄-၃၅။

စာမျက်နှာ-244
အခြားအပါယ်ဘုံသားတို့အားလည်း ဣဋ္ဌာရုံများနှင့် တွေ့ကြုံဆုံဆည်းရသည့်အခါများ၌ ဖြစ်ပေါ်လာသော ချမ်းသာမှုများသည်လည်း ထိုစေတနာ၏ အကျိုးတရားများ ဖြစ်သည်။ ထို့ပြင် ရူပဗြဟ္မာကြီးသန္တာန်၌လည်း ဣဋ္ဌာရုံနှင့်ပေါင်းဆုံမိသည့်အခါ စက္ခုဝိညာဉ်စသော အဟိတ်ကုသလဝိပါက်များဖြစ်လေ့ရှိရာ မဟာကုသိုလ်စေတနာသည် ရူပဘုံ၌လည်း ပဝတ္တိကျိုးကို ပေးနိုင်ပေသည်။

တိဟိတ်ကုိုလ်နှင့် ဒွိဟိတ်ကုသိုလ်

ဤ မဟာကုသိုလ်ကံဟူသော ကာမာဝစရ ကုသိုလ်စေတနာသည် တိဟိတ်ကုသိုလ်စေတနာ၊ ဒွိဟိတ်ကုသိုလ်စေတနာဟူ၍ နှစ်မျိုးရှိပြန်၏၊ ထိုတွင် အမောဟစေတသိက်တည်းဟူသော ဉာဏ်မပါပဲပြုလုပ်သော ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စေတနာလေးပါးသည် ဒွိဟိတ်ကုသိုလ်စေတနာဖြစ်သည်၊ ထိုကုသိုလ်များ၌ ဟိတ်အားဖြင့် အလောဘ အဒေါသဟိတ်နှစ်ပါးသာပါဝင်သောကြောင့် ဒွိဟိတ်ကုသိုလ်ဟုခေါ်သည်။ အမောဟဟိတ်တည်းဟူသော ဉာဏ်ဦးဆောင်၍ ပြုလုပ်သည့် ဉာဏသမ္ပယုတ် မဟာကုသိုလ်လေးပါးသည် တိဟိတ်ကုသိုလ်စေတနာများဖြစ်သည်။ ထိုကုသိုလ်များတွင် အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးလုံးပါဝင်သောကြောင့် ထိုကုသိုလ် စေတနာများကို တိဟိတ်ကုသိုလ်စေတနာဟု ခေါ်သည်။

ဤနေရာ၌ ဉာဏ်ဆိုသည်မှာ ကမ္မဿကတာဉာဏ်နှင့် ဝိပဿနာဉာဏ်များဖြစ်သည်။ ဉာဏ်ကို အဘိဓမ္မာကျမ်းများ၌ ပညိန္ဒြေစေတသိက်ဟူ၍လည်းကောင်း၊ အမောဟစေတသိက်ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲ၏၊ ကုသိုလ်ပြုလုပ်ရာ၌ ထိုဉာဏ်နှစ်ပါးတွင် တပါးပါး ဦးဆောင်ပြုလုပ်ရန် အထူးလိုအပ်၏။ ကမ္မဿကတာဉာဏ်ဆိုသည်မှာ ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သောဉာဏ် (ဝါ) ကံသာ မိမိကိုယ်ပိုင်ဥစ္စာရှိသည်ဟု သိသောဉာဏ်မျိုးဖြစ်သည်။

၁။ ပရမတ္ထဒီပနီမဟာဋီကာ၊ ၂၃၉။

စာမျက်နှာ-245
အဓိပ္ပါယ်မှာ- လောက၌ ကုသိုလ်ကံ အကုသိုလ်ကံတို့ အမှန်တကယ်ရှိကြ၏၊ ကုသိုလ်ကံပြုလျှင် ကောင်းကျိုးခံရမည်၊ အကုသိုလ်ကံပြုလုပ်လျှင် မကောင်းကျိုးခံရမည်။ သတ္တဝါမှန်သမျှ မိမိတို့ပြုလုပ်သည့်ကံသာ ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အမှန်ယုံကြည်သိမြင်သောဉာဏ်ဟု ဆိုလိုပါသည်။

ရုပ်တရားနာမ်တရားတို့၌ အမြဲမရှိ အနိစ္စ၊ ဆင်းရဲအစု ဒုက္ခ၊ အစိုးတရ အနှစ်သာရမရှိ အနတ္တဟု ရှုမြင်သောဉာဏ်ကို ဝိပဿနာဉာဏ်ဟု ခေါ်သည်။ ကုသိုလ်ပြုသည့်အခါ “ငါယခုပြုလုပ်တာ ကုသိုလ်ကံပဲ၊ ဒီကုသိုလ်ကံဟာ အမှန်ကောင်းကျိုးပေးနိုင်တယ်” လို့ ဆင်ခြင်သိမြင်သည့် ကမ္မဿကတာဉာဏ်အပြင် ဝိပဿနာဉာဏ်ပါဖြစ်လျှင် ထိုကုသိုလ်သည် သာ၍ အားကောင်းထက်မြက်ပေသည်။ ထို့ကြောင့် ကုသိုလ်ပြုစဉ်အခါဝယ် ကမ္မဿကတာဉာဏ်ဖြစ်စေ၊ ဝိပဿနာဉာဏ်ဖြစ်စေ ဉာဏ်တခုခုပါလျှင် တိဟိတ်ကုသိုလ်ဖြစ်သည်။

ကုသိုလ်ပြုစဉ် ထိုကဲ့သို့ နားလည်သိမြင်သော ကမ္မဿကတာဉာဏ် ဝိပဿနာဉာဏ်ကို မပါပဲ ကလေးသူငယ်နှင့် လူရိုင်းများပြုသကဲ့သို့ တော်စွာလျော်စွာ အမှတ်တမဲ့ပြုလျှင် ဉာဏ်မပါသည့်အတွက် ဒွိဟိတ်ကုသိုလ်မျိုးသာဖြစ်သည်။

အယုတ်အမြတ် ကုသိုလ်ကံ (၄) မျိုး

အထက်တွင်ပြဆိုခဲ့သော တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဖြစ်မှုသည် ပြုလုပ်ဆဲ မုဉ္စစေတနာအခိုက်အတန့်ကို အစွဲပြု၍ ကွဲပြားခြားနားကြခြင်းဖြစ်သည်။ ပြုလုပ်ဆဲ မုဉ္စစေတနာအခိုက်၌ ဖော်ပြပါဉာဏ်များပါလျှင် တိဟိတ်ကုသိုလ်ဖြစ်၍ မပါလျှင် ဒွိဟိတ်ကုသိုလ်ဖြစ်၏။ ဤတိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်တို့ကို အယုတ်အမြတ် ခွဲခြားသတ်မှတ်ရာ၌ကား ကုသိုလ်မပြုလုပ်မီ ပုဗ္ဗစေတနာအခိုက်နှင့် ကုသိုလ်ပြုပြီးနောက် အပရစေတနာအခိုက်တို့၌ ကုသိုလ်စိတ်ဖြစ်ပုံ မဖြစ်ပုံတို့ကို ကြည့်ရှု၍ သတ်မှတ်ခြင်းဖြစ်သည်။ အကျဉ်းအားဖြင့်ဆိုရလျှင် ကုသိုလ်မပြုမီ ရှေးအဖို့၌သော်

စာမျက်နှာ-246
လည်းကောင်း၊ ကုသိုလ်ပြုပြီးနောက်ပိုင်း၌သော်လည်းကောင်း၊ အကုသိုလ်မရောပဲ ကုသိုလ်စိတ် စေတနာချည်းသာ ခြံရံနေလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ်ဖြစ်စေ၊ ဒွိဟိတ်ကုသိုလ်ဖြစ်စေ မြင့်မြတ်သောကုသိုလ်မျိုးဖြစ်သည်။ အပြန်အားဖြင့် ကုသိုလ်မပြုမီ ရှေ့အဖို့၌သော်လည်းကောင်း၊ ကုသိုလ်ပြုပြီး နောက်ပိုင်း၌သော်လည်းကောင်း အကုသိုလ်စိတ်များ ခြံရံနေလျှင် ထိုကုသိုလ်ကို တိဟိတ်ဖြစ်စေ၊ ဒွိဟိတ်ဖြစ်စေ အညံ့စား ကုသိုလ်မျိုးဟု ခေါ်ပေသည်။

ချဲ့ပြဦးအံ့- ပါဠိလိုအမြတ်စားကို “ဥက္ကဋ္ဌ” အညံ့စားကို “ဩမက” ဟု သုံးနှုန်း၏။ လှူဒါန်းပေးကမ်းတော့မည်ဟု ကြံစည်သည်မှစ၍ မလှူမီ ပုဗ္ဗစေတနာ အခိုက်၌ အချို့မှာ ကုသိုလ် ဖြစ်မြောက်ရေးကိုသာ တွေးတောနေ၏။ ကုသိုလ်နှင့်စပ်သော ဇောများ တဖွားဖွား ဖြစ်နေ၏။ ကုသိုလ်ပြုမှု အထမြောက်ပြီးသည်နောက် အပရစေတနာ အခိုက်မှာလည်း လွန်စွာအားရ၏။ ငါ ကြံစည်ခဲ့သော ကုသိုလ်ကြီး အထမြောက်သွားပေပြီ၊ ငါ အရတော်လေစွ စသည်ဖြင့် ဝမ်းမြောက်လျက်ရှိ၏၊ ထိုကုသိုလ်မျိုးသည် ရှေ့ရော နောက်ပါ ကုသိုလ်များ ခြံရံလျက်ရှိသောကြောင့် အလွန်အားရှိသည့် အမြတ်စား ဥက္ကဋ္ဌ ကုသိုလ်မျိုး ဖြစ်သည်။ ပြုသောကုသိုလ်က တိဟိတ်ဖြစ်လျှင် တိဟိတ်ဥက္ကဋ္ဌကုသိုလ်၊ ဒွိဟိတ်ဖြစ်လျှင် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ဟု ခေါ်ပေသည်။

အချို့မှာ ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမှု မရှိ၊ မလှူချင် လှူချင်နှင့် နှမြောတွန့်တိုနေခြင်း၊ တစုံတရာအတွက် မကျေမနပ်ဖြစ်ခြင်း၊ မိမိဂုဏ်သတင်း ကြီးလိုခြင်း၊ အထောက်အပံ့ အကူအညီကို မျှော်လင့်ခြင်း၊ ပူဇော်သက္ကာရပြုမှုကို ခံယူလိုခြင်းစသော အကုသိုလ်များ ရှေ့သွားလျက်ရှိ၏၊ ကုသိုလ်ပြုပြီးနောက် အပရစေတနာ အခိုက်မှာလည်း “ငါ ကုသိုလ်ပြုမိတာ မှားလေခြင်း၊ ကုသိုလ်ပြုလုပ်တဲ့အတွက် ငါ့ပစ္စည်း ဆုတ်ယုတ်သွားတယ်၊ ကြွေးတင်သွားတယ်” စသည်ဖြင့် နှလုံးမသာမယာ ဖြစ်တတ်ကြ၏။ ထိုကုသိုလ်မျိုးမှာ ရှေ့နောက်အဖို့တို့၌ အကုသိုလ်များ

စာမျက်နှာ-247
ခြံရံလျက် နေသောကြောင့် များစွာအားမရှိသော အညံ့စား ဩမက ကုသိုလ်မျိုး ဖြစ်ရလေသည်။ ထိုကုသိုလ်သည် တိဟိတ်ဖြစ်လျှင် တိဟိတ် ဩမကကုသိုလ်၊ ဒွိဟိတ်ဖြစ်လျှင် ဒွိဟိတ်ဩမကကုသိုလ်ဟု ခေါ်ဆိုရသည်။

ဆက်ဦးအံ့- ကုသိုလ်ကောင်းမှုပြုပြီးနောက် ရက်ပေါင်း၊ လပေါင်း နှစ်ပေါင်း အတော်ကြာသည့်အခါ ထိုကုသိုလ်ကို သတိရတိုင်း အလွန်အမင်း ဝမ်းမြောက်ခြင်း ထပ်ကာထပ်ကာ ဖြစ်နေတတ်၏။ ဤသို့ကုသိုလ်စိတ် တဖန်ထပ်၍ထုံမွှမ်းမှုကို “အာသေဝန” ရသည် အရှိန်ရသည်ဟု ခေါ်၏။ ထိုအခါ မူလကကုသိုလ်သည် အမြတ်စား ဥက္ကဋ္ဌ ကုသိုလ်မျိုး ဖြစ်ပါက အလွန့်အလွန် မြင့်မြတ်သော (ဥက္ကဋ္ဌုက္ကဋ္ဌ) ကုသိုလ်မျိုးဖြစ်သွား၏။ ဩမက ကုသိုလ်ဖြစ်ပါက မူလကထက် အားရှိမြင့်မားလာသော (ဩမကုက္ကဋ္ဌ) ကုသိုလ်အဖြစ်သို့ ရောက်ရ၏။

ထိုသို့မဟုတ်ပဲ ကုသိုလ်ပြုပြီးနောက် ရက် လအတော်ကြာသည့်အခါ “ငါကုသိုလ်ပြုမိတာ မှားလေခြင်း”ဟု စိတ်နှလုံးမသာယာမှု (ဝိပ္ပဋိသာရ) ဖြစ်လျှင် ထိုနှလုံးမသာယာမှုက မူလကုသိုလ်ကို ပြန်၍အားသေးအောင် ပြုရာရောက်သောကြောင့် မူလကုသိုလ်သည် အမြတ်စားဥက္ကဋ္ဌဖြစ်လျှင် ဥက္ကဋ္ဌဩမက အဖြစ်သို့ လျောကျရလေသည်။ မူလကအညံ့စား ဩမက ဖြစ်နေလျှင် သာ၍ညံ့သွားသဖြင့် ဩမကောမက အဖြစ်သို့ လျောကျရလေသည်။ ထို့ကြောင့် ကုသိုလ်တမျိုးလျှင် အတန်းအစား ၆ မျိုး ခွဲနိုင်ပေသည်။

ထိုဥက္ကဋ္ဌစသော ကုသိုလ်များ၌လည်း ဆန္ဒဝီရိယစိတ်နှင့် ဝီမံသခေါ် ပညာတို့ ထက်သန်လျှင် ထက်သန်သလောက် အကျိုးပေးတတ်၏။ ညံ့လျှင်ညံ့သလောက် အကျိုးယုတ်လျော့၏။ ထို့ပြင် ပုဗ္ဗစေတနာအခိုက်၌သာ အကုသိုလ်ခြံရံ၍ အပရစေတနာအခိုက်၌ ကုသိုလ်ခြံရံသော ကုသိုလ်မျိုး၊ ပုဗ္ဗစေတနာ အခိုက်၌ ကုသိုလ်ခြံရံ၍ အပရစေတနာ အခိုက်၌ အကုသိုလ်ခြံရံသော ကုသိုလ်မျိုးတို့လည်း ရှိပေသေးသည်။

အကြမ်းအားဖြင့် ကာမာဝစရကုသိုလ်ကံကို အယုတ်အမြတ်အားဖြင့် ခွဲခြားရလျှင် အောက်ပါအတိုင်း လေးမျိုးရပေသည်။

စာမျက်နှာ-248
(၁) ကုသိုလ်ပြုဆဲ၌လည်း ဉာဏ်နှင့်ယှဉ်၍ပြု၏။ ကုသိုလ်မပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌လည်း လောဘ ဒေါသ စသော အကုသိုလ်များကင်း၏။ ထိုကုသိုလ်ကို တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ဟု ခေါ်၏။

(၂) ကုသိုလ်ပြုဆဲ၌မူ ဉာဏ်နှင့်ယှဉ်၍ ပြု၏။ ကုသိုလ်မပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌ကား လောဘ၊ ဒေါသ စသော အကုသိုလ်များ ဖြစ်ပွားခဲ့သည်။ ထိုကုသိုလ်မျိုးကို တိဟိတ်ဩမကကုသိုလ်ဟု ခေါ်သည်။

(၃) ကုသိုလ်ပြုဆဲ၌ကား ဉာဏ်နှင့်မယှဉ်ပဲ ကလေးသူငယ်များကဲ့သို့ အမှတ်တမဲ့ပြု၏။ ကုသိုလ်ပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌မူ လောဘ ဒေါသ စသော အကုသိုလ်များ ကင်းစင်၏။ ထိုကုသိုလ်မျိုးကို ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ဟုခေါ်သည်။

(၄) ကုသိုလ်ပြုဆဲ၌လည်း ဉာဏ်မပါပဲ ကလေးသူငယ်များပမာ အမှတ်တမဲ့ပြု၏။ ကုသိုလ်ပြုမီ ရှေ့ပိုင်းနှင့် ကုသိုလ်ပြုပြီး နောက်ပိုင်းတို့၌လည်း လောဘ၊ ဒေါသ စသော အကုသိုလ်တရားများ ဖြစ်ပွားခဲ့သည်။ ထိုကုသိုလ်မျိုးကို ဒွိဟိတ်ဩမက ကုသိုလ်ဟု ခေါ်သည်။

အယုတ်အမြတ် ကုသိုလ်ကံ ၃-မျိုး

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ သီလနိဒ္ဒေသ၌ လာသည့် ကုသိုလ် အယုတ် အလတ် အမြတ် ခွဲနည်း သုံးမျိုးကိုလည်း မှတ်သားနည်းယူဖွယ်ဖြစ်၍ ဖော်ပြလိုပါသည်။ ထိုသုံးမျိုးမှာ-

(၁) ဂုဏ်သတင်းပျံ့သင်း ကျော်ကြားမှုကို လိုလားသောစိတ်ဖြင့် ပြုလုပ်သော ကုသိုလ်စေတနာသည် အညံ့စားကုသိုလ်စေတနာ ဖြစ်၏။

စာမျက်နှာ-249
(၂) ကုသိုလ်၏အကျိုးတရားကို လိုလားတပ်မက်သော စိတ်စေတနာဖြင့် ပြုလုပ်သော ကုသိုလ်စေတနာသည် အလတ်စားကုသိုလ် စေတနာဖြစ်၏။

(၃) ဤဒါနမှု သီလမှုစသည်တို့ကား ပြုသင့်ပြုထိုက်သော အမှုများတည်းဟု နှလုံးသွင်းကာ အရိယာသူတော်ကောင်းတို့၏ အလေ့သဘောကို နည်းယူပြုလုပ်သော ကုသိုလ်စေတနာသည် အမြတ်စား ကုသိုလ်စေတနာဖြစ်၏။ ဟူ၍ဖြစ်သည်။

ဤသုံးမျိုးတို့တွင် ပထမကုသိုလ်မျိုးကား ဂုဏ်ပကာသန စိတ်ထားဖြင့် ပြုလုပ်သော ကုသိုလ်မျိုးဖြစ်၍ လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်ရခြင်း ဘဝသမ္ပတ္တိ၊ စည်းစိမ်ဥစ္စာ ရတနာတို့နှင့် ပြည့်စုံခြင်း ဘောဂသမ္ပတ္တိတို့ကိုမျှပင် လှလှအကျိုးပေးနိုင်သော ကုသိုလ်မျိုး မဟုတ်ပါ၊ ပါရမီကုသိုလ်ဖြစ်ဖို့ကား အလွန်အလှမ်းဝေးပေသည်။

ဒုတိယကုသိုလ်မျိုးကား အကျိုးကိုလိုလားသောစိတ်ဖြင့် အလှူခံပုဂ္ဂိုလ်တို့ အယုတ်အမြတ် ရွေးချယ်မှု၊ အကျိုးကြီးရာသောနည်းလမ်းကို ရွေးချယ်မှုတို့နှင့်ပြုသော ကုသိုလ်မျိုးတည်း၊ ထိုကုသိုလ်မျိုးမှာ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိတို့ကိုကား ကောင်းကောင်းအကျိုးပေးနိုင်ပါသည်။ သို့ရာတွင် ပါရမီကုသိုလ်မျိုးကား မဟုတ်ချေ။

တတိယကုသိုလ်မျိုးမှာမူ အလုပ်အမှုကိုသာအလေးဂရုပြုသည်။ အကျိုးကိုမမျှော်လင့်၊ မိမိလက်ရှိ ပစ္စည်း ဝတ္ထုတို့ကို သူတပါးတို့နှင့် မကန့်မကွက် ဆက်ဆံသည်ကိုပြု၍ သုံးဆောင်မှုသည် အရိယာသူမြတ်တို့၏ အစဉ်ထုံးတမ်း သွားမြဲလမ်းပေတည်း။ အရိယာလောင်း သူတော်ကောင်းတို့၏ အစဉ်ထုံးတမ်း ကျင့်မြဲလမ်းပေတည်း။ ငါသည်လည်း အလောင်းအလျာ အရိယာတို့၏ လမ်းစဉ်ကို လိုက်ထိုက်သည်၊ မိမိပိုင်ထိုက်သော ပစ္စည်း ဥစ္စာကို သူတပါးတို့နှင့် ကန့်ကန့်ကွက်ကွက် မဆက်ဆံသည်ကိုပြု၍...

၁။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။ ပ၊ ၁၃။

စာမျက်နှာ-250
သုံးဆောင်ခြင်းသည် အန္ဓဗာလပုထုဇဉ်တို့၏ အစဉ်ထုံးတမ်း သွားမြဲလမ်းပေတည်း။ ငါသည် ထိုအန္ဓပုထုဇဉ်တို့၏ လမ်းကို လိုက်ခြင်းငှာမထိုက်၊ ဤသို့ နှလုံးထား၍ မိမိပိုင်ထိုက်သော ပစ္စည်းဥစ္စာများကို အယုတ်အလတ် အမြတ်မရွေး မျှဝေလှူဒါန်း ပေးကမ်းစွန့်ကြဲသော ဒါနကုသိုလ်သည် အရိယဘာဝ (အရိယာသူတော်ကောင်းတို့၏ အဖြစ်သနစ် ထုံးတမ်းဓလေ့) ကိုမှီ၍ ပြုသောကုသိုလ်မည်၏။ ပါရမီကုသိုလ်မျိုးတည်း၊ သီလမှု၊ နိက္ခမမှု စသည်တို့၌လည်း ဤနည်းအတိုင်း အကျိုးကို မမျှော်ကိုးပဲ အလုပ်အမှုကိုသာ အလေးဂရုပြု၍ ပြုလုပ်နိုင်မှသာ ပါရမီကုသိုလ်မျိုး ဖြစ်သည်ဟု မှတ်ရမည်။

တနည်းအားဖြင့်

(၁) တဏှာ၏အလိုဖြင့် ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိတို့ ပြည့်စုံရန် ရည်ရွယ်၍ကျင့်သော သီလကုသိုလ်စေတနာသည် အညံ့စား ကုသိုလ်စေတနာမည်၏၊

(၂) မိမိတဦးတည်း ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် ရည်ရွယ်၍ ကျင့်သော သီလကုသိုလ်စေတနာသည် အလတ်စား ကုသိုလ်စေတနာမည်၏၊ ပါရမီမြောက်ကုသိုလ်လည်း ဖြစ်၏၊

(၃) ခပ်သိမ်းသော သတ္တဝါတို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်ရည်ရွယ်၍ ကျင့်သော သီလကုသိုလ်စေတနာသည် အမြတ်စားကုသိုလ် စေတနာ မည်၏၊ ပါရမီမြောက်ကုသိုလ်မျိုး ဖြစ်၏။

တနည်းအားဖြင့်

ဝဋ်ကိုမှီသော ကုသိုလ်နှစ်မျိုး၊ ဝဋ်ကိုမမှီသော ကုသိုလ်နှစ်မျိုးဟူ၍ အယုတ်အမြတ် ကုသိုလ်လေးမျိုး ရှိ၏၊ ထိုလေးမျိုးမှာ-

(၁) တဏှာကိုမှီတွယ်သော တဏှာနိဿိတကုသိုလ်၊

(၂) ဒိဋ္ဌိကိုမှီတွယ်သော ဒိဋ္ဌိနိဿိတကုသိုလ်၊

၁။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပ၊ ၁၃။

စာမျက်နှာ-251
(၃) လောကုတ္တရာကုသိုလ် (ဝိဝဋ္ဋအနိဿိတ)၊

(၄) လောကုတ္တရာ၏ အခြေမူလ အဆောက်အဦဖြစ်သော (ဝိဝဋ္ဋအနိဿိတ) လောကီကုသိုလ်- တို့ ဖြစ်သည်။

ထိုတွင် လူ့ဘဝ နတ်ဘဝတို့၌ဖြစ်ခြင်း ဘဝသမ္ပတ္တိ၊ စည်းစိမ်ဥစ္စာ ရတနာတို့နှင့်ပြည့်စုံခြင်း ဘောဂသမ္ပတ္တိတို့ကို တဏှာဖြင့် လိုလားတောင့်တ၍ ပြုလုပ်သော ကုသိုလ်စေတနာသည် တဏှာနိဿိတကုသိုလ်ကံ မည်၏၊ ပါရမီကုသိုလ်မျိုး မဟုတ်ပေ။

ဒါနမှု လောကီသီလမှု တခုခုသော ပဗ္ဗဇ္ဇိတနိက္ခမမှု စသည်၌ တည်၍ ဤအကျင့်သည်သာလျှင် သံသရာမှ စင်ကြယ်စေနိုင်၏၊ ဤအကျင့်အပြင် စင်ကြယ်စေနိုင်သော နည်းလမ်းမရှိဟု ဝိပဿနာမဂ်ဖိုလ်တို့ကို ပစ်ပယ်၍ ပြုသောကုသိုလ်ကံစေတနာသည် ဒိဋ္ဌိနိဿိတကုသိုလ် မည်၏၊ ကုလားဘုန်းကြီးတို့၏ ကုသိုလ်မျိုးတည်း။ ပါရမီကုသိုလ်မျိုးမဟုတ်၊ ဤ (၂) မျိုးတို့သည် ပါရမီမျိုးမဟုတ်သော “ဝဋ္ဋနိဿိတ” ကုသိုလ်မျိုးတို့ ဖြစ်ကြသည်။

ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို လိုချင်တောင့်တမှု တဏှာလောဘပါသော စိတ်လည်းမရှိ၊ ဒိဋ္ဌိသဘောလည်း မသက်ရောက်ပဲ မိုးကောင်းကင် သဖွယ် အတွယ်အတာ မရှိမူ၍ ဗောဓိဉာဏ်တည်းဟူသော တဖက်ကမ်းသို့ တမ်းတမ်းစူးစူး အထူးရည်ရွယ်၍ စင်ကြယ်သောစိတ်ဖြင့် ပြုအပ်သော ဒါနမှု၊ သီလမှုစသော ကုသိုလ်များသည်သာ လောကုတ္တရာ၏ အခြေမူလ အဆောက်အဦဖြစ်၍ ပါရမီကုသိုလ်မျိုး ဖြစ်ပေသည်။

ယခုကာလ၌ “ဤကုသိုလ်ကြောင့် နိဗ္ဗာန်ကို ရရပါလို၏၊ အကြင်မျှလောက် နိဗ္ဗာန်ကို မရသေး၊ ထိုမျှလောက်ကာလ၌” စသည်ဖြင့် နိဗ္ဗာန်နှင့် သမ္ပတ္တိနှစ်ပါးတို့ကို တွဲဖက်တောင့်တ၍ ပြုကြသောကုသိုလ်များကို ပါရမီကုသိုလ်ဟူ၍ကား ဆိုရ၏။ သို့သော် ထိုကုသိုလ်များသည် ဗောဓိဉာဏ်ကို မြန်မြန်ဆိုက်စေနိုင်သော ကုသိုလ်မျိုးကား မဟုတ်ချေ။

၁။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပ၊ ၁၂။

စာမျက်နှာ-252
ထင်ရှားစေဦးအံ့- ဝိပဿီဘုရားရှင်မပွင့်မီ သာသနာပအခါ၌ ညီအစ်ကို နှစ်ဦးတို့သည် ကြံခင်းစိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးကြ၏၊ ညီဖြစ်သူမှာ ဇောတိကသူဌေးလောင်း ဖြစ်သည်၊ တနေ့တွင် ကြံခင်းသို့ ကြွလာသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ညီနောင်နှစ်ဦးတို့ ကြံရည် လှူဒါန်း၍ ဆုအသီးသီး တောင်းလိုက်ကြသည်။ အစ်ကိုကြီးက “အရှင်ဘုရားသိသော ရသောတရားကို သိရပါလို ရရပါလို၏” ဟု တိုတိုဆုတောင်း၏။

ညီဖြစ်သူ ဇောတိကသူဌေးလောင်းကမူ “အရှင်ဘုရား သိသော ရသော တရားကို သိရပါလို ရရပါလို၏” ဟု ဆိုပြီးနောက် “အကြင်မျှလောက်ကာလပတ်လုံး နိဗ္ဗာန်ကို မရသေး၊ ထိုမျှလောက်ကာလ၌” စသည်ဖြင့် ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိနှစ်ပါးတို့ကို နောက်ဖျားကဆွယ်၍ ဆုတောင်း၏။ ဆုတောင်းတိုသည့် အစ်ကိုမှာ ဝိပဿီဘုရားအပွင့်တွင် သံသရာဝဋ်မှ ကျွတ်သွား၏။ ညီဖြစ်သူ ဇောတိကအလောင်းမှာမူ ဆုတောင်းရှည်သည့်အတွက် ဝိပဿီဘုရားလက်ထက်တွင် အကျွတ်တရား မရရှာပဲ ဘုရားခြောက်ဆူကျော်လွန်ပြီး ဂေါတမဘုရားလက်ထက်မှာမှ အကျွတ်တရား ရလေတော့သည်။

သဘောယုတ္တိကား- ကုသိုလ်ပြုစဉ်အခါ၌ ဘဝသမ္ပတ္တိတဏှာ၊ ဘောဂသမ္ပတ္တိတဏှာ အစေးအချို့ ဆက်တွဲခဲ့သည်ရှိသော် ထိုကုသိုလ် အကျိုးပေးရာဘဝတို့၌ ထိုစည်းစိမ်နှင့် ထိုတဏှာခွါ၍မရ၊ ခွဲ၍မရအောင် အကြပ်အတည်း ဖွဲ့စည်းလေ၏၊ အထွတ်အမြတ်တရားနှင့် တွေ့သော်လည်း တရားဘက်သို့ မပါနိုင်ရှိလေ၏။

ကုသိုလ်ပြုစဉ်အခါ၌ ဘဝတဏှာ၊ ဘောဂတဏှာ အလူးအလဲမရှိ၊ ဝိဝဋ္ဋ (ဝဋ်ဆင်းရဲကိုမမှီသောတရားသဘော) မျိုးသက်သက် ဖြစ်ခဲ့သည်ရှိသော် ထိုကုသိုလ်အကျိုးပေး၍ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမန္ဓာတ် စည်းစိမ်၌ပင် တည်ငြားသော်လည်း တရားနှင့် တွေ့ခဲ့လျှင် ထိုစည်းစိမ်ကို ခဏချည်း စွန့်လွှတ်လိုက်နိုင်၏။

ဤကား ယခုပြဆိုခဲ့သည့် ကြံစိုက်ပျိုးရေးလုပ်သူ ညီနောင်နှစ်ဦးတို့ ဝတ္ထုကပြဆိုသော သဘောအဓိပ္ပါယ်ဖြစ်သည်။ ထို့ကြောင့် နောက်ဆက်လက်၍ ဖြည့်ကျင့်ရန် လူ့ဘဝကိုပင် တောင့်တသော်လည်း ခံစားစံစားလိုသည့် စိတ်ကို ရိပ်ကာမျှ မသိစေမူ၍ ပါရမီဖြည့်ဖို့စိတ်ဖြင့်သာ တောင့်တရမည်။

စာမျက်နှာ-253
မေဏ္ဍကသူဌေး၏ ကျွန်ဖြစ်သော ပုဏ္ဏသည် ပစ္စေကဗုဒ္ဓါကိုဖူးမြင်၍ ဆွမ်းလှူသောအခါ ဆုတောင်း နေရာမကျသည့်အတွက် ဘဝအဆက်ဆက် ကျွန်ချည်းဖြစ်ရလေသည်။ စူဠသုဘဒ္ဒါကျွန်မသည် ပစ္စေကဗုဒ္ဓါကို သစ်သီးဆွမ်းလှူရာ ဆုတောင်းချော်၍ အလောင်းတော်ဆင်မင်းကိုသတ်သဖြင့် ငရဲသို့ကျရလေသည်။ ရှေးဘဝ၌ ပစ္စေကဗုဒ္ဓါကိုတွေ့ကြသော ကုသမင်းကြီးနှင့် ပပဝတီတို့သည်လည်း ဆုတောင်းမတဲ့ အတန်ငယ်ချဲ့ကြ၍ ကသီလင်တ ဒုက္ခအထွေထွေ ဖြစ်ကြရသည်။ ဤသို့လျှင် ကုသိုလ်ပြုကြရာတွင် ဆုတောင်းချော်ကြသဖြင့် မတော်မလှ ဖြစ်ကြကုန်သော ဝတ္ထုနိပါတ် ဇာတ်ရာဇဝင်တို့သည် အလွန်ပင်များလှကုန်၏။

ကာမာဝစရကုသိုလ်ကံများ အကျိုးပေးပုံ

လှူဒါန်းပေးကမ်းခြင်းဒါနကုသိုလ်၊ ၅-ပါး ၈-ပါး ၁၀-ပါး စသည်တို့ကိုစောင့်ထိန်းမှု သီလကုသိုလ်များနှင့် ဈာန်မဂ်ဖိုလ် အထိ မရောက်သေး မရသေးသော သမထဘာဝနာ၊ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်မှု ဘာဝနာကုသိုလ်များမှာ ကာမာဝစရကုသိုလ်များပင်ဖြစ်ပါသည်။

ထိုကာမာဝစရကုသိုလ်ကံ (၈) ပါးသည် လူ့ဘုံ နတ်ဘုံဟူသော ကာမသုဂတိ ၇-ဘုံတို့တွင် တဘုံဘုံ၌ မဟာဝိပါက်စိတ် ၈-ပါး၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁-ပါး အားဖြင့် ကာမသုဂတိပဋိသန္ဓေကိုးပါးကို ဖြစ်စေနိုင်ပေသည်။ ထိုပဋိသန္ဓေကိုးပါးကို ဖြစ်စေနိုင်ခြင်းဆိုသည်မှာ ထိုကာမသုဂတိခုနစ်ဘုံတို့၌ ထိုစိတ်တပါးပါးဖြင့် ပဋိသန္ဓေနေ၍ လူအမျိုးမျိုး နတ်အဖုံဖုံဖြစ်ခြင်းပင်ဖြစ်သည်။

ပဝတ္တိအခါ၌မူ ကာမသုဂတိ (၇) ဘုံ၌ မဟာဝိပါက် ၈-ပါး၊ အဟိတ်ကုသလဝိပါက် ၈-ပါးအားဖြင့် (၁၆) ပါးသော အကျိုးဝိပါက်စိတ်များကိုလည်းကောင်း၊ အပါယ်လေးဘုံတို့၌ အဟိတ်ကုသလဝိပါက် ၈-ပါးတို့ ကိုလည်းကောင်း၊ ရူပ ၁၅-ဘုံ၌ ဃာနဝိညာဉ် ဇိဝှါဝိညာဉ် ကာယဝိညာဉ်မှတပါး အဟိတ်ကုသလဝိပါက် (၅) ပါးတို့ ကိုလည်းကောင်း ပဝတ္တိကျိုးအဖြစ်...

စာမျက်နှာ-254
ဖြစ်ပေါ်စေနိုင်၏။ ထိုတွင် ကာမသုဂတိ (၇) ဘုံ၌ လူ့စည်းစိမ်၊ နတ်စည်းစိမ်တို့ကိုရရှိခံစားရခြင်း၊ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုကိုရရှိခြင်း၊ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဥယျာဉ် ရေကန် ဘုံဗိမာန် အဆင်တန်ဆာ အဆောက်အဦစသည့် ဣဋ္ဌာရုံများကို မြင်တွေ့ရခြင်း ရရှိပိုင်ဆိုင်ခြင်း စသည်တို့သည်ပင် (၁၆) ပါးသော အကျိုးဝိပါက်များ ဖြစ်ခြင်း ဖြစ်ပါသည်။ ထိုစိတ်များသည် ဘဝကိစ္စ၊ တဒါရုံကိစ္စ မြင်ခြင်း ဒဿနစသော ကိစ္စ၊ သမ္ပဋိစ္ဆိုင်းကိစ္စ စသည်ဖြင့် သူ၏ကိစ္စနှင့်သူ ဆောင်ရွက်ကြသည်။

နဂါး ဂဠုန် ဆင်အာဇာနည် မြင်းအာဇာနည် ခြင်္သေ့အာဇာနည် စသော သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ကြီးကျယ်ခမ်းနားစွာသော စည်းစိမ်ခံစားရခြင်း၊ တန်ခိုးကြီးခြင်း၊ ဣဋ္ဌာရုံများနှင့် တွေ့ကြုံဆုံဆည်းရခြင်းတို့သည် အပါယ်ဘုံများ၌ အဟိတ်ကုသလဝိပါက် ၈-ပါး အကျိုးတရားတို့ ဖြစ်ပွားခြင်းပင် ဖြစ်သည်၊

ရူပဗြဟ္မာကြီးများသည် လူ့ဘုံသို့လာ၍ ဘုရားဖူး တရားနာကြသည့် အခါ၌ဖြစ်စေ၊ ရူပဘုံ၌ ဣဋ္ဌာရုံများကို မြင်ရကြားရကြသည့် အခါ၌ဖြစ်စေ အဟိတ်ကုသလဝိပါက် ၅-ပါးတို့ ထိုက်သည့်အားလျော်စွာ ဖြစ်နိုင်ကြပေသည်။

အတန်ငယ်ချဲ့၍ ဆိုရသော်- ရှေးတွင်ဖော်ပြခဲ့သည့် အယုတ် အလတ် အမြတ်ကုသိုလ်တို့တွင် အမြတ်စားတိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံဖြစ်ပါက ထိုကံကြောင့် လူ့ဘုံ နတ်ဘုံဟူသော သုဂတိဘုံတို့၌ တိဟိတ်မဟာဝိပါက် ဉာဏသမ္ပယုတ္တစိတ် ၄-ပါးတို့တွင် တပါးပါးဖြင့် ပဋိသန္ဓေခံနေ၍ ဉာဏ်ပညာထက်မြက်သည့် တိဟိတ်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်နိုင်သည်။ ပဝတ္တိအခါ၌မူ အထက်ဖော်ပြပါအတိုင်း (၁၆) ပါးသော အကျိုးဝိပါက် စိတ်များကို ဖြစ်ပေါ်စေနိုင်၏။

စာမျက်နှာ-255
တိဟိတ်ဩမကကုသိုလ်နှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်များကြောင့်ကား ထိုသုဂတိဘုံများ၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ္တစိတ် ၄-ပါးတို့တွင် တပါးပါးဖြင့် ပဋိသန္ဓေနေ၍ ဉာဏ်ပညာကင်းသော ဒွိဟိတ်ပုဂ္ဂိုလ်မျိုး ဖြစ်နိုင် သည်။ ပဝတ္တိအခါ၌လည်း မဟာဝိပါက်ဉာဏဝိပ္ပယုတ္တ ၄၊ အဟိတ်ကုသလဝိပါက် ၈၊ ပေါင်း ၁၂-ပါးသော အကျိုးကိုပေး၏။

ဒွိဟိတ်ဩမက ကုသိုလ်ကံကြောင့်မူ လူ့ဘုံနှင့် စာတုမဟာရာဇ်နတ်ဘုံတို့၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေကြ၍ ပဋိသန္ဓေကပင် မျက်စိကန်းသူ၊ နားထိုင်းသူ၊ ဆွံ့အသူ၊ နပုံးပဏ္ဍုက် စသော လူအညံ့စားများနှင့် ဝိနိပါတိကအသူရာခေါ်သည့် တစ္ဆေ မြေဘုတ်စသော နတ်အညံ့စားများ ဖြစ်ကြရသည်။ ပဝတ္တိအခါ၌လည်း အဟိတ်ကုသလဝိပါက် ၈-ပါးကို ဖြစ်စေသည်။

ကာမကုသိုလ်စိတ်သည် အကျိုးပေးရာ၌ အလွန်ကျယ်ပြန့်သည်။ အရာကျယ်လှသည်။ ဘဝသစ်တခုကို ထူထောင်ခြင်းဆိုသည့် ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သော ဇနကသတ္တိရှိသကဲ့သို့ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘဝအဆက်ဆက်တို့၌ ပဝတ္တိအကျိုး အမျိုးမျိုးကိုလည်း ပေးနိုင်သော အပရာပရိယကမ္မသတ္တိလည်းရှိ၏။ ထို့ပြင် ဈာန်မဂ်ဖိုလ်တရားများကို ရအောင်အားထုတ်ရာ၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ကုသိုလ်ဇောများ အဖြစ်ဖြင့် အခြေခံအကြောင်းတရားများလည်း ဖြစ်ကြသည်။

အယုတ်ဆုံး ဈာန်ဝင်စားရာ (ဈာနသမာပတ်)၊ ဖိုလ်ဝင်စားရာ (ဖလသမာပတ်)၊ နိရောဓသမာပတ် ဝင်စားရာတို့၌ပင်သော်လည်း ကာမကုသိုလ် ဉာဏသမ္ပယုတ္တစိတ်တို့ ပါရသည်ချည်းဖြစ်၏။ ဤသို့ အရာကျယ်လှသဖြင့် မဟာပုဒ်ဖြင့် အထူးပြုကာ “မဟာကုသိုလ်” ဟု ခေါ်ခြင်းဖြစ်သည်။

လောက၌ သူသူငါငါ ပြုလုပ်နေကြသော ကုသိုလ်တို့မှာ ကာမကုသိုလ်သာ များကုန်၏။ ထိုကုသိုလ်ပြုရာ၌ အမွန်အမြတ် ဖြစ်နိုင်သမျှ ဖြစ်အောင် ပြုလုပ်တတ်ကြရန် အောက်ပါကုသိုလ် ၆-မျိုးကို နောက်ဆုံး တင်ပြလိုက်ပါသည်။

စာမျက်နှာ-256
၁။ မိမိသဘောအလျောက် ပြုသောကုသိုလ် (သယံကာရကုသိုလ်)၊

၂။ သူတပါးပြုသည်ကိုမြင်၍ ပြုသောကုသိုလ် (ပရံကာရကုသိုလ်)၊

၃။ မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုသောကုသိုလ် (သာဟတ္ထိကကုသိုလ်)၊

၄။ သူတပါးကိုစေခိုင်း၍ ပြုသောကုသိုလ် (အာဏတ္တိကကုသိုလ်)၊

၅။ ကံ ကံ၏အကျိုးကို သိမြင်နားလည်၍ ဉာဏ်နှင့်ယှဉ်ပြီးပြုသော ကုသိုလ် (သမ္မဇာနကတကုသိုလ်)၊

၆။ ကံ ကံ၏အကျိုးကိုမသိပဲ ဉာဏ်ကင်း၍ပြုသော ကုသိုလ် (အသမ္မဇာနကတကုသိုလ်)- တို့ဖြစ်သည်။

(၁)(၃)(၅) အမှတ်ပြ ကုသိုလ်တို့သည် ကျန်ကုသိုလ်များထက် သာလွန်မွန်မြတ်ကြ၏။ ထို့ကြောင့် ကုသိုလ်ပြုလုပ်ကြရာ၌ သူတပါးကို ကြည့်မနေပဲ ကိုယ့်သဘောအလျောက် ကိုယ်တိုင်ကိုယ်ကျ ကံ ကံ၏အကျိုးကို သိမြင်နားလည်သော အသိဉာဏ်ခေါင်းဆောင်သည့် ကုသိုလ်စိတ် အပြည့်အဝဖြင့် အားထုတ်ပြုလုပ်သင့်ကြပေသည်။

၃။ ရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်စေတနာ ၅-ပါးသည် ရူပါဝစရကုသိုလ်ကံမည်၏။ ထိုကုသိုလ်စေတနာ ၅ ပါးသည် များသောအားဖြင့် ရူပဘုံများ၌ ဖြစ်တတ်သောကြောင့် လည်းကောင်း၊ ရူပဘုံ၌ ပဋိသန္ဓေအကျိုးကို ဖြစ်ပေါ်စေတတ်သောကြောင့် လည်းကောင်း ရူပါဝစရဟူသော နာမည်ကို ရရှိခြင်းဖြစ်သည်။ (ရူပ၊ ရူပ ၁၅-ဘုံ၌ + အဝစရ၊ များသောအားဖြင့် ဖြစ်တတ်သောတရား)။ ထိုစေတနာများကို အပြစ်လည်းကင်း ကောင်းကျိုးပေးခြင်း သဘောလည်းရှိသောကြောင့် ကုသိုလ်ကံဟု ခေါ်သည်။

၁။ ဝိဘာဝိနီဋီကာ။ ၇၆။

စာမျက်နှာ-257
ထိုရူပကုသိုလ် ၅-ပါးတွင် ပါဝင်ကြသော ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာတို့သည် ကသိုဏ်းစသော အာရုံတို့ကို စူးစူးစိုက်စိုက်ရှုတတ် သောကြောင့် လည်းကောင်း၊ ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို လောင်မြိုက်တတ်သောကြောင့် လည်းကောင်း ဈာန်ဟုခေါ်သည်။ ဝိတက်စသော ဈာန်တို့နှင့်အတူ ယှဉ်တွဲ၍ ဖြစ်သော ကုသိုလ်ကံ ၅-ပါးကို ဈာန်စေတနာဟုခေါ်ပေသည်။

ထိုကုသိုလ်တို့သည် ကိလေသာကို နှစ်ပေါင်း ကြာညောင်းစွာ ပယ်ခွာထားနိုင်စွမ်းလည်းရှိ၏၊ ကြီးကျယ်သော အကျိုးပေးမှုလည်းရှိ၏။ ဈာန်သမာပတ်ဝင်စားသည့်အခါ၌ ရှည်လျားသောစိတ်အစဉ်လည်း ရှိပေသည်။ ထို့ကြောင့် မဟဂ္ဂုတ် (မဟဂ္ဂတ) ဟူ၍လည်း ခေါ်လေသည်။ ကြီးမြတ်ခြင်းသို့ ရောက်သောတရားဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် ဆန္ဒ၊ ဝီရိယစသောအဓိပတိတရား ၄-ပါးထက်သန်၍ မြင့်မြတ်သောပုဂ္ဂိုလ်တို့ ကျင့်ရသည့်တရားမျိုးဖြစ်သောကြောင့် မဟဂ္ဂုတ်ဟု ခေါ်ခြင်းဖြစ်သည်။

ထိုကုသိုလ်ကံများကို လှူဒါန်းပေးကမ်းခြင်းဒါန၊ ကိုယ်နှုတ်တို့ကို စောင့်ထိန်းမှုသီလတို့ဖြင့် မရရှိနိုင်၊ ပွားများအားထုတ်မှုဘာဝနာကုသိုလ်ဖြင့်သာ ရရှိနိုင်၏။ စိတ်၌သာဖြစ်၍ မနောကံတမျိုးသာရှိသည်။ ထိုရူပါဝစရကုသိုလ်ကံသည်-

၁။ ဈာန်အင်္ဂါ ၅-ပါးရှိသော ပထမဈာန်ကုသိုလ်ကံ၊

၂။ ဈာန်အင်္ဂါ ၄-ပါးရှိသော ဒုတိယဈာန်ကုသိုလ်ကံ၊

၃။ ဈာန်အင်္ဂါ ၃-ပါးရှိသော တတိယဈာန်ကုသိုလ်ကံ၊

၄။ ဈာန်အင်္ဂါ ၂-ပါးရှိသော စတုတ္ထဈာန်ကုသိုလ်ကံ၊

၅။ ဈာန်အင်္ဂါ ၂-ပါးရှိသော ပဉ္စမဈာန်ကုသိုလ်ကံ- ဟူ၍ ငါးမျိုးရှိ၏။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၈၇၊ ၂၁၁။ အဘိဓမ္မတ္ထသင်္ဂဟ၊ ၄၊ ၃၅။

စာမျက်နှာ-258

ရူပကုသိုလ်ကံ (၃) မျိုးစီတို့ကွဲပြားပုံ

ထိုငါးမျိုးတွင် ပထမဈာန်ကုသိုလ်ကံသည် ဈာန်ကို အားထုတ်စဉ်အခါ၌ ဖြစ်ပေါ်ခဲ့သော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ဝိမံသတို့၏ အထက်အနိမ့်ကိုလိုက်၍ သုံးမျိုးကွဲပြားသွားသည်။ ဈာန်တရားတို့၌ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ (ပညာ) ဟူသော အဓိပတိတရား လေးပါးတို့တွင် တပါးပါးသည် အမြဲ အဓိပတိတပ်၏၊ အဓိပတိတပ်ခြင်းဆိုသည်မှာ ထိုတရားလေးမျိုးတွင် အလွန်အင်အားကောင်းသည့် တပါးပါးက အကြီးအမှူး၊ ဦးစီးနာယက၊ ပဓာနရှေ့ဆောင်ပြုခြင်းဖြစ်သည်။ ထိုအခါ အတူတကွ ဖြစ်ဖော်ဖြစ်ဖက် ရုပ်တရား နာမ်တရားအားလုံးတို့ အဓိပတိကိစ္စကို ဆောင်ရွက်သော တရား၏နောက်သို့လိုက်ပါကြရ၏။

ဥပမာ- လိုချင်မှုဆန္ဒတရားသည် အဓိပတိကိစ္စတပ်၍ ဆန္ဒ၏အားစွမ်း ထက်သန်ကြီးမားနေလျှင် ထိုဆန္ဒကို ခေါင်းဆောင်ပြုကာ အတူဖြစ်ဖက် ရုပ်တရား နာမ်တရားတို့သည် ပြုလိုသောအမှုကို ပြီးစီးအောင် ရွက်ဆောင်ကြရ၏။ ဤသည်မှာ အဓိပတိတပ်ခြင်း၏ အဓိပ္ပါယ်ဖြစ်ပါသည်။

ဈာန်ကိုရအောင် အားထုတ်စဉ်က ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတရားတို့ ယုတ်ညံ့အားနည်းနေလျှင် ဈာန်ရသည့်အခါ ထိုအဓိပတိတပ်သော တရားတို့ နုညံ့နေပါသည်၊ ထိုဈာန်မျိုးကို ပရိတ္တဈာန်ဟုခေါ်၏။ ထို့အတူ ဈာန်ရသည့်အခါ အဓိပတိတပ်သောတရားက အားအလယ်အလတ်ရှိလျှင် မဇ္ဈိမဈာန်ဖြစ်သည်၊ အဓိပတိတပ်သောတရားက ထက်မြက်အားကောင်းလျှင် ပဏိတဈာန်ဟုခေါ်သည်။ ဤသို့ ပထမဈာန်စသော ရူပကုသိုလ်ကံတို့သည် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိတရားတို့၏ အထက်အနိမ့်ကိုလိုက်၍ ပရိတ္တဈာန်၊ မဇ္ဈိမဈာန်၊ ပဏိတဈာန်ဟု သုံးမျိုးသုံးစား ကွဲပြားလေသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၂၅၇။

စာမျက်နှာ-259

ရူပကုသိုလ်ကံများ အကျိုးပေးပုံ

ရူပကုသိုလ်ကံများတွင် ပရိတ္တဖြစ်သော ပထမဈာန်ကုသိုလ်ကံသည် ပထမဈာန်သုံးဘုံတွင် အညံ့စားဖြစ်သော ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပထမဈာန် ဝိပါက်ဖြင့် ပဋိသန္ဓေနေသော ဗြဟ္မပါရိသဇ္ဇာဗြဟ္မာကို ဖြစ်ပေါ် လာစေ၏။ မဇ္ဈိမဖြစ်သော ပထမဈာန်ကုသိုလ်ကံသည် ပထမဈာန်သုံးဘုံတွင် အလတ်တန်းစားဖြစ်သော ဗြဟ္မပုရောဟိတာဘုံ၌ ပထမဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေ နေသော ဗြဟ္မပုရောဟိတာဗြဟ္မာကို ဖြစ်ပေါ်လာစေ၏။ ပဏီတဖြစ်သော ပထမဈာန်ကုသိုလ်ကံသည် ပထမဈာန်သုံးဘုံတွင် အထက်တန်းစား ဖြစ် သော မဟာဗြဟ္မာဘုံ၌ ပထမဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေသော မဟာ ဗြဟ္မာကြီးကို ဖြစ်ပေါ်လာစေသည်။

ပရိတ္တဖြစ်သော ဒုတိယဈာန် တတိယဈာန်ကုသိုလ်ကံတို့သည် ဒုတိယ ဈာန်သုံးဘုံတွင် အညံ့စားဖြစ်သော ပရိတ္တာဘာဘုံ၌ ဒုတိယဈာန်ဝိပါက် ဖြင့် ပဋိသန္ဓေနေသော ပရိတ္တာဘာဗြဟ္မာကြီးတို့ကို ဖြစ်ပေါ်လာစေသည်။ မဇ္ဈိမဖြစ်သော ဒုတိယဈာန်၊ တတိယဈာန်ကုသိုလ်ကံတို့သည် ဒုတိယဈာန် သုံးဘုံတွင် အလတ်တန်းစားဖြစ်သော အပ္ပမာဏာဘာဘုံ၌ ဒုတိယဈာန် ဝိပါက်ဖြင့် ပဋိသန္ဓေနေသော အပ္ပမာဏာဘာဗြဟ္မာကြီးတို့ကို ဖြစ်ပေါ် လာစေသည်။ ပဏီတဖြစ်သော ဒုတိယဈာန် တတိယဈာန် ကုသိုလ်ကံ တို့သည် ဒုတိယဈာန်သုံးဘုံတွင် အထက်တန်းစားဖြစ်သော အာဘဿရာ ဘုံ၌ ဒုတိယဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေသော အာဘဿရဗြဟ္မာကြီး တို့ကိုဖြစ်ပေါ်လာစေသည်။

ပရိတ္တဖြစ်သော စတုတ္ထဈာန်ကုသိုလ်ကံကြောင့် တတိယဈာန်သုံးဘုံ တွင် အညံ့စားဖြစ်သော ပရိတ္တသုဘာဘုံ၌ စတုတ္ထဈာန်ဝိပါက်ဖြင့်ပဋိသန္ဓေ နေသော ပရိတ္တာသုဘာဗြဟ္မာကြီးများဖြစ်ကြရသည်။ ထို့အတူ မဇ္ဈိမဖြစ် သော စတုတ္ထဈာန်ကုသိုလ်ကံကြောင့် တတိယဈာန် သုံးဘုံတွင် အလတ် တန်းစားဖြစ်သော အပ္ပမာဏသုဘာဘုံ၌ စတုတ္ထဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေ နေသော အပ္ပမာဏသုဘာဗြဟ္မာကြီးများ ဖြစ်လာကြရသည်။ ပဏီတဖြစ်

စာမျက်နှာ-260
သော စတုတ္ထဈာန်ကုသိုလ်ကံကြောင့် တတိယဈာန်သုံးဘုံတွင် အထက် တန်းစားဖြစ်သော သုဘကိဏှာဘုံ၌ စတုတ္ထဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေ သော သုဘကိဏှဗြဟ္မာကြီးများဖြစ်လာကြရ၏။

အဘိညာဉ်ကိစ္စမတပ်၊ သာမန်ဖြစ်သော ပဉ္စမဈာန် ကုသိုလ်ကံသည် စတုတ္ထဈာန်ဘုံတို့တွင် တဘုံအပါအဝင်ဖြစ်သော ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စမ ဈာန်ဝိပါက်ဖြင့် ပဋိသန္ဓေနေသော ဝေဟပ္ဖိုလ်ဗြဟ္မာကြီးတို့ကို ဖြစ်ပေါ် စေလေသည်။ ထိုဗြဟ္မာကြီးတို့သည် ပဉ္စမဈာန်ကုသိုလ်ကံကြောင့် ကမ္ဘာ ငါးရာအထိ အသက်ရှည်ကြ၏။ ဈာန်ရ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်များ အနေ ဖြင့် အမြင့်ဆုံးရောက်နိုင်သော “ပုထုဇ္ဇနဘဝဂ်” ခေါ်သည့်ဘုံ ဖြစ်သည်။

သာသနာပအခါ၌ ကမ္မကိရိယဝါဒီအယူရှိသော တိတ္ထိတို့သည် စိတ်ရှိ နေ၍သာ တပ်နှစ်သက်ခြင်း အမျက်ထွက်ခြင်း တွေဝေခြင်း စသည့်ဒုက္ခ များနှင့် တွေ့ကြုံကြရ၏။ ထိုစိတ်မရှိပါက အလွန်ချမ်းသာပေမည်၊ မျက် မှောက်ဘဝမှာပင် နိဗ္ဗာန်ရောက်သူဖြစ်မည်ဟု ယူဆကာ “သညာသည် အနာရောဂါနှင့်တူ၏၊ အိုင်းအမာကြီးဖြစ်၏၊ စိတ်သည် စက်ဆုပ်ရွံရှာ ဖွယ် ကောင်း၏” စသည်ဖြင့် သညာကို စက်ဆုပ်သည့် သညာဝိရာဂ ဘာဝနာကို ပဉ္စမဈာန်ဝင်စားပြီးအထမှာ ပွားများ၏။

ထိုသညာ ဝိရာဂ ဘာဝနာ အရူပဝိရာဂဘာဝနာ ပေါက်လျှင် သညာအပေါ် နာမ်တရားအ ပေါ်၌ လုံးဝစက်ဆုပ်သောကြောင့် မူလရပြီးသော ပဉ္စမဈာန်အတွင်း၌ သညာဝိရာဂဓာတ် အရူပဝိရာဂဓာတ်သွင်းမိလေပြီ။ ထိုသညာဝိရာဂဓာတ် ဝင်ပြီးဖြစ်သော ပဉ္စမဈာန်ကုသိုလ်ကံကြောင့် ထိုကံ၏အလိုကျအတိုင်း နာမ်တရားလုံးဝမရှိသော အသညသတ်ဘုံ၌ ဇီဝိတနဝက ကလာပ်ခေါ် ရုပ်တရားဖြင့် ပဋိသန္ဓေနေကာ အသညသတ်ဗြဟ္မာကြီးဖြစ်ရ၏။ ပဝတ္တိအ ခါ၌ ကမ္မဇရုပ်နှင့် ဥတုဖရုပ်များသာ ဆက်လက်ဖြစ်ပွားနေသည်။ ကာမဘုံ တွင် သေဆုံးခဲ့စဉ်က ဣရိယာပုတ်အတိုင်းပင် ထိုင်၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ လျောင်း၍သော်လည်းကောင်း ကမ္ဘာငါးရာ ပတ်လုံး ရွှေတုံးကြီးကဲ့သို့ တည်နေပေသည်။

စာမျက်နှာ-261
အနာဂါမ်ပုဂ္ဂိုလ်တို့၏ ပဉ္စမဈာန်ကုသိုလိကံသည် သုဒ္ဓါဝါသငါးဘုံ၌ ထိုက်သင့်သလို ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေဝိညာဏ်ကို ဖြစ်ပေါ် စေ၏။ ပဉ္စမ ဈာန်ရသော အနာဂါမ်ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေလွန်ခဲ့လျှင် အဝိဟာဘုံ၌၊ ဝီရိ ယိန္ဒြေလွန်ကဲလျှင် အတပ္ပါဘုံ၌၊ သတိန္ဒြေလွန်ကဲလျှင် သုဒဿာဘုံ၌၊ သမာ ဓိန္ဒြေလွန်ကဲလျှင် သုဒဿီဘုံ၌၊ ပညိန္ဒြေလွန်ကဲလျှင် အကနိဋ္ဌာဘုံ၌ အသီး သီး ဖြစ်ကြရသည်။ ဒေါသစသော ကိလေသာ အညစ်အကြေးတို့ စင် ကြယ်ပြီးသော အနာဂါမ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ နေထိုင်ရာဘုံဖြစ်၍ သုဒ္ဓါဝါသဘုံခေါ်သည် (သုဒ္ဓ=ကိလေသာ စင်ကြယ် သော ပုဂ္ဂိုလ်တို့၏+အာဝါသ=နေထိုင်ရာဘုံ)။

အဘိညာဉ်နှင့် ပဋိသန္ဓေအကျိုး

ဤပဉ္စမဈာန် ကုသိုလ်ကံအရာ၌ ရိုးရိုးပဉ္စမဈာန် ကုသိုလ်ကံသည် ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စမဈာန်ဝိပါက်ကို ဖြစ်ပေါ်စေ၏။ သညာဝိရာဂဓာတ် သွင်းထားသော ပဉ္စမဈာန်ကုသိုလ်ကံမှာ အသညသတ်ဘုံ၌ ရုပ်ပဋိသန္ဓေ ကျိုးကို ဖြစ်ပေါ်စေ၏။ အနာဂါမ်ပုဂ္ဂိုလ်တို့၏ ပဉ္စမဈာန်ကုသိုလ်ကံကား သုဒ္ဓါဝါသငါးဘုံ၌ ဣန္ဒြေအလိုက် ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေဝိညာဉ်ကို ဖြစ်ပေါ်စေသည်။

တန်ခိုးအမျိုးမျိုး ဖြစ်ပေါ်လာရအောင်ဝင်စားသော ပဉ္စမဈာန် ကုသိုလ်မှာမူ အထက်ဖော်ပြပါ ပဉ္စမဈာန်တို့ကဲ့သို့ ပဋိသန္ဓေကျိုးကို မဖြစ် ပေါ်စေနိုင်ပါချေ။ အကြောင်းကား မဟဂ္ဂုတ်ကုသိုလ်တို့သည် တူသောအာ သေဝနကို ရမှအားရှိ၍ ပဋိသန္ဓေကျိုးပေးနိုင်သည်။ အဘိညာဉ်ကုသိုလ်မှာ ထိုကဲ့သို့တူသော အာသေဝနကိုမရသောကြောင့် ပဋိသန္ဓေကျိုးမပေးနိုင် ဟု နာမရူပပရိစ္ဆေဒဋီကာ၌ ဖြေဆိုထား၏။

တူသော အာသေဝနကိုရမှု ဟူသည်ကား ဇောရာ၌ မဟဂ္ဂုတ်ဇောချင်းတူ၍ ထိုတူသောမဟဂ္ဂုတ် ဇောတို့တွင် ရှေးရှေးဇော၏ ကျေးဇူးပြုခြင်းကို ခံရမှုတည်း။ ဈာနဝီထိကို ကြည့်လျှင် ဈာန်တကြိမ်သာကျသော အာဒိကမ္မိကဝီထိ၊ အဘိညာဝီထိ တို့၌ ဈာန်ဇောသည် ဘုံအားဖြင့် မဟဂ္ဂုတ်ချင်းတူသောရှေးရှေးဇောမှ

စာမျက်နှာ-262
အာသေဝနသတ္တိဖြင့် ကျေးဇူးပြုမခံရ၊ သမာပတ်ဝင်စားသော (ဈာနသမာ ပတ္တိ) ဝီထိ၌သာ ဈာန်အကြိမ်များစွာဖြစ်၍ မဟဂ္ဂုတ်ချင်းတူသော ရှေး ရှေးဇောမှ ကျေးဇူးပြုခံရသည်။ ထို့ကြောင့် နာမရူပပရိစ္ဆေဒကျမ်းအလို အာဒိကမ္မိကဝီထိက မဟဂ္ဂုတ်ကုသိုလ်ဈာန်နှင့် အဘိညာဝီထိကပဉ္စမဈာန် တို့သည် ပဋိသန္ဓေကျိုးကို မပေးနိုင်ဟု ဆိုရန် ရှိပေသည်။

ထိုတွင် အာဒိကမ္မိက ဝီထိကဈာန်သည် တူသော မဟဂ္ဂုတ်ဇောမှ အာသေဝနကိုမရ၍ အကျိုးမပေးဟူသောစကားကို ပထမစဉ်းစားသင့်၏၊ ဈာန်မရသော (သုက္ခဝိပဿက) အနာဂါမ်ပုဂ္ဂိုလ်တို့သည် သေခါနီး လော လောဆယ်မှာ ဧကန်အမှန် ဈာန်ရကြ၏။ ထိုဈာန်ကို နောက်ထပ်လည်း ဝင်စားချိန်မရတော့ပြီ၊ ထိုသေခါနီးမှရသော အာဒိကမ္မိကဈာန်သည် ဗြဟ္မာပြည်၌ ပဋိသန္ဓေကျိုးပေးနိုင်ပုံကိုထောက်လျှင် အာဒိကမ္မိကဝီထိမှ ဈာန်သည် ပဋိသန္ဓေကျိုးပေးနိုင်ကြောင်း သိသာပေသည်။

အဘိညာဉ်ဇောများလည်း အကြိမ်များစွာ အဘိညာဝီထိများကျနေ ပါလျှင် အားမရှိဟုမဆိုနိုင်၊ အားရှိလွန်းသည့်အတွက် ချက်ချင်းလက်ငင်း တန်ခိုးအမျိုးမျိုးဖြစ်အောင် စွမ်းဆောင်နိုင်ကြသည်။ ထိုသို့အားရှိသော် လည်း မိမိတို့ကပင် ပဉ္စမဈာန်၏အကျိုးအရာမှာ တည်သောကြောင့် လည်းကောင်း၊ တန်ခိုးအမျိုးမျိုးဖြစ်ပေါ်လာခြင်းသည်ပင် အဘိညာဉ်၏ အကျိုးဖြစ်သောကြောင့် လည်းကောင်း နောက်ထပ် အကျိုးပေးခွင့်မရှိ တော့ချေ။ ထိုတန်ခိုးများ ပေါ်လာဖို့ရန် ရည်သန်အားထုတ်အပ်သော အဘိညာဉ်ဖြစ်ရကား ထိုအကျိုးများပေါ်လာသည်နှင့်တပြိုင်နက် ရည်ရွယ် ချက် ပြီးမြောက်သဖြင့် အဘိညာဉ်အင်အားလည်း ကုန်ခန်းလျော့သွား လေသည်ဟု ဆိုလိုပေသည်။

ရူပကုသိုလ်ကံများနှင့် နိကန္တိတဏှာ

“ပရိတ္တ (အညံ့စား) ဖြစ်သော ရူပါဝစရ ပထမဈာန်ကုသိုလ် ကံကြောင့် ဗြဟ္မပါရိသဇ္ဇာပထမဈာန်ဘုံ၌ ဖြစ်ရ၏”စသော ဥပဒေသကား နိကန္တိတဏှာစသည်တို့မရှိရာ ရိုးရာအားဖြင့် အကျိုးပေးရာဌာနကို ညွှန်းဆို

စာမျက်နှာ-263
သော သတ်မှတ်ချက်ဖြစ်သည်။ နိကန္တိတဏှာနှင့် စေတောပဏိဓိတို့ရှိပါလျှင် ထိုသတ်မှတ်ချက်အတိုင်းမဟုတ်ဘဲ တမျိုးပြောင်းလဲ၍ ဖြစ်တတ်သေး၏။ ထိုတွင် နိကန္တိတဏှာဆိုသည်မှာ ရှေးရှေးကအနေအထိုင်များခဲ့သော ဘုံဘဝကို နှစ်သက်တွယ်တာမှု၊ ထိုဘုံဘဝ၌ ဖြစ်ရန်တောင့်တမှု မျိုးဖြစ်သည်၊ စေတောပဏိဓိကား စိတ်၏တောင့်တမှု ဆန္ဒတည်း။ သီလ စင်ကြယ်ပါက စေတောပဏိဓိအတိုင်း ပြည့်စုံနိုင်ပုံကို “ရဟန်းတို့.... သီလရှိ သော ပုဂ္ဂိုလ်အား သီလတရား စင်ကြယ်ခြင်းကြောင့် စိတ်၏ တောင့်တ ခြင်း (စေတောပဏိဓိ)သည် ပြည့်စုံနိုင်၏”ဟု အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟော ပေးထားပေသည်။

ဈာန်ကိုရပြီးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် စုတေခါနီး၌ နိကန္တိတဏှာ ဖြင့် ကာမဘုံကို တွယ်တာလျှင် ဈာန်ကွယ်ပျောက်၍ နတ်ပြည်တထပ် ထပ်သို့ ရောက်ကြရာ၏။ ဈာန်ရသောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ဈာန်မှမယုတ်လျှင် သုဒ္ဓါဝါသမှတစ်ပါး အခြား ဗြဟ္မာဘုံများတွင် အလိုရှိ ရာဘုံတွင် ဖြစ်နိုင်ကြ၏။ ဗြဟ္မာဘုံသို့ရောက်ပြီးသော တိဟိတ်ပုထုဇဉ် ဗြဟ္မာကြီးသည်ပင် လူ့ဘုံစသော ကာမသုဂတိဘုံများ၌ ဖြစ်လိုသော စေတောပဏိဓိရှိခဲ့လျှင် ဈာန်မှယုတ်လျော့လျက် ကာမဘုံ၌ ဖြစ်နိုင်ပေ၏။

ဤနေရာ၌ တိဿခေါ် မဟာဗြဟ္မာကြီးအကြောင်းကို သာဓက အဖြစ် ထောက်ထားနိုင်ပေသည်။ တိဿဗြဟ္မာကြီးကား ပထမဈာန် သုံးဘုံတွင် မဟာဗြဟ္မာဘုံ၌ရှိသော ဗြဟ္မာမင်းကြီးတည်း။ ထိုဘုံ၌ သက် တမ်းကုန်လုနီး၍ အထက်ဗြဟ္မာဘုံသို့ တက်ရန် ဈာန်ပွားပြီးလေပြီ။ အရှင် အာနန္ဒာ၏ တပည့်ကြီးများဖြစ်၍ ဘုရားရှင်ကို ဖူးမြင်လိုက်ကြရသော သဗ္ဗကာမီမထေရ်စသော ရဟန္တာမထေရ်ကြီးတို့သည် ဒုတိယ သံဂါယနာ တင်ပွဲအပြီးတွင် ဆင်ခြင်ကြည့်ကြရာ နောင်အနှစ် ၁၁၁-နှစ် ကြာမြင့်သည့် အခါ ဤကဲ့သို့ပင် သာသနာ့ အညစ်အကြေး ဘေးရန်များ ပေါ်လာ ပေဦးမည်ဟု မြင်၏။ ထိုအခါ သာသနာ့ အညစ်အကြေးများကို မည်သူ ဖြေရှင်းသုတ်သင်နိုင်မည်နည်းဟု ဆက်လက် ဆင်ခြင်ကြည့်ကြရာ လူ့ဘုံ

စာမျက်နှာ-264
နတ်ဘုံတို့တွင် ဖြေရှင်းပေးနိုင်စွမ်းသည့် ပုဂ္ဂိုလ်ကို မမြင်ဘဲ မဟာဗြဟ္မာ ဘုံက တိဿဗြဟ္မာကြီးသာ ဖြေရှင်းနိုင်မည်ကို မြင်တော်မူကြသတဲ့၊ ထို အခါ ရဟန္တာမထေရ်ကြီးအချို့သည် မဟာဗြဟ္မာဘုံသို့ ကြွရောက်ကာ တိဿဗြဟ္မာကြီးအား ထိုအချိန်တွင် သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်ပေးရန် တောင်းပန်ကြသည်။

တိဿဗြဟ္မာကြီးလည်း တာဝန်ယူပါမည်ဟု ဝမ်းသာအားရ ကတိပြု လိုက်လေသည်။ အချိန်ရောက်သည့်အခါ ဗြဟ္မာ့ဘုံမှ စုတေ၍ မောဂ္ဂလိ ပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေနေလေသည်။ မွေးဖွားလာသည့်အခါတွင် တိဿ အမည်တွင်၍ နောင်သောအခါ ဘုရားသာသနာသို့ ဝင်လာပြီး အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်ဖြစ်လာသည်။ သာသနာတော်တွင် ရှုပ်ထွေး နေသော သာသနာအညစ်အကြေးများကို သုတ်သင်ရှင်းလင်း၍ အကြီး အမှူး ဦးစီးခေါင်းဆောင်ပြုကာ တတိယသံဂါယနာ တင်ခဲ့ပေသည် ။

ဤတိဿဗြဟ္မာကြီးဝတ္ထု၌ တိဿဗြဟ္မာကြီးသည် အထက်ဗြဟ္မာဘုံ၌ ဖြစ်နိုင်သည့် ဈာန်သမာပတ်ရပြီးသော မဟာဗြဟ္မာမင်းကြီး ဖြစ်လျက် စေတောပဏိဓိကြောင့် ကာမဘုံ၌ ဖြစ်သည်ကို တွေ့ရ၏။ သာရတ္ထဒီပနီ ဋီကာ၌ ဤသို့ ဖြစ်ခြင်းမှာ ပုဂ္ဂိုလ်တိုင်း စေတောပဏိဓိကြောင့် မဖြစ်နိုင်၊ ပြုအပ်သော ကောင်းမှုအထူးရှိကြ၍ ဘုန်းကံကြီးမားသူများသာ စေတောပဏိဓိအစွမ်းကြောင့် ဖြစ်နိုင်ပေသည်။ ကာမဘုံ၌ ဖြစ်ခြင်းသည် ကာမာဝစရကုသိုလ်ကံ၏ အစွမ်းဖြစ်သည်။

ကာမာဝစရကုသိုလ်ကံမှာ အင်အားသေးသော လဟုကံမျိုးဖြစ်၍ အင်အားကြီးမားသော ဈာန်ကုသိုလ်ဂရုကကံ၏အကျိုးပေးမှုကို တားမြစ် နိုင်စွမ်းမရှိပါချေ။ သို့သော်လည်း “ရဟန်းတို့ ..သီလရှိသော ပုဂ္ဂိုလ်အား သီလတရား၏ စင်ကြယ်ခြင်းကြောင့် စိတ်၏တောင့်တခြင်းသည် ပြည့်စုံ၏” (ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ)ဟု ဘုရားရှင်

၁။ ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ပ။၂၉။

စာမျက်နှာ-265
ဟောထားတော်မူသောကြောင့် ကာမဘုံ၌ ဖြစ်လိုသော စေတောပဏိဓိ တရားသည် ဈာန်ဂရုကကံ၏ အကျိုးကို တားမြစ်လိုက်သဖြင့် ကာမာဝစရကုသိုလ်ကံသည် အကျိုးပေးခွင့်ရခြင်း ဖြစ်သည်ဟု ရှင်းပြထား ပေသည်။

ရူပ အရူပဗြဟ္မာဘုံ၌ဖြစ်ကြသော သောတာပန်၊ သကဒါဂါမ်အရိယာ ပုဂ္ဂိုလ်တို့မှာ ကာမဘုံ၌ ပြန်မဖြစ်ကြတော့ဘဲ ထိုဘုံတို့၌သာ ပရိနိဗ္ဗာန်ပြု ကြ၏။ ထိုအရိယာတို့သည် ဈာန်ကြောင့် ကာမဘုံသို့ ပြန်မလာရကား ဈာနအနာဂါမ်ပုဂ္ဂိုလ်တို့မည်၏။ ရူပါဝစရသမာပတ် ၄-ပါး၊ အရူပါဝစရ သမာပတ် ၄-ပါး ပေါင်းသမာပတ် ၈-ပါးကိုရသော ပုဂ္ဂိုလ်များသည် ထိုဈာန်များအနက် မိမိအဝါးဝစွာ လေ့လာထားသည့် ဈာန်က ပဋိသန္ဓေ ကျိုးကို ပေး၏။

၄။ အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်စေတနာ ၄-ပါးသည် အရူပါဝစရကုသိုလ်ကံမည်၏။ ထိုကုသိုလ်စေတနာ ၄-ပါးသည် များသောအားဖြင့် အရူပဘုံများ၌ ဖြစ်တတ်သောကြောင့် လည်းကောင်း၊ အရူပဘုံ၌ ပဋိသန္ဓေကျိုးကို ဖြစ်ပေါ် စေတတ်သော ကြောင့်လည်းကောင်း အရူပါဝစရဟူသော နာမည်ကို ရရှိခြင်းဖြစ်သည်။ (အရူပ=အရူပ ၄-ဘုံ၌+အဝစရ=များသောအားဖြင့် ဖြစ်တတ်သော တရား)။ ထိုစေတနာများကို အပြစ်လည်းကင်း၊ ကောင်းကျိုးပေးခြင်း သဘောလည်း ရှိသောကြောင့် ကုသိုလ်ကံဟုလည်း ခေါ်သည်။

ထိုအရူပါဝစရကုသိုလ်စိတ်သည် ဥပေက္ခာ၊ ဧကဂ္ဂတာ ဟူသော ဈာန် အင်္ဂါနှစ်ပါးရှိသော ဈာန်စိတ်ဖြစ်သည်။ ကောင်းကင်ပညတ် အာရုံတို့ကို စူးစူး စိုက်စိုက် ရှုတတ်သောကြောင့်လည်းကောင်း၊ နီဝရဏ တရားတို့ကို လောင်မြိုက်တတ်သောကြောင့်လည်းကောင်း ဈာန်မည်၏။ ထိုဈာန်စိတ်နှင့်အတူဖြစ်သည့် စေတနာကို အရူပါဝစရကုသိုလ်ကံဟု

၁။ သာရတ္ထဒီပနီဋီကာ၊ပ။၁၁၄-၁၁၅။

စာမျက်နှာ-266
ခေါ်သည်။ ထိုကုသိုလ်ကံကို ပွားများအားထုတ်မှု ဘာဝနာကုသိုလ်ကြောင့် သာ ရနိုင်သည်။ စိတ်၌သာဖြစ်၍ မနောကံ ကုသိုလ်တမျိုးသာ ဖြစ်၏။ ထိုအရူပါဝစရကုသိုလ်ကံသည်...

၁။ အာကာသာနဉ္စာယတနကုသိုလ်ကံ၊

၂။ ဝိညာဏဉ္စာယတနကုသိုလ်ကံ၊

၃။ အာကိဉ္စညာယတနကုသိုလ်ကံ၊

၄။ နေဝသညာနာသညာယတနကုသိုလ်ကံ-

ဟူ၍ လေးမျိုးရှိသည်။

ရူပဈာန်၌ အောက် အောက်ဈာန်၏ အင်္ဂါကို ပယ်ခါနိုင်မှ အထက်အထက်ဈာန်များ ဖြစ်နိုင် ကြသည်။ ထို့ကြောင့် ရူပဈာန်များကို အင်္ဂါ တိက္ကမဈာန်ဟုခေါ်သည်၊ (အင်္ဂ=ဈာန်အင်္ဂါကို+တိက္ကမ=လွန်မြောက် သောဈာန်)။ အရူပဈာန်မှာမူကား ဥပေက္ခာ၊ ဧကဂ္ဂတာဟု ဈာန်အင်္ဂါ ၂-ပါးစီ အညီအမျှရှိသောကြောင့် ဈာန်အင်္ဂါကို လွန်ဖွယ်မလို။ အောက် အောက်ဈာန်၏ အာရုံကို လွန်မြောက်နိုင်မှ အထက်အထက်ဈာန်များ ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် အရူပဈာန်ကို အာလမ္ဗနာတိက္ကမဈာန် ဟုခေါ်သည်။

အရူပဈာန်အားထုတ်ရာ၌ ရည်မှန်းချက်များ

ထိုအရူပါဝစရဈာန်ကို သာသနာပ အခါ၌သာ ကြိုးစားအားထုတ်ကြသည်မဟုတ်၊ သာသနာတော်တွင်း၌လည်း အား ထုတ်ကြသည်။ သို့ရာတွင် အားထုတ်သူတို့ ရည်ရွယ်ချက်ခြင်း မတူ ကြချေ။ သာသနာပအခါ၌ ရသေ့ ပရိဗိုဇ်တို့သည် ရုပ်တရား၌ အပြစ်မြင် ၍ ရုပ်တရား၏ နယ်နိမိတ်ကို လွန်မြောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အားထုတ်ကြ၏။ ရုပ်တရားတို့မည်သည် အလွန်ရုန့်ရင်း၏၊ အလွန်ရုန့်ရင်း

စာမျက်နှာ-267
သော ကိလေသာတို့၏ အာရုံလည်းဖြစ်၏၊ ရုပ်ကြီးကို ထိန်းသိမ်းမွေးမြူ ရသည့် ကိစ္စကား အလွန်ကြီးလေး၏၊ အတွင်းဘေးရန် အပြင်ဘေးရန် တို့ ဝိုင်းရံလျက်ရှိ၏။ အပါယ်ဘေးနှင့် အလွန်နီး၏၊ ရုပ်တရားသည် အနှစ်မရှိ၊ အရှည်အကြာမခိုင်၊ ယိုယွင်းလွယ်၏၊ ရူပါဝစရဈာန်သည် ရုပ်နိမိတ်၌ တွယ်တာသောဈာန်ဖြစ်၍ အနှစ်မရှိ၊ ရုပ်၌သာယာသည့် နိကန္တိတဏှာတည်းဟူသော သံကြိုးအနှောင်အဖွဲ့ရှိနေသည်ဖြစ်၍ ရုပ်နိမိတ် ကို လွန်မြောက်နိုင်သော အစွမ်းသတ္တိမရှိ၊ ထိုကြောင့် ရုပ်နိမိတ်နှင့် မစပ် မရှက်သော ကောင်းကင်နိမိတ်ဖြစ်သောဈာန်ကို ရှာလိုကြခြင်းဖြစ်သည်။

သာသနာတော်တွင်း၌ ဘုရားတပည့်သား ရဟန်းတော်များမှာမူကား အရူပဈာန်များသည် အထူးသိမ်မွေ့၏၊ သမာဓိအားရှိ၍ အထူးအား ကောင်းရကား ဝိပဿနာ၏ အခြေပါဒကနှင့် အဘိညာဉ်၏အခြေပါဒက ပြုရန် အလွန်ကောင်း၏၊ ရံဖန်ရံခါ ဝင်စားနေရန်လည်း အလွန်သင့်လျော် သည့် ဈာန်မျိုးဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ထိုယူဆချက်အတိုင်း ဝိပဿနာနှင့် အဘိညာဉ်တို့အတွက် အခြေပါဒကပြုရန် ရည်ရွယ်၍ အရူပဈာန်ကို ကြိုးစားအားထုတ်ကြခြင်း ဖြစ်သည်။

အရူပဈာန်များရအောင် အားထုတ်နည်းများ

ပထမ အရူပကုသိုလ်ဈာန်များကို အလိုရှိ သော ရူပါဝစရဈာနလာဘီပုဂ္ဂိုလ်သည် ရှေးဦးစွာ “ဟိရူပံ၊ ဟိရူပံ” (ရုပ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းပေစွ၊ ရုပ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ်ကောင်း ပေစွ)ဟု စီးဖြန်းရ၏။ ရရှိထားသော ပဉ္စမဈာန်ကိုလည်း စတုတ္ထဈာန်၌ ပါရှိသော သုခနှင့် နီးကပ်နေသဖြင့်လည်း မငြိမ်သက်ဟု ထင်၏။ အထက် အရူပဈာန်ကို ထောက်လျှင် ရုန့်ရင်းကြမ်းတမ်းသေး၏ဟု အပြစ်မြင်၏။ ထို့ကြောင့် ရူပါဝစရပဉ္စမဈာန်၌ တပ်နှစ်သက်ခြင်းကိုစွန့်၍ အာကာသ ကသိုဏ်းမှတပါး ကျန်ကသိုဏ်း ၉-ပါးတို့တွင် ပထဝီကသိုဏ်းစသော တစ်ပါး ပါးကို အလိုရှိသော အရပ်ပိုင်းခြားပြီး “ပထဝီ၊ ပထဝီ” စသည်ဖြင့် စီးဖြန်းရ၏။ ထိုစီးဖြန်းသောဘာဝနာအဟုန်ကြောင့် ကြည့်ရှုတိုင်း ကြည့်

စာမျက်နှာ-268
ရှုတိုင်းသော အရပ်မျက်နှာ ကောင်းကင်အားလုံးသည် ပထဝီကသိုဏ်း ဝန်းသာ ထင်၏၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ တော၊ တောင်၊ သစ်ပင် စသော တစ်စုံတစ်ခုကိုမျှ မမြင်တော့ချေ။ ထိုသို့ ပထဝီနိမိတ်ထင်လာသော အခါမှ မိမိထင်လာသော ပထဝီကသိုဏ်းဝန်းနိမိတ်ကိုခွာရ၏။ နိမိတ်ခွာ ခြင်းဆိုသည်မှာ မိမိရသော ကသိုဏ်းဝန်းနိမိတ်ကို နှလုံးမသွင်းဘဲနေခြင်း ပင် ဖြစ်သည်။

ဤသို့ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြု၊ နှလုံးမသွင်းတော့ဘဲ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်ကို “အာကာသော အနန္တော၊ အာကာသော အနန္တော” (ကောင်းကင်သည် အဆုံးအပိုင်းအခြားမရှိ)ဟု ကောင်းကင် ကိုသာ စိတ်ဖြင့် နှလုံးသွင်း ဆင်ခြင်ပွားများရ၏။ ထိုပွားများမှုကို ပရိ ကမ်ပြုသည်ဟု ခေါ်သည်။ ဤသို့ ပရိကမ်ပြုဖန်များလျှင် ထမင်းအိုးဝတွင် ဖုံးထားသော အဝတ်ကို ဖွင့်လှစ်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝဟင်းလင်း ပေါ်ပေါက်လာသကဲ့သို့ ကသိုဏ်းဝန်းကွယ်ပျောက် ၍ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်အားလုံး၌ ကောင်းကင်ဟင်းလင်းဖြစ်၍ ထင်လာသည်။ ဤသို့ မူလကသိုဏ်းကို နှလုံးမသွင်းဘဲ ခွာ၍ရအပ်သော ထမင်းအိုးဝကဲ့သို့ ဟင်းလင်းပွင့်ထင်လာသည့် ကောင်းကင်နိမိတ်ကို အာရုံ ပြု၍ “အာကာသော အနန္တော၊ အာကာသော အနန္တော”ဟု အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ပွားများရာ၏။

ထိုသို့ စီးဖြန်းပွားများရာ၌ ရူပပဉ္စမဈာန်အပေါ်၌ နှစ်သက်တွယ်တာ မှု နိကန္တိတဏှာမကွာမီအတွင်း၌ဖြစ်သော မဟာကုသိုလ်သည် ပရိကမ္မ ဘာဝနာ အဆင့်ဖြစ်သည်။ ထိုနိကန္တိတဏှာကွာသည်မှစ၍ ဂေါတြဘူစိတ် ဖြစ်သည့်အထိ ဥပစာရဘာဝနာ အဆင့်တည်း။ ဤဥပစာရဘာဝနာ အစွမ်းဖြင့် နေ့ညမပြတ် ပွားများအားထုတ်သည့်အခါ ပရိကံ၊ ဥပစာရ၊ အနုလုံ၊ ဂေါတြဘူ ဟူသော ကာမကုသိုလ်ဇော လေးကြိမ်စောပြီးနောက် ပထမာရုပ္ပဝိညာဏ်ခေါ်သော အာကာသာနဉ္စာယတနကုသိုလ်ဈာန်စိတ် ဖြစ်ပေါ်လာလေတော့၏။

စာမျက်နှာ-269
ဝိညာဏဉ္စာယတနဈာန်ကိုအလိုရှိသော ဈာနလာဘီယောဂီပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ အာကာသာနဉ္စာယတနဈာန်မှအထတွင် “ငါရပြီးသော အာကာသာနဉ္စာယတနဈာန်သည် ရူပပဉ္စမဈာန်တည်းဟူသော ရန်သူနှင့်နီးလှ၏၊ အဖန်ဖန် မလေ့လာပဲ အမှတ်တမဲ့နေလျှင် ရူပပဉ္စမဈာန်သို့ လျောကျဖွယ်ရှိသည်။ ဒုတိယာရုပ္ပခေါ် ဝိညာဏဉ္စာယတနဈာန်လောက်လည်း မငြိမ်သက်” အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ပဲ လွန်မြောက်၍ ပထမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “အနန္တဝိညာဏံ” ဟု အဖန်ဖန်ပွားများလတ်သော် ထိုအာရုံ၌ စွဲမြဲလျက် ပထမာရုပ္ပဝိညာဏ်၌ နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရဘာဝနာသို့ရောက်၏။ ထို့နောက် ဆက်လက် အားထုတ်လျှင် ဒုတိယရုပ္ပဝိညာဏ်ခေါ်သော ဝိညာဏဉ္စာယတနကုသိုလ်ဈာန် ဖြစ်ပေါ်လာပေသည်။

အာကိဉ္စညာယတနဈာန်ကို အလိုရှိသော ဈာနလာဘီယောဂီပုဂ္ဂိုလ်သည် မိမိရထားသော ဝိညာဏဉ္စာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ ဝိညာဏဉ္စာယတနဈာန်မှ အထတွင် “ငါရအပ်ပြီးသော ဝိညာဏဉ္စာယတနဈာန်သည် အာကာသာနဉ္စာယတနဈာန်တည်းဟူသော ရန်သူနှင့်နီး၏၊ တတိယာရုပ္ပဈာန်လောက်လည်း မငြိမ်သက်” အပြစ်ရှုပြီးလျှင် ပထမာရုပ္ပဝိညာဏ်တည်းဟူသော အာရုံကိုလွှတ်၍ ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်အာရုံကို မှန်းလျက် “နတ္ထိ ကိဉ္စိ၊ နတ္ထိကိဉ္စိ” (စိုးစဉ်း အနည်းငယ်မျှမရှိတော့ပြီ) ဟု စီးဖြန်း၏၊ စီးဖြန်းပါများလတ်သော် ထိုအာရုံ၌စွဲမြဲလျက် ဒုတိယာရုပ္ပဝိညာဏ်၌ နိကန္တိတဏှာကင်းကွာသည့်အခါ ဥပစာရဘာဝနာသို့ရောက်၏၊ ထို့နောက် ဆက်လက်အားထုတ်လျှင် တတိယာရုပ္ပဝိညာဏ်ခေါ်သော အာကိဉ္စညာယတနကုသိုလ်ဈာန် ဖြစ်ပေါ်လာပေသည်။

နေဝသညာနာသညာယတနဈာန်ကို အလိုရှိသော ဈာနလာဘီယောဂီပုဂ္ဂိုလ်သည် ရှေးနည်းအတိုင်း မိမိရပြီးသော တတိယာရုပ္ပဈာန်ကို လေ့လာ၍ အသားကျသည့်အခါ ဈာန်မှအထတွင် “ငါရထားသော”

စာမျက်နှာ-270
အာကိဉ္စညာယတနဈာန်သည် ဝိညာဏဉ္စာယတနဈာန်တည်းဟူသော ရန်သူနှင့်နီးကပ်လှ၏၊ စတုတ္ထာရုပ္ပခေါ် နေဝသညာနာသညာယတနဈာန်လောက်လည်း မငြိမ်သက်၊ သညာသည် အိုင်းအမာ ဆူးငြောင့်နှင့်တူ၏၊ နေဝသညာနာသညာယတနသမာပတ်ကား မွန်မြတ်လှပေ၏ဟု အာကိဉ္စညာယတနဈာန်ကို အပြစ်ရှုလျက် နေဝသညာနာသညာယတနဈာန်ကို မွန်မြတ်သည်ဟုယူဆပြီး နတ္ထိဘောပညတ်အာရုံကို စွန့်လွှတ်လွန်မြောက်၍ တတိယာရုပ္ပဈာန်ကို အာရုံပြုကာ “သန္တမေတံ၊ ပဏီတမေတံ” (ဤတတိယာရုပ္ပဈာန်သည် မရှိခြင်းကိုပင် အာရုံပြုနိုင်သည့်အတွက် ငြိမ်သက်ပါပေစွ၊ မွန်မြတ်ပါပေစွ) ဟု အဖန်ဖန်ပွားများရသည်၊ ပွားများဖန်များ၍ ဝိညာဏဉ္စာယတနဈာန်၌ နိကန္တိတဏှာကင်းကွာသည့်အခါ ဥပစာရဘာဝနာသို့ ရောက်၏၊ ထို့နောက် ဆက်လက်အားထုတ်လျှင် စတုတ္ထာရုပ္ပခေါ် နေဝသညာနာသညာယတနကုသိုလ်ဈာန် ဖြစ်ပေါ်လာလေသည်။

အရူပကုသိုလ်ကံများအကျိုးပေးပုံ

ထိုအရူပကုသိုလ်ဈာန် လေးပါး၌ရှိသောစေတနာ (၄) ပါးကို အရူပကုသိုလ်ကံဟုခေါ်သည်၊ ထိုတွင် အာကာသာနဉ္စာယတနကုသိုလ်ကံစေတနာကြောင့် အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက်စိတ် စေတသိက် ၃၀-ဟူသော နာမ်တရားများဖြင့် ပဋိသန္ဓေနေကာ အာကာသာနဉ္စာယတန အရူပဗြဟ္မာကြီး ဖြစ်လာပြီး မဟာကပ်ပေါင်း နှစ်သောင်းအသက် ရှည်ကြ၏။

ထို့အတူ ဝိညာဏဉ္စာယတနကုသိုလ်ကံစေတနာကြောင့် ဝိညာဏဉ္စာယတနဘုံ၌ ဝိညာဏဉ္စာယတနဝိပါက်စိတ်၊ စေတသိက် ၃၀-ဟူသော နာမ်တရားများဖြင့် ပဋိသန္ဓေနေကာ ဝိညာဏဉ္စာယတနအရူပဗြဟ္မာကြီး ဖြစ်လာပြီး မဟာကပ်ပေါင်း လေးသောင်းအသက်ရှည်ကြ၏၊ အာကိဉ္စညာယတနကုသိုလ်ကံစေတနာကြောင့် အာကိဉ္စညာယတနဘုံ၌ အာကိဉ္စညာယတနဝိပါက်စိတ်၊ စေတသိက် ၃၀-ဟူသော နာမ်တရားများဖြင့်

စာမျက်နှာ-271
ပဋိသန္ဓေနေကာ အာကိဉ္စညာယတန အရူပဗြဟ္မာကြီးဖြစ်လာပြီး မဟာကပ်ပေါင်း ခြောက်သောင်း အသက်ရှည်ကြ၏၊ နေဝသညာနာသညာယတနကုသိုလ်ကံစေတနာကြောင့် နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဝိပါက်စိတ် စေတသိက် ၃၀-ဟူသော နာမ်တရားတို့ဖြင့် ပဋိသန္ဓေနေကာ နေဝသညာနာသညာယတန အရူပဗြဟ္မာကြီး ဖြစ်လာပြီး မဟာကပ်ပေါင်း ရှစ်သောင်း အသက်ရှည်လေသည်။

ပြုလုပ်ပုံအားဖြင့် စေတနာ ၄-မျိုး

တနည်းအားဖြင့် စေတနာမည်သော ကံတရားသည် ပြုလုပ်ပုံအကျိုးပေးပုံကို အစွဲပြု၍-

၁။ ကဏှကဏှဝိပါကကံ၊

၂။ သုက္ကသုက္ကဝိပါကကံ၊

၃။ ကဏှသုက္ကကဏှသုက္ကဝိပါကကံ၊

၄။ အကဏှအသုက္ကအကဏှအသုက္ကဝိပါကကံ-

ဟူ၍ လေးမျိုးရှိပါသည်။

၁။ ကဏှကဏှဝိပါကကံ

ထိုတွင် ပြုလုပ်စဉ်က မည်း၍ မည်းသော အကျိုးရှိသော အမည်းကံ၊ အမှောင်ကံကို ကဏှကဏှဝိပါကကံခေါ်သည် (ကဏှ = ပြုလုပ်စဉ်က မည်း၍ + ကဏှဝိပါက = မည်းသော အကျိုးရှိသောကံ)။ မည်းသောကံဆိုသည်မှာ ကမ္မပထမြောက်သော အကုသိုလ်ကံမျိုးဖြစ်၏။ ထိုကံကြောင့် အပါယ်လေးဘုံတို့၌ ဖြစ်ရခြင်း၊ လူ့ဘုံ၌ လူသတ္တဝါများ ဖြစ်လာရသော်ငြားလည်း ရုပ်ဆင်းအင်္ဂါ မလှမပခြင်း၊ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ဘုန်းကံနည်းပါး ဆင်းရဲနွမ်းပါးခြင်း စသည်တို့ကား မည်းသောအကျိုးများဖြစ်ပါသည်။

၂။ သုက္ကသုက္ကဝိပါကကံ

ပြုလုပ်စဉ်က ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော အဖြူကံ အလင်းကံကို သုက္ကသုက္ကဝိပါကကံဟု ခေါ်သည်။ (သုက္က = ပြုလုပ်စဉ်က ဖြူစင်၍ + သုက္ကဝိပါက = ဖြူစင်သောအကျိုးရှိသည့်ကံ)။

စာမျက်နှာ-272
အဖြူကံဟူသည် ကမ္မပထမြောက်သော ကုသိုလ်ကံများဖြစ်သည်။ ထိုဖြူသောကံကြောင့် နတ်ပြည်စသော သုဂတိဘုံတို့၌ဖြစ်ရခြင်း၊ လူ့ဘဝ၌ ဥပဓိသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့နှင့် ပြည့်စုံ၍ ဘုန်းကံကြီးမားခြင်းစသည်တို့ကား ဖြူသောအကျိုးများဖြစ်ပေသည်။

၃။ ကဏှသုက္ကကဏှသုက္ကဝိပါကကံ

ပြုလုပ်အားထုတ်စဉ်၌ အမည်းအဖြူရော၍ အမည်းအဖြူရောသော အကျိုးရှိသည့် အမည်းအဖြူကံ၊ အမှောင်အလင်းကံကို ကဏှသုက္ကကဏှသုက္ကဝိပါကကံဟု ခေါ်သည် (ကဏှသုက္က = အမည်းအဖြူရော၍ + ကဏှသုက္ကဝိပါက = အမည်းအဖြူရောသော အကျိုးရှိသည့်ကံ)။ အမည်းအဖြူကံကား ကုသိုလ် အကုသိုလ်နှစ်မျိုး ရောနှောပြုသော မိဿကံမျိုးတည်း။ ထိုကံကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲချမ်းသာ နှစ်မျိုးကို အမည်းအဖြူရောသောအကျိုးဟုခေါ်၏။ ဥပမာ- အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘုံတွင် မင်္ဂလာဆင်မျိုး၌ဖြစ်၍ ကုသိုလ်ကံကြောင့် ပဝတ္တိအခါ ချမ်းသာကို ခံစားရခြင်းမျိုးကိုလည်းကောင်း၊ ကုသိုလ်ကံကြောင့် မင်းမျိုး၌ ဖြစ်ရသော်လည်း အကုသိုလ်ကံကြောင့် ပဝတ္တိအခါ၌ ဆင်းရဲကို ခံစားရခြင်းမျိုးကိုလည်းကောင်း အမည်းအဖြူရောသော အကျိုးဟု ဆိုသည်။

၄။ အကဏှအသုက္ကအကဏှအသုက္ကဝိပါကကံ

ပြုလုပ်အားထုတ်စဉ်၌ အမည်းအဖြူမှလွတ်၍ မမည်းမဖြူ အကျိုးရှိသည့် မမည်းမဖြူသောကံ၊ မမှောင်မလင်းသော ကံကို အကဏှအသုက္ကအကဏှအသုက္ကဝိပါကကံဟု ခေါ်သည် (အကဏှအသုက္က = ပြုလုပ်စဉ်အမည်းအဖြူလွတ်၍ + အကဏှအသုက္ကဝိပါက = မမည်းမဖြူ အကျိုးရှိသောကံ)။ မမည်းမဖြူသောကံ ဆိုသည်မှာ ကံကုန်ခြင်းကို ပြုတတ်သည့် မဂ်ဉာဏ်လေးပါးဖြစ်သည်။ ထိုမဂ်ဉာဏ်လေးပါးသည် မည်းသော အကျိုးကိုလည်းမပေး၊ ဖြူသောအကျိုးကိုလည်း မပေးပဲ အလွန်ဖြူစင်သည့် ဖိုလ်လေးပါးတည်းဟူသော အကျိုးကို ဖြစ်ပေါ်စေပါသည်။

စာမျက်နှာ-273

၃။ ကာလသမ္ပတ္တိပဋိဗဒ္ဓအကုသိုလ်ကံ

ခေတ်ကောင်း အခါကောင်းဟူသော ကာလသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးနိုင်သည့် အကုသိုလ်ကံများသည် ကာလသမ္ပတ္တိပဋိဗဒ္ဓ အကုသိုလ်ကံဖြစ်၏၊ မှန်၏ လူတစ်ဦးတစ်ယောက်၌ များစွာသော အကုသိုလ်ကံတို့ ရှိကြ၏။ ထိုအကုသိုလ်ကံများသည် ခေတ်ဆိုးကာလဆိုးဟူသော ကာလဝိပတ္တိနှင့်ကြုံမှသာ အကျိုးပေးနိုင်ခွင့် ရှိလေသည်။ သို့သော်ထိုသူမှာ ကုသိုလ်ကံကြောင့် ခေတ်ကောင်း ကာလကောင်းဟူသော ကာလသမ္ပတ္တိ၌ ဖြစ်၏။ ထို့ကြောင့် ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရ၍ ထိုအကုသိုလ်ကံများမှာ အကျိုးပေးခွင့် မရချေ။ ဤကား ကာလသမ္ပတ္တိတားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရခြင်းပင် ဖြစ်သည်။

၄။ ပယောဂသမ္ပတ္တိပဋိဗဒ္ဓအကုသိုလ်ကံ

မှန်ကန်သော အားထုတ်မှု လုံ့လနှင့်ပြည့်စုံခြင်း ပယောဂသမ္ပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသည့် အကုသိုလ်ကံများကို ပယောဂသမ္ပတ္တိပဋိဗဒ္ဓ အကုသိုလ်ကံဟု ခေါ်သည်။ ချဲ့ဦးအံ့- တစ်စုံတစ်ယောက်သောသူ၌ များစွာသော အကုသိုလ်ကံများရှိရာ လုံ့လကြိုးကုတ် အားထုတ်မှုမရှိ ပယောဂဝိပတ္တိဖြစ်ပါမှ ထိုအကုသိုလ်ကံများ အကျိုးပေးနိုင်သည်။ သို့ရာတွင် ထိုသူသည် ကုသိုလ်ကံကြောင့် မှန်သော အားထုတ်လုံ့လဝီရိယနှင့် ပြည့်စုံလျက်ရှိရာ ထိုအကုသိုလ်ကံများ အကျိုးပေးခွင့်မရ၊ ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရလျက် ရှိလေသည်။ ဤကား ပယောဂသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့်မရခြင်းပင် ဖြစ်သည်။

၅။ ဂတိဝိပတ္တိအကုသိုလ်ကံ

အပါယ်လေးဘုံ၌ ဖြစ်ခြင်းဟူသော ဂတိဝိပတ္တိ အခွင့်ကောင်းကိုရ၍ အကျိုးပေးသော အကုသိုလ်ကံကို ဂတိဝိပတ္တိအကုသိုလ်ကံဟု ခေါ်၏၊ မှန်၏၊

၁၊ အဘိ၊ဋ္ဌ၊၂၊၄၂၂။

စာမျက်နှာ-274
တစ်စုံတစ်ယောက်သောသူ၌ များစွာသော အကုသိုလ်ကံများရှိရာ ထိုအကုသိုလ်ကံများသည် လူ့ဘုံ နတ်ဘုံတို့၌ ဖြစ်ခြင်းဟူသော ဂတိသမ္ပတ္တိနှင့် ကြုံခဲ့လျှင် အကျိုးပေးနိုင်ခွင့် မရချေ။ သို့သော် ထိုသူသည် အကုသိုလ်ကံကြောင့် အပါယ်ဘုံ၌ဖြစ်လာရာ ဂတိဝိပတ္တိနှင့်ကြုံသဖြင့် ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် ရလေသည်။ ဤသည်မှာ ဂတိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော အကုသိုလ်ကံတို့ ဂတိဝိပတ္တိကြောင့် အကျိုးပေးခွင့်ရလာခြင်း ဖြစ်သည်။

၆။ ဥပဓိဝိပတ္တိအကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါချို့တဲ့မှုကြောင့် အကျိုးပေးသော အကုသိုလ်ကံကို ဥပဓိဝိပတ္တိ အကုသိုလ်ကံဟုခေါ်၏။ ထင်ရှားစေဦးအံ့-တစ်ယောက်သောသူ၌ အကုသိုလ်ကံတို့ များစွာရှိ၏။ ထိုအကုသိုလ်ကံများသည် ရုပ်ဆင်းအင်္ဂါ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိဖြစ်လျှင် အကျိုးပေးခွင့်မရချေ။ သို့ရာတွင် ထိုသူသည် တစ်ခုသော အကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာ ချို့တဲ့လာခဲ့ရာ ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် ရလာကြသည်။ ဥပမာ မြတ်သောအမျိုး၌ ဖြစ်သော်လည်း ဥပဓိရုပ်လက္ခဏာ ချို့တဲ့ရှာသောကြောင့် အခွန်တောင်းလာသူ မင်းမှုထမ်းက အိမ်ကျွန်မဟု မှတ်ထင်ကာ ပြက်ရယ်ပြုခြင်းခံရသော ကောတလဝါပီ ရွာနေ သူဌေးကြီး၏ အိမ်ရှင်မကဲ့သို့တည်း။ ဤကား ဥပဓိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးနိုင်ခွင့် မရှိသော အကုသိုလ်ကံများ ဥပဓိဝိပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းဖြစ်သည်။

၇။ ကာလဝိပတ္တိအကုသိုလ်ကံ

ခေတ်ပျက် ကာလပျက် ခေတ်ဆိုး ကာလဆိုးနှင့် ကြုံကြိုက်၍ အကျိုးပေးခွင့်ရသော အကုသိုလ်ကံကို ကာလဝိပတ္တိ အကုသိုလ်ကံဟု ခေါ်၏။ မှန်၏။ တစ်စုံတစ်ယောက်သောသူ၌ များစွာသော အကုသိုလ်ကံများရှိရာ

၁။ အဘိ၊ဋ္ဌ၊၂၊၄၂၂။ ၂။ အဘိ၊ဋ္ဌ၊၂၊၄၂၃။

စာမျက်နှာ-275
ထိုအကုသိုလ်ကံများသည် ခေတ်ကောင်း ကာလကောင်းဖြစ်လျှင် အကျိုးပေးနိုင်ခွင့် မရှိချေ။ သို့သော် ထိုသူမှာ တစ်ခုသော အကုသိုလ်ကံကြောင့် ခေတ်ဆိုး ကာလဆိုးဟူသော ကာလဝိပတ္တိအချိန်၌ လာကြုံကြိုက်လေရာ အကုသိုလ်ကံများ အကျိုးပေးခွင့်ရလာသည်။ ဤကား ခေတ်ကောင်း အချိန်ကောင်းဟူသော ကာလသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော အကုသိုလ်ကံများသည် ခေတ်ပျက် ကာလပျက် ဟူသော ကာလဝိပတ္တိကြောင့် အကျိုးပေးခွင့်ရခြင်း ဖြစ်ပေသည်။

၈။ ပယောဂဝိပတ္တိအကုသိုလ်ကံ

မမှန်ကန်သော ကြိုးစားအားထုတ်မှု (ဝါ) လုံးဝမကြိုးစား မအားထုတ်မှုဟူသော ပယောဂဝိပတ္တိကြောင့် အကျိုးပေးခွင့်ရသော အကုသိုလ်ကံမျိုးကို ပယောဂဝိပတ္တိ အကုသိုလ်ကံဟု ခေါ်သည်။ ချဲ့ဦးအံ့-ထိုအကုသိုလ်ကံများသည် မှန်ကန်သော ကြိုးစားအားထုတ်မှုဟူသော ပယောဂသမ္ပတ္တိရှိခဲ့လျှင် အကျိုးပေးနိုင်ခွင့် မရနိုင်ချေ။ သို့သော် ထိုသူ၌ မှားယွင်းသော အားထုတ်မှုဟူသော ပယောဂဝိပတ္တိ၌တည်လျက် များစွာသော သူ့အသက် သတ်မှု၊ သူ့ဥစ္စာခိုးမှုစသည့် အကုသိုလ်ကံများကို ကြိုးစားအားထုတ်၏။ ထိုသူ့ကို ဥစ္စာနှင့်တကွ ဖမ်း၍ မင်းထံပို့ကြ၏။ မင်းက ညှဉ်းဆဲမှုအမျိုးမျိုးကိုပြု၍ သတ်စေ၏။ ဤကား ပယောဂသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော အကုသိုလ်ကံများသည် ပယောဂဝိပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။

ကုသိုလ်ကံ (၈) မျိုးကား

၁။ ဂတိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊

၂။ ဥပဓိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊

၃။ ကာလဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊

၄။ ပယောဂဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ၊

၅။ ဂတိသမ္ပတ္တိကုသိုလ်ကံ၊

၆။ ဥပဓိသမ္ပတ္တိကုသိုလ်ကံ၊

၇။ ကာလသမ္ပတ္တိကုသိုလ်ကံ၊

၈။ ပယောဂသမ္ပတ္တိကုသိုလ်ကံ- တို့ဖြစ်သည်”။

၁။ အဘိ၊ဋ္ဌ၊၂၊၄၂၃။ ၂။ အံ၊ဋ္ဌ၊၂၊၁၁၂။

စာမျက်နှာ-276

၁။ ဂတိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

ထိုတွင် ဂတိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဆိုသည်မှာ အပါယ်ဘုံတို့၌ဖြစ်ခြင်းဟူသော ဂတိဝိပတ္တိ၏တားမြစ်ချက်ကြောင့် ကောင်းကျိုးပေးခွင့်မရသောကုသိုလ်ကံမျိုးဖြစ်ပါသည်။ မှန်၏... တစ်စုံတစ်ယောက်သောသူ၌ များစွာသော ကုသိုလ်ကံတို့ရှိကြ၏။ ထိုကုသိုလ်ကံများသည် လူ့ဘုံနတ်ဘုံတို့၌ ဖြစ်မှုဟူသော ဂတိသမ္ပတ္တိရှိခဲ့ပါလျှင် အကျိုးပေးနိုင်ကြသည်။ သို့သော် ထိုသူသည် တစ်စုံတစ်ခုသော အကုသိုလ်ကံကြောင့် ငရဲ အသူရကာယ်ဟူသော ဂတိဝိပတ္တိ၌ဖြစ်၏။ ထို့ကြောင့်ကုသိုလ်ကံများ အကျိုးပေးခွင့် မရပဲ အကုသိုလ်ကံများသာ အကျိုးပေးခွင့်ရကြသည်။ ဤကား ဂတိဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့် မရခြင်းဖြစ်သည်။

၂။ ဥပဓိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ ချို့တဲ့ခြင်းဟူသော ဥပဓိဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသောကုသိုလ်ကံမျိုးကို ဥပဓိဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဟု ခေါ်၏၊ လူတစ်ဦးတစ်ယောက်တွင် များစွာသော ကုသိုလ်ကံတို့ရှိကြ၏။ ထိုကုသိုလ်ကံများသည် ကိုယ်လက်အင်္ဂါမချို့တဲ့ပဲ ဥပဓိရုပ်လက္ခဏာကောင်းမွန်ခြင်းဆိုသည့် ဥပဓိသမ္ပတ္တိအင်္ဂါနှင့်ညီညွတ်မှ အကျိုးပေးနိုင်ခွင့်ရှိကြသည်။

၁။ အဘိ၊ ၂၊ ၃၅၁။ ၂။ အဘိ၊ ဋ္ဌ၊ ၂၊ ၄၂၄။

စာမျက်နှာ-277
သို့သော် ထိုသူသည် တစ်စုံတစ်ခုသော အကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာချို့တဲ့လျက် ရှိရာ ထိုကုသိုလ်ကံများ အကျိုးပေးခွင့်မရတော့ချေ။

ထင်ရှားစေဦးအံ့ – ဥပဓိရုပ်လက္ခဏာချို့တဲ့နေသူသည် ဘုရင့်သားတော်ပင် ဖြစ်သော်ငြားလည်း ဘုရင်ဖြစ်နိုင်သည့် အခွင့်အရေးတို့မရနိုင်။ ထို့အတူ စစ်သေနာပတိချုပ်၏သားပင်ဖြစ်လင့်ကစား စစ်သေနာပတိရာထူးကို ရနိုင်မည်မဟုတ်။ ရှေးအခါက သိရီလင်္ကာခေါ်သီဟိုဠ်ကျွန်းကို အုပ်စိုးသောဘုရင်ကြီး၌ သားတော်တစ်ပါးထွန်းကားခဲ့ရာ မိဖုရားအား ဆုတော်ပေးမည်ဟု ဝန်ခံကတိပြုခဲ့၏၊ မင်းသားကလေးသည် ၇-နှစ်၊ ၈-နှစ်သား အရွယ်တွင် နန်းတော်ရင်ပြင်၌ ကြက်ဘိုက်ကစားရာ ကြက်ခွပ်လိုက်သဖြင့် မင်းသားကလေးမှာ မျက်စိနှစ်ကွင်း အလင်းမရဖြစ်ခဲ့ရသည်။

ထိုမင်းသားကလေး ၁၆-နှစ်သားအရွယ်ရောက်သည့်အခါ မယ်တော်မိဖုရားကြီးက ဘုရင်ကြီးထံ သားတော်အား မင်းမြှောက်ရန် ဆုကို တောင်း၏။ ထိုအခါ ဘုရင်ကြီးက သားတော်ကလေးမှာ ကိုယ်အင်္ဂလက္ခဏာချို့တဲ့သောကြောင့် သီရိလင်္ကာကျွန်းကြီးတွင် ဘုရင်မြှောက်ခွင့်မပေးပဲ နာဂခေါ်ကျွန်းငယ်ကလေး၌သာ မြို့စားနယ်စားအဖြစ် ပေးခဲ့ရသည်။ ဤသို့ မင်းသားကလေးမှာ ဘုရင့်သားတော်ဖြစ်သော်ငြားလည်း ဥပဓိရုပ်လက္ခဏာချို့တဲ့ရှာသောကြောင့် တစ်ကျွန်းလုံးကို အုပ်ချုပ်ရသည့် မင်းမဖြစ်လာပဲ ကျွန်းငယ်ကလေးကိုအုပ်စိုးရသည့် နယ်စားရာထူးဖြင့်သာ ကျေနပ်ရရှာလေသည်။ ဤကား ဥပဓိဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများ ပြည့်ပြည့်စုံစုံအကျိုးပေးခွင့်မရသောသာဓကပင် ဖြစ်ပေသည်။

၃။ ကာလဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

ခေတ်ပျက် ကာလပျက်ဟူသော ကာလဝိပတ္တိတားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသောကုသိုလ်ကံများကို ကာလဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဟုခေါ်၏။

၁။ အဘိ၊ဋ္ဌ၊၂၊၄၂၅။

စာမျက်နှာ-278
မှန်၏၊ တစ်စုံတစ်ယောက်သောသူ၌ ကုသိုလ်ကံများစွာရှိ၏။ ထိုကုသိုလ်ကံများသည် အချိန်ကောင်းကာလကောင်းမျိုးနှင့် ကြုံကြိုက်မှသာ အကျိုးပေးခွင့်ရကြ၏။ သို့သော် ထိုသူသည် တစ်စုံတစ်ခုသော အကုသိုလ်ကံကြောင့် ခေတ်ဆိုး ကာလဆိုးထဲ၌ဖြစ်ရရာ ထိုကုသိုလ်ကံများမှာ အကျိုးပေးခွင့် မရတော့ချေ။ ဤကား ကာလဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့် မရခြင်းပင်ဖြစ်သည်။

၄။ ပယောဂဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံ

မှားသော အားထုတ်ခြင်းဟူသော ပယောဂဝိပတ္တိ၏ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့်မရသောကုသိုလ်ကံများကို ပယောဂဝိပတ္တိပဋိဗဒ္ဓကုသိုလ်ကံဟုခေါ်သည်။ မှန်၏ ပုဂ္ဂိုလ်တစ်ဦး၌ ကုသိုလ်ကံများစွာရှိ၏။ ထိုကုသိုလ်ကံများသည် မှန်ကန်သော ကြိုးစားအားထုတ်မှုဟူသော ပယောဂသမ္ပတ္တိအကူအညီကိုရလျှင် အကျိုးပေးနိုင်ခွင့်ရှိ၏၊ သို့သော် ထိုသူသည် သတ်ဖြတ်ခိုးဆိုးသောအားဖြင့် မှားယွင်းသော ကြိုးစားအားထုတ်မှုဟူသော ပယောဂဝိပတ္တိ၌ တည်လျက်ရှိ၏၊ ထို့ကြောင့် မိမိနှင့်အမျိုးတူ အနွယ်တူများကပင် ထိမ်းမြားလက်ထပ်မှုကို မပြုကြ၊ “မိန်းမလိုက်စားသူ၊ သေသောက်ကြူးသူ၊ အလောင်းအစားဝါသနာပါသူ” ဟု အဝေးမှရှောင်သွားကြ၏။ ထို့ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့် မရတော့ချေ။ ဤကား ပယောဂဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများအကျိုးပေးခွင့်မရခြင်းပင်ဖြစ်သည်။

၅။ ဂတိသမ္ပတ္တိကုသိုလ်ကံ

လူ့ဘုံ နတ်ဘုံတို့၌ဖြစ်ခြင်းဟူသော ဂတိသမ္ပတ္တိနှင့် ပြည့်စုံသောကြောင့် အကျိုးပေးသောကုသိုလ်ကံကို “ဂတိသမ္ပတ္တိကုသိုလ်ကံ”ဟု ခေါ်၏။ ချဲ့ဦးအံ့၊ တစ်စုံတစ်ယောက်သောသူအား ကုသိုလ်ကံတို့များစွာရှိကြ၏၊ ထိုကုသိုလ်ကံတို့သည် အပါယ်ဘုံတို့၌ဖြစ်ခြင်းဟူသော ဂတိဝိပတ္တိဖြစ်ခဲ့လျှင် အကျိုးပေးနိုင်ခွင့် မရှိပါချေ၊ သို့ရာတွင် ထိုသူသည် တစ်ခုသောကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံဟူသော ဂတိသမ္ပတ္တိ၌ ဖြစ်ရာအကျိုးပေးခွင့်ရကြလေသည်။

၁။ အဘိ၊ဋ္ဌ၊၂၊၄၂၂။

စာမျက်နှာ-279
ဤကား ဂတိဝိပတ္တိတားမြစ်ချက်ကြောင့် အကျိုးမပေးစွမ်းနိုင်သော ကုသိုလ်ကံများ ဂတိသမ္ပတ္တိကြောင့် အကျိုးပေးခွင့်ရလာခြင်းပင် ဖြစ်သည်။

၆။ ဥပဓိသမ္ပတ္တိကုသိုလ်ကံ

ဥပဓိရုပ်လက္ခဏာ, ကိုယ်အင်္ဂါပြည့်စုံမှု ဟူသော ဥပဓိသမ္ပတ္တိကြောင့် အကျိုးပေးသောကုသိုလ်ကံမျိုးကို ဥပဓိသမ္ပတ္တိကုသိုလ်ကံဟု ခေါ်၏။ မှန်၏၊ လူတဦးတယောက်၌ ကုသိုလ်ကံများစွာရှိ၏၊ ထိုကုသိုလ်ကံများသည် ဥပဓိရုပ်လက္ခဏာချို့တဲ့မှု ဥပဓိဝိပတ္တိဖြစ်နေလျှင် အကျိုးပေးနိုင်ခွင့်မရှိချေ။

သို့သော် ထိုသူသည် တခုသောကုသိုလ်ကံကြောင့် ဥပဓိရုပ်လက္ခဏာ ကိုယ်အင်္ဂါတို့နှင့်ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိရှိလေရာ ထိုကုသိုလ်ကံများ အကျိုးပေးခွင့်ရရှိကြကုန်၏။ ထိုဥပဓိရုပ်လက္ခဏာကိုယ်အင်္ဂါတို့နှင့် ပြည့်စုံသူသည် ဘုရင့်သားတော်ဖြစ်ခဲ့ပါမူ မိမိထက်အသက်ကြီးသည့် နောင်တော်မင်းသားများကိုပင် ကျော်လွန်၍ မင်းအဖြစ်ကိုရနိုင်သည်၊ အိမ်ရှေ့မင်း၏သား ဖြစ်ခဲ့မူ ဖခင်ကွယ်လွန်သော် အိမ်ရှေ့မင်းသော်လည်းကောင်း၊ စစ်သူကြီးသော်လည်းကောင်း၊ ဘဏ္ဍာစိုးသော်လည်းကောင်း ဖြစ်နိုင်သည်။

ဤသည်မှာ ဥပဓိဝိပတ္တိတားမြစ်ချက်ကြောင့် အကျိုးမပေးနိုင်သော ကုသိုလ်ကံများသည် ဥပဓိသမ္ပတ္တိရှိမှုကြောင့် အကျိုးပေးခွင့်ရလာခြင်းပင်ဖြစ်သည်။

၇။ ကာလသမ္ပတ္တိကုသိုလ်ကံ

ခေတ်ကောင်း, အချိန်ကောင်း၌ ဖြစ်ခြင်းကာလသမ္ပတ္တိ ရှိမှုကြောင့် အကျိုးပေးခွင့်ရသော ကုသိုလ်ကံများကို ကာလသမ္ပတ္တိကုသိုလ်ကံဟု ခေါ်၏။ ထိုကုသိုလ်ကံများသည် ခေတ်ပျက်အခါပျက် (ကာလဝိပတ္တိ) ဖြစ်လျှင် အကျိုးမပေးနိုင်ချေ။ သို့သော် ထိုသူသည် တစုံတခုသော ကုသိုလ်ကံကြောင့် ခေတ်ကောင်း အခါကောင်း ဟူသော ကာလသမ္ပတ္တိနှင့် ကြုံတွေ့ရ၍ ထိုကုသိုလ်ကံများ အကျိုးပေးခွင့် ရလာကြသည်။ ထင်ရှားစေဦးအံ့။

၁။ အဘိ၊ဋ္ဌ၊၂၊၄၂၆။

၂။ အဘိ၊ဋ္ဌ၊၂၊၄၃၀။

စာမျက်နှာ-280
သီဟိုဠ်ကျွန်း၌ ဗြဟ္မဏတိဿခိုးသူ သူပုန်နှိပ်စက်၍ ခေတ်ပျက်ကာလပျက် (ကာလဝိပတ္တိ) နှင့် ကြုံကြိုက်နေသောကြောင့် မဟာသောဏထေရ် အမှူးရှိသော ရဟန်းတော်များသည် ကုသိုလ်ကံများ ရှိလင့်ကစား ထိုကုသိုလ်ကံများသည် ကာလဝိပတ္တိကြောင့် အကျိုးမပေးနိုင်သဖြင့် သစ်မည်စည်သီး၊ သစ်ခေါက်၊ သစ်ခွ၊ ကြာရိုး စသော အစာအာဟာရများဖြင့်သာ ရောင့်ရဲတင်းတိမ်၍ နေကြရရှာလေသည်။

ဗြဟ္မဏတိဿခိုးသူဘေးကြီး ကင်းငြိမ်း၍ မင်းကျင့်တရား (၁၀) ပါးနှင့်အညီ အုပ်ချုပ်သော ပိတုမဟာရာဇာနန်းတက်လာသည့်အခါ မြို့ရွာနယ်ပယ်များ ပြန်လည်စည်ကားလာ၏၊ ရဟန်းတော်များလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးပေါများလာကြသည်။ မဟာသောဏထေရ်တပါးတည်းကို အကြောင်းပြု၍ ရသောပစ္စည်းလေးပါးသည်ပင် ရဟန်းပေါင်းများစွာသုံးစွဲ၍ မကုန်နိုင်တော့ချေ။

ဤကား ခေတ်ပျက်, ကာလပျက် (ကာလဝိပတ္တိ) ၌ ကုသိုလ်ကံအကျိုးပေးခွင့် မရ၍ လာဘ်လာဘနည်းပါးကြသော်ငြားလည်း ခေတ်ကောင်းကာလကောင်း (ကာလသမ္ပတ္တိ) ၌ ကုသိုလ်ကံအကျိုးပေးခွင့်ရ၍ လာဘ်လာဘပေါများသော ဝတ္ထုသာဓကပင် ဖြစ်ပေသည်။

၈။ ပယောဂသမ္ပတ္တိကုသိုလ်ကံ

မှန်ကန်သော အားထုတ်မှုဟူသော ပယောဂသမ္ပတ္တိကြောင့် အကျိုးပေးနိုင်သော ကုသိုလ်ကံမျိုးကို ပယောဂသမ္ပတ္တိကုသိုလ်ကံဟု ခေါ်၏။ တစုံတယောက်သောသူအား များစွာသော ကုသိုလ်ကံတို့ရှိကြ၏၊ ထိုကုသိုလ်ကံများသည် မှားယွင်းသော အားထုတ်မှု (ပယောဂဝိပတ္တိ) ဖြစ်ခဲ့လျှင် အကျိုးပေးနိုင်ခွင့်မရချေ။

သို့သော် ထိုသူသည် တစုံတခုသော ကုသိုလ်ကံကြောင့် မှန်ကန်သောအားထုတ်မှု၌ တည်၍ ကောင်းမှုကုသိုလ်များကို ဆည်းပူး၏၊ ငါးပါး, ဆယ်ပါးစသော သီလများကို စောင့်ထိန်း၏၊ ဤသို့ ပယောဂသမ္ပတ္တိနှင့် ပြည့်စုံခဲ့လျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများက—

၁။ အဘိ၊ဋ္ဌ၊၂၊၄၃၃။

စာမျက်နှာ-281
ပင် ဆင်ယာဉ် မြင်းယာဉ်စသော လက်ဆောင်ပဏ္ဏာများနှင့် မင်းသမီးတို့ကိုပင် ထိုသူနှင့်တော်သည်ဟု ပို့စေကြကုန်၏။ ရဟန်းတော်များဖြစ်မူ အခြံအရံများ၏၊ ဘုန်းကြီး၏ စသည်ဖြင့် ကုသိုလ်ကံများအကျိုးပေးခွင့် ရလာကြလေသည်။

ထင်ရှားစေဦးအံ့၊ ကူဋကဏ္ဏမင်းသည် တိပိဋကစူဠနာဂမထေရ်ကို ကြည်ညို၏၊ တချိန်တွင် မထေရ်မြတ်၏ လက်ညှိုး၌ အနာတလုံးပေါက်လေသည်။ မင်းကြီးသည် မထေရ်၏ ရောဂါအခြေအနေကို မေးရန်ကျောင်းသို့လာ၏၊ မထေရ်ကို ကြည်ညိုလွန်းသဖြင့် ပြည်ပေါက်လုနီးနေသော မထေရ်၏ လက်ညှိုးကို ပါးစပ်၌ ငုံထားရာ ပါးစပ်တွင်း၌ပင် အနာသည် ပြည်ပေါက်၏။ မင်းကြီးသည် သွေးပြည်တို့ကို ထွေးမပစ်ဘဲ အမြိုက်ရသာကဲ့သို့ မျိုချလိုက်သည်။ ထိုမထေရ်ပျံလွန်တော်မူသောအခါ မင်းကြီးသည် မီးအိုးကင်းကို ခေါင်းပေါ်ရွက်၍ “ဓမ္မလှည်းယာဉ်ကြီး၏ ဝန်ရိုးကျိုးပါပြီ” ဟု ဆိုကာ ငိုကြွေးမြည်တမ်းရှာလေသည်။ ဤသည်မှာ မထေရ်၏ ပယောဂသမ္ပတ္တိကြောင့် ဘုန်းတန်ခိုးကြီးသော သာဓကပင် ဖြစ်သည်။

ဤကံ ၁၆-ပါးတို့ကား ဝိဘင်းပါဠိတော်၌ ဟောကြားသောကံတို့ ဖြစ်သည်၊ ထိုကံအားလုံး ဇနကစသော ကံများ၌ အကျုံးဝင်ကြ၏၊ ထိုဇနကစသောကံများကို အကျဉ်းချုံးလျှင် “ဒိဋ္ဌဓမ္မဝေဒနိယကံ၊ ဥပပဇ္ဇဝေဒနိယကံ၊ အပရာပရိယာယဝေဒနိယကံ” ဟု သုံးမျိုးသာ ကျန်သည်။ ထိုကံ ၃-ပါးကား အကျိုးပေးရာကာလမပြောင်းရွှေ့ကြ၊ မိမိအကျိုးပေးရမည့်ကာလ၌သာ အကျိုးပေးကြတော့၏။

၇။ စေတနာ အကြောင်း အခြား သိကောင်းစရာများ

ရှေးဘဝကံက ယခုဘဝ၌ အကျိုးပေးနိုင်ပုံ

ရှေးအခန်းတွင် အကုသိုလ်ကံ, ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံနှင့် အရူပါဝစရကုသိုလ်ကံတို့က နောက်ဘဝ၌ ပဋိသန္ဓေ

၁။ အံ၊ဋ္ဌ၊၂၊၁၁၄။

စာမျက်နှာ-282
အကျိုး၊ ပဝတ္တိအကျိုးအမျိုးမျိုးတို့ ဖြစ်ပေါ်စေပုံကို စုံလင်စွာဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤနေရာ၌ “ရှေးရှေးဘဝတို့က ပြုလုပ်ခဲ့သော ထိုထိုကုသိုလ်ကံစေတနာ၊ အကုသိုလ်ကံစေတနာတို့သည် ထိုဘဝထိုခဏ၌ပင် ချုပ်ငြိမ်းခဲ့လေပြီ ဖြစ်ရကား ယခုဘဝ၌ အဘယ်သို့ ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုးတို့ကို ဖြစ်ပေါ်ဖွံ့ဖြိုးစေနိုင်ပါသနည်း” ဟု မေးစရာရှိပေသည်။

ဤအမေးကို အတန်ငယ် ရှင်းလင်းဖြေဆိုပါမည်။ စေတနာခေါ် ကံတရားတို့ ချုပ်ငြိမ်းခြင်းမည်သည်-

၁။ စေတနာ၏ ချုပ်ငြိမ်းခြင်း (စေတနာနိရောဓ)

၂။ ကံအရှိန်အဟုန်အာနုဘော်၏ ချုပ်ငြိမ်းခြင်း (ကမ္မဝေဂနိရောဓ) ဟူ၍ နှစ်မျိုးရှိသည်။

ထိုနှစ်မျိုးတွင် ရှေးဘဝကပြုလုပ်ခဲ့သော စေတနာတို့သည် နာမ်တရားတို့၏ သဘောတံထွာ၊ ဓမ္မတာအတိုင်း ဥပါဒ်အားဖြင့် ဖြစ်ပေါ်လာပြီး ဘင်သဘောဖြင့် ချုပ်ငြိမ်းသွားကြ၏၊ ထိုသို့ ဖြစ်တည်ပျက် သဘောဖြင့် စေတနာတို့၏ ချုပ်ငြိမ်းသွားခြင်းကို စေတနာနိရောဓဟု ခေါ်သည်။

ဤသို့ စေတနာတရား ချုပ်ငြိမ်းသွားသော်ငြားလည်း စေတနာကံ၏ အရှိန်အဟုန်အာနုဘော်မှာကား ချုပ်ငြိမ်းသွားသည်မဟုတ်၊ နောက်ဘဝတို့၌ အခွင့်သင့်သည့်အခါ အကျိုးပေးရန် အကြောင်းတရားအနေဖြင့် ကျန်ရှိနေပေသေးသည်။ ထိုကံ၏ အရှိန်အဟုန်သည် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုး အမျိုးမျိုးတို့ကို အဖန်ဖန် ဖြစ်ပေါ်စေပြီးမှသာလျှင် ချုပ်ငြိမ်းသွားပေသည်။ ထို့ကြောင့် ဘုရားရှင်က—

“ရဟန်းတို့ ... စေဆော်စီရင်၍ ဆည်းပူးပြုလုပ်အပ်ကုန်ပြီးသော ကုသိုလ်ကံ အကုသိုလ်ကံစေတနာတို့၏ အကျိုးတရားတို့ကို မခံစားရဘဲ ပျောက်ပျက်ခြင်းကို ငါဘုရား ဟောကြားတော်မမူ” —

ဟု ဆုံးမလမ်းညွှန်တော်မူခဲ့ခြင်းဖြစ်ပါသည်။

စာမျက်နှာ-283
ကုသိုလ် အကုသိုလ်စေတနာသည် ချုပ်ငြိမ်းပြီးနောက်မှ ခဏချင်းကွာခြား၍လည်းကောင်း၊ ဘဝများစွာ ကွာခြား၍လည်းကောင်း၊ အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေ၏ဆိုသည့် သဘောကား သာမန်ဉာဏ်ဖြင့် သိနိုင်ခဲသောအရာ ဖြစ်၏၊ သာမန်စဉ်းစားလျှင် ယုံကြည်နိုင်ဖွယ်မရှိ၊ သို့သော် လောက၌ အကြောင်းတရား ထင်ရှားမရှိပါမှ အကျိုးပေးနေသည့်အရာများကို သတိထားကြည့်လျှင် များစွာတွေ့ရမည် ဖြစ်ပါသည်။

အမြော်အမြင်ရှိသော မိဘတို့သည် မိမိတို့သားသမီးများကို နုနုနယ်နယ် ငယ်ရွယ်စဉ်ကပင် ကျန်းမာစေကြောင်း အစာကောင်း, ဆေးကောင်းများကို ကျွေးမွေးကြ၏၊ ထိုဆေးအစာနှင့် ထိုဆေးအစာတို့ကြောင့် ဖြစ်သော ရုပ်တို့သည် အတော်အတန် ကြီးလာသည့်အခါ စွဲမြဲတည်ရှိကြတော့သည်မဟုတ်၊ သို့သော် ထိုသူငယ်တို့ ကြီးရင့်လာသည့်အခါ လူတကာထက် ကျန်းမာသန့်ရှင်းသော ရုပ်အဆင်းများကို ရရှိနိုင်ကြသည်။

ထို့ပြင် ငယ်ရွယ်စဉ်က သင်ကြားထားသော လက်မှု၊ နှုတ်မှု၊ စိတ်မှု အတတ်တို့သည် ခန္ဓာကိုယ်တွင်း၌ စွဲမြဲတည်ရှိကြတော့သည်မဟုတ်၊ အချို့အတတ်ပညာများကို မှတ်ပင်မမှတ်မိတော့ချေ။ သို့သော် ငယ်ငယ်စဉ်က သင်ကြားမှုကြောင့် ကြီးရင့်သည့်အခါ ကျေးဇူးပြုလျက် အသိဉာဏ်တိုးတက်ကြပေသည်။ ထိုကဲ့သို့ အကြောင်းတရားမရှိဘဲ ချုပ်ကွယ်ပြီးနောက်မှ ကျေးဇူးခံစားရသော်လည်း အခြားသူ ခံစားရသည်မဟုတ်၊ ထိုသူပင် ခံစားရသည်။ ဤသို့လျှင် ချုပ်ကွယ်ပြီးမှ ကျေးဇူးခံစားရသော အရာများ လောကမျက်မြင် အထင်အရှားရှိလေရကား ဤကုသိုလ် အကုသိုလ်စေတနာတို့ ချုပ်ကွယ်သွားပြီးမှ အကျိုးပေးမှု၌ ယုံမှားဖွယ် ရှိထိုက်တော့ချေ။

ဤနေရာ၌ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော ပဋ္ဌာန်းတရားတော်တွင် နာနာက္ခဏိကကမ္မပစ္စည်း၏ ကြောင်းကျိုးဆက်ပုံကို သိမြင် နားလည်ရန် အထူးလိုအပ်ပေသည်။ အကျိုးတရားနှင့် ပြိုင်တူမဖြစ်ဘဲ အကျိုးတရားမဖြစ်မီ ရှေးဘဝက ကြိုတင်ဖြစ်နှင့်သော အကြောင်းတရားကို

စာမျက်နှာ-284
နာနာက္ခဏိကကမ္မအကြောင်းဟုခေါ်သည် (နာနာ = အကျိုးတရားနှင့် တခြားစီ + ခဏိက = အချိန်၌ဖြစ်သော + ကမ္မ = စေတနာအကြောင်းကံ)။ ထိုအကြောင်းကံစေတနာသည် ယခုဘဝတွင် ဖြစ်ပေါ်ချုပ်ငြိမ်းသွားပြီးနောက် ထိုအကြောင်းကံ၏ အရှိန်အဟုန်အစွမ်းသတ္တိကြောင့် အနာဂတ်ဘဝသစ်တွင် ပဋိသန္ဓေဝိညာဉ်နာမ်ရုပ်စသော အကျိုးတရားတို့ဖြစ်ပေါ်လာခြင်းကို နာနာက္ခဏိကကမ္မပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုပါသည်။

ချဲ့ဦးအံ့ - ကုသိုလ် အကုသိုလ်စေတနာတို့သည် ချုပ်ကွယ်သွားသည်ဟု ဆိုသော်လည်း ပြီးပြီးပျောက်ပျောက်ဆိုသလို ဘာမှအစအနမကျန်အောင် ချုပ်ကွယ်သွားကြသည်ကား မဟုတ်ပေ၊ ဥပါဒ် ဌီ ဘင် စေ၍ ပရမတ္ထအထည်ကိုယ်သဘော ပျောက်ကွယ်သွားသော်လည်း ကုသိုလ် အကုသိုလ်စေတနာ၏ သတ္တိမှာ ကျန်ရစ်ခဲ့လေသည်။ ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်များကား အကျိုးဝိပါက်စိတ်များ ဖြစ်ပေါ်ပုံနှင့် မတူကြချေ။ ဝိပါက်စိတ်တို့ဖြစ်လာသည့်အခါ ညင်ညင်သာသာ ငြိမ်ငြိမ်သက်သက် ဖြစ်ပေါ်လေ့ရှိသော်လည်း ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်တို့မှာ မငြိမ်မသက် တက်တက်ကြွကြွ ကြောင့်ကြဗျာပါရ ရှိကြသည်။

ချစ်ဖွယ်အာရုံတခု၌ လောဘစိတ်ဖြစ်ပုံ၊ မုန်းဖွယ်အာရုံတခု၌ ဒေါသစိတ်ဖြစ်ပုံနှင့် ရတနာသုံးပါး၏ ဂုဏ်ကိုလေးနက်စွာ အာရုံပြုရာ အလှူအတန်းရွှင်လန်းစွာ ပေးကမ်းရာတို့၌ မဟာကုသိုလ်စိတ်ဖြစ်ပုံတို့ကို ကိုယ်တွေ့ကြုံခဲ့သမျှ ပြန်လည်စဉ်းစားကြည့်က ကုသိုလ်စိတ် အကုသိုလ်စိတ်တို့၏ တက်တက်ကြွကြွ ကြောင့်ကြဗျာပါရရှိမှုကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုသို့ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်တို့ ကြောင့်ကြဗျာပါရရှိမှုသည် စေတနာစေတသိက်၏အစွမ်းသတ္တိဖြစ်၏။

ဥပမာအားဖြင့် - စေတနာ စေတသိက်သည် အသင်းအဖွဲ့တခုတွင် အတွင်းရေးမှူးနှင့်တူ၏၊ ထိုအသင်းအဖွဲ့၌ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များရှိကြရာတွင် အတွင်းရေးမှူးမှာ ကြောင့်ကြဗျာပါရ

စာမျက်နှာ-285
အများဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသင်းကိစ္စအဝဝကို မိမိကိုယ်တိုင်လည်းရွက်ဆောင်ရသည်၊ အသင်းဝင်များကိုလည်း ဆိုင်ရာကိစ္စများကို ရွက်ဆောင်ကြရန် နှိုးဆော်ရသည်၊ အကြောင်းအားလျော်စွာ အစည်းအဝေးဖိတ်ခေါ်၍ အစည်းအဝေး တက်ရောက်ကြရန်လည်း တိုက်တွန်းလှုံ့ဆော်ရသည်။ အစည်းအဝေး အစီအစဉ်များကိုလည်း စီစဉ်ရသည် စသည်ဖြင့် အခြားအသင်းဝင်သူများထက်ပို၍ ကြောင့်ကြဗျာပါရများရလေသည်။

ထိုသို့ ကုသိုလ်စိတ် အကုသိုလ်စိတ်တို့၌ရှိသော စေတနာစေတသိက်သည် အသင်းအဖွဲ့၏ အတွင်းရေးမှူးပမာ လွန်စွာဗျာပါရများလှသောကြောင့် အခြားစိတ်စေတသိက်များထက်ပို၍ အစွမ်းသတ္တိရှိ၏၊ ပို၍အရှိန်အဝါအာနုဘော်ကြီး၏။ ထို့ကြောင့် ထိုစေတနာဟုခေါ်သော ကံတရားသည် နာမ်တရားတို့၏ ဓမ္မတာသဘောအရ ဖြစ်တည်ပျက်အားဖြင့် ချုပ်ကွယ်ပျောက်ဆုံးသွားသော်ငြားလည်း မိမိ၏ အရှိန်အဝါသတ္တိကို သတ္တဝါတို့၏သန္တာန်၌ မြှုပ်နှံထားရစ်သကဲ့သို့ဖြစ်လေသည်။

တန်ခိုးအရှိန်အဝါ မထက်မြက်မထင်ရှားသော မိဘများကွယ်လွန်သွားသည့်အခါ ထိုမိဘတို့၏ အရှိန်အဝါသည် သားသမီးများအပေါ်၌ သိသိသာသာမကျန်ရစ်တော့ဘဲ ထက်မြက်ထင်ရှား တန်ခိုးအရှိန်အဝါများရှိသော မိဘတို့ကွယ်လွန်သည့်အခါ၌သာ ထိုမိဘတို့၏ အရှိန်အဝါသည် သားသမီးတို့အပေါ်မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့ဖြစ်သည်။

မျိုးစေ့တခုသည် ဆိုင်ရာသစ်ပင်ကို တကြိမ်ပေါက်ရောက်စေပြီးသည့်အခါ အသုံးမကျတော့သကဲ့သို့ အတိတ်ကံက မြှုပ်နှံထားရစ်ခဲ့သည့် အရှိန်အဟုန်သတ္တိသည်လည်း ဆိုင်ရာအကျိုးကို ပေးပြီးသည့်အခါမှသာ အရှိန်အဟုန်ကုန်ခမ်းလေတော့သည်။ ထို့ကြောင့် စေတနာ ကွယ်ပျောက်ရာ၌ တရားကိုယ်သာ ကွယ်ပျောက်၍ သူ၏ နာနာက္ခဏိက ကမ္မသတ္တိမှာ မပျောက်မပျက် ဆက်လက်တည်ရှိရစ်၏။ အကျိုးပေးပြီးသည့်အခါနှင့် အကျိုးပေးခွင့်မရ၍ အဟောသိကံဖြစ်သည့်အခါကျမှသာ ထိုစေတနာ၏ သတ္တိများ လုံးဝကင်းရှင်းသွားလေတော့၏။ ထို့ကြောင့် ပဋ္ဌာနပကရဏ အနုဋီကာ၌—

စာမျက်နှာ-286
မှန်၏၊ အကြင်သတ္တဝါသန္တာန်၌ ကုသိုလ် အကုသိုလ် စေတနာဖြစ်၏၊ ထိုသတ္တဝါသန္တာန်၌ပင် ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂဟူသော အကြောင်းတို့နှင့် ပေါင်းဆုံညီညွတ်သည့်အခါ ထိုစေတနာ၏ အကျိုးတရားများဖြစ်ကြသော ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့သည် ဖြစ်ကြပေလိမ့်မည်။ ထိုသတ္တဝါသန္တာန်၌ ထိုဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ကို ဖြစ်ပေါ်စေနိုင်သည့်သဘောရှိသောသတ္တိထူးကို စွမ်းအားရှိသလောက် မြှုပ်နှံ၍ စေတနာတရားချုပ်ငြိမ်းသွားခြင်းဖြစ်ပေသည်—

ဟု အနုဋီကာဆရာကြီး ဖွင့်ဆိုထားခြင်းဖြစ်ပေသည်။

ဤနေရာ၌ ဥပမာဆောင်၍ပြရသော် လူတယောက်သည် အခြေအနေအရ မိတ်ဆွေတဦးထံမှ ကြွေးမြီချေးယူသည် ဆိုကြပါစို့။ ထိုကြွေးယူခြင်းကိစ္စသည် ကြွေးယူ၍ရလျှင်ရခြင်း ပြီးငြိမ်းချုပ်ပျောက်သွား၏၊ သို့ရာတွင် ကြွေးယူခြင်းအမှုကိုပြုခဲ့လေသောကြောင့် ထိုကြွေးယူခြင်းအမှုသည် နောင်တနှစ် နှစ်နှစ် စသည်အချိန်ကျရောက်သည့်အခါ မိတ်ဆွေ၏ ကြွေးမြီကို ပြန်၍ ပေးဆပ်ရန်အတွက် အကြောင်းပစ္စည်းဖြစ်နေပေသည်။ ထိုကြွေးယူမှု ချုပ်ငြိမ်းပျောက်ပျက်သွားသော်ငြားလည်း ထိုကြွေးယူမှု၏ အရှိန်အဟုန် အစွမ်းသတ္တိ ရှိနေလေသောကြောင့် မိတ်ဆွေဖြစ်သူ၏ ကြွေးကို ဧကန်ပေးဆပ်ရမည့်သဘော ကျရောက်နေ၏။ ကြွေးဝန်တင်၍နေလေ၏၊ ကြွေးကိုပြေလည်အောင် ဆပ်ပြီးသည့်အခါ၌မူကား တစုံတရာကြွေးဝန်ဟူ၍ မရှိတော့ပြီ။

ထိုအတူ မိမိပြုလုပ်လိုက်သော ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်အကြောင်းညီညွတ်သည့်အခါ အကျိုးတရား ဖြစ်ပွားပေါ်ပေါက်လာစေရန် မျိုးထားမှု၊ အာမခံမှုဟူသော နာနာက္ခဏိက ကမ္မပစ္စယသတ္တိထူးကို ထားခဲ့ပြီး ချုပ်သွား၏၊ အကျိုးမပေးသေးသမျှ ကာလပတ်လုံး ကံကြွေးတင်လေ၏။ ထိုသို့ ကံကြွေးတင်နေခြင်းကြောင့် အကျိုးမပေးဘဲ မဖြစ်—

၁။ ပဉ္စပကရဏ (ပဋ္ဌာန) အနုဋီကာ၊ ၂၃၂။

စာမျက်နှာ-287
စင်စစ် အကျိုးပေးရမည်သာ ဖြစ်၏။ အကျိုးပေးပြီးသည့်အခါမှသာ ကံကြွေးပြေလည်၍ ထိုကံ၏အရှိန်အဟုန် သတ္တိ ကုန်ဆုံးသွားလေတော့သည်။ ဤကဲ့သို့ အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံစေတနာတို့ကြောင့် နောက်ဘဝသစ်တွင် ခန္ဓာအသစ်ဖြစ်ပေါ်ရခြင်းမှာ နာနာက္ခဏိကကမ္မပစ္စည်းအရ ကြောင်းကျိုးဆက်သွယ်ပုံပင် ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ပဋ္ဌာန်းပါဠိတော်တွင်—

အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ်ကံ စေတနာသည် (ဝိပါက်) နာမ်ခန္ဓာ အကျိုးတရားတို့အားလည်းကောင်း၊ ကမ္မဇ ရုပ်တရားတို့အားလည်းကောင်း နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေ၏

ဟု ဟောတော်မူခြင်းဖြစ်ပေသည်။ ဤသို့ သတ္တဝါတို့၏ အတိတ်ကုသိုလ်ကံ အကုသိုလ်ကံစေတနာသည် ဘဝသစ်တွင် ခန္ဓာသစ်ကို ဖြစ်ပေါ်ဖန်တီးနိုင်ပုံကို ပဋ္ဌာန်းဒေသနာတော်လာ နာနာက္ခဏိကကမ္မပစ္စည်းဖြင့် နားလည်နိုင်ပေသည်။

ဝေးကွာသော အရပ်၌ ကံတို့အကျိုးပေးနိုင်ပုံ

စေတနာကံဟူသော နာမ်တရားသည် ဥပါဒ် ဌီ ဘင် အားဖြင့် ဖြစ်တည် ချုပ်ပျက်သွားသော်ငြားလည်း ကံ၏အရှိန်အဟုန် အစွမ်းအာနုဘော်မှာမူကား ထိုသတ္တဝါ၏ သန္တာန်၌ ကျန်ရစ်တည်ရှိနေသည်ဟုဆို၏။ ထိုသို့ဖြစ်လျှင် ကံကိုပြုလုပ်သော သတ္တဝါသည် ဤလူ့ပြည်၌ ကွယ်လွန်သေဆုံးသွားပါလျက် အလွန်ဝေးကွာလှသော ငရဲပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ အဘယ်သို့ဖြစ်နိုင်ပါသနည်းဟု မေးဖွယ်ရှိပြန်၏။

၁။ ပဋ္ဌာနပါဠိ၊ ၁၊ ၇၊ ၁၅၄။

စာမျက်နှာ-288
အဖြေကား ဝေးလွန်းသော အရပ်မှာပင် ဖြစ်စေ၊ နီးလွန်းသော အရပ်မှာပင်ဖြစ်စေ၊ အောက်အရပ်မှာဖြစ်စေ၊ အထက်အရပ်မှာဖြစ်စေ ကံအရှိန်အဟုန် အာနုဘော်၏ ပြန့်နှံ့ခြင်းမည်သည် ကြံစည်၍မရနိုင်လောက်အောင် အရှိန်အဟုန်ရှိ၏။ အကျိုးဝိပါက်တို့မည်သည်လည်း မိမိတို့ဖြစ်ထိုက်သော ဘုံဌာနမှာသာ ဖြစ်ကြကုန်၏။ ဌာနဘူမိလွှဲပြောင်း၍ ဖြစ်လေ့မရှိကြ။ ငရဲဇာတ်ရှိသော ဝိပါက်သည် ငရဲဘုံ၌သာဖြစ်၏။ ဗြဟ္မာဇာတ်ရှိသော ဝိပါက်သည် ဗြဟ္မာဘုံ၌သာဖြစ်၏။ ကံ၏ အရှိန်အဟုန်ပြန့်နှံ့ခြင်းနှင့် အကျိုးဝိပါက်များကို သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်တို့ပင် သော်လည်း တားဆီးပိတ်ပင်၍ မရနိုင်ပေ၊ ဤကား အကျဉ်းဖြေဆိုချက် ဖြစ်၏။

ချဲ့ဦးအံ့- ပကတိ လူသားတို့၏ အဆင်းအရောင်သည် ပြင်ပသို့ ထွက်လေ့မရှိ၊ လူတို့၏အရိပ်မှာမူ ကြည်လင်သောမှန်အပြင်၊ ရေအပြင် စသည်တို့၌ထင်သော သဘောရှိ၏၊ ကြေးမုံဖလ်မှန်စသည်တို့သည် ဆယ်တောင် တဆယ့်နှစ်တောင် ဝေးကွာသော်လည်း ထိုကြေးမုံ ဖလ်မှန် အကြည်ပေါ်၌ လူရိပ်ထင်၏။ အလွန်တရာကြည်လင်သော ကြေးမုံမှန်ပြင်များဖြစ်လျှင်မူ အလွန်တရာ ဝေးကွာသော အရပ်ကပင်သော်လည်း ထင်ပေသည်။

ကြေးမုံမှန်ပြင် စသည်တို့၏ ကြည်လင်ခြင်းသာ လိုရင်းပဓာနဖြစ်၏၊ မှန်၏၊ ကြည်လင်သော ကြေးမုံမှန်ပြင်စသည်ကား လူရိပ်လူပုံ ဖြစ်ပေါ်ခြင်းငှါ ထိုက်သော အရပ်ဋ္ဌာနဖြစ်၏၊ ထို့ကြောင့် လူတို့၏အဆင်းသည် ကြေးမုံမှန်ပြင်စသော ကြည်လင်သောအရာများ မရှိခဲ့လျှင် အနီးအရပ်ဋ္ဌာနမှာသော်လည်း မထင်ချေ။ ကြေးမုံမှန်ပြင်စသော ကြည်လင်သော အရာရှိခဲ့သော် အနီးမှာဖြစ်စေ၊ အဝေးမှာဖြစ်စေ ထင်၏။ သို့သော် လူရိပ်ရွှေ့လျားသွားလာမှုကား မရှိပါချေ။

ဤဥပမာအတိုင်း ကံ၏အကျိုးဝိပါက်များ ဖြစ်ပေါ်ပုံကို မှတ်သားသင့်၏။ အရိပ်ထင်မှုမှာ လူ၏ကိုယ်ကိုလည်းကောင်း၊ ကြည်လင်သော ကြေးမုံပြင်ကိုလည်းကောင်း၊ အလယ်စပ်ကြား၌ တည်ရှိသော အလင်းကို

စာမျက်နှာ-289
လည်းကောင်း အစွဲပြု၍ အရိပ်ထင်ခြင်းဖြစ်သည်။ အရိပ်၏ သွားခြင်း လာခြင်းမရှိသောကြောင့် အနီးမှာ လျင်မြန်စွာထင်သည်၊ အဝေးမှာ နှေးနှေးထင်သည်ဟူ၍ ကွဲပြားခြားနားမှု မရှိချေ။ ကြေးမုံမှန်ပြင်ရှေ့တွင် ရပ်လိုက်လျှင် ဝေးသောမှန်မှာဖြစ်စေ၊ နီးသောမှန်မှာဖြစ်စေ တပြိုင်နက် အရိပ်ထင်လေသည်သာ ဖြစ်၏။

လူသည် ကံနှင့်တူ၏၊ မှန်၌ထင်သောအရိပ်သည် ကံကြောင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်များနှင့်တူ၏။ ဝေးသောမှန်၌ဖြစ်စေ နီးသောမှန်၌ဖြစ်စေ တပြိုင်နက် အရိပ်ထင်သကဲ့သို့ ကံ၏အရှိန်အဟုန် ပျံ့နှံ့ခြင်းအားဖြင့် ထိုက်သင့်သောဘုံဘဝတို့၌ အကျိုးဝိပါက် ပေါ်လာသည့်အခါ နီးသောလူ့ဘုံမှာဖြစ်စေ၊ ဝေးလှစွာသော အောက်အဝီစိမှာဖြစ်စေ အနှေးအမြန် အထူးမရှိပဲ ကံအားလျော်စွာအကျိုးဝိပါက် ပေါ်လာခြင်း ဖြစ်ပေသည်။

လူပုံလူရိပ်မှာ ရုပ်တရားလျှင် အရင်းခံရှိသောကြောင့် အလယ်ကြား၌ အကာအကွယ် ခြားနေလျှင် ထင်နိုင်သည် မဟုတ်ချေ။ အကျိုးဝိပါက်များမှာမူ စေတနာတည်းဟူသော နာမ်တရားလျှင် အရင်းမူလရှိသောကြောင့် အကြား၌ မြေကြီး သမုဒ္ဒရာ မြင်းမိုရ်တောင် စသည်တို့ရှိနေသော်လည်း အဆီးအတား အကာအကွယ်သဘော မသက်ရောက်ပါချေ။

ကြောင်းကျိုးညွှန်ပြ ပဋ္ဌာန်းဒေသနာ၌ အကျိုးဝိပါက်များကို ဖြစ်ပေါ်စေရာတွင် အာရမ္မဏပစ္စည်း (အာရုံကြောင်းတရား)၊ ဥပနိဿယပစ္စည်း (အားကြီးသော မှီရာအကြောင်း)၊ နာနာက္ခဏိကကမ္မပစ္စည်း (အကျိုးနှင့် ကာလခဏသီးခြားဖြစ်သော ကံဟူသောအကြောင်း) တို့သည် အထူးကျေးဇူးပြုသော အကြောင်းပစ္စည်းများဖြစ်၏။ ဤပစ္စည်း သုံးမျိုးတို့ ကျေးဇူးပြုသောကြောင့် ကာလအားဖြင့် အလွန်ရှည်ကြာသော်လည်းကောင်း၊ ဌာနအားဖြင့် အလွန်ဝေးကွာသော်လည်းကောင်း မိမိတို့၏ အကျိုးတရားများကို ဖြစ်ပွားပေါ်ပေါက်လာစေနိုင်သည်သာလျှင် ဖြစ်ပေသည်။

စာမျက်နှာ-290

ကံတရားနှင့်မျိုးစေ့

ကံဆိုသည်မှာ မျိုးစေ့နှင့်သဘောတူပင် ဖြစ်သည်။ သစ်ပင်တို့သည် တပင်နှင့်တပင် တူကြသည်မဟုတ်၊ အချို့သစ်ပင်များက ချိုသောအရသာရှိသော သစ်သီးကိုသီး၍ အချို့သစ်ပင်များ ချဉ်သောအရသာရှိသည့် သစ်သီးကိုသီးကြသည်။ အကြောင်း၎င်းကို ရှာဖွေစိစစ်ကြည့်လျှင် မျိုးစေ့မတူသောကြောင့် ဖြစ်သည်ဟု တွေ့ရ၏။ ထို့အတူပင် မျိုးစေ့တည်းဟူသော ကံအကြောင်းတရား မတူကြခြင်းကြောင့် မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်၊ အရာရှိ၊ မင်းစေဟု လူတန်းစား ကွဲပြားခြားနားလာရသည်။

သရက်စေ့ကို စိုက်ပျိုးပါလျှင် သရက်ပင်ပေါက်၍ သရက်သီးကိုစားကြရပေသည်။ သံပရာစေ့ကိုစိုက်ပါမူ သံပရာပင်ပေါက်၍ သံပရာသီးကိုစားရသည်။ ထို့အတူ ကုသိုလ်ကံကို ပြုလုပ်သူသည် ကောင်းကျိုးကို စံရသကဲ့သို့ အကုသိုလ်ကံကို ပြုလုပ်သူမှာ မကောင်းကျိုး ခံရမည်မှာ ယုံမှားဖွယ် မရှိချေ။ မှန်၏—ကုသိုလ်ကံသည် ကုသိုလ်ပြုသူနောက်သို့ အကျိုးပေးရန် အစဉ်လိုက်နေသည့်နည်းတူ အကုသိုလ်ကံသည်လည်း အကုသိုလ်ပြုသူနောက်သို့ အပြစ်ပေးရန်အတွက် အစဉ်မပြတ် လိုက်လျက်နေပေသည်။

ကံကိုချည်းသာအားမကိုးရာ

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် “သတ္တဝါမှန်သမျှ ကံသာ မိမိတို့ကိုယ်ပိုင်ဥစ္စာရှိကြ၏” စသည်ဖြင့် ကံကို အရင်းမူလ ပဓာနအဖြစ် ဟောတော်မူထားပါသည်။ သို့သော် စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက်ရေးနှင့် တိုင်းပြည်ကြီးပွားတိုးတက်ရေး စသည်တို့အတွက်ကား ကံကိုချည်း အားမကိုးရ၊ ဉာဏ်ဖြင့်လည်း တီထွင်ကြံဆရသကဲ့သို့ မလျော့သော လုံ့လဝီရိယတို့ဖြင့်လည်း ကြိုးစား၍ အလုပ်လုပ်ကြရပေမည်။ သို့မှသာ အဖက်ဖက်က ကြီးပွားတိုးတက်လာနိုင်ပေသည်။

မှန်ပါသည်—ဤလူ့ဘုံလောကကြီးကား ကံ၏အကျိုးသက်သက်ကို မှီခို၍ အသက်မွေးကြရသော ကမ္မဖလူပဇီဝီဘုံမျိုးမဟုတ်၊ ထကြွနိုးကြား ကြိုးစားအားထုတ်မှုဟူသော လုံ့လဝီရိယ၏ အကျိုးကို မှီခိုအားထား၍ အသက်မွေးရသော ဥဋ္ဌာနဖလူပဇီဝီဘုံမျိုး ဖြစ်သည်ကို သတိပြုရမည် ဖြစ်ပေသည်။

၁။ မ၊၃။၂၄၄။ မိလိန္ဒ။ ၆၇။ အဘိ၊၆။၃၉၆။ အဘိ၊ဋ္ဌ၊၁။၁၀၇။ အဘိ၊ ဋ္ဌ၊ ၁၊ ၇၂။

၂။ အဘိ

စာမျက်နှာ-291
မတော်တဆ အသက်ဘေးနှင့်ကြုံတွေ့ရာ၌လည်း “ကံကောင်းလျှင် ဤဘေးမှ လွတ်မြောက်မှာပဲ”ဟု ကံကိုချည်းပုံ၍ အားမကိုးရ၊ ဘေးလွတ်ရာလွတ်ကြောင်းကို ဉာဏ်ဖြင့် ကြံဆမြော်မြင်၍ လုံ့လဥဿာဟဖြင့် လွတ်မြောက်အောင် အားထုတ်ကြိုးပမ်းရပေသည်။ အလောင်းတော် မဟာဇနကမင်းသားသည် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် ၇-ရက်ပတ်လုံး မလျော့သော လုံ့လဝီရိယဖြင့် ကြိုးစားကူးခတ်ခဲ့ရာ မေခလာနတ်သမီးကယ်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်အပြင် မူလရည်မှန်းချက်အတိုင်း မင်းအဖြစ်ကိုပင် ရရှိခဲ့လေသည်။

အလောင်းတော်နှင့် အတူ ပါလာသော သင်္ဘောသားများကား လုံ့လမကူကြသဖြင့် ရေတွင်နစ်ကာ ငါးစာဖြစ်ကြရရှာသည်။ ဤဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် ကံကိုချည်းအားကိုး အားထားပြုခဲ့ပါမူ အခြားသင်္ဘောသားများနည်းတူ ပင်လယ်ကြောတွင် နစ်မြောသေဆုံးဖွယ်ရာ ရှိ၏၊ ဉာဏ်ဝီရိယကူမ၍သာ အသက်ဘေးမှ လွတ်မြောက်လာရခြင်း ဖြစ်ပေသည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ရခြင်းကား ကံ၏ကိစ္စသာ ဖြစ်၏။

လုံ့လကြိုးကုတ် အားထုတ်ကြရာ၌လည်း ဉာဏ်မပါသော ဝီရိယသည် အကျိုးမပြီးသည့်အပြင် အချည်းနှီးပင် ဖြစ်တတ်သေး၏။ ဉာဏ်ဝီရိယမဖက် ကံသက်သက်ကိုသာ ယုံကြည်မှုပါကား ပို၍အကျိုးမပြီး အချည်းနှီး ဖြစ်လေသည်။ အခါတစ်ပါး၌ တံငါသည်တစ်ယောက်သည် ငါးသုံးကောင်ကို ဖမ်းမိ၏။ ထိုတွင် ကံကိုယုံကြည်သည့်ငါးက “ကံကောင်းလျှင် လွတ်မှာပဲ” ဟု မလှုပ်မယှက် ငြိမ်သက်စွာပင်နေ၏။

၁။ အံ၊၁။၄၅၂။ အံ၊ဋ္ဌ၊၂။၃၃၇။

၂။ ဇာ၊ ဋ္ဌ၊ ၆။ ၃၉-၇၄။

စာမျက်နှာ-292
ဉာဏ်နှင့်မဖက် ဝီရိယသက်သက်ကိုသာ အားကိုးသော ငါးကလည်း တံငါသည်၏လက်တွင်းမှ လွတ်ကင်းရန် ရံခါရံခါ ခုန်ကြည့်သောအားဖြင့် ကြိုးပမ်းရှာ၏။ သို့သော် ထိုငါးနှစ်ကောင်လုံး နောက်ဆုံးတွင် အသတ်ခံကြရသည်။ ဉာဏ်ရှိသော ငါးတစ်ကောင်ကမူ တံငါသည်အလစ်ကိုချောင်း၍ လစ်သည်နှင့်တပြိုင်နက် တစ်ကြိမ်တည်း မြစ်တွင်းသို့ ခုန်ဆင်းလွတ်မြောက်သွားလေသည်။

ဤသို့ မူလရှိနေနှင့်သောကံကို ဉာဏ်ဝီရိယတို့ဖြင့် အထောက်အကူပြုပါမှ အကျိုးပြီးမြောက်နိုင်သည်ဟူသော ရှင်တော်ဗုဒ္ဓ၏ ညွှန်ကြားချက်ကို မပျက်မကွက် လိုက်နာသင့်ကြပေသည်။ ကံကိုယုံ၍ မီးပုံအတွင်း ခုန်ဆင်းခဲ့ပါလျှင် မီးလောင်ခံရမည်မှာ သေချာ၏။ ကျားသောင်းကျန်းနေသည့် အရပ်သို့သွား၍ ကျားကိုက်ခံရလျှင်လည်း “ကံမကောင်း၍” ဟု ကံကြမ္မာကို ရိုးစွပ်၍မရနိုင်ချေ။ ထို့ကြောင့် ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက—

“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏၊ လုံ့လမထူ၊ ဉာဏ်မကူပဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်လှတည့်၊ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့။”

၁။ မဃဒေဝလင်္ကာသစ်။ ၁၇၆၇။

စာမျက်နှာ-293

ကံယုံကြည်မှုနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ

ကံတရားကို ယုံကြည်လက်ခံထားကြသည့် ဗုဒ္ဓဘာသာ ကမ္မဝါဒီ ပုဂ္ဂိုလ်တို့သည် မြတ်ဗုဒ္ဓ၏ ကမ္မဝါဒကို တိကျပြတ်သားစွာ နားလည်သိရှိထားရန် အလွန်အရေးကြီး၏။ ဗုဒ္ဓမြတ်စွာသည် ကံနှင့်ပတ်သက်၍—

သတ္တဝါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိ၏၊ ကံကပေးသော အမွေကို ခံယူရ၏၊ ကံသာ ဆင်းရဲကြောင်း၊ ချမ်းသာကြောင်းဖြစ်၏၊ ကံသာ ဆွေမျိုးမိတ်ရင်း သူငယ်ချင်းရှိ၏၊ ကံသာ အားထား ကိုးကွယ်ရာ ရှိ၏။ ကံကသာ သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်အောင် ဝေဖန်ဖန်တီးပေးသည်ဟု လမ်းညွှန်တော်မူထားခဲ့ပါသည်။

ဤမြတ်ဗုဒ္ဓ၏ ကမ္မဝါဒ၌ ကံဆိုသည်မှာ လွန်ခဲ့သည့် ဘဝများက ပြုလုပ်ခဲ့သည့် အတိတ်ကံများနှင့် ယခုလက်ရှိဘဝ၌ ပြုလုပ်သော ပစ္စုပ္ပန်ကံ ၂-မျိုးလုံးပင် ဖြစ်ပါသည်။ ဤကံ ၂-မျိုးလုံးကို အားကိုးယုံကြည်မှသာ အယူမှန်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဖြစ်နိုင်သည်။

မှန်ပါသည်—အချို့ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် အတိတ်ကံကို အလွန်အစွဲသန်ကြသည်။ ဘာမဆို အတိတ်ကံကိုချည်း ချကြသည်။ လက်ရှိဘဝ၌ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ပညာရှိမှု၊ ပညာမဲ့မှု ဖြစ်ပျက်သမျှ အစုစုတို့သည် ရှေးဘဝကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်ကြသည်ဟု အယူရှိကြသည်။ ယင်းပုဂ္ဂိုလ်များကား ကံနှင့်ပတ်သက်ရာ၌ တစ်ဖက်စွန်းရောက်သော ပုဂ္ဂိုလ်များတည်း။ ပစ္စုပ္ပန်အကြောင်းကံကို လုံးဝပယ်ထား၍ အတိတ်ကံ အကြောင်းတရားတစ်ခုကိုသာ လက်ခံယုံကြည်သောကြောင့် ဧကပက္ခဟီနဝါဒ (ပစ္စုပ္ပန်အကြောင်းတစ်ဖက်ကို ပယ်သောအယူဝါဒ) ရှိသူများ ဖြစ်၏။

၁။ မ၊၃။၂၄၄။

စာမျက်နှာ-294
ထိုအယူဝါဒရှိသူများသည် ဒိဋ္ဌိကြီးသုံးမျိုးတွင် “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြောင်း တိကအင်္ဂုတ္တိုရ်ပါဠိတော် တိတ္ထာယတနသုတ်၌ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားပေသည်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုသည်မှာ နိဂဏ္ဍတက္ကတွန်းတို့ကဲ့သို့ ဖြစ်သမျှ ပြုသမျှ ရှေးအတိတ်ကံကြောင့်ချည်းဖြစ်သည်ဟု မှားယွင်းစွာယူမှုမျိုး ဖြစ်ပေသည်။

အကယ်၍ ပုဗ္ဗေကတဟေတုဒိဋ္ဌိကို အယူမှန်ဟု လက်ခံခဲ့လျှင် အကျိုးမဲ့မှုများ မြောက်မြားစွာ ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သူသည် ရှေးကံက တိုက်တွန်းသောကြောင့် သတ္တဝါတို့သည် အသက်ကိုသတ်ကြရ၏၊ သူ့ဥစ္စာကို ခိုးကြရ၏၊ မမြတ်သောမေထုန်အကျင့်ကို ကျင့်ကြရ၏၊ လိမ်လည်ပြောဆိုကြရ၏၊ ကုန်းတိုက်ကြရ၏၊ အကျိုးမရှိ ပေါ့ပျက်သော စကားကို ပြောဆိုကြရ၏၊ ငြူစူစောင်းမြောင်းကြရ၏၊ သူတပါးကို ညှဉ်းဆဲလိုသော စိတ်ရှိကြရ၏၊ မှားသောအယူ ယူကြရ၏—ဟု တစ်ဖက်စွန်းရောက်သော အယူကို ယူ၏။

ထိုသို့ယူဆသဖြင့် ထိုပုဗ္ဗေကတဟေတုဒိဋ္ဌိရှိသူများအဖို့ သူတော်ကောင်း ပညာရှိဖြစ်ကြောင်း သူတော်ကောင်းတို့၏ တရားကို နာကြားခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ တရားအားလျော်စွာ ကျင့်ခြင်းစသော တရားတို့သည် အကျိုးမပွား၊ အလကားတရားတို့သာ ဖြစ်ကြပေတော့၏။ အကြောင်းမှာ လူတော်သူကောင်းဖြစ်ရန်နှင့် လူမိုက်လူယုတ်မာဖြစ်ရန် အကြောင်းများသည် ရှေ့ကပြုခဲ့သော ကံအကြောင်းတရားများသာ ဖြစ်သည်၊ အခြားအကြောင်းတစ်ပါးမရှိဟု ယုံကြည်သောကြောင့် ဖြစ်ပေသည်။

ထို့ပြင် ဤပုဗ္ဗေကတဝါဒကိုသာ အမြတ်တနိုး အားကိုးယုံကြည်သော သူတို့အား အကြင်အမှုကို ငါတို့ မချွတ်ဧကန် အမှန်ပြုထိုက်၏၊ ထိုအမှုကို ငါတို့ ပြုကျင့်ကုန်အံ့ဟူ၍လည်းကောင်း၊ အကြင်အမှုကို ငါတို့ မပြုသင့် မပြုထိုက်၊ ထိုအမှုကို ငါတို့မပြုဘဲ ရှောင်ကြဉ်ကုန်အံ့ဟူ၍လည်းကောင်း စိတ်ကောင်းဆန္ဒ၊ ဝီရိယမဖြစ်နိုင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော်

စာမျက်နှာ-295
ပြုထိုက်သည်ကိုပြုခြင်း၊ မပြုထိုက်သည်ကိုမပြုဘဲ ရှောင်ကြဉ်ခြင်းများသည် ရှေးကံကြောင့်သာဖြစ်၏၊ စိတ်ကောင်းဆန္ဒ ဝီရိယတို့ကြောင့်ဖြစ်သည် မဟုတ်ဟု ယုံကြည်ထားသောကြောင့်ပင် ဖြစ်သည်။

ဤသို့ ပုဗ္ဗေကတဟေတု အယူဝါဒရှိသူတို့သည် ပစ္စုပ္ပန်ကံကို လုံးဝ ဘေးဖယ်ထားသဖြင့် မျက်မှောက်ဘဝ၌ ကောင်းသောအမှုကိစ္စများကို ဆောင်ရွက်လိုစိတ်၊ ဆောင်ရွက်မှု၊ မကောင်းသော ဒုစရိုက်မှုများကို ရှောင်ကြဉ်လိုစိတ်၊ ရှောင်ကြဉ်မှုတို့ မရှိတော့ဘဲ ဖြစ်မှုပျက်မှု ကောင်းမှု ဆိုးမှု အားလုံးအတွက် အတိတ်ကံလက်ချက်ဟု အတိတ်ကံကိုချည်း ပုံချနေရကား တစ်ဖက်အစွန်းရောက်၍ မှားသောအယူဝါဒပင် ဖြစ်ပါသည်။

အမှန်စင်စစ်သော်ကား လောက၌ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါရမှုစသော ကောင်းကျိုးဆိုးပြစ်များသည် အတိတ်ဘဝကပြုလုပ်ခဲ့သည့် အတိတ်ကံသက်သက်ကြောင့်ချည်း မဟုတ်ချေ။ မျက်မှောက်ပစ္စုပ္ပန်ဘဝ၌ ဉာဏ်ဦးဆောင်သည့် ကြိုးစားအားထုတ်မှု ဝီရိယကြောင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ကံသည်လည်း အရေးပါသော အကြောင်းတရားတစ်ခု ဖြစ်ပါသည်။ ရှေးဘဝကအတိတ်ကံ ပါလာသော်လည်း ထိုအတိတ်ကံသည် လက်ရှိဘဝ၌ ဉာဏ်ရှေ့ဆောင်၍ ကြိုးစားအားထုတ်သည့် ပစ္စုပ္ပန်ကံ၏ အကူအညီကိုမရပါက ထိုက်သင့်သလောက် အကျိုးတရား မဖြစ်ပွားနိုင်ချေ။

ပစ္စုပ္ပန်ကံ၏ အကူအညီကိုမရဘဲ အတိတ်ကံသက်သက်ကြောင့် ဖြစ်ပေါ်ရသော အကျိုးတရားများကား ရှိပါသည်။ ထိုအတိတ်ကံသက်သက်ကြောင့် ဖြစ်ရသည့် အကျိုးတရားများမှာ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ ပဋိသန္ဓေလေးမျိုးတွင် တစ်မျိုးမျိုးဖြင့် ပဋိသန္ဓေနေကာ အပါယ်ဘုံသားနှင့် လူ၊ နတ်၊ ဗြဟ္မာများ ဖြစ်လာရခြင်းသည် လည်းကောင်း၊ လူ၊ နတ်၊ ဗြဟ္မာ ဖြစ်ရာ၌လည်း မြင့်မြတ်သောအမျိုး၌ ဖြစ်ခြင်း၊ ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းများသည်လည်းကောင်း၊ ပဋိသန္ဓေတည်နေချိန်မှစ၍ မျက်စိ၊ နား၊ နှာခေါင်းစသည်တို့၏ ပြည့်စုံမှု ချွတ်ယွင်းမှုတို့သည်လည်းကောင်း၊ ပဋိသန္ဓေပညာ၏ ပြည့်စုံမှု ချွတ်ယွင်းမှုတို့သည်လည်းကောင်း၊

စာမျက်နှာ-296
ကြွင်းသော အင်္ဂါကြီးငယ် တင့်တယ်သော ရုပ်လက္ခဏာတို့နှင့် ပြည့်စုံမှု စသည်တို့သည်လည်းကောင်း၊ အတိတ်ဘဝက ပြုလုပ်ခဲ့သော သုစရိုက်ကံ၊ ဒုစရိုက်ကံတို့ကြောင့်သာ ဖြစ်ပေါ်လာသော အကျိုးတရားများ ဖြစ်ပါသည်။

ထိုဆိုခဲ့ပြီးသော အကျိုးတရားတို့ကို ပစ္စုပ္ပန်ကံဖြင့် ဖြစ်ပေါ်အောင် မတတ်နိုင်ကုန်။ အတိတ်ကံကြောင့် ပဋိသန္ဓေတည်နေစဉ်ကပင် မျက်စိအကြည်ရုပ် မပါလာခဲ့သည့် ပဋိသန္ဓေကန်းအား ပဝတ္တိကာလတွင် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတစ်စုံတစ်ယောက်သည်လည်းကောင်း၊ တန်ခိုးရှင်ကြီးသည်လည်းကောင်း၊ ပစ္စုပ္ပန်ဉာဏ်စွမ်း၊ ဝီရိယစွမ်း၊ တန်ခိုးစွမ်းတို့ဖြင့် မျက်စိအကြည်ရုပ်ကို ဖြစ်ပေါ်လာအောင် မတတ်နိုင်ပါချေ။

သို့ရာတွင် လက်ရှိဘဝ၌ စီးပွားဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ ပညာတတ်မြောက်ခြင်း၊ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း စသော အကျိုးတရားများ ဖြစ်ပွားလာရခြင်းကား အတိတ်ကံချည်း သက်သက်မဟုတ်ပါချေ။ လယ်ယာထွန်ယက် စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များမွေးမြူခြင်း၊ ကုန်စည်ရောင်းဝယ် ဖောက်ကားခြင်း၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များကို သင်ကြားခြင်းစသည့် ပစ္စုပ္ပန်ကံ၏ အထောက်အကူပြုမှုကြောင့်သာ ထိုအကျိုးတရားများ ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။

ထို့အတူ လက်ရှိဘဝ၌ ပျက်စီးဆုတ်ယုတ်မှု အမျိုးမျိုးတို့ ဖြစ်ပေါ်လာရခြင်းသည်လည်း ပစ္စုပ္ပန်ကံ၏ အကူအညီရသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။ ဤသို့ “ကံ” ဟူသော အရာ၌ အတိတ်ကံတစ်မျိုးတည်းကိုသာ မယူဘဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူခြင်းသည်သာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ကမ္မဝါဒဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ ကမ္မဝါဒီတို့သည် လက်ရှိဘဝ၌ အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောကံကို အားကိုးယုံကြည်မှသာ မဇ္ဈိမပဋိပဒါလမ်းဖြောင့် လမ်းမှန်သို့ရောက်၍ သမ္မာဒိဋ္ဌိအယူရှိသော ဗုဒ္ဓဘာသာလူမျိုးအစစ် ဖြစ်နိုင်ကြပေမည်။

စာမျက်နှာ-297
ထိုသို့မဟုတ်ဘဲ ဖြစ်သမျှ ပြုသမျှမှာ ရှေးဘဝကကံကြောင့်သာဟု ယူဆခဲ့ပါလျှင် နိဂဏ္ဍတက္ကတွန်းတို့ယူသော ပုဗ္ဗေကတဟေတုဒိဋ္ဌိသို့ ဝင်ရောက်သွားမည်ကို သတိပြုစရာ ကောင်းလှပေသည်။ အတိတ်က ပြုခဲ့သောကံမှာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အတိတ်ကံအတွက် ဆောင်ရွက်ဖွယ် စိုးစဉ်းမျှ မရှိတော့ပြီဖြစ်၍ အတိတ်ကံကို ပဓာနမပြု၊ လျှစ်လျူရှုထား၍ ယခုဘဝ၌ ပြုသင့်ပြုထိုက်သော ဝီရိယကိုသာ ဉာဏ်နှင့်ယှဉ်၍ ပစ္စုပ္ပန်ကံကောင်းရန်အတွက် ကြိုးစားအားထုတ်သင့်ကြပေသည်။

စေတနာပါ မပါသာ ပဓာန

လောက၌ တစ်စုံတစ်ခုသော ကိုယ်မှု နှုတ်မှု တို့ကို ပြုလုပ်ပြောဆိုရာတွင် စေတနာ ပါမှု မပါမှုသာ လိုရင်းပဓာနဖြစ်ပေသည်။ ထင်ရှားစေဦးအံ့။ မျက်စိနှစ်ကွင်း အလင်းမရရှာသော စက္ခုပါလခေါ် ရဟန္တာမထေရ်မြတ်သည် မိုးရွာပြီးစ နံနက်စောစောထ၍ စင်္ကြံကြွတော်မူရာ ပိုးကောင်များစွာကို နင်းမိသဖြင့် ပိုးကောင်အမြောက်အများ သေကြေပျက်စီးကြရ၏၊ သို့သော် ထိုမထေရ်မြတ်အား သေစေလိုသော စေတနာမရှိသဖြင့် ပါဏာတိပါတမဖြစ်ပေ။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက သောတာပန်အရိယာဖြစ်သူ အမျိုးသမီးတစ်ဦးသည် မုဆိုးကြီးတစ်ယောက်နှင့် သင့်မြတ်ကာ အတူနေထိုင်ကြသည်။ ထိုအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ မုဆိုးကြီး စေခိုင်းသမျှ လေး၊ မြား၊ လှံ၊ ပိုက်ကွန်စသည်တို့ကို ယူဆောင်ပေးရသည်။ ဇနီးသည် ယူဆောင်ပေးသောလေး၊ မြား စသည်ဖြင့် တောသတ္တဝါတို့၏ အသက်ကိုသတ်ဖြတ်သည်။ သို့ရာတွင် ဇနီးဖြစ်သူမှာ သတ္တဝါတို့ကို သတ်ဖြတ်ပါစေဟူသောရည်ရွယ်ချက်ဖြင့် လေး၊ မြားစသည်တို့ကို ယူဆောင်ပေးသည်မဟုတ်၊ သောတာပန် အရိယာဖြစ်၍ သတ္တဝါတို့အား သေစေလိုသော စေတနာလည်းမရှိ၊ ခင်ပွန်းသည်၏ စကားကို လိုက်နာသောအားဖြင့်သာ ယူဆောင်ပေးရခြင်း ဖြစ်သည်။

၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၁၃။

စာမျက်နှာ-298
ထို့ကြောင့် သေစေလိုသည့် စေတနာကင်းသော ဇနီးသည်မှာ ပါဏာတိပါတကံမဖြစ်ပေ။ ဥပမာ လက်၌အနာမရှိက အဆိပ်ကိုကိုင်သော်လည်း အဆိပ်မသင့်သကဲ့သို့ ဖြစ်သည်။

ထို့အတူ မုဆိုး၏စေခိုင်းမှုကြောင့် တွန်သံပေးကြရသော တယ်ခါ၊ တယ်ကြက်စသည်တို့မှာလည်း သေစေလိုသော စေတနာမရှိသောကြောင့် ပါဏာတိပါတ မဖြစ်ပေ။

မိခင်၏စကားကို နားမထောင်ဘဲ တောသို့ ထွက်ခွာသွားသော သားငယ်ကို “ကျွဲမကြီးခတ်၍ သေပါစေ” ဟု ကြိမ်ဆဲသော မိခင်၏စကားသည်လည်းကောင်း၊ အကျိုးလိုလားမှုဖြင့် တပည့် သားသမီးများကို ကြမ်းတမ်းစွာ ငေါက်ငမ်းဆဲဆို ကြိမ်းမောင်းကြသော ဆရာမိဘတို့၏ စကားသည်လည်းကောင်း၊ နှုတ်ထွက်ပင် ကြမ်းတမ်းသော်လည်း စိတ်စေတနာ မပါရှိသောကြောင့် (ဝါ) စိတ်စေတနာ နူးညံ့သောကြောင့် ဖရုသဝါစာမဖြစ်ဟု ကျမ်းဂန်များ၌ ပြဆိုထားပေသည်။ သို့ရာတွင် “ဤသူကို ချမ်းသာစွာအိပ်ပါစေ” ဟု ပြုံးရွှင်စွာသတ်မိန့်ချသော တရားသူကြီး၏စကားသည် နှုတ်ထွက်ပင် နူးညံ့သိမ်မွေ့စေကာမူ စိတ်စေတနာ ကြမ်းတမ်းသောကြောင့် (ဝါ) သေစေလိုသော စိတ်စေတနာပါရှိသောကြောင့် ဖရုသဝါစာဖြစ်ပေသည်။

ကြမ်းတမ်းစွာပြောဆိုလေ့ရှိသော ပိလိန္ဒဝစ္ဆ ရဟန္တာအရှင်မြတ်သည် သူတစ်ပါးကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုလေ့ရှိသော ပုဏ္ဏားမျိုး၌ ဘဝငါးရာပတ်လုံး အဆက်ဆက် ဖြစ်ခဲ့ဖူးသောကြောင့် တွေ့မြင်သူတိုင်းကို သူယုတ်-သူယုတ် (ဝသလ-ဝသလ) ဟု ပြောဆိုလေ့ရှိသည်။ ထိုအကြောင်းကို ဘုရားရှင်ထံ လျှောက်ထားကြရာ “အရိယာပုဂ္ဂိုလ်တို့ မည်သည်မှာ စေတနာအထူးမရှိဘဲ ဝါသနာအလျောက် ပြောဆိုခြင်းသာဖြစ်သည်” ဟု ဟောတော်မူ၏။

၁။ ဓမ္မပဒ၊ဋ္ဌ၊၂၊ ၁၈။

၂။ ဇာ၊ဋ္ဌ၊၃၊၅၉-၆၁။

၃။ အဘိ၊ဋ္ဌ၊၁၊၁၃။ ဒီ၊ဋ္ဌ၊၁၊၇၃-၇၄။ မ၊ဋ္ဌ၊၁၊၂၀၄။ သံ၊ဋ္ဌ၊၁၊၁၃၆။

စာမျက်နှာ-299
သူတပါးကို ထိပါးပုတ်ခတ် ကဲရဲ့ရှုတ်ချလိုသောစိတ် စေတနာတို့ဖြင့် ရုန့်ရင်းကြမ်းတမ်းသောစကားကို မပြောဆိုကြ၊ အရိယာပုဂ္ဂိုလ်တို့အား ယုတ်မာကြမ်းတမ်းသော စေတနာမည်သည် မရှိ၊ ပိလိန္ဒဝစ္ဆမထေရ်သည် ဘဝအဆက်ဆက်က ပါလာခဲ့သော ဂေါတြအလျှောက် ပြောဆိုခြင်းဖြစ်သည်၊ သို့ဖြစ်၍ ဖရုသဝါစာမဖြစ်”ဟု ဘုရားရှင်မိန့်တော်မူသည်။

အိပ်မက် စေတနာ

အိပ်မက်ထဲတွင် ဘုရားဖူးရသည်၊ တရားနာရသည်၊ မိဘလင်သားတို့အား လုပ်ကျွေးပြုစုရသည်၊ သူ့အသက်သတ်ရသည်၊ သူ့ဥစ္စာခိုးရသည် စသည်ဖြင့် မြင်မက်သောသူ၏ ကုသိုလ်အိပ်မက်စေတနာ၊ အကုသိုလ်အိပ်မက်စေတနာတို့သည် အာရုံထင်လာမှ အားနည်းသောကြောင့် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်။ တပါးသော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့၏ ထောက်ပံ့ကူညီမှုကို ရပါမူ ပဝတ္တိကျိုးကိုကား ပေးစွမ်းနိုင်ပေသည်။

မိဘနှစ်ပါးတို့က သားသမီးများအား လုပ်ကျွေးပြုစုသော စေတနာနှင့် ခင်ပွန်းသည် ယောက်ျားတို့က ဇနီးမယားတို့အား လုပ်ကျွေးပြုစုသော စေတနာတို့သည် ကုသိုလ်စေတနာများဖြစ်၍ ကောင်းကျိုးပေးနိုင်သည်။ ထိုစေတနာကို မဆိုထားဘိ ထိုသူတို့အချင်းချင်း ချစ်ခင်ကြသော မေတ္တာပါသည့် စေတနာသည်ပင် တဆင့်ထက်တဆင့် ရင့်စေ၍ စကြဝတေးမင်းအဖြစ်တိုင်အောင် အကျိုးပေးနိုင်ကြောင်းကို မာတုဂုဏသုတ်၌--

“သင်တို့သည် သားသမီးတို့ကို ချစ်ခင်ကြကုန်၏၊ ခင်ပွန်းသည် လင်ယောကျ်ားတို့အား ကြင်ယာသက်ထား ဇနီးမယားတို့က ချစ်ခင်ကြ၏၊ လင်ယောကျ်ားကလည်း ဇနီးမယားတို့အား ချစ်ခင်ကြ၏၊ မေတ္တာ၏အစွမ်းအားဖြင့် ထိုချစ်ခင်ကြခြင်းသည် စကြဝတေးမင်း၏ အဖြစ်ကိုပြုတတ်၏” ဟူ၍ ဟောတော်မူသည်။

၁။ အံ၊ဋ္ဌ၊၁၊၂၁၆။ ဓမ္မပဒ၊ဋ္ဌ၊၂၊၄၁၉-၄၂ဝ။

၂။ အဘိ၊ဋ္ဌ၊၂၊ ၃၉၁။ အံ၊ဋ္ဌ၊၃၊၇၂။ ဝိ၊ဋ္ဌ၊၂၊၁၀၉။

စာမျက်နှာ-300
သားမယားတို့အား ချစ်ခင်ခြင်းသည် တဏှာအားဖြင့် ချစ်ခြင်း၊ မေတ္တာအားဖြင့် ချစ်ခြင်းဟူ၍ နှစ်မျိုးရှိသည်၊ ထိုနှစ်မျိုးတို့တွင် “ငါ့အား ခြေဆုပ်လက်နယ်ပြုခြင်း၊ ယပ်ခပ်ခြင်း၊ ကျွေးမွေးခြင်း၊ နာရေးဖျားတာပြုစုခြင်း၊ ကောင်းမှုပြုရာ ညီညာခြင်း၊ ဥစ္စာကို ထိန်းသိမ်းခြင်း စသော အမှုကိုပြုပေသည်”ဟု ဂုဏ်ကျေးဇူးကို အောင့်မေ့၍ ချစ်ခြင်းသည် မေတ္တာအားဖြင့် ချစ်ခြင်းမည်၏။ ထိုမေတ္တာသည် မဟာကုသိုလ်ပင်ဖြစ်ရကား မြတ်သောအကျိုးကို ပေး၏ဟု မနောရထပူရဏီ ကျမ်း၌ရေးသား ဆုံးဖြတ်ထားပေသည်။

ကံတူအကျိုးပေးပုံ

ဇာတ်တော်များ၌ ကံတူအကျိုးပေးပုံမှာ များစွာပါရှိပေသည်၊ ရှေးရှေးက စိတ်တူကံတူ ပြုခဲ့သော ကံတို့သည် နောင်အခါ၌လည်း အတူအကျိုးပေးတတ်ကြ၏။ ဒါနအတူပြုခြင်း၊ သီလအတူဆောက်တည်ခြင်း၊ အတူပြုခွင့်မရသည့် အခါ၌လည်း တယောက်ပြုနေသည်ကို တယောက်က သဘောကျခြင်း၊ အိမ်ရှင်လင်ယောကျ်ား ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ဝမ်းမြောက်ခြင်း စသော ကုသိုလ်များကို “ကံတူ”ဟု ဆိုလိုပေသည်။

ထိုကဲ့သို့ ကံတူပြုရာ၌ ပညာရှိ သူတော်ကောင်းချင်းဖြစ်လျှင် တယောက်စကား တယောက်နားထောင်ကာ မခွဲမခွာနေလိုသော သမ္မာဆန္ဒဖြင့် တယောက်နှင့်တယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေးအဖို့ နောက်အဖို့မှာ မကင်းပဲရှိတတ်၏။ ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ၊ တဏှာဆန္ဒ အလိုကျအောင် ထိုသူနှစ်ယောက်တို့ အတူတွေ့ဆုံရတတ်၊ အတူအကျိုးခံစားရတတ်ပေသည်။ ဤအရာမျိုးကို “ကံတူအကျိုးပေး”ဟု ခေါ်သည်။

ထိုကဲ့သို့ တယောက်နှင့်တယောက် ညှာမှုဆန္ဒပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဖက် အဖြစ်ဖြင့် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ

၁။ မနောရထပူရဏီကျမ်း၊ ၁၅၇။

စာမျက်နှာ-301
မိဖုရား၊ ရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာတို့အပြင် မကင်းရာမကင်းကြောင်းဖြစ်၍ ပါလာကြသော ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ မိထွေးတော် ဂေါတမီ၊ သုဒ္ဓေါဒနမဟာရာဇာတို့၏ ဝတ္ထုကြောင်းများဖြင့် ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။

အကုသိုလ်ကံအရာမှာလည်း စိတ်တူသဘောတူပြုလျှင် ကံတူအကျိုးပေးပင်ဖြစ်၏။ ရှေးအခါက ဇနီးမောင်နှံနှစ်ဦးတို့သည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တခုသို့ ရောက်သွားသည်။ ထိုကျွန်း၌ အစာမရကြသဖြင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရားလက်ထက်၌ ဥတေနမင်း၏သားတော် ဗောဓိမင်းသားနှင့် မိဖုရားဖြစ်လာကြသည်။ ရှေးက ငှက်ကလေးများကို သတ်စားမိခဲ့သောကြောင့် သားသမီးမရပဲ ရှိလေသည်။

ငှက်ငယ်ကလေးများကို သတ်စားစဉ်က မိန်းမက သဘောမတူခဲ့လျှင် မိန်းမအတွက် သားသမီးရထိုက်၏။ ယောက်ျားက သဘောမကျလျှင်လည်း ယောက်ျားအတွက် သားသမီးရထိုက်၏။ ထိုဇနီးမောင်နှံနှစ်ယောက်တို့မှာမူ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် လုံးဝ သားသမီးမရနိုင်ပဲ ရှိလေသည်။ ဤသို့စသည်ဖြင့် စိတ်တူကိုယ်တူပြုခဲ့သော အကုသိုလ်ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တယောက်က အကုသိုလ်မှုကိုပြုသည့်အခါ တယောက်က သဘောမကျဘဲ တားမြစ်ရန် သတိပြုသင့်ကြပေသည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်၌-

“အကုသိုလ်နှင့် ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှတ်ယူမှန်စွာ၊ မရရာဘူး”

ဟု ညွှန်ကြားထားခြင်းဖြစ်ပေသည်။

၁။ မဃဒေဝလင်္ကာသစ်၊ ၂၃၇ အပိုဒ် (၂ဝ၉)

စာမျက်နှာ-302

တယောက်ကုသိုလ်ကံကြောင့် အများစံရပုံ

လောက၌ ဆရာတပည့်တစုံ၊ မိသားတစု၊ ဆွေမျိုးတစု စသည်ဖြင့် အစုအဖွဲ့များရှိလေရာ တယောက်ယောက်၏ ကုသိုလ်ကံအကျိုးကို အစုအဖွဲ့ပါဝင်သူများလည်း ထိုက်တန်သလောက် ခံစားကြရ၏။ သီဟိုဠ်ကျွန်း ဘာတိကမင်းလက်ထက်၌ နွားသားစားသူများကို ဖမ်းဆီး၍ ဒဏ်တပ်လေရာ ဒဏ်ငွေမဆောင်နိုင်ကြသဖြင့် နန်းတော်တွင်း၌ အမှိုက်သုတ်သင်သူများအဖြစ် စေခိုင်းထားလေသည်။

သူတို့အထဲတွင် အဆင်းလှသူကလေးတယောက်ကို ရှင်ဘုရင်မြင်၍ ထိုသူကလေးကို နန်းတွင်းတွင် “သာမာဒေဝီ”ဟူသော ဘွဲ့အမည်ဖြင့် နန်းတွင်းသူအဖြစ် ချီးမြှောက်လိုက်၏။ သူကလေး၏ ဆွေမျိုးများကိုလည်း အပြစ်မှ လွတ်စေပြီးလျှင် ချမ်းသာစွာ အသက်မွေးနိုင်လောက်အောင် ချီးမြှောက်မစလေသည်။ ဤကား တယောက်ကုသိုလ်ကြောင့် ဆွေမျိုးများ၌ အကျိုးရပုံ ဖြစ်သည်။

မြန်မာဘုရင်များ လက်ထက်၌လည်း ပထမကျော် အောင်မြင်ခဲ့လျှင် ထိုပထမကျော် အောင်မြင်သူ၏ မိဘများအပြင် မွေးချင်းပေါက်ဖော် နီးစပ်ရာ ဆွေမျိုး ၁၅-ဦးအထိ ဈေး၊ ပွဲ၊ ကင်း၊ ကူးတို့စသည့် အခွန်တော်များ၊ သဿမေဓအခွန်တော်များနှင့် မင်းတိုင်း ၁၂-မှုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်များ ရကြခြင်းသည်လည်း တယောက်ကံကြောင့် အများအကျိုးခံစားရပုံဖြစ်သည်။ ထို့ပြင် နန္ဒမင်းသား၏ ကုသိုလ်အကျိုးဆက်ကြောင့် ပဒေသာပင်ပေါက်၍ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းသာကြရခြင်းသည်လည်း တယောက်ကံကြောင့် အများခံစားရပုံဖြစ်ပါသည်။

ဘုန်းကံပါရမီ ကြီးမားသောပုဂ္ဂိုလ်ကောင်း တဦးတယောက်ပေါ်ပေါက် ဖြစ်ထွန်းလာသည်ရှိသော် “တယောက်ကောင်း၊ အပေါင်းချမ်းသာ” ဆိုသကဲ့သို့ လူများစွာတို့ အကျိုးစီးပွား ဖြစ်ထွန်းကြ၏။ ချမ်းသာသုခ ရရှိကြပေသည်။ ကုသိုလ်ကံကြီးလျှင် ကြီးသည့်အလျောက် များစွာသောသူတို့ ခိုကိုးကြရ၏။ ဥပမာ-သဌေးကြီးတယောက် ဖြစ်ထွန်းလျှင် ထိုသဌေးကိုမှီ၍ အသက်မွေးကြကုန်သော သူတို့မှာ ချမ်းသာကြီးပွားကြကုန်၏။

စာမျက်နှာ-303
မင်းကောင်းတပါး ပေါ်ထွန်းလာသည်ရှိသော် ထိုမင်း၏ တိုင်းနိုင်ငံမှာ ချမ်းသာကြီးပွားကြကုန်၏။ စကြဝတေးမင်းကြီး ပေါ်ပေါက်လာသောအခါ ကျွန်းငယ်များစွာတို့နှင့်တကွ လေးကျွန်းလုံး၌ နေကြကုန်သောသူတို့မှာ ချမ်းသာကြီးပွားကြကုန်၏။ သုံးလောကထုတ်တင် သဗ္ဗညုဘုရားရှင် ပွင့်ပေါ်တော်မူလာသောအခါ၌မူ ဇာတိ၊ အာဏာ၊ ဝိသယာဟူသော လောကဓာတ် ၃-ပါး၌ နေထိုင်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့မှာ နိဗ္ဗာန်တိုင်အောင်သော အကျိုးကိုရ၍ ချမ်းသာကြီးပွားကြရပေကုန်၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက-

“ရဟန်းတို့-လောက၌ တဦးတယောက်သော ပုဂ္ဂိုလ် ထွန်းလင်း ပေါ်ပေါက်လာခဲ့သော်၊ လူအပေါင်း၏ အကျိုးစီးပွား ဖြစ်ခြင်းငှာ လူအပေါင်း၏ ချမ်းသာခြင်းငှာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်” ဟု ဟောတော်မူခြင်းဖြစ်သည်။ ထို့အတူ မျက်မှောက်ခေတ်၌လည်း ဆွေမျိုးအုပ်စုတွင် ကံထူးချွန်သူ တစုံတယောက် ထွန်းကား ပေါ်ပေါက်လာပါက ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသင်္ဂဟများ၊ အခြံအရံများ အားလုံး ကောင်းကျိုးခံစားရပုံကို လေ့လာ တွေ့ရှိနိုင်ပါသည်။

တယောက် အကုသိုလ်ကံကြောင့် အများခံရပုံ

ကုသိုလ်ကံသည် အခြားဆွေမျိုး မိတ်သင်္ဂဟတို့၏ ကုသိုလ်ကံအား အကျိုးပေးရန် အထောက်အကူပြုနိုင်သကဲ့သို့ အကုသိုလ်ကံကြီးသူ၏ အကုသိုလ်ကံသည်လည်း အခြားပုဂ္ဂိုလ်များ၏ အကုသိုလ်ကံအား အကျိုးပေးရန် အထောက်အကူ ပြုနိုင်ပေသည်။ ထင်ရှားစေဦးအံ့-ကဿပဘုရားရှင် လက်ထက်တော်၌ သူကြွယ်တယောက်၏ ကျောင်းဘုန်းကြီးတပါးသည် သီလရှိ၏၊ အနေအထိုင်ကောင်း၏၊ သို့သော် ကျောင်းဒကာသူကြွယ် ခဏခေတ္တလာရောက်ပို့ထားသည့် အာဂန္တုရဟန္တာအား ကျောင်းဒကာ ကြည်ညိုသည်ကို သည်းမခံနိုင်ပဲ ကုလမစ္ဆရိယ အကုသိုလ်တရား ဖြစ်ပွားလျက် ရှိလေသည်။ ထို့ကြောင့် သူကြွယ်အိမ်သို့ နံနက်ဆွမ်းစားသွားခါနီး၌ အာဂန္တုကိုယ်တော်မနိုးအောင် ခေါင်းလောင်းကို လက်သဲဖြင့် ထိုး၍ ကြွသွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တုကိုယ်တော်အကြောင်း မေးသည့်အခါ-

“ဒကာကြီးရဲ့ကိုယ်တော်ဟာ အင်မတန် အအိပ်ကြီးတယ်၊ မနေ့က ဒကာကြီးရဲ့အိမ်မှာ အစားကောင်း အသောက်ကောင်းများ စားသောက်ပြီး နင်းကန် အိပ်နေတယ်၊ ခေါင်းလောင်း ထိုးတာတောင် မနိုးလို့ ထားခဲ့တယ်-” ဟု ပြောလေသတဲ့။

၁။ အံ၊၁။၂၁။

၂။ ဇာတကအဋ္ဌကထာ၊ ၂၅၁။ ဓမ္မပဒအဋ္ဌကထာ ပ၊ ၂၉၇။

စာမျက်နှာ-304
ကျောင်းဒကာမှာ လိမ္မာပါးနပ်သူဖြစ်၍ သူ့ဘုန်းကြီး၏ စိတ်ထားကို ရိပ်စားမိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် “ဤခဲဖွယ်ဘောဇဉ်များကို အာဂန္တုကိုယ်တော်အား လှူပါ”ဟု သပိတ်ထဲ၌ ထည့်ပေးလိုက်၏။ ကျောင်းဘုန်းကြီးက မကျေနပ်၊ “သည်လို ဆွမ်းကောင်းတွေ စားနေရလျှင် ဒီကိုယ်တော် ငါ့ကျောင်းက ဆွဲချတောင်သွားတော့မှာ မဟုတ်ဘူး”ဟု ကျောင်း၌ ဆက်လက်နေထိုင်မည်ကို ဝန်တိုသော အာဝါသမစ္ဆရိယ၊ မိမိထက်သာသည်ကို မနာလိုသော ဣဿာတို့ကြောင့် ကျောင်းဒကာလှူဒါန်းလိုက်သည့် ဆွမ်းများကို လမ်းမှာ သွန်ပစ်လိုက်လေသည်။

အာဂန္တုရဟန္တာ အရှင်မြတ်သည် ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီးဖြစ်လေသည်။ ကျောင်းဘုန်းကြီးသည် ကျောင်းသို့ရောက်၍ ရှာဖွေရာ အာဂန္တုကိုယ်တော်ကို မတွေ့သည့်အခါ “ဒီကိုယ်တော်ဟာ ဧကန်ရဟန္တာဖြစ်မှာပဲ၊ ငါ့စိတ်သဘောကို သိတဲ့အတွက် တပါးအရပ်သို့ ကြွသွားတာဖြစ်မယ်၊ ငါဟာ ဝမ်းရေးကြောင့် ရဟန်းတို့နဲ့ မသင့်မလျှော်တဲ့အမှုကို ပြုမိလေပြီ”ဟု ကြီးစွာသော စိတ်နှလုံး မချမ်းမသာခြင်းဖြစ်လေသည်။ ထိုဘုန်းကြီးမှာ မကြာမီစုတေ၍ ငရဲသို့ ရောက်ရလေသည်။

စာမျက်နှာ-305
ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘဝ-၅ဝဝ၊ ခွေးဘဝ ၅ဝဝ-တို့၌ အစာဝအောင် မစားရသည်သာ များလေ၏။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ကျင်လည်ခဲ့ရာ ကျွန်ုပ်တို့ဘုရားရှင် လက်ထက်တော်၌ အိမ်ခြေတထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ဝမ်း၌ ပဋိသန္ဓေနေရလေသည်။ ထိုသူ ပဋိသန္ဓေနေသည့် နေ့မှစ၍ တံငါရွာကြီးတရွာလုံး ငါးရှာမရရုံသာမက မီး ၇-ကြိမ်လောင်၍ မင်းဒဏ် ၇-ကြိမ်ခံရသည်။ တရွာလုံး ခဏချက်ချင်းဆိုသလို ဆုတ်ယုတ်လျော့ပါး ဆင်းရဲသွားကြ၏။

ထိုအခါ စဉ်းစားဉာဏ်ရှိသူ လူကြီးများက “ငါတို့ရွာထဲမှာ ကံဆိုးသူ ရှိလိမ့်မယ်၊ ရွာကို တဝက်စီခွဲကြစို့”ဟု တိုင်ပင်ပြီး တဝက်စီခွဲကြသည်။ ထိုအခါ ထိုကိုယ်ဝန်ပါသောဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သဖြင့် ထပ်၍ထပ်၍ ခွဲကြရာ နောက်ဆုံး၌ ထိုကိုယ်ဝန်ရှိသော မိဘတို့တအိမ်သာ သီးခြားဖြစ်နေလေသည်။ ထို့နောက် မိခင်မှာ ဆင်းရဲစွာ ဖွားမြင်ပြီး သူငယ်ကလေး သွားလာနိုင်သည့်အခါ ခွက်ကလေးကို ကလေးလက်၌အပ်၍ မိခင်ခမြာ ထွက်ပြေးရှာလေတော့သည်။ ကလေးငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်းစားသောက်၍ ဆင်းရဲငြိုငြင်စွာ အသက်မွေးရရှာ၏။

ဤသို့ဖြင့် ၇-နှစ်သားအရွယ် ရောက်လာ၍ တနေ့တွင် အိမ်တအိမ်၏ တံခါးဝ၊ ထမင်းအိုးဆေး စွန့်သွန်ရာဌာနတွင် ကျီးငှက်ပမာ ထမင်းလုံးတလုံးစီ ရှာဖွေကောက်ယူစားနေစဉ် သာဝတ္ထိပြည်ထဲ ဆွမ်းခံကြွလာသည့် တရားစစ်သူကြီး အရှင်သာရိပုတ္တရာမထေရ်ကြီး မြင်သွားလေသည်။ ထိုအခါ ရှင်သာရိပုတ္တရာမထေရ်ကြီးသည် အလွန်သနားတော်မူသဖြင့် ကျောင်းတော်သို့ ခေါ်သွားကာ ကိုယ်တိုင် ခဲဖွယ်ဘောဇဉ်များ ကျွေးမွေး၍ ကိုယ်တိုင်ပင် ရေချိုးပေးပြီး ရှင်ပြုပေးလိုက်လေသည်။ ထို့နောက်

စာမျက်နှာ-306
အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံပေးရာ လောသကတိဿရဟန်းဟု အမည်တွင်၏။ ရဟန်းဘဝတွင် ဝိပဿနာတရားကို ပွားများအားထုတ်ရာ ရှေးရဟန်းဘဝတုန်းက သီလရှိသော ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ရဟန္တာဖြစ်သွားလေသည်။ ထိုသို့ ရဟန္တာဖြစ်သွားသော်လည်း ဘုန်းကံနည်းပါး လာဘ်လာဘ ရှားပါးလှပေသည်။ အသဒိသ အလှူကြီးပေးလှူသော်လည်း ထိုရဟန်းမှာ ဆွမ်းဝအောင် မဘုဉ်းပေးရရှာပေ။ အသက်ရှင်ရုံမျှသာ စားသောက်ရ၏။ ထိုရဟန်း၏ သပိတ်ထဲသို့ ယာဂုတဇွန်းမျှ ထည့်လိုက်ရုံဖြင့် သပိတ်ပြည့်သွားပြီဟု အလှူရှင်တို့စိတ်တွင် ထင်သွား၏။ တခါတရံ ထိုရဟန်း၏သပိတ်ထဲသို့ ယာဂုခဲဖွယ်စသည်တို့ကို လှူဒါန်းမည်ပြုသည့်အခါ အလှူရှင်တို့၏ ခွက်ထဲ၌ ယာဂုစသည်တို့ ပျောက်နေတတ်ပေသည်။

ထိုရဟန်း ပရိနိဗ္ဗာန်စံမည့်နေ့၌မူ ဆရာရင်းဖြစ်သူ အရှင်သာရိပုတ္တရာမထေရ်ကြီးက “ဒီနေ့ ငါ့တပည့် ပရိနိဗ္ဗာန်စံတော့မယ်၊ ငါသည် ငါ့တပည့်အား အစားအစာဝအောင် လှူဒါန်းကျွေးမွေးသင့်ပေသည်” ဟု ကြံစည်ပြီး မိမိနှင့်အတူ ဆွမ်းခံခေါ်သွားလေသတဲ့၊ ထိုအခါ ထိုရဟန်းအတွက်ကြောင့် အရှင်သာရိပုတ္တရာကိုယ်တော်ကြီးပင် ကန်တော့ဆွမ်းမျှကိုပင် မရတော့ချေ။ ထို့ကြောင့် ထိုရဟန်းကို ပြန်လွှတ်လိုက်ပြီး ရှင်သာရိပုတ္တရာတပါးတည်း ဆွမ်းခံကြွမှ ဆွမ်းရလေတော့သည်။

အရှင်သာရိပုတ္တရာလည်း အိမ်တအိမ်တွင် ဆွမ်းဘုဉ်းပေးပြီးလျှင် အိမ်ကလူများကို ထိုရဟန်းထံသို့ ဆွမ်းပို့လွှတ်လိုက်ရာ လွှတ်လိုက်သူများမှာ သတိမေ့ပြီး လမ်းတွင်ချ၍ စားပစ်လိုက်ကြလေသည်။ ထိုအကြောင်းကို အရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်မှသိရလျှင် ကောသလမင်းထံသွား၍ စတုမဓူအလှူခံကာ ထိုရဟန်းအား ကျွေးရလေသည်။ ထိုသို့ကျွေးရာ၌လည်း သပိတ်ကိုလွှတ်ပေးလိုက်လျှင် သပိတ်ပါကွယ်မည်စိုးသောကြောင့် အရှင်သာရိပုတ္တရာကိုယ်တော်တိုင် သပိတ်ကိုကိုင်၍ ကျွေးတော်မူမှ ထိုစတုမဓူကို အဝဘုဉ်းပေး၍ ပရိနိဗ္ဗာန်စံရလေသည်။

