ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.46.0-wmf.22
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
ပရိတ်တော် အဓိပ္ပာယ် ကြည်ညိုဖွယ်
0
6162
21763
21762
2026-03-31T15:32:34Z
Tejinda
173
21763
wikitext
text/x-wiki
{{header
| title = ပရိတ်တော် အဓိပ္ပာယ် ကြည်ညိုဖွယ်
| author = အရှင်သာသနဝရ (ဓမ္မာစရိယ)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[ဂါထာတထောင်]]
| previous2 =
| next = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

ပရိတ်တော် အဓိပ္ပာယ် ကြည်ညိုဖွယ်
အရှင်သာသနဝရ (ဓမ္မာစရိယ)
ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ အမှတ် (၃) နယ်မြေ၊
အုတ်ဖိုစုရပ်ကွက်၊ မဟာသုတေသကာရီ မဟာအောင်မြေဘုံသာကျောင်းတိုက်။
သာသနာ - ၂၅၅၀၊ ကောဇာ - ၁၃၆၉၊ ခရစ် - ၂၀၀၈။

ပုံနှိပ်ခြင်း - ၂၀၀၈-ခုနှစ်၊ ဧပြီလ။

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇာနည်ဝင်း (မှတ်ပုံတင်အမှတ်-၁၃၈၄၃/၀၂၄၀၅) က ထုတ်ဝေ၍ သာသနာရေးဦးစီးဌာနအတွက် ဦးနိုင်လေး (မှတ်ပုံတင်အမှတ်-၁၈၈၅၀) သီရိတိပိဋကပုံနှိပ်တိုက်၊ အမှတ်-၃၃၃၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့က ပုံနှိပ်သည်။

နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပရိတ်ဟူသည်
“ပရိတ်ဟူသည် အန္တရာယ်ကင်းတရားတော် ဖြစ်၏” ဟု ဖွင့်ဆိုကြသည်။ သို့သော် ပရိတ်တရားတော်သည် အန္တရာယ်ကိုသာ ကင်းစေသည် မဟုတ်၊ ကောင်းကျိုး ချမ်းသာတို့ကိုလည်း ရရှိစေနိုင်သည်၊ သို့ဖြစ်၍ “ပရိတ် ဟူသည် အန္တရာယ် ကင်းစေနိုင်သော တရားတော်၊ ကောင်းကျိုးချမ်းသာတို့ကို ရရှိစေနိုင်သော တရားတော် ဖြစ်သည်” ဟု ဖွင့်ဆိုမှ ပိုမိုပြည့်စုံပေမည်။
ပရိတ်ရွတ်ဖတ်သူ၏ အင်္ဂါ
ပရိတ်ရွတ်ဖတ်သူမှာ အင်္ဂါ (၃) ပါးနှင့် ပြည့်စုံရသည်၊ သို့မှသာ ၎င်းရွတ်ဆိုသော ပရိတ်မှာ အစွမ်းထက်၏။ ထိုအင်္ဂါ (၃) ပါးမှာ–

(၁) ပရိတ်တော်ပါဠိသဒ္ဒါကို မှန်ကန်စွာ ရွတ်ဆိုတတ်ခြင်း၊
(၂) ပရိတ်တော်၏ အနက်အဓိပ္ပါယ်ကို သိခြင်းနှင့်
(၃) လာဘ်လာဘကို မမျှော်ကိုးဘဲ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်သည်။
ပရိတ်နာသူ၏ အင်္ဂါ
ပရိတ်တရားကို နာယူသူမှာလည်း အင်္ဂါ (၃) ပါးနှင့် ပြည့်စုံရသည်။ သို့မှသာ မိမိတို့နာယူသော ပရိတ်မှာ အစွမ်းထက်၏။ ထိုအင်္ဂါ (၃) ပါးမှာ–
(၁) ကံကြီးထိုက်မှု ကင်းခြင်း (အမေကိုသတ်မှု ကင်းခြင်း၊ အဖေကိုသတ်မှု ကင်းခြင်း၊ ရဟန္တာကို သတ်မှု ကင်းခြင်း၊ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် (အနာတရ ဖြစ်အောင်) ပြုမှု ကင်းခြင်း၊ သံဃာသင်းခွဲမှု ကင်းခြင်း)၊
(၂) မိစ္ဆာအယူ မရှိခြင်းနှင့်
(၃) ပရိတ်တော်၏ အစွမ်းကို ယုံကြည်ခြင်း-တို့ ဖြစ်သည်။

ဆောင်။ ။ သဒ္ဒါ နက်သိ၊ မေတ္တာရှိ၊ တြိ ရွတ် အင်္ဂါ။
ကံကြီးထိုက်ကင်း၊ မိစ္ဆာကင်း၊ ယုံခြင်း နာအင်္ဂါ။

ပရိတ်တော်အဓိပ္ပာယ် ကြည်ညိုဖွယ်
“ပရိတ်တော် အဓိပ္ပာယ် ကြည်ညိုဖွယ်” ဟူသော ဤကျမ်းငယ်ကလေးက အထက်ပါ အင်္ဂါရပ်များအနက် သဒ္ဒါအနက်သိခြင်း၊ မေတ္တာရှိခြင်းနှင့် ယုံကြည်ခြင်း ဟူသော အင်္ဂါရပ်တို့ကို ပြည့်စုံစေမည် ဖြစ်၏၊ အကြောင်းမှာ ဤကျမ်းငယ်ကလေး၌ (၁) ပရိတ်တော် ဖြစ်ပေါ်လာပုံပြ ဝတ္ထုများ၊ (၂) ပရိတ်တော်ပါဠိနှင့် အသံထွက်ပုံ၊ (၃) ပရိတ်တော် မြန်မာပြန်အဓိပ္ပါယ်နှင့် (၄) ပရိတ်တော် လင်္ကာများကို ပြည့်ပြည့်စုံစုံ ပြဆိုထား သောကြောင့် ဖြစ်သည်။ ပရိတ်နာသူအများစုမှာ ကံကြီးထိုက်ခြင်း၊ အယူမှားခြင်းများကား ပင်ကိုယ်ကပင် ကင်းစင်ကြပြီးသား ဖြစ်၏။ သို့ဖြစ်၍ ဤကျမ်းငယ်ကလေးကို သေသေချာချာ ကြည့်ရှုလေ့လာ၍

ပရိတ်တရားတော်ကို ရွတ်ဖတ်နာကြား ပွားများကြပါက ပရိတ်တရားတော်၏ တန်ခိုး၊ ပရိတ်တရားတော်၏ အကျိုးအာနိသင်တို့ကို ပြည့်ပြည့်ဝဝ ရရှိခံစားကြရပါလိမ့်မည်။ အထူးသဖြင့် ဤကျမ်းငယ်၌ ပရိတ်တော် လင်္ကာများကား မြန်မာပရိတ် သဖွယ် ဖြစ်ပါသည်။ ထိုပရိတ်တော်လင်္ကာများကို သေချာကျနစွာ လေ့လာဆောင်ထား၍ နေ့စဉ် နေ့စဉ် ရွတ်ဆိုပွားများကြပါက ပရိတ်တရားတော်၏ တန်ခိုး၊ ပရိတ်တရားတော်၏ အကျိုးအာနိသင်တို့ကို အံ့ဩဖွယ် ကောင်းလောက်အောင် ရရှိ ခံစားကြရပါလိမ့်မည်။
ပရိတ်တော်၏ တန်ခိုး
ပရိတ်တရားတော်၏ တန်ခိုး၊ ပရိတ်တရားတော်၏ အကျိုးအာနိသင်များကို ပရိတ်ပါဠိတော် သုတ်တိုင်း သုတ်တိုင်း၏ အစဦးဆုံးဂါထာများ၌ ဖော်ပြထား၏။ ထိုဖော်ပြချက်များကို ပရိတ်ပါဠိတော် မြန်မာပြန်အခန်း၌ ပြည့်ပြည့်စုံစုံ ဖတ်ရှုကြရပါလိမ့်မည်။ ဤ၌ကား ကိုယ်တွေ့

ဖြစ်ရပ်လေးတစ်ခုကို တင်ပြလိုပါသည်။ လွန်ခဲ့သော (၁၅) နှစ်ခန့်က မိမိ၏ သူငယ်ချင်း ရဟန်းတစ်ပါးသည် မေတ္တသုတ်ပရိတ်တော်ကို အဓိဋ္ဌာန်ဖြင့် ရွတ်ဆို၏။ သူ၏ အဓိဋ္ဌာန်ကား တစ်နေ့ (၁၀၈) ခေါက် ဝါတွင်းသုံးလပတ်လုံး ရွတ်မည်-ဟု အဓိဋ္ဌာန်ခြင်း ဖြစ်၏။ ရည်ရွယ်ချက်ကား သိပ်မကောင်းလှပေ၊ ချဲပေါက်လို၍ ရွတ်ခြင်း ဖြစ်၏။

သူသည် ထိုသို့ ရွတ်ရင်း ရွတ်ရင်း... (၂) လခန့် ကြာသောအခါ သူရဲ့ အသားအရေမှာ ကြည်လင်လာ၏၊ ဝါဝင်းလာ၏၊ ထူးခြားလာ၏၊ အံ့ဩစရာကောင်းလာတော့၏။ ထိုသို့ သူရဲ့ အသားအရေ ကြည်လင် ဝါဝင်းလာပုံကို မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရ၏။ သို့သော် မိမိသည် သူ မေတ္တသုတ်ပရိတ်တော်ကို အဓိဋ္ဌာန်ဖြင့် ရွတ်ဆိုနေကြောင်း မသိခဲ့ပေ။ နောက်မှ စကားစပ်မိလို့ ပြောကြသောအခါ သူက ထိုကဲ့သို့ မေတ္တသုတ် ပရိတ်တော်ကို အဓိဋ္ဌာန်ဖြင့် ရွတ်ဆိုခဲ့ကြောင်း၊ သူနဲ့ အတူနေ သူငယ်ချင်း တစ်ပါးက ထိုကဲ့သို့ အသားအရေ...

ဝါဝင်းလာခြင်းမှာ အန္တရာယ်ဖြစ်နိုင်သည်ဟု ဆိုကာ တားမြစ်ခဲ့၍ ရပ်ဆိုင်းခဲ့ရကြောင်း အဖြစ်မှန်ကို ပြောပြခဲ့လေသည်။ သူသည် ပရိယတ္တိ အခြေခံ နည်း၏။ ထို့ကြောင့်သာ သူများ ဖျက်တိုင်း ပျက်ခဲ့ရလေသည်။ အကယ်၍သာ ပရိယတ္တိအခြေခံရှိလို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ရွတ်ဆိုပွားများပါက သူ၏ အောင်မြင်မှုမှာ အထွက်အထိပ်သို့ ရောက်ရှိသွားနိုင်ပေသည်။

ပရိတ်တော်နှင့် အညီ ကျင့်ကြံနေထိုင်နည်း
ပရိတ်တရားတော်တို့သည် ရွတ်ဖတ်နာကြားသူတို့အား ကောင်းကျိုးတရား များပြားစေသည်မှာ မှန်၏။ သို့သော် ပရိတ်တရားတော်နှင့် အညီ ကျင့်ကြံ နေထိုင်ကြလျှင်ကား ပရိတ်တရားတော်၏ တန်ခိုး၊ ပရိတ်တရားတော်၏ အကျိုးအာနိသင်တို့ကို ပိုမို များပြားစွာ ရရှိ ခံစားကြရပေလိမ့်မည်။ သို့ဖြစ်၍ မင်္ဂလသုတ် ပရိတ်တရားတော်နှင့် အညီ လူမိုက်ကို

မပေါင်းသင်းခြင်း အစရှိသော တရားတော်များကို ရာသက်ပန် လိုက်နာ၍ ကျင့်သုံး နေထိုင်ကြရမည်။ ရတနသုတ် ပရိတ်တရားတော်နှင့် အညီ “လောက၌ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဟူသော ရတနာသုံးပါးသည် အမြတ်ဆုံး ရတနာဖြစ်၏၊ ဤရတနာသုံးပါးနှင့် တူမျှသော ရတနာ မရှိပါ၊ ဤသစ္စာစကားကြောင့် ကျွန်ုပ်နှင့် တကွ သက်ရှိပုဂ္ဂိုလ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ”ဟု ရတနာသုံးပါး၏ ဂုဏ်တော်ကို အာရုံပြု ဆင်ခြင်ကာ သစ္စာဆို၍ မေတ္တာပို့သကြရမည်။ မေတ္တသုတ် ပရိတ်တရားတော်နှင့် အညီ သူတော်ကောင်း စိတ်ဓာတ်ကို မိမိသန္တာန်၌ ကိန်းဝပ်စေ၍ တစ်ဦးတည်းသော သားကို အသက်တမျှ မေတ္တာထားသော မိခင်ကဲ့သို့ သက်ရှိပုဂ္ဂိုလ် အားလုံးကို မေတ္တာထားကြရမည်။ “လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ” စသည်ဖြင့် မေတ္တာပို့သကြ ရမည်။ ခန္ဓသုတ် ပရိတ်တရားတော်နှင့် အညီ

“ဝိရူပက္ခစသော နဂါးများနှင့် တကွ သတ္တဝါအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” စသည်ဖြင့် မေတ္တာပို့သကြရမည်။ မောရသုတ် ပရိတ်တရားတော်နှင့် အညီ အိပ်ရာဝင် အိပ်ရာထ၌ “နမတ္ထု ဗုဒ္ဓါနံ- ဘုရားရှင်တို့အား ရှိခိုးပါ၏”ဟု ရွတ်ဆို၍ ဘုရားရှိခိုးကြရမည်။ ရုံးတက် ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန်၊ ကျောင်းသွား ကျောင်းပြန်၊ ဈေးသွား ဈေးပြန် စသော အချိန်တို့၌လည်း ထို့အတူပင် ရှိခိုးကြရမည်။ ဝဋ္ဋသုတ် ပရိတ်တော်နှင့် အညီ သီလဆောက်တည်၍ လေးနက်စွာ သစ္စာဆိုကြ ရမည်။ ဓဇဂ္ဂသုတ် ပရိတ်တော်နှင့် အညီ “ဣတိပိသော ဘဂဝါ၊ သွာက္ခာတော၊ သုပ္ပဋိပန္နော” အစရှိသော ရတနာသုံးပါး၏ ဂုဏ်တော်များကို အဓိပ္ပါယ်ပါ သိအောင် ကျကျနန လေ့လာ၍ အာရုံပြု ဆင်ခြင်ကာ ပွားများ ထုံမွမ်းထားကြရမည်။ အာဋာနာဋိယသုတ် ပရိတ်တော်နှင့် အညီ ဝိပဿီအစရှိသော ဘုရား (၇) ဆူနှင့် တကွ ရှေးရှေးအခါက ပွင့်တော်မူပြီးကြကုန်သော

မရေမတွက်နိုင်အောင် များပြားလှသည့် ဘုရားရှင်တို့အား ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ရှိခိုးပူဇော်ကြရမည်။ “ထိုဘုရားရှင်တို့သည် ကျွန်ုပ်တို့ကို ကျန်းမာချမ်းသာအောင် စောင့်ရှောက်ကြပါစေ”ဟု ဆုတောင်းပတ္တနာ ပြုကြရမည်။ တန်ခိုးကြီးသော သာသနာစောင့်နတ်မင်းကြီးများက လည်း ကျွန်ုပ်တို့ကို ကျန်းမာချမ်းသာအောင် စောင့်ရှောက်ကြပါစေဟု ဆုတောင်းပတ္ထနာပြုကြရမည်။ အင်္ဂုလိမာလသုတ် ပရိတ်တော်နှင့် အညီ သီလကို လုံခြုံအောင် စောင့်ထိန်း၍ ထိုသီလဖြင့် သစ္စာဆိုကြ ရမည်။ ဗောဇ္ဈင်္ဂသုတ် ပရိတ်တော်နှင့် အညီ “သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိနှင့် ဥပေက္ခာဟူသော တရား (၇) ပါးသည် နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပင် ဖြစ်ပါပေ၏၊ ဤသစ္စာစကားကြောင့် ကျွန်ုပ်နှင့် တကွ သက်ရှိပုဂ္ဂိုလ်မှန်သမျှ ကျန်းမာချမ်းသာကြပါစေ”ဟု သစ္စာဆို၍ မေတ္တာပို့သကြရမည်။ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်နှင့် အညီ “ဘုရား တရား၊

သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ ဂြိုဟ်ဆိုး ငှက်ဆိုး၊ အိပ်မက်ဆိုးနှင့်၊ နိမိတ်ဆိုး အမင်္ဂလာ၊ အဖြာဖြာ၊ ကင်းပါ ပျောက်ပါစေ။ အမျိုးမျိုး ဒုက္ခ၊ ဘေးဘယ သောကာ၊ အဖြာဖြာ၊ ကင်းပါ ပျောက်ပါစေ. . .” ဟု ဆုတောင်း မေတ္တာ ပို့သကြရမည်။

ဤပြဆိုခဲ့သော နည်းအတိုင်း ပရိတ်တရားတော်ကို ရွတ်ဖတ်ကြ၊ နာယူကြ၊ ပရိတ်တရားတော်များနှင့်အညီ လိုက်နာ ကျင့်သုံး နေထိုင်ကြပါက အဘယ်မှာလျှင် အန္တရာယ်မကင်းဘဲ ရှိပါတော့မည်နည်း? အဘယ်မှာလျှင် ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် မပြည့်စုံဘဲ ရှိပါတော့မည်နည်း?

အရှင်သာသနဝရ
၂၀၊ ၂၊ ၂၀၀၈။

မာတိကာ

| အကြောင်းအရာ | စာမျက်နှာ |

| နိဒါန်း | (က) |
| ၁။ ပရိတ် ဟူသည် | (က) |
| ၂။ ပရိတ်ရွတ်ဖတ်သူ၏ အင်္ဂါ | (က) |
| ၃။ ပရိတ်နာယူသူ၏ အင်္ဂါ | (ခ) |
| ၄။ ပရိတ်တော်အဓိပ္ပာယ် ကြည်ညိုဖွယ် | (ဂ) |
| ၅။ ပရိတ်တော်၏ တန်ခိုး | (ဃ) |
| ၆။ ပရိတ်တော်နှင့် အညီ ကျင့်ကြံ နေထိုင်နည်း | (စ) |
| ပရိတ်တော် ဖြစ်ပေါ်လာပုံပြ ဝတ္ထုများ | |
| ၁။ မင်္ဂလသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၁ |
| ၂။ ရတနသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၈ |
| ၃။ မေတ္တသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၉ |

| အကြောင်းအရာ | စာမျက်နှာ |

| ၄။ ခန္ဓသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၁၂ |
| ၅။ မောရသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၁၄ |
| ၆။ ဝဋ္ဋသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၁၆ |
| ၇။ ဓဇဂ္ဂသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၁၇ |
| ၈။ အာဋာနာဋိယသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၁၈ |
| ၉။ အင်္ဂုလိမာလသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၂၀ |
| ၁၀။ ဗောဇ္ဈင်္ဂသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၂၂ |
| ၁၁။ ပုဗ္ဗဏှသုတ် ဖြစ်ပေါ်လာပုံပြဝတ္ထု | ၂၅ |
| ပရိတ်တော် ပါဠိနှင့် အသံထွက်ပုံ | |
| ၁။ မင်္ဂလသုတ် ပါဠိတော် | ၃၄ |
| ၂။ ရတနသုတ် ပါဠိတော် | ၄၂ |
| ၃။ မေတ္တသုတ် ပါဠိတော် | ၅၁ |
| ၄။ ခန္ဓသုတ် ပါဠိတော် | ၅၆ |
| ၅။ မောရသုတ် ပါဠိတော် | ၆၂ |

| အကြောင်းအရာ | စာမျက်နှာ |

| ၆။ ဝဋ္ဋသုတ် ပါဠိတော် | ၆၅ |
| ၇။ ဓဇဂ္ဂသုတ် ပါဠိတော် | ၆၈ |
| ၈။ အာဋာနာဋိယသုတ် ပါဠိတော် | ၇၇ |
| ၉။ အင်္ဂုလိမာလသုတ် ပါဠိတော် | ၁၀၅ |
| ၁၀။ ဗောဇ္ဈင်္ဂသုတ် ပါဠိတော် | ၁၀၈ |
| ၁၁။ ပုဗ္ဗဏှသုတ် ပါဠိတော် | ၁၁၂ |
| ပရိတ်တော် မြန်မာပြန် | |
| ၁။ မင်္ဂလသုတ် မြန်မာပြန် | ၁၂၉ |
| ၂။ ရတနသုတ် မြန်မာပြန် | ၁၃၈ |
| ၃။ မေတ္တသုတ် မြန်မာပြန် | ၁၅၅ |
| ၄။ ခန္ဓသုတ် မြန်မာပြန် | ၁၆၂ |
| ၅။ မောရသုတ် မြန်မာပြန် | ၁၆၇ |
| ၆။ ဝဋ္ဋသုတ် မြန်မာပြန် | ၁၇၂ |

| အကြောင်းအရာ | စာမျက်နှာ |

| ၇။ ဓဇဂ္ဂသုတ် မြန်မာပြန် | ၁၇၆ |
| ၈။ အာဋာနာဋိယသုတ် မြန်မာပြန် | ၁၉၄ |
| ၉။ အင်္ဂုလိမာလသုတ် မြန်မာပြန် | ၂၁၀ |
| ၁၀။ ဗောဇ္ဈင်္ဂသုတ် မြန်မာပြန် | ၂၁၂ |
| ၁၁။ ပုဗ္ဗဏှသုတ် မြန်မာပြန် | ၂၁၇ |
| ပရိတ်တော်လင်္ကာများ | |
| ၁။ မင်္ဂလသုတ် လင်္ကာ | ၂၂၄ |
| ၂။ ရတနသုတ် လင်္ကာ | ၂၂၈ |
| ၃။ မေတ္တသုတ် လင်္ကာ | ၂၃၂ |
| ၄။ ခန္ဓသုတ် လင်္ကာ | ၂၃၅ |
| ၅။ မောရသုတ် လင်္ကာ | ၂၃၉ |
| ၆။ ဝဋ္ဋသုတ် လင်္ကာ | ၂၄၀ |
| ၇။ ဓဇဂ္ဂသုတ် လင်္ကာ | ၂၄၁ |

| အကြောင်းအရာ | စာမျက်နှာ |

| ၈။ အာဋာနာဋိယသုတ် လင်္ကာ | ၂၄၃ |
| ၉။ အင်္ဂုလိမာလသုတ် လင်္ကာ | ၂၄၈ |
| ၁၀။ ဗောဇ္ဈင်္ဂသုတ် လင်္ကာ | ၂၄၉ |
| ၁၁။ ပုဗ္ဗဏှသုတ် လင်္ကာ | ၂၅၂ |
| ၁၂။ ၅၂၈- သွယ် မေတ္တာပို့ | ၂၅၅ |

စာမျက်နှာ-1

ပရိတ်တော် ဖြစ်ပေါ်လာပုံပြ ဝတ္ထုများ

၁။ မင်္ဂလသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
မင်္ဂလသုတ်ကို မြတ်စွာဘုရား မဟောကြားမီက လောက၌ မင်္ဂလာပြဿနာ ပေါ်ပေါက်ခဲ့သည်။ ထိုအခါ တချို့လူများက “လှပသော အဆင်း၊ နှစ်သက်ဖွယ် ကောင်းသော အဆင်းတို့ကို မြင်ရခြင်းသည် မင်္ဂလာ” ဟု ပြောဆိုကြသည်။ တချို့လူများကတော့ “သာယာသော အသံ၊ ချိုမြိန်သောအသံ၊ နှစ်သက်ဖွယ် ကောင်းသော အသံတို့ကို ကြားရခြင်းသည် မင်္ဂလာ”ဟု ပြောဆို ကြသည်။ တချို့လူများကတော့ “နှစ်သက်ဖွယ် ကောင်းသော အနံ့၊ အရသာ၊ အတွေ့အထိတို့နှင့် တွေ့ကြုံရခြင်းသည် မင်္ဂလာ”ဟု တင်ပြကြသည်။ တစ်အုပ်စု၏ တင်ပြချက်ကို အခြားအုပ်စုက လက်မခံ

စာမျက်နှာ-2

ကြပေ၊ သို့ဖြစ်၍ မင်္ဂလာပြဿနာ မပြေလည်ဘဲ လိပ်ခဲတင်းလင်း ဖြစ်ခဲ့ကြရသည်။ ထိုမင်္ဂလာပြဿနာမှာ လူ့ပြည်၌သာမက နတ်ပြည်, ဗြဟ္မာ့ပြည်များသို့တိုင် ပျံ့နှံ့ဖြစ်ပွားသွားခဲ့သည်။ နတ်ဗြဟ္မာများလည်း မင်္ဂလာ အယူအဆနှင့် ပတ်သက်၍ လူတို့ကဲ့သို့ပင် သုံးအုပ်စု ကွဲပြားခဲ့ကြသည်။ ထိုပြဿနာမှာ တစ်ဆယ့်နှစ်နှစ် ကြာမြင့်သည်အထိ မပြေလည်နိုင်ခဲ့ပေ။

တစ်ဆယ့်နှစ်နှစ် ကျော်လွန်သောအခါ တာဝတိံသာ နတ်များက သိကြားမင်းထံ ချဉ်းကပ်ကာ ထိုပြဿနာကို လျှောက်တင်ခဲ့ကြသည်၊ ဖြေကြားပေးရန် တောင်းပန်ခဲ့ ကြသည်။ သိကြားမင်းက “ဤပြဿနာကို မြတ်စွာဘုရားမှ တစ်ပါး ဖြေကြားနိုင်မည့်သူ မရှိ၊ မြတ်စွာဘုရားကိုသာ သွားရောက်လျှောက်ထားကုန်စို့”ဟု ဆိုကာ နတ်သမီး နတ်သားများစွာနှင့် အတူ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်ခဲ့လေသည်။ မြတ်စွာဘုရားအထံတော်သို့ ရောက်သောအခါ နတ်သားတစ်ပါးကို မင်္ဂလာတရား

စာမျက်နှာ-3
ဟောကြားတော်မူဖို့ မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်ရန် တာဝန်ပေးအပ်ခဲ့သည်။ တာဝန် ပေးအပ်ခြင်းခံရသော နတ်သား၏ လျှောက်ထား တောင်းပန်ချက်အရ မြတ်စွာဘုရားက မင်္ဂလသုတ် တရားတော်မြတ်ကို ဟောကြားတော်မူခဲ့လေသည်။

၂။ ရတနသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် အခါက ဝေသာလီပြည်၌ မိုးကြီးခေါင်၍ သဘာဝ ဘေးအန္တရာယ်နှင့် ကြုံတွေ့ကြရသည်။ ကောက်ပဲ သီးနှံများ ပျက်ပြားခဲ့ကြသည်။ အစာရှားပါး ငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့ကြရသည်။ ထိုအခါ ဆင်းရဲသူ ဆင်းရဲသားများ အများအပြား သေကျေ ပျက်စီးခဲ့ကြသည်။ လူသေကောင်များကို ကောင်းစွာပင် မသင်္ဂြိုဟ်နိုင်ကြတော့ပေ၊ မြို့ပြင်၌ အတုံးအရုံး ပစ်ထား ကြလေသည်။ ထိုလူသေကောင်များ၏ အနံ့ဆိုးများ

စာမျက်နှာ-4
ကြောင့် မြို့တွင်းသို့ ဘီလူးများ ဝင်ရောက်ခဲ့ကြ၍ လူများ ပိုမို သေဆုံးကြရပြန်သည်။ မကောင်းသော အနံ့ဆိုးများ ကြောင့် “အဟိဝါတ” ခေါ်သော ကူးစက်ရောဂါဆိုးကြီး ဖြစ်ပွားလာပြန်၍ လူများ သေကျေပျက်စီးကြပုံမှာ ပြောမပြနိုင်အောင်ပင် ရှိတော့၏။

ထိုအခါ တိုင်းသူပြည်သားတို့သည် “ငါတို့ပြည်၌ မင်းခုနစ်ဆက်တိုင်အောင် ဤကဲ့သို့သော ဘေးမျိုး မကြုံစဖူးခဲ့ကြ၊ ဘုရင် တရားမစောင့်သောကြောင့် ဖြစ်လေသလော”ဟု ဘုရင့်ထံ လျှောက်တင်ကြလေ၏။ ဘုရင်သည် အရေးပေါ်အစည်းအဝေး ခေါ်၍ မိမိအပေါ် အပြစ်ရှာစေ၏။ ဘုရင့်အပေါ်၌ မည်သည့်အပြစ်မျှ မတွေ့ ရသောကြောင့် ဘယ်နည်းဘယ်ပုံ ပြုရမည်ကို တိုင်ပင်ဆွေးနွေးကြသောအခါ အချို့က တိတ္ထိဆရာကြီး ခြောက်ယောက်တို့အား ပင့်ရန် အကြံပေးကြ၍ အချို့က ဘုရားရှင်ကို ပင့်ရန် အကြံပေးကြလေသည်။ နောက်ဆုံး၌ ဘုရားရှင်ကို ပင့်ရန် အားလုံး သဘောတူကြ၍ လိစ္ဆဝီ မင်းသားနှစ်ယောက်ကို ရာဇဂြိုဟ်ပြည်သို့ စေလွှတ်၍

စာမျက်နှာ-5
ဘုရားရှင်အား ပင့်ဆောင်စေခဲ့ကြလေသည်။ ထိုအခါ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်မှ ဝေသာလီပြည်သို့ ကြွတော်မူခဲ့၏။ ဘုရားရှင် ဝေသာလီပြည်သို့ ရောက် တော်မူသောအခါ သိကြားမင်းနှင့်တကွ တန်ခိုးကြီးသော နတ်မင်းကြီးများ ရောက်လာကြ၍ ဘီလူးများ အများအပြား ထွက်ပြေးကြလေသည်။

ဘုရားရှင်သည် အရှင်အာနန္ဒာအား ရတနသုတ် ပရိတ်ကို သင်ပေးတော်မူ၍ ရွတ်ဆိုစေတော်မူခဲ့သည်။ အရှင်အာနန္ဒာသည် ဝေသာလီပြည် တံတိုင်းသုံးထပ်တို့ အကြား၌ ညဉ့်သုံးယံပတ်လုံး ရတနသုတ်ပရိတ်ကို ရွတ်ဆိုတော်မူသောကြောင့် ဘီလူးများ အကုန်လုံး ထွက်ပြေးကြကုန်၏။ ဘီလူးများ အကုန် ထွက်ပြေးကြသော အခါ လူတွေအားလုံး ရောဂါဘယ ကင်းကွာကြ၊ ကျန်းမာ ချမ်းသာကြ၍ ဝမ်းသာရွှင်ပြုံးခဲ့ကြလေသည်။ ဝေသာလီ ပြည်သူပြည်သားတို့သည် လွှတ်တော်ရုံးကို မွမ်းမံ ပြင်ဆင်ကြ၍ ဘုရားရှင်ကို ပင့်ဆောင်ခဲ့ကြသည်။ ဘုရားရှင်သည် ထိုလွှတ်တော်ရုံး၌ စုဝေးရောက်ရှိ

စာမျက်နှာ-6
လာကြသော လူနတ်ပရိသတ်တို့အား ရတနသုတ် ပရိတ် တရားတော်ကိုပင် ဟောကြားတော်မူခဲ့လေသည်။

၃။ မေတ္တသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီး ဟိမဝန္တာနှင့် တစ်စပ်တည်း တည်နေသော တောအုပ်ကြီးတစ်ခုထဲသို့ ဝင်ရောက်၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ တရားအားထုတ်ကာ သီတင်းသုံး နေထိုင်ကြလေသည်။ ထိုရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်များပေါ်ရှိ နတ်များမှာ သစ်ပင်များပေါ်၌ မနေဝံ့ကြတော့ဘဲ ကလေးများကို လက်ဆွဲကာ လှည့်လည်သွားလာ နေထိုင်ကြရရှာကုန်၏၊ ရဟန်းများ တစ်နေ့ ပြန်နိုးနိုးနှင့် စောင့်နေခဲ့ကြကုန်၏၊ အတော်ကြာသောအခါ “ရဟန်းများ ပြန်ကြတော့မည် မဟုတ်”ဟု သိကြ၍ ရဟန်းများ မနေဝံ့အောင် ညဉ့်အခါ၌ ကြောက်မက်ဖွယ် အဆင်း အသံများကို ပြကာ ခြောက်လှန့်ကြလေတော့သည်။ ထိုအခါ ရဟန်းများ ထိတ်လန့်တုန်လှုပ်ကြကာ ရောဂါ အမျိုးမျိုး ရရှိကြတော့သည်။ စိတ်ချောက်ချား၍ အေးချမ်းသာယာမှု တည်ကြည်ငြိမ်သက်မှုကို လုံးဝ မရရှိကြတော့ကုန်။

စာမျက်နှာ-7
သို့ဖြစ်၍ “ငါတို့ဤအရပ်မှာ မနေသင့်”ဟု ဆုံးဖြတ်ကြကာ မြတ်စွာဘုရားအထံတော်သို့ ပြန်သွားခဲ့ကြလေသည်။ မြတ်စွာဘုရားအထံတော်သို့ ရောက်သောအခါ အကြောင်းစုံကို လျှောက်ထားကြ၏။ မြတ်စွာဘုရားက ထိုရဟန်းတို့ကို မေတ္တသုတ် ပရိတ်တော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူခဲ့လေသည်။

ရဟန်းများလည်း ထိုတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရား သင်ပေးညွှန်ကြားတော်မူလိုက်သည့် အတိုင်း မေတ္တသုတ်ကို ရွတ်ဆိုလျက် မေတ္တာဘာဝနာကို ပွားများကြရာ နတ်အများက ချစ်မြတ်နိုးကြလျက် ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်ကြ စောင့်ရှောက်ကြ လေသည်။ ထိုအခါ ထိုရဟန်းတော်များ မေတ္တသုတ်ကို ရွတ်ဆိုပွားများကြ၍ ဝိပဿနာတရားကိုပါ ပွားများ အားထုတ်ကြသောအခါ ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။

စာမျက်နှာ-8

၄။ ခန္ဓသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာ ဘုရား သီတင်းသုံးနေတော်မူစဉ် ရဟန်းတစ်ပါး မြွေကိုက် ခံရ၍ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား ကြလေသည်။ ထိုအခါ မြတ်စွာဘုရားက “ရဟန်းတို့ . . ထိုရဟန်းသည် ဝိရူပက္ခစသော နဂါးမျိုး တို့ကို မေတ္တာ မပို့သသောကြောင့် မြွေကိုက်ခံရခြင်း ဖြစ်သည်။ အကယ်၍ ဝိရူပက္ခစသော နဂါးမျိုးတို့ကို မေတ္တာ ပို့သခဲ့လျှင် မြွေကိုက်ခံရမည် မဟုတ်”ဟု မိန့်တော်မူ၍ ဝိရူပက္ခ စသော နဂါးမျိုးတို့ကို မေတ္တာပို့သခြင်းအားဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြရန် ခန္ဓသုတ်ပရိတ် တရားတော်ကို ဟောကြားတော်မူခဲ့သည်။

စာမျက်နှာ-9

၅။ မောရသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် ဘုရားအလောင်းတော်သည် ဥဒေါင်းမျိုး၌ ဖြစ်ခဲ့၏၊ ရွှေရောင်အဆင်းရှိ၍ ဝါဝင်းလှပ၏။ ဘုရားအလောင်း ရွှေဥဒေါင်းသည် ဟိမဝန္တာတော ဒဏ္ဍကဟိရညတောင်၌ နေ၏။ ဥဒေါင်းမင်းသည် နေထွက်ချိန်တွင် နေကို ကြည့်ကာ “ဥဒေတယံ” စသော ဂါထာကို ရွတ်ပြီးမှ အစာရှာထွက်၏။ အစာရှာရာမှ ပြန်လာသောအခါ တောင်ထိပ်ပေါ်မှ နေလျက် ဝင်သွားသော နေကို ကြည့်ကာ “အပေတယံ” စသော ဂါထာကို ရွတ်၏။ ဤဂါထာတို့၏ တန်ခိုးကြောင့် ဘုရားအလောင်း ရွှေဥဒေါင်းမှာ ကြောက်လန့်ခြင်း, ကြက်သီးထခြင်းများ ကင်းခဲ့လေသည်။

ဗာရာဏသီပြည်အနီး မုဆိုးရွာမှ မုဆိုးတစ်ယောက် သည် ဟိမဝန္တာ၌ တောလည်စဉ် ရွှေဥဒေါင်းကို တွေ့ခဲ့၍ သူ၏ သားအား ပြောထားခဲ့လေသည်။ တစ်နေ့တွင် ဗာရာဏသီမင်း၏ မိဖုရား ခေမာဒေဝီသည် “ရွှေဥဒေါင်း...

စာမျက်နှာ-10
တရားဟောသည်ကို နာရသည်”ဟု အိပ်မက် မြင်မက်၍ ရွှေဥဒေါင်း၏ တရားကို နာကြားလိုကြောင်း ဘုရင်အား လျှောက်ထား၏။ ဘုရင်က မုဆိုးတို့ကို မေးမြန်း စုံစမ်းရာ ဖခင်ထံမှ ကြားခဲ့ဖူးသော မုဆိုးက ဒဏ္ဍကဟိရည တောင်၌ ရွှေဥဒေါင်းရှိကြောင်း လျှောက်တင်သောအခါ ထိုမုဆိုးကိုပင် ရွှေဥဒေါင်းကို ဖမ်းယူဆက်သရန် တာဝန် ပေးအပ်ခဲ့လေသည်။

ထိုမုဆိုးသည် ဟိမဝန္တာသို့ သွား၍ ဥဒေါင်းမင်း အစာရှာရာ မြေပြင်တစ်ဝိုက်၌ ကျော့ကွင်း ထောင်၍ ဖမ်းသော်လည်း ခုနစ်နှစ်ကြာသောအခါ ထိုမုဆိုးသည် တောထဲ၌ သေဆုံးခဲ့ရ၏၊ ဥဒေါင်းမင်းကိုကား အမိမဖမ်း နိုင်ခဲ့ပေ။ ခေမာမိဖုရားလည်း လိုချင်ရာကို မရသောကြောင့် နတ်ရွာစံခဲ့ရ၏။ မိဖုရား နတ်ရွာစံသဖြင့် ဘုရင်သည် ဥဒေါင်းမင်းကို စိတ်နာသောကြောင့် “ဟိမဝန္တာ ဒဏ္ဍက ဟိရညတောင်က ရွှေဥဒေါင်း၏ အသားကို စားရသူမှာ မအိုမသေနိုင်”ဟု ရွှေပေပေါ်တွင် အက္ခရာ ရေးထိုးစေပြီး မကြာခင် နတ်ရွာစံလေ၏။ ထိုစာကို မြင်ရသော

စာမျက်နှာ-11
နောက်မင်းများသည် မုဆိုးများကို လွှတ်ကာ လွှတ်ကာ ဖမ်းစေခဲ့ကြသော်လည်း မရကြပေ။ မင်းခြောက်ဆက်ပင် ကျော်လွန်ခဲ့ပေပြီ။ ခုနစ်ဆက်မြောက်မင်းလက်ထက်၌ မင်း၏ စေလွှတ်ခြင်းခံရသော မုဆိုးသည် အကြံရကာ ဥဒေါင်းပျိုမကို သင်ပြ၍ “မ”သံ ပေးစေ၏။ “မ” သံ ကြားသော ရွှေဥဒေါင်းသည် ပရိတ်ရွတ်ရန် သတိမရဘဲ သွားမိရာ ကျော့ကွင်း၌ မိလေတော့၏။

ထိုအခါ မုဆိုးလည်း ဥဒေါင်းမင်းကို ယူဆောင်ကာ ဘုရင့်အထံသို့ ဆက်သ၏။ ထိုအခါ ဥဒေါင်းမင်းက မိမိအား ဖမ်းခြင်း၏ အကြောင်းကို မေး၏။ ဥဒေါင်းမင်း အသား စားရသူမှာ မအိုမသေနိုင်ဆို၍ ဖမ်းရခြင်းဖြစ်ကြောင်း ပြော၏။ “အရှင်မင်းကြီး. . . ကျွန်ုပ်ကား မသေရပြီလော”။ “ဥဒေါင်းမင်းကား သေရမည် ဖြစ်ပါသည်”။ “ကျွန်ုပ် သေရလျှင် ကျွန်ုပ်၏အသား စားရသူမှာ အဘယ့်ကြောင့် မသေဘဲ ရှိပါမည်နည်း”။ “ဥဒေါင်းမင်းက ရွှေအဆင်းရှိသောကြောင့် ဖြစ်ပါသည်”။ “မင်းကြီး. . . ကျွန်ုပ် ရွှေအဆင်း ရှိခြင်းမှာ အကြောင်းမဲ့

စာမျက်နှာ-12
မဟုတ်ပါ။ ရှေးအခါ စကြာမင်း ဖြစ်စဉ်က မိမိလည်း ငါးပါးသီလ ကျင့်သုံး၍ လူအားလုံးတို့ကိုလည်း ငါးပါး သီလ ကျင့်သုံးစေသောကြောင့် ဖြစ်ပါသည်”ဟု ပြောဆို၍ စကြာမင်း ဖြစ်စဉ်က ရထားမှာ ဤမင်္ဂလာ ကန်တော်ထဲ၌ ရှိကြောင်း ပြောကာ ထုတ်ဖော်စေသောအခါ ထိုရထားကို တွေ့ရ၍ မင်းကြီးသည် အလွန်အံ့ဩ ဝမ်းသာပြီး ဥဒေါင်းမင်းကို နှစ်သက်သဘောကျ နေလေ၏။ ထို့နောက် ဥဒေါင်းမင်းက မင်းကြီးအား ဆက်လက် တရားဟောကာ ဟိမဝန္တာသို့ ပြန်သွားခဲ့လေသည်။

ဥဒေါင်းမင်းကား “ဥဒေတယံ” စသော ဂါထာများကို ရွတ်မြဲတိုင်း ရွတ်နေလေတော့သည်။ ဤသို့လျှင် “ဥဒေတယံ”စသော ဂါထာများမှာ ပါဠိဘာသာအားဖြင့် မောရ၊ မြန်မာဘာသာအားဖြင့် ဥဒေါင်းမင်းရွတ်ဆိုသော ဂါထာများ ဖြစ်သောကြောင့် မောရသုတ်ပရိတ်တော် ဟု ထင်ရှားခဲ့လေသည်။

စာမျက်နှာ-13

၆။ ဝဋ္ဋသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတော် များနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီ ကြွချီတော်မူခဲ့၏။ မြတ်စွာဘုရားသည် တစ်ခုသော အရပ်သို့ ရောက်တော် မူသောအခါ အကြီးအကျယ် မီးလောင်နေသည်နှင့် ကြုံ တော်မူ၏။ ထိုသို့ပင် ကြုံပါသော်လည်း ထိုမီးကြီးကား ဘုရားရှင့် အထံတော်သို့ ရောက်မလာခဲ့ပေ၊ ဘုရားရှင် ရှိရာအရပ်မှ ပတ်ပတ်လည် တစ်ဆယ့်ခြောက်ပယ် (စတု ရန်းပေ ၇၆၆၆၅၆၀ )ခန့်က ရှောင်ကွင်းသွားသည်။ ထိုအခါ ရဟန်းများက တအံ့တဩ ချီးမွမ်းပြောဆိုကြ၏။ ရဟန်းတို့၏ ချီးမွမ်းသံကို မြတ်စွာဘုရား ကြားတော်မူ သောအခါ “ရဟန်းတို့. . . ဤအရပ်ကို မီးကွင်းခြင်းမှာ ငါဘုရား၏ ယခုဘဝ အစွမ်းကြောင့် မဟုတ်၊ ငါဘုရား၏ ရှေးအခါက သစ္စာစွမ်းအားကြောင့်သာ ဖြစ်သည်။ ဤအရပ်ကား တစ်ကမ္ဘာလုံး မီးလောင်ခံရတော့မည် မဟုတ်။ ငါဘုရား ငုံးမင်းဖြစ်စဉ်က ဤအရပ်၌ တောမီး လောင်၍ မိဘတွေက စွန့်ခွာသွားခဲ့ကြသည်။ ငါဘုရား

စာမျက်နှာ-14
အလောင်း ငုံးမင်းကလေးမှာ တစ်ဦးတည်း ခိုကိုးရာမဲ့ ဖြစ်ခဲ့ရရှာသည်။ ထိုအခါ ငါ ဘုရားအလောင်း ငုံးမင်း ကလေးက ရှေးဘုရားရှင်တို့၏ ဂုဏ်တော်များကို အာရုံပြုကာ ‘ငါ့မှာ အတောင် နှစ်ဘက်တို့ကား ရှိကြ၏၊ သို့သော် မပျံသန်းနိုင်သေးပါ။ ငါ့မှာ ခြေနှစ်ချောင်း တို့ကား ရှိကြ၏။ သို့သော် မသွားလာနိုင်သေးပါ။ ငါ၏ မိဘတို့သည်လည်း ငါ့ကို စွန့်ခွါသွားကြကုန်ပါပြီ။ ဤသစ္စာ စကား မှန်ကန်ပါသောကြောင့် ဤတောမီးသည် ငါ့အား ကွင်းသွားပါစေသတည်း’ဟု သစ္စာဆိုခဲ့သည်။ ထိုသို့ သစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် တောမီးကြီးသည် ငါဘုရားအလောင်း ငုံးမင်းကလေးကို ကွင်းသွားခဲ့သည်” ဟု မိန့်ကြားတော်မူခဲ့သည်။ ဘုရားအလောင်းငုံးမင်းကို ပါဠိဘာသာဖြင့် ဝဋ္ဋ-ဟု ခေါ်သည်။ ထိုဘုရားအလောင်း ငုံးမင်း သစ္စာပြုပုံကို ပြသောသုတ်ဖြစ်သောကြောင့် ဤသုတ်ကို ဝဋ္ဋသုတ်ပရိတ်တော်ဟု ခေါ်ဝေါ်ကြ လေသည်။

စာမျက်နှာ-15

၇။ ဓဇဂ္ဂသုတ် ဖြစ်ပေါ်လာပုံ ဝတ္ထု

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား တရား စကားကို မိန့်ကြားတော်မူခဲ့၏။

“ရဟန်းတို့- - - ရှေးအခါက နတ်နှင့်အသူရာတို့ စစ်ဖြစ်ခဲ့ဖူးသည်။ ထိုအခါ သိကြားမင်းက နတ်တို့အား “အမောင်တို့. . . သင်တို့ စစ်မြေပြင် ရောက်ကြတဲ့အခါ ကြောက်ရွှံ့ခြင်း, တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်းထခြင်းများ ဖြစ်ပေါ်လာခဲ့လျှင် ထိုအချိန်မှာ ငါ၏ အလံဖျားကို မော်ကြည့်လိုက်ကြ။ ငါ၏ အလံဖျားကို မော်ကြည့်လျှင် သင်တို့၏ ကြောက်ရွံ့ခြင်း, တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်း ထခြင်းများ ကင်းပျောက်သွားလိမ့်မည်။ အကယ်၍ ငါ၏ အလံဖျားကို မော်မကြည့်မိလျှင် ပဇာပတိနတ်မင်း, ဝရုဏနတ်မင်း, ဤသာနနတ်မင်းတို့၏ အလံဖျားများကို မော်ကြည့်လိုက်ကြ။ ထိုသို့ မော်ကြည့်လျှင် သင်တို့၏ ကြောက်ရွံ့ခြင်း, တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်း ထခြင်းများ ကင်းပျောက်သွားလိမ့်မည်'ဟု ပြောကြားခဲ့သည်။

စာမျက်နှာ-16
ရဟန်းတို့. . . သိကြားမင်း, ပဇာပတိနတ်မင်း, ဝရုဏနတ်မင်း, ဤသာနနတ်မင်းတို့၏ အလံဖျားများကို မော်ကြည့်ကြသော နတ်တို့မှာ ကြောက်ရွံ့ခြင်း, တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်းများ ကင်းပျောက်သော်လည်း ကင်းပျောက်ရာ၏၊ မကင်းပျောက်သော်လည်း မကင်း ပျောက်ရာ။ (ကင်းပျောက်မှု မကင်းပျောက်မှုမှာ မသေချာ ပေ။) အဘယ့်ကြောင့်ဆိုသော် ရဟန်းတို့ . . သိကြားမင်း ကိုယ်တိုင်က ရာဂ ဒေါသ မောဟ မကင်းသူ ကြောက်တတ် တုန်လှုပ်တတ်, ထိတ်လန့်တတ်, ထွက်ပြေးတတ်သူ ဖြစ်သောကြောင့် ဖြစ်သည်။

ရဟန်းတို့. . . ငါဘုရားလည်း သင်တို့အား အခုလို မိန့်မှာတော်မူလိုသည် –

ရဟန်းတို့. . . တောသို့ဖြစ်စေ, သစ်ပင်ရင်းသို့ ဖြစ်စေ, တခြားဆိတ်ငြိမ်ရာ အရပ်တစ်ခုခုသို့ဖြစ်စေ ကပ်ရောက်ကြသော သင်တို့မှာ အကယ်၍ ကြောက်ရွံ့ ခြင်း, တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်းထခြင်းများ ဖြစ်ပေါ်လာခဲ့လျှင် ငါဘုရား၏ “ဣတိပိ သော ဘဂဝါ” အစရှိသော ဂုဏ်တော်များကို ဖြစ်စေ၊ တရားတော်၏

စာမျက်နှာ-17
“သွာက္ခာတတာ” အစရှိသော ဂုဏ်တော်များကို ဖြစ်စေ၊ သံဃာတော်၏ “သုပ္ပဋိပန္နတာ” အစရှိသော ဂုဏ်တော်များကို ဖြစ်စေ အဖန်ဖန် အောက်မေ့ ဆင်ခြင်ကြ၊ ထိုသို့ အောက်မေ့ ဆင်ခြင်ခဲ့လျှင် သင်တို့၏ ကြောက်ရွံ့ခြင်း, တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်းထခြင်းများ မလွဲမသွေ ကင်းပျောက်ပေလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် ရာဂ ဒေါသ မောဟ ကင်းသူ၊ မကြောက်တတ်, မတုန်လှုပ်တတ်, မထိတ်လန့်တတ်, မထွက်ပြေးတတ်သူ ဖြစ်တော်မူသောကြောင့် ဖြစ်သည်။

မြတ်စွာဘုရားသည် ရဟန်းတို့အား တရားစကားကို အထက်ပါအတိုင်း ဟောကြားတော်မူခဲ့သည်။ ဤဓဇဂ္ဂသုတ် သည် ဤသုတ်ကိုယ်တိုင်က ဝတ္ထုကြောင်း ဖြစ်သည်။ ဓဇဂ္ဂသဒ္ဒါသည် အလံဖျားကို ဟော၏၊ သိကြားမင်း, ...... နတ်မင်းတို့၏ အလံဖျားကို ဥပမာပြု၍ ဟောကြားသော သုတ် ဖြစ်သောကြောင့် ဤသုတ်ကို ဓဇဂ္ဂသုတ် ပရိတ်တော်ဟု ခေါ်ဝေါ်ကြလေသည်။

စာမျက်နှာ-18

၈။ အာဋာနာဋိယသုတ် ဖြစ်ပေါ်လာပုံ ဝတ္ထု

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူစဉ် တစ်ခုသော ညသန်းခေါင်ယံ အချိန်၌ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် နတ်စစ်သည်များနှင့် အတူ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်ခဲ့ကြ၏။ ဝေဿဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား. . . လောက၌ ဘုရားအား ကြည်ညိုသော နတ်ဘီလူး၊ မကြည်ညိုသော နတ်ဘီလူး စသည်ဖြင့် အမျိုးမျိုးရှိပါသည် ဘုရား၊ ထိုအမျိုးမျိုးထဲမှာလည်း မကြည်ညိုသော နတ်ဘီလူး တွေက များပါသည် ဘုရား။ အကြောင်းမှာ- ဘုရားရှင်က ပါဏာတိပါတ-စသော မကောင်းမှုကို ရှောင်ကြဉ်ရန် ဟောတော်မူသောအခါ သူတို့က ထိုမကောင်းမှုများကို မရှောင်ကြဉ်နိုင်ကြ၍ မကောင်းမှုကို ရှောင်ရမည်ဆိုသော တရားစကားကို သူတို့ မကြိုက်ကြ, မလိုလားကြသောကြောင့် ဖြစ်ပါသည် ဘုရား။ တောအုံချုံကြား အစွန်

စာမျက်နှာ-19
အဖျားကျသော ကျောင်းများ၌ တချို့ ရဟန်းတော်များ သီတင်းသုံး နေကြရပါသည် ဘုရား။ ထိုအရပ်များမှာ သာသနာတော်ကို မကြည်ညိုကြသော နတ်ဘီလူးများ ရှိနေကြပါသည် ဘုရား။ ထိုရဟန်းများမှာ ထိုနတ်ဘီလူး များ၏ အန္တရာယ်မှ ကင်းဝေးရန် လိုအပ်ပါသည် ဘုရား သို့ဖြစ်၍ ထိုသာသနာကို မကြည်ညိုကြသေးသော နတ်ဘီလူးများ သာသနာတော်ကို ကြည်ညိုလာကြစေရန်, ဘုရားရှင်၏ ပရိသတ်လေးပါးကို ထိုနတ်ဘီလူးများ မညှဉ်းဆဲနိုင်ကြစေရန်, အာဋာနာဋိယ မည်သော အကာအကွယ် အရန်အတား အစောင့်အရှောက်ကို လက်ခံတော်မူပါ”ဟု လျှောက်ထား၏။ မြတ်စွာဘုရား သည် ထိုဝေဿဝဏ်နတ်မင်းကြီး၏ လျှောက်ထားချက်ကို လက်ခံတော်မူ၏။ ထို့နောက် ဝေဿဝဏ်နတ်မင်းကြီး သည် “ဝိပဿိဿ စ နမတ္ထု” စသည်ဖြင့် လျှောက်ထားခဲ့ သည်။ ဝေဿဝဏ်နတ်မင်းကြီးသည် ဤသုတ်တော်ကို အာဋာနာဋမည်သော နတ်မြို့တော်၌ ဖွဲ့စီရင်ခဲ့၏။ ထို့ကြောင့် ဤသုတ်ကို အာဋာနာဋိယသုတ် ပရိတ်တော်- ဟု ခေါ်ဝေါ်ကြလေသည်။

စာမျက်နှာ-20

၉။ အင်္ဂုလိမာလသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
ကောသလမင်းကြီးမှာ ပုရောဟိတ်ကြီး တစ်ယောက် ရှိ၏။ ထိုပုရောဟိတ်ကြီး၏ ဇနီးမှာ မန္တာဏီ မည်သော ပုဏ္ဏေးမကြီး ဖြစ်၏။ အင်္ဂုလိမာလမထေရ်ကို ထိုမန္တာဏီ ပုဏ္ဏေးမကြီးက ဖွားမြင်ခဲ့သည်။ အင်္ဂုလိမာလမထေရ်၏ ငယ်နာမည်မှာ “အဟိံသက” ဖြစ်၏။ သူ မွေးဖွားချိန်၌ တစ်ပြည်လုံးရှိ လက်နက်များ တပြောင်ပြောင် တောက်ပ၍ နေလေသည်။ သို့ဖြစ်၍ ဖခင်ပုရောဟိတ်ကြီးက “ငါ့သားကား လူဆိုး ဖြစ်လိမ့်မည်” ဟု နိမိတ်ဖတ်ခဲ့၏။

အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ယူလေသည်။ ဒိသာပါမောက္ခဆရာကြီးက အဟိံသကအား အရေးပေး၏။ ကြာသောအခါ တခြားတပည့်များက မနာလို ဖြစ်လာကြတော့သည်။ ထိုအခါ “အဟိံသကသည် ဆရာကတော်အား ပြစ်မှားနေသည်” ဟု မဟုတ်မဟတ် လုပ်ဇာတ်ခင်းကာ ကုန်းတိုက်စကား

စာမျက်နှာ-21
ပြောကြားကြတော့သည်။ ဆရာကြီးသည် အစမှာတော့ မယုံသေးပေ၊ သို့သော် ပြောပါများသောအခါ တစ်စတစ်စနဲ့ ယုံကြည်သွားတော့သည်။ သို့ဖြစ်၍ အဟိံသကကို သေစေရန် ပရိယာယ်ဖြင့် “သင်၏ အတတ်ပညာ ပြီးမြောက်ရေးတွင် အထောက်အပံ့ ဖြစ်စေရန် ခရီးသွား လူပေါင်း တစ်ထောင်တိတိကို သတ်ရမည်” ဟု ပြောဆို၏။ ဆရာကြီး၏ ရည်ရွယ်ချက်မှာ ထိုလူပေါင်း တစ်ထောင်ထဲမှ တစ်ယောက်ယောက်က အဟိံသကကို ပြန်သတ်လိမ့်မည်-ဟူသော ရည်ရွယ်ချက် ဖြစ်၏။

အဟိံသက က “ကျွန်ုပ်သည် သူတစ်ပါးကို မညှဉ်းဆဲသော အမျိုးမှ မွေးဖွားသူ ဖြစ်၍ သူတစ်ပါးအသက်ကို မသတ်နိုင်ပါ” ဟု ငြင်းဆန်၏။ သို့သော် ဆရာကြီးက “ထိုကဲ့သို့ မသတ်လျှင် သင်သည် အတတ်ပညာ၏ အကျိုးကို ခံစားရလိမ့်မည် မဟုတ်” ဟု ဆို၏။ နောက်ဆုံးတော့ အဟိံသကသည် ဆရာကြီး၏ အကြပ်ကိုင် စေခိုင်းခြင်းကို လက်ခံလိုက်ရပြီး တောထဲသို့ ဝင်ကာ တွေ့သမျှ လူတွေကို လိုက်သတ်လေတော့၏။ သတ်ပြီးသော

စာမျက်နှာ-22
လူများ ဘယ်နှစ်ယောက်ရှိပြီဟု မမှတ်မိတော့သဖြင့် လူတစ်ယောက် တစ်ယောက် သတ်ပြီးပါက လက်ညှိုး တစ်ချောင်း တစ်ချောင်း ဖြတ်ယူထား၏။ ကြာသောအခါ လက်ညှိုးများလည်း ပျောက်ကုန်ပြန်သဖြင့် လက်ညှိုးများကို ဖောက်ကာ သီကုံး၍ ပန်းကုံးကဲ့သို့ လည်ပင်း၌ ဆွဲထား၏။ ထိုအခါမှ စ၍ “အင်္ဂုလိမာလ၊ အင်္ဂုလိမာလ- လက်ညှိုးပန်းကုံးရှိသူ လက်ညှိုးပန်းကုံး ရှိသူ” ဟူ၍ ထင်ရှားလာလေတော့၏။

ထိုအခါ တောထဲသို့ လူများ မသွားလာဝံ့ကြတော့ပေ။ တောထဲ၌ လူသွားလူလာ ပြတ်စဲသွား၏။ အင်္ဂုလိမာလသည် တောထဲ၌ သတ်ရမည့်လူ မတွေ့တော့၍ ညအခါ ရွာထဲသို့ ဝင်ကာ အိပ်နေသော လူများကို သတ်၍ သတ်၍ ဆွဲသွား၏။ သို့ဖြစ်၍ မြို့ရွာတွေ အင်္ဂုလိမာလ လူဆိုးဘေးကြီး ကြုံကာ တထိတ်ထိတ် တလန့်လန့် တုန်လှုပ် ချောက်ချားနေကြတော့သည်။ အင်္ဂုလိမာလ၏ မိခင်သည် သားကို ဖျောင်းဖျပြောဆိုရန် တောထဲသို့ ထွက်လာ၏။ ထိုအခိုက်၌ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် လောကကို ဉာဏ်တော်ဖြင့် ဆင်ခြင်ကာ

စာမျက်နှာ-23
ကြည့်ရှုတော်မူ၏။ ထိုအခါ “ယနေ့ ငါဘုရား ကြွသွားလျှင် အင်္ဂုလိမာလအား အကျိုးရှိလိမ့်မည်။ ငါဘုရား ကြွမသွားခဲ့လျှင် မိခင်ကို သတ်ပေတော့မည်။ မိခင်ကို သတ်မိက သူ ငရဲမကျအောင် ငါဘုရား ကယ်နိုင်လိမ့်မည် မဟုတ်” ဟု မြင်တော်မူ၍ တောထဲသို့ ကြွသွားတော်မူသည်။ လူတစ်ထောင်ပြည့်ရန် တစ်ယောက်သာ လိုတော့သဖြင့် ပထမဆုံး တွေ့သူကို “တွေ့ရာသင်္ချိုင်း ဓားမဆိုင်း” သတ်ရန် အားခဲထားသော အင်္ဂုလိမာလသည် ဘုရားရှင်ကို မြင်လျှင်မြင်ချင်း ဒုန်းစိုင်းပြေးကာ လိုက်လေတော့သည်။ သို့သော် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ဘယ်လိုမှ လိုက်၍ မမီပေ။ ထိုအခါ လွန်စွာ အံ့ဩပြီး “ရဟန်း . . . ရပ်လော့၊ ရပ်လော့” ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားက “အင်္ဂုလိမာလ . . . ငါသည် ရပ်နေ၏” ဟု မိန့်တော်မူ၏။

ထိုအခါ အင်္ဂုလိမာလက “အဘယ့်ကြောင့် ထိုကဲ့သို့ ပြောကြားပါသနည်း” ဟု လျှောက်ထား၏။ မြတ်စွာဘုရားက “အင်္ဂုလိမာလ .. ငါကား တုတ်၊ ဓားလက်နက်ကို မဆောင်ဘဲ မေတ္တာကို ဆောင်ကာ မေတ္တာတရား၌ ရပ်တည်နေသူ ဖြစ်၏။ သင်ကား

စာမျက်နှာ-24
မေတ္တာကို မဆောင်ဘဲ တုတ် ဓား လက်နက်ကို ဆောင်ကာ လူပေါင်းများစွာကို လိုက်သတ်နေသဖြင့် အပါယ်ငရဲသို့ ပြေးသွားနေသူ ဖြစ်၏” ဟု မိန့်တော်မူ၏။ ထိုအခါ အင်္ဂုလိမာလသည် “အင်း. . . ဤမျှအထိ အဆင့်အတန်းမြင့်သော စကားကို ပြောကြားသူမှာ မဟာမာယာ၏ သားတော် သိဒ္ဓတ္ထမင်းသား ဘုရားသာ ဖြစ်ရမည်၊ ဘုရားမှတစ်ပါး အခြားသူကား ဤစကားမျိုးကို မပြောဆိုနိုင်ရာ” ဟု ဆုံးဖြတ်ချက်ချပြီး သတိသံဝေဂရကာ လက်နက်နှင့် မေတ္တာကို လဲလှယ်ပြီး မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံကို လက်အုပ်ချီမိုး ရှိခိုးကန်တော့ကာ ရဟန်းပြုခွင့် တောင်းခဲ့လေသည်။ အနှိုင်းမဲ့ကရုဏာရှင် မြတ်စွာဘုရားက “ဧဟိ ဘိက္ခု- ရဟန်း ... လာလော့” ဟု ခေါ်တော်မူ၍ အင်္ဂုလိမာလသည် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

တစ်နေ့သောအခါ၌ အရှင်အင်္ဂုလိမာလ ဆွမ်းခံကြွစဉ် သားမဖွားနိုင်သော အမျိုးသမီးတစ်ယောက်ကို မြင်၍ ကရုဏာဖြစ်ကာ ကျောင်းသို့ ပြန်ရောက်သော

စာမျက်နှာ-25
အခါ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက အရှင်အင်္ဂုလိမာလအား ထိုအမျိုးသမီးအထံသို့ သွား၍ “ယတောဟံ ဘဂိနိ” စသည်ဖြင့် သစ္စာဆိုရန် သင်ပေးတော်မူ၏။ အရှင်အင်္ဂုလိမာလသည် မြတ်စွာဘုရား သင်ပေးတော်မူသည့်အတိုင်း ထိုအမျိုးသမီးထံသို့ သွား၍ သစ္စာဆိုရာ ထိုအမျိုးသမီး၏ ကိုယ်ဝန်မှာ ချောမွေ့ညင်သာစွာ ဖွားမြင်လာလေ၏။ မိခင်ရော ကလေးပါ ကျန်းမာ၍ ဝမ်းသာ ပျော်ရွှင်ကြလေသည်။ ဤသို့ အရှင်အင်္ဂုလိမာလ၏ သစ္စာဆိုပုံကို ပြသောသုတ် ဖြစ်သောကြောင့် ဤသုတ်ကို အင်္ဂုလိမာလသုတ် ပရိတ်တော်ဟု ခေါ်ဝေါ်ကြလေသည်။

၁၁။ ဗောဇ္ဈင်္ဂသုတ် ဖြစ်ပေါ်လာပုံပြ ဝတ္ထု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၏ အနီး ပိပ္ပလိလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူသော အရှင်မဟာကဿပသည် မကျန်းမမာ ဖြစ်တော်မူ၏။ မြတ်စွာဘုရားသည် အရှင်

စာမျက်နှာ-26
မဟာကဿပအထံသို့ ကြွတော်မူပြီး ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားကို ဟောကြား ချီးမြှင့်တော်မူ၏။ ထိုတရားတော်ကို နာရခြင်းကြောင့် အရှင်မဟာကဿပ၏ ရောဂါမှာ ချက်ချင်းပင် ယူပစ်သလို ပျောက်ကင်းသွားပေတော့သည်။ ထိုတရားကို နာကြားရသော အရှင်မြတ်အား “ငါကား ရဟန်းပြု၍ ခုနစ်ရက်မြောက်သော နေ့မှာပင် သစ္စာတရားတို့ကို သိ၍ ဤဗောဇ္ဈင်တရားများ ထင်ရှား ဖြစ်ပေါ်လာခဲ့ဖူး၏၊ မြတ်စွာဘုရား၏ သာသနာတော်ကား ဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်းအစစ် တကယ်ဖြစ်ပါပေသည်တကား...” ဟု စဉ်းစားဆင်ခြင်မိလေ၏။ ထိုအခါ အရှင်မြတ်၏ ကိုယ်မှ သွေးသားများ ကြည်လင်၍ ဥပါဒါရုပ်များ စင်ကြယ်လာမှုကြောင့် အရှင်မြတ်၏ ရောဂါဝေဒနာ လျင်မြန်စွာ ပျောက်ကင်းခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူသော အရှင်မောဂ္ဂလာန်မထေရ်မြတ် မကျန်းမာစဉ် ဤဗောဇ္ဈင်တရားကိုပင် ဘုရားရှင် ဟောကြားတော်မူ၍

စာမျက်နှာ-27
အရှင်မြတ်၏ ရောဂါလည်း ချက်ချင်းပင် ပျောက်ကင်းခဲ့ပေသည်။

အခါတစ်ပါးမှာတော့ ဘုရားရှင်ကိုယ်တော်တိုင် မကျန်းမာတော်မူ၍ အရှင်စုန္ဒအား ဤဗောဇ္ဈင်တရားကို ရွတ်ဆိုစေ၍ နာကြားတော်မူခဲ့သည်။ ဗောဇ္ဈင်တရား ပြီးဆုံး၍ သာဓုခေါ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားရှင်၏ ရောဂါဝေဒနာလည်း ချက်ချင်း ပျောက်ကင်းသွားပေတော့သည်။

ဤသို့ ဗောဇ္ဈင်တရားတို့၏ အကျိုးများကို ပြဆိုသောကြောင့် ဤသုတ်ကို ဗောဇ္ဈင်္ဂသုတ်-ဟု ခေါ်ဆိုကြလေသည်။

မှတ်ချက်။ ။ ပုဗ္ဗဏှသုတ်ကား ရှေးဆရာတော်ကြီးများ သီကုံးထားသော ဂါထာများနှင့် ထိုကျမ်း ဤကျမ်းတို့မှ ထုတ်နုတ် ဖော်ပြထားသော ဂါထာများသာ ဖြစ်၍ ဖြစ်ပေါ်လာပုံပြဝတ္ထု သီးခြားမရှိပါ။

ပရိတ်တော် ဖြစ်ပေါ်လာပုံပြ ဝတ္ထုများ ပြီး၏။

စာမျက်နှာ-28

ပရိတ်တော် ပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပရိတ်တော်နိဒါန်း
နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း

၁။ သမန္တာ စက္ကဝါဠေသု၊
အတြာ ဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊
သုဏန္တု သဂ္ဂမောက္ခဒံ။

၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။

၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၄။ ယေ သန္တာ သန္တစိတ္တာ၊ တိသရဏသရဏာ၊ ဧတ္ထ လောကန္တရေ ဝါ။
ဘုမ္မာ ဘုမ္မာ စ ဒေဝါ၊ ဂုဏဂဏဂဟဏဗျာဝဋာ သဗ္ဗကာလံ။

စာမျက်နှာ-29
ပရိတ်တော် ပါဠိ အသံထွက်ပုံ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ သမန်တာ စက်က-ဝါလေသု၊ အတ်တရာ ဂစ်ဆန်တု ဒေဝတာ။ သတ်ဓမ်မံ မုနိ ရာဇတ်သ၊ သုဏန်တု သက်ဂ-မောက်ခ-ဒံ။

၂။ ဓမ်မတ်သဝန-ကာလော အယံ ဘတ်ဒန်တာ။

၃။ နမော တဿ ဘဂဝတော အရဟတော သမ်မာသမ်ဗုတ်ဓတ်သ။ (သုံးခေါက်ဆို)

၄။ ယေ သန်တာ သန်တ-စိတ်တာ, တိသရဏ သရဏာ, အစ်ထ လောကန်တရေ ဝါ။ ဘုမ်မာ ဘုမ်မာ စ ဒေဝါ၊ ဂုဏ-ဂဏ-ဂဟဏ ဗျာဝတာ သပ်ဗ-ကာလံ။

စာမျက်နှာ-30
ဧတေ အာယန္တု ဒေဝါ၊
ဝရကနကမယေ၊
မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ၊ မုနိဝရဝစနံ၊ သောတုမဂ္ဂံ သမဂ္ဂါ။
၅။ သဗ္ဗေသု စက္ကဝါဠေသု၊
ယက္ခာ ဒေဝါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
၆။ သဗ္ဗေ တံ အနုမောဒိတွာ၊
သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
၇။ သာသနဿ စ လောကဿ၊
ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။

စာမျက်နှာ-31
အေတေ အာယန်တု ဒေဝါ၊
ဝရ-ကနက-မယေ မေရုရာဇေ ဝသန်တော၊ သန်တော သန်တောသ-ဟေတုံ၊ မုနိ-ဝရ-ဝစနံ၊ သောတု-မက်ဂံ သမက်ဂါ။
၅။ သပ်ဗေသု စက်က-ဝါဠေသု၊ ယက်ခါ ဒေဝါ စ ဗြန်မနော။ ယံ အန်မှေဟိ ကတံ ပုန်ညံ၊ သပ်ဗ-သမ်ပတ်တိ သာဓကံ။
၆။ သပ်ဗေ တံ အနုမောဒိတ်တဝါ၊ သမက်ဂါ သာသနေ ရတာ။ ပမာဒ-ရဟိတာ ဟွန်တု၊ အာရက်ခါသု ဝိသေသတော။
၇။ သာသနတ်သ စ လောကတ်သ၊
ဝုတ်ဒီ ဘဝတု သပ်ဗဒါ။

စာမျက်နှာ-32
သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၉။ ရာဇတော ဝါ စောရတော ဝါ မနုဿတော ဝါ အမနုဿတော ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ ပိသာစတော ဝါ ခါဏုကတော ဝါ ကဏ္ဍကတော ဝါ နက္ခတ္တတော ဝါ ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ စဏ္ဍဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ၊ အစ္ဆ တရစ္ဆ သူကရ မဟိံသ၊ ယက္ခ ရက္ခသာဒီဟိ၊

စာမျက်နှာ-33
သာသနမ်ပိ စ လောကင်စ၊ ဒေဝါ ရက်ခန်တု သပ်ဗဒါ။
၈။ သတ်ဒိန် ဟွန်တု သုခီ သပ်ဗေ၊ ပရိဝါရေဟိ အတ်တနော။ အ-နီဃာ သုမနာ ဟွန်တု၊ သဟ သပ်ဗေဟိ ညာတိဘိ။
၉။ ရာဇ-တော ဝါ စောရ-တော ဝါ မနုတ်သ-တော ဝါ အမနုတ်သ-တော ဝါ အက်ဂိ-တော ဝါ ဥဒက-တော ဝါ ပိသာစ-တော ဝါ ခါဏုက-တော ဝါ ကန်တက-တော ဝါ နတ်ခတ်တ-တော ဝါ ဇနပဒ-ရောဂ-တော ဝါ အ-သတ်ဓမ်မ-တော ဝါ အ-သန်ဒိတ်ထိ-တော ဝါ အ-သပ်ပုရိသ-တော ဝါ စန်ဒ ဟတ်ထိ အတ်သ မိဂ ဂေါဏ ကုတ်ကုရ အဟိ ဝိတ်ဆိက၊ မဏိသပ်ပ ဒီပိ၊ အစ်ဆ တရစ်ဆ သူကရ မဟိန်သ ယက်ခ ရက်ခသာဒီဟိ၊

စာမျက်နှာ-34
နာနာဘယတော ဝါ နာနာရောဂတော ဝါ နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။
၁။ မင်္ဂလသုတ်
၁၀။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိသဉ္စ မင်္ဂလံ။
၁၁။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
၁၂။ ဧဝံ မေ သုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေဝတာ

စာမျက်နှာ-35
နာနာဘယ-တော ဝါ နာနာရောဂ-တော ဝါ နာနာ ဥပတ်ဒဝ-တော ဝါ အာရက်ခံ ဂန်နှန်တု။
၁။ မင်ဂလ-သုတ်
၁၀။ ယံ မင်ဂလံ ဒွါဒသ-ဟိ၊ စိန်တယိန်သု သ-ဒေဝကာ။ သွတ်ထာနံ နာဓိဂစ်ဆန်တိ၊ အတ်ထတ်တိန်သင်စ မင်ဂလံ။
၁၁။ ဒေသိတံ ဒေဝ-ဒေဝေန၊ သပ်ဗ-ပါပ-ဝိနာသနံ။ သပ်ဗ-လောက-ဟိတတ်ထာယ၊ မင်ဂလံ တံ ဘဏာမ ဟေ။
၁၂။ အေဝံ မေ သုတံ...
အေကံ သမယံ ဘဂဝါ သာဝတ်ထိယံ ဝိဟရတိ ဇေတဝနေ အ-နာထ-ပိန်ဒိကတ်သ အာရာမေ။ အထ-ခေါ အင်ည-တရာ ဒေဝတာ

စာမျက်နှာ-36
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၁၃။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။
၁၄။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၅။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။

စာမျက်နှာ-37
အဘိတ်ကန်တာယ ရုတ်တိယာ အဘိတ်ကန်တ-ဝန်နာ ကေဝလ-ကပ်ပံ ဇေတဝနံ ဩဘာသစ်တဝါ ယေန ဘဂဝါ တေနုပ-သင်ကမိ၊ ဥပသင်ကမိတ်တဝါ ဘဂဝန်တံ အဘိဝါဒစ်တဝါ အေက-မန်တံ အတ်ထာသိ။ အေက-မန်တံ ဌိတာ ခေါ သာ ဒေဝတာ၊ ဘဂဝန်တံ ဂါထာယ အစ်ဈဘာသိ။
၁၃။ ဗဟူ ဒေဝါ မနုတ်သာ စ၊ မင်ဂလာနိ အ-စိန်တယုံ။ အာကင်ခ-မာနာ သွတ်ထာနံ၊ ဗြူဟိ မင်္ဂလ-မုတ်တမံ။
၁၄။ အ-သေဝနာ စ ဗာလာနံ၊ ပန်ဒိတာနင်စ သေဝနာ။ ပူဇာ စ ပူဇနေယာနံ၊ အေတံ မင်ဂလ-မုတ်တမံ။
၁၅။ ပတိရူပ-ဒေသ-ဝါသော စ၊ ပုပ်ဗေ စ ကတ-ပုန်ည-တာ။

စာမျက်နှာ-38
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၆။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၇။ မာတာပိတုဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၈။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၉။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-39
အတ်တ-သမ်မာ ပဏီဓိ စ၊ အေတံ မင်ဂလ-မုတ်တမံ။
၁၆။ ဗာဟုသစ်စင်စ သိပ်ပင်စ၊ ဝိနယော စ သုသိတ်ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ-မုတ်တမံ။
၁၇။ မာတာပိတု ဥပတ်ထာနံ၊ ပုတ်တ-ဒါရတ်သ-သင်္ဂဟော။ အနာကုလာ စ ကမ်မန်တာ၊ အေတံ မင်ဂလ-မုတ်တမံ။
၁၈။ ဒါနင်စ ဓမ်မ-စရိယာ စ၊ ညာတကာနင်စ သင်ဂဟော။ အန-ဝစ်ဇာနိ ကမ်မာနိ၊ အေတံ မင်ဂလ-မုတ်တမံ။
၁၉။ အာရတီ ဝိရတီ ပါပါ၊ မစ်ဇ-ပါနာ စ သံယမော။ အပ်ပမာဒေါ စ ဓမ်မေသု၊ အေတံ မင်ဂလ-မုတ်တမံ။

စာမျက်နှာ-40
၂၀။ ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလမုတ္တမံ။
၂၁။ ခန္တီ စ သောဝစဿတာ၊
သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊
ဧတံ မင်္ဂလမုတ္တမံ။
၂၂။ တပေါ စ ဗြဟ္မစရိယဉ္စ၊
အရိယသစ္စာနဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလမုတ္တမံ။
၂၃။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလမုတ္တမံ။
၂၄။ ဧတာဒိသာနိ ကတွာန၊
သဗ္ဗတ္ထ မပရာဇိတာ။

စာမျက်နှာ-41
၂ဝ။ ဂါရဝေါ စ နိဝါတော စ၊ သန်တုတ်ထိ စ ကတင်ညုတာ။ ကာလေန ဓမ်မတ်သဝနံ၊ အေတံ မင်ဂလ-မုတ်တမံ။
၂၁။ ခန်တီ စ သောဝစပ်သ-တာ၊ သမဏာနင်စ ဒတ်သနံ။ ကာလေန ဓမ်မ-သာကစ်ဆာ၊ အေတံ မင်ဂလ-မုတ်တမံ။
၂၂။ တပေါ စ ဗြန်မ-စရိယင် စ၊ အရိယ-သစ်စာန-ဒတ်သနံ။ နိတ်ဗာန-သစ်ဆိကိရိယာ စ၊ အေတံ မင်ဂလ-မုတ်တမံ။
၂၃။ ဖုတ်ထတ်သ လောက-ဓမ်မေဟိ၊ စိတ်တံ ယတ်သ န ကမ်ပတိ။ အ-သောကံ ဝိရဇံ ခေမံ၊ အေတံ မင်ဂလ-မုတ်တမံ။
၂၄။ အေတာဒိသာနိ ကတ်တဝါန၊ သပ်ဗတ်ထ-မပရာဇိတာ။

စာမျက်နှာ-42
သဗ္ဗတ္ထ သောတ္ထိ ဂစ္ဆန္တိ၊
တံ တေသံ မင်္ဂလမုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။

၂။ ရတနသုတ်
၂၅။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတိံသ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ

စာမျက်နှာ-43
သပ်ဗတ်ထ သွတ်ထိန် ဂစ်ဆန်တိ၊ တံ တေသံ မင်ဂလ-မုတ်တမံ။ မင်ဂလသုတ်တံ နိတ်ထိတံ။

၂။ ရတန-သုတ်
၂၅။ ပဏိဓာနတော ပတ်ထာယ တထာဂတတ်သ ဒသ ပါရမိယော ဒသ အုပပါရမိယော ဒသ ပရမတ်ထ ပါရမိယောတိ သမတိန်သ ပါရမိယော ပင်စ-မဟာ-ပရိတ်စာဂေ လောကတ်ထ-စရိယံ ညာတတ်ထ-စရိယံ ဗုတ်ဓတ်ထ-စရိယန်တိ တိတ်သော စရိယာယော ပစ်ဆိမ-ဘဝေ ဂတ်ဘ-ဝေါက်ကန်တိန် ဇာတိန် အဘိနိတ်ခမနံ ပဓာနစရိယံ ဗောဓိ ပန်လင်ကေ မာရဝိဇယံ သပ်ဗင်ညုတင်ညာနပ် ပတိဝေဓံ

စာမျက်နှာ-44
ဓမ္မစက္ကပ္ပဝတ္တနံ နဝ လောကုတ္တရဓမ္မေတိ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ-
၂၆။ ကောဋီသတသဟဿသု၊
စက္ကဝါဠေသု ဒေဝတာ။
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊
ယဉ္စ ဝေသာလိယာ ပုရေ။
၂၇။ ရောဂါမနုဿဒုဗ္ဘိက္ခ-
သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ မန္တရဓာပေသိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
၂၈။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။

စာမျက်နှာ-45
ဓမ်မစက်ကပ်ပဝတ်တနံ, နဝ လောကုတ်တရ ဓမ်မေတိ သပ်ဗေပိမေ ဗုတ်ဓဂုဏေ အာဝစ်ဇစ်တဝါ၊ ဝေသာလိယာ တီသု ပါကာရန်တရေသု၊ တိယာမ-ရတ်တိန် ပရိတ်တံ ကရွန်တော၊ အာယတ်သမာ အာနန်ဒတ်ထေရော ဝိယ၊ ကာရုန်ည-စိတ်တံ အုပတ်ထပစ်တဝါ။
၂၆။ ကောတီသတ-သဟတ်သေသု၊ စက်က-ဝါလေသု ဒေဝတာ။ ယတ်သာနံ ပတိတ်ဂန်နှန်တိ၊ ယင်စ ဝေသာလိယာ ပုရေ။
၂၇။ ရောဂါ မနုတ်သ-ဒုတ်ဘိတ်ခ၊ သမ်ဘူတံ တိဝိဓံ ဘယံ။ ခိပ်ပ-မန်တရ-ဓာပေသိ၊ ပရိတ်တံ တံ ဘဏာမ ဟေ။
၂၈။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ်မာနိ ဝါ ယာနိဝ အန်တ-လိတ်ခေ။

စာမျက်နှာ-46
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၂၉။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
၃၀။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၁။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-47
သပ်ဗေဝ ဘူတာ သုမနာ ဘဝန်တု၊ အထောပိ သက်ကစ်စ သုနန်တု ဘာသိတံ။
၂၉။ တတ်သမာ ဟိ ဘူတာ နိသာမေထ သပ်ဗေ၊ မစ်တံ ကရောထ မာနုသိယာ ပဇာယ။ ဒိဝါ စ ရတ်တော စ ဟရန်တိ ယေ ဗလိန်၊ တတ်သမာ ဟိ နေ ရက်ခထ အပ်ပမတ်တာ။
၃၀။ ယံ ကိန်စိ ဝိတ်တံ အိဓ ဝါ ဟုရံ ဝါ၊ သက်ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ်ထိ တထာဂတေန၊ အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၃၁။ ခယံ ဝိရာဂံ အ-မတံ ပဏီတံ၊ ယဒစ်ဈဂါ သက်ကျမုနီ သမာဟိတော။ န တေန ဓမ်မေန သမတ်ထိ ကိန်စိ၊ အိဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။

စာမျက်နှာ-48
၃၂။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊
သမာဓိ မာနန္တရိကည မာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၃။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၄။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗူတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-49
၃၂။ ယံ ဗုတ်ဓ-သစ်ထော ပရိဝန်နယီ သုစိန်၊ သမာဓိ မာနန်တရိ ကင်ည-မာဟု။ သမာဓိနာ တေန သမော န ဝိတ်ဇတိ၊ အိဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၃၃။ ယေ ပုတ်ဂလာ အတ်ထ-သတံ ပသတ်ထာ၊ စတ်တာရိ အေတာနိ ယုဂါနိ ဟွန်တိ။ တေ ဒက်ခိနေယာ သုဂတတ်သ သာဝကာ၊ အေတေသု ဒိန်နာနိ မဟပ်ဖလာနိ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၃၄။ ယေ သုပ်ပယုတ်တာ မနသာ ဒန်လှေန၊ နိုက်ကာမိနော ဂေါတမ-သာသနမ်မှိ။ တေ ပတ်တိပတ်တာ အမတံ ဝိဂယ်ယှ၊ လတ်ဓာ မုဓာ နိတ်ဗုတိ ဘုန်ဇမာနာ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။

စာမျက်နှာ-50
၃၅။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပုရိသံ ဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၆။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရပညေန သုဒေသိတာနိ။ ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘဝံ အဋ္ဌမမာဒိယန္တိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၇။ သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

စာမျက်နှာ-51
၃၅။ ယထိန်ဒ-ခီလော ပထဝိတ်သိတော သိယာ၊ စတုတ်ဘိ ဝါတေဟိ အသမ်ပကမ်ပိယော။ တထူပမံ သပ်ပုရိသံ ဝဒါမိ၊ ယော အရိယသစ်စာနိ အဝစ်စ ပတ်သတိ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၃၆။ ယေ အရိယ-သစ်စာနိ ဝိဘာဝယန်တိ၊ ဂမ်ဘီရ-ပညေန သုဒေသိတာနိ။ ကိန်စာပိ တေ ဟွန်တိ ဘုသံ ပမတ်တာ၊ န တေ ဘဝံ အတ်ထမ-မာဒိယန်တိ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၃၇။ သဟာဝတ်သ ဒတ်သန-သမ်ပဒါယ၊ တယတ်သု ဓမ်မာ ဇဟိတာ ဘဝန်တိ။ သက်ကာယ-ဒိတ်ထိ ဝိစိကိတ်ဆိတင်စ၊ သီလပ်ဗတံ ဝါပိ ယဒတ်ထိ ကိန်စိ။

စာမျက်နှာ-52
၃၈။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၉။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ။ အဘဗ္ဗ သော တဿ ပဋိစ္ဆေဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၀။ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။ တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-53
၃၈။ စတူဟပါယေဟိ စ ဝိပ်ပမုတ်တော၊ ဆစ်စာဘိဌာနာနိ အဘပ်ဗ-ကာတုံ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၃၉။ ကိန်စာပိ သော ကမ်မ-ကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတ-သာ ဝါ။ အ-ဘပ်ဗ သော တတ်သ ပတိတ်ဆဒါယ၊ အ-ဘပ်ဗတာ ဒိတ်ထ-ပဒတ်သ ဝုတ်တာ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၄၀။ ဝနပ်ပဂုံဗေ ယထ ဖုတ်သိတက်ဂေ၊ ဂိန်မှာနမာသေ ပထမတ်သမိန် ဂိန်မှေ။ တထူပမံ ဓမ်မဝရံ အဒေသယိ၊ နိတ်ဗာန-ဂါမိံ ပရမံ ဟိတာယ။ အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။

စာမျက်နှာ-54
၄၁။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊ အနုတ္တရော ဓမ္မဝရံ အဒေသယိ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၂။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊ ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။ တေ ခီဏဗီဇာ အဝိရုဠိဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၃။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
၄၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

စာမျက်နှာ-55
၄၁။ ဝရော ဝရင်ညူ ဝရဒေါ ဝရာဟရော၊ အနုတ်တရော ဓမ်မ-ဝရံ အဒေသယိ။ အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၄၂။ ခီဏံ ပုရာဏံ နဝ နတ်ထိ သမ်ဘဝံ၊ ဝိရတ်တ-စိတ်တာ ယတိကေ ဘဝ-သမိန်။ တေ ခီဏ-ဗီဇာ အ-ဝိရုန်လှိ ဆန်ဒါ၊ နိတ်ဗန်တိ ဓီရာ ယထယံ ပဒီပေါ။ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၄၃။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ်မာနိ ဝါ ယာနိ ဝ အန်တ-လိတ်ခေ။ တထာဂတံ ဒေဝ-မနုတ်သ-ပူဇိတံ၊ ဗုတ်ဓံ နမတ်သာမ သုဝတ်ထိ ဟောတု။
၄၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ်မာနိ ဝါ ယာနိ ဝ အန်တ-လိတ်ခေ။ တထာဂတံ ဒေဝ-မနုတ်သ-ပူဇိတံ၊ ဓမ်မံ နမတ်သာမ သုဝတ်ထိ ဟောတု။

စာမျက်နှာ-56
၄၅။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ရတနသုတ္တံ နိဋ္ဌိတံ။

၃။ မေတ္တသုတ်
၄၆။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿန္တိ ဘီသနံ။ ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝမတန္ဒိတော။
၄၇။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၄၈။ ကရဏီယမတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

စာမျက်နှာ-57
၄၅။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ်မာနိ ဝါ ယာနိ ဝ အန်တ-လိတ်ခေ။ တထာဂတံ ဒေဝ-မနုတ်သ-ပူဇိတံ၊ သံဃံ နမတ်သာမ သုဝတ်ထိ ဟောတု။
ရတနသုတ်တံ နိတ်ထိတံ။

၃။ မစ်တ-သုတ်
၄၆။ ယတ်သာ နုဘာဝ-တော ယက်ခါ၊ နေဝ ဒတ်သင်တိ ဘီသနံ။ ယင်ညှိ စေဝါ-နုယုန်ဇန်တော၊ ရတ်တိန်ဒိဝ-မတန်ဒိတော။
၄၇။ သုခံ သုပတိ သုတ်တော စ၊ ပါပံ ကိန်စိ န ပတ်သတိ။ အေဝမာဒိဂုဏူပေတံ၊ ပရိတ်တံ တံ ဘဏာမ ဟေ။
၄၈။ ကရဏီယ-မတ်ထ-ကုသလေန၊ ယန်တ-သန်တံ ပဒံ အဘိသမစ်စ။

စာမျက်နှာ-58
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၄၉။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။
၅၀။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅၁။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝနဝသေသာ။ ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၅၂။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

စာမျက်နှာ-59
သက်ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စတ်သ မုဒု အနတိမာနီ။
၄၉။ သန်တုတ်သကော စ သုဘရော စ၊ အပ်ပ-ကိတ်စော စ သန်လဟုက-ဝုတ်တိ။ သန်တိန်ဒရိယော စ နိပကော စ၊ အပ်ပဂတ်ဗော ကုလေသွနနုဂိတ်ဓော။
၅၀။ န-စ-ခုတ်ဒ-မာစရေ ကိန်စိ၊ ယေန ဝိန်ညူ ပရေ အုပ-ဝဒေယုံ။ သုခိနော ဝ ခေမိနော ဟွန်တု၊ သပ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ။
၅၁။ ယေ ကေစိ ပါဏ-ဘူတတ်ထိ၊ တသာ ဝါ ထာဝရာဝ-နဝသေသာ။ ဒီဃာ ဝါ ယေ ဝ မဟန်တာ၊ မစ်ဈိမာ ရတ်သကာ အဏုက-ထူလာ။
၅၂။ ဒိတ်ထာ ဝါ ယေ ဝ အ-ဒိတ်ထာ၊ ယေ ဝ ဒူရေ ဝသန်တိ အ-ဝိဒူရေ။ ဘူတာ ဝ သမ်ဘဝေသီ ဝ၊ သပ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ။

စာမျက်နှာ-60
၅၃။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည-
နာညမညဿ ဒုက္ခမိစ္ဆေယျ။
၅၄။ မာတာ ယထာ နိယံ ပုတ္တ-
မာယုသာ ဧက ပုတ္တ' မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
၅၅။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ' မသပတ္တံ။
၅၆။ တိဋ္ဌံ စရံ နိသိန္နောဝ၊
သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မမေတံ ဝိဟာရ' မိဓ မာဟု။

စာမျက်နှာ-61
၅၃။ န ပရော ပရံ နိကုပ်ဗေထ၊
နာတိ မင်ညေထ ကတ်ထ-စိ န ကင်စိ။
ဗျာရောသနာ ပတိဃသင်ည၊
နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ။
၅၄။ မာတာ ယထာ နိယံ ပုတ်တ၊
မာယုသာ အေက ပုတ်တ မနုရက်ခေ။
အေဝမ်ပိ သပ်ဗ-ဘူတေသု၊
မာနသံ ဘာဝယေ အ-ပရိမာဏံ။
၅၅။ မစ်တင်စ သပ်ဗ-လောကတ်သမိန်၊
မာနသံ ဘာဝယေ အ-ပရိမာဏံ။
အုတ်ဓံ အဓော စ တိရိယင်စ၊
အ-သမ်ဗာဓံ အ-ဝေရ မ-သပတ်တံ။
၅၆။ တိတ်ထံ စရံ နိသိန်နော ဝ၊
သယာနော ယာဝတတ်သ ဝိတ မိတ်ဓော။
အေတံ သတိန် အဓိတ်ထေယ၊
ဗြန်မ မေတံ ဝိဟာရ-မိဓ-မာဟု။

စာမျက်နှာ-62
၅၇။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတု' ဂ္ဂဗ္ဘသေယျ ပုနရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။

၄။ ခန္ဓသုတ်
၅၈။ သဗ္ဗာသီဝိသဇာတီနံ၊
ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊
သေသဉ္စာပိ ပရိဿယံ။
၅၉။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊
သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
၆၀။ ဝိရူပက္ခေဟိ မေ မေတ္တံ၊
မေတ္တံ ဧရာပထေဟိ မေ။

စာမျက်နှာ-63
၅၇။ ဒိတ်ထိန် စ အနုပက်ဂမ်မ၊
သီလ-ဝါ ဒတ်သနေန သမ်ပန်နော။
ကာမေသု ဝိနေယ ဂေဓံ၊
န ဟိ ဇာတုတ်-ဂတ်ဘ သေယ ပုန ရေတိ။
မစ်တ-သုတ်တံ နိတ်ထိတံ။

ခန်ဓ-သုတ်
၅၈။ သပ်ဗာသီဝိသ-ဇာတီနံ၊
ဒိတ်ဗ-မန်တာ ဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊
သေသင်စာပိ ပရိတ်သယံ။
၅၉။ အာဏာ-ခစ်တန်မှိ သပ်ဗတ်ထ၊
သပ်ဗဒါ သပ်ဗ-ပါဏိနံ။
သပ်ဗ-သောပိ နိဝါရေတိ၊
ပရိတ်တံ တံ ဘဏာမ ဟေ။
၆ဝ။ ဝိရူပက်ခေဟိ မေ မစ်တံ၊
မစ်တံ အေရာပထေဟိ မေ။

စာမျက်နှာ-64
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊
မေတ္တံ ကဏှာဂေါတမကေဟိ စ။
၆၁။ အပါဒကေဟိ မေ မေတ္တံ၊
မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊
မေတ္တံ ဗဟုပ္ပဒေဟိ မေ။
၆၂။ မာ မံ အပါဒကော ဟိံသိ၊
မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊
မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
၆၃။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊
သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊
မာ ကိဉ္စိ ပါပ' မာဂမာ။
၆၄။ အပ္ပမာဏော ဗုဒ္ဓေါ၊
အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊
ပမာဏဝန္တာနိ သရီသပါနိ။

စာမျက်နှာ-65
ဆ-ဗျာ ပုတ်တေဟိ မေ မစ်တံ၊
မစ်တံ ကန်ဏှာ ဂေါတမကေဟိ စ။
၆၁။ အပါဒကေဟိ မေ မစ်တံ၊
မစ်တံ ဒွိပါဒကေဟိ မေ။
စတုပ် ပဒေဟိ မေ မစ်တံ၊
မစ်တံ ဗဟုပ်ပဒေဟိ မေ။
၆၂။ မာ မံ အ-ပါဒကော ဟိန်သိ၊
မာ မံ ဟိန်သိ ဒွိပါဒကော။
မာ မံ စတုပ်ပဒေါ ဟိန်သိ၊
မာ မံ ဟိန်သိ ဗဟုပ်ပဒေါ။
၆၃။ သပ်ဗေ သတ်တာ သပ်ဗေ ပါဏာ၊
သပ်ဗေ ဘူတာ စ ကေဝလာ။
သပ်ဗေ ဘတ်ဒရာနိ ပတ်သန်တု၊
မာ ကိန်စိ ပါပ မာဂမာ။
၆၄။ အပ်-ပမာဏော ဗုတ်ဓော၊
အပ်-ပမာဏော ဓမ်မော။
အပ်-ပမာဏော သံဃော၊
ပမာဏဝန်တာနိ သရီသပါနိ။

စာမျက်နှာ-66
အဟိ ဝိစ္ဆိကာ သတပဒီ၊
ဥဏ္ဏနာဘီ သရဗူ မူသိကာ။
၆၅။ ကတာ မေ ရက္ခာ,
ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ခန္ဓသုတ္တံ နိဋ္ဌိတံ။
၅။ မောရသုတ်
၆၆။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာရက္ခံ၊
မဟာသတ္တံ ဝနေစရာ။
၆၇။ စိရဿံ ဝါယမန္တာပိ၊
နေဝ သက္ခိသု ဂဏှိတုံ။
“ဗြဟ္မမန္တ” န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

စာမျက်နှာ-67
အဟိ ဝိတ်ဆိကာ သတပဒီ၊
အုန်န-နာဘီ သရဖူ မူသိကာ။
၆၅။ ကတာ မေ ရက်ခါ, ကတံ မေ ပရိတ်တံ၊
ပတိတ်ကမန်တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊
နမော သတ်တန်နံ သမ်မာသမ်ဗုတ်ဓာနံ။
ခန်ဓ-သုတ်တံ နိတ်ထိတံ။

၅။ မောရ-သုတ်
၆၆။ ပူရင်တံ ဗောဓိသမ်ဘာရေ၊ နိတ်ဗတ်တံ မောရ-ယောနိယံ။
ယေန သံဝိဟိတာရက်ခံ၊ မဟာသတ်တံ ဝနေစရာ။
၆၇။ စိရတ်သံ ဝါယမန်တာပိ၊ နေဝ သက်ခိန်သု ဂန်နှိတုံ။
“ဗြန်မ-မန်တန်” တိ အက်ခါတံ၊ ပရိတ်တံ တံ ဘဏာမ ဟေ။

စာမျက်နှာ-68
၆၈။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏ ပထ၀ိပ္ပဘာသံ၊ တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၆၉။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
၇ဝ။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏ ပထ၀ိပ္ပဘာသံ၊ တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိ။
၇၁။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊

စာမျက်နှာ-69
၆၈။ ဥဒေတယံ စက်ခုမာ အေက-ရာဇာ၊ ဟရိတ်သ-ဝန်နော ပထဝိပ် ပ-ဘာသော။
တံ တံ နမတ်သာမိ ဟရိတ်သ-ဝန်နံ ပထဝိပ် ပ-ဘာသံ၊ တယစ်ဇ ဂုတ်တာ ဝိဟရေမု ဒိဝသံ။
၆၉။ ယေ ဗြန်မဏာ ဝေဒဂူ သပ်ဗ-ဓမ်မေ၊
တေ မေ နမော, တေ စ မံ ပါလယန်တု။ နမတ်ထု ဗုတ်ဓာနံ, နမတ်ထု ဗောဓိယာ။
နမော ဝိမုတ်တာနံ, နမော ဝိမုတ်တိယာ။ အိမံ သော ပရိတ်တံ ကတ်တဝါ၊ မောရော စရတိ အေသနာ။
၇၀။ အပေတယံ စက်ခုမာ အေက-ရာဇာ၊ ဟရိတ်သ-ဝန်နော ပထဝိပ် ပ-ဘာသော။
တံ တံ နမတ်သာမိ ဟရိတ်သ-ဝန်နံ ပထဝိပ် ပ-ဘာသံ၊
တယစ်ဇ ဂုတ်တာ ဝိဟရေမု ရတ်တိန်။
၇၁။ ယေ ဗြန်မဏာ ဝေဒဂူ သပ်ဗ-ဓမ်မေ၊ တေ မေ နမော, တေ စ မံ ပါလယန်တု။
နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ၊

စာမျက်နှာ-70
နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဝါသ' မကပ္ပယိ။
မောရသုတ္တံ နိဋ္ဌိတံ။
၆။ ဝဋ္ဋသုတ်
၇၂။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂီ၊
မဟာသတ္တံ ဝိဝ္ဇယိ။
၇၃။ ထေရဿ သာရိပုတ္တဿ၊
လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၇၄။ အတ္ထိ လောကေ သီလဂုဏော၊
သစ္စံ သောစေယျ' နုဒ္ဒယာ။

စာမျက်နှာ-71
နမော ဝိမုတ်တာနံ၊ နမော ဝိမုတ်တိယာ။
အိမံ သော ပရိတ်တံ ကတ်တဝါ၊ မောရော ဝါသ မကပ်ပယိ။
မောရ-သုတ်တံ နိတ်ထိတံ။

၆။ ဝတ်တ-သုတ်
၇၂။ ပူရင်တံ ဗောဓိသမ်ဘာရေ၊
နိပ်ဗတ်တံ ဝတ်တ-ဇာတိယံ။
ယတ်သ တေဇေန ဒါဝက်ဂိ၊
မဟာသတ်တံ ဝိဝစ်ဇယိ။
၇၃။ ထေရတ်သ သာရိပုတ်တတ်သ၊
လောကနာထေန ဘာသိတံ။
ကပ်ပတ်ထာယိ မဟာတေဇံ၊
ပရိတ်တံ တံ ဘဏာမ ဟေ။
၇၄။ အတ်ထိ လောကေ သီလ-ဂုဏော၊
သစ်စံ သောစေယျ နုတ်ဒယာ။

စာမျက်နှာ-72
တေန သစ္စေန ကာဟာမိ၊
သစ္စကိရိယ' မနုတ္တရံ။
၇၅။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊
သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ' မဝဿာယ၊
သစ္စကိရိယ မကာသဟံ။
၇၆။ သန္တိ ပက္ခာ အပတနာ၊
သန္တိ ပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊
ဇာတဝေဒ ပဋိက္ကမ။
၇၇။ သဟ သစ္စေ ကတေ မယှံ၊
မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသကရီသာနိ၊
ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။

စာမျက်နှာ-73
တေန သစ်စေန ကာဟာမိ၊
သစ်စ-ကိရိယ မနုတ်တရံ။
၇၅။ အာဝစ်ဇစ်တဝါ ဓမ်မ-ဗလံ၊
သရိတ်တဝါ ပုပ်ဗကေ ဇိနေ။
သစ်စ-ဗလ-မဝတ်သာယ၊
သစ်စ-ကိရိယ မကာသဟံ။
၇၆။ သန်တိ ပက်ခါ အ-ပတနာ၊
သန်တိ ပါဒါ အ-ဝင်စနာ။
မာတာ ပိတာ စ နိတ်ခန်တာ၊
ဇာတ-ဝေဒ ပတိတ်ကမ။
၇၇။ သဟ သစ်စေ ကတေ မယ်ယံ၊
မဟာပစ်ဇလိတော သိခီ။
ဝစ်ဇေသိ သောလသ-ကရီသာနိ၊
အုဒကံ ပတ်တဝါ ယထာ သိခီ။
သစ်စေန မေ သမော နတ်ထိ၊
အေသာ မေ သစ်စ-ပါရမီ။
ဝတ်တ-သုတ်တံ နိတ်ထိတံ။

စာမျက်နှာ-74

၇။ ဓဇဂ္ဂသုတ်
၇၈။ ယဿာ'နုဿရဏေနာပိ၊
အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌံ မဓိဂစ္ဆန္တိ၊
ဘူမိယံ ဝိယ သဗ္ဗထာ။
၇၉။ သဗ္ဗုပဒ္ဒဝဇာလမှာ၊
ယက္ခစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တာနံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
၈၀။ ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ
ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ
“ဘိက္ခဝေါ” တိ။
“ဘဒ္ဒန္တေ” တိ တေ ဘိက္ခူ ဘဂဝတော ပစ္စာဿောသုံ။

စာမျက်နှာ-75
၇။ ဓဇက်ဂ-သုတ်
၇၈။ ယတ်သာ နုတ်သရဏေနာပိ၊
အန်တ-လိတ်ခေပိ ပါဏိနော။
ပတိတ်ထံ မဓိဂစ်ဆန်တိ၊
ဘူမိယံ ဝိယ သပ်ဗထာ။
၇၉။ သပ်ဗု-ပတ်ဒဝ-ဇာလန်မှာ၊
ယက်ခ-စောရာဒိ-သမ်ဘဝါ။
ဂဏနာ န စ မုတ်တာနံ၊
ပရိတ်တံ တံ ဘဏာမ ဟေ။
၈၀။ အေဝံ မေ သုတံ-
အေကံ သမယံ ဘဂဝါ သာဝတ်ထိယံ
ဝိဟရတိ ဇေတဝနေ အနာထပိန်ဒိကတ်သ အာရာမေ။
၈၁။ တ်တရ ခေါ-
ဘဂဝါ ဘိတ်ခူ အာမန်တေသိ “ဘိတ်ခဝေါ” တိ။
“ဘတ်ဒန်တေ” တိ၊

စာမျက်နှာ-76
တေ ဘိက္ခူ ဘဂဝတော ပစ္စာဿောသုံ။
ဘဂဝါ ဧတဒဝေါစ-
ဘူတပုဗ္ဗေ ဘိက္ခဝေ ဒေဝါသုရသင်္ဂါမော သမုပဗျူဠော အဟောသိ။
အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ-
သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

စာမျက်နှာ-77
တေ ဘိတ်ခူ ဘဂဝ-တော ပစ်စတ်သောသုံ။
ဘဂဝါ အေတ-ဒဝေါစ-
ဘူတ-ပုပ်ဗေ ဘိတ်ခဝေ ဒေဝါသုရ-သင်ဂါမော သမုပဗျူဠော အဟောသိ။
အထ ခေါ ဘိတ်ခဝေ သက်ကော ဒေဝါန-မိန်ဒေါ ဒေဝေ တာဝတိန်သေ အာမန်တေသိ-
သစေ မာရိသာ ဒေဝါနံ သင်ဂါမ-ဂတာနံ အုပ်ပစ်ဇေယျ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊
မမေဝ တတ်သမိန် သမယေ ဓဇက်ဂံ အုန်လောကေယျာထ။
မမံ ဟိ ဝေါ ဓဇက်ဂံ အုန်လောကယ-တံ၊ ယံ ဘဝိတ်သတိ-
ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။

စာမျက်နှာ-78
၈၂။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၈၃။ နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

စာမျက်နှာ-79
၈၂။ နော စေ မေ ဓဇက်ဂံ အုန်လောကေယျာထ၊ အထ ပဇာပတိတ်သ ဒေဝရာဇတ်သ ဓဇက်ဂံ အုန်လောကေယျာထ၊
ပဇာပတိတ်သ ဟိ ဝေါ ဒေဝရာဇတ်သ ဓဇက်ဂံ အုန်လောကယ-တံ ယံ ဘဝိတ်သတိ-
ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။
၈၃။ နော စေ ပဇာပတိတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယျာထ၊ အထ ဝရုနတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယျာထ၊
ဝရုနတ်သ ဟိ ဝေါ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကယ-တံ၊ ယံ ဘဝိတ်သတိ၊
ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။

စာမျက်နှာ-80
၈၄။ နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတီ”တိ။
၈၅။ တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါနမိန္ဒဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ဝါ ဒေဝရာဇဿ

စာမျက်နှာ-81
၈၄။ နော စေ ဝရုနတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယျာထ၊ အထ ဤသာနတ်သ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကေယျာထ၊ ဤသာနတ်သ ဟိ ဝေါ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကယ-တံ၊ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။
၈၅။ တံ ခေါ ပန ဘိတ်ခဝေ သက်ကတ်သ ဝါ ဒေဝါန-မိန်ဒတ်သ ဓဇက်ဂံ အုန်လောကယ-တံ၊ ပဇာပတိတ်သ ဝါ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကယ-တံ၊ ဝရုနတ်သ ဝါ ဒေဝ-ရာဇတ်သ ဓဇက်ဂံ အုန်လောကယ-တံ၊ ဤသာနတ်သ ဝါ ဒေဝ-ရာဇတ်သ

စာမျက်နှာ-82
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။
၈၆။ တံ ကိဿ ဟေတု? သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
၈၇။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ- သစေ တုမှာကံ ဘိက္ခဝေ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ-

စာမျက်နှာ-83
ဓဇက်ဂံ အုန်လောကယ-တံ၊ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။
၈၆။ တံ ကိတ်သ ဟေတု? သက်ကော ဟိ ဘိတ်ခဝေ ဒေဝါန-မိန်ဒေါ အ-ဝီတ-ရာဂေါ အ-ဝီတ-ဒေါသော အ-ဝီတ-မောဟော၊ ဘီရု ဆမ်ဘီ အုတ်တရာသီ ပလာယီ-တိ။
၈၇။ အဟင်-စ ခေါ ဘိတ်ခဝေ အေဝံ ဝဒါမိ- သစေ တုန်မှာကံ ဘိတ်ခဝေ အရင်ည-ဂတာနံ ဝါ ရုတ်ခ-မူလ-ဂတာနံ ဝါ သုန်ညာဂါရ-ဂတာနံ ဝါ အုပ်ပစ်ဇေယျ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ မမေဝ တတ်သမိန် သမယေ အနုတ်သရေယျာထ-

စာမျက်နှာ-84
၈၈။ “ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ”တိ။
၈၉။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၉၀။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ-
၉၁။ “သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ”တိ။

စာမျက်နှာ-85
၈၈။ “အိတိပိ သော ဘဂဝါ အရဟံ၊ သမ်မာသမ်ဗုတ်ဓော၊ ဝိတ်ဇာစရဏ သမ်ပန်နော၊ သုဂတော၊ လောက-ဝိဒူ၊ အနုတ်တရော ပုရိသ-ဒမ်မ-သာရထိ၊ သတ်ထာ ဒေဝ-မနုတ်သာနံ၊ ဗုတ်ဓော၊ ဘဂဝါ” -တိ။
၈၉။ မမံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ၊ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။
၉၀။ နော စေ မံ အနုတ်သရေယျာထ၊ အထ ဓမ်မံ အနုတ်သရေယျာထ-
၉၁။ “သွက်ခါတော ဘဂဝတာ ဓမ်မော၊ သန်ဒိတ်ထိကော၊ အ-ကာလိကော၊ အေဟိ-ပတ်သိကော၊ အောပ-နေယိကော၊ ပစ်စတ်တံ ဝေဒိတပ်ဗော ဝိန်ညူဟီ”တိ။

စာမျက်နှာ-86
၉၂။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၉၃။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ-
၉၄။ “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ”တိ။
၉၅။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ

စာမျက်နှာ-87
၉၂။ ဓမ်မံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ၊ ယံ ဘဝိတ်သတိ ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။
၉၃။ နော စေ ဓမ်မံ အနုတ်သရေယျာထ၊ အထ သံဃံ အနုတ်သရေယျာထ-
၉၄။ “သုပ်ပတိပန်နော ဘဂဝတော သာဝက-သံဃော၊ အုဇုပ်ပတိပန်နော ဘဂဝတော သာဝက-သံဃော၊ ညာယပ်ပတိပန်နော ဘဂဝတော သာဝက-သံဃော၊ သာမီစိပ်ပတိပန်နော ဘဂဝတော သာဝက-သံဃော၊ ယဒိဒံ စတ်တာရိ ပုရိသ-ယုဂါနိ အတ်ထ ပုရိသ-ပုတ်ဂလာ၊ အေသ ဘဂဝတော သာဝက-သံဃော အာဟုနေယျော၊ ပါဟုနေယျော၊ ဒက်ခိနေယျော၊ အင်ဇလိ-ကရဏီယျော၊ အနုတ်တရံ ပုန်ညက်ခစ်တံ လောကတ်သာ”တိ။
၉၅။ သံဃံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ၊ ယံ ဘဝိတ်သတိ

စာမျက်နှာ-88
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၉၆။ တံ ကိဿ ဟေတု? တထာဂတော ဟိ ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
၉၇။ ဣဒ-မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊ အထာပရံ ဧတ-ဒဝေါစ သတ္ထာ-
၉၈။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။
၉၉။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ။

စာမျက်နှာ-89
ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ လောမ-ဟံသော ဝါ၊ သော ပဟီယိတ်သတိ။
၉၆။ တံ ကိတ်သ ဟေတု? တထာဂတော ဟိ ဘိတ်ခဝေ အရဟံ သမ်မာသမ်ဗုတ်ဓော ဝီတ-ရာဂေါ၊ ဝီတ-ဒေါသော၊ ဝီတ-မောဟော၊ အ-ဘီရု အ-ဆမ်ဘီ အ-နုတ်တရာသီ အ-ပလာယီတိ။
၉၇။ အိဒ-မဝေါစ ဘဂဝါ၊ အိဒံ ဝတ်တဝါန သုဂတော၊ အထာပရံ အေတ-ဒဝေါစ သတ်ထာ-
၉၈။ အရင်ညေ ရုတ်ခ-မူလေ ဝါ၊ သုန်ညာဂါရေဝ ဘိတ်ခဝေါ။ အနုတ်သရေထ သမ်ဗုတ်ဓံ၊ ဘယံ တုန်မှာက နော သိယာ။
၉၉။ နော စေ ဗုတ်ဓံ သရေယျာထ၊ လောက-ဇစ်ထံ နရာသဘံ။

စာမျက်နှာ-90
အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
၁၀၀။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
အထ သံဃံ သရေယျာထ၊ ပုညက္ခေတ္တံ အနုတ္တရံ။
၁၀၁။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။

၈။ အာဋာနာဋိယသုတ်
၁၀၂။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။
အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။

စာမျက်နှာ-91
အထ ဓမ်မံ သရေယာထ၊ နိန်ယာနိကံ သုဒေသိတံ။
၁၀၀။ နော စေ ဓမ်မံ သရေယာထ၊ နိန်ယာနိကံ သုဒေသိတံ။
အထ သံဃံ သရေယာထ၊ ပုန်ညက်ခေတ်တံ အနုတ်တရံ။
၁၀၁။ အေဝံ ဗုတ်ဓာံ သရန်တာနံ၊ ဓမ်မံ သံဃင်စ ဘိတ်ခဝေါ။
ဘယံ ဝါ ဆမ်ဘိတတ်တံ ဝါ၊ လောမ-ဟံသော န ဟစ်သတိ။
ဓဇက်ဂ-သုတ်တံ နိတ်ထိတံ။

၈။ အာတာနာတိယ-သုတ်
၁၀၂။ အပ်-ပသန်နေဟိ နာထတ်သ၊ သာသနေ သာဓု-သမ်မတေ။
အ-မနုတ်သေဟိ စန်ဒေဟိ၊ သဒါ ကိတ်ဗိသ-ကာရိဘိ။

စာမျက်နှာ-92
၁၀၃။ ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁၀၄။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
၁၀၅။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
နမတ္ထု ကကုသန္ဓဿ၊ မာရသေနာပမဒ္ဒိနော။
၁၀၆။ ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

စာမျက်နှာ-93
၁၀၃။ ပရိသာနံ စတတ်သန်နံ၊ အ-ဟိန်သာယ စ ဂုတ်တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ်တံ တံ ဘဏာမ ဟေ။
၁၀၄။ ဝိပတ်သိပ်သ စ နမတ်ထု၊ စက်ခု-မန်တတ်သ သိရီမတော။
သိစိတ်သပိ စ နမတ်ထု၊ သပ်ဗ-ဘူတာ နုကမ်ပိနော။
၁၀၅။ ဝစ်သဘုတ်သ စ နမတ်ထု၊ နှာတကတ်သ တပတ်သိနော။
နမတ်ထု က-ကုသန်ဓတ်သ၊ မာရသေနာ-ပမတ်ဒိနော။
၁၀၆။ ကောဏာဂမနတ်သ နမတ်ထု၊ ဗြန်မနတ်သ ဝုသီမတော။
ကတ်သပတ်သ စ နမတ်ထု၊ ဝိပ်ပမုတ်တတ်သ သပ်ဗဓိ။

စာမျက်နှာ-94
၁၀၇။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။
ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
၁၀၈။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။
တေ ဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။
၁၀၉။ ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။
၁၁၀။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။

စာမျက်နှာ-95
၁၀၇။ အင်ဂီရသတ်သ နမတ်ထု၊ သက်ကျ ပုတ်တတ်သ သိရီမတော။
ယော အိမံ ဓမ်မံ ဒေသေသိ၊ သပ်ဗ ဒုတ်ခါ-ပနူဒနံ။
၁၀၈။ ယေ စာပိ နိပ်ဗုတာ လောကေ၊ ယထာ ဘူတံ ဝိပတ်သိသုံ။
တေ ဇနာ အ-ပိသုဏာထ၊ မဟန်တာ ဝီတ-သာရဒါ။
၁၀၉။ ဟိတံ ဒေဝ-မနုတ်သာနံ၊ ယံ နမတ်သန်တိ ဂေါတမံ။
ဝိတ်ဇာ စရဏ-သမ်ပန်နံ၊ မဟန်တံ ဝီတ-သာရဒံ။
၁၁၀။ အေတေ စင်ညေ စ သမ်ဗုတ်ဓာ၊ အနေကသတ-ကောတိယော။
သပ်ဗေ ဗုတ်ဓာ သမ-သမာ၊ သပ်ဗေ ဗုတ်ဓာ မဟိတ်ဒိကာ။

စာမျက်နှာ-96
၁၁၁။ သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု’ပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
၁၁၂။ သီဟနာဒံ နဒန္တေ’တေ၊ ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
၁၁၃။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။
၁၁၄။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
၁၁၅။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။

စာမျက်နှာ-97
၁၁၁။ သပ်ဗေ ဒသ-ဗလူပေတာ၊ ဝေသာရစ်ဇေဟု-ပါဂတာ။
သပ်ဗေ တေ ပတိဇာနန်တိ၊ အာသဘံ ထာန-မုတ်တမံ။
၁၁၂။ သီဟ-နာဒံ နဒန်တေ တေ၊ ပရိသာသု ဝိသာရဒါ။
ဗြန်မ-စက်ကံ ပဝတ်တင်တိ၊ လောကေ အပ်ပတိ-ဝတ်တိယံ။
၁၁၃။ အုပေတာ ဗုတ်ဓ-ဓမ်မေဟိ၊ အတ်ထာရသ-ဟိ နာယကာ။
ဗတ်တိန်သ-လက်ခဏူပေတာ၊ သီတာနု-ဗျင်ဇနာ-ဓရာ။
၁၁၄။ ဗျာမပ်-ပဘာယ သုပ်-ပဘာ၊ သပ်ဗေ တေ မုနိကုန်ဇရာ။
ဗုတ်ဓာ သပ်ဗင်ညုနော အေတေ၊ သပ်ဗေ ခီဏာသဝါ ဇိနာ။
၁၁၅။ မဟာ-ပဘာ မဟာ-တေဇာ၊ မဟာ-ပင်ညာ မဟပ်-ဗလာ။

စာမျက်နှာ-98
မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
၁၁၆။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန္ဓု မဟဿာသာ၊ သရဏာ စ ဟိတေသိနော။
၁၁၇။ သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။
တေသာဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။
၁၁၈။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ’တေ တထာဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမနေစာပိ သဗ္ဗဒါ။
၁၁၉။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။
တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။

စာမျက်နှာ-99
မဟာ-ကာရုဏိကာ ဓီရာ၊ သပ်ဗေသာနံ သုခါဝဟာ။
၁၁၆။ ဒီပါ နာထာ ပတိတ်ထာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန်ဓု မဟစ်သာ သာ၊ သရဏာ စ ဟိတေသိနော။
၁၁၇။ သဒေဝကတ်သ လောကတ်သ၊ သပ်ဗေ အေတေ ပရာယဏာ။
တေသာဟံ သိရသာ ပါဒေ၊ ဝန်ဒါမိ ပုရိသုတ်-တမေ။
၁၁၈။ ဝစ-သာ မန-သာ စေဝ၊ ဝန်ဒါမေတေ တထာဂတေ။
သယနေ အာသနေ ထာနေ၊ ဂမနေ စာပိ သပ်ဗဒါ။
၁၁၉။ သဒါ သုခေန ရက်ခန်တု၊ ဗုတ်ဓာ သန်တိ-ကရာ တုဝံ။
တေဟိ တွံ ရက်ခိတော သန်တော၊ မုတ်တော သပ်ဗ-ဘယေဟိ စ။

စာမျက်နှာ-100
၁၂၁။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။
သဗ္ဗဝေရ' မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။
၁၂၁။ တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၂။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၃။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၄။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။

စာမျက်နှာ-101
၁၂၀။ သပ်ဗ-ရောဂါ ဝိနီမုတ်တော၊ သပ်ဗ-သန်တာပ-ဝစ်ဇိတော။
သပ်ဗ-ဝေရ-မတိတ်ကန်တော၊ နိပ်ဗုတော စ တုဝံ ဘဝ။
၁၂၁။ တေသံ သစ်စေန သီလေန၊ ခန်တိ-မစ်တာ-ဗလေန စ။
တေပိ အန်မှေ' နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၂၂။ ပုရတ်ထိမတ်သမိန် ဒိသာ ဘာဂေ၊ သန်တိ ဘူတာ မဟိတ်ဓိကာ။
တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၂၃။ ဒက်ခိနတ်သမိန် ဒိသာဘာဂေ၊ သန်တိ ဒေဝါ မဟိတ်ဓိကာ။
တေပိ အန်မှေ' နုရက်ခန်တု၊ အရောဂေန သုခေန စ။
၁၂၄။ ပစ်ဆိမတ်သမိန် ဒိသာဘာဂေ၊ သန်တိ နာဂါ မဟိတ်ဓိကာ။

စာမျက်နှာ-102
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၅။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၆။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရုဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
၁၂၇။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၈။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

စာမျက်နှာ-103
တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၂၅။ အုတ်တရုတ်သမိန် ဒိသာဘာဂေ၊ သန်တိ ယက်ခါ မဟိတ်ဓိကာ။
တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၂၆။ ပုရတ်ထိမေန ဓတ-ရတ်ထော၊ ဒက်ခိဏေန ဝိရုန်လှကော။
ပစ်ဆိမေန ဝိရူပက်ခေါ၊ ကုဝေရော အုတ်တရံ ဒိသံ။
၁၂၇။ စတ်တာရော တေ မဟာရာဇာ၊ လောက-ပါလာ ယသတ်သိနော။
တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၂၈။ အာကာသတ်ထာ စ ဘူမတ်ထာ၊ ဒေဝါ နာဂါ မဟိတ်ဓိကာ။
တေပိ အန်မှေ' နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၀၃

စာမျက်နှာ-104
၁၂၉။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၃၀။ သဗ္ဗေတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာ တေ ဘဝန္တွန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။
၁၃၁။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။

စာမျက်နှာ-105
၁၂၉။ အိတ်ဓိမန်တော စ ယေ ဒေဝါ၊ ဝသန်တာ အိဓ သာသနေ။
တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေန စ။
၁၃၀။ သပ်ဗီတိယော ဝိဝစ်ဇန်တု၊ သောကော ရောဂေါ ဝိနတ်သတု။
မာ တေ ဘဝန်-တွံ-တရာယာ၊ သုခီ ဒီဃာယုကော ဘ၀။
၁၃၁။ အဘိဝါဒန-သီလိတ်သ၊ နိတ်စံ ဝုတ်ဓာ-ပစာယိနော။
စတ်တာရော ဓမ်မာ ဝတ်ဒန်တိ၊ အာယု ဝန်ဏော သုခံ ဗလံ။
အာတာနာတိယ-သုတ်တံ နိတ်ထိတံ။

စာမျက်နှာ-106

၉။ အင်္ဂုလိမာလသုတ်
၁၃၂။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။
၁၃၃။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁၃၄။ ယတော’ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု၊ သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

စာမျက်နှာ-107
၉။ အင်ဂုလိမာလ-သုတ်
၁၃၂။ ပရိတ်တံ ယံ ဘဏန်တတ်သ၊ နိသိန်နတ်ထာန-ဓောဝနံ။
အုဒကမ်ပိ ဝိနာသေတိ၊ သပ်ဗ-မေဝ ပရိတ်သယံ။
၁၃၃။ သွတ်ထိနာ ဂတ်ဘ-ဝုတ်ထာနံ၊ ယင်စ သာဓေတိ တင်ခဏေ။
ထေရတ်သင်ဂုလိမာလတ်သ၊ လောက-နာထေန ဘာသိတံ။
ကပ်ပတ်ထာယိန် မဟာတေဇံ၊ ပရိတ်တံ တံ ဘဏာမ ဟေ။
၁၃၄။ ယတော ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သင်စိတ်စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ်စေန သွတ်ထိ တေ ဟောတု၊ သွတ်ထိ ဂတ်ဘတ်သ။
အင်ဂုလိမာလ-သုတ်တံ နိတ်ထိတံ။

စာမျက်နှာ-108

၁၀။ ဗောဇ္ဈင်္ဂသုတ်
၁၃၅။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
၁၃၆။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ' မဇရာ' ဗျာဓိ၊ အမတံ နိဗ္ဘယံ ဂတာ။
၁၃၇။ ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
၁၃၈။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ' ပရေ။

စာမျက်နှာ-109
၁၀။ ဗွတ်ချင်ဂ-သုတ်
၁၃၅။ သံသာရေ သံသရန်တာနံ၊ သပ်ဗ-ဒုတ်ခ-ဝိနာသနေ။
သတ်တ-ဓမ်မေ စ ဗွတ်ချင်ဂေ၊ မာရ-သေနာ ပမတ်ဒနေ။
၁၃၆။ ဗုတ်ဇိတ်တဝါ ယေ စိမေ သတ်တာ၊ တိဘဝါ မုတ်တကုတ်တမာ။
အ-ဇာတိ မ-ဇရာ ဗျာဓိန်၊ အ-မတံ နိတ်ဘယံ ဂတာ။
၁၃၇။ အေဝ-မာဒိ-ဂုဏူပေတံ၊ အနေက-ဂုဏ-သင်္ဂဟံ။
အောသခင် စ အိမံ မန်တံ၊ ဗွတ်ချင်ဂင် စ ဘဏာမ ဟေ။
၁၃၈။ ဗွတ်ချင်ဂေါ သတိ သင်ခါတော၊ ဓမ်မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပတ်သတ်ဓိ၊ ဗွတ်ချင်ဂါ စ တထာ ပရေ။

စာမျက်နှာ-110
၁၃၉။ သမာ'ဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊
သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊
ဘာဝိတာ ဗဟုလီကတာ။
၁၄ဝ။ သံဝတ္တန္တိ အဘိညာယ၊
နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄၁။ ဧကသ္မိံ သမယေ နာထော၊
မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊
ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
၁၄၂။ တေ စ တံ အဘိနန္ဒိတွာ၊
ရောဂါ မုစ္စိံသု တင်္ခဏေ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄၃။ ဧကဒါ ဓမ္မရာဇာပိ၊
ဂေလညေနာဘိ ပီဠိတော။

စာမျက်နှာ-111
၁၃၉။ သမာဓု-ပစ်ခါ ဗွတ်ချင်ဂါ၊
သတ်တေ တေ သပ်ဗ-ဒတ်သိနာ။
မုနိနာ သမ်မ-ဒက်ခါတာ၊
ဘာဝိတာ ဗဟုလီ-ကတာ။
၁၄၀။ သံဝတ်တန်တိ အဘိန်ညာယ၊
နိတ်ဗာနာယ စ ဗောဓိယာ။
အေတေန သစ်စ-ဝစ်ဇေန၊
သွတ်ထိ တေ ဟောတု သပ်ဗဒါ။
၁၄၁။ အေကတ်သမိန် သမယေ နာထော၊
မောက်ဂန်လာနင် စ ကတ်သပ်။
ဂိလာနေ ဒုတ်ခိတေ ဒိတ်သဝါ၊
ဗွတ်ချင်ဂေ သတ်တ ဒေသယိ။
၁၄၂။ တေ စ တံ အဘိနန်ဒိတ်တဝါ၊
ရောဂါ မုတ်စိန်သု တင်ခဏေ။
အေတေန သစ်စ-ဝစ်ဇေန၊
သွတ်ထိ တေ ဟောတု သပ်ဗဒါ။
၁၄၃။ အေကဒါ ဓမ်မ-ရာဇာပိ၊
ဂေလင်ညေနာ ဘိပီလိတော။

စာမျက်နှာ-112
စုန္ဒတ္ထေရေန တံယေဝ၊
ဘဏာပေတွာန သာဒရံ။
၁၄၄။ သမ္မောဒိတွာန အာဗာဓာ၊
တမှာ'ဝုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄၅။ ပဟီနာ တေ စ အာဗာဓာ၊
တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊
ပတ္တာ'နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။

၁၁။ ပုဗ္ဗဏှသုတ်

၁၄၆။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ။

စာမျက်နှာ-113
စုန်ဒတ်ထေရေန တံယေဝ၊
ဘဏာ-ပစ်တဝါန သာဒရံ။
၁၄၄။ သမ်မောဒိတ်တဝါန အာဗာဓာ၊
တန်မှာ ဝုတ်ထာသိ ထာန-သော။
အေတေန သစ်စ-ဝစ်ဇေန၊
သွတ်ထိ တေ ဟောတု သပ်ဗဒါ။
၁၄၅။ ပဟီနာ တေ စ အာဗာဓာ၊
တိန်နံ နံပိ မဟေသိနံ။
မက်ဂ-ဟတာ ကိလေသာဝ၊
ပတ်တာ နှပ်ပတ်တိ ဓမ်မ-တံ။
အေတေန သစ်စ-ဝစ်ဇေန၊
သွတ်ထိ တေ ဟောတု သပ်ဗဒါ။
ဗွတ်ချင်ဂ-သုတ်တံ နိတ်ထိတံ။

၁၁။ ပုပ်ဗန်--သုတ်

၁၄၆။ ယံ ဒုန်နိမိတ်တံ အဝ-မင်ဂလင် စ၊
ယော စာမနာပေါ သကုဏတ်သ သတ်ဒေါ။

စာမျက်နှာ-114
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိနာသ’မေန္တု။
၁၄၇။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာနုဘာဝေန ဝိနာသ’မေန္တု။
၁၄၈။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ဝိနာသ'မေန္တု။
၁၄၉။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊
ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိသောကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။
၁၅ဝ။ ဧတ္တာဝတာ စ အမှေဟိ၊
သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါနုမောဒန္တု၊
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

စာမျက်နှာ-115
ပါပက်-ဂဟော ဒုတ်သုပိနံ အ-ကန်တံ၊
ဗုတ်ဓာနုဘာဝေန ဝိနာသ-မင်တု။
၁၄၇။ ယံ ဒုန်နိမိတ်တံ အဝ-မင်ဂလင် စ၊
ယောစာ မနာပေါ သကုဏတ်သ သတ်ဒေါ။
ပါပက်-ဂဟော ဒုတ်သုပိနံ အ-ကန်တံ၊
ဓမ်မာနုဘာဝေန ဝိနာသ-မင်တု။
၁၄၈။ ယံ ဒုန်နိမိတ်တံ အဝ-မင်ဂလင် စ၊
ယောစာ'မနာပေါ သကုဏတ်သ သတ်ဒေါ။
ပါပက်-ဂဟော ဒုတ်သုပိနံ အ-ကန်တံ၊
သံဃာနုဘာဝေန ဝိနာသ-မင်တု။
၁၄၉။ ဒုတ်ခပ်ပတ်တာ စ နိတ်ဒုတ်ခါ၊
ဘယပ်ပတ်တာ စ နိတ်ဘယာ။
သောကပ်ပတ်တာ စ နိတ်သောကာ၊
ဟွန်တု သပ်ဗေပိ ပါဏိနော။
၁၅၀။ အစ်တာ-ဝတာ စ အမ်မှေဟိ၊
သမ်ဘတံ ပုန်ည-သမ်ပဒံ။
သပ်ဗေ ဒေဝါ နုမောဒန်တု၊
သပ်ဗ-သမ်ပတ်တိ-သိတ်ဓိယာ။

စာမျက်နှာ-116
၁၅၁။ ဒါနံ ဒဒန္တု သဒ္ဓါယ၊
သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊
ဂစ္ဆန္တု ဒေဝတာ'ဂတာ။
၁၅၂။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊
ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊
ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
၁၅၃။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅၄။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-117
၁၅၁။ ဒါနံ ဒဒန်တု သတ်ဓာယ၊
သီလံ ရက်ခန်တု သပ်ဗဒါ။
ဘာဝနာ-ဘိရတာ ဟွန်တု၊
ဂစ်ဆန်တု ဒေဝတာ ဂတာ။
၁၅၂။ သပ်ဗေ ဗုတ်ဓာ ဗလပ်ပတ်တာ၊
ပစ်စေကာနင် စ ယံ ဗလံ။
အရဟန်တာနင် စ တေဇေန၊
ရက်ခံ ဗန်ဓာမိ သပ်ဗ-သော။
၁၅၃။ ယံ ကိန်စိ ဝိတ်တံ အိဓ ဝါ ဟုရံ ဝါ၊
သက်ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ်ထိ တထာဂတေန၊
အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ၊
အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၁၅၄။ ယံ ကိန်စိ ဝိတ်တံ အိဓ ဝါ ဟုရံ ဝါ၊
သက်ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ်ထိ တထာဂတေန၊
အိဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊
အေတေန သစ်စေန သုဝတ်ထိ ဟောတု။

စာမျက်နှာ-118
၁၅၅။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅၆။ ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊
သဒါ သုခီ ဘဝန္တု တေ။
၁၅၇။ ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊
သဒါ သုခီ ဘဝန္တု တေ။
၁၅၈။ ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊
သဒါ သုခီ ဘဝန္တု တေ။

စာမျက်နှာ-119
၁၅၅။ ယံ ကိန်စိ ဝိတ်တံ အိဓ ဝါ ဟုရံ ဝါ၊
သက်ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ်ထိ တထာဂတေန၊
အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စေန သုဝတ်ထိ ဟောတု။
၁၅၆။ ဘဝတု သပ်ဗ-မင်ဂလံ၊
ရက်ခန်တု သပ်ဗ-ဒေဝတာ။
သပ်ဗ-ဗုတ်ဓာ-နုဘာဝေန၊
သဒါ သုခီ ဘဝန်တု တေ။
၁၅၇။ ဘဝတု သပ်ဗ-မင်ဂလံ၊
ရက်ခန်တု သပ်ဗ-ဒေဝတာ။
သပ်ဗ-ဓမ်မာ-နုဘာဝေန၊
သဒါ သုခီ ဘဝန်တု တေ။
၁၅၈။ ဘဝတု သပ်ဗ-မင်ဂလံ၊
ရက်ခန်တု သပ်ဗ-ဒေဝတာ။
သပ်ဗ-သံဃာ-နုဘာဝေန၊
သဒါ သုခီ ဘဝန်တု တေ။

စာမျက်နှာ-120
၁၅၉။ မဟာကာရုဏိကော နာထော၊
ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊
ပတ္တော သမ္ဗောဓိ မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၆၀။ ဇယန္တော ဗောဓိယာ မူလေ၊
သကျာနံ နန္ဒိဝဍ္ဎနော။
ဧဝမေဝ ဇယော ဟောတု၊
ဇယဿု ဇယမင်္ဂလေ။
၁၆၁။ အပရာဇိတပလ္လင်္ကေ၊
သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊
အဂ္ဂပ္ပတ္တော ပမောဒတိ။
၁၆၂။ သုနက္ခတ္တံ သုမင်္ဂလံ၊
သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊
သုယိဋ္ဌံ ဗြဟ္မစာရိသု။

စာမျက်နှာ-121
၁၅၉။ မဟာ-ကာရုဏိကော နာထော၊ ဟိတာယ သပ်ဗ-ပါဏိနံ။ ပူရစ်တဝါ ပါရမီ သပ်ဗာ၊ ပတ်တော သမ်ဗောဓိ-မုတ်တမံ။ အေတေန သစ်စ-ဝစ်ဇေန၊ သွတ်ထိ တေ ဟောတု သပ်ဗဒါ။
၁၆၀။ ဇယန်တော ဗောဓိယာ မူလေ၊ သက်ကျာနံ နန်ဒိ-ဝတ်ဒနော။ အေဝ မေဝ ဇယော ဟောတု၊ ဇယတ်သု ဇယ-မင်ဂလေ။
၁၆၁။ အ-ပရာဇိတ-ပန်လင်ကေ၊ သီသေ ပုထု-ဝိပုတ်ခလေ။ အဘိသေကေ သပ်ဗ-ဗုတ်ဓာနံ၊ အက်ဂပ်ပတ်တော ပမောဒတိ။
၁၆၂။ သု-နက်ခတ်တံ သု-မင်ဂလံ၊ သုပ်-ပဘာတံ သု-ဟုတ်ထိတံ။ သု-ခဏော သု-မုဟုတ်တော စ၊ သု-ယိတ်ထံ ဗြန်မ-စာရိသု။

စာမျက်နှာ-122
၁၆၃။ ပဒက္ခိဏံ ကာယကမ္မံ၊
ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊
ပဏီဓိ တေ ပဒက္ခိဏေ။
ပဒက္ခိဏာနိ ကတွာန၊
လဘန္တတ္ထေ ပဒက္ခိဏေ။
၁၆၄။ တေ အတ္ထလဒ္ဓါ သုခိတာ၊
ဝိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊
သဟ သဗ္ဗေဟိ ဉာတိဘိ။
ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။
ပရိတ္တပါဠိ နိဋ္ဌိတာ။

စာမျက်နှာ-123
၁၆၃။ ပဒက်ခိဏံ ကာယ-ကမ်မံ၊ ဝါစာကမ်မံ ပဒက်ခိဏံ။ ပဒက်ခိဏံ မနောကမ်မံ၊ ပဏီဓိ တေ ပဒက်ခိဏေ။ ပဒက်ခိဏာနိ ကတ်တဝါန၊ လဘန်တတ်ထေ ပဒက်ခိဏေ။
၁၆၄။ တေ အတ်ထ-လတ်ဓာ သုခိတာ၊ ဝိရုန်လှာ ဗုတ်ဓ-သာသနေ။ အ-ရောဂါ သုခိတာ ဟောထ၊ သဟ သပ်ဗေဟိ ညာတိဘိ။
ပုပ်ဗန်နှ-သုတ်တံ နိတ်ထိတံ။
ပရိတ်တပါဠိ နိတ်ထိတာ။

စာမျက်နှာ-124

ပရိတ်တော် မြန်မာပြန်
နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း
၁။ သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
ဤစကြဝဠာ၏ ပတ်ဝန်းကျင် စကြဝဠာ တစ်သောင်းရှိ နတ်ဗြဟ္မာတို့သည် ဤပရိတ်တရား ဟောကြားရာ ဌာနသို့ လာရောက်ကြကုန်လော့။ မြတ်စွာဘုရား၏ နတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးတတ်သော ပရိတ်တရားတော်ကို နာယူလှည့်ကြပါကုန်လော့။

၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
အိုနတ်အများတို့ . . ယခုအချိန်ကား တရားနာဖို့ရာ အချိန်အခါ ဖြစ်သည်။
၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

စာမျက်နှာ-125
ဗြဟ္မာနတ်လူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်၍ ဆရာမရှိတရားအလုံးစုံကို အမှန်အတိုင်း သိတော်မူသော ဘုန်းခြောက်ပါးသခင် ရှင်တော် မြတ်ဘုရားအား ရှိခိုး ကန်တော့ပါ၏။

၄။ ယေ သန္တာ သန္တစိတ္တာ, တိသရဏ သရဏာ ဧတ္ထ လောကန္တရေ ဝါ၊ ဘုမ္မာ ဘုမ္မာ စ ဒေဝါ ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ ဝရ ကနက မယေ, မေရု ရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ မုနိဝရဝစနံ, သောတုမဂ္ဂံ သမဂ္ဂါ။
သူတော်ကောင်းဖြစ်၍ ငြိမ်သက်သော စိတ်နှလုံးရှိကြသော ရတနာသုံးပါးကို ကိုးကွယ်သူ၊ ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းသူဖြစ်ကြသော ဤစကြဝဠာနှင့် စကြဝဠာတစ်ပါးရှိ မြေ၌ တည်သော နတ်၊ ကောင်းကင်၌

စာမျက်နှာ-126
တည်သော နတ်နှင့် ဗြဟ္မာတို့သည်လည်းကောင်း၊ ကောင်းမြတ်သော ရွှေစင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ နေသော သိကြားမင်း သူတော်ကောင်းသည်လည်းကောင်း နှစ်သက် ဝမ်းမြောက်ရခြင်း၏ အကြောင်း ကောင်းမြတ်သော ဘုရားတရားတော်ကို နာယူဖို့ရာ အညီအညွတ် လာရောက်ကြပါကုန်လော့။

၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။ ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။ ပမာဒရဟိတာ ဟောန္တု။
၆။ အာရက္ခာသု ဝိသေသတော။
စကြဝဠာတစ်သောင်းလုံးရှိ ဘီလူး၊ နတ်၊ ဗြဟ္မာ မှန်သမျှတို့သည် ငါတို့ပြုသည့် ကောင်းမှုကို ဝမ်းမြောက်ကြ

စာမျက်နှာ-127
ပြီးလျှင် ညီညာဖြဖြ ဘုရားအဆုံးအမတော်၌ နှစ်ခြိုက် မွေ့လျော်ကြပါကုန်လော့။ အထူးအားဖြင့် လူသားတို့ အပေါ်ဝယ် ကာကွယ်စောင့်ရှောက်ရေးတို့၌ မမေ့မလျော့ ကြပါလေနှင့်။

၇။ သာသနဿ စ လောကဿ၊ ဝုဒ္ဓိ ဘဝတု သဗ္ဗဒါ။ သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
သာသနာတော်သည်လည်းကောင်း၊ သတ္တဝါအပေါင်းသည်လည်းကောင်း အမြဲတိုးတက် ကြီးပွားပါစေ၊ သာသနာနှင့် လောကကို နတ်အများ အစဉ် စောင့်ရှောက်ကြပါစေ။

၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

စာမျက်နှာ-128
သတ္တဝါခပ်သိမ်းတို့သည် မိမိတို့ ခြွေရံသင်းပင်းများနှင့် အတူ ချမ်းသာကြပါစေ၊ အလုံးစုံသော ဆွေမျိုးတို့နှင့် အတူ ဆင်းရဲကင်းကာ စိတ်ချမ်းသာကြပါစေ။

၉။ ရာဇတော ဝါ စောရတော ဝါ မနုဿတော ဝါ အမနုဿတော ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ ပိသာစတော ဝါ ခါဏုကတော ဝါ ကဏ္ဍကတော ဝါ နက္ခတ္တတော ဝါ ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ, အစ္ဆ တရစ္ဆ သူကရ မဟိံသ, ယက္ခ ရက္ခာဒီဟိ နာနာဘယတော ဝါ နာနာရောဂတော ဝါ နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။

စာမျက်နှာ-129
မင်းဆိုးဘေး၊ ခိုးသူဘေး၊ လူဆိုးဘေး၊ ဘီလူး နတ်ဆိုးဘေး၊ အဖျက်မီးဘေး၊ အဖျက်ရေဘေး၊ မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ခလုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ်၌ ဖြစ်သော ရောဂါဆိုးဘေး၊ မသူတော်တို့၏ ယုတ်မာသော အကျင့်ဘေး၊ အယူမှားဘေး၊ သူယုတ်မာဘေး၊ ကြမ်းတမ်းသော ဆင် မြင်း သားရဲ နွား ခွေး မြွေ ကင်းမြီးကောက် မြွေစိမ်း သစ် ဝံ အောင်း ဝက် ကျွဲ ဘီလူး ရက္ခိုက် အစရှိသော ဘေး၊ အမျိုးမျိုးသော ရောဂါဘေးနှင့် အမျိုးမျိုးသော အန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်ကြကုန်လော့။

၁။ မင်္ဂလသုတ် မြန်မာပြန်
၁၀။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိသု သဒေဝကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။

စာမျက်နှာ-130
၁၁။ ဒေသိတံ ဒေဝဒေဝေန၊
သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊
မင်္ဂလံ တံ ဘဏာမ ဟေ။

အို သူတော်ကောင်းတို့. . . နတ်လူတို့သည် အကြင် မင်္ဂလာကို တစ်ဆယ့်နှစ်နှစ်တိုင်အောင် ကြံဆခဲ့ကြ၏။ ချမ်းသာခြင်း၏ အကြောင်း ကောင်းမြတ်သော ထိုမင်္ဂလာကို မသိနိုင်ဘဲ ရှိကြ၏။ နတ်တို့ထက်နတ် ဘုရားမြတ်သည် မကောင်းမှုမှန်သမျှ ပယ်ဖျောက်တတ်သော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို တစ်လောကလုံး၏ အကျိုးစီးပွားအလို့ငှာ ဟောတော်မူခဲ့၏။ ထိုသုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို ငါတို့ ရွတ်ဆိုကြကုန်စို့။

၁၂။ ဧဝံ မေ သုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ

စာမျက်နှာ-131
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ- ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
အရှင်မဟာကဿပ. . . တပည့်တော် ဤသို့ နာကြားခဲ့ရဖူးပါသည်။ အခါတစ်ပါး ဘုရားမြတ်စွာသည် သာဝတ္ထိနေပြည်တော်ဝယ် အနာထပဏ်သူဌေး၏ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူပါသည်။ ထိုအခါ အမျိုးအမည် မထင်ရှားသော နတ်သားတစ်ယောက်သည် ညဉ့်ဦးယာမ်လွန်ပြီးသော သန်းခေါင်ယာမ်အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းတိုက် ပတ်ဝန်းကျင် တစ်ခွင်လုံးကို ထိန်လင်းစေလျက် ဘုရားရှင်ရှိရာကို ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်သော နေရာ၌ ရပ်နေပါသည်။

စာမျက်နှာ-132
သင့်လျော်ရာ နေရာ၌ ရပ်နေသော ထိုနတ်သားသည် ဘုရားရှင်ကို ဂါထာဖြင့် လျှောက်ထားခဲ့ပါသည်။

၁၃။ ဗဟူ ဒေဝါ မနုဿာ စ၊
မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလမုတ္တမံ။
မြတ်စွာဘုရား . . . ခုရော, နောင်ပါ ချမ်းသာရေးကို လိုလားတောင့်တကြသော လူ နတ် ဗြဟ္မာ များစွာတို့သည် ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတို့ကို ကြံတွေးစဉ်းစားခဲ့ကြပါသည်။ ရှင်တော်မြတ်ဘုရားသည် ကောင်းမြတ်သော မင်္ဂလာတရားကို ဟောကြားတော်မူပါ။

၁၄။ အသေဝနာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊
ဧတံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-133
နတ်သား. . . လူမိုက်တို့ကို မပေါင်းမသင်း ရှောင်ခွာခြင်း၊ ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်း ဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤသုံးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၁၅။ ပတိရူပဒေသဝါသော စ၊
ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊
ဧတံ မင်္ဂလမုတ္တမံ။
နတ်သား. . . သင့်လျော်သော အရပ်၌ နေရခြင်း၊ ရှေးရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း၊ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထားခြင်း၊ ဤသုံးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၁၆။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊
ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊
ဧတံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-134
နတ်သား. . . အကြားအမြင် များခြင်း၊ လက်မှုပညာ တတ်မြောက်ခြင်း၊ ကိုယ်ကျင့် ဝိနည်းကို သင်ခြင်း ကျင့်ခြင်း၊ စကားကို ကောင်းမွန်စွာ ပြောဆိုခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၁၇။ မာတာပိတုဥပဋ္ဌာနံ၊
ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊
ဧတံ မင်္ဂလမုတ္တမံ။
နတ်သား. . . အမိကို လုပ်ကျွေးပြုစုခြင်း၊ အဘကို လုပ်ကျွေးပြုစုခြင်း၊ သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်း၊ ရှုပ်ထွေးခြင်းကင်းအောင် အလုပ်လုပ်ခြင်း၊ ဤလေးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၁၈။ ဒါနဉ္စ ဓမ္မစရိယာ စ၊
ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-135
နတ်သား . . . ပေးကမ်းလှူဒါန်းခြင်း၊ သုစရိုက်တရားကို ကျင့်ခြင်း၊ ဆွေမျိုးတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း၊ အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤလေးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၁၉။ အာရတီ ဝိရတီ ပါပါ၊
မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊
ဧတံ မင်္ဂလမုတ္တမံ။
နတ်သား... မကောင်းမှုမှ စိတ်ဖြင့် ရှောင်ကြဉ်ခြင်းနှင့် ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း၊ သေရည်အရက် သောက်ခြင်းမှ စောင့်စည်းခြင်း၊ ကုသိုလ်တရားတို့၌ မမေ့ခြင်း၊ ဤသုံးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၂ဝ။ ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-136
နတ်သား... ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ သင့်လျော်သောအခါ တရားနာခြင်း၊ ဤငါးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၂၁။ ခန္တီ စ သောဝစဿတာ၊
သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊
ဧတံ မင်္ဂလမုတ္တမံ။
နတ်သား . . . သည်းခံခြင်း၊ ဆိုဆုံးမ လွယ်ခြင်း၊ ရဟန်းတော်တို့ကို ဖူးမြင်ခြင်း၊ တရားဆွေးနွေးခြင်း၊ ဤလေးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၂၂။ တပေါ စ ဗြဟ္မစရိယဉ္စ၊
အရိယသစ္စာနဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-137
နတ်သား. . . တပခေါ် အကျင့်ကို ကျင့်ခြင်း၊ ဗြဟ္မစရိယအကျင့်ကို ကျင့်ခြင်း၊ အရိယသစ္စာတို့ကို သိမြင်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။ ဤလေးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၂၃။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလမုတ္တမံ။
နတ်သား. . . လောကဓံတရားတို့နှင့် တွေ့ကြုံရသော ပုဂ္ဂိုလ်မှာ စိတ်မတုန်လှုပ်ခြင်း၊ စိုးရိမ် ပူဆွေးမှု မရှိခြင်း၊ ရာဂစသော မြူမရှိခြင်း၊ ဘေးရန်ကင်းခြင်း၊ ဤလေးပါးကား ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။

၂၄။ ဧတာဒိသာနိ ကတွာန၊
သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိ ဂစ္ဆန္တိ၊
တံ တေသံ မင်္ဂလမုတ္တမံ။

စာမျက်နှာ-138
နတ်သား. . . ဤဆိုခဲ့ပြီးသော မင်္ဂလာတို့ကို ပြုကြလျှင် ရန်သူမှန်သမျှကို အောင်နိုင်ကြ၍ ဘယ်အရပ်မှာ မဆို ချမ်းသာခြင်းသို့ ရောက်ရ၏။ ၃၈-ဖြာ မင်္ဂလာသည် ထိုမင်္ဂလာမှုပြုကြသူတို့၏ ကောင်းမြတ်သော မင်္ဂလာပေတည်း။
မင်္ဂလသုတ် မြန်မာပြန် ပြီး၏။

၂။ ရတနသုတ် မြန်မာပြန်
၂၅။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတိံသ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ

စာမျက်နှာ-139
မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ ဓမ္မစက္ကပ္ပဝတ္တနံ နဝ လောကုတ္တရဓမ္မေတိ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ-

၂၆။ ကောဋီသတသဟဿသု၊
စက္ကဝါဠေသု ဒေဝတာ။
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊
ယဉ္စ ဝေသာလိယာ ပုရေ။

၂၇။ ရောဂါမနုဿဒုဗ္ဘိက္ခ-
သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပမန္တရဓာပေသိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

စာမျက်နှာ-140
အိုသူတော်ကောင်းတို့. . . ဒီပင်္ကရာဘုရားမြတ်ထံ ဘုရားဆုပန်သည်မှ စ၍ မြတ်စွာဘုရား၏ ပါရမီ ဆယ်ပါး၊ ဥပပါရမီဆယ်ပါး၊ ပရမတ္ထပါရမီ ဆယ်ပါး- ဟူသော အမျှအညီ ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီး ငါးပါး၊ သတ္တဝါများအတွက် ကျင့်မှု၊ ဆွေမျိုးများအတွက် ကျင့်မှု၊ ဘုရားဖြစ်ရေးအတွက် ကျင့်မှု-ဟူသော အကျင့်သုံးပါး၊ ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌ ပဋိသန္ဓေနေခြင်း၊ ဖွားမြင်ခြင်း၊ တောထွက်ခြင်း၊ ဒုက္ကရစရိယာ ကျင့်ခြင်း၊ ဗောဓိပင်ခြေပလ္လင်ဗွေ၌ မာရ်ငါးပါးကို အောင်မြင်ခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိခြင်း၊ ဓမ္မစကြာ တရားဟောခြင်း၊ ကိုးပါးသော လောကုတ္တရာတရား- ဟူသော ဤဗုဒ္ဓဂုဏ် အလုံးစုံတို့ကို ဆင်ခြင်ပြီးလျှင် ဝေသာလီပြည် တံတိုင်း သုံးထပ်တို့ အကြား၌ ညဉ့်သုံးယာမ် ပတ်လုံး ပရိတ်အရံအတားကို ပြုတော်မူသော် အရှင် အာနန္ဒာမထေရ်ကဲ့သို့ ကရုဏာစိတ်ကိုဖြစ်စေကြကုန်၍ အကြင် ရတနသုတ် ပရိတ်တော်၏ အရှိန်အဝါ အာဏာကို စကြဝဠာ ကုဋေတစ်သိန်းရှိ နတ်ဗြဟ္မာများ ခံယူကြ

စာမျက်နှာ-141
ကုန်၏။ အကြင် ရတနသုတ်ပရိတ်တော်သည် ဝေသာလီ ပြည်၌ ရောဂါထူးခြား ဘီလူးများနှင့် အစာရှားပါးခြင်း ကြောင့် ဖြစ်ပေါ်လာသော ဘေးသုံးမျိုးကိုလည်း လျင်မြန်စွာ ကွယ်ပျောက်စေခဲ့ဖူးပြီ၊ ထိုရတနသုတ် ပရိတ်တော်ကို ငါတို့ ရွတ်ကြကုန်စို့။

၂၈။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
ဤအရပ်၌ စည်းဝေးရောက်လာကြကုန်သော မြေ၌နေသော နတ်များ၊ ကောင်းကင်၌နေသော နတ်များ အားလုံးတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက် ကြကုန်လော့၊ ငါဘုရား၏ တရားတော်ကိုလည်း ရိုသေစွာ နာယူကြကုန်လော့။

၂၉။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုသိယာ ပဇာယ။

စာမျက်နှာ-142
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
အို နတ်အများတို့. . . တရားနာရန် ငါဘုရား တိုက်တွန်းခဲ့သည်ဖြစ်၍ သင်တို့ နားစိုက်ကြကုန်လော့။ သင်တို့အားလုံး လူသားများ အပေါ်မှာ မေတ္တာထားကြ လော့။ လူတို့သည် နေ့ရောညဉ့်ပါ ပူဇော်ဖွယ်ရာကို ပို့ဆောင် ပူဇော်ကြသောကြောင့် ထိုလူများကို သင်တို့ မမေ့ကြဘဲ စောင့်ရှောက်ကြလော့။

၃၀။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
လူ့ပြည်၊ နဂါး ဂဠုန်-စသော ပြည်၊ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ရှိသမျှ ကောင်းမြတ်သော ရတနာတို့တွင် မြတ်စွာဘုရားနှင့် တူသော ရတနာကား မရှိနိုင်သည်သာ။ ဘုရားမြတ်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်

စာမျက်နှာ-143
သည်ကား ထူးခြား ကောင်းမြတ်လှပါပေသည်။ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၁။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
အရိယမဂ်သမာဓိ ရှိတော်မူသော သာကီနွယ်ဖွား ဘုရားရှင်သည် ကိလေသာကုန်ရာ၊ ရာဂအတွယ် ပျောက်ပြယ်ရာ၊ သေခြင်းကင်းရာ ကောင်းမြတ် လှစွာသော အကြင် နိဗ္ဗာန်တရားတော်ကို သိမြင် ရပိုင်တော်မူခဲ့သည်။ ထိုနိဗ္ဗာန်တရားနှင့် ဂုဏ်ရည် တူညီသော တရားဟူ၍ တစ်စုံတစ်ရာ မရှိတော့ပေ။ နိဗ္ဗာန်တရားတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်ကား ထူးမြတ်လှပါပေသည်။ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

စာမျက်နှာ-144
၃၂။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိ၊
သမာဓိမာနန္တရိကညမာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဗုဒ္ဓရှင်တော်မြတ်သည် ကိလေသာကင်း အလွန် သန့်ရှင်းဖြူစင်သော အရိယမဂ်သမာဓိကို အမျိုးမျိုး ထုတ်ဖော် ချီးကျူးတော်မူခဲ့၏။ ယင်း အရိယမဂ် သမာဓိကိုပင် မိမိအခြားမဲ့၌ အကျိုးကို ပေးတတ်သည့် အာနန္တရိကသမာဓိ ဟူ၍လည်း ဘုရားရှင်များ မိန့်ကြား တော်မူခဲ့သည်။ ထိုအရိယမဂ်သမာဓိနှင့် တူညီသော သမာဓိကား မရှိပေ။ အရိယမဂ်တရားတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၃။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။

စာမျက်နှာ-145
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အရိယာပုဂ္ဂိုလ်များကား ရှစ်ပါးဖြစ်ရာ (ထိုအရိယာများကား) အစုံအားဖြင့် လေးစုံ ဖြစ်သည်။ မြတ်စွာဘုရား၏ တပည့် သာဝကဖြစ်ကြသော ထိုအရိယာတို့ကား အလှူကောင်း အလှူမွန်ကို ခံတော်မူထိုက်သော ပုဂ္ဂိုလ်များပင်တည်း။ ထိုအရိယာတို့၌ လှူအပ်သမျှ အလှူဒါနတို့ကား အကျိုးကြီးမားလှပေသည်။ အရိယာသံဃာတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၄။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊

စာမျက်နှာ-146
လဒ္ဓါ မုဓာ နိဗ္ဗူတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
မြဲမြံ တည့်တံ့သော သမာဓိဖြင့် လွန်စွာ အားထုတ် ကြကုန်၍ ဂေါတမမြတ်စွာ သာသနာတော်၌ ကိလေသာ တို့မှ လွတ်မြောက်ကြသော ရဟန္တာ အရှင်မြတ်တို့သည် နိဗ္ဗာနဓာတ်သို့ အာရုံယူလျက် သက်ရောက်ကြပြီးသော် ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကျရဘဲ အလွယ်တကူ ရရှိ၍ ဖလသမာပတ် အငြိမ်းဓာတ်အရသာ ခံစားကြလျက် အရဟတ္တဖိုလ် ဝင်စားတော်မူကြ၏။ ရဟန္တာသံဃာတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည် သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၅။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊
စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။

စာမျက်နှာ-147
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
မြေကြီးထဲ၌ ဝင်မှီတည်နေသော တံခါးတင် တိုင်ကြီးကို အရပ်လေးမျက်နှာမှ လေပြင်း မုန်တိုင်းများက လှုပ်ရှားစေခြင်းငှာ မတတ်နိုင်သကဲ့သို့ မဂ်ဉာဏ်ဖြင့် အရိယာသစ္စာ တို့ကို သိမြင်သော သောတာပန် ပုဂ္ဂိုလ်မြတ်ကို ထိုတံခါးတိုင်ကြီးနှင့် တူသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော်မူသည်။ သောတာပန်သံဃာ၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၆။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘဝံ အဋ္ဌမမာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-148
နက်နဲသော ဉာဏ်တော်ရှင် သဗ္ဗညုမြတ်စွာဘုရား အကောင်းဆုံး ဟောကြားတော်မူအပ်သော အရိယသစ္စာ တို့ကို မဂ်ဉာဏ်ရရှိ၍ ထင်ရှား သိတော်မူကြသော သတ္တက္ခတ္တုပရမ သောတာပန် ပုဂ္ဂိုလ်တို့သည် စည်းစိမ် ယစ်၍ အလွန်အကဲ မေ့လျော့ကြစေကာမူ ရှစ်ကြိမ် မြောက် ဘဝကို ယူရိုးမရှိတော့ပေ၊ သောတာပန်သံဃာ၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၇။ သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။
၃၈။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊
ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-149
သောတာပန်ပုဂ္ဂိုလ်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ် ပြည့်စုံသည်နှင့် တစ်ပြိုင်နက် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ တရားသုံးပါးနှင့် အချို့ ကိလေသာ များကို ပယ်ရှားအပ်ပြီး ဖြစ်သည်။ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးဘုံတို့မှလည်း လွတ်မြောက် ရပေသည်။ အဘိဌာနခေါ် ရုန့်ရင်းသော အကြောင်းစု အမှုအပြစ်ကိုလည်း ပြုခြင်းငှာ မထိုက်တော့ပေ။ သောတာပန် သံဃာ၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၃၉။ ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆာဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-150
သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ မကောင်းသော ပြစ်မှုကို လွန်ကျူးမိစေကာမူ ထိုသောတာပန်မှာ ထိုပြုမိသော ပြစ်မှုကို ကွယ်ကာ ဖုံးဝှက်သူ မဖြစ်နိုင်ပေ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်၏ မိမိပြုသော ပြစ်မှုကို မဖုံးကွယ်ထိုက်သူဖြစ်ကြောင်းကို ရှင်တော်ဘုရား ဟောကြားတော်မူအပ်၏။ သောတာပန်သံဃာ၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၄၀။ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ၊
နိဗ္ဗာနဂါမီ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

စာမျက်နှာ-151
နွေလများတွင် နွေဦးအစဖြစ်သော တန်ခူးလ၌ ကောင်းစွာ ပွင့်သည့် ခက်ဖျားစုံရှိသော တောအုပ်သည် အသရေရှိလှဘိသကဲ့သို့ အနက်သဒ္ဒါ ဝေဆာစုံပေါ ထိုတောအုပ်ကြီးနှင့် တူသော နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ် ပိဋကတ်ကို နိဗ္ဗာနဓာတ် အမြတ်ဆုံး အကျိုး စီးပွားအလို့ငှာ ရှင်တော်ဘုရား ဟောကြား တော်မူခဲ့သည်။ မြတ်စွာဘုရား၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှ ပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၄၁။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊
အနုတ္တရော ဓမ္မဝရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
နတ်လူအများ လိုလားတောင့်တအပ်သည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသော၊ အမြတ်ဆုံး နိဗ္ဗာန်ကို

စာမျက်နှာ-152
သိတော်မူ၍ အမြတ်တရားကို ပေးသနားတော်မူတတ် သော ရှေးဟောင်း ကျင့်စဉ်လမ်းမြတ်ကို ယူဆောင်တော်မူ၍ အမြတ်ဆုံး ဘုရားမြတ်သည် တရားတော်မြတ် အရပ်ရပ်ကို ဟောကြားတော်မူလေသည်။ မြတ်စွာဘုရား၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ်လှ ပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၄၂။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊
ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရုဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ရဟန္တာအရှင်မြတ်တို့အား ရှေးအတိတ် ကံဟောင်း များလည်း ကုန်ခဲ့ပြီ။ ကံအသစ်လည်း ဖြစ်ပေါ်ခြင်း မရှိတော့ပေ။ နောင်ဖြစ်ရမည့် ဘဝသစ်၌ တွယ်တာသော စိတ်လည်း ကင်းတော်မူကြ၏။ ထိုရဟန္တာ အရှင်မြတ်တို့

စာမျက်နှာ-153
သည် ပဋိသန္ဓေ မျိုးစေ့လည်း ကုန်ခဲ့ပြီး၊ ဘဝသစ် ဆက်ဖြစ် စည်ကားရေးဝယ် တွယ်တာသော ဆန္ဒလည်း မရှိကြ။ ထိုရဟန္တာ ပညာရှင်တို့သည် ဆီမီး ငြိမ်းသွားသကဲ့သို့ ဝဋ်ဇာတ်သိမ်း၍ ချုပ်ငြိမ်းတော်မူကြသည်။ ရဟန္တာ သံဃာတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည် သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကား ကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၄၃။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
မြေ၌ နေသော နတ်များ၊ ကောင်းကင်၌ နေသော နတ်များ ဤအရပ်၌ စည်းဝေးလျက် ရှိကြ၏။ ထိုနတ်ပေါင်းများစွာ ငါတို့သည် နတ်လူအများ လေးစား ပူဇော်အပ်သော တထာဂတ ဘွဲ့မည်ရသော မြတ်စွာ ဘုရားကို ရှိခိုးကြပါကုန်၏။ သတ္တဝါတွေ ချမ်းသာပါစေ။

စာမျက်နှာ-154
၄၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
မြေ၌ နေသော နတ်များ၊ ကောင်းကင်၌ နေသော နတ်များ ဤအရပ်၌ စည်းဝေးလျက် ရှိကြ၏။ ထိုနတ် ပေါင်းများစွာ ငါတို့သည် နတ်လူအများ လေးစားပူဇော် အပ်သော တထာဂတ ဘွဲ့မည်ရသော တရားတော်ကို ရှိခိုးကြပါကုန်၏။ သတ္တဝါတွေ ချမ်းသာပါစေ။

၄၅။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
မြေ၌ နေသော နတ်များ၊ ကောင်းကင်၌ နေသော နတ်များ ဤအရပ်၌ စည်းဝေးလျက် ရှိကြ၏။ ထိုနတ် ပေါင်းများစွာ ငါတို့သည် နတ်လူအများ လေးစားပူဇော်

စာမျက်နှာ-155
အပ်သော တထာဂတ ဘွဲ့မည်ရသော သံဃာတော်ကို ရှိခိုးကြပါကုန်၏။ သတ္တဝါတွေ ချမ်းသာပါစေ။
ရတနသုတ် မြန်မာပြန် ပြီး၏။

၃။ မေတ္တသုတ် မြန်မာပြန်
၄၆။ ယဿာနုဘာဝတော ယက္ခာ၊
နေဝ ဒဿေန္တိ ဘီသနံ။
ယဉ္စွေ ဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ'မတန္ဒိတော။
၄၇။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိဂုဏူပေတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
အို သူတော်ကောင်းတို့. . . မေတ္တသုတ်ပရိတ် တော်၏ အာနုဘော်ကြောင့် နတ်တို့သည် ကြောက်မက်ဖွယ် အာရုံမျိုးကို မပြနိုင်ကြကုန်။ ထိုမေတ္တသုတ်ပရိတ်တော်၌

စာမျက်နှာ-156
နေ့ညမပြတ် ထပ်တလဲလဲ စွဲမြဲ ရွတ်ပွား ကြိုးစား အားထုတ် သူသည် ချမ်းချမ်းသာသာ အိပ်စက်ရ၏။ အိပ်ပျော် သည်ရှိသော် မကောင်းသော အိပ်မက်ဆိုးကိုလည်း မမြင်မက်ရပေ။ ဤသို့စသော အကျိုးအာနိသင်နှင့် ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ကြ ကုန်စို့။

၄၈။ ကရဏီယ'မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ
သုဝစော စဿ မုဒု အနတိမာနီ။
၄၉။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ'နနုဂိဒ္ဓေါ။
ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို သိမြင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသူသည် ပြုကျင့်သင့်သည့်

စာမျက်နှာ-157
သိက္ခာသုံးပါး အကျင့်များကို ပြုကျင့်ရမည်။ ထိုသူကား စွမ်းနိုင်ရမည်၊ ဖြောင့်မတ်ရမည်၊ အလွန် ဖြောင့်မတ် ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ နူးညံ့ပျော့ပျောင်းရမည်၊ မာန မကြီးရ၊ ရောင့်ရဲလွယ်ရမည်၊ မွေးမြူလွယ်သူ ဖြစ်ရမည်၊ ကိစ္စနည်းပါးရမည်၊ ပေါ့ပါးသော အဖြစ်မျိုး ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ မကြမ်းတမ်း မရိုင်းပြသူ ယဉ်ကျေးသူ ဖြစ်ရမည်၊ လူတို့၌ တွယ်တာ မက်မောခြင်း မရှိရ။

၅ဝ။ န စ ခုဒ္ဒ'မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
ပညာရှိအများ သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင်မည့် ဒုစရိုက်စု ယုတ်ညံ့သော အမှုမျိုးကို အသေးအဖွဲ့ အနည်းငယ်ကိုပင် မပြုကျင့်ပါလေနှင့်။ (ထို့နောက် မေတ္တာပွားရမည်မှာ) သတ္တဝါမှန်သမျှ ကိုယ်ချမ်းသာကြ

စာမျက်နှာ-158
ပါစေ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာကြပါစေ၊ စိတ်လည်း ချမ်းသာကြပါစေ။

၅၁။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာဝ'နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
၅၂။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
အလုံးစုံသော ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခများ၊ မထိတ်မလန့်တတ်သော ရဟန္တာ ပုဂ္ဂိုလ်များ၊ ကိုယ်ခန္ဓာ ရှည်လျားသော သတ္တဝါများ၊ ကိုယ်ခန္ဓာ ကြီးမားသော သတ္တဝါများ၊ ကိုယ်ခန္ဓာ အလတ်စား သတ္တဝါများ၊ ပုကွနိမ့်တို ကိုယ်ရှိသော သတ္တဝါများ၊ သေးငယ်ပုံပွားသော သတ္တဝါများ၊ ဆူဖြိုးဝိုင်းဝန်းသော

စာမျက်နှာ-159
သတ္တဝါများ၊ မြင်ဖူးသော သတ္တဝါများ၊ မမြင်ဖူးသော သတ္တဝါများ၊ အဝေး၌နေသော သတ္တဝါများ၊ အနီး၌ နေသော သတ္တဝါများ၊ နောင်မဖြစ်ကြမည့် ရဟန္တာများ၊ နောင်ဘဝသစ် ရှာမှီးတတ်သော သေက္ခပုထုဇဉ်များ၊ လောကရှိဤသတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေ။

၅၃။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည-
နာညမညဿ ဒုက္ခမိစ္ဆေယျ။
သူတစ်ယောက်သည် အခြားသူတစ်ယောက်ကို စဉ်းလဲ လှည့်ပတ်မှု မပြုပါစေလင့်။ ဘယ်အရပ်မှာ မဆို ဘယ်ပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်။ ကိုယ်နှုတ်တို့ဖြင့် ထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း၊ ဒေါသစိတ်ဖြင့်လည်းကောင်း အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ ဆင်းရဲမှုကို အလို မရှိပါစေလင့်။

စာမျက်နှာ-160
၅၄။ မာတာ ယထာ နိယံ ပုတ္တ-
မာယုသာ ဧကပုတ္တမနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
မွေးမိခင်သည် မိမိ၏ ရင်သွေးဖြစ်သော တစ်ဦးတည်းသော သားကို မိမိအသက်နှင့် လဲ၍ပင် အစဉ် ကာကွယ် စောင့်ရှောက်ဘိ သကဲ့သို့ ထို့အတူ သတ္တဝါအလုံးစုံတို့၌ အတိုင်းအတာ ပမာဏမရှိသော မေတ္တာစိတ်ကို ပွားများပါလေ။

၅၅။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရမသပတ္တံ။
အထက် အရူပဘဝ၊ အောက် ကာမဘဝ၊ အလယ် ရူပဘဝ အလုံးစုံသော လောက၌ ပိုင်းခြား ကန့်သတ်ချက် မရှိသော မေတ္တာစိတ်ကို အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်း မရှိအောင် ဒေါသ-ဟူသော အတွင်းရန် မရှိအောင်၊ အပရန်သူလည်း မရှိအောင် ပွားများပါလေ။

စာမျက်နှာ-161
၅၆။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မမေတံ ဝိဟာရမိဓ မာဟု။
ရပ်လျက် ဖြစ်စေ၊ သွားလျက် ဖြစ်စေ၊ ထိုင်လျက် ဖြစ်စေ၊ အိပ်လျက် ဖြစ်စေ၊ ငိုက်မျဉ်းခြင်း ကင်းနေသော အချိန်၌ မေတ္တာဈာန်သတိကို စွဲမြဲစွာ ဆောက်တည်ရာ၏။ ဤဘုရားရှင်၏ သာသနာတော်၌ ဤမေတ္တာဈာန် သတိဖြင့် နေခြင်းကို ဗြဟ္မဝိဟာရ (-ထူးမြတ်သော နေခြင်းမျိုး)ဟူ၍ ဘုရားရှင်များ ဟောကြားတော်မူခဲ့သည်။

၅၇။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတု ဂ္ဂဗ္ဘသေယျ ပုနရေတိ။
ထိုမေတ္တာဈာန်ရပြီးသော ယောဂီသည် အတ္တဒိဋ္ဌိ အစွဲ မရှိအောင်ပြု၍ လောကုတ္တရာသီလရှိသော

စာမျက်နှာ-162
သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသူဖြစ်လျက် ဝတ္ထု အာရုံကာမဂုဏ်တို့၌ ကိလေသာဖြင့် တွယ်တာခြင်းကို အရှင်း ပယ်ရှားပြီးသော် အမှန်ပင် နောက်တစ်ဖန် ပဋိသန္ဓေ မနေရတော့ပေ။
မေတ္တသုတ် မြန်မာပြန် ပြီး၏။

၄။ ခန္ဓသုတ် မြန်မာပြန်
၅၈။ သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
၅၉။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

စာမျက်နှာ-163
အို သူတော်ကောင်းတို့ . . နတ်မန္တန်၊ နတ်ဆေးဝါးသည် အဆိပ်ပြင်းသော မြွေမျိုးမှန်သမျှတို့၏ ပြင်းထန်သော အဆိပ်ကို ဖျက်ဆီးတတ်သကဲ့သို့ ခန္ဓသုတ်ပရိတ်တော်သည် အာဏာခေတ်တစ်ခွင်လုံး၌ သတ္တဝါ အလုံးစုံတို့၏ ပြင်းထန်သော အဆိပ်ကိုလည်းကောင်း၊ ကြွင်းသော ဘေးရန် အမျိုးမျိုးကိုလည်းကောင်း ဘယ်ခါမဆို လုံးဝ ကုန်စင်အောင်ပင် မြစ်တား ပယ်ရှားနိုင်ပါသည်။ ထိုခန္ဓသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ဆိုကြကုန်စို့။

၆၀။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
ဝိရူပက္ခနဂါးမျိုးတို့နှင့် ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ။ ဧရာပထနဂါးမျိုးတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ။ ဆဗျာပုတ္တနဂါးမျိုး တို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ။

စာမျက်နှာ-164
ကဏှာဂေါတမနဂါးမျိုးတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ။

၆၁။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
အခြေမရှိသော သတ္တဝါတို့နှင့် ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ၊ အခြေလေးချောင်းရှိသော သတ္တဝါတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ။ အခြေများစွာ ရှိသော သတ္တဝါတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ။

၆၂။ မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။

စာမျက်နှာ-165
အခြေမရှိသော သတ္တဝါမျိုးသည် ငါ့ကို မညှဉ်းဆဲပါစေလင့်။ အခြေနှစ်ချောင်းရှိသော သတ္တဝါမျိုးသည်လည်း ငါ့ကို မညှဉ်းဆဲပါစေလင့်။ အခြေလေးချောင်းရှိသော သတ္တဝါမျိုးသည်လည်း ငါ့ကို မညှဉ်းဆဲပါစေလင့်။ အခြေများစွာရှိသော သတ္တဝါမျိုးသည်လည်း ငါ့ကို မညှဉ်းဆဲပါစေလင့်။

၆၃။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပမာဂမာ။
သတ္တဝါမှန်သမျှ ကောင်းမြတ်သော ဣဋ္ဌာရုံတို့ကို ကြုံတွေ့ကြရပါစေ။ ဘယ်သူတစ်ဦးတစ်ယောက်မျှ ဆင်းရဲဒုက္ခ မရောက်ပါစေလင့်။
၆၄။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊

စာမျက်နှာ-166
ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
မြတ်စွာဘုရားသည် ဂုဏ်တော်အားဖြင့် အတိုင်းအရှည် ပမာဏမရှိ။ လောကုတ္တရာတရားတော်သည်လည်း ဂုဏ်တော်အားဖြင့် အတိုင်းအရှည် ပမာဏ မရှိ၊ အရိယာ သံဃာတော်သည်လည်း ဂုဏ်တော်အားဖြင့် အတိုင်းအရှည် ပမာဏ မရှိ။ မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ အိမ်မြှောင်၊ ကြွက်-ဟူသော ရင်ဖြင့် တွားသွားတတ်သော သတ္တဝါများကား တိုင်းတာ ကန့်သတ်မှု ပြုတတ်သော ကိလေသာ ရှိသူများ ဖြစ်၍ ပမာဏရှိသူများပင်တည်း။

၆၅။ ကတာ မေ ရက္ခာ, ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

စာမျက်နှာ-167
ငါသည် အကာအကွယ် အစောင့်အရှောက်ကို ပြုပြီးခဲ့ပြီ။ ငါသည် အရံအတားကို ပြုပြီးခဲ့ပြီ။ သတ္တဝါများ ရှောင်ရှားကြကုန်လော့။ ထိုငါသည် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသော ရှေးရှေးဘုရားရှင် မှန်သမျှအား ရှိခိုးပါ၏။ ဝိပဿီအစရှိသော ခုနစ်ဆူသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ခန္ဓသုတ် မြန်မာပြန် ပြီး၏။

၅။ မောရသုတ် မြန်မာပြန်
၆၆။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၆၇။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
“ဗြဟ္မမန္တ”န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

စာမျက်နှာ-168
အိုသူတော်ကောင်းတို့ . . သဗ္ဗညုတဉာဏ်တော်ကို ရရန် ပါရမီတို့ကို ဖြည့်ကျင့်တော်မူသော ဘုရားအလောင်း ရွှေဥဒေါင်းမင်းသည် မောရသုတ်ပရိတ်တော်ဖြင့် မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ထားလေ၏။ ထိုဘုရားအလောင်း ရွှေဥဒေါင်းမင်းကို မုဆိုး ခုနစ်ဆက်တို့ နှစ်ပေါင်း ခုနစ်ရာ ကြာအောင် ကြိုးစား၍ ဖမ်းကြသော် လည်း မဖမ်းနိုင်ခဲ့ကြကုန်။ ထူးမြတ်သော မန္တန်တော်- ဟူ၍ မြတ်စွာဘုရား ချီးကျူးမြွက်ကြားတော်မူအပ်သော ထိုမောရသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ပွားကြကုန်စို့။

၆၈။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏ ပထ၀ိပ္ပဘာသံ၊ တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
ကမ္ဘာသူကမ္ဘာသားတို့အား ပေးအပ်သော မျက်စိရှိ၍ အရောင်များတွင် တစ်ဦးတည်းသော ဘုရင်ဖြစ်သော ရွှေအဆင်းရှိလျက် မြေပြင်အပြန့် နှံ့အောင် ထွန်းလင်း

စာမျက်နှာ-169
တောက်ပသော နေမင်းသည် ပေါ်ထွက်လာပေပြီ။ ထိုသို့ ရွှေအဆင်းရှိလျက် မြေပြင်အပြန့် နှံ့အောင် ထွန်းလင်းတောက်ပသော နေမင်းကို ငါသည် ရှိခိုးပါ၏။ ယနေ့ တစ်နေ့လုံး သင်နေမင်း၏ အစောင့်အရှောက်ကို ခံယူကာ ငါတို့သည် ဘေးရန်ကင်းစွာ နေထိုင်ပါရစေ။

၆၉။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
အလုံးစုံသော တရားတို့ကို သိမြင်တော်မူကြကုန်သော အကြင်ဘုရားရှင်တို့သည် ရှိကြပါကုန်၏။ ထိုဘုရားရှင် တို့အား ငါ၏ ရှိခိုးခြင်း ဖြစ်ပါစေ၊ ထိုဘုရားရှင်တို့သည် ငါ့ကို စောင့်ရှောက်တော်မူကြပါစေ။ ဘုရားရှင်တို့အား ရှိခိုးပါ၏။ ဗောဓိဉာဏ်တော်အား ရှိခိုးပါ၏။ ကိလေသာမှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။ အရဟတ္တဖိုလ် လွတ်မြောက်မှုတရားအား ရှိခိုးပါ၏။ ဘုရားအလောင်း ရွှေဥဒေါင်းမင်းသည် ဤပရိတ်တော်ကို ရွတ်ဆို၍ အစာရှာထွက်လေ၏။

စာမျက်နှာ-170
တတ်သော ဤနေမင်းသည် ထွက်ပေါ်လာ၏။ ထို့ကြောင့် ရွှေအဆင်းရှိကာ ကမ္ဘာမြေအပြန့်နှံ့အောင် ထွန်းလင်းတတ်သော အရှင်နေမင်းကို အကျွန်ုပ် ရှိခိုးပါ၏။ ယနေ့ အရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ အကျွန်ုပ်တို့ တစ်နေ့တာပတ်လုံး ချမ်းသာစွာ နေကြပါကုန်အံ့။

၆၉။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော၊ တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ၊ နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧသနာ။
ဝိသုဒ္ဓိဗြာဟ္မဏ ဗုဒ္ဓရှင်တော်မြတ်တို့သည် အလုံးစုံသော တရားတို့ကို သိတော်မူကြကုန်၏။ ထိုဗုဒ္ဓရှင်တော်မြတ်တို့သည် အကျွန်ုပ်၏ ရှိခိုးခြင်းကို ခံယူတော်မူကြပါကုန်။ ထိုရှင်တော်မြတ်ဘုရားတို့သည် အကျွန်ုပ်ကိုလည်း စောင့်ရှောက်တော်မူကြပါကုန်။ ဘုရားရှင်တို့အား

စာမျက်နှာ-171
ရှိခိုးပါ၏။ ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။ ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။ ရဟန်းတို့ . . . ထိုဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုကာ အစာရှာရန် လှည့်လည်လေသည်။

၇၀။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
ကမ္ဘာသူ ကမ္ဘာသားတို့အား ပေးအပ်သော မျက်စိရှိ၍ အရောင်များတွင် တစ်ဦးတည်းသော ဘုရင်ဖြစ်သော ရွှေအဆင်းရှိလျက် မြေပြင်အပြန့်နှံ့အောင် ထွန်းလင်းတတ်သော ဤနေမင်းသည် ဝင်သွား၏။ ထို့ကြောင့် ရွှေအဆင်းရှိကာ မြေပြင်အပြန့်နှံ့အောင် ထွန်းလင်းတတ်သော အရှင်နေမင်းကို အကျွန်ုပ် ရှိခိုးပါ၏။ ယနေ့

စာမျက်နှာ-172
အရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ အကျွန်ုပ်တို့ တစ်ညတာပတ်လုံး ချမ်းသာစွာ နေကြပါကုန်အံ့။

၇၁။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော၊ တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ၊ နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ'မကပ္ပယိ။
ဝိသုဒ္ဓိဗြာဟ္မဏ ဗုဒ္ဓရှင်တော်မြတ်တို့သည် အလုံးစုံသော တရားတို့ကို သိတော်မူကြကုန်၏။ ထိုဗုဒ္ဓရှင်တော်မြတ်တို့သည် အကျွန်ုပ်၏ ရှိခိုးခြင်းကို ခံယူတော်မူကြပါကုန်။ ထိုရှင်တော်မြတ်ဘုရားတို့သည် အကျွန်ုပ်ကိုလည်း စောင့်ရှောက်တော်မူကြပါကုန်။ ဘုရားရှင်တို့အား ရှိခိုးပါ၏။ ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။ ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏

စာမျက်နှာ-173
ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။ ရဟန်းတို့ . . . ထိုဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုကာ အိပ်တန်းတက်၍ အိပ်စက်ခဲ့လေ၏။
မောရသုတ် မြန်မာပြန် ပြီး၏။

၆။ ဝဋ္ဋသုတ် မြန်မာပြန်
၇၂။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ္တံ ဝိဝဇ္ဇယိ။
အို သူတော်ကောင်းတို့ . . . သဗ္ဗညုတဉာဏ်တော်ကို ရရန် ပါရမီတို့ကို ဖြည့်ကျင့်တော်မူသော ဘုရားအလောင်း ငုံးမင်းကို ဝဋ္ဋသုတ်ပရိတ်တော်၏ တန်ခိုးအာနုဘော်ကြောင့် တောမီးသည် ရှောင်ကွင်းခဲ့လေ၏။

၇၃။ ထေရဿ သာရိပုတ္တဿ၊
လောကနာထေန ဘာသိတံ။

စာမျက်နှာ-174
ကပ္ပဋ္ဌာယိ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
အရှင်သာရိပုတ္တရာမထေရ်အား မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တစ်ကမ္ဘာကာလပတ်လုံး တည်နိုင်၍ ကြီးမားသော တန်ခိုးအာနုဘော်ရှိသော ထိုဝဋ္ဋသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ပွားကြကုန်စို့။

၇၄။ အတ္ထိ လောကေ သီလဂုဏော၊
သစ္စံ သောစေယျ'နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊
သစ္စကိရိယ'မနုတ္တရံ။
လောက၌ သီလတရား၊ သစ္စာတရား၊ စင်ကြယ်သည်၏ အဖြစ်၊ မေတ္တာ၊ ကရုဏာတရားများ ရှိကြ၏။ ထိုတရားများတွင် ပါဝင်သော သစ္စာတရားဖြင့် ထူးမြတ်သော သစ္စာဆိုမှုကို ငါ ပြုပေတော့အံ့။

၇၅။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊
သရိတွာ ပုဗ္ဗကေ ဇိနေ။

စာမျက်နှာ-175
သစ္စဗလ'မဝဿာယ၊
သစ္စကိရိယ မကာသဟံ။
ငါသည် တရားတော်၏ အစွမ်းအာနုဘော်ကို ဆင်ခြင်ပြီးလျှင် ရှေးအတိတ်က ပွင့်တော်မူကြကုန်သော ဘုရားရှင်တို့ကို အောက်မေ့လျက် သစ္စာ၏ အစွမ်းကို အားကိုးပြုကာ သစ္စာဆိုမှု ပြုခဲ့ပေပြီ။

၇၆။ သန္တိ ပက္ခာ အပတနာ၊
သန္တိ ပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊
ဇာတဝေဒ ပဋိက္ကမ။
ငါ့အား အတောင်များ ရှိနေ၏၊ ပျံကား မပျံနိုင်။ ငါ့မှာ ခြေထောက်များ ရှိနေ၏၊ သွားကား မသွားနိုင်။ ငါ့အမိအဖတို့လည်း အသက်ဘေးကြောင့် ရှောင်ပြေးထွက်ခွာကြကုန်ပြီ၊ အို တောမီး . . . ပြန်၍ လှည့်သွား ရှောင်ရှားပါလော့။

၇၇။ သဟ သစ္စေ ကတေ မယှံ၊
မဟာပဇ္ဇလိတော သိခီ။

စာမျက်နှာ-176
ဝဇ္ဇေသိ သောဠသကရီသာနိ၊
ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊
သာ မေ သစ္စပါရမီ။
ငါဘုရားသည် သစ္စာဆိုမှု ပြုအပ်သည်ရှိသော် ပြုသည်နှင့် တစ်ပြိုင်နက် မီးသည် ရေသို့ ရောက်သော် ငြိမ်းအေးရသကဲ့သို့ ကြီးမားသော အရှိန်အလျှံရှိသော တောမီးသည် တစ်ဆယ့်ခြောက်ပယ်စာ အကွာအဝေးတိုင်အောင် ရှောင်ကွင်း ငြိမ်းအေးလေသည်။ ငါ၏ သစ္စာနှင့် တူသော တရားကား မရှိတော့ပေ။ ဤသစ္စာအမှုသည် ငါဘုရား၏ အထွက်အထိပ်ရောက်သော သစ္စာပါရမီတော်ပင် ဖြစ်တော့သည်။
ဝဋ္ဋသုတ် မြန်မာပြန် ပြီး၏။

စာမျက်နှာ-177

၇။ ဓဇဂ္ဂသုတ် မြန်မာပြန်
၇၈။ ယဿာ'နုဿရဏေနာပိ၊
အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌံ မဓိဂစ္ဆန္တိ၊
ဘူမိယံ ဝိယ သဗ္ဗထာ။

၇၉။ သဗ္ဗုပဒ္ဒဝဇာလမှာ၊
ယက္ခစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တာနံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
အို သူတော်ကောင်းတို့ . . . ဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ရုံမျှဖြင့် သတ္တဝါတို့သည် ကောင်းကင်၌ပင် မြေပြင်၌ကဲ့သို့ ထောက်တည်ရာကို ကောင်းစွာလှလှ ရရှိခဲ့ကြပြီ။ ဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ရုံမျှဖြင့် ဘီလူးဘေး၊ ခိုးသူဘေး စသည်တို့မှ လွတ်မြောက်သူတို့ကို မရေတွက်နိုင်တော့ပေ။ ထိုဓဇဂ္ဂသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ပွားကြကုန်စို့။

စာမျက်နှာ-178
၈၀။ ဧဝံ မေ သုတံ--
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ
ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။

၈၁။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ဘိက္ခဝေါ” တိ။
“ဘဒ္ဒန္တေ” တိ တေ ဘိက္ခူ ဘဂဝတော ပစ္စသောသုံ။
ဘဂဝါ ဧတဒဝေါစ--
ဘူတပုဗ္ဗိ ဘိက္ခဝေ ဒေဝါသုရသင်္ဂါမော သမုပဗျူဠော အဟောသိ။
အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ--
“သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊

စာမျက်နှာ-179
မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။”

အရှင်ဘုရား . . . တပည့်တော် ဤသို့ မှတ်သားကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိနေပြည်တော်ဝယ် အနာထပိဏ်သူဌေး၏ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူပါသည်။ ထိုဇေတဝန်ကျောင်းတိုက်၌ပင် ရဟန်းများကို “ရဟန်းတို့” ဟု ခေါ်တော်မူရာ ရဟန်းများက “အရှင်ဘုရား” ဟု မြတ်စွာဘုရား၏ မိန့်ခေါ်ချက်ကို တုံ့ပြန်ခံယူကြပါသည်။ မြတ်စွာဘုရားသည် ဤစကားကို မိန့်ကြားတော်မူပါသည်။ ရဟန်းတို့ . . . ရှေး၌ ဖြစ်ဖူးသည်မှာ တာဝတိံသာနတ်တို့နှင့် အသုရာတို့၏ စစ်ပြင်ဆင်စုရုံးမှု ဖြစ်ခဲ့ဖူး၏။ ထိုအခါ နတ်တို့သနင်း သိကြားမင်းက

စာမျက်နှာ-180
ငါ၏ အလံတော်ထိပ်ဖျားကို မော်မကြည့်မိခဲ့လျှင် ပဇာပတိနတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်လော့။ အကြောင်းမှာ ပဇာပတိနတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ ပြေပျောက်လိမ့်မည်ဖြစ်သောကြောင့်တည်း။

၈၃။ နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

စာမျက်နှာ-181
ပဇာပတိနတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်မကြည့်မိခဲ့လျှင် ဝရုဏနတ်မင်း၏ အလံတော် ထိပ်ဖျားကို မော်ကြည့်ကြကုန်လော့။ အကြောင်းမှာ ဝရုဏနတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ ပြေပျောက်လိမ့်မည်ဖြစ်သောကြောင့်တည်း။

၈၄။ နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတီ” တိ။

စာမျက်နှာ-182
ဝရုဏနတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်မကြည့်မိခဲ့လျှင် ဤသာနနတ်မင်း၏ အလံတော် ထိပ်ဖျားကို မော်ကြည့်ကြကုန်လော့။ အကြောင်းမှာ ဤသာနနတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ ပြေပျောက်လိမ့်မည်ဖြစ်သောကြောင့်တည်း။

၈၅။ တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါနမိန္ဒဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ

စာမျက်နှာ-183
ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယေထာပိ၊ နောပိ ပဟီယေထ။
ရဟန်းတို့. . . နတ်တို့အရှင် သိကြားမင်း၊ ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ အလံတော်ထိပ်ဖျားတို့ကို မော်ကြည့်ကြသော နတ်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းတို့သည် ပျောက်ဖို့ မပျောက်ဖို့ မသေချာပေ။

၈၆။ တံ ကိဿ ဟေတု? သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော၊ အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော၊ ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီ-တိ။
အဘယ့်ကြောင့်နည်းဆိုသော်. . . ရဟန်းတို့ . . . နတ်တို့အရှင် သိကြားမင်း ကိုယ်တိုင်က ရာဂ၊ ဒေါသ၊ မောဟ မကင်းသေး၍ ကြောက်တတ်၊ ကိုယ်တုန်လှုပ်တတ်၊ ထိတ်လန့်တတ်၊ ထွက်ပြေးတတ်သောကြောင့်တည်း။

စာမျက်နှာ-184
၈၇။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ-
ရဟန်းတို့. . . ငါဘုရားကား ဤသို့ မိန့်ကြားတော်မူလို၏။ ရဟန်းတို့. . . တောအရပ်သို့ ဖြစ်စေ၊ သစ်ပင်ရင်းသို့ ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်သို့ ဖြစ်စေ ကပ်ရောက်ကြသော သင်တို့အား ကြောက်လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ အကယ်၍ ဖြစ်လာခဲ့လျှင် ငါဘုရားကိုသာ သင်တို့ အဖန်ဖန် အောက်မေ့ကြကုန်လော့။

၈၈။ “ဣတိပိ သော ဘဂဝါ- အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊

စာမျက်နှာ-185
အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ”-တိ။
ဘုန်းတော်ကြီးမား ထိုမြတ်စွာဘုရားသည် ဗြဟ္မာ နတ်လူတို့၏ အပူဇော်ကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ တရားအလုံးစုံကို အမှန်အတိုင်းသာ ဆရာမရှိ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ ဝိဇ္ဇာဉာဏ်၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူသောကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏။ လောကသုံးပါးကို အကြွင်းမဲ့ သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။ သီလစသော ဂုဏ်အစုဖြင့် အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရ မည်တော်မူ၏။ ဆုံးမထိုက်သော သတ္တဝါတို့ကို အယဉ်ကျေးဆုံးဖြစ်အောင် ဆုံးမပဲ့ပြင်တတ်သော အကြောင်းကြောင့်လည်း ပုရိသဒမ္မသာရထိ မည်

စာမျက်နှာ-186
တော်မူ၏။ ကုန်သည်ကြီးမှူး ဦးစီးပမာ သတ္တဝါတို့ကို သံသရာခရီးမှ ထုတ်ဆောင် ကယ်တင်တော်မူတတ်သော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏။ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လည်းသိ၍ ဝေနေယျတို့ကိုလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏။ ဤသို့ အောက်မေ့ကြလော့။

၈၉။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
အကြောင်းမှာ ငါဘုရားကို အဖန်ဖန် အောက်မေ့ကြသော သင်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ စင်စစ် ပြေပျောက်မည်ဖြစ်သောကြောင့်တည်း။

စာမျက်နှာ-187
၉၀။ နော စေ မမံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ-
၉၁။ “သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပနေယျကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ” တိ။
ငါဘုရားကို မအောက်မေ့မိသော် တရားတော်ကို အောက်မေ့ကြလော့။ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူအပ်၏။ ကောင်းစွာ ဟောအပ်သော တရားတော်မြတ်သည် ကိုယ်တွေ့ သိမြင်အပ်သော တရားတော်ပေတည်း။ အခါမလင့် အကျိုးကို ပေးတတ်၏။ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော် ဖြစ်၏။ အရေးကြီးစွာ စိတ်မှာ စွဲအောင် အမြဲ ဆောင်ထိုက်ပေ၏။ တရားသိမြင် ပညာရှင်တို့သည် အသီးသီး မိမိသန္တာန်၌ သိမြင်အပ်ပေ၏။ ဤသို့ အောက်မေ့ကြလော့။

စာမျက်နှာ-188
၉၂။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
အကြောင်းမှာ တရားတော်ကို အဖန်ဖန် အောက်မေ့ကြသော သင်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ စင်စစ် ပြေပျောက်မည်ဖြစ်သောကြောင့်တည်း။

၉၃။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ-

၉၄။ “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊

စာမျက်နှာ-189
အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ” တိ။
တရားတော်ကို မအောက်မေ့မိသည်ရှိသော် သံဃာတော်ကို အောက်မေ့ကြကုန်လော့။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူတတ်၏။ ဖြောင့်မတ်စွာ ကျင့်တော်မူတတ်၏။ နိဗ္ဗာန်ရရေး အလေးပေးကာ ကျင့်တော်မူတတ်၏။ နတ်လူတို့ အရိုအသေခံထိုက်အောင် ကျင့်တော်မူတတ်၏။ အစုံအားဖြင့် လေးစုံ၊ အသီးသီးအားဖြင့် ရှစ်ပါးသော ဤဘုရားသား သံဃာတော်သည် အဝေးမှ ဆောင်ယူအပ်သော အလှူကိုသော်ပင် ခံတော်မူထိုက်၏။ ဧည့်သည်ကောင်းတို့အတွက် စီမံအပ်သော ပစ္စည်းဝတ္ထုကိုပင် ခံတော်မူထိုက်၏။ အလှူကောင်း အလှူမွန်ကို ခံယူရန် ထိုက်တန်တော်မူ၏။ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်၏။ တစ်လောကလုံး၏ အမြတ်ဆုံး လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။

စာမျက်နှာ-190
အတုမရှိသော ကောင်းမှုပျိုးရာ လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူ၏။ ဤသို့ အောက်မေ့ကြလော့။ ၉၅။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
အကြောင်းမှာ သံဃာတော်ကို အဖန်ဖန် အောက်မေ့ ကြသော သင်တို့အား ကြောက်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ စင်စစ် ပြေပျောက်မည်ဖြစ်သော ကြောင့်တည်း။

၉၆။ တံ ကိဿ ဟေတု? တထာဂတော ဟိ ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။

စာမျက်နှာ-191
အကြောင်းမှာ ပူဇော်အထူးကို ခံတော်မူထိုက်၍ တရားအားလုံးကို ညွှန်ပြသူမရှိ အကုန်အစဉ် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရားသည် ရာဂဒေါသ မောဟ ကင်းတော်မူ၍ ကြောက်ခြင်း ကင်းတော်မူသူ၊ ကိုယ်တုန်လှုပ်ခြင်း ကင်းတော်မူသူ၊ ထိတ်လန့်ခြင်း ကင်းတော်မူသူ၊ ပြေးလေ့ရှိတော်မမူသူဖြစ်သောကြောင့်တည်း။

၉၇။ ဣဒ' မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊ အထာပရံ ဧတ' ဒဝေါစ သတ္ထာ။
မြတ်စွာဘုရားသည် ဤဒေသနာတော်ကို ဟောကြားတော်မူပြီးနောက် ဆက်လက်၍ ဂါထာတို့ကို ဟောကြားတော်မူခဲ့၏။

၉၈။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ၊ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။

စာမျက်နှာ-192
တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ဖြစ်စေ ငါဘုရားကို သင်တို့ အဖန်ဖန် အောက်မေ့ ကြလော့၊ ထိုသို့ အောက်မေ့လျှင် သင်တို့အား ကြောက်လန့်ခြင်း ဖြစ်နိုင်စရာ မရှိပေ။

၉၉။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ။ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
လောကထွတ်ဖူး အကြီးအမှူး ဖြစ်၍ မနှိုင်း မယှဉ်အပ်သည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသော မြတ်စွာ ဘုရားကို အကယ်၍ မအောက်မေ့မိလျှင် မြတ်စွာ ဘုရား ကောင်းစွာ ဟောကြားထားအပ်သော သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော တရားတော်ကို အောက်မေ့ကြလော့။

၁၀၀။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ၊ ပုညက္ခေတ္တံ အနုတ္တရံ။

စာမျက်နှာ-193
မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားအပ် သော သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော တရားတော်ကို အကယ်၍ မအောက်မေ့မိလျှင် ကောင်းမှုမျိုးတို့ စိုက်ပျိုးခင်းသာ လယ်ယာမြေကောင်း ဖြစ်သော အတုမရှိသော သံဃာတော်ကို အောက်မေ့ ကြကုန်လော့။

၁၀၁။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ။ လောမဟံသော န ဟေဿတိ။
ရဟန်းတို့. . . ငါဘုရား ညွှန်ကြားတော်မူခဲ့သည့် အတိုင်း ငါဘုရားကို ဖြစ်စေ၊ တရားတော်ကို ဖြစ်စေ၊ သံဃာတော်ကို ဖြစ်စေ အဖန်ဖန် အောက်မေ့ကြသော သင်တို့အား ကြောက်လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းတို့ လုံးဝ ဖြစ်လိမ့်မည် မဟုတ်ပေ။
ဓဇဂ္ဂသုတ် မြန်မာပြန် ပြီး၏။

စာမျက်နှာ-194

၈။ အာဋာနာဋိယသုတ် မြန်မာပြန်
၁၀၂။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။
၁၀၃။ ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အို သူတော်ကောင်းတို့. . . ကောင်းမြတ်၏-ဟု သိမှတ်အပ်သော မြတ်စွာဘုရားသာသနာတော်ကို မကြည်ညိုကြ၊ ကြမ်းတမ်းကြကုန်သော အမြဲမပြတ် မကောင်းမှု ပြုလေ့ရှိကြကုန်သော ဘီလူးဆိုးတို့(ရဟန်း၊ ရဟန်းမ၊ ဒကာ၊ ဒကာမ-ဟူသော) ပရိသတ်လေးပါးကို မညှဉ်းဆဲနိုင်ရန် ကာကွယ်စောင့်ရှောက်ရန် မြတ်စွာ ဘုရား ဟောကြားတော်မူခဲ့သော အာဋာနာဋိယသုတ် ပရိတ်တော်ကို ငါတို့ ရွတ်ပွားကြကုန်စို့။

စာမျက်နှာ-195
၁၀၄။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
စက္ခုငါးပါးရှိ၍ ဘုန်းကျက်သရေရှိတော်မူသော ဝိပဿီ မြတ်စွာဘုရားအား အကျွန်ုပ် ရှိခိုးပါ၏။ သတ္တဝါအားလုံးကို အစဉ်သနားတော်မူတတ်သော သိခီမြတ်စွာဘုရားအား အကျွန်ုပ် ရှိခိုးပါ၏ ။

၁၀၅။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
ကိလေသာတို့ကို အရဟတ္တမဂ်ရေစင်ဖြင့် ဆေးပြီး တော်မူ၍ ချီးမွမ်းထိုက်သော အကျင့်မြတ်ရှိတော်မူသော ဝေဿဘူ မြတ်စွာဘုရားအား အကျွန်ုပ် ရှိခိုးပါ၏။ မာရ်စစ်သည်အပေါင်းကို ကောင်းစွာ နှိမ်နင်းဖျက်ဆီး

စာမျက်နှာ-196
တော်မူပြီးသော ကကုသန်မြတ်စွာ ဘုရားအား အကျွန်ုပ် ရှိခိုးပါ၏ ။

၁၀၆။ ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
အရိယမဂ်ဓာတ် အကျင့်မြတ်ဖြင့် မကောင်းမှုကို ပယ်ရှားတော်မူပြီးသော ကောဏာဂုံ မြတ်စွာဘုရားအား အကျွန်ုပ် ရှိခိုးပါ၏။ ကိလေသာ အားလုံးမှ ကင်းလွတ် တော်မူပြီးသော ကဿပ မြတ်စွာဘုရားအား အကျွန်ုပ် ရှိခိုးပါ၏ ။

၁၀၇။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
သာကီဝင်မင်းသား ဂေါတမမြတ်စွာဘုရားသည် ဒုက္ခခပ်သိမ်း ငြိမ်းစေဘိတောင်း ပယ်နှုတ်ကြောင်းဖြစ်

စာမျက်နှာ-197
သော ဤတရားဒေသနာတော်ကို ဟောကြားတော်မူ ခဲ့၏။ ကိုယ်အင်္ဂါမှ ဖြာဖြာရွှန်းလက် ထွက်သော ရောင်ခြည်ရှိတော်မူ၍ ကျက်သရေရှိတော်မူလှသော သာကီဝင်မင်းသား ထိုဂေါတမ မြတ်စွာဘုရားအား အကျွန်ုပ် ရှိခိုးပါ၏။

၁၀၈။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာ၊ မဟန္တာ ဝီတသာရဒါ။
လောက၌ ရဟန္တာပုဂ္ဂိုလ်တို့သည် ကိလေသာမီး ငြိမ်းပြီးတော်မူကြ၍ အမှန်အတိုင်း သိမြင်တော်မူကြ ကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ချောပစ်ကုန်းတိုက်ခြင်း ကင်းတော်မူကြကုန်၏။ သီလစသော ဂုဏ်တော်များနှင့် ပြည့်စုံတော်မူကြကုန်၏။ ကြောက်ရွံ့ခြင်း ကင်းတော်မူ ကြကုန်၏။

၁၀၉။ ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။

စာမျက်နှာ-198
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။
ထိုရဟန္တာပုဂ္ဂိုလ်တို့သည် နတ်လူတို့ ကြီးပွား ချမ်းသာခြင်းငှာ ပွင့်တော်မူလာသော ဝိဇ္ဇာဉာဏ် အကျင့်စရဏနှင့် ပြည့်ဝတော်မူ၍ မြင့်မြတ်တော်မူ သော၊ ကြောက်ရွံ့ခြင်း ကင်းတော်မူသော ဂေါတမ မြတ်စွာဘုရားကို ရှိခိုးကြကုန်၏။ (ထိုရဟန္တာအရှင်မြတ် တို့အား အကျွန်ုပ် ရှိခိုးပါ၏။)

၁၁၀။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။
ဤဝိပဿီစသော ဘုရားခုနစ်ဆူနှင့် တကွ ကုဋေရာပေါင်း များစွာသော ဘုရားရှင်တို့သည် အတုမဲ့ အနှိုင်းမဲ့ ဖြစ်တော်မူကြကုန်၏။ အလွန့်အလွန် တန်ခိုးကြီးမားတော်မူကြကုန်၏။

စာမျက်နှာ-199
၁၁၁။ သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု' ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
အလုံးစုံသော ဘုရားရှင်တို့သည် ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်၏။ ဝေသာရဇ္ဇ ဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူကြကုန်၏၊ မြတ်သော သဗ္ဗညု (အလုံးစုံကို သိသူ) ဖြစ်၏-ဟု ဝန်ခံတော်မူကြ ကုန်၏။

၁၁၂။ သီဟနာဒံ နဒန္တေ' တေ၊ ပရိသာသု ဝိသာရဒါ။ ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
ထိုဘုရားရှင်တို့သည် ပရိသတ်ထဲ၌ ကြောက်ရွံ့ ခြင်းကင်း ရဲတင်းတော်မူကြကုန်သည်ဖြစ်၍ ခြင်္သေ့ ဟောက်သံနှင့် တူသော တရားအသံတော်ကို ကျူးရင့် တော်မူကြကုန်၏။ လောက၌ မည်သူမျှ မကန့်ကွက်နိုင်သော

စာမျက်နှာ-200
ဓမ္မစကြာတရားတော်မြတ်ကို ဟောကြားတော်မူကြ ကုန်၏။
၁၁၃။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။
ဘုရားရှင်တို့သည် အာဝေဏိကဂုဏ်တော် ဆယ့်ရှစ်ပါး၊ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး၊ လက္ခဏာတော်ငယ် ရှစ်ဆယ်တို့နှင့် ပြည့်စုံတော် မူကြကုန်၏။

၁၁၄။ ဗျာမပ္ပဘာယ သုဒ္ဓာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
အားလုံးသော ဘုရားရှင်တို့သည် တစ်လံမျှ လောက်သော ရောင်ခြည်တော်ဝန်းဖြင့် အလွန် ထွန်းလင်း တောက်ပတော်မူကြကုန်၏။ အားလုံးသော ထိုဘုရားရှင်

စာမျက်နှာ-201
တို့သည် အာသဝေါကုန်ခန်း၍ မာရ်ငါးပါးကို အောင်မြင် တော်မူပြီးကြကုန်၏။

၁၁၅။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
ထိုဘုရားရှင်တို့သည် ကိုယ်တော်ရောင်၊ ဉာဏ်တော် ရောင်တို့ဖြင့် လွန်စွာ ထွန်းလင်း တောက်ပ တော်မူကြ ကုန်၏၊ တန်ခိုးတေဇော် အာနုဘော် ကြီးမားတော်မူ ကြကုန်၏။ ကာယအား၊ ဉာဏအား ကြီးမားတော်မူ ကြကုန်၏။ သတ္တဝါအားလုံးအပေါ်၌ လွန်စွာ ကြီးမားသော ကရုဏာရှိတော်မူကြကုန်၏၊ လွန်စွာ တည်ကြည်သော သမာဓိ ရှိတော်မူကြကုန်၏၊ သတ္တဝါ အားလုံးတို့အား ကောင်းကျိုးချမ်းသာကို ပေးသနား တော်မူကြကုန်၏။

၁၁၆။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။

စာမျက်နှာ-202
ဂတီ ဗန္ဓု မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။
ထိုဘုရားရှင်တို့သည် သတ္တဝါတို့၏ ကျွန်းကြီးများ သဖွယ် ဖြစ်တော်မူကြကုန်၏၊ ကိုးကွယ်ရာ ထောက်တည် ရာလည်း ဖြစ်တော်မူကြကုန်၏၊ သတ္တဝါတို့ကို ဝဋ်ဒုက္ခမှ ကယ်တင်တော်မူတတ်ကြကုန်၏၊ သတ္တဝါတို့ ဘေးရန်မှ တိမ်းရှောင် ပုန်းအောင်းရာလည်း ဖြစ်တော်မူကြကုန်၏၊ အားထားချဉ်းကပ်ရာလည်း ဖြစ်တော်မူကြကုန်၏၊ မိတ်ကောင်း ဆွေကောင်းလည်း ဖြစ်တော်မူကြကုန်၏၊ ထူးမြတ်သော အားကိုးရာလည်း ဖြစ်တော်မူကြကုန်၏၊ ကိုးကွယ်ရာလည်း ဖြစ်တော်မူကြကုန်၏၊ သတ္တဝါတို့၏ အကျိုးကို ရှာမှီးလေ့ ရှိတော်မူကြကုန်၏။

၁၁၇။ သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။

စာမျက်နှာ-203
အားလုံးသော ထိုဘုရားရှင်တို့သည် လူနတ် ဗြဟ္မာ သတ္တဝါအပေါင်း၏ ထူးမြတ်သော မှီခိုဆည်းကပ်ရာ ဖြစ်တော်မူကြကုန်၏။ ယောက်ျားမြတ် ဖြစ်ကြကုန်သော ထိုဘုရားရှင်တို့ကို အကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင် တို့၏ ခြေတော်တို့ကို အကျွန်ုပ် ဦးချ ရှိခိုးပါ၏။

၁၁၈။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ'တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေစာပိ သဗ္ဗဒါ။
အကျွန်ုပ်သည် ထိုဘုရားတို့ကို နှုတ်ဖြင့်ရော စိတ်ဖြင့်ပါ ရှိခိုးပါ၏။ သွား ရပ် ထိုင် လျောင်း လေးပါးသော ဣရိယာပုတ်အပေါင်းမှာ အခါခပ်သိမ်း ရှိခိုးပါ၏။

၁၁၉။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။

စာမျက်နှာ-204
၁၂၀။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။ သဗ္ဗဝေရ'မတိက္ကန္တော၊ နိဗ္ဗူတော စ တုဝံ ဘဝ။
၁၂၁။ တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
ဒုက္ခခပ်သိမ်း ငြိမ်းအေးမှုကို ပြုတတ်ကုန်သော ဘုရားမြတ်တို့သည် သင့်ကို အခါခပ်သိမ်း ချမ်းသာ အောင် စောင့်ရှောက်တော်မူကြပါစေ။ ထိုဘုရားရှင်တို့ အစောင့် အရှောက် ခံရသည်ဖြစ်၍ သင်သည် ဘေးခပ်သိမ်းတို့မှလည်း လွတ်မြောက်ပါစေ။ သင်သည် ရောဂါမှန်သမျှမှ အထူး ကင်းလွတ်ကာ ပူပန်ခပင်း ကွင်းရှောင်အပ်သည်ဖြစ်၍ ရန်မျိုးဟူသမျှကို ကျော်လွန်နိုင်ပြီးလျှင် ငြိမ်းအေးသူလည်း ဖြစ်ပါစေ။

စာမျက်နှာ-205
ထိုရှင်တော်မြတ်ဘုရားတို့၏ သစ္စာ၊ သီလ၊ ခန္တီ၊ မေတ္တာတို့၏ အစွမ်းဖြင့် ထိုဘုရားမြတ်တို့သည် အကျွန်ုပ် တို့ကိုလည်း ရောဂါကင်းအောင် ချမ်းသာ အောင် အစဉ် စောင့်ရှောက်တော်မူကြပါစေ။

၁၂၂။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
အရှေ့အရပ်မျက်နှာ၌ ရှိကြသော တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့သည် အကျွန်ုပ်တို့ကို ရောဂါကင်းအောင် ချမ်းသာအောင် အစဉ် စောင့်ရှောက်ကြပါစေ။

၁၂၃။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

စာမျက်နှာ-206
တောင်အရပ်မျက်နှာ၌ ရှိကြသော တန်ခိုးကြီး ကုမ္ဘဏ်နတ်တို့သည် အကျွန်ုပ်တို့ကို ရောဂါကင်း အောင် ချမ်းသာအောင် အစဉ် စောင့်ရှောက်ကြပါစေ။

၁၂၄။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
အနောက်အရပ်မျက်နှာ၌ ရှိကြသော တန်ခိုးကြီး သော နဂါးတို့သည် အကျွန်ုပ်တို့ကို ရောဂါကင်းအောင် ချမ်းသာအောင် အစဉ် စောင့်ရှောက်ကြပါစေ။

၁၂၅။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
မြောက်အရပ်မျက်နှာ၌ ရှိကြသော တန်ခိုးကြီး သော ဘီလူးတို့သည် အကျွန်ုပ်တို့ကို ရောဂါကင်းအောင် ချမ်းသာအောင် အစဉ် စောင့်ရှောက်ကြပါစေ။

စာမျက်နှာ-207
၁၂၆။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရုဠကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်း ရှိ၏။ တောင် အရပ်၌ ဝိရုဠကနတ်မင်း ရှိ၏။ အနောက်အရပ်၌ ဝိရူပက္ခနတ်မင်း ရှိ၏။ မြောက်အရပ်၌ ကုဝေရနတ်မင်း ရှိ၏။

၁၂၇။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
ထိုနတ်မင်းကြီး လေးယောက်တို့သည် လောကကို စောင့်ရှောက်ကြကုန်၏။ များသော အခြံအရံ ရှိကြ ကုန်၏။ ထိုနတ်မင်းကြီး လေးယောက်တို့သည် အကျွန်ုပ် တို့ကို ရောဂါကင်းအောင် ချမ်းသာအောင် အစဉ် စောင့်ရှောက်ကြပါစေ။

စာမျက်နှာ-208
၁၂၈။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
တန်ခိုးကြီးမားသော ကောင်းကင်၌ တည်သော နတ်၊ တန်ခိုးကြီးမားသော မြေ၌ တည်သော နတ်၊ တန်ခိုးကြီးမားသော နဂါးတို့သည် အကျွန်ုပ်တို့ကို ရောဂါကင်းအောင် ချမ်းသာအောင် အစဉ် စောင့်ရှောက် ကြပါစေ။

၁၂၉။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
ဤမြတ်စွာဘုရားသာသနာတော်၌ နေကြသော တန်ခိုးကြီးမားသော နတ်တို့သည် အကျွန်ုပ်တို့ကို ရောဂါကင်းအောင် ချမ်းသာအောင် အစဉ် စောင့်ရှောက် ကြပါစေ။

စာမျက်နှာ-209
၁၃၀။ သဗ္ဗေတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။
ဘေးရန်မှန်သမျှ ရှောင်ရှားကြပါစေ၊ စိုးရိမ်ပူပန်မှုနှင့် ရောဂါအမျိုးမျိုး အလျှင်းမရောက် ကင်းပျောက်ကြပါစေ၊ သင့်အား အန္တရာယ်ကင်းပါစေ၊ သင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ၊ အသက်ရှည်ပါစေ။

၁၃၁။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
ရှိခိုးခြင်း အလေ့ရှိ၍ အသက်သိက္ခာကြီးသူတို့ကို အရိုအသေ ပြုတတ်သူအား အသက်၊ အဆင်း၊ ချမ်းသာခြင်းနှင့် ခွန်အားဟူသော အကျိုးတရား လေးပါးတို့ တိုးပွားကုန်၏။
အာဋာနာဋိယသုတ် မြန်မာပြန် ပြီး၏။

စာမျက်နှာ-210

၉။ အင်္ဂုလိမာလသုတ် မြန်မာပြန်
၁၃၂။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။
အို သူတော်ကောင်းတို့. . . အင်္ဂုလိမာလသုတ် ပရိတ်တော်ကို ရွတ်ပွားသော ပုဂ္ဂိုလ်၏ ထိုင်ခုံကို ဆေးသော ရေသည်ပင် ဘေးရန် အားလုံးကို ကင်းပျောက် စေနိုင်၏။

၁၃၃။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အင်္ဂုလိမာလသုတ်ပရိတ်တော်သည် ရွတ်ပွားနေစဉ် အခိုက်၌ပင် ချမ်းချမ်းသာသာ မွေးဖွားစေနိုင်၏။

စာမျက်နှာ-211
အင်္ဂုလိမာလမထေရ်အား မြတ်စွာဘုရား ဟောကြား တော်မူအပ်သော ကမ္ဘာဆုံးတိုင် တည်တံ့နိုင်၍ ကြီးမားသော တန်ခိုးရှိသော ထိုအင်္ဂုလိမာလသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ပွားကြကုန်စို့။

၁၃၄။ ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။
နှမ. . . ငါသည် အရိယာဇာတ်ဖြင့် ဖြစ်သည့် အခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါကို သတ်ခဲ့ဖူးသည်ကို မသိပေ၊ ဤသစ္စာစကားကြောင့် သင်ရော ကလေးပါ ချမ်းသာပါစေ။
အင်္ဂုလိမာလသုတ် မြန်မာပြန် ပြီး၏။

စာမျက်နှာ-212

၁၀။ ဗောဇ္ဈင်္ဂသုတ် မြန်မာပြန်
၁၃၅။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
အို သူတော်ကောင်းတို့. . . ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်တို့သည် သံသရာ၌ ကျင်လည်ကြသော သတ္တဝါတို့၏ ဒုက္ခခပ်သိမ်းကို အေးငြိမ်းစေကြကုန်၏။ မာရ်စစ်သည်အပေါင်းကို ကောင်းစွာ နှိမ်နင်း ဖျက်ဆီး တတ်ကြကုန်၏။

၁၃၆။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ' မဇရာ' ဗျာဓိ၊ အမတံ နိဗ္ဘယံ ဂတာ။
မြတ်သော အရိယာပုဂ္ဂိုလ်တို့သည် ထိုဗောဇ္ဈင် ခုနစ်ပါး မြတ်တရားတို့ကို သိ၍ ဘုံသုံးပါးမှ လွတ်မြောက်

စာမျက်နှာ-213
ကြကုန်ပြီ။ ပဋိသန္ဓေနေရခြင်း အိုခြင်း နာခြင်း သေခြင်း ကင်းရာ, ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်ကြကုန်ပြီ။

၁၃၇။ ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
ဗောဇ္ဈင်္ဂသုတ်ပရိတ်တော်သည် ဆိုအပ်ခဲ့သော ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံ၍ ဂုဏ်ပေါင်းများစွာ စုဝေးရာ ဖြစ်၏။ ရောဂါပျောက်ရေးဝယ် ဆေးသဖွယ် ဖြစ်၏၊ အန္တရာယ်ကင်းရေးဝယ် မန္တန်သဖွယ် ဖြစ်၏။ ဤဗောဇ္ဈင်္ဂသုတ် ပရိတ်တရားတော်ကို ငါတို့ ရွတ်ပွားကြ ကုန်စို့။

၁၃၈။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။
၁၃၉။ သမာ'ဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။

စာမျက်နှာ-214
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
၁၄၀။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
တရားအလုံးစုံကို အကုန်သိတော်မူသော မြတ်စွာ ဘုရား ဟောကြားတော်မူအပ်သော သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ သမာဓိနှင့် ဥပေက္ခာ-ဟူသော ဗောဇ္ဈင်ခုနစ်ပါး ဤတရားတို့ကား ပွားများလေ့လာခဲ့လျှင် သစ္စာလေးပါးကို သိရန်၊ နိဗ္ဗာန်ရရန်၊ မဂ်ရရန် ဖြစ်သည်။ ဤသစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာ ပါစေ။

၁၄၁။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

စာမျက်နှာ-215
အခါတစ်ပါး၌ မကျန်းမာ၍ ဆင်းရဲဒုက္ခ ရောက်နေ ကြသော အရှင်မဟာမောဂ္ဂလ္လာန်မထေရ်နှင့် အရှင် မဟာကဿပမထေရ်တို့ကို မြတ်စွာဘုရား မြင်တော်မူ၍ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားတို့ကို ဟောကြားတော်မူ ခဲ့၏။

၁၄၂။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ထိုမထေရ်မြတ်တို့သည် မြတ်စွာဘုရား၏ ဗောဇ္ဈင် ခုနစ်ပါး တရားတော်ကို နှစ်သက် သဘောကျ၍ ခဏ ချက်ချင်း ရောဂါပျောက်ကင်းခဲ့ကြပြီ။ ဤသစ္စာစကား ကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာပါစေ။

၁၄၃။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။

စာမျက်နှာ-216
၁၄၄။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
အခါတစ်ပါး၌ ဘုရားရှင်ကိုယ်တိုင် မကျန်းမာ၍ စုန္ဒမထေရ် ရွတ်ဆိုသော ဗောဇ္ဈင်္ဂသုတ်ပရိတ်တရား တော်ကိုရိုသေစွာ နာကြား၍ သာဓု သာဓု-ဟု ကောင်းချီးပြု တော်မူခဲ့ပြီ။ ထိုသို့ ကောင်းချီးပြုပြီးသည်နှင့် တစ်ပြိုင်နက် ရောဂါကင်းကွာ ကျန်းမာတော်မူခဲ့ပြီ။ ဤသစ္စာစကား ကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာပါစေ။

၁၄၅။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

စာမျက်နှာ-217
မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့သည် တစ်ဖန် ထပ်ကာ ပေါ်မလာတော့သကဲ့သို့ မဟေသီသုံးပါး (-ဘုရား၊ အရှင်မဟာကဿပ၊ အရှင်မဟာမောဂ္ဂလ္လာန်) တို့၏ ဗောဇ္ဈင်တရားဖြင့် ပယ်ရှားအပ်သော ဝေဒနာများမှာ လည်း နောင်ပေါ်ခြင်း အလျှင်း မရှိတော့သည်၏ အဖြစ်သို့ ရောက်ခဲ့သည်။ ဤသစ္စာစကားကြောင့် သင့်အား ထာဝစဉ် ချမ်းသာပါစေ။
ဗောဇ္ဈင်္ဂသုတ် မြန်မာပြန် ပြီး၏။

၁၁။ ပုဗ္ဗဏှသုတ် မြန်မာပြန်
၁၄၆။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ' မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသမေန္တု။
၁၄၇။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ။

စာမျက်နှာ-218
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ’မေန္တု။
၁၄၈။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ' မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ' မေန္တု။
မကောင်းသော နိမိတ်၊ အမင်္ဂလာ၊ နှစ်သက်ဖွယ် မရှိသော ငှက်ဆိုးသံ၊ ပါပဂြိုဟ်နှင့် နှစ်လိုဖွယ် မရှိသော အိပ်မက်ဆိုး အမျိုးမျိုးတို့သည် ဘုရားမြတ်တို့၏ အာနုဘော်ကြောင့် ကင်းပျောက်ကြပါစေ။ တရားတော် တို့၏ အာနုဘော်ကြောင့် ကင်းပျောက်ကြပါစေ။ သံဃာတော်တို့၏ အာနုဘော်ကြောင့် ကင်းပျောက်ကြ ပါစေ။

၁၄၉။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိသောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

စာမျက်နှာ-219
ဆင်းရဲဒုက္ခ ကြုံတွေ့ နေရသော သတ္တဝါမှန်သမျှ ဆင်းရဲဒုက္ခ ကင်းကြပါစေ။ ဘေးအန္တရာယ် ဆိုက်ရောက် နေကြသော သတ္တဝါမှန်သမျှ ဘေးအန္တရာယ် ကင်းကြ ပါစေ။ စိတ်သောက ရောက်လျက် ရှိကြသော သတ္တဝါ မှန်သမျှ စိတ်သောက ကင်းဝေးကြပါစေ။

၁၅ဝ။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ငါတို့ ကောင်းစွာ ဆည်းပူးအပ်သော ကောင်းမှု၏ ပြည့်စုံခြင်းကို အလုံးစုံသော နတ်တို့သည် စည်းစိမ်ချမ်းသာ အကုန်ပြည့်စုံ ဖို့ရာ သာဓုအနုမောဒနာ ပြုကြပါကုန်လော့။

၁၅၁။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ' ဂတာ။

စာမျက်နှာ-220
ရတနာသုံးတန်နှင့် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြကုန်၍ အလှူဒါနကို ပေးလှူကြကုန်လော့။ အခါမလပ် သီလကို စောင့်ရှောက်ကြကုန်လော့၊ သမထဝိပဿနာ ဘာဝနာ၌ ပျော်ပိုက်ကြကုန်လော့၊ တရားနာလာရောက်ကြကုန်သော နတ်တို့သည် မိမိတို့၏ နေရင်းဌာနသို့ ပြန်ကြပါကုန်လော့။

၁၅၂။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
ကိုယ်တော်အား ဉာဏ်တော်အားကို ရပိုင်တော်မူကြကုန်သော ဘုရားရှင်တို့နှင့် ပစ္စေကဗုဒ္ဓါတို့၏ အစွမ်းအာနုဘော်ဖြင့်လည်းကောင်း၊ ရဟန္တာတို့၏ တန်ခိုးအာနုဘော်ဖြင့်လည်းကောင်း အခါခပ်သိမ်း အကာအကွယ် အစောင့်အရှောက်ကို ငါ ဖွဲ့၏။

၁၅၃။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။

စာမျက်နှာ-221
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
လူ့ပြည်၊ နဂါး ဂဠုန်-စသော ပြည်နှင့် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ရှိသမျှ ကောင်းမြတ်သော ရတနာတို့တွင် မြတ်စွာဘုရားနှင့် တူသော ရတနာကား မရှိနိုင်သည်သာ။ ဘုရားမြတ်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်ကား ထူးခြား ကောင်းမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၁၅၄။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
လူ့ပြည်၊ နဂါး ဂဠုန်-စသော ပြည်၊ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ရှိသမျှ ကောင်းမြတ်သော ရတနာတို့တွင်

စာမျက်နှာ-222
တရားတော်နှင့် တူသော ရတနာကား မရှိနိုင်သည်သာ။ တရားတော်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်ကား ထူးခြား ကောင်းမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

၁၅၅။ ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
လူ့ပြည်၊ နဂါး ဂဠုန်-စသော ပြည်နှင့် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ရှိသမျှ ကောင်းမြတ်သော ရတနာတို့တွင် သံဃာတော်နှင့် တူသော ရတနာကား မရှိနိုင်သည်သာ။ သံဃာတော်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်ကား ထူးခြား ကောင်းမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ။

စာမျက်နှာ-223
၁၅၆။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၅၇။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၅၈။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
ကောင်းခြင်းမင်္ဂလာမှန်သမျှ ဖြစ်ပါစေ၊ ခပ်သိမ်းသော နတ်အများက စောင့်ရှောက်ကြပါစေ၊ အလုံးစုံသော ဘုရားရှင်တို့၏ တန်ခိုးအာနုဘော်ကြောင့် ထိုသတ္တဝါတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

စာမျက်နှာ-224
အလုံးစုံသော တရားတော်တို့၏ တန်ခိုးအာနုဘော်ကြောင့် ထိုသတ္တဝါတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အလုံးစုံသော သံဃာတော်တို့၏ တန်ခိုးအာနုဘော်ကြောင့် ထိုသတ္တဝါတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၁၅၉။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
မဟာကရုဏာရှင် မြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားအတွက် ပါရမီတော်အလုံးစုံ အကုန်ဖြည့်ကျင့်တော်မူပြီးလျှင် အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တို့ကို ရတော်မူခဲ့သည်။ ဤသစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာပါစေ။

စာမျက်နှာ-225
၁၆ဝ။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို တိုးပွားစေတတ်သော ရှင်တော်မြတ်ဘုရားသည် ဗောဓိပင်အနီး အပရာဇိတပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင်သည် ဘေးရန်ခပ်သိမ်းကို အောင်မြင်ပါစေ၊ အောင်ကြောင်းမင်္ဂလာတို့ကို သင် ပြီးမြောက်အောင်မြင်ပါစေ။

၁၆၁။ အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
ဘုရားရှင်မှန်သမျှတို့၏ ဗုဒ္ဓါဘိသေက ခံယူရာ မြေတကာတို့၏ အထွက်အထိပ် အလွန် တင့်တယ်

စာမျက်နှာ-226
ကောင်းမြတ်မြေအရပ်ဖြစ်သော အပရာဇိတပလ္လင်၌ ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ ရောက်သော ရှင်တော်မြတ်သည် အလွန်ရွှန်းလန်း ဝမ်းမြောက်တော်မူရသကဲ့သို့ သင်လည်း အထက်တန်းရောက်ကာ ဝမ်းမြောက်ရွှင်လန်းပါစေ။

၁၆၂။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
သုစရိုက်ကျင့်ရာ နေ့အခါကား ကောင်းသော နက္ခတ်၊ ကောင်းသော မင်္ဂလာချည်းသာ။ ကောင်းသော မိုးလင်းရခြင်း၊ ကောင်းသော အိပ်ရာမှ ထခြင်း၊ ကောင်းသော ခဏ၊ ကောင်းသော မုဟုတ်ချည်းသာ ဖြစ်သည်။ ထို့နေ့၌ အကျင့်ကောင်းရှိသူ ပုဂ္ဂိုလ်တို့၌ လှူရသော အလှူမှာ ကောင်းသော လှူဒါန်းပူဇော်ရခြင်း ဖြစ်သည်။

စာမျက်နှာ-227
၁၆၃။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။
သုစရိုက်ကျင့်ရာ နေ့အခါ၌ ထိုသူ၏ ကာယကံမှု၊ ဝစီကံမှု မှန်သမျှသည် တိုးတက်ကြီးပွားကြောင်း အကောင်းအမြတ်ချည်းသာတည်း။ ထိုသုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား တိုးတက်ကြီးပွားကြောင်း ကောင်းမှု၌ ထားခြင်းမည်၏။

၁၆၄။ တေ အတ္တလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

စာမျက်နှာ-228
တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သော ကံသုံးပါးတို့ကို ပြုကြကုန်၍ ကောင်းမြတ်သော အကျိုးတို့ကို ရရှိကြပါစေ။ သင်တို့သည် ကောင်းကျိုးကို ရရှိကြပါစေ၊ ချမ်းသာခြင်း ရှိကြပါစေ၊ ဘုရားရှင် သာသနာတော်၌ တိုးတက်စည်ကား ကြီးပွားကြကုန်သည်ဖြစ်၍ ဆွေမျိုးအပေါင်းနှင့်တကွ အနာရောဂါ ကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြကုန်သည် ဖြစ်ကြပါစေ။
ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။

စာမျက်နှာ-229

ပရိတ်တော် လင်္ကာများ

၁။ မင်္ဂလသုတ်
၁။ လူနတ်ဗြဟ္မာ၊ သတ္တဝါအနန္တ၊ ချမ်းသာကြဖို့၊ ဗုဒ္ဓမြတ်စွာ၊ စောသတ္ထာက၊ မင်္ဂလာတရား၊ သုံးဆယ့်ရှစ်ပါး၊ ဟောကြားခဲ့ပါပေ။
၂။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၃။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၄။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၅။ မင်္ဂလခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ်ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုးဖြာဖြာဝေ။
၆။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၇။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။

စာမျက်နှာ-230

၂။ ရတနသုတ်
၁။ လူ့ဘုံ နတ်ဘုံ၊ နဂါးဘုံမှာ၊ ရတနာကား၊ အစားစား၊ များပြားလှပါပေ။
၂။ တန်နိုးတေဇာ၊ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှ၊ ရတနာက၊ လုံးဝ မရှိပါပေ။
၃။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ လူ့ဘုံနတ်ဘုံ၊ နဂါးဘုံမှာ၊ ရတနာကား၊ အစားစား၊ များပြားလှပါပေ။
၇။ တန်ခိုးတေဇာ၊ ဝေဖြာတောက်ကြွား၊ မြတ်တရားနှင့် မခြားတူမျှ၊ ရတနာက၊ လုံးဝ မရှိပါပေ။
၈။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-231
၉။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁ဝ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၁။ လူ့ဘုံနတ်ဘုံ၊ နဂါးဘုံမှာ၊ ရတနာကား၊ အစားစား၊ များပြားလှပါပေ။
၁၂၊ တန်ခိုးတေဇာ၊ ဝေဖြာတောက်ကြွား၊ သံဃာများနှင့်၊ မခြားတူမျှ၊ ရတနာက၊ လုံးဝ မရှိပါပေ။
၁၃။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊
၁၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း၊ ကြပါစေ။
၁၆။ ရတနခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။

စာမျက်နှာ-232
၁၇။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၃။ မေတ္တသုတ်
၁။ လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၂။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၃။ ရှည် တို အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-233
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၄။ ကြီး ငယ် အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၅။ ဆူ ကြုံ အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၆။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

စာမျက်နှာ-234
ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၇။ နီးနေ ဝေးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၈။ ဘဝကုန် မကုန်၊ နှစ်ဖုံများစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၉။ မေတ္တခေါ် အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁ဝ။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-235
၁၁။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၂။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၄။ ခန္ဓသုတ်
၁။ ဝိရူပက္ခ၊ နာဂမည်သာ၊ နဂါးများစွာ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၂။ ဧရာပထ၊ နာဂမည်သာ၊ နဂါးများစွာ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေး ကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၃။ ဆဗျာပုတ္တ၊ နာဂမည်သာ၊ နဂါးများစွာ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-236
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၄။ ကဏှာဂေါတမက၊ နာဂမည်သာ၊ နဂါးများစွာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၅။ ခြေမရှိကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ ခြေနှစ်ချောင်းရှိကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

စာမျက်နှာ-237
ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၇။ ခြေလေးချောင်းရှိကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၈။ ခြေများစွာရှိကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၉။ သတ္တဝါတွေက၊ များပြားလှ၊ မှန်းဆ ရနိုင်ပေ။
၁၀။ ဗုဒ္ဓဂုဏ်က၊ များပြားလှ၊ မှန်းဆ မရနိုင်ပေ။
၁၁။ သတ္တဝါတွေက၊ များပြားလှ၊ မှန်းဆ ရနိုင်ပေ။
၁၂။ ဓမ္မဂုဏ်က၊ များပြားလှ၊ မှန်းဆ မရနိုင်ပေ။

စာမျက်နှာ-238
၁၃။ သတ္တဝါတွေက၊ များပြားလှ၊ မှန်းဆ ရနိုင်ပေ။
၁၄။ သံဃာ့ဂုဏ်က၊ များပြားလှ၊ မှန်းဆ မရနိုင်ပေ။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၅။ ခန္ဓခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၆။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၇။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၈။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

စာမျက်နှာ-239

၅။ မောရသုတ်
၁။ ဂင်္ဂါဝါလု၊ သဲစုမက၊ များပြားလှသည့် ဘုရားရှင်တို့ ဂုဏ်၊ အဖုံဖုံကို၊ အာရုံပြုကာ၊ ရှိခိုးကာဖြင့်၊ အိပ်ရာတက်ဆင်း၊ ဥဒေါင်းမင်း၊ ညွတ်ကွင်း မမိနိုင်ပေ။
၂။ ညွှတ်ကွင်း မမိရာ၊ နှစ်ပေါင်းမှာ၊ ခုနှစ်ရာ ကြာမြင့်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ မောရခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၇။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-240
၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၆။ ဝဋ္ဋသုတ်
၁။ အလောင်းတော် ဗောဓိသတ်၊ ငုံးမင်းမြတ်က၊ ဗုဒ္ဓ ဓမ္မ၊ သံဃ၏ဂုဏ်၊ အဖုံဖုံကို၊ အာရုံပြုကာ၊ ဆင်ခြင်ကာ၊ သစ္စာဆိုခဲ့ပေ။
၂။ အတောင်နှစ်ဘက်မှာ၊ ပါတော့ ပါ၊ မပျံသန်း နိုင်ပါပေ။
၃။ ခြေနှစ်ချောင်းမှာ၊ ပါတော့ ပါ၊ မသွားလာနိုင်ပါပေ။
၄။ မိဘနှစ်ပါး ရှိလျက်သား၊ ပြေးသွားကုန်ပါပေ။
၅။ ဤသည့်စကား၊ မှန်ကန်ငြား၊ မီးကွင်းသွားပါစေ။
၆။ သစ္စာတန်ခိုးကား၊ လွန်ကြီးမား၊ မီးကွင်းသွားခဲ့ပေ။
၇။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

စာမျက်နှာ-241
၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၀။ ဝဋခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၂။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၃။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၇။ ဓဇဂ္ဂသုတ်
၁။ နတ်တို့သနင်း၊ သိကြားမင်းနှင့်၊ နတ်မင်းတို့ အလံဖျား၊ ကြည့်သူကား၊ ရွံ့ရှားမကင်းနိုင်ပေ။
၂။ ဘုရားဂုဏ်တော်များ၊ ရွတ်ဆိုပွား၊ ရွံ့ရှားကင်း နိုင်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-242
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁။ နတ်တို့သနင်း၊ သိကြားမင်းနှင့်၊ နတ်မင်းတို့ အလံဖျား၊ ကြည့်သူကား၊ ရွံ့ရှားမကင်းနိုင်ပေ။
၂။ တရားဂုဏ်တော်များ၊ ရွတ်ဆိုပွား၊ ရွေ့ရှားကင်း နိုင်ပေ။
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့်၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁။ နတ်တို့သနင်း၊ သိကြားမင်းနှင့်၊ နတ်မင်းတို့ အလံဖျား၊ ကြည့်သူကား၊ ရွံ့ရှားမကင်းနိုင်ပေ။
၂။ သံဃာ့ဂုဏ်တော်များ၊ ရွတ်ဆိုပွား၊ ရွံ့ရှားကင်း နိုင်ပေ။

စာမျက်နှာ-243
၃။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ ဓဇဂ္ဂခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၇။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၈။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၈။ အာဋာနာဋိယသုတ်
၁။ ဝိပဿီမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။

စာမျက်နှာ-244
၂။ သိင်္ခမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး ရှိခိုး ကန်တော့ပါ၏ ဘုရား။
၃။ ဝေဿဘူမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၄။ ကကုသန်မည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၅။ ကောဏာဂုမ်မည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၆။ ကဿပမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၇။ ဂေါတမမည်ရ၊ မြတ်ဗုဒ္ဓကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၈။ ရှေးရှေး ကမ္ဘာ ကမ္ဘာ့၊ အခါသမယက၊ ပွင့်ခဲ့ကြပေ၊ ဘုရားအသင်္ချေ၏၊ ခြေတော်အစုံ၊ ကြာပဒုံကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၊ ရှိခိုး ကန်တော့ပါ၏ ဘုရား။
၉။ ပွင့်ပြီးကြပေ၊ ဘုရားအသင်္ချေက၊ တန်ခိုးတေဇော်၊ အာနုဘော်ဖြင့်၊ တပည့်တော်တို့အား၊ မေတ္တာ

စာမျက်နှာ-245
ထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၀။ အရှေ့အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ ဂန္ဓဗ္ဗဟု၊ နာမထင်ရှား၊ နတ်မင်းများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၁။ တောင်အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ ကုမ္ဘဏ္ဍဟု၊ နာမထင်ရှား၊ နတ်မင်းများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၂။ အနောက်အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ နာဂ ထင်ရှား၊ နဂါးများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၃။ မြောက်အရပ်မှ၊ တန်ခိုးကြီးလှသည့်၊ ယက္ခထင်ရှား၊ ဘီလူးများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊

စာမျက်နှာ-246
မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက် ကြ၊ ချီးမြှောက်ကြပါစေ။
၁၄။ အရှေ့အရပ်မှ၊ ဓတရဋ္ဌဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၅။ တောင်အရပ်မှ၊ ဝိရူဠကဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ ချီးမြှောက်ကြပါစေ။
၁၆။ အနောက်အရပ်မှ၊ ဝိရူပက္ခဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၇။ မြောက်အရပ်မှ၊ ကုဝေရဟု၊ နာမမည်ဟီး၊ နတ်မင်းကြီးက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊

စာမျက်နှာ-247
မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၁၈။ ကောင်းကင်နေကြ၊ တန်ခိုးကြီးလှသည့် ဒေဝထင်ရှား၊ နတ်အများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ ချီးမြှောက်ကြပါစေ။
၁၉။ မြေ၌နေကြ၊ တန်ခိုးကြီးလှသည့်၊ ဒေဝထင်ရှား နတ်အများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၂၀။ မြေ၌နေကြ၊ တန်ခိုးကြီးလှသည့်၊ နာဂထင်ရှား၊ နဂါးများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက်ကြပါစေ။
၂၁။ သာသနာစောင့်နတ်များ၊ ဗြဟ္မာများက၊ များပြား လှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ် သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြောက် ကြပါစေ။

စာမျက်နှာ-248
၂၂။ အာဋာနာဋိယခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ်ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုးဖြာဖြာဝေ။
၂၃။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၂၄။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂၅။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၉။ အင်္ဂုလိမာလသုတ်
၁။ အင်္ဂုလိမာလာ၊ ထေရ်မဟာ၊ သစ္စာဆိုခဲ့ပေ။
၂။ အရိယာဘဝ၊ ရောက်သည်မှ စ၍ တစ်သက်ပေ။
၃။ သူတစ်ပါးချစ်အပ်၊ အသက်မြတ်၊ မသတ်ခဲ့တော့ ပါပေ။
၄။ ဤသည့်စကား၊ မှန်ကန်ငြားက၊ မိဘသင်ပါ၊ ကလေးပါ၊ ကျန်းမာ ချမ်းသာစေ။
၅။ ထိုသစ္စာ၏၊ မှန်ကန်ဘိ၍၊ မိခင်ရော ကလေးပါ၊ လွန်ကျန်းမာ၊ ချမ်းသာခဲ့ပါပေ။

စာမျက်နှာ-249
၆။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၇။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၉။ အင်္ဂုလိမာလခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ်ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁ဝ။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၁။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၂။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၁၀။ ဗောဇ္ဈင်္ဂသုတ်
၁။ သတိ, ပညာ၊ ဝီရိယာ, ပီတိ၊ ပဿဒ္ဓိနှင့်၊ သမာဓိ, ဥပေက္ခာ၊ ခုနှစ်ဖြာ၊ သစ္စာ သိကြောင်းပေ။
၂။ ဤတရား ခုနစ်တန်၊ ကျင့်သူမှန်၊ နိဗ္ဗာန် ရောက်နိုင်ပေ။

စာမျက်နှာ-250
၃။ ဤတရားခုနစ်တန်၊ ကျင့်သူမှန်၊ မဂ်ဉာဏ် ရနိုင်ပေ။
၄။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၅။ အရှင်မဟာမောဂ္ဂလ္လာနာ၊ ထေရ်မဟာ၊ ရောဂါ ဝင်ခဲ့ပေ။
၆။ မြတ်ဗုဒ္ဓက၊ ဗောဇ္ဈင်္ဂ၊ ဟောပြခဲ့ပါပေ။
၇။ ဗောဇ္ဈင်ဒေသနာ၊ နာပြီးရာ၊ ရောဂါကင်းခဲ့ပေ။
၈။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

စာမျက်နှာ-251
ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၉။ အရှင်မဟာကဿပါ၊ ထေရ်မဟာ၊ ရောဂါ ဝင်ခဲ့ပေ။
၁ဝ။ မြတ်ဗုဒ္ဓက၊ ဗောဇ္ဈင်္ဂ၊ ဟောပြခဲ့ပါပေ။
၁၁။ ဗောဇ္ဈင်ဒေသနာ၊ နာပြီးရာ၊ ရောဂါကင်းခဲ့ပေ။
၁၂။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့်၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခုညောင်း ကြပါစေ။
၁၃။ သုံးလူ့ထွတ်တင်၊ ဘုရားရှင်၊ ရောဂါ ဝင်ခဲ့ပေ။
၁၄။ စုန္ဒထေရ်အား၊ ဗောဇ္ဈင်တရား၊ ရွတ်ပွားစေခဲ့ပေ။
၁၅။ ဗောဇ္ဈင်ဒေသနာ၊ နာပြီးရာ၊ ရောဂါကင်းခဲ့ပေ။
၁၆။ သစ္စာဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-252
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၇။ ဗောဇ္ဈင်္ဂခေါ် အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၈။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၉။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂ဝ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

၁၁။ ပုဗ္ဗဏှသုတ်
၁။ ဘုရားတရား၊ သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ ဂြိုဟ်ဆိုး ငှက်ဆိုး၊ အိပ်မက် ဆိုးနှင့်၊ နိမိတ်ဆိုး အမင်္ဂလာ၊ အဖြာဖြာ၊ ကင်းပါ ပျောက်ပါစေ။

စာမျက်နှာ-253
၂။ ဘုရားတရား၊ သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ အမျိုးမျိုးဒုက္ခ၊ ဘေးဘယ သောကာ၊ အဖြာဖြာ၊ ကင်းပါ ပျောက်ပါစေ။
၃။ ဒါနသီလ၊ ဘာဝနာတရား၊ ကုသိုလ်များ၊ ကြိုးစား ပြုနိုင်စေ။
၄။ တရားနာကြွလာ၊ နတ်ဗြဟ္မာ၊ ပြန်ပါ ကိုယ့်ဌာနေ။
၅။ ဘုရား, ပစ္စေကာ၊ ရဟန္တာများ၊ အရိယာများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက် ကြပါစေ။
၆။ ဘုရား တရား၊ သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ ကောင်းကျိုးမင်္ဂလာ၊
အဖြာဖြာ၊ မှန်စွာ ပြည့်စုံစေ။
၇။ နတ်ဗြဟ္မာများက၊ စောင့်ရှောက်ကြ၊ ချီးမြှောက် ကြပါစေ။

စာမျက်နှာ-254
၈။ ကရုဏာ ကြီးမား၊ မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊ ပါရမီတရား၊ ကျင့်ကြံပွား၊ ဘုရား ဖြစ်ခဲ့ပေ။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေ အပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၉။ ပုဗ္ဗဏှခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၀။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၁။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၂။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

စာမျက်နှာ-255

၅၂၈-သွယ် မေတ္တာပို့
၁။ သတ္တမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၂။ ပါဏ မည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၃။ ဘူတမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။

စာမျက်နှာ-256
၄။ ပုဂ္ဂလမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၅။ ခန္ဓာရှိကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ မိန်းမမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း ခညောင်း ကြပါစေ။
၇။ ယောက်ျားမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-257
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၈။ အရိယာဖြစ်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၉။ ပုထုဇဉ်ဖြစ်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၀။ နတ်ဗြဟ္မာမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

စာမျက်နှာ-258
၁၁။ လူသားမည်ကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်းကြပါစေ။
၁၂။ ဝိနိပါတိက၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁။ အရှေ့အရပ်နေကြ၊ များလှစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၂။ အရှေ့တောင်အရပ်နေကြ၊ များပြားလှစွာ၊ သတ္ထဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

စာမျက်နှာ-259
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၃။ တောင်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၄။ အနောက်တောင်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၅။ အနောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

စာမျက်နှာ-260
ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၆။ အနောက်မြောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၇။ မြောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၈။ အရှေ့မြောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။

စာမျက်နှာ-261
၉။ အထက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၀။ အောက်အရပ်နေကြ၊ များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၁၁။ ဤသို့ပြုရ၊ ကုသလ အဖုံဖုံ၊ အစုံစုံ အဝဝ၊ အဖို့ဘာဂ၊ အမျှ အမျှ ဝေ။
၁၂။ နတ်ဗြဟ္မာထု၊ ဤကောင်းမှု၊ သာဓု ခေါ်ပါစေ။
၁၃။ လူနတ်ဗြဟ္မာ၊ သတ္တဝါထု၊ ဤကောင်းမှု၊ သာဓု သာဓု သာဓု ခေါ်ပါစေ. . .
4h7jixqvy68dnn1kvakr571ptr1io7d
အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)
0
6163
21764
2026-03-31T15:34:06Z
Tejinda
173
"{{header | title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ) | author = အရှင်သာသနဝရ (ဓမ္မာစရိယ) | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ်းစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21764
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)
| author = အရှင်သာသနဝရ (ဓမ္မာစရိယ)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[ပရိတ်တော် အဓိပ္ပာယ် ကြည်ညိုဖွယ်]]
| previous2 =
| next = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ)]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

အဘိဓမ္မာသင်တန်းပို့ချချက်များ
(ပထမတွဲ)

အရှင်သီလာနန္ဒာဘိဝံသ (D.Litt)
အဂ္ဂမဟာပဏ္ဍိတ-အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ကျေးဇူးမှတ်တမ်း
ဤစာအုပ် ထုတ်ဝေနိုင်ရေးအတွက် တိတ်ခွေမှ စာသားအဆင့်သို့ ရောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြသော အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Fremont မြို့ မြန်မာကျောင်း ပဓာန နာယကနှင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ထားဝယ်ငါးကျမ်းပြန် သာသနာ့ရိပ်သာ ဆရာတော် အရှင်ဓမ္မပီယ (M.A Ph.D.) Thesis တပည့်သံဃာတော်များနှင့်
စာမူအဆင့်တွင် အမှားကင်းစင်အောင် ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးသော
ဒေါက်တာအရှင်ဥတ္တရဉာဏ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဌာနမှူး, ပဋိပတ္တိမဟာဌာနအပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်) နှင့်၊ အဘိဓမ္မာသင်တန်းကို အစမှအဆုံးတိုင် ကြည်ညိုသဒ္ဓါစိတ်ဖြင့် တက်ရောက်ကြသော အမေရိကန်နိုင်ငံရောက် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် သူတော်စင် ဒါယကာ ဒါယိကာမတို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သီရိ
ရွှေစန္ဒာထွန်းစာပေ၏
စီစဉ်သူ

နိဒါန်း
ဤအဘိဓမ္မာသင်တန်း ပို့ချချက်များကို အမေရိကန်နိုင်ငံရောက် မြန်မာ အမျိုးသားအမျိုးသမီးများအတွက် ပို့ချခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ထုတ်ဝေရန် ရည်ရွယ်ချက် မရှိခဲ့ပါ၊ အကြောင်းကား မြန်မာနိုင်ငံ၌ မိမိထက် အဘိဓမ္မာအရာ၌ ကျွမ်းကျင်သောဆရာတော်များ ရှိနေ၍တစ်ကြောင်း, မြန်မာလို ရေးသားထားသော အဘိဓမ္မာစာအုပ်များ များစွာရှိနေ၍ တစ်ကြောင်း ဖြစ်ပါသည်။

တစ်ပတ်တစ်ခါ, တစ်ခါလျှင် တစ်နာရီပို့ချခဲ့ပါသည်၊ အားလုံးပေါင်း ၅၆ ကြိမ်, တိတ်ခွေ ၅၆ ခွေစာ ပို့ချခဲ့ပါသည်၊ နဂိုက မြန်မာနိုင်ငံ၌ထုတ်ဝေရန် ရည်ရွယ်ချက် မရှိသော်လည်း တစ်နေ့သ၌ Fremont မြို့ မေတ္တာနန္ဒဝိဟာရကျောင်းတိုက် ဆရာတော်ဦးဓမ္မပီယနှင့် စကားစပ်မိရာ သူက မြန်မာနိုင်ငံ၌ ထုတ်ဝေလိုကြောင်း, မြန်မာအမျိုးသား အမျိုးသမီးများအဖို့လည်း ကျေးဇူးများနိုင်ကြောင်းနှင့် မိမိတို့အနေနှင့်လည်း နည်းယူစရာရနိုင်မည်ဖြစ်ကြောင်းများကို ပြောသဖြင့် မြန်မာပြည်၌ထုတ်ဝေရန် သဘောတူခဲ့ပါသည်၊ တစ်ဖန်တုံ ဤသို့ စာအုပ်ရိုက်မည့်အကြောင်းကို ရွှေစန္ဒာထွန်းစာပေမှသိရှိသွား၍ သူတို့ကပင် တာဝန်ယူရိုက်၍ ဖြန့်ချိရန် တောင်းပန်သဖြင့် ဤစာအုပ်မှာ ပို၍ လျှင်မြန်စွာ ထွက်ပေါ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤသင်တန်းမှာ အမေရိကန်ပြည်ရောက် မြန်မာများအတွက် ပို့ချခဲ့ခြင်း ဖြစ်၍၎င်းတို့မှာ အင်္ဂလိပ်လိုတတ်သူများဖြစ်ကြ၍ အချို့နေရာ၌ အင်္ဂလိပ် စကားလုံးကိုညှပ်၍ သုံးထားသည်တို့ကို တွေ့ရမည်ဖြစ်ပါသည်၊ ထိုသို့သုံးထားခြင်းမှာ အချို့အရာ၌ အင်္ဂလိပ်လိုပြောခြင်းက သူတို့အဖို့ ပိုမိုလွယ်ကူစွာ နားလည်နိုင်မည်ဖြစ်သောကြောင့်ဖြစ်ပြီး အခြားအကြောင်းတစ်ခုမှာမူ အကျင့်ပါနေသောကြောင့်ဟု ဆိုရပါမည်၊ ထိုအင်္ဂလိပ် အသုံးအနှုန်းများကိုလည်း ပင်ကိုယ် အတိုင်းပင် ထားခဲ့ပါသည်၊ မြန်မာပြန်ဆိုခြင်း မပြုခဲ့ပါ၊ ထို့ပြင် သင်တန်းပို့ချချက် အားလုံးလိုလိုပင် သူ့အတိုင်းထားခဲ့ပါသည်။ အချို့ စကားမချောသောနေရာများတွင်သာ ရွှေစန္ဒာထွန်းစာပေမှ ဆရာမဒေါ်သီရိက ဒိုင်ခံ၍ ပြင်ပေးပါသည်။ စာတစ်အုပ်လုံးကို ဒိုင်ခံ၍ တည်းဖြတ်ပေးသူကား အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိ မဟာဌာနမှူး၊ ဒေါက်တာဘွဲ့ရ ဦးဥတ္တရဉာဏ ဖြစ်ပါသည်။ သူက မြန်မာမှုဆိုင်ရာ၌လည်းကောင်း၊ အင်္ဂလိပ်စာဆိုင်ရာအပိုင်း၌ လည်းကောင်း တတ်စွမ်းသလောက် ပြင်ဆင်ပေးပါသည်။ အင်္ဂလိပ်စာပိုင်းဆိုင်ရာ၌ ဤစာရေးသူလည်း အထူးဂရုစိုက်၍ ပြင်ပေးပါသည်၊ ထို့ပြင်ချက်အားလုံးကိုမှ ပုံနှိပ်တိုက်မှပြင်၍ ရိုက်နှိပ်ခဲ့ပါသည်။ ဤသို့ ကြိုးပမ်းကြပါသော်လည်း အမှားကတော့ကင်းချင်မှ ကင်းမည်၊ အမှားတွေ့ရှိပါက ဖြန့်ချိသူတို့ထံသို့ စာဖြင့် အကြောင်းကြားပါလျှင် ထို့ပြင်ချက်များ မှတ်ထားပြီးနောက်တစ်ကြိမ် ရိုက်သောအခါ ထည့်သွင်းပြင်ဆင်ပါမည်။

လင်္ကာများကို များသောအားဖြင့် လယ်တီဆရာတော်ဘုရားကြီး၏ပရမတ္ထ သံခိပ်နှင့် တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်၏ ဘာသာဋီကာမှရယူပါသည်။
ပစ္စည်းပိုင်း ကမ္မဋ္ဌာန်းပိုင်းလာ အခန်းများကို ဆူးလေအဘိဓမ္မာပြန့်ပွားရေး အသင်းမှ ထုတ်ဝေသော ဥက္ကဋ္ဌဦးကျော်စီရင်ရေးသားသည့် သင်္ဂြိုဟ် သရုပ်ပြ အခြေပြုကျမ်းစာအုပ်မှ ရယူပါသည်။

အရှင်သီလာနန္ဒာဘိဝံသ
၁၃၆၅ ခု၊ နယုန်လဆန်း ၄ ရက် အင်္ဂါနေ့
(၃-၆-၂၀၀၃)

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

[စာမျက်နှာ-1] နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အဘိဓမ္မာသင်တန်း (၁)

စိတ်ပိုင်း (၁)

မိတ်ဆက်နိဒါန်း

ဗုဒ္ဓဘာသာထွန်းကားရာဒေသ

ဒီနေ့ ၁၉၈၆-ခု ဇူလိုင်လ ၂၈ ရက်၊ တနင်္လာနေ့, အဘိဓမ္မာသင်တန်း အစပြုတဲ့နေ့ပေါ့၊ အဲဒီတော့ အဘိဓမ္မာကို မလေ့လာခင် အဘိဓမ္မာဆိုတာဘာလဲ အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ နည်းနည်းပါးပါး သိသင့်သိထိုက်တဲ့ အချက်အလက် ကလေးတွေ၊ အခြေခံသမိုင်းကြောင်းအချက်အလက်ကောင်းတွေ သိဖို့ ပထမ အရေးကြီးတာ။

အဲဒီတော့ ပထမဦးစွာ အခုခေတ်မှာ ဗုဒ္ဓဘာသာဂိုဏ်းကြီးနှစ်ဂိုဏ်း ရှိတယ်၊ ထေရဝါဒ ဗုဒ္ဓဘာသာရယ်, မဟာယာန ဗုဒ္ဓဘာသာရယ်ပေါ့၊ ထေရဝါဒ ဗုဒ္ဓဘာသာကို မဟာယာနတွေက ဟီနယာနလို့ ခေါ်တယ်၊ အခုထိအောင်လည်း သုံးနေကြတုန်းပဲ။ ဒါပေမယ်လို့ အဲဒီဟာကို ဦးဇင်းတို့က လက်မခံဘူး၊ ဟီနဆိုတာ ယုတ်ညံ့တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ သူတို့က အင်္ဂလိပ်လိုပြန်တော့ (lesser) လို့ပြန်တော့ပြန်တာပဲ၊ ဒါပေမယ်လို့ အမှန်တော့မဟုတ်ဘူး၊ ဟီနဆိုတာယုတ်ညံ့တယ်၊ အဲဒီလို အဓိပ္ပာယ် မျိုးတွေထွက်တယ်၊ ဒါကြောင့်မို့လို့ ဦးဇင်းတို့က အဲဒါကို လက်မခံဘူး၊ ထေရဝါဒရယ်, မဟာယာနရယ်, ဒါပဲ လက်ခံထားတယ်။

အဲဒီတော့ ထေရဝါဒဗုဒ္ဓသာသနာက တောင်ပိုင်းနိုင်ငံတွေမှာ ပျံ့နှံ့ ထွန်းကားတယ်၊ မြတ်စွာဘုရား ပွင့်တော်မူပြီးတဲ့နောက် ဗုဒ္ဓဘာသာဟာ တဖြည်းဖြည်းနဲ့ တောင်ဘက်ကို ရွေ့သွားတယ်၊ အိန္ဒိယတောင်ပိုင်း ရောက်သွားတယ်၊ အိန္ဒိယ တောင်ပိုင်းကနေ သီဟိုဠ် (သီရိလင်္ကာ)ကို ရောက်သွားတယ်နော်။

သမိုင်းကြောင်းအရပြောရရင်တော့ အသောကမင်းကြီးလက်ထက်မှာ ရှင်မဟိန္ဒ နှင့် တခြားပုဂ္ဂိုလ် ၅-ယောက်တို့ သာသနာပြုစေလွှတ်တယ်၊ သီဟိုဠ် (သီရိလင်္ကာ)မှာ သာသနာတည်သွားတာပေါ့၊ အဲဒီသာသနာအဆက်ကို ထေရဝါဒလို့ ခေါ်တာပါပဲ။

အဲဒီတော့ ထေရဝါဒ ဗုဒ္ဓသာသနာဟာ ယခုခေတ်မှာဆိုရင် သီဟိုဠ်နိုင်ငံ (သီရိလင်္ကာ), မြန်မာ, ယိုးဒယား, ကမ္ဘောဒီးယား, လာအို, ဒီငါးနိုင်ငံမှာ ထွန်းကားလျက် ရှိတယ်၊ တခြားနိုင်ငံမှာကော ထေရဝါဒ မရှိဘူးလားဆိုတော့ နည်းနည်းပါးပါးတော့ ရှိပါတယ်၊ အိန္ဒိယမှာ နည်းနည်းပါးပါးရှိတယ်၊ အခု အနောက် အင်္ဂလန်တို့ ဥရောပတို့မှာ နည်းနည်းပါးပါးရှိတယ်၊ အမေရိကတို့မှာ နည်းနည်းပါးပါး ရှိတယ်၊ ဗီယက်နမ်မှာလည်း နည်းနည်းပါးပါးရှိတယ်။

မဟာယာနကတော့ မြောက်ဘက်ကို ပျံ့သွားတယ်၊ ဒါကြောင့်မို့ မြောက်ပိုင်း ဗုဒ္ဓဘာသာလို့လည်းခေါ်တယ်၊ ထေရဝါဒကို တောင်ပိုင်း ဗုဒ္ဓဘာသာလို့ခေါ်တယ်။

မြောက်ပိုင်းနိုင်ငံဆိုတော့ နီပေါ, တိဘက်, တရုတ်, မွန်ဂိုလီးယား, ကိုရီးယား, ဂျပန်ပေါ့လေ၊ အဲဒီနိုင်ငံတွေ ပျံ့နှံ့သွားတယ်၊ အခုတော့လဲ တစ်ကမ္ဘာလုံး ပျံ့နှံ့နေပါပြီ။

အဲဒီလိုဆိုတော့ ထေရဝါဒမှာလည်း အဘိဓမ္မာရှိတယ်၊ မဟာယာနမှာလည်း သူတို့အဘိဓမ္မာနှင့် သူတို့ရှိတယ်၊ အဘိဓမ္မာဟာ ဦးဇင်းတို့ ထေရဝါဒမှာသာရှိတာ မဟုတ်ဘူး၊ သူတို့(မဟာယာန)မှာလည်းရှိတယ်၊ ခုနစ်ကျမ်းပဲ၊ ဒါပေမယ်လို့ သိပ်မတူတတ်ဘူး၊ နည်းနည်းကွဲပြားတာလည်းရှိတယ်၊ တူတာလည်းရှိတယ်၊ အခု ဦးဇင်းတို့ လေ့လာမှာကတော့ ဦးဇင်းတို့ ထေရဝါဒ အဘိဓမ္မာကို လေ့လာကြမယ်။

[စာမျက်နှာ-2]
အဘိဓမ္မာ ပိဋကတ်သမိုင်းကြောင်း
အဲဒီတော့ အဘိဓမ္မာပိဋကတ်ရဲ့ အခြေခံကို(သို့) သမိုင်းကြောင်း နောက်ခံကို နားလည်ဖို့ဆိုရင် ဘာ ပြန်စဉ်းစားရမလဲဆိုတော့ ပထမ သင်္ဂါယနာ တင်တာကနေ အစပြုရမယ်နော်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးလို့ (၃)လကျော်ကျော်ရှိတဲ့အခါမှာ ရှင်မဟာကဿပအမှူးရှိတဲ့ ရဟန္တာငါးရာက ပထမသင်္ဂါယနာတင်တယ်။

ပထမသင်္ဂါယနာတင်တယ်ဆိုတာ အမှန်ကတော့ ဘာလဲဆိုရင် ရဟန္တာချည်း ငါးရာစုပြီးတော့ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတွေအားလုံးကို စုဆောင်းတယ်။ စုဆောင်းပြီးတော့ စီစစ်တယ်၊ စီစစ်ပြီးတော့ ဒါ မြတ်စွာဘုရားဟောတဲ့ တရားစစ်မှန် ပြီဆိုပြီး ကျေနပ်တဲ့အခါမှာ လက်ခံတယ်။

အဲဒီလို လက်ခံတဲ့အခါမှာ စာအုပ်တွေဘာတွေ မရှိသေးတော့ စုပေါင်းပြီးတော့ ရွတ်ဆိုလိုက်တာ၊ သင်္ဂါယနာဆိုတာ အဲဒီအဓိပ္ပာယ်ရှိတယ်၊ သံ-ဆိုတာ အတူတကွ၊ ဂါယနာ-ဆိုတာက ရွတ်ဆိုတာ၊
ရဟန္တာငါးရာ အတူတူရွတ်ဆိုလိုက်တဲ့အခါမှာ ဒီသင်ကြားချက်ဟာ မြတ်စွာဘုရားရဲ့ သင်ကြားချက် အစစ်အမှန်ပဲလို့ အဲဒီ (Council) ကြီးက လက်ခံလိုက်တာပဲဆိုပါတော့။

အဲဒီ Council ပထမသင်္ဂါယနာမှာ အရှင်မဟာကဿပက မေးခွန်းထုတ်တယ်၊ အရှင်ဥပါလိက ဝိနည်းနှင့် ပတ်သက်ပြီးတော့ အဖြေပေးရတယ်။ အရှင်အာနန္ဒာက သုတ်, အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ အဖြေပေးရတယ်။ အဲဒီလို အဖြေပေးပြီးတော့ အားလုံး ကျေနပ်ပြီဆိုတော့ လက်ခံလိုက်ကြတယ်ပေါ့လေ၊

အဲဒီလို လက်ခံတဲ့အခါမှာ (classify) လုပ်လိုက်တယ်၊ ဒါက ဝိနည်း ပိဋကတ်ပဲ, ဒါက သုတ္တန် ပိဋကတ်ပဲ, ဒါက အဘိဓမ္မာ ပိဋကတ်ပဲလို့ အဲဒီလို သင်ကြားချက်တွေကို သုံးမျိုးသုံးစားခွဲလိုက်တယ်၊ ဒါကို ပိဋကတ်လို့ ပါဠိလို ခေါ်တယ်၊ အခုခေတ် အင်္ဂလိပ်လိုကတော့ (basket) လို့ အဓိပ္ပာယ်ပြန်တယ်။

ပိဋကတ်ဆိုတဲ့ ပါဠိစကားက ခြင်းတောင်းဆိုတဲ့ အနက်အဓိပ္ပာယ်လည်း ထွက်တယ်၊ ပြီးတော့ သင်ကြားအပ်တဲ့ ပရိယတ်, သင်ကြားအပ်တဲ့ အရာဆိုတဲ့ အနက်လည်းထွက်တယ်၊ ဒီ၂-မျိုး အဲဒီမှာ သူတို့ကတော့ လွယ်တဲ့ဟာ ယူလိုက်တာပေါ့လေ၊ (basket) ဆိုပြီးတော့ ပြန်တယ်၊ အဲဒါ ဘာလဲဆို ပိဋကတ်သုံးပုံပဲနော်။

ပိဋကတ်သုံးပုံက ဝိနည်းပိဋကတ်, သုတ္တန်ပိဋကတ်, အဘိဓမ္မာပိဋကတ်၊ ဝိနည်းပိဋကတ်ကတော့ ရဟန်းတို့ ရဟန်းမိန်းမတို့အတွက်ပေါ့၊ သုတ္တန် ပိဋကတ် ကတော့ အားလုံးအတွက်ပေါ့၊ အဘိဓမ္မာပိဋကတ်ကတော့ အဲဒီထက် နည်းနည်း ထူးခြားတယ်ပေါ့လေ။

အဲဒီလို ပထမသင်္ဂါယနာ တင်ပြီးတဲ့နောက် အနှစ် ၁၀၀, မြတ်စွာဘုရား

[စာမျက်နှာ-3] ပရိနိဗ္ဗာန်ပြုပြီးလို့ အနှစ်တစ်ရာကျတော့ ဒုတိယသင်္ဂါယနာတင်ပြန်တယ်၊ ရဟန္တာတွေ ၇၀၀-စုပေါင်းပြီးတော့ တင်ကြတာနော်။

အဲဒီမှာတော့ သိပ်တော့ အထူးခြားကြီးမဟုတ်ပါဘူး၊ အဲဒီ ပထမသင်္ဂါယနာတုန်းက လက်ခံတာတွေကိုပဲ ထပ်မံအတည်ပြုတဲ့သဘောပါ။

နောက်တစ်ခါ အသောကမင်းတရားကြီးလက်ထက်မှာ တတိယသင်္ဂါယနာတင်ပြန်တယ်၊ အဲဒါလည်း ပထမ, ဒုတိယ, သင်္ဂါယနာတင်တုန်းက လက်ခံထားတဲ့ ဟာတွေကို ထပ်ပြီးတော့ အတည်ပြုတဲ့ အနေပါပဲ။

အဲဒီ အသောကမင်း တရားကြီးကတော့ ဘုရား ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက် နှစ် ၂၀၀-ကျော်ပေါ့လေ၊ ၂၃၀-လောက်မှာ ထင်ပါတယ်၊ ဒီ တတိယသင်္ဂါယနာ တင်ပါတယ်၊ အဲဒီ တတိယသင်္ဂါယနာတင်အပြီးမှာ ကိုးတိုင်းကိုးဌာနကို သာသနာပြုတွေ စေလွှတ်တယ်၊ သာသနာပြုအဖွဲ့ ရဟန်းငါးပါးပေါ့လေ၊

အဲလို စေလွှတ်တော့ သားတော် မဟိန္ဒနှင့် နောက်တော့ သမီးတော် သင်္ဃမိတ္တာပေါ့လေ၊ သားတော် မဟိန္ဒကို သီဟိုဠ်ကျွန်း (သီရိလင်္ကာ)ကျွန်းကို စေလွှတ်တယ်၊ သီဟိုဠ်ကျွန်းမှာ အဲဒီအခါတုန်းက ဒေဝါနံပိယတိဿ ဘုရင်အုပ်စိုး နေတဲ့ အချိန်၊ အဲဒီဘုရင်ကြီးကို တရားဟောလိုက်တော့ ဗုဒ္ဓဘာသာဖြစ်သွားပြီးတော့ နောက်တော့ သီဟိုဠ်တစ်ကျွန်းလုံး ဗုဒ္ဓဘာသာ ပျံ့နှံ့သွားတယ်။

အဲဒီသီဟိုဠ်မှာ ဗုဒ္ဓသာသနာတည်နေပြီးတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးလို့ အနှစ် ၄၅၀ လောက်ရှိတဲ့အခါမှာ (First Century B.C) ဘီစီအဆုံးလောက်ပေါ့လေ၊ ဘာဖြစ်သလဲဆိုတော့ ဗြဟ္မဏတိဿ ခိုးသူဘေးဆိုတဲ့ သူပုန်ဘေးကြီး ပေါ်လာတယ်နော်၊ ရှေးတုန်းကလဲ အကြီးအကျယ်ပဲ။ အဲဒီ သူပုန်ဘေးဟာ ၁၂-နှစ်ကြာတယ်၊ အဲဒီတော့ တိုက်ကြခိုက်ကြဆိုတော့ လူတွေ ဟိုပြေးသည်ပြေး ပြေးတော့ ရဟန်းတော်တွေလည်း စားစရာနေစရာခက်တယ်။ အဲဒီလို ခက်တဲ့အခါကျတော့ တချို့ ရဟန်းတော်တွေက အိန္ဒိယဘက်ကိုကူးတယ်။ တချို့ ရဟန်းတော်တွေက တို့တော့ ဒီဘက်မှာပဲ နေရစ်တော့မယ်၊ အိန္ဒိယမကူးဘူး ဆိုပြီး သီဟိုဠ်မှာ နေရစ်တဲ့ ရဟန်းတော်တွေက ဆင်းဆင်းရဲရဲ အသက်မွေးကြရတာပေါ့၊ စားစရာ သောက်စရာ မပြည့်စုံဘူး၊ နေစရာ ထိုင်စရာ မပြည့်စုံဘူးပေါ့လေ။

ဒါပေမယ်လို့ သူတို့ဆောင်ထားတဲ့ ပိဋကတ်တွေကိုတော့ မမေ့အောင် ဆိုပြီးတော့ သူတို့က အမြဲပြန်တယ်၊ တစ်ခါတစ်လေ စားစရာမရှိလို့ ဆာတဲ့ အခါကျရင် ဘယ်လိုလုပ်ရသလဲဆိုရင် မြစ်ကမ်းတို့ သမုဒ္ဒရာကမ်းတို့သွားပြီး

[စာမျက်နှာ-4] သဲလေးပုံ, အဲဒီသဲလေးပေါ်မှာမှောက်ပြီး သဲတွေက နည်းနည်းအေးတော့ ဗိုက်ကလေး အေးပြီးတော့ အဲဒီလိုပဲ ပိဋကတ်တော်တွေကို ပြန်ပြီးတော့ ဆောင်ထားကြတယ်။

အဲဒီဘေးကြီး ငြိမ်းသွားတဲ့အခါကျတော့ အိန္ဒိယဘက်ပြေးသွားကြတဲ့ ရဟန်းတော်တွေက ပြန်လာကြတာပေါ့လေ၊ သီဟိုဠ်မှာ ငြိမ်းချမ်းရေးဖြစ်ပြီဆိုတော့ ပြန်လာကြတဲ့အခါကျတော့ သီရိလင်္ကာမှာ ကျန်ရစ်တဲ့ ရဟန်းတွေနှင့် အိန္ဒိယက ပြန်လာတဲ့ ရဟန်းတွေနှင့် တွေ့တဲ့ခါကျတော့ ဒီမှာ ကျန်ရစ်တဲ့ ရဟန်းတွေက ဘယ်လိုပြောတုန်း။

“ငါ့ရှင်တို့- သင်တို့ကတော့ ဟိုဘက်မှာ ချမ်းချမ်းသာသာ နေရထိုင်ရတယ်၊ အဲဒီတော့ ငါ့ရှင်တို့ကတော့ ပိဋကတ်တော်တွေကို မှန်မှန်ကန်ကန်ပဲ ဆောင်ထားကြမယ်၊ ငါတို့ကတော့ ဒီဘက်မှာ ဆင်းဆင်းရဲရဲ နေရတာဆိုတော့ မတော်တဆ ချွတ်ယွင်းတာတွေ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ အဲဒီတော့ သင်တို့ဆောင်ထားတာနဲ့ ငါတို့ ဆောင်ထားတာ တိုက်ဆိုင်ကြည့်ရအောင်”

အဲဒီလိုတိုက်ဆိုင်ကြည့်လိုက်တဲ့အခါ တစ်လုံးမှ မလွဲဘူး၊ အားလုံး ကိုက်ညီနေတယ်တဲ့၊ အဲဒီလိုကိုက်ညီတာတွေ့ရတော့ သူတို့ဝမ်းသာတယ်၊ ပြီးတော့ စဉ်းစားတယ်။ “နောင်အခါမှာဆိုရင် ဒီလို ပိဋကတ်သုံးပုံကိုဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှားလိမ့်မယ်၊ ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ မရှိရင် ပိဋကတ်သုံးပုံ ပျောက်ကွယ်မယ်၊ ပိဋကတ်သုံးပုံ ပျောက်ကွယ်ရင် သာသနာတော်ကြီး ပျောက်ကွယ် သွားလိမ့်မယ်၊ ဒါကြောင့် ငါတို့ ပေပေါ်မှာ ရေးကြရအောင်”ဆိုပြီးတော့၊ ပေထက် အက္ခရာ တင်တဲ့ပွဲပေါ့၊ (First Century B.C) အတွင်းမှာပဲ အဲဒီပေထက် အက္ခရာတင်တာ လုပ်တယ်၊ အဲဒီပေထက် အက္ခရာတင်တဲ့ပွဲကိုပဲ စတုတ္ထသင်္ဂါယနာလို့ အများက ဒီလို ခေါ်ကြတယ်။

အဲဒီလို ပေထက်အက္ခရာတင်တာကို စတုတ္ထသင်္ဂါယနာလို့ ကျမ်းဂန်မှာ သေသေချာချာဆိုတာ မရှိဘူး၊ ဒါပေမယ်လို့ ဒါကို စတုတ္ထသင်္ဂါယနာလိုပါပဲဆိုပြီးတော့ အားလုံးကပဲ စတုတ္ထသင်္ဂါယနာလို့ အသိအမှတ်ပြုလိုက်တယ်၊ ပထမ, ဒုတိယ, တတိယ သင်္ဂါယနာမှာ အာဂုံပဲ ဆောင်လာခဲ့ကြသေးတယ်၊ စတုတ္ထသင်္ဂါယနာ ကျတော့ ပေရွက်တွေပေါ်ရေးပြီ၊ အဲဒီနောက်လည်း သာသနာတော်ကြီးဟာအိန္ဒိယ ကနေပြီးတော့ အနယ်နယ် အရပ်ရပ်ပျံ့နှံ့လို့ မြန်မာပြည်လည်းရောက်တယ်ပေါ့လေ။

တစ်ခါ မင်းတုန်းမင်းကြီး လက်ထက်ကျတော့ ပဉ္စမသင်္ဂါယနာဆိုပြီးတော့ တင်ပြန်တယ်။ ဒါကတော့ ကြားဖူးကြပါလိမ့်မယ်၊ မန္တလေးမြို့တည် နန်းတည်

[စာမျက်နှာ-5] မင်းတုန်းမင်းကြီးကတော့ စတုတ္ထသင်္ဂါယနာထက် တစ်ဆင့်တက်ပြီး ကျောက်ချပ်တွေပေါ်မှာ ရေးတယ်၊ ကျောက်ချပ်ပေါင်း (၇၂၉)ချပ်ရှိတယ်၊ အဲဒါ ခုထိတောင် ရှိသေးတာပဲ၊ သွားဖတ်ရင်ရတာပဲ၊ မန္တလေးတောင်ခြေမှာ ကုသိုလ်တော်လို့ခေါ်တဲ့ ဘုရားဝင်းထဲမှာ ကျောက်စာတစ်ခု ဂူတစ်ခုနှင့်ထားတာ၊

နောက်တစ်ခါ ဆဋ္ဌမသင်္ဂါယနာဆိုတာကတော့ ဦးဇင်းတို့ခေတ်ပေါ့၊ ၁၉၅၄ ခုမှာစတယ်၊ ဆဋ္ဌသင်္ဂါယနာကို ရန်ကုန်မှာ ကျင်းပတယ်၊ အဲဒီ ဆဋ္ဌသင်္ဂါယနာ ကျတော့ စာအုပ်တွေ ကျမ်းစာတွေ့ရိုက်တယ်၊ ပါဠိတော်ကျမ်းစာတွေ ဒါ အခုထိအောင် ကမ္ဘာမှာ အကောင်းဆုံး ပါဠိစံမူအဖြစ်နှင့် အသိအမှတ်ပြုထားရတယ်၊ အဲဒီ ခြောက်ကြိမ်သော သင်္ဂါယနာတို့မှာ ဒီဝိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ် အဘိဓမ္မာပိဋကတ်ကို အတည်ပြု လက်ခံထားခဲ့ကြတယ်။

ဒါကြောင့်မို့ အခုတွေ့နေရတဲ့ ပိဋကတ်တော်တွေဟာ နောက်မှ ဟိုလူကရေး၊ ဒီလူကရေး, ဟိုလူကထည့်, ဒီလူကထည့်, ဒါမျိုးတွေ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ နှုတ်ကပတ်(မုခပါဌ်)တော်ကို အရှင်အာနန္ဒာနှင့် အရှင်ဥပါလိက ဆောင်ထားတယ်၊ သူတို့ကတစ်ဆင့် ပထမသင်္ဂါယနာမှာ ရဟန်းတော်တွေ အားလုံးကို အသိပေးတယ်။ အဲဒါ အားလုံးလက်ခံပြီးတော့ အဆင့်ဆင့် ဆောင်လာခဲ့ကြလို့ ယခုထိအောင်ရှိတယ်၊ ဒါကြောင့်မို့ ယခုထိအောင်ရှိနေတဲ့ ဝိနည်း, သုတ္တန်, အဘိဓမ္မာပိဋကတ်တွေဟာ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားထားခဲ့တဲ့ ပိဋကတ်တော်တွေ။

နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ
အဲဒီ ပိဋကတ်တွေကို ပိဋကတ်အားဖြင့် သုံးပုံ, နိကာယ်အားဖြင့်ငါးခု၊ (နိကာယ်ငါးရပ်လို့ သုံးတယ်) ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်၊ အဲဒီလိုလည်း နှစ်မျိုး ခွဲသေးတယ်။ အဲဒီ ပိဋကတ်သုံးပုံကိုပဲ နိကာယ်အားဖြင့် ခွဲလိုက်တော့ နိကာယ်ငါးရပ် ဖြစ်တယ်။

၁။ ပထမနိကာယ်က ဒီဃနိကာယ်တဲ့၊
ဒီဃဆိုတာ ရှည်တာကို ဆိုလိုတာ၊ ရှည်တဲ့သုတ်တွေ စုပေါင်းထားတာ၊

၂။ နောက်တစ်ခုက မဇ္ဈိမနိကာယ်၊
မဇ္ဈိမဆိုတာ အလယ်အလတ် (Middle length)မတို မရှည်သုတ်တွေစုပေါင်းထားတာ။

၃။ နောက်တစ်ခုကတော့ သံယုတ္တနိကာယ်၊

[စာမျက်နှာ-6] သံယုတ္တနိကာယ်ကတော့ သုတ်တိုတိုလေးတွေ စုပေါင်းထားတာ၊ ဒါပေမယ်လို့ အဆင့်အဆင့် ရှည်တာလေးတွေလည်း ရှိတော့ရှိပါတယ်။ များသောအားဖြင့်တော့ သုတ်တိုတိုလေးတွေ။

၄။ ပြီးတော့ တစ်ခါ အင်္ဂုတ္တရနိကာယ်တဲ့၊ အင်္ဂုတ္တရနိကာယ်ဆိုတာက တရားတွေကို တစ်ခု, နှစ်ခု သုံးခု, လေးခု, စသည်စုပေါင်းပြီးတော့ ဟောတာ၊ လောကမှာ အမြတ်ဆုံးပုဂ္ဂိုလ် တစ်ယောက်တည်းရှိတာ၊ အဲဒါက ဘုရားပဲ၊ စသည်ဖြင့်ပေါ့လေ၊ အဲဒီလို တစ်ခု အစုတရား, နှစ်ခု အစုတရား, သုံးခု အစုတရား အဲဒီလို တဖြည်းဖြည်းနှင့် တိုးတိုးတိုးတိုးသွားတာ ၁၁-ထိအောင်ရှိတယ်၊ ဒါကြောင့်မို့ အင်္ဂုတ္တရလို့ ခေါ်တယ်၊ အင်္ဂဆိုတာက အစိတ်အပိုင်း၊ ဥတ္တရဆိုတော့ များသွားတာ, အထက်တက်သွားတာ၊ ဒါကြောင့် သူ့ကို အင်္ဂလိပ်လိုပြန်တော့ (gradual) ဆိုပြန်တာ။

၅။ ပြီးတော့မှ နောက်တစ်ခုကျတော့ ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကဆိုတာက ငယ်တယ်လို့ ဆိုလိုတယ်၊ ငယ်တယ်ဆိုတာ အမှန်ကတော့ ဆိုခဲ့ပြီးတဲ့ နိကာယ်လေးခုမှ မပါတဲ့ဟာတွေကို ခုဒ္ဒကထဲ အကုန်သွင်းတာ၊ ဒါကြောင့်မို့ ဝိနည်းပိဋကတ်ကလည်း ခုဒ္ဒကထဲပါသွားတယ်၊ အဘိဓမ္မာ ပိဋကတ်လည်း ခုဒ္ဒကနိကာယ်ထဲပါသွားတယ်၊ ကျန်တဲ့ သုတ္တန်တွေလည်း ခုဒ္ဒကထဲ ပါသွားတယ်၊ ခုဒ္ဒကလို့ နာမည်သာပေးတယ်၊ အမှန်တော့ ခုဒ္ဒကနိကာယ်က အများဆုံးဖြစ်တယ်၊ ဒါကြောင့်မို့ နိကာယ်အားဖြင့် ငါးရပ်, ပိဋကတ်အားဖြင့်သုံးပုံ၊ အဲဒီလို ခွဲခြားထားတယ်။

အခု ဆဋ္ဌသင်္ဂါယနာမှာ ရိုက်ခဲ့တဲ့ စာအုပ်တွေ အနေနှင့် ပြောမယ်ဆိုရင် စာအုပ်ပေါင်း ၄၀-ရှိတယ်၊ ပိဋကတ်သုံးပုံ (သို့မဟုတ်) နိကာယ်အားဖြင့် ငါးရပ်၊ ပိဋကတ်သုံးပုံမှာ ဝိနည်းပိဋကတ်ဆိုတာက ခုနပြောတဲ့အတိုင်း ရဟန်းတော်တွေ သာမဏေတွေ ဘိက္ခုနီတွေ ကျင့်သုံးဖို့ဟောထားတဲ့ သိက္ခာပုဒ်တွေရယ်၊ သိက္ခာပုဒ်တွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုရမယ် နေတာထိုင်တာတွေကော အကုန်လုံးပေါ့လေ၊ အဲဒီဟာတွေနှင့် ပတ်သက်ပြီးတော့ ဟောတဲ့ ဥပဒေစာအုပ်ကြီးတွေလိုပေါ့လေ။

သုတ္တန် ပိဋကတ်ဆိုတာကတော့ အများနားလည်အောင်ဟောတဲ့ တရားတွေ ပါပဲ၊ ရဟန်းတွေကိုလည်း ဟောတယ်၊ လူတွေ နတ်တွေကိုလည်းဟောတယ်၊

[စာမျက်နှာ-7] အဲဒါတွေကို သုတ္တန်တရားလို့ခေါ်တယ်။

အဘိဓမ္မာဆိုသည်မှာ
အဘိဓမ္မာဆိုတာကတော့ ထူးကဲတဲ့တရားလို့ ဆိုရတယ်၊ အဘိဓမ္မာမှာ အဘိရယ် ဓမ္မရယ် ၂-ပုဒ်တွဲထားတယ်၊ အဘိ-ဆိုတာက လွန်ကဲတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ (သို့မဟုတ်) ထူးမြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ဓမ္မဆိုတာက တရား၊ အဲဒီတော့ လွန်ကဲထူးမြတ်တဲ့တရားဆိုတာက ဘာကိုဆိုလိုတာလဲ၊ အဘိဓမ္မာမှာဟောထားတဲ့ တရားတွေက သုတ္တန်မှာ ဟောထားတဲ့ တရားတွေထက်သာလို့လား ပိုပြီးတော့မြတ်လို့လား၊ ဒီလို မဟုတ်ဘူးတဲ့၊ လွန်ကဲထူးမြတ်တယ်ဆိုတာ အမှန်ကတော့ ဟောပုံလွန်ကဲ ထူးခြားတာကို ဆိုလိုတာ။

ဟောပုံ ထူးခြားတယ်ဆိုတာက ဒီလို သုတ္တန် ပိဋကတ်မှာ ခန္ဓာငါးပါးဆိုရင် ခန္ဓာငါးပါး အကျဉ်းလေးပဲဟောတော်မူတယ်၊ ခန္ဓာငါးပါး အကျယ်ကြီး မဟောဘူး၊ အဘိဓမ္မာ ပိဋကတ်ကျတော့ အဲဒီ ခန္ဓာငါးပါးကို အကျယ်ချဲ့ပြီးတော့ ဟောတော် မူတယ်၊ ခန္ဓာငါးပါးနှင့်ပတ်သက်ပြီးတော့ သိသင့်သိထိုက်တာ မှန်သမျှ အကုန်လုံး တစ်ခါတည်း ဟောချလိုက်တယ်၊ အဲဒီလို ကွာတယ်၊ ခန္ဓာငါးပါးကို သုတ္တန်မှာ တစ်မျက်နှာတည်း ဟောထားတာ တစ်မျက်နှာတည်းနှင့် ရိုက်လို့ရတယ်၊ အဘိဓမ္မာမှာ ခန္ဓာငါးပါးနှင့် ပတ်သက်ပြီးတော့ ဟောထားတာဆိုရင် ဝိဘင်းပါဠိတော် စာမျက်နှာ ၈၀-လောက်ဖြစ်တယ်၊ သုတ္တန္တဘာဇနီယနည်း, အဘိဓမ္မာဘာဇနီယနည်း, အမေး အဖြေနည်း, စသည်ဖြင့် အဲဒီလိုနည်းတွေနှင့် အမျိုးမျိုး ချဲ့ပြီးတော့ ခန္ဓာငါးပါးနှင့် ပတ်သက်တဲ့ သိသင့်သိထိုက်တာ အကုန်လုံးပါအောင် ဆိုပြီးတော့ ဒီလိုဟောတာ၊ ဒါကြောင့်မို့ ဟောတော်မူတဲ့ အခြင်းအရာအားဖြင့် ထူးခြားတဲ့အတွက်ကြောင့် အဘိဓမ္မာလို့ခေါ်တာ။

အဘိဓမ္မာက သုတ္တန်ထက်ပိုပြီး မြင့်မြတ်တယ်၊ အဘိဓမ္မာမှာ ဟောထားတဲ့ တရားတွေက သုတ္တန်မှာ ဟောထားတဲ့ တရားတွေထက် သာတယ် ဒီလိုဆိုတာ မဟုတ်ဘူး၊ အဲဒီတော့ (method of treatment) မှာ သူက ပိုပြီးတော့ ကျယ်ဝန်းများပြားတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာလို့ခေါ်တာ။

သုတ္တန်နှင့် အဘိဓမ္မာကွာခြားချက်
သံယုတ်မှာ တစ်မျက်နှာဟာ ဝိဘင်း ပါဠိတော်မှာ ၆၈-မျက်နှာလောက်

[စာမျက်နှာ-8] ရှိတယ်၊ အဲဒီတော့ သုတ္တန်မှာ ဟောထားတဲ့တရားနှင့် အဘိဓမ္မာမှာ ဟောထားတဲ့ တရားနှင့်ဘာထူးသလဲ၊ သုတ္တန်မှာကျတော့ မြတ်စွာဘုရားက သမုတိ ပညတ်လို့ခေါ်တဲ့ လူအားလုံးသုံးနေတဲ့စကားလုံးတွေနှင့် ဟောတော်မူတယ်၊ လူပဲ, နတ်ပဲ, သတ္တဝါပဲ မိန်းမပဲ, ယောက်ျားပဲစသည်ဖြင့် ဒီလို စကားလုံးတွေနှင့် ဟောထားတာ၊ မင်္ဂလ သုတ်တို့ ဓမ္မစကြာသုတ်တို့ ကြားဖူးကြတယ် မဟုတ်လား၊ အဲဒီမှာ ဟောထားတာတွေဆိုရင် အခုလို နတ်သားတစ်ယောက် မြတ်စွာဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားက လူမိုက်မပေါင်းနှင့်, လူလိမ္မာပေါင်း စသည်ဖြင့် ဒီလိုပဲ ဟောတော်မူတယ်မဟုတ်လား၊ အဲဒီလို နေ့စဉ်သုံးစကားနှင့် သုံးပြီးတော့ သုတ္တန်ပိဋကတ်ကို ဟောတော်မူတယ်၊

အဘိဓမ္မာပိဋကတ်ကျတော့ သမ္မုတိသစ္စာကို စွန့်ပြီး ပရမတ္ထသစ္စာလို့ခေါ်တဲ့ (Ultimate truth) အဲဒီအသုံးအနှုန်းတွေနှင့် သုံးပြီးတော့ မြတ်စွာဘုရား ဟောတော်မူတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာကျတော့ ဘာတွေ လာတွေ့မလဲ၊ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, စိတ်, စေတသိက် စသည်ဖြင့် ဒါတွေပဲတွေ့တယ်၊ သတ္တဝါပဲ, ပုဂ္ဂိုလ်ပဲ, အဲဒီလို ဟောထားတာမရှိဘူး။

အဲဒီတော့ ဘာနှင့်တူသလဲဆိုတော့ လောကဓာတ်ပညာတွေမှာ (lab) ထဲကျတော့ စကားလုံးတစ်မျိုးသုံးတယ်၊ အပြင်ရောက်လာတော့ အပြင်စကား သုံးတယ်၊ အဲဒီလိုပေါ့၊ ရေကို အပြင်ဘက်မှာနေရင် ရေပဲခေါ်မယ်ပေါ့၊ ရေတစ်ခွက် သောက်ချင်တယ်၊ ရေတစ်ခွက်ပေးပါလို့ သုံးမယ်၊ lab ထဲမှာပြောရင် $H_2O$ လို့ ပြောလိမ့်မယ်၊ တစ်ခြားဟာတွေလည်းရှိဦးမှာပေါ့၊ ဘာတွေလဲ မသိဘူး၊ ဆား အကြောင်း ပြောရင် lab ထဲကျ ဆိုဒီယမ်(sodium) ခေါ်မယ်၊ အဲဒီလိုပေါ့။

အဘိဓမ္မာက အဲဒီလို Lab language နှင့်တူတယ်၊ ဒီလူတစ်ယောက်ကို လူလို့မခေါ်တော့ဘူး၊ ယောက်ျားလို့ မခေါ်တော့ဘူး၊ ခန္ဓာငါးပါး အစုအဝေး, မိန်းမလည်း ခန္ဓာငါးပါး အစုအဝေး စသည်ဖြင့်ပေါ့လေ၊ တကယ်ရှိတဲ့ တရားအနေနှင့် အဲဒါတွေကိုပဲ ကောက်ပြီးတော့ မြတ်စွာဘုရားက သုံးသွားတယ်။

အဲဒါကြောင့်မို့ သုတ္တန်နှင့် အဘိဓမ္မာ ဘာထူးလဲဆို အဲဒါပဲ၊ သုတ္တန်မှာကတော့ ခေတ်သုံး လောကသုံးလိုက်ပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ အဘိဓမ္မာ ကျတော့ကို ပရမတ်သဘောတရားလို့ခေါ်တဲ့ တကယ်အစစ်အမှန်ရှိတဲ့ သဘော တရားတွေကို ဆိုလိုတဲ့ စကားလုံးတွေကို သုံးပြီးတော့ ဟောတော်မူတယ်။ အဲဒီလို ကွာသွားတာ။