စာမျက်နှာ-307

အာနန္ဒာသဌေး

ထို့အတူ တယောက်ကံကြောင့် အများခံရသည့် ဝတ္ထုတခုရှိသေးသည်။ ထိုဝတ္ထုမှာ- ဓမ္မပဒအဋ္ဌကထာ၊ ဗာလဝဂ်၌လာသော အာနန္ဒာသဌေးကြီး ဝတ္ထုဖြစ်သည်။ ဗုဒ္ဓရှင်တော်ဘုရား သက်တော်ထင်ရှားရှိစဉ်က သာဝတ္ထိပြည်၌ အာနန္ဒာခေါ်သော သဌေးတဦးရှိ၏။ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာ၏။ သို့သော် မပေးကမ်း မလှူဒါန်းလို၊ အလွန်နှမြောဝန်တိုသော သဘောရှိ၏။ လဝက်တိုင်း လဝက်တိုင်း ဆွေမျိုးများကို စည်းဝေးစေပြီး ပစ္စည်းဥစ္စာများကို မသုံးဖြုန်းကြရန် ဆုံးမ၏။ သားဖြစ်သူ မူလသိရီကိုမူ “ချစ်သား- ကုဋေလေးဆယ်လောက်သော ပစ္စည်းဥစ္စာကို များတယ်လို့ မယူဆနဲ့၊ ရှိရင်းပစ္စည်းဟောင်းများကို မလျော့သွားအောင် မပေးမကမ်းပဲ စုဆောင်းထားပြီး ပစ္စည်းသစ်များကိုသာ တိုးပွားအောင် ကြံဆောင်အားထုတ်ရမယ်” စသည်ဖြင့် တနေ့သုံးကြိမ် ဆုံးမလေ့ရှိသတဲ့။

ထိုအာနန္ဒာသဌေးကြီး သေဆုံးသွားသည့်အခါ မြေ၌မြှုပ်ထားသည့် ရွှေအိုးကြီးငါးလုံးကို သားဖြစ်သူ မူလသိရီအား မပြောကြားမိခဲ့ချေ။ ထိုအာနန္ဒာသဌေးကြီးသည် သာဝတ္ထိပြည်တံခါးအနီးရှိ ဒွန်းစဏ္ဍားရွာတရာက ဒွန်းစဏ္ဍားမ၏ဝမ်း၌ ပဋိသန္ဓေနေလေသည်။ ထိုကလေး ပဋိသန္ဓေနေချိန်မှစ၍ ထိုဒွန်းစဏ္ဍားရွာသားအားလုံး အလုပ်အကိုင် အဆင်မပြေကြတော့ချေ။ လုပ်သလောက် အခကြေးငွေများကို မရရှာကြ။ ထမင်းဟင်းကိုလည်း စားလောက်ရုံမျှသာရကြ၏။ ထို့ကြောင့် သူတို့အထဲ၌ “ကံဆိုးသူ” ရှိမည်ဟု တိုင်ပင်ကြပြီး ရွာကိုအထပ်ထပ် စိပ်ပိုင်းကြရာ နောက်ဆုံး ထိုအာနန္ဒာသဌေးဘဝက လာသူ၏ အမိအဖတို့သာ ကြွင်းကျန်လေတော့သည်။ ဤသို့ ထိုသူငယ်၏ကံကြောင့် ဒွန်းစဏ္ဍားတရွာလုံး မကောင်းကျိုးခံရလေသည်။

ဤဝတ္ထုများတွင် ကဿပဘုရားရှင်လက်ထက်ကပြုခဲ့သော မကောင်းမှုကံကြောင့် ထိုပုဂ္ဂိုလ်တို့သာမက ထိုပုဂ္ဂိုလ်တို့ နေထိုင်ရာ တရွာလုံး မကောင်းကျိုးခံစားရပုံ၊ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးပင် ထို

စာမျက်နှာ-308
ရဟန်းနှင့်တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရပုံတို့မှာ တယောက်၏ မကောင်းမှုကံက အခြားသက်ဆိုင်သူများကိုလည်း ကံအရှိန်ခတ်တတ်ကြောင်း ညွှန်ပြသည့် သက်သေသာဓကတို့ပေတည်း။

ဒဏ်ခံရတတ်ပုံ

အချို့ကုသိုလ်ကံများသည် ကံပြုသူက အစောင့်အရှောက် အနေအထိုင်ကောင်းလှ၍ ထိုသူကို တိုက်ရိုက်ထိခိုက်အောင် မတတ်နိုင်လျှင် ထိုသူနှင့် ဆက်နွယ်သော မိဘ၊ ဆရာ၊ သား၊ သမီး၊ ကျေးကျွန်နှင့် တပည့်၊ ဒါယကာ၊ ဒါယိကာမများကို ထိခိုက်စေတတ်၏။ ထိုကဲ့သို့ တစုံတယောက်ကို ထိခိုက်သွားလျှင် “ဒဏ်ခံသွားရှာသည်” ဟု ပြောစမှတ်ပြုကြ၏။ ထိုသို့ သက်ဆိုင်သူက ဒဏ်ခံသွားသောအခါ အကုသိုလ်ကံရှင်မှာလည်း စိတ်ဒုက္ခရောက်ရသောကြောင့် တနည်းအားဖြင့် ကံပြုသူကိုလည်း ညှဉ်းဆဲပြီးပင် ဖြစ်လေသည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်၌-

“အခံပုည၊ ရှိကြသူမှာ၊ ဇာတာမူလ၊ ဇနမ၌၊ ပါပဟ၊ စီးနင်းကျလည်း၊ ကိုယ်မှတပါး၊ ခြွေရံများနှင့်၊ ကျွဲနွားမျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာချမ်းမြေ့၊ ဘေးမတွေ့ဘူး--”

ဟု မာန်လည်ဆရာတော်ဘုရားကြီး မိန့်ဆိုတော်မူခြင်းဖြစ်သည်။

ကုသိုလ်ကံ များသူနှင့် နည်းသူ

လောကတွင် လှူဒါန်းမှု၊ သီလဆောက်တည်မှု၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းအားထုတ်မှု ဟူသော ကုသိုလ်ကောင်းမှု၌ ပျော်မွေ့သူ လူသူတော်ကောင်းများရှိသကဲ့သို့ အမြဲလို ခိုးဆိုးတိုက်ခိုက် လုယက်သတ်ဖြတ် စားသောက်နေသူ လူယုတ်မာများလည်း ရှိကြ၏။ ထိုသူနှစ်မျိုးသည် သာမန်အကုသိုလ်ကံတခုကို ကိုယ်စီကိုယ်ငှ ပြုမိကြသည့်အခါ သူတော်ကောင်း၌ ထိုအကုသိုလ်ကံမှာ အကျိုးပေးခွင့် မရတတ်ပေ။ များစွာသော ကောင်းမှုကံတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသူ

၁။ ဇနမ-ဖြစ်ပုံ။

၂။ မဃဒေဝလင်္ကာသစ်၊ ၃၈၃။

စာမျက်နှာ-309
၌မူ ထိုအကုသိုလ်ကံကို ကာကွယ်ဖို့ရန် အားကိုးလောက်သည့် ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်မျှသော အကုသိုလ်ကံသည်ပင် လွတ်လွတ်လပ်လပ် အကျိုးပေးနိုင်တော့၏။ အတန်ငယ်ထင်ရှားစေဦးအံ့ တညတွင် သဌေးသားနှင့် ဘိန်းစားတို့သည် အိမ်တအိမ်မှကြက်ကို တကောင်စီ ခိုးယူကြ၏။ ကြက်ရှင်ကသိ၍ လိုက်ရှာသည့်အခါ ကြက်တကောင်ကို သဌေးသားထံ၌ တွေ့ရ၏။ သို့ရာတွင် သဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်ပြင် ချော့ချော့မော့မော့နှင့် ကြက်ကို ပြန်တောင်းယူရ၏။ ဘိန်းစားကိုမူ ရဲဌာနတိုင်၍ ထောင်ချလိုက်သည်နှင့် တူပေသည်။

တနည်းအားဖြင့် ဆားတပိဿာကို ဧရာဝတီမြစ်ထဲ၌ချသော် ရေ၏ အရသာမပျက်သကဲ့သို့ ကုသိုလ်ကံများစွာရှိသူ၌ အကုသိုလ်ကလေးအတွက် မကောင်းကျိုးအရသာ မပေါ်ထွက်နိုင်ချေ။ ထိုဆားတပိဿာကို ရေအင်အားနည်းသည့် သောက်ရေအိုးတလုံးထဲ၌ထည့်လိုက်လျှင် သောက်ရေများ အားလုံး ပျက်သွားသကဲ့သို့ ကုသိုလ်ကံအကာအကွယ် အနည်းငယ်မျှရှိသူ၌ အထိုက်အလျောက် အကုသိုလ်ဖြစ်လျှင် ထိုရှိရင်း ကုသိုလ်ကလေးများ၏ သတ္တိပင် ပျက်ပြားတတ်လေသည်။

ဤသို့လျှင် ကာမာဝစရကုသိုလ်ကံ အကုသိုလ်ကံတို့သည် “ရေများ ရေနိုင်၊ မီးများ မီးနိုင်” ဆိုသကဲ့သို့ များရာကနိုင်သော သဘောရှိရကား များစွာသောကုသိုလ်များကို အနည်းငယ်သော အကုသိုလ်က မနှောင့်ယှက်နိုင်ပါသော်လည်း အနည်းငယ်သောကုသိုလ်ကို အနည်းငယ်သော အကုသိုလ်ကပင် အနှောင့်အယှက်ပေးနိုင်သောကြောင့် လူတိုင်းလူတိုင်း ကုသိုလ်ခံတပ်ကြီးများကို ခိုင်ခန့်စွာ ဆောက်တည်ထားသင့်ကြပေသည်။

ကုသိုလ်က အကုသိုလ်ထက် အားကြီးပုံ

ကာမကုသိုလ်တရားတို့သည် မိမိနှင့်ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို မိမိဖြစ်ဆဲ တည်ဆဲခဏ၌ အခိုက်အတန့်အားဖြင့် ပယ်ခြင်း (တဒင်္ဂပဟာနသတ္တိ)၊ မဟဂ္ဂုတ်ကုသိုလ်တို့သည် ကာမစ္ဆန္ဒစသော နီဝရဏ

စာမျက်နှာ-310
အကုသိုလ်တို့ကို ကာလရှည်ကြာအောင် ပယ်ခွာတားခြင်း (ဝိက္ခမ္ဘနပဟာနသတ္တိ)၊ မဂ်ကုသိုလ်များသည် ဆိုင်ရာအကုသိုလ်တရားတို့ကို နောက်ထပ်တဖန် ပြန်၍မဖြစ်နိုင်အောင် အပြီးတိုင် အကြွင်းမဲ့ပယ်ရှားဖျက်ဆီးခြင်း (သမုစ္ဆေဒပဟာနသတ္တိ) ဟူသော အစွမ်းသတ္တိသုံးမျိုးဖြင့် အကုသိုလ်တို့ကို ပယ်ဖျောက်နိုင်ခြင်းကြောင့် ကုသိုလ်သည် အကုသိုလ်ထက် အားကြီးကြောင်း ထင်ရှားသိသာ၏။

ကုသိုလ်သည် အဖန်တလဲလဲပွားများအပ်၊ ထုံအပ်သော အာသေဝနသတ္တိရသောကြောင့် အားကြီး၍ အကုသိုလ်မှာမူ ပွားများအပ်၊ ထုံအပ်သော အာသေဝနသတ္တိမရှိသောကြောင့် အားနည်းသည်။

ကုသိုလ်တို့၌ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ ဟူသော အား (၇) ပါး ပါဝင်ခြင်းကြောင့် အားကြီးသည်၊ အကုသိုလ်၌ကား အထက်ပါအားများမရှိ၊ အဟိရိက၊ အနောတ္တပ္ပ အား ၂-ပါးသာရှိ၍ ထိုနှစ်ပါးသည်လည်း ဆန့်ကျင်ဘက်နှင့် တွေ့သည့်အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိသောအားများမဟုတ်ဘဲ၊ အတူဖြစ်ဘက်တရားတို့ကို ခိုင်ခံ့ရုံသာ စွမ်းနိုင်သောတရားများ ဖြစ်သည်။ ထို့ကြောင့် အကုသိုလ်သည် ကုသိုလ်ထက် အားနည်းသည်ဟု မှတ်ယူနိုင်သည်။

မိလိန္ဒပဉှာ ပါဠိတော်၌လည်း မိလိန္ဒမင်းကြီးက - အကုသိုလ်သည် ချက်ချင်းလက်ငင်း ဒိဋ္ဌဓမ္မအကျိုးပေးများခြင်းကြောင့် လည်းကောင်း၊ အကျိုးပေးမြန်ခြင်းကြောင့် လည်းကောင်း၊ ကုသိုလ်ထက်အားကြီးသည် မဟုတ်လောဟု သာဓကဥပမာစုံလင်စွာဖြင့် လျှောက်ထားရာ အရှင်နာဂသေနမထေရ်က ကုသိုလ်ကသာ အကုသိုလ်ထက် အားကြီးကြောင်းကို အထောက်အထား ယုတ္တိသာဓကဥပမာတို့ဖြင့် ဖြေကြားတော်မူရာ မိလိန္ဒမင်းကြီးသည် သာဓုခေါ်၍ ကုသိုလ်၏ အားကြီးသည့်အဖြစ်ကို ဝန်ခံရလေသည်။

၁။ အလင်္ကာ၊ ဋီ၊ သစ်၊ ဟောင်း၊ ၅၁။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇-၁၊ ၂၉၅။ ဝိဘာဝိနီဋီကာ၊ ၂၂၃။

၃။ မူလဋီကာ၊ ၃၊ ၃၊ ၂၉။ အဘိဓမ္မာဝတာရဋီကာသစ်၊ ၁၊ ၁၇၆။

စာမျက်နှာ-311
အကျယ်ကို သိလိုပါမူ မိလိန္ဒပဉှာပါဠိတော် ၂၉၁ နှင့် မြန်မာပြန် (၃၀၀) တို့၌ကြည့်နိုင်ပါသည်။

ကံအကျိုးပေး ဆန်းကြယ်ပုံ

အလုံးစုံသော သတ္တဝါတို့သည် အစမထင်သော အနုမတဂ္ဂသံသရာပြင်၌ ကျင်လည်ကြရာတွင် အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးမှသည် အထက်ဆုံး ဘဝဂ်ခေါ်သည့် နေဝသညာနာသညာယတနဘုံအထိ ဘုံပေါင်း သုံးဆယ့်တစ်ဘုံအတွင်း၌ ကျင်လည်ကြရကုန်၏။ ထိုဘုံများကား သတ္တဝါများတည်းခိုရန် စရပ်ကြီးများသဖွယ် ဖြစ်ကြကုန်၏။ သတ္တဝါတို့သည် ကံအားလျော်စွာ ကျင်လည်ကြရသည်ရှိသော် နတ်အဖြစ်သို့လည်း ရောက်ကြ၏။ ဗြဟ္မာအဖြစ်သို့လည်း ရောက်ကြ၏။ ပထမဈာန်ဗြဟ္မာအဖြစ်သို့လည်း ရောက်ကြ၏။ ထိုအထက်၌ ဒုတိယဈာန်ဗြဟ္မာ၊ တတိယဈာန်ဗြဟ္မာ၊ ဝေဟပ္ဖိုလ်ဗြဟ္မာ၊ အသညသတ်ဗြဟ္မာ အဖြစ်သို့လည်း ရောက်ကုန်၏။ ထိုမှအထက် အရူပဗြဟ္မာအဖြစ်သို့လည်း ရောက်ကြ၏။ ထိုသို့ အထက်အထက်ဘုံတို့၌ ဖြစ်ကုန်သော်လည်း စိတ်မချရသေးဘဲ တဖန်အပါယ်ငရဲသို့ ကျရောက်ရပြန်ကုန်၏။

ထိုသို့ ကမ္မဝိပါကတန်ခိုးဖြင့် မြေလျှိုးမိုးပျံ ကျင်လည်ကြရပုံသည် အလွန်ဆန်းကြယ်လှသောကြောင့် ထိုကံ၏အစွမ်းကို သာမန်လူသားတို့ ကြံစည်ခြင်းငှာ ထိုက်သောအရာမဟုတ်ချေ။ ယနေ့ပင်လျှင် တန်ခိုးအာနုဘော်ကြီးသော နတ်မင်းကြီး၊ ဗြဟ္မာမင်းကြီးဖြစ်၍ ခမ်းနားစွာ ခံစားစံစားနေရ၏။ နက်ဖြန်သဘက်တွင် ခွေး၊ ဝက်၊ ကြက်၊ ငှက် တိရစ္ဆာန် ဖြစ်နိုင်၏ဟု ဆိုထိုက်၏။ ဤသို့ဖြစ်ရခြင်းမှာ ကံအကျိုးပေးအစွမ်းက မကြံစည်နိုင်လောက်အောင် ဆန်းကြယ်၍နေသောကြောင့် ထိုသို့ကျင်လည်မှု ဆန်းကြယ်ပုံကို လူသာမန်တို့ မကြံစည်နိုင်တုံ။ အပါယ်ဘုံတွင် အကျုံးဝင်သော ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံတို့၌ သတ္တဝါအမျိုးမျိုးတို့

စာမျက်နှာ-312
အထူးထူးအထွေထွေ ဖြစ်နေကြပုံကို ကြည့်ရှုဆင်ခြင်လျှင် သာ၍ပင် ကံအကျိုးပေးဆန်းကြယ်၍ ကြံနိုင်ဖွယ်ရာအကြောင်းမရှိသော အချက်တို့ ထင်ရှားကုန်၏။

ထို့ပြင် လူတိရစ္ဆာန်တို့ ကိုယ်ခန္ဓာတွင် ရှေးကံကြောင့်ဖြစ်ပွားနေကြသော ကမ္မဇရုပ်များ ရှိကြ၏။ ထိုကမ္မဇရုပ်တို့သည် ကြံစည်၍မရနိုင်လောက်အောင် ဆန်းကြယ်သော ရုပ်များဖြစ်ကြ၏။ ကမ္မဇရုပ်တို့ အကြွင်းမဲ့ချုပ်ငြိမ်းသွားသည့် ခန္ဓာကိုယ်ကြီးကို တဖန်ပြန်၍ ရှင်အောင် ကြိုးစားသူသည် ရူးသွပ်ခြင်း ဟူသော ဆုလာဘ်ကိုသာ ရရှိမည်။ အကြောင်းမှာ ထိုရုပ်တရားတို့သည် ပစ္စုပ္ပန်၌ဖြစ်သော လူတို့၏အစွမ်းနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ ရှေးအတိတ်ကံ၏ အရာသာဖြစ်သောကြောင့်ဖြစ်သည်။

ထိုမှတပါးလည်း ကံ၏အစွမ်းကြောင့် ဖြစ်ကုန်သော သတ္တဝါတို့၏ သန္တာန်၌ ရုပ်နာမ်တို့၏ တည်ထောင်ဖြစ်ပွား၍ နေပုံသည်လည်း လွန်စွာဆန်းကြယ်၏။ လူသတ္တဝါချင်း အတူတူဖြစ်လျက် အချို့မှာ အသက်ရှည်၍ အချို့မှာ အသက်တိုကြ၏။ အချို့မှာ အနာရောဂါများ၍ အချို့မှာ အနာရောဂါနည်းကြ၏။ အချို့မှာ ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်ကြ၍ အချို့မှာ အရုပ်ဆိုး အကြည့်တန်ကြ၏။ အချို့မှာ တန်ခိုးအာဏာကြီးမားကြ၍ အချို့မှာ တန်ခိုးအာဏာ ဩဇာအရှိန်အဝါ နည်းပါးကြ၏။ အချို့မှာ ပစ္စည်းဥစ္စာရွှေငွေရတနာများ ကြွယ်ဝချမ်းသာကြ၍ အချို့မှာ ထမင်းနပ်မှန်အောင် မစားရသည်အထိ ဆင်းရဲကြ၏။ အချို့မှာ အဆင့်အတန်းမြင့်သော အမျိုး၌ဖြစ်၍ အချို့မှာ အဆင့်အတန်းနိမ့်သော အမျိုး၌ ဖြစ်ကြ၏။ အချို့မှာ ပညာရှိ၍ အချို့မှာ ပညာမဲ့ကြသည်။ ဤသို့မတူ ကွဲပြားခြားနားကြပုံ၊ ပုံပန်းသဏ္ဌာန်နှင့်တကွ တည်ရာဌာနအားဖြင့် နာမ်တို့၏ ဖြစ်နေပုံတို့သည် သာမန်လူသားတို့ ကြံစည်ဆင်ခြင်၍ ရနိုင်သော အရာမဟုတ်ပေ။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်သည်။

စာမျက်နှာ-313

သူတိုသုံးဦး

ကံအကျိုးပေး ဆန်းကြယ်ပုံကို ပြဆိုဦးအံ့ - ဗုဒ္ဓရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က သာဝတ္ထိမြို့တော်၏ တံခါးအနီးတွင် ဒွါရမည်သော ရွာတရွာရှိ၏။ ထိုရွာကို မီးလောင်သည့်အခါ မီးလောင်ပြီး လေအဟုန်ဖြင့် ကောင်းကင်သို့ လွင့်တက်သွားသော မြက်ကရွတ်ခွေတခုသည် ကောင်းကင်တွင် ပျံလာသော ကျီးတကောင်၏ လည်ပင်းတွင် ဝင်စွပ်မိလေသည်။ ထိုကျီးမှာ ကျယ်လောင်စွာ အော်မြည်ကာ မြေသို့ကျ၍ သေရရှာသည်။

မဟာသမုဒ္ဒရာ၌လည်း သင်္ဘောကြီးတစင်းသည် ရွက်တိုက်စက်ခုတ်၍ သွားနေဆဲမှာပင် ရုတ်တရက် ရပ်သွား၏။ ရွက်လည်းရ စက်လည်း ကောင်းလျက် သင်္ဘောကြီးရပ်တန့်သွားသည့် အချက်ကို လေ့လာရှာဖွေကြရာ မည်သည့်ချို့ယွင်းချက်ကိုမှ မတွေ့ကြသဖြင့် “သင်္ဘောမှာ ကံဆိုးသူ ပါနေပြီ” ဟု ယူဆပြီး မဲချကြသည်။ စာရေးတံမဲသည် သင်္ဘောသူကြီးကတော်၏ လက်၌သာ သုံးကြိမ်တိုင်တိုင် ကျလေသည်။ ထိုအခါ သင်္ဘောသူကြီးသည် မိမိမိန်းမအတွက် လူအများကို မပျက်စီးကောင်းပေဟု ဆိုပြီး ထိုလှေသူကြီးကတော်၏ လည်တွင် သဲအိုးကိုချည်၍ သမုဒ္ဒရာထဲသို့ ပစ်ချလိုက်စေသည်။ ထိုအခါမှသာ သင်္ဘောကြီးသည် ရှေးနည်းအတိုင်း ဆက်လက်ပြေးသွားနိုင်လေတော့သည်။

ရဟန်းတော်တပါးသည်လည်း တောင်ခြေရင်းရှိ လိုဏ်တခု၌ သီတင်းသုံးနေထိုင်စဉ် အထက်မှ တောင်ထွတ်ကြီးတခု ပြိုကျ၍ လိုဏ်ပေါက်ဝ ပိတ်သွားလေသည်။ ခုနစ်ရက်ကြာမှ ကျောက်တုံးကြီး အလိုလိုလိမ့်သွား၍ ပွင့်လေသည်။

ထိုဆန်းကြယ်သောအဖြစ်အပျက်ကြီးသုံးခုတို့အကြောင်းကို ဇေတဝန်ကျောင်းတော်၌ ရှင်တော်မြတ်ဘုရား တရားဟောကြားတော်မူနေစဉ် လျှောက်ထားကြသည်။ ထိုအခါမှ ရှင်တော်ဘုရားသည် ထိုပုဂ္ဂိုလ်သုံးဦးတို့၏ အတိတ်အကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူသည်။

စာမျက်နှာ-314
ထိုသုံးဦးတို့တွင် ကျီးသတ္တဝါသည် ရှေးလူဖြစ်စဉ်ဘဝ၌ နွားကြမ်းတကောင်ကို ဆုံးမ၍မရသောကြောင့် နွား၏လည်တွင် ကောက်ရိုးစည်းကို ဖွဲ့ချည်လျက် မီးတိုက်ပြီးလွှတ်လိုက်၏။ နွားကြမ်းကြီးမှာ ထိုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားရလေသည်။ ထိုကံဟောင်းကြောင့် ယခု ကျီးဖြစ်သောဘဝတွင် ကောင်းကင်သွားစဉ်မှာပင် လည်တွင်မီးကွင်းစွပ်၍ သေဆုံးရခြင်းဖြစ်သည်။

လှေသူကြီးကတော်မှာလည်း ရှေးဘဝက မိန်းမတယောက်ပင် ဖြစ်၏။ ခွေးတကောင်သည် မိမိတောထဲသို့ ဝင်သည့်အခါ၌ဖြစ်စေ၊ ပြန်လာသည့်အခါ၌ ဖြစ်စေ မိမိနောက်သို့ တကောက်ကောက်လိုက်လျက်နေသည်။ တွေ့မြင်သူများက “တို့ခွေးမုဆိုး ထွက်လာပြီဟေ့” ဟု ပျက်ရယ်ပြုကြ၏။ မိမိခွေးကိုလည်း မလိုက်အောင် မည်သို့မျှမလုပ်နိုင်ချေ။ ထို့ကြောင့် ခွေး၏လည်တွင် သဲအိုးကိုဆွဲကာ ရေ၌နှစ်သတ်ဖူးခဲ့သည်။ ထိုကံဟောင်းကြောင့် သင်္ဘောသူကြီးကတော် ဖြစ်လာချိန်တွင် ယခုကဲ့သို့ သမုဒ္ဒရာထဲတွင် သဲအိုးဆွဲ၍ ပစ်ချခံရလေသည်။

လိုဏ်ပိတ်ခံရသော ရဟန်းမှာလည်း ရှေးဘဝက နွားကျောင်းသား ဖြစ်ခဲ့ရာ ဖွတ်တကောင် တွင်းထဲဝင်သည်ကို မြင်၍ သစ်ရွက်တို့ဖြင့် တွင်းကို ပိတ်ဆို့သွားခဲ့သည်။ ခုနစ်ရက်ကြာမှ ထိုနေရာသို့ရောက်၍ တွင်းကိုဖွင့်ကြည့်ရာ အစာငတ်၍ အားပြတ်ပြီးထွက်လာသည့် ဖွတ်ကို မြင်ရ၍ သနားသဖြင့် ချမ်းသာစွာလွှတ်လိုက်သည်။ ထိုကံဟောင်းကြောင့် လိုဏ်ပိတ်ခုနစ်ရက်ခံရခြင်း ဖြစ်လေသည်ဟု အတိတ်ဇာတ်ကြောင်းပြန်ကာ အောက်ပါတရားကို ဟောကြားတော်မူပါသည်။

“မကောင်းမှုကို ပြုခဲ့သောသတ္တဝါသည် ကောင်းကင်၌ပင် တည်နေသည်ဖြစ်စေ၊ သမုဒ္ဒရာအလယ်၌ပင် တည်နေသည်ဖြစ်စေ၊ တောင်ခေါင်းအတွင်း၌ပင် ဝင်အောင်းနေသည်ဖြစ်စေ၊ ထိုပြုခဲ့သည့်မကောင်းမှု

စာမျက်နှာ-315
ကံ၏အကျိုးမှ မလွတ်မြောက်နိုင်ချေ။ ဤဩကာသလောကတွင် မကောင်းမှုကံ၏ အကျိုးပေးမှုမှ လွတ်မြောက်နိုင်သည့် အရပ်ဆိုသည်မှာ လုံးဝမရှိပါချေ။”

သေမင်းမရောက် သက်မပျောက်သူနှစ်ဦး

ကံအကျိုးပေး ဆန်းကြယ်ပုံကို မျက်မှောက်ခေတ်အဖြစ်အပျက်များဖြင့် ဆက်လက်တင်ပြပါဦးမည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်က မြန်မာနိုင်ငံအထက်ပိုင်း မြို့ကြီးတမြို့တွင် အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တဦးမှာ ကိစ္စတခုဖြင့် ကားလမ်းမကြီးဘေးမှ လမ်းလျှောက်လာပါသည်။ ထိုအချိန်တွင် လော်ရီကားကြီးတစင်းမှာ ထိုကလေးမနောက်မှ သူသွားသည့်ဘက်သို့ပင် ဦးတည်မောင်းနှင်လာရာ ထိုကလေးမလေးနှင့် ပေ (၄၀) ကွာခန့်အရောက်တွင် စတီယာရင် ချွတ်ယွင်းသွားပြီး ထိုကလေးမလေးရှိရာဘက်သို့ ထိုးသွားနေသည်။ ထိုသို့ကားကြီး မိမိဘက်သို့လာနေသည်ကိုမူ ကလေးမမှာ နောက်ပြန်ဖြစ်နေ၍ မသိရှာချေ။ သို့သော် အနီးမှ အမျိုးသားကြီးတဦးက တွေ့ရသဖြင့် အလျင်အမြန်ပြေးသွားပြီး ထိုကလေးမကလေးကို ဘေးသို့တွန်းလိုက်ရာ ထိုကလေးမလေးလွတ်သွားပြီး အမျိုးသားကြီးမှာ ထိုကားကြီးတိုက်၍ ကွယ်လွန်သွားရရှာလေသည်။

ထို့အတူ လွန်ခဲ့သည့်နှစ်က မွန်ပြည်နယ်၊ အပေါင်မြို့အနီး ဇင်းကျိုက်ရွာကလေးတွင် ကလေးမိခင်တဦးသည် ကားလာနေစဉ် လမ်းဖြတ်ကူးသည့် သားငယ်အား ကားတိုက်မိမည်စိုးသောကြောင့် နောက်မှလိုက်၍ဖမ်းရာ သားငယ်ကလေး လွတ်သွားပြီး မိခင်မှာ ကားတိုက်သေဆုံးရရှာသည်။

အမိနိုင်ငံပြန်လိုသည့် သင်္ဘောသား

ထို့ပြင် မကြာမီက မြန်မာသူငယ်ချင်းနှစ်ယောက်တို့သည် နိုင်ငံခြား သင်္ဘောကုမ္ပဏီတခုစီတွင် သင်္ဘောသားများအဖြစ် ဝင်ရောက်အမှုထမ်း

၁။ အဘိ၊ ဋ္ဌ ၁၊ ၃၁၃။ ဓမ္မပဒပါဠိ၊ ၃၂။

စာမျက်နှာ-316
နေကြပါသည်။ ထိုနှစ်ယောက်အနက် တယောက်မှာ မြန်မာနိုင်ငံရှိ မိဘများထံသို့ ကားတစီးတင်ပို့လိုက်ရာ မိဘများထံသို့ ကားရောက်ရှိနေပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် သူငယ်ချင်းနှစ်ယောက်တို့ အမှုထမ်းကြသည့် သင်္ဘောနှစ်စင်းမှာ စင်္ကာပူနိုင်ငံတွင် ဆုံမိကြပါသည်။ မိဘများထံသို့ ကားပို့ထားသည့် သင်္ဘောသား အမှုထမ်းသည့် သင်္ဘောမှာ အခြားနိုင်ငံသို့ ဆက်လက်ထွက်ခွာရမည်ဖြစ်၍ သူငယ်ချင်းသင်္ဘောမှာ မြန်မာနိုင်ငံသို့ ထွက်ခွာရမည်ဖြစ်ပါသည်။ ထို့ကြောင့် မိဘများထံ ကားပို့ထားသည့် သင်္ဘောသားကလေးမှာ ကားနှင့်ပတ်သက်သည့် စီမံစရာကိစ္စများကို မိဘများထံ ပြန်စီမံလိုသဖြင့် မိမိသူငယ်ချင်းကို တောင်းပန်ကာ သင်္ဘောအရာရှိများ၏ သဘောတူညီချက်ကို ရယူ၍နေရာချင်းလဲလိုက်ကြပါသည်။

သို့ဖြင့် မိဘများထံ ကားပို့ထားသည့် မြန်မာသင်္ဘောသားကလေးမှာ မြန်မာနိုင်ငံသို့ ထွက်ခွာလာသည့်သင်္ဘောတွင် စီးနင်းလိုက်ပါလာပါသည်။ ကံမကောင်း အကြောင်းမလှချင်တော့ ထိုသင်္ဘောကြီးမှာ မြန်မာနိုင်ငံသို့ မရောက်မီ လေမုန်တိုင်းဒဏ်ကြောင့် သမုဒ္ဒရာထဲတွင် နစ်မြုပ်သွားလေရာ ထိုမြန်မာသင်္ဘောသားကလေးမှာလည်း အခြားသင်္ဘောသားအများစုနှင့်အတူ ပျက်စီးသေဆုံးသွားရရှာပါသည်။ ကံတရားကား အကျိုးပေးဆန်းကြယ်လှပေစွတကား။

လက်မှတ်မရမကယူသော ဘုန်းတော်ကြီး

ဒုတိယကမ္ဘာစစ်ကြီး ငြိမ်းပြီးစကာလ၌ ထားဝယ်မြို့သား ကျောင်းထိုင်ဘုန်းတော်ကြီးတပါးသည် ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက်၊ ကျေးဇူးရှင်ဆရာသမားများထံသို့ အဖူးမြော်လာခဲ့ပါသည်။ ထိုဘုန်းတော်ကြီးသည် ထားဝယ်မြို့သို့အပြန်တွင် ထားဝယ်မြို့သို့ဝင်သည့် အဒမ်မဆင်ခေါ် ခရီးသည်တင်သင်္ဘောကြီးနှင့် လိုက်ပါရန် သင်္ဘောလက်မှတ်သွားယူပါသည်။ လက်မှတ်ရောင်းဌာန မန်နေဂျာက သင်္ဘောလက်မှတ်ကုန်သွားပြီဖြစ်ကြောင်း လျှောက်ထားရာ ဘုန်းတော်ကြီးက သင်္ဘော

စာမျက်နှာ-317
လက်မှတ်ရအောင် စီစဉ်ပေးဖို့ အတန်တန်တောင်းပန်သည်။ မန်နေဂျာက “အရှင်ဘုရား၊ သိပ်လိုက်ချင်နေရင် နက်ဖြန်နံနက်စောစော တခေါက်လာကြည့်ပါ။ ကံကောင်းလျှင် အရှင်ဘုရားလက်မှတ်ရမှာပဲ” ဟု ပြန်လျှောက်ထားလိုက်သည်။

မန်နေဂျာပြောထားသည့်အတိုင်း နောက်တနေ့ နံနက်စောစော တခေါက်သွားရာ အခြားပျက်ကွက်သူ၏ လက်မှတ်ကိုရရှိ၍ အဒမ်မဆင်သင်္ဘောကြီးဖြင့် ထားဝယ်သို့ ပြန်ခဲ့သည်။ အဒမ်မဆင်သင်္ဘောကြီးကား ထားဝယ်သို့ဝင်ကာနီးတွင် ညအချိန်နစ်မြုပ်သွားလေရာ ထိုဘုန်းတော်ကြီးမှာလည်း ခရီးသည်ပေါင်းများစွာနှင့်အတူ ပျံလွန်တော်မူရရှာသည်။ လက်မှတ်အရောင်းဌာနက မန်နေဂျာပြောလိုက်သည့် “ကံကောင်းလျှင်” ဆိုသောစကားမှာ ကံအကျိုးပေးဆန်းကြယ်မှုကြောင့် ထိုဘုန်းတော်ကြီးအတွက် ပြောင်းပြန်ဖြစ်သွားရပေသည်။

ထို့ပြင် ကူးတို့သင်္ဘောစီးလက်မှတ်ယူပြီးမှ ခရီးသည်များလွန်း၍ ပြန်လည်ဆင်းနေခဲ့သဖြင့် ကူးတို့သင်္ဘောနစ်မြုပ်သွားရာတွင် မသေဘဲ ကျန်နေသူများရှိသကဲ့သို့ လေယာဉ်လက်မှတ်ယူပြီးမှ အချိန်မီ ရောက်မလာသဖြင့် ကျန်ရစ်ခဲ့ရာ ထိုလေယာဉ်ပျက်ကျရာတွင် မပါဝင်ဘဲ အသက်ရှင်သူများလည်း ရှိပေသည်။

ဤသို့လျှင် ကံအကျိုးပေးကား မကြံစည်နိုင်လောက်အောင်ပင် ဆန်းကြယ်လှပေသည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက -

“ရဟန်းတို့၊ ကြံစည်၍ မရနိုင်သော (ဝါ) မကြံစည်သင့် မကြံထိုက်သော ကံ၏အကျိုးကို မကြံစည်သင့်၊ မကြံထိုက်၊ ထိုကံအကျိုးပေးပုံကို ကြံစည်စဉ်းစားသောသူသည် ရူးသွပ်ရုံ ပင်ပန်းဆင်းရဲရုံမှတပါး အခြားအကျိုးမရှိ” -

ဟု လမ်းညွှန် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။

၁။ အံ၊ ၁၊ ၅၉၂။

စာမျက်နှာ-318

၇။ စေတနာကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပုံ

ယခုပစ္စက္ခအခြေအနေကိုကြည့်လျှင် လက်ရှိဘဝ၌ မိမိတို့ ချမ်းသာရေးကိုသာ မြော်တွေး၍ သတ်မှု၊ ခိုးမှု၊ လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ မကောင်းကြံစည်မှု စသည့် အကုသိုလ်ဒုစရိုက်မှုများကို အပြစ်မရှိသည့်အလား အားပါးတရ အားထုတ်နေကြသည်ကို တွေ့ရသည်။ တမလွန်ဘဝကောင်းစားရေးအတွက်လည်း လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာတို့ကို ရည်မျှော်ကာ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုများကို ပြုကြသည်။ ထိုဘဝနှစ်ပါး ကောင်းစားရေးအတွက် ကြိုးစားအားထုတ်ကြသည့် ကုသိုလ်မှု၊ အကုသိုလ်မှုများကို သင်္ခါရဟုခေါ်သည်။

ထိုသင်္ခါရနှစ်မျိုးတွင် မကောင်းမှုအကုသိုလ်သင်္ခါရကြောင့် ဒုဂ္ဂတိဘုံတို့၌ အပါယ်ပဋိသန္ဓေဝိညာဏ်ဖြစ်ကာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ သတ္တဝါအမျိုးမျိုးဖြစ်လာကြသည်။ ကုသိုလ်သင်္ခါရ (ပုညာဘိသင်္ခါရ + အာနေဉ္စာဘိသင်္ခါရ) ကြောင့် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ ပဋိသန္ဓေဝိညာဏ်အမျိုးမျိုး ဖြစ်ပေါ်လာကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအစားစား ဖြစ်လာကြသည်။ ပဋိသန္ဓေ၏ နောက်ပိုင်းကာလတွင်လည်း သင်္ခါရကြောင့်ပင် မြင်သိစိတ်၊ ကြားသိစိတ်စသော ပဝတ္တိဝိပါက်ဝိညာဏ်များ ဆက်လက်ဖြစ်ကြသည်။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်

ဘဝသစ်တွင် ထိုပဋိသန္ဓေဝိညာဏ်စိတ်များ ဖြစ်လာသည်နှင့်တပြိုင်နက် ဖဿစသော ဆိုင်ရာစေတသိက်ခန္ဓာသုံးပါးနှင့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးစသော ကမ္မဇရုပ်တရားများသည်လည်း မီးတွင်ရှိန်ဝါ ထပ်ချပ်ပါသကဲ့သို့ ပဋိသန္ဓေဝိညာဏ်စိတ်များနှင့်အတူ ပါလာကြသည်။ ထိုတပြိုင်နက်ဖြစ်သော ဝိညာဏ်၊ နာမ်၊ ရုပ်တို့တွင် ဝိညာဏ်သည် ရှေ့သွားခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ဝိညာဏ်ကြောင့် နာမ်ဖြစ်သည်ဟုဆိုသည်။ ပဋိသန္ဓေ၏ နောက်ပိုင်းတွင်လည်း စိတ်ဝိညာဏ်၏ အထောက်အပံ့ကြောင့် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ အဆက်မပြတ် ဖြစ်လာကြသည်။

စာမျက်နှာ-319

နာမ်ရုပ်ကြောင့်အာယာတန (၆) ပါးစသည် ဖြစ်ခြင်း

စေတနာ စေတသိက်

၃၁၉ စေတသိက်ခန္ဓာသုံးပါး ဟူသောနာမ် တရားနှင့် ရုပ်များကြောင့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော အာယာတန (၆)ပါးဖြစ်သည်။ အာယာတန (၆)ပါးကြောင့် အာရုံ အာယတန ဝိညာဏ်တို့ပေါင်းဆုံမှု အတွေ့ဓာတ်ဖဿဖြစ်သည်။ အတွေ့ဓာတ် ဖဿကြောင့် အာရုံကိုခံစားမှုဝေဒနာပေါ်လာ၏။ ခံစားမှုဝေဒနာကြောင့် တပ်မက်တွယ်တာမှု၊ လိုချင်တောင့်တမှုတဏှာဖြစ်လာသည်။ တဏှာကြောင့် လက်ရှိဘဝလောကစည်းစိမ်ဟူသော ဘောဂသမ္ပတ္တိ၊ တမလွန်ဘဝချမ်းသာ ဟူသော ဘဝသမ္ပတ္တိတို့ကိုမရမနေလိုချင်မှု၊ စွဲလမ်းမှုဥပါဒါန်ဖြစ်လာသည်။

ဥပါဒါန်ကြောင့်ကောင်းသောအလုပ် (ကုသိုလ်)၊ မကောင်းသောအလုပ် (အကုသိုလ်)တို့ကိုပြုလုပ်အားထုတ်ခြင်းဟူသော ကမ္မဘဝဖြစ်လာ၏။ ယင်း ကမ္မဘဝကြောင့် ဘဝသစ်၌ ပဋိသန္ဓေနေရခြင်း ဇာတိဖြစ်လာ၏။ ဇာတိ ကြောင့်အိုခြင်း(ဇရာ)၊ သေခြင်း(မရဏ)၊ စိုးရိမ်ကြောင့်ကြခြင်း(သောက)၊ ငိုကြွေးမြည်တမ်းခြင်း(ပရိဒေဝ)၊ ကိုယ်ဆင်းရဲခြင်း (ဒုက္ခ)၊ စိတ်ဆင်းရဲခြင်း(ဒေါမနဿ)၊ အလွန်အမင်းပြင်းထန်စွာ ဆင်းရဲခြင်း (ဥပါယာသ) ဟူသောအကျိုးဆက်များဖြစ်လာကြသည်။

အာသဝကြောင့်အဝိဇ္ဇာဖြစ်သည်။

ဤစိုးရိမ်ကြောင့်ကြခြင်း(သောက)၊ စိတ်ဆင်းရဲမှု (ဒေါမနဿ)၊ ပြင်းစွာ ပင်ပန်းဆင်းရဲမှု (ဥပါယာသ)တို့သည်ဒေါသစိတ်နှင့် တွဲဖော်တွဲဖက် စေတသိက်များဖြစ်သည်။ ထို့ကြောင့်သောကစသည်တို့ဖြစ်တိုင်း အဝိဇ္ဇာဟူသော မောဟလည်း အမြဲတွဲလျက်ပါသည်၊ ပရိဒေဝဟူသော ငိုကြွေးမြည်တမ်းခြင်းမှာလည်းအဝိဇ္ဇာမကင်းသူတို့၌သာဖြစ်လေ့ ရှိ၏၊ ကိုယ်ဆင်းရဲမှုဒုက္ခဖြစ်လာသည့်အခါ စိတ်ဆင်းရဲမှုဒေါမနဿနှင့်အဝိဇ္ဇာလည်း ဆက်လက်ဖြစ်လာတတ်သည်။

ထိုသောက စသည်တို့မှာဇာတိကြောင့် ဖြစ်သည်ဆိုသော်လည်း အလွန်ဝေးသော အရင်းခံ အကြောင်းသာ ဖြစ်သည်၊ “ကာမတော ဇာယတိ သောကော” ဒေသနာတော်အရ၊ အနီးဆုံး အကြောင်းမှာ အာသဝတရားများသာဖြစ်ပါသည်။ ဆိုလိုသည်မှာ သောကစသည်ဖြစ်ခြင်းမှာ အာသဝေါမကင်းသေးသောကြောင့် ဖြစ်သည်။

စာမျက်နှာ-320
အာသဝေါမကင်းသေးက အာသဝကြောင့် သောကစသည်နှင့်တကွ အဝိဇ္ဇာလည်း ဖြစ်ပြန်သည်ဟူ၍ ဖြစ်ပါသည်။

အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်သည်။

အဝိဇ္ဇာ တိမ်သလာ စွဲနေကြသော သတ္တဝါများသည် အာရုံ၏အမှန် သဘောတရားများကို ထိုးဖောက်မမြင်နိုင်ရကား ဒုက္ခအတိဖြစ်သောရုပ် နာမ်တို့၏ အပြစ်အနာအဆာတို့ကို မမြင်စွမ်းနိုင်ပါချေ။ မြင်သမျှကြားသမျှ၊ တွေ့သမျှအာရုံတို့ကို သာယာဖွယ်၊ နှစ်သက်ဖွယ်အသွင်ဖြင့်သာ ထင်မှတ် မှားကြသည်။

ထို့ကြောင့် လက်ရှိဘဝ၌ ချမ်းသာရေးအတွက် မင်းပြစ် မင်းဒဏ်ခံရခြင်း အပါယ်ကျခြင်း စသောအပြစ်များကို မမြင်နိုင် မကြောက်နိုင်ဘဲ ခိုးမှု၊ သတ်မှုစသော အကုသိုလ်ဒုစရိုက်မှုများကို လွန်ကျူးကြသည်။ အဝိဇ္ဇာမှောင်ချထားမှုကြောင့် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့၏ အပြစ်ကိုမမြင်ဘဲ ထိုချမ်းသာများအတွက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တို့ကို အဆင်းရဲ အနစ်နာခံကာ ကြိုးစားအားထုတ်ကြသည်။

ထိုကုသိုလ်အကုသိုလ်များကို အကျိုးတရားကို ပြုစီမံတတ်သောကြောင့် သင်္ခါရဟုခေါ်သည်၊ ထိုသင်္ခါရများကား အဝိဇ္ဇာဖုံးလွှမ်းထားမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်၊ ဤနည်းအားဖြင့် ရုပ်၊ နာမ် ခန္ဓာအစဉ်တို့သည်ကြောင်းကျိုးဆက်ကာ မပြတ်မစဲ ထပ်တလဲလဲ လှည့်ပတ် ဖြစ်ပေါ်နေကြပေသည်။

၉။ စေတနာချုပ်ငြိမ်းကင်းပြတ်သဖြင့် ဘဝစက်ဝန်း(သံသရာ) အလည်ရပ်ပုံ

စေတနာခေါ် ကုသိုလ် အကုသိုလ်သင်္ခါရတို့ဖြစ်ပေါ်လာကြောင်း တရားကား– “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်”(အဝိဇ္ဇာပစ္စယာသင်္ခါရာ)ဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ အဝိဇ္ဇာအမှောင်တရား ဖြစ်ပါသည်။ ထို့ကြောင့် ဘဝသံသရာထွက်ရပ်လမ်းတွင် အဝိဇ္ဇာအကြွင်းမဲ့ချုပ်ငြိမ်းမှု သာ လိုရင်းပဓာနဖြစ်သည်။ ဝဋ်တရားများ၏ ဦးခေါင်းပမာ အလွန်အရေးပါသည်။

စာမျက်နှာ-321
ပါသည့် အဝိဇ္ဇာအမှောင်ဓာတ် အဆုံးသတ် ချုပ်ငြိမ်းခဲ့လျှင် သင်္ခါရ ဝဋ်တရားများ ချုပ်ငြိမ်းတော့သည်သာ ဖြစ်၏။

အဝိဇ္ဇာကား အလွန်အစွမ်းသတ္တိထက်သော နာမ်ဓာတ်တမျိုးတည်း။ ထိုအဝိဇ္ဇာဓာတ်ကို ဝိဇ္ဇာဓာတ်ကသာ သတ်နိုင်သည်။ ဒါနမှု သီလမှုတို့က လည်း မသတ်နိုင်၊ သမထဘာဝနာမှုကလည်း မသတ်နိုင်၊ အရိယဝိဇ္ဇာဓာတ်ဖြင့်သာ သတ်နိုင်ပါသည်။ အရိယဝိဇ္ဇာဓာတ်ဆိုသည်မှာ အနိစ္စဝိဇ္ဇာ၊ ဒုက္ခဝိဇ္ဇာ၊ အနတ္တဝိဇ္ဇာဟူသော ဝိပဿနာ ဝိဇ္ဇာနှင့် မဂ္ဂဝိဇ္ဇာ၊ ဖလဝိဇ္ဇာဓာတ်ကြီးတို့ဖြစ်ပါသည်။

ထိုအရိယဝိဇ္ဇာဓာတ်များဖြင့် အဆင့်ဆင့် သတ်မှ မောဟတည်းဟူသော အဝိဇ္ဇာဓာတ်ကြီး သေနိုင်သည်။ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ဒေသနာတော်အရ ကာမာသဝစသော အာသဝတရားများ မချုပ်ငြိမ်းသေးသမျှ အာသဝကြောင့်ဖြစ်သော အဝိဇ္ဇာဓာတ်လည်း ဆက်လက် ရှင်သန်နေမည်သာ ဖြစ်ပေသည်။

အရိယဝိဇ္ဇာဓာတ်များဖြင့် ပယ်သတ်ရာတွင်လည်း အနာဂါမိမဂ္ဂဝိဇ္ဇာ၊ ဖလဝိဇ္ဇာဓာတ်တို့ဖြင့် ပယ်သတ်ပြီးသည့်အထိ အဝိဇ္ဇာတည်းဟူသော အမှောင်ဓာတ်မှာ လုံးဝချုပ်ဆုံး ပျောက်ကွယ်မသွားသေးပါချေ။ ဆိုလိုသည်မှာ သောတာပန် သကဒါဂါမ် အနာဂါမ်အရိယာပုဂ္ဂိုလ်များ ဖြစ်နေသည့် တိုင်အောင် အဝိဇ္ဇာအမှောင်ဓာတ် ဖုံးလွှမ်းလျက် ရှိနေပေသေးသည်၊ သို့သော် အဝိဇ္ဇာဓာတ်မှာ တဆင့်ထက် တဆင့် ပါး၍ပါး၍ သွားပြီဟု ဆိုလိုပါသည်၊

နောက်ဆုံး အရဟတ္တမဂ် ဝိဇ္ဇာဉာဏ်ကြီး ပေါ်လာသည့်အချိန်၌ကား (ဝါ) ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားသည့် အချိန်၌ကား အာသဝေါတရားကုန်ခန်း၍ အဝိဇ္ဇာဓာတ်လည်း အကြွင်းမဲ့ချုပ်ငြိမ်းသွားလေတော့၏။ အဝိဇ္ဇာအမှောင်ထုကြီး ဖယ်ခွာချုပ်ငြိမ်း သွားသည်နှင့်တပြိုင်နက် သင်္ခါရဟူသော ကုသိုလ် အကုသိုလ်စေတနာစသည်တို့လည်း မပေါ်လာတော့ဘဲ ဘဝစက်ဝန်းကြီး အလည်ရပ်ကာ သံသရာ ထွက်ရပ်လမ်းပေါက်ပါတော့သည်။ ဤကား စေတနာဟူသော သင်္ခါရပြတ်သဖြင့် ဘဝစက်ဝန်းအလည်ရပ်သွားပုံပင် ဖြစ်သည်။

စာမျက်နှာ-322

ဧကဂ္ဂတာ (သမာဓိ) စေတသိက်

ဧကဂ္ဂတာ အာရုံတခု၌ စိတ်တည်တံ့ခြင်း တည်ကြည်ခြင်းသဘော (သမာဓိ)

စိတ်၏တည်ကြည်ခြင်းသဘောသုံးမျိုး

(က) အာရုံတခု၌ စိတ်၏တည်တံ့ခြင်း၊ တည်ကြည်ခြင်းမျှ ဖြစ်သော သဘောသည်လည်းကောင်း၊

(ခ) အာရုံတခု၌ စိတ်၏တည်တံ့ကြောင်း တည်ကြည်ငြိမ်သက်ကြောင်းဖြစ်သော (ဝါ) အာရုံတခု၌ စိတ်ကိုတည်တံ့အောင်၊ ငြိမ်သက်တည်ကြည်အောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း၊

(ဂ) အာရုံတခု၌ တည်တံ့တတ်သော၊ ငြိမ်သက် တည်ကြည်တတ် (ဝါ) မိမိကိုယ်တိုင် အာရုံတခု၌ ငြိမ်သက် တည်ကြည်တတ်သော သဘောသည်လည်းကောင်း ဧကဂ္ဂတာ စေတသိက်မည်ပါသည်။

၁။ ဧကဂ္ဂတာ စေတသိက်၏ လက္ခဏာ

ဧကဂ္ဂတာခေါ် သမာဓိသည် အာရုံတပါးသို့ မိမိကိုယ်တိုင် မရွေ့လျားခြင်း၊ ယှဉ်ဘက်သမ္ပယုတ်တရားတို့ကို မပြန့်လွှင့်စေခြင်း သဘောလက္ခဏာရှိသည်။

၁။ ဧက+အဂ္ဂ+တာ။ ဧက=တခု၊ အဂ္ဂ=အာရုံရှိသည်၊ တာ=အဖြစ်။

၂။ သံ+အာ+ဓာ+ဣ။ သံ=ကောင်းစွာ၊ အာ+ဓာ+ဣ=အာဓာန=ဌပန=ထားခြင်း။ အာရုံတခု၌ စိတ်ကို ကောင်းစွာထားခြင်း = တည်ကြည်ခြင်း။

မဏိမဉ္ဇူ၊ ၈၊ ၂၄၈။

၃။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။ သံခိပ်၊ ဋီ၊ ပ၊ ၁၁၆။

စာမျက်နှာ-323
သဘောအားဖြင့် မရွေ့ရှားပုံ။ ။အာရုံတပါးသို့ မိမိ မရွေ့ရှားခြင်း ဆိုသည်မှာ ဧကဂ္ဂတာသည် အာရုံ တပါးသို့ မိမိ သဘောအားဖြင့် မရွေ့ရှားခြင်းပင် ဖြစ်သည်၊ ဧကဂ္ဂတာ ကို သမာဓိဟူ၍လည်းခေါ်၏။ ဤဧကဂ္ဂတာခေါ် သမာဓိ၏ သဘော လက္ခဏာကို ဗုဒ္ဓမြတ်စွာ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ စဉ် ဝိသာခမည်သော ဥပါသကာတဦးက အရှင်မဓမ္မဒိန္နာဘိက္ခုနီအား-

“အရှင်မ...သမာဓိဆိုသည်မှာ အဘယ်ပါနည်း” ဟု လျှောက်ထားရာ အရှင်မဓမ္မဒိန္နာက-

“ဒါယကာ....စိတ်၏အာရုံတမျိုးတည်းသာ ရှိခြင်းသည် သမာဓိတည်း” ဟု ဖြေတော်မူခဲ့သည်။

ဤပါဠိတော်အရ ဧကဂ္ဂတာခေါ် သမာဓိဆိုသည်မှာ စိတ်၏အာရုံ တမျိုးတည်းသာ ရှိခြင်းဖြစ်သည်၊ စိတ်သည်အာရုံအမျိုးမျိုးသို့ ရွေ့ရှားခြင်းမရှိဘဲ မိမိသဘောအားဖြင့်ပင် အာရုံတမျိုးတည်း၌ တည်နေခြင်းဖြစ်သည်။ အဆင်းရူပါရုံမှ အသံသဒ္ဒါရုံသို့ ဖြစ်စေ၊ ရူပါရုံတခုမှ အခြားရူပါရုံတခု သို့ဖြစ်စေ မရွေ့ရှားဘဲ အာရုံတခု၌ တခဏမျှတည်နေခြင်းသည် လည်းကောင်း၊ ထိုအာရုံ၌ ကြာမြင့်စွာ တည်နေခြင်းသည်လည်းကောင်း စိတ်၏ အာရုံတမျိုးတည်းသာ ရှိခြင်းဖြစ်၍ ဧကဂ္ဂတာသမာဓိဟု ခေါ်သည်။

အာရုံနှင့်စိတ်တွေ့ကြသောအခါ အချို့သောစိတ်တို့သည် အာရုံ၌တည်နေရုံမျှဖြစ်ပြီး အခြားအာရုံတမျိုးသို့ ရွေ့ရှားသွားတတ်၏။ အာရုံတခုကို အမှား အမှန် အကောင်း အဆိုးမဆုံးဖြတ်နိုင်ဘဲ ယုံမှားနေသောစိတ်သည် ထိုအာရုံ၌ တည်နေရုံမျှသာတည်နေသောစိတ်မျိုးဖြစ်သည်။

၁။ မ၊ ၁၊ ၃၇၅။

စာမျက်နှာ-324
အမှားအမှန် အကောင်းအဆိုး တမျိုးမျိုးသောအာရုံ၌ ကြာကြာမတည်၊ တခဏမျှသာတည်နေပြီး ထက်ဝန်းကျင်စေ့လည်လည် ယုံမှားကာ“ဟုတ်မှဟုတ်ပါမည်လား” စသည်ဖြင့် အကောင်းလိုလို အဆိုးလိုလို ထိုဤ ရွေ့ရှားနေတတ်၏။ အချို့သောစိတ်သည် အခြားအာရုံတမျိုးသို့ မရွေ့မလည်ဘဲ အာရုံတမျိုးတည်း၌ ကြာမြင့်စွာတည်နေတတ်၏။

စိတ်ပါလက်ပါ ငါးမျှားနေသည့်အခါ လောဘဦးစီးသော အကုသိုလ်စိတ်သည် ငါးတည်းဟူသော အာရုံတမျိုးတည်း၌ ကြာမြင့်စွာတည်နေတတ်၏။ စိတ်ပါလက်ပါ ဘုရားရှိခိုးသည့်အခါ သဒ္ဓါဦးစီးသော ကုသိုလ်စိတ်သည် ဘုရားတည်းဟူသော အာရုံတမျိုး၌ ကြာမြင့်စွာတည်နေတတ်၏။ ထိုစိတ်များသည် အခြားအာရုံတမျိုးမျိုးသို့ မရွေ့မလည် မိမိသဘောအားဖြင့် တည်ကြည်နေ၏။ ဤသည်မှာ ငါးတည်းဟူသော အာရုံသို့မဟုတ် ဘုရားတည်းဟူသော အာရုံတမျိုး၌ ဧကဂ္ဂတာကျနေခြင်း သမာဓိရနေခြင်းဖြစ်သည်။ ဤသို့တခဏမျှ မိမိသဘောအားဖြင့် စိတ်တည်နေမှု၊ မရွေ့မလည် ကြာမြင့်စွာတည်နေသည့်သဘောကို ဧကဂ္ဂတာ သမာဓိဟုခေါ်သည်။

ထို့ပြင် အာရုံတို့မည်သည် တခုတည်းပင် ဖြစ်သော်လည်း သဘောအမျိုးမျိုးနှင့် ပြည့်စုံ၏။ ရူပါရုံတခုတည်းကိုပင် လူအများကြည့်သောအခါ စိတ်အမျိုးမျိုးဖြစ်သွားတတ်ခြင်း၊ ပုဂ္ဂိုလ်တယောက်တည်းပင် ကြည့်ရှုသော်လည်း မကြာမကြာ စိတ်အမျိုးမျိုးပြောင်းသွားတတ်ခြင်းတို့မှာ တခုသောအာရုံ၏ သဘောအမျိုးမျိုးရှိကြောင်း ထင်ရှားသော သာဓကများဖြစ်သည်။ ထို့ကြောင့် တခုသောအာရုံ၏ သဘောအမျိုးမျိုးသို့ မရောက်စေဘဲ တခဏမျှဖြစ်စေ ကြာမြင့်စွာဖြစ်စေ စိတ်၏တည်တံ့မှု တည်ကြည်မှုသဘောကို ဧကဂ္ဂတာ သမာဓိဟု ခေါ်သည်။ ဤသို့ ဧကဂ္ဂတာခေါ် သမာဓိသည် အာရုံတပါးသို့ မိမိသဘောအားဖြင့် မရွေ့ရှားခြင်းလက္ခဏာရှိသည်။

၁။ သံခိပ်၊ ဋီ၊ မ၊ ၁၁၆။

စာမျက်နှာ-325

သုတ္တန်ဧကဂ္ဂတာနှင့် အဘိဓမ္မာ ဧကဂ္ဂတာ

ဤ၌ စိတ်၏အာရုံတခု၌ ကြာမြင့်စွာတည်တံ့မှု တည်ကြည်မှုသဘောကို သုတ္တန်နည်းအရ ဧကဂ္ဂတာဟု ခေါ်ဆိုခြင်းဖြစ်ပြီး စိတ်၏ ဥပါဒ် ဌီ ဘင် အခိုက်အတံ့တခဏမျှ အာရုံတခု၌တည်တံ့မှု တည်ကြည်မှု သဘောကို အဘိဓမ္မာနည်းအရ ဧကဂ္ဂတာဟုခေါ်ဆိုခြင်းဖြစ်သည်။

သမ္ပယုတ်တရားတို့ကို ဧကဂ္ဂတာခေါ် သမာဓိသည် အာရုံတပါး မပျံ့လွင့်အောင်ပြုပုံ

သို့ မရွေ့ရှားဘဲ မိမိသဘောအားဖြင့် တည်ကြည်ရုံမျှသာမက ယှဉ်ဘက်စိတ်စေတသိက်တို့ကို ထိုထိုအာရုံသို့ မပျံ့လွင့်အောင် အာရုံတခုတည်း၌ တည်တံ့နေအောင်လည်း ပြုလုပ်တတ်ပေသည်။ ဧကဂ္ဂတာခေါ် သမာဓိ၏အစွမ်းကြောင့်ပင် ယှဉ်ဖက် စိတ်စေတသိက်တို့သည် ထိုထိုအာရုံသို့ မပျံ့လွင့်ဘဲ တခုတည်းသောအာရုံ၌ တည်တံ့နေနိုင်ကြသည်။

သတ္တဝါတို့၏စိတ်သည် အဆင်း (ရူပါရုံ)မှ အသံ (သဒ္ဒါရုံ) သို့လည်းကောင်း၊ အလိုရှိအပ်သောအဆင်း (ဣဋ္ဌရူပါရုံ)မှ မလိုလားအပ်သော (အနိဋ္ဌရူပါရုံ)သို့လည်းကောင်း၊ သာယာဖွယ်ကောင်းသော(ဣဋ္ဌသဒ္ဒါရုံ)ကိုနာခံနေရာမှ မနှစ်မြို့ဖွယ်ကောင်းသော အသံ (အနိဋ္ဌသဒ္ဒါရုံ)များသို့လည်းကောင်း၊ ပညာရေးအကြောင်းကို စဉ်းစားနေရာမှ စီးပွားရေးအကြောင်း၊ သားရေး သမီးရေး အကြောင်းသို့လည်းကောင်း ပြေးသွားပျံ့လွင့်၍နေတတ်လေသည်။ ဘုရားရှိခိုးရင်း တရားနာရင်းပင် ထိုထိုဤဤ တွေးချင်ရာ တွေးနေတတ်ခြင်း၊ လတ်တလောအကြောင်းအရာ တမျိုးကိုစဉ်းစားနေရာမှ အတိတ်ဖြစ်စဉ်အမျိုးမျိုးသို့ ငေးမောတွေးတော နေတတ်ခြင်းစသည်တို့မှာ စိတ်၏ပျံ့လွင့်ခြင်းများပင်ဖြစ်သည်။

ဧကဂ္ဂတာသည် ထိုကဲ့သို့ အာရုံအမျိုးမျိုးသို့ ပျံ့လွင့်၍နေသော ယှဉ်ဘက် စေတသိက်တရားများကို အာရုံတမျိုးတည်း၊ တအာရုံတည်း၌ တခဏမျှပင်ဖြစ်စေ တည်တံ့အောင် တည်ကြည်အောင် ပြုလုပ်တတ်သည်။ ထို့ကြောင့် ဧကဂ္ဂတာခေါ် သမာဓိသည် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မပျံ့လွင့်စေခြင်း လက္ခဏာရှိသည်ဟု ဖွင့်ဆိုကြသည်။

စာမျက်နှာ-326

ဧကဂ္ဂတာသမာဓိနှင့် ဈာန်-ဣန္ဒြေ-ဗိုလ်

ဧကဂ္ဂတာ စေတသိက်ကို သမာဓိဟူသော အမည်ဖြင့် အဘိဓမ္မာအဖွင့် ကျမ်းများတွင် ကုသိုလ်ဆိုင်ရာဈာန် မဂ်အရာ စသည်များ၌သာ များသောအားဖြင့် ဖွင့်ဆို သုံးနှုန်းထားသည်ကို တွေ့ရသည်။ ဈာန်အရာတွင် စူးစိုက်စွာတည်ကြည်မှု မဂ်အရာတွင် မဖောက်မပြန် မှန်ကန်သောတည်ကြည်မှု၊ ဣန္ဒြေအရာတွင် အစိုးတရ တည်ကြည်မှု၊ ဗိုလ်အရာတွင် မတုန်မလှုပ်တည်ကြည်မှု၊ ကမ္မဋ္ဌာန်းဘာဝနာအရာတွင် စိတ်၏ငြိမ်ဝပ်ပိပြားမှုသဘောများဖြစ်သဖြင့် အားကောင်းသော ဧကဂ္ဂတာ သမာဓိသဘောမျိုးဖြစ်သည်။ အာရုံ၌တည်ကာမျှဖြစ်သော ရိုးရိုးဧကဂ္ဂတာသမာဓိမျိုးမဟုတ်ပေ။

ပင်ကို ဧကဂ္ဂတာသမာဓိမှာ အရှင်မဓမ္မဒိန္နာ အမိန့်ရှိသည့်အတိုင်း “စိတ်၏ အာရုံတမျိုးတည်းသာရှိခြင်း” နှင့် အာရုံတခု၌ စိတ်တည်တံ့ခြင်း(တည်ကြည်ခြင်း) သဘောများသာ ဖြစ်သင့်သည်။ ဤသဘောတို့သည် ဧကဂ္ဂတာခေါ် သမာဓိ၏ သဘောအားလုံးကိုခြုံမိငုံမိ၏။ “စိတ္တဿ ဧကဂ္ဂတာ စိတ္တဿဌိတိ”ဟူသော ဘုရားစကားတော်နှင့်လည်း ညီညွတ်လေသည်။

စိတ်ဖြစ်တိုင်း ဧကဂ္ဂတာဖြစ်ပုံ

ဧကဂ္ဂတာသည် ကောင်းမှု မကောင်းမှုကုသိုလ်၊ အကုသိုလ်စသည်အားလုံး၌ပင် စိတ်ဖြစ်တိုင်း ဖြစ်တိုင်းပါဝင်သော သဘောတရားဖြစ်သည်။ စိတ်ဖြစ်သည့်တချိန်တည်းမှာပင် အာရုံနှင့် စိတ်ချိတ်မိလျက်ရှိသည်။ စိတ်သည် အာရုံနှင့်ကင်း၍ စိတ်ချည်းသက်သက် မဖြစ်နိုင်။ သို့ရာတွင် အာရုံနှင့်စိတ် ချိတ်မိခြင်းကို ဧကဂ္ဂတာခေါ်သည်မဟုတ်၊ ယင်းသည် အာရုံနှင့်စိတ်တွေ့ခြင်းသာဖြစ်သည်။

အနီရောင်ပန်းတပွင့်ကိုတွေ့မြင်ရာ၌ မြင်သိစိတ်ဖြစ်သည်နှင့် တချိန်တည်းမှာပင် အနီရောင်ပန်းအဆင်းအာရုံနှင့် ချိတ်မိလျက်ရှိသည်။ သို့ရာတွင် မြင်သိစိတ်နှင့် အဆင်းအာရုံတို့ ချိတ်မိဆုံမိမှုကို ဧကဂ္ဂတာမခေါ်၊ မြင်သိစိတ်၏ အနီရောင်ပန်းအဆင်းအာရုံ၌ တခဏမျှပင်သော်လည်း တည်တံ့မှု တည်ကြည်မှုသဘောကိုသာ ဧကဂ္ဂတာခေါ်သည်။ ထို့ပြင် ဤတည်တံ့မှုဧကဂ္ဂတာ သဘောသည် မြင်သိစိတ်

စာမျက်နှာ-327
ပေါ်လာနှင့် အနီရောင်ပန်းအဆင်း အာရုံတို့ကို တွေ့ဆုံပြီး နောက်မှ ဖြစ်ပေါ်သည်မဟုတ်၊ တွေ့ဆုံသည်နှင့် တပြိုင်နက် တည်တံ့မှုသဘော ဧကဂ္ဂတာ လည်း ဖြစ်ပေါ်လာလေသည်။

ထို့ပြင် ဤမြင်သိစိတ်၏ အာရုံ၌ တည်တံ့မှုသဘောသည် ပကတိရိုးရိုးဧကဂ္ဂတာများအနက် တည်တံ့ရုံတည်ကြည်ရုံမျှဖြစ်သည့် အားနည်းသော ဧကဂ္ဂတာသာဖြစ်သည်။ ဣန္ဒြေကိစ္စ ဗိုလ်ကိစ္စတပ်သော ဧကဂ္ဂတာသမာဓိမျိုးမဟုတ်။ မြင်သိစိတ် ကြားသိစိတ် စသည်တို့၏အာရုံ၌ တည်တံ့မှု သမာဓိသည် အားထုတ်မှုဝီရိယမှကင်းသဖြင့် အစိုးတရ တည်တံ့မှု မတုန်မလှုပ် တည်တံ့မှုသဘောများ မဖြစ်နိုင်ဘဲ အာရုံ၌တည်တံ့ရုံမျှ တည်ကြည်ရုံမျှသာဖြစ်သည်။ အလားတူပင် ဘုရား တရား စသည်များ၌ ယုံမှားသောစိတ်သည်လည်း ဘုရားအာရုံ တရားအာရုံ၌ ဆုံးဖြတ်နိုင်ခြင်းသဘောမရှိသောကြောင့် စိတ်တည်တံ့ရုံမျှတည်ကြည်ရုံမျှသာဖြစ်သည်။ အကုသိုလ်ဆိုင်ရာ ရိုးရိုးသမာဓိ၊ အားနည်းသော သမာဓိသာဖြစ်သည်၊ သမာဓိန္ဒြေ သမာဓိဗိုလ် မဟုတ်။

အကုသိုလ်မှုဆိုင်ရာ စိတ်ပါလက်ပါ ငါးမျှားနေသော သမာဓိနှင့် စိတ်ပါလက်ပါ ဘုရားရှိခိုးသော သမာဓိ၊ တရားနာသော သမာဓိ၊ ဒါနမှု၌ ရေစက်ချနေသော သမာဓိ၊ စာပေဆိုင်ရာ စိတ်ဝင်စားစွာ လေ့လာနေသော သမာဓိ စသည်တို့မှာ ထပ်ခါထပ်ခါ ဧကဂ္ဂတာကျသမာဓိ ရနေသော သဘောများဖြစ်၍ မိစ္ဆာသမာဓိမဂ္ဂင်၊ သမာဓိန္ဒြေ၊ သမာဓိဗိုလ် စသည်တို့ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်း စသည့် အာရုံတခုခုကိုယူရာ၌ ထိုအာရုံပေါ်မှာ ကြာရှည်စွာ ထပ်ခါထပ်ခါ အာရုံပြုနိုင်ခဲ့လျှင် “သမာဓိရပြီ - သမာဓိအားကောင်းလာပြီ” ဟု ပြောဆိုလေ့ ရှိကြ၏။ သမာဓိဓာတ်ခံ ကောင်းသူမှာ အနေအထိုင်လည်း တည်ကြည်ပြီ အပြောအဆိုလည်း တည်ငြိမ်၏။ သွားလာသောအခါ၌လည်း ဣန္ဒြေရပြီး ပေါင်းသင်းဆက်ဆံမှု၌ ဖြောင့်မတ်တည်ကြည်လေသည်။ သို့ရာတွင် စွဲရာမစွဲလမ်းအောင်လည်း သတိထားအပ်ပေသည်။

စာမျက်နှာ-328
အချုပ်အားဖြင့်ဆိုရလျှင် ဧကဂ္ဂတာခေါ် သမာဓိဆိုသည်မှာ- စိတ်မလှုပ်ရှားမှု၊ စိတ်မပျံ့လွင့်မှု၊ စိတ်တည်တံ့မှု၊ တည်ကြည်မှု၊ ငြိမ်သက်မှု၊ တည်ငြိမ်မှု၊ စိတ်၏ တည်တည်တံ့တံ့ စူးစိုက်မှု၊ အာရုံတခု၌ ခိုင်ခန့်တည်ငြိမ်မှု၊ စိတ်၏ ငြိမ်ဝပ်ပိပြားမှု၊ အာရုံတခု၌ စိတ်ကို ကောင်းစွာထားမှု စသည်တို့ ဖြစ်ပါသည်။ ဤသဘောတရား အားလုံးတို့မှာ သမာဓိ အနု အရှင့် သဘောကွာခြားခြင်းမှတပါး ဘုရားလက်ထက်တော်က ဘိက္ခုနီမ ဓမ္မဒိန္နာအမိန့်ရှိသည့် “စိတ်၏ အာရုံတမျိုးတည်းသာရှိခြင်း” သဘောများပင်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို ဧကဂ္ဂတာသမာဓိဟု ခေါ်သည်။

ဧကဂ္ဂတာသမာဓိ၏ လက္ခဏာတမျိုး

ဧကဂ္ဂတာသမာဓိသည် အကြီးအမှူး အဖြစ်ဟူသော ပါမောက္ခ သဘောလက္ခဏာရှိသည်။

အကြီးအမှူး ပဓာနဖြစ်ပုံ

မိလိန္ဒပဉှာ ပါဠိတော်တွင် မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်ကျော်အား သမာဓိ၏ လက္ခဏာသဘော လျှောက်ထားပုံကို တွေ့ရ၏။ မိလိန္ဒမင်းကြီးက--

“အရှင်ဘုရား နာဂသေန၊ သမာဓိသည် အဘယ်လက္ခဏာ ရှိပါသနည်း” ဟု လျှောက်ထားရာ မထေရ်မြတ်က—

“မင်းမြတ်.... သမာဓိသည် ကြီးမှူး - ပြဋ္ဌာန်းခြင်းပါမောက္ခ လက္ခဏာရှိ၏၊ ကုသိုလ်တရား အားလုံးတို့သည် သမာဓိလျှင် ပြဋ္ဌာန်းကုန်၏၊ သမာဓိ၌ ညွှတ်ကုန်၏၊ သမာဓိ၌ ကိုင်းကုန်၏၊ သမာဓိ၌ ချိုင်းကုန်၏”

ဟု မိန့်တော်မူကာ “စုလစ်မွမ်းချွန် ဥပမာ၊ ပြည့်ရှင်မင်း ဥပမာ” တို့ဖြင့် ဖြေတော်မူသည်ကို တွေ့ရ၏။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၁။

၂။ မိမြန်၊ ၄၁။

စာမျက်နှာ-329

သမာဓိနှင့် စုလစ်မွမ်းချွန် ဥပမာ

ဇရပ်, တန်ဆောင်း, ပြာသာဒ် စသော အဆောက်အဦများတွင် ထုပိကာခေါ် စုလစ်မွမ်းချွန် အထွတ်သည် အခြားသော အခြင်, ထုပ်, လျှောက်, ဒိုင်း, မြှား စသည်တို့ကို ဖွဲ့လျက်တည်သောကြောင့် အခြင်, ထုပ်, လျှောက် စသည်တို့၏ အကဲ အဦး အမှူး ပဓာနဖြစ်၏။

ထို့အတူ ထိုသမာဓိနှင့် ယှဉ်သောစိတ်သည် ကုသိုလ်တရားအားလုံးတို့ကို ပြီးစေတတ်သောကြောင့် ထိုကုသိုလ်တရားအားလုံးတို့၏ အကဲအဦးအမှူးပဓာနဖြစ်၏။ ကုသိုလ်တရား အားလုံးတို့သည် သမာဓိ၌ ညွတ်ကိုင်းကြရလေသည်။ ထို့ကြောင့် ဧကဂ္ဂတာသမာဓိကို ပါမောက္ခ လက္ခဏာရှိသည်ဟု ဖွင့်ဆိုကြလေသည်။ တဆက်တည်းမှာပင် မိလိန္ဒမင်းကြီးက-

“ထိုထက်အလွန် ဥပမာပြုတော်မူဦးလော”

ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ပို၍ထင်ရှားအောင် ပြည့်ရှင်မင်း ဥပမာကို မိန့်တော်မူပြန်၏။

သမာဓိနှင့် ပြည့်ရှင်မင်းဥပမာ

စစ်သည်တော် များစွာတို့နှင့် စစ်မြေပြင်သို့ ချီတက်သောမင်းသည် စစ်သည်တော်များစွာတို့၏ အကြီးအမှူးဖြစ်သကဲ့သို့ ထို့အတူ ဧကဂ္ဂတာခေါ် သမာဓိသည် ကုသိုလ်တရား အားလုံးတို့၏ အကြီးအမှူး ပဓာနဖြစ်၏။ ထို့ကြောင့် ဧကဂ္ဂတာသမာဓိကို ပါမောက္ခလက္ခဏာရှိသည်ဟု ဖွင့်ဆိုကြလေသည်။

သမာဓိနှင့် ထီးဖြူရုံ ဥပမာ

ပါဠိတော်လာ ဥပမာများအပြင် အဘိဓမ္မတ္တသရူပဒီပကကျမ်း၌ ထီးဖြူရုံဥပမာ ဖြင့်လည်း ဖွင့်ဆိုထား၏။ ထီးဖြူရုံ၌ ခရိုင်ချုပ်သည် ထီးရိုး, ထီးရွက် စသည်တို့၏ အကြီးအကဲအမှူး ဖြစ်သကဲ့သို့ သမာဓိသည်လည်း ကုသိုလ်တရား အားလုံးတို့၏ အကဲအဦး အကြီးအမှူးဖြစ်သည်ဟု သမာဓိကို ထီးခရိုင်ချုပ်နှင့် ဥပမာပေးထားပါသည်။

၁။ သရူပဒီပက၊ ပ၊ ၄၁၀၊ ၄၁၁။

စာမျက်နှာ-330

၂။ ဧကဂ္ဂတာ၏ ဆောင်ရွက်မှုရသ(၂)မျိုး

ဧကဂ္ဂတာစေတသိက် ဆောင်ရွက်သည့် လုပ်ငန်းကိစ္စသည်-

(၁) အတူဖြစ်ဖော် ဖြစ်ဖက် နာမ်တရားများကို ဖရိုဖရဲမကြဲအောင် ပေါင်းစုပေးခြင်းကိစ္စ (သဟဇာတသမ္ဘိဏ္ဍနရသ)၊

(၂) အာရုံ၌ ပျံ့လွင့်မှုသဘောရှိသော ဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ (ဥဒ္ဓစ္စဝိဒ္ဓသနရသ)၊

ဟူ၍ နှစ်မျိုးရှိပါသည်။

အတူဖြစ်ဖက် နာမ်တရားတို့ကို ပေါင်းစုပေးခြင်းကိစ္စ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် အတူတကွ ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်, သမ္ပယုတ်တရားများကို ဖရိုဖရဲ မကြဲစေမှု ပေါင်းစုခြင်း ကိစ္စ(သဟဇာတသမ္ဘိဏ္ဍနရသ)ရှိသည်။

ပေါင်းစုပေးပုံနှင့် ရေဥပမာ

ရေသည် မုန့်မှုန့် ဆပ်ပြာမှုန့်စသည်ကို ဖရိုဖရဲ မကြဲရအောင် ပေါင်းစုသကဲ့သို့ ဧကဂ္ဂတာလည်း ယှဉ်ဖက် သမ္ပယုတ်တရားများကို စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုခြင်းကိစ္စကို ဆောင်ရွက်သည်၊ သိမှုသဘောစိတ်နှင့် စိတ်ကို ချယ်လှယ်တတ်သော စေတသိက်များသည် အာရုံတခု၌ ကောင်းစွာမတည်၊ အဆင်းရူပါရုံမှ အသံသဒ္ဒါရုံသို့လည်းကောင်း၊ ဂန္ဓာရုံစသည်များသို့ လည်းကောင်း၊ အာရုံဝတ္ထု ဆုံစည်းမှုအားလျော်စွာ ထိုထို ဤဤ အလည်လည်သို့ ပြေးသွားပျံ့လွင့်လျက် ဖရိုဖရဲပျံ့ကြဲသကဲ့သို့ ဖြစ်နေသော သဟဇာတသမ္ပယုတ်တရားများကို ဖရိုဖရဲပျံ့ကြဲခွင့်မပြုဘဲ စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုပေးခြင်းသည် ဧကဂ္ဂတာ၏ ဆောင်ရွက်မှုကိစ္စရသပင် ဖြစ်သည်။

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာက ယှဉ်ဖက်သမ္ပယုတ်တရားများကို ဖရိုဖရဲ မကြဲအောင် ပေါင်းစုတတ်ပုံကို ရေနှင့်ဥပမာပြ၍ ဖွင့်ဆိုကြသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-331

ဘုရင်မင်းမြတ်ဥပမာ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာကို ဘုရင်မင်းမြတ်နှင့် တူကြောင်းလည်း ဖွင့်ဆိုကြသည်။ စစ်ပွဲတပွဲတွင် နှစ်ဘက်သော စစ်တပ်တို့ တဘက်နှင့်တဘက် ပစ်ခတ်တိုက်ခိုက်ကြသောအခါ တဘက်စစ်တပ်မှာ စစ်အင်အားနိမ့်ကျ၍ တပ်သားများ စိတ်ဓာတ်ကျဆင်းလျက် ဖရိုဖရဲကွဲပျက်လုမတတ် ဖြစ်နေတော့၏။

ထိုအခါ ယင်းစစ်တပ်မှ ဘုရင်မင်းမြတ်သည် ကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာသို့ ရောက်လာပြီး ဖရိုဖရဲပြိုကွဲလုမတတ် ဖြစ်နေသော စစ်တပ်ကို မပြိုမကွဲဖရိုဖရဲ မရှိရအောင် တပ်သားများ စိတ်ဓာတ်တက်ကြွလာပြီး စည်းစည်းလုံးလုံးရှိအောင် ကွပ်ကဲကြီးကြပ် ပေါင်းစုပေးမှုကို ဆောင်ရွက်သကဲ့သို့ ဧကဂ္ဂတာသည်လည်း ဖရိုဖရဲ ပျံ့ကြဲသကဲ့သို့ ဖြစ်သော သမ္ပယုတ်တရားများကို စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုပေးခြင်းကိစ္စကို ဆောင်ရွက်သည်။

၂။ ပျံ့လွင့်မှုဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် စိတ်ကို အာရုံတခု၌ အညီအညွတ် ကောင်းစွာထားခြင်းဖြင့် အစိုးတရ တည်ကြည်မှု မတုန်မလှုပ် တည်ကြည်မှုစသည် ဖြစ်ပေါ်လာသောအခါ ပျံ့လွင့်မှု(ဥဒ္ဓစ္စ)ကို ဖျက်ဆီးတတ်သော (ဥဒ္ဓစ္စဝိဒ္ဓသန) ကိစ္စကိုလည်း ဆောင်ရွက်သည်။

ဥဒ္ဓစ္စကိုဖျက်ဆီးပုံ

တရားအားထုတ်သော ယောဂီ သူတော်စင်သည် စိတ်ကို မြေဝိုင်း (ပထဝီကသိုဏ်းဝန်း)အစရှိသော အာရုံပေါ်၌ တည်တံ့ခိုင်မြဲအောင် မြန်မာလို “မြေ၊ မြေ”၊ ပါဠိလို “ပထဝီ၊ ပထဝီ” အစရှိသည်ဖြင့် အဖန်ဖန်စီးဖြန်းလေရာ စီးဖြန်းမှုအရှိန် ရင့်လျက် သမာဓိအဆင့်လည်း မြင့်မား၍လာ၏။

ထိုအခါ အာရုံ၌ အညီအညွတ် ကောင်းစွာထားမှု သမာဓိသည် စိတ်ကို ထိုထိုအာရုံသို့ ပျံ့လွင့်စေတတ်သော ဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စကို ဆောင်ရွက်လေသည်။ ဤပျံ့လွင့်မှုဥဒ္ဓစ္စကို ဖျက်ဆီးခြင်းသည် အကျိုးသဘောကို ပြီးစေတတ်သော ကိစ္စရသဖြစ်၍ အကြောင်းရသဖြစ်သည်။

၁။ ဘာသာဋီ၊ ၁၀၃။

၂။ ဝိသုဒ္ဓိမြန်၊ ပ၊ ၁၅၃။

စာမျက်နှာ-332

သမ္ပတ္တိရသ(အကျိုးရသ)

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် ဆိုခဲ့သည့်အတိုင်း စီးဖြန်းမှုဘာဝနာအဆင့်အတန်း မြင့်မားလာပြီး အစိုးတရ တည်ကြည်မှု မတုန်မလှုပ်တည်ကြည်မှု စသည့် သမာဓိသဘောများ ဖြစ်ပေါ်လာသောအခါ ပျံ့လွင့်မှု(ဥဒ္ဓစ္စ) ဖျက်ဆီးခြင်းကိစ္စကို ဆောင်ရွက်လေသဖြင့် ယင်းပျံ့လွင့်မှု(ဥဒ္ဓစ္စ)ကို ဖျက်ဆီးနိုင်စွမ်းသော ဂုဏ်သတ္တိနှင့်လည်း ပြည့်စုံတော့သည်။ ထိုကဲ့သို့ ဓမ္မကို ဖျက်ဆီးနိုင်သော ဂုဏ်သတ္တိနှင့် ပြည့်စုံခြင်းသည် သမ္ပတ္တိရသ (အကျိုးရသ)ဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်၌ “ဥဒ္ဓစ္စကို ဖျက်ဆီးနိုင်သော အစွမ်းသတ္တိနှင့် ပြည့်စုံခြင်းဂုဏ်ရှိ၏”ဟု မိန့်ဆိုလေသည်။

၃။ ဧကဂ္ဂတာ၏ ပစ္စုပဋ္ဌာန်(၂)မျိုး

ဧကဂ္ဂတာ၏ ပစ္စုပဋ္ဌာန်သည်-

(၁) ငြိမ်သက်သောတရားဟု ရှေးရှုထင်ခြင်း (ဥပသမပစ္စုပဋ္ဌာန်)၊

(၂) ဉာဏ်ဟူသောအကျိုးတရားကို ဖြစ်ပွားစေသည်ဟု ရှေးရှုထင်ခြင်း (ဉာဏပစ္စုပဋ္ဌာန်)၊

ဟူ၍နှစ်မျိုးရှိပါသည်။

၁။ ငြိမ်သက်သောတရားဟု ရှေးရှုထင်ခြင်း

အာရုံတခု၌တည်ကြည်မှု သမာဓိသည် ငြိမ်သက်သောသဘောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာသော အခြင်းအရာရှိသည်။

အာရုံတခု၌ငြိမ်သက်ပုံ

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာသည် ကောင်းမှုကုသိုလ်ဆိုင်ရာတွင် စူးစိုက်စွာ တည်တံ့မှု အစိုးတရတည်တံ့မှု မတုန်မလှုပ်တည်တံ့မှုသဘောများ ဖြစ်ပေါ်လာပြီး အာရုံတခု၌ စိတ်ငြိမ်သက်စွာ တည်ကြည်မှု သမာဓိသဘောဖြစ်လာ၏။

၁။ ဝိသုဒ္ဓိ၊ မြန်၊ ပ၊ ၁၅၃။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-333
လာ၏။ ထိုသို့ဖြစ်ပေါ်လာသော သမာဓိသည် အဋ္ဌကထာအဆိုအရ လေငြိမ်သောအရပ်၌ ထွန်းညှိ၍ ထားအပ်သော ဆီမီးလျှံ၏ တည်ငြိမ်ခြင်းနှင့်တူလေသည်။

ဆီမီးလျှံ၏ငြိမ်သက်ခြင်းနှင့်တူပုံ

လေငြိမ်သော အရပ်၌ ထွန်းညှိ၍ ထားအပ်သောဆီမီးလျှံသည် မယိမ်းမယိုင် ဖြောင့်မတ်တည်ငြိမ်သကဲ့သို့ စိတ်၏ တည်ကြည်မှု သမာဓိသည် ထိုထိုအာရုံသို့ ယိမ်းယိုင်လှုပ်ရှားခြင်းမရှိ၊ တခုတည်းသော အာရုံ၌သာ ငြိမ်သက်စွာ တည်ကြည်လေသည်။

ရှင်းပါဦးမည်။ ယောဂီသူတော်စင်သည် မြေဝိုင်း(ပထဝီကသိုဏ်း) အာရုံကို မြန်မာလို “မြေ၊ မြေ”၊ ပါဠိလို “ပထဝီ၊ ပထဝီ”ဟုအဖန်ဖန် စီးဖြန်းသောအခါ ထိုယောဂီ၏စိတ်သည် မြေဝိုင်း(ပထဝီကသိုဏ်း)ဟူသော အာရုံတခု၌သာ ငြိမ်သက်စွာ တည်၍နေသည်။ စီးဖြန်းမှုအရှိန်ရလေလေ တည်ကြည်ငြိမ်သက်မှု သမာဓိအားကောင်းလေလေဖြစ်၏။

ထိုအခါ ယောဂီသူတော်စင်၏ စိတ်သည် လေငြိမ်သောအရပ်၌ ထွန်းညှိ၍ထားအပ်သော ဆီမီးလျှံ၏ တည်ငြိမ်ပုံကဲ့သို့ မြေဝိုင်း(ပထဝီကသိုဏ်း)ဟူသော အာရုံပေါ်မှသွေဖီ၍ မသွားဘဲ ပျံ့လွင့်မှု ဥဒ္ဓစ္စမည်မျှပင်ဆူသော်လည်း တုန်လှုပ်ထကြွခြင်းမရှိ ငြိမ်သက်စွာတည်ရှိလေသည်။ ထို့ကြောင့် သူတော်စင်ယောဂီသည် သမာဓိ၏သဘောကို ဆင်ခြင်လိုက်သည့်အခါ “ငြိမ်သက်သောသဘောတရား”ဟုဉာဏ်အား ရှေးရှုထင်လာလေသည်။ ထိုသို့ ထင်လာသောကြောင့် အာရုံတခု၌ တည်တံ့မှုသမာဓိသည် ငြိမ်သက်သောသဘော (ဥပသမပစ္စုပဋ္ဌာန်)ရှိသည်ဟု ဖွင့်ဆိုကြသည်။

၂။ ဉာဏ်ဟူသောအကျိုးတရားကို ဖြစ်ပွားစေသည်ဟု ရှေးရှုထင်ခြင်း

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် ဉာဏ်တည်းဟူသောအကျိုးကို ရှေးရှုဖြစ်စေတတ်သော အခြင်းအရာရှိသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-334

သမာဓိက ဉာဏ်ကို ဖြစ်စေနိုင်ပုံ

ယောဂီတို့ သမာဓိအလုပ်ကမ္မဋ္ဌာန်း အားထုတ်ကြရာ သမာဓိ အရှိန်တောက်၍ ကမ္မဋ္ဌာန်းပေါက်မြောက်သည့်အခါတွင် ထိုယောဂီတို့သန္တာန်၌ ဖြစ်ပေါ်လာသောတည်ကြည်မှု သမာဓိသည် အစိုးတရတည်ကြည်မှု၊ မတုန်မလှုပ် တည်ကြည်မှု စသော သဘောများ ထင်ရှားလာ၏။ ထိုကဲ့သို့ တခုသော ကမ္မဋ္ဌာန်းအာရုံပေါ်၌ အစိုးတရတည်ကြည်မှု၊ မတုန်မလှုပ် တည်ကြည်မှုသဘောများကို ရရှိလေသောအခါ ထိုသမာဓိသည် ဟုတ်တိုင်းမှန်စွာ သိလွယ် မြင်လွယ်ခြင်းဉာဏ်ဟူသော အကျိုးကို ဖြစ်စေတတ်ပေသည်။

မှန်ပေသည်။ စာပေကျမ်းဂန်ကို သင်အံလေ့ကျက်ရာတွင် သမာဓိရှိသူတို့မှာ တတ်လွယ်မြင်လွယ် သိလွယ်သော်လည်း သမာဓိမရှိသူ သမာဓိနည်းပါးသူတို့မှာ တတ်မြောက်ရန် ခက်ခဲကြပေသည်။ အချို့သော ယောဂီတို့ ကမ္မဋ္ဌာန်းအားထုတ်ရင်း စာပေကို လေ့လာကြရာ ကမ္မဋ္ဌာန်း အားမထုတ်ဘဲ သင်ကြားသူများထက် တတ်လွယ် မြင်လွယ် သိလွယ်ကြသည်ဟု ဆိုကြပေသည်။

စာပေကို လေ့လာရာ၌ စာပေကို စိတ်ဝင်စားမှု၊ စာပေတည်းဟူသော အာရုံတခု၌ တည်ကြည်မှုသမာဓိမရှိဘဲ စိတ်က တောင်ရောက်၊ မြောက်ရောက်ဖြင့် လေ့လာသူများမှာ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုဘိသကဲ့သို့ အချိန်တွေကုန်သော်လည်း အကျိုးမပြီး အချည်းနှီးသာ ဖြစ်ကြလေသည်။

တရားအားထုတ်၍ စာပေကို လွယ်လင့်တကူ တတ်မြောက်ခြင်းမှာ တရားအားထုတ်သောအခါတွင် ရအပ်သော သမာဓိ၏ အစွမ်းကြောင့် အလွယ်တကူ သိမြင်ခြင်း ဉာဏ်ဟူသောအကျိုး ဖြစ်ပေါ်ခြင်းပင် ဖြစ်လေသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “တည်ကြည်မှု သမာဓိရှိသောသူသည် ဟုတ်တိုင်းမှန်စွာ သိမြင်ပေသည်”ဟု ဘုရားဟောတော်မူခဲ့ကြောင်းဖွင့်ဆိုထားသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

စာမျက်နှာ-335
များသောအားဖြင့် ဖြစ်သည်ကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်လေသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “သုခသည် ဧကဂ္ဂတာ၏ ပဒဋ္ဌာန်ဖြစ်သည်ဟုဆိုရာ၌ ဝိသေသအားဖြင့် ဖြစ်သည်ကို ဆိုလိုပေသည်”ဟု ဖွင့်ပြ၍ ဋီကာ၌ “ဝိသေသအားဖြင့် ဖြစ်သည်ဟု အဋ္ဌကထာဆရာဆိုသည်မှာ များသော (ယေဘုယျ)အားဖြင့်ဖြစ်သည်ကို ဆိုလိုရင်းဖြစ်၏”ဟု ထပ်ဆင့်ဖွင့်ပြပေသည်။

အနုဋီကာ၌ကား - သုခသည် သမာဓိ၏ အထူးဝိသေသအားဖြင့် အနီးကပ်ဆုံး အကြောင်းဖြစ်နိုင်ပုံကို “ချမ်းသာမှုသုခရှိသူ၏ စိတ်သည် တည်ကြည်၏”ဟု ဟောတော်မူချက်ကို ကိုးကားလျက် ဝိသေသဆိုသည်မှာ အလွန်အကဲ အထူးဝိသေသအားဖြင့် ဖြစ်ခြင်းမျိုးကို ဆိုနိုင်သေးကြောင်း ဖွင့်ဆိုလေသည်။

စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်း

ဆိုခဲ့သည့် စကားများအရ စတုတ္ထဈာန်၌ သုခမရှိသောကြောင့် ယင်းစတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ သုခမဖြစ်လျှင် အဘယ်သည် စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ၏ ပဒဋ္ဌာန် ဖြစ်သနည်း။

အဖြေကား - ယင်းဧကဂ္ဂတာ၏ အနီးကပ်ဆုံးသော အကြောင်းမှာ လျစ်လျူရှုမှု ဥပေက္ခာဖြစ်သည်။

ချဲ့ပါဦးမည် – ဤ၌ ဥပေက္ခာဆိုသည်မှာ လျစ်လျူရှုမှုတည်း။ လျစ်လျူရှုမှုဆိုသည်မှာလည်း ပစ်ထားမှုသဘောမဟုတ်၊ ချမ်းသာမှုသုခသဘော, ဆင်းရဲမှုဒုက္ခသဘောသို့ မရောက်စေဘဲ အာရုံ၌ စိတ်ကို အလယ်အလတ် တည့်မတ်ပေးမှုသဘောပင် ဖြစ်သည်။ ယင်းသို့ဖြစ်သော် စိတ်ကို အာရုံသို့ အလယ်အလတ် တည့်မတ်ပေးမှု ဥပေက္ခာသဘောမဖြစ်လျှင်

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၂။

၂။ မူလဋီ၊ ၈၈။

၃။ အနုဋီ၊ ၉၅။

စာမျက်နှာ-336
တခုတည်းသောအာရုံ၌ တည်တံ့မှု ဧကဂ္ဂတာသဘော ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သုခမရှိသော စတုတ္ထဈာန်၏ အနီးကပ်ဆုံး အကြောင်းမှာ အာရုံ၌ အလယ်အလတ် တည့်မတ်ပေးမှု ဥပေက္ခာသာ ဖြစ်သင့်ပေသည်။

သုခသည် သမာဓိ၏ နီးစွာသောအကြောင်း

ဆိုခဲ့သည့် ဈာန်အင်္ဂါငါးပါးအနက် အာရုံကို စူးစိုက်စွာရှုမှု ဧကဂ္ဂတာသည် အာရုံ၌ အညီအညွတ် ကောင်းစွာထားမှု သမာဓိသဘော, အာရုံ တခု၌ တည်ကြည်မှု သမာဓိသဘောရှိသည်ဖြစ်ရာ ယင်းစိတ်၏တည်ကြည်မှု သမာဓိမှာလည်း စိတ်ချမ်းသာမှု သုခသဘောမရှိလျှင် ယင်းသမာဓိသဘောလည်း ရှိနိုင်လိမ့်မည်မဟုတ်ချေ။

မှန်၏။ တရားအားထုတ်သော ယောဂီသူတော်စင်သည် မြေဝိုင်း (ပထဝီကသိုဏ်းဝန်း)အာရုံပေါ်၌ စိတ်ကို တည်ကြည်ငြိမ်သက်အောင် မြန်မာလို “မြေ၊ မြေ” ၊ ပါဠိလို “ပထဝီ၊ ပထဝီ”ဟု အဖန်ဖန်စီးဖြန်းရာ၌ စိတ်ချမ်းသာမှုသုခမရှိဘဲ စိတ်ဆင်းရဲမှု စိတ်ကြောင့်ကြမှုများ ဖြစ်နေလျှင် ထိုယောဂီသည် မည်မျှပင်အားထုတ်သော်လည်း ၎င်းစိတ်သည် မြေဝိုင်း (ပထဝီကသိုဏ်း) အာရုံပေါ်၌ ငြိမ်သက်တည်ကြည်ခြင်း သမာဓိဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။

ဆိုလိုသည်မှာ – စိတ်ချမ်းသာမှုသုခမဖြစ်လျှင် သမာဓိမရ၊ သမာဓိမရလျှင် ယထာဘူတလမ်းမှန်ကျအောင်မသိ၊ ယထာဘူတကျအောင်မသိလျှင် မည်မျှပင်အားထုတ်သော်လည်း ဈာန်မဂ်ဖိုလ်မရနိုင်၊ သုခရှိမှသမာဓိရ၍ သမာဓိရမှ ယထာဘူတလမ်းမှန်ကျအောင်သိပြီး၊ ယထာဘူတသိမြင်ပါမှ ဈာန်မဂ်ဖိုလ်ကို ရရှိနိုင်သည်ဖြစ်ရာ ဈာန်မဂ်ဖိုလ်ကိုရနိုင်ခြင်း၏ အနီးဆုံး အကြောင်းမှာ ယထာဘူတလမ်းမှန်ကျအောင် သိမြင်ခြင်းဖြစ်၍ ယင်းယထာဘူတမြင်နိုင်ခြင်း၏ အနီးဆုံးအကြောင်းမှာ သမာဓိရရှိမှုဖြစ်ပြီး ယင်းသမာဓိရနိုင်ခြင်း၏ အနီးကပ်ဆုံးအကြောင်းမှာ စိတ်ချမ်းသာမှု သုခသာဖြစ်လေတော့သည်။ ထို့ကြောင့် အဋ္ဌကထာ၌ “ချမ်းသာမှုသုခရှိသောလူ၏ စိတ်သည် ကောင်းစွာတည်ကြည်၏” ဟူ၍ လည်းကောင်း၊

စာမျက်နှာ-337
“ကောင်းစွာတည်ကြည်မှု သမာဓိရှိသော သူသည် ယထာဘူတလမ်းမှန် ကျအောင်သိမြင်၏” ဟူ၍လည်းကောင်း ဘုရားရှင် ဟောကြားတော်မူကြောင်းဖွင့်ဆိုခဲ့ပေသည်။ ထို့ကြောင့် သုခသည် သမာဓိ၏ အနီးကပ်ဆုံးသော အကြောင်းဖြစ်သည်ဟု ဖွင့်ဆိုကြလေသည်။

ဧကဂ္ဂတာစေတသိက် အမျိုးမျိုးပြားပုံ

ဇာတ်အားဖြင့် ဧကဂ္ဂတာ ၃-မျိုး

အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာ သမာဓိသည် မပျံ့လွင့်ခြင်း သဘော (အဝိက္ခေပလက္ခဏာ)အားဖြင့် တမျိုးတည်းသာရှိသည်။ အကုသိုလ်, ကုသိုလ်, အဗျာကတဇာတ်အားဖြင့်ကား-

(၁) အကုသိုလ်ဧကဂ္ဂတာ၊

(၂) ကုသိုလ်ဧကဂ္ဂတာ၊

(၃) အဗျာကတဧကဂ္ဂတာ- ဟူ၍ သုံးမျိုးကွဲပြားလေသည်။

၁။ အကုသိုလ်ဧကဂ္ဂတာ

သတ္တဝါတို့၏သန္တာန်၌ အကုသိုလ်စိတ် ဖြစ်ပေါ်လာသည့်အခါ ထိုအကုသိုလ်စိတ်၌ ယှဉ်တွဲပါရှိသော ဧကဂ္ဂတာစေတသိက်ကို အကုသိုလ်ဧကဂ္ဂတာဟုခေါ်သည်၊ ထို ဧကဂ္ဂတာသည် အကုသိုလ်စိတ်ကို ဆိုင်ရာ အကုသိုလ်အာရုံ၌ တည်တံ့အောင် ဆောင်ရွက်ပေးသည်။

သတ်မှုဆိုင်ရာ

ဥပမာ-သူ့အသက်ကိုသတ်မှု(ပါဏာတိပါတကံ)ဆိုင်ရာတွင် တဘက်ရန်သူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ၌ ပစ်ခတ်သည့်အခါ ကျည်ဆံလွဲချော်မသွားအောင်၊ တဖက်ရန်သူကို တည့်တည့်ထိမှန်အောင် တဖက်ရန်သူပေါ်၌ စိတ်စိုက်ပြီး ပစ်ခတ်သတ်ဖြတ်ပေလိမ့်မည်။ ထိုအခါ ပစ်ခတ်သူ သန္တာန်ဝယ် ဖြစ်ပေါ်သည့် ဒေါသစိတ်(ဒေါသမူစိတ်)သည် တဘက်ရန်သူတည်းဟူသော ဒေါသဖြစ်ဖွယ်အာရုံ၌ စိတ်စူးစိုက်တည်တံ့လေသည်။

၁။ အဘိ၊ ဋီ၊ ၁၊ ၁၆၂။

စာမျက်နှာ-338
ထို့ပြင် လူတဦးကိုမုန်းထား၍ ဓားဖြင့်ခုတ်သတ်ရာ လူသတ်သမားသည် မပျံ့လွင့်သောစိတ်ဖြင့် မိမိခုတ်လိုက်သည့် ဓားချက်မလွဲမချော်ရအောင် အသတ်ခံရသူအပေါ်၌ စိတ်စိုက်၍ ခုတ်သတ်ပေလိမ့်မည်။ ထိုအခါ ဆိုခဲ့သည့်နည်းတူ ဒေါသစိတ်သည် ဒေါသဖြစ်ဖွယ် အာရုံ၌ စိတ်တည်တံ့လေသည်။

ခိုးမှုဆိုင်ရာ

ဥပမာ-သူတပါးပစ္စည်းကိုခိုးမှု (အဒိန္နာဒါနကံ)ဆိုင်ရာတွင် သူတပါးပိုင် ရွှေထည်ပစ္စည်းတခုကိုခိုးယူရာ၌ ခိုးသူ၏သန္တာန်၌ဖြစ်သော လိုချင်တပ်မက်မောမှု လောဘစိတ်(လောဘမူစိတ်)သည် အခြားအာရုံတပါးသို့ မပျံ့လွင့်ဘဲ ရွှေတည်းဟူသော ခိုးချင်ဖွယ် မက်မောဖွယ်အာရုံတခု၌သာတည်၍ ခိုးပေလိမ့်မည်။ ထိုအခါ ခိုးသူ၏သန္တာန်ဝယ် ဖြစ်ပေါ်သည့် လောဘစိတ်သည် ရွှေတည်းဟူသော ခိုးရာပါပစ္စည်း အာရုံ၌ စိတ်စူးစိုက်တည်တံ့လေသည်။

မိစ္ဆာစာရမှုဆိုင်ရာ

အလားတူပင် - ကာမဂုဏ်တို့၌ မှားယွင်းမှု (ကာမေသုမိစ္ဆာစာရကံ)ဆိုင်ရာတွင် အမျိုးသမီး တဦးကို အလိုမတူဘဲ လွန်ကျူးရာ၌ ကျူးလွန်သူသည် မိမိ၏ရာဂတဏှာစိတ်ကို ကာမချမ်းသာကို ခံစားလိုသည့်ဘက်၌ စိတ်စိုက်၍ လွန်ကျူးမှုကို ပြုပေလိမ့်မည်။ ထိုအခါ လွန်ကျူးသူ၏သန္တာန်ဝယ် ဖြစ်ပေါ်သည့် ရာဂတဏှာစိတ်သည် ကာမဂုဏ်ချမ်းသာတည်းဟူသော တပ်နှစ်သက်ဖွယ်အာရုံ၌ စိတ်တည်တံ့လေသည်။

ဤသို့ အကုသိုလ်ဆိုင်ရာတွင် အကုသိုလ်စိတ်၏ ပင်ကိုသဘောအားဖြင့် အာရုံတခု၌ တည်တံ့မှုကို အကုသိုလ်ဧကဂ္ဂတာဟု ခေါ်သည်။ ယင်းအကုသိုလ်ဧကဂ္ဂတာသည် ဒေါသဖြစ်ဖွယ်အာရုံ၌ ဒေါသစိတ်တည်တံ့အောင်၊ ခိုးမှုဆိုင်ရာ လောဘဖြစ်ဖွယ်

စာမျက်နှာ-339
အာရုံ၌ လောဘစိတ်တည်တံ့အောင်၊ ကာမဂုဏ်မှုဆိုင်ရာ အာရုံ၌ ရာဂ တဏှာစိတ်တည်တံ့အောင် ထို့ကြောင့် အဋ္ဌကထာ၌ အသီးသီး ဆောင်ရွက်ပေးလေသည်။

“သူ့အသက်ကိုသတ်ခြင်း အစရှိသော အမှုတို့၌သော်မှလည်း မပျံ့လွှင့်သည်၏ အဖြစ်ကြောင့် စိတ်၏တခုတည်းသော အာရုံရှိသည်၏အဖြစ်သည် ဖြစ်၏၊ ချဲ့ဦးအံ့၊ လူတို့သည် စိတ်ကိုကောင်းစွာထား၍ မပျံ့လွင့်သော စိတ်ရှိကုန်သည်ဖြစ်၍ မချွတ်မယွင်းကုန်သော (မလွဲမချော်ကုန်သော) လက်နက်တို့ကို သတ္တဝါတို့၏ ကိုယ်တို့၌ ကျနိုင်စေကုန်၏၊ ခိုးဖို့ဆိုင်ရာအာရုံ၌ ကောင်းစွာထားအပ်သော စိတ်ရှိကုန်သည်ဖြစ်၍ သူတပါးတို့၏ဥစ္စာကို ခိုးဆောင်ကြကုန်၏၊ ကာမဂုဏ်ချမ်းသာကို ခံစားမှုဟူသော တခုသော ကိစ္စရှိသောစိတ်ဖြင့် ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်သို့ ရောက်ကြကုန်၏၊ ဤသို့လျှင် အကုသိုလ်၏ ဖြစ်ခြင်း၌လည်း စိတ်တခုတည်းသော အာရုံရှိသည်၏ အဖြစ်သည် ဖြစ်၏” ဟု ဖွင့်ဆိုထားလေသည်။

ဤသို့အားဖြင့် အထက်တွင်ဖော်ပြခဲ့သည့် လူသတ်ကောင်၊ သူခိုး၊ မုဒိမ်းကောင်တို့သန္တာန်ဝယ် ဖြစ်ပေါ်သည့် ဒေါသစိတ်၊ လောဘစိတ်၊ တဏှာရာဂစိတ်တို့၏ဆိုင်ရာအကုသိုလ်အာရုံအသီးသီး၌ တည်တံ့မှုဧကဂ္ဂတာများသည် လည်းကောင်း၊ အလားတူပင် ဒေဝဒတ်သည် ဘုရားရှင်အား သတ်ရန် တောင်ပေါ်မှကျောက်တုံးများလှိမ့်ချရာ၌ ဒေဝဒတ်သန္တာန်တွင် ဖြစ်ပေါ်သည့် ဒေါသစိတ်၏အာရုံတခု၌ တည်တံ့မှု၊ ဖခင်ဗိမ္ဗိသာရမင်းကြီးကိုသတ်ရာ၌ သားတော် အဇာတသတ်သန္တာန်တွင် ဖြစ်ပေါ်သည့်ဒေါသစိတ်၏ ဗိမ္ဗိသာရမင်းကြီးတည်းဟူသော အာရုံတခု၌ တည်တံ့မှု၊ မိခင်၏ လက်ညှိုးကို ဖြတ်ယူရန်အမှီလိုက်သော အင်္ဂုလိမာလသန္တာန်တွင် ဖြစ်ပေါ်သည့် ဒေါသစိတ်၏ မိခင်တည်းဟူသော အာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာများသည်လည်းကောင်း အကုသိုလ်ဧကဂ္ဂတာများပင် ဖြစ်သည်။

၁။ အဘိ၊ ဋ္ဌ၊ ၈၊ ၂၉၀။

စာမျက်နှာ-340
အကျဉ်းချုပ်အားဖြင့်- ဧကဂ္ဂတာသည် စိတ်မှန်သမျှနှင့် ဆက်ဆံသဖြင့် အကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း ဧကဂ္ဂတာ ပါဝင်သည်သာ ဖြစ်သည်၊ ယင်းအကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း ပါဝင်လျက်ရှိသော ဧကဂ္ဂတာကို အကုသိုလ်ဧကဂ္ဂတာဟု ခေါ်သည်။

၂။ ကုသိုလ် ဧကဂ္ဂတာ

ကုသိုလ် ဧကဂ္ဂတာမှာ- ဘုရားရှိခိုးခြင်း၊ တရားနာခြင်း သမထ ဝိပဿနာ အားထုတ်ခြင်းတို့၌ သိသာထင်ရှားပါသည်။

၃။ အဗျာကတ ဧကဂ္ဂတာ

အဗျာကတ ဧကဂ္ဂတာဟူသည် ကုသိုလ် အကုသိုလ်ဟုမဆိုထိုက်သည့် အဗျာကတ စိတ်များဖြစ်ခါ ဆိုင်ရာအာရုံတခု၌ တည်တံ့မှု ဧကဂ္ဂတာပင် ဖြစ်သည်။

အဗျာကတ ဧကဂ္ဂတာဖြစ်ပုံ

အကုသိုလ် ကုသိုလ်မှုဆိုင်ရာ မည်သည့် အလုပ်ကိုမျှ မလုပ်ဘဲ အိပ်နေစဉ်အခါ စသည်များ၌ အိပ်နေသောသူ၏ သန္တာန်၌ဖြစ်သော ဘဝင်စိတ်၏ အတိတ်အာရုံတခုခု၌ တည်တံ့မှုကိုပင် အဗျာကတဧကဂ္ဂတာဟု ဆိုရပေသည်။ ထို့ပြင် မြင်သိစိတ် စက္ခုဝိညာဏ်၏ မြင်သိဖွယ်အာရုံတခု၌ တည်တံ့မှုသည်လည်း အဗျာကတ ဧကဂ္ဂတာပင် ဖြစ်သည်။

အကျဉ်းချုပ်အားဖြင့် အကျိုးဝိပါက်စိတ်များနှင့် ပြုကာမျှမတ္တ ပြုခြင်းမျှသာ ဖြစ်ခဲ့သော ကြိယာစိတ်များ ဖြစ်တိုင်းဖြစ်တိုင်း ပါဝင်လျက်ရှိသော ဧကဂ္ဂတာသည် အဗျာကတ ဧကဂ္ဂတာဖြစ်သည်။

အဗျာကတ ဧကဂ္ဂတာနှင့် အားနည်းမှု

အဗျာကတ ဧကဂ္ဂတာလည်း အကုသိုလ်ဧကဂ္ဂတာကဲ့သို့ပင် အားနည်းလေသည်၊ မှန်ပေသည်၊ မြင်သိစိတ် (စက္ခုဝိညာဏ်) သည် အမြင်ခံ အဆင်းရူပါရုံ၌ တည်တံ့၍ ဧကဂ္ဂတာဖြစ်ရာ၌ ဥပါဒ်၊ ဌီ၊ ဘင်

စာမျက်နှာ-341
အခိုက်အတံ့တည်ကာမတ္တ တည်ခြင်းမျှသာ ဖြစ်လေသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “ဤမြင်သိစိတ် (စက္ခုဝိညာဉ်) သည် အားနည်း၏၊ စိတ်၏တည်ကာမတ္တ (ဌိတိ) မျှကိုသာ ရအပ်၏” ဟု ဖွင့်ဆိုလေသည်။

အကုသိုလ်ဧကဂ္ဂတာနှင့် ကုသိုလ်ဧကဂ္ဂတာ နှိုင်းယှဉ်ပုံ

အကုသိုလ် ဧကဂ္ဂတာသည် ကုသိုလ်ဧကဂ္ဂတာနှင့်နှိုင်းစာပါက အားနည်းလေသည်။ အကုသိုလ်တရားများမှာ အပယ်ခံ (ပဟာတဗ္ဗ) သဘောတရားများဖြစ်ကြပြီး ကုသိုလ်သဘောတရားများမှာ ပယ်တတ်သော (ပဟာယက) သဘောတရားများ ဖြစ်ကြလေသည်။

လောက၌သတ်သူ၊ အသတ်ခံရသူ နှစ်ဦးအနက် အသတ်ခံရသူမှာ သတ်သူအောက် အားနည်း၍ အသတ်ခံလိုက်ရခြင်း ဖြစ်သကဲ့သို့ ထို့အတူပင် အကုသိုလ် သဘောတရားများမှာ အပယ်ခံများဖြစ်၍ ကုသိုလ် သဘောတရားများအောက် အားနည်းကြပေသည်။

၎င်းပြင်- အကုသိုလ် ဆိုင်ရာတွင် ဧကဂ္ဂတာ၏ တည်တံ့မှုမှာ– အကုသိုလ်ဆိုင်ရာ သဘောများနှင့် ရောနှောလျက် ရှိသည်ဖြစ်ရာ အကုသိုလ်မှုဆိုင်ရာ မနှစ်မြို့ဖွယ်အာရုံတခု၌ သန့်ရှင်းစွာ တည်တံ့နိုင်ခွင့်ရနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ပြင် အကုသိုလ်၊ ကုသိုလ်သဘောတရားတို့၏ အားနည်းမှု အားကြီးမှုများနှင့် စပ်လျဉ်း၍ အဋ္ဌကထာ၌ ဥပမာ ဥပမေယျများဖြင့် အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကိုလည်း မှတ်သားအပ်ပေသည်။

ဥပမာဆောင် ထင်ရှားအောင် ပြဆိုဦးအံ့၊ မြူ (ဖုံ) ထရာ အရပ်ကို ရေဖြင့်ဖျန်း၍ တံမြက်လှည်းအပ်သည်ကို ပြုအပ်သည်ရှိသော် အနည်းငယ်သော ကာလပတ်လုံးသာလျှင် မြူသည် ငြိမ်သက်စွာ တည်နေ၏။ ခြောက်လေ ခြောက်လေသော် တဖန် ပင်ကို (ပြကတေ့) သော

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၀၃။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၀၊ နိဿယ၊ ဒု၊ ၁၄၂။

စာမျက်နှာ-342
သဘောဖြင့်သာလျှင် ထသကဲ့သို့ ဤအတူ အကုသိုလ် အဖို့အရာ၌ ဧကဂ္ဂတာသည် အားမရှိ။ (ပါဠိတော်၌ “သက်ဝင်၍တည်ခြင်း” ဟု ဟောတော်မူသည်မှာ ပါဏာတိပါတ စသော မကောင်းမှုကိုပြုရာဝယ် အခိုက်အတန့်ပင် ဖြစ်စေကာမူ ထိုအာရုံ၌ သက်ဝင်၍တည်မှ ကံထမြောက်ကြ၏၊ ထိုထမြောက်ရုံမျှ သက်ဝင်၍ တည်သည်ကို ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်၊ အားရှိ၍ ဟောတော်မူခြင်း မဟုတ်ပေ)

ထိုမှတပါး ထိုမြူထရာအရပ်ကို အိုးတို့ဖြင့် ရေကို သွန်းဖြန်း၍ ပေါက်တူးဖြင့်တူးဆွ၍ မြေကြီးခဲတို့ကို ထုရိုက်ခြင်း၊ ရေဖြင့်နယ်ခြင်း၊ ဆောင့်ချခြင်းတို့ကိုပြု၍ လိမ်းကျံအပ်သည်ရှိသော် ကြေးမုံမှန်၌ အရိပ်သည် ထင်သကဲ့သို့ အရိပ်ထင်၏၊ အနှစ်တရာလွန်သော်လည်း ထိုခဏ၌ပြုအပ်သကဲ့သို့ဖြစ်၏၊ ကုသိုလ်အဖို့အရာ၌ ဧကဂ္ဂတာသည် အားရှိ၏” ဟူ၍ ရှင်းလင်း ဖွင့်ဆိုထားလေသည်။

သမာဓိ (၂) မျိုး

၁။ ဥပစာရသမာဓိ = အပ္ပနာဈာန်၏ အနီး၌ဖြစ်သော သမာဓိ။

၂။ အပ္ပနာသမာဓိ = ခိုင်မြဲသော သမာဓိ = ဂေါတြဘူ၏ အခြားမဲ့၌ ဖြစ်သော ဧကဂ္ဂတာ = မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်၌ ရှိသော သမာဓိ။

တနည်း သမာဓိ (၂) မျိုး

၁။ လောကီသမာဓိ = ကာမ၊ ရူပ၊ အရူပ ဟုဆိုအပ်သော ဘုံသုံးပါး၌ လောကီစိတ်များနှင့်အတူဖြစ်သော ဧကဂ္ဂတာ။

၂။ လောကုတ္တရာသမာဓိ = လောကုတ္တရာအရိယာမဂ်၊ ဖိုလ်များနှင့် ယှဉ်သော သမာဓိ။

၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၁။

စာမျက်နှာ-343

တနည်း သမာဓိ (၂) မျိုး

၁။ သပ္ပီတိကသမာဓိ = စတုက္ကဈာန်နည်းအားဖြင့် ပထမဈာန်၊ ဒုတိယဈာန်၊ ဈာန် (၂) မျိုး ပဉ္စကဈာန်နည်းအားဖြင့် ပထမ၊ ဒုတိယ၊ တတိယဈာန်၊ ဈာန် (၃) မျိုးတို့၌ ရှိသော ဧကဂ္ဂတာ။

၂။ နိပ္ပီတိကသမာဓိ = ကြွင်းသောစတုတ္ထဈာန်၊ ပဉ္စမဈာန်၊ ဈာန် (၂) မျိုးတို့၌ ရှိသော ဧကဂ္ဂတာ။

တနည်း-သမာဓိ (၂)မျိုး

၁။ သုခသဟဂတသမာဓိ = စတုက္ကဈာန်နည်းအားဖြင့် ဈာန် (၃) မျိုး ပဉ္စကဈာန်နည်းအားဖြင့် ဈာန် (၄) မျိုးတို့၌ ရှိသော ဧကဂ္ဂတာ။

၂။ ဥပေက္ခာသဟဂတသမာဓိ = ကြွင်းဈာန်၌ရှိသောဧကဂ္ဂတာ။

သမာဓိ (၃)မျိုး

၁။ ခဏိကသမာဓိ = နှံ့သောကာမာဝစရစိတ်၌ရှိသော အနည်းငယ် တည်ကြည်ခြင်း ဧကဂ္ဂတာ။

၂။ ဥပစာရသမာဓိ = ထက်သော ကာမာဝစရ စိတ်၌ရှိသော ဧကဂ္ဂတာ။

၃။ အပ္ပနာသမာဓိ = မဟဂ္ဂုတ်စိတ်နှင့် လောကုတ္တရာစိတ်တို့၌ ရှိသော သမာဓိ။

တနည်း-သမာဓိ (၃)မျိုး

၁။ ဟီနသမာဓိ = ရခါမျှ ရကာစဖြစ်သော (အညံ့စားသမာဓိ)။

၂။ မဇ္ဈိမသမာဓိ = လွန်စွာမပွားအပ်သော အလယ်အလတ်ဖြစ်သော သမာဓိ။

၃။ ပဏိတသမာဓိ = လွန်စွာပွားအပ်ပြီး၍ ဝသီဘော်ရောက်သော မွန်မြတ်သော သမာဓိ။

၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၁။

၂။ အနုဝဏ္ဏနာ၊ ၃၊ ၂၁၀။

၃။ ဝိသုဒ္ဓိ၊ ၁၊ ၈၂။

စာမျက်နှာ-344

တနည်း– သမာဓိ (၃)မျိုး

၁။ သဝိတက္ကသဝိစာရသမာဓိ = ဥပစာရသမာဓိနှင့်တကွ ပထမဈာန်သမာဓိ။

၂။ အဝိတက္ကဝိစာရမတ္တသမာဓိ = ပဉ္စကဈာန်နည်း ဒုတိယဈာန်သမာဓိ။

၃။ အဝိတက္ကအဝိစာရသမာဓိ = စတုက္ကဈာန်နည်း၌ ဒုတိယဈာန်အစရှိသော ဈာန်များ၊ ပဉ္စကနည်း၌ တတိယဈာန်အစရှိသော သုံးပါးသောဈာန်တို့၌ ရှိသောဧကဂ္ဂတာ။

တနည်း– သမာဓိ(၃)မျိုး

၁။ ပီတိသဟဂတသမာဓိ = စတုက္ကနည်း၌ အစ (၂) ပါးသောဈာန်၊ ပဉ္စကနည်း (၃) ပါးသော ဈာန်တို့၌ရှိသော ဧကဂ္ဂတာ။

၂။ သုခသဟဂတသမာဓိ = တတိယဈာန် စတုတ္ထဈာန်၌ရှိသော ဧကဂ္ဂတာ။

၃။ ဥပေက္ခာသဟဂတသမာဓိ = အဆုံးဖြစ်သောဈာန်၌ ရှိသော ဧကဂ္ဂတာ။

တနည်း-သမာဓိ (၃)မျိုး

၁။ ပရိတ္တသမာဓိ = ကာမာဝစရစိတ်၌ ယှဉ်သောသမာဓိ။ (အားနည်းသော ကာမာဝစရတရားကို ပရိတ္တဟုခေါ်သည်)

၂။ မဟဂ္ဂတသမာဓိ = ရူပ၊ အရူပဈာန်စိတ်တို့၌ယှဉ်သောသမာဓိ။

၃။ အပ္ပမာဏသမာဓိ = လောကုတ္တရာစိတ်၌ ယှဉ်သောသမာဓိ။

၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၂။

စာမျက်နှာ-345

သမာဓိ (၄)မျိုး

၃၄၇ ၁။ ကာမာဝစရသမာဓိ = ကာမာဝစရစိတ်၌ ရှိသော ဧကဂ္ဂတာ။

၂။ ရူပါဝစရသမာဓိ = ရူပစိတ်၌ ရှိသော ဧကဂ္ဂတာ။

၃။ အရူပါဝစရသမာဓိ = အရူပစိတ်၌ရှိသော ဧကဂ္ဂတာ။

၄။ အပရိယာပန္နသမာဓိ = လောကုတ္တရာသမာဓိ။

တနည်း– သမာဓိ (၄)မျိုး

၁။ ဆန္ဒာဓိပတိသမာဓိ = ဆန္ဒကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု။

၂။ ဝီရိယာဓိပတိသမာဓိ = ဝီရိယကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု။

၃။ စိတ္တာဓိပတိသမာဓိ = စိတ်ကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု။

၄။ ဝီမံသာဓိပတိသမာဓိ = ဝီမံသကို အကြီးအမှူးပြုသော စိတ်၏ တည်ကြည်မှု—

ဟူ၍ အဓိပတိအစွမ်းဖြင့်(၄)မျိုးဖြစ်သည်။

သမာဓိ (၅)မျိုး

၁။ ပထမဇ္ဈာနသမာဓိ။ ။ ရှေးဦးစွာ ကသိုဏ်းစသော တခုသောသမထ အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သောသမာဓိ။

၂။ ဒုတိယဇ္ဈာနသမာဓိ။ ။ နှစ်ကြိမ်မြောက် ကသိုဏ်းစသော တခုသော အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော သမာဓိ။

၁။ ဝိသုဒ္ဓိ၊ ၁၊ ၈၅။

စာမျက်နှာ-346
၃။ တတိယဇ္ဈာနသမာဓိ။ ။ သုံးကြိမ်မြောက် ကသိုဏ်းစသော တခုသောသမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲတည်ငြိမ်သော သမာဓိ။

၄။ စတုတ္ထဇ္ဈာနသမာဓိ။ ။ လေးကြိမ်မြောက် ကသိုဏ်းစသော တခုသော အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲတည်ငြိမ်သော သမာဓိ။

၅။ ပဉ္စမဇ္ဈာနသမာဓိ။ ။ ငါးကြိမ်မြောက် ကသိုဏ်းစသော တခုသော အာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော သမာဓိ။

သမာဓိ၏အမည်ထူးများ

အာရုံတခု၌တည်ကြည်မှု သမာဓိ၏ အမည်ထူးများမှာ-

၁။ သမထ၊

၂။ အဓိစိတ္တ၊

၃။ အပ္ပနာ-

ဟူသောအမည်များပင်ဖြစ်သည်။

(၁) သမထအမည်ကိုရခြင်း

သမထဟူသည် ကာမဂုဏ်ကို နှစ်သက်တွယ်တာတတ်သော ကာမစ္ဆန္ဒ-နီဝရဏစသော ကိလေသာ စသည်တို့ကို ငြိမ်းအေးစေမှုပင် ဖြစ်သည်။ တရားကိုယ်မှာ မဟာကုသိုလ်နှင့် ဈာန်စိတ်များ၌ ရှိသော သမာဓိပင် ဖြစ်သည်-

ပုထုဇဉ်သမာဓိ

ထိုသမာဓိသည် နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်သက်အေးမြစေတတ်ပေရာ ပုထုဇဉ်တို့ ကမ္မဋ္ဌာန်း စတင်အားထုတ်ကြသောအခါ ၎င်းတို့၏ သန္တာန်၌ မဟာကုသိုလ်စိတ်

၁။ ဒီပနီပေါင်းချုပ်၊ ၁၊ ၁၅၁။

၂။ ဘာသာဋီ၊ ၆၂၆။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၈၉၊ ၁၇၅။

စာမျက်နှာ-347
စေတသိက်များ ဖြစ်ကြပေသည်။ ကမ္မဋ္ဌာန်းပေါက်၍ ဈာန်အထမြောက်သောအခါ ရူပပထမဈာန် စိတ်စေတသိက်များ ဖြစ်ကြပေသည်။ ထိုဖြစ်ပေါ်လာသော စိတ်များတွင် ဧကဂ္ဂတာခေါ် သမာဓိသည် အချုပ်အချာဖြစ်သည်။ ထိုသမာဓိသည် ထကြွသောင်းကျန်းလေ့ ရှိသော နီဝရဏ-ကိလေသာအပူဓာတ်တို့ကို ငြိမ်သက်အေးစေတတ်လေသည်၊ ထို့ကြောင့် ပုထုဇဉ်တို့၏သန္တာန်၌ ဖြစ်သောသမာဓိသည် သမထအမည်ကို ရရှိလေသည်။

ရဟန္တာသမာဓိ

ရဟန္တာဖြစ်ပြီးမှ လောကီဈာန်ကို အားထုတ်ရာ၌ ထိုကဲ့သို့ ကိလေသာအပူဓာတ်တို့ကို ငြိမ်ဝပ်စေဖွယ်မလိုပါ။ အာရုံများစွာကို ယူနေရသည့်အတွက် မငြိမ်မသက်ဖြစ်လျက်ရှိသော စိတ်ကို(ဝါ)သမာဓိမရခင် အာရုံအမျိုးမျိုးကို ယူနေရသဖြင့် မငြိမ်မသက်ဖြစ်လျက်ရှိသောစိတ်ကို ငြိမ်သက်စေတတ်သည် ဖြစ်သောကြောင့် သမထအမည်ကို ရရှိခြင်းဖြစ်သည်။

ဒုတိယဈာန်စသည်ရှိသော သမာဓိ

ဒုတိယဈာန်စသည်၌ ရှိသော သမာဓိမှာ ကိလေသာကိုလည်း ငြိမ်သက်စေဖွယ်မလို၊ စိတ်ကိုလည်း ငြိမ်သက်စေဖွယ်မလိုပါ၊ ဝိတက်စသော ရုန့်ရင်းသော ဈာန်အင်္ဂါကို ငြိမ်းစေတတ်သောကြောင့်သာ သမထဟူသောအမည်ကို ရရှိခြင်း ဖြစ်လေသည်-။

(၂) အဓိစိတ္တအမည်ကိုရခြင်း

အဓိစိတ္တဟူသည် လွန်ကဲမြင့်မြတ်သော သမာဓိဖြစ်သည်။ ဤ၌စိတ်ကို အဦးပြု၍ သမာဓိစေတသိက်ကို အဓိစိတ္တဟုဆိုခြင်းဖြစ်သည်၊ မဂ်သမာဓိ ဖိုလ်သမာဓိကို မုချအားဖြင့် အဓိစိတ္တခေါ်သည်၊ ဝိပဿနာ၏ အခြေခံ သမာပတ္တိသမာဓိကို ဥပစာအားဖြင့် အဓိစိတ္တဟု ခေါ်သည်။

၁။ ဘာသာဋီ၊ ၆၂၆။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၈၉၊ ၁၇၅။

၂။ ဘာသာဋီ၊ ၆၂၆။

၃။ ပဋိသံ၊ ဋ္ဌ၊ ၂၊ ၇၃၊ ၇၆။

စာမျက်နှာ-348

(၃) အပ္ပနာအမည်ကို ရခြင်း

အမှန်စင်စစ်၊ အပ္ပနာဆိုသည်မှာ သမ္ပယုတ္တတရားတို့ကို အာရုံသို့ ရှေးရှုတင်ပေးတတ်သည့် ဝိတက်၏အမည်ဖြစ်သည်။ ဝိတက်စသော ဈာန်အင်္ဂါတို့နှင့် အတူဖြစ်သောကြောင့် ဈာန်ကိုလည်း အပ္ပနာဟုခေါ်သည်။ ဈာန်အင်္ဂါတို့တွင် သမာဓိသည် ပဓာနဖြစ်သည်။ ထို့ကြောင့် သမာဓိကိုလည်း အပ္ပနာဟု ခေါ်သည်။

ဣန္ဒြေ၊ ဗိုလ်စသောအမည်ကို ရခြင်း

ဣန္ဒြေမည်ပုံ

အာရုံတခု၌တည်ကြည်မှုသမာဓိသည် ဣန္ဒြေထိုက်သော တရားများတွင်ပါဝင်၏။ မိမိနှင့်သက်ဆိုင်သော တရားများအား မိမိအလိုအတိုင်း ဖြစ်စေနိုင်သောတရားကို ဣန္ဒြေဟု ဆိုရ၏။ သမာဓိသည် မိမိနှင့်သက်ဆိုင်သော မိမိနှင့်အတူဖြစ်သော သမ္ပယုတ်တရားတို့ကို မိမိအလိုအတိုင်း မပျံ့လွှင့်ခြင်းသဘောသို့ လိုက်စေတတ်၏။ ထို့ကြောင့် ဣန္ဒြေကိစ္စတပ်၍ ဣန္ဒြေအမည်ကိုရသည်၊ ယင်းကဲ့သို့ ဣန္ဒြေကိစ္စတပ်သောကြောင့် ပျံ့လွှင့်မှုဥဒ္ဓစ္စသည်ပင် သမာဓိအလိုသို့လိုက်ရလေသည်။

ဥဒ္ဓစ္စသည်သမာဓိအလိုသို့ လိုက်၊ မလိုက်

ဥဒ္ဓစ္စနှင့် ဧကဂ္ဂတာသမာဓိတို့သည် သဘောအားဖြင့် ဆန့်ကျင်ကြ၏။ ဥဒ္ဓစ္စမှာပျံ့လွင့်တုန်လှုပ်သောသဘောဖြစ်သည်။ ဧကဂ္ဂတာသမာဓိကား မပျံ့လွင့်မတုန်လှုပ်ဘဲတည်ကြည်၏။ ဧကဂ္ဂတာသမာဓိသည် စိတ်မှန်သမျှနှင့် ဆက်ဆံသဖြင့် ဥဒ္ဓစ္စစိတ်၌ ဥဒ္ဓစ္စနှင့် ဧကဂ္ဂတာတို့အတူ ဖြစ်သောအခါ ဥဒ္ဓစ္စသည်သမာဓိအလိုသို့လိုက်၍ သို့မဟုတ် သမာဓိသည် ဥဒ္ဓစ္စအလိုသို့လိုက်၍ အတူဖြစ်နိုင် မဖြစ်နိုင် စိစစ်ရန် လိုအပ်လေသည်။

မဏိသာရမဉ္ဇူအဆို

မပျံ့လွှင့်မှုဧကဂ္ဂတာသမာဓိသည် ပျံ့လွင့်မှုဥဒ္ဓစ္စကို ဖြားယောင်းသွေးဆောင်နိုင်၏။ ဥပမာ- မြင်းစီးအတတ် ကျွမ်းကျင်သူသည် မြင်းကြမ်းကိုစီးသောအခါ မြင်း၏အလိုသို့ အတန်ငယ်ဖြားယောင်းလိုက်ပါပြီးနောက် မိမိအလိုသို့ လိုက်ပါ

၁။ ဝိသုဒ္ဓိ၊ ဋီ၊ ၁၊ ၃၃၃။ သာရတ္ထဋီ၊ ၂၊ ၂၆၁။

စာမျက်နှာ-349
အောင် ဆွဲဆောင်စီးနင်းသကဲ့သို့ သမာဓိသည် ပျံ့လွင့်မှုသဘော ဥဒ္ဓစ္စ အလိုသို့ ၁-ဝီထိခန့်ဖြစ်စေ၊ ၂-ဝီထိ၊ ၃-ဝီထိခန့်ဖြစ်စေ အတန်ငယ်လိုက်၍ ပျံ့လွင့်ပြီးနောက်မှ မပျံ့လွင့်မှုသဘော မိမိအလိုသို့ လိုက်ပါစေကာ အတူ တကွ ဖြစ်နိုင်ကြလေသည်။

ပရမတ္ထသရူပအနုဝဏ္ဏနာအလို

ပရမတ္ထသဘောတို့သည် မြင်းကြမ်း ကို စီးသည့် ဥပမာကဲ့သို့ မဖြစ်နိုင်၊ မပျံ့လွင့်မှု တည်ကြည်မှု သမာဓိသည် ပျံ့လွင့်တုန်လှုပ်မှု ဥဒ္ဓစ္စအလိုသို့ လိုက်၍အနည်းငယ်မျှပျံ့လွင့်၍ မသွားပါ။

“သမာဓိသည်ပျံ့လွင့်မှု ဥဒ္ဓစ္စကိုလွှမ်းမိုးတတ်သဖြင့် အတူဖြစ်ဖက် တရားတို့အပေါ် အစိုးတရဖြစ်၏၊ ထို့ကြောင့် ဣန္ဒြေမည်၏”- ဟု အဋ္ဌကထာ၌ ဆိုထား၏။ သမာဓိသည် ဣန္ဒြေကိစ္စတပ်၏၊ မိမိနှင့်အတူ ဖြစ်ဖက်တရားတို့ကို မိမိအလိုအတိုင်း မပျံ့လွင့်ခြင်းသဘောသို့ လိုက်ပါ စေနိုင်၏။ ဣန္ဒြေစစ်စစ်၊ သမထစစ်စစ်ဧကန်ဖြစ်သော သမာဓိသည် ဣန္ဒြေ ကိစ္စမတပ်သော ဥဒ္ဓစ္စနောက်သို့ အနည်းငယ်မျှလိုက်၍ ပျံ့လွင့်မှုသဘော မဖြစ်နိုင်၊ ပျံ့လွင့်မှုသဘောဥဒ္ဓစ္စကသာလျှင် သမာဓိနှင့်အတူဖြစ်ရသဖြင့် မပျံ့လွင့်မှုသဘောသို့လိုက်ကာ အတူဖြစ်ရလေသည်။

ဥဒ္ဓစ္စ၏ ပျံ့လွင့်မှု သဘောဆိုသည် မှာလည်း ဥဒ္ဓစ္စ စေတသိက်နှင့် ဥဒ္ဓစ္စစိတ်တို့အတူဖြစ်သော အခါ၌သာ လက္ခဏာတူ သဘာဂချင်းဖြစ်၍ စိတ်တူကိုယ်တူ သဘောတူဖြစ်သော လူဆိုး ၂-ဦးကဲ့သို့ပျံ့လွင့်မှု သဘော ဖြစ်ရပေသည်။ ဣန္ဒြေကိစ္စတပ်သဖြင့် မိမိထက်တန်ခိုးကြီးသော သမာဓိ နှင့်အတူဖြစ်ရသော အခါ၌မူ အာဏာရှိသူ အစိုးရသူတို့ လာသောအခါ လူဆိုးများ မဆိုးဝံ့သကဲ့သို့ ပျံ့လွင့်မှုဥဒ္ဓစ္စသည် မပျံ့လွင့်သော သမာဓိ အလိုသို့လိုက်၍ အတူဖြစ်ရလေသည်။

၁။ ပရမတ္ထသရူပအနုဝဏ္ဏနာ၊ ပ၊ ၂၃၄-၃၅။ ၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၅။

စာမျက်နှာ-350

ဒီပနီအလို

ဧကဂ္ဂတာ၏ သဘောလက္ခဏာတွင် ပြဆိုခဲ့သည့်အတိုင်း အာရုံတရားသည် တခုတည်းပင် ဖြစ်သော်လည်း သဘော အမျိုးမျိုးဖြစ်နိုင်သည်၊ ထိုသဘောအမျိုးမျိုးတို့၌ ပျံ့လွင့် ခြင်းသို့ မရောက်စေဘဲ၊ တခုသောသဘော၌ တခဏမျှဖြစ်သော စိတ်၏ မပျံ့လွင့် မတုန်လှုပ်သော အခြင်းအရာသည်ဖြစ်နိုင်၏။ ထို့ကြောင့်ပျံ့လွင့် ခြင်း လက္ခဏာရှိသော ဥဒ္ဓစ္စ၌ မပျံ့လွင့်ခြင်းလက္ခဏာရှိသော ဧကဂ္ဂတာယှဉ်နိုင်၏။ ဆိုလိုသည်မှာ စိတ်သည် အာရုံနှင့်မကင်းနိုင်၊ စိတ်ဖြစ် ပေါ်လာလျှင် အာရုံတခု၌ တခဏပင်ဖြစ်စေ တည်တံ့ရပါသည်၊ ဥဒ္ဓစ္စ သည်အာရုံ၌ပျံ့လွင့်သော်လည်း ဥဒ္ဓစ္စစိတ်ဖြစ်ပေါ်လာလျှင် တခဏပင်ဖြစ် စေ၊ အာရုံတခု၌ တည်တံ့ရပေဦးမည်။ ထို့ကြောင့်တခုသော အာရုံ၌ ဥဒ္ဓစ္စစိတ်၏ တည်တံ့သော အခြင်းအရာသည် ဖြစ်နိုင်လေသည်၊ ထို့ကြောင့် ဥဒ္ဓစ္စစိတ်၌ ဧကဂ္ဂတာယှဉ်နိုင်လေသည်။

ဗိုလ်မည်ပုံ

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် ဗိုလ်ကိစ္စတပ်သော တရားများတွင်ပါဝင်၏၊ မှန်၏၊ ဗိုလ်ဟူသည်မှာ- လှုပ်ရှား မယိုင်မြဲခိုင်တတ်သောတရားများကို ခေါ်ဆိုခြင်းဖြစ်၏၊ သမာဓိသည်ဆန့် ကျင့်ဘက်အကုသိုလ်ကြောင့် မိမိကိုယ်တိုင်လည်း မလှုပ်ရှားအတူဖြစ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း မလှုပ်ရှားစေတတ်သည့်ပြင်ဆန့်ကျင်ဘက်ဖြစ် သော အကုသိုလ်များကိုပင်ပယ်ရှားဖြိုဖျက်နိုင်သော ပဟာယကသတ္တိရှိပေ သည်၊ ထိုကြောင့် ထိုသမာဓိသည် ဗိုလ်ကိစ္စတပ်၍ ဗိုလ်အမည်ရလေသည်။

ဗောဇ္ဈင်မည်ပုံ

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် ဗောဇ္ဈင်ကိစ္စ တပ်သောတရားများတွင်လည်းပါဝင်ပေသည်၊ ဗောဇ္ဈင် ဆိုသည်မှာ-ယောဂီပုဂ္ဂိုလ်တို့သည် သစ္စာလေးရပ်တရားမြတ်ကို အကြင် တရားအပေါင်းဖြင့်သိရ၏။ ထိုတရားအပေါင်းကို ဗောဇ္ဈင်ဟု ခေါ်ဆို၏။ သမာဓိသည်လည်း ထိုသစ္စာ-၄-ပါးတရားမြတ်ကို သိရခြင်း၏အကြောင်း ဖြစ်လေသည်။ ထို့ကြောင့်ဗောဇ္ဈင် ကိစ္စတပ်သော တရားများတွင်လည်း ပါဝင်လေသည်။

၁။ ပရမတ္ထဒီပနီ၊ ၉၂။

စာမျက်နှာ-351

မဂ္ဂင်မည်ပုံ

အာရုံတခု၌ တည်ကြည်မှုသမာဓိသည် မဂ္ဂင်ကိစ္စလည်း တပ်၏၊ မှန်၏၊ မဂ္ဂင်ဟူသည်မှာ သုဂတိသို့ ရောက်ဖို့ရာ လမ်းကြောင်း၊ ဒုဂ္ဂတိသို့ရောက်ဖို့ရာ လမ်းကြောင်းဖြစ်သော တရား အပေါင်း၏အစိတ်အင်္ဂါကိုမဂ္ဂင်ဟုဆိုအပ်ပေသည်။ သမာဓိသည်ကောင်းစွာ တည်ကြည်မှုသမ္မာသမာဓိအမည်ကို ခံယူသောအခါ သုဂတိသို့ ရောက်ဖို့ရာ လမ်းကြောင်းဖြစ်၏၊ ဖောက်ပြန်မှားယွင်းသောတည်ကြည်မှု မိစ္ဆာသမာဓိ အမည်ကို ခံယူသောအခါ ဒုဂ္ဂတိသို့ ရောက်ဖို့ရာ လမ်းကြောင်း ဖြစ်၏။ ထို့ကြောင့် ထိုသမာဓိသည် မဂ္ဂင်ကိစ္စလည်း တပ်သောတရားဖြစ်လေသည်။

ဣန္ဒြေ၊ ဗိုလ်၊ မဂ္ဂင်မမည်သောဧကဂ္ဂတာ

ဝိစိကိစ္ဆာစိတ်၌ရှိသော ဧကဂ္ဂတာသည် သာမန်ဧကဂ္ဂတာ သာဖြစ်သည်၊ အထူးသတ္တိကောင်းသောဧကဂ္ဂတာ မဟုတ်ပေ၊ မှန်၏၊ အဆိုပါ ဧကဂ္ဂတာသည် “တည်ကြည်ပါတယ်”ဟု ဆိုသော်လည်း ယုံမှား သံသယများသော ဝိစိကိစ္ဆာက အာရုံပေါ်၌ စွဲစွဲမြဲမြဲ မရှိသောကြောင့် ထိုဝိစိကိစ္ဆာနှင့် ယှဉ်ရသည့်အတွက် ဧကဂ္ဂတာလည်း အာရုံပေါ်၌ မစွဲမြဲ နိုင်၊ ထို့ကြောင့် ထိုဝိစိကိစ္ဆာစိတ်၌ရှိသော ဧကဂ္ဂတာသည် ဣန္ဒြေ၊ ဗိုလ်၊ မဂ္ဂင်ကိစ္စ မတပ်ပေ။

ဈာနင်မည်ပုံ

သမာဓိသည် ဈာနင်ကိစ္စတပ်သောတရားများတွင် လည်း ပါဝင်၏၊ ဈာနင်ဟူသည် ဆိုင်ရာအာရုံကို ရိုးရိုး အာရုံပြုပုံထက် လွန်ကဲ၍ စူးစူးစိုက်စိုက် ရှူတတ်သောဈာန်တရား၏ အစိတ်အင်္ဂါများဖြစ်သော ဝိတက်စသည့် တပါးစီတပါးစီကို ဈာနင်ဟု ခေါ်ဆိုခြင်းဖြစ်၏။ ယောဂီတို့သန္တာန်၌ ဖြစ်သော ဧကဂ္ဂတာခေါ် သမာဓိသည် ဆိုင်ရာကမ္မဋ္ဌာန်းအာရုံကိုစူးစူးစိုက်စိုက် ရှူတတ်သောသဘော ရှိသောကြောင့် ဈာနင်ကိစ္စတပ်သော တရားများတွင် ပါဝင်လေသည်။

ဈာနင်အမည်မရသောဧကဂ္ဂတာ

ဧကဂ္ဂတာခေါ် သမာဓိသည် ဈာနင် ကိစ္စ တပ်သည်ဟု ဆိုသော်လည်း ဒွေပဉ္စဝိညာဏ်၌ရှိသော ဧကဂ္ဂတာမှာ ဈာနင်ကိစ္စမတပ်ပေ။ မှန်ပေသည်၊ ဈာနင်ဆိုသည်မှာ အာရုံထဲ၌စူးစိုက်ဝင်သွားသကဲ့သို့ထင်ရလောက်အောင် ဗုဒ္ဓအဘိဓမ္မာ

စာမျက်နှာ-352
ရှုတတ် အာရုံယူတတ်သော တရားဖြစ်၏၊ ဒွေပဉ္စဝိညာဏ်၌ ဝိတက်ဝိစာရ စသည့် စေတသိက်များ မရှိပေ။ အာရုံသို့ တင်ပေးမည့် ဝိတက်မရှိပါ လျှင် အဘယ်မှာ အာရုံကို စူးစိုက်စွာ ယူနိုင်မည်နည်း၊ အာရုံကိုစူးစိုက်စွာ မယူနိုင်လျှင် ဈာနင်အမည်လည်း မရထိုက်ပါ။

ဈာနင်အမည်ရသောသမာဓိ၏ သမာဓာနသဘော

အထက်တွင် ဖော်ပြပါ ဈာနင်ကိစ္စ တပ်သောဧကဂ္ဂတာခေါ် သမာဓိသည် အာရုံ၌ ကောင်းစွာထားခြင်းကိစ္စဖြင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မိမိအလိုသို့လိုက်စေလျက် တခုတည်းသော အာရုံ၌ ကောင်းစွာထားခြင်း (သမာဓာန) သဘောရှိပေသည်။

ယင်းသမာဓိ၏ ကောင်းစွာထားမှုသည်-

(၁) အာရုံ၌ စိတ်ကိုကောင်းစွာထားခြင်းနှင့်

(၂) အာရုံ၌ စိတ်ကို အညီအမျှထားခြင်းဟူသော သဘော နှစ်မျိုးကို ဆောင်ပေသည်'။

အာရုံ၌ စိတ်ကိုကောင်းစွာထားခြင်း

အာရုံ၌ စိတ်ကိုကောင်းစွာ ထားခြင်းဆိုသည်မှာ ကာမဂုဏ်တို့၌ နှစ်သက်တွယ်တာမှု(ကာမစ္ဆန္ဒ)စသော သမာဓိ၏ ဆန့်ကျင်ဘက် သဘောတရားတို့မှ ဝေးကွာမှုကြောင့် စိတ်၏တွန့်ဆုတ်ခြင်း (လီန) သဘောမရှိအောင် ထားခြင်း၊ ပျံ့လွင့်မှုဥဒ္ဓစ္စ၏ မရှိခြင်းကြောင့် စိတ်ကို တွန့်လည်းမတွန့် ပျံ့လည်းမပျံ့လွင့်ရအောင် ထားရှိခြင်းသဘောကို ဆိုလို ပေသည်။

၁။ ဝိဘာဝနီဋီကာ၊ ၉၂၊ ၉၃။

၂။ သံ+အာဓာ၊ သံ=သမ္မာ=ကောင်းစွာ၊ အာ+ဓာ+ဣ=အာဓာန=ထားခြင်း။

၃။ သံ+အာဓာ၊ သံ=သမံ=အညီအမျှ၊ အာ+ဓာ+ဣ=အာဓာန=ထားခြင်း။

စာမျက်နှာ-353

အာရုံ၌စိတ်ကိုအညီအမျှထားခြင်း

အာရုံ၌ စိတ်ကို အညီအမျှထားခြင်း ဆိုသည်မှာ အာရုံ၌စိတ်ကို သဒ္ဓိန္ဒြေနှင့် ပညိန္ဒြေ ၂-ပါးညီမျှအောင် ထားရှိမှု၊ ဝိရိယိန္ဒြေနှင့်သမာဓိန္ဒြေ ၂-ပါးညီမျှအောင် ထားရှိမှုမျိုး ဖြစ်သည်၊ သတိန္ဒြေမှာကား ညီမျှစရာ မလိုပေ။

တနည်း

စိတ်ကိုအညီအမျှ ထားခြင်း ဆိုသည်မှာ တခုတည်းသော အာရုံ၌ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့၏ အချင်းချင်း တပါးကိုတပါး မလွန်စေ၊ အညီအမျှ ဖြစ်စေသည်၏ အစွမ်းဖြင့် အဆိုပါဣန္ဒြေတို့၏ ယုတ်မှု လွန်ကဲမှုကိစ္စများမရှိအောင် ညီညီမျှမျှထား ရှိခြင်းသဘောကို ဆိုလိုပေသည်။

ဣန္ဒြေတို့ကိုအညီအမျှထားရှိခြင်း

ဤတွင် ဈာနင်ကိစ္စ တပ်သော သမာဓိသည် သဒ္ဓိန္ဒြေစသည်တို့ကို အဘယ်သို့လျှင် အညီအမျှ ထားရှိပါသနည်းဟု မေးဖွယ်ရှိပေသည်၊ ဤ မေးခွန်းကို ဖြေဆိုရာ၌ ဝိသုဒ္ဓိမဂ် အဋ္ဌကထာစသည်တို့တွင် လာရှိသည့် အတိုင်းဖြေဆိုရန်ဖြစ်သော်လည်း အလွန်ကျယ်လွန်းသည် ဖြစ်သဖြင့် အောက်ဖော်ပြပါ မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေဝလင်္ကာသစ်ကို ဖော်ပြအပ်ပါသည်။

“သဒ္ဓါပညာ၊ သမာဝီရိ၊ စောင်းနှယ်ညိုလော့၊ လောကီ ဓမ္မတာ၊ လူဆိုမှာလျှင်၊ သဒ္ဓါထွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန် နှင့်၊ သားပွန်လိမ္မာ၊ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က နက်၏ဆင်းရဲ၊ အပြဲမှန်မှာ၊ သဒ္ဓါနုန့်ဆွန်၊ တွန့်၍ဉာဏ်ကွန်၊ ပညာ လွန်သော်၊ ဝင်္ကန်ကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီ၊ သမာဓိများ၊ ပျင်းရိပွား၏၊ အားထုတ်လွန်က၊ ပြန့်တတ်စုနှင့်

၁။ ဋီကာကျော်နိဿယ(အရှင်ဇနက) ၁၂၆။ ၂။ မဏိမဉ္ဇူ၊ ပ၊ ၂၄၀။

စာမျက်နှာ-354

ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိအထူး

စိတ်၏တည်ကြည်မှု သမာဓိသည် ဥပစာရအခိုက်အတန့်၌ နီဝရဏတို့ကို ပယ်ခြင်းဖြင့် စိတ်၏ စင်ကြယ်မှုကို ရရှိသည်။ ဈာန်ကိုရသော အပ္ပနာ အခိုက်အတန့်၌ကား ဈာန်အင်္ဂါထင်ရှားဖြစ်ပေါ်ခြင်းဖြင့် စိတ်၏တည် ငြိမ်မှုကို ရရှိခြင်းဖြစ်သည်။

ထို့ ပြင်-ဥပစာရသမာဓိဖြစ်သောအခါ ယောဂီ၏စိတ်သည် ရံခါနိမိတ် ကို အာရုံပြု၍ ရံခါဘဝင်သို့ သက်ရောက်လေသည်။

ဥပမာ- နုနယ်သောကလေးသူငယ်ကို မထူ၍ထားရာ အဖန်ဖန်မြေသို့ လဲကျဘိသကဲ့သို့ ထို့အတူ ဥပစာရ အခိုက်၌ အားအစွမ်းမရှိသောကြောင့် ရံခါ နိမိတ်ကို အာရုံပြုသော်လည်း ရံခါဘဝင်သို့ သက်ရောက်ရ လေသည်။

အပ္ပနာသမာဓိဖြစ်သောအခါ၌ကား ဈာန်စိတ်သည် နေ့ရောညဉ့်ပါ ကုသိုလ်ဇောစိတ်အစဉ်များဖြစ်ပြီး (ဝါ) ကုသိုလ်ဇောချည်းဖြစ်၍ ကမ္မဋ္ဌာန်းအာရုံ၌ တည်လေသည်။

ဥပမာ-အားရှိသော ယောက်ျားသည် နေရာမှထ၍ တနေ့ပတ်လုံး ရပ်နိုင်ဘိသကဲ့သို့ ဤအတူ အပ္ပနာအခိုက်အတန့်၌ ဈာန်အင်္ဂါတို့သည် အားရှိလေသောကြောင့် နေ့ရောညဉ့်ပါ ကုသိုလ်ဇောချည်းဖြစ်၍ ကမ္မဋ္ဌာန်းအာရုံ၌တည်လေသည်။

တည်ကြည်မှု သမာဓိကို ပွားပုံ

တည်ကြည်မှုသမာဓိကိုပွားပုံမှာ- သီလ ကို သုတ်သင်၍ စင်ကြယ်သောသီလ၌ တည်သော ယောဂီသူတော်စင်သည် ကြောင့်ကြမှု ပလိဗောဓများကို ဖြတ် ပယ်၍ ကမ္မဋ္ဌာန်းပေးတတ်သော မိတ်ဆွေကောင်းကို ချဉ်းကပ်ပြီးလျှင် မိမိ၏စရိုက်ဝါသနာအားလျော်သော တပါးပါးသောကမ္မဋ္ဌာန်းကိုယူ၍သင့် လျော်သော နေရာ၌နေပြီး ဘာဝနာပွားခြင်း အစီရင် များကို မယုတ်စေမူ၍

၁။ ဝိသုဒ္ဓိမဂ်၊ ပ၊ ၁၂၃။

စာမျက်နှာ-355
ပွားများအပ်ပေသည်၊ ဤကား အကျဉ်းမျှသာဖြစ်ပေသည်၊ သမာဓိ ဘာဝနာပွားနည်းအကျယ်ကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ကမ္မဋ္ဌာနနိဒ္ဒေသပိုင်း တွင် ကြည့်ရှုနိုင်ပါသည်။

သမာဓိ၏အကျိုးအာနိသင်

အာရုံတခု၌ တည်ကြည်မှုသမာဓိကို ပွား စေ ခြင်း ကြောင့် ရအပ် သော အကျိုး ငါးမျိုးရှိပေသည်၊ ယင်းငါးမျိုးမှာ-

(၁) မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရခြင်းအကျိုး ရှိသည် (ဒိဋ္ဌဓမ္မသုခဝိဟာရ)၊

၎င်းအကျိုးမှာ ရဟန္တာအရှင်မြတ်တို့ ဈာန်ဝင်စားကြရာ တည်ကြည်သော စိတ် ရှိ တော် မူ ကြ သ ဖြင့် တနေ့ပတ်လုံး ချမ်းသာစွာနေကုန်အံ့ဟု နှလုံးသွင်းတော်မူကြပြီး အထက်တွင် ဆိုခဲ့သည့် အပ္ပနာသမာဓိကို ပွားစေတော် မူကြလေသည်၊ ထိုရဟန္တာအရှင်မြတ်တို့၏ အပ္ပနာသမာဓိကို ပွားစေတော်မူကြခြင်းသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိလေသည်၊ ယင်းအကျိုးကိုပင် ဆိုလိုပေသည်။

(၂) ဝိပဿနာဟူသောအကျိုးအာနိသင်ရှိသည် (ဝိပဿနာနိသံသ)၊

၎င်းအကျိုးမှာ သမာပတ်မှထ၍ တည်ကြည်သောစိတ်ဖြင့် ဝိပဿနာ ရှုကုန်အံ့ဟု နှလုံးသွင်းကြပြီး သမာဓိကို ပွားစေ ကြကုန်သော သေက္ခပုထုဇဉ်ပုဂ္ဂိုလ်တို့အား ဝိပဿနာလျှင် နီးစွာသော အကြောင်း ရှိသောကြောင့် အပ္ပနာသမာဓိ ဘာဝနာသည် ဝိပဿနာဟူသော အကျိုးအာနိသင်ရှိလေသည်။

၁။ ဝိသုဒ္ဓိ၊ ပ၊ ၈၆။

၂။ ဝိသုဒ္ဓိ၊ ပ၊ ၃၆၈၊ ၆၉။ ဝိသုဒ္ဓိ၊ မဟာဋီ၊ ဒု၊ ၅၄၀။

စာမျက်နှာ-356
ထိုငါးမျိုးအနက် ရှေးဦးစွာသော ဣဒ္ဓိဝိဓ အဘိညာဉ်၌ ဣဒ္ဓိဆယ်မျိုး (တန်ခိုးဆယ်မျိုး) ရှိ ပြန်လေသည်။ အဆိုပါဆယ်မျိုးအနက် သမာဓိ ဝိပ္ပါရဣဒ္ဓိ ခေါ် တည်ကြည်မှုသမာဓိ၏ ပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်ပေါ်လာသော တန်ခိုးများကို အကျဉ်းချုံး၍ ဖော်ပြလိုပေသည်။

သမာဓိဝိပ္ပါရဣဒ္ဓိ

သမာဓိ၏ပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဆိုသည်မှာ ပထမဈာန်ပသော သမာဓိမှ ရှေးအနီး ဥပစာရခဏ၌ လည်းကောင်း၊ နောက်သမာပတ်လေ့ကျင့်သည်အဆုံး၌လည်းကောင်း၊ ထိုသမာပတ်ဝင် စားဆဲခဏ၌လည်းကောင်း ထိုဈာန်တည်ကြည်မှု သမာဓိ၏ အစွမ်းကြောင့်ဖြစ်သော အထူးကိုပင် ဆိုလိုပေသည်၊ မှန်ပေသည်။ ပထမဈာန် စသည်ဖြင့် နီဝရဏစသော တရားတို့ကိုပယ်ခြင်းကိစ္စ ပြည့်စုံသောကြောင့် သမာဓိဝိပ္ပါရဣဒ္ဓိမည်၏ ဟူ၍ အဆိုအမိန့် ရှိပေသည်။

သမာဓိဝိပ္ပါရဣဒ္ဓိ ခေါ်သမာဓိပျံ့နှံ့မှု အဟုန်ကြောင့် တန်ခိုးဖြစ်ပေါ်သော ပုဂ္ဂိုလ်များ

များမှာ-

(၁) အရှင်သာရိပုတ္တရာမထေရ်၊

(၂) အရှင်သဉ္ဇမထေရ်၊

(၃) အရှင်ခါဏုကောဏ္ဍညမထေရ်၊

(၄) ဥတ္တရာဥပါသိကာ၊

(၅) သာမာဝတီဥပါသိကာတို့ ဖြစ်လေသည်။

အရှင်သာရိပုတ္တရာ၏ သမာဓိတန်ခိုး

အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအနက် အရှင်သာရိပုတ္တရာမထေရ်မြတ် သည်ကားပေါတကန္ဒရ ခေါ် တောကျောင်းတကျောင်း၌ အရှင်

စာမျက်နှာ-357
မဟာမောဂ္ဂလာန်နှင့်အတူ သီတင်းသုံးနေတော်မူ၏၊ ထိုစဉ် တနေ့သော အခါဝယ် လရောင်ဖြင့် ကောက်ပြောင် တင့်တယ်လျက်ရှိသော လွင်တီး ခေါင်၌ ကြည်ညိုဖွယ်ရာ သီတင်းသုံး ထိုင်နေတော်မူပေသည်၊

ထိုအခါ ဘီလူးကြမ်းတကောင်သည် ၎င်း၏ အဖော်ဘီလူးက တားမြစ် သည်ကိုမနာခံဘဲ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဆံရိတ်ပြီး ဦးခေါင်း တော်ပြောင်ပြောင်ကို ရိုက်ပုတ် လာ၏၊ ထိုကဲ့သို့ ရိုက်ပုတ်ခြင်းကြောင့် ထွက် ပေါ်လာသော ရိုက်ပုတ်သံသည် မိုးခြိမ်းသံကဲ့သို့ ပြည်၏ဟု ဆိုပေသည်။ မထေရ်မြတ် အရှင်သာရိပုတ္တရာသည် ထိုဘီလူးရိုက်သော ခဏ၌ပင် သမာ ပတ်ကို ဝင်စားတော်မူလိုက်ပေသည်။ ထို့ကြောင့် မိုးကြိုးပစ်သကဲ့သို့ ပြင်း ထန်စွာ ရိုက်ပုတ်သော်လည်း တစုံရာ နာကျင်ခြင်းရှိတော်မမူပေ၊ ထို ကဲ့သို့ တစုံတရာ နာကျခြင်းရှိတော်မမူသည်၏ အဖြစ်သည် သမာဓိပျံ့ နှံ့ ခြင်းအဟုန်ကြောင့် ဖြစ်သောတန်ခိုး ဖြစ်ပေသည်။

အရှင်သဉ္ဇမထေရ်၏ သမာဓိတန်ခိုး

အရှင်သဉ္ဇမထေရ်ကား- ကကုသန် မြတ်စွာ ဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကာတဆူ ဖြစ် တော်မူပေသည်။ ထိုအရှင် နိရောဓသမာပတ် ဝင်စားနေတော်မူသည်ကို နွားကျောင်းသားတို့က သေနေပြီထင်မှတ်၍ မြက်ထင်းစသည်ကို ရှာဖွေစုခဲ့ပြီး မီးသင်္ဂြိုဟ်ကြလေသည်၊ ထိုကဲ့သို့ လုပ်ကြသော်လည်း အရှင်မထေရ်၏ ခန္ဓာကိုယ်ကို မဆိုထားဘိ အရှင် မထေရ်ဝတ်ဆင်ထားသော သင်္ကန်းချည်မျှင်ကိုမျှ မီးလောင်ခြင်းကျွမ်းခြင်း မရှိပေ။ ထိုကဲ့သို့ ဖြစ်ခြင်းသည် အစဉ်အတိုင်း ဝင်စားတော်မူအပ်သော သမာပတ်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သမာဓိ၏ အာနုဘော်ပြည့်စုံ မှုကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဖြစ်လေသည်။

အရှင်ခါဏုကောဏ္ဍည၏ သမာဓိတန်ခိုး

ထိုအရှင်သည် ပင်ကိုယ်ကပင် သမာပတ်ဝင်စားခြင်း အလေ့အလာများပေသည်။ တနေ့သော ညဉ့်ဝယ် တောအုပ်အတွင်းတနေ ရာ၌

၁။ ဝိသုဒ္ဓိ၊ ပ၊ ၈၊ ၉။

စာမျက်နှာ-358
သမာပတ်ဝင်စား၍ နေတော်မူ၏၊ ခိုးသားငါးရာတို့သည် ဥစ္စာထုပ်ကို ခိုးယူလာကြပြီး ထိုအရှင် သမာပတ်ဝင်စားရာသို့ ရောက်သောအခါ “ယခု ငါတို့နောက်သို့ လိုက်၍ ဖမ်းဆီးသူရှိတော့မည်မဟုတ်၊ ဤနေရာမှာ အမောဖြေ နားနေကြပါစို့”ဟု ပြောဆိုပြီး ထိုအရှင်သမာပတ်ဖြင့် နေ တော်မူသည်ကို မြင့်မောက်သော သစ်ငုတ်တိုဟု မှတ်ထင်၍ ခိုးယူလာသော ပါသမျှဥစ္စာထုပ်ကို မထေရ်မြတ်၏ အပေါ်၌ စုပုံတင်ထားမိကြလေသည်။

ခိုးသားငါးရာတို့သည် အမောပြေလေသော အခါ သွားကြရန် ပြင်ဆင်လျက် ပထမဆုံးတင်ထားသော ဥစ္စာထုပ်ကို နောက်ဆုံးယူစဉ် အချိန်စေ့သဖြင့် မထေရ်သည် သမာပတ်မှ ထလေ၏။ ထိုအခါမထေရ်၏ လှုပ်ရှားသော အခြင်းအရာကိုမြင်၍ ငါးရာသောခိုးသားတို့သည် ကြောက် လန့်သဖြင့် အော်ဟစ်ကြကုန်၏။ ထိုစဉ် မထေရ်မြတ်က “အိုဒါယကာ မကြောက်ကြ နှင့် ငါကား အခြားမဟုတ် ရဟန်းသာတည်း”ဟု မိန့်လေ၏၊ ခိုးသားတို့သည် မထေရ်ကို ရှိခိုးကြပြီး လွန်စွာကြည်ညိုလှသဖြင့် ရဟန်းပြုကြ၍ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာချည်း ဖြစ်ကြလေ သည်။ ဤဝတ္ထု၌ ဥစ္စာထုပ် ငါးရာတို့ဖြင့် ဖိထားသောမထေရ်၏ တစုံတရာ မနာမကျင်သောအဖြစ်သည် သမာဓိ၏ အာနုဘော်ပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာသော တန်ခိုးဖြစ်လေသည်။

မယ်ဥတ္တရာ၏ သမာဓိတန်ခိုး

တခါသော် ပြည့်တန်ဆာမ သီရိမာလာ သည် တဏှာမာန်မူ ငြူစူလျက် ပုဏ္ဏ သဌေး၏ သမီးချစ် မယ်ဥတ္တရာ၏ ဦးခေါင်းပေါ်သို့ ကျိုက်ကျိုက်ဆူဆီပူ များကို လောင်းချလေသည်။ ထိုအခိုက် မယ်ဥတ္တရာသည် မေတ္တာဈာန်ကို ဝင်စားလိုက်သဖြင့် ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ဆီပူသည် လျောကျလေ၏။ ဤသို့ ဆီပူမလောင်သောအဖြစ်သည် သဌေးသမီး မယ်ဥတ္တရာ၏ သမာဓိပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်သော တန်ခိုးဖြစ်လေ သည်။

၁။ ဝိသုဒ္ဓိ၊ ဒု၊ ၉။

စာမျက်နှာ-359
မိဖုရားခေါင်ကြီး သာမာဝတီ၏ သမာဓိတန်ခိုး။ ။သာမာဝတီကား ဥတေနမင်း၏ မိဖုရားခေါင်ကြီးဖြစ်သည်။ မာဂဏ္ဍီပုဏ္ဏားသည် သမီးအမှတ်ထားသောတူမ မာဂဏ္ဍီကို မိဖုရားခေါင်ကြီးဖြစ်စေချင်လှသဖြင့် သာမာဝတီ၏ စောင်းခွက်ထဲ၌ မြွေဟောက်ကို သွင်းထားစေပြီး ဥတေနမင်းကြီးအား “အရှင်မင်းကြီး သာမာဝတီသည် အရှင်မင်းကြီးကို သတ်လိုသဖြင့် မြွေဟောက်ကို စောင်းခွက်တွင်းမှာထည့်လျက် သွားလေရာရာ ယူဆောင်ပါသည်” ဟု ဥတေနမင်းကြီးအား ဂုံးတိုက်စကား လျှောက်ထားလေသည်။ ဥတေနမင်းသည် ထိုမြွေကို မြင်၍ အမျက်တော်ထွက်သဖြင့် သာမာဝတီကို သတ်ရန်လေးတင်၍ အဆိပ်လူးမြားကို တပ်လေ၏။

သာမာဝတီသည် မိမိအခြံအရံ ငါးရာနှင့် အတူ ဥတေနမင်းကို မေတ္တာဖြင့် ပျံ့နှံ့စေ၏။ ဥတေနမင်းသည် မြားကို ပစ်လွှတ်ခြင်း၊ လေးကိုလည်း ချခြင်းငှာ မစွမ်းနိုင်ရုံသာမက ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ်တုန်လျက် ရှိတော့၏။ ထိုအခါ သာမာဝတီက “အရှင်မင်းကြီး ပင်ပန်းတော်မူပါသလား” မေးလျှောက်လေလျှင် “ရှင်မိဖုရား အလွန် ပင်ပန်းလှပါပြီ” ဟု ဆိုလေ၏။ ယင်းသို့ဖြစ်လျှင် “မလေးကိုချတော်မူပါ” ဟု ဆိုလေသော် မြားသည် မင်းကြီး၏ ခြေရင်း၌ အလိုအလျောက်ကျလာလေ၏။ သာမာဝတီက “အရှင်မင်းကြီး မပြစ်မှားကောင်းသူအား မပြစ်မှားသင့်” ဟု ဆိုဆုံးမလိုက်ပေသည်။ ဤသို့ ဥတေနမင်း မြားကိုမပစ်လွှတ်နိုင်ခြင်းသည် သာမာဝတီ၏ သမာဓိပျံ့နှံ့မှုအဟုန်ကြောင့် ဖြစ်သော တန်ခိုးဖြစ်လေသည်။

ပရမတ္ထသရူပဘေဒနီ

ဖော်ပြပါအဓိပ္ပာယ်ကို ရည်ရွယ်၍ ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးသည် ပရမတ္ထသရူပဘေဒနီ၌ အောက်ပါအတိုင်း စပ်ဆိုတော်မူခဲ့ပေသည်။

၁။ ဝိသုဒ္ဓိ၊ ဒု၊ ၉၊ ၁၀။

စာမျက်နှာ-360
“ရှစ်သမာပတ်၊ ခါသုံးမှတ်၌၊ ပစ္စဘ်ပယ်ခွါ၊ ဧကေတာ- ချောက်၊ ဘီလူးခေါက်တည်း၊ သေပျောက်ကျင်နာ၊ ဆိတ်စာမရှိ၊ ထေရ်သာရှိလည်း၊ တစိယိုမှ၊ သဉ္ဇီဝကို၊ နိရောဓဝင်၊ အသေထင်၍၊ မီးတင်ဝိုင်းစု၊ ထိုအတူပင်၊ ခါဏုတွင်ထ၊ ကောဏ္ဍညကို၊ စောရငါးရာ၊ ဘဏ္ဍာထုပ်ဖိ၊ မသေရှိ၏၊ သေဋ္ဌိမီတာ၊ ဥတ္တရာကို၊ ဝန်တိုလှစွာ၊ သိရီမာဟု၊ ပြည့်တန်ဆာမ၊ ဆီပူချလျှင်၊ ဝင်ထ မေတ္တာ၊ သာမာဝတီ၊ မာဂဏ္ဍီကြောင့်၊ ဥတီန-ခင်၊ လေးကိုတင်၍၊ မနှင်မ၊ နိုင်ရလေဘိ၊ ဘေးမထိသား၊ သမာဓိဝိပ္ဖါ” ဟု စပ်ဆိုတော်မူသည်။

သမာဓိကို မထူထောင်နိုင်က သံသရာ၌ အူကြောင်ကြောင် ဖြစ်မည်

လောက၌ ရေတို့မည်သည် အတားအဆီးမရှိ အလွတ်ထားခဲ့လျှင် နိမ့်ရာသို့ စီးဝင်မြဲ ဓမ္မတာဖြစ်သည်၊ ထို့အတူ သတ္တဝါတို့၏ စိတ်မည်သည်လည်း အာရုံတခု၌ တည်ကြည်မှုရအောင် မလုပ်ဘဲ လွှတ်ထားခဲ့လျှင် မကောင်းရာသို့သာ တွင်တွင်သွားမြဲ ဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပင် “ပါပသ္မိံ ရမတီ မနော” (စိတ်သည် မကောင်းရာ၌သာလျှင် မွေ့လျော်တတ်၏) ဟု ဓမ္မပဒပါဠိတော်၌ ဗုဒ္ဓဟောတော်မူခဲ့ပေသည်။

ထို့ပြင် – “ပုထုဇ္ဇနော ဥမ္မတ္တကော” ဟု အဆိုအမိန့်ရှိသည်နှင့်အညီ ပုထုဇဉ်သတ္တဝါတို့၏ စိတ်သည် စိတ်ရူးစိတ်နောက် စိတ်လေစိတ်လွှင့်မျိုးသာ ဖြစ်သည်။ လောကတွင် စိတ်မနှံ့သော အရူးများသာမက လူကောင်း သူကောင်းဟု အများက အသိအမှတ်ပြုခြင်းခံရသော သူတို့သည်ပင် သမာဓိကို ပြုစုပျိုးထောင်ခြင်းမရှိပါက စိတ်ကိုအစိုးမရသောအရူး (သူရူး) တို့သာဖြစ်ကြလေသည်။

၁။ ပစ္စဘ်ပယ်ခါ=(ပစ္စဘ်=ပစ္စတ္တ=အသီးသီး) အသီးသီးပယ်ခါခြင်း (ပထမဈာန်ဖြင့် နိဝရဏကို ပယ်ခွါခြင်း၊ ပ၊ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတန သညာကိုပယ်ခွါခြင်းသည် သမာဓိပျံ့နှံ့သော၊ သမာဓိအဟုန်ကြောင့် ဖြစ်သော သမာဓိဝိပ္ဖါရတန်ခိုးမည်၏)

၂။ ပရမတ္ထသရူပဘေဒနီ၊ ဒု၊ ၄၁၃။

၃။ ဓမ္မပဒ ၃၀။

၄။ ဒီပနီပေါင်းချုပ်၊ ၂၇၂။

စာမျက်နှာ-361

စိတ်ကိုအစိုးမရသူ အရူးနှင့်တူ

စိတ်သည် တံခါး ၆-ပေါက် (၆-ဒွါရ) တို့၏ အနီးအပါး ဥပစာ၌ အာရုံ ၆-ပါးသို့ ပြေးသွားလွှင့်ပါးလေ့ရှိသည်၊ ဥပမာဆိုကြပါစို့... စိတ်မနှံ့သူတဦးသည် ထမင်းစားချိန်မှန်းပင် မသိ၊ ရောက်မိရောက်ရာ သွားလာ၍ နေတတ်ပေသည်။ သက်ဆိုင်ရာ အုပ်ထိန်းသူများက ချော့မော့၍ ထမင်းကျွေးသောအခါ ငါးလုပ်ခြောက်လုပ်မျှ မျိုမိစားမိလျှင် ထမင်းပန်းကန်ကို သွန်မှောက်၍ ထသွားပေလိမ့်မည်။ ထမင်းကို ဝအောင်စားလိုမှ စားပေလိမ့်မည်၊ ထမင်းစားရာ၌ ပြီးစီးရုံမျှပင် စိတ်ကိုအစိုးရခြင်းမရှိပေ။ စကားပြောဆိုရာ၌လည်း စကားဝါကျတခု ချောမောရုံမျှပင် စိတ်ကိုအစိုးမရပေ။ အစတခြား အလယ်တခြား အဆုံးတခြား ကတောက်ကတက် အမြီးအမောက် မတဲ့သော စကားများသာ ဖြစ်နေတတ်ပေသည်။

ထို့အတူ သတ္တဝါတို့၏ စိတ်သည်လည်း ဘုရားကိုရှိခိုးမည်၊ ဘုရားဂုဏ်ကို ကြည်ညိုသောအလုပ်ကို ငါလုပ်မည်ဟု ဦးတည်ကြပါလျက် စိတ်ကို အစိုးမရကြသည့်အတွက် ဣတိပိသောဟပုဒ် ဆုံးသည့်တိုင်အောင် ဘုရားဂုဏ်တော်၌ စိတ်ကို တည်ငြိမ်စွာနေအောင် အစိုးမရကြပေ။ ဘုရားကို လွှတ်၍ ထိုထိုအာရုံတပါးသို့ အခါများစွာ ထွက်သွားလွှင့်ပါးလျက် ရှိကြပေသည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ မိမိ၏စိတ်ကို အစိုးတရ ဖြစ်အောင် သမာဓိကို မထူထောင်ကြသောကြောင့် ဖြစ်သည်။

ခွေးရူးပြန်သူနှင့်တူ

စိတ်ကိုအစိုးမရသူ ခွေးရူးပြန်သူသည် ဆာလောင်မွတ်သိပ် ပူလောင်လှ၍ ရေရှိရာသို့ ပြေးလေရာ အလွန်အေးမြလှစွာသော ရေအိုင်ကို တွေ့မြင်ရသော်လည်း ရေအိုင်တွင်းသို့ မဆင်းဝံ့၊ ရေကိုပင်မမြင်ဝံ့ မကြည့်ဝံ့ဘဲ ရှောင်လွှဲ၍ပြေးသွားသကဲ့သို့ ထို့အတူပင် သမာဓိကို ပြုစုပျိုးထောင်မှုမရှိသော သူတို့သည်လည်း အလွန်အေးမြသော ဘုရားအာရုံနှင့် တွေ့ရသော်လည်း ဘုရားဂုဏ်တော်သို့ ထိရောက်အောင် မကြည်ညိုနိုင်ကြ၊ ဘုရားဂုဏ်တော်၌ မသက်ဝင်နိုင်ကြဘဲ အာရုံတပါးသို့သာ စိတ်ထွက်၍ သွားပေသည်။

၁။ ဒီပနီပေါင်းချုပ်၊ ၂၇၂။

၂။ ဒီပနီပေါင်းချုပ်၊ ၂၇၀၊ ၇၁၊ ၇၂။

စာမျက်နှာ-362

ဣတိပိသော တပုဒ်ဆုံးအောင် သမာဓိမရှိကြ

ဣတိပိသောစသော ဂုဏ်တော်ကို ရွတ်ဆိုစဉ် တခြားတပါးသို့ စိတ်ထွက်၍ သွားသဖြင့် အရွတ်အဆို ချွတ်ယွင်းလေသည်၊ အရွတ်အဆို ချွတ်ယွင်းတိုင်း ချွတ်ယွင်းတိုင်း အစက ပြန်ကောက်ပြီး ရွတ်ဆိုခဲ့လျှင် နှစ်နှစ်သုံးနှစ်တိုင်အောင်ပင် ဘုရားရှိခိုးသော်လည်း ဣတိပိသော တပုဒ်အဆုံးသို့ ရောက်မည်မဟုတ်ပေ။

နှုတ်နှင့်သာအဆုံးသတ်ကြရပုံ

အချို့မှာ ဣတိပိသော တပုဒ်ဆုံးသွားသော်လည်း ဣတိပိသော တပုဒ် ဆုံးနိုင်လောက်သော သမာဓိရှိ၍ မဟုတ်ဘဲ နှုတ်တက်ရွရွ ကြေညက်လှသောကြောင့်သာ အဆုံးသို့ရောက်ကြရပေသည်၊ သဗ္ဗေ သတ္တာ အစရှိသော ဗြဟ္မဝိဟာရသမထ အလုပ်ကြီးကို ဦးတည်ကြပါသော်လည်း သမာဓိကို ပြုစုပျိုးထောင်ခြင်း မရှိသဖြင့် စိတ်ကိုမနိုင်ကြသည့်အတွက် စိတ်မှာ လွှင့်ချင်ရာလွှင့်၍ နေသဖြင့် မေတ္တာပို့ ပရိတ်ရွတ် ဘုရားရှိခိုး စသည်၌ နှုတ်နှင့်သာ အဆုံးသတ်ကြရပေသည်။

လှေသူကြီးဥပမာ

စိတ်မခိုင်သူနှင့် အနမတဂ္ဂ သံသရာကြီးသည် ပြင်းထန်စွာ စီးဆင်းနေသော မြစ်ပင်လယ်ကြီးနှင့် တူပေသည်၊ သမာဓိလက်နက်ကို မကိုင်သဖြင့် စိတ်မခိုင်သူ သတ္တဝါအပေါင်းသည် လှေတက်ကို မနိုင်သော လှေသူကြီးနှင့်တူပေသည်။ စိတ်သည် လှေနှင့်တူသည်၊ လှေတက်ကိုမနိုင်သော လှေသူကြီးသည် မြစ်ပင်လယ်ရေယာဉ်ကြောတွင် မျောချင်တိုင်း မျော၍ နေသကဲ့သို့ သမာဓိလက်နက်ကိုမကိုင်သော စိတ်မခိုင်သူသတ္တဝါအပေါင်းသည် အနမတဂ္ဂသံသရာကြောတွင် မျောချင်တိုင်း မျော၍နေကြပေသည်။ ထို့ကြောင့် သမာဓိလက်နက်ကို စိတ်ခိုင်အောင်စွဲကိုင်သင့်ကြလေသည်။

၁။ ဒီပနီပေါင်းချုပ်၊ ၂၇၀၊ ၇၁၊ ၇၂။

စာမျက်နှာ-363

သမာဓိကိုထူထောင်မှ အူကြောင်ကြောင်ဘဝမှလွတ်မည်

ဘုရားသာသနာနှင့်ကြုံကြိုက်သော ယခုအခါတွင် သမာဓိကိုထူထောင်သင့်ကြပေသည်။ အာဠာရနှင့် ဥဒကရသေ့တို့သည် သမာဓိကိုထူထောင်ကြသူများ ဖြစ်ကြသော်လည်း သာသနာပတွင် လုပ်ခဲ့ကြ၍ လောက၌ ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်သောအခါတွင် ၎င်းတို့မှာ ရပ်ပြစ်ရှစ်ပါး၌ပါဝင်သော အရူပဘုံသို့ ရောက်နေတော့သဖြင့် ဘုရားပေါင်းတရာ တထောင်ပွင့်သော်လည်း ကျွတ်ခွင့်မရဘဲရှိနေကြပေသည်၊ ဘုရားမြတ်စွာ၏ သာသနာနှင့်ကြုံကြိုက်ရာ ယခုအခါတွင် သမာဓိကို ထူထောင်လိုက်ပါက စိတ်ကူးစိတ်နောက် စိတ်လေလွှင့်များ ကင်းပျောက်ပေလိမ့်မည်။ သမာဓိကိုထူထောင်ပါမှ အူကြောင်ကြောင်ဘဝမှ လွတ်ကင်းရပေလိမ့်မည်။

သမာဓိကိုထူထောင်ကြပါစို့။ အနမတဂ္ဂသံသရာဘဝ၌ ဗလာလွင့်ပါး ပေါက်လွှတ်ပဲစား ဖြစ်၍နေသော စိတ်ရူးစိတ်နောက်တို့ကို ပျောက်ကင်းစေခြင်းငှါ သမာဓိက္ခန္ဓမဂ္ဂင်သုံးပါးကို ထူထောင်ရန် လိုအပ်ပေသည်၊ မဂ္ဂင် ၈-ပါးကို အုပ်စု အနေအထား အားဖြင့် ခွဲခြားလိုက်ပါလျှင်-

၁။ သီလက္ခန္ဓ (သီလအုပ်စု)

၂။ သမာဓိက္ခန္ဓ (သမာဓိအုပ်စု)

၃။ ပညာက္ခန္ဓ (ပညာအုပ်စု)

ဟူ၍ သုံးမျိုးသုံးစား မှတ်သားနိုင်ပေသည်၊ ယင်းသုံးမျိုးအနက် သမာဓိအုပ်စုမှာ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သုံးမျိုးပင်ဖြစ်၍ ယင်းသုံးမျိုးသော သမာဓိက္ခန္ဓမဂ္ဂင်ကို ထူထောင်ရန်ဖြစ်သည်။ အဆိုပါသမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မှုဆိုသည်မှာလည်း ကသိုဏ်း ၁၀-ပါးအစရှိသော သမထကမ္မဋ္ဌာန်းလေးဆယ်တွင် တခုခုကိုတည်ထောင်မှု အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို တည်ထောင်မှုပင်ဖြစ်ပေသည်။

အာနာပါန ကမ္မဋ္ဌာန်းအလုပ်ကို နေ့ရှည်ရက်များ ကြီးပွားထမြောက်အောင် အားထုတ်နိုင်ပါမူ ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ပွားများမှု အကုန်ပြီးစီးနိုင်သည်။

၁။ ဒီပနီပေါင်းချုပ်၊ ၂၇၂၊ ၇၃။

စာမျက်နှာ-364

အာနာပါနဖြင့် သမာဓိကိုထူထောင်ပုံ

ဃရာဝါသသမ္မာ၌ နေကြကုန်သောသူတို့သည် နေ့အခါတွင် အားထုတ်ခွင့်မရနိုင်သော် ညအခါ မအိပ်စက်မီ ၁-နာရီခန့်၊ ၂-နာရီခန့်၊ နံနက်၌ မထမီ တနာရီမျှပင်ဖြစ်စေ အာနာပါနအလုပ်ကို အားထုတ်သင့်ကြပါသည်။ အားထုတ်ပုံမှာ –

“သတောဝ အဿသတိ၊ သတောဝ ပဿသတိ”

ဟူသော ပါဠိတော်မြတ်နှင့်အညီ ပိုင်းခြားသောနာရီတွင်း၌ မိမိစိတ်ကို ထွက်သက် ဝင်သက်အာရုံမှတပါး အခြားသို့ မထွက်စေမူ၍ ထိုနာရီအတွင်းတွင် ထွက်သက်ဝင်သက် အာရုံ၌သာ မိမိစိတ်ကို တည်ငြိမ်စွာနေအောင် ကာယိကဝီရိယ၊ စေတသိကဝီရိယ ၂-ပါးနှင့် အားထုတ်၍ ရှုကြရမည်။

ဝိရိယ ၂-ပါး

ကာယိကဝီရိယဆိုသည်ကား မိမိပိုင်းခြားသော နာရီအတိုင်း တနေ့တရက်မျှ မပျက်မကွက်စေရအောင် တက်ကြွလုံ့လ ဝီရိယကိုပြုမှုဖြစ်သည်၊ စေတသိကဝီရိယဆိုသည်ကား ထွက်သက်ဝင်သက်တည်းဟူသောအာရုံမှ တခြားတပါးသောအာရုံသို့ စိတ်ကိုမထွက်စေရအောင် ကြောင့်ကြစိုက်ထုတ်ခြင်း၊ ငိုက်မြည်းမှု၊ မှိုင်းမှု၊ မေ့မောမှုမရှိစေရန် မိမိစိတ်ကို ထွက်သက်ဝင်သက်တည်းဟူသော အာရုံ၌ အတွင်လှုံ့ဆော်ပေးမှုဖြစ်သည်။

၁။ ဒီပနီပေါင်းချုပ်၊ ၃၂၄။

၂။ အာနာပါနဒီပနီ၊ ၁၅။

စာမျက်နှာ-365

စိတ်အမှတ်ပြုမှု မြဲအောင်လုပ်

နှာခေါင်းဝ၌ မိမိစိတ်ကို အခိုင်အမြဲစိုက်ထား၍ ထိုအရပ်၌ ထွက်သက်လေခပ်သောအခါ (ဝါ) ထိတွေ့ရသောအခါ “ထွက်သက်” ဟူ၍၊ ဝင်သက်လေ ထိတွေ့သောအခါ “ဝင်သက်” ဟူ၍ စိတ်အမှတ်ပြုမှုမြဲအောင် လုပ်ရမည်။ ထိုသို့အားထုတ်သော ကာယိကဝီရိယ၊ စေတသိကဝီရိယ ၂-ပါးသည် သမ္မာဝါယာမမဂ္ဂင်မည်၏။ ထိုသို့အားထုတ်၍ လခွဲ၊ ၁-လ၊ ၂-လစသည် ကြာမြင့်သောအခါ ထွက်သက်ဝင်သက်၌ သတိတရားသည် ခိုင်စွာရပ်တည်၏။ ထိုသတိတရားသည် သမ္မာသတိ မဂ္ဂင်မည်၏။ ထွက်သက် ဝင်သက် အာရုံ၌ စိတ်၏တည်ငြိမ်ခြင်း သမာဓိတရားသည် တိုးပွား၍လာ၏၊ ထိုသမာဓိတရားသည် သမ္မာသမာဓိမဂ္ဂင်မည်၏၊ သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိ၏၊ စိတ်ရူး၊ စိတ်နောက်သည် တနေ့တခြား ပျောက်ကင်း၍ သွား၏။

ကမ္မဋ္ဌာန်းအာရုံနှင့် တွေ့ကြုံလျှင် မိမိတို့စိတ်ကို အစိုးမရမှုသည် လူတိုင်းမှာပင် သိမြင်ထင်ရှားလျက် ရှိကြ၏၊ လောက၌ စိတ်ကိုအစိုးမရကြသော သူရူးသူနှမ်းများသည် လောကအရေးအရာတို့၌ အသုံးမကျဖြစ်၏၊ ထို့အတူ လောက၌ လူကောင်းသူကောင်း ဆိုရသော သူတို့သည် ကမ္မဋ္ဌာန်းအမှု၌ကား စိတ်ကိုအစိုးမရကြသော သူရူးသူနှမ်းအရာ၌ပင် တည်ကြကုန်၏၊ ကမ္မဋ္ဌာန်းမှုနှင့်ပင် တွေ့ကြုံလျှင် အသုံးမကျရှိနေကြကုန်၏၊ ထို့ကြောင့် စိတ်ရူးစိတ်နောက်တို့ကို ပျောက်ကင်းကြစေခြင်းငှါ ဤသမာဓိက္ခန္ဓမဂ္ဂင်သုံးပါးကို အားထုတ်ကြရမည်။

စိတ်ရူး စိတ်နောက် ပျောက်နိုင်ပုံ

သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိလျှင် ဥပစာရဘာဝနာ၊ အပ္ပနာ ဘာဝနာအဆင့်သို့ မရောက်ကြသေးသော်လည်း တနေ့ တနေ့လျှင် ၁-နာရီအတွင်း၊ ၂-နာရီအတွင်းမှာ အာနာပါနအာရုံ၌ မိမိစိတ်ကို တည်ငြိမ်စွာ သမာဓိရအောင် ထားနိုင်ပါလျှင် အလိုရှိရာကမ္မဋ္ဌာန်း၌ စိတ်ကိုထားခြင်းငှာ လွယ်ကူပေတော့သည်။

၁။ ဒီပနီပေါင်းချုပ်၊ ပ၊ ၂၀၂၊ ၂၀၃။

စာမျက်နှာ-366
သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိ၍ စိတ်၏စင်ကြယ်မှု (စိတ္တဝိသုဒ္ဓိ) ဖြစ်လေသောအခါ ငါ၊ ငါ၊ ငါ စွဲလမ်းမှု (သက္ကာယဒိဋ္ဌိ) ၏ အစီးအပွားဖြစ်ကုန်သော သူတပါးစည်းစိမ်ကို မတရားယူလိုမှု (အဘိဇ္ဈာ)၊ သူတပါးပျက်စီးဖို့ရန် ကြံစည်မှု (ဗျာပါဒ)၊ အယူမှားမှု (မိစ္ဆာဒိဋ္ဌိ) ဟူသော မနောဒုစရိုက် သုံးပါးတို့ ကင်းကွာ၍ ဒိဋ္ဌိ၏ မနောကံထကြွလှုပ်ရှားမှုကြီး မရှိတော့ဘဲ ငြိမ်ဝပ်၍သွားပေတော့၏။ ဈာန်မဂ် စသည်ကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရားတို့ကြောင့် ဖြစ်သော စိတ်ရူးစိတ်နောက် စိတ်လေစိတ်လွင့်များ ကင်းပျောက်လျက် မဂ်လမ်း ဖိုလ်လမ်း နိဗ္ဗာန်စခန်းသို့ ဖြောင့်တန်းစွာ ဝင်ရောက်နိုင်မည် ဖြစ်ပါသတည်း။

၁။ ဒီပနီပေါင်းချုပ်၊ ၂၀၃။

စာမျက်နှာ-367

ဇီဝိတိန္ဒြေ စေတသိက်

၁။ ဇီဝိတိန္ဒြေမည်ပုံ

ဇီဝိတိန္ဒြိယ၌− ဇီဝိတ+ ဣန္ဒြိယ= ဇီဝိတိန္ဒြိယ၊ ဇီဝိတ=အသက်၊ ဣန္ဒြိယ=အစိုးရခြင်း၊ ဇီဝိတိန္ဒြိယ= အသက်ရှင်သန်မှုကို အစိုးရခြင်း၊ ထို့ကြောင့်

(က) သမ္ပယုတ်တရားတို့ကို အသက်ရှင်စေတတ်သော သဘောသည် လည်းကောင်း၊

(ခ) မိမိကိုယ်တိုင်လည်း အသက်ရှင်တတ်သော သဘောသည် လည်းကောင်း၊

(ဂ) အသက်ရှင်ခြင်းမျှဖြစ်သော သဘောသည် လည်းကောင်း ဇီဝိတိန္ဒြေမည်၏။

၂။ ဇီဝိတိန္ဒြေ၏ လက္ခဏာ

ဇီဝိတိန္ဒြေစေတသိက်သည် မိမိနှင့် အတွတကွဖြစ်သော နာမ်တရားတို့ကို အစဉ်မပြတ် စောင့်ရှောက်ခြင်း သဘောလက္ခဏာရှိသည်။

နာမ်တရားတို့ကို စောင့်ရှောက်ပုံ

ဇီဝိတိန္ဒြေ စေတသိက်နှင့် အတူတကွ ဖြစ်သည့် တရားများမှာ သတ္တဝါတို့သန္တာန်ဝယ် ဇီဝိတိန္ဒြေ စေတသိက်နှင့် အတူတကွ ဖြစ်ပေါ်နေသည့် စိတ်၊ စေတသိက် နာမ်တရားများ ဖြစ်သည်။ သတ္တဝါတို့ သန္တာန်တွင် ထိုနာမ်တရားတို့ သက်တမ်းစေ့ တည်တံ့နေအောင် ဇီဝိတိန္ဒြေ စေတသိက်က စောင့်ရှောက်သည်။ စောင့်ရှောက်ပုံကို အဘိဓမ္မာကျမ်းဂန်များ၌ နို့ထိန်း၊ လှေလှော်သူ ဥပမာများဖြင့် ထင်ရှားအောင် ဖွင့်ဆိုကြသည်။

၁။ ဝိသုဒ္ဓိ၊ ဋ္ဌ၊ ၂၊ ၃၄၄။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

၃။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-368

ဥပမာ

ရေသည် ကြာကို စိမ်းစိုရွှင်လန်းအောင် စောင့်ရှောက်၏၊ ကြာပင်ကို ညှိုးမခြောက်ရအောင် ရေက စောင့်ရှောက်သည်၊ ကြာပင်ကို စိမ်းရွှင်လန်းဆန်း ရှင်သန်နေခြင်းသည် ရေက စောင့်ရှောက်သောကြောင့် ဖြစ်သည်။ ထို့အတူ ဇီဝိတိန္ဒြေသည် ဖဿဝေဒနာ စသည့် နာမ်တရားတို့ သက်တမ်း တည်တံ့နေအောင် စောင့်ရှောက်၏။ နာမ်တရားကို သက်တမ်းစေ့တည်တံ့ရှင်သန်နေခြင်းသည် နာမ်ဇီဝိတိန္ဒြေ စောင့်ရှောက်သောကြောင့် ဖြစ်သည်။

ဖဿဝေဒနာ စသည့် နာမ်တရားတို့သည် သတ္တဝါတို့ ပဋိသန္ဓေတည်နေသည်မှစ၍ ခန္ဓာငါးပါးတို့ အပြီးသတ် ချုပ်ငြိမ်းသည့်တိုင်အောင် မိမိတို့ လက္ခဏာများလျော်စွာ ဖြစ်ပေါ်၍နေသည်။ ဤသို့ ဖြစ်ပေါ်ခြင်းကို နာမ်တရားတို့ အသက်ရှင်သန်နေသည်ဟုဆိုသည်။ ဤသို့ နာမ်တရားတို့ အသက်ရှင်သန်နေအောင် ဇီဝိတိန္ဒြေစေတသိက်က စောင့်ရှောက်ရသည်။ နာမ်တရားတို့သည် ဇီဝိတိန္ဒြေနှင့်ကင်း၍ မသက်ရှင်နိုင်၊ ဇီဝိတိန္ဒြေနှင့်ကင်း၍ အသက်ရှင်နိုင်ခွင့်မရှိ၊ ပရိနိဗ္ဗာန်မရောက်သေးသမျှ နာမ်တရားတို့ အသက်ရှင်သန် ဖြစ်ပေါ်မှုသည် နာမ်ဇီဝိတိန္ဒြေစေတသိက်လက်တွင်းမှာ ရှိသည်။

ထို့ကြောင့် နာမ်တရားတို့ကို အသက်ရှင်သန်မှုအပေါ် ဇီဝိတိန္ဒြေစေတသိက်က အစိုးရ၏။ ငါနှင့်ကင်း၍ သင်စိတ်အစဉ် နာမ်တရားတို့မှာ အသက်ရှင်နိုင်ခွင့်မရှိ၊ ထို့ကြောင့် သင်တို့၏ အသက်ရှင်သန်မှုသည် ငါ၏ လက်တွင်းမှာ ရှိနေ၏၊ သင်တို့၏ အသက်ရှင်သန်မှုကို ငါအစိုးရ၏ဟုဆိုဘိသကဲ့သို့ နာမ်တရားတို့ အသက်ရှင်မှုကို ဇီဝိတိန္ဒြေက အစိုးရသည်၊ ထို့ကြောင့် ဇီဝိတိန္ဒြေ စေတသိက်ဆိုသည်မှာ နာမ်တရားတို့ကို အသက်ရှင်သန်မှု၌ အစိုးရမှု၊ နာမ်တရားတို့ အသက်ရှင်နေအောင် စောင့်ရှောက်ထိန်းသိမ်းနေသည့် သဘောတရားကို ဇီဝိတိန္ဒြေစေတသိက်ဟုခေါ်သည်။

အချုပ်အားဖြင့် ဆိုရသော် ဇီဝိတိန္ဒြေစေတသိက်ဆိုသည်မှာ- နာမ်ခန္ဓာအစဉ် မပျောက်မပျက်စေရန် စောင့်ရှောက်ထိန်းသိမ်းနေသည့် သဘောတရားပင်ဖြစ်သည်။

၁။ သံခိပ်၊ ဋီ၊ ၂၊ ၁၇၊ ၁၈၊ ၁။

စာမျက်နှာ-369
သဘောတရားကိုခေါ်သည်။ (ဝါ) ပဋိသန္ဓေမှစ၍ ဘဝဇာတ်သိမ်း ချုပ်ငြိမ်းသည့်အထိ နာမ်တရားများ အစဉ်မပြတ်ဖြစ်စေနိုင်သည့် သတ္တိထူးကို ဇီဝိတိန္ဒြေစေတသိက်ဟုခေါ်သည်။

ထင်ရှားရှိခိုက်သာ စောင့်ရှောက်ပုံ

ဥပမာ၌ နှစ်မျိုးခွဲခြားမှတ်သားသင့်သည် -

(၁) ရေကန်ရှိရေ

(၂) ကြာရိုးကြာစွယ်အတွင်းရှိရေ

ဟူ၍နှစ်မျိုးဖြစ်သည်။

၁။ ရေကန်ရှိရေ။ ရေကန်ရှိရေသည် ကြာပင်ကို စိမ်းရွှင်လန်းဆန်းအောင် စောင့်ရှောက်သော်လည်း ကြာပင် ထင်ရှားရှိခိုက်သာ စောင့်ရှောက်နိုင်၍ ကြာပင်မရှိက မစောင့်ရှောက်နိုင်။ ထိုအတူ ဇီဝိတိန္ဒြေစေတသိက်သည် နာမ်တရားတို့ကို သက်တမ်းစေ့တည်ရှိအောင် စောင့်ရှောက်သော်လည်း နာမ်တရားတို့ မချုပ်မပျောက်ထင်ရှားရှိခိုက်သာ စောင့်ရှောက်နိုင်သည်၊ သက်တမ်းစေ့၍ ချုပ်ပျောက်ပြီးနောက် မစောင့်ရှောက်နိုင်။

၂။ ကြာရိုးကြာစွယ်အတွင်းရှိရေ။ ကြာရိုးကြာစွယ်အတွင်းရှိ ရေသည် ကြာရိုးကြာစွယ်အတွင်း မိမိထင်ရှားရှိခိုက်သာ ကြာရိုးကြာစွယ်ကို စိမ်းရွှင်လန်းဆန်းအောင် စောင့်ရှောက်နိုင်သည်၊ ထို့အတူ ဇီဝိတိန္ဒြေစေတသိက်သည် မိမိထင်ရှားရှိဆဲ ခဏ၌သာ နာမ်တရားတို့ သက်တမ်း တည်ရှိအောင် စောင့်ရှောက်နိုင် သည်။

ဤ၌ ဆိုလိုသည့် သဘောမှာ - သားသမီးက မိဘကို စောင့်ရှောက်ရာ၌ သားသမီးနှင့်မိဘတို့ အသက်ထင်ရှား ရှိခိုက်၌သာ စောင့်ရှောက်နိုင်သကဲ့သို့ ဇီဝိတိန္ဒြေစေတသိက်က နာမ်တရားတို့ကို စောင့်ရှောက်ရာ၌ မိမိ ဇီဝိတိန္ဒြေစေတသိက်နှင့်နာမ်တရားတို့ ထင်ရှားရှိခိုက်သာ စောင့်ရှောက်နိုင်သည်ဟု ဆိုလိုပါသည်။

၁။ ဇာ၊ ၁၊ ၃၁၉။ အဘိ၊ ဝတာရ၊ ဋီ၊ သစ်၊ ၃၀၁။

စာမျက်နှာ-370

နို့ထိန်း (ကလေးထိန်း) ဥပမာ

ဇီဝိတိန္ဒြေ စေတသိက်က မိမိထင်ရှားရှိခိုက် နာမ်တရားတို့ကိုစောင့်ရှောက်ရာ၌ နို့ထိန်းနှင့်တူ၏။ နို့ထိန်းသည် သူတပါးဝမ်းမှ သူတပါးကြောင့်ဖြစ်ပေါ်လာသော ကလေးငယ်တို့ကို ကျွေးမွေးယုယ စောင့်ရှောက်၏၊ မိမိကိုယ်တိုင်ကမူ သားငယ် သမီးငယ်၊ ကလေးငယ်များဖြစ်ပေါ်လာအောင် မစွမ်းနိုင်။

ထို့အတူ ဇီဝိတိန္ဒြေစေတသိက်သည် မိမိထင်ရှားရှိခိုက် ယှဉ်ဖက်နာမ်တရားတို့ကို စောင့်ရှောက်သော်လည်း တပါးသောကံစသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော ယှဉ်ဖက်နာမ်တရားတို့ကိုသာ စောင့်ရှောက်သည်၊ မိမိကိုယ်တိုင်ကမူ ကံစသော တပါးသော အကြောင်းတရားတို့ကဲ့သို့ မဖြစ်ပေါ်သေးသော တရားများ ဖြစ်ပေါ်လာအောင် မစွမ်းနိုင်။

လှေလှော်သူဥပမာ (ကိုယ့်ကိုယ်ကိုယ်စောင့်)

ဇီဝိတိန္ဒြေ စေတသိက်သည် ယှဉ်ဖက် နာမ်တရားတို့ကို စောင့်ရှောက်သည်ဟု ဆိုရာ၌ မိမိဇီဝိတိန္ဒြေစေတသိက်ကို မည်သည့် တရားက စောင့်ရှောက်သနည်းဟူမူ -

လှေကို တဘက်ကမ်းသို့ ပို့ဆောင်သော လှေသမားသည် ပို့ရင်းက လှေကိုသာ ပို့ဆောင်သော်လည်း လှေနှင့်မိမိသည် ဆက်စပ်တည်နေသဖြင့် မိမိကိုလည်း ပို့ဆောင်ရာ ရောက်သကဲ့သို့ ဇီဝိတိန္ဒြေ စေတသိက်သည်လည်း ယှဉ်ဖက် နာမ်တရားတို့ကိုသာ စောင့်ရှောက်၏။ သို့ရာတွင် မိမိသည် ယှဉ်ဖက် နာမ်တရားတို့နှင့် ဆက်စပ်တည်ရှိနေသဖြင့် မိမိကိုယ်ကိုလည်း စောင့်ရှောက်သည် မည်ပေသည်။

၃။ အဘိ၊ ဝတာရ၊ ဋီ၊ သစ်၊ ၃၀၁။

စာမျက်နှာ-371
ဤ၌ ဆိုလိုသည်မှာ - ပျော်ပွဲရွှင်ပွဲသို့ သားသမီးများကို လိုက်ပို့သော မိဘများသည် မိမိကိုလည်း ပျော်ပွဲရွှင်ပွဲသို့ ပို့ဆောင်ပြီးသားဖြစ်သကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေစေတသိက်က ယှဉ်ဖက်နာမ်တရားတို့ကိုစောင့်ရှောက်သောအခါ မိမိသည်လည်း ယှဉ်ဖက်နာမ်တရားတို့နှင့် အတူဖြစ်သောကြောင့် မိမိကိုလည်း မိမိပင် စောင့်ရှောက်ရာ ရောက်သည်ဟုဆိုလိုပါသည်။

၃။ ဇီဝိတိန္ဒြေစေတသိက်၏ ရသ

ဇီဝိတိန္ဒြေစေတသိက်သည် မိမိနှင့်အတူတကွဖြစ်သည့်နာမ်တရားတို့ကို သန္တတိအစဉ် ပြတ်၍မသွားရန် စိတ်၊ စေတသိက်၊ နာမ် အစဉ်ဆက်ကာ ဆက်ကာ ဖြစ်အောင် ဆောင်ရွက်ခြင်း ကိစ္စရှိသည်။

နာမ်အစဉ်ဖြစ်အောင် ဆောင်ရွက်ပုံ

သတ္တဝါတို့ သန္တာန်တွင် ဇီဝိတိန္ဒြေစေတသိက်နှင့်အတူ စိတ် စေတသိက် နာမ်တရားများ ထာဝစဉ် ဖြစ်ပေါ်၍နေသည်၊ နာမ်တရားတို့သည် သတ္တဝါတို့သန္တာန်ဝယ် ဖြစ်ပျက်လက္ခဏာဖြင့် ဖြစ်ပေါ်နေကြခြင်းဖြစ်သည်။ ဖြစ်လိုက်ပျက်လိုက်၊ အခုဖြစ်၊ အခုပျက်လက္ခဏာဖြင့်ဖြစ်ပေါ်နေကြသည်။ ရေမြှုပ် ရေဗူးပေါင်းကလေးများပမာ တဖြစ်တည်း ဖြစ်၍ တပျက်တည်း ပျက်နေကြသည်။ ပဋိသန္ဓေမှစပြီး နိဗ္ဗာန်မရောက်သေးသမျှ ဖြစ်ပျက် ဖြစ်ပျက်လက္ခဏာဖြင့် ဆက်ကာဆက်ကာ ဖြစ်ပေါ်နေသည်။ ဤသို့ ဖြစ်ပေါ်နေမှုကို နာမ်သန္တတိ နာမ်အစဉ် ဖြစ်နေခြင်းဟု ခေါ်သည်။

ယင်းနာမ်အစဉ်ကို ဇီဝိတိန္ဒြေကဖြစ်စေသည်၊ နာမ်အစဉ်ဆက်ကာ ဆက်ကာ ဖြစ်နေအောင် နာမ်အစဉ်ပြတ်မသွားအောင် ဇီဝိတိန္ဒြေက ဆောင်ရွက်သည်။ သတ္တဝါတို့သန္တာန်တွင် နာမ်တရားများ ယင်းကဲ့သို့ ဖြစ်ပြီးနောက် ပျက်သွားခြင်းဖြင့် မပြတ်မလတ် ဆုံးပါး၍ နေသော်လည်း သန္တတိနာမ်အစဉ်ကား ပျက်မသွားပေ။ ဇီဝိတိန္ဒြေ၏ ဆောင်ရွက်မှုကြောင့် ထပ်ကာထပ်ကာ အဖန်ဖန်အသက်ရှင်ပြန်၍ နိဗ္ဗာန်မရောက်မချင်း ဆက်တိုက် ဖြစ်ပေါ်နေလေသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-372
ဤသို့ စိတ် စေတသိက်နာမ်အစဉ် ပြိုကွဲ ပျက်စီးမသွားအောင် ဆောင်ရွက်ခြင်းသည် ဇီဝိတိန္ဒြေ စေတသိက်ကိစ္စ ဖြစ်သည်။

စိမ်းလန်းစိုပြေသော သစ်သီးသစ်ရွက်မှ အရည်ဓာတ်သည် မိမိနှင့်အတူဖြစ်သည့် အသီးအရွက်ကို မညိုးမနွမ်း မပိန်မခြောက်ရအောင် ဆောင်ရွက်သကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေစေတသိက်သည် မိမိနှင့်အတူ ဖြစ်သည့်စိတ် စေတသိက် နာမ်တရားတို့ အစဉ်တစိုက် ဆက်ကာဆက်ကာ ဖြစ်ပေါ်ရှင်သန်နေအောင် ဆောင်ရွက်လေသည်။ ယင်းသို့ ဇီဝိတိန္ဒြေက မဆောင်ရွက်ပါလျှင် သတ္တဝါတို့သန္တာန်ဝယ် စိတ်၊ စေတသိက်၊ နာမ် အစဉ်ကြီး ပြိုကွဲပျက်စီးသွားမည်သာ ဖြစ်သည်၊ ထို့ကြောင့် ဇီဝိတိန္ဒြေ စေတသိက်သည် နာမ်အစဉ်ဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းကိစ္စရှိသည် ဟု ဖွင့်ဆိုလေသည်။

၄။ ဇီဝိတိန္ဒြေစေတသိက်၏ ပစ္စုပဋ္ဌာန်

ဇီဝိတိန္ဒြေစေတသိက်သည် အတူဖြစ်ဖက် စိတ်စေတသိက် နာမ်တရားတို့ကို ချုပ်ပျက်မှု ဘင်ခဏမတိုင်မီ တည်တံ့အောင် ထားတတ်သော တရားဟု လေ့လာသူတို့ဉာဏ်မှာ ရှေးရှုထင်မြင်ခြင်းအခြင်းအရာ ရှိသည်။

ဘင်ခဏမတိုင်မီတည်တံ့အောင် ထားပုံ

ဇီဝိတိန္ဒြေ စေတသိက်သည် ပဋိသန္ဓေမှစ၍စုတိကျအောင် သို့မဟုတ် နာမ်ခန္ဓာအစဉ် အကြွင်းမဲ့ချုပ်ငြိမ်းသည်တိုင်အောင် သတ္တဝါတို့သန္တာန်ဝယ် ဖြစ်ပေါ်လျက်ရှိ၏။ ဇီဝိတိန္ဒြေစေတသိက်နှင့်အတူဖြစ်ဖက် စိတ် စေတသိက်နာမ်တရားများလည်း အတူဖြစ်ပေါ်၏။ ယင်းသို့ဖြစ်ပေါ်သောအခါ ပထမဆုံး စတင်ဖြစ်ပေါ်မှုကို ဥပါဒ်ခဏ၊ ယင်းနောက် ပင်ကိုအတိုင်း တည်နေမှုကို ဌီခဏ၊ ယင်းနောက် ချုပ်ပျက်သွားမှုကို ဘင်ခဏဟု ခေါ်သည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-373
ဇီဝိတိန္ဒြေ စေတသိက်သည် အတူဖြစ်ဖက်နာမ်တရားတို့ကို ဆိုခဲ့သည့် ခဏသုံးပါးမျှ တည်တံ့လျက် ရှင်သန်နေအောင် စောင့်ရှောက်သည်။ သို့ကြောင့် ယင်း ဇီဝိတိန္ဒြေစေတသိက်သည် အတူ ဖြစ်ဖက်နာမ်တရားတို့ကို ခဏသုံးပါးကာလပတ်လုံး တည်တံ့အောင်ထားတတ်သော တရားဖြစ်သည်။

ခဏသုံးပါးကာလမျှ တည်တံ့အောင် ထားသည်ဟု ဆိုသော်လည်း ဘင်အခိုက်အတန့် ဘင်္ဂဏသို့မရောက်မီသာ တည်တံ့အောင် စွမ်းဆောင်နိုင်သည်၊ ချုပ်ပျက်ဆဲ ဘင်ခဏ၌ကား တည်တံ့အောင် စွမ်းဆောင်နိုင်ပေ။

ဆီမီးဥပမာ

ကုန်ခန်းခဲ့သော ဆီ၊ မီးစာတို့သည် မီးလျှံမီးတောက်ကို တည်တံ့အောင် မစွမ်းဆောင်နိုင်သကဲ့သို့ ဇီဝိတိန္ဒြေသည်လည်း မိမိကိုယ်တိုင် ပျက်ဆဲချုပ်ဆဲဖြစ်သောကြောင့် ဘင်ခဏ ဘင်အခိုက်တွင် အတူဖြစ်ဖက် နာမ်တရားတို့ကို တည်တံ့အောင်မထားနိုင် မစွမ်းဆောင်နိုင်ဘဲ ပျက်ဆဲဘင်ခဏမတိုင်မီသာ ထားတတ်လေသည်။ ထို့ကြောင့် ဇီဝိတိန္ဒြေစေတသိက်ကို ပျက်ဆဲခဏမတိုင်မီသာ တည်တံ့ စေနိုင်သည့်တရားဟု ဖွင့်ဆိုကြလေသည်။

၅။ ဇီဝိတိန္ဒြေစေတသိက်၏ ပဒဋ္ဌာန်

ဇီဝိတိန္ဒြေစေတသိက်သည် မိမိစောင့်ရှောက်မှု၏အစွမ်းကြောင့် တည်တံ့နေသော အတူဖြစ်ဖက်နာမ်တရားလျှင် နီးစွာသောအကြောင်းရှိသည်။

နာမ်တရားများ နီးစွာသော အကြောင်းဖြစ်ပုံ

ဇီဝိတိန္ဒြေစေတသိက်နှင့် အတူဖြစ်ဖက် နာမ်တရားဆိုသည်မှာ သတ္တဝါတို့ သန္တာန်ဝယ် ပဋိသန္ဓေမှစ၍ ဇီဝိတိန္ဒြေ ဖြစ်ပေါ်နေ၏။ ဤသို့ဖြစ်ရာ၌ ဇီဝိတိန္ဒြေတပါးသာ ဖြစ်သည်မဟုတ်၊ စိတ် စေတသိက် နာမ်တရားများလည်း ဖြစ်ကြသည်၊ ထို့ကြောင့် အတူဖြစ်ဖက် နာမ်တရားများဆိုသည်မှာ သတ္တဝါတို့၌ရှိသည့် စေတသိက်နှင့် စိတ်တရားများဖြစ်သည်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-374
ယင်းနာမ်တရားတို့သည် ဇီဝိတိန္ဒြေအစွမ်းကြောင့် အသက်ရှင်သန်တည်တံ့၍နေကြ၏။ ထို့ကြောင့် ယင်းနာမ်တရားများသည် မိမိဇီဝိတိန္ဒြေ၏ စောင့်ရှောက်မှု အစွမ်းကြောင့် တည်တံ့နေသော တရားများဖြစ်သည်၊ ဇီဝိတိန္ဒြေစေတသိက်၏ နီးစွာသောအကြောင်းမှာ- ယင်းအတူဖြစ်ဖက်နာမ်တရားများဖြစ်သည်။ ဤတွင်အကြောင်းဟူရာ၌ -

(၁) နီးကပ်သော အာသန္နအကြောင်း

(၂) ဝေးကွာသော ဒူရအကြောင်း

ဟူ၍ နှစ်မျိုးရှိသည်။

ဇီဝိတိန္ဒြေစေတသိက်သည် သတ္တဝါတို့၏ ရှေးအတိတ် ကံတရားကြောင့် ဖြစ်ပေါ်နေသည်၊ ထို့ကြောင့် ရှေးအတိတ်ကံသည် အသက်ရှင်သန်မှုဇီဝိတိန္ဒြေ၏ ဝေးသောဒူရအကြောင်းဖြစ်သည်၊ အတူဖြစ်ဖက်နာမ်တရားတို့မှာ ဇီဝိတိန္ဒြေစေတသိက်၏ နီးကပ်သော အာသန္နအကြောင်းဖြစ်သည်။ သတ္တဝါတို့သန္တာန်ဝယ် အတူဖြစ်ဖက် စိတ် စေတသိက်တရားများဖြစ်ပါမှ ဇီဝိတိန္ဒြေ ဖြစ်နိုင်သည်၊ ဇီဝိတိန္ဒြေဖြစ်မှလည်း စိတ် စေတသိက် တရားများ ဖြစ်နိုင်၏။ ဇီဝိတိန္ဒြေ နှင့်အတူ ဖြစ်ဖက်နာမ်တရားတို့သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဟူသကဲ့သို့ အညမညပစ္စည်း ပစ္စယုပ္ပန်တရားများဖြစ်ကြသည်။ သတ္တဝါတို့ သန္တာန်တွင် အသက်ဇီဝိတိန္ဒြေဖြစ်သောအခါ အတူဖြစ်ဖက် စိတ်ဝိညာဉ်လည်းဖြစ်သည်၊ ယင်း စိတ်ဝိညာဉ်ကို ဇီဝိတိန္ဒြေကအသက်ရှင်သန်အောင် စောင့်ရှောက်သည်၊ ထို့ကြောင့် စိတ်ဝိညာဉ်သည် ဥပါဒ် ဌီ ဘင် ခဏသုံးပါး အခိုက်အတန့်အတွင်း သက်တမ်းစေ့ တည်တံ့နိုင်ခြင်းဖြစ်သည်။ သို့ရာတွင် စိတ်ဝိညာဉ်မဖြစ်ဘဲလည်း အသက်ရှင်သန်မှု ဇီဝိတိန္ဒြေ မဖြစ်နိုင်။

စိမ်းစိုသော သစ်သီးသစ်ရွက်အတွင်းရှိ အရည်ဓာတ်သည် သစ်သီးသစ်ရွက်များမညှိုး မခြောက်ရအောင် စောင့်ရှောက်သည်၊ ထို့ကြောင့် စိမ်းရွှင်လန်းဆန်းတည်တံ့ နိုင်ကြသည်၊ သို့ရာတွင် သစ်သီးသစ်ရွက်များမရှိဘဲလည်း အရည်ဓာတ်မတည်နိုင်၊ မရှိနိုင်သကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ဇီဝိတိန္ဒြေစေတသိက်သည် အတူဖြစ်ဖက်နာမ်တရားများလျှင် နီးစွာသော အကြောင်းရှိသည်ဟု ဖွင့်ဆိုကြသည်။

စာမျက်နှာ-375

၆။ ဇီဝိတိန္ဒြေ အကြောင်း အခြားသိကောင်းစရာများ

ဇီဝိတိန္ဒြေနှစ်မျိုး

ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေ ဟူ၍ နှစ်မျိုး ရှိသည်။ ရုပ်ဇီဝိတိန္ဒြေက ရုပ်ပိုင်းဆိုင်ရာ ရုပ်တရားများ အသက်ရှင်သန်နေအောင် စောင့်ရှောက်၏၊ ထို့ကြောင့်ရုပ်ဇီဝိတိန္ဒြေကို ရုပ်တရားတို့၏အသက် ရုပ်သက်ဟုခေါ်သည်၊ နာမ်ဇီဝိတိန္ဒြေက နာမ်ပိုင်းဆိုင်ရာနာမ်တရားများအသက်ရှင်သန်နေအောင်စောင့်ရှောက်၏၊ ထို့ကြောင့် နာမ်ဇီဝိတိန္ဒြေကို နာမ်တရားတို့၏အသက် နာမ်သက်ဟု ခေါ်ဆိုကြသည်။

ထို့ပြင် ဇီဝိတိန္ဒြေစေတသိက်ကို နာမ်ဇီဝိတိန္ဒြေဟု ခေါ်သည်၊ ရုပ်ဇီဝိတကို ရုပ်ဇီဝိတိန္ဒြေဟုခေါ်သည်၊ သတ္တဝါတို့သည် ထိုဇီဝိတိန္ဒြေနှစ်မျိုးဖြင့် အသက်ရှင်သန်နေကြသည်၊ ထိုဇီဝိတိန္ဒြေနှစ်မျိုး ပျက်စီးသွားသည်ကိုပင် သတ္တဝါများ သေသည်ဟု ခေါ်ဆိုကြသည်။

သက်ရှိသတ္တဝါတို့၏အသက်

သိပ္ပံအဆို ဇီဝခေါ် အသက်ကို သိပ္ပံလောက၌မည်သည့်အရာဖြစ်သည်ဟူ၍ တိကျစွာမပြောနိုင်ကြောင်း၊ သို့ရာတွင်အကြား၊ အမြင် အတွေ့အကြုံတို့ကို အခြေပြု၍ပြောရသော် ဇီဝခေါ်အသက်ဟူသည် သဇီဝခန္ဓာကိုယ်ကိုဖွဲ့စည်း ထားသောတရားများနှင့် အစဉ်သဖြင့်ဆက်စပ်နေကြောင်း၊ ဇီဝကင်းမဲ့ သောရုပ်ကို အနှံ့အပြားများစွာတွေ့နိုင်သော်လည်း ရုပ်ကင်းမဲ့သောဇီဝကိုမူ ရှာ၍မတွေ့ကြောင်း၊ ထို့ကြောင့် ဇီဝခေါ် အသက်ဆိုသည်မှာ ရုပ်နှင့် ခွဲ၍မရအောင် ဆက်စပ်လျက်ရှိသောအရာ ဖြစ်ဖွယ်ရှိကြောင်း မြန်မာ့စွယ်စုံကျမ်း၌ ဖော်ပြထားသည်။

ဗုဒ္ဓအဘိဓမ္မာ၌ ဇီဝဆိုသည်မှာ ဇီဝိတိန္ဒြေခေါ်ဆိုကြောင်း၊ နှစ်ပေါင်းများစွာကြာမြင့်သော ကာလကပင် အတိအကျဆိုခဲ့သည်၊ ဗုဒ္ဓအဘိဓမ္မာကဆိုခဲ့သည့် ဇီဝိတိန္ဒြေခေါ်အသက်မှာ ရုပ်နာမ်ဇီဝိတိန္ဒြေ နှစ်မျိုးဖြစ်ရာ လူ၏ခန္ဓာကိုယ်တွင် ရုပ်နာမ်ခန္ဓာအစဉ်ကို မပျောက်ပျက်စေရန် အစဉ်မ

၁။ ဝိသုဒ္ဓိ၊ ဋ္ဌ၊ ၂၊ ၃၄၄။ အဘိ၊ ဋ္ဌ၊ ၃၊ ၂၁၂။

၂။ စွယ်စုံ၊ ၄၊ ၃၂၀။

စာမျက်နှာ-376
ပြတ် ဖြစ်ပေါ်စေနိုင်သော သတ္တိထူးဖြစ်သည် (ဝါ) ရုပ် နာမ် ခန္ဓာအစဉ်မပျက်စေရန် စောင့်ထိန်းနေသည့် သဘောတရားတခုဖြစ်သည်။ ယင်းသတ္တိထူးဖြင့် လူ၏ခန္ဓာကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာ ရုပ်ခန္ဓာအစဉ်များနှင့် နာမ်ပိုင်းဆိုင်ရာ နာမ်ခန္ဓာအစဉ်များတို့ ရှင်သန်နေကြသည်၊ ယင်းသည် ပရမတ်သဘောတရား ဖြစ်၍ သိမ်မွေ့လှသည်၊ ထို့ကြောင့် ယင်းကို လက်ဆုပ်လက်ကိုင် သိနိုင်ရန်အတွက် နည်းလေးမျိုး ရှုထောင့် လေးမျိုးမှာ - လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြစ်သည်။

ဗုဒ္ဓအဘိဓမ္မာက ပြဆိုခဲ့သည့် ဇီဝိတိန္ဒြေခေါ် အသက်ကို လက္ခဏာရှုထောင့်မှ ဆင်ခြင်သုံးသပ်၍လည်းကောင်း၊ ရသရှုထောင့်မှ ဆင်ခြင်သုံးသပ်၍လည်းကောင်း စသည်ဖြင့် ရှုထောင့်လေးမျိုးမှ ကြည့်ရှုဆင်ခြင်ရမည် ဖြစ်သည်။ ထိုလေးမျိုးဖြင့် ဆင်ခြင်သုံးသပ်နိုင်ရန် ဝီရိယနှင့် ဉာဏ်အားကို အဆင့်မြင့်အောင် ထူထောင်ရမည်ဖြစ်သည်၊ ထိုအခါ လူ၏ခန္ဓာကိုယ်တွင် ဇီဝခေါ် အသက်ဆိုသည်မှာ ဤလက္ခဏာရှိသော သဘောတရားတည်း (လက္ခဏ)။ ဤကိစ္စကို ဆောင်ရွက်နေသော တရားတည်း (ရသ)။ ဤသို့ ဤပုံ အခြင်းအရာရှိသော သဘောတရားတည်း (ပစ္စုပဋ္ဌာန်)။ ယင်း ဖြစ်ပေါ်လာစေရန် အနီးကပ်ဆုံးသော အကြောင်းတရားကား ဤတရားပင်တည်း (ပဒဋ္ဌာန်)ဟု ပြတ်ပြတ်သားသား ဉာဏ်၌ ထင်လာမည်ဖြစ်သည်။

ထို့ကြောင့် ဇီဝိတခေါ်အသက်ကို ပြတ်သားစွာသိလိုပါလျှင် ဉာဏ်အား ဝီရိယအားကို အဆင့်မြင့်အောင် ထူထောင်ပြီး အဘိဓမ္မာသဘောတရားများကို လေ့လာမှုနှင့် သမထဝိပဿနာ အားထုတ်မှုကို အခြေခံလျက် ထိုလေးမျိုးသော ရှုထောင့်များမှ ဆင်ခြင်သုံးသပ်ကြရန်ဖြစ်သည်။

အသက်နှင့် ရုပ်နာမ်

ဗုဒ္ဓအဘိဓမ္မာက ပြဆိုသည့် ဇီဝခေါ် အသက်မှာ - ရုပ်ကင်းမဲ့သော ဇီဝရှိသကဲ့သို့ နာမ်ကင်းမဲ့သော ဇီဝလည်းရှိသည်၊ ရုပ်ကင်းမဲ့သောဇီဝကို နာမ်သက်သက် သတ္တဝါ အရူပဗြဟ္မာများ၌ တွေ့ရပြီး နာမ်ကင်းမဲ့သော ဇီဝကို ရုပ်သက်သက်သတ္တဝါ အသညသတ်ဗြဟ္မာများ၌ တွေ့ရသည်၊ နာမ်သက်သက် ဇီဝရှိသည့် သတ္တဝါများ တည်ရှိနိုင်ပုံကိုလည်း အဘိဓမ္မာသုတေသီအချို့က

စာမျက်နှာ-377
ဤသို့ ယူဆကြသည်။ အထက်ကောင်းကင်တွင် အသံသဒ္ဒရုပ်များ (ရေဒီယိုအသံလှိုင်းစသည်) တည်ရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။ အသံရုပ်သည် သြဠာရိကရုပ်ကြမ်းဖြစ်သည်၊ ရုပ်ကြမ်းများပင် တည်နိုင်သေးလျှင် အရူပ၊ အသညသတ်တို့၌ သိမ်မွေ့လှသည့် နာမ်ဇီဝနှင့် ရုပ်နုရုပ်ဇီဝတို့ တည်ရှိနိုင်သည်ကို မယုံမှားသင့်ဟု ယုံကြည်ကြသည်၊ ရုပ်ဇီဝ၊ နာမ်ဇီဝ နှစ်မျိုးလုံးကိုမူ လူ၊ နတ်၊ တိရစ္ဆာန်များနှင့် ရူပဗြဟ္မာတို့၌ တွေ့ရ၏။

သဝိညာဏကနှင့် အဝိညာဏက

ရုပ် နာမ် ဇီဝိတိန္ဒြေနှစ်မျိုးကို အစွဲပြု၍ ဤဇီဝိတိန္ဒြေနှစ်မျိုးတွင် တမျိုးမျိုးရှိသူများကိုလည်းကောင်း၊ ရုပ် နာမ်ဇီဝိတိန္ဒြေနှစ်မျိုးလုံးရှိသူများကို လည်းကောင်း သဝိညာဏက သက်ရှိဟုခေါ်ပြီး ယင်း ဇီဝိတိန္ဒြေများ မရှိသည့် တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာစသည့် အရာဝတ္ထုများကို အဝိညာဏက သက်မဲ့ဟုခေါ်သည်။

တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာစသည်တို့၌ နာမ်တရားများမရှိသဖြင့် နာမ်ဇီဝိတိန္ဒြေလည်းမရှိ၊ ရုပ်တရားများအနက် အဋ္ဌကလာပ်ရုပ် ရှစ်ခုရှိသော်လည်း ရုပ်ဇီဝိတိန္ဒြေမပါ၊ သက်ရှိ သက်မဲ့ဟူရာ၌ ဇီဝိတိန္ဒြေ နှစ်မျိုးရှိမရှိသည်သာ အဓိကလိုရင်းဖြစ်၏၊ ထို့ကြောင့် ဇီဝိတိန္ဒြေမရှိသော တော၊ တောင်၊ ရေမြေစသည်တို့ကို အဝိညာဏက သက်မဲ့ဟုခေါ်သည်။

သစ်ပင်သည် သက်ရှိလော သက်မဲ့လော

ဘုရားသခင်လက်ထက်တော် အာဠဝီပြည်သားရဟန်းတို့သည် အာဠဝီစေတီဝန်းကျင်တွင် သစ်ပင် ဝါးပင်များကို ခုတ်ထွင် ရှင်းလင်းကြကုန်၏၊ ထိုအခါလူဒါယကာတို့က ကဲ့ရဲ့ပြစ်တင်ကြသဖြင့် ထိုရဟန်းတို့အား ဘုရားရှင်က ဤသို့ ပြစ်တင်ရှုတ်ချတော်မူ၏ -

“အချီးနှီးဖြစ်သော ယောက်ျားတို့၊ သင်တို့သည် အဘယ်ကြောင့် သစ်ပင်ကို ခုတ်ဖြတ်ကုန်ဘိသနည်း၊ အချီးနှီးဖြစ်သော ယောက်ျားတို့၊ လူဒါယကာတို့သည် သစ်ပင်၌ အသက်ရှိ၏ဟုမှတ်ထင်ကြကုန်၏”။

၁။ ဝိ၊ မြန်၊ ၂၊ ၅၆။

စာမျက်နှာ-378
ဤသို့ဗုဒ္ဓမြတ်စွာ မိန့်မြွက်တော်မူသည်ကို ထောက်၍ သစ်ပင်ကို သက်မဲ့ အဝိညာဏကဟု ယူဆတော်မူကြောင်း ထင်ရှားစွာ သိနိုင်သည်။

မိလိန္ဒပဉှာပါဠိတော်၌လည်း -

“အရှင်ဘုရား နာဂသေန၊ သစ်ပင်သည် စိတ်စေတနာမရှိအံ့၊ သို့ဖြစ်ပါမူ ကြို့ပင်သည် ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏ - ဟူသောစကားသည် မှားရာ၏၊ ကြို့ပင်သည် ထိုပုဏ္ဏားနှင့်အတူ အကယ်၍ စကားပြောသည်ဖြစ်အံ့၊ သစ်ပင်သည် စိတ်စေတနာမရှိဟူသော ထိုစကားသည် မှားရာ၏။

မင်းမြတ်၊ ‘သစ်ပင်သည် စိတ်စေတနာမရှိ’ ဟု ဘုရားမြတ်စွာသည် ဤစကားကိုလည်း ဟောတော်မူအပ်၏၊ ကြို့ပင်သည် လည်း ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏၊ ဤစကားကိုလည်း လောကပညတ်အားဖြင့်သာ ဆိုအပ်၏၊ မင်းမြတ် စိတ်စေတနာမရှိသော သစ်ပင်ကား စကားပြောခြင်းသည်မရှိ၊ သစ်ပင်သည် စကားပြော၏ဟူသော စကားကား လောကပညတ်သာတည်း” ဟု မိန့်တော်မူသည်ကို လည်းကောင်း။

ထို့ပြင် ဥဒကသတ္တဇီဝပဉှာ၌ -

“အရှင်ဘုရား ... နာဂသေန၊ ဤရေသည် မီး၌ကြိုချက်အပ်သော် ဖျစ်ဖျစ်မည်၏၊ အသံအမျိုးမျိုးထွက်၏၊ ရေသည်အသက်ရှိပါသလော၊ အခြားသောဝတ္ထုတို့က နှိပ်စက်အပ်သည်ဖြစ်၍ အသံပြုပါသလော၊ အချို့သော တိတ္ထိတို့သည် ရေကို အသက်ရှိ၏ဟု ရေအေးကိုပယ်လျက် ရေကိုပူစေပြီးလျှင် သုံးဆောင်ကြကုန်၏။

မင်းမြတ်၊ ရေသည် အသက်မရှိ၊ ရေ၌အသက်ဇီဝသည် လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ၊ မီး၏အဟုန် ကြီးမားသောကြောင့်သာ အသံပြုခြင်းဖြစ်သည်”

၁။ မိလိန္ဒ၊ ၁၇၃။

၂။ မိလိန္ဒ၊ ၂၅၃။

စာမျက်နှာ-379
ပြင်းထန်မှုကြောင့် ရေသည် ဖျစ်ဖျစ်မည်၏၊ အသံအမျိုးမျိုး ထွက်၏” ဟု မိန့်တော်မူသည်ကို လည်းကောင်း။

သီလက္ခန်အဋ္ဌကထာ၌

မက္ခလိဂေါသာလက “သလေးမုယောစသည့် မြက်သစ်ပင် တို့ကို ကြီးပွားစည်ပင်ခြင်းသဘောရှိ၍ အသက်ရှိသည်ဟု ယူဆ ကြောင်းကို လည်းကောင်း” ယင်းအဋ္ဌကထာ၌ပင်-

နိဂဏ္ဍနာဋပုတ္တက “ရေအေး၌ သတ္တဝါဟု ယူဆကြောင်းကို လည်းကောင်း” မူလပဏ္ဏာသ အဋ္ဌကထာ၌-

“သံ ကြေး စသည်များကို အသက်ရှိသည်ဟု နှလုံးသွင်းကြ သည်များကိုလည်းကောင်း” မိန့်မြွက်ဖွင့်ဆိုကြ၏၊ ယင်းအဆိုအမိန့်များကို ဗုဒ္ဓဝါဒက လက်မခံသော ကြောင့်သစ်ပင်၊ တော၊ တောင်၊ ရေ မြေစသည့် အရာဝတ္ထုများသည် စိတ်စေတနာမရှိ၊ အသက်လည်းမရှိ သတ္တဝါလည်းမဟုတ် အဝိညာဏက သက်မဲ့များသာဖြစ်သည်မှာ ထင်ရှားလေသည်။

သာရတ္ထဋီကာရှင်းလင်းချက်

သစ်ပင်၏ သက်ရှိ သက်မဲ့နှင့် စပ်လျဉ်း ၍ သာရတ္ထဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။

“သစ်ပင်စသည်တို့၌ စိတ်မရှိသောကြောင့် အသက်မရှိ၊ စိတ် မရှိသည်၏ အဖြစ်ကို ခုတ်ဖြတ်သောအခါ စိတ်ရှိသော သတ္တဝါတို့ ကဲ့သို့ ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်ခြင်း မရှိသည်ကိုလည်း ကောင်း၊ ခုတ်ဖြတ်သော်လည်း စည်ပင်ပေါက်ဖွားတတ်သည်ကို လည်းကောင်း၊ ဇာတ်တူသဘော ရှိသည်ကို လည်းကောင်း၊

၁၊ ဒီ.ဋ္ဌ၊၁။၁၄၆။

၂၊ ဒီ၊ဋ္ဌ၊၁။၂၅၁။

၃။ မ၊ဋ္ဌ၊၁။၂၈။

၄။ သာရတ္ထ၊ဋီ၊၁။၁၉။

စာမျက်နှာ-380
ယောနိလေးမျိုး၌ ပါဝင်ခြင်း မရှိသည်ကိုလည်းကောင်း ထောက် ၍ သိအပ်၏။

ဆက်ဦးအံ့၊ ကြီးပွားခြင်း သဘောကား သန္တာ ကျောက် သလင်း၊ ရွှေစသည့် ရတနာများ၌လည်း ရှိသည်ပင်ဖြစ်၏၊ ထို့ကြောင့် သစ်ပင်စသည်တို့၏ ကြီးပွားခြင်းသည် အသက်ရှိ သည်၏ အဖြစ်၌ အကြောင်းမဟုတ်နိုင်။

မန်ကျည်းပင် စသည်တို့၏ အိပ်ခြင်းသည် လူတို့၏ကြံစည်ခြင်း (ပရိကပ္ပ)မျှသာဖြစ်၏၊ ထို့ကြောင့် သစ်ပင်စသည်တို့၏အာရုံယူမှု ဆိုသည်မှာ လူတို့၏ ကြံစည်ခြင်း (ပရိကပ္ပ) မျှသာ ဖြစ်သည်” ဤသို့ဖွင့်ဆိုသည်ကိုထောက်၍လည်း သစ်ပင်တို့သည် အဝိညာဏကသက်မဲ့ သာ ဖြစ်ကြလေသည်။

အဘိဓမ္မာအဆို

ဗုဒ္ဓအဘိဓမ္မာတွင် အသက်ဆိုသည်မှာ ဇီဝိတိန္ဒြေကို ခေါ်သည်၊ အသက်နှင့် ဝိပါက်ခန္ဓာကို ကံကပေးသည်။ ဇီဝိတိန္ဒြေသည် ကံကြောင့်ဖြစ်သည်၊ သတ္တဝါတို့သန္တာန်တွင် ပဋိသန္ဓေမှစ၍ ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် ကံကြောင့်ဖြစ်သောသတ္တဝါ တို့၏ သန္တာန်၌သာ ဇီဝိတိရှိသည်၊ ကံကြောင့်မဖြစ်သော အရာဝတ္တု များ၌ ဇီဝိတိန္ဒြေမရှိ၊ သစ်ပင်၌ စိတ်စေတနာမရှိ၊ ထို့ကြောင့် ကုသိုလ် အကုသိုလ်ကံကို မပြုလုပ်တတ် ယင်းသို့ ကံမရှိလျှင် ကံကြောင့်ဖြစ်သော ဇီဝိတိန္ဒြေလည်းမရှိ၊ ထို့ကြောင့် သစ်ပင်၌ ရအပ်သောရုပ်ရှစ်မျိုးတွင် ဇီဝိတိန္ဒြေမပါ၊ ရုပ် နာမ်ဇီဝိတိန္ဒြေနှစ်မျိုးလုံးမရှိသောကြောင့် ဇီဝိတိန္ဒြေ၏ စောင့်ရှောက်မှုမှ ကင်းသဖြင့် ကမ္မဇရုပ် နာမ်အစဉ် ဆက်စပ်ဖြစ်ပေါ်မှု မရှိပေ၊ ကံကြောင့်ဖြစ်သော သတ္တဝါတို့၌ ဇီဝိတိန္ဒြေ စောင့်ရှောက်မှု ကြောင့် ကမ္မဇရုပ်၊ နာမ် အစဉ် ဆက်စပ်မှုရှိသည်။

သတ္တဝါတို့သန္တာန်၌ ဖြစ်ပြီးသော နာမ်တရားများ၊ ဖြစ် ပျက်လက္ခဏာအတိုင်း မပြတ်မလပ် ဆုံးပါး၍နေသော်လည်း ဇီဝိတိစောင့်ရှောက်မှုကြောင့် နာမ်တရားများ ထပ်ကာထပ်ကာ အဖန်ဖန်အသက်ရှင်

စာမျက်နှာ-381
ပြန်၍ နိဗ္ဗာန်မရောက်မီတိုင်အောင် ဆက်စပ်ဖြစ်ပေါ်နေသည်၊ ဤသို့ အဆက်မပြတ် ဖြစ်ပေါ်ရှင်သန်မှုကို နာမ်သံသရာဟုခေါ်သည်၊ သစ်ပင်တို့ ၌ ဤကဲ့သို့ နာမ်သံသရာကျင်လည်မှုမရှိ၊ ဥတုကြောင့်ဖြစ်သော ရုပ်ခန္ဓာ၏ ဖြစ်ပျက်မှုအစဉ် ရူပသန္တတိသာရှိသည်၊ နာမ်သံသရာ နာမ်သန္တတိ အစဉ်၏ကျင်လည်မှုသည် နိဗ္ဗာန်မရောက်မီတိုင်အောင်ရှိပြီး ရုပ်ခန္ဓာ၊ ရုပ်သန္တတိ အစဉ်၏ကျင်လည်မှုသည် တဘဝလျှင် တခါသေမြဲဖြစ်သည်။

သစ်ပင်တို့၏ တိုးတက်ကြီးပွားမှု ဆုတ်ယုတ်မှုမှာ အသက်ရှိ၍မဟုတ်၊ ဗီဇနိယာမ၏ သဘောအရသာဖြစ်သည်၊ “နိယာမဒီပနီတွင်” အောက်ပါ အတိုင်း ဖော်ပြထားသည်—

“ဗီဇနိယာမဆိုသည်ကား တစုံတယောက်သော ပုဂ္ဂိုလ် သတ္တဝါဖြစ်သူ မပြုမပြင်ပါဘဲလျက် ပြုပြင်ဘိသကဲ့သို့ မြက်သစ်ပင် တို့၌ မျိုးစေ့၏တန်ခိုးဖြင့် မဖောက်မပြန်ဘဲ အစဉ်မြဲသောအမူအရာ အထူးကို ဆိုသည်၊ ကုလားပဲ၊ ဂျုံတို့၏ မြောက်အရပ်သို့မျက်နှာမူ ခြင်း၊ ဒက္ခိဏာနွယ်အမျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ် ခြင်း၊ နေကြာပန်းတို့မှာ နေရှိရာမျက်နှာမူခြင်း၊ မာလောနွယ်မှာ သစ်ပင်ရှိရာသို့ ရှေးရှုခြင်း၊ အုန်းသီးတို့မှာ ထိပ်၌အပေါက်ရောက် ခြင်း၊ ထိုထိုမျိုးစေ့တို့မှဖြစ်သော အပင်တို့၏ အသီးတို့သည် မျိုး စေ့နှင့်တူစွာ သီးခြင်း စသည်တို့သည် ဗီဇနိယာမတန်ခိုးတို့ပေ တည်း။” ဟူ၍လည်းကောင်း။

“သရက်၊ ပိန္နဲအစရှိကုန်သော သင်္ခါရလောကတို့၏ ဟရိတ ခေါ်သော ဗီဇဓာတ်ကြီးသည် အသက်မရှိ၊ စိတ်မရှိ၊ ဉာဏ်မရှိ၊ ထိုသို့ ဖြစ်ပါလျက် အပင်အသစ် အသစ်ပေါက်ဖွားရန် ကိစ္စမှာ အဘယ်မျှလောက် တန်ခိုးကြီးသည်ဟု သိမြင်ကြကုန်ပြီ၊” ဟူ၍လည်းကောင်း။

၁။ ဒီပနီပေါင်းချုပ်၊ ၁။ ၄၃၆၊ ၄၄၀၊ ၄၄၁။

စာမျက်နှာ-382
“အချို့သောသစ်ပင်တို့၌ ဤဗီဇနိယာမ စီရင်ချက်ကြောင့် တင့်တယ် ဆန်းကြယ်လျက်ရှိသော အပင်သန္တာန်၊ အကိုင်း သန္တာန်၊ အခက်၊ အရွက်၊ အပွင့်၊ အသီးသန္တာန်တို့ကို လူဖြစ်သူ ပန်းချီဆရာတို့ပင် တူအောင် မရေးနိုင်ကြကုန်၊ ဗီဇနိယာမ၏ အစွမ်းတည်း-” ဟူ၍လည်းကောင်း ဆိုထား၏။

စိတ်ရှိသည် အသက်ရှိသည်ဟု ထင်မှတ်ရအောင်စွမ်းဆောင်ပုံမှာ ဗီဇဓာတ်၏ သတ္တိထူးကြောင့် ထိကရုန်းပင်တို့ကဲ့သို့ ထိလိုက်လျှင် တွန့်ခြင်း၊ ဆေးကမြင်းပင်တို့ကဲ့သို့ လူသံမကြားလျှင် ဆန်းပြားစွာလှုပ်ရှား၍ လူသံကြားလျှင် ငြိမ်နေခြင်း၊ ကင်မွန်းပင်၊ သင်္ဘောပင်၊ ကုက္ကိုပင်တို့ကဲ့သို့ နေဝင်လျှင်အိပ်ခြင်း၊ သန္တာနက် ကျောက်ခက်၊ ဆား၊ ဆပ်ပြာတို့ကဲ့သို့ အလိုအလျောက် ကြီးထွားနေခြင်းစသည်တို့ မှာ အသက်ရှိသည် စိတ်ရှိသည်ဟု ထင်မှတ်လောက်အောင် ထူးဆန်း၏၊ ဤသည်တို့မှာ ဗီဇဓာတ်၏ စွမ်းဆောင်ချက်များသာဖြစ်သည်၊ အသက် ဝိညာဉ်ရှိ၍မဟုတ်ပေ။

အသေအရှင်းပြဿနာ

သစ်ပင်များသေသည်ရှင်သည်ဟု ပြောဆိုကြ ခြင်းမှာ ဗီဇဓာတ်ကိုအစွဲပြု၍ ခေါ်ဝေါ်ကြခြင်း သာဖြစ်သည်။ ဒီပဲယင်းဆရာတော်၏ ပရမတ္ထစက္ခုကျမ်းတွင်-

“ဗီဇရုပ်ကိုအစွဲပြု၍ ဗဟိဒ္ဓသန္တာန်၌ အသေအရှင်ဝေါဟာရ ဖြစ်သည်၊ အဇ္ဈတ္တသန္တာန်ဇီဝိတရုပ်နှင့်အလားတူ၏၊ ဗီဇရုပ်ရှိသော သစ်ပင် သစ်စေ့စသည်တို့သည် အာပေါဓာတ်၊ ဩဇာဓာတ် ထောက်ပံ့အပ်သော ဥတုနှင့်ပေါင်းစပ်ထိတွေ့ရသောအခါ ပေါက် ရောက်စည်ကား ပွားများစည်ပင် ရွှင်ကြလေကုန်၏” ဟူ၍ ဖော်ပြထားသည်၊ ထို့ပြင် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌-

၁။ ပရမတ္ထစက္ခု။ ၂၀။

၂။ အဘိ၊ ဋ္ဌ၊ ၂၊ ၉၅။

စာမျက်နှာ-383
“ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းဟူသော ဤစကားရပ်ဖြင့် ဇီဝိတိန္ဒြေနှင့် စပ်သော သက်ရှိသတ္တဝါ၏သေဆုံးခြင်းမည်သည်ဖြစ်၏၊ ဇီဝိတိန္ဒြေနှင့် မစပ်သော သက်မဲ့ရုပ်၏ သေဆုံးခြင်း မည်သည်မရှိ။ ကောက်ပင်သေသည် သစ်ပင်သေသည် ဟူသော စကားများမှာ ဝေါဟာရမျှသာဖြစ်သည်၊ အနက်သဘောအားဖြင့် ဤစကားတို့ သည် ကောက်ပင်စသည်တို့၏ ကုန်ခြင်း ပျက်စီးခြင်းသဘောကို ပြခြင်းသာဖြစ်သည်” – ဟူ၍လည်းကောင်း။

ကထာဝတ္ထုအဋ္ဌကထာ၌ -

“ထိုရုပ်၊ နာမ်ဇီဝိတိန္ဒြေတို့ကြောင့်သာလျှင် သတ္တဝါသည် အသက်ရှင်၏။ ထိုဇီဝိတိန္ဒြေတို့၏ ပျက်စီးခြင်းကြောင့် သေဆုံး၏ဟု ဆိုအပ်၏” ဟူ၍လည်းကောင်း ဖွင့်ဆိုထား၏၊ ဤမိန့်ဆိုချက် ဖွင့်ဆိုချက်များအရ သစ်ပင်များသေသည် ရှင်သည်ဟုပြောဆိုခြင်းမှာ ဗီဇဓာတ်ကိုအစွဲပြု၍ ခေါ်ဝေါ်ကြခြင်းသာဖြစ်သည်။

ဗီဇဓာတ်သည် သက်ရှိသတ္တဝါသန္တာန်ရှိ ဇီဝိတရုပ်နှင့် အလားတူသည်၊ ဇီဝိတရုပ်ကိုအစွဲပြု၍ သတ္တဝါသေသည် ရှင်သည်ဟုအသေအရှင်ဝေါဟာရဖြစ်သကဲ့သို့ ဗီဇဓာတ်ကိုအစွဲပြု၍သစ်ပင်များသေသည်၊ ရှင်သည်ဟု အသေအရှင်ဝေါဟာရဖြစ်ရသည်။ ဗီဇဓာတ်ရှိသောသစ်ပင် ချုံနွယ်များနှင့် မျိုးစေ့တို့သည် မြေ ရေ၌ရှိ သော အာပေါဓာတ် ဩဇာဓာတ် ထောက်ပံ့အပ်သော ဥတုနှင့်ပေါင်းစပ် ထိတွေ့မှုကို ရသောအခါ အပင်များပေါက်လာပြီး တိုးတက်ကြီးပွားကာ စိမ်းလန်းစိုပြေ အသက်ရှင်သန်နေကြသည်၊ မြေ ရေ လေဓာတ်၊ ဥတု၊ ဩဇာဓာတ်တို့ ဖောက်ပြန်သည်နှင့် တပြိုင်နက် သေဆုံးကြလေသည် ထို့ကြောင့် သစ်ပင်များသေသည် ရှင်သည်ဟု ပြောဆိုကြခြင်းမှာ သစ်ပင်တို့အသက်ရှိ၍ ပြောဆိုကြခြင်းမဟုတ်ကြောင်း မှတ်သားရမည် ဖြစ်သည်။

၃။ အဘိ၊ ဋ္ဌ၊ ၂။ ၂၁။

စာမျက်နှာ-384

အကျဉ်းချုပ်မှတ်သားရန်

အချုပ်အားဖြင့် ဆိုရသော် သစ်ပင်၏ သက်ရှိ သက်မဲ့နှင့်စပ်လျဉ်း၍-

“ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်သော အဇ္ဈတ္တရုပ်နာမ် ခန္ဓာ၏ဖြစ်ပျက်အစဉ်ကိုသာ သဝိညာဏက သက်ရှိဟု ဗုဒ္ဓအဘိဓမ္မာက သတ်မှတ်သည်၊ ဥတုကြောင့်သာဖြစ်ပေါ်သည့် ဗဟိဒ္ဓရုပ် ခန္ဓာ၏ဖြစ်ပျက်အစဉ်ကို အဝိညာဏက သက်မဲ့ဟုသတ်မှတ်သည်။ ယင်းသို့သတ်မှတ်ရခြင်း အကြောင်းမှာလည်း ဇီဝိတိန္ဒြေများရှိ မရှိသာလျှင် ပဓာနဖြစ်သည်၊ သစ်ပင်တို့၌ ဇီဝိတိန္ဒြေ နှစ်မျိုးလုံးမရှိဘဲ ဥတုကြောင့်ဖြစ်သော ဗဟိဒ္ဓရုပ်၏ ဖြစ်ပျက်အစဉ်သာရှိ၏။ ထို့ကြောင့် အဝိညာဏက သက်မဲ့များသာဖြစ်လေသည်။”

ဇီဝိတိန္ဒြေ၏စောင့်ရှောက်ရာ ကာလအဆုံးအဖြတ်

ဇီဝိတိန္ဒြေ၏ စောင့်ရှောက်ရာကာလမှာ သမာနဝါဒီဆရာတို့၏အဆိုအရ နာမ်ဇီဝိတိန္ဒြေဖြစ်စေ၊ ရုပ်ဇီဝိတိန္ဒြေဖြစ်စေ အတူဖြစ်ဖက်သဟဇာတ်တရားတို့၏ ဖြစ်ဆဲဥပါဒ်မှစ၍ စောင့်ရှောက် ထောက်ပံ့သည်ဟုဆို၏။ အချို့သော ကေစိဆရာတို့ကမူ နာမ်ဇီဝိတိန္ဒြေသာလျှင် ဖြစ်ဆဲဥပါဒ်ခဏမှစ၍ စောင့်ရှောက်ထောက်ပံ့နိုင်သည်၊ ရုပ်ဇီဝိတိန္ဒြေမှာ တည်ဆဲဌီခဏကာလမှစ၍ စောင့်ရှောက်ထောက်ပံ့နိုင်သည်ဟု ဆိုသည်။ ထိုကေစိဆရာတို့၏အဆိုကို အဘိဓမ္မာဝတာရဋီကာတွင် ပဋ္ဌာန်းပါဠိတော် ကို ထောက်ပြလျက် ပယ်ချထားသည်။

ဆိုလိုသည်မှာ ပဋ္ဌာန်းကျမ်း၌ အသညသတ်ဗြဟ္မာတို့၏ ဣန္ဒိယပစ္စည်းသည် ကမ္မပစ္စည်းနှင့်တူ၏ဟု ဟောတော်မူသောကြောင့် ရုပ်ဇီဝိတိန္ဒြေသည် ဖြစ်ဆဲဥပါဒ်ခဏမှစ၍ ကျေးဇူးပြုသည်ဟု ဆုံးဖြတ်လေသည်။

၁။ အဘိ၊ ဝတာရ၊ ဋီသစ်။ ၃၀၁။

၂။ ပဋ္ဌာန်း၊ ၁။ ၂၆။

စာမျက်နှာ-385

နာမ်ဇီဝိတိန္ဒြေသည် နာမ်ရုပ်နှစ်ပါးတို့ကို စောင့်ရှောက်သလော

ဇီဝိတိန္ဒြေ စေတသိက်၏ အခြင်းအရာ (ပစ္စုပဋ္ဌာန်) တွင် ပျက်ဆဲဘင်ခဏ၌ မိမိ ကိုယ်တိုင်က ချုပ်ဆဲဖြစ်၍ သူတပါးကို မတည်တံ့စေနိုင်ဟု ဆိုသဖြင့် မိမိ ချုပ်ပြီးနောက် မချုပ်သေးသော အတူဖြစ်ခဲ့သည့် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့ကို နာမ်ဇီဝိတိန္ဒြေက မစောင့်ရှောက်နိုင်ကြောင်း ထင် ရှားလေသည်။

ထို့ပြင် ဓမ္မသင်္ဂဏီပါဠိတော်၌ “နာမ်တရားတို့၏အသက်” ဟူ၍နာမ်ဇီဝိတိန္ဒြေက နာမ်တရားတို့ကို စောင့်ရှောက်ခြင်းကိုသာ ဟော တော်မူသည်။ အဋ္ဌကထာ၌လည်း “နာမ်တရားတို့ဟူသည် ဇီဝိတိန္ဒြေ စေတသိက်နှင့် ယှဉ်ဖော်ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော နာမ်တရားတို့ပင် တည်း”ဟူ၍ သမ္ပယုတ်နာမ်တရားများဖြင့် ဖွင့်ဆိုမူသည်။ ထို့ပြင် ဇီဝိတိန္ဒြေစေတသိက်၏လက္ခဏာ၌လည်း “မိမိနှင့် ခွဲခြား၍ မရကုန်သော တရားတို့ကို စောင့်ရှောက်ခြင်း လက္ခဏာ ရှိ၏”ဟူ၍ မိန့်ဆိုသည်။ ထို့ကြောင့် နာမ်ဇီဝိတသည် နာမ်တရားတို့ကိုသာ စောင့်ရှောက်သည်။

စောင့်ရှောက်သည် မဟုတ်လော

စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့ကိုလည်း “သဟဇာတ်တရားတို့ကို စောင့် ရှောက်ခြင်းကိစ္စ၌ အစိုးရခြင်း ကိစ္စနှင့် ယှဉ်ခြင်း ကြောင့် ဣန္ဒြေမည်၏၊ ထို့ကြောင့် ဇီဝိတိန္ဒြေမည်၏” ဟူ၍ ဋီကာ၌ ဖွင့်ဆိုသော ကြောင့် စိတ္တဇရုပ်၊ ကမ္မဇရုပ်တို့သည်လည်း သဟဇာတ်တရားများပင် ဖြစ်၍ ယင်းတို့ကိုလည်း စောင့်ရှောက်သည် မဟုတ်လော။

ထို့ပြင် “မိမိတို့၏ ဥစ္စာဖြစ်ကုန်သော အကျိုးပစ္စုပ္ပန် တရားတို့ကို လည်း စောင့်ရှောက်တတ်၏” ဟု အဋ္ဌကထာ၌ ဖွင့်ဆိုသောကြောင့် ရုပ်တရားတို့သည်လည်း အကျိုးပစ္စုပ္ပန်ပင်ဖြစ်၍ နာမ်ဇီဝိတိန္ဒြေသည် ရုပ်နာမ်နှစ်ပါးကိုပင်စောင့်ရှောက်သည်မဟုတ်လော-ဤသို့မေးရန်ရှိသည်။

၁။ အဘိ၊ ၁၊ ၂၀။

၂။ အဘိ၊ ဋ္ဌ၊ ၁။ ၁၉၃။

၃။ ဝိဘာဝနီဋီ။ ၁၀၆။

၄။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၇။

စာမျက်နှာ-386
အဋ္ဌကထာ၌ပင် “ပျက်ဆဲဘင်ခဏမှ အထက်၌မဖြစ်စေ၊ မတည်စေ မမျှစေနိုင်၊ အဘယ်ကြောင့်ဆိုသော် မိမိ၏လည်းကောင်း ဖြစ်စေတည်စေ မျှစေအပ်သော တရားတို့၏လည်းကောင်း မရှိခြင်းကြောင့်တည်း”ဟု ဖွင့် ဆိုသောကြောင့် နာမ်ဇီဝိတသည် ချုပ်ပျက်သည်မှနောက်၌ မိမိလည်းမရှိ၊ စောင့်ရှောက်အပ်သော တရားစုလည်း မရှိသောကြောင့် မစောင့်ရှောက် နိုင်ရကား သမ္ပယုတ်နာမ်တရားကိုသာ အကျိုးပစ္စယုပ္ပန် ယူရပါမည်။ “မိမိချုပ်ပြီးနောက် သဟဇာတ် တရားစုလည်း မရှိသောကြောင့်” ဟု ဖွင့်ဆိုသည်ကိုထောက်လျှင် ရုပ်တရားများကိုမဆိုလို၊ နာမ်တရားတို့ကို သာ ဆိုလိုကြောင်း ထင်ရှား၏။

အဘယ်ကြောင့်ဆိုသော် နာမ်ဇီဝိတချုပ်ပြီးနောက် သဟဇာတ်ဖြစ် သည့် စိတ္တဇရုပ် ကမ္မဇရုပ်တို့မှာ (၁၆)ချက် အသက်စေ့ အောင် ကျန်ရစ် သောကြောင့် ဖြစ်သည်၊ စောင့်ရှောက်ခြင်း အနုပါလနလက္ခဏာနှင့် စပ်လျဉ်း၍ ဘုရားဟော ပါဠိတော်မူရင်းအတိုင်း သမ္ပယုတ်နာမ်တရားတို့ ကိုသာ ယူရမည်။ အကျိုးပစ္စယုပ္ပန်ဖြစ်ကာမျှဖြစ်သည့် စိတ္တဇရုပ်၊ ပဋိ သန္ဓေ ကမ္မဇရုပ်များကို မယူသင့်ပေ၊ ထို့ကြောင့် နာမ်ဇီဝိတသည် နာမ် ကိုသာ စောင့်ရှောက်ပါသည်၊ နာမ်ရုပ် နှစ်ပါးကို မစောင့်ရှောက်ပါ။

ရုပ် နာမ်ဇီဝိတိန္ဒြေတို့ အတူချုပ်ကြပုံ

နာမ်ဇီဝိတိန္ဒြေခေါ် ဇီဝိတ စေတသိက်သည် ဥပါဒ် ဌီ ဘင် ခဏငယ် သုံးချက်မျှ အသက်ရှိ၏၊ ယင်းခဏငယ် သုံးချက်သည် စိတ္တက္ခဏတချက်ဖြစ်သည်၊ စိတ္တက္ခဏပေါင်း ၁၇- ချက်သည် ရုပ်ဇီဝိတိန္ဒြေ ၏ အသက်ဖြစ်သည်။ ရုပ်သက် နာမ်သက် ဖြစ်သော ရုပ် နာမ်ဇီဝိတိန္ဒြေတို့ သည် ချုပ်သောအခါ စုတိစိတ်၏ ဘင်ခဏဝယ် နှစ်ပါးစုံ တပြိုင်နက်အတူ ချုပ်ကြလေသည်၊ ထို့ကြောင့် ကထာဝတ္ထုအဋ္ဌကထာ၌-

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၁၆၇။

၂။ ဝိနိစ္ဆယသုစိ။ ၇။

၃။ အဘိ၊ ဋ္ဌ၊ ၃၊ ၂၁၂။

စာမျက်နှာ-387
“မှန်၏၊ စုတိဆဲခဏဝယ် ရုပ်နာမ် ဇီဝိတိန္ဒြေတို့သည် အတူ တကွသာလျှင် ပျက်ကုန်၏” ဟု ဖွင့်ဆိုလေသည်။

ဇီဝိတိန္ဒြေအစဉ်(၂)မျိုး

သတ္တဝါတို့ သန္တာန်တွင် ရုပ်ဇီဝိတိန္ဒြေအစဉ် နာမ်ဇီဝိတိန္ဒြေအစဉ်ဟူ၍ အစဉ် နှစ်မျိုးရှိသည်၊ ရုပ်ဇီဝိတိန္ဒြေအစဉ်မှာ တဘဝလျှင် သတ္တဝါများ သေ ဆုံးသည့်အခါ တခါတခါ အစဉ်ပြတ်၏၊ နာမ်ဇီဝိတိန္ဒြေ အစဉ်မှာကား အစဉ်ပြတ်သည်ဟူ၍ မရှိပေ၊ အနမတဂ္ဂသံသရာဝယ် အနန္တရစသော ပစ္စည်း တဆက်တည်း ဆက်စပ်လျက် ကြောင်းကျိုး ဆက်ကာဆက်ကာ အစဉ်မပျက် နိဗ္ဗာန် မရောက်သေးသမျှ ဆက်လက်ဖြစ်ပေါ်၍ နေ လေသည် ။

ဇီဝိတိန္ဒြေ အစဉ် (၂) မျိုး ပျက်စီးပုံ

ရုပ်နာမ်ဇီဝိတိန္ဒြေတို့ကို ဓား လက်နက် စသည်တို့ဖြင့် ဖျက် ဆီးရာ၌ ရုပ်ဇီဝိတိန္ဒြေကိုသာ ဖျက်ဆီး၍ရသည်၊ နာမ်ဇီဝိတိန္ဒြေကိုကား ဓား လက်နက် စသည်တို့ဖြင့် ဖျက်ဆီး၍မရ၊ အဘယ်ကြောင့်ဆိုသော် နာမ်ဇီဝိတိန္ဒြေသည် သူ့အလိုလိုပင် ဥပါဒ် ဌီ ဘင် ခဏငယ်အစဉ်အားဖြင့် ချုပ်ပျက်လျက်ရှိသောကြောင့် ဖြစ်သည်၊ ရုပ်ဇီဝိတိန္ဒြေကို ဖျက်ဆီး၍ ရသည်ဟု ဆိုရာ၌လည်း သတ္တဝါတို့သန္တာန်တွင် ဇီဝိတိန္ဒြေ အစဉ်အဆက် ဖြစ်နေမှုကို ဖျက်ဆီးခြင်းကိုသာ ဆိုလိုသည်၊ ရုပ်ဇီဝိတိန္ဒြေသည် ရုပ် တရားတို့ ထုံးစံအတိုင်း စိတ္တက္ခဏ ၁၇- ချက် အသက်မပြည့်သေးလျှင် မည်မျှပင် နှောင့်ယှက်ခြင်းကို ပြုစေကာမူ ချုပ်ပျက်သွားလိမ့်မည် မဟုတ်ပေ၊ စိတ္တက္ခဏ ၁၇- ချက်ပြည့်လျှင်လည်း ရုပ်ဇီဝိတိန္ဒြေ သည် အလိုလို ချုပ်ပျက်မည်သာ ဖြစ်သည်။ စင်စစ်အားဖြင့် ရုပ်ဇီဝိတိန္ဒြေ ပျက်စီးရခြင်းမှာ သတ္တဝါတို့၏ သန္တာန်တွင် ဇီဝိတိန္ဒြေအစဉ် ဆက်ကာ - ဆက်ကာ ဖြစ်နေမှုကို ဖျက်ဆီးခြင်းကြောင့် ပျက်စီးရခြင်း ဖြစ်သည်။

၁။ ဒီပနီပေါင်းချုပ်၊ ၁။ ၄၄၆။

စာမျက်နှာ-388
ထင်ရှားအောင် ဖွင့်ဆိုရပါလျှင် သတ္တဝါတို့ သန္တာန်တွင် ရုပ်ကလာပ် များသည် အစဉ်အဆက် ဆက်ကာဆက်ကာ ဖြစ်ပျက်လျက်ရှိ၏၊ ထို ရုပ်ကလာပ်များတွင် ရုပ်ဇီဝိတိန္ဒြေ ဇီဝိတရုပ်ကလာပ်လည်း ပါဝင်၏၊ ဇီဝိတရုပ်ကလာပ်တခု ချုပ်သွားလျှင် နောက်နောက် ဇီဝိတကလာပ် များ ဆက်လက်ဖြစ်ပေါ်စေရန် ကျေးဇူးပြုခဲ့သည်၊ ရုပ်ဇီဝိတိန္ဒြေနှင့် ရုပ်ခန္ဓာအသစ်တို့သည် ဖြစ်ချုပ်လက္ခဏာ နိယာမအတိုင်း ဖြစ်ပေါ်လိုက် ချုပ်ပျက်သွားလိုက် စသည်ဖြင့် အစဉ်မပျက် ဆက်ကာဆက်ကာ ဇီဝိတ ကမ္မဇရုပ်များ ဖြစ်နေရာဝယ် တဦးတယောက်က ဓား၊ လက်နက် စသည် တို့ဖြင့် ခုတ်ဖြတ်လိုက်၏၊ ထိုသို့ခုတ်ဖြတ်လိုက်ခြင်းသည် ဇီဝိတရုပ်၏ မှီရာ မဟာဘုတ်တို့ကို ဖြတ်လိုက်ခြင်းပင်ဖြစ်၏၊ ထိုသို့ ခုတ်ဖြတ်လိုက်သည့် အခါ ယင်းမဟာဘုတ်တို့နှင့်အတူ ယင်းတို့ကို မှီနေသည့် ရုပ်ဇီဝိတိန္ဒြေ လည်း ရုပ်တို့၏ထုံးစံအတိုင်း ၁၇- ချက် အသက်စေ့ကာ ချုပ်ပျက်လေ၏။

ရုပ်ဇီဝိတိန္ဒြေ ချုပ်ပြီးနောက် အလားတူ မဟာဘုတ်နှင့် ဇီဝိတိန္ဒြေရုပ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုခဲ့သော်လည်း အထိ ခိုက် ခံလိုက်ရသည့်အတွက် ရုပ်ခန္ဓာအစဉ် ကြာမြင့်စွာ ဖြစ်ပေါ်စေရန် များစွာ ကျေးဇူးပြုနိုင်ခြင်း မရှိတော့ပေ၊ ဓားဖြင့်ခုတ်လိုက်သည့် ဒဏ်ရာ ဒဏ်ချက်အလိုက် အနှေးနှင့်အမြန် ရုပ်ဇီဝိတိန္ဒြေ အစဉ်အဆက် ပျက်စီး လေတော့သည်။

ဤသို့ ရုပ်ဇီဝိတိန္ဒြေ ပျက်စီးသောအခါ နာမ်ဇီဝိတိန္ဒြေလည်း ပျက်စီး လေတော့သည်၊ အဘယ်ကြောင့်ဆိုသော် နာမ်ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေနှင့် တဆက်တည်းရှိသောကြောင့်ပင် ရုပ်ဇီဝိတိန္ဒြေကို ဖြတ်လိုက် လျှင် ထိုရုပ်ဇီဝိတိန္ဒြေနှင့်တကွ နာမ်ဇီဝိတိန္ဒြေ၏ မှီရာ ဟဒယဝတ္ထုပါ ပျက်စီးသဖြင့် ဟဒယဝတ္ထုကိုမှီ၍ဖြစ်သော နာမ်ဇီဝိတိန္ဒြေလည်း ပျက်စီး ရလေတော့သည်။

၁။ ဝိ၊ ဋ္ဌ၊ ၂။ ၃၈။ သာရတ္ထ၊ ၂၊ ၂၅၃၊ ၂၅၆။ ပါရာဇိကဏ်ဘာသာဋီကာ။ ၃၊ ၂၇၃။

စာမျက်နှာ-389

ကာလ(၃)ပါးနှင့် ဇီဝိတိန္ဒြေ

၃၉၅ အသက်ဇီဝိတိန္ဒြေသည်-

(၁) အသက်ရှင်ဆဲ - ပစ္စုပ္ပန်ဇီဝိတိန္ဒြေ၊

(၂) အသက်ရှင်ပြီး - အတိတ်ဇီဝိတိန္ဒြေ၊

(၃) အသက်ရှင်လတ္တံ့ – အနာဂတ်ဇီဝိတိန္ဒြေ ဟူ၍ (၃)မျိုးရှိ၏။

ထိုတွင် ဇီဝိတိန္ဒြေကို ပြတ်စဲစေရာ၌ အသက်ရှင်ပြီး အတိတ်ဇီဝိတိန္ဒြေသည် ချုပ်ပြီးဖြစ်၏၊ အသက်ရှင်လတ္တံ့ အနာဂတ်ဇီဝိတိန္ဒြေလည်း ဖြစ်ပေါ်လာသေးသည် မဟုတ်(ဝါ)မဖြစ်သေး၊ ထို့ကြောင့် ယင်းနှစ်မျိုးသည် ထင်ရှားမရှိ၊ ယင်းတို့ကို ပြတ်စဲအောင်ပြု၍ မရ၊ အသက်ရှင်ဆဲပစ္စုပ္ပန်ဇီဝိတိန္ဒြေကိုသာ ပြတ်စဲစေနိုင်၏။ ရုပ်ဇီဝိတိန္ဒြေပြတ်လျှင် နာမ်ဇီဝိတိန္ဒြေလည်း ပြတ်စဲတော့၏။ အသက်ရှင်ဆဲ ပစ္စုပ္ပန်ဇီဝိတိန္ဒြေလည်း (၃)မျိုးရှိသည်-

(၁) ခဏပစ္စုပ္ပန်ဇီဝိတိန္ဒြေ၊

(၂) သန္တတိပစ္စုပ္ပန်ဇီဝိတိန္ဒြေ၊

(၃) အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေ - ဟူ၍ (၃)မျိုးဖြစ်၏။

(၁) ခဏပစ္စုပ္ပန်ဇီဝိတိန္ဒြေဆိုသည်မှာ-ဥပါဒ်၊ ဌီ၊ ဘင်၊ ခဏ (၃)ပါး ခဏငယ်(၃)ချက် ကာလနှင့်စပ်သည့် ဇီဝိတိန္ဒြေဖြစ်သည်။

(၂) သန္တတိပစ္စုပ္ပန်ဇီဝိတိန္ဒြေဆိုသည်မှာ – (ရူပသန္တတိ၊ ရုပ်ဇီဝိတိန္ဒြေအတွက်) နေပူမှလာ၍ နေရိပ်သို့ဝင်သော သူအား အပူရုပ်အစဉ်မပျက်မီကာလသည်လည်းကောင်း၊ ချမ်းအေးသော အရပ်မှ ပူနွေးသောအရပ်သို့ ဝင်သောသူအား

၁။ သာရတ္ထ၊ ၂၊ ၂၅၄။ ဝိ၊ ဋ္ဌ၊ ၂၊ ၃၉။

စာမျက်နှာ-390
ချမ်းအေးသော ရုပ်အစဉ်မပျက်မီ ကာလသည်လည်းကောင်း၊ အပြင်ဘက်အလင်းရောင်မှ အခန်းတွင်းသို့ဝင်သောအခါ ရုတ်တရက်မမြင်ရသေးဘဲ မှောင်မိုက်နေရာ အမှောင်ရုပ်အစဉ် ဖြစ်ဆဲကာလသည်လည်းကောင်း၊ ရုပ်အစဉ်ဖြစ်ဆဲပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်ဟု ခေါ်သည်။ ယင်းရုပ်အစဉ် ဖြစ်ဆဲပစ္စုပ္ပန်နှင့် ဆက်စပ်သည့် ဇီဝိတိန္ဒြေကို သန္တတိပစ္စုပ္ပန် ဇီဝိတိန္ဒြေဟု ခေါ်သည်။

အရူပသန္တတိ နာမ်ဇီဝိတိန္ဒြေအတွက် ခုဒ္ဒကဘာဏကထေရ်တို့၏အလို ဇောဝီထိ (၇) ကြိမ် (၈) ကြိမ်မျှ၊ သံယုတ္တဘာဏကထေရ်တို့၏ အလို ဇောဝီထိ (၂) ကြိမ် (၃) ကြိမ်မျှ နာမ်ဇီဝိတိန္ဒြေ အစဉ်ဖြစ်၍ ချုပ်လတ္တံ့သော ကာလသည် သန္တတိပစ္စုပ္ပန်ဖြစ်သည်၊ ယင်းပစ္စုပ္ပန်နှင့် စပ်သည့် ဇီဝိတိန္ဒြေကို သန္တတိပစ္စုပ္ပန်ဇီဝိတိန္ဒြေဟု ခေါ်သည်။

(၃) အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေဆိုသည်မှာ ပဋိသန္ဓေနေသည်မှ သေသည့်အထိ ကာလသည် အဒ္ဓါပစ္စုပ္ပန်ဖြစ်သည်၊ ယင်းပစ္စုပ္ပန်နှင့် စပ်သည့် ဇီဝိတိန္ဒြေကို အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေဟု ခေါ်သည်။

ထိုတွင် ခဏပစ္စုပ္ပန်ဇီဝိတိန္ဒြေမှာ-အလိုလိုဖြစ်ပြီး ချုပ်သွားသောကြောင့် ဇီဝိတိန္ဒြေကို ဖြတ်၍မရ၊ သန္တတိ၊ အဒ္ဓါပစ္စုပ္ပန်ဇီဝိတိန္ဒြေ (၂)မျိုးကိုသာ ပြတ်စဲစေနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ရုပ်ဇီဝိတိန္ဒြေကို ဖြတ်လိုက်ပါက ထိုအဖြတ်ခံရသော ဇီဝိတိန္ဒြေသည် ယင်းသို့ဖြတ်သဖြင့် အားနည်းနေသော ရုပ်အစဉ်အား ကျေးဇူးပြုခဲ့၏၊ ထို့ကြောင့် သန္တတိပစ္စုပ္ပန်နှင့် အဒ္ဓါပစ္စုပ္ပန်တို့သည် ယင်းတို့ ပိုင်းခြားအပ်သော (တဘဝ အတွက် အရှည်ဆုံးသောကာလသို့) မရောက်နိုင်တော့ဘဲ ချုပ်ရလေတော့သည်။

စာမျက်နှာ-391
ထို့ကြောင့် ယင်း ဇီဝိတိန္ဒြေ (၂) မျိုးကိုသာ ပြတ်စဲစေနိုင်လေသည်။

ဦးခေါင်းပြတ်နှင့်ဇီဝိတိန္ဒြေ

စစ်မြေပြင်တွင် အရှိန်နှင့် ပြေးလာသူ တယောက်၏ ဦးခေါင်းကို သန်လျက်နှင့် ဖြတ်လိုက်၏၊ ခေါင်းပြတ်ကိုယ်သည် အရှိန်နှင့်ပြေးနေရာက တယောက်က ဆီးရိုက်လိုက်မှ လဲကျသွားတော့၏၊ ခေါင်းပြတ်ကောင် ပြေးနေစဉ်ဝယ် အသက်ဇီဝိတိန္ဒြေရှိ- မရှိ။

ဦးခေါင်းကို ဖြတ်လိုက်စဉ်ကပင် သေပြီးဖြစ်သည်၊ ထို့ကြောင့် အသက်ဇီဝိတိန္ဒြေမရှိတော့၊ ဇီဝိတိန္ဒြေမရှိဘဲ ခေါင်းပြတ်ကောင် ပြေးနေသည်မှာ ပရမတ္ထဓမ္မတို့၏ ရှေး၌တည်နှင့်သော အရှိန်အဟုန်တို့ကြောင့် ပြေးသွားခြင်း၊ အရပ်တပါးသို့ ရောက်သွားခြင်းသာ ဖြစ်သည်။

ထိုကိစ္စတွင် လေတိုက်၍ သစ်ရွက်လွှင့်သွားခြင်းမျိုး မဟုတ်၊ ဇီဝိတိန္ဒြေ၏ မှီရာစိတ်အစဉ်သည် ခေါင်းပြတ်ကောင်၌ မရှိပါလျှင် ခြေကြွခြင်း၊ ခြေချခြင်း၊ ပြေးသွားခြင်း မဖြစ်နိုင်။ ရှေးအရှိန်အဟုန်မရှိဘဲလည်း မြွေကင်းစသော သတ္တဝါတို့ နှစ်ပိုင်းပြတ်ရာ၌ နှစ်ပိုင်းလုံးပင် ကာလအတန်ကြာအောင် ဟိုဘက်၊ သည်ဘက် သွားနိုင်ကြောင်း တွေ့ရသည်။ ယင်းနှစ်ပိုင်းတွင် ဟဒယဝတ္ထုပါသော အပိုင်း၌ တည်သောစိတ်သည် နှစ်ပိုင်းလုံးကို အလှည့်စီအာရုံပြုကာ ကာယဝိညာဉ်စိတ် ဖြစ်နိုင်သည်၊ စိတ်ဖြစ်ကဝေဒနာပါပြီးဖြစ်၍ နာကျင်မှုဖြစ်နိုင်လေသည်၊ ထို့ကြောင့် ခေါင်းပြတ်ကောင်ပြေးသွားနေစဉ်ဝယ် စိတ်ရော ဇီဝိတိန္ဒြေပါရှိသေးသည်။

၁။ သာရတ္ထ၊ ၂၊ ၂၇၈။ ဝိ၊ ဋ္ဌ၊ ၂၊ ၇၂။

၂။ ဝိမတိ၊ ၁၊ ၂၃၉။

စာမျက်နှာ-392
ဤ၌သာရတ္ထဋီကာနှင့် ဝိမတိဋီကာတို့ ဝိဝါဒကွဲနေရာ အင်္ဂုတ္တိုရ် အဋ္ဌကထာတွင် ဦးခေါင်းပြတ်သွားလျှင် လူခန္ဓာ၌ လက်ခြေတို့ကို မထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်တော့ကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်၊ ထို့အတူ စွယ်စုံကျော်ထင်ကျမ်း၌လည်း-

“ခေါင်းပြတ်၍လှန့်၊ တတွန့်တွန့်၊ စွန့်ရန်ဝိညာဉ်ကြွင်းလိမ့်နည်း” ဟူသော အမေးကို ဦးခေါင်းပြတ်ပြီးကိုယ်တလွန့်လွန့်နေသောသတ္တဝါ၌ ဇီဝိတိန္ဒြေနှင့် စိတ်ဝိညာဉ်တို့ မရှိတော့ကြောင်း၊ ဦးခေါင်းပြတ်သည်နှင့်တပြိုင်နက် နာမက္ခန္ဓာလေးပါး၊ ရုပက္ခန္ဓာတရားတို့ ချုပ်သွားပြီဖြစ်ကြောင်း၊ ပြတ်ပြီးလျက် လှုပ်ရှားနေခြင်းမှာ သက်မဲ့အဝိညာဏကဗာဟိရ ရုပ်မျှသာဖြစ်သည်။ ကြိမ်နွယ် သစ်ခက်တို့ကို ခုတ်ဖြတ်လိုက်သည့်အခါ ထိခိုက်မှုအရှိန်အဟုန်ကြောင့် နောက်ကာလအတန်ကြာအောင် လှုပ်ရှားနေခြင်းမျိုးကဲ့သို့ ဦးခေါင်းပြတ်ပြီးသော်လည်း စိတ္တဇရုပ်အဟုန်ကြောင့် အလုံးစုံသော ဥတုဇရုပ် အဆက်ဆက်မှာ တုန်လှုပ်နေခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။

ဤပြဿနာနှင့်စပ်လျဉ်း၍ သတပဒိကပုစ္ဆာ ဝိသဇ္ဇနာတွင် မန်လည်ဆရာတော်ကမေး၍ မင်းကွန်းတောရ ဆရာတော်က ဖြေဆိုထားရာ မှတ်သားဖွယ် ကောင်းလှသည်။

မန်လည်အမေး

ကြွက် အိမ်မြှောင် မြွေမြီးတို့၊ ပြတ်ပြီးလျက် ဖျတ်ဖျတ်ခုန်၊ ဆတ်ဆတ်တုန်ဖြစ်ငြား။ ။ တပိုင်းစီ ဝိညာဉ်ပါ၊ ဝေဒနာကွဲကြသလား။ ။ စိတ်ဝိညာဉ်နှစ်ဖြာပြတ်သည်ဟု၊ ပိဋကတ်ကျမ်းဂန် မြတ်မရှိတန်လေလား။ ။ အသိဉာဏ်ထွေပြားလို့၊ ဝေဝါးဘွဲ့အရာ။ ။ ဝိမတိဆရာနှုန်းကိုလဲ၊ ဉာဏ်နှလုံးမကျတတ်လွန်းလို့ပါ။ ။ သဘာဝထက် ဒိဋ္ဌသာ၊ သည်မိစ္ဆာလိမ်နဂပါသ်ကိုလ၊ စိန်တပ်တဲ့သီလဝင်ဉာဏ်တော်၊ ကျမ်းပြုအမော်။ ။ ဖြတ်လိုက်ပါ့ဆရာကျော်ငယ်၊ မညှာတော်မူစမ်းနှင့်လေး..........။

၁။ စွယ်စုံကျော်ထင်၊ ၂၊ ၈၄။

စာမျက်နှာ-393

မင်းကွန်းအဖြေ

ကြွက်အိမ်မြောင် မြွေမြီးတို့၊ ပြတ်ပြီးလျက်ဖျတ်ဖျတ်ခုန်၊ ဆတ်ဆတ်တုန်လှုပ်ရှား။ ။ တလှည့်စီဝေဒနာယှဉ်၊ စိတ်ဝိညာဉ်သတ္တိဖြစ်ငြား။ ။ ယုတ္တိစမ်းလို့ သိစမ်းသာ၊ ရှင့်စောဒနာကို ဖြေပသား၊ အသိဉာဏ်ထွေပြားလို့ ဝေဝါးပါနှင့်သည်အရာ။ ။ ဝိမတိဆရာနှူန်းကိုလ၊ ဉာဏ်နှလုံးကျသင့်လှပေတော့သည်သာ။ ။ သဘာဝနှင့်ဒိဋ္ဌက္ခာ၊ တဆိတ်စာမတူမျှလို့၊ ပရမတ္ထသဘာဝါ၊ သိခက်လှပါ။ ။ သဗ္ဗညုတဉာဏ်အရာကို မိစ္ဆာဉာဏ်ကင်းစေကွဲ့လေး။ ။

မင်းကွန်းဆရာတော်၏ ဆိုလိုရင်းမှာ ကြွက် အိမ်မြှောင်တို့အမြီးပြတ်ရာ၌ နှစ်ပိုင်းလုံးစိတ်ပြောင်းနိုင်၍ နှစ်ပိုင်းလုံးနာကျင်နိုင်ကြောင်း၊ ဤ၌ စိတ်ဝိညာဉ်၏တန်ခိုးသတ္တိကို သံသယမရှိသင့်ကြောင်း။ ထို့ပြင် သဘာဝနှင့် ဒိဋ္ဌသည် အလွန်ကွာကြသည်၊ ပရမတ္ထသဘောဟူသည်လည်း သဗ္ဗညုတဉာဏ်အရာသာဖြစ်သည်၊ ဗုဒ္ဓဝိသယ၌ လွန်၍မကြံသင့်ကြောင်းကို ပိဋကသုံးပုံတွင် အဋ္ဌကထာဆရာတို့ ဆုံးမတော်မူသည်။ ထို့ကြောင့် ဤ၌ဝိမတိဆရာတော်၏ အဆုံးအဖြတ်ကိုသာ တိတိကျကျစေ့စေ့စပ်စပ်သဘောကျအောင်ကြံသင့်သည်၊ ဝိမတိဆရာတော်ထက်လွန်၍ မကြံသင့်ဟုဆုံးဖြတ်တော်မူကာ အထက်တွင်ဆိုခဲ့သည့် စွယ်စုံကျော်ထင်ကျမ်းကို ယုတ္တိမရှိဟု ပယ်ချထားလေသည်။

ကိုယ်စောင့်ဇီဝိတိန္ဒြေ

ဇီဝိတိန္ဒြေသည် သတ္တဝါကို မသေအောင် စောင့်ရှောက်သောတရားဖြစ်သည်၊ သံယုတ် ပါဠိတော်တွင် သတ္တဝါကိုမသေအောင် စောင့်ရှောက်သောကိုယ်စောင့်တရားသုံးပါးကို ဟောတော်မူသည်။

၁။ သတပဒိက၊ ၄၇။

စာမျက်နှာ-394
“ဇီဝိတိန္ဒြေဟူသောအသက်၊ ကမ္မဇတေဇော ဟူသောအခိုး အငွေ့၊ ဝိညာဉ် (ဤတရားသုံးပါးတို့သည်) ဤကိုယ်ကိုစွန့်သွားကြသောအခါဤခန္ဓာကိုယ်သည် စွန့်ပစ်အပ်သည်ဖြစ်၍ စိတ်စေတနာ စေ့ဆော်မှုမရှိဘဲ ပိုးလောက်စသည်တို့၏အစာဖြစ်၍ အိပ်နေရ၏”

ဤဒေသနာတော်အရ၊ (၁) ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေခေါ်သော အသက်။ (၂) ဥသ္မာဟုလည်းကောင်း၊ ကမ္မဇတေဇောဟုလည်းကောင်း ခေါ်သောကိုယ်ငွေ့။ (၃) ဝိပါက်ဝိညာဏ် ဤသုံးမျိုးတို့ခန္ဓာကိုယ်၌မရှိလျှင် သတ္တဝါသေဆုံးသည်မည်၏။ သတ္တဝါတို့မသေအောင် စောင့်ရှောက်တတ်သောတရားဟူ၍လည်းကောင်း၊ ကိုယ်စောင့်တရားသုံးပါး ဟူ၍လည်းကောင်း ခေါ်ဆိုကြလေသည်။

ဇီဝိတိန္ဒြေသည် အဝိဇ္ဇာသည်ကိလေသာတို့၏ အချုပ်အခြာဖြစ်သော ဝဋ်ဒုက္ခတို့၏ဦးခေါင်း သကဲ့သို့ အသက်ဇီဝိတိန္ဒြေသည် ဝဋ်ဒုက္ခတို့၏ အချုပ်အခြာဖြစ်သည်။ ထို့ကြောင့်ပင် အဝိဇ္ဇာကိုကိလေသာတို့၏ ဦးခေါင်းဆိုသကဲ့သို့ ဇီဝိတိန္ဒြေကိုလည်း ဝဋ်ဆင်းရဲဒုက္ခတို့၏ဦးခေါင်းဟူ၍ဆိုသည်။ ဇီဝိတိန္ဒြေ အစဉ်ရှိနေသမျှ ဝဋ်ဆင်းရဲဒုက္ခတို့နှင့် မကင်းနိုင်၊ ဇီဝိတိန္ဒြေ အစဉ်သည် ပရိနိဗ္ဗာနစုတိ ခေါ် ရဟန္တာတို့၏ စုတိကျမှ အဆုံးသတ်သည်၊ ဇီဝိတိန္ဒြေအစဉ်ပျက်လျှင် ဝဋ်ဒုက္ခတို့အကြွင်းမဲ့ ချုပ်ငြိမ်းတော့သည်။

ဇီဝိတသမသီသီခေါ်သည့် ရဟန္တာအရှင်မြတ်တို့မှာ အသက်ဇီဝိတိန္ဒြေနှင့် အဝိဇ္ဇာတို့တပြိုင်နက် ချုပ်ငြိမ်းသည်ဟူ၍ပင် အဆိုရှိသည်၊ အစဉ်အားဖြင့်မူ အဝိဇ္ဇာနှင့် ဇီဝိတိန္ဒြေတို့သည် ချုပ်ငြိမ်းရာခဏ တူညီကြသည်မဟုတ်ပေ၊ အဝိဇ္ဇာ၏ ချုပ်ငြိမ်းရာခဏမှာ အရဟတ္တမဂ်ခဏ ဖြစ်ပြီး ဇီဝိတိန္ဒြေနောက်ဆုံးချုပ်ရာ ခဏမှာ ပရိနိဗ္ဗာနစုတိခေါ် ရုပ်နာမ် ခန္ဓာတို့အကြွင်းမဲ့ချုပ်ငြိမ်းရာခဏဖြစ်သည်၊ အရဟတ္တမဂ်သည် ကိလေသာတို့၏ ဦးခေါင်းသဖွယ်ဖြစ်သည့် အဝိဇ္ဇာကို ကုန်စေနိုင်သကဲ့သို့ ရဟန္တာတို့၏ စုတိသည်လည်း ဝဋ်ဒုက္ခတို့၏ ဦးခေါင်းသဖွယ်ဖြစ်သည့် ဇီဝိတိန္ဒြေကို ကုန်စေနိုင်သည်။

၁။ သံ၊ မြန်၊ ၂၊ ၁၀၉။

၂။ သံ၊ ၂၊ ၁၁၇။

စာမျက်နှာ-395
သို့ရာတွင် အဝိဇ္ဇာကို ကုန်စေနိုင်သည့်အရဟတ္တမဂ်စိတ်သည် ဇီဝိတိန္ဒြေကို ကုန်စေခြင်းငှာ မစွမ်းနိုင်၊ ဇီဝိတိန္ဒြေကို ကုန်စေနိုင်သည့် ရဟန္တာတို့၏ စုတိသည်လည်း အဝိဇ္ဇာကို ကုန်စေရန် မစွမ်းနိုင်၊ ဇီဝိတသမသီသီပုဂ္ဂိုလ်များသည် အရဟတ္တမဂ်ရ၍ အဝိဇ္ဇာပြုတ်လေသောအခါ စုတိစိတ်ကျ၍ ဇီဝိတိန္ဒြေလည်း ချုပ်လေသောကြောင့် အဝိဇ္ဇာနှင့် ဇီဝိတိန္ဒြေတို့ တပြိုင်နက် ချုပ်ကြသည်ဟု ဆိုခြင်းဖြစ်သည်။ ဝီထိစဉ်အရ စိတ်အစဉ်ဝီထိ ကွာခြားမှုမရှိဘဲ မဂ္ဂဝီထိနောင်၊ မရဏာသန္နဝီထိဖြစ်သည်ကိုပင် စိတ်အစဉ် အလှည့် အကြိမ်အားဖြင့် တူမျှသည်ဟု ဆိုအပ်သောကြောင့် အဝိဇ္ဇာနှင့် ဇီဝိတိန္ဒြေတို့ တပြိုင်နက် ချုပ်ကြသည်ဟု ဆိုခြင်းဖြစ်သည်၊ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာအကြွင်းမဲ့ ချုပ်လေလျှင် ကိလေသာအားလုံးတို့လည်း ချုပ်ငြိမ်းကြသည်ဖြစ်၍ ကိလေသာ၏ ဦးခေါင်းမှာ အဝိဇ္ဇာဖြစ်သည်။ ထို့အတူပင် ရဟန္တာတို့၏ စုတိတွင် အသက်ဇီဝိတိန္ဒြေအကြွင်းမဲ့ချုပ်ငြိမ်း၏ ဇီဝိတိန္ဒြေချုပ်ငြိမ်းသောအခါ ဝဋ်ဒုက္ခလည်း ချုပ်ငြိမ်းလေသောကြောင့် ဝဋ်ဒုက္ခကိုယ်၏ ဦးခေါင်းသည် ဇီဝိတိန္ဒြေဖြစ်သည်။

ဇီဝိတိန္ဒြေ၏အစွမ်း

အဝိဇ္ဇာသည် အရဟတ္တမဂ်တွင် အဆုံးသတ်သော်လည်း အသက်ဇီဝိတိန္ဒြေသည် ရဟန္တာတို့၏ စုတိကျမှ လက်စသတ်သည်၊ အရဟတ္တမဂ်တွင် အဝိဇ္ဇာရန် အေးသွားသော်လည်း ဇီဝိတိန္ဒြေရှိနေသေးလျှင် ဝဋ်ဒုက္ခတို့ရှိနေသေး၏၊ ရဟန္တာတို့၏ စုတိ မရောက်မီအထိ ဇီဝိတိန္ဒြေဒုက္ခကို ခံရပေဦးမည်၊ အရဟတ္တမဂ်၊ ဖိုလ်ကို ရ၍ ရဟန္တာအဖြစ်ကို ရရှိကြသော်လည်း ပရိနိဗ္ဗာန်မပြုမီကာလအတွင်း ဇီဝိတိန္ဒြေအတွက် သင့်လျော်သည့် အာဟာရများကို သုံးဆောင်ရခြင်း စသည့် ဒုက္ခများကို ခံကြရပေဦးမည်၊ ဤမျှ ဇီဝိတိန္ဒြေ၏ အစွမ်းသတ္တိသည် ထက်လှပေသည်။

ဇီဝိတိန္ဒြေကြာမြင့်စွာရှင်သန်ရေး

ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်ရေးသည် (ဝါ) ကျန်းမာစွာ အသက်ရှည်ရေးသည် လောကတွင် အရေးအကြီးဆုံးဖြစ်သည်။

၁။ အဘိ၊ ဋ္ဌ၊ ၃၊ ၃၀။

စာမျက်နှာ-396
“ရဟန်းတို့ ... ပယ်ဖျောက်နိုင်ခဲသော တပ်မက်ခြင်း အာသာတို့သည် (၁) လာဘ်လာဘကို တပ်မက်ခြင်းအာသာ (၂) အသက်ရှည်လိုခြင်းအာသာဟူ၍ နှစ်မျိုးရှိပေသည်” ဟူသော အင်္ဂုတ္တိုရ်ပါဠိတော် နှင့်အညီ လူတိုင်းပင် ဇီဝိတိန္ဒြေရှင်သန်လိုကြသည်။

“အထူးအားဖြင့် အနာရောဂါစသည့် အန္တရာယ်များ မဖြစ်ခြင်းကို ဆရာတို့ တောင့်တကြကုန်၏” ဟူသော ဝိဘာဝိနီဋီကာနှင့်အညီ- အနာရောဂါကင်း၍ ကျန်းမာခြင်းကို ဆရာတို့ အထူးပင်လိုလား တောင့်တကြသည်၊ ဓမ္မပဒပါဠိတော်တွင် “လာဘ်ဟူသမျှတို့တွင် ရောဂါကင်းရှင်း ကျန်းမာခြင်းသည် အမြတ်ဆုံး အဖိုးအတန်ဆုံးဖြစ်၏” ဟူ၍လည်းကောင်း၊ အင်္ဂုတ္တိုရ်ပါဠိတော်တွင်-

“ရောဂါကင်းရှင်း ကျန်းမာခြင်းကို လူတိုင်းအလိုရှိသင့်၏၊ နှစ်သက်သင့်၏ ကျန်းမာခြင်းသည် လူတိုင်း၏ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်၏၊ ကျန်းမာခြင်းကား လောကတွင် ရခဲသောအရာဝတ္ထုတခုပင်ဖြစ်၏၊ ထိုသို့အရေးကိစ္စဟူသမျှ၌ မဆင်မခြင် ပြုလုပ်ခြင်းသည် ကျန်းမာခြင်း၏ ရန်သူဖြစ်သည်၊ လျော်ကန်သင့်မြတ်ကျန်းမာအောင် ပြုလုပ်ခြင်းသည် ကျန်းမာကြောင်းပင် ဖြစ်သည်” ဟူ၍လည်းကောင်း၊ ပဉ္စကအင်္ဂုတ္တရပါဠိတော်တွင်-

“ကမ္မဋ္ဌာန်းကို အားထုတ်နိုင်စွမ်းရှိသော အစားအစာဟူသမျှကို ကြေကျက်စေနိုင်သည့် ပါစကဝမ်းမီးနှင့် ပြည့်စုံစေရမည်” ဟူ၍လည်းကောင်း စသည်ဖြင့် ကျန်းမာမှု၊ ဇီဝိတိန္ဒြေရှင်သန်မှု အရေးကြီးပုံကို များစွာပင် ဟောကြားတော်မူခဲ့သည်။

၁။ အံ၊ ၁၊ ၁၆။ ၂။ ဝိဘာဝိနီ၊ ၇၁။ ၃။ ဓမ္မပဒပါ။ ၄၃။ ၄။ အံ၊ ၃၊ ၃၆၄။ ၅။ အံ၊ ၂၊ ၅၀။

စာမျက်နှာ-397
ကြီးပုံကို များစွာပင် ဟောကြားတော်မူခဲ့သည်၊ ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်ခြင်းအားဖြင့် ဗုဒ္ဓမြတ်စွာ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရာ ရကြောင်း ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်ခြင်း၊ နည်းလမ်းကောင်းများကို ကြိုးပမ်းနိုင်ကြမည် ဖြစ်သည်၊ ပိဋကတ်တော်များတွင် ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်နိုင်ကြောင်း နည်းလမ်းကောင်းများကိုလည်း ဟောကြားတော်မူခဲ့သည်။ ယင်းတို့အနက် ကျန်းမာ၍ အသက်ရှည်ကြောင်း နည်းလမ်းကောင်းအချို့ကို ဖော်ပြလိုသည်-

“မယားတယောက်၊ လင်တယောက်ထက်၊ မဖောက်ဘယ်မျှ၊ သန္တောသဟု၊ ဗြဟ္မစရိယာ၊ ကျင့်မြတ်စွာလည်း၊ မဟာဓမ္မပါလပုဏ္ဏား၊ အမျိုးသားတို့၊ တရားဆောင်တယ်၊ ကင်းအပါယ်နှင့်၊ သူငယ်ဟူသမျှ၊ ငယ်ကမသေ၊ ထောင်သက်နေ၏”

ဟူသော မဃဒေဝလင်္ကာနှင့်အညီ မဟာဓမ္မပါလဇာတ်တော်လာ ပုဏ္ဏားကြီးဇနီးမောင်နှံနှစ်ဦးတို့သည် မိမိဇနီး မိမိခင်ပွန်းမှတပါး အခြားသူများနှင့် ဖောက်ပြန်မှုမရှိ စောင့်စည်းကြ၏၊ ကုသလကမ္မပထတရား (၁၀)ပါးတို့ကို ကျင့်သုံးကြ၏၊ ထို့ကြောင့်ဖြစ်လျှင် ပျက်မြဲဓမ္မတာသဘောရှိသော်လည်း ၎င်းတို့ မျိုးနွယ်စဉ်ဆက်တွင် ငယ်ရွယ်နုနယ်ချိန်မှာ သေဆုံးခြင်းမရှိ၊ ကျန်းမာစွာဖြင့် အသက်ဇီဝိတိန္ဒြေကြာမြင့်စွာ တည်နေပြီး သက်ကြီးရွယ်အိုရောက်မှ သေဆုံးခြင်းများသည်လည်းကောင်း။

ဗာကုလထေရဝတ္ထု၌- မျက်မှောက်ကာလ အချို့သော ဒါနရှင်တို့ ဆေးရုံ ဆေးပေးခန်းများကို တတ်အားသမျှပါဝင်လှူဒါန်းခြင်း၊ စုပေါင်းသံဃာ့ဆေးရုံတည်ဆောက်ခြင်း၊ လမ်းခင်းတံတားဆောက်ခြင်း၊ ခရီးလမ်းဆုံများ၌ အေးရိပ်သာများ ဆောက်လုပ်လှူဒါန်းခြင်းစသည်များ ကဲ့သို့ ဗာကုလမထေရ်မြတ်၏ ရှေးအတိတ် နုစဉ်ကာလက မြတ်စွာဘုရားနှင့် အများသံဃာတို့အား ဆေးလှူဒါန်းခြင်း၊ ကုသခြင်း၊ ကျောင်းအို

၁။ မဃဒေဝ၊ အပိုဒ် ၃၂၇။ ၂။ အံ၊ ဋ္ဌ၊ ၁၊ ၂၃၆။

စာမျက်နှာ-398
ကျောင်းပျက်များ ပြုပြင်ခြင်းစသည့် ဒါနကုသိုလ်ကြောင့် ပစ္စက္ခတွင် အယုတ်သဖြင့် ကျန်းမာရေးအတွက် ဆေးတခွက်မျှပင် မသုံးဆောင်ရဘဲ အသက်ရာကျော် (တရာ့ခြောက်ဆယ်) ဇီဝိတိန္ဒြေ ကြာမြင့်စွာ တည်နေရခြင်းများသည် လည်းကောင်း။

မဟာဝံသကျမ်းလာ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်း မဟာဝသဘမင်းကြီးကား အာယုဒီဃပါရဂူတို့ တွက်ချက်ဆုံးဖြတ်ချက်များအရ နောင်အသက် (၁၂)နှစ်ခန့်သာ နေရတော့မည်ဖြစ်၏၊ ထိုစဉ် ယင်းပညာရှင်တို့အား ငွေဒင်္ဂါးတစ်ထောင်ပေး၍ မည်သူကိုမျှ မပြောရန်မိန့်တော်မူပြီး သံဃာတော်အရှင်မြတ်တို့အား ပင့်ဖိတ်ကာ ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်စေနိုင် အသက်ရှည်စေနိုင်ကြောင်း နည်းကောင်းများကို မေးလျှောက်၏။ အရှင်မြတ်တို့က—

“မင်းကြီး’

(၁) ရေစစ်အလှူကိုဖြစ်စေ၊

(၂) ကျောင်းဇရပ်စသည့် အေးရိပ်သာများကိုဖြစ်စေ၊

(၃) ဆေးပစ္စည်းအလှူကိုဖြစ်စေ ပေးလှူရမည်၊

(၄) ကျောင်းအိုဇရပ်အို စသည်များကိုမွမ်းမံပြင်ဆင်ရမည်၊

(၅) ငါးပါးသီလ ဆောက်တည်ပြီး မကျိုးမပေါက်အောင် စောင့်ထိန်းရမည်၊

(၆) ဥပုသ်သီတင်းနေ့များတွင် ရှစ်ပါးသီလ စောင့်ထိန်းရမည်”

ဟု ဟောတော်မူကြ၏၊ ဝသဘမင်းကြီးသည် အရှင်သူမြတ်တို့ မိန့်တော်မူချက်များအရ လိုက်နာကျင့်သုံးလေရာ နှစ်ပေါင်း(၄၄)နှစ်တိုင်တိုင် နန်းစံသွားရကြောင်း နည်းလမ်းကောင်းများသည်လည်းကောင်း။

ဓမ္မပဒပါဠိအဋ္ဌကထာလာ ဒီဃာယုသတို့သားကား ဘုရားရှင်နှင့် ရသေ့သူတော်စဉ်တို့ ဟောပြောတော်မူချက်များအရ (၇)ရက်သာ အသက်ရှည်မည့်သူဖြစ်၏၊ သို့ရာတွင် ဗုဒ္ဓမြတ်စွာက–

၁။ ဓမ္မပဒ ပါ၊ ၂၉။ ဋ္ဌ၊ ၄၂၃။

စာမျက်နှာ-399
“ရတနာသုံးပါးတို့အား အမြဲရှိခိုးခြင်း အလေ့ရှိလျက် အသက် သိက္ခာဂုဏ်ကြီးသူတို့ကို အရိုအသေပြုတတ်သူအား အသက် (အာယု)၊ အဆင်း (ဝဏ္ဏ)၊ ချမ်းသာခြင်း (သုခ)၊ ခွန်အား (ဗလ) အကျိုးတရား လေးပါးတို့ ပွားကုန်၏” ဟူ၍ နည်းလမ်းညွှန်ပြတော်မူသဖြင့် လိုက်နာကျင့်သုံးရာမှ အသက် (၁၂၀) တိုင်တိုင် ကျန်းမာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်ကြောင်း နည်းလမ်းကောင်းများသည်လည်းကောင်း။

ဂီရိမာနန္ဒသုတ်တော်လာ ဂီရိမာနန္ဒထေရ် မကျန်းမမာစဉ် ဘုရားရှင် နည်းညွှန်တော်မူသဖြင့် အရှင်အာနန္ဒာ ဟောကြားတော်မူအပ်သော သညာ (၁၀) ပါး တရားတော်များသည်လည်းကောင်း၊ အခြားသော ဗောဇ္ဈင်သုတ် စသည့် ပရိတ်တော်ဓမ္မများနှင့် မဟာဝဂ္ဂသံယုတ်ပါဠိတော်လာ- ဘုရားရှင်သည် ဣဒ္ဓိပါဒ် (၄) ပါးကို ကြိမ်ဖန်များစွာ ပွားများထားပြီး ဖြစ်၍ ဘုရားရှင်အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ ထိုထက်လွန်ကဲ၍ ဖြစ်စေ တည်နေနိုင်ကြောင်း ဟောကြားတော်မူခြင်းများသည်လည်းကောင်း။

ထို့ပြင် ဗဟုဿုတနှင့်ပြည့်စုံသည့် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ခြင်းအားဖြင့် မိတ်ကောင်း၊ ဆွေကောင်း သူတော်ကောင်းတို့က အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်း ညွှန်ကြားချက်များအရ လိုက်နာကျင့်သုံးခြင်းများသည်လည်းကောင်း၊ ကျန်းမာ၍ အသက်ဇီဝိတိန္ဒြေကြာမြင့်စွာ တည်ကြောင်း နည်းလမ်းကောင်းများပင် ဖြစ်သည်။

ထို့ပြင် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်လာ စိတ်ချမ်းသာသဖြင့် ကိုယ်ခန္ဓာကျန်းမာရွှင်လန်းပုံ၊ စိတ်မချမ်းသာသဖြင့် ကိုယ်ခန္ဓာ မကျန်းမမာဖြစ်ရပုံများကို ဟောကြားတော်မူသည့် စိတ်ပျိုကိုယ်နုဒေသနာတော်နှင့် စိတ်ထောင်းကိုယ်ကြေ ဒေသနာတော်များသည်လည်းကောင်း ဇီဝိတိန္ဒြေ ရှင်သန်ရေးအတွက် များစွာမှတ်သားဖွယ်ကောင်းသည့် ဒေသနာတော်များဖြစ်သည်။

၁။ အ၊ ၃။ ၃၄၂။

၂။ သံ၊ ၃။ ၂၂၇။

၃။ သံ၊ ၁။ ၅။

စာမျက်နှာ-400
ယင်းမှာ--

“အကြင်ရဟန်းတို့သည်၊ အတိတ်ကကြုံ၊ ဖြစ်ပျက်ပုံကို၊ တအုံနွေးနွေး၊ ပြန်လည်တွေး၍၊ မစိုးရိမ်ကြကုန်၊ အနာဂတ်ရေး ကြိုတင်တွေး၍၊ မရောက်သေးမရှိသေးသည့်အရာကိုလည်း မမျှော်လင့် မတောင့်တကုန်၊ ပစ္စုပ္ပန်ကျကျ လက်ရှိပစ္စက္ခအခြေအနေမျှဖြင့်သာ မျှတရောင့်ရဲလေ့ ရှိကြကုန်၏။ ထို့ကြောင့် ထိုရဟန်းတို့အား ကိုယ်ရေအဆင်း ကြည်လင်ရခြင်းဖြစ်သည်။

လူမိုက်တို့သည် အနာဂတ်ရေး ကြိုတင်တွေး၍ မရောက်သေးမရသေးသောတရားကို မျှော်လင့်တောင့်တခြင်းကြောင့်လည်းကောင်း၊ အတိတ်ကကြုံ ဖြစ်ပျက်ပုံတို့ကို၊ တအုံနွေးနွေး ပြန်လည်တွေးတော စိုးရိမ်ခြင်းကြောင့်လည်းကောင်း၊ အလွန်ပူကျက်သည့် ကျောက်ပြားထက်တွင်၊ ဖြတ်လျက်တင်ထား၊ ကျူပင်စိမ်းအလား ခြောက်ကပ်သွားကြကုန်၏” ဟူ၍ ဖြစ်သည်။

အဘိဓမ္မာသဘောအရလည်း၊ အသက်ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်နိုင်ကြောင်း နည်းလမ်းကောင်းများကို ကြံဆနိုင်သည်ပင် ဖြစ်သည်၊ အဘိဓမ္မာသဘောအရ-

“ရုပ်ခန္ဓာ၏ ပေါ့ပါးမှု (လဟုတာ), နူးညံ့မှု (မုဒုတာ) တို့ကို အမှုကိစ္စတို့၌ ကောင်းမွန်ခံ့ငြားမှု (ကမ္မညတာ), ရုပ်သုံးပါးသည် ဥတု စိတ် အာဟာရတို့တွင် တပါးပါးကြောင့် ထိုက်သလိုဖြစ်၏” ဟူသောသင်္ဂဟနှင့်အညီ ကောင်းသောဥတု ကောင်းသောအာဟာရ ကောင်းသော စိတ်တို့ဖြင့် ပြုပြင်ပါက ရုပ်ခန္ဓာ၏ ပေါ့ပါးမှု၊ နူးညံ့မှု ထိုထိုကိစ္စအမှုတို့၌ ကောင်းမွန်ခန့်ငြားမှုတို့သည် ကျန်းမာမှု ကောင်းမွန်လာမည်ဖြစ်သည်။ ဇီဝိတိန္ဒြေရှင်သန် အသက်ရှင်ရေးသည် ကျန်းမာမှုသာလျှင် အဓိကဖြစ်သည်။

၁။ အဘိဓမ္မတ္ထသင်္ဂဟ၊ ၄၂။

စာမျက်နှာ-401
“ကိုယ်နှင့်လျှောက်ပတ်၍ လည်းကောင်း၊ မြတ်သောဥတုကိုလည်းကောင်း၊ အာဟာရကိုလည်းကောင်း၊ မပျံ့လွင့်ဘဲ ခိုင်မြဲတည်ငြိမ်အောင် စိတ်ကိုပြုပြင်ခြင်းကိုလည်းကောင်း၊ စိတ်တွင် အမြဲမှီဝဲလေ့လာနိုင်သူတို့အား အာပေါလွန်၍ လေးလံမှု၊ ပထဝီလွန်၍ တောင့်တင်းမှု၊ ဝါယောလွန်လွန်းကာ ရပ်တည်ရာမရမှုဟု ဆိုအပ်သော ထိုဓာတ်တို့၏ ဖောက်ပြား၍ ခြောက်ခြားမှုသည် ငြိမ်းပျောက်၍ ဤရုပ်ခန္ဓာသည် ပေါ့ပါးလျင်မြန်လေ၏” ဟူသည်နှင့်အညီ ဥတုကောင်း၊ အာဟာရကောင်း၊ စိတ်ကောင်းအောင် ပြုပြင်နိုင်က ကျန်းမာနိုင်ကြောင်း ဖွင့်ဆိုသည်၊ ကျန်းမာလျှင် ဇီဝိတိန္ဒြေ ရှင်သန်မည်သာဖြစ်သည်။

“ယောဂီပုဂ္ဂိုလ်တို့သည် ယနေ့ ငါတို့သည် ကောင်းသောဥတု ကောင်းသောအာဟာရကိုရ၍ စိတ်လည်းတည်ကြည်ငြိမ်သက်၍ ငါတို့၏ကိုယ်သည် ပေါ့ပါးလျင်မြန်ပေ၏၊ နူးညံ့ပျော့ပြောင်းပေ၏၊ အမှုကိစ္စတို့၌ ခန့်ငြားပေ၏” ဟူ၍ ဖွင့်ဆိုခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်သည်။

ဤမိန့်ဆိုချက်များအရ ရုပ်ခန္ဓာ၏ ပေါ့ပါးမှု နူးညံ့မှု အမှုကိစ္စတို့၌ ကောင်းမွန်ခန့်ငြားမှုတို့သည် ကျန်းမာကြံ့ခိုင်မှုများ ကောင်းမွန်အောင် လုံ့လဝီရိယ စိုက်ထုတ်ရမည့်ပြင် ဤဘဝကို စီမံပေးလိုက်သည့် အတိတ်ကုသိုလ်ကံကိုလည်း ထောက်ပံ့ကူညီမှုကို ပြုရပါမည်။

၁။ ပရမတ္ထသံခိပ်၊ ဋီ၊ ၂။ ၂၀၃။

၂။ အဘိ၊ ဋ္ဌ၊ ၁။ ၃၆၃။

စာမျက်နှာ-402
“အကြင် အကြင် ဆည်းပူးအပ်ပြီးသော ဘဝသမ္ပတ္တိ၏ အကြောင်းဖြစ်သည့် အတိတ်ကံအား ထောက်ပံ့ကူညီခြင်း၏ အစွမ်းဖြင့် ထိုကံသည် ဖြစ်စေအပ်သော အကျိုးဝိပါက်၏ (ပ) အလိုရှိအပ်သော အကျိုး၏ ပြည့်စုံခြင်းကို တားမြစ်တတ်ကုန်သော ရောဂါစသည့် အန္တရာယ်တို့၏ မဖြစ်ခြင်းကို ပြီးစေနိုင်၏” ဟူသော ဝိဘာဝနီဋီကာနှင့် အတိတ်ကံကို ကူညီထောက်ပံ့ရာ၌ အကောင်းဆုံးသောနည်းမှာ ရတနာသုံးပါးအား ပူဇော်ခြင်းဖြစ်သည်။

ဘုရား တရား သံဃာ ရတနာသုံးပါးတို့ကို ရှိခိုးပူဇော်မှုသည် ဧကန်ဒိဋ္ဌဓမ္မအကျိုးကို ပေးစွမ်းနိုင်သည်၊ ဒါနပြုရာ၌ ဓမ္မိယလဒ္ဓဖြစ်ခြင်း၊ ဒါနစေတနာကြီးမားထက်သန်ခြင်း၊ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ်ရဟန္တာဖြစ်ခြင်း၊ သမာပတ်မှ ထပြီးခါစဖြစ်ခြင်းဟု အင်္ဂါလေးပါးပြည့်စုံမှ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်သည်၊ ဘုရားကိုရှိခိုးခြင်း ပဏာမစေတနာကား ခေတ်၏ပြည့်စုံခြင်း၊ အဇ္ဈာသယ၏ပြည့်စုံခြင်း၊ အင်္ဂါနှစ်ပါး ပြည့်စုံရုံမျှဖြင့် ရောဂါစသော အန္တရာယ်ကို ကာကွယ်ခြင်းစသည့် ဒိဋ္ဌဓမ္မအကျိုးပေးနိုင်ပါသည်။

ခေတ်၏ပြည့်စုံခြင်းမှာ မိမိရှိခိုးအပ်သော ကောင်းမှုတို့၏ စိုက်ပျိုးရာ၊ ရတနာသုံးပါး၏ အပြစ်ကင်းသန့်ရှင်းလှသည့် ဂုဏ်တော်များနှင့် ပြည့်စုံခြင်းဖြစ်သည်။ အဇ္ဈာသယ၏ ပြည့်စုံခြင်းမှာ ရှိခိုးသောပုဂ္ဂိုလ်၏ ကြီးမားသော သမ္မာဆန္ဒဖြစ်သည်။ ထိုဆန္ဒကား ကြောက်၍ရှိခိုးခြင်း၊ တစုံတရာလာဘ်ကို တောင့်တ၍ ရှိခိုးခြင်း၊ သူတပါးကဲ့ရဲ့မှာစိုး၍ ရှိခိုးခြင်း၊ မိရိုးဖလာ ထုံးစံဖြစ်၍ ရှိခိုးခြင်းစသည်မျိုးမဟုတ်ဘဲ ဂုဏ်တော်၌ စူးစိုက်သောအလိုဆန္ဒဖြစ်သည်။

ထိုအင်္ဂါနှစ်ပါးနှင့် ညီညွတ်စွာ ရတနာသုံးပါးကို ရှိခိုးခြင်းအားဖြင့် ရောဂါစသည့် အန္တရာယ်များကို ကာကွယ်နိုင်ပြီး လက်ငင်းဒိဋ္ဌ ကျန်းမာချမ်းသာ၍ ဇီဝိတိန္ဒြေကြာမြင့်စွာ ရှင်သန်နိုင်ပါသည်။

၁။ ဝိဘာဝနီ၊ ဋီ၊ ၇၀။

စာမျက်နှာ-403
ဆိုလိုသည်မှာ- အသက်ရှည်ရေး ဇီဝိတိန္ဒြေရှင်သန်ရေးသည် ဥတု စိတ် အာဟာရတို့ကို ပြုပြင်ရုံမျှ ကျန်းမာကြံ့ခိုင်ရေးကို ပြုလုပ်ရုံမျှဖြင့် မလုံလောက်ပါ၊ ဘယ လာဘစသည်များကို ကြဉ်ရှောင်ကာ သမ္မာဆန္ဒ ပြင်းပြစွာဖြင့် နေ့စဉ်ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းများကို ပြုလုပ်ခြင်းအားဖြင့် အတိတ်ကံကိုလည်း အားရှိအောင် ကူညီထောက်ပံ့ရန်ဖြစ်သည်။

ရှေးရှေးဘဝပြုခဲ့ကြသည့် အကုသိုလ်မှု အကုသိုလ်ကံတို့သည် ဤဘဝ၌ မကျန်းမာအောင် အနှောင့်အယှက် ပေးတတ်ကြသည်၊ ယင်းတို့သည် ကပ်၍ နှိပ်စက်တတ်သည့် ဥပပီဠကကံအသွင်ဖြင့်လည်းကောင်း၊ တခါတည်းသေကြေအောင် ဇီဝိတိန္ဒြေ အစဉ်ပြတ်အောင် ပြုလုပ်တတ်သည့် ဥပစ္ဆေဒကကံအဖြစ်ဖြင့်လည်းကောင်း၊ အန္တရာယ်ပြုတတ် ဝင်ရောက် နှောင့်ယှက်တတ်ကြသည်၊ ကံစိတ်ဥတု အာဟာရတို့ ပြုစီမံအပ်သည့် ဤခန္ဓာကိုယ်ဝယ် ရောဂါစသည့် အန္တရာယ်များဖြစ်ရာ၌ ဥတု အာဟာရချွတ်ယွင်းမှု စိတ်မချမ်းသာမှုတို့မှာ နီးကပ်သောအကြောင်းများသာဖြစ်သည်။

ထိုကဲ့သို့ချွတ်ယွင်းမှု စိတ်မချမ်းသာမှုတို့၏ အရင်းခံအကြောင်းမှာ ဥပပီဠက ဥပစ္ဆေဒကခေါ်သည့် ယခင်အကုသိုလ်ကံများ၏ အကျိုးပေးခွင့် ကြုံလာခြင်းများဖြစ်သည်။ ယင်းကံတို့သည် အခွင့်ကောင်းကို စောင့်မျှော်နေသည့်ပမာ ဤဘဝတွင် ဥတု၊ အာဟာရ၊ စိတ်တို့ ချွတ်ယွင်းမှုဖြစ်လာသည့်အခါ ဝင်ရောက်နှောင့်ယှက်တတ်ကြသည်။ အလိုရှိအပ်သော ကျန်းမာမှု ဇီဝိတိန္ဒြေ ကြာမြင့်စွာ ရှင်သန်မှုအကျိုးတရားများကို အနာရောဂါဖြစ်စေခြင်းအားဖြင့် တားမြစ်ကာ နှောင့်ယှက်တတ်ကြသည်။

ဘုရား တရား သံဃာ ရတနာသုံးပါးကို နေ့စဉ်ရှိခိုးခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းအားဖြင့် အန္တရာယ် ပြုတတ်သည့် ထိုကံတို့ကို တားမြစ်၍ ထိုကံတို့ကြောင့် ဖြစ်ပေါ်တတ်သည့် အနာရောဂါဖြစ်မှုများကို ကာကွယ်နိုင်ပါသည်၊ ဤဘဝတွင် အတိတ်ကုသိုလ်ကံကို ကူညီထောက်ပံ့ခြင်းများကို ပဏာမစေတနာက လက်ငင်းဒိဋ္ဌ အကျိုးရအောင် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် ဤဘဝတွင်

စာမျက်နှာ-404
ကျန်းမာချမ်းသာ၍ အသက်ဇီဝိတိန္ဒြေကြာရှည်စွာ ရှင်သန်လိုပါက ကျန်းမာရေး လေ့ကျင့်ခန်းများကို ပြုလုပ်ရုံမျှဖြင့် မတင်းတိမ်ဘဲ အတိတ်ကုသိုလ်ကံအားရှိလာအောင် နေ့စဉ်ဘုရားရှိခိုးခြင်း ဂုဏ်တော်ပုတီးစိပ်ခြင်းများကို ပြုလုပ်ကြရန်ဖြစ်ပါသည်။

ဖြစ်ချုပ်ခြင်းလက္ခဏာနှင့် ဇီဝိတိ

ကျန်းမာ၍ ဇီဝိတိန္ဒြေ ရှင်သန်ရေးသည် လောကတွင် အရေးအကြီးဆုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းသို့ဆိုခြင်းမှာ ဗုဒ္ဓမြတ်စွာ၏ ရည်မှန်းချက်ပန်းတိုင် အစစ်ဖြစ်သည့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို မရသေးမီ ကာလအတွင်း ကျန်းမာစွာဖြင့် ဇီဝိတိန္ဒြေ ရှင်သန်နေခြင်းအားဖြင့် မဂ် ဖိုလ် နိဗ္ဗာန်ရရာရကြောင်း နည်းလမ်းကောင်းများကို ကြိုးပမ်းနိုင်ကြရန် ဖြစ်သည်၊ စင်စစ်အားဖြင့်ဆိုရသော် ယင်းဇီဝိတိန္ဒြေ ရှင်သန်နေမှုသည် ပရမတ္ထသဘောအရ ရုပ်နာမ်၊ ခန္ဓာတို့ အစဉ်မပြတ် ဖြစ်နေခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မဟာဋီကာ၌-

“ဖြစ်ကုန်၏ဟူသည် အသက်ရှည်ခြင်းတည်း၊ မှန်၏၊ အသက်ရှင်ခြင်းသည်လည်း မပြတ်ဖြစ်ခြင်းပင်တည်း” ဟူ၍ ဖွင့်ဆိုလေသည်။

အသက်ရှင်သန်မှုကို အစဉ်မပြတ် ဖြစ်ခြင်းဟု ဆိုလျှင်- “ဖြစ်လျှင် ပျက်မြဲ မလွဲတံတျာ ဓမ္မတာ” ဟူသည်နှင့်အညီ ဖြစ်ပျက်လက္ခဏာသဘောအရ ဖြစ်လာလျှင် ပျက်ရမည်မှာ မုချဖြစ်သည်။ အသက်ရှင်သန်ဖြစ်ပေါ်မှုသည် မှိုငုံပေါ်ပေါက်လာသည်နှင့်တူ၏၊ မှိုငုံသည် ထိပ်ဖျားဖြင့် မြေမှုန့်ကိုယူ၍ မြေမှုန့်ကို ဦးထိပ်ပေါ်တင်၍ ပေါ်ပေါက်လာသကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေဖြစ်ပေါ်မှုသည် ရင့်ရော်မှုသဘော ပြတ်စဲမှုသဘောကို ဦးထိပ်ပေါ်ရွက်လျက် ဖြစ်လာရ၏၊ မှိုငုံသည် တရံတခါ တစုံတခုသောအရပ်၌ မြေမှုန့်နှင့်ကင်း၍ ဖြစ်နိုင်စကောင်း

စာမျက်နှာ-405
သော်လည်း ဇီဝိတိန္ဒြေအစဉ်ဖြစ်မှုကား တစုံတခုသောအကြောင်းကြောင့် ရင့်ရော်မှု သဘော အစဉ်ပြတ်စဲမှု သဘောတို့နှင့် ကင်း၍ မဖြစ်နိုင်ချေ။

ဇီဝိတိန္ဒြေနှင့်တကွသော ပဋိသန္ဓေစိတ်သည် ဥပါဒ်ဖြစ်ပေါ်လာသည့်အခါ ယင်းသို့ဖြစ်ပေါ်လာသည်၏ အခြားမဲ့၌ပင် ရင့်ရော်မှုသဘောသို့ရောက်ကာ တောင်ထွတ်ပေါ်မှကျသည့် ကျောက်တုံးကဲ့သို့ ယှဉ်ဘက်သမ္ပယုတ်ခန္ဓာတို့နှင့်အတူ ချုပ်ပျက်ရမည်မှာ ဧကန်ဖြစ်သည်။

နေခြည်ထိရောက် နှင်းရေပေါက်သည် ပျက်စီးသွေ့ခြောက် လွှင့်ပျောက်သွားသကဲ့သို့ ထို့အတူ ဇီဝိတိန္ဒြေ ရှင်သန်မှုသည်လည်း ဖြစ်ပျက်လက္ခဏာသဘောအားဖြင့် ကြာမြင့်စွာ တည်လိမ့်မည်မဟုတ်၊ အသက်ဇီဝိတိန္ဒြေ ဖြစ်ပေါ်လာသည်မှစ၍ အရှေ့အရပ်မှ ထွက်ပေါ်လာသည့် နေသည် နောက်မဆုတ်တမ်း ရှေ့သို့သာ လှမ်းသကဲ့သို့ ရောက်လေရာရာတွင် အနည်းငယ်မျှ နောက်သို့ပြန်၍မဆုတ်၊ တစထက်တစ ဝင်ခြင်း ပျောက်ကွယ်ခြင်းတို့သာ ရှေးရှုလေသကဲ့သို့ အသက်ဇီဝိတိန္ဒြေနှင့် ပြည့်စုံမှုဆိုသည်မှာလည်း ချုပ်၊ ပျောက် ပျက်စီးခြင်း သဘောသို့သာ ရှေးရှုလေသည်။

စင်စစ်အားဖြင့် ရုပ်၊ နာမ်ဇီဝိတိန္ဒြေတို့ ရှင်သန်နေမှုသည် အစာ အာဟာရ စသည့် အကြောင်းများနှင့်စပ်၍ ရှင်သန်နေရခြင်း ဖြစ်သည်၊ မှန်၏၊ ရုပ်နာမ် ဇီဝိတိန္ဒြေတို့သည် အာဟာရနှင့်လည်း စပ်၏၊ မဟာဘုတ် ဓာတ်ကြီးလေးပါးနှင့်လည်းစပ်၏၊ အချမ်း၊ အပူ ဥတုနှင့်လည်း စပ်၏၊ ဣရိယာပုထ်နှင့်လည်း စပ်၏၊ ထွက်သက် ဝင်သက်နှင့်လည်း စပ်၏။

“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” နှင့် အညီ ရုပ် နာမ် ဇီဝိတိန္ဒြေတို့သည် အစာ၊ အာဟာရကို သင့်တင့်လျောက်ပတ်စွာ ရရှိမှသာလျှင် တည်နေနိုင်ကြသည်၊ အစာအာဟာရကို မရခဲ့သော် ရုပ်နာမ် ဇီဝိတိန္ဒြေပြတ်စဲကြမည်သာဖြစ်သည်၊ ဤဇီဝိတိန္ဒြေတို့သည် ဓာတ်ကြီးလေးပါး ညီညွတ်မျှတမှသာလျှင် တည်နေနိုင်ကြပြီး မမျှတခဲ့သော် မတည်နိုင်၊ ဣရိယာပုထ် ညီညွတ်မျှတမှသာလျှင် တည်နေနိုင်ကြ၏။

စာမျက်နှာ-406
တပါးပါးသော ဣရိယာပုထ်တို့ လွန်ကဲခြင်းအားဖြင့် မမျှတခဲ့သော် မတည်နေနိုင်ပေ၊ ဤနည်းအတူပင် ထွက်သက် ဝင်သက် လေတို့၏အညီအညွတ် မျှတမှုကိုရရှိမှသာလျှင် တည်နေနိုင်မည်ဖြစ်၏၊ ပြင်ပသို့ထွက်သောလေ အတွင်းသို့ မဝင်သော်လည်းကောင်း၊ အတွင်းသို့ဝင်သောလေ ပြင်ပသို့ မထွက်သော်လည်းကောင်း ဇီဝိတိန္ဒြေ ပြတ်စဲကြမည်သာ ဖြစ်သည်။

ထို့ပြင် သတ္တဝါတို့ ဇီဝိတိန္ဒြေခေါ် အသက်၏ ကြာမြင့်သည့်အရွယ်၊ သေဆုံးမည့်ရောဂါ၊ သေဆုံးမည့်အချိန်၊ အသေကောင် ပစ်ချရာအရပ်၊ လားရာဂတိ ဤငါးမျိုးတို့ကို သက်ရှိဇီဝလောကတွင် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် သဘောတရားများအဖြစ် အဆိုအမိန့်ပြုခဲ့ကြသည်၊ အသက် ဇီဝိတိန္ဒြေသည် ဤမျှသာ ရှင်သန်လိမ့်မည်၊ ဤကာလကုန်ဆုံးခဲ့သော် ပြတ်စဲမည်သာ ဖြစ်၏ဟူ၍ အတိအကျ သတ်မှတ်၍မရနိုင်၊ ကလလရေကြည် ခဏ၌လည်းပြတ်စဲနိုင်၏၊ အခြားအချိန်ကာလများ၌လည်း ပြတ်စဲနိုင်သည်ပင်။

ထို့ပြင် ပရမတ္ထသဘောအရ အသက်ဇီဝိတိန္ဒြေ၏ သက်တမ်းသည် တိုတောင်းလှသည်၊ စိတ်တခု၏ ဖြစ်ပျက်ခြင်းမျှသာ သက်တမ်းရှိသည်၊ ရထားဘီးသည် လိမ့်နေသော်လည်း ယင်းလှည်းဘီးတွင် တပ်ဆင်ထားသော အကွပ်ပမာဏ အတွင်း၌သာ လိမ့်၏၊ ရပ်သောအခါတွင်လည်း ယင်းအကွပ်ပမာဏ နေရာမျှ၌သာရပ်၏၊ ထို့အတူ ဇီဝိတိန္ဒြေ ရှင်သန်မှုသည်လည်း စိတ်တခု၏ ဖြစ်ခြင်းမျှလောက်သာ သက်တမ်းရှိ၏၊ အသက်ဇီဝိတိန္ဒြေသည်လည်းကောင်း၊ ခန္ဓာကိုယ် အတ္တဘောသည်လည်းကောင်း ဆင်းရဲချမ်းသာကို ခံစားမှု ဒုက္ခ သုခဝေဒနာ တို့သည်လည်းကောင်း၊ အားလုံးသော ဓမ္မသဘောတို့သည် နိစ္စ၊ အတ္တ မဟုတ်ကြကုန်၊ အနိစ္စ

စာမျက်နှာ-407
အနတ္တတို့သာ ဖြစ်ကုန်၏၊ ဤသို့ဖြစ် ချုပ် လက္ခဏာသဘောအရ အသက်ဇီဝိတိန္ဒြေကို ကြိမ်ဖန်များစွာ ဆင်ခြင်နိုင်ပါလျှင် ဇီဝိတိန္ဒြေမမြဲခြင်းလျှင် ခိုင်မြဲသောသတိကို ရရှိနိုင်ပါသည်၊

ဤသတိကို ရရှိခြင်းအားဖြင့် အသက်ဇီဝိတိန္ဒြေတို့၌ ငြိကပ်တွယ်တာခြင်း တဏှာကို ပယ်စွန့်နိုင်ပါသည်၊ ဇီဝိတိန္ဒြေ၏ ဖြစ်၊ ချုပ် လက္ခဏာ အဖန်ဖန် အောက်မေ့ခြင်းအားဖြင့်လည်း သင်္ခါရဓမ္မတို့၏ အမြဲမရှိခြင်းသဘောကို မှတ်တတ်သည့် အနိစ္စသညာကို လေ့လာရာ ရောက်သည့်ပြင် အနိစ္စသညာကို လေ့လာခြင်းအားဖြင့် ဒုက္ခသညာ၊ အနတ္တသညာတို့လည်း ထင်လာနိုင်သည်မှာ ဧကန်ဖြစ်သည်၊ ယင်းတို့ဖြစ်လျှင် ဗုဒ္ဓမြတ်စွာ၏ အဓိကရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် မဂ်ဖိုလ်၊ နိဗ္ဗာန်ကိုလည်း ဧကန်ပင် ရရှိနိုင်မည် ဖြစ်ပေသည်။

စာမျက်နှာ-408

မနသိကာရ စေတသိက်

မနသိ=စိတ်၌ + ကာရ=ပြုခြင်း၊ မနသိကာရ၊ စိတ်၌အာရုံကိုပြုခြင်း (နှလုံးသွင်းခြင်း)

နှလုံးသွင်းပုံသုံးမျိုး

(က) အာရုံ၌ အစဉ်မပြတ်နှလုံးသွင်းခြင်းမျှ သဘောလည်းကောင်း၊

(ခ) အာရုံ၌ အစဉ်မပြတ် မိမိကိုယ်တိုင် နှလုံးသွင်းတတ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားတို့ကို အာရုံ၌ အစဉ်မပြတ် နှလုံးသွင်းအောင် ပြုလုပ်တတ်သောသဘောသည်လည်းကောင်း၊

မနသိကာရ မည်လေသည်။

၁။ မနသိကာရစေတသိက်၏လက္ခဏာ

မနသိကာရ စေတသိက်သည် အတူဖြစ်ဖော်ဖြစ်ဖက် ဖြစ်သော စိတ် စေတသိက် နာမ်တရားတို့ကို အာရုံသို့ စိုင်းနှင်ခြင်း အာရုံသို့ ဖြောင့်စုဖြောင့်သွားစေခြင်း လက္ခဏာရှိ၏။

အာရုံသို့ဖြောင့်စွာသွားစေပုံ

စိတ် စေတသိက် နာမ်တရားများအနက် တွေ့ထိမှုဖဿ၊ စောင့်ရှောက်မှု ဇီဝိတိန္ဒြေ နှလုံးသွင်းမှု မနသိကာရတို့သည် သတ္တိမထင်ရှား သိမ်မွေ့ ခက်ခဲသည့်

၁။ အဘိဓမ္မာဝတာရ-ဋီသစ်၊ ပ၊ ၃၀၀။

၂။ အဘိ၊ ဂုတ္ထ၊ ပ၊ ၂၈၃။

၃။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၁၇။

စာမျက်နှာ-409
သဘောတရားများ ဖြစ်ကြသည်။ ဤသဘောတရား သုံးမျိုးအနက် မနသိကာရဆိုသည်မှာ သတ္တဝါတို့သန္တာန်တွင် စိတ်ဖြစ်ပေါ်လာတိုင်း စိတ်နှလုံးထဲ၌ အာရုံကို (ဝါ) အာရုံ၌ စိတ်နှလုံးကိုသွင်းပေးတတ်သော သဘောတရား ဖြစ်သည်။

အနီရောင်အဆင်းအာရုံ ရူပါရုံတခုကို တွေ့မြင်ရသောအခါ အနီအဆင်း ရူပါရုံနှင့် မြင်သိစိတ်တို့ တိုက်ဆိုင်မိကြ၏။ ဤသို့ စိတ်နှင့်အာရုံ တွေ့ကြသည်မှာ မြင်သိစိတ်ဝိညာဉ်၌ အာရုံပေါ်လာအောင် နှလုံးသွင်းပေးမှုသဘောကြောင့် ဖြစ်၏။ မြင်သိစိတ်ဝိညာဉ် ဖြစ်ပေါ်နေသမျှ အနီရောင်အဆင်း အာရုံမှ မဆိတ်အောင် အာရုံနှင့် စိတ်ဖြောင့်စွာဖြစ်ရလေအောင် ထာဝစဉ်နှလုံးသွင်းမှု စိတ်တည်း၌ အာရုံကို သွင်းပေးမှုကိုပြုလုပ်ရသည်။ ဤနှလုံးသွင်းမှု သဘောကိုပင် မနသိကာရဟု ခေါ်သည်။

ဤတွင် နှလုံးသွင်းမှုသဘောမှန်သမျှကို မနသိကာရစေတသိက်ဟု မခေါ်နိုင်၊ အချို့သော နှလုံးသွင်းမနသိကာရမှာ ဝီထိခေါ် စိတ်တို့၏ ရှေ့နောက်စီတန်း ဖြစ်ပေါ်မှုစိတ်ဖြစ်စဉ်ကို စီရင်တတ် ဖြစ်စေတတ်၏။ အချို့သော နှလုံးသွင်းမနသိကာရမှာ ဇောဟု ခေါ်ဆိုသည့် ခံစားစိတ်အစဉ်ကို ဖြစ်စေတတ်လေသည်။ ဤကဲ့သို့ ဝီထိစိတ်အစဉ် ဇောစိတ်အစဉ်တို့ကို ဖြစ်ပေါ်စေနိုင်သည့် နှလုံးသွင်းမနသိကာရများကို မနသိကာရစေတသိက်ဟု မခေါ်ရပေ။

ဤ၌ မနသိကာရ စေတသိက်ဆိုသည်မှာ သတ္တဝါတို့သန္တာန်ဝယ် စိတ်ဖြစ်ပေါ်နေသမျှ အာရုံမှ မဆိတ်အောင် စိတ်ကို အာရုံဆီသို့ဦးတည်ပေးမှု ညွှတ်ကိုင်းပေးမှု အာရုံနှင့်စိတ် ဖြောင့်မတ်အောင် ပြုပေးမှုသဘောသာဖြစ်သည်။ ဤသဘာဝသတ္တိသည် မိမိကိုယ်တိုင်လည်း နှလုံးသွင်းမှုသဘောရှိရုံသာမက ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားတို့ကိုလည်း အာရုံသို့ ဖြောင့်ဖြောင့်သွားစေရန် စိုင်းနှင်ခြင်း လက္ခဏာရှိလေသည်။

၁။ ပရမတ္ထသံခိပ်၊ ပ၊ ၁၁၈။

စာမျက်နှာ-410

ရထားထိန်းဥပမာ

ရထားမောင်းနှင်သူ ရထားမှူး ရထားထိန်းသည် မိမိစီးနင်းလိုက်ပါသည့် ရထားမှ မြင်း ၂-ကောင် တို့ကို လိုရာစခန်းသို့ ဖြောင့်တန်းအောင် တကောင်ထက်တကောင် နောက်မကျ ရှေ့မကျအောင် ညီညာဖျဖျသွားစေရန် နှလုံးသွင်း၍မောင်းနှင်သကဲ့သို့ ထို့အတူ မနသိကာရစေတသိက်သည်လည်း အတူဖြစ်ဖက် နာမ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေရန် နှလုံးသွင်း၍ စိုင်းနှင်ခြင်း မောင်းနှင်ပေးခြင်း သဘောလက္ခဏာရှိလေသည်။

ဤနှလုံးသွင်း မနသိကာရကြောင့်ပင် အတူဖြစ်ဖက် နာမ်တရားတို့သည် အာရုံမှ ဆိတ်သုဉ်းခြင်းမရှိဘဲ အာရုံတခုခုကို အမြဲရယူလျက် ရှိကြသည်။ ယင်းသဘောတရား မရှိလျှင် ထိုနာမ်တရားတို့သည် မည်သည့်အာရုံကိုမှ မရယူနိုင်ကြပေ။ ကောင်းမကောင်းသော အာရုံအလုံးစုံတို့သည် ဤနှလုံးသွင်းမှုရှိမှ ထင်လာနိုင်ကြသည်။

၂။ မနသိကာရစေတသိက်၏ ရသ

မနသိကာရစေတသိက်သည် မိမိနှင့်အတူဖြစ်ဖက် စိတ် စေတသိက် နာမ်တရားတို့ကို အာရုံနှင့်ယှဉ်စေခြင်း ကိစ္စရှိ၏။

အာရုံနှင့်ယှဉ်စေပုံ

သက်ရှိသတ္တဝါအားလုံးတို့ သန္တာန်ဝယ် နေ့စဉ်နှင့်အမျှ စိတ် စေတသိက် နာမ်တရားများအမြဲ ဖြစ်လျက်ရှိသည်။ ယင်းတို့အနက် နှလုံးသွင်းမနသိကာရ နာမ်တရားသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် စိတ် စေတသိက် နာမ်သဘောတရားတို့ကို အာရုံနှင့်ယှဉ်စေခြင်း ကိစ္စကို ဆောင်ရွက်ပါသည်။ အဖြူရောင်အဆင်း အာရုံတခုကိုတွေ့မြင်ရာ၌ အဖြူရောင်ဟုသိသော ယှဉ်ဖက် စိတ် စေတသိက် တို့ကို အဖြူရောင်အဆင်းအာရုံနှင့် ယှဉ်စပ်ပေးခြင်းမှာ မနသိကာရစေတသိက်၏ ဆောင်ရွက်မှုရသဖြစ်သည်။ အဖြူရောင်ကို တွေ့မြင်သည်နှင့် တပြိုင်နက် နှလုံးသွင်း မနသိကာရဖြစ်ပေါ်လာကာ အာရုံကို နှလုံးသွင်းခြင်းဖြင့်

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၇၇။

စာမျက်နှာ-411
အဖြူရောင်ဟုသိသော ယှဉ်ဖက်စိတ်စေတသိက်တို့ကို အဖြူရောင် အဆင်းအာရုံနှင့် ယှဉ်စပ်ပေးသည်။ ဤသို့နှလုံးသွင်းခြင်းဖြင့် အာရုံနှင့် စိတ်ကို ယှဉ်စပ်ပေးမှုကြောင့် အာရုံသည် ပျောက်ကွယ်မသွားဘဲ စိတ်ဖြစ်နေသည်နှင့်အမျှ တည်ရှိနေခြင်း ဖြစ်သည်၊ (ဝါ) ယင်းသို့ အာရုံနှင့် စိတ်ကို ယှဉ်စပ်ပေးမှုကြောင့် သတ္တဝါတို့ သန္တာန်ဝယ် ဖြစ်ပေါ်လျက်ရှိသော စိတ်တို့သည် အာရုံနှင့်မကင်းဘဲ ထာဝစဉ်အာရုံတခုခုကို ရယူနေကြခြင်းဖြစ်သည်။

ယင်းသို့ ယှဉ်စေခြင်းကိစ္စရှိသည်ဟုဆိုလျှင် စေတနာဝိတက်စေတသိက်တို့လည်း အတူဖြစ်ဖက် နာမ်တရားတို့ကို ဖွဲ့စပ်ခြင်း အာရုံသို့တင်ပို့ခြင်းသဘောရှိသောကြောင့် ထိုတရားသုံးမျိုးတို့ ခြားနားပုံကို သိရန်လိုအပ်ပါသည်။

ဝိတက် စေတနာ မနသိကာရအထူး

ဝိတက် စေတနာ မနသိကာရ အထူးကို အဘိဓမ္မာအဖွင့်ကျမ်းများစွာတို့၌ အလေးထား ဖွင့်ဆိုလျက် ရှိသည်ကို တွေ့ရသည်။ ယင်းတို့ အနက် အများနားလည်နိုင်လောက်သည့် သဘောအဓိပ္ပာယ်မှာ ဤသို့ ဖြစ်သည်။

လှေပြိုင်သူဥပမာ

လောကတွင် လှေအပြေးပြိုင်ကြသောအခါ ပြိုင်ပွဲဝင် လှေတစင်း၌ ဦးပိုင်းကပန်းဆွတ်သူနှင့် အလယ်ပိုင်း လှော်ခတ်သူ ပဲ့ပိုင်းက ပဲ့ကိုင်သူ ဤသုံးယောက်တို့ တပြိုင်နက်လှော်ခတ်ကြ၏။ ယင်းတို့အနက် အလယ်ဝမ်းကလှော်ခတ်သူ၏ အဓိကတာဝန်မှာ ပန်းတိုင်သို့ အမြန်ရောက်အောင် လှော်ခတ်ရန်ဖြစ်၏။ ပဲ့ပိုင်းကပဲ့ကိုင်သူ၏အဓိက တာဝန်မှာ ပန်းတိုင်သို့ ဖြောင့်ဖြောင့်မတ်မတ် သွားအောင် ပဲ့ပေးရန်ဖြစ်၏။ ဦးပိုင်းကလှော်ခတ်သူ၏ အဓိကတာဝန်ကား ပန်းတိုင် အရောက်တွင် အရအမိ ပန်းဆွတ်ရန်ဖြစ်လေ၏။

ဤဥပမာအတိုင်းဝိတက် မနသိကာရစေတနာတို့သည် အာရုံကို တပြိုင်နက်ယူကြရာ ဝိတက်၏ အဓိကတာဝန်မှာ ယှဉ်ဖက်နာမ်တရား တည်းဟူသော လှေကိုအာရုံ ပန်းတိုင်သို့ ရောက်သွားအောင် အတွင်နှင်လျက် တင်ပို့ပေးခြင်းဖြစ်၏၊ လှေ၏ဝမ်းက လှော်ခတ်သူနှင့်တူလေသည်။ မနသိကာရ၏တာဝန်မှာ နှလုံး

စာမျက်နှာ-412
သွင်းမှုပြုခြင်းအားဖြင့် ယှဉ်ဖက်နာမ်စိတ်စေတသိက် တရားတည်းဟူသော လှေကိုအာရုံပန်းတိုင်သို့ ချောချောမောမောရောက်သွားအောင် ဖြောင့်မတ်ပေးခြင်းဖြစ်၏၊ ပဲ့ပိုင်းကပဲ့ကိုင်သူနှင့်တူ၏။ စေတနာကားယှဉ်ဖက်နာမ်သမ္ပယုတ်တရားတည်းဟူသောလှေကို အာရုံပန်းတိုင်၌ စပ်ဖွဲ့ပေးသောကြောင့် ဦးပိုင်းမှ ပန်းဆွတ်သူနှင့် တူလေသည်။ ဤသို့အားဖြင့် ဝိတက် မနသိကာရ စေတနာတို့သည် အတူဖြစ်ဖက်နာမ်တရားတို့ကို အာရုံပေါ်သို့အရောက် တင်ပို့ခြင်း အာရုံနှင့်ဖြောင့်မတ်စွာ အညီအမျှယှဉ်စေခြင်း အာရုံတရားနှင့် စပ်ဖွဲ့ပေးခြင်းတို့ဖြင့် အသီးအသီး ဆောင်ရွက်လျက် ရှိကြလေသည်။

၃။ မနသိကာရစေတသိက်၏ ပစ္စုပဋ္ဌာန်

မနသိကာရစေတသိက်သည် အာရုံရှိရာသို့ ရှေးရှုသည်၏ အဖြစ်လျှင် ထင်သောအခြင်းအရာရှိ၏။

အာရုံရှိရာသို့ရှေးရှုပုံ

နှလုံးသွင်းမှုသဘော မနသိကာရစေတသိက် ဖြစ်ပေါ်လာသော အခါ အာရုံရှိရာသို့ ရှေးရှုညွတ်လျက်ရှိသည်။ အထက်တွင်ဆိုခဲ့သည့် ရထားထိန်းဥပမာ၌ ရထားထိန်းသည် မိမိလိုရာခရီး ရထားဆိုက်ရောက်မည့်အရပ်ဆီသို့ မျက်နှာမူကာ ထိုရောက်လိုရာ အရပ်ဆီသို့ ရှေးရှုညွတ်လျက်ရှိသကဲ့သို့ အလားတူပင် မနသိကာရစေတသိက်သည် နှလုံးသွင်းခြင်းအားဖြင့် အာရုံဆီသို့ ရှေးရှုညွတ်လျက်ရှိလေသည်၊ ထိုကဲ့သို့ အာရုံရှိရာသို့ ရှေးရှုလျက်တည်နေမှုသဘောသည် မနသိကာရစေတသိက်၏ အခြင်းအရာ ပစ္စုပဋ္ဌာန်ဖြစ်သည်။

သတိနှင့် မနသိကာရအထူး

ဤသို့ မနသိကာရစေတသိက်က အာရုံသို့ ရှေးရှုခြင်းသဘောရှိသည်ဆိုလျှင် သတိ စေတသိက်လည်း အာရုံသို့ ရှေးရှုဖြစ်တတ်သောသဘောရှိသဖြင့် မည်သို့ ခြားနားပါသနည်းဟု မေးဖွယ်ရှိလေသည်။ အဖြေကား- သတိစေတသိက်၏ အာရုံသို့ ရှေးရှုဖြစ်ခြင်းသဘောမှာ အာရုံ၌မမေ့မလျော့သောအားဖြင့် ရှေးရှုခြင်းဖြစ်သည်။ မနသိကာရစေတသိက်၏ အာရုံသို့ရှေးရှုခြင်းသဘော

၁။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၁၀၇။

၂။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၇၇။

စာမျက်နှာ-413
မှာအာရုံ၌ကောင်းစွာယှဉ်လျက် ရှေးရှုဖြစ်တတ်သောသဘောဖြစ်သည်။ ထို့ပြင်မနသိကာရမှာ ကောင်းသောနှလုံးသွင်းမှုရှိသလို မကောင်းသော နှလုံးသွင်းမှုလည်းရှိသည်။ ယှဉ်ဖက်စိတ်စေတသိက် နာမ်တရားတို့ကို ကောင်းသော အာရုံဆီသို့ရှေးရှုညွတ်စေခြင်းမျိုးလည်းရှိသလို မကောင်းသောအာရုံ ဆီသို့ ရှေးရှုညွတ်စေခြင်းမျိုးလည်းရှိသည်။ အောက်မေ့မှုသတိကား ဤသို့ မဟုတ်၊ ကောင်းသော ကုသိုလ်အာရုံဆီသို့သာလျှင် မမေ့မလျော့သော အားဖြင့် ရှေးရှုညွတ်စေပါသည်။ ဆိုလိုသည်မှာ သတိသည် ကောင်းသော ကုသိုလ်ဆိုင်ရာ၌သာဖြစ်၏။ မကောင်းသော အကုသိုလ်နှင့်မဆိုင် သတိ အမြဲရှိလျှင် ကောင်းသည်သာဖြစ်ရာ အပိုသည်ဟူ၍မရှိ၊ လိုသည်သာ ရှိ၏။ မနသိကာရကား အကုသိုလ် ကုသိုလ်ကောင်းဆိုး နှစ်တန်ရောထွေးနေ သဖြင့် ကောင်းသောနှလုံးသွင်းမှုဖြစ်ရန် သတိဖြင့် ဆင်ခြင်နှလုံးသွင်းရလေသည်။

တိဿရဟန်းကြီး၏ မကောင်းသောနှလုံးသွင်း

သတိမနသိကာရတို့နှင့်စပ်လျဉ်း၍ ဓမ္မပဒ အဋ္ဌကထာလာ သာဓကအချို့ကို ဖော်ပြလိုပါသည်။ သာဝတ္ထိပြည်ဇာတိ၊ တိဿအမည်ရှိ ရဟန်းကြီးတပါးသည် တခုသောဇနပုဒ်ကျောင်းသို့ ကြွရောက်ဝါဆိုခဲ့၏။ ထို ကျောင်းမှအလျား အနံကောင်းမွန်သည့် အဝတ်အထည် တစကိုရခဲ့လေ၏။ ဝါလကင်းလွတ် သီတင်းကျွတ်သည့်အခါ ထိုအဝတ်ပိုင်းကို ယူဆောင်လာကာ သာဝတ္ထိပြည်သို့ ပြန်ကြွလာပြီး သင်္ကန်းချုပ်၏၊ ထို့နောက်—

“မနက်ဖြန်ကျလျှင် ဒီသင်္ကန်းကို ငါကောင်းကောင်း ဝတ်ရုံလိုက်မည်” ဟု နှလုံးသွင်းပြီး သင်္ကန်း၌ ကပ်ငြိမှုတဏှာကို ဖြစ်စေကာ သင်္ကန်းတန်းပေါ်သို့ ခေါက်တင်ထား၏။ ထိုနေ့ညပိုင်းရောက်သောအခါ အစာမကြေရောဂါဖြင့် ပျံလွန်တော်မူပြီး ထိုသင်္ကန်း၌ပင် သန်းကြီးသတ္တဝါဖြစ်ရရှာသည်။ ဤ၌ တိဿရဟန်းကြီး၏ နှလုံးသွင်း မနသိကာရမှာ မကောင်းသော နှလုံးသွင်းခြင်း မနသိကာရမျိုး ဖြစ်သည်။

၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၁၈။

စာမျက်နှာ-414

မျောက်မင်း၏ သတိနှင့် မနသိကာရ

ထို့ပြင် ဇာတ်အဋ္ဌကထာလာ ကယ်တင်ရှင် - ဘုရားလောင်း မျောက်မင်းအား ကျောက်တုံးဖြင့် ထုသတ်သော ပုဏ္ဏားယုတ်၏ နှလုံးသွင်းမျိုးမှာလည်း မကောင်းသော နှလုံးသွင်းမျိုးပင် ဖြစ်ပြီး ထိုပုဏ္ဏားယုတ်၏အပေါ် စိတ်မဆိုးအပြစ်မယူဘဲ သတိကို လက်ကိုင်ပြုကာ-

“ဘေးကင်းရာသို့ အရောက်ပို့ဆောင်အံ့” ဟူသော ဘုရားလောင်းမျောက်မင်း၏ နှလုံးသွင်းမျိုးမှာကား ကောင်းမြတ်သော နှလုံးသွင်း မနသိကာရမျိုးဖြစ်လေသည်။

၄။ မနသိကာရစေတသိက်၏ ပဒဋ္ဌာန်

မနသိကာရစေတသိက်သည် အာရုံလျှင် နီးစွာသော အကြောင်းရှိသည်။

အာရုံသည်အနီးကပ်ဆုံး အကြောင်းဖြစ်ပုံ

အကြောင်းတရားများစွာအနက် အကျိုးတရားတစုံတရာဖြစ်မှုအတွက် အနီးကပ်ဆုံး အကြောင်းကို ပဒဋ္ဌာန်ဟု ခေါ်သည်။ ဤ၌ မနသိကာရစေတသိက်၏ အနီးကပ်ဆုံး အကြောင်းမှာ အာရုံဖြစ်သည်။ မှန်ပေသည်။ နှလုံးသွင်းရမည့် အာရုံရှိမှ နှလုံးသွင်း မနသိကာရ ဖြစ်နိုင်သည်။ လူတဦးကို သတ်ဖြတ်ရာ၌ အသတ်ခံရသူမှာ သတ်သူ၏ စိတ်စိုက်ရာ အာရုံတရားဖြစ်သည်။ ထိုအာရုံကြောင့် ဖြစ်ပေါ်လာသည့် နှလုံးသွင်းကား မနသိကာရစေတသိက်တည်း။ ထိုစေတသိက်နှင့်အတူ ဖြစ်ပေါ်လာသည့် စိတ်မှာ ဒေါသစိတ်ဖြစ်သည်၊ ယင်းအတူ ဖြစ်ဖက် ဒေါသစိတ်ကို အသတ်ခံရသူတည်းဟူသော အာရုံတရားနှင့် ဖြောင့်စွာ ဖြစ်အောင် ပြုပေးမှု စိတ်ကိုအာရုံဆီသို့ ဦးတည်ပေးမှု သဘောမှာ မနသိကာရစေတသိက်၏ သဘောလက္ခဏာဖြစ်ပြီး၊ ယင်းဒေါသစိတ်နှင့် အာရုံကို စပ်ယှဉ်အောင် လုပ်ဆောင်ခြင်းကား ထိုစေတသိက်၏ ဆောင်ရွက်မှုရသဖြစ်သည်။

၁။ ဇာ၊ ဋ္ဌ၊ ၅၊ ၃၇။

စာမျက်နှာ-415
ထို့ပြင် ထိုစေတသိက်၏ အသတ်ခံရသူတည်း ဟူသော အာရုံတရားဆီသို့ မျက်နှာမူသကဲ့သို့ ရှေးရှုညွှတ်ကိုင်းနေပုံအခြင်းအရာမှာ ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဤ၌ သတ်ဖြတ်သူဝယ် ဆိုခဲ့သည့် နှလုံးသွင်းမှုသဘောဖြစ်လာရခြင်းမှာ အကြောင်းမဲ့ ဖြစ်လာရသည်မဟုတ်၊ အကြောင်းရှိ၍ ဖြစ်ရပါမည်။ အကြောင်းပေါင်းများစွာကြောင့်ပင် ဖြစ်လာရပေသည်။ ယင်းအကြောင်းများတွင် အဓိကအနီးကပ်ဆုံးမှာ အသတ်ခံရသူက တစုံတရာ အန္တရာယ်လုပ်မည်ပြုခြင်း စသောအကြောင်းဖြစ်၏၊ ဤအကြောင်းကြောင့် ထိုကဲ့သို့ နှလုံးသွင်းရခြင်းဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ဖြစ်ရပ်မျိုး၌ နှလုံးသွင်း မနသိကာရ၏ အနီးကပ်ဆုံး အကြောင်းကိုရှာသော် အသတ်ခံရသူတည်းဟူသော အာရုံတစုံတခုဖြစ်ကြောင်း သိသာပါသည်။

အလားတူပင် ကုသိုလ်ကောင်းမှုဆိုင်ရာ ဒါနမှု သီလမှု ဘုရားရှိခိုးမှု စသည်များတွင် ဘုရားရှိခိုးရာ၌ ဘုရားအာရုံကြောင့် ဖြစ်ပေါ်လာသည့် ဘုရားရှိခိုးသူ၏ ကောင်းသော နှလုံးသွင်း မနသိကာရစေတသိက်သည် ရှိခိုးခြင်းကုသိုလ်စိတ်ကို ဘုရားအာရုံဆီသို့ ဖြောင့်မတ်အောင် ဦးတည်စေမှု သဘောမှာ ယင်း၏ သဘောလက္ခဏာပင် ဖြစ်သည်။ ထိုကုသိုလ်စိတ်နှင့် ဘုရားအာရုံကို စပ်ယှဉ်ပေးမှု လုပ်ဆောင်ချက်ကား ရသသဘောဖြစ်၏။ ဘုရားအာရုံဆီသို့ မျက်နှာမူသကဲ့သို့ ရှေးရှုညွှတ်နေပုံအခြင်းအရာမှာ ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဤ၌ ဘုရားရှိခိုးသူ၏ နှလုံးသွင်းမှာ ဆိုခဲ့သည့် နည်းတူ ဘုရားအာရုံကြောင့် ကောင်းသောနှလုံးသွင်း ဖြစ်ပေါ်လာသည်။ နှလုံးသွင်းရမည့် ဘုရားအာရုံရှိပါမှ နှလုံးသွင်းမှု မနသိကာရဖြစ်နိုင်ပါသည်၊ ထို့ကြောင့် ဤမနသိကာရစေတသိက်သည် အာရုံလျှင် နီးစွာသော အကြောင်း ရှိသည်ဟု ဖွင့်ဆိုကြသည်။

မနသိကာရ ၃-မျိုး

မနသိကာရအမျိုးမျိုး

၁။ ဝီထိပဋိပါဒကမနသိကာရ (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)၊

၂။ ဇဝနပဋိပါဒကမနသိကာရ (မနောဒွါရာဝဇ္ဇန်းစိတ်)၊

စာမျက်နှာ-416
၃။ အာရမ္မဏပဋိပါဒကမနသိကာရ (မနသိကာရစေတသိက်)

ဟူ၍ မနသိကာရ ၃-မျိုးရှိသည်။

၁။ ဝီထိပဋိပါဒကမနသိကာရ

ဝီထိပဋိပါဒက မနသိကာရ ဆိုသည်မှာ (ဝီထိ=ဝီထိစိတ်အစဉ်ကို+ ပဋိပါဒက=စီရင်တတ် ဖြစ်ပေါ်စေတတ်သော+မနသိကာရ=နှလုံးသွင်းဆင်ခြင်မှု)၊ ဝီထိစိတ်အစဉ်ကို ပေါ်လာစေနိုင်သော နှလုံးသွင်း ဆင်ခြင်မှုကို ဝီထိပဋိပါဒကမနသိကာရဟု ခေါ်သည်။ တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်သည်။

မှန်ပေသည်၊ ဤ၌ ဝီထိစိတ်စဉ်ဟူသည် သတ္တဝါတို့မှာ စက္ခုအစရှိသည့် ပသာဒငါးခုတို့၌ အာရုံထင်လာသည့်အခါ စိတ္တနိယာမ သဘောအရ စီကာ စဉ်ကာ ဖြစ်ပေါ်နေသည့် စိတ်အစဉ် ဝီထိပင် ဖြစ်သည်။ ဥပမာ-မျက်စိပသာဒ၌ အဆင်းရူပါရုံထင်လာသည့်အခါ ဘဝင်အစဉ်ပြတ်ကာ-

“ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော ၇-ကြိမ် တဒါရုံ ၂-ကြိမ်”–

ဟူ၍ စိတ်အစဉ်ဝီထိဖြစ်ပေါ်၏၊ ဤစိတ်အစဉ်ဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းခေါ် ပသာဒငါးခု၌ ထင်လာသည့် အာရုံကို ဆင်ခြင် နှလုံးသွင်းတတ်သည့် အာရုံဆင်ခြင်စိတ်တမျိုးသည် မိမိ၏ရှေး၌ဖြစ်ပေါ်သော ဘဝင်စိတ်အစဉ်ကိုဖြတ်ကာ စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်အစရှိသည့် ဝီထိစိတ်များကို ပေါ်လာစေနိုင်၏။ ထို့ကြောင့် ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဝီထိပဋိပါဒကမနသိကာရဟုခေါ်လေသည်။

တနည်းဆိုရသော်--ဆိုခဲ့သည့်စိတ်အစဉ်ဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းခေါ် အာရုံဆင်ခြင်စိတ်တမျိုး၏ ရှေးဖြစ်သော စိတ်များမှာ ဘဝင်စိတ်များ သာဖြစ်သည်။ နောက်စိတ်များကိုကြည့်လျှင် စက္ခုဝိညာဉ်စသည့် ဝီထိစိတ်အစဉ်အတန်းကို တွေ့ရသည်။ ထို့ကြောင့် ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၇၇။

စာမျက်နှာ-417
သည် ရှေးဖြစ်သောဘဝင်စိတ်အစဉ်နှင့်မတူ ထူးခြားသော စက္ခုဝိညာဉ်စသော နောက်စိတ်များဖြစ်ပေါ်အောင် စီရင်တတ်လေသည်။ မှန်၏၊ သတ္တဝါတို့၏သန္တာန်ဝယ် စက္ခုအစရှိသော ပသာဒများ၌ အဆင်းရူပါရုံ အစရှိသည့် အာရုံများထင်လာမှုမရှိခဲ့သော် (ဝါ) ပသာဒနှင့် အာရုံ တိုက်ဆိုင်မှု မရှိသော် အကျိုးဝိပါက် ဘဝင်များသာ ဖြစ်ပေါ်လျက်ရှိပါသည်။ ဤသို့ဘဝင်စိတ်များ ဖြစ်ပေါ်နေရာမှ ပသာဒနှင့်အာရုံတို့ အခါအခွင့်သင့်၍ ရုတ်တရက် တိုက်ဆိုင်ကြသောအခါ ထင်လာသော အာရုံကို နှလုံးသွင်းဆင်ခြင်သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်၏။ ဤစိတ်က နှလုံးသွင်းပေးမှု ပြုသောကြောင့် ထိုအဆင်းအာရုံကို သိသာသော မြင်သိစိတ် စက္ခုဝိညာဉ်အစရှိသည့် ဝီထိစိတ်များ ပေါ်ပေါက်လာရပေသည်။

ဤတွင်ဆိုခဲ့သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ပေါ် လာခြင်းမှာ ဘဝင်စိတ်များနှင့်စက္ခုဝိညာဉ်စိတ်တို့၏အကြား အချက်အချာကျသည့်နေရာတွင်ဖြစ်၏။ ဤပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာမှုကြောင့် ဘဝင်စိတ်အစဉ်များ ပြတ်ထွက်သွားခြင်း၊ ဤစိတ်ကနှလုံးသွင်းပေးမှုကြောင့် စက္ခုဝိညာဉ်စသော ဝီထိစိတ်များ ဖြစ်ပေါ်လာခြင်းဟူသည့် ထူးခြားသောစိတ်စဉ်များ ပြောင်းလဲပေါ်ပေါက်နိုင်ပါသည်။ ထို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဝီထိပဋိပါဒကမနသိကာရဟု ဖွင့်ဆိုကြလေသည်။

၂။ ဇဝနပဋိပါဒကမနသိကာရ

ဇဝနပဋိပါဒကမနသိကာရ ဆိုသည်မှာ (ဇဝန=ဇောစိတ်အစဉ်ကို+ပဋိပါဒက=စီရင်တတ် ပေါ်လာစေတတ်သော+မနသိကာရ=နှလုံးသွင်းဆင်ခြင်မှု) ဇောစိတ်အစဉ်ကိုဖြစ်စေတတ် ပေါ်လာစေတတ်သော နှလုံးသွင်းဆင်ခြင်မှုကို ဇဝနပဋိပါဒက မနသိကာရဟုခေါ်၏။ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်သည်။ ဤ၌ ဇောစိတ်ဆိုသည်မှာ အဟုန်ပြင်းစွာ ဖြစ်ပေါ်တတ်သည့် အာရုံခံစားစိတ်ဖြစ်သည်။ ထိုစိတ်တို့အကြိမ်ကြိမ်စီကာ စဉ်ကာဖြစ်ပေါ်မှုကို ဇောအစဉ်ဟုခေါ်၏။ အထက်တွင်ဆိုခဲ့သည့် ဝီထိစိတ်အစဉ်အတန်းဝယ် ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်းစိတ်ပါဝင်၏။ ဤစိတ်သည်လည်း ဘဝင်အကြားတွင် ထင်လာသည့်အာရုံကိုဆင်ခြင်နှလုံးသွင်း

စာမျက်နှာ-418
တတ်သော အာရုံဆင်ခြင်စိတ်တမျိုးဖြစ်သည်။ ယင်းစိတ်သည် မိမိရှေး၌ဖြစ်သည့် သမ္ပဋိစ္ဆိုင်း=(အာရုံကို လက်ခံသည့်စိတ်)၊ သန္တီရဏ=(အာရုံကို စုံစမ်းထောက်လှန်းသည့်စိတ်)များနှင့်မတူ ထူးခြားသော နောက်နောက်သောဇောစိတ်==(အာရုံခံစားစိတ်)အစဉ်ကို ပေါ်လာစေတတ်ပါသည်။

ထို့ပြင် ယင်းစိတ်သည် ပသာဒငါးပါး၌ ပေါ်လာသောစိတ်အစဉ်==(ပဉ္စဒွါရဝီထိ) တွင် ဝုဋ္ဌောအမည်ဖြင့် အာရုံကိုသတ်မှတ်ပေးကာ ဘဝင်မနော၌ဖြစ်ပေါ်လာသော စိတ်အစဉ်- (မနောဒွါရဝီထိ)တွင် မနောဒွါရာဝဇ္ဇန်းအမည်ဖြင့် အာရုံခံစားတတ်သည့် ဇောစိတ်အစဉ်ကို ဣဋ္ဌအာရုံ ဣဋ္ဌအခြင်းအရာကို ခံစားစေခြင်းဖြင့်လည်းကောင်း၊ အနိဋ္ဌာရုံ အနိဋ္ဌအခြင်းအရာကို ခံစားစေခြင်းဖြင့်လည်းကောင်း ပိုင်းခြားဆုံးဖြတ်ခြင်း၊ နှလုံးသွင်းစီရင်ခြင်းများကိုပြုလေသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းစိတ်ကို ဇဝနပဋိပါဒကမနသိကာရဟုခေါ်သည်။

၃။ အာရမ္မဏပဋိပါဒကမနသိကာရ

အာရမ္မဏပဋိပါဒကမနသိကာရ ဆိုသည်မှာ (အာရမ္မဏ=အာရုံ+ပဋိပါဒက=စီရင်တတ် ပေါ်လာစေတတ်သော+မနသိကာရ==နှလုံးသွင်းဆင်ခြင်မှု) အဆင်းရူပါရုံအစရှိသည့် အာရုံကိုဖြစ်စေတတ်သော နှလုံးသွင်းဆင်ခြင်မှုကို အာရမ္မဏပဋိပါဒကမနသိကာရဟု ခေါ်သည်။ တရားကိုယ်မှာ အထက်တွင်ဖွင့်ဆိုခဲ့သည့် မနသိကာရ စေတသိက်ပင်ဖြစ်သည်။

မနသိကာရ ၃-မျိုး အထူးထပ်မံရှင်းပြခြင်း

မနသိကာရသုံးမျိုးအထူးကို ထင်ရှားအောင် ထပ်ရှင်းရသော် သတ္တဝါတို့သန္တာန်၌ ဖြစ်ပေါ်နေသည့်စိတ်ကို လေ့လာကြည့်လျှင် အာရုံသစ်ထင်လာမှုမရှိသည့်အခါ ပြုခဲ့ ဆိုခဲ့လုပ်ခဲ့ဖူးသည့် အတိတ်အာရုံများ ထင်မြင်နေပြီး သိမှုသဘောကင်းမဲ့နေသည့်အလား ဖြစ်ပေါ်လျက်ရှိရာမှ-

စာမျက်နှာ-419
ဥပမာ- အိပ်ပျော်နေစဉ်အခါ ဖြစ်ပေါ်နေသည့် ဘဝင်စိတ်များသည် အတိတ်မှတစုံတရာ ပြုလုပ်ခဲ့ခြင်းစသည့် အာရုံများကို အာရုံပြုထင်မြင်နေပြီး သိမှုသဘောကင်းမဲ့နေသည့်အလား ဖြစ်ပေါ်နေရာမှ ကျယ်လောင်သော အသံဖြင့် နှိုးလိုက်သည့်အခါ သဒ္ဒါရုံနှင့် ရုတ်တရက် တိုက်ဆိုင်မိတော့၏။

ယင်းနောက် လန့်နိုးပြီး ဘဝင်စိတ်များ ပြတ်ထွက်သွားကာ အသစ်ပေါ်လာသည့် အသံသဒ္ဒါရုံကို နှလုံးသွင်းဆင်ခြင်ခြင်း (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)၊ ထိုအသံကို ကြားသိခြင်း (သောတဝိညာဉ်)၊ ထိုအသံသဒ္ဒါရုံကို ခံယူခြင်း (သမ္ပဋိစ္ဆိုင်းစိတ်)၊ ထိုအသံသဒ္ဒါရုံကို စုံစမ်းထောက်လှမ်းခြင်း (သန္တီရဏစိတ်)၊ အလိုရှိအပ်သော ဣဋ္ဌအသံ သို့မဟုတ် အလိုမရှိအပ်သော အနိဋ္ဌအသံဟု ပိုင်းခြားမှတ်သားခြင်း (ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်း)၊ ယင်းသဒ္ဒါရုံ၏ အရသာကို အကြိမ်ကြိမ်ခံစားခြင်း (ဇောခေါ် အာရုံခံစားစိတ်အစဉ်) အစရှိသည့် စိတ်အစဉ် ဝီထိများ ဖြစ်ချုပ်သဘောဖြင့် ဖြစ်ပေါ်လျက်ရှိ၏။

စိတ်အစဉ်ဝီထိ၌ အာရုံကို နှလုံးသွင်းဆင်ခြင်သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ဖော်ပြပါ ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော နှလုံးသွင်းစိတ်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဝီထိပဋိပါဒကဟု ကျမ်းဂန်များက မိန့်ဆိုသည်။ ဖော်ပြပါ ဝီထိစိတ်အစဉ်၌ ဣဋ္ဌ၊ အနိဋ္ဌကို ပိုင်းခြားဆင်ခြင်တတ်သည့် ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်းစိတ်သည်လည်း ယင်းနောက်တွင် ဖြစ်ပေါ်သည့် ဇောစိတ်အစဉ်ကို ပေါ်လာစေတတ်သော နှလုံးသွင်းတမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ယင်းစိတ်ကို ဇဝနပဋိပါဒကမနသိကာရဟု ခေါ်သည်။

ဆိုခဲ့သည့် ဝီထိစိတ်အစဉ်၌ အာရုံသစ်မထင်မီ ဖြစ်ပေါ်လျက်ရှိသော ဥပမာ- အိပ်နေစဉ် ဖြစ်ပေါ်လျက်ရှိသည့် ဘဝင်စိတ်များသည် သိမှုသဘောကင်းနေသည့်အလား ဖြစ်နေ၏။ စိတ်တို့မည်သည်လည်း မည်သည့်စိတ်မဟူ အာရုံနှင့်ကင်း၍ မဖြစ်နိုင်သောကြောင့် ဘဝင်စိတ်များဖြစ်သည်နှင့် တပြိုင်နက် အတူယှဉ်တွဲဖြစ်ပေါ်လာသည့် မနသိကာရစေတသိက်က နှလုံးသွင်းဆင်ခြင်ခြင်းဖြင့် ပြောဆိုပြုလုပ်ခဲ့ဖူးသော အတိတ်အာရုံများကို ပေါ်လာစေပါသည်။ ထို့ကြောင့် ယင်းမနသိကာရစေတသိက်ကို အာရမ္မဏပဋိပါဒက မနသိကာရဟု ကျမ်းဂန်များက မိန့်ဆိုကြလေသည်။

စာမျက်နှာ-420
ဤတွင် မနသိကာရ သုံးမျိုးတို့၏ ခြားနားပုံကို ဆိုခဲ့သည့် ဝီထိစိတ်အစဉ်၌ ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရသည်။ မှန်ပေသည်၊ အိပ်နေစဉ် ဖြစ်ပေါ်သည့် ဘဝင်စိတ်များ အာရုံမှ ဆိတ်သုဉ်းခြင်းမရှိအောင် မနသိကာရစေတသိက်က အတိတ်အာရုံများကို ထင်လာစေတတ်၊ ဖြစ်စေတတ်၊ နှလုံးသွင်းပေးတတ်ပါသည်။ ဤသို့ အိပ်နေစဉ်အခါများတွင် ဝီထိစိတ်များ ဖြစ်ပေါ်မှုမရှိသောကြောင့် ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်းဟု ဆိုအပ်သော အာဝဇ္ဇန်း ၂ မျိုးဖြင့် နှလုံးသွင်းဆင်ခြင်မှုများ ဖြစ်ပေါ်ခြင်းမရှိဘဲ ဘဝင်စိတ်များအတွက် မနသိကာရစေတသိက်၏ နှလုံးသွင်းဖြင့်သာ အတိတ်အာရုံများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းနှလုံးသွင်းစေတသိက်ကို အာရမ္မဏပဋိပါဒက မနသိကာရဟု ခေါ်လေသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း အိပ်ပျော်နေစဉ် ခေါ်နှိုးသဖြင့် အာရုံသစ်ထင်လာသောအခါ၌ကား ယင်းအသစ်အာရုံကို ဆင်ခြင်နှလုံးသွင်းတတ်သည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာခြင်း၊ ထိုစိတ်က ဆင်ခြင်နှလုံးသွင်းမှုကြောင့် စက္ခုဝိညာဉ် အစရှိသော ဝီထိစိတ်များ ဖြစ်ပေါ်ရခြင်းကို ဝီထိပဋိပါဒက မနသိကာရဟု ခေါ်ပြီး ဝုဋ္ဌောခေါ် မနောဒွါရာဝဇ္ဇန်းစိတ်ကြောင့် ဇောအစဉ် ဖြစ်ပေါ်ရခြင်းကိုကား ဇဝနပဋိပါဒက မနသိကာရဟု ခေါ်လေသည်။

မနသိကာရ ၂-မျိုး

အသုံးများသော မနသိကာရ

ဆိုခဲ့သည့် မနသိကာရ ၃-မျိုးအပြင် ထိုထိုကျမ်းဂန်တို့၌ အသုံးများသော မနသိကာရ ၂-မျိုးကိုလည်း တွေ့ရသည်။ ယင်းမှာ-

၁။ ယောနိသော မနသိကာရ၊

၂။ အယောနိသော မနသိကာရ- ဟူ၍ ဖြစ်သည်။

စာမျက်နှာ-421
ယောနိသော မနသိကာရ ဆိုသည်မှာ ယောနိသော = သင့်သော အကြောင်းအားဖြင့် (ဝါ) အသင့်အားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း၊ သင့်မြတ်သော နှလုံးသွင်းမှု (ဝါ) နှလုံးသွင်းလိမ္မာမှုကို ယောနိသော မနသိကာရဟု ခေါ်သည်။ ဤမနသိကာရ ၂-မျိုးမှာ မနသိကာရစေတသိက်မဟုတ်၊ ဆိုခဲ့သည့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဇောစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော မနောဒွါရာဝဇ္ဇန်း ၂ မျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့ရာတွင် ထိုစိတ်တို့ ဖြစ်ပေါ်သည့်အခါ မနသိကာရစေတသိက်ပါဝင်၏။ မနသိကာရစေတသိက်မပါလည်း ထိုစိတ်များ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယောနိသော မနသိကာရကို ပညာနှင့်ယှဉ်သော မနသိကာရစေတသိက်၊ အယောနိသော မနသိကာရကို မောဟနှင့်ယှဉ်သော မနသိကာရစေတသိက်ဟူ၍လည်း ကောက်ယူခြင်းဖြစ်သည်။

အာဝဇ္ဇန်း ၂-မျိုးအနက် မနောဒွါရာဝဇ္ဇန်းသည် ဒွါရငါးပါး၌ ဖြစ်ပေါ်လာသော စိတ်အစဉ် (ပဉ္စဒွါရဝီထိ) တွင် ဝုဋ္ဌောအမည်ဖြင့်လည်းကောင်း၊ မနောဒွါရ၌ ဖြစ်ပေါ်လာသော စိတ်အစဉ် (မနောဒွါရဝီထိ) တွင် မနောဒွါရာဝဇ္ဇန်းနာမည်ဖြင့် လည်းကောင်း ဖြစ်ပေါ်လာ၍ ကုသိုလ်ဇောစိတ်၊ အကုသိုလ်ဇောစိတ်တို့အား အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း စသည်တို့ဖြင့် ကျေးဇူးပြုသည်ဟု ပဋ္ဌာန်းပါဠိတော်တွင် ဟောတော်မူ၏။

မှန်ပေသည်၊ ထိုအာဝဇ္ဇန်းစိတ်သည် ကုသိုလ်အစဉ် ဖြစ်ပေါ်လာရေး၌ အရေးပါလှသည့် လမ်းခွဲမှတ်တိုင်ကြီးသဖွယ် ဖြစ်သည်။ တနည်းသော် ကုသိုလ်၊ အကုသိုလ် လမ်းနှစ်သွယ်အနက် တဘက်ဘက် ပဲ့ကိုင်လမ်းညွှန်ပေးသည့် ပဲ့ကိုင်သမားကြီးနှင့်လည်း တူပါသည်။ ထိုစိတ်က ပိုင်းခြားဆုံးဖြတ် နှလုံးသွင်းဆင်ခြင်မှု လိမ္မာသော် (ဝါ) အကောင်းဘက်မှ ရှုမြင်ဆင်ခြင်သော် ကုသိုလ်စိတ်များ ဖြစ်လာပြီး ပိုင်းခြားဆုံးဖြတ်မှု နှလုံးသွင်းဆင်ခြင်မှု မလိမ္မာခဲ့သော် (ဝါ) အဆိုးဘက်မှ ရှုမြင်ခဲ့ပါလျှင် အကုသိုလ်စိတ်များ ဖြစ်လာနိုင်ပါသည်။

စာမျက်နှာ-422
ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းစိတ်သည် ကုသိုလ်စိတ်အစဉ်၊ အကုသိုလ်စိတ်အစဉ်တို့ ဖြစ်ပေါ်လာမှုတွင် သော့ချက်အကျဆုံး အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ ထိုစိတ်က နှလုံးသွင်းလိမ္မာမှု (ယောနိသော မနသိကာရ) ကိစ္စကို ဆောင်ရွက်လျှင် ကုသိုလ်စိတ်အစဉ် ဖြစ်လာပါမည်။ နှလုံးသွင်းမလိမ္မာမှု (အယောနိသော မနသိကာရ) ကိစ္စကို ဆောင်ရွက်ခဲ့လျှင် အကုသိုလ်စိတ်အစဉ် ဖြစ်လာပါမည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်၌--

“ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းသည် များစွာအကျိုးမဲ့ခြင်းငှာ ဖြစ်၏။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာ ဖြစ်၏။” ဟု ဟောတော်မူခဲ့လေသည်။

သင့်လျော်အောင် နှလုံးသွင်းရပုံ

မိလိန္ဒပဉှာပါဠိတော်၌ “နှလုံးသွင်းကောင်းခြင်းသည် ကုသိုလ်တရားအားလုံးတို့အား အရင်းမူလဖြစ်သည်။ မိုးသည် မြက်သစ်ပင်စသည်ကို စောင့်ရှောက်သကဲ့သို့ နှလုံးသွင်းကောင်းခြင်းဖြင့် သူတော်ကောင်းတရားကို စောင့်ရှောက်အပ်၏” ဟူ၍ မိုးဥပမာပေး၍လည်းကောင်း၊ “စက္ကဝက်ငှက်သည် အသက်ဆုံးတိုင်အောင် နှလုံးသွင်းခြင်းကို မစွန့်အပ်” ဟူ၍ စက္ကဝက်ငှက်ဥပမာ ပေး၍လည်းကောင်း၊ “ကြက်သည် ခဲတုတ်စသည်တို့ဖြင့် ပစ်ခတ်သော်လည်း မိမိနေအိမ်ကို မစွန့်သကဲ့သို့ သူတော်ကောင်းသည် ထိုထိုအမှုကိစ္စများကို ပြုလုပ်နေသော်လည်း ကောင်းသောနှလုံးသွင်းမှုကို မစွန့်လွှတ်အပ်” ဟူ၍ ကြက်ကို ဥပမာပေး၍လည်းကောင်း၊

၁။ အဘိ၊ဋ္ဌ၊ ၁၊ ၁၃၇။

၂။ အံ၊ ၁၊ မြန်၊ ၁၅၊ ၂၂၀။

၃။ အံ၊ ၁၊ မြန်၊ ၁၊ ၆၊ ၂၁။

စာမျက်နှာ-423
“တီးတုတ်ငှက်သည် သေရည်ကို သောက်မိသော် ထွေးအံပစ်သကဲ့သို့ သူတော်စင်သည် ကောင်းသောနှလုံးသွင်းခြင်းဖြင့် မနှစ်မြို့ဖွယ်စိတ်ကို ထွေးအံပစ်လေသည်” ဟူ၍ တီးတုတ်ငှက်ကို ဥပမာပေး၍လည်းကောင်း၊ “လှေသူကြီးသည် နေ့ညမပြတ် မမေ့မလျော့ လုံ့လစိုက်ကာ လှေကိုသွားစေသကဲ့သို့ သူတော်စင်သည် နေ့ညမပြတ် မမေ့မလျော့ အားထုတ်ကာ ကောင်းသောနှလုံးသွင်းခြင်းဖြင့် စိတ်ကို မှတ်အပ်လေသည်” ဟူ၍ လှေသူကြီးကို ဥပမာပေး၍လည်းကောင်း ဟောတော်မူခဲ့လေသည်။

ထို့ပြင် အင်္ဂုတ္တိုရ်ပါဠိတော်၌လည်း “နှလုံးသွင်းကောင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ထို့အတူ အကျိုးရှိခြင်းငှာ ဖြစ်သော အခြားတစုံတရာသော တရားမျိုးကိုလည်းမမြင်။ နှလုံးသွင်းကောင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာ ဖြစ်၏” ဟူ၍ ဟောတော်မူရာ နှလုံးသွင်းကောင်းခြင်းသည် များစွာသောအကျိုးကို ဖန်တီးနိုင်သည်။ ထို့ကြောင့် အရာရာတွင် ကုသိုလ်ဖြစ်စေရန် သင့်လျော်အောင် နှလုံးသွင်းရပါမည်။

စိတ်နာဖွယ်မဟုတ်

အာရုံခြောက်ပါးနှင့် တွေ့တိုင်း ယောနိသော မနသိကာရဖြစ်အောင် ကြိုးစားရပါမည်။

ဥပမာ- အပြစ်မရှိဘဲ အကဲ့ရဲ့ခံရလျှင် -

၁။ မိလိန္ဒ၊ ၃၉၆။

၂။ မိလိန္ဒ၊ ၃၈၆။

၃။ မိလိန္ဒ၊ ၃၅၀။

၄။ မိလိန္ဒ၊ ၄၀၁။

၅။ မိလိန္ဒ၊ ၃၈၁။

၆။ အံ၊ ၁၊ ၅။

စာမျက်နှာ-424

စာမျက်နှာ-425

စာမျက်နှာ-426

ခါးပိုက်နှိုက် ၂-ဦး နှလုံးသွင်း

ဘုရားလက်ထက်တော်က သူငယ်ချင်းခါးပိုက်နှိုက် ၂-ဦးတို့သည် ဇေတဝန်ကျောင်းတော်တွင် ကျင်းပသည့် ဘုရားရှင်၏ တရားပွဲကို တရားနာပရိသတ်များနှင့်အတူ လိုက်ပါလာခဲ့၏။ တယောက်က ဘုရားတရားတော်ကို ရိုသေစွာ နှလုံးသွင်းကာ ကြားနာသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ပြီး သောတာပန်အဆင့်အထိ ဖြစ်နေ၏။ နောက်တယောက်မှာ နှလုံးသွင်းလွဲမှားပြီး တရားနာသူတယောက် ပုဆိုးစွန်၌ ထုပ်ယူလာသော ပိုက်ဆံ ၂၅-ပြားကို အလစ်နှိုက်ပြီးယူခဲ့၏။ ထိုခေတ်က ၂၅-ပြားသည် ထိုသူ၏အိမ်၌ ထမင်းနှင့်ဟင်း ချက်ပြုတ်လောက်သော တန်ဖိုးရှိကြောင်း ကျမ်းဂန်များ၌ဆို၏။ ထို့ကြောင့်ပင် သောတာပန်ဖြစ်သွားသူ ခါးပိုက်နှိုက်ကို အဖော်သူငယ်ချင်း ခါးပိုက်နှိုက်က နှလုံးသွင်းလွဲမှားစွာဖြင့် ပြောင်လှောင်ပြက်ရယ်ပြုသည်မှာ -

“မင်း-အလွန်တော်လို့ ကိုယ့်အိမ်မှာ (တနပ်စာ) ထမင်းဖိုး ဟင်းဖိုးမျှကိုတောင် ရအောင် မစွမ်းနိုင်ခဲ့ဘူး-” ဟူ၍ ဖြစ်၏။ (တွံ အဘိပဏ္ဍိတတာယ အတ္တနော ဂေဟေ ပါကဘတ္တမူလမပိ န နိဗ္ဗတ္တေသိ)။

ထိုအခါ သောတာပန်ဖြစ်သွားသူ ခါးပိုက်နှိုက်က ဤသို့ ကောင်းစွာနှလုံးသွင်း၏ -

“သူမသိရှာလို့ သူ့ကိုယ်သူ လူလိမ္မာပညာရှိဟု ထင်မှတ်နေရှာသည်-” ဟူ၍ အောက်မေ့နှလုံးသွင်းပြီး ထိုအကြောင်းကို ဘုရားမြတ်စွာအား လျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း အမိန့်တော်မူခဲ့လေသည်။

“မသိမလိမ္မာသော သူမိုက်ပင်ဖြစ်စေကာမူ ငါမသိတတ်ဘူး၊ မိုက်တယ်ဟုသိလျှင် တော်သေး၏။ ကိုယ့်ထက် တတ်သိလိမ္မာသောသူတို့၏ အဆုံးအမကို နာခံ၍ လူလိမ္မာပညာရှိတယောက် ဖြစ်နိုင်သေး၏။ မသိမလိမ္မာသော လူမိုက်ဖြစ်ပါလျက် ‘ငါဟာပညာရှိပဲ’ ငါတတ်သိတယ် နားလည်တယ်ဟု ထင်မှားလျက်နေသောသူသည်ကား လူမိုက်အစစ်ပေတည်း။ မိမိလောက် တတ်သိနားလည်သည့်သူမရှိဘူးဟု အောက်မေ့လျက် မည်သူ၏ဩဝါဒကိုမျှ မနာခံသောကြောင့် ထိုသို့သောသူမှာ လူမိုက်ဘဝမှ တက်လမ်းမရှိပြီ၊ လူလိမ္မာပညာရှိ မဖြစ်နိုင်တော့ပြီ။ ထို့ကြောင့် ထိုလူမျိုးကို ‘လူမိုက်အစစ်’ ဟု ခေါ်ရမည်။” ဟူ၍ မိန့်တော်မူ၏။

စာမျက်နှာ-427

နှလုံးသွင်းပြောင်းပါ

မိမိမှာ အကုသိုလ်စိတ်များဖြစ်ပေါ်နေလျှင် ကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်း ပြောင်းပေးရပါမည်။ ဥပမာ--

အမျိုးသမီးတဦးကိုတွေ့သောအခါ မကောင်းသောနှလုံးသွင်းမိသဖြင့် ကိလေသာစိတ်ဖြစ်ပေါ်လာလျှင် အမိအရွယ်ဖြစ်ပါက အမိအရင်းကဲ့သို့ နှလုံးသွင်းကာ၊ အမ နှမအရွယ်ရှိပါက အမ နှမအရင်းကဲ့သို့ နှလုံးသွင်းပြီး သူ၏ဆင်းရဲမှုစသည်ကို မြှော်တွေး၍ သနားခြင်းကရုဏာအစစ်၊ ချမ်းသာစေလိုခြင်း မေတ္တာအစစ်ကို ဖြစ်စေရပါမည်။ ထိုမှတပါး အမျိုးသမီး၏ သဏ္ဌာန်၌ရှိသော မျက်ရည်၊ မျက်ချေး၊ နှပ်၊ တံထွေး၊ ချွဲ၊ သလိပ်၊ ကျင်ကြီးကျင်ငယ်စသော စက်ဆုပ်ဖွယ်တို့ကိုသာ ကွက်၍ အဖန်ဖန် နှလုံးသွင်းလျက် အသုဘသညာကို ဖြစ်စေရပါမည်။ ထို့ပြင် ထိုအမျိုးသမီးတည်းဟူသော အာရုံကို ပယ်ဖျောက်၍ စာပေကျမ်းဂန်ကို ကြံခြင်း၊ မေးခြင်း၊ ပြောဟောခြင်း၊ ဝေယျာဝစ္စ ဝတ်ကြီးဝတ်ငယ်တို့ကို ပြုခြင်း စသည်ဖြင့် ကုသိုလ်စိတ်အစဉ် ဖြစ်လာအောင်လည်း နှလုံးသွင်းရပါမည်။

၁။ ဓမ္မပဒပါဠိ၊ ၆၃။ ဓမ္မပဒ၊ဋ္ဌ၊ ၁၊ ၂၉၉။

စာမျက်နှာ-428

ကုသိုလ်မပြတ်ဖြစ်ပါစေ

ထို့ပြင် သတိပဋ္ဌာန်အဋ္ဌကထာတို့၌လာသောနည်းအတိုင်း ကျမ်းဂန်မပြတ်သင်ယူခြင်း၊ ပို့ချခြင်း၊ ကျက်မှတ်ခြင်း၊ ကြည့်ခြင်း၊ ကြံခြင်း၊ ရွတ်ဖတ်ခြင်း၊ သေနာသနဝတ်စသည်ကို မပြတ်ပြုခြင်း၊ တရားဟောခြင်း၊ ဆွေးနွေးမေးမြန်းခြင်း၊ တရားကိုသာ ပြောဟောခြင်း၊ နာခံခြင်း စသည်တို့ဖြင့် ဆင်ခြင်နှလုံးသွင်းသော ကုသိုလ်ပိုင်းဆိုင်ရာလုပ်ငန်းများကို အမြဲမပြတ် ပြုလုပ်အပ်၏။ ဤသို့ အကုသိုလ်စိတ်များဖြစ်ခွင့်မရအောင် နှလုံးသွင်းပါလျှင် ကုသိုလ်စိတ်များ မပြတ်ဖြစ်စေနိုင်လေသည်။

လိုတရနေသည့် ရုက္ခစိုးနတ်ကြီး

နှလုံးသွင်းကောင်းသဖြင့် လိုတရနေသည့် ရုက္ခစိုးနတ်ကြီးအကြောင်း ဤ၌ မှတ်သားသင့်ပါသည်။

ရှေးအခါ ဒါရဝတီအမည်ရှိသော မြို့တော်မှာ အင်္ကျီရအမည်ရှိသော ကုန်သည်တဦးသည် ကူးသန်းရောင်းဝယ်ပြုလုပ် အသက်မွေး၏။ တနေ့သောအခါ ကုန်ရောင်းသွားရာ တောအုပ်အတွင်းမှ ရုက္ခစိုးနတ်ကြီးတဦးနှင့် တွေ့လေသည်။ ရုက္ခစိုးနတ်ကြီးကား အလွန်ထူးဆန်း၏။ သူ၏လက်တွင်းမှ စားဖွယ်သောက်ဖွယ်များ အလိုလိုထွက်ပေါ်၏။ အဝတ်အစား အသုံးအဆောင်များနှင့် ရွှေငွေရတနာများလည်း အလိုရှိတိုင်း သူ့လက်တွင်းမှ ထွက်ပေါ်နေ၏။ လိုတရနေသော ရုက္ခစိုးနတ်ကြီးဖြစ်၏။ အင်္ကျီရတို့ ကုန်သည်တစုနှင့်တွေ့သောအခါ အမျိုးမျိုးသော အစားအစာများဖြင့် ဝတ်ပြု၏။ ရတနာရွှေငွေ အသုံးအဆောင်များ သုံးလို့မကုန်နိုင်အောင် ပေးစွန့်လိုက်သေး၏။ ထိုအခါ အင်္ကျီရကုန်သည်က စည်းစိမ်ဥစ္စာများ လက်ထဲအလိုလိုရနေသည်မှာ အဘယ်ကောင်းမှု ကုသိုလ်ကြောင့်ဖြစ်ကြောင်း မေးမြန်းလေ၏။ ထိုအခါ ရုက္ခစိုးနတ်ကြီးက သူ၏ဘဝဟောင်းမှ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောင်းပြောဆိုလေ၏။

စာမျက်နှာ-429

အထည်ချုပ်သမားဘဝ

ရှေးအခါက ရောရုဝအမည်ရှိသောမြို့တမြို့မှာ အထည်ချုပ်သမားဖြစ်ခဲ့ဖူးကြောင်း၊ အလွန်ဆင်းရဲလှသဖြင့် အလှူဒါနမလှူဒါန်းနိုင်ခဲ့ကြောင်း၊ သို့ရာတွင်သူ့အိမ်အနီးမှာ အာသယှခေါ် သဌေးကြီးတဦးက အလှူဒါနများ ပေးလှူခဲ့ကြောင်း၊ ထိုစဉ်သဌေးကြီးအိမ်သို့ အလှူခံပုဂ္ဂိုလ်များ လာသောအခါ “အလှူရှင်အာသယှသဌေးကြီး၏ အိမ်ကဘယ်မှာလဲ၊ ဘယ်ကသွားရမလဲ” ဟု မေးမြန်းကြ၏။ ထိုအခါ သူကနှလုံးသွင်းလိမ္မာစွာဖြင့် ပြောပြလမ်းညွှန်ခဲ့ကြောင်း၊ နှလုံးသွင်းပုံမှာ-

ငါ့မှာတော့ လှူစရာမရှိလို့ မလှူနိုင်ဘူး၊ သူများမှာ လှူစရာရှိလို့ လှူနိုင်ကြတယ်၊ လှူဒါန်းတဲ့လူမှာလဲ ကုသိုလ်ဖြစ်ပါစေ၊ အလှူခံပုဂ္ဂိုလ်များမှာလဲ အလိုရှိတာ ရကြပါစေ’

ဟု ယောနိသောမနသိကာရဖြင့် နှလုံးသွင်းကာ-

အလှူရှင် အာသယှသဌေးကြီး၏ အိမ်ဆိုတာ ဟောဟိုက အိမ်ပါပဲ၊ ဒီကသွားပါ၊ အဲဒီကသွားယင်ရောက်ပါတယ်... ဟုဝမ်းမြောက်ဝမ်းသာ စေတနာကောင်းစွာဖြင့် အလှူအိမ်ရှိရာသို့ (လက်ဖြင့်လမ်းညွှန်ခဲ့၏)၊ ထိုကောင်းမှုကြောင့် ယခုလို ရုက္ခစိုးနတ်ကြီးဖြစ်လာကြောင်း၊ ဖြစ်လာသည့်အခါမှာလည်း ဆိုခဲ့သည့်အတိုင်း ရှေးဘဝတုန်းက သူတပါးအလှူကို ဝမ်းမြောက်ဝမ်းသာ လက်ဖြင့် လမ်းညွှန်ခဲ့သည့်အတွက် ယခုအခါမိမိလက်ကပင် အလိုရှိရာစည်းစိမ်ဥစ္စာများစွာကို လိုတရနေကြောင်း ရုက္ခစိုးနတ်ကြီးက ပြောပြလေသည်။

အပြင်အထင် မကောင်းသောပြိတ္တာ

ထိုနောက်အင်္ကုရ တို့ကုန်သည်တစုသည် ထိုစခန်းမှထွက်လာပြီး တော်တော်သွားမိသည့်အခါ တနေရာမှာ လက်များကောက်ကွေးနေပြီး မျက်နှာတွန့်ရှုံ့လျက် အမြင်အထင်မကောင်းအောင် ဖြစ်နေသည့်ပြိတ္တာတကောင်ကိုတွေ့ရ၏၊ အင်္ကုရ တို့ကုန်သည်တစုက-

စာမျက်နှာ-430
သင့်မှာ ဘယ်လိုမကောင်းမှုကို ပြုခဲ့သဖြင့် ဤကဲ့သို့ဖြစ်နေရပါသနည်း-- ဟုမေးမြန်းသောအခါ ထိုပြိတ္တာက---

သူဟာအရင်ဘဝက အာသယှသဌေးကြီးရဲ့အလှူမှာ စီမံဆောင်ရွက်ခဲ့ရတဲ့အကြီးအကဲ နာယကဖြစ်ခဲ့ပါတယ်၊ သို့ပေမယ့် အလှူခံပုဂ္ဂိုလ်များလာတိုင်းလာတိုင်း သူ့စိတ်ထဲမှာ မချမ်းမသာဖြစ်နေခဲ့တယ်၊ သူ့မှာ ပစ္စည်းဥစ္စာပေးလှူခဲ့ခြင်းလဲ မရှိခဲ့ဘူး၊ သူများပစ္စည်းပေးလှူနေတဲ့အခါ ဆောင်ရွက်ရုံမျှသာရှိပါတယ်၊ စေတနာကောင်းကောင်းနဲ့ ယောနိသောမနသိကာရ သင့်တင့်အောင် နှလုံးသွင်း၍ ဆောင်ရွက်မယ်ဆိုယင် ကုသိုလ်များစွာ ရနိုင်ပါတယ်၊ သို့သော်လဲ သူဟာအလှူခံပုဂ္ဂိုလ်တွေလာတိုင်း စိတ်မချမ်းမသာဖြစ်ပြီး မသင့်မတင့် နှလုံးသွင်းမိလို့ တဘက်မျက်နှာလှည့်ကာ စောင်းရွှဲ တွန့်ရှုံ့တဲ့ အမူအရာ မကြည်မသာ လုပ်ခဲ့မိပါတယ်၊ အဲဒါကြောင့် သူ့မှာ ယခုလိုတောတွင်းမှာ ပြိတ္တာ ဖြစ်လာခဲ့ရပါတယ်--

ဟု ပြောပြလေသည်။ ထိုစဉ်က အင်္ကုရ အမည်ရှိသော ကုန်သည်မှာ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်လာသည့်အခါ တာဝတိံသာ အဘိဓမ္မာတရားပွဲကြီး၌ လက်ဝဲဘက် တနေရာတွင် တရားနာနေသည့် အင်္ကုရနတ်သားပင် ဖြစ်လေသည်။

မနသိကာရနှင့် အရိယာမဂ်

အရုဏ်တက်ခြင်းသည် နေထွက်ခြင်း၏ ရှေ့ပြေး ပုဗ္ဗနိမိတ် ဖြစ်သကဲ့သို့ နှလုံးသွင်းကောင်း ရှိခြင်းသည် အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် ဖြစ်ပေါ်လာရန် ရှေ့ပြေး နိမိတ်ဖြစ်သည်။ သမ္ပဒါတရား ခုနစ်ပါးတွင်လည်း [?]။

၁။ ပေတဋ္ဌ၊ ၁၁၁။

စာမျက်နှာ-431
နှလုံးသွင်းမှုသည် တပါးအပါအဝင် ဖြစ်၏။ နှလုံးသွင်းကောင်းမှုကို သိရခြင်းဖြင့် အရိယာမဂ်ကို ပွားများမည့်သူ ဖြစ်ကြောင်း အကဲခတ်နိုင်သည်ဟု ဇာတကအဋ္ဌကထာ၌ ဖွင့်ဆိုထားပါသည်။

နှလုံးသွင်းကောင်းတော့ သောတာပန်ဖြစ်

သောတာပန်ဖြစ်ရန် အကြောင်းလေးမျိုးရှိ၏-

၁။ သူတော်ကောင်းကို ဆည်းကပ်ခြင်း၊

၂။ သူတော်ကောင်းတရား ကြားနာခြင်း၊

၃။ နှလုံးသွင်းကောင်းခြင်း၊

၄။ လောကုတ္တရာတရားကို ကျင့်သုံးခြင်း-

ဟူ၍ ဖြစ်၏။ ယင်းလေးမျိုးအနက် နှလုံးသွင်းကောင်းမှုနှင့် လောကုတ္တရာတရားကိုးပါးကို ကျင့်သုံးမှုတို့သည် အလွန်အရေးကြီးသော အကြောင်းများ ဖြစ်သည်၊ လောကုတ္တရာတရားမြတ်ကို နှလုံးသွင်းကောင်းစွာဖြင့် အားထုတ်သူတို့မှာ သောတာပန် ဖြစ်သွားကြသော သာဓကများစွာပင် တွေ့ရ၏၊ ယင်းတို့အနက် အချို့ကို ထုတ်ပြပါမည်။

ငါးမျှားသမား အရိယ

တခါသောအခါ ဘုရားရှင်သည် သာဝတ္ထိမြို့၏ မြောက်တံခါးအနီးရွာတရွာ၌ ဆွမ်းခံပြီး ရဟန်းသံဃာများနှင့်အတူ ပြန်ကြွလာတော်မူ၏။ ထိုအခါ ငါးမျှားနေသော အရိယအမည်ရှိသည့် လူတယောက် သံဃာတော်များနှင့် ဘုရားရှင်ကို မြင်၍ ငါးမျှားတံကို ချထားပြီး ရပ်လျက်နေ၏။ ထိုပုဂ္ဂိုလ်၏ အကျွတ်တရား ရနိုင်ပုံအကြောင်း ဥပနိဿယကို ဘုရားရှင် ကြိုတင်သိမြင်တော်မူခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်-

၁။ ဇာတက၊ ဋ္ဌ၊ ၄၊ ၉၇။

စာမျက်နှာ-432
“အသင် အဘယ်မည်ရှိသနည်း”

ဟု မေးတော်မူရာ ထိုသူက—

“အရိယအမည် ရှိပါသည်ဘုရား”

ဟု လျှောက်ထားသောအခါ ဘုရားရှင်က-

သင်ကဲ့သို့ ညှဉ်းဆဲသတ်ဖြတ်သောသူသည် အရိယ မမည်၊ အရိယဟူသည်မှာ မညှဉ်းဆဲတတ်’ ဟူ၍ မိန့်တော်မူပြီး အောက်ပါ ဂါထာကို ဟောတော်မူ၏။

အကြင် ဒေါသစသော အကြောင်းကြောင့် သတ္တဝါကို ညှဉ်းဆဲသတ်ဖြတ်၏၊ ထိုဒေါသစသော အကြောင်းကြောင့် သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်သူကို ‘အရိယ’ ဟူ၍ မခေါ်ဆိုရ၊ ခပ်သိမ်းသော သတ္တဝါတို့ကို ညှဉ်းဆဲခြင်းမရှိသောသူကိုသာ ‘အရိယ’ ဟူ၍ ခေါ်ဆိုအပ်၏’

ဟူ၍ ဟောတော်မူသည်။ အရိယသည် ဘုရားရှင်၏ ဒေသနာတော်ကို ကောင်းစွာ နှလုံးသွင်းဆင်ခြင်၍ ကြားနာ၏၊ ဒေသနာတော်အဆုံး၌ ငါးမျှားသမား အရိယသည် သောတာပန် ဖြစ်သွားလေသည်။

ဤ၌ အရိယခေါ် ငါးမျှားသမားသည် ရှေးအဖို့က သီလမစင်ကြယ်ပဲ တရားနာ၍ အားထုတ်စဉ်မှာ နည်းလမ်းကျကျ အားထုတ်မှု နှလုံးသွင်းမှု ယောနိသောမနသိကာရကြောင့် သောတာပန် ဖြစ်သွားရပုံမှာ အတုယူဖွယ် မှတ်သားဖွယ်တရပ် ဖြစ်လေသည်။

မလ္လိကာမိဖုရားကြီးနှင့် နှလုံးသွင်း

ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပသေနဒီကောသလမင်းကြီးသည် အတုမရှိသော အသဒိသအလှူကြီးကို ပေးလှူခဲ့လေသည်။

၁။ ဓမ္မပဒဋ္ဌ၊ ၂၊ ၂၅ဝ။

စာမျက်နှာ-433
အသဒိသအလှူကြီး၌ တနေ့တည်း စွန့်ကြဲပေးကမ်း လှူဒါန်းသော ဥစ္စာတို့မှာ တဆယ့်လေးကုဋေ ထိုက်တန်ကုန်၏။ ဘုရားရှင်အား လှူဒါန်းသောထီးဖြူ ထိုင်တော်မူရာပလ္လင် သပိတ်ခြေ ခြေဆေးအင်းပျဉ် ဤလေးမျိုးတို့မှာလည်း အဖိုးမဖြတ်နိုင်အောင် ထိုက်တန်ကုန်၏။ ဤကဲ့သို့ သူတထူး၏အလှူနှင့်မတူ ထူးခြားလှသည့် အသဒိသအလှူခေါ် အလှူထူးကြီးကို မိဖုရားကြီး မလ္လိကာနှင့်အတူ ပေးလှူခဲ့လေသည်။

တနေ့သောအခါ၌မူ မလ္လိကာမိဖုရားကြီးသည် ရေချိုးခန်းသို့ ဝင်၍ မျက်နှာသစ်ပြီး ခြေသလုံးကိုရေဆေးရန် ကိုယ်ကိုညွှတ်ကိုင်း၏၊ ထိုစဉ် နောက်မှပါလာသည့် မိဖုရားကြီး၏ခွေးသည် မိဖုရားကြီးကိုယ်ကို ညွှတ်ကိုင်းစဉ် မေထုန်မှုကို ပြုကျင့်လေသည်။ မိဖုရားကြီးသည်လည်း အတွေ့ကို သာယာမိကာ ငြိမ်သက်လျက်နေမိလေ၏။ ယင်းဖောက်ပြန်သည့် အမူအရာကို ပြာသာဒ်ထက် လေသာပြတင်းမှ ကောသလမင်းကြီးက အမှတ်မထင် မြင်လိုက်ရလေသည်။ မိဖုရားကြီးလာသောအခါ-

“ဟယ်... အယုတ်တမာမ- ပျက်စီးလေတော့လော့၊ အဘယ့်ကြောင့် ဤအမှုကို သင်ပြုဘိသနည်း”

ဟုဆိုလေ၏။ ထိုအခါ မိဖုရားကြီးက–

“အရှင်မင်းကြီး အကျွန်ုပ် အဘယ်အမှုကို ပြုမိပါသနည်း”

ဟု မေးမြန်းလေ၏။ ဘုရင်ကြီးက-

“သင်သည် ခွေးနှင့် မေထုန်မှုကို မဖွယ်မရာ ပြုဘိ၏”

ဟု ဆိုလေ၏။ ထိုအခါ မိဖုရားကြီးက–

“အရှင်မင်းကြီး ဤအမှုကို ကျွန်ုပ်မပြုရပါ”

ဟု ဆို၏။ ထိုအခါ ဘုရင်ကြီးက-

“ငါကိုယ်တိုင် မြင်တွေ့၏၊ သင့်စကားကိုငါမယုံ၊ ဟယ်အယုတ်တမာ- ပျက်စီးလေတော့”

ဟု ဆိုလေ၏၊ ထိုအခါ မိဖုရားကြီးက-

စာမျက်နှာ-434
“မြတ်သောမင်းကြီး- ရေချိုးအိမ်သို့ မည်သူဝင်ဝင် လေသာပြတင်းမှကြည့်ရှုလျှင် တယောက်တည်းကိုပင် နှစ်ယောက်ထင်မြင်တတ်၏”

ဟု မဟုတ်မမှန် လိမ်ပြောလေ၏။ ထို့နောက်-

အရှင်မင်းကြီးမယုံလျှင် ဤရေချိုးခန်းသို့ ဝင်တော်မူပါ၊ အကျွန်ုပ်သည် လေသာပြတင်းမှ ကြည့်ပါအံ့

ဟု ဆိုလေ၏။ ထိုသို့ပြောလေလျှင် မင်းကြီးသည်ယုံကြည်ပြီး ရေချိုးခန်းသို့ ဝင်လေ၏။ မိဖုရားကြီးသည် လေသာပြတင်းမှ ရပ်ကြည့်ကာ-

“မိုက်တွင်းနက်လှသောမင်းကြီး- အဘယ့်ကြောင့် ဆိတ်မနှင့် မှီဝဲဘိသနည်း”

ဟု ဆိုလေ၏။ ထိုအခါ မင်းကြီးက’

“မိဖုရား ငါမည်သည့်အမှုကိုမျှ မပြုပါ”

ဟု ဆိုသော် မိဖုရားကြီးက-

“အကျွန်ုပ်ကိုယ်တိုင် မြင်ရပါသည်၊ သင်မင်းကြီးစကားကို မယုံနိုင်ပါ”

ဟု ဆို၏။ ထိုအခါ မင်းကြီးသည် မိဖုရားကြီးစကားကို ယုံကြည်လေတော့၏။

မလ္လိကာမိဖုရားကြီးသည် “ဤမင်းကြီးကား ငါ၏မုသားစကားကို ယုံကြည်လေပြီ၊ ငါ့လှည့်စားသည်ကို ခံရရှာ၏၊ ငါသည်မကောင်းမှုကို ပြုမိလေပြီ၊ ဘုရင်မင်းမြတ်ကြီးကိုလည်း မဟုတ်မမှန် စွပ်စွဲမိချေပြီ၊ ငါ၏အမှုကို ဘုရားသခင်သိတော်မူပေအံ့၊ အဂ္ဂသာဝကနှစ်ပါးနှင့် ရှစ်ကျိပ်သော အသီတိ မဟာသာဝကတို့လည်း သိတော်မူကြကုန်အံ့၊ ငါသည် အလွန်လေးဂန်သော အမှုကိုပြုမိ၏” ဟု နောင်တတဖန် ပူပန်မိလေ၏။

စာမျက်နှာ-435
မိဖုရားကြီးသည် အရွယ်ကြီးရင့် သေဆုံးခါနီးသောအခါ ရှေးအခါက လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုများကို မအောက်မေ့ နှလုံးမသွင်းမိပဲ ဆိုခဲ့သည့် မိမိ၏ မကောင်းသဖြင့် ပြုမူချက်ကိုသာ အောက်မေ့ နှလုံးသွင်းမိပြီး ကွယ်လွန်လေ၏။ ထို့ကြောင့် မလ္လိကာမိဖုရားကြီးသည် ရှေးဦးစွာ ငရဲ၌ ခုနစ်ရက်ခံရပြီးမှ အတိတ်က ကောသလမင်းကြီးနှင့် အတူ လှူဒါန်းခဲ့သည့် အသဒိသအလှူ ဒါနများကို ပြန်လည်အောက်မေ့ နှလုံးသွင်းမိကာ တုသိတာနတ်ပြည်၌ ဖြစ်ရလေသည်။

ယောနိသောနှင့် ကောင်းရာသုဂတိ

ဆိုခဲ့သည့် ဝတ္ထုသာဓကများအနက် အရိယမည်သော ငါးမျှားသမားတဦးနှင့် ခါးပိုက်နှိုက်တို့မှာ ရှေးအခါက နှလုံးသွင်း မှားယွင်းစွာဖြင့် အကုသိုလ်မှုကိုပြုကြသူများဖြစ်သော်လည်း ဘုရားတရားတော်ကို ကောင်းစွာနှလုံးသွင်း၍ ကြားနာရာမှ သောတာပန်အဆင့်အထိ ဖြစ်သွားကြပုံကို တွေ့ရ၏။ မလ္လိကာမိဖုရားကြီးကား ရှေးအခါက အသဒိသအလှူကြီးကို ကောသလမင်းကြီးနှင့်အတူ ပေးလှူခဲ့၏၊ သို့ရာတွင် သေခါနီးဝယ် ထိုအလှူဒါနများကို နှလုံးမသွင်းမိပဲ မိမိခွေးနှင့်မှားမိ၍ လိမ်လည်မိခဲ့သည်ကို နှလုံးသွင်းမိသဖြင့် လောလောဆယ် ငရဲ၌ (၇)ရက် ခံလိုက်ရ၏။ ထို့နောက်မှ အလှူဒါနကို ပြန်လည်နှလုံးသွင်းနိုင်သဖြင့် ငရဲမှလွတ်ကာ နတ်ရွာသို့ ရောက်ရလေ၏။

သေခါနီးရှင်ပြု

သတ္တဝါတို့ သေခါနီးဝယ် နှလုံးသွင်း မနသိကာရ မည်မျှအရေးကြီးကြောင်း ထင်ရှား၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် သေခါနီးဝယ် နှလုံးသွင်းကောင်းအောင် ပရိတ်တရားနာစေခြင်း၊ သားငယ်မြေးငယ်များ ရှင်ပြုပေးခြင်း၊ ပန်းရေချမ်းများဖြင့်လည်းကောင်း၊ သာယာသော ကြေးစည်သံများ တီးခတ်၍လည်းကောင်း ပြုပြင်ပေးကြသည်။

၁။ ဓမ္မပဒဋ္ဌကထာ၊ ၂၊ ၇၅။

စာမျက်နှာ-436
အကယ်၍ နှလုံးသွင်းမှားယွင်းမိကာ ပြိတ္တာဘုံသို့ ဖြစ်သွားခဲ့သော် ဆွမ်းသွတ် အမျှအတန်းဝေခြင်းဖြင့် ပြုခဲ့ဖူးသည့် ရှင်ပြုကုသိုလ်များကို ပြန်လည်သတိရကာကောင်းစွာနှလုံးသွင်းမိပါလျှင်ထိုပြိတ္တာဘုံဘဝမှ လွတ်မြောက်၍ ကောင်းရာသုဂတိ ရောက်ရှိနိုင်လေသည်။

အမျိုးသမီးငါးရာနှင့် နှလုံးသွင်း

ဘုရားလက်ထက်တော်က သာဝတ္ထိပြည်မှ အမျိုးသမီးငါးရာတို့သည် ဘုရားကျောင်းတော်သို့သွားရောက်ဥပုသ်စောင့်ကြသည်။ ထိုအမျိုးသမီးတို့ကို ဝိသာခါ ဒါယိကာမကြီးက “အဘယ်အကျိုးငှါ ဥပုသ်စောင့်ကြပါသနည်း” ဟု မေးမြန်းလေသည်။ ထိုအခါ သက်ကြီးအဖွားအိုတို့က-

“နတ်တို့၏စည်းစိမ်အလို့ငှါ ဥပုသ်စောင့်ကြပါသည်”

ဟူ၍လည်းကောင်း၊ အရွယ်အလတ်စား အမျိုးသမီးတို့က-

“လင်တူမိန်းမတို့ဘေးမှ ကင်းဝေးအောင် ဥပုသ်စောင့်ကြပါသည်”

ဟူ၍လည်းကောင်း၊ အရွယ်နုသူ အမျိုးသမီးတို့က-

“သားဦးယောကျ်ားဖွားရန်အလို့ငှါ ဥပုသ်စောင့်ကြပါသည်”

ဟူ၍လည်းကောင်း၊ အပျိုစင်အမျိုးသမီးတို့က-

“မြန်မြန်ခိုးရာလိုက်လိုပါသဖြင့် ဥပုသ်စောင့်ကြပါသည်” ဟူ၍လည်းကောင်း အမျိုးမျိုးဖြေဆိုကြလေသည်။

ထိုအခါ ဝိသာခါ ဒါယိကာမကြီးက ထိုအမျိုးသမီးတို့ကို ဘုရားထံ ခေါ်သွားကာ ဥပုသ်စောင့်ရာ၌ ရည်ရွယ်ချက် မတူကြပုံ အကြောင်းစုံကို လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က—

“ဝိသာခါ- ဤသတ္တဝါတို့၏ (ကိုယ်တွင်း၌) ဇာတိအစရှိကုန်သော တရားတို့မည်သည်ကား လှံတံဖြင့် လက်စွဲသော နွားကျောင်းသားနှင့်တူကုန်၏၊ ပဋိသန္ဓေနေခြင်းသည် အိုခြင်းထံသို့၊”

စာမျက်နှာ-437
အိုခြင်းသည်နာခြင်းထံသို့, နာခြင်းသည် သေခြင်းအထံသို့ ပို့လွှတ်ပြီးလျှင် ဓားမဖြင့် ဖြတ်ပိုင်းကြကုန်သကဲ့သို့ အသက်ကိုဖြတ်ပိုင်းကြ၏။ ဤသို့ပင် ဖြစ်သော်လည်း ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသောသူတို့မည်သည် မရှိကုန်။ သံသရာဝဋ်ကိုသာလျှင် တောင့်တကြကုန်၏”

ဟု မိန့်တော်မူလေသည်။

ဤ၌ အမျိုးသမီးငါးရာတို့၏ ရည်ရွယ်ချက်အသီးသီးကို လေ့လာကြည့်လျှင် တယောက်နှင့်တယောက် ရည်ရွယ်ချက်ခြင်းမတူကြသည်ကို တွေ့ရပါမည်။ ဤကဲ့သို့ ရည်ရွယ်ချက်ခြင်း မတူကြသောကြောင့်သာဖြစ်ပါသည်။

အဖွားအိုတို့ ရည်ရွယ်ချက်ကိုထောက်၍ နှလုံးသွင်းပုံကို ခန့်မှန်းရလျှင်-

ငါတို့အသက်ကြီးပြီ၊ သေဖို့ရာ မဝေးတော့၊ ... မသေမီဥပုသ်စောင့်ပြီး နတ်ချမ်းသာကို ဆုတောင်းမည်-

ဟူ၍ နှလုံးသွင်းရှိပုံကို ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ဖွားတို့က “နတ်တို့စည်းစိမ်အလို့ငှါ စောင့်ကြသည်” ဟု ဖြေဆိုခြင်း ဖြစ်ကုန်ပါသည်။

အရွယ်အလတ်စား အမျိုးသမီးတို့ ရည်ရွယ်ချက်ကိုထောက်၍ နှလုံးသွင်းပုံကို ခန့်မှန်းရလျှင်-

မယားကြီး မယားငယ်ဖြစ်ရသည့် ဘဝမျိုးသည် အလွန်ဆင်းရဲလှပါသည်၊ မကောင်းပါ၊ ဥပုသ်စောင့်မှု ကုသိုလ်ပြုလုပ်လျှင် ထိုအဖြစ်ဆိုးဘေးမှ ကင်းဝေးနိုင်သည်-

ဟူ၍ နှလုံးသွင်းပုံရပါသည်။ ထို့ကြောင့် ၎င်းတို့က “လင်တူမိန်းမတို့ ဘေးမှကင်းဝေးအောင် စောင့်ကြပါသည်” ဟု အဖြေပေးခြင်းဖြစ်ပါသည်။

၁။ ဓမ္မပဒဝတ္ထု၊ တ၊ ၆၈။

စာမျက်နှာ-438
အရွယ်နုသူ အမျိုးသမီးတို့ရည်ရွယ်ချက်ကိုထောက်၍ နှလုံးသွင်းပုံကို ခန့်မှန်းရလျှင်–

အိမ်ထောင်ကျလျှင် သမီးမိန်းကလေး ဦးစွာရခြင်းထက် သားယောက်ျားလေး ဦးစွာရခြင်းက မြတ်သည်၊ ဥပုသ်စောင့်ခြင်းကုသိုလ်လုပ်လျှင် သားဦးဖွားရလိမ့်မည်--

ဟူ၍ နှလုံးသွင်းရှိပုံကို ခန့်မှန်းနိုင်သည်၊ ထို့ကြောင့်ပင် ၎င်းတို့က “သားဦးယောကျ်ားဖွားရန်အလို့ငှါ စောင့်ပါသည်” ဟု အဖြေပေးခြင်းဖြစ်ပါသည်။

အပျိုစင်အမျိုးသမီးတို့ ရည်ရွယ်ချက်ကိုထောက်၍ ၎င်းတို့နှလုံးသွင်းကို ခန့်မှန်းရလျှင်-

အရွယ်ကြီးမှ အိမ်ထောင်ကျခြင်းထက် နုပျိုစဉ် အိမ်ထောင်ကျခြင်းက ပိုကောင်းမည်၊ ဥပုသ်စောင့်မှုကုသိုလ်ပြုလုပ်လျှင် နုပျိုစဉ် ယောက်ျားနောက် အမြန်လိုက်ရလိမ့်မည် –

ဟူ၍ နှလုံးသွင်းပုံရပါသည်။ ထို့ကြောင့်ပင် ၎င်းတို့က “မြန်မြန်ခိုးရာလိုက်လိုပါသဖြင့် ဥပုသ်စောင့်ကြပါသည်' ဟု ဖြေဆိုခြင်း ဖြစ်နိုင်လေသည်။

ဤဝတ္ထုအရ သတ္တဝါတို့သည် မိမိတို့ဘဝအခြေအနေအရ အလိုဆန္ဒ အဇ္ဈာသယအလိုက် နှလုံးသွင်းပုံချင်း မတူကြပုံ၊ နှလုံးသွင်းအမျိုးမျိုးရှိကြပုံကို သိနိုင်ပေသည်။

နှလုံးသွင်းမကောင်းမှုကြောင့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ

ယောနိသော အယောနိသော နှလုံးသွင်းမှုနှင့်စပ်၍ ဓမ္မပဒလာ ကြေကွဲဖွယ် ဖြစ်ရပ်များမှာ မှတ်သားဖွယ် ကောင်းလှပါသည်။

၁။ ဓမ္မပဒအဋ္ဌကထာ၊ ၁၊ ၂၉။

စာမျက်နှာ-439
သဗ္ဗညု ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မိန်းမမြုံတစ်ဦးကို အကြောင်းပြု၍ ကြေကွဲဖွယ် ဖြစ်ရပ်များကို ဟောကြားတော်မူခြင်းဖြစ်သည်။

ဖခင်သေဆုံးသွားပြီးနောက် တစ်ဦးတည်းသောသားငယ်က မိခင်အား ကောင်းမွန်စွာ လုပ်ကျွေး၏။ မိခင်သည် ချစ်စွာသော သားအား မိမိ အလိုကျဖြစ်အောင် အိမ်ထောင်ချပေးလိုသဖြင့် သားအား အသိပေး တိုင်ပင်၏။ သားဖြစ်သူက “အမိကိုသာ လုပ်ကျွေးနေပါရစေ” အကြိမ်ကြိမ် ငြင်းပယ်ပြောဆို၏။ နောက်ဆုံး မိခင်ကို ပြောမရသဖြင့် မိမိကြိုက်နှစ်သက်သည့် အမျိုးသမီးတစ်ဦးကို မိခင်အားပြောပြကာ အိမ်ထောင်ပြုလိုက်လေသည်။ ထိုအိမ်ထောင်ရှင် အမျိုးသမီးမှာ သားသမီး မထွန်းကားဘဲ မိန်းမမြုံဖြစ်နေ၏။

ထို့ကြောင့် မိခင်က သားဖြစ်သူအား မိဘမျိုးရိုး စဉ်ဆက်အလို့ငှာ အခြား အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုရန်ပြော၏။ ထိုအကြောင်းစုံကို မိန်းမမြုံအမျိုးသမီး သိသွားသောအခါ ဤသို့ နှလုံးသွင်းမိလေ၏။

“သားသမီးတို့မည်သည် မိဘစကားကို မလွန်ဆန်နိုင်၊ ထို့ကြောင့် နောက်မိန်းမတစ်ယောက် ယူမည်မှာ ဧကန်ဖြစ်သည်၊ ယင်းသို့ဆိုလျှင် ငါ့ကို ကျွန်မသဖွယ် ထားရှိပေလိမ့်မည်၊ အခြားအမျိုးသမီးတစ်ဦးကို ငါကိုယ်တိုင် ရှာဖွေပေးမှ သင့်တော်ပေမည်” ဟူ၍ နှလုံးသွင်း ကြံစည်မိလေသည်။ ထိုနှလုံးသွင်း စိတ်ကူးအတိုင်းပင် အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေခေါ်ယူ ပေးစားလေသည်။

ထိုနောက် မယားကြီး မိန်းမမြုံသည် ဤသို့ နှလုံးသွင်းမိလေသည်။

“အကယ်၍ မယားငယ်မှာ သားသမီး ဖြစ်ထွန်းခဲ့လျှင် သူသာလျှင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်သူ ဖြစ်ပေလိမ့်မည်၊ ထို့ကြောင့် သူ့ကို ဖြစ်နိုင်သည့်နည်းဖြင့် သားသမီး မရအောင် ပြုလုပ်မှသင့်မည်” ဟု မသင့်မတင့် နှလုံးသွင်းကာ အကျွမ်းတဝင် ပြုလုပ်လျက် ကိုယ်ဝန်ကျဆေးကို မသိအောင် အစာအာဟာရများနှင့် ရော၍တိုက်ပြီး ကိုယ်ဝန်ပျက်အောင် ဖျက်ဆီးလေသည်။

စာမျက်နှာ-440

သေခါနီးဝယ်

မယားကြီး မိန်းမမြုံသည် ဤနည်းဖြင့် မယားငယ်အား ကိုယ်ဝန်ပျက်အောင် ပြုလုပ်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ ထိုအခါ အိမ်နီးချင်းတို့က သိရှိပြီး “မယားကြီးကို အသိပေးပြောကြားခြင်း မပြုရန်” တိုက်တွန်းကြ၏။ ထိုကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်တည်သောအခါ အသိမပေးတော့ဘဲ နေခဲ့လေသည်။ မယားကြီး မိန်းမမြုံသည် ကိုယ်ဝန်မရှိသေးဟု မှတ်ထင်ကာ စောင့်မျှော်နေရာမှ မယားငယ်ကိုယ်ဝန် အရင့်ရောက်ချိန်ကျမှ သိသဖြင့် ကိုယ်ဝန်ကျဆေး ကျွေးသော်လည်း ပျက်မကျဘဲ ကန့်လန့်ဖြစ်ကာ မယားငယ်မှာ အနိစ္စရောက်သွားရရှာသည်။ ထူးခြားချက်မှာ သေခါနီးဝယ် ဤသို့ ဆုတောင်းမှုကို ပြုသွားလေသည်။

“ငါသည် ဤဘဝမှ စုတေမနေ သေလွန်ခဲ့သော် ဘီလူးမ ဖြစ်ရပြီး သင်နှင့် သားသမီးငယ်များကို စားရသည့်ကိုယ် ဖြစ်ရပါလို၏” ဟူ၍ဖြစ်သည်။ ဤဆုတောင်းမှုကို လေ့လာကြည့်လျှင် “သင့်ကို ငါ ကလဲ့စားချေမည်” ဆိုသည့် ထိုသူငယ်မ၏ မသင့်မတင့် နှလုံးသွင်းရှိပုံကို မှန်းဆနိုင်သည်။

ကြောင်နှင့်ကြက်

မယားငယ် ကွယ်လွန်သောအခါ ထိုအိမ်၌ ကြောင်မဖြစ်လေသည်။ ထိုနောက် မယားကြီး မိန်းမမြုံလည်း လင်ယောက်ျား လက်ချက်ဖြင့် သေဆုံးကာ ကြက်မဖြစ်လေ၏။ ကြောင်မသည် ကြက်မ၏ အဥတို့ကို စားသောက်ကလဲ့စားချေလေ၏။ ထိုအခါ ကြက်မက “ကြောင်မသည် ငါ၏ဥတို့ကို စားပြီးနောက် ငါ့ကိုစားချေတော့မည်” သိရှိကာ “ကလဲ့စားချေမည်” ဟူသော မသင့်လျော်သည့် နှလုံးသွင်းမှုကိုပြုကာ ဤသို့ ဆုတောင်းပြန်လေသည်။

စာမျက်နှာ-441
“ဤဘဝမှ စုတေမနေ သေလွန်သော် ထိုကြောင်မကို သားသမီးများနှင့်တကွ စားရသည့်ကိုယ် ဖြစ်ရပါလို၏” ဟူ၍ ဖြစ်သည်။

ကျားသစ်မ နှင့် သမင်မ

ထို့နောက် ကြက်မသည် ဘဝပြောင်းကာ ကျားသစ်မဖြစ်ပြီး ကြောင်မသည် သမင်မ ဖြစ်လေ၏။ သမင်မ သားဖွားသောအခါ ကျားသစ်မသည် သုံးကြိမ်တိုင်တိုင် ကိုက်စားလေရာ သမင်မလည်း ယခင်နည်းတူ “ကလဲ့စားချေမည်” ဟူသော မသင့်မတင့် နှလုံးသွင်းကာ ဆုပန်လေသည်။

“ဤဘဝမှ စုတေသော် ထိုကျားသစ်မကို သားငယ်များနှင့်တကွ စားရသည့်ကိုယ် ဖြစ်ရပါလို၏” ဟူ၍ ဖြစ်သည်။

ဘီလူး နှင့် လူ

ထို့နောက် သမင်ဘဝမှ စုတေသော် ဘီလူးမဖြစ်၏။ ကျားသစ်မကား သာဝတ္ထိပြည်ဝယ် တစ်ခုသောအမျိုး၌ အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ အရွယ်သို့ရောက်သောအခါ အနီးရွာတစ်ရွာသို့ သွားရောက် အိမ်ထောင်ကျလေသည်။ သားဖွားသောအခါ ဘီလူးမသည် ချစ်စွာသော သူငယ်ချင်းတစ်ဦးအသွင် ဆောင်ကာ “ငါ၏ သူငယ်ချင်းမ အဘယ်မှာရှိကြောင်း” မေးပြီး အိမ်ခန်းအတွင်း သားဖွားနေကြောင်း သိရသောအခါ မိန်းကလေး ယောက်ျားလေး ခွဲခြားသိလိုဟန်ဖြင့် ကလေးကိုဆွဲယူကိုက်စား သွားလေသည်။ ဤသို့ဖြင့် တတိယအကြိမ် သားဖွားချိန် ရောက်သောအခါ ယောက်ျားနှင့် တိုင်ပင်၍ အခြားတစ်အိမ်သို့ တိတ်တဆိတ်သွား၍ မီးဖွားလေသည်။

စာမျက်နှာ-442

ဘီလူးမ ရှာပုံတော်ထွက်

ထိုအချိန်တွင် ဘီလူးမသည် ဝေဿဝဏ်နတ်မင်းကြီးထံ ရေပို့ရသည့် အလှည့်ရောက်နေသဖြင့် သွားနေရ၏။ ရေပို့ပြီးသောအခါ အမြန်သွားရောက်ရှာဖွေရာ မတွေ့ရသဖြင့် မသင့်မတင့်နှလုံးသွင်းမှုကိုပြုကာ “မည်သို့ဖြစ်စေ ငါ့လက်တွင်းက သင်မလွတ်ကင်းနိုင်” ဟု ကြိမ်းဝါးလျက် မြို့တွင်းသို့ အပူတပြင်း လိုက်သွားလေသည်။

ဘုရားထံတော်သို့

ကလေးမိခင်သည်လည်း ဖွားမြင်ပြီးနောက် ရေချိုးအမည်ပေးကာ သားငယ်ကို ရင်ခွင်ပိုက်၍ လင်ယောက်ျားနှင့်အတူ ဘုရားကျောင်းဝင်း ဖြတ်သန်းသွားစဉ် လမ်းခုလတ်ဝယ် ဘီလူးမနှင့်ရင်ဆိုင်တိုးတော့ရာ ဟစ်အော်မြည်တမ်းပြီး ဘုရားရှင်ထံ အတင်းဝင်ပြေးရလေ၏။ ဘုရားခြေရင်း ဝပ်စင်းကာ သားငယ်ကိုချပြီး လျှောက်ထား၏။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားတို့အား ဤကလေးကိုလှူပါ၏၊ အရှင်မြတ်တို့သည် တပည့်တော်မ၏သားငယ်အတွက် အသက်ကယ်မတော်မူပါဘုရား” ဟူ၍ လျှောက်ထားလေသည်။

ဘီလူးမသောတာပန်တည်

ဘီလူးမသည် ကျောင်းတွင်းဝင်ရန် ကြိုးစားရာ တံခါးမုခ်၌စောင့်နေသော သုမနနတ်မင်းက ဝင်ခွင့်မပေးဘဲနေ၏။ ထိုအခါ ဘုရားမြတ်စွာသည် အရှင်အာနန္ဒာမထေရ်အား ဘီလူးမကိုခေါ်စေပြီး တရားဟောတော်မူသည်။

“အသင်တို့သည် အဘယ့်ကြောင့် ဤသို့ပြုဘိသနည်း။ ငါဘုရားရှင်၏ရှေ့မှောက် မရောက်လာအံ့၊ မြွေနှင့် မြွေပါတို့ကဲ့သို့လည်းကောင်း၊ ဝံနှင့် ခြုံပင်စောင့်နတ်ကဲ့သို့လည်းကောင်း၊ ကျီးနှင့်...”