[စာမျက်နှာ-9]
အစစ်အမှန်ဟောကြား အဘိဓမ္မာတရား
အဲဒီ အဘိဓမ္မာမှာ အစစ်အမှန်တကယ်ရှိတယ်လို့ ပြောရင် တကယ်ရှိတာကိုသာ အစစ်အမှန်လို့ ဆိုလိုတာ (reality) ဆိုတာ အဲဒါကို ပြောတာ၊ အဲဒီ အစစ်အမှန်တွေကိုချည်း မြတ်စွာဘုရားက ဟောတော်မူသွားတာ၊ ဆိုလိုတာ ကတော့ (Chemistry) အနေနှင့် ပြောမယ်ဆိုရင် ဒီမှာရှိတဲ့ ပစ္စည်းတွေ အားလုံးဟာ (element) တွေချည်းပဲ၊ ဟုတ်တယ် မဟုတ်လား၊ element အမျိုးမျိုးအကျပေါင်းစပ်ပြီးတော့ ဒါက သစ်ပင်ဖြစ်နေမယ်, ဒါက ကျောက်ခဲ ဖြစ်နေမယ်၊ ဒါ လူဖြစ်နေမယ် စသည်ဖြင့်ပေါ့၊ အဲဒါမျိုးလိုပဲ-တကယ် အတိအကျ ပြောကြစို့ဆိုတော့ လောကကြီးမှာ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်(သို့) ခန္ဓာ ငါးပါး ဒါပဲရှိတယ်၊ လူပဲ, ပုဂ္ဂိုလ်ပဲ, သတ္တဝါပဲဆိုတာ ရှိတာမဟုတ်ဘူး၊ တကယ် ရှိတာက ရုပ်နှင့်နာမ် (သို့) ခန္ဓာငါးပါး (သို့) စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်၊ အဲဒါကသာ တကယ်ရှိတာ၊ အဲဒါကြောင့်မို့ ဒီ အဘိဓမ္မာပိဋကတ်မှာ တကယ် အရှိတရားဖြစ်တဲ့ ရုပ်တို့နာမ်တို့ကို အကျယ်ဟောတော်မူတာ(သို့) ခန္ဓာငါးပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး ဒါတွေကို အကျယ်ဟောတော်မူတာ။

စိတ်နှင့် စေတသိက်
စိတ်ကို ဘယ်လောက်ထိ အသေးစိပ် ဟောထားသလဲ၊ အဘိဓမ္မာမှာ ဦးဇင်းတို့ နေ့စဉ်သုံးစကားနှင့် ပြောတဲ့အခါမှာ စိတ်လို့ပြောလိုက် တာပဲနော်၊ တကယ့်တကယ် ပြောမယ်ဆိုရင် နေ့စဉ်ပြောစကားမှာသုံးတဲ့ စိတ်ဟာ အဘိဓမ္မာ အလိုဆို စိတ်နှင့်စေတသိက် ၂-မျိုးကိုဆိုလိုတာ၊ စိတ်နှင့်စေတသိက်က အမြဲတမ်း ပေါင်းပြီးတော့ ဖြစ်တာ၊ တွဲဖြစ်တာ၊ ခွဲထားလို့မဖြစ်ဘူး၊ ဉာဏ်နှင့်သာ ဒါကစိတ်ပဲ, ဒါက စေတသိက်ပဲလို့ ခွဲခြားသိနေရတာ၊ ဓာတ်ခွဲသလို တစ်ခုစီ ခွဲလိုက်လို့မရဘူး။

တစ်ခါ အဲဒီ စိတ်ကလည်းပဲ အမျိုးမျိုးရှိတယ်၊ စိတ်ပေါင်း ၈၉-မျိုး (သို့) ၁၂၁-မျိုးရှိတယ်၊ တစ်ခါ စေတသိက်ကလည်း ၅၂-မျိုးရှိတယ်၊ အဲဒီလို မြတ်စွာဘုရား က mind ပေါ့၊ အင်္ဂလိပ်လို mind ကို အလွန် အသေးစိပ် ဝေဖန်ပြီးတော့ ဟောတော်မူတယ်။

အရှင်နာဂသိန်က မိလိန္ဒမင်းကြီးကို ဘာပြောဖူးသလဲဆိုတော့ မင်းကြီး မြတ်စွာဘုရားဟာ အလွန်ခဲယဉ်းတဲ့ အမှုကိုပြုတော်မူတယ်၊ ဘာလဲဆိုတော့ ဒါဟာ စိတ်ပဲ, ဒါဟာ စေတသိက်ပဲ, စေတသိက်မှာလည်း ၅၂-ပါးရှိတော့ ဒါဟာက ဖဿ,

[စာမျက်နှာ-10] ဒါဟာက ဝေဒနာ စသည်ဖြင့် မြတ်စွာဘုရား ခွဲခြားဟောခဲ့တာ အလွန့်အလွန်ကို ခက်ခဲတယ်တဲ့၊ သမုဒ္ဒရာထဲက ရေလေးလက်တစ်ဆုပ်လောက်ကိုယူပြီးတော့ ဒီရေက ဂင်္ဂါမြစ်ရေမှ ဒီရေက ယမုံနာမြစ်ရေလို့ ပြောဆိုတာကမှ လွယ်လိမ့်ဦးမယ်တဲ့။ အတူတူဖြစ်, အာရုံအတူတူယူပြီးတော့ မှီရာ အတူတကွဖြစ်တဲ့ နာမ်တရားထဲမှာ ဒါကတော့ စိတ်ပေါ့, ဒါကတော့ ဖဿ, ဝေဒနာ, သညာ စသည်ဖြင့် ခွဲခြားပြီးတော့ ပြောနိုင်ဖို့ဆိုတာ မြတ်စွာဘုရားပဲရှိတယ်၊ အဲဒီလောက် ခက်ခဲတယ်။ အဲဒီလောက် ခက်ခဲတာကို မြတ်စွာဘုရားက သတ္တဝါတွေကို ဟောခဲ့တယ်”

ဒါကြောင့်မို့ စိတ်ကို လေ့လာတဲ့နေရာမှာ အဘိဓမ္မာဟာ အလွန်အသေးစိပ်တယ်၊ သူတို့ပြောတာ ခေတ် (ဆိုက်ကိုလိုဂျီ) ကတောင်မှ ဒီလောက်အသေးစိပ်တာ မရှိသေးဘူးလို့ ဆိုတယ်၊ စေတသိက်ပိုင်းကျရင် တွေ့လိမ့်မယ်၊ အလွန် စိတ်ဝင်စားဖို့ကောင်းတယ်၊ (mental state) အမျိုးမျိုး တစ်ခုတစ်ခုကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် စသည်ဖြင့် လေ့လာလိုက်တာ၊ အလွန် စိတ်ဝင်စားဖို့ ကောင်းတယ်။

ပြီးတော့ ဒီ အဘိဓမ္မာမှာ ရုပ်တရားကိုလည်းပဲ ခုနပြောသလိုပဲ အကျယ်ဝေဖန်ပြီးတော့ ဟောတော်မူတယ်၊ (Chemistry) မှာဆိုရင် (element) တစ်ရာကျော်ရှိတယ်၊ ဦးဇင်းတို့ ရုပ်ကတော့ ၂၈-ခုပဲရှိတယ်၊ ဒါလည်း နောင် တဖြည်းဖြည်းနှင့် အကျယ် လာမယ်၊ ဒီရုပ်တွေက ဘယ်လိုဖြစ်လာတယ်၊ သူတို့ကလဲ (group) နှင့် နေတာကို၊ ခုနပြောသလိုဘယ်လိုဘယ်လို အစုဖြစ်တယ်၊ ဘဝတစ်ခုမှာ ဘယ်အချိန်မှာ စဖြစ်တယ်၊ ဘယ်အချိန် နောက်ဆုံးချုပ်သွားတယ် စသည်ဖြင့် ရုပ်နှင့် ပတ်သက်ပြီးတော့ သိသင့်သိထိုက်တာတွေကို အဘိဓမ္မာမှာ ဟောထားတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာကို မေးလေ့ရှိတယ်။

အဘိဓမ္မာဆိုတာဘာလဲ
အဘိဓမ္မာဟာဘာလဲ၊ ဖီလိုဆိုဖီလား ဆိုက်ကိုလိုဂျီလား, ဘာတုန်း, ဒါတွေ အကုန်ပါရတာပဲ၊ ဖီလိုဆိုဖီဆိုလည်း ဟုတ်တာပဲ၊ ဆိုက်ကိုလိုဂျီလည်း ဟုတ်တာပဲ။ (Ethics) လည်း ဟုတ်သလောက် ဟုတ်တယ်၊ ဒါကြောင့်မို့ ဆရာတော် ဦးသေဋ္ဌိလက The Path of Buddha ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာရှိတယ်၊ သူက ဘယ်လိုရေးတုန်းဆို It is a philosophy ဖီလိုဆိုဖီ။

Sayadaw U Thittila, however, said "Abhidhamma is highly

[စာမျက်နှာ-11] prized by the profound students of Buddhist philosophy, but to the average student it seems to be dull and meaningless. This is because it is so extremely subtle in its analysis and technical in its treatment that it is very difficult to understand without the guidance of an able teacher. That is probably why the Abhidhamma is not so popular as the other two Pitakas among western Buddhists" (The Path of the Buddha, P. 70)

အဘိဓမ္မာထဲမှာ ဖီလိုဆိုဖီလည်းပါတယ်၊ ဆိုက်ကိုလိုဂျီလည်းပါတယ်။ (Ethics) လည်းပါတယ်၊ အများဆုံးအားဖြင့်တော့ ဆိုက်ကိုလိုဂျီပါတယ်၊ စိတ်နှင့် စိတ်နာမ်တရားချင်း ဆက်သွယ် ကျေးဇူးပြုပုံတွေ, နာမ်တရားနှင့် ရုပ်တရားကျေးဇူးပြုပုံတွေ ဒါတွေကို အများကြီး ဟောသွားတယ်။

အဘိဓမ္မာတတ်ဖို့ လိုအပ်သလား
ကောင်းပြီ အဘိဓမ္မာတတ်ဖို့ တကယ်လိုသလား မလိုဘူးလား၊ ဘယ်လို ဖြေကြမလဲ၊ တတ်တဲ့ ပုဂ္ဂိုလ်ကလည်း လိုတယ်ပြောမယ်၊ မတတ်တဲ့ ပုဂ္ဂိုလ်ကလည်း မလိုပါဘူးကွာလို့ ပြောချင်လည်း ပြောလိမ့်မယ်၊ အခုခေတ်မှာ များသောအားဖြင့် အဲဒီလိုလူတွေ များတယ်၊ အနောက်နိုင်ငံမှာ “အဘိဓမ္မာ မလိုပါဘူး၊ ငါတို့စာအုပ်တွေ ဖတ်နေတာပဲ နားလည်နေတာပဲ” လို့ ပြောတယ်။

အဖြေက ၂-မျိုးပေးရမယ်၊ တရားထူးရဖို့ အားထုတ်မယ်, ဝဋ်မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်သော်လည်းပဲ ဆရာသမားနှင့် အားထုတ်ရင်ဖြစ်တယ်၊ အဘိဓမ္မာ အများကြီး တတ်ဖို့ မလိုဘူး၊ တတ်ရင်တော့ ကောင်းပါတယ်၊ သို့သော် ဒီစိတ် စေတသိက်, ရုပ်, နိဗ္ဗာန်, ဒါတွေအကုန်လုံးသိမှ မင်း တရားထိုင်ရမယ်၊ ဒီလိုပြောလို့ မရဘူး၊ အဲဒါ သတိထားရမယ်။

အဘိဓမ္မာမတတ်ချင်နေ တရားပြတဲ့ ဘုန်းကြီးက လောကမှာဟေ့ ရုပ်နှင့် နာမ်ပဲရှိတယ်လို့ မြတ်စွာဘုရားက ဟောထားတယ်၊ ဒီရုပ်နှင့် နာမ်ဟာလည်းပဲ အနိစ္စ သဘော, ဒုက္ခသဘော, အနတ္တသဘောက မလွန်နိုင်ဘူး၊ မြတ်စွာဘုရားက ဟောထားတယ်၊ အဲဒီလောက်ကလေး နားလည်သွားရင် တရားထိုင်လို့ ရတာပါပဲ။ ဒါ မဟာစည် ဆရာတော်က အမိန့်ရှိထားတာ၊ ဒါကြောင့်မို့ ပြောမိတတ်တယ်။ အဘိဓမ္မာ မတတ်ရင် တရားထိုင်လို့ ဖြစ်ပါ့မလား, တရားမထိုင်ကောင်းဘူးလို့

[စာမျက်နှာ-12] ပြောမိတတ်တယ်၊ အဲဒီလို မဖြစ်စေရဘူး။

အဲဒါ ဘာကြောင့်လဲဆိုတော့ ဝတ္ထုကြောင်းတစ်ခုက ရှင်စူဠပန်ဆိုတာ ကြားဖူးလား မသိဘူး၊ သိပ်ဉာဏ်ထိုင်းတယ်၊ ဂါထာလေး တစ်ပုဒ်ကို လေးလကျက်လို့ မရဘူးဆိုရင် ဘယ့်နှယ်လုပ်ပြီးတော့ အဘိဓမ္မာသူတတ်မလဲ၊ ဒါပေမယ်လို့ သူ့ကို မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးပြီးတော့ တရားထိုင်ခိုင်းလိုက်တော့ နာရီပိုင်းအတွင်းမှာ တစ်နာရီတောင်ကြာချင်မှကြာမယ်၊ ရဟန္တာဖြစ်သွားတယ်၊ အဲဒီတော့ မြတ်စွာဘုရားလက်ထက်က မြတ်စွာဘုရားဆီရောက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်အဘိဓမ္မာတတ်မလဲ။ တစ်ချို့ ဗုဒ္ဓဘာသာတောင်မဟုတ်ဘူး၊ မြတ်စွာဘုရား တရားဟောလို့ တရားထိုင်ခိုင်းတယ်၊ တရားထိုင်ပြီးတော့ အကျွတ်တရားရတယ်၊ ဒါကြောင့်မို့ တရားထိုင်ဖို့ဆိုရင် အဘိဓမ္မာဟာ မရှိမဖြစ်မဟုတ်ဘူး၊ ဆရာကောင်းကောင်းနှင့် အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်လည်းပဲ အားထုတ်လို့ရတယ်၊ ဒါလေးတော့ မှတ်ထား။

ဒါပေမယ့်လို့ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတွေကို နားလည်ချင်ပါတယ်ဆိုရင် အဘိဓမ္မာမတတ်ရင် မဖြစ်ဘူး၊ အဘိဓမ္မာ မတတ်ပဲနှင့် သုတ္တန်ဖတ်ရင် ကျကျနန ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ မရှိဘူး၊ ဒါကြောင့်မို့ အခုခေတ်အနောက်နိုင်ငံမှာလည်း အလွဲလွဲအမှားမှားတွေ ဖြစ်ကုန်တာ၊ သူတို့က အဘိဓမ္မာမတတ်ဘူး၊ သူတို့ကိုယ်သူတို့ သုတ္တန်လောက်ဖတ်ပြီးတော့ နားလည်တယ်လို့ သူတို့က ထင်တယ်၊ အဲဒါကြောင့်မို့ အဘိဓမ္မာ မတတ်ရင် မြတ်စွာဘုရား သင်ကြားချက်တွေကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်ဖို့ မဖြစ်နိုင်ဘူး၊ အပေါ်ယံကြောလောက်ကတော့ နားလည်မယ်၊ တချို့ဝတ္ထုကြောင်းလို ဟောထားတာတော့ ဒါတော့ နားလည်တာပေါ့၊ ဒါပေမယ်လို့ တချို့ဟာတွေကျတော့ with reference to အဘိဓမ္မာ explain လုပ်ရမယ်၊ ကိုယ်နားလည်ရမယ့်ဟာတွေ အများကြီးပဲရှိတယ်၊

အဘိဓမ္မာတတ်ထားမှ
အခုပြောပြမယ့် မြတ်စွာဘုရား ဟောထားတာရှိတယ်၊ သဗ္ဗပါပဿ အကရဏံ အကုသိုလ်မလုပ်ကြနှင့်၊ ကုသိုလ်ကို မင်းတို့ ပြည့်စုံအောင်လုပ်ကြ ကိုယ့်စိတ်ကို ဖြူစင်အောင်ထား, ဒါ မြတ်စွာဘုရားရဲ့ ဆုံးမ ဟောကြားချက် အကျဉ်းချုပ်ပဲ၊ အဲဒီ ဂါထာလေးက သိပ်လူကြိုက်များတယ်။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။

[စာမျက်နှာ-13] သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

ဒါ ဓမ္မပဒမှာရှိတယ်၊ အဲဒီ ဘုရားဟောဩဝါဒကို မိမိက လိုက်နာချင်တယ်။ အဲဒီတော့ အကုသိုလ်မှန်သမျှ မပြုနှင့်လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဲဒီတော့ အကုသိုလ်ဆိုတာဘာလဲ၊ အဘိဓမ္မာမတတ်ရင် အကုသိုလ် နားမလည်ဘူး၊ မြန်မာတွေ အနေနှင့်တောင်မှ တကယ်တော့ နားလည်တာ မဟုတ်ဘူး၊ နားလည်တယ်ထင်ကြတာပဲ၊ ကုသိုလ်ဆိုတာဘာလဲ, အကုသိုလ်ဆိုတာ ဘာလဲ, တိတိကျကျ မပြောတတ်ဘူး၊ အဲဒီလို မသိတော့ ဘုရားက အကုသိုလ်ကို ပယ်ရမယ်ပြောတယ်။ ကိုယ်က ကုသိုလ်မှန်း အကုသိုလ်မှန်း မသိရင် ဘယ့်နှယ်လိုက်နာလို့ ရမလဲ။

အဲဒါကြောင့်မို့ အဘိဓမ္မာ မတတ်ရင် အဲဒါတောင်မှ လိုက်နာဖို့ မလွယ်ဘူး၊ ဒါ မြတ်စွာဘုရားဟောတဲ့အတိုင်း ပြည့်ပြည့်ဝဝလိုက်နာဖို့ပေါ့၊ ဆိုပါတော့၊ ဦးဇင်းက ပြောမယ် မင်းတို့ ထမင်းစားတုန်းလည်းပဲ အကုသိုလ်ဖြစ်နိုင်တယ်ဟေ့ဆိုရင် ရုတ်တရက်ဆိုရင် မခံချင်ဘူး၊ ဘယ့်နှယ် ကိုယ့်ထမင်းကိုယ်စားတာပဲ, ခိုးစားတာလည်း မဟုတ်ဘူး, ရန်ဖြစ်စားတာလည်း မဟုတ်ဘူး ကိုယ့်ဟာကို ရိုးရိုးစားတာပဲ, ဘယ်လို လုပ်ပြီးတော့ အကုသိုလ် ဖြစ်ရမလဲဆိုတော့ စားတဲ့အခါမှာ ကိုယ်က ကြိုက်တယ်, နှစ်သက်တယ်, တွယ်တာတယ်, လောဘ ပါလာတယ်၊ အဲဒါပြောတာ၊ ဒီအကုသိုလ်ဟာ သူများအသက်သတ်တာ သူ့ဥစ္စာခိုးတာလိုတော့ ဆိုးတာမဟုတ်ဘူးပေါ့၊ သို့သော် အကုသိုလ်ဟာတော့ အကုသိုလ်ပါပဲ၊ မြတ်စွာဘုရားက အကုသိုလ် ရှောင်လို့ပြောရင်, မြတ်စွာဘုရားရဲ့ အဆုံးအမကို အသေချာ လိုက်နာမယ်ဆိုရင် အဲဒါပါ အစရှောင်ရမှာ။

ကုသိုလ် အကုသိုလ် ခွဲခြားသိနိုင်ဖို့
ကုသိုလ်ဆိုတာဘာလဲ၊ အပြစ်မရှိဘူး, ကောင်းသောအကျိုးကို ပေးတတ်တဲ့ သဘောတရားတွေကို ကုသိုလ်လို့ ခေါ်တယ်၊ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ကြ စိတ်ကို ဖြူစင်အောင်ထားဆိုတော့ စိတ်အညစ်အကြေးတွေက ဘာတွေလဲဆိုတာသိဖို့ မလိုဘူးလား၊ အဲဒါကြောင့်မို့ စိတ်အညစ်အကြေးမသိပဲနှင့် စိတ်ကို ဘယ်လို ဖြူစင်အောင် ထားတတ်မလဲနော်၊ မြတ်စွာဘုရားက ဟောထားတယ်၊ စိတ်အညစ်အကြေးက ဘာလဲ၊ လောဘ, ဒေါသ, မောဟ, မာန, ဝိစိကိစ္ဆာ, ထိနမိဒ္ဓ၊ ဒါတွေ ဟောထားတယ်၊ အဲဒါကို ကိလေသာလို့ခေါ်တယ်၊ ကိလေသာဆိုတဲ့ စကားလုံး ကြားဖူးနေကြတယ်နော်၊ ကိလေသာဆိုတာ ဘာလဲဟေ့ဆို မပြောတတ်

[စာမျက်နှာ-14] ကြဘူး၊ အဲဒါတွေ အကုန်လုံးဟာ အဘိဓမ္မာမှာရှိတယ်၊ သုတ္တန်ထဲမှာလည်း ရှိသလောက်ရှိပါတယ်၊ အဲဒီဟာတွေကို နားလည်မှသာ မြတ်စွာဘုရားရဲ့ သင်ကြားချက်ကို နားလည်းလည်မယ်၊ လိုက်လည်းလိုက်နာမယ်၊ အဘိဓမ္မာ ဗဟုသုတ မရှိဘူးဆိုရင် ဒါတွေ ကောင်းကောင်း နားမလည်ဘူး။

ဒါဖြင့် ကုသိုလ်ဆိုတာဘာလဲ? အကုသိုလ်ဆိုတာဘာလဲ? အကုသိုလ်ဆိုတာ လောဘ ဒေါသ မောဟနှင့် တွဲဖြစ်တာ မှန်ရင် အကုသိုလ်ပဲ, အဲဒါသာ မှတ်ထား။

ငါ တစ်ခုခုလုပ်တယ်၊ လောဘနှင့် လုပ်သလား၊ ဒေါသနှင့်လုပ်သလား မောဟဆိုတာတော့ အမြဲတမ်းရှိတယ်၊ မောဟကတော့ မကင်းနိုင်ဘူး၊ လောဘနှင့် ဒေါသနှစ်ခုသာကြည့်, လောဘနှင့် လုပ်သလား, ဒေါသနှင့် လုပ်သလား, အဲဒါနှင့် အတူတူ တွဲဖြစ်နေရင် အကုသိုလ်ပဲ၊

ထမင်းစားတယ်, ကြိုက်တယ်၊ ဟင်းလေးက ကောင်းလိုက်တာ, တွယ်တာမှု ဖြစ်တယ်၊ လောဘပါသွားတယ်, ဒါ အကုသိုလ်ပဲပေါ့။

အဲဒီ လောဘ ဒေါသ မောဟရဲ့ ပြောင်းပြန်ဖြစ်တဲ့ အလောဘ-မလိုချင်တာ၊ အဒေါသ-မေတ္တာ စိတ်မဆိုးတာ၊ အမောဟ-မတွေဝေတာ၊ မတွေဝေတာဆိုတာ အမှန်အကန်အတိုင်းသိတာ၊ အဲဒါတွေနှင့်တွဲဖြစ်ရင် ကုသိုလ်လို့ခေါ်တယ်၊ လောဘ, ဒေါသ, မောဟနှင့်တွဲဖြစ်ရင် အကုသိုလ်၊ အလောဘ, အဒေါသ, အမောဟနှင့် တွဲဖြစ်ရင် ကုသိုလ်။

တွဲဖြစ်တယ်လို့ ဦးဇင်းပြောတာသတိထားနော်၊ အင်္ဂလိပ်လိုရေးတဲ့ အထဲတွေမှာ သူတို့က (rooted in) လို့ ရေးတတ်တယ်၊ (rooted in) မဟုတ်ဘူး၊ အမှန်က (accompanied by) အဲဒါမျိုးလာရမယ်၊ ဘာကြောင့်တုန်းဆိုတော့၊ လောဘကြောင့် ကုသိုလ်ဖြစ်နိုင်တယ်၊ အခုဆိုလိုတာက လောဘနှင့် တွဲဖြစ်တာကို ပြောချင်တာ။

ဆိုပါတော့ နောက်ဘဝ နတ်ပြည် ဖြစ်ချင်တယ်၊ နတ်ပြည်ကို တွယ်တာတဲ့စိတ် မရှိဘူးလား၊ နတ်ပြည်ရောက်ချင်တော့ ဘာလုပ်လဲ, ကုသိုလ်လုပ်တာပေါ့၊ အဲဒီ ကုသိုလ်ဟာ ခုန လောဘကနေပြီးတော့ ကျေးဇူးပြုပေးတာ၊ (rooted in) လောဘ လို့ပြောရင် ဟိုကလည်း အကုသိုလ်ဖြစ်ရလိမ့်မယ်၊ နတ်ပြည်ရောက်ချင်လို့ လုပ်တဲ့ ကုသိုလ်မဟုတ်ဘူး၊ ကုသိုလ်ဟာ ကုသိုလ်ပဲ၊ ဒါကြောင့်မို့ အဘိဓမ္မာထဲမှာ (rooted in) လောဘလို့ ရေးလျှင် မကိုက်ဘူး၊ အတူတူဖြစ်တာကို ဆိုလိုတာ၊ တစ်ပြိုင်နက် တွဲဖြစ်သလား, မဖြစ်ဘူးလား, ဒါသာကြည့်။ တစ်ပြိုင်နက် တွဲဖြစ်တာ လောဘပါရင် အကုသိုလ်ဖြစ်တယ်၊ အလောဘ

[စာမျက်နှာ-15] မလိုချင်တဲ့သဘောတရားပါရင် ကုသိုလ်ဖြစ်တာ။

ဓမ္မပဒမှာ ပထမဆုံးဂါထာရှိတယ်၊ မနောပုဗ္ဗင်္ဂမာ ဓမ္မာ, သာမညအားဖြင့် ဘာသာပြန်မယ်ဆိုရင် ဓမ္မတို့သည် စိတ်လျင်ရှေ့သွားရှိကြသည်၊ ဆိုလိုတာကတော့ စိတ်ဟာ ဓမ္မတွေ့ရဲ့ ရှေ့သွားရှိတယ်၊ အဲဒီဂါထာကို အနောက်နိုင်ငံကလူတွေ ပထမမှန်အောင် ဘာသာမပြန်တတ်ဘူး၊ ဒုတိယ အဓိပ္ပာယ်လည်း မှန်အောင် မယူဆ တတ်ဘူး၊ သူတို့ဘာသာ ပြန်ခဲ့တာအလွဲ၊ ဖတ်လို့တော့ သိပ်ကောင်းတာ၊ ဟုတ်လည်း ဟုတ်ပါတယ်၊ ဗုဒ္ဓဘာသာနှင့်တော့ မဆန့်ကျင်ဘူး၊ သို့သော် ဒီရဲ့ အဓိပ္ပာယ် အမှန်မဟုတ်ဘူး၊ ဒီဂါထာမှာ ဆိုလိုတာက ဓမ္မဆိုတာဟာ ဘာကို ဆိုလိုတာလည်းဆိုရင် တစ်ခြားနာမ်တရားတွေကိုဆိုလိုတာ။

စိတ်ရယ် စေတသိက်ရယ် ရှိတဲ့အခါမှာ စေတသိက်တွေကို နာမ်တရား၊ စိတ်ကိုလည်း နာမ်တရား၊ အဲဒီ စေတသိက်တရားတွေကို ဆိုလိုတာ၊ အဲဒီစေတသိက် တရားတွေဟာ စိတ်တည်းဟူသော ခေါင်းဆောင်ရှိကြတယ်၊ စိတ်တည်းဟူသော ရှေ့သွားရှိကြတယ်၊ စိတ်ဟာ နာမ်ခန္ဓာသုံးပါးရဲ့ ရှေ့သွား ဖြစ်တယ်၊ ခေါင်းဆောင် ဖြစ်တယ်လို့ ဒီလို ဆိုလိုတယ်။

ရှေ့သွားဖြစ်တယ်ဆိုတော့ သာမညအားဖြင့် ပြောမယ်ဆိုရင် စိတ်က ရှေ့ကသွား, စေတသိက်တွေက နောက်ကလိုက်မှာလား၊ အမှန်ကတော့ တစ်ပြိုင်နက်သောခဏမှာဖြစ်တာ၊ စိတ်ကဖြစ်ပြီး စေတသိက်က နောက်မှဖြစ်တာ မဟုတ်ဘူး၊ တစ်ပြိုင်နက်သော ခဏမှာ အတူတကွဖြစ်ကြတာ, ဖြစ်ပေမယ်လို့ စိတ်ကနည်းနည်း ခေါင်းဆောင်လိုဖြစ်တော့ သူ့ကို ရှေ့သွားလို့ခေါ်ရတာ၊ တကယ်ကတော့ တစ်ပြိုင်နက်သောခဏမှာ ဖြစ်ကြတာ၊ အဲဒီလို လေးနက်တာလေးတွေ နားလည်ဖို့ကျတော့ အဘိဓမ္မာပါမှ နားလည်တာ၊ အဘိဓမ္မာမပါရင် သာမန်အပေါ်ယံပဲ နားလည်သလိုလို မလည်သလိုလိုပါပဲ၊ လုံးဝနားမလည်တာလည်း မဟုတ်ဘူး၊ တကယ် တိတိကျကျလည်း နားမလည်ဘူး၊ အဲဒီလို ဖြစ်တတ်တယ်။

မလွယ်သော်လည်း မခက်သည့် အဘိဓမ္မာ
ဒါကြောင့်မို့ အဘိဓမ္မာဟာ မြတ်စွာဘုရား ဟောတော်မူတဲ့ သုတ္တန်တရားတော် တွေပဲ(ဆိုပါတော့) နားလည်ဖို့အရေးမှာ မရှိရင် မဖြစ်ဘူး၊ အဲဒါတော့ သေသေချာချာသာ မှတ်ထား၊ သုတ္တန်တွေဖတ်ရင် အများကြီးတွေ့တယ်၊ ဒါတွေ အဘိဓမ္မာ (Reference) လုပ်မှသာ ဒါကို နားလည်မယ်, သို့မဟုတ်ရင် နားမလည်နိုင်ဘူး၊

[စာမျက်နှာ-16] အဲဒါတော့ သေသေချာချာသာမှတ်ထား၊ ငါတို့ဟာ ဘုရားရဲ့ သင်ကြားချက် တရားတော်တွေကို တကယ်နားလည်ချင်တယ် လိုချင်လာပြီဆိုရင်တော့ အဘိဓမ္မာကို မကိုင်လို့ကိုမဖြစ်ဘူး၊ အဘိဓမ္မာ လွယ်သလားဆိုတော့ ဒါကတော့ (maths) လွယ်သလား၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ တစ်ခုခုဟာမလွယ်ဘူး၊ လုပ်ယူရတာပဲ၊ ကြိုးစားရတယ်၊ ဒါလည်းပဲ ဒီလိုပဲ၊ မတတ်နိုင်လောက်အောင် ခက်သလား၊ ဒီလိုလဲ မဟုတ်ဘူး၊ မတတ်နိုင်လောက်အောင် ခက်ရင် တတ်တဲ့လူတောင်ရှိမှာ မဟုတ်ဘူး၊ ဘုန်းကြီးဆို တတ်နေကြတာပဲ၊ ဘုန်းကြီးတွေက လူတွေထက် ဉာဏ်ကောင်းလို့ မဟုတ်ဘူး၊ အချိန်ရှိလို့ ကြိုးစားနိုင်လို့၊ ကိုယ်လည်းပဲ အချိန်ပေးပြီး နည်းနည်းချင်း လုပ်သွားရင် ရတာပါပဲ၊ ဒါကြောင့် အဘိဓမ္မာဟာ ဗုဒ္ဓဝါဒကို နားလည်ဖို့အရေးမှာ မရှိရင်မဖြစ်တဲ့ ပညာတစ်ရပ်ပဲလို့ ဒီလိုသာ မှတ်ထားလိုက်၊ အခု ဒီဟာကို တဖြည်းဖြည်းချင်း နည်းနည်းချင်း လေ့လာသွားကြမယ်ပေါ့။

အဘိဓမ္မာလို့ ပြောလိုက်တဲ့ခါကျတော့ အဘိဓမ္မာ ၇-ကျမ်းရှိတယ်၊ နာမည် လျှောက်ပြောရင်တော့ ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း ဆိုပြီးတော့ အဘိဓမ္မာ ၇-ကျမ်းရှိတယ်၊ အဲဒီ အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရား နတ်ပြည်မှာ ဟောတာနော်၊ မြတ်စွာဘုရား (၇) ဝါမြောက်မှာ တာဝတိံသာ ကြွပြီးတော့ မယ်တော်မိနတ်သား အမှူးပြုတဲ့ နတ်တွေကို အဘိဓမ္မာတရားကို ဝါတွင်းသုံးလပတ်လုံး ဟောတော်မူတယ်။

မြတ်စွာဘုရားဟာ ဘယ်လောက်စကားပြောမြန်သလဲဆိုရင် ရိုးရိုးလူ တစ်ခွန်း ပြောရင် မြတ်စွာဘုရား ၁၂၈-ခွန်း ပြောနိုင်သတဲ့၊ အဲဒီလောက်မြန်တဲ့ မြတ်စွာဘုရား သုံးလပတ်လုံး မရပ်မနား ဟောတာ ဘယ်လောက်များမလဲ၊ volume အနေနဲ့ ကြည့်လိုက်စမ်း၊ သုံးလဟာ (non-stop) နော်၊ နေ့ရော ညရောဟောတာ၊ အဲဒါ သိပ်ကျယ်တော့ လူတွေနှင့် မတော်ဘူးပေါ့။ ဒါကြောင့်မို့ နတ်တွေကို မြတ်စွာဘုရားက ဟောတာ၊ အဲဒီလို တာဝတိံသာတက်ပြီး မြတ်စွာဘုရား ဟောနေတဲ့အချိန်မှာ မြတ်စွာဘုရား ဆွမ်းခံကြွရတာပဲ၊ အဲဒီဆွမ်းခံကြွခါနီးကျရင် နိမ္မိတဘုရားလို့ဆိုတဲ့ သူ့ (Image) ကို ထားခဲ့တယ်၊ ထားခဲ့ပြီးတော့ တရားဟောခိုင်းထားခဲ့တယ်ပေါ့လေ၊ ဒါ အောက်တန်းစားနတ်တွေ မသိဘူး၊ မြတ်စွာဘုရားပဲ ထင်နေတာ။

မကျဉ်းမကျယ် အဘိဓမ္မာ
အဲဒီလို ဆွမ်းခံကြွတဲ့အခါမှာ ရှင်သာရိပုတ္တရာက မြတ်စွာဘုရားကို သွားတွေ့

[စာမျက်နှာ-17] တယ်၊ ဟိမဝန္တာမှာ သွားတွေ့ပြီးတော့ ဝတ်ကြီးဝတ်ငယ် ပြုစုတယ်၊ အဲဒီခါမှာ မြတ်စွာဘုရားက သာရိပုတ္တရာ ငါတော့ လွန်ခဲ့တဲ့နေ့က (ဆိုကြပါတော့) အဘိဓမ္မာ ဘယ်နေရာကနေ ဘယ်နေရာထိအောင် ဟောပြီးပြီလို့၊ ဒါလောက်လေး ပြောလိုက်တာ၊ အဲလောက်ပြောလိုက်ရင် ရှင်သာရိပုတ္တရာ အကုန်သိသွားတာ၊ ရှင်သာရိပုတ္တရာလည်း တကယ့်ဉာဏ်ကြီးတယ်၊ ပြီးတော့မှ ရှင်သာရိပုတ္တရာက လူ့ပြည်ပြန်လာပြီးတော့ သူ့တပည့် ရဟန်းငါးရာကို မကျဉ်းမကျယ်လေး ပြန်ဟောတာ၊ အဲဒီဟောတဲ့ မကျဉ်းမကျယ်လေးဟာ အခု အဘိဓမ္မာ ၇-ကျမ်း ဖြစ်တာပဲ၊ အခု ဦးဇင်းတို့ရှိနေတဲ့ အဘိဓမ္မာ ၇-ကျမ်းဟာ ရှင်သာရိပုတ္တရာက သူ့တပည့် ငါးရာကို ပြန်ဟောထားတဲ့ မကျဉ်းမကျယ်ပေါ့။

အကျယ်ဆုံးမှာ မြတ်စွာဘုရားက နတ်တွေကိုဟောတာ၊ အကျဉ်းဆုံးက ရှင်သာရိပုတ္တရာကို မြတ်စွာဘုရားက ပြောပြတာ၊ မာတိကာလေးလောက် နေမှာပေါ့။ (Table of Contents) အခုရှိနေတဲ့ အဘိဓမ္မာက နတ်တွေဟောတာလောက်လည်း မကျယ်ဘူး၊ အရှင်သာရိပုတ္တရာ ဟောတာလောက်လည်း မကျဉ်းဘူး၊ ရှင်သာရိပုတ္တရာ က သူ့တပည့်ငါးရာကို ပြန်ဟောတဲ့ မကျယ်မကျဉ်း (Neither too long nor too short) ပေါ့လေ။ အဲဒါကိုပဲ အဘိဓမ္မာဆိုပြီးတော့ ဦးဇင်းတို့ သင်နေတယ်။

အဘိဓမ္မာ ၇-ကျမ်းရှိတယ်၊ အဲဒီ အဘိဓမ္မာမှာ ဘာတွေဟောသလဲ။ ခုနပြောတဲ့ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, (သို့မဟုတ်) စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် (သို့မဟုတ်) နာမ်ရုပ်၊ အဲဒီတရားတွေကို မြတ်စွာဘုရား ဟောတော်မူတယ်၊ အဲဒီ အဘိဓမ္မာ ပိဋကတ်ကို အခုနေ ကောက်ဖတ်ကြည့်စမ်း၊ မြန်မာလို ပြန်ထားတာလည်းရှိတယ်၊ အင်္ဂလိပ်လို ပြန်ထားတာလည်းရှိတယ်၊ အလွန်ကို နားမလည်နိုင်ဘူး၊ ဒီစာအုပ်လေးတောင်မှ ရုတ်တရက် နားမလည်ဘူး၊ ဟို စာအုပ်ကြီးတွေဆို ပိုဆိုးတယ်။

သင်္ဂြိုဟ်ပိုင်မှ အဘိဓမ္မာကိုင်
အဲဒါကြောင့်မို့ အဲဒီအဘိဓမ္မာကို မကိုင်ခင် အဲဒီအဘိဓမ္မာကို သွားဖို့ရာ ဆိုပြီးတော့ အခု အဘိဓမ္မတ္ထသင်္ဂဟ မြန်မာလိုသင်္ဂြိုဟ်လို့ခေါ်တဲ့ အခု ဒီစာအုပ်လေးကို လေ့လာရတာ၊ သူက ဘာနှင့်တူသလဲ, အလီလိုပေါ့၊ ဂဏန်းစာအုပ် မကိုင်ခင် အလီကျက်ရတယ်၊ အလီရပြီးမှ အပေါင်း, အနှုတ်, အမြှောက်, အစားလေးလုပ်လို့ လွယ်တယ်၊ ထို့အတူပဲ သူမပါရင် အဘိဓမ္မာထဲ မဝင်နိုင်ဘူး၊ ဒါကြောင့်မို့သူကလည်း

[စာမျက်နှာ-18] အဘိဓမ္မာ လေ့လာတဲ့ နေရာမှာ မရှိရင် မဖြစ်တဲ့စာအုပ်၊ သင်္ဂြိုဟ်လို့ခေါ်တယ်၊ ဦးဇင်းတို့ မြန်မာပြည်မှာ ဆိုရင် ဘုန်းကြီးကျောင်းရောက်ရင် ကိုရင်ဖြစ်ပြီဆိုရင် ဒါ စကျက်တာ၊ သင်္ဂြိုဟ်ဆိုတာ ဒါပဲ၊ ဒါကြောင့်မို့ ဒီဟာကို ကျေအောင် လုပ်ကြရလိမ့်မယ်၊ ဦးဇင်းတို့ ဖြည်းဖြည်းပဲသွားမယ်၊ မြန်မြန်သွားရင် မကျေရင် မကောင်းဘူး၊ ကျေအောင်တော့ကြိုးစားကြ၊ မှတ်မိအောင်တော့ ကြိုးစားကြ၊ ပါဠိစကားလုံး မကြောက်နှင့်၊ အလွတ်မကျက်သည့်တိုင်အောင် ခဏခဏပြန်ပြီးတော့ လေ့လာရမယ်၊ နှလုံးသွင်းရမယ်၊ အလွတ်သိနေလောက်အောင် အဲဒီလောက်ထိအောင် ကြိုးစားကြရမယ်၊ အဲဒါတော့ စိတ်ပျက်လို့ မဖြစ်ဘူး၊ ပါဠိလည်းကြောက်လို့ မဖြစ်ဘူး၊တော်ကြာကျတော့တွေ့လာလိမ့်မယ်၊ ပါဠိမသုံးရင် မဖြစ်ဘူး ပါဠိမသုံးပဲ ဘာသာပြန်သုံးမိရင် မြန်မာစကားမှာတော့ သိပ်အရေးမကြီးဘူး၊ အင်္ဂလိပ်လိုပြောတဲ့ အခါကျတော့ အလွဲတွေ ဖြစ်ကုန်တတ်တယ်၊ ဒါကြောင့် ပါဠိကိုလည်း မကြောက်နှင့်၊ မှတ်ရမှာလည်းပဲ မကြောက်နှင့်၊ ဒါကတော့ လုပ်ရလိမ့်မယ်။ (language) တစ်ခုသင်လည်း မှတ်ရတာပဲ၊ ကျက်ရတာပဲ၊ အခု (Chemistry) သင်တဲ့သူတွေလည်း (Periodic Table) သူတို့အကုန်လုံး သိတာပဲ၊ အခု အဘိဓမ္မာ သင်တန်းသားတွေလည်းတော်ကြာကျတော့ အကုန်လုံး သိကုန်လိမ့်မယ်၊ တစ်ခုချင်း နည်းနည်းချင်း လေ့လာဖန်များတော့ သိလာလိမ့်မယ်၊ အဲဒါ လာမယ့်အပိုင်းကို မတက်ခင် (ဆိုပါတော့) ဒုတိယပိုင်း မတက်ခင် ပထမပိုင်းတော့ ကျေကို ကျေရမယ်၊ မကျေရင် သူ့ချည်း ပြန်ပြန်ညွှန်းနေတာဆိုတော့ ကြာတော့ စိတ်ပျက်လာတတ်တယ်၊ အဲဒါကို ကျေအောင်တော့ လုပ်စေချင်တယ်၊ ဒီက သင်သွားပြီးတော့ ပြစ်ထားလိုက်၊ နောက် တနင်္လာကျမှ စာအုပ်ကောက်လာ ဒီလို မလုပ်ကြနှင့် အိမ်မှာလည်းပဲ မိမိတို့ရသလောက် ၁ဝ-၁၅ မိနစ် နှလုံးသွင်းပြီး မှတ်မိအောင် လုပ်သွားရင် မှတ်မိရင် စာသင်ရတာ ပျော်လာတာ, မမှတ်မိတော့ စိတ်ပျက်လာတာ, ဒါကြောင့်မို့အဲဒါ လုပ်ကြ။

အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ
အခု (A Manual of Abhidhamma) ရဲ့ မူရင်းက ဘာလဲဆိုရင် အဘိဓမ္မတ္ထသင်္ဂဟခေါ်တဲ့ သင်္ဂြိုဟ်ကျမ်းလို့လည်းခေါ်တယ်၊ အဲဒါက ပါဠိလို အလွတ်ကျက်ရတာ၊ အဲဒီဟာကို အင်္ဂလိပ်လိုဘာသာပြန်ထားတာ သုံးခုရှိတယ်။ ပထမဆုံးက ဦးရွှေဇံအောင် ပြန်တာ (A Compendium of Philosophy) လို့

[စာမျက်နှာ-19] နာမည်ခံတယ်၊ ဒုတိယက အိန္ဒိယက ဂျီကပ်ရှပ်ဆိုတဲ့ ဘုန်းကြီးတစ်ပါး ပြန်တယ်။ တတိယသီဟိုဠ်ဆရာတော် အရှင်နာရဒပြန်တယ်၊ အင်္ဂလိပ်ဘာသာပြန် သုံးခုရှိတယ်၊ အဲဒီ သုံးခုထဲမှာ သီဟိုဠ်ဆရာတော်အရှင်နာရဒပြန်တဲ့ စာအုပ်က အခုအခါ ဝယ်လို့ ပြုလို့လည်းလွယ်တယ်၊ ဖတ်လို့လည်းပဲ လွတ်တယ်ပဲ ပြောကြပါစို့။

ဦးရွှေဇံအောင်ရဲ့ ဘာသာပြန်က ဘာသာပြန်ပုံကတော့ဖြင့် သိပ်မထူးဘူး၊ သို့သော် ဘာကောင်းသလဲဆိုတော့ Essay သိပ်ကောင်းတယ်၊ အက်ဆေးစာမျက်နှာ ၇၀-လောက်ရှိတယ်၊ အဲဒီမှာ အဘိဓမ္မာ Topic တွေကို အနောက်တိုင်း ဖီလိုဆိုဖီ နှင့် ဟပ်ဟပ်ပြီးတော့ ရေးတာ၊ အဲဒီစာအုပ်လည်းနောက်တော့ ရှာပေးပါအုံးမယ်။ အဲဒါလည်း ဖတ်ရအောင်၊ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံသားတွေနှင့်လဲ တွေ့ရမှာ၊ သူတို့နှင့် တွေ့လို့ ပြောပြချင်ရင် ပထမဆုံး ဖတ်ထားဦးမှဖြစ်တာ၊ သို့မဟုတ်ရင် မပြောနိုင်ဘူး၊ သုံးတာသုံးမျိုးရှိတယ်၊ ဒီစာအုပ်ထဲမှာ ဦးဇင်းအနေနဲ့ နည်းနည်း မကြိုက်တာတွေလည်းပါတယ်၊ ဒါကတော့ သွားရင်း သွားရင်းနှင့် ပြောပြသွားမယ်လေ၊ ကိုယ်က မြန်မာဖြစ်နေတော့ မြန်မာလိုပဲ လုပ်ရလိမ့်မယ်၊ ဒီနေ့ ဒါ အခြေခံပဲ။

မြန်မာနိုင်ငံနှင့် အဘိဓမ္မာ
အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ ဦးဇင်းတို့ မြန်မာပြည်က နံပတ် တစ်ပဲ၊ ဒါတော့ ဘာမှ ငြင်းစရာ မရှိဘူး၊ သီဟိုဠ် (သီရိလင်္ကာ) မှာလည်း မြန်မာပြည်မှာလောက် အခု လောလောဆယ်မှာ မထွန်းကားဘူး၊ ယိုးဒယားမှာလည်း မြန်မာပြည်မှာလောက် မထွန်းကားဘူး၊ မြန်မာပြည်မှာတော့ အဘိဓမ္မာအထွန်းကားဆုံးပဲ။ ဒါကြောင့် မြန်မာပြည် ဘုန်းကြီးတိုင်းပဲ (ဆိုပါတော့) အဘိဓမ္မာ နားလည်တာ၊ သီဟိုဠ်ဘုန်းကြီးဆို ဘုန်းကြီးတိုင်း နားမလည်ဘူး၊ ယိုးဒယား ဘုန်းကြီးဆို ဘုန်းကြီးတိုင်း နားမလည်ဘူး၊ မြန်မာပြည်မှာ ဘာကြောင့် အဘိဓမ္မာ နားလည်တာလဲ။ အဘိဓမ္မာ (compulsory subject) ဖြစ်နေတယ်၊ ကိုရင်ဖြစ်တယ်ဆို အဘိဓမ္မာက သင်ရတော့တာ။

ပြီးတော့ ညဝါဆိုတာရှိသေးတယ်၊ နေ့မှာကျက်ပြီးတော့ ညကျမှ ဆရာ့ဆီ သွားပြီးတော့ တက်ရတာ၊ အဲဒီညဝါတွေလဲ သိပ်ကျေးဇူးများတာ၊ နေ့မှာ ကျက်, ညကျတော့ မီးမထွန်းဘူး၊ အမှောင်ထဲမှာ သွားပြန်ရတာ၊ အလွတ်ပြန်ရတာ၊ မှားရင် ဆရာက ပြင်ပေးပေါ့လေ၊ အဓိပ္ပာယ်ပြောပြ၊ အဲဒီလို လုပ်ရတာ၊ အဲဒီလို

[စာမျက်နှာ-20] လုပ်တော့ ညဝါလုပ်လာတဲ့အခါကျတော့ အဘိဓမ္မာ ပိုကျေတာပေါ့၊ ဒါကြောင့် ညဝါဟာ ဦးဇင်းတို့ မြန်မာပြည်မှာ သိပ်ကျေးဇူးများတယ်။

အဲဒါဟာဖြင့် မြန်မာပြည်မှာ ယနေ့အထိ အသက်ရှင်နေတုန်းပဲ၊ ယိုးဒယားမှာဆို ဒါလောက်မဟုတ်တော့ဘူး၊ အခုမှ ပြန်ပြီးတော့သူတို့ (Revitalize) လုပ်နေတယ်၊ သီဟိုဠ်မှာလည်း ဒီလောက်မဟုတ်တော့ဘူး၊ မြန်မာကတော့ ခုထိပဲ၊ ခုထိဆို ရှေးလဲ ဒီအစဉ်အတိုင်း သွားနေမှာပဲ၊ ဒီအစဉ်ကတော့ မပြတ်တော့ဘူး၊ ဒီနေ့တော့ (Introduction) ကလေး (Lecture) ပေါ့၊ ဒါ အခြေခံလေး အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ ဒီထက် အကျယ်လည်း အများကြီး ရှိသေးတယ်လေ။

အနောက်နိုင်ငံနှင့် အဘိဓမ္မာ
အဲဒီတော့ တစ်ခုရှိတယ်၊ အဘိဓမ္မာနှင့် ပတ်သက်ပြီးတော့ အနောက်နိုင်ငံမှာက အထင်သေး အမြင်သေးဖြစ်အောင် ပြောကြ ဆိုကြ ရေးကြသားကြတာတွေ ရှိတယ်၊ အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ အနောက်နိုင်ငံမှာတော့ ဆင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေလိုပေါ့လေ၊ သူတို့က တကယ့် (Scholar) ကြီးတွေပဲ၊ ဒါပေမယ်လို့ သူတို့ဟာ အဘိဓမ္မာကို တကယ်နားမလည်တော့ အဘိဓမ္မာဟာ အသုံးမကျဘူးလို့ ထင်ပုံရတယ်။ အဘိဓမ္မာကို အမျိုးမျိုးရှိတယ်၊ ရေးတာမှာ (Original) မရှိဘူးတို့ ဘာတို့ပေါ့လေ၊ ဆိုလိုတာကတော့ သုတ္တန်ထဲပါပြီးသားတွေ ထပ်ပါတာပဲပေါ့လေ၊ အထူး အသစ် အဆန်းပါတာ မဟုတ်ဘူးဆိုတဲ့ အနေနှင့် သူတို့ကပြောတာနှင့် တူပါတယ်။

ဒါပေမယ်လို့ဘာပဲပြောပြော အဘိဓမ္မာမတတ်ရင် ဘယ်နည်းနှင့်မှ ဗုဒ္ဓဝါဒကို မှန်မှန်ကန်ကန် နားမလည်နိုင်ဘူး၊ အဲဒါကသိပ်သေချာတာ၊ အင်္ဂလိပ်လို စာအုပ်တွေ ဖတ်ရင် အဲဒါမျိုးတွေလည်း တွေ့လာလိမ့်မယ်၊ သူတို့ကို မေးချင်တာကတော့ သဗ္ဗပါပဿအကရဏံ လို ဟာမျိုး မင်းတို့ တကယ် နားလည်တာ ဟုတ်ရဲ့လား၊ အဘိဓမ္မာမပါရင် နားလည်ဖို့ အများကြီး ခဲယဉ်းပါတယ်- အနောက်နိုင်ငံမှာ အဘိဓမ္မာဘာကြောင့် အတတ်နည်းလည်းဆိုတော့ စာအုပ်ကောင်းကောင်း မရှိတာပါတယ်၊ ချွတ်ယွင်းချက်ဖြစ်တယ်၊ သူတို့ စိတ်ဝင်စားအောင် နားလည်အောင် ရေးထားတဲ့ စာအုပ်က မရှိသလောက် ဖြစ်နေတယ်၊ ပြီးတော့လည်း အခုထိအောင် ဆရာနှင့် သင်မှပဲ ရနေသေးတာကိုး၊ အဲဒါကြောင့်မို့ အတတ်က နည်းနေသေးတယ်။

အခု ဦးဇင်းတော့ ကြိုးကြိုးစားစားတော့ လုပ်နေတာပေါ့လေ၊ လူတော့ သိပ်တော့မများပါဘူး၊ သို့သော် ဒီနိုင်ငံမှာ ဒီနိုင်ငံသားထဲက အဘိဓမ္မာ ကိုယ်တတ်သလို

[စာမျက်နှာ-21] ကိုယ်တတ်သလောက် မဟုတ်တောင်မှ ကိုယ်တတ်သလို တတ်တဲ့ အမေရိကန်သား ရှိအောင် ဆိုပြီးတော့ အခု ဦးဇင်းကြိုးစားလုပ်နေတယ်၊ နောက်တစ်နေ့ကျတော့ သူတို့ကနေတဆင့် သူတို့အချင်းချင်းဖြန့်ဖို့ပေါ့လေ၊ သူတို့အချင်းချင်းဖြန့်တော့ ပိုကောင်းတာပေါ့၊ အခုတော့ ၄, ၅ ယောက်ကတော့ ဖြစ်ပါလိမ့်မယ်။

အခု ကွန်ပျူတာနှင့်လည်း ပရိုဂရမ် လုပ်နေတယ်လေ၊ တဖြည်းဖြည်းတော့ အဲဒီကွန်ပျူတာ ပရိုဂရမ် အောင်မြင်သွားရင်တော့ ပိုပြီးတော့ လွယ်သွားလိမ့်မယ် ထင်တယ်၊ ပျံ့နှံ့သွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ဆရာမတွေ့လည်းပဲ အိမ်တင် ဒီဟာနှင့်လုပ်နေရင် တတ်သလောက်တော့ တတ်သွားမှာပဲ၊ အမျိုးမျိုးပဲ စိတ်ကူး ကြံဆပြီး လုပ်နေတာပေါ့လေ၊ အခု ဖလော်ရီဒါမှာ တစ်စုက ဦးဇင်း တိပ်တွေ ဖွင့်ပြီးတော့ (Choice) လုပ်နေတယ်၊ ဒီက (Telex) ပို့ထားတယ်၊ ဒီကနေ (Correspondent) သဘောမျိုး ပုစ္ဆာလေးတွေ ပို့၊ လွယ်လွယ်လေးတွေပေါ့လေ၊ အကုသိုလ်စိတ် ဘယ်လောက်ရှိသလဲပေါ့လေ၊ အဲဒါမျိုးနှင့် သူတို့လုပ်နေတယ်။ ဟိုမှာတော့ မကြာသေးဘူး။

တစ်နေ့က မန်ဆာချူးဆက်သွားတော့ သူတို့ကလည်း လုပ်ချင်တယ် ပြောတယ်၊ တဖြည်းဖြည်းနှင့်တော့ အဘိဓမ္မာက ပျံ့ပွားလိမ့်မယ်လို့ ဦးဇင်းကထင်တယ်၊ ဦးဇင်းနှင့်တွေ့တိုင်း တွေ့တိုင်းတော့ ဦးဇင်းတော့ ခုအတိုင်း ပြောတာပဲလေ။ မင်းတို့ ဗုဒ္ဓဘာသာကို တကယ်နားမလည်ဘူး၊ တကယ်နားလည်ချင်ရင် အဘိဓမ္မာ လွှတ်လို့ မရဘူး၊ ဟော မင်းကြည့် ဆိုပြီးတော့ ခုနပြောသလိုပေါ့လေ ကောက်, ကောက်ပြတယ်၊ သူတို့လည်း သဘောပေါက်တယ်၊ နားလည်ချင်လာတယ်ပေါ့လေ။ တဖြည်းဖြည်းနှင့်တော့ ပျံ့လာပါပြီ။

ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာ
ပြီးတော့ အထူးသဖြင့် ဒီနိုင်ငံမှာက တရားထိုင်တာ လေ့တော့ (အလေ့အထ များတော့) တရားထိုင်တဲ့လူဟာ ဘာစာအုပ်ဖတ်ရမလဲ၊ ဝိသုဒ္ဓိမဂ် ဖတ်ရမယ်၊ ဝိသုဒ္ဓိမဂ်ဟာ Hand Book ဘုန်းကြီးတွေအတွက် ရေးထားတာပေါ့၊ အဲဒီ ဝိသုဒ္ဓိမဂ်ကို မင်းတို့ အဘိဓမ္မာမတတ်ပဲနှင့် ဖတ်လို့မဖြစ်ဘူး၊ မင်းတို့ နားမလည်နိုင်တာအများကြီးရှိတယ်၊ ဒီတစ်ခေါက် မန်ဆာချူးဆက်သွားတုန်းက အဘိဓမ္မာ အကြောင်း မဟောခင် အဲဒီ (Passage) တစ်ခုကို ဖတ်ပြလိုက်တယ်၊ မင်းတို့ သေချာနားထောင်နော်, ငါဖတ်ပြမယ်, ဝိသုဒ္ဓိမဂ်ထဲက ဖတ်တယ်၊ မင်းတို့

[စာမျက်နှာ-22] နားလည်လား, မလည်လား မှတ်ထားလို့ အသာလေးထားခဲ့တယ်၊ ပြီးတော့မှ အဘိဓမ္မာအကြောင်း ဟောတယ်၊ (Lecture) လေးခုပေးပြီးတဲ့နောက် နောက်ကျမှ အဲဒါပြန်ဖတ်မယ်ဆိုပြီးတော့ ပြန်ဖတ်တယ်၊ အဲဒီကျတော့ နားလည်ပါတယ်၊ ပထမပိုင်းက နားမလည်ဘူး၊ အဲသလို လက်တွေ့လက်တွေ့ ပြပြပြီး သူတို့လည်း အဘိဓမ္မာတန်ဖိုးသိလာတယ်၊ တရားအားထုတ်တဲ့လူမှာ ဝိသုဒ္ဓိမဂ်က ရှောင်လို့မရဘူး။

ကိုယ့်ဟာကို အေးအေးနေချင်တော့ ရတာပေါ့လေ၊ ဆရာလုပ်ချင်တဲ့သူတို့ (သို့မဟုတ်) သူများကိုလည်း တဆင့်ပြောပြချင်တဲ့သူတို့ဆိုရင် ဝိသုဒ္ဓိမဂ်က အရေးကိုကြီးတယ်၊ ဝိသုဒ္ဓိမဂ်က အလွန်ခက်တယ်၊ မြန်မာလို ပြန်ထားတာလည်း ရှိပါတယ်၊ ဖတ်ချင်ဖတ်ကြည့်၊ သူတို့လည်း အင်္ဂလိပ်လို ပြန်ထားတာပဲ၊ အင်္ဂလိပ်လို နားမလည်ဘူး တို့ဘာတို့ တချို့နေရာတွေက အဘိဓမ္မာမပါပဲနှင့် နားမလည်နိုင်ဘူးလို့ ဆိုပြီးတော့ အခုတော့ သူတို့တော်တော်လေးတော့ သဘောပေါက်ကြတယ်ပေါ့လေ။ တဖြည်းဖြည်းနှင့် ဒါပဲ ဦးဇင်းတော့ ကြိုးစားနေတာ၊ ဒီနိုင်ငံမှာ အဘိဓမ္မာ အမြစ်တွယ်သွားစေချင်တယ်၊ ထေရဝါဒ စစ်စစ်ကလေး အမြစ်တွယ်သွားစေချင်တယ်၊ ဟိုဟာနှင့်ရော, ဒီဟာနှင့်ရော မရောပဲနှင့်လေ၊ အဲဒါပဲကြိုးစားနေတာ၊ ကိုယ်နှင့် တွေ့တဲ့လူကတော့ အဘိဓမ္မာကို သဘောကျသွားပါပြီ၊ အဘိဓမ္မာမပါပဲနှင့် ဗုဒ္ဓဘာသာ တကယ်နားမလည်နိုင်ဘူး ဆိုတာသိပြီ၊ ဒါကြောင့် ကိုယ့် ဒကာ ဒကာမတွေလည်း သိစေချင်တယ်, တတ်စေချင်တယ်၊ ကိုယ်က သူများတွေတော့ သင်ပေးနေပြီးတော့ သူတို့တွေက တတ်ကုန်ပြီဆိုတော့ ကိုယ့် ဒကာဒကာမတွေက ကျန်ရစ်နေမယ်၊ ကိုယ့်မြန်မာတွေလဲ ဒီလိုပဲ ကြိုးစားပြီးတော့ တစ်ဆင့် ကိုယ်ကလည်း သူများကို ဖြန့်ရတာပေါ့။

ကိုယ့်ခန္ဓာထဲမှာ အဘိဓမ္မာ
အဘိဓမ္မာဆိုတာ စာအုပ်ထဲသွားရှာရတာ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်မှာရှိတာ မသိကြလို့သာ၊ အဲဒါကြောင့်မို့ ဒီမှာသင်ရတာ ပိုပြီးတော့ကောင်းတယ်၊ တရားထိုင်တာနှင့် အဘိဓမ္မာနှင့်တွဲသွားတာ၊ တရားထိုင်ထားရင် အဘိဓမ္မာပိုသဘောပေါက်တယ်၊ အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း ပိုကောင်းတယ်။ အဲဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။

တကယ် တရားထိုင်ရင် အဘိဓမ္မာသဘောတွေက တကယ့်ကို မြင်မြင်လာတယ်၊ ကိုယ်ပိုင်အသိနှင့် သိလာတယ်၊ သာမည စာအုပ်ထဲမှာရှိတဲ့ဟာတွေ မဟုတ်ဘူး၊

[စာမျက်နှာ-23] ကိုယ်က ပထမသိထားတယ်၊ တရားထိုင်လိုက်တဲ့အခါ တွေ့ကြုံလာတဲ့ခါ ကျတော့ ဒါ ငါစာထဲတွေ့တဲ့ဟာပါလားဆိုတာ တစ်ခါထဲသိသွားတယ်၊ သူများက ပြောနေစရာတောင် မလိုဘူး၊ တရားထိုင်ရင် တွေ့လို့ သိတဲ့ အသိကျတော့ တကယ်သိတာ၊ စာထဲမှတ်သိတဲ့ အသိမျိုး မဟုတ်ဘူး၊ အဲလို ကွာတာတွေ ရှိတယ်။ ဒါကြောင့်မို့ တရားလည်းထိုင် အဘိဓမ္မာလည်းလေ့လာ (Theory) နဲ့ (Practice) တွဲသွားရော၊ ဒီမှာ အဲဒါပဲ ဦးဇင်းတို့ အခုလုပ်နေတာ၊

အခု တရားထိုင်တဲ့ လူတွေထဲမှာ အနိစ္စ ဒုက္ခ အနတ္တကို သူတို့အသိနှင့် သူတို့မြင်တဲ့လူတွေ့ရှိတယ်၊ အဘိဓမ္မာသဘောတွေကို တစ်နေ့ကပဲ မိန်းမတစ်ယောက်က ပြောတယ်၊ သူလျှောက်ပြောတော့ ဦးဇင်းက သိပြီ၊ သူ ဘာဆိုတာပေါ့လေ။ နောက်တော့ပြောတယ်၊ ဥပေက္ခာဝေဒနာ ကို သူသိတာ၊ ဥပေက္ခာဝေဒနာ ဆိုတာ ခက်တယ်၊ သိမ်မွေ့တယ် Neutral ဖြစ်တယ်ဆိုတော့ ဥပေက္ခာဝေဒနာ က အလွန် သိမြင်ခဲတယ်၊ အဲဒီ ဥပေက္ခာဝေဒနာ ကို သူတွေ့တာကို ပြောတာ၊ ဒီ ဥပေက္ခာ စကားလုံးတော့ သူမပါဘူးပေါ့၊ အဲဒါမျိုး၊ ဥပေက္ခာ ဆိုတာ အဲဒါကို ပြောတာ၊ သူကလည်း အဘိဓမ္မာ တက်နေတာကိုး၊ ဥပေက္ခာဝေဒနာ သိတယ်ဆိုတာ အဲဒါပဲဆိုတော့ ဟုတ်ကဲ့လားတဲ့၊ အဲဒီလို တရားအားထုတ်ရင် သိသိလာတယ်။

ပြီးတော့ အနုသယကိလေသာ ဆို ကိုယ်တွင်းမှာကိန်းနေတယ်ဆိုတဲ့ သဘောပေါ့လေ၊ ရှိနေတာမဟုတ်ဘူး၊ သို့သော် Liability အဲဒါမျိုးတွေလည်း သူတို့တရားအားထုတ်ရာ မြင်တဲ့လူတွေ မြင်တယ်၊ ပြောကြတယ်။

အဲဒါကြောင့်မို့ အဘိဓမ္မာလေ့လာရင် တရားလည်းပဲထိုင်ပေး၊ တရားထိုင်တဲ့ အတွက်ကြောင့်မို့ အဘိဓမ္မာမှာ ကျေးဇူးများတယ်၊ အဘိဓမ္မာနားလည်တဲ့ အတွက်ကြောင့်မို့ တရားထိုင်ရင် ကျေးဇူးများတယ်၊ နောင် စေတသိက် ပိုင်းကျတော့ ဒီ ဖဿ, ဝေဒနာ စသည်ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်, စသည်တို့နှင့် လေ့လာတဲ့အခါကျတော့ ပစ္စုပဋ္ဌာန် ဆိုတာ ဘာလဲဆိုတော့ ယောဂီ ဉာဏ်မှာ ထင်လာတဲ့အခြင်းအရာကို ပစ္စုပဋ္ဌာန် လို့ခေါ်တယ်၊ အဲဒါ တကယ့် တရားအားထုတ်တာ၊ ဖဿ ဆိုတဲ့ သဘောတရားဟာ တရားထိုင်တဲ့အခါ မြင်လာတဲ့ခါကျတော့သော် ဘယ်လိုပါလားဆိုတာ ယောဂီက မြင်လာတာ၊ အဲသလို ယောဂီရဲ့ စိတ်ထဲမှာ ထင်လာတဲ့ အခြင်းရာမျိုးကို ပစ္စုပဋ္ဌာန် လို့ ခေါ်တယ်။ အဲဒီဟာလေးပါ နားလည်ရတယ်။ တကယ် စေ့စေ့ပေါက်ပေါက် နားလည်အောင် ကြိုးစားပြီဆိုရင် အဲဒါတွေက

[စာမျက်နှာ-24] ပါးစပ်က ပြောတော့ အလွယ်လေးပေါ့လေ၊ မှတ်ထား မှတ်ပြီး ပြောရင်တော့ရတယ်၊ သို့သော် တကယ်တွေ့ကြုံပြီး ကိုယ်တွေ့အမြင်နှင့် သိထားရရင်ပိုပြီးတော့ လေးနက်တယ်၊ ပိုပြီးတော့ ကောင်းတယ်။

အဲဒါကြောင့်မို့ အခုလူတွေဟာ တရားလည်း ထိုင်ဖူးတဲ့ လူတွေပါပဲ။ ဒီနှစ်ယောက်ကတော့ တရားလည်း ဆက်လက်ထိုင်ကြ၊ ဒါလည်းလေ့လာ၊ အပြန်ပြန် အလှန်လှန် ကျေးဇူးပြုသွားကြမယ်၊ အဲဒါတော့ အကောင်းဆုံးဖြစ်မယ်၊ စာတွေ့နှင့်ချည်းဆိုရင်လည်း မဟုတ်သေးဘူး၊ ကိုယ်တွေ့လေးလည်းပါဦးမှ၊ ဒီနေ့လာနိုင်တာ ဝမ်းသာတယ်၊ နောက်တော့လည်း လူများပါလိမ့်မယ် ထင်ပါတယ်၊

တခြားရက်ကလည်း မလွယ်ဘူး၊ ဦးဇင်းကလည်း ဒီရက်ပဲ လုပ်ရတော့မှာပဲ။ သူတို့လည်း တိပ်ခွေလေး ဖမ်းထားပါဘုရားလို့ ပြောကြတယ်၊ ဒါလေး သူတို့ နားထောင်ပေါ့၊ ကောင်းပြီလေ။

[စာမျက်နှာ-25]
အဘိဓမ္မာသင်တန်း (၂)

စိတ်ပိုင်း (၂)

သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ

ဒီနေ့ ဒုတိယအကြိမ်ပေါ့၊ သြဂုတ်လ ၄-ရက်နေ့, ဒီနေ့ဘာလေ့လာမလဲဆိုတော့ သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ ဆိုတာ ဒီနှစ်မျိုးကို ဒီနေ့ လေ့လာရအောင်၊ သစ္စာဆိုတာ အမှန်တရားလို့ အဓိပ္ပာယ်ရှိတယ်၊ အမှန်တရားဆိုတာ ပြောတိုင်း ဟုတ်နေတာ မှန်နေတာ, ဒါကိုပဲ သစ္စာလို့ ခေါ်တာ။

သစ္စာဆိုတာ တချို့က ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ, သစ္စာလေးပါးဆိုတာတွေ ရှိနေတော့ မြင့်မြတ်တာကိုမှ သစ္စာခေါ်တယ် ထင်နေတာ၊ အမှန်ကတော့ ဘာပဲဖြစ်ဖြစ် ပြောတိုင်း ဟုတ်တာသစ္စာပဲ။

ဆင်းရဲတယ်, ဆင်းရဲနေတယ်, လောကကြီးက ဆင်းရဲနေတယ်, ဆင်းရဲနေတာ အမှန်ဖြစ်တော့ သစ္စာ၊ အဲဒီလို အမှန်သစ္စာ လောကမှာ နှစ်မျိုးရှိတယ်၊ သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ။

သမ္မုတိသစ္စာ ဆိုတာ သမုတ်ထားတာ၊ သမုတ်ထားတယ်ဆိုတာ သဘောတူထားတာလို့ ဆိုလိုတယ်၊ လူအများက သဘောတူထားလို့ ဖြစ်နေတဲ့ အသုံးအနှုန်းတွေ၊ စကားလုံးတွေ ဒါတွေကို သုံးစွဲပြောဆိုနေတာဟာ သစ္စာတစ်မျိုးပဲ, သမ္မုတိသစ္စာ ပဲ၊

[စာမျက်နှာ-26] သမ္မုတိသစ္စာ ဟာလည်းပဲ သစ္စာပဲ၊ မှန်တာပဲ၊ အဲဒီ သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ နှစ်မျိုးကို ဗုဒ္ဓဘာသာမှာ လက်ခံထားတယ်ပေါ့။

မြတ်စွာဘုရား ကိုယ်တော်တိုင်လည်းပဲ နှစ်မျိုးလုံးကို သုံးပြီးတော့ အခါအားလျော်စွာ ဟောတော်မူတယ်၊ ထို့အတူပဲ, မြတ်စွာဘုရား၏ တပည့်သား သာဝကတွေ လူတွေ့ရော အကုန်လုံးပြောတဲ့ဆိုတဲ့အခါမှာ များသောအားဖြင့်ကတော့ သမ္မုတိသစ္စာ ကို သုံးပြီးတော့ ဟောကြတယ်၊ ဒါပေမယ်လို့ ပရမတ္ထသစ္စာ အသုံးအနှုန်းအနေနှင့် သုံးပြီးတော့ ဟောတဲ့အခါမျိုးလည်းပဲ ရှိတယ်။

လောကမှာ ပရမတ္ထသစ္စာ အားဖြင့် တကယ်မရှိပဲနှင့် တကယ်ရှိတယ်လို့ လောကက သမုတ်ထားတဲ့ ဥစ္စာတွေ့ရှိတယ်၊ အဲဒီလို သမုတ်ထားတာတွေကို ဦးဇင်းတို့က မပယ်နိုင်ဘူး၊ ဒါတွေပယ်ပြီးတော့ ပရမတ္ထသစ္စာ အသုံးအနှုန်းကိုမှသုံးပြီး ပြောရမယ်လို့ ဒီလို ဥပဒေလုပ်လို့ မရဘူး၊ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်းပဲ သမ္မုတိသစ္စာ တွေသုံးပြီးတော့ ဟောထားတာ၊ သုတ္တန်ထဲက သမ္မုတိသစ္စာ စကားလုံးတွေသုံးပြီးတော့ ဟောထားတာ။

ဆိုပါတော့- မင်း ဒီနေ့ ဒီကို ဘာနှင့်လာသလဲလို့မေးရင် ကျွန်တော်ကားနှင့် လာပါတယ်၊ ကားနှင့်လာတယ်လို့ ပြောတဲ့စကားဟာ မှားသလား, မှန်သလား၊ လိမ်ပြောတာလား၊ အမှန်အတိုင်း ပြောတာလား၊ သမ္မုတိသစ္စာ နယ်ထဲက အနေနှင့် ပြောရင် မှန်တာပေါ့၊ လိမ်ပြောတာ မဟုတ်ဘူး၊ ဒါပေမယ်လို့ ပရမတ္ထသစ္စာ အလိုအနေနှင့် ကြည့်လိုက်မယ်ဆိုရင်တော့ မမှန်ဘူးလို့ ပြောရမှာ။

ကားဆိုတဲ့ဝတ္ထုပစ္စည်းဟာ လောကမှာ ရှိကိုမရှိဘူး၊ ဘီးဟာ ကားလား, ဘော်ဒီဟာ ကားလား, ထိုင်ခုံဟာ ကားလား, စတီယာရင်ဟာ ကားလား, စက်ဟာ ကားလား၊ မေးလိုက်ရင် ကားမဟုတ်ဘူး၊ သူတို့ဟာ သီးခြား အစိတ်အပိုင်းလေးတွေပဲ၊ အဲဒီအစိတ်အပိုင်းလေးတွေ စုပြီးတော့ သူ့နေရာနှင့်သူ တပ်ဆင်ထားလိုက်တဲ့အခါကျတော့ ကားဆိုတဲ့ ဝေါဟာရ ပေါ်မလာဘူးလား၊ လူတွေက ဒါကို ကားလို့ ခေါ်ကြစို့ကွာ ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့။ အားလုံးသဘောတူပြီးတော့ ဒါကို ကားလို့ ခေါ်တာ, မြန်မာလို ပြောရင် ယာဉ်ပေါ့၊ အဲဒါကြောင့်မို့ မင်း ဒီကို ဘာနှင့် လာသလဲ၊ ကားနှင့်လာပါတယ်ပြောရင် ဒါဟာ မုသာဝါဒ မဖြစ်ဘူး။

လောကမှာ အများလက်ခံထားတဲ့ အသုံးအနှုန်းနှင့် ပြောတာ၊ တကယ် စစ်ဆေးလိုက်တဲ့ခါကျတော့ ခုနလိုပဲ အစိတ်အပိုင်းလေးတွေ တစ်ခုစီ တစ်ခုစီ ကားလားလို့ မေးလိုက်ရင် မဟုတ်ဘူး၊ အဲဒီ အစိတ်အပိုင်းတွေမှာပဲ တစ်ဆင့်

[စာမျက်နှာ-27] ရှေ့တက်ပြီးတော့ စစ်ဆေးအုံးမယ်ဆိုရင် အဲဒီ အစိတ်အပိုင်းတွေက ဘာလဲ?။ ရုပ်မှုန်လေးတွေ၊ ရုပ်မှုန်လေးတွေ စုပေါင်းထားတာ အစိတ်အပိုင်း ခေါ်တာပဲ၊ ဒီ ပစ္စည်းခေါ်တာပဲ၊ အဲဒီလို တစ်ခါ စိပ်လိုက်အုံးမယ်ဆိုရင် ဘီးလည်းမရှိပြန်ဘူး၊ ထိုင်ခုံလည်းမရှိပြန်ဘူး, ဘာမှလည်းမရှိပြန်ဘူး, ဘာသာ ရှိတော့လဲ၊ ရုပ်တရားလေးတွေပဲရှိတော့တယ်၊ အဲဒီလို လောကက လက်ခံထားတဲ့ အသုံးအနှုန်းကို သုံးပြီးတော့ ပြောတာဟာ သမ္မုတိသစ္စာ နယ်ထဲက ပြောတာလို့ ဆိုလိုတာ။

လူလို့ပြောတယ်၊ ခွေး, တိရစ္ဆာန်လို့ပြောတယ်၊ မိန်းမ ယောက်ျားလို့ ပြောတယ်၊ အိမ်, ကျောင်းစသည် ဒါတွေအားလုံးဟာ ဘာလဲဆိုရင် သမ္မုတိသစ္စာ တွေချည်းပဲ၊ သမ္မုတိသစ္စာ နယ် အနေနှင့် ပြောနေတာ။ ပရမတ္ထသစ္စာ နယ် အနေနှင့် ပြောရင် တစ်မျိုးတစ်ဖုံ ပြောရလိမ့်မယ်၊ အဲဒီ တစ်နည်းတစ်ဖုံ ပြောရင်လည်း အလုပ်မဖြစ်ဘူး၊ လူတွေနားလည်ထားတာနှင့် တစ်မျိုးဖြစ်နေတဲ့အတွက်မို့ အလုပ် မဖြစ်ဘူး။

တစ်နေ့ကပြောသလိုပဲ၊ အများနှင့် ဆက်ဆံနေတဲ့အခါမှာပြောရင် ရေလို့ပဲ ပြောရမယ်။ ဟေ့-ငါရေသောက်ချင်တယ်ကွာလို့ပဲ ပြောရလိမ့်မယ်၊ Chemistry အနေနှင့် ပြောစမ်းပါဆိုတော့ ငါ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင် သောက်ချင်တယ်လို့ ပြောရမှာ၊ ဒါ ဘယ်သူမှလည်း ဒီလို မပြောဘူး။

အတိုင်းပဲ၊ မြတ်စွာဘုရားကလည်း ဒီအတိုင်းပဲ၊ ငါ ခန္ဓာငါးပါး လာတယ်ဟေ့၊ ခန္ဓာငါးပါးဟာ ဟီရိ သြတ္တပ္ပရှိတယ်၊ ခန္ဓာငါးပါးက ကုသိုလ်ကံကို ပြုတယ်၊ အကုသိုလ်ကံကို ပြုတယ်လို့ မဟောဘူး၊ ပုဂ္ဂိုလ်က ပြုတယ်၊ ဆိုပါတော့မြတ်စွာဘုရားက သတ္တဝါတွေဟာ ကံသာလျှင် အမိ, ကံသာလျှင် အဖရှိကြတယ်လို့ ဟောတယ်၊ ခန္ဓာငါးပါးဟာ ကံသာလျှင် အမိ၊ ကံသာလျှင် အဖလို့ မဟောဘူး၊ အမှန်ကတော့ သတ္တဝါဆိုတာခန္ဓာငါးပါးပဲ၊ သတ္တဝါဆိုတဲ့ အသုံးနှုန်းကို သုံးပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ ဒါ လူတွေ နားလည်အောင် ဟောရတာ၊ ဒီလို မဟုတ်ပဲနှင့် ခန္ဓာငါးပါးလို့ချည်း ဟောနေမယ်ဆိုရင် လူတွေ နားမလည်နိုင်ဘူး၊ ဒါကြောင့်မို့ အဲဒီလို ဟောနေတာတွေကို သမ္မုတိသစ္စာ နယ်ထဲက ဟောနေတာလို့ ဒီလိုဆိုရတယ်။

အဲဒီ သမ္မုတိသစ္စာ ကိုပဲ ပညတ် လို့လည်းခေါ်တယ်၊ ပညတ် နှင့် သမ္မုတိသစ္စာ နှင့် အတူတူပဲ၊ ပညတ် ဆိုတာ အမှန်ကတော့ အခေါ်အဝေါ်ကို ဆိုလိုတာ၊ ဝေါဟာရတဲ့, သင်္ကေတတဲ့, ပညတ် တဲ့ နာမည်တဲ့ ဒါတွေဟာ အကုန်လုံး အတူတူပဲ၊ အဲဒီလို

[စာမျက်နှာ-28] ပစ္စည်းလေးတွေကိုရော သတ္တဝါတွေကိုရောပေါ့၊ နာမည်လေးတွေ ပေးပေး၊ ပေးပေးထားတယ်၊ အဲဒီ နာမည်လေးတွေ အသုံးပြုပြီးတော့ စကားပြောကြရတာ၊ ဒါဟာ သမ္မုတိသစ္စာ။

နာမပညတ်နှင့် အတ္ထပညတ်
အဲဒီ သမ္မုတိသစ္စာ ကို ပညတ် လို့ခေါ်တယ်၊ အဲဒီ ပညတ် က ၂-မျိုးရှိတယ်၊ အနည်းဆုံး ၂-မျိုးရှိတယ်၊ နောက်ထပ် အများချည်းရှိသေးတယ်၊ နှစ်မျိုးကဘာလဲ ဆိုတော့ တစ်ခုက နာမပညတ် တဲ့၊ အဲဒါတော့ နားလည်ရမယ်နော်၊ နာမဆိုတာ ဒီနေရာမှာ နာမည်ကို ဆိုလိုတာ၊ အခေါ်အဝေါ်ကို ဆိုလိုတာ၊ Name ပညတ်ပေါ့လေ နော် လူလို့ခေါ်လိုက်တယ်၊ လူဆိုတဲ့အမည်, လူဆိုတဲ့ Noun ဟာ ဒါ နာမပညတ် ပဲ။

ဒီလိုပဲ တိရစ္ဆာန်, ခွေး၊ ကြောင်, နွား စသည်တွေဟာ နာမပညတ် ချည်းပဲ။ အိမ်ဆိုရင်လည်း နာမပညတ် ပဲ၊ ကျောင်းဆိုတာလည်း နာမပညတ် ပဲ၊ အဲဒီအခေါ်အဝေါ် မှန်သမျှ သုံးစွဲထားတာတွေဟာ နာမပညတ် ချည်းပဲ၊ အဲဒီ နာမပညတ် က ကိုယ်စားပြုတဲ့ တကယ့်ပစ္စည်းဆိုတာ အဲဒါကျတော့ အတ္ထပညတ်၊ မြန်မာလိုပြောတော့ အနက်ပညတ်ပေါ့လေ၊ အနက်ဒြပ်ပညတ်။

လူလို့ပြောလိုက်တယ်၊ လူဆိုတဲ့အခေါ်အဝေါ်က နာမပညတ်၊ အဲဒီ လူကောင်ကြီးဆိုပါတော့, ခန္ဓာငါးပါးစုထားတဲ့ လူကောင်ကြီးက အတ္ထပညတ်, အဲဒီလိုကွာတယ်၊ နာမပညတ် နှင့် အတ္ထပညတ် ဟာ မြန်မာလိုတွဲနေတာ၊ နာမည်သက်သက်, အခေါ်အဝေါ်သက်သက်က နာမပညတ်၊ အဲဒီအခေါ်အဝေါ်က ကိုယ်စားပြုထားတဲ့ အနက်ဒြပ်ခေါ်တယ်၊ (Substance) အဲဒါကျတော့ အတ္ထပညတ်။

တစ်ခါတစ်လေ နာမပညတ် သာရှိပြီးတော့ အတ္ထပညတ် မရှိတာလည်း ရှိသေးတယ်၊ နာမည်သာရှိတယ်, တကယ့်ပစ္စည်း မရှိဘူး၊ ယုန်ချို လိပ်မွေး ပုဇွန်သွေး ဆိုတာ ယုန်ချိုတို့ မြင်းချိုတို့ဆိုတာ တကယ်မရှိဘူး၊ ဒါပေမယ်လို့ လူတွေက ကြံဖန်ပြီးတော့ သုံးထားတယ်ဆိုပါတော့ အဲသလို ယုန်ချိုပဲ လိပ်မွေးပဲပေါ့။

အဲဒါကြောင့်မို့ နာမပညတ် နှင့် အတ္ထပညတ် ဒီနှစ်မျိုး ပထမ နားလည်ရမယ်၊ သူများပြောတာကို ကိုယ်က ကြားတဲ့အခါမှာ နာမပညတ် ကို ပထမ အာရုံပြုတယ်၊ နာမပညတ် ကမှ တစ်ဆင့် အတ္ထပညတ် ကိုရောက်တယ်၊ စိတ်ဖြစ်တာ အလွန်မြန်တယ်၊ ကြားကြားချင်း ငါကတော့ သိတာပဲလို့ ထင်တယ်၊ ဒါပေမယ်လို့ ကြားတာက တစ်ဝီထိ Thought Process တစ်ခု၊ နောက်သိတာက Thought Process တစ်ခုနော်, နာမည်ကို အရင်ကြားတယ်၊ ပြီးတော့မှ အနက်ဒြပ်ကို သိတယ်၊ လူဆိုတဲ့ အသံကို ကြားပြီးတော့မှ ဒီလူဟာ လူကောင်ကြီးပဲ, ဒါကြောင့်မို့လို့

[စာမျက်နှာ-29] ကိုယ်က ကြားတဲ့ပုဂ္ဂိုလ်အနေနှင့် ပြောမယ်ဆိုရင် နာမပညတ် က အရင်လာတယ်။

ကိုယ်ကပြောတဲ့လူကျတော့ အတ္ထပညတ် က အရင်လာတယ် နာမပညတ် က နောက်လာတယ်၊ လူလို့ပြောတော့မယ်ဆိုရင် ဒီလူကောင်ကြီး ကိုယ်က ပထမ စိတ်ထဲက မြင်လိုက်တယ်၊ သိလိုက်တယ်၊ ပြီးတော့မှ ဒါလူကွ လူလို့ သိလိုက်တယ်။ အဲဒီလို ကွာတယ်၊ ကြားတဲ့ ပုဂ္ဂိုလ်အနေနှင့်ဆို နာမပညတ် ကအရင် အတ္ထပညတ် က နောက်၊ ပြောတဲ့ ပုဂ္ဂိုလ်အနေနှင့်ဆိုရင် အတ္ထပညတ် က အရင်, နာမပညတ် က နောက်၊ အဲဒီ နှစ်ခုစလုံးကို ပညတ် လို့ခေါ်တယ်၊ ဒါတွေကို သမ္မုတိသစ္စာ ဒီလိုခေါ်တယ်။

ပညတ် က အမျိုးမျိုးပေါ့လေ၊ ရှိတာကတော့ အခြေအနေပေါ် လိုက်ပြီးတော့ ရုပ်ဝတ္ထုတွေပေါင်းစပ်ပုံတွေ ကြည့်ပြီးတော့ ဒါ မြေကြီးပဲ, ဒါကတော့ သစ်ပင်ပဲ စသည်ဖြင့် ပညတ် သွားတာမျိုးတွေ၊ အပေါင်းအစုကို ယူပြီး ပညတ် ထားတာမျိုး သမူဟပညတ် တို့, အသွင်သဏ္ဌာန်ကို ကြည့်ပြီးတော့ သမုတ်ထားတဲ့ဟာလေးတွေ ပေါ့လေ။

အဝိုင်းကို အချောင်းတို့ ပညတ် ထားတာလေးတွေ၊ ဒါတွေကတော့ ပစ္စည်း အမျိုးမျိုး ရှိသလောက် ပညတ် ကတော့ အမျိုးမျိုးရှိတာပေါ့လေ၊ နားလည်ထားဖို့က သမ္မုတိသစ္စာ လို့ ပြောတာဆိုတာနှင့် ပညတ် လို့ဆိုတာနှင့်ဟာ အတူတူပဲ၊ အဲဒီ ပညတ် ဟာ နာမပညတ် ရယ်, အတ္ထပညတ် ရယ်, ၂-မျိုးရှိတယ်၊ ဒါလောက်ဒီမှာ နားလည်ထားရင်တော်ပြီ၊ ပညတ် အကြောင်း အကျယ်ကတော့ ဘယ်မှာ တွေ့မလဲ ဆိုရင် ရှစ်ခုမြောက်အခန်း, အခန်း ၈-ရဲ့ နောက်ဆုံးမှာ ရှိလိမ့်မယ်။

ပရမတ္ထသစ္စာ
နောက်တစ်ခုက ပရမတ္ထသစ္စာ၊ ပရမတ္ထသစ္စာ ဆိုတာက ဘာလဲဆိုရင် တကယ်ဟုတ်မှန်တာ ရှိတယ်လို့ပြောရင် တကယ်ရှိတာ၊ အဲဒီ သစ္စာမျိုးကို ပရမတ္ထသစ္စာ လို့ ခေါ်တယ်။

ပရမတ်တရားဆိုတာ ကြားဖူးတယ် မဟုတ်လား၊ (မဖောက်မပြန်၊ မှန်ကန်တည့်မတ်၊ ဂုဏ်သကတ်၊ အမြတ်ဟူ၍ခေါ်) ဆိုပြီးတော့ ဆရာတော် ဦးဇနက တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ရေးထားတာရှိတယ်၊ ဖောက်ပြန်မှုမရှိဘူးတဲ့၊ ဖောက်ပြန်မှု မရှိဘူးဆိုတာ၊ ဒါ ဟုတ်ပါတယ်လို့ ပြောရင် ဟုတ်ကို ဟုတ်နေတယ်၊ မဟုတ်တာ မဟုတ်ဘူး၊ အဲဒီဟာမျိုးကို ဆိုလိုတယ်။

မှန်ကန်တည့်မတ် ရုပ်တရားရှိတယ်၊ မြတ်စွာဘုရားက ဟောရင် ရုပ်တရား တကယ့်ကို ရှိတယ်, နာမ်ဆိုရင် တကယ်ရှိတယ်၊ ခန္ဓာငါးပါးဆိုတာ တကယ်ရှိတယ်၊

[စာမျက်နှာ-30] အဲဒီလို တရားမျိုးကို ပရမတ်လို့ ခေါ်တယ်၊ မဖောက်မပြန် တတ်တဲ့သဘောတရား မှန်ကန်တည့်မတ်တဲ့ သဘောတရားမျိုးကို ပရမတ္ထ (မဖောက်မပြန် မှန်ကန်တည့်မှတ်, ဂုဏ်သကတ်, အမြတ်ဟူ၍ခေါ်) တဲ့။

အဲဒါကြောင့်မို့ ပရမတ်ဆိုတာ ဘယ်လိုဟာတွေလဲဆိုရင် ရုပ်လို့ ပြောတာ၊ နာမ်လို့ဆိုတာ၊ တကယ်ကတော့ ရုပ်, နာမ်, ဝေဒနာ, သညာ စသည်ဖြင့်ပေါ့လေ၊ ဒါတွေဟာ ပရမတ္ထသစ္စာ၊ ဒါလည်းပဲ ရှိသေးတယ်၊ ရုပ်ဆိုတဲ့ စကားလုံးဟာ ပညတ်ပဲ၊ အဲဒီရုပ်ကကိုယ်စားပြုတဲ့ တကယ့်သဘောတရားကမှ ပရမတ်။ ဝေဒနာလို့ ခေါ်ဝေါ်ထားတဲ့နာမည်လေးကတော့ ပညတ်ပဲ၊ အဲဒါ ကိုယ်စားပြုထားတဲ့ ခံစားမှု သဘောတရားကမှ ပရမတ်၊ အဲဒီလိုသွားတယ်၊ ဒီမှာလည်း ပညတ်က လာသေးတာပဲ။ ပညတ်က လုံးဝရှောင်လို့ ရကိုမရဘူး။

ဒါကြောင့်မို့ ပရမတ်ဆိုတာဘာလဲဆိုရင် တကယ်အဟုတ်အမှန်ရှိတဲ့ သဘောတရားမျိုးကို ခေါ်တယ်၊ ဗုဒ္ဓဘာသာအလို မြတ်စွာဘုရားအလို ဘယ်လို တရားတွေကမှ တကယ်ရှိတာတုန်း၊ ရုပ်တို့ နာမ်တို့ စိတ်တို့ စေတသိက်တို့ဒါတွေ ကတော့ တကယ်ရှိတဲ့ တရားမျိုးတွေ၊ ဘာနှင့်တူလဲ Chemistry Element တွေပြောတာနှင့်တူတယ်။ Chemistry အရဆိုရင် Element တွေပဲရှိတယ်၊ တခြားဟာ မရှိဘူး၊ ရေမရှိဘူး, မီးမရှိဘူး, ဘာမှမရှိဘူး၊ ဒါတွေ အကုန်လုံး ဓာတ်ခွဲလိုက်စမ်း အဲဒီ Element မှာ သူသွားဆုံးတာပဲ။

ထို့အတူပဲ, လူဆိုတာကို ဓာတ်ခွဲပစ်လိုက်စမ်း၊ ခန္ဓာငါးပါးပဲ သွားမယ်၊ ရုပ်နာမ်သွားမယ်၊ အာယတနသွားမယ်၊ ကောင်းပြီ-အခု ကိုယ့်လက်ကို ကိုယ်ကြည့်လိုက်တော့ လက်ကို မြင်သလား၊ လက်ကိုမြင်တာ ဟုတ်ရဲ့လား၊ ဆိုပါတော့ လက်ချောင်းတစ်ချောင်းပဲ ပြောကြစို့ လက်ချောင်းလေးထောင်ကြည့်လိုက်စမ်း၊ ကိုယ်က လက်ချောင်းမြင်တယ်လို့ပဲ မထင်ဘူးလား၊ ထင်တာပဲနော်။

မျက်စိနဲ့ မြင်နိုင်တဲ့ရုပ်
တကယ်ကတော့ ရုပ်ဆိုတာ ၂၈-ပါးရှိတယ်၊ ၂၈-မျိုးရှိတယ်၊ အဲဒီ ၂၈ မျိုးထဲမှာ မြင်နိုင်တဲ့ ရုပ်ဟာ တစ်ခုထဲပဲရှိတယ်၊ ရူပါရုံ လို့ခေါ်တယ်၊ ဦးဇင်းတို့က ကိုယ့်လက်ကို ကိုယ်ကြည့်လိုက်တဲ့အခါမှာ ငါတော့ လက်ညှိုးမြင်တယ်လို့ဆိုတာ တကယ် လက်ညှိုးကို မြင်တာမဟုတ်ဘူး၊ လက်ညှိုးမှာ ရှိနေတဲ့ မြင်နိုင်တဲ့ရုပ်က ရူပါရုံ, အဲဒီ ရူပါရုံ ကို မြင်တာ၊ ဒီအသွင်သဏ္ဌာန်က စိတ်နှင့်ကြံပြီးတော့မှမြင်တာ၊ ဒီမြင်နိုင်တဲ့ ရုပ်ကလေးတွေ ပေါင်းစုနေတာလေးတွေကို ကိုယ့်စိတ်နှင့် တွဲစပ်ပြီးတော့ ဒါလေးကတော့ ရှည်ရှည်လေးဟေ့၊ ဒီသဏ္ဌာန်လေး၊ ငါဒီသဏ္ဌာန် မြင်တယ်လို့

[စာမျက်နှာ-31] ထင်တာ၊ မြင်တာက သဏ္ဌာန်ကိုမြင်တာ မဟုတ်ဘူး၊ (Shade) ကိုမြင်တာ မဟုတ်ဘူး၊ ဒီမြင်ကောင်းတဲ့ (Visible data) ပေါ့လေ၊ မြင်ကောင်းတဲ့ဟာကိုသာ မြင်တာ။

ဒါကြောင့် ပရမတ်တရားကိုပြောရင် အလွန်ရယ်စရာကောင်းတယ်၊ ဆိုပါစို့ ခဲတံတစ်ချောင်းပြောမယ်၊ မင်း ခဲတံမြင်လားမေးရင် မြင်တယ်ပြောမယ်၊ အရှည်လေးပဲ တန်းတန်းလေးပဲ၊ ဟော မြင်နေတာပဲနော်၊ ဒါပေမယ်လို့ တကယ်ကတော့ မဟုတ်ဘူး၊ မြင်တာက ရူပါရုံ ကိုသာ မြင်တာ၊ တခြားဟာကတော့ စိတ်နှင့်ကြံပြီးတော့ မြင်တာ၊ အဲဒါကြောင့်မို့ လက်ချောင်းမှာပဲပြောကြစို့၊ လက်ချောင်းမှာရှိတဲ့ မြင်ကောင်းတဲ့ရုပ်က ပရမတ်၊ လက်ချောင်းက ပညတ်၊ လက်ချောင်းလို့ ပြောတာက ပညတ်၊ အချောင်းဖြစ်အောင် စိတ်နှင့်ကြံဆပြီးတော့ လုပ်လိုက်တာ ဒါပညတ်၊ သူ့မှာပါဝင်နေတဲ့ အဋ္ဌကလာပ်ရုပ် ရှစ်ခုတို့ ဘာတို့ပေါ့လေ၊ အဲဒီ ရုပ်ကလေးတွေကမှ ပရမတ်။

အဲဒီတော့ လက်ချောင်းဆိုတာ တကယ်ရှိတာ မဟုတ်ဘူး၊ ဒီမှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသော ဓာတ်ကြီးလေးပါးစသည်က တကယ်ရှိတာ၊ အဲဒီ တကယ်ရှိတဲ့ ဓာတ်တွေကို မင်းအကုန်မြင်လား၊ မမြင်ဘူး၊ ခုန ရူပါရုံ ဆိုတာလေးပဲ မြင်ရတယ်၊ ပထဝီဓာတ် ဆိုတာ မျက်လုံးနှင့် မမြင်နိုင်ဘူး၊ အာပေါဓာတ် ဆိုတာ မျက်လုံးနှင့် မမြင်နိုင်ဘူး၊ ဒါကြောင့်မို့ တကယ်အမှန်အကန်ရှိတယ်၊ ရှိတယ်လို့ပြောရင် တကယ့်ကိုရှိတယ်၊ မရှိတာမဟုတ်ဘူး၊ အဲဒီလို သဘောတရားမျိုးကို ပရမတ် သဘောတရား ဒါက ပရမတ်ရဲ့ အဓိပ္ပာယ်တစ်မျိုး။

နောက်တစ်ခုကတော့ ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင် မြင်တွေ့နိုင်တဲ့ သဘောတရားမျိုးကို ပရမတ္ထ၊ နည်းနည်းရှေ့တိုးလာပြီ နက်နဲလာပြီ၊ ကိုယ်တိုင် မြင်တွေ့နိုင်တယ်၊ သူများဆီကတစ်ဆင့် ကြားတယ်ဆိုတာ ဟုတ်တာလည်း ရှိတယ် မဟုတ်တာလည်းရှိတယ်၊ တစ်ဆင့်ကြားဆို ဘယ်တော့မှ စိတ်မချရဘူး၊ အခုဟာ တကယ့်ကို ဟုတ်ရမှာ, တကယ့်ကို မှန်ရမှာဆိုတော့ ကိုယ်တိုင်မြင်မှပဲ ဖြစ်မှာပေါ့၊ ကိုယ်တိုင်မြင်တာတောင်မှ တစ်ခါတလေ ဟုတ်ချင်မှဟုတ်တာ၊ ဝိပဿနာဉာဏ်နှင့် မြင်တာကျတော့ အမှန်မြင်တာပေါ့။

ကိုယ်တိုင်ဉာဏ်ဖြင့် သိနိုင် မြင်နိုင်တဲ့ ပရမတ်
ဒါကြောင့်မို့ ပရမတ်သဘောတရားဆိုတာ ကိုယ်တိုင် မိမိဉာဏ်ဖြင့်သိနိုင်တဲ့ မြင်နိုင်တဲ့ တရားမျိုးကို ပရမတ္ထတရား၊ ဒါ မဟာစည် ဆရာတော်က (Explain) လုပ်တာ သိပ်ကောင်းတယ်, ပထမပြောတာကတော့ ဒါဟုတ်ပါတယ်ဆို ဟုတ်ကို

[စာမျက်နှာ-32] ဟုတ်တာ, မဟုတ်တာမဟုတ်ဘူး၊ မျက်လှည့်လို မဟုတ်ဘူးပေါ့၊ မျက်လှည့်ဆိုတာ မဟုတ်တာ သူလုပ်ပြတာပဲ၊ အဟုတ်လို့ ထင်ရတယ်၊ ဒီနိုင်ငံ မျက်လှည့်သမားတွေ တော်တော်ကိုတော်တယ်နော် တကယ်ဟုတ်တယ်လို့ ထင်ရတယ်၊ ဒါပေမယ့် မဟုတ်ဘူး။

ထို့အတူပဲ တံလျပ်ဆိုတာရှိတယ်၊ ရေမဟုတ်ပဲနှင့်ရေလို့ထင်ရတာ၊ ခရီးဝေးဝေးသွားဖူးတဲ့ လူဆိုရင် တံလျပ်ကို သိတယ်၊ မော်တော်ကား မောင်းသွားရင် တစ်ခါတစ်လေ တွေ့တယ်၊ တကယ်ပဲ ရေပဲထင်နေတာပဲ၊ ကိုယ့်အနီးနားရောက်တော့ မဟုတ်ပြန်ဘူး၊ အဲဒါက ခုန အဓိပ္ပာယ်မျိုး၊ တကယ်ရှိတယ်ဆို တကယ်ရှိတာမျိုး မဟုတ်ပဲနှင့် တကယ်မရှိဘူး ဖြစ်သွားတာ။

အခုဒီမှာ ပြောတဲ့ဟာကတော့ ဒုတိယအနက်အဓိပ္ပာယ်ကတော့ ဒါမျိုး မဟုတ်ဘူး၊ ကိုယ်တိုင်ကိုယ်ပိုင် ဉာဏ်ဖြင့် မြင်တွေ့နိုင်တဲ့ တရားမျိုးကို ပရမတ္ထတရားလို့ ခေါ်တယ်၊ ကိုယ်တိုင်မြင်တွေ့နိုင်တယ်ဆိုတာ တကယ် ဝိပဿနာတရား အားထုတ်လို့ ကိုယ့်ဉာဏ်နှင့်ကိုယ် မြင်လာတာကို ဆိုလိုတယ်။

တရားထိုင်တဲ့ခါကျတော့ ဝင်တယ် ထွက်တယ်ပဲမှတ်မှတ်, ဖောင်းတယ် ပိန်တယ်ပဲ မှတ်မှတ်, ပထမတော့ ဒီလိုပဲ မှတ်နေတာပဲ၊ စိတ်ကလဲ ဟိုရောက် ဒီရောက်ဆိုတော့ ဘာမှလဲ မသိသေးဘူး၊ နောင် တဖြည်းဖြည်းနှင့် စိတ်ဟာငြိမ်ငြိမ်, ငြိမ်ငြိမ်လာတယ်။

စိတ်ကလေးတည်ငြိမ်လာတာနှင့် တစ်ပြိုင်နက် အသိဉာဏ်လေးတွေ ဝင်လာတယ်၊ ရုပ်သဘောတရားလေးတွေ, နာမ်သဘောတရားလေးတွေ မြင်လာတယ်၊ သိလာတယ်၊ အဲဒီလို ကိုယ်တိုင်အားထုတ်ပြီး မြင်သိလာတာမျိုးကို မြင်သိလာတဲ့ သဘောတရားမျိုးကို ပရမတ္ထသဘောတရားလို့ ခေါ်တယ်၊ ကိုယ်တိုင်မြင်တော့တာ၊ ဒါဖြင့် ကိုယ်တိုင်မတွေ့သေးရင် အဲဒါ ကိုယ့်အတွက် ပရမတ္ထ မဟုတ်သေးဘူးပေါ့ ဒီလို မဟုတ်ဘူးလား။

အခုပြောနေတာ စိတ်ပဲ, စေတသိက်ပဲ ခန္ဓာငါးပါးပဲ, ပြောနေကြတာ ကိုယ် ကိုယ်တိုင်က ဝိပဿနာဉာဏ်နှင့် တရားအားထုတ်ပြီးတော့ မတွေ့သေးတာ မမြင်သေးတာ ဆိုရင် အဲဒါတွေဟာ ကိုယ့်အတွက် ပရမတ်မဟုတ်သေးဘူး။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ နိဗ္ဗာန်ကို မျက်မှောက်မပြုဘူးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ပရမတ် မဟုတ်သေးဘူး၊ ပညတ်ပဲရှိသေးတယ်၊ နိဗ္ဗာန်ဆိုတဲ့ အမည်လေး ကြားပြီးတော့ ဪ, နိဗ္ဗာန်ကတော့ ကောင်းသတဲ့၊ လိုချင်စရာကောင်းသတဲ့

[စာမျက်နှာ-33] ငါတော့ လိုချင်တယ်၊ နိဗ္ဗာန်ရရပါလို၏ ဆိုကြတယ်။

အဲဒီ နိဗ္ဗာန်ရရပါလို၏လို့ အာရုံပြုတဲ့ နိဗ္ဗာန်ဟာ တကယ့်နိဗ္ဗာန်အစစ် မဟုတ်ဘူး၊ ပရမတ်နိဗ္ဗာန် မဟုတ်ဘူး၊ ပညတ်နိဗ္ဗာန်ကို ဦးဇင်းတို့ အာရုံပြုတာ၊ ဘုရားဟောထားတယ်၊ (ဆိုပါတော့) ရာဂ, ဒေါသ, မောဟ, မရှိတာ နိဗ္ဗာန်ခေါ်တယ်။ ဒါကောင်းသတဲ့, လိုချင်စရာဆိုတော့ လိုချင်နေပြီးတော့ ရရပါလို၏ဆိုပြီး နိဗ္ဗာန် အာရုံပြုတာ၊ တကယ့် ပရမတ်နိဗ္ဗာန်ကို အာရုံပြုတာ မဟုတ်ဘူး၊ ပရမတ်နိဗ္ဗာန်ကို အာရုံပြုတာက မဂ်စိတ်, ဖိုလ်စိတ်ကမှ အာရုံပြုတာ၊ မနောဒွါရဝဇ္ဇန်းကလည်း အာရုံပြုနိုင်စရာပဲ။

အဲဒါကြောင့်မို့ နိဗ္ဗာန်က ပုထုဇဉ်တို့အဖို့ နိဗ္ဗာန်, နိဗ္ဗာန်လို့ ပြောနေတာ ပရမတ်မဟုတ်သေးဘူး၊ ကိုယ်ကိုယ်တိုင်မြင်မှ ပရမတ်၊ ပရမတ္ထသဘောတရားဆိုတာ ကိုယ်ပိုင်ဉာဏ်နှင့် မြင်ခြင်း၊ ကိုယ်ပိုင်ဉာဏ်ဆိုတာ တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ဉာဏ်, ဒီဉာဏ်နှင့်သိနိုင်တဲ့ တရားမျိုးကို ပရမတ္ထတရားလို့ ခေါ်တယ်၊ ကိုင်း အဲဒီတော့ နှစ်ခုဖြစ်သွားပြီ ပညတ်ရယ်, ပရမတ်ရယ် (သို့) သမုတိသစ္စာရယ်, ပရမတ္ထသစ္စာရယ်။

ပညတ်နဲ့ ပရမတ်
လောကမှာ ဒီသစ္စာနှစ်မျိုးပဲ၊ ဒီသစ္စာနှစ်မျိုးကလွဲလို့ မရှိဘူး၊ များသောအားဖြင့် ကတော့ ကိုယ်နေတာကိုက ပညတ်နယ်ထဲမှာ နေတာဖြစ်တော့ ဒီပညတ် အသုံးအနှုန်းကတော့ လွှတ်လို့ကို မရဘူး၊ ဒီလိုပဲ ပညတ်အသုံးအနှုန်းနှင့်ပဲ ပြောပြီးတော့ ဆက်ဆံရတယ်၊ (Communication) လုပ်ရတာ၊ မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ပညတ်နှင့်ချည်း ဟောတာပဲ။

အဘိဓမ္မာပိဋကတ် ရောက်တဲ့အခါကျမှသာ ပရမတ် အသုံးနှုန်းကို သုံးတာ၊ အဲဒီကျတော့ စိတ်တို့ စေတသိက်တို့ ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ သစ္စာတို့ စသည်လာပြီ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ အသုံးအနှုန်း အဲဒီကျတော့ မရှိသလောက် ဖြစ်သွားပြီ၊ ဒါကြောင့်မို့ ဒီသစ္စာ နှစ်မျိုးကို ပထမနားလည်ထားဖို့ အရေးကြီးတယ်။ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ၊ လောကခေါ်ဝေါ် သုံးစွဲနေတာမှန်သမျှ အားလုံးဟာ သမ္မုတိသစ္စာ၊ အဲဒီသမ္မုတိသစ္စာထဲကနေ ထုတ်ယူရတဲ့ သစ္စာမျိုး။

လူဆိုတာ သမ္မုတိသစ္စာ၊ လူဒြပ်ကြီးကလဲ သမ္မုတိသစ္စာ၊ အဲဒီလူဒြပ်ကြီးကနေ ထုတ်ယူလိုက်စမ်း၊ ဘာရလဲ၊ ရုပ်, နာမ်၊ နာမ်နှင့်ရုပ်ရတယ်, ခန္ဓာငါးပါးရတယ်၊ အဲဒီဟာက ပရမတ္ထ၊ ဒါကြောင့်မို့ တစ်ခါတစ်လေစာမှာဆိုတယ်၊ သမ္မုတိသစ္စာမှ အဆီထုတ်အပ်သော (Abstract) ထုတ်ယူထားတဲ့ နိဗ္ဗတ္တိဟာ ပရမတ်၊ အဲလို

[စာမျက်နှာ-34] ထုတ်ယူထားတဲ့ဟာမျိုးကို ပရမတ်၊ နေရာတကာတိုင်းက ပရမတ်ကို ထုတ်ယူလို့ ရတာချည်းပဲ။

စားပွဲလို့ပြောတယ်၊ စားပွဲဟာ ဘာလဲ, ပညတ်ပဲ၊ ဒီစားပွဲမှာ ရုပ် ၈-မျိုး ပေါင်းစပ်နေတယ်၊ အဲဒီ အသီးသီးဖြစ်တဲ့ ရုပ်ကလေးတွေက ပရမတ်၊ အပေါင်းက ပညတ်၊ အပေါင်းဖြစ်သွားရင် ပညတ်ဖြစ်သွားတာပဲ၊ အပေါင်းဆိုတာနှင့် တစ်ပြိုင်နက် ပညတ်ရောက်သွားပြီဆိုပါတော့၊ အခု စကားလုံးတစ်ခုကို ကြားတယ်၊ ဗုဒ္ဓဆိုတဲ့ စကားလုံးကြားတယ်၊ ဗုဒ်လို့ကြားတုန်းက ကြားကြားခြင်း ပရမတ်ကို ကြားတာ၊ ပရမတ်အသံ၊ အသံဆိုတာ တကယ်ရှိတဲ့ သဘောတရားပရမတ်၊ ဓလို့ ကြားလိုက်တာလည်း ပရမတ်အသံကိုကြားတာ၊ ဗုဒ္ဓလို့ ပေါင်းလိုက်တဲ့ခါကျတော့ ပညတ် ဖြစ်သွားပြီ၊ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ်ဆိုတဲ့အသံ ကြားပြီး ပျောက်သွားပြီ။ ဒါပေမယ်လို့ ကိုယ်က ဒီ နှစ်ခုကိုတစ်ခါထဲ ပေါင်းစပ်ပြီးတော့ ဗုဒ္ဓကိုကြားတယ်။ ဗုဒ္ဓဆိုတဲ့အသံကို ကြားတယ်၊ အဲဒီလိုပေါင်းလိုက်တာ, အဲဒီလို သမူဟ အပေါင်းဖြစ်သွားတာနှင့် ပညတ်ဖြစ်သွားတာ။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ
အဲဒါကြောင့်မို့ ဝိပဿနာတရား တကယ်အားထုတ်လာပြီဆိုတော့ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ ကြားဖူးတယ် မဟုတ်လား၊ ရွှေဥဒေါင်းကြီးတောင် ရေးသွားတာ ဟုတ်လား၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဆိုတာ အဲဒီ ပရမတ်တင် စိတ်ရပ်အောင် လုပ်ရမယ်၊ ပညတ်ကို မရောက်စေနှင့်၊ ဘာကြောင့်တုန်း-ပညတ်ရောက်သွားတာနှင့် တစ်ပြိုင်နက် (Grasping) သူ့ကို လူလို့သိမှတ်လိုက်တာနှင့် တစ်ပြိုင်နက် သူ့ကို ချစ်သွားပြီ သူ့ကို မုန်းသွားပြီစသည်ဖြင့် ဖြစ်လာတာ၊ သူ့ကို ရုပ်နာမ်အနေနှင့်ပဲ မြင်နေမယ်ဆိုရင် အဲဒီထက် ရှေ့မတို့ဘူးဆိုရင် သူ့ကိုမစွဲလန်းဘူး၊ ချစ်တာ မုန်းတာ မဖြစ်ဘူး။

အဲဒါကြောင့်မို့ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ စသည်ဖြင့် မြတ်စွာဘုရား ဟောထားတာ တကယ် တိတိကျကျ ပြောမယ်ဆိုရင် တရားဟာ ထိုင်တဲ့အခါကျတော့ အဲဒီလို ဟိုဘက် သမူဟ လို့ခေါ်တဲ့အပေါင်းကို မရောက်အောင် ဒီစိတ်တင် ကိစ္စပြီးအောင် တကယ်မလွယ်တာ၊ သို့သော် ဖြစ်နိုင်လို့ ဘုရားက ဟောထားတာပေါ့။ ဒါကြောင့်မို့ နက်နဲတာနော်၊ အဘိဓမ္မာနားမလည်ပဲနှင့် သုတ္တန်တွေ နားမလည်ဘူး ပြောတာ။

သုတ္တန်မှာဟောထားတာလည်း မျက်စိဖြင့် အဆင်းကို မြင်၍ ယောက်ျား မိန်းမတည်းဟူသော အမှတ်နိမိတ်ကို မယူ၊ လက်ခြေအစရှိတဲ့ အနုဗျဉ္ဇနတို့ကို မယူ, ဒီလောက်ပဲ ပါဠိတော်ကဟောထားတာ၊ အဘိဓမ္မာ နားမလည်ပဲနှင့် ဘယ်လို

[စာမျက်နှာ-35] လုပ်မလဲ၊ မိန်းမယောက်ျား တည်းဟူသော အမှတ်နိမိတ်ကိုမယူ, အနုဗျဉ္ဇနခြေတွေ လက်တွေမယူ မိန်းမယောက်ျားတည်းဟူသော အမှတ်နိမိတ်ကို မယူဆိုတာ ဘာတုန်းဆို ခုနပြောသလိုပဲ မြင်လိုက်တဲ့ခါမှာ သူ့ကို ရူပါရုံ ပဲ မြင်စရာ အာရုံတစ်ခုပဲလို့ စိတ်က ဆိုတဲ့ဟာနှင့် ရပ်နေတာ၊ အပေါင်းကနေ ဟိုဘက်ကျတော့ ပိုဆိုးသွားတာပေါ့လေ၊ ပေါင်းပြီးတော့ နာမပညတ်တွေ, အတ္ထပညတ်တွေ ရောက်သွားတာ၊ အဲဒီဟာတွေ မရောက်အောင်စိတ်က ထိန်းနိုင်မှ တားနိုင်မှ အဲဒါ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ၊ တကယ်နက်နဲတာ ခက်လည်းခက်တယ်။

အဲဒါကြောင့်မို့ ရူပါရုံ တစ်ခုကို မြင်စရာအဆင်းတစ်ခုကိုမြင်တဲ့ခါမှာ မြင်တယ်ဆိုတာလေးတင် ရပ်လိုက်နိုင်ရင် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကို ကျင့်သုံးလိုက်နိုင်ပြီ။ ဟိုဘက်လွန်သွားရင်တော့ ခုနပြောသလိုပဲ ကြိုက်တာတို့ မကြိုက်တာတို့ ဖြစ်ကုန်တတ်တယ်၊ အဲဒီတော့ ပညတ်နယ်ထဲကို မရောက်စေနှင့်၊ ပရမတ်နှင့်တင် မင်းတို့ ကိစ္စပြီးပါစေ၊ ဒါကို ဆိုလိုတယ်-

ဝိပဿနာရှုရင် ပရမတ်ကို ရှုပါ
ပြီးတော့ တရားထိုင်ရှုတဲ့အခါ ကျတော့လည်း ပရမတ်ကို မြင်အောင် ရှုရမယ်၊ ပညတ်ရှုရင် ဝိပဿနာ မဟုတ်ဘူး၊ သမထကတော့ ပညတ်နှင့်တင် ပြီးတယ်၊ ကသိုဏ်းရှုတယ်ဆို မြေကြီးကြည့်ပြီးတော့ မြေကြီးမြေကြီးဆိုပြီးတော့ ပညတ်ချည်းကိုပဲ လုပ်ရတာ၊ ဝိပဿနာကျတော့ အစကို ပညတ်ပယ်လို့ မရဘူး၊ သို့သော် Ultimately ကျတော့ ပရမတ်ကိုရောက်ရမှာ၊ ဝင်တယ် ထွက်တယ်လို့ မှတ်နေတယ်၊ ပထမဝင်တယ် ထွက်တယ် မှတ်နေတာဟာ ပညတ်ပဲ မှတ်နေတာပဲ။ တကယ် စိတ်စိုက်လိုက်တဲ့ ခါကျတော့ ဝင်သွားတဲ့ လေလေးက တို့သွားတယ်။ တစ်နေရာရာမှာ ထိသွားတယ်၊ အဲဒီအထိလေးကို ကြည့်ပြီးတော့ ဖောဋ္ဌဗ္ဗ လို့ ခေါ်တာ။

ဝင်လေဆိုတာ တွေ့ထိတဲ့သဘောတရားလေးပဲ, တွန်းကန်တဲ့ ထောက်ကန်တဲ့ သဘောတရားလေးပဲ၊ အဲဒီလို မြင်သွားတာ၊ အဲဒါ ပရမတ်မြင်တာပဲ၊ ဝင်လေကြီးက အတန်းကြီးဝင်သွားတယ်၊ ထွက်လေကြီးက အတန်းကြီး ထွက်သွားရင် ပညတ်နှင့်ပဲ ကိစ္စပြီးနေသေးတယ်၊ ပရမတ်မမြင်သေးဘူး။

အဲဒါကြောင့်မို့ မဟာစည်ဆရာတော်က ပရမတ်ကိုမြင်အောင်ရှု၊ သို့သော် စစချင်း ပရမတ်ရှုရမယ်လို့ ပြောလို့မဖြစ်ဘူး၊ ဒီလိုပဲ ဝင်တယ် ထွက်တယ်နှင့်ပဲ ပညတ်နှင့်ပဲသွားရတယ်၊ ကြာတော့ ပညတ်ကွာပြီးတော့ ပရမတ် ရှုနိုင်သွားတယ်။ ဒါကြောင့်မို့ ပရမတ်ပေါ်ရင် ပညတ်ငုတ်တယ်၊ ပညတ်ပေါ်ရင် ပရမတ်ငုတ်တယ်။

[စာမျက်နှာ-36] ပညတ်က လွှမ်းမိုးနေရင် ပရမတ်က မထင်ရှား တော့ဘူးပေါ့၊ ပရမတ်က တကယ် ထင်ရှားလာပြီဆိုတော့ ပညတ်မရှိတော့ဘူး။ ဒါကြောင့်မို့ တရားထိုင်လို့ အတော်လေး ရောက်လာပြီဆိုတော့ တချို့ ဘာမှ မရှိတော့ဘူး ဖြစ်လာပြီ၊ သူ့ခန္ဓာကိုယ်ကြီးတောင် မရှိတော့ဘူး ထင်လာပြီးတော့ ကိုယ့်ဗိုက်ကိုယ် ပြန်စမ်းကြည့်တာတွေ ဘာတွေ ဖြစ်လာတယ်၊ အမှန်ကတော့ ပညတ်ပျောက်ပြီးတော့ ပရမတ်မြင်လာတာ။

သမာဓိရှိမှ ဝိပဿနာရှုလို့ရမယ်
ဒါကြောင့်မို့ သမ္မုတိသစ္စာရယ်, ပရမတ္ထသစ္စာရယ်၊ ဦးဇင်းတို့က ပရမတ္ထသစ္စာကို မမြင်ဘဲနှင့် ကိစ္စမပြီးဘူး၊ တရားထိုင်တဲ့ခါမှ ပရမတ္ထသစ္စာကို မြင်အောင်ကို လုပ်ရမှာ၊ ပရမတ္ထသစ္စာမြင်အောင် ဆိုပြီးတော့ တရားထိုင်ရတာ၊ တရားထိုင်တဲ့ခါကျတော့ ဘာကြောင့် ပရမတ္ထသစ္စာကို မြင်လာသလဲ၊ စိတ်ငြိမ်လာလို့ မြင်လာတာ၊ စိတ်ရဲ့ သဘောတရားက တည်ငြိမ်လာရင် တန်ခိုးရှိတယ်၊ ဖောက်ထွင်းနိုင်တယ်၊ မှန်ဘီလူးနှင့် နေရောင်ကို စုလိုက်တဲ့ခါကျတော့ သူ မီးလောင်နိုင်တယ်။ စက္ကူလေးတွေ မီးလောင်သွားတယ်၊ ဒီအတိုင်းချည်းကျတော့ မလောင်ဘူး။

အဲဒီလိုပဲ၊ စိတ်ဟာလဲ ငြိမ်ပြီးတော့ (Concentrate) လုပ်လိုက်တဲ့ခါကျတော့ ထိုးထွင်းနိုင်တဲ့ အစွမ်းသတ္တိရှိတယ်၊ အဲလို ထိုးထွင်းပြီးတော့ ခုနလို မြင်သွားတာ လက်, လက်လို့ မြင်တာတော့ လူတိုင်းမြင်တတ်တာပဲ၊ ဒါ သာမန်ပဲ၊ ဒီဟာတွေကိုမှ ခုနလို မြင်စရာဖြစ်တဲ့ ရူပါရုံ ရုပ်တရားပဲ ဘာပဲထိအောင်မြင်တာ, ထိုးထွင်းပြီးတော့ ဖောက်ထွင်းပြီးတော့ မြင်သွားတာ၊ အဲဒီဖောက်ထွင်းပြီးတော့ သိမြင်တာမျိုးကို ဝိပဿနာပညာလို့ခေါ်တယ်၊ စိတ်ကူးပြီးတော့ သိတာမျိုး ဝိပဿနာပညာမခေါ်ဘူး၊ စာဖတ်ပြီးတော့ သိတာမျိုး ဝိပဿနာပညာမခေါ်ဘူး၊ ကိုယ်တိုင် အားထုတ်ပြီးတော့ မြင်သိသွားမှ ဝိပဿနာပညာခေါ်တယ်။

ပရမတ္ထတရားလေးမျိုး
ဒါကြောင့်မို့ သမ္မုတိသစ္စာရယ်၊ ပရမတ္ထသစ္စာရယ် နှစ်ခုရှိတယ်၊ အခု ဦးဇင်းတို့ လေ့လာမယ့် သင်္ဂြိုဟ်ကျမ်းက ပရမတ္ထသစ္စာ (သို့မဟုတ်) ပရမတ္ထတရားကိုပဲ အမျိုးမျိုးဝေဖန်ပြီးတော့ ပြောပြမယ်၊ ပရမတ္ထတရားတွေကိုပဲ ဦးဇင်းတို့ လုပ်ရမယ်၊ ပညတ်ကတော့ကို ရှစ်ခုမြောက်ပိုင်း နောက်ပိုင်းမှာ Appendix သဘောမျိုးပဲ ထည့်ထားတယ်၊ အဲဒီတော့ လောကဓာတ်ပညာ ဆရာတွေလိုပေါ့၊ (Element) တွေထိအောင် အရင်းအမြစ်ထိအောင် လေ့လာတာမျိုး ဒီသင်္ဂြိုဟ် အဘိဓမ္မာကလဲ၊ အရင်းအမြစ်ထိအောင်လေ့လာရမယ်။

အဲဒီလို မဖောက်မပြန် မှန်ကန်တည့်မတ်တဲ့ သဘောတရား ဘယ်နှစ်မျိုးကို ဗုဒ္ဓဘာသာမှာ လက်ခံထားသလဲ၊ လေးမျိုးလက်ခံထားတယ်၊ ဒီလေးမျိုးဟာ

[စာမျက်နှာ-37] ဘာလဲဆိုတော့ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ် ဒီလေးမျိုးကတော့ တကယ်ရှိတဲ့ သဘောတရား၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဒီလေးပါးကို ပရမတ္ထတရား (သို့မဟုတ်) မြန်မာဆန်ဆန်ဆိုရင် ပရမတ်တရား ပေါ့။

စိတ်ဆိုတာ
စိတ်ဆိုတာဘာလဲ၊ စိတ်ဆိုတာ သိကြလား၊ စိတ်ဆိုတာ မြန်မာစကားလို့ ထင်နေတာ၊ စိတ်ဆိုတာ မြန်မာစကားမဟုတ်ဘူး၊ ပါဠိစကား၊ ပါဠိလို စိတ္တ၊ ပါဠိလို စိတ္တ ကို တဝမ်းပူတစ်လုံး ဖြုတ်ပြီးတော့ စိတ်ဆိုပြီးတော့ မြန်မာစကားဖြစ်အောင် သုံးထားတာ၊ ဦးဇင်းက အမေရိကန်တွေကိုပြောတယ်၊ တို့က အလွန်ပါးတယ်ကွ၊ တို့က အဘိဓမ္မာ အသုံးနှုန်းတွေကို ဘာသာပြန်တာ မဟုတ်ဘူးကွ (Burmanized) လုပ်လိုက်တာ, ဘာသာပြန်ဖို့ သိပ်ခက်တာ, ဒီဟာတွေဟာလေ တခြားဘာသာလို့ မြန်မာလိုလည်း ပြန်လို့ခက်တာပါပဲ အမှန်က အင်္ဂလိပ်လိုလည်း အပြန်ရခက်တာပဲ၊ တို့ကတော့ မပြန်ဘူးကွာ (Burmanized) လုပ်တာလို့ စိတ်ဆိုတာ မြန်မာလူမျိုးတွေ မေးကြည့်လေ, သူတို့က မြန်မာစကားလို့ပြောလိမ့်မယ်။

စိတ်ဆိုတာ ဘာကိုခေါ်တာလဲတဲ့၊ အဲဒီမှာ စိတ်ရဲ့ သဘောလက္ခဏာကို သိရမယ်၊ စိတ်ရဲ့ လက္ခဏာဟာ ဘာလဲဆိုရင် အာရုံကိုသိခြင်းမျှ (Just the awareness of the object) အာရုံကို သိခြင်းမျှကို စိတ်လို့ခေါ်တယ်၊ သိခြင်းမျှဆိုတာ ဉာဏ်နှင့် သိတဲ့အသိမျိုးမဟုတ်ဘူး၊ မှတ်သားသိတဲ့ အသိမျိုးမဟုတ်ဘူး၊ အင်္ဂလိပ်လို (Just awareness), ဒါအာရုံပဲ, ဒါမြင်စရာလေးပဲ၊ ဒါလောက်ကလေး သိတာ၊ တစ်ခါတစ်လေရှေ့ကြည့်ရင်းနဲ့ ဘေးကဟာ တစ်ခုခု သိနေတယ် မဟုတ်လား၊ အေး အဲဒါမျိုး၊ အဲဒီလို (Awareness) သက်သက်ကို စိတ်လို့ခေါ်တာ၊ သိတယ်လို့ မြန်မာစကားကတော့ သုံးရတော့တာပေါ့၊ မတတ်နိုင်ဘူး။

ပါဠိစကားမှာလည်းပဲ အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ အာရုံကို ကြံတတ်၊ သိတတ်သောကြောင့် စိတ်၊ ဒီလိုပဲဆိုတာ၊ သို့သော် ကြံတယ်၊ သိတယ်ဆိုတာ တကယ်စဉ်းစားကြံတာကို မဆိုလိုဘူး၊ အဲဒါတွေက စေတသိက်ရဲ့ သဘောတွေ (Just the awareness of the object) ဒီ (Awareness) ဆိုတာ တရားထိုင်တဲ့ခါ Awareness လည်းမဟုတ်ဘူး၊ တရားထိုင်တဲ့အခါမှာ Awareness က သတိကို ဆိုလိုတာ၊ ဒီမှာက ဒီလိုမဟုတ်ဘူး၊ ဒါလေးဟာ ရှိနေတယ်ဆိုတာ သိတာမျိုးလေ၊ စိတ်သဘောတရား သိပ်သိမ်မွေ့တယ်၊ သူက ဘာနှင့်တူသလဲဆိုတော့ ဘာမှ အရောင်မရှိတဲ့ ရေနှင့်တူတယ်၊ သူ့ထဲကို အနီရောင်တွေထည့်လိုက်တော့ ရေဟာ အနီဟေ့၊ အစိမ်းရောင်လေး ထည့်လိုက်တော့ ရေဟာ အစိမ်းဟေ့။

[စာမျက်နှာ-38] ထို့အတူပဲ စေတသိက်တွေနှင့် ရောလိုက်တဲ့ခါကျမှ တွဲဖြစ်တဲ့ခါကျမှ ကောင်းတဲ့ စေတသိက်နှင့် တွဲဖြစ်တော့ သူ့ကို ကောင်းတဲ့စိတ်ပဲ, ကုသိုလ်စိတ်၊ မကောင်းတဲ့ စေတသိက်တွေနှင့် တွဲဖြစ်တော့ အကုသိုလ်စိတ်ပဲလို့ ခေါ်ရတယ်၊ အမှန်ကတော့ စိတ်ဆိုတာ တစ်ခုထဲရှိတာ၊ သူ့ရဲ့ သဘောလက္ခဏာက အာရုံကို သိခြင်းမျှ။

အာရုံကို သိခြင်းမျှ သဘောတရားကို စိတ်လို့ခေါ်တဲ့အတွက်ကြောင့်မို့ စိတ်ဟာ အာရုံနှင့် ကင်းပြီးတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးမှတ်ထား၊ အခုခေတ် ပြောလေ့ရှိတယ်၊ စိတ်ကို Blank လုပ်လိုက်တယ်၊ ဦးဇင်းတို့ရဲ့ အဘိဓမ္မာသဘောတရားအရ ဘယ်တော့မှ လုပ်လို့ မရဘူး၊ စိတ်မှာ အာရုံဟာ အမြဲတမ်း ရှိနေရတယ်၊ အာရုံမရှိရင် စိတ်ကို မရှိနိုင်ဘူး၊ အာရုံဟာ ထင်ရှားတဲ့အာရုံရှိတယ်၊ မထင်ရှားတဲ့ အာရုံရှိတယ်၊ အခု မြင်နေတယ်, ကြားနေတယ်, တွေ့နေတယ်၊ ထင်ရှားတဲ့ အာရုံ၊ အိပ်နေတဲ့ခါ အာရုံဟာရှိတာပဲ၊ အဘိဓမ္မာသဘောနှင့် ပြောမယ်ဆိုရင် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုခုရှိနေတယ်၊ အဲဒီဟာတွေက မထင်ရှားတဲ့ အာရုံ၊ သို့သော် ရှိကို ရှိရမယ်၊ အာရုံမရှိရင် စိတ်ဆိုတာကို မရှိနိုင်ဘူး။

ဒါကြောင့်မို့ စိတ်, စိတ်အတိုင်းထားလို့ ပြောတာတွေဟာ အဘိဓမ္မာနှင့် ကြည့်ရင်တော်တော်ရယ်စရာကောင်းတယ်၊ စိတ်ချည်းထားလို့ မရဘူး၊ ဒီစေတသိက် ကလည်း မပါလို့ မဖြစ်ဘူး၊ အမြဲတန်း တွဲဖြစ်နေတာ၊ အာရုံတစ်ခုခုကို မှီတွယ်ပြီး စိတ်ဆိုတာ ဖြစ်နေတာ၊ အာရုံမရှိရင် စိတ်ဆိုတာ မဖြစ်ဘူး။

အဲဒါကြောင့်မို့ စိတ်ဟာ ရုပ်အမှီမရှိဘဲနှင့် မဖြစ်ဘူး၊ အာရုံလည်းရှိရတယ်၊ မှီရာလည်းရှိရတယ်၊ ဒါ စိတ်ကအရေးကြီးတယ်၊ ရုပ်ကအရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောတာမဟုတ်ဘူး၊ သို့သော်တစ်ခုနဲ့တစ်ခု အမှီပြုနေတာကို ပြောတာ၊ ပဋိစ္စသမုပ္ပါဒ်သဘော, ပဋ္ဌာန်းသဘောနှင့် ဆက်သွယ်နေကြတာ၊ အဲဒီလို အာရုံကို သိခြင်းသဘောမျှကလေးကို စိတ်လို့ခေါ်တယ်၊ နားလည်ပြီနော်။

မေး - အာရုံဆိုတာ ဘာကို ခေါ်ပါသလဲဘုရား၊
ဖြေ - အာရုံဆိုတာ သိစရာတစ်ခုခုပေါ့၊ သိစရာ တစ်ခုခုက ရုပ်လည်းဖြစ်နိုင်တယ်။ နာမ်လည်းဖြစ်နိုင်တယ်၊ စိတ်, စိတ်ချင်းလည်း ပြန်သိလို့ရတယ်။

မေး - အိပ်တဲ့အခါကျတော့ စေတသိက် မရှိဘူးလား၊
ဖြေ - ရှိတယ်၊ စိတ်ရှိရင် စေတသိက်ရှိတယ်, အကုန်ရှိတယ်, အာရုံလည်းရှိတယ်။ သို့သော် အဲဒီကျတော့ ဘဝင်စိတ် ခေါ်တယ်၊ ဘဝင်စိတ် ဆိုတာကတော့

[စာမျက်နှာ-39] ဝိပါက်အကျိုးစိတ် တစ်မျိုးပေါ့လေ၊ သူက ထထကြွကြွမရှိဘူး၊ ငြိမ်သက်တဲ့ သဘောတရားရှိတယ်၊ အဲဒီအချိန်ခါမှာ၊ အဲဒီစိတ်မှာ အာရုံကော, စေတသိက်ကော ဖြစ်နေတာပေါ့၊ ဖြစ်နေတာ, ရှိနေတာ မထင်ရှားတဲ့ အာရုံလို့ ပြောကြပါစို့။

စိတ်နှင့် စေတသိက်က အမြဲတမ်းတွဲဖြစ်တယ်၊ စိတ်ဖြစ်တယ်ဟေ့ဆို စေတသိက် မပါလို့ ရကို မရဘူး၊ ကောင်းပြီ- အဲဒါ စိတ်လို့ ခေါ်မယ်နော်၊ အဲဒီစိတ်ကိုပဲ မြတ်စွာဘုရားက အမျိုးအစားပေါင်း ၈၉- (သို့မဟုတ်) ၁၂၁-ပါး ရှိတယ်၊ ဒီလိုခွဲခြားပြီးတော့ အဘိဓမ္မာပါဠိတော်မှ ဟောထားတယ်၊ အဲဒီ ၈၉ မျိုးကို အခု ပထမပိုင်းမှာ လေ့လာကြရမယ်၊ ဒီသင်္ဂြိုဟ်ပထမပိုင်းဟာ စိတ် ၈၉ မျိုး သို့မဟုတ် အကျယ် ၁၂၁-ပါးကို အမှန်ကတော့ စာရင်းလေးလောက်ပေးတာပါ၊ သို့သော် အဋ္ဌကထာတွေ ဋီကာတွေကျတော့ အဓိပ္ပာယ်တွေပါ ထည့်လာတယ်၊ အခု ဒီကျတော့ အဓိပ္ပာယ်တွေပါ ပြောသွားရမှာပေါ့၊ အဲဒါ စိတ်နော်။

စိတ်ပရမတ်တရား၊ စိတ်ဆိုတာ တကယ်ရှိသလား, မရှိဘူးလား, စဉ်းစားကြည့်လိုက်ပေါ့၊ စိတ်မရှိရင် လူတွေကို ဒီမှာ လာမနေနိုင်ဘူး၊ အဲဒါ စိတ်နော်။

စေတသိက်
စိတ်ပြီးတော့ စေတသိက်၊ စေတသိက်ကတော့ ဘာစကားလဲ၊ ဒါကတော့ မြန်မာစကားမဟုတ်တာ သိသာနေပြီ၊ စိတ်ဆိုတာသိသေးတယ်၊ စေတသိက်ဆိုတော့ သူတို့မသိတော့ဘူး၊ စေတသိက ဆိုတဲ့ ပါဠိစကားကို စေတသိက်လုပ်လိုက်တာ၊ ကကြီးအသတ်ထည့်လိုက်တာ။

စေတသိက်ဆိုတာ ဘာလဲဆိုတော့ စိတ်ကို မှီတွယ်ပြီးတော့ ဖြစ်တတ်တဲ့ သဘောတရား၊ စိတ်၌မှီတွယ် စိတ်ကိုခြယ်တဲ့၊ လယ်တီဆရာတော်ကြီး ရေးထားတာရှိတယ်၊ စိတ်ကို အမှီပြုပြီးတော့ စိတ်၌ဖြစ်တတ်တဲ့တရား၊ အဘိဓမ္မာအကြောင်း ပြောနေပေမယ်လို့ ပညတ်တွေက ဝင်ဝင်လာတာ၊ မဝင်လို့မရဘူး၊ အဲဒါမှ နားလည်တာကိုး။

ပညတ်နှင့် စိတ်ကလည်း သဘောတရား တစ်ခု၊ စေတသိက်ကလည်း သဘောတရား တစ်ခု၊ သူ့ဟာသူဖြစ်တာ၊ ဒါပေမယ်လို့ ဒီမှာ ဘယ့်နှယ်ပြောထားရတုန်းဆိုတော့ စေတသိက်ဟာ စိတ်ပေါ်မှာ အမှီပြုပြီးတော့ ဖြစ်တယ်၊ စိတ်၌ဖြစ်တယ် လို့ ဒီလိုပဲ သုံးရတယ်၊ ဒါ ဘာကို ဆိုလိုတာလည်းဆိုတော့ စေတသိက်နှင့်စိတ်မှာ စိတ်က အရေးကြီးတယ်၊ ပြဋ္ဌာန်းတယ်၊ စေတသိက်က မပြဋ္ဌာန်းဘူး၊ ဒီအဓိပ္ပာယ်လေး သိစေချင်တယ်။

[စာမျက်နှာ-40] ဆိုပါတော့ သားသမီးဟာ မိဘ အမှီပြုပြီးတော့ နေရတယ်ဆိုတော့ မိဘက ပဓာနကျတယ်ပေါ့၊ သားသမီးက ပဓာနမဟုတ်ဘူးပေါ့၊ သားသမီးရဲ့ ရပ်တည်မှုဟာ မိဘအပေါ်မှာ တည်တယ်၊ အဲဒါမျိုးပဲ, စေတသိက်ဟာ စိတ်ကိုမှီပြီးတော့ဖြစ်တယ်။ စိတ်မှာဖြစ်တယ်လို့ ပြောလိုက်ရင် စေတသိက်က ပဓာနမဟုတ်ဘူး, စိတ်က ပဓာန, ဒါလေးသိစေချင်တယ်၊ အမှန်ကတော့ သူတို့ဟာ ဒီတစ်ခုကို မှီပြီးတော့ စိတ်ကအရင်ဖြစ်ပြီးတော့ စေတသိက်က နောက်မှဖြစ်တာမျိုးမဟုတ်ဘူး၊ တစ်ပြိုင်နက် ဘွားကနဲ့ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် စေတသိက်ကလည်း အတူတူ ဖြစ်တာ။

သို့သော် စိတ်က ရှေ့သွားလို, ခေါင်းဆောင်လိုဖြစ်တာ၊ စေတသိက်က နောက်လိုက်လိုဖြစ်တာ၊ ဒါပဲ၊ ဒါကြောင့်မို့ သူတို့ကို စေတသိက်လို့ ခေါ်တာ၊ အဲလို ပြောလိုက်တဲ့အတွက်ကြောင့်မို့လဲ စိတ်မပါပဲနှင့်တော့ စေတသိက် မဖြစ်နိုင်ဘူးပေါ့၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်းကတော့ စေတသိက် ဖြစ်ရမယ်၊ အဲဒီ စေတသိက်တွေ ကလည်းပဲ ကောင်းတဲ့စေတသိက်တွေ ရှိတယ်, မကောင်းတဲ့ စေတသိက်တွေ့ရှိတယ်၊ Neutral ကောင်းမကောင်း စေတသိက်တွေ့ရှိတယ်၊ အဲဒီတော့ Neutral စေတသိက်တွေကတော့ စိတ်တွေ အများကြီးနှင့် တွဲလို့ရတယ်။

ကောင်းတဲ့ စေတသိက်တွေနှင့် တွဲတဲ့အခါမှာ ကောင်းတဲ့စိတ်လို့ ခေါ်လိုက်တော့မယ်၊ ကုသိုလ်စိတ်လို့ခေါ်တယ်၊ မကောင်းတဲ့ စေတသိက်တွေနှင့် တွဲတဲ့ခါမှာ သူ့ကို မကောင်းတဲ့ စိတ်လို့ခေါ်တယ်။

အဲဒီတော့ စေတသိက်က ဘာနှင့်တူလဲဆိုတော့ Colour နဲ့ တူတယ်၊ အရောင်တွေပေါ့၊ အရောင်မရှိတဲ့ ရေထဲကို အနီရောင်တွေ ထည့်လိုက်, ရေက နီသွားတယ်၊ အစိမ်းရောင်တွေထည့်လိုက်, စိမ်းသွားတယ်၊ စေတသိက်နှင့် တွဲပြီးတော့ စိတ်ဖြစ်တယ်၊ သူတို့က မပြဋ္ဌာန်းပေမယ်လို့ စိတ်ရဲ့ ကောင်းမကောင်းနာမည်ကို သူတို့က ဆုံးဖြတ်ပေးတယ်၊ ဟော, မင်းတို့နှင့်ယှဉ်နေပြီကွ၊ ဒီစိတ်ကတော့ မကောင်းတဲ့စိတ်၊ ဒီခါကျတော့ တို့နှင့်ယှဉ်နေပြီ ဒို့က ကောင်းတဲ့ စေတသိက်၊ အဲတော့ ဒီစိတ်က ကောင်းတဲ့စိတ်၊ အဲဒီလို၊

အဲဒါကြောင့်မို့ သောမနဿ သဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိက နှင့် ပြောနေတာ၊ သောမနဿ ဟာ စေတသိက်၊ ဒိဋ္ဌိ ဟာ စေတသိက်, စိတ်ကျမှ စိတ်၊ အဲဒီလို စိတ်နှင့် စေတသိက်ဟာ အတူတူ ဖြစ်တယ်၊ အာရုံလည်း အတူတူဖြစ်ရမယ်၊ စိတ်က ဒီအာရုံယူရင် စေတသိက်ကလည်း ဒီအာရုံ ယူရမယ်၊ စိတ်က အာရုံတစ်ခုမှ စေတသိက်က အာရုံတစ်ခု ဘယ်တော့မှ လုပ်လို့ မရဘူး၊ နာမ်တရား အတူတူဖြစ်တာ၊

[စာမျက်နှာ-41] မှီရာအနေနှင့်လည်း အတူတူပဲဆိုပါတော့။

မြင်တဲ့စိတ်ဟာ မျက်စိကို အမှီပြုပြီးတော့ ဖြစ်ရတာ၊ မျက်စိမပါပဲနှင့် မြင်တဲ့စိတ် မဖြစ်ဘူး၊ မျက်စိ အကြည်ဓာတ်လို့ခေါ်တာပေါ့၊ ရူပါရုံလည်းပါတာပေါ့။ ဒီမျက်စိအကြည်ဓာတ်ကို စိတ်က မှီတဲ့ခါမှာ စေတသိက်တွေကလဲ ဒီအကြည်ဓာတ်ကိုပဲ မှီရတာ၊ ဒို့က တခြား နားသွားမှီမယ်, နှာခေါင်းတွေမှီမယ် ဆိုလို့ မရဘူးပေါ့။ အဲဒါကြောင့်မို့ အတူတူမှီရတယ်, အတူတူဖြစ်ရတယ်, အတူတူပျက်ရတယ်။

နောင် စေတသိက်ပိုင်းကျတော့ စေတသိက်လက္ခဏာတွေ လာပါလိမ့်မယ်၊ အဲဒီလို စိတ်နှင့် စေတသိက်ဟာ အတူတူဖြစ်တယ်၊ အတူတကွ ဖြစ်တဲ့ခါမှာ စိတ်က ရှေ့သွားလို့ခေါင်းဆောင်လို့ထင်ရတယ်၊ စေတသိက်က နောက်လိုက်လို့ ထင်ရတယ်။ သို့သော် ခေါင်းဆောင်လို့ပဲ ပြောပြော, ရှေ့သွားလို့ပဲ ပြောပြော, အမှန်ကတော့ တစ်ပြိုင်နက် ဖြစ်ကြတာ, တစ်ပြိုင်နက် ပျက်ကြတာ။

ဓမ္မပဒ ပါဠိတော်မှာ ပထမဆုံးဂါထာက မနော ပုဗ္ဗင်္ဂမာ ဓမ္မာ၊ တရားတွေဟာ စိတ်လျှင် ရှေ့သွား ရှိကြတယ်တဲ့၊ ဆိုလိုတာက စေတသိက်တွေဟာ စိတ်လျင်ရှေ့သွား ရှိတယ် (သို့) စိတ်ဟာ စေတသိက်တွေ့ရဲ့ ရှေ့သွားဖြစ်တယ်လို့ ဟောထားတာ။

အဲဒီနေရာမှာ ခုနပြောသလို ရှေ့သွားဖြစ်တယ်ဆိုတာ ဘာလဲ၊ စိတ်က ရှေ့ကသွား, စေတသိက်က နောက်က လိုက်နေတာလား၊ မဟုတ်ဘူး၊ အမှန်ကတော့ တစ်ပြိုင်နက် ဖြစ်ကြတာပဲ၊ စိတ်ကအရင်ဖြစ်ပြီးတော့ စေတသိက်က နောက်မှ ဖြစ်တာမဟုတ်ဘူး၊ နေရာလည်း ဘယ်နေရာမှာဖြစ်တယ်လို့ ဘယ်လို လုပ်ပြောလို့ ရမလဲ၊ ဒါကြောင့်မို့ အတူတူဖြစ်တာပဲ။

ဒါပေမယ်လို့ စိတ်က ခေါင်းဆောင်လိုသဘောတရားရှိတယ်၊ အဲဒါကြောင့်မို့ သူ့ကို ပုဗ္ဗင်္ဂမ ရှေ့သွားလို့ပြောတာ၊ အဲဒီလို သုတ္တန်မှာလာတဲ့အဓိပ္ပာယ်ကို အဘိဓမ္မာနှင့် ဟပ်ပြီးတော့ နားမလည်ရင် အတိအကျ နားလည်တာလို့ မဆိုနိုင်ဘူး၊ ဒါ ဒီဂါထာလေးတစ်ပုဒ်ရှိသေးတာ၊ သိစရာတွေအများကြီး၊ ဒါကြောင့်မို့-အဘိဓမ္မာဟာ မြတ်စွာဘုရားရဲ့ တရားတွေကို တကယ်နားလည်ချင်ပါတယ်၊ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်ချင်ပါတယ်ဆိုရင် အဘိဓမ္မာမပါပဲ မဖြစ်ဘူး။

ကိုင်း, စေတသိက်တဲ့-အဲဒီ စေတသိက်တွေက ၅၂-မျိုးရှိတယ်လို့ မြတ်စွာဘုရားဟောထားတယ်။ ဒုတိယပိုင်းမှာလေ့လာမယ်၊ ပြီးတော့မှ တစ်ခါ စိတ်နှင့် စေတသိက် ခုန စိတ် ၈၉-မျိုးရှိတယ်၊ (သို့) ၁၂၁-မျိုးရှိတယ်၊ စေတသိက်က ၅၂-မျိုးရှိတယ်၊ တစ်ခါ ဒီစိတ်နှင့် ဒီ စေတသိက်တွေနှင့် ဘယ်လို ပေါင်းစပ်တယ်

[စာမျက်နှာ-42] ဘယ်လို ယှဉ်တယ်ဆိုတာတွေလည်း လေ့လာရတော့မယ်၊

ဒါ ဒုတိယပိုင်း ဒီစိတ်မှာ စေတသိက် ၁၉-ခုနှင့် ယှဉ်တယ်၊ နောက်စိတ်မှာ စေတသိက် ၂၁-ခုနှင့် ယှဉ်တယ် စသည်ဖြင့် (Compatibility) ပေါ့၊ ဒါ ဒုတိယပိုင်းမှာ လေ့လာမယ်။

ရုပ်တရား
တတိယ ပရမတ္ထတရားက ရုပ်၊ ရုပ်ကတော့ဘာလဲတဲ့၊ ရုပ်ကလည်း မြန်မာစကား မဟုတ်ဘူးနော်၊ ဖောက်ပြန်တတ်တဲ့ သဘောတရားကို ရုပ်လို့ ဒီလို ဆိုရတယ်၊ ရုပ္ပတီတိ ရူပံ လို့ပါဠိလို ရှိတယ်၊ ဖောက်ပြန်တတ်တယ်ဆိုတာ ဘာလဲတဲ့။

ဖောက်ပြန်တတ်တယ် ဆိုတာ ရှေ့ရုပ်အစဉ်နှင့်မတူတဲ့ နောက်ရုပ်အစဉ် ဖြစ်တတ်တာမျိုးကို ဖောက်ပြန် တယ်လို့ ဆိုတယ်၊ နေပူထဲသွားလိုက်တဲ့ခါကျတော့ ရုပ်ဟာတစ်မျိုးပေါ့၊ နီမြန်းနေမယ်ပေါ့နော်၊ အရိပ်ထဲ ရောက်သွားတဲ့ခါကျတော့ ရုပ်အစဉ်က တစ်မျိုးဖြစ်သွားတယ်၊ ဆာနေတဲ့ခါကျတော့ ရုပ်ကတစ်မျိုး၊ နေမကောင်းတဲ့အခါ ကျတော့ ရုပ်ဟာတစ်မျိုး၊ ပိုးကောင်တွေဘာတွေ ကိုက်လိုက်တဲ့ခါကျတော့ ရုပ်ဟာတစ်မျိုး၊ မကိုက်တဲ့ အခါကျတော့ ရုပ်ဟာတစ်မျိုး စသည်ဖြင့်ပေါ့၊ အဲဒီလို ရှေ့ရုပ်အစဉ်နှင့် မတူတဲ့ နောက်ရုပ်အစဉ်ဖြစ်တာမျိုးကို ဖောက်ပြန်တာလို့ ဒီလို ခေါ်တာ၊ အဲဒီလို ဖောက်ပြန်တတ်တဲ့ သဘောတရားမို့လို့လည်း ရုပ်လို့ခေါ်တယ်။

အဲဒီနေရာမှာ မေးစရာရှိတယ်၊ စိတ်ကတော့ မဖောက်ပြန်ဘူးလား၊ စိတ်ကရော ရှေ့စိတ်အစဉ်နှင့်မတူတဲ့ နောက်စိတ်အစဉ်ကော မဖြစ်ဘူးလား၊ ဖြစ်လိုက်တာမှ၊ ဒါပေမယ်လို့ ဒီနေရာမှာတော့ ဖောက်ပြန်တယ်ဆိုတာ ထင်ထင်ရှားရှား ဖောက်ပြန်တာကိုပဲ ရည်ရွယ်တယ်၊ ရုပ်ဖောက်ပြန်တာ မျက်စိနှင့်တောင် မြင်နိုင်တာပဲမဟုတ်လား၊ အဲဒီလို ထင်ထင်ရှားရှား ဖောက်ပြန်တာမျိုးကို ရည်ရွယ်တဲ့ အတွက်ကြောင့်မို့ အဲဒီလို ထင်ထင်ရှားရှား ဖောက်ပြန်တတ်တဲ့ သဘောတရားကို ရုပ်လို့ ခေါ်တယ်။ စိတ်ကို ရုပ်လို့ မခေါ်ဘူး။

ရုပ်ကတော့ အခုမြင်နေရတာတွေပေါ့၊ ဗဟိဒ္ဓ အပသန္တာန်မှာ မြင်နေရတာတွေဟာ အားလုံး ရုပ်ချည်းပဲ၊ ကိုယ့်သန္တာန်မှာလည်းပဲ ခန္ဓာကိုယ်ကြီးပေါ့ ဒါ အကုန်လုံး ရုပ်တွေချည်းပဲ၊ အဲဒီခန္ဓာကိုယ် အမှီပြုနေတဲ့ စိတ်ကမှ စိတ်၊ အဲဒီ စိတ်နှင့် တွဲဖြစ်တာက စေတသိက်၊ အဲဒါကြောင့်မို့ ရုပ်ဟာ (External) လည်းပဲ ရှိနိုင်တယ်၊ (Internal) လည်းပဲ ရှိနိုင်တယ်၊ စိတ်စေတသိက်ကတော့ ကိုယ့်ခန္ဓာကိုယ် မှာပဲရှိမယ်၊ သစ်ပင်မှာ စိတ်, စေတသိက်, မရှိဘူး၊ တောတောင်တွေမှာ စိတ်

[စာမျက်နှာ-43] စေတသိက် မရှိဘူးပေါ့။

အဲဒီရုပ်က ၂၈-မျိုးရှိတယ်လို့ မြတ်စွာဘုရား ဟောထားတယ်၊ ရုပ် ၂၈ ပါးတဲ့၊ ဒါလဲ ခြောက်ခုမြောက် အပိုင်းကျတော့ ဒီရုပ်တွေအကြောင်းကို အကျယ် ဝေဖန်လိမ့်မယ်၊ ဒီရုပ်တွေ ဘယ်လိုခေါ်တယ်၊ ဘယ်လို (Group) စုရတယ်၊ ဘာအကြောင်းတွေကြောင့် ဖြစ်လာတယ်၊ တစ်ဘဝတစ်ဘဝမှာ ဘယ်လို စဖြစ်တယ်။ ဆုံးတော့လည်း ဘယ်လိုဆုံးတယ် ဆိုတာတွေ အကုန်လုံး ရုပ်ပိုင်းကျတော့သိရမယ်။

နိဗ္ဗာန်
နောက်ဆုံးတစ်ခုက နိဗ္ဗာန်၊ နိဗ္ဗာန်လည်း မြန်မာစကားမဟုတ်ဘူး၊ ဒါဖြင့် မြန်မာစကား ဘယ်ရှိတော့လဲ၊ နိဗ္ဗာန်ဆိုတာကတော့ ချုပ်ငြိမ်းတဲ့သဘောတရား ပေါ့လေ၊ ဒီ ရာဂ, ဒေါသ, မောဟ ချုပ်ငြိမ်းတဲ့ သဘောတရား (သို့မဟုတ်) ဒုက္ခအားလုံး ချုပ်ငြိမ်းတဲ့ သဘောတရားကို နိဗ္ဗာန်လို့ ခေါ်တယ်ပေါ့၊ နိဗ္ဗာန်အကြောင်း ကတော့ ပြောဖို့ရာတော်တော်ခက်တယ်၊ ကိုယ်ကိုယ်တိုင်လည်း မရောက်ဖူးသေးတော့ ပြောဖို့ရာ မလွယ်ဘူးပေါ့၊ ဒီ ရာဂ, ဒေါသ, မောဟ ကင်းနေတဲ့ သဘောတရားတစ်မျိုး၊ ဒုက္ခတွေ ချုပ်သွားတဲ့ သဘောတရားမျိုးကို နိဗ္ဗာန်လို့ ပြောလိုက်ရင် အားလုံးသော ပုဂ္ဂိုလ်တွေက ဘယ်လိုထင်တုန်း၊ နိဗ္ဗာန်ဟာ ရောက်စရာနေရာ တစ်ခုလိုလို, ဘုံလိုလို, ဘာလိုလို အဲသလိုပဲ ထင်ထင်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒီဘုံဘဝထဲမှာ နေတာကို၊ ကိုယ်က ဒီဘုံဘဝထဲမှာနေတော့ ဒီဘုံဘဝ (Background) နှင့်ပဲကြည့်မိတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ချုပ်ငြိမ်းခြင်းသဘောမျှပဲလို့ ပြောလိုက်ရင် နိဗ္ဗာန် လိုချင်တဲ့သူ မရှိတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒါကို တွယ်တာနေတာကို ဒီဘဝကြီးကင်းသွားတော့မယ်, ဒီဘဝကြီးနောက်ထပ် ဆက်မဖြစ်တော့ပါဘူးဆို တကယ် မလိုချင်ဘူးနော်၊ ဘယ့်နှယ်တုန်း, ရုတ်တရက်ဆိုမလိုချင်ပေဘူး၊ ဘာဖြစ်လို့တုန်းဆို ကိုယ်က ဆက်ဖြစ်နေချင်တာကိုး။

ဒီဘဝငြီးငွေ့တယ်ဆိုတာ အမှန်က ဒီဘဝထက်ကောင်းတဲ့ဘဝ ရောက်ချင်တာ၊ မင်းဘဝအားလုံး ဆုံးသွားပြီဟေ့, ရဟန္တာဖြစ်တဲ့ခါဆုံးတာမျိုးဆို မလွယ်ဘူးဟုတ်လား။

ဒါကြောင့်မို့ မြန်မာပြည်မှာ ရယ်စရာပြောတာရှိတယ်, လူတစ်ယောက်က ဘုရားရှေ့သွား, သွားပြီး နိဗ္ဗာန်ရရပါလို၏, နိဗ္ဗာန်ရရပါလို၏ ဆုတောင်းတော့ နောက်တစ်နေ့ကျ တခြားလူတစ်ယောက်က ဘုရားနောက်ကွယ်က နေပြီးတော့ “ဟေ့ မင်းကို နေ့တိုင်း ဒီလာလာပြီးတော့ ဘုရားရှိခိုးပြီး ဆုတောင်းနေတာ၊ အေး မင်း ငါ နိဗ္ဗာန်ခေါ်မယ်, နိဗ္ဗာန်အခုလိုက်ခဲ့”ဆိုတော့ “နေပါဦး တပည့်တော်

[စာမျက်နှာ-44] အိမ်တိုင်ပင်ပါရစေဦး” ဖြစ်သွားတယ်နော်။

နိဗ္ဗာန်လိုချင်ဖို့က မလွယ်ဘူး၊ နိဗ္ဗာန်လိုချင်ဖို့က ပထမ အခုလက်ရှိဘဝကို အပြစ်တကယ်မြင်ရမယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတရား တကယ်မြင်မှ ဝိပဿနာသဘောမျိုးနှင့်မြင်မှ အဲဒီလို တကယ်မြင်လာတဲ့ခါကျမှ ဒါတွေ ကင်းငြိမ်းတဲ့ သဘောတရား တကယ်ရှိပါလား၊ အဲဒါကို လိုချင်တဲ့ စိတ်ကလေး နည်းနည်းပေါ်ချင်ပေါ်လာတာ၊ ဘဝအနေနှင့်သာ ကြည့်နေရင် နိဗ္ဗာန်မလိုချင်ဘူး။

ဒါကြောင့် ဒီနိုင်ငံလည်း အပြောရခက်တာပဲ၊ နိဗ္ဗာန်ရရင် ဘာဖြစ်မလဲ, နိဗ္ဗာန်ရောက်ရင် မင်း ဒုက္ခအားလုံး ချုပ်သွားတာပဲဆို မကြိုက်သေးဘူး။ ဒုက္ခဆက်ဖြစ်ချင်နေတာကိုး၊ ဒါလေး သာယာနေတာကိုး၊ နိဗ္ဗာန်သဘောတရားက ခဲယဉ်းတယ်၊ နိဗ္ဗာန်ဟာ မြတ်စွာဘုရားဟောတဲ့အတိုင်းကတော့ အမြင့်ဆုံးချမ်းသာပေါ့၊ မြတ်စွာဘုရားက ချမ်းသာအမျိုးမျိုး ဟောထားတာရှိတယ်၊ နောက်စကား စပ်တဲ့ အခါကျ ပြောအုံးမယ်၊ အဲဒီမှာ နိဗ္ဗာန်ချမ်းသာတော့ အမြင့်ဆုံးပေါ့။

အဲဒီလို အမြင့်ဆုံး ချမ်းသာကို ကိုယ်တိုင်တွေ့ရှိပြီးတဲ့ မြတ်စွာဘုရားလို ပုဂ္ဂိုလ်က ဒီကာမဂုဏ်ချမ်းသာလေးကို ဘယ်လိုလုပ် အထင်ကြီးမလဲ၊ လူတွေကျတော့ ဒါလေးပဲ အထင်ကြီးနေတာ မဟုတ်လား၊ တွယ်တာစရာလေးတွေ သဘာဝလေးတွေကို မင်း (Enjoy) လုပ်ရမယ်၊ လူ့ဘဝလည်း (Enjoy) လုပ်ရမယ်၊ အဲဒါမျိုးတွေပဲ သူတို့ဒီမှာ အားပေးနေတာကိုး၊ မြတ်စွာဘုရားက တကယ့်အမြင့်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကြီးမြင်ထားမှတော့, ချမ်းသာကြီးမြင်ထားမှတော့ ဒါတွေ ဘာမှ အသုံးမကျဘူးဆိုတာ သိပ်ထင်ရှားတာပေါ့၊ အဲဒါ နိဗ္ဗာန်သဘော။

အဲဒီ နိဗ္ဗာန်ကလည်းပဲ တခြားနည်းနှင့် ခွဲလိုက်မယ်ဆိုရင် ၂ မျိုး - ၃ မျိုး စသည်ရှိသေးတယ်ပေါ့လေ၊ အဲဒီနိဗ္ဗာန်အကြောင်းကိုလည်းပဲ ဆဋ္ဌမပိုင်းမှာ နောက်ဆုံး အခန်းမှာ ပြောပြလိမ့်မယ်၊ အခုတော့ နိဗ္ဗာန်ဆိုတာဟာ ရာဂ, ဒေါသ, မောဟ ချုပ်ငြိမ်းတဲ့ သဘောတရား (သို့) ကျမ်းဂန်အတိုင်း ပြောမယ်ဆိုရင် ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်းဖြစ်တဲ့ သဘောတရား၊ (သို့) ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ သဘောတရား၊ (သို့) ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်းဖြစ်တဲ့ သဘောတရား, ဒါလောက်ပဲ သိအုံးပေါ့ ဟုတ်လား။

ဒါကြောင့်မို့ ပရမတ္ထတရား လေးပါး စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် နာမ် ရုပ်ဆိုတဲ့ အသုံးအနှုန်းရှိတယ်၊ နာမ်ရုပ်လို့ပဲပြောပြော၊ ရုပ်နာမ်လို့ပဲပြောပြော ဒီပရမတ္ထတရားလေးပါးကို နာမ်ရုပ်ထဲသွင်းလိုက်စမ်းတဲ့၊ ဘယ်သူက နာမ်,

[စာမျက်နှာ-45] ဘယ်သူက ရုပ်လဲ၊ စိတ်နှင့်စေတသိက်က နာမ်၊ ဒီနာမ်က နာမည်နာမ် မဟုတ်ဘူးနော်၊ Mind လည်းပြောလို့ မဖြစ်သေးဘူး၊ တော်ကြာ နိဗ္ဗာန်လာဦးမယ်၊ စိတ်, စေတသိက်, နိဗ္ဗာန်က နာမ်၊ ရုပ်ကရုပ်၊ ပထမ ဒါ နားလည်ထားရမယ်။ ပရမတ္ထတရားလေးပါးကို နာမ်ရုပ် ခွဲလိုက်ရင် စိတ်, စေတသိက် နိဗ္ဗာန်ကို ဘယ်ထဲသွင်းလဲ, နာမ်ထဲဝင်တယ်၊ ရုပ်က ရုပ်။

ကောင်းပြီ ဦးဇင်းတို့ စကားပြောတဲ့ခါမှာ နာမ်ရုပ်, နာမ်ရုပ်လို့ စကား ပြောတယ်၊ နာမ်ရုပ်ဟာ အနိစ္စ, ဒုက္ခ, အနတ္တလို့ ပြောတဲ့အခါမှာ နာမ်ဆိုတာ စိတ်နှင့်စေတသိက်ကိုပဲဆိုလိုတယ်၊ နိဗ္ဗာန်ကို မဆိုလိုဘူး၊ ဒါပေမယ်လို့ နိဗ္ဗာန်ကို ရုပ်လား၊ နာမ်လားလို့မေးရင် နိဗ္ဗာန်ဟာ နာမ်ထဲပါတယ်၊ သို့သော် စိတ် စေတသိက်မဟုတ်တဲ့ အတွက်ကြောင့်မို့ နိဗ္ဗာန်ဟာ သီးခြားတရားတစ်ခု၊ ဒါကြောင့်မို့ အင်္ဂလိပ်လို စကားပြောတဲ့အခါမှာ (Although it is Nama it is not mental) ဒါ အရေးကြီးတယ်၊ မဆိုင်ဘူးနော် (Mental) မဟုတ်ဘူး၊ သူက နာမပဲ။ အင်္ဂလိပ်လို ပြန်လို့မရဘူး၊

တော်ကြာကျတော့နိဗ္ဗာန်ဟာ ကိုယ့်စိတ်ထဲရှိတယ်ချည်း ထင်နေတတ်ကြတယ်၊ နိဗ္ဗာန်ဆိုတာက အာရုံပြုစရာ တရားတစ်ခု၊ ဗဟိဒ္ဓအပြင်ဘက်မှာရှိတဲ့ ကိုယ့်ခန္ဓာကိုယ်အပမှာရှိတဲ့တရားတစ်ခု၊ ကိုယ်မှာရှိတဲ့ စိတ်, စေတသိက်နှင့် နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်။

အဲဒီတော့ နာမ ဆိုတဲ့ပုဒ်ရဲ့ အဓိပ္ပါယ်ကို ပထမ နားလည်ရမယ်၊ နာမ ဆိုတာဘာလဲ အာရုံရှိရာသို့ ညွတ်တတ်တဲ့ တရားကို နာမလို့ခေါ်တယ်၊ စိတ်ဟာ အာရုံဆီသို့ ညွတ်သွားတတ်တယ်၊ စိတ်ထဲတစ်ခုခုပေါ်လာရင် ညွတ်တယ်လို့ ဆိုတာပေါ့၊ စေတသိက်ဟာ အာရုံဘက်ဆီသို့ ညွတ်သွားတတ်တယ်၊ ဒါကြောင့်မို့ စိတ်နှင့် စေတသိက်ကို နာမ်လို့ခေါ်တယ်။

တစ်ခါ နောက်ထပ် အဓိပ္ပါယ်တစ်ခုက မိမိထံသို့ စိတ်နှင့် စေတသိက်ကို ညွတ်အောင်လုပ်တတ်ရင်လည်း နာမလို့သုံးကြတယ်၊ ဒါကြောင့်မို့ စိတ်, စေတသိက်ဟာ သူများဆီကိုလည်း သူတို့ကညွတ်တတ်တယ်၊ သူ့ဆီကိုလည်း တခြားစိတ် စေတသိက်တွေ ညွတ်အောင် လုပ်နိုင်တယ်၊ ဘာလို့လည်းဆိုတော့ စိတ်တစ်ခုက စိတ်တစ်ခုကို အာရုံပြုလို့ ရတယ်မဟုတ်လား၊ တရားထိုင်တဲ့ခါ သိပ်ထင်ရှားတယ်နော်၊ ဒါကြောင့်မို့ ဒီ (Definition) နှစ်မျိုးလုံးအရစိတ်နှင့် စေတသိက်ဟာ နာမလို့ အမည်ရတယ်၊ နိဗ္ဗာန်ကျတော့ မိမိဆီသို့ ညွတ်အောင်လုပ်တတ်တယ်ဆိုတဲ့

[စာမျက်နှာ-46] (Definition) တစ်ခုအတွက်ကြောင့်သာ နိဗ္ဗာန်ကို နာမလို့ခေါ်တာ၊ နိဗ္ဗာန်က သူများဆီကို မညွတ်တတ်ဘူး၊ စိတ် စေတသိက်က နိဗ္ဗာန်ဆီကို ညွတ်တတ်တယ်၊ စိတ် စေတသိက်ကို ကိုယ့်ဆီညွတ်အောင် လုပ်သလို ဖြစ်တယ်၊ ဒါကြောင့်မို့ နိဗ္ဗာန်ကို နာမလို့ခေါ်တာ၊ နားလည်ပြီနော်၊ စိတ်စေတသိက်ကို နာမလို့ခေါ်တာ ဘာကြောင့်တုန်း၊ အာရုံသို့ ညွတ်တတ်သောကြောင့် ပြီးတော့ တခြားစိတ်စေတသိက်ကို မိမိသို့ ညွတ်စေတတ်သောကြောင့် အကြောင်းနှစ်မျိုးဖြင့် နာမခေါ်တယ်။

နိဗ္ဗာန်ကို နာမခေါ်တာကျတော့ အကြောင်းတစ်မျိုးတည်းဖြင့် ခေါ်တယ်။ မိမိထံသို့ စိတ်စေတသိက်တို့ကို ညွတ်စေတတ်သောကြောင့် ရှင်းပြီနော်၊ အဲဒါ အရေးကြီးတယ်၊ နိဗ္ဗာန်ဟာ ရုပ်လား, နာမ်လား၊ မေးရင် နာမ်ထဲမှာပါတယ် လို့ပြောရမယ်၊ ဒါပေမယ်လို့ အဲဒီနာမ်ဟာ စိတ်စေတသိက်နာမ် မဟုတ်ဘူး၊ သီးခြားတရားတစ်ခု၊ အဲဒါ အရေးကြီးတယ်၊ တော်ကြာကျတော့ နိဗ္ဗာန်ဟာ ရုပ်လိုလို, နာမ်လိုလို၊ နာမ်ဖြစ်ပြန်တော့လည်းခုနလို စိတ်ထဲရှိသလားတို့ ဘာတို့ တချို့ကလည်း မေးတတ်ကြတယ်။

စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်လေးမျိုးရှိရာမှာ စိတ်, စေတသိက်, နိဗ္ဗာန်သည် နာမ်, ရုပ်သည်ရုပ်၊ တစ်ခါ စိတ်စေတသိက် နိဗ္ဗာန်ဟာ နာမ်လို့ပြောသော်လည်းပဲ စိတ်စေတသိက်နာမ်နှင့် နိဗ္ဗာန်နာမ်သည် မတူဘူး၊ နိဗ္ဗာန်မှာ စိတ်စေတသိက် မရှိဘူး၊ တခြား သီးခြား သူ့ဟာသူနေတာ၊ သို့သော် စိတ်စေတသိက်က နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်၊ နိဗ္ဗာန်သည် အာရုံ၊ စိတ်စေတသိက်က သူ့ကို အာရုံပြုတတ်တဲ့ တရား၊ အဲလို အနေနှင့်သာသွားမှာ။

ပရမတ္ထတရားတကယ် သိဖို့ တရားထိုင်ပါ
ဒါကြောင့်မို့ ဒီနေ့ ပရမတ္ထတရားလေးပါး နားလည်သွားပြီဆိုပါတော့ ကိုင်း-အားလုံး ပြန်ပေါင်းလိုက်စမ်း, ပထမပြောတာဘာတုန်း သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာနှစ်မျိုး၊ သမ္မုတိသစ္စာကို ဘာလို့ ခေါ်နိုင်သေးတုန်း၊ ပညတ်လို့လဲ ခေါ်နိုင်သေးတယ်၊ ဝေါဟာရလို့လည်းခေါ်တယ်၊ ဝေါဟာရပညတ် သမ္မုတိသစ္စာ ဒါ အတူတူပဲ၊ အဲဒီ သမ္မုတိသစ္စာ (သို့) ပညတ်က ဘယ်နှစ်မျိုးရှိတုန်း (Broadly speaking) နာမပညတ်ရယ်, အတ္ထပညတ်ရယ် (Name ရယ် Things ရယ်) ပရမတ္ထသစ္စာက ဘယ်နှစ်မျိုးရှိလဲ လေးမျိုးရှိတယ်၊ ပရမတ်တရား လေးမျိုးရှိတယ်။

ဘာကြောင့် ပရမတ်တရားလို့ခေါ်လဲ၊ မဖောက်မပြန် မှန်ကန်တည့်မတ်သောကြောင့်၊ မှန်ကန်တည့်မတ်တယ်ဆိုတော့ ဒါရှိတယ်ဆို တကယ့်ကိုရှိတယ် မရှိတာ မဟုတ်တာ၊ ပရမတ်တရားလေးမျိုးရှိတယ်၊ စိတ်, စေတသိက်, ရုပ်

[စာမျက်နှာ-47] နိဗ္ဗာန်။

* စိတ် ဆိုတာ ဘယ်လိုသဘောတရားရှိလဲ၊ အာရုံကိုသိခြင်းမျှ သဘောတရား။
* စေတသိက် ဆိုတာဘာလဲ၊ စိတ်ကိုမှီ၍ စိတ်နှင့်ဖြစ်တတ်သောတရား။
* ရုပ် ဆိုတာ ဘာတုန်း၊ အချမ်းအပူစသည်ကြောင့် ဖောက်ပြန်တတ်သော သဘောတရား၊
* နိဗ္ဗာန် ကတော့ကော ရာဂ, ဒေါသ, မောဟ, ချုပ်ငြိမ်းရာ သဘောတရား

ကိုင်း-အဲဒီတော့ အဘိဓမ္မာပိဋကတ်မှာ ဒီလေးပါးကိုပဲ နာမည်အမျိုးမျိုးနှင့် နည်းအမျိုးမျိုးနှင့် ဝေဖန်ပြီးတော့ မြတ်စွာဘုရားဟောတယ်၊ ဦးဇင်းတို့က ဒါကိုပဲ လိုက်ရမှာ။

စိတ်, စေ, ရုပ် နိဗ္ဗာန်တွေကို တကယ်ကျကျနန သိဖို့နားလည်ဖို့ဆိုရင် တရားလည်းပဲထိုင်ရမယ်၊ တရားထိုင်ပြီးတော့သိမှ အဘိဓမ္မာဟာ တကယ်သိတယ်လို့ ဆိုရတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာ (Knowledge) အဘိဓမ္မာ ဗဟုသုတနှင့် တရားဗဟုသုတ တွဲသွားရမယ်၊ အဘိဓမ္မာဗဟုသုတ ရှိထားတဲ့အတွက်ကြောင့်မို့ တရားထိုင်တဲ့ခါကျတော့ ပိုပြီးတော့ နားလည်နိုင်တယ်၊ ကိုယ်က ဗဟုသုတ ရှိထားပြီးသားဖြစ်တော့ တွေ့ကြုံလာတဲ့ခါကျတော့ ဆရာက အထူးပြောနေစရာ မလိုတော့ဘူး၊ ကိုယ့်ဟာကိုယ် သိသွားပြီ။

တရားထိုင်ရင်း သိသွားတဲ့ သိထားတဲ့အသိက တကယ်လေးလေးနက်နက်ဖြစ်တယ်၊ အဘိဓမ္မာပြန်တွေ့တယ်၊ ခုန စိတ်သဘောတရား၊ စေတသိက်သဘောတရား၊ ကုက္ကုစ္စ သဘောတရားတို့ဘာတို့တော်ကြာ တရားထိုင်တဲ့ အခါကျတော့ ပေါ်တယ်၊ အဲဒီကျတော့ တကယ်လည်း မြင်လာတယ်၊ အဲဒီခါကျမှ အမှန်က ကိုယ့်ရဲ့ အသိဉာဏ်ဟာ ပြည့်စုံသွားတာ စာနဲ့မှတ်ထားတဲ့ အသိဟာ တစ်ခါတလေ ပြည့်စုံသေးတာ မဟုတ်ဘူး၊ အမျိုးမျိုးတွေတော်ကြာကျတော့တွေ့မယ်၊ တရားအားထုတ်လာရင် မြင်လာတာ၊ အဲဒီလို မြင်လာမိတော့ မြတ်စွာဘုရားကတော့ ဟောတာနော်၊ ကိုယ်ကတော့ ဘုရားဟောတာ အရင်သိပြီးတော့မှ တရားထိုင်ကြတာကိုး၊ မြတ်စွာဘုရားကတော့ တရားထိုင် ဒါတွေသိပြီးမှ ဟောတယ်၊ ဒါကြောင့်မို့ ပရမတ် သဘောတရားဆိုတာ ကိုယ်တိုင်မြင်တွေ့နိုင်တဲ့ တရားမျိုး၊ သူများတစ်ဆင့် ကြားနှင့် လက်ခံရမယ့်တရားမျိုး မဟုတ်ဘူး၊ တစ်ဆင့်ကြားနှင့် ယုံကြည်ရမယ့် တရားမျိုး မဟုတ်ဘူး။

[စာမျက်နှာ-48] အဲဒီတော့ အရိယာတွေကျတော့ (အရိယာဆို ရဟန္တာတွေထိအောင်ပါသွားပြီ) ကိုယ်တိုင်တွေ့ပြီးသား, ကိုယ်တိုင်မြင်ပြီးသားဖြစ်နေပြီ၊ ဒါကြောင့်မို့ ရဟန္တာကို ဘယ်လိုခေါ်လဲ၊ သူတစ်ပါးအပေါ်မှာ ယုံကြည်မှုမရှိတဲ့ ပုဂ္ဂိုလ်အနေနှင့် မြတ်စွာဘုရား ဟောထားတာရှိတယ်၊ အသဒ္ဓ တဲ့, သိပ်ရယ်ရတယ်နော်၊ သူများ ယုံကြည်မှုမရှိဘူး ဆိုတာ သူများစကားနှင့် ယုံစရာမလိုတော့ဘူး၊ ကိုယ်တိုင်တွေ့ထားတာ၊ ဆန်ဖရန်စစ္စကို ရောက်ဖူးပြီးသား ပုဂ္ဂိုလ်က သူများတစ်ဆင့်ပြောတာ ယုံစရာမလိုတော့ဘူးပေါ့။ ကိုယ်ကိုယ်တိုင်သိနေပြီပဲ၊ ဘယ်နားဘာရှိတယ်၊ ဒီအဆောက်အဦးကြီးက ဘာပဲညာပဲ။

အဲဒီလိုပဲ, ဘုရားရဟန္တာအရိယာတို့ဟာ ကိုယ်တိုင်သိပြီးသားဖြစ်တော့ သူများကို ယုံစရာမလိုဘူး၊ ဒါကြောင့်မို့ ယုံကြည်စရာမလိုတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီထိအောင် ဒီကလူတွေကလည်း ရည်မှန်းရမှာပေါ့လေ၊ ဒီဘဝမှာ ပါရမီမပြည့်သေးလို့ အဲဒီအဆင့် မရောက်ရင် နောက်ဘဝ နောက်ဘဝ နောက်ဘဝတွေ့ရောက်အောင်၊ သို့သော် ပါရမီကိုတော့ တွက်မနေနှင့်တဲ့၊ မဟာစည်ဆရာတော်က ပြောတယ်၊ မင်း နဂိုက ပါရမီမရှိသေးရင်လည်း အခု အားထုတ်တာ ပါရမီဖြစ်လိမ့်မယ်၊ နဂိုက ပါရမီ ပါလာရင်လည်း အခုပေါက်လိမ့်မယ်၊ ပါရမီရှိမရှိ မသိလို့ အားမထုတ်ဘူးဆိုရင် မင်းဘယ်တော့မှမရဘူး၊ ကောင်းပြီ, ဒီနေ့ဒါပေါ့၊ နိဒါန်းပဲရှိသေးတယ်၊ အဘိဓမ္မာကို မရောက်သေးဘူး၊ ဟန်ကျပန်ကျလေး ဖြစ်စေချင်တယ်လေ၊ အခြေခံကနေ ပြီးသွား ရတာ ဟို ပထမနေ့ကတော့ (Historical background) ပါပဲ၊ ရှေ့အပတ်ကျတော့ စိတ်လုပ်တော့မယ်၊ အကုသိုလ်စိတ်၊ ဖတ်လည်းဖတ်ထားပေါ့ ထပ်ဖတ်အုံးပေါ့။ ဟုတ်လား၊ လူဘယ်နှစ်ယောက်လာလာ တစ်ယောက်လာရင် ဒီကတော့ လုပ်တော့ မှာပဲ။

[စာမျက်နှာ-49]
အကုသိုလ်စိတ် ၁၂-ပါး

လောဘမူစိတ် ၈-ပါး
၁။ သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိက စိတ်။ (၁)
၂။ ။ ။ သသင်္ხါရိက စိတ်။ (၂)
၃။ ။ ဒိဋ္ဌိဂတ-ဝိပ္ပယုတ္တ အသင်္ခါရိက စိတ်။ (၃)
၄။ ။ ။ သသင်္ခါရိက စိတ်။ (၄)
၅။ ဥပေက္ခာ-သဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိက စိတ်။ (၅)
၆။ ။ ။ သသင်္ခါရိက စိတ်။ (၆)
၇။ ။ ဒိဋ္ဌိဂတ-ဝိပ္ပယုတ္တ အသင်္ခါရိက စိတ်။ (၇)
၈။ ။ ။ သသင်္ခါရိက စိတ်။ (၈)

ဒေါသမူစိတ် ၂-ပါး
၁။ ဒေါမနဿ-သဟဂတ ပဋိဃသမ္ပယုတ္တ အသင်္ခါရိက စိတ်။ (၉)
၂။ ။ ။ သသင်္ခါရိက စိတ်။ (၁၀)

မောဟမူစိတ် ၂-ပါး
၁။ ဥပေက္ခာ-သဟဂတ ဝိစိကိစ္စာ-သမ္ပယုတ္တ စိတ်။ (၁၁)
၂။ ။ ဥဒ္ဓစ္စ-သမ္ပယုတ္တ စိတ်။ (၁၂)

| ပါဠိ | အဓိပ္ပာယ် |

| သောမနဿ | ဝမ်းမြောက်ခြင်း |
| သဟဂတ | တကွဖြစ် |
| ဒိဋ္ဌိဂတ | မှားသောအယူ |
| သမ္ပယုတ္တ | ယှဉ် |
| အသင်္ခါရိက | တိုက်တွန်းခြင်းမရှိ |
| သသင်္ခါရိက | တိုက်တွန်းခြင်းရှိ |
| ဝိပ္ပယုတ္တ | မယှဉ် |
| ဒေါမနဿ | စိတ်ပျက်စီးခြင်း |
| ပဋိဃ | ပြစ်မှားခြင်း |
| ဝိစိကိစ္ဆာ | ယုံမှားခြင်း |
| ဥဒ္ဓစ္စ | ပျံ့လွင့်ခြင်း |
| မူလ | အမြစ်, အကြောင်း |

[စာမျက်နှာ-50]
အဘိဓမ္မာသင်တန်း (၃)

စိတ်ပိုင်း (၃) - အကုသိုလ်စိတ် ၁၂-ပါး
ဒီနေ့ သြဂုတ်လ ၁၈-ရက်၊ လွန်ခဲ့တဲ့ အပတ်က ပျက်သွားတော့ တတိယအပါတ်ပေါ့၊

ပထမအကြိမ်တုန်းက အဘိဓမ္မာရဲ့ အခြေခံအနေနှင့် သမိုင်းကြောင်းလေး ပြောပြခဲ့တယ်။ အဲဒီနောက် ဒုတိယအကြိမ်မှာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးအကြောင်း ပြောခဲ့တယ်၊ သမ္မုတိသစ္စာ ဆိုတာ အကျဉ်းအားဖြင့်တော့ လောက ပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရကို သမ္မုတိသစ္စာလို့ခေါ်တယ်။

ပရမတ္ထသစ္စာ ဆိုတာကတော့ တကယ့်အထင်အရှားရှိတဲ့ တရားကို ဆိုလိုတဲ့ စကားလုံးတွေပေါ့ လေ၊ ပညတ်နှင့်ပရမတ် ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ သစ္စာတို့ စိတ်တို့ စေတသိက်တို့ဆိုတဲ့ အသုံးအနှုန်းတွေပေါ့လေ အဲလို အသုံးအနှုန်းတွေကို ပရမတ္ထသစ္စာ၊ အမှန်ကတော့ အဲဒီ အသုံးအနှုန်းတွေက ကိုယ်စားပြုတဲ့ တကယ့် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်လို့ဆိုတဲ့ တရားတွေကို ပရမတ္ထသစ္စာလို့ ခေါ်တယ်။

အဲဒီပရမတ္ထသစ္စာမှာလဲပဲ ဒီပရမတ္ထတရားက လေးမျိုးရှိတယ်၊ ပရမတ်ဆိုတာ မဖောက်မပြန် မှန်ကန်တည့်မတ်, ဂုဏ်သကတ်, အမြတ်ဟူ၍ခေါ်ဆိုတဲ့ လင်္ကာလေး

[စာမျက်နှာ-51] ရှိတယ်၊ မဖောက်မပြန်တတ်တဲ့ သဘောတရား၊ ဒီသဘောတရားဟာ အာရုံသို့ ညွတ်တတ်တဲ့ လက္ခဏာတရားရှိတယ်ဆိုရင် တကယ့်ကို အာရုံသို့ ညွတ်တတ်တဲ့ လက္ခဏာရှိတယ်၊ တခြားတစ်နည်းအားဖြင့်မဖြစ်ဘူး၊ အဲဒါကို ပရမတ္ထ မဖောက်မပြန်ဘူးလို့ ဆိုတာပေါ့လေ၊ ပြောတဲ့အတိုင်းမှန်တာ။

မြတ်စွာဘုရားက စိတ်ဆိုတာရှိတယ်, စေတသိက်ဆိုတာရှိတယ်, စိတ်ဆိုတာ အာရုံဆီသို့ ညွတ်ပြီးတော့သွားတတ်တဲ့ သဘောတရားမျိုး, စေတသိက်ဆိုတာက စိတ်နှင့်အတူတကွဖြစ်တတ်တဲ့ သဘောတရားမျိုးလို့ ဒီလိုပြောလိုက်ရင်၊ ပြောတဲ့ အတိုင်း ဟုတ်နေတာ၊ တကယ်ထင်ရှားရှိနေတာ၊ အဲဒါကို ပရမတ္ထတရားလို့ခေါ်တာ၊

ခေတ်စကားနှင့် ပြောမယ်ဆိုရင် (ရေနှင့် $H_2O$) နှင့် နှိုင်းဆကြည့်၊ ရေလို့ ပြောရင် သမ္မုတိသစ္စာနယ်က ပြောတဲ့ အသုံးအနှုန်း (Lab) ထဲ ရောက်သွားတဲ့ အခါ (Chemist) က $H_2O$ လို့ ခေါ်လိမ့်မယ်။ ရေကို $H_2O$ လို့ခေါ်တာက တကယ့်ရေမှာပါတဲ့ဓာတ်တွေ ဒြပ်စင်ခေါ်လား ဘာလား မသိပါဘူး၊ (Element) ရေမှာပါတဲ့ဟာတွေနှင့် သူက လောကဓာတ်ပညာ အသုံးအနှုန်းတွေ ပြောတာ။

ထို့အတူပဲ လူပဲ, နတ်ပဲ, တိရစ္ဆာန်ပဲ, ယောက်ျားပဲ, မိန်းမပဲ, ပုဂ္ဂိုလ်ပဲ, သတ္တဝါပဲလို့ ပြောတာက လောကက လက်ခံထားတဲ့စကားအနေနှင့် ပြောတာ၊ သမ္မုတိသစ္စာနယ် အနေနှင့်ပြောတာ။

ပရမတ္ထသစ္စာနယ်ကနေ ပြောတော့မယ်ဆိုတော့ ရုပ်နာမ်ပဲ, ခန္ဓာငါးပါးပဲ, အာယတန ၁၂-ပါးပဲစသည်ဖြင့် အဲဒါ ပရမတ္ထသစ္စာခေါ်တယ်။

အဲဒီလို မဖောက်မပြန်ပဲနှင့် အထင်အရှားရှိတဲ့တရား ဘယ်နှစ်မျိုးရှိသလဲဆိုရင် ဦးဇင်းတို့ အဘိဓမ္မာ ပိဋကတ်အရ ၄- မျိုးရှိတယ်၊ ၄-မျိုးက ဘာတုန်းဆိုရင် စိတ်ရယ်, စေတသိက်ရယ်, ရုပ်ရယ်, နိဗ္ဗာန်ရယ်လို့ ၄-မျိုးရှိတယ်၊ ဒီ၄-မျိုးက တကယ်ရှိတဲ့တရား၊ ခုန (Chemistry) မှာ (Element) တွေလိုပေါ့လေ၊

စိတ်
အဲဒီထဲမှာ စိတ်ဆိုတာကို ကနေ့လေ့လာကြရအောင်၊ စိတ်ရဲ့ သဘောတရားက အာရုံသို့ ညွတ်တတ်တဲ့ သဘောတရား၊ အာရုံကို သိတတ်တဲ့ သဘောတရားကို စိတ်လို့ခေါ်တယ်။

အာရုံကို သိတယ်ဆိုရာမှာ ဉာဏ်သိ သိတာမျိုး မဟုတ်ဘူး၊ သညာသိ သိတာမျိုး မဟုတ်ဘူး, ဝိညာဉ်သိ သိတာ။

ဝိညာဉ်သိ သိတယ်ဆိုတာ အမှန်ကတော့ အင်္ဂလိပ်လိုပြောရင် (Awareness)

[စာမျက်နှာ-52] (Just the bare awareness) Awareness ကလည်းပဲ တရားထိုင်တဲ့အခါ (Awareness) က တစ်မျိုး၊ အာရုံရှိတယ်ဆိုတာကို သိနေရုံလေး သိနေတဲ့ (Awareness) တစ်မျိုး၊ မော်တော်ကားမောင်းသွားတယ်၊ ဘေးကမော်တော်ကား မောင်းသွားတာလည်းသိတယ်၊ ဒါ Aware ဖြစ်နေတာ အဲဒီလိုဟာမျိုး အာရုံပဲလို့ သိတာမျိုးကို ဒီမှာ သိတယ်လို့ ဆိုရတယ်။

ဉာဏ်အနေနှင့်သိတာမျိုး သညာအနေနှင့်မှတ်ပြီး သိတာမျိုး မဟုတ်ဘူး၊ အာရုံနှင့် ဒီစိတ်နှင့် ဆက်သွယ်မှုလေးကို Acknowledge လုပ်လိုက်တဲ့ အနေမျိုးပေါ့။ အဲဒီလို (Bare awareness of the object) ကို စိတ်လို့ခေါ်တယ်။

စိတ်ဆိုတာ ပါဠိစကားကလာတာ, မြန်မာစကား မဟုတ်ဘူး၊ မြန်မာတွေက စိတ်, စိတ်နှင့်ပြောနေကြတော့ မြန်မာစကား ထင်နေတာ၊ စိတ်ဆိုတာ ပါဠိစကား စိတ္တ က လာတာ၊ စိတ္တကို တ-ဝမ်းပူလေးဖြုတ် အသတ်လေးထည့်ပြီးတော့ စိတ်ဖြစ်တာ။

စိတ်ဘာလဲမေးရင် ဖြေဖို့ခဲယဉ်းတယ်၊ စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့ သဘောတရားမျိုး၊ အာရုံရှိတယ် Aware ဖြစ်နေတာမျိုးကို စိတ်သဘောတရား, စိတ်လို့ခေါ်တယ်၊ အဲဒီလို အာရုံကို သိတတ်တဲ့ သဘောတရားမျိုးကို စိတ်လို့ ခေါ်တယ်လို့ ပြောသဖြင့် စိတ်သည် ဘယ်တော့မှ အာရုံနှင့် ကင်းလို့ မဖြစ်နိုင်ဘူးဆိုတာ မှတ်ရမယ်။

စိတ်ကို စိတ်အတိုင်းထား ဘာညာနှင့် ပြောလေ့ရှိတယ်၊ ဇင်ဂိုဏ်းမှာလဲပဲ ဒါမျိုးခပ်ဆန်ဆန် ပြောတယ်၊ ဦးဇင်းတို့ အဘိဓမ္မာသဘောအရ စိတ်, စိတ်အတိုင်း ထားလို့ရကိုမရဘူး၊ စိတ်ဟာ အာရုံမရှိပဲ ဖြစ်ကိုမဖြစ်ဘူး၊ အာရုံဟာ တစ်ခါတလေ ထင်ရှားတဲ့အာရုံ တစ်ခါတလေ မထင်ရှားတဲ့အာရုံ, အိပ်ပျော်နေတယ်၊ တကယ့်ကို အိပ်ပျော်နေတယ်၊ အိပ်မက်တွေ ဘာတွေမပါပဲနှင့် တကယ့်ကို ထိထိမိမိ အိပ်ပျော်နေတဲ့အခါမှာတောင်မှ အဲဒီစိတ်မှာ အာရုံရှိတယ်။

အဲဒီအာရုံကတော့ ကိုယ် ပဋိသန္ဓေနေတုန်းက ယူခဲ့တဲ့ အာရုံမျိုးပဲ၊ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လို့ ခေါ်တယ်။ ဒါနောက်တော့ တဖြည်းဖြည်းတော့ နားလည်သွားလိမ့်မယ်၊ အဲဒီလို အိပ်နေတုန်းတောင်မှ တကယ့်ကို အိပ်ပျော်နေတဲ့ အခါမှာတောင်မှ အာရုံဆိုတာ ရှိရတယ်၊ အာရုံကို မှီတွယ်ပြီးတော့ စိတ်က ဖြစ်တာ၊ အာရုံမရှိပဲနှင့် စိတ်မပေါ်နိုင်ဘူး။

ဒါကြောင့်မို့လို့ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောတရား၊ အခု

[စာမျက်နှာ-53] လူတွေ အားလုံးပေါ့လေ၊ သတ္တဝါတွေ အနေနှင့် စိတ်, စိတ်လို့ခေါ်နေတာဟာ ဦးဇင်းတို့အဘိဓမ္မာအရ ပြောရမယ်ဆိုရင် စိတ်နှင့်စေတသိက် နှစ်ခုကို တစ်ခုထဲ လုပ်ပြီးတော့ ပြောနေကြတယ်၊ နေ့စဉ်သုံး စကားမှာလည်းပဲ ခွဲသုံးလို့ မလွယ်ဘူး၊ ဒါကြောင့်မို့ စိတ်ကောင်းတယ်, စိတ်မကောင်းဘူး, စိတ်ဆိုးတယ်, စိတ်ညစ်တယ်, စသည်ဖြင့် ပြောနေကြတယ်။

အမှန်ကတော့ ဒါတွေဟာ စိတ်နှင့်စေတသိက် နှစ်ခုတွဲတွေချည်းပဲ။ ဘာကြောင့်လဲ? စိတ်ဟာ စေတသိက်နှင့် ကင်းလို့ မဖြစ်ဘူး၊ စေတသိက်ဟာလည်းပဲ စိတ်နှင့်ကင်းပြီးတော့ မဖြစ်ဘူး၊ စိတ်ပေါ်လိုက်တာနှင့် တစ်ပြိုင်နက် စေတသိက်က လည်းပေါ်တာ၊ စေတသိက်ဟာ စိတ်မပါပဲနှင့် မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ စိတ်, စိတ်နှင့် ပြောနေတာဟာ အမှန်ကတော့ စိတ်နှင့် စေတသိက်ကို မကွဲမပြားပဲနှင့် ပြောနေ ကြတာ။

နေ့စဉ်သုံး စကားမှာ ဒီအတိုင်းပဲသုံးတယ်၊ အဲဒီစိတ်ဟာ ဦးဇင်းတို့ရဲ့ သန္တာန်မှာ ဟိုနေရာကို အမှီပြုပြီးတော့ဖြစ်တယ်, ဒီနေရာကို အမှီပြုပြီးတော့ဖြစ်တယ် စသည်ဖြင့် အမျိုးမျိုးဖြစ်တယ်၊ မျက်လုံးကို အမှီပြုပြီးတော့ဖြစ်တယ်၊ မျက်လုံးထဲမှာ အကြည်ဓာတ်ဆိုတာလေးရှိတယ်၊ မျက်လုံးကြီး တစ်လုံးလုံး မဟုတ်ဘူး၊ မျက်လုံးမှာ အရိပ်ထင်တဲ့နေရာပေါ့လေ၊ အခုခေတ်စကားနှင့်ဆို (Retina) လို နေရာမျိုးပေါ့ နားထဲမှာလည်းပဲ အသံက (Vibration) သွားထိတဲ့ နေရာရှိတယ်၊ ပါဠိလိုကျတော့ ပသာဒလို့ခေါ်တယ်၊ အဲဒါကို အဲလိုဟာမျိုးကို အမှီပြုပြီးတော့ စိတ်တွေဟာ အမျိုးမျိုးဖြစ်တယ်။

ပြီးတော့ နှလုံး၊ ဦးဇင်းတို့အဘိဓမ္မာအရကတော့ (Heart) နှလုံးကို ဟဒယဝတ္ထုလို့ခေါ်တယ်၊ ဟဒယဝတ္ထုကိုအမှီပြုပြီးတော့လည်းပဲ စိတ်တွေ အများ ကြီးဖြစ်တယ်၊ အဲဒီစိတ်တွေဟာ ခုနပြောတဲ့ စေတသိက်တွေနှင့် တွဲတွဲ, တွဲတွဲပြီးတော့ ဖြစ်တော့ ကောင်းတဲ့ စေတသိက်တွေနှင့်လည်း တွဲတယ်၊ မကောင်းတဲ့ စေတသိက် တွေနှင့်လည်းတွဲတယ်၊ ပြီးတော့ (Neutral) ဖြစ်တဲ့ စေတသိက်တွေလည်းရှိတယ်၊ (Neutral) အသာထားလိုက်၊ ကောင်းတဲ့စေတသိက်တွေနှင့် တွဲဖြစ်နေတဲ့ခါ ဒီစိတ်ကို ကောင်းတဲ့စိတ်လို့ ခေါ်တာ၊ ကုသိုလ်စိတ်ပေါ့၊ မကောင်းတဲ့ စေတသိက်နှင့် တွဲဖြစ်တဲ့အခါကျတော့ သူ့ကို အကုသိုလ်စိတ် မကောင်းတဲ့စိတ်လို့ခေါ်တာ။

စိတ်ဟာ မူလပင်ကိုယ်သဘောအားဖြင့်တော့ (Colourless) ပေါ့၊ ရေလိုပေါ့။ နဂိုက ဖြူစင်သန့်ရှင်းနေတဲ့ သဘောရှိတယ်၊ မကောင်းတဲ့ စေတသိက်နှင့်

[စာမျက်နှာ-54] တွဲလိုက်ရင် (ဆိုပါတော့) နီတဲ့ အရောင်ထည့်လိုက်, ရေဟာ နီတဲ့ရေ ဖြစ်သွားပြီ၊ စိမ်းတဲ့အရောင်ထည့်လိုက်, စိမ်းတဲ့ရေဖြစ်သွားပြီ၊ ထို့အတူပဲ၊ နဂိုက သူ့ဟာသူ သန့်ရှင်းနေတဲ့စိတ်ဟာ ကောင်းတဲ့စေတသိက်တွေနှင့်တွဲမိတဲ့ခါကျတော့ ကောင်းတဲ့ စိတ်၊ မကောင်းတဲ့စေတသိက်တွေနှင့် တွဲမိတဲ့အခါကျတော့မကောင်းတဲ့စိတ်, ဒီလို ခေါ်ရတယ်။

အဲဒီစိတ်ဟာ ဦးဇင်းတို့ ဗုဒ္ဓအဘိဓမ္မာမှာ ၈၉ (သို့) ၁၂၁-မျိုးရှိတယ်၊ အဲဒါ ကြောင့်မို့ ဘုန်းကြီးတို့မှာ စိတ်တစ်ခု ယုတ် ၉၀-လို့ဆိုတယ်၊ အကျယ် ၁၂၁-ပါး၊ စိတ်တွေကိုလဲ တစ်ပါးနှစ်ပါးလို့ ခေါ်တယ်၊ စိတ်တစ်ခုယုတ် ၉၀ ဆိုတာ ကြားဘူးကြလား၊ အဲဒီမှာ ယ တစ်ချောင်းငင် တသတ်ယုတ်၊ စိတ်တစ်ခု ရုပ်က ၉၀-လို့ ထင်ထင်သွားတတ်ကြတယ်၊ မလုပ်နှင့် မမှတ်နှင့်, အဲဒါ တစ်ခုယုတ်ဆိုတာ တစ်ခုလျော့နေတာကို ပြောတာ၊ ၉၀-တစ်ခုလျော့တယ်ဆို ဘယ်လောက်တုန်း၊ ၈၉-ပေါ့, ဒါ ပါဠိနောက်လိုက်တာ၊ ပါဠိမှာ ၈၉-မရှိဘူး၊ ၈၉-ဆို တစ်ခုယုတ် ၉၀-လို့ ခေါ်လိုက်တာ၊ ၂၉-ဆိုရင် တစ်ခုယုတ် ၃၀ လို့ ခေါ်လိုက်တာ၊ ဒါ ပါဠိမှာ ဂဏန်းရေတွက်တဲ့ခါကျတော့ အဲသလိုရေတွက်ရတယ်။ ဆိုပါတော့ ၂၀ ကို ပါဠိလို ဝီသတိလို့ခေါ်တယ်၊ ၁၀-ကို ဒဿလို့ခေါ်တယ်၊ ၉-ကို နဝလို့ ခေါ်တယ်၊ ၁၉-ကျတော့ နဝဒဿလို့ မခေါ်ဘူး၊ ဧကူနဝီသတိ လို့ ဒီလိုသုံးတယ်၊ ဧက ဆိုတာ ၁, ဦန ဆိုတာ လျော့နေတာ ဝီသတိ ဆိုတာ-၂၀၊ တစ်ခုလျော့နေတဲ့ -၂၀ (Twenty less one) အဲဒါပဲ, တစ်ခုယုတ် လျော့ကို ယုတ်နေတယ်လို့ သုံးတယ်၊ စိတ်တစ်ခု ယုတ် ၉၀-ဆိုတာ အဲဒါပေါ့နော်၊ တစ်ခုယုတ်သော ၉၀ (ဝါ) ၈၉။

ဘုံစိတ်အပြား
ဒါကြောင့်မို့ စိတ်အမျိုးပေါင်း ၈၉-မျိုးရှိတယ်၊ (သို့မဟုတ်) အကျယ် နည်းနည်းလေး ချဲ့လိုက်မယ်ဆိုရင် ၁၂၁-မျိုးတောင် ရှိတယ်လို့အဘိဓမ္မာ ပိဋကတ်မှာ ဟောထားတယ်၊ အဲဒီစိတ်တွေကို အသေးစိပ် ဦးဇင်းတို့ လေ့လာရမယ်၊ ဒါလောက် များတာချည်း တစ်နေ့ထဲ ဘယ်ပြီးမလဲ၊ အဲဒီစိတ်တွေဟာ ဘုံအားဖြင့် ပထမခွဲလိုက်ရင် ၃၁-ဘုံရှိတယ်၊ ၃၁-ဘုံကို အကျဉ်းခွဲလိုက်မယ်ဆိုရင် ကာမာဝစရဘုံ တဲ့ ငရဲတို့ တိရစ္ဆာန်တို့ ပြိတ္တာတို့, အသူရကာယ်တို့မှ နတ်တို့မှ လူတို့ပေါ့၊ သူတို့ကို ကာမာဝစရဘုံ, နောက်တစ်ခုက ရူပါဝစရဘုံ တဲ့၊ ဒါကျတော့ ဗြဟ္မာတွေ ရုပ်ရှိတဲ့ဗြဟ္မာတွေ၊ မြတ်စွာဘုရားကို တရားဟောဖို့ လာတောင်းပန်တဲ့ သဟမ္ပတိ ဗြဟ္မာကြီးဆိုတာ အဲဒီ ဗြဟ္မာဘုံကပေါ့။ နောက်တစ်ခုကတော့ အရူပါဝစရဘုံ၊ သူကတော့ နာမ်ချည်းရှိတဲ့

[စာမျက်နှာ-55] ဘုံတဲ့၊ အဲဒီမှာ ရုပ်မရှိဘူးတဲ့၊ စိတ်နှင့် စေတသိက်ချည်း ဖြစ်နေမယ်၊ ခန္ဓာကိုယ်ကြီး မရှိဘူး။ အဲဒါတွေ ဆန်းတယ်။

အဲဒီတော့ ကာမာဝစရဘုံမှာများသောအားဖြင့် ဖြစ်တတ်တဲ့စိတ်က တစ်မျိုး၊ ရူပါဝစရမှာ များသောအားဖြင့် ဖြစ်တတ်တဲ့စိတ်က တစ်မျိုး၊ အရူပါဝစရဘုံမှာ များသောအားဖြင့် ဖြစ်တတ်တဲ့စိတ်ကတစ်မျိုး၊ ဒီ ဘုံ ၃-ခုကအလွတ် လောကကြီး ကနေ လွန်သွားတဲ့စိတ်က တစ်မျိုး၊ အဲဒီလို စိတ်ကို ပထမလေးမျိုး ခွဲကြစို့။

၁။ ကာမာဝစရစိတ်
၂။ ရူပါဝစရစိတ်
၃။ အရူပါဝစရစိတ်
၄။ လောကုတ္တရာစိတ်။

ကာမာဝစရစိတ် ဆိုတာ ကာမာဝစရဘုံမှာ များသောအားဖြင့် ဖြစ်တတ်တယ်။ ဟိုဘုံတွေမှာလည်း မဖြစ်ဘူး မဟုတ်ဘူး၊ ဒီထဲကစိတ်တွေက ဖြစ်တော့ဖြစ်တာပဲ၊ သို့သော် ဒီမှာများသောအားဖြင့် ဖြစ်တတ်တဲ့ အတွက်ကြောင့် သူ့ကို ကာမာဝစရစိတ် လို့ခေါ်တာ (ဆိုပါတော့ ဆန်ဖရန်စစ္စကိုနေတဲ့ လူတစ်ယောက်က သူ တစ်ခြားမြို့ တွေလဲ သွားဦးမှာပေါ့၊ ဟိုသွားလိုက် ဒီသွားလိုက်သွားမှာပဲ၊ သို့သော် ဆန်ဖရန်စစ္စကိုမှာ အနေများတော့ သူ့ကို ဆန်ဖရန်စစ္စကို မြို့သား ခေါ်လိုက်တယ်၊ ဒါမျိုးပဲ၊ ကာမာဝစရစိတ်လို့ ပြောလိုက်ရင် လူ့ဘုံနတ်ဘုံ တိရစ္ဆာန်ဘုံ စသည်မှာ များသောအားဖြင့် ဖြစ်တယ်၊ သို့သော် ဒီထဲက တစ်ချို့ကတော့ ရူပါဝစရဘုံမှာလည်း သွားဖြစ်အုံးမယ်၊ အရူပါဝစရဘုံမှာလည်း ဖြစ်နိုင်သေးတယ်။

ထို့အတူပဲ, ရူပါဝစရစိတ်လို့ ပြောလိုက်တော့ ရူပါဝစရဘုံမှာ သူများများ ဖြစ်မယ်၊ သို့သော် ကာမာဝစရဘုံမှာလည်း ဖြစ်ဦးမယ်၊ အရူပါဝစရဘုံမှာလည်းပဲ ဖြစ်ချင်ရင်ဖြစ်နိုင်တယ်ပေါ့လေ၊ အရူပါဝစရလည်း ဒီအတိုင်းပဲ၊

လောကုတ္တရာစိတ် ကျတော့ ဘယ်လောကနှင့်မှ မပတ်သက်ပဲနှင့် လောကက ထွက်မြောက်တဲ့စိတ်ကို လောကုတ္တရာလို့ခေါ်တယ်၊ လောက, ဥတ္တရာ လောကဆိုတာက ကာမဘုံ ရူပဘုံ အရူပဘုံကို လောကလို့ဆိုတာ၊ ဥတ္တရ ဆိုတာက လွန်သွားတာ၊ ဒါကြောင့်မို့ လောကကြီးကို လွန်သွားတဲ့စိတ်မျိုးကို လောကုတ္တရာစိတ်လို့ ခေါ်တယ်။

လောကုတ္တရာစိတ်ဆိုတာတော့ အမှန်အတိုင်း ပြောရင် မဂ်စိတ် ဖိုလ်စိတ်တွေ ပေါ့၊ နောင်တော့ တွေ့လာကြမှာ၊ အဲဒီလို အကြမ်းဖျင်းအားဖြင့် ခွဲလိုက်မယ်ဆိုရင် ကာမာဝစရစိတ်, ရူပါဝစရစိတ်, အရူပါဝစရစိတ်, လောကုတ္တရာစိတ်, ဒီလို

[စာမျက်နှာ-56] လေးမျိုးရှိတယ်။

အကုသိုလ်စိတ် ၁၂-ပါး
အဲဒီလေးမျိုးထဲကမှ တစ်ခါ ကာမာဝစရစိတ်ကို ထပ်ပြီးတော့ ချဲ့ကြဦးစို့။ ကာမာဝစရစိတ် ထပ်ချဲ့လိုက်တဲ့အခါကျတော့ ပထမဆုံး သင်္ဂြိုဟ်နည်းကဘာနှင့် စထားသလဲဆိုတော့ အကုသိုလ်စိတ် ဆိုတာနှင့် စထားတယ်၊ ဓမ္မသင်္ဂဏီ ပါဠိတော်မှာတော့ ကုသိုလ်က စပြီးတော့ပြတယ်၊ ဒီမှာတော့ သင်္ဂြိုဟ်ကျမ်းရေးတဲ့ အရှင်အနုရုဒ္ဓါက ဒီအကုသိုလ်စိတ်နှင့်အဟိတ်စိတ်ကို ပေါင်းပြီးတော့ တစ်ခုထဲ ထားပြီးတော့ နောင် ပြောတဲ့အခါ လွယ်အောင်ဆိုပြီးတော့ အကုသိုလ်ကို အရင်ပြတယ်၊ ဦးဇင်းတို့ကတော့ အဲဒီ သင်္ဂြိုဟ်နောက်ကိုပဲ လိုက်ပြီးတော့ အကုသိုလ်စိတ်ကပဲစပြီးတော့ လုပ်ကြမယ်၊ သင်္ဂြိုဟ်မှာလာတဲ့အတိုင်း အခု လေ့လာကြရမှာ။

အဲဒီတော့ အကုသိုလ်စိတ် ဘယ်လောက်ရှိလဲ, ၁၂-ခု ရှိတယ်၊ ၁၂-ပါး

အကုသိုလ်ဆိုတာ အကုသလ ဆိုတဲ့ ပါဠိက လာတာ၊ အကုသလမှာ အ နှင့် ကုသလ နှင့် နှစ်မျိုးရှိတယ်၊ အ ဆိုတာကမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ ကုသလဆိုတာက ကုသိုလ်ပဲ၊ အဲဒီတော့ ကုသိုလ်မဟုတ်တဲ့ စိတ်ပေါ့။

သို့သော် ကုသိုလ် မဟုတ်ဘူးဆိုတာ ဒီနေရာမှာ ကုသိုလ်ရဲ့ ဆန့်ကျင်ဘက်လို့ ဆိုလိုတယ်၊ မဟုတ်ဆိုတဲ့ စကားကလည်း အဓိပ္ပါယ်အများကြီးရှိတယ်နော်၊ ကုသိုလ် မဟုတ်ရင် ကြိယာစိတ်တွေကလည်းရှိသေးတာ၊ ကုသိုလ်မဟုတ်တဲ့စိတ်တွေ၊ ကုသိုလ် မဟုတ်ရင် အဲဒါကိုတော့ အကုသိုလ်လို့မခေါ်ဘူး, ကုသိုလ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ စိတ်မျိုးကို အကုသိုလ်လို့ခေါ်တာ။

ကုသလ ဆိုတဲ့ပုဒ်က ကျွမ်းကျင်တယ်ဆိုတဲ့ အနက်ကိုလည်း ဟောနိုင်တယ်၊ ဦးဇင်းတို့က ဒီစကားလုံးဟာ ဒီအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဘုန်းကြီးပြောရင် ဟောတယ်လို့ ပြောတယ်၊ ဒါလေးတွေလဲ နားလည်ထားရင် ကောင်းတယ်ပေါ့လေ။ ဒီပုဒ်ဟာ ဒီအနက်ကို ဟောတယ်လို့ အဲသလို သုံးတယ်၊ ဦးဇင်းတို့ တရားဟောသလို ဟောတာ မဟုတ်ဘူး၊ သို့သော် ဒီပုဒ်ဟာ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်ဆိုတာကို ဟောတယ်လို့ သုံးတာ။

အဲဒီတော့ ကုသလဆိုတဲ့ပုဒ်ကကျွမ်းကျင်သူ, ကျွမ်းကျင်တယ်ဆိုတဲ့ အနက်ကိုလည်းဟောတယ်၊ ပြီးတော့ အနာကင်းတယ်, နေကောင်းတယ်ပေါ့ (Healthy) ဖြစ်တယ်၊ ဒီအနက်လည်းဟောတယ်၊ ဒါက အခြေခံကနေ လိုက်ပြီးတော့ လာတဲ့ အနက်တွေ၊ ကောင်းပြီ, ဒီထက် အရှည်လိုက်ကြဦးစို့။

[စာမျက်နှာ-57] ဒီပုဒ်ကလေးတွေဟာ တကယ်လေ့လာရင် အလွန်စိတ်ဝင်စားစရာ ကောင်းတယ်၊ ဒါကျတော့ အဘိဓမ္မာမဟုတ်တော့ဘူး၊ သဒ္ဒါဖြစ်သွားပြီ (Philology) ဘာတို့ ဖြစ်သွားပြီ၊ ဒါပေမယ်လို့ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။

ကုသလ ဆိုတဲ့ပုဒ်ဟာ တကယ့်မူရင်း ဘယ်လိုဖြစ်လာသလဲဆိုတော့ ကုသ + လ၊ ကုသ ဆိုတာ သမန်းမြက်ကိုဆိုတာ၊ လ ဆိုတာက ယူတာ ကိုင်တာကို ဆိုတာ၊ သမန်းမြက်ဆိုတာက အသွားနှစ်ဖက် ရှတတ်တယ်၊ မင်း သမန်းမြက်ကို လက်မရှအောင် ကိုင်တတ်ရင် မင်းကို ကုသလ လို့ခေါ်မယ်။ ဒီကောင်ဟာ သမန်းမြက် ကိုင်တတ်တဲ့ သူပဲ, ရိုးရိုးပြောလိုက်ရင် ကိုင်တတ်တဲ့ သူဆိုတာ လက်မရှအောင် ကိုင်တတ်တာကို ဆိုလိုတာ၊ ဒါ ဒီကောင်ကျွမ်းကျင်ရမှာပေါ့၊ အေး, ကုသလရဲ့ မူရင်းအနက်က သမန်းမြက်ကို ကိုင်တတ်တဲ့လူ ဆိုတဲ့ အဓိပ္ပါယ်ကနေ နောက်ပိုင်းကျတော့ ကျွမ်းကျင်တယ်လို့ဖြစ်သွားတာ၊ ကျွမ်းကျင်တဲ့အခါကျတော့ သမန်းမြက်မှ မဟုတ်တော့ဘူး၊ ဘာဖြစ်ဖြစ် ကျွမ်းကျင်တာ မှန်သမျှကို ကုသလလို့ ခေါ်လိုက်တော့တာ

ဒါကြောင့်မို့ ကုသ + လ ကနေပြီးတော့ ကုသလ၊ သမန်းမြက်ကို လက်မရှအောင်ကိုင်တတ်တဲ့လူ ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ နောင်ခါကျမှ ကျွမ်းကျင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဟောသွားတယ်၊ အဲတော့ စိတ် ကျွမ်းကျင်တယ် ဆိုတော့ အကုသိုလ် မဖြစ်အောင် လုပ်တတ်တာပေါ့၊ လောဘ, ဒေါသ, မောဟ မရှိအောင် လုပ်တာပေါ့။ အဲဒါကို ကျွမ်းကျင်တယ်လို့ပဲ သုံးတယ်။

တစ်နည်းအားဖြင့်တော့ အနာကင်းတယ် (Healthy) ဖြစ်တယ်၊ စိတ်ရောဂါ ဆိုတာ လောဘ, ဒေါသ, မောဟတွေဟာ စိတ်ရောဂါတွေပေါ့၊ အဲဒီစိတ်ရောဂါတွေ မရှိဘူးဆိုရင် ဒီစိတ်ဟာ ကျန်းမာနေတဲ့စိတ်၊ ဒါကတော့ သဒ္ဒါအားဖြင့် ကိုင်တာပေါ့လေ၊ စကားလုံးကနေပြီးတော့ ကိုင်တာ၊ အဘိဓမ္မာမှာ ပေးထားတဲ့ (Definition) ဒါလည်းမှတ်ရမယ်။

ကုသိုလ် ဆိုတာအပြစ်မရှိခြင်း ကောင်းသောအကျိုးကိုပေးခြင်း၊ ဒီလက္ခဏာ နှစ်မျိုးနှင့် ပြည့်စုံတဲ့စိတ်ကို ကုသိုလ်စိတ်လို့ခေါ်တာ။

လောကကြီးအနေနှင့် ကြည့်ကြည့်လိုက်၊ အပြစ်ရှိသလား, မရှိဘူးလား၊ အပြစ်မရှိရင် ကုသိုလ်စိတ်ဖြစ်မယ်၊ တစ်ခါ ဒီစိတ်က ကောင်းသောအကျိုးလည်း ပေးရမယ်၊ အပြစ်မရှိပဲနှင့် ကောင်းသော အကျိုးမပေးတဲ့စိတ်လည်း ရှိသေးတယ်။ ဒါကြောင့်မို့ အပြစ်မရှိခြင်း၊ ကောင်းသော အကျိုးပေးခြင်း, ဒီလက္ခဏာ နှစ်ပါးနှင့်

[စာမျက်နှာ-58] ပြောင်းပြန်ပြန်လိုက်, အပြစ်နှင့်တကွဖြစ်ခြင်း, မကောင်းသောအကျိုးကို ပေးခြင်း, အဲဒီလက္ခဏာ နှစ်ပါးနှင့် ပြည့်စုံရင် အကုသိုလ်စိတ်၊ ဒါကြောင့်မို့ အကုသိုလ်စိတ်နှင့် ကုသိုလ်စိတ် ကွဲလောက်ပြီ။

အပြစ်ရှိတယ်ဆိုတာ ဘာပြောတာလဲ အပြစ်ကင်းတယ်ဆိုတာ ဘာပြောတာလဲ ဆိုတော့ အမှန်အတိုင်း ပြောမယ်ဆိုရင် လောဘ, ဒေါသ, မောဟနှင့် တွဲပြီးတော့ ဖြစ်ရင် အပြစ်ရှိသောစိတ်လို့ဆိုတာ၊ စိတ်တစ်ခုဖြစ်နေပြီဆို ကိုယ့်ဟာကိုယ် စဉ်းစားလိုက်၊ ငါဒီစိတ်ဖြစ်နေတာ လောဘများပါသလား, လိုချင်တာ, တွယ်တာတာ, မြတ်နိုးတာ အစုံပေါ့လေ (သို့) ဒေါသများ ပါနေသလား၊ စိတ်ဆိုးတယ်, မခံချင်ဘူး၊ ဝမ်းနည်းတယ်, ကြောက်တယ်၊ ဒါတွေအကုန် ဒေါသထဲသွင်းရတယ်၊ (သို့မဟုတ် လည်း) တွေဝေမှုပေါ့လေ၊ သဘောတရားမသိမှု မောဟများ ပါနေသလားပေါ့လေ၊ မောဟလာတော့ လောဘနှင့်လည်း အတူတူပါတာပဲ၊ ဒေါသနှင့်လည်းပါတာပဲ၊ အဲဒါတွေနှင့် တွဲဖြစ်နေရင် ငါ့စိတ်ဟာ အကုသိုလ်စိတ်ပဲ၊ တစ်ခါထဲ အဲသလိုသာ မှတ်လိုက်။

အဲဒါတွေ မပါဘူး၊ သူတို့ရဲ့ ပြောင်းပြန်မလိုချင်တဲ့ စွန့်လွှတ်တဲ့ စိတ်မျိုး, မေတ္တာစိတ်မျိုး, သဘောတရားကို ထိုးထွင်းသိသော စိတ်မျိုးနှင့် တွဲဖြစ်နေပြီဆိုရင် ကုသိုလ်စိတ်ဖြစ်ပြီလို့သာ မှတ်လိုက်။

ဒါကြောင့်မို့ အဘိဓမ္မာ နားလည်မှ ကုသိုလ်, အကုသိုလ်, တကယ်ကွဲတာ၊ အဘိဓမ္မာ နားမလည်ရင် ကုသိုလ် အကုသိုလ် ဝါးတားတားသာ သိတာ၊ အမှန်အတိုင်းမသိဘူး။

ဒါကြောင့်မို့ ဘုန်းကြီးက ပြောမယ်ဆိုပါတော့ မင်းတို့ ထမင်းစားရင် အကုသိုလ်ဖြစ်တယ်ပြောရင် မခံနိုင်ဘူး၊ ခံနိုင်ပါ့မလား၊ ရိုးရိုးဆိုရင်နော် ဘယ့်နှယ် ကိုယ့်ထမင်း ကိုယ်စားတာပဲ၊ သူများထမင်း ခိုးစားတာလည်း မဟုတ်၊ ကိုယ့်ဟာကိုယ် စားပေမယ်လို့ အဲဒီ စားတဲ့ခါမှာ ကိုယ်က လောဘနှင့်စားမယ်, ဟင်းလေးက ကောင်းလိုက်တာ, အရသာရှိလိုက်တာ စသည်ဖြင့်ပေါ့လေ၊ အဲဒီလိုစားရင် ကိုယ်က လောဘနှင့်စားတာ၊ အဲဒီအခါမှာ ကိုယ်ဘာစိတ်ဖြစ်နေလဲ, လောဘစိတ် ဖြစ်နေတာ၊ ဒါကြောင့်မို့ ထမင်းစားရင်းလည်း အကုသိုလ်ဖြစ်နိုင်တယ်၊ သို့သော် ဒီ အကုသိုလ်က အလွန်ကြီးမကောင်းတဲ့ အကျိုးကိုတော့ ပေးမှာမဟုတ်ပါဘူး၊ သို့သော် အကုသိုလ် ကတော့ အကုသိုလ်ပဲ၊ ဦးဇင်းတို့က ဒါကို အကုသိုလ် မဟုတ်ပါဘူး လို့တော့

[စာမျက်နှာ-59] လှည့်မပြောနိုင်ဘူး၊ လျှော့မပြောနိုင်ဘူး, သို့သော် အကုသိုလ်ဆိုတိုင်း အပြစ်အကြီးကြီး ပေးရမယ်လို့ မဆိုလိုဘူး၊ တချို့အကုသိုလ်က အပြစ်လေး သေးသေးလေးပေမယ့် တချို့အကုသိုလ်က ပပျောက်သွားတာမျိုးလည်း ရှိမယ်ပေါ့လေ၊ သို့သော် အကုသိုလ် ကတော့ အကုသိုလ်ပါပဲ၊ ဒါကြောင့်မို့ ကုသိုလ်နှင့် အကုသိုလ် ခွဲခြားပြီးတော့ သိဖို့ အရေးကြီးပါတယ်၊

မြတ်စွာဘုရား ဟောထားတဲ့ သဗ္ဗပါပဿ အကာရဏံ ကုသလဿ ဥပသမ္ပဒါ သစိတ္တပရိယောဒနံ ဧတံ ဗုဒ္ဓါနသာသနံ ဆိုပြီးတော့ ဂါထာလေးတစ်ပုဒ် ရှိတယ်၊ မြတ်စွာဘုရားရဲ့ အကျဉ်းချုပ်အဆုံးအမဟာ ဘာလဲဆိုရင် ဒါပဲ၊ မြန်မာ လို တိုတိုပြောရင် အကုသိုလ်မလုပ်နှင့် ကုသိုလ်ကိုလုပ်, စိတ်ဖြူစင်အောင်ထား ဒါပဲ၊ အဲဒီတော့ အကုသိုလ် မလုပ်နှင့် ကုသိုလ်လုပ်လို့ မြတ်စွာဘုရား ဟောထားပြီး ဘယ်ဟာ ကုသိုလ်မှန်းမသိ ဘယ်ဟာ အကုသိုလ်မှန်း မသိရင် ဘယ့်နှယ်လုပ်မလဲ, ဘယ်လိုလုပ် ရှောင်မလဲ၊ ဘယ်လိုလုပ် ပွားများအောင် လုပ်မလဲ။

ဒါကြောင့်မို့ ဦးဇင်းက ပြောတယ်၊ မင်းတို့ အဘိဓမ္မာ နားမလည်ရင် အဲဒီ ဓမ္မပဒက အဲဒီ ဂါထာလေးကိုပဲ မင်းတို့ နားမလည်ဘူး, ဘာလုပ်ရမှန်းမသိဘူး၊ ဒါကြောင့်မို့ အဘိဓမ္မာဟာ အရေးကြီးတယ်၊ မြတ်စွာဘုရားရဲ့ တရားကို တကယ် နားလည်ချင်ရင်တော့ အဘိဓမ္မာ ရှောင်လို့ မရဘူး၊ သာမညဖတ်ပြီး နားလည်တာ လောက်ကတော့ ဖြစ်တာပေါ့၊ တကယ် ကျကျနနနှင့်မှန်မှန်ကန်ကန် နားလည်ချင်ပါတယ်ဆိုရင် အဘိဓမ္မာ မပါရင် မဖြစ်ဘူး၊ အဲဒါ မှတ်သာထား။

တချို့က အဘိဓမ္မာ မတတ်တော့ အဘိဓမ္မာကိုတော်အောင်ရော်အောင် ပြောကြတယ်၊ ဒီအနောက်နိုင်ငံက လူတွေက ဒါ နောက်မှထည့်ထားတာပါ။ ဘုရားဟော မဟုတ်ပါဘူးတို့ မလိုပါဘူးတို့ ဘာတို့ ပြောတယ်၊ အဲသလို ပြောတဲ့ လူက သူကိုယ်တိုင် အဘိဓမ္မာ မတတ်လို့ ပြောတာ သေချာတယ်။

ဒါကြောင့်မို့ အခုကုသိုလ်နှင့်အကုသိုလ်ကွဲသွားပြီနော်၊ ဒါဟာ Practical value ရှိတယ်၊ ဒီဗဟုသုတဟာ လက်တွေ့ကျင့်သုံးလို့ရသွားပြီ၊ သူ့ကို ကိုယ် နေ့စဉ်ပြဿနာတွေအပေါ်မှာ အသုံးချလို့ရသွားပြီ၊ အကုသိုလ် ဆိုတာ သိသွားပြီ။ ကိုယ်ရှောင်နိုင်ပြီ၊ ကုသိုလ်ဆိုတာသိရင် ပိုပြီးတော့ လုပ်နိုင်ပြီ၊ နဂိုတုန်းကလဲမသိဘူး မဟုတ်ဘူး သိပါတယ်၊ အခု ပိုပြီးတော့ သိသွားပြီ၊ အဲဒီ အကုသိုလ်စိတ်ဟာ ၁၂-မျိုးတောင်ရှိတယ်၊ အဲဒီ အကုသိုလ်စိတ် လောဘ, ဒေါသ, မောဟ စသည်နှင့် တွဲပြီးတော့ ဖြစ်တဲ့စိတ်ကို အကုသိုလ်စိတ် မြန်မာလိုပြောရင် မကောင်းတဲ့ စိတ်။

[စာမျက်နှာ-60] အဲဒီ မကောင်းတဲ့စိတ် အကုသိုလ်စိတ်ကိုလည်းပဲ သုံးစု တစ်ခါ ထပ်ပြီးတော့ ခွဲလိုက်၊ ပထမအစုက လောဘမူစိတ် ၈-ပါး တဲ့၊ လောဘမူဆိုတာ လောဘမူလပဲ၊ လ ဖြတ်ထားတာ၊ ဦးဇင်းတို့ စကားပြောတဲ့အခါကျတော့ ခပ်မြန်မြန်ပြောချင်ကြတယ် မဟုတ်လား၊ ဟိုဟာလေးချန်ထားခဲ့၊ ဒီဟာလေး ချန်ထားခဲ့နှင့် ခဏခဏသုံးရတဲ့ စကားလုံးလည်းဖြစ်တော့ လောဘမူလစိတ်လို့ မခေါ်တော့ဘူး၊ လောဘမူစိတ်လို့ပဲ ခေါ်လိုက်တော့တယ်၊ အမှန်ကတော့ လောဘမူလစိတ်။

မူလ ဆိုတာ အရင်းအမြစ်ကို မူလလို့ဆိုတာ၊ လောဘအရင်းအမြစ်နှင့်တကွ ဖြစ်တဲ့စိတ်ကို လောဘမူလစိတ်၊ နောက်တစ်ခုက ဒေါသမူစိတ်၊ ဒေါသမူလနှင့် တကွဖြစ်တဲ့စိတ်ကို ဒေါသမူလစိတ်၊ ဒေါသမူစိတ်၊ မောဟမူလ နှင့်တကွဖြစ်တဲ့စိတ်ကို မောဟမူစိတ်၊ မောဟမူစိတ်ဆိုတာကတော့ မောဟသက်သက်နှင့်သာတကွဖြစ်တာ ဆိုလိုတယ်၊ နောက်ကျတော့လည်း နားလည်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ လောဘမူစိတ် ဆိုတာမှာလည်း မောဟကပါတယ်။ ဒေါသမူစိတ်ဆိုရာမှာလည်း မောဟကပါတယ်၊ ဒီကျတော့ သူကမောဟ သက်သက်ပဲ၊ လောဘလည်း မပါတော့ဘူး၊ ဒေါသလည်းမပါတော့ဘူး၊ သူပြဋ္ဌာန်းသွားပြီ၊ ဟိုမှာ တုန်းကတော့ လောဘက ရှေ့ကနေတော့ သူက နောက်ကနေရတဲ့သဘောရှိတယ်၊ ဒါဖြင့် သူ့ကို လောဘ မောဟမူလစိတ်လို့ မခေါ်တော့ဘူး၊ လောဘမူစိတ်လို့ပဲ ခေါ်လိုက်တော့တယ်။

အမှန်အတိုင်းတော့ လောဘမူစိတ်လို့ ခေါ်လိုက်ရင် လောဘ, မောဟ နှစ်ခုနှင့် အတူဖြစ်တယ်၊ ဒေါသမူစိတ်လို့ ပြောလိုက်ရင် ဒေါသ, မောဟ နှစ်ခုနှင့် အတူဖြစ်တယ်၊ အဲသလိုမှတ်ရမယ်၊ မောဟမူစိတ်ဆိုတာကတော့ မောဟ တစ်ခုတည်း နှင့်ဖြစ်တာ၊ ဒါကြောင့်မို့ လောဘမူစိတ် ဘယ်လောက်တုန်း၊ ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ အားလုံး အကုသိုလ်စိတ် ၁၂-ပါး၊ လောဘမူစိတ် ၈-ပါးကို အသေးစိတ် လေ့လာရအောင်။

လောဘမူစိတ် ၈-ပါးက
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်

သောမနဿ ဆိုတာ ဝမ်းမြောက်ခြင်း၊ ဒီလောက်ပဲမှတ်ပါတော့နော်၊ အသေး စိတ်သဒ္ဒါနည်းနှင့်ရှင်းနေရင် အများကြီးရှုပ်တယ်၊ သောမနဿဆိုတာ ဝမ်းမြောက်တာ, စိတ်ကောင်းနေတာကို သောမနဿခေါ်တာပဲ၊ သောမနဿဆိုတာ သု + မန ကလာတာ, သု က ကောင်းတာ၊ မန က စိတ်, ကောင်းတဲ့စိတ်ရှိနေတာကို

[စာမျက်နှာ-61] သောမနဿ ဝမ်းမြောက်တာ။

သဟဂတ ဆိုတာ တကွဖြစ်တယ်လို့ဆိုလိုတယ်၊ ဒါဖြင့်သောမနဿ သဟဂတ အဓိပ္ပါယ်ဘယ်လိုရှိမလဲ၊ ဝမ်းမြောက်ခြင်းနှင့်တကွ ဖြစ်တယ်၊ ဝမ်းမြောက်တယ်။

စိတ်ညစ်တယ်ဆိုတာက အမှန်ကတော့ဘာလဲဆိုရင် ခံစားမှုဝေဒနာ၊ ဒါကြောင့်မို့ မြန်မာနိဿယတွေမှာ ကြည့်မယ်ဆိုရင် သောမနဿဝေဒနာနှင့် တကွဖြစ်သောလို့ အဲသလို ဘာသာပြန်ထားတာ တွေ့လိမ့်မယ်၊ ဝမ်းမြောက်ခြင်းနှင့် တကွဖြစ်သောလို့ မပြန်ဘူး၊ သောမနဿ ဝေဒနာနှင့်တကွဖြစ်သောလို့ အဲသလို ပြန်လိမ့်မယ်။

ဝေဒနာ ဆိုတာ ခံစားမှု၊ သောမနဿ ဝမ်းမြောက်တယ်ဆိုတာ ခံစားမှု၊ ဒေါမနဿ, စိတ်မချမ်းသာဘူး, ဒါလည်းခံစားမှု၊ ဝမ်းမြောက်တာလည်း မဟုတ်ဘူး၊ စိတ်မချမ်းသာတာလည်းမဟုတ်ဘူး၊ အလယ်အလတ်၊ ဒါလည်းပဲဝေဒနာပဲ, ခံစားမှု၊ ဒါကြောင့်မို့ ဝမ်းမြောက်ခြင်းနှင့်တကွ ဖြစ်တယ်ဆိုရင် ဝမ်းမြောက်တဲ့ဝေဒနာ ဝမ်းမြောက်တဲ့ ခံစားမှုနှင့်တကွဖြစ်တယ်။

နောက်တစ်ခုက ဒိဋ္ဌိဂတသမ္ပယုတ္တ၊ ဒိဋ္ဌိဂတ ဆိုတာ မှားသောအယူလို့ ဆိုလိုတယ်။ အမှန်ကတော့ ဒိဋ္ဌိဆိုတဲ့ပုဒ်ဟာ မှန်သောအယူဖြစ်ဖြစ် မှားသောအယူ ဖြစ်ဖြစ် အယူလို့ သာမညကိုဆိုလိုတယ်၊ ဒါပေမယ်လို့ များသောအားဖြင့် ဒိဋ္ဌိလို့ သုံးလိုက်ရင် မိစ္ဆာဒိဋ္ဌိ မှားတဲ့အယူလို့ပဲ အဓိပ္ပါယ်ကောက် ရတယ်။

ဒိဋ္ဌိဂတသမ္ပယုတ္တ၊ ဒိဋ္ဌိဂတကို မြန်မာအနက် ဘယ်လိုပေးထားလဲ၊ မှားသော အယူ၊ သမ္ပယုတ္တ ဆိုတာ ယှဉ်တယ်တဲ့၊ ယှဉ်တယ်ဆိုတာ အတူတူဖြစ်တာ၊ သဟ ဂတနှင့် အဓိပ္ပါယ်ချင်းအတူတူပဲ၊ စကားလုံးလေး နည်းနည်းကွဲနေတာ, သဟဂတနှင့် သမ္ပယုတ္တနှင့် အမှန်ကတော့ အဓိပ္ပါယ် အတူတူပဲ၊ တစ်ပြိုင်နက် သောခဏမှာဖြစ်တာ၊ အတူတူဖြစ်တာကိုပဲ ဆိုလိုတယ်၊ ပါဠိကနည်းနည်းကွဲတော့ မြန်မာအနက်ကလည်း ကွဲသွားတာ၊ သဟဂတကျတော့ တကွဖြစ်, သမ္ပယုတ္တကျတော့ ယှဉ်တယ် ဒီလိုသုံးတယ်။

နွားတွေကတယ်, ယှဉ်တယ်ဆိုတာမျိုးလိုပေါ့၊ ဒိဋ္ဌိဂတသမ္ပယုတ္တ မှားသော အယူနှင့်ယှဉ်တာ, လောကကြီးဟာ မြဲတယ်လို့ယူတာ, သတ္တဝါတွေဟာ အမြဲ တည်တယ်လို့ ယူတာ (သို့မဟုတ်) သတ္တဝါတွေဟာ သေပြီးရင် ပြတ်သွားတယ် လို့ ယူတာ, ကံ-ကံ၏အကျိုးမရှိဘူးလို့ယူတာ, ဒါတွေကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တာ။

အဖေဆိုတာမရှိဘူး, အမေဆိုတာမရှိဘူး, ဒီလောကဆိုတာမရှိဘူး၊ နောက် လောကဆိုတာ မရှိဘူးစသည်ဖြင့်ယူတာတွေ အားလုံးဟာ မှားသော အယူတွေ၊

[စာမျက်နှာ-62] အဲဒီမှားသောအယူနှင့် ယှဉ်တယ်။

နောက်တစ်ခုက အသင်္ခါရိက၊ အသင်္ခါရိကမှာ သင်္ခါရဆိုတဲ့ ပုဒ်ကလေးပါတယ်၊ အ နှင့် နောက်က လုံးကြီးတင်ကကြီး လေးဖြုတ်လိုက်ရင် သင်္ခါရဆိုတဲ့ ပုဒ်ရတယ်။

အဲဒီသင်္ခါရက ပါဠိမှာသင်္ခါရဆိုတဲ့စကားလုံးဟာတော်တော်ခက်တဲ့ စကားလုံး၊ နေရာအလိုက် အဓိပ္ပါယ်မတူဘူး၊ စကားလုံး တူပေမယ်လို့ ဒီနေရာမှာ ဒီအဓိပ္ပာယ်၊ ဟိုနေရာမှာ ဟိုအဓိပ္ပါယ်, အဲဒါကြောင့်မို့ အမှန်အကန် ဘာသာပြန်နိုင်ဖို့မလွယ်တာ၊ အင်္ဂလိပ်ဘာသာပြန်တွေမှားတာ အဲဒါတွေပါတယ်၊ သူတို့က သင်္ခါရဆိုရင် (Formation) ဆိုတဲ့ အင်္ဂလိပ်စကားလုံးနှင့် တွဲထားတယ်၊ သင်္ခါရ တွေ့တိုင်း (Formation) ပြန်လို့မရဘူး၊ ဒီနေရာမှာ အထူးအားဖြင့် သင်္ခါရဟာ ဘာကို ဆိုလိုသလဲ၊ သာမညအားဖြင့် သင်္ခါရဆိုတဲ့စကားလုံး ကြားဖူးကြတယ် မဟုတ်လား၊ ကြားဖူးတာပေါ့ ဗုဒ္ဓဘာသာပဲ။

သင်္ခါရဆိုတာ ဘာလဲ၊ ကြားဖူးထားတဲ့ သင်္ခါရဆိုတာ ဘာလဲဆိုတော့ အမြဲမရှိခြင်း အကြောင်းတရားတို့က ပြုလုပ်စီမံထားတဲ့ သဘောကို သင်္ခါရလို့ ခေါ်တယ်၊ သင်္ခါရဆိုတာ အကြောင်းတွေကို စုပေါင်းပြီးတော့ လုပ်ထားတာ (Produce) လုပ်ထားတာ၊ ဒါကြောင့်မို့ သူ့ကို (Component) လို့ခေါ်တယ်။

လောကမှာ ဘာပဲဖြစ်ဖြစ် အကြောင်းရှိတယ်၊ တစ်ခု, တစ်ခု ဖြစ်လာရင် အကြောင်း ရှိတယ်၊ အဲဒီအကြောင်းတွေက စုပေါင်းပြီးတော့ လုပ်ထားတာ, လုပ်ထားတဲ့ တရားမျိုးကို ပစ္စည်းမျိုးကို သင်္ခါရလို့ခေါ်တယ်။

ဒါကြောင့်မို့ အဲဒီအဓိပ္ပါယ်နှင့် ပြောလိုက်ရင် သဗ္ဗေသင်္ခါရာ အနိစ္စာ၊ လောကမှာ ရှိသမျှ သင်္ခါရတရားတွေဟာ အနိစ္စပဲလို့ ပြောတာကျတော့ ရှိသမျှဟာတွေ အကုန်ပါသွားတယ်၊ ရုပ်နာမ်ဆိုတဲ့ သတ္တဝါတွေလည်း ပါသွားတယ်၊ သက်မဲ့သစ်ပင် တောတောင်ရေမြေတွေ အားလုံးပါသွားတယ်၊ အားလုံး သင်္ခါရ တရားတွေချည်းပဲ ဒီသင်္ခါရ တရားတွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အဲသလို ပြောတာ။

ပဋိစ္စသမုပ္ပါဒ်မှာကျတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတာရှိပြန်တယ်၊ သင်္ခါရက ရှိသမျှ အားလုံး မဟုတ်ပြန်ဘူး၊ အဲဒီကျတော့ သင်္ခါရက ကံလို့ ခေါ်တဲ့ စေတနာ တင်ယူရတယ်၊ အဲသလို ထူးခြားတာတွေလည်း ရှိတယ်၊ စကားလုံးတူပေ မယ်လို့ သူ့နေရာနှင့်သူသုံးရတယ်၊ သင်္ခါရတရားအားလုံးဟာ အနိစ္စပဲလို့ ပြောတဲ့အခါကျတော့ မှန်တယ်၊ ဒါကတော့ ရှိသမျှအကြောင်းတရားတို့က ပေါင်းပြီးတော့ ပြုပြင်စီမံ

[စာမျက်နှာ-63] ထားအပ်တဲ့ သဘောတရားမျိုးကို သင်္ခါရလို့ခေါ်တယ်။

ကံကို သင်္ခါရလို့ခေါ်တဲ့အခါကျတော့ ပြုပြင်စီမံတတ်တာ (Active) ဖြစ်သွားပြီ၊ ဟိုဘက်တုန်းကတော့ (Passive)、ဒါကြောင့်မို့ သင်္ခါရဆိုတဲ့ စကား လုံးဟာ ပဋိစ္စသမုပ္ပါဒ်မှာကျတော့ ကံကို ဆိုလိုတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံ စသည် ဆိုလိုတယ်။

ဒီမှာကျတော့ သင်္ခါရဟာ ဘာကိုဆိုလိုသလဲဆိုတော့ တိုက်တွန်းမှုလို့ဆိုလိုတယ်၊ ကြောင့်ကျလေးစိုက်ပြီးတော့ သူများက တိုက်တွန်းတာဖြစ်စေ, ကိုယ့်ကိုယ်ကို တိုက်တွန်းတာဖြစ်စေ, အဲဒီ တိုက်တွန်းမှုလေးကို သင်္ခါရလို့ခေါ်တယ်၊ Technical Term အနေနှင့် ဒါကို နားလည်ဖို့ သိပ်အရေးကြီးတယ်။

ဒီနေရာမှာ ခုန အနက်တွေလာပြီးတော့ ယူလို့မရဘူး၊ ဒီမှာ သင်္ခါရရဲ့ အဓိပ္ပါယ်က တစ်စုံတစ်ခုပြုဖို့ရန် ကိုယ်က တစ်ခါတလေ စိတ်တွန့်ဆုတ်နေတယ်၊ မလုပ်ချင်သလိုလို, ကြောက်သလိုလို ဘာလို ဖြစ်နေတယ်၊ အဲဒီခါမျိုးမှာ ကိုယ့်ကို ကိုယ်ရင်လည်း တိုက်တွန်းပြီးတော့လုပ်တာမျိုးရှိတယ်၊ သို့မဟုတ် မိဘက ခိုင်းလိုက် တယ်, ဆရာသမားက ခိုင်းလိုက်တယ်, ဒီလိုလည်းရှိတယ်၊ အဲဒီတိုက်တွန်းမှုဆိုတာ သူများက တိုက်တွန်းတာလည်းရှိတယ်၊ ကိုယ့်ကိုယ်ကို တိုက်တွန်းတာလည်းရှိတယ်၊ ဘယ်လိုဟာပဲ ဖြစ်ဖြစ်, အဲသလို တိုက်တိုက်တွန်းတွန်းနှင့် ဖြစ်သွားရင် ဒီစိတ်ကို သင်္ခါရရှိတဲ့ စိတ်၊ တိုက်တွန်းမှုရှိတဲ့စိတ်လို့ခေါ်တယ်။

ဆိုပါတော့ သူများပစ္စည်း ခိုးတယ်ဆိုတာ အပြစ်ရှိတယ်ဆိုတာလည်းသိတယ်။ ခိုးလည်း မခိုးချင်ဘူး၊ ဆိုပါတော့ ကိုယ်ကငတ်နေတယ် ကိုယ့်ကလေးတွေ သား မယားတွေ ငတ်နေပြီ၊ ပစ္စည်းလေးကလည်း ယူလို့ လွယ်တယ်ဆိုပါတော့၊ သူက အပြစ်ရှိမှန်းလည်း သိတော့ မခိုးချင်ဘူး၊ သို့သော် အိမ်ပြန်သွားရင် စားစရာမရှိဘူး၊ ကလေးတွေက မုန့်တောင်းရင်လည်း ခက်တယ်ဆိုတော့ ငါတော့ ယူလိုက်မှထင်ပါရဲ့ ကိစ္စမရှိပါဘူး, ဒါလောက်တော့ ပြေရာပြေကြောင်း ပေါ့လေ၊ ကုသိုလ်ကောင်းမှု ထပ်လုပ်မယ် စသည် ကိုယ့်ဟာကို တိုက်တွန်းပြီးတော့မှ ခိုးလိုက်မယ်ဆိုပါတော့ အဲဒါမျိုးကျတော့ တိုက်တွန်းမှုရှိသွားပြီ၊ ကိုယ့်ကိုယ်ကိုတိုက်တွန်းမှု ရှိသွားပြီ (သို့မဟုတ်) သူများကခိုင်းလို့ သူများက ပင့်မြှောက်ပေးလို့ လုပ်လိုက်ရင်လည်းပဲ ဒါ တိုက်တွန်းမှု ရှိတဲ့စိတ်၊ အဲဒီလိုမပါပဲနှင့် (Spontaneously) ထလုပ်လိုက်တယ်၊ အဲဒီလို စိတ်မျိုးကို အသင်္ခါရိက တိုက်တွန်းခြင်း မရှိတဲ့စိတ်။ ဒါကြောင့်မို့ မတိုက်တွန်းရပဲနှင့် သူဘာသူအလိုလိုဖြစ်တဲ့စိတ်မျိုးကို အသင်္ခါ

[စာမျက်နှာ-64] ရိကစိတ်၊ တိုက်တွန်းမှဖြစ်တဲ့စိတ်မျိုးကို သသင်္ခါရိကစိတ်၊ ဒီလို နှစ်မျိုးကွဲသွားတယ်။ ဒါကြောင့်မို့ အခု ပထမစိတ်ဟာ သောမနဿဝေဒနာနှင့် တကွဖြစ်တယ်၊ မိစ္ဆာ အယူနှင့် တွဲပြီးတော့ဖြစ်တယ်၊ တိုက်တွန်းခြင်းလည်း မရှိဘူး၊ (Spontaneously) ဖြစ်တဲ့ စိတ်မျိုးကို ဒါပထမစိတ်ပေါ့နော်၊ လောဘမူ ပထမစိတ်ပေါ့၊ သောမနဿ သဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိကစိတ်။

ဆိုပါတော့၊ ဒီစိတ်ဟာ လောဘနှင့်တွဲဖြစ်ရမှာဆိုတော့ သူများအသက် သတ်တဲ့အခါဒီစိတ်ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ သူများအသက်သတ်တယ်ဆိုတာ ဒေါသနှင့်သတ်တာ၊ အဲဒီတော့ သူများပစ္စည်းယူတဲ့အခါကျတော့ကော ဒီစိတ်ဖြစ်မယ် ပေါ့နော်၊ သို့မဟုတ် ကိုယ့်ပစ္စည်းကိုယ် ခင်တွယ်နေရင်လည်း ဒီစိတ်ဖြစ်နိုင်မယ်ပေါ့ ခုနလို ထမင်းစားတာဟာ ဟင်းလေးက ကောင်းလို့ အရသာခံပြီးတော့ စားတာ ဒီစိတ်မဖြစ်ပေဘူးလား၊ ဒါကြောင့်မို့ ဘယ်လို အခြေအနေမှာ ဘယ်လိုစိတ်မျိုး ဖြစ်နိုင်တယ်ဆိုတာလည်း ကိုယ်က စဉ်းစားနိုင်ရမယ်ပေါ့။

အဲသလိုစဉ်းစားနိုင်မှလည်း ဒါလက်တွေ့ဘဝနှင့် ဒီအဘိဓမ္မာ ဗဟုသုတနှင့် ဟပ်ပြီးတော့ နားလည်တာ။

အဘိဓမ္မာဆိုတာ အမှန်တော့ စာထဲရှိတာမဟုတ်ဘူး၊ ကိုယ့်စိတ်ထဲ ကိုယ့် သန္တာန်မှာရှိတာ၊ ကိုယ်ကမသိတော့ စာထဲထင်ပြီး စာအုပ်ထဲ လိုက်ကြည့်ရတာ၊ အဲဒါ ပထမစိတ်နော်၊ သောမနဿ သဟဂတဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိကစိတ်။

ကောင်းပြီ-နောက် ဒုတိယစိတ်ကတော့ သောမနဿ သဟဂတ ဒိဋ္ဌိဂတ သမ္ပယုတ္တ သသင်္ခါရိကစိတ်၊ ဒီကျတော့ တိုက်တွန်းရပြီ၊ ကိုယ့်ကိုယ်ကို တိုက်တွန်း သည်ဖြစ်စေ သူများက တိုက်တွန်းသည်ဖြစ်စေ, တစ်ခါတစ်ခါ ဒီလိုပဲ ဖြစ်တတ်တယ် နော်၊ ကောင်းတဲ့စိတ်ဖြစ်ဖြစ်, မကောင်းတဲ့စိတ်ဖြစ်ဖြစ်, တစ်ခါထဲ လုပ်လိုက်တာ၊ ဘယ်သူကမှ ပြောဆိုတိုက်တွန်းနေရတာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုလဲ မတိုက်တွန်း ဘူး၊ တစ်ခါတလေကျတော့တိုက်တွန်းပြီးတော့လုပ်ရတာ၊ တိုက်တွန်းခြင်း ရှိသွားရင် တိုက်တွန်းမှုနှင့် လုပ်ရရင် သသင်္ခါရိကစိတ်။

တစ်ခါ တတိယစိတ်ကျတော့ကော သောမနဿသဟဂတ ဒိဋ္ဌိဂတ ဝိပ္ပယုတ္တ၊ ဝိပ္ပယုတ္တ ဆိုတာ မယှဉ်ဘူးတဲ့, ဒီကျတော့ သူက အယူမှား မရှိဘူး၊ ဆိုပါတော့, ခိုးတာအပြစ်မရှိဘူး, လောကကြီးဟာမြဲတယ်, ဘာတယ် အယူနဲ့ပေါ့၊ ခိုးရသူက ဒိဋ္ဌိနှင့် ခိုးတာ, ဗုဒ္ဓဘာသာအနေတော့ ဒီလောက် ဒိဋ္ဌိမရှိဘူးဟုတ်လား၊ ဗုဒ္ဓဘာသာ သူခိုးဆိုရင် မကောင်းတာတော့ သိတာပေါ့၊ ဒါပေမယ်လို့ သူခိုးမယ်ပေါ့၊

[စာမျက်နှာ-65] အဲဒီကျတော့ သူက ဒိဋ္ဌိမပါဘူး, အယူမှားမပါဘူး, ဒီဟာ ခိုးတာ မကောင်းဘူး၊ အပြစ်ရှိတယ်ဆိုတာ သိတယ်၊ ဒါပေမယ့် မတတ်သာလို့ ခိုးတယ်၊ (သို့မဟုတ်) ခိုးချင်လို့ ခိုးတယ် စသည်ဖြင့်ပေါ့လေ။

အဲဒီလို အယူမှားမပါတဲ့အခါကျတော့ ဘာဖြစ်သွားလဲ၊ ဒိဋ္ဌိဂတ ဝိပ္ပယုတ္တ အသင်္ခါရိကစိတ်၊ ဒါ ခုနလိုပဲ တိုက်တွန်းတာ မရှိရင် အသင်္ခါရိက၊ တိုက်တွန်းတာရှိရင် သသင်္ခါရိကစိတ်၊ ဒါကြောင့်မို့ သောမနဿ ဝေဒနာနှင့်တကွဖြစ်တဲ့စိတ် ဘယ်နှစ်ခု ရသွားတုန်း၊ လေးခုနော်။

သောမနဿဝေဒနာနှင့်တကွ ဒိဋ္ဌိနှင့်ယှဉ်တယ်၊ တိုက်တွန်းခြင်းမရှိဘူး။ - နောက်ဟာကျတော့ တိုက်တွန်းခြင်းရှိတယ်၊ - တစ်ခါ ဒိဋ္ဌိနှင့် မယှဉ်ဘူး၊ တိုက်တွန်းခြင်းရှိတယ်၊

တိုက်တွန်းခြင်းမရှိဘူး နော်၊ အဲသလိုလေးမှတ်လိုက်ရင် လွယ်သွားတယ်။ ဒီလေးခု သိလိုက်ရင် နောက်လေးခု ဟာ ဥပေက္ခာ ကို (Substitute) လုပ်လိုက်ရုံပဲ ဟုတ်လား။

ကိုင်း နံပါတ်-၅ က ဘာတဲ့တုန်း၊ ဥပေက္ခာ သဟဂတ၊ အဲဒါကို ဥပေက္ခာ လို့ ဖတ်ရတယ်နော်၊ ဥပက္ခာလို့ မဖတ်ရဘူး၊ ဒါ မြန်မာနိုင်ငံမှာ (Standard) ဖြစ်နေတဲ့ ဘုန်းကြီးသုံး (Pronunciation) ပေါ့နော်၊ လူတွေ တချို့ နားမလည်ရင် ဥပက္ခာလို့ ဖတ်တတ်တယ်၊ ဥပက္ခာ မဟုတ်ဘူး၊ စလုံးသတ် သံမျိုးပေါ့၊ သို့သော် ဥပြစ်ခါလည်း မဟုတ်ဘူးနော်၊ ပစ်ခါ, အင်္ဂလိပ်လို (Pit) ပစ်ဆိုတာမျိုးလို ဥပေက္ခာ၊ ဘုန်းကြီးသုံးကျကျ အသံထွက်မယ်ဆိုရင် အဲဒီအတိုင်း ထွက်မယ်နော်၊ ဥပေက္ခာ၊ ပ-စောက်ကို ဘယ်တော့ ပစောက် ရရစ်ထိ မထွက်နှင့်၊ ပဉ္စလို့ ထွက်ရတယ်၊ ပြလို့ ဘယ်တော့မှ မထွက်ရဘူး၊ တိဿရဏေန သဟ ပဉ္စသီလံ၊ လူတွေကတော့ ပြင်ဖတ်တာ ပြင်ညာဖတ်တာပဲ၊ ဘုန်းကြီးက အဲသလို မသုံးဘူး၊ ပဉ္စပဲ, ပစောက် ငသတ်ပင်မျိုးပဲ၊ ပဉ္စ ပညာ။

ဥပေက္ခာ ဆိုတာကဘာလဲ, အလယ်အလတ်ခံစားမှု, ဝမ်းမြောက်တာလည်း မဟုတ်ဘူး, ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ အလယ်အလတ်ခံစားမှုမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။

တစ်ခါတလေ တစ်စုံတစ်ခုကို မြင်ပေမယ်လို့ ဝမ်းသာတာလည်း မဟုတ်ဘူး၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ အများကြီး အဲဒါမျိုးတွေ ဖြစ်နိုင်တယ်၊ တစ်စုံတစ်ခု ကြားရတဲ့အခါလည်း တစ်ခါတလေ ကြိုက်တာလည်း မဟုတ်ဘူး၊ မကြိုက်တာလည်း

[စာမျက်နှာ-66] မဟုတ်ဘူး၊ ဒီလိုပဲ, အဲဒါကို ဘယ်လိုခေါ်လဲ၊ ဥပေက္ခာ အလယ်အလတ် ခံစားမှု၊ အဲဒါတွေ အများကြီး ဖြစ်တတ်ပါတယ်။

သို့သော် သတိမထားမိရင် ဥပေက္ခာဖြစ်မှန်းမသိဘူး၊ အဲဒီလို ဝမ်းသာတာလည်း မဟုတ်, ဝမ်းနည်းတာလည်၊ မဟုတ်, စိတ်ဆိုးတာလည်းမဟုတ်တဲ့ဝေဒနာမျိုးကို ဥပေက္ခာ ဝေဒနာ၊ အသင့်အတင့်အားဖြင့် ရှုတတ်တယ်လို့ ပုဒ်အလိုက် အနက် ပြောမယ်ဆိုရင် ဒီလိုပြောရတယ်။

ဥပ + ဣက္ခာ, ဥပနှင့်ဣက္ခာ ပေါင်းလိုက်တော့ ဥပေက္ခာဖြစ်တာ၊ ဥပ ဆိုတာက ဘက်မလိုက်ခြင်းဆိုတဲ့ သဘောပေါ့ လေ၊ ဣက္ခာဆိုတာရှုတာ, ဟိုဘက် ဒီဘက် မပါပဲနှင့် အလယ်မှာ နေပြီးတော့ ရှုတတ်တဲ့ သဘောတရားမျိုးလို့ ဒီလို အဓိပ္ပါယ်ရှိတယ်၊ ဒီနေရာမှာ ဥပေက္ခာလည်း ခံစားမှုပါပဲ။

ဥပေက္ခာခံစားမှုဟာ အလွန်သိမ်မွေ့တယ်၊ အသိခက်တယ်၊ တချို့ ဥပေက္ခာကို တရားထိုင်ရင်း မြင်ပြီးတော့ ဥပေက္ခာမှန်းမသိတာ၊ အဲသလိုလည်း ဖြစ်နိုင်တယ်။ အဲဒီဥပေက္ခာ ဝေဒနာနှင့် တကွဖြစ်ပြီးတော့ ဟိုဘက်ကဟာတွေတော့ အတူတူပဲ။ မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်တယ်, တိုက်တွန်းခြင်း မရှိဘူး, တိုက်တွန်းခြင်းရှိတယ်, မိစ္ဆာဒိဋ္ဌိ နှင့် မယှဉ်ဘူး, တိုက်တွန်းခြင်းရှိတယ်, တိုက်တွန်းခြင်းမရှိဘူး ဆိုပြီးတော့ လေးမျိုးရတယ်။

တစ်ခါတလေ ခိုးတာပေမယ်လို့ ခိုးနေကျဖြစ်နေတဲ့ခါကျတော့ ဥပေက္ခာနှင့်လည်း ခိုးချင်ခိုးနေလိမ့်မယ်၊ လိမ်ပြောတာလည်း ဥပေက္ခာနှင့် လိမ်ပြောတာရှိချင် ရှိလိမ့်မယ်၊ လုပ်နေကျလာတဲ့ခါကျတော့ (Emotion) သိပ်မပါဘူးပေါ့၊ (Habitual) ဖြစ်သွားတာပေါ့။

ဆိုပါတော့-စာပြန်တာကြည့်လေ, ပထမတော့ ဂရုစိုက်ရတယ်၊ ကြာတော့ ကျေသွားတော့ ဂရုမစိုက်တော့ဘူး၊ စိတ်က ဟိုရောက် ဒီရောက်နှင့် တချို့ဘုရားရှိခိုးတာ ကြည့်ပါလား၊ ပါးစပ်က သြကာသ သြကာသဆိုနေတာ, စိတ်က ဟိုရောက်ဒီရောက် ရောက်နေတာ၊ အဲဒါ ဥပေက္ခာဝင်လာတာ။

ဥပေက္ခာဝေဒနာနှင့် တကွဖြစ်တဲ့စိတ်လေးမျိုး ၂-ခုပေါင်းလိုက်တော့ လောဘ မူလစိတ် ၈-ပါး၊ အဲတော့ ဒီဟာလေးတွေက စိတ် ၁၂၁-ပါးကို တစ်ခါထဲ မျက်လုံးမှိတ်လိုက်ရင် မြင်နေအောင် မှတ်မိနေအောင် ဆိုပြီးတော့ ပေးထားတာ၊ ဒါကိုယ့်ဟာကိုယ် နောက်ထပ်ကူးပြီးတော့ အများကြီးသုံးရမယ်၊

အဲဒီတော့ ဦးဇင်းက ဒီထဲမှာ ကာလာထည့်ချင်တယ်၊ သောမနဿဆိုရင်

[စာမျက်နှာ-67] အနီခြယ်ချင်တယ်၊ ဥပေက္ခာဆိုရင် အပြာခြယ်မယ်၊ အခု ဒီမှာ ပထမအတန်းမှာ ပထမကော်လံမှာ စက်ဝိုင်းလေးတွေ ၁၂-ခုရှိတယ်၊ အဲဒါ ပထမလေးခု အနီခြယ်ပါ၊ ဒုတိယလေးခု အပြာခြယ်ပါ၊ ပြီးတော့ လေ့ကျင့်မှုကတော့ ဘယ်လိုလဲဆိုတော့ ဒါလေးတွေကို အနီအပြာခြယ်ပြီးတော့ ဒါလေးကိုကိုယ်က (Identify) လုပ်မယ်။

ပထမဟာကို ဒါက သောမနဿနှင့်ဖြစ်တာ, မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်တာ, တိုက်တွန်းခြင်း မရှိတဲ့စိတ်ပဲ, အဲသလို တစ်ခုစီ, တစ်ခုစီကို ကျေအောင် အဲဒါ တော့ နည်းနည်းလေးလေ့လာပါ၊ လေ့ကျင့်ပေး။

ဘာကြောင့်တုန်းဆိုတော့ ဒါ မှတ်မိမှ နောက်ပြောတဲ့ခါကျတော့ နားလည်တာ၊ သို့မဟုတ်ရင် ဒါကို ကျေမထားရင် ပြောလိုက်တဲ့ကျတော့ လုံးထွေးလုံးထွေး ဖြစ်ရင် နားမလည်ဘူး၊ နားမလည်တာကြာတော့ စိတ်ပျက်တယ်။

ဒါက အလီလိုပဲ၊ အလီမရပဲနှင့် ဂဏန်းတွက်ခိုင်းတော့ ဒုက္ခရောက်တာပေါ့၊ (Table) ချည်း ပြန်ပြန်ကြည့်နေရရင်လည်း ခရီးမရောက်ဘူးပေါ့၊ အလီကို ကျက်လိုက်ရတယ်၊ ထို့အတူပဲ, ဒါကိုလည်းပဲ မှတ်မိအောင်လုပ်ပါ၊ မှတ်မိဖို့ မခဲယဉ်းဘူးနော်၊ မင်းတစ်နေ့တည်း အကုန်မှတ်မိအောင် လုပ်ရမယ်ဆိုရင်တော့ ခဲယဉ်းတာပေါ့၊ တစ်နေ့ကို အဲဒီတစ်တန်းဆိုပါတော့၊ သို့မဟုတ်လည်း အခု သင်သလောက် လေးသာမှတ်သွား၊ ကျေအောင်တော့လုပ်သွား၊ နောင်ခါကျ ပြန်မျက်လုံး မှိတ်ပြီး စဉ်းစားတဲ့ခါကျတော့ တစ်ခါထဲ အကုသိုလ်စိတ်ဟေ့လို့ ပြောလိုက်ရင် ဒီ ၁၂-လုံး တန်းပေါ်တော့တာပဲ၊ အနီလေး အပြာလေးပါ စိတ်ထဲမြင်လာတော့တာ၊ အဲဒါတော့ အထူးဂရုစိုက်ပြီးတော့ ကျေအောင်လုပ်, သိပ်အကျိုးရှိတယ်။

ကောင်းပြီ-အဲဒါ ပထမလေးလုံးက အနီ, ဒုတိယလေးလုံးက အပြာ, ကောင်းပြီ, ဒါက လောဘမူစိတ် ၈-ပါးတဲ့၊

နောက် ၂ ခုက ဒေါသမူစိတ် ၂-ပါး၊

ပထမစိတ်က ဒေါမနဿ သဟဂတ၊ ဒေါမနဿဆိုတာ စိတ်ပျက်စီးခြင်းတဲ့။

စိတ်ပျက်တယ်ဆိုတဲ့ မြန်မာစကားလည်းရှိတယ်မဟုတ်လား၊ စိတ်ပျက်တယ်ဆိုတာ ဒေါမနဿကို ပြောတာ၊ ဒု ဆိုတာ မကောင်းတာ, မန ဆိုတာ စိတ်, ဒုမန ဆိုတာ မကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ် ဖြစ်နေတာ, မကောင်းတဲ့စိတ် ရှိနေတာကို ဒေါမနဿလို့ခေါ်တယ်၊ အဲဒီတော့ ဒါဟာလည်းပဲ ဝမ်းနည်းတဲ့ခံစားမှု စိတ်မချမ်းသာတဲ့ ခံစားမှုကို ဒေါမနဿလို့ခေါ်တယ်၊ သောမနဿရဲ့ ဆန့်ကျင်ဘက်ပေါ့၊ သောမနဿကျတော့ ဝမ်းသာနေတယ်၊ ဒေါမနဿကျတော့ ဝမ်းနည်းနေတယ်,

[စာမျက်နှာ-68] စိတ်ပျက်နေတယ်၊ အဲဒါမျိုးတွေကို ဒေါမနဿလို့ ဆိုတယ်။ အဲဒီ ဝေဒနာနှင့်တကွဖြစ်တဲ့စိတ်ဟာ ဒေါမနဿ သဟဂတစိတ်။

နောက်တစ်ခုက ပဋိဃသမ္ပယုတ္တ, ပဋိဃ ဆိုတာ ပြစ်မှားခြင်းတဲ့၊ ပြစ်မှားခြင်းဆိုတာကတော့ ဦးဇင်းတို့ ပြန်ရိုးပြန်စဉ်၊ ပဋိဃဆိုတာထိခိုက်တာ၊ ဒိုင်းကန်သွားတိုက်တာမျိုးကို အဲဒါမျိုးကို ပဋိဃလို့ခေါ်တာ, ပဋိပက္ခမဟုတ်ဘူး ပဋိဃ၊ ဒါကို စာသုံးနှင့်ကျတော့ ပြစ်မှားခြင်းလို့ပြန်တယ်၊ အမှန်ကတော့ တိုက်ခိုက်တာ။

ပဋိဃဆိုတာ အမှန်ကတော့ ဒေါသရဲ့ နာမည်တစ်မျိုးပဲ၊ ဒေါသနှင့် ဒေါမနဿ မတူဘူးနော်၊ အဘိဓမ္မာမှာအဲဒါမှတ်ထား၊ ဒါကြောင့်မို့ ဦးဇင်းသတိထား ပြောနေတာ၊ ဒေါသက စေတသိက်တစ်ခု၊ ဒေါမနဿက စေတသိက်တစ်ခု, ဒေါမနဿက ဝေဒနာခံစားမှု, ဒေါသက ပြစ်မှားတဲ့ ထိပါးတတ်တဲ့ သဘောတရား၊ မတူဘူး၊ ဟိုကခံစားမှု၊ ဒီတစ်ခုက သူများသွားရိုက်တာ။

ဆိုပါတော့, ပုတ်ခတ်တာမျိုး, ထိပါးတာမျိုး, အဲဒါဟာ ဒေါသ၊ ဒါပေမယ်လို့ ဒီ ဒေါမနဿနှင့် ဒေါသနဲ့က အမြဲတမ်း အတူတူဖြစ်တယ်၊ ကင်းပြီးတော့ မဖြစ်ဘူး၊ ဒီနှစ်ခုက အတူတူဖြစ်တယ်၊ ဒါကြောင့်မို့ ဒေါမသနဿ သဟဂတ ပဋိဃ သမ္ပယုတ္တ အသင်္ခါရိက။

စိတ်ဆိုးတာလည်းပဲ တစ်ခါတလေကျတော့တိုက်တွန်းပြီး စိတ်ဆိုးရတာလဲ ရှိသေးတာကိုး၊ ရှိရင် သသင်္ခါရိက ဖြစ်သွားမယ်၊ သို့သော် များသောအားဖြင့်တော့ အသင်္ခါရိက ဖြစ်ကြမှာပါ။ အသင်္ခါရိကနှင့် သသင်္ခါရိက ၂-မျိုးပေါ့။

တစ်ခုမှတ်ဖို့ကတော့ အဘိဓမ္မာသဘောအရ ဒေါသဆိုတာ ကြောက်တာကိုလည်း ဒေါသထဲသွင်းတယ်၊ ဒေါသ ၂-မျိုးရှိတယ်၊ တက်ကြွတဲ့ဒေါသ, ဆုတ်နစ်တဲ့ ဒေါသ (Active) ဒေါသနှင့် (Passive) ဒေါသ၊ တက်ကြွတဲ့ဒေါသက ဒေါသ၊ ဆုတ်နစ်တဲ့ ဒေါသက ကြောက်တာ၊ ဒါကြောင့်မို့ ကြောက်တယ်ဆိုရင် ဒီစိတ်နှင့် ကြောက်တာ ဒေါသမူစိတ်နှင့်ကြောက်တာ၊ အဲဒါမှတ်ထား၊ တော်ကြာ ကြောက်တာ ရှာမတွေ့ပဲနေဦးမယ်၊ ဘယ်ထဲထည့်ရမှန်းမသိဘူး ဖြစ်နေဦးမယ်၊ စိတ်ညစ်တာ ကြောက်တာ၊ အင်္ဂလိပ်လို (Depress) ဖြစ်နေတာမျိုးတွေဟာ အကုန်လုံး ဒေါမနဿ ဒီနှစ်မျိုးထဲချည်းသွားတာပဲ။

သူကတော့ (Experience) ပေါ့၊ ဝေဒနာ ခံစားမှုဆိုတာ အဲဒီ (Experience) ကျတော့ ရှိတယ်၊ နဂိုစိတ်ကနေပြီးတော့ ပျက်စီးသွားတဲ့ စိတ်ကို ဒေါမနဿ ခေါ်တာကိုး၊ စိတ်ပျက်စီးသွားတာပေါ့၊ နဂိုအခြေအနေဆိုတာ ကောင်းတဲ့

[စာမျက်နှာ-69] စိတ်ပေါ့၊ ကောင်းတဲ့စိတ်ကနေ အခု စိတ်ညစ်တယ် (သို့မဟုတ်) စိတ်ဆိုးတဲ့ စိတ် ဖြစ်သွားတဲ့အခါကျတော့ ဒေါမနဿဖြစ်သွားတယ်၊ အဲဒီချိန်ခါမှာ ဒေါသနှင့်သွားပြီးတော့ ယှဉ်တယ်၊ ဒေါသဟာ (Active) ဖြစ်တာပေါ့၊ ခုန ရိုက်တယ်ဆိုတာက (Physically) သွားရိုက်တာကို မဆိုလိုဘူး၊ အာရုံကို ဒေါသနှင့် သွားရိုက်တာ၊ တစ်ခုခုကို ဒေါသဖြစ်တဲ့အခါကျတော့ ကိုယ့်စိတ်က သူ့ထိသလို မနေလား၊ အဲဒါပြောတာ၊ တစ်ခါတလေ သူများရဲ့ ဒေါသအရှိန်တောင်မှ ကိုယ့်ကို ခံစားရတာမျိုး ရှိတယ်မဟုတ်လား၊ တကယ်စိတ်ဆိုးလို့ စကားများကြပြီတို့ ဘာတို့ ဆိုရင်လေ။

အဲဒါကြောင့်မို့ ဟိုဟာကခံစားမှု၊ ဒါက ထိပါးမှု၊ အဲဒီလို ကွာတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာမှာ ဒီတရားတွေဟာ အတူတူဖြစ်ပြီးတော့ သဘောတရား တစ်မျိုးစီ သူ့လက္ခဏာလေးတွေနှင့် ကွဲကွဲပြားပြားဖြစ်တာ၊ အဲဒါကို မြတ်စွာဘုရားမို့ ဒါတွေကို ဟောပြောနိုင်တာ, ရိုးရိုးပုဂ္ဂိုလ်က ပြောနိုင်ဖို့ရာ အများကြီး ခဲယဉ်းတယ်၊ သို့သော် တရားတကယ်ထိုင်လာတဲ့ခါကျတော့ ဒါတွေ တွေ့သလောက်တွေ့တယ်။ မြတ်စွာဘုရားလောက်ကတော့ မမြင်နိုင်ဘူးပေါ့လေ၊ သို့သော် ကိုယ့်အတိုင်းအတာအရ ကိုယ့်သမာဓိနှင့် ဒါတွေဟာ မြင်လာတယ်၊ မြင်နိုင်တယ်။

ဒါကြောင့် ရှင်နာဂသိန်က မိလိန္ဒမင်းကြီးကို ပြောတဲ့အခါမှာ မြတ်စွာဘုရားဟာ အလွန်ခဲယဉ်းတဲ့အလုပ် လုပ်တယ်၊ အတူတကွဖြစ်နေတဲ့ သဘောတရားတွေကို အာရုံတစ်ခုထဲ အာရုံပြုပြီးတော့ အတူတကွဖြစ်နေတဲ့ သဘောတရားတွေကို ဒါကတော့ စိတ်ပဲ ဒါကတော့ တွေ့ထိမှုသဘောတရားလေး၊ ဒါကတော့ ခံစားမှု သဘောတရား, ဒါက မှတ်သားမှု သဘောတရား စသည်ဖြင့် ခွဲခြားပြီးတော့ ပြောနိုင်တယ်၊ သမုဒ္ဒရာထဲကရေကို လက်ခုပ်ထဲထည့်ပြီးတော့ ဒါက ဂင်္ဂါမြစ်ကရေ၊ ဒါက ယမုနာမြစ်ကရေလို့ ပြောရတာကမှ လွယ်သေးတယ်တဲ့၊ ခုန နာမ်သဘော တရားတွေ အတူတကွဖြစ်နေ ရာမှာ ဒါက စိတ်သဘောတရားပဲ, ဒါက တွေ့ထိမှု သဘောတရား၊ ဒါက ခံစားမှု သဘောတရားလို့ ပြောနိုင်ဖို့ရာ အလွန်ခဲယဉ်းတယ်၊ မြတ်စွာဘုရားမို့ ဟောနိုင်တယ်၊ အဲဒီ ဟောတာတွေကို (Reserve) လုပ်ထားလို့ ဦးဇင်းတို့လည်း အခုထိအောင် ဆရာ အစဉ်ဆက်ကနေ ဆောင်လာလို့ သိခွင့်ရတာ၊ ဒီထက် နက်နက်နဲနဲသိဖို့ဆိုရင် အများကြီး ကျန်သေးတယ်။

နောက် ဒုတိယပိုင်းကျ စေတသိက်တွေကို လက္ခဏာအားဖြင့် ရသအားဖြင့်, ပစ္စုပဋ္ဌာန်အားဖြင့်, ပဒဋ္ဌာန်အားဖြင့် စသည်ဖြင့် (Aspect) အမျိုးမျိုးဖြင့် ဒါတွေကို သိအောင်လုပ်ရမယ်၊ သိပ် စိတ်ဝင်စား စရာကောင်းတယ်၊ အဲဒါတွေဟာလေ

[စာမျက်နှာ-70] အထူးသဖြင့် ဟို (Psychiatric) တွေနှင့် (Psychotherapist) သူတို့ကျတော့ ပိုပြီးတော့ အသုံးကျတယ်၊ ကိုင်း-ဒါက ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ်စိတ် နှစ်ခု, အဲဒီနှစ်ခုကိုတော့ အစိမ်း ခြယ်ချင်တယ်၊ ပထမလေးခုက အနီ, ဒုတိယ လေးခုက အပြာ, နောက်နှစ်ခုက အစိမ်း။

မောဟမူစိတ်နှစ်ပါး

ကိုင်း-မောဟမူစိတ် နှစ်ပါးသွားလိုက်ကြဦးစို့၊ မောဟမူစိတ်နှစ်ပါးက ဥပေက္ခာသဟဂတ ဝိစိကိစ္ဆာ သမ္ပယုတ္တစိတ်၊ ဥပေက္ခာနှင့် ဖြစ်တာတော့ အထူး ပြောစရာမလိုဘူး၊ ဝမ်းမြောက်တာလည်း မဟုတ်ဘူး၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ အလယ်အလတ်ဝေဒနာ, ဘာနှင့်ယှဉ်သလဲဆိုရင် ဝိစိကိစ္ဆာ ယုံမှားခြင်းနှင့် ယှဉ်တယ်။

ယုံမှားတယ်ဆိုတာက မြတ်စွာဘုရားကို ယုံမှားတာ တရားကို ယုံမှားတာ၊ သံဃာကိုယုံမှားတာ, အကျင့်သိက္ခာကို ယုံမှားတာ, အဲဒါမျိုးကို ဆိုလိုတယ်။ သာမည မဆုံးဖြတ်နိုင်တာမျိုးကို ဝိစိကိစ္ဆာလို့ မခေါ်ရဘူး၊ မော်တော်ကားမောင်း သွားလို့ ညာဘက်ကွေ့ ရမှာလား, ဘယ်ဘက်ကွေ့ရမှာလား, မသိတာမျိုးကို ဝိစိကိစ္ဆာ လို့ မဆိုဘူး မခေါ်ဘူး၊ မဆုံးဖြတ်နိုင်တာတော့ မဆုံးဖြတ်နိုင်တာပဲ၊ ဒါပေမယ်လို့ အကုသိုလ် ဝိစိကိစ္ဆာ မဟုတ်ဘူး။

ဒီမှာပြောတဲ့ ဝိစိကိစ္ဆာက ခုနလို ဘုရားရှိခဲ့တာ တကယ်ဟုတ်မှဟုတ်ရဲ့လား၊ ဘုရားဟာ သဗ္ဗညုတဉာဏ်ရှိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား, ဘုရားဟောတဲ့ သစ္စာလေးပါး တရားတွေ ဟုတ်မှဟုတ်ရဲ့လား, သံဃာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လိုက်နာကျင့်ကြံပြီးတော့ ကိလေသာ ကင်းတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လား စသည်ဖြင့် အဲဒီလို ယုံမှားတာ မဆုံးဖြတ်နိုင်တာမျိုးကို ဝိစိကိစ္ဆာလို့ ခေါ်တယ်၊ သစ္စာလေးပါးမှာ ယုံမှားတွေဝေတယ်, ပဋိစ္စသမုပ္ပါဒ်မှာ ယုံမှားတွေဝေတယ် စသည်ဖြင့် အဲဒါကို ဝိစိကိစ္ဆာလို့ခေါ်တယ်၊ အဲဒီ ဝိစိကိစ္ဆာနှင့် တကွဖြစ်ရင် သူ့ကို ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်။

နောက်တစ်ခုကတော့ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၊ ဥဒ္ဓစ္စ ဆိုတာက ဦးဇင်းတို့ ဘာသာပြန်တဲ့ခါကျတော့ ပျံ့လွင့်ခြင်းလို့ ပြန်တယ်၊ ဥဒ္ဓစ္စမှာ ဥဒ် ရယ်၊ ဓစ္စ ရယ်၊ ဥဒ် ဆိုတာက အထက်လို့ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဓစ္စ ဆိုတာက လှုပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ အထက်မှာ လှုပ်နေတယ်ဆိုတာ စိတ်က အာရုံနှင့် သွားပြီးတော့ ကပ်မနေဘဲနှင့် ဟိုလိုလို ဒီလိုလို ဖြစ်နေတာ၊ အဲဒါကို ဥဒ္ဓစ္စဖြစ်တယ်ခေါ်တာ၊ အာရုံကို ရှင်းရှင်းလင်းလင်းမမြင်ဘူး၊ စိတ်နှင့်အာရုံပြုကြည့်လိုက်ရင်ကို ရှင်းရှင်း လင်းလင်း မမြင်ဘူး၊ စိတ်နှင့် အာရုံနှင့် ကပ်မနေဘူး၊ အဲဒါ ခဏခဏ ဖြစ်တတ်

[စာမျက်နှာ-71] တယ်၊ အထူးသဖြင့် တရားထိုင်တဲ့ အခါဖြစ်တတ်တယ်၊ အဲဒါ ဥဒ္ဓစ္စလို့ခေါ်တယ်။ မြန်မာလိုကျတော့ ပျံ့လွင့်ခြင်း။

အထူးသဖြင့် ဘယ်လိုခါမှာ ဖြစ်တတ်တုန်း ဆိုရင် ဝီရိယ လိုတာထက် ပိုပြီးတော့ အားထုတ်မိတဲ့အခါမျိုးမှာ တရားထိုင်တဲ့ခါမှာ ဖြစ်တတ်တယ်၊ တစ်ခါ တလေ တရားထိုင်တဲ့အခါကျတော့ နည်းနည်းမှတ်လို့လဲ ကောင်းလာ၊ ကောင်းလာတော့ ကိုယ်က လောဘလေးဖြစ်လာ၊ ကိုယ့်ဟာ ပိုကောင်းအောင် လုပ်ချင်လာတော့ ပိုပြီးတော့ ကြိုးစားလိုက်တာပေါ့၊ ပိုလည်း ကြိုးစားလိုက်ရော စိတ်နှင့် အာရုံနှင့် ကွာသွားရော၊ စေးစေးပိုင်ပိုင် မရှိဘူးပေါ့၊ အဲဒါမျိုးကို ဥဒ္ဓစ္စလို့ ခေါ်တယ်၊ ဒါကို ဦးဇင်းတို့ ပြန်တော့ ပျံ့လွင့်ခြင်းလို့ ပြန်တယ်။

ကျမ်းဂန်တွေမှာ ဥပမာပေးတာကတော့ ပြာပုံကြီးထဲကို ခဲပစ်ထည့်လိုက် တဲ့ခါကျတော့ ပြာတွေ ထလာရော၊ အာရုံကို ကွဲကွဲပြားပြား မမြင်တော့ဘူး၊ အဲဒါ မျိုးကို ဥဒ္ဓစ္စလို့ ခေါ်တယ်၊ ဒါကြောင့်မို့ အဲဒီလို ဖြစ်နေရင် ဥဒ္ဓစ္စနှင့် ယှဉ်တဲ့စိတ် ဖြစ်နေတာ၊ ဝီရိယလွန်ရင် ဥဒ္ဓစ္စဖြစ်တယ်လို့ ဦးဇင်းတို့ စကားရှိတယ်၊ ကျမ်းဂန် အဆိုအရ ဝီရိယလွန်သော် ဥဒ္ဓစ္စ၊ ဒါကြောင့်မို့ ဝီရိယကိုလည်း မလွန်စေရဘူး၊ နည်းလည်း မနည်းစေရဘူး၊ များလည်းမများစေရဘူး၊ အနေတော်လေး အားထုတ် ပေးရမယ်၊ အဲဒီလို အနေတော်လေး အားထုတ်ပေးရင် ဥဒ္ဓစ္စမှ ကင်းတယ်ပေါ့၊ သို့မဟုတ်ရင် ဥဒ္ဓစ္စ ဖြစ်တယ်။

ကိုင်း...ဒါက ဘာတုန်း, ဥပေက္ခာသဟဂတ ဝိစိကိစ္ဆာ သမ္ပယုတ်စိတ် တစ်ခု၊ ဥပေက္ခာသဟဂတ ဥဒ္ဓစ္စ သမ္ပယုတ်စိတ်တစ်ခု, နှစ်ခု၊ ဒါက မောဟမူစိတ်၊ လောဘမူစိတ်က လောဘ မောဟနှင့် အတူဖြစ်တယ်၊ ဒေါသမူစိတ်က ဒေါသ မောဟနှင့် အတူတကွဖြစ်တယ်၊ မောဟမူစိတ်ကျတော့ မောဟသက်သက်နှင့်သာ အတူတကွ ဖြစ်တယ်၊ လောဘလည်း မပါတော့ဘူး၊ ဒေါသလည်း မပါတော့ဘူး။

အဲဒီတော့ အကုသိုလ်စိတ် ၁၂-ခု လုံးဟာ မောဟနှင့်အတူတူဖြစ်တယ်။ ၈-ခုက လောဘမောဟနှင့် ဖြစ်တယ်၊ ၂-ခုက ဒေါသမောဟနှင့် ဖြစ်တယ်၊ နောက်ဆုံး ၂-ခုက မောဟသက်သက်နှင့်သာ ဖြစ်တယ်၊ အားလုံးပေါင်းလိုက်တော့ အကုသိုလ်စိတ် ၁၂-ခု၊ အကုသိုလ်စိတ် ၁၂-ပါးလို့ ခေါ်ရတယ်၊

ဦးဇင်းတို့ အခု လောကမှာ မကောင်းတာတွေဖြစ်နေတယ်၊ မကောင်းတာတွေ လုပ်နေတယ်၊ ဒီစိတ် ၁၂-ခုထဲက တစ်ခုခုနှင့်ချည်း လုပ်နေကြတာ၊ တိုက်တယ်, ခိုးတယ်, ဘာတယ်, ညာတယ်, စိတ်ဆိုးတယ်, တွေဝေတယ်, စိတ်ပျံ့လွင့်

[စာမျက်နှာ-72] ဥဒ္ဓစ္စဖြစ်တယ်, ဘာဖြစ်နေနေ၊ ဒီ ၁၂-ခုထဲက တစ်ခုခုနှင့်ချည်း ဖြစ်နေတာ။

မောဟတော့ပါတယ်၊ သို့သော် တစ်ခါတလေကျတော့ ဘယ်လိုဖြစ်တတ်တုန်း၊ မောဟတော့ပါတယ်ဆိုရမှာပဲလေ၊ ဝဋ်ပါတဲ့ ပုဂ္ဂိုလ်တွေ ကျတော့လဲ ဘယ်လိုသင်လို့မှ မတတ်နိုင်ဘူး၊ သို့သော် မောဟမပါပဲနှင့် ရိုးရိုး အားနည်းတဲ့ ကုသိုလ်စိတ်မျိုးလည်း ဖြစ်နိုင်တယ်၊ တွေဝေတာတော့ မဟုတ်ဘူး၊ သို့သော် နားမလည်နိုင်တာ တစ်ခါတလေကျတော့ (Average) လူတွေပဲ ပြောကြစို့ ၊ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်အကြောင်း လာပြောရင် ဘယ့်နှယ်လုပ်မလဲ, ဒါတော့ မောဟလို့ ပြောဖို့ မလွယ်ဘူး။

ဆိုပါတော့ ကိုယ်က တတ်ထားတာက စာရင်းအင်းတတ်ထားတယ်။ ဆေးပညာနှင့်လာပြီးတော့စကားပြောမယ်၊ ကိုယ်နားလည်မှာမဟုတ်ဘူး၊ အင်ဂျင် နီယာစကားနှင့် လာပြောမယ်၊ ကိုယ် နားလည်မှာ မဟုတ်ဘူး၊ အဲဒါကျတော့ တွေဝေတာ မဟုတ်နိုင်ဘူး၊ ဒါကတော့ ကိုယ့်နယ်မဟုတ်လို့ မသိတာ ကိုယ်လေ့ လာထားတဲ့ ပညာရပ် မဟုတ်လို့ မသိတာ, အဲဒါ အကုသိုလ်လို့ မခေါ်နိုင်ဘူး။

အခုဟာက ဘုရား, တရား, သံဃာကို ယုံမှားတွေဝေသလား၊ စိတ်ဟာ အာရုံနှင့် ကပ်မနေပဲနှင့် ကွာပြီးတော့ ဟိုရောက်ရောက် ဒီရောက်ရောက် ဖြစ်နေ သလား၊ အဲဒါကျတော့ မောဟမူလပေါ့၊ ဟိုဟာကျတော့ မောဟလို့ မဆိုနိုင်ဘူး၊ အဲသလို ခေါ်ရမယ်ဆို ဘယ်သူမှ မောဟကင်းမှာ မဟုတ်ဘူး၊ ရဟန္တာတွေတောင် မောဟကင်းမှာ မဟုတ်ဘူး၊ ကိုယ့်ပါရမီနှင့်ကိုယ်လာတာ။

ဒီလူတစ်ယောက်က ဆရာဝန်ဖြစ်တယ်၊ ဒီလူတစ်ယောက်က အင်ဂျင်နီယာ ဖြစ်တယ်၊ နောက်တစ်ယောက်က (Accountant) ဖြစ်မယ် စသည်ဖြင့်ပေါ့လေ၊ ကိုယ့်နောက်ဘဝက ပါရမီအလိုက် ဖြစ်ကြတာ၊ မသိတိုင်း မောဟတော့ မဟုတ်ဘူး၊ မဆုံးဖြတ်နိုင်တိုင်း ဝိစိကိစ္ဆာ မဟုတ်ဘူး၊ လမ်း ဘယ်ချိုးရမှန်း မသိတာနှင့် ဝိစိကိစ္ဆာထင်ပြီး စိတ်ညစ်နေဦးမယ်။

အမှန်ကတော့ မှီရာလည်းရှိရမယ်၊ အာရုံလည်း ရှိရမယ်၊ မှန်ဘီလူးနှင့် နေရောင်ကို စုလိုက်တဲ့အခါ ဟိုမှာ မီးသွားတောက်တယ်၊ နေရောင်လည်း ရှိရတယ်၊ မှန်ဘီလူးလည်းရှိတယ်၊ လောင်စာလည်းရှိတယ်၊ အဲဒီအခါမှာ မီးထတောက်တယ်။ ထို့အတူပဲ စိတ်တစ်ခုဖြစ်ဖို့ အာရုံလိုတယ်, မှီရာလိုတယ်, မှီရာဆိုတာဘာလဲ, မြင်တဲ့စိတ်ဖြစ်ဖို့ဆိုရင် မျက်လုံးရှိရမယ်၊ မျက်လုံးမရှိရင် မြင်တဲ့စိတ် မဖြစ်ဘူး၊ ကြားတဲ့စိတ် ဖြစ်ဖို့ဆိုရင် နားရှိရမယ်၊ မြင်တဲ့စိတ် ဖြစ်ဖို့ဆိုရင်မြင်စရာ

[စာမျက်နှာ-73] (Sight) ရှိရမယ်၊ ကြားတဲ့စိတ်ဖြစ်ဖို့ဆိုရင် အသံရှိရမယ်။

ဒါကြောင့် မြတ်စွာဘုရားကဟောတယ်၊ စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခု ဝိညာဏံ မျက်လုံးကို အမှီပြု၍လည်းကောင်း, ရူပါရုံတို့ကို အမှီပြု၍လည်းကောင်း (ရူပါရုံဆိုတာ မြင်နိုင်တဲ့ဟာ) မြင်သိစိတ်ဖြစ်တယ်၊ အဲဒီ သုံးခုတွေ့လိုက်တာနှင့် တပြိုင်နက် (Contact) ဆိုတဲ့ ဖဿကလည်း ပေါ်လာတယ်၊ ပြီးတော့ ဝေဒနာတို့ ဘာတို့ပါ တစ်ခါထဲ ပေါ်လာတယ်။

စိတ်တစ်ခုဖြစ်ဖို့ရာမှာ အာရုံနှင့် မှီရာ လူ့ဘုံ၊ နတ်ဘုံ ရူပါဝစရ ဗြဟ္မာဘုံ အနေနှင့် ပြောရင် အဲဒါ မှီရာရှိရတယ်၊ စေတသိက်က နောက်မလိုက်ဘူး၊ စိတ်ဖြစ်ရာနှင့် တစ်ပြိုင်နက် စေတသိက် ဖြစ်တာပဲ။

ဆိုပါတော့, နေပူထဲ လူထွက်လိုက်တာနှင့် အရိပ်ကလည်း တစ်ခါထဲ ပေါ်တာပဲ၊ အရိပ်က နောက်မှ လာတာမဟုတ်ဘူး၊ တစ်ပြိုင်နက် ပေါ်တာမျိုးလိုပဲ၊ စိတ်နှင့် စေတသိက်နှင့်က တစ်ပြိုင်နက်သောခဏမှာ အတူတူဖြစ်တာ၊ အတူတူ ဖြစ်ပေမယ် လို့ စိတ်က ရှေ့သွားလို, ခေါင်းဆောင်လိုနေတော့ သူ့ကို ပဓာနထားတယ်။ အမှန်ကတော့ စိတ်ချည်းဖြစ်မယ်ကွာ၊ မင်းတို့ စေတသိက်တွေ မဖြစ်နှင့်လို့ ပြောလို့မရဘူး၊ စိတ်ဖြစ်တယ်ဟေ့ဆိုရင် အမှန်ကတော့ စေတသိက်လည်း ဖြစ်တော့ တာပဲ၊ ဒါပေမယ်လို့ စိတ်က ရှေ့က မားမားနေသလိုပေါ့။

စစ်တိုက်တဲ့ခါကျတော့ စစ်ဗိုလ်နှင့် စစ်သားဟာ အတူတူတိုက်ရပေမယ်လို့ စစ်ဗိုလ်ဟာ စစ်ဗိုလ်ပဲ၊ သူ့စစ်ဗိုလ်လို့ ခေါ်ရတာ၊ တိုက်တော့ အတူတူတိုက်ရတာ၊ အဲဒါမျိုးပေါ့၊ အဲဒါကြောင့်မို့ ဒီစိတ်တွေဟာ ဘယ်ကပေါ်လာသလဲ၊ ဘာကြောင့် ဖြစ်လာသလဲလို့ မေးရင် ခုနလိုပဲ မီးဘယ်ကလာ တုန်းမေးရမယ်။