စာမျက်နှာ-443
“...ခင်ပုပ်ငှက်ကဲ့သို့ လည်းကောင်း ကမ္ဘာမဆုံးမချင်း ရန်ငြိုးပွားခြင်းတို့သည် ဖြစ်ကုန်ရာ၏။ အဘယ့်ကြောင့် ရန်တုံ့မူခြင်း ပြုကြဘိသနည်း။ တစ်ဦးနှင့်တစ်ဦး ရန်တုံ့မမူမှသာလျှင် ငြိမ်းချမ်းရေးကို ရနိုင်၏။ ရန်တုံ့မူနေသဖြင့် ဘယ်သောအခါမှ ရန်လက်စမသိမ်းဘဲ ငြိမ်းချမ်းရေးကိုရနိုင်မည်မဟုတ်” ဟူ၍ ဟောတော်မူသည်။ ဘီလူးမသည် တရားတော်ကို ကောင်းစွာနှလုံးသွင်းလျက် နာကြား၏။

တရားတော်၏အဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ ထို့နောက် ဘုရားရှင်သည် ကလေးမိခင်အား သားငယ်ကို ဘီလူးမအား ပေးစေ၏။ ဘီလူးမသည် သူငယ်ကိုဖက်ယမ်းနမ်းရှုံ့ပြီး ပြန်ပေးကာ ဆာလောင်မွတ်သိပ်သဖြင့် ငိုမြည်တမ်း၍ နေ၏။ ဘုရားရှင်သည် ကလေးမိခင်အား ဘီလူးမကို အိမ်ခေါ်သွားစေပြီး နေရာပေးစေကာ ယာဂုစသည်တို့ဖြင့် လုပ်ကျွေးစေ၏။

ဘီလူးမ ကျေးဇူးဆပ်ခြင်း

ကလေးမိခင်သည် ဘီလူးမကို မိမိအိမ်ခေါင်လျောက်၏ အထက်၌ နေရာပေးပြီး ယာဂုဦး ထမင်းဦးတို့ဖြင့် ပြုစုကျွေးမွေး၏။ ထို့နောက် ဘီလူးမသည် အခြားသူတို့ စပါးထောင်းသောအခါ ကျည်ပွေ့ဖြင့် ဦးထိပ်ကို ပုတ်ခတ်သကဲ့သို့ ခံစားရ၏။ ထို့ကြောင့် ဘီလူးမအား ရွာ၏အပ သင့်တော်ဆိတ်ငြိမ်သော တစ်နေရာ၌ထားကာ ပြုစုကျွေးမွေးကြ၏။ ထိုအခါ ဘီလူးမသည် “ငါ့အား ကျေးဇူးအထူးများပေသည် ကျေးဇူးတုံ့ပြန်အံ့” ဟု ကောင်းစွာနှလုံးသွင်းကာ—

“ဤနှစ်၌ ကောင်းစွာ မိုးရွာသွန်းအံ့၊ ကြည်းကုန်းအရပ်၌ ကောက်စပါးစိုက်သင့်၏။ ဤနှစ်၌ မိုးကောင်းစွာမရွာ၊ ချိုင့်ဝှမ်းရာ မြေနိမ့်ရာတို့၌ ကောက်စပါးစိုက်သင့်၏” ဟု ကျေးဇူးတုံ့ပြန်ပြောဆို၏။ ထိုအခါမှစ၍ မြို့ရွာနေ လူအပေါင်းသည်...

စာမျက်နှာ-444
ဘီလူးမအား ပူဇော်သက္ကာရကိုပြုကြသည်မှာ ယခုတိုင်ပင် အချို့အရပ်များ၌ ပြုလုပ်လျက်ရှိကြလေသည်။

နှလုံးသွင်းမှု သတိပြု ဆင်ခြင်

ဤဝတ္ထု၌ မိန်းမမြုံ သားသမီးမရခြင်းက အစပြုကာ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် နိမ့်ချီတစ်ခါ မြင့်ချီတစ်လှည့်၊ ဘတစ်ပြန် ကျားတစ်ပြန်သဘော နှလုံးသွင်းကြသည်နှင့်အမျှ ဆိုးရွားလှသည့် ကြေကွဲဖွယ် ဖြစ်ရပ်ဆန်းတို့ကို နမူနာယူကာ နှလုံးသွင်းမည်မျှ အရေးကြီးလှကြောင်း သတိပြုကြရန်ဖြစ်ပါသည်။

အယောနိသောနှင့် မြွေပြိတ္တာ

ကဿပဘုရားရှင်လက်ထက်တော်အခါက သုမင်္ဂလခေါ် သူဌေးကြီးတစ်ဦးသည် ဘုရားရှင်အား ဂန္ဓကုဋီကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်း၏။ ကျောင်းကြီးမှာ ရွှေအုတ်တို့ဖြင့် မြေကိုခင်း၍ ဥသဘနှစ်ဆယ် ပမာဏရှိသော အရပ်ဝယ် ထိုမျှလောက် ဥသဘနှစ်ဆယ်ပမာဏ ရှိသော ဥစ္စာတို့ဖြင့် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းပူဇော်ပွဲကြီးကိုလည်း ပြုလုပ်စေပါသည်။

တစ်နေ့သောအခါ၌မူ သုမင်္ဂလသူဌေးကြီးသည် နံနက်စောစောကပင် ကဿပမြတ်စွာဘုရားထံတော်သို့ သွားရာ မြို့တော်တံခါးအနီး ဇရပ်တစ်ဆောင်ငယ်၌ ဖန်ရည်စွန်းသော အဝတ်ကိုခေါင်းမြီးခြုံလျက် ခြေထောက်များ၌မူ ရွှံ့ညွန်အလိမ်းလိမ်း ပေကျံနေကာ အိပ်နေသောသူခိုးတစ်ယောက်ကိုတွေ့ရလေ၏။ ထိုအခါ သူဌေးကြီးက—

“ဤသူကား ရွှံ့ညွန်များပေကျံလျက်ရှိ၏။ ညဉ့်နက်သန်းခေါင် သွားလာလှုပ်ရှားကာ အိပ်သောသူ ဖြစ်ပေအံ့” ဟု ဆိုလိုက်မိလေ၏။ အိပ်နေသော သူခိုးသည် မျက်နှာကို ဖွင့်ကြည့်ကာ သူဌေးကြီးကိုမြင်လေလျှင်—

စာမျက်နှာ-445
“ရှိစေတော့ သင့်အား ပြုအပ်သောအမှုကိစ္စကို သိပေအံ့” ဟု ရန်ငြိုးဖွဲ့ကာ သူဌေးကြီး၏လယ်ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း ခုနစ်ကြိမ်စီတိုင်တိုင် မီးတိုက်ဖျက်ဆီး၏။ နွားခြံမှနွားတို့၏ ခြေတို့ကိုလည်း ထို့အတူ ခုနစ်ကြိမ်တိုင်တိုင်ပင် ခုတ်ဖြတ်၏။ ထိုမျှဖြင့် မကျေနပ်သေး။ သူဌေးကြီးအနှစ်သက်ဆုံး အမြတ်နိုးဆုံးသောအရာမှာ ဂန္ဓကုဋီကျောင်းတော်ကြီးပင် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ထိုကျောင်းတော်ကြီးကိုလည်း မီးတိုက်ဖျက်ဆီးလေ၏။ ဘုရားရှင်ကြွလာသည့်အခါ ဘုဉ်းပေးရန် အသင့်ပြုလုပ်ထားသော သောက်ရေ သုံးဆောင်ရေတို့ကိုလည်း ဖျက်ဆီးလေ၏။

သူဌေးကြီးလက်ခမောင်းခတ်ခြင်း

သူဌေးကြီးသည် ၎င်းလှူဒါန်းသည့် ဂန္ဓကုဋီကျောင်းတော်ကြီး မီးလောင်သည်ဟုသိရသောအခါ သွားရောက်ကြည့်ရှုပြီး ဆံချည်တစ်ပင်ဖျားမျှလည်း နှလုံးမသာမယာမဖြစ်မူ၍ လက်ဝဲလက်ရုံးကိုခွေပြီး လက်ယာလက်ဖြင့် ပြင်းထန်စွာ လက်ခမောင်းခတ်လေ၏။

သူဌေးကြီးနှလုံးသွင်းကောင်းပုံ

ထိုအခါသူဌေးကြီးကို ကြားသိသူလူအများက မေးမြန်းကြ၏။ “သူဌေးမင်း ဤမျှလောက်သော ဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ် လှူဒါန်းအပ်သော ဂန္ဓကုဋီ ကျောင်းတော်ကြီး မီးလောင်နေပါလျက် အဘယ့်ကြောင့် လက်ခမောင်းခတ်ပါသနည်း” ဟု မေးမြန်းကြ၏။ ထိုအခါသူဌေးကြီးက—

“အမောင်တို့၊ ငါသည် ဤမျှသော ကောင်းမှုကံကိုပြု၍ မီးအစရှိသည်တို့နှင့် မဆက်ဆံသော ဘုရားရှင်၏ သာသနာတော်၌ ဥစ္စာကို မြှုပ်နှံသိုမှီး သိမ်းဆည်းရအပ်ပေပြီ၊ တစ်ဖန် ဤမျှလောက်...”

စာမျက်နှာ-446
“...သော ဥစ္စာကိုစွန့်၍ ဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းရပေအံ့” ဟု နှလုံးသွင်းကာ နှစ်သက် ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍ လက်ခမောင်းခတ်ခြင်း ဖြစ်ပေသည် အမောင်တို့ ဟု ပြောဆိုလေ၏။ ထို့နောက် သူဌေးကြီးသည် နောက်တစ်ဖန်ထိုမျှ ပမာဏ ရှိသော ဥစ္စာကိုစွန့်ကာ ဂန္ဓကုဋီကျောင်းတော်ကြီးကို ဆောက်လုပ်ပြီး ရဟန်းနှစ်သောင်း အခြံအရံရှိသော ကဿပဘုရားရှင်အား လှူဒါန်းပြန်လေ၏။

ရန်သူအား ရှေးဦးစွာ အမျှဝေခြင်း

သူဌေးကြီး ထိုသို့ပြုလုပ်ပုံကို တွေ့မြင်ရသောအခါ ခိုးသူသည် ဤသို့ ကြံစည်လေ၏။

“ငါကား သူဌေးကြီးကို မသတ်မူ၍ မျက်နှာပျက်အောင်ပြုခြင်းငှာ မတတ်နိုင်သေးပါတကား၊ ရှိစေတော့၊ ထိုသူဌေးကြီးကို သတ်တော့အံ့” ဟု ကြံစည်လျက် ခါးဝတ်ပုဆိုးကြား၌ ဓားငယ်ကိုဝှက်ကာ ၇ ရက်ပတ်လုံး ကျောင်းတော်၌ သွားလာလှည့်လည် ချောင်းမြောင်း၏။ သို့သော် အခွင့်မရဘဲ ရှိလေ၏။ သူဌေးကြီးသည် ၇-ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်း၍ ရှိခိုးလျက်—

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ လူတစ်ယောက်သည် တပည့်တော်၏လယ်ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း၊ ၇-ကြိမ်စီတိုင်တိုင် မီးတိုက်ဖျက်ဆီးပါသည်၊ ၇-ကြိမ်တိုင်တိုင်ပင် နွားခြံမှနွားတို့၏ ခြေထောက်တို့ကိုခုတ်ဖြတ်ပါသည်၊ ယခုအခါ ဂန္ဓကုဋီကျောင်းတော်ကိုလည်း ထိုလူပင် မီးတိုက်ဖျက်ဆီးပါလိမ့်မည်။ တပည့်တော်သည် ဤအလှူ၌ ရှေးဦးစွာသော ကုသိုလ်အဖို့ကို ထိုလူအား အမျှပေးဝေပါ၏ဘုရား” ဟု လျှောက်ထားလေ၏။

စာမျက်နှာ-447

သူခိုးက တောင်းပန်ပုံ

သူခိုးသည် သူဌေးကြီးလျှောက်ထားသောစကားကို ကြားရသောအခါ ဤသို့ နှလုံးသွင်းဆင်ခြင်မိလေ၏။

“ငါသည် ဝန်လေးသောအမှုကို ပြုမိလေသည်၊ သူဌေးကြီးကား အနည်းငယ်မျှပင် အမျက်ထွက်ခြင်းမရှိ၊ အလှူ၏ကုသိုလ်အဖို့ကိုလည်း ငါ့အားသာလျှင် ဦးစွာပေးဝေ၏၊ ငါသည် သူဌေးကြီးအပေါ်၌ များစွာပြစ်မှားမိ၏။ သူတော်ကောင်းကို ပြစ်မှားသော ငါ၏ထိပ်၌ နတ်တို့လက်နက်မိုးကြိုးစက်သည် ကျပေရာ၏” ဟု ကြံ၍ သူဌေးကြီးခြေရင်းဝယ် ဝပ်စင်းလျက်—

“အရှင်သူဌေးမင်း... ကျွန်တော့်အား သည်းခံတော်မူပါ” ဟု တောင်းပန်ကာ အကြောင်းစုံကို ပြန်လည်ပြောဆိုလေ၏။ သူဌေးကြီးကလည်း ထိုပြစ်မှားမှုများအတွက် သည်းခံခွင့်လွှတ်ကြောင်း ပြောဆို၏။

သူခိုးသည် ထိုပြစ်မှုများကို ပြုမိသောကြောင့် အဝီစိငရဲ၌ ကြာမြင့်စွာ ခံစားရပြီး နောက်ဆုံး၌မူ အကျိုးဆက်အားဖြင့် အလျား ၂၂-ယူဇနာရှိသော စပါးကြီးမြွေပြိတ္တာကြီးဖြစ်လေသည်။ ထိုပြိတ္တာကြီး၏ ဦးခေါင်းမှ မီးလျှံသည် အဆုံးအမြီးဖျားတိုင်အောင်၊ အဆုံးအမြီးဖျားမှ မီးလျှံသည်လည်း ဦးခေါင်းတိုင်အောင်၊ ဦးခေါင်း မြီးဖျား ၂-ပါးသောအရပ်မှ မီးလျှံတို့သည် အလယ်၌ သက်ဝင်စုဝေးတည်နေလျက် တောက်လောင်၏ဟု ကျမ်းဂန်များ၌ ဖွင့်ဆိုလေသည်။

အမျှမဝေ ကုသိုလ်မရ

ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသည့်အခါ ဗိမ္ဗိသာရမင်းကြီးသည် ပထမဦးစွာသောနေ့၌ အလှူကြီး ပေးလှူခဲ့၏။ ထိုစဉ်က ဗိမ္ဗိသာရမင်းကြီး၏ အတိတ်ဘဝက ဆွေမျိုးတော်စပ်ခဲ့ကြသည့် ရှစ်သောင်းလေးထောင်သော ပြိတ္တာတို့သည် ညအချိန်ဝယ် ကြောက်လန့်ဖွယ်ကောင်းသော အသံကို ဟစ်အော်မြည်တမ်းကြကုန်၏။ ဗိမ္ဗိသာရမင်းကြီးအား ကိုယ်ထင်ရှားပြကြကုန်၏။

ဓမ္မပဒ၊ဋ္ဌ၊ ၂။ ၃၉။

စာမျက်နှာ-448
နံနက်မိုးသောက်သောအခါ ဗိမ္ဗိသာရမင်းကြီးသည် ဝေဠုဝန်ကျောင်းတော်သို့သွားကာ ဘုရားရှင်အား အကြောင်းစုံ ဖြစ်ပျက်ပုံကို လျှောက်ထား၏။ ဘုရားရှင်က—

“ဒကာတော်မင်းကြီး၊ ဤကမ္ဘာမှ ပြန်၍ရေသော် (၉၂) ကမ္ဘာထက်၌ ဖုဿဘုရားရှင် လက်ထက်တော်အခါ သင်မင်းကြီး၏ ဆွေမျိုးသားချင်းများ ဖြစ်ကြသည့် ထိုပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာတော်တို့အား ရည်ညွှန်းလှူဒါန်းအပ်သော အလှူဆွမ်းဝတ်ကို အဦးအဖျား စားသောက်ကြသောကြောင့် ပြိတ္တာဘုံ၌ ဖြစ်နေကြကုန်၏။ ယမန်နေ့က သင်မင်းကြီးပေးလှူဒါန်းသော အချိန်၌ အမျှမဝေမိသဖြင့် ကုသိုလ်အဖို့ကို မရသောကြောင့် ဤသို့ ကြောက်လန့်ဖွယ်ကောင်းသော အသံကို ဟစ်အော်မြည်တမ်းကြကုန်၏” ဟု မိန့်တော်မူ၏။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် နောက်ထပ်တစ်ဖန် ဘုရားအမှူးရှိသော သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းကာ—

“မြတ်စွာဘုရား၊ ဤအလှူဒါနကို ပေးလှူသည့်အချိန်မှစ၍ ထိုဆွေမျိုးပြိတ္တာတို့အား နတ်တို့၌ ဖြစ်သော ထမင်းအဖျော် စားဖွယ်သောက်ဖွယ်များ ပြည့်စုံပါစေသတည်း” ဟု ကုသိုလ်အဖို့ဘာဂရကြစေရန် အမျှပေးဝေ၏။ ထိုအမျှဝေသောခဏ၌ပင် တောင့်တသည့်အတိုင်း နတ်တို့၌ ဖြစ်သော ထမင်းအဖျော်စားဖွယ် သောက်ဖွယ်များ ထင်ရှားဖြစ်လာကြကုန်၏။

အဝတ်မဆည်း ကိုယ်လုံးတီးဘဝ

တစ်ဖန် မိုးသောက်သောနေ့၌မူ အဝတ်မဆည်း အချည်းနှီးဖြစ်ကာ ကိုယ်ထင်ရှားပြကြပြန်၏။ ထိုသို့ဖြစ်ပုံကို ဘုရားရှင်အား လျှောက်ထားပြန်ရာ—

စာမျက်နှာ-449
“မင်းကြီး သင်သည် အဝတ်သင်္ကန်းတို့ကို မပေးလှူရကုန်သေး” ဟု မိန့်တော်မူသောကြောင့် တဖန် ရဟန်းသံဃာတို့အား သင်္ကန်းအလှူ ပေးလှူပြန်၏။ ထိုနောက် မင်းကြီးသည်-

“ထိုပေးလှူသောခဏမှာပင် ဆွေမျိုးပြိတ္တာတို့အား နတ်တို့၌ ဖြစ်သော အဝတ်တန်ဆာများ ဖြစ်စေကုန်သတည်း” ဟု ရည်မှန်းအောင့်တလျက် အမျှပေးဝေ၏။ ထိုကြောင့် ဆွေမျိုးပြိတ္တာတစုတို့သည် အမျှပေးဝေသော ခဏမှာပင် ပြိတ္တာအဖြစ် ပြိတ္တာဘဝမှ လွတ်မြောက်၍ နတ်ပြည် နတ်ဘဝ၌ ဖြစ်ကြလေသည်။

အယောနိသောနှင့် ပြိတ္တာဘုံ

ဤဝတ္ထုကိုကြည့်လျှင် ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် အယောနိသောဖြင့် နှလုံးသွင်း မနသိကာရ လွဲမှားပြီး ရဟန်းသံဃာတို့ အဦးအဖျား စားမိရာမှ ပြိတ္တာဘုံ၌ ဖြစ်ကြရပြီး နောင် အမျှအတန်းပေးဝေသောအခါကျမှ ကောင်းမှုကုသိုလ်များကို ပြန်လည် နှလုံးသွင်းနိုင်ကာ ထိုပြိတ္တာဘဝမှ လွတ်မြောက်၍ နတ်ပြည်၌ ဖြစ်ကြရလေသည်။

ဤဝတ္ထုဖြင့်လည်း သတ္တဝါတို့ ဘဝကူးပြောင်းရာတွင် နှလုံးသွင်းမနသိကာရ မည်မျှ အရေးကြီးလှကြောင်း ထင်ရှားပါသည်။ ထိုကြောင့် ယခုကာလ အသုဘရှုတရားနာ ရေစက်ချရာ၌ ရဟန်းတော်အရှင်မြတ်တို့က-

“ပေတော ကာလက်တော၊ ဘဝတပါးသို့ ပြောင်းသွားသော ပုဂ္ဂိုလ်သည်။ မရဏာသန္နကာလေ၊ သေခါနီးသောကာလ၌။ အယောနိသောမနသိကရိတွာ၊ မသင့်မတင့်နှလုံးသွင်းမိသည်ဖြစ်၍။ ပေတဘဝေ၊ ပြိတ္တာဘုံ၌၊ သစေ ဥပ္ပဇ္ဇတိ၊ အကယ်၍ ဖြစ်ခဲ့ပါငြားအံ့။ တင်္ခဏညေဝ၊ ထိုရေစက်သွန်းချ အမျှပေးဝေသောခဏ၌ပင်။”

၁။ ခုဒ္ဒကပါဌ၊ဋ္ဌ။ ၁၇၂။

စာမျက်နှာ-450
“တတော၊ ထိုပြိတ္တာဘုံဘဝမှ။ မုဉ္ဇိတွာ၊ လွတ်မြောက်၍။ ဒိဗ္ဗာနိ၊ နတ်၌ ဖြစ်ကုန်သော။ ဘောဇနာနိ စ၊ ဘောဇဉ်တို့ကိုလည်းကောင်း၊ ဒိဗ္ဗာနိ၊ နတ်၌ဖြစ်ကုန်သော။ ပါနာနိ စ၊ အဖျော်တို့ကိုလည်းကောင်း၊ လဘိတွာ၊ ရ၍။ အနုဘဝတု၊ အစဉ်သုံးဆောင် ခံစားနိုင်ပါစေ သတည်း”-

အစရှိသည်ဖြင့် ရေစက်သွန်းချပြီး ထိုကုသိုလ်အဖို့ကို အမျှပေးဝေကြလေသည်။ အလားတူပင် ဓမ္မပဒလာ တိဿရဟန်းကြီး နှလုံးသွင်းလွဲမှားပြီး သင်္ကန်း၌ တွယ်တာကာ သန်းကြီးသတ္တဝါဖြစ်ရခြင်း စသည်တို့သည်လည်း နှလုံးသွင်း မနသိကာရ၏ ထင်ရှားသော သာဓကများ ဖြစ်ကြလေသည်။

နှလုံးသွင်းမကောင်းလျှင်တဏှာ ကောင်းလျင်ဘာဝနာ

အင်္ဂုတ္တိုရ်ပါဠိတော်လာ ရာဂဖြစ်ပေါ်ရန်အကြောင်း ၂-ရပ်မှာ နှစ်သက်ဖွယ်အာရုံနှင့် နှလုံးသွင်းမကောင်းခြင်းတို့ဖြစ်သည်။ နှစ်သက်ဖွယ်အာရုံ တွေ့ကြုံရသော်လည်း နှလုံးသွင်းမှန်ကန်ကောင်းမွန်ပါက ရာဂတဏှာ မဖြစ်နိုင်ပေ။

ထိုကြောင့် ကောင်းမှု မကောင်းမှုကိစ္စဟူသမျှတို့၌ နှလုံးသွင်းမှု မနသိကာရအရေးပါလှသည်၊ အရေးကြီးလှပေသည်။ ပွဲလမ်းသဘင်ကြည့်ရာ၌ပင် နှလုံးသွင်းမကောင်းက တဏှာသဘောများ ဖြစ်ပွားနိုင်ပြီး၊ နှလုံးသွင်းလိမ္မာကောင်းမွန်ပါက ဘာဝနာကုသိုလ် ဈာန် မဂ်ဖိုလ်များကိုပင် ရနိုင်သည့် ဝတ္ထုသက်သေ အထောက်အထားများကို တွေ့ရလေသည်။

အစုန်တဏှာနှင့် အဆန်ဘာဝနာ

ပွဲလမ်းသဘင်ကြည့်ရာဝယ် တဏှာနှင့် ဘာဝနာ၊ တဏှာအဖြစ်များသည်။ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် လောက၌ အကောင်းအဆိုး ဤ ၂-မျိုးတွင် အဆိုးသည် စုန်ဆင်းသော သဘောဖြစ်ပြီး၊ အကောင်းဘက်သည် ဆန်တက်ရမည့် အဆန်သဘောဖြစ်၏။ အကုသိုလ်ပိုင်းဆိုင်ရာ

စာမျက်နှာ-451
အပါယ်လေးပါးသို့ ဦးတည်ညွှတ်ကိုင်းသောသဘော စိတ်နေစိတ်ထားများသည် အစုန်သဘောဖြစ်၏၊ ကုသိုလ်ပိုင်းဆိုင်ရာ နတ်ရွာသုဂတိ ဈာန် မဂ် ဖိုလ်နိဗ္ဗာန်သို့ ဦးတည်ညွတ်ကိုင်းသော သဘော စိတ်နေသဘောထားများသည် ပုထုဇဉ်တို့အဖို့ ဆန်တက်ရမည့် သဘောတရားများဖြစ်သည်။

ထို့ကြောင့် တဏှာနှင့် ဘာဝနာတွင် တဏှာအဖြစ်များနိုင်ဖွယ်ရှိ၏။ သို့ရာတွင် နှလုံးသွင်း လိမ္မာပါက ဘာဝနာအဆန်ဘက်သို့ ကောင်းစွာဆန်တက်နိုင်မည်ဖြစ်ပါသည်။ ထိုကြောင့် “မကြည့်တတ်လျှင် တဏှာ ကြည့်တတ်လျှင် ဘာဝနာ” ဟူ၍လည်း မိန့်ဆိုကြလေသည်။

ပွဲကြည့်တတ်၍ ရဟန္တာဖြစ်ပုံ

ထေရဂါထာပါဠိတော်လာ ဘုရားရှင်လက်ထက်တော်က သာကီဝင်မင်းသား နာဂသမာလသည် ဘုရားရှင်ထံမှောက် သဒ္ဓါပေါက်၍ ရဟန်းပြုလေသည်။ နာဂသမာလ ရဟန်းတော်သည် ရံခါ ဘုရားရှင်ကို လုပ်ကျွေးပြုစုရ၏။ တနေ့သောအခါ၌မူ နာဂသမာလရဟန်းတော်သည် ဆွမ်းခံကြွစဉ် လမ်းခုလတ်တနေရာဝယ် ကပွဲတပွဲကို အမှတ်မထင် တွေ့ရလေသည်။ ထိုအခါ မထေရ်က အသင့်အားဖြင့် နှလုံးသွင်းပုံမှာ-

“ဤသို့ ကပြလှုပ်ရှားမှုကား စိတ္တဇလေကြောင့် လှုပ်ရှားနေခြင်းမျှသာ ဖြစ်လေသည်” ဟူ၍ဖြစ်၏။

ဤသို့ အမှန်သဘာဝကို နှလုံးသွင်းပြီး အဖြစ်အပျက်ကို ဆင်ခြင်ကာ အားထုတ်ရာမှ အရဟတ္တဖိုလ်ရ၍ ရဟန္တာဖြစ်ခဲ့လေသည်။ ထို့ကြောင့် မထေရ်မြတ်သည် မိမိ၏အကျင့် ပဋိပတ်ကို-

“ငါသည် ဆွမ်းအလို့ငှာ ရွာတွင်းသို့ဝင်သွားစဉ် (လက်ဝတ်တန်ဆာတို့ဖြင့်) တန်ဆာဆင်ထားသော တင့်တယ်သောအဝတ်တို့ကိုဝတ်သော ထိုကချေသည်မိန်းမကို သေမင်းထောင်ထားသော ကျော့ကွင်းကဲ့သို့ တွေ့မြင်ရ၏။”

စာမျက်နှာ-452
“ထိုကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်)ဟု အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ်လာ၏၊ အပြစ်ဟုထင်မြင်သော အာဒီနဝဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်သည် (ငါ့နှလုံး၌) ကောင်းစွာတည်၏” အစရှိသည်ဖြင့် ရွတ်ဆိုပြောကြားတော် မူခဲ့လေသည်။

မတ္တရာဆရာတော်

ထို့ပြင် မင်းတုန်းမင်းလက်ထက်က မတ္တရာဆရာတော်ဘုရားကြီး၏ နှလုံးသွင်းပုံမှာလည်း များစွာ အတုယူဖွယ် ကောင်းလှပါသည်။ ဗုဒ္ဓအဘိဓမ္မာစေတသိက်များအဖွင့် အတွဲ(၃)တွင် ကြည့်ရှုပါလေ။

မနသိကောင်းမှ အယူမှန်မည်

အယူမှားမိစ္ဆာဒိဋ္ဌိနှင့် အယူမှန် သမ္မာဒိဋ္ဌိတို့မှာ မည်မျှအရေးကြီးကြောင်း ထင်ရှားပါသည်။ မသူတော်တရားကိုကြားနာရခြင်း နှလုံးသွင်းမကောင်းခြင်းသည် အယူမှား(မိစ္ဆာဒိဋ္ဌိ) ဖြစ်ရန် အကြောင်းများဖြစ်သည်။ သူတော်ကောင်းတရားကို ကြားနာရခြင်း နှလုံးသွင်းကောင်းခြင်းသည် အယူမှန်(သမ္မာဒိဋ္ဌိ)ဖြစ်ရန် အကြောင်းဖြစ်သည်။

ထို့ကြောင့် နှလုံးသွင်းကောင်းမကောင်းသည် အယူမှား အယူမှန်ကို အဆုံးအဖြတ်ပေးနိုင်လေသည်၊ အယူမှားလျှင် သံသရာတခွင် ပါစင်အောင် နစ်မွန်းလိမ့်မည်။

ယောနိသောနှင့်ဘုရားရှင်

သံယုတ်ပါဠိတော်၌ ဘုရားရှင်သည် ကောင်းမွန်သော နှလုံးသွင်းရှိတော်မူသည်။ ကောင်းမွန်လှသည့် နှလုံးသွင်းဖြင့် မှန်ကန်စွာ ကြိုးပမ်းအားထုတ်မှုကြောင့် သံသရာဘဝမှ လွတ်မြောက်ခဲ့သည်။ တပည့်သာဝက

၁။ ထေရဂါထာ။ ၂၆၉။ ဋ္ဌ၊၂။

၂။ အံ၊၁။ ၈၆၊ ၈၇။ ပ၊၁။ ၃၆၈။

စာမျက်နှာ-453
ရဟန်းတော်တို့အားလည်း နှလုံးသွင်း ကောင်းခြင်း မှန်ကန်စွာ ကြိုးပမ်းခြင်းဖြင့် ဘဝမှ လွတ်မြောက်မှုကို အရယူကြရန် တိုက်တွန်းခဲ့လေသည်။

ဘုရားဖြစ်ရန် မနသိကာရ အကြောင်းခံပုံ

နှလုံးသွင်း ကောင်းပါက ကောင်းသောလုပ်ငန်း ကောင်းသော ကုသိုလ်မှုဆိုင်ရာ၌ အထွတ်အထိပ်ဆုံးထိ အောင်မြင်မှုကို ရနိုင်၏။ ဝိပဿီအစ ဂေါတမဗုဒ္ဓမြတ်စွာအဆုံး ခုနစ်ဆူကုန်သော ဘုရားရှင်တို့သည် ဘုရားမဖြစ်မီ ပဋိစ္စသမုပ္ပါဒ်နည်းအရ ကြောင်းကျိုးဆက်စပ်၍ မှန်သော သစ္စာတရားကို ရှာခဲ့ကြသည်။

ဤသို့ ဆက်စပ်ရှာဖွေရာတွင် ဇာတိဖြစ်ပေါ်လျှင် ဇရာ မရဏ ဖြစ်ရသည်။ “ဇာတိသည် ဇရာ မရဏ၏ အကြောင်းတရားဖြစ်သည်” အစရှိသည်ဖြင့် ကြောင်းကျိုးဆက်ကာ ရှာဖွေခြင်းဖြစ်သည်။ ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ဖြစ် ချုပ် လက္ခဏာကို ထိုးထွင်း၍ သိတော်မူသည်။ အမှန်တရားကို ထိုးထွင်း၍ သိခြင်းဖြင့် သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်ခဲ့သည်။ ဤသို့ သစ္စာတရားကို ထိုးထွင်း၍ သိနိုင်ခြင်း၏ အရင်းခံအကြောင်းမှန်ကိုရှာလျှင် ယောနိသောမနသိကာရ ခေါ် နှလုံးသွင်းကောင်းမြတ်မှုကို တွေ့ရပါမည်။ ထိုကြောင့် ဘုရားဖြစ်နိုင်ရန်မှာ မနသိကာရ အကြောင်းခံဟု ဆိုရပါမည်။

နှလုံးသွင်းကောင်းအောင် ကြိုးပမ်းကြစို့

နှလုံးသွင်း ကောင်းခြင်းသည် ဘုရားဖြစ်နိုင်သည်အထိ ဧကန် အကျိုးရှိပါသည်။ ထိုကြောင့် နှလုံးသွင်း ယောနိသော ကောင်းအောင် ကြိုးပမ်းကြရပါမည်။ ဗဟုဿုတ အကြားအမြင်များအောင် လေ့လာ ဆည်းပူးခြင်း၊ ပညာရှိ သူဟော်ဟောင်းများကို ဆည်းကပ်နည်းယူ နာခံမှတ်သားခြင်းများကို ပြုလုပ်ရပါမည်။ အကြားအမြင်ရှိသူဟူသည်-

၁။ သံ၊၁။ ၁၀၆။ သံ၊၁။ ၂၄၆၊ ၂၅၂၊ ၃၂၇။

၂။ သံ၊၁။ ၂

စာမျက်နှာ-454
“ငါ၏သန္တာန်၌ အမြဲစိတ်ကောင်းနှလုံးကောင်းဖြစ်စေရမည်” ဟု သတိထားကာ အရာရာကို လုပ်ဆောင်သူမှာ မည်သည့်ကိစ္စမဟူ တွေ့ကြုံရာ အာရုံများ၌ နှလုံးသွင်းကောင်း ယောနိသောမနသိကာရ ဖြစ်တတ်ပါသည်။ ထိုကြောင့်-

“နှလုံးသွင်းကောင်းအောင် ကြိုးပမ်းကြပါ”

နှလုံးသွင်းကောင်းလျှင် ဘုရားဖြစ်သည်အထိ နိဗ္ဗာန်ရောက်သည်အထိ အကျိုးကျေးဇူးရှိမည်ဖြစ်ပါသည်။

နှလုံးသွင်းမကောင်းလျှင် အပါယ်ကျ၍ သံသရာလည်မည်

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတပါးသားမယား ပြစ်မှားခြင်း၊ မုသားပြောခြင်း၊ မူးယစ်သောက်စားခြင်းအစရှိသော အကုသိုလ်မှုဟူသမျှတို့မှာ ပြုလွယ် လွန်ကျူးလွယ် အားထုတ်လွယ်သော အကုသိုလ်မှုများဖြစ်ကြပါသည်။ ထိုပြင် ဘုရားရှိမခိုးလိုခြင်း၊ တရားမနာလိုခြင်း၊ ဒါန သီလ ဘာဝနာမှု မပြုလိုခြင်း စသည်တို့မှာလည်း ထိုအတူပင် ပြုလွယ် လွန်ကျူးလွယ်သော အကုသိုလ်မှုများပင် ဖြစ်ကြပါသည်။

ထိုကြောင့် ထိုအကုသိုလ်မှုတို့ကို “အနုသောတဓမ္မ” = စုံဆင်းသောအစုန်တရားများ၊ ရေစုံတရားများဟူ၍လည်းကောင်း၊ “အသဒ္ဓမ္မ” = မသူတော်တရားများဟူ၍လည်းကောင်း၊ “ဗာသူပနိဿယ” = လူမိုက်တို့ မှီဝဲဆည်းကပ်အပ်သော တရားများဟူ၍လည်းကောင်း ခေါ်ဆိုအပ်ပါသည်။

ထိုအကုသိုလ်မှုတရားစုတို့ ဖြစ်ပေါ်မှုအကြောင်းရင်းမှာ မသင့်မတင့် နှလုံးသွင်းမှု = အယောနိသောမနသိကာရဖြစ်ပါသည်။ (ဝါ) ထိုအကုသိုလ်ဓမ္မတို့သည် မသင့်သောအားဖြင့် နှလုံးသွင်းမှု = အယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိကြပါသည်။ ဤအယောနိသောမနသိကာရဖြစ်ပေါ်ရခြင်းမှာလည်း အတိတ်ဘဝက ကောင်းမှု မပြုခဲ့ဖူးခြင်း၊

စာမျက်နှာ-455
သင့်လျော်လျောက်ပတ်သော အရပ်၌ မနေထိုင်ခဲ့ခြင်း၊ မိမိကိုယ်စိတ် နှစ်ပါးကို မစောင့်စည်း မထိန်းသိမ်းခဲ့ခြင်း၊ သူတော်သူမြတ်တို့ကို မဆည်းကပ်ခဲ့ခြင်း၊ သူတော်ကောင်းတရားမနာကြားခဲ့ခြင်း ဟူသောဖောက်ပြန်မှု ဝိပတ္တိသဘောတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

မှန်ပေသည်၊ ရှေးက ကောင်းမှုမပြုခဲ့ဖူးလျှင် မသူတော်တို့ကျက်စားရာ မသင့်မလျော်သည့်အရပ် = အပ္ပဋိရူပဒေသ၌ဖြစ်ရ၏။ ဤမသင့်လျော်သည့် အရပ်၌ဖြစ်ရသူတို့မှာ မိဘကောင်း ဆွေမျိုးကောင်း ဆရာသမားကောင်းတို့နှင့်မဆုံတွေ့ရဘဲ မသူတော်များနှင့် ဆုံတွေ့ရခြင်း၊ မသူတော်များကိုသာ မှီခိုဆည်းကပ်ရခြင်း = အသပ္ပုရိသူပနိသေယ၊ ထိုမသူတော်တို့၏ တရားကိုသာ ကြားနာနေရခြင်း = အသဒ္ဓမ္မသဝန အမှုတို့သာ ဖြစ်နေကြပါမည်။

ထိုသို့ မသူတော်တို့ တရားကိုသာ ကြားနာနေရပါလျှင် မိမိကိုယ်စိတ်နှစ်ပါးကိုလည်း စောင့်ထိန်းမှု မပြုနိုင်တော့ဘဲ မိမိသန္တာန်ဝယ် တွေ့ရာမြင်ရာအာရုံတို့၌ မသင့်မတင့် နှလုံးသွင်းမှု = အယောနိသောမနသိကာရတရားများ ထပ်မနား ဖြစ်ပေါ်လျက်သာရှိနေပါမည်။ ဤကဲ့သို့ အယောနိသောမနသိကာရတရား ဖြစ်ပွားနေသူတို့မှာ-

“ရဟန်းတို့ မသင့်သော နှလုံးသွင်းမှုပြုသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်မှု ပါပဓမ္မတို့သည် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ကုန်ပြီးသော ပါပဓမ္မအကုသိုလ်တို့သည် လွန်စွာပွားများခြင်းသို့ ရောက်ကုန်၏” ဟူ၍ ဟောတော်မူသောကြောင့် မဖြစ်ပေါ်သေးသော အကုသိုလ်တရားများဖြစ်ပေါ်လာနိုင်သည့်ပြင် ဖြစ်ပေါ်ကုန်ပြီးသော ပါပဓမ္မ အကုသိုလ်တို့မှာလည်း စည်ပင်များပြားတိုးပွားလာနိုင်ကြပါသည်။ ထိုအကုသိုလ်ဓမ္မတို့ တိုးပွားစည်ပင်ကြသည်နှင့်အမျှ ကုသိုလ်ဓမ္မတို့မှာလည်း ဆက်...

စာမျက်နှာ-456
ယုတ်နည်းပါး ပျက်ပြားရခြင်း၊ ပြန့်ပွားစည်ပင်မှုမရှိခြင်း၊ ထိုကုသိုလ်တရားတို့ ပြန့်ပွားမှုမရှိသည်နှင့်အမျှ အသဒ္ဓိယ = သဒ္ဓါတရားမရှိခြင်း၊ ပမာဒ = ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၊ ကောသဇ္ဇ = ပျင်းရိခြင်း၊ ပမောဟ = ပြင်းစွာတွေဝေခြင်း အစရှိသောညစ်ညူးကြောင်း သံကိလေသ အကုသိုလ်တရားတို့၏ အသင်းအပင်း ပါပဓမ္မတို့မှာ လွန်စွာတိုးပွားကြမည်မှာ မုချဧကန်ပင်ဖြစ်ပါသည်။

ထိုအနုသောတဓမ္မခေါ် အကုသိုလ်ရေစုံတရားတို့ တိုးပွားခြင်းကြောင့် (ဝါ) အသဒ္ဓမ္မခေါ် မသူတော်တရားများ တိုးပွားခြင်းကြောင့် သေဆုံးရသည့် နောက်ကာလဝယ် အပါယ်ငရဲ ဝဋ်ဆင်းရဲသို့ ကျရောက်ကာ ဘဝသံသရာဝယ် မပြတ်ထပ်ကာ ခြားရဟတ်ပမာ လှည့်ပတ်လျက်သာ ရှိနေကြပါမည်။

နှလုံးသွင်းကောင်းလျင် နိဗ္ဗာန်ရ၍ သံသရာစက်ပြတ်မည်

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတပါးသားမယား မပြစ်မှားခြင်း၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း အစရှိသော ကုသိုလ်ကောင်းမှု ဟူသမျှတို့သည် ရှောင်ကြဉ်ရန် ခက်ခဲသော အားထုတ်ဆန်တက်ရန် ခက်ခဲသော ကုသိုလ်ပိုင်းဆိုင်ရာ တရားများ ဖြစ်ကြပါသည်၊ ထိုပြင် ဘုရားရှိခိုးမှု တရားနာမှု ဒါန သီလ ဘာဝနာအားထုတ်မှု အစရှိသည့် ကုသိုလ်မှုဆိုင်ရာတို့သည်လည်း ထိုအတူပင် ပြုလုပ်ရန် ခက်ခဲသော အားထုတ်ရန် ခက်ခဲသော ကုသိုလ်မှုတရားများဖြစ်ကြပါသည်။

ထိုကြောင့် ထိုကုသိုလ်ပိုင်းဆိုင်ရာ တရားတို့ကို “ပဋိသောတဓမ္မ” = ဆန်တက်ရန် ခက်ခဲသော အဆန်တရား ရေဆန်တရားများဟူ၍လည်းကောင်း၊ “သန္တဓမ္မ” = သူတော်တရားများဟူ၍လည်းကောင်း၊ “သပ္ပုရိသူပနိဿယ” = သူတော်သူမြတ်တို့ မှီဝဲဆည်းကပ်အပ်သော တရားများဟူ၍လည်းကောင်း ခေါ်ဆိုအပ်ပါသည်။

စာမျက်နှာ-457
ထိုကုသိုလ်ကောင်းမှုတရားစုတို့ ဖြစ်ပေါ်နိုင်မှု အကြောင်းရင်းမှာ သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရ ဖြစ်ပါသည်၊ (ဝါ) ထိုကုသိုလ်ဓမ္မ ဟူသမျှတို့သည် အသင့်အတင့် နှလုံးသွင်းမှု ယောနိသောမနသိကာရလျှင် အကြောင်းရှိကြပါသည်။

ဤယောနိသောမနသိကာရ ဖြစ်ပေါ်လာနိုင်ခြင်းမှာလည်း ရှေးဘဝက ကောင်းမှုကုသိုလ် ပြုခဲ့ဖူးခြင်း၊ သင့်အပ်လျောက်ပတ်သော အရပ်၌နေခဲ့ဖူးခြင်း၊ မိမိကိုယ်စိတ်နှစ်ပါးကို စောင့်စည်းထိန်းသိမ်းခဲ့ခြင်း၊ သူတော်သူမြတ်တို့ကို ဆည်းကပ်ခဲ့ခြင်း၊ သူတော်ကောင်းတရား နာကြားခဲ့ဖူးခြင်းဟူသော သမ္ပတ္တိစက်တို့နှင့် ပြည့်စုံခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

မှန်ပါသည်၊ ရှေးရှေးဘဝက ကုသိုလ်ကောင်းမှုကို ပြုခဲ့ဖူးခြင်း ဟူသော ပုဗ္ဗေစကတပုညတာသမ္ပတ္တိစက်ရှိသူသည် သင့်တင့်လျောက်ပတ်သော သူတော်သူမြတ်တို့နေရာ ပဋိရူပဒေသ ခေါ်သော အရပ်၌ဖြစ်၏။ ထိုပဋိရူပဒေသသမ္ပတ္တိစက်ရှိသူသည် မိကောင်း ဖကောင်း ဆွေမျိုးကောင်း ဆရာသမားကောင်းဟူသော သူတော်ကောင်း သူမြတ်လောင်းတို့ကို မှီခိုဆည်းကပ်ရခြင်းဟူသော သပ္ပုရိသူပနိဿယစက်နှင့်ပြည့်စုံ၏။

ထိုသပ္ပုရိသူပနိဿယစက်နှင့်ပြည့်စုံသူသည် သူတော်ကောင်းတရား နာကြားရခြင်းဟူသော သဒ္ဓမ္မသဝနစက်နှင့် ပြည့်စုံပါသည်။ ထိုသဒ္ဓမ္မသဝနစက်ရှိသူသည် မိမိကိုယ်ကိုလည်းကောင်း၊ မိမိစိတ်ကိုလည်းကောင်း၊ စောင့်စည်းထိန်းသိမ်းနိုင်ခြင်းဟူသော အတ္တသမ္မာပဏိဓိစက်နှင့် ပြည့်စုံပါသည်။ ဤအတ္တသမ္မာပဏိဓိစက်နှင့် အချက်ကျကျ ပြည့်စုံနေသူတို့၏ သန္တာန်မှာ တွေ့မြင်ရာ အာရုံတိုင်းတို့၌ ယောနိသောမနသိကာရတရား အဖြစ်များမည်သာ ဖြစ်ပါသည်။ ဤယောနိသောမနသိကာရတရား ဖြစ်ပွားသူတို့မှာ-

“ရဟန်းတို့... သင့်သောအားဖြင့် နှလုံးသွင်းမှု ပြုသူတို့အား မဖြစ်ပေါ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်လာကုန်၏။”

စာမျက်နှာ-458
“ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရားများ လွန်စွာများပြား တိုးပွား စည်ပင်ကြကုန်၏” ဟူ၍ ဟောတော်မူသောကြောင့် မဖြစ်ပေါ်သေးသော ကုသိုလ်တရား ကုသိုလ်ဇောများ စောနိုင်ဖြစ်ပေါ်လာနိုင်ကြပါသည်။ ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရား ကုသိုလ်ဇောတို့မှာလည်း စည်ပင်များပြား တိုးပွားလာနိုင်ကြပါသည်။

ထိုကုသိုလ်တရားများ တိုးပွားစည်ပင်ကြသည်နှင့်အမျှ အကုသိုလ်ဓမ္မတို့မှာလည်း ဆုတ်ယုတ်နည်းပါး ပျက်ပြားရခြင်း၊ စည်ပင်ပြန့်ပွားမှုမရှိခြင်း၊ ထိုအကုသိုလ်ပါပဓမ္မတို့ ပြန့်ပွားမှုမရှိသည်နှင့်အမျှ ကုသိုလ်ကလျာဏဓမ္မတို့ ဖြစ်ပွားခြင်းကြောင့် ပါမောဇ္ဇ = ဝမ်းမြောက်ခြင်း၊ ပီတိ = နှစ်သက်ခြင်း၊ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းခြင်း၊ သမာဓိ = တည်ကြည်ခြင်း၊ ယထာဘူတဉာဏ် = ဟုတ်တိုင်းမှန်စွာထိုးထွင်း၍သိခြင်း၊ နိဗ္ဗိဒါဉာဏ် မဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ်အဆက်ဆက် အကျိုးတရားများ ဖြစ်ပေါ်နိုင်ကြပါသည်။ မဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ်များ ပေါ်ထွက်လာသောအခါ အနုပါဒိသေသ နိဗ္ဗာန်ကို ဧကန်ရနိုင် ရောက်နိုင်၍ သံသရာစက်ရဟတ် အဆက်ပြတ်သွားပါတော့သည်။

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သံသရာ

ပဋိစ္စသမုပ္ပါဒ်နည်းအရ ယောနိသော-အယောနိသော မနသိကာရ နှစ်မျိုးကြောင့် အနုလုံ ပဋိလုံအားဖြင့် သံသရာစက်ရဟတ် အဆက်မပြတ်လည်ပုံနှင့် သံသရာစက်ရဟတ် အဆက်ပြတ်ပုံတို့ကို တင်ပြလိုပါသည်။

အနုလုံ

မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု အယောနိသောမနသိကာရကြောင့် အကုသိုလ်တရားများ ထင်ရှားဖြစ်ပေါ်ရ၏၊ ထိုအကုသိုလ်မှုတရားစုတို့တွင် လောဘ ဒိဋ္ဌိ မောဟ အာသဝတို့ကြောင့် အဝိဇ္ဇာတရား ထင်ရှားဖြစ်ပေါ်ရ၏။ ထိုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်၏၊ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်၏၊ နာမ်ရုပ်ကြောင့် သဠာ-

စာမျက်နှာ-459
ယတနဖြစ်၏၊ သဠာယတနကြောင့် ဖဿဖြစ်၏၊ ဖဿကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာကြောင့် တဏှာဖြစ်၏၊ တဏှာကြောင့် ဥပါဒါန်ဖြစ်၏၊ ဥပါဒါန်ကြောင့် ဘဝဖြစ်၏၊ ဘဝကြောင့် ဇာတိဖြစ်၏၊ ဇာတိကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ စသည်တို့ဖြစ်ကြလေသည်။ ထို့နောက်တဖန် ဇရာ မရဏစသည်တို့ဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါ တို့အား အာသဝေါတရားများ ထင်ရှားဖြစ်ပေါ်လာပြီး ထိုအာသဝေါ တရားတို့ကြောင့် အဝိဇ္ဇာတဖန်ဖြစ်ပေါ်ရပြန်သည်။ ဤသို့ အနုလုံအားဖြင့် သံသရာစက်ရဟတ် အဆက်မပြတ်လှည့်ပတ်လျက်ရှိနေပါမည်။

ပဋိလုံ

သင့်သောအားဖြင့် နှလုံးသွင်းမှု ယောနိသော မနသိကာရကြောင့် ကုသိုလ်တရားများဖြစ်ပွားရ၏၊ ထိုကုသိုလ်ကောင်းမှုတရားစုတို့တွင် အသိ အလိမ္မာ ဉာဏ်ပညာကို ဝိဇ္ဇာဟုခေါ်၏၊ ထိုဝိဇ္ဇာခေါ် ဉာဏ်ပညာတရား ထင်ရှားဖြစ်ခြင်းကြောင့် အဝိဇ္ဇာမောဟချုပ်ရ၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏၊ ဝိညာဉ်ချုပ်ခြင်း ကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်သဠာယတန၊ သဠာယတနကြောင့် ဖဿ၊ ဖဿကြောင့် ဝေဒနာ၊ ဝေဒနာကြောင့် တဏှာ၊ တဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန်ကြောင့် ဘဝ၊ ဘဝကြောင့် ဇာတိ၊ ဇာတိကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ စသည်တို့ချုပ်ပျက်ကြလေသည်။ ဤသို့ချုပ်ခြင်းကြောင့် ပဋိလုံအားဖြင့် သံသရာစက်ရဟတ် အဆက် ပြတ်ကာ အနုပါဒိသေသနိဗ္ဗာန်ကို ဧကန်ရနိုင်ရောက်ရှိနိုင်ပါတော့သည်။

စာမျက်နှာ-460
ဤသို့အားဖြင့် အဘိဓမ္မာပိဋကလာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒိယ၊ မနသိကာရဟူသော စေတသိက် ၇-မျိုးအကြောင်း ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော ရှုထောင့်လေးထောင့်မှရှုမြင် ဝေဖန်၍ မှတ်သားစရာ အဖြာဖြာတို့ဖြင့် တန်ဆာဆင်ကာ ရေးသားပြီး ပေပြီ။ စာရှုပရိသတ်များလည်း ဤစေတသိက် ၇-မျိုး၏ သဘောကို အတော်အတန်နားလည် သဘောပေါက်သွားပြီဟု ယူဆပါသည်။

နောက်ဆုံး နိဂုံးချုပ်တင်ပြလိုသည်မှာ ဤစေတသိက် ၇-မျိုးသည် လောဘ စသော အကုသိုလ်စေတသိက်များကဲ့သို့ အကုသိုလ်မှုများကို ပြုလုပ်သည့် အခါမှသာ ဖြစ်လာကြသည်လည်းမဟုတ်၊ သဒ္ဓါစသော ကုသိုလ် စေတသိက်များကဲ့သို့လည်း ကုသိုလ်မှုများကို ပြုလုပ်သည့်အခါမှသာ ဖြစ် လာကြသည်လည်း မဟုတ်ပါချေ။

အမှန်စင်စစ် ကုသိုလ်မှု အကုသိုလ်မှု များကို ပြုလုပ်သည့်အခါ၌ဖြစ်စေ၊ ဝိပါက်အကျိုးတရားများ ဖြစ်ပွား လာသည့်အခါ၌ဖြစ်စေ၊ ကြိယာအဗျာကတတရားများဖြစ်လာသည့်အခါ ၌ ဖြစ်စေ စိတ်နှင့်အစဉ်အမြဲ ယှဉ်တွဲပေါ်လာရသော စေတသိက်များ ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် စိတ်ဖြစ်တိုင်း အစဉ်အမြဲ ယှဉ်တွဲ ပါလေ့ ရှိသော စေတသိက်များပင် ဖြစ်ပါသည်၊ ထို့ကြောင့် ထိုစေတသိက် ၇-မျိုးကို ပါဠိလို “သဗ္ဗစိတ္တသာဓာရဏ” စေတသိက်များဟု အဘိဓမ္မာ ကျမ်းများ၌ နာမည်ပေးထားလေသည်။

စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်များဟု အဓိပ္ပာယ်ရပါသည်။ (သဗ္ဗစိတ္တ-စိတ်အားလုံးနှင့် + သာဓာရဏ=ဆက်ဆံသော၊ အတူဖြစ်သော စေတသိက်များ)၊ စိတ်ဖြစ် တိုင်းပါ စေတသိက်များဟု ဆိုလိုပေသည်။

ဆိုင်ရာအာရုံတခုကို အကြောင်းပြုပြီး စိတ်တခုဖြစ်ပေါ်လာသည့်အခါ ထိုစိတ်နှင့်အတူ အာရုံကို တွေ့ထိမှု ဖဿ၊ အာရုံကို ခံစားမှုဝေဒနာ၊ အာရုံကို မှတ်သားမှုသညာ၊ စေ့ဆော်တိုက်တွန်းမှုစေတနာ၊ အာရုံ၌တည်...

စာမျက်နှာ-461
ငြိမ်အောင်ထားမှု ဧကဂ္ဂတာ၊ တွဲဖက်နာမ်တရားများကို စောင့်ရှောက် မှု ဇီဝိတိန္ဒိယ၊ အာရုံကို နှလုံးသွင်းမှု မနသိကာရဆိုသည့် စေတသိက် ၇- မျိုး အနည်းဆုံးဖြစ်ရပေသည်။ ဤသို့ ဤစေတသိက် ၇-မျိုးအကြောင်း ကို ထပ်ဆင့် မှတ်သားရန် ဖြစ်ပါသည်။

ထိုစေတသိက်များကား အဘိဓမ္မာဒေသနာတွင် ပါဝင်သည့် ပရမတ္ထ သဘောတရားများဖြစ်၍ ထိုစေတသိက်တို့၏ သဘောအဓိပ္ပာယ်များကို အကျယ်ဖွင့်ဆိုရေးသားခြင်းအလုပ်မှာ နိဒါန်းတွင်တင်ပြခဲ့ပြီးသည့်အတိုင်း အလွန်မလွယ်ကူသော လုပ်ငန်းဖြစ်ပါသည်။ သို့သော် သာသနာရေးဦးစီး ဌာန၊ ကျမ်းပြုဌာနစုမှကျမ်းပြုမှူးများသည် ပညာဉာဏ်နှင့် ဝီရိယဓာတ်တို့ ကို ဗိုလ်တင်ကာ ဆိုင်ရာပိဋကတော်များကို မွှေနှောက်၍ အတတ်နိုင်ဆုံး ရွေးကောက်ဖွင့်ဆို ရေးသားထားကြသည်ကို စာရှုသူများ ရိပ်စားမိကြ လိမ့်မည်ဟု ယုံကြည်ပါသည်။

အမှန်အားဖြင့် သဘောအဓိပ္ပာယ် ခက်ခဲ နက်နဲသော အဘိဓမ္မာသဘောတရားဖြစ်သော်လည်း သိလွယ်ရှင်းလင်း သောဝါကျ ပေါ်လွင်ထင်ရှားသော ဥပမာ လွယ်ကူသောဝေါဟာရအသုံး အနှုန်းတို့ဖြင့် ကြိုးစား၍ စီကုံးဖွင့်ဆိုထားကြရကား စာရှုသူများ နား လည် သဘောပေါက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့သော် ကျမ်းစာအုပ်မျိုးမှာ ကာလပေါ် ဝတ္ထုစာအုပ်များကဲ့သို့ တကြိမ်ဖတ် စာ အုပ်မျိုးမဟုတ်ပါချေ။ ထို့ကြောင့် တကြိမ်ဖတ်ရှုရုံဖြင့် နားမလည်သေး ပါလျှင် ထပ်ကာ ထပ်ကာ ဖတ်ပါ စဉ်းစားပါ နားလည်လာပါလိမ့်မည်။ ထိုသို့မှ နားမလည်သေးသည့် အချက်များရှိနေသေးလျှင် တတ်သိနား လည်သည့် ဓမ္မမိတ်ဆွေများနှင့် ဆွေးနွေးပါဟု တိုက်တွန်းလိုက်ရပါသည်။

cieb8jxw3nuj404lz2ramzlv861004k
21753
21752
2026-03-29T02:07:07Z

gq631udlv5irjgt58mjciwo4i2vdi3k
ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၃
0
6159
21754
2026-03-29T02:08:09Z
Tejinda
173
"{{header | title = ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၃ | author = ဦးအေးနိုင်၊ ဦးညွှန့်ဇော် | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21754
wikitext
text/x-wiki
{{header
| title = ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၃
| author = ဦးအေးနိုင်၊ ဦးညွှန့်ဇော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့် အတွဲ-၁]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

ပြည်ထောင်စု မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ကျမ်းပြုဌာနစု(ဘာသာပြန်)က ရေးသားပြုစုသော

ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်

အတွဲ-၃

[လောဘ၊ ဒေါသ၊ မောဟ]

သာသနာ-၂၅၄၇၊ ကောဇာ-၁၃၆၅၊ ခရစ်-၂ဝဝ၄

မဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မာစရိယ ဦးအေးနိုင် (ဘီအေ)

ဒုတိယအကြိမ် • ၂၀၀၄

အုပ်ရေ • ၅၀၀၀

cဓမ္မဒါန

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ညွှန်ကြားရေးမှူး ဦးညွန့်မောင် (မှတ်ပုံတင်အမှတ်–၅၂၄/၀၂၄၀၅)က ပုံနှိပ်ထုတ်ဝေသည်။

မာတိကာ

အကြောင်းအရာ,စာမျက်နှာ

နိဒါန်း,က မှ ဈ

ပရမတ်တရား လေ့လာစိစစ်နည်းလေးမျိုး,၁

လောဘစေတသိက်

အကြောင်းအရာ,စာမျက်နှာ

လောဘမည်ပုံ,၅

လောဘ၏ လက္ခဏာ,၁၆

လောဘ၏ ရသ,၁၇

လောဘ၏ ပစ္စုပဋ္ဌာန်,၁၈

လောဘ၏ ပဒဋ္ဌာန်,၁၉

လောဘစေတသိက်၏ နာမည်ထူးများ

အကြောင်းအရာ,စာမျက်နှာ

(၁) တဏှာမည်ပုံ,၂၀

(၂) အဘိဇ္ဈာမည်ပုံ,၂၁

(၃) ရာဂစသော နာမည်များရပုံ,၂၁

(၄) မူလ မည်ပုံ,၂၁

(၅) ဟေတု မည်ပုံ,၂၂

(၆) အာသဝ မည်ပုံ,၂၂

(၇) သြဃ မည်ပုံ,၂၃

(၈) ယောဂ မည်ပုံ,၂၃

(၉) ဂန္ထ မည်ပုံ,၂၃

(၁၀) ဥပါဒါန် မည်ပုံ,၂၃

အကြောင်းအရာ,စာမျက်နှာ

(၁၁) နီဝရဏ မည်ပုံ,၂၄

(၁၂) အနုသယ မည်ပုံ,၂၄

(၁၃) ကိလေသာ မည်ပုံ,၂၅

(၁၄) သံယောဇဉ် မည်ပုံ,၂၅

(၁၅) သမုဒယသစ္စာ မည်ပုံ,၂၆

(၁၆) တဏှာနှင့်ဥပါဒါန်တို့၏အထူး,၂၇

လောဘစေတသိက်အပြား

အကြောင်းအရာ,စာမျက်နှာ

(၁) လောဘ ၂-မျိုး,၂၉

(၂) လောဘ ၃-မျိုး,၃၁

(၃) တဏှာ ၃-မျိုး,၃၇

(၄) တဏှာ ၆-မျိုး,၃၈

(၅) တဏှာအစစ်တစ်ရာ့ရှစ်,၃၉

(၆) အဓမ္မရာဂနှင့်မိစ္ဆာဓမ္မ,၃၉

လောဘအကြောင်း အခြားသိကောင်းစရာများ

အကြောင်းအရာ,စာမျက်နှာ

(၁) လောဘ၏ ဖန်တီးချက်များ,၄၀

(၂) လောဘစရိုက်ရှိသူ,၄၁

(၃) အပူဆုံးမီးကြီးနှင့် ပြည့်နိုင်ခဲသောမြစ်ကြီး,၄၂

(၄) စိတ်၏အတွင်းရန်သူ,၄၃

(၅) ပညာမျက်စိကန်းသောတရား,၄၅

(၆) လောဘသည် အကုသိုလ်ဖြစ်ကြောင်း,၄၅

(၇) လောဘသည် အကျိုးမဲ့တရား,၄၆

(၈) ရာဂဖြစ်ကြောင်း ၂-မျိုး,၄၆

(၉) တဏှာတရား၏ဆွဲငင်အား,၄၇

(၁၀) တဏှာကား အနှောင်အဖွဲ့တရား,၄၇

အကြောင်းအရာ,စာမျက်နှာ

(၁၁) သံသရာနယ်ချဲ့သမား,၄၇

(၁၂) သောကပြန့်ကျယ် တဏှာနွယ်,၅၁

(၁၃) ဘဝတဏှာနှင့်ဝက်မလေး,၅၄

(၁၄) ကံကိုဦးဆောင် လမ်းညွှန်သောတဏှာ,၆၀

(၁၅) တောဒေယျပုဏ္ဏားကြီး,၆၁

(၁၆) တိဿရဟန်းကြီး,၆၂

(၁၇) ကုသိုလ်ကံကို တဏှာလမ်းညွှန်သော သာဓကများ,၆၃

(၁၈) ဂေါပကနတ်သားနှင့် ရဟန်းသုံးပါး,၆၆

(၁၉) ဆုတောင်းပတ္ထနာနှင့်တဏှာ,၆၈

(၂၀) လောဘတဏှာနှင့် သမုဒယသစ္စာ,၆၉

တဏှာကိုပယ်သတ်ရန် နည်းလမ်းများ

အကြောင်းအရာ,စာမျက်နှာ

(၁) ပယ်သတ်နည်းသုံးနည်း,၇၁

(၂) ဗောဇ္ဈင်တရားဖြင့်တဏှာပယ်ရှားနည်း,၈၁

(၃) မဂ္ဂင်တရားဖြင့်တဏှာပယ်ရှားနည်း,၈၂

(၄) သတိပဋ္ဌာန်တရားဖြင့် တဏှာပယ်ရှားနည်း,၈၃

(၅) စူဠတဏှာသင်္ခယသုတ်လာ တဏှာပယ်သတ်နည်း,၈၄

(၆) နဒီသောတသုတ်လာတဏှာပယ်နည်း,၈၆

ဒေါသစေတသိက်

အကြောင်းအရာ,စာမျက်နှာ

ဒေါသမည်ပုံ,၉၄

ဒေါသ၏ လက္ခဏာများ,၉၄

ဒေါသ၏ ရသ ၂-မျိုး,၉၇

ဒေါသ၏ အနိဋ္ဌရုပ်များကို ဖြစ်ပေါ်စေခြင်းကိစ္စ,၉၇

ဒေါသ၏ မိမိမှီရာပုဂ္ဂိုလ်ကို လောင်ကျွမ်းခြင်းကိစ္စ,၁၀၀

အကြောင်းအရာ,စာမျက်နှာ

(၁) လောင်ကျွမ်းပုံ,၁၀၀

(၂) စတုမဟာရာဇ်နတ်တို့ကို လောင်ကျွမ်းပုံ,၁၀၁

(၃) ကြောက်ရွံ့ခြင်းသည် ဒေါသလား,၁၀၂

(၄) ဆန့်ကျင်ဘက် အဒေါသကို လောင်ကျွမ်းပုံ,၁၀၄

ဒေါသ၏ ပစ္စုပဋ္ဌာန်,၁၀၆

(၁) မိမိမှီရာပုဂ္ဂိုလ်ကို ဖျက်ဆီးပုံ,၁၀၆

(၂) သူတစ်ပါးတို့အား ဖျက်ဆီးပုံ,၁၀၇

ဒေါသ၏ ပဒဋ္ဌာန်,၁၀၉

အာဃာတဝတ္ထု ၁၀-ပါး,၁၀၉

အင်္ဂုတ္တိုရ်လာ ဒေါသဖြစ်ကြောင်း ၂-မျိုး,၁၁၂

(၁) အနိဋ္ဌာရုံ ၂-မျိုး,၁၁၂

(၂) သဘာဝ အနိဋ္ဌာရုံ,၁၁၃

(၃) ပရိကပ္ပ အနိဋ္ဌာရုံ,၁၁၃

(၄) မသင့်မလျော် နှလုံးသွင်းချော်ခြင်း,၁၁၄

(၅) အကြောင်း ၂-မျိုးကြောင့် ဒေါသဖြစ်ပုံ,၁၁၄

(၆) မသင့်မလျော် နှလုံးသွင်းချော်ခြင်းသာပဓာန,၁၁၅

(၇) မတ္တရာ ဆရာတော်ဘုရားကြီး,၁၁၆

(၈) တိတ္ထိဂိုဏ်း ဆရာကြီးများနှင့် မြတ်စွာဘုရား,၁၁၉

(၉) ဆရာမိဘနှင့် တပည့်သားသမီးများ,၁၂၀

ဒေါသစေတသိက်၏ နာမည်ထူးများ

အကြောင်းအရာ,စာမျက်နှာ

(၁) အာဃာတ၊ ပဋိဃာတ၊ ပဋိဃတို့မည်ပုံ,၁၂၁

(၂) ဝိရောဓ၊ ပဋိဝိရောဓတို့မည်ပုံ,၁၂၃

(၃) ကောပ၊ ပကောပ၊ သမ္ပကောပတို့မည်ပုံ,၁၂၃

အကြောင်းအရာ,စာမျက်နှာ

(၄) ဒေါသစသောနာမည်များရပုံ,၁၂၃

(၅) ကောဓ၊ ကုဇ္ဈနာ၊ ကုစ္ဆိတတ္တတို့မည်ပုံ,၁၂၄

(၆) ဗျာပတတိ၊ ဗျာပဇ္ဇနာ၊ ဗျာပဇ္ဇိတတ္တတို့မည်ပုံ,၁၁၄

(၇) စဏ္ဍိက္ကမည်ပုံ,၁၂၅

(၈) အသုရောပမည်ပုံ,၁၂၅

(၉) အနတ္တမနတာမည်ပုံ,၁၂၆

(၁၀) မူလမည်ပုံ,၁၂၇

(၁၁) ဟေတုမည်ပုံ,၁၂၈

(၁၂) နီဝရဏမည်ပုံ,၁၂၈

(၁၃) အနုသယမည်ပုံ,၁၂၉

(၁၄) သံယောဇဉ်မည်ပုံ,၁၃၁

(၁၅) ကိလေသာမည်ပုံ,၁၃၁

(၁၆) ဗျာပါဒမည်ပုံ,၁၃၂

(၁၇) ဥပါယာသမည်ပုံ,၁၃၃

(၁၈) ဥပနာဟမည်ပုံ,၁၃၄

(၁၉) မက္ခမည်ပုံ,၁၃၄

ဒေါသအကြောင်း အခြားသိကောင်းစရာများ

အကြောင်းအရာ,စာမျက်နှာ

(၁) ဒေါသစရိုက်ရှိသူ,၁၃၅

(၂) ဒေါသစရိုက်ရှိသူနှင့် လျော်သောအရာများ,၁၃၈

(၃) ဒေါသနှင့်စပ်၍ ပုဂ္ဂိုလ် ၃-မျိုး,၁၃၉

(၄) ဒေါသကြီးသူ အနာဟောင်းနှင့်တူ,၁၄၁

(၅) ဒေါသနှင့် ဥဒ္ဓုမာယိကဖား,၁၄၂

(၆) ဒေါသ၏ ဖန်တီးချက်များ,၁၄၄

အကြောင်းအရာ,စာမျက်နှာ

(၇) ဒေါသသည် အကုသိုလ်၏ အခြေခံအကြောင်းတရား,၁၄၅

(၈) ဒေါသကား အကျိုးမဲ့တရား,၁၄၇

(၉) ဒေါသ၏ ပြစ်ဒဏ်များ,၁၄၈

(၁၀) မြတ်စွာဘုရားနှင့် ဒေါသကြီးသည့်မင်းသား,၁၅၃

ဒေါသပြေငြိမ်းရန် ကုသနည်းများ

အကြောင်းအရာ,စာမျက်နှာ

(၁) မေတ္တာဘာဝနာဖြင့် ကုသနည်း,၁၅၆

(၂) ကကစူပမသုတ်နှင့် သံယုတ်ပါဠိတော်လာကုသနည်း,၁၅၆

(၃) အင်္ဂုတ္တိုရ်ပါဠိတော်လာ ကုသနည်း,၁၅၈

(၄) အာဃာတ ပဋိဝိနယသုတ်လာ ကုသနည်း,၁၅၉

(၅) ဝိသုဒ္ဓိမဂ်ကျမ်းလာ ဆင်ခြင်နည်းများ,၁၆၀

(၆) မဟာသီဝဇာတ်,၁၆၄

(၇) ခန္တီဝါဒီဇာတ်,၁၆၅

(၈) စူဠဓမ္မပါလဇာတ်,၁၆၈

(၉) ဆင်၊ မျောက်၊ နဂါးတို့ သည်းခံကြပုံ,၁၇၀

(၁၀) အနမတဂ္ဂ သံယုတ်လာဆင်ခြင်နည်းများ,၁၇၂

(၁၁) မေတ္တာအကျိုး ဆယ့်တစ်မျိုးဖြင့် ဆင်ခြင်နည်း,၁၇၃

(၁၂) အစိတ်စိတ် ဓာတ်ခွဲဆင်ခြင်နည်း,၁၇၄

(၁၃) အပေးအယူသဘောနှင့် ဒေါသကုစားနည်း,၁၇၅

(၁၄) ရှင်ပုဏ္ဏမထေရ်၏ နှလုံးသွင်းဆင်ခြင်နည်း,၁၇၇

ဒေါသထိန်းသိမ်းရကျိုး

အကြောင်းအရာ,စာမျက်နှာ

(၁) အရေအဆင်းလှပခြင်း,၁၈၀

(၂) မျက်လုံးကြည်လင်လှပခြင်း,၁၈၁

(၃) နတ်သမီးဖြစ်ရခြင်း,၁၈၂

မောဟစေတသိက်

အကြောင်းအရာ,စာမျက်နှာ

မောဟမည်ပုံ,၁၈၅

မောဟစေတသိက်၏ လက္ခဏာ ၂-မျိုး,၁၈၅

စိတ်၏ပညာမျက်စိကန်းသည့်သဘောလက္ခဏာ,၁၈၆

ဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘောလက္ခဏာ,၁၈၈

(၁) ဒုတိယလက္ခဏာကို ထပ်ဆိုရပုံ,၁၈၈

(၂) ပညာရောင်နှင့်မောဟမှောင်,၁၈၉

(၃) မီးရောင်နှင့် အမှောင်ပမာ,၁၉၃

မောဟစေတသိက်၏ ရသ ၂-မျိုး,၁၉၄

အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းကိစ္စ,၁၉၄

(ခ) အာရုံ၏ အမှန်သဘောများ,၁၉၅

(၂) သစ္စာလေးပါး၌ ဖုံးလွှမ်းပုံ,၁၉၇

(၃) ပုဗ္ဗန္တ၌ ဖုံးလွှမ်းပုံ,၁၉၈

(၄) အပရန္တ၌ ဖုံးလွှမ်းပုံ,၁၉၈

(၅) ပုဗ္ဗန္တာပရန္တ၌ ဖုံးလွှမ်းပုံ,၁၉၈

(၆) ပဋိစ္စသမုပ္ပါဒ်၌ ဖုံးလွှမ်းပုံ,၁၉၉

(၇) မောဟ၏စွမ်းရည်,၂၀၀

(၈) မောဟအထူအပါး,၂၀၀

(၉) ရဟန္တာတို့ မသိမှုသည် မောဟလား,၂၀၁

ကောင်းစွာထိုးထွင်း၍ မသိမမြင်နိုင်သောကိစ္စ,၂၀၃

(၁) ရသနှစ်မျိုး ဆိုရပုံ,၂၀၃

(၂) မောဟက အမှားတွေကို သိသလား,၂၀၄

(၃) မသိမှုသာ မောဟ,၂၀၄

(၄) အဘိဓမ္မာဝတာရဋီကာသစ်,၂၀၅

အကြောင်းအရာ,စာမျက်နှာ

(၅) မျက်မှန်စိမ်းဥပမာ,၂၀၇

(၆) အသမ္ဗောဓပုဒ်အဖွင့်,၂၀၇

(၇) မိစ္ဆာပဋိပတ္တိအဝိဇ္ဇာ,၂၀၉

(၈) မူလဋီကာဆရာအာဘော်,၂၀၉

(၉) ပရမတ္တဒီပနီဋီကာသစ်ဝါဒ,၂၁၂

(၁၀) အနုဒီပနီအဆို,၂၁၃

(၁၁) အခြားအဘိဓမ္မာပညာရှင်ကြီးအချို့၏ အသုံးအနှုန်း,၂၁၄

(၁၂) မိစ္ဆာဉာဏ်နှင့် မောဟ,၂၁၅

(၁၃) မူလဋီကာဆရာစိစစ်ပြချက်,၂၁၅

(၁၄) သေကြောင်းကြံစည်မှုနှင့် မိစ္ဆာဉာဏ်,၂၁၇

(၁၅) လက်နက်တီထွင်ဉာဏ်နှင့်မောဟ,၂၁၉

(၁၆) တိတ္ထိဆရာကြီးများကို ကြည်ညိုမှုနှင့်မောဟ,၂၂၁

(၁၇) အဋ္ဌကထာဝါဒနှင့် ဋီကာဝါဒညှိနှိုင်းချက်,၂၂၃

မောဟစေတသိက်၏ ပစ္စုပဋ္ဌာန် ၂-မျိုး

အကြောင်းအရာ,စာမျက်နှာ

ကောင်းမွန်ဖြောင့်မှန်စွာမကျင့်နိုင်သောသဘောတရားမျိုး,၂၂၅

(၁) ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ပုံ,၂၂၆

(၂) လောကီကုသိုလ်များလည်း မဖြောင့်မှန်သော အကျင့်ပင်,၂၂၈

(၃) ဘဝလွတ်မြောက်ရေးကုသိုလ်များ ကျင့်စဉ်မှားတွင် မပါဝင်,၂၃၁

(၄) သစ္စာနှစ်ပါး၌ အမြင်မှား၍ အလွဲကျင့်ပုံ,၂၃၁

(၅) မောဟကြောင့် အတ္တဝါဒအယူမှားပေါ်လာပုံ,၂၃၂

(၆) ဝမ်းတွင်းကန်းသူနှင့် သံသရာခရီးသည်,၂၃၅

အကြောင်းအရာ,စာမျက်နှာ

ပညာမျက်စိကို ကန်းအောင်ပြုတတ်သော အမှောင်တရားမျိုး,၂၃၆

(၁) အစဉ်အလာအားဖြင့် ကန်းသူ,၂၃၇

(၂) ရံဖန်ရံခါကန်းသူ,၂၃၈

(၃) တံခါးမင်းတုပ်ဥပမာ,၂၃၈

မောဟစေတသိက်၏ ပဒဋ္ဌာန်

အကြောင်းအရာ,စာမျက်နှာ

(၁) ယောနိသောမနသိကာရနှင့် အယောနိသောမနသိကာရ,၂၄၀

(၂) မနောဒွါရာဝဇ္ဇန်းစိတ်ကြောင့် ကုသိုလ် အကုသိုလ်ဖြစ်ပုံ,၂၄၁

(၃) အယောနိသောမနသိကာရကြောင့်မောဟဖြစ်ပုံ,၂၄၅

မောဟစေတသိက်အပြား

အကြောင်းအရာ,စာမျက်နှာ

(၁) ဒိဋ္ဌိအားဖြင့် ၂-ပါးပြားပုံ,၂၅၀

(၂) သင်္ခါရအားဖြင့် ၂-ပါးပြားပုံ,၂၅၁

(၃) ဝေဒနာအားဖြင့် ၃-ပါးပြားပုံ,၂၅၂

(၄) သစ္စာအားဖြင့် ၄-ပါးပြားပုံ,၂၅၃

(၅) ဂတိအားဖြင့် ၅-ပါးပြားပုံ,၂၅၃

မောဟစေတသိက်၏နာမည်ထူးများ

အကြောင်းအရာ,စာမျက်နှာ

(၁) အဝိဇ္ဇာမည်ပုံ,၂၅၄

(၂) မူလမည်ပုံ,၂၅၆

(၃) ဟေတုမည်ပုံ,၂၅၈

(၄) အာသဝမည်ပုံ,၂၅၈

(၅) သြဃမည်ပုံ,၂၆၀

(၆) ယောဂမည်ပုံ,၂၆၁

(၇) နီဝရဏမည်ပုံ,၂၆၁

အကြောင်းအရာ,စာမျက်နှာ

(၈) အနုသယမည်ပုံ,၂၆၂

(၉) သံယောဇဉ်မည်ပုံ,၂၆၄

(၁၀) ကိလေသာမည်ပုံ,၂၆၄

မောဟအကြောင်း သိကောင်းစရာများ

အကြောင်းအရာ,စာမျက်နှာ

(၁) စရိုက်သိရန် အကဲခတ်နည်းများ,၂၆၆

(၂) မောဟစရိုက်ရှိသူ,၂၆၆

(၃) မောဟစရိုက်ရှိသူနှင့် လျော်သောအရာများ,၂၆၈

(၄) မောဟသည် ဒိဋ္ဌိဖြစ်ကြောင်း,၂၆၈

(၅) မောဟကြောင့် တိရစ္ဆာန်ဖြစ်သည်,၂၆၈

(၆) ဒုဂ္ဂတိဘဝသို့ရောက်ကြောင်း,၂၆၉

(၇) အကုသိုလ်ဖြစ်ကြောင်း,၂၇၀

(၈) မောဟဂတိ,၂၇၀

(၉) မောဟပိုက်ကွန်,၂၇၀

(၁၀) မောဟသည် ပျက်စီးကြောင်းတရား,၂၇၁

(၁၁) ပကတိအကုသိုလ်မှောင်လုံးကြီး,၂၇၁

(၁၂) မောဟဖြစ်ကြောင်းများ,၂၇၂

(၁၃) မောဟကိုပယ်နိုင်ကြောင်းတရား ၅-ပါး,၂၇၃

မောဟကြောင့် ဘဝစက်ဝန်းလည်ပတ်ပုံ

အကြောင်းအရာ,စာမျက်နှာ

(၁) အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်,၂၇၅

(၂) သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်,၂၇၅

(၃) ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်,၂၇၆

(၄) ရုပ်နာမ်ကြောင့် အာယတန ၆-ပါးစသည်ဖြစ်သည်,၂၇၆

မောဟပြတ်သဖြင့် ဘဝစက်ဝန်း အလည်ရပ်ပုံ,၂၇၇

စာမျက်နှာ-1

နိဒါန်း

မျက်မှောက်ခေတ်နှင့် အဘိဓမ္မာ

ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကသုံးပုံတွင် အဘိဓမ္မာပိဋကသည် သုတ္တန်ပိဋက၊ ဝိနည်းပိဋကတို့ထက်ပို၍ ခက်ခဲသည်။ နက်နဲသည်။ သဘောတရားရေးရာ တရားတော်ဖြစ်၍ သင်ကြားပို့ချသူ မလိမ္မာမပါးနပ်လျှင် သင်ယူလေ့လာရာ၌ စိတ်ဝင်စားမှုမရှိ ပျင်းရိငြီးငွေ့စရာ ကောင်းပေသည်။ ထို့ကြောင့် ရှေးအခါက လူပုဂ္ဂိုလ်များ အဘိဓမ္မာကို လေ့လာလိုက်စားမှု နည်းပါးကြခြင်း ဖြစ်ပေသည်။

မှန်ပါသည်။ အဘိဓမ္မာသည် သဗ္ဗညုတဉာဏ်တော်ကြီး၏ ကျက်စားရာ တရားတော်ဖြစ်၍ နက်လည်း နက်နဲပါသည်။ ခက်လည်း ခက်ခဲပါသည်။ သို့သော် သင်ကြားပို့ချသူ နည်းပရိယာယ် ကြွယ်ဝ၍ လိမ္မာပါးနပ်လျှင် စိတ်ဝင်စားစရာ အလွန်ကောင်းသော သဘာဝတရားကြီးဖြစ်သည်။ ရှင်တော်ဘုရားကိုယ်တိုင်ပင်လျှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူစဉ်အတွင်းမှာပင် ကျွတ်ထိုက်သည့် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်နိုင်ရန် သုတ္တန်နည်းများကို ကြားညှပ်ကာ ဟောတော်မူခဲ့ရပါသည်။ ထို့ကြောင့် အဘိဓမ္မာတရားသည် နက်နဲခက်ခဲသော်ငြားလည်း သင်ကြားပို့ချသူတော်လျှင် တော်သလို စိတ်ဝင်စားစရာ လေ့လာစရာကောင်းသည့် သဘာဝတရား ဖြစ်သည်။

စာမျက်နှာ-2
အဘိဓမ္မာကား ရုပ်အကြောင်း နာမ်အကြောင်းတို့ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားထားသည့် တရားတော်ဖြစ်သည်။ အဘိဓမ္မာကို လေ့လာလျှင် ရုပ်တရားနာမ်တရားတို့၏ သဘာဝကို အမှန်အတိုင်းသိမြင်လာသဖြင့် ရုပ်ဝါဒသမား နာမ်ဝါဒသမားဟူသော တဖက်စွန်းသို့လည်း မရောက်ရှိနိုင်၊ တွေးခေါ်မြော်မြင်ရေးအပိုင်းတွင်လည်း ထက်မြက်စူးရှလာနိုင်၏။ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းရာ၌လည်း ရုပ်နာမ်တို့၏သဘာဝကို လျင်မြန်စွာ ထိုးဖောက်သိမြင်နိုင်၏၊ တရားနာကြားသည့်အခါ၌လည်း တရားသဘောကို အဘိဓမ္မာမတတ်သူများထက် ပိုမိုနားလည် သဘောပေါက်နိုင်ပါသည်။ ပဋိသမ္ဘိဒါဉာဏ်ရရန် ပါရမီမျိုးစေ့လည်း ဖြစ်ပေသည်။

ယခုမျက်မှောက်ခေတ်ကိုကြည့်လျှင် တောရောမြို့ပါ အဘိဓမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ကို တွေ့ရသည်။ ရန်ကုန်မြို့၌ဆိုလျှင် ဆူးလေဘုရား အဘိဓမ္မာပြန့်ပွားရေးအသင်း အဘိဓမ္မာသင်တန်း၊ ဝိုင်အမ်ဘီအေအသင်း အဘိဓမ္မာသင်တန်း၊ မဉ္ဇူသကတိုက် အဘိဓမ္မာသင်တန်းစသော သင်တန်းများနှင့် မထင်ရှားသော အဘိဓမ္မာသင်တန်းများ အများအပြားရှိပေသည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကလည်း ၁၃၁၅-ခုနှစ်မှစ၍ တစ်နိုင်ငံလုံး အဘိဓမ္မာစာမေးပွဲများ ကျင်းပပေးခြင်း၊ အောင်မြင်သူများအား အဆင့်အလိုက် အောင်လက်မှတ်များ၊ ဆုစာအုပ်များ၊ ဆုငွေများ၊ ဆုတံဆိပ်များ ထောက်ပံ့ချီးမြှင့်ခြင်းတို့ဖြင့် အဘိဓမ္မာလိုက်စားရေးကို အားပေးလျက်ရှိပေသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်များ အဘိဓမ္မာကို ရှေးကထက် ပိုမို လေ့လာလိုက်စားလာကြသည်။

စာမျက်နှာ-3
ဤကျမ်းသည် အဘိဓမ္မာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အထူးအစီအစဉ်ဖြင့် ရေးသား ပြုစုထားသည့် ကျမ်းတစ်ကျမ်းဖြစ်သည်။ ဤကျမ်းကို ဖတ်ရှုလေ့လာသူတို့ လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် ပါဠိဝေါဟာရတို့ကို ရှောင်နိုင်သမျှရှောင်၍ မြန်မာစကားပြေသက်သက်ဖြင့် ရေးသားပြုစုထားပါသည်။

ဤကျမ်းကို လေ့လာမိလျှင် ဤကျမ်းက လေ့လာဖတ်ရှုသူများအား အဘိဓမ္မာသဘောတရားရေးရာနှင့် ပတ်သက်၍ မည်မျှ အကူအညီပေးသည်၊ မည်မျှအသုံးဝင် တန်ဖိုးရှိသည်တို့ကို လေ့လာသူများ ကိုယ်တိုင် သိရှိလာမည် ဖြစ်ပါသည်။

ဤကျမ်းမှာ အဘိဓမ္မာအဖွင့် ကျမ်းစာဖြစ်၍ ကျမ်းရင်းကို မဖတ်ရှုမလေ့လာမီ အဘိဓမ္မာပိဋက အကြောင်းနှင့် ကျမ်းရင်းလာ အကြောင်းအရာအချို့တို့ကို စာရှုသူနှင့် မိတ်ဆက်ပေးလိုပါသည်။

အဘိဓမ္မာပိဋက

ပိဋကမည်ပုံ

အဘိဓမ္မပိဋက ဟူသောပုဒ်၌ ပိဋကဟူသော ပါဠိဝေါဟာရသည် “သင်ယူအပ်သော ပါဠိတော်” (ပရိယတ္တိပါဠိကျမ်း)ဟူသော အနက်အဓိပ္ပာယ်ကို ဖော်ပြ၏။ ဤအဓိပ္ပာယ်ဖြင့် အဘိဓမ္မာတရားတော်များသည် သင်ယူသင့် သင်ယူထိုက်သည့် တရားတော်များဖြစ်ကြောင်း ပိဋကသဒ္ဒါက ညွှန်ပြပေသည်။ ထို့ကြောင့် အဘိဓမ္မပိဋကဆိုသည်မှာ အဘိဓမ္မပရိယတ္တိပါဠိကျမ်း (ဝါ) သင်ယူထိုက်သော အဘိဓမ္မပါဠိကျမ်းဟု ဆိုလိုပေသည်။ (ပိဋက=ပရိယတ္တိ=သင်ယူအပ်သော ပါဠိကျမ်း)။

၁။ အဘိ၊ဋ္ဌ၊၁၊၃။၄။ ဓမ္မသင်္ဂဏီ မူလဋီကာ။ ၁၂၊၁၃။

စာမျက်နှာ-4
တစ်နည်းအားဖြင့် ပိဋကသဒ္ဒါသည် မြန်မာလို “တောင်း’ဟု အဓိပ္ပာယ်ရသည်။ တောင်းဆိုသည်မှာ ပစ္စည်းဝတ္ထုများ ထည့်သွင်းသိမ်းဆည်းရာဖြစ်၍ ပစ္စည်းဝတ္ထု တည်ရာမှီရာ အသုံးအဆောင်တစ်ခု ဖြစ်၏။ ထို့အတူ ဘုရားဟော ပါဠိတော်များသည်လည်း အနက်အဓိပ္ပာယ်အမျိုးမျိုးတို့ကို ထည့်သွင်း သိုမှီးထားရာဖြစ်၍ အနက်အဓိပ္ပာယ်များ၏ တည်ရာမှီရာဖြစ်သည်။ ထို့ကြောင့် ဘုရားဟောပါဠိတော်များကို တောင်းနှင့်တည်ရာမှီရာ သဘောချင်းတူ၍ ပိဋကဟု ပါဠိလိုခေါ်ဆိုထားခြင်းဖြစ်သည် (ပိဋက=ဘာဇန=တောင်း၊ အနက် အမျိုးမျိုးတို့၏တည်ရာ)။

အဘိဓမ္မာမည်ပုံ

ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များအားလုံးကို ဒုကနည်းအားဖြင့် အကျဉ်းချုပ်လိုက်လျှင် ဓမ္မ၊ ဝိနယဟူ၍ နှစ်မျိုးရသည်။ ဝိနယမှာ ဝိနည်းပိဋကဖြစ်၍ ဓမ္မတွင် သုတ္တန်ဓမ္မနှင့် အဘိဓမ္မာဟူ၍ နှစ်မျိုးပါဝင်သည်။

အဘိဓမ္မပုဒ်တွင် အဘိ(ဥပသာရ)ပုဒ်သည် အနက်များစွာကို ဟောသော်လည်း ဤနေရာ၌ “သာလွန်သော၊ ထူးဆန်းသော”ဆိုသည့် အနက်နှစ်မျိုးကိုသာ ဟော၏။ ဓမ္မသဒ္ဒါသည် သဘာဝအနက်၊ ပရိယတ္တိအနက် စသည်ဖြင့် အနက်များစွာကို ဟောသော်လည်း ဤနေရာ၌ သင်ယူအပ်သော ပါဠိ(ပရိယတ္တိ) ဟူသောအနက်ကိုဟော၏။ ထို့ကြောင့် အဘိဓမ္မဆိုသည်မှာ “သာလွန်သော ပါဠိ၊ ထူးဆန်းသောပါဠိ”ဟု အဓိပ္ပာယ်ရသည်။

ဓမ္မနှစ်မျိုးရှိသည့်အနက် သုတ္တန်ဓမ္မထက် သာလွန်သောဓမ္မ (ဝါ) သုတ္တန်ဓမ္မထက် ထူးဆန်းသောဓမ္မဖြစ်သောကြောင့် ပါဠိလို အဘိဓမ္မ၊

၂။ အဘိ၊ဋ္ဌ၊၁၊၂၁။

စာမျက်နှာ-5
မြန်မာလို “အဘိဓမ္မာ” ခေါ်သည်ဟု ဆိုလိုပါသည်။ အချုပ်ဆိုရသော် အဘိဓမ္မာဟူသည် ဓမ္မအမျိုးအစားချင်းတူသော သုတ္တန်ဓမ္မထက် သာလွန်သော ပါဠိတော် (ဝါ) ထူးဆန်းသော ပါဠိတော်ပင် ဖြစ်သည်။ (အဘိ=သာလွန်သော၊ ထူးဆန်းသော+ဓမ္မ=သင်ယူထိုက်သည့်ပါဠိ)။

မှန်၏၊ အဘိဓမ္မာပါဠိတော်သည် သုတ္တန်ပါဠိတော်ထက် သာလွန်၏။ ထူးလည်းထူးဆန်း၏။ ဤနေရာ၌ သုတ္တန်ပါဠိတော်ထက် ပိုမိုရှည်လျားသည်ကို သာလွန်သည်ဟု ဆိုပေသည်။ ထူးဆန်းသည်ဆိုသည်မှာ အဘိဓမ္မာပါဠိတော်သည် သုတ္တန်ပါဠိတော်ကဲ့သို့ သုတ္တန်နည်း တစ်နည်းတည်းဖြင့်သာ ဟောကြားသည့် ပါဠိတော်မဟုတ်၊ သုတ္တန့်နည်း အဘိဓမ္မာနည်း အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် ဝေဖန်ပိုင်းခြား ဟောကြားထားသည့် ပါဠိတော်ဖြစ်၍ သုတ္တန်ပါဠိတော်ထက် ထူးဆန်းသော ပါဠိတော်ဟု ဆိုခြင်းဖြစ်ပေသည်။

သုတ္တန်တရားတော်များမှာ ကျွတ်ထိုက်သည့် ဝေနေယျသတ္တဝါတို့၏ အဇ္ဈာသယ, ဝါသနာ, စရိုက်တို့အလိုက် ထိုက်သင့်သလို ဟောကြားထားသည့် အစိတ်အပိုင်း တရားတော်မျိုး ဖြစ်သည်။ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင် စသောတရားတို့ကို ဟောကြားရာ၌ ပြည့်ပြည့်စုံစုံ ဟောကြားတော်မမူဘဲ တရားနာပုဂ္ဂိုလ်တို့နှင့် လျော်ရုံတစိတ်တဒေသအားဖြင့်သာ ဝေဖန်ဟောကြားတော်မူသည်။ တစ်ခါတစ်ရံ တစ်ဂါထာတည်းဖြင့် သို့မဟုတ် နှစ်ဂါထာ သုံးဂါထာမျှလောက်ဖြင့်လည်း သုတ္တန်တရားတစ်ပုဒ် ပြီးဆုံးသွားသည်လည်း ရှိပေသည်။

အဘိဓမ္မာတရားတော်များမှာမူ သုတ္တန်တရားများ ကဲ့သို့ သတ္တဝါ

စာမျက်နှာ-6
တို့၏ အဇ္ဈာသယ, ဝါသနာ, စရိုက်တို့သို့ မလိုက်ဘဲ သဘာဝတရားသက်သက်ကိုသာ ပဓာနထား၍ ဟောကြားထားသည့် တရားတော်မျိုးဖြစ်သည်။ ဘုရားရှင်သည် အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူရာတွင် သဗ္ဗညုတဉာဏ်တော် အစွမ်းရှိတိုင်း သဘာဝလောကဓာတ်တခုလုံးကို မွှေနှောက် ချောက်ချားလျက် ခန္ဓာ, အာယတန စသောတရားတို့၏ သဘာဝဖြစ်စဉ်ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း၊ အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် အကြွင်းအကျန်မရှိ အကုန်အစင် ဝေဖန်ပိုင်းခြား ဟောကြားတော်မူပါသည်။

အဘိဓမ္မာ တရားတော်များသည် ကျမ်းအားဖြင့် ၇-ကျမ်းရှိသော်လည်း တစ်နေရာတည်း၌ တစ်ထိုင်တည်းဖြင့် တစ်ခုတည်းသော ပရိသတ်အား တစ်ဆက်တည်း ဟောထားသောတရားရှည်ကြီးတစ်ပုဒ်သာဖြစ်၏။ အဘိဓမ္မာတရားတော်များကို အစမှအဆုံးတိုင်အောင် ဆက်တိုက်နာကြားရမှ အရေလည်၏။ နားလည်သဘောပေါက်နိုင်၏။ တစ်ပိုင်းဖြတ်ဟောခြင်း တစ်ပိုင်းပြတ် နာကြားခြင်းတို့ဖြင့် အဘိဓမ္မာတရားတော်များကို သဘောမပေါက်နိုင်၊ အရေမလည်နိုင်။ ကုသလတိက်တစ်ခုကို ဓမ္မသင်္ဂဏီကျမ်းမှ အစပြု၍ ဟောကြားတော်မူလျှင် “တစ်နွယ်ငင် တစ်စင်ပါ”ဆိုသကဲ့သို့ ခုနစ်ကျမ်းမြောက်ဖြစ်သော ပဋ္ဌာန်းကျမ်းကြီးသို့ရောက်မှ ကုသလတိက်၏ သဘောအဓိပ္ပာယ်များအားလုံး ပြီးဆုံးတော့၏။

အဓိပ္ပာယ်မှာ- အဘိဓမ္မာ သဘာဝတရားတစ်ခုကို ဟောမည်ဆိုလျှင် ဓမ္မသင်္ဂဏီနည်းတစ်နည်းမျှဖြင့် ဟော၍ အဓိပ္ပာယ်မပြည့်စုံနိုင်၊ ဝိဘင်းနည်း၊ ဓာတုကထာနည်း၊ ပုဂ္ဂလပညတ်နည်း၊ ကထာဝတ္ထုနည်း၊ ယမိုက်နည်း၊ ပဋ္ဌာန်းနည်းတို့ဖြင့် နည်းပေါင်းစုံခင်း၍ သဘာဝတရားစဉ် ရှိသည့်အတိုင်း သဗ္ဗညုတဉာဏ်တော်အဟုန်ကို အစွမ်းကုန်သုံး၍ ဟောကြားတော်မူပါသည်။

စာမျက်နှာ-7
လွှတ်ကာ ဟောကြားတော်မူပါမှ သဘောတရားတစ်ခု၏ အဓိပ္ပာယ် အားလုံး ပြီးပြည့်စုံနိုင်သည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ရှင်တော်ဗုဒ္ဓသည် အဘိဓမ္မာတည်းဟူသော တရား ရှည်ကြီးကို လူ့ပြည်၌ မဟောဘဲ တာဝတိံသာနတ်ပြည်သို့ တက်၍ ဝါတွင်းသုံးလပတ်လုံး ဣရိယာပုတ်တစ်ခုတည်းဖြင့် ဟောကြားတော် မူရသည်။ လူသားတို့အဖို့ ဝါတွင်း သုံးလပတ်လုံး ဣရိယာပုတ် တစ်ခုတည်းဖြင့် တရားအဆုံးနာယူရန် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါချေ။ နတ်ဗြဟ္မာတို့သာ အစမှအဆုံးအထိ ဣရိယာပုတ်တစ်ခု တည်းဖြင့် နာကြားနိုင်ကြပါသည်။ ဝါတွင်းသုံးလဆိုသည်မှာ တာဝတိံ သာနတ်တို့ အရေအတွက်အားဖြင့် မိနစ်ပိုင်းမျှသာ ကြာပေသည်။

ဤသို့ဆိုသဖြင့် မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားခဲ့ဟု မမှတ်ယူသင့်ချေ။ ထိုဝါတွင်း၌ပင် ရှင်တော်ဘုရားသည် လူ့ပြည်၌လည်း ဓမ္မသေနာပတိ ရှင်သာရိပုတ္တရာ အား အဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချုပ်နည်းပေး ဟောကြား တော်မူခဲ့ပါသည်။ တရားစစ်သူကြီး ရှင်သာရိပုတ္တရာက မိမိ၏ အတူနေ တပည့်ရင်း ငါးရာတို့အား ထိုအဘိဓမ္မာတရားကို လူ့ လောကနှင့်တန်ရုံ မကျဉ်းမကျယ် တစ်ဆင့် ဟောကြား ပို့ချခဲ့ပါသည်။ ယခုရှိနေသော အဘိဓမ္မာပိဋကကား တရားစစ်သူကြီးရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သည့် ပိဋကပင် ဖြစ်ပါသည်။

ပရမတ္ထဒေသနာ

အဘိဓမ္မာ တရားတော်များသည် ဝိနည်းကဲ့သို့ အာဏာကို အများဆုံး အသုံးပြုသည့် အာဏာ ဒေသနာမျိုး၊ သုတ္တန်ကဲ့သို့ ဝေနေယျတို့၏ အသိဉာဏ်နှင့် တိုက်ဆိုင်ညီညွတ်သည့် ဝေါဟာရအသုံးအနှုန်းများကို

စာမျက်နှာ-8
အများဆုံးဦးစားပေး ဟောကြားသော ဝေါဟာရ ဒေသနာမျိုး မဟုတ်ချေ။ အမှန်စင်စစ် ဖြစ်ပျက်နေသည့် ပရမတ္ထသဘာဝတရား များကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ ပြည့်စုံစွာ ဟောကြားတော်မူခဲ့ သော “ပရမတ္ထဒေသနာ”မျိုး ဖြစ်ပေသည်။

ယထာဓမ္မသာသနာ

သာသနာဆိုသည်မှာ ဘုရားရှင်တို့၏ အဆုံး အမ တရားတော်ဖြစ်သည်။ ဘုရားရှင်၏ အဆုံးအမတစ်ရပ်ဖြစ်သော အဘိဓမ္မာတရားတော်သည် ဝိနည်းအဆုံး အမ တရားတော်ကဲ့သို့ လွန်ကျူးသည့် အပြစ်အားလျော်စွာ ဆုံးမ ပညတ်ထားသည့် “ယထာပရာဓသာသနာ” [၁] မျိုးလည်းမဟုတ်။ သုတ္တန်အဆုံးအမ တရားတော်ကဲ့သို့ သတ္တဝါတို့၏ ဝါသနာ စရိုက် အားလျော်စွာ ဆုံးမလမ်းညွှန် သွန်သင်ထားသော “ယထာနုလောမ သာသနာ” [၂] မျိုးလည်းမဟုတ်။ အမှန်စင်စစ် ခန္ဓာငါးပါး ရုပ်နာမ်ဓမ္မ အစု၌ ငါဟူသော မာနစွဲ၊ ငါ့ဥစ္စာဟူသော တဏှာစွဲ၊ အတ္တရှိ၏ဟူ သော ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲနိုင်၍ ရုပ်နာမ်နှစ်ဝ သဘာဝဓမ္မတို့၏ သဘာဝ ဖြစ်စဉ်ကို သိမြင်စေရန် သဘာဝ တရားအားလျော်စွာ ဆုံးမတော်မူ သည့် “ယထာဓမ္မသာသနာ” [၃] မျိုး ဖြစ်ပေသည်။

နာမရူပပရိစ္ဆေဒကထာ

ပြစ်မှုကြီးငယ် အသွယ်သွယ်ကို မလွန် ကျူးမိစေရန် စောင့်ထိန်းနည်း အမျိုးမျိုး တို့ကို သတ်မှတ်ပညတ်ထားရာဖြစ်၍ ဝိနည်းတရားတော်ကို “သံဝရာသံဝရ ကထာ” [၄] ဟုခေါ်၏၊

၁။ ယထာ = အားလျော်စွာ + အပရာဓ = အပြစ် + သာသနာ = အဆုံးအမ

၂။ ယထာ = အားလျော်စွာ + အနုလောမ = တရားနာသူနှင့်လျော်သည့် + သာသနာ = အဆုံးအမ

၃။ ယထာ = အားလျော်စွာ + ဓမ္မ = သဘာဝတရား + သာသနာ = အဆုံးအမ

၄။ သံဝရ = ငယ်သောစောင့်ထိန်းမှု + အသံဝရ = ကြီးသောစောင့်ထိန်းမှု + ကထာ = ဟောကြားအပ်သောတရား

စာမျက်နှာ-9
အယူဝါဒ အမျိုးမျိုးတို့ကို လက်ခံယုံကြည်ထားကြသည့် သမဏ ဗြာဟ္မဏတို့ သန္တာန်၌ ရစ်ပတ်ထုံးဖွဲ့နေသော မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့ကို ဖြေရှင်း ဟောကြားရာဖြစ်၍ သုတ္တန်တရားတော်ကို “ဒိဋ္ဌိဝိနိ ဝေဌန ကထာ”ဟု ခေါ်သည်။

အဘိဓမ္မာတရားတော်ကား ဝိနည်းတရား၊ သုတ္တန်တရားများနှင့် မတူ၊ ပုဂ္ဂိုလ်သတ္တဝါစသည့် အပေါ်ယံပညတ်ကို ဖောက်ထွင်း၍ အတွင်းဓာတ်ဖြစ်သည့် ရုပ်တရား နာမ်တရားနှစ်ပါးတို့ကို ကွဲကွဲပြား ပြား ပိုင်းခြားသိမြင်နိုင်စေရန် နည်းလမ်းအမျိုးမျိုးတို့ဖြင့် ဟောထား သည့် တရားတော်ဖြစ်သည်။ ထို့ကြောင့် အဘိဓမ္မာတရားတော်သည် “နာမရူပ ပရိစ္ဆေဒကထာ” ဟူသော နာမည်ထူးကို ရပေသည်။

ဤသို့ သုတ်, ဝိနည်း, အဘိဓမ္မာဟူသော တရားသုံးမျိုးကို ဟောပုံ ဟောနည်းအားဖြင့်လည်းကောင်း (ဒေသနာ)၊ ဆုံးမပုံ ဆုံးမ နည်းအားဖြင့်လည်းကောင်း(သာသနာ)၊ ဟောကြားထားသည့် တရား တော်အားဖြင့်လည်းကောင်း (ကထာ) နှိုင်းယှဉ် ဝေဖန်ပြခြင်းသည် အဘိဓမ္မာတရားတော်၏ ထူးခြားသည့် ဂုဏ်အင်္ဂါများကို ပိုမို သိမြင် လာစေရန် ဖြစ်ပေသည်။

အဘိဓမ္မာ ၇-ကျမ်း

ကျမ်းအမည်များ

ထိုအဘိဓမ္မာတရားတော်သည် တစ်နေရာတည်း ၌ တစ်ခုတည်းသော ပရိသတ်အား ဣရိယာ ပုတ် တစ်ခုတည်းဖြင့် ဆက်တိုက် ဟောကြားထားသည့် တရားရှည် ကြီးတစ်ပုဒ်ဖြင့်သော်လည်း ဟောပုံဟောနည်း ကွဲပြားခြားနားရကား ဟောနည်းအားလျော်စွာ...

စာမျက်နှာ-10
၁။ ဓမ္မသင်္ဂဏီ

၂။ ဝိဘင်း (ဝိဘင်္ဂ)

၃။ ဓာတုကထာ

၄။ ပုဂ္ဂလပညတ (ပုဂ္ဂလပညတ္တိ)

၅။ ကထာဝတ္ထု

၆။ ယမိုက် (ယမက)

၇။ ပဋ္ဌာန်း (ပဋ္ဌာန)

ဟူ၍ ကျမ်းပေါင်း ၇-ကျမ်းရှိသည်။

ဓမ္မသင်္ဂဏီ

ထိုတွင် ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ ကုသိုလ် စသည့် သဘာဝတရားတို့ကို ကောင်းမွန်ပြည့်စုံ စွာ ရေတွက်ပြသောကျမ်း (ဝါ) အကျဉ်းချုပ် ဟောတော်မူသောကျမ်း ဖြစ်သည်။ (ဓမ္မ = သဘောတရား + သင်္ဂဏီ = ကောင်းစွာရေတွက်ပြ ခြင်း)။

ဓမ္မသင်္ဂဏီကျမ်း၌ စိတ်, စေတသိက်စသည့် သဘာဝတရားတို့ ကို ဤရွေ့ဤမျှရှိသည်ဟု အပြည့်အစုံ ရေတွက်ပြထား၏။ အမှန် အားဖြင့် ဤကျမ်းသည် ကျန်အဘိဓမ္မာခြောက်ကျမ်းတို့၏ ခေါင်းစဉ် မာတိကာပင်ဖြစ်သည်။ ဓမ္မသင်္ဂဏီကျမ်း၌ ချမှတ်ထားသည့်ခေါင်းစဉ် မာတိကာအတိုင်း ကျန်အဘိဓမ္မာကျမ်းများကို ဝေဖန်ဟောကြား သည်။

မာတိကာစဉ်ရာ၌ ပရမတ်တရားတို့ကို သုံးစုသုံးပုံစု၍ တိက မာတိကာ၊ နှစ်စု နှစ်ပုံစု၍ ဒုကမာတိကာဟု မာတိကာနှစ်မျိုးစဉ်၍ ဟောသည်။ ဒုကမာတိကာ၌လည်း အဘိဓမ္မာနည်း ဒုကမာတိကာ၊ သုတ္တန်နည်း ဒုကမာတိကာဟု နှစ်မျိုးခွဲဟောသည်။ တိက (တိက်) မာတိကာ ၂၂-ခုရှိ၍၊ ဒုက (ဒုက်) မာတိကာ ၁၄၂-ခုရှိသည်။ ယင်း တိက်, ဒုက်တို့ကို မူထား၍...

စာမျက်နှာ-11
(၁) စိတ္တုပ္ပါဒကဏ္ဍ (စိတ်စေတသိက်ပိုင်း)

(၂) ရူပကဏ္ဍ (ရုပ်ပိုင်း)

(၃) နိက္ခေပကဏ္ဍ (မကျဉ်းမကျယ်ပိုင်း)

(၄) အဋ္ဌကထာကဏ္ဍ (အရကောက်ပိုင်း)

ဟူ၍ အပိုင်းကြီး လေးပိုင်းပိုင်းကာ ဟောတော်မူသည်။

ဓမ္မသင်္ဂဏီဟောနည်းမှာ မာတိကာခေါင်းစဉ်အားဖြင့် အကျဉ်း ချုပ် ဟောသည်ဆိုသော်လည်း ဖဿ စသော နာမ်တရား၊ ပထဝီ စသော ရုပ်တရားတို့၏ အနက်အဓိပ္ပာယ်တို့ကို အမျိုးမျိုး အစားစား သော ဝေါဟာရ ပရိယာယ်တို့ဖြင့် ထပ်ဆင့်ဝေဖန် ဟောနည်းများ လည်း ပါရှိပေသည်။

ဝိဘင်း (ဝိဘင်္ဂ)

ပါဠိလို ဝိဘင်္ဂကို မြန်မာလို ဝိဘင်းဟုခေါ် သည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြသောကျမ်းဟု အဓိပ္ပာယ်ရသည်။ ဓမ္မသင်္ဂဏီကျမ်း၌ ရေတွက်ပြထားသည့် မာတိ ကာခေါင်းစဉ်အတိုင်း တိက် ၂၂-တိက်နှင့် ဒုက် ၁၀၀-ဒုက်တို့ကိုပင် ခန္ဓဝိဘင်း, အာယတနဝိဘင်း, ဓာတုဝိဘင်း, ဣန္ဒြိယဝိဘင်း, ပဋိစ္စ သမုပ္ပာဒ်ဝိဘင်းစသည်ဖြင့် ခေါင်းစဉ်ကြီး ၁၈-ခုထားကာ သုတ္တန် နည်း, အဘိဓမ္မာနည်း, အမေးအဖြေနည်းဟူသော နည်းသုံးနည်း တို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောတော်မူသည်။

ဥပမာ-ဓမ္မသင်္ဂဏီကျမ်း၌ ဝေဒနာစေတသိက်ကို ၅-ပါး၊ ၆- ပါး၊ ၁၂-ပါးစသည်လောက်သာ ဝေဖန်ဟောထားသော်လည်း ဝိဘင်း ကျမ်း၌မူ ဝေဒနာမျိုးပေါင်း (၁၀၇၀၇၆)ပါးအထိ ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောကြားထားသည်။ သညာစေတသိက်ကိုလည်း သညာပေါင်း (၁၂၂၉၆၄)ပါးအထိ ဝေဖန်ဟောကြားထားသည်။

စာမျက်နှာ-12
ဝိဘင်းနည်းဖြင့် ဟောကြားပြီးနောက် ထိုတရား များကိုပင် ဓာတုကထာနည်းဖြင့် ဆက်လက် ဟောကြားပါသည်။ ဓာတုကထာကား ခန္ဓာစသော ဓာတ်တရားများ ကို “သင်္ဂဟော အသင်္ဂဟော” စသော နည်း ၁၄-နည်းတို့ဖြင့်တမျိုး ဝေဖန်ဟောကြားသော ကျမ်းဖြစ်သည်။ (ဓာတု = ခန္ဓာစသော ဓာတ် တရား + ကထာ = ဟောကြားသောကျမ်း)။

ဟောပုံအကျဉ်းမှာ- ရူပက္ခန္ဓာကိုမူတည်လျှင် ရူပက္ခန္ဓာကို ခန္ဓာ မည်မျှ၊ အာယတနမည်မျှ၊ ဓာတ်မည်မျှတို့ဖြင့် ရေတွက်ရမည်၊ မည် မျှသော ခန္ဓာ, အာယတန, ဓာတ်တို့ဖြင့် မရေတွက်ဟုလည်းကောင်း၊ ရူပက္ခန္ဓာသည် ခန္ဓာမည်မျှ အာယတနမည်မျှ ဓာတ်မည်မျှ တို့ဖြင့် ယှဉ်သည်၊ မည်မျှသော ခန္ဓာ, အာယတန, ဓာတ်တို့ဖြင့် မယှဉ်ဟု လည်းကောင်း အကျယ်ဝေဖန် ဟောကြားတော်မူသည်။

အမှန်အားဖြင့် ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားခဲ့သည့် တိက်, ဒုက်တို့ကိုပင် မူတည်၍ ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို နည်းပေါင်း ၁၄-နည်းတို့ဖြင့် စက်လှည့်ကာ ဟောကြားထားလေသည်။ [၁]

ပုဂ္ဂလပညတ်

ဓာတုကထာနည်းဖြင့် ဟောကြားပြီးနောက် ပုဂ္ဂလ ပညတ်နည်းကို ဆက်လက်ဟောကြားပါသည်။ ပုဂ္ဂလပညတ်ဆိုသည်မှာ လူ၊ နတ်၊ ဗြဟ္မာ၊ ယောက်ျား၊ မိန်းမ စသော ပုဂ္ဂိုလ် သတ္တဝါတို့ကို လူ၊ နတ်၊ ဗြဟ္မာ စသည်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ (ပုဂ္ဂလ = လူနတ်ဗြဟ္မာ စသော ပုဂ္ဂိုလ် + ပညတ္တိ = အမည်မှည့်ခေါ်ပညတ်ခြင်း)။

၁။ ဝိဘင်းပါဠိတော် မြန်မာပြန်၊ စာ-၁၁၂၊ ၁၄၅။

စာမျက်နှာ-13
ဤပုဂ္ဂလပညတ်ကျမ်း၌ ခန္ဓာပညတ်, အာယတနပညတ်, ဓာတု ပညတ်, သစ္စပညတ်, ဣန္ဒြိယပညတ်ဟူသော သဘာဝပညတ်ငါးမျိုး နှင့် ပုဂ္ဂလပညတ်ဟူသော အသဘာဝပညတ်၊ ပေါင်း ပညတ် ၆- မျိုးကို ဝေဖန်ဟောကြားပါသည်။ အခြားပညတ်များထက် ပုဂ္ဂိုလ် ပညတ်အကြောင်းကို အကျယ်ဝေဖန်ဟောကြားသောကြောင့် ဤ ကျမ်းကို ပုဂ္ဂလပညတ်ကျမ်းဟုခေါ်သည်။

ဓမ္မသင်္ဂဏီနည်း၊ ဝိဘင်းနည်း၊ ဓာတုကထာနည်းတို့ဖြင့် ဘုရား ရှင် ဟောကြားသည့် တရားတော်များမှ ကုသိုလ်, အကုသိုလ်, အဗျာကတစသော ပရမတ္ထသဘာဝတရားသက်သက်တို့သာ ဖြစ်ပေ သည်။ ထိုကျမ်းများ၌ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ စသည့် ပညတ်တရားများကို ထင်ထင်ရှားရှား မဟောကြား ခဲ့ပါချေ။ ထို့ကြောင့် အချို့ နတ်ဗြဟ္မာများအဖို့ “ကမ္ဘာလောကကြီးမှာ ပရမတ် သဘာဝတရားချည်းသာ ရှိလေသလော၊ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါဟူသော ပညတ်တရား မရှိလေသလော”ဟု သံသယ ဝင်လာနိုင်စရာ ရှိပေသည်။ ပညတ်ဆိုသည်မှာ အမှန်တရား မဟုတ် သောကြောင့် အသုံးကျသည့်တရားမျိုး မဟုတ်ဟူ၍လည်း ပရမတ် လွန်တစ်ဖက်စွန်းသို့ ရောက်သွားနိုင်ပေသည်။ ထို့ကြောင့် ဤသို့သော သံသယမျိုး၊ တစ်ဖက်စွန်းမျိုးသို့ မရောက်စေရန် ဤပုဂ္ဂလပညတ် ကျမ်းကို ဆက်ဟောရခြင်းဖြစ်ပေသည်။

လောက၌ ပရမတ္ထသဘောတရားချည်းသာ ရှိသည်မဟုတ်၊ ပုဂ္ဂလ ပညတ်စသည့် ပညတ်တရားများလည်း ရှိသေးသည်။ ထိုပညတ် တရားများသည် လောကီဘုံသား လူအများတို့ အညီအညွတ် အမှန် ပြု၍ ခေါ်ဝေါ်ပြောဆိုသော တရားဖြစ်သောကြောင့် သမုတိသစ္စာ အမှန်တရားမျိုးပင်ဖြစ်၏။ အကယ်၍ ပရမတ်တစ်ဖက်စွန်းသို့ရောက်

စာမျက်နှာ-14
၍ အမိ, အဖ, ဆရာသမား, သားသမီး, မောင်နှမ၊ မိန်းမ, ယောက်ျား စသည့် ပညတ်များကို ပယ်လိုက်လျှင် လောကကြီးတစ်ခုလုံး စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာလောကကြီး ဖြစ်သွားနိုင်သည်။

အမိအဖ ဆရာသမားတို့အား ကျေးဇူးဆပ်ခြင်း၊ ရိုသေလေးစား ခြင်း၊ သားသမီးတို့အား ကျွေးမွေးပြုစု စောင့်ရှောက်ခြင်း၊ အသက် ကြီးသူတို့အား အရိုအသေပေးရခြင်း၊ ကျေးဇူးရှင်တို့အား ကျေးဇူးဆပ် ရခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သူတစ်ပါးအသက်ကိုမသတ်ပါ စသည် ဖြင့် သီလဆောက်တည်ခြင်း၊ သတ္တဝါပညတ်ကို အာရုံပြု၍ မေတ္တာ ပို့မှုစသော သမထဘာဝနာ ပွားများခြင်းစသည်တို့သည် ပညတ် တရားအပေါ် အမှီပြု၍ ဖြစ်ကြရသည်။

အယုတ်ဆုံးအားဖြင့် ကုသိုလ် အကုသိုလ်, ခန္ဓာ, အာယတန, စသော အမည်များသည်ပင် ပညတ်တရားများ ဖြစ်ကြလေသည်။ ဤပညတ်တရားများ ကျေးဇူးကြောင့် ဘုရားရှင်လည်း တရားဟော တော်မူနိုင်၏။ နတ်ဗြဟ္မာများလည်း တရားနာယူနိုင်ကြ၏။ ဤသို့ ပညတ်တရားသည်လည်း သူ့နေရာနှင့်သူ အရေးပါ အသုံးဝင်ပေ သည်။

တစ်လောကလုံး ရုပ်နာမ် ပရမတ်တရားချည်းဖြင့် တည်ဆောက် ထားသဖြင့် အယုတ် အလတ် အမြတ် မကွဲပြားဘဲ တပြေးညီစွာ တည်ရှိသည်ဟု မမှတ်ယူရချေ။ သီလရှိသောပုဂ္ဂိုလ်, သီလမဲ့သော ပုဂ္ဂိုလ်, ယုတ်မာသောပုဂ္ဂိုလ်, မြင့်မြတ်သောပုဂ္ဂိုလ်, ကိလေသာထူ သောပုဂ္ဂိုလ်, ကိလေသာနည်းသောပုဂ္ဂိုလ်, ကိလေသာမရှိသောပုဂ္ဂိုလ် စသည်ဖြင့် အမျိုးမျိုး အစားစား ကွဲပြားမှုကို ပညတ်တရားဖြင့် သတ်မှတ်ဖော်ပြရပေသည်။

ဤသို့ လောက လူမှုရေးနယ်၌ ပညတ်တရား၏ အရေးပါပုံ၊ အမှန်တရားဖြစ်ပုံ၊ ဒါနအဆင့်၊ သီလအဆင့်၊ သမထဘာဝနာအဆင့် တို့၌ ပညတ်တရားကို မပယ်ရသေးပုံတို့ကို ဝေနေယျသတ္တဝါတို့ ထင်ရှားကွဲပြားအောင် ပုဂ္ဂလပညတ်နည်းဖြင့် ဆက်လက် ဟောကြား ရသည်။

စာမျက်နှာ-15

ကထာဝတ္ထု

ပုဂ္ဂလပညတ်ကျမ်းကို ဟောပြီးနောက် ကထာ ဝတ္ထုကျမ်းကို ဆက်ဟောပါသည်။ ကထာဝတ္ထု ဆိုသည်မှာ အယူဝါဒနှင့်ဆိုင်သော ပုဂ္ဂိုလ်ရေးရာစသော စကားတို့၏ တည်ရာဖြစ်သောကျမ်းဟု အဓိပ္ပာယ်ရ၏။ (ကထာ = အယူဝါဒနှင့် ဆိုင်သော စကား + ဝတ္ထု = တည်ရာ)။

ဘုရားရှင်သည် ဤကျမ်းကို အပြည့်အစုံ ဟောကြားခဲ့သည် မဟုတ်။ “နောင်သောအခါ၌ ငါ့တပည့် ပညာရှိကြီး အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်သည် ဖြစ်ပေါ်လာမည့် သာသနာ့ အညစ် အကြေးတို့ကို ဆေးကြောသုတ်သင်ကာ တတိယသံဂါယနာ တင်ပေ လိမ့်မည်။ ထိုအခါ ထိုအရှင်သည် ရဟန်းသံဃာများအလယ်၌ သီတင်းသုံးလျက် မိမိဝါဒဘက်က သုတ်ပေါင်းငါးရာ၊ သူတစ်ပါး ဝါဒဘက်က သုတ်ပေါင်းငါးရာ၊ ပေါင်း သုတ်ပေါင်းတစ်ထောင် တို့ဖြင့် တန်ဆာဆင်ကာ ဤကျမ်းကို ဝေဖန် ဟောကြားလိမ့်မည်”ဟု မိန့်တော်မူပြီး နည်းရရုံမာတိကာမျှကိုသာ ဟောကြားထားခဲ့ပေသည်။

ဘုရားရှင် ဗျာဒိတ်ထားတော်မူသည့်အတိုင်းပင် ဘုရားရှင် ပရိ နိဗ္ဗာန်ဝင်စံပြီးသည့်နောက် နှစ်ပေါင်း ၂၃၅-နှစ် ကြာသောအခါ ရှင်မဟာမောဂ္ဂလိပုတ္တမထေရ်သည် ရဟန္တာတစ်ထောင်တို့နှင့် အတူ တတိယ သံဂါယနာတင်ကာ ဤကထာဝတ္ထုကျမ်းကို ဘုရားရှင် ပေးခဲ့သောနည်းကို မှီ၍ ဝေဖန် ဟောကြားခဲ့ပေသည်။

ဤကထာဝတ္ထု ဟောနည်းမှာ ပြဿနာတစ်ရပ်ကို သူ့ဘက် (ပရဝါဒီမိစ္ဆာဒိဋ္ဌိ) ကိုယ့်ဘက် (သကဝါဒီသမ္မာဒိဋ္ဌိ) အပြန်အလှန် အခြေအတင်မေးဖြေ ဟောပြောခြင်းဖြစ်သည်။ ဤကျမ်း၌ မူတည် ဆွေးနွေးဖြေရှင်းသည့် ပြဿနာရပ်ခေါင်းစဉ် (ကထာ) ပေါင်းမှာ ၂၂၆-ခု ရှိပေသည်။

စာမျက်နှာ-16
ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာနည်းတို့ဖြင့် ပရမတ္ထတရား သက်သက်ကို ဟော၍ ပုဂ္ဂလပညတ်နည်းဖြင့် ပညတ်တရားကို ဟောကြားရာ မည်သည့်အတိုင်းအတာအထိ ပညတ်နည်းကို သုံး၍ မည်သည့်အတိုင်းအတာအထိ ပရမတ်နည်း သုံးရမည်ကို တရားနာ နတ်ဗြဟ္မာတို့ စိတ်၌ ဝေခွဲနိုင်မည်မဟုတ်၊ သံသယအမျိုးမျိုးဝင်၍ ပြဿနာမေးခွန်းအမျိုးမျိုး ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရား ဟောထားခဲ့သည့် သုတ္တန်ပါဠိတော် များ၌ မည်သည့်အရာကို ပရမတ္ထသဘာဝအထိ ယူရမည်၊ မည်သည့် အရာကို ပညတ်ယူရမည်ဟု ပရမတ္ထသစ္စာနှင့် သမုတိသစ္စာတို့ကို အယူမလွဲအောင် ဤကထာဝတ္ထုအဘိဓမ္မာနည်းဖြင့် ပြန်၍ညှိနှိုင်း ဟောကြားရပေသည်။

ဥပမာ- မိမိအကျိုးစီးပွားကိုကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏ဟု ဘုရားဟောသုတ္တန်ရှိသောကြောင့် ပုဂ္ဂိုလ်သည် အမှန်တကယ်ရှိ၏ဟု ပရဝါဒီကဆို၏။

ထိုဟောကြားချက်မှာ သမုတိသစ္စာအားဖြင့် ဟောကြားခြင်းဖြစ် ၍ ပုဂ္ဂိုလ်သည် သမုတိသစ္စာအားဖြင့်သာ ရှိ၏။ ပရမတ္ထသစ္စာအား ဖြင့်ကား ပုဂ္ဂိုလ်ဆိုသည်မှာ လုံးဝမရှိဟု သကဝါဒီက ပြန်လည် ဖြေရှင်းပြခြင်းမျိုး ဖြစ်ပေသည်။

ယမိုက်

ကထာဝတ္ထုကျမ်းကို ဟောတော်မူပြီးသည့်နောက် ယမိုက်ကျမ်းကို ဆက်လက် ဟောကြားပါသည်။

စာမျက်နှာ-17
ယမိုက် ဆိုသည်မှာ ယမကဟူသော ပါဠိမှ ဆင်းသက်လာသည့် ဝေါဟာရဖြစ်၍ “အစုံ”ဟု အဓိပ္ပာယ်ရသည်။ အနုလုံ၊ ပဋိလုံ။ အမေး၊ အဖြေ။ သန္နိဋ္ဌာန်၊ သံသယစသည်ဖြင့် အစုံအစုံ ဟောကြား ထားသည့် ကျမ်းဟု ဆိုလိုပေသည်။ (ယမက=ယမိုက်=အစုံ)။ အမှန်စင်စစ် ခန္ဓာ, အာယတန, ဓာတ်, သစ္စာ စသော တရား တို့ကို -

(က) ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊

(ခ) ဘုံဌာနအားဖြင့်လည်းကောင်း၊

(ဂ) ပုဂ္ဂိုလ်, ဘုံ နှစ်မျိုးရောသောအားဖြင့် လည်းကောင်း

ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဟောကြားထားသည့် ကျမ်းဖြစ်ပေသည်။ ဘုရားရှင်သည် အထက်အဘိဓမ္မာ ငါးကျမ်းတို့ဖြင့် ပရမတ္ထ တရားနှင့် သမုတိသစ္စာတရားနှစ်ပါးတို့ကို ပြည့်ပြည့်စုံစုံ ဝေဖန်ပိုင်းခြား ဟောကြားတော်မူလေသည်။ သို့ရာတွင် ပုဂ္ဂိုလ်သတ္တဝါဟူသော သမုတိသစ္စာတရားနှင့် ခန္ဓာ, အာယတန စသော ပရမတ္ထသစ္စာ တရား ၂-ပါးတို့ အချင်းချင်း ဆက်သွယ်ကြပုံ၊ သုံးဆယ့်တစ်ဘုံဟူ သော ဩကာသလောကကြီးနှင့် ထိုသစ္စာတရား ၂-ပါးတို့ ဆက်သွယ်ပုံတို့ကို ဟောရန် ကျန်နေပေသည်။ ထို့ကြောင့် ၎င်းတို့ အချင်းချင်း မည်သို့မည်ပုံ ဆက်သွယ် တည်ရှိနေကြပုံကို ယမိုက် နည်းဖြင့် ဆက်လက်ဟောရခြင်း ဖြစ်ပေသည်။

ပဋ္ဌာန်း

ယမိုက်ကျမ်းကို ဟောပြီးသည့်အခါ ပဋ္ဌာန်းကျမ်းကို နောက်ဆုံး ဟောကြားတော်မူပါသည်။ ပဋ္ဌာန ဟူသော ပါဠိပုဒ်ကို မြန်မာလို ပဋ္ဌာန်းဟု ခေါ်ဝေါ်ခြင်းဖြစ်၏။ အမျိုးမျိုးသော အကြောင်းတရားများဟု အဓိပ္ပာယ်ရသည်။ (ပ=အမျိုးမျိုး + ဌာန= အကြောင်းတရား)။

စာမျက်နှာ-18
ပဋ္ဌာန်းကျမ်းတွင် ၂၄-ပါးသော အကြောင်းပစ္စည်းတရားတို့ကြောင့် စကြဝဠာလောကဓာတ်အတွင်းရှိ သဘာဝတရားတို့ ဖြစ်ပေါ် တည်ရှိနေပုံကို အပြည့်အစုံ ရှင်းလင်း ဟောကြားထားသည်။ ပုဂ္ဂိုလ် သတ္တဝါဟူသော သတ္တလောကသည်လည်းကောင်း၊ ရုပ်နာမ်တရားဟူသော သင်္ခါရလောကသည်လည်းကောင်း၊ ၃၁- ဘုံ ဟူသော ဩကာသ လောကသည်လည်းကောင်း မည်သို့သော အကြောင်းကြောင့် ဖြစ်ပေါ်လာကြသနည်း။ တန်ခိုးရှင်တစ်ဦးက ဖန်ဆင်း၍ ဖြစ်လာကြသလော၊ အကြောင်းမဲ့ သက်သက် ဖြစ်လာကြ သလောဟူသော ပြဿနာရပ်များကို ဖြေရှင်းရန် ဤ ၂၄-ပစ္စည်း ပဋ္ဌာန်းနည်းဖြင့် အကြောင်းအကျိုး ဆက်စပ်ဟောကြားရခြင်း ဖြစ်သည်။

လောကသုံးပါးသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ် လာသည်လည်းမဟုတ်၊ အကြောင်းကင်း၍လည်း ဖြစ်ပေါ်လာသည် လည်းမဟုတ်၊ ရုပ်နာမ်တရားတို့အချင်းချင်း ကြောင်းကျိုးဆက်ကာ ဖြစ်ပေါ်လာကြခြင်းဖြစ်သည်ဟု အသေးစိတ် ဝေဖန်ရှင်းလင်းပြသော နည်း ဖြစ်သည်။

ဤသို့ ကုသိုလ်စသည့် ပရမတ္ထသဘာဝတရားများကို ဓမ္မသင်္ဂဏီ နည်းဖြင့် စ၍ဟောလျှင် နောက်ဆုံး ပဋ္ဌာန်းနည်းဖြင့် ဟောပြီးမှသာ အဘိဓမ္မာတရားတော် ပြီးဆုံးလေသည်။

အဘိဓမ္မာအဖွင့်ကျမ်းများ

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အဘိဓမ္မာတရား တော်များသည် ပညတ်တည်းဟူသော အပေါ်ယံအကာများ ဖုံးအုပ်နေသည့် ရုပ်နာမ် သဘောတရားများဖြစ်၍ နက်လည်း နက်ပေသည်၊ ခက်လည်းခက်ပေသည်။

စာမျက်နှာ-19
ထို့ကြောင့် ရှေးရှေး အဘိဓမ္မာပါရဂူ ဆရာတော်ကြီးများသည် ပညာမျက်စိဖြင့် ပညတ်အပေါ်ယံ အလွှာကို ခွာ၍ ပရမတ်အတွင်း ဓာတ်သားအထိ ထိုးဖောက်သိမြင်နိုင်ရန် (ဝါ) အဘိဓမ္မာ သဘော တရားများကို လွယ်လွယ်ကူကူ သဘောပေါက် နားလည်နိုင်ရန် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနာ၊ ဂဏ္ဌိ၊ အရကောက်၊ နိဿယ၊ မြန်မာပြန်စသည့် အဘိဓမ္မာအဖွင့်ကျမ်းပေါင်း များစွာတို့ကို ခေတ်အဆက်ဆက်တွင် နည်းအမျိုးမျိုးတို့ဖြင့် ဖွင့်ဆို ရေးသားခဲ့ကြ ပေသည်။

ထို အဖွင့်ကျမ်းများအနက် မြန်မာပြည်ပြု အဘိဓမ္မာအဖွင့်ကျမ်း တို့မှာ ပါဠိဘာသာအားဖြင့် ၄၃-ကျမ်း၊ နိဿယနှင့် မြန်မာပြန် ၁၁၂-ကျမ်း၊ အထွေထွေ ၁၇၈-ကျမ်းအားဖြင့် စုစုပေါင်း ၃၃၃- ကျမ်းအထိ ရှာဖွေတွေ့ရှိရပေသည် (၁)။

ဗုဒ္ဓအဘိဓမ္မာစေတသိက်များ အဖွင့်ကျမ်း

ရည်မှန်းချက်များ

သာသနာရေးဦးစီးဌာန သုတေသနနှင့်ကျမ်းပြုဌာနခွဲ ကျမ်းပြုဌာနစု (ဘာသာပြန်)က ပြုစုသည့် ဤဗုဒ္ဓအဘိဓမ္မာ စေတသိက်များ အဖွင့်ကျမ်းသည်လည်း အဘိဓမ္မာအဖွင့်ကျမ်းတစ်ကျမ်းပင် ဖြစ်ပါသည်။ ဤအဖွင့်ကျမ်းသည် ရှေးရှေးအဘိဓမ္မာ အဖွင့်ကျမ်းများနှင့် အဖွင့်ကျမ်းချင်းတူသော်လည်း ဖွင့်နည်းဖွင့်ဟန် အလွန်ခြားနားပါသည်။

(၁) အဘိဓမ္မာသမိုင်းချုပ်(နှာ-၆၈)၌ ကျမ်းအမည်များ ဖော်ပြထားသည်။

စာမျက်နှာ-20
“ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်” ဟူသော နာမည်အရ အဘိဓမ္မာပိဋက၌ လာရှိသည့် လောဘ၊ ဒေါသ၊ မောဟစေတသိက် တရားများကို ထူးခြားသော အစီအစဉ်ဖြင့် ဖွင့်ဆိုထားသည့် ကျမ်း ဖြစ်သည်။ ဤကဲ့သို့သော အဖွင့်ကျမ်းမျိုး ရှေးက တစ်ကြိမ်တစ်ခါမျှ မပေါ်ခဲ့ဖူးသေးချေ။

ဤအဖွင့်ကျမ်းကို ပြုစုထုတ်ဝေရာ၌ သာသနာရေးဦးစီးဌာန အနေဖြင့် ပဓာန ရည်မှန်းချက်ကြီး(၅)ချက် ထားရှိပါသည်။ ယင်း ရည်မှန်းချက်ကြီးများမှာ -

(၁) ဤကျမ်းကို ဖတ်ရှုလေ့လာသူများအဖို့ လောဘ ဖြစ်စရာ၊ ဒေါသဖြစ်စရာ အာရုံများနှင့် တွေ့ကြုံရသည့်အခါ လောဘ, ဒေါသ အကုသိုလ်တရားတို့ မဖြစ်ပွားအောင် စိတ်ကို ထိန်းတတ်သိမ်းတတ်ရန်။

(၂) သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိတို့မှ ကင်းစင်၍ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် အမြင်သန်ရန်။

(၃) ရုပ်နာမ်တို့ကို မသိမြင်သော အန္ဓ(အကန်း) ပုထုဇဉ် အဆင့်မှ ရုပ်နာမ်သိမြင်သည့် ကလျာဏ(အကောင်း) ပုထုဇဉ်အဆင့်သို့ တက်လှမ်းနိုင်ရန်။

(၄) ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ရောက်၍ စူဠသောတာပန် ဖြစ်ရန်။

(၅) ပဋိသမ္ဘိဒါဉာဏ်အတွက် ပါရမီမျိုးစေ့ရရှိရန်တို့ ဖြစ်ပါသည်။

၁။ အကုသိုလ်မဖြစ်အောင် စိတ်ကို ထိန်းသိမ်းနိုင်ခြင်း

စိတ်အရေးပါပုံ

ဤရည်မှန်းချက်ကြီး ၅-ခုအနက် အမှတ်(၁) ရည်မှန်းချက်ကို ရှင်းပြပါမည်။ လောကတွင် ရှိရှိသမျှ သင်္ခါရတရားများကို အနှစ်ချုပ်လိုက်လျှင် -

စာမျက်နှာ-21
ရုပ်နှင့်နာမ် နှစ်မျိုးသာရှိ၏။ ရုပ်နာမ်မှတစ်ပါး ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါဟူ၍ မရှိချေ။ ထိုနှစ်မျိုးတွင် ရုပ်တရားသည် အာရုံကိုမယူနိုင်၊ မသိနိုင်သဖြင့် အကန်းနှင့်တူ၏။ နာမ်တရားကား အာရုံကို ယူနိုင် သိနိုင်သော်လည်း စားခြင်း, သောက်ခြင်း, သွားခြင်း, လာခြင်း, ရပ်ခြင်း, ထိုင်ခြင်း စသည်တို့ကို မပြုလုပ်နိုင်သောကြောင့် အကျိုးနှင့်တူ၏။ ထိုတရားနှစ်မျိုးတို့သည် သူ့နေရာနှင့်သူ ပဓာန ဖြစ်ကြသော်လည်း အကန်းနှင့်တူသော ရုပ်တရားကို အကျိုးနှင့်တူသော နာမ်တရားက အမြဲရှေ့ဆောင်လျက်ရှိသည်။

နာမ်တရားများတွင် စိတ်သည် ပဓာနအကျဆုံးဖြစ်၏။ အတူဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများ၏ ခေါင်းဆောင် အကြီးအကဲ ဖြစ်သည်။ စိတ်ညစ်နွမ်းလျှင် သတ္တဝါများသည် ညစ်နွမ်းကြရသည်။ စိတ်ဖြူစင်သန့်ရှင်းလျှင် သတ္တဝါများ သန့်ရှင်း စင်ကြယ်ကြရသည်။ စိတ်တခုတည်းကို သတိဖြင့် စောင့်ရှောက် ထိန်းသိမ်းထားနိုင်လျှင် အကုသိုလ် ဒုစရိုက်တရားများ မဖြစ်ပွားနိုင်၊ သံသရာဝဋ်ဒုက္ခမှ မုချ လွတ်မြောက်နိုင်၏။ ဤသို့ စသည်ဖြင့် စိတ် အလွန်အရေး ပါပုံကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယ ဂဒ္ဒလ ဗန္ဓသုတ်နှင့် တိကအင်္ဂုတ္ထိုရ်ပါဠိတော်၊ အရက္ခိတသုတ်တို့၌ ရှင်တော်ဘုရား ဟောကြားထားပေသည်။ ဤအချက်နှင့် ပတ်သက်၍ ဗုဒ္ဓရှင်တော်ဘုရား၏ ဩဝါဒဒေသနာတော်တစ်ခု သတိပြုနိုင်ရန် တင်ပြပါမည်။

ရဟန်းဘဝတွင် စောင့်ထိန်းရမှုများလှသဖြင့် လူထွက်လိုသောရဟန်း

ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်သား သူဌေးသား တစ်ယောက်သည် မိမိကိုးကွယ် ဆည်းကပ်နေသည့် -

စာမျက်နှာ-22
ဆရာမထေရ်အား -

အရှင်မြတ်ဘုရား...တပည့်တော်သည် ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်လိုပါသည်။ ဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်းတရား တစ်ခုကို တပည့်တော်အား ဟောကြားတော်မူပါဟု လျှောက်ထား၏။

ဆရာမထေရ်က “ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်လိုလျှင် စာရေးတံ ဆွမ်းကို ကပ်လှူရမည်၊ လဆန်းပက္ခ, လဆုတ်ပက္ခတို့၌ ဆွမ်းကပ်လှူရမည်။ ဝါဆိုသင်္ကန်းကိုလည်း ကပ်လှူရမည်။ သင်္ကန်းစသော ပစ္စည်းတို့ကိုလည်း ကပ်လှူရမည်။ မိမိ၏ ရှိပစ္စည်းကို သုံးပုံပုံ၍ တစ်ပုံကို ဘုရားသာသနာတော်သို့ လှူဒါန်းရမည်။ တစ်ပုံကို ရောင်းဝယ်မှု၌ အရင်းအနှီးပြု၍ ကျန်တစ်ပုံကို သားမယားလုပ်ကျွေးမှု၌ အသုံးချရမည်” ဟု ညွှန်ကြားလေသည်။

သူဌေးသားသည် ဆရာမထေရ် အမိန့်ရှိသည့်အတိုင်း အားလုံးကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ထိုအလှူဒါနများထက်ပို၍ အခြား မည်သည့်ကုသိုလ်ကောင်းမှုမျိုးကို ပြုလုပ်ရပါဦးမည်နည်းဟု လျှောက်ထားပြန်သည်။

ဆရာမထေရ်က “သရဏဂုံသုံးပါးကို ဆောက်တည်၍ ငါးပါးသီလကို ခံယူကျင့်သုံးရမည်” ဟု အမိန့်ရှိ၏။

သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ပြီးသည့် အခါ၌လည်း ထိုကုသိုလ်အပြင် အခြား မည်သည့်ကုသိုလ်မျိုးကို ပြုလုပ်ရပါမည်နည်းဟု လျှောက်ထားပြန်၏။

ဆရာမထေရ်က “ဆယ်ပါးသီလကို ခံယူဆောက်တည်ရန်” ညွှန်ကြား၍ ဆယ်ပါးသီလကို ခံယူဆောက်တည်ပြန်လေသည်။ ထိုသူဌေးသားသည် ဆရာမထေရ် ညွှန်ကြားသကဲ့သို့ အစဉ် -

စာမျက်နှာ-23
အတိုင်း ကုသိုလ်ကောင်းမှုကို တစ်ခုပြီးတစ်ခု ပြုလုပ်သည်။ ထို့ကြောင့် ထိုသူဌေးသားကို အနုပုဗ္ဗသူဌေးသားဟု ခေါ်ဝေါ်ကြသည်။ (အနုပုဗ္ဗ=အစဉ်အတိုင်း ကုသိုလ်ပြုသူ)။

ထို့နောက် ဆရာမထေရ်အား ရှေးနည်းအတိုင်း လျှောက်ထားပြန်ရာ ဆရာမထေရ်က ရဟန်းပြုရန် ညွှန်ကြားတော်မူလိုက်လေသည်။ သူဌေးသားသည်လည်း ဆရာမထေရ်ညွှန်ကြားသည့်အတိုင်း ရဟန်းပြုလေသည်။

ထိုသူဌေးသားရဟန်း၏ ဥပဇ္ဈာယ်ဆရာကား ဝိနည်းအရာ၌ လိမ္မာကျွမ်းကျင်သည့် ဝိနည်းဓိုရ်ဆရာတော်တပါးဖြစ်၏။ နိဿယည်းဆရာမှာမူ အဘိဓမ္မာအရာ၌ လိမ္မာကျွမ်းကျင်သည့် အဘိဓမ္မာဆောင် ဆရာတော်တပါးဖြစ်သည်။

သူဌေးသားရဟန်းသည် ဥပဇ္ဈာယ်ဆရာထံတော်ပါးသို့ ချဉ်းကပ်သွားသည့်အခါ ဥပဇ္ဈာယ်ဆရာတော်က ရဟန်းများ မပြုလုပ်ကောင်းသည့် အသွားအလာ, အနေအထိုင်, အပြောအဆို, အစားအသောက်, အဝတ်အရုံ စသည်တို့ကို ဝိနည်းဥပဒေရှိသည့်အတိုင်း သွန်သင်ဆုံးမ၏။ နိဿယည်း ဆရာထံရောက်သည့်အခါ၌လည်း ဘုရားသာသနာတော်တွင် ရှောင်ကြဉ်ရမည့် အမှုကိစ္စ ပြုလုပ်ရမည့် အမှုကိစ္စတို့ကို အဘိဓမ္မာတရားတော်၌ လာရှိသည့်အတိုင်း ဩဝါဒပေးတော်မူသည်။

ဤသို့ ရဟန်းဘဝတွင် ရှောင်ကြဉ်ရမည့်အရာ ဆောင်ရမည့်အရာတို့ကို ဥပဇ္ဈာယ်ဆရာက ဝိနည်းဥပဒေဖြင့်တစ်မျိုး နိဿယည်းဆရာက အဘိဓမ္မာနည်းဖြင့် တစ်ဖုံ၊ ဆုံးမဩဝါဒ ပေးတော်မူကြသည်ကို ကြားနာရသည့်အခါ သူဌေးသားရဟန်းမှာ အလွန်စိတ်ရှုပ်သွားပေတော့သည်။ ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်မြတ်ကြီးကို အကျဉ်းထောင်ကြီးအဖြစ်မြင်၍ ရဟန်းဘဝကို ထောင်သားအသွင် ထင်သွားဟန်ရှိပေသည်။

စာမျက်နှာ-24
ဤရဟန်းအလုပ်ကား အလွန်တာဝန်ကြီးလေစွတကား။ ငါသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်လို၍ ရဟန်းပြုခဲ့သည်။ ယခုဤရဟန်းဘဝသည် လက်ဆန့်တန်းဖို့နေရာပင်မရှိလောက်အောင် ကျဉ်းမြောင်းလှ၏ (ဝါ) လက်ကိုပင် မဆန့်ရဲအောင် ကျပ်တည်းလှ၏။ လူ့ဘဝကပင် ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် လုပ်နိုင်ပေလိမ့်ဦးမည်။ ငါလူထွက်မှတော်မည်ဟု အကြံ ဖြစ်လေသည်။

ထိုအချိန်မှစ၍ ထိုရဟန်းကား ရဟန်းဘဝကို စိတ်အပျက်ကြီး ပျက်သွား၏။ သာသနာတော်၌ လုံးဝမပျော်ပိုက်တော့ချေ။ ကမ္မဋ္ဌာန်းကိုလည်း မစီးဖြန်းနိုင်။ စာပေပရိယတ္တိကိုလည်း မသင်ယူနိုင်။ တမှိုင်မှိုင်တတွေတွေ ဖြစ်နေပေရာ တဖြည်းဖြည်း ပိန်ချုံးလာ၏။ အကြောများပင် အပြိုင်းပြိုင်းထလာ၏။ ပွေးနာယားနာများလည်း တစ်ကိုယ်လုံးပေါက်လာလေသည်။

တစ်နေ့တွင် ထိုရဟန်း၏ ဖြစ်ပုံကို သတိထားမိသော သာမဏေငယ် ကလေးတစ်စုက -

“အရှင်ဘုရားမှာ အားနည်းတဲ့ရောဂါ ရှိပုံရတယ်။ ပိန်လည်းပိန်တယ်။ အသားအရေလည်း ခြောက်တယ်။ အကြောတွေလည်း အထင်းသားပေါ်နေတယ်။ ပျင်းတဲ့လူတွေမှာ ပေါက်လေ့ရှိတဲ့ ဝဲနာ ပွေးနာတွေလဲ ပေါက်နေတယ်။ တမှိုင်မှိုင်တတွေတွေလည်း ဖြစ်နေတာ တွေ့ရပါတယ်။ အရှင်ဘုရား ဘယ်အလုပ်ကို ပြုမိပါသလဲ” ဟု ဝိုင်းမေးကြ၏။

သူဌေးသားရဟန်းက ရဟန်းဘဝကို စိတ်ပျက်ပုံ၊ သာသနာတော်မှာနေရတာ မပျော်ပိုက်ပုံတို့ကို အကြောင်းနှင့်တကွ ရှင်းပြလိုက် လေသည်။

စာမျက်နှာ-25
ထိုအခါ ကိုရင်ကလေးများသည် ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာ နှင့် နိဿယည်းဆရာတို့ထံသွား၍ ထိုရဟန်း၏အကြောင်းကို လျှောက်ကြလေသည်။ ဆရာနှစ်ပါးတို့သည် တပည့်ရဟန်းကို ဗုဒ္ဓရှင်တော်ဘုရားထံခေါ်ဆောင်သွား၍ အဖြစ်အပျက်အလုံးစုံကို လျှောက်ထားကြလေသည်။

မြတ်စွာဘုရားသည် ထိုသူဌေးသားရဟန်းအား ကိုယ်တော်တိုင် စစ်မေးတော်မူပြီး -

“ချစ်သား သင်သည် တရားအများကြီးကို စောင့်ထိန်းနေစရာ မလို၊ တစ်ပါးတည်းကိုသာ စောင့်ထိန်းရမည်။ အဲဒီတရားတစ်ပါးကို စောင့်ထိန်းနိုင်မည်လား” ဟု မေးတော်မူ၏။

ရှင်တော်မြတ်ဘုရား တရားတစ်ပါးဆိုသည်မှာ ဘယ်လို တရားမျိုးပါလဲဘုရားဟု လျှောက်၏။

တရားတစ်ပါးဆိုသည်မှာ သင်ချစ်သား၏ စိတ်တစ်ခုတည်းပင် ဖြစ်သည်။ သင့်စိတ်ကို စောင့်ထိန်းနိုင်မည်လား။

စောင့်ထိန်းနိုင်ပါမည် မြတ်စွာဘုရား။

ဒီလိုဆိုလျှင် “သင်ချစ်သားရဲ့ စိတ်တစ်ခုတည်းကို စောင့်ထိန်းပေ လော့၊ ဆင်းရဲဒုက္ခအားလုံးမှ မကြာမီလွတ်မြောက် သွားပေမည်” ဟု ညွှန်ကြားတော်မူကာ အောက်ပါဆုံးမဩဝါဒကို ပေးတော်မူပါသည်။

အလွန်အကဲ၊ မြင်နိုင်ခဲတည့်၊ ကြည့်လဲမမြင်၊ ရှာလျှင် မရ၊ သိမ်မွေ့လှသည့်၊ ငါးဝအာရုံ၊ ကာမဂုဏ်လျှင်၊ ခုံမင် ပျော်မွေ့ ၊ ကျရောက်လေ့ရှိ၊ စိတ်အသိကို၊ ပဏ္ဍိမည်မှတ်၊ ပုဂ္ဂိုလ်မြတ်သည်၊ မလပ်မကွာ၊ စောင့်ရှောက်ရာ၏။ စောင့်

စာမျက်နှာ-26
ကာတားဆီး၊ လုံခြုံပြီးငြား၊ စိတ်တရားသည်၊ ထက်များဟုဆို၊ မဂ်ဖိုလ်နိဗ္ဗာန်၊ သုံးတန်သတ်မှတ်၊ ချမ်းသာမြတ်ကို၊ ဆတ်ဆတ်မသွေ ဆောင်သတည်း။

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။

စိတ္တံ ရက္ခထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ (၁)။

ဤဒေသနာတော်အဆုံး၌ ထိုသူဌေးသားရဟန်းနှင့်တကွ များစွာသော ပရိသတ်တို့သည် သောတာပန်တည်သွားကြပေသည် ။

စိတ်နှင့်စေတသိက်

ဤသို့စိတ်သည် အလွန်အရေးပါသည်။ စိတ် တစ်ခုတည်းကို ချုပ်ထိန်းနိုင်ပါလျှင် (ဝါ) ယဉ်ကျေးအောင် ဆုံးမထားနိုင်လျှင် ဒန္တ-ဆုံးမထားသဖြင့် ယဉ်ကျေးပြီးသော၊ စိတ္တံ-စိတ်သည်၊ သုခါဝဟံ-မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်နိုင်၏ (စိတ္တံဒန္တံ သုခါဝဟံ)ဟု ဘုရားရှင်ဟောတော်မူထားသည့်အတိုင်း ချမ်းသာသုံးပါးကို ရရှိနိုင်ပေသည်။

သတ္တဝါများ၌ ပဋိသန္ဓေတည်လာကတည်းက ပါလာခဲ့သော ထိုစိတ်သည် ပင်ကိုသဘာဝအားဖြင့် ညစ်ကြေးမတင် အလွန် ဖြူစင်သန့်ရှင်းလျက်ရှိပေသည်။ ယင်းသို့ ဖြူစင်သန့်ရှင်းသော သဘော ရှိသောကြောင့် ထိုစိတ်ကို ဓမ္မသင်္ဂဏီပါဠိတော်၌ “ပဏ္ဍရ (၂)” ဟု ဟော ထား၏။ သို့ရာတွင် စိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းသည် ထာဝစဉ် တည်မြဲမှုမရှိချေ။ (ဝါ) ထိုသန့်ရှင်းစင်ကြယ်သည့်ဘဝင်စိတ် အတိုင်း အမြဲထားရန် မဖြစ်နိုင်ချေ။ မိမိကို အခိုက်အတန့်အားဖြင့် လာမှီကြသည့် ဧည့်သည် (အာဂန္တုက)စေတသိက်တရားများကြောင့် ညစ်နွမ်းသည့်အခါ ညစ်နွမ်းရလေသည်။

ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဏိဟိတအစ္ဆဝဂ်၌ ...

(၁) ဓမ္မပဒ၊ ၁၊ ၁၈၉။

(၂) ပဏ္ဍရ = ဖြူစင်သောသဘော။

စာမျက်နှာ-27
“ရဟန်းတို့- ဤဘဝင်စိတ်သည် ဖြူစင်သန့်ရှင်း သောကြောင့် ပြိုးပြိုးပြက်ပြက် အရောင်ထွက်သကဲ့သို့ ရှိ၏။ ထိုစိတ်သည်ပင်(ဇောခဏ၌) ဧည့်သည် အာဂန္တုက ဖြစ်ကုန်သော (ဝါ) အခိုက်အတန့်အားဖြင့် လာမှီကြကုန်သော၊ ညစ်ညူးကြောင်း ကိလေသာတရားတို့ကြောင့် ညစ်နွမ်းရပေသည်”ဟုလည်းကောင်း...

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် (၁၂၃)၌လည်း... “ရဟန်းတို့ ဤစိတ်ကို ရာဂ၊ ဒေါသ၊ မောဟတို့က ညစ်ညူးအောင် ပြုထားသည်မှာ အချိန်ကြာလှပြီဟု အမြဲမပြတ် မိမိစိတ်ကို ဆင်ခြင်ရမည်”ဟုလည်းကောင်း ... ဟောတော်မူထားပေသည်။

မှန်ပါသည်။ စိတ်ညစ်နွမ်းမှုသည် လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်စေတသိက်များကြောင့်ဖြစ်၏။ စေတသိက်ဆိုသည်မှာ သူ့ချည်းသက်သက်ဖြစ်လာနိုင်၊ အာရုံကိုယူနိုင်သောတရားမျိုး မဟုတ်။ စိတ်ဖြစ်ပေါ်လာမှ စိတ်ကိုမှီ၍ အာရုံကိုယူနိုင်သော တရားမျိုးဖြစ်သည်။ စိတ်နှင့်တစ်ပြိုင်နက်ဖြစ်၊ တစ်ပြိုင်နက်ပျက်၍ စိတ်မှီသော ဝတ္ထုရုပ်ကိုမှီကာ စိတ်ယူသော အာရုံကိုသာ ယူနိုင်ကြသည်။ ပင်ကို ပကတိ ဖြူစင်သန့်ရှင်းနေသည့် စိတ်အစဉ်တွင် ဇောခဏ၌ ညစ်နွမ်းသည့် လောဘ, ဒေါသစသော စေတသိက်များ ပူးဝင်ယှဉ်တွဲခဲ့လျှင် စိတ်အစဉ်သည် ညစ်နွမ်းသွားရသည်။

ထို့ကြောင့် စိတ်အစဉ်တွင် လောဘ, ဒေါသ, မောဟ စသော စေတသိက်များ မဝင်လာအောင် ထိန်းသိမ်းတတ်ရန် အလွန်အရေးကြီး၏။ လောဘ, ဒေါသ, မောဟ ဖြစ်စရာအာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ၌ လောဘ, ဒေါသ, မောဟတို့ မဖြစ်အောင်-

စာမျက်နှာ-28
ထိန်းသိမ်းထားနိုင်မှသာ စိတ်အစဉ် ဖြူစင်သန့်ရှင်းနေပေမည်။

ဤကျမ်း၌ လောဘ, ဒေါသ, မောဟဟူသောတရားဆိုး သုံးပါးတို့က မကောင်းကျိုး အမျိုးမျိုးတို့ကို ဖန်တီးပေးပုံနှင့် ထိုတရားဆိုး သုံးမျိုးတို့ မဖြစ်အောင် ထိန်းသိမ်းနည်းများ၊ ပယ်သတ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလမ်းညွှန်ထားပါသည်။ ထိုနည်းများအတိုင်း လိုက်နာကျင့်သုံးပါက အကုသိုလ်စိတ် အဖြစ်နည်းအောင် မိမိစိတ်ကို ထိန်းနိုင်သိမ်းနိုင်လာမည်။ တစ်ချိန်တည်းမှာပင် ကုသိုလ်တည်းဟူသော စိတ်ကောင်း စိတ်မွန်များကို တစ်စတစ်စ ပြုစုပျိုးထောင်တတ်လာမည်။

ဤသို့ ဒေါသ, သောကတို့ ဖြစ်ဖွယ်ရာ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံရသည့်အခါ ဒေါသ, သောကစသည့် အကုသိုလ်တရားများ မဖြစ်ပွားအောင် စိတ်ကို ထိန်းသိမ်းနိုင်သည့်နေရာ၌ “မလ္လိကာ”ခေါ် ဗန္ဓုလစစ်သူကြီးကတော်ကို စံနမူနာယူသင့်ကြ၏။

အတုယူစရာ မလ္လိကာ

ဗန္ဓုလစစ်သူကြီးကား သာဝတ္ထိပြည် ပဿေနဒီကောသလမင်းကြီး၏ စစ်သူကြီးဖြစ်သည်။ ဘုရင်၏ ငယ်သူငယ်ချင်းဖြစ်သည့်အပြင် လက်ရုံးရည် နှလုံးရည်တို့နှင့် အလွန်ပြည့်စုံသူ ဖြစ်သောကြောင့် ဘုရင်ကိုယ်တိုင် စစ်သူကြီးအရာထား၍ အားပေးမြှောက်စားခြင်းကို ခံရသူဖြစ်သည်။ ထိုဗန္ဓုလစစ်သူကြီး၏ ဇနီးကားမလ္လိကာ ဖြစ်သည်။ မလ္လိကာ၌ ဖခင်ကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် သားသုံးကျိပ်နှစ်ယောက် ထွန်းကားသည်။

တစ်နေ့တွင် မတရားအဆုံးအဖြတ်ခံရသည့် တရားရှုံးသူများ၏ တိုင်တန်းချက်အရ ဗန္ဓုလစစ်သူကြီးကိုယ်တိုင် တရားစီရင်ရေးကို ဝင်ရောက်ကိုင်တွယ်ရာ ပြည်သူတို့၏ နှစ်သက်လေးစားမှုကို ရရှိခဲ့-

စာမျက်နှာ-29
သည်။ ထိုအကြောင်းကို မင်းကြီးကြားသိသဖြင့် လာဘ်စား၍ တရားဆုံးဖြတ်သည့် အမတ်များကို ရာထူးမှ နုတ်ပယ်ပစ်လိုက်သည်။ တရားစီရင်ရေးကိုလည်း ဗန္ဓုလစစ်သူကြီးအား လုံးဝအပ်နှင်းလိုက်၏။

ထိုအခါ ရာထူးချခံရသည့် အမတ်ဟောင်းများသည် စစ်သူကြီးဗန္ဓုလအား ရန်ငြိုးဖွဲ့ကြတော့သည်။ သူတို့သည် အခြေအနေပေးသည်နှင့် “စစ်သူကြီးဗန္ဓုလသည် မင်းဖြစ်ရန် ကြိုးစားနေပါသည်”ဟု မင်းကြီးအား ချောပစ်ကုန်းတိုက်ကြသည်။ မင်းကြီးသည် ထိုသူတို့၏ စကားကို ယုံကြည်ပြီး စစ်သူကြီးဗန္ဓုလကို သားသုံးကျိပ်နှစ်ယောက်နှင့်အတူ သတ်ဖြတ်ရန် စီမံလေသည်။

မင်းကြီး၏ စီမံချက်ကား စစ်သူကြီးကို ဤသာဝတ္ထိပြည်ထဲတွင် သတ်ပါက ပြည်သူလူထု၏ အကဲ့ရဲ့ကို ခံရမည်။ သို့အတွက် ရွာစွန်ဖျား၌ သူပုန်ထဟန်ပြုစေ၍ ထိုသူပုန်များကို သားများနှင့်အတူ သွားရောက်နှိမ်နင်းရန် ဗန္ဓုလကို တာဝန်ပေးမည်။ တာဝန်ထမ်းဆောင်ရာမှအပြန် မြို့ပြင်တွင် ဗန္ဓုလစစ်သူကြီးကို သားသုံးကျိပ်နှစ်ယောက်နှင့်အတူ လုပ်ကြံသတ်ဖြတ်ရန် အခြားသူရဲကောင်းများကို တာဝန်ပေးမည်ဟူ၍ ဖြစ်သည်။

ထိုစီမံချက်အတိုင်း အမိန့်ပေး ပြုလုပ်စေရာ လုပ်ကြံသတ်ဖြတ်မှုကြီး ထမြောက်အောင်မြင်သွားခဲ့သည်။ ထိုလုပ်ကြံသည့်နေ့၌ပင် မလ္လိကာသည် အဂ္ဂသာဝကကြီးနှစ်ပါးနှင့်အတူ ရဟန်းငါးရာကို ဆွမ်းကပ်ရန် ပင့်ဖိတ်ထား၏။ ထိုနေ့နံနက်စောစော၌ စစ်သူကြီးကတော် မလ္လိကာထံသို့ အကြောင်းကြားစာတစ်စောင် ရောက်လာသည်။ ထိုစာကား “သင်၏သား သုံးကျိပ်နှစ်ယောက်တို့နှင့်အတူ အရှင်သခင် စစ်သူကြီးဗန္ဓုလ၏ ဦးခေါင်းကို ဖြတ်လိုက်ကြပြီ”ဟူ၍-

စာမျက်နှာ-30
ဖြစ်၏။

မလ္လိကာသည် ထိုအကြောင်းကို မည်သူ့အားမျှ အသိမပေးဘဲ စာကို ရင်ခွင်၌ သိမ်းကာ ရဟန်းသံဃာများကိုသာ ဣန္ဒြေရရ ဆွမ်းကျွေး ပြုစုနေလေသည်။ မလ္လိကာ၏ အလုပ်အကျွေး အိမ်ဖော် အမျိုးသမီးကလေးများသည် ဆွမ်းကပ်ပြီး၍ ထောပတ်အိုးများကို သယ်ယူလာကြစဉ် သံဃာတော်များ ရှေ့မှာပင် ထောပတ်အိုးကျကွဲသွား၏။ ထိုအခါ တရားစစ်သူကြီး အရှင်သာရိပုတ္တရာက “ကွဲတတ်ပျက်တတ်တဲ့ သဘောတရားသည် ကွဲရပျက်ရ၏။ ဟိုဟိုဒီဒီ မကြံမစည် မတွေးတောရ”ဟု ဆုံးမတော်မူလိုက်သည်။

ထိုအခါ မလ္လိကာက ရင်ခွင်မှစာကိုထုတ်၍ “အရှင်မြတ်ဘုရား သားသုံးကျိပ်နှစ်ယောက်နှင့်အတူ ဖခင်ဖြစ်သူ စစ်သူကြီးဗန္ဓုလရဲ့ ဦးခေါင်းကို ဖြတ်လိုက်ကြပြီဆိုတဲ့ ဒီစာကို ယခုမနက်ပဲ တပည့်တော်မ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ တပည့်တော်မမှာ တစ်စုံတစ်ရာ စိုးရိမ်ပူဆွေး တွေးတောကြံစည်ခြင်းမရှိပါ။ ဒီထောပတ်အိုးကလေး ကွဲသည့်ကိစ္စမှာ အဘယ်မှာ တွေးတောကြံစည်ပါ့မလဲ ဘုရား”ဟု လျှောက်ထားသည်။ ထို့နောက် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဆွမ်းအနုမောဒနာ တရားဒေသနာ ချီးမြှင့်၍ သံဃာတော်များနှင့်အတူ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။

စစ်သူကြီးကတော်မလ္လိကာသည် ချွေးမသုံးကျိပ်နှစ်ယောက်တို့ကို ခေါ်ပြီး “ချစ်သမီးတို့ သင်တို့၏ ခင်ပွန်းယောက်ျားတို့သည် မျက်မှောက်လောက၌ အပြစ်မရှိကြပါပဲလျက် ရှေးဘဝက သူတို့ပြုခဲ့ဖူးသည့် အကုသိုလ်ကံ၏ အကျိုးကို မလွှဲမရှောင်သာ ခံစားကြရလေပြီ။ ချစ်သမီးတို့... မစိုးရိမ်ကြနဲ့၊ မပူဆွေး မငိုကြွေးကြနဲ့၊ ဘုရင်မင်းမြတ်အပေါ်၌လည်း စိတ်ဖြင့် ပြစ်မှားမှုကို မပြုကြနဲ့”ဟု ဆုံးမစကား-

စာမျက်နှာ-31
ပြောကြားလိုက်လေသည်။

ထိုစစ်သူကြီးကတော် မလ္လိကာကား အရိယာမဟုတ်၊ ပုထုဇဉ်မျှသာ ဖြစ်ပေသည်။ သို့သော် မိမိစိတ်ကို အကုသိုလ်မဖြစ်အောင် ထိန်းတတ်သိမ်းတတ်သည့် အထက်တန်းစားပုထုဇဉ်ဖြစ်သည်။ ဘုရားရှင်နှင့် သာဝကတို့၏ ဆုံးမသြဝါဒကို နည်းနာကျကျ လက်တွေ့ကျင့်သုံးသူဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့ ဒေါသ, သောကဖြစ်ဖွယ်ရာ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံရခိုက်၌ ဒေါသ, သောကတို့ မဝင်လာနိုင်အောင် စိတ်နှလုံးကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း ဖြစ်သည်။ အရှင်သခင် လင်ယောက်ျားနှင့် သားများ သေဆုံးရခြင်းသည် ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ ရှေးအတိတ်ဘဝက သူတို့ ပြုလုပ်ခဲ့သည့် အကုသိုလ်ကံတရားကြောင့်ဖြစ်သည်။ မည်သူ့ကိုမျှ အပြစ်တင်စရာ၊ စိတ်ဆိုးစရာ တရားခံလုပ်စရာမလို၊ ပူဆွေးသောက ဖြစ်နေဖို့လည်းမဟုတ်ဟု အမှန်အတိုင်း နှလုံးသွင်းနိုင်ခြင်း ဖြစ်ပေသည်။

ဤကဲ့သို့ အကုသိုလ်ဖြစ်စရာ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ ဤစစ်သူကြီးကတော် မလ္လိကာကဲ့သို့ ဒေါသ, သောကစသော အကုသိုလ်တရားများ မဖြစ်ပွားအောင် စိတ်ကိုထိန်းတတ်သိမ်းတတ်ရန် စိတ်ထိန်းသိမ်းနည်းများကို ဤကျမ်း၌ လမ်းညွှန်နည်း ပေးထားပါသည်။

၂။ သက္ကာယကွာသော ဒိဋ္ဌိဝိသုဒ္ဓိစခန်း

ရုပ်နာမ်ဓမ္မပရမတ္ထသဘာဝတရားများ၌ လက္ခဏ (သဘောလက္ခဏာ)၊ ရသ(ဆောင်ရွက်သည့်လုပ်ငန်းကိစ္စ)၊ ပစ္စုပဋ္ဌာန်(မိမိကြောင့်-

စာမျက်နှာ-32
ဖြစ်ပေါ်လာသည့် အကျိုးတရား)၊ ပဒဋ္ဌာန် (မိမိကိုဖြစ်ပေါ်စေသည့် အကြောင်းတရား)ဟူသော သဘောတရား လေးမျိုးတို့ ရှိကြစမြဲဖြစ်သည်။ ထိုလက္ခဏ, ရသစသော သဘောတရား လေးမျိုးတို့ဖြင့် ရုပ်တရား၊ နာမ်တရားတို့ကို ပိုင်းခြားယူငင်၊ သိမြင်နိုင်ခြင်းသည် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့မှ ကင်းစင်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏ဟု အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ၌ မိန့်ဆိုထားပါသည်။

ရုပ်တရားနာမ်တရားတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တင်၍ ဆင်ခြင်လိုက်သည့်အခါ သိမှုသည် ဝိညာဉ်၊ ခံစားမှုသည် ဝေဒနာ၊ မှတ်သားမှုကား သညာ၊ ပြုလုပ်အားထုတ်မှုကား သင်္ခါရ၊ ဖောက်ပြန်တတ်သည့် ဤခန္ဓာကိုယ်ကြီးကား ရုပ်တည်းဟု ပိုင်းခြားသိမြင်ရန် လိုပေသည်။ ယင်းသို့ သဘောလက္ခဏာ စသည်ဖြင့် ပိုင်းခြားသိမြင်နိုင်လျှင် ဤရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့မှတစ်ပါး အခြားအတ္တဟူသော တရား၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသော တရားများမရှိဟု အမှန်အတိုင်း (ဝါ) ပကတိအရှိအတိုင်း သိမြင်နိုင်၏။

ယင်းသို့ သိမြင်ခြင်းသည်ပင် အတ္တဟု စွဲလမ်းယူမှု (အတ္တဒိဋ္ဌိ)၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟု စွဲလမ်းယူမှု (သက္ကာယဒိဋ္ဌိ)၊ မိစ္ဆာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်စခန်းသို့ရောက်ပြီဟု ဆိုရသည်။

ဤအဖွင့်ကျမ်းတွင် ရှေးဦးစွာ လောဘ၊ ဒေါသ၊ မောဟ စေတသိက်တရားတို့၏ သဘောလက္ခဏာများကို သိလွယ်မြင်လွယ် သဘောပေါက်လွယ်စေရန် ယင်းစေတသိက်တို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်...ဟူသော ရှုထောင့်လေးထောင့်ကနေ၍ လေးဘက်မြင် အသီးသီး ရှုမြင်သုံးသပ် တင်ပြထားပါသည်။ ယင်းသို့-

စာမျက်နှာ-33
တင်ပြရာ၌ “ဥပမာယ မိဓကစ္ဆေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ”ဟူသော သြဝါဒဒေသနာတော်နှင့်အညီ လူသာမန်များပင် လွယ်ကူစွာ သဘောပေါက်နားလည်နိုင်စေရန် ထင်ရှားသော ဥပမာများဖြင့် ပုံဆောင်ရှင်းလင်းပြထားပါသည်။

ထိုရှင်းလင်း တင်ပြချက်များကို ဖတ်ရှုလေ့လာသည့် သုတေသီပုဂ္ဂိုလ်တို့အား ဖတ်ရှုလေ့လာခြင်းဖြင့် နားလည်သိမြင်လာသော သုတမယဉာဏ်၊ ထိုသုတမယဉာဏ်ကို အခြေခံလျက် မိမိကိုယ်တိုင် တွေးတောကြံစည်ခြင်းဖြင့် တိုးတက်ပွင့်လင်း သိမြင်လာသည့် စိန္တာမယဉာဏ်များ ဖြစ်ပွားပေါ်ပေါက်လာနိုင်ပါသည်။ ထိုသုတမယဉာဏ်၊ စိန္တာမယဉာဏ်တို့ဖြင့် လောဘစသော စေတသိက်နာမ်တရားတို့၏ သဘောလက္ခဏာများကို သိမြင်လာသည့်အခါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အတ္တဟု မှားယွင်းစွာယူမှု၊ ငါ,သူတစ်ပါး, ယောက်ျား, မိန်းမဟု မှားယွင်းစွာယူမှ မိစ္ဆာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ပြီး ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် အဆင့်သို့ ရောက်နိုင်ပေသည်။

၃။ အန္ဓပုထုဇဉ်အဆင့်မှ ကလျာဏပုထုဇဉ်အဆင့်သို့

ပုထုဇဉ်ဟူသော ဝေါဟာရသည် ပုထုဇ္ဇန ပါဠိမှ ဆင်းသက်လာသည့် မြန်မာဝေါဟာရဖြစ်သည်။ ကိလေသာထူပြောသော ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရ၏။ (ပုထု=များစွာသော ကိလေသာတို့ကို+ဇန=ဖြစ်စေသူ)။

ထိုပုထုဇဉ်သည်...

(၁) အန္ဓပုထုဇဉ်

(၂) ကလျာဏပုထုဇဉ်

စာမျက်နှာ-34
ဟု နှစ်မျိုးရှိကြောင်း ဘုရားရှင် ဟောထား၏။

ထိုတွင် အန္ဓပုထုဇဉ်ဆိုသည်မှာ ခန္ဓာ၊ အာယတနစသော ရုပ်တရား နာမ်တရားတို့အကြောင်းကို သင်ယူခြင်း၊ မေးမြန်းခြင်း၊ ကြားနာမှတ်သားခြင်း၊ ကြံစည် စဉ်းစားခြင်းတို့ မရှိသဖြင့် ထိုရုပ်တရား နာမ်တရားတို့နှင့်စပ်၍ အသိဉာဏ် ဗဟုသုတကင်းမဲ့သော ပုဂ္ဂိုလ်မျိုးဖြစ်၏။ ဝါ၊ ရုပ်တရား နာမ်တရားများ၌ ဉာဏ်ပညာမျက်စိ ကန်းနေသော ပုဂ္ဂိုလ်မျိုးဖြစ်၏။ ထိုပုဂ္ဂိုလ်မျိုးကို ထိုထိုပါဠိတော်ကြီးများ၌ အဿုတဝါပုထုဇဉ် (သုတမရှိသော ပုထုဇဉ်)ဟု ဟောထားပေသည်။ (အန္ဓ=ဉာဏ်ပညာမျက်စိကန်းသော+ပုထုဇဉ်= ကိလေသာများသူ)။

ကလျာဏပုထုဇဉ်ဆိုသည်မှာ ခန္ဓာစသော ရုပ်တရား နာမ်တရားတို့ကို ခွဲခြားသိမြင်သည့် ဉာဏ်မျက်စိရှိသော (ဝါ) ဉာဏ်ပညာမျက်စိကောင်းသောပုဂ္ဂိုလ်မျိုးဖြစ်သည် (ကလျာဏ=ဉာဏ်ပညာ မျက်စိကောင်းသော+ပုထုဇဉ်=ကိလေသာများသူ)။

ချဲ့ပြဦးအံ့ ...အကြင်ပုဂ္ဂိုလ်သည် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်, သတိပဋ္ဌာန်စသည့် ရုပ်နာမ်အကြောင်းအရာများကို သင်ယူလေ့လာခြင်း၊ သဘောအဓိပ္ပာယ်တို့ကို အကြိမ်ကြိမ် မေးမြန်းဆွေးနွေးခြင်း၊ ကြားနာမှတ်သားခြင်း၊ ဆောင်ထားခြင်း၊ ခက်ရာခဲဆစ်တို့၌ပင် အဆုံးအဖြတ်ပေးနိုင်ခြင်း စသည်တို့ဖြင့် ရုပ်တရား နာမ်တရားတို့၌ လိမ်မာကျွမ်းကျင် သိမြင်သော သုတမယဉာဏ်လည်းရှိ၏။ ထိုသုတမယဉာဏ်ကို အခြေပြုလျက် ခန္ဓာစသော ရုပ်တရား နာမ်တရားတို့၏ သဘောသဘာဝကို မိမိဉာဏ်စွမ်းဖြင့် ကြံစည်စဉ်းစား၍ “ဤလောက၌ ရုပ်နာမ် ခန္ဓာသာရှိ၏။ ပုဂ္ဂိုလ်,-

စာမျက်နှာ-35
သတ္တဝါ, ငါ, သူတစ်ပါးမရှိ၊ အတ္တမရှိ”ဟု တိုးတက်သိမြင်လာသည့် စိန္တာမယဉာဏ် အသိမျိုးလည်းရှိ၏။ ထိုပုဂ္ဂိုလ်မျိုးကို ရုပ်နာမ် ဓမ္မတို့၌ ပကတိအရှိအတိုင်း သိမြင်သည့် ဉာဏ်မျက်စိရှိသောကြောင့် ကလျာဏပုထုဇဉ်ဟုခေါ်သည်။

ထိုကလျာဏပုထုဇဉ်သည်လည်း အနုအရင့်အားဖြင့် နှစ်မျိုးနှစ်စား ရှိပါသည်။ ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင် ဉာဏ်အမြင်မျှသာရှိ၍ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ် ဟူသော ကျင့်စဉ်ကြီးသုံးရပ်ကို အားထုတ်ဆဲမဟုတ်သော ပုထုဇဉ်မျိုးသည် “နုသော ကလျာဏပုထုဇဉ်”ပုဂ္ဂိုလ်မျိုး ဖြစ်သည်။

ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ပိုင်းခြားသိမြင်သည့်အပြင် မဂ်ဖိုလ်တရားများကို ရရန် ဝိပဿနာတရား(ပညာကျင့်စဉ်)ကို အားထုတ်ကျင့်ကြံနေသော ပုထုဇဉ်မျိုးသည် “ရင့်သော ကလျာဏပုထုဇဉ်”ပုဂ္ဂိုလ်မျိုးဖြစ်သည်။ [၁]

တစ်နည်းအားဖြင့် ခန္ဓာစသော ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်၍ သီလကျင့်စဉ် စသည့် ကျင့်စဉ်ကြီးသုံးရပ်ကို အားထုတ်ဆဲ ပုထုဇဉ်မျိုးကိုလည်း “ရင့်သော ကလျာဏပုထုဇဉ်”ဟု ခေါ်သည်။ အယုတ်ဆုံးအားဖြင့် ရုပ်နာမ်ကိုမြင်၍ ကျင့်စဉ်ကြီးသုံးပါးတွင် တစ်ပါးပါးကိုကျင့်နေလျှင်ပင် “ရင့်သော ကလျာဏပုထုဇဉ်” အဆင့်သို့ ရောက်ပြီဟု ဆိုနိုင်ပါသည်။ ထိုကလျာဏပုထုဇဉ်အဆင့်ကို သေက္ခပုဂ္ဂိုလ်ထဲတွင် (ဝါ) သောတာပန်ပုဂ္ဂိုလ်ထဲတွင် ထည့်သွင်းရေ-

၁။ အဘိ၊ဋ္ဌ၊၁။၃၈၄။ ဒီ၊ဋ္ဌ၊၁၊၅၈။

၂။ သာရတ္ထဒီပနီဋီကာ၊၂၊၅၄။ ယမိုက်အဖြေကျမ်း၊ ၆၅။

စာမျက်နှာ-36
တွက်ရမည်ဟု အဋ္ဌကထာကြီးများ၌ ဖွင့်ဆိုထားပါသည်။ [၁]

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဤအဘိဓမ္မာ အဖွင့်ကျမ်းကို လေ့လာဖတ်ရှုရခြင်းဖြင့် နာမ်တရားတို့၏ သဘောလက္ခဏာများကို သုတမယဉာဏ်, စိန္တာမယဉာဏ်တို့ဖြင့် သိမြင်၍ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် အဆင့်သို့ ရောက်နေသော ပုဂ္ဂိုလ်မျိုးကို သီလစသော ကျင့်စဉ်သုံးရပ်တို့ကို ဖြည့်ကျင့်နေသူ မဟုတ်ပါက “နုသော ကလျာဏပုထုဇဉ်” ခေါ်ရ၍ ယင်းကျင့်စဉ်သုံးရပ်ကို ဖြည့်ကျင့်နေသူ ဖြစ်ပါက “ရင့်သော ကလျာဏပုထုဇဉ်”အဆင့်သို့ ရောက်နေသူဟု ဆိုရသည်။

နုသော ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်သည် နောက်ဘဝတွင် နတ်ပြည်စသော သုဂတိဘုံများသို့ ရောက်ရန် (ဝါ) အပါယ်လေးပါးမှ လွတ်ရန် စိတ်မချရသေးသော်လည်း အန္ဓပုထုဇဉ် ပုဂ္ဂိုလ်ထက် အခွင့်အလမ်းသာလျက် ရှိပေသည်။ ရင့်သော ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်မျိုးကား သောတာပန်နှင့် အလားတူသောကြောင့် သုဂတိဘုံများသို့ လားရောက်ရန် သေချာလျက် ရှိပေသည်။ [၂]

လက်ရှိဘဝတွင် တစ်မဂ်တစ်ဖိုလ် မရသေးသော်လည်း နတ်ပြည်သို့ ရောက်သည့်အခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လွယ်ကူစွာရရှိနိုင်၏။ လွန်ခဲ့သည့် ဘဝက လေ့ကျင့်အားထုတ်ဖူးသော ဝိပဿနာအာရုံနှင့် ဘာဝနာအထုံတို့သည်လည်း အလုံးစုံပွင့်လင်းခြင်းသို့ ရောက်တတ်ပေသည်။

၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိနှင့် စူဠသောတာပန်

ပထဝီဓာတ်တစ်လုံးကိုဖြစ်စေ၊ လောဘဓာတ်တစ်လုံးကိုဖြစ်စေ၊ ပဋိစ္စသမုပ္ပါဒ်အချက်ကိုဖြစ်စေ အကြောင်းအကျိုးအပြည့်အစုံနှင့်-

၁။ ဝိ၊ဋ္ဌ၊၁။၂၀၇ အံ၊ဋ္ဌ၊၂၊၂၉။

၂။ အံ၊၁။၅၀၅(သောတာနုဂတသုတ်)

စာမျက်နှာ-37
ဟုတ်တိုင်းမှန်စွာ နေရာတကျသိမှုသည် ယထာဘူတဉာဏ် အသိမျိုး ဖြစ်သည်။ ထိုယထာဘူတဉာဏ်ဖြင့် ရုပ်တရား နာမ်တရားတို့ကား အကြောင်းမဲ့ ဖြစ်ပေါ်လာကြသော တရားများမဟုတ်၊ ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်လာရသည့် တရားများတည်းဟု ရုပ်နာမ် တို့၏ ဖြစ်ကြောင်းကို သိမြင်၏။ ထို့ကြောင့် ထိုဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်ဟုလည်း ခေါ်သည်။ (ပစ္စယ = အကြောင်းတရား + ပရိဂ္ဂဟ = သိမ်းဆည်းသောဉာဏ်)။

ဤသို့ လက်ရှိဘဝ၌ ရုပ်နာမ်တို့၏ ဖြစ်ကြောင်းကို ကောင်းကောင်း သိမြင်သည့်အခါ “ရှေးရှေးဘဝတုန်းကလည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ ဖြစ်ခဲ့လှပြီ၊ ရဟန္တာ မဖြစ်သေးသမျှ နောက်နောင်ဘဝတို့၌လည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ ဖြစ်ကြလိမ့်ဦးမည်” ဟု သဘောကျသဖြင့် “ငါသည် ရှေးအတိတ်က ဖြစ်မှဖြစ်ခဲ့ဖူးလေရဲ့လား” စသော ယုံမှားဖြစ်မှု၊ “အလုံးစုံကို အကုန်သိမြင်နိုင်သော ဘုရားရှင်ဆိုတာ ရှိမှရှိနိုင်ပါ့မလား” စသော ယုံမှားဖြစ်မှုများ လုံးဝကင်းပျောက်သွား၏။

ရုပ်နာမ်တရားများသည် အကြောင်းမရှိဘဲ ဘာသိဘာသာ ဖြစ်ပေါ်လာ၏ဟုယူသော အယူများကို အဟေတုကဒိဋ္ဌိဟုခေါ်၏။ ထာဝရဘုရားစသော တန်ခိုးရှင်တို့ ဖန်ဆင်းမှုကြောင့် ဤရုပ်နာမ်ခန္ဓာများ ဖြစ်ပေါ်လာရသည်ဟု ယူသောအယူသည် ဣဿရနိမ္မာနဒိဋ္ဌိဖြစ်၏။ ရုပ်နာမ်တို့၏ တကယ့်ဖြစ်ကြောင်းတရားများကို ကောင်းစွာ သိမြင်လာရသည့်အခါ ထိုအဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) နှင့် ဣဿရနိမ္မာနဒိဋ္ဌိ (ဖန်ဆင်းဝါဒ) တို့ဖြစ်ရန် အကြောင်းမရှိတော့ချေ။ ထိုမိစ္ဆာအယူမျိုးတို့မှ ကင်းစင်သွား၏။

ဤသို့ ယုံမှားမှုအားလုံးကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ၊

စာမျက်နှာ-38
ဣဿရနိမ္မာနဒိဋ္ဌိ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သည့်အခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ရောက်ပြီဟု ဆိုရပေသည်။ (ကင်္ခါ = ယုံမှားဖြစ်မှု + ဝိတရဏ = လွန်မြောက်ခြင်း + ဝိသုဒ္ဓိ = ဒိဋ္ဌိနှစ်ပါး အယူမှားမှ စင်ကြယ်ခြင်း)။

ဒိဋ္ဌိဝိသုဒ္ဓိအဆင့်၌ ရုပ်နာမ်တို့၏ သဘောလက္ခဏာမျှကိုသာ သိ၏။ ရုပ်နာမ်တို့၏ အကြောင်းတရားကို မသိသေး။ ဤကင်္ခါဝိတရဏဝိသုဒ္ဓိကျမှ အကြောင်းနှင့်တကွ ရုပ်နာမ်တို့ကို သိလေသည်။

ဤဝိသုဒ္ဓိကိုရသော ပုဂ္ဂိုလ်သည် သောတာပန်အစစ်ကဲ့သို့ ဒိဋ္ဌိ (သက္ကာယ) နှင့် ဝိစိကိစ္ဆာ (ရုပ်နာမ်နှင့် ဘုရားစသည်တို့၌ ယုံမှားဖြစ်မှု) တို့ကို ပဋိဝေဓမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးစေကာမူ ယထာဘူတဉာဏ်စွမ်းဖြင့် ကြာရှည်လေးမြင့်စွာ ဖယ်ရှားထားနိုင်ပါသည်။ ထို့ကြောင့် ယင်းပုဂ္ဂိုလ်မျိုးကို သောတာပန်နှင့် အလားတူရကား သောတာပန်အငယ်စား စူဠသောတာပန်ဖြစ်ပြီဟု ဆိုရသည်။ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိတို့ဖြင့် စင်ကြယ်ပြီး တည်တံ့ခိုင်မြဲပြီးသော သီလ, သမာဓိတို့ ရှိပြီးဖြစ်ရကား ကမ္မပထမြောက်သည့် အကုသိုလ် ဒုစရိုက်များကို မပြုတော့သဖြင့် လာမည့်ဘဝ၌ ဧကန်မုချ အပါယ်မကျရန် သေချာနေလေပြီ။

ဤကျမ်းတွင် လောဘ, ဒေါသ, မောဟဟူသော နာမ်တရားတို့၏ အကြောင်းတရား (ပဒဋ္ဌာန်) တို့ကို နားလည်လွယ်အောင် နည်းအမျိုးမျိုးဖြင့် ဝေဖန်တင်ပြထားပါသည်။ ဤလောဘ, ဒေါသ, မောဟတို့၏ အကြောင်းတရားတို့ကို လေ့လာဖတ်ရှုရသည့်အခါ လောဘစသော နာမ်တရားများသည် အကြောင်းမဲ့ ဖြစ်ပေါ်လာကြသည်လည်းမဟုတ်၊ တစ်စုံတစ်ယောက်သော တန်ခိုးရှင်ကြီးက ဖန်ဆင်းလိုက်သဖြင့် ပေါ်လာကြသည်လည်းမဟုတ်၊ ဆိုင်ရာ (ရုပ်နာမ်)

စာမျက်နှာ-39
ဟူသော အကြောင်းတရားတို့ကြောင့်သာ ပေါ်လာရခြင်းဖြစ်သည်ဟု ဟုတ်တိုင်းမှန်စွာ ယထာဘူတဉာဏ်ဖြင့် သိနိုင်၏။

ထို့အတူ လူလူချင်းတူကြသော်လည်း ရုပ်ခန္ဓာအချင်းချင်းမတူကြပုံ၊ အချို့က အသက်ရှည်၍ အချို့က အသက်တိုပုံ၊ အချို့က ရောဂါထူ၍ အချို့က ရောဂါကင်းပုံ၊ ယောက်ျား မိန်းမကွဲပြားပုံ စသော အကျိုးတရားတို့ကိုထောက်လျှင် ဧကန်အကြောင်းမဲ့ မဖြစ်ရာ၊ ဆိုင်ရာအကြောင်း အသီးသီးရှိရမည် စသည်ဖြင့်လည်း တိုးချဲ့စဉ်းစား အသိဉာဏ်ပွားလာနိုင်ပါသည်။

ဤကျမ်းတွင် မောဟစေတသိက်အဖွင့်၌ မောဟကြောင့် ဘဝစက်ဝန်း (သံသရာ) လည်ပတ်ပုံ၊ မောဟပြတ်သဖြင့် ဘဝစက်ဝန်း (သံသရာ) အလည်ရပ်ပုံဟူသော ခေါင်းစဉ်များဖြင့် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပြနည်းကို အနုလုံ, ပဋိလုံ အစုံအလင် ဖွင့်ဆိုရေးသားထားရာ ပဋိစ္စသမုပ္ပါဒ်နည်းအရ သင်္ခါရ, ဝိညာဉ်, နာမ်ရုပ်စသော တရားတို့၏ အကြောင်းများကို သိမ်းဆည်းသိမြင်နိုင်သည့် ပစ္စယပရိဂ္ဂဟဉာဏ် (ဝါ) ဓမ္မဋ္ဌိတိဉာဏ်များ ဖြစ်ပွားလာနိုင်ပါသည်။

ထိုဉာဏ်များ ဖြစ်ပွားလာသည့်အခါ အထက်တွင် တင်ပြခဲ့သကဲ့သို့ ယုံမှားခြင်းအားလုံးကို လွန်မြောက်၍ အကြောင်းမဲ့ဝါဒ၊ ဖန်ဆင်းဝါဒဟူသော ဒိဋ္ဌိနှစ်ပါးမှ စင်ကြယ်သွားသောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ရောက်ပြီဟု ဆိုရပါသည်။ ထိုဝိသုဒ္ဓိသို့ ရောက်သောသူသည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတရားတို့ကို ကြာမြင့်စွာ ဖယ်ရှားနိုင်သောကြောင့် သောတာပန်အငယ်စား စူဠသောတာပန်ဖြစ်ပြီဟု ဆိုနိုင်ပါသည်။ စူဠသောတာပန်အဆင့်ရောက်သူသည် နောင်ဘဝ၌ သုဂတိဘဝသို့ရောက်ရန် သေချာနေပေပြီဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယအုပ် (၂၄၀) ၌ ဖွင့်ဆိုထားပါသည်။

စာမျက်နှာ-40

၅။ ပဋိသမ္ဘိဒါဉာဏ်အတွက် ပါရမီမျိုးစေ့ရရှိနိုင်ခြင်း

ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ သာသနာတော်တွင်...

(၁) ပါရမီပတ္တရဟန္တာ

(၂) ပဋိသမ္ဘိဒါပတ္တရဟန္တာ

(၃) ဆဠဘိညရဟန္တာ

(၄) တေဝိဇ္ဇရဟန္တာ

(၅) သုက္ခဝိပဿကရဟန္တာ

ဟူ၍ ရဟန္တာ ၅-မျိုးရှိပါသည်။ ၁

ထိုတွင် ပါရမီပတ္တရဟန္တာဆိုသည်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့ သာဝကပါရမီဉာဏ်အရာ၌ အထွတ်အထိပ်သို့ ရောက်သည့် ရဟန္တာမျိုးဖြစ်သည်။

ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် (ဝါ) အရိယမဂ်ကိုရသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုရသည့် ရဟန္တာမျိုးကို ပဋိသမ္ဘိဒါပတ္တရဟန္တာဟုခေါ်၏။

ဣဒ္ဓိဝိဓအဘိညာဉ်စသော အဘိညာဉ် ခြောက်ပါးရသော ရဟန္တာကို ဆဠဘိညရဟန္တာဟုခေါ်သည်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် ဟူသော ဉာဏ်သုံးပါးနှင့် ပြည့်စုံသည့်ရဟန္တာကို တေဝိဇ္ဇရဟန္တာ ဟုခေါ်သည်။

ဈာန်မရသောရဟန္တာမျိုးကို သုက္ခဝိပဿကရဟန္တာဟုခေါ်သည်။

၁။ ထေရ၊ဋ္ဌ၊၂။ ၅၄၅။ (ဝင်္ဂီသတ္ထုရ)။

စာမျက်နှာ-41
ထိုငါးမျိုးတွင် ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ရရှိသော ပဋိသမ္ဘိဒါဉာဏ်လေးပါးမှာ...