မီးခြစ်လိုက်တယ်၊ မီးဘယ်ကလာသလဲ၊ ဒီမီးတွေဟာ ယမ်းထဲမှာရှိသလား၊ မီးခြစ်ထဲမှာရှိသလား၊ ဘယ်မှာမှမရှိဘူး၊ သို့သော် အကြောင်းတိုက်ဆိုင်လို့ ခြစ်လိုက်တဲ့ ခါကျတော့ ရဲကနဲ တောက်လာ မီးပေါ်လာတယ်၊ ထို့အတူပဲ, စိတ် ဘယ်မှာထားသလဲ။ ဘယ်မှာနေလဲ မသိဘူး၊ သို့သော် အကြောင်းတိုက်ဆိုင်လာပြီ မြင်စရာ အာရုံလည်း ရှိလာပြီ၊ မျက်စိကလည်း ဖွင့်ကြည့်လိုက်တယ် ဆိုပါတော့၊ ဒီနှစ်ခုတိုက်ဆိုင်လာတဲ့ခါ ကျတော့ ရှောင်လို့ကိုမရဘူး၊ မြင်သိစိတ်ကပေါ်လာ တော့တာပဲ၊ ဘယ်သူကမှ ခိုင်းရတာ မဟုတ်ဘူး ဘယ်သူကမှ ဖန်ဆင်းရတာမဟုတ်ဘူး၊ အလိုလို ပေါ်လာတော့ တာပဲ။

[စာမျက်နှာ-74]
အဟိတ်စိတ် ၁၈-ပါး

အကုသလဝိပါက်စိတ် ၇-ပါး ၁။ ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
၂။ ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
၃။ ဥပေက္ခာသဟဂတ ဃာနဝိညာဏစိတ်
၄။ ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
၅။ ဒုက္ခသဟဂတ ကာယဝိညာဏစိတ်
၆။ ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
၇။ ဥပေက္ခာသဟဂတ သန္တီရဏစိတ်

အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး ၁။ ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
၂။ ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
၃။ ဥပေက္ခာသဟဂတ ဃာနဝိညာဏစိတ်
၄။ ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
၅။ သုခသဟဂတ ကာယဝိညာဏစိတ်
၆။ ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
၇။ သောမနဿ သဟဂတ သန္တီရဏစိတ်
၈။ ဥပေက္ခာသဟဂတ သန္တီရဏစိတ်

အဟိတ်ကြိယာ စိတ် ၃-ပါး ၁။ ဥပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇနစိတ်
၂။ ဥပေက္ခာသဟဂတ မနောဒွါရာဝဇ္ဇနစိတ်
၃။ သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ်

| ပါဠိ | အဓိပ္ပာယ် |

| စက္ခုဝိညာဏ | မြင်သိ |
| သောတဝိညာဏ | ကြားသိ |
| ဃာနဝိညာဏ | နံသိ |
| ဇိဝှါဝိညာဏ | လျှာ၊ အရသာသိ |

[စာမျက်နှာ-75] | ပါဠိ | အဓိပ္ပာယ် |

| ကာယဝိညာဏ | ထိသိ |
| သမ္ပဋိစ္ဆန | လက်ခံ |
| သန္တီရဏ | စုံစမ်း |
| ပဉ္စဒွါရာဝဇ္ဇန | ငါးဒွါရ၌ ဆင်ခြင် |
| မနောဒွါရာဝဇ္ဇန | မနောဒွါရ၌ ဆင်ခြင် |
| ဟသိတုပ္ပါဒ | ရယ်ခြင်းကို ဖြစ်စေတတ် |
| ဒုက္ခသဟဂတ | ဆင်းရဲခြင်းနှင့် တကွဖြစ် |
| သုခ | ချမ်းသာခြင်း |

[စာမျက်နှာ-76]
အဘိဓမ္မာသင်တန်း (၄)

စိတ်ပိုင်း (၄) - အဟိတ်စိတ် (၁၈)ပါး

ဒီနေ့ သြဂုတ်လ ၂၅-ရက် လွန်ခဲ့တဲ့ အပတ်က အကုသိုလ်စိတ် ၁၂-ပါးကို လေ့လာခဲ့ကြတယ်၊ အကုသိုလ်စိတ် ၁၂-ပါးမှာ လောဘမူစိတ်က ၈-ပါး၊ ဒေါသမူစိတ်က ၂-ပါး၊ မောဟမူစိတ်က ၂-ပါး၊ လောဘမူစိတ်ဆိုတာ လောဘ မောဟနှင့်တကွ ဖြစ်တယ်၊ ဒေါသမူလစိတ်ဆိုတာ ဒေါသမောဟနှင့်တကွဖြစ်တယ်။ မောဟမူစိတ်ဆိုတာ မောဟတစ်ခုထဲနှင့်ဖြစ်တာ၊ အဲဒီစိတ် ၁၂-ပါးမှာ သောမနဿ ဝေဒနာနှင့်တကွဖြစ်တာ ၄-ပါး ဥပေက္ခာနာနှင့်တကွဖြစ်တာ ၆-ပါး၊ ဒေါမနဿ ဝေဒနာနှင့်တကွဖြစ်တာက ၂ ပါး။

တိုက်တွန်းခြင်းမရှိတာ အသင်္ခါရိက ၅-ပါး၊ တိုက်တွန်းခြင်းရှိတဲ့သသင်္ခါရိက ၅-ပါး၊ နောက်ဆုံး ၂-ခုက အသင်္ခါရိကလို့လည်း မဆိုရဘူး, သသင်္ခါရိကလို့လည်း မဆိုရဘူး၊ ဒီအတိုင်းပဲ အလွတ်ထားရတယ်၊ တကယ်လို့ မဖြစ်မနေ ထည့်ချင်တယ် ဆိုရင် အသင်္ခါရိကထဲထည့်၊ သူက အသင်္ခါရိက, သသင်္ခါရိက အကွဲအပြားမရှိဘူး၊ ဒီမောဟမူစိတ်မှာ သူက တွေဝေထိုင်းမှိုင်းတဲ့စိတ်ဆိုတော့ ပိုပြီးတော့ ထက်တယ်, ပိုပြီးတော့ မထက်ဘူးရယ်လို့မရှိဘူး၊ မထက်တာချည်းပဲ၊ သူ အလွတ် ထားရတယ်။ ဟို နောက်ဘုံပိုင်းကျတော့ ပြန်ပြီးတော့တွေ့မယ်၊ သူ့ကို ဒီ ၂-ခုက အလွတ်ထားတဲ့

[စာမျက်နှာ-77] အကြောင်းတွေ ဘာတွေပေါ့လေ၊ နောက် အဲဒီကျတော့မှ သိကြတော့၊ အခုလှမ်းပြော နေရရင် ဟိုဟာမသိတော့ နားမရှင်းပဲနေလိမ့်မယ်။

ဘုံအားဖြင့်ခွဲခြင်း

အကုသိုလ်စိတ် ၁၂-ပါး ဟိုနေ့က လေ့လာပြီးပြီ၊ အဲဒီနေ့တုန်းက စိတ်ကို အကြမ်းဖျင်းအားဖြင့် ခွဲလိုက်တဲ့ခါမှာ ဘုံအားဖြင့် ခွဲလိုက်တယ်၊ ကာမာဝစရစိတ်၊ ရူပါဝစရစိတ်, အရူပါဝစရစိတ်, လောကုတ္တရာစိတ် ဆိုပြီးတော့၊ ဒီနေ့ နောက်ထပ် တစ်မျိုး ခွဲဦးမယ်၊ ဒါက ပါဠိစကားဖြင့်ပြောရင် ဇာတ်အားဖြင့် ခွဲခြားတယ်လို့ဆိုတယ်။ ဇာတ်ဆိုတာ အမျိုးပေါ့လေ၊ စိတ်အမျိုးအစားအားဖြင့် ခွဲခြားတော့ ကုသိုလ်စိတ်, အကုသိုလ်စိတ်, ဝိပါက်စိတ်, ကြိယာစိတ် တဲ့, လေးမျိုးတစ်ခါခွဲတယ်။

* အကုသိုလ်စိတ် ဆိုတာ အပြစ်နှင့်တကွ ဖြစ်ခြင်း, မကောင်းသောအကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။
* ကုသိုလ်စိတ် ဆိုတာက အပြစ်မရှိခြင်း, ကောင်းသောအကျိုးကိုပေးခြင်း, လက္ခဏာနှစ်ပါးနှင့် ပြည့်စုံတဲ့စိတ်, သူတို့က (Active) ဖြစ်တဲ့စိတ်တွေပေါ့လေ။
* ဝိပါက်စိတ် ဆိုတာက အကျိုးဖြစ်တဲ့စိတ်တွေလို့ ဆိုလိုတယ်၊ ပါဠိစကား ဝိပါက ဆိုတာ အင်္ဂလိပ်လိုပြန်တော့ (Resultant) အဲသလိုပြန်တယ်၊ အကျိုးလို့ ဆိုလိုတယ်၊ နောက်ဘဝတွေက ပြုခဲ့တဲ့ကံကြောင့် ဒီဘဝမှာ ဒီစိတ်တွေ လာဖြစ်တာ၊ နောက်ဘဝကပြုခဲ့တဲ့ ကံတစ်ခုခုကြောင့် ဒီဘဝမှာ လာပြီးတော့ ဖြစ်တဲ့စိတ်တွေကို ဝိပါက၊ ဝိပါက်စိတ်လို့ခေါ်တယ်၊ ဝိပါက်စိတ်ဆိုတာ သူများက ပစ်ချလိုက်လို့ ဖြစ်ရတဲ့ စိတ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကိုယ်တိုင်မှာ ဗျာပါရ, ထထကြွကြွ ရယ်လို့ မရှိဘူး၊ သူတို့က ငြိမ်တဲ့သဘောရှိတယ်၊ ဒါကြောင့် ဝိပါက်စိတ်တွေက နောက်ထပ်အကျိုးမပေးတော့ဘူး၊ သူတို့ကိုယ်တိုင်က အကျိုးဖြစ်နေတယ်၊ သူတို့က အကျိုးပေးတဲ့စိတ်ထဲမပါဘူး။
* ကြိယာစိတ် ဆိုတာကတော့ ကြိယာဆိုတာ ပါဠိစကားမှာပြုခြင်းဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ပြုခြင်းဆိုတာ ပြုခါမတ္တပဲလို့ ဆိုလိုတယ်၊ ပြုတော့ ပြုတယ်, ပြုတဲ့အတွက်ကြောင့်မို့တော့ အကျိုးမရှိတော့ဘူး အကျိုးမပေးတော့ဘူး၊ ဖြစ်ခါမတ္တ ပြုခါမတ္တ ဖြစ်တဲ့စိတ်မျိုးကို ကြိယာစိတ်လို့ခေါ်တယ်၊ အဲဒီ ကြိယာစိတ်က စိတ် ၂-ခုက လွဲရင် ဘုရားရဟန္တာမှာသာဖြစ်တယ်၊ အောက်တန်းအရိယာနှင့် ပုထုဇဉ်မှာကြိယာ စိတ်ဆိုတာ မဖြစ်ဘူး။

ကြိယာစိတ်အများကြီးရှိတဲ့အနက်က ၂- ခုကတော့ဖြင့် ပုထုဇဉ်မှာလည်း ဖြစ်တယ်၊ အရိယာမှာလည်းဖြစ်တယ်၊ ဘုရားရဟန္တာမှာလည်းဖြစ်တယ်၊ ကျန်တဲ့

[စာမျက်နှာ-78] ၁၈-ခုကတော့ ဘုရားရဟန္တာမှာသာဖြစ်တယ်၊ ဘုရားရဟန္တာမှာဖြစ်တော့ မြတ်စွာဘုရား ရဟန္တာတို့မှာ ကုသိုလ်ဆိုတာလည်း မရှိဘူး၊ အကုသိုလ်ဆိုတာလည်းမရှိဘူး။

ဒါကြောင့်မို့-ဆိုပါတော့ ဦးဇင်းတို့အနေနှင့် ဘုရားရှိခိုးတယ်, တရားဟောတယ်၊ အခုလို စာသင်ပေးတယ်, ကုသိုလ်စိတ်တွေဖြစ်တယ်၊ ရဟန္တာတစ်ပါးက ဘုရားရှိခိုးတယ်၊ တရားဟောတယ်၊ အခုလို စာသင်ပေးတယ်၊ ကုသိုလ်မဖြစ်ဘူး၊ ကုသိုလ်မရဘူး၊ ဘာကြောင့်တုန်း, ရဟန္တာမှာက ကုသိုလ်, အကုသိုလ်ကို ဖြစ်စေ တတ်တဲ့ မူလအမြစ်သဘောတရားတွေကို အကုန်လုံး ပယ်ထားပြီးသားဖြစ်နေပြီ။ ရဟန္တာက ကောင်းတာလုပ်ပေမယ်လို့ ကုသိုလ်လို့ မခေါ်ရတော့ဘူး၊ ကြိယာလို့ ခေါ်ရတယ်၊ ဒီစိတ်တော့ ဒီစိတ်ပဲ, ဘုရားရှိခိုးတယ်, တရားဟောတယ်, ပုထုဇဉ်ဟောလည်း ဒီစိတ်ပဲ၊ ရဟန္တာဟောလည်း ဒီစိတ်ပဲ၊ ပုထုဇဉ်က ဒါတွေလုပ်တော့ ကုသိုလ်ရတယ်၊ ရဟန္တာကျတော့ ကုသိုလ်မဟုတ်တော့ဘူး, ကြိယာလို့ ခေါ်တော့တယ်၊ ကြိယာဆိုတော့ သူကပြုခါမျှပဲ, ဒီလိုပြုတဲ့အတွက်ကြောင့်မို့ နောက်ထပ် အကျိုးမပေးတော့ဘူး၊ အဲဒီလိုစိတ် လေးမျိုးရှိတယ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ် ဝိပါက်စိတ်, ကြိယာစိတ်။

အဟိတ်စိတ်

အကုသိုလ်စိတ်ကို ဟိုအပတ်ကလေ့လာခဲ့ပြီ၊ ဒီအပတ်လေ့လာမှာက ဝိပါက် စိတ်နှင့် ကြိယာစိတ်အချို့ လေ့လာလိမ့်မယ်၊ ဒီနေ့လေ့လာမယ့် စိတ် အားလုံးကို အဟိတ်စိတ် လို့ ခေါ်တယ်၊ အဟိတ်စိတ်အားလုံး ၁၈-ပါးရှိတယ်၊ ဟိတ်ဆိုတဲ့ စကားလုံး ပထမနားလည်ရလိမ့်မယ်၊ ဟိတ်ဆိုတာ ဟေတု ကလာတာ၊ မြန်မာစကားမှာ ဒီလူ ဟိတ်ကြီးတယ် ဘာတယ်ဆိုတဲ့ စကားနှင့် သွားမစပ်နှင့်, ဟန်များတဲ့လူကို ဒီလူ ဟိတ်ကြီးတယ်လို့ ပြောနေကြတာ။

ဒီမှာ ဟိတ်ဆိုတာက မူလ အရင်းအမြစ်ကို ဆိုလိုတာ (Root) ဟိတ် ၆-ပါးရှိတယ်တဲ့၊ လောဘရယ်, ဒေါသရယ်, မောဟရယ်, သူတို့က အကုသိုလ်ဟိတ် ပြီးတော့ သူရဲ့ ဆန့်ကျင်ဘက် အလောဘရယ်, အဒေါသရယ်, အမောဟရယ်, သူကတော့ အကုသိုလ်မဟုတ်တဲ့ ကုသိုလ်တို့ အဗျာကတတို့ခေါ်တယ်၊ ဟိတ် ၆-ပါး ရှိတယ်၊ အဲဒီဟိတ် ၆-ပါးနှင့် တွဲပြီးတော့ မဖြစ်တဲ့စိတ်ကို အဟိတ်စိတ်လို့ ခေါ်တယ်။

ဒီအဟိတ်စိတ်တွေ ဖြစ်တဲ့အခါမှာ ခုန ဟိတ် ၆-ပါးတစ်ခုမှ အတူတူမဖြစ်ဘူး၊ ကုသိုလ်စိတ်တွေ ဖြစ်တဲ့အခါကျတော့ ခုန လောဘဆိုတဲ့ဟိတ်တွေဖြစ်တယ်၊ လောဘမူစိတ် ဖြစ်တဲ့အခါကျ ကြည့်ပါလား၊ လောဘဟိတ်ဖြစ်တယ်, မောဟ

[စာမျက်နှာ-79] ဟိတ်ဖြစ်တယ်, ဒေါသမူစိတ်ဖြစ်တဲ့အခါကျတော့ ဒေါသဟိတ်ဖြစ်တယ်, မောဟဟိတ် ဖြစ်တယ်၊ မောဟမူစိတ် ဖြစ်တဲ့အခါကျ မောဟဟိတ်ဖြစ်တယ်, ဒီနေ့ လေ့လာမယ်။

ဒီစိတ်တွေဖြစ်တဲ့အခါကျတော့ ဒီဟိတ်တွေ တစ်ခုမှ မပါဘူး၊ ဒါကြောင့်မို့ သူတို့ကို အဟိတ်စိတ်၊ အ ဆိုတာ မရှိတာ မဟုတ်တာ, ဒီနေရာမှာ မရှိတာ ဟိတ်, မရှိတဲ့စိတ်, ဟိတ်နှင့် မယှဉ်တဲ့စိတ်လို့ ဆိုလိုတယ်၊ အင်္ဂလိပ်လို ဒါကို Rootless လို့ သူတို့ပြန်တယ်။

ဟိတ်နှင့် မယှဉ်တာကို အဟိတ်လို့ခေါ်တယ်၊ ဟိတ်ကြောင့် မဖြစ်တာကို အဟိတ်လို့ခေါ်တာ မဟုတ်ဘူး၊ သူတို့က ဝိပါက်စိတ်တွေ အကျိုးတွေဆိုတော့ ဒီစိတ်တွေဟာ တခြား ကုသိုလ်ဟိတ်တွေကြောင့် ဖြစ်တာ, အကုသိုလ်ဟိတ်တွေ ကြောင့်ဖြစ်တာပေါ့၊ သူတို့ကိုယ်၌က ဒီဟိတ်တွေနှင့် မယှဉ်တဲ့ အတွက်ကြောင့်သာ သူတို့ကို အဟိတ်စိတ်လို့ခေါ်တာ။

ဟေတုကို (Cause) လို့လည်းပြန်တယ်မဟုတ်လား၊ ဟေတု (Cause) လို့ ပြန်တော့ အဟေတု (No cause, Causeless) စိတ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားတတ်တယ်။ (Causeless) မဟုတ်ဘူး၊ ဒါက (Not accompanied by, not concomitant with) ဟေတုပေါ့ လေ။

လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ အမောဟ, အဲဒီစိတ်တွေကို အဟိတ်စိတ်လို့ခေါ်တယ်၊ နောင် စေတသိက်တွေနှင့် တွဲပြီး လေ့လာတဲ့အခါကျတော့လည်း ဒါတွေ ပြန်ပြီးတော့ ထင်ရှားသွားလိမ့်မယ်။

အကုသလဝိပါက်စိတ် ၇-ပါး

ကောင်းပြီ အဲဒီ အဟိတ်စိတ်ကို ၃-မျိုး ခွဲကြစို့၊ ပထမ (Group) အကုသလဝိပါက်စိတ် ၇-ပါး၊ အကုသလ ဆိုတာ အကုသိုလ်, ဝိပါက်ဆိုတာအကျိုး) အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ် ၇-ပါးရှိတယ်၊ အဲဒီမှာ နံပါတ်(၁)က ဥပေက္ခာ သဟဂတ စက္ခုဝိညာဏစိတ်, ဥပေက္ခာ သဟဂတဆိုတာ အလယ်အလတ် ဖြစ်တဲ့ ဝေဒနာနှင့် ယှဉ်တာ၊ အကောင်းခံစားတာလည်းမဟုတ်ဘူး၊ အဆိုးခံစားတာလည်း မဟုတ်ဘူး၊ အလယ် အလတ် ခံစားမှုနှင့်တကွဖြစ်တဲ့ စိတ်ကို ဥပေက္ခာသဟဂတ။

မြန်မာဟန် လုပ်ချင်ရင် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏကို စက္ခုဝိညာဏ် ပေါ့လေ၊ ဒါပေမယ်လို့ မြန်မာတွေကဝိညာဉ်လို့ခေါ်တယ် မဟုတ်လား၊ ဝိညာဉ်လို့ မဖတ်နှင့်, ဝိညာဉ်လို့ ခေါ်ရတယ်၊ အခုရေးထားတဲ့ ညက ညနှစ်လုံးဆင့် ည တစ်လုံးထဲ မဟုတ်ဘူး၊ ပါဠိစကားနှင့်ကျ ဒါ ည နှစ်လုံးဆင့်ထားတာ၊ ည တစ်လုံးဆို ဉ -လို တစ်ခြမ်းထဲကို ဉ တစ်လုံးလို့ခေါ်တယ်၊ နောက် ပဉ္စဒွါရဝဇ္ဇန

[စာမျက်နှာ-80] ကျတော့ တွေ့လိမ့်မယ်။

ဒီဟာက ည နှစ်လုံးဆင့်ထားတာ၊ နည်းနည်းလှအောင်ဆိုပြီးတော့ တစ်ခြမ်း လေးထည့်ထားတာ အမှန်ကတော့ ည နှစ်ခု၊ ဒါကြောင့်မို့ ညတစ်ခုအတွက် ထည့်ပြီးတော့ ဝိညာဏ လို့ ဖတ်ရတယ်၊ စက္ခု ဝိညာဏ၊ ဒါကြောင့်မို့ စက္ခု ဝိညာဏ်စိတ် ရေးတော့ စက္ခုဝိညာဏ်ပေါ့လေ။

စက္ခု ဆိုတာ မျက်လုံး, ဝိညာဏ ဆိုတာ အသိ, စက္ခုဝိညာဏ မြင်သိစိတ်၊ မျက်လုံးနှင့်သိတဲ့စိတ်, မြင်သိစိတ်, စက္ခုဝိညာဏ်စိတ်ဆိုတာ မြင်သိတဲ့စိတ်၊ မြင်တဲ့အခါမှာ မြင်ရုံလေးမြင်တာ၊ ဘာမှ ရှေ့မတို့သေးဘူး၊ သက်သက် ဒီရူပါရုံ လို့ဆိုတဲ့ အာရုံလေးကို မြင်ရုံလေးမြင်လိုက်တာ မြင်ကာမျှဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ လို့ ဒီလိုခေါ်တာ၊ တစ်စုံတစ်ခုမြင်ရင် ဒီစိတ်နှင့်ချည်းမြင်တာ၊ အဲဒီတော့ ဒီစိတ်က ကုသိုလ်ရဲ့ အကျိုးလား, အကုသိုလ်ရဲ့ အကျိုးလား၊ အကုသလဝိပါက် အကုသိုလ်ရဲ့ အကျိုးစိတ်။

အဲတော့ ကိုယ်မမြင်ချင်တာ မြင်တာမှန်သမျှ၊ ဒီစိတ်နှင့်ချည်းမြင်တာ၊ အရုပ်ဆိုးတာ မြင်ရတယ်၊ မကောင်းတာ မြင်ရတယ်၊ ပါဠိလိုပြောတော့ အနိဋ္ဌာရုံ လို့ ခေါ်တာပေါ့လေ၊ အလိုမရှိအပ်တဲ့ အာရုံတွေကို မြင်တဲ့အခါမှာ မြင်တဲ့စိတ်ဟာ ဒီစိတ်တွေပေါ့၊ ကိုယ်မမြင်ချင်တဲ့ဟာကြီးတစ်ခု ကိုယ်လာမြင်ရတာဆိုတော့ မကောင်းမြင်ရတာပေါ့၊ အဲဒီ မကောင်းမြင်တဲ့စိတ်ဟာ ဘာကြောင့်ဖြစ်တာလဲ။ နောက်ဘဝက ကိုယ်ကလုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ဖြစ်တာ။

ဒါကြောင့်မို့ မကောင်းတာ မြင်ရတဲ့ခါမှာ ကိုယ်က ဘယ်သူ့အပြစ်တင်ရမလဲ။ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်ရမှာ၊ ဒါကြောင့်မို့ တစ်စုံတစ်ခု မကောင်းတာတွေ့လို့ စိတ်ဆိုးနေရင် ဒီလူမဟုတ်သေးဘူး၊ အဘိဓမ္မာသဘောနှင့် ကြည့်ရင် ဒီလိုကို မဟုတ်ဘူး၊ မကောင်းတာတွေ့လည်း ကိုယ့်ကိုကိုယ်ပဲ အပြစ်ချရမယ်၊ ကိုယ် နောက်ဘဝတုန်းက မကောင်းတာလုပ်ခဲ့မိလို့ ဒီဘဝမှာ မကောင်းတာနှင့် လာတွေ့ရတယ်။

ထို့အတူပဲ-ကိုယ်မကြားချင်တာကြီး ကြားရတယ်၊ ဆဲသံ ဆိုသံပဲဖြစ်ဖြစ်၊ သီချင်းသံပဲဖြစ်ဖြစ်ပေါ့လေ၊ မကြားချင်တာ ကြားရတဲ့ခါမှာလည်း နောက်ဘဝက ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ အကျိုးလာတွေ့တာ၊ ဒီအတိုင်းပဲ မကြိုက်တဲ့အနံ့တွေ နံတယ်၊ တစ်ခါတလေ တစ်ယောက်အတွက် ကောင်းပေမယ့် နောက်တစ်ယောက်အတွက် မကောင်းတာတွေ့ရှိတယ်၊ ကိုယ့်အတွက် မကောင်းရင် မကောင်းတဲ့ အာရုံလို့ ခေါ်ရတာပေါ့။

[စာမျက်နှာ-81] ဆိုပါတော့, နီးနီးဥပမာပေးမယ်၊ ဦးဇင်း နံနံပင် မကြိုက်ဘူး၊ နံနံပင် အနံ့ကိုမခံချင်ဘူး၊ ဒီအနံ့ကို မကြိုက်ဘူး၊ ဦးဇင်းအဖို့ နံနံပင်ဟာ အနိဋ္ဌာရုံပဲ၊ ဦးသောဘနအတွက်ကျတော့ ကြိုက်တော့ ဣဋ္ဌာရုံ ပေါ့၊ တစ်ခါတလေကျတော့လည်း စိတ်ဆိုးချင်တယ်ပေါ့လေ၊ နံနံပင်တွေထည့်လာပြန်ပြီကွာ၊ တကယ့်တကယ်ကျတော့ ဒါ ဘယ်သူ့မှ အပြစ်တင်စရာမဟုတ်ဘူး၊ ခုနပြောတဲ့ နောက်ဘဝက ကိုယ့် အကုသိုလ်ကံ လာအကျိုးပေးလို့ ကိုယ်မလိုချင်တာတွေ ဒီမှာလာတွေ့တာ။

ကြားတဲ့စိတ်ကို ပါဠိလို သောတဝိညာဏ, သောတ ဆိုတာ နား၊ နားနှင့်သိတဲ့ စိတ် ကြားသိစိတ်ကို သောတဝိညာဏ၊ ဥပေက္ခာနှင့် ယှဉ်တာပြီးမှ ပြောပြမယ်၊ နံတဲ့စိတ်ကျတော့ကို ဃာနဝိညာဏစိတ်၊ ဃာန ဆိုတာ နှာခေါင်း၊ ဇိဝှါ ဆိုတာ လျှာ၊ လျှာနှင့်သိတဲ့စိတ် အရသာသိတဲ့စိတ်ကို ဇိဝှါဝိညာဏစိတ်၊ အဲဒီစိတ်လေးမျိုးက ဘယ်ဝေဒနာနှင့်တကွ ဖြစ်သလဲ ဥပေက္ခာဝေဒနာ နှင့်တကွ ဖြစ်တယ်၊ ဒါက မြင်မြင်ခြင်းဖြစ်တာနော်၊ မြင်ပြီးတဲ့နောက်မှာဖြစ်တဲ့ စိတ်အခိုက် အတန့်လေးတွေပေါ့။

နောက် လာလိမ့်မယ်၊ သမ္ပဋိစ္ဆိုင်းစိတ်တို့ သန္တီရဏစိတ်တို့ လာပြီးတဲ့ နောက်ကျတော့ စိတ်ဆိုးတာလည်းပါမှာပဲ၊ ကြိုက်တာလည်း ပါမှာပဲ၊ သောမနဿတို့၊ ဒေါမနဿတို့ဆိုတာ နောက်မှာတော့ဖြစ်မယ်၊ သို့သော် ဒီအခိုက်အတန့်မှာတော့ ဥပေက္ခာပဲဖြစ်မယ်၊ စိတ်ဖြစ်ပုံက သိပ်မြန်တော့ ဦးဇင်းတို့က ချက်ချင်းဖြစ်တယ်လို့ ထင်တယ်၊ ဒါပေမယ်လို့ ဆိုပါတော့ ($Million\ times$) လောက် ကိုယ်က ချဲ့ကြည့်လိုက်မယ်ဆိုရင် ($Slow\ motion$, $Very\ very\ slow\ motion$) ပေါ့ လေ ဟုတ်လား၊ အဲသလို လုပ်ကြည့်လိုက်မယ်ဆိုရင် မြင်တဲ့အခိုက်အတန့်မှာတော့ ဥပေက္ခာဝေဒနာပဲ ရှိသေးတယ်။

နောင်အခါ ဇောစောတဲ့အချိန်ကျတော့ ဖြစ်ချင်တာ ဖြစ်နိုင်တယ်၊ ကိုယ့်နှလုံးသွင်းအားလျော်စွာ, ကိုယ့်ရဲ့ အသိဉာဏ် အားလျော်စွာ ဒေါသဇော စောနိုင်တယ်၊ လောဘဇော စောနိုင်တယ်၊ ဒီအာရုံတစ်ခုကို မြင်ပြီးတော့ ကြိုက်ပြီးတော့ လောဘဇော စောနိုင်တယ်, ဝမ်းသာတဲ့စိတ်တော့ ဖြစ်တာပေါ့။ သို့သော် လောဘဇော စောနိုင်တယ်၊ မကြိုက်လို့ စိတ်ဆိုးပြီးတော့ ဒေါသဇော စောနိုင်တယ်၊ ဒါက နောက်မှာဖြစ်တာ။

တကယ့် စက္ခုဝိညာဏ်စိတ်ဖြစ်တဲ့အချိန် အခိုက်အတန့်မှာတော့ ဥပေက္ခာ ဝေဒနာပဲဖြစ်တယ်၊ ဥပေက္ခာ ဝေဒနာဆိုတာက နည်းနည်း (Dull) ဖြစ်တယ် မဟုတ်ဘူးလား၊ သောမနဿတို့ ဒေါမနဿတို့လို မထက်ဘူး၊ အဲဒီတော့ဒီနေရာမှာ တိုက်တဲ့ပစ္စည်းနှင့် အခံပစ္စည်း ၂-ခုစလုံးက အပျော့စားရုပ်လို့ ခေါ်ရတယ်၊

[စာမျက်နှာ-82] ရုပ်တွေခွဲတဲ့အခါကျတော့ မဟာဘုတ်လေးပါး ဒါ အမာရုပ်၊ အဲဒီ မဟာဘုတ် လေးပါးကို မှီပြီးတော့ ဖြစ်တဲ့ရုပ်က အပျော့စားရုပ် ၂-မျိုးရှိတဲ့အနက်မှာမျက်လုံး အကြည်ဓာတ်ကလည်း အပျော့စားရုပ်ထဲပါတယ်၊ ရူပါရုံကလည်း အပျော့စားရုပ်ထဲပါတယ်။

အဲဒီ အပျော့စားရုပ်ချည်း နှစ်ခုတိုင်မိတဲ့ခါကျတော့ ဂွမ်းနှစ်ခု တိုက်သလိုပဲ၊ ဒေါင်ကနဲ မြည်မလာဘူး၊ အဲဒီသဘောဖြစ်ပြီးတော့ ဥပေက္ခာပဲဖြစ်တော့တယ်၊ တစ်ဖက်ဖက်က အမာပါလာရင် ဒိုင်းခနဲချမှာ။

ဒါကြောင့်မို့ နောက်စိတ်ကျတော့ ကြည့်လိုက်စမ်း၊ ကာယ ဝိညာဏ်စိတ် ကျတော့ ဒုက္ခသဟဂတ ဥပေက္ခာ မဟုတ်တော့ဘူး၊ ကာယ ဆိုတာ ခန္ဓာကိုယ်ကြီးကို ကာယလို့ခေါ်တာ၊ အဲဒီ ကာယကတော့ အပျော့ရုပ်၊ ဒါပေမယ်လို့ သူနှင့်တွေ့တဲ့ အတွေ့ရုပ် ဖောဋ္ဌဗ္ဗ ဆိုတာကအမာရုပ်၊ ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးမျိုးမှာ ပထဝီ, တေဇော, ဝါယော ၃-ခု အပေါင်းကို ဖောဋ္ဌဗ္ဗလို့ ခေါ်တာ၊ တွေ့ထိတာမှန်သမျှ ဒီ ၃-ခုပဲ၊ အထူးအခြား တခြားဟာ မဟုတ်ဘူး၊ သူတို့က အမာခံ, အမာရုပ်, အဲဒီ အမာရုပ်က အပျော့ရုပ်ကို တိုင်လိုက်တဲ့ခါကျတော့ အပျော့ရုပ်တင်မလုပ်နှင့် အပျော့ရုပ်က တဆင့်လွန်ပြီးတော့ အခံဖြစ်တဲ့ အမာရုပ် သွားပြီးတော့ ထိတာ၊ အဲတော့ ဂွမ်းလုံးလေးကို ပေပေါ်မှာတင်ပြီးတော့ တူနှင့် ထုလိုက်တဲ့အခါကျတော့ ဂွမ်းတင်မကဘူး၊ တူကပေသွားရိုက်လိုက်တဲ့အခါကျတော့ ဒိုင်းကနဲမြည်တာ၊ အဲဒီဟာမျိုးလိုပဲ၊ ဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကျတော့ မကောင်းတဲ့ဟာကျတော့ ဒုက္ခသဟဂုတ် လာဖြစ်တာ။

ရှင်းရှင်းကတော့ ကိုယ့်ကိုကိုယ် တစ်ခုခုနှင့် ထုကြည့်ပါလား၊ အဲဒီဝေဒနာက ဒုက္ခဝေဒနာခေါ်တယ်၊ ဆင်းရဲတဲ့ ဝေဒနာ၊ သူကျတော့ ဥပေက္ခာနေလို့မရဘူး၊ မကောင်းရင် ဒုက္ခဝေဒနာဖြစ်မယ်၊ ကောင်းရင်သုခဝေဒနာဖြစ်မယ်၊ အဲဒီ သုခဝေဒနာကတော့ နောက်ကုသလဝိပါက်ထဲမှာ ပါလိမ့်မယ်၊ အဲဒီလိုစိတ်ကို ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်။

ဓားရှတယ် ခလုတ်တိုက်တယ်, နာတယ်, ပြုတယ်, ကြမ်းကြမ်းကြီးပေါ် အိပ်လို့ နာတယ်, ဒါတွေအကုန်လုံးဟာ ဒုက္ခသဟဂုတ် ကာယဝိညာဏ်တွေပဲ၊ အဲဒါ ကာယဝိညာဏ်စိတ်, ဒီအထိအောင်က သိပ်မခဲယဉ်းသေးဘူး၊ နောက်စိတ် ၂-ခုက ခက်တယ်၊ သမ္ပဋိစ္ဆနစိတ် နှင့် သန္တီရဏစိတ် သမ္ပဋိစ္ဆနဆိုတာ လက်ခံတဲ့စိတ် (Receiving consciousness) သန္တီရဏဆိုတာကတော့ စုံစမ်းတာတဲ့၊ ဒါ

[စာမျက်နှာ-83] နားလည်ဖို့က ဘာအခြေခံ အဖြစ်နှင့် နားလည်ရမလည်းဆိုတော့ကို စိတ်ဝီထိဆိုတာကို နားလည်ရမယ်၊ (Thought Process) ကို စတုတ္ထပိုင်းကျတော့ အကျယ်လေ့လာလိမ့်မယ် ဟုတ်လား၊ အခု နားလည်ရုံလေးပြောပြမယ်၊ (Thought Process) တစ်ခုပါ။

ဘဝင်စိတ် နှင့် ဝီထိစိတ်

ဦးဇင်းတို့ သတ္တဝါတွေမှာ အာရုံအသစ်မတွေ့တဲ့အချိန်မှာ ဆိုပါတော့ အိပ် ပျော်နေတဲ့ အချိန်မျိုးမှာ ဘဝင်စိတ် ဆိုတာတွေဖြစ်နေတယ်၊ ခေတ်လူတွေခေါ်တဲ့ (Subconscious) လို ဟာမျိုးပေါ့လေ။ (Unconsciousness) လို့ခေါ်ချင်လည်းခေါ် ပေါ့လေ၊ အဲသလို ဘဝင်စိတ် ဖြစ်တယ်၊ အဲဒီ ဘဝင်စိတ်တွေဟာ နိုးနေတဲ့အခါမှာလဲပဲ ဝင်ဝင် ဝင်ဝင်ပြီးတော့ ဖြစ်နေတာ၊ ဒါပေမယ်လို့ ဦးဇင်းတို့က မသိဘူးဆိုပါတော့၊ အခု စကားပြောနေတဲ့အခိုက်လဲပဲ ဒီဝီထိစိတ်ချည်း တောက်လျှောက်ဖြစ်နေတာ မဟုတ်ဘူး၊ ဝီထိလေး တစ်ခုဖြစ်လိုက်၊ ဝီထိဆိုတာ အစဉ်အတန်း တစ်ခုပေါ့ (Process) တစ်ခု ဖြစ်လိုက် ဒီကြားမှာ သူက (Buffer) လိုပေါ့, ဘဝင်စိတ်တွေ ဖြစ်လိုက် ဝီထိဖြစ်လိုက်, ဘဝင်ဖြစ်လိုက်, အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီဘဝင်တွေ ရှိတဲ့အတွက်ကြောင့်မို့ စိတ်အစဉ်ဟာ မပြတ်ပဲနှင့် အသက်ကြီး သေသည်တိုင်အောင် ရှည်နေတာ၊ ဒါကြောင့်မို့ သူ့ကို ဘဝင်၊ ဘဝင်ဆိုတာ ဘဝင်္ဂ ဆိုတဲ့ ပါဠိက လာတာ၊ ဘဝရဲ့ အစိတ်အပိုင်းအသက်ရဲ့ (Constituent) ပေါ့လေ၊ ဘဝရဲ့ အစိတ်အပိုင်း ဘဝင်စိတ်တွေ ဖြစ်နေတာ။

အဲဒီလို ဖြစ်နေရာက နေပြီးတော့ အာရုံတစ်ခုနှင့် တွေ့လိုက်တဲ့အခါမှာ အဲဒီ အာရုံက (ဆိုပါတော့) မြင်တဲ့ရူပါရုံလို့ပဲ ပြောကြစို့ ၊ မြင်တဲ့ရူပါရုံနှင့် မျက်လုံး နှင့်တိုက်ဆိုင်လိုက်တဲ့အခါမှာ အဲဒီအာရုံက ဘဝင်ကိုလည်း သွားရိုက်တယ်၊ ထိခိုက်တယ်၊ ဘဝင်ကို သွားရိုက်လိုက်တဲ့အခါကျတော့ ဘဝင်က တုန်သွားတယ်။ တုန်လှုပ်သွားတယ်၊ အဲသလို ရိုက်လိုက်တဲ့အခါမှ ဘဝင်က အလွန်အမြန်ကြီး ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ရိုက်ရိုက်ချင်း မတုန်ပဲနှင့် စိတ် (Moment) တစ်ခု လွန်ပြီးမှ ဘဝင်တုန်တယ်၊ အဲဒီတော့ လွန်သွားတာက ($One\ moment$) တုန်တာက $Two\ moments$, $Three\ moments$။

အဲဒီလို ဘဝင်လှုပ်ပြီးတဲ့ နောက်ကျတော့ ဘဝင်ပြတ်သွားပြီ၊ ဘာပေါ်လာသလဲ ဆိုတော့ (Consciousness) ဝီထိစိတ်ဆိုတာ ဖြစ်လာတာ၊ အဲဒီမှာ ပထမဆုံးဖြစ်တဲ့မြင်တာနှင့် ပတ်သက်ပြီးတော့ပြောရင် ပထမဆုံးဖြစ်တဲ့ ဝီထိစိတ်က အခု ဟိုအောက်က အဟိတ်ကြိယာထဲမှာပါတဲ့ ပဉ္စဒွါရာဝဇ္ဇနစိတ် ဆိုတာ အဲဒါဖြစ်တာ။

[စာမျက်နှာ-84] ပဉ္စ ဆိုတာ ငါး၊ ဒွါရ ဆိုတာ တံခါး၊ တံခါးဆိုတာ မျက်စိ, နား, နှာကို ခေါ်တာ၊ အဲဒီ ဒွါရဘက်သို့ လှည့်ပေးလိုက်တဲ့စိတ်၊ အဲဒီ ဒွါရမှာဖြစ်တဲ့ အာရုံကို ဆင်ခြင်တဲ့စိတ်ကို ပဉ္စဒွါရာဝဇ္ဇနစိတ်လို့ဆိုတာ၊ ၂-မျိုး အဓိပ္ပါယ်ရှိတယ်၊ အာဝဇ္ဇန ဆိုတာက (Turning) လို့လည်း အဓိပ္ပါယ်ရှိတယ်၊ (Reflecting) ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိတယ်။

အဲဒီတော့ အဲဒီအချိန်အခါမှာ ခုနဘဝင်စိတ်အစဉ်ပြတ်သွားပြီးတော့ ဝီထိစိတ် စတော့တာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က စတော့တာ၊ ဒါကြောင့်မို့ သူ့ကို ပဉ္စဒွါရာဝဇ္ဇနလို့ခေါ်တာ၊ အကယ်၍ မျက်စိနှင့်မြင်တာကိုဆိုရင် စက္ခုဒွါရာဝဇ္ဇနလို့တောင် ခေါ်ချင် ခေါ်နိုင်တယ်ပေါ့ လေ၊ သို့သော် သူ့ကို ပဉ္စဒွါရာဝဇ္ဇနလို့ပဲ ခေါ်တယ်။ အဲဒါ ပထမစိတ်နော်။

အဲဒီလို လှည့်ပေးပြီးလိုက်တဲ့ အခါကျတော့ သူ့နောက်ကဖြစ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ် မြင်သိစိတ်ဖြစ်တယ်၊ အဲဒီ မြင်သိပြီးတဲ့အခါကျတော့ အာရုံက ကိုယ့်ဆီလာပြီးတော့ မျက်လုံးကို လာထိခိုက်ပြီးတော့ သိပြီးတာနှင့် တစ်ပြိုင်နက် သူက (Accept) လုပ်လိုက်တယ်၊ လက်ခံတဲ့စိတ်ဖြစ်တယ်၊ သမ္ပဋိစ္ဆနစိတ် ဆိုတာ အဲဒါလက်ခံလိုက်တယ်၊ လက်ခံပြီးတဲ့နောက် ဒီအာရုံကို စုံစမ်းတယ်၊ ကောင်းတဲ့ အာရုံလား၊ မကောင်းတဲ့ အာရုံလား၊ အဲဒီစိတ်ကို သန္တီရဏစိတ် လို့ ခေါ်တယ်၊ သန္တီရဏဆိုတာ စုံစမ်းစစ်ဆေးတဲ့စိတ်။

အဲဒီလို စုံစမ်းပြီးတဲ့နောက် နောက်စိတ် တစ်ခုကျတော့ ဆုံးဖြတ်လိုက်တော့တာ၊ ဒါ ကောင်းတဲ့အာရုံပဲ, ဒါ မကောင်းတဲ့ အာရုံပဲ၊ အဲဒီစိတ်က အဟိတ်ကြိယာ ၃ ခု ထဲက နံပါတ် ၂-မနောဒွါရာဝဇ္ဇနစိတ်၊ သို့သော် သူ့ကို အဲဒီအခါကျတော့ ဝုဋ္ဌော လို့ခေါ်တယ်၊ နာမည်တစ်မျိုးနှင့်ခေါ်တယ်၊ ဒီစိတ်တော့ ဒီစိတ်ပဲ။

ဝုဋ္ဌောဆိုတာ ဆုံးဖြတ်တယ်လို့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီ ဝုဋ္ဌောစိတ် အခိုက် အတန့်ရောက်တဲ့အခါကျတော့ ဆုံးဖြတ်လိုက်ပြီ၊ ကောင်းတဲ့အာရုံပဲ မကောင်းတဲ့ အာရုံပဲ သို့မဟုတ် ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲလို့ အဲသည်တိုင်အောင် ဝိပါက်စိတ်တွေချည်း ရှိသေးတယ်၊ ကုသိုလ်၊ အကုသိုလ် မဖြစ်စေဘူး၊ ဝုဋ္ဌောရဲ့ နောက်ကျတော့ ဘာတွေဖြစ်လဲဆိုတော့ ဇောစိတ် တွေ ဖြစ်တယ်၊ ဇောဆိုတာ ရှိတယ်၊ အဲဒီဇောစိတ်က (၇)ကြိမ် ထပ်ဖြစ်တယ်၊ အဲဒီ ဇောကျတော့ ကုသိုလ်ဇောဖြစ်ချင်လည်း ဖြစ်နိုင်တယ်၊ အကုသိုလ်ဇော ဖြစ်ချင်ရင်လည်း ဖြစ်နိုင်တယ်၊ ကိုယ့်ရဲ့ နှလုံးသွင်းပေါ်မှာ မူတည်ပြီးတော့ ကိုယ်က အသင့်အတင့် နှလုံးသွင်းတတ်ရင် ကုသိုလ်ဇောဖြစ်မယ်၊

[စာမျက်နှာ-85] အသင့်အတင့် နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇောဖြစ်မယ်။

အဲဒီလို ဇောဖြစ်ပြီးတဲ့နောက်မှာ သူ့နောက်ကကပ်လိုက်တဲ့ တဒါရုံ ဆိုပြီးတော့ စိတ် (Moment) နှစ်ခု ဖြစ်ပြန်တယ်၊ ဘာနှင့်တူလည်းဆိုတော့ လှေဆန်တက်သွားတဲ့ ခါကျတော့ လှေနောက်က ရေလေးနည်းနည်း လှေနောက်လိုက်ပြီးတော့ ပြန်ပြီးတော့ သွားသလို, ဒါကို တဒါရုံလို့ ခေါ်တယ်၊ အဲဒါ နောက် တတိယပိုင်းက စပြီးတော့ ဒါတွေ အကုန်ထပ်လေ့လာရပါလိမ့်မယ်။

အဲဒီ ပြီးတဲ့နောက်ကျတော့ ဘဝင်စိတ်တစ်ခါ ပြန်ဖြစ်သွားပြန်တယ်၊ ဒါ $One\ process$ ပေါ့၊ ဒီလို (Process) တွေ သိန်းသန်းနှင့်ချီပြီးတော့ ဖြစ်နေတာ၊ အဲဒီထဲမှာ လက်ခံတဲ့စိတ်က သမ္ပဋိစ္ဆနစိတ်၊ စုံစမ်းတဲ့စိတ်က သန္တီရဏစိတ်၊ ဒါက ကျမ်းဂန်တွေမှာ ဆိုထားတာက လက်ဖြစ်တစ်တွက်မှာ ဒီလို စိတ်ခဏပေါင်း ကုဋေပေါင်းများစွာ ဖြစ်နိုင်တယ်လို့ ပြောထားတယ်ဆိုတော့ ဒီဝီထိ တစ်ခုဟာ ဘယ်လောက်ကြာတုန်း (၁၇) ခုရှိတယ်၊ ခဏ ပေါင်း ၁၇-ချက်ဆို အလွန့်ကိုမြန်တယ်၊ ဦးဇင်းတို့ အနေနှင့်တော့ တွက်လို့ မဖြစ်ပါဘူး၊ မြတ်စွာဘုရားဟောလို့ပေါ့လေ၊ အဲသလောက်မြန်တယ်၊ အဲသလောက်မြန်တာကိုမှ ဒီတစ်စိတ်ချင်း ခွဲခြားပြောရတယ် ဆိုတော့ တကယ့်ကို အကျယ်ချဲ့ပြီးတော့ ပြောနေတာ။

ဟို (Atom) အကြောင်းပြောတဲ့ခါ ဒီအတိုင်းပါပဲ၊ အီလက်ထရွန်၊ ပျူထရွန်၊ ဘာညာပြောတဲ့ခါလဲ၊ အဲလိုပဲအကြီးချဲ့ပြောမှ ရတယ်၊ (Atom) ဆိုလည်းမျက်စိနှင့်တောင် မမြင်နိုင်ဘူး၊ အလွန်သေးတဲ့ဟာ ထို့အတူပဲ ဦးဇင်းတို့ စိတ် ပြောတဲ့ခါလည်း ဒီအတိုင်းပဲ အလွန်ကို စိတ်ထဲက ပုံကြီးချဲ့ပြီးတော့ မြင်ထားမှ သဘောပေါက် နိုင်တာ၊ (Experiencially) ပြောနေမယ်ဆို ဘယ်နည်းနှင့်မှ မသိနိုင်ဘူး၊ အခု ပြောနေတဲ့ အခိုက်အတန့်မှာကို ထိပေါင်းများစွာ ကျနေပြီ၊ ဒီကပြောတဲ့ စကား သံနားထောင်ပြီးတော့ ဒီအသံ အဓိပ္ပာယ် နားလည်လိုက်တာကို သိပ်မြန်တယ်၊ အဲဒါကြောင့်မို့ အလွန်မြန်တဲ့အတွက်ကြောင့်မို့ အတိအကျ ဘယ်နှစ်ခုပဲဆိုတာတော့ မပြောနိုင်ဘူးပေါ့။ သို့သော် အများကြီး ဖြစ်တယ်ဆိုတာတော့ ပြောနိုင်တယ်။

ဦးဇင်းက အဲဒီစိတ်မြန်တာနှင့် ပတ်သက်ပြီးတော့ဥပမာလေးတစ်ခု စဉ်းစား မိတာကတော့ မော်တော်ကားတွေမှာ တချို့မော်တော်ကားတွေမှာ ဒိုင်ခွက်နှစ်ခုပါတယ်၊ ဒိုင်ခွက်တစ်ခုက (Milage) ပေါ့ တခြားဒိုင်ခွက်တစ်ခုက ဘာတုန်း (Revolution) $Twenty\ thousand\ round\ per\ minute$ ရှိတယ်မဟုတ်လား၊ အဲဒီတော့ တစ်မိနစ်ကို $Thirty\ thousand\ round\ per\ minute$ ပြောကြပါစို့

[စာမျက်နှာ-86] တစ်စက္ကန့် ဘယ်လောက်ရှိ မလဲ, ၅၀၀၊ တစ်စက္ကန့်အတွင်းမှာ ဒီအပတ်ပေါင်း ၅၀၀- ဘယ်သူရေသလဲ၊ ဟုတ်လား၊ ဒါ $Thirty\ thousand$ ရှိသေးတာ၊ တက်ဦးမှာ။

အဲဒါကြောင့်မို့ ဒါတွေဟာ ဖြစ်နိုင်တာကို ဆိုလိုတာ၊ စိတ်ကလေးဒါလောက် အများကြီး ဖြစ်နိုင်တယ်ဆိုတာတော်ကြာကျတော့ တချို့က ကပ်တယ် မဟုတ်လား။ ဘယ်သူရေသလဲ ဘယ်လိုရေတွက်သလဲပေါ့၊ အပတ် ၅ဝဝ-မင်းဘယ်လို ရေတွက် သလဲကြည့်စမ်း၊ တစ်စက္ကန့်ဆိုတာ ဘယ်လောက်ကြာသလဲ၊ လက်ဖြစ်လေး နှင့် တွက်လိုက်ရင် နှစ်ခုလောက်ပဲကြာမယ်၊ လက်နှစ်ဖျစ်လောက်ဆိုရင် တစ်စက္ကန့် ဖြစ်သွားပြီ၊ အပါတ် ၅ဝဝ-တဲ့ ဘယ်လိုလုပ်ရမှန်း မသိဘူး၊ သူတို့စက်ကပြောထား တော့လည်း ကိုယ်ကလည်း ယုံရတော့တာပေါ့၊ တစ်မိနစ် အပတ် သုံးသောင်း ဖြစ်နေပြီ။

အဲဒီအတိုင်းပဲ၊ စိတ်ကလည်း အဖြစ်မြန်လွန်းတော့ ပြောရသိပ်ခက်တယ်။ သို့သော် စိတ်မြန်တာကို အဲဒီလို ဥပမာနှင့် နှိုင်းဆပြီးတော့ လက်ခံနိုင်လောက်တယ်ပေါ့၊ အဲဒါကြောင့်မို့ ဒီစိတ်တွေအကြောင်း နားလည်ဖို့ဆိုရင် ခုနက ဝီထိ သဘောလေးကိုပါ သိထားရတယ်၊ ဝီထိသဘောလေး သိထားအောင် ကျမ်းဂန်တွေမှာ ပြောတဲ့ပုံလေးနှင့် ဥပမာလေးနှင့် လာတယ်။

လူတစ်ယောက်ဟာ သရက်ပင်အောက်မှာ ခေါင်းမြီးခြုံပြီး အိပ်နေတယ်၊ ခုနပြောတဲ့ အစီအစဉ် မှတ်မိလား, ဘဝင်တွေ ဖြစ်နေတယ်၊ ဘဝင်တွေဖြစ်ပြီးတော့ အာရုံက ရိုက်လိုက်တဲ့ခါကျတော့ ပဉ္စဒွါရာဝဇ္ဇန်း အာရုံဘက်ကို လှည့်တဲ့စိတ်သဘော ဖြစ်တယ်၊ ပြီးတော့ မြင်တဲ့စိတ်ဖြစ်တယ်၊ ပြီးတော့ လက်ခံတယ် ပြီးတော့ စုံစမ်းတယ်၊ ပြီးတော့ ဆုံးဖြတ်တယ်၊ ပြီးတော့ အာရုံရဲ့ အရသာကို ခံစားတယ်လို့ဆိုလိုတယ်။ ဇဝန ဆိုတာ ဇောဆိုတာကလေ (Experience of the object) ပြီးတော့မှ သူ့နောက်က လိုက်တဲ့ တဒါရုံ၊ ကောင်းပြီ-အခု ဥပမာလေး ပြောရင် ပိုပြီးတော့ မှတ်မိမယ်။

ခုနပြောသလို လူတစ်ယောက်ဟာ သစ်ပင်အောက်မှာ ခေါင်းမြီးခြုံပြီးတော့ အိပ်နေတယ်တဲ့၊ သူအိပ်နေတုန်းမှာ တစ်ခါတည်း သရက်သီးမှည့်တစ်လုံးကဖုတ်ကနဲ ဆိုပြီးတော့ မြေကြီးပေါ်ကြွေကျ လိုက်တဲ့အခါကျတော့ သူက ခေါင်းမြီးခြုံလေး ဖွင့်ပြီးတော့ ကြည့်လိုက်တယ်၊ ကြည့်လိုက်တော့ မြင်တယ်ပေါ့၊ မြင်တော့ သရက်သီးကို ကောက်ယူလိုက်တယ်၊ ကောက်ယူပြီးတော့ မှည့်မမှည့် ကြည့်လိုက်

[စာမျက်နှာ-87] တယ်၊ ဟာမှည့်ပြီ၊ ဆုံးဖြတ်ပြီ၊ ပြီးတော့သူစားတယ်ပေါ့၊ စားပြီးတော့ နောက်ဆုံး ကျတော့ ကျန်တဲ့အဖတ်ကလေးတွေ ဘာတွေနှင့် မျိုးချလိုက်တာပေါ့၊ ပြီးတော့ ပြန်အိပ် သွားတယ်။

အဲဒီ ဥပမာမှတ်ထား၊ ပထမအိပ်နေတာက ဘဝင်ပေါ့၊ သရက်သီးကလေး ဖုတ်ကနဲ ကျလာတာက အာရုံကလာပြီးတော့ ထိခိုက်တာ၊ သူ ခေါင်းမြီးခြုံ ဖွင့် လိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း၊ မြင်တာက စက္ခုဝိညာဉ်၊ လှမ်းယူလိုက်တာက သမ္ပဋိစ္ဆိုင်းလို့ ဦးဇင်းတို့ခေါ်တယ်၊ မှည့်မမှည့် သူ နှိပ်ကြည့်လိုက်တာက သန္တီရဏ၊ ဒါမှည့်ပြီ၊ မှည့်တဲ့သရက်သီးပဲလို့ ဆုံးဖြတ်လိုက်တယ်, ဝုဋ္ဌော၊ ပြီးတော့ စားတယ်၊ အာရုံရဲ့ အရသာကို ခံစားတယ်ဆိုတော့ စားပြီ၊ သူကလည်း စားပြီးတော့ နောက် တစ်ခါ အကျန်အကြွင်းလေး မျိုချလိုက်တယ်၊ အဲဒါက တဒါရုံလို့ခေါ်တယ်၊ ပြီးတော့ ပြန်အိပ်တာက ဘဝင်၊ အဲဒီ ဥပမာနှင့် မှတ်ထား၊ ဒါ ကျမ်းဂန်မှာလာတဲ့ ဥပမာ ရှေးတုန်းကတည်းကပြောတာ။

ကောင်းပြီ-ဒါကြောင့်မို့ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ် ဘယ်နှစ်ပါးရှိသလဲ ၇-ပါးရှိတယ်၊ မကောင်းတဲ့အာရုံတွေ ပြီးရင် သမ္ပဋိစ္ဆိုင်းစိတ်ကလည်း မကောင်းတဲ့ အာရုံပဲ သူ လက်ခံမှာပေါ့၊ သန္တီရဏကလည်း မကောင်းတဲ့အာရုံပဲ စုံစမ်းမှာပေါ့၊ ဝုဋ္ဌောကလည်း အမှန်အတိုင်းပြောရင် မကောင်းတာပဲ သူဆုံးဖြတ်မှာပေါ့၊ အဲဒီ သန္တီရဏ စိတ်ထိအောင် စိတ်တွေကို ဘာလို့ခေါ်လဲဆိုရင် အကျိုးဖြစ်တဲ့စိတ်တွေ၊ ဒါကြောင့်မို့ အကုသလ ဝိပါက်စိတ် အားလုံးပေါင်းရင် ၇-ပါးရှိတယ်။

အဟိတ် ကုသလဝိပါက်စိတ် ၈-ပါး

နောက် စိတ် ၈-ပါးကတော့ အဟိတ် ကုသလဝိပါက်စိတ် လို့ သုံးတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ နောင်ခါမှာ ရိုးရိုးကုသလဝိပါက်က ရှိအုံးမယ်။ ဒါကြောင့်မို့ အဲဒါနှင့် မရောအောင် ဒီမှာ အဟိတ်ကုသလဝိပါက်လို့ ခေါ်ရတယ်၊ နောက်တွေ့မယ့်ဟာကို ရိုးရိုးကုသလ ဝိပါက်လို့ပဲခေါ်တယ်၊ အမှန် ကတော့ အဲဒီကျတော့ သဟိတ်ဖြစ်မယ်။

သ- ဆိုတာ တကွဖြစ်တယ်၊ အ- ဆိုတာ မပါတာ၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါးလို့ ဒီလိုပြောရမယ်၊ အဟိတ်ဆိုတာ ဟိတ်နှင့် မယှဉ်တာ၊ ကုသလဆိုတာက ကုသိုလ်, ဝိပါက်ဆိုတာက အကျိုး၊ ဟိတ်နှင့်မယှဉ်တဲ့ ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဝိပါက်စိတ်တွေ၊ သူ့ကျတော့ ဘယ်နှစ်မျိုးရှိနေတုန်း ၈-ပါးရှိတယ်၊ သန္တီရဏက ၂-မျိုးဖြစ်လာတယ်၊ သူလည်းပဲ ဥပေက္ခာသဟဂုတ်ပဲတဲ့၊ တွေ့ကြုံတဲ့အခိုက်မှာတော့ ဥပေက္ခာသဟဂုတ်ပဲ၊ သူလည်းကောင်းတာနှင့်တွေ့တွေ့ ဆိုးတာနှင့်တွေ့ တွေ့မြင်ခိုက်

[စာမျက်နှာ-88] ကလေးမှာတော့ ဥပေက္ခာပဲ၊ နောက် ဇောစောတဲ့ခါကျတော့ သောမနဿဖြစ်ချင် ဖြစ်မယ်၊ ဒေါမနဿ ဖြစ်ချင်ဖြစ်မယ်, ဥပေက္ခာ ဖြစ်ချင်ဖြစ်မယ်, ဖြစ်ချင်တာဖြစ်မယ်, ခုနဟာ နားလည်ရင် ဒါ နားလည်ပြီပေါ့။

ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ် (သို့မဟုတ်) ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်၊ ကောင်းတာမြင်ရင် ဒီစိတ်နှင့်မြင်တာ၊ လှတာမြင်တယ် ကိုယ် မြင်ချင်တာမြင်တယ်, ဣဋ္ဌာရုံလို့ခေါ်တဲ့ အလိုရှိအပ်တဲ့ အာရုံကိုမြင်တဲ့အခါမှာ ဒီစိတ်နှင့်မြင်တာ၊ ဒါကြောင့်မို့အမှန်အတိုင်း ပြောကြစို့ဆိုရင် ကိုယ်ကောင်းတာလေး မြင်ရရင်, ကောင်းတာလေးရတယ်ဆိုရင် သူများကို ကျေးဇူးတင်စရာ မလိုဘူးပေါ့၊ ကိုယ့်ကိုကိုယ်ပဲ ကျေးဇူးတင်ရမယ်၊ ကိုယ့်ကံကိုပဲ ကျေးဇူးတင်ရမယ်၊ ငါ နောက် ဘဝက ကုသိုလ်လုပ်ခဲ့လို့ ကုသိုလ်အကျိုး ငါ တွေ့ ရတယ်ပေါ့လေ၊ (ကံကပေးတာ)

ထို့အတူပဲ, သီချင်းကောင်းလေးနားထောင်ရတာ၊ ဥပေက္ခာသဟဂတ သောတဝိညာဏ်စိတ် ကိုယ်ကြားချင်တဲ့အသံကြားရတာ သောတဝိညာဏစိတ်ပေါ့၊ သောတ ဝိညာဏစိတ်ဖြစ်ပြီးတဲ့နောက် ဇောကျတော့ ကိုယ်က နှစ်သက်သွားရင်, တပ်မက် သွားရင်, ဒါ လောဘဇော စောသွားမှာပေါ့၊ ကိုယ်က စိတ်ဆိုးတယ်ဆိုရင် ဒေါသ ဇော စောသွားမှာပေါ့၊ အသံကောင်းပေမယ်လို့ ကိုယ်က ဒေါသဇော စောချင်လည်း စောနိုင်တယ်၊ ဣဋ္ဌာရုံဖြစ်ပေမယ်လို့ ကိုယ်က ဒီဣဋ္ဌာရုံကို မကြိုက်ရင် (ကိုယ်ကြိုက် ချင်မှ ကြိုက်မှာကို) အဲဒါကြောင့်မို့ ဇောကျတော့ ကိုယ် စောချင်သလို စောနိုင်တယ်။ ဒီဝိပါက်တွေကျတော့ကို မရဘူး၊ သူက (Fixed) မကောင်းတဲ့ အာရုံဆိုရင် အကုသလဝိပါက်ပဲ၊ ကောင်းတဲ့ ဣဋ္ဌာရုံဆိုရင် ကုသလဝိပါက်၊ ဒါကြောင့်မို့ အဆိုရှိတယ်။ “ဝိပါက်အမှန် ဇော အပြန်” ဆိုတာ အဆိုရှိတယ်၊ ဒါလဲ နောက်တော့သိမှာပါ။

ဝိပါက်ကတော့ အမှန်ပဲ၊ (Fixed), ပြောင်းလို့ မရဘူး၊ ဇောကျတော့ အပြန်၊ အပြန်ဆိုတော့ ပြောင်းလဲလို့ ရတယ်၊ ကုသိုလ်လည်းဖြစ်နိုင်တယ်, အကုသိုလ်လည်း ဖြစ်နိုင်တယ်၊ သောတဝိညာဏစိတ်ဆိုတာ ကြားတဲ့စိတ်, ဃာနဝိညာဏစိတ်ဆိုတာ နံတဲ့စိတ်, အနံ့ကိုသိတဲ့စိတ်, ကောင်းတာလေးတွေ့ရတယ်၊ ရေမွှေးနံ့လေးရတယ်၊ ပန်းနံ့လေးရတယ်ဆို ဒါဟာ ဃာနဝိညာဉ်စိတ်၊ ကောင်းတာလေးစားရတယ်၊ အရသာကောင်းလေး, ကိုယ်ကြိုက်တဲ့ အရသာလေး တွေ့တယ်ဆိုရင် ဇိဝှါဝိညာဏ စိတ်ပေါ့၊ ဇိဝှါဆိုတာ လျှာ၊

ကာယဝိညာဉ် ကျတော့ သုခသဟဂတ အတွေ့အထိ ကောင်းတာလေးတွေ့ ရတယ်၊ ပိုးဖဲကတ္တီပါပေါ့လေ၊ အဲဒါမျိုးလေးတွေ တွေ့ရတယ်၊ စသည်ပေါ့လေ၊

[စာမျက်နှာ-89] အဲဒီကျတော့ သုခသဟဂတ ကာယဝိညာဏ်စိတ်၊ သုခဝေဒနာ-သုခဝေဒနာနှင့်တကွ ဖြစ်တာ၊ အခု ဝေဒနာဘယ်နှစ်မျိုး တွေ့ဖူးသွားပြီလဲ၊ ဟို အကုသိုလ်တုန်းက ဘာဝေဒနာတွေ တွေ့ခဲ့တုန်း သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာ ဝေဒနာ သုံးမျိုးတွေ့ခဲ့ပြီ၊ အခု ဒီမှာ အပို ၂-ခု ထပ်တွေ့တယ်၊ ဒုက္ခဝေဒနာ, သုခဝေဒနာ၊ မတူဘူးနော်၊ ဒုက္ခနှင့် ဒေါမနဿ မတူဘူး၊ သုခနှင့် သောမနဿ မတူဘူး၊ ဒါကြောင့်မို့ ဝေဒနာ ငါးမျိုးတွေ့နေပြီ ဟုတ်ပြီလား၊

သောမနဿဝေဒနာဆိုတာက (Mental) စိတ်ထဲမှာ ပျော်ရွှင်တာ ချမ်းသာ တာ၊ သုခဝေဒနာဆိုတာက ကောင်းတာကို တွေ့ထိပြီးတော့ ဝေဒနာကတော့ စိတ်ထဲဖြစ်တာပဲ၊ သို့သော် သူ့အခြေခံတာက ဒီ (Body contact) မှာ အခြေခံ တာ၊ ဟို ရိုးရိုးထိုင် စိတ်ညစ်နေရင် ဒေါမနဿ ဝေဒနာ၊ ရိုးရိုးထိုင် ဒေါသဖြစ်နေရင် ဒေါမနဿ ဝေဒနာ၊ ဓားရှလို့ နာတယ်, ဒါကျတော့ ဒုက္ခဝေဒနာ။

ထို့အတူပဲ ထိုင်ပြီး ပျော်နေတယ်ဆို သောမနဿဝေဒနာပေါ့၊ အတွေ့ အထိလေး ကောင်းကောင်းမွန်မွန်လေး တွေ့ထိရလို့ ချမ်းသာတဲ့ခံစားမှုလေး ဖြစ်နေ တာဆိုရင် သုခဝေဒနာ၊ ဝေဒနာဆိုတာက အမှန်ကတော့ စိတ်ထဲမှာ ရှိတာနော်၊ ဦးဇင်းတို့ တရားထိုင်တဲ့ခါတွေ ဘာတွေကျတော့ ဒါဟာ ရောရောပြီးတော့ပဲ ပြောရတယ်၊ ဒုက္ခဝေဒနာရှုလော့၊ ဒုက္ခဝေဒနာရှုဟေ့ဆိုရင် နာတာရှုပေါ့၊ အဲဒီတော့ ဝေဒနာဟာ ဒီထဲမှာ ရှိတာမဟုတ်ဘူး၊ အမှန်က ဒီအထဲမှာက (Pain) အနေနှင့် တော့ရှိတယ်၊ သို့သော် (Experience of pain) က ခေါင်းထဲမှာ စိတ်ထဲမှာရှိတာ၊ အဲဒါကို သူတို့ သေချာ နားလည်အောင် ပြောရတယ်၊ ဝေဒနာရှု ဝေဒနာရှူဆိုတော့ အမှန်ကတော့ အဲဒီ ခံစားမှုလေးကို ရှုခိုင်းတာပဲ၊ သို့သော် ခန္ဓာနှင့်က တွဲနေတာဆိုတော့ ခွဲလို့က မလွယ်ဘူးပေါ့။

အဲဒါကြောင့်မို့ ဝေဒနာလို့ပြောလိုက်ရင် အဘိဓမ္မာမှာတိတိကျကျ သုံးလာ ပြီဆိုရင် ဝေဒနာဆိုတာ နာမ်တရား, စိတ်ထဲမှာရှိတာ၊ ဒါဖြင့် နာတာဘာလဲဆိုတော့ ရုပ်တရား၊ ရုပ်မှုန်လေးတွေ ရှိတဲ့အနက်မှာ နာတဲ့ရုပ်ပေါ့၊ ဟိုကျတော့လည်း ချမ်းသာတဲ့ရုပ်၊ အဲသလိုဖြစ်တာ၊ အဲဒီနာတဲ့ရုပ်ပေါ်အမှီပြုပြီးတော့ နာတဲ့ ခံစားမှု ဖြစ်တယ်၊ ချမ်းသာတဲ့ ရုပ်ပေါ်အမှီပြုပြီးတော့ ချမ်းသာတဲ့ ခံစားမှုဖြစ်တယ်, အဲဒီ နာတဲ့ခံစားမှုက ဒုက္ခဝေဒနာ, ချမ်းသာခံစားမှုက သုခဝေဒနာ, ဒါကြောင့် ဝေဒနာ သေသေချာချာ ခွဲလိုက်မယ်ဆိုရင် ဝေဒနာ ငါးမျိုးထွက်လာတယ်၊ အဲဒါ မှတ်ထားနော် သောမနဿ, ဒေါမနဿ, ဥပေက္ခာ, သုခ, ဒုက္ခ၊ သုခသဟဂတ ကာယဝိညာဏ်

[စာမျက်နှာ-90] စိတ်ဆိုတာ ကောင်းတဲ့ အတွေ့ အထိတွေ တွေ့ရတဲ့အခါမှာတဲ့။

နောက်တစ်ခုက ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်၊ ဒါ မထူးပါဘူး၊ ခုန အတိုင်းပဲ၊ လက်ခံတဲ့စိတ်, ဒီမှာကတော့ ကောင်းတဲ့အာရုံပေါ့။ ပြီးတော့ နောက်တစ်ခု ကတော့ သောမနဿသဟဂတ သန္တီရဏစိတ်၊ ဒီကျတော့ သန္တီရဏက တစ်ခါ တစ်ခါ သောမနဿဖြစ်တယ်, တစ်ခါတစ်ခါ ဥပေက္ခာဖြစ်တယ်, အာရုံပေါ်မှာ မူတည်ပြီးတော့ တချို့အာရုံက အလွန်အလိုရှိအပ်တဲ့ အာရုံရှိတယ်၊ သာမန် အလို ရှိအပ်တဲ့ အာရုံရှိတယ်၊ အလိုမရှိအပ်တဲ့ အာရုံရှိတယ်။

အာရုံ, တစ်နည်းလဲ ပြောမယ်ဆိုရင် ကိုယ်က မိန်းကလေးတစ်ယောက် သိပ်ကြိုက် နေရင် ဒီမိန်းကလေးဟာ ကိုယ့်အတွက် တကယ်အလိုရှိအပ်တဲ့ အာရုံပဲ၊ အတိဣဋ္ဌာရုံ လို့ ခေါ်တယ်၊ အဲလို အလွန် အလိုရှိအပ်တဲ့ အာရုံနှင့်တွေ့ရင် သောမနဿ ဖြစ်တယ်၊ သာမန်အလိုရှိအပ်တဲ့ အာရုံများနှင့်တွေ့ရင် ဥပေက္ခာဖြစ်တယ်၊ အာရုံပေါ်မှာ မူတည်ပြီးတော့ သန္တီရဏက နှစ်မျိုးဖြစ်တယ်။

ဒါကြောင့်မို့ အားလုံးပေါင်းလိုက်ရင် သန္တီရဏက နှစ်ခုဖြစ်တဲ့အတွက် ကြောင့်မို့ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး၊ ဟိုမှာတုန်းကတော့ သန္တီရဏက တစ်မျိုးပဲရှိတယ်၊ မကောင်းတာဆိုတာ အနိဋ္ဌာရုံပဲရှိတာကိုး၊ ဒီဘက်ကျတော့ ကောင်းတဲ့အာရုံကျတော့ သာမန်ကောင်းနှင့် အလွန်ကောင်းပေါ့လေ၊ အလွန် အလိုရှိအပ်တယ်ပေါ့၊ အလွန်ကြိုက်နှစ်သက်အပ်တဲ့ အာရုံဆိုတော့ အဲသလို နှစ်မျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့မှာ သောမနဿဝေဒနာနှင့် တကွဖြစ်တာက တစ်စိတ်, ဥပေက္ခာဝေဒနာနှင့် တကွဖြစ်တာက စိတ်တစ်ခု၊ အားလုံး အဟိတ်ကုသလဝိပါက် စိတ် ၈-ပါး။

အဘိဓမ္မာဟာတော်တော်အသေးစိပ် ရှိတယ်နော်၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ တကယ်အံ့သြလောက်တယ်၊ ဘယ်သူမှ ဒီလို အသေးစိပ် မပြောနိုင်ဘူး၊ အခု အနောက်တိုင်း ဆိုက်ကိုလိုဂျီ ဘယ်လောက်တိုးတတ်တယ် ပြောပြော ဒီလောက် အသေးကို မစိပ်သေးဘူး၊ ဦးဇင်းတပည့်တွေက ခဏခဏပြောတယ်။ Western Psychology ဟာ အဘိဓမ္မာနဲ့ စာကြည့်တော့ ကလေးသင်တန်းလောက် ရှိပါသေးတယ်တဲ့၊ ဒီလောက် အသေးစိပ်တာ မရှိဘူး။

အဟိတ်ကြိယာ

ကိုင်း-နောက်တစ်ခုက အဟိတ်ကြိယာစိတ်၊ အဟိတ်လို့ခေါ်တာ ခုန ပြောတဲ့အတိုင်းပဲ။ ဟိတ်နှင့်တကွ မဖြစ်လို့ လောဘ, ဒေါသ, မောဟ, အလောဘ

[စာမျက်နှာ-91] အဒေါသ အမောဟ တစ်ခုနှင့်မှ မဖြစ်လို့ သူ့ကို အဟိတ်၊ ကြိယာ ဆိုတာကတော့ ပြုကာမတ္တဖြစ်တဲ့စိတ်ကို ဆိုလိုတယ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကောင်းတဲ့ အကျိုးလည်းမပေးဘူး၊ ဆိုးတဲ့အကျိုးလည်း မပေးဘူး၊ သူတို့ကိုယ်နှိုက်ကလည်း အကျိုးမဟုတ်ဘူး၊ အဲသလို စိတ်မျိုးက ကြိယာစိတ်။

အကျိုးဖြစ်နေရင် ဝိပါက်စိတ် ဖြစ်မယ်၊ ကောင်းတဲ့စိတ်ဆိုရင် ကုသိုလ်စိတ် ဖြစ်မယ်၊ မကောင်းတဲ့စိတ်ဆိုရင် အကုသိုလ်စိတ်ဖြစ်မယ်၊ ကောင်းတာလည်း မဟုတ်ဘူး, မကောင်းတာလည်း မဟုတ်ဘူး၊ အကျိုးလည်း မပေးဘူးဆိုတော့ ကြိယာ။

အဲဒီ အဟိတ်ကြိယာစိတ်က ၃-ခု ရှိတယ်နော်၊ ဒီမှာလဲ အဟိတ်ကြိယာလို့ ခေါ်ရတယ်၊ ဘာကြောင့်တုန်း နောက်ကြိယာတွေ တွေ့အုံးမယ်၊ ကာမာဝစရကြိယာ ရူပါဝစရကြိယာ အရူပါဝစရကြိယာနှင့် တွေ့အုံးမယ်၊ ဒါကြောင့်မို့ ဒီစိတ်တွေကို ကြိယာစိတ်၊ ကကြီး ရရစ်ကို ကရိ လို့ ဖတ်ရတယ်၊ ကြိယာလို့ သွားမဖတ်နှင့်၊ တစ်ခါတစ်ခါ ကျတော့လဲ ကိရိယာ လို့ ဒီလိုလည်း ရေးလို့ရပါတယ်၊ ကြိုက်သလို ရေးလို့ရတယ်၊ ဒါကတော့ အတိုရေးနည်းပေါ့လေ။

အဲဒီ ကြိယာစိတ် ၃-ခုမှာ ပထမစိတ်က ပြောခဲ့ပြီ၊ ဒါက ဥပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇန၊ ပဉ္စ ဆိုတာက ငါး၊ ဒွါရ- ဆိုတာက တံခါး၊ အာဝဇ္ဇန ဆိုတာက ဆင်ခြင်တာဆိုလည်း ဟုတ်တယ်၊ လှည့်တာဆိုလည်းဟုတ်တယ်၊ အနက်ထဲမှာ လှည့်တာမထည့်လိုက်ဘူး၊ ဟို (Space) ကလည်း သိပ်မရှိတော့တာနှင့် ဆင်ခြင်တယ်လို့ပဲ သုံးလိုက်တာ၊ ဟုတ်လား၊ လှည့်တာလို့လည်း အဓိပ္ပါယ်ယူလို့ရတယ်၊ တံခါး ဘယ်နှစ်ပေါက်ရှိလဲ ၆-ပေါက် ရှိတယ်နော်၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်, ဦးဇင်းတို့ အမေရိကန်တွေနှင့်ပြောရင် အထူးပြောရတယ်။

အဘိဓမ္မာမှာက စိတ်ဟာလည်းပဲ (Sense) တစ်ခုပဲ (Sense door) ဆို သူတို့က ငါးခုပဲ သိတာကိုး၊ (Sixth Sense) ဆိုပြန်တော့လဲ အဓိပ္ပါယ်တစ်မျိုး ရောက်သွားပြန်ရော၊ (Six door), တံခါးခြောက်ပေါက်ရှိတယ်ပေါ့၊ အဲဒီ တံခါး ခြောက်ပေါက်မှာ တံခါးငါးပေါက်နှင့်ပတ်သက်ပြီးတော့ ပဉ္စဒွါရာဝဇ္ဇနက အလုပ် လုပ်မယ်၊ အဲဒါကြောင့်မို့ သူ့ကို ပဉ္စဒွါရာဝဇ္ဇနစိတ်လို့ ခေါ်တယ်။

အဲဒီတော့ မြင်တဲ့အခါ, ကြားတဲ့အခါ, နံတဲ့အခါ, အရသာသိတဲ့အခါ, ထိတဲ့အခါမှာဖြစ်တဲ့ ဝီထိတွေမှာဆိုရင် ဒီပဉ္စဒွါရာဝဇ္ဇနစိတ်က ထိပ်က သူလာလိမ့်မယ်။ သူက စပြီးတော့ လမ်းကြောင်းပြောင်းပေးတဲ့သဘော ပေါ့လေ၊ မီးရထားမှာ

[စာမျက်နှာ-92] လမ်းလေးတွေ ပြောင်းတာကို အလံချိုးတယ် ခေါ်လား ဘာခေါ်လား အဲဒါမျိုးပေါ့၊ သူကပြောင်းပေးလိုက်မယ်၊ သူ့ Moment ကစပြီးတော့ ငါးဒွါရဘက်လှည့်သွားမယ်၊ စက္ခုဒွါရဘက်လှည့်သွားပြီ, သောတဒွါရဘက် လှည့်သွားပြီ ဒီအဓိပ္ပါယ်ရှိတယ်။

နောက်တစ်ခုကတော့ မနောဒွါရဝဇ္ဇန၊ မနာ ဆိုတာ စိတ်၊ မနောဒွါရာဝဇ္ဇနဆိုတာစိတ်တံခါး၊ တကယ်မြင်တာလည်းမဟုတ်ဘူး၊ တကယ်ကြားတာလည်း မဟုတ်ဘူး၊ စိတ်နှင့်စဉ်းစားပြီးမြင်တာမျိုး မရှိဘူးလား၊ အတိတ်ကဟာတွေ ပြန်မြင်တယ်ဆိုတာ မျိုးပေါ့၊ ဒါကျတော့ မနောဒွါရနှင့်မြင်တာ, စိတ်နှင့်မြင်တာ၊ တကယ့်မျက်လုံးနှင့် အခုလို မြင်တာမဟုတ်ဘူး၊ အနာဂတ်လှမ်းပြီးတော့ စဉ်းစားတယ်။ ဒါလည်းပဲ စိတ်နှင့်မြင်တာပဲ၊ ပြီးတော့တစ်ခါ ရိုးရိုးပဲ စိတ်ကူးတယ်, စိတ်ကူးတွေ ဖြစ်တယ်၊ ဒါဘာလဲ, မနောဒွါရမှာ ဖြစ်တာ၊ အဲဒါကြောင့်မို့ အဲဒါကျတော့ မနောဒွါရာဝဇ္ဇန။

အဲဒီလို ဝီထိကျတော့လည်းခုနလို ဝီထိမျိုးပဲ၊ မနောဒွါရဝီထိ လာရသေးတယ်။ လာတဲ့အခါကျတော့ ပဉ္စဒွါရာဝဇ္ဇန်းအစား သူက မနောဒွါရာဝဇ္ဇန်းကနေ အလုပ် လုပ်တော့တယ်၊ ဒါ သူ့ နယ်ရောက်လာပြီ၊ ဟို ပဉ္စဒွါရာဝဇ္ဇန်း မလိုက်နိုင်တော့ဘူး၊ သူက ငါးဒွါရနှင့်သာ ဆိုင်တော့တယ်၊ မနောဒွါရကျတော့ “မင်းမဆိုင်တော့ဘူး၊ ငါ့နေရာကွ ငါ့နယ်” ဆိုတဲ့သဘောပေါ့၊ အဲဒီလို ပြောင်းပေးတဲ့ စိတ်ကို မနောဒွါရာဝဇ္ဇနစိတ်လို့ ခေါ်တယ်။

ဒါပေမယ်လို့ ဒီမနောဒွါရာဝဇ္ဇနစိတ်သည်ပင် ငါးဒွါရမှာလည်းဖြစ်တယ်။ ဒါပေမယ်လို့ ငါးဒွါရမှာ ဖြစ်တဲ့အခါကျတော့ သူက ခုနလို ဆင်ခြင်တဲ့ အနေမျိုး, လှည့်ပေးတဲ့ အနေမျိုး, ဒီကိစ္စမျိုးနှင့်ဖြစ်တာ မဟုတ်ဘူး၊ ဒီ (Function) မျိုးနှင့် ဖြစ်တာမဟုတ်ဘူး၊ ဆုံးဖြတ်တဲ့ အနေမျိုးနှင့်ဖြစ်တာ၊ ခုန ဝုဋ္ဌောဆိုတာ ဆုံးဖြတ်တာ သူပဲ၊ သူက ငါးဒွါရမှာဖြစ်တဲ့အခါကျတော့ ဦးဆုံးဖြတ်ပေါ့၊ ဆုံးဖြတ်တဲ့ရာထူး သူ့မှာရှိတယ်၊ မနောဒွါရဖြစ်တဲ့ခါကျတော့ သူက လှည့်ပေးတဲ့လုပ်ငန်း ရာထူး ရှိတယ်, မတူဘူး၊ လူတစ်ယောက်ထဲ ဌာနနှစ်ခုကိုင်သလိုပေါ့၊ အလုပ်နှစ်ခု လုပ်သလိုပေါ့။

ဦးဇင်းလည်းပြောတယ်၊ စိတ်တွေ့ရဲ့ ကိစ္စနှင့်ပတ်သက်ပြီးတော့ပေါ့၊ ဆိုပါတော့ မင်း အခု ငါ့ဆီလာစာတက်နေတယ်၊ မင်း ငါ (Student) ကျောင်းသားပဲလို့၊ နေ့လည်တုန်းက ရုံးလုပ်တော့ မင်းရုံးမှာ အရာရှိပေါ့၊ အိမ်ပြန်သွားတော့ (Family) မှာ မင်းက အဖေပေါ့၊ သူ့အချိန်နှင့်သူ့နေရာနှင့် သူ (Function) ကွဲသလိုပဲ စိတ်တွေ

[စာမျက်နှာ-93] မှာလည်း အဲသလိုရှိတယ်၊ စိတ်တစ်ခုထဲက (Function) နှစ်မျိုးလုပ်တာရှိတယ်၊ သုံးမျိုးလုပ်တာရှိတယ်၊ လေးမျိုး ငါးမျိုး ထိအောင်ရှိတယ်၊

ဒါကြောင့်မို့ ဒီ မနောဒွါရာဝဇ္ဇနစိတ်က မနောဒွါရဂိတ်တံခါးမှာဖြစ်တဲ့ အခါမှာ စိတ်တံခါးကနေပြီးတော့ ဝင်တဲ့အခါကျတော့ သူက လှည့်ပေးတဲ့သဘော, ဆင်ခြင်တဲ့သဘော အဲဒီကိစ္စ အဲဒီလုပ်ငန်းကို သူလုပ်တယ်၊ ပဉ္စဒွါရမှာဖြစ်တဲ့အခါ ကျတော့ သူက ဒီလုပ်ငန်း မဟုတ်ဘူး၊ ဆုံးဖြတ်တဲ့ လုပ်ငန်းနှင့် ဝင်ပြီးတော့ လုပ်သွားတယ်၊ သူက လုပ်ငန်း ၂-ခုရှိတယ်၊ သူ့ကို မနောဒွါရာဝဇ္ဇနစိတ်လို့ ခေါ်တယ်၊ ဒီစိတ်တွေဟာ ရိုးရိုးပုထုဇဉ် တွေမှာလည်းဖြစ်နိုင်တယ်, ဘုရားရဟန္တာမှာလည်း ဖြစ်နိုင်တယ်, သို့သော် ကြိယာလို့ပဲ ခေါ်တယ်၊ ကြိယာလို့ခေါ်တာပေါ့ သူတို့က ကုသိုလ်လည်းမဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ဝိပါက်လည်း မဟုတ်ဘူး၊ အကျိုးလည်းမပေးဘူးဆိုတော့ သူတို့ကြိယာဖြစ်သွားတာ။

ဟသိတုပ္ပါဒစိတ်

နောက်ဆုံးစိတ်ကတော့ သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ်၊ ဟသိတ ဆိုတာ ပြုံးတာ ရယ်တာကို ဟသိတလို့ခေါ်တယ်၊ ဥပ္ပါဒ ဆိုတာ ဖြစ်စေတာ ဟသိတ+ဥပ္ပါဒတွဲလိုက်တဲ့အခါကျတော့ ဟသိတုပ္ပါဒဖြစ်၊ ပြုံးရယ်ခြင်းကို ဖြစ်စေ တတ်တဲ့ စိတ်ကို ဟသိတုပ္ပါဒစိတ်လို့ခေါ်တယ်။

ဒါပေမယ်လို့ ဒီစိတ်က ဘုရားရဟန္တာမှာသာ ဖြစ်တဲ့စိတ်တဲ့၊ ရိုးရိုးပုထုဇဉ်မှာလည်း မဖြစ်ဘူး၊ ရဟန္တာအောက်ကျတဲ့ အရိယာမှာတောင် မဖြစ်ဘူး၊ ဒါဖြင့် ပုထုဇဉ်တွေ မရယ်ဘူးလားဆိုရင် ရယ်တာပေါ့၊ သို့သော် ဒီလိုရှိတယ်၊ ရယ်တဲ့ စိတ်က ဒီစိတ်တင် မဟုတ်ဘူး၊ တခြားစိတ်တွေလည်း ရှိသေးတယ်၊ လောဘမူ သောမနဿနှင့် ရယ်တာရှိတယ်၊ နောက် ကာမာဝစရကုသိုလ်လာလိမ့်မယ်၊ ကုသိုလ် သောမနဿနှင့် ရယ်တာရှိတာကိုး၊ အခုဟာကတော့ ဘုရား ရဟန္တာ ရယ်တဲ့စိတ်။

ဆိုကြပါစို့ တခြားစိတ်နှင့်လည်းရယ်တယ်၊ ဒီစိတ်နှင့်လည်းရယ်တယ်၊ ဒီစိတ်ကတော့ ဘုရားရဟန္တာအတွက်သက်သက်၊ တို့နှင့် မဆိုင်ဘူး၊ ဒါ မှတ်ထား ရမယ်၊ စပါယ် ရှယ်ပဲ။

ရယ်တယ်ဆိုကတည်းက ဥပေက္ခာနှင့်ရယ်လို့မရဘူး၊ ဒေါမနဿနှင့် ရယ်လို့ မရဘူး၊ ဒါကြောင့်မို့ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ စိတ်၊ ဒီစိတ် ၃-ပါး ကိုကတော့ကို အဟိတ်ကြိယာစိတ် ၃-ပါးလို့ ခေါ်တယ်၊ အားလုံးပေါင်းလိုက်ရင် ညာဘက်က ဂဏန်းတွေ (Consecutive) အစကနေစပြီးတော့ ဟို ၁, ၂, ၃,

[စာမျက်နှာ-94] ၄ ကနေ ၁၂၁-ထိအောင် သွားလိမ့်မယ်။

ဒါကြောင့်မို့ အဟိတ်စိတ် ၁၈-ပါး ပြန်ပေါင်းလိုက်ကြစို့၊ အကုသိုလ် အကျိုးဖြစ်တဲ့စိတ် ၇-ပါး၊ (ဦးဇင်းတို့က ပါးပဲသုံးတယ်၊ ဘုန်းကြီးလောကက ကောင်းတဲ့စိတ်တွေကိုလည်း တစ်ပါး, နှစ်ပါးဆိုတာပဲ၊ မကောင်းတဲ့စိတ်လည်း တစ်ပါး နှစ်ပါးသုံးတာပဲ၊ အစဉ်အလာအသုံးအနှုန်းလေးတော့ မဖျောက်ပဲထားတာ ကောင်းတယ်၊ ဟုတ်လား (၇) ခုလို့ ခေါ်ချင်လည်းခေါ်ပါ၊ ရပါတယ်၊ ထားပါ တော့) ကုသိုလ်အကျိုးဖြစ်တဲ့စိတ် ၈-ပါး၊ အကျိုးမဟုတ်ဘူး၊ ဖြစ်ခါမျှဖြစ်တဲ့စိတ် ၃-ပါး၊ အားလုံးပေါင်းလိုက်တော့ကို အဟိတ်စိတ် ၁၈-ပါး။

ဘာကြောင့် အဟိတ်လို့ခေါ်တုန်း, ဟိတ်နှင့် မယှဉ်လို့, ဟိတ်နှင့်အတူ မဖြစ်လို့၊ မယှဉ်ဘူးဆိုတာ အတူမဖြစ်တာကို ပြောတာ။

ကောင်းပြီ, ဒီအဟိတ်ထဲမှာ ဥပေက္ခာနှင့် တွဲဖြစ်တာ ဘယ်နှစ်ခုပါတုန်း၊ သရုပ်ခွဲတယ်ဆိုတာ အဲဒါပဲကျေအောင်လုပ်ရတယ်၊ ဥပေက္ခာနဲ့တွဲဖြစ်တာ ၁၄-ခု၊ သောမနဿနှင့် တွဲဖြစ်တာ ၂-ခု၊ ဒေါမနဿနှင့် တွဲဖြစ်တာမပါဘူး၊ သုခနှင့် တွဲဖြစ်တာ တစ်ခု၊ ဒုက္ခနှင့် တွဲဖြစ်တာ တစ်ခု၊ အားလုံး ၁၈-ခု။

ကောင်းပြီ အဲဒီတော့ဒီနေ့စိတ်တွေက အဟိတ်စိတ်, ဟိုအပတ်တုန်းက စိတ်တွေက အကုသိုလ်စိတ်။

အကုသိုလ်စိတ် ၁၂-ခုနှင့် အဟိတ်စိတ် ၁၈-ခု ပေါင်းလိုက်ရင် ၃၀ ရတယ်၊ အဲဒီ ၃၀-ကို (Collectively) ဦးဇင်းတို့ မြန်မာပြည်မှာ အသောဘနစိတ် လို့ ခေါ်တယ်၊ ဦးသောဘနဆိုတဲ့ ဘွဲ့ ဟာ သင်္ဂြိုဟ်သင်ရင် သူ့ဘွဲ့ကို ခဏခဏ ခေါ်ရတယ်။

သောဘန ဆိုတာ တင့်တယ်တယ်, လှပတယ်ဆိုတဲ့ အနက်သဘောရှိတယ်၊ Beautiful, အသောဘန ဆိုတာ မတင့်တယ်ဘူး, မလှပဘူးဆိုတဲ့ စိတ်၊ ပါဠိ ကျမ်းဂန်တွေမှာတော့ ဒီစိတ် ၃၀-ကို အသောဘနလို့ မခေါ်ဘူး၊ ဒါပေမယ်လို့ ဦးဇင်းတို့ မြန်မာပြည်ကျတော့ သရုပ်ခွဲတဲ့အခါကျတော့ လွယ်အောင်လို့ တစ်ခါ တလေကျတော့ ဒီစိတ်တွေပေါင်းပြီးတော့ တစ်ခါထဲ ပြောလိုက်ချင်တာ၊ အသောဘန စိတ် ၃၀-ဆိုတော့ တစ်ခါထဲကိစ္စပြီးသွားတယ်၊ တစ်ခါထဲနှင့် ပြောလို့ရတယ်။ သို့မဟုတ်ရင် အကုသိုလ်စိတ် ၁၂-ခု အဟိတ်စိတ် ၁၈-ခုနှင့် ပြောနေရအုံးမှာ၊ ဒီ ၃၀-လုံးကို ပြောချင်တဲ့ခါကျတော့ အသောဘန စိတ် ၃ဝ, အဲသလို ပြောလိုက်တယ်

[စာမျက်နှာ-95] ဒါတွေ အသောဘနဖြစ်တဲ့အတွက်ကြောင့်မို့ ကျန်တာတွေ ကျန်တာတွေဆိုတာ ရှေ့လာမယ့်စိတ်တွေ သောဘနစိတ် တွေပဲ, တင့်တယ်တဲ့စိတ်တွေ (Beautiful types of consciousness) လာလိမ့်မယ်၊ တင့်တယ်တဲ့ဟာ အများကြီးပေါ့။ မတင့်တယ်ဆိုတာလည်းအမှန်ကတော့ အဟိတ်စိတ်အနေနှင့်တော့ မလှပတဲ့ သဘော မဟုတ်ပါဘူး၊ ဟိတ်မရှိတာကိုပဲ မတင့်တယ်ဘူးပြောတာပေါ့လေ၊ တင့်တယ်တဲ့ ဟိတ်နှင့်လည်း မယှဉ်ဘူး၊ မတင့်တယ်တဲ့ ဟိတ်နှင့်လည်း မယှဉ်ဘူး၊ ဒါပေမယ့် သူ့ဒီထဲထည့်လိုက်တော့တယ်၊ ဟိတ်နှင့် မယှဉ်လို့။

အကုသိုလ်စိတ်ကတော့ တကယ် မတင့်တယ်တဲ့စိတ်ပေါ့၊ မကောင်းတဲ့စိတ်၊ ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၂-ခုနှင့် အဟိတ်စိတ် ၁၈-ခု ဒီနှစ်ခု ပေါင်းလိုက်လို့ ၃၀-ကို အသောဘနစိတ်လို့ ဦးဇင်းတို့ ခေါ်လိမ့်မယ်၊ ဒီစိတ် ၃၀-မှ တပါး ဒီစိတ် ၃၀-မှလွတ်တဲ့ နောက်ထပ်လာမယ့် စိတ်တွေကျတော့ သောဘနစိတ်လို့ ခေါ်လိမ့်မယ်။

သောဘနစိတ် ဘယ်လောက်ရှိမှန်းမသိသေးဘူး၊ နောင်တော့ သိမှာပေါ့။ ဒီသင်္ဂြိုဟ် ကျမ်းမှာကတော့ အညံ့ကစပြတာ၊ မကောင်းတဲ့စိတ် သူ့ထက်နည်းနည်း သက်သာတဲ့ စိတ်- နောက်တော့ ကုသိုလ်ကောင်းတဲ့စိတ်တွေ အဲလို တဖြည်းဖြည်း အညံ့ အကောင်း ပိုကောင်း အကောင်းဆုံး (အဲဒါကတော့ ဒီဟာ ဒီလိုပဲ စဉ်ချင်လို့ပေါ့, အညံ့ကစပြီး စဉ်ပေးစေချင်လို့ တဖြည်းဖြည်း အပေါ်တက်သွားမယ်)၊ ဓမ္မသင်္ဂဏီ ပါဠိတော်ကျတော့ အဘိဓမ္မာပါဠိတော်ကျတော့ သူက ကုသိုလ်ကစတယ်၊ ကုသိုလ်, အကုသိုလ်, အဗျာကတ လို့စတယ်။

သော်-အဗျာကတ ပြောရအုံးမယ် ခုန ပြောခဲ့တယ်၊ ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာ, အဲဒီ ဝိပါက်နှင့် ကြိယာကို (Collectively) အဗျာကတလို့ ခေါ်တယ်၊ အဗျာကတစိတ်လို့ပြောရင် ဝိပါက်နှင့် ကြိယာ နှစ်မျိုးကို ဆိုလိုတယ်၊ သင်္ဂြိုဟ်ကျမ်းထဲမှာ သိပ်တော့ မသုံးဘူး၊ သို့သော် အဘိဓမ္မာမှာတော့ သုံးတယ်။

ခုနသတိရသွားတာက ကုသိုလ်, အကုသိုလ်, အဗျာကတလို့ ပြောလိုက်လို့၊ ဝိပါက်နှင့်ကြိယာကို အဗျာကတလို့ခေါ်တယ်၊ ရုပ်ကိုလည်းပဲ အဗျာကတ လို့ ခေါ်လိမ့်မယ်၊ နိဗ္ဗာန်လည်း အဗျာကတလို့ခေါ်မယ်၊ ကုသိုလ် အကုသိုလ်မဟုတ်တာ မှန်သမျှ အဗျာကတထဲ ထည့်ရမှာပဲ၊ ရှင်းရှင်း မှတ်ထား။

အဗျာကတစိတ် သရုပ်ခွဲတဲ့ခါကျတော့ သိပ်မသုံးဘူး၊ သူ့ကို ကုသိုလ်, အကုသိုလ်၊ ဒါတွေပဲ အသေးစိပ်သွားအုံးမယ်၊ အဲဒါကြောင့်မို့ ကျေအောင်တော့ လုပ်ကြ, ဒါလေးတွေ ၁၈-ခု၊ ဒီ ၁၈-ခု, ကော်လံ ၃-ခုရှိတယ် မဟုတ်လား၊

[စာမျက်နှာ-96] ကော်လံ ၃-ခုနှင့် ၁၈-ခုကို တစ်ခါထဲကျေအောင်လုပ်ကြ၊ ဒါလေးကြည့်ပြီးတော့ ဆိုပါတော့, ဥပေက္ခာသဟဂတ စက္ခုဝိညာဏ်စိတ် ဒါက သောတဝိညာဏ်စိတ်၊ ဒါက ဃာနဝိညာဏ်စိတ် အဲသလို၊ နောင်ခါမှာ ဆိုပါတော့, အကုသလဝိပါက်စိတ် ၇-ပါးလို့ ပြောလိုက်ရင် အဲဒီ ၇-ခု စိတ်ထဲက တန်းပြီးတော့ မြင်သွားပစေ၊ အဟိတ်ကုသလ ဝိပါက်စိတ် ၈-ပါးဆိုရင် အလယ်က ၈-ခု မြင်သွားပစေ၊ အဟိတ်ကြိယာ ၃-ခု ဆိုရင် ၃-ခု မြင်သွားပစေ၊ အဲသလို မြင်သွားမှ ကိုယ်နားလည်တာ ကျကျနနနားလည်တာ၊ အဲဒီကျမှလည်းပဲ ရှေ့လည်းသွားချင်တာ ရှုတ်ထွေး ရှုတ်ထွေးနှင့်ဆိုရင် ကြာတော့ စိတ်က ပျက်လာတာ။

အဲဒါကြောင့်မို့ တက်ပြီးသားလေးကိုတော့ဖြင့် ကျေအောင်လုပ်ကြ၊ အလွန် အကျိုးရှိတယ်နော်၊ ကျေတဲ့အခါကျရင် အရသာတွေ့လာတယ်၊ ရှေ့တက်တဲ့အခါ ကျတော့ နောက်မပြန်ရတော့ဘူး၊ နောက်ပြန်မကြည့်ရတော့ဘူး၊ သိသိ, သိသိ သွားတာ၊ နည်းနည်းလုပ်သွားရင် ဒီ ၁၂၁-ခု ဘာမှ မခဲယဉ်းဘူး၊ မှတ်မိသွားတာပဲ။

အရင်လဲ ပြောဖူးတယ် မဟုတ်လား၊ အဲဒီ ချပ်ကပ်လေး ကပ်ကြေးနှင့် ကိုက်ပြီး အိတ်ထဲထည့်ထားသွားရင်း လာရင်းဖြစ်စေ တစ်ခုခုစောင့်နေတဲ့အခါတို့ ဘာတို့ဖြစ်စေ ထုတ်ကြည့်လိုက်၊ အဲဒီလိုနှင့်ပဲမှတ်မိသွားတာပဲ၊ အဲသလို မှတ်မိထားရင် သိပ်အကျိုးရှိတယ်၊ မမှတ်မိတော့ ခုနလိုပဲ အသိဉာဏ်က မရှင်းဘူး၊ ရှင်းရှင်းလင်းလင်း မသိရင် ဘယ်သူဖြစ်ဖြစ်ကြာတော့ စိတ်ပျက်လာတာပေါ့၊ ဒါကြောင့်မို့ ဒါကိုတော့ ကျေအောင်လုပ်, သိအောင်လုပ်။

ပြီးတော့ ခုန သောမနဿ ဥပေက္ခာ ကွဲနေပစေ၊ အထက်ပိုင်းက အနီတွေ အောက်ပိုင်းက အပြာတွေဆိုကြစို့၊ အဲဒီတော့ အခု ကာယဝိညာဏ်တွေကို ဦးဇင်း ဘာလက္ခဏာနှင့် ပြထားတုံး၊ (Cross) နှင့် ပြထားတာလား၊ နည်းနည်းကွဲအောင် ဆိုပြီးတော့ Cross နှင့် လုပ်ထားတယ်၊ အဲဒီတော့ ဒုက္ခကျတော့ ဒေါမနဿနှင့် ဆင်ဆင်ဆိုပြီးတော့ အစိမ်း (Cross) လုပ်ထားတယ်၊ သုခ ကျတော့ သောမနဿနှင့် ဆင်ဆင်ဆိုပြီးတော့ အနီ (Cross) လုပ်ထားတယ်၊ အမှန်တော့ ဒီ (Colour) ကတော့ ကိုယ်လုပ်ချင်တာ လုပ်လို့ရပါတယ်၊ မြန်မာပြည်တုန်းကလည်း ဒီဟာပဲ လုပ်ခဲ့တော့ ဒီကျတော့ လည်းပဲ ဒါပဲ လုပ်လိုက်တော့တယ်။

ဦးဇင်းစိတ်ကူးက အနီဆိုတော့ တက်တက်ကြွကြွရှိတယ်, သောမနဿ၊ အပြာဆိုတာက ငြိမ်တဲ့သဘောရှိတယ်၊ ဒီနိုင်ငံကျတော့ ဒီလို ဟုတ်ချင်မှဟုတ်မှာ၊ သူတို့အတွေးအခေါ်က တစ်မျိုးရှိချင်ရှိမှာ၊ ဒါပေမယ်လို့ ဒါကိုပဲ ဦးဇင်းကလုပ်ခိုင်း

[စာမျက်နှာ-97] တော့တယ်၊ ဒါ Just a symbol ဟုတ်တယ် မဟုတ်လား၊ ဒါမျိုးမဟုတ်ပဲနှင့် တစ်ခြားနည်းနှင့် လုပ်လိုကော မရဘူးလား ဆိုတော့ရတယ်၊ တစ်ချို့ ဦးဇင်းတို့ မြန်မာပြည်မှာ စာသင်တဲ့အခါ ပဲစေ့လေးတွေ နှင့် စိတ်စေတသိက်တွေ အဲဒီလိုပဲ လုပ်တာပဲ၊ အဲဒီတော့ ဒါ မှတ်မိအောင် လုပ်တဲ့နည်းတွေချည်းပဲ၊ (Means) ပဲ၊ (They are not aims) ဟုတ်လား, ကိုယ်ကြိုက်တဲ့နည်းနဲ့ လုပ်လို့ရတယ်။

သို့သော် ဒါကတော့ Uniformity ရှိအောင်လို့ပေါ့လေ၊ ဟုတ်ဘူးလား၊ ဒီဟာပဲ ဦးဇင်းတို့ကလုပ်ကြစို့၊ ဒါဟာ Sample မျှပဲဆိုတာ သိထားရင် ကိစ္စမရှိဘူး၊ လုပ်လို့ရတယ်၊ ကဲ-ကောင်းပြီ နောက်ထပ် ဘာမေးချင်သေးတုန်း၊ ဝုဋ္ဌော အခိုက် အတန့်မှာ ဆုံးဖြတ်တာ အမှန်ကတော့ ဆုံးဖြတ်တယ်ဆိုတာ ပုဂ္ဂိုလ်အနေနှင့်က Subjectively ပြောတာနော်, သူ့ဟာသူကတော့ နဂိုတည်းက ကောင်းတာဟာ ကောင်းတာပဲ, မကောင်းတာဟာ မကောင်းတာပဲ၊ အဲဒါကျတော့ အဲဒါက အလယ် အလတ် Average လူနှင့်ဆုံးဖြတ်လို့ သူတို့ပြောတယ် ဆိုတယ်၊ သူတို့ကျမ်းမှာ ရေးတယ် ဆိုပါတော့ ဒီအာရုံတစ်ခုတည်းက တစ်ယောက် အဖို့မှာ ဣဋ္ဌ ဖြစ်မယ်၊ တစ်ယောက်အဖို့မှာ အနိဋ္ဌဖြစ်မယ်၊ ဒါပေမယ်လို့ အများပေါ့ (Majority) သဘောက ဒါကို ကောင်းတယ်လို့ ဆုံးဖြတ်ထားရင် ဒါ ဣဋ္ဌာရုံပေါ့။

ဆိုပါစို့ ခုနပြောတဲ့ ဥပမာနှင့် ပြောကြစို့၊ နံနံပင်ဟာ ဦးဇင်းအဖို့ အနိဋ္ဌာရုံ၊ ဒါပေမယ်လို့ နံနံပင်ဟာ အနိဋ္ဌာရုံပါလို့ ပြောလို့ မဖြစ်ဘူး၊ အများကကြိုက်နေတာ မကြိုက်တဲ့လူက နည်းနည်းရှိတာ၊ အဲဒီတော့ နံနံပင် မင်းတို့ ဘယ်ထဲထည့်မလဲ၊ ဣဋ္ဌာရုံထဲထည့်မလား၊ အနိဋ္ဌာရုံထဲ ထည့်မလား၊ ပြီးတော့ ဒါတော်တော်လေး ပြဿနာရှိတယ်၊ ဒီ အာရုံအခွဲနှင့် ပတ်သက်ပြီးတော့ အာရုံတစ်ခုထဲဟာ အမြင်နှင့်ကြည့်တော့ တစ်မျိုး ဖြစ်တတ်တယ်၊ အတွေးကျကိုတော့ တစ်မျိုးဖြစ်တတ်တယ် နော်၊ ရွံစရာတော့ ရွံစရာပဲ၊ မစင်ဆိုပါတော့ အရောင်အဆင်း ဆိုရင် ကလေးမစင်တို့ ဘာတို့ဆိုရင် လှလှပပလေး မဟုတ်လား၊ ဝါလို့မဟုတ်လား၊ အတွေ့ကြည့်လိုက်တော့လည်းသူက ကောင်းတာပဲ, နူးညံ့တာပဲ၊ အနံ့ကျတော့ သွားပြီနော်၊ အဲဒီလိုပဲပေါ့၊ ခွဲလို့ရတယ်။

ငယ်ငယ်လေးကထဲက (ဆိုပါတော့) ဒီအသိုင်းအဝိုင်းမှာ နေလာတယ်။ ဒါဟာ ကောင်းတဲ့ဟာပဲ ဒါဟာ မကောင်းတဲ့ဟာပဲဆိုတဲ့ သင်ကြားချက်ကလေးတွေ ပေါ့ လေ၊ ကလေးလေးတွေက မိဘက ဒါ ကောင်းတယ်ဆိုတော့ သူကလည်း ဒါ ကောင်းတယ်လို့ ဆုံးဖြတ်သွားတာ၊ အဲဒီလို ယူတာကနေပြီးတော့ ဆုံးဖြတ်ချက် တွေက ဖြစ်ကုန်တာပဲ၊ ဒါကြောင့်မို့ လူတစ်မျိုးနှင့် တစ်မျိုးလည်းတူမှာ မဟုတ်ဘူး၊

[စာမျက်နှာ-98] Culture တစ်မျိုးနဲ့ တစ်မျိုးလည်း မတူဘူး၊ ဦးဇင်းတို့ ဒီနိုင်ငံရောက်နေတဲ့ခါကျတော့ ဒီလူမျိုးက ဒါကောင်းတယ် ထင်တယ်၊ ဦးဇင်းတို့က မကောင်းဘူး ထင်တယ်၊ ဦးဇင်းတို့က ကောင်းတယ်ထင်တယ်၊ သူတို့က မကောင်းဘူးထင်တယ်၊ ဒါတွေ အမျိုးမျိုးရှိတာပေါ့၊ အစားအသောက်ဆို ငါးပိဆို ဦးဇင်းတို့က ကိစ္စမရှိဘူး၊ ကောင်းတာ၊ သူတို့ကျတော့ ဒုက္ခရောက်လို့၊ ငါးပိဟာ ဦးဇင်းတို့ မြန်မာလူမျိုး အဖို့ကျတော့လည်း ကောင်းတဲ့အာရုံ ဟုတ်လား၊ ကိုယ်ကြိုက်တာကိုး၊ သူတို့ကျတော့ ဒါ မကောင်းတဲ့ အာရုံပြောမှာ။

ထို့အတူပဲ Cheese ဦးဇင်းတို့လည်း မကြိုက်ဘူး၊ တကယ် နံတာကြီးတွေ ရှိတယ် မဟုတ်လား၊ သူတို့ အကောင်းလုပ်ပြီး စားတာပဲ, ကြိုက်တာပဲ။

အမှန်ကတော့ ဇောမှာအရေးကြီးတာ၊ ကိုယ်ကနေပြီးတော့ အသင့် အတင့် နှလုံးမသွင်း တတ်ဘူး၊ ကိုယ်က မခံယူတတ်ဘူးဆိုရင်, ကိုယ့်မှာ အပြစ်ဖြစ်တယ်၊ အကုသိုလ်ဖြစ်တယ်၊ ကိုယ်ကသာ လက်ခံတတ်လို့ရှိရင် အကုသိုလ်ကလာတဲ့ ဝိပါက်ကလည်း ကောင်းသွားမှာပဲ၊ ကိုယ့်အတွက်မှာ သံပုရာရည်ဟာ အဖျော်ရည်ဖြစ်သွား တာပေါ့၊ ချဉ်နေတယ်ဆိုတော့ အဖျော်ရည်အဖြစ် သုံးလိုက်သလို ဖြစ်သွားတာပေါ့။

အဲဒါကြောင့်မို့ ရဟန္တာတွေကျ အဲဒါတွေနိုင်တာ၊ ပုထုဇဉ်တွေကျ မနိုင်သေးဘူး၊ မနိုင်သေးတော့ အာရုံလိုက်ပြီးတော့ ထိန်းပေမယ်လို့ တစ်ခါတလေ ဖြစ်သေးတာပဲ။ လောဘမဖြစ်အောင်လို့ ထိန်းပေမယ်လို့ လောဘဖြစ်သွား သေးတယ်၊ ဒေါသမဖြစ်နှင့် ဆို ဖြစ်သွားသေးတယ်၊ ရဟန္တာကျတော့ တကယ်နိုင်သွားပြီ၊ သူတို့ကျတော့ ဘယ်တော့မှ မကောင်းတာ မဖြစ်တော့ဘူးပေါ့၊ အဲဒါပဲ။

အဗျာကတရဲ့ အဓိပ္ပါယ် အဗျာကတဆိုတာက (Literal meaning) က မပြောကြားအပ်သော ဒီအဓိပ္ပါယ်ရှိတယ်၊ မပြောကြားအပ်သောဆိုတာ ကုသိုလ် ဟူ၍လည်းကောင်း, အကုသိုလ်ဟူ၍လည်းကောင်း, ထင်ထင်ရှားရှား မပြောကြား အပ်သောလို့ ဆိုလိုတယ်၊ အဲဒီနေရာမှာ အရှင်နာရဒရဲ့ စာအုပ်ထဲမှာ မှားနေတယ်၊ (Explaining) မှားနေတယ်, အဲဒါလည်း သတိထားကြ၊ အဲဒီဟာရဲ့ အခြေခံက ဘာလဲဆိုတော့ မြတ်စွာဘုရားက ဓမ္မသင်္ဂဏီပါဠိတော်ဟောတဲ့ခါကျတော့ ကုသိုလ် ဆိုတဲ့ တရားတွေ့ရှိတယ်ဟေ့၊ အကုသိုလ်တရားတွေဆိုတာရှိတယ်၊ အဗျာကတ တရားတွေဆိုတာရှိတယ်ဟေ့၊ ပထမဆုံးတိက် ဟောတာ, အဗျာကတဆိုတာ ဘာလဲ၊ Not declared။

[စာမျက်နှာ-99] ၁။ သောမနဿ-သဟဂတ ဉာဏ-သမ္ပယုတ္တ အသင်္ခါရိက စိတ် (၃၁)
၂။ ။ ။ သသင်္ခါရိက စိတ် (၃၂)
၃။ ။ ဉာဏ-ဝိပ္ပယုတ္တ အသင်္ခါရိက စိတ် (၃၃)
၄။ ။ ။ သသင်္ခါရိက စိတ် (၃၄)
၅။ ဥပေက္ခာ-သဟဂတ ဉာဏ-သမ္ပယုတ္တ အသင်္ခါရိက စိတ် (၃၅)
၆။ ။ ။ သသင်္ခါရိက စိတ် (၃၆)
၇။ ။ ဉာဏ-ဝိပ္ပယုတ္တ အသင်္ခါရိက စိတ် (၃၇)
၈။ ။ ။ သသင်္ခါရိက စိတ် (၃၈)

ကာမာဝစရဝိပါက်စိတ် ၈-ပါး
၁-၈။ ကာမာဝစရကုသိုလ်စိတ် ၈-ပါးနှင့်တူ။ (၃၉-၄၆)

ကာမာဝစရကြိယာစိတ် ၈-ပါး
၁-၈။ ကာမာဝစရကုသိုလ်စိတ် ၈-ပါးနှင့်တူ။ (၄၇-၅၄)

* ကာမာဝစရ - ကာမ ၁၁-ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်။ ဖြစ်တတ်။
* သောဘန - တင့်တယ်၊ လှပ။
* ဉာဏ - ဉာဏ်၊ ကံကံ၏အကျိုး စသည်ကို သိမြင်သောဉာဏ်။
* ဝိပါက် - အကျိုး။
* ကြိယာ - ပြုကာမတ္တ၊ ဖြစ်ကာမတ္တ။

[စာမျက်နှာ-100]
အဘိဓမ္မာသင်တန်း (၅)
ကာမာဝစရသောဘနစိတ် ၂၄-ပါး

ဒီနေ့ စက်တင်ဘာလ (၁) ရက်၊ ကာမာဝစရသောဘနစိတ် ၂၄-ပါးကို လေ့လာကြမယ်၊ ဒါ မရောက်ခင် လွန်ခဲ့တဲ့ အပတ်က လေ့လာတာလေး ပြန်နွှေးလိုက်ကြဦးစို့။

ပထမဆုံး စိတ်ဟာ အကျဉ်းအားဖြင့်-၈၉၊ အကျယ်အားဖြင့် ၁၂၁-ပါး အဲဒီထဲမှာ ပထမဆုံး လေ့လာခဲ့တာက အကုသိုလ်စိတ်-၁၂ ပါး၊ ဒုတိယ လေ့လာတာက အဟိတ်စိတ် ၁၈-ပါး ပေါ့။

* အကုသိုလ်စိတ် ဆိုတာက မကောင်းတဲ့စိတ်ပေါ့၊ အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း၊ ဒီလက္ခဏာနဲ့ ပြည့်စုံတဲ့စိတ်ပေါ့။
* အဟိတ်စိတ် ဆိုတာကတော့ ယှဉ်ဘက်ဟိတ်မရှိတဲ့စိတ်၊ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ ဆိုတဲ့ ဟိတ်နဲ့ အတူတကွ မဖြစ်တဲ့စိတ်။

ကောင်းပြီ၊ အကုသိုလ်စိတ် ၁၂-ခုထဲမှာ သောမနဿဝေဒနာနဲ့ ယှဉ်တာ ၄-ခုပါတယ်၊ ဥပေက္ခာနဲ့ ယှဉ်တာ ၆-ခုပါတယ်၊ ဒေါမနဿနဲ့ ယှဉ်တာ ၂-ခုပါတယ်။ အဟိတ်စိတ်ထဲမှာ သောမနဿနဲ့ယှဉ်တာ ၂-ပါးပါတယ်၊ ဥပေက္ခာနဲ့ယှဉ်တာ ၁၄-ပါး၊ သုခနဲ့ယှဉ်တာ ၁-ပါး၊ ဒုက္ခနဲ့ယှဉ်တာ ၁-ပါး။

[စာမျက်နှာ-101] အဲဒီအကုသိုလ်နဲ့ အဟိတ်စိတ် ၂-ခုပေါင်းကို အသောဘနစိတ် လို့ နာမည်မှည့်ထားတယ်၊ ဒါက မြန်မာပြည်မှာ မှည့်ထားတာ၊ ကျမ်းဂန်ထဲမှာ ပါတာမဟုတ်ဘူး၊ ခေါ်ရလွယ်အောင်လို့၊ နောင် ဒီစိတ် ၃၀-ကို တစ်ပေါင်းတည်း ပြောချင်တဲ့အခါ ကျတော့ အသောဘနစိတ် ၃၀-လို့ ဒီလိုပြောမယ်။

ဒီနေ့ပြောမယ့်စိတ် ၂၄-ပါးက ကာမာဝစရသောဘနစိတ် တဲ့၊ ကာမာဝစရ ဆိုတာ ကာမ ၁၁-ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်မှု ဖြစ်တတ်သော စိတ်ကို ကာမာဝစရစိတ်လို့ ခေါ်တယ်။

ကာမ ၁၁-ဘုံဆိုတာ အပါယ် ၄-ဘုံရယ်၊ လူ့ဘုံရယ်၊ နတ် ၆-ဘုံရယ်၊ ဒီ ၁၁-ဘုံကို ကာမ ၁၁-ဘုံလို့ခေါ်တယ်၊ ကာမဂုဏ်နဲ့ ပတ်သက်တဲ့ အာရုံတွေများတဲ့ဘုံလို့ ဆိုလိုတာပေါ့။

ကာမ ၁၁-ဘုံမှာ များသောအားဖြင့် ဖြစ်တတ်တဲ့စိတ်မျိုးကို ကာမာဝစရစိတ်လို့ ခေါ်တယ်၊ ဟိုနေ့ကလဲ ပြောပြီးသားပါ၊ "များသောအားဖြင့်" လို့ ဆိုထားတဲ့အတွက် တစ်ခါတစ်ရံ ဒီစိတ်တွေက ရူပါဝစရဘုံမှာလည်း သွားဖြစ်သေးတယ်။ အရူပါဝစရဘုံမှာလည်း သွားဖြစ်သေးတာပဲ၊ သို့သော် များသောအားဖြင့် ကာမာဝစရဘုံမှာ ဖြစ်တတ်တာကြောင့် ဒီစိတ်တွေကို “ကာမာဝစရစိတ်” လို့ခေါ်တယ်၊ နောက်ပိုင်းကျတော့ အတိုကောက် ကာမစိတ် လို့ ခေါ်လိမ့်မယ်၊ ကာမာဝစရသောဘနစိတ်ကို ကာမသောဘနစိတ် လို့ နောင်အခါ သုံးသွားမယ်။

သောဘန ဆိုတာက တင့်တယ်တာ လှပတာ ကောင်းတာကို ခေါ်တယ်။ အဲဒီတော့ ဒီစိတ်တွေက တင့်တယ်တဲ့စိတ်, ကောင်းတဲ့စိတ်, ဘာကြောင့် သူတို့ကို တင့်တယ်တယ်၊ ကောင်းတယ်လို့ ပြောရသလဲဆိုတော့ ဟိတ်တွေက ကောင်းတဲ့ ဟိတ်တွေနဲ့ယှဉ်လို့။

အလောဘဟိတ်, အဒေါသဟိတ်, အမောဟဟိတ် ဆိုတဲ့ ကောင်းတဲ့ဟိတ်တွေနဲ့ ယှဉ်လို့ ဒီစိတ်တွေကစပြီး နောက်စိတ်ဆုံးသည့်တိုင်အောင်အထိ စိတ်အားလုံးဟာ သောဘနစိတ်တွေပဲ။ သောဘနစိတ် ဘယ်လောက်ရှိတယ်ဆိုတာ နောက်ကျမှ တွက်ကြမယ်။

အဲဒီသောဘနထဲက ကာမာဝစရသောဘနစိတ်က ၂၄-ပါး အပြားရှိတယ်၊ အဲဒီ ၂၄-ပါးက -
1. ကာမာဝစရကုသိုလ်စိတ် ၈-ပါး
2. ကာမာဝစရဝိပါက်စိတ် ၈-ပါး
3. ကာမာဝစရကြိယာစိတ် ၈-ပါး
(အားလုံး ၂၄-ပါး)

ကာမာဝစရကုသိုလ်တဲ့၊ မှတ်မိသေးလား၊ ကုသိုလ်ဆိုတာ အကုသိုလ်ရဲ့

[စာမျက်နှာ-102] ပြောင်းပြန်၊ အပြစ်မရှိခြင်း, ကောင်းသောအကျိုးကိုပေးခြင်း, ဒီလက္ခဏာ ၂-ပါး နဲ့ ပြည့်စုံတဲ့ စိတ်ကို ကုသိုလ်စိတ်၊ မြန်မာလို့ ရိုးရိုးပြောရင်တော့ စိတ်ကောင်းပေါ့၊ ကောင်းတဲ့စိတ်။

ကုသိုလ်စိတ်ကလည်း အမျိုးမျိုးရှိတော့ ကာမာဝစရကုသိုလ်စိတ်ဟာ ကာမာဝစရဘုံမှာ များသောအားဖြင့် ဖြစ်တတ်တာ၊ ကာမာဝစရကုသိုလ်စိတ်က ၈-ပါး ရှိတယ်၊ အဲဒီ ၈-ပါးဟာ လောဘမူစိတ် ၈-ပါးနဲ့ ခပ်ဆင်ဆင်ပဲ သွားတော့တယ်၊ လောဘမူစိတ် ၈-ပါးကို နားလည်ထားရင် ဒိဋ္ဌိဂတသမ္ပယုတ် နေရာမှာ ဉာဏသမ္ပယုတ်၊ ဒိဋ္ဌိဂတဝိပ္ပယုတ် နေရာမှာ ဉာဏဝိပ္ပယုတ် လုပ်လိုက်ရင် ပြီးသွားတာပဲ။
၁. သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကစိတ်
* သောမနဿ ဆိုတာ ဝမ်းမြောက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့်တကွဖြစ်တဲ့ ဉာဏသမ္ပယုတ္တ (ဉာဏ်နှင့်ယှဉ်တယ်)။ ဉာဏ်ဆိုတာ ဒီနေရာမှာ ကံကံ၏အကျိုးစသည်ကို သိမြင်တဲ့ ဉာဏ်ကို ခေါ်တယ်၊ လောကခေါ်နေကြတဲ့ဉာဏ်နဲ့ မတူဘူးနော်၊ တစ်ခါတလေ ဉာဏ်ဆိုတာက မကောင်းတဲ့သဘောကိုပြတယ်၊ ဒီလူဉာဏ်များတယ်ဆိုရင် မကောင်းတာကို ပြောတာ, လိမ်ကွေ့ကောက်ကျစ်တာကိုပြောတာ။
* အဘိဓမ္မာမှာ ဉာဏ်ပညာလို့ ပြောလိုက်ရင် အခုလို ကံ, ကံ၏ အကျိုးကို ယုံကြည်သိမြင်တဲ့ ဉာဏ်မျိုး, ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ဉာဏ်မျိုး, သစ္စာလေးပါး တရားကိုသိမြင်တဲ့ဉာဏ်မျိုး, အနိစ္စ, ဒုက္ခ အနတ္တသဘောလက္ခဏာတွေကို သိမြင်တဲ့ ဉာဏ်မျိုးကို ဉာဏ်ပညာလို့ခေါ်လိမ့်မယ်။
* အသင်္ခါရိက ဆိုတော့ တိုက်တွန်းခြင်းမရှိတဲ့စိတ်၊ မတိုက်တွန်းရပဲ သူ့ဟာသူ ထဖြစ်တဲ့စိတ်မျိုး။

ကုသိုလ်ကောင်းမှု တစ်ခုခုလုပ်တယ်၊ ပေးတယ်ပဲဆိုကြပါစို့၊ ဒါန တစ်ခုခု လုပ်တယ်၊ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်တယ်၊ ဒီဒါနဆိုတဲ့ ကုသိုလ်က ကောင်းတဲ့ အကျိုးကို ပေးလိမ့်မယ်ဆိုတဲ့ ကံကံ၏ အကျိုးသဘောတရားကို သိမြင်ယုံကြည်ပြီး ပေးတယ်၊ ဘယ်သူမှလဲ မတိုက်တွန်းရဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မတိုက်တွန်းရပဲနဲ့ (Spontaneously) ပေးတယ်ဆိုရင် ဒါဟာ ပထမစိတ်နဲ့ ကောင်းမှု ပြုလိုက်တာ။
၂. သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိကစိတ်
* သူကျတော့ နည်းနည်းတိုက်တွန်းရတယ်၊ သူများကတိုက်တွန်းသည်ဖြစ်စေ, ကိုယ့်ဟာကိုယ် တိုက်တွန်းသည်ဖြစ်စေပေါ့။ သောမနဿ ၄-ပါး

[စာမျက်နှာ-103] ကုန်အောင် သွားလိုက်ကြဦးစို့၊ တိုက်တွန်းခြင်းနှင့်တကွဖြစ်လာရင် သသင်္ခါရိကစိတ်။
၃. သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိကစိတ်
* ဒီတခါကျတော့ ဉာဏ်နဲ့ မယှဉ်တော့ဘူး၊ တစ်ခါတလေ ကုသိုလ်ကောင်းမှုပြုကြတဲ့အခါ အမှတ်တမဲ့ ပြုမိတတ်ကြတယ်၊ (Basically) တော့နားလည်တယ်၊ ဗုဒ္ဓဘာသာမှန်ရင် ကံကံ၏ အကျိုးတော့ ယုံကြတာပဲ၊ ဒါပေမယ့် တကယ်ပေးလှူလိုက်တဲ့အခါကျတော့ အမှတ်တမဲ့ပဲ, ဉာဏ်ပါမသွားဘူး။

အဲသလို ဉာဏ်ပါမသွားရင် ဉာဏဝိပ္ပယုတ္တ ဖြစ်မယ်၊ ဒါကြောင့်မို့ ကုသိုလ် ကောင်းမှုလုပ်တဲ့အခါမှာ အလွန်သတိထားရမယ်, အမှတ်တမဲ့ မလုပ်မိစေရဘူး၊ နည်းနည်းလေးတော့ တန့်ပြီး ကံ, ကံ၏အကျိုးသဘောတရားလေးကို စိတ်ထဲ စဉ်းစားလိုက်၊ အဲဒါလေးပေါ်လာမှ လှူတာတန်းတာလုပ်လိုက်ရင် ဉာဏ်နဲ့ ယှဉ်သွားရော့။ အမှတ်တမဲ့ ပြုတာမျိုးဆိုရင် ဉာဏ်နဲ့မယှဉ်ဘူး။

ဦးဇင်းတို့ ဘုန်းကြီးတွေတောင်မှ အခြားပုဂ္ဂိုလ်ကို သင်္ကန်းတစ်စုံလှူတယ်ဆိုရင် တစ်ခါထဲဆွဲယူပြီး ဒီအတိုင်းပေးလိုက်တယ်ဆိုရင် ဉာဏ်မပါဘူး၊ ဉာဏ်ပါမှ အကျိုးပေးတာ၊ အကျိုးပေးတော့လည်း ဉာဏ်ပါတဲ့အကျိုးပေးတာ၊ ဉာဏ်မပါရင် အကျိုးပေးတော့လည်း ဉာဏ်မပါတဲ့အကျိုးပေးတော့ အကျွတ်တရားရနိုင်တဲ့ အဆင့်မရောက်ပဲရှိတတ်တယ်၊ အဲဒါကြောင့်မို့ ဉာဏ်ပါအောင် လုပ်ရမယ်၊ ပဉ္စမပိုင်းမှာ ကံတွေအကြောင်း ပြောတဲ့အခါမှာ ဒါတွေ ထပ်ပြောရဦးမှာပဲ။

အဲဒါကြောင့် ကောင်းမှုကုသိုလ်ပြုရင် ဒီဉာဏ်လေးပါသွားအောင် ကံ, ကံ၏ အကျိုး သဘောတရားရှိတယ်ဆိုတဲ့ သဘောလေး သက်ဝင်ယုံကြည်သိမြင်တဲ့ ဉာဏ်ပါအောင်လုပ်ရမယ်၊ သူမပါရင် ဉာဏဝိပ္ပယုတ် ဖြစ်သွားတာပဲ။ ဉာဏဝိပ္ပယုတ်ကလည်း မတိုက်တွန်းပဲနဲ့ ဖြစ်တဲ့စိတ်ရှိတယ်၊ တိုက်တွန်းလို့ ဖြစ်တဲ့စိတ် ရှိတယ်၊ ဒါကြောင့် သောမနဿနဲ့ယှဉ်တာ အားလုံး (၄)ပါးရတယ်။

5. ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကစိတ်
* ဒီကျတော့ သောမနဿ ဝေဒနာမဟုတ်တော့ဘူး၊ ဥပေက္ခာဖြစ်သွားပြီ၊ အလယ်အလတ်၊ ဝမ်းသာတာလည်းမဟုတ် ဝမ်းနည်းတာလည်းမဟုတ်တဲ့ အလယ်အလတ် ဖြစ်တဲ့ ဝေဒနာနဲ့ယှဉ်ပြီးတော့ လုပ်နေကျဖြစ်နေတဲ့ အခါကျတော့ တစ်ခါတလေ ဝမ်းမြောက်မှု မပါပဲလုပ်လိုက်တာရှိတယ်၊ အဲဒါ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်-အသင်္ခါရိကစိတ်။

6. ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိကစိတ်
* ဒါက တိုက်တွန်းခြင်း

[စာမျက်နှာ-104] နှင့် တကွဖြစ်လာရင် သသင်္ခါရိကစိတ်။ ထို့အတူပဲ ဉာဏ်နဲ့ မယှဉ်တဲ့အခါကျတော့ ဉာဏဝိပ္ပယုတ် ဖြစ်သွားပြီ၊ အသင်္ခါရိကစိတ် နဲ့ သသင်္ခါရိကစိတ်။

တစ်ခါတလေ ကံကံ၏ အကျိုးကို မသိမြင်ဘူး၊ သိမြင်တဲ့ ဉာဏ်မပါပဲနဲ့ ပြုလိုက်တယ်၊ ဒါဆိုဉာဏ်မပါပဲ ပြုလုပ်လိုက်တာ၊ တိုက်တွန်းခြင်းကတော့ ရှိတဲ့အခါရှိမယ်၊ မရှိတဲ့အခါ မရှိဘူး။

ဒါကြောင့်မို့ အားလုံးပေါင်းလိုက်ရင် ကာမာဝစရကုသိုလ်စိတ် ၈-ပါး ရတယ်၊ ဦးဇင်းတို့ ကာမာဝစရဘုံမှာ ဖြစ်နေတဲ့လူတွေ အနေနဲ့ ကုသိုလ်ဖြစ်ရင် ဒီ ၈-မျိုးထဲက တစ်မျိုးမျိုးပဲ၊ ဒီစိတ် ၈-ခုထဲက တစ်ခုခုနဲ့ လုပ်တာချည်းပဲ။

ဘုရားရှိခိုးတယ်, အလှူအတန်းပြုတယ်, တရားထိုင်တယ်, သူများကူညီတယ် စသည်ဖြင့် ဘာပဲလုပ်လုပ် ပြုတဲ့ကုသိုလ်ကောင်းမှု မှန်သမျှဟာ ဒီ ၈-မျိုးထဲက တစ်မျိုးမျိုးနဲ့ပြုတာ၊ ကိုယ်က ဉာဏသမ္ပယုတ်ဖြစ်အောင် ဂရုစိုက်ရမယ်၊ ဒါပဲရှိတယ်။ ဘာကြောင့်လဲ? ဉာဏသမ္ပယုတ်ဖြစ်မှ အကျိုးပေးတဲ့အခါ ဉာဏသမ္ပယုတ် အကျိုးပေးမယ်၊ ဉာဏသမ္ပယုတ်အကျိုးပေးမှ ကိုယ်ဟာ အကျွတ်တရားရနိုင်တဲ့ အခြေခံပါတယ်၊ သို့မဟုတ်ရင် အဲဒီဘဝမှာ အကျွတ်တရားရနိုင်တဲ့ အခြေခံမပါဘူး။

ဒီကုသိုလ်ကံရဲ့ အကျိုးတရားဟာရှိတယ်၊ ကုသိုလ်ကံဟာ အလကားဖြစ်မသွားဘူး၊ ကျောင်းကိုလာပြီး ရှင်းတယ်လင်းတယ်၊ ကုသိုလ်စိတ်ဖြစ်တယ်၊ ဒါဟာ ဒီထဲကတစ်ခုခုပဲ၊ ဘာပဲလုပ်လုပ်ပေါ့လေ၊ အခု စာတက်နေလည်း ဒီထဲကတစ်ခုခုပဲ၊ ဒီအချိန်မှာ ကုသိုလ်စိတ်ဖြစ်နေတာပဲ။

မဟာဝိပါက်စိတ် ၈-ပါး
နောက်စိတ် ၈-ပါးက ကာမာဝစရဝိပါက်စိတ်၊ ဝိပါက်ဆိုတာ အကျိုး၊ ကာမာဝစရကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်ကို ကာမာဝစရဝိပါက်စိတ်။ ဒါဖြင့် ဒီစိတ်တွေဟာ ခုနလေ့လာခဲ့တဲ့ ၈-ပါးရဲ့ အကျိုးဖြစ်တဲ့စိတ်တွေ၊ အဲဒီတော့ အတူတူပဲ။

သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိက စသည်ဖြင့်၊ သို့သော် သူက အကျိုး။ ဆိုပါတော့-ဒီဘဝမှာ နံပါတ် (၁) ကာမာဝစရကုသိုလ်ကို ပြုလိုက်တယ်။ သူ့ရဲ့ အကျိုးကြောင့် သူ့ရဲ့ အစွမ်းကြောင့် နောက်ဘဝမှာ ကာမာဝစရဝိပါက်စိတ် သွားဖြစ်တယ်၊ အဲဒီဝိပါက်စိတ်ဆိုတာက နောက်ဘဝတွေ ဘဝတွေမှာ ဒီဘဝ ကုသိုလ်လုပ်လိုက်တယ်၊ ဒီကုသိုလ်ရဲ့ အကျိုးအဖြစ်ဖြင့် နောက်ဘဝမှာ သွားဖြစ်တယ်၊ အဲဒီဖြစ်တဲ့အခါကျတော့ ဘဝမှာ ပထမဆုံးဖြစ်တဲ့စိတ်ဟာ ပဋိသန္ဓေစိတ် လို့ခေါ်တယ်၊ အဲဒီပဋိသန္ဓေစိတ်ဟာ ဝိပါက်စိတ်တွေပဲ။

[စာမျက်နှာ-105] ဘာကြောင့်လဲဆို ဒီဘဝကပြုထားတဲ့ ကံကပေးလိုက်တဲ့ အကျိုးက ဟိုဘဝ သွားဖြစ်တာ၊ အဲဒါကြောင့်မို့ ဝိပါက် (အကျိုးဖြစ်တဲ့စိတ်)။

ကုသိုလ်စိတ် ၈-ပါး ရှိသလို ဝိပါက်စိတ်ကလည်း ၈-ပါးပဲ၊ သောမနဿ သဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကစိတ်, သောမနဿသဟဂတဉာဏသမ္ပယုတ္တ သသင်္ခါရိကစိတ် စသည်ဖြင့် ၈-မျိုးပဲ (Identical) သွားတယ်။

အဲဒီတော့ ကံရဲ့ အကျိုးကို နည်းနည်းလေးစဉ်းစားကြည့်လိုက်စမ်း၊ အဟိတ်တုန်းကတော့ ကုသိုလ်ရဲ့ အကျိုးမတွေ့ခဲ့ဘူးလား၊ ကုသလဝိပါက်စိတ် မတွေ့ခဲ့ဘူးလား၊ တွေ့ခဲ့တယ်နော်၊ အဲဒီ ကုသလဝိပါက်စိတ်ကလဲ ဟောဒီကာမာဝစရကုသိုလ် ၈-ခုရဲ့ အကျိုး။

ဒါကြောင့် ကာမာဝစရကုသိုလ် ၈-ပါးက (Identical) တူညီတဲ့ အကျိုးလည်းပေးတယ်။ (Non-identical) မတူညီတဲ့ အကျိုးလည်းပေးတယ်။ သူက ထူးခြားတယ်၊ ရူပါဝစရ၊ အရူပါဝစရကတော့ တူတဲ့အကျိုးပဲပေးတယ်၊ မတူတဲ့ အကျိုးမရှိဘူး။

ဒီကာမာဝစရ ကုသိုလ်ကတော့ ကာမာဝစရဝိပါက်ပေးရင် တူတဲ့ အကျိုးပဲပေးတာ၊ အဟိတ်ဝိပါက်ပေးရင် မတူတဲ့အကျိုးပေးတာ၊ အဲသလိုသူကတူသော အကျိုးရော မတူသော အကျိုးရော နှစ်မျိုးရှိတာ၊ တူသောအကျိုးပေးတဲ့အခါမှာ ကာမာဝစရဝိပါက်စိတ် ၈-ခု ဖြစ်လာတယ်။

မဟာကြိယာစိတ် ၈-ပါး
နောက် ၈-ခုက ကာမာဝစရကြိယာစိတ်၊ ကြိယာဆိုတာ ပြုကာမတ္တ၊ ဖြစ်ခါမတ္တကို ကြိယာလို့ပါဠိလိုခေါ်တယ်၊ ကာမာဝစရကြိယာစိတ်ကလည်း ကုသိုလ်စိတ် အတိုင်းပဲ ၈-ပါးပဲရှိတယ်။

သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကစိတ်၊ ဒီအတိုင်းချည်းပဲ သွားတယ်၊ ဒီစိတ်တွေကတော့ ဘုရားရဟန္တာတွေမှာသာဖြစ်တယ်၊ ဒီကာမာဝစရကုသိုလ်စိတ်လို စိတ်တွေ ဘုရားရဟန္တာရဲ့ သန္တာန်မှာဖြစ်တဲ့အခါကျတော့ ကြိယာစိတ် လို့ခေါ်လိုက်ရတယ်၊ ဒါပါပဲ၊ ဒီစိတ်ချင်း အတူတူပဲ။

ဒါကြောင့်မို့ ရိုးရိုးလူ ဘုရားရှိခိုးတော့ ကုသိုလ်စိတ်ဖြစ်တယ်၊ ရဟန္တာ ဘုရားရှိခိုးတော့ ကြိယာစိတ်ဖြစ်တယ်၊ ကုသိုလ်မရဘူး၊ စကားထာဝှက်ပြောချင်ပြောလို့ရတယ်၊ "ရဟန္တာဆိုတာ ကုသိုလ်မရဘူးကွ၊ ရဟန္တာက ကုသိုလ်ရော အကုသိုလ်ရော ပယ်ပြီးသားပဲ"၊ ကုသလံ အကုသလံ ဇဟံ အဲဒီ အသုံးအနှုန်းလေးကို ကြားဖူးချင်ကြားဖူးကြလိမ့်မယ်၊ အဲသလို လူတွေက ခေါ်ကြတယ်၊ ကုသိုလ်ရော

[စာမျက်နှာ-106] အကုသိုလ်ရော စွန့်ပြီးသားဖြစ်တယ်။

ဒါကြောင့်မို့ ဘုရားရဟန္တာကျတော့ ကုသိုလ်လည်းမဖြစ်ဘူး၊ အကုသိုလ်တော့ ဝေးရော၊ ကုသိုလ်အစား ကြိယာဖြစ်တယ်၊ ဒါကြောင့်မို့ ရှင်သာရိပုတ္တရာက သူများကို တရားဟောတယ်၊ ကြိယာစိတ်ဖြစ်တယ်၊ ပုထုဇဉ်ဘုန်းကြီး(သို့) အောက်တန်းအရိယာ ဘုန်းကြီးက တရားဟောတယ်၊ ကုသိုလ်စိတ်ဖြစ်တယ်၊ အဲဒီလို ကုသိုလ်စိတ်နဲ့ ကြိယာစိတ်က ကွာတာ။

အဲဒီတော့ ကုသိုလ်စိတ်က အကျိုးပေးနိုင်တဲ့ သတ္တိရှိတယ်၊ ကြိယာစိတ်က အဲဒါမျိုးမရှိဘူး၊ အမြစ်ဖြတ်ထားတဲ့ သစ်ပင်ဟာ မရှင်သန်မကြီးထွားတော့သလို ဖြစ်ခါမျှလေးပဲ။

> မေး - ရဟန္တာဆိုတာ ဘာလဲ (What is Arahant)?
> ဖြေ - ရဟန္တာဆိုတာ ရှိတော့ရှိတယ်၊ ဒါပေမယ့် ဒီပုဂ္ဂိုလ်က ရဟန္တာပဲလို့ ဘေးက လူသိဖို့ရာ မဖြစ်နိုင်ဘူး၊ သူ့ဟာသူတော့သိမှာပေါ့၊ ငါဟာ ဘယ်အထိ ကိလေသာတွေ ပယ်ပြီးပြီ စသည်ဖြင့် သိနိုင်တယ်၊ ဒါတောင်မှ ကိလေသာတွေ ပယ်တာတောင်မှ တစ်ခါတလေ မသိဘူးတဲ့၊ မြတ်စွာဘုရားထံသွားပြီး တပည့်တော် ဘယ်ကိလေသာတွေ ပယ်ပြီးပြီလဲ ဘုရားဆိုပြီး သွားလျှောက်တာ တွေ့ရှိတယ်၊ ရဟန္တာတော့ မဟုတ်ဘူး၊ အောက်အရိယာ။

အဲဒါကြောင့် အမှန်မှာတော့ ဘေးလူက သိဖို့ရာမဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ ဦးဇင်းတို့က ဘယ်ပုဂ္ဂိုလ်ကြီးတွေ ရဟန္တာဖြစ်တယ်လို့ ဘယ်တော့မှ မပြောဘူး၊ ဘာကြောင့်လဲ? ကိုယ်က သူ့အတွင်းစိတ်ကိုနှိုက်ပြီးတော့ သိထားတာမှ မဟုတ်ပဲ၊ ကိုယ်က သူ့အမူအရာလောက်ကြည့်ပြီး ဒါဟာ ရဟန္တာဖြစ်လောက်ရဲ့၊ မဖြစ်လောက်ဘူးလို့ ဒီလို မှန်းကြရတာ။

ဒီလိုမှန်းပြန်တော့လည်း လူပုဂ္ဂိုလ်တွေဆိုတာက အဘိဓမ္မာနားလည်ကြတာ မဟုတ်ဘူး၊ နည်းနည်းလေး အကျင့်ကောင်းသလိုလိုလေး လုပ်ပြလိုက်ရင် ဒီပုဂ္ဂိုလ်ကို ရဟန္တာလို့ သမုတ်ကြတော့တာ၊ မြန်မာပြည်မှာ အဲသလို ရဟန္တာလို့ သမုတ်ခံရတာတွေ အများကြီးရှိတယ်၊ သူတို့က နည်းနည်းအကျင့်ကောင်းသလိုလိုလေးနဲ့ (ဆိုပါစို့) လူတွေကျတော့ အဲသလို မသိတော့ ရဟန္တာထင်ကုန်ကြတာ၊ ကိုယ်က ရဟန္တာထင်ထားတဲ့ ပုဂ္ဂိုလ်ကို တစ်ပါးသူက ရဟန္တာမဟုတ်ဘူးပြောရင် စိတ်ဆိုးကုန်ကြတာ။

ရဟန္တာဆိုတာ ကိုယ့်ဟာကိုယ်မှပဲသိတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ အမူအရာကိုကြည့်ပြီး

[စာမျက်နှာ-107] မှန်းဆလို့တော့ရတယ်၊ ဘာကြောင့်လဲဆို ရဟန္တာက ကိလေသာ အကုန်ကင်းနေတာဆိုတော့ သူ့မှာ ဒေါသအရိပ်အယောင်လေးများ ရှိသလား၊ လောဘ အရိပ်အယောင်လေးများရှိသလား, ဒီလောက်တော့ မှန်းဆကြည့်လို့ရတယ်။

ကာမစိတ် ၅၄-ပါး
ကောင်းပြီ အခု ကာမာဝစရကုသိုလ်စိတ် ၈-ပါး၊ ဝိပါက်စိတ် ၈-ပါး၊ ကြိယာစိတ် ၈-ပါး။

အခု ကာမာဝစရဝိပါက်စိတ် ၈-ပါး၊ အဟိတ်စိတ်ထဲတုန်းက အဟိတ်ကုသလဝိပါက်လို့ ခေါ်ခဲ့တယ်၊ အဲဒီမှာတုန်းက အဟိတ် မထည့်မဖြစ်လို့ ထည့်ခဲ့ရတာ၊ ဘာကြောင့်တုန်းဆို ကုသလဝိပါက်လို့ သာမညပြောရင် ဒီဟာနဲ့လာရောနေမှာ စိုးလို့၊ ကာမာဝစရဝိပါက်ကလည်း ကုသိုလ်ရဲ့ အကျိုးပဲ၊ ဒါကြောင့်မို့ ကာမာဝစရဝိပါက်စိတ် ၈-ပါး၊ အမှန်တော့ ဟိုဟာလည်း ကာမာဝစရဝိပါက်ပဲ၊ ကာမာဝစရစိတ်ပဲ။

သို့သော် ဟိုစိတ်တွေကျတော့ အဟိတ်ကုသလဝိပါက်၊ အကုသလကျတော့ အဟိတ်ထည့်မခေါ်တော့ဘူး၊ ဘာလို့တုန်းဆို ဒီတစ်မျိုးထဲရှိလို့။ ဒီဟာကျတော့ အဟိတ်, သဟိတ်လို့ ရှိသေးတယ်၊ ဟိတ်နှင့်တကွဖြစ်ရင် သဟိတ်၊ အဲသလို ၂-မျိုးကွဲပြားတဲ့အတွက်ကြောင့် ဟိုစိတ်တွေကို အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ ဒါကျတော့ ခေါ်ချင်ရင် သဟိတ်ကုသလဝိပါက်စိတ် ၈-ခုလို့လည်း ခေါ်လို့ ရတယ်၊ သို့မဟုတ်ရင် ရိုးရိုးကာမာဝစရ ဝိပါက်စိတ်လို့ ခေါ်နိုင်တယ်။

နောင်အခါကျတော့ ဒီကာမာဝစရကုသိုလ်, ဝိပါက်, ကြိယာစိတ်ကိုပဲ မဟာကုသိုလ်, မဟာဝိပါက်, မဟာကြိယာ လို့လည်း ခေါ်လိမ့်မယ်၊ ဒါက ကျမ်းဂန်တွေမှာ သုံးတာ၊ ဒါက သိထားဖို့ နာမည်တစ်မျိုးတိုတို ခေါ်ချင်ရင် မဟာကုသိုလ်စိတ် ၈-ပါးဆိုရင် တိုတာပေါ့၊ ကာမာဝစရကုသိုလ်ဆိုရင် နည်းနည်းရှည်သေးတယ်။ အဲဒီဝေါဟာရကိုလည်း နားလည်ထားရမယ်၊ တော်ကြာကျတော့ ကိုယ်က ကာမာဝစရကုသိုလ်ကိုသိထားတယ်၊ စာအုပ်သွားဖတ်တော့ မဟာကုသိုလ်လို့တွေ့ရင် ဘာမှန်းမသိ ဖြစ်နေလိမ့်မယ်။

ကောင်းပြီ, ဒီနေ့ ၂၄-ပါး ရတယ်၊ ဒီ ၂၄-ပါးဟာ ဘယ်လိုနည်းနဲ့ ကွဲပြားသွားသလဲဆိုရင် ဝေဒနာအားဖြင့် သောမနဿနဲ့ ယှဉ်တာရှိတယ်, ဥပေက္ခာ

[စာမျက်နှာ-108] နဲ့ယှဉ်တာရှိတယ်၊ အဲဒီတော့ စိတ်တစ်ခုထဲကနေပြီးတော့ သောမနဿနဲ့ ယှဉ်တာက တစ်မျိုး၊ ဥပေက္ခာနဲ့ ယှဉ်တာက တစ်မျိုး။ တစ်ခါ သောမနဿယှဉ်တာ၊ ဥပေက္ခာနဲ့ယှဉ်တာမှာ ဉာဏ်နဲ့ ယှဉ်တာက တစ်မျိုး၊ ဉာဏ်နဲ့ မယှဉ်တာက တစ်မျိုး၊ တစ်ခါ မတိုက်တွန်းအပ်တာက တစ်မျိုး (အသင်္ခါရိက), တိုက်တွန်းအပ်တာက တစ်မျိုး (သသင်္ခါရိက) ဆိုတော့ အားလုံး ၂၄-ပါး ကွဲပြားသွားတာပေါ့။

ပထမ ၈-ပါးကွဲပြားသွားတယ်၊ ရှစ်သုံးလီ ၂၄-ဖြစ်သွားတာပေါ့။

အရင်လေ့လာခဲ့တာက အသောဘနစိတ်-၃၀, ဒီနေ့လေ့လာတာက ၂၄-ပါး အားလုံးပေါင်းလိုက်စမ်း ၅၄-ပါး၊ ဒီ ၅၄-ပါးကို ကာမာဝစရစိတ် သို့မဟုတ် ကာမစိတ် ၅၄-ပါး လို့ ခေါ်လိမ့်မယ်။ နောင်အခါမှာ ကာမစိတ် ဘယ်လောက်ရှိသလဲမေးရင် ၅၄-ပါးလို့ ဖြေရမယ်။

ဒါကြောင့်မို့ ဝေါဟာရ မတူတာလေးတွေ သတိပြုရမယ်၊ လူအများကြားမှာ ကာမစိတ်လို့ပြောရင် မဟုတ်တဲ့စိတ်လို့ထင်လိမ့်မယ်၊ တဏှာစိတ်ကို ကာမစိတ်လို့ လူအများက ပြောနေကြတော့ ဘုန်းကြီးတွေ မယ်သီလရှင်တွေ သရုပ်ခွဲတဲ့နေရာ သွားနားထောင်ကြည့်, ကာမစိတ် ကာမစိတ်လို့ ခဏခဏ ဆိုကြလိမ့်မယ်။ ဘုန်းကြီးလောကမှာတော့ ကာမစိတ်ဆိုတာ ကာမာဝစရစိတ်ကို ပြောတာ၊ ကာမာဝစရစိတ် ၅၄-ပါးထဲက တစ်ခုခု ဘယ်စိတ်ကိုမဆို ကာမစိတ်လို့ ပြောတာ။

ကာမာဝစရဘုံမှာ ကျင်လည်တတ်တဲ့စိတ် ၅၄-ပါးကို ကာမစိတ်, သို့မဟုတ် ကာမာဝစရစိတ်လို့ခေါ်တယ်၊ ကာမစိတ်ဆိုတာအတိုခေါ်တာပါ။ အမှန်က ကာမာဝစရစိတ်လို့ ခေါ်ရမယ်။

ကောင်းပြီ, အဲဒီ ကာမာဝစရစိတ် ၅၄-ပါးထဲမှာ -
* အကုသိုလ်စိတ် - ၁၂-ပါး
* ကုသိုလ်စိတ် - ၈-ပါး
* ဝိပါက်စိတ် - ၂၃-ပါး (အဟိတ် ၇ + ၈ + မဟာဝိပါက် ၈ = ၂၃)
* ကြိယာစိတ် - ၁၁-ပါး (အဟိတ် ၃ + မဟာကြိယာ ၈ = ၁၁)
အဲဒါလေးတွေ ကျေနေရမယ် သောမနဿ ဥပေက္ခာတွေလည်း ကျေနေ

[စာမျက်နှာ-109] ရမှာပဲ။

အခု ကာမစိတ် ၅၄-ပါးထဲမှာ အကုသိုလ်စိတ်တွေ ပြီးပြီ၊ ကုသိုလ်စိတ်တွေပြီးပြီ၊ ဝိပါက်စိတ်တွေပြီးပြီ၊ ကြိယာစိတ်တွေပြီးပြီ။ ရှေ့လျှောက်သွားရင်လည်း ကုသိုလ်, ဝိပါက်, ကြိယာတွေ တွေ့ဦးမယ်။

ဝေဒနာစသည်တို့ဖြစ်ကြောင်းများ
ကာမာဝစရစိတ် ၅၄-ပါးကို မှတ်မိအောင်လုပ်ပြီးတော့ နောက်တုန်းက ချန်ထားခဲ့တဲ့ အဓိပ္ပါယ်ပြောစရာရှိသေးတယ်၊ အဲဒါ ဒီနေ့ပြောမယ်၊ အဲဒီ အဓိပ္ပါယ်က စိတ်ဝင်စားဖို့ကောင်းတယ်၊ ရှေ့ကိုပြောမယ့် အဓိပ္ပါယ်က အခုခေတ် Psychology တို့ ဘာတို့မှာလုပ်တာမျိုးလိုပေါ့။

ဘာလဲဆိုတော့ -
* ဘယ်လိုအကြောင်းတွေ တိုက်ဆိုင်လို့ သောမနဿ တွေ ဖြစ်ရတာလဲ?
* ဘယ်လိုအကြောင်းတွေကြောင့် ဥပေက္ခာ ဖြစ်တာလဲ?
* ဉာဏသမ္ပယုတ် ဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?
* အသင်္ခါရိက/သသင်္ခါရိက ဖြစ်ဖို့ရန် အကြောင်းတွေက ဘာရှိသလဲ?