(၁) အကျိုးတရားစသည်ကို သိမြင်သော အတ္ထပဋိသမ္ဘိဒါဉာဏ်၊

(၂) အကြောင်းတရား စသည်တို့ကို သိမြင်သော ဓမ္မပဋိသမ္ဘိဒါဉာဏ်၊

(၃) သဒ္ဒါအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ဝေါဟာရပညတ်အမျိုးမျိုးတို့ကိုသိမြင်သော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊

(၄) အခါအခွင့် ကြုံလာသည့်အခါ သက်ဆိုင်ရာ ဥပမာ ဥပမေယျတို့နှင့်တကွ ရှင်းလင်းပြရန် အလိုလိုထင်လာ မြင်လာသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။

တို့ဖြစ်ပါသည်။

ပဋိသမ္ဘိဒါပတ္တ ရဟန္တာတို့ကား ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုဉာဏ်လေးပါးကိုပါ တစ်ခါတည်းရရှိကြသည်။ သို့ရာတွင် အရှင်အာနန္ဒာနှင့် ခုဇ္ဇုတ္တရာထေရီမတို့ကဲ့သို့ ရဟန္တာမဖြစ်မီ သောတာပတ္တိမဂ်ရချိန်ကပင် ထိုဉာဏ်လေးပါးကို ရရှိကြသည့် ပုဂ္ဂိုလ်ထူးများလည်း ရှိကြသေးသည်။

ဘုရားသာသနာတော်တွင် အကျွတ်တရားရကြကုန်သော ရဟန်းရှင်လူအပေါင်းတို့တွင် ပဋိသမ္ဘိဒါပတ္တ ဖြစ်ကြကုန်သူတို့သည် အထွတ်အထိပ် ဖြစ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ (ရဟန်းယောက်ျား)၊ ခေမာထေရီ၊ ဓမ္မဒိန္နာထေရီ (ရဟန်းမိန်းမ)၊ စိတ္တသူကြွယ်၊ ဥဂ္ဂသူကြွယ်၊ ဥပါလိသူကြွယ် (လူယောက်ျား)၊ ဝေဠုကန္တကီ၊ ဥတ္တရာ (လူမိန်းမ) စသူတို့ ဖြစ်ကြသည်။

စာမျက်နှာ-42
ပဋိသမ္ဘိဒါဉာဏ်ကား အလွန်ရခဲသော ဉာဏ်တည်း။ ဘုရားရှင် လက်ထက်တော်ကပင် ပဋိသမ္ဘိဒါဉာဏ်ရသူများ အလွန်နည်းပါး၏။ ရဟန္တာဖြစ်တိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်ကို မရနိုင်၊ ဈာန်အဘိညာဉ်ကိုရတိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်နှင့် မပြည့်စုံနိုင်။ ရှေးရှေးဘဝတို့က အဘိဓမ္မာတရားကို လေ့လာလိုက်စား သင်ကြားဖူးသော ပါရမီအခံရှိခဲ့ပါမှ ပဋိသမ္ဘိဒါဉာဏ်တော်ကြီးလေးပါးနှင့် ပြည့်စုံနိုင်ပါသည်။ ဥပမာအားဖြင့် ဧဟိဘိက္ခုရဟန်းအဖြစ်နှင့်တူပါသည်။ ရှေးရှေးဘဝက သင်္ကန်းလှူခဲ့ဖူးသူဖြစ်ပါမှ ဘုရားသာသနာတော်တွင် ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရှိသည်။ မလှူခဲ့ဖူးသူမှာ ဧဟိဘိက္ခုရဟန်း ဖြစ်နိုင်ခွင့် မရှိသကဲ့သို့ဖြစ်သည်။

အနမတဂ္ဂသံသရာတွင် ဈာန်အဘိညာဉ်တရားတို့ကို လေ့လာကြိုးစားနိုင်ချိန်ကား အလွန်များ၏။ သာသနာပ, သာသနာတော်တွင်းအချိန် နှစ်ချိန်လုံး လေ့လာအားထုတ်နိုင်ကြသည်။ အဘိဓမ္မာတရားတော်ကို လေ့လာလိုက်စားနိုင်ဖို့ အချိန်ကား အလွန်နည်း၏။ သာသနာတော်တွင်း အချိန်၌သာ လေ့လာလိုက်စားနိုင်သည်။ ယင်းသို့ ဈာန်အဘိညာဉ်ကို လေ့လာအားထုတ်နိုင်ချိန်ကများ၍ အဘိဓမ္မာတရားကို လေ့လာလိုက်စားခွင့်ရချိန်က အလွန်နည်းသဖြင့် ကျွတ်တမ်းဝင်ကြသည့်အခါ ဆဠဘိညခေါ် အဘိညာဉ်ရပုဂ္ဂိုလ်များ များပြား၍ ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်များ ရှားပါးရခြင်း ဖြစ်ပေသည်။

ဤအဓိပ္ပာယ် သဘောတရားအရ နောင်ကျွတ်တမ်းဝင်သည့်အခါ ပဋိသမ္ဘိဒါဉာဏ်နှင့် ပြည့်စုံကြရလေအောင် ယခုလို ဗုဒ္ဓသာသနာတော်ကြီးနှင့် ကြုံကြိုက်နေသည့် ခေတ်ကောင်း ကာလကောင်းကြီးတွင် အဘိဓမ္မာထွန်းကားသည့်တိုင်းပြည်တွင် လူဖြစ်ရခိုက် အဘိဓမ္မာတရားများကို လေ့လာလိုက်စားခြင်းဖြင့် ပါရမီမျိုးစေ့ကို ပျိုးထောင်သင့်ကြပေသည်။

စာမျက်နှာ-43

ဤကျမ်းစာအုပ် ဖြစ်ပေါ်လာပုံ

ဤကျမ်းကား ဖော်ပြပါ ရည်မှန်းချက်ကြီးများကို အကြောင်းပြု၍ ပေါ်ထွက်လာခဲ့ပေပြီ။ သို့သော် ဤကျမ်းစာ ထွက်ပေါ်လာရာတွင် စီမံကိန်း ချမှတ်သည်မှစ၍ ပုံနှိပ်ထုတ်ဝေသည့်အဆင့်အထိ ကွင်းဆက် အကြောင်းများ များစွာရှိပါသေးသည်။

မှန်ပါသည်။ ဤကျမ်းစာအုပ် ယခုလို ထွက်ပေါ်လာနိုင်ရန် ရှေးဦးစွာ ဦးဆောင်ညွှန်ကြားသူမှာ ဆရာ ဦးလှမောင် (ယခု နိုင်ငံတော်ကောင်စီဝင်) ဖြစ်ပါသည်။ ထိုစဉ်အခါက ဆရာဦးလှမောင်မှာ ဗုဒ္ဓသာသနာအဖွဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူးနှင့် ဗုဒ္ဓသာသနာအဖွဲ့ အုပ်ချုပ်ရေးအရာရှိချုပ် ဖြစ်ပါသည်။

တစ်နေ့တွင် ဆရာဦးလှမောင်သည် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ဘာသာပြန်ဌာန အယ်ဒီတာချုပ် ဦးကျော်ထွတ် (အစိုးရပထမဆုံး ဓမ္မာစရိယနှင့် သကျသီဟဓမ္မာစရိယ) စသူတို့နှင့် ဗုဒ္ဓအဘိဓမ္မာလာ စိတ်စေတသိက်များ အကြောင်းကို ဆွေးနွေးကြပါသည်။ ထိုဆွေးနွေးပွဲတွင် စိတ်စေတသိက်တရားများကို သုတေသနပြုလိုသူ အဘိဓမ္မာသုတေသီများအဖို့ စိတ်အကြောင်းနှင့် ဖဿစသော စေတသိက်တစ်ပါးစီ၏ အဓိပ္ပာယ်အကြောင်းအရာများကို တစ်ထိုင်တည်းဖြင့် အပြည့်အစုံ လေ့လာနိုင်မည့် ကျမ်းစာအုပ်မျိုးရှိရန် လိုအပ်ကြောင်း အဖြေထွက်လာပါသည်။

ထို့ကြောင့် ဆရာဦးလှမောင်က ဆရာကြီး ဦးကျော်ထွတ်အား ဘာသာပြန်ဌာနရှိ ပညာရှင်ဝန်ထမ်းများဖြင့် စေတသိက်တစ်ပါးစီ တစ်ပါးစီ၏ အဓိပ္ပာယ်အကြောင်းအရာများကို ပိဋကသုံးပုံ နိကာယ်ငါးစုံ၌ လာရှိသမျှအားလုံး စုဆောင်း၍ လူသာမန်များ နားလည်နိုင်

စာမျက်နှာ-44
သော မြန်မာစကားပြေ ရေးသားဟန်ဖြင့် အပြည့်အစုံဆုံး ရေးသားပြုစုရန် ညွှန်ကြားပါသည်။

ဤကဲ့သို့သော ကျမ်းမျိုးကို ပြုစုရန် လုပ်ငန်းကား ညွှန်ကြားရန် လွယ်ကူသလောက် စုဆောင်း ရေးသားပြုစုရာတွင် အလွန်ခက်ခဲသော လုပ်ငန်းဖြစ်ပါသည်။ နိကာယ်ငါးစုံ ပိဋကသုံးပုံတွင် ပြန့်ကျဲတည်ရှိနေသော စေတသိက်တစ်ပါးစီ၏ အဓိပ္ပာယ်များကို ရှာဖွေစုဆောင်းရသည်မှာ မည်မျှခက်ခဲသည်ကို စာရှုပရိသတ်များ ခန့်မှန်းနိုင်ပါသည်။ ဘာသာရပ်အနေအားဖြင့်လည်း ပိဋကသုံးပုံတွင် အခက်ခဲဆုံးအနက်နဲဆုံး အဘိဓမ္မာဘာသာရပ်ဖြစ်၍ ရေးသားပြုစုရသည်မှာ ပို၍ ခက်လှပါသည်။

သို့ဖြစ်၍ ဤကျမ်းစာမျိုးကို ရေးသားပြုစုရမည့် ပညာရှင်နှင့် တည်းဖြတ် ပြင်ဆင်ရမည့် ပညာရှင်များမှာ...

(၁) ပါဠိဘာသာကို နိုင်နိုင်နင်းနင်း တတ်မြောက်ရခြင်း၊

(၂) မြန်မာဘာသာ၌လည်း ကျွမ်းကျင်လိမ္မာရခြင်း၊

(၃) အဘိဓမ္မာ သဘောတရားများကိုလည်း အခြေခံကျကျ တတ်မြောက် နားလည်ထားရခြင်း၊

(၄) အများ နားလည်သဘောပေါက်အောင်လည်း ရေးသား တင်ပြတတ်ရခြင်း

ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံမှ ရေးသားပြုစုနိုင်မည်၊ တည်းဖြတ်ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ဆရာကြီး ဦးကျော်ထွတ်သည် ဆရာဦးလှမောင်၏ ညွှန်ကြားချက်အတိုင်း ဤကျမ်းစာအုပ် ဖြစ်ပေါ်လာရေးအတွက်...

(၁) စာစုလုပ်ငန်းအဆင့်၊

(၂) စာပြုလုပ်ငန်းအဆင့်၊

စာမျက်နှာ-45
(၃) စာတည်းလုပ်ငန်းအဆင့်

ဟု လုပ်ငန်းစဉ် အဆင့်သုံးဆင့် ချမှတ်ကာ ၁၉၆၇-ခုနှစ်တွင် စာစုလုပ်ငန်းအဆင့်ကို စတင်ဆောင်ရွက်စေပါသည်။

စာစုလုပ်ငန်းမှာ ဖဿစသော စေတသိက်တစ်ပါးစီ၏ အဓိပ္ပာယ်အကြောင်းအရာများကို ရှေးရှေး ဆရာတော်ဘုရားကြီးများ မြန်မာဘာသာဖြင့် ဖွင့်ဆိုရေးသားထားကြသည့် အဘိဓမ္မတ္ထဒီပကကျမ်း၊ ပရမတ္ထသရူပအနုဝဏ္ဏနာကျမ်း၊ ပရမတ္ထသံခိပ်ဋီကာစသော အဘိဓမ္မာကျမ်းကြီးများနှင့် အဘိဓမ္မာပါဠိတော်မြန်မာပြန်၊ သုတ္တန်ပါဠိတော် မြန်မာပြန်စသော မြန်မာပြန်ကျမ်းကြီးများမှ ထုတ်နုတ်ရေးကူးကြရပါသည်။ ရေးကူးရာတွင် ကျမ်းအမည်နှင့် စာမျက်နှာ နံပါတ်တို့ကိုပါ ဖော်ပြရပါသည်။

ရေးကူးပြီးသည့် လက်ရေးစာမူများကို ကျမ်းရင်းနှင့် ပြန်လည်တိုက်ဆိုင် တည်းဖြတ်၍ စေတသိက်တစ်ပါးလျှင် ငါးမူစီ လက်နှိပ်စက်ဖြင့် ရိုက်ကူးကြရသည်။ လက်နှိပ်စက်မူများကို ငါးဖိုင်စီ တွဲချုပ်ထားရာ စေတသိက်(၅၂)ပါးအတွက် ဖိုင်ပေါင်း ၂၆၀ ရှိပါသည်။ ထိုစေတသိက်များတွင် သုတ်, အဘိဓမ္မာကျမ်းပေါင်း (၂၀) ကျော်မှ လက်နှိပ်စက် စာမျက်နှာ (၁၆၀) ကျော်အထိ စုဆောင်းရသည့် လောဘကဲ့သို့သော စေတသိက်မျိုးလည်း ပါဝင်ပေသည်။

စာစုလုပ်ငန်းပြီးဆုံးသည့်အခါ စာပြုလုပ်ငန်းကို ဆက်လက်ထမ်းဆောင်ရပါသည်။ ဤလုပ်ငန်းကား ကျမ်းစာအုပ်ပေါ်ထွက်လာရေးအတွက် အချက်အချာ ပဓာနအကျဆုံး လုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းအောင်မြင်ရေးအတွက် အောက်ပါမူများကို ချမှတ်၍ ဆောင်ရွက်ရပြန်ပါသည်။

စာပြုပညာရှင်များသည် စေတသိက် အသီးသီး၏ သဘောအဓိပ္ပာယ်များကို ဖွင့်ဆိုရေးသားကြရာ၌ ...

စာမျက်နှာ-46
(၁) စေတသိက်တို့၏ ဖဿစသောနာမည်အသီးသီးကိုရပုံ၊

(၂) (က) စေတသိက်၏ သဘောလက္ခဏာ (လက္ခဏ)

(ခ) စေတသိက်၏ ဆောင်ရွက်ချက် (ရသ)

(ဂ) စေတသိက်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား (ပစ္စုပဋ္ဌာန်)

(ဃ) စေတသိက်၏ အနီးဆုံးအကြောင်းတရား (ပဒဋ္ဌာန်) တို့ကို နားလည်လွယ်အောင် ဥပမေယျတို့ဖြင့် တန်ဆာဆင် ရေးသားရမည်။

(၃) စေတသိက်၏ အမျိုးအမည်များကို ရေတွက် ရှင်းလင်းပြရမည်။

(၄) စေတသိက်၏ နာမည်အမျိုးမျိုးရပုံကို ဖွင့်ဆိုရမည်။

(၅) စေတသိက်အကြောင်း အခြား သိကောင်းစရာများကို ပိဋကတော်၌ လာရှိသမျှ စုံစုံလင်လင်တင်ပြရမည်။

(၆) အကုသိုလ်စေတသိက်ဖြစ်လျှင် ထိုစေတသိက်ကို ပယ်သတ်ရန် နည်းလမ်းများ၊ ပယ်သတ်နိုင်လျှင် သံသရာမှ ထွက်မြောက်ပုံ၊ မပယ်သတ်နိုင်လျှင် သံသရာလည်ပုံတို့ကို ရှင်းပြရမည်။

(၇) ကုသိုလ်စေတသိက်ဖြစ်လျှင် ထိုစေတသိက်၏ ကောင်းကျိုးများ၊ ထိုစေတသိက်ကြောင့် သံသရာမှထွက်မြောက်ပုံတို့ကို ရေးသားရမည်။

ဟူသော မူစည်းကမ်းများနှင့်အညီ မိမိတာဝန်ကျရာ စေတသိက်ကို ရေးသားကြရပါသည်။

စာပြုပညာရှင်များသည် စေတသိက်အကြောင်းများကို မပြုစုမရေးသားမီ စာစုပညာရှင်များ စုဆောင်းထားသည့် သက်ဆိုင်ရာ

စာမျက်နှာ-47
စေတသိက်ဖိုင်ပါ အကြောင်းအရာများကို ကြေညက်နေအောင် လေ့လာကြရသည်။ ထို့နောက် ပိဋကသုံးပုံ နိကာယ် ငါးစုံရှိ ပါဠိတော်၊ အဋ္ဌကထာ၊ မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဒီပနီ စသည့် ပါဠိကျမ်းဂန်ကြီးများတွင် ယင်းစေတသိက်၏ အကြောင်းအရာများကို စေ့စေ့စုံစုံ ရှာဖွေသုတေသန ပြုကြရသည်။

ဓမ္မသင်္ဂဏီပါဠိတော်၊ ဝိဘင်းပါဠိတော် စသည့် ဘုရားဟောပါဠိတော်ကြီးများလာ အဓိပ္ပာယ်တို့ကို သက်ဆိုင်ရာ အဋ္ဌကထာအဖွင့်များဖြင့်လည်းကောင်း၊ အဋ္ဌကထာလာ အဓိပ္ပာယ်များကို မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဒီပနီဖွင့်ဆိုချက်များဖြင့်လည်းကောင်း တိုက်ဆိုင်၍ အဓိပ္ပာယ် သဘောတရားများကို ထုတ်နုတ်ရေးသား မှတ်စုပြုထားရပါသည်။

တစ်ခါတစ်ရံ မရှင်းမလင်း မပြတ်သားသည့် သဘောအဓိပ္ပာယ်များနှင့် တွေ့ကြုံလာလျှင် အချင်းချင်း ဆွေးနွေး၍သော်လည်းကောင်း၊ အယ်ဒီတာချုပ်နှင့် နှီးနှော၍သော်လည်းကောင်း ဂဏ္ဌိ၊ ဝိနိစ္ဆယစသော အဆုံးအဖြတ် ကျမ်းကြီးများကို ကြည့်ရှုလေ့လာ၍ သော်လည်းကောင်း ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်သည်အထိ ကြိုးစားကြရသည်။

ယင်းသို့ မိမိတာဝန်ကျသည့် စေတသိက်၏ အဓိပ္ပာယ် သဘောတရားများကို အဘက်ဘက်ကပြည့်စုံအောင် လေ့လာ သုတေသနပြုကြပြီးမှ အထက်ပါ ချမှတ်ထားသည့် မူအတိုင်း စာမူကြမ်းကို စတင်ရေးသားကြရသည်။ ဆိုင်ရာစာပိုဒ်များနောက်၌လည်း ရည်ညွှန်းကိုးကားသည့် ကျမ်းဂန်အမည်နှင့် စာမျက်နှာတို့ကိုပါ ဖော်ပြရသည်။ ယင်းစာမူကြမ်းကို ဆိုင်ရာမူရင်းကျမ်းများနှင့် ပြန်လည်တိုက်ဆိုင်၍ ဝေါဟာရ အသုံးအနှုန်း ဝါကျဆောက်တည်ပုံ၊ သတ်ပုံသတ်ညွှန်း

စာမျက်နှာ-48
ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်

အတွဲ ၃

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပရမတ်တရား လေ့လာစိစစ်နည်းလေးမျိုး

လေ့လာစိစစ်နည်းခေါ်ပုံ

ရုပ်နာမ်ဓမ္မ ပရမတ္ထသဘာဝတရား အားလုံး၌ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်ဟူသော သဘောတရားလေးမျိုး အသီးသီးရှိကြစမြဲဖြစ်သည်။ ရုပ်တရား နာမ်တရားများကို လေ့လာရာ၌ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်ဟူသော ရှုထောင့်လေးဘက်မှ ရှုမြင်လေ့လာနိုင်မှ ဒိဋ္ဌိဝိသုဒ္ဓိ အဆင့်သို့ ရောက်နိုင်ပါသည်။ ဤသို့ ပရမတ်တရားတို့ကို လေ့လာစိစစ်ရာ၌ အသုံးပြုသော နည်းများဖြစ်၍ ဤလက္ခဏစသော ရှုထောင့်လေးခုတို့ကို “ပရမတ်တရား လေ့လာစိစစ်နည်းလေးမျိုး” ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။

စာမျက်နှာ-49
ရုပ်တရား နာမ်တရားတို့ကို ရှုမှတ်ရာ၌ သုတမယဉာဏ်အဖြစ်ဖြင့် အထောက်အကူရနိုင်ရန် ဤသာသနာရေးဦးစီးဌာနမှ ပြုစုထုတ်ဝေသော “ဗုဒ္ဓအဘိဓမ္မာအဖွင့်ကျမ်းများ” ၌ ရုပ်နာမ်တို့၏ သဘောတရားများကို တင်ပြရာတွင် လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်ဟူသော အချက်ကြီးလေးချက်ကို ပဓာနပြု၍ တင်ပြထားပါသည်။ ထို့ကြောင့် ရုပ်နာမ်တို့၏ သဘောတရားများကို မလေ့လာမီ ဤလက္ခဏစသော အချက်ကြီးလေးချက်တို့၏ အဓိပ္ပာယ်အသီးသီးကို သိထားရန် တစ်ခုစီ ရှင်းပြပါမည်။

လက္ခဏ ။ ။ လက္ခဏဆိုသည်မှာ မြန်မာလို အမှတ်အသားဟု အဓိပ္ပာယ်ရ၏။ ပါဠိသက်အားဖြင့် လက္ခဏာဟု ရေးထုံးပြုကြ၏။ ဤနေရာ၌ ပရမတ်တရားတို့၏ အမှတ်အသားကို လက္ခဏာဟုခေါ်၏။ ထိုအမှတ်အသား လက္ခဏာသည်...

(၁) တရားအများနှင့် သက်ဆိုင်သည့် သာမညလက္ခဏာ၊

(၂) အများနှင့်မဆိုင် ကိုယ်ပိုင်သီးခြား အမှတ်အသားဖြစ်သော သဘာဝလက္ခဏာ

ဟု နှစ်မျိုးရှိ၏။

ထိုတွင် မမြဲခြင်း (အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ)၊ အစိုးမရခြင်း (အနတ္တ) လက္ခဏာ အမှတ်အသားများသည် ရုပ်တရား နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် သာမညလက္ခဏာမည်၏။ ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော (ရုပ္ပန) လက္ခဏာနှင့် နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သော အာရုံသို့ ညွတ်ကိုင်းခြင်း (နမန) လက္ခဏာတို့သည်လည်း “သာမညလက္ခဏာ” များ ဖြစ်ကြသည်။

ရုပ်တရားများတွင် ခက်မာမှုသဘောသည် ပထဝီဓာတ်၏ ကိုယ်

စာမျက်နှာ-50
ပိုင် သီးခြားလက္ခဏာဖြစ်၏။ ဖွဲ့စည်းမှု, ယိုစီးမှုသဘောသည် အာပေါဓာတ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ နာမ်တရားများတွင်လည်း အာရုံကိုသိခြင်း၊ ယူခြင်းသည် စိတ်၏ သီးခြားလက္ခဏာဖြစ်၍ အာရုံကိုတွေ့ထိခြင်းသည် ဖဿစေတသိက်တစ်မျိုးတည်းနှင့်သာဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ထိုကိုယ်ပိုင်သီးခြားလက္ခဏာများကို “သဘာဝလက္ခဏာ” ဟုခေါ်သည်။

ဤ “ဗုဒ္ဓအဘိဓမ္မာအဖွင့်ကျမ်းများ” ၌ တရားတစ်ပါးစီ တစ်ပါးစီ၏ ကိုယ်ပိုင်သီးခြားလက္ခဏာဖြစ်သော “သဘာဝလက္ခဏာ” ဖြင့်သာ စိစစ်တင်ပြထားပါသည်။

ရသ ။ ။ ရသသဒ္ဒါသည် ဤနေရာ၌ (၁) ပြုဖွယ်လုပ်ငန်း (ကိစ္စ) နှင့် (၂) ပြည့်စုံခြင်း (သမ္ပတ္တိ) ဟူသော အဓိပ္ပာယ်နှစ်မျိုးကို ဟောသည်။ ယင်းအဓိပ္ပာယ်များအရ ရသသည် (၁) ကိစ္စရသ (၂) သမ္ပတ္တိရသဟု နှစ်မျိုးပြား၏။ ထိုတွင် ကိစ္စရသဆိုသည်မှာ ပရမတ်တရားတို့၏ ကိုယ်ပိုင်ပြုမူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ဥပမာ အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ထားခြင်းသည် မောဟစေတသိက်၏ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ မိမိဖြစ်ရာ ပုဂ္ဂိုလ်နှင့် ဟဒယဝတ္ထုရုပ်ကို လောင်ကျွမ်းခြင်းသည် ဒေါသစေတသိက် လုပ်ငန်းဖြစ်သည်။ ယင်းကိစ္စရသကို အကျိုးပစ္စုပဋ္ဌာန်တရားကို ဖြစ်ပေါ်စေနိုင်သဖြင့် အကြောင်းရသဟူ၍လည်း ဆိုနိုင်သည်။

အကြောင်းစုံညီသဖြင့် ဖြစ်ပေါ်လာခြင်းကို သမ္ပတ္တိရသဟုခေါ်သည်။ ယင်းရသကို အကျိုးရသဟူ၍လည်း ခေါ်နိုင်သည်။ ဥပမာ ဒေါသကြောင့် ခြေတုန် လက်တုန်ဖြစ်ခြင်း၊ အသံတုန်ခြင်း၊ မျက်နှာထား ခက်ထန်ကြမ်းတမ်းလာခြင်းစသော တစ်ကိုယ်လုံး၌ မလိုလားအပ်သော အနိဋ္ဌာရုပ်များ ဖြစ်ပေါ်လာခြင်းသည် ဒေါသစေတသိက်

စာမျက်နှာ-51
၏ သမ္ပတ္တိရသပင် ဖြစ်ပါသည်။

ပစ္စုပဋ္ဌာန် ။ ။ ပစ္စုပဋ္ဌာန်း [၁] ဆိုသည်မှာ ဉာဏ်တွင် ရှေးရှုထင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုပစ္စုပဋ္ဌာန်သည် (၁) အကျိုး (ဖလ) ပစ္စုပဋ္ဌာန်၊ (၂) ဉာဏ်တွင် ထင်မြင်လာသော သဘောခြင်းရာ (ဥပဋ္ဌာနာကာရ) [၂] ပစ္စုပဋ္ဌာန်ဟု နှစ်မျိုးရှိသည်။ ထိုတွင် အကျိုးပစ္စုပဋ္ဌာန်ဆိုသည်မှာ ကိစ္စတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ ထိုကိစ္စကြောင့် အကျိုးတစ်မျိုးမျိုး ရလာသကဲ့သို့ ပရမတ်တရားတို့၏ ပြုမူဆောင်ရွက်မှု ကိစ္စရသကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရားမျိုးဖြစ်၏။ ဥပမာ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းဟူသော မောဟစေတသိက်၏ ပစ္စုပဋ္ဌာန်နှင့်တူသည်။ မောဟစေတသိက်၏ ကိစ္စရသသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၏။ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ထားခြင်း ကိစ္စရသကြောင့်ဖြစ်၍ အကျိုးပစ္စုပဋ္ဌာန်ဟုခေါ်သည်။

ဉာဏ်တွင် ထင်မြင်လာသော သဘောခြင်းရာ ပစ္စုပဋ္ဌာန်ကား ပရမတ်တရားတစ်ခု၏ သဘောသွားကို ဉာဏ်ဖြင့် သက်ဝင်နက်နက်နဲနဲ ဆင်ခြင်လိုက်သည့်အခါ စူးစူးစိုက်စိုက် လေ့လာရှုမြင်သူတို့၏ ဉာဏ်တွင် ထိုပရမတ်တရား၏ သဘောလက္ခဏာဖြစ်စေ၊ ကိစ္စဖြစ်စေ၊ အကြောင်းတရားဖြစ်စေ အကျိုးတရား ထင်လာတတ်သည်။ ယင်းသို့ ထင်မြင်လာသော ပရမတ်တရား၏ သဘောလက္ခဏာ စသော အခြင်းအရာသည်ပင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်သောသူကို သူ၏ဟန်ပန် အမူ

[၁] ပစ္စုပဋ္ဌာန = ပတိ + ဥပဋ္ဌာန။ ပတိ = ရှေးရှု + ဥပဋ္ဌာန = ထင်ခြင်း။

[၂] ဥပဋ္ဌာနာကာရ = ထင်သောအခြင်းအရာ။

စာမျက်နှာ-52
အရာတို့ကို ကြည့်၍ အကဲခတ်သည့်အခါ အကဲခတ်သူ၏ ဉာဏ်တွင် ထိုသူ၏ စိတ်နေသဘောထားတစ်မျိုး ထင်မြင်လာသကဲ့သို့ပင် ဖြစ်သည်။

ပဒဋ္ဌာန် ။ ။ ပဒဋ္ဌာန်း [၁] ဆိုသည်မှာ ပရမတ်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်သည်။ အကျိုးတရား တစ်ခု ဖြစ်ပေါ်လာမှုတွင် အကြောင်းတစ်ခုသာရှိသည်မဟုတ်၊ ဆင့်ကဲ ဆင့်ကဲ အထောက်အကူပြုနေကြသည့် ကွင်းဆက်အကြောင်းများ အမြောက်အမြားရှိ၏။ ယင်းအကြောင်းများကို နီးသောအကြောင်း, ဝေးသောအကြောင်းဟု ကျမ်းဂန်များ၌ နှစ်မျိုးခွဲထားသည်။ ယခု ပဒဋ္ဌာန်ဆိုသည်မှာ ထိုနှစ်မျိုးအနက် အကျိုးတရား၏ အနီးကပ်ဆုံးသော အကြောင်းပင်ဖြစ်သည်။ ဥပမာ ဒေါသဖြစ်စရာ အနိဋ္ဌာရုံတစ်ခုနှင့် တွေ့ကြုံ၍ ဒေါသဖြစ်ပေါ်လာရာ၌ ဒေါသဖြစ်ခြင်း အကြောင်းတရားကို စိစစ်လျှင် (၁) အနိဋ္ဌာရုံနှင့် (၂) နှလုံးသွင်း မကောင်းမှု (အယောနိသော မနသိကာရ) [၂] ဟူသော အကြောင်းနှစ်ခုကို တွေ့ရ၏။ ထိုတွင် အနိဋ္ဌာရုံနှင့် တွေ့ကြုံနေရစေကာမူ နှလုံးသွင်း မကောင်းမှသာ ဒေါသဖြစ်လာနိုင်စရာရှိသောကြောင့် နှလုံးသွင်းမကောင်းမှု (အယောနိသော မနသိကာရ) သည်သာ နီးသောအကြောင်း ပဒဋ္ဌာန်ဖြစ်၍ အနိဋ္ဌာရုံမှာ ဝေးသောအကြောင်းမျှသာဖြစ်သည်။

[၁] ပဒဋ္ဌာန် = ပဒ + ဌာန။ ပဒ = အကြောင်း + ဌာန = အကြောင်း

[၂] အယောနိသော = နည်းမှန်လမ်းမှန် မဟုတ်သောအားဖြင့်၊ ဝါ... မသင့်လျော်သော အားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း။

စာမျက်နှာ-53

လောဘစေတသိက်

(၁) လောဘမည်ပုံ

လောဘသဒ္ဒါသည် “လိုချင်မက်မောခြင်း” အနက်ကို ဟောသည်။ ထို့ကြောင့်...

(က) အာရုံကို လိုချင်မက်မောခြင်းမျှဖြစ်သော သဘောသည်လည်းကောင်း၊

(ခ) မိမိဖြစ်ရာ တည်ရာ သတ္တဝါများကိုဖြစ်စေ၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကိုဖြစ်စေ အာရုံကို လိုချင်မက်မောအောင် ပြုတတ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိကိုယ်တိုင် အာရုံကို လိုချင်မက်မောတတ်သော သဘောသည်လည်းကောင်း လောဘစေတသိက်မည်ပါသည်။ [၁]

(၂) လောဘ၏လက္ခဏာ

လောဘစေတသိက်သည် အာရုံကိုယူခြင်း သဘောလက္ခဏာရှိသည်။ [၂]

[၁] အဘိ၊ဋ္ဌ၊၁။ ၂၉၁။

[၂] အဘိ၊ဋ္ဌ၊၁။ ၂၉၁။

စာမျက်နှာ-54
အာရုံယူပုံ ။ ။ လောဘစေတသိက်၏ အာရုံကို ယူပုံယူနည်းမှာ ယူကာမတ္တမျှမဟုတ်၊ “ငါ့ဥစ္စာ၊ ငါ့ဟာ” စသည်ဖြင့် အာရုံကို တမ်းတမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင်လိုချင်စွာ ယူသည့်ယူပုံမျိုးတည်း။ တစ်နည်းဆိုသော် တွေ့ကြုံထိခိုက်လာသည့် အာရုံများကို မစွန့်လွှတ်နိုင်၊ မခွာနိုင်အောင် စွဲစွဲလမ်းလမ်း ယူမှုမျိုးပင် ဖြစ်သည်။ ထို့ကြောင့် လောဘ၏ အာရုံယူပုံကို မျောက်နှဲစေးက မျောက်ကို ဖမ်းယူထားသည့် ဥပမာဖြင့် အဋ္ဌသာလိနီအဋ္ဌကထာတွင် ပုံဆောင်တင်ပြထားသည်။

ရှင်းပြဦးအံ့၊ ညောင်စေးစသည်တို့မှ ထွက်ကျနေသော သစ်စေးကို မျောက်စသည့် သတ္တဝါများအား ထောင်ဖမ်းရာတွင် အသုံးပြုသောကြောင့် မျောက်နှဲစေးဟု ခေါ်ကြသည်။ ထိုမျောက်နှဲစေးသည် နေရောင်တွင် တပြောင်ပြောင် တောက်ပသော သဘောရှိသည်။ ယင်းသစ်စေးရှိရာသို့ မျောက်သတ္တဝါ ရောက်လာသည့်အခါတွင် အထူးဆန်းမြင်လျှင် ကိုင်ချင်ဆော့ချင်သော သူ့ဝါသနာအတိုင်း သစ်စေးကို လက်တစ်ဖက်ဖြင့် ကိုင်ကြည့်ရာ သစ်စေးက ထိုလက်ကို စေးကပ် ဖမ်းယူထားလိုက်သည်။ ယင်းလက်ကို ကျန်လက်တစ်ဖက်ဖြင့်ခွာရာ ထိုလက်သည်လည်း သစ်စေး၏ ဖမ်းယူခြင်းကို ခံလိုက်ရ၏။ လက်နှစ်ဖက်လုံးကွာအောင် ပါးစပ်ဖြင့်ကိုက်၍ခွာပြန်ရာ ပါးစပ်သည်လည်း သစ်စေးဖြင့် ကပ်၍နေပြန်၏။

ထိုအခါ လက်ရော ပါးစပ်ပါ တစ်ခါတည်း ကွာလေအောင် ခြေနှစ်ဖက်ဖြင့် ဘယ်ပြန်ညာပြန် တွန်းကန်လေရာ သစ်စေးက ခြေနှစ်ဖက်လုံးကို ဖမ်းကပ်ထားလိုက်ပြန်၏။ နောက်ဆုံး၌ ကွာလိုကွာငြား သဘောထား၍ နောက်ဆုံး ကြိုးစားသည့်အနေဖြင့် ကိုယ်ကို ဖိ၍ ခွာလိုက်ရာ တစ်ကိုယ်လုံး လှုပ်မရအောင် သစ်စေးတွင် ကပ်

စာမျက်နှာ-55
နေလေတော့၏။

ထိုအတူ သတ္တဝါများ၏စိတ်အစဉ်၌ လောဘစေတသိက် ဝင်ရောက်လာသည့်အခါ လောဘသည် တွေ့ဆုံလာသော ရူပါရုံကိုလည်း နှစ်သက်ခင်မင် လိုချင်စွဲလမ်းကာ ဖမ်းယူတတ်သည်။ သဒ္ဒါရုံစသည် ကျန်အာရုံ ငါးပါးတို့ ထိခိုက်လာလျှင်လည်း စွဲစွဲလမ်းလမ်း ဖမ်းယူထားတတ်သည်။ ဤသို့ လောဘစေတသိက်သည် အာရုံခြောက်ပါးကို မျောက်နှဲစေးပမာ ဖမ်းယူထားတတ်သော သဘောလက္ခဏာရှိပေသည်။

ဤဥပမာတွင် မျောက်နှဲစေးနှင့် လောဘ၊ မျောက်၏လက်အစုံ၊ ခြေအစုံ၊ ပါးစပ်၊ ကိုယ်ခန္ဓာတို့နှင့် အာရုံခြောက်ပါးတို့ တူကြပါသည်။

(၃) လောဘ၏ ရသ

လောဘသည် အာရုံ၌ လွန်စွာကပ်ငြိခြင်း ကိစ္စရှိသည်။ (အဘိသံဂရသ) [၁]

ငြိကပ်ပုံ ။ ။ အာရုံကိုယူသည့်အခါ ဆိုင်ရာဆိုင်ရာ အာရုံတို့၌ လွန်စွာ ငြိကပ်နေခြင်းသည် လောဘစေတသိက်ကိစ္စ ဖြစ်သည်။ ငြိကပ်ခြင်းဆိုသည်မှာ တွေ့ကြုံလာသည့်အာရုံကို လက်မလွှတ်နိုင်ခြင်း၊ တွယ်တာခင်မင် လိုချင်ခြင်း၊ ထိုအာရုံမှ မစွန့်ခွာနိုင်ခြင်းတို့ပင် ဖြစ်သည်။ ဥပမာအားဖြင့် လောဘစေတသိက်သည် အငွေ့တခြောင်းခြောင်းထွက်နေသော ဒယ်အိုးပေါ်သို့ ပစ်ချလိုက်သည့် အမဲသားတစ်နှင့်တူသည်။ မီးဖိုပေါ်ရှိ ဒယ်အိုးခင်းပူပူပေါ်သို့ အမဲသားပိုင်းကလေးကို ပစ်ချလိုက်သည့်အခါ ဒယ်အိုးတွင် တစ်ခါ

[၁] အဘိ၊ဋ္ဌ၊၁။ ၂၉၁။

စာမျက်နှာ-56
တည်း ကပ်ငြိနေသကဲ့သို့ အာရုံ၌ ကပ်ငြိနေခြင်းမျိုးသည် လောဘ၏ ကိစ္စဖြစ်သည်။ အချုပ်အားဖြင့် အာရုံကို တွယ်တာငြိကပ်လိုမှု အရပ်ရပ်သည် လောဘ၏လုပ်ငန်းကိစ္စဖြစ်သည်ဟု ဆိုလိုပါသည်။ [၁]

လောဘသည် အမဲသားတစ်နှင့် တူသည်ဟု ဆိုရသော်လည်း ဒယ်အိုးပူပေါ်၌ အမဲသားတစ်ကလေး ငြိကပ်နေခြင်းသည် တခဏမျှသာ ဖြစ်သည်။ မကြာမီ ကွာသွားနိုင်သည်။ သားမယား၊ ရွှေ၊ ငွေ စသော လောဘနိယအာရုံတို့၌ ကပ်ငြိနေသော လောဘမှာကား ဘဝတစ်ပါးမှ ဘဝတစ်ပါးသို့ ကူးပြောင်းသည့်တိုင်အောင် မကွာမပြတ် ငြိတွယ်တတ်သည်။

ဘဝကူးပြောင်းသည်အထိ ကပ်ငြိတတ်ကြောင်းကို သာဓကဆောင်ပြအံ့။

ရှေးအခါက အမျိုးသမီးတစ်ယောက်သည် မိမိခင်ပွန်း၏ ညီဖြစ်သူနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေ၏။ သူသည် မိမိလင်ယောက်ျားထက် တိတ်တိတ်ပုန်း ချစ်ကြိုက်ရသူ မတ်ကလေးကို ပို၍ချစ်လေသည်။ သို့သော် ခင်ပွန်းသည်ကမူ “ငါ့မိန်းမမှ မိန်းမ” ဟု အလွန်အကျူး အထူးချစ်မြတ်နိုးနေရှာ၏။ တစ်နေ့တွင် ထိုမိန်းမ၏ စေခိုင်းတိုက်တွန်းချက်အရ ညီဖြစ်သူက အစ်ကိုကြီးကို ချောင်းသတ်လိုက်၏။ အစ်ကိုကြီးဖြစ်သူမှာ မိမိဇနီး၌ တွယ်တာငြိကပ်နေရကား ထိုအိမ်မှာပင် လင်းမြွေကြီး လာဖြစ်သည်။ လင်းမြွေကြီးသည် ထိုအမျိုးသမီးကိုယ်ပေါ်သို့ မကြာခဏတက်လာလေ့ရှိသည်။ ထိုအခါ အမျိုးသမီးက “ဒီလင်းမြွေကြီးဟာ ငါရဲ့ခင်ပွန်းဟောင်းပင် ဖြစ်မှာပဲ” ဟုဆိုကာ သတ်ပစ်လိုက်၏။

သို့သော် ထိုမြွေသည် မိမိအမျိုးသမီး၌ တွယ်တာကပ်ငြိမှုကို

[၁] အဘိ၊ဋ္ဌ၊၁။ ၂၉၁။

စာမျက်နှာ-57
မစွန့်ခွာနိုင်သေးသည့်အတွက် ထိုအိမ်မှာပင် ခွေးလာဖြစ်ပြန်၏။ ခွေးငယ်သည် ထိုအမျိုးသမီးသွားလေရာသို့ နောက်က တကောက်ကောက်လိုက်လေ့ရှိသည်။ ထိုအခြင်းအရာကို သူများမြင်သည့်အခါ “အမဲလိုက်ခွေးမုဆိုးထွက်လာပြီ ဘယ်ကိုသွားမယ် မသိဘူး” ဟု ပြောင်လှောင်ကြ၏။ ထိုကြောင့် အမျိုးသမီးသည် ခွေးကလေးကို သတ်ပစ်လိုက်ပြန်၏။

ခွေးဘဝတွင် အသတ်ခံရပြန်သော်လည်း ထိုအမျိုးသမီးအပေါ်၌ တွတ်တာခင်မင် ချစ်ကြင်ငြိကပ်သောစိတ်ကား မရပ်သေး၊ မပြတ်သေးချေ။ သို့ဖြစ်၍ ထိုဇနီးဟောင်းအိမ်မှာပင် နွားလာဖြစ်ရပြန်၏။ နွားငယ်သည် ခွေးဘဝကကဲ့သို့ပင် အမျိုးသမီးသွားရာနောက်သို့ တကောက်ကောက် လိုက်ရှာနေ၏။ ထိုအခါ လူအများက “နွားကျောင်းသူမ ထွက်လာပြီဟေ့၊ နွားကိုဘယ်မှာ သွားကျောင်းမယ်မသိဘူး” လို့ ပြက်ရယ်ပြုကြလေသည်။ ထိုအမျိုးသမီးသည် ရှက်လွန်းလှသဖြင့် နွားငယ်ကို သတ်ပစ်လိုက်ပြန်သည်။

ထိုသူသန္တာန်၌ဖြစ်သော လောဘစေတသိက်ကား ငြိကပ်တွယ်တာသည့်အရာတွင် အလွန်အင်အားကောင်းလှသည်။ လေးကြိမ်တိုင်တိုင် ကိုယ့်ချစ်သူ၏အသတ်ကို ခံရငြားလည်း ထိုအမျိုးသမီးအပေါ်၌ ငြိကပ်တွယ်တာ ချစ်ခင်ရှာသည့် သဘောတရားကား ပျောက်ကွယ်မသွားချေ။ တွယ်တာမြဲတွယ်တာလျက်ပင် ရှိချေသေး၏။ ထို့ကြောင့် ထိုအမျိုးသမီးဝမ်း၌ပင် သားငယ်ယောက်ျားကလေး လာဖြစ်ပြန်သည်။ ဤသို့တွယ်တာကပ်ငြိသော လောဘစေတသိက်၏ သတ္တိကား ထက်မြက်သဖြင့် အလွန်ကြောက်စရာကောင်းလှပေသည်။

၁။ အံ၊ဋ္ဌ၊၂၊၁၉ဝ။

စာမျက်နှာ-58
ထို့ပြင် မိမိ၏ ရွှေ၊ ငွေ၊ ရတနာ စသည့် ပစ္စည်းဥစ္စာတို့၌ တွယ်တာကပ်ငြိတတ်သော စေတသိက်ကြောင့် ကွယ်လွန်သောအခါ ဥစ္စာစောင့် ပြိတ္တာဖြစ်ခြင်း၊ ဥစ္စာများထားရာအရပ်၌ မြွေဖြစ်ခြင်း၊ ကြွက်ဖြစ်ခြင်း၊ သန်းဖြစ်ခြင်း စသည့် အတိတ်ဖြစ်ရပ်များ အများအပြား ရှိပါသေးသည်။

(၄) လောဘ၏ ပစ္စုပဋ္ဌာန်

လောဘစေတသိက်သည် အာရုံ၌ကပ်စွဲနေသော တရား (ဝါ) အာရုံကို မစွန့်လွှတ်နိုင်သောတရားဟု အဘိဓမ္မာကို စူးစူးစိုက်စိုက် လေ့လာရှုမှတ်သူဉာဏ်တွင် ရှေးရှုထင်ခြင်း သဘောရှိ၏။

ဥပမာ အဝတ်အထည်များအပေါ်၌ ဆီချေးများ စွန်းပေနေခဲ့လျှင် ရုတ်တရက် လျှော်ဖွပ်၍ မကျွတ်နိုင်၊ မစင်ကြယ်နိုင်သကဲ့သို့ ထို့အတူ လောဘစေတသိက်သည် အာရုံတစ်ခုခု၌ စွဲလမ်းငြိကပ်နေခဲ့သော် မစွန့်လွှတ်နိုင်သော သဘာတရားမျိုး ဖြစ်သည်ဟု စူးစူးစိုက်စိုက် လေ့လာရှုမှတ်သူတို့ဉာဏ်တွင် ထင်လာမြင်လာသည်ဟု ဆိုလိုပါသည်။

လောဘ၏ ပစ္စုပဋ္ဌာန်သည် ပစ္စုပဋ္ဌာန် (၂) မျိုးတွင် ဉာဏ်တွင် ထင်မြင်လာသော သဘောခြင်းရာ ပစ္စုပဋ္ဌာန်ဖြစ်သည်။ ယင်းပစ္စုပဋ္ဌာန်ကား တရားအားထုတ်သူ ယောဂီပုဂ္ဂိုလ်သည် ပရမတ်တရားတစ်ခု၏ သဘောသွားကို ဆင်ခြင်လိုက်သည့်အခါ ထိုယောဂီပုဂ္ဂိုလ်၏ဉာဏ်တွင် ထင်မြင်လာသော ပရမတ်တရား၏ သဘောခြင်းရာပင်တည်း။ ဥပမာ လူတစ်ယောက်ကို အကဲခတ်သည့် အခါတွင်

၁။ သရူပဒီပက၊ ပတွဲ၊ ၄၁၈။

စာမျက်နှာ-59
အကဲခတ်သူ၏ ဉာဏ်တွင် ထိုပုဂ္ဂိုလ်၏ စိတ်နေသဘောထားကို ထင်မြင်လာသည်နှင့်တူသည်။ ထိုကြောင့် လောဘ၏ ပစ္စုပဋ္ဌာန်ဆိုသည်မှာ လောဘ၏ သဘောလက္ခဏာနှင့် လောဘ၏ကိစ္စရသတို့မှ ထူးထွေကွဲပြားသော သီးခြားသဘောတစ်ခု မဟုတ်ချေ။ ယောဂီပုဂ္ဂိုလ်တို့ဉာဏ်တွင် ထင်မြင်လာသည့် လောဘစေတသိက်၏ သဘောလက္ခဏာနှင့် ကိစ္စရသတို့သည်ပင် လောဘ၏ ပစ္စုပဋ္ဌာန် ဖြစ်တော့သည်။ သို့ဖြစ်၍ အာရုံ၌ ကပ်စွဲနေသောသဘော (ဝါ) အာရုံကို မစွန့်လွှတ်နိုင်သော သဘောဆိုသည်မှာ အာရုံ၌ အလွန် ငြိကပ်ခြင်းသဘော၊ အာရုံကို တပ်မက်ခင်မင် လိုလိုချင်ချင် ယူသည့် သဘောပင် ဖြစ်ပေသည်။

(၅) လောဘ၏ပဒဋ္ဌာန်

လောဘစေတသိက်သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတို့၌ သာယာဖွယ်ဟု ရှုမြင်တတ်သော ဒိဋ္ဌိစေတသိက်လျှင် နီးစွာသောအကြောင်းရှိ၏။ ၁

လောဘစေတသိက်ကို ဖြစ်ပေါ်စေတတ်သည့် အနီးကပ်ဆုံး အကြောင်းတရားကား လောကီအာရုံတို့ကို သာယာဖွယ် နှစ်သက်ဖွယ်ဟု ရှုမြင်သုံးသပ်တတ်သော (အသာဒ) ဒိဋ္ဌိစေတသိက် ဖြစ်သည်။ ရှင်းပြဦးအံ့... အကျိုးတရားတစ်ခု ဖြစ်ပေါ်လာမှုတွင် ဆင့်ကဲဆင့်ကဲ အထောက်အကူပြုနေကြသည့် ကွင်းဆက်အကြောင်းများ များစွာရှိရသည်မှာ သဘာဝပင်ဖြစ်သည်။ ဤလောဘစေတသိက် ဖြစ်ပေါ်လာမှုတွင်လည်း လောဘဖြစ်ကြောင်း မကောင်းသောအရပ်

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၂၉၁။

စာမျက်နှာ-60
ဒေသ၌ နေရခြင်း၊ လူမိုက်လူယုတ်တို့နှင့် ပေါင်းသင်းခြင်း၊ နှစ်သက်စရာ လိုချင်စရာအာရုံများနှင့် ဆုံစည်းခြင်း၊ မသင့်မလျော် နှလုံးသွင်းချော်ခြင်း၊ သာယာဖွယ် နှစ်သက်ဖွယ် အာရုံများဟု ရှုမြင်သုံးသပ်ခြင်း စသည်ဖြင့် နောက်ခံကြောင်းများ များစွာရှိပေသည်။ ယင်းအကြောင်းများအနက် သာယာဖွယ် နှစ်သက်ဖွယ် အာရုံဟု ရှုမြင်သုံးသပ်မှုသည်သာ လိုချင်မှုလောဘဖြစ်ပေါ်လာမှုတွင် အနီးကပ်ဆုံး သော့ချက် အကျဆုံးအကြောင်းဖြစ်သည်။ အခြားအကြောင်းများမှာ လိုချင်မှုလောဘ ဖြစ်လာဖို့ရန် ဝိုင်းဝန်းဖန်တီးပံ့ပိုးပေးကြသော အခြံအရံအကြောင်း (ဝါ) ဝေးသော အကြောင်းများသာ ဖြစ်ကြသည်။

တွေ့ကြုံရသော လောကီအာရုံများကို သာယာဖွယ် နှစ်သက်ဖွယ် အာရုံဟု ရှုမြင်သုံးသပ်မှုသည် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက် ဖြစ်သည်ဟု မူလဋီကာဆရာက ဖွင့်ဆိုပါသည်။ အမှန်စင်စစ် သတ္တဝါများ နေ့စဉ်နှင့်အမျှ အမြဲတရစပ် တွေ့ကြုံနေရသည့် လောကီအာရုံများသည် ဒုက္ခမျိုးစုံ ဖန်တီးပေးတတ်သော သဘောရှိသောကြောင့် တကယ်သာယာဖွယ် နှစ်သက်ဖွယ် တွတ်တာမက်မောဖွယ် အာရုံများ မဟုတ်ချေ။ ဘုရားရဟန္တာစသော အရိယာ သူတော်ကောင်းများအနေဖြင့် စက်ဆုပ်ဖွယ် ရွံရှာဖွယ်များဟု ယထာဘူတကျကျ ရှုမြင်ထားသော အသုဘ (မတင့်တယ်သော) အာရုံများသာ ဖြစ်ကြသည်။ ယင်းစက်ဆုပ် ရွံရှာဖွယ်အာရုံများကို တကယ်နှစ်သက်ဖွယ် သာယာဖွယ် မက်မောဖွယ် အာရုံများဟု ရှုမြင်ခြင်းကား ယထာဘူတအမြင်မှ သွေဖည်သော ဖောက်ပြန်သည့် ဒိဋ္ဌိအမြင်ပင် ဖြစ်သည်။ ထိုဒိဋ္ဌိအမြင်ကြောင့်ပင် သတ္တဝါများသန္တာန်၌ လောဘမီးများ တညီးညီးတပြောင်ပြောင် တောက်လောင်နေကြခြင်းဖြစ်သည်။ ချဲ့ပြဦးအံ့ ... လိုချင်မှု တွယ်တာမက်မောမှုဟူသည် တွေ့ကြုံရ

စာမျက်နှာ-61
သည့် လောကီအာရုံများကို နှစ်သက်ဖွယ်၊ သာယာဖွယ် အာရုံဟု ရှုမြင်သုံးသပ်မှသာ ဖြစ်ပေါ်လာနိုင်ပါသည်။ ဘုရား ရဟန္တာ စသည့် အရိယာသူတော်ကောင်းတို့မှာကား ထိုအာရုံများကို အသုဘအာရုံများဟု ဟုတ်တိုင်းမှန်စွာ ရှုမြင်နိုင်ကြသဖြင့် အာရုံကို ခုံမင်မှု တွယ်တာမှုမျိုး မဖြစ်နိုင်ကြတော့ပေ။ ယင်းပုဂ္ဂိုလ်များအဖို့သည် လောကကြီးသည် အလွန် ပျင်းရိငြီးငွေ့ စရာကောင်းသည့် ခြောက်သွေ့သောသဲကန္တာရကြီးသဖွယ်ဖြစ်သည်။ အာရုံကိုယထာဘူတ ကျကျ မရှုမြင်နိုင်မှု (ဝါ) အမြင်မှားမှုဟူသော ဒိဋ္ဌိနယ်ကို မကျော်လွှားနိုင်ကြသေးသည့် သာမန်လောကသားများမှာမူ လောကီအာရုံများကို သာယာတပ်မက်မောဖွယ်အသွင်ဖြင့် မှားယွင်းစွာ ရှုမြင်ကြသဖြင့် မျက်စိကန်း တစ္ဆေမကြောက် ဆိုသကဲ့သို့ ထိုအာရုံကို လိုချင်မှု၊ တွယ်တာတပ်မက်မောမှု၊ ထိုအာရုံ၌ ပျော်မွေ့မှုများ ဖြစ်ပွားနိုင်ကြသည်။ အမှန်အားဖြင့် ဒုက္ခပေါင်းမျိုးစုံ စိတ်ဆင်းရဲမှုအစုံစုံတို့နှင့် ပြည့်နှက်နေသော သည်လောကကြီးကို ပျော်မွေ့စရာ ချမ်းမြေ့စရာ ကောင်း၍ အလွန်သာယာစိုပြည်သည့် လောကနိဗ္ဗာန်ကြီးအဖြစ် ဤဒိဋ္ဌိစေတသိက်က ဖန်တီးပေးထားခြင်း ဖြစ်သည်။

မျက်မှန်စိမ်း ဥပမာ

ဥပမာအားဖြင့် မြင်းကို မျက်မှန်စိမ်း တပ်ပြီး မြက်ခြောက်တွေကို ကျွေးသည်နှင့် သဘောတူပေသည်။ မြင်းကို မျက်မှန်စိမ်း တပ်ပေးလိုက်သည့်အခါ မြင်းသည် မျက်မှန်စိမ်းကြောင့် ပုံထားသော မြက်ခြောက်တွေကို မြက်စိုတွေပဲဟု ထင်ပြီး မြိန်မြိန်ရှက်ရှက် စားလေ့ရှိသည်။ ထို့အတူ သတ္တဝါတွေမှာလည်း မောဟတည်းဟူသော မျက်မှန်စိမ်း တပ်ထားမှုကြောင့် နောက်ကွယ်တွင် ဆင်းရဲဒုက္ခအသွယ်သွယ် ခြံရံနေသည့် စက်ဆုပ်ရွံရှာဖွယ် အသုဘအာရုံများကို တကယ့် သာယာမက်မောဖွယ်အာရုံများဟု ရှုမြင်ပြီး နှစ်သက်လိုချင်ကြသည်။

စာမျက်နှာ-62
မက်မောတွယ်တာကြသည်။

ဤဥပမာ၌ မောဟနှင့်မျက်မှန်စိမ်း၊ ဒိဋ္ဌိစေတသိက်နှင့် မြက်ခြောက်တွေကို မြက်စိုတွေလို့ အမှားမြင်မှု၊ လောဘနှင့် မြက်ခြောက်တွေကို မြိန်မြိန်ရှက်ရှက်စားချင်မှု တူကြပါသည်။

အထက်တွင် ပြဆိုခဲ့သော လောဘ၏ ပဒဋ္ဌာန်ခန်းသည် မူလဋီကာ ဆရာကောက်ပြသည့် ပဒဋ္ဌာန်တရားကို အကျယ်ဖွင့်ဆိုချက်ဖြစ်သည်။ အချို့ အဘိဓမ္မာဆရာများကမူ လောဘ၏ ပဒဋ္ဌာန်တရား ဟူသည် စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ၊ သညာဝိပလ္လာသဟူသော ဝိပလ္လာသ တရားသုံးပါးဖြစ်သည်ဟု ဖွင့်ဆိုကြပါသည်။ ဝိပလ္လာသ ဆိုသည်မှာ ဖောက်ပြန်မှားယွင်းမှုပင် ဖြစ်ပါသည်။ ထို့ကြောင့် စက်ဆုပ်ရွံရှာဖွယ် အသုဘအာရုံများကို ကောင်းမွန်တင့်တယ် မြတ်နိုးဖွယ်ကောင်းသည့် သုဘအာရုံများဟု အသိမှားမှုကို စိတ္တဝိပလ္လာသ၊ အမြင်မှားမှုကို ဒိဋ္ဌိဝိပလ္လာသ၊ အမှတ်မှားမှုကို သညာဝိပလ္လာသဟု ခေါ်ဆိုပါသည်။ ထိုအဘိဓမ္မာဆရာတို့၏ဝါဒကား ယင်းသို့ အသိမှားမှု၊ အမြင်မှားမှု၊ အမှတ်မှားမှုတို့ကြောင့် အာရုံကို လိုချင်မှုလောဘစေတသိက် ဖြစ်လာရသည်ဟု ဆိုလိုပါသည်။

အဘိဓမ္မာဝတာရဋီကာသစ်ဆရာကမူ (အားကြီးသော) လောဘစေတသိက်၏ ပဒဋ္ဌာန်သည် အားသေးသော လောဘစေတသိက်ပင် ဖြစ်သည်ဟု ပြဆိုထားပါသည်။ ၁

(၆) လောဘစေတသိက်၏ နာမည်ထူးများ

လောကတွင် ပုဂ္ဂိုလ်တစ်ဦးတည်း တစ်ယောက်တည်းဖြစ်စေကာမူ မိမိထမ်းဆောင်ရသည့် အမှုလုပ်ငန်းများကိုလိုက်၍ အယ်ဒီတာ၊ မန်နေဂျာ၊ ရလကဥက္ကဋ္ဌ၊ စားသုံးသူသမဝါယမအတွင်းရေးမှူး၊

၁။ ဝတာရဋီကာသစ်၊ ပ၊ တွဲ၊ ၃၁၆။

စာမျက်နှာ-63
ပါတီကလပ်စည်းခေါင်းဆောင်စသော နာမည်အမျိုးမျိုးတို့ကို ရရှိသကဲ့သို့ ထို့အတူ လောဘစေတသိက်သည်လည်း အကုသိုလ်ပိုင်းဆိုင်ရာတွင် မိမိစွမ်းဆောင်သည့် သဘောသတ္တိအလိုက် အခြားနာမည်ထူးများကိုလည်း ရပေသေးသည်။

ယင်းနာမည်ထူးများကား...

တဏှာ၊ အဘိဇ္ဈာ၊ ရာဂ၊ ကာမ၊ ဣစ္ဆာ၊ အာသာ၊ နိကန္တိ၊ အာလယ၊ မာယာ၊ နန္ဒီ၊ ပေါနောဗ္ဘဝိက၊ ဧဇာ၊ ဇနိက၊ ဘဝနေတ္ထိ၊ ဝါန၊ ဝန၊ ဝနထ၊ သိဒ္ဓိနီ၊ ဇာလိနီ၊ မူလ၊ ဟေတု၊ အာသဝ၊ သြဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ ကိလေသာ၊ သံယောဇဉ်၊ သမုဒယသစ္စာ စသည်ဖြင့် နာမည်မျိုးစုံလှပေသည်။ ထိုအမည်များ ရလာပုံကို တစ်ခုစီ အကျဉ်းချုပ် ရှင်းပြပါမည်။

တဏှာ

ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ဝိဘင်းပါဠိတော်၊ နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်စသည်တို့၌ “ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယော ဥပါဒါနံ” ဟုလည်းကောင်း၊ မဟာဝဂ္ဂသံယုတ်ပါဠိတော် ဓမ္မစက္ကပဝတ္တနသုတ် (ဓမ္မစကြာ) ၌ “ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ” ဟုလည်းကောင်း လောဘစေတသိက်ကို တဏှာအမည်ဖြင့် ဟောကြားခဲ့ပါသည်။

လောဘစေတသိက်ကား အာရုံခြောက်ပါးကို တပ်မက်တတ်၊ တောင့်တတတ်သော သဘောရှိသောကြောင့် တဏှာဟူသောနာမည်တစ်မျိုးကို ရလေသည်။ မှန်ပါသည်။ အလွန်မွဲလွန်းလှသဖြင့် မစားရတစ်နပ်၊ စားရတစ်နပ်ဖြင့် အငတ်ငတ်အပြတ်ပြတ် ဖြစ်နေရှာသော ဆင်းရဲသားသည် အစာရေစာများကို လွန်စွာလိုလားတောင့်တနေဘိသကဲ့သို့ လောဘတရားသည်လည်း ဘဝသံသရာ၌ တွေ့ကြုံရဆုံခဲ့

စာမျက်နှာ-64
ရသော အာရုံခြောက်ပါးတည်းဟူသော အစာရေစာတို့ဖြင့် မဝနိုင် မတင်းတိမ်နိုင်ဘဲ ထိုအာရုံများကို ခုံခုံမင်မင် ခင်ခင်တွယ်တွယ် စွဲလမ်းတမ်းတကာ အသစ်အသစ်ဖြစ်သော အာရုံများကိုသာ မျှော်လင့်တောင့်တ၍နေသော သဘောရှိပေသည်။ ဆိုလိုသည်မှာ လောဘတရားသည် တွေ့ကြုံရသည့် အာရုံများကိုလည်း တပ်မက်တွယ်တာ၏။ နောက်ထပ်အသစ်အာရုံများကိုလည်း မျှော်လင့်တောင့်တနေ၏။ ထိုကြောင့် လောဘစေတသိက်ကို နာမည်တစ်မျိုးအားဖြင့် တဏှာခေါ်သည်ဟု ဆိုလိုပါသည်။

လူ့လောကတွင် ဖောဋ္ဌဗ္ဗာရုံအရာ၌ လွန်ကဲအားကြီးသူများကို “တဏှာကြီးသူများ” ဟု အများက ခေါ်ဝေါ်ပြောဆိုလေ့ရှိကြသည်။ အမှန်စင်စစ် တဏှာသည် ဖောဋ္ဌဗ္ဗအာရုံတစ်ခုတည်းသာမဟုတ်၊ အာရုံခြောက်ပါးလုံးကိုပင် တပ်မက်တွယ်တာသောသဘော၊ တောင့်တသောသဘောရှိပေသည်။

အဘိဇ္ဈာ

အဘိဇ္ဈာကား ဗုဒ္ဓဘာသာလောကတွင် အသုံးများသော အဘိဓမ္မာဝေါဟာရတစ်ခုဖြစ်၏။ တရားကိုယ်မှာ သူများစည်းစိမ် လိုချင်သော လောဘတည်း။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ လယ်ယာမြေတို့ကို မြင်သည့်အခါ လိုချင်မှုသဘောဖြင့် ရှေးရှုကြံစည်တတ်သောကြောင့် လောဘသည် အဘိဇ္ဈာဟူသော အမည်ကို ရပါသည်။

သို့ရာတွင် အဘိဇ္ဈာကို ကမ္မပထမြောက်သော (ပဋိသန္ဓေကျိုးကို ပေးနိုင်သော) အဘိဇ္ဈာ၊ ကံဖြစ်ရုံမျှဖြစ်သော အဘိဇ္ဈာဟု နှစ်မျိုးခွဲနိုင်သည်။ ထိုတွင် သူများ၏ တိုက်တာလယ်ယာ ရွှေငွေရတနာများကို မြင်ရသည်ရှိသော် သာယာခြင်း၊ တပ်မက်ခြင်းအနေမျှတွင် မရပ်တန့်မူ၍ “သူ့စည်းစိမ်ဥစ္စာများသည် ငါ့စည်းစိမ်ဖြစ်ရင်ကောင်းမှာပဲ” ဟု

စာမျက်နှာ-65
မိမိသို့ညွတ်စေသော မတရားလောဘသည်သာ ကမ္မပထမြောက်သော အဘိဇ္ဈာဖြစ်သည်။ ဤနေရာ၌ သူတပါး၏ ကံ ဉာဏ် ဝီရိယကြောင့် ရရှိထားသော စည်းစိမ်ချမ်းသာများကို ထိုသူ့တွင် လက်မဲ့ဖြစ်စေကာ မိမိဥစ္စာ ဖြစ်စေလိုခြင်းသည် သာမန်လောဘမျိုး မဟုတ်၊ အလွန်မတရားသော လောဘမျိုးဖြစ်သည်မှာ သိသာထင်ရှားပါသည်။

တောင်း၍၊ ငှား၍၊ ဝယ်၍ ယူလိုခြင်း၊ သို့မဟုတ် ထိုစည်းစိမ်နှင့် အလားတူ စည်းစိမ်မျိုးကို လိုချင်ခြင်းမျိုးမှာ အဘိဇ္ဈာ (သာမန်လောဘ) ကံမျှသာ ဖြစ်သည်။ ပဋိသန္ဓေအကျိုးအထိ ပေးနိုင်သော ကမ္မပထအဆင့်သို့ကား မရောက်နိုင်ချေ။

ရာဂစသောနာမည်များ

လောဘစေတသိက်ကို အာရုံကိုတပ်စွဲတတ်သော သဘောကြောင့် ရာဂဟု လည်းကောင်း၊ အာရုံကို လိုချင်တတ်သောကြောင့် ကာမ၊ ဣစ္ဆာ၊ အသာ၊ နိကန္တိတို့ဟူ၍လည်းကောင်း၊ အာရုံ၌ အထပ်ထပ် ငြိကပ်တတ်သော သဘောကြောင့် အာလယဟုလည်းကောင်း၊ လှည့်ပတ်တတ်သောကြောင့် မာယာဟုလည်းကောင်း၊ အာရုံကို ကြိုက်နှစ်သက်တတ်သောကြောင့် နန္ဒီဟုလည်းကောင်း၊ ဘဝသစ်ကို တစ်ဖန်ဖြစ်စေတတ်သော သဘောရှိသောကြောင့် ပေါနောဗ္ဘဝိကဟုလည်းကောင်း၊ သတ္တဝါတို့ကို ထိုထိုဘဝ၌ဖြစ်စေခြင်းငှာ ဆွဲငင်တတ်သော သဘောရှိသောကြောင့် ဧဇာဟုလည်းကောင်း၊ ဝဋ်သုံးပါး၌ သတ္တဝါတို့ကို ဖြစ်စေတတ်သောကြောင့် ဇနိကဟုလည်းကောင်း၊ သတ္တဝါတို့ကို ဘဝသို့ ကြိုးသဖွယ် ဆွဲယူပို့ဆောင်တတ်သောကြောင့် ဘဝနေတ္ထိဟု လည်းကောင်း၊ ဘဝတစ်ပါးနှင့်တစ်ပါးကို ချုပ်စပ်တတ်သောကြောင့်၊ ၁

၁။ သံခိပ်ဋီကာ၊ ဒုတွဲ၊ ၁၁၈။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၃၇၃။

စာမျက်နှာ-66
(ဝါ) ရံခါသုဂတိ၊ ရံခါဒုဂ္ဂတိ ဖြစ်စေသဖြင့် သုဂတိဘဝ၊ ဒုဂ္ဂတိဘဝဟု အစွန်းအားဖြင့် ယုတ်မြတ်ကြီးငယ်သော ဘဝကို ချုပ်စပ်တတ်သောကြောင့် ဝါနဟုလည်းကောင်း၊ ထိုထိုအာရုံကို ကပ်ငြိတတ်သော သဘောကြောင့် ဝန၊ ဝနထဟုလည်းကောင်း၊ အပ်ချုပ်သမားသည် အဝတ်တစ်စနှင့်တစ်စ ချုပ်စပ်ဘိသကဲ့သို့ သတ္တဝါတို့ကို ဝဋ်သုံးပါး၌ စုတိ၊ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ချုပ်စပ်တတ်သောကြောင့် သိဗ္ဗနီ ဟုလည်းကောင်း၊ ပိုက်ကွန်သည် ငါးစသော သတ္တဝါများကို လွတ်မြောက်ခွင့် မပေးသကဲ့သို့ လောဘသည် သတ္တဝါတို့ကို သံသရာမှ လွတ်မြောက်ခွင့် မပေးသည့် သဘောရှိ၍ ပိုက်ကွန်နှင့်တူသောကြောင့် ဝါ-ပိုက်ကွန်ကဲ့သို့ တစ်ပါးမက များသောအာရုံရှိသောကြောင့် ဇာလိနီ ဟုလည်းကောင်း အမည်အမျိုးမျိုးဖြင့် ဘုရားရှင်ဟောကြားခဲ့ပါသည်။

မူလ

မူလသဒ္ဒါသည် အရင်းအမြစ်ဟူသော အနက်ကို ဟောသည်။ လောဘသည် အကုသိုလ်တရားတို့၏ အမြစ်နှင့် တူသည်။ ထို့ကြောင့်ဗုဒ္ဓသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ယမိုက်ပါဠိတော်များ၌ လောဘကို “အကုသလမူလ” ဟု နာမည်ပေး၍ ဟောထားတော်မူပါသည်။

သစ်ပင်များ၌ ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်များ ဖြစ်ပေါ်လာမှု၊ ရှင်သန်ကြီးထွားမှု၊ ခိုင်မြဲစွာ တည်တံ့မှုတို့တွင် ရေသောက်မြစ်သည် အဓိကအကျဆုံးသော အကြောင်းဖြစ်သည်။ အရွက်ကိုပယ်၊ ခက်ငယ်ကိုချ၊ ခက်မကိုရှဲ၊ ပင်လုံးလဲအောင် ခုတ်ဖြတ်လိုက်လင့်ကစား ရေသောက်မြစ်များ ကျန်ရှိနေသေးပါက ပြန်လည်ရှင်သန်ကြီးထွားနိုင်သည်။ ထို့အတူ လောဘစေတသိက်သည်လည်း အကုသိုလ်သစ်ပင်ကြီး ပေါက်ရောက်ဖြစ်ပေါ်လာမှုတွင် အရေးအပါဆုံးသော ရေသောက်မြစ်ကြီးတစ်ခုဖြစ်သည်။ လောဘသည် အာရုံတည်းဟူ

စာမျက်နှာ-67
သော မြေကြီးပေါ်၌ ထောက်ရာတည်ရာပြု၍ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ခိုင်မြဲစည်ပင်စေ၏။

လောဘတည်းဟူသော မြစ်မကို အရဟတ္တမဂ်တည်းဟူသော ဓားဖြင့် အကြွင်းမဲ့ မဖြတ်နိုင်သေးသရွေ့ အကုသိုလ်မှုများ ဆက်လက် ရှင်သန်နေဦးမည်မှာ ဧကန်ဖြစ်သည်။ ထို့ကြောင့် လောဘသည် အကုသိုလ်တရားတို့၏ ရေသောက်မြစ်ကြီးဖြစ်သည်ဟု အဋ္ဌသာလိနီ အဋ္ဌကထာတွင် ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။

ဝိဘင်းအဋ္ဌကထာ၌လည်း တဏှာအမည်ရသော လောဘစေတသိက်ကို ဝဋ်တရားအမျိုးမျိုးတို့၏ တည်ရာတည်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် နောက်ပိုင်းစက်၏ အကြောင်းရင်း အကြောင်းစစ် ဖြစ်သောကြောင့်လည်းကောင်း၊ မူလခေါ်သည်ဟု ဖွင့်ဆိုထားပါသေးသည်။ ပဋိစ္စသမုပ္ပါဒ်ကို နှစ်ပိုင်းခွဲလိုက်လျှင် အဝိဇ္ဇာမှ ဝေဒနာအထိ ရှေ့ပိုင်းဘဝစက်တစ်ခု၊ တဏှာမှ ဇရာမရဏအထိ နောက်ပိုင်းစက်တစ်ခုဟု ဘဝစက်နှစ်ခု ဖြစ်လာသည်။ ထိုတွင် တဏှာသည် နောက်ပိုင်းဘဝစက်၏ အကြောင်းရင်း အကြောင်းစစ် အဖြစ် ဝဋ်တရားအမျိုးမျိုးကို ဖန်တီးပေးသည်။ ဤအကြောင်းများကြောင့် လောဘသည် မူလနာမည်ကိုရသည် (သံခိပ်ဋီ၊ ဒု၊ နှာ၊ ၄၀၈)။

(၅) ဟေတု မည်ပုံ

ဗုဒ္ဓသည် ပဋ္ဌာန်းပါဠိတော် ဟေတုပစ္စည်း၌ လောဘကို ဟေတု (ဟိတ်) ဟူသော နာမည်ထူးဖြင့် ဟောကြားခဲ့ပါသည်။ ဟေတု၏ အဓိပ္ပာယ်မှာ “ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ” ဆိုသည့်အတိုင်း ရေသောက်မြစ်သဖွယ် ဖြစ်ဖော်ဖြစ်ဖက် တရားများကို ကျေးဇူးပြုတတ်သော အကြောင်းတရားဟု ဆိုလိုရကား မူလနှင့် အဓိပ္ပာယ် တစ်ထပ်တည်းပင်ဖြစ်သည်။ ထို့ကြောင့် မူလ၏ အဖွင့်အတိုင်း မှတ်သားရန်ဖြစ်ပါသည်။

စာမျက်နှာ-68

(၆) အာသဝ မည်ပုံ

ဓမ္မသင်္ဂဏီပါဠိတော် ဒုကနိက္ခေပကဏ္ဍ၌ လောဘကို အာသဝ (ကာမာသဝ၊ ဘဝါသဝ) နာမည်ဖြင့် ဘုရားရှင်ဟောခဲ့ပါသည်။ အာသဝဆိုသည်မှာ ကြာမြင့်စွာ ထုံအပ်၊ စိမ်ထားအပ်သော အရက်စိမ်ရည်ဟု အဓိပ္ပာယ်ရပါသည်။ လောဘစေတသိက်ကား အရက်စိမ်ရည်နှင့် သဘောချင်းတူသောကြောင့် သဒိသူပစာအားဖြင့် အာသဝနာမည်ကို ရပေသည်။ တူပုံမှာ = လောဘသည် ပုထုဇဉ်တို့၏ ခန္ဓာကိုယ်တည်းဟူသော အရက်အိုးဝယ် ဘဝအဆက်ဆက် ပျက်ကွက်သည်မရှိ ထပ်ကာထပ်ကာ အကြိမ်များစွာ ဖြစ်လေ့ရှိသည့်အတွက် အရက်စိမ်ရည်သဖွယ် ခန္ဓာကိုယ်ဝယ် အထုံရနေသကဲ့သို့ ဖြစ်သည်။

အရက်စိမ်ရည်တို့သည် သောက်စားသူများကို မူးယစ်စေတတ်၏။ ယင်းကို သောက်စားသူများသည် အကြောင်းနှင့်အကျိုး အကောင်းနှင့်အဆိုးတို့ကို ခွဲခြားမသိမြင်နိုင်ရကား ဒုက္ခပေါင်းများစွာနှင့် ရင်ဆိုင်ကြရ၏။ အယုတ်ဆုံး ပညာရှိသူတော်ကောင်းတို့၏ အထင်အမြင်သေးမှုကိုကား မုချခံရပေသည်။ ထို့အတူ လောဘသည်လည်း မိမိနှောက်ယှက်နိုင်ခွင့်ရှိသော သတ္တဝါတွေကို မူးယစ်စေ၍ အရူးဖြစ်အောင် ဖန်တီးတတ်၏။ လောဘဖြစ်လာခဲ့လျှင် အကြောင်းနှင့်အကျိုး အကောင်းနှင့်အဆိုးတို့ကို မခွဲခြား မဝေဖန်တတ်တော့သဖြင့် ဒုက္ခမျိုးစုံနှင့် ဆုံစည်းကြရ၏။ ထို့ကြောင့် လောဘကို အာသဝဟုခေါ်သည်။

တစ်နည်းအားဖြင့် လောဘတရားသည် ဘုံအားဖြင့် ဘဝဂ်ခေါ်သော နေဝသညာ နာသညာယတန (အရူပ) ဘုံအထိဖြစ်နိုင်၍ တရားအားဖြင့် မဂ်စိတ်များ၏ ရှေ့ဖြစ်သော ဂေါတြဘူ၊ ဝေါဒါန်အထိ အာရုံပြုသောအားဖြင့် ဖြစ်နိုင်သည့်အတွက် အာသဝနာမည်ကို ရသည်ဟုလည်း ဆိုပါသည်။

စာမျက်နှာ-69

(၇) သြဃ မည်ပုံ

သြဃသဒ္ဒါသည် ရေအယဉ်၊ ဝါ-ဝဲကိုဟောသည်။ လောဘသည် ဝဲရေအယဉ်တို့နှင့် တူသောကြောင့် ဓမ္မသင်္ဂဏီပါဠိတော်တွင် သြဃဟူသော နာမည်တစ်မျိုးဖြင့် ဘုရားရှင်ဟောခဲ့ခြင်း ဖြစ်ပါသည်။ ဝဲသြဃများ၏ သဘောသည် မိမိထံသို့ ရောက်လာသော ဝတ္ထုပစ္စည်းများကိုဖြစ်စေ၊ သတ္တဝါများကိုဖြစ်စေ အတင်းနှစ်၍ သတ်တတ်၏။ ကူးထွက်နိုင်ခဲသဖြင့် ကြိမ်ဖန်များစွာ လည်စေတတ်၏။ အောက်သို့စုပ်၍လည်း နစ်မြုပ်စေတတ်၏။ ထို့အတူ လောဘသည် မိမိဖြစ်ရာသတ္တဝါတို့ကို ဒုက္ခတွင်း၌ အတင်းနှစ်၍ သတ်တတ်၏။ ဘဝပေါင်းများစွာ ကျင်လည်စေတတ်၏။ နောက်ဆုံးတွင် အပါယ်လေးဘုံသို့ ရောက်သည်အထိ နစ်မြုပ်စေတတ်ပေသည်။ ယင်းသို့ ဝဲသြဃနှင့် သဘောချင်းတူသဖြင့် လောဘကို (ကာမောဃ၊ ဘဝေါဃ) ဟု သြဃနာမည်ဖြင့် ဟောကြားခဲ့ပါသည်။

(၈) ယောဂ မည်ပုံ

ယောဂဆိုသည်မှာ ယှဉ်စပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ တစ်ခုသောနေရာ၌ တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ကွာမသွားအောင် အစေးဖြင့် ကပ်ထားသကဲ့သို့ ယှဉ်ကပ်ခြင်းမျိုးဖြစ်သည်။ လောဘသည် လှည်းရထားတို့၌ နွားများကို တပ်ထားသကဲ့သို့ ဘဝတည်းဟူသော ယန္တရားစက်၌ သတ္တဝါများကို တပ်ထားတတ်သောကြောင့်လည်းကောင်း၊ အကြောင်းကံနှင့် အကျိုးဝိပါက်တို့ကို ဆက်စပ်တတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့ကို ဘဝတစ်ပါးနှင့် သို့မဟုတ် ဒုက္ခအမျိုးမျိုးနှင့် ဆက်သွယ်ယှဉ်စပ်ပေးတတ်သောကြောင့်လည်းကောင်း၊ လောဘသည် (ကာမယောဂ၊ ဘဝယောဂဟူ၍) ယောဂဟူသော နာမည်ကို ရပြန်ပါသည်။

စာမျက်နှာ-70

(၉) ဂန္ထ မည်ပုံ

ဂန္ထသဒ္ဒါသည် သံကွင်းချင်းဆက်သလို ထုံးဖွဲ့ခြင်း၊ နှောင်ဖွဲ့ခြင်း အနက်ကိုဟော၏။ သတ္တဝါ၏ နာမကာယ၊ ရူပကာယကို ဝဋ်ဆင်းရဲမှ မလွတ်အောင် “စုတိပြီး ပဋိသန္ဓေ၊ ပဋိသန္ဓေပြီး စုတိ” ဟု သံကွင်းချင်းယှက်သလို ထုံးဖွဲ့တတ်သော တရားများဟု ဆိုပါသည်။

လောဘ မကင်းသရွေ့ သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်သေးရကား လောဘသည် ပစ္စုပ္ပန်ကာယ (လက်ရှိခန္ဓာ) အပြတ်တွင် အနာဂတ်ကာယနှင့် ဆက်စပ်မိအောင် ဖွဲ့စပ်တတ်သော သဘောရှိသောကြောင့် လောဘကို ဂန္ထတရား လေးပါးတွင် အဘိဇ္ဈာကာယဂန္ထ နာမည်ဖြင့် ဟောခဲ့ပြန်သည် (ရှေ့တွင် ဖွင့်ဆိုခဲ့ပြီးသော အဘိဇ္ဈာကား သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်သော လောဘအကြမ်းစားတည်း။ ဤဂန္ထအရာ၌ကား မိမိပစ္စည်းကိုသော်လည်းကောင်း သူတစ်ပါးပစ္စည်းကို သော်လည်းကောင်း၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လိုချင်မှုလောဘဟူသသမျှကို အဘိဇ္ဈာကာယဂန္ထ ခေါ်သည်။)

(၁၀) ဥပါဒါန် မည်ပုံ

ဥပါဒါနသဒ္ဒါသည် လွန်လွန်ကဲကဲ မြဲမြံစွာယူခြင်း အနက်ကို ဟော၏။ (ဥပ-လွန်လွန်ကဲကဲ မြဲမြံစွာ + အာဒါန-ယူခြင်း) ဖားသတ္တဝါကို မြွေက ဖမ်းသည့်အခါ မလွှတ်ဘဲ စွဲစွဲမြဲမြဲ ဖမ်းယူထားသကဲ့သို့ ဆိုင်ရာအာရုံ၌ စွဲစွဲမြဲမြဲ ယူတတ်သော (ဝါ) စွဲလမ်းတတ်သော တရားမျိုးဟု ဆိုလိုပါသည်။

“ဥပါဒါန်ကြောင့် ဥပါဒ်ရောက်” ဟု လောကဆိုရိုးစကားတစ်ခုရှိသည်။ ထိုစကားပါ ဥပါဒါန်ကား ယခုဖွင့်ဆိုနေသော ဥပါဒါန်ပင်ဖြစ်သည်။ အစွဲအလမ်း အားကြီးလွန်းသောကြောင့် ဘေးဒုက္ခနှင့် တွေ့ကြုံရသည်ဟု ဆိုလိုရင်းပင်ဖြစ်ပါသည်။ အစွဲအလမ်း အားကြီးသည်ဆိုသည်မှာ အာရုံကို စွဲစွဲမြဲမြဲယူသော သဘောပင်ဖြစ်၏။ ၁

၁။ သင်္ဂြိုဟ်ဘာသာဋီကာ။ ၅၄၉။

စာမျက်နှာ-71
တစ်ခါတစ်ရံ လောဘသည် ကာမအာရုံတို့ကို အလွန်အကဲ စွဲလမ်း၍ ယူတတ်သော သဘောရှိသည်။ ယင်းလောဘမျိုးကို ကာမုပါဒါန်ဟု ဥပါဒါန်နာမည်ဖြင့် ဟောခဲ့ခြင်း ဖြစ်ပါသည်။

(၁၁) နီဝရဏ မည်ပုံ

နီဝရဏသဒ္ဒါသည် “တားဆီး ကန့်ကွက်၊ ပိတ်ပင်ဖျက်၊ အနက်နီဝရဏ်” ဆိုသည့်အတိုင်း တားမြစ်ခြင်း၊ ပိတ်ဆို့ခြင်း အဓိပ္ပာယ်ကို ဆောင်ပေသည်။ လောဘစသော နီဝရဏတရားတို့သည် ဈာန်စသော ကုသိုလ်တရားများကို ဖြစ်ခွင့်မပေးဘဲ တားမြစ်ပိတ်ပင်တတ်သော သဘောရှိသည်။ ဖြစ်ခွင့်မပေးရုံသာမဟုတ်၊ ဖြစ်ပြီးသော ဈာန်စသောတရားများကိုပင် ကွယ်ပျောက်သွားစေနိုင်သော သတ္တိရှိသည်။ မှန်၏၊ လောဘ စသော နီဝရဏတရားများ ဖြစ်ပွားနေသည့်အခါ ဈာန်မဂ်ဖိုလ်တရားများကို မဆိုထားဘိ၊ ကာမာဝစရ ကုသိုလ်များပင် အနားမကပ်နိုင်ပေ။

တစ်နည်းအားဖြင့် လောဘ စသော နီဝရဏတရားတို့သည် မျက်လုံးပသာဒတွင် တိမ်သလာဖုံးထားဘိသကဲ့သို့ ပညာမျက်စိကို ပိတ်ဆို့ ကာကွယ်တတ်သောသဘောလည်း ရှိပေသည်။ သူ၏ အဓိက ရန်သူကြီးကား သမာဓိပင်ဖြစ်သည်။ ထို့ကြောင့် လောဘကို ကာမစ္ဆန္ဒနီဝရဏ နာမည်ဖြင့် ဟောခဲ့ခြင်းဖြစ်သည်။

(၁၂) အနုသယ မည်ပုံ

အနုသယသဒ္ဒါသည် အကြောင်းသင့်က ဖြစ်ပေါ်လာခြင်း (အနု-အကြောင်းသင့်သော် + သယ-ဖြစ်ပေါ်လာခြင်း)၊ အဖန်တလဲလဲဖြစ်ခြင်း (အနု-အဖန်တလဲလဲ + သယ-ဖြစ်ခြင်း) အနက်တို့ကို ဟောဆိုပါသည်။

လောဘစသော ကိလေသာတရားများကား ဆိုင်ရာမဂ်ဖြင့် မပယ်သတ်ရသေးသည့်အတွက် ဘဝပေါင်းများစွာ သတ္တဝါတို့၏ စိတ်အစဉ်၌ ထပ်တလဲလဲ ဖြစ်နေကြသဖြင့် အထုံ (အာသေဝနပစ္စည်း) ရကာ (ဝါ) ဖြစ်သားဝကာ အခြားကိလေသာများထက် အင်အားအလွန်ကောင်းနေသော (ထာမဂတ) ကိလေသာမျိုးဖြစ်သည်။

စာမျက်နှာ-72
ယင်းလောဘစသော ကိလေသာများသည် ဣဋ္ဌာရုံစသော အကြောင်းများနှင့် တိုက်ဆိုင်ဆုံစည်းမိသည်နှင့် တစ်ပြိုင်နက် တားမရ ဆီးမရ လွယ်လင့်တကူ ဖြစ်လာလေ့ရှိသည်။ ဤသဘောကို အစွဲပြု၍ လောဘကို ယမိုက်ပါဠိတော်စသည်တို့၌ (ကာမရာဂါနုသယ-ဘဝရာဂါနုသယ) ဟု အနုသယနာမည်ဖြင့် ထပ်၍ ဟောခဲ့ပြန်သည်။

(၁၃) ကိလေသာ မည်ပုံ

“ပူပန်ညစ်ကျု၊ နှိပ်စက်မှု၊ ဆယ်ခုကိလေမှတ်” ဆိုသလို၊ ကိလေသသဒ္ဒါသည် ပူပန်စေခြင်း၊ ညစ်နွမ်းခြင်း၊ နှိပ်စက်ခြင်း အနက်များကို ဟောသည်။ လောက၌ “ကိလေသာမီး၊ လောဘမီး” ဟု ပြောဆိုလေ့ရှိသကဲ့သို့ လောဘသည် သတ္တဝါတို့၏ စိတ်အစဉ်ကို မီးသဖွယ် ပူပန်စေတတ်သော သဘော၊ နှိပ်စက်တတ်သောသဘော၊ ညစ်နွမ်းစေတတ်သော သဘောများ ရှိပေသည်။ လောဘမီး၊ ဒေါသမီး စသည်တို့ တောက်လောင်သောအခါ စိတ်အစဉ်သည် ကြည်ကြည်လည်လင် ချမ်းချမ်းသာသာမရှိ၊ ညစ်နွမ်းလာတတ်၏။ ဤသဘောကိုပင် စိတ်ညစ်သည်ဟု သုံးကြခြင်းဖြစ်သည်။ လောဘစသည်တို့ကြောင့် ပူပန်မှုအမျိုးမျိုး ဆင်းရဲမှုအဖုံဖုံတို့နှင့်လည်း တွေ့ကြုံရ၏။ ထို့ကြောင့် လောဘသည် ကိလေသာ ၁၀-ပါးတွင် တစ်ပါးအဖြစ် ပါဝင်ခဲ့ရပေသည်။

(၁၄) သံယောဇဉ် မည်ပုံ

သံယောဇဉ်ကား သံယောဇနပါဠိမှ ဆင်းသက်လာသော ပါဠိသက်ပုဒ်တည်း (သံယောဇန = သံယောဇဉ်) = တုတ်နှောင်ဖွဲ့ချည်ခြင်းဟု အဓိပ္ပာယ်ရသည်။ လောကတွင် “သံယောဇဉ်ကြိုး” ဟု ဆိုရိုးရှိသည့်အတိုင်း ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့ မိမိကိန်းရာသတ္တဝါကို သံသရာဝဋ်မှ မလွတ်ရအောင် ချည်နှောင်တတ်သော တရားဟု ဆိုလိုပါသည်။

စာမျက်နှာ-73
လောဘကား မိမိကိန်းရာသတ္တဝါများကို ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့မှ မလွတ်မြောက်နိုင်အောင် နှောင်ကြိုးသဖွယ် ဖွဲ့ချည်ထားသည့် သဘောရှိသောကြောင့် (ကာမရာဂသံယောဇဉ်၊ ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်) ဟု သံယောဇဉ်နာမည်ကို ရရှိပေသည်။

မှန်ပါသည်။ သုတ္တန်နည်းအရ ပုထုဇဉ်သန္တာန်၌ သံယောဇဉ်ကြိုး ၁၀-ချောင်းရှိသည့်အနက် လောဘက ကာမရာဂသံယောဇဉ်၊ ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်ဟူသော ကြိုးသုံးချောင်းနေရာကို ယူထားပေသည်။ ထိုတွင် ကာမရာဂသံယောဇဉ်ကြိုးမှာ ကာမဘုံနှင့် ဆက်သွယ်၍ ကျန်ကြိုးနှစ်ချောင်းက အထက်ဗြဟ္မာဘုံများနှင့် ဆက်သွယ်လျက် ရှိပေသည်။

ကာမရာဂသံယောဇဉ်ကြိုးကို မဖြတ်တောက်နိုင်သေးသမျှ ဗြဟ္မာ့ပြည်သို့ ရောက်နေသော်လည်း ကာမနှောင်ကြိုး တင်းမှုကြောင့် ကာမသဘုံသို့ ဆင်းလာခဲ့ရပေလိမ့်မည်။ အနာဂါမ်ပုဂ္ဂိုလ်ကြီးများကား ကာမရာဂသံယောဇဉ်ကြိုးကို လုံးဝဖြတ်တောက်နိုင်ခဲ့ပေပြီ။ သို့သော် သံသရာမှ မလွတ်မြောက်နိုင်သေးပေ။ ရူပရာဂသံယောဇဉ်နှင့် အရူပရာဂသံယောဇဉ်ကြိုးနှစ်ချောင်းရှိသေး၍ ရူပဘုံ၊ အရူပဘုံတို့၌ ပဋိသန္ဓေ နေရဦးမည်ဖြစ်၏။ ဤသို့လောဘသည် မိမိကိန်းရာသတ္တဝါများကို ဘဝသံသရာမှ မလွတ်ထွက်နိုင်အောင် ကြိုးသဖွယ် ဖွဲ့နှောင်ထားသော သဘောရှိပေသည်။

(၁၅) သမုဒယသစ္စာ မည်ပုံ

လောဘတရားသည် ဆင်းရဲဒုက္ခကို ဖြစ်ပွားစေတတ်သော သမုဒယသဘောရှိ၏။ လောဘ၏ ဒုက္ခကို ဖြစ်ပေါ်စေတတ်သော သမုဒယသဘောသည် အမှန်တရား သစ္စာတရား ဖြစ်၏။ မည်သည့်အခါမှ ယင်းသဘောမှ သွေဖည်ဖောက်ပြန်၍ သွားလေ့မရှိချေ။ အကြင်မျှလောက် လောဘတရားကို မပယ်ရှားနိုင်သေး၊ ထိုမျှလောက် ဆင်းရဲဒုက္ခမျိုးစုံကို လောဘက ဖန်တီးပေးလျက်ပင်ရှိ၏။

စာမျက်နှာ-74
လောကတွင် ဘုရားရဟန္တာများမှအပ သာမန်လောကသားတွေမှာ သာယာလိုချင်မှု လောဘနှင့် အချိန်ရှိသရွေ့ ထွေးလုံးရစ်ပတ် ဖြစ်နေကြသည်။ ထို့ကြောင့် သာမန်လောကသားတို့သည် သာယာမှု နှစ်သက်မှုလေးတွေရနေအောင် ဖြစ်နေအောင် နေ့မအား ညမအား တရစပ် ကြိုးစားနေကြရသည်။ ကြည့်ဖို့မြင်ဖို့ကောင်းသည့် အမြင်ခံပစ္စည်းလေးတွေကို မရ,ရအောင် အားထုတ်နေကြရသည့်နည်းတူ ကြားစရာ၊ ရှုစရာ၊ စားသောက်စရာ၊ တွေ့ထိစရာ အကောင်းကလေးတွေကို မရရအောင် ကိုယ်အပင်ပန်း၊ စိတ်အပင်ပန်းခံ၍ ရှာဖွေနေကြရသည်။ ဝတ်ဆင်စရာကိုပဲဖြစ်စေ၊ နေရထိုင်ခင်းကိုပဲဖြစ်စေ၊ အပေါင်းအဖော်ကိုပဲဖြစ်စေ သာယာဖွယ်ဖြစ်အောင် ကိုယ့်စွမ်းအင်အလိုက် နေ့မအား ညမအား ဖန်တီးနေကြရသည်။

စင်စစ်သော်ကား ယင်းကြိုးစားအားထုတ်မှု ဖန်တီးရမှုအားလုံးတို့သည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခံရမှု သင်္ခါရဒုက္ခများပင် ဖြစ်သည်။ ထိုဆင်းရဲမှုအစုစုတို့ ဖြစ်ပေါ်လာရာ၌ အဓိက လက်သည်တရားခံကား သာယာတွယ်တာမှု လိုချင်မက်မောမှု လောဘတဏှာပင်ဖြစ်သည်။ လောဘတဏှာ၏ ဒုက္ခမျိုးစုံ ဖန်တီးပေးတတ်မှု သမုဒယကား ထာဝစဉ်မပြောင်းလဲ မဖောက်ပြန်နိုင်သည့် အမာခံအမှန်တရား စစ်စစ် ဖြစ်ပေသည်။ ထို့ကြောင့် လောဘကို သစ္စာနယ်တွင် သမုဒယသစ္စာနာမည်ဖြင့် ဟောခဲ့ခြင်း ဖြစ်ပါသည်။

(၁၆) တဏှာနှင့်ဥပါဒါန်တို့၏အထူး

လောဘစေတသိက်သည် တဏှာနှင့် ဥပါဒါန်နာမည်တို့ကိုရကြောင်း အထက်တွင် ဖွင့်ဆိုခဲ့ပြီ။ သို့ရာတွင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ တဏှာကြောင့် ဥပါဒါန်ဖြစ်သည်။ (တဏှာပစ္စယာ ဥပါဒါနံ) ဟု တဏှာနှင့် ဥပါဒါန်ကို အကြောင်းအကျိုးအနေဖြင့် တစ်ပါးစီ သီးခြား ဟောထားခဲ့သည်။ ထို့ကြောင့် တရားကိုယ်တစ်ခုတည်းဖြစ်သော တဏှာနှင့် ဥပါဒါန်တို့၏ ထူးခြားဟန်ကို ရှင်းပြရန် လိုလာပါသည်။

စာမျက်နှာ-75
တဏှာနှင့်ဥပါဒါန်တို့သည် လိုချင်တပ်မက်မှု လောဘတစ်ခုတည်း ဖြစ်ကြသော်လည်း အင်အားအရာတွင် ခြားနားမှုရှိကြသည်။ အာရုံတစ်ခု၌ ပထမဦးစွာ အနည်းငယ် တပ်မက်မှုသည် တဏှာမည်၏။ ထိုအာရုံ၌ မပြတ် လွန်လွန်ကဲကဲ စွဲလမ်းတပ်မက်နေမှုသည် ဥပါဒါန်မည်၏။ ဥပမာ-လှပသော ရူပါရုံကို တွေ့စ၌ ပထမဆုံး တပ်မက်မှုသည် တဏှာမည်၏။ ယင်းရူပါရုံ၌ တပ်မက်မှုတဏှာသည် တစတစ ရင့်သန်ကြီးထွားလာခဲ့ပြီး စွဲလမ်းမှုအဆင့်သို့ ရောက်ခဲ့သော် ဥပါဒါန်မည်ပါတော့သည်။

တစ်နည်းအားဖြင့် သစ်ပင်ပေါက်ပုံနှင့်တူ၏။ မိုးဦးကျအခါ မြေ၌ပေါက်ခါစဖြစ်သော သစ်ပင်ငယ်သည် အမြစ်တွယ်မှု အားနည်းနေသေးသဖြင့် တစ်နေရာသို့ ပြောင်းရွှေ့သော် ရနိုင်ပေသေး၏။ ထိုသစ်ပင်ငယ်သည် တစ်စတစ်စ ကြီးထွားရင့်သန်လာခဲ့သော် အမြစ်တွယ်မှု အားကောင်းနေသဖြင့် တစ်နေရာသို့ ပြောင်းရွှေ့ရန် မလွယ်ကူတော့ချေ။ ဤနေရာ၌ ပေါက်ခါစ သစ်ပင်နှင့် တပ်မက်မှုဖြစ်စ တဏှာတို့ တူကြ၏။ အမြစ်တွယ်မှုအားကောင်းနေသော သစ်ပင်ကြီးနှင့် တပ်မက်မှုအား ကောင်းနေသည့် စွဲလမ်းမှုဥပါဒါန်တို့ တူကြ၏။

အချို့သော အဘိဓမ္မာဆရာများက တစ်စုံတစ်ခုသော အာရုံကို မရသေးခင် လိုချင်တောင့်တမှုသည် တဏှာမည်၏၊ ရရှိပြီးနောက် စုံစုံမက်မက် နှစ်သက်စွဲလမ်းမှုသည် ဥပါဒါန်မည်၏ဟု ဖွင့်ဆိုကြ၏။

စာမျက်နှာ-76
ထို့ပြင် တဏှာသည် မလိုချင်မှု (အပ္ပိစ္ဆတာဂုဏ်) ၏ ဆန့်ကျင်ဘက် ဖြစ်၏။ ဥပါဒါန်ကား တင်းတိမ်ရောင့်ရဲမှု (သန္တုဋ္ဌိတာဂုဏ်) ၏ ဆန့်ကျင်ဘက်ဖြစ်၏။ (ပထမလိုချင်မှုက တဏှာ၊ ရရှိပြီးနောက် မတင်းတိမ်ဘဲ ထပ်ခါထပ်ခါ လိုချင်မှုမှာ ဥပါဒါန်ဟု ဆိုလိုပါသည်။)

တဏှာသည် မိမိလက်သို့ မရောက်သေးသော လောကီအာရုံ ကာမဂုဏ်တို့ကို တောင့်တမှု၊ ရှာဖွေမှု (ပရိယေသန) ဒုက္ခစု၏ အကြောင်းရင်းဖြစ်၏။ ဥပါဒါန်သည် မိမိလက်သို့ ရောက်ရှိပြီးသော အာရုံကို ကြောင့်ကြရမှု၊ တယုတယ စောင့်ရှောက်ထိန်းသိမ်းရမှု (အာရက္ခ) ဒုက္ခစု၏ အကြောင်းရင်းဖြစ်၏။ ၁ (လောဘနှင့် ဆန္ဒ အထူးကို ဆန္ဒစေတသိက်တွင်ရှုပါ)။

လောဘစေတသိက်အပြား

(၁) လောဘ ၂-မျိုး

လောဘသည်...

၁။ သမလောဘ

၂။ ဝိသမလောဘ... ဟုနှစ်မျိုးပြား၏။

ထိုတွင် မိမိပိုင် ပစ္စည်းဥစ္စာ၌ဖြစ်သော လောဘသည် သမလောဘ (မျှတသောလောဘ) မည်၏။ သူတစ်ပါးပိုင် ပစ္စည်းဥစ္စာများ၌ တပ်မက်သော လောဘသည် ဝိသမလောဘ (မမျှတသောလောဘ) မည်၏။ တစ်နည်းအားဖြင့် သုံးဆောင်သင့်သောအရာ၌ဖြစ်စေ၊ မသုံးဆောင်သင့်သောအရာ၌ဖြစ်စေ အင်အား အလွန်ကြီးမားသော လောဘသည် ဝိသမလောဘမည်၏။

၁။ အဘိ၊ဋ္ဌ၊၂။ ၁၇၂။ သံခိပ်ဋီကာ၊ ဒုတွဲ၊ ၃၈၀။

စာမျက်နှာ-77
(ဝါ) မမျှတသော အသွင်ကိုဆောင်သည့် လောဘသည် ဝိသမလောဘမည်၏ဟု အဋ္ဌသာလိနီအဋ္ဌကထာ၊ သုတ်ပါထေယျအဋ္ဌကထာတို့၌ ဖွင့်ဆိုထားသည်။

အင်အားအလွန်ကြီးမားသော လောဘဆိုသည်မှာ အလွန်အင်အားကောင်း၍ ထူထူထဲထဲဖြစ်နေသော ဗဟလကိလေသာမျိုးပင် ဖြစ်၏။ မိမိတို့ ပေါင်းသင်းဆက်ဆံခွင့်ရှိသော ဇနီးမိန်းမတို့ပင် ဖြစ်စေကာမူ သင့်လျော်သည့် အချိန်ကာလ အရပ်ဒေသများ၌သာ ပေါင်းသင်းဆက်ဆံအပ်၏။ ကိုယ်ဝန်ရှိသောအချိန်၊ နို့တိုက်သော အချိန်၊ ယောနိဆင်းသောအချိန်၊ ဥတုလာသော အချိန်တို့ကား မဆက်ဆံသင့်သော ကာလတို့ဖြစ်သည်။ စေတီပုထိုး ဓာတ်တော်များ ရှိရာအရပ်၊ စာပေသင်ကြားတရားနာရာအရပ်၊ ဆရာသမားများရှိရာ အရပ်၊ မိဘတို့စုဝေးနေထိုင်ရာအရပ်တို့သည် မပေါင်းသင်းသင့်သော အရပ်ဒေသတို့ဖြစ်သည်။ ယင်းကာလဒေသများ၌ ပေါင်းသင်းဆက်ဆံခဲ့သော် ထိုလူမျိုးကို ဗဟလ-ကိလေသာ ရှိသူဟု ခေါ်ဆိုသည်။ အဓိပ္ပာယ်မှာ ကိလေသာအလွန်ကြီးသူဟု ဆိုလိုသည်။ ထိုဗဟလ ကိလေသာကား ဝိသမလောဘပင်ဖြစ်သည်။ ဤသို့ သုတ်ပါထေယျဋီကာ စက္ကဝတ္တိသုတ်၌ ဖွင့်ဆိုထားသည်။

မျက်မှောက်ခေတ်၌ အင်အားကြီးနိုင်ငံများသည် သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသည့် နိုင်ငံငယ်ကလေးများမှ ကုန်ကြမ်းပစ္စည်း အမျိုးမျိုးတို့ကို လိုချင်ရမက် ငမ်းငမ်းတက် ဖြစ်ကြသဖြင့် အင်အားမဲ့ နိုင်ငံငယ်ကလေးများကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းပိုက်ကာ နယ်ချဲ့နေကြ၏။ ထိုမှ တစ်စတစ်စ ကမ္ဘာစစ်ပွဲကြီးများ ဖြစ်ပွားရသည့်အထိ နယ်ချဲ့တိုက်ပွဲ ဆင်နွှဲနေကြသည်။ ငွေရှင်ကြေးရှင် ဓနရှင်ကြီးများကလည်း အလုပ်သမား ဆင်းရဲသားများ

စာမျက်နှာ-78
အပေါ် မညှာမတာ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေကြ၏။ ဤပြုမူချက်အားလုံးတို့သည် ဝိသမလောဘ၏ လက်ချက်များပင် ဖြစ်သည်။

လောဘ ၃-မျိုး

ဝိဘင်းပါဠိတော် (၃၆၃) ဝိဘင်းအဋ္ဌကထာ (၄၅၂) ၌ ...

(၁) အတြိစ္ဆတာလောဘ

(၂) မဟိစ္ဆတာလောဘ

(၃) ပါပိစ္ဆတာလောဘ

ဟု လောဘ ၃-မျိုး ဟောထားပါသည်။

ထိုသုံးမျိုးတို့တွင် မိမိရလာ ပိုင်ဆိုင်လာသော ပစ္စည်းလာဘ်လာဘများ၌ တင်းတိမ်ရောင့်ရဲမှုမရှိဘဲ သူတစ်ပါးပိုင်ပစ္စည်း လာဘ်လာဘများကို လိုချင်တောင့်တခြင်းသည် “အတြိစ္ဆတာလောဘ” မည်၏။ (အတြိ = အတိ = မိမိပိုင် ပစ္စည်းကို ကျော်လွန်၍ + ဣစ္ဆတာ = သူများပိုင်ပစ္စည်းကို လိုချင်သော လောဘ)။

မှန်၏။ ထိုလောဘမျိုး ရှိသောပုဂ္ဂိုလ်သည် မိမိရလာသည့် ဝတ္ထုပစ္စည်းများမှာ အကောင်းစား ဖြစ်စေကာမူ အညံ့စားဟု ထင်လေ့ရှိ၏။ သူတစ်ပါးရလာသည့် ပစ္စည်းများကိုမူ အညံ့စားပင် ဖြစ်သော်လည်း အကောင်းစားဟု ယူဆ၏။ တစ်အိုးတည်း ကြိုချက်ထားသည့် ထမင်းယာဂုများကိုပင်သော်လည်း မိမိပန်းကန်ထဲသို့ ထည့်လိုက်သည့် ထမင်းယာဂုတို့ကို အညံ့စားဟု ယူဆပြီး သူတစ်ပါးပန်းကန်ထဲ၌ရှိသော ထမင်းယာဂုတို့ကိုမူ အကောင်းစားဟု မှတ်ထင်လေ့ရှိပေသည်။

ထင်ရှားစေဦးအံ့။ ရှေးအခါက သူဌေးကြီးတစ်ဦးသည် ဘိက္ခုနီမ ၃၀-တို့ကို ပင့်ဖိတ်၍ ဆွမ်းနှင့်မုန့်တို့ကို ဆက်ကပ်ကျွေးမွေးသည်။ ဘိက္ခုနီမတို့၏ အကြီးအမှူး ဦးစီး ခေါင်းဆောင်ဖြစ်သည့် ဘိက္ခုနီမ

စာမျက်နှာ-79
ကြီးကား အလွန်လောဘကြီး၏။ ဒကာတစ်ဦးတည်းက ကျွေးမွေးလှူဒါန်းသည့် ဆွမ်းယာဂုဖြစ်စေကာမူ မိမိအဖို့ ရသည့်ဆွမ်းယာဂုတို့ကို အညံ့စားဟု မှတ်ထင်၏။ ထို့ကြောင့် မိမိရသည့် မုန့်ဆွမ်းကို အခြား ဘိက္ခုနီမတို့၏ မုန့်ဆွမ်းနှင့် လဲလှယ်၍ ဘုဉ်းပေးသုံးဆောင်သတဲ့။

အခြား ဝတ္ထုတစ်ခုမှာ ဗာရာဏသီပြည့်ရှင် မင်းကြီးသည် “မီးကင်အမဲကို ပွဲတော်တည်အံ့” ဟု ကြံရွယ်ပြီး အသိတာဘူမိဖုရားကြီးကို ခေါ်ကာ တောလိုက်ထွက်လာခဲ့သည်။ တောထဲတွင် အလွန်ချောမောလှပသည့် ကိန္နရီပျိုမကလေးတစ်ဦးကို တွေ့ရာ မိဖုရားကြီးကို စွန့်ပစ်ပြီး ကိန္နရီမကလေးနောက်သို့ တကောက်ကောက် လိုက်သွားတော့သည်။ မိဖုရားကြီးသည် ပြန်လှည့်လာပြီး မင်းကြီးကို စိတ်နာသဖြင့် ကမ္မဋ္ဌာန်းကျောင်းသို့ဝင်ကာ သမထဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလေတော့သည်။ မကြာမီပင် မိဖုရားကြီးမှာ သမာပတ် ၈-တန် ဈာန်အဘိညာဉ်တို့ကို ရရှိသွားသည်။ မင်းကြီးသည် တောထဲ၌ ကိန္နရီမကလေး ခြေရာပျောက်သွား၍ စိတ်ပျက်ပျက်ဖြင့် မိဖုရားကြီးထံ ပြန်လာခဲ့သည်။ မိဖုရားကြီးသည် မိမိထံပြန်လာသည့် မင်းကြီးကို မြင်သည့်အခါ အဘိညာဉ်ဖြင့် ကောင်းကင်သို့ ပျံတက်သွားလေတော့သည်။ ထိုအခါ အနီးအနားရှိ သစ်ပင်တွင် စောင့်သော ရုက္ခစိုးနတ်မင်းက...

“စန္ဒာအမည်ရှိသော ကိန္နရီမကို အလိုရှိသော ဗာရာဏသီမင်းသည် အသိတာဘူမည်သော မင်းသမီးကို လက်လွှတ်ဆုံးရှုံးရသကဲ့သို့ ထို့အတူ လိုချင်လောဘ အလွန်ကြီးသူသည် ထိုအလွန်ကြီးသော လောဘယစ်ခြင်းကြောင့် အကျိုးဟူသမျှမှ လက်လွှတ်ဆုံးရှုံးရတတ်ပေ

စာမျက်နှာ-80
သည်” ဟု မင်းကြီးကို ကဲ့ရဲ့ပြောင်လှောင်ခဲ့ဖူးလေသည်။ များစွာသော ဝတ္ထုပစ္စည်းတို့ကို လိုချင်ခြင်း၊ အလိုကြီးခြင်းတို့ကို “မဟိစ္ဆတာလောဘ” ဟု ခေါ်သည်။ မိမိအား မရှိသောဂုဏ်ဖြင့် ချီးကျူးမှုကို လိုလားခြင်းသည်လည်းကောင်း၊ ဝတ္ထုပစ္စည်းတို့ကို ခံယူရာ၌ဖြစ်စေ၊ အသုံးပြုရာ၌ဖြစ်စေ အတိုင်းအရှည်မသိ ခံယူလိုခြင်း သုံးစွဲလိုခြင်းတို့သည်လည်းကောင်း၊ မဟိစ္ဆတာလောဘ၏ သဘောလက္ခဏာများပင် ဖြစ်ပါသည်။ (မဟာ = များစွာသော ပစ္စည်းဥစ္စာတို့ကို + ဣစ္ဆတာ = လိုချင်သော လောဘ)။

မှန်၏။ ထိုလောဘမျိုးရှိသော ပုဂ္ဂိုလ်သည် မပြောပဖွယ် အနည်းငယ်မျှဖြစ်သော မိမိ၏ သီလဂုဏ်၊ စာပေပရိယတ္တိဂုဏ်၊ ဓုတင်အကျင့်ဂုဏ်တို့ကိုပင် ချီးကျူးပြောကြားမှုကို လိုလား၏။ အယုတ်သဖြင့် တော၌သီတင်းသုံး နေထိုင်ရုံမျှကိုပင် ချီးကျူးပြောကြားစေလို၏။ ယင်းသို့ ချီးကျူးခံရခြင်းကြောင့် အကြည်ညိုများကာ ဝတ္ထုပစ္စည်းတို့ကို လှူဒါန်းပေးကမ်းလာသည့် အခါတွင် လှည်းဖြင့် တိုက်၍ ပေးကမ်းစေကာမူ တော်ပြီဟု မတားမြစ်ဘဲ ခံယူလေ့သဘောရှိပေသည်။

လောကတွင် ဖြည့်၍မပြည့်နိုင်သည့်အရာ သုံးမျိုးရှိသည်ဟု သမ္မောဟဝိနောဒနီအဋ္ဌကထာ (၄၅၅) ၌ ဖွင့်ဆိုထားပေသည်။ ယင်းသုံးမျိုးမှာ... (၁) မီးပုံကြီး၊ (၂) ပင်လယ်သမုဒ္ဒရာ၊ (၃) မဟိစ္ဆပုဂ္ဂိုလ်တို့ဖြစ်သည်။ မီးပုံကြီးတို့ သဘောသည် လောင်စာမည်မျှပင် ထည့်ပေးစေကာမူ ထည့်ပေးသမျှအားလုံးကို လောင်ကျွမ်းပစ်လိုက်လေ့ရှိ၏။ ပင်လယ်သမုဒ္ဒရာတို့မည်သည် မြစ်ချောင်း အသွယ်သွယ်မှ ရေများ မည်မျှစီးဝင်လာစေကာမူ ပြည့်လျှံလာသည်ဟူ၍ မရှိချေ။ ထို့အတူ လိုချင်လောဘကြီးသော မဟိစ္ဆပုဂ္ဂိုလ်မျိုးသည်လည်း ပစ္စည်း

စာမျက်နှာ-81
မျိုးစုံကို လှည်းများဖြင့် တိုက်၍ပုံပေးစေကာမူ အလိုပြည့်သည်ဟူ၍ မရှိချေ။ မဟိစ္ဆလောဘရှိသော ပုဂ္ဂိုလ်သည် အခြား လုပ်ကျွေးပြုစုသူများကို မဆိုထားဘိ၊ မိခင်ရင်းသည်ပင်လျှင် မလှူဒါန်းချင် မပြုစုချင်လောက်အောင် အလိုကြီးသည့် သဘောရှိပေသည်။

ဝတ္ထုသက်သေထုတ်ပြရသော် ရှေးအခါက မုန့်ညက်ကို အလွန်ကြိုက်နှစ်သက်သည့် ရဟန်းငယ်တစ်ပါးရှိသတဲ့။ ထိုရဟန်းငယ်၏ မယ်တော်သည် သူ့သားရဟန်း၏ အကျင့်စခန်းသည် မည်သည့်အဆင့်အတန်းသို့ ရောက်နေသည်ကို သိလို၏။ ထို့ကြောင့် “သားရဟန်းသည် အလှူခံရာ၌ အတိုင်းအရှည်ကို သိမည်ဆိုလျှင် ဝါတွင်းသုံးလပတ်လုံး သားရဟန်းနှစ်သက်သည့် မုန့်ညက်ကို ဆက်ကပ်လှူဒါန်းမည်” ဟု ကြံရွယ်ပြီး ဝါကပ်သည့်နေ့တွင် တစ်ရက်စာမုန့်ကို ရှေးဦးစွာ စမ်းသပ်ကပ်လှူ၏။ ထိုမုန့်ကုန်သွားသည့်အခါ နောက်တစ်ရက်စာမုန့်ကို ကပ်လှူရာ ကုန်သွားပြန်သည်။ နောက်ထပ်တစ်ရက်စာမုန့်ကို ကပ်လှူပြန်ရာ အကုန်ဘုဉ်းပေးလိုက်ပြန်၏။ ဤနည်းဖြင့် ကပ်လှူတိုင်း ကပ်လှူတိုင်း “တော်ပြီ-တန်ပြီ ဒကာမကြီး” ဟု ဟန်ဆောင်မျှပင် တားဖော်မရဘဲ ကပ်သမျှအားလုံးကို ဘုဉ်းပေးလိုက်၏။

ထိုအခါ မယ်တော်ကြီးသည် သားငယ်ရဟန်း၏ အတိုင်းအရှည်မသိတတ်ပုံကို သိရသောကြောင့် “ငါ့သားရဟန်းတော်သည် တစ်ဝါတွင်းစာ မုန့်တွေကို တစ်နေ့တည်းနှင့် အကုန်ဘုဉ်းပေးလိုက်ပြီ” ဟု စိတ်ပျက်ကာ နောက်တစ်နေ့မှစပြီး မုန့်တို့ကို မကပ်လှူတော့ချေ။ ဤသို့ မဟိစ္ဆပုဂ္ဂိုလ်တို့သည် မိခင်ရင်းကပင် မကျွေးချင် မပြုစုချင်လောက်အောင် အလိုကြီးသည့်သဘောရှိပေသည်။

ယုတ်မာသောအလိုကို (ဝါ) အလိုဆိုးကို “ပါပိစ္ဆတာလောဘ” ဟု

စာမျက်နှာ-82
ခေါ်သည်။ (ပါပ = မကောင်းသော + ဣစ္ဆတာ = အလိုရှိခြင်း)၊ မမှန်ကန်သော နည်းလမ်းအားဖြင့် လူအများ အထင်ကြီးမှု၊ ကြည်ညိုလေးစားမှု၊ လှူဒါန်းပူဇော်မှုတို့ကို ခံယူလိုခြင်း စသည်တို့သည် ပါပိစ္ဆတာလောဘ၏ သဘောလက္ခဏာများပင် ဖြစ်သည်။

အချို့ပုဂ္ဂိုလ်တို့သည် ထိုပါပိစ္ဆတာလောဘဖြင့် ဝါကြွားပလွှားမှု အမျိုးမျိုးကို ပြုလုပ်လေ့ရှိကြပေသည်။ သဒ္ဓါတရား မရှိသော်လည်း သဒ္ဓါတရားရှိသကဲ့သို့၊ သီလမရှိသော်လည်း သီလရှိသကဲ့သို့၊ အကြားအမြင် ဗဟုသုတ နည်းသော်လည်း ဗဟုသုတများသကဲ့သို့၊ ပရိသတ်နှင့် နေရခြင်းကို နှစ်ခြိုက်သော်လည်း တစ်ပါးတည်း ဆိတ်ငြိမ်ရာ၌ နေလိုသကဲ့သို့၊ ပျင်းရိသူဖြစ်သော်လည်း လုံ့လဝီရိယကြီးမားသကဲ့သို့၊ မေ့လျော့တတ်သူ ဖြစ်သော်လည်း သတိကောင်းသူဖြစ်သကဲ့သို့၊ ပညာမတတ်သော်လည်း ပညာတတ်သကဲ့သို့၊ ရဟန္တာမဟုတ်သော်လည်း ရဟန္တာဖြစ်သကဲ့သို့ လူအများ အထင်ကြီးအောင် ဟန်ဆောင်ပြုမူတတ်ကြပေသည်။

မှန်ပါသည်။ အချို့ မထေရ်ကြီးများသည် အမှန်တကယ် သဒ္ဓါတရား နည်းပါးကြသော်လည်း ကဆုန်လပြည့်နေ့ကဲ့သို့သော အခါကြီးရက်ကြီးများ၌ ဒါယကာ, ဒါယိကာမများ ကျောင်းသို့လာမည့် အချိန်လောက်တွင် ကျောင်းဝန်း၊ ဘုရားဝန်းတို့ကို တံမြက်လှည်းလေ့ရှိ၏။ အမှိုက်များကို စွန့်ပစ်လေ့ရှိ၏။ စေတီရင်ပြင်တွင် သဲခင်းပြီး ဗောဓိပင်ကို ရေသွန်းလေ့ရှိသည်။ ယင်းသို့ ဝေယျာဝစ္စများကို မမောမပန်းနိုင် ပြုလုပ်နေသည်ကို ဒါယကာ ဒါယိကာမတို့ မြင်တွေ့သည့်အခါ “ဒီဆရာတော်ကြီးဟာ တော်တော် သဒ္ဓါတရားကောင်းတဲ့ ဆရာတော်ကြီးပဲ” ဟု အထင်ရောက်ကာ ကြည်ညိုတတ်ကြ လှူဒါန်းသွားတတ်ကြပေသည်။

စာမျက်နှာ-83
အချို့ဆရာတော်များသည် ဗဟုသုတနည်းပါးသော်လည်း ဒါယကာ ဒါယိကာမများရှေ့၌ “ဟို တိပိဋကဓရကိုယ်တော်ဟာ ငါ့တပည့်ရင်းပေါ့၊ ဒီစာတွေကို ငါသင်ကြားပို့ချပေးလိုက်လို့ ဒီကိုယ်တော် တိပိဋကဓရ ဖြစ်သွားတယ်” စသည်ဖြင့် ဗဟုသုတများသည့် ပုဂ္ဂိုလ်ကြီးဖြစ်ဟန် ဝါကြွားပလွှား၍ ပြောကြားတတ်ကြသည်။ ထိုအခါ ကြားရသူများက “ဟို တိပိဋကဓရကိုယ်တော်တောင် ဒီဆရာတော်ထံမှာ စာသင်သွားရတယ်ဆိုရင် ဗဟုသုတအရာမှာ ဒီဆရာတော်ကို မီမဲ့ ဆရာတော်ခပ်ရှားရှားပဲ” ဟု အထင်ကြီးပြီး ကြည်ညိုသွားတတ်ကြပေသည်။

အချို့မှာ သတိမေ့တတ်၍ မှတ်ဉာဏ်နည်းသော်လည်း ဒါယကာ ဒါယိကာမများရှေ့တွင် “ဒို့ခပ်ရွယ်ရွယ်တုန်းက ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်စတဲ့ နိကာယ်ကြီးများကို လေ့လာမှတ်သားခဲ့ရတယ်။ လေ့လာပြီးတဲ့နောက် တစ်ကြိမ်တစ်ခါမျှ ပြန်မကြည့်ခဲ့ရပါဘူး။ ဒါပေမဲ့ အလိုရှိတဲ့အခါ လိုချင်တဲ့ ပါဠိဟာ နှုတ်ထဲက အလိုလိုထွက်လာတယ်။ သည့်ပြင် ပုဂ္ဂိုလ်များကတော့ ဆိတ်ပါးစပ်များလို တလှုပ်လှုပ်နဲ့မပြတ် ရွတ်အံသရဇ္ဈာယ်နေကြရတယ်” လို့ အထင်ကြီးအောင် ဝါကြွားပလွှား၍ ပြောကြားတတ်ကြတယ်။ ထိုအခါ ဒါယကာ ဒါယိကာမများက အထင်ကြီးပြီး ကြည်ညိုသွားတတ်ကြပေသည်။

ရှေးအခါက ဆရာတော်ကြီးတစ်ပါးသည် မိမိအား ရဟန္တာပုဂ္ဂိုလ်ဟု အထင်ကြီးစေလိုသောကြောင့် သီတင်းသုံးရာ ကျောင်းခန်းအတွင်း၌ လူမမြင်နိုင်အောင် အိုးစရည်းကြီး (အိုးအကြီး) တစ်လုံးကို မြှုပ်ထား၏။ ဒကာ, ဒကာမများ လာသံကြားသည့်အခါ ထိုအိုးကြီးထဲ ဝင်ပုန်းနေ၏။ လူများက “ဆရာတော်ဘယ်မှာလဲ” ဟု မေးလျှင်

စာမျက်နှာ-84
တပည့်များက “ဆရာတော် အခန်းထဲမှာ” ဟု ပြောကြ၏။ လူများသည် အခန်းထဲတွင် ဆရာတော်ကို မမြင်၍ ပြန်ထွက်လာကာ “အခန်းထဲမှာ ဆရာတော်မရှိပါ” ဟု ပြောသည်။ တပည့်များက “ခုတင်ကပဲ ကျောင်းခန်းထဲမှာ ရှိသေးတယ်” ဟု ပြောသဖြင့် ထပ်၍ ကြည့်ကြပြန်လေရာ ညောင်စောင်းပေါ်မှာ ထိုင်လျက်နေသည်ကို တွေ့ကြရ၍ “ဘယ်ကြွနေပါသလဲဘုရား” ဟု လျှောက်ထားလျှင် “ရဟန်းဆိုတာ သည်လိုပဲ၊ အလိုရှိရာ အရပ်ကို ကြွနိုင်ကြတယ်” ဟု မိမိကိုယ်ကို ရဟန္တာဟုထင်အောင် ဈာန်အဘိညာဉ်ရသည့် လေသံမျိုးဖြင့် ပြောတတ်ကြလေသည်။

ဤသို့ ပါပိစ္ဆတာလောဘသည် မဟုတ်မမှန် ဖောက်ပြန်သော နည်းလမ်းဖြင့် (ဝါ) မကောင်းသော နည်းလမ်းဖြင့် လူများ၏ အထင်ကြီးမှု၊ ကြည်ညိုလေးစားမှု၊ လှူဒါန်းပူဇော်မှုတို့ကို ခံယူလိုသော သဘောရှိပေသည်။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ အထင်ကြီးအောင် ဟန်ဆောင်ပြုလုပ်မှုမျိုးသည် ပါပိစ္ဆတာလောဘကြောင့်ပင် ဖြစ်ပေသည်။

တဏှာ (၃) မျိုး

လောဘဟုဆိုအပ်သော တဏှာသည်...

မဟာတဏှာ၊ အတိတဏှာ၊ ဂိဒ္ဓတဏှာ... အားဖြင့် သုံးပါးရှိ၏။

ထိုတွင် အမျိုးမျိုးသော အာရုံကို အလိုရှိသော တဏှာသည် မဟာတဏှာ၊ တစ်ခုသော အာရုံ၌ အကြိမ်များစွာ အလိုရှိသော တဏှာသည် အတိတဏှာ၊ အာရုံတစ်ခု၌လည်းကောင်း၊ အာရုံအများ၌လည်းကောင်း တပ်တတ်သောတဏှာသည် ဂိဒ္ဓတဏှာမည်၏ဟု အဘိဓာန်ဋီကာ၌ ပြဆိုသည်။

စာမျက်နှာ-85
တစ်နည်း။ ကာမဘုံ၌ တပ်မက်တတ်သော ကာမတဏှာ၊ ရူပဘုံ၌ တပ်မက်တတ်သော ရူပတဏှာ၊ အရူပဘုံ၌ တပ်မက်တတ်သော အရူပတဏှာဟူ၍ ဘုံအားဖြင့် သုံးမျိုးပြားသည်။

တစ်နည်း။

ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ... ဟူ၍ သုံးပါးရှိသည်။

ထိုတွင် ရူပါရုံစသော အာရုံခြောက်ပါးကို တပ်မက်မောသော လောဘသည် ကာမဂုဏ်ငါးပါး၌ သာယာသည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် ကာမတဏှာမည်၏။ ထိုအာရုံများကိုပင် မြဲ၏၊ အမြဲတည်၏ဟု ယူသော သဿတဒိဋ္ဌိနှင့် ယှဉ်သည့် လောဘသည် ဘဝတဏှာမည်၏ (ဝါ) ရူပဘုံ၊ အရူပဘုံတို့၌ တပ်မက်သော တဏှာသည် ဘဝတဏှာမည်၏။ ထိုအာရုံများသည် ပြတ်စဲသွား၏၊ ပျက်သွား၏ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော လောဘသည် ဝိဘဝတဏှာမည်၏။ (ဝါ) ဥစ္ဆေဒဒိဋ္ဌိဟု ဆိုအပ်သော ဘဝကင်းခြင်း၌ ဖြစ်သော တဏှာသည် ဝိဘဝတဏှာမည်၏။

တဏှာ (၆) မျိုး

ရူပါရုံ၌ တပ်မက်သော ရူပတဏှာ၊

သဒ္ဒါရုံ၌ တပ်မက်သော သဒ္ဒတဏှာ၊

ဂန္ဓာရုံ၌ တပ်မက်သော ဂန္ဓတဏှာ၊

ရသာရုံ၌ သာယာတပ်မက်သော ရသတဏှာ၊

ဖောဋ္ဌဗ္ဗာရုံ၌ သာယာတပ်မက်သော ဖောဋ္ဌဗ္ဗတဏှာ၊

ဓမ္မာရုံ၌ သာယာတပ်မက်သော ဓမ္မတဏှာ၊

ဟူ၍ အာရုံအားဖြင့် ခြောက်မျိုးရှိပြန်သည်။ ၁

၁။ အဘိ၊ဋ္ဌ၊၁၊ ၃၉၈။ အဘိ၊ဋ္ဌ၊၂၊ ၁၇၁။

စာမျက်နှာ-86
မျက်လုံးအကြည်ဓာတ်နှင့် အဆင်းအာရုံတို့ တွေ့ဆုံမိသည့် အခါ မြင်သိစိတ် (စက္ခုဝိညာဏဓာတ်) ဖြစ်လာ၏။ ယင်းအကြည်ဓာတ် အဆင်းအာရုံနှင့် မြင်သိစိတ် သုံးမျိုးတို့ ပေါင်းဆုံမိအောင် ဖန်တီးမှုမျိုးကို ဖဿဟုခေါ်သည်။ ထို ဖဿကြောင့် အာရုံကို ခံစားမှုဝေဒနာ ပေါ်လာ၏။ (ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ) ဆိုသည့်အတိုင်း ဝေဒနာကို အကြောင်းပြု၍ အဆင်းအာရုံ၌ တပ်မက်မောမှု တဏှာဓာတ် ဖြစ်ပေါ်လာ၏။ ထိုတဏှာဓာတ်ကို ရူပတဏှာဟုခေါ်သည်။ သဒ္ဒတဏှာတို့ ဖြစ်ပေါ်လာပုံကိုလည်း ဤနည်းကိုမှီ၍ သိနိုင်ပေသည်။

တဏှာအစစ် တစ်ရာ့ရှစ်

တဏှာသုံးတန်၊ အရင်းခံ၊ အာကာသံနှင့် မြှောက်၊ တစ်ရာ့ရှစ်ဖြာ၊ ယင်းတဏှာ၊ ထိုအခါ အပြီးမြောက်...

ဟုဆိုသည့်အတိုင်း ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာဟု အရင်းခံ တဏှာသုံးမျိုးကိုတည်ထား၊ ထိုသုံးမျိုးက အာရုံခြောက်မျိုးကို အာရုံပြုသောကြောင့် (အာ) အာရုံခြောက်ပါးဖြင့် မြှောက် ၁၈ ပါး ရ၏။ ထို ၁၈ ပါးသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါး၌ရှိသော အာရုံတို့ကို အာရုံပြု၍ဖြစ်ရကား (ကာ) ကာလသုံးပါးဖြင့် မြှောက် ၅၄ ပါးဖြစ်၏။ ယင်း ၅၄ ပါးလုံးပင် မိမိသန္တာန်ကို အာရုံပြု၍လည်းကောင်း၊ သူများသန္တာန်ကို အာရုံပြု၍လည်းကောင်း ဖြစ်ရကား (သန်) သန္တာန်နှစ်ပါးဖြင့်မြှောက် ၁၀၈ ဖြစ်၏။

အဓမ္မရာဂနှင့်မိစ္ဆာဓမ္မ

မိခင်၊ ဖခင်၊ သား၊ သမီး၊ မိထွေး၊ မိကြီး၊ ဘထွေး၊ ဘကြီး၊ ဦးလေး၊ ဦးကြီးစသော မဖြစ်သင့် မဖြစ်ထိုက်သည့် ပုဂ္ဂိုလ်များ၌ ဖြစ်သော ရာဂ

စာမျက်နှာ-87
သည် အဓမ္မရာဂဖြစ်၏။

တစ်နည်းအားဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ပုဂ္ဂိုလ်များ၌ဖြစ်စေ၊ မဖြစ်သင့် မဖြစ်ထိုက်သော ပုဂ္ဂိုလ်များ၌ဖြစ်စေ မတရားမှု၊ အဓမ္မမှ ဆန်သော ရာဂသည် အဓမ္မရာဂဖြစ်၏။

အမျိုးတူဖြစ်သော ယောက်ျားအချင်းချင်း၌ တပ်မက်သောဆန္ဒရာဂ၊ မိန်းမအချင်းချင်း၌ တပ်မက်သော ဆန္ဒရာဂများကို မှားယွင်းဖောက်ပြန်သော သဘောရှိသောကြောင့် မိစ္ဆာဓမ္မဟု ခေါ်သည်။ ထိုတရားနှစ်မျိုးလုံးသည် တရားကိုယ်အားဖြင့် လောဘစေတသိက်ပင် ဖြစ်ပါသည်။ ၁

(ဂ) လောဘအကြောင်း အခြားသိကောင်းစရာများ

လောဘ၏ ဖန်တီးချက်များ

လောဘကြီးသောသူသည် လောဘနီယအာရုံ၏ အဆင်း၊ ဥစ္စာ၊ ဉာဏ်ပညာ ဝီရိယစသော ဂုဏ်တို့ကို ရှိရုံထက် ပိုမိုသာလွန်၍ မှတ်ထင်စွဲယူသော သဘောရှိသောကြောင့် လောဘသည် ပိုလွန်၍ ယူခြင်း၏ အကြောင်းဖြစ်၏။ ထင်ရှားရှိသော အပြစ်ကိုလည်း ဖုံးကွယ်တတ်သော သဘောရှိ၏။

လောဘများသောသူသည် ချစ်ခင်တွယ်တာတတ်သောကြောင့် လည်းကောင်း၊ ချစ်သူတို့နှင့် ခွဲခွာရခြင်းကိုလည်း မခံနိုင်သော သဘောရှိသောကြောင့်လည်းကောင်း၊ လောဘသည် ပိယဝိပ္ပယောဂဒုက္ခ (ချစ်သူများနှင့် ခွဲခွာရခြင်းဆင်းရဲ) ၏ အကြောင်းရင်းဖြစ်၏။ အကြိမ်ကြိမ်အဖန်ဖန် ပဋိသန္ဓေနေရခြင်း ဇာတိဒုက္ခ၏ အကြောင်းလည်းဖြစ်၏။

၁။ အဘိ၊ဋ္ဌ၊၂။၃၉၈။ ဒီ၊ဋ္ဌ၊၃။၃၆။

စာမျက်နှာ-88
လောဘသည် အများအားဖြင့် သတ္တဝါတို့ကို ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ လောဘကြီးသောသူသည် မသင့်လျော်သော အစာအစားများကို စားသောက်တတ်သောကြောင့်လည်းကောင်း၊ သင့်လျော်သော်လည်း အတိုင်းအရှည်မသိ စားသောက်တတ်သောကြောင့်လည်းကောင်း လောဘသည် အနာရောဂါများခြင်း၏ အကြောင်းရင်းဖြစ်၏။ ပစ္စည်းဥစ္စာများ၌ အာသာဆန္ဒ ပြင်းပြသဖြင့် မမြဲသော သင်္ခါရဝတ္ထုများကို မမြဲဟု မမြင်နိုင်သောကြောင့် လောဘသည် အနိစ္စမထင်နိုင်ခြင်း၏အကြောင်းဖြစ်၏။ (အဋ္ဌသာလိနီ-နှာ-၁၇၁)။

လောဘစရိုက်ရှိသူ

လောဘလွန်ကဲသောသူသည် သွားလာလှုပ်ရှားသည့်အခါ ယဉ်ယဉ်ကျေးကျေး တင့်တင့်တယ်တယ် သွားလာလေ့ရှိ၏။ ခြေကို ညီညီညာညာချသည်။ ကြွသည်။ သူ၏ ခြေရာသည် အလယ်၌မထင်၊ အရင်းအဖျား နှစ်ခု၌သာထင်၏။ မတ်မတ်ရပ်သည့်အခါ၌ဖြစ်စေ၊ ထိုင်သည့်အခါ၌ဖြစ်စေ အများကြည့်ကောင်းအောင် အချိုးကျကျရပ်တတ်၏။ ထိုင်တတ်၏။ အိပ်ရာကို ညီညီညွတ်ညွတ် သေသေသပ်သပ်ခင်း၍ ဖြည်းညင်းစွာ လဲလျောင်းပြီး နှစ်သက်ဖွယ် အခြင်းအရာဖြင့် အိပ်လေ့ရှိ၏။ အိပ်ရာမှ ထသည့်အခါ၌လည်း အဆောတလျင် မထမူ၍ ဖြည်းဖြည်းသာသာ အသံပြု၍ထ၏။

တံမြက်လှည်းခြင်း၊ ဝတ်စားဆင်ယင်ခြင်း စသည့် အလုပ်ကိစ္စများကို လုပ်ဆောင်ရာ၌လည်း ကျနသေသပ်၏။ ကြည့်ရှု၍ကောင်းအောင် စနစ်တကျ လုပ်တတ်၏။ အချိုအဆိမ့် အမွှေးအကြိုင် ပျံ့လှိုင်နူးညံ့သော အစားအသောက်များကိုလည်း နှစ်သက်၏။ အနည်းငယ် ကောင်းမွန်သော အစားအစာရသည့်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်၏။ စားသောက်သည့်အခါ၌လည်း ဣန္ဒြေရရ

စာမျက်နှာ-89
သေသေသပ်သပ် စားတတ်၏။

အသင့်အတင့်လှပသော ရူပါရုံနှင့် တွေ့ကြုံရသည့်အခါ တအံ့တသြ ငေးမော၍ ကြည့်တတ်၏။ ထိုအာရုံမှ မခွာချင်အောင်လည်း ဖြစ်တတ်၏။ ထင်ရှားသော အပြစ်ကိုပင် မမြင်ဘဲ အနည်းငယ်သော ဂုဏ်ကို ခင်မင်တပ်မက်မောတတ်၏။ ပရိယာယ်မာယာများ၏။ ကောက်ကျစ်စဉ်းလဲမှု သာထေယျပေါ၏။ မာနကြီး၏။ အလိုရမက်ကြီး၏။ ရောင့်ရဲတင်းတိမ်မှုမရှိ၊ အဝတ်အစား စသည်တို့၌ လျှပ်ပေါ်လော်လီသော သဘောရှိ၏။

ဤသို့ အသွားအလာ အနေအထိုင်ဟူသော ဣရိယာပုတ်ကိုလည်းကောင်း၊ ထိုထိုကိစ္စများ ဆောင်ရွက်ပုံကိုလည်းကောင်း၊ နှစ်သက်တတ်သော အစာအာဟာရကိုလည်းကောင်း၊ ရူပါရုံစသည်၌ ကြည့်ရှုနားထောင်ပုံကိုလည်းကောင်း၊ အကဲခတ်ကြည့်ရှုခြင်းဖြင့် လောဘလွန်ကဲသူဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။

အပူဆုံးမီးကြီးနှင့် ပြည့်နိုင်ခဲသော မြစ်ကြီး

ဗုဒ္ဓပိဋကတ်တော်များ၌ ရာဂမီး၊ တဏှာမြစ်ဟု သုံးစွဲရိုးရှိပါသည်။ ရာဂသည် မီးနှင့်တူသည်၊ တဏှာသည် မြစ်နှင့်တူသည်ဟု ဆိုလိုသည်။ သို့ရာတွင် ပကတိမီးသည် အခိုးထွက်သည်။ လောင်သည့်အခါ ပြာကျန်ရစ်ခဲ့သည်။ ရာဂမီးကား အခိုးမထွက် ပြာမချန်ဘဲ ခန္ဓာကိုယ်တွင်းမှ ထ၍ သတ္တဝါများကို ပူလောင်တတ်သော သဘောရှိသည်။

ပကတိမီးများတွင် နေခုနစ်စင်း တစ်ပြိုင်နက်ထွက်၍ ဖြစ်ပေါ်လာသော ကမ္ဘာပျက်မီးသည် အင်အားအရှိန်အဝါ အကြီးမားဆုံးဖြစ်၏။ ထိုမီးကြီးကား မည်သည့်အရာကိုမှ ချမ်းသာခွင့်မပေးဘဲ ကမ္ဘာလောကကြီး တစ်ခုလုံးကို လောင်ပစ်လိုက်၏။ ထိုမီးထက်

စာမျက်နှာ-90
အင်အားကြီးမားသောမီးကား မရှိချေ။ သို့သော် ထိုကမ္ဘာပျက်မီးကြီးသည် နှစ်ပေါင်း အသင်္ချေကြာမှ တစ်ကြိမ်တစ်ခါသာ လောင်၏။ သတ္တဝါများ၏ ခန္ဓာကိုယ်တွင်းမှ ဖြစ်လာသော ရာဂမီးကား အချိန်ရှိသရွေ့ တငွေ့ငွေ့ လောင်လျက်ရှိသည်။ ထို့ကြောင့် ရာဂနှင့်တူသောမီးသည် မရှိ၊ (ဝါ) ရာဂသည် အပူဆုံးသော အလောင်ဆုံးသော မီးကြီးဖြစ်သည်။

တဏှာသည် မြစ်နှင့်တူသည်ဟုဆိုသော်လည်း မြစ်များ၌ ရေပြည့်သောအချိန် ရေလျော့သောအချိန် ရေခြောက်ခန်းသွားသောအချိန်တို့ရှိသည်။ တဏှာ၌ကား ပြည့်၍နေသောအချိန်၊ ခြောက်ခန်းသွားသောအချိန်တို့မရှိ၊ အမြဲပင် ယုတ်လျော့နေ၍ ထာဝစဉ်လိုလျက်ရှိသည်။ လောကတွင် အဘက်ဘက်ကပြည့်စုံလှပြီဟုဆိုသော သန်းကြွယ်သူဌေးကြီးပုဂ္ဂိုလ်မျိုး ဖြစ်စေကာမူ မတောင့်တရတော့ပြီ မလိုချင်တော့ပြီဟူ၍ မရှိ၊ အမြဲလိုလျက် တောင့်တလျက်ပင်ရှိသည်။ ထို့ကြောင့် တဏှာနှင့်တူသော မြစ်မရှိ၊ ဝါ-တဏှာသည် အလွန်ပြည့်စုံနိုင်ခဲသော မြစ်ကြီးဖြစ်သည်။ ဤသို့ ဓမ္မပဒ ပါဠိတော်တွင် ဘုရားရှင်ဟောကြားခဲ့ပါသည်။

ယင်းရာဂနှင့် တဏှာတို့သည် လောဘ၏ နာမည်ထူးများဖြစ်ကြောင်း အထက်တွင် ပြဆိုခဲ့ပြီ။

စိတ်၏အတွင်းရန်သူ

လောဘသည် စိတ်၏အညစ်အကြေး၊ စိတ်၏ မိတ်ဆွေပျက်၊ စိတ်၏ရန်သူ၊ စိတ်၏သူသတ်သမား၊ စိတ်၏ ဆန့်ကျင်ဘက်သားဖြစ်၏။

စိတ်သည် ပကတိအခါ၌ ဖြူစင်သန့်ရှင်း အပြစ်ကင်းလျက်ရှိ၏။ လောဘစသော အကုသိုလ်စေတသိက်များမှာ အာရုံကို လိုချင်မက်မောမှု တွယ်တာမှုစသည်တို့ကြောင့် အပြစ်မကင်း မသန့်ရှင်းသော

စာမျက်နှာ-91
တရားများဖြစ်၍ အညစ်အကြေးသဖွယ်ဖြစ်၏။ စိတ်အစဉ်တွင် လောဘစေတသိက် တွဲယှဉ်လာခဲ့သော် စိတ်သည် လောဘအညစ်အကြေးများဖြင့် ညစ်ညမ်း၍ သွား၏။ ထို့ကြောင့် လောဘသည် စိတ်၏ အညစ်အကြေးတစ်ခု ဖြစ်၏။ အညစ်အကြေးကား ကိုယ်၏ အညစ်အကြေး၊ စိတ်၏ အညစ်အကြေးဟု နှစ်မျိုးရှိသည်။ ထိုတွင် ချွေးမြူမှုန်စသည်တို့၏ အညစ်အကြေးကိုကား ရေဖြင့် ဆေးကြောသုတ်သင်ပါက စင်ကြယ်သန့်ရှင်းသွားနိုင်၏။ လောဘစသော စိတ်အညစ်အကြေးမျိုးကိုမူ ရေဖြင့်ဆေးကြော၍ မစင်ကြယ်နိုင်၊ အရိယာမဂ်ဖြင့် ဆေးကြောမှ သန့်ရှင်းစင်ကြယ်နိုင်သည်။

အတူအိပ် အတူစားဖြစ်ပါလျက် အကျိုးမဲ့ ပြုလုပ်နိုင်မည့် အခွင့်အရေးကို စောင့်စားရှာဖွေနေသော ရန်သူသဖွယ် လောဘစေတသိက်သည် စိတ်၌ ယှဉ်တွဲနေပါလျက် သတ္တဝါတို့၏ အမျိုးမျိုးသော အကျိုးမဲ့ကို ဖန်တီးတတ်၏။ ဆင်းရဲဒုက္ခအဖုံဖုံနှင့်လည်း တွေ့ကြုံစေတတ်၏။ အကယ်စင်စစ် လောဘသည် စိတ်၏ အတွင်းရန်သူကြီးတစ်ဦးဖြစ်၏။ မှန်၏။ ရန်သူဟူသည် အခွင့်အရေးကို ရသည်နှင့် တစ်ပြိုင်နက် မိမိနှင့် ပြိုင်ဖော်ပြိုင်ဖက်အား ခေါင်းကိုသော်လည်း ဖြတ်ပစ်တတ်၏။ အကြောင်းဥပါယ်ဖြင့် ကြီးစွာသော အကျိုးမဲ့ကိုသော်လည်း ပြုလုပ်တတ်၏။ ထို့အတူ လောဘသည် ပညာတည်းဟူသော ဦးခေါင်းကို ကျစေခြင်းဖြင့်လည်းကောင်း၊ ပဋိသန္ဓေကို ဖြစ်စေတတ်သဖြင့်လည်းကောင်း၊ သတ္တဝါများ၏ အကျိုးမဲ့ကို ဖန်တီးတတ်ပေသည်။

ချဲ့ဦးအံ့ စက္ခုပသာဒနှင့် ဣဋ္ဌရူပါရုံတို့ တွေ့ဆုံသည့်အခါ ယင်းအာရုံကို လိုချင်မှု၊ တွယ်တာမက်မောမှုဆိုသည့် လောဘတရား ဖြစ်ပွားလာတတ်၏။ ထိုလောဘဖြစ်လာမှုသည် ပညာဉာဏ်ဖြင့်

စာမျက်နှာ-92
မဆင်ခြင် မသုံးသပ်နိုင်သောကြောင့်သာ ဖြစ်လာရကား လောဘသည် ပညာတည်းဟူသော ဦးခေါင်းကို ကျစေသည်မည်၏။ ထို့ပြင် လောဘအရင်းခံသော ကံသည် ပဋိသန္ဓေလေးမျိုးကို ဖြစ်စေတတ်သောသဘောရှိသည်။ ပဋိသန္ဓေ ဖြစ်လာခဲ့သော် သတ္တဝါသည် နှစ်ဆယ့်ငါးပါးသော ဘေး၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာ၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စသော ဘေးဒုက္ခအပေါင်းနှင့် မလွဲမသွေ ရင်ဆိုင်နေရပေသည်။ ဤသို့ လောဘသည် သတ္တဝါတို့၏ အကျိုးမဲ့ကို ပြုလုပ်တတ်ပေသည်။ တစ်နည်းအားဖြင့် ရန်သူများ မပြုလုပ်နိုင်သည့် အကျိုးမဲ့ကိုပင် လောဘစေတသိက်သည် ပြုလုပ်နိုင်ပေသည် (ဣတိ-ပါ-နှာ-၂၅၂၊ဋ္ဌ၊နှာ-၁၆၁)။

ပညာမျက်စိကန်းသောတရား

လောဘသည် အကုသိုလ်ဖြစ်၍ ပညာမျက်စိကန်းသောတရား ဖြစ်၏။ အကြင်အခါ၌ သတ္တဝါသန္တာန်၌ လောဘဖြစ်လာ၏။ ထိုအခါ သတ္တဝါသည် အကြောင်းအမျိုးမျိုးကိုလည်းမမြင်၊ အကောင်း အဆိုးကိုလည်း ခွဲခြားမသိ၊ သူ၏စိတ်တွင် မိုက်မှောင်ကြီးအတိ ဖြစ်လျက်ရှိ၏။

လောဘသည် မိမိ သူတပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။ စိတ်ကိုချောက်ချား ဖောက်ပြန်စေတတ်၏။ စိတ်အစဉ်တွင် လောဘဝင်လာခဲ့သော် ထိုလောဘရှိသော ပုဂ္ဂိုလ်သည် လောဘ၏ အကျိုးမဲ့လုပ်တတ်ပုံစသော ဘေးဒုက္ခအပေါင်းတို့ကို လုံးဝမသိ မမြင်နိုင်ရှာတော့ချေ။ (ဣတိ၊ပါ ၂၅၂)။

လောဘသည် အကုသိုလ်ဖြစ်ကြောင်း

ရဟန်းတို့ တပ်မက်ခြင်းလောဘသည် ရှိ၏။

ယင်းတပ်မက်ခြင်းလောဘသည် အကုသိုလ်၏ အကြောင်းရင်း

စာမျက်နှာ-93
တည်း။ တပ်မက်သူသည် ကိုယ်နှုတ်စိတ်ဖြင့် အားထုတ်၏။ ယင်းအားထုတ်မှုသည် အကုသိုလ်တည်း။ တပ်မက်သူသည် တပ်မက်ခြင်းလောဘ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ငါသည် အားရှိ၏။ စွမ်းနိုင်၏။ လူသတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားသောဝတ္ထုဖြင့် သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် လောဘကြောင့်ဖြစ်ကုန်သော လောဘလျှင်အကြောင်းရင်းရှိကုန်သော လောဘလျှင် ဖြစ်ကြောင်းရှိကုန်သော လောဘလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော အကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။ (အံ-ပါ-မြန်-၂၂ဝ)။

လောဘသည် အကျိုးမဲ့တရား

ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော လောဘ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သူသတ်၏။ သူမပေးသည်ကိုလည်း ခိုးယူ၏။ သူ့သားမယားကိုလည်း သွားလာ၏။ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏။ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏။ ယင်းသူတစ်ပါး အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်၏။ (အံ-ပါ-မြန်-၂ဝ၇)။

ရာဂဖြစ်ကြောင်း (၂) မျိုး

ရဟန်းတို့ ရာဂဖြစ်ပေါ်ရန်အကြောင်းတို့သည် ဤ နှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမှု တင့်တယ်သော ဣဋ္ဌာရုံလည်းကောင်း၊

စာမျက်နှာ-94
မသင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန်အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု မိန့်တော်မူ၏ (အံ-ပါ-မြန်-၁ဝ၁)။

တဏှာတရား၏ ဆွဲငင်အား

တပ်မက်မှုတဏှာသည် လောဘကို ဆောင်တတ်၏။ တဏှာသည် လောဘကို ဆွဲငင်တတ်၏။ အလုံးစုံသော တရားတို့သည်သာလျှင် တဏှာဟုဆိုအပ်သော တစ်ခုသောတရား၏ အလိုသို့ အစဉ်လိုက်ကြကုန်၏။ (သဂါထာ-သံ-ပါ-မြန်-၃၆)။

တဏှာကား အနှောင်အဖွဲ့တရား

တပ်နှစ်သက်မှု “နန္ဒီ” သည် လောဘကို နှောင်ဖွဲ့တတ်၏။ တပ်မက်မှုတဏှာမှကင်းခြင်းကြောင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်၏။ တပ်မက်မှုတဏှာသည် လောကကို ဆွဲငင်တတ်၏။ တပ်မက်မှုတဏှာမြားသည် လောကစူးဝင်၏။ အလိုရမက်သည် အခါခပ်သိမ်း တောက်လောင်၏။ တပ်နှစ်သက်မှု “နန္ဒီ” သည် လောကကို ဆက်စပ်အပ်၏။ တပ်မက်မှုတဏှာကို ပယ်ခြင်းကြောင့် အလုံးစုံသော အဆက်အစပ်ပြတ်၏။ (သဂါထာ-သံ-ပါ-မြန်၊ ၃၆၊ ၃၇)။

သံသရာနယ်ချဲ့သမား

ရှင်တော်ဗုဒ္ဓသည် မဟာနိဒ္ဒေသပါဠိတော် စသည်၌ သံသရာနယ်ချဲ့တရား သုံးပါးကို ဟောကြားခဲ့၏။ ထိုတရားသုံးပါးကား တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ဖြစ်၏။ တဏှာသည် သံသရာနယ်ချဲ့အုပ်စုဝင် တရားတစ်ပါးဖြစ်သည်။ ယင်းတရား သုံးပါးတို့သည် ဘဝသံသရာကို ကျယ်သည်ထက်ကျယ်အောင် ရှည်သည်ထက်ရှည်အောင် ပြုလုပ်တတ်သောကြောင့် မြတ်ဗုဒ္ဓက သံသရာနယ်ချဲ့တရား (ပပဉ္စ) ဟု နာမည်တပ်ခဲ့ခြင်း ဖြစ်ပါသည်။

စာမျက်နှာ-95
ချဲ့ဦးအံ့... ဒိဋ္ဌိသည် ခန္ဓာငါးပါး၌ အထည်ကိုယ် အမာခံ အနှစ်သာရဟူသော အတ္တသည် ဧကန်ရှိ၏ဟု စွဲလမ်း၏။ မာနက ထိုအတ္တကိုပင် “ငါ ငါ” ဟု မှတ်ထင်၏။ “ငါမြတ်သည် ငါတတ်သည်” ဟု အထင်အမြင်ကြီး၏။ ဒိဋ္ဌိမာန အရင်းခံမှုကြောင့် မိမိ၏ ရုပ်နာမ်တရားတွေကို အားရပါးရ တဏှာဖြင့် စွဲလမ်း၏။ မိမိကိုယ်နှင့်တူသော ချစ်ခင်တွယ်တာစရာမရှိ၊ (အတ္တသမံ ပေမံ နတ္ထိ) ဆိုသည့်အတိုင်း မိမိခန္ဓာကိုယ်ထက် ပိုမို၍ မည်သူ့ကိုမျှ မချစ်နိုင်ကြပေ။ မိမိကို ချစ်ခင်မှုကြောင့် မိမိအား ကျေးဇူးပြုနေသူ သို့မဟုတ် ကျေးဇူးပြုလိမ့်မည်ဟု ထင်ရသူတို့အပေါ်မှာ မခွဲနိုင်မခွာရက်အောင် ဆက်သွယ်စွဲလမ်းရပြန်သည်။ ယင်းသို့ မိမိကိုယ်နှင့်အတူ အဆက်အသွယ်ဟူသမျှတို့အပေါ်၌ မခွဲနိုင် မခွာရက် စွဲမက်မှုသည် တဏှာလက်ချက်ပင် ဖြစ်ပါသည်။

တဏှာကား အလွန်အစွမ်းသတ္တိထက်သော တရားတစ်ပါးဖြစ်သည်။ ထိုတဏှာက ဆင်းရဲဒုက္ခမှုတွေ မျိုးစုံနေသော သည်လောကကြီးကို ပျော်မွေ့စရာ ချမ်းမြေ့စရာကောင်း၍ အလွန်သာယာစိုပြည်သည့် လောကနိဗ္ဗာန်ကြီးအဖြစ် ဖန်တီးပေးထား၏။ ပုထုဇဉ်သေက္ခသတ္တဝါမှန်သမျှတို့ကို ထိုထိုအာရုံများ၌ဖြစ်စေ၊ မိမိခန္ဓာကိုယ်၌ဖြစ်စေ တွယ်တာမက်မောစေ၍ သံသရာဆင်းရဲ၌ မငြီးငွေ့အောင် ပြုလုပ်ထားသူကား တဏှာပင်ဖြစ်ပါသည်။ ထို့ကြောင့် တဏှာရှိသော သတ္တဝါတို့သည် သူတို့၏ လိုချင်တွယ်တာမှု အတိုင်းအတာအရ ဆင်းရဲအမျိုးမျိုးကိုခံကာ နေ့မအား ညမအား ရုန်းကန်လှုပ်ရှားနေကြရသော်လည်း တဏှာကို ဒုက္ခပေးနေသည့် ရန်သူအဖြစ်မမြင်၊ မိတ်ကောင်းဆွေကောင်းကြီး အသွင်ဖြင့် အဖော်ပြုကာ ပျော်ပျော်ပါးပါးပင် သံသရာခရီးနှင်လျက် ရှိကြပေသည်။ အချုပ်ဆိုရသော်

စာမျက်နှာ-96
တဏှာ၏ လက်ချက်ကြောင့် သတ္တဝါတွေ သံသရာမှ ထွက်ပေါက်ရှာမရဘဲ ဘဝပေါင်းများစွာ ကျင်လည်နေကြရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် တဏှုပ္ပါဒသုတ်တွင် “သတ္တဝါတို့သည် တဏှာကို မိတ်ဆွေကောင်းကြီးအဖြစ် အဖော်ပြုကာ ဘဝသံသရာဝယ် ပျော်ပျော်ပါးပါး ခရီးသွားနေကြသဖြင့် ရှည်လျားလှစွာသော ဤသံသရာကြီးမှ မလွတ်မြောက်နိုင်ကြခြင်းဖြစ်သည်” ဟု ဟောတော်မူခဲ့၏။

ထို့ပြင် တဏှာသည် ကမ္မဝဋ်ကို တွင်တွင်လည်အောင် လှည့်ပေးတတ်သော ကိလေသဝဋ်တရား တစ်ခုဖြစ်သည်။ လိုချင်မက်မောမှု တဏှာကြောင့် အပြစ်ကင်းသော အလုပ် (ကုသိုလ်ကောင်းမှု) ကိုဖြစ်စေ၊ အပြစ်ရှိသော အလုပ် (အကုသိုလ်) ကိုဖြစ်စေ ပြုလုပ်နေကြရ၏။ တဏှာအရင်းခံသည့် ယင်းပြုလုပ်မှုများ (ကမ္မဝဋ်) ကြောင့် လက်ရှိဘဝခန္ဓာ ပြတ်စဲသွားသည့်အခါ၌ ဝိပါကဝဋ်ခေါ် ရုပ်သစ် နာမ်သစ်များ ဖြစ်လာကာ ဘဝတစ်ခု ပေါ်လာပြန်၏။ ထိုဘဝသစ်ဖြစ်၍ မကြာမီမှာပင် ဘဝနိကန္တိက (ဘဝ၌ တွယ်တာနှစ်သက်သော) လောဘဇောခေါ်သော တဏှာက ရကာစ အတ္တဘောကို မက်မောတွယ်တာပြီးလျှင် ယခင် အတိတ်ဘဝကနည်းတူ ဘဝသစ်တွင် စခန်းသွားရပြန်သည်။

ဤသို့ သေက္ခပုထုဇဉ်သတ္တဝါတို့သည် တဏှာတည်းဟူသော ကိလေသဝဋ်ကြောင့် ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဆက်ကာဆက်ကာ ပေါ်လာပြီးလျှင် သံသရာတကျောဝယ် နစ်မျောကျင်လည်၍ နေကြပေသည်။

ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် စိတ်တော်တွင် (ဥဒါန်းကျူးရင့်သကဲ့သို့) ဤသို့

စာမျက်နှာ-97
ထင်မြင်လာခဲ့သည်။

“ထပ်ခါထပ်ခါ ဘဝသစ်ဖြစ်ရခြင်း၊ ဝါ-ပဋိသန္ဓေ နေရခြင်းသည် အို, နာ, သေရေး ဒုက္ခဘေးတို့နှင့် ရောထွေး၍နေသောကြောင့် ဆင်းရဲလှပေသည်။ ဤ အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို အကြိမ်ကြိမ် အဖန်ဖန် ဆောက်လုပ်နေသော တရားခံလက်သမားကား တဏှာတရားတည်း၊ ထိုတရားခံ လက်သမားဆိုသူသည် မည်သူမည်ဝါဖြစ်သည်ကို သဗ္ဗညုတဉာဏ်တော်တည်းဟူသော မှန်ပြောင်းဖြင့်သာ မြင်နိုင်သိနိုင်သည်။ တဏှာလက်သမားကို မတွေ့ရသေးသမျှ ဘဝသစ်၌ ဖြစ်ခြင်းဆိုသည့် ဇာတိကလည်း သူ့အလိုအလျောက် နောက်ဆုတ်သွားလိမ့်မည်မဟုတ်၊ ထို့ကြောင့် တဏှာလက်သမားကို “မတွေ့လျှင် မနေ” ဟူသော ဇွဲမာန်ဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် သဲသဲမဲမဲ ရှာဖွေခဲ့သည်။ သို့သော် တဏှာယောက်ျားလက်သမားကို တွေ့မြင်နိုင်ကြောင်း သဗ္ဗညုတဉာဏ်တော်တည်းဟူသော မှန်ပြောင်းကို မရသေးသည့်အတွက် အသိန်းမကသော ဘဝသံသရာစက်ဝိုင်းကြီးကို ဆုံလည်တပ်နွား၊ ရဟတ်ခြားသို့ လှည့်ပတ်ပြေးသွားခဲ့ရလေပြီ။

တဏှာယောက်ျား ဟဲ့လက်သမား၊ ယခုအခါ သဗ္ဗညုတဉာဏ်တော်ဖြင့် သင့်ကို တွေ့မြင်ခဲ့ရပေပြီ။ သင်သည် ငါ့ခန္ဓာအိမ်ကို ထပ်လုပ်နိုင်တော့မည်မဟုတ်၊ သင်၏ ကိလေသာ အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်လိုက်လေပြီ။ ခန္ဓာအိမ်၏ အဝိဇ္ဇာအထွတ်ကိုလည်း ဖြုတ်လိုက်လေပြီ။ ငါ့စိတ်သည် နိဗ္ဗာန်သို့အာရုံပြုသောအားဖြင့်

စာမျက်နှာ-98
ရောက်ခဲ့ပြီ။ ငါသည် သင်တဏှာတို့၏ မရှိရာ အရဟတ္တဖိုလ်ကို ရခဲ့ပေပြီ။

သောကပြန့်ကျယ် တဏှာနွယ်

ဘုရားရှင် လက်ထက်တော်က မာလုကျပုတ္တဟု ထင်ရှားသော မထေရ်တစ်ပါး ရှိခဲ့ပါသည်။ ထိုမထေရ်၏ ဖခင်မှာ ကောသလဘုရင်၏ ရာဖြတ်အမှုထမ်းဖြစ်သည်။ မိခင်၏နာမည်ကား မာလုကျ ဖြစ်သည်။ မိခင်နာမည်ကိုစွဲ၍ သားကို “မာလုကျပုတ္တ” (မာလုကျ၏သား) ဟု ခေါ်သည်။ မာလုကျပုတ္တသည် အရွယ်ရောက်သည့်အခါ တောထွက်လိုသောဆန္ဒရှိသဖြင့် အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွာကာ ပရိဗိုဇ်ရဟန်းပြုသွား၏။

တစ်နေ့တွင် ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် သာသနာတော်၌ ယုံကြည်ကာ ဘုရားရှင်ထံ၌ ရဟန်းပြု၏။ မာလုကျပုတ္တမထေရ်သည် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရာ ရဟန်းပြု၍ မကြာမီမှာပင် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသည့် ဆဠဘိညရဟန္တာဖြစ်သွားသည်။

ရဟန္တာမထေရ်မြတ်သည် မိမိရဟန္တာ ဖြစ်သွားသည့်အခါ မိဘဆွေမျိုးတို့ကို သတိရသည်။ မိဘဆွေမျိုးတို့ သံသရာဝဋ်မှ မကျွတ်လွတ်ဘဲရှိသည်ကို သနားလှသည်။ ထို့ကြောင့် တရားဟောရန် ဆွေမျိုးများထံ ကြွသွား၏။ မိဘဆွေမျိုးတို့ကား မထေရ်မြတ် ရဟန္တာဖြစ်နေသည်ကို သိဟန်မတူချေ။ မထေရ်မြတ်ကို ကောင်းမွန်စွာ ပြုစုကျွေးမွေးပြီး ပစ္စည်းဥစ္စာတို့ကို မထေရ်မြတ်၏ ရှေ့တွင် စုပုံကာ “ဤဥစ္စာပစ္စည်းများသည် အရှင်မြတ်၏ ပစ္စည်းများ ဖြစ်ပါသည်။ လူဝတ်လဲပြီး ဤဥစ္စာပစ္စည်းများဖြင့် သားမယားကို လုပ်ကျွေးကာ ကောင်းမှုကုသိုလ်ပြုပါ” ဟု သွေးဆောင်ဖြားယောင်းကြ၏။

စာမျက်နှာ-99
မထေရ်မြတ်သည် ထိုမိဘဆွေမျိုးတို့၏ လိုအင်ဆန္ဒကို ပယ်လှန်၍ ကောင်းကင်၌ရပ်ကာ အောက်ပါလောဘတဏှာ၏ အပြစ်တို့ကို ဟောကြားတော်မူလေသည်။ ၁

“မာလော နွယ်ပင်သည် အမှီပြုရာ သစ်ပင်ကိုလွှမ်းမိုး၍ ကြီးပွားသကဲ့သို့ တဏှာသည် မေ့မေ့လျော့လျော့ သွားလာနေထိုင်လေ့ရှိသူကို လွှမ်းမိုးကာ ကြီးပွားသော သဘောရှိ၏။ သစ်သီးကိုလိုသော မျောက်သည် တောထဲတွင် တစ်ပင်မှတစ်ပင် တစ်ကိုင်းမှတစ်ကိုင်းသို့ ကူးပြောင်း ပြေးသွားသကဲ့သို့ တဏှာအလိုသို့လိုက်နေသော ထိုပုဂ္ဂိုလ်သည် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း ကျင်လည်နေရ၏။”

လောက၌ အဆိပ်ဟူသော အာဟာရ၊ အမြစ်၊ အသီး ရှိသောကြောင့် (ဝါ) အာရုံခြောက်ပါးတို့၌ တွယ်တာငြိကပ်တတ်သောကြောင့် “ဝိသတ္တိက” အမည်ရသည့် ဤတဏှာယုတ်သည် အကြင်ပုဂ္ဂိုလ်ကို လွှမ်းမိုးနှိပ်စက်၏။ ပြိတ်မြက်သည် မိုးရေစွတ်သည်ရှိသော် တိုးပွားသကဲ့သို့ ထို့အတူ ဝဋ်ဆင်းရဲလျှင် အကြောင်းရှိကုန်သော ပူဆွေးမှု သောကတို့သည် ထိုပုဂ္ဂိုလ်အား တိုးပွားကုန်၏။

အကြင်ပုဂ္ဂိုလ်သည်ကား လောက၌ လွန်မြောက်နိုင်ခဲသော ဤတဏှာယုတ်ကို လွှမ်းမိုးနိုင်၏။ ရေပေါက်သည် ပဒုမ္မာကြာဖက်မှ လျှောကျသကဲ့သို့ ဝဋ်ဆင်းရဲလျှင် အကြောင်းရှိကုန်သော ပူဆွေးမှု သောကတို့သည် ထိုပုဂ္ဂိုလ်မှ လျှောကျကုန်၏။

၁။ ထေရ၊ဋ္ဌ၊ဒုတွဲ။ ၉၄။

စာမျက်နှာ-100
ထို့ကြောင့် ဤအရပ်၌ စည်းဝေးရောက်လာကြကုန်သော သင်တို့ကို အကျွန်ုပ် ပြောလိုပါသည်။ သင်တို့အား ကောင်းခြင်း မင်္ဂလာဖြစ်ပါစေသတည်း။ ပန်းရင်းကို အလိုရှိသောသူသည် ပြိတ်မြက်တောကြီးကို ပေါက်တူးကြီးဖြင့် တူးဖြိုရသကဲ့သို့ သင်တို့သည်လည်း တဏှာ၏ ကြောင်းရင်းမူလ အရင်းအမြစ်ဖြစ်သော အဝိဇ္ဇာစသော ကိလေသာတောခြုံကို အရဟတ္ထမဂ်ဉာဏ်တည်းဟူသော ပေါက်တူးဖြင့် တူးပစ်ကြကုန်လော့၊ ကမ်းစပ်၌ ပေါက်သော ကျူပင်ကို ရေအယဉ်သည် အကြိမ်ကြိမ် ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည် သင်တို့ကို အဖန်ဖန် မဖျက်ဆီးပါလေလင့်။ ၁

ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရား၏ ဆုံးမသြဝါဒအတိုင်းလိုက်နာပြုကျင့်ကြကုန်လော့၊ ဘုရားရှင် သာသနာတော်နှင့် ကြုံကြိုက်ခြင်း၊ သာသနာထွန်းကားသည့်အရပ်၌ ဖြစ်ရခြင်း စသည့် ခေတ်ကောင်း ကာလကောင်းသည် သင်တို့ကို မကျော်လွန်သွားပါလေလင့်၊ ခေတ်ကောင်း ကာလကောင်းကို လွန်သွားကုန်သူတို့သည် ငရဲ၌ဖြစ်၍ ကြာရှည်စွာ စိုးရိမ်ပူဆွေးကြရကုန်၏။

သတိမေ့လျော့ခြင်း “ပမာဒ” သည် မြူအညစ်အကြေးမည်၏။ မေ့လျော့မှု ပမာဒကြောင့်ဖြစ်သော မေ့လျော့မှုပမာဒသို့ အစဉ်လိုက်သော ရာဂစသော အကုသိုလ်တရားအပေါင်းသည်လည်း မြူအညစ်အကြေးပင် မည်၏။ အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာဖြင့် မိမိနှလုံးသား၌ ရာဂစသော ငြောင့်ကို မမေ့မလျော့ နုတ်ပစ်ရမည်။

၁။ ထေရ။ ၂၈၄။

စာမျက်နှာ-101

ဘဝတဏှာနှင့်ဝက်မကလေး

တစ်ချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ထဲသို့ ဆွမ်းခံကြွတော်မူစဉ် လမ်းခုလတ်တွင် ဝက်မကလေးတစ်ကောင်ကို မြင်၍ ပြုံးတော်မူသတဲ့၊ ဘုရားရှင် ပြုံးတော်မူသည့်အခါ သွားတော်များ စဉ်းငယ်ပေါ်သွားရာ သွားတော်များမှ ဖြူသောရောင်ခြည်တော်များ ထွက်လေ့ရှိ၏။ ဘုရားနောက်တော်ပါး အရှင်အာနန္ဒာမထေရ်သည် ပါးစပ်တော်မှ ဝင်းဝင်းလက်လက် အရောင်ထွက်သွားသည်ကိုတွေ့၍ ဘုရားရှင် ပြုံးတော်မူကြောင်းသိလေရာ အကြောင်းကို မေးလျှောက်လိုက်လေသည်။ ၁

“အာနန္ဒာ၊ ဟောဟိုက ဝက်မကလေးကိုကြည့်စမ်း”

“မှန်ပါ၊ မြင်ပါတယ်ဘုရား။”

“အဲဒီဝက်မကလေးဟာ ကကုသန်မြတ်စွာဘုရား သာသနာထွန်းကားစဉ်က ဘုန်းကြီးဆွမ်းစားကျောင်း တစ်ကျောင်းအနီးမှာ ကြက်မဖြစ်ခဲ့တယ်။ အဲဒီကြက်မဟာ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ယောဂီရဟန်းတစ်ပါးရဲ့ ကမ္မဋ္ဌာန်းတရား ရွတ်ပွားသံကို ကြားနာရလို့ ကုသိုလ်ဖြစ်ခဲ့တယ်။ အဲဒီကုသိုလ်ကြောင့် ကြက်မဘဝက သေလွန်တဲ့အခါ လူ့ဘဝမှာ ဥဗ္ဗရီအမည်ရှိတဲ့ မင်းသမီးလာဖြစ်တယ်။ မင်းသမီးဘဝမှာပဲ နောင်အခါ ပရိဗိုဇ်မကျောင်းမှာ ပရိဗိုဇ်မကလေး ဝတ်တယ်။ အဲဒီ ပရိဗိုဇ်မကလေးဟာ တစ်နေ့မှာ အိမ်သာထဲဝင်ခိုက် အိမ်သာထဲက ပိုးလောက်ကောင်တွေကိုကြည့်ပြီး “ပုဠာဝကသညာ” (ပိုးလောက်သညာ) ကို ယူကာ အသုဘကမ္မဋ္ဌာန်း စီးဖြန်းရာ ပထမဈာန်ကို ရခဲ့တယ်။ အဲဒီဘဝက သေတဲ့အခါ ဗြဟ္မာဘုံမှာ ဗြဟ္မာကြီးသွားဖြစ်တယ်။ အဲဒီဗြဟ္မာကြီးဘဝက စုတေပြန်တော့ ဘဝ

၁။ ဓမ္မပဒ၊ဒု၊၃၃၁။

စာမျက်နှာ-102
အမျိုးမျိုး ကျင်လည်ရပြီး ယခုဘဝမှာ ဒီဝက်မကလေး လာဖြစ်ရှာတယ်။ အဲဒီဝက်မကလေးရဲ့ အတိတ်ဘဝတွေကို မြင်လို့ ငါဘုရား ပြုံးတော်မူခြင်းဖြစ်တယ်” ဟု မိန့်တော်မူ၏။

ထိုအကြောင်းအရာများကို ကြားရသည့်အခါ အရှင်အာနန္ဒာနှင့်တကွ ရဟန်းတော်များမှာ သံဝေဂကြီးစွာရကြသတဲ့။ ထိုအခါ ဘုရားရှင်သည် တပည့်သာဝကများအား ဘဝတဏှာ၏ ပြစ်ချက်တို့ကို ကွက်ကွက်ကွင်းကွင်း ထင်မြင်လာစေရန် ဆွမ်းခံကြွလာရာ လမ်းခရီး အကြားမှာပင် ရပ်တော်မူလျက် အောက်ပါ သြဝါဒဒေသနာတော်များကို ဟောကြားတော်မူပါသည်။

သစ်မြစ်သည် ဘေးရန်မရှိ ပကတိခိုင်မြဲနေပါလျှင် အထက်ပိုင်းဘက် အကိုင်းအခက် အချို့တို့ကို ခုတ်ဖြတ် ရှင်းလင်းလိုက်သော်လည်း သစ်ပင်သည် တစ်ဖန်ပြန်၍ ရှင်သန်ကြီးထွား စည်ကားလာနိုင်သကဲ့သို့ ထို့အတူ ဒွါရ ခြောက်ပါး၌ဖြစ်သော တဏှာနုသယကို အရဟတ္တမဂ်ဓား သန်လျက်ဖြင့် အကြွင်းမဲ့ မပယ်ဖျက်နိုင်သေးလျှင် ဘဝ အသစ် ထပ်ဖြစ်ရသည့် ဆင်းရဲဒုက္ခသည် ထပ်တလဲလဲ မစဲပုံသေ ဖြစ်ရလေ၏။

အကြင်ပုဂ္ဂိုလ်အား နှစ်သက်ဖွယ်အာရုံသို့ ပြင်းပြင်းထန်ထန် စီးဝင်တတ်ကုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအယဉ်တို့ ရှိကုန်၏။ မှားသော ဉာဏ်အမြင်ရှိသော ထိုသူကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။ တဏှာတည်းဟူသော ရေအယဉ်တို့သည် အာရုံ ခြောက်ပါးတို့၌ စီးဝင်ကုန်၏။ ရစ်ပတ်ချုပ်စပ်တတ်သော

စာမျက်နှာ-103
သဘောကြောင့် နွယ်ပင်နှင့်တူသော တဏှာသည် ဒွါရ ခြောက်ပေါက်တို့မှဖြစ်၍ အာရုံခြောက်ပါးတို့၌တည်၏။ ထိုတဏှာနွယ်ကို (ဤတဏှာသည် ဤနေရာမှဖြစ်၏ဟု) ဖြစ်ရာဌာန၏ အစွမ်းဖြင့် တွေ့မြင်ရပြီးဖြစ်၍ တော၌ ပေါက်ပွားနေသည့် နွယ်ပင်ကို ဓားဖြင့် ဖြတ်သကဲ့သို့ တဏှာ၏ အမြစ်တို့ကို မဂ်ဉာဏ်ဖြင့် ဖြတ်တောက်ပစ်ကြကုန်လော့။

သတ္တဝါတို့အား အမြဲမပြတ် စီးဝင်တတ်ကုန်သော တဏှာအစေးဖြင့် လိမ်းကျံအပ်ကုန်သော ဝမ်းမြောက်ခြင်းတို့ ဖြစ်ကုန်၏။ ထိုတဏှာအလိုသို့ လိုက်ကုန်သော ပုဂ္ဂိုလ်တို့သည် ချမ်းသာသုခကို အမှီရကြကုန်သည်ဖြစ်၍ ကာမချမ်းသာကို ရှာမှီးကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် စင်စစ် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆင်းရဲတို့သို့ ကပ်ရောက်ကြရကုန်၏။

ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာအခြံအရံရှိသော သတ္တဝါတို့သည် မုဆိုးကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့် နေကြရကုန်၏။ သံယောဇဉ် အစေးတို့ဖြင့် ကပ်ငြိနေကုန်သောသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး အဖန်တလဲလဲ ပဋိသန္ဓေနေခြင်း စသော ဆင်းရဲသို့ ကပ်ရောက်ကြရကုန်၏။

တဏှာ အခြံအရံရှိသော သတ္တဝါတို့သည် မုဆိုးကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့် ကြရကုန်၏။ ထို့ကြောင့် မိမိ၏ ရာဂကင်းမှုကို လိုလားသော ပုဂ္ဂိုလ်သည် ထိတ်လန့်ခြင်းကို ပြုတတ်သည့် တဏှာကို အရဟတ္တမဂ်ဖြင့် ပယ်ဖျက်စွန့်ပစ်ရာ၏။

စာမျက်နှာ-104

ဘဝတဏှာနှင့်ဝက်မကလေး

ဤဒေသနာတော်၌ ဘုရားရှင် ဟောတော်မူလိုရင်းမှာ ဥဗ္ဗရီမင်းသမီးဘဝတွင် ပရိဗိုဇ်ရသေ့မပြုပြီး တရားနှလုံးသွင်းသဖြင့် ဈာန်ကိုရခဲ့၏။ သို့သော် ထိုပထမဈာန်က မကြာခဏ ပေါ်လာလေ့ ရှိသည့် ကာမရာဂတဏှာကို ပေါ်မလာအောင် အတော်အတန်ကြာကြာ ပယ်ခွာထားနိုင်သည့် သတ္တိသာရှိ၏။ ထာဝစဉ် ပေါ်မလာအောင် အကြွင်းမဲ့ မပယ်သတ်နိုင်၊ ဘဝတဏှာကတော့ ထင်ရှားရှိနေဆဲပင်ဖြစ်၏။ ထို့ကြောင့် ဗြဟ္မာကြီးဘဝမှ စုတေသည့်အခါ သုဂတိဘဝများမှ တစ်ဆင့် ယခုလို ဝက်မကလေးဘဝသို့ ပြန်ဆင်းလာရခြင်းဖြစ်၏။ အနုသယတဏှာ မကင်းသေးသမျှ (ဝါ) အနုသယတဏှာကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ကာလပတ်လုံး ဗြဟ္မာကြီးဖြစ်နေငြားလည်း “ဗြဟ္မာဖြစ်လို့ ပြောင်ပြောင်ဝင်း ဝတ်စားကျင်းမှာ တမြုံ့မြို့” ဆိုသကဲ့သို့ ဝက်မကလေးအထိ ပြန်ဖြစ်နိုင်၍ ကံအားလျော်စွာ ဘဝအမျိုးမျိုး ထပ်တလဲလဲ ဖြစ်သွားရမည်ဟု ဟောတော်မူလိုရင်း ဖြစ်ပေသည်။

ထိုဝက်မကလေး၏ ဇာတ်လမ်းကား မဆုံးသေးပေ။ ဝက်မကလေးဘဝမှ သေတဲ့အခါ သုဝဏ္ဏဘူမိဆိုတဲ့အရပ်မှာ မင်းမျိုး၌ဖြစ်တယ်။ သုဝဏ္ဏဘူမိ မင်းသမီးဘဝမှ သေတဲ့အခါ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ အမျိုးသမီးဖြစ်တယ်။ အဲဒီဘဝမှ သေတဲ့အခါ ဘုံဘိုင်နယ်၏ အရှေ့တောင်အရပ်မှာရှိတဲ့ ဝနဝါသီတိုင်း၌ အမျိုးသမီး ဖြစ်တယ်။ အဲဒီဘဝမှ သေတဲ့အခါ ဘုံဘေမြို့၏ မြောက်ဘက် ပင်လယ်ကမ်းခြေမှာရှိတဲ့ သုပ္ပါရကသင်္ဘောဆိပ်အရပ်၌ မြင်းကုန်သည် သမီးဖြစ်တယ်။ အဲဒီဘဝမှ သေတဲ့အခါ ဘုံဘိုင်နယ်၏ အရှေ့တောင်အရပ်မှာရှိတဲ့ ဝနဝါသီတိုင်း၌ အမျိုးသမီးဖြစ်တယ်။ အဲဒီဘဝမှသေတော့ အိန္ဒိယကျွန်းဆွယ် အရှေ့တောင်ဘက်စွန်းမှာရှိတဲ့ ကာဝီရသင်္ဘောဆိပ်အရပ်၌ လှေသူကြီးသမီးဖြစ်တယ်။

စာမျက်နှာ-105
အဲဒီဘဝမှ သေတော့ ယခုသီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မင်းပိုင်းစိုးပိုင်း အမျိုးထဲမှာ ဖြစ်တယ်။ အဲဒီဘဝမှ သေတော့ အနုရာဓမြို့တောင်ဘက် ဘောက္ကန္တရွာမှာ သုမနသူကြွယ်၏ သမီးဖြစ်တယ်။ အမည်ကတော့ ဖခင်အမည်အတိုင်း မယ်သုမနာလို့ခေါ်တယ်။ နောက် ထိုရွာမှ ရွှေ့ပြောင်းပြီး ဒီဃဝါပီနယ် မုနိရွာမှာ နေထိုင်တယ်။ အဲဒီရွာမှာနေစဉ် ဒုဋ္ဌဂါမဏိမင်း၏ အမတ်ဖြစ်တဲ့ လကုဏ္ဍကအတိမ္ဗရ ဆိုသူက ကိစ္စတစ်ခုနဲ့ အဲဒီရွာကို ရောက်လာတဲ့အခါ မယ်သုမနာကို မြင်ရ၍ မေတ္တာသက်ဝင်သဖြင့် အကြီးအကျယ် မင်္ဂလာပွဲကြီး ဆင်နွှဲပြီး သူနေတဲ့ မဟာပုဏ္ဏရွာကို ခေါ်ဆောင်သွားတယ်။

အဲဒီရွာမှာနေစဉ် တောင်စွန်းကျောင်းတိုက်ကြီး၌ သီတင်းသုံးသော အနုရုဒ္ဓမထေရ် ဆွမ်းခံကြွလာသည့်အခါ မယ်သုမနာကို တွေ့မြင်ရ၍ နောက်ပါရဟန်းများကို “ငါ့ရှင်တို့ ဘုရားလက်ထက်တော်က ဝက်မကလေးသည် လကုဏ္ဍကအတိမ္ဗရ အမတ်ကြီး၏ ဇနီးမယားအဖြစ် ရောက်နေပါကလား။ ဪ... အံ့သြဖွယ်ကောင်းလေစွတကား” ဟု ပြောဆိုပါသတဲ့။

အဲဒီစကားကို ကြားရသည့်အခါ အမတ်ကတော် မယ်သုမနာမှာ ရှေးဘဝဟောင်းတွေကို ပြန်လည်အောက်မေ့နိုင်သည့် ဇာတိဿရဉာဏ် ဖြစ်ပေါ်လာသတဲ့။ အဲဒီဉာဏ်ဖြင့် သူ့ဘဝ ဖြစ်စဉ်တွေကို ပြန်လည်ဆင်ခြင်ကြည့်လိုက်တဲ့အခါ သံသရာကို ထိတ်လန့်ကြောက်ရွံ့တဲ့ သံဝေဂဉာဏ် ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ခင်ပွန်းအမတ်ကြီး ထံ ခွင့်ပန်ပြီး ဘိက္ခုနီမကျောင်းတိုက်မှာ ရဟန်းပြုခဲ့တယ်။

ရှင်ရဟန်းပြုပြီးတော့ တိဿမဟာဝိဟာရ ကျောင်းတိုက်မှာ သတိပဋ္ဌာန်သုတ်တရားကို ကြားနာရ၍ ထိုနည်းအရ ရှုမှတ်သဖြင့်

စာမျက်နှာ-106
သောတာပန် ဖြစ်သွားပါသတဲ့။ ထို့နောက် သူ့ဇာတိရပ်ဖြစ်တဲ့ ဘောက္ကန္တရွာသို့ပြန်ပြီးနေစဉ် ကလ္လမဟာဝိဟာရကျောင်းတိုက်၌ အာသီဝိသောပမသုတ်ကို ကြားနာရ၍ အာသဝေါကုန်ခန်းတဲ့ ရဟန္တာမ ဖြစ်သွားပါသတဲ့။

အဲဒီ သုမနာထေရီဟာ အာယုသင်္ခါရကုန်တဲ့အခါ ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း သီတင်းသုံးဖော်များအား ပြောကြားတယ်။ အဲဒီအခါမှာ ရဟန်းတော်များနှင့် ရဟန်းမများက သူ့အကြောင်းအရာကို မေးကြတဲ့အတွက် “ဘုရားတပည့်တော်မဟာ ကကုသန် ဘုရားလက်ထက်တော်အခါက အမျိုးသမီး ဖြစ်ခဲ့ပါတယ်။ အဲဒီဘဝက သေတော့ ကြက်မဖြစ်ခဲ့ပါတယ်။ အဲဒီကြက်မဘဝမှာ သိန်းငှက်က ထိုးသုတ်ပြီး စားလို့ ခေါင်းပြတ်ပြီး သေခဲ့ရတယ်။ သေပြီးတော့ လူ့ဘဝမှာ မင်းသမီးဖြစ်တယ်” စသည်ဖြင့် ဘောက္ကန္တရွာ၌ အဆုံးစွန် ဘဝတိုင်အောင် သူ့အကြောင်းအရာတွေကို ဘိက္ခုနီသံဃာအား ဖြစ်စဉ်အတိုင်း ပြောကြားပြီးတော့...

“ယခုပြောဆိုခဲ့သည့်အတိုင်း ညီမျှ မညီမျှ, အကောင်း အဆိုး အမျိုးမျိုးကုန်သော တစ်ဆယ့်သုံးခုသော ဘဝအတ္တဘောတို့သို့ ရောက်ပြီး၍ ယခုနောက်ဆုံးဘဝ၌ သံသရာ၌ ငြီးငွေ့သောကြောင့် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပါပြီ။ အားလုံးသော အရှင်ကောင်း အရှင်မတို့သည်လည်း မမေ့မလျော့အမှတ်ရသည့် သတိဖြင့် သီလ, သမာဓိ, ပညာကို ပြည့်စုံအောင် အားထုတ်ကြပါကုန်လော့”

ဟု ပြောပြီး ပရိနိဗ္ဗာန်ဝင်စံသွားပါသတဲ့။

ထိုသုမနာထေရီ၏ တစ်ဆယ့်သုံးဘဝကို ဆရာတော် ဦးဗုဓ်က

စာမျက်နှာ-107
မဟာသတိပဋ္ဌာနသုတ် နိဿယတွင် ဤသို့ လင်္ကာစီကုံးထားခဲ့လေသည်။

“လူ, ကြက်, မင်းမှာ၊ ဗြဟ္မာ, သူကြွယ်၊ ဝက်ငယ် ဖြစ်ဘိ၊ ဘုမ္မိဝန, ဗာရာဏမှာ၊ သုပ္ပါရက၊ ကာဝီရနှင့်၊ ပြည်အနုရာ၊ ရွာဘောက္ကန္တ၊ ဖြစ်လေရသည်... ဆယ့်သုံး ယုတ်မြတ်တည်း”။

ဤဘဝဖြစ်စဉ်များ၌ ဘဝဟောင်းများ ချုပ်ငြိမ်းပြီး ဘဝအသစ် အသစ် ထပ်ကာထပ်ကာ ဖြစ်ရခြင်းသည် ဆင်းရဲဖြစ်ပွားကြောင်း သမုဒယဆိုသည့် တဏှာကြောင့်ဖြစ်သည်။ အခြား ပုဂ္ဂိုလ်များလည်း တဏှာမကင်းသေးလျှင် ဤသုမနာထေရီကဲ့သို့ ဘဝအသစ်အသစ် ဖြစ်ဖြစ်သွားရမည်။ ထို့ကြောင့် သမုဒယသစ္စာဆိုသည့် တဏှာ ကင်းငြိမ်းအောင် မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးရန် အရေးကြီးလှပေသည်။

ကံကိုဦးဆောင်လမ်းညွှန်သောတဏှာ

ဘဝတစ်ခုဖြစ်ပေါ်လာမှု၌ အဝိဇ္ဇာ, တဏှာ, ကံဟု ပဓာနအကြောင်းတရားကြီး သုံးပါးရှိ၏။ ထိုသုံးပါးတွင် အဝိဇ္ဇာသည် သေခါနီးကာလ (မရဏာသန္နအခါ) ထင်လာ မြင်လာသော အာရုံသစ် ဘဝသစ်၏ အဖြစ်များကို မထင် မမြင်နိုင်ရန် ဖုံးကွယ်ထား၏။ တဏှာက ထိုပုဂ္ဂိုလ်၏ စိတ်အစဉ်ကို ထိုအာရုံသစ် ဘဝသစ်တို့သို့ ညွတ်ကိုင်းပေးလိုက်၏။ ပဋိသန္ဓေကို ဖြစ်စေနိုင်သော ကံတရားက တဏှာညွတ်ကိုင်း ပေးလိုက်သည့် ဘုံဘဝကိုရောက်အောင် ပို့ဆောင်ပစ်ချပေးလိုက်သည်။ ထိုသုံးမျိုးတွင် တဏှာသည် ကံတရားကို မည်သည့်ဌာန မည်သည့်ဘုံဘဝသို့ ပို့ဆောင်ရမည်ကို ညွှန်ပြသည့် ဘဝလမ်းညွှန်သမားနှင့် တူပေသည်။ ၁

၁။ အဘိ၊ဋ္ဌ၊၁။၁၅၄၊၁၅၅။

စာမျက်နှာ-108
ထို့ကြောင့် ကျမ်းဂန်များ၌ “လူ့ဘဝ နတ်ဘဝတို့သို့ ရောက်စေတတ်သော ကံ၏ အကြောင်းတရား အထူးကား ဘယ်ဘုံဘဝ ဘယ်ဌာနဟု တောင့်တတတ်စွာ ဘဝတဏှာဖြစ်၏” ၁ ဟု လည်းကောင်း၊ လူ့ဘုံ၊ နတ်ဘုံ၊ အပါယ်ဘုံတို့၌ တွေ့ရာကြိုက်ကြုံ ခုံမင်တွယ်တာ တဏှာ၏ သတ္တိအစွမ်းကြောင့်သာလျှင် လူ, နတ်, တိရစ္ဆာန် ဖြစ်ရပေသည်ဟုလည်းကောင်း၊ ကုသိုလ်ကံ အကုသိုလ်ကံများသည်လည်း တွေ့ရာကြိုက်ကြုံ ခုံမင်တတ်စွာ တဏှာတရား သူ့စွမ်းအားကြောင့် ဘယ်ဘုံဘဝ ဘယ်ဌာနဟု တောင့်တမြှော်ကိုး အကျိုးပိုင်ပိုင် ပြီးစေနိုင်၏ ၂ ဟုလည်းကောင်း မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

ကိုယ့်အိမ် ကိုယ့်ဥစ္စာပစ္စည်းများကို တဏှာဖြင့် တွယ်တာ၍ သေသွားရာ ထိုအိမ်၌ပင် ဘီလူး, သားရဲ, ခွေး, ဆိတ်, နွား, ကျွဲ, ကြွက်, ကြက်, သန်း, ကြမ်းပိုးစသည်တို့ ပြန်ဖြစ်ကြသည်တို့ကို ပါဠိအဋ္ဌကထာကျမ်းများ၌ များစွာတွေ့ရသည်။ ၃

တောဒေယျပုဏ္ဏားကြီး

သာဝတ္ထိပြည်၏အနီး တုဒိမည်သော ရွာကြီး၌ တောဒေယျမည်သော ပုဏ္ဏားကြီးတစ်ဦးရှိသတဲ့။ ထိုပုဏ္ဏားကြီးသည် ပသေနဒီကောသလမင်း၏ ပုရောဟိတ် ပုဏ္ဏားကြီးဖြစ်သည်။ တုဒိရွာကြီးကို အပိုင်စားရသောကြောင့် တောဒေယျဟု နာမည်ရသည်။ ထိုပုဏ္ဏားကြီး၌ သုဘခေါ်သော သားငယ်တစ်ယောက်ရှိသည်။ ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်သဖြင့် သုဘ (မောင်တင့်တယ်) ဟု မှည့်ခေါ်ထားသည်။ ပုဏ္ဏားကြီးသည် ရှစ်ဆယ့်ခုနစ်ကုဋေ ကြွယ်ဝချမ်းသာ၏။ သို့သော် သူ့ပစ္စည်းကို သူတစ်ပါးတို့အား နည်းနည်းမှ မပေးလို မကမ်းလို၊ အလွန်နှမြော ဝန်တို၏။

၁။ အဘိ၊ဋ္ဌ၊၂။၁၂၆။

၂။ ဇိနာလင်္ကာရဋီကာ။ ၂၈၂။

၃။ ဇိနာလင်္ကာရဋီကာ။ ၂၈၁။

စာမျက်နှာ-109
မိမိပစ္စည်းကို သူတစ်ပါးတို့အားပေးလျှင် မကြာမီ လျော့ပါးကုန်ခန်းသွားမည်ဟု ယူဆပြီး မည်သူ့ကိုမှ ပေးကမ်းစွန့်ကြဲမှု အလျှင်းမပြု။

မိမိသား သုဘလုလင်အားလည်း “ပစ္စည်းဥစ္စာများ တိုးပွားအောင်သာ ပြုလုပ်ရမည်။ ပစ္စည်းဥစ္စာ လျော့ပါးဆုတ်ယုတ်စေတတ်သည့် ပေးကမ်း လှူဒါန်းမှုမျိုးကို ရှောင်ရမည်” ဟု ပျားဥပမာ, ခြဥပမာတို့ဖြင့် ပုံဆောင်၍ လမ်းညွှန်ဆုံးမထား၏။ ဘုရားသခင်အားလည်း တစ်ဇွန်း တစ်ယောက်မမျှသော ဆွမ်းယာဂုတို့ကို မလှူဒါန်းဖူးပါချေ။ မိမိအိုးအိမ် ပစ္စည်းဥစ္စာတို့ကို အလွန်တပ်မက် စွဲလမ်းလျက်ရှိ၏။ ထိုပုဏ္ဏားကြီး ကွယ်လွန်သွားသည့်အခါ ထိုစွဲလမ်းတပ်မက်မှု လောဘတဏှာကြောင့် မိမိအိမ်၌ပင် ခွေးကြီးပြန်ဖြစ်ရသည်။ ၁

တိဿရဟန်းကြီး

ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်သား တိဿမည်သော ရဟန်းကြီးသည် တစ်ခုသော ဇနပုဒ်ကျောင်း၌ ဝါဆိုတော်မူစဉ် အလျားရှစ်တောင် ရှိသည့် သင်္ကန်းချုပ်ရန် အဝတ်တစ်ခုကို ရခဲ့သည်။ သီတင်းဝါလ ကျွတ်သည့်အခါ ထိုအဝတ်ပိုင်းကို ယူဆောင်ပြန်လာပြီး သင်္ကန်းချုပ်ရန် စီစဉ်သည်။ ထိုရဟန်းကြီး၏ အစ်မက သင်္ကန်းချုပ်သော ပုဂ္ဂိုလ်တို့ကို နေ့စဉ် ယာဂုဆွမ်းစသည်တို့ကို ဆက်ကပ်၏။ သင်္ကန်းချုပ်ပြီးသည့်နေ့၌ကား ရှေးကထက် ပို၍ ပူဇော်သက္ကာရပြုလေသည်။

တိဿရဟန်းကြီးသည် လုံးဝချုပ်လုပ်ပြီးသော သင်္ကန်းကို တစိမ့်စိမ့်ကြည့်ပြီး ထိုသင်္ကန်း၌ နှစ်သက်တွယ်တာမှု ဖြစ်သွားသည်။ “နက်ဖန်ကျလျှင် ဒီသင်္ကန်းကို ငါ ကောင်းကောင်း ဝတ်ရုံလိုက်မယ်” ဟု စိတ်ကူးကာ သင်္ကန်းတန်း ဝါးလုံးပေါ်၌ သင်္ကန်းကို ခေါက်တင်ထားလိုက်သည်။

၁။ မ၊ဋ္ဌ၊၃။၁၇၅။

စာမျက်နှာ-110
သို့သော် ထိုရဟန်းကြီးမှာ ထိုည၌ပင် အစာမကြေရောဂါဖြင့် ပျံလွန်တော်မူသွားရှာလေရာ သင်္ကန်း၌ စွဲလမ်းတွယ်တာမှုတဏှာကြောင့် ထိုသင်္ကန်း၌ပင် သန်းကြီး ဖြစ်ရလေသည်။ ဤအကြောင်းကို ဘုရားရှင်သိတော်မူ၍ တပည့်ရဟန်းတို့အား...

“ချစ်သားရဟန်းတို့၊ သတ္တဝါတို့အား တဏှာတရားသည် ဝန်လေးလှ၏။ သံချေးသည် သံမှ ဖြစ်ပေါ်၍ သံကိုပင် အသုံးပြု၍မရအောင် စားပစ် ဖျက်ဆီးပစ်သကဲ့သို့ ဤတဏှာသည်လည်း ဤသတ္တဝါတို့၏ ကိုယ်တွင်းမှဖြစ်၍ သတ္တဝါတို့ကို ငရဲစသည်တို့၌ ဖြစ်စေ ပျက်စီးစေပေသည်” ၁

ဟု ဟောတော်မူလေသည်။

ထို့ပြင် မြေ၌ မြှုပ်ထားသော ဥစ္စာပစ္စည်းများကို တွယ်တာသည့် တဏှာကြောင့် ထိုဥစ္စာ မြှုပ်ရာအရပ်၌ မြွေဖြစ်ရသော ဝတ္ထု၊ ကြွက်ဖြစ်ရသော ဝတ္ထုတို့ကိုလည်း ဧကနိပါတ်ဇာတ် အဋ္ဌကထာ၌ တွေ့ရသည်။ ဤသည်တို့မှာ “အကုသိုလ်ကံကို တဏှာက ဦးဆောင်လမ်းညွှန်ပေးသည့် အထောက်အထား သာဓကများ” ဖြစ်သည်။

ကုသိုလ်ကံကို တဏှာလမ်းညွှန်သော သာဓကများ

ဝိဓူရဇာတ်၌ သူဌေးကြီးလေးဦးတို့သည် မင်းဥယျာဉ်တော်၌ သီတင်းသုံးနေသည့် ရသေ့ကြီးလေးဦးတို့အား တစ်ပါးစီ အသီးသီး ဆွမ်းတာဝန်ယူကြသည်။ ရသေ့ကြီးများသည် ဆွမ်းဘုဉ်းပေးပြီးသည့်အခါ တစ်ပါးက တာဝတိံသာနတ်ပြည်သို့ တက်၍ သီတင်းသုံး၏။

၁။ ဓမ္မပဒ၊၂။၂၁၈။

စာမျက်နှာ-111
တစ်ပါးက နဂါးပြည်၊ တစ်ပါးက ဂဠုန်ပြည်၊ တစ်ပါးက ကောရဗျမင်း၏ မိဂါဇိနဥယျာဉ်သို့ သွား၍ သီတင်းသုံးကြ၏။

တာဝတိံသာနတ်ပြည်သို့ တက်၍ သီတင်းသုံးသော ရသေ့က သူ့ဆွမ်းဒကာအား သိကြားမင်း၏ စည်းစိမ်ချမ်းသာအကြောင်းကို ချီးမွမ်းပြောကြား၏။ နဂါးပြည်သို့ သွား၍ သီတင်းသုံးသည့် ရသေ့က နဂါးမင်း စည်းစိမ်ကြီးမားပုံကို ဆွမ်းဒကာအား ချီးကျူးပြောကြား၏။ ဂဠုန်ပြည်သို့ သွား၍ သီတင်းသုံးသော ရသေ့ကလည်း ဂဠုန်မင်း၏ စည်းစိမ်ချမ်းသာ ကြီးမားပုံကို ဆွမ်းဒကာအား ချီးကျူးပြောကြား၏။ ကောရဗျမင်း၏ ဥယျာဉ်၌ သီတင်းသုံးသော ရသေ့က ဓနဉ္စယကောရဗျမင်း၏ စည်းစိမ်ချမ်းသာ အကြောင်းကို ဆွမ်းဒကာအား ချီးကျူးပြောကြား၏။

ဤနည်းအားဖြင့် ရသေ့ကြီးလေးပါးတို့၏ ဆွမ်းဒကာလေးဦးတို့သည် ထိုသိကြားမင်း, နဂါးမင်း, ဂဠုန်မင်း, လူမင်းစည်းစိမ်တို့၌ တွယ်တာ မက်မောမှု၊ လောဘတဏှာများ ဖြစ်ပွားကြသည်။ ထိုမက်မောမှု နိကန္တိတဏှာဖြင့် ကုသိုလ်ပြုတိုင်း ထိုနေရာတို့၌ဖြစ်ရန် တောင့်တ၍ ပြုကြသည်။ ထိုဆွမ်းဒကာ သူဌေးလေးဦးတို့ သေဆုံးသွားသည့်အခါ သူတို့၏ တဏှာက လမ်းညွှန်ပေးသည့်အတိုင်း သိကြားမင်း, နဂါးမင်း, ဂဠုန်မင်း, လူမင်းတို့ အသီးသီး ဖြစ်ကြရလေသည်။ ၁

ထို့ပြင် ဘုရားသားတော် ရာဟုလာအလောင်း သူဌေးသားသည်လည်း ပဒုမုတ္တရ ဘုရားသခင်လက်ထက်တော်က မိမိအမြဲဆွမ်းဝတ်ပြုနေသော ဆရာရှင်ရသေ့၏ ချီးကျူးစကားကြောင့် နဂါးမင်းကြီးအဖြစ်၌ ညွတ်သော “နိကန္တိ” တဏှာကြောင့် သေဆုံးသည့်အခါ၌ နဂါးပြည်တွင် ပထဝိန္ဓရ နဂါးမင်းကြီး ဖြစ်ရလေသည်။ ၂

၁။ ဇာတက၊ဋ္ဌ၊၇။၁၅၁။

၂။ အံ၊ဋ္ဌ၊၁။၁၉၇။

စာမျက်နှာ-112

ကုသိုလ်ကံကို တဏှာလမ်းညွှန်သော သာဓကများ

ဓမ္မပဒအဋ္ဌကထာ၌လည်း မာလာဘာရီ နတ်သားအတွက် သစ်ပင်ပေါ်တက်၍ အဖော်များနှင့်အတူ ပန်းခူးနေသော နတ်သမီးတစ်ဦးသည် ပန်းခူးနေစဉ်ပင် စုတေခဲ့ပြီး သာဝတ္ထိပြည်၌ ပတိပူဇိကာမည်သော အမျိုးသမီးဖြစ်၏။ ဇာတိဿရဉာဏ်ရသူဖြစ်၍ လွန်ခဲ့သည့်အတိတ်ဘဝ၌ မာလာဘာရီနတ်သား၏ ဇနီးဖြစ်ခဲ့သည်ကို ပြန်၍သိ၏။ ထို့ကြောင့် ကုသိုလ်ပြုတိုင်း ခင်ပွန်းသည် မာလာဘာရီနတ်သားထံ၌ ပြန်ဖြစ်ရန် ဆုတောင်းပတ္ထနာပြု၏။ ယင်းသို့ တောင့်တသည့်အတိုင်း သေလွန်သည့်အခါ မာလာဘာရီနတ်သားထံ၌ပင် နတ်သမီး ပြန်ဖြစ်လေသည်။ ၁

သုတ်မဟာဝါအဋ္ဌကထာ ဇနဝသဘသုတ်၌လည်း ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရဘုရင်ကြီးသည် ကုသိုလ်ကောင်းမှု အလွန်ပြုသူဖြစ်သည်။ ဗုဒ္ဓရှင်တော်ဘုရားအား ဝေဠုဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းသည့် ဘုရားကျောင်းဒကာကြီးလည်းဖြစ်၏။ ကလျာဏပုထုဇဉ်အဆင့်ကို ကျော်လွန်၍ သောတာပန်အရိယာ အဆင့်သို့ ရောက်ပြီးသူဖြစ်၏။ ထိုကုသိုလ်ကံများ၏ အစွမ်းဖြင့် အထက်အထက် နတ်ဘုံများ၌ ဖြစ်နိုင်သူတည်း။

သို့သော် ဗိမ္ဗိသာရဘုရင်ကြီးသည် စတုမဟာရာဇ်နတ်ဘုံ၌ အကြိမ်များစွာ ဖြစ်ခဲ့ဖူး၍ ထိုဘုံဌာန၌သာ ပြန်ဖြစ်လို, နေလိုသော “နိကန္တိ” တဏှာအားကြီးခဲ့လေသည်။ ထို “နိကန္တိ” တဏှာကြောင့်ပင် နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးထပ်ဖြစ်သော စတုမဟာရာဇ်နတ်ဘုံ၌ ဇနဝသဘအမည်ဖြင့် ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံနတ်သားမျှသာ ဖြစ်ရလေသည်။ ၂

၁။ ဓမ္မပဒ၊၁။၂၂၉။

၂။ ဒီ၊ဋ္ဌ၊၂၊၂၃၁။

စာမျက်နှာ-113

ဂေါပကနတ်သားနှင့်ရဟန်းသုံးပါး

အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည်၌ ဂေါပိကာမည်သော သာကီဝင်မင်းသမီးတစ်ဦးသည် ရတနာသုံးပါး၌ သက်ဝင်ယုံကြည်၏။ ငါးပါးသီလကို အမြဲစောင့်ထိန်း၏။ မိန်းမဘဝကို စက်ဆုပ်၍ ယောက်ျားဖြစ်ရန် လိုလားတောင့်တလျက်ရှိ၏။ ထိုမင်းသမီး သေဆုံးသွားသည့်အခါ သူ၏ တောင့်တချက်အတိုင်းပင် တာဝတိံသာနတ်တို့ရွာ၌ သိကြားမင်း၏ သားတော် ဂေါပကနတ်သား ဖြစ်လေသည်။

ဂေါပိကာ သာကီဝင်မင်းသမီးဘဝ၌ ဆွမ်းအဖျော်စသည်တို့ဖြင့် လှူဒါန်းပြုစုခဲ့ဖူးသည့် ရဟန်းတော်မြတ် သုံးပါးရှိလေသည်။ ထိုရဟန်းတော်များကား သီလစင်ကြယ်ကြသည့် ဈာန်ရ ရဟန်းတော်များတည်း။ သို့သော် ထိုရဟန်းတော်များ ပျံလွန်တော်မူသည့်အခါ သုံးပါးလုံး ယုတ်ညံ့သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြသည်။

တစ်နေ့သောအခါ ထိုဂန္ဓဗ္ဗနတ်သားတို့သည် သိကြားမင်း အမှူးရှိသော တာဝတိံသာနတ်တို့အား ခစားဖျော်ဖြေရန် သုဓမ္မာသဘင်သို့ ရောက်လာကြသည်။ သိကြားမင်း၏သားတော် ဂေါပကနတ်သားသည် ထိုဂန္ဓဗ္ဗနတ်သားတို့ကို တွေ့မြင်သည့်အခါ “ဤနတ်သားသုံးယောက်တို့သည် အလွန်လှပတင့်တယ်ကြ၏။ ကိုယ်အရေအဆင်း အလွန်ပြောင်ဝင်းကြ၏။ မည်သည့်ကံမျိုးကို ပြုခဲ့ကြပါသနည်း” ဟု ဆင်ခြင်လိုက်သည့်အခါ သီလ စင်ကြယ်သည့် သာသနာ့ဝန်ထမ်း ဈာန်ရ ရဟန်းတော်များ ဖြစ်ခဲ့ကြသည့်ပြင် မိမိ လူ့ဘဝက ဆည်းကပ်ကိုးကွယ်ခဲ့သည့် ရဟန်းတော်များ ဖြစ်နေကြောင်း တွေ့ရသည်။ ၁

၁။ ဒီ၊ဋ္ဌ၊၂၊၂၉၈၊၂၉၉။

စာမျက်နှာ-114

ဂေါပကနတ်သားနှင့်ရဟန်းသုံးပါး

ထို့ပြင် “စင်ကြယ်သော သီလရှိသူတို့မည်သည် နတ်ပြည် ခြောက်ဘုံတွင် ကြိုက်ရာဘုံ၌ ဖြစ်နိုင်ကြပါလျက် ဤရဟန်းတော်များ သည် အဘယ့်ကြောင့် အထက်နတ်ဘုံများ၌ မဖြစ်ကြပါသနည်း။ ဈာန်ရပုဂ္ဂိုလ်တို့မည်သည် ဗြဟ္မာဘုံများ၌သာ ဖြစ်ရိုးထုံးစံရှိကြသော်လည်း ဤရဟန်းတော်တို့သည် အဘယ့်ကြောင့် ဗြဟ္မာ့ဘုံ၌ မဖြစ်ကြပါသနည်း။ ဤရဟန်းတော်များ၏ သြဝါဒခံ ဆွမ်းဒကာမဖြစ်သော ငါ့မှာမူ တာဝတိံသာနတ်ပြည်တွင် သိကြားမင်း၏ သားတော်ဖြစ်၍ ငါ့ဆရာ ရဟန်းတော်များမှာမူကား ယုတ်ညံ့သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြရသနည်း” ဟု စဉ်းစားပြီး...

“အရှင်တို့၊ အရှင်တို့သည် မြတ်စွာဘုရားကို ဆည်းကပ်ရပါကုန်လျက် အမြတ်ဆုံးအကျင့်ကို ကျင့်ကြရပါကုန်လျက် ယုတ်ညံ့သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြရကုန်၏။ အရှင်တို့၏ ဘဝအကျိုးပေးသည် မသင့်လျော်လှပါတကား။ ဂန္ဓဗ္ဗမျိုး၌ ဖြစ်ကြရသောကြောင့် တာဝတိံသာနတ်တို့ကို ခစားဖျော်ဖြေရန် လာကြရ၏။ လူ့ဘောင်၌ နေခဲ့သော ကျွန်ုပ်၏ ထူးခြားသောဘဝကို ရှုကြစမ်းပါ။ ကျွန်ုပ်သည် ရှေးဘဝက မိန်းမဖြစ်ပါလျက် ယခုအခါ နတ်စည်းစိမ်နှင့် ပြည့်စုံသော နတ်ယောက်ျား ဖြစ်လာရပါသည်”

ဟု ဂေါပကနတ်သားက သတိပေးစကား ပြောကြား၏။ ၁

ထိုအခါ နတ်သားတို့သည် သတိသံဝေဂရကြပြီး ပြန်လည်ဆင်ခြင်ကြည့်ရာ ဂေါပကနတ်သား ပြောသည့်အတိုင်း မှန်ကန်၍ ဂေါပကနတ်သားထံသွားကာ ကျွန်ုပ်တို့ ယခုပင် အားထုတ်ကြပါမည်ဟု ဆိုကြ၏။ ထိုသုံးယောက်အနက် နှစ်ယောက်သော နတ်သား

၁။ ဒီ၊၂၊၂၁၆။

စာမျက်နှာ-115
တို့သည် တရားအားထုတ်ကြရာ တခဏချင်း ပထမဈာန်ကို ပြန်ရကြ၏။ ထိုပထမဈာန်ကိုပင် အခြေပြုကာ သင်္ခါရတရားတို့ကို ဝိပဿနာတင်၍ ဆင်ခြင်သုံးသပ်ကြရာ အနာဂါမိမဂ်ကို ရသွားကြသည်။ ယင်းသို့ ဈာန်ရ အနာဂါမ်နတ်သားများ ဖြစ်ကြသည်နှင့် တစ်ပြိုင်နက် နတ်ဘဝမှစုတေ၍ ဗြဟ္မပုရောဟိတာခေါ် ဗြဟ္မာဘုံ၌ ဖြစ်ကြကုန်၏။

ဤဝတ္ထု၌ ထိုဈာန်ရ ရဟန်းတော်များသည် သီလစင်ကြယ်ကြပါကုန်လျက် ယုတ်ညံ့သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြရခြင်းမှာ “ရှေးအခါက ဂန္ဓဗ္ဗနတ်မျိုး၌ အဖြစ်များခဲ့ဖူးသဖြင့် ထိုနတ်မျိုး၌ တွယ်တာတပ်မက်သော နိကန္တိတဏှာကြောင့် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြရသည်” ဟု အဋ္ဌကထာဆရာ မှတ်ချက်ချထားပေသည်။

ဆုတောင်းပတ္ထနာနှင့် တဏှာ

ဆုတောင်းခြင်းသည် တောင့်တမှုပင်ဖြစ်၏။ ပါဠိလို ပတ္ထနာဟု ခေါ်သည်။ ထိုတောင့်တခြင်း ပတ္ထနာသည် တဏှာဖြင့် တောင့်တခြင်း တဏှာပတ္ထနာ၊ ဆန္ဒဖြင့် တောင့်တခြင်း ဆန္ဒပတ္ထနာဟု နှစ်မျိုးရှိ၏။ နိဗ္ဗာန်ရောက်ရပါလို၏၊ မဂ်ဖိုလ်ရရပါလို၏ဟု တောင့်တခြင်းသည် ဆန္ဒပတ္ထနာမည်၏။

နိဗ္ဗာန်မဂ်ဖိုလ်မှတစ်ပါး နတ်ပြည်နတ်စည်းစိမ်၊ လူ့ပြည် လူ့စည်းစိမ်တို့ကို ရရပါလို၏ ရောက်ရရပါလို၏ စသည်ဖြင့် တောင့်တမှု မှန်သမျှကို တဏှာပတ္ထနာဟု ခေါ်သည်။ တဏှာဖြင့် မိမိဖြစ်လိုရာဘုံဌာနကို ညွတ်ကိုင်းထားလျှင် ဝါ-တောင့်တထားလျှင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဟူသော တရားငါးမျိုးနှင့် ပြည့်စုံသူဖြစ်ပါက မိမိတောင့်တသည့်အတိုင်း ရောက်နိုင် ရနိုင်၏။ ထို့ကြောင့် ထိုတောင့်တမှု တဏှာနှင့်တကွ

စာမျက်နှာ-116
သဒ္ဓါစသော တရားငါးမျိုးတို့ကို ဘဝကို ပြုပြင်တတ်သော တရား၊ ဘဝအထူးသို့ ပို့ဆောင်တတ်သော တရားခေါ်သည်ဟု ဘုရားရှင် ဟောတော်မူထားသည်။ ၁

လက်ရှိ မျက်မှောက်ဘဝတွင် တစ်မဂ်တစ်ဖိုလ် မရနိုင်သေးသူဖြစ်လျှင် ထိုတရားခြောက်မျိုးကို လက်စွဲပြုထားသင့်၏။ ယင်းတရားခြောက်မျိုးနှင့် ပြည့်စုံပါမှ မိမိလိုရာဘဝကို စိတ်ချရသည်။ (ဝါ) လားရာဂတိ မြဲနိုင်သည်။ သဒ္ဓါစသော တရားငါးမျိုးရှိသော်လည်း တောင့်တမှု တဏှာမရှိပါက မိမိလိုချင်သော အနာဂတ်ဘဝကို စိတ်မချပေ။ ထို့အတူ တောင့်တမှု (ဆုတောင်းမှု) တဏှာသာရှိပြီး သဒ္ဓါစသော တရားငါးမျိုး မရှိပါကလည်း တောင့်တတိုင်းမရချေ။

ဥပမာ-တောင့်တမှု (ဆုတောင်းမှု) မပြုသော ကုသိုလ်ရှင်သည် ကောင်းကင်သို့ ပစ်တင်လိုက်သော တုတ်နှင့်တူသည်။ ကောင်းကင်သို့ ပစ်တင်လိုက်သော တုတ်သည် မြေပေါ်သို့ ပြန်ကျလာသည့်အခါ အဖျားဖြင့်ကျမည်။ အလယ်ဖြင့်ကျမည်။ အရင်းဖြင့်ကျမည်ဟု သတ်မှတ်မရနိုင်သကဲ့သို့ တောင့်တမှု မပြုသော ကုသိုလ်ရှင်သည်လည်း လားရောက်ရမည့်ဘဝ မမြဲပေ။ (ဝါ) အကျိုးပေးမမြဲချေ။ ၂ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုသည့်အခါ မိမိနှစ်သက်ရာ ဌာနတစ်ခုခုကို တောင့်တမှု ပြုထားသင့်ပေသည်။

လောဘတဏှာနှင့် သမုဒယသစ္စာ

သမုဒယဆိုသည်မှာ ဖြစ်ပွားစေခြင်းဟု အဓိပ္ပာယ်ရသည်။ လောဘတဏှာသည် ကံ, အဝိဇ္ဇာစသော အကြောင်းတရားတို့နှင့်ပေါင်း၍ ဒုက္ခအမျိုးမျိုးကို ဖြစ်ပွားစေတတ်၏။ ထို့ကြောင့် လောဘတဏှာကို ဒုက္ခအမျိုးမျိုးကို ဖြစ်ပွားစေတတ်သော တရား

၁။ မ၊၃။၁၄၀။

၂။ မ၊ဋ္ဌ၊၄။၁၀၄။

စာမျက်နှာ-117
(ဒုက္ခသမုဒယ) ဟုခေါ်သည်။ ဒုက္ခကို ဖြစ်ပွားစေမှု လောဘ၏ (ဒုက္ခသမုဒယ) သဘောသည် စင်စစ်မှန်၏။ ဖောက်ပြန်မှုသဘော မရှိချေ။ လိုချင်တပ်မက်မှု လောဘတရား ဖြစ်လာလျှင် ဧကန် ဒုက္ခပေါ်လာရသော သဘောရှိ၏။ လောဘကို အကြွင်းမဲ့ မပယ်သတ်နိုင်သမျှ ကာလပတ်လုံး ဒုက္ခနယ်မှ မလွတ်မြောက်နိုင်ရကား ဒုက္ခကိုဖြစ်ပေါ်စေမှု လောဘတဏှာ၏ သဘောသည် ဧကန်မှန်သော သစ္စာတရားဖြစ်ပေသည်။

လောကတွင် ဘုရားရဟန္တာများမှအပ သာမန်လောကသားတွေမှာ သာယာတွယ်တာမှု၊ လိုချင်တပ်မက်မှု လောဘနှင့် အချိန်ရှိသရွေ့ ထွေးလုံးရစ်ပတ် ဖြစ်နေကြသည်။ သာမန် လောကသားတို့သည် ထိုသာယာတွယ်တာမှု၊ လိုချင်မက်မောမှုကလေးများကို ရအောင် နေ့မအား ညမအား တရစပ် ကြိုးစားနေကြရသည်။ ကြည့်လို့ရှုလို့ ကောင်းသည့် အဆင်းအာရုံများကို မရရအောင် ကြိုးစားအားထုတ်နေကြရသည့်နည်းတူ ကြားစရာ, နံစရာ, စားစရာ, တွေ့ထိစရာ အကောင်းကလေးတွေကို မရရအောင် ကိုယ်အပင်ပန်း စိတ်အပင်ပန်းခံကာ ရှာဖွေနေကြရသည်။ စား,ဝတ်,နေရေး စသော လောကရေးရာတို့၌ နှစ်သက်ဖွယ်ရာ သာယာဖွယ်ရာဖြစ်အောင် ကိုယ့်စွမ်းအင်အလိုက် ကိုယ်ဖန်တီးနေကြရသည်။ စင်စစ် ယင်းကြိုးစားအားထုတ်ရမှု၊ ဖန်တီးရမှု အစုစုတို့သည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံရမှု သင်္ခါရဒုက္ခများပင် ဖြစ်သည်။

ဤသို့ ဆင်းရဲမှုအစုစုတို့ ဖြစ်ပေါ်လာအောင် သာယာမှု လောဘတဏှာက ဖန်တီးပေးသည်။ သို့ဖြစ်၍ လိုချင်မှု လောဘတဏှာသည် ဆင်းရဲမှုမျိုးစုံတို့ ဖြစ်ပေါ်လာရခြင်း၏ အဓိကလက်သည် တရားခံကြီးဖြစ်၏။ တစ်နည်းအားဖြင့် လောဘသည် ဒုက္ခသစ်ပင်ကြီး ရှင်သန်ကြီးထွားရေးတွင် အလွန်အဓိကကျသော ပင်မရေသောက်မြစ်

စာမျက်နှာ-118
ကြီး ဖြစ်သည်။ ထို့ကြောင့် လောဘကို သမုဒယသစ္စာဟု ဟောတော်မူခြင်းဖြစ်သည်။

ဥပမာ... ဆေးလိပ်သောက်တတ်သူကိုကြည့်လျှင် လောဘတဏှာ၏ ဒုက္ခကိုဖြစ်ပွားစေမှု (ဒုက္ခသမုဒယ) သဘောသည် ထင်ရှားသိသာ၏။ ဆေးလိပ်သောက်တတ်သူမှာ ဆေးလိပ်သောက်ချင်သည့် တဏှာ၊ ဆေးလိပ်ကြိုက်တတ်သည့် တဏှာရှိသည်။ ထိုဆေးလိပ်သောက်ချင်သည့် တဏှာကြောင့် ဆေးလိပ်ရအောင် ဖန်တီးရသည့်ဒုက္ခ၊ ကိုယ်ကြိုက်သည့် ဆေးလိပ်မျိုးကို ရှာရသည့်ဒုက္ခ၊ ရှာမရသည့်အခါ စိတ်ဆင်းရဲရသည့်ဒုက္ခ၊ ဆေးလိပ်ညှိဖို့ မီးရှာရသည့်ဒုက္ခ၊ ဆေးလိပ်ပြာစွန့်ပစ်ရသည့်ဒုက္ခ၊ ဆေးလိပ်သောက်လိုသည့် အချိန် မသောက်ရသည့်အခါ ခံစားရသည့်ဒုက္ခ စသည်ဖြင့် ဒုက္ခပေါင်း မြောက်မြားစွာ ဖြစ်ပေါ်လာရသည်။ ဆေးလိပ်မသောက်တတ်သူများ၌မူ ထိုတဏှာမျိုး မရှိသည့်အတွက် သည်လို ဒုက္ခမျိုးကို မခံစားရချေ။ ဤသည်မှာ ဆေးလိပ်ကဲ့သို့သော အသေးအဖွဲပစ္စည်းကလေးမျိုးကို အမှီပြုကာ ဖြစ်ပေါ်လာရသည့် လောဘတဏှာကပင် သင်္ခါရဒုက္ခပေါင်း မြောက်မြားစွာကို ဖန်တီးနိုင်သည့် သဘောဖြစ်သည်။

တဏှာကိုပယ်သတ်ရန်နည်းလမ်းများ

ပယ်သတ်နည်းသုံးနည်း

တဏှာဆိုသည်မှာ ပယ်သတ်ရမည့် (ပဟာတဗ္ဗ) အကုသိုလ်တရား ဖြစ်သည်။ ပယ်သတ်ရမည့် တရားကို မပယ်သတ်ဘဲ “တဏှာတွေ မလာကြနဲ့၊ မဖြစ်ကြနဲ့၊ တဏှာကင်းတဲ့စိတ်ချည်းထားမယ်။ တဏှာကင်းတဲ့စိတ်ချည်း ဖြစ်စေမယ်”လို့ ဆိုပြီး စိတ်သက်သက်ထားလို့

၁။ ဒီ၊ဋ္ဌ၊၁။၂ဝ။ ဒီ၊၁၊ဋီကာသစ်။၁ဝ၁၊၁ဝ၂။

စာမျက်နှာ-119
မရနိုင်ပါ။ ဘုရားရှင် ညွှန်ကြားတော်မူခဲ့သည့် အဆင့်ဆင့်ပယ်သတ်နည်းဖြင့် ပယ်သတ်မှသာ တဏှာချုပ်ငြိမ်းသွားနိုင်ပါသည်။ ပယ်သတ်ရမည့် လောဘတဏှာကို ပယ်စဉ်အားဖြင့် အဆင့်လိုက် ခွဲလိုက်လျှင် သုံးမျိုးသုံးစား ထွက်လာသည်။

ယင်းသုံးမျိုးမှာ...

(၁) အကြမ်းစား လောဘတဏှာ၊

(၂) အလတ်စား လောဘတဏှာ၊

(၃) အနုစား လောဘတဏှာတို့ ဖြစ်သည်။

ထိုသုံးမျိုးတွင် အကြမ်းစားလောဘတဏှာဆိုသည်မှာ စိတ်ထဲတွင် ဖြစ်ရုံမကဘဲ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်သည့် အဆင့်အထိ ဖြစ်လာသည့် တဏှာမျိုး ဖြစ်သည်။ ထိုတဏှာကို ဗုဒ္ဓကျမ်းဂန်များ၌ ဝီတိက္ကမကိလေသာ (လွန်ကျူးသည့်ကိလေသာ) ဟုခေါ်သည်။ ထိုဝီတိက္ကမကိလေသာခေါ်သည့် အကြမ်းစား လောဘတဏှာကို သီလကျင့်စဉ်ကုသိုလ်တရားဖြင့် ပယ်သတ်ရသည်။

ငါးပါး, ရှစ်ပါး, ဆယ်ပါးစသည့် သီလတို့ကို ခံယူဆောက်တည်ပြီး ရိုသေလေးစားစွာ စောင့်ထိန်းထားသည့် ပုဂ္ဂိုလ်တို့သည် သူတစ်ပါးပစ္စည်းကို လိုချင်တပ်မက် နှစ်သက်သော်လည်း ကာယကံမြောက် ခိုးယူသည့်အဆင့်အထိ မရောက်နိုင်၊ မသွားမလာအပ်သည့် အရာတို့၌ မေထုန်ကာမမှုကို မကျူးလွန်နိုင်၊ အထူးသဖြင့် အဗြဟ္မစရိယသီလသိက္ခာပုဒ်ကို စောင့်ထိန်းထားသူဖြစ်ပါမူ မေထုန်မှုကို လုံးဝရှောင်ရှား ပယ်ခွာထားရသည်။ တစ်စုံတရာ ရယူလိုမှုကြောင့် လိမ်ညာလှည့်ဖြား ပြောဆိုခြင်းများကိုလည်း အလျှင်းမပြုရချေ။ သတိလွတ်ကင်း ချွတ်ယွင်းမေ့လျော့ကြောင်းဖြစ်သော မူးယစ်စေတတ်သည့် အရက်သေစာ စသည့်အရာတို့ကို သောက်စားခြင်းတို့မှ

စာမျက်နှာ-120
လည်း လုံးဝကင်းရှင်းရသည်။ ဤသို့ သီလကို ရိုသေလေးစားစွာ ဆောက်တည်ထိန်းသိမ်းထားလျှင် ကာယကံမြောက်, ဝစီကံမြောက် ကျူးလွန်မှုခေါ်သည့် အကြမ်းစား ဝီတိက္ကမတဏှာ ကင်းငြိမ်းနေပေသည်။

သို့သော် ဤကင်းငြိမ်းနေမှုသည် အခိုက်အတန့် ခဏခေတ္တ သဘောမျှသာဖြစ်၏။ စောင့်ထိန်းနိုင်သည့်အခါ ကင်းငြိမ်း၍ မစောင့်ထိန်းနိုင်သည့်အခါ လွန်ကျူးမှု ဝီတိက္ကမတဏှာ ပြန်လည်ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သီလဖြင့်ပယ်ခြင်းကို တဒင်္ဂပဟာန် ၁ (အခိုက်အတန့်အားဖြင့် ပယ်ခြင်း) ဟု ခေါ်သည်။ အမှန်အားဖြင့် သီလဖြင့် ပယ်ခြင်းသည် အမိုက်မှောင်ကို ဆီမီးရောင်ဖြင့် ပယ်ခြင်းကဲ့သို့ အခိုက်အတန့် ခဏခေတ္တပယ်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သစ်ပင်၏ အမြစ်နှင့် ပင်လုံးပင်စည်တို့ကို မပယ်ဖြတ်ဘဲ အခက်, အရွက်, အပွင့်, အသီးမျှတို့ကိုသာ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သဘောနှင့် တူပေသည်။

အလတ်စား လောဘတဏှာဆိုသည်မှာ ကိုယ်နှုတ်တို့ဖြင့် လွန်ကျူးသည့် အဆင့်အထိမရောက်ဘဲ စိတ်ထဲတွင်သာ သာယာနှစ်သက် တပ်မက်လိုချင်နေသည့် လောဘတဏှာမျိုးဖြစ်သည်။ ထိုတဏှာကို ဗုဒ္ဓကျမ်းဂန်များ၌ ပရိယုဋ္ဌာနကိလေသာ ၂ (စိတ်ထဲတွင် ထကြွဖြစ်ပေါ်နေသည့် ကိလေသာ) ဟုခေါ်သည်။ ထိုပရိယုဋ္ဌာနကိလေသာခေါ်သည့် အလတ်စား လောဘတဏှာမျိုးကို သမာဓိကျင့်စဉ်ဖြင့်

၁။ တဒင်္ဂ = ထိုထိုကုသိုလ်စသော အစိတ်အဖို့ဖြင့် ထိုထိုအကုသိုလ်စသော အစိတ်အဖို့ကို + ပဟာန = ပဟာန် = ပယ်ခြင်း။

၂။ ပရိယုဋ္ဌာန = ထကြွဖြစ်ပေါ်နေသော + ကိလေသာ = စိတ်တို့ကို ညစ်နွမ်းစေသော တရားများ။

စာမျက်နှာ-121
ပယ်သတ်ရသည်။

သမာဓိဆိုသည်မှာ ပထဝီကသိုင်းစသော အာရုံတစ်ခုတည်း၌ စိတ်ကို တည်ငြိမ်စွာထားခြင်း ဖြစ်သည်။ ယင်းကုသိုလ်သမာဓိသည် သမထဘာဝနာ၊ ဝိပဿနာဘာဝနာနှစ်မျိုးတွင် စိတ်အစဉ်၌ ဝင်ရောက် ထကြွသောင်းကျန်းလေ့ရှိသော နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်သက်အေးမြစေတတ်သောကြောင့် သမထဘာဝနာဖြစ်သည်။ အာနာပါန အစရှိသည့် ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို မပြတ် နှလုံးသွင်းနေလျှင် နှလုံးသွင်းနေခိုက်တွင် စိတ်သည် ကာမဂုဏ်အာရုံများကို နှစ်သက်လိုချင်မှု ကြံစည်မှုတွေမှ ကင်းငြိမ်းလျက်ရှိသည်။ သမာဓိလုပ်ငန်းကို ထူထောင်စတွင် သမာဓိအရှိန်မရ အား မကောင်းသေးသဖြင့် ကာမဂုဏ်အာရုံများကို စဉ်းစားကြံစည်မိသော ကာမဝိတက်များ မကြာခဏ ကြားဝင်လေ့ရှိသော်လည်း သမာဓိအရှိန်ရ၍ အားကောင်းလာချိန်တွင် မဟာကုသိုလ် သမာဓိတရားများက ကာမတဏှာများကို အတန်ကြာအောင် ပယ်ခွာထားနိုင်သည်။ မဟာကုသိုလ် သမာဓိအဆင့်မှ ဈာန်သမာဓိအဆင့်ကို ရလာသည့်အခါ၌မူ ထိုဈာန်မပျက်မီအတွင်း နှစ်ပေါင်းများစွာ ကာမတဏှာကို ပယ်ခွာထားနိုင်သည်။

ဈာန်သမာဓိသည် အပ္ပနာဘာဝနာကုသိုလ်မျိုးဖြစ်၍ သီလကုသိုလ်ထက် အာနုဘော်စွမ်းပကား ကြီးမားသောကြောင့် သီလကုသိုလ်ထက် သမာဓိကုသိုလ်က တဏှာကို အချိန်ကြာကြာ ပယ်ခွာထားနိုင်သည်။ ထိုပယ်ခွာနည်းကို ဝိက္ခမ္ဘနပဟာန် ၁ ပယ်ခွာနည်း (အချိန်ကြာကြာ ပယ်ခွာခြင်း) ဟုခေါ်သည်။

သို့သော် ထိုပယ်ခွာနည်းသည် အမြစ်ကို အပြီးတိုင်ပယ်သတ်

၁။ ဝိက္ခမ္ဘန = အချိန်ကြာကြာ ပယ်ခွာသောအားဖြင့် + ပဟာန = ပဟာန် = ပယ်ခြင်း။

စာမျက်နှာ-122
နည်းမျိုးမဟုတ်၊ ပင်လုံးပင်စည်မျှကိုသာ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သဘောဖြစ်၍ စိတ်မချရသေး။ ဈာန်၏ ဆန့်ကျင်ဘက် တရားနှင့် တွေ့ကြုံလာလျှင် ဈာန်ကိုပင် ဖျက်ဆီး၍ ပရိယုဋ္ဌာနအဆင့်, ဝီတိက္ကမအဆင့်သို့ ပြန်လည် လျှောကျနိုင်သေးသည်။ တစ်နည်းအားဖြင့် ရေပြင်ပေါ်ရှိ မှော်တောထဲသို့ ရေအိုးကို ချလိုက်သည့်အခါ မှော်များ ဘေးသို့အချိန်ကြာကြာ ဖယ်ရှားသွားကြသည်နှင့် တူပေသည်။

ဤအချက်သည် မုဒုလက္ခဏဇာတ်လာ ဘုရားလောင်းရသေ့၏ ဖြစ်ပုံကိုကြည့်လျှင် ထင်ရှားသိသာသည်။ ထိုဇာတ်တွင် ဘုရားလောင်း ရသေ့ကား သာမန်ပုဂ္ဂိုလ်မဟုတ်၊ အဘိညာဏ်ငါးပါး သမာပတ်ရှစ်တန်ကိုရ၍ ကောင်းကင်ပျံနိုင်သော ရသေ့တည်း။ သူသည် ဈာန်သမာဓိ၏ အစွမ်းအားဖြင့် ကာမတဏှာကိလေသာတို့ကို နှစ်ပေါင်းများစွာ ပယ်ခွာထားသူဖြစ်သည်။ တစ်နေ့တွင် ဆွမ်းကိစ္စအတွက် မင်းနန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွလာ၍ လေသာပြတင်းပေါက်မှဝင်၍ လဲလျောင်းနေရာမှ ရုတ်တရက်ထလိုက်သဖြင့် ကိုယ်ဝတ်ထဘီ လျှောကျသွားသည့် မိဖုရားကြီး မုဒုလက္ခဏကို တွေ့သွားသည်။ ထိုအခါ နှစ်ပေါင်းကြာကြာ ပယ်ခွာထားခဲ့သော ကာမတဏှာကိလေသာများ ထကြွလာသဖြင့် ရရှိထားသည့် ဈာန်တရားများ ပျောက်ကွယ်သွားလေသည်။ ဈာန်ကိုအခြေပြုမှ ဖြစ်နိုင်သည့် ကောင်းကင်ပျံခြင်း စသော အဘိညာဏ်တန်ခိုးများလည်း မရှိတော့ရကား အတောင်ကျိုးသည့် ငှက်သဖွယ် ဖြစ်သွားလေတော့သည်။ ၁

ဤသို့ သမာဓိဖြင့် တဏှာကိုပယ်ခြင်းသည် အချိန်ကြာကြာ ပယ်ခွာထားနိုင်သော်ငြားလည်း အမြစ်မပြုတ်သေးသဖြင့် ဆန့်ကျင်

၁။ ဇာတက၊ဋ္ဌ၊၁။၃၂၀။

စာမျက်နှာ-123
ဘက် အကြောင်းတရားနှင့် ဆုံစည်းမိသည့်အခါ ပြန်လည်ဖြစ်ပေါ်လာနိုင်ပေသည်။

အနုစား လောဘတဏှာဆိုသည်မှာ စိတ်အစဉ်တွင် ပရိယုဋ္ဌာနတဏှာအသွင်ဖြင့် မဖြစ်သေးသော်လည်း မဂ်ဖြင့် မပယ်သတ်ရသေးသောကြောင့် အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်သည့် လောဘတဏှာမျိုးဖြစ်သည်။ စာပေကျမ်းဂန်၌ အနုသယကိလေသာဟု ခေါ်သည်။ ယင်းကိလေသာများသည် မဂ်ဖြင့် မပယ်သတ်ရသေးသောကြောင့် ဘဝပေါင်းများစွာ သတ္တဝါတို့စိတ်အစဉ်၌ ထပ်တလဲလဲ ဖြစ်နေကြသဖြင့် အထုံ (အာသေဝနပစ္စည်း) ရကာ အခြားကိလေသာများထက် အင်အားကောင်းလျက်ရှိကြသည်။ ဣဋ္ဌာရုံစသော အကြောင်းများနှင့် ဆုံဆည်းမိသည်နှင့် တစ်ပြိုင်နက် အလွယ်တကူ ဖြစ်ပေါ်လေ့ရှိကြသည်။ ယင်းသို့ ဆိုင်ရာမဂ်ဖြင့် မပယ်ရသေးသောကြောင့် ခန္ဓာအစဉ်၌ ဖြစ်ကြိမ်များလွန်းသဖြင့် ဖြစ်သားဝကာ အားကောင်းချင်တိုင်း အားကောင်းနေသော (ထာမဂတ) ကိလေသာမျိုးကို အနုသယကိလေသာဟု ခေါ်ပါသည်။ ၁

ထိုအနုစား အနုသယကိလေသာမျိုးသည် သစ်ပင်တွင် ရေသောက်မြစ်ကြီးနှင့်တူသည်။ ထိုအမြစ်ကြီးကို တစ်စစီ ခုတ်ထွင်ရှင်းလင်းပစ်နိုင်မှ ပင်စည်နှင့်တူသော ပရိယုဋ္ဌာနကိလေသာ၊ အကိုင်းအခက်၊ အရွက်၊ အသီး၊ အပွင့်တို့နှင့်တူသော ဝီတိက္ကမကိလေသာများပါ လဲပြိုကင်းရှင်းသွားနိုင်သည်။ သို့သော် ထိုအနုသယကိလေသာကို သီလဖြင့်လည်း မသတ်နိုင်၊ သမာဓိဖြင့်လည်း မဖယ်ရှားနိုင်၊ မဂ်ပညာ လေးပါးဖြင့်သာ အကြွင်းမဲ့ ပယ်သတ်နိုင်ပါသည်။ ဥပမာ- အသီးသီးလေ့ရှိသော သစ်ပင်ကို အဆိပ်စူးဖြင့် ထိုးလိုက်လျှင်

၁။ အဘိ၊ဋ္ဌ၊၃။၃၁၉။

စာမျက်နှာ-124
သစ်ပင်၌ရှိသော အသီးသီးစေတတ်သည့် ဓာတ်သတ္တိ ကုန်ခန်းသွား၏။ အသီးသီးချိန် ရောက်သော်လည်း လုံးဝအသီး မသီးတော့ချေ။ ထို့အတူ အနုသယကိလေသာ ဖြစ်နေကျဖြစ်သော စိတ်အစဉ်၌ အကြင်အခါ မဂ်ပေါ်လာ၏။ ထိုမဂ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနုသယကိလေသာဓာတ်သည် အမြစ်ပါပြတ်သွားလေတော့သည်။ ယင်းသို့ ဖြစ်သည်ကို မဂ်ဖြင့်ပယ်သတ်သည်ဟု ဆိုပါသည်။ ထိုပယ်သတ်နည်းကို သမုစ္ဆေဒပဟာန် (အကြွင်းမဲ့ပယ်သတ်ခြင်း) ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ... အနုသယ ကိလေသာများကို နောက်ထပ် ပြန်မဖြစ်နိုင်အောင် အမြစ်ပါဖြတ်တောက် ပယ်သတ်နည်းဟု ဆိုပါသည်။ ၁

မဂ်ပညာလေးပါးဖြင့်သာ အနုသယကိလေသာကို ပယ်သတ်နိုင်သည်ဆိုရာ၌ မဂ်ပညာဆိုသည်မှာ အားထုတ်ပွားများမှုမရှိဘဲ ရုတ်တရက် အလိုအလျောက် ပေါ်လာသည့် ပညာမျိုးမဟုတ်၊ ရှေးဦးစွာ ဝိပဿနာပညာဖြင့် ရှုမှတ်ပွားများ၍ အနုသယကိလေသာများကို အားနည်းသွားအောင် ခေါင်းပါးသွားအောင် အားထုတ်ပြီးမှ ပေါ်လာသည့် ပညာဉာဏ်မျိုးဖြစ်သည်။ ဥပမာ...ဒိဋ္ဌိ၊ ဝိစိကိစ္ဆာနှင့် အပါယ်လားကြောင်း ရာဂ စသည့် ကိလေသာများသည် သောတာပတ္တိမဂ်ဉာဏ်ဖြင့် ပယ်သတ်ရမည့် ကိလေသာများဖြစ်သည်။ ထိုကိလေသာများ အားရှိနေသမျှ ကာလပတ်လုံး ဝိပဿနာရှုနေသော်လည်း မျက်စိမှာ တိမ်သလာဖုံးကွယ်နေသကဲ့သို့ ထိုကိလေသာများ ဖုံးကွယ်ထားသောကြောင့် သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မမြင်နိုင်သေးချေ။ ဝါ-နိဗ္ဗာန်ကို မြင်နိုင်သည့် သောတာပတ္တိမဂ်ဉာဏ် မပေါ်နိုင်သေးချေ။ ဝိပဿနာဉာဏ်ရင့်သန် ပြည့်စုံလာသည့်အခါတွင်မူ မျက်စိ

၁။ ပရမတ္ထဒီပနီမဟာဋီကာသစ်။၃၄ဝ။

စာမျက်နှာ-125
တိမ်သလာများ ပါးသွားသကဲ့သို့ ခန္ဓာအစဉ်၌ ထိုကိလေသာများ အားနည်း ခေါင်းပါးသွားလေသည်။ ထိုအခါမှ သောတာပတ္တိမဂ်ဉာဏ်သည် နိဗ္ဗာန်ကိုမျက်မှောက်တွေ့ပြီး ဖြစ်ပေါ်လာသည်။ ဆိုလိုသည်မှာ ရှေးဦးစွာ လောကီဝိပဿနာဉာဏ်က စွမ်းအားရှိသမျှ ပယ်ထားပြီးသားဖြစ်သည့် ကိလေသာကို လောကုတ္တရာမဂ်ဉာဏ်က နောက်ဆုံး အမြစ်ပြတ်အောင် ပယ်သတ်လိုက်ခြင်းဖြစ်သည်။ ၁

ဝိပဿနာယောဂီပုဂ္ဂိုလ်သည် မြင်ခိုက်၌ မြင်သည့်အရာကို ရှုမှတ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောမှန်ကို သိသွားလျှင် မျက်စိ, အဆင်း, မြင်သိမှု အစရှိသည့် သဘောကို နိစ္စ, သုခ, အတ္တဟု ထင်မှတ်မှားမှု အဝိဇ္ဇာ တဒင်္ဂအားဖြင့် ကင်းသွား၏။ အဝိဇ္ဇာကင်းသဖြင့် ထိုသဘောများ၌ နှစ်သက်သာယာမှုတဏှာ တဒင်္ဂအားဖြင့် ကင်း၏။ တဏှာကင်းသဖြင့် ဆက်ပြီးဖြစ်မည့် ဥပါဒါန်၊ ကံ၊ သင်္ခါရတို့ မဖြစ်နိုင်။ ကံ သင်္ခါရကြောင့်ဖြစ်သည့် ဝိညာဏ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုသည့် အကျိုးတရားများလည်း မဖြစ်နိုင်တော့ချေ။ ထို့အတူ ကြားခိုက်, နံခိုက်, စားခိုက် စသည်တို့ကို ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ သဘောမှန်ကို သိသွားလျှင် နား, အသံ, ကြားသိမှုစသည့် သဘောများကို နိစ္စ, သုခ, အတ္တဟု ထင်မှတ်မှားမှု အဝိဇ္ဇာကင်းပြီး တဏှာနှင့်တကွ ဆင်းရဲဒုက္ခ တဒင်္ဂအားဖြင့် ချုပ်ငြိမ်းသွားလေသည်။ ၎င်းကို တဒင်္ဂနိရောဓ (တဏှာနှင့် ဆင်းရဲဒုက္ခများ ခေတ္တခဏ ချုပ်ငြိမ်းမှု) ဟု ခေါ်သည်။

ဤကဲ့သို့ ဝိပဿနာဖြင့် တဒင်္ဂနိရောဓကို ဆိုက်ရောက်ပြီး ဝိပဿနာဉာဏ် ရင့်ကျက်သည့်အခါ၌ နိဗ္ဗာန်ကိုမြင်လျက် သောတာပတ္တိဉာဏ် ရှေးဦးစွာ ပေါ်လာသည်။ ထိုသောတာပတ္တိမဂ်ဉာဏ်

၁။ ဝိသုဒ္ဓိမဂ်၊ဒု။၃၃ဝ။ ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ဒု။၅၀၃။

စာမျက်နှာ-126
ကြောင့် ထိုပုဂ္ဂိုလ်သန္တာန်၌ အပါယ်သို့ ကျစေနိုင်သည့် ကာမတဏှာများ မဖြစ်တော့ချေ။ ထိုပုဂ္ဂိုလ်သည် အပါယ်ဆင်းရဲ ကာမသုဂတိဘုံ၌ ခုနစ်ဘဝထက် ပိုလွန်ပြီး ဖြစ်ရမည့် ဆင်းရဲများအားလုံး ချုပ်ငြိမ်းသွားပေသည်။

သကဒါဂါမိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည့်အခါ ကြမ်းတမ်းသည့် ကာမတဏှာနှင့်အတူ ကာမသုဂတိဘုံများ၌ နှစ်ဘဝထက် ပိုလွန်ပြီး ဖြစ်ရမည့် ဆင်းရဲများအားလုံး ငြိမ်းသွား၏။ အနာဂါမိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုသည့်အခါ ကာမတဏှာအားလုံး ချုပ်ငြိမ်းသွား၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်အခါ ဝိဘဝတဏှာအားလုံးနှင့် ဘဝဆင်းရဲမှုမှန်သမျှ အားလုံး ချုပ်ငြိမ်းသွားပေသည်။

ဤသည်တို့ကား လောဘတဏှာကို သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ် (သိက္ခာ) သုံးရပ်ဖြင့် အဆင့်ဆင့် ပယ်သတ်နည်းများ ဖြစ်ပါသည်။

ဤသို့ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်သုံးရပ်ဖြင့် လောဘတဏှာကို ပယ်သတ်ရကြောင်း နတ်သားတစ်ဦးအား ဘုရားရှင်ကိုယ်တိုင် လမ်းညွှန်ဟောကြားတော်မူသည်ကို သဂါထာဝဂ္ဂသံယုတ် ပါဠိတော် ဒေဝတာသံယုတ် ဇဋာသုတ်၌ တွေ့ရပေသည်။

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်ခုသော ညသန်းခေါင်ယံ အချိန်တွင် မထင်ရှားသော နတ်သားတစ်ဦးသည် ဘုရားရှင်ထံချဉ်းကပ်၍ မိမိယုံမှားသံသယကို ပယ်ဖျောက်နိုင်ရန်...

အိုအရှင်ဂေါတမ... အကြင်တဏှာတည်းဟူသော ကွန်ရက်သည် အတွင်းအပ နှစ်ဌာနလုံး၌ ဖွဲ့ယှက်တတ်

စာမျက်နှာ-127
၏။ ထိုတဏှာသည် သတ္တဝါများကို အကြင်အကြောင်းကြောင့် ငြိတွယ် ချုပ်စပ် မှေးရစ်တတ်၏။ ထိုအကြောင်းကြောင့် အရှင်ဂေါတမကို အကျွန်ုပ်မေးလျှောက်လိုပါသည်။ ဤတဏှာကို အဘယ်မည်သော လူစွမ်းကောင်းသည် ဖြေဖြတ် ရှင်းလင်းနိုင်ပါသနည်း။ ဟု မေးလျှောက်သည်။

ထိုအခါ သုံးလောကတွတ်တင် သဗ္ဗညုရှင်တော်ဘုရားက .. တိဟိတ် ပဋိသန္ဓေနေ၍ ကမ္မဇပညာ ပါရှိသော သူသည် ကုသိုလ်သီလ၌ မြဲစွာတည်၍ ကိလေသာကို ပူပန်ခြောက်သွေ့ စေတတ်သော လုံ့လ၊ ဆန့်ကျင်ဘက် ကိလေသာကို တားမြစ်နိုင်သော ပညာတို့ရှိလျက် စိတ်တည်ကြည်ငြိမ်သက်မှု သမာဓိကိုလည်းကောင်း၊ ဝိပဿနာပညာကိုလည်းကောင်း ပွားများအားထုတ်၏။ ဤသို့ ပညာသုံးပါး၊ သီလ၊ သမာဓိ၊ ဝီရိယဟူသော တရား ခြောက်ပါးနှင့် ပြည့်စုံသူသည် ဝါးရုံ အခက်၊ အယှက်၊ အမြှေးနှင့်တူသော ဤတဏှာဟူသော အယက်အမြှေးကို ဖြေဖြတ်ရှင်းလင်း အကြွင်းမဲ့ သုတ်သင်နိုင်၏။ ဟုဖြေကြားတော်မူသည်။

ဤဘုရားရှင်၏ ဖြေကြားတော်မူချက်ကို အနှစ်ချုပ်လိုက်လျှင်...

(၁) ပဋိသန္ဓေနေစဉ်ကပင် တိဟိတ် ပဋိသန္ဓေဖြစ်၍ ကမ္မဇပညာပါရှိသူဖြစ်ခြင်း။

(၂) သီလမြဲမြံစွာတည်ခြင်း။

(၃) ပြင်းထန်သော လုံ့လဝီရိယရှိခြင်း။

(၄) ဆန့်ကျင်ဘက် ကိလေသာကို တားမြစ်နိုင်သည့် ပညာရှိခြင်း

စာမျက်နှာ-128
(၅) သမာဓိရအောင် ကြိုးစားအားထုတ်ခြင်း။

(၆) ရှုမှတ်ပွားများမှု ဝိပဿနာ ပညာရှိခြင်း။

ဤဆိုခဲ့ပြီးသော ပညာသုံးမျိုး သီလ, သမာဓိ, ဝီရိယ သုံးမျိုး ပေါင်း ခြောက်မျိုးသော တရားနှင့် ပြည့်စုံသူသည် ကိလေသာတည်းဟူသော အမြှေးအယှက် အရှုပ်အထွေးကို သုတ်သင်ရှင်းလင်းနိုင်ပေသည်။ ဥပမာ... အမျိုးသားတစ်ဦးသည် မြေပေါ်တွင် မတ်မတ်ရပ်လျက် ထက်လှသော ဓားလက်နက်ကိုကိုင်ကာ ကြီးစွာသော ဝါးရုံတောကြီးကို ဖြေရှင်း ခုတ်ထွင်သုတ်သင်သကဲ့သို့၊ ထို့အတူ သီလတည်းဟူသော မြေ၌ ကောင်းစွာ မတ်မတ်ရပ်လျက် ဝိပဿနာပညာ လက်နက် ဓားသန်လျက်ကို ဝီရိယတည်းဟူသောအားဖြင့် မြဲမြံစွာ ကိုင်စွဲ၍ ပါရိဟာရိက ပညာတည်းဟူသော လက်ဖြင့် မြှောက်ချီ၍ မိမိသန္တာန်၌ အစဉ်သဖြင့် ကျရောက်သော တဏှာကွန်ရက် အရှုပ်အထွေးတို့ကို အကြွင်းမဲ့ သုတ်သင်ရှင်းလင်းနိုင်သည်ဟု ဟောတော်မူရင်း ဖြစ်ပေသည်။

ဗောဇ္ဈင်တရားဖြင့် တဏှာပယ်ရှားနည်း

ရဟန်းတို့... တဏှာကို ကုန်ခန်းစေတတ်သည့် လမ်းစဉ်အကျင့်ကို ပွားများအားထုတ်ကြကုန်လော့။ ရဟန်းတို့... အဘယ်လမ်းစဉ် အကျင့်သည် တဏှာလောဘတို့ကို ကုန်စေတတ်သနည်း။ ဤဗောဇ္ဈင်ခုနစ်ပါး မြတ်တရားတို့သည် တဏှာလောဘတို့ကို ကုန်ခန်းစေတတ်ကုန်၏။ ထိုတရားခုနစ်ပါးတို့ကား သတိသမ္ဗောဇ္ဈင်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင် တို့တည်း။ ၁

၁။ သံ၊ ၃။ ၇၈။

စာမျက်နှာ-129
ဤသို့ ဟောတော်မူသည့်အခါ အရှင်ဥဒါယီက မြတ်စွာဘုရားအား “အရှင်မြတ်ဘုရား၊ ဤဗောဇ္ဈင်ခုနစ်ပါး မြတ်တရားတို့ကို အဘယ်သို့ ပွားများမှ ကြိမ်ဖန်များစွာပြုမှ တဏှာလောဘတို့ကို ကုန်ခန်းစေနိုင်ပါသနည်း” ဟု လျှောက်၏။ ၁

ဥဒါယီ ... ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ရာဂကင်းခြင်းကိုမှီသော၊ နိဗ္ဗာန်သို့ညွတ်သော၊ ပြန့်ပြောသော၊ မြတ်သည်၏ အဖြစ်သို့ရောက်သော၊ အတိုင်းအရှည် မရှိသော၊ ဗျာပါဒကင်းသော၊ ကြောင့်ကြမှုမရှိသော၊ သတိသမ္ဗောဇ္ဈင်ကို ပွားများသော ထိုရဟန်းသည် တပ်မက်မှုတဏှာကိုပယ်၏။ တပ်မက်မှုတဏှာကို ပယ်ခြင်းကြောင့် တဏှာလျှင် အကြောင်းရင်းရှိသော ကံကိုပယ်၏။ ကံကိုပယ်ခြင်းကြောင့် ကံလျှင် အကြောင်းရင်း ရှိသော ဝဋ်ဆင်းရဲကိုပယ်၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော၊ စွဲမက်မှု ရာဂကင်းခြင်းကို မှီသော၊ နိဗ္ဗာန်သို့ညွတ်သော၊ ပြန့်ပြောသော၊ မြတ်သည်၏ အဖြစ်သို့ရောက်သော၊ အတိုင်းအရှည် မရှိသော၊ ဗျာပါဒကင်းသောကြောင့် ကြောင့်ကြမှုမရှိသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများသော ထိုရဟန်းသည် တပ်မက်မှုတဏှာကိုပယ်၏။ တပ်မက်မှုတဏှာကို ပယ်ခြင်းကြောင့် တဏှာလျှင် အကြောင်းရင်းရှိသော ကံကိုပယ်၏။ ကံကိုပယ်ခြင်းကြောင့် ကံလျှင် အကြောင်းရင်းရှိသော ဝဋ်ဆင်းရဲကိုပယ်၏။

ဥဒါယီ... ဤသို့လျှင် တဏှာကုန်ခြင်းကြောင့် ကံကုန်၏။ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏။ ဝါ... ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်၏ဟု ဟောတော်မူ၏။

မဂ္ဂင်တရားဖြင့် တဏှာပယ်ရှားနည်း

ရဟန်းတို့... တပ်မက်မှုတဏှာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်းဟူမှု ကာမ၌တပ်မက်မှု တဏှာ၊ ကာမဘဝ၊ ရူပ အရူပဘဝတို့၌ တပ်မက်မှုဘဝတဏှာ၊ ဘဝမပြတ်ဟူသော အယူနှင့်တကွဖြစ်သော တပ်မက်မှု ဝိဘဝတဏှာ တို့တည်း။

၁။ သံ၊ ၃၊ ၅၃။

စာမျက်နှာ-130
ရဟန်းတို့... တပ်မက်မှုတဏှာသုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ ပိုင်းခြား၍ သိခြင်းငှာ၊ ကုန်စေခြင်းငှာ၊ ပယ်ခြင်းငှာ။ပ။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများအပ်၏။ အဘယ်သို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများအပ်သနည်း။

ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ရာဂကင်းခြင်းကိုမှီသော၊ ချုပ်ခြင်းကိုမှီသော၊ နိဗ္ဗာန်သို့ ညွတ်သော၊ မှန်ကန်သောအမြင်ဖြစ်သည့် သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွားများ၏။ပ။ မှန်ကန်သော တည်ကြည်မှုရှိသည့် သမ္မာသမာဓိ မဂ္ဂင်ကို ပွားများ၏။

ရဟန်းတို့... ဤတပ်မက်မှုတဏှာ သုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ ပိုင်းခြား၍ သိခြင်းငှာ၊ ကုန်စေခြင်းငှာ၊ ပယ်ခြင်းငှာ။ပ။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများအပ်၏ဟု မိန့်တော်မူ၏။ ၁

သတိပဋ္ဌာန်တရားဖြင့် တဏှာပယ်ရှားနည်း

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်အနုရုဒ္ဓါသည် ရဟန်းတို့အား ငါ့ရှင်တို့ သတိပဋ္ဌာန်တရားလေးပါးတို့ကို ပွားများအားထုတ်ကြကုန်၊ ကြိမ်ဖန်များစွာ ပြုလုပ်ကြကုန်သည်ရှိသော် တဏှာကုန်ခြင်းငှာ ဖြစ်ကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ...

၁။ သံ၊ ၃၊ ၂၆၂။

စာမျက်နှာ-131
ငါ့ရှင်တို့ ... ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ သဘောတရားတို့၌ သဘောတရားတို့ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ လောက၌ ပြင်းစွာအားထုတ်အပ်သော ဝီရိယရှိသော၊ ဆင်ခြင်ဉာဏ်ရှိသော၊ သတိရှိသော ရဟန်းသည် အဘိဇ္ဈာတရား ဒေါမနဿတရားတို့ကို ပယ်ဖျောက်နိုင်ရာ၏။ ငါ့ရှင်တို့ ... ဤသတိပဋ္ဌာန် တရားလေးပါးတို့ကို ပွားများကုန်၊ ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တဏှာကုန်ခြင်းငှာ ဖြစ်ကုန်၏ဟု မိန့်ဆို၏။

စူဠတဏှာသင်္ခယသုတ်လာ တဏှာပယ်သတ်နည်း

အခါတစ်ပါး၌ ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုအခါ သိကြားမင်းသည် ဘုရားရှင်ထံတော်ပါးသို့ ချဉ်းကပ်သွား၍ “ရှင်တော်မြတ်ဘုရား... ရဟန်းတော်သည် အကျဉ်းအားဖြင့် အဘယ်မျှလောက်သော အကျင့်ဖြင့် တပ်မက်မှုတဏှာကုန်ရာ နိဗ္ဗာန်ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ အမြဲ ဘေးကင်းခြင်းရှိသူ၊ အမြဲ မြတ်သောအကျင့်ရှိသူ၊ ဧကန်ပြီးဆုံးသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်ပါသနည်း” ဟု လျှောက်၏။

သိကြားမင်း ... ဤသာသနာတော်၌ “ရဟန်းသည် တရား အားလုံးတို့ကို တဏှာဒိဋ္ဌိတို့၏ အစွမ်းအားဖြင့် သက်ဝင်စွဲလမ်းခြင်းငှာ မသင့်ဟု ကြားဖူး၏။ ထိုကြားဖူးသော ရဟန်းသည် တရားအားလုံး ဉာတပရိညာဖြင့် အထူးသိ၏။ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို တီရဏပရိညာဖြင့် ပိုင်းခြား၍သိ၏။ ၁

၁။ မ၊ ၁၊ ၃၁၈။

စာမျက်နှာ-132
တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သည်ကိုဖြစ်စေ၊ အမှတ်မထား တစ်ပါးပါးသော ဝေဒနာကို ခံစား၏။

ထိုရဟန်းသည် ထိုခံစားခြင်းဝေဒနာတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေ၏။ တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက်နေ၏။ ချုပ်သောအားဖြင့် ရှုမြင်လျက်နေ၏။ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်းဝေဒနာတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော်၊ တပ်စွန်းခြင်းကင်းသော အားဖြင့် ရှုမြင်လျက်နေသော်၊ ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော်၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေသော် လောက၌ တစ်စုံတစ်ရာကိုမျှ မစွဲယူတော့ပေ။ မစွဲယူသော် ထက်ဝန်းကျင် မတပ်မက်တော့ပေ။ ထက်ဝန်းကျင် မတပ်မက်သော် မိမိအလိုလိုသာလျှင် ကိလေသာ ငြိမ်းအေး၏။ ပဋိသန္ဓေနေရမှု ကုန်သွား၏။ မြတ်သော အကျင့်ကို ကျင့်ပြီးသူဖြစ်၏။ ပြုသင့်သော မဂ်ကိစ္စကို ပြုပြီးသူဖြစ်၏။ ဤမဂ်ကိစ္စအတွက် အခြားပြုဖွယ်ကိစ္စ မရှိတော့ဟု သိ၏။

သိကြားမင်း... ဤမျှလောက်သောအကျင့်ဖြင့် ရဟန်းတော်သည် တပ်မက်မှုတဏှာကုန်ရာ နိဗ္ဗာန်ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ အမြဲဘေးကင်းခြင်းရှိသူ၊ အမြဲမြင့်မြတ်သောအကျင့်ရှိသူ၊ ဧကန်ပြီးဆုံးသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်သည်... ဟု မိန့်တော်မူ၏။

ဤဘုရားဟောတရားတော်၌ ဘုရားရှင် ဟောတော်မူလိုရင်းမှာ တရားအားထုတ်မည့် ရဟန်းတော်သည် မြင်တိုင်း၊ ကြားတိုင်း၊ တွေ့ထိတိုင်း ဒွါရခြောက်ပါး၌ ထင်ရှားပေါ်လာသည့် ခန္ဓာငါးပါး ရုပ်နာမ်တရားများသည် မြဲ၏၊ ချမ်းသာ၏၊ အတ္တရှိ၏ဟု တဏှာ

စာမျက်နှာ-133
ဒိဋ္ဌိတို့ဖြင့် အခိုင်အမြဲ မှတ်ယူစွဲလမ်းရန်မသင့်။ မမြဲသော၊ ဆင်းရဲသော၊ အတ္တမဟုတ်သော သဘောတရားချည်းသာဖြစ်သည်ဟု ကြားဖူးသော အသိဉာဏ် (သုတမယဉာဏ်) မျိုး ရှိရ၏။ ထိုသုတမယဉာဏ်ကို အခြေခံလျက် မြင်ဆဲကြားဆဲ ရုပ်နာမ်တရားများကို ရှုမှတ်ပွားများလျှင် ဤသဘောကား နာမ်, ဤသဘောကား ရုပ် စသည်ဖြင့် ရုပ်နှင့်နာမ်ကို ပိုင်းခြားသိသည့် နာမရူပ-ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်လာ၏။ မျက်စိနှင့် အဆင်းရှိ၍သာ သိမှုဖြစ်ပေါ်လာရသည် စသည်ဖြင့် ရုပ်နာမ်တို့၏ အကြောင်းကိုသိသည့် ပစ္စယပရိဂ္ဂဟဉာဏ်လည်း ဖြစ်ပေါ်လာ၏။ ဤဉာဏ်နှစ်ပါးဖြင့် သိမှုကို ဉာတပရိညာဖြင့် သိမှုဟုခေါ်၏။

ထို့နောက် ထိုရုပ်တရား နာမ်တရားတို့ ဖြစ်မှုပျက်မှုကို ရှုမှတ်ပွားများသောအားဖြင့် ထိုရုပ်တရား နာမ်တရားတို့၏ အမြဲမရှိခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ ရုပ်နာမ်မှတစ်ပါး အခြား အတ္တဇီဝမရှိဟူသော အနတ္တသဘောတို့ကို ပိုင်ပိုင်နိုင်နိုင် သိမြင်လာ၏။ ဤသိမှုမျိုးကို တီရဏပရိညာဖြင့် သိမှုဟုခေါ်၏။

ဤဒေသနာကား ဝေဒနာနုပဿနာသတိပဋ္ဌာန်နည်းအားဖြင့် တဏှာပြတ်၍ ရဟန္တာဖြစ်ပုံနည်းကို ဟောတော်မူခြင်းဖြစ်သည်။

နဒီသောတသုတ်လာ တဏှာပယ်သတ်နည်း

ဤဒေသနာတော်ကို ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ဟောကြားတော်မူသည်ဟု အကျွန်ုပ်ကြားဖူးပါသည်။ ၁

ရဟန်းတို့... ဥပမာသော်ကား ယောက်ျားသည် မြစ်ထဲ၌ဖြစ်စေ ကမ်းတစ်ဖက်၌ဖြစ်စေ တည်ရှိသော မြတ်နိုးတွယ်တာ သာယာဖွယ်

၁။ ဣတိဝုတ်၊ ၂၇၁။ ဣတိဝုတ်၊ဋ္ဌ၊ ၃၂၆၊ ၃၃၁။

စာမျက်နှာ-134
ကောင်းသည့် ရွှေ၊ ငွေ၊ ပတ္တမြားစသော ဝတ္ထုပစ္စည်းများကို ယူလိုသောကြောင့် မြစ်ရေအယဉ်ဖြင့် ရေစုံမျှောကာ လိုက်သွားရာ၏။ ကမ်းပေါ်၌ တည်ရှိသော မျက်စိအမြင်ရှိသော အခြားယောက်ျားသည် ထိုယောက်ျားကိုမြင်၍ “အမောင်ယောက်ျား... သင်သည် မြတ်နိုးဖွယ် တွယ်တာသာယာဖွယ်ကောင်းသည့် ရွှေ ငွေ ပတ္တမြားစသော ဝတ္ထုပစ္စည်းများကို ရယူလိုသောကြောင့် မြစ်ရေယဉ်ဖြင့် ရေစုံမျောကာ လိုက်စေကာမူ ဤမြစ်၏ အောက်အရပ်၌ တောင်ထွတ်သဖွယ် ကြီးကျယ်သော လှိုင်းတံပိုးနှင့် ဝဲကြီးများရှိသော ရေအိုင်ကြီးရှိ၏။ ထိုအိုင်ကြီးတွင် ဖမ်းယူတတ်သော ငါးမကာရ်းကြီးများနှင့် ဘီလူးရက္ခိုသ်တို့လည်းရှိ၏။ အမောင်ယောက်ျား သင်သည် ယင်းရေအိုင်သို့ ရောက်လျှင် သေသော်မူလည်း သေလတ္တံ့၊ သေလောက်သည့် ဆင်းရဲသို့မူလည်း ရောက်လတ္တံ့” ဟု ပြောဆို၏။

ရဟန်းတို့... ထိုအခါ၌ ယောက်ျားသည် ယင်းစကားကို ကြားရသောကြောင့် ကြောက်လန့်တုန်လှုပ်သွား၍ ရေညာဘက်သို့ လက်ခြေတို့ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားကူးခပ်၏။ (ထိုသို့ ကြိုးစားအားထုတ်သဖြင့် မကြာမီ ကမ်းသို့ဆိုက်ရောက်၏။)

ရဟန်းတို့... ငါဘုရားသည် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင်နိုင်သည့် အဓိပ္ပာယ်ကို သိစေခြင်းငှာ ဤဥပမာကို ထုတ်ဆောင်ထားပေသည်။ ဤဆိုလတ္တံ့သည်ကား ဤအရာ၌ အဓိပ္ပာယ်ပေတည်း။

ရဟန်းတို့... မြစ်ရေယဉ်ဟူသော ဤအမည်သည် လောဘတဏှာ၏ အမည်တည်း။

မြတ်နိုးဖွယ်၊ သာယာတွယ်တာဖွယ်ကောင်းသော ဝတ္ထုပစ္စည်းဟူသော အမည်သည် စက္ခာယတနစသော အဇ္ဈတ္တိကာယတန

စာမျက်နှာ-135
ခြောက်ပါးတို့၏ အမည်တည်း။

အောက်အရပ်၌ ရေအိုင်ဟူသော ဤအမည်သည်၊ အောက်ပိုင်း သံယောဇဉ်ငါးပါးတို့၏ အမည်တည်း။

လှိုင်းတံပိုးဟူသော အမည်သည်၊ အမျက်ထွက်မှုဒေါသ, ပင်ပန်းမှုဥပါယာသတို့၏ အမည်တည်း။

ဝဲဟူသော ဤအမည်သည် အာရုံငါးပါး ကာမဂုဏ်တရားတို့၏ အမည်တည်း။

ဖမ်းယူတတ်သော ငါးမကာရ်းနှင့် ဘီလူးရက္ခိုသ်တို့ဟူသော အမည်သည် မာတုဂါမ၏ အမည်တည်း။

ရေညာဘက်ဟူသော အမည်သည် ကာမမှ လွတ်မြောက်မှု နေက္ခမ္မ၏ အမည်တည်း။

လက်ခြေတို့ဖြင့် အားထုတ်ခြင်းဟူသောအမည်သည် သမ္မပ္ပဓာန်လေးပါး ဝီရိယတရား၏ အမည်တည်း။

ကမ်း၌တည်သော မျက်စိအမြင်ရှိသော ယောက်ျားဟူသော ဤအမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော သဗ္ဗညုဉာဏ်ရှင် ဘုရားသခင်၏ အမည်တည်း။ ဤအနက်အဓိပ္ပာယ်ကို ရှင်တော်ဘုရား ဟောကြားတော်မူခဲ့ပါသည်။

“ယောဂလေးဖြာ ကုန်ရာနိဗ္ဗာန်ကို နောင်အခါ၌ တောင့်တသောသူသည် အကျင့်ပဋိပတ်အားဖြင့် ဆင်းရဲ ပင်ပန်းသော်ငြားလည်း ကာမဂုဏ်တို့ကို ပယ်စွန့်ရာ၏။ ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့် ကောင်းစွာသိ၍ ကာမဂုဏ်တို့မှ ကောင်းစွာ လွတ်မြောက်သော ဖိုလ်စိတ်ရှိသူသည် ထိုထိုမဂ်ဖိုလ် ရရာကာလ၌ နိဗ္ဗာန်ကို မျက်မှောက်

စာမျက်နှာ-136
ပြုနိုင်ရာ၏။ ထိုသူကို သစ္စာလေးပါးတရားကို သိသူ၊ ကျင့်သုံးပြီးသော အကျင့်မြတ်ရှိသူ၊ လောက၏ အဆုံးသို့ ရောက်သူ၊ နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်သူ ဟူ၍ ဆိုအပ်၏။”

ဤအနက်အဓိပ္ပာယ်ကို ရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည်ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဤဒေသနာတော်၌ မြစ်ရေယဉ်နှင့် တဏှာတို့တူပုံကား... အထက်ဘက်၌ မိုးကြီးစွာ ရွာသွန်းသည့်အခါ ရေအယဉ်သည် တောင်, ချောက်, ချိုင့်ဝှမ်း, အင်းအိုင်, မြစ်ချောင်းတို့ကို အဆင့်ဆင့် ပြည့်လျှံစေပြီး မြစ်ကြီးထဲသို့ စီးဝင်ကာ တစ်ခုသော ရေအယဉ်ကြီး ဖြစ်သွားသကဲ့သို့ ထို့အတူ ရူပါရုံစသော အာရုံတို့၌ လောဘတဏှာ ဖြစ်လာခဲ့သည်ရှိသော် တဏှာသည် တစ်စတစ်စ ကြီးထွားလာတတ်သောသဘောရှိပေသည်။

မြစ်ရေအယဉ်သည် စီးဆင်းလာသည့်အခါ အကြားတွင် အနှောင့်အယှက် မရှိပါက သမုဒ္ဒရာထဲသို့ ရောက်သည်အထိ အဆက်မပြတ် တရစပ် ဖွဲ့စပ်စီးဆင်းသည့်သဘောရှိသကဲ့သို့ တဏှာအယဉ်သည် လည်း ဖြစ်ပေါ်လာသည့်အခါမှစ၍ တဏှာပြတ်ကြောင်းကို မပြုလုပ်နိုင်လျှင် မပြတ်မစဲ ထပ်တလဲလဲဖြစ်ကာ အပါယ်သမုဒ္ဒရာသို့ ရောက်သည့်အထိ အစဉ်ဖွဲ့စပ်လျက် ဖြစ်တတ်သည်။

မြစ်ရေအယဉ်သည် မိမိထဲသို့ရောက်လာသော သတ္တဝါတို့ကို အောက်သို့ နစ်မြုပ်စေ၏။ ဦးခေါင်းကိုပင် ပေါ်ခွင့်မပေးချေ။ အသက်သေဆုံးခြင်းသို့သော်လည်းကောင်း၊ သေလောက်သည့်ဆင်းရဲ ဒုက္ခသို့သော်လည်းကောင်း ရောက်စေတတ်သကဲ့သို့ ထို့အတူ တဏှာအယဉ်သည်လည်း မိမိအယဉ်အတွင်းသို့ ရောက်လာသည့် သတ္တဝါ

စာမျက်နှာ-137
များကို အပါယ်အထိ နစ်မွန်းစေ၏။ ပညာတည်းဟူသော ဦးခေါင်းကိုပင် ဖြစ်ပေါ်ခွင့်မပေးချေ။ ကုသိုလ်အရင်းအမြစ်ကို လုံးလုံး ဖြတ်တောက်ခြင်း၊ အကုသိုလ်တရားကို ဖြစ်ပွားစေခြင်းဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်သည့် ဆင်းရဲဒုက္ခသို့သော်လည်းကောင်း ရောက်စေနိုင်ပေသည်။

ထို့ပြင် မြစ်ရေအယဉ်သည် ရေအယဉ်ကြီးဖြစ်လာသော် ထိုရေအယဉ်ကြီးကို ကူးနိုင်ဖို့ရန် ဖောင်ဖွဲ့ခြင်း၊ လှေကိုဆောင်ယူခြင်း၌ လိမ္မာကျွမ်းကျင်သော ယောက်ျား၏ အကူအညီကိုလည်း ယူရမည်။ ကမ်းတစ်ဘက်သို့ရောက်လိုသော အလိုဆန္ဒ အဇ္ဈာသယလည်း ရှိရမည်။ ထိုအလိုဆန္ဒနှင့်ကိုက်ညီသော လုံ့လဝီရိယဖြင့်လည်း ကူးရမည်။ သို့မှသာ ထိုရေအယဉ်ကြီးကို ကျော်လွှားကူးမြောက်နိုင်မည်။ ထိုမှတစ်ပါး အခြားနည်းလမ်းဖြင့် ကူးမြောက်ရန် အလွန်ခဲယဉ်းလှသည်။

ထို့အတူ ကာမသြဃ ဘဝသြဃခေါ်သော တဏှာရေအယဉ်ကို ကူးမြောက်နိုင်ရန် သီလကို စောင့်စည်းဖြည့်ကျင့်ရမည်။ သမထ၊ ဝိပဿနာ၊ ဘာဝနာအလုပ်ကို ပြုလုပ်ရမည်။ ရင့်ကျက်သောပညာဖြင့် အရဟတ္တဖိုလ်သို့ရောက်စေမည်ဟူသော ဆန္ဒမွန်လည်း ရှိရမည်။ ထိုဆန္ဒမွန်အတိုင်း ကမ္မဋ္ဌာန်းအလုပ်၌ လိမ္မာကျွမ်းကျင်သည့် ကလျာဏမိတ္တဆရာရှင်၏ အကူအညီဖြင့် သမထဝိပဿနာတည်းဟူသော လှေကြီးကို တက်စီးကာ သမ္မပ္ပဓာန်လေးပါးတည်းဟူသော မှန်ကန်ကြိုးစားအားထုတ်မှုဖြင့် ကူးခပ်ရမည်။ သို့မှသာ ထိုတဏှာရေအယဉ်ကြီးကို ကူးမြောက်နိုင်မည်။ သာမန်ကူးရုံမျှဖြင့် ထိုတဏှာရေအယဉ်ကြီးကို ကျော်လွှားကူးမြောက်ရန် အလွန်ခဲယဉ်းလှ၏။

ဝဲနှင့်ကာမဂုဏ်ငါးပါးတို့တူပုံကား

ဝဲသည် မိမိထံသို့ရောက်လာသည့် သတ္တဝါတို့ကို ချာချာလည်အောင် နှိပ်စက်၍ ပျက်စီးသွားစေသကဲ့သို့ ရူပါရုံစသော အာရုံ

စာမျက်နှာ-138
ငါးပါး ကာမဂုဏ်တရားတို့သည်လည်း လောဘတဏှာစသော ကိလေသာတို့ နှိပ်စက်ခံနေရသော သတ္တဝါတို့ကို ရူပါရုံစသည်မှ သဒ္ဒါရုံစသည်သို့လည်းကောင်း၊ သဒ္ဒါရုံစသည်မှ ရူပါရုံစသည်သို့လည်းကောင်း၊ ချာချာလည်စေ၍ ထိုအာရုံငါးပါး ကာမဂုဏ်တရားမှ ထွက်ရပ်လမ်းဖြစ်သည့် သမထ၊ ဝိပဿနာ၊ ဘာဝနာတရားတို့ကို အားထုတ်ပြုလုပ်ရန် မဖြစ်စေနိုင်ဘဲ ပျက်စီးခြင်းသို့ ရောက်စေတတ်သော သဘောရှိပေသည်။

ဖမ်းစားတတ်သော ဘီလူးရက္ခိုသ်နှင့် မာတုဂါမတို့တူပုံကား

ဖမ်းစားတတ်သော ဘီလူးရက္ခိုသ်သည် မိမိကျက်စားရာ ပိုင်နက်သို့ ရောက်လာသောအခါ အစောင့်အရှောက်ကင်းသည့် ယောက်ျားကိုနှိပ်စက်ဖမ်းယူ၍လည်းကောင်း၊ မိမိပိုင်နက်၏ အပြင်ဘက်၌ရှိသောသူကိုလည်း ရက္ခိုသ်ပရိယာယ်ဖြင့် မိမိပိုင်နက်ထဲသို့ ဝင်လာအောင် ဖြားယောင်းခေါ်ဆောင်ကာ ကြောက်မက်ဖွယ်ရာအဆင်း စသည်တို့ကို ပြခြင်းဖြင့် အစွမ်းသတ္တိမရှိအောင် ထိုသူအား ကူညီမည့်သူကို မရှာနိုင်အောင် ပြုလုပ်ပူးကပ်၍လည်းကောင်း၊ အဆင်း၊ ခွန်အား၊ စည်းစိမ်ချမ်းသာ အခြွေအရံတို့မှ ကင်းကွာစေခြင်းဖြင့် အကျိုးမဲ့ပျက်စီးခြင်းကို ပြုတတ်ပေသည်။

ထို့အတူ မာတုဂါမတို့သည်လည်း မသင့်မလျော် နှလုံးသွင်းချော်၍ ခံနိုင်ရည်မရှိသော ယောက်ျားကို မိန်းမတို့၏ တင့်တယ်စံပယ်ခြင်း အမူအရာတို့ဖြင့် လွှမ်းမိုးဖမ်းယူ၍လည်းကောင်း၊ ခံနိုင်ရည်ရှိသော သူကိုလည်း မိမိ၏ အဆင်းအာရုံစသည်တို့ဖြင့် ဖြားယောင်းသွေးဆောင်ကာ မိန်းမတို့၏ မာယာဖြင့် ပူးကပ်၍ အစွမ်းသတ္တိမရှိအောင်၊ မိမိအား ကျေးဇူးပြုတတ်သည့် သီလစသော ကုသိုလ်တရား

စာမျက်နှာ-139
တို့ကို မကျင့်နိုင်အောင် ပြုလုပ်လျက် ဂုဏ်၊ အဆင်းစသည်တို့မှ ကင်းကွာစေသောအားဖြင့် ကြီးစွာသော အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေတတ်သော သဘောရှိပေသည်။

ဥပမာ ဥပမေယျ နှိုင်းယှဉ်ပြရသော်

မြစ်ရေအယဉ်နှင့် အစဉ်မပြတ် တရစပ် ဖြစ်စေတတ်သော တဏှာအယဉ်တို့ တူကြ၏။ ထိုမြစ်ရေယဉ်၌ ရေစုံမျော၍ လိုက်သွားသော ယောက်ျားသည် အစမထင် သံသရာဝဋ်ဆင်းရဲ၌ ချာချာလည်သောအားဖြင့် တဏှာအယဉ်ဖြင့် မျှောနေသော သတ္တဝါတို့နှင့်တူ၏။ ထိုရေစုံမျောလိုက်သွားသော ယောက်ျား၏ ထိုမြတ်နိုးဖွယ်၊ သာယာတွယ်တာဖွယ် ကောင်းသောဝတ္ထု၌ စွဲလမ်းခြင်းနှင့် ဤတဏှာရေယဉ်ကြော၌ မျောပါနေသော သတ္တဝါ၏ စက္ခာယတန စသည်တို့၌ မှားသောအားဖြင့် စွဲလမ်း၍ ယူခြင်းတို့ တူကြသည်။ လှိုင်းတံပိုး၊ ဝဲ၊ ရက္ခိုသ်တို့ရှိသော မြစ်အောက်ပိုင်းရှိ ရေအိုင်ကြီးနှင့် ကောဓ၊ ဥပါယာသ၊ ကာမဂုဏ်တို့ဖြင့် ရောပြွမ်းသော အောက်ပိုင်း (သြရမ္ဘာဂိယ) သံယောဇဉ်ငါးပါးတို့ တူကြ၏။

ထိုအကြောင်းအရာကို ဟုတ်တိုင်းမှန်စွာ သိမြင်၍ ထိုမြစ်ရေအယဉ်၏ တစ်ဖက်ကမ်း၌ ရပ်လျက်ရှိသော မျက်စိအမြင်သန်သော ယောက်ျားနှင့် အလုံးစုံသော သံသရာအပြစ်ကိုလည်းကောင်း၊ သိသင့်သိထိုက်သည့် တရားအားလုံးကိုလည်းကောင်း၊ ဟုတ်တိုင်းမှန်စွာ သိမြင်သော တဏှာရေအယဉ်၏ တစ်ဖက်ကမ်း နိဗ္ဗာန်နန်း၌ ရပ်တည်လျက်ရှိသည့် ဘုရားရှင်တို့ တူကြသည်။

တစ်ဖက်ကမ်း၌ တည်သော ထိုယောက်ျားသည် ထိုမြစ်ရေအယဉ်၌ မျောနေသော ယောက်ျားကို သနားလှသဖြင့် ရေအိုင်ကြီး၏ အကြောင်းကိုလည်းကောင်း၊ ရေအိုင်ကြီး၏ အပြစ်ကိုလည်းကောင်း

စာမျက်နှာ-140
ပြောကြားခြင်းနှင့် တဏှာရေယဉ်ကြော၌ မျောနေသော သတ္တဝါတို့ကို မဟာကရုဏာတော်ရှင် ဘုရားသခင်က တဏှာစသည်တို့၏ အကြောင်းကိုလည်းကောင်း၊ တဏှာစသည်တို့၏ အပြစ်များကိုလည်းကောင်း ဟောကြားသည်နှင့် တူပေသည်။

ထိုမှာဘက်ကမ်း၌ ရပ်နေသော ယောက်ျား၏ ပြောစကားကို မယုံကြည်သဖြင့် ရေစုံမျှော၍လိုက်သွားသော ယောက်ျား၏ ထိုအိုင်ကြီး၌ အသက်ဆုံးရှုံးရခြင်း၊ အသက်ဆုံးရှုံးရသောဒုက္ခနှင့် တွေ့ကြုံရခြင်းတို့နှင့် ရှင်တော်မြတ်ဘုရား၏ စကားတော်ကို မနာယူသောသူ၏ အပါယ်လေးပါးသို့ ကျရောက်ရခြင်း၊ လူ့ဘုံစသော သုဂတိဘုံတို့၌ ဒုက္ခဆင်းရဲရောက်ရခြင်းတို့ တူကြသည်။

ထိုမှာဘက်ကမ်း၌ ရပ်နေသော ယောက်ျား၏ စကားကို လေးစားယုံကြည်၍ ခြေလက်အစုံတို့ဖြင့် လုံ့လကြိုးကုပ် ဝါယမစိုက်ထုတ်ခြင်း၊ ထိုလုံ့လဝါယမကြောင့် ကမ်းတစ်ဖက်သို့ရောက်၍ အလိုရှိရာဌာနသို့ ချမ်းသာစွာသွားရခြင်းတို့နှင့် ရှင်တော်ဘုရား၏ စကားတော်ကို လိုက်နာ၍ တဏှာ စသည့် ကိလေသာတရားတို့၏ အပြစ်ကိုမြင်သဖြင့် တဏှာရေအယဉ်၌ ရေညာဖြစ်သော သမထဝိပဿနာ ကုသိုလ်တရားတို့ကို ကြိုးစားအားထုတ်ခြင်း၊ သမ္မပ္ပဓာန်ဝီရိယဖြင့်ပင် တဏှာရေအယဉ်ကို လွန်မြောက်ခြင်း၊ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်၍ အရဟတ္တဖိုလ်သမာပတ်၏ အစွမ်းအားဖြင့် အလိုရှိတိုင်း ချမ်းသာစွာနေထိုင်ခြင်းတို့ တူကြပေသည်။

စာမျက်နှာ-141

ဒေါသစေတသိက်

(၁) ဒေါသမည်ပုံ

ဒေါသသဒ္ဒါသည် ပျက်စီးခြင်း (ဝါ) ဖျက်ဆီးခြင်း အနက်ကို ဟောသည်။ ထို့ကြောင့်...

(၁) ပျက်စီးခြင်း သဘောမျှသည်လည်းကောင်း၊

(၂) မိမိဖြစ်ရာတည်ရာ သတ္တဝါများကိုဖြစ်စေ၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကိုဖြစ်စေ သူတစ်ပါးတို့ကိုဖြစ်စေ ဖျက်ဆီးတတ်သော သဘောသည်လည်းကောင်း၊

(၃) မိမိကိုယ်ကို ဖျက်ဆီးတတ်သော သဘောသည်လည်းကောင်း၊ ဒေါသစေတသိက်မည်ပါသည်။ ၁

(၂) ဒေါသ၏လက္ခဏာ

ဒေါသသည် ကြမ်းတမ်းခြင်းသဘောလက္ခဏာရှိသည်။ ၂

ကြမ်းတမ်းပုံ

ဒေါသစေတသိက်သည် အာရုံယူရာ၌ အခြားစေတသိက်များကဲ့သို့ ညင်ညင်သာသာမရှိ၊ ခက်

၁။ အဘိ၊ဋ္ဌ၊၁။ ၂၉၈။

၂။ အဘိ၊ဋ္ဌ၊၁။ ၂၉၈။

စာမျက်နှာ-142
ထန်ကြမ်းတမ်းသောသဘောရှိ၏။ သို့သော် ဒေါသသည် နာမ်တရားဖြစ်၍ ဒေါသ၏ ခက်ထန်ကြမ်းတမ်းသည့် သဘောကို ပကတိမျက်စိဖြင့် တိုက်ရိုက်မမြင်နိုင်ချေ။ “အကျိုးထင်က အကြောင်းမြင်” ဆိုသကဲ့သို့ ဒေါသကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားများ၏ ခက်ထန်ကြမ်းတမ်းပုံကိုကြည့်၍ ဒေါသ၏ ခက်ထန်ကြမ်းတမ်းသည့် သဘောကို ဉာဏ်မျက်စိဖြင့် မှန်းဆသိရသည်။

ဒေါသသည် မိမိကြမ်းတမ်းသကဲ့သို့ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက်ရုပ်တရား၊ နာမ်တရားများကိုလည်း ကြမ်းတမ်းစေသည်။ ဒေါသနှင့်ယှဉ်တွဲမိ ပေါင်းဖက်မိသော ရုပ်တရား နာမ်တရားမှန်သမျှ ဓားပြ သူခိုးလူဆိုးများနှင့် ပေါင်းမိသူများပမာ ဒေါသအလိုအတိုင်း ကြမ်းတမ်းလာကြရမြဲ သဘောရှိ၏။ မလိုလားအပ်ဖွယ် မနှစ်သက်ဖွယ် အနိဋ္ဌရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ ရှူးရှူးရှဲရှဲ ဖြစ်လာကာ ကိုယ်ရောစိတ်ပါ ကြမ်းတမ်းလာခြင်းမှာ ဒေါသ၏ တန်ခိုးသတ္တိပင်ဖြစ်သည်။

ဒေါသအရှိန်ကြီးလျှင် ကြီးသလောက်၊ နည်းလျှင် နည်းသလောက် ရုပ်အဆက်ဆက် ထိခိုက်၍ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ သိသိသာသာကြီး ဖောက်ပြန် ပြောင်းလဲလာလေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ ဒေါသဖြစ်လာသည့်အခါ မျက်စိ မျက်နှာ နီမြန်းလာခြင်း၊ တစ်ဖက်သားကို စားမလို၊ ဝါးမလို ကြည့်ရှုခြင်း၊ လက်နက်ရှာဖွေခြင်း၊ စွဲကိုင်ခြင်း၊ လက်နက်ဖြင့်ချိန်ရွယ်ခြင်း၊ ရိုက်နှက်ထိုးခုတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ အော်ငေါက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းစသော ကြမ်းတမ်းခက်ထန်သည့် သွင်ပြင်လက္ခဏာများကား ဒေါသစေတသိက်ကြောင့် ပေါ်ထွက်လာသည့် အကျိုးတရားများ ဖြစ်ပါသည်။ ယင်းကြမ်းတမ်းသည့် ကိုယ်နှုတ်အမှု

စာမျက်နှာ-143
အရာ သွင်ပြင်လက္ခဏာများကို ကြည့်သောအားဖြင့် မူလတရားခံဖြစ်သော ဒေါသ၏ ကြမ်းတမ်းသည့် သဘောလက္ခဏာကို သိရှိရပေသည်။

အဋ္ဌသာလိနီအဋ္ဌကထာ၌... ဒေါသသည် တုတ်၊ လှံတံ၊ ခဲတို့ဖြင့် တို့ထိပုတ်ခတ်ခံရသည့် မြွေပွေး၊ မြွေဟောက်နှင့်တူသည်ဟု ဥပမာပြုထားသည်။ အဓိပ္ပာယ်မှာ... မြွေပွေး၊ မြွေဟောက်ကို တုတ်ဖြင့် တို့ထိပုတ်ခတ်လိုက်သည့်အခါ ရှူးခနဲ အသံထွက်ကာ ပါးပျဉ်းထောင်ထလာသကဲ့သို့ ဒေါသဖြစ်လာသည့်အခါ၌လည်း ရှူးရှူးရှဲရှဲဖြစ်ကာ ခက်ထန်ကြမ်းတမ်းလာသည်ဟု ဆိုလိုပေသည်။

ထိုသို့ ဒေါသဖြစ်လာသည့်အခါ ဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်တို့ ကြမ်းကြမ်းတမ်းတမ်း ဆိုးဆိုးဝါးဝါး ဖြစ်လာသည်ကိုပင် လောက၌ “စိတ်ဆိုး” သည်ဟု ပြောရိုးရှိကြသည်။ အမှန်အားဖြင့် စိတ်ဆိုးခြင်းသည် ဒေါသကြောင့်သာ ဖြစ်သည်မဟုတ်။ လောဘ၊ မောဟ၊ အဟီရိက၊ ဣဿာ၊ မစ္ဆရိယစသော အခြား အကုသိုလ်စေတသိက်များကြောင့်လည်း စိတ်သည် ကောင်းနေရာမှ ဆိုးသွားလေ့ရှိပါသည်။ သို့ရာတွင် ခက်ထန်ကြမ်းတမ်းသည့် သဘောရှိသော ဒေါသသည် မိမိနှင့်ဖြစ်ဖက် စိတ်စေတသိက်တို့ကိုလည်း မိမိကဲ့သို့ ခက်ထန်ကြမ်းတမ်းစေရကား ဒေါသနှင့် ယှဉ်တွဲရသော စိတ်က အခြားအကုသိုလ်စေတသိက်များနှင့် ယှဉ်တွဲရသော စိတ်များထက် ဆိုးဝါးမှု ပေါ်လွင်ထင်ရှားသောကြောင့် ဒေါသဖြစ်သည့်အခါ၌သာ စိတ်ဆိုးသည်ဟု သုံးနှုန်း ပြောဆိုကြခြင်း ဖြစ်ပေသည်။

ယင်းသို့ ဒေါသသည် ကြမ်းတမ်းသည့် သဘောလက္ခဏာရှိသောကြောင့် ကြမ်းတမ်းသည့် သဘောပေါ်လွင်အောင် ဒေါသကို “ပဋိဃ” ဟူသော နာမည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်စသော ထိုထို

စာမျက်နှာ-144
ပါဠိတော်များ၌ ဟောတော်မူထားသည်ကို တွေ့ရသည်။ ပဋိဃဆိုသည်မှာ အာရုံကို ထိခိုက်တတ်၊ ထိပါးတတ်သော သဘောတရားဟု အဓိပ္ပာယ်ရသည်။ အမှန်စင်စစ် ထိပါးတတ်၊ ထိခိုက်တတ်သော သဘောသည် ရုပ်ဝတ္ထုပစ္စည်းများ၌သာ ရှိနိုင်ဖြစ်နိုင်သည်။ ဒေါသကဲ့သို့သော နာမ်တရားများ၌ ထိုထိပါးခြင်းသဘောမျိုး မရှိနိုင်။

သို့သော် ဒေါသစေတသိက်၏ အာရုံယူပုံသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကြမ်းတမ်းခက်ထန်သည့် သဘောရှိပေသည်။ သို့ဖြစ်၍ ဒေါသသည်အာရုံကို တကယ်ထိပါးခြင်းမရှိစေကာမူ အာရုံယူရာတွင် ကြမ်းတမ်းလှရကား အာရုံကို ထိပါးသကဲ့သို့ ဖြစ်သောကြောင့် ဒေါသစေတသိက်ကို ရုပ်ဝတ္ထုဆန်ဆန် “ပဋိဃ” ဟု ခေါ်ဝေါ်သုံးစွဲထားခြင်း ဖြစ်ပေသည်။

ဤသို့ ဒေါသစေတသိက်သည် ကြမ်းတမ်းသော သဘောလက္ခဏာရှိပေသည်။

(၃) ဒေါသ၏ရသ ၂-မျိုး

(၁) ဒေါသသည် တစ်ကိုယ်လုံး၌ မလိုလားအပ်သော အနိဋ္ဌရုပ်များကို ဖြစ်ပေါ်စေခြင်း ကိစ္စရှိ၏။ ၁

(၂) ဒေါသသည် မိမိမှီရာပုဂ္ဂိုလ်ကို (ဝါ) ဟဒယဝတ္ထုရုပ်ကို လောင်ကျွမ်းခြင်း ကိစ္စရှိ၏။ ၂

(၁) ဒေါသ၏ အနိဋ္ဌရုပ်များကို ဖြစ်ပေါ်စေခြင်းကိစ္စ

အထက်တွင် ဖော်ပြထားသည့် ဒေါသ၏ရသ ၂-မျိုးတွင် “ဒေါသ၏ အနိဋ္ဌရုပ်များကို ဖြစ်ပေါ်စေခြင်းကိစ္စ” သည် သမ္ပတ္တိရသ ခေါ် အကျိုးရသဖြစ်သည်။ ဝါ-ဒေါသကြောင့် ဖြစ်ပေါ်လာသည့်

၁။ ဝိဘာဝိနီဋီကာ၊ ၈၀။

၂။ အဘိ၊ဋ္ဌ၊၁။ ၂၉၈။ မူလဋီကာ၊ ၁၂၁။

၃။ အဘိ၊ဋ္ဌ၊၁။ ၂၉၈။ မူလဋီကာ၊ ၂၁၂။

စာမျက်နှာ-145
အကျိုးတရားများကို ဖော်ပြခြင်းဖြစ်သည်။ ၁

မည်သည့် သတ္တဝါသန္တာန်၌မဆို ဒေါသတရား ဖြစ်ပေါ်လာသည့်အခါ ပကတိရုပ် အနေအထားမှ ပြောင်းလဲ၍ ကြမ်းတမ်းသော ရုပ်စဉ်တစ်မျိုး ဖြစ်ပေါ်လာသည်မှာ သဘာဝတရားပင်ဖြစ်သည်။ ယင်းရုပ်စဉ် ပြောင်းလဲမှုသည် သတ္တဝါတို့၏ မျက်နှာ၌ အလွန်ပေါ်လွင် ထင်ရှားသည်။ မျက်နှာတွင်လည်း မျက်စိသည် ဒေါသ၏ သဘောကို အခြားသော အင်္ဂါအစိတ်အပိုင်းများထက်ပို၍ ဖော်ပြနိုင်စွမ်းရှိပေသည်။ မြန်မာ့လူ့ဘောင်တွင် သုံးစွဲလျက်ရှိကြသော “မျက်စိ မျက်နှာပျက်သည်” ဟူသော စကားသည် ဒေါသကြောင့် မျက်စိမျက်နှာတို့၌ အနိဋ္ဌရုပ်များ ဖြစ်ပေါ်၍ ပင်ကိုအနေအထားမှ ရုပ်စဉ်ပြောင်းလဲသွားသည်ကိုပင် ရည်ညွှန်း၍ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်သည်။

မှန်ပါသည်။ သတ္တဝါတို့၏ စိတ်အစဉ်တွင် ဒေါသဝင်လာသည့်အခါ မျက်နှာအမူအရာ တစ်မျိုးပြောင်းလဲသွားလေ့ ရှိပုံကို လူတိုင်းတွေ့မြင်ဖူးကြပေလိမ့်မည်။ ထိုဒေါသထွက်သူ၏ မျက်နှာကို သတိထား လေ့လာကြည့်ပါလျှင် မျက်နှာအမူအရာ မာကြောလာပုံ၊ တင်းမာကြမ်းတမ်းလာပုံ၊ နဖူးကြောများ ထလာပုံ၊ မျက်နှာနှင့် နားရွက်တို့ နီမြန်းလာပုံ၊ ချွေးထွက်လာပုံ၊ မျက်စိတွင် အရည်လည်လာပြီး အရောင်တောက်လာပုံ၊ တစ်ဖက်သားကို မလေးမစား ပမာမခန့် (ရှုတည်တည်နှင့်) ကြည့်ပုံ၊ စားမလို ဝါးမလိုကြည့်ပုံ၊ မျက်စောင်းထိုးကြည့်ပုံ၊ နှုတ်ခမ်းစူပုံ၊ နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထားပုံ စသည်တို့ကို စုံလင်စွာ တွေ့မြင်ရမည် ဖြစ်ပါသည်။ ဒေါသပြင်းထန်လာသည့်အခါ တစ်ကိုယ်လုံး တုန်လှုပ်လာပုံ၊

၁။ ဓမ္မသင်္ဂဏီမူလဋီကာ၊ ၁၂၈။

၂။ မလိုလားအပ်၊ မနှစ်သက်အပ်သောရုပ်။

စာမျက်နှာ-146

အနိဋ္ဌရုပ်များကိုဖြစ်ပေါ်စေခြင်းကိစ္စ

သဒ္ဒါရုပ်ခေါ် အသံပါတုန်ခါလာပုံ၊ စကားပြောထစ်လာပုံ၊ ပြောလိုသည့် စကားများကို မှန်ကန်ပြည့်စုံအောင် မပြောနိုင်ပုံ၊ အခြားသူများ မနှစ်သက်ဖွယ်၊ မကြားဝံ့မနာသာ ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများ နှုတ်မှထွက်လာပုံ စသည်တို့ကိုလည်း တွေ့ဖူးကြမည် ဖြစ်သည်။ ထိုမျက်စိမျက်နှာပျက် ဖြစ်ခြင်း၊ အသံတုန်ခါခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ခြင်း၊ စကားကို မှန်ကန်ပြည့်စုံအောင် မပြောဆိုနိုင်ခြင်း၊ ပြောသည့် စကားများမှာလည်း ရုန့်ရင်းကြမ်းတမ်း နားမချမ်းသာသည့် စကားသာဖြစ်ခြင်း စသည်တို့သည် ကြားရသူ မြင်ရသူ အားလုံးတို့ မနှစ်သက် မလိုလားအပ်သည့် ရုပ်စဉ်များဖြစ်၍ ထိုရုပ်စဉ်များကို အနိဋ္ဌရုပ်များဟုခေါ်သည်။ ထိုအနိဋ္ဌရုပ်များကား ဒေါသကြောင့် တစ်ကိုယ်လုံးတွင် ပျံ့နှံ့ဖြစ်ပေါ်လာသော ရုပ်များတည်း။ ထို့ကြောင့် ဒေါသသည် တစ်ကိုယ်လုံး၌ အနိဋ္ဌရုပ်များကို ဖြစ်ပေါ်စေခြင်း ရသရှိ၏ဟု မိန့်ဆိုခြင်းဖြစ်သည်။

အဋ္ဌသာလိနီ အဋ္ဌကထာတွင်... ဒေါသကြောင့် အနိဋ္ဌရုပ်များ တစ်ကိုယ်လုံး ပျံ့နှံ့ဖြစ်ပေါ်လာပုံကို မြားဆိပ်၊ မြွေဆိပ်များ ကျရောက်ပုံနှင့် ဥပမာဆောင် ပြထား၏။ မြားဆိပ်၊ မြွေဆိပ်တို့သဘောသည် ခန္ဓာကိုယ်သို့ ကျရောက်သည့်အခါ ပြင်းထန်စွာ တစ်ကိုယ်လုံး ပျံ့နှံ့သွားခြင်းသဘောရှိပေသည်။ ထို့အတူ ဒေါသဖြစ်လာသည့်အခါ၌လည်း ဒေါသစေတသိက်ကြောင့် တစ်ကိုယ်လုံး၌ အနိဋ္ဌရုပ်များ အရုပ်ပျက် အဆင်းပျက်ဖြစ်အောင် ပျံ့နှံ့လျက် ဖြစ်သည်ဟု အဓိပ္ပာယ်ရပေသည်။

ဤသို့ ဒေါသစေတသိက်သည် တစ်ကိုယ်လုံး၌ အနိဋ္ဌရုပ်များကို ဖြစ်ပေါ်စေခြင်းကိစ္စရှိပေသည်။

စာမျက်နှာ-147

(၂) ဒေါသ၏ မိမိမှီရာပုဂ္ဂိုလ်ကို လောင်ကျွမ်းခြင်းကိစ္စ

ဒေါသ၏ မိမိမှီရာပုဂ္ဂိုလ်ကို လောင်ကျွမ်းခြင်းကိစ္စသည် ဒေါသ၏ ဆောင်ရွက်ချက်ကိစ္စဖြစ်သဖြင့် သမ္ပတ္တိရသ၊ ကိစ္စရသ ၂-မျိုးတွင် ကိစ္စရသဖြစ်သည်။

လောင်ကျွမ်းပုံ ။ ။ ဒေါသသည် မိမိမှီရာ ဟဒယဝတ္ထုရုပ်ကို (ဝါ) တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတို့ကို လောင်ကျွမ်းတတ်သည့် သဘောရှိပေသည်။ ယင်းသို့ လောင်ကျွမ်းတတ်၍ မီးနှင့် သဘောတူသောကြောင့် “ဒေါသမီး (ဒေါသဂ္ဂိ)” ဟု မီးနှင့် နှိုင်းခိုင်းကာ ဝိဘင်းပါဠိတော် စသည်တို့၌ ဘုရားရှင် ဟောတော်မူခဲ့ခြင်းဖြစ်သည်။

ချဲ့ပြဦးအံ့၊ ဒေါသစေတသိက်သည် နာမ်တရားတို့၏ မှီရာဝတ္ထုရုပ် ၆-မျိုးတွင် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ်ရ၏။ ထို့ကြောင့် ဒေါသဖြစ်လာသည့်အခါ မိမိမှီရာ ဟဒယဝတ္ထုရုပ်ကို လောင်ကျွမ်း၏။ တစ်ချိန်တည်းမှာပင် ထိုဟဒယဝတ္ထုရုပ်ကိုပင်မှီ၍ မိမိနှင့်အတူ ဖြစ်လာကြသည့် စိတ်စေတသိက်တရားတို့ကို ပူပူလောင်လောင် ဖြစ်စေသည်။ ထိုစိတ်စေတသိက်တို့ကြောင့် ဖြစ်လာသော စိတ္တဇရုပ်များသည်လည်း ဒေါသအရှိန်ကြောင့် ပူလောင်ကြကုန်၏။ ထိုစိတ္တဇရုပ်များနှင့် ပူးကပ်လျက် ဖြစ်ကြရသော ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်များသည်လည်း အပူဓာတ်ကူးစက်၍ တစ်ကိုယ်လုံး လောင်ကျွမ်းသွားတော့၏။

ထို့ကြောင့် ဒေါသဖြစ်လာသည့်အခါ ဒေါသအပူရှိန်ကြောင့် နှလုံးသွေးများ ဆူဝေလာပြီး မျက်ထောင့်များ နီရဲလာသည်။ အသားအရေများ နီမြန်းလာသည်။ စိတ်စေတသိက်များ ပူလောင်လာသဖြင့်

စာမျက်နှာ-148
ကိုယ်အမူအရာ၊ နှုတ်အမူအရာ ခက်ထန်တင်းမာလာသည်။ အသံများ ကျယ်လောင်မာကြောလာ၏။ ခြေတုန်လက်တုန်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်တုန်ရီရီ ဖြစ်လာတတ်သည်။ သွေးခုန်နှုန်းမြန်လာပြီး လည်ချောင်းအာခေါင်များပင် ခြောက်ကပ်ကပ် ဖြစ်လာသည်။ ဤသည်တို့မှာ ဒေါသ၏ လောင်ကျွမ်းမှုသဘောကို ဖော်ညွှန်းနေသော သွင်ပြင်လက္ခဏာများပင် ဖြစ်သည်။

စတုမဟာရာဇ်နတ်တို့ကို လောင်ကျွမ်းပုံ ။ ။ ထိုဒေါသ၏ လောင်ကျွမ်းခြင်းသည် စတုမဟာရာဇ်နတ်များ၌ အလွန်ထင်ရှား၏။ စတုမဟာရာဇ်နတ်တို့၏ ရုပ်ခန္ဓာသည် လူတို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်လောက်အောင် နူးညံ့သိမ်မွေ့လှသည်။ ယင်းနတ်များဒေါသ ပြင်းစွာထွက်လျှင် ထိုဒေါသက သူတို့၏ နူးညံ့သိမ်မွေ့လှသည့် ရုပ်ခန္ဓာကို လောင်ကျွမ်းသဖြင့် ထိုနတ်တို့ စုတေကြရသည်။ နတ်တို့ ရုပ်ခန္ဓာကြီး အပြီးတိုင် ကွယ်ပျောက်သွားရသည်။ ယင်းနတ်တို့ကို မနောပဒေါသိကနတ်များဟု ဘုရားရှင် ဟောတော်မူပါသည်။ ၁

မှန်ပါသည်။ တစ်နေ့သောအခါတွင် စာတုမဟာရာဇ်နတ်သားတစ်ယောက်သည် နက္ခတ်ပွဲသဘင် ကစားရန် အခြံအရံနတ်သမီးများနှင့်အတူ ရထားဖြင့် အပျော်ခရီးထွက်သတဲ့၊ ထိုနတ်သားနှင့် မရှေးမနှောင်းမှာပင် အခြား နတ်သားတစ်ယောက်ကလည်း ခရီးထွက်လာခဲ့ရာ ထိုနတ်သားကိုတွေ့၍ “အို အချင်းတို့၊ ဤနတ်သားသည် မမြင်ဖူး မတွေ့ဖူးသည့် စည်းစိမ်ချမ်းသာကို မြင်တွေ့ရသည့် ဆင်းရဲသားပမာ ရှေးကမမြင်ဖူးသည့် ဤနတ်စည်းစိမ်ကို မြင်ရသောကြောင့် ဝမ်းမြောက်သော ပီတိအဟုန်ဖြင့် ဝင့်ဝင့်ကြွားကြွား

၁။ ဒေါသကြောင့်ပျက်စီးရသောနတ်များ။

စာမျက်နှာ-149
မောက်မော်သောအမူအရာဖြင့်သွား၏” ဟုဆိုကာ အမျက်ထွက်လေ၏။ ရှေ့ကသွားသော နတ်သားသည် နောက်သို့ ပြန်လှည့်လာသည့်အခါ “အမျက်ထွက်သူတို့မည်သည် သိလွယ်သောသဘော ရှိကုန်၏” ဆိုသည့်အတိုင်း ထိုအမျက်ထွက်သည့် နတ်သားကိုတွေ့၍ “သင် ဒေါသထွက်လို့ ကျွန်ုပ်ကို ဘာလုပ်နိုင်မှာလဲ၊ ဒီစည်းစိမ်ချမ်းသာဟာ ကျွန်ုပ်ရဲ့ ဒါန, သီလ, စတဲ့ ကုသိုလ်ကြောင့် ရလာတဲ့ စည်းစိမ်ချမ်းသာပဲ၊ သင့်အစွမ်းအစကြောင့် ရလာတဲ့ စည်းစိမ်းချမ်းသာ မဟုတ်ပါဘူး” ဟု ဆိုကာ ပြန်၍ အမျက်ဒေါသထွက်လေ၏။ ယင်းသို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဒေါသဖြစ်ကြသဖြင့် ဒေါသပြင်းထန်လာရာ အခြံအရံ နတ်သမီးတို့ ငိုကြွေးနေစဉ်မှာပင် နတ်သားနှစ်ယောက်လုံး စုတေ ပျောက်ကွယ်သွားကြကုန်တော့၏။ ၁ ဤသို့ ဒေါသသည် နတ်တို့ကို စုတေသွားအောင်ပင် လောင်ကျွမ်းနိုင်ပေသည်။

ထို့ပြင် သတ္တဝါများသည် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ချမ်းသာ ပျက်စီးခြင်းစသည့် အနိဋ္ဌာရုံများနှင့် တွေ့ကြုံရသည့်အခါ၌လည်း လွန်လွန်မင်းမင်း စိတ်ပင်ပန်းခြင်း ဖြစ်ကြရသည်။ အချို့ပုဂ္ဂိုလ်တို့မှာ မေ့မြော၍ပင် သွားကြသည်။ ယင်းသို့ဖြစ်ခြင်းကား ဥပါယာသခေါ် ဒေါသ၏ လောင်ကျွမ်းမှုပင်တည်း။ ၂

ဤဖော်ပြခဲ့ပြီးသော အကြောင်းအရာများမှာ တက်ကြွသော ဒေါသ၏ လောင်ကျွမ်းမှု သဘောခြင်းရာများ ဖြစ်ပေသည်။ ယင်းတက်ကြွသော ဒေါသကို ရဲရင့်သောဒေါသဟု ဆိုကြသည်။

ကြောက်ရွံ့ခြင်းသည် ဒေါသလား ။ ။ ဒေါသသည် တက်ကြွရဲရင့်ခြင်းကို ဖြစ်စေသကဲ့သို့ ဆုတ်နစ်ကြောက်ရွံ့ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်၍ ဒေါသ

၁။ ဒီ၊၁။၁၉။ ဒီ၊ဋ္ဌ၊၁။၁၀၅။

၂။ ပြင်းထန်းသောစိတ်ပင်ပန်းမှု(ဒေါသ)

စာမျက်နှာ-150
စေတသိက်တစ်ခုတည်းပင် ဖြစ်သော်လည်း တက်ကြွရဲရင့်စေသော ဒေါသ၊ ဆုတ်နစ်ကြောက်ရွံ့စေသော ဒေါသဟု နှစ်မျိုးခွဲနိုင်ပါသည်။ ထို့ကြောင့် စွယ်စုံကျော်ထင်ကျမ်း ဒုတိယတွဲ (၁၉ဝ) ၌ “ကြောက်သည်၊ ရဲသည် ထိုနှစ်တည် မည်သည့် တရားကိုယ်တို့နည်း” ဟူသော အမေးကို “စိတ်၏ထိတ်လန့်ခြင်း၊ ကြောက်ခြင်းသည်လည်း ဒေါသတရား၊ စိတ်၏ ရဲရင့်ခြင်း ကြမ်းကြုတ်ခြင်းသည်လည်း ဒေါသတရားပင်ဖြစ်သည်။ ဒေါသတည်းဟူသော တရားကိုယ် တစ်ပါးတည်းဖြစ်လျက် အဘယ့်ကြောင့် ကြောက်ခြင်း၊ ရဲခြင်းဟူသော ကိစ္စနှစ်ပါးကို ယူအပ်သနည်း။ ဆန့်ကျင်ဘက်ဖြစ်သည် မဟုတ်လောဟူငြားအံ့။ (ဧကဓမ္မောပိ သမာနော၊ တရားတစ်ခုတည်းပင် ဖြစ်သော်လည်း။ အာရမ္မဏာဘောဂါနုရူပံ၊ အာရုံနှလုံးသွင်းအားလျော်စွာ။ အနေကာနိကိစ္စာနိ၊ များစွာသောကိစ္စတို့ကို။ သာဓေတိ၊ ပြီးစေနိုင်၏) ဟူသော အဋ္ဌကထာပါဠိနှင့်အညီ တစ်ခုတည်းသော တရားပင် ဖြစ်သော်လည်း အာရုံအားလျော်စွာလည်းကောင်း၊ နှလုံးသွင်းအားလျော်စွာလည်းကောင်း များစွာသောကိစ္စတို့ကို ပြီးစေနိုင်သည်သာဖြစ်၏” ဟု စွယ်စုံကျော်ထင် ဆရာတော်ဘုရားကြီး ဖြေကြားတော်မူခြင်း ဖြစ်ပါသည်။

ထိုဆုတ်နစ် ကြောက်ရွံ့သော ဒေါသသည်လည်း လောင်ကျွမ်းတတ်သော သဘောရှိပေသည်။ ယင်းသဘောသည် ပရိသတ်အလယ်၌ စကားမပြောဖူးသူ၊ မိန့်ခွန်းမပြောဖူးသူ၊ တရားမဟောဖူးသူတို့ မိန့်ခွန်းစကားပြောသည့်အခါ တရားဟောသည့်အခါတို့၌ ဖြစ်စေ၊ တပည့်ဖြစ်သူတို့ ဆရာသမားရှေ့၌ အာဂုံပြန်စာများကို ပြန်ဆိုရာတို့၌ဖြစ်စေ၊ ကြောက်ဖွယ်အာရုံတို့နှင့် တွေ့ကြုံရသည့်အခါ၌ဖြစ်စေ ထင်ရှားသိသာလှပေသည်။ ထိုသူတို့မှာ ပရိသတ်များ၊ ဆရာသမားများနှင့် ကြောက်ဖွယ်အာရုံတို့ကို ကြောက်ရွံ့သဖြင့် ကြက်သီးမွေး

စာမျက်နှာ-151
ညင်းထခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်ခြင်း၊ အသံပွင့်ပွင့်လင်းလင်း မထွက်ခြင်း၊ အသံတုန်ခြင်း၊ တစ်ထစ်ငေါ့ငေါ့ဖြစ်ခြင်း၊ ပါးစပ်အတွင်း၌ တံတွေးများ ချွဲပျစ်လာခြင်း၊ ချွေးစီးများထွက်ခြင်း စသည်တို့ ဖြစ်လာလေ့ရှိသည်။ အချို့ကား ကြောက်ဖွယ်အာရုံနှင့် အချိန်ကြာကြာ တွေ့ကြုံရသည့်အခါ၌မူ အသားအရေများ ပြာလာပြီး မျက်ကွင်းများပင် ညိုလာတတ်ပေသည်။ ဥပမာအားဖြင့် တောကြက်များကို ဖမ်းမိသည့်အခါ အလွန်ကြောက်သဖြင့် နီရဲနေသော အမောက်များသည် မကြာမီ ညိုမဲလာသည်နှင့်တူ၏။ အဓိပ္ပာယ်မှာ ဆုတ်နစ်ကြောက်ရွံ့သော ဒေါသကြောင့် သွေးများခဲသွားသည့်သဘောပင် ဖြစ်ပေသည်။

ဆန့်ကျင်ဘက်အဒေါသကို လောင်ကျွမ်းပုံ ။ ။ အဒေါသ ခေါ် မေတ္တာ တရားကား ဒေါသနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် တရားတည်း။ ဒေါသသည် ဆန့်ကျင်ဘက် အဒေါသတရားကို အခါခပ်သိမ်း လောင်ကျွမ်းနိုင်သည်။ ယင်းသို့လောင်ကျွမ်းပုံကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ဤသို့ ရေးသားခဲ့ပါသည်။ ၁

ဒေါသမီးသည်ကား အဒေါသတရားကိုလည်းကောင်း၊ အဒေါသနှင့်စပ်သော ချမ်းသာသုခကိုလည်းကောင်း၊ ပြောင်စင်အောင် လောင်နိုင်သည်။ အဒေါသဆိုသည်ကား နတ်သိကြားတို့၏ အသုံးအဆောင်ဖြစ်သော အလွန်အေးချမ်းသော ဂေါသီတစန္ဒကူးနံ့သာတုံးနှင့်တူသည့် စိတ်မျိုးတည်း။ စန္ဒကူးနံ့သာတုံးတို့မည်သည် ပွက်ပွက်ဆူသော ရေပူဆီပူမှာချ၍ နှစ်၍ထားသည်ရှိသော် ထိုရေပူဆီပူသည် သီတာရေကဲ့သို့ ခဏချင်း အေးချမ်းရ၏။ ထို့အတူ အဒေါသတရား မည်သည် ရန်သူတို့၏အလယ်မှာနေသော်လည်း ရန်စိတ်ရန်ပေါက် ပြေပျောက်

၁။ ပဋိစ္စသမုပ္ပါဒဒီပနီ။ ၁၅၄၊ ၁၅၅။

စာမျက်နှာ-152
ငြိမ်းချမ်းကြကုန်၏။ ဥပုသ်သီတင်းသုံးမှု၊ ရသေ့ရဟန်း ပြုလုပ်မှုများသည် ထိုအဒေါသဥယျာဉ်ကို ပြုစု ပျိုးထောင်ပေးမှုပေတည်း။ ထိုအဒေါသဥယျာဉ်သည် အစဉ်အတိုင်း ကြီးပွားစည်ကားသွားမူကား မဂ်, ဖိုလ်, နိဗ္ဗာန်တည်းဟူသော အပွင့်အသီးကိုဆောင်ပေ၏။

ယခုရှိကြသော သတ္တဝါတို့မှာမူကား အနမတဂ္ဂသံသရာကာလ၌ ပြုစုပျိုးထောင်ခဲ့သမျှသော အဒေါသဥယျာဉ်စုသည် ပွင့်ပေါင်းသီးပေါင်း မကြီးရဘဲ ဒေါသမီးလောင်၍လောင်၍ချည်း ပြောင်စင်ကာ လာခဲ့ကြရ၏။ ယခုပင် သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ ယခုပင် သူတစ်ပါးတို့ကို ငြူစူစောင်းမြောင်း မကောင်းပြစ်တင် နှလုံးချဉ်ပေါက် ငေါက်လိုငေါက်, ငန်းလိုငန်း, အကြမ်းအဖွဲ့ ကပ်ဖဲ့ကပ်ကိုး အခိုးထောင်းထောင်း ဖြစ်လာ၏။ ရသေ့ရဟန်းပြု၍ ယခုဘဝ ဗြဟ္မစိုရ်တရားစုကို ပွားများ၍ အခြားမဲ့ဘဝမှာ ဗြဟ္မာမင်းကြီး ဖြစ်သည်မှ နောက်ဘဝမှာ ဓားပြ, သူခိုး, မုဆိုး, တံငါ ဤသို့လျှင် အနမတဂ္ဂသံသရာ၌ ပြုစုပျိုးထောင်ခဲ့သမျှသော အဒေါသဥယျာဉ်၏ ဒေါသမီးနှင့် ပျက်စီးဆုံးပါး၍ လာခဲ့ကြသည်ကို သိအပ်၏။

အဒေါသနှင့်စပ်သော ချမ်းသာသုခဆိုသည်ကား အဒေါသဥယျာဉ် ကြီးပွားစည်ကားသောသူတို့အား ငရဲဘေးမှ လွတ်ငြိမ်း၏၊ လူ၌လည်း အနာရောဂါဘေး၊ ရန်သူဘေးတို့မှ လွတ်ငြိမ်း၏။ အသက်တိုသော ကာမဘုံမှသော်လည်း လွတ်ငြိမ်း၏။ အနမတဂ္ဂသံသရာ၌ ပြုစုခဲ့သမျှသော အဒေါသဥယျာဉ်စုသည် ဒေါသမီးချည်း ပျက်စီးဆုံးပါးစေခဲ့သည့်အတွက်ကြောင့် ယနေ့ထက်တိုင် ငရဲဘေးတန်းလန်း, ရောဂါဘေးတန်းလန်း ရန်သူဘေးတန်းလန်း ရှိနေကြ၏။ ဤကဲ့သို့ သံသရာရှည်၍ တွက်ခြေမလှ၊ ခြောက်ဒွါရမှာ ဒေါသမီးတဟုန်းဟုန်းတောက်လောင်၍နေကြသော လူ့ဘဝ, နတ်ဘဝ

စာမျက်နှာ-153
စုသည် သုခဟူ၍ မြူမျှမဖက် ဒုက္ခသက်သက်သာဖြစ်ပေသတည်း”။

အဋ္ဌသာလိနီကထာ၌ကား ဒေါသသည် တောမီးနှင့်တူ၏ဟု ဖွင့်ဆိုထား၏။ ၁ တောမှဖြစ်သော တောမီးသည် မိမိ၏မှီရာတောကို လောင်ကျွမ်းသကဲ့သို့ ဒေါသသည်လည်း မိမိမှီရာပုဂ္ဂိုလ်ကို လောင်ကျွမ်းတတ်၏ဟုသာ ဖွင့်ဆိုထားပါသည်။ ဆန့်ကျင်ဘက် အဒေါသကို လောင်ကျွမ်းပုံ မဖွင့်ဆိုပါ။ ဤနည်းသာ အဘိဓမ္မာနည်းစစ် ဖြစ်ပါသည်။

ဤသို့ဒေါသသည် မိမိ၏မှီရာပုဂ္ဂိုလ်ကို (ဝါ) ဟဒယဝတ္ထုရုပ်ကို လောင်ကျွမ်းခြင်း ကိစ္စရှိပေသည်။

ဒေါသ၏ပစ္စုပဋ္ဌာန်

ဒေါသစေတသိက်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ဖျက်ဆီးတတ်သည့်တရားဟု အဘိဓမ္မာသဘောကို စူးစူးစိုက်စိုက် လေ့လာရှုမြင်သူတို့၏ ဉာဏ်တွင် ရှေးရှုထင်လာခြင်း သဘောရှိ၏။

မိမိမှီရာပုဂ္ဂိုလ်ကိုဖျက်ဆီးပုံ ။ ။ ဒေါသဖြစ်ကြောင်း မကောင်းသော အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရ၍ ပုဂ္ဂိုလ်တစ်ဦး၏ စိတ်အစဉ်တွင် ဒေါသဝင်လာသည့်အခါ ဒေါသသည် မိမိမှီရာပုဂ္ဂိုလ်ကို ရှေးဦးစွာ ဖျက်ဆီးလေသည်။ ဥပမာဆိုသော် ဒေါသစေတသိက်သည် ပြာသာဒ်ကို မီးတိုက်သည့် မီးရှူးနှင့်တူ၏။ မီးရှူးသည် ပြာသာဒ်ကို မလောင်မီ မိမိကို ရှေးဦးစွာ လောင်၍ ပျက်စီးသကဲ့သို့ ဒေါသစေတသိက်သည်လည်း သူတစ်ပါး

၁။ အဘိ၊ဋ္ဌ၊၁။၂၉၈။ အဘိဓမ္မာဝတာရ ဋီကာသစ်၊ ၃၂၃။

စာမျက်နှာ-154
တို့အား အမျက်ထွက်သည့်အခါ သူတစ်ပါးတို့ကို မဖျက်ဆီးမီ မိမိမှီရာပုဂ္ဂိုလ်ကို ရှေးဦးစွာ မျက်စိပြူးတူး မျက်ဆံပြူးတူး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်ဆီးတတ်သည့် သဘောရှိပေသည်။ ၁ တစ်နည်းဆိုရသော် ရသနှစ်မျိုးလုံးတွင် ပြဆိုခဲ့သည့် ရုပ်တရား နာမ်တရားတို့၏ လောင်ကျွမ်းဖောက်ပြန်မှုများ အားလုံးသည် ဒေါသ၏ မိမိမှီရာပုဂ္ဂိုလ်ကို ဖျက်ဆီးပုံ အခြင်းအရာများပင်ဖြစ်သည်။ ထို့ကြောင့် မိမိမှီရာပုဂ္ဂိုလ်ကို ဖျက်ဆီးပုံကို ရသခန်းလာ အဓိပ္ပာယ်များအတိုင်း မှတ်သားရန် ဖြစ်ပါသည်။

သူတစ်ပါးတို့အား ဖျက်ဆီးပုံ ။ ။ ဒေါသဖြစ်လာသည့်အခါ ဒေါသသည် မိမိမှီရာပုဂ္ဂိုလ်ကို ရှေးဦးစွာ ဖျက်ဆီးပြီးနောက် သူတစ်ပါးတို့အား ကြိမ်းမောင်းခြင်း၊ ဆဲရေးတိုင်းထွာခြင်း စသည်တို့ဖြင့်လည်းကောင်း၊ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ တွန်းလှဲခြင်း စသည်တို့ဖြင့်လည်းကောင်း ဖျက်ဆီးတတ်သော သဘောရှိပေသည်။ ယင်းသို့ ကိုယ်နှုတ်တို့ဖြင့် ဖျက်ဆီးသည့်အခါ အဖျက်ဆီးခံရသူမှာ မိမိကိုယ်နှုတ်တို့ဖြင့် ပြန်လှန်၍ မပြစ်မှား မကျူးလွန်သည့်တိုင်အောင် တန်ပြန်ဒေါသဖြစ်ရခြင်းမှာ သာမန်လောကသားတို့၏ သဘာဝပင်ဖြစ်သည်။ ဤသို့ သူတစ်ပါးတို့အား ဒေါသဖြစ်လာအောင် ပြုမူခြင်းသည်လည်း ဖျက်ဆီးခြင်းတစ်မျိုးပင် ဖြစ်ပေသည်။

ဒေါသစေတသိက်သည် မိမိ သူတစ်ပါးနှစ်ဦးသားတို့အား ဖျက်ဆီးတတ်သည်ဟု ဆိုသော်လည်း သူတစ်ပါးတို့အား ဖျက်ဆီးခြင်းကား မသေချာလှချေ။ မိမိမှီရာပုဂ္ဂိုလ်ကိုမူကား ဧကန်မုချ ဖျက်ဆီးတတ်သည့်သဘော ရှိပေသည်။ ဥပမာအားဖြင့် ဒေါသသည် သူ

၁။ အဘိဓမ္မတ္ထဒီပက ပတွဲ။ ၁၅၊ ၁၇။

စာမျက်နှာ-155
တစ်ပါးတို့အား ပစ်ရန်ပက်ရန် လက်ဖြင့်ကိုင်ယူသော မစင်နှင့်တူ၏။ လက်ဖြင့် မစင်ကိုင်၍ သူတစ်ပါးတို့အား ပက်သည်ရှိသော် ထိုမစင်သည် သူတစ်ပါးတို့အား ထိမှန်ရန် မသေချာလှသော်လည်း မိမိကိုမူ ရှေးဦးစွာ မစင်ပေကျံမည်ကား ဧကန်ဖြစ်၏။ ထို့အတူ ဒေါသသည် သူတစ်ပါးတို့အား ဖျက်ဆီးသည်ဟုဆိုသော်လည်း သူတစ်ပါးတို့အား ဖျက်ဆီးခြင်းသည် မသေချာ၊ မိမိမှီရာတည်ရာပုဂ္ဂိုလ်ကိုမူကား မုချ ဖျက်ဆီးသည်သာဖြစ်၏။ အယုတ်ဆုံးအားဖြင့် အမူအရာပျက်ခြင်း၊ အဆင်းမလှခြင်း၊ ဖောက်ပြန်ခြင်းသို့ ရောက်စေသောအားဖြင့် ဖျက်ဆီးတတ်သောသဘောရှိပေသည်။

ဤပြဆိုခဲ့ပြီးသော ဒေါသ၏ ပစ္စုပဋ္ဌာန်သည် ပစ္စုပဋ္ဌာန်နှစ်မျိုးတွင် စူးစူးစိုက်စိုက် လေ့လာရှုမြင်သူတို့၏ ဉာဏ်တွင် ထင်မြင်လာသည့်သဘောခြင်းရာ (ဥပဋ္ဌာန နယ) ပစ္စုပဋ္ဌာန်ပင်ဖြစ်သည်။ ထို့ကြောင့် “မိမိသူတစ်ပါးနှစ်ဦးသားတို့အား ဖျက်ဆီးခြင်း” ဟူသော ပစ္စုပဋ္ဌာန်သည် ရှေ့လက္ခဏာခန်း၊ ရသခန်းတို့တွင် ပြဆိုခဲ့သည့် ဒေါသ၏ ကြမ်းတမ်းခြင်း၊ လောင်ကျွမ်းခြင်း၊ အနိဋ္ဌရုပ်များကို ပျံ့နှံ့စေခြင်း သဘောတရားတို့၏ အခြင်းအရာများပင် ဖြစ်ပါသည်။

ကမ္မဋ္ဌန်းအားထုတ်သည့် ယောဂီပုဂ္ဂိုလ်သည် ဒေါသပရမတ်တရား၏ သဘောသွားကို ဆင်ခြင်နှလုံးသွင်းလိုက်သည့်အခါ သူ၏ဉာဏ်တွင် “ဒေါသစေတသိက်ကား ဖျက်ဆီးတတ်သည့်သဘော ရှိပါတကား” ဟု ရှေးရှုထင်မြင်ခြင်းသည်ပင် ဒေါသစေတသိက်၏ အခြင်းအရာဖြစ်သော ပစ္စုပဋ္ဌာန်ဖြစ်ပေသည်။ ၁

၅။ ဒေါသ၏ပဒဋ္ဌာန်

ဒေါသသည် ရန်ငြိုးဖွဲ့ကြောင်းဖြစ်သော အာဃာတဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ ၁

၁။ အဘိ၊ဋ္ဌ၊၁။၂၉၈။

စာမျက်နှာ-156
ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် (၁) အနိဋ္ဌာရုံနှင့် (၂) မသင့်မလျော် နှလုံးသွင်းချော်ခြင်းတို့ဖြစ်သည်။

အာဃာတဝတ္ထု (၁၀)ပါး

ဒေါသဖြစ်ရန် အနီးကပ်ဆုံးသော အကြောင်းတရားများကို အာဃာတဝတ္ထုဟုခေါ်သည်။ အာဃာတဆိုသည်မှာ ရန်ငြိုးဖွဲ့တတ်သည့် ဒေါသစေတသိက်၏ နာမည်ဖြစ်သည်။ ထိုဒေါသအာဃာတ ဖြစ်ပေါ်ရန် အကြောင်းအချက်များကို အာဃာတဝတ္ထုဟုခေါ်သည်။ (အာဃာတ = ဒေါသ + ဝတ္ထု = ဖြစ်ကြောင်း)။ ထိုအာဃာတဝတ္ထုတို့ကို ဓမ္မသင်္ဂဏီပါဠိတော် ဟေတုဂေါစ္ဆက ဒုကနိက္ခေပကဏ္ဍ၌ (၁၀) ပါး ဟောထားတော်မူ၏။ ၁ ထို ၁၀-ပါးမှာ...

(၁) ဤသူသည် ငါ၏ အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို ပြုခဲ့ဖူးပြီဟု ရှေးကပြုဖူးသည်ကိုစွဲ၍ ရန်ငြိုးထားခြင်း။

(၂) ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ယခုပြုနေ၏ဟု ပြုတုန်းပြုဆဲကိုစွဲ၍ ရန်ငြိုးထားခြင်း။

(၃) ဤသူသည် ငါ၏ အကျိုးစီးပွားမဲ့ကို ပြုပေလိမ့်မည်ဟု နောင်ပြုအံ့မည်ကို မြှော်ခေါ်၍ ရန်ငြိုးထားခြင်း။

(၄) ဤသူသည် ငါချစ်ခင်မြတ်နိုးသူ၏ အကျိုးစီးပွားမဲ့ကို ပြုခဲ့ဖူးပြီဟု ရှေးကပြုခဲ့ဖူးသည်ကိုစွဲ၍ ရန်ငြိုးထားခြင်း။

(၅) ဤသူသည် ငါချစ်ခင်မြတ်နိုးသူ၏ အကျိုးစီးပွားမဲ့ကို ယခုပြုနေ၏ဟု ပြုတုန်းပြုဆဲကိုစွဲ၍ ရန်ငြိုးထားခြင်း။

စာမျက်နှာ-157
(၆) ဤသူသည် ငါချစ်ခင်မြတ်နိုးသူ၏ အကျိုးစီးပွားမဲ့ကို ပြုပေလိမ့်မည်ဟု နောင်ပြုအံ့မည်ကို မြှော်ခေါ်၍ ရန်ငြိုးထားခြင်း။

(၇) ဤသူသည် ငါ့ရန်သူ၏ အကျိုးစီးပွားကို ပြုခဲ့ဖူးပြီဟု ရှေးကပြုခဲ့ဖူးသည်ကိုစွဲ၍ ရန်ငြိုးထားခြင်း။

(၈) ဤသူသည် ငါ့ရန်သူ၏ အကျိုးစီးပွားကို ယခုပြုနေ၏ဟု ပြုတုန်းပြုဆဲကိုစွဲ၍ ရန်ငြိုးထားခြင်း။

(၉) ဤသူသည် ငါ့ရန်သူ၏ အကျိုးစီးပွားကို ပြုပေလိမ့်မည်ဟု နောင်ပြုအံ့မည်ကို မြှော်ခေါ်၍ ရန်ငြိုးထားခြင်း။

(၁၀) မိုးရွာလွန်းသည့်အခါ “မိုးကလည်း ရွာနိုင်ရန်ကော” ဟု လည်းကောင်း၊ မိုးမရွာပြန်သော် “မရွာကောင်းလော” ဟု လည်းကောင်း၊ လေမတိုက်ဘဲနေသော် “လေကလည်း မတိုက်ပြန်ဘူး” ဟု လည်းကောင်း၊ လေတိုက်ပြန်လျှင်လည်း “လေကလည်းတိုက်လိုက်တာ” ဟုလည်းကောင်း၊ နေပူသည့် အခါ “နေကလည်း ပူလိုက်တာ” ဟုလည်းကောင်း၊ နေမပူသည့်အခါ “နေကလည်းမပူပြန်ဘူး” ဟုလည်းကောင်း၊ ဗောဓိညောင်ရွက်များ ကြွေကျရာ၌လည်း “ညောင်ရွက်တွေ ကလည်း ကြွေလိုက်တာ တံမြက်စည်းတောင် လှဲလို့မရနိုင်ဘူး” ဟုလည်းကောင်း၊ လေတိုက်လွန်း၍ သင်္ကန်းရုံမရသည့်အခါ၌လည်း “ဒီလေကလည်း တိုက်လိုက်တာ၊ သင်္ကန်းတောင် ရုံမရဘူး” ဟုလည်းကောင်း၊ မတော်တဆ ခလုတ်တိုက်မိသည့်အခါ၌ ခလုတ်တိုက်ခြင်း၌လည်းကောင်း အမျက်ဒေါသထွက်လေ့ရှိခြင်းဟူ၍ အာဃာတဝတ္ထု (၁၀) မျိုး ရှိပေသည်။

စာမျက်နှာ-158
ထိုတွင် အမှတ် ၁၀-အာဃာတဝတ္ထုသည် ဒေါသထွက်ရမည့် အရာဌာနမျိုး မဟုတ်ရာ၌ ဒေါသထွက်ခြင်းမျိုးဖြစ်၍ ယင်းကို “အဋ္ဌာနကောပ” ၁ ဟု ခေါ်ဆိုပေသည်။

ထိုဒေါသဖြစ်ရန် အနီးကပ်ဆုံးအကြောင်း (အာဃာတဝတ္ထု) ဆယ်ပါးတွင် အဋ္ဌာနကောပမှတစ်ပါး ကျန် ၉-ပါးသည် သက်ရှိသတ္တဝါကို အာရုံပြု၍ဖြစ်သောကြောင့် ကမ္မပထမြောက်သည်။ အဋ္ဌာနကောပမှာမူ မိုး, နေ, လေ စသော သက်မဲ့သင်္ခါရတရားတို့၌ အမျက်ထွက်သောကြောင့် ကမ္မပထမမြောက်၊ မနောဒုစရိုက်မျှသာ ဖြစ်၏။ အကုသိုလ်ကံတို့မှာ ကမ္မပထမြောက်သည့်အရာရှိသကဲ့သို့ ကမ္မပထမမြောက်သည့်အရာလည်း ရှိပေသည်။ ဤ၌ ကမ္မပထ ဆိုသည်မှာ အပါယ်သို့သွားရန် လမ်းကြောင်းဖြစ်သော ကံ (ကမ္မ=ကံ+ပထ=လမ်းကြောင်း) ဟု အဓိပ္ပာယ်ရ၏။ ကမ္မပထမြောက်သော အကုသိုလ်ကံ ၂ ဖြစ်လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးကို ဧကန်ပေး၏။ ကမ္မပထမမြောက်သည့် အကုသိုလ်ကံဖြစ်မူ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ပဝတ္တိကျိုးမျှကိုသာ ပေးနိုင်သည့် ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်မျှသာ ဖြစ်သည်။

အာဃာတဝတ္ထု ၁၀-ပါးကို အတိုချုပ်ဖော်ပြရလျှင်...

(၁) မိမိ၏ အကျိုးစီးပွားမဲ့

(၂) မိမိချစ်ခင်လေးမြတ်သူ၏ အကျိုးစီးပွားမဲ့

(၃) မိမိမုန်းသူ(ရန်သူ)၏ အကျိုးစီးပွား

ထိုသုံးမျိုးကို...

(က) ရှေးကပြုခဲ့ဖူးခြင်း၊

(ခ) ယခုပြုနေခြင်း၊

(ဂ) နောင်ပြုမည်ဖြစ်ခြင်း...

၁။ အရာမဟုတ်သည့်နေရာ၌ အမျက်ထွက်ခြင်း။

၂။ အဘိ၊ဋ္ဌ၊၁။၃၉၉။

စာမျက်နှာ-159
ဤကာလသုံးပါးဖြင့် မြှောက်လျှင် ၉-ပါးဖြစ်၏။ အဋ္ဌာနကောပ ထည့်ပါက အာဃာတဝတ္ထု ၁၀-ပါး ဖြစ်၏။

ဆောင်ပုဒ်။ ။ မိမိအတ္တ၊ ပရချစ်သူ၊ မုန်းသူပါထည့်၊ တည်ဘိအမှန်၊ ပစ္စုပ္ပန်နှင့်၊ တီတံနာဂတ်၊ မြှောက်လတ်မမှား၊ ရားမှန်စွာ၊ အဋ္ဌာနာနှင့်၊ ကောပါအမျက်၊ ဆယ်ချက်ရန်မျိုး၊ အပါယ်တိုးသည်၊ ကြိုးကြိုးစားစား၊ မှတ်လို့ထား။ ၁

ဤဆိုခဲ့ပြီးသော အာဃာတဝတ္ထုဆယ်ပါးသည် ဒေါသစေတသိက် ဖြစ်ပေါ်ရန်အတွက် အနီးကပ်ဆုံးသော အကြောင်းတရားများ ဖြစ်ပေသည်။

အင်္ဂုတ္တိုရ်လာဒေါသဖြစ်ကြောင်း ၂မျိုး

တစ်နည်းအားဖြင့် ဒေါသဖြစ်ရန် အကြောင်းတို့သည်...

(၁) အနိဋ္ဌာရုံနှင့် တွေ့ဆုံခြင်း၊

(၂) မသင့်မလျော် နှလုံးသွင်းချော်ခြင်း (အယောနိသောမနသိကာရ) ၂ ဟူသော အကြောင်းနှစ်ပါးတို့ဖြစ်သည်ဟု ဘုရားရှင်ဟောတော်မူထား၏။

အနိဋ္ဌာရုံ ၂-မျိုး။ ။ ထိုတွင် အနိဋ္ဌာရုံဆိုသည်မှာ အလိုမရှိအပ် မနှစ်သက်အပ်သည့် အာရုံမျိုး ဖြစ်သည်။ ယင်းအနိဋ္ဌာရုံသည် ပင်ကိုသဘောအတိုင်း အလိုမရှိထိုက်သော သဘာဝအနိဋ္ဌာရုံ၊ သတ္တဝါတို့၏ စိတ်အကြံ၊ စိတ်အလိုအားဖြင့် အလိုမရှိနိုင်သော ပရိကပ္ပအနိဋ္ဌာရုံ ၃ ဟု နှစ်မျိုးရှိသည်။

၁။ အဘိဓမ္မတ္ထဒီပက၊ ပတွဲ၊ ၁၇။

၂။ အံ၊ ၁။ ၈၇။

၃။ ပရိကပ္ပ = စိတ်အကြံအားဖြင့် + အနိဋ္ဌာရုံ = အလိုမရှိအပ်သောအာရုံ။

စာမျက်နှာ-160
သဘာဝအနိဋ္ဌာရုံ။ ။ ထိုတွင် သဘာဝအနိဋ္ဌာရုံကား ကျင်ကြီးကျင်ငယ်၊ အသေကောင်၊ မကောင်းဆိုးဝါးသော အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိစသော အာရုံများဖြစ်သည်။ ထိုသဘာဝအနိဋ္ဌာရုံကို လူလတ်တန်းစား ပုဂ္ဂိုလ်များ၏ အလိုအားဖြင့် သတ်မှတ်ရသည်။ မှန်၏။ ဘုရင်ဧကရာဇ် စသော လူ့အထက်တန်းလွှာများနှင့် နတ်တို့သည် ရိုးရိုးထမင်းဟင်းလျာ စသည့် စားဖွယ်သောက်ဖွယ်များကိုပင်လျှင် ဣဋ္ဌာရုံဖြစ်ပါလျက် မနှစ်သက်နိုင်၊ မလိုလားနိုင်သော အနိဋ္ဌာရုံများ ဖြစ်လျက်ရှိကြ၏။ ၁

အလွန်ဆင်းရဲကြသည့် လူ့အောက်တန်းလွှာများနှင့် တိရစ္ဆာန်တို့မှာမူ ထမင်းသိုးဟင်းသိုးများကိုပင် အနိဋ္ဌာရုံမှန်ပါလျက် လိုလားစရာ နှစ်သက်စရာ ဣဋ္ဌာရုံဟု ထင်နေကြ၏။ ထို့ကြောင့် သဘာဝဣဋ္ဌာရုံ, အနိဋ္ဌာရုံတို့ကို လူလတ်တန်းလွှာတို့၏ အလိုအားဖြင့်သာ ခွဲခြားသတ်မှတ်ရမည်။

ပရိကပ္ပအနိဋ္ဌာရုံ။ ။ ပရိကပ္ပအနိဋ္ဌာရုံကား စိတ်ဖောက်ပြန်မှု စိတ္တဝိပ္ပလ္လာသ၊ အမှတ်မှားမှု သညာဝိပ္ပလ္လာသ၊ အယူမှားမှု ဒိဋ္ဌိဝိပ္ပလ္လာသတို့ မကင်းကြသေးသည့် သတ္တဝါတို့၏ စိတ်အလို စိတ်အကြံအားဖြင့် အလိုမရှိနိုင် မနှစ်သက်နိုင်သော အာရုံမျိုးဖြစ်သည်။ ဥပမာအားဖြင့် ဘုရား၊ တရား၊ သံဃာ စသော အာရုံတို့သည် အလွန်လိုလားအပ်, နှစ်သက်မြတ်နိုးအပ်သော အတိဣဋ္ဌာရုံများ ဖြစ်ကြ၏။ သို့သော် ယင်းအာရုံများသည် တိတ္ထိတို့အဖို့ မျက်စိကိုမှိတ်၊ နားကိုပိတ်လောက်အောင် အလိုမရှိနိုင်၊ မနှစ်သက်နိုင်သည့် အနိဋ္ဌာရုံများ ဖြစ်သကဲ့သို့တည်း။ ထိုနည်းတူစွာ သာမန်ထမင်းဟင်းလျာ စသော စားဖွယ်သောက်ဖွယ်များသည်

၁။ အဘိ၊ဋ္ဌ၊၂။၁၀။

စာမျက်နှာ-161
ဣဋ္ဌာရုံများ ဖြစ်သည်မှန်သော်လည်း တိုင်းကြီးပြည်ရှင်၊ ဘုရင်ဧကရာဇ်စသော အထက်တန်းလွှာများအဖို့ အလိုမရှိနိုင်၊ မနှစ်သက်နိုင်သော အနိဋ္ဌာရုံများ ဖြစ်ကြသည်။ ယင်းသို့သတ္တဝါတို့၏ စိတ်အလို စိတ်အကြံအားဖြင့် အလိုမရှိနိုင်၊ မနှစ်သက်နိုင်သော အာရုံမျိုးကို ပရိကပ္ပအနိဋ္ဌာရုံဟု ခေါ်သည်။

အထက်ပါ ဒေါသဖြစ်ကြောင်း နှစ်မျိုးတို့တွင် အနိဋ္ဌာရုံနှင့် တွေ့ဆုံခြင်းဟူသော ပထမအကြောင်း၌ “အနိဋ္ဌာရုံ” ဆိုသည်မှာ ယခုပြဆိုခဲ့ပြီးသော သဘာဝအနိဋ္ဌာရုံ၊ ပရိကပ္ပအနိဋ္ဌာရုံနှစ်မျိုးလုံးပင် ဖြစ်သည်။

မသင့်မလျော် နှလုံးသွင်းချော်ခြင်း။ ။ စိတ်တို့မည်သည် အာရုံနှင့် ကင်း၍ဖြစ်နိုင်သော သဘောတရားမဟုတ်၊ လိုလားအပ်သည်ဖြစ်စေ၊ မလိုလားအပ်သည်ဖြစ်စေ အာရုံရှိမှသာ အာရုံကိုစွဲမှီ၍ ဖြစ်ပေါ်လာရသော သဘောတရားဖြစ်၏။ ထိုစိတ်သည် အလိုမရှိအပ်သော အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ ထိုအာရုံကို အများအားဖြင့် အဆိုးဘက်မှ ရှုမြင်သုံးသပ်တတ်သော သဘောရှိ၏။ ယင်းသို့ အဆိုးဘက်မှ ရှုမြင်သုံးသပ်နည်းကို မသင့်မလျော် နှလုံးသွင်းချော်မှု-ဝါ-နှလုံးသွင်းမလိမ္မာမှုဟု ဆိုပါသည်။ ယင်းသို့ နှလုံးသွင်းမလိမ္မာမှုကို ကျမ်းဂန်များ၌ “အယောနိသောမနသိကာရ” ဟု ခေါ်ဝေါ် သုံးစွဲလေ့ရှိ၏။ (အယောနိသော = နည်းမှန်လမ်းမှန် မဟုတ်သောအားဖြင့်၊ ဝါ-မသင့်လျော်သော အကြောင်းအားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း)

အကြောင်း ၂-မျိုးကြောင့် ဒေါသဖြစ်ပုံ။ ။ အထက်တွင် ဖော်ပြခဲ့သည့် သဘာဝအနိဋ္ဌာရုံ၊ ပရိကပ္ပအနိဋ္ဌာရုံ ၂-မျိုးတို့တွင် တစ်မျိုးမျိုးနှင့် တွေ့ကြုံရသည်ဖြစ်

စာမျက်နှာ-162
စေ၊ ထိုအာရုံ၌ မသင့်မလျော် နှလုံးသွင်းချော်ခဲ့သည်ဖြစ်စေ ဒေါသတရား ဖြစ်ပွားပေါ်ပေါက်လာရသည်ဟု အင်္ဂုတ္ထိုရ်တွင် ဘုရားဟောခဲ့ပါသည်။ ရှေ့တွင် တင်ပြခဲ့ပြီးသော အာဃာတဝတ္ထု ၁၀-ပါးကို စိစစ်ကြည့်လျှင် ဤအချက်သည် အလွန်ပေါ်လွင် ထင်ရှားပါသည်။ မိမိ၏ အကျိုးစီးပွားမဲ့၊ မိမိမိတ်ဆွေ၏ အကျိုးစီးပွားမဲ့, မိမိရန်သူ၏ အကျိုးတို့ကို ပြုလုပ်နေသူများကား မိမိတို့ မတွေ့လိုမမြင်လိုသည့် ပုဂ္ဂိုလ်များတည်း။ ထိုမတွေ့လို မမြင်လိုသည့် ပုဂ္ဂိုလ်တည်းဟူသော အနိဋ္ဌာရုံနှင့် တွေ့ကြုံရသည့်အခါ “မိမိ၏ အကျိုးစီးပွားမဲ့၊ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့၊ မိမိရန်သူ၏ အကျိုးစီးပွားတို့ကို ပြုနေတဲ့ အကောင်ပဲ” ဟု မသင့်မလျော် နှလုံးသွင်းချော်တတ်ကြလေသည်။ ယင်းသို့ နှလုံးသွင်းချော်သည်နှင့် တစ်ပြိုင်နက် ရန်ငြိုးဖွဲ့ခြင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်းဟူသော ဒေါသစေတသိက် ဖြစ်ပေါ်လာရမြဲ ဖြစ်ပေသည်။

မသင့်မလျော်နှလုံးသွင်းချော်ခြင်းပဓာန။ ။ အနိဋ္ဌာရုံနှင့် တွေ့ဆုံခြင်း၊ မသင့်မလျော် နှလုံးသွင်းချော်ခြင်းဟူသောအကြောင်း နှစ်ပါးစုံညီမှ ဒေါသဖြစ်ပေါ်လာနိုင်သည်ဟူသော ဒေသနာတော်ကား အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိသည့်သဘောကို ယေဘုယျနည်းအားဖြင့် ညွှန်ပြတော်မူသော ဒေသနာတော်ဖြစ်သည်။

အနိဋ္ဌာရုံနှင့် တွေ့ဆုံရစေကာမူ အကောင်းဘက်မှ ရှုမြင်သုံးသပ်၍ အသင့်အတင့် နှလုံးသွင်းဆင်ခြင်မှုရှိပါက ဒေါသမဖြစ်ပေါ်လာနိုင်ချေ။ သဘာဝဣဋ္ဌာရုံ၊ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံရစေကာမူ အဆိုးဘက်မှ ရှုမြင်၍ မသင့်မလျော် နှလုံးသွင်းချော်ပါက ဒေါသဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ဒေါသဖြစ်ပေါ်လာရေး အကြောင်းနှစ်မျိုးတွင် မသင့်မလျော် နှလုံးသွင်းချော်ခြင်း (အယောနိသောမန

စာမျက်နှာ-163
သိကာရ) ဟူသော ဒုတိယအကြောင်းသည်သာ အချက်အချာပဓာန ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားက...

“ချစ်သားရဟန်းတို့၊ အလုံးစုံသော အကုသိုလ်တရားတို့သည် ရှိကုန်၏။ ထိုအလုံးစုံသော အကုသိုလ်တရားတို့သည် မသင့်မလျော် နှလုံးသွင်းချော်ခြင်းဟူသော အယောနိသောမနသိကာရလျှင် အရင်းမူလပဓာန ဖြစ်ကုန်၏”

ဟုဟောတော်မူခဲ့ခြင်းဖြစ်သည်။ (သမ္မောဟဝိနောဒနီအဋ္ဌကထာ-၁၄၀)

မတ္တရာဆရာတော်ဘုရားကြီး။ ။ ဤနေရာတွင် အနိဋ္ဌာရုံနှင့် တွေ့ကြုံရစေကာမူ အကောင်းဘက်မှ ရှုမြင်သုံးသပ် နှလုံးသွင်းဆင်ခြင်မှု (ယောနိသောမနသိကာရ) ရှိသဖြင့် ဒေါသမဖြစ်လာနိုင်ပုံကို ပစ္စက္ခဝတ္ထု သာဓကဖြင့် တင်ပြပါမည်။ မင်းတုန်းမင်းတရားကြီးလက်ထက်က မတ္တရာမြို့၌ အံ့ဩစရာကောင်းလောက်အောင် သည်းခံခြင်းရှိသည့် ဆရာတော်ဘုရားကြီးတစ်ပါးရှိသည်။ ထိုအကြောင်းကို မင်းတရားကြီး သိတော်မူသဖြင့် အထောက်တော်များကို စေလွှတ်စုံစမ်းတော်မူ၏။ မင်းတရားကြီး စေလွှတ်လိုက်သည့် အထောက်တော်များသည် ကပ္ပိယလုပ်၍ ဆွမ်းအမျိုးမျိုး ဆက်ကပ်ခြင်းဖြင့် ပထမဆုံး စမ်းသပ်ကြ၏။ ရှေးဦးစွာ ဆွမ်းကို ပျော့ပျော့ကြီးချက်၍ကပ်၏။ ထိုအခါ ဆရာတော်က “အင်း...အဝါးရ သက်သာသည်။ အစာကြေလွယ်သည်” ဟု အမိန့်ရှိ၏။ တစ်ဖန် မာမာကြီးချက်၍ ကပ်ပြန်သည့်အခါ “ဒီလိုဝါးပြီး ဘုဉ်းပေးရတာ အရသာပေါ်ပေသည်” ဟု မိန့်တော်မူ၏။ ထို့နောက် ဟင်းကို ဆားမခပ်ဘဲ ချက်ကပ်ရာ “အင်း...ရေငတ်ပြေတယ်” ဟု

စာမျက်နှာ-164
အမိန့်ရှိ၏။ ဆားများများခတ်၍ ကပ်ပြန်သည့်အခါ “အင်း.. သွေးကြေတယ်” ဟု မိန့်တော်မူ၏။

ထို့နောက် မင်းတရားကြီး၏အမိန့်အရ ညီတော် မင်းတပ်မြို့စား အိမ်ရှေ့မင်းသားသည် နန်းတော်သို့ပင်လျှင် ကြွလို မကြွလို ဆရာတော်အား လာရောက်လျှောက်ထားလေသည်။ ဆရာတော်က “သာသနဒါယကာပင့်သည်ကို ငြင်းဖွယ်မရှိ” ဟု မိန့်တော်မူသဖြင့် မဟာဒါန်ဝန်ကို လှေတော်နှင့် သွားရောက်ပင့်စေသည်။ ဆရာတော် ပင့်ဆောင်လာသည့် လှေသည် ဝါးရင်းတုတ်ရွာသို့အရောက်တွင် မင်းတရားကြီးထံမှ နောက်ထပ်လွှတ်လိုက်သူတို့က “ဆရာတော်ဘုရားသည် အသက်အရွယ် ကြီးရင့်ပြီ၊ မတ္တရာမြို့ကျောင်းတိုက်မှာပင် ပြန်လည်သီတင်းသုံးရန် မင်းတရားကြီးကလျှောက်ထားကြောင်း” စာကို ဆက်ကပ်ရာ ဆရာတော်က “အင်း...အင်း...ဟုတ်ပေတယ်။ ငါမလဲ ခွေးနို့စို့သလို ပညာသင်ကြားနေကြတဲ့ တပည့်များဟာ ပညာတည်းဟူသော နို့ရည်ငတ်နေကြရင် သူတို့ဝမ်းနည်းကြပေလိမ့်မယ်၊ ပြန်၍နေရတာ ၎င်းတို့ဝမ်းမြောက်ကြလိမ့်မယ်” ဟု မိန့်တော်မူကာ ကျောင်းသို့ပြန်ကြွတော်မူ၏။

နောက်တစ်လခန့်အကြာတွင် မင်းတရားကြီးသည် နန်းဦးကျောင်းကို ဆောက်လုပ်စေပြီး၊ သံတော်ဆင့်များအား စေလွှတ်၍ ဆရာတော်ကို ပင့်စေ၏။ ဆရာတော်က “အင်း...မဟာမြတ်မုနိ ဘုရားကြီးကို မဖူးရတာ အတော်ကြာပေပြီ၊ သည်တစ်ခါဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ဖူးရပေမည်” ဟု အမိန့်ရှိကာ လိုက်ပါလာလေသည်။

ဆရာတော် နန်းဦးကျောင်း၌ သီတင်းသုံးနေစဉ် မင်းတရားကြီးသည်လည်းကောင်း၊ မိဖုရားမောင်းမမိဿံတို့သည်လည်းကောင်း၊ သားတော်သမီးတော်တို့သည်လည်းကောင်း၊ နန်းတွင်းနန်းပြင် အရာ

စာမျက်နှာ-165
ထမ်း အမှုထမ်းတို့သည်လည်းကောင်း ညစဉ် ဆရာတော်အား ပူဇော်ကန်တော့ရန် တရားနာရန် မပြတ်လာလေ့ရှိကြ၏။

အတန်ကြာသော် မင်းတရားကြီးက နန်းဦးကျောင်းတိုက်အတွင်း တစ်နေရာ၌ ထန်းရွက်မိုးကာသော ယာယီကျောင်းကလေး တစ်ဆောင် ဆောက်လုပ်စေသည်။ ကျောင်းကလေး ပြီးသည့်အခါ မင်းတရားကြီးက “ဆရာတော်သည် ကျောင်းကြီးပေါ်၌ သီတင်းသုံးရသည်မှာ တက်ရဆင်းရ ပင်ပန်း ဒုက္ခရောက်လှသည်။ ကျောင်းငယ်သို့ဆင်း၍ သီတင်းသုံးသင့်ပါသည်” ဟုလျှောက်ရာ “အင်း...ဟုတ်ပေတယ်၊ တက်ရဆင်းရတာ လူအိုဖြစ်တော့ သတိထားရတယ်၊ တရားနာသူများလည်း တက်ရဆင်းရ ဝန်လေးပေမယ်၊ အောက်မြေပြင်မှာပဲ သင့်လျော်မယ်” ဟု မိန့်တော်မူပြီး ဆင်း၍ သီတင်းသုံးရှာတော်မူ၏။

တစ်လခန့်ရှိသောအခါ “ကျောင်းကြီးပေါ်မှာတက်၍ သီတင်းသုံးမှ တော်မည်ထင်ကြောင်း” မင်းတရားကြီး လျှောက်ထားပြန်ရာ “အင်း..ကျောင်းကြီးပေါ်မှာတော့ လေလုံ, မိုးလုံကောင်းပေတာပ၊ သည်ထန်းရွက်မိုးကျောင်းကလေးမှာတော့ မိုးလုံလေလုံမဟုတ်၊ တရားနာပရိသတ်များလဲ မြေပြင်မှာ တရားနာရတဲ့အတွက် အအေးမိပြီး ဥတုပျက်မှာစိုးရတယ်” ဟု အမိန့်ရှိပြီး ကျောင်းကြီးပေါ်သို့ ကြွ၍ သီတင်းသုံးတော်မူပြန်သတည်း။

ဤမတ္တရာဆရာတော်ဘုရားကြီး အကြောင်းအရာကို သုံးသပ်ကြည့်လျှင် ဆရာတော်ဘုရားကြီးသည် ဆွမ်းပျော့လွန်းခြင်း၊ မာလွန်းခြင်း၊ ဟင်းပေါ့ခြင်း၊ လေးခြင်း၊ နန်းတော်သို့ပင့်လာပြီး နန်းတော်မရောက်မီ ပြန်လှည့်စေခြင်း၊ ကျောင်းကြီးမှ ကျောင်းကလေးသို့ ပြောင်းရွှေ့စေပြီးမှ တစ်ဖန် ကျောင်းကလေးမှ ကျောင်းကြီးသို့ ပြောင်းရွှေ့စေပြန်ခြင်းစသော အနိဋ္ဌာရုံတို့ကို အကြိမ်ကြိမ် တွေ့ကြုံရစေကာမူ “အဝါးရသက်သာတယ်၊ ဝါးပြီးဘုဉ်းပေးရတာ အရသာပေါ်တယ်၊ ရေငတ်ပြေတယ်၊ သွေးကြေတယ်” စသော နှလုံးသွင်းလိမ္မာမှု (ယောနိသောမနသိကာရ) တို့ကြောင့် ဆရာတော်ဘုရားကြီး စိတ်အစဉ်တွင် စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ အမျက်ထွက်ခြင်းစသော ဒေါသစေတသိက် ဝင်ရောက်လာရခွင့်မရသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။

စာမျက်နှာ-166
ပြောင်းရွှေ့စေပြန်ခြင်းစသော အနိဋ္ဌာရုံတို့ကို အကြိမ်ကြိမ် တွေ့ကြုံရစေကာမူ “အဝါးရသက်သာတယ်၊ ဝါးပြီးဘုဉ်းပေးရတာ အရသာပေါ်တယ်၊ ရေငတ်ပြေတယ်၊ သွေးကြေတယ်” စသော နှလုံးသွင်းလိမ္မာမှု (ယောနိသောမနသိကာရ) တို့ကြောင့် ဆရာတော်ဘုရားကြီး စိတ်အစဉ်တွင် စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ အမျက်ထွက်ခြင်းစသော ဒေါသစေတသိက် ဝင်ရောက်လာရခွင့်မရသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။

တိတ္ထိဆရာကြီးများနှင့် မြတ်စွာဘုရား။ ။ သဘာဝအားဖြင့် ဒေါသဖြစ်ပေါ်လာနိုင်ခွင့်မရှိသော အတိဣဋ္ဌာရုံ၊ သဘာဝဣဋ္ဌာရုံတို့နှင့် တွေ့ကြုံရစေကာမူ နှလုံးသွင်း မလိမ္မာမှု (အယောနိသောမနသိကာရ) ရှိခဲ့ပါက ဒေါသဖြစ်ပေါ်လာနိုင်ပုံကို အတိတ်အကြောင်းအရာ၊ ပစ္စုပ္ပန်အကြောင်းအရာတို့ဖြင့် ဆက်လက်ရှင်းပြပါဦးမည်။ ဘုရားမပွင့်မီ အချိန်က ပူရဏကဿပ၊ မက္ခလိဂေါသာလစသည့် တိတ္ထိဂိုဏ်းဆရာကြီးများမှာ ကိုးကွယ်ယုံကြည်သူ များပြား၍ လာဘ်လာဘ အခြံအရံများ ပေါများကာ ကြီးပွားကောင်းစားနေပေသည်။ ဘုရားရှင်ပွင့်ပေါ်လာသည့် အချိန်၌မူ နေရောင်ခြည်အောက်တွင် ပိုးစုန်းကြူး အရောင်မတောက်နိုင်သကဲ့သို့ တန်ခိုးအာဏာ သြဇာအရှိန်အဝါများ တဖြည်းဖြည်း ကျဆင်းလာခဲ့ကြသည်။ ဘုရားရှင်အား ကြည်ညိုသူများလာသည်နှင့်အမျှ တိတ္ထိဆရာကြီးများမှာ အခြံအရံ လာဘ်လာဘများ တစ်နေ့တစ်ခြား လျော့ပါးဆုတ်ယုတ်လာခဲ့၏။ ဤအချက်ကို တိတ္ထိဆရာကြီးတို့ အလွန်မကျေမနပ် ဖြစ်နေကြသည်။ အမှန်ဆိုရသော် ဘုရား၊ တရား၊ သံဃာဟူသည့် ရတနာသုံးပါးတို့ကား အလွန်အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်သည့် အတိဣဋ္ဌာရုံများဖြစ်သည်။ သို့သော် တိတ္ထိတို့မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို တွေ့မြင်ကြား

စာမျက်နှာ-167
နာရသည့်အခါ မျက်စိကိုမှိတ်၊ နားကိုပိတ်ထားလောက်အောင် ဒေါသအမျက်ထွက်ကြ၏။ ယင်းသို့ဖြစ်ကြခြင်းကား “ဒီရှင်ကြီး ဂေါတမကြောင့် ငါတို့အခြံအရံ လာဘ်လာဘများ လျော့ပါးဆုတ်ယုတ်သွားရတယ်” ဟူသော နှလုံးသွင်း မလိမ္မာမှုကြောင့် ဝါ-မသင့်မလျော်နှလုံးသွင်းချော်မှု (အယောနိသော မနသိကာရ) ကြောင့် ဖြစ်ပေသည်။

ဆရာမိဘနှင့် တပည့်သားသမီးများ

ဆရာသမား မိဘဘိုးဘွား သက်ကြီးဝါကြီးများ၏ ဆုံးမစကားများကား မေတ္တာရှေ့ထား ကောင်းကျိုးလိုလားသည့် ဘဝလမ်းညွှန်ချက်များဖြစ်၏။ ယင်းဆုံးမစကားများသည် တပည့်သားသမီး စသော ဘဝအတွေ့အကြုံ နုသေးသည့်လူငယ်များအဖို့ လိုလားအပ်၊ နှစ်သက်မြတ်နိုးအပ်သော သဘာဝဣဋ္ဌာရုံများဖြစ်သည်။ သို့သော် အချို့လူငယ်များသည် ထိုအဖိုးတန် လမ်းညွှန်ဆုံးမချက်များကို “နားငြီးစကားများ၊ ချုပ်ချယ်မှုများ” စသည်ဖြင့် လမ်းမှန်အကြောင်းမှန် မဟုတ်သောအားဖြင့် နှလုံးသွင်းကြ၏။ ဝါ-မသင့်မလျော် နှလုံးသွင်းချော်ကြ၏။ ယင်းသို့ နှလုံးသွင်းကြသဖြင့် ထိုဆုံးမလမ်းညွှန်မှုကို လက်မခံလိုကြဘဲ စိတ်တိုကြ၏။ အမျက်ဒေါသထွက်ကြ၏။ စိတ်မချမ်းမသာ ဖြစ်ကြ၏။

ဤသို့ အမှန်အလိုရှိအပ်သည့် သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံစေရကာမူ နှလုံးသွင်း မလိမ္မာမှုရှိခဲ့ပါလျှင် စိတ်အစဉ်တွင် ဒေါသစေတသိက် ပူးယှဉ်ဝင်ကပ်ခွင့်ရပေသည်။

၆။ ဒေါသစေတသိက်၏နာမည်ထူးများ

ဒေါသစေတသိက်သည်လည်း လောဘစေတသိက်ကဲ့သို့ပင် အကုသိုလ်ပိုင်းဆိုင်ရာတွင် မိမိစွမ်းဆောင်သည့် သဘောသတ္တိအလိုက်

စာမျက်နှာ-168
အခြားနာမည်များကိုလည်း ရရှိသေးသည်။ ယင်းနာမည်များကို ဓမ္မသင်္ဂဏီပါဠိတော် ဒုကနိက္ခေပကဏ္ဍ၌...

“အာဃာတ၊ ပဋိဃာတ၊ ပဋိဃ၊ ဝိရောဓ၊ ပဋိဝိရောဓ၊ ကောပ၊ ပကောပ၊ သမ္ပကောပ၊ ဒေါသ၊ ပဒေါသ၊ သမ္မဒေါသ၊ မနောပဒေါသ၊ ဒုဿနာ၊ ဒုဿိတတ္ထ၊ ကောဓ၊ ကုစ္ဆိတတ္တ၊ ဗျာပတ္တိ၊ ဗျာပဇ္ဇနာ၊ ဗျာပဇ္ဇိတတ္တ၊ စဏ္ဍိက္က၊ အသုရောပ၊ အနတ္တမနတာ” ဟု ဟောတော်မူထားသည်။

ထို့ပြင် ပဋ္ဌာန်း၊ ယမိုက်၊ ဓာတုကထာစသော အဘိဓမ္မာပါဠိတော်၊ သုတ္တန်ပါဠိတော်ကြီးများ၌လည်း ဒေါသကို မူလ၊ ဟေတု၊ နိဝရဏ၊ အနုသယ၊ သံယောဇန၊ ကိလေသ၊ ဗျာပါဒ စသည်ဖြင့် နာမည်အမျိုးမျိုးပေး၍ ဟောတော်မူထားသည်ကို တွေ့ရသေးသည်။ ထိုနာမည်များ မှည့်ခေါ်ရပုံကို အနည်းငယ်ရှင်းပြပါမည်။

အာဃာတ၊ ပဋိဃာတ၊ ပဋိဃ

ဒေါသစေတသိက်သည် ရှေ့ပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း မိမိမှီရာ တည်ရာသတ္တဝါကိုဖြစ်စေ၊ မိမိနှင့်အတူဖြစ်ဖော်ဖြစ်ဖက် နာမ်တရား ရုပ်တရားများကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ဖျက်ဆီးတတ်၊ ညှဉ်းပန်းနှိပ်စက်တတ်သည့်သဘော ရှိပေသည်။ သို့ဖြစ်၍ သတ္တဝါတစ်ဦးသန္တာန်၌ ဒေါသဖြစ်လာသည့်အခါ စိတ်ပင်ပန်းဆင်းရဲမှုဖြစ်လာရသည်။ မိမိသာ စိတ်ပင်ပန်းဆင်းရဲမှု ဖြစ်ရသည်မဟုတ်၊ မိမိက တစ်ပါးသူကို ဒေါသဖြစ်လျှင် ထိုဒေါသသည် အခြားသူသို့ပါ ကူးစက်၍ ညှဉ်းပန်းလောင်ကျွမ်းတော့သည်။ ထို့ကြောင့် စိတ်ပင်ပန်းဆင်းရဲမှုမှန်သမျှသည် ဒေါသလက်ချက်ချည်းသာဖြစ်သည်။

စာမျက်နှာ-169
ယင်းသို့ ဒေါသသည် မိမိသူတစ်ပါး နှစ်ဦးသားလုံး၏ စိတ်ကို ညှဉ်းပန်းနှိပ်စက်တတ်သောကြောင့် ဒေါသကို “အာဃာတ” ၁ ဟု နာမည်ပေးခြင်းဖြစ်သည်။

ဤနေရာ၌ စိတ်ကို သာမန်ညှဉ်းဆဲ နှိပ်စက်ရုံမျှဖြစ်သည့် ဒေါသကို “အာဃာတ” ဟုခေါ်သည်။ သာမန်ညှဉ်းဆဲရုံမကဘဲ ထပ်တလဲလဲ ကြိမ်ဖန်များစွာ စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သည့် ဒေါသကိုမူ အာဃာတမည်သော ဒေါသထက် အင်အားကောင်းသောကြောင့် ပဋိဃာတဟူ၍လည်းကောင်း၊ ပဋိဃဟူ၍လည်းကောင်း ခေါ်ဝေါ်သည်။ (ပဋိ = ကြိမ်ဖန်များစွာ + ဃာတ = စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သော ဒေါသ)။ ၂

တစ်နည်းအားဖြင့် လက္ခဏအခန်းတွင် တင်ပြခဲ့သကဲ့သို့ အာရုံကို ထိခိုက်တတ်၊ ထိပါးတတ်သောကြောင့် ဒေါသကို “ပဋိဃ” ခေါ်သည် ၃။

ထိုဒေါသတရား ဖြစ်ပေါ်လာသည်ရှိသော် ဒေါသသည် မိမိနှင့်အတူဖြစ်ဖက် စိတ်စေတသိက်တရားတို့ကို ခေါင်းပါးခြောက်သွေ့အောင် ပြုတတ်၏။ ထိပါးတတ်၊ ထိခိုက်တတ်၏ ၄။ လောကတွင် အချို့လူများ ပြောဆိုသုံးနှုန်းလေ့ရှိသော “စိတ်ထိခိုက်သည်” ဟူသော ဝေါဟာရသည် ဒေါသ၏ သဘောကို ဖော်ဆောင်သော ဝေါဟာရဖြစ်သည်။ ဒေါသသည် အတူဖြစ်ဖော်ဖြစ်ဖက် စိတ်စေတသိက်ကိုသာ ထိခိုက်စေသည်မဟုတ်၊ မိမိမှီရာ ဟဒယဝတ္ထုရုပ်မှစ၍ တစ်ကိုယ်လုံးကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဒေါသဖြစ်သောပုဂ္ဂိုလ်တွင် မျက်နှာထားနှင့်တကွ တစ်ကိုယ်လုံး တစ်မျိုးဖောက်ပြန်လာရခြင်းဖြစ်သည်။

၁။ စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သောတရား။

၂။ အဘိ၊ဋ္ဌ၊၁။၃၉၉။

၃။ ဝိဘာဝိနီဋီကာ၊၈၀။

၄။ မဟာအတုလဋီကာ၊၃၈။

စာမျက်နှာ-170

ဝိရောဓ၊ ပဋိဝိရောဓ

ဒေါသသည် အကုသိုလ်တရားဖြစ်၏။ အကုသိုလ်တရားများသည် ကုသိုလ်တရားများနှင့် ဆန့်ကျင်ဘက်ဖြစ်၏ ၁။ ထို့ကြောင့် ဒေါသသည် အဒေါသခေါ် မေတ္တာစသော ကုသိုလ်တရားများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဒေါသဖြစ်နေခိုက်၌ မေတ္တာစသည့် ကုသိုလ်တရားများ ပျောက်ကွယ်လျက်ရှိပေသည်။ ထို့ကြောင့် ဒေါသကို “ဝိရောဓ၊ ပဋိဝိရောဓ” ဟုလည်း ဘုရားရှင်ဟောတော်မူသည်။

ကောပ၊ ပကောပ၊ သမ္ပကောပ

မည်သည့် သတ္တဝါမဆို ဒေါသဖြစ်လာသည့်အခါ စိတ်သည် နောက်ကျလာ၏။ ချောက်ချားလာ၏ ၂။ အကောင်းသဘောပျက်၍ အဆိုးသဘောသက်ရောက်လာ၏။ ထို့ကြောင့် ဒေါသကို “ကောပ၊ ပကောပ၊ သမ္ပကောပ” ဟု အမည်သုံးမျိုးတပ်၍ ဘုရားဟောတော်မူသည်။ (ကောပ = စိတ်ဆိုးခြင်းသဘော၊ စိတ်ကို နောက်စေသော၊ စိတ်ကို ချောက်ချားစေသောသဘော)။ ကောပ၊ ပကောပ၊ သမ္ပကောပတို့သည် အဓိပ္ပာယ်တူသဒ္ဒါများ ဖြစ်ကြသည်။

ဒေါသစသောနာမည်များ

မိမိဖြစ်ပေါ်လာသည့်အခါ မိမိဖြစ်ရာ သတ္တဝါနှင့် အခြားသူများကို ဖျက်ဆီးတတ်၊ ပြစ်မှားတတ်သည့် စေတသိက်ကို “ဒေါသ၊ ပဒေါသ၊ သမ္မဒေါသ၊ မနောပဒေါသ၊ ဒုဿနာ၊ ဒုဿိတတ္တ” ဟု နာမည်အမျိုးမျိုး မှည့်ခေါ်ထားပေသည်။ (ဒေါသ၊ ပဒေါသ၊ သမ္မဒေါသ = ဖျက်ဆီးပြစ်မှားခြင်းသဘော။ ဒုဿနာ = ဖျက်ဆီးပြစ်မှားပုံ အခြင်းအရာ။ ဒုဿိတတ္တ = ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ်)။

၁။ ဝိရောဓ = ဆန့်ကျင်မှု။ ပဋိဝိရောဓ = အဖန်ဖန်ဆန့်ကျင်မှု။

၂။ အဘိ၊ဋ္ဌ၊၁။၃၉၉။

စာမျက်နှာ-171

ကောဓ၊ ကုဇ္ဈနာ၊ ကုစ္ဆိတတ္တ

ကောဓ = အမျက်ထွက်ခြင်း။ ကုဇ္ဈနာ = အမျက်ထွက်ပုံ အခြင်းအရာ။ ကုစ္ဆိတတ္တ = အမျက်ထွက်တတ်သူ ဖြစ်ကြောင်းတရား-ဟု အဓိပ္ပာယ်ရှိကြသည်။ အမည်သုံးမျိုးခွဲခြား မှည့်ခေါ်ထားသော်လည်း တရားကိုယ်မှာ ဒေါသစေတသိက် တစ်ပါးတည်းသာဖြစ်သည်။ ဤ၌ “အမျက်ထွက်ခြင်း” ဟူသော မြန်မာဝေါဟာရ၏ အဓိပ္ပာယ်ကို သိထားသင့်ပေသည်။ ဝါးပင်၊ သစ်ပင်စသည်တို့၌ အတွင်းဓာတ်က အပြစ်တစ်စုံတစ်ရာရှိနေလျှင် အပြင်ဘက်၌ အမျက်ဟု ဆိုအပ်သော အရာဝတ္ထုသည် ပေါ်ထွက်လာ၏။ ထို့အတူ အတွင်း၌ ဒေါသဖြစ်လျှင် အပြင်ဘက်၌ ရှူးရှူးရှဲရှဲဖြစ်၏။ ယင်းသို့ဖြစ်ခြင်းကို သစ်ပင်ဝါးပင်တို့၌ အမျက်ထွက်ခြင်းနှင့်တူသောကြောင့် “အမျက်ထွက်” ဟု တင်စား၍ ခေါ်ဝေါ်ကြခြင်းဖြစ်သည် ၁။

ဗျာပတ္တိ၊ ဗျာပဇ္ဇနာ၊ ဗျာပဇ္ဇိတတ္တ

ဒေါသသည် စိတ်ကိုဖောက်ပြန်သွားအောင် ပြုလုပ်တတ်၏။ ဒေါသဖြစ်လာသည့်အခါ စိတ်သည် အေးချမ်းနေရာမှ ပူပူလောင်လောင် ဖြစ်လာသည်။ အေးချမ်းနေသော မူလစိတ်အစဉ် ပျောက်ပြီး ပူလောင်သောစိတ်အစဉ် ဖြစ်လာသည်။ စိတ်ပူလောင်ဖောက်ပြန်သကဲ့သို့ ကိုယ်အမူအရာ နှုတ်အမူအရာများသည်လည်း ဒေါသအရှိန်အဟုန် ပြင်းလျှင်ပြင်းသလောက် ဖောက်ပြန်လာကြသည်။ ဒေါသကြောင့် စိတ်ဖောက်ပြန်ပုံကို လက္ခဏာခန်း, ရသခန်းတို့၌ အကျယ် ဝေဖန်တင်ပြခဲ့ပေပြီ။ ထို့ကြောင့် ဒေါသကို “ဗျာပတ္တိ၊ ဗျာပဇ္ဇနာ၊ ဗျာပဇ္ဇိတတ္တ” ဟု ဟောတော်မူခြင်းဖြစ်သည်။ (ဗျာပတ္တိ = ဖောက်ပြန်ပျက်စီးခြင်းသဘော၊ ဗျာပဇ္ဇနာ = ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ၊ ဗျာပဇ္ဇိတတ္တ = ဖောက်ပြန်ပျက်စီးတတ်သူဖြစ်ကြောင်းတရား)။

၁။ အဋ္ဌသာလိနီဘာသာဋီကာ၊စတွဲ။၁၅၄။

စာမျက်နှာ-172

စဏ္ဍိက္က

စဏ္ဍိက္ကကား ဒေါသစေတသိက်၏ နာမည်တစ်မျိုးဖြစ်သည်။ စဏ္ဍိက္ကဆိုသည်မှာ ကြမ်းတမ်းသူ၏အဖြစ် (ဝါ) ကြမ်းတမ်းသူဖြစ်ကြောင်းတရားပင်ဖြစ်၏။ ဒေါသစေတသိက်သည် ရှေ့လက္ခဏခန်းတွင် တင်ပြခဲ့သကဲ့သို့ ကြမ်းတမ်းသော သဘောလက္ခဏာရှိပေသည်။ ဒေါသကား နာမ်တရားဖြစ်၍ ဒေါသ၏ ကြမ်းတမ်းမှုသဘောကို တိုက်ရိုက်မသိနိုင်၊ သို့သော် ဒေါသကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားများကိုကြည့်၍ ဒေါသ၏ ကြမ်းတမ်းမှုသဘောကို သိနိုင်သည်။ ဒေါသဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကိုယ်အမူအရာ၊ နှုတ်အမူအရာများ ရုတ်ချည်းဖောက်ပြန်ပြောင်းလဲလာ၏။ ကြမ်းတမ်းလာ၏။ ထိုကိုယ်ဖြင့် ပြုလုပ်မှု၊ နှုတ်ဖြင့်ပြောဆိုမှုတို့ ကြမ်းတမ်းပုံကို ထောက်ရှု၍ အကြောင်းတရားဖြစ်သည့် ဒေါသနာမ်တရား၏ ကြမ်းတမ်းမှုသဘောကို သိရသည်။ ထို့ကြောင့် ဒေါသကို “စဏ္ဍိက္က” ဟု ဟောတော်မူခြင်းဖြစ်သည်။

အသုရောပ

ဒေါသကို “အသုရောပ” ဟု နာမည်တစ်မျိုးခေါ်သေးသည်။ ဒေါသဖြစ်လာသည့်အခါ ဒေါသကြောင့် ကိုယ်အမူအရာများသာ ကြမ်းတမ်းခက်မာလာသည်မဟုတ်၊ နှုတ်အမူအရာများလည်း သိသိသာသာကြီး ကြမ်းတမ်းလာ၏။ ဒေါသဖြစ်သူ၏ နှုတ်မှထွက်လာသည့် စကားလုံးများမှာ သူတစ်ပါးတို့ မကြားဝံ့မနာသာ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများသာ ဖြစ်ပေသည်။

ဒေါသထွက်သည့်အခါ ဒေါသအရှိန်ကြောင့် မိမိပြောလိုသည့် စကားများကိုပင် မှန်ကန်ပြည့်စုံအောင် မပြောဆိုနိုင်ကြချေ။ ယင်းသို့ သူတစ်ပါး မနှစ်မြို့ဖွယ်ကောင်းသော စကားကို ပြောဆိုခြင်း၊ ပြောလိုသည့် စကားကို ကုန်အောင် ပြည့်စုံအောင် မပြောဆိုနိုင်ခြင်းကို “အသုရောပ” ၁ ဟုခေါ်သည်။

၁။ မကောင်းသဖြင့် ပြောဆိုခြင်း ဝါ၊ ကောင်းမွန်ပြည့်စုံစွာမပြောဆိုနိုင်ခြင်း။

စာမျက်နှာ-173
မှတ်ချက်။ ။ တစ်ပါးသောဆရာတို့က ဒေါသ၏ အမည်သည် ပါဠိတော်၌ “အသုရောပ” မဟုတ်၊ “အဿုရောပ” သာ ဖြစ်ရမည်ဟု ဆိုကြသည်။ အဿုရောပကား “မျက်ရည်ကို ဖြစ်စေတတ်သောဒေါသ” ဟု အဓိပ္ပာယ်ရသည်။ ဒေါသဖြစ်လာသည့်အခါ အများအားဖြင့် မျက်ရည်ထွက်လာတတ်သည်ဟု ဆိုလိုသည်။ သို့ရာတွင် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သည့်အခါ၌လည်း မျက်ရည်ထွက်တတ်သည့် သဘောရှိသောကြောင့် ထိုအဿုရောပဟူသော အမည်ကို အဋ္ဌကထာဆရာ မနှစ်သက်၊ အသုရောပသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ထား၏ ၁။

အနတ္တမနတာ

ဒေါသ၏ နာမည်တစ်မျိုးဖြစ်သော အနတ္တမနတာကား အတ္တမနတာအမည်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ အတ္တမနတာ၏ အဓိပ္ပာယ်ကို နားလည်လျှင် အနတ္တမနတာ၏ အဓိပ္ပာယ်ကိုလည်း လွယ်ကူစွာ သိနားလည်နိုင်၏။ ထို့ကြောင့် အတ္တမနတာ၏အဓိပ္ပာယ်ကို ရှေးဦးစွာ တင်ပြပါမည်။

အတ္တမန ဆိုသည်မှာ မိမိသဘောကျစိတ်မျိုးဖြစ်၏။ (အတ္တ = မိမိ၏ + မန = သဘောကျစိတ်)။ မိမိသဘောကျစိတ်မျိုးကား ပီတိသောမနဿ ဦးဆောင်သည့် နှစ်သက်ရွှင်လန်းသော စိတ်မျိုးတည်း။ ထိုစိတ်သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု၏ အနီးကပ်ဆုံး အကြောင်းတရားဖြစ်သောကြောင့် မိမိဟူသော ပုဂ္ဂိုလ်၏ သဘောကျဖြစ်သော စိတ်မျိုးဖြစ်၏။ ထိုစိတ်မျိုးဖြစ်ရန် ပီတိစေတသိက်က ဖန်တီးပေးသည်။ ထို့ကြောင့် မိမိသဘောကျစိတ်မျိုးဖြစ်ရန် ဖန်တီးပေးသည့်အကြောင်း ပီတိစေတသိက်ကို အတ္တမနတာဟု ခေါ်သည်။ (အတ္တမနတာ = မိမိသဘောကျစိတ်မျိုးဖြစ်ကြောင်းတရား)။

ထိုနည်းတူစွာ ဒေါသစေတသိက်ဦးဆောင်သည့် ဒေါမနဿ

၁။ အဘိ၊ဋ္ဌ၊၁။၃၉၉။

စာမျက်နှာ-174
စိတ်ကား ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်း၏ အနီးကပ်ဆုံးအကြောင်းဖြစ်သောကြောင့် မိမိသဘောကျစိတ်မဟုတ်၊ ဖောက်ပြန်သော စိတ်မျိုးဖြစ်၏။ (အနတ္တမန = မိမိသဘောကျမဟုတ်သောစိတ်)။ ထိုမိမိသဘောကျမဟုတ်သော စိတ်မျိုးဖြစ်ပေါ်ရန် ဒေါသစေတသိက်က ဖန်တီးပေးသည်။ ထို့ကြောင့် ဒေါသစေတသိက်ကို အနတ္တမနတာဟု နာမည်ပေးခြင်းဖြစ်သည်။ (အနတ္တမနတာ = မိမိသဘောမကျသော စိတ်မျိုးဖြစ်ကြောင်းတရား) ၁။

မူလ

မူလဟူသောပါဠိသည် “အရင်းအမြစ်” ဟု အဓိပ္ပာယ်ရသည်။ သစ်ပင်တွင် အမြစ်သည် အခြေခံအကျဆုံးဖြစ်သည်။ ပင်စည်အခက်အလက်များ ဖြစ်ပေါ်မှု၊ ရှင်သန်ကြီးထွားမှု၊ တည်တံ့ခိုင်မြဲမှုအားလုံးသည် ရေသောက်မြစ်ပေါ်တွင် အခြေစိုက်လျက် ရှိကြသည်။ အကိုင်း အခက် အလက်မကျန် သစ်ပင်တစ်ပင်လုံးကို ခုတ်လှဲပစ်လိုက်သော်လည်း ရေသောက်မြစ်များ ကျန်ရှိနေသေးပါက တစ်ဖန်ပြန်လည် ရှင်သန်ကြီးထွားနိုင်ပေသည်။

ထိုနည်းတူစွာ ဒေါသစေတသိက်သည်လည်း အကုသိုလ်တရားတို့၏ အမြစ်နှင့် သဘောတူ၏။ ဒေါသသည် အကုသိုလ်သစ်ပင်ကြီး ဖြစ်ပေါ်လာမှုတွင် အခြေခံအကျဆုံးသော စေတသိက်တစ်ခုဖြစ်သည်။ ဒေါသဖြစ်ပေါ်လာမှသာ ဒေါသနှင့်ဆိုင်ရာ အကုသိုလ်တရားများ ပေါ်လာနိုင်သည်။ ဒုစရိုက် ၁၀ ပါးတွင် သူတစ်ပါးအသက်ကို သတ်မှု၊ ဆဲရေးတိုင်းထွာ ကြမ်းတမ်းစွာပြောဆိုမှု၊ သတ္တဝါများ သေကြေပျက်စီးရန် ကြံစည်မှုဟူသော မကောင်းမှုတို့သည် ဒေါသဖြစ်လာမှ ဖြစ်ပေါ်လာနိုင်၏။ တစ်ခါတစ်ရံ သူတစ်ပါးပစ္စည်းကိုခိုးမှု၊ လိမ်ညာပြောဆိုမှု၊ ကုန်းချောမှု၊ အကျိုးမရှိသောစကားကို ပြောဆိုမှု ဟူသော မကောင်းမှုများပင် ဒေါသကြောင့်ဖြစ်ကြရသည်။

၁။ အဘိ၊ဋ္ဌ၊၁။၁၈၈၊ ၄၂၅။

စာမျက်နှာ-175
ဒေါသအမြစ်ကို အနာဂါမိမဂ်စိတ်ဖြင့် မကြွင်းမကျန်တွန်းလှန် ဖြိုဖျက်ပြီးသော အနာဂါမ်ရဟန္တာပုဂ္ဂိုလ်ကြီးများ သန္တာန်၌ ဒေါသရေသောက်မြစ်ကြီးမရှိတော့သဖြင့် ဒေါသနှင့်ဆိုင်သော အကုသိုလ်ပင်စည် ကိုင်း ခက်များ ဖြစ်ထွန်းပေါ်လာခွင့် မရှိတော့ချေ။ ထို့ကြောင့် မြတ်စွာဘုရားသည် သုတ် အဘိဓမ္မာ ပါဠိတော်များ၌ ဒေါသကို “အကုသလမူလ” ဟု နာမည်ပေးခဲ့ခြင်းဖြစ်သည်။

ဟေတု

ဟေတုဟူသောပါဠိပုဒ်ကို ဟိတ်ဟု လွယ်လွယ်ကူကူ ပါဠိသက် မြန်မာပြန်ဆိုကြ၏။ သုတ်အဘိဓမ္မာ ပါဠိတော်များ၌ ဟိတ်ခြောက်ပါးကို ဘုရားရှင်ဟောထားခဲ့သည်။ ထိုဟိတ်ခြောက်ပါးကား လောဘ, ဒေါသ, မောဟဟူသော အကုသိုလ်ဟိတ် ၃ ပါး၊ အလောဘ, အဒေါသ, အမောဟဟူသော ကုသိုလ်ဟိတ် ၃ ပါးဖြစ်သည်။ ဒေါသသည် အကုသိုလ်ဟိတ် အုပ်စုတွင် ပါဝင်သည်။ ဟိတ် (ဟေတု) ၏ အဓိပ္ပာယ်မှာ ရေသောက်မြစ်သဖွယ် ဖြစ်ဖော်ဖြစ်ဖက် နာမ်တရား ရုပ်တရားများကို ကျေးဇူးပြုတတ်သော အခြေခံအကြောင်းတရားဟု အဓိပ္ပာယ်ရသည်။ ဟေတုအဓိပ္ပာယ်သည် မူလအဓိပ္ပာယ်နှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့် မူလပုဒ်၏ အဓိပ္ပာယ်အဖွင့်အတိုင်း မှတ်သားရန်ဖြစ်သည်။

နိဝရဏ

ဗုဒ္ဓမြတ်စွာသည် နီဝရဏအုပ်စုတွင် ဒေါသကို “ဗျာပါဒနီဝရဏ” နာမည်ဖြင့် ဟောခဲ့သည်။ နီဝရဏသဒ္ဒါသည် မြန်မာလို တားမြစ်ခြင်းဟု အဓိပ္ပာယ်ရ၏။ ဤနေရာ၌ ဈာန်မဂ်ဖိုလ် တရားများကို ဖြစ်ခွင့်မပေးဘဲ တားမြစ်ပိတ်ပင်တတ်သောကြောင့် နီဝရဏဟုခေါ်သည်။

ဈာန်တရားများကိုမူ ဖြစ်ခွင့်မပေးရုံသာမက ကာမစ္ဆန္ဒနီဝရဏ (လောဘ) အကြမ်းစားနှင့် ဗျာပါဒနီဝရဏ (ဒေါသ) တို့က ဖြစ်ပြီး

စာမျက်နှာ-176
ရပြီးသည့် ဈာန်တရားများကိုပင် ပျောက်ကွယ်သွားစေနိုင်သည်။ ထိုဗျာပါဒနီဝရဏစသော အကုသိုလ်တရားများ ဖြစ်ပွားနေချိန်၌ ဒါန, သီလ, ဘာဝနာ စသော ကာမကုသိုလ်များလည်း ဖြစ်ခွင့်မရသောကြောင့် ထိုနီဝရဏတရားများသည် ဈာန်မဂ်ဖိုလ်တရားများကိုသာ တားမြစ်သည်မဟုတ်၊ ကာမကုသိုလ်များကိုလည်း ဖြစ်ခွင့်မရအောင် တားမြစ်တတ်ပေသည်။ ဒေါသဖြစ်နေချိန်၌ နှစ်သက်ရွှင်လန်းမှု ဆိတ်သုဉ်းနေရကား ကာမကုသိုလ်များကိုလည်း တားမြစ်နိုင်ပေသည်။

အနုသယ

ဗုဒ္ဓသည် ဒေါသကို သုတ်အဘိဓမ္မာပါဠိတော်များတွင် ပဋိဃာနုသယအမည်ဖြင့် အနုသယအုပ်စုဝင်အဖြစ် ထည့်သွင်းဟောကြားခဲ့သည်။ အနုသယဆိုသည်မှာ အကြောင်းသင့်က ဖြစ်ပေါ်လာခြင်း (အနု = အကြောင်းသင့်က + သယ = ဖြစ်ပေါ်လာခြင်း)၊ အဖန်တလဲလဲဖြစ်ခြင်း (အနု = အဖန်တလဲလဲ + သယ = ဖြစ်ခြင်း) ဟု အဓိပ္ပာယ်ရသည်။

ရှေးပညာရှင်ကြီးများက အနုသယကို ကိန်းခြင်းဟု အဓိပ္ပာယ်ဖော်ကြသည်။ ဤနေရာ၌ ထိုကိန်းခြင်းဟူသော မြန်မာဝေါဟာရကား သတ္တဝါတို့ ခန္ဓာအစဉ်ဝယ် မျိုးစေ့ဓာတ်အနေဖြင့် အမြဲမပြတ် ကိန်းဝပ်တည်ရှိနေခြင်းဟု အဓိပ္ပာယ်မယူရချေ။ မဂ်ဖြင့် မပယ်ရသေးသောကြောင့် လျောက်ပတ်သောအကြောင်းကိုရလျှင် (ဝါ) အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်ခြင်းသဘောကိုသာ ကိန်းသည်ဟုဆိုပါသည်။

မှန်၏။ လောဘစသော ကိလေသာတို့သည် မဂ်ဖြင့် မပယ်ရသေးသောကြောင့် ဘဝပေါင်းများစွာ သတ္တဝါတို့၏ စိတ်အစဉ်၌ ထပ်တလဲလဲဖြစ်နေကြသဖြင့် အထုံ (အာသေဝနပစ္စည်း) ရကာ အခြား

စာမျက်နှာ-177
ကိလေသာများထက် အင်အားကောင်းလျက်ရှိကြသည်။ ဣဋ္ဌာရုံ စသောအကြောင်းများနှင့် ဆုံဆည်းမိသည်နှင့်တစ်ပြိုင်နက် အလွယ်တကူဖြစ်ပေါ်လေ့ရှိကြသည်။ ယင်းသို့ ဆိုင်ရာမဂ်ဖြင့် မပယ်ရသေးသောကြောင့် ခန္ဓာအစဉ်၌ ဖြစ်ကြိမ်များလွန်းသဖြင့် ဖြစ်သားဝကာ အားကောင်းချင်တိုင်း အားကောင်းနေသော (ထာမဂတ) ကိလေသာမျိုးကို အနုသယဟု ခေါ်ပေသည်။ အမှန်အားဖြင့် အနုသယဆိုသည်မှာ အာရုံနှင့် မဆုံဆည်းမီ ဝီထိစိတ်မဖြစ်ပေါ်မီကာလကပင် ဗီဇဓာတ်အနေဖြင့် ခန္ဓာကိုယ်တွင် ကိန်းဝပ်တည်ရှိနေသော တရားမျိုးမဟုတ်။ အာရုံကိုအမှီပြု၍ ဝီထိစိတ်ဖြစ်ပေါ်လာမှ စိတ်နှင့်အတူဖြစ်လာရသော စိတ္တသမ္ပယုတ္တတရားမျိုး၊ သာရမ္မဏတရားမျိုး [၂] ဖြစ်သည်။

ဒေါသစေတသိက်သည်လည်း မဂ်ဖြင့် မပယ်သတ်ရသေးမီ သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ကြိမ်ဖန်များစွာဖြစ်လေ့ရှိသဖြင့် အလွန်အင်အားကောင်းနေသော ထာမဂတကိလေသာမျိုးဖြစ်သည်။ အနိဋ္ဌာရုံတစ်ခုခုနှင့် တွေ့ကြုံ၍ မသင့်မတင့်နှလုံးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဒေါသတရားဖြစ်ပွားလာတတ်ပေသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းဖြင့် မိမိတို့၏ စိတ်ဖြစ်စဉ်ကို သတိစိုက်ကြည့်လျှင် နာရီပိုင်းအတွင်း၌ပင် စိတ်မကျေနပ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်း၊ စိတ်နောက်ခြင်း၊ အလိုမကျခြင်း၊ စိတ်တိုခြင်း၊ စိတ်ပူပန်ခြင်း၊ ကြောက်လန့်စိုးရိမ်ခြင်း...စသည်တို့ကို အကြိမ်များစွာဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ထိုဖြစ်မှုအားလုံးသည် ဒေါသစေတသိက်၏ လက်ချက်ချည်းသာ ဖြစ်ကြသည်။ ဤသို့ ဒေါသသည် သတ္တဝါတို့သန္တာန်၌ ကြိမ်ဖန်များ

၁။ စိတ်နှင့်အတူဖြစ်သောတရား။

၂။ အာရုံရှိမှဖြစ်သောတရား။

စာမျက်နှာ-178
စွာဖြစ်သဖြင့် အထုံရကာ အကြောင်းသင့်က အလွယ်တကူဖြစ်ပေါ်လာလေ့ရှိသော ကိလေသာမျိုးဖြစ်သည်။ ထို့ကြောင့် ဒေါသစေတသိက်ကို ပဋိဃာနုသယနာမည်ဖြင့် ဟောကြားတော်မူခြင်းဖြစ်သည်။ [၁]

သံယောဇဉ်

သံယောဇဉ်ကား သံယောဇနပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရတည်း။ (သံယောဇန = သံယောဇဉ်) တုပ်နှောင်ဖွဲ့ချည်ခြင်းဟု အဓိပ္ပာယ်ရသည်။ သံယောဇဉ်ကြိုးဟူသော လောကဆိုရိုးအတိုင်း သံယောဇဉ်သည် ကြိုးနှင့် သဘောတူသည်။ ကြိုးသည် အရာဝတ္ထုတို့ကို ချည်နှောင်ရစ်ပတ်နိုင်စွမ်းရှိသကဲ့သို့ လောဘစသော သံယောဇဉ်တရားများသည်လည်း မိမိဖြစ်ရာသတ္တဝါကို သံသရာဝဋ်မှ မလွတ်အောင် ချည်နှောင်ရစ်ပတ်နိုင်စွမ်းရှိသော တရားမျိုးဖြစ်သည်။

ပုထုဇဉ်ပုဂ္ဂိုလ်တို့သန္တာန်၌ သံယောဇဉ်ကြိုးဆယ်ချောင်းရှိ၏။ ထိုတွင် ကာမရာဂ စသော ကြိုးငါးချောင်းမှာ ကာမဘုံ၌ ဖွဲ့ချည်သော ကြိုးများဖြစ်၍ အခြားငါးချောင်းမှာ အထက်ဗြဟ္မာဘုံများနှင့် ဆက်သွယ်ထားသော ကြိုးများဖြစ်၏။ ဒေါသမည်သော ပဋိဃသံယောဇဉ်ကား မိမိဖြစ်ရာ သတ္တဝါကို ကာမ ၁၁ ဘုံမှ မလွတ်ထွက်နိုင်အောင် တုပ်နှောင်ဖွဲ့ချည်တတ်သော သဘောရှိပေသည်။ ထို့ကြောင့် ဒေါသကို ပဋိဃနာမည်ဖြင့် သံယောဇဉ်အုပ်စုတွင် ထည့်သွင်းဟောထားခြင်းဖြစ်သည်။

ကိလေသာ

ကိလေသာဆယ်ပါးတို့ကို ထိုထိုသုတ်အဘိဓမ္မာဒေသနာတော်များ၌ ဘုရားရှင်ဟောကြားခဲ့သည်။ ဒေါသသည် ထိုကိလေသာဆယ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်

၁။ အဘိ။ ဋ္ဌ၊ ၃။ ၃၁၉။

စာမျက်နှာ-179
သည်။ ကိလေသသဒ္ဒါသည် ပူပန်စေခြင်း၊ ညစ်နွမ်းစေခြင်း၊ နှိပ်စက်ခြင်း အနက်များကို ဟောသည်။ “အပူတွင် ကိလေသာ၊ အအေးတွင် မေတ္တာ” ဟု ဆိုရိုးစကားရှိ၏။ ထိုဆိုရိုးစကားအတိုင်း သတ္တဝါတို့၏စိတ်ကို ပူပန်စေတတ်၊ ညစ်နွမ်းစေတတ်၊ နှိပ်စက်တတ်သောသဘောကို ကိလေသာဟုခေါ်သည်။

ကိလေသာမီးဆိုသကဲ့သို့ ကိလေသာသည် မီးကဲ့သို့ပင် လောင်ကျွမ်းတတ်၏။ ဒေါသမီးဖြစ်လာသည်နှင့် တစ်ပြိုင်နက် ဒေါသသည် မိမိဖြစ်ရာပုဂ္ဂိုလ်နှင့် အခြားသတ္တဝါများကိုပါ လောင်ကျွမ်းတော့သည်။ (ဒေါသလောင်ကျွမ်းပုံကို ရသခန်း၌ အကျယ်တင်ပြခဲ့ပြီ)၊ ဒေါသမီးလောင်သည်နှင့် တစ်ပြိုင်နက် စိတ်အစဉ်သည် ကြည်လင်သန့်ရှင်းမှု မရှိတော့ဘဲ ညစ်နွမ်းလာ၏။ ဒေါသမီးကြောင့် ပူပန်မှုအမျိုးမျိုး ဆင်းရဲမှုအဖုံဖုံတို့နှင့် တွေ့ကြုံကြရ၏။ ထို့ကြောင့် ဒေါသကို “ကိလေသာ” ဟု နာမည်တပ်ခဲ့ခြင်းဖြစ်သည်။ [၁]

ဗျာပါဒ

ဗျာပါဒသဒ္ဒါသည် ဖောက်ပြန်ခြင်းသို့ ရောက်စေခြင်း (ဝါ) ဖျက်ဆီးခြင်းဟူသော အနက်အဓိပ္ပာယ်ကိုဟောသည်။ ဖျက်ဆီးခြင်းဆိုသည်မှာ သူတစ်ပါးတို့၏ စီးပွားချမ်းသာကို ဖျက်ဆီးခြင်းဖြစ်၏။ ထို့ကြောင့် ဗျာပါဒသည် သူတစ်ပါးပျက်စီးစေရန်စိတ်ဖြင့် ကြံစည်ပြစ်မှားခြင်းသဘောပင်ဖြစ်သည်။ တရားကိုယ်မှာ ဒေါသစေတသိက်ဖြစ်၏။ ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးဟူ၍ ဒုစရိုက်ဆယ်ပါးရှိရာ ဗျာပါဒသည် မနောဒုစရိုက်ကံသုံးပါးတွင် ပါဝင်သည်။

ထိုဗျာပါဒကို ကမ္မပထမြောက် (အပါယ်ပဋိသန္ဓေကျိုးကိုပေးနိုင်) သော ဗျာပါဒ၊ ကမ္မပထမမြောက်၊ ကံမျှသာဖြစ်သော ဗျာပါဒဟု ခွဲခြားနိုင်၏။ “ဤသတ္တဝါများ သေကြေပျက်စီးပြုန်းတီးကြပါစေ၊

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၁၄၄။

စာမျက်နှာ-180
ဤသတ္တဝါများ သေကြေပျက်စီးသွားပါမူ ကောင်းလေစွ၊ နောင်မတိုးပွားဘဲ နေကုန်မူ ကောင်းလေစွ၊ ကြာမြင့်စွာမတည်ပါကုန်မူ ကောင်းလေစွ၊ ဤသတ္တဝါတို့သည် ဘယ်သောအခါမှ သေကြေပျက်စီး ပြုန်းတီးကြပါမည်နည်း” စသည်ဖြင့် သတ္တဝါတစ်ဦး၏ အသက်ခန္ဓာဆုံးရှုံးပျက်စီးမှုရောက်အောင် ကြံစည်ခြင်းသည် ကမ္မပထမြောက်သော ဗျာပါဒမည်၏။ အခြားသတ္တဝါ၌ အမျက်ဒေါသ ဖြစ်သော်ငြားလည်း “ဤသတ္တဝါပျက်စီးပါမူ ကောင်းလေစွ” ဟု သတ္တဝါပျက်စီးမှုကို မကြံစည်သေးသော ဗျာပါဒသည် ကမ္မပထမမြောက်၊ ကံမျှသာဖြစ်သော ဗျာပါဒဖြစ်သည်။ အချုပ်အားဖြင့် တစ်ပါးသောသတ္တဝါလည်းဖြစ်စေ၊ ထိုသတ္တဝါ၏ ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်သည်လည်းဖြစ်စေ၊ ဤအင်္ဂါနှစ်ပါးနှင့်ညီမှ ကမ္မပထမြောက်သော ဗျာပါဒဖြစ်သည်။ [၁]

ဥပါယာသ

ဥပါယာသ၏ အဓိပ္ပာယ်မှာ ပြင်းထန်စွာ (ဝါ) အားကြီးစွာ စိတ်ပူလောင်ခြင်းဖြစ်သည်။ (ဥပ = အားကြီးစွာ ပြင်းထန်စွာ + အာယာသ = စိတ်ပူလောင်ခြင်း)၊ စိတ်ပူလောင်ခြင်းဆိုသည်မှာ ဒေါသမီးလောင်သည့်အတွက် စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းယုံမက နစ်၍သွားမှု၊ မြော၍သွားမှု၊ သေငယ်ဇောဖြစ်မှု၊ ရှိုက်ကြီးငင်ကြီးဖြစ်မှုများပင် ဖြစ်သည်။ တစ်စုံတစ်ခုပျက်စီးမှုကြောင့် ဝမ်းနည်းမှုသောက အားကြီးလာလျှင် ဟစ်အော်ငိုကြွေးမှု ပရိဒေဝ ဖြစ်၏။ ဟစ်အော်ငိုကြွေးမှု ပရိဒေဝအားကြီးလာလျှင် အသံပင်မထွက်နိုင်အောင် ရှိုက်ကြီးငင်ကြီးဖြစ်ကာ အတွင်းဆွေးမြည့်မှု၊ မြောမေ့သွားမှုဟူသော ဥပါယာသဖြစ်၏။

ယင်း ဥပါယာသသည် ထက်ဝန်းကျင်မှ စိတ်ကိုလောင်မြိုက်ခြင်း၊ ပူလောင်စေခြင်း သဘောလက္ခဏာရှိ၏။ ရှိုက်ကြီးငင်ကြီး ငြီးတွားမှု

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၁၄၄။

စာမျက်နှာ-181
ကို ပြုခြင်းသဘော၊ မေ့မြောသွားတတ်ခြင်းသဘောရှိသည်။ တရားကိုယ်မှာ ဒေါသစေတသိက်ဖြစ်၏။ ဒေါသစေတသိက်ကိုပင် ပြင်းထန်စွာ စိတ်ပူလောင်ခြင်းသဘောရှိ၍ ဥပါယာသဟု နာမည်တစ်မျိုးပေးထားခြင်းဖြစ်သည်။ [၁]

ဥပနာဟ

ရှေးက တစ်ဦးနှင့်တစ်ဦး ဖြစ်ခဲ့သည့်အမျက်ဒေါသကို မဖြေဖျောက်ဘဲ ဖွဲ့နှောင်၍ထားခြင်းကို “ဥပနာဟ” ဟုခေါ်သည်။ လောကဝေါဟာရအားဖြင့် ရန်ငြိုးဖွဲ့ခြင်းပင်ဖြစ်၏။ တရားကိုယ်မှာ ဒေါသစေတသိက်တည်း။ ဥပနာဟခေါ် ရန်ငြိုးဖွဲ့ခြင်းရှိသူသည် မည်သည့်အခါမျှ ရန်စကိုမငြိမ်းစွမ်းနိုင်ပေ။ ဤသူသည် ငါ့ကို ဤသို့ဤနှယ် မပြုသင့်မပြောသင့်ဟု အစဉ်တစိုက် ရန်ငြိုးဖွဲ့တတ်၏။ ထိုသူ၏ စိတ်တွင် ဒေါသရန်ငြိုးသည် မီးစွဲနေသော ထင်းဆွေးကဲ့သို့ အလျှံတပြောင်ပြောင် တောက်လောင်လျက်ရှိ၏။ အမဲဆီလိမ်းကျံထားသော အဝတ်ပုဆိုးပိုင်းကဲ့သို့လည်း စင်ကြယ်သန့်ရှင်းခြင်းမှ ကင်းဝေလျက်ရှိသည်။ ယင်း ဥပနာဟသည်လည်း ဒေါသ၏ အမည်တစ်မျိုးပင်တည်း။ [၂]

မက္ခ

သူတစ်ပါးဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းကို “မက္ခ” ဟု ခေါ်သည်။ ရဟန်းဖြစ်စေ၊ လူဖြစ်စေ သူတစ်ပါးပြုခဲ့ဖူးသော ဂုဏ်ကျေးဇူးကို မမေ့ပစ်ကောင်းပေ။ ကတညုတကတဝေဒီ မင်္ဂလာတရားတော်နှင့်အညီ သူတစ်ပါးကျေးဇူးကို အမြဲတစေ သတိရနေ၍ သင့်လျော်အဆင်ပြေသည့်အချိန်တွင် တုံ့ပြန်ကျေးဇူးဆပ်နိုင်ရန် ကြိုးစားရမည်။ အချို့သူများမှာ သူတစ်ပါးကျေးဇူးကို ပြန်ဆပ်ရန်

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၉၉။ မဟာနိဒ္ဒေသအဋ္ဌကထာ။ ၆၄။

၂။ အဘိ၊ ဋ္ဌ၊ ၂။ ၄၇၃။

စာမျက်နှာ-182
မဆိုထားဘိ ကျေးဇူးရှိကြောင်း၊ ကျေးဇူးရှင်ဖြစ်ကြောင်းကိုပင် ထုတ်ဖော်ပြောဆိုရန် အလွန်ဝန်လေးနေကြသည်။ အချို့ကား ဝန်လေးရုံမျှမက “ငါ့မှာ သူ့ကျေးဇူးဘာရှိလို့လဲ” ဟုပင် ကျေးဇူးကန်းစကားကို ပြောဆိုတတ်ကြသည်။ ဤသို့ ကျေးဇူးကန်းစကားပြောကြား၍ ဂုဏ်ကျေးဇူးချေဖျက်ခြင်းကို ပါဠိလို “မက္ခ” ဟုခေါ်သည်။

ယင်းမက္ခသည် သူတစ်ပါးဂုဏ်ကျေးဇူးကို ဖုံးကွယ်ခြင်း ချေဖျက်ခြင်းသဘောရှိသည်။ တရားကိုယ်မှာ ဒေါသပင်ဖြစ်သည်။ [၁]

၇။ ဒေါသအကြောင်း အခြားသိကောင်းစရာများ

ဒေါသစရိုက်ရှိသူ

ပါဠိလို “စရိယ” ကို မြန်မာလို “စရိုက်” ဟု ခေါ်သည်။ အဖြစ်များခြင်း၊ လွန်ကဲစွာဖြစ်ခြင်း၊ မပြတ်ဖြစ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သတ္တဝါတစ်ဦးတစ်ယောက် သန္တာန်၌ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များခြင်းဟု ဆိုလိုပေသည်။ မှန်၏။ ဒေါသစရိုက်ရှိသူသည် ရာဂ မောဟဖြစ်လောက်သော အာရုံမျိုး၌ ရာဂ မောဟ မဖြစ်အောင် ချုပ်တည်းနိုင်သမျှ ချုပ်တည်းနိုင်သော်လည်း ဒေါသဖြစ်နိုင်သော အာရုံ၌ကား ဒေါသမဖြစ်အောင် မချုပ်တည်းနိုင်ချေ။ အခြားစရိုက်ရှိသူများလည်း ဤနည်းအတိုင်းပင်ဖြစ်၏။

ဤနေရာ၌ သူတစ်ပါးတို့၏စိတ်ကို သိနိုင်သော (ပရစိတ္တဝိဇာနန) ဉာဏ်ကြီးရှင်များမဟုတ်လျှင် သူတစ်ပါးတို့၏ စရိုက်ကို အတိအကျသိနိုင်ရန် ခဲယဉ်းလှ၏။ သို့ရာတွင် ထိုဉာဏ်မျိုးမရှိသူများအဖို့ စရိုက်ကို ခန့်မှန်းအကဲခတ်နိုင်ရန် နည်းလမ်းများရှိ၏။ ယင်းနည်း

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၄၇၄။ ဣတိဝုတ်အဋ္ဌကထာ။ ၄၆။

စာမျက်နှာ-183
လမ်းများမှာ-

(၁) သွားပုံ လာပုံ၊ နေထိုင်ပုံ၊

(၂) လုပ်ငန်းကိစ္စဆောင်ရွက်ပုံ၊

(၃) အစားအစာကြိုက်တတ်ပုံ၊

(၄) အမြင်အာရုံ၊ အကြားအာရုံကို ကြည့်ရှုနားထောင်ပုံ၊

(၅) များစွာဖြစ်လေ့ဖြစ်ထရှိသော စိတ်နေသဘောထားများ ဖြစ်သည်။

ဤအချက်များဖြင့် သတ္တဝါတစ်ဦးဦးကို အကဲခတ် လေ့လာခဲ့ပါလျှင် မည်သည့်စရိုက်ရှိသူဟု ခန့်မှန်းနိုင်ပေသည်။

ဒေါသစရိုက်ရှိသူကို ဤရှုထောင့် ၅ မျိုးဖြင့် အကဲခတ်ကြည့်ရှုလျှင် ဤသို့တွေ့မြင်ရပေမည်။ ဒေါသလွန်ကဲသူသည် လမ်းသွားသည့်အခါ ခြေဖျားထောက်ကာ မြေကြီးကို ခြေဖျားဖြင့်တူးသကဲ့သို့ သွားတတ်၏။ ခြေကြွသည့်အခါ၌ဖြစ်စေ၊ ချသည့်အခါ၌ဖြစ်စေ အဆောတလျင် ကတိုက်ကရိုက်ကြွ၏။ ချ၏။ ခြေရာကိုကြည့်လျှင် နောက်ဘက်သို့ ဆွဲငင်သယောင်ရှိ၏။ ကြမ်းကြမ်းတမ်းတမ်း တောင့်တင်းစွာ မတ်မတ်ရပ်တတ်၏၊ ထိုင်တတ်၏။ အိပ်ရာကို ဖြစ်ကတတ်ဆန်း အလျင်စလိုခင်းတတ်၏။ အိပ်သည့်အခါ ခန္ဓာကိုယ်ကို ဝုန်းခနဲ ပစ်လှဲချကာ မျက်မှောင်ကြုတ်၍ အိပ်လေ့ရှိ၏။ အိပ်ရာမှထရန် နှိုးလိုက်သည့်အခါ၌လည်း ငေါက်ခနဲ လျင်မြန်စွာထတတ်၏။ ဒေါသထွက်သည့်ဟန် မချေမငံ ငေါက်ဆတ်ဆတ်စကားမျိုး ပြန်ပြောတတ်၏။ ဒေါသစရိုက်ရှိသူကို ဣရိယာပုထ်ရှုထောင့်မှကြည့်လျှင် ဤသို့မြင်ရမည်ဖြစ်သည်။ [၁]

တံမြက်လှည်းခြင်း စသည့်အမှုကိစ္စများကို လုပ်ကိုင်ဆောင်ရွက်

၁။ ဝိသုဒ္ဓိမဂ်၊ ပတွဲ၊ ၁၀၁။

စာမျက်နှာ-184
ရာ၌ သေသပ်ကျနမှုမရှိ၊ အော်ကျယ်ဟစ်ကျယ်ဖြင့် အလျင်စလိုလုပ်တတ်၏။ တင်းကြပ်မြဲမြံစွာကိုင်ပြီး ကြမ်းကြမ်းတမ်းတမ်းလုပ်တတ်၏။ စားသောက်သည့်အခါ၌လည်း အစားအစာများကို ပါးစပ်အပြည့်ထည့်ကာ အရသာမခံဘဲ မြန်မြန်စားတတ်၏။ ကြမ်းတမ်းသော အစားအစာ၊ ချဉ်သောအစားများကို ကြိုက်နှစ်သက်လေ့ရှိ၏။ မကြိုက်သည့် စားဖွယ်သောက်ဖွယ်တို့ကိုရလျှင် နှလုံးမသာ မျက်နှာအမူအရာရှိတတ်သည်။ မနှစ်သက်ဖွယ် အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံဆုံဆည်းရသည့်အခါ၌လည်း သည်းခံအောင့်အည်းချုပ်တည်းခြင်းမရှိဘဲ ယမ်းပုံမီးကျသည့်ပမာ စိတ်တိုတတ်၏။ ထိုအာရုံကို ကြာရှည်စွာ မကြည့်နိုင်။ ကြာရှည်စွာ နားမထောင်နိုင်ဖြစ်၏။

အနည်းငယ်သော အပြစ်ကလေး၌ပင် သည်းခံမှုမရှိ စိတ်ထိခိုက်တတ်၏။ ဟုတ်မှန်သည့် (ဝါ) ထင်ရှားသည့်ဂုဏ်ကျေးဇူးကိုလည်း အလေးမမူတတ် ဖဲခွာသွားရသည့်အခါ၌လည်း ငဲ့ကွက်မှုမရှိ လွတ်လွတ်ကျွတ်ကျွတ် ဖဲခွာသွားလေ့ရှိသည်။

ဒေါသစရိုက်ရှိသူသည် အမျက်ထွက်လွယ်၏ (ကောဓ)၊ ရန်စကို မဖြေဖျောက်နိုင်ဘဲ ရန်ငြိုးဖွဲ့လေ့ရှိ၏ (ဥပနာဟ)။ အခြားသူတို့၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏ (မက္ခ)။ အခြားသူတို့၏ဂုဏ်ကို ညံ့ဖျင်းသေးသိမ်အောင်လည်း ပြုလုပ်တတ်၏။ ဂုဏ်ပြိုင်တတ်၏ (ပဠာသ)။ အခြားသူတို့၏ ပြည့်စုံချမ်းသာမှုကို မမြင်လိုမကြားလို ငြူစူတတ်၏ (ဣဿာ)။ မိမိပစ္စည်းကိုလည်း မပေးလို မကမ်းလို ဝန်တိုတတ်၏ (မစ္ဆရိယ)။ ဤသို့ လုပ်ငန်းကိစ္စဆောင်ရွက်ပုံ၊ အစားအစာကြိုက်ပုံ စားသောက်ပုံ၊ ကြည့်ရှုနားထောင်ပုံ၊ မည်သည့်တရားများ အဖြစ်များပုံတို့ကို လေ့လာအကဲခတ်သောအားဖြင့် ဒေါသစရိုက်လွန်ကဲသူဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။ [၁]

၁။ ဝိသုဒ္ဓိမဂ်၊ ပတွဲ၊ ၁၀၁-၂-၃။

စာမျက်နှာ-185

ဒေါသစရိုက်ရှိသူနှင့် လျော်သောအရာများ

ဒေါသစရိုက်ရှိသူ နေရမည့် အဆောက်အအုံသည် မမြင့်လွန်း၊ မနိမ့်လွန်းစေရ။ အရိပ်အာဝါသကောင်း၍ သောက်ရေသုံးရေတို့နှင့် ပြည့်စုံရ၏။ အဆောက်အအုံ ပတ်ဝန်းကျင်ရှိ မြေအပြင်သည် ညီညာချောမွေ့နေရမည်။ အဆောက်အအုံတွင် ကောင်းမွန်လှပသော တိုင်ကြီးများ၊ လှေကားများ၊ နံရံများရှိရမည်။ လှပဆန်းကြယ်သော ခြူးပန်းခြူးနွယ်များ၊ ပန်းချီဆေးရေး ကားချပ်ကြီးများဖြင့် တန်ဆာဆင်ထားရမည်။ ဗြဟ္မာမင်း၏ဗိမာန်သဖွယ် ဆန်းကြယ်သော ပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်ထားသော အဝတ်မျက်နှာကြက် ရှိရမည်။ မြင်ရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးကြည်နူးစေသော အခင်းနှင့် ခုတင်ညောင်စောင်းတို့ကို စနစ်တကျထားရှိရမည်။ အဆောက်အအုံတစ်ခုလုံး ပန်းကုံးပန်းခိုင် အခိုးအထုံတို့ဖြင့် တသုန်သုန် မွှေးကြိုင်ပျံ့သင်းနေရမည်။ ဤကဲ့သို့ မြင်ရုံမျှဖြင့်ပင် နှစ်သက်ရွှင်မြူး ကြည်နူးဖွယ်ကောင်းသည့် အဆောက်အအုံမျိုးသည် ဒေါသစရိုက်ရှိသူနှင့် သင့်လျော်လှပေသည်။

အဆောက်အအုံထဲတွင် ပိုးဟပ်၊ ကြမ်းပိုး၊ မြွေ၊ ကင်း၊ ကြွက်... စသည်တို့ ကင်းစေရန် အသုံးအဆောင်ပစ္စည်းများ နည်းနိုင်သမျှ နည်းရမည်။ အဝတ်ဝတ်ဆင်ရာတွင် ပိုးဖဲကတ္တီပါ စသည့် နူးညံ့သိမ်မွေ့သော အကောင်းစားအဝတ်များကို ဝတ်ဆင်သင့်၏။ လုပ်ကျွေးပြုစုကြရမည့်သူများသည် ရုပ်ရည်ချောမောလှပရမည်။ ကြည့်ရှုချင်စဖွယ် တင့်တယ်ယဉ်ကျေးရမည်။ အမွှေးနံ့သာ အခိုးအထုံတို့ဖြင့် တစ်ကိုယ်လုံး မွှေးကြိုင်ပျံ့သင်းနေရမည်။ စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော အရောင်အဆင်းရှိသည့် အဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားရမည်။ တယုတယ လုပ်ကျွေးပြုစုတတ်ရမည်။

စာမျက်နှာ-186
အစားအစာများမှာ အဆင်းအနံ့အရသာရှိသော မွန်မြတ်သည့် အစားအစာများ ဖြစ်ရမည်။ လိုသလောက်လည်းရရမည်။ ဣရိယာပုတ်လေးပါးတွင် အိပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုတ်နှင့် သင့်လျော်၏။ အာရုံအနေဖြင့်ကား နီလကသိုဏ်းစသော ဝဏ္ဏကသိုဏ်းတို့တွင် အလွန်စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော အဆင်းအာရုံတစ်ခုခုနှင့် သင့်လျော်ပေသည်။