ဒါကျတော့ စိတ်ဝင်စားစရာကောင်းတယ်၊ အဲဒါမှာ လင်္ကာတွေ့ရှိတယ်၊ အဲဒီလင်္ကာတွေကို ရွတ်ပြီးတော့ ပြောရမယ်။ ဦးဇင်းတို့က လင်္ကာတွေကျက်လေ့ရှိတယ်၊ လင်္ကာလေးရထားတော့ တော်တော်နဲ့မမေ့ဘူး။ အဲဒီတော့ သောမနဿဖြစ်ဖို့ရန် ဘယ်လိုအကြောင်းတွေ ရှိသလဲဆိုတာမှာ ဒီထဲမှာ လင်္ကာပါတယ်၊ တောင်မြို့ (အမရပူရ) မဟာဂန္ဓာရုံ ဆရာတော်ရေးတာ။

> “သိစိမ့်သေချာ, အကျဉ်းမှာပိမ့် သဘာဝပရိကတ်, နှစ်ဣဋ္ဌပ်နှင့်၊ သောမနဿ မည်၊ သန္ဓေတည်လျက်၊ မလေးနက်ငြား၊ သဘောထားဟု၊ သုံးပါးသောမန၊ ဖြစ်ကြောင်းပြ၏”

သောမနဿဖြစ်ဖို့ရန် အကြောင်းသုံးမျိုးရှိတယ်၊ ပထမအကြောင်းက ဣဋ္ဌာရုံ...

ကာမာဝစရသောဘနစိတ်တွေရဲ့ သရုပ်ခွဲပုံက တော်တော်လေး စနစ်ကျတယ်မဟုတ်လား။ အထူးသဖြင့် ကုသိုလ်ပြုတဲ့အခါ ဉာဏ်ပါဖို့ (ဉာဏသမ္ပယုတ်ဖြစ်ဖို့) သတိပေးထားတာက လက်တွေ့ဘဝအတွက် တကယ်တန်ဖိုးရှိပါတယ်။

ဒီ ၂၄ ပါးထဲမှာ ဝေဒနာ၊ ဉာဏ်၊ တိုက်တွန်းမှု (သင်္ခါရ) တွေနဲ့ ခွဲခြားထားတာကို ရှင်းရှင်းလင်းလင်း မြင်သာရဲ့လား?

[စာမျက်နှာ-110] ရုံနဲ့ တွေ့တာ၊ ဣဋ္ဌာရုံဆိုတာ အလိုရှိအပ်တဲ့အာရုံ၊ ကိုယ်ကြိုက်တဲ့ အာရုံနဲ့တွေ့တော့ ပျော်တာပေါ့၊ ဝမ်းသာတာပေါ့။

အဲဒီဣဋ္ဌာရုံမှာ သဘာဝတဲ့ ပရိကတ်တဲ့၊ သဘာဝဆိုတာက သူ့ဟာသူ (Natural) ၊ ပရိကတ်ဆိုတာက (Imagined) အင်မာဂျင်းဆိုပါတော့၊ ခွေးသေကောင်ပုပ်ဟာ လူတွေအဖို့ အနိဋ္ဌာရုံ၊ လင်းတအတွက်ကျတော့ ဣဋ္ဌာရုံ ဖြစ်နေတယ် (For average person) အဲဒါမျိုးပေါ့၊

ဘယ်လိုပဲဖြစ်ဖြစ်၊ သဘာဝ ဣဋ္ဌာရုံပဲဖြစ်ဖြစ်၊ ကြံဆပြီးသိတဲ့ ဣဋ္ဌာရုံပဲ ဖြစ်ဖြစ်၊ ဣဋ္ဌာရုံနဲ့တွေ့ရင် သောမနဿဖြစ်တတ်တယ်၊ ဖြစ်တတ်တယ်လို့ ပြောတာ နော်၊ ဖြစ်ရမယ်လို့ အတိအကျပြောတာ မဟုတ်ဘူး။

“သဘာဝ ပရိကတ်၊ နှစ်ဣဋ္ဌပ်နှင့်၊ သောမနဿမည်၊ သန္ဓေတည်လျက်” ဒါရဲ့ အဓိပ္ပါယ်က၊ ပဋိသန္ဓေနေတုန်းက သောမနဿ ဝေဒနာနဲ့ ပဋိသန္ဓေနေခဲ့တယ်။ ပဋိသန္ဓေဆိုတာ ဘဝတစ်ခုမှာ ပထမဆုံးဖြစ်တဲ့စိတ်ဟာ ပဋိသန္ဓေစိတ်ပဲ၊ အဲဒီပဋိသန္ဓေ စိတ်ဟာ ဝိပါက်စိတ်တွေထဲက တစ်ခုခုပဲ။

အဲဒီမှာတုန်းက သောမနဿနဲ့ယှဉ်ခဲ့ရင် နောင်တစ်ဘဝလုံးမှာဖြစ်မယ့် ဘဝင်စိတ်တွေဟာလည်း သောမနဿနဲ့ပဲ ဖြစ်မယ်၊ အဲဒီတော့ အဲဒီပုဂ္ဂိုလ်မှာလဲ သောမနဿ အလေ့အလာများတော့ သောမနဿအဖြစ်များတယ်။

နောက်တစ်ခုက မလေးနက်ငြား၊ သဘောထားဟုတဲ့၊ သိပ်ပြီး လေးနက်တဲ့ သဘောမရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့လေ၊ သူက များများရွှင်တတ်တယ်၊ သဘောလေးနက်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သိပ်မရွှင်တတ်ဘူး၊ မရယ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ အဲဒီလို သုံးမျိုးရှိတယ်။

ဒီအကြောင်း ၃-မျိုးထဲက တစ်မျိုးမျိုးနဲ့ကြောင့် သောမနဿဖြစ်တတ်တယ်။ ဒါဟာ သောမနဿဖြစ်ခြင်းရဲ့ အကြောင်း—
ဥပေက္ခာကျတော့ ဣဋ္ဌ မဇ္ဈတာရုံဆိုတာက အလိုရှိအပ်တဲ့ အာရုံတော့ ဟုတ်တယ်၊ သိပ်အလိုရှိအပ်တဲ့ အာရုံတော့မဟုတ်ဘူး၊ သာမန်အလိုရှိအပ်တဲ့ အာရုံဖြစ်တယ်၊ အဲသလို သာမန်အလိုရှိအပ်တဲ့ အာရုံမျိုးနဲ့တွေ့ရင် ဥပေက္ခာဝေဒနာ ဖြစ်တတ်တယ်၊ ဘာကြောင့်လဲဆိုတော့ အလွန်လိုချင်တဲ့ အာရုံနဲ့မဟုတ်တော့ သောမနဿ မဖြစ်ဘူး၊ ဥပေက္ခာဖြစ်တယ်။

အဲဒီတော့ အာရုံအလိုက်ဝေဒနာကွဲပြားသွားနိုင်တယ်၊ သိပ်ကောင်းတဲ့ အာရုံကျတော့ သောမနဿဖြစ်တယ်၊ အလယ်အလတ်ကောင်းတဲ့ အာရုံကျတော့ ဥပေက္ခာ

[စာမျက်နှာ-111] ဖြစ်တယ်။
“ဣဋ္ဌမဇ္ဈာ၊ ဥပေက္ခာဖြင့်၊ ကောင်းစွာသန္ဓေ၊ စွဲကပ်ပေ၍” ပဋိသန္ဓေ နေတုန်းက ဥပေက္ခာနဲ့နေတယ်၊ ဥပေက္ခာအဖြစ်များတယ်၊ “စိတ်နေလေးနက်၊ ဤသုံးချက်မှာ၊ ဥပေက္ခာပေါင်း၊ ဖြစ်တတ်ကြောင်းတည်း” ပင်ကိုယ်သဘောထားက လေးနက်တဲ့သဘောထားရှိတယ်၊ တည်ကြည်တဲ့သဘောထားရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ရွှင်တာသိပ်နည်းတယ်၊ ခပ်တည်တည်ကြီးနေများတော့ ဥပေက္ခာအဖြစ်များတယ်။

ဒါကြောင့်မို့ ဥပေက္ခာဖြစ်ဖို့လည်း အကြောင်း ၃-မျိုးရှိတယ်၊ ဣဋ္ဌမဇ္ဈတာရုံ ဆိုတဲ့ အလယ်အလတ်အလိုရှိအပ်တဲ့ အာရုံနဲ့တွေ့တာရယ် ဥပေက္ခာနဲ့ ပဋိသန္ဓေ နေခဲ့တာရယ်၊ လေးနက်တဲ့သဘောရှိတာရယ်၊ ဒီသုံးမျိုးထဲက တစ်မျိုးမျိုးကြောင့် ဥပေက္ခာဖြစ် တတ်တယ်။

ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်တာကျတော့ “ထပ်လောင်းသဿတ၊ ဥစ္ဆေဒဟု၊ နှစ်ဝဒိဋ္ဌိ၊ အာသယရှိလျက်” အာသယဆိုတာ ကိန်းအောင်းရာနေရာကို အာသယ ခေါ်တယ်။ ဆိုပါတော့ ဦးဇင်းဒီကျောင်းမှာနေတယ်ဆိုရင် ဒီကျောင်းဟာဦးဇင်းရဲ့ အာသယပေါ့၊ ဦးဇင်းက တခြားသွားမယ်၊ ညအိပ်ညနေလည်းသွားချင် သွားမယ်၊ သို့ပေမယ့် ဒီကို ပြန်ပြန်လာတယ်၊ အဲဒါမျိုးပေါ့။

ပုထုဇဉ် သတ္တဝါတွေမှာ အဲသလို အာသယဆိုတဲ့ ကိန်းရာရှိတယ်၊ ဘာလဲ ဆိုရင် သဿတဒိဋ္ဌိသော်လည်းကောင်း၊ ဥစ္ဆေဒဒိဋ္ဌိသော်လည်းကောင်း၊ ဘာပဲဖြစ်ဖြစ် အာရုံတစ်ခုကို တွေ့လို့စဉ်းစားလိုက်ရင် မြဲတယ်လို့ စွဲလန်းသွားတာမျိုးရှိတယ်။ ရှိသမျှအကုန်ဒီဘဝတွင်ပါ၊ နောက်ဘဝမရှိဘူးဆိုပြီး ပြတ်တယ်လို့ ယူတဲ့ အစွဲအလန်း ရှိတယ်၊ ဒီနှစ်ခုမှာ တစ်ခုခုဘက်ပါသွားတာချည်းပဲ၊ ဦးဇင်းတို့ ဗုဒ္ဓ ဘာသာဝင် အနေနဲ့ပြောရရင် သဿတဘက်များများကြီးပါတယ်၊ ဘာဖြစ်လို့လဲဆို နောက်ဘဝ ရှိတယ်ဆိုတော့ အဲဒီဘဝအဆက်နဲ့ မြဲတယ်လို့ယူတာ၊ ထင်ထင်ရှားရှားကြီး မြဲတယ်လို့ ယူတာ မဟုတ်ပေမယ့် စိတ်ထဲကတော့ မြဲတယ်လို့ ထင်နေသေးတာ။

ဒီလိုဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ လူမျိုး (ဆိုပါတော့) ကွန်မြူနစ်ဝါဒယူတဲ့ သူမျိုးကိုတော့ ဥစ္ဆေဒ၊ ဒီဘဝသေပြီးရော၊ နောက်ဘဝမရှိဘူး၊ ရှေးတုန်းထဲက ရှိခဲ့တာနော်၊ အခုမှရှိတာ မဟုတ်ဘူး၊ သူတို့ပြောတာတွေ့ရှိတယ်၊ လူတစ်ယောက် သေသွားရင် မီးရှို့ ပြာဖြစ်သွားပြီးရော၊ နောက်ထပ် ဘယ်ကလာရမှာလဲတဲ့။ အဲဒါကြောင့်ပေါ့၊ သတ္တဝါတွေမှာ အဲဒီအာသယဆိုတာရှိတတ်တယ်၊ သဿတသော်လည်းကောင်း၊ ဥစ္ဆေဒသော်လည်းကောင်းပေါ့၊ အဲဒါမျိုး ရှိနေရင်လည်းပဲ

[စာမျက်နှာ-112] ဒိဋ္ဌိဖြစ်တတ်တယ်၊ ဒါကြောင့်မို့ “ထပ်လောင်း သဿတ၊ ဥစ္ဆေဒဟု၊ နှစ်ဝဒိဋ္ဌိ၊ အာသယရှိလျက်၊ တိတ္ထိများဟူ၊ ယူမှားသူကို၊ ကြည်ဖြူလေးမြတ်၊ ဤနှစ်ရပ်ကြောင့်၊ ဖြစ်တတ်လေအင်၊ ဒိဋ္ဌိလျှင်တည်း”

ကိုယ်က အယူမှားရှိတဲ့လူနဲ့ ပေါင်းလာမိရင် ဒီလူဘက် ပါသွားတာပဲ၊ ဒါ ထုံးစံပဲ၊ သဿတ အယူရှိတဲ့လူနဲ့ ပေါင်းမိရင် သူနဲ့ စကားပြော၊ ဘာ ပြောပြော သူ့ဟာဟုတ်တယ်ထင်၊ သူ့ဘက်ပါသွား၊ ဥစ္ဆေဒအယူရှိတဲ့လူနဲ့ ပေါင်းမိရင် ဥစ္ဆေဒဘက်ပါသွား။

ဒါကြောင့်မို့ ဒိဋ္ဌိဂတသမ္ပယုတ်ဟာ ခုနပြောတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိဆိုတဲ့ အာသယမှီရာ ရှိနေတာရယ်၊ ပြီးတော့ အဲသလို ဒိဋ္ဌိရှိတဲ့လူနဲ့ ပေါင်းမိတာရယ်၊ ဒါတွေကြောင့် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်တတ်တယ်တဲ့၊ ဒါကြောင့် အပေါင်းအသင်းဟာ သိပ်အရေးကြီးတယ်၊ တစ်ခါတလေကျတော့ ကိုယ့်နောက် သူများကမပါဘူး၊ ကိုယ်က သူများနောက်ပါ၊ ပါသွားတတ်တယ်၊ အဲဒီလူက ကိုယ်က အထင်ကြီးမိရင် ပိုဆိုးတာပေါ့လေ၊ အဲဒါ သတိထားရမယ်၊ ပေါင်းတာကြည့်ပေါင်းရမယ်၊ မိစ္ဆာဒိဋ္ဌိများတဲ့သူနဲ့ ပေါင်းမိရင် ကြာတော့ ကိုယ်ကသူ့နောက်လိုက်သွားမိတာကိုး၊ သူပြောတာ ဟုတ်သလို ထင်လာတယ်၊ အဲဒီတော့ သဿတ အယူဖြစ်ချင် ဖြစ်သွားမယ်၊ ဥစ္ဆေဒအယူဖြစ်ချင် ဖြစ်သွားမယ်၊ ဒါက ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ခြင်းရဲ့ အကြောင်း။

“အသင်္ခါရမ်၊ ဖြစ်ကြောင်း မှန်ကား”တဲ့၊ ဘယ်လိုအကြောင်းကြောင့် အသင်္ခါရိက ဖြစ်တတ်သလဲ၊ မတိုက်တွန်းပဲနှင့် စိတ်တွေဖြစ်ပေါ်လာသလဲ။

“အသင်္ခါရမ်၊ ဖြစ်ကြောင်းမှန်ကား၊ ယင်းကံ ဖန်လေ၊ တည်သန္ဓေနှင့်” တဲ့၊ ဒါကတော့ အသင်္ခါရိကကံကြောင့် အသင်္ခါရိက ပဋိသန္ဓေနဲ့ နေလာတယ်ပေါ့။

ခုနပြောခဲ့သလိုပေါ့၊ ဘဝတစ်ခုမှာ ပထမဆုံးဖြစ်တဲ့ စိတ်ဟာ အသင်္ခါရိကလည်း ဖြစ်နိုင်တယ်၊ သသင်္ခါရိကလည်း ဖြစ်နိုင်တယ်၊ အဲဒီတော့ သူစိတ်ဟာ သသင်္ခါရိကနဲ့ ပဋိသန္ဓေနေခဲ့တာလား၊ အသင်္ခါရိကနဲ့ ပဋိသန္ဓေနေခဲ့တယ်ဆိုတော့ သူ့ဘဝမှာ အသင်္ခါရိက ဘဝင်စိတ်တွေ အများကြီးဖြစ်တော့ ဒီအလေ့အထုံဟာ ရှိနေတော့ အသင်္ခါရိကစိတ်တွေ အဖြစ်များတယ်၊ ဖြစ်တတ်တယ်ပေါ့။

“ယင်းကံ ဖန်လေ၊ တည်သရွှေနှင့်၊ ကိုယ်နေခန့်ကျန်း” ကျန်းကျန်းမာမာ ရှိတော့ ဘာမဆို လုပ်ကိုင်တဲ့အခါ တိုက်တွန်းမှု မရှိပဲ ထက်ထက်မြက်မြက်ထပြီး လုပ်ကိုင်တာကို၊ ဒါကြောင့်မို့။

“ကိုယ်နေခန့်ကျန်း၊ ပူအချမ်းကို၊ နှမ်းမျှလောက်ပင်၊ ထီမထင်ခဲ့”တဲ့

[စာမျက်နှာ-113] ပူတာအေးတာကို ဂရုမစိုက်တဲ့သူမျိုးပေါ့၊ အေးတာကြောက်တဲ့သူက တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတယ်၊ ပူတာကြောက်တဲ့သူကလည်း တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတော့ သသင်္ခါရိကဖြစ်နေတယ်၊ အေးတာရော ပူတာရော အရေးမလုပ်ဖူး ဆိုတော့ အသင်္ခါရိက အဖြစ်များတယ်ပေါ့။

အဲဒါကြောင့်မို့ အချမ်းအပူကို သိပ်အရေးမလုပ်တဲ့ သူမျိုးပေါ့၊ “ကိုယ်နေခန့် ကျန်း၊ ပူအချမ်းကို နှမ်းမျှလောက်ပင်၊ ထီမထင်ခဲ့၊ အစဉ်လုံ့လ၊ ဝီရိယကြောင့်၊ ရမည့်အကျိုး၊ ရည်မျှော်ကိုး၏” လုံ့လအားထုတ်ပြီးတော့ လုပ်တယ်၊ လုံ့လ အားထုတ်ပြီး လုပ်လို့ရမယ့် အကျိုးကိုလည်း ကိုယ်က သိထားတယ်၊ အဲဒီအကျိုးကို စိတ်ထဲက ရည်မျှော်ထားတယ်ဆိုတော့ ဒီပုဂ္ဂိုလ်ကလည်း သူများမတိုက်တွန်းပါနဲ့ ထလုပ်ဖြစ်တော့တာပေါ့၊ ဝီရိယအကျိုးကို သူက ကောင်းကောင်း နားလည်ထားတဲ့သူကိုး။

“ရမည့်အကျိုး၊ ရည်မျှော်ကိုး၏၊ ပြုရိုးကိစ္စ၊ လေ့ကျင့်ရ၍” အလေ့အကျင့် ဖြစ်နေတယ်၊ အလေ့အကျင့် ဖြစ်နေတော့ မတိုက်တွန်းရပဲနဲ့ ထလုပ်တော့တာပေါ့။ ဘာပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ်၊ ကုသိုလ်ပဲဖြစ်ဖြစ် ထလုပ်မိတော့တာ။

ဒါကြောင့် ကုသိုလ်လုပ်တဲ့အခါမှာ အသင်္ခါရိကဖြစ်အောင် အလေ့အကျင့် များအောင် လုပ်ထားရတာ။

“ပြုရိုးကိစ္စ၊ လေ့ကျင့်ကြ၍၊ ဘောဇနဥတု၊ မျှတမှုဟု” ကိုယ်နဲ့ သပ္ပါယ ဖြစ်တဲ့ အစာစားထားရတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ပေါ့ပါးပြီး အသင်္ခါရိက ဖြစ်တတ်တယ်၊ ဥတုကလည်း အရေးကြီးတာပဲ၊ ကိုယ်က အအေးမကြိုက်ဘူး၊ သိပ်အေးတဲ့ ဥတုရောက်လာရင် ထိုင်းမှိုင်းကုန်ပြီ၊ ကိုယ်က အပူမကြိုက်ဘူး၊ သိပ်ပူတဲ့ ဥတု ရောက်ရင် တွန့်ဆုတ်ကုန်ရော။

ဒါကြောင့်မို့ “ဘောဇနဥတု မျှတမှုဟု၊ ခြောက်ခုလည်းကောင်း” ဒီ ၆-မျိုးကြောင့် အသင်္ခါရိကစိတ် ဖြစ်တတ်တယ်။
“ထပ်ပြန်လောင်းက၊ ဖြစ်ကြောင်း သသင်္ခါရတွင်သည်”တဲ့၊ အဲဒါ ပြောင်းပြန် ပြန်လိုက်ပါတဲ့၊ ပြောင်းပြန်ပြန်လိုက်ရင် သသင်္ခါရိကဖြစ်ကြောင်းတွေ ဖြစ်တာပေါ့တဲ့ ဆိုတော့ ပထမဆုံး အသင်္ခါရိကနဲ့ ပဋိသန္ဓေနေတယ်ဆိုတဲ့ နေရာမှာ သသင်္ခါရိကနဲ့ ပဋိသန္ဓေနေတယ်၊ ကိုယ်ခန္ဓာကျန်းမာတယ်ဆိုတဲ့ နေရာမှာ ကိုယ်ခန္ဓာ မကျန်းမာဘူး၊ အပူအချမ်း မကြောက်ဘူးဆိုတဲ့ နေရာမှာ အပူအချမ်းကြောက်တယ်၊ လုံ့လဝီရိယ ကြောင့်ရမယ့် အကျိုးကိုမျှော်ကိုးတယ်ဆိုတဲ့ နေရာမှာမမျှော်ကိုးဘူး၊ ပြုရိုး ကိစ္စ

[စာမျက်နှာ-114] လေ့ကျင့်ရ၍ဆိုတာ ဒီမှာ အလေ့အကျင့်မရဘူး၊ ဥတုဘောဇဉ် မမျှတဘူး၊ ဒီလိုဆိုရင် သသင်္ခါရိက ဖြစ်တတ်တယ်။
အဲဒီလို စိတ်အခြေအနေလေးတွေကို အကြောင်း၊ အကြောင်းလေးတွေနဲ့ ဖြစ်တာ၊ ဒါဟာ အခုခေတ်မှ ပေါ်တာမဟုတ်ဘူးနော်၊ ရှေးနှစ်ပေါင်း ၂၀၀-ကျော် က လေ့လာပြီးတော့ ကျမ်းဂန်တွေမှာ ရေးထားတာ။

ဒီမှာပြတဲ့ သောမနဿဖြစ်ကြောင်းဟာ အကုသိုလ်နဲ့လည်း ဆိုင်တယ်။ အမှန် တော့ အကုသိုလ်စိတ်မှာတုန်းက ပြောရမှာ၊ ဟိုတုန်းက အချိန်မရလို့ ဒီကျမှ စုပေါင်းပြောမယ်ဆိုပြီးတော့ ပြောတာ။

နောက်တစ်ခါ ဒေါမနဿဖြစ်ကြောင်းတဲ့၊ ဒေါမနဿဖြစ်ကြောင်းက ဘာလဲ—
“ဒေါမနဿ၊ ပဋိဃတို့၊ ဖြစ်ကြရန်လှစ်၊ အကြောင်းစစ်က၊ ဒေါသဇ္ဈာသယော”
အဇ္ဈာသယဆိုတာ အာသယနဲ့ အတူတူပါပဲ၊ ဒေါသများများ ထွက်တတ်တဲ့ သူပေါ့လေ၊ သူ့ရဲ့ အခြေခံကိုက ဒေါသရှိလာတယ်၊ လူချင်းမတူဘူးလေ တချို့က ဒေါသအထွက်မြန်တယ်၊ ဘာဖြစ်ဖြစ်ကြည့်လိုက်ရင် ဒေါသနဲ့ပဲကြည့်တယ်။ အဲဒါမျိုးပေါ့။
“ဒေါသဇ္ဈာသယော၊ စိတ်သဘော၏၊ တိမ်ကောသေးနု၊ အပ္ပဿုနှင့်” စိတ်ထားသိမ်လို့ စိတ်ထားသေးတော့ ဒေါသ ခဏခဏ ဖြစ်တာပေါ့၊ အပ္ပဿုနှင့်တဲ့၊ အပ္ပဿုဆိုတာ အကြားအမြင်နည်းတာ၊ စာအဖတ်နည်းတာ၊ အကြားအမြင်နည်း ထားတော့ ပိုပြီးတော့ ဒေါသဖြစ်တတ်တာပေါ့။

စာအဖတ်များ အကြားအမြင်များတော့ ဒါတွေက ဆုံးမပြီး ဒေါသကို ထိန်းနိုင်တာ၊ ဒီနိုင်ငံမှာ လူတွေ ဒေါသထိန်းနိုင်တာ တရားကျင့်ပြီး ထိန်းနိုင်တာ၊ မဟုတ်ဘူး၊ သူတို့ဒေါသဖြစ်ပေမယ့် မဖြစ်ဖူးထင်ရတယ်၊တော်တော်လေး ထိန်းနိုင်တယ်။ အဲဒါတော့ မဆိုးဘူး။

“အပ္ပဿုနှင့် တွေ့မှုအနိဋ္ဌ” အနိဋ္ဌာရုံနဲ့ တွေ့တယ်၊ ကိုယ်မကြိုက်တာနဲ့ တွေ့တော့လည်း စိတ်ဆိုးတာပေါ့။ “တွေ့မှုအနိဋ္ဌ၊ ဤလေးဝသည်၊ မှတ်ကြနှင့်ဖွယ် အချုပ်တည်း”တဲ့။
အဲဒါက ဒေါမနဿတို့ ပဋိဃတို့ဖြစ်ဖို့ရန် အကြောင်းတွေပေါ့၊ ကိုယ်က ဒီအကြောင်းတွေကို သိထားရင်၊ ကိုယ်ဒေါသနည်းအောင် လုပ်ချင်ရင် တတ်နိုင်သမျှ

[စာမျက်နှာ-115] ဒီအကြောင်းလေးတွေကို ရှောင်ပေါ့၊ ဒါလက်တွေ့မှာ အသုံးကျတယ်။

ဉာဏသမ္ပယုတ်ဖြစ်ကြောင်းများ

ကောင်းပြီ၊ ဒီနေ့ ဘာထူးလာသလဲ၊ ဉာဏ်ထူးလာတယ်၊ ဉာဏသမ္ပယုတ်၊ ဟုတ်တယ်နော်၊ ဉာဏသမ္ပယုတ်ကကော ဘယ်လိုအခြေအနေကြောင့် ဉာဏသမ္ပယုတ် ဖြစ်သလဲ။
“ရှေးကပညာ၊ ထက်ဖို့ရာဟု၊ ကုသိုလ်ပြုခဲ့”တဲ့၊ ကုသိုလ်ပြုတုန်းက “တပည့်တော် ဒီကုသိုလ်ကြောင့် ပညာထက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါလို၏။” အဲဒီလို ဆုတောင်း၊ ဆုတောင်းပြီးတော့ ကုသိုလ်ပြုခဲ့တဲ့ အလေ့ပါလာရင် ဒီဘဝမှာ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ဉာဏသမ္ပယုတ် အဖြစ်များတယ်။

ဒါကြောင့်မို့ ကိုယ်ကလည်း ဒီဘဝနဲ့တင် ကိစ္စမပြီးသေးဘူးဖြစ်မယ်၊ နောက်ဘဝ၊ ဘဝတွေ ဆက်ရဦးမယ်၊ နောက်ဘဝတွေမှာ ဉာဏ်ကောင်းချင်ပါတယ် ဆိုရင် ကုသိုလ်ပြုတဲ့အခါမှာလည်း အဲသလို “ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်ရပါလို၏” ဆိုတဲ့ ဆုတောင်းလေး ထည့်တောင်း။

ဒါ ဘာမှရှက်စရာမရှိဘူး၊ မြတ်စွာဘုရားအလောင်းတော်ကိုယ်တိုင် ကုသိုလ် ပြုပြီးတဲ့အခါ သဗ္ဗညုတဉာဏ် ရရပါလို၏လို့ ဆုတောင်းတာပဲ။

ဉာဏ်ကောင်းရပါလို၏လို့ ဆုတောင်းခြင်းဟာ ဒီဉာဏ်ကို အကြောင်းပြုပြီးတော့ ကိုယ်က သူများကို နှိပ်စက်ဖို့ မဟုတ်ဖူး၊ ဉာဏ်ကောင်းလာလို့ ဉာဏ်အဖြစ်များလို့ ဉာဏ်ရှိလာရင် တရားသဘောကို ပိုသိမြင်လာမယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့၊ ပဋိစ္စသမုပါဒ်တို့ ဘာတို့ သိမြင်ပြီးနောက်ဆုံး သစ္စာလေးပါးကို သိမြင်လာမယ်၊ အဲဒီလို ရည်ရွယ်ချက်နဲ့ ဉာဏ်ကောင်းချင်တာ။

ဒါကြောင့်မို့ “ရှေးကပညာ၊ ထက်ဖို့ရာဟု၊ ကုသိုလ်ပြုခဲ့၊ ယခုရူပေ၊ ဘုံဌာနေ၌ ဖြစ်ရပြန်ပေ”တဲ့ ဒါကတော့ ဦးဇင်းတို့နဲ့ မဆိုင်ပေဘူး၊ ဗြဟ္မာဘုံမှာ သွားဖြစ်တယ်၊ ဗြဟ္မာဘုံမှာက ကာမဂုဏ်အာရုံတွေ ဘာမှမရှိဘူး၊ ကာမဂုဏ် အာရုံတွေ မရှိတော့ စိတ်က သန့်ရှင်းတယ်၊ စိတ်သန့်ရှင်း ကြည်လင်တော့ ဉာဏ်အဖြစ်များတယ်။
ပြီးတော့သူ (ဗြဟ္မာ)တို့ ဆိုတာက အမြဲတမ်း ဗြဟ္မစိုရ်တရားနဲ့ နေတာကိုး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့နေတာ၊ အဲဒီတော့ ကာမဂုဏ် အားနည်းတယ်၊ နောက်ဆုံးတော့ ဉာဏ်ကို အားနည်းအောင် လုပ်တာက လောဘ၊ ဒေါသ၊ မောဟက အားနည်းအောင်လုပ်တတ်တာ၊ သူတို့တွေ လာနေရင် ဉာဏ်အား နည်းတယ်၊ လောဘအားကြီးရင် ဉာဏ်မပါတော့ဘူး၊ ဒေါသအားကြီးရင် ဉာဏ်မပါ

[စာမျက်နှာ-116] တော့ဘူး၊ မောဟအားကြီးနေရင် ဉာဏ်မရှိတော့ဘူး။
ဒါကြောင့် ရူပဘုံမှာကျတော့ အဲသလို အကြောင်းတွေက နည်းတော့ တာပေါ့၊ ကာမဂုဏ်ဆိုတာတွေက ဘာမှ မရှိတော့ဘူး၊ အဲဒါကြောင့် “ယခု ရူပ၊ ဘုံဌာန၌ ဖြစ်ရပြန်ပေ၊ ပညိန္ဒြေထောက်၊ ရင့်ချိန်ရောက်လာ” ပညာရင့်ချိန် ရောက်လာတော့ ဉာဏ်ကြီးလာတယ်၊ ဉာဏသမ္ပယုတ်စိတ်တွေ အဖြစ်များလာတယ်၊ အဲဒါ ဘယ်အချိန်တုန်း၊ ဒါက အရွယ်နဲ့လည်းဆိုင်တယ်၊ လူ့အသက်ကို ၁၀ ပိုင်းပိုင်းလိုက်၊ ၁၀-ပိုင်းပိုင်းပြီးတော့ ၁-ပိုင်းဟာ ဉာဏ်ကြီးတဲ့အပိုင်းရှိတယ်၊ အဲဒီအချိန်ရောက်လာရင် သူဟာ အရင်ထက်ပိုပြီး ဉာဏ်ရင့်ကျက်လာတယ်။

မေး - လူတစ်ယောက်နဲ့တစ်ယောက် တူကြပါသလား။
ဖြေ - အမှန်တော့ မတူနိုင်ဘူး၊ ဒါကတော့ ယေဘုယျအမြင်နဲ့ လူ့အသက် ၁၀၀ ကို ခွဲလိုက်တာ၊ ၁၀-နှစ်၊ ၁၀-နှစ်ပိုင်းလိုက်တယ်၊ ပထမနုနယ်တဲ့ အပိုင်း၊ ကစားမြူးတူးတတ်တဲ့အပိုင်း၊ အားကောင်းတဲ့အပိုင်း၊ အဆင်းလှတဲ့အပိုင်း၊ ဉာဏ်ကောင်းတဲ့အပိုင်း၊ ပိုင်းလိုက်တော့ အသက် ၄၀-က ၅၀ အတွင်းဟာ ပညာဒသကပေါ့၊ ပညာရင့်ကျက်တယ်၊ အဲဒီအချိန်မှာ အကြံသစ် ဉာဏ်သစ် ကောင်းကောင်း တွေ ပေါ်တတ်တယ်၊ ကျမ်းဂန်တွေ ဘာတွေ ပြုရင်ကောင်းတယ်၊ ပညာဒသက အရွယ်ပြီးရင်တော့သွားပြီ၊ down hill ပဲ၊ တဖြည်းဖြည်း ဆုတ်ယုတ်ပြီး၊ အရွယ်ကျမှ ရောဂါဝင်၊ သေသည့်တိုင်အောင်ပေါ့။

အဲသလို လူ့ရဲ့ဘဝကို ၁၀-ပုံ ပိုင်းထားတာရှိတယ်၊ အဲဒီထဲမှာ ပညာဒသကလို့ခေါ်တဲ့ အသက် ၄၀-က ၅၀-အတွင်း ရောက်နေရင်လည်း ဉာဏသမ္ပယုတ်အဖြစ်များတယ်၊ ဒါလည်းဟုတ်တယ်၊ မတူဘူးနော်၊ ငယ်ငယ်တုန်းကနဲ့ ကြီးလာရင် မတူတာအမှန်ပဲ၊ စာဖတ်လည်း ပိုသဘောပေါက်လာတယ်၊ ငယ်ငယ် တုန်းက ဖတ်လည်းဒီစာပဲ၊ အခုပြန်ဖတ်တော့ ပိုသဘောပေါက်လာတယ်၊ အဲဒါက ဘာလဲဆိုတော့ “ပညိန္ဒြေထောက်၊ ရင့်ချိန်ရောက်လာတဲ့၊ “ဘာဝနာစွမ်း ကိလေခန်း ဘိ” တဲ့၊ ဒါလည်း အရေးကြီးတယ်၊ ဘာဝနာကြောင့် ကိလေသာတွေ ခန်းနေတယ်တဲ့။ ကိလေသာ နည်းနေတယ် ပြောကြပါစို့၊ အဲဒီပုဂ္ဂိုလ်မှာလည်း ဉာဏ်အဖြစ်များတယ်။

ခုနပြောသလိုပဲ ကိလေသာဆိုတာက စိတ်ကိုညစ်ပေအောင် လုပ်တတ်တယ်။ စိတ်ကိုနှိပ်စက်တတ်တဲ့ သဘောတရားကို ကိလေသာလို့ခေါ်တာ၊ သူတို့ (ကိလေသာ) တွေကို သမထဘာဝနာနဲ့ ဝိပဿနာဘာဝနာနဲ့ နှိမ်ထားလိုက်လို့ သူတို့ မနှောင့်ယှက် နိုင်တဲ့အခါကျတော့ ဉာဏ်ဖြစ်ခွင့်ရလာပြီးတော့ ဉာဏ်ကောင်းတယ်၊ ဒါကြောင့်

[စာမျက်နှာ-117] တရားထိုင်ရင် ဉာဏ်ရင့်ကျက်လာတာအမှန်ပဲ၊ မတူဘူး၊ တရားထိုင်တဲ့လူနဲ့ တရားမထိုင်တဲ့လူနဲ့ ဉာဏ်ရင့်ကျက်တာချင်း မတူဘူး။
ဘာကြောင့်တုန်းဆိုတော့ တရားထိုင်တဲ့အခါကျတော့ ကိလေသာကို နှိမ်ကို နှိမ်နေရတော့တာကိုး၊ သူ့ကို နည်းနည်းမှ မျက်နှာသာ မပေးတော့ဘူး ဆိုပါတော့ လာလာချင်း သတိနဲ့ ဖမ်းချုပ်လိုက်ရတော့တာ၊ အဲသလို ဆိုတော့ ကိလေသာ ကြာကြာဖြစ်ခွင့် မရတော့ဘူး။

တရားထိုင်တဲ့လူမှာလည်း အကုသိုလ်မဖြစ်မဟုတ်ဖူး၊ ဖြစ်နိုင်ပါတယ်၊ ထိုင်နေ တုန်းကို ဖြစ်နိုင်တယ်၊ အကုသိုလ်စိတ်က ပေါ်နိုင်တယ်၊ ဒါပေမယ့် ပေါ်တာနဲ့ တစ်ပြိုင်နက် ကိုယ်က သတိရှိနေတော့ ဖမ်းမှတ်လိုက်တယ်၊ ရှုလိုက်တယ်၊ သူက ပျောက်သွားပြီး၊
အဲသလို လုပ်ထားတာဖြစ်တော့ ကိလေသာခဏခဏလာခွင့်မရဘူး၊ များများ လာခွင့်လည်းမရဘူး၊ အဲသလို လာခွင့်မရရင် ဉာဏ်ရင့်ကျက်တယ်၊ ဒါကြောင့် “ဘာဝနာစွမ်း၊ ကိလေခန်းဘိ”
“တိဟိတ်သန္ဓေ၊ စွဲကပ်နေသည်” ဒါကတော့ တိဟိတ် ပဋိသန္ဓေနေခဲ့တာ၊ တိဆိုတာ ဉာဏ်နဲ့ယှဉ်တာကို တိဟိတ်ခေါ်တယ်၊ ဉာဏ်နဲ့ယှဉ်တဲ့စိတ်နဲ့ ပဋိသန္ဓေနေခဲ့တာ၊ အဲသလို ပဋိသန္ဓေနေခဲ့ရင်လည်း ဒီပုဂ္ဂိုလ်မှာ ဉာဏ်အဖြစ်များတယ်၊ ဉာဏသမ္ပယုတ် ဖြစ်တယ်။

အခုအကြောင်း ဘယ်နှစ်မျိုးတုန်း “ရှေးကပညာ၊ ထက်ဖို့ရာဟု၊ ကုသိုလ်ပြုခဲ့။ ယခုရူပ၊ ဘုံဌာန၌၊ ဖြစ်ရပြန်ပေ၊ ပညိန္ဒြေထောက်၊ ရင့်ချိန်ရောက်လာ၊ ဘာဝနာစွမ်း၊ ကိလေခန်းဘိ၊ တိဟိတ်သန္ဓေ၊ စွဲကပ်နေသည်၊ ဉာဏ်ရွှေစိန်စက်ထက်ကြောင်းတည်းတဲ့။

ဉာဏ်ကောင်းဖို့အကြောင်း ၅-ခုရှိတယ်၊ အဲဒီ ၅-ခုထဲက ဦးဇင်းတို့ လက် တွေ့လုပ်နိုင်တာ ဘယ်နှစ်ခုပါတုန်း၊ စဉ်းစားကြည့်ပါ။
ရှေးကပညာထက်ဖို့ရာဟု၊ ကုသိုလ်ပြုခဲ့ ဒါလည်းမဆိုင်ဘူး၊ ရှေးက လုပ်ခဲ့တာ၊ “ယခု ရူပ၊ ဘုံဌာန၌ ဖြစ်ရပြန်ပေ” ဒါလည်း မဆိုင်ဘူး၊ “ပညိန္ဒြေထောက်၊ ရင့်ချိန် ရောက်လာ”၊ ဒါကနည်းနည်းဆိုင်တယ်၊ “ဘာဝနာစွမ်း၊ ကိလေခန်းဘိ ဒါက ဦးဇင်းတို့ လုပ်နိုင်တဲ့ကိစ္စ၊ ဉာဏ်ရင့်ကျက်အောင် တရားထိုင်ပေး၊ တရားမှတ်ပေး တာပေါ့၊ တိဟိတ်သန္ဓေ၊ စွဲကပ်လေတည့်၊ ဒါက ပဋိသန္ဓေနေထဲက ဖြစ်လာရမှာ၊ မတတ်နိုင်ဘူး၊ ၂-မျိုးပဲ Control လုပ်နိုင်တယ်၊ ဉာဏ်ရွှေစိန်စက်ထက်ကြောင်း

[စာမျက်နှာ-118] တည်းတဲ့၊ ဒါက ဉာဏသမ္ပယုတ်များများ ဖြစ်တဲ့အကြောင်းတွေ။
ဒီအကြောင်းတွေ ကိုယ်ကသိထားရင် နောက်ဘဝတွေအတွက်လည်း ကိုယ်က လုပ်နိုင်တာပေါ့၊ ဒီဘဝတတ်နိုင်သမျှ တို့တက်အောင် လုပ်နိုင်တယ်၊ ဗုဒ္ဓဟောကြားတဲ့ အဘိဓမ္မာတရားတော်ကို နားလည်ရခြင်း အကျိုးဟာဒါပဲ၊ ဒါကြောင့်မို့ ဦးဇင်းတို့ ပြောလေ့ရှိတယ်၊ ဗုဒ္ဓဘာသာဟာ ကိုယ့်အနာဂတ်ကိုကိုယ် ဖန်တီးတာ၊ ကိုယ့် အနာဂတ်ကို သူများလက်ထဲထည့်ထားတာ မဟုတ်ဘူး၊ ကိုယ့် အနာဂတ်ကို ကိုယ်က ဒီဘဝကနေပုံဖော်လို့ရတယ်၊ ကောင်းတဲ့ အနာဂတ်ဖြစ်စေ ချင်ရင် ကိုယ်က ဒီကနေကောင်းအောင်လုပ်မယ်၊ မကောင်းတဲ့ အနာဂတ် ဖြစ်တာ ရော၊ မဖြစ်တာရော အရေးမလုပ်ဖူးဆိုရင် ထင်ရာလုပ်ရုံပေါ့၊ ကိုယ့် အနာဂတ် ကိုယ် ဖန်တီးနိုင်တယ်။

ဘာကြောင့်တုန်းဆိုတော့ ကံ၊ ကံ၏ အကျိုးသဘောတရားက ရှိတာကိုး၊ ဒီ သဘောတရားရှိတော့ ကောင်းတဲ့ကံက ကောင်းတဲ့ အကျိုးပေးမယ်၊ မကောင်းတဲ့ ကံက မကောင်းတဲ့အကျိုးပေးမယ်ဆိုတာ သိထားတော့ ကောင်းတဲ့အကျိုးလိုချင်ရင် ကောင်းတဲ့ကံ လုပ်ရမှာပေါ့၊ ဒါပဲ။)

အကြောင်းနဲ့ အကျိုးဆိုတာ အမြဲတမ်း ဆက်စပ်လျက်ရှိတယ်၊ ဉာဏ်ကောင်း ချင်ရင် ဉာဏ်ကောင်းစေတဲ့ အလုပ်လုပ်ပေါ့၊ အရေးမလုပ်ဖူးဆိုရင်လည်း မလုပ်နဲ့ပေါ့။

အဲဒီတော့ ဗုဒ္ဓဘာသာမှာက လွတ်လပ်မှုလည်းရှိတယ်၊ “မင်းမကြောက်ရင် ခံတော့လည်းမင်းခံ၊ ဘယ်သူမှ လာခံမှာ မဟုတ်ဖူး” အဲဒါပဲ။

ကိုယ့်ကိုကိုယ် ပိုင်တယ်၊ ကိုယ့်ကိုကိုယ် လွတ်လပ်မှု ရှိတယ်၊ ကိုယ့်အနာဂတ် ကိုယ်ဖန်တီးနိုင်ခွင့်ရှိတယ်၊ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်တွေပေါ့လေ။

ကောင်းပြီ၊ မှတ်မိလား၊ နားထောင်တုန်းက နားလည်သွားရင် ပြီးတာပဲ။

သောမနဿဖြစ်တဲ့အကြောင်းတွေ၊ ဥပေက္ခာဖြစ်တဲ့အကြောင်းတွေ ဒါလေးတွေက နားလည်ထားဖို့တော်တော်ကောင်းတယ်၊ အသုံးလည်းကျတယ်။

စာအုပ်ကတော်တော်ဟောင်းနေတယ်၊ ဒီဆရာတော်က သိပ်ကောင်းတယ်၊ လင်္ကာတွေကလည်းကောင်းတယ်၊ ဦးဇင်းတို့ ငယ်ငယ်ထဲက ကျက်ထားရတာဆိုတော့ အခုထိအောင် ရနေတယ်။
ဘယ်ဟာက ပိုထက်သလဲ?
ဒီနေ့ ကာမစိတ် ၅၄-ပါးကို ဦးဇင်းတို့အားလုံး လေ့လာလို့ ပြီးသွားပြီ ဆိုပါတော့၊ သိစရာကတော့ ဒီထက်ရှိသေးတာပေါ့၊ ဆိုပါတော့၊ သောမနဿ သဟဂုတ်နဲ့ ဥပေက္ခာသဟဂုတ် ဘယ်သူက ပိုပြီးတော့ ထက်မြက်သလဲဆိုတော့

[စာမျက်နှာ-119] ကျမ်းဂန်တွေ အဆိုအရတော့ ကာမာဝစရ အရာမှာ သောမနဿက ပိုပြီးတော့ ထက်မြက်တယ်၊ ဘာကြောင့်တုန်းဆိုတော့ ရွှင်ရွှင်လန်းလန်းနဲ့ လုပ်ရတဲ့ ကုသိုလ်ကိုး၊

ရူပါဝစရ၊ အရူပါဝစရ အရာကျတော့ သမာဓိနဲ့ ဆိုင်သွားလို့ ဥပေက္ခာ က ပိုပြီး ထက်မြက်တယ် ဆိုပါတော့၊ သမာဓိ မရှိရင် မရပဲကိုး။

တစ်ခါ အသင်္ခါရိကနဲ့ သသင်္ခါရိကမှာ ဘယ်သူက ပိုပြီးထက်မြက်သလဲ။ အသင်္ခါရိက ပိုပြီးထက်မြက်တယ်၊ သူက တိုက်တွန်းမှု မရှိပဲနဲ့ တစ်ခါထဲ (spontaneously)လုပ်ရတာ၊ ဟိုကတော့ တိုက်တွန်းနေရတာဆိုတော့ ထက်မြက်မှု နည်းသွားတယ်။
မေး - အကုသိုလ်နဲ့ ပတ်သက်ပြီး ပြဿနာက ဘာလဲဆိုတော့ မိစ္ဆာဒိဋ္ဌိ တစ်ယောက် က အကုသိုလ်လုပ်တယ်၊ ဗုဒ္ဓဘာသာ တစ်ယောက်ကလည်း အကုသိုလ် လုပ်တယ် ပြောကြပါစို့၊ မိစ္ဆာဒိဋ္ဌိတစ်ယောက်က အကောင်တစ်ကောင်သတ်တယ်၊ ဗုဒ္ဓဘာသာ တစ်ယောက်ကလည်း အကောင်တစ်ကောင် သတ်တယ်။
မိစ္ဆာဒိဋ္ဌိကတော့ အကုသိုလ်မှန်းမသိဘူး၊ ဒါပေမယ်လို့သတ်တယ်၊ ဗုဒ္ဓဘာသာဝင်ကတော့ အကုသိုလ်မှန်းသိတယ်၊ သတ်တယ်၊ ဘယ်သူကပိုပြီး အပြစ်ကြီးသလဲ?
ဖြေ - ဗုဒ္ဓဘာသာက ပိုအပြစ်ကြီးပါတယ် ဘုရား။

မေး - ဗုဒ္ဓဘာသာက ပိုအပြစ်ကြီးသတဲ့လား၊ ရှင်နာဂသိန်ကတော့ ဒီလိုမဖြေဘူး၊ ဥပမာလေးပြောပြမယ်၊ ရဲရဲငြိနေတဲ့ သံခဲကြီးရှိတယ် ဆိုပါတော့တဲ့၊ အဲဒါကို ပူမယ်မှန်းမသိလို့ ကိုင်တဲ့လူနဲ့ မီးခဲမှန်းသိလို့ ကိုင်တဲ့လူနဲ့ ဘယ်သူက အလောင်သက်သာမလဲ။
ဖြေ - သိရက်နဲ့ ကိုင်တဲ့လူက အလောင်သက်သာပါမယ်။

အေးပေါ့၊ ပူမှန်းမသိလို့ သွားကိုင်တဲ့လူက တအားဆုပ်ကိုင်မှာပေါ့၊ သူ့မှာ တအားပူလောင်မှာပေါ့၊ မတတ်သာလို့ကိုင်ရတဲ့သူက ကိုင်တော့ ကိုင်တယ်။ သူက ကြောက်ကြောက်လန့်လန့်နဲ့ဆိုတော့ ပူမယ်မှန်းသိတော့ တအားမဆုပ်ကိုင်ဘူး၊ အပူသက်သာအောင်ကိုင်တယ်။

အဲဒီလိုပဲ၊ အကုသိုလ်မှန်း မသိပဲလုပ်တဲ့သူကတော့ ရဲရဲဝံ့ဝံ့ လုပ်တော့တာပေါ့။ ဒါအမှန်ပဲ၊ တခြားဘာသာဝင်တွေက သတ်ပြီဆိုရင် ရဲရဲဝံ့ဝံ့ကိုသတ်တော့တာ၊ ဘာမှကို တွေးနေတော့တာ မဟုတ်ဘူး။

ဗုဒ္ဓဘာသာဝင်တစ်ယောက်က သတ်တယ်ထားဦး၊ သူက ကြောက်စိတ် ကလေးတော့ပါသေးတယ်၊ တွန့်ဆုတ်တယ်၊ အဲဒါကြောင့်မို့ အကုသိုလ်မှန်း

[စာမျက်နှာ-120] သိလျက် လုပ်တဲ့သူနဲ့ မသိပဲနဲ့ လုပ်တဲ့သူမှာ မသိပဲနဲ့ လုပ်တာက ပိုအပြစ်ကြီးတယ်။ သိလျက်နဲ့လုပ်တော့ သူက လျော့လျော့ပေါ့ပေါ့လေ။
လူတွေ့ရဲ့ ဥပဒေတွေကျတော့ မသိရင် နည်းနည်းလက်ခံတယ်၊ ဝိနည်းမှာလဲ တချို့နေရာကတော့ မသိရင်အပြစ်မရှိဘူး၊ တချို့ကျတော့လည်း သိသိ, မသိသိ အပြစ်ရှိတယ်။

အဲဒီဟာတွေကျတော့ မသိရုံတင်မကဘူး၊ ဥပဒေအပေါ်မှာ မလေးစားတဲ့ စိတ်တွေက ပါသွားတာကိုး၊ အဲဒါကြောင့် အဲသလို နေရာမျိုးကျတော့ သိလျက်နဲ့ လုပ်တာက အပြစ်ကြီးတယ်လို့ ဆိုလိုရတယ်။
သိက္ခာပုဒ်တစ်ခုကို ဦးဇင်းတို့က ချိုးတော့မယ်, ဖောက်တော့မယ် ဆိုရင် ဒီသိက္ခာပုဒ်အပေါ်မှာ မလေးစားတဲ့စိတ်က အမှန်တော့ပါတယ်၊ အဲဒီစိတ်ကြောင့် အပြစ်ကြီးတယ်လို့ဆိုရတယ်။

အဘိဓမ္မာ သဘောအရ ပြောရရင် ကြောက်ကြောက်လန့်လန့်နဲ့ လုပ်ရရင် သူက နည်းနည်းသက်သာတာပေါ့၊ ဒီလို အပြစ်ရှိမှန်း မသိလို့လုပ်တဲ့သူက ရဲရဲဝံ့ဝံ့ လုပ်တော့တာပေါ့၊ ဆူးရှိတဲ့လမ်း သွားသလိုပေါ့၊ မသိတဲ့လူက တအားနင်းတာပေါ့။ သိတဲ့သူက နည်းနည်းပါးပါး ဖွနင်းတော့သက်သာတာပေါ့၊ အဲသလို အရှင်နာဂသိန်က မိလိန္ဒပဉှာမှာ ဖြေထားတာရှိတယ်။

ဒါကြောင့်မို့ သိလျက်နဲ့ လွန်ကျူးတာ မသိပဲနဲ့ လွန်ကျူးတာမှာ သတိထားဖို့က ဘယ်အခါဖြစ်ဖြစ် မေးလိုက်ရင် သိလျက်နဲ့ လွန်ကျူးတာက ပို အပြစ်ကြီးတယ်ချည်း ထင်တာပဲ၊ ဒီအတိုင်းပဲ၊ ကိုယ်ကလည်း အဲသလို ထင်တာပဲ၊ အများကလည်း ဒီလိုပဲ ထင်တာပဲ၊ အမေရိကန်က တပည့်တွေ မေးရင် အဲသလို ဖြေတာပဲ။

မေး - အရှင်ဘုရား ပြန်ရှင်းပြတော့ သူတို့ ဘယ်လိုနေသလဲ။
ဖြေ - သူတို့လက်ခံပါတယ်၊ အဲသလို အဖုအထစ်လေးတွေကျတော့ မိလိန္ဒပဉှာက အတော်ကောင်းတယ်နော်၊ ဘာလို့တုန်းဆိုတော့ မိလိန္ဒပဉှာက ရှင်ဘုရင်ကလည်း အလွန်တော်တဲ့ ရှင်ဘုရင်, သူ့ကို ပြန်ပြောနိုင်သူမရှိဘူး၊ ဘုန်းကြီးတွေကိုထွက်ပြေး နေရတာ၊ ရှင်နာဂသိန်နဲ့ တွေ့မှ သူ (ရှင်ဘုရင်)ကျတာ_

လူဆိုတာ သူ့ပါရမီနဲ့ လာတာ၊ သူ့ဟာနဲ့သူမှ နိုင်တာ၊ သူ (ရှင်ဘုရင်)နဲ့ ယှဉ်ပြောလိုက်ရင် ဘုန်းကြီးတွေ ရှုံးတာပဲ၊ မရဘူး၊ ဘုန်းကြီးတွေ ပြေးရတာပဲ။

အရှင်နာဂသိန်နဲ့ကျတော့ တွေ့တွေ့ချင်းကို ရယ်စရာပဲ၊ ရှင်နာဂသိန်က အဲသလိုလဲ လုပ်တတ်တာကိုး၊ ဖြေပုံက သူ့ဟာနဲ့သူ ပြန်မိအောင်ဖြေတာ။

[စာမျက်နှာ-121] အရှင်ဘုရား တပည့်တော် ပုစ္ဆာမေးချင်ပါတယ်ဘုရား၊
မေးပါ ဒကာတော်
တပည့်တော် မေးပြီးပြီဘုရား၊
ဖြေပြီးပြီ

အဲသလိုမျိုး , အမတ်တွေက အရှင်မင်းကြီးတတ်နိုင်သေးလားဆိုပြီး လက်ခုပ်တီးကြတာ၊ ဖတ်ဖို့ကောင်းတယ်၊ အခက်အခဲတွေ သုတ္တန်တွေထဲမှာ နှစ် ဖက်စွန်း မလွတ်တာတဲ့ဟာမျိုးတွေ ရုတ်တရက်ကြည့်လိုက်ရင် အပြစ်ရှိတယ်လို့ ထင်ရတာတွေ၊ မှားတယ်လို့ ထင်ရတာတွေ၊ အဲဒါတွေကို အရှင်နာဂသိန်က ပြန်ဖြေရှင်းတာ သိပ်ကောင်းတယ်။

မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်တို့ဟာ နောက်ဘဝက ဆုတောင်းနဲ့ လာတာ၊ နောက်ဘဝ ဆုတောင်းက ဘဝတစ်ခုမှာ ရှင်နာဂသိန်က ရဟန်း၊ မိလိန္ဒမင်းကြီးက ကိုရင်ဖြစ်တယ်၊ ရဟန်းက ကိုရင်ကို အမှိုက်ကျုံးခိုင်းတာ မကျုံးတော့ နည်းနည်း ပါးပါး ရိုက်နှက်ပြီး ခိုင်းတာကိုး။

ခိုင်းတော့ ကိုရင်က ငိုယိုပြီး အမှိုက်ပြီးတော့ ပင်လယ်ကမ်းသွားပစ်တယ်၊ ပင်လယ်ကမ်းသွားတော့ သမုဒ္ဒရာကြီးကြည့်လိုက်တော့ လှိုင်းကြီးတွေ တဝုန်းဝုန်းလာ နေတာမြင်တော့ အဲဒီအခါမှ ထပြီး ဆုတောင်းတာတဲ့။

“ဒီလို အမှိုက်ရှင်းရတဲ့အတွက် သမုဒ္ဒရာလှိုင်းလိုကြီးတဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံရပါလို၏၊” ဆုတောင်းတော့ ဘုန်းကြီးကလည်း ဒီကိုရင် ဘာလုပ်သလဲလို့ နောက်က လိုက်ပြီးကြည့်တာ၊ အဲသလို ဆုတောင်းတာမြင်တော့ အောင်မာ, ငါက ရိုက်ခိုင်းတာကို မင်းက ဒီလောက်တောင် ဆုတောင်းရသလား၊ ငါလည်းဆုတောင်းမှပဲ ဆိုပြီး “ဒီကိုရင် ဘယ်လောက်ပဲဉာဏ်ကြီးကြီး အဲဒီသမုဒ္ဒရာလှိုင်းဟာ ကမ်းရောက်ရင် ငြိမ်သွားသလိုပဲ ငါနဲ့တွေ့တဲ့အခါ ငြိမ်သွားပါစေ”ပေါ့၊ အဲသလို ဆုတောင်းနဲ့ လာတာတဲ့၊ အဲဒါ ဖတ်ဖို့ကောင်းတယ်။

မေး - အဲဒါ ဘာကျမ်းလဲဘုရား။
ဖြေ - မိလိန္ဒပဉှာ
မြန်မာပြည်မှာတော့ ဘယ်သူလဲမသိ၊ ပြန်ရေးတာရှိတယ်၊ ဦးသော်ဇင်လား ဘယ်သူလား မသိဘူး၊ စာအုပ်ခပ်သေးသေးပဲ, ပြန်ရေးထားတာရှိတယ်၊ ဒီမှာကတော့ပါဠိတော်မြန်မာပြန်ရှိတယ်၊ သိပ်ဖတ်ဖို့ကောင်းတယ်၊ ကိုင်းဒီနေ့

[စာမျက်နှာ-122] ပြီးကြရအောင်။
မေး - အရင်အပတ်က ကုသလဝိပါက်စိတ်ထဲမှာ ၅-၆-၇ ထဲမှာ ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆိုင်းစိတ်, သန္တီရဏစိတ်ဆိုတာ၊ သူတို့ကတော့ စက္ခုဝိညာဏကို ဖြစ်ပြီးတော့မှ အဲဒီစိတ်ကို လက်ခံတာလားဘုရား။
ဖြေ - စိတ်ကို လက်ခံတာမဟုတ်ဖူး၊ အာရုံကို လက်ခံတာ၊ အာရုံကို စုံစမ်းတာ၊ သရက်သီး ဥပမာနဲ့ပြန်ကြည့်၊ သရက်သီးကောက်ကိုင်လိုက်တယ်၊ နှိပ်ကြည့်တယ်၊ သရက်သီးဟာ အာရုံ၊

မေး - ဒါဖြင့် မြင်တာကအရင် ဖြစ်တာပေါ့၊
ဖြေ - ဟုတ်တယ်၊

မေး - ဒီမှာဆိုရင်တော့ မြင်စိတ်ပြီးမှ လက်ခံစိတ်၊ မြင်စိတ်ပြီးမှ နောက်စိတ်က စုံစမ်းတဲ့စိတ်။
ဖြေ - ဟုတ်တယ် ဒါက၊ logically သွားမယ်၊ ပထမမြင်တယ်၊ မြင်ပြီးမှ လက်ခံတယ်၊ လက်ခံပြီးတော့မှ စုံစမ်းတယ်၊ စုံစမ်းပြီးတော့မှ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီးတော့မှ ကောင်းမကောင်းကတော့ ကိုယ့်နှလုံးသွင်းဇော ဖြစ်သွားတယ်။

မေး - ဆုံးဖြတ်တဲ့စိတ်က
ဖြေ - မနောဒွါရာဝဇ္ဇန်းပဲ၊ ဟုတ်တယ်၊ အဲဒီကျမှ ဣဋ္ဌာရုံပဲ, အနိဋ္ဌာရုံပဲ ခွဲခြားတယ်၊ ကောင်းတဲ့အာရုံပဲ မကောင်းတဲ့အာရုံပဲလို့ဆုံးဖြတ်တယ်၊ ကောင်းတဲ့ အာရုံလို့ ဆုံးဖြတ်ပေမယ်လို့ ဇောကျတော့ ဒေါသဇောလည်း စောချင် စောနိုင်တာပဲ။ ကောင်းတဲ့အာရုံပေမယ်လို့ ကိုယ်က မကြိုက်ရင် ဆိုပါတော့ ဘာသာခြားအဖို့ ဘုရားမြင်ရင်သူ စိတ်ဆိုးချင်ဆိုးမှာပေါ့၊ အဲဒီတော့ ဇောကတော့ ကုသိုလ်ဇော အကုသိုလ်ဇော ဖြစ်ချင်ရာ ဖြစ်နိုင်တယ်။

မေး - ဒါဖြင့် အရှင်ဘုရား၊ အဟိတ်စိတ် (၁၈)ပါးမှာ ဖြစ်တဲ့ ဝိပါက် စိတ်က နောက်ဘဝကျမှဖြစ်တာလား၊ ယခု လောလောဆယ်မှာ ဖြစ်တာလား။
ဖြေ - နောက်ဘဝကျမှ ဖြစ်တာ၊ ယခုလောလောဆယ် ဒီဘဝမှာ ဖြစ်နေ တာက နောက်ဘဝက ကုသိုလ်, အကုသိုလ်ရဲ့ အကျိုးကို ဒီဘဝမှာ ဖြစ်တာ၊ ဒီဘဝမှာ ဖြစ်တာနောက်ဘဝက အရင်းခံခဲ့တာ၊ ဒီဘဝမှာထပ်ပြီး ကိုယ်က ကုသိုလ်, အကုသိုလ်ဇောတွေ လုပ်ပြန်တယ်၊ လာမယ့်ဘဝတွေ ကျတော့ သူက ဒီစိတ်တွေ ဖြစ်ဦးမယ်၊ ဒီဟာက အရင်ဘဝက ဖြစ်ခဲ့တာတွေ့ရဲ့

[စာမျက်နှာ-123] အကျိုး ဝိပါက်စိတ်။
မေး - ရှေ့တုန်းကတော့ အာဝဇ္ဇနစိတ်က လှည့်ပေးလိုက်တာလား၊
ဖြေ - ဟုတ်တယ်, အဲဒါက တိုက်ရိုက်မြင်တဲ့ အာရုံပဲဖြစ်ဖြစ်၊ စိတ်နဲ့ စဉ်းစားတဲ့ အာရုံပဲဖြစ်ဖြစ်, အဲဒီအာဝဇ္ဇနက လာရတယ်၊ မြင်တာကြားတာနဲ့ ပတ်သက် လာရင် ပဉ္စဒွါရာဝဇ္ဇန်း၊ စိတ်ထဲတွင်သိတာနဲ့ဆိုရင် မနောဒွါရာဝဇ္ဇန်း၊ ဒီနှစ်ခု တစ်ခုခုတော့လာရမယ်၊ ဘာကြောင့်လဲဆိုတော့ ပထမအစဉ် အတန်းက ဘဝင် အစဉ်အတန်းရှိတာကိုး၊ ဘဝင်အစဉ်အတန်းကနေ အဲဒီ အခိုက်အတန့် ကျမှ (အာဝဇ္ဇန်းဆိုတဲ့ အခိုက်အတန့်ကျမှ) active စိတ်တွေဖြစ်လာတယ်၊ သူကစပြီးတော့ ဟိုဘက်ကို ဖြစ်သွားပြီ၊ သူက လှည့်ပေးသလို သဘောပေါ့။ ဘဝင်အစဉ်မှပြတ်ပြီးတော့ active စိတ်တွေ ဖြစ်အောင် သူက လှည့်ပေးတဲ့

သိချင်တာရှိရင် မေးသာမေး, ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်ပဲ။ ဖြေနိုင်ရင်လည်းဖြေမယ်၊ မဖြေနိုင်ရင်လည်း ဟိုစာကြည့် ဒီစာဖတ်လုပ်ရမှာ ပေါ့၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ သိချင်တာရှိရင် မေးသာမေး၊ အဲသလိုမှ ကောင်းတယ်။

မေး - အခြေခံအားဖြင့်ဆိုရင် ဘဝင်စိတ်က အရင်ဆုံးလား။
ဖြေ - ဟုတ်တယ်

မေး - ဘဝင်စိတ် လာပြီးတဲ့အခါကျ ဒီအာရုံနဲ့ တွေ့ဆုံပြီးတော့ သိတဲ့စိတ် ပေါ်လာတာလား။
ဖြေ - ဘဝင်စိတ်ကရှိနေတော့ (အာရုံနဲ့ မျက်လုံး)မြင်တာပဲ ပြောကြစို့၊ မျက်လုံးက အခံ၊ အာရုံကအတိုက်၊ အဲဒီ နှစ်ခု လာတွေ့လိုက်တဲ့အခါမှာ ဘဝင်ကိုလည်း သွားရိုက်တယ်၊ အဲသလိုရိုက်တဲ့အခါမှာ ဘဝင်လှုပ်ပြီးတော့ ဘဝင် ရပ်သွားတယ်၊ ရပ်သွားတော့ အဲဒီနေရာမှာ ခုနပြောတဲ့ အာဝဇ္ဇန်းစိတ်, ပြီးတော့မှ ရှေ့ဆက်သွားတယ်။

မေး - အဲဒီနေရာမှာ တကယ်လို့ ရပ်သွားရင် ဘဝင်စိတ်ပြီးသွားလား။
ဖြေ - အဲဒီနေရာမှာ မရပ်ဖူး၊ တစ်ခါဖြစ်မိရင် ရှေ့ဆက်သွားတော့တာပဲ၊ နောင်ဝီထိလေ့လာရင် ဒါတွေ တွေ့လိမ့်မယ်၊ ရပ်နိုင်တာက ဘာလဲ?။

[စာမျက်နှာ-124]
ရူပါဝစရစိတ် ၁၅-ပါး
၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာနှင့်တကွဖြစ်ပထမဈာန်စိတ် (၅၅)
၂။ ဝိစာရ- ပီတိ-သုခ- ဧကဂ္ဂတာ နှင့်တကွဖြစ် ဒုတိယဈာန်စိတ် (၅၆)
၃။ ပီတိ-သုခ-ဧကဂ္ဂတာ နှင့်တကွဖြစ် တတိယဈာန်စိတ် (၅၇)
၄။ သုခ-ဧကဂ္ဂတာနှင့်တကွဖြစ် စတုတ္ထဈာန်စိတ် (၅၈)
၅။ ဥပေက္ခာ-ဧကဂ္ဂတာ နှင့်တကွဖြစ် ပဉ္စမဈာန်စိတ် (၅၉)

ရူပါဝစရဝိပါက်စိတ် ၅-ပါး
၁-၅။ ရူပါဝစရကုသိုလ်စိတ် ၅-ပါးနှင့်တူ။ (၆၀-၆၄)

ရူပါဝစရကြိယာစိတ် ၅-ပါး
၁-၅။ ရူပါဝစရကုသိုလ်စိတ် ၅-ပါးနှင့် တူ။ (၆၅-၆၉)

ရူပါဝစရ - ရူပ ၁၅-ဘုံ၌များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်။
ဝိတက် - တကွဖြစ်ဖက်တရားတို့ကို အာရုံသို့ တင်ပေးခြင်းသဘော။
ဝိစာရ- အာရုံကို သုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း) သဘော။
ပီတိ - နှစ်သက်ခြင်းသဘော။
သုခ - ကောင်းသောအာရုံကို ခံစားခြင်းသဘော။
ဧကဂ္ဂတာ - အာရုံတစ်ခု၌ တည်တံ့ခြင်း (တည်ကြည်ခြင်း) သဘော။

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ (ဝေဒနာ), ဧကဂ္ဂတာ၊ ဥပေက္ခာ (ဝေဒနာ)တို့ကို အသီးအသီး ဈာန်အင်္ဂါ (ဈာန်၏ အစိတ်အပိုင်း)ဟု ခေါ်သည်၊ ထို ၅-ပါး အပေါင်းကို ဈာန်ဟုခေါ်သည်၊ ထိုဈာန်အင်္ဂါတို့နှင့် ယှဉ်သောစိတ်ကို ဈာန်

[စာမျက်နှာ-125] (ဤစာမျက်နှာသည် မူရင်းစာအုပ်တွင် ဗလာ သို့မဟုတ် ဇယားများသာ ပါဝင်နိုင်ပါသည်)

[စာမျက်နှာ-126] (ဤစာမျက်နှာသည် မူရင်းစာအုပ်တွင် ဗလာ သို့မဟုတ် ဇယားများသာ ပါဝင်နိုင်ပါသည်)

[စာမျက်နှာ-127]
အဘိဓမ္မာသင်တန်း (၆)

စိတ်ပိုင်း

ရူပါဝစရစိတ် (၁၅)ပါး

ဒီနေ့ စက်တင်ဘာလ (၈)ရက်, ဒီနေ့ လေ့လာမှာက ရူပါဝစရစိတ် ၁၅-ပါး အရင် အပတ်တွေက လေ့လာခဲ့တာက အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈- ပါး၊ ကာမာဝစရသောဘနစိတ် ၂၄-ပါး၊ အဲဒါဟာ အပေါင်းကို ကာမာဝစရစိတ် ၅၄ -ပါး။

အဲဒီ ကာမာဝစရစိတ် ၅၄ -ပါးက လူအားလုံးနဲ့ ဆိုင်တယ်၊ သာမန်လူတွေလည်း ရနိုင်တဲ့စိတ်မျိုးတွေ၊ အခု ဒီနေ့ လေ့လာမယ့် စိတ်တွေက လူတော်တွေအတွက် ဈာန်စိတ်တွေ။

အခု ဒီနိုင်ငံမှာ (Higher consciousness) ဆိုပြီးတော့ လုပ်လုပ်နေကြတယ်၊ ဘာတွေ လုပ်ကြတယ်တော့မသိဘူး၊ ဦးဇင်းတို့ ဗုဒ္ဓဘာသာအနေနဲ့ပြောရရင် (Higher consciousness) ဆိုတာ ရူပါဝစရစိတ်က စရမယ်။

ပါဠိသုတ္တန်တွေမှာ ဥတ္တရိမနုဿဓမ္မဆိုတဲ့စကားလုံးလေးရှိတယ် မြန်မာလို ပြန်ရင် လူတို့၏ ကုသိုလ်ကမ္မပထ တရား ၁၀-ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ်တရားတဲ့၊ အထက်တန်းကျတဲ့တရားပေါ့လေ၊ သာမန်လူတွေ ရတာမျိုး၊

[စာမျက်နှာ-128] မဟုတ်ပဲ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ, တော်တဲ့ ပုဂ္ဂိုလ်တွေ့ရတဲ့ စိတ်မျိုးပေါ့၊ ဒါကို ရူပါဝစရစိတ်ကစပြီး ဥတ္တရိမနုဿ ဓမ္မလို့ခေါ်တယ်။

ဒါကြောင့်မို့ (Higher consciousness) ဆိုရင် ဗုဒ္ဓဘာသာအနေနဲ့ အဘိဓမ္မာအနေနဲ့ ပြောရင် ဒီနေ့ လေ့လာမယ့်စိတ်က အချက်ပဲ၊ ရူပါဝစရစိတ်။

ဒီရူပါဝစရစိတ်ကျတော့ ရိုးရိုးကုသိုလ်ပြုတာလို ဟိုဟာလေး ထလုပ်ရုံ၊ ဒီဟာလေး ထလုပ်ရုံ, ဒါနပြုရုံ, ဘုရားရှိခိုးရုံ, လှူရုံနဲ့မရဘူး၊ ဒီဟာကျတော့ ဘာဝနာပါလာတယ်၊ ဈာန်စိတ်တွေဆိုတာ ကမ္မဋ္ဌာန်းကို ထိုင်မှရတယ်၊ ကမ္မဋ္ဌာန်း မထိုင်ပဲနဲ့ ဒီဈာန်စိတ်တွေ မရနိုင်ဘူး။

ကမ္မဋ္ဌာန်းက ဗုဒ္ဓဘာသာမှာ ၂-မျိုးရှိတယ်၊ သမထကမ္မဋ္ဌာန်းရယ်, ဝိပဿနာကမ္မဋ္ဌာန်းရယ်။
သမထကမ္မဋ္ဌာန်းဆိုတာက သမာဓိဖြစ်အောင်လုပ်တဲ့ ကမ္မဋ္ဌာန်း၊ သမာဓိကို အားပေးတယ်၊ အကျိုးကလည်း သမာဓိအကျိုးပဲရတယ်။

ဝိပဿနာကမ္မဋ္ဌာန်းဆိုတာက ရုပ်နာမ်တရား သင်္ခါရတရားတွေ့ရဲ့ အနိစ္စ, ဒုက္ခ အနတ္တကို မြင်အောင်ကြည့်ပြီးနောက်ဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် တိုင်အောင် (သို့မဟုတ်) မဂ်ဖိုလ်ရသည့်တိုင်အောင် သွားတဲ့ကမ္မဋ္ဌာန်းကို ဝိပဿနာကမ္မဋ္ဌာန်းလို့ ခေါ်တယ်။

သမထကမ္မဋ္ဌာန်း ၄၀
အဲဒီတော့ သမထကမ္မဋ္ဌာန်းဆိုတာက အဲဒီလို ရုပ်နာမ်ရဲ့ အဖြစ်အပျက်ကို မြင်အောင်ရှုတာ မဟုတ်ပဲနဲ့ စိတ်တည်ကြည်မှု သမာဓိအားကို ထူထောင်သွားပြီးတော့ ဒီသမာဓိအားနဲ့ ဈာန်စိတ်တွေနဲ့ ဈာန်စိတ်တွေထက် အထက်တက်လိုက်ရင် အဘိညာဉ်စိတ်တွေ့ရအောင် အားထုတ်တာ သမထကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ သမထကမ္မဋ္ဌာန်းက အမျိုးပေါင်း ၄၀-ရှိတယ်၊ ကြိုက်တာ အားထုတ်လို့ရတယ်၊ အခု အင်္ဂလိပ်လို့ ပေးထားတဲ့ (chart) ဟာကမ္မဋ္ဌာန်း ၄၀-ပဲ၊ ကမ္မဋ္ဌာန်းပိုင်းကျမှ အဲဒီ chartကို အပြည့်အစုံသုံးမယ်။

ပြောချင်တာက KAMMATTHANA FORTY ဆိုပြီး အောက် တည့်တည့်ကဟာတွေက ကမ္မဋ္ဌာန်း-၄၀၊ ပထမဘာတုန်း KASINA 10) ကသိုဏ်း၁၀-မျိုး၊ ASUBHA 10 အသုဘကမ္မဋ္ဌာန်း ၁၀-မျိုး၊ ANUSSATI 10 အနုဿတိကမ္မဋ္ဌာန်း ၁၀-မျိုး၊ APPAMANNA 4 ဒါက ဗြဟ္မဝိဟာရတရား ၄-ပါး၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ၊ ပြီးတော့ SANNA(1) ဆိုတာက သညာ၊ အစားအစာမှာ တွယ်တာမှုမရှိအောင် ဆင်ခြင်ပြီးစားရတာ၊ အစား

[စာမျက်နှာ-129] အသောက်ရဲ့ ရွံစရာကောင်းပုံကို ဆင်ခြင်တဲ့ ကမ္မဋ္ဌာန်း၊
VAVATTHANA ဆိုတာက ဓာတ်လေးပါးခွဲခြားတာ၊ ပထဝီ၊ တေဇော, အာပေါ, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး အစုအဝေးမျှသာရှိတယ်၊ ဒီဓာတ်ကြီးလေးပါး အစုအဝေးရဲ့ သဘောသဘာဝကို မြင်အောင်ရှုတာ။

နောက်ဆုံးတစ်ခု ARUPPA-4 ဆိုတာက အရူပဈာန် ၄-မျိုးကိုပြောတာ၊ အဲသလို ကမ္မဋ္ဌာန်း ၄၀-ရှိတယ်။

အဲဒီကမ္မဋ္ဌာန်း ၄၀-ထဲမှာ ကမ္မဋ္ဌာန်းတိုင်း, ကမ္မဋ္ဌာန်းတိုင်းက ဈာန်ကို ရစေနိုင်တာမဟုတ်ဘူး၊ တချို့ကမ္မဋ္ဌာန်းက ဈာန်ကိုရစေနိုင်တယ်၊ တချို့ ကမ္မဋ္ဌာန်းက ဈာန်ကို မရစေနိုင်ဘူး၊ အဲဒါက နောက်ဆုံး ကော်လံမှာ ကြည့်လိုက် Jhana 5 လို့ တွေ့လိမ့်မယ်၊ အဲဒီအောက်တည့်တည့်ကို ဖတ်ကြည့်လိုက်ရင် Pathavi Kasinaတဲ့၊ ပထဝီကသိုဏ်းမြေကြီးရှုတဲ့ကသိုဏ်း၊ ပထဝီကသိုဏ်းကို အားထုတ်ရင် 1st to 5th Jhana ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်အထိရမယ်၊ ထို့အတူပဲ သူ့အောက်မှာပါတဲ့အတိုင်းပဲ။

အသုဘကမ္မဋ္ဌာန်း ၁ဝ-ပါးကျတော့ ပထမဈာန်သာ ရစေတယ် ဒုတိယ, တတိယဈာန် မရနိုင်ဘူး၊ ဘာကြောင့်တုန်း, အာရုံကကြမ်းလို့၊ လူသေကောင် အပုပ်အပွရှုရတာ၊ အာရုံကြမ်းတော့ဝိတက်မပါလို့ မရဘူး၊ ဝိတက်ဆိုတာ နောက်တော့ သိလိမ့်မယ်၊ ဒါဟာ ပထမဈာန်ပဲရနိုင်တယ်။

ဗုဒ္ဓါနုဿတိကျတော့ ဈာန်ကိုလုံးဝမရဘူး၊ ပုတီးစိပ်တာလို အရဟံ သမ္မာ သမ္ဗုဒ္ဓေါ လုပ်တာဟာ ဈာန်ထိအောင်မရနိုင်ဘူး၊ ဈာန်ထိအောင်မပို့ဘူး၊ ဘာကြောင့် တုန်း၊ ဒါဟာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုရတာ၊ ဂုဏ်တော်တွေက နက်နဲတယ်၊ နက်နဲတော့ မထောက်မီနိုင်ဘူး၊ မဆုပ်ကိုင်နိုင်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဈာန်ထိအောင် သမာဓိက မတက်နိုင်ဘူး။

ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိ ဈာန်မရဘူး၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမ္မာနုဿတိ။

ဥပသမ္မာနုဿတိ ဆိုတာက နိဗ္ဗာန်ကို အဖန်ဖန် အောက်မေ့တာ၊ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံပြုတာ မဟုတ်သေးဘူး၊ နိဗ္ဗာန်ကို ကောင်းတယ်ဆိုပြီးတော့နိဗ္ဗာန်ရဲ့ ငြိမ်းချမ်းမှုကို အာရုံပြုပြီးနေတာမျိုး၊ အဲဒါမျိုးလည်း ဈာန်မရနိုင်ဘူး။
ပြီးတော့ မရဏဿတိလို့ခေါ်တယ်၊ သေခြင်းကို နှလုံးသွင်းတာ, ဒါလည်း ဈာန်မရနိုင်ဘူး။

[စာမျက်နှာ-130] ကာယကတာသတိဆိုတာက ကေသာ၊ လောမာစတဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ အစုတွေ၊ အဲဒီကာယကတာသတိကို အားထုတ်ရင် ပထမဈာန် ရနိုင်တယ်။

အာနာပါနဿတိခေါ်တဲ့ ဝင်သက်ထွက်သက် ရှုမှတ်တာကျတော့ ပထမဈာန်မှ ပဉ္စမဈာန်ထိ ဈာန်အားလုံးကို ရတယ်ဆိုပါတော့၊ နောက်အပ္ပမာည APPAMANNA ၄-ပါးမှာ ကြည့်လိုက်၊ မေတ္တာကိုအားထုတ်ရင် စတုတ္ထဈာန်ထိအောင်ရတယ်၊ ကရုဏာ၊ မုဒိတာလည်း ဒီအတိုင်းပဲ စတုတ္ထဈာန်အထိ ရတယ်၊ ဥပေက္ခာကျတော့ ပဉ္စမဈာန် တစ်ခုထဲရတယ်။

မေတ္တာဆိုတာ မေတ္တာပို့တာ၊ သတ္တဝါတွေ ချမ်းသာပါစေလို့ မေတ္တာပို့တာ။ သညာတစ် အဟာရေ ပဋိကူလသညာဆိုတာ အစားအသောက်မှာ ရွံရှာဖွယ်လို့ မြင်အောင်ကြည့်တဲ့ ကမ္မဋ္ဌာန်းက ဈာန်မရနိုင်ဘူး၊ စတုဓာတုဝဝတ္ထာန ဒါကဓာတ် ၄-ပါးခွဲတာ၊ ဈာန်မရနိုင်ဘူး၊ အရုပ္ပ ၄-ပါးကတော့ သူ့အလိုက် ပထမအရူပဈာန်၊ ဒုတိယအရူပဈာန် စသည် ရသွားမယ်။

အဲဒီလို ဖြစ်တော့ ဈာန်ရချင်ပြီဆိုပါတော့၊ ကိုယ်က ပထမဈာန်ကနေပြီး ပဉ္စမဈာန်အထိ ဈာန်အကုန်လုံးရချင်တဲ့ သူတစ်ယောက်ဆိုရင် ဘယ်လို ကမ္မဋ္ဌာန်းမျိုး ရွေးမလဲ၊ ကသိုဏ်း ၁၀-ပါး ရွေးနိုင်တယ်၊ အာနာပါနဿတိ ရွေးနိုင်တယ်။ ပြီးတော့ ဥပေက္ခာ ဆိုပါတော့။

ဥပေက္ခာကျတော့ မေတ္တာ၊ ကရုဏာမပါပဲ ဥပေက္ခာကမရဘူး၊ မေတ္တာနဲ့ အခြေခံရမယ်၊ မေတ္တာနဲ့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အထိ ဖြစ်ပြီးမှ ဥပေက္ခာသွားရမယ်၊ ဒါကြောင့် ဒီ ၄-မျိုးစလုံးလို့ ဆိုရင်လည်းရပါတယ်။

အဲဒီတော့ဈာန်ရချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပထဝီကသိုဏ်းအားထုတ်တယ် ပြောကြပါစို့၊ ပထဝီကသိုဏ်းအားထုတ်တဲ့အခါ မြေကြီးကို ဒီအတိုင်းကြည့်ပြီး အားထုတ်ရင်လည်းရတယ်၊ သို့မဟုတ်ရင် ကသိုဏ်းဝန်းကလေး လုပ်ရတယ်။ ပိတ်ကားလေး ဘောင်မှာကျက်ပြီးတော့ မြေညက် (ရွံ့)ကလည်း အရုဏ်အရောင်လို့ ခေါ်တဲ့ မြေနီသုတ်ပြီးတော့ ကျကျနန ပွတ်တိုင်အခြောက်ခံထား၊ အဲဒါလေးကို ရှေ့မှာ ထားပြီးတော့ ဆိတ်ငြိမ်ရာသွားရမှာနော်၊ ဆူညံတဲ့နေရာမှာမရဘူး၊ ဒီဟာ အစီအစဉ်တွေမို့လို့သာ ဝိသုဒ္ဓိမဂ်မှာ အရှည်ကြီးရှိတယ်၊ ဒါတွေ အကုန်မပြောနိုင်ဘူး။

အဲဒါလေးရှေ့မှာထားပြီး ပထဝီ၊ ပထဝီ၊ ပထဝီ၊ အဲဒါပဲ အထပ်ထပ် ပါးစပ်က ရွတ်နေရမယ်၊ ကသိုဏ်းဝန်းကိုပဲ ကြည့်နေရမယ်၊ ကသိုဏ်းဝန်းထဲမှာပဲ စိတ်ကိုထားရမယ်၊ စိတ်အပြင် မထွက်စေရဘူး။

[စာမျက်နှာ-131] အဲဒီအတိုင်းပဲ ပထဝီ၊ ပထဝီ၊ ပထဝီနဲ့ အကြိမ်ပေါင်း ထောင်သောင်း သိန်းသန်း လုပ်ရတာပဲ၊ အဲဒီလို လုပ်လိုက်တော့ နောင်အချိန်ကျတော့ စိတ်က ငြိမ်လာတယ်၊ နောက်ကျုမှုတွေ ငြိမ်သွားတဲ့ အခါကျတော့ (ဘာဖြစ်လာသလဲ ဆိုတော့) မျက်လုံးမှိတ်လိုက်ပေမယ့် မြင်နေတော့တယ်၊ အဲသလို မျက်လုံးမှိတ် လိုက်ပေမယ့် မြင်နေတဲ့ အာရုံကို ဥဂ္ဂဟနိမိတ်လို့ ခေါ်တယ်။

အဲသလို မြင်နေတဲ့အခါကျရင် ခုနကသိုဏ်းဝန်းကို မသုံးတော့ဘူး၊ သူက တခြားသွားချင်တဲ့နေရာ သွားထိုင်လို့ရသွားပြီ၊ ထိုင်၊ မျက်လုံးမှိတ်၊ ပထဝီမြင်အောင် ကြည့်၊ ပထဝီလို့ပွားများ၊ အဲဒါ အခန့်မသင့်ရင် ပျောက်သွားတာပဲ၊ ပျောက်သွားရင်လည်း ဟိုနေရာပြန်သွား၊ ကသိုဏ်းဝန်း ကြည့်လုပ်ပေါ့လေ။

အဲသလိုနဲ့တော်တော်လေး နိုင်လာပြီဆိုတော့ နောက်နိမိတ်တစ်ခု (ဒီနိမိတ် က တို့တက်သွားတာ၊ နောက်နိမိတ်က အသစ်တော့ မဟုတ်ဘူး ဘယ်လိုလဲ ဆိုတော့၊ ပထမဥဂ္ဂဟနိမိတ် အခိုက်အတန့်တုန်းက ပထဝီကသိုဏ်းကို ကြည့်တဲ့ အခါ အဲဒီကသိုဏ်းအရှိအတိုင်းမြင်တာ။

ကသိုဏ်းအရှိအတိုင်းဆိုတာက လက်နဲ့လုပ်ရတာဆိုတော့ လက်ရာလေးတွေ ဘာလေးတွေ ထင်နေတယ်၊ ကသိုဏ်းအပြစ်လို့ခေါ်တဲ့ ချို့ယွင်းချက်လေးတွေပါ မြင်နေတယ်၊ နောက်တစ်ဆင့်ရောက်တော့ ပဋိဘာဂနိမိတ်ခေါ်တယ်၊ ပဋိဘာဂနိမိတ်အဖြစ် ထင်လာတဲ့ အခါကျတော့ ကသိုဏ်းအပြစ် ဒေါသတွေ အကုန်လုံး ပျောက်သွားတယ်၊ ကသိုဏ်းဝန်းဟာ တကယ့်ကိုချောမွေ့သန့်ရှင်းပြီးတော့ အကြိမ် ကြိမ်ပွတ်ထားတဲ့ ကြေးမုံလို့ လပြည့်ညမှာ တိမ်ကြားက ထွက်လာတဲ့ လမင်းလို အဲဒီလို သန့်သန့်ရှင်းရှင်းလေး မြင်လာတယ်၊ အဲသလို အခါမှာ ပဋိဘာဂနိမိတ် ရတယ်လို့ ခေါ်တယ်။

ဆက်ပြီးတော့ ထပ်ကြည့်ပြီး အားထုတ်ဦး၊ အဲဒီအခါကျတော့မှ ဈာန်ဆိုတာ ရောက်လာတယ်၊ စိတ်တွေ တကယ်ငြိမ်သွားပြီးတော့ အနောက်အကျုဖြစ်တဲ့ ကာမစ္ဆန္ဒတို့၊ နီဝရဏတို့ ဗျာပါဒတို့ ငြိမ်သွားပြီးတော့ ဈာန်စိတ်ဝင်လာတယ်၊ ဒီနေ့လေ့လာမှာ အဲဒီဈာန်စိတ်။

နောက်တစ်ခါ ဆက်လေ့လာရင် ဒုတိယဈာန်ရပြန်ရော၊ နောက်ထပ် လေ့လာရင် တတိယဈာန်၊ အဲသလို ပဉ္စမဈာန် အထိသွားတယ်။ ရူပါဝစရဈာန်စိတ် (၁၅)ပါးရှိတယ်၊ အဲဒီမှာကုသိုလ်က (၅)ပါး၊ ဝိပါက်က (၅) ပါး၊ ကြိယာက ၅-ပါး။

[စာမျက်နှာ-132]
ရူပါဝစရကုသိုလ်စိတ် (၅)ပါး

ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်း လက္ခဏာရှိတဲ့ တရားပေါ့၊ ဝိပါက်ဆိုတာက အကျိုး၊ ကြိယာဆိုတာက ပြုခါမတ္တဖြစ်တဲ့တရား။

အဲဒီ ပထမဈာန်စိတ်ဖြစ်တော့ ပထမဈာန်စိတ်က ဘယ်လိုသဘောရှိသလဲ။ ဖတ်စမ်းပါ၊ နံပတ် (၁)ကို ဖတ်၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ ဧကဂ္ဂတာနှင့် တကွ ဖြစ်သော ဈာန်စိတ်၊ ပထမဆုံးရတဲ့စိတ်ဖြစ်လို့ ပထမလို့ခေါ်တာပေါ့၊ ကျင့်စဉ်နဲ့ ကျင့်သွားရင် စ၊ စချင်း ဒုတိယဈာန် မရဘူး၊ တတိယဈာန် မရဘူး၊ ကျောင်းတက် သလို ပထမကစရတယ်၊ ပထမရတာမို့ ပထမဈာန်စိတ်၊ ဒုတိယရတာမို့ ဒုတိယဈာန်စိတ် ခေါ်တယ်၊ မြတ်စွာဘုရားဟောတဲ့ အစဉ်ဆိုရင် ဒီလိုပဲဟောတာများလို့ ဟောစဉ်ဆိုရင်လည်းဟုတ်ပါတယ်။

ပထမဈာန်စိတ်မှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတဲ့ တရားတွေနှင့်တကွ ဖြစ်တယ်ဆိုတော့ အဲဒီ ပထမဈာန်စိတ်ဟာ ဒီတရားတွေနှင့် ယှဉ်တယ်ဆိုတာနဲ့ အတူတူပဲ၊ ယှဉ်တယ်ဆိုတာက တစ်ပြိုင်နက် အတူတူဖြစ်တယ်လို့ ဆိုလိုတာ။

အဲဒီဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာမှာ သုခဆိုတာ ချမ်းသာ၊ အမှန်တော့ သုခဟာ ဝေဒနာ၊ ချမ်းသာခံစားမှု ဝေဒနာ၊ ဟိုတစ်ခါတုန်းက ပြောခဲ့တဲ့ သောမနဿဝေဒနာရှိတယ် မဟုတ်လား၊ အဲဒါပဲ။ အဲဒါကြောင့်မို့ စေတသိက်အနေနှင့် ပြောရမယ်ဆိုရင် ဒီမှာရှိတဲ့သုခဟာ ဝေဒနာ စေတသိက်၊ စေတသိက်ကို ဒုတိယပိုင်းကျတော့ တွေ့လိမ့်မယ်။

အဲဒီ ပထမဈာန်စိတ်ဟာ ဒီငါးမျိုးနှင့်တကွဖြစ်တယ်တဲ့၊ ဒီငါးမျိုးနဲ့တင် မကဘူးနော်၊ ပထမဈာန်စိတ်က စေတသိက်အများကြီးနဲ့ ဖြစ်တာ၊ သို့သော် ဒီငါး မျိုးကိုပဲ ဈာန်အင်္ဂါလို့ ခေါ်ရတယ်၊ အဲဒီတော့ ပထမဝေါဟာရ နားလည်ဖို့က ဈာန်၊ ဈာန်အင်္ဂါ၊ ဈာန်စိတ်။

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ(ဝေဒနာ) ဧကဂ္ဂတာ၊ ဥပေက္ခာ(ဝေဒနာ) အသီးအသီး ဈာန်အင်္ဂါ (ဈာန်အစိတ်အပိုင်း)ဟု ခေါ်သည်၊ ဝိတက်ကို ဈာန်အင်္ဂါလို့ ခေါ်တယ်၊ အင်္ဂါဆိုတာ (parts) ပဲ၊ (constituent parts), ဝိစာရကို ဈာန်အင်္ဂါ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ၊ ဥပေက္ခာ၊ တစ်ခု တစ်ခုစီကို ဈာန်အင်္ဂါ၊ အဲဒီ ငါးပါး အပေါင်းကို ဈာန်လို့ခေါ်တယ်၊ အဲဒါ ပထမဈာန် အလိုဆိုတာပေါ့။

ဒုတိယဈာန်ဆိုရင် ၄-ပါးဖြစ်မယ်၊ တတိယဈာန်ဆိုရင် ၃-ပါးဖြစ်မယ်၊ စတုတ္ထဈာန်ဆိုရင် ၂-ပါးဖြစ်မယ်၊ ပဉ္စမဈာန်ဆိုရင် ၂-ပါးဖြစ်မယ်၊ အဲဒီ အင်္ဂါ

[စာမျက်နှာ-133] ပေါင်းလိုက်တာကို ဈာန်လို့ခေါ်တယ်။

ဦးဇင်းပြောနေကျ မော်တော်ကားလိုပဲ၊ တစ်ခု၊ တစ်ခု ကျတော့ အစိတ်အပိုင်း လေးတွေ မဟုတ်လား၊ အစိတ်အပိုင်းတွေ ပေါင်းလိုက်တော့ ကားဖြစ်သွားတယ်၊ ကားဟာဈာန်ပဲ၊ ဝိတက်၊ ဝိစာရ အစရှိသည်တို့ဟာ ဘီး စတီရာရင်တို့လို ဖြစ်သွားတယ်။

အဲဒီဈာန်လို့ခေါ်တဲ့ ၅-ပါးအပေါင်းနဲ့ အတူတကွဖြစ်တဲ့ ယှဉ်တဲ့စိတ်ကို ဈာန်စိတ်လို့ခေါ်တယ်၊ အဲဒီတော့ ဈာန်၊ ဈာန်အင်္ဂါ၊ ဈာန်စိတ်၊ ဒီ ၃-မျိုး ခွဲထားရမယ်။

ဈာန်အင်္ဂါဆိုတာဘာလဲ၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာရယ်၊ ဥပေက္ခာရယ် အဲဒါ တစ်ခု တစ်ခုစီကို ဈာန်အင်္ဂါလို့ ခေါ်တယ်၊ သူတို့အပေါင်း ၅-ပါးအပေါင်း၊ ၄-ပါးအပေါင်း၊ ၃-ပါး၊ အပေါင်း ၂-ပါး၊ အပေါင်း၊ ၂-ပါးအပေါင်းကို ဈာန်လို့ခေါ်တယ်။

အဲဒီ ၅-ပါး အပေါင်း စသည်နှင့် အတူတကွဖြစ်တဲ့စိတ်ကို ဈာန်စိတ်လို့ ခေါ်တယ်။ အဲဒီပထမဈာန်စိတ်က ၅-ပါးနဲ့ အတူတကွဖြစ်တဲ့ အတွက်ကြောင့် သူ့ကို ပထမဈာန်စိတ်လို့ ခေါ်တယ်။

ကောင်းပြီ ဈာန်ဆိုတာဘာလဲ၊ ဈာန်ဆိုတာ အာရုံကို စူးစူးစိုက်စိုက် ရှုတာ ဈာန်လို့ ခေါ်တယ်၊ ပြီးတော့ နီဝရဏလို့ခေါ်တဲ့ အနှောင့်အယှက်တရားတွေကို လောင်ကျွမ်းပစ်နိုင်တဲ့ သဘောတရားမျိုးလိုလည်း ဈာန်လို့ ခေါ်တယ်။

ဈာန်ရဲ့ သဘောအဓိပ္ပါယ်က ၂-မျိုးရှိတယ်၊ ရှုတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိတယ်၊ လောင်ကျွမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်။

ရှုတယ်ဆိုတဲ့ အဓိပ္ပါယ်ယူတဲ့အခါကျတော့ ဒီအာရုံကိုစူးစူးစိုက်စိုက် ရှုတာ၊ ဒီအာရုံပေါ်မှာပဲ စိတ်ထားတယ်၊ ခုနပြောတဲ့ ပထဝီကသိုဏ်းအပေါ်မှာပဲစိတ်ထားတယ်၊ ငြိမ်နေအောင် စိတ်ထားတယ်။

ရှို့ပစ်တယ်၊ လောင်ပစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကျတော့ ကာမစ္ဆန္ဒတို့ ဗျာပါဒ တို့ဆိုတဲ့ အနှောင့်အယှက် တရားလေးတွေ ရှိတယ်၊ အဲဒီအနှောင့် အယှက်တရားတွေကို ပယ်ပစ်တာ၊ ဈာန်စိတ်ဖြစ်နေတဲ့အခါမှာ အဲဒီအနှောင့်အယှက်တရားတွေ မရှိဘူး၊ အဲဒါကိုပဲ ရှို့ပစ်တယ်၊ လောင်ပစ်တယ်လို့ သုံးတယ်။

ဒါကြောင့် ဈာန်ဆိုတဲ့ စကားလုံးဟာ ရှုတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ ရှို့တယ်လောင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ရှုတယ်ဆိုရင်အာရုံကို မြဲမြဲမြံမြံ

[စာမျက်နှာ-134] ကြီး ရှုတာ၊ လောင်တယ်ဆိုတာကတော့ ဆန့်ကျင်ဘက်တရားတွေကို လောင်ကျွမ်းပစ်လိုက်တာ၊ အဲဒီသဘော။

ပထဝီကသိုဏ်းအာရုံကို စူးစူးစိုက်စိုက်ရှုတော့ တဖြည်းဖြည်း စိတ်သွား တာတွေ ဟိုရောက်ဒီရောက်တာတွေ ငြိမ်သွားတာ၊ ဒါဟာပယ်သွားတာ၊ လောင်ပစ်လိုက်တာ။

အဲဒီတော့ ဈာန်စိတ်ဖြစ်တဲ့ အခါကျတော့ အဲဒီဈာန်စိတ်ဟာ ဒီ ၅-ပါးနှင့် တကွဖြစ်တယ်၊ ဒီ ၅-ပါးကိုသာ ဈာန်အင်္ဂါလို့ခေါ်တယ်၊ တခြားစေတသိက်တွေလည်း ရှိသေးတယ်၊ တခြားစေတသိက်တွေကိုတော့ ဈာန်အင်္ဂါလို့ မခေါ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီ ၅-ပါးမှာသာ အဲဒီလို အာရုံကို စူးစူးစိုက်စိုက် ရှုတတ်တဲ့ သတ္တိ နီဝရဏတွေကို လောင်ကျွမ်းတတ်တဲ့ သတ္တိ ရှိတယ်၊ ဒါကြောင့်မို့ ဒီ ၅-ပါးကိုသာ ဈာန်အင်္ဂါလို့ ခေါ်ရတယ်၊ တခြားစေတသိက်တွေကို ဈာန်အင်္ဂါလို့ မခေါ်ဘူး။

ဈာန်အင်္ဂါ (၅)ပါး

ကောင်းပြီ၊ ဝိတက်ဆိုတာဘာလဲ၊ တကွဖြစ်ဘက် တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘောတဲ့၊ ဝိတက်ဟာ ရိုးရိုးတော့ ကြံစည်ခြင်းလို့ အဓိပ္ပါယ်ရှိတယ်၊ ကြံတယ်ဆိုတာ စိတ်ကို အာရုံဆီသို့ ခေါ်သွားတတ်တယ်၊ ရောက်အောင်ပို့ပေးတတ်တဲ့ သဘောတရားကို ဆိုလိုတာ။

တစ်စုံတစ်ခု ကြံနေရင် စိတ်ဟာ အာရုံတစ်ခုကနေ အာရုံတစ်ခုရောက် ရောက်နေတတ်တယ်။ အဲဒါကို ကြံတယ်လို့ ခေါ်တာ၊ အဲဒီအခါမှာ ဝိတက်ဆိုတဲ့ စေတသိက် သဘောတရားလေးက စိတ်ကို အာရုံဆီကို ပို့ပေးတတ်တယ်၊ အဲဒီ သဘောတရားပဲ။

ဝိတက်ကို ဘာနဲ့ နှိုင်းသလဲဆိုတော့၊ တောကမြို့တော် မရောက်ဖူးတဲ့လူကို မြို့တော်ရောက်လာတဲ့အခါ မြို့တော်နေလူက ဘုရင်ဆီကို ခေါ်သွားတဲ့ ဥပမာပေးမယ်၊ ခေါ်သွားတဲ့သူက ဝိတက်ပေါ့၊ အခေါ်ခံရတဲ့ တောသားက စိတ်ပေါ့၊ စိတ်ကို အာရုံဆီသို့ ဝိတက်က ပို့ပို့ပေးတယ်၊ ဒါကြောင့်မို့ သူ့ကို ဝိတက်၊ အဓိပ္ပာယ် ကတော့ ဖြစ်ဘက်တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘောတရား၊ ရိုးရိုးလေး ဆိုရင်တော့ ကြံခြင်းလို့ပဲ မှတ်ထားရင် ရပြီ။

အဲဒီတော့ တချို့စိတ်တွေမှာ ဝိတက် မပါဘူး၊ ဝိတက်မပါပဲနဲ့ အာရုံတက်နိုင်တဲ့ စိတ်တွေလည်း ရှိသေးတယ်၊ မြင်တဲ့စိတ် ကြားတဲ့စိတ် ဝိတက်မလိုဘူး၊ ဘာကြောင့်လဲ ဆို အာရုံနဲ့ ထိခိုက်မှုက ပြင်းထန်လို့၊ အားကြီးလို့ တချို့က ဝိတက် တင်ပေးဖို့ မလိုဘူး၊ ဝိတက် မယှဉ်ဘူး၊ ဒုတိယဈာန် စသည်လည်း ဝိတက်မယှဉ်ဘူး၊ ဒါက

[စာမျက်နှာ-135] ဘာဝနာရဲ့ အစွမ်းကြောင့် သူမရောက်ခင်က ဝိတက်က တစ်ခါထဲ သိပ်ပြီးတော့ အာရုံနဲ့စိတ်ကို တင်ပေးထားပြီးသားဖြစ်တော့ ဈာန်စိတ်ဖြစ်တဲ့အခါကျတော့ ဝိတက် မပါပေမယ်လို့ အရှိန်ရသွားတာပေါ့၊ အာရုံနဲ့စိတ်နဲ့ဟာ တွဲသွားတာပေါ့။

ဒါကြောင့်မို့ ဝိတက်မပါပေမယ်လို့ သူတို့ကျတော့ အာရုံကို တက်သွားလို့ ရတယ်၊ ကောင်းပြီ၊ အဲဒါက ဝိတက်တဲ့။

ဝိစာရဆိုတာက ဘာလဲ၊ အာရုံကို သုံးသပ်ခြင်း၊ ထပ်၍ထပ်၍ ယူခြင်း သဘော၊ အဲဒီအာရုံအပေါ်မှာ ထပ်ပြီး တရစ်ဝဲဝဲလုပ်နေတာမျိုးကို ဝိစာရလို့ ခေါ်တယ်၊ ကျမ်းဂန်သုံးကျတော့ သုံးသပ်တယ်လို့ သုံးတယ်။

သုံးသပ်တယ်ဆိုတာ ဝိတက်က တင်ပေးပြီးတော့ ဝိစာရက အဲဒီအပေါ်က နေပြီး ကြံတာ၊ အဲဒါကို ဝိစာရလို့သုံးတယ်၊ အခုလူတွေပြောလေ့ရှိတယ်၊ အိပ် မပျော်တဲ့အခါ ဝိတက်ဝိစာရတွေ များလိုက်တာ၊ အကြံများတဲ့လူဆိုရင် ဝိတက်ဝိစာရတွေများလိုက်တာ စသဖြင့် ဒီလိုပြောလေ့ရှိတယ်၊ ဝိတက်က အာရုံပေါ်ပို့ပေး လိုက်တယ်၊ ဝိစာရက အာရုံပေါ်နေပြီးတော့ ကြံတယ်၊ အဲသလို သူတို့နှစ်ခုက ဆက်နွယ်တယ်၊ သို့သော် တစ်ပြိုင်နက်သောခဏမှာတော့ သူတို့က ဖြစ်တာပဲ။

တစ်ခါတလေ အာရုံပေါ် တင်ပေးတဲ့ သဘောက ထင်ရှားမယ်၊ တစ်ခါတလေ ကြံတဲ့ သဘောက ပိုပြီးထင်ရှားမယ်၊ အဲသလို သဘောရှိတယ်။

အဲဒီတော့ အတူတူဖြစ်တဲ့ ဝိတက်နဲ့ဝိစာရကို အထူးဘယ်လို ဥပမာလေးနဲ့ ပြောမလဲ၊ အဲဒီဥပမာလေးက သိပ်သဘောကျစရာကောင်းတယ်၊ အဲဒီဥပမာလေးနဲ့ ဟပ်ပြောလိုက်ရင် ပိုပြီးတော့ မှတ်မိတယ်။

ခေါင်းလောင်းကို ထိုးလိုက်တယ်တဲ့၊ ပထမဆုံး ဒေါင်ကနဲမြည်တာက ဝိတက်သဘော၊ သူက နည်းနည်းကြမ်းတယ်၊ အာရုံကို သွားတိုက်တာ၊ အာရုံကို သွားထိတာ၊ အာရုံသို့ ပို့လိုက်တာ။ ပြီးတော့ ဆက်ပြီးမြည်နေတဲ့ ညည်းသံလိုဟာကဝိစာရ၊ အဲဒီတော့ ဒေါင်ကနဲ့ မြည်တာက ဝိတက်နဲ့တူတယ်၊ ဆက်ပြီး ညည်းနေတဲ့အသံက ဝိစာရနဲ့ တူတယ်။ ဒါက ဥပမာတစ်ခုနော်။

နောက်ဥပမာတစ်ခုက ငှက်ကြီးတွေ ကောင်းကင်ပေါ်ပျံဖို့လုပ်တဲ့အခါကျတော့ မပျံနိုင်သေးခင် ပထမအတောင်ပံကို ခတ်ပြီး နည်းနည်းသွားရသေးတယ်၊ ပြီးတော့မှ ကောင်းကင်တက်သွားပြီးဝဲနေတယ်၊ အတောင်ပံခတ်တာက ဝိတက်သဘော၊ သူက လှုပ်လှုပ်ရှားရှား ကြမ်းကြမ်းတမ်းတမ်းရှိတာကိုး၊ ကောင်းကင် ပေါ်ရောက်ပြီး

[စာမျက်နှာ-136] လေဟုန်စီးပြီးဝဲနေတာက ဝိစာရသဘောမျိုးနဲ့တူတယ်။

နောက်ဥပမာတစ်ခုကတော့ ပျားပိတုန်းဟာ ပဒုမ္မာကြာဆီသို့ ထိုးဆင်းသွားတယ်၊ အဲဒါက ဝိတက်သဘော၊ ပြီးတော့မှ ကြာပွင့်ပေါ် တဒီဒီနဲ့ ဝဲနေတာ၊ အဲဒါက ဝိစာရသဘော။

အဲသလိုဝိတက်နဲ့ ဝိစာရတို့ရဲ့ ထူးခြားမှုလေးတွေကို မှတ်ရမယ်၊ သို့သော် ဝိတက်ပြီးမှ ဝိစာရဖြစ်တာမဟုတ်ဘူး၊ ဝိတက်နဲ့ဝိစာရက တစ်ပြိုင်နက်ဖြစ်တာ၊ သို့သော် တစ်ခါတစ်ခါ ဝိတက်သဘော ပိုထင်ရှားတယ်၊ တစ်ခါတစ်ခါ ဝိစာရသဘော ပိုထင်ရှားတယ်။

ပီတိ နှင့် သုခ

နောက်တစ်ခုက ပီတိတဲ့၊ ပီတိဆိုတာ နှစ်သက်ခြင်းသဘော။ သုခဆိုတာ ကောင်းသောအာရုံကို ခံစားခြင်းသဘော၊ ပီတိနဲ့ သုခ ဒီနှစ်ခု အထူးကို မှတ်ရမယ်၊ ပီတိကလည်း နှစ်သက်တာပဲ၊ သုခကလည်း ချမ်းသာတယ်ဆိုတာ နှစ်သက်နေ သဘောကျတာပါ။

ပီတိက နှစ်သက်ခြင်းသဘော၊ သုခက ကောင်းသောအာရုံကို ခံစားခြင်း သဘော၊ အာရုံကောင်းတွေ့တဲ့အခါ ခံစားတာကို သုခလို့ သုံးတယ်၊ ချမ်းသာလို့လည်း သုံးတယ်၊ ပီတိကတော့ နှစ်သက်နေ သဘောကျနေတာ။

အဲဒီတော့ ပီတိနဲ့သုခက ဘယ်လိုထူးသလဲ၊ ဥပမာလာဦးမှာပဲ၊ ကန္တာရထဲမှာ ခရီးသွားနေတဲ့သူဟာ နေကလည်းပူ၊ မောပန်းချွေးတွေယိုစီး ရေငတ်နေတဲ့အခါ လူတစ်ယောက်ကို တွေ့တယ်၊ တွေ့တော့မေးတယ်၊ ရေကလေးများ ဘယ်နား ရှိပါသလဲ၊ အိုအေစစ် ဘယ်နားမှာ ရှိသလဲ မေးတယ်၊ အဲဒီအခါ အမေးခံရတဲ့သူက ရှေ့နား တစ်မိုင်နှစ်မိုင်လောက်ကျရင် ရေကန်ရှိလေရဲ့ ပေါ့။

အဲသလို ရှေ့ တစ်မိုင်နှစ်မိုင်လောက်မှာ ရေကန်ရှိလေရဲ့ လို့ကြားတဲ့အချိန်က စပြီး သူ့မှာပီတိဖြစ်သွားတာ၊ ဝမ်းသာနေပြီ၊ နီးပြီ၊ နီးပြီဆိုပြီး ဆက်သွားရေကန်ကြီး လှမ်းမြင်လိုက်တယ်၊ အဲဒီကြားသည်ကစပြီးတော့ ရေကန်ရောက်သည် တိုင်အောင် ကာလအတွင်းမှာ သဘောကျနေတာ၊ နှစ်သက်နေတာ၊ ဝမ်းသာနေတာဟာ ပီတိ သဘာ။

ရေကန်ရောက်ပြီးတဲ့နောက်မှ ရေသောက်မယ်၊ ရေချိုးမယ်၊ ကြာစွယ်တွေစားပြီး သစ်ပင်ရိပ်အောက်မှာ အိပ်ပြီးတော့ ကောင်းလေစွ၊ ကောင်းလေစွနဲ့ အဲသလို အရသာခံစားနေတာ၊ အဲဒါက သုခ။ အဲဒီတော့ ပီတိနဲ့သုခက ကွဲပြားတယ်၊ သုခကခံစားခြင်းသဘောရှိတယ်၊

[စာမျက်နှာ-137] ပီတိက ခံစားခြင်းသဘောမဟုတ်ဘူး၊ အဲဒါကိုမှတ်ထားရမယ်၊ ပီတိက သင်္ခါရက္ခန္ဓာ ထဲမှာပါတယ်၊ သုခက ဝေဒနာက္ခန္ဓာမှာပါတယ်၊ တခြားစီပဲ၊ ဒါကြောင့်မို့ အဘိဓမ္မာ သိပ်သိမ်မွေ့တယ်ပြောတာ အဲဒါပြောတာ၊ အတူတူဖြစ်နေတာပဲ၊ ပီတိက ခန္ဓာတစ်မျိုး၊ သုခက ခန္ဓာတစ်မျိုး၊ သာမညပြောလိုက်ရင် ပီတိနဲ့ သုခကွဲပြားတာ သိပ်မသိသာဘူး။

မေး- ပီတိနဲ့ သောမနဿဆိုတာ အတူတူပါလား။
ဖြေ- သောမနဿက စိတ်ရဲ့ ဝေဒနာပဲ၊ ခုနပြောတဲ့ သုခနဲ့တူတယ်၊ ခံစားမှုဝေဒနာ။

အဲဒီတော့ သုခနဲ့ ပီတိနဲ့ သို့မဟုတ် သောမနဿအတူတူဖြစ်တယ်၊ တစ်ခါ တစ်ခါ သုခသာပါတယ်၊ ပီတိမဖြစ်ဘူး၊ အဲသလိုရှိတယ်၊ အဲဒီတော့ သုခက အရာကျယ်တယ်၊ ပီတိအရာကျဉ်းတယ်။

အဲဒီတော့ ပီတိဖြစ်တဲ့စိတ်တိုင်းသုခပါတယ်၊ သုခဖြစ်တိုင်း ပီတိ ပါချင်မှ ပါမယ်၊တော်ကြာ စတုတ္ထဈာန်ရောက်တော့ ထင်ရှားလိမ့်မယ်၊ ပီတိပါရင် သုခက ပါတော့တာပဲ၊ သောမနဿကပါတော့တာပဲ၊ သုခနဲ့ သောမနဿက ဒီနေရာမှာ အတူတူပဲ။

ပီတိပါရင် သောမနဿ ပါတော့တာပဲ၊ သောမနဿပါတိုင်း ပီတိပါချင်မှ ပါမယ်၊ မပါချင်လည်းမပါဘူး၊ ပါချင်လည်းပါမယ်၊ အဲသလို ကွာခြားမှုတွေ့ရှိတယ်။

ဒီပီတိကို အင်္ဂလိပ်လိုပြန်တဲ့အခါ အတော်ဒုက္ခရောက်တယ်၊ ဘာကြောင့်လဲဆို ကျမ်းဆရာတစ်ယောက်ကို တစ်မျိုးပြန်နေကြတာ၊ ပီတိကို (joy) လို့ ပြန်တာရှိတယ်။ တချို့က happiness လို့ ပြန်တယ်၊ တချို့က(zest)လို့ ပြန်တယ်၊ တချို့က rupture လို့ ပြန်တယ်။ တချို့က pleasurable interest လို့ပြန်တယ်၊ ငါးမျိုး ပြန်ကြတယ်။

အဲဒါကြောင့် အင်္ဂလိပ်လို ပြောပြီဆိုရင် ပီတိနဲ့သုခကို ဒီလိုကွဲကွဲပြားပြား သေသေချာချာ ပြောချင်တယ်ဆိုရင် ပါဠိစကားလုံးကို မပြောလို့ကို မဖြစ်ဘူး၊ ဘာကြောင့်တုန်းဆို joy လို့ပြောလိုက်ရင် သောမနဿလည်း joy ဖြစ်နိုင်တာပဲ။ happiness လို့ ပြောလိုက်ရင် သောမနဿလည်း happiness ဖြစ်နိုင်တာပဲ။ အဲဒါကြောင့် သေသေချာချာ ပြောချင်ပြီဆိုရင် ပီတိဆိုတာ ပြောကို ပြောရမယ်။ မရဘူး၊ ရိုးရိုးပြောတဲ့အခါဆို ကိစ္စမရှိဘူး၊ အဲဒါကြောင့်မို့ ပီတိသုခ ကွဲပြားမှုရှိတယ်။

အဲဒီပီတိက ငါးမျိုးရှိတယ်၊ အဲဒါ စေတသိက်ပိုင်းကျမှ လေ့လာရဦးမယ်၊ ဝိတက်ကလည်း စေတသိက်၊ ဝိစာရကလည်း စေတသိက်၊ ပီတိကလည်း စေတသိက်။

[စာမျက်နှာ-138] ကောင်းပြီ၊ ခုနပြောသလို ပီတိနဲ့သုခမှာ ပီတိက အရာကျဉ်းတယ် သုခက အရာကျယ်တယ်၊ ပီတိရှိတိုင်းသုခရှိတယ်၊ သုခရှိတိုင်း ပီတိရှိချင်မှ ရှိမယ်ဟုတ်ပြီ။

နောက်တစ်ခုက ဧကဂ္ဂတာတဲ့၊ ဧကဂ္ဂတာဆိုတာ အာရုံတစ်ခု၌ တည်တံ့ခြင်း သဘော၊ ဧကဆိုတာ တစ်၊ အဂ္ဂဆိုတာ အာရုံ အာရုံတစ်ခုထဲမှာရှိတယ်၊ စိတ်ဟာ ဒီအာရုံတစ်ခုထဲအပေါ်မှာ တည်နေတာကို ဧကဂ္ဂတာလို့ခေါ်တယ်၊ သမာဓိနဲ့တူတယ်။ သမာဓိဆိုတာ ဧကဂ္ဂတာရဲ့နာမည်၊ သမာဓိနဲ့ ဧကဂ္ဂတာနဲ့ပါဠိမှာ အတူတူပဲ။

တည်ကြည်ခြင်း၊ အာရုံတစ်ခုထဲအပေါ်မှာ စိတ်တည်တံ့နေခြင်းကို ဧကဂ္ဂတာ လို့ ခေါ်တယ်၊ ဧကဂ္ဂတာကို ဥပမာပေးထားပုံ သိပ်ကောင်းတယ်။ အမှုန့်တွေ့ရှိတယ်၊ အဲဒီအမှုန့်တွေကို ရေလေးနဲ့ ရောလိုက်တဲ့အခါကျတော့ အမှုန့်တွေက တွဲကုန်တယ်၊ အမှုန့်တွေ တွဲစေတတ်တဲ့ရေလို ပေါင်းစုပေး တတ်တဲ့ (Function)ကို ဧကဂ္ဂတာ၊ ဒါကြောင့်မို့ ဧကဂ္ဂတာ တကယ်ရနေတဲ့ စိတ်ဟာ ဖရိုဖရဲမဖြစ်ဘူး၊ ဒီအာရုံမှာပဲတည်နေတယ်၊ ဟိုအာရုံရောက်လိုက်၊ ဒီအာရုံ ရောက်လိုက်လည်း မဖြစ်ဘူး၊ ဒီအာရုံပေါ်မှာ မကပ်ပဲနဲ့ကွာတာ၊ ကွာတာလည်း ဖြစ်မနေဘူး၊ ဒီအာရုံအပေါ်မှာပဲ ကပ်နေတယ်၊ ပေါင်းစုပေးတယ်။

သူ (ဧကဂ္ဂတာ) ကိုယ်တိုင်လည်းမပျံ့လွင့်ဘူး၊ သူများကိုလည်း မပျံ့လွင့်အောင် သူက လုပ်ပေးတယ်၊ အဲဒီသဘောရှိတယ်၊ သမာဓိနဲ့ ဧကဂ္ဂတာ အတူတူပဲ။

ကဲ၊ အခု ဈာန်အင်္ဂါ ၅-ပါး ရပြီ၊ အဲဒီ ပထမဈာန်စိတ် ဖြစ်ပေါ်တဲ့အခါမှာ ဒီအင်္ဂါ ၅-ပါး အတူတကွဖြစ်တယ်၊ အဲသလို ပထမဆုံးဖြစ်ပေါ်တဲ့ဈာန်စိတ်ဖြစ်လို့ သူ့ကို ပထမဈာန်စိတ်။

နီဝရဏ ၅-ပါး

အဲဒီတော့ ဈာန်ရဖို့ဆိုတာမှာ နီဝရဏကင်းအောင် လုပ်ရမယ်၊ စိတ်ထဲမှာ နီဝရဏရှိနေသေးရင် ဈာန်ရကို မရနိုင်ဘူး၊ နီဝရဏက ပယ်ကိုပယ်ရမယ်၊ ပယ်တယ် ဆိုတာ ဒီနေရာမှာအပြီးသတ်ပယ်တာမျိုး မဟုတ်ဘူး၊ ခေတ္တပယ်တာမျိုး။

အဲဒါကြောင့် ဈာန်အင်္ဂါ ၅-ပါးမှာ သူ့ဆိုင်ရာဆန့်ကျင်ဘက် နီဝရဏဆိုတာ လေးတွေ့ရှိတယ်၊ အဲဒါလေးတွေ မှတ်ထားဖို့ကောင်းတယ်။ ထိနမိဒ္ဓ-ဆိုတာဘာလဲ၊ မြန်မာလိုရှင်းရှင်းပြောရင် အိပ်ငိုက်တာပေါ့။

ဒါကြောင့် မို့ အိပ်မပျော်ရင် ပြောလေ့ရှိတယ်၊ ဝိတက်များလို့ အိပ်မပျော်ဘူး၊ တစ်ခုပြီးတစ်ခု ကြံ ကြံနေတာ၊ ဝိတက်က အာရုံပေါ်တစ်ခု တင်တင်၊ ပေးနေတော့ ထိုင်းမှိုင်းမှုက မလာတော့ဘူးပေါ့။ အဲဒါကြောင့် ဝိတက်ရှိနေရင်ထိနမိဒ္ဓကင်းတယ်၊ ထိနမိဒ္ဓဝင်လာရင် ဝိတက်

[စာမျက်နှာ-139] မရှိလို့ပေါ့၊ အဲဒီ ထိနမိဒ္ဓဟာ နီဝရဏတစ်ခု။

ဝိစာရရဲ့ ဆန့်ကျင်ဘက်က ဝိစိကိစ္ဆာတဲ့၊ ဝိစိကိစ္ဆာက ဟိုအာရုံလိုလို ဒီအာရုံလိုလိုဖြစ်တာ မဆုံးဖြတ်နိုင်ဘူး။ ဝိစာရက ဒီအာရုံပေါ်မှာပဲ တည်ပြီးတော့ ဒီအာရုံကိုသာစွဲမြဲနေတာ၊ ဝိစာရက ဝိစိကိစ္ဆာရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ဝိစာရများရင် ဝိစိကိစ္ဆာနည်းမယ်ပေါ့။ ဝိစိကိစ္ဆာက ဟိုအာရုံလည်းမဟုတ်ဘူး၊ ဒီအာရုံလည်းမဟုတ်ဘူး၊ ဟိုလိုလို ဒီလိုလို ဖြစ်နေတာ၊ ဝိစာရကတော့ ဒီအာရုံတစ်ခုထဲအပေါ်မှာပဲ တရစ်ဝဲဝဲလုပ်နေတာ။

ပီတိရဲ့ ဆန့်ကျင်ဘက်ကတော့ပါဠိလို ဗျာပါဒလို့ခေါ်တယ်၊ ဗျာပါဒဟာ ဒေါသ ပီတိရဲ့ ဆန့်ကျင်ဘက်က ဒေါသပေါ့၊ ပီတိဖြစ်နေရင်ဘယ်မှာ ဒေါသဖြစ်တော့ မလဲ၊ ဒေါသဖြစ်နေရင် ဘယ်မှာ ပီတိ ဖြစ်တော့မလဲ၊ အဲဒီဟိုဘက်က ဟာတွေက အကုန်လုံး နီဝရဏတွေချည်းပဲနော်။

ပြီးတော့ သုခ၊ သုခရဲ့ ဆန့်ကျင်ဘက်က ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ၊ ဥဒ္ဓစ္စ ဆိုတာ ပျံ့လွင့်တာ၊ ကုက္ကုစ္စဆိုတာ နောင်တတစ်ဖန် ပူပန်တာ၊ ကုက္ကုစ္စကို နောက်တော့ တွေ့လိမ့်မယ်။ ဥဒ္ဓစ္စဖြစ်နေတဲ့အခါ (restless) ဖြစ်နေတဲ့အခါ သုခဘယ်ရှိမလဲ၊ စိတ် (restless) ဖြစ်နေတဲ့အခါ အဲဒီစိတ်ကြောင့် ခန္ဓာကိုယ်ပါ (restless) ဖြစ်နေတဲ့အခါ ဆိုရင် ချမ်းသာမရှိဘူး၊ (comfort) မရှိဘူး။ ပြီးတော့ နောင်တဖြစ်နေတဲ့အခါရော ချမ်းသာဘယ်ရှိနိုင်မလဲ၊ ဒါကြောင့်မို့ သုခ (ဒီနေရာမှာ စိတ်ချမ်းသာမှုပေါ့) ချမ်းသာမှုဟာ ဥဒ္ဓစ္စ ကုက္ကုစ္စရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်။

ဘာကျန်သေးလဲ၊ ဧကဂ္ဂတာ သမာဓိပေါ့၊ ဧကဂ္ဂတာရဲ့ ဆန့်ကျင်ဘက်က ကာမစ္ဆန္ဒတဲ့၊ ကာမစ္ဆန္ဒဆိုတာက ကာမဂုဏ်အာရုံတွေအပေါ်မှာ တွယ်တာတာပေါ့၊ လောဘပါပဲ၊ ဟိုအာရုံလိုချင်၊ ဒီအာရုံလိုချင်၊ ဟိုဟာကြားချင်၊ ဒီဟာကြည့်ချင် စသည်ဖြင့်ပေါ့၊ အဲဒါတွေကို ကာမစ္ဆန္ဒလို့ ခေါ်တယ်၊ အမှန်ကတော့ လောဘ။

ကိုင်း ညာဘက်က အတန်းကို ကြည့်လိုက်ရင် နီဝရဏငါးပါးတွေ့ရမယ်။ နီဝရဏငါးပါးက ထိနမိဒ္ဓ၊ ဝိစိကိစ္ဆာ ဗျာပါဒ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကာမစ္ဆန္ဒ၊ နီဝရဏ ဟာ နောင်ကျတော့ ၆-ပါး တွေ့လိမ့်ဦးမယ်၊ အဝိဇ္ဇာဖုံးလွှမ်းမှုကတော့ အမြဲရှိနေ တာပဲ။ ဒီငါးခု (နီဝရဏငါးပါး)က ဈာန်ကို အမြဲတမ်းအနှောင့်အယှက်ပေးတတ်တယ်။

[စာမျက်နှာ-140] ဒီငါးခုရှိနေရင် ဈာန်မပြောနဲ့၊ သမာဓိတောင်မဖြစ်ဘူး၊ ရိုးရိုးသမာဓိတောင်မဖြစ်ဘူး၊ ဈာန်သမာဓိဆို ဝေးရောပဲ။

ဒါကြောင့် နီဝရဏတွေ ကင်းရှင်းသွားအောင် ကြိုးစားရတယ်၊ နီဝရဏတွေ ကင်းရှင်းသွားပြီဆိုရင် သမာဓိဖြစ်လာတယ်၊ အဲဒီသမာဓိ ကောင်းလာတဲ့အခါ ဈာန်ဖြစ်လာတယ်၊ ဒါကြောင့် နီဝရဏငါးပါးနဲ့ ဈာန်အင်္ဂါ ၅-ပါးနဲ့ တိုက်ဆိုင်တာ။

ဒါဖြင့် ဥပေက္ခာရဲ့ ဆန့်ကျင်ဘက်ကကော ဘာတုန်း၊ အထူးမပြောဘူး။ ဥပေက္ခာကိုသုခလို့ပဲယူတော့၊ သုခကလည်း အေးချမ်းတယ်၊ ဥပေက္ခာကလည်း အေးချမ်း ငြိမ်သက်တဲ့သဘောရှိတော့ သုခရဲ့ ဆန့်ကျင်ဘက်ဟာလည်း ဥပေက္ခာရဲ့ ဆန့်ကျင်ဘက်ပဲ။

မေး - ဥပေက္ခာရဲ့ ဆန့်ကျင်ဘက်က ဘာပါလဲ။
ဖြေ - ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ၊

ဟုတ်တယ်၊ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ၊ အဲဒါကြောင့်မို့ သမာဓိကောင်းချင်ရင် ကာမစ္ဆန္ဒနည်းအောင် လုပ်ရမယ်၊ ကာမဂုဏ်လိုက်စားမှုများနေရင် သမာဓိနည်းတာပေါ့။ ဒါကြောင့်မို့ တကယ်ဈာန်ကို အားထုတ်တော့မယ်ဆိုရင် ဒါတွေ (ကာမစ္ဆန္ဒ) တွေ ဝေးအောင်လုပ်ရမယ်၊ ကိုင်း မြန်မာလိုဟာ Buddha's description of Jhana ဒုတိယအပိုဒ်ဖတ်ကြည့်လိုက်။

ဈာန်တို့သည် ၄ ပါးတို့တည်း (၄-ပါး၊ ၅ ပါး အသာထားဦး) ငါ့ရှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းရှင်း၍သာလျှင် (ခုနပြောတဲ့ ကာမစ္ဆန္ဒဆိုတာ လောဘပေါ့၊ လောဘတရားတွေက ကင်းနေရမယ်တဲ့၊ လောဘတရားတွေကနေပြီး ကိုယ့်စိတ်ကိုဝေးအောင်လုပ်ထားရမယ်) အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် (ခုနဟာတွေက အကုန် အကုသိုလ်ချည်းပဲ ဒေါသတို့ဥဒ္ဓစ္စ ကုက္ကုစ္စတို့အကုန် အကုသိုလ်ပဲ၊ အဲဒီတရားတွေက ကင်းဆိတ်နေရမယ်တဲ့) ကြံစည်ခြင်း ဝိတက်နှင့်တကွဖြစ်သော၊ (မြင်လား၊ ဝိတက်ပါလာပြီ) သုံးသပ်ဆင်ခြင်ခြင်း ဝိစာရနှင့်တကွဖြစ်သော၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော (နီဝရဏမရှိမှ ဈာန်ဆိုတာပေါ်လာတာ၊ ကင်းဆိတ်တယ်ဆိုတာမရှိတာကို ပြောတာ) နှစ်သက်ခြင်း ပီတိ၊ ချမ်းသာခြင်းသုခရှိသော (ဟော ပီတိ၊ သုခပါလာပြီ) ပထမဈာန်သို့ ရောက်၍နေ၏ (ရောက်နေတယ်ဆိုတာ ဝင်စားတာကို ဆိုလိုတာ)

အဲဒီတော့ အင်္ဂါ ၅-ပါးမှာ ဘာတစ်ခုသာတိုက်ရိုက်မပါဘူးလဲ၊ ဧကဂ္ဂတာ

[စာမျက်နှာ-141] တစ်ခုသာ မပါတာ၊ ဒါပေမယ်လို့ ဒီပါဠိတော်မှာ ဧကဂ္ဂတာဟာမပါလို့ ဧကဂ္ဂတာဟာ ဈာန်အင်္ဂါမဟုတ်ဘူးလို့ သွားပြောလို့မရဘူး၊ ဧကဂ္ဂတာက ဈာန်တိုင်း ဈာန်တိုင်းမှာ ပါတာ၊ သူက ပဓာနပဲ၊ သမာဓိကိုပဲ ဈာန်လို့ ခေါ်တာကိုး၊ သူက ပဓာနဖြစ်တော့ သူ့ကို အထူးထုတ်ဖော်မပြောတော့တာ၊ သို့သော် ဧကဂ္ဂတာကတော့ပါရတော့တာ။

အဲဒီတော့ ဦးဇင်းတို့ လေ့လာနေတဲ့သင်္ဂြိုဟ်ကျတော့ technically ရေးတဲ့ကျမ်းဖြစ်တော့ ဈာန်အင်္ဂါကိုအတိအကျဖော်ထုတ်ပြီးတော့ ပြထားတယ်၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့်တကွ ဖြစ်သော ပထမဈာန်စိတ်။

မြတ်စွာဘုရားဟောတဲ့အခါကျတော့ technically ပြောနေတာမဟုတ်တော့ဘူး၊ ဒီဈာန်ကိုပဲ (describe)လုပ်တာဆိုတော့ တချို့ဈာန်တွေထားခဲ့တယ်၊ ဒီထဲမှာ တိုက်ရိုက်ထည့်မဟောတော့ဘူး၊ ဒါက ပါဠိတော်မှာလာတဲ့ ဈာန်ရဲ့ ဟောကြားချက်လေးတွေ။

ဒုတိယဈာန်

ကောင်းပြီ၊ ပထမဈာန်အကြောင်း နားလည်သွားပြီ ဟုတ်လား၊ ပထမဈာန် ရပြီးတဲ့နောက် ရှေ့တက်ချင်တာပေါ့၊ ပထမတန်းအောင်ပြီးတဲ့သူဟာ ဒုတိယတန်းလဲ အောင်ချင်ပြန်တာပေါ့၊ တတိယတန်းလည်း အောင်ချင်ပြန်တာပေါ့။

အဲသလို အောင်ချင်တဲ့အခါကျတော့ ဘာလုပ်ရသလဲဆိုသူက ဝိတက်ကို အပြစ်မြင်လာတယ်၊ ချမ်းသာ တစ်ခုရပြီးတော့ (ဈာန်ဖြစ်နေတဲ့ အခါကျတော့ စိတ်က အလွန်ချမ်းသာတာ) ဒီထက်ပိုတဲ့ ချမ်းသာကို လိုချင်လာတယ်၊ ဝိတက်ကို အပြစ်မြင်လာတယ်။

ဝိတက်က အာရုံပို့ပေးတတ်တဲ့ သဘောရှိတယ်၊ အဲဒီတော့ အခုဟာမှာ သူ (ဝိတက်)က ကမ္မဋ္ဌာန်းအာရုံပို့ပေးလို့သာတော်တာကိုး၊ ကမ္မဋ္ဌာန်းအာရုံမပို့ပဲနဲ့ တခြား ကာမဂုဏ်အာရုံ ပို့ပေးလိုက်ရင် ဈာန်ပြုတ်သွားမယ်၊ အဲဒီတော့ ဝိတက်ဟာ ရန်သူတစ်မျိုးပဲ၊ မဖြစ်ဘူး၊ ဝိတက်တော့ လွတ်အောင် လုပ်မှပဲ၊ သူက အဲသလို ဝိတက်အပေါ် အပြစ်မြင်လာတယ်။ အပြစ်မြင်လာတော့ ဘာလုပ်တုန်း၊ ထပ်ပြီးတော့ ပထဝီကသိုဏ်းဆိုရင်လည်း ပထဝီကသိုဏ်း၊ အာပေါကသိုဏ်းဆိုရင်လည်း အာပေါကသိုဏ်း၊ ထပ်လေ့လာပြီး တရားရှုမှတ် ထိုင်တာပဲ၊ သူ့စိတ်က ဝိတက်ပေါ်မှာ မလိုချင်ပဲရှိလာတော့ ဈာန်ဖြစ်လာတော့ ဝိတက်မပါတော့ဘူး၊ အဲဒါ ဒုတိယဈာန် ဖြစ်သွားတယ်။

တတိယဈာန်

ဒုတိယဈာန် ရပြီးတော့ သူက ဝိစာရကို အပြစ်မြင်ပြန်တာပဲ၊ ဝိတက်မရှိတာ ကတော့ ဟုတ်ပြီ၊ ဝိစာရကလည်း အာရုံတွေအပေါ်မှာ နေသေးတာပဲ၊ သူမရှိမှ

[စာမျက်နှာ-142] ပိုကောင်းမယ်၊ သူ (ဝိစာရ)လည်း နည်းနည်းတော့ ကြမ်းသေးတာပဲပေါ့ (သဘောက) အဲသလိုဆိုပြီးတော့ ထပ်အားထုတ်ပြန်တယ်ဆိုပါတော့။ ဒီအခါမှတော့ သူက ဝိစာရကို မကြိုက်တဲ့စိတ်နဲ့ အားထုတ်တယ်ဆိုတော့ သူ့ဘာဝနာအစွမ်း စိတ်တန်ခိုးကြောင့် ဈာန်ပေါ်လာတဲ့အခါကျတော့ ဝိစာရမပါတော့ဘူး၊ အဲဒီအခါ တတိယဈာန်ဖြစ်သွားတယ်။

စတုတ္ထဈာန်

ကြည့်နော်၊ လူဆိုတာ တစ်ခုပြီးတစ်ခုအကောင်းကိုလိုချင်လာတာ၊ နောက်တစ်ယောက်ကလည်း၊ ပီတိကို အပြစ်မြင်လာပြန်တယ်၊ ပီတိဟာ နည်းနည်း ပေါ်လောပေါ်တဲ့ သဘောရှိတယ်၊ ပီတိကဝမ်းသာသဘောကျတတ်တာကိုး၊ သဘောကျနေတယ် ဝမ်းသာနေတယ်ဆိုတော့ တက်ကြွနေတဲ့ ဒီလိုသဘောကိုပါဠိလို ဥပ္ပိလဝနခေါ်တယ်၊ ဘောလုံးများ ရေပေါ်ပေါ်နေတာမျိုးလို ပီတိဟာ နည်းနည်း လှုပ်ရှားသေးတယ်ပေါ့၊ သူက ငြိမ်သက်တဲ့ ချမ်းသာကို ကြိုက်တာကိုး၊ ပီတိအပြစ် မြင်ပြန်တယ်။

ပီတိအပြစ်မြင်ပြီး ဆက်အားထုတ်တဲ့အခါကျတော့ ပီတိမပါပြန်ဘူး၊ အဲဒါ စတုတ္ထဈာန် ဖြစ်တယ်။ စတုတ္ထဈာန်ကျတော့ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးပဲ ရှိတော့တယ်၊ သိပ်အထက်တန်းကျသွားပြီ၊ ပီတိတောင် မပါတော့ဘူး၊ သုခသက်သက်ပဲ။ ဒါကြောင့်မို့ ပြောတာ သုခရှိတိုင်း ပီတိမရှိဘူး၊ ဒီမှာ (စတုတ္ထဈာန်)မှာ သုခဟုတ်တယ်၊ ပီတိမပါလာဘူး၊ ဒီချမ်းသာက အတော့်ကို အထက်တန်းကျသွားပြီ။

ပဉ္စမဈာန်

ဒါပေမယ်လို့ ယောဂီပုဂ္ဂိုလ်က သုခကို အပြစ်မြင်ပြန်တယ်၊ သုခချမ်းသာ ဆိုတာလည်း ဖြစ်ပြီးရင် ပျက်သေးတာပဲ ပေါ့လေ၊ သူ့ထက်ချမ်းသာတဲ့ ဟိုဘက် ဒီဘက်မပါတဲ့၊ သုခလည်းမဟုတ် ဒုက္ခလည်းမဟုတ်တဲ့ (Equanimity)အလယ်အလတ်နေပြီး ခံစားမှုက ပိုကောင်းတယ်ဆိုပြီး သုခမလိုချင်တဲ့စိတ်နဲ့ အားထုတ်ပြန်တော့ နောက်ဈာန်စိတ် တစ်ခုရတယ်၊ ဥပေက္ခာ၊ ဧကဂ္ဂတာ။

ဧကဂ္ဂတာကတော့ ပဲခူးဆားပဲ၊ သူမပါရင် မရဘူး၊ အဲဒီလို အင်္ဂါ နှစ်ပါးနဲ့ ဖြစ်တဲ့ ပဉ္စမဈာန်စိတ် ဖြစ်ပြန်တယ်။