အထက်ပါ ဝိသုဒ္ဓိမဂ်လာ ဒေါသစရိုက်နှင့်သင့်လျော်သော အရာများကို သတိပြုကြည့်လျှင် ဒေါသစရိုက်ရှိသူ ဒေါသမဖြစ်ပွားစေရန် ထိုပုဂ္ဂိုလ်အကြိုက်ကိုလိုက်၍ ပေးထားသော ဣဋ္ဌာရုံများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ဒေါသဖြစ်ကြောင်း နှစ်မျိုးတွင် “အနိဋ္ဌာရုံနှင့် တွေ့ဆုံခြင်း” သည် အကြောင်းတစ်ပါးဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ဒေါသစရိုက်ရှိသူ အကြိုက်ဖြစ်သည့် ဣဋ္ဌာရုံများသည် ဒေါသမဖြစ်အောင် ကာကွယ်တားဆီးနိုင်သည့် အာရုံများဖြစ်ပေသည်။

ဒေါသနှင့်စပ်၍ ပုဂ္ဂိုလ် ၃ မျိုး

ရှင်တော်ဗုဒ္ဓသည် ဒေါသနှင့်စပ်၍ ပုဂ္ဂိုလ် ၃ မျိုးရှိကြောင်း အောက်ပါအတိုင်း ဟောကြားခဲ့သည်။ [၁]

(၁) ကျောက်ချပ်၌ရေးထားသော အက္ခရာနှင့်တူသော “ပါသာဏလေခူပမ” ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မပြတ်အမျက်ထွက်၏။ ယင်းပုဂ္ဂိုလ်၏ ထိုအမျက်သည် ကြာမြင့်စွာသော နေ့ညပတ်လုံး ကိန်း၏။ ကျောက်ချပ်၌ ရေးထားသော အက္ခရာသည် လေ၊ ရေတို့ကြောင့် လျင်မြန်စွာ မပျက်စီးဘဲ ကြာရှည်လေးမြင့် တည်နိုင်၏။ ထို့အတူ ဤလောက၌

၁။ အဘိ၊ ၄။ ၁၃၇။

စာမျက်နှာ-187
အချို့သောပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏။ ယင်းပုဂ္ဂိုလ်၏ ထိုအမျက်သည် ကြာမြင့်စွာသော နေ့ညပတ်လုံးကိန်း၏။ ဤပုဂ္ဂိုလ်ကို ကျောက်ချပ်၌ရေးထားသော အက္ခရာနှင့်တူသည့် “ပါသာဏလေခူပမ” ၁ ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

(ဒေါသဖြစ်ပြီးနောက် အလွန်ပျောက်ခဲလှသူ ပါသာဏလေခူပမပုဂ္ဂိုလ်။)

(၂) မြေပြင်၌ရေးထားသော အက္ခရာနှင့်တူသော “ပထဝီလေခူပမ” ၂ ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မကြာခဏ အမျက်ထွက်၏။ ယင်းပုဂ္ဂိုလ်၏ ထိုအမျက်ကား ကြာမြင့်စွာသော နေ့ညပတ်လုံး မကိန်း၊ မြေပြင်၌ရေးထားသော အက္ခရာသည် လေ, ရေတို့ကြောင့် လျင်မြန်စွာကျေပျက်ကာ တာရှည်မတည်တံ့နိုင်။ ထို့အတူ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မကြာခဏ အမျက်ထွက်၏။ ယင်းပုဂ္ဂိုလ်၏ ထိုအမျက်ကား ကြာမြင့်စွာသော နေ့ညပတ်လုံး မကိန်း။ ဤပုဂ္ဂိုလ်ကို မြေပြင်၌ရေးထားသော အက္ခရာနှင့်တူသည့် “ပထဝီလေခူပမ” ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

(ဒေါသဖြစ်လွယ် ပြေလွယ်သူ ပထဝီလေခူပမ ပုဂ္ဂိုလ်။)

(၃) ရေပြင်၌ရေးသားသော အက္ခရာနှင့်တူသော “ဥဒကလေခူပမ” ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်စွာ ပြောဆိုသော်လည်းကောင်း၊ အလွန်ကြမ်းကြုတ်စွာ ပြောဆိုသော်လည်းကောင်း၊ မနှစ်လိုဖွယ်ရာ ပြောဆိုသော်လည်းကောင်း စိတ်မှု၊ ကိုယ်မှု၊ နှုတ်မှုအားလုံးတို့၌ ညီညွတ်

၁။ ပါသာဏလေခ-ကျောက်ရေးအက္ခရာနှင့် + ဥပမာ-တူသောပုဂ္ဂိုလ်။

၂။ ပထဝီလေခ-မြေရေးအက္ခရာနှင့် + ဥပမာ-တူသောပုဂ္ဂိုလ်။

စာမျက်နှာ-188
အောင်နေထိုင်ပြုမူတတ်၏။ ရေပြင်၌ ရေးသားသောအက္ခရာသည် ကြာရှည်စွာမတည်၊ ဆောလျင်စွာပျက်စီးသွားရ၏။ ထို့အတူ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် အလွန်ခက်ထန်စွာပြောဆိုသော်လည်းကောင်း၊ အလွန်ကြမ်းကြုတ်စွာပြောဆိုသော်လည်းကောင်း၊ မနှစ်လိုဖွယ်ရာ ပြောဆိုသော်လည်းကောင်း စိတ်မှု, ကိုယ်မှု, နှုတ်မှု အားလုံးတို့၌ ညီညွတ်အောင် နေထိုင်ပြုမူတတ်သည်သာ ဖြစ်၏။ ဤပုဂ္ဂိုလ်ကို ရေပြင်၌ရေးသားထားသော အက္ခရာနှင့်တူသော “ဥဒကလေခူပမ” ၁ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

(ဒေါသမဖြစ်တတ်သူ ဥဒကလေခူပမပုဂ္ဂိုလ်။)

ဒေါသကြီးသူ အနာဟောင်းနှင့်တူ

ရုတ်တရက် မပျောက်နိုင် မကျက်နိုင်သော အနာဟောင်းတို့မည်သည် ပင်ကိုပကတိသဘော၌ပင် ပြည်၊ သွေးပုပ်၊ သားငံရည်တို့ တစိုစိုယိုစီးကျလေ့ရှိ၏။ ထိုအနာဟောင်းကို ထင်းချောင်း စသည့် မာသောအရာဝတ္ထု တစ်စုံတစ်ခုနှင့် ထိခိုက်မိပါက ထိုပြည်၊ သွေးပုပ်၊ သားငံရည်တို့ ပိုမိုထွက်ကျလာလေ့ရှိပေသည်။

ဒေါသကြီးသူသည် သွေးပြည်တစိုစိုထွက်နေသော ထိုအနာဟောင်းကြီးနှင့် တူပေသည်။ အနာဟောင်းကြီးသည် ပင်ကိုသဘောအားဖြင့် ပြည် စသည်တို့ကို ယိုထွက်နေသကဲ့သို့ ဒေါသကြီးသူသည်လည်း မိမိပင်ကိုသဘောအားဖြင့်ပင် ကြွစောင်းစောင်းဖြစ်ခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း သဘောရှိ၏။ အနာဟောင်းကို ထင်းချောင်း စသော အရာဝတ္ထု တစ်စုံတစ်ခုဖြင့် ထိခိုက်မိလျှင် သွေးပုပ်၊ ပြည်ပုပ်များ ပိုမိုထွက်လာသကဲ့သို့ ဒေါသကြီးသူသည်လည်း အပြစ်ယူဖွယ်မဟုတ်သည့် အနည်းငယ်မျှသော စကားကလေးကိုပင် သည်းမခံနိုင်

၁။ ဥဒကလေခ = ရေ၌ရေးသောအက္ခရာနှင့် + ဥပမာ = တူသောပုဂ္ဂိုလ်။

၂။ အဘိ၊ ဋ္ဌ၊ ၃။ ၆၁၊ ၆၂။

စာမျက်နှာ-189
ဘဲ “ဒီကောင်က ငါလိုကောင်မျိုးကို ဒီလိုပြောရမလား” စသည်ဖြင့် ပိုမိုတက်ကြွခက်ထန်လာသော သဘောရှိပေသည်။ ထို့ကြောင့် ဘုရားရှင်က ဤသို့ဟောခဲ့ခြင်း ဖြစ်ပါသည်။

“အနာဟောင်းနှင့်တူသောစိတ်ရှိသော ‘အရုကူပမစိတ္တ’ ပုဂ္ဂိုလ်” ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏။ ပူပန်ခြင်းများ၏။ မပြောပဖွယ် အနည်းငယ်မျှ ပြောဆိုစေကာမူ ငြိကပ်တတ်၏၊ (ဝါ) စိတ်ထိခိုက်တတ်၏၊ ပြစ်မှားတတ်၏၊ စိတ်ဆိုးတတ်၏၊ ကြမ်းတမ်းခက်ထန်တတ်၏။ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားအောင် ပြု၏။ ပြ၏။

ဥပမာ-အနာဟောင်းသည် တုတ်ချောင်းစွန်းဖြင့်ဖြစ်စေ၊ အိုးခြမ်းကွဲဖြင့်ဖြစ်စေ ထိခိုက်ခံရသော် သွေးပြည်တို့ အမြောက်အမြားထွက်ကျလာ၏။ ထို့အတူ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပူပန်ခြင်းများ၏၊ မပြောပဖွယ် အနည်းငယ်မျှ ပြောဆိုစေကာမူ ငြိကပ်တတ်၏။ (ဝါ) စိတ်ထိခိုက်တတ်၏။ ပြစ်မှားတတ်၏၊ စိတ်ဆိုးတတ်၏၊ ကြမ်းတမ်းခက်ထန်တတ်၏။ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်ရှားအောင် ပြု၏၊ ပြ၏။ ဤပုဂ္ဂိုလ်ကို အနာဟောင်းနှင့် တူသောစိတ်ရှိသော ‘အရုကူပမစိတ္တ’ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်ပေ၏။ ၁

ဒေါသနှင့်ဥဒ္ဓုမာယိကဖား

တစ်ခုသောနေ့၏ ညသန်းခေါင်ယံ အချိန်တွင် အန္ဓဝန်တော၌ သီတင်းသုံးနေတော်မူသော အရှင်ကုမာရကဿပမထေရ်ထံသို့ နတ်သား

၁။ အဘိ၊ ဋ္ဌ၊ ၃။ ၆၁-၂။

၂။ မ၊ ဋ္ဌ၊ ၂၊ ၃၈။

စာမျက်နှာ-190
တစ်ဦးရောက်လာပြီး ဤတောင်ပို့သည် ညဉ့်အခါ အခိုးလွှတ်၏ နေ့အခါ တောက်ပ၏ စသည်ဖြင့် ထူးဆန်းသောပြဿနာတို့ကို လျှောက်ထားလေသည်။ ထို့ပြင် ယင်းပြဿနာတို့၏ အဖြေတို့ကို ဘုရားရှင်ထံ ချဉ်းကပ်လျှောက်ထားရန်လည်း မှာကြားသွား၏။ မထေရ်လည်း နတ်သား လျှောက်ထားသွားသည့်အတိုင်း ပြဿနာအားလုံး၏ အဖြေကို ဘုရားရှင်ထံ သွားရောက်လျှောက်ထားလေသည်။ ထိုပြဿနာများတွင် “ဥဒ္ဓုမာယိကဖားဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း” ဟူသော အမေးပုစ္ဆာပြဿနာလည်းပါ၏။ ဘုရားရှင်က “ဥဒ္ဓုမာယိကဖားဆိုသည်မှာ အားကြီးသော အမျက်ဒေါသ၏ နာမည်ဖြစ်သည်” ဟု ဖြေကြားတော်မူလိုက်သည်။

မှန်ပါသည်။ အားကြီးသော အမျက်ဒေါသသည် သဘောအားဖြင့် ဥဒ္ဓုမာယိကဖားနှင့်တူ၏။ ဥဒ္ဓုမာယိကဖားသတ္တဝါကား ပင်ကိုပကတိ၌ ခန္ဓာကိုယ် အလွန်သေးငယ်၏။ လက်သည်းခွံလေးမျှလောက်သာ ရှိ၏။ သစ်ရွက် အဟောင်းအဆွေးများကြား၌ဖြစ်စေ၊ ခြုံကြားနွယ်ကြားတို့၌ဖြစ်စေ နေလေ့ရှိ၏။ ယင်းဖားငယ်ကလေးသည် တုတ်စွန်း၊ နွယ်စွန်း၊ မြေမှုန့်တို့တွင် တစ်ခုခုဖြင့် ထိခိုက်မိပါက တဖြည်းဖြည်း ပြန့်ကားကြီးထွားလာလေ့ရှိ၏။ နောက်ဆုံးတွင် ဥသျှစ်သီးမှည့်လောက်နီးနီး ကိုယ်လုံးကြီးမားလာ၍ ဥသျှစ်သီးကဲ့သို့ပင် လုံးဝန်းသောပုံသဏ္ဌာန်ရှိ၏။

ခန္ဓာကိုယ် လုံးဝန်းကြီးမားပြီး ခြေချောင်းကလေးများ သေးနေရကား လမ်းသွားသည့်အခါ ပက်လက်လန်ပြီး ခြေချောင်းများ မိုးပေါ်ထောင်ကာ မသွားနိုင် မလာနိုင် ဖြစ်၏။ ယင်းသို့ဖြင့် ရန်သူအကြိုက်ဖြစ်ကာ နောက်ဆုံးတွင် ကျီး, စွန် စသည်တို့၏ အစာဖြစ်သွားရပေသည်။

ထို့အတူ ဤအမျက်ဒေါသသည်လည်း ထွက်စ ဖြစ်စတွင်

စာမျက်နှာ-191
စိတ်နောက်ကျရုံ၊ စိတ်ချောက်ချားရုံမျှသာဖြစ်၏။ ယင်းအခြေအနေတွင် မနှိမ်နင်းနိုင်လျှင် တစ်ဆင့်တိုးလာကာ မျက်နှာထားမာကြောတင်းလာ၏။ မကြည်မသာဖြစ်လာ၏။ ထိုမှတစ်ဆင့် မေးလှုပ်လာခြင်း၊ အပြောအဆို ကြမ်းတမ်း ရိုင်းစိုင်းလာခြင်း၊ လက်နက်ရှာရန် ဟိုဟိုဒီဒီကြည့်လာခြင်း၊ ရှေ့ဆွဲနောက်တွန်းလုပ်လာခြင်း၊ ခဲ, တုတ်, ဓားစသော လက်နက်တို့ကို ကိုင်စွဲလာခြင်း၊ ထိုလက်နက်တို့ဖြင့် ရိုက်ပုတ်ခြင်း၊ သတ်ဖြတ်ခြင်း... စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာ၏။ နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်သည့်အထိ ဖြစ်သွားတတ်၏။ ဤသို့ ဒေါသသည် အချိန်မီ မနှိမ်နင်းနိုင်လျှင် တစ်စတစ်စ ကြီးထွားလာတတ်သော သဘောရှိပေသည်။

ဤဥပမာ၌ ဥဒ္ဓုမာယိကဖားသည် ခြေလေးချောင်း မိုးပေါ်ထောင်ကာ မသွားမလာနိုင် ဖြစ်သည်နှင့် ဒေါသကြီးသောပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းယူ၍ မပွားများအားမထုတ်နိုင်ပုံ တူပေသည်။ ဥဒ္ဓုမာယိကဖားသည် လမ်းမသွားနိုင်သဖြင့် ရန်သူ့အကြိုက်ဖြစ်ကာ ကျီးစာစွန်စာအဖြစ်သို့ ရောက်သွားရပုံနှင့် ဒေါသကြီးသောပုဂ္ဂိုလ်သည်လည်း ကမ္မဋ္ဌာန်းတရားပွားများ အားမထုတ်နိုင်သဖြင့် ရန်သူ့အကြိုက်ကျကာ ကိလေသာမာရ်စသော မာရ်စစ်သည်အားလုံးတို့၏ အလိုရှိတိုင်း အပြုခံရသည်နှင့် တူပေသည်။

ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက “ဥဒ္ဓုမာယိက ဖားဆိုသည်မှာ အားကောင်းသော ဒေါသ၏အမည်ပင်ဖြစ်၏” ဟု မူလပဏ္ဏာသပါဠိတော်၊ ဝမ္မိကသုတ်၌ ဟောတော်မူခြင်းဖြစ်သည်။

ဒေါသ၏ဖန်တီးချက်များ

ဒေါသကြီးသောသူသည် အဆင်း၊ ဥစ္စာ၊ ဉာဏ်၊ ပညာ... စသော ဂုဏ်တို့ရှိစေကာမူ ဂုဏ်မရှိဟု ပြုမူတတ်သော သဘောရှိ၏။ သူတစ်ပါး

စာမျက်နှာ-192
၏ ဂုဏ်ကျေးဇူးကို ဂုဏ်ကျေးဇူးဟု အသိအမှတ်မပြု၊ ချေဖျက်တတ်၏။ ဒေါသကြီးသူသည် မချစ်ခင် မတွယ်တာတတ်သော သဘောရှိသောကြောင့်လည်းကောင်း၊ မုန်းသောသူတို့နှင့် ယှဉ်တွဲနေထိုင်ရခြင်းကို သည်းမခံနိုင်သော သဘောရှိသောကြောင့်လည်းကောင်း ဒေါသသည် မုန်းသောသူတို့နှင့် ယှဉ်တွဲနေထိုင်ရခြင်း (အပ္ပိယသမ္ပယောဂဒုက္ခ) ဆင်းရဲ၏ အကြောင်းတရားဖြစ်သည်။ ဒေါသကြီးသူသည် ဒေါသနည်းသူထက် အရွယ်ကျလွယ်၏။ အိုမင်းလွယ်၏။

မည်သူမဆို ဒေါသကိုရှေ့တန်းတင်ထားလျှင် ပေါင်းသင်းဆက်ဆံရေးတွင် အခါခပ်သိမ်း အဆင်မပြေဘဲရှိတတ်၏။ ဒေါသကား ဆိုခဲ့ပြီးသည့်အတိုင်း ကြမ်းတမ်းသောသဘောရှိ၏။ ထို့ကြောင့် ဒေါသသည် မိမိမှီရာ သတ္တဝါကို မိမိနှင့်သဘောတူသော ငရဲဘုံသို့ ပို့ဆောင်တတ်၏။ ဒေါသကြီးသူသည် အရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းကို ဖန်တီးတတ်သော ဒေါသမီးက လောင်မြိုက်သောကြောင့် အိုရွယ်မရောက်မီ အိုသူများ၏ အခြင်းအရာ လက္ခဏာများပေါ်လာတတ်၏။

ဒေါသကို ရင်ဝယ်ပိုက်ထားသူသည် မိတ်ကောင်းဆွေကောင်း မရနိုင်။ မိတ်ဆွေရှားပါး၏။ ဒေါသသည် ဒေါသဖြစ်ကြောင်း အာဃာတဝတ္ထုများကို သိမ်းပိုက်သောသဘောရှိသောကြောင့် ဆင်းရဲသောသင်္ခါရဝတ္ထုများကို ဆင်းရဲဒုက္ခဟု ထင်မြင်နိုင်စွမ်းမရှိချေ။

ဒေါသသည် အကုသိုလ်၏အခြေခံအကြောင်းတရား

ဒေါသမကင်းသောသူ မည်သူမဆို ဒေါသအမျက်ထွက်နေချိန်တွင် ပြုလုပ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု အားလုံးသည် မကောင်းမှုအကုသိုလ်များသာ ဖြစ်ပေသည်။ လောကတွင် ဒေါသကြောင့် သူတစ်ပါးအသက်ကို သတ်ကြသည်။ ဆဲရေးတိုင်းထွာကြသည်။ သူတစ်ပါးတို့

စာမျက်နှာ-193
ပျက်စီးကြောင်းကို ကြံစည်ကြသည်။ တစ်ခါတစ်ရံ သူတစ်ပါးပစ္စည်းခိုးမှု၊ လိမ်ညာပြောဆိုမှု... စသည့် ဒုစရိုက်မှုများကို ဒေါသကြောင့် လွန်ကျူးတတ်ကြသေးသည်။ ဤသို့ ဒေါသသည် အကုသိုလ်တရားဖြစ်ပွားလာရန် တရားခံအကြောင်းတရားတစ်ခုဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက အောက်ပါအတိုင်း ဟောကြားခဲ့ခြင်းဖြစ်သည်။

“ရဟန်းတို့... အမျက်ထွက်ခြင်း ဒေါသသည်ရှိ၏။ ယင်းဒေါသသည် အကုသိုလ်၏ အကြောင်းရင်းတည်း”။ အမျက်ထွက်သူသည် ကိုယ်, နှုတ်, စိတ်ဖြင့် အားထုတ်၏။ ယင်းအားထုတ်မှုသည်လည်း အကုသိုလ်တည်း။ အမျက်ထွက်သူသည် အမျက်ထွက်ခြင်းဒေါသ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကိုဆို၍) သူတစ်ပါးအား ဆင်းရဲကိုဖြစ်စေ၏။ ယင်းသို့ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။

ထိုသို့ ဒေါသကြောင့် ဖြစ်ကုန်သော၊ ဒေါသလျှင် အကြောင်းရင်းရှိကုန်သော၊ ဒေါသလျှင် ဖြစ်ကြောင်းရှိကုန်သော၊ ဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။ ၁

၁။ အံ၊ ၁၊ ၂၀၂။

စာမျက်နှာ-194

ဒေါသကား အကျိုးမဲ့တရား

ဒေါသစေတသိက်သည် မီးကဲ့သို့ လောင်ကျွမ်း ပျက်စီးတတ်သော သဘောရှိ၏။ ဒေါသဖြစ်လာသည့်အခါ ရှေးဦးစွာ မိမိမှီရာပုဂ္ဂိုလ်ကို လောင်ကျွမ်းဖျက်ဆီး၏။ နောက် အခြားသူများသို့ ကူးစက်လောင်ကျွမ်း၏ (လောင်ကျွမ်းဖျက်ဆီးပုံကို ရသအခန်း၌ အကျယ်တင်ပြခဲ့ပြီး)။

အချို့ပုဂ္ဂိုလ်များမှာ ဒေါသကြောင့် ဥစ္စာစီးပွားပျက်စီးကြရ၏။ တန်ခိုးဂုဏ်သိန် အရှိန်အဝါများ ကျဆင်းသွားရ၏။ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ကျခြင်း... စသည့် အရှက်တကွဲ အကျိုးနည်းမှုများကို ခံစားရ၏။ နောက်ဆုံး အသက်ခန္ဓာဆုံးရှုံးသည့်အထိ ဒေါသ၏ ပြစ်ဒဏ်ကို ခံကြရသည်။ ထို့ကြောင့် မြတ်စွာဘုရားက ကာလာမအမျိုးသားတို့အား ဤသို့ ဟောကြားခဲ့ပါသည်။

“ကာလာမမင်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း” အမျက်ထွက်ခြင်း ဒေါသသည် သတ္တဝါ၏ အတွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သည်ရှိသော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ (သို့မဟုတ်) အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော” ဟု မေးတော်မူ၏။ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပါသည်အရှင်ဘုရား။

“ကာလာမမင်းတို့... အမျက်ထွက်သောပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်းဒေါသနှိပ်စက်အပ်၊ သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်းသတ်၏။ သူတစ်ပါးက မပေးသည့်ပစ္စည်းကိုလည်း ခိုးယူ၏။ သူ့သားမယားကိုလည်း သွားလာ၏။ မဟုတ်မမှန်သောစကားကိုလည်း ပြောဆို၏။ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏။ ယင်း သူတစ်ပါးအသက်သတ်ခြင်း၊ သတ်စေခြင်း

စာမျက်နှာ-195
စသည်များသည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဆင်းရဲခြင်းငှာ ဖြစ်နိုင်သည်မဟုတ်လောဟု” မေးတော်မူ၏။ ဖြစ်နိုင်ပါသည် အရှင်ဘုရား။ ၁

ဒေါသ၏ပြစ်ဒဏ်များ

ဒေါသသည် ရုပ်ဆင်းအင်္ဂါ မလှမပအောင် (ဝါ) ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုတတ်၏။ အမျက်ဒေါသထွက်နေသည့် အခြားသူများ၏ မျက်နှာ, ခြေ, လက်, အင်္ဂါတို့ကို ကြည့်ရှုလျှင်ဖြစ်စေ၊ ဒေါသဖြစ်နေသည့် မိမိမျက်နှာကို မှန်တွင်ကြည့်လျှင်ဖြစ်စေ ပင်ကိုပကတိထက် တမူခြားနား အရုပ်ဆိုးသွားသည်မှာ သိသာလှပေသည်။ မိမိကိုယ်ကို တင့်တယ်လှပအောင် အစွမ်းကုန် ဖီးလိမ်းဝတ်ဆင် တန်ဆာဆင်ထားစေကာမူ ဒေါသဖြစ်လာသည့်အခါတွင် ဒေါသနှိပ်စက်သဖြင့် အလှပျက်ကာ အရုပ်ဆိုးသွားပုံကို လူတိုင်းပင် တွေ့ဖူး၊ ကြုံဖူးကြပေသည်။ ဤသို့ ဒေါသသည် ရုပ်ဆင်းအင်္ဂါမလှမပအောင် ပြုလုပ်တတ်၏။

ဒေါသဖြစ်နေသူသည် အိပ်သည့်အခါ၌လည်းချမ်းချမ်းသာသာ မအိပ်ရရှာပေ။ မှန်၏။ အလွန်တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်ရှိ၍ ခမ်းနားသန့်ရှင်းသော အိပ်ခန်းတွင်း၌ အိစက်ညက်ညောသည့် မွေ့ရာကြီးများ၊ ခေါင်းအုံးကြီးများ၊ ကတ္တီပါခြုံစောင်ကြီးများဖြင့် တန်ဆာဆင်ထားသည့် အိပ်ရာပေါ်တွင် အိပ်စက်ရငြားသော်လည်း ဒေါသအတွင်းသူပုန်ထနေပါလျှင် ပင်ပန်းဆင်းရဲစွာ အိပ်ရမည်သာဖြစ်၏။ ဤသို့ ဒေါသသည် အအိပ်ဆင်းရဲအောင် ဖန်တီးတတ်၏။

၁။ အံ၊ ၁။ ၁၈၉။

စာမျက်နှာ-196
ဒေါသသည် အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးတတ်၏။ အကုသိုလ်တရားဖြစ်၍ ပညာမျက်စိကန်းသော တရားမျိုးဖြစ်၏။ အကြင်အခါ၌ သတ္တဝါတစ်ဦးဦး သန္တာန်၌ ဒေါသဖြစ်လာ၏။ ထိုအခါ သတ္တဝါသည် အကြောင်းအကျိုးကိုလည်း မမြင်၊ အကောင်းအဆိုးကိုလည်း ခွဲခြားမသိ၊ သူ၏စိတ်တွင် အမိုက်မှောင်ကြီး ကျလျက်ရှိ၏။ အကျိုးစီးပွားဖြစ်ထွန်းမည့်အရာကိုလည်း အကျိုးမရှိသည့်အရာဟု မှတ်ထင်ယူဆ၏။ အကျိုးစီးပွားဆုံးရှုံးမည့်အရာကိုလည်း အကျိုးစီးပွားဖြစ်ထွန်းမည်ဟု ဖောက်ဖောက်ပြန်ပြန် မမှန်မကန် ယူဆတတ်၏။ ထိုသို့ ယူဆပြုလုပ်တတ်သဖြင့် ဒေါသသည် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကိုလည်း ဖျက်ဆီးတတ်၏။

စိတ်ကိုလည်း ချောက်ချားဖောက်ပြန်စေတတ်သည်။ စိတ်အစဉ်တွင် ဒေါသဝင်လာခဲ့လျှင် ဒေါသရှိသူသည် ဒေါသ၏အကျိုးမဲ့ လုပ်တတ်ပုံ စသော ဘေးဒုက္ခအပေါင်းကို သိမြင်နိုင်သောဉာဏ်မရှိတော့ချေ။ ယင်းသို့ ဒေါသသည် အကျိုးစီးပွားမဲ့ကို ပြုလုပ်တတ်ပေသည်။

ဒေါသသည် လက်ရှိ စည်းစိမ်ဥစ္စာ ရတနာများကို လက်မဲ့ဖြစ်အောင်လည်း ပြုလုပ်တတ်သည်။ မှန်၏။ ဒေါသရှိသူသည် ဒေါသနှိပ်စက်သောကြောင့် ကိုယ်, နှုတ်တို့ဖြင့် သတ်ပုတ် ညှဉ်းဆဲမှု... စသည်ကို ပြုလုပ်လေ့ရှိသဖြင့် အမျိုးမျိုးသော မင်းပြစ်မင်းဒဏ်များကိုခံရ၍ စီးပွားဥစ္စာများ ပျက်စီးရ၏။ ဤသို့ဖြင့် မိမိကိုယ်တိုင် လက်ရုံးအားကိုးဖြင့် ပင်ပန်းကြီးစွာ ရှာမှီးထားသည့် ဥစ္စာပစ္စည်းများသည် ပြည်သူ့ဘဏ္ဍာအဖြစ်သို့ ရောက်သွားတတ်ပေသည်။ ဤသို့ ဒေါသသည် လက်ရှိစည်းစိမ်ဥစ္စာများကို လက်မဲ့ဖြစ်အောင် ပြုလုပ်တတ်၏။

ဒေါသကြောင့်လည်း အခြွေအရံနည်းပါးတတ်၏။ ဒေါသသည်

စာမျက်နှာ-197
ဆိုခဲ့သည့်အတိုင်း ကြမ်းတမ်းခက်ထန်သော သဘောရှိ၏။ မိမိနှင့်တကွ နီးစပ်ရာပုဂ္ဂိုလ်များကို မီးကဲ့သို့ လောင်ကျွမ်းတတ်၏။ သူတစ်ပါးတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း..စသည်တို့သည် ဒေါသ၏လက်ချက်များဖြစ်၏။ ထိုကြမ်းတမ်းခက်ထန်ခြင်းစသည့် ရိုင်းစိုင်းရက်စက်သည့် အပြုအမူများကို လူတိုင်းမလိုလားကြ မနှစ်သက်ကြချေ။ သို့ဖြစ်၍ ထိုသဘောလက္ခဏာရှိသည့် ဒေါသကြီးသူ၏ အနီးအပါးတွင် မည်သူမျှ မနေလိုကြခြင်းဖြစ်သည်။ အကြောင်းမသိ၍ အနီးအပါးသို့ လာရောက်နေထိုင်ကြစေကာမူ အကြောင်းသိသည့်အချိန်တွင် အဝေးသို့ ဖဲခွာသွားကြမည်သာဖြစ်၏။ ဤသို့ ဒေါသသည် အခြွေအရံနည်းအောင်လည်း ဖန်တီးတတ်သည်။

မိတ်ဆွေသင်္ဂဟ နည်းပါးခြင်းသည်လည်း ဒေါသ၏ အပြစ်တစ်ခုဖြစ်၏။ မိမိအပေါ် ခက်ထန်မှု, မျက်မာန်ပွားမှု, မုန်းမှုတို့ကို လူတိုင်းပင် မကျေနပ်ကြ။ ဗုဒ္ဓရှင်တော်ဘုရားက “အမျက်ဒေါသထွက်လာသူကို မိမိက အမျက်မထွက်၊ သည်းခံခြင်းလက်နက်ဖြင့် အနိုင်ယူရမည်” ဟု ဟောထား၏။ သို့သော် သတ္တဝါအများစုသည် တစ်ဖက်သား၏ အမျက်ဒေါသကို တန်ပြန်အမျက်ဒေါသဖြင့်သာ ခုခံလေ့ရှိကြသည်။ အလွန်ရင်းနှီးခင်မင်သည့် မိတ်ဆွေဖြစ်စေကာမူ မိမိအပေါ် ဒေါသမာန်ပွား မုန်းစိတ်များလာပါက ထိုပုဂ္ဂိုလ်ကို မိတ်ဆွေအဖြစ် အသိအမှတ်မပြုကြတော့ချေ။ ဤသို့ဒေါသသည် မိတ်ဆွေနည်းပါးအောင် လုပ်တတ်၏။

ဒေါသသည် မိမိဖြစ်ရာပုဂ္ဂိုလ်ကို ငရဲဘုံသို့ ပို့ဆောင်တတ်၏။ မည်သူမဆို ဒေါသဖြစ်လာလျှင် ကိုယ်, နှုတ်, စိတ်တို့တွင် တစ်ပါးပါးဖြင့် ဒုစရိုက်မှုတစ်ခုခုကို လွန်ကြူးကြမြဲ ဓမ္မတာဖြစ်သည်။

စာမျက်နှာ-198
ထိုဒုစရိုက်မှုကြောင့် ဒေါသရှိသူသည် ငရဲဘုံသို့ ကျရောက်တတ်သော သဘောရှိပေသည်။ ဤသို့ ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော်၊ သတ္တကနိပါတ်၊ ကောဓနသုတ်၌ ဒေါသ၏ ပြစ်ဒဏ် (၇) ချက်တို့ကို ဟောကြားပြီးနောက် အောက်ပါတို့ကိုလည်း ဆက်လက်ဟောကြားခဲ့ပေသည်။

ဒေါသထွက်နေသူသည် ပကတိအခါပြုဖို့ရန် ခဲယဉ်းသည့် မကောင်းမှုများကို လွယ်လွယ်နှင့်ပင် ပြုလုပ်တတ်ကြ၏။ အမျက်ဒေါသပြေသည့်အခါမှ မီးလောင်သကဲ့သို့ စိတ်ပူပန်ခြင်း ဖြစ်ရ၏။ မီးတို့မည်သည် အကျိုးတရားအဖြစ် မီးခိုးကို ဖြစ်စေတတ်၏။ ထို့အတူ ဒေါသသည်လည်း အကျိုးတရားအဖြစ်ဖြင့် မျက်နှာမသာမယာရှိသည်ကို ပြတတ်၏။ အမျက်ထွက်နေသူသည် မကောင်းမှုကို ပြုရန် ရှက်ရမှန်း၊ ကြောက်ရမှန်း၊ ထိတ်လန့်ရမှန်း မသိချေ။ ပြောဆိုဆုံးမသည့်စကားကိုလည်း လေးလေးစားစား လိုက်နာဆောင်ရွက်တတ်သော သဘောမရှိ၊ မိခင်ဖခင် ကျေးဇူးရှင်များနှင့်တကွ ရဟန္တာထေရ်အရှင်တို့ကိုပင်သော်လည်း သတ်ဖြတ်တတ်၏။ နောက်ဆုံး ဒေါသဖြစ်လာသည့်အခါ အချစ်ဆုံးဖြစ်သည့် မိမိကိုယ်ကိုပင်သော်လည်း သေကြောင်းကြံကြ၏။ ဓား၊ လှံ၊ သေနတ်စသည်ဖြင့် ထိုးခုတ်ပစ်ခတ်၍သော်လည်းကောင်း၊ အဆိပ်စား၍သော်လည်းကောင်း၊ ဆွဲကြိုးချ၍သော်လည်းကောင်း၊ တောင်, မြစ်ကမ္ဘား တံတားစသည့် မြင့်သောနေရာတို့မှ ခုန်ချ၍သော်လည်းကောင်း မိမိကိုယ်ကို သတ်သေတတ်ကြကုန်၏။

ဒေါသရှိသူသည် ဆင်းရဲစွာနေရ၏။ ပုထုဇဉ်ဘဝမှ သောတာပန်အဆင့်၊ သောတာပန်အဆင့်မှ သကဒါဂါမ်အဆင့်သို့ မရောက်နိုင်

၁။ အံ၊၂၊၄၆၉။

စာမျက်နှာ-199
မမြင်နိုင်ဘဲ ဆုတ်ယုတ်သောသဘောရှိ၏။ ဒေါသစိတ်ရှိစဉ် သေခဲ့လျှင် ငရဲကျရောက်တတ်၏ဟု အင်္ဂုတ္တိုရ် ဒုကနိပါတ် ကောဓပေယျာလနှင့် ဣတိဝုတ်ပါဠိတော် ဒေါသပရိညာသုတ်၊ ပဒုဋ္ဌစိတ္တသုတ် စသည်တို့၌ ဟောကြားခဲ့၏။

စရိယာပိဋကအဋ္ဌကထာ၌လည်း ဘုရားအလောင်း စူဠဗောဓိပုဏ္ဏားက ဗာရာဏသီမင်းအား ဒေါသဖြစ်သူတို့ကို ဤသို့ ဟောကြားခဲ့ပေသည်။

“သတ္တဝါတို့သည် ဒေါသမဖြစ်မီ ပကတိစိတ်ကောင်းဝင်ချိန်တွင် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ကောင်းကျိုးကို ကောင်းမွန်စွာ သိမြင်နိုင်သော်ငြားလည်း ဒေါသဖြစ်လာသည့်အချိန်တွင်မူ သူတစ်ပါးအကျိုးကို မဆိုထားဘိ မိမိကိုယ်ကျိုးကိုပင်သော်လည်း မမြင်တော့ချေ။ ဒေါသကား ရန်သူကြိုက်တရားဖြစ်သည်။ ဒေါသဖြစ်လာလျှင် အမှားတွေ့ပြီး ဒုက္ခရောက်တော့မည်ကို ရန်သူတို့သိကြ၏။ ထို့ကြောင့် တစ်ဖက်သား ဒုက္ခရောက်ရန် လိုလားနေသော ရန်သူသည် တစ်ဖက်လူဒေါသဖြစ်ခြင်းကို သဘောကျလျက်ရှိ၏။ ဒေါသဟူသည် ပညာဉာဏ်ကင်းမဲ့သူတို့၏ ကျက်စားရာတရားဖြစ်၏။ ဒေါသသည် ကောင်းသည့် လုပ်ငန်းမှန်သမျှကို စွန့်ပယ်၏။ မိမိတို့၏ ကြီးပွားတိုးတက်မှုအားလုံးကို ဖျက်ဆီးပိတ်ပင်၏။ ထင်းကို မီးပွတ်ကျည်ဖြင့် ပွတ်သည့်အခါ မီးဖြစ်လာပြီး ထင်းကိုပင် လောင်ကျွမ်းသကဲ့သို့ ထို့အတူ ဉာဏ်ပညာကင်းသည့် လူမိုက်လူဖျင်းအား ချုပ်ချယ်လိုမှုကြောင့် ဒေါသမီးတောက်ကာ မိမိသည်ပင် လောင်ကျွမ်းခံရ၏။”

စာမျက်နှာ-200
ဣတိဝုတ်ပါဠိတော်၊ ဧကကနိပါတ်၊ ဒေါသသုတ်၊ ကောဓသုတ် စသည်၌လည်း...

“ရဟန်းတို့၊ တစ်ခုသော တရားကို ပယ်ကြကုန်၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ တစ်ခုသော တရားကား ပြစ်မှားမှု ဒေါသ၊ သို့မဟုတ် အမျက်ထွက်မှု ကောဓတည်း။ ဒေါသ (ဝါ) ကောဓ အဖျက်ဆီးခံရသူ သတ္တဝါတို့သည် မကောင်းသောသူတို့ လားရာဂတိသို့ လားရောက်ကြရ၏။ ယင်းဒေါသကို ကောင်းစွာသိမြင်၍ ခန္ဓာငါးပါးတို့ကို အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုဒေါသကို ပယ်စွန့်ကြကုန်၏။ ယင်းသို့ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကြကုန်” ဟု ဟောတော်မူခဲ့သည်။

မြတ်စွာဘုရားနှင့် ဒေါသကြီးသည့်မင်းသား

ဧကနိပါတ်၊ ဧကပဏ္ဏကဇာတ်၌လည်း ဒေါသ၏ပြစ်မှုများကို ဘုရားရှင် ဤသို့ ဟောကြားတော်မူခဲ့သေးသည်။

ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်က ဝေသာလီပြည်တွင် ဒေါသမာန်မာန အလွန်ခက်ထန်သည့် လိစ္ဆဝီမင်းသားတစ်ပါး ပေါ်ခဲ့ဖူး၏။ ထိုမင်းသားကို “ဒုဋ္ဌလိစ္ဆဝီ” ဟုခေါ်သည်။ အမျက်ဒေါသအလွန်ကြီး၏။ ကြမ်းတမ်းခက်ထန်၏။ ဆဲရေးတိုင်းထွာတတ်၏။ နိုင်ထက်ကလူ ပြုမူတတ်၏။ တုတ်နှင့်ခေါက်လိုက်သည့် မြွေဟောက်ကဲ့သို့ အမြဲဒေါသမီးတောက်လောင်နေ၏။ ထိုမင်းသားရှေ့တွင် မည်သူမျှ နှစ်ခွန်းသုံးခွန်းပြည့်အောင် စကားမပြောရဲကြ။

စာမျက်နှာ-201
မိဘနှစ်ပါးစကားကိုလည်း နားမထောင်၊ ဆွေမျိုးမိတ်သင်္ဂဟများကလည်း ဆိုဆုံးမခက်သဖြင့် လျစ်လျူရှုထားရသူ ဖြစ်၏။

တစ်နေ့တွင် မိဘနှစ်ပါးတို့သည် ထိုမင်းသားငယ်ကို ဘုရားရှင်မှတစ်ပါး အခြား မည်သူမျှလိမ္မာအောင် ဆုံးမနိုင်မည်မဟုတ်ဟု စဉ်းစားမိကြပြီး မင်းသားငယ်ကို ဘုရားရှင်ထံ ခေါ်သွားကြသည်။ ဘုရားရှင် ရှေ့တော်မှောက်သို့ရောက်သည့်အခါ “ဤမင်းသားကြမ်းကလေးကို ယဉ်ကျေးအောင် ဆုံးမပေးတော်မူပါဘုရား” ဟု ရှိခိုးလျှောက်ထားကြသည်။

ဘုရားရှင်က “မင်းသား ထိုထိုသတ္တဝါများအပေါ်၌ ကြမ်းကြုတ်ခတ်ထန်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ နိုင်ထက်ကလူပြုမူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို မပြုသင့်ပေ။ ကြမ်းတမ်းရိုင်းစိုင်းသော အပြောအဆိုမျိုးကို ဆွေမျိုးမိတ်သင်္ဂဟ ညီအစ်ကိုမောင်နှမ၊ သားမယားတို့ပင် မဆိုထားဘိ၊ မွေးမိဖခင် ကျေးဇူးရှင်တို့ပင် မကြိုက်မနှစ်သက်ကြ၊ လွန်စွာရွံရှာမုန်းတီးကြ၏။ ကိုက်သတ်ရန်လာသောမြွေ၊ ထကြွသောင်းကျန်းနေသော တောခိုဓားပြသူပုန်၊ စားရန်လာသော ဘီလူးတို့ပမာ ကြောက်မက်ဖွယ်ရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အလွန်ကောင်း၏။ နောင်တမလွန်ဘဝ၌လည်း ငရဲစသော အပါယ်လေးဘုံသို့ ကျရောက်ရ၏။

ဒေါသကြီးသူသည် ယခုဘဝ ပစ္စက္ခအခြေအနေ၌လည်း မည်သို့ပင် ဖီးလိမ်း ဝတ်ဆင်၊ တင့်တယ်လှပအောင် တန်ဆာဆင်ထားကာမူ ရုပ်ဆင်းအင်္ဂါ မတင့်တယ်မလှပနိုင်ချေ။ ယင်းဒေါသကြီးသူ၏ ပင်ကိုမူလ လပြည့်ဝန်းကြီးကဲ့သို့ တင့်တယ်လှပသည့် မျက်နှာသည်လည်း ဒေါသဖြစ်လာသည်နှင့်တစ်ပြိုင်နက် မီးလျှံခတ်သည့် ပဒုမ္မာရွှေကြာပန်းနှင့် အညစ်အကြေး လိမ်းကပ်နေသည့် ရွှေကြေးမုံဝန်း

စာမျက်နှာ-202
တို့ကဲ့သို့ ကြည့်ရှုဖွယ်မကောင်း၊ အရုပ်ဆိုးသွားရ၏။

သတ္တဝါတို့သည် ဒေါသကိုအမှီပြု၍ လက်နက်စွဲကိုင်ကာ မိမိကိုယ်ကိုပင် မိမိသတ်သေကြ၏။ အဆိပ်ကို စားကြ မျိုကြ၏။ ဆွဲကြိုးချကြ၏။ တံတား ချောက်ကမ္ဘားစသော မြင့်ရာတို့မှ ခုန်ချကြ၏။ ဤသို့ဒေါသစိတ်ဖြင့် ဘဝကို နိဂုံးချုပ်ပြီးနောက် ငရဲဘုံ စသည်တို့သို့ ရောက်ကြရ၏။

သူတစ်ပါးတို့ကို ညှဉ်းပန်းနှိပ်စက်တတ်သူတို့သည်လည်း ယခုမျက်မှောက်ဘဝမှာပင် ပညာရှိသူတော်ကောင်းတို့၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရ၏။ နောင်တမလွန်ဘဝတွင်လည်း ငရဲဘုံစသော အပါယ်လေးဘုံသို့ ကျရောက်ကြရ၏။ လူပြန်ဖြစ်သည့်အခါ၌လည်း မွေးဖွားလိုက်ကတည်းက ရောဂါထူ၏။ လုံးလုံးကျန်းမာသည့်အခါဟူ၍မရှိ။ ရောဂါတစ်ခုခု အမြဲမပြတ် တရစပ်ရှိနေတတ်၍ ထာဝစဉ် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရ၏။ ထို့ကြောင့် သတ္တဝါများအပေါ်၌ မေတ္တာစိတ်၊ အကျိုးလိုလားစိတ်၊ နူးညံ့ပျော့ပျောင်းသောစိတ်မျိုး ထားသင့်၏။ ယင်းကဲ့သို့ ဒေါသကြီးသည့် ပုဂ္ဂိုလ်မျိုးသည် ငရဲစသော ဘေးဒုက္ခတို့မှ မလွတ်မြောက်နိုင်” ဟု ဆိုဆုံးမတော်မူသည်။

ဤသို့ ဘုရားရှင်၏ သြဝါဒ ဒေသနာကို တစ်ကြိမ်တစ်ခါ ကြားနာရသည်နှင့်ပင် အလွန်ဒေါသ မာန်မာန ခက်ထန်ကြမ်းကြုတ်သော ဒုဋ္ဌလိစ္ဆဝီမင်းသားငယ်သည် မေတ္တာဓာတ်ကိန်း၍ စိတ်ထားနူးညံ့ပျော့ပျောင်းသွား၏။ ဒေါသမာန်မာနမရှိတော့ဘဲ အလွန်ယဉ်ကျေးသိမ်မွေ့သွား၏။

သူတစ်ပါးက ဆဲဆဲရိုက်ရိုက် ပြန်လှည့်၍ပင် မကြည့်တော့။ အစွယ်မရှိသော မြွေ၊ ဦးချိုကျိုးနေသော နွားလား၊ လက်ဖြတ်ထားသော ပုစွန်တို့ပမာ ဒေါသမာန်မာန ကင်းသွားလေသည်။

စာမျက်နှာ-203

ဒေါသပြေငြိမ်းရန် ကုသနည်းများ

ရှေ့ပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း ဒေါသကား အလွန်ကြောက်စရာကောင်းသည့် တရားဆိုးတစ်ပါးတည်း။ အကုသိုလ်တရားများ၏ မြစ်ဖျားခံရာ ပင်ရင်းမူလ အခြေခံတရားအုပ်စုတွင် ပါဝင်၏။ မျက်မှောက်ပစ္စက္ခဘဝ၌လည်း အကျိုးစီးပွားမဲ့မှန်သမျှကို ဖန်တီးတတ်၏။ နောင်တမလွန် ဘဝ၌လည်း ငရဲသို့ ပို့ဆောင်ပေးတတ်၏။ ယင်းဒေါသကို သောတာပန်ပုဂ္ဂိုလ်ပင် အကြွင်းမဲ့ မပယ်သတ်နိုင်သေး။ အနာဂါမိမဂ်ဖြင့်သာ အမြစ်ပါမကျန် ပယ်သတ်နိုင်၏။ ဤမျှ ဆိုးဝါးသော်လည်း ပရိယုဋ္ဌာနအနေဖြင့် ထကြွသောင်းကျန်းနေသော ဒေါသကိလေသာကိုမူ ပြေငြိမ်းပပျောက်သွားရန် ကုစားသော နည်းလမ်းများရှိပါသည်။ ယင်းကုစားနည်းများကို ရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ပထမအုပ်၊ မေတ္တာဘာဝနာအခန်းတွင် ဤသို့စနစ်တကျ ဖော်ပြထားပါသည်။

မေတ္တာဘာဝနာဖြင့် ကုသနည်း

ဒေါသသည် အဒေါသခေါ်သည့် မေတ္တာတရား၏ ဆန့်ကျင်ဘက်တရားဖြစ်၏။ တစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင် အတူမအောင်းနိုင်သကဲ့သို့ ဒေါသနှင့် မေတ္တာတို့သည် တစ်ချိန်တည်းတွင် အတူမဖြစ်နိုင်ကြချေ။ ဒေါသလာလျှင် မေတ္တာရှောင်ခွာရသကဲ့သို့ မေတ္တာဝင်လျှင်လည်း ဒေါသစင်သွားရသည်မှာ ဓမ္မနိယာမဖြစ်၏။ ထို့ကြောင့် စိတ်အစဉ်တွင် ဒေါသဝင်နေလျှင် ပထမဆုံးမေတ္တာနှင့် မောင်းနှင်ထုတ်ရမည်။ မိမိဒေါသဖြစ်နေသူသို့ မေတ္တာဓာတ်လွှတ်နိုင်ရန် ကြိုးစားရမည်။

ကကစူပမသုတ်နှင့် သံယုတ်ပါဠိတော်လာ ကုသနည်း

ထိုသို့ မိမိဒေါသဖြစ်နေသူအား မေတ္တာဓာတ်ရောက်

စာမျက်နှာ-204
အောင် ကြိုးစားသော်လည်း ဒေါသက အားကောင်းနေသဖြင့် မေတ္တာဓာတ် မသွင်းနိုင်ခဲ့ပါလျှင် ဘုရားရှင်၏ သြဝါဒများကို ဆင်ခြင်စဉ်းစားနှလုံးထားကာ ဒေါသတရားကို ဖယ်ရှားပစ်ရမည်။

ဆင်ခြင်ပုံမှာ...မိမိကိုယ်ကိုမိမိ “အမျက်ဒေါသထွက်နေသည့် အမောင်ယောက်ျား...ရှင်တော်ဘုရားက ရဟန်းတို့.ဓားပြ၊ သူခိုး၊ လူဆိုးတို့က ခြေလက် နား နှာ၊ ကိုယ်အင်္ဂါကြီးငယ်တို့ကို အစွန်းနှစ်ဖက်၌ အရိုးတပ်ထားသော ငမန်းစွယ်လျှကြီးဖြင့် တိုက်ဖြတ်နှိပ်စက်ကြစေကာမူ ထိုနှိပ်စက်သူတို့၌ပင် အမျက်ဒေါသမထားဘဲ မေတ္တာပွားရမည်။ အကယ်၍ ဒေါသမာန်ပွား အမျက်ထားခဲ့လျှင် ထိုရဟန်းသည် ငါဘုရား၏ အဆုံးအမ သြဝါဒကို လိုက်နာသူမမည်” ၁ ဟု ဆုံးမသြဝါဒ ပေးတော်မူခဲ့သည် မဟုတ်ပါလော။

သူတစ်ပါးက မိမိအား ဒေါသထွက်လာလျှင် မိမိက တုံ့ပြန်၍ အမျက်ဒေါသမထွက်ရ။ အကယ်၍ အမျက်ဒေါသ တုံ့ပြန်ခဲ့လျှင် ထိုတုံ့ပြန်အမျက်ထွက်သူသည် ပထမအမျက်ထွက်သူထက် ပိုမို ယုတ်မာဆိုးဝါး၏။ တုံ့ပြန်အမျက်မထွက်ဘဲ သည်းခံနိုင်သူသာ အောင်နိုင်ခဲသော ကိလေသမာရ်စစ်ပွဲကို အောင်နိုင်သူမည်၏။ သူတစ်ပါး အမျက်ဒေါသထွက်နေသည်ကိုသိလျှင် သတိထားကာ တုံ့ပြန်အမျက်မပွားဘဲ နေနိုင်ပါမူ ယင်းသို့နေသောသူသည် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ လောကသံသရာ နှစ်ဖြာသော အကျိုးစီးပွားအတွက် ကျင့်သူမည်၏” ၂ ဟု ဆုံးမသြဝါဒပေးခဲ့သည်မဟုတ်ပါလော။

၁။ မ၊၁။၁၆၅။

၂။ သံ၊သ။၁၆၅။

စာမျက်နှာ-205

အင်္ဂုတ္တိုရ်ပါဠိတော်လာ ကုသနည်းများ

ထို့ပြင် အမျက်ဒေါသ ထွက်လာသည့်အခါ မျက်နှာအခြေအနေပျက်ပြီး အရုပ်ဆိုးသွားသည့် သဘောရှိ၏။ အိပ်သည့်အခါ၌လည်း ချမ်းချမ်းသာသာ မအိပ်ရချေ။ ဒေါသကြီးသူ၌ စီးပွားဥစ္စာများ မပြည့်မစုံဘဲ ရှိတတ်၏။ လက်ရှိ စီးပွားဥစ္စာများ ပျက်စီးယုတ်လျော့သွားတတ်၏။ အခြံအရံ အကျော်အစော နည်းပါး၏။ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ ရှားပါး၏။ သေသည့်အခါ၌လည်း ငရဲသို့ကျရောက်တတ်၏။ ၁

ဤပြစ်ချက် (၇) ချက်သည် မိမိကောင်းကျိုးကို မလိုလားသည့် တစ်ဖက်ရန်သူက မိမိ၌ဖြစ်ရန် လိုလားတောင့်တနေသည့် ရန်သူကြိုက်အချက် ၇-ရပ်ဖြစ်သည်ဟု ဆုံးမသြဝါဒပေးခဲ့သည် မဟုတ်ပါလော။ ၂

ထို့နောက် “အစွန်းနှစ်ဖက်၌ မီးလောင်၍ အလယ်၌ မစင်ကျင်ကြီးတို့ဖြင့် လိမ်းကျံနေသော သူသေကောင်ဖုတ်သည့် ထင်းကုလားတုံးသည် မြို့ရောတောပါ နေရာတကာ၌ ထင်းအဖြစ် အသုံးမကျတော့သကဲ့သို့ ဤဒေါသကြီးသော ပုဂ္ဂိုလ်သည်လည်း ထင်းကုလားတုံးပမာ နေရာတကာ၌ အသုံးမကျချေ” ၃ ဟု ဆုံးမသြဝါဒ ပေးခဲ့သည် မဟုတ်ပါလော။

သို့ဖြစ်၍ အမျက်ဒေါသကြီးသူ အသင်သည် ဤသို့ဒေါသထွက် စိတ်ဆိုးနေလျှင် ဘုရား၏ အဆုံးအမသြဝါဒကို မလိုက်နာသူလည်း

၁။ ရုပ်ရေဆင်းပျက်၊ အိပ်စက်မပျော်၊ ကျိုးသော်မရ၊ ဘောဂရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ခုနစ်ပါးကောဓအပြစ်တည်း။ (မဟာဗုဒ္ဓဝင်--တွဲ၊ဒုပိုင်း-၁၆၆)

၂။ အံ၊၂။၄၆၉။

၃။ ဣတိဝုတ်။၂၅၅။

စာမျက်နှာ-206
ဖြစ်လိမ့်မည်။ ပထမစတင်အမျက်ထွက်သူထက် ပိုမိုယုတ်မာဆိုးဝါးသူဖြစ်၍ အောင်နိုင်ခဲသော ကိလေသာမာရ်စစ်ပွဲ၌ အရေးနိမ့်သွားသူလည်း ဖြစ်လိမ့်မည်။ ရန်သူက ဖြစ်စေလိုသည့် ရန်သူ့အကြိုက်များကို ရန်သူက မဖန်တီးပေးရဘဲ မိမိကိုယ်တိုင်ကပင် ပြုပေးရာလည်း ရောက်သွားပေလိမ့်မည်။ ထင်းကုလားတုံးပိုင်းကဲ့သို့ မည်သည့်နေရာမှာမှ အသုံးမကျသူလည်း ဖြစ်လိမ့်မည်ဟု ဆင်ခြင်နှလုံးသွင်းပြီး အမျက်ဒေါသကို ငြိမ်းအေးစေရမည်။

ဤကဲ့သို့ ဆင်ခြင်နှလုံးသွင်း၍မှ အမျက်ဒေါသ မငြိမ်းအေးလျှင် မိမိအမျက်ဒေါသထွက်နေသူ၌ မိမိ၏ စိတ်နှလုံး ရွှင်ပြုံးကြည်နူးစေနိုင်သော ကောင်းမွန်သည့် အမူအရာ ဂုဏ်အင်္ဂါအချို့နှင့် အကျင့်စာရိတ္တအချို့ ရှိပေမည်။ ထိုသည့် အမူအရာ ဂုဏ်အင်္ဂါများနှင့် အကျင့်စာရိတ္တတို့ကို အောက်မေ့ဆင်ခြင်၍ ဒေါသကို ဖြေဖျောက်ရမည်။

အာဃာတပဋိဝိနယသုတ်လာ ကုသနည်းများ

ထိုသို့မှ ဒေါသ မပြေပျောက်သေးခဲ့သော် အောက်ပါ ညွှန်ကြားဆုံးမထားသော ဒေါသဖြေဖျောက်နည်း ၅-နည်းဖြင့် ဖြေဖျောက်ရမည်။ ၁

(၁) မိမိအမျက်ဒေါသထွက်နေသည့် ပုဂ္ဂိုလ်သို့ ချစ်ခြင်းမေတ္တာဓာတ်ကို အမြဲမပြတ် လွှတ်ပေးရမည်။

(၂) ထို့အတူ ယင်းပုဂ္ဂိုလ်ကို ကြင်နာသနားခြင်း ကရုဏာဓာတ်။

(၃) မုန်းချစ်မပြု လျစ်လျူရှုမှုဟူသော ဥပေက္ခာဓာတ်တို့ကို ပွားများရမည်။

(၄) ထို့နောက် ယင်းပုဂ္ဂိုလ်အား လုံးဝသတိမထား နှလုံးမသွင်းတော့ဘဲ မိမိစိတ်အာရုံမှ ဖယ်ရှားပစ်လိုက်ရမည်။

(၅) နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်ကို ကမ္မဿကောဟု သဘောပိုက်လိုက်ရမည်။ သူသည် ကံသာ ဥစ္စာရှိ၏။ ကံ၏

၁။ အံ၊၂၊၁၆၃။

စာမျက်နှာ-207
အမွေခံဖြစ်၏။ ကံသာအကြောင်းရင်းရှိ၏။ ကံသာ ဆွေမျိုးဖြစ်၏။ ကံသာ လဲလျောင်းမှီခိုရာဖြစ်၏။ ထိုသူသည် သူပြုလုပ်သည့် ကံဆိုးကံကောင်း၏ အမွေခံဖြစ်လိမ့်မည်ဟု ဆောက်တည်ကာ ဒေါသကို ဖယ်ရှားပစ်ရမည်။

ဝိသုဒ္ဓိမဂ်ကျမ်းလာ ဆင်ခြင်နည်းများ

ထိုကဲ့သို့ ဆင်ခြင်၍ ဒေါသ မငြိမ်းသေးလျှင် ဝိသုဒ္ဓိမဂ် ကျမ်းလာဆင်ခြင်နည်းများဖြင့် အမျက်ဒေါသပြေအောင် ကြိုးစားရမည်။

(၁) ရန်သူက ဆင်းရဲအောင်လုပ်လျှင် သင်၏ကိုယ်၌သာ ပြုလုပ်နိုင်၏။ သင်၏ စိတ်၌ကား ဆင်းရဲအောင် မလုပ်နိုင်။ ထိုသို့ဖြစ်ပါလျက် သင်သည် ရန်သူကို အမျက်ထွက်ခြင်းဖြင့် မိမိစိတ်ဆင်းရဲအောင်၊ ရန်သူဝမ်းမြောက်အောင် အဘယ့်ကြောင့် ပြုချင်ရသနည်း။

(၂) သင်သည် ကျေးဇူးတရားများစွာရှိသော ဆွေမျိုးမိဘ မိတ်သင်္ဂဟအပေါင်းကို စွန့်ခွာ၍ ရဟန်းပြုလာပါလျက် များစွာသော အကျိုးစီးပွားမဲ့ကို ဖန်တီးတတ်သည့် ဒေါသတည်းဟူသော ရန်သူအစစ်ကို အဘယ့်ကြောင့် မစွန့်ပယ်နိုင်ရသနည်း။ အမှန်စွန့်ပယ်နိုင်သင့်လှ၏။

(၃) အို...သူတော်ကောင်း...သင် စောင့်ထိန်းသည့် သီလ၏ ရေသောက်မြစ်များ ဖြစ်ကြသည့် မကောင်းမှုကို ရှက်ခြင်း (ဟိရိ)၊ ကြောက်ခြင်း (သြတ္တပ္ပ)၊ သည်းခံခြင်း (ခန္တီ)၊ ချစ်ခင်ခြင်း (မေတ္တာ)၊ သနားခြင်း (ကရုဏာ) တို့ကို ဖယ်ရှားပစ်တတ်သည့် အမျက်ဒေါသကို သင်အလိုလိုက်လျက် လက်သင့်ခံထားဘိ၏။ သင်လိုမိုက်သည့်လူ အဘယ်မှာရှိအံ့နည်း။

(၄) အို...ပညာရှိ...သင်သည် သူတစ်ပါးက ယုတ်မာသော

စာမျက်နှာ-208
ပြစ်မှားမှုကို ပြုတာပဲဟု အမျက်ထွက်၏။ ယင်းသို့ တုံ့ပြန်အမျက်ထွက်ခြင်းသည်ပင် သင်ကိုယ်တိုင် အလားတူ ယုတ်မာသော ပြစ်မှားမှုမျိုးကို ပြုသည်မည်၏။ ဘာကြောင့် ထိုပြစ်မှားမှုမျိုးကို သင်ကိုယ်တိုင် ပြုချင်ရသနည်း။

(၅) အို...ပညာရှိ...တစ်စုံတစ်ယောက်သောသူက သင့်အား မနှစ်သက်ဖွယ် အမှုပြုသည်မှာ သင် အမျက်ထွက်စေလို၍ ပြုခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လျက် သင်တုံ့ပြန်၍ အမျက်ထွက်ခြင်းသည် သူတစ်ပါး၏ အလိုကို ဖြည့်ပေးရာ မရောက်ပေဘူးလား။

(၆) အို...သူတော်ကောင်း...အမျက်ထွက်နေသော သင်သည် ရန်သူအား ဆင်းရဲဒုက္ခဖြစ်အောင် ပြုလုပ်နိုင်ဖို့ကား မသေချာ။ သေချာသည်ကတော့ သင်ကိုယ်တိုင် အမျက်ဒေါသ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဆင်းရဲဒုက္ခကို ယခုပင် ခံနေရခြင်း ဖြစ်ပေသည်။

(၇) ရန်သူတို့သည် အမျက်ထွက်ခြင်းဖြင့် မိမိ၏ အစီးအပွားမဲ့ကို ဖန်တီးတတ်သည့် လမ်းဆိုးလမ်းမှားသို့ လိုက်သွားကြ၏။ သို့ပါလျက် သင်က အဘယ်ကြောင့် ဒေါသထွက်သူရန်သူတို့ကို အတုယူ၍ ဒေါသဟူသော လမ်းစဉ်မှားသို့လိုက်၍ ပြုကျင့်ရသနည်း။

(၈) ရန်သူသည် ဒေါသကို အမှီပြု၍ (ဝါ) ဒေါသက စေခိုင်း၍ သင့်အား မနှစ်သက်ဖွယ်အမှုတို့ကို ပြုမူ၏။ ထိုစေခိုင်းသည့် တရားခံ ဒေါသကိုသာ ပယ်ဖြတ်သင့်၏။ အဘယ့်ကြောင့် အမျက်မထွက်သင့်သည့် ရန်သူ၌ အမျက်ထွက်လျက် စိတ်အပင်ပန်း အဆင်းရဲခံရသနည်း။

(၉) ရုပ်နာမ်တရားတို့မည်သည် တခဏမျှသာ တည်၍ ပျက်သွားရသော သဘောရှိသောကြောင့် ယခုအခါ သင့်အား ပြစ်မှားခဲ့သည့် ရုပ်နာမ်တရားများ မရှိကြတော့ပြီ။ ယခုရှိနေသော ရုပ်သစ်

စာမျက်နှာ-209
နာမ်သစ်များကား သင့်အား ပြစ်မှားသည့် ရုပ်နာမ်တရားများ မဟုတ်ကြ။ ထို့ကြောင့် သင်သည် ရန်သူသန္တာန်က အဘယ်ရုပ်နာမ်ကို အမျက်ထွက်နေပါသနည်း။

(၁ဝ) တစ်ယောက်သောသူက အခြားတစ်ယောက်သော သူအား ဆင်းရဲဒုက္ခဖြစ်အောင် ပြုလုပ်လျှင် ပြုသူခံရသူနှစ်ဦးစလုံးပင် ဆင်းရဲဒုက္ခဖြစ်ကြောင်း တရားခံများ ဖြစ်ကြပေသည်၊ ယင်းသို့ဖြစ်ပါလျက် ပြုသူအမှုသည်တစ်ဦးတည်းကိုသာ အဘယ့်ကြောင့် အမျက်ထွက်ရပါသနည်း။ အမှုသည်တစ်ဦးဖြစ်သည့် သင့်ကိုယ်ကိုမူကား အဘယ့်ကြောင့် အမျက်မထွက်ပါသနည်း။

ဤသို့လျှင် ဆင်ခြင်နည်းဆယ်မျိုးတို့ဖြင့် ဆင်ခြင်၍လည်း ဒေါသကို ငြိမ်းအေးစေရမည်။

ဤဆင်ခြင်နည်းတို့ဖြင့် ဆင်ခြင်၍ အမျက်ဒေါသ မငြိမ်းသေးလျှင် “ကမ္မဿကာ” (ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြောင်း) နည်းဖြင့် ဆင်ခြင်နှလုံးသွင်းရမည်။ ဆင်ခြင်ပုံမှာ...

အမျက်ဒေါသထွက်နေသည့် အမောင်ယောက်ျား၊ သင်က ထိုသူအား အမျက်ထွက်ခြင်းသည်လည်းကောင်း၊ ထိုသူက သင့်အား အမျက်ထွက်ခြင်းသည်လည်းကောင်း မည်သို့အကျိုးရှိသနည်း။ ဒေါသကို အရင်းခံပြီး သင်တို့ပြုမိသည့်ကံသည် သင်တို့၏အကျိုးမဲ့ကိုသာ ဖန်တီးမည် မဟုတ်ပါလော။ မှန်၏။ သင်တို့မှာ ကံသာ ကိုယ်ပိုင်ဥစ္စာ ရှိကြ၏။ ကံ၏ အမွေကို ခံယူကြရ၏။ ကံသာ အကြောင်းတရားရှိ၏။ ကံသာဆွေမျိုးလည်းဖြစ် ကိုးကွယ်အားထားရာလည်း ဖြစ်၏။ သင်တို့ ပြုလုပ်လိုက်သည့်ကံ၏ ကောင်းမွေဆိုးမွေတို့ကို သင်တို့ပင် ခံယူကြရမည်ဖြစ်၏။ အမျက်ဒေါသကို အရင်း

စာမျက်နှာ-210
တည်ပြီး ဖြစ်လာသည့် သင်တို့၏ မကောင်းမှုကံသည် မဂ်ဖိုလ်ချမ်းသာရကြောင်းလည်း မဟုတ်၊ နတ်ချမ်းသာ လူ့ချမ်းသာတို့ကို ခံစားရကြောင်းလည်းမဟုတ်၊ ဆင်းရဲသား ဒုက္ခိတဘဝနှင့် ငရဲသို့ကျရောက်ရကြောင်းသာဖြစ်၏။

ဒေါသအကြောင်းခံသည့် ကံကို ကျူးလွန်နေသော သင်တို့သည် သူတစ်ပါးတို့အား ပုတ်ခတ်နှိပ်စက်ရန် မီးကျီးခဲနှင့် မစင်တုံးတို့ကို လက်နှစ်ဖက်တို့ဖြင့် သိမ်းကျုံးကောက်ယူသော သူတို့နှင့် တူကုန်၏။ ယင်းသို့ သိမ်းကျုံးကောက်ယူသောသူတို့သည် ရှေးဦးစွာ မိမိတို့သာ အပူလောင်ခံရ၊ မစင်ပေခံရ၊ မကောင်းနံ့ရှုရှိုက်ရသကဲ့သို့ ဒေါသမှုကို ပြုသော သူတို့သည်လည်း ရှေးဦးစွာ မိမိတို့သည်သာ အပူလောင်ခံရ အဖျက်ဆီးခံရကုန်၏။

တစ်နည်းအားဖြင့် လေအောက်ကနေပြီး လေညာကလူကို ဖုန်မှုန့်တို့ဖြင့် ပက်ဖျန်းသောသူနှင့် တူ၏။ ပက်ဖျန်းလိုက်သည့် ဖုန်မှုန့်မြူမှုန့်များသည် ပက်ဖျန်းသူ၏ ကိုယ်ပေါ်သို့သာ ပြန့်ကြဲကျရောက်ရသကဲ့သို့ သင်တို့ပြုလိုက်သည့် ဒေါသကံသည်လည်း သင်တို့အပေါ်သို့သာ ပြန်လည်ကျရောက်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားက သုတ္တနိပါတ်ပါဠိတော် ကောကာလိကသုတ်၌...

“တစ်စုံတစ်ယောက်သော လူမိုက်သည် မပြစ်မှားသင့် မပြစ်မှားထိုက်သည့် သူတော်စင်ပုဂ္ဂိုလ်အား ပြစ်မှားမိခဲ့လျှင် ထိုမကောင်းမှုကံသည် ပြစ်မှားသည့် လူမိုက်ထံသို့ သာ ပြန်လာ၏။ ဥပမာ လေညာသို့ပစ်လွှင့်လိုက်သော မြူမှုန့်ကလေးများသည် ပစ်လွှင့်လိုက်သူထံသို့သာ ပြန်လာပုံနှင့်တူပေသည်” ဟု ဟောတော်မူခဲ့သည် မဟုတ်ပါလော။

စာမျက်နှာ-211
ဤသို့ဆင်ခြင်၍မှ ဒေါသမငြိမ်းသေးလျှင် ဘုရားရှင်အလောင်းတော်ဖြစ်စဉ်ကာလက ကျင့်ကြံအားထုတ်ခဲ့သည့် အကျင့်ဂုဏ်များကို ဆင်ခြင်ပြီး ငြိမ်းအေးစေရမည်။

ဆင်ခြင်ပုံကား ဘုရားရှင်၏ တပည့်သာဝကဖြစ်သည့် အမောင်ယောက်ျား... သင့်ဆရာဖြစ်တော်မူသော ဗုဒ္ဓရှင်တော်ဘုရားသည် အလောင်းတော်ဖြစ်စဉ်ကာလ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်များကို ဖြည့်ကျင့်တော်မူရာတွင် ရန်သူများက မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ကြစေကာမူ အမျက်ဒေါသမပွား သည်းခံခြင်းတရားနှင့် ပြည့်စုံခဲ့သည် မဟုတ်ပါလောဟု ဆင်ခြင်နှလုံးသွင်းရမည်။

ဆင်ခြင်ရန်ဇာတ်ဝတ္ထုများ

မဟာသီဝဇာတ်၁

ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် မဟာသီဝနာမည်ဖြင့် မင်းပြုစဉ်က မိမိကို အံတုဘက်ပြိုင်ရန်လာသော ကောသလမင်းကို မိမိထက် အင်အား ငယ်သော်လည်း မည်သို့မျှအမျက်မထွက်၊ သူနိုင်ငါနိုင် စစ်ပြိုင်လိုသည့် မိမိ၏ အမတ်သူရဲကောင်းကြီး တစ်ထောင်တို့ကိုလည်း လက်နက်ကိုင်ခွင့် မပြုပါချေ။ မိမိ၏ ခန္ဓာကိုယ်နှင့်တကွ တိုင်းပြည်ကြီး တစ်ခုလုံးကို ရန်သူမင်းလက်သို့ သွေးအေးအေးနှင့် ထိုးအပ်လိုက်သည် မဟုတ်ပါလော။

ရန်သူမင်းက မိမိနှင့်တကွ အမတ်သူရဲကောင်း တစ်ထောင်တို့ကို လက်ပြန်ကြိုး တင်းကြပ်စွာ တုပ်နှောင်သည့်အခါ၌လည်းကောင်း၊ သုသာန်တွင် လည်ပင်းအထိ နက်သောမြေတွင်း၌ မြှုပ်နှံ

၁။ ဇာ၊ဋ္ဌ၊၁။ ၂၇၉။

စာမျက်နှာ-212
သည့်အခါ၌လည်းကောင်း၊ ဒေါသအာဃာတ အနည်းငယ်မျှ မရှိသည် မဟုတ်ပါလော။

သုသာန်တွင် အသက်မသေဘဲ ကံအားလျော်စွာ ဘီလူးတို့ ပို့ဆောင်ပေးသဖြင့် မိမိနန်းတော်သို့ ပြန်အရောက်တွင် မိမိစက်တော်ခေါ်ရာ ညောင်စောင်းပေါ်၌ အိပ်မောကျနေသည့် ရန်သူကောသလမင်းကို တွေ့သော်လည်း အာဃာတမထား အမျက်မပွားဘဲ သည်းခံတော်မူနိုင်သည် မဟုတ်ပါလော။

ခန္တီဝါဒီဇာတ်၁

ဘုရားလောင်း ခန္တီဝါဒီရသေ့ ဖြစ်စဉ်ကလည်း ကလာဗုမင်းက အမျိုးမျိုး နှိပ်စက်ညှဉ်းပန်း၍ လက်, ခြေ, နား, နှာခေါင်းစသည့် ကိုယ်အင်္ဂါတို့ကို ဖြတ်ပစ်သော်လည်း အမျက်ဒေါသ မပွားဘဲ ခန္တီပါရမီကို ဤသို့ ဖြည့်ကျင့်တော်မူခဲ့သည်။

ရှေးအခါက ဘုရားလောင်းရှင်ရသေ့သည် ဗာရာဏသီပြည့်ရှင် ကလာဗုဘုရင်၏ စစ်ဗိုလ်ချုပ်ကြီးက လျှောက်ထားတောင်းပန်သဖြင့် ဘုရင့်ဥယျာဉ်၌ ခေတ္တသီတင်းသုံးလျက်ရှိ၏။ ထိုရသေ့မှာ လူ့ဘဝက ကုဏ္ဍလသတို့သားဟု အမည်တွင်ခဲ့သော်လည်း ရသေ့ဘဝတွင် သည်းခံခြင်း ခန္တီဝါဒကို လက်ကိုင်ထားသဖြင့် ခန္တီဝါဒရသေ့ဟုခေါ်ဝေါ်ကြသည်။ တစ်နေ့တွင် ကလာဗုဘုရင်သည် မိဖုရားမောင်းမမိဿံ အခြွေအရံများနှင့် ပျော်ပွဲခံရန် ဥယျာဉ်တော်သို့ ထွက်လာခဲ့၏။ ပျော်ပွဲရွှင်ပွဲကို မင်္ဂလာကျောက်ဖျာပေါ်၌ ကျင်းပ၏။ နန်းတွင်းသူ ကချေသည်များက သီဆိုတီးမှုတ်ကခုန်ကြပြီး ဘုရင်ကြီးကို ဖျော်ဖြေကြရသည်။ ဘုရင်ကြီးကား သူချစ်သည့် မိဖုရားတစ်ယောက်၏ ပေါင်ကို ခေါင်းအုံးပြီး သီဆိုကခုန်နေကြသည်ကို

၁။ ဇာ၊ဋ္ဌ၊၃။ ၃၇။

စာမျက်နှာ-213
ရှုစားလျက်ရှိသည်။ မကြာမီ ဘုရင်ကြီး အိပ်ပျော်သွားခဲ့ရာ မောင်းမမိဿံများသည် တီးမှုတ်ကခုန်ခြင်းကိုရပ်ပြီး ဥယျာဉ်ထဲသို့လှည့်လည်ကြည့်ရှုကြသည်။ ဥယျာဉ်ထဲတွင် ဘုရားလောင်းရသေ့နှင့် တွေ့ကြပြီး ဘုရားလောင်းရသေ့၏ တရားကို နာယူလျက်ရှိကြသည်။

ထိုအချိန်တွင် မင်းကြီးနိုးလာရာ ကချေသည် အမျိုးသမီးများ မည်သည့်အရပ်သို့ သွားကြသလဲဟု မေးမြန်း၏။ ရသေ့ကြီးထံပါး၌ ခစားနေကြပါသည်ဘုရားဟု မိဖုရားက လျှောက်တင်သည့်အခါ မျက်မာန်တော်ရှပြီး သန်လျက်ကိုစွဲကာ ကောက်ကျစ်စဉ်းလဲတဲ့ ရသေ့ကို ပညာပေးလိုက်မယ်ဟု ကြိမ်း၍ ရသေ့ထံ အလျင်အမြန် ပြေးသွားခဲ့သည်။

ရသေ့ကြီးအနီးသို့ ရောက်သည့်အခါ မင်းကြီး ချစ်မြတ်နိုးသည့် မောင်းမတစ်ယောက်က မင်းကြီးလက်မှ သန်လျက်ကိုဆွဲယူကာ မင်းကြီးကိုဖျောင်းဖျပြောဆိုပါသေး၏။ သို့သော်မရပါချေ။ “ရသေ့ကြီး... သင့်မှာ ဘာရှိသလဲ။”

“ကျွန်ုပ်မှာ သည်းခံခြင်းဆိုတဲ့ ခန္တီဝါဒရှိပါတယ်မင်းကြီး။”

“သည်းခံခြင်း ခန္တီဝါဒဆိုတာ ဘာကိုခေါ်သလဲ။”

“ဆဲဆိုကြိမ်းမောင်းသူတွေ၊ ရိုက်ပုတ်နှိပ်စက်သူတွေအပေါ်၌ အမျက်မထွက်ဘဲ (ဝါ) မပြစ်မှားဘဲ နေတာကို သည်းခံခြင်း ခန္တီလို့ ခေါ်ပါတယ်မင်းကြီး။”

“ဒီလိုဆိုရင်သင့်မှာ သင်ပြောတဲ့ သည်းခံခြင်း ခန္တီ ရှိမရှိ အခု စစ်ဆေးမယ်” ဟုဆိုပြီး လူသတ်သမားကို ခေါ်ခိုင်းလိုက်၏။ လူသတ်သမားများ ရောက်လာသည့်အခါ “ဤခိုးသားရသေ့ပျက်ကို မြေမှာ လှဲချပြီး ဆူးကြိမ်လုံးဖြင့် ကျောဘက်, ရင်ဘက်,”

စာမျက်နှာ-214
နံဘေးနှစ်ဘက် လေးဘက်လေးတန်လုံး အချက်နှစ်ထောင် ရိုက်ရမည်ဟု အမိန့်ပေး၏။ လူသတ်သမားများလည်း မင်းမိန့်အတိုင်း ရိုက်နှက်ကြရာ ဘုရားလောင်းရသေ့၏ အရေပါးအားလုံး ကွဲထွက်ကုန်၏။ အသားများလည်း စုတ်ပြတ်ထွက်ကုန်ရာ တစ်ကိုယ်လုံးမှ သွေးများ ယိုစီးထွက်ကျလာကုန်၏။ သို့သော် အလောင်းတော်ရှင်ရသေ့သည် ရိုက်မိန့်ပေးသည့်ဘုရင်နှင့် ရက်ရက်စက်စက် ရိုက်နှက်ကြသည့် လူသတ်သမားများအပေါ် ဒေါသမာန်ပွား စိတ်ပြစ်မှားခြင်း အလျှင်းမရှိပါချေ။

ထို့နောက် ကလာဗုမင်းက ရှင်ရသေ့ကို ဘာဝါဒရှိသလဲဟု မေးပြန်၏။ ရသေ့က သည်းခံခြင်း ခန္တီဝါဒ ရှိပါသည်။ “မင်းကြီးက ခန္တီကို ငါ့အရေထဲမှာရှိတယ်လို့ ထင်နေသလား။ အရေကြားထဲမှာ မရှိပါဘူး။ ငါ၏ နှလုံးထဲမှာ ရှိတာပါ” ဟု ပြန်ပြော၏။ ထိုအခါ ကလာဗုမင်းက ရသေ့၏ လက်နှစ်ဖက်ကိုလည်း အဖြတ်ခိုင်း၏။ ခြေနှစ်ချောင်းကိုလည်း အဖြတ်ခိုင်း၏။ နား, နှာခေါင်းများကိုလည်း အဖြတ်ခိုင်း၏။ လူသတ်သမားများကလည်း ဘုရင့်အမိန့်အတိုင်း ပုဆိန်ဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်ကြ၏။ ဖြတ်ပြီးတိုင်းဖြတ်ပြီးတိုင်း ဘာဝါဒရှိသလဲလို့ မင်းကြီးကမေး၏။ ရှင်ရသေ့ကလည်း ခန္တီဝါဒရှိကြောင်း၊ အဲဒီခန္တီဟာ လက်, ခြေ, နား, နှာခေါင်းတို့မှာမရှိ၊ မိမိရဲ့ နှလုံးသားထဲမှာသာရှိကြောင်း ဖြေကြားသည်။ နောက်ဆုံးတွင် ကလာဗုမင်းက “ကောက်ကျစ်စဉ်းလဲတဲ့ ရသေ့... သင့်ခန္တီကို သင် ရင်မှာပိုက်ပြီး ထိုင်နေရစ်တော့” ဟု ပြောပြောဆိုဆို ရသေ့၏ ရင်ဝကိုခြေဖြင့်ကန်ကျောက်ကာ ထွက်သွားလေ၏။

ထို့နောက် စစ်ဗိုလ်ချုပ်ကြီးရောက်လာပြီး ရှင်ရသေ့အား ကိုယ်တိုင်ပြုစုကာ တိုင်းပြည်အား အမျက်မထွက်ရန် တောင်းပန်ပြော

စာမျက်နှာ-215
ကြား၏။ ဘုရားလောင်းရသေ့က “စစ်ဗိုလ်ချုပ်ကြီး... အကြင်ကလာဗုမင်းသည် ငါ၏ လက်, ခြေ, နား, နှာခေါင်းတို့ကို ဖြတ်ခိုင်း၏။ ထိုကလာဗုမင်းသည် ကြာရှည်လေးမြင့်စွာ အသက်ရှည်ပါစေ၊ ကျွန်ုပ်ကဲ့သို့ သည်းခံခြင်း စွမ်းအားရှိသည့် ပညာရှိ သူတော်ကောင်းတို့မည်သည် မိမိကို ညှဉ်းပန်းနှိပ်စက်သူများ အပေါ်၌ အမျက်မာန်ပွား အာဃာတထားရိုး လုံးဝမရှိကြပါကုန်” ဟု ပြန်လည်ဖြေကြားလေသည်။ ဘုရားလောင်းရသေ့၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း သွေးများဖြင့် နီမြန်းနေချေပြီ။ ဘုရားလောင်းရသေ့၏ ရင်ဝကို ကန်ကျောက် ထွက်ခွာသွားသည့် ကလာဗုမင်းမှာလည်း ဥယျာဉ်တံခါးဝ အရောက်တွင် မြေမျိုးသွားလေတော့သည်။

အိုအမောင်ယောက်ျား... သင့်အား ပြစ်မှားသည့် ရန်သူသည် ဤကလာဗုမင်းလောက် ဆိုးမည်မဟုတ်ပါ။ ဘုရားလောင်း ခန္တီဝါဒရသေ့သည် ကလာဗုမင်း၏ အလွန်ယုတ်မာဆိုးသွမ်းသည့် ပြစ်မှားမှုများကိုပင် သည်းခံနိုင်သေးလျှင် သင်လည်းပဲ သင့်ဆရာဘုရားနည်းတူ အမျက်မထွက်ဘဲ သည်းခံသင့်သည်မဟုတ်လော။

စူဠဓမ္မပါလဇာတ်၁

ရှေးလွန်လေပြီးသောအခါက ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်ရှင် မဟာပတာပ ဘုရင်၏ သားတော်ဖြစ်ခဲ့ဖူးလေသည်။ နာမည်မှာ ဓမ္မပါလဖြစ်၏။ မယ်တော်ကား စန္ဒာဒေဝီ မိဖုရားကြီးတည်း။ တစ်နေ့သောအခါ မယ်တော်မိဖုရားကြီးသည် ခုနစ်လသားအရွယ် သားငယ်ဓမ္မပါလကို အမွှေးနံ့သာရည်တို့ဖြင့် ရေချိုးပေးပြီး ဝတ်စားတန်ဆာဆင်ကာ ချော့မြူနေလေသည်။

ထိုအခိုက် ဘုရင်ကြီးရောက်လာရာ မိဖုရားကြီးမှာ သားဇော

၁။ ဇာ၊ဋ္ဌ၊၃။ ၁၆၅။

စာမျက်နှာ-216
ဖြင့် ဘုရင်ကြီးကို နေရာမှထ၍ မကြိုမိဖြစ်သွား၏။ ဤပြစ်ချက်ကို ဘုရင်ကြီးခွင့်မလွှတ်နိုင်။ “ဤမိဖုရားသည် ယခုကပင် သားကို မှီ၍ မာန်တက်ကာ ငါ့ကို မထီမဲ့မြင်ပြု၏။ သားကလေး ကြီးပြင်းလာသည့်အခါ၌မူ ငါ့ကို လူဟူ၍ပင် မှတ်ထင်တော့မည်မဟုတ်၊ ယခုပင် သားငယ်ကို သတ်ပစ်မှတော်မည်” ဟု ကြံစည်ကာ လူသတ်သမားကိုခေါ်ရန် အမိန့်ပေးလိုက်၏။ လူသတ်သမားသည် ဘုရင့်ရှေ့တော်မှောက်သို့ မကြာမီ ရောက်လာခဲ့၏။ သူသတ်သမားသည် သူတို့၏ ဓလေ့ထုံးစံအတိုင်း အင်္ကျီဝါကြီးကိုဝတ်၍ ပန်းနီကြီးကို ပန်ထား၏။ လက်နှစ်ဖက်၌ကား ပုဆိန်နှင့် စဉ်းတီတုံးကို ကိုင်ထားလေသည်။

ဘုရင်က မိဖုရားကြီး၏ အဆောင်သို့သွားပြီး သားတော်ကလေး ဓမ္မပါလကို ခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၏။ ထိုအချိန်တွင် မိဖုရားကြီးမှာ ဘုရင်ကြီး မျက်မာန်တော်ရှသွားသည်ကို ရိပ်မိသဖြင့် သားငယ်ကို ရင်ဝယ်ပိုက်ကာ ငိုယိုလျက်ရှိသည်။ လူသတ်သမားသည် အမိန့်တော်အတိုင်း မိဖုရားကြီးထံမှ သားငယ်ကို လုယူခေါ်ဆောင်လာကာ ဘုရင်၏ နောက်ထပ်အမိန့်ကို စောင့်စားနေ၏။ မိဖုရားကြီးကား သားတော်ကလေးနောက်မှ ထက်ကြပ်မကွာ ငိုယိုလိုက်ပါလာခဲ့လေသည်။ ဘုရင်ကြီးက ပျဉ်ပြားပေါ်တွင် ဓမ္မပါလကိုတင်ကာ လက်ကလေးနှစ်ဖက်ကိုဖြတ်ရန် အမိန့်ပေးလိုက်၏။ မိဖုရားကြီးက “ဘာမှမသိရှာသေးသည့် သားတော်ကလေးမှာ အပြစ်လုံးဝမရှိပါ။ ကျွန်တော်မမှာသာ အပြစ်ရှိပါသည်။ အပြစ်မဲ့သည့် ကလေးကို မညှဉ်းဆဲပါနှင့်၊ ကျွန်တော်မ၏လက်ကိုသာ ဖြတ်ပါ” ဟု ရှိခိုးတောင်းပန်ရှာ၏။ သို့သော် မရပါချေ။ လူသတ်သမားသည် အမိန့်အတိုင်း ဓမ္မပါလသူငယ်၏ လက်ကလေးများကို ပုဆိန်ထက်ထက်ဖြင့် ရက်ရက်စက်စက် ဖြတ်လိုက်လေတော့သည်။ ကလေးလက်

စာမျက်နှာ-217
ကလေးများမှာ ဝါးမျှစ်နုကလေးများကို ဓားဖြင့်ဖြတ်လိုက်သကဲ့သို့ တိကနဲဖြတ်သွား၏။ သို့သော် ဘုရားလောင်း ဓမ္မပါလကလေးကား ငိုလည်းမငို အော်လည်းမအော်ဘဲ ခန္တီနှင့် မေတ္တာတရားကိုသာ လက်ကိုင်ထားပြီး သည်းခံနေလေသည်။ မိခင်ဖြစ်သူ စန္ဒာဒေဝီမိဖုရားကြီးမှာတော့ လက်ပြတ်ကလေးများကို ကောက်၍ ရင်မှာပိုက်ကာ ဟိုပြေးဒီပြေး ငိုကြွေးလျက်ရှိနေပေသည်။

ထို့နောက် ခြေနှစ်ချောင်းနှင့် ဦးခေါင်းကိုပါ ဖြတ်ခိုင်း၏။ ခေါင်းပြတ်၍ သေဆုံးသွားပြီးသည့်နောက်မှာပင် ကလေးကိုယ်ကို အပေါ်သို့ မြှောက်လိုက်ပြီး သန်လျက်အချွန်ဖြင့်ခံကာ အသိမာလာ ခေါ်သည့် သန်လျက်ပန်းကိုပင် လုပ်ခိုင်းလိုက်သေးသည်။ ရက်စက်သည့်နေရာတွင် ပြိုင်ဘက်ကင်းသည့် မင်းကြီးပါပေ။ မိခင်ဖြစ်သူ စန္ဒာဒေဝီမိဖုရားကြီး ခမျာမှာတော့ သားကလေးအတွက် သောကပရိဒေဝဒဏ်ချက်ဖြင့် ထိုနေရာတွင်ပင် နှလုံးကွဲပြီး သေပွဲဝင်သွားရရှာ၏။ ရက်စက်မိုက်မဲလှသည့် မဟာပတာပမင်းကြီးမှာလည်း ရာဇပလ္လင်ထက်မှ ကြမ်းပြင်သို့ အလိုအလျောက် ဦးစောက်ကျ၍ ကြမ်းပြင်ပေါက်ကာ မြေပြင်သို့အရောက်တွင် မြေမျိုသွားလေတော့သည်။ အလောင်းတော် ဓမ္မပါလသူငယ်ကား သေခါနီး အချိန်အထိ မင်းကြီးအပေါ် အမျက်ထွက်ခြင်း ပြစ်မှားခြင်းမရှိဘဲ သည်းခံလျက်ပင် အသက်စွန့်သွားသည် မဟုတ်ပါလော။

ဆင်၊ မျောက်၊ နဂါးတို့ သည်းခံကြပုံ

ဘုရားအလောင်းတော်သည် ဆဒ္ဒန်ဆင်မင်း ဖြစ်စဉ်က အဟိတ်တိရစ္ဆာန်ပင် ဖြစ်သော်ငြားလည်း ဆိပ်လူးမြားဖြင့် ပစ်ခတ်သည့် သောနုတ္တရမုဆိုးကို အမျက်မထား မပြစ်မှားသည့်အပြင် မုဆိုးအလိုရှိနေသည့် မိမိအစွယ်ကိုပင် ကိုယ်တိုင်ဖြတ်၍

စာမျက်နှာ-218
ပေးလှူခဲ့ဖူးသည် မဟုတ်ပါလော ၁။

မျောက်ကြီး ဖြစ်တော်မူစဉ်အခါကလည်း ချောက်ထဲကျပြီး ပြန်မတက်နိုင်ဘဲ ဒုက္ခအကြီးအကျယ် ရောက်နေသည့် ပုဏ္ဏားကို သက်စွန့်ကြိုးပမ်း အပေါ်သို့ရောက်အောင် ထမ်းတင်ခဲ့သည်။ သို့သော် အလွန် မောပန်းလှသဖြင့် ပုဏ္ဏားကြီးအနီး၌ပင် ခေတ္တ အိပ်ပျော်သွား၏။ မျောက်ကြီးအိပ်ပျော်သွားစဉ် ထိုကယ်တင်ရှင် မျောက်ကြီးကို ကယ်တင်ခံရသော ပုဏ္ဏားက ကျေးဇူးသစ္စာကို မထောက်ထားဘဲ ကျောက်တုံးဖြင့် ထုသတ်၏။ သို့ရာတွင် ဘုရားလောင်းမျောက်မင်းမှာ စိတ်မဆိုး အပြစ်မယူသည့်အပြင် ဘေးကင်းရာ လူ့နယ်ပယ်သို့အရောက် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ကူးကာ ကူးကာဖြင့် ညွှန်ကြားလိုက်ပို့ခဲ့သေးသည် မဟုတ်လော ၂။

ဘူရိဒတ်နဂါးမင်း ၃၊ စန္ဒေယျနဂါးမင်း ၄၊ သင်္ခပါလနဂါးမင်း ၅ ဖြစ်စဉ်ကလည်း ဥပုသ်သီတင်းစောင့်သုံးနေကြစဉ် အလမ္ပာယ်ဆရာက ဖမ်းယူပြီး နှိပ်လည်း နှိပ်စက်၏။ ထိုထိုမြို့ ရွာများသို့ ခေါ်ဆောင်သွားပြီး အလမ္ပာယ်လည်းပြ၏။ သင်္ခပါလနဂါးမင်းသည် သူ၏ခန္ဓာကိုယ်ကို ထက်လှသော လှံကြီးဖြင့် ထုတ်ချင်းဖောက် ၈ ချက်ဖောက်ကာ ထိုအပေါက်ထဲသို့ ဆူးနွယ်ကြိုးများ လျှိုသွင်းချည်နှောင်ခံရ၏။ နှာခေါင်း၌လည်း ခိုင်မာသော ကြိုးများတပ်ကြ၏။ ထို့နောက် မုဆိုး ၁၆-ယောက်တို့ ထမ်းဆောင်ကြရာ မနိုင်သဖြင့် မြေကြီး၌ ဒရွတ်ဒရွတ် တိုက်ဆွဲခံရ၍ ကြီးစွာသော ဒုက္ခဝေဒနာကို ခံစားရ၏။ ထိုနဂါးများသည် အလွန် အဆိပ်ပြင်းထန်ကြသည်။ သူတို့ စိတ်ဆိုးပြီး မျက်စိဖြင့် ကြည့်ရုံ၊ အခိုးလွှတ်ရုံမျှဖြင့် လူများကို

၁။ ဇာ၊ဋ္ဌ၊၅။၃၇။

၂။ ဇာ၊ဋ္ဌ၊၅။၆၉။

၃။ ဇာ၊ဋ္ဌ၊၆။၁၅၇။ [?]

၄။ ဇာ၊ဋ္ဌ၊၄။၄၅၇။

၅။ ဇာ၊ဋ္ဌ၊၅။၁၇၁။

စာမျက်နှာ-219
ပြာကျသွားစေနိုင်၏။ သို့သော် ထိုနဂါးမင်းများသည် အလမ္ပာယ်ဆရာများအပေါ်၌ ဒေါသဖြင့် ပြစ်မှားလိုသည့် အမူအရာမျှကိုပင် မပြုခဲ့ကြသည် မဟုတ်ပါလော။

ဤသို့ ဆင်ခြင်၍လည်း ဒေါသကို ဖြေဖျောက်ရမည်။

အနမတဂ္ဂသံယုတ်လာ ဆင်ခြင်နည်းများ

ဤကဲ့သို့ အလောင်းတော်ဖြစ်စဉ် ကာလက ဆရာသခင် ဘုရားရှင်၏ အံ့ဖွယ်ပေါင်းစုံ သည်းခံခြင်းဂုဏ်တို့ဖြင့် ဆင်ခြင်နှလုံးသွင်းသော်ငြားလည်း ဒေါသမပြေပျောက်သေးလျှင် အနမတဂ္ဂသံယုတ် မာတုသုတ်၊ ပိတုသုတ် စသည်၌လာရှိသော ဆင်ခြင်နည်းများဖြင့် ဆင်ခြင်၍ ဒေါသကို ဖြေဖျောက်ရမည်။

“ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု အဝိဇ္ဇာလွှမ်းဖုံး၍ တွယ်တာမက်မောမှု တဏှာနှောင်ကြိုးကြောင့် ဘဝများစွာ ကျင်လည်ကြရကုန်သော သတ္တဝါတို့၏ အစွန်းသည်မထင်၊ ဤရှည်လျားလှသော ဘဝများစွာ သံသရာ၌ သင်တို့၏ အမိမဖြစ်ဖူးသောသူ၊ အဖမဖြစ်ဖူးသောသူ၊ ညီအစ်ကို၊ မောင်နှမ၊ သားသမီး မဖြစ်ဖူးသော သူတို့ကို ရှာတွေ့ရန် ခဲယဉ်းလှ၏” ဟု ဘုရားရှင်ဟောကြားထား၏ ၁။

ထို့ကြောင့် သူသည် ရှေးအခါက ငါ၏ မွေးသမိခင်ဖြစ်ခဲ့ဖူး၍ ငါ့ကို ပဋိသန္ဓေနေသည့် အချိန်မှစ၍ အရွယ်ရောက်သည့် အချိန်အထိ ဒုက္ခမျိုးစုံခံကာ ကျွေးမွေးစောင့်ရှောက်ခဲ့ဖူး၏။ ဖခင်ဖြစ်ခဲ့ဖူး၍လည်း စားဝတ်နေရေးအတွက် ပစ္စည်းဥစ္စာ ရှာဖွေ၍ ကျွေးမွေးခဲ့ဖူး၏။ ညီအစ်ကို၊ မောင်နှမ၊ သားသမီး ဖြစ်ခဲ့ဖူး၍လည်း ငါ့ကို အမျိုးမျိုးထိုက်သည့်အလျောက် စောင့်ရှောက်ခဲ့ကြဖူး၏။ ထို့ကြောင့်

၁။ သံ၊၁။၃၉၅။

စာမျက်နှာ-220
ငါသည် ထိုမိခင်ဖခင် ဆွေမျိုးဉာတိ ကျေးဇူးရှင်ဖြစ်ခဲ့ဖူးသူ၌ စိတ်ဖြင့် ပြစ်မှားခြင်းငှာ မသင့်လျော်ဟု ဆင်ခြင်ကာ ဒေါသကို ဖြေဖျောက်ရမည်။

မေတ္တာအကျိုး ဆယ့်တစ်မျိုးဖြင့် ဆင်ခြင်နည်း

ဤသို့ ဆင်ခြင်၍ ဒေါသ မငြိမ်းသေးလျှင် ဘုရားရှင်ဟောတော်မူခဲ့သော မေတ္တာအကျိုး ဆယ့်တစ်မျိုးဖြင့် ဆင်ခြင်၍ ဒေါသကို ဖြေဖျောက်ရမည်။ ဆင်ခြင်ပုံမှာ... အို...အမောင်ယောက်ျား၊ ရှင်တော်ဘုရားက မေတ္တာဘာဝနာကို ပွားများအားထုတ်သူသည်...

၁။ ချမ်းသာစွာ အိပ်ရ၏။

၂။ ချမ်းသာစွာ နိုးရ၏။

၃။ ယုတ်မာဆိုးဝါးသည့် အိပ်မက်များကို မမြင်မက်ရ။

၄။ လူတို့ ချစ်မြတ်နိုး၏။

၅။ နတ်တို့ကြည်ညို၏။

၆။ နတ်တို့စောင့်ရှောက်တတ်ကြ၏။

၇။ ထိုမေတ္တာပွားသူအား မီး၊ အဆိပ်၊ လက်နက်တို့ မကပ်ရောက်နိုင်။

၈။ လျင်မြန်စွာ လည်တတ် ပြန့်လွင့်တတ်သောစိတ်သည် တည်ငြိမ်လာ၏။

၉။ မျက်နှာအဆင်းကြည်လင်၏။

၁၀။ မတွေမဝေဘဲ သေရ၏။

၁၁။ အထက်မဂ်ဖိုလ်ကို ထိုးတွင်းမသိခဲ့သော် ဗြဟ္မာပြည်သို့ လားရောက်ရ၏။

ဟု မေတ္တာအကျိုး ဆယ့်တစ်မျိုး ၁ ကို ဟောကြားခဲ့သည် မဟုတ်ပါလော။

၁။ အံ၊၃။၅၄၂။

စာမျက်နှာ-221
သင်သည် ဤဒေါသစိတ်ကို မငြိမ်းသတ်နိုင်ပါက ဤမေတ္တာအကျိုးဆယ့်တစ်မျိုးကို လက်လွတ်ရပေမည်ဟု ဆင်ခြင်ပြီး ဒေါသကို ငြိမ်းအေးစေရမည်။

ဆောင်ပုဒ်လင်္ကာ ။ ။ အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက် လူနတ်၊ စောင့်လတ်နက်များ၊ မီး၊ ဆိပ်၊ ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း (မဟာစည်)။

အစိတ်စိတ်ဓာတ်ခွဲဆင်ခြင်နည်း

ဤသို့ဆင်ခြင်၍ ဒေါသမငြိမ်းသေးလျှင် အစိတ်စိတ်ဓာတ်ခွဲ၍ ဆင်ခြင်ရမည်။ ဆင်ခြင်ပုံမှာ...

အိုအမောင်၊ ဝါ-အမိ၊ သင်သည် ထိုသူ့ကို အမျက်ထွက် စိတ်ဆိုးရာ၌ အဘယ်အရာကို စိတ်ဆိုးပါသနည်း။ သူ့သန္တာန်က ဆံပင်ကို စိတ်ဆိုးသလော။ ပ။ ကျင်ငယ်ကို စိတ်ဆိုးသလော၊ တစ်နည်းအားဖြင့် ဆံပင်စသည်တို့၌ရှိသော ပထဝီဓာတ်ကို စိတ်ဆိုးသလော၊ အာပေါဓာတ်ကို၊ တေဇောဓာတ်ကို ဝါယောဓာတ်ကို စိတ်ဆိုးသလော။ တစ်နည်းအားဖြင့် ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး ဓာတ် ၁၈-ပါးတို့ကို အစွဲပြု၍ သင်စိတ်ဆိုးသူကို မည်သူဟု ခေါ်ရသည်။ ယင်းခန္ဓာငါးပါးစသည်တို့တွင် ရုပ်ကို စိတ်ဆိုးသလော။ ဝေဒနာကို၊ သညာကို၊ သင်္ခါရတို့ကို၊ စိတ်ဝိညာဏ်ကို စိတ်ဆိုးသလော။ သို့မဟုတ် စက္ခာယတနခေါ်သည့် မျက်စိကို စိတ်ဆိုးသလော။ ပ။ ဓမ္မာယတနခေါ်သည့် သဘောအာရုံကို စိတ်ဆိုး

စာမျက်နှာ-222
သလော၊ သို့မဟုတ် စက္ခုဓာတ်ခေါ်သည့် မျက်စိဓာတ်ကို စိတ်ဆိုးသလော။ ပ။ မနောဝိညာဏဓာတ်ခေါ် စိတ်ကိုစိတ်ဆိုးသလောဟု အစိတ်စိတ်ဓာတ်ခွဲပြီး ကြည့်ရမည်။

ယင်းကဲ့သို့ စိတ်ဆိုးခံရသူ၏ တစ်ကိုယ်လုံးကို စိတ်ဖြာဓာတ်ခွဲကြည့်လိုက်လျှင် အလွန်သေးငယ် သိမ်မွေ့လှသည့်အပ်များပေါ်၌ မုန်ညင်းစေ့ တည်၍မရနိုင်သကဲ့သို့ ကောင်းကင်ပြင်၌ ပန်းချီဆေးရေး၏ တည်စရာမရှိနိုင် သကဲ့သို့ အမျက်ဒေါသ၏ တည်ရာမရှိတော့သဖြင့် ဧကန်အမျက်ဒေါသငြိမ်းအေးသွားရမည်သာ ဖြစ်ပေသည်။

အပေးအယူသဘောနှင့် ဒေါသကုစားနည်း

ပညာဗဟုသုတနည်းပါးသဖြင့် ခန္ဓာကိုယ်ကို အစိတ်စိတ် ဓာတ်ခွဲကြည့်ရန် မစွမ်းနိုင်ပါလျှင် အပေးအယူသဘောဖြင့် ဒေါသကို ငြိမ်းအေးစေရမည်။ မိမိ၏ပစ္စည်းကို မိမိစိတ်ဆိုးနေသူအား ပေးကမ်းလှူဒါန်းရမည်။ ထိုသူ့ထံမှ ပစ္စည်းကိုလည်း ခံယူရမည်။ မိမိစိတ်ဆိုးနေသူမှာ အာဇီဝပါရိသုဒ္ဓိသီလပျက်နေလျှင် မိမိပစ္စည်းကိုသာ ပေးကမ်းလှူဒါန်းရမည်။

ဤကဲ့သို့ အပေးအယူလုပ်လျှင် ထိုပုဂ္ဂိုလ်၌ ဒေါသမာန်ပွား ရန်ငြိုးထားမှုသည် ဧကန်ငြိမ်းအေးသွားနိုင်၏။ တစ်ဖက်က စိတ်ဆိုးခံရသူမှာလည်း အတိတ်ဘဝက ပါလာခဲ့သည့် ရန်ငြိုးပင်လျှင် တခဏချင်း ငြိမ်းအေးသွားနိုင်ပေသည်။ ဥပမာပြရသော် စိတ္တလတောင်ပေါ်ကျောင်း၌ သီတင်းသုံးနေသည့် ပိဏ္ဍပါတိကမထေရ်ကို ဒေါသမာန်ပွား ရန်ငြိုးထားနေသည့် မထေရ်ကြီးတစ်ပါးက နေရာမှ ဖယ်ရှားပေးရန် သုံးကြိမ်တိုင်တိုင် အားထုတ်ခဲ့သည်။ သံဃိက ကျောင်းတွင် မထေရ်ကြီးအား မထေရ်ငယ်က နေရာမှ ဖယ်ရှားပေး

စာမျက်နှာ-223
ရန် ဝိနည်းကျင့်ဝတ်ရှိပေသည်။ ထိုဝိနည်းကျင့်ဝတ်အတိုင်း မထေရ်ကြီးက ပိဏ္ဍပါတိကမထေရ်ငယ်ကို အနှောင့်အယှက်ပြုခြင်းပင် ဖြစ်သည်။

ထိုရန်ငြိုးပြေငြိမ်းသွားစေရန် ပိဏ္ဍပါတိကမထေရ်က “ဟောဒီ သပိတ်ဟာ အသပြာရှစ်ကျပ်တန်တဲ့ သပိတ်ပါဘုရား။ တပည့်တော်ရဲ့မယ်တော် ဒါယိကာမကြီး လှူထားတာဖြစ်လို့ ဝိနည်းဓမ္မကံနှင့်အညီ အပ်အပ်စပ်စပ် ရထားတဲ့သပိတ်ပါ။ မယ်တော်ဒါယိကာမကြီး ကုသိုလ်ဖြစ်အောင် ဒီသပိတ်ကို အလှူခံပါဘုရား” ဟု လျှောက်ထားပြီး သပိတ်ကို လှူဒါန်းလိုက်၏။ ထိုသပိတ်ကိုရသည့်အချိန်မှစ၍ ဒေါသဖြစ်နေသည့် မထေရ်ကြီးမှာ တစ်ခါတည်း ရန်ငြိုးငြိမ်းသွားခဲ့လေသည်။

ဤသို့ ပေးကမ်းလှူဒါန်းခြင်းသည် ကြီးမားသော သတ္တိအင်အား စွမ်းပကားရှိ၏။ မှန်၏-ပေးကမ်းလှူဒါန်းခြင်းသည် ဒေါသခက်ထန် ယဉ်ကျေးဟန်မရှိသူကို ဒေါသမာန်လျှော့ စိတ်နေပျော့ကာ ယဉ်ကျေးလာစေနိုင်၏။ ပေးကမ်းလှူဒါန်းခြင်းသည် အကျိုးခပ်သိမ်းကို ပြီးငြိမ်းရရှိစေနိုင်၏။ ပေးကမ်းဖြန့်ချိခြင်း၊ ချစ်ဖွယ်စကား ပြောကြားခြင်းတို့သည် ပေးကမ်းသူ ပြောကြားသူတို့ကို မျက်နှာပန်းပွင့် ကြီးမြင့်စေနိုင်ကုန်၏။ ခံယူရသည့်ပုဂ္ဂိုလ်တို့ကလည်း ထိုသူများကို ကြည်ညိုချစ်ခင် မေတ္တာဝင်ကာ ညွတ်ကိုင်းလာနိုင်ကုန်၏ဟု ဘုရားရှင်ဟောတော်မူချက်ရှိပေသည်။

ဤဝိသုဒ္ဓိမဂ်လာ ဆင်ခြင်နည်းများအပြင်၊ ဥပရိပဏ္ဏာသ ပါဠိတော် ပုဏ္ဏောဝါဒသုတ်လာ အရှင်ပုဏ္ဏ၏ နှလုံးသွင်းဆင်ခြင်နည်းဖြင့်လည်း ဆင်ခြင်ကာ ဒေါသပြေငြိမ်းအောင် ပြုလုပ်နိုင်ပေသေးသည်။

စာမျက်နှာ-224

ရှင်ပုဏ္ဏမထေရ်၏ နှလုံးသွင်းဆင်ခြင်နည်း ၁

ဘုရားရှင် လက်ထက်တော်က အရှင်ပုဏ္ဏမထေရ်သည် တစ်ပါးတည်းဆိပ်ငြိမ်ရာသို့ကပ်၍ တရားအားထုတ်လိုသဖြင့် ဘုရားရှင်အား တရားအကျဉ်းချုပ် ဟောကြားတော်မူရန် လျှောက်ထား၏။ ဘုရားရှင်က ရှင်ပုဏ္ဏ၏ ဆန္ဒအတိုင်း ဤသို့ ဟောကြား နည်းညွှန်တော်မူလိုက်ပေသည်။

ချစ်သားပုဏ္ဏ... လောကတွင် ပကတိမျက်စိဖြင့် မြင်နိုင်သည့် ဣဋ္ဌရူပါရုံ (လိုချင်ဖွယ် အဆင်းအာရုံ) များ ရှိကြပေသည်။ ထိုဣဋ္ဌရူပါရုံများသည် ချစ်ခင်နှစ်သက်စရာ၊ စိတ်နှလုံး ရွှင်ပြုံးစရာကောင်း၏။ တွယ်တာမက်မောဖွယ်ရာလည်းဖြစ်၏။ ထိုဣဋ္ဌရူပါရုံကို နှစ်သက်သဘောကျလိုက်လျှင်၊ တပ်မက်မောလိုက်လျှင် နန္ဒီခေါ်သည့် တွယ်တာမက်မောမှု သမုဒယသစ္စာဖြစ်သည်။ သမုဒယသစ္စာဖြစ်ခြင်းကြောင့် ဆင်းရဲမှု ဒုက္ခသစ္စာဖြစ်သည်ဟု ငါဟောသည်။ (သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤရူပါရုံနည်းတူ ဟောတော်မူသည်)။

ချစ်သား ပုဏ္ဏ... ထိုဣဋ္ဌရူပါရုံကို မနှစ်သက် သဘောမကျလျှင် တပ်မက်ဖွယ်ဟူ၍ လက်မခံလျှင်၊ နန္ဒီခေါ်သော တွယ်တာမက်မောမှု တဏှာသမုဒယချုပ်၏။ တဏှာသမုဒယချုပ်ခြင်းကြောင့် ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းသွားပေတော့၏။

(သဒ္ဒါရုံစသော ကျန်အာရုံ ၄-ပါးတို့လည်း ဤနည်းအတိုင်း ဟောတော်မူသည်။)

ချစ်သားပုဏ္ဏ... ငါဘုရားသည် သင့်ကို အကျဉ်းချုပ် သြဝါဒပေးပြီးပြီ၊ သင်မည်သည့်အရပ်ဒေသ၌ တရားအားထုတ်မလဲ။

၁။ မ၊၃။၃၁၁။ မြန်မာပြန် ၃၁၅။

စာမျက်နှာ-225
ရှင်တော်မြတ်ဘုရား... ဘုရားတပည့်တော်သည် သုနာပရန္တ ဇနပုဒ်၌ နေထိုင်အားထုတ်ပါမည်ဘုရား။

ချစ်သားပုဏ္ဏ... သုနာပရန္တဇနပုတ်သားတို့သည် ကြမ်းတမ်းခက်ထန်ကြ၏။ ဆဲရေးတိုင်းထွာတတ်ကြ၏။ သင့်ကိုသူတို့ ဆဲရေးတိုင်းထွာကြ ကြိမ်းမောင်းကြလျှင် သင် သူတို့အပေါ်မှာ ဘယ်လိုသဘောထားမလဲ။

အရှင်ဘုရား... သုနာပရန္တ ဇနပုဒ်သားတို့သည် တော်ကြပါပေသည်။ သူတို့သည် ပါးစပ်ဖြင့်သာ ဆဲဆိုကြိမ်းမောင်းရုံ ပြုကြသေးသည်။ လက်ဖြင့် မပုတ်ခတ် မရိုက်နှက်ကြသေးဟု သဘောထားပါမည်ဘုရား။

ချစ်သားပုဏ္ဏ... အကယ်၍ သူတို့က လက်ဖြင့်ရိုက်နှက် ပုတ်ခတ်ရင်ကော ဘယ်လိုသဘောထားမလဲ။

ရှင်တော်မြတ်ဘုရား... သူတို့သည် လက်ဖြင့် ရိုက်နှက်ပုတ်ခတ်ကြသော်လည်း ခဲဖြင့်မပေါက်ကြသေးသည့်အတွက် တော်ကြပါပေသည်ဟု သဘောထားပါမည်ဘုရား။

ချစ်သားပုဏ္ဏ... သူတို့က ခဲဖြင့်ပေါက်ကြရင်ကော ဘယ်လိုသဘောထားမလဲ။

ရှင်တော်မြတ်ဘုရား... သူတို့သည် တုတ်ဖြင့် မရိုက်ကြသေးသည့်အတွက် တော်ကြပါပေသည်ဟု သဘောထားပါမည်ဘုရား။

တုတ်ဖြင့်ရိုက်ကြလျှင်ကော ဘယ်လိုသဘောထားမလဲ။

ဓားဖြင့် မခုတ်ကြသေးသည့်အတွက် တော်ကြပါပေသည်ဟု သဘောထားပါမည်ဘုရား။

ဓားဖြင့်ခုတ်ကြလျှင်ကော ဘယ်လိုသဘောထားမလဲ။

စာမျက်နှာ-226
ဓားဖြင့် သေအောင်မသတ်ကြသေးသည့်အတွက် တော်ကြပါပေသည်ဟု သဘောထားပါမည်ဘုရား။

ဓားဖြင့်သေအောင်သတ်ကြလျှင်ကော ဘယ်လိုသဘောမလဲ။

ရှင်တော်ဘုရား၏ တပည့်သာဝကများအနက် အချို့ ရဟန်းတော်များသည် ကိုယ်နှင့်အသက်ကို ငြီးငွေ့ကြ၊ စက်ဆုတ်ရွံရှာကြသဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန် ဓားစသည့်လက်နက်များကို (အလုပ်တစ်ခုအနေဖြင့်) ရှာဖွေကြရ၏။ ယခုငါ့မှာတော့ ဤဓားစသော လက်နက်များကို မရှာဖွေရဘဲ ရခဲ့ပေပြီဟု သဘောထားပါမည်ဘုရား။

ကောင်းပေစွ... ကောင်းပေစွ... ချစ်သားပုဏ္ဏ၊ ဒီလိုသည်းခံခြင်းဆိုသည့် ငြိမ်းချမ်းရေးတရားရှိသူသည် သုနာပရန္တ ဇနပုဒ်၌ နေနိုင်ပေလိမ့်မည်။ သင်သွားလိုသည့် အချိန်သွားပေတော့ဟု ဘုရားရှင် ခွင့်ပြုတော်မူလိုက်သည်။

အရှင်ပုဏ္ဏမထေရ်လည်း သုနာပရန္တ ဇနပုဒ်သို့ကြွ၍ ဝါဆိုတော်မူ၏။ ထိုဝါတွင်းမှာပင် အမျိုးသားငါးရာနှင့် အမျိုးသမီးငါးရာတို့ကို တရားထူးရစေ သိစေတော်မူ၍ မိမိကိုယ်တိုင် တေဝိဇ္ဇာပတ္တရဟန္တာ ဖြစ်သွားခဲ့သည်။

ဤအရှင်ပုဏ္ဏမထေရ် ဆင်ခြင်နှလုံးသွင်းသည့်အတိုင်း ဆင်ခြင်နှလုံးသွင်းပြီး ဒေါသကို ပယ်ဖျောက်ရမည်။

ဤသည်တို့ကား ဗုဒ္ဓပိဋကတ်တော်လာရှိသည့် ဒေါသပြေငြိမ်းရန် ကုသနည်းအချို့တို့ ဖြစ်ပါသည်။ ဒေါသဖြစ်စရာ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံလာလျှင် ဤနည်းများကို အသုံးချ၍ ဒေါသပြေငြိမ်းအောင်

စာမျက်နှာ-227
ကြိုးစားကြရမည်။ ဤနည်းများကား ဒေါသဖြစ်ကြောင်း ပဒဋ္ဌာန်ပိုင်းတွင် တင်ပြထားခဲ့သည့် အယောနိသောမနသိကာရ (မသင့်မလျော် နှလုံးသွင်းချော်ခြင်း) ၏ ဆန့်ကျင်ဘက် ယောနိသောမနသိကာရ (နှလုံးသွင်းလိမ္မာမှုများ) ပင်ဖြစ်သည်။ အမှန်စင်စစ် ဒေါသဖြစ်ဖွယ်ရာ အနိဋ္ဌရုံတို့နှင့် ဆုံဆည်းရသည့်အခါ လိမ်လိမ်မာမာနှင့် နှလုံးသွင်းတတ်ဖို့ရန် နည်းအမျိုးမျိုးပေးထားခြင်းပင် ဖြစ်ပါသည်။

၉။ ဒေါသထိန်းသိမ်းရကျိုး

အရေအဆင်းလှပခြင်း ။ ။ ဒေါသဖြစ်ဖွယ်ရာ အနိဋ္ဌရုံတို့နှင့် တွေ့ကြုံရစေကာမူ ဖော်ပြပါ ဆင်ခြင်နည်းများဖြင့် နှလုံးသွင်းဆင်ခြင်၍ ဒေါသကို ထိန်းသိမ်းနိုင်ခဲ့လျှင် မျက်မှောက် တမလွန် နှစ်တန်သောဘဝများ၌ အသားအရေ လှပတင့်တယ်ခြင်း၊ ကြည်လင်တောက်ပခြင်း အကျိုးတို့ကို ရနိုင်၏။ ဒေါသထွက်လာသည့်အခါ အရေအဆင်း မကြည်လင် နောက်ကျူ၏။ မျက်နှာအနေအထားသည်လည်း ကြည့်လို့မကောင်း အရုပ်ဆိုး၏။

အမျက်မထွက်သူ၏ မျက်နှာမှာမူ ကြည့်ချင်စဖွယ် တင့်တင့်တယ်တယ်ရှိ၏။ ကိုယ်ရေအဆင်းလည်း ကြည်လင်လှပ၏။ ထို့ကြောင့် ဒေါသကို ထိန်းသိမ်းထားနိုင်လျှင် ယခုဘဝမှာလည်း အရေအဆင်း လှပ၏။ နောင်တမလွန်ဘဝမှာလည်း ယခုဘဝနည်းတူ အရေအဆင်း လှပနိုင်ပေသည်။

ဥပမာတင်ပြရသော် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ဘုရားလောင်း

၁။ ဒီ-၃-၁၃၀။

စာမျက်နှာ-228
ဖြစ်စဉ် ရှေးရှေးဘဝများ၌ အမျက်ဒေါသအလွန် နည်းပါးတော်မူခဲ့၏။ သတိလွတ်ကာ ထွက်လာသည့်အမျက်ကိုလည်း လျင်မြန်စွာ ပယ်ဖျောက်ထိန်းသိမ်းခဲ့၏။ စိတ်ပူပန် ပင်ပန်းခြင်း ဥပါယာသတရား နည်းပါးတော်မူခဲ့၏။ သူတစ်ပါးတို့က အမျက်ထွက်ဖွယ်ရာများစွာ ပြောဆိုသော်ငြားလည်း ဒေါသဖြင့် စိတ်ငြိစွန်းခြင်း၊ အမျက်ထွက်ခြင်း၊ ဖောက်ပြန်ခြင်း၊ အကြိတ်အခဲတည်ခြင်း၊ ဝါ-ရန်ငြိုးသိုခြင်း အလျှင်းမရှိ။ အမျက်ထွက်ခြင်း၊ ပြစ်မှားခြင်း၊ နှလုံးသွင်း မသာယာခြင်းတို့ကို အရိပ်အရောင်ပင် မပြခဲ့ချေ။

ထိုကောင်းမှု ကုသိုလ်ကံကြောင့် ဘုရားဖြစ်တော်မူသည့် ဘဝတွင် သိင်္ဂီနိက်ရွှေစင်အဆင်းကဲ့သို့ ဝါဝင်းသော အရေအဆင်းရှိခြင်း ဟူသော မဟာပုရိသလက္ခဏာတော်ကို ရတော်မူပေသည်။

“ချိုးဖဲ့နှိပ်စက်၊ ဆိုတုံလျက်လည်း၊ အမျက်မလို၊ စိတ်မတိုခဲ့၊ ကြည်ညို ချမ်းမြေ့၊ ချောမွေ့ နုမွတ်၊ အဝတ်အရုံ၊ အခြုံအခင်း၊ လှူခဲ့ခြင်းကြောင့်၊ အဆင်းအရေ၊ ဇမ္ဗူရွှေသို့၊ လျှံဝေဝင်းဝါ၊ လက္ခဏာဖြင့်၊ ဖဲဝါကတ္တီ၊ သိုးမွေးထည်နှင့်၊ ပိုးထည်နုပျောင်း၊ ထည်လိပ်ကောင်းတို့၊ လူပေါင်းဗြဟ္မာ၊ နတ်ဒေဝါတို့၊ များစွာကပ်လှူ၊ မပြတ်ရတော်မူပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား”။ ၁

မျက်လုံးကြည်လင်လှပခြင်း ။ ။ ဒေါသမဖြစ်အောင် ထိန်းသိမ်းနိုင်သူသည် နောင်တမလွန် ဘဝ၌ အလွန် ညိုမှောင် ကြည်လင်တောက်ပသော မျက်လုံးရှိခြင်း၊ မျက်တောင်မွေးများ နူးနူးညံ့ညံ့ ကော့ရရော့ရှိခြင်းဟူသော အကျိုးကို ရနိုင်၏။ ၂ စိတ်ဆိုး၍ မျက်စောင်းထိုးကြည့်သူ၊ မျက်မှောင်ကုပ်ကြည့်

၁။ မဟာဗုဒ္ဓဝင်-ဒုတွဲ+အနုဒီပနီ (စ)။

၂။ ဒီ၊၃၊၁၃၆။

စာမျက်နှာ-229
သူတို့မှာ ထိုအမူအရာအတိုင်း မျက်စိစောင်းနေတတ်၏။ ချစ်ခင်လေးစားသော စိတ်ဖြင့် ကြည့်သောသူ၏ မျက်စိကား ငါးပါးသော အဆင်းဖြင့် ကြည်လင်လှပ၏။

ဘုရားလောင်းများသည် ရှေးရှေးဘဝများစွာတို့၌ သူတစ်ပါးကို အမျက်ထွက်ကာ ပုစွန်မျက်စိပမာ မျက်လုံးပြူး၍လည်း ကြည့်လေ့မရှိ။ အမျက်ထွက်ကာ မျက်စောင်းထိုး၍လည်း ကြည့်တော်မမူခဲ့။ သူတစ်ပါးက အမျက်ဒေါသဖြင့် ကြည့်သည့်အခါ မိမိမျက်စိကို မှိတ်ထား၍ ထိုသူမျက်နှာ လွှဲသွားသည့်အခါ၌လည်း စိတ်ဆိုးသော ကြည့်ခြင်းဖြင့် ကြည့်တော်မမူခဲ့။ ရိုးဖြောင့်သောစိတ်ဖြင့် ရိုးဖြောင့်စွာပင်ကြည့်၏။ မေတ္တာဓာတ်ကိန်းသော မျက်စိဖြင့်သာ ကြည့်လေ့ရှိ၏။

ထိုကောင်းမှုကုသိုလ်ကံကြောင့် နောက်ဆုံးဘဝတွင် အလွန်ညိုကြည်သည့် မျက်လုံးတော်ရှိခြင်း၊ ဖွားသစ်စနွားနီငယ်၏ မျက်တောင်မွေးကဲ့သို့ အလွန်နူးညံ့နုပျိုသည့် မျက်တောင်မွေးတော်ရှိခြင်းအကျိုးကို ရရှိပေသည်။

မျက်စောင်းမထိုး၊ မကျိုးမျက်မှောင့်၊ ဖြောင့်ဖြောင့်ချစ်ကြည်၊ ကြည့်ခဲ့သည်ကြောင့်၊ ညိုကြည်မျက်လုံး၊ အံ့မဆုံးအောင်၊ ရွှေမျက်တောင်မွေး၊ သွယ်သေးနုစွာ၊ လက္ခဏာဖြင့်၊ ပိယာသိဒ္ဓိ၊ နတ်ဆေးရှိသို့၊ တြိဘုံခန်း၊ ရဟန်းလူများ၊ သိကြားဗြဟ္မာ၊ နတ်သူရာဟု၊ သတ္တဝါထိုထို၊ ကြည်ညို လေးမြတ်၊ ချစ်ခင်အပ်ပါသော မြတ်စွာဘုရား၊ မြတ်စွာဘုရား။ ၁

နတ်သမီးဖြစ်ရခြင်း ။ ။ တစ်ရံရောအခါ၌ ရှင်တော်မြတ်ဘုရား၏ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန် ၂

၁။ မဟာဗုဒ္ဓဝင်၊ ဒုတွဲ၊ အနုဒီပနီ (စ)။

၂။ ဓမ္မပဒ၊ ဒု၊ ၂၀၃။

စာမျက်နှာ-230
မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွချီတော်မူကာ တန်ခိုးကြီးသည့် နတ်သမီးတစ်ဦး၏ ဘုံဗိမာန်တံခါးဝ၌ ရပ်တန့်တော်မူပါသည်။ ထိုအခါ ဗိမာန်ရှင်နတ်သမီးသည် ဗိမာန်မှထွက်ကာ အရှင်မြတ်ထံပါး၌ ဝပ်တွားညွတ်လျှိုး ရှိခိုး၍နေ၏။ မထေရ်မြတ်က “အို...နတ်သမီး...အသင်၏ စည်းစိမ်ချမ်းသာသည် အလွန်ကြီးကျယ်လှ၏။ အဘယ်ကောင်းမှုကုသိုလ်ကြောင့် ဤစည်းစိမ်ချမ်းသာကို ရရှိပါသနည်း” ဟု မေး၏။

နတ်သမီးက “ဤအကြောင်းကို မသိချင်ပါနဲ့ဘုရား” ဟု ပြန်လျှောက်၏။ (ယင်းသို့ လျှောက်ထားခြင်းမှာ မပြောပဖွယ် အနည်းငယ်သော ကုသိုလ်လေးကြောင့် ဤစည်းစိမ်ကြီး ခံစားရခြင်း အကြောင်းကို လျှောက်ထားရမှာ ရှက်သောကြောင့် ဖြစ်ပါသည်... အဋ္ဌကထာ)။

အရှင်မဟာမောဂ္ဂလ္လာန်က “လျှောက်သာလျှောက်ပါ” ဟု အမိန့်ရှိသည့်အခါ .... “အရှင်မြတ်ဘုရား၊ တပည့်တော်မသည် ကဿပဘုရားရှင်လက်ထက်တော်အခါက သူတစ်ပါးထံပါး၌ ခစားပြုစုရသည့် အစေခံကျွန်မ ဖြစ်ခဲ့ပါသည်။ ထိုအခါ တပည့်တော်မ၏ သခင်သည် အလွန် ကြမ်းကြုတ်ခက်ထန်ပါသည်။ သူဒေါသဖြစ်လာလျှင် ဆွဲမိဆွဲရာ သစ်သားတုတ်ကြီးဖြင့်ဖြစ်စေ၊ ထင်းတုံးကြီးဖြင့်ဖြစ်စေ၊ ခေါင်းကိုပစ်ခတ် ရိုက်ခွဲတတ်ပါသည်။ တပည့်တော်မက ပြန်၍ စိတ်ဆိုးလိုသော်လည်း “သူသည် သင်၏ အရှင်သခင်ဖြစ်သည်။ အမှတ်တံဆိပ်ကြီးထင်သွားအောင် သံပူဖြင့်လည်း သင့်ကိုယ်ကို ကပ်နိုင်သည်၊ ခြေ လက် နှာခေါင်း စသည့် ကိုယ်အင်္ဂါတို့ကိုလည်း ဖြတ်ပစ်နိုင်၏။ သူ့သဘောဆန္ဒအတိုင်း လုပ်ချင်သလို အစိုးတရ လုပ်နိုင်သူဖြစ်၏။ သူ့အပေါ်မှာ သင်အမျက်မထွက်လေနှင့်” ဟု မိမိကိုယ်ကို”

စာမျက်နှာ-231
မိမိ ဆုံးမကာ အမျက်ဒေါသအနည်းငယ်မျှ မထွက်ခဲ့ပါ။ ယင်းသို့ အမျက်မထွက်ဘဲ သည်းခံခဲ့သည့် ကုသိုလ်လေးကြောင့် ဤမျှကြီးကျယ်သည့် နတ်စည်းစိမ်ကို ရရှိခံစားရပါသည်” ဟု လျှောက်ထားလေသည်။

ဤကား ဒေါသကို ထိန်းသိမ်းနိုင်သဖြင့် ရရှိသည့် အကျိုးတရားများ ဖြစ်ပါသည်။

စာမျက်နှာ-232

မောဟစေတသိက်

၁။ မောဟမည်ပုံ

မောဟသဒ္ဒါ၏အနက်သည် “တွေဝေခြင်း” ပင်ဖြစ်ပါသည်။ ထို့ကြောင့်-

(က) အာရုံ၌တွေဝေခြင်းမျှဖြစ်သော သဘောသည်လည်းကောင်း၊

(ခ) မိမိဖြစ်ရာ တည်ရာသတ္တဝါများကိုဖြစ်စေ၊ မိမိနှင့်အတူတကွ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကိုဖြစ်စေ အာရုံ၌ တွေဝေအောင်ပြုလုပ်တတ်သော သဘောသည်လည်းကောင်း၊

(ဂ) မိမိကိုယ်တိုင် အာရုံ၌ တွေဝေတတ်သော သဘောသည်လည်းကောင်း “မောဟ” မည်ပါသည်။ ၁

တွေဝေခြင်းဆိုရာဝယ် ဝိစိကိစ္ဆာသဘောကဲ့သို့ “ထိုဟာဖြစ်နေသလား သည်ဟာဖြစ်နေသလား၊ ဟုတ်မှဟုတ်ပါ့မလား၊ မဟုတ်ဘဲများဖြစ်နေမလား” ဟု ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ဘဲ အာရုံ၌ တေတေဖြစ်နေခြင်းမျိုးမဟုတ်ပါ။ သိသင့်သိထိုက်သော အာရုံ၏ အမှန်သဘောတွေကို တကယ်မသိခြင်းမျိုးပင် ဖြစ်ပါသည်။ ၂

၂။ မောဟစေတသိက်၏လက္ခဏာ (၂) မျိုး

(က) မောဟစေတသိက်သည် စိတ်၏ပညာမျက်စိ ကန်းသည်၏အဖြစ်ဟူသော သဘောလက္ခဏာရှိသည်။ ၃

(ခ) တစ်နည်းအားဖြင့် မောဟစေတသိက်သည် ဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘောလက္ခဏာရှိသည်။ ၄

၁။ အဘိ၊ ၄၊ ၁၊ ၂၉၁။

၂။ သင်္ဂြိုဟ်ဘာသာဋီကာ၊ ၁၁၇။

၃၊ ၄။ အဘိ၊ ၄၊ ၁၊ ၂၉၁။

စာမျက်နှာ-233
(က) စိတ်၏ ပညာမျက်စိကန်းသည့် သဘောလက္ခဏာ

စိတ်၏ပညာမျက်စိ ကန်းသည့်သဘောဆိုသည်မှာ စိတ်သည် အာရုံ၏အမှန်တရားများကို ယထာဘူတကျကျ မသိနိုင် မမြင်နိုင်သည့်သဘောပင်ဖြစ်ပါသည်။ မှန်ပါသည်။ စိတ်ဟူသော နာမ်တရားသည် အာရုံကိုသိတတ်သော သဘောလက္ခဏာ (အာရမ္မဏဝိဇာနနလက္ခဏာ) ရှိပါသည်။ မောဟစေတသိက်မှာမူ “မိုက်မဲစွာလှ၊ မှောင်ကြီးချ၊ မောဟအဝိဇ္ဇာ” ဆိုသကဲ့သို့ မိမိကိုယ်တိုင်ကပင် အာရုံ၏အမှန်သဘောတွေကို မသိနိုင်သော အမိုက်တရား အမှောင်တရားမျိုးဖြစ်သည့်ပြင် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကိုလည်း အာရုံ၏အမှန်သဘောတွေကို မသိအောင် မှောင်ချထားသည့်သဘောရှိသည်။

သို့ဖြစ်၍ စိတ်တွင် မောဟမှောင်ထုကြီး ကျရောက်လာသောအခါ စိတ်မှာ လုံးလုံးကြီး မှောင်ကျသွားကာ (ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးဖြစ်သည့် သဘော၊ သုစရိုက်တရားတို့၏ ကောင်းမွန်မြင့်မြတ်သည့်သဘော၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများသည် တကယ့်ချမ်းသာစစ် ချမ်းသာမှန်များ မဟုတ်ကြဘဲ တကယ်စင်စစ် ဆင်းရဲတုံး ဆင်းရဲခဲကြီးများဖြစ်ကြသည့်သဘော၊ ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောစသည့်) အာရုံ၏အမှန်သဘောတွေကို ဘာတစ်ခုမှ မသိနိုင်ရှာတော့ပါ။ အချုပ်အားဖြင့်ဆိုသော် မောဟတရားသည် ကောင်းမှုကုသိုလ်နယ်၌ အစအနကလေးကိုမျှ မမြင်ရ မသိရလေအောင် စိတ်ကို မှောင်ကြီးချထားသည့် သဘောလက္ခဏာရှိပါသည်။

အမိုက်မှောင်ကြီးဥပမာ ။ ။ မောဟစေတသိက်၏ ယင်းသဘောလက္ခဏာကို ထင်ရှားသိသာအောင် ဥပမာ

စာမျက်နှာ-234
ဆောင်၍ ပြပါမည်။ လောကတွင် အမိုက်တကာ့ အမိုက်ဆုံး အမှောင်တကာ့အမှောင်ဆုံးဖြစ်သော အမိုက်မှောင်ကြီးရှိပါသည်။ ထိုအမိုက်မှောင်ကြီးကား “လကွယ်၊ သန်းခေါင်၊ မိုးမှောင်၊ တိုက်ခန်း(တောအုပ်)” ဆိုသည့်အတိုင်း လကွယ်နေ့ညဖြစ်ခြင်း၊ သန်းခေါင်ယံအချိန်ဖြစ်ခြင်း၊ မိုးမှောင်ကြီးကျရောက်နေခြင်း၊ တိုက်ခန်းအတွင်းဖြစ်ခြင်းဟူသော အင်္ဂါလေးချက်ညီသော အမိုက်မှောင်ကြီးဖြစ်ပါသည်။ တစ်စုံတစ်ယောက်သော ယောက်ျားသည် အရပ်ရှစ်မျက်နှာ တစ်ခွင်တစ်ပြင်၊ ပတ်ဝန်းကျင်တစ်ခုလုံး မိုးမှောင်ကြီးဖုံးနေသော လကွယ်နေ့ည သန်းခေါင်ယံအချိန်တွင် တိုက်ခန်းကြီးထဲသို့ဝင်၍ အဖြူ၊ အနီ၊ အဝါ စသော အရောင်မျိုးစုံရှိသည့် အဝတ်များအနက် တစ်ခုခုကိုယူငြားအံ့။ ထိုအင်္ဂါလေးချက်ညီသော အမှောင်ထုကြီးက အဝတ်များ၏ အနီ၊ အဝါ စသော အရောင်အဆင်းများကို မမြင်ရအောင် အမှောင်ကြီးချထားသောကြောင့် ထိုယောက်ျားသည် “သည်အဝတ်ကားအနီ၊ ထိုအဝတ်ကားအဝါ” စသည်ဖြင့် အရောင်အဆင်းကို ဟုတ်တိုင်းမှန်စွာ မသိနိုင်သကဲ့သို့ ထို့အတူ စိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော သဘောရှိသည့် ရုပ်နာမ်တရားတို့ကို အာရုံပြုသည်ရှိသော် မောဟအမှောင်ကြီးက ပိတ်ဆီးကာကွယ်ထားသောကြောင့် ရုပ်နာမ်တရားတို့၏ ဟုတ်တိုင်းမှန်သောသဘောကို လုံးဝမသိနိုင်တော့ပေ။

ဥပမာ ဥပမေယျနှီးနှောယူပုံ

အထက်ပါ ဥပမာ၌ ရုပ်နာမ်တရားတို့ကို အာရုံပြုသောစိတ်သည် တိုက်ခန်းအတွင်းသို့ အဝတ်ဝင်ယူသော ယောက်ျားနှင့်တူသည်။ မောဟသည် အင်္ဂါလေးချက်ညီသော အမှောင်ထုကြီးနှင့်တူ

စာမျက်နှာ-235
သည်။ ရုပ်နာမ်တရားတို့သည် အဝတ်အထည်ပစ္စည်းများနှင့်တူသည်။ ရုပ်နာမ်တို့၏ အနိစ္စသဘောသည် အဝတ်တို့၏ အနီ၊ အဝါ စသော အဆင်းများနှင့်တူသည်။ အနိစ္စ စသောအာရုံ၏အမှန်သဘောကို မောဟက မှောင်ချထားခြင်းသည် အနီ၊ အဝါ စသောအဆင်းကို အမှောင်ထုကြီးက ဖုံးထားခြင်းနှင့်တူသည်။ မောဟတားဆီးထားသောကြောင့် အာရုံ၏အမှန်သဘောကို စိတ်၏မသိမမြင်နိုင်ခြင်းသည် အမှောင်ထုကြီးက ဖုံးအုပ်ထားသောကြောင့် အနီ အဝါ စသော အဆင်းကို “ဒါအနီပဲ ဒါအဝါပဲ” စသည်ဖြင့် ယောက်ျား၏ ဟုတ်မှန်စွာမသိမမြင်နိုင်ခြင်းနှင့်တူပါသည်။

(ခ) ဉာဏ်နှင့်ဆန့်ကျင်ဘက်ဖြစ်ခြင်းလက္ခဏာ

ဒုတိယလက္ခဏာကိုထပ်ဆိုရပုံ ။ ။ အထက်တွင်ပြဆိုခဲ့ပြီးသော ပထမလက္ခဏာကား အပိုမပါ တန်ဆာမဆင်ဘဲ မောဟ၏ပင်ကိုမူလ သဘာဝအတိုင်း ရိုးရိုးစင်းစင်း ဖော်ပြထားသော လက္ခဏာဖြစ်သည်။ သို့သော် ထိုလက္ခဏာဖြင့် မောဟ၏သဘာဝကို ပေါ်ပေါ်လွင်လွင်သိရန် မလုံလောက်သေးဟု အဋ္ဌကထာဆရာက မြင်ဟန်ရှိသည်။ ထို့ကြောင့် မောဟ၏ သဘောကို သုတေသီတို့ဉာဏ်မျက်စိတွင် ကွက်ကွက်ကွင်းကွင်း ပိုမိုထင်လင်းစေလိုသည့်အတွက် ဤဒုတိယလက္ခဏာကို ထပ်မံဆိုပြန်ပါသည်။ ၁ မှန်၏။ လောကတွင် ရုပ်ဝတ္ထုပစ္စည်းတစ်ခုခုကို သူတစ်ခုတည်းထား၍ ရိုးရိုးကြည့်ခြင်းထက် ဆန့်ကျင်ဘက်ဝတ္ထုပစ္စည်းတစ်ခုခုနှင့် နှိုင်းယှဉ်ကြည့်ခြင်းက (ဝါ) နောက်ခံဘက်ဂရောင်းထား၍ကြည့်ခြင်း

၁။ အဘိဓမ္မတ္ထသရူပဒီပက၊ ပ-တွဲ၊ ၄၁၄-၄၁၅။

စာမျက်နှာ-236
က ပိုမိုထင်ရှားစွာ တွေ့ရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ဥပမာ အမည်းရောင်ရုပ်ဝတ္ထုပစ္စည်းတစ်ခုကို အဖြူရောင်နောက်ခံထား၍ ကြည့်သည့်အခါ ထိုအမည်းရောင်သည် ပိုမိုပေါ်လွင်ထင်ရှားလာသကဲ့သို့ဖြစ်ပါသည်။ ယခု မောဟဟူသော အမှောင်တရားကိုကြည့်ရာ၌လည်း သူ့ချည်းသက်သက်ကို ကြည့်သည်ထက် ဆန့်ကျင်ဘက်ဖြစ်သော ဉာဏ်ရောင်ဖြင့် နှိုင်းယှဉ်၍ ဝါ-နောက်ခံထား၍ကြည့်ပါက မောဟမှောင်၏သဘာဝကို ပိုမိုကျယ်ပြန့်စွာ မြင်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်ဖြင့် အဋ္ဌကထာဆရာသည် ဤဒုတိယလက္ခဏာကို ထပ်ဆိုခြင်းဖြစ်သည်။

ပညာရောင်နှင့် မောဟအမှောင် ။ ။ မောဟနှင့် ဉာဏ်(ပညာ)သည် အဖြူနှင့်အမည်း ပုလဲနှင့်မဟူရာကဲ့သို့ ဖြောင့်ဖြောင့်ကန့်လန့် ဆန့်ကျင်သောသဘောတရားများ ဖြစ်ကြသည်။ သဘာဝချင်း ဝိရောဓိဖြစ်၍ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်ပမာ သဘောတရားတွင် လွန်စွာခြားနားကြသည်။ ဉာဏ်ကား အလင်းရောင်တရား၊ အသိတရား၊ အပြစ်မရှိ ပကတိသန့်စင်သောတရားမျိုးဖြစ်၍ ကုသိုလ်၏ ရဲဘော်ရဲဘက်ကြီးဖြစ်သည်။ မောဟမှားကား အမှောင်တရား၊ မသိတရား၊ အပြစ်ရှိသည့် ညစ်ညမ်းသောတရားမျိုးဖြစ်၍ အကုသိုလ်၏ ရှေ့သွားခေါင်းဆောင်ကြီးဖြစ်သည်။ ၁ တစ်နည်းအားဖြင့်ဆိုသော် မောဟက အာရုံကို သဘာဝအတိုင်း အမှန်မပေါ်အောင် မှောင်ကြီးချထားသကဲ့သို့ ဉာဏ်က အမှောင်ကိုပယ်ခွာ၍ အာရုံ၏သဘောမှန်ကို ထင်ထင်ရှားရှား သိအောင် မီးမောင်းထိုးပေးသည်။

ဆက်ရှင်းပါဦးမည်။ အလင်းရောင်ပေါ်ထွက်လာမည့်အခါတွင်

၁။ အဘိဓမ္မာဝတာရဋီကာသစ်၊ ပတွဲ၊ ၃၁၇။

စာမျက်နှာ-237
အမြင်ခံဝတ္ထုပစ္စည်း (ရူပါရုံ) များကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား မြင်ရသလို ဉာဏ်ပညာဖြစ်လာသောအချိန်တွင် အာရုံ၏အမှန် သဘာဝကို ကွက်ကွက်ကွင်းကွင်းသိမြင်နိုင်သည်။ ထို့ကြောင့် ဉာဏ်ပညာသည် အလင်းရောင်နှင့်တူသော တရားမျိုးဖြစ်သည်။ ယင်းအဓိပ္ပာယ်ကိုရည်ညွှန်း၍ “ပညာအလင်း၊ ပညာအရောင်၊ ပညာတန်ဆောင်” (ပညာအာလောက၊ ပညာဩဘာသ၊ ပညာပဇ္ဇောတ) ဟု ရူပကအလင်္ကာဖြင့် တန်ဆာဆင်ကာ ဓမ္မသင်္ဂဏီပါဠိတော်၌ ဘုရားရှင်ဟောခဲ့ခြင်းဖြစ်သည်။

မှန်ပါသည်။ လောကတွင် လရောင်၊ နေရောင်၊ မီးရောင်၊ ပညာရောင်ဟု အရောင်လေးမျိုးရှိသည်။ ထိုလေးမျိုးတွင် ပညာရောင်သည် အခြားအရောင်များထက် ပိုမိုတောက်ပသည်။ အလင်းရောင်အားကောင်းသည်။ သို့ဖြစ်၍ ပညာရောင်သည် အရောင်တကာတို့တွင် အမြတ်ဆုံးဖြစ်သည်ဟု အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာဘာသုတ်...စသည်၌ ဘုရားရှင်ဟောတော်မူခဲ့သည်။

ဉာဏ်သည် အလင်းဓာတ် အရောင်ဓာတ်မျိုးဖြစ်၍ အမည်းကို အမည်းပဲလို့ မြင်သလို အဖြူကိုအဖြူပဲလို့ မြင်သလို မကောင်းသော အကျင့်တို့၏ ဆိုးဝါးမည်းညစ်သည့်သဘော၊ ကောင်းသောအကျင့်တို့၏ မြင့်မြတ်ဖြူစင်သည့်သဘော၊ ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော...စသော အာရုံ၏အမှန်သဘာဝကို ပုံမှန်အတိုင်း တိတိကျကျသိသည်။ သူသိသလို သူနှင့် ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကိုလည်း သိစေသည်။ ထိုသိမှုမျိုးသည် ကောင်းသော အသိ၊ အပြစ်ကင်းသောအသိ၊ ကောင်းမှုမျိုးစုံကို ပြုလုပ်စေရန် ဆီမီးတန်ဆောင်ပမာ အလင်းရောင်ထိုးပေးသည့်အသိမျိုးဖြစ်ရကား ဉာဏ်သည် ကုသိုလ်၏ ရဲဘော်ရဲဘက် မဟာမိတ်အစစ်ကြီးဖြစ်ပေသည်။

စာမျက်နှာ-238

ပညာရောင်နှင့် မောဟအမှောင်

မောဟမူကား ဉာဏ်ကဲ့သို့ အလင်းရောင်ဓာတ်မျိုးမဟုတ်ပါ။ အလင်းရောင်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော အမှောင်တရားမျိုးဖြစ်ပါသည်။ လမသာသည့် ညအခါကဲ့သို့ အလင်းရောင်ကွယ်ပျောက်၍ အမှောင်ကျရောက်နေချိန်တွင် မည်သည့်အမြင်ခံဝတ္ထုပစ္စည်းကိုမျှ မမြင်နိုင်သလို စိတ်အစဉ်တွင် မောဟအမှောင်ကြီး ကျရောက်နေသောအခါတွင်လည်း အာရုံ၏ အမှန်သဘာဝကို ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ပါ။ ထို့ကြောင့် မောဟသည် အမှောင်နှင့်တူသော တရားမျိုးဖြစ်သည်။

အမှောင်ဆိုသည်မှာလည်း သာမန်အမှောင်မျိုးမဟုတ်။ “မိုက်ကြီးစတု၊ အင်လေးခုထက်၊ နှိုင်းတုကင်းအောင်၊ လွန်ကျူးဆောင်သား၊ ညဥ့်မှောင်မောဟ” ဟု ကိုးခန်းပျို့ဆရာ ဆိုဘိသို့၊ အင်္ဂါလေးချက်စုံညီသော အမှောင်ထုကြီးထက် ပိုမှောင်သော (ဝါ) မည်သည့်အရာကိုမျှ မမြင်နိုင် မသိနိုင်သော “ပိန်းပိတ်လို့ မှောင်” သည့် အမှောင်မျိုးဖြစ်သည်။

သတ္တဝါတို့၏ စိတ်အစဉ်၌ ထိုမောဟအမှောင်ထုကြီး ကျရောက်လာပြီဆိုလျှင် အာရုံ၏သဘောတွေကို ယထာဘူတကျကျ မသိနိုင်တော့ပါ။ အဖြူကိုမြင်တွေ့နေပါလျက် အဖြူမှန်းမသိသလို ဆင်းရဲအစစ်တွေကို မျက်စိနှင့်တွေ့နေပါလျက် ဆင်းရဲလို့မသိ၊ ဆင်းရဲဖြစ်ကြောင်းတွေကို မြင်နေပါလျက် ဆင်းရဲဖြစ်ကြောင်းလို့ မမြင်၊ မကောင်းသောအကျင့်တရားတွေကို မကောင်းသောအကျင့်တရားရယ်လို့မသိ၊ ကောင်းသည့်အကျင့်တရားတွေကို ကောင်းသည့်လုပ်ငန်းလို့ မသိနိုင်တော့ပေ။ သူမသိသလို သူနှင့်ဖြစ်ဖော်ဖြစ်ဖက် မဟာမိတ်တရားများကိုလည်း မသိအောင် မမြင်အောင် မှိုင်းတိုက်ပေးသည်။ ယင်းမသိမှုမျိုးသည် မကောင်းမှုတွေကို ပြုကျင့်ရန် လမ်းဖွင့်ပေးထားသကဲ့သို့ဖြစ်သောကြောင့် မောဟသည် အကုသိုလ်

စာမျက်နှာ-239
တရားနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့် မိတ်ဆွေစစ်ကြီးဖြစ်သည်။ စင်စစ်အားဖြင့် အကုသိုလ်ပြစ်မှုများကို ကျူးလွန်မှုဟူသမျှ အဓိကတရားခံကား မောဟပင်ဖြစ်သည်။ အကုသိုလ်မှုကို ပြုတိုင်းပြုတိုင်း မောဟက ဦးဆောင်သည်။ သို့ဖြစ်၍ မောဟမပါဘဲ မည်သည့်အကုသိုလ်မှုမျိုးမှ မဖြစ်လာနိုင်ပေဟု နာမရူပပရိစ္ဆေဒ အဋ္ဌကထာ စသည့် အဘိဓမ္မာကျမ်းများ၌ အတိအကျ ဖော်ပြထားသည်။

မှန်ပါသည်။ အကုသိုလ်ပြစ်မှုတွေကို ကျူးလွန်ခြင်းသည် အကုသိုလ်၏ အပြစ်မကင်းသည့်သဘော၊ ဆိုးဝါးယုတ်မာသည့်သဘော၊ မကောင်းကျိုးများကို ဖန်တီးတတ်သည့်သဘော... စသည့်သဘောတရားအမှန်တွေကို တကယ်မသိလို့ပင်ဖြစ်သည်။ ယင်းကဲ့သို့ မသိခြင်းသည် (ဝါ) ပင်ကိုပကတိ အရှိသဘောအတိုင်း မမြင်နိုင်ခြင်းသည် မောဟအမှောင်က ပညာမျက်စိကို ဖုံးလွှမ်းထားသောကြောင့်ဖြစ်သည်။ တစ်နည်းဆိုသော် မောဟသည် အကုသိုလ်နယ်ပယ်တွင် သူမပါလျှင်မပြီးသည့် နယ်ကျွမ်းသော ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနှင့် တူပေသည်။ ထို့ကြောင့် ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် အကုသလမူလသုတ်တွင် အောက်ပါအတိုင်း ဟောကြားခဲ့ပေသည်။

“ရဟန်းတို့၊ တွေဝေခြင်း မောဟသည်ရှိ၏။ ယင်းတွေဝေခြင်း မောဟသည် အကုသိုလ်၏ အကြောင်းရင်းတည်း။ တွေဝေသူသည် ကိုယ်နှုတ်စိတ်ဖြင့် အားထုတ်၏။ ယင်းအားထုတ်မှုသည် အကုသိုလ်ပေတည်း။ တွေဝေသူသည် တွေဝေခြင်းမောဟ နှိပ်စက်အပ် သိမ်းယူအပ်သောစိတ် ရှိသည်ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်း-

၁။ အံ၊ ၁။ (မြန်မာပြန်)၊ ၂၂၀၊ ၂၂၁။

စာမျက်နှာ-240
ကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း၊ ထင်ရှားမရှိသောဝတ္ထုဖြင့် (အပြစ်ကိုဆို၍) သူတစ်ပါးအား ဆင်းရဲကိုဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် မောဟကြောင့် ဖြစ်ကုန်သော၊ မောဟလျှင် အကြောင်းရင်းရှိကုန်သော၊ မောဟလျှင်ဖြစ်ကြောင်းရှိကုန်သော၊ မောဟလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော အကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။” ၁

မီးရောင်နှင့်အမှောင်ပမာ

အမှောင်နှင့်အလင်းရောင်သည် သဘာဝအားဖြင့် ဆန့်ကျင်သလို မောဟမှောင်နှင့် ဉာဏ်ရောင်တို့သည်လည်း သဘောတရားချင်း ဆန့်ကျင်ကြသည်။ အလင်းရောင်နှင့် အမှောင်တို့သည် တစ်ချိန်တည်းတွင် ပြိုင်၍မမြင်နိုင်သလို မောဟနှင့် ဉာဏ်တို့သည်လည်း တစ်ခဏတည်းတွင် ပြိုင်တူမမြင်နိုင်ပါ။ ဥပမာ-အလုံပိတ်ထားသောတိုက်ခန်းအတွင်း၌ ဆီမီးရောင်ကွယ်ပျောက်သွားသောအခါ အမှောင်ထု အလိုအလျောက် လွှမ်းမိုးလာပါသည်။ ထိုအချိန်တွင် မူလကမြင်နေရသော မည်သည့်မြင်စရာဝတ္ထုကိုမျှ မမြင်နိုင်တော့ပါ။ ထို့အတူ သတ္တဝါတို့၏ စိတ်အစဉ်တွင် ဉာဏ်အရောင်အလင်း ချုပ်ငြိမ်းကွယ်ပျောက်သွားသောအခါ မောဟအမှောင်ထုကြီး အုပ်စိုးလာပါသည်။ ထိုအချိန်တွင် အာရုံ၏အမှန်သဘောတွေကို အနည်းငယ်မျှ ထိုးဖောက်မမြင်နိုင် မသိနိုင်တော့ချေ။ ၂

၁။ အံ၊ ၁။ (မြန်မာပြန်)၊ ၂၂၀၊ ၂၂၁။

၂။ မိလိန္ဒပဉှာ။ ၃၁။

စာမျက်နှာ-241

၂။ မောဟစေတသိက်၏ ရသ (၂) မျိုး

(က) မောဟစေတသိက်သည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းကိစ္စရှိ၏ (အာရမ္မဏသဘာဝစ္ဆာဒနရသ)။

(ခ) တစ်နည်းအားဖြင့် မောဟစေတသိက်သည် ကောင်းစွာ ထိုးထွင်း၍ မသိမမြင်နိုင်သောကိစ္စရှိ၏ (အသမ္ပဋိဝေဓရသ)။

ရသသည် ကိစ္စရသ၊ သမ္ပတ္တိရသ အားဖြင့် နှစ်မျိုးနှစ်စားရှိသည်ဟု အဋ္ဌသာလိနီအဋ္ဌကထာ (၁၀၅)၊ အဘိဓမ္မာဝတာရ အဋ္ဌကထာ စသောကျမ်းများ၌ ဖော်ပြထားသည်။ ထိုတွင် ကိစ္စရသဆိုသည်မှာ ပရမတ်တရားတို့၏ ကိုယ်ပိုင်ပြုမူဆောင်ရွက်ချက်များဖြစ်၍ အကြောင်းရသဖြစ်သည်။ သမ္ပတ္တိရသကား အကြောင်းစုံညီမှ ဖြစ်ပေါ်လာသော သဘောမျိုးဖြစ်၍ အကျိုးရသဟုခေါ်သည်။ ယင်းနှစ်မျိုးအနက် အထက်ဖော်ပြပါ ပထမရသမှာ မောဟ၏အကြောင်း (ကိစ္စ) ရသဖြစ်၍ ဒုတိယရသမှာ အကျိုး (သမ္ပတ္တိ) ရသဖြစ်သည်။ ၁

(က) အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းကိစ္စ

အာရုံ၏အမှန်သဘောများ။ ။ သက်ရှိလောကတွင် သမ္မတလည်း သမ္မတအလျောက်၊ ရုံးလုလင်လည်း ရုံးလုလင်အလျောက် သူ့အတိုင်းအတာနှင့်သူ ဆောင်ရွက်ရသော လုပ်ငန်းကိစ္စများ ရှိသလို ပရမတ်တရားများတွင်လည်း သူတို့ဆောင်ရွက်ကြရသည့် ဆိုင်ရာဆိုင်ရာလုပ်ငန်းကိစ္စများရှိကြလေသည်။ ၂

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၂၉၁။

၂။ အဘိဓမ္မာဝတာရ၊ ၁။ ၄၈။

စာမျက်နှာ-242
မောဟစေတသိက်၏ ဆောင်ရွက်ဖွယ်လုပ်ငန်းကိစ္စကား အာရုံ၏အမှန်သဘောများကို ဖုံးကွယ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရှေးဦးစွာ အာရုံ၏အမှန်သဘောများကို သိထားဖို့လိုပေသည်။ မောဟဖုံးကွယ်သော အာရုံ၏အမှန်သဘောများမှာ သာမန်အားဖြင့် အကုသိုလ်ဒုစရိုက်တို့၏ အပြစ်ရှိသည့်သဘော၊ ဆိုးဝါးယုတ်မာသည့်သဘော၊ ဆိုးကျိုးများကို ဖန်တီးတတ်သည့်သဘောများနှင့် ကုသိုလ်သုစရိုက်တို့၏ ဖြူစင်သန့်ရှင်း အပြစ်ကင်းသည့်သဘော၊ ကောင်းမွန်မြင့်မြတ်သည့်သဘော၊ ကောင်းကျိုးများကို ဖန်တီးတတ်သည့်သဘော စသည်တို့ဖြစ်သည်။

သို့ရာတွင် အထူးသဖြင့် မောဟဖုံးကွယ်သော အာရုံ၏အမှန်သဘောများကား... သစ္စာလေးတန်၊ အမှန်လေးချက်တို့၏ အနက်သဘောများ (စတုသစ္စဓမ္မ)၊ အတိတ်ဘဝခေါ် ရှေးဘဝရှိခြင်းသဘော (ပုဗ္ဗန္တ)၊ အနာဂတ်ဘဝခေါ် နောက်ဘဝရှိခြင်းသဘော (အပရန္တ)၊ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ဘဝနှစ်မျိုးလုံးရှိခြင်းသဘော (ပုဗ္ဗန္တာပရန္တ)၊ ပဋိစ္စသမုပ္ပါဒ်တရားတို့၏သဘော (ပဋိစ္စသမုပ္ပါဒ်) ဟူ၍ ရှစ်ဌာနရှိကြောင်း ဓမ္မသင်္ဂဏီပါဠိတော် ဒုကနိက္ခေပကဏ္ဍ၊ ဟေတုဂေါစ္ဆကတွင် ဘုရားရှင်ဟောခဲ့သည်။ ထိုရှစ်မျိုး၏ သဘောမှန်နှင့် မောဟဖုံးလွှမ်းပုံကို သိသာရန် အကျဉ်းမျှရှင်းပြပါမည်။ ၁

သစ္စာလေးပါး၌ဖုံးလွှမ်းပုံ

သစ္စာသဒ္ဒါသည် အမှန်သဘောကို ဟောသည်။ အမှန်ဆိုသည်ကား ဘယ်သောအခါမှ ဖောက်ပြန်ခြင်းမရှိ၊ ရွေ့ရှားခြင်းမရှိသည်ကို ဆိုလိုပါသည်။ ဥပမာ-ဒုက္ခသစ္စာ (ဆင်းရဲစစ် ဆင်းရဲမှန်) ဟုဆိုရာဝယ် ဆင်းရဲမှုသည် မည်သည့်အခါမှာမှ ဖောက်ပြန်ခြင်းမရှိ၊ ရွေ့ရှားခြင်း

၁။ အဘိ၊ ၁။ ၂၁၆။

စာမျက်နှာ-243
မရှိပါ။ ဆင်းရဲသည့် ပကတိသဘောမှ ချမ်းသာသည့် ဝိကတိသဘောသို့ တစ်ရံတစ်ဆစ်မျှ ပြောင်းလဲခြင်းမရှိပေ။ လောကလူသားတွေက “ကောင်းတယ် ချမ်းသာတယ်လို့” အထင်မှတ်ကြီး ထင်မှတ်နေကြသည့် တကယ်သာယာဖွယ်၊ နှစ်သက်ဖွယ်၊ လိုချင်ဖွယ် ဣဋ္ဌာရုံရှုခင်းများသည်ပင် ‘အရင်းစစ် အမြစ်မြေက’ ဆိုသလို အခြေခံကျကျ ပညာမျက်စိဖြင့် စစ်ဆေးကြည့်သည့်အခါတွင် တကယ့်ဒုက္ခကြီးဖြစ်နေပုံ၊ မျက်လှည့်ပစ္စည်းများပမာ ချမ်းသာတု ချမ်းသာယောင်များဖြစ်နေပုံတွေကို တွေ့မြင်ရပေသည်။

ထို့ကြောင့် ဒုက္ခသစ္စာ စသော သစ္စာလေးပါးတို့သည် ဆင်းရဲစစ် ဆင်းရဲမှန် စသည့် အဓိပ္ပာယ်များကို ဆောင်ပေသည်။ ဒုက္ခသစ္စာသည် နှိပ်စက်ညှဉ်းပန်းခြင်းသဘောရှိ၍ အမှန်ဆင်းရဲသော သဘာဝဖြစ်သည်။ သတ္တဝါများ သန္တာန်မှာ ဖြစ်ပျက်နေသော လောဘမပါသည့် လောကီရုပ်နာမ်တရားများနှင့် မြင်မြင်သမျှ ပြင်ပရုပ်ဝတ္ထုပစ္စည်းများသည် ထူထောင်ဖန်တီးရမှု၊ ပြုပြင်စောင့်ရှောက်ရမှု၊ ပူပန်စေမှု၊ ဖရိုဖရဲပြိုကွဲပျက်စီးစေမှုတို့နှင့် ကင်းကွာ၍ မဖြစ်နိုင်သောကြောင့် ဒုက္ခသစ္စာချည်းသာ ဖြစ်ကြသည်။ သို့သော် လောဘသားတို့၏ စိတ်အစဉ်၌ မောဟဝင်နေသဖြင့် တကယ့်ဆင်းရဲမှုများကိုပင် ချမ်းသာစစ် ချမ်းသာမှန်ဟု အမြင်မှား အထင်မှား ဖြစ်နေကြသည်။

ထိုဆင်းရဲစစ် ဆင်းရဲမှန် (ဒုက္ခသစ္စာ) မျိုးစုံတို့ကို ဖန်တီးပေးသည့် အဓိကလက်သည် တရားခံကိုရှာလျှင် လိုချင်မှု၊ သာယာမှုသဘောကိုဆောင်သော လောဘတဏှာကို တွေ့ရသည်။ ယင်းလောဘတဏှာကား သမုဒယသစ္စာပင်တည်း။ မှန်ပါသည်။ ဘုရား ရဟန္တာများမှအပ သာမန်လောကသားတွေမှာ လိုချင်မှုလောဘတဏှာနှင့် အချိန်ရှိသရွေ့ ထွေးလုံးရစ်ပတ် ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့သည်

စာမျက်နှာ-244
သူတို့၏ လိုချင်မှုအတိုင်းအတာအရ ဆင်းရဲမှုအမျိုးမျိုးကိုခံကာ နေ့မအား ညမအား ရုန်းကန်လှုပ်ရှားနေကြရသည်။ သူတို့ကား လောဘကို ဒုက္ခပေးမည့် ရန်သူအဖြစ်မမြင်၊ မိတ်ဆွေကောင်းကြီးအသွင်ဖြင့်သာ အဖော်ပြုကာ ဘဝသံသရာဝယ် ပျော်ပျော်ပါးပါး ခရီးနှင်လျက်ရှိကြသည်။

ယင်းသို့ အထင်မှား အမြင်မှား ဖြစ်နေကြခြင်းကား သူတို့၏ ခန္ဓာအစဉ်ဝယ် မောဟအမှောင်ထုကြီး အုပ်စိုးနေသောကြောင့်ပင် ဖြစ်သည်။ ထိုမောဟအမှောင်ထုကြီးကား သူတို့တစ်တွေအား ဆင်းရဲကို ချမ်းသာထင်အောင်၊ ဆင်းရဲကြောင်းကို ချမ်းသာကြောင်းဟု ထင်အောင်သာ လှည့်စားထားသည်မဟုတ်။ နိရောဓသစ္စာခေါ် နိဗ္ဗာန်၏ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာအမှန် ချမ်းသာစစ် ဧကန်ရှိသည့်သဘောကိုလည်းကောင်း၊ မဂ္ဂသစ္စာ၏နိဗ္ဗာန်ဟူသော အကျိုးသစ္စာကိုရကြောင်း လမ်းကောင်းလမ်းမှန်ဖြစ်သည့် သဘောကိုလည်းကောင်း မမြင်နိုင်အောင် ဉာဏ်မျက်စိကို ဖုံးအုပ်လိုက်သေးသည်။ ဤသို့ မောဟစေတသိက်သည် သစ္စာလေးပါးတို့၏ အမှန်သဘောတရားများကို ဖုံးကွယ်ထားပေသည်။

ပုဗ္ဗန္တ၌ ဖုံးလွှမ်းပုံ

ပုဗ္ဗန္တ ဆိုသည်မှာ အတိတ်ဘဝ၌ဖြစ်ခဲ့သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့အစုဖြစ်သည်။ လောက၌ အချို့လူများသည် ရှေးအတိတ်ကာလများ၌ ဘဝအဆက်ဆက် ရှိခဲ့ကြသည်ဟု ခံယူချက်မရှိကြချေ။ ထို့ကြောင့် ရှေးအတိတ်ဘဝများ၌ ဖြစ်ခဲ့ကြဖူးသည်ဟု သူတို့မယုံကြည်ကြ။ ယခုဘဝမှာသာ ထာဝရဘုရား...စသူတို့က ဖန်ဆင်း၍ သတ္တဝါများဖြစ်လာကြသည်ဟု ယူဆထားကြသူများ ဖြစ်ကြသည်။ ထိုအယူဝါဒမျိုးကို ဗုဒ္ဓက ဣဿရနိမ္မာနဟေတုဒိဋ္ဌိဖြစ်သည်ဟု အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်

စာမျက်နှာ-245
တိတ္ထာယတနသုတ်၊ ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂပါဠိတော် ဗြဟ္မဇာလသုတ်...စသည်တို့၌ ဟောကြားခဲ့သည်။ သို့သော် သူတို့သည် ကောင်းကင်ဘုံ...စသည့် နောက်နောက်သောဘဝတို့၌ ဆက်ကာ ဆက်ကာဖြစ်ရဦးမည်ကိုသာ ယုံကြည်ကြသည်။ ယင်းသို့ အတိတ်ဘဝရှိသည်ကို လက်မခံနိုင်ကြခြင်းသည် သူတို့သန္တာန်၌ဖြစ်သော မောဟစေတသိက်က အတိတ်ဘဝ၌ဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်အစုတို့ကို မမြင်အောင် ဖုံးလွှမ်းထားသောကြောင့်ဖြစ်သည်။

အပရန္တ၌ ဖုံးလွှမ်းပုံ

ဖြစ်လတ္တံ့သော ခန္ဓာ၊ အာယတန၊ ဓာတ်အစုတို့ကို (ဝါ) အနာဂတ်ဘဝကို အပရန္တဟုခေါ်သည်။ အချို့က အတိတ်ဘဝများရှိခဲ့သည်ကိုကား လက်ခံကြသည်။ သို့ရာတွင် ရဟန္တာမဖြစ်သေးသရွေ့ နောက်ဘဝများ၌ ဆက်လက်ဖြစ်ရဦးမည်ကိုမူ မယုံကြည်။ သူတို့ဝါဒကား နောက်ဘဝရှိသည်ကို ငြင်းပယ်၍ “သေလျှင် ဘဝပြတ်သွားတော့တာပဲ” ဆိုသည့် ဥစ္ဆေဒဒိဋ္ဌိဘက်သို့ သက်ဝင်လျက်ရှိ၏။ အမှန်စင်စစ် သူတို့၏မောဟသည် အနာဂတ်ဘဝကိုမသိအောင် ကာကွယ်ထားသော မောဟဖြစ်သည်။

ပုဗ္ဗန္တာပရန္တ၌ ဖုံးလွှမ်းပုံ

အချို့ကမူ အတိတ်ဘဝရှိသည်ကိုလည်း မယုံကြည်၊ အနာဂတ်ဘဝရှိသည်ကိုလည်း လက်မခံ၊ “ယခုလက်ရှိဘဝသာရှိသည်၊ သေလျှင် ပြီးတော့တာပဲ” ဟု ယူဆကြသည်။ ထိုသူများ၏ အယူဝါဒကား ဗုဒ္ဓဝါဒအရ ဣဿရနိမ္မာနဟေတုဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုးလုံး၌ သက်ဝင်ပေသည်။ သူတို့ ယင်းသို့ယူဆကြခြင်းသည် သူတို့သန္တာန်၌ဖြစ်သော မောဟက ရှေးဘဝ နောက်ဘဝ နှစ်မျိုးလုံးကို မမြင်နိုင်အောင် မှောင်ချထားသောကြောင့် ဖြစ်သည်။

စာမျက်နှာ-246

အာရုံ၏သဘောအမှန်ကို ဖုံးကွယ်ခြင်းကိစ္စ

ပဋိစ္စသမုပ္ပါဒ်၌ ဖုံးလွှမ်းပုံ

ပဋိစ္စသမုပ္ပါဒ်တရားတော်ကား ပဋ္ဌာန်းတရားတော်ကဲ့သို့ ပစ္စယသတ္တိကို ဖော်ထုတ်မပြသော်လည်း ရုပ်နာမ်ဓမ္မတို့၏ အညမည ကြောင်းကျိုးဆက်သွယ်ပုံကို ဖွင့်ပြထားသော ကြောင်းကျိုးပြဒေသနာတော်ဖြစ်သည်။ ဗုဒ္ဓက ဝိဘင်းပါဠိတော်တွင် “ပဋိစ္စသမုပ္ပါဒ်ဝိဘင်း” ဟု အခန်းတစ်ခန်းဖွင့်ကာ ထိုဒေသနာတော်ကို အကျယ်ဝေဖန်ဟောကြားခဲ့သည်။ ယင်းဒေသနာ၌ အဝိဇ္ဇာ စသည်က အကြောင်း၊ သင်္ခါရ စသည်က အကျိုးဖြစ်သည်ဟု သံသရာစက်လည်ပုံကို ပြတ်သားစွာ ရှင်းလင်းထားသည်။

ပါရမီဉာဏ်တွင် အထွတ်အထိပ်သို့ရောက်နေကြပြီဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် အဂ္ဂသာဝကကြီးနှစ်ပါးတို့၏ အလောင်းအလျာများဖြစ်သည့် ဥပတိဿနှင့် ကောလိတတို့သည်ပင် ထိုပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၏ အကျဉ်းချုပ်ဖြစ်သော “ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ” စသည့်ဂါထာကို ကြားနာရရုံနှင့် သောတာပန်ဖြစ်သွားကြပေသည်။

သို့ပင်ဖြစ်စေကာမူ ပဋိစ္စသမုပ္ပါဒ်တရားတော်ကား အလွန်နက်နဲ၍ အသိခက်သော ဒေသနာတော်ဖြစ်သည်ဟု နိဒါနဝဂ္ဂသံယုတ်ပါဠိတော် နိဒါနသုတ်တွင် ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားခဲ့သည်။ ထို့ကြောင့် အချို့ပုဂ္ဂိုလ်များသည် အဝိဇ္ဇာ စသည့် အကြောင်းတရားကြောင့် သင်္ခါရ စသောအကျိုးတရားတွေ အဆက်မပြတ်ဖြစ်ပေါ်နေသည်ဟု နားမလည်ကြပေ။ မသိ မမြင်နိုင်ကြပေ။ သို့ရာတွင် ယင်းသို့ ရုပ်, နာမ်တရားစုတို့၏ အကြောင်းအကျိုး ဆက်သွယ်ပုံကို နားမလည်နိုင်ကြခြင်းသည် ဒေသနာတော်က နက်နဲလွန်း၍ချည်း မဟုတ်ပေ။ ကြောင်းကျိုးသဘာဝတို့ကို သိမြင်နိုင်စွမ်းမရှိအောင် မောဟက ဖုံးလွှမ်းထားသောကြောင့် ဖြစ်သည်။

စာမျက်နှာ-247
ဤသို့ မောဟစေတသိက်သည် ဒုက္ခသစ္စာစသည့် တရားရှစ်မျိုးတို့၏ သဘောများကို ပုံမှန်အတိုင်းမမြင်အောင် ဖုံးလွှမ်းကွယ်ကာခြင်းကိစ္စကို သဘာဝအားဖြင့် ဆောင်ရွက်လေသည်။

မောဟ၏စွမ်းရည်

မောဟစေတသိက်သည် ဖော်ပြပါအတိုင်း သဘောတရားရှစ်မျိုးတို့ကို ဖုံးလွှမ်းသည်ဟု ဆိုရသော်လည်း သူ၏ဖုံးလွှမ်းမှု စွမ်းရည်ကို နယ်ပယ်အားဖြင့် ကြည့်လျှင် အလွန်ကျယ်ပြန့်သည်ကို တွေ့ရသည်။ မောဟသည် သြကာသလောကနယ်မြေအနေဖြင့် သုံးဆယ့်တစ်ဘုံတွင် ထိပ်ဆုံးဘုံ ဖြစ်သည့်အတွက် ဘဝဂ် (သဗ္ဗဘဝဂ်) လို့ ခေါ်ကြသော နေဝသညာနာသညာယတနဘုံအထိ၊ သတ္တလောကအနေဖြင့် အနာဂါမ်ပုဂ္ဂိုလ်အဆင့်အထိ ဖုံးလွှမ်းနိုင်သည်။ သင်္ခါရလောကနယ်အနေဖြင့်မူ မဂ်စိတ်များ၏ ရှေ့ဖြစ်သော ဂေါတြဘူဝေါဒါန်နှင့် (ဖလသမာပတ်အရာ၌) ဖိုလ်စိတ်များ၏ ရှေ့ပရိကံအထိ အာရုံပြုသောအားဖြင့် ဖုံးလွှမ်းနိုင်သည်။

ဆိုလိုရင်းမှာ ဘဝသံသရာမှ လွတ်မြောက်ရန် အားယူနေပြီဖြစ်သော တတိယမဂ်ပိုင်ရှင် အနာဂါမ်ပုဂ္ဂိုလ်ကြီးဖြစ်နေသည့်တိုင်အောင် မောဟမှောင်ရိပ်အောက်မှ မလွတ်မြောက်နိုင်ရှာသေးပါ။ ဘုရားရဟန္တာများမှတစ်ပါး အခြားပုဂ္ဂိုလ်များသည် မောဟစက်ကွင်းမှ လွတ်ကင်းနိုင်ရန်အတွက် သုံးဆယ့်တစ်ဘုံအတွင်း မည်သည့်ဘုံသို့ ဝင်ရောက်ခိုလှုံခိုလှုံ မောဟပိုင်နက်မှ လွတ်ထွက်နိုင်ခွင့်ကို ဘယ်ဘုံမှာမျှ ရရှိနိုင်မည်မဟုတ်ပေ။ မောဟကား မည်သည့်လောကီတရားမျိုးကိုမဆို အာရုံပြုနိုင်စွမ်းရှိပေသည်ဟု ဆိုလိုပေသည်။

မောဟ အထူအပါး

ဤမောဟဖုံးလွှမ်းမှုသည် အဆင့်ဆင့်ထောက်ဆ၍ အထူအပါးကွဲပြား၏။ ကုသိုလ် အကုသိုလ်မှန်းကိုမျှမသိအောင် ဖုံးလွှမ်းထားသော မောဟသည် အလွန်ထူပိန်းသောမောဟတည်း။

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၉ဝ။ ဓမ္မသင်္ဂဏီမူလဋီကာ၊ ၅၂။

စာမျက်နှာ-248
ကုသိုလ် အကုသိုလ်မှန်းကို သိတတ်၍ အကုသိုလ်အချက်ပေါ်လာလျှင် “မတော်ပါတကား” ဟု ရှောင်ရှားတတ်၊ ကုသိုလ်ဟူသမျှကို ပြုတတ်လျှင် မောဟအတော်ပါးလှစ်လေပြီ။ သို့သော် မောဟကင်းဖို့အရေးမှာ များစွာအလှမ်းဝေးပါသေး၏။ သောတာပန်၊ သကဒါဂါမ်အဆင့်ရောက်၍ သစ္စာလေးပါးစသည်တို့ကို ထွင်းဖောက်မြင်နိုင်သော်လည်း မောဟမှာ ပါးသည်ထက်ပါးရုံသာရှိသေး၏။ ရဟန္တာအဆင့်ရောက်မှ မောဟလုံးဝကင်းလေသည်။

ဤနေရာဝယ် “သစ္စာလေးပါး စသည်ကို သိသည်” ဟုဆိုရာ၌ ယခုကာလ သင်္ဂြိုဟ်သရုပ်ခွဲသမားတို့ အသိမျိုးကဲ့သို့ သရုပ်ရေတွက်တတ်တဲ့အသိမျိုးမဟုတ်။ သရုပ်ရေတွက်မှုမှာ သညာသိ (အမှတ်သိ) မျိုးသာတည်း။ နာမ်သိမဟုတ်သေး။ ဉာဏ်ဖြင့်ဒုက္ခသဘော, သမုဒယသဘော စသည်ကိုသိမှသာ အသိဟုမှတ်။

ရဟန္တာတို့မသိမှုသည် မောဟလား

မောဟကင်း၍ ရဟန္တာဖြစ်သည့်အခါ လောကီလောကုတ္တရာအားလုံးကို ကုန်စင်အောင်သိပြီဟု မမှတ်ရ။ သိသင့်သိထိုက်သလောက် သစ္စာလေးပါး စသည်ကိုသိခြင်းသာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာမဟုတ်လျှင် ပိဋကတ်ကို တမင်သင်ယူမှ တတ်သည်။ ပိဋကတတ်သော်လည်း သူတစ်ပါး၏အလိုဆန္ဒ အဇ္ဈာသယကို ကျနစွာမသိ၊ အာသယာနုသယဉာဏ်၊ ဣန္ဒိယပရောပရိယတ္တိဉာဏ်၊ သဗ္ဗညုတဉာဏ်ရှင်ဖြစ်တော်မူသော ဘုရားရှင်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင်သိမြင်တော်မူနိုင်သည်။

ဤကဲ့သို့ လောကီလောကုတ္တရာအားလုံးကို ကုန်စင်အောင်

စာမျက်နှာ-249
မသိခြင်းမှာ မောဟဖုံးလွှမ်းမှုမဟုတ်။ မိမိဉာဏ်၏ သတ္တိနည်းမှုသာဖြစ်သည်။ ဥပမာ-နေ့လယ်ကြောင်တောင်ဝယ် အဝေးမှာတည်ရှိနေသော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ကာကွယ်မှုကြောင့် မဟုတ်။ မိမိမျက်စိ၏ သတ္တိနည်းမှုသာဖြစ်သကဲ့သို့တည်း။ ၁

ဝတ္ထုသက်သေ

ဆက်ဦးအံ့။ ဘုရားရှင်ကလွဲလျှင် ရှင်သာရိပုတ္တရာသည် ဉာဏ်တော်အကြီးဆုံးတည်း။ ထိုရှင်သာရိပုတ္တရာသည်ပင် မိမိတပည့် ရဟန်းကလေးအား ကမ္မဋ္ဌာန်အပေးလွဲခဲ့ဖူး၏။ ရဟန်းကလေးကား ငယ်ရွယ်သူတည်း။ “ငယ်ရွယ်သူ စိတ်ဓာတ်သည် ကာမဘက်၌ ညွတ်တတ်၏” ဟု နှလုံးပြုကာ အသုဘကမ္မဋ္ဌာန်းကို ပေးလေရာ စရိုက်မတည့်သောကြောင့် လေးလပတ်လုံး အားထုတ်သော်လည်း တရားထူးမရ၊ နိမိတ်ကလေးမျှ မထင်ရှားပေ။

သို့အတွက် ဘုရားရှင်အား ရှင်သာရိပုတ္တရာက အကြောင်းကိုလျှောက်ထားသည့်အခါ ငယ်ရွယ်သူပင်ဖြစ်သော်လည်း ဘဝငါးရာလောက် ရွှေပန်းထိမ်သည်ချည်း လုပ်ခဲ့ဖူး၍ နီမြန်းသောရွှေများကို ကြည့်ရဖန်များသောကြောင့် အဇ္ဈာသယနှင့်တန်အောင် ဘုရားရှင်က ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ ကြည့်ရှုစေပြီးလျှင် ကြာပွင့်ဖတ်များကို ညှိုး၍လာအောင် ဖန်ဆင်းပြလျက် အနိစ္စသဘောကို ဖော်ပြတော်မူလေသော် တစ်နေ့ချင်းဖြင့် တရားပေါက်၍ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့ကြောင့် ရဟန္တာဖြစ်ပါလျက် အားလုံးကို မသိခြင်းမှာ ဉာဏ်သတ္တိနည်းမှုကြောင့်သာဖြစ်၏။ မောဟဖုံးလွှမ်းမှုကြောင့်မဟုတ်။ မောဟ၏ဖုံးလွှမ်းရာဌာနမှာ သစ္စာလေးပါးနှင့် ပုဗ္ဗန္တစသောတရားစုသာဖြစ်သည်။ ၂

၁။ သင်္ဂြိုဟ်ဘာသာဋီကာ။ ၆ဝ၇၊ ၆၀၈။

၂။ သင်္ဂြိုဟ်ဘာသာဋီကာ။ ၆ဝ၇၊ ၆ဝ၈။

စာမျက်နှာ-250

(ခ) ကောင်းစွာထိုးထွင်း၍ မသိမမြင်နိုင်သောကိစ္စ (အသမ္ပဋိဝေဓရသ)

ရသနှစ်မျိုးဆိုရပုံ

အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားနိုင်မှုသည် မောဟစေတသိက် ရွက်ဆောင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း အထက်တွင်ရှင်းပြခဲ့ပြီ။ ယင်းသို့ဆောင်ရွက်ပေးမှုကြောင့် မောဟနှင့်အတူဖြစ်သည့် တွဲဖက်နာမ်တရားများသည် အာရုံသဘောများကို အမှန်တိုင်း မသိနိုင် မမြင်နိုင်ချေ။

ထိုသို့ဆိုလျှင် ဤနေရာ၌ “မောဟသည် သူနှင့်တွဲဖက်တရားများကို အမှန်အတိုင်း မသိနိုင် မမြင်နိုင်စေရန်ကိုသာ ဆောင်ရွက်၍ သူကိုယ်တိုင်ကတော့ အာရုံ၏သဘောမှန်တွေကို သိနိုင်ပါသလော” ဟု မေးစရာရှိလာသည်။ အဖြေမှာ “မောဟသည် တွဲဖက်နာမ်တရားများအား အာရုံ၏အမှန်သဘောများကို မသိအောင် မှောင်ချပေးသော လုပ်ငန်းကိုသာ ရွက်ဆောင်သည်မဟုတ်၊ မောဟကိုယ်တိုင်ကလည်း အာရုံ၏အမှန်သဘောများကို ကောင်းစွာထိုးထွင်း၍ မသိနိုင်မမြင်နိုင်သောကိစ္စရှိသည်” ဟုဖြစ်သည်။ ထို့ကြောင့် အဋ္ဌကထာဆရာသည် မောဟ၏ရသကို နှစ်မျိုးပြဆိုခဲ့ဟန်ရှိသည်။

မောဟ၏ ကောင်းစွာထိုးထွင်း၍ မသိနိုင် မမြင်နိုင်သည့်သဘောကို လက္ခဏာခန်း၌ ဉာဏ်နှင့်ဆန့်ကျင်ဘက်ဖြစ်ခြင်း (အဉာဏ) လက္ခဏာအဖွင့်ဝယ် အကျယ်ရှင်းလင်းပြခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ဤအခန်း၌ ထပ်မံမပြတော့ဘဲ ထိုသဘောအတိုင်းပင် မှတ်သားရန်ဖြစ်သည်။ သို့ရာတွင် “တစ်နွယ်ငင် တစ်စင်ပါ” ဆိုသကဲ့သို့ ဒုတိယရသနှင့် ဆက်သွယ်၍ မှတ်သားစရာ အဖြာဖြာတို့ကို ဆက်လက်တင်ပြပါဦးမည်။

စာမျက်နှာ-251

မောဟကအမှားတွေကိုသိသလား

မောဟစေတသိက်သည် အာရုံ၏အမှန်သဘောကို မသိသည့်အပြင် တွဲဖက်နာမ်တရားများကိုလည်း မသိအောင် မှောင်ချထားသည့်သဘောရှိသည်ဟု ဆိုခဲ့ပါသည်။ ထိုသို့ဆိုလျှင် မောဟသည် အမှားတွေကိုသိသလားဟု မေးရန်ရှိလာသည်။ မေးလည်းမေးသင့်ပါသည်။

အဖြေကား “မောဟစေတသိက်သည် အမှားတွေကို မသိနိုင်ပါ” ဟု ဖြစ်သည်။ ရုတ်တရက်သော် “အမှန်တွေကိုမသိလျှင် အမှားတွေကိုသိသည်” ဟု ဉာဏ်တွင်ထင်စရာ မြင်စရာဖြစ်သည်။ အမှန်စင်စစ် မောဟသည် အမှန်တွေကိုလည်းမသိ၊ အမှားတွေကိုလည်း မသိသည့် အမိုက်တရား အမှောင်တရားမျိုးဖြစ်၏။ သည်အဖြေကို ကျေကျေနပ်နပ်လက်ခံနိုင်ဖို့ဆိုလျှင် မောဟ၏သဘောတရားကို အခြေခံကျကျ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုပေလိမ့်မည်။

မသိမှုသာမောဟ

မောဟစေတသိက်ကား အထက်တွင်ပြဆိုခဲ့သည့်အတိုင်း သူကိုယ်တိုင်ကလည်း အာရုံ၏အမှန်သဘောတွေကို မသိတတ်။ တွဲဖက်စိတ်ကိုလည်း ယင်းသို့မသိအောင် မှောင်ချထားတတ်သော အမှောင်တရားမျိုးဖြစ်သည်။ စိတ်အစဉ်တွင် မောဟဝင်လာသောအခါ စိတ်သည် မောဟ၏မှောင်ချမှုကို ခံရသဖြင့် အာရုံ၏သဘောကို ဟုတ်တိုင်းမှန်စွာ မသိနိုင်တော့ပါ။ ထိုအခါတွင် အမြဲမရှိသောသဘော (အနိစ္စ) ကို အမြဲရှိသည် (နိစ္စ)၊ ဆင်းရဲသောသဘော (ဒုက္ခ) ကို ချမ်းသာသည် (သုခ)၊ အစိုးမရသောသဘော (အနတ္တ) ကို အစိုးရသည် (အတ္တ)... စသည်ဖြင့် အမှားတွေကိုသိတော့သည်။

သို့တစေလည်း ထိုအမှားတွေကို သိသည့်တရားမှာကား မောဟမဟုတ်ပါ။ ဖောက်ဖောက်ပြန်ပြန် မှားယွင်းစွာသိတတ်သောသဘောရှိသည့် ဒိဋ္ဌိ, သညာနှင့် စိတ်တို့သာဖြစ်ပါသည်။ မောဟက ဒိဋ္ဌိ, သညာ, စိတ်တို့အမှားတွေကိုသိရန် မှောင်ချ

စာမျက်နှာ-252
ပေးသည်။ ဖုံးကွယ်ပေးသည်။ ပညာမျက်စိကို ပိတ်ပေးသည်။ မှောင်ချမှု, အမြင်မှန်အတိုင်း မမြင်စေရန်ဖုံးကွယ်မှု၊ ပညာမျက်စိကိုပိတ်ပေးမှုသာ မောဟ၏အလုပ်၊ မောဟ၏သဘောဖြစ်သည်။ အမှားသိမှုသည် မောဟ၏သဘောမဟုတ်။ ဒိဋ္ဌိ, သညာနှင့် စိတ်တို့၏သဘောသာဖြစ်သည်။ သို့ဖြစ်၍ သိတတ်သောသဘောနှင့် မောဟသည် ဆီနှင့်ရေပမာ ပေါင်းစပ်လို့မရသောအရာများဖြစ်ကြသည်။

ထို့ကြောင့် ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်တွင် မောဟစေတသိက်သဘောကို မသိခြင်းသဘော (အဉာဏ)၊ မမြင်ခြင်းသဘော (အဒဿန)၊ ထိုးထွင်း၍မသိတတ်သောသဘော (အနဘိသမယ)၊ အမှန်တရားအားလျော်စွာ မသိတတ်သောသဘော (အနနုဘောဓ)၊ သစ္စာလေးပါးတရားကို မသိသောသဘော (အပ္ပဋိဝေဓ)၊ အပြားအားဖြင့် မသိတတ်သောသဘော (အသမ္ပဇညာ) စသည်ဖြင့် မသိသည့်အကြောင်းအရာများကိုသာ ပရိယာယ်ပုဒ်အမျိုးမျိုးဖြင့် ကျယ်ပြန့်စွာ ဟောခဲ့ပါသည်။ ၁

စင်စစ်အားဖြင့် ပရမတ္ထသဘောတရားများသည် တစ်ခုနှင့်တစ်ခု (သာမန်လက္ခဏာမှတစ်ပါး) သဘောလက္ခဏာချင်း ရောနှောနေကြသောတရားများကား မဟုတ်ချေ။ သူ့သဘောလက္ခဏာနှင့်သူ သီးသန့်ရှိနေကြပါသည်။ ထိုပရမတ်တရားများ၏ သီးသန့်ဖြစ်သော ကိုယ်ပိုင်သဘောလက္ခဏာများကို ပရမတ်နည်းကျကျ ခွဲခြားသိဖို့လိုပေသည်။

အဘိဓမ္မာဝတာရဋီကာသစ်

ယင်းဋီကာသစ်၌လည်း မောဟစေတသိက်သည် မည်သည့်အာရုံကိုမျှ မသိသော တရားမျိုးဖြစ်ကြောင်းကို ဉာဏ်၊ ဒိဋ္ဌိတို့နှင့်နှိုင်းယှဉ်ကာ ဤသို့ရှင်းပြထားသည်။ “ဉာဏ်သည် အာရုံ၏သဘောကို အမှန်

၁။ အဘိ၊ ၁။ (မြန်မာပြန်) ၁၄၉။

စာမျက်နှာ-253
အတိုင်းသိသည်။ ဒိဋ္ဌိစေတသိက်သည် အာရုံကို မှားမှားယွင်းယွင်းယူသည် (သိသည်)။ မောဟစေတသိက်မှာမူ မည်သည့်အာရုံကိုမျှ မသိချေ (ဝါ) အာရုံ၏သဘောကို အမှန်နည်းဖြင့်သော်လည်းကောင်း၊ အမှားနည်းဖြင့်သော်လည်းကောင်း မသိပါချေ။

အယုတ်သဖြင့် မောဟသည် အာရုံသို့ချဉ်းကပ်သည့်အခါ၌ပင် အာရုံကို ဘာမျှ (အမှားရော အမှန်ပါ) မသိဘဲ ချဉ်းကပ်သည်။ ဥပမာ-ဖဿစသော စေတသိက်များသည် အာရုံသို့ချဉ်းကပ်ကြသောအခါ၌ အာရုံကိုသိသောသဘောဖြင့် ချဉ်းကပ်ကြသည်မဟုတ်ပေ။ တွေ့ထိသောအခြင်းအရာ (ဖုသနာကာရ) စသည်ဖြင့်သာ ချဉ်းကပ်ကြသည်။ ထိုနည်းတူစွာ မောဟသည်လည်း အာရုံကိုသိသည့်သဘောမျိုးဖြင့် အာရုံသို့ချဉ်းကပ်သည်မဟုတ်။ အာရုံ၏ အမှန်သဘာဝကို ဖုံးကွယ်သော အခြင်းအရာ (ပဋိစ္ဆာဒနာကာရ) အားဖြင့်သာ ချဉ်းကပ်သည်” ဟု တိကျပြတ်သားစွာ ရှင်းပြထားပါသည်။ ၁

ဋီကာရှင်းချက်အရ အမှန်တရားကိုသိမှုသည် ဉာဏ်ပညာ၊ အမှန်တရားကို မသိအောင်ဖုံးကွယ်ထားမှုသည် မောဟ။ ထိုဖုံးကွယ်ထားမှုကြောင့် အမှားတွေကိုသိမှုသည် ဒိဋ္ဌိဖြစ်ကြောင်းမှာ တိမ်စင်လပမာ ထင်ရှားပါသည်။ ဤနေရာ၌ မောဟနှင့်ဒိဋ္ဌိ တရားနှစ်ပါးတို့သည် အကြောင်းအကျိုးအားဖြင့် ဆက်သွယ်နေသောတရားများ ဖြစ်ကြသည်ဟု သဘောပေါက်သင့်ပေသည်။ မောဟက အမှန်အတိုင်း မမြင်ရအောင် ဉာဏ်မျက်စိကို ပိတ်ပေးသည်။ ထိုအခါ ဒိဋ္ဌိက အမှားတွေကိုသွားမြင်သည်။ ယင်းသို့ ပရမတ်တရားတို့၏ သူ့သဘောနှင့်သူ သီးသန့်တည်ရှိနေကြပုံကို ပရမတ်နည်းကျကျ ခွဲခြားသိမြင်ခဲ့ပါလျှင် “မောဟစေတသိက်သည် အမှားတွေကို မသိနိုင်ပါ” ဟူသော

၁။ အဘိဓမ္မာဝတာရဋီကာသစ်၊ ပ။ ၃၁၇။

စာမျက်နှာ-254
အဖြေကို အလိုအလျောက် ကျေနပ်လက်ခံမည်မှာ သေချာပါသည်။

မျက်မှန်စိမ်းဥပမာ

ဥပမာအားဖြင့် မြင်းကို မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်ကျွေးသည်နှင့် သဘောတူပေသည်။ မျက်မှန်စိမ်း အတပ်ခံရသောမြင်းသည် မျက်မှန်စိမ်းကြောင့် မြက်ခြောက်တွေကို မြက်စိုတွေထင်ပြီး မြိန်မြိန်ရှက်ရှက် စားလေ့ရှိသည်။

ထို့အတူ သတ္တဝါများမှာလည်း မောဟဝင်လာသည့်အခါတွင် မောဟတည်းဟူသော မျက်မှန်စိမ်းတပ်ထားမှုကြောင့် ဆင်းရဲအစစ်တွေကို တကယ့်ချမ်းသာဟုထင်မှတ်ပြီး မြိန်မြိန်ရှက်ရှက်ဖြစ်နေကြသည်။ ဤဥပမာ၌ မောဟနှင့် မျက်မှန်စိမ်း၊ ဆင်းရဲနှင့် မြက်ခြောက်၊ ချမ်းသာနှင့် မြက်စို၊ ဒိဋ္ဌိ၏ဆင်းရဲတွေကို တကယ့်ချမ်းသာတွေလို့ အမှားမြင်မှုသိမှုနှင့် မြင်း၏မြက်ခြောက်တွေကို မြက်စိုတွေလို့ အမှားမြင်မှုသိမှုတို့ တူကြသည်။

အသမ္မောဓပုဒ်အဖွင့်

ဘုရားရှင်သည် မောဟ၏သဘောကို ဓမ္မသင်္ဂဏီပါဠိတော်တွင် ပရိယာယ်ပုဒ် ၂၄ ပုဒ်တို့ဖြင့် အသေးစိတ်ဟောကြားခဲ့ပါသည်။ ထိုပုဒ်များတွင် “အသမ္မောဓပုဒ်” လည်း ပါဝင်ခဲ့သည်။ ယင်းပုဒ်ကို အဋ္ဌကထာဆရာက (၁) အနိစ္စစသည်တို့နှင့်ယှဉ်၍ မသိတတ်သောသဘော၊ (၂) အနတ္တစသော သဘောတရားကို အတ္တ...စသည်ဟု သိမှု၊ အနိစ္စ...စသည်ကို နိစ္စစသည်ဟု သိမှုသဘောဟု နှစ်နည်းဖွင့်ဆိုခဲ့ပါသည်။

ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်တွင် အဋ္ဌကထာဆရာ၏ ဒုတိယအဖွင့်အရ အသမ္မောဓပုဒ်ကို “မှားယွင်းစွာသိတတ်သောသဘော” ဟု သိလွယ်အောင် အနက်ဖော်ထားသည်။ ဤအဖွင့်အရဆိုသော် မောဟသည် အမှားတွေကိုသိသည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။

အမှန်စင်စစ် မောဟသည် အမှားတွေကိုသိတတ်သော သဘောတရားမျိုးကား မဟုတ်ပါချေ။ ရှင်းပြဦးအံ့...အဋ္ဌကထာဆရာသည်

စာမျက်နှာ-255
ယင်းအသမ္မောဓပုဒ်ကို တိုက်ရိုက် (မုချ, နီတတ္ထ) နည်းအားဖြင့် ဖွင့်ဆိုခဲ့သည်မဟုတ်ပါ။ သွယ်ဝိုက် (ဥပစာ, နေယျတ္ထ) နည်းအားဖြင့် ဖွင့်ဆိုခဲ့ခြင်းဖြစ်ပေသည်။ ဤသဘောကို ဓမ္မသင်္ဂဏီမူလဋီကာနှင့် အနုဋီကာတို့တွင် ပိုင်ပိုင်နိုင်နိုင် ရှင်းချက်ထုတ်ထားသည်ကို တွေ့နိုင်ပါသည်။

အနတ္တသဘောတရားတွေကို အတ္တစသည်ဟု သိမှု၊ အနိစ္စစသည်ကို နိစ္စဟုသိမှု သဘောများသည် မှားယွင်းစွာ သိသည့်သဘောများဖြစ်သည်ကိုကား လက်ခံပါသည်။ သို့သော် ထိုမှားယွင်းစွာ သိသည့်သဘောကား မောဟမဟုတ်ပါ။ မောဟနှင့်အတူဖြစ်သော ဒိဋ္ဌိစေတသိက်ပင်ဖြစ်သည်။ ဒိဋ္ဌိနှင့်အတူဖြစ်သော မောဟစေတသိက်က (ဒိဋ္ဌိသဟိတ မောဟ) အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အနတ္တကို အတ္တလို့သိအောင် (ဝါ) အမှားတွေကိုသိအောင် သဘောမှန်ကို ဖုံးကွယ်ပေးသည်။ မှောင်ချပေးသည်။ ထိုအခါ ဒိဋ္ဌိက အမှားတွေကိုသိသည်။

ထိုတွင် မောဟက အကြောင်းတရား၊ ဒိဋ္ဌိကအကျိုးတရားဖြစ်သည်။ ထို့ကြောင့် အဋ္ဌကထာဆရာသည် အကျိုးတရားဖြစ်သော ဒိဋ္ဌိ၏ အမှားသိသည့်သဘောကို အကြောင်းတရားဖြစ်သော မောဟအပေါ်တင်စား၍ ဖလူပစာနည်းအားဖြင့် မောဟကအမှားသိဘိသို့ ဖွင့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ဥပမာ-ထမင်းချက်သည်ဆိုရာဝယ် အမှန်စင်စစ် ထမင်းကိုချက်သည်မဟုတ်။ ဆန်ကိုချက်ခြင်းသာဖြစ်သည်။ သို့သော် အကျိုးဖြစ်သော ထမင်း၏အမည်ကို အကြောင်းဖြစ်သော ဆန်ပေါ်တင်စား၍ ဖလူပစာနည်းအားဖြင့် ထမင်းချက်သည်ဟု သုံးနှုန်းသကဲ့သို့ဖြစ်သည်။ ဤစကားစဉ်ဖြင့် အသမ္မောဓပုဒ်အဖွင့်အရ မောဟသည် အမှားတွေကိုသိတတ်သော တရားမျိုးမဟုတ်ကြောင်းမှာ ရှင်းနေပါသည်။ ၁

၁။ ဓမ္မသင်္ဂဏီမူလဋီကာ။ ၁၂၀။ အနုဋီကာ။ ၁၂၇။

စာမျက်နှာ-256

မိစ္ဆာပဋိပတ္တိအဝိဇ္ဇာ

သမ္မောဟဝိနောဒနီ (ဝိဘင်း) အဋ္ဌကထာ ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဖွင့်၌ အဋ္ဌကထာဆရာက အဝိဇ္ဇာအပြားတို့ကို ခွဲဝေပြရာတွင် တရားမှန်ကိုအားမထုတ်မှု အပ္ပဋိပတ္တိအဝိဇ္ဇာ၊ တရားမှားကိုအားထုတ်မှု မိစ္ဆာပဋိပတ္တိအဝိဇ္ဇာဟု နှစ်မျိုးရှိကြောင်း သရုပ်မျှ ထုတ်ပြခဲ့သည်။

မူလဋီကာဆရာက “ဒုက္ခသစ္စာ...စသည်တို့၌ မသိခြင်းသည် တရားမှန်ကိုအားမထုတ်မှု အပ္ပဋိပတ္တိအဝိဇ္ဇာ၊ အသုဘကို သုဘ၊ အနိစ္စကို နိစ္စ... စသည်ဖြင့် ဖောက်ပြန်မှားယွင်းစွာယူခြင်းသည် တရားမှားကို အားထုတ်မှု မိစ္ဆာပဋိပတ္တိအဝိဇ္ဇာမည်၏။ တစ်နည်းအားဖြင့် ဒိဋ္ဌိကင်းသော အဝိဇ္ဇာသည် အပ္ပဋိပတ္တိအဝိဇ္ဇာ၊ ဒိဋ္ဌိနှင့်အတူဖြစ်သော အဝိဇ္ဇာသည် မိစ္ဆာပဋိပတ္တိအဝိဇ္ဇာမည်၏” ဟု အဋ္ဌကထာဆရာ၏ အဝိဇ္ဇာနှစ်မျိုးကို ထပ်ဆင့်ရှင်းပြခဲ့သည်။ အဝိဇ္ဇာဆိုသည်မှာ မောဟစေတသိက်၏ နာမည်တစ်မျိုးပင်ဖြစ်သည်။ ၁

မူလဋီကာဆရာအာဘော်

ဤနေရာ၌ မူလဋီကာဆရာ၏ ဖွင့်ဆိုချက်များကို စိစစ်ရန်လိုလာသည်။ ဋီကာဆရာ၏ ပထမဖွင့်ဆိုချက်တွင် မောဟ (မိစ္ဆာပဋိပတ္တိအဝိဇ္ဇာ) က အမှားတွေကိုသိဘိသကဲ့သို့ ပြဆိုထားသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပာယ်ကို ဝေဖန်ဆန်းစစ်မှုမပြုဘဲ မုချမှတ်ယူရမည့် အဓိပ္ပာယ်အနေဖြင့် ပေါ့ပေါ့ဆဆ လက်မခံသင့်ပေ။ ထိုအဆိုအမိန့်တွင် ဋီကာဆရာ၏ နှလုံးသွင်းရည်ရွယ်ချက်ကို သိအောင် ကြိုးစားရပေမည်။

ဗုဒ္ဓအဘိဓမ္မာတွင် ပရမတ်သဘောတရားများကား ပညတ်တရားများကဲ့သို့ ဗလောင်းဗလဲ ပြောင်းလဲတတ်သော သဘောမျိုးမဟုတ်။ မှန်ကန်တိမတ်သော သဘာဝများဖြစ်ကြ

၁။ ဝိဘင်္ဂမူလဋီကာ။ ၉၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၂၉။

စာမျက်နှာ-257
သည်။ ထိုပရမတ်တရားတို့၏ သဘောတရားများကို ရေးကြသော အဘိဓမ္မာကျမ်းပြုဆရာကြီးများသည်လည်း မောဟကဲ့သို့သော သဘောတရား တစ်ခုတည်းကို တစ်နေရာတွင် သဘောလက္ခဏာတစ်မျိုး၊ အခြားတစ်နေရာတွင်တစ်မျိုး ပြဆိုရိုး အစဉ်အလာမရှိပေ။ ဓမ္မသင်္ဂဏီပါဠိတော်လာ မောဟ၏သဘောတရားပြပုဒ်တစ်ခုဖြစ်သော “အသမ္ဗောဓ” ပုဒ်ကို အဋ္ဌကထာဆရာက အဋ္ဌသာလိနီ အဋ္ဌကထာတွင် “အနတ္တကို အတ္တ၊ အနိစ္စကို နိစ္စ စသည်ဖြင့် (မှားယွင်းစွာ) သိမှုသဘော” ဟု ဖွင့်ဆိုခဲ့သည်။ ထိုအဖွင့်ကို မူလဋီကာဆရာက “အမှားသိမှုသည် မောဟမဟုတ် ဒိဋ္ဌိ၊ သညာတို့သာ ဖြစ်သည်။ ယင်းသို့ အမှားသိအောင် မောဟကသဘောမှန်ကို ဖုံးကွယ်ပေးသည်” ဟု ဖွင့်ပြသည်။ အနုဋီကာဆရာက “အမှားသိမှု (ဒိဋ္ဌိ) ၏ အကြောင်းဖြစ်သော မောဟကိုပင် အမှားသိတတ်သူ ကတ္တားသဘော အနေဖြင့် တင်စား၍ဆိုထားသည်။ ယင်းမောဟသည်လည်း ဒိဋ္ဌိနှင့် အတူဖြစ်သော မောဟဖြစ်သည်” ဟု ဥပစာသဘောကို တိကျစွာ ထပ်ဆင့်ဖွင့်ဆိုပါသည်။ ယင်းဋီကာနှစ်ကျမ်းတို့၏ အဆိုအမိန့်များကို အနှစ်ချုပ်ကြည့်လျှင် အမှားသိမှုသည် မောဟမဟုတ်။ ဒိဋ္ဌိ၏အလုပ်သာဖြစ်သည်။ သို့သော် အကျိုးဒိဋ္ဌိ၏သဘောကို အကြောင်းမောဟပေါ် တင်စား၍ မောဟက အမှားသိဟန်ဆိုထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။ မူလဋီကာဆရာ၏ ထိုအဖွင့်နှင့် ယခု မိစ္ဆာပဋိပတ္တိအဖွင့်သည် တောင်နှင့်မြောက်ပမာ အဓိပ္ပာယ်ခြားနားနေပါသည်။ ကျမ်းပြုဆရာတစ်ဦးတည်းရေးသော အဆိုအမိန့်နှစ်ခုသည် ရှေ့နောက် တညီတညွတ်တည်းရှိရမည်။ ယခုကဲ့သို့ မညီညွတ်ရာ၌ အကြောင်းရှိပါသည်။ ထိုအကြောင်းမှာ မောဟအဖွင့်တွင် မုချသဘောဖြင့်ပြဆို၍ အဝိဇ္ဇာအဖွင့်တွင် ဥပစာသဘောဖြင့် ပြထားခြင်းဖြစ်သည်။ ဋီကာဆရာ၏ ထိုအဖွင့်နှစ်မျိုးကို နှိုင်းယှဉ်ကြည့်လျှင်

စာမျက်နှာ-258
မောဟအဖွင့်က အဝိဇ္ဇာအဖွင့်ထက် သဘာဝကို အရင်းထိအောင် နှိုက်ထားသဖြင့် ပိုမိုခိုင်မာသည်ဟု ယူဆပါသည်။ ထို့ပြင် ယခု အဝိဇ္ဇာအဖွင့်၌လည်း နည်းနှစ်မျိုးလုံးကို ဆက်စပ်ကြည့်လျှင် ဒိဋ္ဌိကင်းသော (အပ္ပဋိပတ္တိ) အဝိဇ္ဇာက အမှန်သဘောကိုမသိ၊ ဒိဋ္ဌိနှင့်အတူဖြစ်သော (မိစ္ဆာပဋိပတ္တိ) အဝိဇ္ဇာက အမှားတွေကိုသိသည်ဟု အဓိပ္ပာယ်ရသည်။ ထိုအဓိပ္ပာယ်အရဆိုသော် မောဟသည် ဒိဋ္ဌိနှင့်အတူဖြစ်မှသာ အမှားကိုသိ၍ ဒိဋ္ဌိကင်းသောအခါ မသိနိုင်ဟုဆိုရာရောက်သည်။ သို့ဖြစ်လျှင် အမှားကိုသိမှုသည် မောဟမဟုတ်ဘဲ ဒိဋ္ဌိသာဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဋီကာဆရာသည် မိစ္ဆာပဋိပတ္တိအဝိဇ္ဇာပုဒ်ကို ပထမဖွင့်ရာတွင် ဒိဋ္ဌိသဘောကို အဝိဇ္ဇာပေါ်တင်စား၍ ဖလူပစာနည်းအားဖြင့် ဖွင့်ဆိုခြင်းဖြစ်သည်ဟု (ဋီကာဆရာအာဘော်ကို) ကောက်ချက်ချရပါမည်။ ဤသို့အားဖြင့် မိစ္ဆာပဋိပတ္တိပုဒ်ဖွင့်အရ မောဟက အမှားကိုသိနိုင်သည်ဟု မယူဆနိုင်ကြောင်း ထင်ရှားပါသည်။

ဤနေရာတွင် “မောဟသည် အမှားတွေကိုမသိနိုင်” ဟူသော အဖြေကို နိဂုံးချုပ်ရန်ဖြစ်ပါသည်။ သို့သော် အထက်ပါရှင်းချက်များတွင် အမှားသိမှုသည် ဒိဋ္ဌိစေတသိက်သာဖြစ်ကြောင်း ထပ်တလဲလဲဆိုခဲ့ပါသည်။ ထို့ကြောင့် နိဂုံးမချုပ်မီ သုတေသီတို့ သံသယကင်းနိုင်ရန် မိစ္ဆာဒိဋ္ဌိစေတသိက်သဘောကို အကျဉ်းမျှ ပြဆိုပါမည်။ မိစ္ဆာဒိဋ္ဌိစေတသိက်ကို ဓမ္မသင်္ဂဏီပါဠိတော်တွင် အမှားကိုမြင်မှုသဘော (မိစ္ဆာဒိဋ္ဌိ)၊ နိစ္စ စသည်ဖြင့် မှားသောအားဖြင့် နှလုံးသွင်းတတ်သောသဘော (အဘိနိဝေသ)၊ အမှန်သဘာဝကိုကျော်၍ မှားသောအားဖြင့် သုံးသပ်တတ်သောသဘော (ပရာမာသ)၊ မှားယွင်းတတ်သောသဘော (မိစ္ဆတ္တ)၊ ဖောက်ပြန်မှားယွင်းသောအားဖြင့် စွဲယူခြင်းသဘော (ဝိပရိယာသဂ္ဂါဟ) စသည်ဖြင့် “အမှားသိတတ်သည့်”

စာမျက်နှာ-259
သဘောများကိုသာ ပရိယာယ်ပုဒ်များစွာဖြင့် ဗုဒ္ဓကိုယ်တော်တိုင် ဟောခဲ့ပါသည်။ ထို့ကြောင့် အမှားသိမှုသည် မောဟစေတသိက်မဟုတ်၊ ဒိဋ္ဌိစေတသိက်သာဖြစ်ကြောင်းကို သံသယကင်းစွာ မှတ်သားအပ်ပေသည်။

ပရမတ္ထဒီပနီ ဋီကာသစ်ဝါဒ

မောဟစေတသိက်က အမှားသိနိုင် မသိနိုင်နှင့် ပတ်သက်၍ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ပရမတ္ထဒီပနီ မဟာဋီကာသစ်တွင် ဤသို့ဖွင့်ဆိုထားပါသည်။ “အင်္ဂါလေးပါးစုံညီသော အမှောင်ထုကြီးသည် မျက်စိ၏မြင်အားကို တားဆီးကွယ်ကာ၍ စိတ်ကို ဘာမျှမသိအောင် ပြုလုပ်တတ်သော သဘောသည် မောဟမည်၏။ သို့ရာတွင် ယင်းမောဟစေတသိက်သည် အကုသိုလ်နယ်ပယ်၌ ဉာဏ်နှင့်အလားတူပေသည်။ (ဝါ) ဉာဏ်ကဲ့သို့ သိနိုင်ပေသည်။ ထို့ကြောင့် ပါဠိတော်၌ မောဟကို မိစ္ဆာဉာဏ်ဟု ဟောတော်မူသည်။ အဋ္ဌကထာတို့၌လည်း မိစ္ဆာဉာဏ်ဆိုသည်မှာ မကောင်းမှုကိုပြုလုပ်ရာတို့၌ ဥပါယ်တံမျဉ်ကြံစည်သည်၏ အစွမ်းအားဖြင့်ဖြစ်သော မောဟပင်တည်းဟု ဖွင့်ဆိုကြ၏။ အဝိဇ္ဇာနှင့်ပတ်သက်၍လည်း အပ္ပဋိပတ္တိအဝိဇ္ဇာ၊ မိစ္ဆာပဋိပတ္တိအဝိဇ္ဇာဟု နှစ်မျိုးရှိကြောင်း (အဋ္ဌကထာ) တို့၌ ဖွင့်ဆိုကြ၏။ ထိုတွင် သန့်စင်ကောင်းမွန်သော (ကုသိုလ်) အရာ၌ မသိမှုမျိုးကို အပ္ပဋိပတ္တိအဝိဇ္ဇာဟုခေါ်၍ မကောင်းသော (အကုသိုလ်) အရာ၌ မှားယွင်းစွာသိမှုမျိုးကို မိစ္ဆာပဋိပတ္တိအဝိဇ္ဇာခေါ်သည်။ မှန်၏။ အကုသိုလ်နယ်ပယ်သို့ ရောက်လာသည့်အခါ မောဟ၊ လောဘ၊ ဒိဋ္ဌိ၊ ဝိတက်၊ ဝိစာရ၊ စိတ်ဟူသော တရားခြောက်မျိုးတို့သည် ဉာဏ်နှင့် တစ်သဘောတည်းဖြစ်ကြသည်။ (ဝါ) ဉာဏ်ကဲ့သို့ သိစွမ်းနိုင်ကြသည်” ဟု ဖွင့်ဆိုထားပါသည်။ ၁

၁။ ပရမတ္ထဒီပနီမဟာဋီကာသစ်။ ၉၇၊ ၉၈။

စာမျက်နှာ-260

အနုဒီပနီ

တစ်ဖန် ပရမတ္ထဒီပနီဋီကာ၏ အဖွင့်ဖြစ်သော အနုဒီပနီတွင် ဆရာတော်ဘုရားကြီးကိုယ်တိုင် ဤသို့ မိန့်ဆိုခဲ့သည်ကို တွေ့ရပြန်သည်။ “ဉာဏ်သည် အမှန်ကိုသိသလို မောဟသည် အမှားတွေကို သိသည်” ဆိုသည့်အဓိပ္ပာယ်မှာ အဋ္ဌကထာနည်းအရ ဆိုထားခြင်းဖြစ်သည်။ ဓမ္မသင်္ဂဏီမူလဋီကာ၌မူ မိစ္ဆာဉာဏ်အရ မိစ္ဆာဝိတက်ကို ကောက်ယူထားသည်။ မှန်ပါသည်။ မိစ္ဆာဝိတက်ဆိုသည်မှာ မိစ္ဆာသင်္ကပ္ပပင်ဖြစ်၍ အမျိုးမျိုး ကြံနိုင်ဖန်နိုင်စွမ်းရှိသည့်အတွက် ဉာဏ်နှင့်အလားတူပေသည်။ မောဟကမူ စိတ်ကိုမှောင်ကျအောင် ပြုစွမ်းနိုင်၍ မည်သည့်အရာကိုမျှ ကြံနိုင်စွမ်း သိနိုင်စွမ်းမရှိပေ။ ထိုကြံရည်ဉာဏ်ရည်တုံးသော မောဟက ဘယ်နည်းဘယ်ပုံ ဉာဏ်သဘောသက်ရောက်နိုင်ပါမည်နည်း။ ဤကား မူလဋီကာဆရာကြီး၏ အလိုတည်းဟု ထပ်ဆင့်ဖွင့်ဆိုထားသည်။ ၁

ပရမတ္ထဒီပနီဋီကာအသစ်အဖွင့်ကို သုံးသပ်ကြည့်လျှင် “ဉာဏ်သည် ကုသိုလ်နယ်ပယ်တွင် အမှန်တရားကိုသိသကဲ့သို့ မောဟသည် အကုသိုလ်နယ်ပယ်တွင် အမှားတွေကို သိနိုင်သည်ဟု” ဆိုလိုကြောင်း တွေ့ရပါသည်။ ဆရာတော်ဘုရားကြီး၏ ကိုးကားချက်များကို ထောက်ရှုပါက ဆရာတော်ကြီးသည် မူလဋီကာ၊ အနုဋီကာတို့၏ မိန့်ဆိုချက်များကို ဥပေက္ခာပြု၍ အဋ္ဌကထာအဖွင့်ကိုသာ အလေးအနက် အားကိုးပြုကာ ဖွင့်ဆိုထားသည်ဟု မြင်ပါသည်။ သို့ရာတွင် အနုဒီပနီအဖွင့်အရဆိုသော် မူလဋီကာဆရာကြီး၏ အယူအဆကို မပယ်မူ၍ လေးလေးစားစား သဘောထားကာ ဝါဒတစ်ခုအနေဖြင့် တင်ပြထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပရမတ္ထဒီပနီဋီကာနှင့် အနုဒီပနီကျမ်းတို့၏ အဆိုများကို စုပေါင်း၍ မှတ်ချက်ထုတ်လျှင် အမှားသိမှုသည် အဋ္ဌကထာနည်းအရ မောဟ၊ ဋီကာနည်းအရ မိစ္ဆာသင်္ကပ္ပဖြစ်သည်ဟု ဆိုရပါမည်။ (မိစ္ဆာဉာဏ်နှင့် မောဟ အဓိပ္ပာယ်

၁။ အနုဒီပနီ။ ၈၉၊ ၉ဝ။

စာမျက်နှာ-261
အဖွင့်တွင် အကျယ်ရှင်းပြပါမည်)။

အခြား အဘိဓမ္မာပညာရှင်ကြီးအချို့၏ အသုံးအနှုန်း

မြန်မာနိုင်ငံတွင် နေ,လအသွင် ထင်ရှားတော်မူကြသော အဘိဓမ္မာပညာရှင်ကြီးအချို့က ၎င်းတို့၏ကျမ်းများတွင် မောဟက အမှားတွေကို သိဘိသကဲ့သို့ ရေးသားထားသည်ကို တွေ့ရပါသည်။ ယင်းအရေးအသား အသုံးအနှုန်းတို့ကို သုတေသီပုဂ္ဂိုလ်တို့ လေ့လာနိုင်ရန် လက်လှမ်းမီသလောက် အောက်တွင်ဖော်ပြလိုက်ပါသည်။

(၁) ထိုမောဟသည် မကောင်းသောအရာဌာနနယ်ထဲသို့ ကျရောက်လျှင် ထက်ထက်မြက်မြက် စူးစူးရှရှ၊ လိမ်လိမ်မာမာ ကြံနိုင်ဖန်နိုင် အစွမ်းကောင်းလှ၏။ မကောင်းမှု ဟူသမျှကို နည်းပေးစီရင်သော ဉာဏ်သမားကြီးတစ်ဦး ဖြစ်၏။ ထို့ကြောင့် မောဟကို ‘မိစ္ဆာဉာဏ’ (မိစ္ဆာဉာဏ်) ဟူ၍ ဘုရားဟောတော်မူ၏။ ၁

(၂) ဘဝင်ကျ၍ အိပ်ပျော်နေသလို မသိရုံသက်သက်လည်း မဟုတ်၊ ဉာဏ်သည် အမှန်ကိုသိသလို မောဟက အမှားတွေကိုသိလေသည်။ ၂

(၃) အဝိဇ္ဇာက မသိဆိုတာလည်း သစ္စာလေးပါးတရားကို အမှန်အတိုင်း မသိဘူးဆိုရင် အလွဲအမှားကိုသိတော့တာပဲ။ ဒီအဝိဇ္ဇာကလည်း ဆင်းရဲတရားတွေကို အမှန်အတိုင်းမသိဘူးဆိုရာမှာ သူက မသိရုံတွင်မဟုတ်ဘူး။ ချမ်းသာထင်လို့ အလွဲအမှားတွေကိုလည်း လျှောက်သိသွားတယ်။ ၃

(၄) မောဟဆိုသောတရားသည် မကောင်းသော အကုသိုလ်အဖို့၌မူကား မကောင်းမှုဖြစ်သည်ထက်ဖြစ်စေရန် အလင်းရောင်ကြီးကို ဖြစ်စေ၏။ ၄

၁။ ပရမတ္ထသံခိပ်ဋီကာ၊ ပ။ ၁၂၈။

၂။ သင်္ဂြိုဟ်ဘာသာဋီကာ။ ၁၁၈။

၃။ ပဋိစ္စသမုပ္ပာဒ်တရားတော်ကြီး။ ၃၂။ ၃၄။

၄။ အဘိဓမ္မဂုဠတ္တဒီပနီ၊ ပ။ ၃၀၂။

စာမျက်နှာ-262
အထက်ပါကောက်နုတ်ချက်များကို ဖတ်ရှုလေ့လာကြည့်လျှင် မောဟက အမှားတွေကိုသိသယောင် ရေးသားသုံးနှုန်းထားကြသည်ကို တွေ့ရပါသည်။ ယင်းအသုံးအနှုန်းများသည် လယ်တီဆရာတော်ဘုရားကြီး၏ ဝါဒသို့လိုက်၍ ရေးသားသော အဆိုအမိန့်များသော်လည်းကောင်း၊ စာရှုပရိသတ်နှင့် တရားနာပရိသတ်တို့ နားလည်လွယ်အောင် “အသမ္ဗောဓ” ပါဠိတော်ပုဒ်ကို အဋ္ဌကထာဆရာဖွင့်ဆိုသကဲ့သို့ ဥပစာနည်းအားဖြင့် တင်စားသုံးနှုန်းထားသည့် အဆိုအမိန့်များသော်လည်းကောင်း ဖြစ်မည်ဟု ယူဆရန်ရှိပါသည်။

မိစ္ဆာဉာဏ်နှင့် မောဟ

ဝိဘင်းပါဠိတော် ခုဒ္ဒကဝိဘင်း ဒသကနိဒ္ဒေသ၌ မိစ္ဆတ္တတရားဆယ်ပါးကို မြတ်စွာဘုရား ဟောကြားတော်မူရာဝယ် မိစ္ဆာဉာဏပုဒ်လည်း ပါဝင်ခဲ့သည်။ ယင်းမိစ္ဆာဉာဏပုဒ်ကို အဋ္ဌကထာဆရာက မိစ္ဆာဉာဏ်ဟူသည် မူလအရင်းခံသဘောတရားအားဖြင့် မကောင်းမှုတို့ကိုပြုရာတွင် အကြောင်းဥပါယ်ကို ကြံစည်ခြင်း (ဥပါယစိန္တာ) ၏ အစွမ်းအားဖြင့်လည်းကောင်း၊ မကောင်းမှုကိုပြုပြီးသည့်နောက်ပိုင်းတွင် “ငါဖန်တီးလိုက်သောအလုပ်သည် ကောင်းသောအလုပ်ဖြစ်သည်” ဟု ဆင်ခြင်သောအခြင်းအရာ (ပစ္စဝေက္ခဏာ) အားဖြင့်လည်းကောင်း၊ ဖြစ်သော မောဟစေတသိက်ပေတည်းဟု ဖွင့်ဆိုခဲ့သည်။ မူလပဏ္ဏာသ အဋ္ဌကထာနှင့် မဟာနိဒ္ဒေသ အဋ္ဌကထာများတွင်လည်း ယင်းအဖွင့်နှင့် တစ်ထပ်တည်းပင် ဖွင့်ဆိုထားပေသည်။ ၁

မူလဋီကာဆရာ၏ စိစစ်ပြချက်

ဤနေရာ၌ အဋ္ဌကထာဆရာ၏အဖွင့်ကို သဘာဝကျကျ အသေးစိတ် ဆန်းစစ်ကြည့်ရန်လိုပေသည်။ ဝိဘင်းမူလဋီကာတွင်

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၄၉၅။

စာမျက်နှာ-263
အဆိုပါအဋ္ဌကထာအဖွင့်ကို ပရမတ်နည်းကျကျ ခွဲခြမ်းစိတ်ဖြာ၍ စိစစ်ပြထားသည်ကို တွေ့ရသည်။ ဋီကာဆရာ၏ ထိုစိစစ်သုံးသပ်ချက်များကို သိလွယ်သောနည်းဖြင့် တင်ပြပါမည်။

အဋ္ဌကထာအဖွင့်အရ ဉာဏ်မိစ္ဆာဆိုသည်မှာ မောဟစေတသိက်ပင်ဖြစ်သည်။ ထိုမိစ္ဆာဉာဏ်အမည်ရသော မောဟကို အဋ္ဌကထာဆရာက “မကောင်းမှုတွေကို လွန်ကျူးရာတွင် အကြောင်းဥပါယ်ကို ကြံစည်ခြင်း (ဝါ) ဉာဏ်နီဉာဏ်နက်ထုတ်ခြင်း (ဥပါယစိန္တာ) ၏ အစွမ်းအားဖြင့်ဖြစ်သော မောဟ၊ မကောင်းမှုတွေကျူးလွန်ပြီးနောက် “ငါလုပ်ခဲ့သော လုပ်ငန်းသည် ကောင်းမွန်သင့်မြတ်သောလုပ်ငန်း၊ မှန်ကန်သောလုပ်ငန်းဖြစ်သည်” ဟု ဆင်ခြင်သောအခြင်းအရာ (ပစ္စဝေက္ခဏာ) အားဖြင့်ဖြစ်သော မောဟ” ဟု နှစ်ပိုင်းခွဲခြားပြထားသည်။

ထိုတွင် ပထမပိုင်း၌ အကြောင်းဥပါယ်ကို ကြံစည်မှု (ဥပါယစိန္တာ) ဆိုသည်မှာ မကောင်းမှုအကုသိုလ်ဖြစ်ကြောင်း ပိုက်၊ ကွန်၊ ဓား၊ လှံ၊ သေနတ်စသော လက်နက်ကိရိယာများကို ထုတ်လုပ်ရာ၌ လိမ္မာကျွမ်းကျင်မှု၊ ကြံစည်တတ်မှုမျိုးကား မောဟမဟုတ်ပါ။ ပညာကဲ့သို့ ထက်ထက်မြက်မြက် ကြံနိုင်ဖန်နိုင်သော မိစ္ဆာသင်္ကပ္ပခေါ် အကုသိုလ်ဝိတက်စေတသိက်သာ ဖြစ်သည်။

ထို့အတူ ဒုတိယပိုင်းတွင် ငါ့လုပ်ငန်းသည် မှန်ကန်သောလုပ်ငန်းဖြစ်သည်ဟု ဆင်ခြင်ခြင်း (ပစ္စဝေက္ခဏာ) ဆိုသည်မှာလည်း (အခြေခံသဘောတရားအားဖြင့်) ကျူးလွန်ခဲ့ပြီးသည့် မကောင်းမှု၌ အပြစ်မရှိဟု မှတ်ထင်မှုသညာနှင့် အပြစ်မရှိဟု စဉ်းစားတွေးခေါ်တတ်သည့် အကုသိုလ်ဝိတက်တို့သာ ဖြစ်ပါသည်။ မောဟမဟုတ်ပါ။ ယင်းသို့ အထင်မှား အမြင်မှားအောင် သို့မဟုတ် ဖောက်ပြန်သော ရှုထောင့်က ရှုပြီး စဉ်းစားတွေးခေါ်အောင် အပြစ်ရှိသည့်သဘောကို ဖုံးအုပ်ထားမှု

စာမျက်နှာ-264
မှောင်ချထားမှုကိုသာ မောဟဟုဆိုရသည်။ ၁

အထက်ပါဋီကာစိစစ်ချက်များကို လေ့လာသုံးသပ်ကြည့်လျှင် မိစ္ဆာဉာဏ်ဟူသော နာမည်နှင့်အလုပ်မှာ မှားမှားယွင်းယွင်းသိခြင်း၊ ဖောက်ဖောက်ပြန်ပြန် ကြံစည်ခြင်းတို့သည် တရားကိုယ်အားဖြင့် သညာစေတသိက်နှင့် အကုသိုလ်ဝိတက်စေတသိက်တို့သာဖြစ်သည်။ အမှားတွေကို ကြံစည်ရာ သိရာတို့၌ အပြစ်ကိုမမြင်နိုင်အောင် ဖုံးကွယ်ထားခြင်းသာ မောဟဖြစ်သည်။ သို့ဖြစ်စေကာမူ ဤနေရာ၌ ဥပစာသဘောအားဖြင့် တင်စား၍ မိစ္ဆာဉာဏ်ကို မောဟဟု အဋ္ဌကထာဆရာ ကောက်ယူသည်ဟု ဋီကာဆရာ ဆိုလိုရိပ်ရှိသည့်သဘောကို တွေ့ရသည်။ ထို့ပြင် သံယုတ်အဋ္ဌကထာ (မဂ္ဂသံယုတ်မိစ္ဆတ္တဝဂ်အဖွင့်) ၌ မိစ္ဆာဉာဏ်အရ “တစ်စုံတစ်ခု မကောင်းမှုကိုပြုပြီးသောအခါ ငါပြုခဲ့သောအမှုကား ကောင်းလေစွ” ဟု ဆင်ခြင်သော အခြင်းအရာအားဖြင့်ဖြစ်သော အကုသိုလ်စိတ်ကို မုချတိုက်ရိုက်ကောက်ယူထားသည့်အရာလည်း ရှိပါသေးသည်။

သေကြောင်းကြံစည်မှုနှင့် မိစ္ဆာဉာဏ်

ယင်းမိစ္ဆာဉာဏ်ကို အနာထပိဏ်သူဌေး၏ ကျွန်မသည် မိမိကိုသတ်တော့မည့် ခိုးသူယောက်ျားအား မသတ်မီရှေ့အဖို့၌ လှည့်ပတ်ဖြားယောင်းသောအရာမှာ ယူအပ်၏ဟု ပရမတ္ထသရူပအနုဝဏ္ဏနာကျမ်းသစ် မောဟစေတသိက်အဖွင့်၌ ပြဆိုထားပါသည်။ ထိုဇာတ်လမ်းအကျဉ်းချုပ်မှာ တစ်နေ့တွင် အနာထပိဏ်သူဌေး၏ ကျွန်မသည် သူဌေးကတော်ကြီး၏ အဖိုးတစ်သိန်းတန်သည့် တန်ဆာကိုဝတ်ဆင်ကာ အဖော်ကျွန်မများနှင့်အတူ ဥယျာဉ်သို့ အပျော်ခရီးထွက်လာခဲ့သည်။ ခိုးသူကြီးတစ်ဦးသည် အဖိုးတန်ရတနာ

၁။ ဝိဘင်္ဂမူလဋီကာ။ ၂၂၉။

စာမျက်နှာ-265
ဝတ်ဆင်လာခဲ့သော ထိုကျွန်မကို အမှတ်မထင် တွေ့မြင်လိုက်သောအခါ အဖိုးတန်ရတနာကို မျက်စိကျသွားလေသည်။ အဖိုးတန်ရတနာ၌ တပ်မက်မောသော လောဘ၏လှုံ့ဆော်မှုကြောင့် ခိုးသူကြီးသည် ကျွန်မအား ချစ်ကြိုက်ဟန်ဖြင့် အစားအသောက်များဖြင့် လာဘ်ထိုးကာ အယုံသွင်းပါတော့သည်။ တစ်ခဏအတွင်းပင် ကျွန်မလည်း “ငါ့ကိုချစ်လို့ပေးတာဖြစ်မှာပဲ” လို့ ခိုးသူအပေါ် ယုံကြည်သွားခဲ့ရာ ကျွန်မခမျာမှာ ခိုးသူကြီးထောင်လိုက်သည့် ကျော့ကွင်းထဲသို့ တည့်တည့်ကြီးဝင်တိုးမိတော့သည်။

သို့နှင့် ညနေချမ်းအချိန်ဝယ် အဖော်ကျွန်မများ မောလို့အိပ်နေခိုက် ကျွန်မသည် ခိုးသူကြီးနှင့် တစ်ယောက်ချင်း ခြုံကွယ်၌ ချိန်းတွေ့လေသည်။ နောက်ဆုံးတွင် ခိုးသူကြီး၏ အခြေအနေမဟန်ပုံများကို အကဲခတ်မိရာ “ငါ့ကို တကယ်ကြိုက်တာ မဟုတ်ဘူး၊ ငါ့ကိုသတ်ပြီး ပစ္စည်းယူချင်တာပဲဖြစ်မည်” လို့ ရိပ်မိသွားသည်။ သို့ဖြစ်၍ မိမိအသက်လွတ်မြောက်ရေးအတွက် သူသတ်သမား ခိုးသူယောက်ျားအား ဥပါယ်တံမျဉ်ဖြင့် လှည့်ပတ်ဖြားယောင်းကာ ရေတွင်းထဲသို့ တွန်းချသတ်ခဲ့ပေသည်။ ၁

ဆင်တဲဆရာတော်ဘုရားကြီးသည် (လှည့်ပတ်ဖြားယောင်း၍ သတ်ရာ ပညာဆိုထိုက်, မဆိုထိုက် အဆုံးအဖြတ်နှင့်စပ်၍) ထိုဝတ္ထုကိုပင် ထုတ်ဆောင်ကာ ဤသို့ အဆုံးအဖြတ်တစ်ခုချခဲ့ပါသည်။ အနာထပိဏ်သူဌေးကြီး၏ ကျွန်မက ခိုးသူယောက်ျားကို မသတ်မီ ရှေ့အဖို့၌ လှည့်ပတ်ဖြားယောင်းသည့်အရာမှာလည်း ပညာနှင့်အလားတူ၏။ ထိုသို့တူသော်လည်း ပညာမဟုတ်။ မိစ္ဆာဉာဏ်လို့ယူရမည်။ မိစ္ဆာဉာဏ်သည်ကား မောဟတည်းဟု ဆုံးဖြတ်ခဲ့သည်။ ၂

၁။ အဋ္ဌကနိပါတ်ဇာတ် အဋ္ဌကထာ။ ၄၃၉။

၂။ အဘိဓမ္မောသဓာနုဒိနိစ္ဆယကျမ်း၊ ပ။ ၁၃၄။

စာမျက်နှာ-266
မှန်ပါသည်။ ဆရာတော်ဘုရားကြီးများသည် “မကောင်းမှုပြုရာတို့၌ အကြောင်းဥပါယ်ကို ကြံစည်ခြင်း၏ အစွမ်းအားဖြင့်ဖြစ်သော မောဟသည် မိစ္ဆာဉာဏ်မည်၏” ဟူသော ဝိဘင်းအဋ္ဌကထာအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအဆုံးအဖြတ်ကို ဝိဘင်းမူလဋီကာဖွင့်ဆိုချက်နှင့်တွဲဖက်၍ စိတ်ဖြာရှင်းပြပါဦးမည်။ အထက်ပါဇာတ်လမ်းတွင် ကျွန်မသည် မိမိကိုသတ်မည်ဟု ပြင်ဆင်နေသော (ဝါ) အကြံယူနေသော ဉာဏ်သမားအား မိမိက လက်ချက်ဦးအောင် ရှေးဦးစွာ ဉာဏ်နီဉာဏ်နက်များကို ကြံစည်အားထုတ်ရပါသည်။ ယင်းသို့ ကြံစည်နေခိုက် ကျွန်မသန္တာန်၌ စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ကုသိုလ်စိတ်အစဉ်မျိုးဖြစ်နိုင်ဖို့ မလွယ်ကူလှပါ။ ယေဘုယျအားဖြင့် ဒေါသဘက်သို့ ဦးတည်လှည့်နေသော အကုသိုလ်စိတ်အစဉ်မျိုးသာ ဖြစ်ရန်ရှိပါသည်။ အကြံသမားကို မိမိက လက်ဦးနိုင်ရေးအတွက် ဥပါယ်တံမျဉ်ကြံစည်မှု (ဝါ) ဉာဏ်နီဉာဏ်နက်ထုတ်မှုမျိုးကို မူလဋီကာဆရာက ဥပါယစိန္တာ (ရန်အောင်ကြောင်းနည်းလမ်းကိုကြံစည်မှု) ဟု ဆိုပါသည်။ ထိုဥပါယစိန္တာကား (မိစ္ဆာဉာဏ်နှင့် မောဟခန်းတွင်) ရှင်းပြခဲ့သည့်အတိုင်း ပညာကဲ့သို့ ထက်မြက်စွာ ကြံနိုင်ဖန်နိုင်သည့် အကုသိုလ်ဝိတက်စေတသိက်ဖြစ်ပါသည်။ ဥပါယ်တံမျဉ်ကြံစည်ရာတွင် အပြစ်ရှိသည့်သဘောမှန်ကို မမြင်အောင် မသိအောင် ဖုံးကွယ်ထားမှုသဘောကိုသာ မိစ္ဆာဉာဏ် (သို့မဟုတ်) မောဟဟုဆိုရသည်။ ဤသို့ သေကြောင်းကြံစည်ရာ၌ မောဟစေတသိက်၏ အခန်းတစ်ခန်းက ပါဝင်ဆောင်ရွက်ပုံကိုလည်း သိသင့်သိထိုက်ပေသည်။ (ဤကား ခဲရာခဲဆစ်အရာဖြစ်သည်။ အကျယ်ကို ပညိန္ဒြေစေတသိက်အဖွင့်တွင်ရှုပါ)

လက်နက်တီထွင်ဉာဏ်နှင့်မောဟ

ထို့ပြင် မကောင်းမှုအကုသိုလ်တရားများ ဖြစ်ပွားကြောင်း

စာမျက်နှာ-267
ဖြစ်ကုန်သော ပိုက်၊ ကွန်၊ ဓား၊ လှံ၊ သေနတ်၊ အမြောက်၊ ဗုံး၊ အဆိပ်ငွေ့ စသည့် လက်နက်ကိရိယာများကို တီထွင်ထုတ်လုပ်ရာ၌ဖြစ်စေ၊ ကိုင်တွယ်အသုံးချရာ၌ဖြစ်စေ ... သိမြင်နားလည်မှု၊ လိမ္မာကျွမ်းကျင်မှုမျိုးကိုလည်း ဥပါယစိန္တာဟု ခေါ်ပါသေးသည်။ ယင်းဥပါယစိန္တာ၌ အမှားသဘောကိုမမြင်ရအောင် ဖုံးကွယ်ထားခြင်းသဘောသည် မောဟ(ခေါ်)မိစ္ဆာဉာဏ်ပင်ဖြစ်သည်။ ၁

ချဲ့ဦးအံ့..။ ယနေ့ကမ္ဘာကိုကြည့်လျှင် သိပ္ပံပညာသည် တစ်နေ့တခြား အရှိန်အဟုန်ပြင်းစွာ တိုးတက်နေသည်ကို တွေ့ရ၏။ ထိုပညာသည် အကောင်းဘက်သို့ ကျေးဇူးပြုရာတွင် ပြိုင်ဘက်ကင်းသကဲ့သို့ အဆိုးဘက်ကို အထောက်အကူပြုရာတွင်လည်း သရဖူဆောင်းနေပါသည်။ သိပ္ပံပညာ၏စွမ်းအင်ကြောင့် သတ္တဝါများ ရောဂါဖြင့် သေဆုံးပျက်စီးသည့်နှုန်းမှာ သိသိသာသာ လျော့ပါးသွားသည့်နည်းတူ လက်နက်များကြောင့်သေနှုန်းမှာ ကြောက်ခမန်းလိလိ တိုးတက်လာပေသည်။

စက္ကန့်ပိုင်းအတွင်းတွင် သတ္တဝါပေါင်း ထောင်သောင်းများစွာကို သေစေနိုင်သော ညူကလိယားဗုံး(ခေါ်) အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံး..စသော လက်နက်များကိုပင် လုပ်နိုင်သည့်အဆင့်အထိ တိုးတက်လာသည်ကို တွေ့ရသည်။ ယင်းသို့တိုးတက်နေသော လူသတ်လက်နက်ကိရိယာများကို ကြံစည်တီထွင်ရာ၌ ကမ္ဘာ့သိပ္ပံပညာရှင်ကြီးများသန္တာန်ဝယ် အပြစ်ကင်းသော ကုသိုလ်စိတ်မျိုးဖြစ်နိုင်ဖို့ ခဲယဉ်းလှပါသည်။ (ကမ္ဘာသူ,ကမ္ဘာသားတို့၏ အကျိုးစီးပွားကို ဖျက်ဆီးပစ်ရာတွင် မည်သည့်လက်နက်မျိုးတီထွင်က ပိုမိုထိရောက်စွာ ဖျက်ဆီးပစ်နိုင်မည်ဟု အကြံထုတ်နေရသောသူတို့၏ဘဝကို စဉ်းစားကြည့်ပါ) ကုသိုလ်စိတ်မဖြစ်လျှင် သူတို့တီထွင်ထုတ်လုပ်နိုင်သည့်

၁။ ဝိဘင်္ဂမူလဋီကာ။ ၂၂၉။

စာမျက်နှာ-268
ဉာဏ်သည် ဉာဏ်ပညာစစ်စစ်မဟုတ်နိုင်ပါ။ အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း မောဟ(ခေါ်) မိစ္ဆာဉာဏ်မျိုးဖြစ်ပါသည်။ ယင်းသဘောကို ရည်ညွှန်း၍ အဘိဓမ္မတ္ထဂုဠတ္ထကျမ်းဆရာက “အကုသိုလ်မှာ လိမ္မာတတ်မှု၊ အမြဲရှု၊ ခေါ်ပြုမိစ္ဆာဉာဏ်”ဟု မိန့်ဆိုခဲ့ပါသည်။

သို့ရာတွင် တစ်ခါတစ်ရံ မိမိနိုင်ငံသူနိုင်ငံသားများအပေါ်ဝယ် သနားကြင်နာမှု၊ မေတ္တာကရုဏာတရားများကို ရှေ့တန်းတင်လျက် ဘေးရန်ကာကွယ်ကြောင်း ကိရိယာများကို ကြံစည်ခိုက်မှာမူ ကုသိုလ်လည်းဖြစ် ပညာစစ်လည်း ဖြစ်ခွင့်ရှိပေသည်။ ထိုနည်းတူစွာ အကောင်းဘက်တွင် သတ္တဝါများ ချမ်းသာရေးအတွက် ယာဉ်အမျိုးမျိုး၊ ဆေးဝါးအမျိုးမျိုး၊ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး.. စသည်များကို ကြံစည်တီထွင်ခိုက်တွင်လည်း ဉာဏ်ပညာစစ်စစ်ဦးစီးသော ကုသိုလ်စိတ်များ ဖြစ်နိုင်ပါသည်။

တိတ္ထိဆရာကြီးများကို ကြည်ညိုမှုနှင့် မောဟ

လောကတွင်လူမျိုးများစွာရှိသည့်အလျောက် ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုများမှာလည်း အမျိုးမျိုးအစားစားရှိကြသည်။ ဗုဒ္ဓဘာသာဝင်များက ဂေါတမဗုဒ္ဓနှင့် ဗုဒ္ဓ၏တရား၊ သံဃာတို့ကို ရတနာသုံးပါးဟု နာမည်တပ်ကာ ယုံကြည်ကိုးကွယ်ကြသကဲ့သို့ ခရစ်ယာန်ဘာသာဝင်များက သခင်ယေရှုကိုလည်းကောင်း၊ မဟာမေဒင်ဘာသာဝင်များက ခိုဒါအရှင်မြတ်ကိုလည်းကောင်း၊ ဟိန္ဒူဘာသာဝင်များက ဗိဿနိုး(မဟာပိန္နဲ) နတ်...စသည်တို့ကိုလည်းကောင်း အသီးသီး ယုံကြည်ကိုးကွယ်ကြသည်။ ဗုဒ္ဓလက်ထက်တော်အခါကလည်း ပူရဏကဿပ၊ မက္ခလိဂေါသာလ...စသည့် ထင်ရှားသော တိတ္ထိဆရာကြီးခြောက်ဦးတို့ကို ၁

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၃၉၃။

စာမျက်နှာ-269
ကိုးကွယ်ကြည်ညိုနေသူ တပည့်သာဝက မိစ္ဆာဒိဋ္ဌိများ ထောင်ပေါင်းများစွာရှိခဲ့သည်။

ဗုဒ္ဓတရားတော်တွင် သဒ္ဓါစေတသိက်နှင့်ပတ်သက်၍ ရတနာသုံးပါး ကံ,ကံ၏အကျိုးဟူသော သဒ္ဓေယျဝတ္ထု (ယုံကြည်ထိုက်သော အရာ)များကို ယုံကြည်မှသာ သဒ္ဓါဖြစ်သည်ဟု အဋ္ဌကထာဋီကာတို့၌ ၁ ပြဆိုထားသည်။ ထို့ကြောင့် မိစ္ဆာအယူရှိသူများက သူတို့၏ တိတ္ထိဆရာများ(သို့မဟုတ်) တိတ္ထိဘုရားများကို ကြည်ညိုခြင်းသည် သဒ္ဓါစေတသိက်စစ်စစ် မဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။ သဒ္ဓါမဖြစ်ခဲ့သော် မည်သည့်သဘောတရားဖြစ်သနည်း။ သည်မေးခွန်းကို အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသကိုယ်တိုင် ဤသို့ဖြေရှင်းချက်ပေးခဲ့သည်။

“မိစ္ဆာအယူရှိသူတို့၏ တိတ္ထိဆရာကြီးများကို ယုံကြည်မှုဆိုသည်မှာ ထိုဆရာကြီးများ၏ ဟောပြောသွန်သင်ချက်များကို ခံယူခြင်းသာဖြစ်သည်။ ယင်းခံယူခြင်းသည်ပင် ယုံကြည်မှုနှင့် တစ်သဘောတည်းဖြစ်သည်။ တရားကိုယ်မှာ စုံစမ်းဆင်ခြင်မှုကင်းသော မောဟစေတသိက်သော်လည်းကောင်း၊ ဒိဋ္ဌိစေတသိက်သော်လည်းကောင်း လျော်ရာတစ်ပါးပါးဖြစ်သည်” ဟု အဖြေပေးခဲ့သည်။ ၁

သို့သော် မူလဋီကာဆရာက တိတ္ထိဆရာကြီးတို့ကို ယုံကြည်မှုသည် စုံစမ်းဆင်ခြင်မှုမရှိသော မောဟ၏အစွမ်းအားဖြင့်လည်းကောင်း၊ ဒိဋ္ဌိ၏အစွမ်းအားဖြင့်လည်းကောင်း၊ မယုံကြည်သင့်သော ဝတ္ထုတို့၏ တပ်နှစ်သက်ခြင်းတဏှာနှင့်တကွဖြစ်သော “ဟုတ်ပါပေသည်၊ မှန်ပါပေသည်”ဟု ဆုံးဖြတ်ခြင်း အဓိမောက္ခဖြစ်၏ဟူ၍လည်းကောင်း၊ မယုံကြည်ထိုက်သော အသဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်ခြင်းအကုသိုလ်သည် အဿဒ္ဓိယဖြစ်သည့် (ဝါ) မိစ္ဆာဓိမောက္ခစေတသိက်

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၂၉၂။

စာမျက်နှာ-270
ဖြစ်သည်ဟူ၍လည်းကောင်း မိန့်ဆိုပေသည်။ လိုရင်းအချုပ်မှာ မယုံကြည်ထိုက် မကြည်ညိုထိုက်သော တိတ္ထိဆရာကြီးအချို့ကို ယုံကြည်မှု၊ ကြည်ညိုမှုမျိုးမှာ တရားကိုယ်အားဖြင့် မိစ္ဆာဓိမောက္ခစေတသိက်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ ၁

ပရမတ္ထဒီပနီဋီကာသစ်၌လည်း “တိတ္ထိဆရာကြီးတို့၌ဖြစ်စေ၊ သူတို့၏ ဟောပြောသွန်သင်ချက်များ၌ဖြစ်စေ ယုံကြည်သက်ဝင်မှုသည် ပဋိရူပကသဒ္ဓါဆိုသည့် သဒ္ဓါတု သဒ္ဓါယောင်မျိုးသာဖြစ်သည်။ တရားကိုယ်မှာ မိစ္ဆာဓိမောက္ခစေတသိက်သာတည်း” ဟု လယ်တီဆရာတော်ဘုရား မိန့်ကြားခဲ့သည်။ ၂ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ်မဟာဋီကာတို့၌လည်း ယင်းယုံကြည်မှုမျိုးသည် ဉာဏ်ပညာဖြင့် သက်ဝင်၍ယုံကြည်သော အဝေစ္စပသန္နသဒ္ဓါမျိုးမဟုတ်။ မိုက်မဲသော (ဝါ) အချည်းနှီးသော ယုံကြည်မှုခေါ်သည့် မုဒ္ဓပသန္နသဒ္ဓါမျိုးသာဖြစ်သည်ဟု မိန့်ဆိုကြသည်။ ထိုမုဒ္ဓပသန္နသဒ္ဓါမှာ တရားကိုယ်အားဖြင့် မောဟစေတသိက်ဖြစ်သည်ဟု အဘိဓမ္မတ္ထဒီပကကျမ်းဆရာကဆိုသည်။

အဋ္ဌကထာနှင့်ဋီကာ ဝါဒညှိနှိုင်းချက်

မိစ္ဆာအယူရှိသူတို့က တိတ္ထိကြီးများကို ယုံကြည်မှုကြောင့် ဖြစ်သော မုဒ္ဓပသန္နသဒ္ဓါ၊ ပဋိရူပကသဒ္ဓါမျိုးသည် မောဟစေတသိက် (သို့မဟုတ်) ဒိဋ္ဌိစေတသိက်ဖြစ်သည်ဟု အဋ္ဌကထာဆရာက ဖွင့်ဆိုသည်။ မူလဋီကာဆရာ စသော ဋီကာဆရာများကမူ မှားသောအားဖြင့် ဆုံးဖြတ်ခြင်းသဘောရှိသည့် မိစ္ဆာဓိမောက္ခစေတသိက်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ ဤအဆိုအမိန့်နှစ်ခုကိုကြည့်လျှင် ဝါဒနှစ်ပါး ကွဲပြားနေသကဲ့သို့ ထင်မှတ်စရာရှိသည်။ စင်စစ်သော်ကား ဝါဒနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဖွင့်ဆိုနည်းအားဖြင့်သာ ခြားနားကြ၍

၁။ ဓမ္မသင်္ဂဏီမူလဋီကာ။ ၈၉၊ ၁၂၀။

၂။ ပရမတ္ထဒီပနီမဟာဋီကာသစ်။ ၁၀၄။

စာမျက်နှာ-271
အဓိပ္ပာယ်အားဖြင့် မကွဲမပြား တစ်သားတည်းပင်ဖြစ်ကြသည်။ မှန်ပါသည်။ အဋ္ဌကထာဆရာက ထိုအဖွင့်ကို ဝင်္ကဝုတ္တိ၊ နေယျတ္ထ၊ ဥပစာရတ္ထ ဖွင့်နည်းအားဖြင့် ဖွင့်ဆို၍ မောဟစေတသိက်ကို တင်စားကောက်ပြခဲ့သည်။ ဋီကာဆရာက ဥဇုကဝုတ္တိ၊ နီတတ္ထ၊ မုချတ္ထ ဖွင့်နည်းအရ တိုက်ရိုက်ကောက်ယူနည်းဖြင့် မိစ္ဆာဓိမောက္ခစေတသိက်ကို ကောက်ယူဖွင့်ပြသည်။ ထိုအချက်သည် မူလဋီကာဆရာ၏အဖွင့်တွင် အရိပ်ထွက်လျက်ရှိသည်။ ဋီကာအဖွင့်တွင် “မောဟ၏အစွမ်းအားဖြင့်လည်းကောင်း (မောဟဝသေနဝါ) ဒိဋ္ဌိ၏အစွမ်းအားဖြင့်လည်းကောင်း (ဒိဋ္ဌိဝသေနဝါ)” ဟု ဖွင့်ဆိုရာ “ဝသေနဘာဝ၊ နှစ်ပါးပြမှု၊ ဝင်္က- ဥဇု၊ ဆိုမြဲရှု” ဟူသော နိယံအတိုင်း ဤအရာတွင် မောဟနှင့်ဒိဋ္ဌိကို ဥပစာအားဖြင့် ကောက်ယူ၍ မိစ္ဆာဓိမောက္ခကို မုချကောက်ယူရမည်မှာ ထင်ရှားပါသည်။

တိတ္ထိဆရာကြီးများ၏ ဟောပြောချက်များသည် ဟုတ်သည်၊ မှန်သည်ဟု မှားမှားယွင်းယွင်း ဆုံးဖြတ်ခြင်းသဘောရှိသော မိစ္ဆာဓိမောက္ခစေတသိက်ဖြစ်စေရန် မောဟက အာရုံ၏အမှန်သဘာဝကို ကာကွယ်ထားသည်။ ထို့ကြောင့် မောဟကအကြောင်းတရား၊ မိစ္ဆာဓိမောက္ခစေတသိက်က အကျိုးတရားဖြစ်သည်။ အဋ္ဌကထာဆရာက ဖလူပစာနည်းဖြင့် အကြောင်းမောဟစေတသိက်ကို ကောက်ယူဖွင့်ဆို၍ ဋီကာဆရာက တိုက်ရိုက်မုချနည်းအားဖြင့် အကျိုးအဓိမောက္ခစေတသိက်ကို ကောက်ယူသည်။ အဋ္ဌကထာနှင့် ဋီကာတို့အရ ကောက်ယူပုံ ထူးခြားကြသော်လည်း ဖွင့်နည်းကွဲပြားသည့်အတွက် ခြားနားကြခြင်းသာဖြစ်၍ အဓိပ္ပာယ်အားဖြင့် အတူတူသာဖြစ်ပါသည်။ ထို့ကြောင့် တိတ္ထိဆရာကြီးများကို ယုံကြည်မှုအရ မောဟ (သို့မဟုတ်) ဒိဋ္ဌိကိုသော်လည်းကောင်း၊ မိစ္ဆာဓိမောက္ခစေတသိက်ကိုသော်လည်းကောင်း ကောက်ယူနိုင်ပါသည်။

စာမျက်နှာ-272

၃။ မောဟစေတသိက်၏ ပစ္စုပဋ္ဌာန်(၂)မျိုး

(က) မောဟစေတသိက်အား ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်သော သဘောတရားမျိုးဟု ယူဆအပ်သော အခြင်းအရာရှိသည်။ (အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာန်)

(ခ) တစ်နည်းအားဖြင့် မောဟစေတသိက်သည် ပညာမျက်စိကို ကန်းအောင်ပြုတတ်သော အမှောင်တရားမျိုးဟု ယောဂီပုဂ္ဂိုလ်တို့ဉာဏ်တွင် ရှေးရှုထင်လာသော အခြင်းအရာရှိသည်။ (အန္ဓကာရပစ္စုပဋ္ဌာန်)။ ၁

(က) ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်သောသဘောတရားမျိုး

ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် ပစ္စုပဋ္ဌာန်(၂)မျိုးအနက် အကျိုးပစ္စုပဋ္ဌာန်ဖြစ်သည်။ ယင်းအကျိုးကား ရသခန်းတွင်ပြဆိုခဲ့ပြီးသော အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းဆိုသည့် ကိစ္စရသ၏ အကျိုးပင်တည်း။ ဆိုလိုသည်မှာ မောဟစေတသိက်က အာရုံ၏ အမှန်သဘောတွေကို ဖုံးကွယ်ထားသည့်အတွက်ကြောင့် မှန်ကန်စွာ မကျင့်နိုင်မကြံနိုင်ခြင်းဖြစ်ရသည်ဟု ဆိုလိုပါသည်။ အမှန်အားဖြင့် ရသပိုင်းတွင် မောဟသဘောကို အကြောင်းကိစ္စအနေဖြင့် ပြဆိုခဲ့ပြီးဖြစ်ရာ ယခုတစ်ဖန် အကျိုးတရားဘက်ကနေပြီး အကြောင်းမောဟ၏သဘောကို တစ်မျိုးသုံးသပ်ပြခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုသော် မောဟဖုံးကွယ်မှုကြောင့် သည်လိုအကျိုးတရားမျိုးဖြစ်လာရသည်။ ထိုဖြစ်လာသည့် အကျိုးတရားတွေကိုကြည့်ပြီး မောဟကား ဤသို့သဘောရှိသည့် တရားမျိုးဖြစ်သည်ဟု အကျိုးတရားဘက်က

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၂၉၁။ ဓမ္မသင်္ဂဏီမူလဋီကာ။ ၂၂၉။

စာမျက်နှာ-273
ရပ်တည်ကာ မောဟကို(အကြောင်းတရားအနေဖြင့်) တွေ့မြင်ရပုံပင်ဖြစ်သည်။

ကောင်းမွန်ဖြောင့်မှန်စွာမကျင့်နိုင်ပုံ

လောကသားတို့၏ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးအစုသည် အမှန်စင်စစ် ဒုက္ခတုံး ဒုက္ခခဲကြီးများသာဖြစ်သည်။ သို့သော် မောဟမကင်းသေးသော ပုထုဇဉ်ပုဂ္ဂိုလ် စသည်တို့သည် သူတို့၏စိတ်အစဉ်ဝယ် မောဟမှောင်ကြီးက တိမ်တောင်တိမ်လိပ်ကြီးပမာ ကျရောက်နေသောကြောင့် သည်ခန္ဓာကြီးကို ဒုက္ခတုံး ဒုက္ခခဲကြီးဟု မသိနိုင်ချေ။ ထို့ပြင် လူ့ခန္ဓာ လူ့စည်းစိမ်၊ နတ်ခန္ဓာ နတ်စည်းစိမ် စသည်တို့၌ မီးတစ်ဆယ့်တစ်ပါး မရပ်မနားလောင်မြိုက် ရှိန်ရှိန်အိုက်၍နေသည်ကိုလည်း မမြင်နိုင်ရှာကြပေ။ ထိုချမ်းသာတု ချမ်းသာယောင်တွေကို တံလျှပ်ကိုရေထင်သည့် သမင်မိုက်ပမာ တကယ့်ချမ်းသာစရာ အသွင်ဖြင့်သာ ဖောက်လွဲဖောက်ပြန် အမြင်မှားအထင်မှားဖြစ်နေကြသည်။

ထို့ကြောင့် သူတို့သန္တာန်ဝယ် ဘဝမြုံသိုက် ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာခင်မင်သော တဏှာဥပါဒါန်တရားတို့ နေ့စဉ်ပွားများတော့သည်။ ယင်းလိုချင်တွယ်တာမှုတဏှာ၊ မရမနေ စွဲလမ်းမှု ဥပါဒါန်တို့၏ တွန်းအားကန်အားကြောင့် လက်ရှိခန္ဓာ၏ ကောင်းကျိုးအတွက် “မျက်စိကန်း တစ္ဆေမကြောက်” ဆိုသကဲ့သို့ မုဆိုးအလုပ် တံငါအလုပ် စသည့် မကောင်းမှုမျိုးစုံတို့ကို ရဲရဲဝံ့ဝံ့ နောက်မတွန့်ဘဲ ပြုလုပ်နေကြပေတော့သည်။

ဆက်ဦးအံ့...အကယ်၍ သူများအသက်ကိုသတ်ခဲ့သော် သတ်သူသည် ယခုဘဝ၌ သူများ၏အကဲ့ရဲ့ကိုခံရခြင်း၊ ရာဇဝတ်ပြစ်ဒဏ်ခံရခြင်း၊ နောက်နောက်သောဘဝများဝယ် အပါယ်သို့ကျရောက်ခြင်း၊ လူပြန်ဖြစ်သော်လည်း ခြေလက်အင်္ဂါချို့တဲ့ခြင်း၊ ကိုယ်အရေအဆင်း စိုစိုပြေပြေမရှိခြင်း...စသည့်အပြစ်တွေကိုခံစားရပါသည်။ ထို့အတူ

စာမျက်နှာ-274
သူ့ပစ္စည်းကိုခိုးယူမှု၊ ကာမဂုဏ်ကိုလိုက်စားမှု...စသော ဒုစရိုက်များမှာလည်း ယခုဘဝ နောက်ဘဝ နှစ်မျိုးလုံး၌ ဆိုးကျိုးတွေ အနန္တပင်ဖြစ်သည်။ သို့သော် မောဟဖုံးလွှမ်းလိုက်သည့်အခါ ယင်းအပြစ်များကို မမြင်နိုင် မကြောက်နိုင်တော့ဘဲ “သေချင်နေသူ အဆိပ်သောက်ရမှာ မကြောက်” သကဲ့သို့ ညှဉ်းဆဲသတ်ဖြတ်ခြင်း စသော ဒေါသမှုများကိုလည်းကောင်း၊ ဘာမျှမသိနားမလည်သေးသော ကလေးသည် မစင်တွေကို ပျော်ရွှင်စွာကိုင်ကစားသကဲ့သို့ ကာမဂုဏ်ချမ်းသာမှီဝဲခြင်း စသော လောဘမှုများကိုလည်းကောင်း အားပါးတရ ပြုပါလေတော့သည်။ ယင်းသို့ပြုကြရာတွင် အချို့မှာ ထူပိန်းသော အဝိဇ္ဇာ၏ဖုံးကွယ်မှုကြောင့် အပြစ်ကို လုံးလုံးမသိဘဲပြုမိ၏။ အချို့မှာမူ ပင်ကိုက အပြစ်ကိုသိသော်လည်း လောဘ၊ ဒေါသဖြစ်လာသည့်အခါ တွဲလျက်ပါလာသော မောဟက ရုတ်တရက် ဖုံးလွှမ်းလိုက်သောကြောင့် လောလောဆယ်တွင် အပြစ်ကိုမမြင်နိုင်တော့ဘဲ ပြုမိကြလေသည်။ ၁

ဤသို့လျှင် မောဟမကင်းသော သတ္တဝါတို့၏စိတ်အစဉ်တွင် မောဟဝင်ရောက်လာခဲ့သော် ထိုသတ္တဝါတို့မှာ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ရှာဘဲ မှားမှားယွင်းယွင်း ဒုစရိုက်မှုခင်းများကို ကျူးလွန်မိကြတော့သည်။ ထို့ကြောင့် ရှင်တော်ဗုဒ္ဓကိုယ်တိုင် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်ကေသမုတ္တိ(ကာလာမ)သုတ်တွင် ကာလာမမင်းတို့အား ဤသို့ဟောခဲ့ပါသည်...

“ကာလာမမင်းတို့...ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်းမောဟသည် သတ္တဝါ၏အတွင်း အဇ္ဈတ္တသန္တာန်၌ဖြစ်သော အစီးအပွားရှိခြင်းငှာဖြစ်သလော

၁။ အဘိ၊ ဋ္ဌ။ ၂၊ ၁၃၈။

စာမျက်နှာ-275
(သို့မဟုတ်) အစီးအပွားမဲ့ခြင်းငှာဖြစ်သလောဟု (မိန့်တော်မူ၏) အစီးအပွားမဲ့ခြင်းငှာဖြစ်ပါသည် အရှင်ဘုရား။

ကာလာမမင်းတို့ တွေဝေသောပုဂ္ဂိုလ်သည် တွေဝေခြင်းမောဟနှိပ်စက်အပ် သိမ်းယူအပ်သောစိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်းသတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်းသွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏။ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏။ ယင်းသူတစ်ပါး အသက်သတ်ခြင်း သတ်စေခြင်း စသည်တို့သည် ထိုသူအား ကြာမြင့်စွာသောကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်နိုင်သည်မဟုတ်လောဟု မိန့်တော်မူ၏။ ဖြစ်နိုင်ပါသည်အရှင်ဘုရား။” ၁

လောကီကုသိုလ်မှုများလည်း မဖြောင့်မှန်သောအကျင့်ပင်

ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်ခြင်းဟူသည် ဆိုးဝါးယုတ်မာသော အကုသိုလ်များကို ပြုကျင့်ခြင်းမျိုးသာမဟုတ်ပေ။ လူ၊ နတ်၊ ဗြဟ္မာတို့၏ စည်းစိမ်တို့ကို မျှော်လင့်တောင့်တ၍ လောကီကုသိုလ်များကို အားထုတ်ခြင်းသည်လည်း ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်မှုလမ်းစဉ်ပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ယင်းအားထုတ်မှုများသည် မဂ်ကုသိုလ်ကဲ့သို့ ဘဝသံသရာမှ တိုက်ရိုက်လွတ်မြောက်ကြောင်းမဟုတ်သောကြောင့်လည်းကောင်း၊ ထိုအားထုတ်မှုကြောင့် ဖြစ်ပေါ်လာသည့် လူ၊ နတ်၊ ဗြဟ္မာတို့၏ စည်းစိမ်မှာလည်း ကိုယ်စိတ်နှစ်ဖြာ လွန်စွာပင်ပန်းဆင်းရဲမှု(ဒုက္ခဒုက္ခ)၊ ထူထောင်ဖန်တီးရမှု၊ စောင့်ရှောက်ရမှု(သင်္ခါရဒုက္ခ)၊

၁။ အံ၊ ၁၊ ၁၊ မြန်မာပြန်။ ၂၀၇။

စာမျက်နှာ-276
နောက်ဆုံးတွင် ပျက်စီးဆုံးရှုံးရမှု(ဝိပရိဏာမဒုက္ခ)တွေနှင့် ပြည့်နှက်နေသောကြောင့်လည်းကောင်း ဖြစ်ပေသည်။

ချဲ့ဦးအံ့... ရုပ်နာမ်ခန္ဓာရှိနေသူမှန်သမျှသည် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုသည့် အစဉ်အလာ ရိုးရာဒုက္ခကြီးများနှင့် မလွဲမသွေ ရင်ဆိုင်ကြရပေသည်။ ချစ်သူများနှင့်ကွဲရခြင်း၊ မုန်းသူများနှင့်တွဲရခြင်း၊ လိုအင်ဆန္ဒမပြည့်ဝခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ စားဝတ်နေရေး အဆင်မပြေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒုက္ခတွေကို လူချမ်းသာဆိုတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာပင် စုံစုံလင်လင် တွေ့နေရပါသည်။

နတ်ပြည်၊ ဗြဟ္မာပြည်တို့မှာ အတော်အတန် ဒုက္ခနည်းသည်ဟုဆိုရသော်လည်း ကြီးကျယ်ခမ်းနားလှသောသူတို့၏ စည်းစိမ်များပျက်စီးခါနီးဝယ် စည်းစိမ်ကြီးသလောက် ဒုက္ခမီးတောက်ရသည်။ ထို့ကြောင့် လူ၊ နတ်၊ ဗြဟ္မာတို့၌ရှိသော ချမ်းသာအပေါင်းသည် မြွေပွေးကို ခါးပိုက်၌ပိုက်ထားရသကဲ့သို့ တစ်ချိန်တွင် အမှန်ဒုက္ခပေးမည့် ဒုက္ခလောင်းချမ်းသာများဖြစ်ကြသည်။

သို့တစေလည်း ဉာဏ်မျက်စိအလင်းမရ မောဟမှောင်ကျနေသော လောဘသားတို့သည် ထိုဒုက္ခတုံးဒုက္ခခဲတွေကို သုခပဲဟု အထင်လွဲကာ လူ၊ နတ်၊ ဗြဟ္မာတို့၏ စည်းစိမ်ချမ်းသာများကိုပင် တောင့်တလျက် ပျားရည်လူးထားသော ဓားသွားကို လျှာဖြင့် စုံစုံမက်မက် လျက်စားသကဲ့သို့လည်းကောင်း၊ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့လည်းကောင်း၊ ကိုယ်ကျိုးနည်းစရာ ချမ်းသာဖွယ်အဖြာဖြာကို တဏှာဖြင့်မက်မောပြီး လောကီကုသိုလ်များကို ပြုကြလေသည်။ သူတို့သည် “မောဟထူထပ်၊ တောသွားသွပ်လျင်၊ တံလျှပ်ကိုရေ၊ မှတ်မှားချေ၍၊ လိုက်လေလိုက်လေ၊ ငတ်မပြေ” ဆိုသကဲ့သို့ ချမ်းသာစစ် မဟုတ်သည့်အတွက် အာသာဆန္ဒမပြည့်နိုင်သည့် ထိုချမ်းသာတု

စာမျက်နှာ-277
သာတုချမ်းသာယောင်များတွင် ထပ်တလဲလဲ ယစ်မူးနစ်မြောနေကြပေသည်။ အထူးသဖြင့် ကမ္ဘာပေါင်း သောင်းနှင့်ချီ၍ အသက်ရှည်ကြသော အရူပဗြဟ္မာကြီးများပင် တစ်နေ့တွင် ဆုံးရှုံးပျက်စီးရသော ဝိပရိဏာမဒုက္ခဆိုးနှင့် မုချတိုးရပေသည်။ အရူပဘုံသို့ရောက်ရန်အတွက် အားထုတ်ထူထောင်ရသည့် သင်္ခါရဒုက္ခမှာလည်း မနှိုင်းယှဉ်လောက်အောင် ဆင်းရဲလှသည်။ သို့သော် မောဟလှည့်စားထားမှုကြောင့် (အနိစ္စမထင်လောက်အောင် အသက်ရှည်သော) အရူပဗြဟ္မာခန္ဓာသည် မပျက်မစီး မပြိုမကွဲ အမြဲထာဝရတည်သည်၊ အရူပဗြဟ္မာစည်းစိမ်များသည် တကယ့်မက်မောဖွယ်ရာ ချမ်းသာများပေတည်းဟု အထင်လွဲကာ မျက်စိလည်လမ်းမှားသူသည် မြေဘုတ်ဘီလူးတို့၏ မြို့သို့ ဝင်မှားမိသကဲ့သို့ အရူပကုသိုလ်များကို မက်မက်မောမော ကြိုးစားအားထုတ်ကြပေသည်။

ထို့ကြောင့် ဗုဒ္ဓဘုရားကိုယ်တိုင် ဝိဘင်းပါဠိတော် ပဋိစ္စသမုပ္ပာဒ် ဝိဘင်း၌ “အဝိဇ္ဇာ (မောဟ) က သစ္စာလေးပါးကို ဖုံးကွယ်ထားသောကြောင့် မကောင်းမှုဒုစရိုက်ကိုလည်းပြုကြသည်၊ ကာမကုသိုလ်၊ ရူပကုသိုလ်ခေါ်တဲ့ ဒါန၊ သီလ၊ ဘာဝနာများကိုလည်းပြုကြသည်၊ (ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သော အရူပဘုံသို့ရောက်ကြောင်း) အရူပကုသိုလ်များကိုလည်း အားထုတ်ကြသည်” ဟု ဟောထားပါသည်။ ဤအဓိပ္ပာယ်ကိုရည်ညွှန်း၍ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ပဋိစ္စသမုပ္ပာဒ်ဒီပနီတွင်...

ဘဝနောင်ခါ၊ သံသရာဝယ်၊ လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အစဉ်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်းစေလိုဟု၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုးကြိုးစားစား၊ ပြုလိုငြားက၊ ဆယ်ပါးပုည၊ အာနေဉ္ဇဟု၊ ဘဝနှီးရင်း၊ ပွားတုံလျှင်းသည်၊ ဝဋ်ခင်းဝဋ်နွယ်ရှည် သတည်းဟု ရေးသားခဲ့ပါသည်။ ၁

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၁၃၈။

စာမျက်နှာ-278

ဘဝလွတ်မြောက်ရေးကုသိုလ်များ ကျင့်စဉ်မှားတွင်မပါဝင်

သို့သော် ဤနေရာ၌ ဒါန၊ သီလ၊ ဘာဝနာ စသည့် ကုသိုလ်များကို အခါခပ်သိမ်း ဖြောင့်မတ်သောကျင့်စဉ်မဟုတ်ဟု မဆိုလိုပါ။ လူ၊ နတ်၊ ဗြဟ္မာတို့၏ ခန္ဓာစည်းစိမ်တို့ကို ရယူလိုသောဦးတည်ချက်ဖြင့် ပြုလုပ်သော ဘဝလည်ပတ်ရေး ကုသိုလ်များကိုသာ ဖြောင့်မှန်စွာ မကျင့်ဟုဆိုရပါသည်။ ဘဝစက်ဝန်း (သံသရာ) မှ လွတ်မြောက်ရန်အတွက် ရုန်းကန်လှုပ်ရှားသည့်အသွင်ဖြင့် ပြုလုပ်သော လောကီကုသိုလ်များမှာ (ဝါ) မဂ်ဖိုလ်နိဗ္ဗာန်တို့၏ အခြေခံအကြောင်းတစ်ရပ် အနေဖြင့် အားထုတ်သည့် ပါရမီလောကီကုသိုလ်များမှာမူ ဖြောင့်မှန်သောကျင့်စဉ် (သမ္မာပဋိပဒါ) များပင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘဝလွတ်မြောက်ရေး (ဝိဝဋနိဿိတ) ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များကို အထူးသဖြင့် ဝိပဿနာလောကီကုသိုလ်များကို အခြေမပြုဘဲ မဂ်ကုသိုလ်တို့ကို မရနိုင်သောကြောင့်ဖြစ်သည်။

သစ္စာနှစ်ပါး၌ အမြင်မှား၍ အလွဲကျင့်ပုံ

ထို့ပြင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအစစ် (နိရောဓသစ္စာ) ၌လည်းကောင်း၊ ယင်းချုပ်ငြိမ်းရာသို့ ပို့ဆောင်နိုင်သည့် ကျင့်စဉ်မှန် (မဂ္ဂသစ္စာ) ၌ လည်းကောင်း မောဟဖုံးကွယ်ထားသောကြောင့် အချို့ပုဂ္ဂိုလ်တို့သည် နတ်ပြည် ဗြဟ္မာပြည်တို့ကိုပင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ သေခြင်းကင်းရာဟူ၍ အလွဲအမှား ယူဆကြသည်။ ထိုဘုံများသို့ရောက်ကြောင်းများကိုလည်း အမျိုးမျိုးကြံဆ၍ ယင်းတို့ကိုပင် ကျင့်စဉ်မှန်ဟု ထင်ကြသည်။

၁။ ပဋိစ္စသမုပ္ပာဒ်ဒီပနီ၊ ၃၇။

စာမျက်နှာ-279
ထင်ကြသည်။ ထို့ကြောင့် သူတို့အလိုအားဖြင့် ဒုက္ခချုပ်ငြိမ်းရာ ထိုဘုံများသို့ရောက်ရန်အတွက် ခွေး၊ ဝက်၊ ဆိတ်၊ နွား... စသည့် သားကောင်များဖြင့် ယဇ်ပူဇော်ကြခြင်း၊ သေလုနီးပါး အကြီးအကျယ်ကျင့်ခြင်း၊ လူတို့ကဲ့သို့ မြန်မြန်မသေနိုင်သည့် နတ်များဖြစ်အောင် ခြိုးခြံစွာကျင့်ခြင်း စသည့်ကျင့်နည်းများကိုလည်းကောင်း၊ ကိလေသာအစိုပျောက်၍ လူ့ဘုံများသို့ရောက်အောင် နေပူကျဲကျဲတွင် လေးဘက်လေးတန်၌ မီးပုံကြီးလေးပုံတို့ကို ဖိုပြီး အလယ်တွင် လူဝင်နေ၍ (ခေါင်းပေါ်တွင်နေပူ၊ နံဘေးလေးဘက်တွင်မီးပူ) အပူငါးမျိုးခံကာ ကျင့်သည့် ပဉ္စာတပခေါ် ကျင့်စဉ်မျိုးကိုလည်းကောင်း ကျင့်ကြံအားထုတ်လေ့ရှိကြသည်။ အမှန်စင်စစ် ယင်းကျင့်နည်းကျင့်ဟန်များကား မောဟဖုံးကွယ်ထားမှုကြောင့် အယူအဆလွဲကာကျင့်ကြသည့် ဖောက်ပြန်သောကျင့်စဉ်များပင် ဖြစ်သည်။ ၁

မောဟကြောင့် အတ္တဝါဒအယူမှားပေါ်လာပုံ

ဘုရားမပွင့်မီ ရှေးအခါကပင် အချို့သောပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးတို့၏ နောက်ဆုံး ရွေ့လျောချုပ်ငြိမ်းခြင်း (စုတိ) နှင့် ခန္ဓာငါးပါးတို့၏ ထင်ရှားစွာဖြစ်ပေါ်လာခြင်း (ပဋိသန္ဓေ) စသည်တို့၌ သဘောမှန်ကိုမမြင်အောင် မောဟက ဖုံးကွယ်ထားသောကြောင့် အယူအဆလွဲမှားခဲ့ကြသည်။ သူတို့သည် သေဆုံးပျက်စီးခြင်းနှင့်ပတ်သက်၍ ဘဝတစ်ခုတွင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ နောက်ဆုံးပျက်စီးမှုသည် သေခြင်း (မရဏ) ဖြစ်သည်ဟု အမှန်အတိုင်း မမြင်ကြဘဲ သတ္တဝါခေါ်သည့် အတ္တသည် သေဆုံး၏။ ထိုအတ္တသည် ဤခန္ဓာကိုယ်မှ အခြားခန္ဓာကိုယ်တစ်ခုသို့ ပြောင်းရွှေ့သွားသည်ဟု အလွဲအမှားယူဆကြသည်။ ထို့အတူ ထိုထိုဘဝစသည်တို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ထင်ထင်ရှားရှား

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၁၃၈။

စာမျက်နှာ-280
စတင်ဖြစ်ပေါ်လာမှုကို ပဋိသန္ဓေဟု မှန်ကန်စွာမသိသောကြောင့် သတ္တဝါခေါ်သည့် အတ္တသည် ဖြစ်ပေါ်လာသည်။ အတ္တအား ခန္ဓာကိုယ် အသစ်ထင်ရှားဖြစ်လာသည် စသည်ဖြင့် ဖောက်လွဲဖောက်ပြန် ကြံစည်တွေးခေါ်ကြပြန်သည်။

အချို့သောသူများကလည်း ရုပ်နာမ်ခန္ဓာတို့၏ ဘဝစက်ဝန်းလည်ကာ အဆက်မပြတ် တရစပ်ဖြစ်နေခြင်းကို “သံသရာ” ခေါ်သည်ဟု တိကျစွာမသိသောကြောင့် အတ္တသည် ယခုလက်ရှိဘဝမှ နောင်တမလွန်ဘဝသို့ ပြောင်းရွှေ့သွားသည်။ နောင်တမလွန်ဘဝမှ ယခုဘဝသို့ရောက်လာသည်ဟု မှားယွင်းစွာယူဆကြသည်။ ရုပ်နာမ်တရားတို့၏ သဘောလက္ခဏာတို့၌ တွေဝေသောသူတို့ကမူ ရုပ်တရားတို့၏ ဖောက်ပြန်ခြင်း (ရုပ္ပန)၊ နာမ်တရားတို့၏ အာရုံသို့ ညွတ်ကိုင်းခြင်း (နမန)၊ ရုပ်နာမ်တရားတို့၏ မမြဲခြင်း (အနိစ္စ) စသော သာမန်သဘောလက္ခဏာတို့ကိုလည်းကောင်း၊ စိတ်၏ အာရုံကိုသိခြင်း (အာရမ္မဏဝိဇာနန)၊ ဖဿစေတသိက်၏ အာရုံကိုတွေ့ထိခြင်း (ဖုသန)၊ ပထဝီရုပ်၏ ကြမ်းတမ်းခက်မာခြင်း (ကက္ခဠ) စသော ကိုယ်ပိုင်သဘောလက္ခဏာတို့ကိုလည်းကောင်း အမှန်အတိုင်း မသိသဖြင့် ယင်းရုပ်နာမ်တရားကိုပင် ငါ, ငါ့ဥစ္စာဟုလည်းကောင်း၊ ငါမြဲ၏၊ ငါချမ်းသာ၏၊ ငါတွေ့ထိ၏ဟုလည်းကောင်း ဖောက်လွဲဖောက်ပြန် ကြံဖန်ယူဆကြသည်။

အဝိဇ္ဇာစသော အကြောင်းတရားများကြောင့် သင်္ခါရစသော အကျိုးတရားများ ဖြစ်ပေါ်လာခြင်း ပဋိစ္စသမုပ္ပာဒ်သဘောကို ယထာဘူတကျကျမသိသော သင်္ချာဒဿနိကကျမ်းဆရာ ကာပိလရသေ့ စသည်တို့က “အတ္တသည် အကြောင်းကျိုးတို့ကို ကိုယ်တိုင်သိသည်” ဟု ယူဆကြသည်။ သို့သော် ဝိသေသိကဒဿနကျမ်းဆရာ ကာဏာဒရသေ့ စသည်တို့ကမူ “အတ္တသည် အကြောင်းအကျိုးကို သူဘာသာမသိ၊

စာမျက်နှာ-281
ဗုဒ္ဓိဟူသောပညာဂုဏ်နှင့် ပေါင်းဆုံမှသိသည်။ အခြားသောဘဝ၌ ချမ်းသာဆင်းရဲတို့ကို ခံစားသောအတ္တသည်ပင် ကောင်းမှု၊ မကောင်းမှုကို ကိုယ်တိုင်ပြုသည်။ သူတစ်ပါးကိုလည်းပြုစေသည်။ အတ္တသည် ပဋိသန္ဓေအခါ၌ဖြစ်သည်။ အတ္တသည် အဏုမြူမှဖြစ်လာသည်။ ပရမေသွာဗြဟ္မာစသော တန်ခိုးရှင် (ဣဿရ) တို့က ဖန်ဆင်း၍ဖြစ်လာသည်။ ယင်းအတ္တသည် မျက်စိစသော ကိုယ်အင်္ဂါအစိတ်အပိုင်း (ဣန္ဒြေ) တို့နှင့်ပြည့်စုံလာ၍ တွေ့ထိတတ်၏။ ခံစားတတ်၏၊ တပ်မက်တတ်၏၊ စွဲလမ်းတတ်၏၊ စေ့ဆော်တတ်၏။ ထိုအတ္တသည်ပင် တစ်ဖန် ဘဝသစ်တစ်ခု၌ဖြစ်ပြန်၏။ အတ္တသည် မပြတ်သောကြိုးဖြင့် သီကုံးထားသည့် မကွဲသောရွဲလုံးပုတီးလုံးပမာ ရှေ့နောက်အစဉ်အားဖြင့် လူ၊ နတ်၊ ငှက်စသော ဘဝအထူးသို့ ရောက်ရသည်” ဟု မှားယွင်းသောမိစ္ဆာဝါဒများကို ယူဆရာမှ အတ္တဝါဒပေါ်ပေါက်လာခဲ့သည်။ ယင်းဝါဒသည် ယခုခေတ်အထိ မောဟမှောင်မိနေကြသော လောဘသားတွေသန္တာန်၌ လွှမ်းမိုးမင်းမူဆဲပင် ရှိသေးသည်။ ၁

ယင်းဝါဒ၏ သဘောအချုပ်ကား “အတ္တသည် သတ္တဝါတို့၏ ခန္ဓာကိုယ်ကိုလည်းကောင်း၊ တစ်လောကလုံးကိုလည်းကောင်း အစိုးရလျက် မပျက်မစီး အမြဲတည်နေသော အနှစ်သာရ အမာခံသဘောတရား” ဟု စွဲကိုင်ထားသော အယူပေတည်း။ သို့သော် လူတို့၏အတ္တကို သမ္မာဒိဋ္ဌိခေါ် ပရမတ်မှန်ဘီလူးဖြင့် စစ်ဆေးကြည့်ရှုခဲ့ပါက အတ္တခေါ်ဆိုနိုင်သည့် မည်သည့်အရာကိုမျှ ရှာဖွေမတွေ့ရှိနိုင်ပါ။ စင်စစ်အားဖြင့် သူတို့၏အတ္တဝါဒမှာ သူတို့သန္တာန်၌ မောဟမှောင် စိုးမိုးနေသောကြောင့် ပရမတ္ထသဘာဝတို့ကို အတိအကျသိခွင့်မရကြသဖြင့် ဆင်ဆိုသည်မှာ မြွေနှင့်တူသည်... စသည်ဖြင့် ရမ်းဆပြောဆိုကြသော

၁။ အဘိဓမ္မာ၊ ဋ္ဌ၊ ၂။ ၁၄၁။ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ၊ ဒု။ ၂၉၃။

စာမျက်နှာ-282
မျက်မမြင်ပုဏ္ဏားခြောက်ယောက်ပမာ မှန်းဆတွေးခေါ်၍ အမှန်တရားဟု မြဲမြံစွာ ဆုပ်ကိုင်ထားသော အယူဝါဒမှားသာ ဖြစ်ပေသည်။

ဝမ်းတွင်းကန်းသူနှင့် သံသရာခရီးသည်

မောဟတိမ်သလာကြောင့် အမြင်မှန်မရဘဲ ကျင့်နည်းကျင့်ဟန် တစ်ဖြောင့်တည်းမဖြစ်နိုင်ပုံကို ဝမ်းတွင်းကန်းဥပမာဖြင့် ရှင်းပြပါဦးမည်။ အမိဝမ်းတွင်း ပဋိသန္ဓေနေစဉ်ကပင် မျက်စိနှစ်ကွင်း အလင်းမရရှာသော ဝမ်းတွင်းကန်းသည် တုတ်ဆွဲခေါ်ဆောင်မည့် ရှေ့ဆောင်လမ်းပြမပါဘဲ တစ်ယောက်တည်း ခရီးသွားဖို့ မလွယ်ကူပါချေ။ အကယ်၍ ကိုယ့်အားကိုယ်ကိုးကာ ဇွတ်တိုးပြီး တစ်ကိုယ်တည်းသွားခဲ့ပါသော် တစ်ခါတစ်ရံတွင်သာ ကြက်ကန်းဆန်အိုးတိုးမိသည့်ပမာ လမ်းကောင်းလမ်းဖြောင့်တို့ကို လျှောက်မိနိုင်ပါသည်။ ယေဘုယျအားဖြင့် ချိုင့်၊ တွင်း၊ ဆူး၊ ခရောင်း၊ ကမူတို့ဖြင့် တင်းကြမ်းပြည့်နေသည့် လမ်းဆိုး၊ လမ်းကောက်၊ လမ်းကွေ့တို့ကိုပင် နင်းကျော်၍ လျှောက်သွားရပေသည်။ ၁

ထို့အတူ ပုထုဇဉ်သတ္တဝါ စသည့်ဘဝခရီးသည်များမှာလည်း အဝိဇ္ဇာ (မောဟ) တိမ်လွှာဖုံးကွယ်ထားမှုကြောင့် အာရုံ၏အမှန်သဘောတို့ကိုမမြင်သော ဝမ်းတွင်းကန်းများဖြစ်ကြသည်။ သူတို့သည် (သစ္စာလေးပါးကို သိမြင်နိုင်စွမ်းသော) ဉာဏ်တည်းဟူသော ရှေ့ဆောင်လမ်းပြ အဖော်မွန်မှ ဆိတ်သုဉ်းနေသူများဖြစ်သည်။ သို့အတွက် သံသရာခရီးကို မောဟမှောင်အောက်တွင် စမ်းတဝါးဝါးဖြင့် လှည့်ပတ်သွားကြရာတွင် ရံဖန်ရံခါသာ အခန့်သင့်၍ လောကီကုသိုလ်မှုများကို ပြုမိကြသည်။ အများအားဖြင့်မူ အကုသိုလ်ဒုစရိုက်မှုများကိုသာ ကျူးလွန်မိကြသည်။

၁။ အဘိ၊ ဋ္ဌ၊ ၂၊ ၁၄၁၊ ၁၄၂။

စာမျက်နှာ-283

(ခ) ပညာမျက်စိကို ကန်းအောင်ပြုတတ်သော အမှောင်တရားမျိုး

အစဉ်အလာအားဖြင့် ကန်းသူ

မောဟ၏ ပညာမျက်စိကိုကန်းအောင်ပြုတတ်ပုံနှင့် ပတ်သက်၍ လက္ခဏခန်းတွင် အကျယ်တဝင့် ရှင်းလင်းပြခဲ့ပြီ။ ဤပစ္စုပဋ္ဌာန်ခန်းတွင် ရှေ့ကမတင်ပြခဲ့ရသေးသည့် အကြောင်းအရာတို့ကိုသာ အနည်းငယ်ရှင်းပြပါမည်။ မောဟနှင့်ဉာဏ်တို့သည် အမှောင်နှင့် အလင်းရောင်ပမာ ဆန့်ကျင်ကြပုံကို တင်ပြခဲ့ပြီးပါပြီ။ ထိုအရာ နှစ်မျိုးသည် တစ်ပြိုင်နက်တည်း မဖြစ်နိုင်ကြပါ။ ဉာဏ်အလင်းရောင် ထွန်းပနေချိန်တွင် မောဟမှောင်ပျောက်ကွယ်နေသလို မောဟမှောင်မင်းမူနေချိန်တွင် ဉာဏ်အလင်းရောင်ကြီး ကွယ်ပျောက်နေပါသည်။

အချို့သူများသည် မွေးကတည်းကပင် မျိုးရိုးစဉ်လာ အယူဘာသာအလျောက် မောဟမှောင်ရိပ်အောက်တွင် ကြီးပြင်းလာခဲ့ကြရသည်။ ထို့ကြောင့် သူတို့သည် လောကအကြောင်းကို စူးစမ်းနေချိန်မှာပင် ဆိတ်၊ နွား၊ ကြက်၊ ငှက်... စသည့် သူတစ်ပါးတို့၏အသက်ကို သတ်လျှင် အပြစ်မဖြစ်၊ အရက်သေစာသောက်စားကောင်းသည်။ သတ္တဝါတွေကိုလည်းကောင်း၊ သတ္တဝါတွေ၏ ဆင်းရဲချမ်းသာမှုကိုလည်းကောင်း ဘုရားသခင်က ဖန်ဆင်းပေးသည်... စသည်ဖြင့် ခံယူချက်ရှိလာကြသည်။ သူတို့ကား ထူပိန်းသည့်မောဟမှောင်၏ လွှမ်းခြုံမှုကို အမြဲလိုလိုခံနေကြရသဖြင့် အကောင်းအဆိုးကိုလည်း ခွဲခြားမမြင်၊ အကြောင်းအကျိုးဆက်သွယ်ဖြစ်နေပုံကိုလည်း မသိသော မျက်ကန်းပုထုဇဉ် လူတန်းစားများဖြစ်ကြသည်။

ထို့ကြောင့် ဘာသာခြားအမျိုးသမီးတစ်ဦးက “ရှင်တို့ ဗုဒ္ဓဘာသာဝင်တွေက မသိတဲ့အဝိဇ္ဇာကြောင့် ဖြစ်တယ်လို့ချည်း ပြောနေ

စာမျက်နှာ-284
ကြတယ်။ မသိတာကနေပြီး အချိုးတကျ အကောင်းအမွန်တွေဟာ မဖြစ်နိုင်ပါဘူး။ ကြည့်ပါ။ ကုလားထိုင်တစ်ခုကိုဆိုရင် အသိဉာဏ်နဲ့ လုပ်မှပဲဖြစ်နိုင်ပါတယ်။ ပန်းကန်တစ်လုံးဆိုရင်လည်း အသိဉာဏ်နဲ့ လုပ်မှဖြစ်နိုင်ပါတယ်။ လူတွေသတ္တဝါတွေဖြစ်အောင် ကမ္ဘာမြေကြီးနှင့်တကွ သစ်ပင်၊ တော၊ တောင်၊ လ၊ နေ၊ ကြယ်... စသည်ဖြစ်အောင်လည်း အသိဉာဏ်နဲ့လုပ်မှသာ ဖြစ်ဖို့ရှိပါတယ်။ ဒါကြောင့် ရှင်တို့ပြောတဲ့အတိုင်း မသိတဲ့အဝိဇ္ဇာကြောင့်ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ဘုရားသခင်က အသိဉာဏ်နှင့် အချိုးတကျဖန်ဆင်းထားလို့ ဖြစ်နေတာသာ ဖြစ်သင့်ပါတယ်” လို့ ပြောသတဲ့ဟု မဟာစည်ဆရာတော်ဘုရား ရေးသားသော ပဋိစ္စသမုပ္ပါဒ်တရားတော် စာမျက်နှာ (၂၈၉) တွင် တွေ့ရပါသည်။ အမှန်မှာ ထိုအမျိုးသမီး၏သန္တာန်ဝယ် ကာလကြာညောင်းစွာ ထပ်တလဲလဲဖုံးကွယ်လာခဲ့သော မောဟက ကြောင်းကျိုးဆက်သွယ်၍ဖြစ်နေပုံ သဘာဝကို သိစွမ်းနိုင်သည့် ဉာဏ်မျက်စိကို ကန်းအောင်ပြုထားသောကြောင့်သာ ယင်းသို့ယူဆပြောဆိုခြင်းပင်ဖြစ်သည်။

ရံဖန်ရံခါကန်းသူ

အချို့ပုဂ္ဂိုလ်များကတော့ မွေးကတည်းက ပညာသူတော်ကောင်း အမိ အဖများမှ မွေးဖွားလာ၍ (သပ္ပုရိသူပနိဿယ) အယူမှန်ကို ယူနိုင်ခွင့်ရှိသောအရပ် (ပတိရူပဒေသ) တွင် ကြီးပြင်းလာခဲ့ကြသည်။ သူတို့သည် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ခွဲခြားသိမြင်၍ အကုသိုလ်ကံတို့၏ အပြစ်ရှိသည့် သဘော၊ ဆိုးကျိုးကိုဖန်တီးတတ်သည့်သဘော၊ ကုသိုလ်ကံတို့၏ မွန်မြတ်ဖြူစင်သည့်သဘော၊ ကောင်းကျိုးကိုစီမံတတ်သည့်သဘော တို့ကို သိကြသည်။ ထိုမှ တစ်ဆင့်တက်၍ သတ္တဝါများဖြစ်ပေါ်လာမှုကိုလည်းကောင်း၊ သတ္တဝါများ၏ဆင်းရဲမှု၊ ချမ်းသာမှုတို့ကိုလည်းကောင်း၊ ဘုရားသခင်ဖန်ဆင်းပေးသည်မဟုတ်။ “ဘယ်သူမပြုမိမိမူ”

စာမျက်နှာ-285
ဆိုသကဲ့သို့ မိမိကိုယ်တိုင်ပြုလုပ်ခဲ့သည့် ကောင်းမှု မကောင်းမှုကသာ ဖန်တီးပေးခြင်းဖြစ်သည်ဟူသော ကြောင်းကျိုးပြ ပဋိစ္စသမုပ္ပါဒ်သဘောတရားအထိ နားလည်သိမြင်သော ပညာရှင်ကြီးများဖြစ်လာကြသည်။

သို့ပင်ဖြစ်စေကာမူ ထိုပညာရှင်ကြီးများပင်လျှင် စိတ်အစဉ်တွင် မောဟဝင်ရောက်လာသည့်အခါ လတ်တလောတွင် အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ခွဲခြား၍ မသိတော့ဘဲ ဒုစရိုက်မှုများကို ပြုမိတတ်ကြသည်။ သို့ဖြစ်၍ မောဟကား ရှိပြီးသားပညာမျက်စိကိုပင် ကန်းအောင်ပြုတတ်သော သဘောတရားပေတည်း။ ထို့ကြောင့် ဘုရားရှင်က ဣတိဝုတ်ပါဠိတော်၊ တိကနိပါတ်၊ အန္တရာမလသုတ်တွင်...

“မောဟသည် သူ့အကျိုး ကိုယ့်အကျိုး နှစ်မျိုးလုံးကို ဖျက်ဆီးတတ်၏။ ဖြူစင်သောစိတ်ကို မကြည်လင် မသန့်ရှင်းအောင် (ဝါ) ဖောက်ပြန်ပျက်စီးအောင် ဖန်တီးတတ်၏။ သတ္တဝါတို့၏စိတ်အစဉ်တွင် မောဟဝင်လာသည့်အခါ ယင်းသတ္တဝါသည် အကျိုးစီးပွားပျက်စီးခြင်း စသည့်ဘေးကို လုံးဝပင်မသိနိုင်ပေ။ မောဟမှောင်မိ၍ တွေဝေနေသောသူသည် အကျိုးစီးပွားကိုလည်းမသိ၊ ကောင်းမှုသုစရိုက်တရားကိုလည်းမမြင်၊ အကြင်အခါ၌ မောဟသည် (စိတ်အစဉ်တွင်ဝင်၍) သတ္တဝါကို နှိပ်စက်၏။ ထိုအခါ၌လည်း သတ္တဝါသည် ပညာမျက်စိကန်းကာ အမိုက်မှောင်ကြီးကျနေ၏” ဟု ဟောတော်မူခဲ့သည်။

တံခါးမင်းတုပ်ဥပမာ

ဥပမာအားဖြင့် မောဟသည် တံခါးမင်းတုပ်နှင့် တူပါသည်။ ရှေးအခါက မြို့ရွာများ

စာမျက်နှာ-286
တွင် တံခါးများတပ်ဆင်ထားလေ့ရှိပါသည်။ အကာလညအခါ စသည့်အချိန်များတွင် တံခါးများတွင် မင်းတုပ်များကို ကန့်လန့်ချထားလေ့ရှိကြသည်။ ထိုအခါမှာ မြို့ပြင်မှလူများ မြို့တွင်းသို့မဝင်နိုင်သလို မြို့တွင်းကလူများကလည်း မြို့ပြင်သို့မထွက်နိုင်ကြဘဲ အတွင်းနှင့်အပြင် သွားလာမှု အဆက်ပြတ်သွားပါသည်။

ထိုနည်းတူစွာ မိမိ၏ခန္ဓာငါးပါးတည်းဟူသော မြို့တော်တွင် မနောဒွါရတံခါးပေါက်၌ မောဟဝင်ရောက်ပိတ်ဆို့နေခဲ့ပါလျှင် အာရုံ၏သဘာဝကို ယထာဘူတကျကျ သိမြင်၍ နိဗ္ဗာန်တိုင် ပို့ဆောင်နိုင်စွမ်းသော ဉာဏ်၏သွားလာမှုသည် လုံးလုံးအဆက်ပြတ်သွားပါတော့သည်။ ထို့ကြောင့် တရားအားထုတ်သူ ယောဂီပုဂ္ဂိုလ်တို့သည် မောဟစေတသိက်၏သဘောကို ဆင်ခြင်အကဲခတ်သည့်အခါ၌ “မောဟကား ပညာမျက်စိကို ကန်းအောင်ပြုတတ်သော အမှောင်တရားမျိုးပါလား” ဟု သူတို့၏ဉာဏ်တွင် ထင်လာမြင်လာခြင်း ဖြစ်ပါသည်။

ဤဥပမာ၌ သတ္တဝါတို့၏ ခန္ဓာနှင့် မြို့ရွာ၊ မနောဒွါရနှင့် မြို့တံခါး၊ မောဟနှင့် တံခါးကျည်မင်းတုပ်၊ မနောဒွါရတွင် မောဟဝင်ရောက်ခြင်းနှင့် မြို့တံခါးတွင် တံခါးကျည်မင်းတုပ်ချထားခြင်း၊ မနောဒွါရသို့ ပညာစေတသိက် မဝင်ရောက်နိုင်ခြင်းနှင့် မြို့တွင်းသို့ လူများမဝင်နိုင်ခြင်းတို့ အသီးသီးတူညီကြပါသည်။ ၁

၄။ မောဟစေတသိက်၏ ပဒဋ္ဌာန်

မောဟစေတသိက်မှာ မသင့်မလျော် လွဲချော်သောနည်းလမ်းဖြင့် ဆင်ခြင်နှလုံးသွင်းခြင်း (အယောနိသောမနသိကာရ) ဟူသော နီးကပ်သောအကြောင်း (ပဒဋ္ဌာန်) ရှိသည်။

၁။ အဘိဓမ္မာ၊ ဋ္ဌ၊ ၂။ ၁၃၃။

စာမျက်နှာ-287

အယောနိသော မနသိကာရနှင့် ယောနိသော မနသိကာရ

အာရုံကိုမသင့်လျော်သော နည်းလမ်းဖြင့် နှလုံးသွင်း ဆင်ခြင်မှုမျိုးကို အယောနိသော မနသိကာရ (အယောနိသော = မသင့်မလျော်သောနည်းလမ်း၊ (ဝါ) အကြောင်းအားဖြင့် + မနသိကာရ = နှလုံးသွင်းမှု) ဟု ခေါ်ပါသည်။ မသင့်မလျော်သောနည်းလမ်း၊ (ဝါ) အကြောင်းဟူသော အနက်သည် အယောနိသဒ္ဒါ၏ရင်းမြစ်၊ (ဝါ) ပင်ရင်း အနက်ဖြစ်သည်။ ဆင့်ပွား အနက်အနေဖြင့်ကား အယောနိသဒ္ဒါသည် ဆိုးသော၊ မကောင်းသော၊ လွဲမှားသော၊ ဖောက်ပြန်သော နည်းလမ်းဟူသော အနက်များကို ဟောသည်။

ထို့ကြောင့် အာရုံထင်စရာ ကိရိယာခြောက်ခု (မျက်စိ..စသော ရုပ်ဝတ္ထု ၅ ခု + ဘဝင်စိတ်) ၌ ထင်လာ ထိခိုက်လာသော အာရုံများကို အဆိုးရှုထောင့်၊ (ဝါ) မမှန်မကန်ဖောက်ပြန်သော ရှုထောင့်မှ ရှုမြင်၍ နှလုံးသွင်းမှုမျိုးကိုလည်း တစ်နည်းအားဖြင့် အယောနိသော မနသိကာရဟု ခေါ်သည်။ ထိုတရားနှင့်ဆန့်ကျင်ဘက်ကား ထင်လာသောအာရုံကို အကောင်းရှုထောင့် (ဝါ) မှန်ကန်သော ရှုထောင့်မှ ရှုမြင်၍ နှလုံးသွင်းလိမ္မာမှုသဘောကိုဆောင်သည့် ယောနိသော မနသိကာရ (သင့်လျော်သောနည်းလမ်းအားဖြင့် နှလုံးသွင်းမှု) ဖြစ်သည်။

ယင်းသို့ အာရုံကို ဆင်ခြင်နှလုံးသွင်းမှု၊ (ဝါ) စိတ်ကိုအာရုံသစ်သို့ ဦးတည်ပေးမှု၊ ညွတ်ကိုင်းပေးမှု (မနသိကာရ) ရှိမှလည်း ဝီထိစိတ်အစဉ်၊ ဇောစိတ်အစဉ်တို့ ဖြစ်ပေါ်လာနိုင်သည်။ အာရုံထင်ကိရိယာများပေါ်တွင် အာရုံထင်လာ၍ အလင်း၊ အာရုံ..စသည့် ဆိုင်ရာအကြောင်းများ စုံလင်နေလင့်ကစား ယင်းအာရုံကို နှလုံးသွင်းဆင်ခြင်မှု (မနသိကာရ) မရှိခဲ့ပါက ဝီထိစိတ်အစဉ်များ မဖြစ်လာနိုင်ချေ။ ယင်းသို့ သတ္တဝါများသန္တာန်၌ ဝီထိစိတ်ဖြစ်မလာဘဲ လွန်မြောက်သွားသည့် အာရုံများမှာ မရေမတွက်

စာမျက်နှာ-288
နိုင်အောင်ရှိသည်ဟု အဋ္ဌသာလိနီ အဋ္ဌကထာတွင် အဋ္ဌကထာဆရာ မိန့်ဆိုချက်ရှိပါသည်။ မှန်ပါသည်။ အမှတ်မထင်မြင်လိုက်ရသော ရုပ်ဝတ္ထု၊ အမှတ်မထင်ကြားလိုက်ရသော အသံတို့ကို နှလုံးသွင်းမှု မရှိသဖြင့် မြင်သိစိတ်၊ ကြားသိစိတ်များ ဖြစ်မလာခဲ့သည်ကို လူတိုင်း ကြုံဖူးပါလိမ့်မည်။

ဤနေရာတွင် ဝီထိစိတ်ကိုဖြစ်ပေါ်စေနိုင်သော နှလုံးသွင်းဆင်ခြင်မှု (ဝီထိပဋိပါဒက မနသိကာရ) နှင့် ဇောစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော နှလုံးသွင်းဆင်ခြင်မှု (ဇဝနပဋိပါဒက မနသိကာရ) တာဝန်တို့ကိုရွက်ဆောင်သောတရားများကား မနသိကာရစေတသိက်မဟုတ်ပေ။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် (ဒွါရငါးပါးတွင် ထင်လာသော အာရုံကို နှလုံးသွင်းစိတ်) နှင့် မနောဒွါရာဝဇ္ဇန်းစိတ် (မနောဒွါရတွင်ထင်လာသော အာရုံကို နှလုံးသွင်းစိတ်) တို့သာ ဖြစ်ပါသည်။

ဗုဒ္ဓစာပေ (ပိဋကစာပေ) ကြီးများတွင် မကြာခဏ ဟောလေ့ဟောထရှိသော ယောနိသောမနသိကာရ၊ အယောနိသောမနသိကာရများက ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် (ဝီထိပဋိပါဒက မနသိကာရ) နှင့် ဇောစိတ်အစဉ်ကို ဖြစ်ပေါ်စေနိုင်သော မနောဒွါရာဝဇ္ဇန်းစိတ် (ဇဝနပဋိပါဒက မနသိကာရ) နှစ်ပါးတို့ပင် ဖြစ်သည်။

မနောဒွါရာဝဇ္ဇန်းစိတ်ကြောင့် ကုသိုလ် အကုသိုလ်ဖြစ်ပုံ

သို့သော် ကုသိုလ်၊ အကုသိုလ် ဇောစိတ်တို့၏ အနီးကပ်ဆုံး အကြောင်း (ပဒဋ္ဌာန်) ဖြစ်သော ယောနိသောမနသိကာရ၊ အယောနိသောမနသိကာရတို့မှာမူ မနောဒွါရာဝဇ္ဇန်းစိတ်သာဖြစ်သည်။ ထိုစိတ်သည် ဒွါရငါးပါး၌ ဖြစ်ပေါ်လာသော စိတ်အစဉ် (ပဉ္စဒွါရဝီထိ) တွင် ဝုဋ္ဌောနာမည်ဖြင့်လည်းကောင်း၊ မနောဒွါရ၌ဖြစ်ပေါ်လာသော စိတ်အစဉ် (မနောဒွါရဝီထိ) တွင် မနောဒွါရာဝဇ္ဇန်းနာမည်ဖြင့်လည်းကောင်း ဖြစ်ပေါ်လာ၍ ကုသိုလ်ဇောစိတ်၊ အကုသိုလ်ဇောစိတ်တို့အား အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း စသည်တို့ဖြင့် ကျေးဇူးပြုသည်ဟု ဗုဒ္ဓက

စာမျက်နှာ-289
ပဋ္ဌာန်းပါဠိတော်တွင် ဟောကြားခဲ့ပါသည်။ မှန်ပါသည်။ ယင်းအာဝဇ္ဇန်းစိတ်သည် ကုသိုလ်စိတ်အစဉ် ဖြစ်ပေါ်လာရေးတို့၌ အဓိကအကျဆုံးသော လမ်းခွဲမှတ်တိုင်ကြီးတစ်ခုဖြစ်သည်။ တစ်နည်းဆိုရသော် ကုသိုလ်၊ အကုသိုလ် လမ်းနှစ်သွယ်အနက် တစ်ဘက်ဘက်သို့ ပဲ့ကိုင်လမ်းညွှန်ပေးသည့် ပဲ့သမားကြီးနှင့်လည်း တူပါသည်။ ထိုစိတ်က ပိုင်းခြားဆုံးဖြတ်မှု၊ နှလုံးသွင်းဆင်ခြင်မှု လိမ္မာခဲ့သော် (ဝါ) အကောင်းဘက်မှ ရှုမြင်ဆင်ခြင်ခဲ့သော် ကုသိုလ်စိတ်ဖြစ်လာပါသည်။ ပိုင်းခြားဆုံးဖြတ်မှု၊ နှလုံးသွင်းဆင်ခြင်မှု မလိမ္မာခဲ့လျှင် (ဝါ) အဆိုးဘက်မှ ရှုမြင်ဆင်ခြင်ခဲ့လျှင် အကုသိုလ်စိတ်ဖြစ်လာပါသည်။ ၁

ထင်ရှားစေဦးအံ့။ လောကတွင် “ရင်သွေးဟူက၊ ချစ်မဝတည့်၊ မိဘတံထွာ၊ သားတကာနှင့်၊ တရာနှစ်ပဲ၊ လည်ချင်းနွှဲလည်း၊ ရောင့်ရဲမထင်၊ စုံမက်ကြင်လျက်” ဆိုဘိသို့ သားသမီးများအပေါ် အမြဲတစေ မေတ္တာမိုးစွေလေ့ရှိကြသော မိဘတို့သည် သားသမီးများအား မကောင်းသောအပြုအမူ၊ အပြောအဆို၊ အကြံအစည်တို့ကို မလုပ်မိစေရန် တားမြစ်သည့်သဘောဖြင့် မကြာခဏ ဆိုဆုံးမလေ့ရှိကြသည်။

မိဘများဆုံးမနေခိုက် အချို့ သားသမီးတို့၏စိတ်တွင် “ဒီအဘိုးကြီး အမယ်ကြီးတွေဟာ ခေတ်မမီပါဘူး၊ ဒီခေတ်ကို သူတို့ငယ်ငယ်တုန်းကခေတ်လို သဘောထားပြီး သားသမီးတွေကို နေရာတကာမှာ ချုပ်ချယ်ချင်ကြတယ်၊ တစ်နေ့တစ်နေ့ ဒီဓာတ်ပြားဟောင်းကြီးပဲ ထပ်ဖွင့်နေတာပဲ၊ သိပ်နားငြီးစရာကောင်းတဲ့ အဘိုးကြီး အမယ်ကြီးတွေပဲ” လို့ အဆိုးဘက်မှ ရှုမြင်ဆင်ခြင်မိခဲ့ရင် ထိုသားသမီးများ သန္တာန်မှာ တစ်ခဏချင်း ဒေါသဦးဆောင်သည့် အကုသိုလ်စိတ်တွေ ပေါ်လာမည်မှာ သေချာသည်။

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၁၃၇။

စာမျက်နှာ-290
ထိုသို့မဆင်ခြင်ဘဲ “တို့အမေအဖေတွေဟာ တို့တစ်တွေကို လိမ္မာစေလို၊ ချမ်းသာစေလို၊ ကြီးပွားစေလိုလို့ အပင်ပန်းခံပြီး ပြောဆိုဆုံးမရှာတယ်၊ သူတို့ဟာ အင်မတန်လည်း သနားစရာကောင်းတယ်၊ ကျေးဇူးတင်စရာလည်း ကောင်းတယ်။ ခုပဲ တို့တစ်တွေ စားဝတ်နေရေး အဆင်ပြေအောင် ပင်ပန်းတကြီး ကြိုးစားရှာဖွေကြရတယ်။ အရွယ်ရောက်တဲ့အခါမှာလည်း လောကအလယ်မှာ တင့်တင့်တယ်တယ်နေနိုင်ဖို့ ပညာသင်စေတယ်။ ဆုံးမစကား မကြာခဏ ပြောကြားပေးတယ်။ တို့အပေါ်မှာ သူတို့ရဲ့လုပ်ဆောင်ချက်အားလုံးဟာ တို့ကောင်းစားရေးကို ဦးတည်ပြီးလုပ်တာချည်းပဲ။ မိဘဝတ္တရားကျေပွန်ကြပါပေတယ်” စသည်ဖြင့် အကောင်းဘက်မှ ရှုမြင်ဆင်ခြင်ခဲ့ရင် (ဝါ) နှလုံးသွင်းလိမ္မာခဲ့ရင် ထိုသားသမီးများ စိတ်အစဉ်တွင် ကုသိုလ်စိတ်များ ခဏမခြား ဖြစ်ပွားလာမည်မှာ ဧကန်ဖြစ်သည်။

ပုံစံတစ်ခုဖြင့် ထပ်မံရှင်းပြပါဦးမည်။ လောကတွင် ထမင်းပျော့ပျော့မစားတတ်သူအချို့ရှိပါသည်။ ထိုသူများသည် တစ်ခါတစ်ရံ ပျော့သွားသည်နှင့် ကြုံရသည့်အခါမျိုးတွင် “အို...တစ်ခါတလေပျော့သွားတာပဲ၊ ကိစ္စမရှိပါဘူး၊ ထမင်းပျော့တော့လည်း အဝါးရသက်သာတာပေါ့၊ အစာကြေလွယ်တာပေါ့” လို့ မင်းတုန်းမင်းခေတ်က မတ္တရာဆရာတော်ဘုရားကြီးကဲ့သို့ နှလုံးသွင်းလိမ္မာခဲ့ပါသော် အကုသိုလ်စိတ်အစဉ်များ မဖြစ်ပေါ်လာနိုင်ပေ။ သို့မဟုတ်ဘဲ “ငါကလည်း ထမင်းပျော့မစားတတ်ဘူး၊ ထမင်းကလည်း ပျော့လိုက်တာ ခွေးအံဖတ်ကျနေတာပဲ” စသည်ဖြင့် ဒေါသဖြစ်စရာအကြောင်းတွေကို နှလုံးသွင်းခဲ့ရင် ဒေါသစိတ်တွေ ဆက်တိုက်ပေါ်လာမည်သာ ဖြစ်ပါသည်။

ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ကုသိုလ်စိတ်အစဉ် ဖြစ်ပေါ်လာမှု

စာမျက်နှာ-291
တွင် သော့ချက်အကျဆုံး၊ အနီးကပ်ဆုံးအကြောင်းဖြစ်သည်။ ထိုစိတ်က နှလုံးသွင်း လိမ္မာမှု (ယောနိသောမနသိကာရ) ကိစ္စကို ရွက်ဆောင်ခဲ့လျှင် ကုသိုလ်စိတ်အစဉ် ဖြစ်လာမည်။ နှလုံးသွင်းမလိမ္မာမှု (အယောနိသောမနသိကာရ) ကိစ္စကို ဆောင်ရွက်ခဲ့လျှင် အကုသိုလ်စိတ်အစဉ်ဖြစ်လာမည်။

အချုပ်အားဖြင့်ဆိုသော် သက်တော်ထင်ရှား မြတ်စွာဘုရားနှင့်ပင် တွေ့ဆုံသော်ငြားလည်း အယောနိသောမနသိကာရဘက်သို့ စိတ်ဦးလှည့်ခဲ့လျှင် အကုသိုလ်ဖြစ်ဖို့သာရှိ၏။ မိမိအလိုသို့လိုက်ပါသူ လှပျိုဖြူ...စသော မက်မောဖွယ်ရာ တဏှာလောဘဖြစ်စရာ အာရုံတို့နှင့် ဆုံဆည်းခဲ့သော်လည်းကောင်း၊ မိမိကိုသတ်မည့်ရန်သူ စသော ဒေါသဖြစ်စရာအာရုံတို့နှင့်ပင် ကြုံခဲ့သော်လည်းကောင်း ယောနိသောမနသိကာရဘက်သို့ ဦးလှည့်ခဲ့ပါသော် ကုသိုလ်စိတ်အစဉ် ဖြစ်လာနိုင်ပါသည်။

ဤနေရာတွင် ယောနိသောမနသိကာရ၊ အယောနိသောမနသိကာရတို့နှင့် ပတ်သက်၍ ရှင်တော်ဗုဒ္ဓ၏ ဟောပြသွန်သင်ထားချက်များကို အောက်ပါအတိုင်း ကိုးကားတင်ပြလိုက်ပါသည်။

“ရဟန်းတို့...မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့... မသင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှာဖြစ်၏။

ရဟန်းတို့...သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့...သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာအကျိုးရှိခြင်းငှာဖြစ်၏”။ ၁

၁။ အံ၊ ၁၊ မြန်မာပြန်။ ၁၅၊ ၂၀။

စာမျက်နှာ-292

အယောနိသောမနသိကာရကြောင့် မောဟဖြစ်ပုံ

ပဒဋ္ဌာန်ဆိုသည်မှာ အကျိုးတရားတစ်ခု၏ အနီးကပ်ဆုံး၊ သော့ချက်အကျဆုံး အကြောင်းဖြစ်သည်ကို သိခဲ့ကြပြီ။ မောဟစေတသိက်၏ ပဒဋ္ဌာန်ဆိုသည်မှာ အာရုံကို မသင့်မလျော် လွဲချော်သောအကြောင်းအားဖြင့် နှလုံးသွင်းဆင်ခြင်မှု (အယောနိသောမနသိကာရ) ဖြစ်၏။

စာရှုသူသည် ပစ္စုပဋ္ဌာန်ခန်းတွင် အကျိုးတရားဘက်ကရပ်တည်ပြီး မောဟ၏ သဘာဝကို အကြောင်းတရားအနေဖြင့် ရှုမြင်ခဲ့ကြရပြီ။ ယခုတစ်ဖန် အကြောင်းတရားဘက်ကရပ်ပြီး အကျိုးတရားတစ်ခုအနေဖြင့် မောဟ၏သဘာဝကို ရှုမြင်စေလို၍ ဤပဒဋ္ဌာန်ခန်းကို ဖွင့်ဆိုရခြင်း ဖြစ်ပါသည်။ ၁

အကျိုးတရားတစ်ခုဖြစ်ပေါ်လာမှုတွင် နောက်ခံအကြောင်းများ များစွာရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ဖြစ်၍ မောဟစေတသိက်ဖြစ်ပေါ်လာမှုတွင်လည်း မသင့်မလျော် အလွဲလွဲအချော်ချော် နှလုံးသွင်းခြင်း၊ ကိုယ်, စိတ်တို့ကို ကောင်းစွာမပြုပြင်နိုင်ခြင်း၊ လူမိုက်တို့၏ သြဝါဒကို ခံယူခြင်း၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းသောအရပ်ဒေသ၌ နေရခြင်း စသည်ဖြင့် အကြောင်းပေါင်း မြောက်မြားစွာရှိပါသည်။ သို့သော် ယင်းအကြောင်းများတွင် မသင့်မလျော် နှလုံးသွင်းချော်မှု (အယောနိသောမနသိကာရ) အကြောင်းသည်သာ မောဟ၏

၁။ အံ၊ ၁၊ မြန်မာပြန် ၁။ ၆-၂၁။

စာမျက်နှာ-293
အနီးကပ်ဆုံးအကြောင်းဖြစ်သဖြင့် မောဟ၏ ပဒဋ္ဌာန်အဖြစ် ပြဆိုထားခြင်းဖြစ်သည်။

ချဲ့ပါဦးအံ့၊ မောဟစေတသိက်ကား အကုသိုလ်စိတ်အားလုံးနှင့် အမြဲတစေ တစ်တွဲတည်းတွဲနေသောတရားတည်း။ လောဘစိတ်ဖြစ်ပေါ်လာလျှင်လည်း သူတွဲပါလာသည်။ ဒေါသစိတ်၊ မောဟစိတ်များ ဖြစ်လာသည့်အခါတွင်လည်း သူပါသည်။ ထို့ကြောင့် ယင်းစေတသိက်ကို “အကုသိုလ်ဖြစ်တိုင်းပါ စေတသိက်” (သဗ္ဗာကုသလသာဓာရဏစေတသိက်) ဟု ဗုဒ္ဓအဘိဓမ္မာကျမ်းများတွင် နာမည်ပေးထားသည်။ မောဟစေတသိက်ဖြစ်လာရာတွင် အနီးကပ်ဆုံးအကြောင်းဖြစ်သော မသင့်မလျော် နှလုံးသွင်းချော်မှု (အယောနိသောမနသိကာရ) ကား အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း မနောဒွါရာဝဇ္ဇန်းစိတ်ပင် ဖြစ်ပါသည်။ ယင်းစိတ်က ဖောက်လွဲဖောက်ပြန် မမှန်ကန်သောနည်းဖြင့် နှလုံးသွင်းဆင်ခြင်သည့်အတွက် မောဟစေတသိက်စသည်တို့ ပူးတွဲပါဝင်သော လောဘ၊ ဒေါသနှင့် မောဟ အကုသိုလ်စိတ်တို့ ဖြစ်လာရသည်။

ပုံစံဖြင့် ရှင်းပြပါဦးအံ့။ တစ်စုံတစ်ယောက်သောသူသည် လောဘသားတွေက နှစ်သက်စရာ၊ သာယာစရာ၊ လိုချင်စရာ (သုဘ) အာရုံဟု ထင်နေကြသည့် လှပကောင်းမွန်သည့် ရုပ်ဝတ္ထုတစ်ခုခုကို တွေ့မြင်၍ စိတ်အစဉ်သစ်တစ်ခု ဖြစ်ပေါ်လာရာ ယင်းစိတ်အစဉ်တွင်ပါဝင်သော အာရုံဆင်ခြင်စိတ် (မနောဒွါရာဝဇ္ဇန်း) က “ဒီအမျိုးသမီး၊ အမျိုးသားဟာ (ဝါ) ဒီပစ္စည်းဟာ တစ်နေ့ပျက်စီးမှာ အမှန်ပဲ။ သူ့မှာ ထာဝစဉ် တည်မြဲမှုသဘော မရှိဘူး။ သူဟာ လက်ခံသိမ်းပိုက်ထားသူကို ဒုက္ခများစွာပေးမဲ့ ဒုက္ခကောင်ပဲ၊ တကယ်နှစ်သက်စရာ၊ လိုချင်စရာ ကောင်းတဲ့ဟာ မဟုတ်ဘူး” စသည်ဖြင့် အမှန်အတိုင်း

စာမျက်နှာ-294
နှလုံးသွင်း ဆင်ခြင်မှု (ယောနိသောမနသိကာရ) ရှိခဲ့ပါက အကုသိုလ်စိတ်အစဉ် ဖြစ်ပေါ်ခွင့်မရှိပေ။

ယင်းသို့မဆင်ခြင်မိဘဲ “တယ်လှပါကလား၊ တယ်ကောင်းပါကလား၊ ဒီဟာကိုရလျှင် တကယ်စိတ်ချမ်းသာမှာပဲ၊ တကယ့်ကို သာယာစရာ လိုချင်စရာကောင်းတဲ့ဟာပဲ” စသည်ဖြင့် ဖောက်ဖောက်ပြန်ပြန် နှလုံးသွင်းမမှန်မှု (အယောနိသောမနသိကာရ) ရှိခဲ့ပါသော် ထိုပုဂ္ဂိုလ်သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏတရားများပေါ်လာကာ လောဘဇောစိတ်အစဉ်များ ဆက်တိုက်ဖြစ်လာမည်မှာ သေချာပါသည်။ ထိုစိတ်အစဉ်တွင် မောဟစေတသိက်ယှဉ်တွဲပါရှိခဲ့ရာ ပထမဆုံးဖြစ်လာသော လောဘစိတ်တွင် တွဲဘက်ပါဝင်လာသော မောဟစေတသိက်ကို အယောနိသောမနသိကာရက စိတ္တက္ခဏမခြား အနီးကပ်ဆုံး အကြောင်းတရားအနေဖြင့် ကျေးဇူးပြုပေသည်။ အဓိပ္ပာယ်မှာ မသင့်မလျော် နှလုံးသွင်းချော်မှု (အယောနိသောမနသိကာရ) ကြောင့် မောဟစေတသိက် ဖြစ်လာရသည်ဟုဆိုပါသည်။ ၁

ထို့ပြင် စိတ်ဆိုးစရာ၊ အမျက်ထွက်စရာ (ပဋိဃ) အာရုံတို့နှင့် ဆုံဆည်းမိသည့်အခါတွင်လည်း မသင့်မလျော် နှလုံးသွင်းချော်သွားပါက ဒေါသစိတ်နှင့်အတူ မောဟစေတသိက် ဖြစ်လာတတ်ပေသည်။ ဥပမာ-မိမိအပြုအမူ (သို့မဟုတ်) ပြောဆိုယူဆချက်များတွင် မှားကွက်၊ ပျော့ကွက်၊ အားနည်းချက်များကို အခြားလူတစ်ယောက်က အကြောင်းအကျိုးပြကာ စိစစ်ဝေဖန်လာသည့်အခါ၌ “လူသားတွေဟာ ကိုယ့်အမှားကို ကိုယ်မြင်နိုင်ခဲကြတယ်။ ငါပြောတာအဟုတ်၊ ငါလုပ်တာအမှန်၊ ငါကြံတာ ယထာဘူတအကျဆုံးလို့ အထင်ကြီးတတ်ကြတယ်။ အမှန်ကတော့ လူသားတိုင်းဟာ အမှားမကင်းနိုင်ဘူး။ ဒီလူဟာ ငါ့အကျိုးကိုလိုလားလို့ မိတ်ဆွေစိတ်ဓာတ်နှင့်

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၂၅၇။ သံ၊ ၃။ ၉၀။

စာမျက်နှာ-295
ငါမြင်နိုင်ခဲတဲ့အပြစ်ကို ထောက်ပြဖော်ရတယ်” စသည်ဖြင့် နှလုံးသွင်းသင့်လျော်ခဲ့ပါက ကုသိုလ်စိတ်အစဉ်များ ဖြစ်လာပေမည်။ ထိုသို့ မဆင်ခြင်ဘဲ “ဒီကောင်ဟာ သူများရဲ့မှားကွက်ကို အမြဲစောင့်ကြည့်နေတဲ့အကောင်ပဲ၊ အပြစ်ပြောတတ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ သူက ဘယ်လောက်များတတ်လို့လဲ၊ ငါလိုလူကို သူက ဝေဖန်ရမှာလား” စသည်ဖြင့် နှလုံးသွင်းဖောက်ပြန်ခဲ့ပါက ထိုသူ့သန္တာန်၌ မောဟစေတသိက် ယှဉ်တွဲပါရှိသော ဒေါသဇောစိတ်များ ဖြစ်ပွားလာမည်မှာ (ရှောင်လွှဲမရသော ပရမတ်တရားတို့၏) နိယာမ အစဉ်အလာ ဖြစ်သည်။ ၁

ထို့အတူ တစ်စုံတစ်ယောက်သောသူသည် မောဟဇောစိတ်များ ဖြစ်ပွားလာနိုင်စရာ အာရုံတို့နှင့် တွေ့ကြုံသည့်အခါတွင်လည်း “အတိတ်ဘဝဆိုတာ လွန်မြောက်ကွယ်ပျောက်ခဲ့ပြီးဖြစ်လို့ မျက်စိနှင့်မတွေ့ရဘူး၊ အနာဂတ်ဘဝဆိုတာလည်း မဖြစ်သေးလို့ မျက်စိနဲ့ မျှော်ကြည့်လို့မရဘူး။ ယခုလက်ရှိဘဝတစ်ခုသာ မျက်မြင်ကိုယ်တွေ့ ဖြစ်တယ်”။ “ဘုရားဆိုတာလည်း လူကမွေးတဲ့ လူသားတစ်ယောက်ပဲ။ ဘယ်အရာမဆို သိနိုင်တယ်ဆိုတာ စဉ်းစားစရာပဲ။ အားလုံးကို သိနိုင်တယ်ဆိုရင် ယခုထွန်းကားနေတဲ့ သိပ္ပံပညာများဟာ ဘုရားလက်ထက်တုန်းက ဘာကြောင့်မပေါ်ပေါက်ခဲ့သလဲ” စသည်ဖြင့် မသင့်မလျော် နှလုံးသွင်းချော်ခဲ့ပါသော် ထိုသူ့သန္တာန်၌ “ငါသည် ရှေးအတိတ်ဘဝ၌ ဖြစ်မှဖြစ်ခဲ့ဖူးလေရဲ့လား၊ မဖြစ်ခဲ့ဖူးလေရော့သလား။ ဘာမဆို သိမြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှင် ဘုရားရှင်ဆိုတာ ရှိမှရှိနိုင်ပါ့မလား” စသည်ဖြင့် ယုံမှားသံသယသဘောရှိသော ဝိစိကိစ္ဆာစေတသိက် ဦးဆောင်သည့် မောဟစေတသိက်

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၂၅၈။ သံ၊ ၃။ ၉ဝ။

စာမျက်နှာ-296
တွဲဖက်ပါဝင်သော မောဟမူဇောစိတ်များ ဖြစ်ပွားလာမည်ကား မြေကြီးလက်ခတ်တည်း။ ၁

ဤသို့ သာယာမက်မောဖွယ်ရာ (သုဘ) အာရုံ၊ စိတ်ဆိုးစရာ၊ စိတ်ညစ်စရာ (ပဋိဃ) အာရုံ၊ ယုံမှားစရာ၊ တွေဝေစရာ (မောဟ) အာရုံနှင့် တွေ့ဆုံမိတိုင်း အာရုံဆင်ခြင် (မနောဒွါရာဝဇ္ဇန်း) စိတ်က မသင့်မလျော် အလွဲလွဲအချော်ချော် ဆင်ခြင်နှလုံးသွင်းခဲ့မိပါလျှင် မောဟစေတသိက် တွဲလျက်ပါရှိသော လောဘစိတ်၊ ဒေါသစိတ်နှင့် မောဟစိတ်များ မကြာခဏဖြစ်ပွားလာကြသည်မှာ စိတ္တနိယာမ အစဉ်အလာကြီးတစ်ခုပင် ဖြစ်ပေသည်။

ထို့ကြောင့် မသင့်မလျော် နှလုံးသွင်းချော်မှု (အယောနိသောမနသိကာရ) သည် မောဟစေတသိက်၏ သော့ချက်အကျဆုံးအကြောင်း (ပဒဋ္ဌာန်) ဖြစ်သည်ဟု ဗုဒ္ဓအဘိဓမ္မာက ဖွင့်ဆိုခြင်းဖြစ်ပေသည်။

ဤတွင် မောဟစေတသိက်ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဟူသော ရှုထောင့်လေးဘက်မှ ရှုမြင်၍ ဖွင့်ဆိုရေးသားချက်များ ပြည့်စုံသလောက် ပြည့်စုံသွားပြီဟု ယူဆပါသည်။ နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မောဟစေတသိက်ကို လက္ခဏာစသည်တို့ဖြင့် ပိုင်းခြားဖွင့်ဆိုခြင်းသည် အဘိဓမ္မာသုတေသီများ မောဟ၏သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်သွားရန် ရည်ရွယ်ပါသည်။ ဥပမာအားဖြင့် ပန်းချီအရာ၌ လိမ္မာကျွမ်းကျင်သော အနုပညာရှင် ပန်းချီဆရာသည် မိမိရေးဆွဲသော ရုပ်ဝတ္ထုတစ်ခုကို ရှုထောင့်စုံမှရှု၍ ရေးဆွဲပါလျှင် ထိုရုပ်ဝတ္ထု၏ ပုံပန်းသဏ္ဌာန်သည် ကြည့်ရှုသူပရိသတ်တို့၏ မျက်စိတွင် ကြည်လင်ပြတ်သား ထင်ရှားစွာပေါ်လာသည်နှင့် တူပါသည်။

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၂၆၁။ သံ၊ ၃။ ၉ဝ။

စာမျက်နှာ-297
နောက်ဆုံး မောဟစေတသိက်၏ သဘောတရားများကို အနှစ်ချုပ်လိုက်သော် စိတ်သည် အာရုံအမှန်တရားများကို ယထာဘူတကျကျ မသိနိုင်ဘဲ စိတ်ထဲတွင် မှောင်ကြီးကျနေသည့် အမှတ်အသား လက္ခဏာသည် မောဟ၏သဘောလက္ခဏာဖြစ်သည်။

မောဟသည် သူကိုယ်တိုင်က အာရုံ၏ အမှန်သဘောများကို မသိသည့်အပြင် တွဲဖက်တရားများကိုလည်း မသိနိုင်၊ မမြင်နိုင်အောင် ဖုံးလွှမ်းကာကွယ်ပေးသော ကိစ္စတာဝန်ကို ရွက်ဆောင်သောသဘောရှိသည်။

မောဟကြောင့် သတ္တဝါများသည် ကောင်းစွာမကျင့်နိုင် မကြံနိုင်ကြဘဲ အမှားမှားအယွင်းယွင်း ဒုစရိုက်မှုခင်းများကို ပြုကျင့်မိခြင်း အကျိုးများကို မလွဲမသွေ ခံစားနေကြရသည်။

မောဟဖြစ်ပေါ်လာအောင် ဖန်တီးပေးသော အဓိကအကျဆုံး တရားခံကား အာရုံကို မသင့်မလျော် အလွဲလွဲအချော်ချော် နှလုံးသွင်းသော အယောနိသောမနသိကာရပင် ဖြစ်ပါသည်။

၅။ မောဟစေတသိက်အပြားနှင့် မောဟစေတသိက် နာမည်ထူးများ

မောဟစေတသိက်အပြား

ဒိဋ္ဌိအားဖြင့် (၂) ပါးပြားပုံ။ ။ မောဟစေတသိက်သည် အရာရာတွင် စူးစမ်းဆင်ခြင် ရှုမြင်တတ်သော သဘောရှိသည့် ဉာဏ် (ဥပပရိက္ခာ) နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မဟုတ်မမှန်သောအရာတို့ကို လက်ခံယုံကြည်မှုသည် စူးစမ်းဆင်ခြင် ရှုမြင်ဉာဏ်ကင်းသော မောဟစေတသိက်ပင်ဖြစ်သည်။ ယင်းစေ-

စာမျက်နှာ-298
တသိက်သည် ဒိဋ္ဌိစေတသိက်နှင့်အတူမဖြစ်သော (ဒိဋ္ဌိရဟိတ) မောဟ၊ ဒိဋ္ဌိစေတသိက်နှင့်အတူဖြစ်သော (ဒိဋ္ဌိသဟိတ) မောဟဟူ၍ နှစ်မျိုးရှိသည်။

ထိုတွင် မှားသောအယူအဆရှိသူတို့က တိတ္ထိဆရာကြီးများ၏ ဟောပြောသွန်သင်ချက်များကိုဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်တို့က အမှားကို အမှန်ထင်ကာ သွန်သင်ကြသော ဆရာဝါး ဆရာမှားတို့၏ ဟောပြောချက်များကိုဖြစ်စေ၊ ဒိဋ္ဌိကင်းသော (ဒိဋ္ဌိဂတဝိပ္ပယုတ်) စိတ်ဖြင့် လက်ခံယုံကြည်ခြင်းသည်လည်းကောင်း၊ ဒိဋ္ဌိသဘာဝမပါဘဲ သက်သက်တွေဝေခြင်း မသိခြင်းသည်လည်းကောင်း၊ ဒိဋ္ဌိရဟိတမောဟ ဖြစ်သည်။

ဒိဋ္ဌိစေတသိက်ယှဉ်တွဲပါရှိသော (ဒိဋ္ဌိဂတသမ္ပယုတ်) စိတ်ဖြင့် လက်ခံယုံကြည်မှုမှာမူ ဒိဋ္ဌိသဟိတ မောဟဖြစ်သည်။ သို့ရာတွင် ယင်းယုံကြည်မှု၌ ဒိဋ္ဌိက အဓိကကျသည်၊ ပြဋ္ဌာန်းသည်။ တစ်နည်းဆိုသော် ဒိဋ္ဌိကဦးဆောင်၍ မောဟက နောက်လိုက်ဖြစ်သည်။ ၁

သင်္ခါရအားဖြင့် (၂) ပါးပြားပုံ

သင်္ခါရဆိုသည်မှာ မိမိကိုယ်, နှုတ်, စိတ်၊ သူတစ်ပါးတို့၏ ကိုယ်, နှုတ်တို့ဖြင့် တိုက်တွန်းမှု၊ လှုံ့ဆော်မှုတို့ကိုဆိုသည်။ ထို့ကြောင့် တိုက်တွန်းမှုပါသောစိတ်ကို သသင်္ခါရိက (သ = ရှိ + သင်္ခါရိက = တိုက်တွန်းမှု) စိတ်၊ တိုက်တွန်းမှုကင်းသောစိတ်ကို အသင်္ခါရိက (အ = မရှိ + သင်္ခါရိက = တိုက်တွန်းမှု) စိတ်ဟု ခေါ်သည်။

မောဟစေတသိက်သည် တိုက်တွန်းမှုရှိသော (သသင်္ခါရိက) စိတ်နှင့်အတူဖြစ်သည့် (သသင်္ခါရိက) မောဟ၊ တိုက်တွန်းမှုကင်းသော (အသင်္ခါရိက) စိတ်နှင့် အတူဖြစ်သည့် (အသင်္ခါရိက) မောဟဟု သင်္ခါရအားဖြင့် နှစ်ပါးပြားသည်။ ဒုစရိုက်မှုများကို ကျူးလွန်သူသည် တစ်ခါတစ်ရံပြုရန် စိတ်မပါဘဲ တွန့်ဆုတ်နေတတ်သည်။ သို့ရာတွင် အခြားသူများက တိုက်တွန်းလှုံ့-

၁။ ဓမ္မသင်္ဂဏီမူလဋီကာ။ ၁၂ဝ။ အနုဋီကာ။ ၁၂၆။

စာမျက်နှာ-299
ဆော်၍ဖြစ်စေ၊ မိမိဘာသာ အကြောင်းကြောင်းတို့ကို စဉ်းစား၍ဖြစ်စေ၊ ပြစ်မှုများကို ပြုဖြစ်သွားတတ်သည်။ ထိုလွန်ကျူးသော စိတ်ကား တိုက်တွန်းမှု၊ အားပေးလှုံ့ဆော်မှု သင်္ခါရပါသော သသင်္ခါရိကစိတ်ဖြစ်သည်။ ထိုစိတ်တွင် တွဲလျက်ပါရှိသော မောဟစေတသိက်သည်လည်း ရွှေပင်နား ရွှေကျေးဆိုသကဲ့သို့ တိုက်တွန်းမှုပါသော (သသင်္ခါရိက) မောဟဖြစ်သည်။

တစ်ခါတစ်ရံမှာမူ ပြစ်မှုများကိုပြုလုပ်ရန် စိတ်အားသန်လျက်ရှိရကား အခြားသူများက မတိုက်တွန်းရဘဲ အလိုအလျောက် ပြုတတ်သည်။ ထိုစိတ်ကား တိုက်တွန်းမှုသင်္ခါရမပါသော အသင်္ခါရိကစိတ်ဖြစ်သည်။ ယင်းစိတ်တွင် ယှဉ်တွဲပါရှိသော မောဟသည်လည်း တိုက်တွန်းမှုကင်းသော (အသင်္ခါရိက) မောဟဖြစ်သည်။

ဝေဒနာအားဖြင့် (၃) ပါးပြားပုံ

မောဟနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် ဝေဒနာ (ခံစားချက်) စေတသိက်က သောမနဿဝေဒနာ (ဝမ်းသာမှု)၊ ဒေါမနဿဝေဒနာ (စိတ်မချမ်းသာမှု)၊ ဥပေက္ခာဝေဒနာ (ဝမ်းသာဝမ်းနည်းမဖြစ်မှု) ဟု သုံးမျိုးပြားသည့်အတွက် မောဟလည်း သုံးမျိုးပြားရသည်။ ယင်းသုံးမျိုးမှာ...

၁။ သောမနဿဝေဒနာနှင့် အတူဖြစ်သော (သောမနဿသဟဂတ) မောဟ၊

၂။ ဒေါမနဿဝေဒနာနှင့်အတူဖြစ်သော (ဒေါမနဿသဟဂတ) မောဟ၊

၃။ ဥပေက္ခာဝေဒနာနှင့်အတူဖြစ်သော (ဥပေက္ခာသဟဂတ) မောဟတို့ဖြစ်သည်။

အချို့သောသူများသည် အကြင်အခါ၌ အကုသိုလ်ပြစ်မှုများကို ဝမ်းပန်းတသာဖြင့်လည်းကောင်း၊ စိတ်မချမ်းမသာဖြင့်လည်းကောင်း၊

စာမျက်နှာ-300
ဝမ်းနည်းဝမ်းသာ မရှိ၊ သင့်တော်ရုံခံစားမှုဖြင့်လည်းကောင်း ကျူးလွန်ကြသည်။ ထိုအခါ၌ သောမနဿသဟဂတ မောဟသည်လည်းကောင်း၊ ဒေါမနဿသဟဂတ မောဟသည်လည်းကောင်း၊ ဥပေက္ခာသဟဂတ မောဟသည်လည်းကောင်း ဖြစ်ပါသည်။

သစ္စာအားဖြင့် (၄) ပါးပြားပုံ

မောဟစေတသိက် ဖုံးလွှမ်းရာ ဌာနဖြစ်သော သစ္စာတရားက လေးပါးရှိသောကြောင့် မောဟလည်း လေးပါးပြားရသည်။ ထိုလေးပါးမှာ...

၁။ ဒုက္ခ၏နှိပ်စက်ညှဉ်းပန်းတတ်သော သဘောမှန်ကို မမြင်အောင်ဖုံးလွှမ်းသော (ဒုက္ခစ္ဆာဒန) မောဟ၊

၂။ လောဘတဏှာ၏ ဒုက္ခမျိုးစုံကို ဖန်တီးတတ်သော အမှန်သဘာဝကို မမြင်အောင် ဖုံးလွှမ်းသော (သမုဒယစ္ဆာဒန) မောဟ၊

၃။ နိဗ္ဗာန်၏ ဒုက္ခချုပ်ငြိမ်းရာဖြစ်သော အမှန်သဘောကို မမြင်အောင်ဖုံးလွှမ်းသော (နိရောဓစ္ဆာဒန) မောဟ၊

၄။ မဂ်တရား၏ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းကောင်း လမ်းမှန်ဟူသောသဘောကို မမြင်အောင်ဖုံးလွှမ်းသော (မဂ္ဂစ္ဆာဒန) မောဟတို့ဖြစ်သည်။

ဂတိအားဖြင့် (၅) ပါးပြားပုံ

မောဟသည် ပုထုဇဉ်သတ္တဝါများ လားရောက်ရာ (ဂတိ) ငါးမျိုး၌ အပြစ်ကို ဖုံးလွှမ်းသောအားဖြင့် ငါးမျိုးရှိသည်။ ယင်းငါးမျိုးမှာ...

၁။ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ အပြစ်ကိုမမြင်အောင်ဖုံးလွှမ်းတတ်သော (ဒေဝဂတိစ္ဆာဒန) မောဟ၊

၂။ လူ့ပြည်၌ အပြစ်ကိုမမြင်အောင် ဖုံးလွှမ်းတတ်သော (မနုဿဂတိစ္ဆာဒန) မောဟ၊

စာမျက်နှာ-301
၃။ ပြိတ္တာဘုံ အသုရကာယ်ဘုံတို့၌ အပြစ်ကိုမမြင်အောင် ဖုံးလွှမ်းသော (ပေတဂတိစ္ဆာဒန) မောဟ၊

၄။ တိရစ္ဆာန်မျိုးတို့၌ အပြစ်ကိုမမြင်အောင် ဖုံးလွှမ်းသော (တိရစ္ဆာနဂတိစ္ဆာဒန) မောဟ၊

၅။ ငရဲဘုံတို့၌ အပြစ်မမြင်အောင် ဖုံးလွှမ်းသော (နိရယာဂတိစ္ဆာဒန) မောဟတို့ဖြစ်ပါသည်။

ထို့ပြင် မောဟသည် ဒွါရ, အာရုံ စသည်အားဖြင့် များသော အပြားရှိသေးသည်။

မောဟစေတသိက်၏ နာမည်ထူးများ

မောဟစေတသိက်သည် မိမိပါဝင်ရသော အကုသိုလ်ဇာတ်အဖွဲ့ကြီးတွင် အသုံးတော်ခံရသည့်အခန်းအလိုက် ထိုက်တန်သော အခြားနာမည်ထူးများကိုလည်း ရပေသေးသည်။ ယင်းနာမည်ထူးများကား အဝိဇ္ဇာ၊ မူလ၊ ဟေတု၊ သြဃ၊ ယောဂ၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ စသည်တို့ဖြစ်သည်။ ထိုနာမည်ထူးများရလာပုံကို တစ်ခုစီ ဆက်လက်ရှင်းပြပါမည်။

အဝိဇ္ဇာ

ရှင်တော်ဗုဒ္ဓသည် ဝိဘင်းပါဠိတော်တွင် ကြောင်းကျိုးပြ ပဋိစ္စသမုပ္ပာဒ်တရားတော်ကို အခန်းတစ်ခန်းဖွင့်၍ တစ်ခမ်းတနား ဟောကြားခဲ့သည်။ ထိုဒေသနာတွင် မောဟစေတသိက်ကို အဝိဇ္ဇာဟု နာမည်တစ်မျိုးတပ်ခဲ့သည်။ ၁ အမှန်စင်စစ် မောဟစေတသိက်သည် မလုပ်သင့်မလုပ်ထိုက်သောကြောင့် ရယူခြင်းငှာ လုံးလုံးမသင့်သော ဒုစရိုက်မှုများကို ရယူတတ်သည်။ အပြန်အားဖြင့် လုပ်-

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၁၂၉။

စာမျက်နှာ-302
သင့်လုပ်ထိုက် ရသင့်ရထိုက်သော သုစရိုက်မှုများကိုမူ မရတတ်၊ မပြုတတ်ပေ။ ခန္ဓာတို့၏ အပေါင်းအစုသဘော၊ အာယတနတို့၏ မိမိတို့ကိုအမှီပြု၍ စက္ခုဝိဉာဏ် စသည်တို့ကိုဖြစ်စေခြင်းသဘော၊ ဓာတ်တို့၏ အတ္တ, ဇီဝ (ကိုယ်, အသက်) တို့မှ ဆိတ်သုဉ်းခြင်းသဘော၊ သစ္စာတို့၏ မဖောက်မပြန် မှန်ကန်ခြင်းသဘော၊ ဣန္ဒြေတို့၏ အစိုးရခြင်းသဘောတို့ကို မသိနားမလည်အောင် ပြုတတ်၏။ ၁

သစ္စာလေးပါးတို့၏ နှိပ်စက်ညှဉ်းပန်းခြင်း စသော အနက်ကိုလည်းမသိချေ။ အဆုံးမရှိသော သံသရာရေအယဉ်တွင် ပဋိသန္ဓေအမျိုးမျိုး၊ ဘဝအမျိုးမျိုးအားဖြင့် သတ္တဝါများကို မျောစေတတ်ဖြစ်စေတတ်၏။ ပုပုရွရွမြင်သမျှ သတ္တဝါတွေကို ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟု မယူဆ။ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ... စသည်ဖြင့် ယူဆတတ်၏။ ထို့ပြင် စက္ခုဝိညာဏ်စသည်တို့၏ မှီရာဝတ္ထုရုပ်၊ ပြုရာအာရုံတို့ကိုလည်းကောင်း၊ အဝိဇ္ဇာ စသောအကြောင်းတရား၊ ဇရာ၊ မရဏ စသောအကျိုးတရားတို့ကိုလည်းကောင်း၊ ဖုံးလွှမ်းတတ်သောသဘောရှိပေသည်။ ထိုအကြောင်းများကြောင့် မောဟသည် အဝိဇ္ဇာဟူသော နာမည်ထူးကို ရပေသည်။

ဤနေရာတွင် အဝိဇ္ဇာ၏လက္ခဏာ စသည်တို့ကို သိဖို့လိုပါသည်။ အဝိဇ္ဇာသည် မသိခြင်းအမှတ်အသားလက္ခဏာရှိ၏။ တွဲဖက်တရားများနှင့် ဆိုင်ရာပုဂ္ဂိုလ်ကို ပြင်းစွာတွေဝေစေခြင်း၊ မိုက်မဲစေခြင်းကိစ္စကိုဆောင်၏။ အာရုံ၏အမှန်သဘောကို ဖုံးလွှမ်းတတ်သော တရားဟု ယောဂီပုဂ္ဂိုလ်တို့ဉာဏ်တွင် ထင်မြင်၏။ အာသဝေါတရားလေးပါးသည် အဝိဇ္ဇာ၏ နီးကပ်သောအကြောင်းဖြစ်၏။ ထိုလေးမျိုးတွင် ရှေ့သုံးမျိုးတို့ကို မောဟအဖွင့်၌ အကျယ်ဖွင့်ဆိုခဲ့ပြီးဖြစ်၍

၁။ အဘိ၊ ဋ္ဌ၊ ၂။ ၁၂၇။

စာမျက်နှာ-303
နီးကပ်သောအကြောင်း (ပဒဋ္ဌာန်) ကိုသာ အတိုချုပ်ရှင်းပြပါမည်။

ဗုဒ္ဓသည် ပဋိစ္စသမုပ္ပာဒ် ပါဠိတော်၌ အဝိဇ္ဇာကို အစထား၍ ဟောခဲ့သဖြင့် အဝိဇ္ဇာကိုဖြစ်ပေါ်စေနိုင်သော အကြောင်းတရားမရှိဟု ထင်ယောင်ထင်မှား ဖြစ်စရာရှိသည်။ သို့သော် ဗုဒ္ဓအဘိဓမ္မာကား မည်သည့်အကျိုးတရားမှ အကြောင်းကင်းပြီး မဖြစ်နိုင်ဟူသော ခံယူချက်ကို ခိုင်မာစွာ ကိုင်စွဲထားသော သဘာဝဓမ္မဖြစ်သည်။

ထို့ကြောင့် အဝိဇ္ဇာကို ထိပ်ကတင်၍ ဟောထားသော်လည်း သူ့ကို ဖြစ်ပေါ်စေနိုင်သောအကြောင်းကား ရှိပေသည်။ ယင်းအကြောင်းမှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း အာသဝေါတရားလေးပါးပင်ဖြစ်၏။ မှန်ပါသည်။ အာသဝေါတရားများဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်သည်ဟု ပါဠိတော်များတွင် ဟောထားပေသည်။

ချဲ့ဦးအံ့။ သောက၊ ပရိဒေဝ၊ ဒေါမနဿတို့သည် ဒေါသစိတ်၌ယှဉ်သော တရားများတည်း။ ထို့ကြောင့် သောကစသည်တို့ဖြစ်တိုင်း အဝိဇ္ဇာခေါ် မောဟလည်း အမြဲတွဲလျက်ရှိပါသည်။ မိမိအလွန်ချစ်မြတ်နိုးသူတစ်ယောက် ပျက်စီးပျောက်ကွယ်သွားသည့်အခါ ချစ်တတ်သော ကာမာသဝကြောင့် စိုးရိမ်ပူဆွေးရမှု (သောက) စသည်တို့ဖြစ်၏။ မိမိ၏ရုပ်တုံးရုပ်ခဲကြီးကို ငါဟုစွဲလမ်းသော ဒိဋ္ဌာသဝကြောင့် ထိုရုပ်တုံးရုပ်ခဲ တစ်မျိုးတမည် ပြောင်းလဲဖောက်ပြန်သည့်အခါ စိုးရိမ်ပူဆွေးရမှု (သောက) စသည်တို့ဖြစ်၏။ ဤနည်းအတိုင်း ဘဝါသဝ၊ အဝိဇ္ဇာသဝတို့ကြောင့်လည်း စိုးရိမ်ပူဆွေးမှု စသည်တို့ဖြစ်၏။

ထိုသောက စသည်တို့ ဖြစ်တိုင်းဖြစ်တိုင်းတွင် အကုသိုလ်ဖြစ်တိုင်းပါ စေတသိက်ဖြစ်သော မောဟလည်း အမြဲတွဲလျက်ပါသည်။ ဤသို့ အာသဝေါတရားများကြောင့် အဝိဇ္ဇာဖြစ်လာပါသည်။

မူလ။ ။ မူလသဒ္ဒါသည် အရင်းအမြစ်ဟူသောအနက်ကိုဟောသည်။ မောဟသည် အမြစ်နှင့်တူသည်။ ထို့ကြောင့် ဗုဒ္ဓသည်

စာမျက်နှာ-304
ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ယမိုက်ပါဠိတော်ကျမ်းများ၌ မောဟကို မူလဟု နာမည်ပေး၍ ဟောထားသည်။ သစ်ပင်များ၌ ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်များဖြစ်ပေါ်လာမှု၊ ရှင်သန်ကြီးထွားမှု၊ ခိုင်မြဲစွာ တည်တံ့မှုတို့တွင် ရေသောက်မြစ်သည် မရှိမဖြစ် အရေးပါဆုံးသော အကြောင်းဖြစ်သည်။ အရွက်ကိုပယ်၊ ခက်ငယ်ကိုချ၊ ခက်မကိုရှဲ၊ ပင်လုံးလဲအောင် ခုတ်ဖြတ်လင့်ကစား ရေသောက်မြစ်ရှိနေသေးပါက ပြန်လည်ရှင်သန်ကြီးထွားနိုင်သည်။

ထို့အတူ မောဟစေတသိက်သည် အကုသိုလ်သစ်ပင်ကြီး ဖြစ်ပေါ်လာမှုတွင် အဓိကအကျဆုံးသော ရေသောက်မြစ်ကြီးတစ်ခုဖြစ်သည်။ မောဟသည် အာရုံတည်းဟူသော မြေပေါ်၌ ထောက်ရာတည်ရာပြု၍ ဖြစ်ဖော်ဖြစ်ဖက်တရားတို့ကို ခိုင်မြဲစည်ပင်စေ၏။ မောဟတည်းဟူသော အမြစ်မကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့မဖြတ်နိုင်သေးသရွေ့ အကုသိုလ်မှုများ ဆက်လက်ဖြစ်ပေါ်ရှင်သန်နေဦးမည်မှာ ဧကန်ဖြစ်သည်။ ထို့ကြောင့် မောဟသည် အကုသိုလ်အားလုံး၏ ရေသောက်မြစ်ကြီးတစ်ခုဟု အဋ္ဌသာလိနီအဋ္ဌကထာတွင် ဖွင့်ဆိုခဲ့ခြင်းဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် ဝိဘင်း အဋ္ဌကထာတို့၌လည်း အဝိဇ္ဇာအမည်ရသည့် မောဟကို ဝဋ်တရားအမျိုးမျိုးတို့၏ တည်ရာတည်ကြောင်းဖြစ်သောကြောင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် ရှေ့ပိုင်းစက်၏ အကြောင်းရင်းအကြောင်းစ ဖြစ်သောကြောင့်လည်းကောင်း မူလခေါ်သည်ဟုဖွင့်ဆိုပါသေးသည်။

ပဋိစ္စသမုပ္ပါဒ်ကို နှစ်ပိုင်းခွဲလိုက်လျှင် အဝိဇ္ဇာမှ ဝေဒနာအထိ ရှေ့ပိုင်းဘဝစက်တစ်ခု၊ တဏှာမှ ဇရာမရဏအထိ နောက်ပိုင်းဘဝစက်တစ်ခုဟု ဘဝစက်နှစ်ခုဖြစ်လာသည်။ ထိုတွင် အဝိဇ္ဇာသည် ရှေ့ပိုင်းစက်၏အကြောင်းရင်း အကြောင်းစ အဖြစ်ဖြင့် ဝဋ်တရားအမျိုးမျိုးကို ဖန်တီးပေးသည်။ တစ်နည်းအားဖြင့် မူလသည် ဦးခေါင်းဟု အဓိပ္ပာယ်ရသည်။ သတ္တဝါတို့၌ ဦးခေါင်း-

စာမျက်နှာ-305
သည် ပဓာနအချုပ်အချာဖြစ်သကဲ့သို့ အဝိဇ္ဇာသည် ရှေ့ပိုင်းဘဝစက်တွင် အချုပ်အချာဖြစ်သော စက်ခေါင်းကြီးဖြစ်သည်။ ဦးခေါင်းကို ဆုပ်ကိုင်သောအခါ ဆုပ်ကိုင်သူ၏လက်မောင်းသည် ရှည်လျားသော မြွေကိုယ်၏ရစ်ပတ်မှုကိုခံရသကဲ့သို့ ဝဋ်တရားတို့၏ ဦးခေါင်းဖြစ်သော အဝိဇ္ဇာကိုစွဲကိုင်ထားသော သတ္တဝါတို့သည် ဝဋ်တရားတည်းဟူသော ကိုယ်လျားရှည်ကြီးဖြင့် အထပ်ထပ်ရစ်ပတ်မှုကို ခံနေကြရ၏။ ဤဆိုပြီး အကြောင်းများကြောင့် မောဟသည် မူလဟူသော နာမည်ထူးကိုရသည်။

ဟေတု။ ။ ဗုဒ္ဓသည် ပဋ္ဌာန်းပါဠိတော်၌ မောဟကို ဟေတု (ဟိတ်) ဟူသော နာမည်ထူးဖြင့် ဟောပါသည်။ ဟေတု (ဟိတ်) ၏ အနက်အဓိပ္ပာယ်သည် “ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ” ဆိုသည့်အတိုင်း ရေသောက်မြစ်သဖွယ် ဖြစ်ဖော်ဖြစ်ဖက်တရားများကို ကျေးဇူးပြုတတ်သော အကြောင်းတရားများဟု ဆိုသောကြောင့် မူလပုဒ်နှင့် အဓိပ္ပာယ်တစ်ထပ်တည်းပင် ဖြစ်ပါသည်။ သို့ဖြစ်၍ မူလပုဒ်ဖွင့်ဆိုချက်အတိုင်းပင် မှတ်သားရန်ဖြစ်သည်။

အာသဝ။ ။ ဓမ္မသင်္ဂဏီပါဠိတော် ဒုကနိက္ခေပအခန်း၌ မောဟကို အာသဝ (အဝိဇ္ဇာသဝ) ဟူသော နာမည်ဖြင့် ဘုရားဟောခဲ့သည်။ အမှန်မှာ အာသဝဟူသည် ကာလကြာမြင့်စွာ ထုံအပ်စိမ်အပ်သော အရက်စိမ်ရည်ကိုခေါ်သည်။ မောဟဟူသောတရားနှင့်တကွ တရားသုံးပါး (လောဘ၊ ဒိဋ္ဌိ၊ မောဟ) တို့သည် အရက်စိမ်ရည်တို့နှင့် သဘောတူသောကြောင့် သဒိသူပစာအားဖြင့် အာသဝနာမည်ကိုရကြသည်။

တူပုံမှာ မောဟစသော တရားတို့သည် ပုထုဇဉ်တို့၏ ခန္ဓာကိုယ်တည်းဟူသော အရက်အိုးဝယ် ဘဝအဆက်ဆက် ပျက်ကွက်သည်မရှိ ထပ်ခါထပ်ခါ အကြိမ်ပေါင်းများစွာ ဖြစ်လေ့ရှိသည့်အတွက် အရက်စိမ်ရည်များ-

စာမျက်နှာ-306
သဖွယ် ခန္ဓာကိုယ်ဝယ် အထုံရနေသကဲ့သို့ ဖြစ်ပါသည်။ (ဤနေရာ၌ အထုံရနေသကဲ့သို့ ဖြစ်ခြင်းဟူသည် အမြဲတစေ ဓာတ်သတ္တိတစ်ခုအနေနှင့် စွဲမြဲတည်ရှိနေသည်မဟုတ်၊ မကြာခဏဖြစ်လေ့ရှိသဖြင့် ဖြစ်ကြိမ်များသည့်အတွက် ဖြစ်သားဝကာ အကြောင်းသင့်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်မှာ လွယ်လွယ်ကူကူ ဖြစ်လာနိုင်သည့်သဘောကိုဆိုပါသည်။ အာသဝေါတရားဆိုသည်မှာ ပရမတ်တရားများဖြစ်သည့်အလျောက် အမြဲတစေ ကိန်းအောင်းတည်ရှိနေသော တရားမျိုးမဟုတ်။ အကြောင်းသင့်မှဖြစ်ပေါ်လာပြီး ချုပ်ပျောက်သွားသော တရားမျိုးသာဖြစ်သည်ကို မမေ့အပ်ပေ)။

အရက်စိမ်ရည်သည် သောက်စားသူများကို မူးယစ်စေတတ်၏။ သောက်စားမိခဲ့သော် အကြောင်းနှင့်အကျိုး အကောင်းနှင့်အဆိုးတို့ကို ခွဲခြားမမြင်နိုင်ဘဲ တစ်မူးတည်းမူးကာ ထင်မိထင်ရာကို ပြုလုပ်တတ်သောကြောင့် ဒုက္ခပေါင်းများစွာနှင့် ရင်ဆိုင်ကြရ၏။ ဒုက္ခတွေနှင့် ရင်မဆိုင်ရစေကာမူ ပညာရှိသူတော်ကောင်းတို့၏ အထင်အမြင်သေးမှုကိုကား မုချခံရပေမည်။

ထို့အတူ မောဟစသော တရားသုံးပါးသည်လည်း ပုထုဇဉ်သတ္တဝါတွေကို တွေဝေမူးယစ်စေ၍ အရူးဖြစ်အောင် ဖန်တီးတတ်၏။ မောဟစသည်တို့ကြောင့် မကောင်းမှုကို အကောင်းဟု ထင်ကာ လိုလိုလားလားပြုမှားမိကြ၏။ ယင်းသို့ပြုမိသဖြင့် ဒုက္ခမျိုးစုံနှင့် ဆုံဆည်းကြရ၏။ ဒုက္ခများနှင့် မကြုံရစေကာမူ ပညာရှိသူတော်စင်တို့၏ အထင်သေးမှုကိုကား ဧကန်ခံရပေသည်။ ထို့ကြောင့် ဗုဒ္ဓသည် မောဟစသည်ကို အဝိဇ္ဇာသဝစသည်ဖြင့် အာသဝနာမည်ထူးကို ပေးခဲ့ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ယိုစီးပန်းထွက်တတ်သောအနက်ကြောင့် အိုင်းအနာကြီး၌ရှိသော သွေးပုပ်ပြည်ပုပ်ရည်ကို အာသဝဟုခေါ်သည်။ မောဟစသော တရားသုံးပါးတို့သည်လည်း အိုင်းအနာကြီးမှ ယိုစီး-

စာမျက်နှာ-307
ထွက်ကျလာသော သွေးပုပ် ပြည်ပုပ်တို့နှင့်တူသောကြောင့် အာသဝ နာမည်ကိုရကြသည်။ နူနာရောဂါသည်၏ ခန္ဓာကိုယ်ရှိ အိုင်းအနာ တို့မှ ယိုစီးထွက်ကျလာသော သွေးပုပ်ပြည်ပုပ်တို့သည် အဝတ်ပုဆိုး တို့ကို ဖျက်ဆီးသကဲ့သို့ မောဟစသောတရားသုံးပါးတို့သည်လည်း ဒွါရခြောက်ပါးတို့မှ ယိုစီးထွက်ကာ အာရုံခြောက်ပါးတို့ကို ဖျက်ဆီး ကြ၏။ ယင်းသို့ သွေးပုပ်ပြည်ပုပ်တို့နှင့်တူသောကြောင့် ဥပစာအား ဖြင့် မောဟစသည်တို့သည် အာသဝနာမည်ထူးကိုရသည်။

ထို့ပြင် မောဟစသော တရားသုံးပါးတို့သည် ဘုံအားဖြင့် သုံးဆယ့်တစ်ဘုံတွင် ထိတ်ဆုံးဘုံဖြစ်သော နေဝသညာနာသညာယတန (အရူပ) ဘုံအထိ၊ တရားအားဖြင့် မဂ်စိတ်များ၏ ရှေ့၌ဖြစ်သော ဂေါတြဘူ, ဝေါဒါန်နှင့် ဖိုလ်စိတ်များ၏ ရှေ့ပရိကံအထိ အာရုံပြုသောအားဖြင့် ဖြစ်နိုင်သည့်အတွက် အာသဝဟူသော နာမည် ကိုရကြသည်။

ဩဃ

သြဃသဒ္ဒါသည် ရေအယဉ်၊ (ဝါ) ဝဲကိုဟောသည်။ မောဟစသော တရားသုံးပါးသည် ဝဲ, ရေယဉ်တို့နှင့်တူ သောကြောင့် သြဃဟူသော နာမည်တစ်မျိုးဖြင့် ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဘုရားရှင်ဟောကြားခဲ့သည်။ မြစ်၊ သမုဒ္ဒရာကြီး အတွင်း၌ရှိကြသော ဝဲ, ဩဃကြီးများ၏သဘောသည် မိမိအပေါ်ကျရောက်လာသမျှသော ဝတ္ထုပစ္စည်းများကိုဖြစ်စေ၊ သတ္တဝါများကိုဖြစ်စေ၊ အတင်း နှစ်သက်တတ်၏၊ ကူးထွက်နိုင်ခဲသဖြင့် ဝဲထဲတွင် လည်း လည်စေတတ်၏၊ အောက်သို့စုပ်၍လည်း နစ်မြုပ်စေတတ်၏။ ထို့အတူ မောဟစသည်တို့သည်လည်း မိမိဖြစ်ရာသတ္တဝါတို့ကို ဒုက္ခတွင်း၌လည်း အတင်းနှစ်၍သတ်တတ်၏။ လွတ်မြောက်ဖို့ရန် မလွယ်ကူသဖြင့် ဘဝပေါင်းများစွာလည်နေရ၏။ နောက်ဆုံးတွင် အပါယ်လေးဘုံသို့ ရောက်သည့်အထိ နစ်မြုပ်စေတတ်သည်။ ယင်း

စာမျက်နှာ-308
သို့ ဝဲ, သြဃရေအယဉ်နှင့် သဘောချင်းတူသောကြောင့် မောဟကို သြဃနာမည်ဖြင့် အဝိဇ္ဇောဃဟု နာမည်ထူးတပ်ခဲ့ပါသည်။

ယောဂ

ယှဉ်စပ်ခြင်းအနက်ကို ယောဂသဒ္ဒါက ဟောပါသည်။ တစ်ခုသောနေရာ၌ တစ်စုံတစ်ခုသောဝတ္ထုကို ကွာမသွားအောင် အစေးကပ်ထားသကဲ့သို့ သတ္တဝါများကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ထားတတ်သောကြောင့် မောဟစသော တရားသုံးပါးကို ယောဂဟု မှည့်ခေါ်ပြန်သည်။ လှည်း ရထားတို့၌ နွားများကိုတပ်ယှဉ်ထားသကဲ့သို့ ဘဝတည်းဟူသော ယန္တရားစက်၌ သတ္တဝါများကို တပ်ယှဉ်ထားတတ်သောကြောင့်လည်းကောင်း၊ အကြောင်းကိစ္စနှင့် အကျိုးဝိပါက်ကို ဆက်သွယ်ယှဉ်တပ်ထားသောကြောင့်လည်းကောင်း၊ သတ္တဝါတို့ကို ဘဝတစ်ပါးနှင့် ဆက်သွယ်ယှဉ်စပ်ပေးတတ်၊ ဒုက္ခ အမျိုးမျိုးနှင့် ယှဉ်စေတတ်သောကြောင့်လည်းကောင်း ယောဂဟူသော အမည်ထူးကို ရပေသည်။ ၁

နီဝရဏ

နီဝရဏသဒ္ဒါသည် “တားဆီးကန့်ကွက်၊ ပိတ်ပင်ဖျက်၊ အနက်နီဝရဏ်” ဆိုသည့်အတိုင်း တားမြစ်ခြင်း၊ ပိတ်ဆို့ခြင်း အဓိပ္ပာယ်ကိုဆောင်သည်။ မောဟစသော နီဝရဏတရားတို့သည် ဈာန်စသော ကုသိုလ်တရားများကို ဖြစ်ခွင့်မပေးဘဲ တားမြစ် ပိတ်ပင်တတ်သောသဘောရှိသည်။ ဖြစ်ခွင့်မပေးရုံသာမဟုတ် ဖြစ်ပြီးသားဈာန်စသောတရားများကိုပင် ကွယ်ပျောက်စေနိုင်သော သတ္တိ ရှိသည်။ လောဘ၊ ဒေါသနှင့် မောဟစိတ်များဖြစ်နေသည့်အခါ အယုတ်သဖြင့် ကာမကုသိုလ်များပင် အနားမကပ်နိုင်ပါ။ ဈာန်၊ မဂ်၊ ဖိုလ်တရားများကား ဆိုဖွယ်ရာမရှိပေ။ တစ်နည်းအားဖြင့် မောဟစသည်တို့သည် ပကတိမျက်စိတွင် တိမ်သလာမှေး ကာဘိ

၁။ သင်္ဂြိုဟ်ဘာသာဋီကာ။ ၅၄၈။

စာမျက်နှာ-309
သကဲ့သို့ ပညာမျက်စိကို ပိတ်ဆို့ကာကွယ်တတ်သောသဘောလည်း ရှိပေသည်။ ထို့ကြောင့် မောဟစသည်တို့သည် အဝိဇ္ဇာ၊ နီဝရဏ စသောအားဖြင့် နီဝရဏနာမည်ထူးကို ရကြသည်။

အနုသယ

အနုသယသဒ္ဒါသည် အကြောင်းသင့်က ဖြစ်ပေါ်လာခြင်း၊ (အနု = အကြောင်းသင့်သော် + သယ = ဖြစ်ပေါ်လာခြင်း) အဖန်တလဲလဲဖြစ်ခြင်း၊ (အနု = အဖန်တလဲလဲ + သယ = ဖြစ်ခြင်း) အနက်တို့ကို တိုက်ရိုက်ဟောသည်။ ဆင့်ပွားအနေဖြင့်ကား မဂ်ဖြင့်မပယ်ရသေးခြင်းဟူသော အနက်ကိုလည်း ဟောနိုင်သည်။ မောဟစသော ကိလေသာတို့သည် ဆိုင်ရာမဂ်ဖြင့် မပယ်သတ်ရသေးသည့်အတွက် အကြောင်းအချက်ပေါ်လာခဲ့သော် လွယ်လင့်တကူဖြစ်ပေါ်လေ့ရှိကြသည်။ ထို့ကြောင့် မောဟစသည်တို့ကို အဝိဇ္ဇာနုသယ စသော နာမည်ထူးတို့ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်တွင် ဘုရားရှင်ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။

ယင်းကိလေသာများသည် ဘဝပေါင်းများစွာ သတ္တဝါတို့၏ စိတ်အစဉ်၌ ထပ်တလဲလဲဖြစ်နေကြသဖြင့် အထုံ (အာသေဝနပစ္စည်း) ရကာ အခြားကိလေသာများထက် အင်အားကောင်းလျက်ရှိကြသည်။ သို့ဖြစ်၍ ဣဋ္ဌာရုံစသော အကြောင်းများနှင့် ဆုံဆည်းမိသည်နှင့် တစ်ပြိုင်နက် တားမရဆီးမရ လွယ်ကူစွာဖြစ်လာလေ့ရှိကြသည်။ သို့သော် ထိုကိလေသာများသည် “အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓာတ်နုသယ” ဆိုသကဲ့သို့ သတ္တဝါတို့၏ခန္ဓာအစဉ်ဝယ် မျိုးစေ့ဓာတ်အနေဖြင့် အမြဲမပြတ်ကိန်းဝပ်လျက် ပါနေသော ကိလေသာဓာတ်၊ ကိလေသာသတ္တိမျိုးကား မဟုတ်ချေ။ ဆိုင်ရာမဂ်ဖြင့် မပယ်သတ်ရသေးသောကြောင့် ခန္ဓာအစဉ်၌ ဖြစ်ကြိမ်များလွန်းသဖြင့် ဖြစ်လာကာ အင်အားကောင်းနေသော (ထာမဂတ) ကိလေသာမျိုးသာဖြစ်သည်။

စာမျက်နှာ-310
အချုပ်ဆိုရသော် ကိန်းဝပ်နေသောကိလေသာကို အနုသယဆိုသည်မဟုတ်။ မဂ်ဖြင့် မပယ်ရသေးသောကြောင့် အားကောင်းချင်တိုင်း အားကောင်းနေသော ကိလေသာမျိုးကိုသာ အနုသယဟု ဆိုလိုရင်းဖြစ်ပါသည်။ အနုသယယမိုက်ပါဠိတော်၊ ဓမ္မသင်္ဂဏီပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ မောဟအဖွင့်တို့၌ ဗုဒ္ဓကိုယ်တော်တိုင် အနုသယတို့ကိုဖြစ်ဆဲ ပစ္စုပ္ပန်ကာလဖြင့် ဟောထားရကား ကိန်းဝပ်နေသောတရားများမဟုတ်ကြောင်း ထင်ရှားလှသည်။ ကထာဝတ္ထုပါဠိတော်နှင့် ယမိုက်အဋ္ဌကထာ၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာများကလည်း အနုသယသည် စိတ်နှင့်ကင်းနေသောတရားမဟုတ်၊ စိတ်နှင့်ယှဉ်တွဲသော အာရုံရှိသော စင်စစ်အကုသိုလ်ဖြစ်သော တရားတည်းဟု တညီတညွတ်တည်း ဖွင့်ဆိုကြပါသည်။

အဘိဓမ္မာဝတာရဋီကာသစ်တွင်လည်း “တစ်ပါးသောဆရာတို့သည် ကာမရာဂါနုသယပုဒ်ကို ကာမရာဂ၏ အနုသယဟု အရကွဲသမာသ်တွဲကာ အနုသယအရ ကာမရာဂစသည်တို့၏ ဗီဇဓာတ်ဖြစ်သော ကိလေသာဖြစ်စေမှုသတ္တိကို ကောက်ယူကြသည်။ အမှန်စင်စစ် အနုသယဟူသည် ကာမရာဂ စသည်တို့မှ သီးခြားဖြစ်သော ဗီဇဓာတ်မျိုးမဟုတ်။ ကာမရာဂ စသည်တို့သည်ပင်လျှင် အနုသယဖြစ်ကြသည်” ဟု ဋီကာဆရာ ဖွင့်ဆိုပါသည်။

ထို့ကြောင့် ဤနေရာ၌ ပရမတ်တရားများကား ထာဝစဉ်တည်မြဲနေသော သဘောတရားမျိုးမဟုတ်။ မြစ်ရေယဉ်အလား ဖြစ်ပွားချုပ်ပျက်နေသော သဘောတရားများသာဖြစ်သည်ကို သတိမလစ်သင့်ကြပေ။ အကယ်၍ ခန္ဓာအစဉ်ဝယ် မျိုးစေ့သဖွယ် မှီတွယ်ကိန်းဝပ်ပါရှိနေသော ကိလေသာမျိုးကို အနုသယဟု အဓိပ္ပာယ်ကောက်ယူခဲ့သော် အစဉ်မြဲ၏ဟု ယူသော သဿတဒိဋ္ဌိမှ မလွတ်ဘဲ

စာမျက်နှာ-311
ရှိပေလိမ့်မည်။ အနုသယ၏အဓိပ္ပာယ်ကို ကောက်ယူရာတွင် သဿတဒိဋ္ဌိတည်းဟူသော တစ်ဖက်စွန်းသို့ မရောက်သွားစေဘဲ သဿတ အယူနှင့် ဥစ္ဆေဒအယူတို့ကို လုံးဝလက်မခံသော ဗုဒ္ဓဝါဒစစ်စစ်နှင့် တစ်သားတည်း ကိုက်ညီဖို့ အရေးကြီးပါသည်။

သံယောဇဉ်

သံယောဇဉ်ဟူသည် သံယောဇန (သံယောဇန = သံယောဇဉ်) ပါဠိမှဖြစ်လာသော ပါဠိသက်ပုဒ်တည်း။ တုပ်နှောင်ဖွဲ့ချည်ခြင်းဟု အဓိပ္ပာယ်ရသည်။ “ထိပ်ထောင်နှောင်ကြိုး၊ အဖွဲ့မျိုး၊ ဖွင့်ရိုးသံယောဇဉ်” ဆိုသကဲ့သို့ လက်ထိပ်အမျိုးမျိုး၊ ထောင်အမျိုးမျိုး၊ နှောင်ကြိုးအမျိုးမျိုးနှင့် တုပ်နှောင်ဖွဲ့ချုပ်ထားဘိသကဲ့သို့ သတ္တဝါတို့ကို သံသရာဝဋ်မှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သောကြောင့် သံယောဇဉ်ဆယ်ပါးတွင် အဝိဇ္ဇာသံယောဇဉ်ဟူသောနာမည်ကိုရသည်။

သံယောဇဉ်ကား အထက်တန်းစား (ဥဒ္ဓံဘာဂိယ) သံယောဇဉ်၊ အောက်တန်းစား (သြရမ္ဘာဂိယ) သံယောဇဉ်ဟု နှစ်မျိုးရှိသည်။ မောဟသည် ယင်းနှစ်မျိုးတွင် အထက်တန်းစား သံယောဇဉ်တွင် ပါဝင်သည်။ အကြောင်းကိုဆိုသော် အဝိဇ္ဇာသံယောဇဉ်ကို အောက်မဂ်သုံးပါးဖြင့် မပယ်သတ်နိုင်သေး။ ထိပ်ဆုံးဖြစ်သော အရဟတ္တမဂ်ဖြင့်သာ ပယ်သတ်နိုင်သောကြောင့်ဖြစ်သည်။ တစ်နည်းဆိုသော် အဝိဇ္ဇာသံယောဇဉ်သည် အောက်တန်းကျသော ကာမ ၁၁ ဘုံ၌သာဖြစ်သည်မဟုတ်၊ အထက်တန်းကျသော ရူပဘုံ အရူပဘုံများအထိ ဖြစ်လေ့ရှိသောကြောင့် အထက်တန်းစားသံယောဇဉ်ဟု ခေါ်ပါသည်။

ကိလေသာ

“ပူပန်ညစ်ကျူ၊ နှိပ်စက်မှု၊ ဆယ်ခုကိလေမှတ်” ဆိုသလို ကိလေသသဒ္ဒါသည် ပူပန်စေခြင်း၊ ညစ်နွမ်းစေခြင်း၊ နှိပ်စက်ခြင်းအနက်များကို ဟောသည်။ “ကိလေသာမီး” ဟု ဆိုရိုးရှိသကဲ့သို့ မောဟသည် သတ္တဝါတို့၏စိတ်အစဉ်ကို မီး

စာမျက်နှာ-312
သဖွယ် ပူပန်စေတတ်သောသဘော၊ နှိပ်စက်တတ်သောသဘော၊ ညစ်နွမ်းစေတတ်သောသဘောရှိသည်။ ဒေါသမီး မောဟမီး စသည်တို့ တောက်လောင်လာသောအခါ စိတ်အစဉ်သည် ကြည်ကြည်လင်လင် ချမ်းချမ်းသာသာမရှိ။ ညစ်နွမ်းသောသဘောရှိ၏။ ဤသဘောကိုပင် လောကဝေါဟာရအားဖြင့် စိတ်ညစ်သည်ဟု ခေါ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မောဟသည် ကိလေသာဟူသော နာမည်ကိုရသည်။

ထို့ပြင် မောဟသည် အမှန်တရားကိုမသိခြင်းကြောင့် အညာဏ၊ မမြင်ခြင်းကြောင့် အဒဿန၊ ထိုးထွင်း၍မသိတတ်သောကြောင့် အနဘိသမယ၊ အမှန်တရားအားလျော်စွာ မသိတတ်သောကြောင့် အနနုဗောဓ၊ သစ္စာလေးပါးကို မသိတတ်သောကြောင့် အပ္ပဋိဝေဓ၊ အနိစ္စ...စသည်ဖြင့် မယူတတ်သောကြောင့် အသံဂါဟန၊ အနိစ္စ... စသည်တို့နှင့်ယှဉ်၍ မသိတတ်သောကြောင့် အသမ္မောဓ၊ အမှန် တရားကိုသက်ဝင်၍ မယူတတ်သောကြောင့် အပရိယောဂဟန၊ အညီအညွတ်မရှိတတ်သောကြောင့် အသမပေက္ခန၊ မဆင်ခြင်တတ်သောကြောင့် အပစ္စဝေက္ခနာ၊ မျက်မှောက်မရှုတတ်သော (ဝါ) အကောင်းအဆိုးကို မဝေခွဲတတ်သောကြောင့် အပစ္စက္ခကမ္မ၊ စိတ်၏ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးတတ်သောကြောင့် ဒုမ္မဇ္ဈ၊ လူမိုက်ဖြစ်ကြောင်းကို ဖြစ်သောကြောင့် ဗာလျ၊ ကောင်းစွာအပြားအားဖြင့် မသိတတ်သောကြောင့် အသမ္ပဇည၊ ပြင်းစွာတွေဝေခြင်းကြောင့် ပမောဟ၊ ပတ်ဝန်းကျင်တွေဝေခြင်းကြောင့် သမ္မောဟ၊ တံခါးကျည်မင်းတုပ်နှင့်တူသောကြောင့် အဝိဇ္ဇာလင်္ဂီဟူသော အမည်ကိုလည်းရသည်။ ၁

၁။ အဘိ၊ ၁။ ၉၄။

စာမျက်နှာ-313

၆။ မောဟအကြောင်း သိကောင်းစရာများ

စရိုက်သိရန် အကဲခတ်နည်းများ

သတ္တဝါတစ်ဦးတစ်ယောက်၏ သန္တာန်၌ အခြားတရားများဖြစ်သည်ထက် တရားတစ်ခု၏ အဖြစ်များခြင်း (ဝါ) လွန်ကဲစွာဖြစ်ခြင်းကို စရိုက် (စရိတ = စရိုက် = မပြတ်ဖြစ်ခြင်း) ဟု ခေါ်သည်။ သို့ဖြစ်၍ ရာဂအဖြစ်များသူ (ဝါ) ရာဂလွန်ကဲသူကို ရာဂစရိုက်ရှိသူဟုလည်းကောင်း၊ မောဟအဖြစ်များသူ (ဝါ) မောဟလွန်ကဲသူကို မောဟစရိုက်ရှိသူဟုလည်းကောင်း ခေါ်ဆိုရသည်။ ဤနေရာ၌ သူတစ်ပါးတို့၏စိတ်ကိုသိနိုင်သော (ပရစိတ္တဝိဇာနန) ဉာဏ်ကြီးရှင်များ မဟုတ်လျှင် တစ်ပါးသူတို့၏စရိုက်ကို တိတိကျကျသိနိုင်ဖို့ရန် ခဲယဉ်းသည်။ သို့သော် ထိုဉာဏ်မျိုးမရှိသူများအတွက် စရိုက်ကို ခန့်မှန်းအကဲခတ်နိုင်ရန် နည်းလမ်းများရှိပါသည်။ ယင်းနည်းလမ်းများမှာ-

၁။ အသွားအလာ အနေအထိုင် စသော ဣရိယာပုတ်၊

၂။ လုပ်ငန်းကိစ္စများကို ပြုလုပ်နည်း ပြုလုပ်ဟန်၊

၃။ ကြိုက်တတ်သည့်အစားအစာ၊

၄။ မြင်ရာကြားရာ စသည်တို့၌ သဘောထားပုံ၊

၅။ အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိသော တရားများဖြစ်ကြသည်။

ဤအချက်များဖြင့် တစ်ဦးဦးကို စဉ်းစားကြည့်ရှု သတိပြုအကဲခတ်ပါလျှင် မည်သည့်စရိုက်ရှိသူဟု ခန့်မှန်းနိုင်ဖွယ်ရာရှိပေသည်။

မောဟစရိုက်ရှိသူ

မောဟစရိုက်ရှိသူတို့ကို အထက်ပါအကဲခတ်နည်းများဖြင့် ဆန်းစစ်ကြည့်လျှင် မောဟစရိုက်ရှိသူသည် သွားလာသောအခါ ပတ်ဝန်းကျင်ကို အနှောင့်

စာမျက်နှာ-314
အယှက်ပြုသကဲ့သို့ ဖယ်ယမ်းဖယ်ယမ်းနှင့် သွားတတ်သည်။ ကြောက်သလိုလို ရွံ့သလိုလိုနှင့် ခြေကိုချသည်၊ ကြွသည်။ တစ်ခါတစ်ရံ ခြေဖျားနှင့်နင်း၍ တစ်ခါတစ်ရံ ဖနောင့်နှင့်နင်းသွားတတ်၏။ မတ်တတ်ရပ်သည့်အခါ၌ဖြစ်စေ၊ ထိုင်သည့်အခါ၌ဖြစ်စေ အချိုးမကျတတ်။ ဖြစ်သလိုရပ် ဖြစ်သလိုထိုင်တတ်၏။ အိပ်ရာကို ဖြစ်ကတတ်ဆန်း ရွဲ့စောင်းစောင်းခင်း၍ ခြေပစ်လက်ပစ် အိပ်တတ်၏။ အိပ်သည့်အခါ အများအားဖြင့် မှောက်လျက်အိပ်လေ့ရှိ၏။ အိပ်ရာမှထသည့်အခါ ဟင်းဟင်းဟဲဟဲ ဝူးဝါးဟုသမ်းပြီး လေးလံနှေးကွေးစွာ ထတတ်၏။ အချုပ်အားဖြင့် ပဒိုင်းသီးကျွေးထားသော ဖွတ်၊ ပဒတ်အသွင် မယဉ်မကျေး မှိုင်ငေးပေါ့ပျက် ရှုပ်ယှက်ခတ် အနေအထိုင် အသွားအလာ ဣရိယာပုထ်ရှိ၏။ ၁

လုပ်ငန်းကိစ္စများကို ပြုမူဆောင်ရွက်ရာတွင် သေသပ်ကျနမှုမရှိ၊ ပေါ့ပေါ့ဆဆ၊ ရှုပ်ရှုပ်ထွေးထွေး ပြုလုပ်တတ်သည်။ စားသောက်သည့်အခါ ပါးစပ်ကို ပေရေအောင်စားလေ့ရှိ၏။ ဟိုတွေးဒီတွေး တငေးငေးဖြင့် စားတတ်၏။ မည်သည့်အစားအစာကိုမှ ကြိုက်တတ်သည်ဟု အစွဲအမြဲမရှိပေ။ မြင်ရာကြားရာ စသည်တို့၌ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်နှိုင်းချိန်လေ့မရှိဘဲ မြင်တိုင်းကြားတိုင်းကို ယုံလွယ်တတ်၏။ အစဉ်သဖြင့် သူတကာ၏ နောက်လိုက်သာဖြစ်၍ သူများချီးမွမ်းသည့်အခါ ရော၍ ချီးမွမ်းတတ်၏။ အများက ကဲ့ရဲ့သည့်အခါတွင်လည်း မိမိကပါ ရောယောင်ကဲ့ရဲ့တတ်၏။ ထိုသူ့သန္တာန်ဝယ် ထိုင်းမှိုင်းဖျင်းအခြင်း (ထိနမိဒ္ဓ)၊ စိတ်မငြိမ်မသက်ခြင်း (ဥဒ္ဓစ္စ)၊ နောင်တမကြာမကြာရခြင်း (ကုက္ကုစ္စ)၊ ဧကန်ဧက ယတိပြတ် မဆုံးဖြတ်နိုင်ခြင်း (ဝိစိကိစ္ဆာ)၊ မှားသောအယူကိုစွဲမြဲစွာယူတတ်ခြင်း၊ အယူမှားကိုစွန့်လွှတ်နိုင်ခဲခြင်း စသော အကုသိုလ်တရားများ

၁။ ဝိသုဒ္ဓိ၊ ပတွဲ။ ၁၀၁-၁၀၃။

စာမျက်နှာ-315
ဖြစ်လေ့ရှိသည်။ ဤသည်တို့ကား မောဟစရိုက်ရှိသူတို့၌ ဖြစ်လေ့ရှိသော သဘောတရားများ ဖြစ်သည်။

မောဟစရိုက်ရှိသူနှင့် လျော်သောအရာများ

မောဟစရိုက်ရှိသူသည် လဟာပြင်ဘက်သို့ မျက်နှာမူဆောက်ထားသော ကျယ်ဝန်းသည့် အဆောက်အအုံမျိုးနှင့် သင့်လျော်သည်။ တစ်နည်းဆိုသော် တံခါးဖွင့်လိုက်လျှင် အရပ်လေးမျက်နှာလုံးကို ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်သော အဆောက်အအုံမျိုး၌ နေသင့်၏။ ဣရိယာပုထ် လေးပါးတွင် လမ်းလျှောက်ခြင်း ဣရိယာပုထ်နှင့် သင့်လျော်၏။ အာရုံအနေဖြင့်ကား ကျဉ်းမြောင်းသော ကသိုဏ်းဝန်းသည် စိတ်ကို တွေဝေစေတတ်သဖြင့် ကျယ်ပြန့်သော ကသိုဏ်းဝန်းအာရုံနှင့် သင့်လျော်၏။ အဝတ်ဝတ်ဆင်ရာတွင် ပိုးဖဲကတ္တီပါ စသည့် နူးညံ့သိမ်မွေ့သော အကောင်းစားအဝတ်များကို ဝတ်ဆင်သင့်၏။ ကောင်းစွာ ဖီးလိမ်းဝတ်ဆင်တတ်သော တယုတယလုပ်ကျွေးတတ်သော ရုပ်လှပချောမောသော အလုပ်အကျွေးများနှင့် သင့်လျော်၏။ ၂

မောဟသည် ဒိဋ္ဌိဖြစ်ကြောင်း

ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ သုတ်သီလက္ခန် အဋ္ဌကထာ၊ အင်္ဂုတ္တိုရ်သုတ် အဋ္ဌကထာတို့၌ ဒိဋ္ဌိဖြစ်ကြောင်းတရားတို့ကို ခန္ဓာငါးပါး၊ ဝိတက်စသည်ဖြင့် ရှစ်ပါးပြဆိုထားသည်။ ယင်းအကြောင်းရှစ်ပါးတွင် မောဟပါဝင်ပေသည်။ မောဟသည် ရုပ်နာမ်တရားတို့၏ ဟုတ်မှန်သောသဘောလက္ခဏာတို့ကို မသိမမြင်ဘဲ ယောင်ယမ်းစွဲလမ်းသောကြောင့် ဒိဋ္ဌိဖြစ်ခြင်းအကြောင်းမည်၏။ ၃

၂။ ဝိသုဒ္ဓိ၊ ပတွဲ။ ၁၀၅-၁၀၆။

၃။ ပရမတ္ထအနုဝဏ္ဏနာ၊ ပတွဲ။ ၄၉။

စာမျက်နှာ-316
မောဟကြောင့် တိရစ္ဆာန်ဖြစ်သည်။

တွေဝေခြင်း သဘောရှိသော မောဟကြောင့် အမြဲတွေဝေလေ့ရှိသော တိရစ္ဆာန်မျိုး၌ အများအားဖြင့် ဖြစ်တတ်သည်။ အမောဟ (ပညာ) သည် အသက်ရှည်ကြောင်းတရားဖြစ်သကဲ့သို့ မောဟသည် အသက်တိုကြောင်းတရားတစ်ခုဖြစ်သည်။ အကြောင်းကိုဆိုသော် မောဟအဖြစ်များသောသူသည် အကျိုးဖြစ်မဖြစ်၊ အပြစ်ရှိ, မရှိတို့ကို မသိသဖြင့် အကျိုးမဲ့သော စားသောက်နေထိုင်မှုတို့ကို ပြုလေ့ရှိသောကြောင့် ဖြစ်သည်။ ကြီးပွားချမ်းသာရာ၌ အမောဟ (ပညာ) သည် အရင်းခံအကြောင်းဖြစ်သည့်နည်းတူ ဆင်းရဲရာတွင် မောဟသည် အဓိကအကြောင်းကြီးတစ်ခုဖြစ်သည်။ ၁

ဒုဂ္ဂတိဘဝသို့ရောက်ကြောင်း

မောဟသည် ဒုဂ္ဂတိဘဝသို့ရောက်စေတတ်သော အကုသိုလ်ကံ၏ ထူးသောအကြောင်းရင်းဖြစ်သည်။ မှန်၏။ မောဟဖုံးလွှမ်းမှုကြောင့် အမှုခပ်သိမ်းတို့၌ တွေဝေသောသူ၊ ပညာမျက်စိမရှိသောသူတို့သည် ပြုသင့်ပြုထိုက်သောအမှု၊ မပြုသင့်မပြုထိုက်သောအမှုတို့ကို မသိသဖြင့် သူ့အသက်သတ်ခြင်း စသော အကုသိုလ်ဒုစရိုက်မှုတို့ကိုသာ အများအားဖြင့် ပြုမိတတ်သည်။ ထို့ကြောင့် ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းဖြစ်သည်။ ၂

အကြင်တွေဝေတတ်သော သဘောရှိသည့် မောဟကြောင့် တွေဝေကြကုန်သော သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိဘဝသို့ လားရောက်ကြကုန်၏။ ထိုမောဟကို ဝိပဿနာကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်တို့သည် မဖောက်မပြန် အမှန်အတိုင်းသိ၍ မဂ်ဉာဏ်ဖြင့် ပယ်နိုင်ကြကုန်၏။ ပယ်ပြီးသည့်နောက်ပိုင်းတွင် ဤလောကသို့ နောက်ထပ် ဘယ်သောအခါမှ ပြန်မလာကြကုန်။ ၃

၁။ အဘိ၊ ဋ္ဌ၊ ၁။ ၁၇၂။

၂။ အဘိ၊ ဋ္ဌ၊ ၂။ ၁၂၆။

၃။ ဣတိဝုတ်။ ၁၉၆။

စာမျက်နှာ-317

အကုသိုလ်ဖြစ်ကြောင်း

အကြင်သတ္တဝါအပေါင်းသည် မောဟဖြင့် ဖွဲ့ယှက်ဖုံးလွှမ်းထားရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ထင်ရ၏။ ထိုသတ္တဝါအပေါင်းသည် မောဟဖုံးလွှမ်းမှုကို ခံနေရသည်ဖြစ်၍ ကိုယ့်ကျိုးကိုယ့်စီးပွားရှိ မရှိကို အသေအချာမသိသောကြောင့် ဆင်းရဲခြင်းများကိုသာ သယ်ယူလာသည့် အကုသိုလ်ခေါ်သော အကျိုးမဲ့လုပ်ငန်းများကိုသာ ပြုမိတတ်သည်။ ၁

မောဟဂတိ

ရဟန်းတို့၊ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ ချစ်ခြင်း (ဆန္ဒ) ကြောင့် အဂတိလိုက်စား၏။ မုန်းခြင်း (ဒေါသ) ကြောင့် အဂတိလိုက်စား၏၊ မသိခြင်း (မောဟ) ကြောင့် အဂတိလိုက်စား၏။ ကြောက်ရွံ့ခြင်း (ဘယ) ကြောင့် အဂတိလိုက်စား၏။ ရဟန်းတို့၊ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်းဟု မိန့်တော်မူ၏။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ တရားကိုကျော်လွန်၍ကျင့်၏။ (ဝါ) မတရားမှုပြု၏။ ထိုသူ၏ အခြံအရံ အကျော်အစော ဂုဏ်သတင်းသည် လဆုတ်ပက္ခလကဲ့သို့ ဆုတ်ယုတ်လေ၏။ ၂

မောဟပိုက်ကွန်

ရာဂနှင့်တူသောမီးသည် မရှိ၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သောသတ္တဝါသည် မရှိ၊ မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ၊ တဏှာနှင့်တူသောမြစ်သည် မရှိ။

ထိုတွင် ပိုက်ကွန်သည် သားငါးတို့ကို မလွတ်ထွက်နိုင်အောင် ဖုံးအုပ်လွှမ်းခြုံသောသဘောရှိသကဲ့သို့ မောဟသည် သတ္တဝါများကို ဘဝသံသရာမှ မလွတ်နိုင်အောင် ဖုံးလွှမ်းတတ်သော သဘောရှိသည်။

၁။ ဥဒါန။ ၁၇၆။

၂။ အံ၊ ၁။ ၃၂၅။ နေတ္တိ။ ၁၀၇။

စာမျက်နှာ-318
သို့သော် ပိုက်ကွန်က တစ်ဘဝ၊ တစ်ခန္ဓာကိုသာ ဖုံးလွှမ်းနိုင်စွမ်းရှိသည်။ မောဟကမူ သတ္တဝါတွေကို မလွတ်ထွက်နိုင်အောင် ဘဝပေါင်းများစွာ၊ ခန္ဓာပေါင်းများစွာ အထက်အောက် မြှေးယှက်ဖုံးလွှမ်းထားနိုင်သည်။ ထို့ကြောင့် မောဟသည် တုဖက်ကင်းသော ပိုက်ကွန်ကြီးဖြစ်သည်။ ၁

မောဟသည် ပျက်စီးကြောင်းတရား

မင်းကြီး... သတ္တဝါတို့ အတွင်းသန္တာန်၌ လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်လာခဲ့သော် အကျိုးမဲ့ခြင်းငှာ၊ ဆင်းရဲခြင်းငှာ၊ ချမ်းချမ်းသာသာ မနေနိုင်ခြင်းငှာဖြစ်၏။ ဝါးပင်ကို မိမိအသီးသည်ပင် ဖျက်ဆီးသကဲ့သို့ မိမိသန္တာန်၌ဖြစ်သော လောဘ၊ ဒေါသ၊ မောဟတို့သည်ပင် ယုတ်မာသောစိတ်ရှိသူကို ဖျက်ဆီးကုန်၏။ ၂

ပကတိအကုသိုလ်မှောင်လုံးကြီး

ဤလောက၌ အမိုက်မှောင်မည်သည် တစ်စုံတစ်ခုသော အကြောင်းထူးဖြင့် ပြုလုပ်စီမံရသည်မဟုတ်ချေ။ အကြင်အရပ်၌ အလင်းရောင်မရှိ၊ ထိုအရပ်၌ မိမိဘာသာ ဓမ္မတာသိဒ္ဓိအားဖြင့် အမိုက်မှောင်ဖြစ်လာ၏။ ထို့အတူ တရားအပေါင်းတို့တွင် တွေဝေခြင်း မုယှနကြိယာ (မောဟ) ဟူသော မှောင်တိုက်ကြီးသည်လည်း မိမိဘာသာ ဓမ္မတာသိဒ္ဓိအားဖြင့် အကုသိုလ်သဘောရှိ၏။ ဘယ်တရားနှင့်ယှဉ်ရ၍ အကုသိုလ်ဖြစ်ရသည်ဟု မရှိပေ။

မှန်၏။ သာမန်ဖြစ်သော လိုချင်မှု (ဣစ္ဆာ) သည်ရှိ၏။ ယင်းလိုချင်မှုသည် တွေဝေခြင်း မုယှနကြိယာနှင့် ယှဉ်ခဲ့သော် မက်မက်မောမောလိုချင်မှု

၁။ ဓမ္မပဒ။ ၄၉။ ဓမ္မပဒ၊ ဋ္ဌ၊ ဒုတွဲ။ ၂၃၁။

၂။ စူဠနိဒ္ဒေသ။ ၂၅၂။

စာမျက်နှာ-319
ဘက်သို့ ကူးပြောင်းကာ အကုသိုလ်လောဘကြီး ဖြစ်ရ၏။ ထိုလိုချင်မှုသည်ပင် သဒ္ဓါစသည်နှင့် ယှဉ်တွဲမိသောအခါ ကျင့်လိုခြင်း၊ သိလိုခြင်း၊ ထွက်မြောက်လိုခြင်း (ဓမ္မစ္ဆန္ဒ) ဘက်သို့ ကူးပြောင်းကာ ကုသိုလ်ဆန္ဒကြီးဖြစ်လာသည်။

ထို့ပြင် သည်းမခံချင်မှု (အက္ခန္တိ) သည်လည်း မုယှနကြိယာနယ်သို့ ကျရောက်ခဲ့လျှင် မည်သူ့နှိပ်စက်ခြင်းကိုမျှ ငါမခံစသည်ဖြင့် ထိပါးခြင်း၊ ကြမ်းတမ်းခြင်း (ပဋိဃ) ဘက်သို့ ကူးပြောင်းကာ အကုသိုလ်ဒေါသကြီး ဖြစ်လာ၏။ ထိုသည်းမခံချင်မှုသည်ပင် သဒ္ဓါစသည်တို့နှင့် တွဲရသည့်အခါ ငါ့သန္တာန်၌ ကာမဝိတက်ဖြစ်လာမှုကို သည်းမခံနိုင် စသည်ဖြင့် အကုသိုလ်တရား အကုသိုလ်အာရုံတို့ ဝင်လာမှုကို သည်းမခံဘဲ ဆန့်ကျင်ဘက်အဖြစ်သို့ သက်ဝင်ကာ အလောဘစသော ကုသိုလ်တရားကြီး ဖြစ်လာ၏။

ဤသို့တွေဝေခြင်း မုယှနကြိယာအား မည်သည့်တရားနှင့်ယှဉ်၍ အကုသိုလ်ဖြစ်ရသည်မရှိ။ ပကတိ အကုသိုလ်မှောင်လုံးကြီးသာတည်း။ ဥပမာ-အချဉ်ကိုလို၍ အခြားချဉ်စေတတ်သောဝတ္ထုဖြင့် ရောနှောဖွယ်မလိုသော ပကတိချဉ်သီးကဲ့သို့ ဖြစ်သည်။ ၁

မောဟဖြစ်ကြောင်းများ

ကုသိုလ်ကောင်းမှု၌ မမွေ့လျော်ခြင်း၊ ကုသိုလ်အရာ၌ စိတ်မဝင်စားခြင်း၊ ဆန့်ကျင်ခြင်း၊ ပျင်းရိခြင်း၊ ဂိုဏ်းဂဏပါတီ အပေါင်းအသင်းတို့၌ ပျော်မွေ့ခြင်း၊ အိပ်လေ့ရှိခြင်း၊ ကုသိုလ်တရားကို မလိုလားခြင်း၊ ဉာဏ်၌ အံ့ဖွယ်သူရဲမရှိခြင်း၊ အယူမှားကိုမြတ်နိုးခြင်း၊ ဆွေးနွေးမေးမြန်းလေ့ မရှိခြင်း၊ မိမိကိုယ်ကို ကောင်းအောင်မလုပ်ခြင်း၊ စိတ်မတည်ကြည်ခြင်း၊ ပညာမဲ့သူများကို ကိုးကွယ်ခြင်း၊ ပညာရှိတို့ကို မဆည်းကပ်ခြင်း၊ မိမိကိုယ်ကိုနှိပ်စက်ခြင်း၊ မှားသောအကြံကို ကြံ

၁။ ပရမတ္ထဒီပနီမဟာဋီကာသစ်။ ၁၂၄။

စာမျက်နှာ-320
စည်ခြင်း၊ ဖောက်ဖောက်ပြန်ပြန် နှလုံးသွင်းခြင်း၊ ကိုယ်ခန္ဓာသန်စွမ်းအောင်ကြိုးစားခြင်း၊ သံဝေဂတရား၌ အလေ့အကျက်မရှိခြင်း၊ ထိနမိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာဟူသော နီဝရဏတရားငါးပါးတို့သည် မောဟဖြစ်ကြောင်းတို့ မည်ကုန်၏။ ၁

အကြင်သူသည် အမှုတို့ကိုပြုသောခဏ၌ လောဘ၊ ဒေါသ၊ မောဟတို့သည် အားကြီးကုန်၏။ ထိုသူသည် လောဘကြီး၏၊ ဉာဏ်ထိုင်း၏၊ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်၏၊ အမျက်မထွက်တတ်၊ နိပါတ်တော်လာ အရှင်ဗာကုလမထေရ်နှင့် တူ၏။ အမှုကိုပြုသောအခါ၌ လောဘ၊ ဒေါသ၊ မောဟသုံးပါးလုံး အားကြီးအံ့။ အလိုရမက်ကြီး၏၊ ကြမ်းတမ်း၏၊ တွေဝေ၏။ အချုပ်အားဖြင့် အမှုကိုပြုသောခဏဝယ် မောဟအားကြီးခဲ့သော် ဉာဏ်လေးတတ်၏၊ တွေဝေမှုများတတ်၏၊ အမောဟအားကြီးခဲ့သော် ဉာဏ်ထက်မြက်တတ်၏ဟု ဆိုလိုရင်းဖြစ်၏။ ၂

ရှေးဘဝက (သို့မဟုတ်) ရှေ့ပိုင်းအချိန်က သေရည်သေရက် အသောက်အစားများသူ၊ ဗဟုသုတကြွယ်ဝသည့် ပညာရှင်များနှင့် ဆွေးနွေးမေးမြန်းခြင်းကင်းသူ၊ ပထဝီဓာတ်, အာပေါဓာတ်လွန်ကဲသူ၊ လေလွန်ကဲသူတို့သည် မောဟထူပြောတတ်၏။ ၃

မောဟကိုပယ်နိုင်ကြောင်းတရား (၅) ပါး

(၁) ဆရာသမားကိုအမှီပြု၍နေခြင်း (ဝါ) ဆရာရှိရခြင်း၊

(၂) ပညာကိုသင်ယူခြင်း၊

(၃) သင်ပြီးသောပညာတို့ကို ထပ်၍ ဆွေးနွေးမေးမြန်းခြင်း၊

၁။ စရိယာပိဋက၊ ဋ္ဌ။ ၃၀၇။

၂။ ဝိသုဒ္ဓိ၊ ပတွဲ။ ၁ဝဝ။

၃။ ဝိသုဒ္ဓိ၊ ပတွဲ။ ၉၉။

စာမျက်နှာ-321
(၄) အခြေအနေပေးသည့်အခါ တရားနာခြင်း၊

(၅) အကြောင်းဟုတ်သည် မဟုတ်သည်ကို ဆုံးဖြတ်နိုင်ခြင်း

ဟူသော တရားငါးပါးတို့ကို အကြောင်းပြု၍ မောဟဓာတ်သည် ပပျောက်၏။ ထို့ကြောင့် ယင်းတရားငါးပါးတို့ကို မှီဝဲသင့်ကုန်၏။ ၁

ချဲ့ဦးအံ့၊ ဆရာရှိသောသူသည် ဆရာကို ကြောက်ရွံ့ရိုသေမှုကြောင့် အရာရာတွင် ပေါ့ဆမှု၊ တွေဝေမှု (မောဟ) မျိုး မဖြစ်နိုင်ချေ။ ပညာသင်ကြားရာတွင်လည်း ဆရာအပြစ်ပေးမည်ကိုစိုးရိမ်၍ ထာဝစဉ် ဂရုစိုက်လေးစားရသဖြင့် မောဟကင်းပျောက်နိုင်၏။

ပညာရှိထံ ချဉ်းကပ်မေးမြန်းခြင်းသည် သင်ပြီးသောပညာရပ်တို့၌ မရှင်းလင်းသေးသောအရာတို့ကို ယုံမှားမရှိ ပြတ်သားစွာသိရသောကြောင့် တွေဝေမှုမောဟ မရှိနိုင်။ အခြေအနေပေးချိန်တွင် တရားနာကြားရာဌာနသို့သွား၍ ရိုသေစွာတရားနာသူအား သဘောမပေါက်သေးသော (ဝါ) ပိုင်ပိုင်နိုင်နိုင်မသိသေးသော အဓိပ္ပာယ်အယူအဆတို့ကို ရှင်းရှင်းလင်းလင်းသိနိုင်သောကြောင့် မောဟကင်းပျောက်နိုင်၏။

ဤအရာသည် ဤသဘောတရား၏ အကြောင်းတည်း၊ ဤအရာသည် ဤသဘောတရား၏ အကြောင်းမဟုတ်ဟု အဆုံးအဖြတ်၌ လိမ္မာကျွမ်းကျင်သူသည် ဆုံးဖြတ်နိုင်စွမ်းရှိအောင် ကြိုးပမ်းရသဖြင့် တွေဝေမှုမောဟစေတသိက် ဖြစ်လာခွင့်မရနိုင်ပေ။ ထို့ကြောင့် ဤတရားငါးမျိုးသည် မောဟမဖြစ်အောင် တတ်နိုင်ကြသည်။

၁။ မ၊ ဋ္ဌ၊ ၁။ ပတွဲ၊ ၃၉၂။

စာမျက်နှာ-322

၇။ မောဟကြောင့် ဘဝစက်ဝန်း(သံသရာ)လည်ပတ်ပုံ

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်။

မောဟကြောင့် ဘဝစက်ဝန်းလည်ပတ်ပုံကို ဝိဘင်းပါဠိတော်တွင် ရှင်တော်ဗုဒ္ဓဟောကြားခဲ့သည့် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပြဒေသနာတော်အတိုင်း သိသာရုံဖော်ပြပါမည်။

မောဟ (အဝိဇ္ဇာ) တိမ်သလာစွဲနေကြသော သတ္တဝါများသည် အာရုံ၏အမှန်သဘောတရားများကို ထိုးဖောက်မမြင်နိုင်ရကား ဒုက္ခအတိဖြစ်သော ရုပ်နာမ်တရားတို့၏ အပြစ်အနာအဆာ (အာဒီနဝ) တို့ကို မမြင်စွမ်းနိုင်ပါချေ။ မြင်သမျှ၊ ကြားသမျှ၊ တွေ့သမျှအာရုံတို့ကို သာယာဖွယ်၊ နှစ်သက်ဖွယ်အသွင်ဖြင့်သာ ထင်မှတ်မှားကြသည်။

ထို့ကြောင့် လက်ရှိဘဝ၌ မိမိတို့၏ချမ်းသာရေးကိုသာ မျှော်တွေး၍ သတ်မှု၊ ခိုးမှု၊ လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ မကောင်းကြံစည်မှု စသည့်အကုသိုလ်ဒုစရိုက်မှုများကို အပြစ်မရှိသည့်အလား အားပါးတရ ပြစ်မှားမိကြသည်။ တမလွန်ဘဝ ကောင်းစားရေးအတွက်လည်း လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတို့ကို ရည်မျှော်၍ ဒါန၊ သီလ၊ ဘာဝနာမှုများကို ပြုကြသည်။ ထိုဘဝနှစ်ပါးကောင်းစားရေးအတွက် ကြိုးစားကြသော ကုသိုလ်မှု အကုသိုလ်မှုများကို သင်္ခါရဟုခေါ်သည်။ ယင်းသင်္ခါရများသည် မောဟဖုံးလွှမ်းမှုကို အမှီပြု၍ ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်။

ထိုသင်္ခါရနှစ်မျိုးတွင် အကုသိုလ်ဟူသော သင်္ခါရကြောင့် ဒုဂ္ဂတိဘုံတို့၌ အပါယ်ပဋိသန္ဓေဝိညာဏ်ဖြစ်ကာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဟူ၍ သတ္တဝါအမျိုးမျိုးဖြစ်လာကြသည်။ ကုသိုလ်သင်္ခါရကြောင့် သုဂတိဘုံ၌ ပဋိသန္ဓေဝိညာဏ်အမျိုးမျိုး ပေါ်လာကာ လူ, နတ်, ဗြဟ္မာ သတ္တဝါအစားစား ဖြစ်လာကြသည်။ ပဋိသန္ဓေ၏နောက်ပိုင်းကာလတွင်လည်း သင်္ခါရ

စာမျက်နှာ-323
ကြောင့်ပင် မြင်သိစိတ် ကြားသိစိတ် စသော ဝိပါက်ဝိညာဏ်များ ဆက်လက်ဖြစ်ကြသည်။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်။

ဘဝသစ်တွင် ပဋိသန္ဓေဝိညာဏ်စိတ်များဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဖဿစသော ဆိုင်ရာစေတသိက်ခန္ဓာသုံးပါးနှင့် ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်ကြီးလေးပါးစသော ကမ္မဇရုပ်တရားများသည်လည်း မီးတွင်ရှိန်ဝါထက်ကြပ်ပါသကဲ့သို့ ပဋိသန္ဓေဝိညာဏ်စိတ်များနှင့်အတူ ပါလာကြသည်။ ထိုတစ်ပြိုင်နက်ဖြစ်သော ဝိညာဏ်, နာမ်, ရုပ်တို့တွင် ဝိညာဏ်သည် ရှေ့သွားခေါင်းဆောင်တည်း။ သို့အတွက် ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟုဆိုသည်။ ပဋိသန္ဓေ၏ နောက်ပိုင်းတွင်လည်း စိတ်ဝိညာဏ်၏ အထောက်အပံ့ကြောင့် ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များ အဆက်မပြတ်ဖြစ်လာကြသည်။

ရုပ်နာမ်ကြောင့် အာယတန(၆)ပါးစသည်ဖြစ်

စေတသိက်ခန္ဓာသုံးပါးဟူသော နာမ်တရားနှင့် ရုပ်များကြောင့် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော အာယတနခြောက်ပါးဖြစ်သည်။ အာယတနခြောက်ပါးကြောင့် အတွေ့ဓာတ် ဖဿဖြစ်သည်။ ဖဿကြောင့် ခံစားမှု ဝေဒနာပေါ်လာသည်။ ခံစားမှုဝေဒနာကြောင့် တပ်မက်တွယ်တာမှု၊ လိုချင်မှုတဏှာဖြစ်လာသည်။ တဏှာကြောင့် လက်ရှိဘဝလောကစည်းစိမ်ဟူသော ဘောဂသမ္ပတ္တိ၊ တမလွန်ဘဝချမ်းသာဟူသော ဘဝသမ္ပတ္တိတို့ကို မရမနေလိုချင်မှုဥပါဒါန်ဖြစ်လာသည်။ ဥပါဒါန်ကြောင့် ကောင်းသောအလုပ်၊ မကောင်းသောအလုပ်တို့ကို ပြုခြင်းဟူသော ကမ္မဘဝဖြစ်၏။ ယင်းကမ္မဘဝကြောင့် ဘဝသစ်၌ ပဋိသန္ဓေနေရခြင်း ဇာတိဖြစ်၏။ ဇာတိကြောင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အလွန်အမင်းပြင်းစွာ ပင်ပန်းဆင်းရဲခြင်းဟူသော အကျိုးဆက်များ

စာမျက်နှာ-324
ဖြစ်လာကြသည်။

စိုးရိမ်ကြောင့်ကြမှု (သောက)၊ စိတ်ဆင်းရဲမှု (ဒေါမနဿ)၊ ပြင်းစွာပင်ပန်းဆင်းရဲမှု (ဥပါယာသ) တို့သည် ဒေါသစိတ် တွဲဖော်တွဲဖက် စေတသိက်များဖြစ်သည်။ ထို့ကြောင့် သောကစသည်တို့ ဖြစ်တိုင်း အဝိဇ္ဇာဟူသော မောဟလည်း အမြဲတွဲလျက်ပါသည်။ ပရိဒေဝဟူသော ငိုကြွေးမြည်တမ်းမှုမှာလည်း အဝိဇ္ဇာမကင်းသူ၌သာဖြစ်လေ့ရှိ၏။ ကိုယ်ဆင်းရဲမှု (ဒုက္ခ) ဖြစ်လာသည့်အခါ စိတ်ဆင်းရဲမှုမောဟလည်း ဆက်လက်ဖြစ်လာတတ်သည်။ အဝိဇ္ဇာဖြစ်လာလျှင် သင်္ခါရစသော တရားများလည်း ကြောင်းကျိုးဆက်ကာ ဖြစ်လာကြပြန်သည်။ ဤနည်းအားဖြင့် အဝိဇ္ဇာကြောင့် ဘဝစက်ဝန်းသည် ချားရဟတ်ပမာ မပြတ်မစဲ တလည်တည်း လည်ပတ်နေပေသည်။

၈။ မောဟပြတ်သဖြင့် ဘဝစက်ဝန်း(သံသရာ)အလည်ရပ်ပုံ

ဘဝသံသရာလည်ပတ်ရေးတွင် မောဟခေါ် အဝိဇ္ဇာနှင့် လောဘခေါ် တဏှာတို့သည် ပင်မအကြောင်းကြီးနှစ်ရပ်ဖြစ်ကြသည်။ ထိုနှစ်ပါးသည် ပဋိစ္စသမုပ္ပါဒ်ဝဋ်တရားအပေါင်းတွင် ဦးခေါင်းပမာ လွန်စွာအရေးပါကြ၏။ ထိုတွင် အဝိဇ္ဇာက တဏှာထက်သာလွန်၍ အဓိကကျသည်။ မှန်၏။ အဝိဇ္ဇာက အပြစ်တွေကို ဖုံးလွှမ်းထားသောကြောင့်သာ တဏှာက မက်မောမိခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတွင် အဝိဇ္ဇာကိုရှေ့တန်းတင်၍ ဟောထားပေသည်။

ဘဝသံသရာထွက်ရပ်လမ်းတွင် အဝိဇ္ဇာ၏ အကြွင်းမဲ့ ချုပ်ငြိမ်းမှုတစ်ခုသာ လိုရင်းပဓာန အချုပ်အခြာဖြစ်သည်။ အဝိဇ္ဇာချုပ်ခဲ့လျှင် သင်္ခါရစသော ဝဋ်တရားများ ချုပ်ငြိမ်းတော့သည်သာ ဖြစ်၏။ ဥပမာ-ညောင်ပင်အစဉ်အဆက်ကို မျိုးပြတ်စေလိုလျှင် ညောင်စေ့ပျက်စီးသွားခဲ့သော် ညောင်ပင်အစဉ်အဆက် ဖြစ်ပေါ်စေနိုင်သော အရာစုသည်လည်း အစေ့ပျက်ရာတွင် တစ်ခါ

စာမျက်နှာ-325
တည်း ပါသွားကြကုန်သကဲ့သို့ ဖြစ်သည်။ သို့ဖြစ်၍ ဘဝသံသရာမှ လွတ်မြောက်ရာ လမ်းကြောင်းကား အဝိဇ္ဇာဓာတ်ကို သေအောင်သတ်မှုတစ်ခုသာတည်း။ အဝိဇ္ဇာဓာတ်တစ်လုံးသေလျှင် ဘဝစက်ရဟတ် လည်ပတ်မှုလည်း အလိုလိုရပ်သွားတော့သည်။

အဝိဇ္ဇာဓာတ်ကို ဝိဇ္ဇာဓာတ်မှ သတ်နိုင်သည်။ ဒါနမှု၊ သီလမှုတို့လည်း မသတ်နိုင်။ ဝိဇ္ဇာဘာဝနာ (ဝိပဿနာ ဘာဝနာ) မှတစ်ပါး အခြားသောဘာဝနာမှုလည်း မသတ်နိုင်။ ဝိဇ္ဇာဘာဝနာတစ်ခုသာ သတ်နိုင်သည်။ ဒါန၊ သီလနှင့် သမထဘာဝနာတို့မှာ ဝိဇ္ဇာဘာဝနာ၏ အခြေခံတို့သာဖြစ်ကြသည်။

အဝိဇ္ဇာကိုသတ်ရာ၌ သစ္စာလေးပါးတို့ကို လွှမ်းခြုံထားသော အဝိဇ္ဇာအမှောင်ဓာတ်များအနက် ဒုက္ခသစ္စာ၌ ဖုံးလွှမ်းသော အဝိဇ္ဇာအမှောင်ဓာတ်ကို သတ်မှုတစ်ခုသာ အဓိကဖြစ်သည်။ ယင်းအမှောင်ဓာတ်ကို သတ်လိုက်လျှင် ကြွင်းသောအမှောင်ဓာတ်သုံးပါးလည်း သတ်ပြီးသားဖြစ်တော့သည်။ ဒုက္ခသစ္စာမှာ လွှမ်းခြုံထားသော အဝိဇ္ဇာအမှောင်ဓာတ်ကိုသတ်နည်းကား ဒုက္ခသစ္စာတရားတို့၌ ဝိဇ္ဇာဉာဏ်ပေါ်အောင် အားထုတ်မှုပင်ဖြစ်၏။

ထိုဝိဇ္ဇာဉာဏ်သည် ဒုက္ခတရားတို့၏ အနိစ္စအစစ်ကို မြင်နိုင်သော အနိစ္စဝိဇ္ဇာ၊ ဒုက္ခအစစ်ကိုမြင်နိုင်သော ဒုက္ခဝိဇ္ဇာ၊ အနတ္တအစစ်ကိုမြင်နိုင်သော အနတ္တဝိဇ္ဇာတို့ကို ပိုင်ပိုင်နိုင်နိုင်ရှိအောင် လုပ်ဆောင်မှုနှင့် မဂ္ဂဝိဇ္ဇာလေးပါးသို့ ပေါက်ရောက်အောင် ဆန်တက်မှုများပေတည်း။ နောက်ဆုံး အရဟတ္တမဂ်ဝိဇ္ဇာဉာဏ်ပေါ်သည့် အဆင့်သို့ရောက်ခဲ့လျှင် အဝိဇ္ဇာဓာတ် အကြွင်းမဲ့ ချုပ်ငြိမ်းသွားပြီဟု မှတ်ရမည်။ အဝိဇ္ဇာဓာတ် ချုပ်ငြိမ်းသည်နှင့် တစ်ပြိုင်နက် ဘဝစက်ဝန်းအလည်ရပ်ကာ သံသရာထွက်ရပ်လမ်း ပေါက်တော့သည်။ ဤကား အဝိဇ္ဇာပြတ်သဖြင့် ဘဝစက်ဝန်း အလည်ရပ်သွားပုံပင် ဖြစ်သည်။

nsym1egh3xx2noqb1l9t4xwprsw7ccb
21755
21754
2026-03-29T03:10:10Z

0veomz3nkz66v2uc0fsd0jj4fu2p40j
21756
21755
2026-03-29T03:16:25Z

dnyg1eh26ffk3tynro0hqlidosggzba