ဒါကြောင့်မို့ ဈာန်အင်္ဂါ ၅-ပါးရှိတယ်၊ ပထမဈာန်စိတ်က အင်္ဂါ ၅-ပါး ဒုတိယဈာန်စိတ်က ၄-ပါး၊ တတိယဈာန်စိတ်က ၃-ပါး၊ စတုတ္ထဈာန်စိတ်က ၂-ပါး၊ ပဉ္စမဈာန်စိတ်က ၂-ပါး၊ သို့သော် ၂-ပါးချင်း မတူဘူး၊ စတုတ္ထဈာန်စိတ်က သုခ၊ ဧကဂ္ဂတာ၊ ပဉ္စမဈာန်စိတ်က ဥပေက္ခာ ဧကဂ္ဂတာ။

[စာမျက်နှာ-143] အဲဒီလို ဈာန်အင်္ဂါကို တစ်ခုချင်းဖြုတ်သွားတယ်၊ ပထမဈာန်မှာ အင်္ဂါ ၅-ပါးရှိတယ်၊ ဝိတက်မကြိုက်ဘူး၊ အားထုတ်လိုက်တယ်၊ ဝိတက်ပြတ်သွားတယ်။ ဝိစာရမကြိုက်ဘူး၊ အားထုတ်တယ်၊ ဝိစာရ ပြုတ်သွားတယ်၊ ပီတိပြုတ်သွားတယ်၊ သုခပြုတ်သွားတယ်၊ တစ်ခုချင်း ဖြုတ်ပြီး တစ်ဆင့်ချင်း တက်သွားတာ ဈာန် ၅-ပါးဖြစ်သွားတာ။

မေး - ဒီနေရာမှာ ဝိတက်၊ ဝိစာရ၊ ပီတိတို့ တစ်ခုချင်းဟာ မိမိတမင်တကာ ဖြုတ်ယူရမှာလား၊ ဒါမှမဟုတ် တရားအားထုတ်ရင်း ကမ္မဋ္ဌာန်းထိုင်နေရင်းနဲ့ သူ့အလိုလို ပြုတ်သွားမှာလား။

ဖြေ - သူ့အလိုလို ပြုတ်မယ်၊ သို့သော် ခုန ဆန္ဒရှိမှ ပြုတ်မယ်၊ သူ့ကို မကြိုက်တာ မလိုချင်တာရှိမှ ပြုတ်တယ်၊ အဲသလို မရှိရင် ပထမဈာန်ချည်း ရနေမှာပဲ၊ ထပ်ထပ်ဝင်စားနေ၊ အမျိုးမျိုး လှည့်ပတ်ဝင်စားနေမယ်၊ တစ်နာရီ ဝင်စားမယ်ကွာဆို တစ်နာရီ ဝင်စားလိုက်၊ တစ်နာရီခွဲဝင်စားမယ်ဆို တစ်နာရီခွဲ ဝင်စားလိုက် အမျိုးမျိုး လုပ်လို့ရတယ်။

သို့သော် ဝိတက်ကို မမုန်းမချင်း ရပါတယ်၊ ဝိတက်အပြစ်ကို မမြင်မချင်း ဝိတက်ကပါနေမှာပဲ၊ ပထမဈာန်ပဲဖြစ်နေမှာပဲ၊ ဝိတက်အပြစ်မြင်လာပြီ၊ ဝိတက်ကို မလိုချင်ဘူး၊ သိပ်မကောင်းလှဘူး၊ အာရုံကို ပို့ပို့ပေးတတ်တယ်၊ ဝိတက်ကင်းတဲ့ မပါတဲ့ ဈာန်ဖြစ်ပါစေလို့ စိတ်က အဲသလိုဆန္ဒရှိတယ်၊ အဲဒီစိတ်နဲ့ အားထုတ်လာတာ ဒုတိယဈာန်ဖြစ်လာတာ၊ သူ့ရဲ့ will power ရှိတာကိုး၊ သူက ဒါကိုမှ မလိုချင်တော့ သူ့အားထုတ်တဲ့ ဘာဝနာရဲ့ အကျိုးကြောင့်ဖြစ်တဲ့ ဈာန်ကျတော့ ဒါ ပါမလာတော့ဘူး၊ အဲသလို တစ်ခုချင်းသွားတယ်၊ အဲသလို ၅-မျိုးရှိတယ်။

ကောင်းပြီ၊ ဒါကို ဖတ်ကြည့်စမ်း၊ ဘာတဲ့တုန်း။
ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် (ဒီမှာကျတော့ နှစ်ခုတစ်ခါထဲ ငြိမ်းသွားပြီ) မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း သမာဓိကို ပွားစေတတ်သော ကြံစည်ခြင်း ဝိတက်မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ဝိစာရမရှိသော၊ တည်ကြည်ခြင်း သမာဓိကြောင့်ဖြစ်သော၊ နှစ်သက်ခြင်းပီတိ၊ ချမ်းသာခြင်းသုခရှိသော၊ ဒုတိယဈာန်သို့ ရောက်၍နေ၏။

သုတ္တန်ပါဠိတော်တွေမှာ များသောအားဖြင့် ဟောလိုက်ရင် ဈာန် ၄-ပါးပဲ။ အခုလို ၅-ပါး မဟုတ်ဘူး၊ သုတ္တန်ပါဠိတော် ဈာန်နေရာတွေမှာ အများကြီးရှိတယ်၊ ၁၀-နေရာမှာ ၉-နေရာကွဲတာ၊ ဈာန် ၄-ပါးပဲ ဟောတယ်၊ ဈာန် ၅-ပါးလို့

[စာမျက်နှာ-144] မြတ်စွာဘုရားက မဟောဘူး၊ အလွန်ရှားရှားပါးပါး နေရာလေးတွေ့ရှိတယ်။ အဘိဓမ္မာကျတော့ ၄-ပါးလည်းဟောပြတယ်၊ ၅-ပါးလည်းဟောပြတယ်။ အဘိဓမ္မာ ကျတော့ ဖြစ်နိုင်သမျှအကုန်ဟောပြတယ်၊ သုတ္တန်ကျတော့ သိပ် ၅-ပါး မဟောဘူး၊ ၄-ပါးပဲဟောတယ်။

အဲဒီတော့ ၄-ပါးနဲ့ ၅-ပါး ဘာထူးသလဲ၊ အမှန်တော့ အတူတူပဲ။ ဒီမှာကြည့် ဝိတက်နဲ့ ဝိစာရကို တပြိုင်နက် သူက ပယ်သွားပြီ၊ အဲဒါက ပုဂ္ဂိုလ်ရဲ့ အစွမ်းသတ္တိပေါ်မှာတည်တာ။ တချို့ပုဂ္ဂိုလ်က ဝိတက်နဲ့ ဝိစာရကို ပြိုင်တူမပယ်နိုင်ဘူး၊ (will power) အားနည်းတာပေါ့၊ အားနည်းတယ်ဆိုတာ အထက်ပုဂ္ဂိုလ်လောက် အားမကြီးတာပေါ့။ သာမန်လူထက်တော့ အားရှိနေတာပေါ့၊ will power အလွန်ကြီး အားမကောင်းတော့ ဝိတက်နဲ့ ဝိစာရကို တစ်ပြိုင်နက် မဖြုတ်နိုင်ဘူး၊ မဖြုတ်နိုင်တဲ့ သူအတွက် ဈာန် ၅-ပါးဖြစ်လာတယ်။

တချို့ကျတော့ ထက်တယ်၊ ဒီနှစ်ခုကို တစ်ပြိုင်နက်ဖြုတ်နိုင်တယ်၊ ဖြုတ်နိုင်တဲ့ အခါကျတော့ ၅-ခုက ၄-ခု ဖြစ်လာတယ်၊ ဒါကြောင့်မို့ ဒီမှာ ဒုတိယဈာန်ဆိုတာ ဦးဇင်းတို့ လေ့လာခဲ့တဲ့ ဈာန်နဲ့ ပြောရင် ဒုတိယ၊ တတိယ ၂-ခု အမှန်ကတော့ တတိယပါပဲ။

ဈာန် ၅-မျိုးမှာ တတိယဈာန်ဟာ ဈာန် ၄-မျိုးမှာ ဒုတိယဈာန်ဖြစ်တယ်၊ ဟုတ်ပြီ ဒီဒုတိယဈာန်မှာ ဝိတက် ဝိစာရမရှိဘူး၊ ပီတိ သုခရှိသေးတယ်၊ ပါဠိတော်တွေမှာကို ရှိတယ်၊ ပီတိချမ်းသာခြင်း သုခရှိသောတဲ့။

ကောင်းပြီ နောက်ဈာန်တစ်ခု တက်လိုက်ကြရအောင်။
“နှစ်သက်ခြင်း ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် (ပီတိလည်း မကြိုက် တော့ဘူးတဲ့) သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ (သမ္ပဇဉ်ဆိုတာ ပညာကိုပြောတာ၊ သတိပညာနဲ့ ပြည့်စုံသည်ဖြစ်၍) လစ်လျူရှု၍နေ၏၊ (ဟိုဘက်လည်းမပါဘူး၊ ဒီဘက်လဲ မပါဘူး၊ ဥပေက္ခာဖြစ်နေပြီတဲ့၊ သူက တတိယဈာန်ရောက်တော့မှာကိုး) ချမ်းသာခြင်း သုခသော်လည်း ကိုယ်ဖြင့် ခံစား၏။ (ချမ်းသာကျတော့ ရှိနေသေးတယ်။ ဒီနေရာကျတော့ ဈာန်နဲ့ခံစားတာကိုပြောတာ) အကြင် တတိယဈာန်ကြောင့်ထိုသူကို လစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ရောက်၍ နေ၏” အဲဒီတော့ အရေးကြီးတာကဘာလဲ၊ ပီတိကို သူမကြိုက်ဘူး၊ ပီတိကို

[စာမျက်နှာ-145] မကြိုက်တဲ့အတွက်ကြောင့် တတိယဈာန်မှာ ပီတိပါဦးမလား၊ မပါတော့ဘူး၊ ဒီမှာ တတိယဈာန်က ဟိုမှာ စတုတ္ထဈာန်၊ ပီတိမပါတော့ဘူး၊ သုခနဲ့တည်ကြည်ခြင်း ဧကဂ္ဂတာ ဒါပဲပါတော့မယ်၊ ဒါကိုပြောတာ။

နောက်တစ်ခု တက်လိုက်စမ်း။
ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ (သုခချမ်းသာဆိုတာ သုခ၊ ဆင်းရဲဆိုတာ ဒုက္ခ၊ ချမ်းသာလည်းမရှိတော့ဘူး၊ ဆင်းရဲလည်း မရှိတော့ဘူး၊ ဒီနှစ်ခုလုံးကို မကြိုက်ဘူး၊ ပယ်တယ်တဲ့) ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း (ဒီဈာန်မရောက်ခင် ရှေးထဲက ဝမ်းသာတယ်ဆိုတာ သူ့မှာ မရှိတော့ဘူး၊ စိတ်ဆိုးတယ်ဆိုတာလည်း မရှိတော့ဘူးတဲ့) ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော (ဆင်းရဲတာလည်းမဟုတ်ဘူး၊ ချမ်းသာတာလည်းမဟုတ်ဘူး၊ ဥပေက္ခာ၊ အဲဒီဥပေက္ခာက အလွန့်ကို အထက်တန်းကျတဲ့ ဥပေက္ခာ၊ သို့သော် ဒီဥပေက္ခာက Feeling ဥပေက္ခာမဟုတ်ဘူး၊ နောက်စေတသိက်ပိုင်းမှာ တွေ့မယ်၊ တတြမဇ္ဈတ္တတာဆိုတာ ဥပေက္ခာကို ဆိုလိုတယ်။

ဒါကြောင့် အဘိဓမ္မာမတတ်ရင် ဒီလိုနေရာမှာအယူအဆမှန်အောင် မရနိုင်ဘူး၊ ဥပေက္ခာတွေ့တိုင်း အလယ်အလတ် ခံစားမှုကိုချည်း မယူရဘူး၊ အဲဒါမှတ်ထား၊ သုတ္တန်တွေ ဖတ်လာရင် ဥပေက္ခာဟာ အလယ်အလတ်ခံစားမှု ဝေဒနာ ဥပေက္ခာလည်း ရှိတယ်၊ ဟိုဘက်ဒီဘက် မကျပဲ အလယ်မှာပဲ စိတ်ကိုထားတဲ့ ဥပေက္ခာလည်း ရှိတယ်။

အဲဒီ ၂-မျိုးမှာ ဒီစာပိုဒ်မှာပါတဲ့ ဥပေက္ခာက စိတ်ကို အလယ်မှာထားနိုင်တဲ့ သဘောဥပေက္ခာ၊ အဲဒီဥပေက္ခာကြောင့်ဖြစ်တဲ့ သတိ၏စင်ကြယ်ခြင်းဆိုတာက အဲဒီဥပေက္ခာနဲ့ ထောက်ပံ့ထားတဲ့အခါကျတော့ သတိကလည်း သိပ်ပြီးတော့ အားကောင်း စင်ကြယ်နေတယ်) စတုတ္ထဈာန်သို့ ရောက်၍နေ၏တဲ့၊ ဒီမှာ စတုတ္ထဈာန်က ဟိုမှာ ပဉ္စမဈာန်။

အဲဒီတော့ ချမ်းသာတာလည်းမရှိဘူး၊ ဆင်းရဲတာလည်း မရှိဘူး၊ ဝမ်းသာတာလည်း မရှိဘူး၊ နှလုံးမသာတာလည်းမရှိဘူးဆိုရင် သုခပြုတ်သွားပြီပေါ့၊ ဟုတ်တယ် နော်၊ သုခပြုတ် ပြီးတော့ ဥပေက္ခာဝေဒနာဝင်လာတယ်၊ ဧကဂ္ဂတာတော့ပါတယ်။

ဒါကြောင့် ဦးဇင်းတို့ သင်္ဂြိုဟ်မှာ ဈာန် ၅-ပါး၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ သုတ္တန်ပါဠိတော်တွေမှာ များသောအားဖြင့်

[စာမျက်နှာ-146] ၄-ပါး၊ အဲဒီ ၂-ပါးကို နားလည်ထားရမယ်၊ ၄-မျိုးလဲပြောလို့ရတယ်၊ ၅-မျိုးလဲ ပြောလို့ ရတယ်၊ ဟပ်လိုက်မယ်ဆိုရင်
* ဈာန် ၅-မျိုးမှာ ပထမဈာန်သည် ဈာန် ၄-မျိုးမှာ ပထမဈာန်။
* ဈာန် ၅-မျိုးမှာ ဒုတိယဈာန်သည် ဈာန် ၄-မျိုးမှာ မရှိ။
* ဈာန် ၅-မျိုးမှာ တတိယဈာန်သည် ဈာန် ၄-မျိုးမှာ ဒုတိယဈာန်။
* ဈာန် ၅-မျိုးမှာ စတုတ္ထဈာန်သည် ဈာန် ၄-မျိုးမှာ တတိယဈာန်။
* ဈာန် ၅-မျိုးမှာ ပဉ္စမဈာန်သည် ဈာန် ၄-မျိုးမှာ စတုတ္ထဈာန်။

နောင်အခါကျတော့ သမာပတ် ၈-ပါးလို့ဆိုတဲ့ အခါကျရင် အဲဒီဈာန် ၄-ပါးနဲ့ပဲ explain လုပ်ရမယ်၊ ရူပဈာန်၊ အရူပဈာန် ၂-ခုပေါင်းလိုက်ရင် ၉-ပါးလည်း ဟုတ်တယ်၊ ၈-ပါးလဲဟုတ်တယ်၊ အဲဒီ ၈-ပါးကိုပဲ နောက်ကျတော့ သမာပတ် ၈-ပါးလို့ခေါ်လိမ့်မယ်။

မေး - ဆိုလိုတဲ့အဓိပ္ပါယ်က ဝိတက်နဲ့ ဝိစာရကို သူက combined လုပ်ပါသလား။
ဖြေ - ဟုတ်တယ် တစ်ပြိုင်နက်ပယ်တာပါပဲ၊ ပုဂ္ဂိုလ်ရဲ့ အစွမ်းပါပဲ။

ရူပါဝစရဝိပါက်စိတ် ၅-မျိုး

ဈာန် ၅-ပါးစလုံး ရပြီတဲ့၊ ၅-ပါးစလုံးရပြီးတော့ အဲဒီဈာန် မကွယ်မပပဲနဲ့ ဒီဘဝကသေရင် နောက်ဘဝဗြဟ္မာပြည်သွားဖြစ်မယ်၊ သူက လူ့ပြည်လည်းမဖြစ်တော့ဘူး၊ နတ်ပြည်လည်း မဖြစ်တော့ဘူး (ဒီဈာန်ရရင် ဒီဈာန်နဲ့သေရင်)

ဒီဈာန်နဲ့သေရင်ဆိုတာက ဒီဈာန်ကိုဝင်စားနိုင်တဲ့ အစွမ်းရှိပြီးသေတာ၊ တချို့က ဈာန်ရပြီးတော့ပစ်ထားတော့ ဈာန်ဝင်စားလို့မရတော့ဘူး၊ အဲဒါမျိုးကို မဆိုလိုဘူး၊ ဈာန်ကို ရနိုင်တဲ့ အခြေအနေရှိတဲ့ ပုဂ္ဂိုလ်ကို ဈာန်ရနေတယ်လို့ဆိုတာ။

တစ်ချိန်မှာဈာန်ရအောင် အားထုတ်လို့ ဈာန်ရသွားတယ်၊ နောက်ပိုင်းမှာ သူက မကောင်းတာတွေ လုပ်မယ်၊ သို့မဟုတ် ဈာန်ပစ်ထားမယ်ဆိုရင် ဈာန်ပြန် ဝင်စားလို့မရတော့ဘူး၊ အဲသလိုလည်း ဖြစ်တတ်တယ်၊ ဈာန်လျောတယ်ဆိုတာ အဲဒါမျိုးပေါ့။

အဲသလို ဈာန်မလျောပဲနဲ့ ပထမဈာန်ရပြီး သေရင် ပထမဈာန် ဗြဟ္မာဘုံမှာ သွားဖြစ်မယ်၊ ဒုတိယဈာန်၊ တတိယဈာန်ရပြီး သေရင် ဒုတိယဈာန် ဗြဟ္မာဘုံမှာ သွားဖြစ်မယ်၊ စတုတ္ထဈာန်ရပြီး သေရင် တတိယဈာန် ဗြဟ္မာဘုံမှာ သွားဖြစ်မယ်၊ ပဉ္စမဈာန်ရပြီးသေရင် စတုတ္ထဈာန် ဗြဟ္မာဘုံမှာ သွားဖြစ်မယ်။ အဲဒီ ဖြစ်တဲ့အခါမှာ ရူပါဝစရဝိပါက်စိတ် ၅-မျိုး သွားဖြစ်မယ်၊ ကုသိုလ်စိတ်နဲ့ အတူတူပဲ၊ ဒါကြောင့်မို့ ရူပါဝစရကုသိုလ်စိတ် ၅-ပါးနဲ့ တူသည်၊ ဒါကြောင့်

[စာမျက်နှာ-147] ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော ပထမဈာန်၊ ရူပါဝစရ ဝိပါက်စိတ် ၅-မျိုး။

ရူပါဝစရကြိယာစိတ် ၅-မျိုး

ဒီဘဝမှာ ရဟန္တာဖြစ်ပြီးမှ ဒီဈာန်တွေ ဝင်စားတယ်ပေါ့၊ ဒီဈာန်တွေ့ရအောင် အားထုတ်တယ်၊ ရဟန္တာဖြစ်တုန်းက ဈာန်တွေမပါပဲ ဖြစ်နိုင်တာကိုး၊ သို့မဟုတ်ရင် ဈာန်ရပြီးတဲ့နောက် ဈာန်ကို ဝိပဿနာရှုပြီးတော့လည်း ရဟန္တာဖြစ်နိုင်တယ်၊ ရဟန္တာ မဖြစ်ခင် ဈာန်က ကုသိုလ်ဈာန်၊ ရဟန္တာဖြစ်ပြီးမှ ဈာန်က ကြိယာဈာန်၊ အဲသလို။

ဈာန် လုံးဝမပါပဲနဲ့လည်း ရဟန္တာဖြစ်နိုင်တယ်၊ ရဟန္တာဖြစ်တုန်းက ဈာန် မပါဘူး၊ သို့သော် ရဟန္တာဖြစ်ပြီးတဲ့နောက် ဈာန်ဝင်စားချင်တယ်ဆိုရင် ကမ္မဋ္ဌာန်းအားထုတ်ဦး ပေါ့လေ၊ ဈာန်ရရင် အဲဒီဈာန်ဟာ ကြိယာပေါ့၊ ရူပါဝစရကြိယာ။ အဲဒီဟာလည်း ပထမဈာန်ကြိယာစိတ်၊ ဒုတိယဈာန် ကြိယာစိတ်၊ တတိယဈာန် ကြိယာစိတ်၊ စတုတ္ထဈာန် ကြိယာစိတ်၊ ပဉ္စမဈာန် ကြိယာစိတ်။

ဒါကြောင့်မို့ ပေါင်းလိုက်ရင် ကုသိုလ်စိတ် ၅-ပါး၊ ဝိပါက်စိတ်-၅-ပါး၊ ကြိယာစိတ်-၅-ပါး၊ အားလုံး ရူပါဝစရစိတ်-၁၅-ပါး။

ရူပါဝစရဆိုတာ ရူပဘုံမှာ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်တဲ့ စိတ်လို့ဆိုလိုတာ၊ ကာမဝစရဆိုတာက ကာမဘုံမှာ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်တဲ့ စိတ်လို့ပြောတာ။ ရူပါဝစရဆိုတာ များသောအားဖြင့် ဖြစ်တတ်တယ်၊ သို့သော် ကာမဘုံမှာလည်း ဖြစ်တာပဲ၊ မဖြစ်လို့ ဘယ်ရမလဲ၊ လူအဖြစ်နဲ့ ဈာန်ရရင် ဒါဟာ ကာမဘုံမှာဖြစ်နေတာပဲ၊ များသောအားဖြင့် ဖြစ်တတ်တာကိုပြောတာ။

ဈာန်နဲ့ အဘိညာဏ်

ဒါကြောင့်မို့ ရူပါဝစရစိတ် ၁၅-ပါး၊ ဒီစိတ်တွေကိုပဲ ဈာန်စိတ်လို့ခေါ်တယ်။ အဲဒီတော့ လူပုဂ္ဂိုလ်တွေအနေနဲ့သတိထားဖို့က ဈာန်လို့ ပြောလိုက်တာနဲ့ ကောင်းကင် ပျံနိုင်တယ်ထင်နေကြတယ်။

မဟုတ်ဘူး၊ technical ပြောရမယ်ဆိုရင် ဈာန်ရရုံနဲ့ ကောင်းကင်မပျံနိုင်သေးဘူး၊ ဘာမှမလုပ်နိုင်သေးဘူး၊ ဈာန်ရတာ သူ့ဟာသူထိုင် ဈာန်ဝင်စားပြီး ချမ်းသာနေ တာပဲရှိတယ်၊ စိတ်ချမ်းသာနေမယ်၊ သမာဓိကောင်းပြီးတော့ စိတ်တည်ကြည်နေမယ်၊ ဒါပဲရှိမယ်။

ကောင်းကင်ပျံတာတို့ တန်ခိုးဖန်ဆင်းတာတို့၊ သူများစိတ်သိတာတို့ ဘာတို့ ရောက်ဖို့က အများကြီး လုပ်ယူရဦးမယ်၊ အဘိညာဏ်ဆိုတဲ့ အဆင့်ရောက်မှဖြစ်တာ၊

[စာမျက်နှာ-148] အဘိညာဏ်အဆင့်မရောက်ပဲ ပထမဈာန်၊ ဒုတိယဈာန်ကနေ နောက်ဆုံး ပဉ္စမဈာန်တောင်မျှ ရိုးရိုးပဉ္စမဈာန်ရနေရုံနဲ့ ဘာမှ မလုပ်နိုင်သေးဘူး၊ အဲဒါကို နားလည်ထား။

တချို့က ဈာန်ရတယ်ဆိုရင် ကောင်းကင်ပျံနိုင်လား၊ ဘာလုပ်နိုင်လား စသည်ဖြင့် အဲသလို ပြောလေ့ရှိတယ်၊ လူတွေအနေနဲ့က ဒီလိုပဲသိကြတာများတယ်။ ကောင်းကင်ပျံသွားရင်းနဲ့ ဈာန်ပျောက်သွားရင် ဈာန်လျောတယ်၊ အဲသလိုဆိုတယ်။

အမှန်ကတော့ ဈာန်စိတ်သက်သက်ရရုံနဲ့ မပြီးသေးဘူး၊ ဒီဈာန်ကနေပြီး အရူပဈာန် ၄-ပါးကိုရအောင် လုပ်ရဦးမယ်၊ အဲသလိုလုပ်ပြီးတော့မှ ဒီဈာန် ၉-ပါးလုံးကို အပြန်ပြန်အလှန်လှန် ကျေနေအောင်လုပ်ပြီးတဲ့နောက် ပဉ္စမဈာန်ကို အထူးလုပ်ယူရမယ်၊ အဲဒီအခါကျမှ အဘိညာဏ်ဆိုတာ ဖြစ်လာတယ်။ အဲဒီ အဘိညာဏ်ဆိုတဲ့အဆင့် မရောက်သေးရင်တော့ ကောင်းကင်ပျံတာတို့ ဘာတို့ မဖြစ်နိုင်သေးဘူး။

မေး - လူပုဂ္ဂိုလ်ကော ကောင်းကင်ပျံနိုင်ပါသလား။
ဖြေ - စာမှာတော့ ရှိတာပါပဲ၊ ဖြစ်နိုင်ပါတယ်၊ အဘိညာဏ်ရမှ၊ အဲဒီအခါကျတော့ ဘာလုပ်ရတယ်ဆိုတဲ့ ညွှန်ကြားချက်တွေ့ရှိတယ်။

မေး - တပည့်တော် ရန်ကုန်မှာကြားဖူးတာကတော့ ညသန်းခေါင် ရောက်လာပြီဆိုရင် ရွှေတိဂုံဘုရားအထက်ပစ္စယံမှာ ဈာန်ရတဲ့ပုဂ္ဂိုလ်တွေ လာပြီးတော့ အဲဒီအချိန်မှာ လာတရားထိုင်ကြတယ်ဆိုတာပါဘုရား။
ဖြေ - ဒါက ဖြစ်နိုင်တယ်၊ လူမရှိတဲ့ အချိန်မှ ဆိတ်ငြိမ်တဲ့အချိန်၊ လူစဲတဲ့အချိန် အဲဒါမျိုး လာတရားထိုင်တယ်ဆိုတာ ဖြစ်နိုင်တယ်၊ ကိုင်း ဘာမေးချင်တာ ရှိလဲ။

မေး - ဈာန်စိတ်ရောက်မှန်း ကိုယ့်ဟာကိုယ် သိတာပါလား။
ဖြေ - ဟုတ်တယ်။

မေး - ကသိုဏ်းရှုနေတဲ့အခါ မျက်စိမှိတ်ထားလိုက်ရင် အရောင်အလင်း တွေ့နေရရင် အဲဒါဈာန်အဆင့် ရောက်ပါပြီလား။
ဖြေ - မရောက်သေးဘူး၊ ဒါက ပထမဥဂ္ဂဟနိမိတ်အဆင့်ရှိတယ်၊ နောက်တစ်ခါကျတော့ ပဋိဘာဂနိမိတ်၊ အဲဒီ ပဋိဘာဂနိမိတ်ရောက်တဲ့ အချိန်မှာ ဥပစာရဈာန်လို့ ခေါ်တယ်၊ ဈာန်အစစ် မဟုတ်သေးဘူး၊ Neighbourhood ပေါ့၊ အိမ်နီးနားချင်း၊ ဒီအိမ်မရောက်သေးခင် ဟိုအိမ်ရောက်နေတာ၊ ပြီးတော့ ဒီအိမ်ရောက်လာမယ်၊ ဒါကို ဥပစာရလို့ခေါ်တယ်၊

[စာမျက်နှာ-149] ဥပစာရကိုလည်း ဈာန်လို့သုံးတယ်၊ ဈာန်အစစ်တော့ မဟုတ်သေးဘူး၊ ဥပစာရရောက်ပြီးတဲ့နောက်မှ ဈာန်အစစ်ရောက်တာ၊ ဒီအင်္ဂါ ၅-မျိုး ဝိတက်၊ ဝိစာရတို့ကို တကယ်သိတဲ့အခါ (experience) ဝိတက်သဘောလေး ထင်ရှားတယ်၊ ဝိစာရသဘော ထင်ရှားတယ်၊ တစ်ခါတလေလည်း စိတ်နဲ့ ဒီ ၅-မိနစ် အတွင်းမှာ ဝိတက်သဘော ထင်ရှားပါစေဆိုတဲ့ အဓိဋ္ဌာန်သဘော လုပ်ထားတယ်၊ အဲဒီအခါကျရင် ဝိတက်သဘောဟာ သိပ်ထင်ရှားနေတယ်၊ ဝိစာရထင်ရှားပါစေ၊ ဝိစာရထင်ရှားတာကို ကြည့်လိုတယ် သိလိုတယ်ဆိုရင် အဲသလို လုပ်လို့ရတယ်၊ ဖြစ်တယ်။

မေး - ကြိယာဟာ ရဟန္တာနဲ့ပဲ ဆိုင်ပါသလား။
ဖြေ - ဟုတ်တယ်၊ ဘုရားနဲ့ ရဟန္တာပဲဆိုင်တယ်၊ ဝိပါက်စိတ်ကတော့ ရူပါဝစရ ဗြဟ္မာတွေနဲ့ပဲ ဆိုင်တယ်၊ ရူပါဝစရဘုံက ၁၆-ဘုံရှိပေမယ်လို့ ၁-ဘုံက နာမ်မရှိတဲ့ ဘုံဆိုတော့ ၁၅-ဘုံ၊ ရူပါဝစရ ၁၅-ဘုံမှာလည်း ပထမဈာန်စိတ်ဆိုရင် ၁၅-ဘုံလုံးနဲ့ မဆိုင်ဘူး၊ ပထမဈာန်စိတ်က နောင်ဘုံပိုင်း၊ ပဉ္စမပိုင်းကျတော့ သိလိမ့်မယ်၊ ပထမဈာန်စိတ်က ၃ ဘုံနဲ့ ဆိုင်တယ်၊ ဒုတိယဈာန်စိတ်က ၃-ဘုံနဲ့ဆိုင်တယ်၊ တတိယဈာန်စိတ် က ၃-ဘုံနဲ့ဆိုင်တယ်၊ စတုတ္ထဈာန်စိတ်ကျတော့ ၇-ဘုံလောက်နဲ့ ဆိုင်တယ်ပေါ့၊ အဲသလို၊

ပထမဈာန်စိတ်နဲ့ သေသွားရင် ဟိုကျတော့ ပထမဈာန်ဘုံ သွားဖြစ်တာကိုး၊ ပထမဈာန်ဝိပါက်ရတာပေါ့၊ ဒုတိယဈာန်နဲ့ သေလည်း ဒုတိယဈာန် ဝိပါက်ရတယ်၊ အဲသလိုသွားမယ်။

မေး - သတိပဋ္ဌာန်အားထုတ်ရင် ဝိပဿနာ ရနိုင်ပါသလား။
ဖြေ - မရနိုင်ဘူး၊ ဝိပဿနာက တစ်လမ်း မရနိုင်ဘူး။

မေး - သမထဆိုရင်ကော၊
ဖြေ - ခုနဟာလို လုပ်ယူရမယ်၊ ဘာကြောင့်လဲဆို ဝိပဿနာက အာရုံတစ်ခုထဲ စွဲထားတာ မဟုတ်ဘူး၊ ဝိပဿနာမှာရတဲ့ သမာဓိက သမထမှာရတဲ့ သမာဓိလောက် အားမရှိဘူး၊ အဲသလောက်လည်းမလိုဘူး၊ ဝင်သက် ထွက်သက်ကိုပဲ သမထနည်း အားထုတ်မယ်၊ ဝိပဿနာနည်း အားထုတ် မယ်။

သမထနည်း အားထုတ်ပြီဆိုရင် ဝင်သက်ထွက်သက် တစ်ခုထဲကိုပဲ

[စာမျက်နှာ-150] စိတ်တည်ကြည်အောင် ထားရမယ်၊ ဘေးဟာတွေကို ဘာမှ အရေးမလုပ်နဲ့၊ ဆိုပါတော့ ဝင်-၁၊ ထွက်-၁ နဲ့ ရေတဲ့နည်းတွေလည်းရှိတယ်၊ ဘာကိုပဲ လုပ်လုပ် ဒီဟာကိုပဲ ဆုပ်ကိုင်ထားတဲ့နည်း၊ အဲဒီနည်းက သမထနည်း။

ဝိပဿနာနည်းကျတော့ ဝင်သက် ထွက်သက်ကိုတော့ ရှုတာပဲ၊ ဒါပေမယ်လို့ ရှုပုံချင်းလည်း ကွာတယ်၊ သမထနည်းတုန်းက ဝင်တယ် ထွက်တယ်လို့ သာမန်ရှုတာပဲ၊ ပညတ်အနေနဲ့ ရှုတာ၊ ဝိပဿနာနည်း ကျတော့ ဒါကို ပရမတ်မြင်အောင်ရှုတာ၊ ပရမတ်ဆိုတာ သူ့သဘောကို တကယ်ပေါ်အောင် ရှုတာ။

ထွက်လေဝင်လေဆိုတာ ဝါယောဓာတ်၊ ဝါယောဓာတ်မှာ တွန်းကန်တတ်တဲ့ သဘော၊ ထောက်ကန်တတ်တဲ့သဘောရှိတယ်၊ အဲဒီသဘောကို မြင်အောင် ဂရုစိုက်ပြီးတော့ ရှုရတာ၊ ဦးတည်ချက်က အဲသလိုသွားတယ်၊ ဟို (သမထ)မှာ ဒီဟာကို မြင်အောင်ရှုတာမဟုတ်ဘူး၊ သူက ပညတ်ပဲ။ ပြီးတော့ ဝိပဿနာအားထုတ်တဲ့အခါကျတော့ သူရှုနေပေမယ်လို့ ဘေးကအသံမြည်လာတယ်၊ ကျယ်လောင်တဲ့အသံကြီး ကြားရင် အဲဒီ အသံကို ရှုရတယ်၊ ကိုယ့်စိတ်က ရှုနေတဲ့ကြားက ပြေးသွားတယ်၊ အဲဒီ ပြေးသွားတဲ့စိတ်ကို ရှုရတယ်၊ တစ်ခါတလေစိတ်တိုလာတယ်၊ စိတ်တိုတာကို ရှုရတယ်၊ တစ်ခါတလေ ပျော်လာတယ်၊ ပျော်တာကိုရှုရတယ်။ တစ်နေရာက နာလာရင် နာတာကိုရှုရတယ်၊ ပစ္စုပ္ပန်အခိုက်အတန့်မှာ ထင်ရှားနေတာ မှန်သမျှတွေကို ရှုရတယ်၊ အဲဒါ ဝိပဿနာ။

သမထလုပ်နေပြီဆိုရင် နာနေလည်းနေပါ၊ ဒီတစ်ခုထဲကိုပဲ ရှုတာ၊ ရှုတော့လည်း ခုနလို ထွက်သက်ဝင်သက် ပညတ်ရှုတာ။

ဝိပဿနာကျတော့ ပရမတ် ထိုးဖောက်နိုင်အောင် ကြိုးစားရတာ၊ အစကတော့ ပညတ်နဲ့ပဲစရတာပဲ၊ ပညတ်မပါပဲနဲ့တော့ မရဘူး၊ ကြာလာတော့ ခုနသဘော မြင်တယ်။

သမထမှာ သမာဓိအားကောင်းကောင်းကြီးလိုတယ်၊ ဝိပဿနာမှာ သမထလောက် မလိုဘူး၊ သို့သော် သမာဓိမပါပဲနဲ့တော့ မဖြစ်ဘူးပေါ့။

သမထနဲ့ဝိပဿနာမှာ သမထအရင်အားထုတ်ပြီး ဝိပဿနာအားထုတ်လို့လည်းရတယ်၊ ဝိပဿနာအားထုတ်ပြီးမှ သမထ သဘောပါတာ

[စာမျက်နှာ-151] လည်းရတယ်၊ သမထနဲ့ ဝိပဿနာကို အစုံ၊ အစုံ အားထုတ်တဲ့နည်းလည်း ရှိတယ်၊ အဲသလို အမျိုးမျိုးရှိတယ်။

ရှေးတုန်းကတော့ အချိန်လည်း များများပေးနိုင်ကြတယ်၊ ဆိုပါတော့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတဲ့အခါ မြတ်စွာဘုရား မရှိတော့လည်း တပည့်ကြီးတွေရှိသေးတဲ့အခါ၊ လူတွေက ဈာန်ကို ပိုပြီး လေ့လာတယ်၊ ဈာန် ပထမရအောင် အားထုတ်လိုက်တယ်၊ အဲသလို အားထုတ်ပြီးမှ အဲဒီဈာန်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်အောင်ရှုတာ၊ ဈာန်ကို ရှုတာ၊ ခုနပြောတဲ့ ဝိတက် ဝိစာရကိုပဲရှုတာ၊ အဲဒီတော့ ဝိပဿနာ ဖြစ်သွားရော၊ ပထမက သမထနဲ့ ဈာန်ရအောင် အားထုတ်လိုက်တယ်၊ ဒီဈာန်ကို ဝိပဿနာရှုတာ။

သို့မဟုတ် ဈာန်ဝင်စားတယ်၊ ဈာန်ကနေပြီး ထလိုက်တယ်။ (ထတာ လူထတာ မဟုတ်ဘူး၊ စိတ်ထတာ) ဈာန်ကနေထပြီးတော့ ရှုချင်တာကို ဝိပဿနာရှုလိုက်တယ်၊ အဲဒါက သမထအရင် အားထုတ်ပြီး ဝိပဿနာ သွားတဲ့နည်း။

ဝိပဿနာအားထုတ်ပြီး သမထဆိုတာက ဈာန်ရတဲ့ သမထမျိုး မဟုတ်ဘူး၊ စ၊ စချင်း ဝိပဿနာ အားထုတ်ပြီး တစ်ချိန်ကျတော့စိတ်က တည်သွားတာ၊ အဲဒါကိုပဲ သမထလို့ ခေါ်တာ၊ အဲဒါ ဈာန်ရအောင် အားထုတ်တဲ့ သမထ မဟုတ်ဘူး၊ အဲသလို စိတ်တည်ပြီးတော့ ရုပ်နာမ် သဘောတွေ မြင်ကုန်တာ။

အစုံ အစုံ အားထုတ်တယ်၊ တွဲပြီးတော့ အားထုတ်တယ် ဆိုတာ ကျတော့ ပထမဈာန်ဝင်စားလိုက်တယ်၊ ပထမဈာန်ကထပြီးတော့ သူ့ကိုပဲရှုလိုက်တယ်၊ ပြီးတော့ ဒုတိယဈာန်ဝင်စားတယ်၊ ရှုတယ်၊ ဝင်စားတာက သမထ၊ ရှုတာက ဝိပဿနာ၊ တတိယဈာန်ဝင်စားတယ်၊ ရှုတယ်၊ အဲသလို လုပ်၊ လုပ်သွားရင်းနဲ့ ဝိပဿနာ တက်သွားတာ။ အဲဒါက အစုံအစုံ အားထုတ်တာ၊ တွဲအားထုတ်တာပေါ့လေ။

[စာမျက်နှာ-152]
အရူပါဝစရစိတ် ၁၂-ပါး

အရူပါဝစရကုသိုလ်စိတ် ၄-ပါး
၁။ အာကာသာနဉ္စာယတန စိတ် (၇၀)
၂။ ဝိညာဏဉ္စာယတန စိတ် (၇၁)
၃။ အာကိဉ္စညာယတန စိတ် (၇၂)
၄။ နေဝသညာနာသညာယတန စိတ် (၇၃)

အရူပါဝစရဝိပါက်စိတ် ၄-ပါး
၁-၄။ အရူပါဝစရကုသိုလ်စိတ် ၄-ပါးနှင့်တူ။ (၇၄-၇၇)

အရူပါဝစရကြိယာစိတ် ၄-ပါး
၁-၃။ အရူပါဝစရကုသိုလ်စိတ် ၄-ပါးနှင့်တူ။ (၇၈-၈၁)

အဓိပ္ပာယ်ဖွင့်ဆိုချက်
၁။ အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုသော ဈာန်နှင့်ယှဉ်သောစိတ်။
၂။ အဆုံးမရှိသော ပထမအရူပါဝစရစိတ်ကို အာရုံပြုသော ဈာန်နှင့် ယှဉ်သော စိတ်။
၃။ ပထမ အရူပါဝစရစိတ်၏ မရှိခြင်း (နတ္ထိဘော) ပညတ်ကို အာရုံပြုသော ဈာန်နှင့် ယှဉ်သောစိတ်။
၄။ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာ မရှိသည် မဟုတ်သော မနာယတန၊ ဓမ္မာယတန၌ ပါဝင်သောစိတ်။

| အရူပါဝစရစိတ် | မှီတွယ်အပ်အာရုံ | လွန်မြောက်အပ်အာရုံ |

| ၁။ ပထမစိတ် | ကောင်းကင်ပညတ် | ကသိုဏ်းပညတ် |
| ၂။ ဒုတိယစိတ် | ပထမအရူပါဝစရစိတ် | ကောင်းကင်ပညတ် |
| ၃။ တတိယစိတ် | နတ္ထိဘောပညတ် | ပထမအရူပါဝစရစိတ် |
| ၄။ စတုတ္ထစိတ် | တတိယအရူပါဝစရစိတ် | နတ္ထိဘောပညတ် |

> မှတ်ချက်: အရူပါဝစရစိတ် ၄-ပါးလုံး ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနှင့်သာ ယှဉ်ကြသည်၊ ထို့ကြောင့် အရူပါဝစရစိတ် အားလုံးကို ပဉ္စမဈာန်၌ ထည့်သွင်းရသည်။

[စာမျက်နှာ-153] အဲဒီနောက်မှာ ရူပါဝစရစိတ် ဆိုတာကျတော့ ဈာန်စိတ်တွေ ဖြစ်သွားတာ၊ ဒီစိတ်က ထူးခြားတဲ့ ပုဂ္ဂိုလ်တွေမှရတာ၊ ထက်မြက်တဲ့ ပုဂ္ဂိုလ် (စာစကားနဲ့ပြောရင်) တိဟိတ်ပုဂ္ဂိုလ်တွေမှာ ရနိုင်တဲ့စိတ်မျိုး၊ ဒါဟာ ဈာန်စိတ်ပဲ။

အဲဒီ ဈာန်စိတ်ကလည်း ၂-မျိုးရှိတယ်၊ ရူပါဝစရဈာန်စိတ်၊ အရူပါဝစရဈာန်စိတ်။

ရူပါဝစရဈာန်စိတ် ဆိုတာ လွန်ခဲ့တဲ့ အပတ်က လေ့လာခဲ့တဲ့ စိတ်တွေ၊ ဒီဈာန်တွေရရင် ဒီဈာန်တွေ မပျောက်မပျက်ပဲနဲ့ သေသွားရင်၊ ရူပါဝစရ ဗြဟ္မာဘုံ ရောက်မယ်၊ သူ့အကျိုး အနေနဲ့ ရူပါဝစရဗြဟ္မာဘုံမှာ သွားပြီးတော့ ဗြဟ္မာအဖြစ် ပဋိသန္ဓေနေမယ်၊ သို့မဟုတ် ဗြဟ္မာအဖြစ် မွေးဖွားမယ်ပေါ့၊ အဲဒီဈာန်စိတ်တွေကို ရူပါဝစရဈာန်လို့ ခေါ်တယ်။ အဲဒီ ရူပါဝစရဈာန်က ဘယ်နှစ်ပါးရှိသလဲ၊ ရူပါဝစရဈာန်က-၁၅-ပါး၊ ကုသိုလ် ၅-ပါး၊ ဝိပါက် ၅-ပါး၊ ကြိယာ ၅-ပါး။ ကုသိုလ် ၅-ပါးက သာမညပြောရင် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်။

အဲဒီတော့ ပုဂ္ဂိုလ်တစ်ယောက်က ဒီဈာန် ၅-ပါးလုံး ရပြီးပြီဆိုပါတော့၊ အဲသလို ရပြီးတဲ့နောက် ဒီထက်အထက်တန်းကျတဲ့ ဈာန်တွေလည်း တက်ချင်သေးတယ်။ ဒီလိုလာမှာပေါ့။

အာကာသာနဉ္စာယတနဈာန်

အဲသလိုဒီဈာန်တွေရပြီးတဲ့နောက် ဒီထက်ကောင်းတဲ့ ဈာန်တွေကို တက်ချင်သေးရင် အရူပါဝစရဈာန်တွေရအောင် အားထုတ်ရမယ်၊ တစ်နည်းအားဖြင့် လောကမှာလူတွေဆိုတာ အစွန်းရောက်တဲ့သူတွေ ရှိတတ်တယ်၊ တိဟိတ်ပုဂ္ဂိုလ်လည်း ရောက်တာပဲ၊ ဈာန်ရပြီးတဲ့ ပုဂ္ဂိုလ်တွေလည်း ရောက်တာပဲ၊ အဲဒီတော့ သူတို့တွေက ဘယ်လို ယူဆတဲ့ ပုဂ္ဂိုလ်တွေ ရှိသလဲ ဆိုတော့ “ငါတို့မှာ ဒီရုပ် ခန္ဓာကြီးရှိနေလို့ နာကျင်ကိုက်ခဲတဲ့ ဒုက္ခတွေ ခံစားနေရတယ်၊ ရောဂါဝေဒနာတွေ ခံစားနေရတယ်၊ ဒီရုပ် ကိုယ်ခန္ဓာကြီးသာမရှိရင် ဒါတွေ ခံစားရမှာ မဟုတ်ဘူး၊ ဒို့ဟာ သိပ်ချမ်းသာမှာပဲ" အဲသလို အယူအဆရှိပြီး သူဟာ ရုပ်ခန္ဓာကိုမုန်းတဲ့သူ ဖြစ်သွားတယ်၊ ဒီရုပ်ခန္ဓာကြီး လုံးဝမရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

အဲဒီလို ဆန္ဒရှိပြီးတော့ ရုပ်ခန္ဓာမရှိရာ ဘုံရောက်အောင် ဆိုပြီး ဒီဈာန်ကို အားထုတ်တယ်၊ ရူပါဝစရဈာန်ကနေပြီး အရူပါဝစရဈာန် တက်တယ်။ အရူပါဝစရဈာန်ရရင်၊ အရူပါဝစရဈာန်နဲ့ သေသွားရင်၊ အရူပါဝစရ

[စာမျက်နှာ-154] ဗြဟ္မာဘုံကို ရောက်သွားမယ်၊ အဲဒီ အရူပါဝစရ ဘုံဆိုတာက ရုပ်လုံးဝ မရှိဘူး၊ နာမ်သက်သက်၊ စိတ်နဲ့ စေတသိက် နာမ်သက်သက်သာရှိတဲ့ဘုံ။

အဲဒီတော့ ရုပ်သာရှိတဲ့ ဗြဟ္မာ၊ နာမ်သာရှိတဲ့ ဗြဟ္မာ၊ ရုပ်နာမ် နှစ်မျိုးရှိတဲ့ ဗြဟ္မာလို့ ရှိတဲ့ အနက်မှာ လွန်ခဲ့တဲ့ အပတ်က လေ့လာခဲ့တဲ့ ရူပါဝစရစိတ် ၁၅-ပါးက ရုပ်သာရှိတဲ့ ဗြဟ္မာရယ်၊ ရုပ်နာမ်နှစ်မျိုးရှိတဲ့ ဗြဟ္မာရယ်၊ အဲဒီဘုံတွေ ရောက်စေနိုင်တယ်။

ယခု အရူပါဝစရဈာန်က အရူပါဝစရဘုံရောက်မယ်၊ ရုပ်လုံးဝမရှိဘူး၊ နာမ်သက်သက်ရှိတဲ့ဘုံ၊ အဲဒီဘုံကိုရောက်စေတယ်၊ သူတို့အနေနဲ့ ဒီဘုံကို ရောက်သွားနိုင် ချမ်းသာတယ်ပေါ့။ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဒုက္ခတော့မရှိဘူးပေါ့၊ နာကျင်ကိုက်ခဲတာ၊ အိုတာပေါ့၊ အဲသလိုမရှိတော့ ချမ်းသာတယ်ဆိုတာ ဟုတ်သလောက်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါက အစစ်အမှန် ချမ်းသာမျိုးတော့ မဟုတ်သေးဘူး၊ သို့သော်ဒီချမ်းသာက အလွန်အထက်တန်းကျသွားပြီ။

ကောင်းပြီ၊ အဲသလို အားထုတ်ချင်တဲ့ပုဂ္ဂိုလ်၊ ဈာန် ၅-ပါးရပြီးတဲ့နောက် အထက်ဈာန်ကို တက်ချင်တဲ့ ပုဂ္ဂိုလ်က ဘာတွေ လုပ်ရမှာတုန်းဆိုတော့ ကမ္မဋ္ဌာန်း ၄၀-ထဲမှာ ကသိုဏ်းဆိုတာရှိတယ် မဟုတ်လား၊ (ကသိုဏ်း ၁၀-ပါး ဟိုနေ့က ပြောပြီးပြီ) ကသိုဏ်း ၁၀-ပါးထဲမှာ အာကာသကသိုဏ်းဆိုတာကလွဲလို့ အခြား ကသိုဏ်း ၉-ပါးတစ်ခုခုကို အားထုတ်ရမယ်၊ အဲဒီ ၉-ပါး ဆိုင်ရာ ကမ္မဋ္ဌာန်းကို အားထုတ်ရတယ်။

ဆိုပါတော့ ပုဂ္ဂိုလ်တစ်ယောက်က ပထမဆုံး ကသိုဏ်းဖြစ်တဲ့ ပထဝီကသိုဏ်း (မြေကြီးကိုကြည့်ပြီး ဈာန်ရအောင် အားထုတ်တာ) ကို ရှုပြီးတော့ ပထဝီကသိုဏ်းရှုတာလည်း ကြိုးစားပြီး လုပ်ရတဲ့ ပုဂ္ဂိုလ်ဆိုရင် ကသိုဏ်းဝန်းလေး အရင်လုပ်ရတယ်၊ အဝတ်ကို ဘောင်မှာကြက်ပြီးတော့ အဝတ်ပေါ်မှာ မြေကြီးခဲ ရွှံ့ခဲတွေ သုတ်ရတယ်။ အဲဒါကို ကြည့်ပြီး မြေကြီး၊ မြေကြီးနဲ့ စိတ်တည်ငြိမ် အောင်လုပ်ပြီး ဈာန်ရအောင် အားထုတ်တာ။

အဲသလိုဈာန်ရအောင် အားထုတ်တဲ့အခါကျတော့ ပထမဦးစွာ မြေကြီးကို ကြည့်ပြီး မြေကြီး၊ မြေကြီးနဲ့ ဒီလိုရွတ်ဆို အားထုတ်နေရတာ၊ အဲဒီလို အားထုတ်ရာကနေ မျက်စိမှိတ်ကြည့် လိုက်ပေမယ်လို့ ဒီဟာကို မြင်လာတယ်၊ ဥဂ္ဂဟနိမိတ် ရသွားပြီ။

[စာမျက်နှာ-155] အဲသလိုရသွားတဲ့နောက် အားထုတ်လိုက်တဲ့အခါကျတော့ အလွန်ကို သန့်ရှင်းတဲ့ နိမိတ်ထင်လာတယ်၊ လွန်ခဲ့တဲ့ ဥဂ္ဂဟနိမိတ်တုန်းက လက်ရာတွေ ဘာတွေ့ရှိရင် မြင်တယ်၊ ဒီနိမိတ်ကျတော့ လက်ရာတွေဘာတွေပျောက်ပြီး တကယ့်ကို ပွတ်တိုင်ထားတဲ့ ကြေးမုံများလို သန့်ရှင်းပြီး မြင်လာတာကို ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။

အဲဒီ ပဋိဘာဂနိမိတ်ကို ရပြီးတဲ့နောက် ပဋိဘာဂနိမိတ်ကိုပဲ ဆက်ပြီးတော့ အထပ်ထပ် အာရုံပြုပွားများလိုက်တဲ့အခါကျတော့ ဈာန်စိတ်ဆိုတာ ဖြစ်လာတယ်။ အဲဒီဈာန်စိတ်ဟာ ဘယ်ကို အာရုံပြုသလဲဆိုရင် ပထဝီကသိုဏ်းနိမိတ်ကို အာရုံပြုတယ်၊ ပညတ်လို့ခေါ်ရတယ်၊ သူဟာ တကယ့် ပထဝီကသိုဏ်းအစစ် မဟုတ်ဘူး၊ အဲဒီ ပထဝီကသိုဏ်းရဲ့ အတုဖြစ်တဲ့ စိတ်ထဲမှာပေါ်နေတဲ့ Image အဲဒါကြောင့် သူ့ကို ပညတ်လို့ခေါ်တယ်၊ ကသိုဏ်းပညတ်။

အဲဒီလိုနဲ့ သူဆက်ပြီး အားထုတ်လို့ ပဉ္စမဈာန်ထိအောင် ရသွားပြီဆိုပါတော့၊ ပထမဈာန်ရတယ်၊ ဝိတက်ပယ်လိုက်တော့ ဒုတိယဈာန်ရတယ်၊ ဝိစာရပယ်လိုက်တော့ တတိယဈာန်ရတယ်၊ ပီတိပယ်လိုက်တော့ စတုတ္ထဈာန် ရတယ်၊ သုခပယ်လိုက်တော့ ပဉ္စမဈာန်ရတယ်။

ပဉ္စမဈာန်ရပြီးတဲ့နောက် သူက ဘယ်လိုအားထုတ်ရမှာတုန်းဆိုတော့ “ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကိုခွာ၍ ရအပ်သောကောင်းကင်ပညတ်ကို အာရုံပြုပြီးတော့ ဒီဈာန် (အရူပါဝစရဈာန်) ရအောင် အားထုတ်ရမယ်။ ကသိုဏ်း ၉-ပါးဆိုတာ ကသိုဏ်း ၁၀-ပါးတုန်းက အာကာသဆိုတာကို ချန်ထားတယ်၊ အာကာသဆိုတာက ကွက်လပ်ကိုး၊ Space ဆိုတော့ ဒီမှာ လုပ်မရလို့ ချန်ထားတာ။

ကောင်းပြီ ခွာတယ်ဆိုတာဘာလဲ၊ ပါဠိစကားမှာ ခွာတယ်ဆိုတဲ့ စကားလုံးကို သုံးထားတယ်၊ မြန်မာမှာလဲ ဒီအတိုင်း လိုက်သုံးထားတယ်။ ခွာတယ်ဆိုတာ ဖျာခင်းထားတာ ရုပ်လိုက်သလို ခွာတာမျိုးလား၊ သို့မဟုတ် မုန့်ဆီကြော်ကြော်တော့ ဒယ်အိုးက ခွာတာမျိုးလား၊ ဒီလိုမဟုတ်ဘူးတဲ့၊ အမှန်ကတော့ ခုနလိုကသိုဏ်းနိမိတ်ကို အာရုံပြုပြီးတော့ ဈာန်ရအောင် အားထုတ်ပြီးတဲ့နောက် အဲဒီကသိုဏ်းနိမိတ်ကို လုံးဝ အာရုံမပြုတော့တာ၊ သူ့ (ကသိုဏ်းနိမိတ်) ကို ignore လုပ်လိုက်တာ၊ အဲဒါကိုပဲ ခွာတယ် ပြောတာ၊ သူ့ (ကသိုဏ်းနိမိတ်) ကို စိတ်မဝင်စားတော့တာဆို ကြပါစို့၊ သူ့ကို မရှုတော့တာ၊ အဲဒါကို ခွာတယ်လို့ ပြောတာ၊ ခွာတယ်ဆိုတာ ပယ်လိုက်တာပဲ။

[စာမျက်နှာ-156] အဲဒီလို သူ့ (ကသိုဏ်းနိမိတ်) ကို ignore လုပ်လိုက်တဲ့ အခါကျတော့ အဲဒီနိမိတ် ပျောက်သွားတယ်၊ အဲဒီနိမိတ်နေရာမှာ ကွက်လပ်ကြီး ကျန်ခဲ့တယ်။ အဲဒီကွက်လပ်ဟာ အာကာသ၊ အာကာသဆိုတာ space။ အဲဒီကွက်လပ်ကိုမှ အာရုံပြုပြီးတော့ အာကာသအပိုင်းအခြားမရှိဘူး၊ အပိုင်းအခြားမရှိတဲ့ အာကာသ၊ အပိုင်းအခြားမရှိတဲ့ အာကာသဆိုပြီးတော့ ဒီလိုပွားများရတယ်။ အဲသလိုပွားများလို့ အောင်လာပြီဆိုတဲ့အခါကျတော့ အရူပါဝစရ ပထမဈာန်စိတ် လာဖြစ်တယ်၊ ပထမဈာန်ရတယ်။

အဲဒီတော့ အရူပါဝစရပထမဈာန်က ဘယ်ကိုအာရုံပြုသလဲမေးရင် ဘယ့်နှယ် ဖြေမလဲ၊ ကောင်းကင်ပညတ်ကို အာရုံပြုတယ်ဖြေရမယ်၊ အဲဒီကောင်းကင် ပညတ်ကလည်း ကသိုဏ်း ၉-ပါးတို့မှာ တစ်ခုခုကိုခွာပြီးတော့ ကျန်ရစ်တဲ့ ကောင်းကင် ပညတ်၊ ရိုးရိုးကောင်းကင်ပညတ်မဟုတ်ဘူး၊ ကောင်းကင်ကြီးကြည့်ပြီး ပွားများရတာ မဟုတ်ဘူး၊ ကသိုဏ်းပွားများ၊ ကသိုဏ်းနိမိတ်ကို ပျောက်အောင်လုပ်လိုက်တော့ ကသိုဏ်းနိမိတ်ပျောက်တဲ့နေရာမှာ ကျန်ရစ်တဲ့ ကွက်လပ်ကို အာရုံပြုပြီးတော့ ပွားများရတဲ့ ဘာဝနာ၊ ဒီဘာဝနာကို အမှီပြုပြီးတော့ရတဲ့ ဈာန်ကို အာကာသာနဉ္စာယတနဈာန်၊ အဲဒါပထမအရူပါဝစရစိတ်တဲ့။ အဓိပ္ပါယ်ကိုတော့ နောက်မှရှင်းမယ်၊ ပုဒ်နဲ့ သူ့အဓိပ္ပါယ်နဲ့ကို ရှင်းပြီးသားပါပါတယ်။

ကဲ... အရူပါဝစရ ပထမဈာန်ကိုရသွားပြီ၊ ရသွားပြီးရင် သူထပ်ထပ်ဝင်စားလို့ရတယ်၊ အဲဒီဈာန်တွေ ရသွားရင် အောက်ဈာန်တွေ ပျောက်လာမယ်၊ သူက အထက်တန်းကျတဲ့ ဈာန်ရတာကိုး၊ အထက်တန်းကျတဲ့ ဈာန်ရတော့ အောက်ဈာန်ကို အရေးမလုပ်တော့ဘူးပေါ့လေ။

မေး - ပထမဈာန်နဲ့ မတူဘူးပေါ့နော်။
ဖြေ - မတူဘူး၊ ဟိုက ရူပါဝစရဈာန်၊ ဒါက အရူပါဝစရဈာန်၊ တော်တော်ကြာကျရင် ဈာန်အင်္ဂါတွေပါ ပြောပြမယ်၊ ဈာန်အင်္ဂါဘယ်နှစ်ပါးရှိတယ်ဆိုတာ ပြောပြပြီးတာနဲ့ စာအုပ်ထဲဖတ်ပြီးရင် သိမှာပဲ။

ဝိညာဏဉ္စာယတနဈာန်

ကောင်းပြီ အဲသလို ပထမဈာန်ရပြီးတဲ့နောက် ဆက်လက်ပြီးတော့ သူက ရှေ့တက်ချင်လာပြန်တယ်။ ဒီထက် ကောင်းတဲ့ဈာန် ရချင်လာတယ်၊ ဒီအာကာသာနဉ္စာယတနဈာန်ဆိုတာက ရူပပဉ္စမဈာန်နဲ့ နီးတယ်၊ နီးတော့ အနှောင့်အယှက်

[စာမျက်နှာ-157] ရန်သူနဲ့ နီးတယ်၊ နီးတော့ သိပ်မဟုတ်သေးဘူး၊ သူ့ထက်သိမ်မွေ့တဲ့ ဒုတိယ အရူပါဝစရဈာန် တက်ဦးမှပဲဆိုပြီး ဒုတိယ အရူပါဝစရဈာန်ရအောင် အားထုတ်ပြန်တယ်။

အားထုတ်တဲ့ အခါကျ ဘာလုပ်ရသလဲဆိုတော့ ပထမအရူပါဝစရဈာန်စိတ်ကိုပဲ ပြန်ရှုရတယ်၊ ပထမအရူပါဝစရဈာန်ကို ဝင်စားလိုက်တယ်၊ ဝင်စားပြီးတော့ ဒီဈာန်က ထလိုက်တယ်၊ ထတယ်ဆိုတာ ဆက်မဝင်စားတော့တာ။

ထပြီးတဲ့နောက် ပထမအရူပါဝစရဈာန်စိတ်ကိုပဲ “ပထမအရူပါဝစရဈာန်စိတ်ဟာ အဆုံးအပိုင်း အခြားမရှိဘူး၊ အပိုင်းအခြားမရှိတဲ့စိတ်ပဲ၊ အပိုင်းအခြားမရှိတဲ့ စိတ်ပဲ” လို့ အထပ်ထပ် ရှုရတယ်၊ အနန္တ ဝိညာဏံ အနန္တ ဝိညာဏံလို့ပါသေးတယ်။ အဲသလိုရှုရင်းနဲ့ ဘာဝနာကမ္မဋ္ဌာန်း အောင်မြင်တဲ့အခါကျတော့ ဒုတိယ အရူပါဝစရဈာန်ပေါ်လာတော့တယ်၊ အဲဒီ ဒုတိယအရူပါဝစရဈာန်ကို ဝိညာဏဉ္စာယတနဈာန်လို့ ခေါ်တယ်၊ ဝိညာဏဉ္စာလို့ အသံထွက်ရမယ်၊ ဝိညာဏဉ္စ လို့ အသံမထွက်ရဘူး။

ဒါဖြင့် အဲဒီဝိညာဏဉ္စာယတနဈာန်က ဘယ်ကိုအာရုံပြုလဲ၊ ဘာကို အာရုံပြုလဲ၊ ပထမအရူပါဝစရစိတ်၊ ဦးဇင်းတို့ ကျမ်းဂန်စကားနဲ့ပြောရင် ပထမရုပ္ပဝိညာဉ်လို့ ခေါ်တယ်။ ဒီထဲမှာ ထည့်မရေးထားဘူး၊ ပထမအရူပါဝစရစိတ်နဲ့ ပထမရုပ္ပဝိညာဉ်လို့ပြောတာ အတူတူပဲ။ ဒါကြောင့်မို့ ဒုတိယအရူပါဝစရစိတ်က ပထမအရူပါဝစရစိတ်ကို အာရုံပြုတယ်၊ ဟုတ်ပြီနော်။

အာကိဉ္စညာယတနဈာန်

တစ်ခါ အထက်တက်ချင်ပြန်တယ်၊ သူ့ထက်ကောင်းတာရှိရင် လိုချင်သေးတာပေါ့လေ၊ သူ့ထက် သိမ်မွေ့တာရှိရင် သွားချင်တယ်၊ ဝိညာဏဉ္စာယတနဈာန်ကလည်း အာကာသာနဉ္စာယတနဈာန်နဲ့ နီးနေသေးတယ်၊ အာကာသာနဉ္စာယတနဈာန်ကလည်း ပဉ္စမဈာန်နဲ့ နီးနေသေးတယ်၊ အဲဒီတော့ ဝေးနိုင်သမျှ ဝေးအောင် ခွာမယ်ပေါ့။

ကျမ်းဂန်တွေမှာ ဘာနဲ့ ဥပမာပေးထားသလဲဆိုရင် တစ္ဆေကြောက်တတ်တဲ့ သူဟာ သစ်ငုတ်တွေလည်း တစ္ဆေထင်ပြီး ကြောက်နေတာပဲ၊ အရိပ်ကိုလည်း တစ္ဆေထင်ပြီး ကြောက်နေတာပဲ၊ ရုပ်ကို မုန်းတဲ့ ကြောက်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ရုပ်နဲ့ ပတ်သက်တာ မှန်သမျှ အကုန်လုံး မုန်းတော့ ကြောက်တော့တာပဲ၊ ရူပါဝစရစိတ်ကလည်း ရုပ်ကို အာရုံပြုတာကိုး (ပထမရုပ်ကို အာရုံပြုရတယ်၊ နောက်တော့

[စာမျက်နှာ-158] ကသိုဏ်းပညတ် အာရုံပြုရတယ်)။

အဲဒီတော့ ရုပ်နဲ့ ပတ်သက်တာမှန်ရင် သူက မကြိုက်တော့ ရူပါဝစရဈာန်က ကျော်တက်လာတယ်၊ အရူပါဝစရဈာန် ရောက်တော့လည်း ဟိုဈာန်နဲ့ နီးနေသေးတယ်၊ အိမ်နီးချင်းဖြစ်နေသေးတယ်၊ မဖြစ်သေးဘူး၊ ဝေးဝေးပြေးမှပဲဆိုပြီး အားထုတ်တာ ဝိညာဏဉ္စာယတနဈာန် ရတယ်၊ အဲဒီကနေ ရှေ့တက်ချင်သေးတယ်၊ ရှေ့တက်ချင်တော့ ဘာကို အာရုံပြုရသလဲ။

ဒုတိယအရူပါဝစရဈာန် ရလိုက်တဲ့ အချိန်မှာ ပထမ အရူပါဝစရဈာန်စိတ်က မရှိတော့ဘူး၊ ပျောက်သွားပြီ၊ စိတ်ဆိုတာ တစ်ခုထဲသာ ဖြစ်နိုင်တယ်၊ နှစ်ခုပြိုင် မဖြစ်နိုင်ဘူး။ ဒုတိယအရူပါဝစရဈာန်စိတ်ရလိုက်တဲ့အခါမှာ ပထမအရူပါဝစရဈာန် စိတ်က မရှိတော့ဘူး၊ အဲဒီ မရှိခြင်းကိုပဲ အာရုံပြုရတယ်။ (တတိယစိတ်ရအောင် အားထုတ်တဲ့ အခါကျတော့)

ဒါကြောင့်မို့ ပထမအရူပါဝစရစိတ်၏ မရှိခြင်း (မရှိခြင်းဆိုတာ ပါဠိလို့ခေါ်တော့ နတ္ထိဘောပညတ်လို့ သုံးတယ်) အဲဒီ မရှိခြင်းဆိုတာက ပရမတ္ထအားဖြင့် အကောင်အထည် ရှာရတာမဟုတ်ဘူး၊ သို့သော် ဝေါဟာရအနေနဲ့ သုံးနှုန်းထားတယ်၊ (conventionally) ခေါ်ထားတယ်။

ဒါကြောင့်မို့ ပထမ အရူပါဝစရစိတ်မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြုပြီးတော့ မရှိဘူး၊ မရှိဘူးလို့ ပွားများရတယ်၊ အဲသလို ပွားများတဲ့အခါမှာ အောင်မြင်ပြီးတော့ တတိယ အရူပါဝစရဈာန်စိတ် ဖြစ်လာတယ်။

မေး - တတိယ အရူပါဝစရဈာန်စိတ်က ဘာကိုအာရုံပြုရသလဲ။
ဖြေ - ပထမဈာန်ရဲ့ မရှိခြင်းကို အာရုံပြုရတယ်၊ ပထမဈာန်ကို အာရုံပြုတာ မဟုတ်ဘူးနော်၊ သတိထား၊ ပထမဈာန်ကို အာရုံပြုရင် သူနဲ့မဆိုင်ဘူး၊ ဒုတိယအရူပါဝစရဈာန်ဖြစ်သွားမယ်၊ သူက ပထမဈာန် မရှိတာကို အာရုံပြုတာ၊ တော်တော် ဆန်းတယ်၊ အဲဒီဈာန်တွေကျတော့ သိပ်သိမ်မွေ့တာပဲ၊ ဒုတိယဈာန်ရတဲ့ အချိန်ကျတော့ ပထမဈာန်က ပျောက်သွားပြီ၊ အဲဒီ ပျောက်သွားတဲ့ ပထမဈာန်ရဲ့ မရှိခြင်းကိုပဲ အာရုံပြုတယ်၊ မရှိတာကို အာရုံပြုနိုင်တဲ့စိတ်ဆိုတာတော်တော်ကို အထက်တန်းကျပြီး သိမ်မွေ့တဲ့စိတ်ပဲ၊ ရှိတာတောင်မှ အာရုံပြုဖို့ သိပ်လွယ်တာ မဟုတ်ဘူး၊ ကမ္မဋ္ဌာန်း ထိုင်တဲ့အခါကျ ရှိတာတွေအာရုံပြုတာကိုပဲ မငြိမ်နိုင်လို့ စိတ်ကဟိုရောက် ဒီရောက်နဲ့၊ အခု မရှိတာကြီး အာရုံပြုနိုင်တယ်၊ အဲဒီစိတ်ကို ပါဠိလို ဘာလို့ ခေါ်သလဲ၊ အာကိဉ္စ...

[စာမျက်နှာ-159]
အဘိဓမ္မာသင်တန်း (၇)

အရူပါဝစရစိတ် ၁၂-ပါး

ဒီနေ့ စက်တင်ဘာလ (၁၅) ရက်၊ လွန်ခဲ့တဲ့ အပတ်က ရူပါဝစရစိတ်ကို လေ့လာခဲ့ကြတယ်၊ အဲဒီရူပါဝစရစိတ်ကို (Higher consciousness) လို့ ပြောခဲ့တယ်၊ အခုခေတ်က (Higher consciousness) ခေတ်စားနေတယ်၊ သူတို့ ကလည်း ဘာတွေမှန်းလဲမသိဘူး၊ သူတို့ကိုယ်သူတို့ (Higher consciousness) လုပ်နေတယ်။

အဲဒီတော့ ပထမအကုသိုလ်စိတ်ကစပြီးလာခဲ့တာ၊ အကုသိုလ်စိတ်၊ အဟိတ်စိတ်၊ ကာမာဝစရသောဘနစိတ်၊ အကုသိုလ်စိတ်-၁၂၊ အဟိတ်စိတ် ၁၈၊ ကာမာဝစရသောဘနစိတ်-၂၄၊ အားလုံးပေါင်း ၅၄၊ အဲဒီ ၅၄ ကို ကာမာဝစရစိတ်လို့ခေါ်တယ်။

ကာမာဝစရစိတ်ဆိုတာ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ ရနိုင်တဲ့စိတ်မျိုး၊ သာမန်ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ဖြစ်နိုင်တဲ့စိတ်မျိုး၊ အကုသိုလ်စိတ် ၁၂-ဆိုတာ သာမန် ပုဂ္ဂိုလ်တွေ့ရဲ့ သန္တာန်မှာဖြစ်တယ်၊ အဟိတ်စိတ်တွေဆိုတာ ဖြစ်တယ်၊ ကာမာဝစရစိတ်တွေလည်း ရိုးရိုးပုဂ္ဂိုလ်တွေမှာ ဖြစ်တယ်၊ ရိုးရိုးပုဂ္ဂိုလ်ဆိုတာ ဒီနေရာမှာ ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေကို ဆိုလိုတာ။

[စာမျက်နှာ-160] ညာယတနစိတ်။

အဲဒီ အာကိဉ္စညာယတနစိတ်ဆိုတာ မြတ်စွာဘုရားလောင်း တောထွက်ပြီးနောက် အာဠာရ ရသေ့ကြီးထံမှာ သွားပြီး တပည့်ခံတဲ့အခါမှာ ဒီဈာန်ထိအောင် ရသေ့ကြီးက ဘုရားလောင်းကို ညွှန်ပြပေးနိုင်လို့ ဘုရားလောင်း အဲဒီအချိန်မှာ ဒီဈာန်ရခဲ့တယ်။

ရသေ့ကြီးက အဲဒီဈာန်ထိအောင်တော့ ပြနိုင်တယ်၊ အဲဒါပြပြီးနောက်တော့ ဘုရားလောင်းက သွားမေးတယ်၊ “ဆရာ ဒါပဲလား၊ နောက်ထပ် မရှိတော့ဘူးလား။” “အေး ငါသိတာ ဒါပဲ၊ ငါသိသလောက် မင်းသိတယ်၊ မင်းသိတာနဲ့ ငါသိတာ အတူတူပဲ၊ အဲဒီတော့ မင်းနဲ့ငါနဲ့ အတူတူ ဒီတပည့်တွေကို အုပ်ချုပ်သွားရအောင်” လို့ အာဠာရ ရသေ့ကြီးက ဘုရားလောင်းကို တန်းတူထားပြီး ချီးမြှောက်တာ။

ဒါပေမယ့် ဘုရားလောင်းက မလိုချင်ဘူး၊ လက်မခံဘူး၊ သူလိုချင်တာက ဒုက္ခ ချုပ်ငြိမ်းတဲ့ နည်းလမ်းကို လိုချင်တာကိုး၊ အဲဒါနဲ့ အဲဒီမှာမနေပဲ ထွက်လာခဲ့တယ်၊ နောက် ဆရာကြီး တစ်ယောက်ထံ ရောက်တယ်။ အဲဒီ အာဠာရရသေ့ကြီးထံမှာ ဘုရားလောင်း ရခဲ့တဲ့ဈာန်က တတိယ အရူပါဝစရဈာန်၊ အာကိဉ္စညာယတန ဈာန်ကို ရခဲ့တယ်။

နေဝသညာနာသညာယတနဈာန်

ကောင်းပြီ၊ ရှေ့တက်ဦးမယ်၊ ရှေ့တက်ဦးမယ်ဆိုတော့ ဘာကို အာရုံပြုပြီး ကမ္မဋ္ဌာန်း စီးဖြန်းရမလဲ၊ ကမ္မဋ္ဌာန်း စီးဖြန်းတယ်ဆိုတာ ပြုစရာ အာရုံတစ်ခုခုတော့ ရှိရတာပဲ၊ ဒီကျတော့ ဘာကိုအာရုံပြုရမလဲ၊ အဲဒီတတိယအရူပါဝစရစိတ်ကို အာရုံပြုရမယ်၊ အာကိဉ္စညာယတနစိတ်ကိုပဲ အာရုံပြုပြီးတော့ သန္တ မေတံ ပဏီတ မေတံလို့ ပါဠိလိုခေါ်တယ်၊ ဒီစိတ်ဟာ တကယ်သိမ်မွေ့ပါပေတယ်၊ တကယ် ကောင်းပါပေတယ်လို့ ဒီလို အထပ်ထပ် ပွားရမယ်။

ဒီစိတ်ဟာ ကောင်းလိုက်တာ၊ ဒီစိတ်ဟာသိမ်မွေ့လိုက်တာ၊ ဒီစိတ်ဟာမွန်မြတ်လိုက်တာ၊ ဒီလို ပွားများရတယ်၊ ဒီလို ပွားများတဲ့အခါကျတော့ နီဝရဏတွေ ကင်း၊ စိတ်တွေငြိမ်၊ အောင်မြင်မှုရတဲ့အခါကျတော့ စတုတ္ထအရူပါဝစရဈာန်စိတ် ဖြစ်တယ်။

အဲဒီ စတုတ္ထ အရူပါဝစရဈာန်စိတ်ဖြစ်တော့လည်း စတုတ္ထအရူပါဝစရဈာန်စိတ်က ဘာကိုအာရုံပြုသလဲ၊ တတိယအရူပါဝစရစိတ်ကို အာရုံပြုတယ်၊ သို့မဟုတ် အာကိဉ္စညာယတနစိတ်ကို အာရုံပြုတယ်၊ ဒါဟာ သူ့အာရုံနဲ့ သွားတာ။ အဲဒီတော့ ဒီနေရာမှာ အမေးလေးတွေ ရှိလာတယ်၊ ဒါလေးကောင်းလိုက်တာ၊

[စာမျက်နှာ-161] ဒါလေးကောင်းလိုက်တာဆိုရင် ဒါလေး လိုချင်တာ မဟုတ်ဘူးလားတဲ့၊ ဒါလေးကို ဘယ်လို လုပ်ကျော်သလဲ၊ ဒါလေးကို ဘယ်လိုလုပ် လွန်မြောက်သွားသလဲတဲ့၊ ဒါလေးကောင်းလိုက်တာပြောရင် ဒါလေး မက်မောနေမယ် မဟုတ်ဘူးလားတဲ့။

ဒါကို အဖြေကလည်း ကျမ်းဂန်ထဲမှာ ရှိတယ်၊ အလွန်ကောင်းတယ်၊ ဘာနဲ့ တူသလဲဆိုရင် ရှင်ဘုရင်ကို ဆင်စွယ် အရုပ်ကလေးတစ်ခုဆက်သတယ်၊ ရှင်ဘုရင်က ကြည့်လိုက်ပြီး ဒီဆင်စွယ်ပန်းပုထုတဲ့ သူကို အကျအနချီးမွမ်းတယ်။

“တော်ပါပေတယ်၊ ဒီလောက် အနုစိတ်ထုတတ်ပါပေတယ်၊ တော်ပါပေတယ်၊ တော်ပါပေတယ်” လို့ ပြောတယ်၊ တော်ပါပေတယ်လို့ ပြောတဲ့ ဘုရင်ဟာ သူကိုယ်တိုင်ကော ထုတဲ့သူဖြစ်ချင်သလား၊ မဖြစ်ချင်ဘူး၊ ချီးမွမ်းတာကတော့ ချီးမွမ်းတာပဲ၊ သူကိုယ်တိုင် ပန်းပုထုတဲ့သူ မဖြစ်ချင်ဘူး။

ထို့အတူပဲ၊ ယောဂီပုဂ္ဂိုလ်က ဒီတတိယစိတ်ဟာကောင်းပါပေတယ်၊ ကောင်းပါပေတယ်၊ ကောင်းတယ်ဆိုတာက သိမ်မွေ့တယ်၊ ထူးမြတ်တယ်၊ ဘာကြောင့်ထူးမြတ်သလဲ၊ မရှိတာတောင် အာရုံပြုနိုင်လို့၊ အရှိမဟုတ်ဘူး၊ မရှိဘူးဆိုတဲ့ နတ္ထိဘောပညတ်ဆိုတာကြီးကို အာရုံပြုနိုင်လို့ ကောင်းပါပေတယ်၊ တော်ပါပေတယ်လို့ ချီးမွမ်းတယ်။ ဒါပေမယ်လို့ ဒီဟာကို သူမလိုချင်ဘူးတဲ့၊ အဲသလိုလာတာ၊ သူ့ဟာသူ အဖုံးအပိတ် အဆိုနဲ့ အကုန်ရှိပြီးသား။

အဲဒီလို လေ့လာလိုက်တော့ အောင်မြင်သွားတော့ စတုတ္ထ အရူပါဝစရဈာန်စိတ်ကိုရသွားပြီ၊ အဲဒီ စတုတ္ထအရူပါဝစရဈာန်စိတ်ကို ဘယ်လိုခေါ်သလဲ၊ နေဝသညာနာသညာယတနစိတ်။

ကဲ... ပြန်ဆိုပါဦး ပထမစိတ်ကို ဘယ်လို ခေါ်သလဲ။
- အာကာသာနဉ္စာယတနစိတ်
- ဒုတိယစိတ်ကို - ဝိညာဏဉ္စာယတနစိတ်
- တတိယစိတ်ကို - အာကိဉ္စညာယတနစိတ်
- စတုတ္ထစိတ်ကို - နေဝသညာနာသညာယတနစိတ်၊ ၄-မျိုးဟုတ်ပြီလား၊ မြန်မာလို အဓိပ္ပါယ်က ဘာတဲ့တုန်း။

အာကာသာနဉ္စာယတနစိတ်ဆိုတာ အဆုံးမရှိသောကောင်းကင် ပညတ်ကို အာရုံပြုသော ဈာန်နှင့်ယှဉ်သောစိတ်။

စာထဲပါတဲ့အတိုင်းပြောရတာ၊ ရှေ့က ရှိသေးတယ်၊ ရှည်မှာစိုးလို့ မထည့်တာ။ အာကာသကြဉ်သော ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်

[စာမျက်နှာ-162] သော (ခွာရပါသေးတယ်) အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုသော။

စာစကားနဲ့ကျတော့ ကောင်းကင်ပညတ်လျှင် အာရုံရှိသော - အဆုံး အပိုင်း အခြားမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုသောဈာန်နှင့် ယှဉ်သောစိတ်ကို အာကာသာနဉ္စာယတနစိတ်လို့ ခေါ်တယ်။

ဟိုနေ့က ပြောခဲ့တဲ့ ဈာန်အင်္ဂါရယ်၊ ဈာန်ရယ်၊ ဈာန်စိတ်ရယ် မှတ်မိကြရဲ့လား။

ဈာန်အင်္ဂါဆိုတာဘာလဲ၊ အသီးအသီးသော အင်္ဂါတစ်ခုတစ်ခုစီကို ဈာန်အင်္ဂါ ခေါ်တယ်၊ ဝိတက်ကို ဈာန်အင်္ဂါခေါ်တယ်၊ ဝိစာရကို ဈာန်အင်္ဂါခေါ်တယ်။

ဈာန်ဆိုတာ အဲဒီ ၅-ခု၊ ၄-ခု၊ ၃-ခု၊ ၂-ခု အပေါင်းကို ဈာန် ခေါ်တယ်။ ဈာန်လို့ ပြောလိုက်ရင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ၅-ပါးစသည်ဖြင့် ရှိတယ်။

ဈာန်စိတ်ဆိုတာ အဲဒီဈာန်အင်္ဂါတွေနဲ့ယှဉ်တဲ့စိတ် ဈာန်အင်္ဂါတွေနဲ့ အတူတကွ ဖြစ်တဲ့စိတ်ကို ဈာန်စိတ်လို့ခေါ်တယ်၊ အခု ဒီမှာ ဦးဇင်းတို့က စိတ် လေ့လာနေတာ ဆိုတော့ စိတ်ဖြစ်အောင် ပြောရတာ၊ အဲဒီစိတ်ဟာ ဈာန်နဲ့ယှဉ်တဲ့စိတ်၊ အဲဒီဈာန်ဟာ အာကာသာနဉ္စာယတနဈာန်၊ သို့မဟုတ် အဆုံးမရှိသောကောင်းကင် ပညတ်ကို အာရုံပြုပြီးတော့ ဖြစ်တဲ့ဈာန်ရှိတယ်၊ အဲဒီဈာန်နဲ့အတူ ယှဉ်တွဲပြီးတော့ ဖြစ်တဲ့စိတ်၊ အာကာသာနဉ္စာယတနဈာန်စိတ်။

ဒီနေရာမှာ ဦးဇင်းတို့က ကုသိုလ်စိတ်ကိုပဲ လေ့လာနေသေးတဲ့အတွက်ကြောင့် ကုသိုလ်စိတ်ပေါ့၊ ဒါကြောင့်မို့ အာကာသာနဉ္စာယတနဈာန်စိတ်ကိုရအောင် အားထုတ်ချင်ရင်၊ ဘာကို အာရုံပြုပြီးတော့ ကမ္မဋ္ဌာန်း စီးဖြန်းရမလဲဆိုရင် အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုပြီး စီးဖြန်းရမယ်။

အဲဒီကောင်းကင်ပညတ်က ဘယ်ကရတာတုန်း၊ ကသိုဏ်း ၉-ပါးမှာ တစ်ပါးပါးကို ခွာပြီးတော့ရတဲ့ ကောင်းကင်ပညတ်၊ အာကာသပညတ်၊ သူက ပညတ်၊ ပရမတ် မဟုတ်ဘူး။

ဝိညာဏဉ္စာယတနစိတ်ကို မြန်မာလို ဘယ်လိုပြန်တုန်းဆိုရင် အဆုံးမရှိသော ပထမအရူပါဝစရစိတ်ကို အာရုံပြုသောဈာန်နှင့် ယှဉ်သောစိတ်၊ ဝိညာဏဆိုတာ ဒီနေရာမှာ စိတ်ကို ခေါ်တယ်၊ စိတ်ဆိုတာလည်း ပထမအရူပါဝစရစိတ်ကိုဆိုလိုတယ်။ နောက်ကို ဆက်ထားတဲ့ အာနဉ္စာလေးနဲ့ ဝိညာဏဉ္စာဆိုတာက အဆုံးမရှိတဲ့ ပထမအရူပါဝစရစိတ်ဆိုတာ သူကိုယ်တိုင်က အဆုံးမရှိတဲ့အာရုံကို အာရုံပြု

[စာမျက်နှာ-163] ထားတာကိုး၊ ကောင်းကင်ပညတ်ကြီးကို အာရုံပြုထားတော့ သူလည်းပဲ အဆုံး မရှိဘူးဆိုရတာပေါ့။

ဒါကြောင့်မို့ ဝိညာဏဉ္စာယတနစိတ်ဆိုတာ အဆုံးမရှိသော ပထမအရူပါဝစရစိတ်ကို အာရုံပြုသောဈာန်နှင့်ယှဉ်သောစိတ်။

တတိယစိတ်က အာကိဉ္စညာယတနစိတ်၊ မြန်မာလိုအဓိပ္ပါယ်က ပထမ အရူပါဝစရစိတ်၏မရှိခြင်း (နတ္ထိဘော) ပညတ်ကို အာရုံပြုသောဈာန်နှင့်ယှဉ်သောစိတ်။

သူ့ကျတော့ မရှိခြင်းကိုအာရုံပြုတယ်၊ မရှိခြင်းဆိုတာပရမတ်လား၊ ပညတ်လားမေးရင် ပညတ်ပေါ့၊ မရှိခြင်းဆိုတာ ဘယ်မှာ ပရမတ်ဟုတ်မလဲ၊ ပရမတ်ဆိုတာ ဥပါဒ်၊ ဌီ၊ ဘင်လို အရှိတရား၊ သို့မဟုတ် နိဗ္ဗာန်လို တစ်မျိုး အရှိတရားဖြစ်ရမယ်၊ အခု ဘာမှ မရှိဘူးဆိုတာက စိတ်ထဲမှာသာ စဉ်းစားလို့ရတယ်၊ ဘာမှ အကောင်အထည်နဲ့ ပြလို့ရတာ မဟုတ်တဲ့အတွက် ပညတ်လို့ခေါ်တယ်၊ ပါဠိလို နတ္ထိ၊ နတ္ထိဘောပညတ်လို့ ဒီလိုပဲသုံးတယ်။

နတ္ထိဆိုတာ မရှိ၊ ဘာဝဆိုတာအဖြစ် ဘောနဲ့ဘာဝ အတူတူပဲ၊ နတ္ထိဆိုတာ မရှိ ဘောဆိုတာခြင်း နတ္ထိဘောဆိုတာ မရှိခြင်း၊ မရှိခြင်းဆိုတာလည်း သာမန်စိတ်ရဲ့ မရှိခြင်း မဟုတ်ဘူး၊ ပထမအရူပါဝစရစိတ်ရဲ့ မရှိခြင်း။

ဒုတိယစိတ်ကို ရလိုက်တယ်ဆိုရင်ပဲ ပထမစိတ်ကမရှိဘူး၊ အဲဒီ မရှိတဲ့ ပထမစိတ်ကိုပဲအာရုံပြုပြီးတော့ ကမ္မဋ္ဌာန်းအာရုံအဖြစ်နဲ့ တရားအားထုတ်လို့ ရတဲ့ဈာန်ကို အာကိဉ္စညာယတနဈာန်၊ အဲဒီဈာန်နဲ့ ယှဉ်တဲ့စိတ်ကို အာကိဉ္စညာယတနဈာန်စိတ်။

နောက်ဆုံးဟာက ချာချာလည်တာ၊ “ရုန့်ရင်းသောသညာကားမရှိ၊ သိမ်မွေ့သောသညာမရှိသည် မဟုတ်သော မနာယတန၊ ဓမ္မာယတန၌ပါဝင်သော (စာစကားနဲ့ ပြောလျှင်) အကျုံးဝင်သောစိတ်။"

ရုန့်ရင်းသောဆိုတာ ကြမ်းတမ်းတာ မြင်ဖို့လွယ်တာ၊ သိလွယ်တာကို ရုန့်ရင်းတယ်လို့ စာမှာသုံးတယ်၊ ကြမ်းတမ်းတယ်လို့လည်း သုံးနိုင်တယ်၊ ဒါပေမယ့် ဒီကြမ်းတမ်းတာက ရုပ်ဝတ္ထု ကြမ်းတမ်းတာမျိုး မဟုတ်ဘူးပေါ့။ မြင်လွယ်တာကိုပဲ ကြမ်းတမ်းတယ်လို့သုံးတယ်။

ရုန့်ရင်းသောသညာကားမရှိ၊ ဒီစိတ်ရောက်လာတဲ့အခါ ဒီနေရာမှာ သညာဆိုတာ အတိအကျသညာ စေတသိက်လို့ မဆိုလိုဘူး၊ နာမ်သဘောကိုပဲ ဆိုလိုတယ်။ အာရုံကို သိတတ်တဲ့နာမ်သဘောကိုပဲ သညာဆိုတဲ့ နာမည်နဲ့ မြတ်စွာဘုရား ဟောထားတယ်။

[စာမျက်နှာ-164] ဒါကြောင့်မို့ သုတ္တန်တွေဖတ်တဲ့အခါ သညာ၊ သညာနဲ့တွေ့လာရင် သတိထားရမယ်၊ အဲသလို သညာဟာ မှတ်တတ်တဲ့ သညာ စေတသိက်တစ်ခုထဲကို ဆိုလိုတာ မဟုတ်ဘူး၊ နာမ်တရားအားလုံးကိုပဲ သညာလို့ခေါ်လိုက်တာ၊ ရုန့်ရင်းသော သညာကား မရှိဆိုတာက ကြမ်းတမ်းသော အသိမျိုး ဒီဈာန်မှာ မရှိဘူး၊ သိပ်သိမ်မွေ့သွားပြီ။

သိမ်မွေ့သော သညာမရှိသည် မဟုတ်သောဆိုတော့ မရှိတာ မဟုတ်ရင် ရှိတယ်၊ အလွန်သိမ်သိမ်မွေ့မွေ့လေးတော့ ရှိတယ်၊ အဲဒီတော့ ဒီဈာန်ကို ကြည့်လိုက်ရင် သညာမရှိဘူးလို့ ပြောရလောက်အောင် သိမ်မွေ့နေတယ်။

ဒါပေမယ်လို့ တကယ်ကတော့ အလွန်သိမ်မွေ့တဲ့ သညာဆိုတဲ့ အာရုံသိမှုလေး ကတော့ရှိနေတယ်၊ အဲဒီလိုဖြစ်တဲ့ ဈာန်နဲ့ယှဉ်တဲ့စိတ်ကို နေဝသညာနာသညာယတနဈာန်စိတ်လို့ ခေါ်တယ်။

ဒီနေရာမှာ ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာမရှိသည်မဟုတ်တဲ့ ဈာန်စိတ်နဲ့ ဈာန်ဟာ မနာယတန၊ ဓမ္မာယတနထဲမှာ အကျုံးဝင်တယ်၊ ပါဝင်တယ်။ ဒါက ဒီနေရာမှာမသိနိုင်သေးဘူး၊ သတ္တမပိုင်းကျတော့ အာယတန(၁၂)ပါးဆိုတာ ပြလိမ့်မယ်၊ အဲဒီ အာယတန ၁၂-ပါးထဲမှာ မနာယတနဆိုတာပါတယ်၊ ဓမ္မာယတနဆိုတာပါတယ်။

မနာယတနဆိုတာစိတ်တွေကိုခေါ်တာ၊ ဓမ္မာယတနဆိုတာကတော့ စေတသိက်တချို့ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ်ကို ခေါ်တာ။ မနာယတန၊ ဓမ္မာယတနထဲမှာအကျုံးဝင်တယ်ဆိုတာက ပါဠိထဲမှာ အာယတနထဲမှာ ပါလို့ပြောရတာ၊ ဒါကို အခုလောလောဆယ် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အရေးမကြီးဘူး။

အရေးကြီးတာက ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာကား မရှိသည် မဟုတ်သော ဈာန်စိတ်၊ ဒါပဲ၊ အဲဒီတော့ ဒီဈာန်ရသွားရင် အသိရှိမှ ရှိသေးရဲ့လားလို့ ထင်ရလောက်အောင် သိမ်မွေ့တာကို ဆိုလိုတာ၊ ဒီပုဂ္ဂိုလ်ဟာ အသိစိတ်မှ ရှိသေးရဲ့လား၊ အဲသလောက် ပြောရမလောက်ပဲ၊ သူ့ဟာသူတောင်မှ မနည်းသိအောင်လုပ်ယူရမှာမျိုး၊ ဒါကြောင့် ရုန့်ရင်းသော သညာကားမရှိ၊ သိမ်မွေ့သော သညာကားမရှိသည် မဟုတ်တဲ့ ဈာန်နဲ့ ယှဉ်သောစိတ်။

အဲဒီတော့ ရှိတော့ရှိနေတယ်၊ အလွန်သိမ်မွေ့တဲ့ ဈာန်စိတ်တော့ ရှိနေတယ်၊

[စာမျက်နှာ-165] ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ဆရာတပည့်နှစ်ယောက် ခရီးသွားကြတယ်တဲ့၊ သွားတော့ ကိုရင်က ရှေ့ကသွားတယ်၊ ဆရာဘုန်းကြီးက နောက်ကလိုက်တော့ ရှေ့နားကျတော့ ကိုရင်က လမ်းမှာ ရေတွင်းတွေ့တယ်။

လမ်းမှာ ရေတွင်းတွေ့တော့ ကိုရင်က ဘုန်းကြီးကို လျှောက်တယ်၊ “အရှင်ဘုရား ရှေ့မှာ ရေရှိနေပါတယ်ဘုရား။”

အဲသလို ရေရှိနေတယ်ဆိုတာသိတော့ ဘုန်းကြီးက ရေချိုးချင်လာတယ်။ ရေချိုးချင်လာတော့ “ဟဲ ရေလဲ သင်းပိုင်ပေးစမ်း” လို့ တောင်းလိုက်တယ်၊ ရေလဲ သင်းပိုင်တောင်းလိုက်မှ ကိုရင်က “ရေမရှိပါဘုရား” လို့ လျှောက်လိုက်တယ်။ “ခုနကရေရှိတယ် လျှောက်တယ်၊ အခုတော့ ရေမရှိပါ ဘုရားလို့ လျှောက်တယ်။”

ဒီမှာလည်း ဒီအတိုင်းပဲ၊ သညာရှိတာလည်းဟုတ်တယ် သညာမရှိတာလည်း ဟုတ်တယ်၊ ခုန ရေရှိပါတယ်ဘုရားဆိုတာက ဖြတ်သွားရင် ခြေထောက်ရေစိုမယ်၊ ဖိနပ် ရေစိုကုန်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရေလေးနည်းနည်းရှိတာကို ဆိုလိုတာပေါ့။

ဆရာဘုန်းကြီးက ရေချိုးဖို့ တောင်းလိုက်တဲ့အခါကျတော့ မရှိဘူး ပြောလိုက်တာပေါ့၊ အဲဒါမျိုးလိုပဲ၊ ရုန့်ရင်းတဲ့ သိလွယ်တဲ့သညာမရှိဘူး၊ သို့သော် သိမ်မွေ့တဲ့ သညာရှိနေသေးတယ်၊ ဒီဈာန်ဟာ ရှိသမျှဈာန်ထဲမှာ နံပါတ်တစ် ထိပ်တန်းအကျဆုံး ဈာန်ပဲ၊ ဒီထက်သိမ်မွေ့တဲ့ ဈာန်ရယ်လို့ မရှိတော့ဘူး။

မြတ်စွာဘုရားက ချမ်းသာအမျိုးမျိုးကိုဟောတဲ့ အခါကျတော့ ပထမ ဆိုပါတော့ ကာမဂုဏ် အာရုံခံစားတဲ့ ချမ်းသာမျိုးလည်း ရှိတယ်ပေါ့လေ၊ အဲဒီ ချမ်းသာကနေ အဲဒီချမ်းသာတွေ မပါပဲနဲ့ပထမဈာန် ချမ်းသာရှိတယ်၊ အဲဒီထက်ကောင်းတာက ဒုတိယဈာန် ချမ်းသာနဲ့ အဲသလို ဟောလာလိုက်တာ ဒီဈာန်ကျတော့ အမြင့်ဆုံး ဖြစ်သွားတယ်။

ဒီဈာန်ဟာ လောကီချမ်းသာထဲမှာဖြင့်ရင် နံပါတ်တစ် ချမ်းသာ၊ ဒီနံပါတ်တစ် ချမ်းသာကိုတောင်မှ မြတ်စွာဘုရားက တကယ့်တကယ်ကျတော့ သင်္ခါရ ဒုက္ခတဲ့၊ သူလည်း ဆင်းရဲမှုရှိသေးတာပဲ၊ သူလည်း မမြဲဘူး၊ တစ်ကြိမ်မှာ ချုပ်ပျောက်သွားရသေးတယ်၊ အဲသလို မမြဲတဲ့အတွက်ကြောင့်မို့ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံရတာကြောင့် သူလိုဟာတောင်မှ ဒီလောက်သိမ်မွေ့တဲ့ သုခကိုတောင်မှ မြတ်စွာဘုရားက ချမ်းသာအစစ် အမှန်လို့ မဟောသေးဘူးပေါ့၊ နိဗ္ဗာန်ချမ်းသာမှ ချမ်းသာအစစ်လို့ ဟောတော်မူတယ်။

အဲသလို မြတ်စွာဘုရားက ချမ်းသာမှု အဆင့်ဆင့်ကို ကိုယ်တိုင် အကုန်လုံး၊

[စာမျက်နှာ-166] ခံစားဖူးလာပြီးပြီ၊ နောက်ဆုံး နိဗ္ဗာန်ချမ်းသာထိအောင် သိပြီးတဲ့နောက်မှ တရားဟောတဲ့အခါကျတော့ ဘယ်လိုလုပ်ပြီး ကာမဂုဏ်ချမ်းသာလေးကို အထင်ကြီးနိုင်မလဲ၊ ဒီချမ်းသာက ကောင်းတဲ့ချမ်းသာပါပဲ၊ အလိုရှိထိုက်တဲ့ ချမ်းသာပါပဲ၊ လို့ မြတ်စွာဘုရား ဘယ်လိုလုပ် ဟောမလဲ။

ဒါကြောင့် ဘယ်အခါမဆို မြတ်စွာဘုရားက ကာမဂုဏ်ရဲ့ အပြစ်ကို ပြောပြီး ဟောတာချည်းပဲ မဟုတ်လား။ အဲဒီတော့ အခုခေတ်လူတွေက အထူးသဖြင့် ဒီနိုင်ငံကလူတွေက မကြိုက်ကြဘူး၊ ဘာဖြစ်လို့လဲဆို I want to enjoy life ဒါက သူတို့ အမြဲတမ်း ပြောလေ့ရှိတယ်၊ ဘဝလည်း enjoy မလုပ်ရဘူးလားနဲ့ပေါ့၊ ဘုရားက ဒါတွေ enjoy မလုပ်ရဘူး ဟောတယ်ဆိုတော့ မကြိုက်ဘူး။

ဦးဇင်းကတော့ပြောတယ်၊ အဲဒါကတော့ မြန်မြန်ဝေဖန်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ (Spiritual level) ကို ထုတ်ပြရာ ရောက်လိမ့်မယ်လို့ ဦးဇင်းက ဥပမာပေးတယ်။

ထမင်းငတ်နေတဲ့ သူဆိုပါတော့၊ ညနေစာ ဝယ်စားစရာမရှိတဲ့သူ၊ အဲဒီသူ အဖို့ ငွေတစ်ရာဆိုရင် အများကြီးဖြစ်နေတယ်၊ အဲဒီသူကပဲ တစ်ချိန်ကျတော့ အလုပ်လေးဘာလေး ရှိသွားပြီဆိုပါတော့၊ အလုပ်အကိုင်လေးဖြစ်သွားတော့ သူ့အဖို့ ငွေတစ်ရာဟာ မများတော့ဘူး၊ ငွေတစ်ထောင်ဆို များချင်များဦးမယ် ဆိုပါတော့။

ဒီထက် ကြီးပွားလာတဲ့အခါကျတော့ တစ်သောင်းလည်း သူ့အဖို့ မများတော့ဘူး၊ တစ်နေ့တော့ မီလျံနာဖြစ်သွားပြီတဲ့၊ တစ်သိန်းလည်း သူ့အဖို့မဟုတ်ပြန်ဘူး၊ ဘီလျံနာ ဖြစ်သွားတော့ မီလျံတောင် သူက သိပ်မဟုတ်ပြန်ဘူး။ အဲဒီတော့ ဘီလျံနာ တစ်ယောက်က ငွေတစ်ရာဟာ အလကားပါကွာလို့ ပြောမယ်၊ စားစရာမရှိတဲ့အကောင်က ဒီကောင်ကဘာဖြစ်လို့ ငွေတစ်ရာကိုမများဘူး ပြောရသလဲ၊ ငါ့အဖို့တော့ အများကြီးပြောရင် သူ့အဆင့်အတန်းက ဘာလဲ၊ အောက်ဆုံးအဆင့်အတန်း၊ အဲဒါ ပြောတာ။

ဘုရားက ဒါကို ဒုက္ခလို့ ပြောတာမကြိုက်ဘူးဆိုရင် မင်းအဆင့်အတန်းကို မင်းဘာသာ ပြန်စဉ်းစားကြည့်၊ ဘုရားက တကယ့်အမြင့်ဆုံးချမ်းသာကို မြင်ထားတော့ အောက်က ချမ်းသာတွေကို ဘယ်မှာ ချီးမွမ်းနိုင်မလဲ၊ အဲဒီအတိုင်းပဲ။

ဒါကြောင့် လောကချမ်းသာမှာတော့ ဒီစတုတ္ထအရူပါဝစရဈာန်ဟာ နံပါတ်တစ်ပဲ၊ သူ့ထက် လွန်မြတ်တဲ့ ချမ်းသာရယ်လို့ မရှိတော့ဘူး။

[စာမျက်နှာ-167] မေး - အရှင်ဘုရား၊ ဘုရားလောင်းက အာဠာရရသေ့ဆီ သွားတယ်၊ နောက်တစ်ပါး ဆီသွားတော့ ရတဲ့ဈာန်ဟာ ဒီဈာန်လား။
ဖြေ - အေး၊ ဟုတ်တယ်၊ ဒီဈာန်ပဲ၊ နောက်ရသေ့က ဥဒကတဲ့၊ စာတွေထဲမှာ ဖတ်ကြည့်တော့ ဥဒကရသေ့ဟာ ဒီဈာန်ကို သူကိုယ်တိုင်ရတာမဟုတ်ဘူး၊ သူ့အဖေဆီက ဒီဈာန်သဘောကို ကြားဖူးထားတာ၊ အဲဒီတော့ ဘုရားလောင်း ရောက်လာတဲ့အခါ သူက နည်းလမ်းပေးလိုက်တာ၊ သူကိုယ်တိုင်ရတာ မဟုတ်ဘူး၊ ဘုရားလောင်းက အားထုတ်တော့ ရသွားတယ်၊ အဲဒါကြောင့်မို့ ပြောတဲ့စကား လေးတွေ နည်းနည်းကွာတယ်၊ အာဠာရရသေ့ကျတော့ ငါသိတာ မင်းသိတယ်၊ မင်းသိတာ ငါသိတယ်လို့ ပြောတယ်၊ ဒီကျတော့ မဟုတ်ဘူး၊ ဥဒက ရသေ့ကတော့ ရာမရဲ့ သားဆိုတော့ ရာမသိတာ မင်းသိတယ်၊ မင်းသိတာ ရာမသိတယ်၊ အဲဒီလို ပြောတဲ့စကားလေးတွေ ထောက်ကြည့်ရတယ်၊ အဲဒါ ထောက်ကြည့်တဲ့အခါကျတော့ ဥဒကရသေ့ ကိုယ်တိုင် စတုတ္ထအရူပါဝစရဈာန်ရတာမဟုတ်ဘူး၊ သို့သော် ဒီနည်းတော့ သူ့အဖေဆီက ကြားဖူးထားတယ်၊ သိထားတယ် ဆိုပါတော့။

ဒါကြောင့် ဥဒကရသေ့ထံမှာ နည်းခံလို့ရတာက စတုတ္ထအရူပါဝစရ ဈာန်၊ နေဝသညာနာသညာယတနဈာန်၊ ဒါကိုလည်းပဲ ဘုရားလောင်းက လမ်းဆုံးရောက်ပြီလို့ မယူဆဘူး၊ ဒီနည်းဟာ ကိုယ့်ကိုကိုယ် ချမ်းသာတာတော့ ဟုတ်တယ်၊ ကိလေသာလုံးဝကင်းအောင် တတ်နိုင်တဲ့နည်း မဟုတ်သေးဘူး၊ သတ္တဝါတွေကို ကယ်နိုင်တဲ့နည်း မဟုတ်သေးဘူးဆိုပြီးတော့ သူ့ဆီက ထွက်ခဲ့ပြီး တစ်ပါးတည်း တောထဲမှာ သွားပြီးတော့ ကျင့်တယ်။

ကံများဆိုးချင်တော့ အဲဒီလို တစ်ပါးတည်း တောထဲသွားကျင့်တာဟာ အမှားကြီး ကျင့်မိနေတယ်၊ ဒုက္ကရစရိယကျင့်တယ်ဆိုတာ ဦးဇင်းတို့ကတော့ သိပ် အထင်ကြီးပြီးတော့ မြတ်စွာဘုရား ဒုက္ကရစရိယကျင့်တယ်လို့ အားရပါးရ ပြောလေ့ရှိတယ်၊ ဒါပေမယ်လို့ အဲဒီဒုက္ကရစရိယကျင့်နေတဲ့ အချိန်ဟာ ဘုရားလောင်း လမ်းမှားကြီး လိုက်မိနေတာ၊ ခန္ဓာကိုယ် ညှဉ်းဆဲတဲ့အကျင့် ကျင့်နေတာ။

ထွက်သက်ဝင်သက်တွေ အောင့်ထားတဲ့ အကျင့်တွေ၊ တစ်နေ့မှ လက်တစ်ဆုပ်လောက်ပဲပြုတ်ရည်လေးသောက်ပြီးကျင့်တဲ့ အကျင့်တွေဟာ တကယ်တော့ မှန်တဲ့ အကျင့်တွေ မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီခေတ်က အဲဒီအကျင့်တွေဟာ ခေတ်စားတယ်။ ဒီလိုကျင့်ရင် ကိလေသာကင်းလိမ့်မယ်လို့ အများကလည်း ယူဆတယ်၊ ဘုရားလောင်းလည်း ယူဆမှာပေါ့လေ၊ ဒါကြောင့် စွဲစွဲမြဲမြဲကျင့်တာ။

[စာမျက်နှာ-168] ဒါကြောင့်မို့ ဘုရားဖြစ်ပြီးတဲ့အခါ မြတ်စွာဘုရားက ဘာပြောသလဲဆိုတော့ “ဒုက္ကရစရိယ အကျင့်က အလွတ်ကြီးလွတ်ပြီ” လို့ ထောင်က လွတ်လာတဲ့သူဟာ ငါလွတ်ပြီဟေ့လို့ ပြောသလို ပြောတာ ပါဠိတော်မှာ ရှိတယ်၊ “အကျိုးမဲ့ဖြစ်သော ဒုက္ကရစရိယ အကျင့်မှ ငါသည် ကောင်းကောင်းကြီးလွတ်ပြီ” ဒီလို ဥဒါန်းကျူးတာ။

ဒါကြောင့် ဒုက္ကရစရိယဆိုတာက ဂုဏ်ယူပြီးပြောရတာပေါ့လေ၊ ဒီလို ကျင့်နိုင်တဲ့သူကလည်း ရှားတာကိုး၊ ဒါပေမယ်လို့ ဒုက္ကရစရိယကျင့်နေတုန်းမှာ ဘုရားလောင်းဟာ လမ်းမှားလိုက်နေတာ။

မေး - အရှင်ဘုရား ဘုရားလောင်းကျင့်ခဲ့တဲ့ ဒုက္ကရစရိယအကျင့်ဟာ အခု ဝေဒနာနုပဿနာ သတိပဋ္ဌာန်နဲ့ ဘယ်လိုကွာပါသလဲ။
ဖြေ - အဲဒါ အခုမပြောသေးဘူး၊ မဟာစည် ဆရာတော်ရေးတဲ့ ဓမ္မစကြာ တရားတော်ကြီးထဲမှာ ဖတ်ကြည့်၊ ဒါဟာ အတ္တကိလမထ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ဆရာတော်ဟောထားတာရှိတယ်၊ အလုပ်တစ်ခုလုပ်ရင် ကမ္မဋ္ဌာန်း အလုပ် အားထုတ်တယ်ဆိုရင် ကြိုးကြိုးစားစားတော့ လုပ်ရတာပဲ၊ အနာခံရုံ သက်သက်နဲ့ နိဗ္ဗာန်ရတယ်ဆိုတဲ့ အယူအဆမျိုးရှိရင် မှားတယ်၊ ဒါပေမယ့် ဒီဝေဒနာကို ရှုကို ရှုရမယ်၊ မရှုလို့ မဖြစ်ဘူး၊ သိအောင်ကို လုပ်ရမယ်ဆိုတဲ့ တကယ့်ကို ကြိုးကြိုးစားစား အားထုတ်ရတယ်၊ ဒါကို အတ္တကိလမထလို့ မဆိုရဘူး၊ တချို့တွေက ဝေဒနာရှုရင် အတ္တကိလမထဖြစ်တယ်၊ ဆိုပါတော့ သုခဝေဒနာရှုရင် ကာမသုခလ္လိကာနုယောဂ ဖြစ်တယ်၊ ကာမဂုဏ်လိုက်တဲ့ အကျင့်ဖြစ်တယ်၊ ဒုက္ခဝေဒနာရှုရင် အတ္တကိလမထာနုယောဂဖြစ်တယ်၊ ဥပေက္ခာဝေဒနာရှုရမယ် စသည်ဖြင့် အဲသလိုပြောကြတယ်၊ အမှန်က ဥပေက္ခာဝေဒနာသိဖို့ အလွန်ခဲယဉ်းတယ်၊ ဒီဒုက္ခဝေဒနာ သုခဝေဒနာ ရှုလို့လည်းပဲ အတ္တကိလမထ မဖြစ်ဘူး၊ ဖြစ်ရင် ဘုရားကဟောကိုမဟောဘူး၊ ဝေဒနာနုပဿနာဟာ မြတ်စွာဘုရား ဟောထားတာ၊ မြတ်စွာဘုရားဟာ ဒုက္ကရစရိယအကြောင်း အတ္တကိလမထာနုယောဂ အကြောင်းကို ကောင်းကောင်းကြီးသိခဲ့ပြီ၊ ဒါပေမယ်လို့ ဝေဒနာနုပဿနာ နေရာကျတော့ ကောင်းတဲ့ ဝေဒနာလည်း မှတ်ပါ၊ သိအောင်လုပ်ပါ၊ ဆိုးတဲ့ ဝေဒနာလည်း သိအောင်လုပ်ပါ၊ အလယ်အလတ် ဝေဒနာလည်း သိအောင်လုပ်ပါ။ ဒီလိုဟောလာခဲ့တာ၊ ဒါကြောင့်မို့ အဲဒါဟာ အတ္တကိလမထ မဟုတ်ဘူး၊ သက်သက် ဆင်းရဲဒုက္ခခံတာဟာ သံသရာမှ လွတ်မြောက်မှု ဖြစ်တယ်ဆိုရင်

[စာမျက်နှာ-169] တော့ ဒါ အတ္တကိလမထ ဖြစ်မသွားဘူး၊ ဖြေရှင်းထားတာကို ဓမ္မစကြာ တရားတော်ထဲမှာပါတယ်၊ နောက်တော့ ဖတ်ကြည့်။

မဟဂ္ဂုတ်စိတ် ၂၇-ပါး

ကောင်းပြီ ကုသိုလ်စိတ် ၄-မျိုးမှာ အာရုံ ၂-မျိုးကို နားလည်ရမယ်၊ မှီတွယ်အပ်တဲ့ အာရုံရယ်၊ လွန်မြောက်အပ်တဲ့ အာရုံရယ်လို့ ၂-မျိုးရှိတယ်။

မှီတွယ်အပ်တဲ့ အာရုံဆိုတာ အာရုံပြုအပ်တဲ့ အာရုံပေါ့၊ အဲဒီတော့ ပထမ စိတ်ရဲ့ မှီတွယ်အပ်တဲ့ အာရုံက ကောင်းကင်ပညတ်၊ သူက ကသိုဏ်းပညတ်ကို လွန်ရမယ်၊ ကသိုဏ်းပညတ်ကြိုက်နေသေးရင် အရူပါ မရောက်သေးဘူး။

ဒုတိယစိတ်ရဲ့ မှီတွယ်အပ်တဲ့ အာရုံက ပထမအရူပါဝစရစိတ်၊ လွန်မြောက်အပ်တာက ကောင်းကင်ပညတ်။

တတိယစိတ်ရဲ့ မှီတွယ်အပ်တဲ့ အာရုံက နတ္ထိဘောပညတ်၊ လွန်မြောက်အပ်တာက ပထမအရူပါဝစရစိတ်။

စတုတ္ထစိတ်ရဲ့ မှီတွယ်အပ်တဲ့ အာရုံက တတိယ အရူပါဝစရစိတ် လွန်ရမှာက နတ္ထိဘောပညတ်၊ တစ်ခုလွဲလေးတွေပေါ့။

အဲသလို မှီတွယ်အပ်တဲ့ အာရုံ၊ လွန်မြောက်အပ်တဲ့ အာရုံ ဒါလည်း သိရမယ်။

မေး - ကောင်းပြီ ရူပါဝစရစိတ် ၁၅-ပါး ပြားသွားတာ၊ ပြားသွားတယ်ဆိုတာ ၁၅-ပါး၊ ဖြစ်သွားတာ၊ divided ဖြစ်သွားတာဟာ ဘာ၏ အစွမ်းဖြင့် with reference to what ဖြစ်တာလဲ၊ ရူပါဝစရစိတ် တစ်ခုနဲ့တစ်ခု မတူတာဟာ ဘာကြောင့် မတူတာလဲ။
ဖြေ - Right၊ ဈာန်အင်္ဂါကြောင့် မတူတာ၊ ဒါကြောင့်မို့ ဈာန်အင်္ဂါ၏ အစွမ်းဖြင့် ရူပါဝစရစိတ်ဟာ တစ်ခုနဲ့တစ်ခု မတူဘူး၊ ဒါကိုပဲ ပြားတယ်လို့ စာစကားနဲ့ သုံးတယ်။ ရူပါဝစရစိတ် ၅-ပါးပြားသွားတာဟာ ဈာန်အင်္ဂါ အစွမ်းဖြင့်ပြားတယ်၊ ပထမစိတ်က ၅-ပါးရှိတယ်၊ ဒုတိယစိတ်က ၄-ပါးရှိတယ် စသည်ဖြင့်ပေါ့။

ကိုင်း-အရူပါဝစရစိတ်ကျတော့ ဘယ်လိုလဲဆိုတော့ ဈာန်အင်္ဂါ ၂-ပါးချည်းပဲ ရှိတယ်၊ ပထမစိတ်လည်း ၂-ပါး၊ ဒုတိယစိတ်လည်း ၂-ပါးပဲ၊ အဲဒီ ၂-ပါးဟာ ဘာလဲဆိုရင် ဥပေက္ခာနဲ့ ဧကဂ္ဂတာ၊ ပဉ္စမဈာန်နဲ့ အတူတူပဲ။

မေး - ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ခုပဲ ဖြစ်ဖြစ်နေတော့ ဈာန်အင်္ဂါ၏အစွမ်းဖြင့် ၄-ပါးပြားတယ်လို့ ပြောလို့ရမလား။

[စာမျက်နှာ-170] ဖြေ - မရပါဘူး၊ အတူတူပဲ၊ ဒါကြောင့် ဘာကြောင့်ပြားသလဲဆိုတော့ အာရုံ၏အစွမ်းဖြင့် ပြားတယ်၊ အာရုံမတူဘူး၊ ပထမစိတ်ရဲ့ အာရုံက ကောင်းကင်ပညတ်၊ ဒုတိယစိတ်ရဲ့ အာရုံက ပထမအရူပါဝစရစိတ်၊ တတိယစိတ်ရဲ့ အာရုံက နတ္ထိဘောပညတ်၊ စတုတ္ထစိတ်ရဲ့ အာရုံက တတိယအရူပါဝစရစိတ်၊

ဒါကြောင့်မို့ ဈာန်အင်္ဂါအားဖြင့် ပြားတာက ရူပါဝစရစိတ်၊ အာရုံအားဖြင့် ပြားတာက အရူပါဝစရစိတ်၊ ဘာအာရုံတွေလဲလို့မေးရင် ခုနပြောတဲ့ အာရုံတွေပေါ့။ မှီတွယ်အပ်တဲ့ အာရုံလို့ပဲဆိုဆို လွန်မြောက်အပ်တဲ့ အာရုံလို့ပဲဆိုဆို သူကတော့ အာရုံ၏အစွမ်းဖြင့် ပြားတယ်။

ရှင်းရှင်းပြောရရင် စိတ်တစ်ခုမှ တစ်ခုဟာ အာရုံမတူဘူးပေါ့၊ ဟိုကျတော့ ပထမဈာန်စိတ်က ပထဝီကသိုဏ်းအာရုံပြုတယ်၊ ဒုတိယဈာန်စိတ်ကျတော့လဲ ပထဝီကသိုဏ်းအာရုံပြုတယ်၊ တတိယဈာန်လဲ ပြုလို့ရတယ်၊ သူက အာရုံနဲ့ သွားတာ မဟုတ်ဘူး၊ ဈာန်အင်္ဂါနဲ့ သွားတာ၊ ဒီကတော့ ဈာန်အင်္ဂါနဲ့ သွားတာ မဟုတ်ဘူး၊ အာရုံနဲ့သွားတယ်။

ဒါဖြင့် ဈာန်အင်္ဂါ ဘယ်နှစ်ပါး ရှိသလဲလို့ မေးရင် နှစ်ပါးပဲ၊ ပဉ္စမဈာန်နဲ့ တူတယ်၊ ဒါကြောင့်မို့ သူ့ကို ဈာန်နဲ့ထည့်ပြောပြပါဆိုရင် ပဉ္စမဈာန်ထဲကိုထည့် ရမယ်။

မေး - ဒါကြောင့်မို့ အရူပါဝစရဈာန်ကို ငါးပါးထဲထည့်ပြပါဆိုရင် ဘယ်ထဲ ထည့်မလဲ။
ဖြေ - ပဉ္စမဈာန်ထဲ ထည့်မယ်။

ဒါကြောင့်မို့ အရူပါဝစရစိတ် ၄-ပါးလုံး ဥပေက္ခာ၊ ဧကဂ္ဂတာဈာန်အင်္ဂါ နှစ်ပါးနှင့်သာ ယှဉ်ကြသည်၊ ထို့ကြောင့် အရူပါဝစရစိတ်အားလုံးကို ပဉ္စမဈာန်၌ ထည့်သွင်းရသည်။

ကောင်းပြီ၊ ဒါဖြင့် ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး၊ ကုသိုလ်ပြီးတော့ ဝိပါက်၊ ဝိပါက်ဆိုတာ အကျိုးဖြစ်တဲ့စိတ်။

ဒီကုသိုလ်လုပ်တယ်၊ ဒီကုသိုလ် မပျောက်မပျက်ပဲနဲ့သေသွားတယ်၊ အရူပါဝစရဘုံမှာ ဖြစ်သွားတယ်၊ အဲဒီ ပဋိသန္ဓေမှာ အဲဒီစိတ်သွားဖြစ်တော့ (အစအဆုံး သွားဖြစ်တော့) အဲဒီစိတ်ဟာ အရူပါဝစရဝိပါက်၊ အဲဒီတော့ အာကာသာနဉ္စာယတန၊ ဒီအတိုင်းပဲ သွားမယ်၊ နာမည် အတူတူပဲ။

ဝိညာဏဉ္စာယတန၊ အာကိဉ္စာညာယတန၊ နေဝသညာနာသညာယတန

[စာမျက်နှာ-171] တို့ဟာလည်း ဝိပါက်စိတ်ပေါ့၊ (အဲဒီအချိန်မှာ)

ရဟန္တာပုဂ္ဂိုလ်က အရူပါဝစရဈာန် ပွားများတယ်၊ ပွားများလို့ ရတယ်ဆိုတော့ ဘာဖြစ်မလဲ၊ ကြိယာဖြစ်တယ်။

အာကာသာနဉ္စာယတနကြိယာ၊ ဝိညာဏဉ္စာယတနကြိယာ၊ အာကိဉ္စညာယတနကြိယာ၊ နေဝသညာနာသညာယတနကြိယာ၊ ဟုတ်ပြီလား။

အဲဒီတော့ ကုသိုလ်စိတ်နဲ့ ဝိပါက်စိတ်နဲ့ ထပ်တူပဲ၊ ဝိပါက်စိတ်နဲ့ ကြိယာ စိတ်လည်းထပ်တူပဲ၊ သူတို့ကျတော့ မတူတာ မဟုတ်ဘူး၊ တူတဲ့ အကျိုးပဲပေးတယ်။ အာကာသာနဉ္စာယတန ကုသိုလ်က အာကာသာနဉ္စာယတန ဝိပါက် အကျိုး ပေးတယ်၊ အဲသလို စသည်ဖြင့် အစဉ်အတိုင်း ၄-ပါးစလုံး သွားတယ်။

ဒီဈာန်တွေ မပျောက်မပျက်ပဲနဲ့ သေမယ်ဆိုရင် ဒီဈာန်တွေအလိုက် အရူပါဝစရဘုံမှာ သွားဖြစ်နိုင်တယ်၊ ပထမအရူပါဝစရဈာန်ရပြီးတော့ မပျောက်မပျက်ပဲနဲ့သေရင် ပထမ အရူပါဝစရဘုံမှာဖြစ်မယ် စသည်ဖြင့် သွားမယ်။

ဒါကြောင့် အရူပါဝစရစိတ်ဟာ ကုသိုလ် ၄-ပါး၊ ဝိပါက် ၄-ပါး၊ ကြိယာ ၄-ပါး အားလုံးပေါင်းလိုက်တော့ ၁၂-ပါး၊ ရူပါဝစရစိတ်ကျတော့ ကုသိုလ် ၅-ပါး၊ ဝိပါက် ၅-ပါး၊ ကြိယာ ၅-ပါး။

အဲဒီ ရူပါဝစရစိတ် ၁၅-ပါးနဲ့ အရူပါဝစရစိတ် ၁၂-ပါးကို ပေါင်းလိုက်စမ်း၊ ၂၇-ပါးရတယ်၊ အဲဒီ ၂၇-ပါးကို မဟဂ္ဂုတ်စိတ်လို့ ခေါ်တယ်၊ ပါဠိစကားမှာကျတော့ မဟဂ္ဂတ၊ မဟဂ္ဂုတ်ဟာ မဟဂ္ဂတကလာတာ။

နောင်အခါမှာ အဲဒီ ၂၇-ပါးကို တစ်ပေါင်းတည်း ပြောချင်တဲ့အခါမှာ မဟဂ္ဂုတ်စိတ် ၂၇-ပါးလို့ ပြောရမယ်၊ ရူပါဝစရစိတ် ၁၅-ပါးနဲ့ အရူပါဝစရစိတ် ၁၂-ပါးလို့ ပြောနေမယ့်အစား မဟဂ္ဂုတ်စိတ် ၂၇-ပါးလို့ ပြောရမယ်၊ ကောင်းပြီ

မေး - အဲဒီမဟဂ္ဂုတ်စိတ် ၂၇-ပါးမှာ ပထမဈာန်စိတ် ဘယ်နှစ်ပါးရှိသလဲ။
ဖြေ - ၃-ပါး၊ ရူပါဝစရ ပထမဈာန် ကုသိုလ်၊ ပထမဈာန်ဝိပါက်၊ ပထမဈာန်ကြိယာ၊
မေး - ဒုတိယဈာန်စိတ်ကော
ဖြေ - ၃-ပါး
မေး - တတိယဈာန်စိတ်ကော
ဖြေ - ၃-ပါး
မေး - စတုတ္ထဈာန်စိတ်ရော
ဖြေ - ၃-ပါး

[စာမျက်နှာ-172] မေး - ပဉ္စမဈာန်စိတ်
ဖြေ - ၁၅-ပါး၊ ပဉ္စမဈာန်စိတ် ၁၅-ပါးဆိုတာ ရူပါဝစရဈာန် ပဉ္စမဈာန် ၃-ပါးရယ်၊ အရူပါဝစရဈာန် ၁၂-ပါးရယ်။

မေး - အကုန်အပြာခြယ်ရမလား၊
ဖြေ - ခြယ်ရမယ်၊

ကောင်းပြီ၊ ဦးဇင်းတို့ မဟဂ္ဂုတ်စိတ် ၂၇-ပါး လေ့လာပြီးပြီ၊ အဲဒီမဟဂ္ဂုတ်စိတ် ၂၇-ပါးနဲ့ ကာမာဝစရစိတ် ၅၄- နဲ့ ပေါင်းလိုက်စမ်း ၈၁၊ အဲဒီ ၈၁-ကို လောကီစိတ်လို့ ခေါ်တယ်၊ လောကီစိတ်ဆိုတာ လောကထဲနေတဲ့စိတ်ပေါ့၊ လောကအာရုံတွေကို အာရုံပြုတဲ့စိတ်၊ လောကသုံးပါးဖြစ်တဲ့ ကာမာဝစရလောက၊ ရူပါဝစရလောက၊ အရူပါဝစရလောကဆိုတဲ့ လောကသုံးပါးထဲမှာ ကျင်လည်နေတဲ့ စိတ်မျိုးပေါ့။

လောကီစိတ် ၈၁-ပါးကို ခပ်ကျဉ်းကျဉ်း ရေတွက်ပြစမ်းပါဆိုရင် ကာမာဝစရစိတ် ၅၄၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ group အလိုက်သွားရရင် အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမာဝစရသောဘနစိတ် ၂၄-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး အားလုံးပေါင်းလိုက်တော့ ၈၁၊ အဲဒီ ၈၁ ကိုလောကီစိတ်လို့ခေါ်တယ်၊ လောကုတ္တရာမရောက်သေးဘူး၊ လောကီပဲ ရှိသေးတယ်။

အဲဒီတော့ အလွန်အထက်တန်းကျတဲ့ ဈာန်ရောက်နေတာတောင်မှ လောကုတ္တရာဘက် မကူးသေးဘူး၊ အဲဒါကြောင့်မို့ သမထဟာ အရူပါဝစရဈာန်အထိ ရတာ သမထကနေရတာ၊ အရူပါဝစရဈာန် ၄-ပါးကို သမထကမ္မဋ္ဌာန်း ၄ဝ ထဲမှာပါတယ်၊ ဒါဟာ လောကီနယ်ထဲမှာပဲ ရှိသေးတယ်။

လောကီနယ်ထဲမှာပဲ ရှိသေးတာကြောင့် ဘုရားမပွင့်လည်းပဲဒီဈာန်တွေ့ရအောင် အားထုတ်လို့ရတယ်၊ ဘုရားပွင့်မှ မဟုတ်ဘူး။

မေး - အိန္ဒိယက ဟိန္ဒူသူတော်စင်တွေ ဒီဈာန်မျိုး ရနိုင်ပါသလား။
ဖြေ - ရချင် ရနိုင်တယ်ပေါ့၊ ဘုရားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နည်းလမ်းရရင် သူတို့လုပ်နိုင်ကြတယ်၊ ဝိပဿနာကျတော့သာ ဘုရားပွင့်မှ ဘုရားကိုယ်တိုင် တွေ့ရှိပြီး ဟောကြားမှရတယ်၊ ဘုရားမပွင့်တဲ့အခါမျိုးမှာဝိပဿနာ မပေါ်ဘူး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးမျိုးမှာလည်း အနိစ္စ၊ ဒုက္ခက ဘုရားမရှိလည်း မြင်နိုင်တယ်၊ အနတ္တကျတော့ မမြင်ဘူး။ ဒါကြောင့်မို့ စိတ် ၈၁-ပါးထိအောင် လေ့လာခဲ့ကြပြီ၊ မှတ်မိအောင် လုပ်ကြနော်၊ ဒါ မှတ်မိမှ စေတသိက်ပိုင်းရောက်တော့ ပြန်ပြောတဲ့အခါကျတော့

[စာမျက်နှာ-173] အသိရှင်းတယ်၊ ဒီလိုမဟုတ်ရင် အသိရှုပ်နေမယ်၊ အခါတိုင်း၊ အခါတိုင်းမှာ အကုန်လုံး လိုက်ထောက်နေရရင် အချိန်ကုန်တယ်၊ ကျေအောင်တော့လုပ်ကြ။

ဆိုပါတော့၊ ဝိတက် စေတသိက်က စိတ် ၅၅-ခုနဲ့ ယှဉ်တယ်ဆိုရင် အဲဒီ ၅၅-ဘယ်မှာတုန်းလိုက်ရှာနေရမယ်၊ သူကပြောမယ်၊ ဒွေးပဉ္စဝိညာဉ် ၁၀-တဲ့၊ ကာမာဝစရစိတ် ၄၄-ဆိုရင် ဘယ်မှာဆိုတာ ကိုယ်က သိရမယ်၊ အဲဒါလေးတွေ ကျေအောင်ပြန်လုပ်ထားကြ၊ မကျေရင် ဒီရောက်တော့ ချေရမှာပေါ့၊ ကိုယ့်ဟာကိုယ် ကျေထားတော့ ဒီရောက်တော့ ပြန်ချေတော့ ပိုကျေတာပေါ့။

မေး - ဒီနေ့ လောကီစိတ်ပေါင်း ၈၁-ခု၊ ဒါဖြင့်ရင်ဆိုပါတော့ အကုသိုလ်စိတ် ၁၂-ပါးဟာ အကုသိုလ်ဆိုတဲ့ နာမည်လည်းရနိုင်တယ်၊ ပြီးတော့ ဘာနာမည်တွေ ရနိုင်သေးတုန်း၊ ဦးဇင်းတို့ မြန်မာပြည်မှာ မှည့်ထားတဲ့ နာမည်အနေနဲ့ ဘာနာမည် ရနိုင်သေးတုန်း။
ဖြေ ----

မေး - အသောဘနဆိုတဲ့ နာမည်မရနိုင်ဘူးလား၊
ဖြေ- အသောဘနစိတ်ဆိုတဲ့နာမည်ရနိုင်တယ်။

မေး - ကာမာဝစရစိတ် ဆိုတဲ့နာမည် မရနိုင်ဘူးလား။
ဖြေ - ရနိုင်ပါတယ်။

မေး - လောကီစိတ်ဆိုတာကော မရနိုင်ဘူးလား။

ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၂-ပါးကို အကုသိုလ်စိတ်လို့ ခေါ်ရင်တော့ အတိအကျပေါ့၊ အသောဘနစိတ်ခေါ်ရင်လည်း သူပါတယ်၊ ကာမာဝစရစိတ် ခေါ်ရင်လည်း သူပါတယ်၊ လောကီစိတ်လို့ ခေါ်ရင်လည်း သူပါတယ်။

ကောင်းပြီ-အဟိတ်စိတ် ၁၈-ပါးတဲ့၊ အဟိတ်စိတ် ပြောရင် သူပါတယ်၊ အသောဘနလို့ ပြောရင်လည်း သူပါတယ်၊ ကာမာဝစရလို့ ပြောရင်လည်း သူပါတယ်၊ လောကီလို့ ပြောရင်လည်း သူပါတယ်။

ကာမာဝစရသောဘနစိတ် ၂၄-ပါးရှိတယ်၊ သူ့ကျတော့ ကာမာဝစရစိတ်လို့ ပြောရင်ရတယ်၊ လောကီလို့ဆိုရင်လဲ ရတယ်။

ရူပါဝစရစိတ် ၁၅-ပါး၊ သူက ရူပါဝစရစိတ် ပြောရင်ရတယ်၊ မဟဂ္ဂုတ်လို့ ပြောရင်ရတယ်၊ လောကီလို့ ပြောရင်လည်း ရတယ်၊ သူပါတယ်ပေါ့၊ အဲဒီနာမည် လေးတွေ အကုန်လုံး တေးထားတယ်၊ ကွန်ပျူတာလုပ်ချင်တဲ့သူရှိရင် ဒါတွေကို

[စာမျက်နှာ-174] ဒေတာ (Data) ပေးရမယ်။

အခု လေ့လာတာ မနည်းဘူး၊ ဟိုအပတ်နဲ့ ဒီအပတ်က တကယ် အထက်တန်းကျတဲ့ (Higher consciousness) စိတ်တွေ လေ့လာတယ်။

မေး - ပဉ္စမဈာန်မှာ ဝင်စားရင် ဘယ်နှစ်ရက်လောက် နေလို့ရသလဲ။
ဖြေ - ဒါက အမှန်အတိုင်း ပြောရရင် နေချင်သလောက် နေလို့ရတယ် ဆိုနိုင်တယ်၊ ဒါပေမယ်လို့ လူ့ခန္ဓာကိုယ်ရဲ့ အပိုင်းအခြားက ၇-ရက်ပဲ၊ အစာတစ်ခါ စားထားရင် ၇-ရက် ခံတယ်လို့ အဲသလို သတ်မှတ်တယ်၊ အဲဒါကြောင့်မို့ ဈာန်ဝင်စားတယ်၊ သမာပတ်ဝင်စားတယ်၊ နိရောဓသမာပတ် ဝင်စားတယ် ဆိုတာ (Limit) ၇-ရက်ပဲ၊ ရေမသောက်ပဲ ထမင်းမစားပဲ ၇-ရက်တော့နေနိုင်တယ်၊

မေး - အခုခေတ် ကျန်းမာရေး ဥပဒေအရ ပြောရရင် ရေမသောက်ပဲ ၃-ရက်ပဲ နေနိုင်တယ်လို့ဆိုပါတယ်၊ အခု ဒီမှာ ရေမသောက်ပဲ ၇-ရက် နေနိုင်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဖြေ - ဒါပေမယ်လို့ သူက ဈာန်တန်ခိုး ရှိတာကိုး၊ အခုခေတ်စကားနဲ့ ပြောရရင် willpower ပေါ့၊ နောင်ကျတော့ တွေ့လိမ့်မယ်၊ ဈာန်စိတ်တွေက ခန္ဓာကိုယ်ကို ကျားကန်ထောက်ပင့်သလို ထောက်ပေးနိုင်တဲ့သတ္တိရှိတယ်။ ဒါကြောင့် သူတို့နေနိုင်တာ၊ အဲဒီဈာန်အစစ် မဟုတ်ပဲနဲ့ ဝိပဿနာ တရားထိုင်တာကိုတော်တော်မြင့်တဲ့ အဆင့်အတန်းရောက်သွားရင် အကြာကြီးထိုင်နိုင်တယ်၊ ၃-နာရီ ၄- နာရီ ထိုင်လည်းမသိလိုက်ဘူး၊ ညမှာတစ်ညလုံး မအိပ်ပဲ အားထုတ်၊ မနက်ကျတော့ ဘာမှမဖြစ်ဘူး၊ မျက်စိတွေ ဖန်တာတို့၊ အိပ်ချင်တာတို့ ငိုက်တာတို့ ဘာမှ မရှိဘူး၊ ဒီစိတ်တန်ခိုးဟာ သာမန်တရား ထိုင်ပြီး ကိုယ်က မတွေ့ဖူးသေးတော့ စဉ်းစားပြီး မဖြစ်နိုင်ဘူး ပြောမှာပဲ၊ တကယ်ကျတော့ ရိပ်သာတွေမှာ ဒီအတွေ့အကြုံတွေက အများကြီးရှိတယ်၊ ဘယ်သူဖြစ်ဖြစ် တရားကို ၂-လ ၃-လလောက် သွားအားထုတ်တဲ့သူ မှန်ရင် တောက်လျောက် အားထုတ်တာကတော့ဖြင့် ၂-ရက် ၃-ရက် အနည်းဆုံးရှိတယ်၊ မအိပ်ဘူး၊ ရတယ်၊ ပြီးတော့ ညောင်းတယ် ကိုက်တယ် မရှိတော့ဘူး၊

ဒါကြောင့်မို့ အပ္ပနာဇောလို့ခေါ်တဲ့ ဈာန်စိတ်တွေဟာ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်တယ်၊ ထောက်ပံ့ထားနိုင်တဲ့ သတ္တိရှိတယ်၊ ဒါကြောင့်မို့ နေနိုင်တယ်။

[စာမျက်နှာ-175] မေး - ဆီး၊ ဝမ်း အပေါ့အလေး မသွားပဲနဲ့ နေနိုင်တာလား။
ဖြေ - ဟုတ်တယ်၊ ဒီအတိုင်း (၇) ရက်တော့ ထိုင်နေမှာပဲ။

မေး - ဒီနေရာမှာ Physical Law အရ reaction တို့ ဘာတို့ဟာ confine လုပ်ပြီး၊ minute access နဲ့ သွားနေတဲ့ သဘောဖြစ်ပါသလား။
ဖြေ - ဟုတ်တယ်၊ စိတ်နဲ့ Heart beat နည်းအောင် အခုခေတ် လုပ်တာရှိတယ်မဟုတ်လား။

မေး - ငါးတွေတောင် ရေခန်းသွားတဲ့ကန်ထဲမှာ တစ်နွေလုံး နေသေးသလိုပါပဲလား၊ hibernation ပေါ့၊ အဲဒါ ၇-ရက်တောင်မကဘူး၊ one season လောက်နေတာ၊ မိုးပြန်ကျမှ ရှင်သန်တယ်။
ဖြေ - ဟုတ်တယ်၊

မေး - ဝက်ဝံတွေဆိုရင် ၆-လလောက် မြေကြီးထဲမှာအောင်းနေနိုင်တယ်၊ နှင်းတွေ အားလုံးပျော်မှ သူအပြင်ထွက်လာတယ်။
ဖြေ - အဲဒါမျိုးနေမှာပေါ့။

မေး - တိရစ္ဆာန်မှာ hibernation ခေါ်တယ်၊ အသက်ရှူနှုန်းကလည်း အခုထိ ဆယ်ပုံတစ်ပုံတို့ သွေးခုန်နှုန်းကလည်းနည်းကုန်တာတို့ ခန္ဓာကိုယ်ရဲ့ ရှင်သန်မှုဟာ နှေးကွေးအေးစက်သွားတာတို့ ဖြစ်ကုန်တယ်၊ အဲဒါ သဘာဝ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုကို ခုခံတိုက်ခိုက်တဲ့ သဘောပါလား။
ဖြေ - အဲဒီ အခြေအနေမျိုးကို ရိုးရိုးအခြေအနေမျိုးမှာ စိတ်တန်ခိုးနဲ့ ဖန်တီးယူတာပေါ့၊ ကောင်းပြီ နောက်အပတ်ဆိုရင် စိတ်အားလုံး ကုန်လိမ့်မယ်ထင်တယ်။

မေး - စောစောပိုင်းပြောခဲ့တာမှာ ကိုရင်လေးက ဘုန်းကြီးကို အရင်တော့ ရေရှိတယ်။ နောက်ပိုင်း ရေမရှိဘူးဆိုတာ ဘာသဘောနဲ့ ပြောတာပါလဲဘုရား။
ဖြေ - ရေရှိတယ်ဆိုတာက ခြေထောက်ရေစိုမှာ စိုးလို့ပေါ့၊ ဒီလောက် ရေကလေးတော့ ရှိတာပေါ့၊ ဘုန်းကြီးက ရေချိုးချင်တာကိုး၊ ရေချိုးလောက်တဲ့ ရေမရှိဘူးလို့ ပြောတာ၊ ရေမရှိတာလည်း မဟုတ်ဘူး၊ ရှိတာလည်း မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ရေမရှိဘူးလားဆိုတော့လည်း ရှိတယ်၊ ရေချိုးနိုင်လောက်အောင် များများရှိသလား ဆိုတော့လည်း မရှိဘူးပေါ့၊ အဲဒီတော့ ရှိလည်းရှိတယ်၊ မရှိလည်း မရှိဘူးပေါ့၊ အဲဒီအဓိပ္ပါယ်ပဲ၊ သညာသဘော၊ စိတ်သဘောလေးက သိမ်မွေ့လွန်းတော့ မရှိဘူးလို့ ထင်ရလောက်အောင်ကို ဖြစ်တယ်။

[စာမျက်နှာ-176] တစ်ခါတလေ တရားထိုင်တဲ့ အခါကျတော့ ထွက်သက်ဝင်သက်က သိမ်မွေ့သွားတဲ့အခါကျတော့ အသက်မရှူတော့ဘူးထင်ပြီး ကိုယ့်ဟာကိုယ် လန့်ပြီးတော့ ဗိုက်စမ်းကြည့်တာတို့ ဘာတို့ဖြစ်လာတယ်၊ တကယ်သိမ်မွေ့လာတဲ့ အခါကျတော့ မသိနိုင်ဘူး၊ ဉာဏ်က မလိုက်နိုင်သေးဘူး၊ အဲသလို သိမ်မွေ့သွားတာ အဲဒါထက်ပိုပြီး အများကြီး ဒီဈာန်က သိမ်မွေ့မှာပေါ့။

မေး - ရသေ့တို့ ပုဏ္ဏားတို့ကျင့်စဉ်နဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာကျင့်စဉ် ဘယ်လို ကွာခြား ပါသလဲ။
ဖြေ - ပုဏ္ဏားကတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင် ဘာမှ သိပ်မဟုတ်ဘူး၊ သူတို့က ဘာသာရေးမှာ လက်ဝါးကြီးအုပ်ထားတယ်၊ ဘာသာရေးဆိုတာ ဟိန္ဒူဘာသာရေးပေါ့၊ သူတို့ကသာ ဗြဟ္မာကြီးရဲ့ ပါးစပ်က ဖွားတယ်ဆိုပြီး ကျမ်းဂန်တွေကို သူတို့က ကိုင်ထားတယ်၊ အခြားသူတွေဟာ သူတို့က ပြောမှသိရမယ်၊ သူတို့က အမြတ်ဆုံး၊ အောက်တန်းအကျဆုံး caste က သူတွေဟာ သူတို့ ဝေဒရွတ်တာတွေကို နားကို မထောင်ရဘူး၊ နားထောင်မိရင် ဒီလူနားထဲ သံပူရည်လောင်းထည့်ရမယ်။ အဲဒီလောက် သူတို့က ခွဲခြား သတ်မှတ်ထားတာ။

ရသေ့ကျတော့ ဒီလိုမဟုတ်ဘူးလေ၊ ရသေ့က တောထဲမှာ နေပြီးတော့ ကျင့်တာဆိုတော့ သူက ဈာန်တွေ အဘိညာဉ်တွေ ရနိုင်တယ်၊ ရသေ့က တကယ်ကျင့်တဲ့ ပုဂ္ဂိုလ်တွေ။

မေး - ဒါပေမယ့် ဗုဒ္ဓဘာသာမှာရှိတဲ့ သီလ၊ သမာဓိတွေ အဲဒါ တွေ့ရအောင် သူတို့ ဘယ်လို ကျင့်မလဲ။
ဖြေ - နည်းနည်းတော့ ကွာလိမ့်မယ် “ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတွေကတော့ ဦးဇင်းတို့ ကျမ်းဂန်တွေအရ ပြောရမယ်ဆိုရင် ဘုရားပေါ်၊ မပေါ်ကျင့်သုံးလို့ ရတယ်၊ ရှိနေတယ်။

မေး - ရသေ့တွေက အဲဒီအတိုင်းပဲလား။
ဖြေ - ဟုတ်တယ်၊ ရှေးတုန်းကတော့ ခပ်ဆင်ဆင်ပဲ သွားတယ်၊ ဒီယဉ်ကျေးမှုက လာတာကိုး။

မေး - တချို့က ဟိန္ဒူမဟုတ်ဘူးပေါ့။
ဖြေ - တချို့က ဟိန္ဒူပဲ။
မေး - မတူဘူး၊ ရသေ့က သူ့ဟာသူ တရားအားထုတ်နေတာပဲပေါ့၊ အခုပြောတဲ့

[စာမျက်နှာ-177] ဈာန်တွေ့ရပြီး ဈာန်ချမ်းသာတွေ ခံစားနေမှာပေါ့။

မေး - ဒီတော့ ဗုဒ္ဓဟောကြားတဲ့ Philosophy အတိုင်း ကျင့်တာဟုတ်ချင်မှ ဟုတ်မှာပေါ့။
ဖြေ - မဟုတ်သေးဘူး၊ များသောအားဖြင့်က ဘုရားမရှိတဲ့အခါမှာ ဒီလိုဈာန်ရတယ် ဆိုတာ ခုနပြောခဲ့သလို အယူမှားနေတာ (အမှန်ကတော့)၊ ရုပ်မရှိရင် ချမ်းသာတယ်ဆိုတာ မဟုတ်ဘူးလေ၊ နာမ်ကလည်း အဖြစ်အပျက် ရှိနေသေးတော့ ဆင်းရဲတရားပဲ၊ ဒါကြောင့်မို့ သူတို့ဟာ တစ်ဖက်စွန်းရောက်နေတဲ့ သူတွေ၊ တော်ကြာရှိသေးတယ်၊ ငါဟာ စိတ်ရှိလို့ နာမှန်းသိသေးတာ၊ စိတ်မရှိရင် ကောင်းတယ်ဆိုပြီးတော့ အားထုတ်လို့ ရုပ်ထုကြီးလို ကမ္ဘာငါးရာ သွားဖြစ်နေတာ၊ အသညသတ်ဗြဟ္မာဆိုတာရှိတယ်၊ အဲသလို ပဉ္စမဈာန် အားထုတ်ပြီး အဲသလိုလုပ်တာ၊ သူကတော့ စိတ်ကြောင့်နာတယ်ဆိုတာ စိတ်က သိတာကိုး၊ စိတ်မရှိရင် ဒါတွေဘာမှ သိမှာမဟုတ်ဘူး၊ အရုပ်ကြီး သွားထုကြည့်ပါလား၊ အရုပ်ကနာတယ် မပြောဘူးပေါ့၊ အဲသလိုနဲ့ စိတ်ရဲ့ အပြစ်ကို မြင်ပြီး-

လောကုတ္တရာစိတ် ၈-ပါး

မဂ်စိတ် ၄-ပါး (ကုသိုလ်) ၁။ သောတာပတ္တိမဂ်စိတ် (၈၂)
၂။ သကဒါဂါမိမဂ်စိတ် (၈၃)
၃။ အနာဂါမိမဂ်စိတ် (၈၄)
၄။ အရဟတ္တမဂ်စိတ် (၈၅)

ဖိုလ်စိတ် ၄-ပါး (ဝိပါက်) ၁။ သောတာပတ္တိဖိုလ်စိတ် (၈၆)
၂။ သကဒါဂါမိဖိုလ်စိတ် (၈၇)
၃။ အနာဂါမိဖိုလ်စိတ် (၈၈)
၄။ အရဟတ္တဖိုလ်စိတ် (၈၉)

[စာမျက်နှာ-178] ၁။ အရိယာမဂ်တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်နှင့်ယှဉ်သောစိတ်။  ရောက်ခြင်း၏ အကျိုးဖြစ်သောစိတ်။

၂။ ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ တစ်ကြိမ်လာတတ်သော ပုဂ္ဂိုလ်၏မဂ်နှင့် ယှဉ်သောစိတ်။  မဂ်၏ အကျိုးဖြစ်သောစိတ်။

၃။ ပဋိသန္ဓေအားဖြင့် ဤကာမဘုံသို့မလာတတ်သော ပုဂ္ဂိုလ်၏မဂ်နှင့် ယှဉ်သော စိတ်။ မဂ်၏ အကျိုးဖြစ်သောစိတ်။

၄။ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာ ပုဂ္ဂိုလ်၏ အဖြစ်၏ အကြောင်းဖြစ်သော မဂ်နှင့် ယှဉ်သောစိတ်။  ရဟန္တာပုဂ္ဂိုလ်၏ အဖြစ်ဟူသော အကျိုးဖြစ်သောစိတ်။

မဂ် - သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး (၇-ပါး) အပေါင်း
မဂ္ဂင် - သမ္မာဒိဋ္ဌိစသော အသီးအသီးသော အစိတ်အင်္ဂါ။
မဂ်စိတ် - သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး (၇-ပါး) အပေါင်းနှင့် ယှဉ်သောစိတ်။

မဂ် - အကြောင်း၊ လမ်း၊ အကျင့်။
ဖိုလ် - အကျိုး။

လောကုတ္တရာ - ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ လွန်မြောက်ဆဲ (မဂ်) လွန်မြောက်ပြီးဖြစ်သော (ဖိုလ်) တရား။  လောကထက် လွန်ကဲမြင့်မြတ်သော တရား (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်။)

လောကုတ္တရာစိတ်၌ ကြိယာမရှိခြင်းအကြောင်း
လောကုတ္တရာစိတ်၌ ကြိယာစိတ်ဟူ၍ မရှိ။ အဘယ်ကြောင့်နည်း။

မဂ်စိတ်သည် တစ်ကြိမ်သာ ဖြစ်ရိုးရှိသောကြောင့်တည်း၊ ပုဂ္ဂိုလ်တစ်ဦး၌ မဂ်စိတ်သည် တစ်ကြိမ်သာဖြစ်သည်၊ ထပ်ကာထပ်ကာ မဖြစ်၊ (အကယ်၍ ထပ်ကာထပ်ကာ ဖြစ်လျှင်ကား လောကုတ္တရာကြိယာစိတ်ဟူ၍ ရှိနိုင်ရာသည်။) ထို့ကြောင့်တည်း။

အဘယ်ကြောင့် မဂ်စိတ်သည် တစ်ကြိမ်သာ ဖြစ်သနည်း။ မဂ်စိတ်သည် တစ်ကြိမ်ဖြစ်ရုံမျှဖြင့် ဆိုင်ရာကိလေသာတို့ကို အကြွင်းမဲ့

[စာမျက်နှာ-179] ပယ်သတ်နိုင်သဖြင့် ထပ်၍ဖြစ်သော်လည်း ပြုစရာပယ်စရာကိစ္စမရှိတော့၊ ထို့ကြောင့် ထပ်၍မဖြစ်၊ တစ်ကြိမ်သာဖြစ်သည်။

မဂ်ရပြီးသူများ နိဗ္ဗာန်ချမ်းသာကို အထပ်ထပ်ခံစားနိုင်ရန် မဂ်စိတ် အကြိမ်ကြိမ် ထပ်၍ ဖြစ်သင့်သည် မဟုတ်ပါလော။

ထိုခံစားမှုကိစ္စကို ဖိုလ်စိတ်က တာဝန်ယူထားပြီဖြစ်၍ မဂ်စိတ်က ပြုဖွယ်မလို၊ ထို့ကြောင့် မဂ်စိတ် ထပ်မံဖြစ်ဖွယ်မလိုတော့ပါ။

[စာမျက်နှာ-180]
အဘိဓမ္မာသင်တန်း (၈)
စိတ်ပိုင်း လောကုတ္တရာစိတ် ၈-ပါး ဒီနေ့ စက်တင်ဘာလ ၂၂- ရက်။

လွန်ခဲ့တဲ့ အပတ်က အရူပါဝစရစိတ်အထိ လေ့လာခဲ့ပြီးပြီ၊ ပထမဆုံးက အကုသိုလ်စိတ်၊ နောက်တော့ အဟိတ်စိတ်၊ ပြီးတော့ ကာမာဝစရသောဘနစိတ်၊ အဲဒါ ပြီးတော့ ရူပါဝစရစိတ်၊ နောက်တော့ အရူပါဝစရစိတ်။

အရူပါဝစရစိတ်တိုင်အောင် စိတ်ပေါင်း ၈၁- ရှိတယ်၊ အဲဒီ ၈၁-သော စိတ်တွေအားလုံးကို လောကီစိတ်လို့ ခေါ်တယ်၊ နောင်အခါမှာ လောကီစိတ် ၈၁-လို့ပြောရင် အကုသိုလ်စိတ် ၁၂-ပါးကစပြီး အရူပါဝစရစိတ် ၁၂-ပါးကုန်ထိလို့ ပြောရမယ်။

အဲဒီ လောကီစိတ်ထဲမှာ ရူပါဝစရစိတ်ဆိုရင် (Higher consciousness) ပေါ့၊ သာမညပုဂ္ဂိုလ်တွေ မရဘူး၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေမှရတယ်။

[စာမျက်နှာ-181]
လောကုတ္တရာစိတ်
အရူပါဝစရစိတ်ဆိုရင်တော့ မြင့်သွားပြန်တယ်၊ ဒီနေ့ လေ့လာမှာကတော့ လောကုတ္တရာစိတ်တဲ့၊ လောကုတ္တရာစိတ်ကတော့ အရူပါဝစရစိတ်ထက် မြင့်သွားပြီ။

ဘာကြောင့်ဒီစိတ်တွေကို လောကုတ္တရာစိတ်လို့ခေါ်ရတာလဲ၊ ဒါကို ပထမ နားလည်ရမယ်၊ လောကုတ္တရာဆိုတဲ့ စကားလုံးမှာ လောကနဲ့ ဥတ္တရ တွဲထားတယ်။

လောကဆိုတာဘာလဲ၊ လောကဆိုတာလောကပဲ၊ ဥတ္တရဆိုတာ လွန်မြောက်တာ၊ ကျော်လွန်တာ (Transcend)، ဒီနေရာမှာ လောကဆိုတာ ဘာလဲအတိအကျ ပြောစမ်းပါဆိုရင် ဥပါဒါနက္ခန္ဓာဟုဆိုအပ်သောလောက၊ လောကဆိုတာဥပါဒါနက္ခန္ဓာ ၅-ပါးကို ဆိုလိုတယ်တဲ့။

ဥပါဒါနက္ခန္ဓာ ၅-ပါးဆိုတာ တဏှာ၊ ဒိဋ္ဌိနဲ့ စွဲလမ်းလို့ ရကောင်းတာမှန်သမျှ ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်၊ ရှင်းရှင်းပြောရရင် မြင်နေသမျှတွေ့ကြုံနေသမျှ အားလုံးဟာ ဥပါဒါနက္ခန္ဓာ၊ အဲဒီ ဥပါဒါနက္ခန္ဓာ ၅-ပါးကို လောကလို့ခေါ်တယ်။

ခန္ဓာငါးပါးဆိုတာကတော့ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးပေါ့၊ အခုတွေ့နေရတဲ့ လူသတ္တဝါတွေဟာ ဒီခန္ဓာ ၅-ပါးအစုအဝေးပဲ၊ တိရစ္ဆာန်တွေ ခန္ဓာ ၅-ပါး အစုအဝေးပဲ၊ နတ်တွေ ခန္ဓာ ၅-ပါး အစုအဝေး၊ ရူပါဝစရဗြဟ္မာတွေ ခန္ဓာ ၅-ပါးအစုအဝေးပဲ၊ အရူပါဝစရဗြဟ္မာတွေ ကျတော့ ခန္ဓာတစ်ပါး ပြုတ်သွားပြီ၊ ရူပက္ခန္ဓာ မပါတော့ဘူး၊ ထားပါတော့။

အဲဒီ ဥပါဒါနက္ခန္ဓာလို ခန္ဓာတွေကို ဒီနေရာမှာ လောကလို့ခေါ်တယ်၊ အဲဒီ လောကက လွန်မြောက်သွားတဲ့တရားမျိုးကို လောကဥတ္တရ၊ လောကုတ္တရာတရားလို့ ခေါ်တယ်။

လွန်မြောက်သွားတယ်ဆိုတာက ဘာတုန်းဆိုတော့ တဏှာ၊ ဒိဋ္ဌိရဲ့ အာရုံပြုရာ နယ်ပယ်က လွတ်သွားတာ၊ တဏှာ၊ ဒိဋ္ဌိက သူ့ကို အာရုံမပြုနိုင်တော့တာ၊ ဒါကိုပဲ လွန်မြောက်သွားတယ်လို့ သုံးတယ်။

လောကထဲမှာ ကျရောက်နေသေးရင် တဏှာ၊ ဒိဋ္ဌိနဲ့စွဲလမ်းလို့ရတယ်၊ လိုချင်လို့ရတယ်၊ အမှားစွဲလမ်းလို့ရတယ်။ လောကုတ္တရာဖြစ်သွားပြီဟေ့ဆိုရင် တဏှာနဲ့လည်း စွဲလမ်းလို့မရဘူး၊ ဒိဋ္ဌိနဲ့လည်း စွဲလမ်းလို့ မရဘူး၊ အဲဒီတဏှာ၊ ဒိဋ္ဌိတို့ရဲ့ အာရုံနယ်ပယ်ကနေ လွတ်မြောက်သွားတာကိုပဲ လွန်မြောက်သွားတယ်လို့ သုံးတယ်။

ဒါကြောင့်မို့ “ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ လွတ်မြောက်တဲ့ တရား၊ လွန်မြောက်တဲ့ တရားကို လောကုတ္တရာ၊ အဲဒီ လောကုတ္တရာမှာလည်းပဲ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရယ်လို့ အကျဉ်းချုပ်အားဖြင့် ၃-မျိုးရှိတယ်၊ အကျယ်အားဖြင့် မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် စုစုပေါင်း ၉-ပါး၊ လောကုတ္တရာ ၉-ပါးဆိုတာ ကြားဖူးကြလိမ့်မယ်၊ ဘုရားရှိခိုးထဲမှာပါတော့ လူကြီးတွေက သိကြလိမ့်မယ်။

[စာမျက်နှာ-182] မဂ်ကို ဘာကြောင့် လောကုတ္တရာလို့ ခေါ်သလဲဆိုတော့ လွန်မြောက်ဆဲဖြစ်လို့၊ present tense မဂ်က အဲဒီ လောကမှ လွန်မြောက်တုန်း လွန်မြောက်ဆဲ။

ဖိုလ်ဆိုတာကျတော့ လွန်မြောက်ပြီးသွားပြီ၊ အတိတ်ဖြစ်သွားပြီ၊ အဲသလို မဂ်နဲ့ဖိုလ်ကကွာတယ်၊ မဂ်လည်းလွန်မြောက်တာပဲ၊ ဖိုလ်လည်းလွန်မြောက်တာပဲ၊ မဂ်ကတော့ လွန်မြောက်ဆဲ၊ ဖိုလ်က လွန်မြောက်ပြီး။

နိဗ္ဗာန်ကတော့ ဘာတဲ့တုန်း၊ နိဗ္ဗာန်ရော၊ မဂ်ရော၊ ဖိုလ်ရော ၃-မျိုး တစ်နည်းအားဖြင့် လောကုတ္တရာလို့ ခေါ်တာက ဘာလဲဆိုတော့ “ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကထက် လွန်ကဲမြင့်မြတ်သော တရားဖြစ်လို့” ဒါက ခုနကလို ကျော်လွန်နေပါတယ် မဟုတ်တော့ဘူး၊ မြင့်မြတ်တယ်၊ ပိုပြီးသာသွားတဲ့ တရားလို့ ဆိုလိုတာ၊ လောကထက်သာသွားတဲ့ တရားကို လောကုတ္တရာလို့ ခေါ်တယ်။

အဲဒီကျတော့ မဂ်လည်းလောကထက်သာတယ်၊ ဖိုလ်လည်း လောကထက် သာတယ်၊ နိဗ္ဗာန်လည်း လောကထက်သာတယ်၊ ဒါကြောင့်မို့လောကုတ္တရာလို့ ပြောလိုက်ရင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အားလုံးဆိုလိုတယ်၊ သို့သော် ဒီနေ့ လေ့လာမှာက လောကုတ္တရာစိတ်ဖြစ်တဲ့ အတွက်ကြောင့် မဂ်၊ ဖိုလ်၊ ဒီ ၂-ခုကိုပဲ လေ့လာမယ်။ မဂ်စိတ်၊ ဖိုလ်စိတ်ကို လေ့လာမယ်၊ နိဗ္ဗာန်ကို မလေ့လာသေးဘူး၊ နိဗ္ဗာန်ကို ဆဋ္ဌမပိုင်း နောက်ဆုံးကျမှ ပြောမယ်။

ကောင်းပြီ၊ လောကုတ္တရာစိတ် ၈-ပါးရှိတဲ့အနက်မှာ မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ မဂ်စိတ် ၄-ပါးကို လောကုတ္တရာကုသိုလ်စိတ်လို့ ခေါ်ရတယ်၊ ဖိုလ်စိတ် ၄-ပါးကို လောကုတ္တရာဝိပါက်စိတ်လို့ ခေါ်တယ်။

လောကုတ္တရာကုသိုလ်လို့ ပြောလိုက်ရင် မဂ်စိတ်ကို ပြောတာနဲ့ အတူတူပဲ။ လောကုတ္တရာဝိပါက်လို့ ပြောလိုက်ရင် ဖိုလ်စိတ်လို့ ပြောတာနဲ့ အတူတူပဲ။

မဂ်စိတ် ၄-ပါး ကောင်းပြီ မဂ်စိတ် ၄-ပါးက ဘာတဲ့တုန်း။
(၁) သောတာပတ္တိမဂ်စိတ် (၂) သကဒါဂါမိမဂ်စိတ် (၃) အနာဂါမိမဂ်စိတ် (၄) အရဟတ္တမဂ်စိတ်၊ ဒါဟာ မဂ်စိတ် ၄-ပါး။

ဒီမဂ်စိတ် ၄-ပါးက ဘယ်လိုအခါမှာ ပေါ်တာတုန်း၊ ဒီမဂ်စိတ် ၄-ပါးကို ရဖို့ရန် ဘာကို အားထုတ်ရမလဲဆိုတော့ ဝိပဿနာ တရားကို အားထုတ်ရမယ်၊ ဝိပဿနာ တရားမပါပဲနဲ့ မဂ်စိတ်၊ ဖိုလ်စိတ် မပေါ်နိုင်ဘူး။

[စာမျက်နှာ-183] ဝိပဿနာတရား အားထုတ်တဲ့အခါ ဝိပဿနာမှာ ဉာဏ်စဉ်လို့ခေါ်တဲ့ ဉာဏ်အဆင့်ဆင့်ရှိတယ် ဆိုပါတော့၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က တဖြည်းဖြည်း ဉာဏ်တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် တက်သွားမယ်။

ပထမရုပ်နဲ့ နာမ်ကွဲသွားမယ်၊ နောက်တော့ အကြောင်းအကျိုး ဆက်စပ်တာ နားလည်သွားမယ်၊ နောက်ကျတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်မယ်၊ အဲဒီနောက်ကျတော့ ဖြစ်တာပျက်တာကို သေသေချာချာမြင်မယ်၊ နောက်ဆုံးကျတော့ ပျက်တာမြင်မယ် စသည်ဖြင့် အဆင့်ဆင့်တက်သွားပြီ ဆိုပါတော့။

တက်သွားလို့ ဝိပဿနာရဲ့ အထွတ်အထိပ်ရောက်ပြီးတဲ့ နောက်မှာ မဂ်စိတ်ဆိုတာ ပေါ်လာတယ်။ အမှန်တော့ မဂ်စိတ်ဆိုတာ ဝိပဿနာရဲ့ ထိပ်မှာနေတယ်။ ဝိပဿနာထဲမှာ မဂ်စိတ်မပါဘူး၊ ဝိပဿနာရဲ့ အပြင်ဘက်၊ ဝိပဿနာရဲ့ အပေါ်က နေတယ်။

အဲသလို ဝိပဿနာအားထုတ်လို့ အောင်မြင်သွားပြီဆိုတဲ့ တစ်နေ့မှာမဂ်စိတ်ဆိုတာပေါ်တယ်၊ အဲဒီမဂ်စိတ်ဟာ ဝိပဿနာ စိတ်ခဏတွေနောက်က ဆက်တိုက် ဖြစ်တာ၊ ကြားမှာ ဘာမှ ခြားမနေတော့ဘူး။

ဝိပဿနာ အားထုတ်တဲ့အခါကျတော့ ကာမာဝစရသောဘန စိတ်တွေက ကုသိုလ်စိတ် ဖြစ်နေတာ၊ ဒီကုသိုလ်စိတ်တွေက တစ်ခုပြီးတစ်ခု ဖြစ်နေတာ၊ အဲဒီ ကုသိုလ်စိတ်တွေ ဖြစ်အပြီးမှာ မဂ်စိတ်ဆိုတာ ပေါ်လာတယ်။

အဲဒီမဂ်စိတ်ဟာ နိဗ္ဗာန်ကိုအာရုံပြုတယ်၊ ဝိပဿနာက ရုပ်နာမ်ဆိုတဲ့လောကီတရားကို အာရုံပြုတယ်၊ ဘာလို့တုန်းဆိုတော့ ဝိပဿနာက အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုတာ၊ အဖြစ်အပျက်မြင်အောင်ရှုတာဆိုတော့ လောကီတရားသာရှုလို့ ရတယ်၊ လောကုတ္တရာ တရားရှုလို့ မရဘူး။

မဂ်စိတ်ကျတော့ နိဗ္ဗာန်ကို အာရုံပြုတာ၊ လောကီတရားကို မဟုတ်တော့ဘူး၊ လောကုတ္တရာတရားကို အာရုံပြုတာ၊ အဲဒီမဂ်စိတ်ဖြစ်တဲ့အချိန် အခိုက်အတန့်လေးဟာ ဘယ်လောက်ကြာသလဲ၊ စိတ်တစ်ခဏ တစ်ချက်ခန့်ပဲ ကြာတယ်ဆိုတော့ ၁ စက္ကန့်ရဲ့ အပုံ တစ်သန်းပုံရင် တစ်ပုံပဲ ကြာချင်မှာကြာမယ်၊ ဘာဖြစ်လို့လဲဆိုတော့ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်၊ လက်ဖျက်တစ်တွက်အတွင်းမှာ စိတ်ပေါင်းကုဋေနဲ့ ချီပြီးဖြစ်နိုင် ချုပ်နိုင်တယ်။

ဒါကြောင့်မို့ မဂ်စိတ်ဟာ အဲဒီထဲက ခဏလေးတစ်ချက်ပဲဖြစ်တာ၊ ဒါပေမယ်လို့ သူကသိပ်ပြီး သတ္တိထက်တဲ့စိတ်ဖြစ်တာကြောင့်မို့ အဲဒီစိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက်

[စာမျက်နှာ-184] အဲဒီစိတ်ဟာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကို အာရုံပြုတယ်။

အာရုံပြုတာနဲ့ တစ်ပြိုင်နက်ထဲ သူက ဘာကိစ္စဆောင်ရွက်သလဲဆိုတော့ ကိလေသာတွေပယ်တဲ့ကိစ္စကို ဆောင်ရွက်တယ်၊ ရှင်းရှင်းပြောရရင် ကိလေသာတွေကိုပယ်တယ်။

အဲဒီမဂ်ကပယ်လိုက်တဲ့ ကိလေသာဟာ ဘယ်တော့မှ ဒီပုဂ္ဂိုလ်ထံ ပြန် မပေါ်တော့ဘူး၊ အပြီးသတ်ပယ်တာ၊ ပယ်နည်းအမျိုးမျိုးရှိတယ်၊ တစ်ခဏ ပယ်တာ ရှိတယ်၊ အတန်ကြာပယ်တာရှိတယ်၊ အပြီးသတ်ပယ်တာရှိတယ်။

တစ်ခဏ ပယ်တယ်ဆိုတာက ဘုရားရှိခိုးနေတဲ့အချိန်မှာ တခြားအကုသိုလ်တွေကမရှိဘူး၊ ကုသိုလ်စိတ်တွေဝင်နေတာ၊ တရားထိုင်နေတယ်ဆိုပါတော့၊ အခြား အကုသိုလ်မရှိဘူး၊ ကုသိုလ်စိတ်တွေ ရှိနေတယ်၊ ကုသိုလ်စိတ်နဲ့ အစားထိုးပြီး၊ အကုသိုလ်စိတ်ကို ပယ်ထားတာ၊ ဒါဟာ တဒင်္ဂပဟာန်လို့ သုံးတယ်။

တဒင်္ဂဆိုတဲ့ စကားလုံးတော့ ကြားဖူးမှာပေါ့၊ တဒင်္ဂရဲ့ အဓိပ္ပါယ်ကတော့ “ထိုထိုကုသိုလ် အင်္ဂါဖြင့်၊ အကုသိုလ်ကို ပယ်တယ်”လို့ ဆိုလိုတယ်၊ ဒါဟာ လူပြိန်းနားလည်တဲ့စကား မဟုတ်ဘူး၊ ရှင်းရှင်းပြောရရင် ခဏပယ်တာ၊ တစ်ခဏမျှ ပယ်တာ၊ အင်္ဂလိပ်ပြောရရင် (Substitute) လုပ်ပြီးပယ်တာ၊ အစားထိုးပြီး ပယ်တာကို တဒင်္ဂပယ်တာခေါ်တယ်။

ဘုရားရှိခိုးနေချိန်မှာ ကိလေသာမရှိတော့တာ၊ တရားထိုင်တဲ့အခါမှာ ကိလေသာ မလာတာ။ သို့သော် အကြောင်းပေါ်တဲ့အခါ ဒီကိလေသာ ပြန်မပေါ်ပေဘူးလား၊ ပေါ်တာပေါ့၊ တရားထိုင်ရင်းနဲ့ ဘေးနားက လူတစ်ယောက်က အသံဗလံမြည်အောင် လုပ်လိုက်လို့ ဒေါသထွက်ရင် အကုသိုလ်ပေါ်လာတယ်၊ ကိလေသာပေါ်လာတယ်၊ တစ်ခုခုလိုချင်တာလေး စိတ်ထဲက စဉ်းစားရင် အကုသိုလ်ပေါ်လာတယ်၊ တဒင်္ဂနဲ့ ပယ်တယ်ဆိုတာကတော့ ခဏလေးသာ ပယ်နိုင်တယ်။

ဈာန်ရတဲ့ အခါကျတော့ ဒီဈာန်ကလည်း ကိလေသာတွေကို ပယ်ထားနိုင်တယ်၊ ဈာန်နဲ့ ပယ်တဲ့ကိလေသာကျတော့ သူ့ကို ပါဠိလို ဝိက္ခမ္ဘနပဟာန်လို့ခေါ်တယ်။ သူကနည်းနည်းပိုပြီးကြာတယ်၊ ခွာထားနိုင်တယ်လို့ဆိုတယ်၊ ရေထဲမှာရှိတဲ့ မှော်တွေကို ကျွဲကြီး တိုးသွားတော့ အဲဒီမှော်တွေဟာ ကျဲသွားပြီးတော်တော်နဲ့ ပြန်မစေ့ဘူး၊ ဖြည်းဖြည်းချင်းမှ ပြန်စေ့တာမျိုးလို ဈာန်နဲ့ပယ်ထားတဲ့ ကိလေသာကျတော့ချက်ချင်း ပြန်မလာဘူး၊ ဖြည်းဖြည်းချင်းမှ ပြန်လာတယ်၊ လာတော့လာမှာပဲ၊ ဘာလို့တုန်း

[စာမျက်နှာ-185] ဆိုတော့ သူကလည်း အရင်းအမြစ်နဲ့တကွ အပြီးသတ်ပယ်တာ မဟုတ်သေးလို့။

ဒါကြောင့်မို့ ဈာန်ရပြီး ဈာန်လျောတယ်ဆိုတာတွေ ရှိတာပေါ့၊ ဈာန်တို့ အဘိညာဉ်တို့ ရလို့ကောင်းကင်ပျံနိုင်ပြီးတဲ့ နောက်မှ ဈာန်လျောပြီးတော့ ဖြစ်ချင်တာ ဖြစ်နိုင်တယ်။

မဂ်နဲ့ ပယ်တာကျတော့ သမုစ္ဆေဒလို့ ခေါ်တယ်၊ သမုစ္ဆေဒဆိုတာ အကြွင်းမဲ့ ဖြတ်ပစ်လိုက်တာ၊ အဲဒီမဂ်နဲ့ပယ်လိုက်တဲ့ ကိလေသာကျတော့ ဒီပုဂ္ဂိုလ်ထံ ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး၊ အဲဒီလောက် သတ္တိရှိတဲ့မဂ်စိတ်။

ဒီမဂ်စိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီပုဂ္ဂိုလ်ဟာပုထုဇဉ် မဟုတ်တော့ဘူး၊ အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီ၊ ဒါကြောင့် အရိယာပုဂ္ဂိုလ်ဆိုရင် မဂ်စိတ်ဖြစ်ဖူးတဲ့ ပုဂ္ဂိုလ်၊ သူ့သန္တာန်မှာ မဂ်စိတ်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်မှ အရိယာလို့ခေါ်ရတယ်၊ ဒီလို မဖြစ်ဖူးသေးရင် ဒီပုဂ္ဂိုလ်ဟာအရိယာ မဟုတ်ဘူး။

သောတာပတ္တိမဂ်စိတ်နောက်မှာ ဆက်တိုက်လိုက်ပြီးတော့ သောတာပတ္တိဖိုလ်စိတ် ၂- ကြိမ်သော်လည်းကောင်း၊ ၃-ကြိမ်သော်လည်းကောင်း ဖြစ်တယ်၊ ဒါဟာ စိတ္တနိယာမခေါ်တယ်၊ စိတ်အစဉ်ဟာ ဒီအတိုင်းသွားတယ်။

မဂ်ရတာနဲ့တစ်ပြိုင်နက် နောက်က ဖိုလ်စိတ်လိုက်တယ်၊ ဖိုလ်စိတ်ဟာ ၂-ကြိမ်သော်လည်းကောင်း၊ ၃-ကြိမ်သော်လည်းကောင်း ဖြစ်တယ်၊ ဒါဆိုရင် ဖိုလ်စိတ်က ဘာကိစ္စလုပ်တာတုန်း၊ မဂ်က ကိလေသာပယ်ပြီးပြီ၊ ဖိုလ်က ဘာလုပ်တာတုန်း ထပ်ပြီးတော့ ငြိမ်းအောင်လုပ်တာ။

ထပ်ပြီးတော့ ငြိမ်းအောင်လုပ်တယ်ဆိုတာ လူတစ်ယောက်က ရိုက်ချလိုက်လို့ အခြားလူတစ်ယောက်လဲ သွားပြီးတဲ့နောက်၊ နောက်လူတစ်ယောက်က ရောက်လာပြီး ပထမလူလုံးဝမထနိုင်အောင် ထပ်ထောင်းပြန်တဲ့ သဘောမျိုး၊ ကျမ်းဂန်တွေ ထဲမှာပြောတာကတော့ မီးကိုသေအောင် သတ်လိုက်ပြီးတဲ့နောက် ပိုပြီးတော့ သေချာအောင် ရေနဲ့ထပ်လောင်းတာမျိုးလို ထပ်မံငြိမ်းစေတဲ့သဘော၊ ငြိမ်းစေတဲ့ကိစ္စကို ဖိုလ်က ဆောင်ရွက်တယ်။

မဂ်က အပြီးသတ်လိုက်တယ်၊ ကိလေသာမီးကို အပြီးငြိမ်းလိုက်ပြီ၊ ငြိမ်းလိုက် ပြီးတဲ့နောက် နောက်ထပ်မပေါ်နိုင်အောင် ဖိုလ်ကထပ်ပြီး သတ်တယ်၊ အဲဒီဖိုလ်စိတ် ဖြစ်သွားပြီးတဲ့နောက် ဒီပုဂ္ဂိုလ်ဟာ ပထမအဆင့်ဆိုရင် သောတာပန် ဖြစ်သွားပြီ၊ သူလည်း အရိယာပုဂ္ဂိုလ်ပဲ။

[စာမျက်နှာ-186] သောတာပန်ဖြစ်ပြီးတဲ့နောက် ဆက်ပြီးတော့ ဖြစ်စေ၊ ကာလခြား၍ဖြစ်စေ၊ တရားဆက်အားထုတ်တယ်ဆိုပါစို့၊ တရားဆက်အားထုတ်တဲ့အခါကျတော့ ဝိပဿနာကိုပဲ ဆက်အားထုတ်ရတယ်၊ ဝိပဿနာဆက်အားထုတ်တော့ အဆင့်ဆင့် ဝိပဿနာဉာဏ်တက်ပြီး အောင်မြင်ပြန်ပြီဆိုပါတော့၊ နောက်ထပ်မဂ်စိတ်တစ်ခု ပေါ်ပြန်တယ်၊ အဲဒီမဂ်စိတ်တစ်ခု နောက်ကဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်တယ်၊ အဲဒီစိတ်ဖြစ်လိုက်တဲ့ အခါကျတော့ သူဟာ သကဒါဂမ်ပုဂ္ဂိုလ် ဖြစ်သွားတယ်၊ သူ့စိတ်ကို သကဒါဂါမိမဂ်စိတ်၊ ဒုတိယစိတ်၊ ဖိုလ်စိတ်ကို သကဒါဂါမိဖိုလ်စိတ်။

တစ်ခါ ဒီလိုပဲထပ်ပြီး အားထုတ်ပြန်ပြီ၊ ရှေ့ဆက်ပြီး တက်ချင်လို့ပေါ့။ အောင်မြင်ပြီ၊ တတိယမဂ်စိတ်ပေါ်တယ်၊ တတိယမဂ်စိတ် နောက်က တတိယ ဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဖြစ်တယ်၊ တတိယမဂ်စိတ်ကို အနာဂါမိမဂ်စိတ်၊ တတိယဖိုလ်စိတ်ကို အနာဂါမိဖိုလ်စိတ်။

တစ်ခါ ရှေ့ဆက်သွားဦးမယ်၊ အဆုံးတိုင်ရောက်အောင် အားထုတ်ပြန်တယ်။ အောင်မြင်သွားပြန်ပြီ၊ စတုတ္ထမဂ်စိတ်ပေါ်တယ်၊ အရဟတ္တမဂ်စိတ်၊ အဲဒီ အရဟတ္တမဂ် စိတ်နောက်က အရဟတ္တဖိုလ်စိတ် ၂-ကြိမ် ၃-ကြိမ် ဆက်တိုက်ဖြစ်တယ်။

အဲဒီ အရဟတ္တမဂ်စိတ် ရပြီးတဲ့နောက်ကျတော့ ဒီပုဂ္ဂိုလ်ကို ရဟန္တာလို့ ခေါ်ရတယ်၊ ရဟန္တာဆိုတာ မဂ်အဆင့် ၄-ဆင့်မှာ အမြင့်ဆုံးအဆင့်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်ကို ရဟန္တာလို့ခေါ်တယ်၊ အရဟတ္တမဂ်စိတ် အရဟတ္တဖိုလ်စိတ်ဟာ ရဟန္တာရဲ့ သန္တာန်မှာ ဖြစ်ပြီးသွားပြီ။

သောတာပန်
အဲဒီတော့ ပထမစိတ်ဖြစ်တဲ့ သောတာပတ္တိမဂ်စိတ်ကို ပြန်သွားကြမယ်၊ သောတာပတ္တိမဂ်စိတ်နဲ့ ဘာကို ပယ်သလဲ၊ ဘာကိလေသာတွေကို ပယ်သလဲ။ အခုထဲက မှတ်ချင်မှတ်ကြ၊ တွေ့မှာက နဝမပိုင်း (နောက်ဆုံးပိုင်း) ကျမှ တွေ့မှာ၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ၊ ဒီတရား ၂-မျိုးကို သောတာပတ္တိမဂ်က အကြွင်းမဲ့ ပယ်တယ်။

ဒိဋ္ဌိဆိုတာ အယူမှားပေါ့၊ လှူတာတန်းတာ အကျိုးမရှိဘူး၊ အရိုအသေပြုတာ အကျိုးမရှိဘူး စသည်ဖြင့် ဒီလိုယူဆတဲ့ ပုဂ္ဂိုလ်တွေ၊ ပြီးတော့ လောကကြီး မြဲတယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်တွေ၊ သို့မဟုတ်ရင် လောကကြီးမှာ သတ္တဝါတွေဟာ သေပြီးရင် ပြီးရော နောက်ထပ် ပြန်မဖြစ်ဖူးလို့ ယူတဲ့ပုဂ္ဂိုလ်တွေ၊ ဒီပုဂ္ဂိုလ်တွေကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်၊ အဲဒီအယူကိုလည်း ဒိဋ္ဌိအယူလို့ခေါ်တယ်။

အဲဒီဒိဋ္ဌိနဲ့ သို့လောသို့လော ယုံမှားတွေးတောမှု ဝိစိကိစ္ဆာ၊ ဒီနေရာမှာ သို့လောသို့လော ယုံမှားတွေးတောမှုဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့

[စာမျက်နှာ-187] ပတ်သက်တဲ့ ယုံမှားမှု၊ ပဋိစ္စသမုပါဒ် တရားတော်နဲ့ ပတ်သက်တဲ့ ယုံမှားမှု၊ သစ္စာလေးပါးနဲ့ ပတ်သက်တဲ့ ယုံမှားမှု၊ သိက္ခာသုံးပါး အကျင့်တရားနဲ့ ပတ်သက်တဲ့ ယုံမှားမှုမျိုးကို ဆိုလိုတယ်၊ သာမညယုံမှားမှုမျိုးဖြစ်တဲ့ မော်တော်ကား မောင်းသွားလို့ ဘယ်ဘက်ချိုးရမလား၊ ညာဘက်ချိုးရမလား၊ မသိတဲ့ ယုံမှားမှုမျိုးကို ဆိုလိုတာ မဟုတ်ဘူး။

စာစကားနဲ့ပြောရမယ်ဆိုရင် ရဟန္တာဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တောင်မှ သူက စာသိပ် မတတ်ရင် ဒီဟာလုပ်ကောင်းလား၊ မလုပ်ကောင်းလား မသိဘူး၊ အဲဒါဝိစိကိစ္ဆာ မဟုတ်ဘူး၊ ရဟန္တာဆိုတော့ ဝိစိကိစ္ဆာကင်းတယ်။

ဝိစိကိစ္ဆာက ဘာလဲ၊ ဘုရားဆိုတာ ဟုတ်ရဲ့လား၊ ဘုရားက တရားအားလုံးကို သိတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လား၊ ဝိပဿနာရှုလို့ ရုပ်နာမ်သဘော သိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား၊ အဲဒီလို ယုံမှားမှုမျိုး၊ ပြီးတော့ အခြားယုံမှားမှုမျိုးတွေ ရှိပါသေးတယ်၊ ငါ နောက်ဘဝဖြစ်ခဲ့တာ ဟုတ်မှဟုတ်ရဲ့လား၊ ရှေ့ဘဝဖြစ်မှာကော ဟုတ်မှဟုတ်ရဲ့လား စသည်ဖြင့် အဲဒီလို ယုံမှားမှုမျိုးတွေ အားလုံးဟာ သောတာပတ္တိမဂ်ကို ရလိုက်ရင် ကင်းသွားတယ်။

ဒါကြောင့် သောတာပတ္တိမဂ်နဲ့ဘာတွေကို ပယ်သလဲလို့မေးရင်ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ၊ ဒီတရား နှစ်မျိုးကိုပယ်တယ်၊ ဒီတရားနှစ်မျိုးကို ပယ်ပြီးဖြစ်တာကြောင့် သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်မှာဘယ်တော့မှ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာမဖြစ်တော့ဘူး၊ ဘုရား၊ တရား၊ သံဃာနဲ့ ပတ်သက်လို့ ဘယ်တော့မှ ယုံမှားမှုမျိုး မရှိတော့ဘူး၊ ဒါကြောင့် ဘုရား၊ တရား၊ သံဃာနဲ့ ပတ်သက်ရင် မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်း၊ သဒ္ဓါတရားနဲ့ ပြည့်စုံတယ်လို့ ဆိုရတယ်၊ ဘယ်လိုလူမျိုးကလာပြီး ခြိမ်းခြောက်လည်းပဲ မရတော့ဘူး၊ “မင်းကို သတ်မယ်ဘုရားကို ဘုရားမဟုတ်ဘူးလို့ ပြော၊ တရားကို တရားမဟုတ် ဘူးလို့ပြော” ခိုင်းရင် အသေသာခံမယ်၊ သူဒါကို ဘယ်တော့မှ မပြောတော့ဘူး။

သောတာပန်ဖြစ်သွားပြီးတဲ့နောက် ငါးပါးသီလကို မြဲမြဲကြီး သူ ထိန်းတော့တယ်၊ သောတာပန်ဖြစ်ပြီးရင် ငါးပါးသီလကို ဘယ်တော့မှ မဖောက်ဖျက်တော့ဘူး၊ မချိုးတော့ဘူး။

နောက်ဆုံး ဒီဘဝက သေလို့ နောက်ဘဝ လူပြန်ဖြစ်တယ်ထားပါတော့ ကလေးဘဝနဲ့ မွေးဖွားလာပြီဆိုပါတော့ သူ့ကိုယ်သူ သောတာပန်မှန်းသိချင်မှ သိဦးမယ်၊ ဒါပေမယ်လို့ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးမှု မလုပ်တော့ဘူး၊ ဘာလို့တုန်းဆိုရင် မဂ်နဲ့ ပယ်တယ်ဆိုတာက တစ်ခါထဲတောက်ခနဲ ပြတ်သွားအောင်

[စာမျက်နှာ-188] ပယ်လိုက်တာ။ ကျမ်းဂန်တွေမှာ ပြောတာက သစ်ပင်ကို မိုးကြိုးပစ်လိုက်သလို ဒီသစ်ပင် သွားတာပဲ၊ အခုခေတ်ဆိုရင် ညူကလီးယားလက်နက်ပေါ့။

မေး - သောတာပန်ဘာတွေပယ်သလဲ။
ဖြေ - ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်တယ်။

မေး - သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ် ငါးပါးသီလ ချိုးသေးသလား။
ဖြေ - မချိုးတော့ဘူး၊ ကျမ်းဂန်မှာ အတိအလင်းရှိတယ်။

မေး - သကဒါဂါမိမဂ် ရတယ်၊ သကဒါဂမ် ပုဂ္ဂိုလ်ဖြစ်သွားပြီ၊ အဲဒီ ပုဂ္ဂိုလ်ကျတော့ ဘာတွေ ပယ်သလဲ။
ဖြေ - ဘာကိလေသာကိုမှ နောက်ထပ် သူကအထူးမပယ်ဘူး၊ ဒါပေမယ့် ကျန်တဲ့ ကိလေသာတွေကို သူကပါးသွားအောင်လုပ်တယ်၊ နည်းသွားအောင်လုပ်တယ်။ သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး၊ အပါယ်မကျ တော့ဘူးဆိုတာ အပါယ်ကျနိုင်လောက်တဲ့ ကိလေသာကို သူမလုပ်တော့ဘူးလို့ ဆိုလိုတာ၊ အပါယ်ကျနိုင်လောက်တဲ့ ကိလေသာတွေကို လုပ်လျက်နဲ့ အပါယ်မကျတာ မဟုတ်ဘူး၊ အဲဒါ သိပ်အယူလွဲတတ်ကြတယ်။

တချို့ ညာချင်တဲ့သူတွေက “ငါ သောတာပန် ဖြစ်နေပြီ၊ ငါ ဘာလုပ်လုပ် အပါယ်မလားတော့ဘူး၊ ကိစ္စမရှိတော့ဘူး၊ မင်းတို့က သောတာပန် မဟုတ်သေးတော့ မင်းတို့ ဘာမှ မလုပ်ကြနဲ့”လို့ ပြောပြီး မတော်တရော်လုပ်တဲ့သူတွေ့ရှိတယ်။

သောတာပန် အပါယ်မလားဘူးဆိုတာဟာ အပါယ်လားစေတဲ့ အကုသိုလ်ကို မလုပ်လို့ကို အပါယ်မလားတာ၊ သူက သူများ အသက်တော့ သတ်သေးတယ်၊ သူများဥစ္စာတော့ ခိုးသေးတယ်၊ သူ့အိမ်ရာတော့ ပြစ်မှားသေးတယ်၊ ဒါပေမယ့် သောတာပန် ဖြစ်နေလို့ အပါယ်မလားတာ မဟုတ်ဘူး၊ အဲဒါ သိပ်အရေးကြီးတယ်၊ လူဝတ်ကြောင် ဒကာဒကာမတွေအသေအချာ မှတ်ကြ၊ ဆရာဆိုတာ အမျိုးမျိုးတွေ့ရတာပဲ၊ ဒီနိုင်ငံမှာလည်း ဒါမျိုးတွေ့ရှိတယ်။

ဒါကြောင့်မို့ သောတာပန် ဖြစ်သွားရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်တယ်၊ ဒါဟာ သိပ်စစ်ဆေးဖို့ မလွယ်ပါဘူး၊ သို့သော် ငါးပါးသီလနဲ့ ပြန်ချိန်ကြည့်ကြ၊ ကိုယ့်ကိုကိုယ် သောတာပန် ထင်ရင်လည်း ငါ ပရွက်ဆိတ်လေးများ သတ်နိုင်သေးသလား၊ သတ်သေးသလား၊ အရက်သောက်သေးသလား စသည်ဖြင့် ကိုယ့်ကိုကိုယ် ငါးပါးသီလနဲ့ ပြန်စစ်ဆေးကြည့် ဒါပဲ။

[စာမျက်နှာ-189] တလောက Texas သွားတော့ လူတစ်ယောက်က သီဟိုဠ်သွားပြီး တရားအားထုတ်လာလို့ သူ့ကိုယ်သူ သောတာပန် ထင်နေပြီး ဦးဇင်းကို လာမေးတယ်၊ သောတာပန် ဘယ်လိုလဲ ညာလိုလဲ စသည်ဖြင့်ပေါ့။

ဦးဇင်းကပြောတယ်၊ သောတာပန်ဆိုတာ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာပယ်တယ်၊ ဒါပေမယ့် ပုထုဇဉ်လည်း တရားကိုများများအားထုတ်ရင် သောတာပန်နီးနီးပယ်နိုင်တာပဲ၊ သို့သော် ကိုယ်ကျင့်တရားနဲ့ပြန်ကြည့်ကြ၊ ငါးပါးသီလကို ဘယ်တော့မှ မဖောက်ဘူး၊ မချိုးဘူးလို့ တို့ရဲ့ စာပေကျမ်းဂန်မှာ အတိအလင်းရှိတယ်ဆိုတော့ သူက “ဒါတွေ ချည်းတော့ မဟုတ်သေးပါဘူး၊ I still kill insects” တဲ့၊ သူ ပုရွက်ဆိတ်လေး ပိုးဟပ်လေးတော့ သတ်ဦးမှာပေါ့လေ၊ အဲသလို ပြန်ချိန်ရတယ်။

မြန်မာပြည်မှာ လူတစ်ယောက်တွေ့ဖူးတယ်၊ သူကလည်း ပြောတယ်၊ ဦးဇင်း တပည့်တော်က သောတာပန် ဖြစ်ပြီးမှ ပြန်လျောကျလာတာတဲ့၊ အမှန်တော့ တကယ်ဖြစ်ပြီးမှ လျောတာမဟုတ်ဘူး၊ သူ့ကိုယ်သူထင်တာပြောတာ၊ သူက တရားသွားအားထုတ်ထားတာကိုး၊ တွေ့သင့်သလောက် တွေ့ထားတော့ သူ့ကိုယ်သူ သောတာပန် ဖြစ်ပြီထင်တာ။

တစ်နေ့တော့ လူတစ်ယောက်က သူ့ကို (သူက ကုန်သည်) သူ ရောင်းတဲ့ ကုန်ရဲ့ အရင်းအနှီးကို မေးတာ၊ ဒီဟာ အရင်းဘယ်လောက်ကုန်သလဲ ဆိုတော့ အမှန်အတိုင်း သူ ဘယ်ပြောလိမ့်မလဲ၊ ညာပြောလိုက်တာပေါ့၊ ညာပြောပြီးတော့မှ သူ စဉ်းစားတယ်၊ ငါ သောတာပန်ပါ၊ ဘယ့်နှယ် ညာပြောရသလဲဆိုပြီးတော့ သူ့ထက်နားလည်တဲ့ ဆရာကြီးတစ်ယောက် သွားမေးတယ်၊ “ဆရာကြီး သောတာပန် ဆိုတာ လိမ်ပြောသေးလား”ဆိုတော့ ဆရာကြီးက “မင်းကွာ၊ ဘယ်လိမ်ပြောမလဲ၊ သောတာပန်ဆိုတာ အသက်စွန့်ပြီး ငါးပါးသီလကို ထိန်းတယ်” ပြောလိုက်တော့မှ ငါ သောတာပန်မဟုတ်သေးပါဘူးဆိုပြီး သူ့ကိုယ်သူ သောတာပန်အဖြစ်က ပြန်ကျ သတဲ့။

ဒါပေမယ့် သူက တစ်ခုတော့ ပြောတယ်၊ “တပည့်တော် ကိုယ့်ကိုကိုယ် သောတာပန် ထင်နေတုန်းက သိပ်စိတ်ကောင်းတာပဲ၊ စိတ်ကောင်းသိပ်ရှိတာပဲ”တဲ့။ ဒါကြောင့်မို့ ဦးဇင်းက သူ့ကိုယ်သူ သောတာပန် ထင်ချင်လည်း ထင်ပါစေတော့လို့။

မေး - တစ်ခါတလေ ကိုယ်က လိမ်တာတော့မဟုတ်ဘူး၊ အမှတ်တမဲ့ ပြောလိုက်တာဟာ လိမ်ရာကျပါသလား။
ဖြေ - အမှတ်တမဲ့ မဟုတ်ဘူး၊ အမှတ်တမဲ့ပြောတာမျိုး စေတနာ မပါတာမျိုးက _ _ _ _ _ _ _ _ _ _ _ _

[စာမျက်နှာ-190] ကိစ္စမရှိဘူး၊ ဒါက စေတနာနဲ့ပြောတာ၊ တကယ် လိမ်ချင်လို့ကို လိမ်လိုက်တာ၊ ဒါဘယ်လောက် ပေးရသလဲ မေးတာ၊ အမှန် တစ်ရာပေးရတယ်။ ဒါပေမဲ့ တစ်ရာ ပေးရတယ် မပြောချင်တော့ တစ်ရာ့ငါးဆယ် ပေးရတယ် ပြောတယ်။

မေး - အဲဒါဆိုရင် ညာတာဖြစ်သွားရောလား။
ဖြေ - အဲဒါတော့ ညာတာပေါ့။

မေး - ဘယ်သူမှ မထိခိုက်ရင်ကော။

သကဒါဂါမ်
ဖြေ - သူများ မထိခိုက်တဲ့ ညာတာမျိုးကတော့ သီလမကျိုးဘူးလို့ ပြောတယ်။ ကမ္မပထမမြောက်ဘူး။ သူတစ်ပါးအကျိုးပျက်စီးမှ ကမ္မပထမြောက်တယ်၊ ကောင်းပြီ၊ သောတာပန်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်တဲ့အပြင် လောဘ၊ ဒေါသ၊ မောဟကိုလဲ အပါယ်ကျ နိုင်လောက်တဲ့ဟာဆို မလုပ်တော့ဘူး၊ သကဒါဂါမ်ကျတော့ ဒီထက်ပါးသွားပြီ၊ သကဒါဂါမ်က ဘယ်ကိလေသာကိုမှ ထပ်ပြီး အကြွင်းမဲ့မပယ်ဘူး၊ သို့သော် သကဒါဂါမိမဂ် ရလိုက်ရင် နဂိုကရှိတဲ့ ကိလေသာက ပိုနူးညံ့သိမ်မွေ့ သွားပြီး ပိုပါးသွားတယ်။

အနာဂါမ်
အနာဂါမိမဂ်ရတော့ ဘာကိလေသာတွေ ထပ်ပယ်သလဲဆိုတော့ ကာမရာဂနဲ့ ဗျာပါဒကို ထပ်ပယ်တယ်။

ကာမရာဂဆိုတာက လောကမှာရှိတဲ့ ကာမဂုဏ်ဆိုတဲ့ဝတ္ထုပစ္စည်းတွေ လှလှပပ မြင်စရာတွေ ကြားစရာတွေ ဒါတွေအားလုံးကို ကာမဂုဏ်လို့ခေါ်တယ်၊ လူတွေ ကတော့ ကာမဂုဏ်ဆိုရင် sex လိုတာမျိုးပဲ နားလည်လိမ့်မယ်၊ ကာမဂုဏ်ဆိုတာ ဒါမျိုးမဟုတ်ဘူး၊ မြင်တဲ့အာရုံ၊ ကြားတဲ့အာရုံ၊ နံတဲ့အာရုံ၊ အရသာသိတဲ့ အာရုံ၊ ထိတဲ့အာရုံ၊ ဒါတွေအားလုံးကို ကာမဂုဏ် ၅-ပါးလို့ ခေါ်တယ်။

အဲဒီကာမဂုဏ်ငါးပါးနဲ့ ပတ်သက်ပြီး သူ့မှာတွယ်တာမှု လိုချင်မှု တောင့်တမှု ဘာမှမရှိတော့ဘူး၊ သို့သော် သူ့မှာ လုံးဝ လောဘကင်းသွားပြီလားဆိုတော့ မကင်းသေးဘူး၊ လောဘကျန်သေးတယ်၊ ဘာကြောင့်တုန်း၊ ရူပဘုံတော့ ရောက်ချင် သေးတာကိုး၊ အရူပဘုံတော့ ရောက်ချင်သေးတာကိုး၊ အဲဒါကြောင့် ရူပရာဂ၊ အရူပရာဂဆိုတဲ့ အလွန်သိမ်မွေ့တဲ့ ရာဂက သူ့မှာရှိသေးတယ်၊ ကာမဘုံမှာရှိနေတဲ့ ပစ္စည်းတွေ အာရုံတွေနဲ့ ပတ်သက်တဲ့ လိုချင်တောင့်တမှုကတော့ သူ့မှာ မရှိတော့ဘူး၊ ဒါကြောင့် အနာဂါမ်ဖြစ်ပြီးရင် အိမ်ထောင်ဘဝနဲ့နေဖို့ အများကြီး ခဲယဉ်းသွားပြီ။

နောက်တစ်ခုက ဗျာပါဒ၊ ဗျာပါဒဆိုတာ ဒေါသပြောတာ၊ အနာဂါမ်ဖြစ်ရင် ဒေါသလုံးဝကင်းသွားပြီ၊ ဘယ်တော့မှ စိတ်ဆိုးတာတို့ ဒေါသထွက်တာတို့ စိတ်ညစ်

[စာမျက်နှာ-191] တာတို့ မရှိတော့ဘူး၊ ပြီးတော့ ဒေါသဆိုရာမှာ ကြောက်တာကိုလည်း ဒေါသလို့ အဘိဓမ္မာမှာ ယူရတယ်၊ သူက ဆုတ်နစ်တဲ့ ဒေါသလို့ ခေါ်ရတယ်၊ စိတ်ဆိုးတာ ကတော့ ထက်မြက်တဲ့ဒေါသပေါ့။

မေး - Passive ဒေါသလား။
ဖြေ - ဟုတ်တယ် passive ဒေါသနဲ့ active ဒေါသ။ aggressive ဒေါသပေါ့။

ဒါကြောင့် အနာဂါမ်ဖြစ်ပြီးရင် မကြောက်ဘူး၊ ဘယ်လောက် ခြောက်လှန့်နေနေ မကြောက်တော့ဘူး၊ ကြောက်တာလန့်တာ သူ့မှာ မရှိတော့ဘူး၊ အဲဒါ သူပယ်တယ်။ ဒါကြောင့်မို့ ပုဂ္ဂိုလ်တစ်ယောက်က သူ့ကိုယ်သူ အနာဂါမ်ပါဟေ့ဆိုရင် စမ်းလို့ သိပ်လွယ်တယ်၊ သူ့ကို စိတ်ဆိုးအောင်စမ်းကြည့်ပေါ့။

ရဟန္တာ
ကောင်းပြီ၊ အနာဂါမ်ကနေ ရဟန္တာဖြစ်သွားပြီတဲ့၊ စတုတ္ထမဂ်ရလို့ ရဟန္တာ ဖြစ်သွားတဲ့အခါကျတော့ ကျန်တဲ့ကိလေသာဖြစ်တဲ့ရူပရာဂ၊ အရူပရာဂတို့၊ မာနတို့၊ မောဟ၊ အဝိဇ္ဇာဆိုတဲ့ တရားတွေအကုန်လုံးပယ်လိုက်ပြီ တစ်ခုမှ ပြန်မလာတော့ဘူး၊ လုံးဝ Total purity of mind အဲဒီကျမှ ရတော့တယ်။

မေး - ဒါကြောင့် ရဟန္တာဖြစ်ပြီးမှ စိတ်ဆိုးတယ်လို့ ရှိနိုင်ပါ့မလား။
ဖြေ - မရှိနိုင်ပါဘူး။

မေး - ဟိုဟာလိုချင် ဒီဟာလိုချင်ရှိနိုင်ပါ့မလား။
ဖြေ - မရှိနိုင်ဘူး။

မေး - မာနကြီးတာတို့ကော ရှိနိုင်ပါ့မလား။
ဖြေ - မရှိနိုင်ဘူး၊ စိတ်ဟာ အလွန်ကို စင်ကြယ်သွားပြီ၊ အဲဒါကို ရဟန္တာလို့ ခေါ်တယ်။

ကောင်းပြီ၊ အဲဒါက အဆင့် ၄-ဆင့်၊ အရိယာပုဂ္ဂိုလ် ၈-ယောက်လို့ခေါ်တယ်။ မဂ်အခိုက်မှာကို တစ်ယောက် ခေါ်တယ်၊ ဖိုလ်အခိုက်မှာကို တစ်ယောက်ခေါ်တော့ နှစ်ယောက် ဖြစ်သွားတော့စုစုပေါင်း ရှစ်ယောက် ဖြစ်သွားတာပေါ့။

သောတာပတ္တိမဂ်
သောတာပတ္တိမဂ်ကို ဘာကြောင့် သောတာပတ္တိမဂ်လို့ ခေါ်သလဲ၊ အရိယာမဂ် တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာရောက်ခြင်းဖြင့် ရအပ်သောမဂ်နှင့် ယှဉ်သော စိတ်၊ မှတ်နိုင်ရင်လည်း မှတ်ကြ။

သောတဆိုတာ ဒီနေရာမှာ ရေအယဉ်၊ သောတဟာ နားလို့ပဲ အနက်ပေးတယ်။ သောတရှင်ဆိုတာ ကြားဖူးကြသလား၊ နားထောင်တဲ့သူကို သောတရှင်လို့ ခေါ်ကြ

[စာမျက်နှာ-192] တယ်၊ ဒါက မြန်မာတွေထွင်တဲ့စကားလုံး၊ ဒီနေရာမှာတော့ သောတဟာ နားမဟုတ်ဘူး။ ရေအယဉ်။ အဲဒီ ရေအယဉ်ထဲသို့ ရှေးဦးစွာ ရောက်သွားတယ်၊ အဲဒီရောက်ခြင်းဖြင့် ရအပ်တဲ့မဂ်၊ အဲဒီမဂ်နဲ့ ယှဉ်တဲ့စိတ်ကို သောတာပတ္တိမဂ်စိတ်။

ကောင်းပြီ မဂ်ရယ်၊ မဂ္ဂင်ရယ်၊ မဂ်စိတ်ရယ်၊ ဒီသုံးခု ခွဲခြားပြီး သိရမယ်၊ ဟိုနေ့တုန်းက ဈာန်ရယ်၊ ဈာန်အင်္ဂါရယ်၊ ဈာန်စိတ်ရယ်။

မဂ်ဆိုတာ ဘာလဲ၊ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး (၇-ပါးအပေါင်း) တစ်ခါ တလေကျတော့ ၇-ပါး ဖြစ်တယ်၊ တစ်ခါတလေကျတော့ ၈-ပါးဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး တော့ကြားဖူးကြတယ် မဟုတ်လား၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စသည်ဖြင့် ရှိတယ်၊ အဲဒီဟာတွေ ပေါင်းနေတာကို မဂ်လို့ ခေါ်တယ်၊ ဟိုနေ့က ပြောသလို ဈာန်ဆိုတာ အင်္ဂါ ၅-ပါး ဈာန်အင်္ဂါအပေါင်းကို ဈာန်လို့ ခေါ်သလို အဲဒီဟာတွေပေါင်းနေတာကို မဂ်လို့ခေါ်တယ်။

မဂ္ဂင်ဆိုတာ မဂ်ရဲ့ အစိတ်အပိုင်းလို့ဆိုလိုတယ်၊ အဲဒီမဂ်အပေါင်းရဲ့ အစိတ် အပိုင်းဆိုတော့ အသီးအသီး တစ်ခုစီ၊ တစ်ခုစီ (individually) ပေါ့၊ သမ္မာဒိဋ္ဌိကို မဂ္ဂင်လို့ခေါ်တယ်၊ သမ္မာသင်္ကပ္ပကို မဂ္ဂင်လို့ခေါ်တယ်၊ သမ္မာဝါစာကို မဂ္ဂင်လို့ ခေါ်တယ် စသည်ဖြင့် သိရမယ်၊ သူတို့ပေါင်း လိုက်တဲ့ ၈-ပါး၊ အဲဒါကို မဂ်၊ ၇-ပါးပေါင်းလိုက်ရင် မဂ်။

မဂ်စိတ်ဆိုတာက မဂ်၊ မဂ္ဂင်၊ အဲဒါတွေနဲ့ ယှဉ်တဲ့စိတ်၊ တချို့ မဂ်စိတ်က ၈-ပါးလုံးနဲ့ ယှဉ်တယ်၊ တချို့မဂ်စိတ်က ၇-ပါးနဲ့ ယှဉ်တယ်၊ အဲဒါနဲ့ ယှဉ်တဲ့ စိတ်ကျတော့ မဂ်စိတ်။

အဲဒါကြောင့်မို့ သောတာပတ္တိမဂ်စိတ်ဆိုတာ အရိယာမဂ်တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သောမဂ်။ သစ်တုံးတစ်ခုကို မြစ်ထဲပစ်ချလိုက်ပါ၊ မြစ်ရေအယဉ်ထဲကျသွားရင် ဒီသစ်တုံးဟာ တဖြည်းဖြည်းနဲ့ သမုဒ္ဒရာဘက် သွားတော့မှာပဲ၊ အဲဒီအတိုင်းပဲ ပုဂ္ဂိုလ်ဟာ အရိယာမဂ်တည်းဟူသော ရေအယဉ်သို့ ရောက်တယ်ဆိုရင် နိဗ္ဗာန်ရောက် တော့မှာပဲ၊ ဘယ်သူမှတားလို့မရတော့ဘူး၊ သေချာသွားပြီ၊ ဒါကြောင့်မို့ အရိယာမဂ်ကို ရေအယဉ်နဲ့ နှိုင်းပြီးဒီမှာပြောထားတာ။

ဖိုလ်စိတ်ကျတော့ ဘာတဲ့တုန်း၊ အရိယာမဂ်တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်ခြင်း၏ အကျိုးဖြစ်သောစိတ်။

[စာမျက်နှာ-193] ဖိုလ်စိတ်ဆိုတာ အကျိုးစိတ်၊ မဂ်စိတ်ပြီးရင် ချက်ချင်း ဖိုလ်စိတ်ဖြစ်တယ်၊ မဂ်စိတ်က အကြောင်း၊ ဖိုလ်စိတ်ကအကျိုး၊ ဒီနေရာမှာ အကြောင်းနဲ့အကျိုးဟာ တကယ့်ကို ဘာမှ မခြားပဲနဲ့ ဆက်တိုက်ဖြစ်တာ၊ ဒီလိုဖြစ်တာဒီတစ်နေရာပဲရှိတာ၊ ကာမာဝစရကုသိုလ်က အကျိုးပေးတာကနောက်ဘဝမှာ သွားပြီး အကျိုးပေးမှာ၊ ဒီဘဝမှာအကျိုးပေးသည့်တိုင်အောင် ကာလအတန်ကြာမှ အကျိုးပေးမယ်၊ တစ်ရက် ကြာမှ နှစ်ရက်ကြာမှ၊ တစ်လကြာမှ စသည်ဖြင့် အကျိုးပေးမှာ။

မဂ်က အကျိုးပေးတယ်ဆိုတာကတော့ ချက်ချင်း အကျိုးပေးမှာ၊ ဒါကြောင့်မို့ တရားတော်ရဲ့ ဂုဏ်တော်တွေထဲမှာ အကာလိကောဆိုတဲ့ ဂုဏ်တော်ပါတယ်၊ အခါ မလင့် အကျိုးပေးတတ်တယ်တဲ့၊ အခါမလင့် အကျိုးပေးတယ်ဆိုတာ ချက်ချင်း အကျိုးပေးတာ၊ သူ့အကျိုးက ချက်ချင်း နောက်က လိုက်လာတာ၊ အင်္ဂလိပ်လို ဘာသာပြန် အလွန် ဒုက္ခများတာ၊ timeless လို့ ပြန်တာတွေဟာ မကိုက်ဘူး၊ အင်မီးရီးယက်ရီဇက် (immediate result) ဆိုရင် နည်းနည်း အဲဒါက ဟုတ်တယ်၊ သို့သော် စကားလုံး အဓိပ္ပါယ်တော့ မဟုတ်တော့ဘူး။ အကာလိက ဆိုတာ၊ ကာလဆိုတာ အချိန်အခါ၊ အ-ဆိုတာကမရှိတာ၊ အချိန်အခါမရှိတာ။ ဒါကြောင့် ဖိုလ်စိတ်ဆိုတာ မဂ်ရဲ့ အကျိုးဖြစ်တဲ့စိတ်ပေါ့။

သကဒါဂါမိမဂ်
သကဒါဂါမိမဂ်ဆိုတာ ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ တစ်ကြိမ် လာတတ် သောပုဂ္ဂိုလ် (သကဒါဂါမ်ပုဂ္ဂိုလ်) ၏ မဂ်နှင့် ယှဉ်သောစိတ်တဲ့။

သကဒါဂါမ်ဆိုတာ လူ့ပြည်တစ်ကြိမ် ပြန်လာတယ်၊ လူ့ပြည်မှာ သကဒါဂါမ် ဖြစ်ပြီးတဲ့နောက် လူ့ပြည်ပြန်မလာပဲ နတ်ပြည် ဗြဟ္မာပြည်လည်း သွားချင်သွားနိုင်တယ်၊ သို့သော် လူ့ပြည်တစ်ကြိမ် ပြန်လာချင်လည်း လာနိုင်တယ်၊ ပြန်လာနိုင်တယ် ဆိုတာ ပဋိသန္ဓေနေသောအားဖြင့် ပြန်လာတာပြောတာ၊ ဒီကနေ နတ်ပြည်အလည် သွားပြီး ပြန်လာတာမျိုးကို ဆိုလိုတာမဟုတ်ဘူး၊ ဒီဘဝသေပြီးတော့ လူပြန်ဖြစ်တာ၊ ဒါကြောင့် ပဋိသန္ဓေအားဖြင့်လို့ ဆိုလိုတယ်။ အဲဒီလို ပဋိသန္ဓေအားဖြင့် လူ့ပြည်ကို တစ်ကြိမ်သာ ပြန်လာတတ်တဲ့ ပုဂ္ဂိုလ်ကို သကဒါဂါမ်လို့ ခေါ်တယ်။

ပါဠိစကားမှာ သကတ် (Sakid) ဆိုတာက တစ်ကြိမ် once ဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ အဂါမီဆိုတာက လာတယ်ဆိုတဲ့အဓိပ္ပါယ်ရှိတယ်၊ ဒါကြောင့်မို့ တစ်ကြိမ် လာတတ်တဲ့ ပုဂ္ဂိုလ်၊ သကဒါဂါမ်၊ သူက လူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်

[စာမျက်နှာ-194] ပြန်လာနိုင်တယ်။

အနာဂါမ်
တတိယပုဂ္ဂိုလ်ကတော့ အနာဂါမ်ပုဂ္ဂိုလ်တဲ့၊ အနာဂါမ်ပုဂ္ဂိုလ်က ဘာတဲ့တုန်း၊ ပဋိသန္ဓေအားဖြင့် ဤကာမဘုံသို့ (လူ့ဘုံမဟုတ်ဘူး၊ ကာမဘုံ၊ ကာမဘုံဆိုတာ နတ်ဘုံတွေပါတယ်၊ လူ့ဘုံ၊ နတ်ဘုံ၊ အပါယ်လေးဘုံကို ကာမဘုံခေါ်တယ်) မလာတတ်သော ပုဂ္ဂိုလ်တဲ့။

အနာဂါမ် ဖြစ်သွားပြီးလို့ ဒီဘဝကသေရင် လူလည်းမဖြစ်တော့ဘူး၊ နတ်လည်း မဖြစ်တော့ဘူး၊ ဗြဟ္မာပဲသွားဖြစ်တယ်၊ အနာဂါမ်ဆိုတာတော်တော် သမာဓိအားကြီးမှ သမာဓိအားကောင်းမှဖြစ်တာ၊ အဲသလိုသမာဓိအားကောင်းတဲ့ အတွက်ကြောင့်မို့ အနာဂါမ်ဖြစ်ပြီးတဲ့နောက် ဈာန်ကိုမရပဲ မနေတော့ဘူး၊ ရတာပဲ။ အဲဒါကြောင့် သူတို့သေတဲ့အခါကျတော့ သုဒ္ဓါဝါသဆိုတဲ့ ဗြဟ္မာဘုံမှာ သွားဖြစ်တယ်၊ သုဒ္ဓါဝါသဆိုတာ အနာဂါမ်တွေမှ ဖြစ်နိုင်တဲ့ဘုံ။

ဒါကြောင့်မို့ လူ့ဘုံလည်း ပြန်မလာဘူး၊ နတ်ဘုံလည်း ပြန်မလာဘူး၊ “ကာမဘုံသို့ ပြန်မလာတတ်တဲ့ ပုဂ္ဂိုလ်ကို အနာဂါမ် ပုဂ္ဂိုလ်၊ သူ့ရဲ့ အကျိုးနဲ့ ယှဉ်တဲ့စိတ်က ဖိုလ်စိတ်ပေါ့။

ရဟန္တာ
အရဟတ္တမဂ်ဆိုတာ ဘာတုန်း၊ “ပူဇော်အထူးကို ခံထိုက်သော ရဟန္တာ၊ ဒါကတော့ အရဟန္တ ဆိုတဲ့ပါဠိကို အနက်ပေးတဲ့အခါမှာ အမျိုးမျိုးပေးလို့ ရတယ်။ ဒီထဲမှာတော့ ရှည်နေမှာစိုးလို့ ဒီနက်တစ်မျိုးပဲ ပေးလိုက်တယ်၊ ပူဇော် အထူးကို ခံထိုက်သော ပုဂ္ဂိုလ်ကို ရဟန္တာလို့ ခေါ်တယ်။

ပူဇော်အထူးကို ခံထိုက်တယ်ဆိုတာ သူ့ကို ပူဇော်ရင် အကျိုးအများကြီး ရတယ်လို့ဆိုလိုတာ၊ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို လှူတာနဲ့ သီလရှိတဲ့ပုဂ္ဂိုလ်ကို လှူတာ မတူဘူး၊ ရိုးရိုးသီလရှိတဲ့ ပုဂ္ဂိုလ်ကို လှူတာနဲ့ သောတာပန်ကို လှူတာ မတူဘူး၊ သောတာပန်လှူတာနဲ့ သကဒါဂါမ်ကို လှူတာမတူဘူး စသည်ဖြင့်ပေါ့၊ ရဟန္တာဆိုတော့ လုံးဝ စိတ်သန့်ရှင်းနေတဲ့ ပုဂ္ဂိုလ်ကို လှူရတာဖြစ်တော့ အကျိုးအများဆုံးရတယ်။

ဒါကြောင့်မို့ ပူဇော်အထူးကို ခံထိုက်တဲ့ ပုဂ္ဂိုလ်လို့ ပြောခြင်းပြောရင် ရဟန္တာပဲ ပြောရမယ်၊ သူက အမြတ်ဆုံးပုဂ္ဂိုလ်။ ဒါကြောင့်မို့ ပူဇော်အထူးကို ခံထိုက်တဲ့ပုဂ္ဂိုလ်ကို ရဟန္တာ၊ ရဟန္တာပုဂ္ဂိုလ်အဖြစ် ရဲ့ အကြောင်းဖြစ်တဲ့မဂ်၊ ရဟန္တာအဖြစ်ဆိုတာက အရဟတ္တဖိုလ်ကို ခေါ်တယ်။ အရဟတ္တဖိုလ်ရဲ့ အကြောင်းကို မဂ်လို့ ခေါ်တယ်၊ သူနဲ့ယှဉ်တဲ့စိတ်ကို အရဟတ္တမဂ်စိတ်။

[စာမျက်နှာ-195] တခြားအဓိပ္ပါယ်ကတော့ ရဟန္တာဆိုတာ ကိလေသာတွေကိုအကြွင်းမဲ့ ပယ်သတ်တတ်တဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရှိတယ်၊ ခုနပြောသလိုပဲ ရဟန္တာဖြစ်တော့ ကိလေသာကုန်သွားပြီ မဟုတ်လား၊ ဒါကြောင့်မို့ ကိလေသာကို အကြွင်းမဲ့ပယ်သတ် ပြီးတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ ဒီလိုအဓိပ္ပါယ်လဲရှိတယ်။ အရဟံဂုဏ်တော် ဖတ်ဖူးရင် တွေ့လိမ့်မယ်၊ ဘုရားဆိုတော့ ဒီထက်သာ တာပေါ့၊ အမျိုးမျိုးအဓိပ္ပာယ် ကြံတာတွေ့ရှိတယ်။

အဲဒီရဟန္တာပုဂ္ဂိုလ်ရဲ့ အဖြစ်ဆိုတာကိုတော့ အရဟတ္တဖိုလ်လို့ခေါ်တယ်။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်။ ဒါဖြင့် လောကုတ္တရာစိတ် ၈-ပါးကို ပြန်ရေတွက်လိုက်စမ်းပါ၊ မဂ်နဲ့ဖိုလ်နဲ့ တစ်စုံစီ သွားကြစမ်းပါ။

(၁) သောတာပတ္တိမဂ်စိတ် (၂) သောတာပတ္တိဖိုလ်စိတ် (၃) သကဒါဂါမိမဂ်စိတ် (၄) သကဒါဂါမိဖိုလ်စိတ် (၅) အနာဂါမိမဂ်စိတ် (၆) အနာဂါမိဖိုလ်စိတ် (၇) အရဟတ္တမဂ်စိတ် (၈) အရဟတ္တဖိုလ်စိတ် ထိုကြောင့် လောကုတ္တရာစိတ် ၈-ပါး၊ မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ တစ်နည်းပြောရရင် ကုသိုလ် ၄-ပါး၊ ဝိပါက် ၄-ပါး၊ ဒါဟာ လောကုတ္တရာစိတ် ၈-ပါး။

သောတာပန်ဟူသည်...
မေး - သောတာပန်ကျတော့ ပြန်လာတာနဲ့ မလာတာဘယ်လို နားလည်သလဲ။
ဖြေ - ၇-ဘဝ အလွန်ဆုံး သံသရာလည်ဦးမယ်ပေါ့။

မေး - သောတာပန်ဟာ အပါယ်သွားနိုင်သေးလား။
ဖြေ - အပါယ်တော့မသွားဘူး၊ သံသရာဆိုတာ လူ့ဘုံနတ်ဘုံပေါ့၊ အပါယ်တော့ မလားဘူး၊ အလွန်ဆုံးနေရရင် ၇-ဘဝပဲပေါ့။

မေး - Chances တွေက အဲဒီလူတွေက တကယ်လို့ သောတာပန်ဖြစ်ပြီးပြီဆိုရင် နောက်ဘဝ သေတဲ့အချိန်ကျရင် လူပဲ ပြန်ဖြစ်မှာလား။
ဖြေ - အမျိုးမျိုးဖြစ်နိုင်တယ်၊ လူဖြစ်နိုင်တယ်၊ နတ်ဖြစ်နိုင်တယ်၊ ဈာန် ရသွားရင်

[စာမျက်နှာ-196] ဗြဟ္မာလည်း ဖြစ်ဦးမယ်။

မေး - ဒီထက်နိမ့်တဲ့ အဆင့်တော့ မဖြစ်နိုင်တော့ဘူးပေါ့။
ဖြေ - မဖြစ်နိုင်တော့ဘူး၊ အပါယ်မလားဘူးဆိုတာ အဲဒါပဲ၊ ငရဲမကျနိုင်ဘူး၊ တိရစ္ဆာန် မဖြစ်နိုင်ဘူး စသည်ဖြင့်ပေါ့၊ ဒါကြောင့်မို့ အနည်းဆုံးတော့ သောတာပန် ဖြစ်အောင် အားထုတ်ရမယ်၊ ဒီလို တရားဟောကြတာပေါ့။ သောတာပန်ဖြစ်ရင် သေချာသွားပြီ၊ စိတ်ချရပြီ၊ ပါဠိလိုသုံးတဲ့အခါမှာ နိယတောလို့သုံးတယ်၊ နိယတောဆိုတာ မြဲတယ်၊ သေချာသွားပြီ၊ အပါယ် မလားတော့ဘူး။ ဆက်ကြိုးစားသွားရင် အထက်မဂ်တွေရဖို့ပဲ ရှိတယ်။

မေး - Automatically ဖြစ်မသွားဘူးလား။
ဖြေ - မရဘူး။

မေး - Automatically ဆိုတာ ဒီလိုလေးဖြစ်ကို ဖြစ်မယ့် အခြေအနေမျိုးမှာ ပေါက်ဖွားလာပြီမဟုတ်လား။
ဖြေ - ကျင့်တော့ကျင့်ရဦးမယ်။

မေး - မဟုတ်ဘူးလေ၊ Situation will be success, you will be compelled to practice. ဖြေ - ဒီလိုလဲမဟုတ်ဘူး၊ ဘာလို့တုန်းဆိုတော့ သောတာပန်အဖြစ်နဲ့ လူ့ဘဝက သေသွားမယ်ဆိုပါတော့ နောက်လူ့ဘဝ ဖြစ်ချင်လည်း ဖြစ်မယ်၊ သို့သော် ဒကာမကြီး ပြောတာ ဟုတ်တယ်၊ ဒီ ၇-ဘဝ အတွင်းမှာတော့ သူ ရဟန္တာထိအောင် တက်ကို တက်ရမယ်၊ ဒါတော့သွားရမယ် ဆိုပါတော့ ဒီဘဝမှာ သောတာပန် အဖြစ်နဲ့ ကျေနပ်နေတယ် ဆိုပါတော့၊ ဝိသာခါတို့ အနာထပိဏ်တို့ကြည့်၊ သူတို့ ဘုရားနဲ့ဘယ်လောက်တွေ့ကြသလဲ၊ ဘုရား ဟောကြားတဲ့တရားကို ဘယ်လောက် နာရသလဲ၊ ဒါပေမဲ့ သောတာပန်ပဲ။ ဒီထက်ပိုပြီး အဆင့်မတက်ဘူး၊ သောတာပန်အဖြစ်နဲ့ အကြာကြီး နေဦးမှာတဲ့၊ သူတို့က သံသရာဝဋ်မှာပျော်တဲ့သူတွေလို့ ဆိုတယ်။

မေး - သိရက်သားနဲ့ မကျင့်တော့ဘူးဆိုတာတော့ ဖြစ်သေးလား။
မေး - အဲဒါဆိုရင် သက်တမ်းရှည်တဲ့ဘဝတွေမှာ သွားဖြစ်နိုင်သလား။
ဖြေ - ဟုတ်တယ်၊ နတ်ဘုံမှာ သွားဖြစ်ပြီး အကြာကြီးနေမယ်ပေါ့၊ နောက်ပိုင်း ကျတော့ ဘုံစဉ်စံဆိုတာတွေ့ရှိတယ်၊ လောကကြီးထဲမှာ သိပ်ပြီး မွေ့လျော်တဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အရိယာတော့ ဖြစ်ပြီးပြီ၊ အရိယာဖြစ်ပြီးပေမယ့် ကိလေသာ

[စာမျက်နှာ-197] အကုန်လုံးကို မပယ်နိုင်သေးတော့ လောကမှာ ဘဝတဏှာရှိသေးတော့၊ ဆိုပါတော့ ပထမနတ်ပြည်မှာနေမယ်၊ ဟုတ်လား၊ အဲဒီနတ်သက်စေ့တော့ ဒုတိယနတ်ပြည် နေမယ်၊ တတိယနတ်ပြည်နေမယ် စသည်ဖြင့်ပေါ့လေ။ အဲသလို သွားမယ့်ပုဂ္ဂိုလ်တွေလည်းရှိတယ်။

တချို့ကျတော့လည်း လောကကြီးမှာ ကြာကြာမနေချင်ဘူးပေါ့။ မြန်မြန် လွတ်ချင်တယ်၊ ဆက်အားထုတ်ရင် ၇-ဘဝ ဆိုတာကအလွန်ဆုံးပြော ထားတာ၊ ဒုတိယဘဝမှာပဲ တစ်ဆင့်တက်သွားရင်ဖြစ်မှာပဲ၊ သို့သော် အလွန်ဆုံးသောတာပန် အဖြစ်နဲ့ နေသွားရင် ၇-ဘဝပဲပေါ့၊ နောက်ဆုံး ဘဝကျရင် ဧကန်ရဟန္တာ ဖြစ်သွားမယ်။

လောကုတ္တရာစိတ်မှာ ကြိယာစိတ် မရှိရကြောင်း
ကောင်းပြီ၊ အဲဒါ လောကုတ္တရာစိတ် ၈-ပါး၊ လောကုတ္တရာစိတ် ၈-ပါးက အကျဉ်းအားဖြင့် ၈-ပါးလို့ ဆိုရတယ်၊ လောကုတ္တရာစိတ်မှာ ကြိယာစိတ် ပါရဲ့လား၊ တွေ့လား၊ ကာမာဝစရသောဘနမှာတုန်းက ကြိယာရှိတယ်၊ ရူပါဝစရမှာကော (ရှိတယ်) အရူပါဝစရမှာကော (ရှိတယ်) ဒါဖြင့် လောကုတ္တရာကျတော့ ဘာကြောင့် ကြိယာမရှိရတာလဲ။

“လောကုတ္တရာစိတ်၌ ကြိယာစိတ်ဟူ၍မရှိ” ဘာကြောင့်မရှိတာလဲ ပထမ ကြိယာစိတ်သဘောကို နားလည်ထားရမယ်၊ ကုသိုလ်စိတ်သည်ပင်လျှင် ထပ်ဖြစ်တာ ဒီကုသိုလ်စိတ်ပဲ၊ ဒီလိုစိတ်မျိုးပဲ ရဟန္တာသန္တာန်မှာ ထပ်ဖြစ်တော့ ကြိယာလို့သုံးတယ်။

ပုထုဇဉ်ဘဝနဲ့တုန်းက ဘုရားရှိခိုးတယ်၊ ကုသိုလ်စိတ်ဖြစ်တယ်၊ ရဟန္တာဖြစ် ပြီးတဲ့နောက် ဘုရားရှိခိုးတယ်၊ ဒီစိတ်ပဲ ပြန်ဖြစ်တာပဲ၊ ဒီစိတ်မျိုး ပြန်ဖြစ်တာပဲ။ အဲဒီအခါကျတော့ ကြိယာခေါ်တယ်။ အဲဒီတော့ စိတ်တစ်ခုဟာ ထပ်ဖြစ်နိုင်မှ ကြိယာဖြစ်နိုင်တယ်၊ ထပ်မဖြစ်နိုင်တဲ့ စိတ်ဟာ ကြိယာမဖြစ်နိုင်ဘူး၊ အဲဒီ အခြေခံ နားလည်ရမယ်၊ ဆက်ဖတ်စမ်းပါ။

“မဂ်စိတ်သည် တစ်ကြိမ်သာဖြစ်ရိုးရှိသောကြောင့်တည်း” မဂ်က တစ်ကြိမ်ပဲ ဖြစ်တယ်၊ ထပ်ဖြစ်တာမဟုတ်ဘူး၊ သတ္တဝါတစ်ယောက်အတွက် တစ်သံသရာလုံးမှာ မဂ်စိတ်ဟာ တစ်ခါပဲဖြစ်တယ်၊ ဒီမဂ်စိတ်ဟာ နောက်ထပ်အခါခါ မဖြစ်ဘူး၊ အဲဒီတော့ ရဟန္တာဖြစ်သွားပြီးတဲ့နောက် ဒီမဂ်စိတ်ဟာ ပြန်မဖြစ်ရင် ဘယ်လိုလုပ်ပြီး ကြိယာစိတ် ရှိတော့မလဲ၊ လောကုတ္တရာကြိယာဆိုတာ မရှိနိုင်ဘူး။ ဒါကြောင့်မို့ မဂ်စိတ်ဟာတစ်ကြိမ်သာ ဖြစ်ရိုးရှိတဲ့အတွက်ကြောင့် လောကုတ္တရာစိတ်မှာ ကြိယာမရှိဘူး၊ အကယ်၍သာမဂ်စိတ်ဟာ ထပ်ကာ ထပ်ကာ

[စာမျက်နှာ-198] ဖြစ်နိုင်တယ်ဆိုရင်တော့ လောကုတ္တရာကြိယာစိတ်ဆိုတာ ရှိမှာပေါ့၊ အခုတော့ ဒီလိုမဟုတ်တဲ့အတွက်ကြောင့် လောကုတ္တရာကြိယာစိတ်ဆိုတာ မရှိဘူး။

ဒါဖြင့် ဘာကြောင့် မဂ်ဟာ တစ်ကြိမ်သာ ဖြစ်ရတာတုန်း၊ ဒါဟာ ဦးဇင်း တို့စာတွေထဲမှာ အမေးအဖြေ လုပ်ထားတာတွေ၊ အဋ္ဌကထာ၊ ဋီကာထဲကဟာတွေ။

“မဂ်စိတ်သည် တစ်ကြိမ်ဖြစ်ရုံမျှဖြင့် ဆိုင်ရာကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သဖြင့်” သူက တစ်ကြိမ်ထဲနဲ့ သူ့ကိစ္စသူပြီးအောင် လုပ်နိုင်တယ်၊ တစ်ကြိမ်ထဲနဲ့ပြီးတယ်ဆိုတော့ နောက်ထပ်ဘာဖြစ်စရာလိုသလဲ၊ နောက်ထပ်ဖြစ်လည်း သူ့မှာ လုပ်စရာ ကိစ္စမရှိတော့ဘူး၊ သူ့ကိစ္စက ကိလေသာကို ပယ်တဲ့ကိစ္စ။

သစ်ပင်ကြီးခုတ်တာတစ်ချက်ထဲနဲ့ ပြတ်သွားမှ နောက်ထပ်တစ်ချက် ဘာခုတ် စရာလိုသလဲ၊ မိုးကြိုးပစ်တာ တစ်ချက်ထဲနဲ့ သစ်ပင်သေသွားမှ နောက်ထပ် ဘာထပ်ပစ်စရာ လိုသလဲ။ ဒါကြောင့်မို့ မဂ်ဟာ တစ်ကြိမ်ဖြစ်ရုံမျှဖြင့် ဆိုင်ရာကိလေသာ (သောတာပတ္တိမဂ်ဖြစ်ရင်ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပေါ့၊ အနာဂါမိမဂ် ဖြစ်ရင် ကာမရာဂနဲ့ ဗျာပါဒ) ကို အကြွင်းမဲ့ ပယ်သတ်နိုင်တဲ့ အတွက်ကြောင့် ထပ်ဖြစ်ပေမယ့်လို့ ပြုစရာပယ်စရာ မရှိတော့ဘူး၊ မရှိရင် မဖြစ်ဘူးပေါ့၊ ဒါကြောင့်မို့ မဖြစ်တာတဲ့။

ကောင်းပြီ၊ အဲဒီတော့ ပုစ္ဆာတစ်ဆင့်လာပြန်တယ်၊ နိဗ္ဗာန်ဆိုတာ အလွန် အေးမြချမ်းသာတဲ့ တရားတစ်ခု၊ အဲဒီနိဗ္ဗာန်ကို အာရုံပြုနေရတယ်ဆိုတာ တကယ် ချမ်းသာတယ်၊ နိဗ္ဗာန်လောက် မဟုတ်တဲ့ ဈာန်နဲ့ နေနိုင်ရင်ပဲ အလွန်ချမ်းသာသွားပြီ။ နိဗ္ဗာန်အာရုံပြုနိုင်တယ်ဆိုရင် ဒါကတော့ ပြောစရာမရှိဘူး။

ဒါဖြင့် အရိယာပုဂ္ဂိုလ်၊ မဂ်ရပြီးတဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကိုအာရုံပြုပြီး မဂ်လေး ထပ်ထပ်ဖြစ်နေရင် မကောင်းဘူးလား၊ မဂ်ရပြီးတော့ နိဗ္ဗာန်တစ်ခါထဲ အာရုံပြုပြီးနောက်ထပ် မပြုနိုင်ရင်နိဗ္ဗာန်ရရတဲ့ အကျိုးဟာ ဘယ်မတုန်း၊ စဉ်းစားစရာလေး တွေ့ရှိတယ်၊ အဲဒါကျတော့ ဘာတဲ့တုန်း။

မဂ်ရပြီးသူများ နိဗ္ဗာန်ချမ်းသာကို အထပ်ထပ် ခံစားနိုင်ရန် မဂ်စိတ်အကြိမ်ကြိမ် ထပ်၍ ဖြစ်သင့်သည် မဟုတ်ပါလော။ ဟုတ်တယ်နော်၊ တစ်ခါရပြီးတော့ပြီးရောဆိုရင် အလွန်ကောင်းတဲ့ အရသာ တစ်ခုကို တစ်ခါစားပြီးရင် မင်းတော်တော့ နောက်ထပ်မစားနဲ့တော့လို့ ပြောသလိုပဲ။ အဖြေက ဘာတဲ့တုန်း။

[စာမျက်နှာ-199] “ထိုခံစားမှု ကိစ္စကို ဖိုလ်စိတ်က တာဝန်ယူထားပြီးဖြစ်တယ်”တဲ့၊ ဖိုလ်စိတ်က ထပ်ထပ်ဖြစ်တယ်၊ အဲဒါကြောင့် မဂ်ရပြီးတဲ့ပုဂ္ဂိုလ်ဟာ ပထမဆုံး မဂ်ရတဲ့ အခိုက် အတန့်မှာ မဂ်ပြီးရင် ဖိုလ်ဆက်ဖြစ်တယ်၊ ဆက်ဖြစ်ပြီးရင်တခြားစိတ်တွေ ဆက်ဖြစ်တယ်။

အဲဒီနောက် နာရီခြားပြီးဖြစ်စေ၊ ရက်ခြားပြီးဖြစ်စေ လ-နှစ်ခြားပြီးဖြစ်စေ၊ နိဗ္ဗာန်ကိုအာရုံပြုပြီး ချမ်းသာလေးခံစားနေချင်တဲ့အခါကျတော့ ဖိုလ်စိတ်က ဖြစ်တယ်၊ အဲဒါကို ဖိုလ်ဝင်စားတယ် ခေါ်တယ်၊ စာစကားနဲ့ပြောရင် ဖလသမာပတ်ဝင်စားတယ် ခေါ်တယ်။

ဖိုလ်ဝင်စားတဲ့အခါ (ဟိုနေ့ကပြောတဲ့ ဈာန်လိုပဲ၊ ဈာန်စိတ်တွေချည်း ဖြစ်နေတဲ့အခါ ဈာန်ဝင်စားတယ်ခေါ်တယ်)၊ ဒီမှာကျတော့ ဖိုလ်စိတ်တွေချည်း ဖြစ်နေတာ ဖိုလ်စိတ်က ဘယ်ကို အာရုံပြုသလဲဆိုတော့ နိဗ္ဗာန်ကို အာရုံပြုတာ။

ဒါကြောင့်မို့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ မျက်မှောက်ဘဝမှာ ချမ်းသာကို ခံစားဖို့က ဖိုလ်စိတ်ကတာဝန်ယူထားတယ်၊ အဲဒါကြောင့် မဂ်စိတ်ဖြစ်စရာ မလိုတော့ဘူး၊ ဒါကြောင့် မဂ်စိတ်ဟာ တစ်ကြိမ်သာဖြစ်တယ်၊ မဂ်စိတ် တစ်ကြိမ်သာ ဖြစ်တဲ့အတွက်ကြောင့်မို့ လောကုတ္တရာစိတ်မှာ ကြိယာဟူ၍ မရှိဘူး၊ ဒါကြောင့် လောကုတ္တရာမှာ ကုသိုလ်၊ ဝိပါက်၊ ဒီ ၂-မျိုးပဲရှိတယ်၊ လောကုတ္တရာကြိယာရယ်လို့ မရှိဘူး။

မေး - မဂ်စိတ်ပေါ်လာတဲ့အခါ ဖိုလ်စိတ်က လိုက်ပါသလား။
ဖြေ - လိုက်တယ်။

မေး - လိုက်တဲ့အခါ တကယ်လို့ အဲဒီပုဂ္ဂိုလ်က တစ်ချိန်ချိန်ကျတော့ အဲဒီစိတ် အကုန်လုံးအစကနေ ပြန်စရပါသလား၊ ဒါမှမဟုတ် တစ်ချိန်လုံး ရှိနေတာလား။
ဖြေ - တစ်ချိန်လုံး ရှိနေတာတော့ မဟုတ်ဘူး။

မေး - တကယ်လို့ သူက Rest ယူမယ်၊ တစ်ခုခုဖြစ်မယ်၊ သားသမီးမွေးဖွားမယ်ဆိုလို့ လျော့လိုက်လို့လို့ရှိရင် သူကအစကနေ ပြန်စရတော့မယ်၊ မဂ်စိတ်ရောက်အောင် တစ်ခါပြန်ပြီး အကုသိုလ်စိတ်၊ အဟိတ်စိတ်၊ ဘာတွေအကုန်လုံး ပြန်သယ်ပြီးမှ မဂ်စိတ်ရောက်အောင် ဖိုလ်စိတ်ရောက်အောင် လုပ်ရပါသလား။
ဖြေ - အဲသလို မလုပ်ရပါဘူး၊ တရားပြန်ထိုင်ရတယ်၊ သူပြန်ထိုင်တဲ့အခါကျတော့ ရောက်ဖူးပြီးသားနေရာ ပြန်ရောက်သလို လွယ်လွယ်ကူကူ ချက်ချင်းရတာပေါ့။

[စာမျက်နှာ-200] သို့သော် ဖိုလ်ဆိုတာ ဝင်စားနေတဲ့အခါသာ ဖိုလ်စိတ်ဖြစ်နေတာ၊ ဖိုလ်ချည်းလည်း အမြဲတမ်း ဝင်စားမနေနိုင်ဘူး၊ ဆွမ်းခံထွက်ရဦးမယ် စသည်ဖြင့် အမျိုးမျိုး ရှိတယ်ပေါ့။

ဘာမှလုပ်စရာမရှိဘူး၊ ခန္ဓာကိုယ်ကြီး ဝန်လေးတာလည်း သိနေပြီဆိုတော့ အဲဒီအခါမှာ ချမ်းသာရအောင် ခိုလှုံစရာအဖြစ် ဖလသမာပတ်ကို ဝင်စားတာ၊ ဖလသမာပတ်ကို ဝင်စားတဲ့အခါ နိဗ္ဗာန်ကို အာရုံပြုနေရတဲ့ အတွက်ကြောင့်မို့ ချမ်းသာအစစ်အမှန်ကို အာရုံပြုနေရတဲ့အတွက်ကြောင့် သိပ်ချမ်းသာတယ်။

အဲဒီတော့ ဖလသမာပတ်ချည်းပဲ ဘယ်ဝင်စားနေနိုင်မလဲ၊ ခန္ဓာကိုယ်က ခန္ဓာကိုယ်ပဲ၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ရှိသေးတယ်၊ အစားကိုတော့ စားပေးရဦးမယ်။

လောကုတ္တရာစိတ် အကျဉ်း - ၈-ပါး
ကောင်းပြီ၊ လောကုတ္တရာစိတ်အကျဉ်းပြီးသွားပြီ၊ လောကုတ္တရာစိတ် ၈-ပါး၊ ဒါကြောင့်မို့ လောကီစိတ် ၈၁၊ လောကုတ္တရာစိတ် ၈-ပါးပေါင်းလိုက်စမ်း ၈၉၊ အဲဒီ ၈၉-ကို စာစကားနဲ့ ခေါ်တော့ စိတ်တစ်ခုယုတ်-၉၀၊ တစ်ခုယုတ်ဆိုတာ တစ်ခုလျော့နေတာကို ဆိုလိုတာ၊ စိတ်ကတစ်ခု၊ ရုပ်က ၉၀၊ အဲသလို မထင်ကြနဲ့၊ ဒါက ပါဠိသုံး၊ ဘုန်းကြီးသုံး။

ပါဠိမှာ ၁၉ ဂဏန်းမရှိဘူး၊ ၁၉၊ ၂၉၊ ၃၉ မရှိဘူး၊ ၁၉-ဆိုရင် ၂၀ မှာ ၁ ခုလျော့၊ အဲသလိုသုံးတယ် ၂၉-ဆိုရင် ၃၀-၁ ခုလျော့၊ ဒီလိုယူသွားတာပဲ။ အဲဒါကြောင့်မို့ ၈၉-ဆိုရင် ၉၀-၁ ခုလျော့၊ လျော့တာကို ယုတ်လျော့တယ်လို့ ဆိုတာ၊ ယုတ်က ယပလက် တစ်ချောင်းငင် တသတ်နဲ့ ယုတ်ရမှာ၊ ရကောက် တစ်ချောင်းငင် ပသတ်နဲ့ ရုပ်ရမှာ မဟုတ်ဘူး၊ ဒါကြောင့်မို့ စိတ်တစ်ခုယုတ် ၉၀၊ စိတ်တစ်ခု ရုပ် ကိုးဆယ် မဟုတ်ဘူး။

စိတ်ဟာ အကျဉ်းအားဖြင့် ၈၉-ပါးရှိတယ်၊ အဲဒီ ၈၉-ပါးကို အစကနေ ပြန်ကြည့်လိုက်ကြရအောင်။

* ပထမဆုံးအတန်းက အကုသိုလ်စိတ် ၁၂-ပါး
* နောက်အတန်းသုံးတန်း တစ်တွဲ အဟိတ်စိတ်-၁၈
* နောက်တစ်ခါ သုံးတန်းတစ်တွဲ ကာမာဝစရသောဘနစိတ်-၂၄
* နောက်တစ်ခါ သုံးတန်းတစ်တွဲ ရူပါဝစရစိတ် ၁၅-ခု
* နောက်တစ်ခါ သုံးတန်းတစ်တွဲ အရူပါဝစရစိတ် ၁၂-ခု
* နောက်ဟာကျတော့ အကျယ်ကို ရည်ရွယ်ပြီး ၄၀ လုပ်ထားတယ်။

[စာမျက်နှာ-201] အဲဒီတော့ လောကုတ္တရာစိတ် ၈-ပါးဆိုတဲ့အခါကျတော့ ဒီဟာတစ်ခုလုံးကို တစ်လို့ယူရမယ်၊ ၅-ခုရှိတယ်မဟုတ်လား၊ ပထမအတန်း အဲဒါကို တစ်လို့ယူရမယ်။ အဲဒါ သောတာပတ္တိမဂ်စိတ်၊ ဒုတိယတစ်တန်းလုံးက သကဒါဂါမိမဂ်စိတ်၊ တတိယတစ်တန်းလုံးက အနာဂါမိမဂ်စိတ်၊ စတုတ္ထတစ်တန်းလုံးက အရဟတ္တမဂ်စိတ်၊ နောက်တစ်ခု သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်။

ဒါကြောင့်မို့ စိတ် ၈၉-ပါးလို့ ပြောရင် အဲဒီ ၄၀-ကို ၈-ခုပဲ ယူရမယ်။ တစ်တန်းကို တစ်ခုပဲယူရမယ်၊ နောက်ဆုံး ၂-ခုဟာလေ။ အဲဒီလောကုတ္တရာစိတ် ၈-ပါး၊ ဟုတ်ရဲ့လား ကောင်းပြီး ပြန်ခွဲလိုက်ကြရအောင်။

အကုသိုလ်စိတ် ၁၂-ပါး၊ နောက်သုံးတန်းတစ်စုက အဟိတ်စိတ် ၁၈-ပါး၊ နောက်သုံးတန်းတစ်စုက ကာမာဝစရသောဘနစိတ် ၂၄-ပါး၊ နောက်သုံးတန်း တစ်စုက ရူပါဝစရစိတ် ၁၅-ပါး၊ နောက်သုံးတန်းတစ်စုက အရူပါဝစရစိတ် ၁၂-ပါး၊ နောက်ဟာကို ၈-ခုပဲယူမယ်။

၁။ အကုသိုလ်စိတ် ၁၂-ပါး
၂။ အဟိတ်စိတ် ၁၈-ပါး
၃။ ကာမာဝစရသောဘနစိတ် ၂၄-ပါး
၄။ ရူပါဝစရစိတ် ၁၅-ပါး
၅။ အရူပါဝစရစိတ် ၁၂-ပါး
၆။ မဂ်စိတ် ၄-ပါး
၇။ ဖိုလ်စိတ် ၄-ပါး

ကောင်းပြီ၊ အသေးစိတ်သွားဦးမယ်၊ ပထမအတန်းက အကုသိုလ်၊ ဒုတိယ အစုမှာ ပထမအတန်းက အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်၊ အကုသလဝိပါက်စိတ်၊ ဒုတိယအုပ်စုမှာ ဒုတိယအတန်းက ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်၊ ကုသလဝိပါက်စိတ်၊ ဒုတိယအုပ်စုမှာ တတိယအတန်း ၃-လုံးတစ်တန်းက အဟိတ်ကြိယာလို့ခေါ်တယ်။

နောက်သုံးခုမှာ ပထမအတန်းက ကာမာဝစရကုသိုလ်၊ ဒုတိယအတန်းက ကာမာဝစရဝိပါက်၊ တတိယအတန်းက ကာမာဝစရကြိယာ။
နောက်အုပ်စု တစ်ခုမှာ ပထမအတန်းက ရူပါဝစရကုသိုလ်၊ ဒုတိယအတန်းက ရူပါဝစရဝိပါက်၊ တတိယအတန်းက ရူပါဝစရကြိယာ။
နောက်သုံးခုမှာ ပထမအတန်းက အရူပါဝစရကုသိုလ်၊ ဒုတိယအတန်းက အရူပါဝစရဝိပါက်၊ တတိယအတန်းက အရူပါဝစရကြိယာ၊ ဟုတ်ပြီနော်။

[စာမျက်နှာ-202] နောက်ဆုံးအုပ်စုမှာ ပထမအုပ်စု ၄-ခုမှာ ပထမအတန်းက သောတာပတ္တိမဂ်၊ ဒုတိယအတန်းက သကဒါဂါမိမဂ်၊ တတိယအတန်းက အနာဂါမိမဂ်၊ စတုတ္ထ အတန်းက အရဟတ္တမဂ်။ နောက် ၄-ခုမှာ ပထမအတန်းက သောတာပတ္တိဖိုလ်စိတ်၊ ဒုတိယအတန်းက သကဒါဂါမိဖိုလ်စိတ်၊ တတိယအတန်းက အနာဂါမိဖိုလ်စိတ်၊ စတုတ္ထအတန်းက အရဟတ္တဖိုလ်စိတ်၊ ဟုတ်ပြီလား။ အားလုံးပေါင်းလိုက်တော့ စိတ် ၈၉-ပါး၊ ဦးဇင်းတို့ ရထားပြီ၊ လောကီစိတ် ၈၁၊ လောကုတ္တရာစိတ် ၈-ခု။

တစ်ခါလောကီစိတ်ထဲမှာ ကာမာဝစရစိတ်-၅၄၊ မဟဂ္ဂုတ်စိတ် ၂၇ (ရူပါဝစရစိတ်နဲ့ အရူပါဝစရစိတ်ကို မဟဂ္ဂုတ်စိတ်လို့ခေါ်တယ်)။

လောကုတ္တရာအကျယ် ၄၀
ကောင်းပြီ၊ နောက်ထပ်ပြောစရာက လောကုတ္တရာအကျယ်ဆိုတာ ရှိသေးတယ်၊ လောကုတ္တရာက ပြောခဲ့တဲ့အတိုင်းဆိုတော့ ၈-ပါးရှိတယ်၊ အဲဒီ လောကုတ္တရာစိတ် ၈-ပါးက ဈာန်အင်္ဂါနဲ့ ယှဉ်တာကို ကြည့်မယ်၊ ပြောမယ်ဆိုရင် လောကုတ္တရာစိတ် ၄၀ ဖြစ်နိုင်တယ်။

ဘာကြောင့်လဲဆိုတော့ တစ်ခုတစ်ခုမှာ ၅-ခု၊ ၅-ခု ဖြစ်သွားတယ်၊ ရူပါဝစရစိတ် လေ့လာတုန်းက ဈာန် ၅-ပါးရှိခဲ့တယ်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဟုတ်တယ်နော်။

* ပထမဈာန်မှာ ဈာန်အင်္ဂါ ၅-ပါးရှိတယ်
* ဒုတိယဈာန်မှာ ဈာန်အင်္ဂါ ၄-ပါးရှိတယ်
* တတိယဈာန်မှာ ၃-ပါး
* စတုတ္ထဈာန်မှာ ၂-ပါး
* ပဉ္စမဈာန်မှာ ၂-ပါး

မဂ်စိတ် ပေါ်တဲ့အခါကျတော့ အဲဒီမဂ်စိတ်တွေကလည်း အဲဒီဈာန်အင်္ဂါစေတသိက်တွေနဲ့ ယှဉ်တာပဲ၊ ယှဉ်တဲ့အခါကျတော့ ယှဉ်တဲ့စေတသိက်တွေထဲမှာ ဈာန်အင်္ဂါ ၅-ပါးလုံးရှိရင် အဲဒီမဂ်စိတ်ကို ပထမဈာန်မဂ်စိတ်။ တကယ်တော့ ဈာန်စိတ်က မဂ်စိတ်မဟုတ်ဘူး၊ မဂ်စိတ်ဟာ ဈာန်စိတ် မဟုတ်ဘူး၊ ဈာန်ဟာဈာန်ပဲ၊ မဂ်ဟာမဂ်ပဲ၊ သို့သော် ဈာန်နဲ့တူတဲ့မဂ်စိတ်လို့ဆိုတယ်။

ဘယ်လိုတူတာတုန်း၊ ဈာန်အင်္ဂါ ၅-ပါးနဲ့ ယှဉ်တာချင်းတူတာ၊ ရူပါဝစရ ပထမဈာန်က ဈာန်အင်္ဂါ ၅-ပါးနဲ့ ယှဉ်သလို ဒီမဂ်စိတ်ကလည်း ဈာန်အင်္ဂါ ၅-ပါးနဲ့ ယှဉ်တယ်။ ဒါကြောင့် သူ့ကို ပထမဈာန်မဂ်စိတ်လို့ခေါ်တယ်၊ နားလည်ပြီနော်။ ရှင်းရှင်းလင်းလင်း နားလည်ထားရမှာက ဈာန်ဟာဈာန်ပဲ၊ မဂ်ဟာမဂ်ပဲ၊

[စာမျက်နှာ-203] ဈာန်စိတ်ဟာမဂ်စိတ်မဟုတ်ဘူး၊ မဂ်စိတ်ဟာ ဈာန်စိတ် မဟုတ်ဘူး။ သို့သော် ဒီမဂ်စိတ်ကို ဘာကြောင့် ဈာန်မဂ်စိတ်လို့ ခေါ်သလဲဆိုရင် ဈာန်နဲ့ တူတယ်၊ ဈာန်နဲ့ ဘယ်လိုတူတာတုန်းဆိုရင် ဈာန်အင်္ဂါရှိတာချင်း တူတာ။

အဲဒီတော့ သောတာပတ္တိမဂ်ပေါ်တဲ့အခါကျတော့ အဲဒီဈာန်အင်္ဂါ ၅-ပါးလုံးနဲ့ အတူတူပေါ်တဲ့ ပုဂ္ဂိုလ်တွေ့ရှိတယ်၊ အဲဒီပုဂ္ဂိုလ်တွေအဖို့ အဲဒီစိတ်ဟာ ပထမဈာန်သောတာပတ္တိမဂ်စိတ်။ တစ်ခါတလေကျတော့ ဈာန်အင်္ဂါ ၅-ပါးထဲက ၁-ပါးပါမလာဘူး၊ ဒါလည်း ဖြစ်နိုင်တယ်၊ အဲဒါကျတော့ ဒုတိယဈာန်မဂ်စိတ်။ နောက်တစ်ခု ထပ်မပါပြန်ဘူး၊ တတိယဈာန်၊ နောက်တစ်ခု မပါပြန်ဘူး၊ စတုတ္ထဈာန်၊ ပြီးတော့ ဥပေက္ခာနဲ့ ဧကဂ္ဂတာပါမယ်ဆိုရင် ပဉ္စမဈာန်။

အမှန်ကတော့ ဈာန်နဲ့ဈာန်အင်္ဂါရှိပုံချင်းတူတဲ့ မဂ်စိတ်လို့ဆိုတယ်၊ ဒါဟာ အရေးကြီးတယ်၊ တော်ကြာကျတော့ ဈာန်နဲ့မဂ်နဲ့ ရောနေတတ်တယ်၊ ဈာန်စိတ် လည်းပြောသေး၊ မဂ်စိတ်လည်းပြောသေး၊ ဈာန်ဟုတ်ရင်မဂ်မဟုတ်ရဘူး၊ မဂ်ဟုတ်ရင် ဈာန်မဟုတ်ရဘူး။

ဘာကြောင့် ဒီလိုဖြစ်ကုန်တာတုန်း၊ ဒီနေရာမှာ နားလည်ဖို့က မဂ်ရအောင် အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ပထမဈာန်ရပြီးမှ အားထုတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်၊ ဈာန်မရဘဲ ဝိပဿနာတန်းပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ ဈာန်မရဘဲနဲ့ ဝိပဿနာတန်းပြီး အားထုတ်တဲ့ပုဂ္ဂိုလ် မဂ်ရတဲ့အခါကျတော့ အဲဒီမဂ်မှာ ဈာန်အင်္ဂါ ၅-ပါးလုံးပါတယ်၊ ဒါကြောင့် သူ့မှာတော့ ပထမဈာန်နဲ့ တူတဲ့ မဂ်စိတ်ချည်း ဖြစ်တော့တာပဲ၊ တခြားမဂ်စိတ်တော့ မဖြစ်ဘူး။

ဈာန်ရပြီးမှ မဂ်ရအောင်အားထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့အမျိုးမျိုးတွေ လာတော့တယ်၊ အဲဒီအမျိုးမျိုးတွေကို ဇယားကွက်လေးနဲ့ ပြထားတယ်။ အားထုတ်တဲ့အခါမှာ ဈာန်ရတဲ့ပုဂ္ဂိုလ်က တရားအားထုတ်တဲ့အခါ ပထမဆုံး ပါဒကဈာန်တဲ့၊ ပါဒကဈာန်ဆိုတာ အခြေခံတဲ့ ဈာန်လို့ ဆိုလိုတယ် (Basic Jhāna).

နောက်တစ်ခုက သမ္မသိတဈာန်တဲ့၊ ဒါက သုံးသပ်ဆင်ခြင်တဲ့ဈာန်၊ နောက် တစ်ခုက ပုဂ္ဂလဇ္ဈာသယ၊ ဒါက ပုဂ္ဂိုလ်ရဲ့ အလို (wish )၊ ပြီးတော့မှ နောက်ဆုံးပေါ်တဲ့မဂ်၊ ဒီ ၄-မျိုး နားလည်ရမယ်။ ဆိုပါတော့ သူက ပထမဈာန်ရပြီးသား ပုဂ္ဂိုလ်ဖြစ်တော့ ပထမဦးစွာ

[စာမျက်နှာ-204] သူက ဈာန်ဝင်စားလိုက်တယ်၊ အဲဒီဈာန်သည် ဝိပဿနာရဲ့ Basic ဖြစ်မယ်၊ အဲဒီ ပထမဈာန်ကို ဝင်စားပြီးတဲ့နောက် အဲဒီပထမဈာန်က ထလိုက်တယ်၊ ထတယ်ဆိုတာ လူက ထတာ မဟုတ်ဘူး၊ ဈာန်စိတ်ကွယ်သွားပြီး ရိုးရိုး သာမန်စိတ် ပြန်ဖြစ်တာ၊ အဲဒီအခါကျတော့ သူက ဘာကို ဝိပဿနာရှုသလဲ၊ ပကိဏ္ဏကသင်္ခါရကို ရှုတယ်၊ ပကိဏ္ဏကသင်္ခါရဆိုတာ ရိုးရိုးစကားနဲ့ပြောရင် ရုပ်နာမ်ကို ဆိုလိုတာ၊ ရုပ်နာမ်ကို ရှုတာ။

ပကိဏ္ဏကသင်္ခါရဆိုတာ ရိုးရိုးပြောရင် လောကီရုပ်နာမ်တွေပဲ၊ ဝိပဿနာ ရှုတယ်ဆိုတာ ဒါတွေ့ရှုတာပဲ၊ ထွက်တယ် ဝင်တယ် ရှုတယ်ဆိုတာရုပ်ရှုတယ်၊ စိတ်တွေပြေးတာရှုတယ်ဆိုတာ နာမ်ရှုတာ၊ အဲဒီရုပ်နာမ်ကိုရှုတာ။ သူ့မှာ ဘယ်လိုမှ ဆန္ဒမရှိဘူး ဆိုပါတော့၊ ပထမဈာန်နဲ့တူတဲ့ မဂ်ပေါ်ချင်တယ်၊ ဒုတိယဈာန်နဲ့ တူတဲ့မဂ်ပေါ်ချင်တဲ့ ဆန္ဒမရှိဘူးဆိုရင် သူ့မှာပေါ်တဲ့ မဂ်ဟာ ပထမဈာန်မဂ်ဖြစ်မယ်၊ ပထမဈာန်နဲ့တူတဲ့မဂ်စိတ် ပေါ်လိမ့်မယ်၊ ဘာကြောင့်တုန်း၊ သူက ပထမဈာန်ကို ဝိပဿနာရဲ့ အခြေခံ ပြုခဲ့တာကိုး။

နောက်တစ်ခုကျတော့ ကြည့်၊ သူက ပါဒကဈာန်မဟုတ်ဘူး၊ ရှေးဦးစွာ ဈာန်မဝင်စားဘူး၊ ဒါပေမဲ့ သူက ဈာန်ရပြီးသား ပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ ဝိပဿနာရှုတဲ့အခါမှာ ရပြီးသားဈာန်ကိုပဲရှုလိုက်တယ်၊ အခုချက်ချင်း မဝင်စားဘူး၊ နဂိုတုန်းက ဝင်စားထားဖူးတဲ့ ဈာန်ကိုပဲ ဝိပဿနာရှုတယ်၊ ခုနလို ရုပ်နာမ်ဝိပဿနာ မရှုတော့ဘူး၊ ဈာန်ကိုပဲသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ ရှုတာ။

ဈာန်ဆိုတာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတဲ့ ဈာန်အင်္ဂါ ၅-ပါးအစုအဝေးမဟုတ်လား၊ အဲဒီဈာန်ကို အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲရှုတာ၊ ပြီးတော့ သူ့မှာလည်း ဆန္ဒအထူးမရှိဘူး၊ အလိုအထူးမရှိဘူး၊ ဘယ်ဈာန်ပေါ်ချင်တယ်ဆိုတဲ့ အထူးမရှိဘူးဆိုရင် သူ့မှာ မဂ်ပေါ်တဲ့အခါ ပထမဈာန်နဲ့ တူတဲ့ မဂ်ပေါ်တယ်၊ အဲဒီတော့ပါဒကဈာန်နဲ့ သမ္မသိတဈာန်၊ ဒီနှစ်ခုကစားသွားလိမ့်မယ်။

တတိယဟာ ကြည့်လိုက်စမ်း၊ သူက ဈာန်တွေ အများကြီးရထားတဲ့ပုဂ္ဂိုလ်၊ အဲဒီတော့ ပထမဈာန်ဝင်စားလိုက်တယ်၊ ပထမဈာန်က ထပြီးတော့ရှုတဲ့အခါကျ နဂိုကရဖူးတဲ့ ဒုတိယဈာန်ကို သွားရှုတယ်၊ အခုချက်ချင်း မဝင်စားဘူး။ အဲသလို ရှုတဲ့အခါကျတော့ သူ့ရဲ့ ဆန္ဒက ငါ့မှာ မဂ်ပေါ်ရင် ပထမဈာန်နဲ့ တူတဲ့ မဂ်ပေါ်ပါစေလို့ ဒီလိုဆန္ဒရှိတယ်၊ အဲဒီကျတော့ သူ့ဆန္ဒအလိုက် ပေါ်လိမ့်မယ်၊ ပထမဈာန်မဂ်ပဲ ပေါ်လိမ့်မယ်။

[စာမျက်နှာ-205] မေး - တပည့်တော်ဖြတ်မေးပါရစေ၊ အဲဒီပါဒကဈာန်ရယ်၊ သမ္မသိတဈာန်ရယ်ကို ထပ်ရှင်းပြပါ။
ဖြေ - ပါဒကဆိုတာ အခြေခံကို ပါဒကလို့ ခေါ်တယ် (Basic)، သမ္မသိတဆိုတာ သုံးသပ်တယ်၊ သုံးသပ်တဲ့ဈာန်လို့ ဆိုလိုတယ်၊ သုံးသပ်တယ်ဆိုတာ အမှန်ကတော့ ဝိပဿနာရှုတာလို့ ဆိုလိုတာ၊ အခြေခံတုန်းက ဝိပဿနာ မရှုဘူး၊ ဒီဈာန်ဝင်စားလိုက်တာ၊ အဲဒါ အခြေခံတယ်၊ ဝိပဿနာရှုတဲ့အခါ ကျတော့ သူ ပကိဏ္ဏကသင်္ခါရခေါ်တဲ့ ရုပ်နာမ် ရှုချင်လည်းရှုမယ်၊ ဈာန်ရှုချင်လည်း ရှုမယ်၊ ဒါကြောင့်မို့ သမ္မသိတဈာန်ဆိုတာက ဝိပဿနာ အရှုခံရတဲ့ဈာန်၊ ပါဒကဈာန် ဆိုတာက အခြေခံ အပြုခံရတဲ့ဈာန်။

ကောင်းပြီ၊ သူက ပထမဈာန်အခြေခံလိုက်တယ်၊ ပထမဈာန်ဝင်စားလိုက်တယ်၊ ပထမဈာန်က ထပြီးတော့ ဒုတိယဈာန်ကို သူက ဝိပဿနာရှုလိုက်တယ်၊ ဒါပေမဲ့ သူ့ရဲ့ ဆန္ဒက ဒုတိယဈာန်နဲ့တူတဲ့မဂ် ဖြစ်စေချင်တယ်ဆိုရင် ဘာပေါ် မလဲ၊ ဒုတိယဈာန်နဲ့တူတဲ့ မဂ်ပဲပေါ်လိမ့်မယ်၊ သူ့အလိုဆန္ဒအတိုင်း ဖြစ်ရမယ်။

ကောင်းပြီ ပထမဈာန်ကို အခြေခံပြတယ်၊ ဒုတိယဈာန်ကို ဝိပဿနာရှုတယ်၊ သူ့မှာ No particular wish ဘယ်ဟာပေါ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး၊ ပေါ်ချင်ရာပေါ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ အဲဒါကျတော့ အထက်တန်းကျတာပေါ်မှာပေါ့၊ ဒုတိယဈာန် ပေါ်မယ်။ သူက ပထမ ဒုတိယနှစ်ခုမှာ တစ်ခုကိုအခြေခံပြုပြီးတော့ တစ်ခုကို သုံးသပ်ပြီးတော့ လိုချင်တာဆိုရင်လိုချင်တာရမယ်၊ ဘာမှလိုချင်တာမဟုတ်ဘူးဆိုရင် ကောင်းတာရမယ်၊ အဲဒီအတိုင်းသွားမယ်။

နောက်တစ်ခုက ဘာတဲ့တုန်း၊ ဒုတိယဈာန် အခြေခံပြုတယ်၊ ပထမဈာန်ဝင်စားတယ်၊ သူ့မှာ အထူး အလိုမရှိဘူးဆိုရင်လည်း ဒုတိယဈာန်နဲ့ တူတဲ့မဂ်ပေါ်မယ်။

ကောင်းပြီ သူ့မှာ ပါဒကဈာန်မရှိဘူးတဲ့၊ သူက ဈာန်မရတဲ့ပုဂ္ဂိုလ်ကိုး၊ ရှုတော့ သူကဈာန်ကို ဘယ်ရှုနိုင်မလဲ၊ ဈာန်မှမရဘဲ၊ ပကိဏ္ဏကသင်္ခါရ ရုပ်နာမ် ကိုပဲ ရှုရမယ်၊ အလိုမရှိဘူးတဲ့၊ ပထမဈာန်နဲ့တူတဲ့မဂ်ပဲ၊ အလိုရှိလည်းသူက မရနိုင်ဘူး။ အလိုရှိတိုင်းကို မဖြစ်နိုင်ဘူး။ သူက ဈာန်မရတဲ့ပုဂ္ဂိုလ်။

တစ်ခါ နောက်တစ်ယောက်ကျတော့ ဈာန်တော့ရတယ်၊ ဈာန်ကို ပါဒက မပြုဘူး၊ ပြီးတော့ ရှုတဲ့အခါကျ ပကိဏ္ဏသင်္ခါရပဲရှုတယ်၊ ဈာန်ကိုလုံးဝမတို့ဘူး၊ အဲဒီပုဂ္ဂိုလ်မျိုးကျတော့လည်းပဲ ပထမဈာန်နဲ့တူတဲ့ မဂ်ပဲပေါ်မယ်။

[စာမျက်နှာ-206] ဘာလို့တုန်းဆို အဲဒီမဂ်စိတ် ပေါ်လိုက်တယ်ဆိုရင် ဝိတက်၊ ဝိစာရ ၅-ပါးက ပါလာတော့တာကိုး။

ကောင်းပြီ၊ ဒါဖြင့်ရင် ဒီမှာ ပေးထားတာက ပထမနဲ့ ဒုတိယပဲ ပေးထားတယ်။ ဒါ အမျိုးမျိုး (shuffle) လုပ်နိုင်တယ်၊ ပထမဈာန်ကို ပါဒကပြုမယ်၊ တတိယဈာန်ကို ဆင်ခြင်မယ်၊ ပထမဈာန်ကိုပါဒကပြုမယ်၊ စတုတ္ထဈာန်ကို ဆင်ခြင်မယ် စသည်ဖြင့် အဲသလို လှယ်လိုက်ရင် အများကြီး ထွက်သွားမယ်။

| ပါဒကဈာန် | သမ္မသိတဈာန် | ပုဂ္ဂလဇ္ဈာသယ (အလို) | မဂ် |

| ပထမဈာန် | ပကိဏ္ဏကသင်္ခါရ | မရှိ | ပထမဈာန်မဂ် |
| မရှိ | ပထမဈာန် | မရှိ | ပထမဈာန်မဂ် |
| ပထမဈာန် | ဒုတိယဈာန် | ပထမဈာန် | ပထမဈာန်မဂ် |
| ပထမဈာန် | ဒုတိယဈာန် | ဒုတိယဈာန် | ဒုတိယဈာန်မဂ် |
| ဒုတိယဈာန် | ပထမဈာန် | ဒုတိယဈာန် | ဒုတိယဈာန်မဂ် |
| ဒုတိယဈာန် | ပထမဈာန် | မရှိ | ဒုတိယဈာန်မဂ် |

| မရှိ + | ပကိဏ္ဏကသင်္ခါရ | မရှိ | ပထမဈာန်မဂ် |
| မရှိ % | ပကိဏ္ဏကသင်္ခါရ | မရှိ | ပထမဈာန်မဂ် |
| အရူပဈာန် | အရူပဈာန် | မရှိ | ပဉ္စမဈာန်မဂ် |
| အရူပဈာန် | ရူပဈာန်/ပကိဏ္ဏကသင်္ခါရ | မရှိ | ပဉ္စမဈာန်မဂ် |
| ရူပဈာန် | အရူပဈာန် | မရှိ | ပဉ္စမဈာန်မဂ် |

> မှတ်ချက်: အထက်ပါ ဇယား အမြွက်မျှသာ။
> + ဈာန်မရသော ယောဂီ။
> % ဈာန်ရသော်လည်း ဈာန်ကို ပါဒကလည်းမပြု၊ သမ္မသိတလည်း မပြုသော ယောဂီ။

[စာမျက်နှာ-207]
လောကုတ္တရာစိတ်အကျယ် ၄၀

မဂ်စိတ် ၂၀
သောတာပတ္တိမဂ်စိတ် ၅-ပါး
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့်တကွဖြစ် ပထမဈာန်မဂ်စိတ် (၈၂)
၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့်တကွဖြစ် ဒုတိယဈာန်မဂ်စိတ် (၈၃)
၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့်တကွဖြစ် တတိယဈာန်မဂ်စိတ် (၈၄)
၄။ သုခ၊ ဧကဂ္ဂတာနှင့်တကွဖြစ် စတုတ္ထဈာန်မဂ်စိတ် (၈၅)
၅။ ဥပေက္ခာ၊ ဧကဂ္ဂတာနှင့် တကွဖြစ် ပဉ္စမဈာန်မဂ်စိတ် (၈၆)

သကဒါဂါမိမဂ်စိတ် ၅-ပါး
၁-၅။ သောတာပတ္တိမဂ်စိတ် ၅-ပါးနှင့်တူ (၈၇-၉၁)

အနာဂါမိမဂ်စိတ် ၅-ပါး
၁-၅။ သောတာပတ္တိမဂ်စိတ် ၅-ပါးနှင့်တူ (၉၂-၉၆)

အရဟတ္တမဂ်စိတ် ၅-ပါး
၁-၅။ သောတာပတ္တိမဂ်စိတ် ၅-ပါးနှင့်တူ (၉၇-၁၀၁)

ဖိုလ်စိတ် ၂၀
သောတာပတ္တိဖိုလ်စိတ် ၅-ပါး - သောတာပတ္တိမဂ်စိတ် ၅-ပါးနှင့်တူ (၁၀၂-၁၀၆)
သကဒါဂါမိဖိုလ်စိတ် ၅-ပါး - ။ (၁၀၈-၁၁၁)
အနာဂါမိဖိုလ်စိတ် ၅-ပါး - ။ (၁၁၂-၁၁၆)
အရဟတ္တဖိုလ်စိတ် ၅-ပါး - ။ (၁၁၇-၁၂၁)

> အရေးကြီးသောမှတ်ချက်: ဈာန်စိတ်သည် မဂ်စိတ်မဟုတ်၊ မဂ်စိတ်သည် ဈာန်စိတ်မဟုတ်၊ သို့သော် မဂ်စိတ်လည်း ဈာန်အင်္ဂါများနှင့် ယှဉ်သဖြင့် ဈာန်အင်္ဂါအရေအတွက်အားဖြင့် ရူပပထမဈာန်နှင့် တူသော သောတာပတ္တိမဂ်စိတ်ကို ပထမဈာန်သောတာပတ္တိမဂ်စိတ် ဟု ခေါ်ရသည်။ ကျန်စိတ်များကို နည်းတူပင်သိပါ။

[စာမျက်နှာ-208]
အဘိဓမ္မာသင်တန်း (၉)

လောကုတ္တရာစိတ်ဈာန်ပွားပုံနှင့် စိတ်ပိုင်းသရုပ်ခွဲ
ဒီနေ့စက်တင်ဘာ ၂၉-ရက်၊ လွန်ခဲ့တဲ့ အပတ်က လောကုတ္တရာစိတ် ၈-ပါးရယ်၊ လောကုတ္တရာစိတ် ၈-ပါးကနေပြီးတော့ အကျယ် ၄၀ ဖြစ်သွားတာရယ် ပြောခဲ့တယ်၊ ဒီနေ့ လောကုတ္တရာစိတ် အကျယ် ၄၀ ဖြစ်တာ ထပ်ပြီး ပြောရဦးမယ်။

ပထမ လောကုတ္တရာစိတ် ၈-ပါးကို အကျဉ်းလေးတော့ နားလည်ရဦးမယ်၊ လောကုတ္တရာစိတ် ၈-ပါး အကျဉ်းက မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါးလို့ ရှိတယ်၊ မဂ်စိတ် ၄-ပါးကို လောကုတ္တရာကုသိုလ်စိတ်၊ ဖိုလ်စိတ် ၄-ပါးကို လောကုတ္တရာဝိပါက်စိတ် အဲဒီလို ခေါ်တယ်။

မဂ်စိတ် ၄-ပါးရဲ့ အမည်က
၁။ သောတာပတ္တိမဂ်စိတ်
၂။ သကဒါဂါမိမဂ်စိတ်
၃။ အနာဂါမိမဂ်စိတ်
၄။ အရဟတ္တမဂ်စိတ်

ဖိုလ်စိတ် ၄-ပါးကလည်း ဒီအတိုင်းပဲ၊ သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်။

အဲဒီတော့ ကုသိုလ်နဲ့ ဝိပါက်ဆိုတာ ကုသိုလ်ကအကြောင်း၊ ဝိပါက်ကအကျိုး၊ ဒါကြောင့် ဒီနေရာမှာ အကြောင်းအကျိုးမှာ မဂ်က အကြောင်း၊ ဖိုလ်က အကျိုး။ တကယ်ဖြစ်စဉ်အတိုင်း ပြောမယ်ဆိုရင် သောတာပတ္တိမဂ် နောက်ကပ်ပြီးတော့

[စာမျက်နှာ-209] ဘာမှ မခြားဘဲနဲ့ သောတာပတ္တိဖိုလ်က ၂-ကြိမ် ၃-ကြိမ်လိုက်တယ်၊ သကဒါဂါမိမဂ် နောက်က သကဒါဂါမိဖိုလ် ၂-ကြိမ် ၃-ကြိမ်၊ အနာဂါမိမဂ်နောက် အနာဂါမိဖိုလ် ၂-ကြိမ် ၃-ကြိမ်၊ အရဟတ္တမဂ်နောက် အရဟတ္တဖိုလ် ၂-ကြိမ် ၃-ကြိမ်လိုက်တယ်။ ပြီးတဲ့နောက်မှာ ဖိုလ်ဝင်စားတယ်ဆိုတဲ့ အနေနဲ့ ပြန်ဝင်စားတဲ့ အခါကျတော့ ဖိုလ်စိတ်တွေချည်း ဖြစ်တော့တယ်၊ မဂ်စိတ်မဖြစ်တော့ဘူး။

အဲဒီလို လောကုတ္တရာစိတ် အားလုံး ၈-ပါးဖြစ်သွားတယ်၊ မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ အဲဒီတော့ သောတာပတ္တိမဂ်စိတ်၊ သောတာပတ္တိဖိုလ်စိတ် ရပြီးတဲ့ ပုဂ္ဂိုလ်ကို သောတာပန်လို့ခေါ်တယ်၊ သကဒါဂါမိမဂ်စိတ်နဲ့ သကဒါဂါမိဖိုလ် ရပြီးသားပုဂ္ဂိုလ်ကို သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိမဂ်စိတ်နဲ့ အနာဂါမိဖိုလ်စိတ် ရပြီးသား ပုဂ္ဂိုလ်ကို အနာဂါမ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်စိတ်နဲ့ အရဟတ္တဖိုလ်စိတ်ရပြီးသား ပုဂ္ဂိုလ်ကို ရဟန္တာပုဂ္ဂိုလ် ဒီလိုခေါ်တယ်။

အဲဒီတော့ အရိယာ ၈-ပါး၊ အရိယာ ၈-ယောက်လို့ ပြောလေ့ရှိတယ်၊ သောတာပတ္တိမဂ် အခိုက်အတန့်ကို တစ်ယောက်လို့ ယူတယ်၊ သောတာပတ္တိဖိုလ် အခိုက်အတန့်ကို တစ်ယောက်လို့ ယူတယ်၊ အဲဒါကြောင့် ၂-ယောက် ဖြစ်သွားတာ။ ဒါကြောင့် သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်၌ တည်သောပုဂ္ဂိုလ် ဒီအတိုင်းသွားရင် အရဟတ္တမဂ်၌ တည်သောပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်၌ တည်သောပုဂ္ဂိုလ်၊ အဲဒါကြောင့်မို့ အရိယာ ၈-ယောက်လို့ ပြောတာ၊ လောကုတ္တရာစိတ် ၈-ပါးရှိတာကြောင့် အရိယာပုဂ္ဂိုလ် ၈-ယောက်ဖြစ်တာ။

လောကုတ္တရာစိတ် အကျယ် ၄၀
အဲဒီလောကုတ္တရာစိတ် ၈-ပါးက အကျယ်အားဖြင့်သွားလိုက်မယ်ဆိုရင် ၄၀ ဖြစ်သွားနိုင်တယ်၊ အကျယ် ၄၀-က ဘယ်လို ဖြစ်တာလဲဆိုတော့ ဒါက မဂ်ဖိုလ်ရအောင် ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်တဲ့ ပုဂ္ဂိုလ်က ၂-မျိုးရှိတယ်။

ပထမတစ်မျိုးက ဈာန်မရတဲ့ ပုဂ္ဂိုလ်၊ ဒုတိယတစ်မျိုးက ဈာန်ရတဲ့ပုဂ္ဂိုလ်၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်က ဈာန်ကို အခြေပြုပြီး ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်၊ ဈာန်ကို အခြေမပြုဘဲနဲ့ ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်။

အဲသလိုရှိတော့ ဈာန်ရတဲ့ ပုဂ္ဂိုလ်အနေနဲ့ ပြောရမယ်ဆိုရင် ပထမဆုံးဈာန်ကို အခြေပြုမယ်လို့ဆိုရင် ဒီဈာန်ကို အခြေခံပြီးတော့ ဝိပဿနာပွားများမယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုလုပ်ရသလဲဆိုတော့ အခြေခံဈာန်တစ်ခုခုကို ဝင်စားရတယ်။ အဲသလို အခြေခံဈာန်တစ်ခုခုကို ဝင်စားပြီးတဲ့နောက် အဲဒီဈာန်ကိုပဲဖြစ်ဖြစ်၊ တခြားဈာန်ကိုပဲဖြစ်ဖြစ် သို့မဟုတ် ရိုးရိုးရုပ်နာမ်ကိုပဲဖြစ်ဖြစ် ဝိပဿနာရှုရတယ်။

[စာမျက်နှာ-210] အဲသလို ရှုပြီးတဲ့နောက်မှ ဝိပဿနာရဲ့ အကျိုးကြောင့် မဂ်ပေါ်တဲ့အခါမှာ အဲဒီဈာန်အလိုက် ပထမဈာန်မဂ်၊ ဒုတိယဈာန်မဂ် စသည်ဖြင့် ဒီလိုပေါ်သွားတယ်။

အဲဒီတော့ စာရွက်မှာ တတိယစာရွက်ကြည့်လိုက်၊ တတိယစာရွက်က ဘာတဲ့တုန်း၊ မဂ်စိတ်များ ဈာန်စိတ်နှင့် တူရာတဲ့၊ အဲဒါကို ကြည့်လိုက်၊ ပထမကော်လံက ပါဒကဈာန်တဲ့၊ ဒုတိယကော်လံက သမ္မသိတဈာန်တဲ့၊ တတိယက ပုဂ္ဂလဇ္ဈာသယ၊ စတုတ္ထက မဂ်။

ပါဒကဆိုတာ အခြေခံလို့ ဆိုလိုတယ်၊ basic။ သမ္မသိတဆိုတာ သုံးသပ်တာ၊ သုံးသပ်တယ်ဆိုတာ ဝိပဿနာရှုတာကို ပြောတာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဝိပဿနာ ရှုတာကိုပဲ ဒီနေရာမှာ သုံးသပ်တယ်ခေါ်တယ်။ ပုဂ္ဂလဇ္ဈာသယဆိုတာ ပုဂ္ဂိုလ်ရဲ့ အလိုကိုခေါ်တယ်၊ မဂ်ကတော့ မဂ်ပေါ့။

ကောင်းပြီ၊ အဲဒီတော့ ဈာန် ၅-ပါးလုံးရထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဆိုကြပါစို့၊ အဲဒီဈာန် ၅-ပါးလုံးရထားတဲ့ ပုဂ္ဂိုလ်ဟာ ပထမဈာန်ကို ဝင်စားလိုက်တယ်။ ဒါဟာ သမထ။ ဝိပဿနာ မဟုတ်သေးဘူး၊ သမထကမ္မဋ္ဌာန်း အားထုတ်ပြီးနောက် ပထမဈာန်ရတယ်၊ အဲဒီ ပထမဈာန်ကို ဝင်စားလိုက်တယ်။

ပထမဈာန်ကိုဝင်စားပြီးတဲ့နောက် ပထမဈာန်မှထလိုက်တယ်၊ အဲဒီ ပထမဈာန်မှထွက်ပြီးတော့ ဝိပဿနာသုံးသပ်တဲ့အခါကျတော့ သူက ဈာန်ကို မသုံးသပ်ဘဲနဲ့ ပကိဏ္ဏကသင်္ခါရ မြန်မာလိုပြန်ရင် ပြိုးပြွမ်းသင်္ခါရလို့ ပြန်တယ်၊ ပြိုးပြွမ်းသင်္ခါရလို့ ပြောရင် နားလည်ပါ့မလား၊ ရောနေတာကို ပြောတာ၊ ရှင်းရှင်း ပြောရရင် လောကီရုပ်နာမ်တွေကို ပကိဏ္ဏကသင်္ခါရလို့ပြောတာ။

အဲဒီရုပ်နာမ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တတင်ပြီး သူက ဝိပဿနာရှုတယ်၊ အဲသလို ရှုပြီးတော့ သူ့မှာ အလိုဆန္ဒအထူးအခြားမရှိဘူး၊ ပထမဈာန်နဲ့ တူတဲ့မဂ် ပေါ်ပါစေ၊ မပေါ်ပါစေ စသည်ဖြင့် အလိုဆန္ဒအထူးမရှိဘူးဆိုပါတော့၊ အဲဒီပုဂ္ဂိုလ်မှာ တရားအားထုတ်လို့ မဂ်ပေါ်တဲ့အခါကျတော့ ပထမဈာန်မဂ်ပေါ်တယ်။

ပထမဈာန်မဂ်ဆိုတာ အမှန်အတိုင်း ပြောရရင် ပထမဈာန်နဲ့တူတဲ့မဂ်ကို ဆိုလိုတယ်၊ ဈာန်ဟာ ဈာန်ပဲ၊ မဂ်မဟုတ်ဘူး၊ မဂ်ဟာ မဂ်ပဲ၊ ဈာန်မဟုတ်ဘူး၊ ဈာန်သည် မဂ်မဟုတ်၊ မဂ်သည် ဈာန်မဟုတ်။

ဒါပေမဲ့ ဒီနေရာမှာဘာကြောင့်ပထမဈာန်မဂ်စိတ် ခေါ်ရသလဲဆိုရင် ပထမဈာန်နဲ့တူတဲ့ မဂ်စိတ်ဖြစ်လို့၊ ရူပါဝစရပထမဈာန်မှာ အင်္ဂါ ၅-ပါးရှိတယ်။ ထို့အတူပဲ၊ ဒီမဂ်စိတ်မှာလဲ ဈာန်အင်္ဂါ ၅-ပါးရှိတယ်၊ ဒီမဂ်စိတ်က အဲဒီဈာန်အင်္ဂါ

[စာမျက်နှာ-211] ၅-ပါးနဲ့ ယှဉ်တယ်၊ ဒါကြောင့် သူ့ကို ပထမဈာန်မဂ်စိတ်၊ ပထမဈာန်နဲ့တူတဲ့ မဂ်စိတ်လို့ ဆိုလိုတယ်၊ နောက်ဈာန်တွေလဲ ဒီအတိုင်းမှတ်ပါ။

ကောင်းပြီ အဲဒီဈာန် ၅-ပါးလုံး ရထားတဲ့ ပုဂ္ဂိုလ်ကပဲ နောက်တစ်ကြိမ်ကျတော့ ပါဒကဈာန်တွေ ဘာတွေ ဘာမှမဝင်စားတော့ဘူး၊ သမထကို လုံးဝမလုပ်တော့ဘဲနဲ့ ဝိပဿနာကို ရှုတော့တယ်၊ အဲသလို ဝိပဿနာရှုတော့ သူရပြီးသား ပထမဈာန်ကို ဝိပဿနာရှုတယ်၊ ဒီပုဂ္ဂိုလ်မှာ ပါဒကဈာန်မရှိဘူး၊ သမ္မသိတအနေနဲ့ (သုံးသပ်တဲ့ဈာန်အနေနဲ့) ပထမဈာန်ကို သုံးသပ်ထားတယ်၊ ပထမဈာန်ကိုပဲ ဝိပဿနာရှုထားတယ်၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတဲ့ ဈာန်အင်္ဂါ ၅-ပါးကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုထားတယ်။

သူ့မှာလည်းပဲ အလိုသီးခြားမရှိဘူးဆိုရင် ပထမဈာန်နဲ့တူတဲ့ မဂ်စိတ်ပဲပေါ်မယ်။ အလိုသီးခြားမရှိတော့ မဂ်စိတ်ဖြစ်တော့ အဲဒီမဂ်စိတ်မှာ ဈာန်အင်္ဂါ ၅-ပါးလုံး ရှိတာကိုး။

ကောင်းပြီ နောက်တစ်ယောက်ကတော့ ပထမဈာန်ကို အခြေခံအနေနဲ့ ဝင်စားလိုက်တယ်၊ အဲဒီပထမဈာန်မှထပြီးတော့ ဝိပဿနာသုံးသပ်တဲ့အခါကျတော့ ဒုတိယဈာန်ကို သွားသုံးသပ်တယ်၊ သူက ဈာန် ၅-ပါးလုံး ရထားပြီးသားကိုး၊ မရရင် မသုံးသပ်နိုင်ဘူး၊ ရပြီးသား ပုဂ္ဂိုလ်မို့ သုံးသပ်နိုင်တာ။

ဒုတိယဈာန် သုံးသပ်ပြီးတော့ သူ့စိတ်ထဲမှာ အလိုဆန္ဒရှိတာက ပထမဈာန်နဲ့ တူတဲ့မဂ် ဖြစ်ပါစေလို့ ဒီလိုဆန္ဒရှိတယ်၊ ဒါကြောင့် သူ့ဆန္ဒအလိုက် မဂ်ပေါ်တဲ့ အခါကျတော့ ပထမဈာန်နဲ့ တူတဲ့မဂ်ပေါ်တယ်။

ထို့အတူ အဲသလို ပုဂ္ဂိုလ်ပဲ၊ ပထမဈာန်ကို ပါဒကပြုတယ်၊ ဝင်စားလိုက်တယ်၊ အဲဒီဈာန်ကထပြီး ဒုတိယဈာန်ကို သုံးသပ်လိုက်တယ်၊ ဝိပဿနာ ရှုလိုက်တယ်၊ ပြီးတော့ သူ့စိတ်ထဲမှာ ဒုတိယဈာန်နဲ့တူတဲ့ မဂ်ပေါ်ပါစေလို့ဆန္ဒရှိတယ်၊ အဲသလို ဆန္ဒရှိရင် မဂ်ပေါ်တဲ့အခါကျတော့ ဒုတိယဈာန်မဂ်ပေါ်တယ်၊ ဒုတိယဈာန်နဲ့တူတယ် ဆိုရင် ဈာန်အင်္ဂါ ၄-ပါးပေါ့၊ ဝိတက်မပါတော့ဘူး။

အဲသလိုပုဂ္ဂိုလ်မျိုးကပဲ ပထမဈာန်ကို ပါဒကပြုလိုက်တယ်၊ ဝင်စားလိုက်တယ်၊ ပထမဈာန်ကထပြီးတော့ ဒုတိယဈာန်ကို သုံးသပ်တယ်၊ ဝိပဿနာရှုတယ်၊ သူ့မှာ သီးခြားအထူးအလိုဆန္ဒမရှိဘူး၊ ပထမဈာန်နဲ့တူတဲ့ မဂ်ပေါ်ပါစေ၊ ဒုတိယဈာန်နဲ့ တူတဲ့ မဂ်ပေါ်ပါစေလို့ ဒီလိုဆန္ဒမရှိဘူး၊ မရှိရင်ဘာမဂ်ပေါ်မလဲဆိုတော့ ဒုတိယဈာန်နဲ့ တူတဲ့မဂ်ပေါ်မယ်။

[စာမျက်နှာ-212] ဘာကြောင့်တုန်း၊ ပထမဈာန်ထက် ဒုတိယဈာန်က ပိုပြီး အထက်တန်းကျတာကိုး၊ သူ့မှာအလိုမရှိရင် အထက်ဈာန်နဲ့တူတဲ့ မဂ်ပေါ်မယ်၊ အလိုရှိရင်တော့ အလိုရှိတဲ့ဈာန်နဲ့တူတဲ့မဂ် ပေါ်မယ်၊ ဒါပါပဲ၊ ဒါကို မှတ်ထားလိုက်ရုံပဲ။

ကောင်းပြီ၊ သူက ဒုတိယဈာန်ကို ပါဒက ပြုတယ်၊ ဒုတိယဈာန်ကို အရင် ဝင်စားလိုက်တယ်၊ ဒုတိယဈာန်မှ ထပြီးတော့ ပထမဈာန်ကို ဝိပဿနာ ရှုလိုက်တယ်၊ သုံးသပ်လိုက်တယ်၊ သူ့မှာဆန္ဒအထူးမရှိဘူး၊ ဘာမဂ်ပေါ်မလဲ၊ ဒုတိယဈာန်နဲ့ တူတဲ့မဂ်ပေါ်မှာပဲ။

နောက်တစ်ယောက်လာပြီ၊ သူကတော့ ဈာန်မရတဲ့ရိုးရိုးပုဂ္ဂိုလ်ပေါ့၊ ဈာန်မရတဲ့အတွက် ပါဒကဈာန် ရှိနိုင်ပါဦးမလား၊ မရှိနိုင်ဘူး၊ သုံးသပ်တော့လည်း ဈာန်ကို မသုံးသပ်နိုင်ဘူး၊ ဈာန်မှမရဘဲ၊ အဲဒီတော့ ဘာကို သုံးသပ်သလဲ၊ ပကိဏ္ဏကသင်္ခါရ ပြိုးပြွမ်းရောပြွမ်းနေတဲ့သင်္ခါရ ခေါ်တဲ့ ရုပ်နာမ်ကိုပဲ ဝိပဿနာရှုတယ်၊ ဈာန်မှမရှိဘဲ၊ အလိုရှိတယ်ဆိုတာလည်း မရှိနိုင်ဘူး၊ အဲသလို ပုဂ္ဂိုလ်မျိုးကျတော့ ပထမဈာန်နဲ့တူတဲ့ မဂ်ပေါ်တယ်။

သူကဈာန်လိုချင်လို့ မဟုတ်ဘူး၊ သူ့မဂ်ပင်ကိုယ်သဘောကိုက အင်္ဂါ ၅-ပါး ပါနေလို့ သူက ဖြစ်စေချင်လို့မဟုတ်ဘူး၊ သို့သော် မဂ်ပေါ်လိုက်ရင်အင်္ဂါ ၅-ပါးက ပါတော့တာပဲ၊ အဲဒါကြောင့် သူ့ကျတော့ ပထမဈာန်နဲ့တူတဲ့ မဂ်ပေါ်တယ်။

နောက်တစ်ယောက်လာပြီ၊ နောက်တစ်ယောက်ကတော့ ဈာန်တော့ရပါရဲ့၊ ဈာန်ရပေမယ့် သူကဈာန်ကို အခြေခံမပြုဘူး၊ ရှုလည်းမရှုဘူး၊ အဲသလို ပုဂ္ဂိုလ်မျိုး၊ ဈာန်ကို လုံးဝပစ်ထားလိုက်တယ်ပေါ့၊ အဲဒီတော့ သူကဈာန်တော့ရတယ်၊ ဈာန်ကို အခြေခံမပြုဘူး၊ ဝိပဿနာရှုရမှာဖြစ်တော့ သူကဈာန်ကိုမရှုဘဲနဲ့ ပကိဏ္ဏကသင်္ခါရ ခေါ်တဲ့ ရုပ်နာမ်ကိုပဲရှုတယ်၊ ရှုပြီးတော့ သူ့မှာလည်း အလိုဆန္ဒမရှိဘူး၊ ဒီတော့ ဘာဈာန်နဲ့တူတဲ့ မဂ်ပေါ်မလဲ၊ ပထမဈာန်နဲ့တူတဲ့မဂ်ပဲပေါ်မယ်။

ဒီလိုပဲ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် သွားရမှာပဲ။ ဒါတွေအကုန်လုံး မရေးနိုင်ဘူး၊ အဲဒီတော့ principle က ဘာတုန်း၊ ပုဂ္ဂိုလ်မှာ အလိုဆန္ဒအထူးမရှိရင် အထက်ဈာန်နဲ့ တူတဲ့မဂ်ပေါ်မယ်၊ ဒါပဲ၊ ပုဂ္ဂိုလ်မှာ အလိုဆန္ဒ ရှိရင် ပုဂ္ဂိုလ်အလိုဆန္ဒအတိုင်း ပေါ်တယ်။

အဲဒီတော့ ဒုတိယဈာန်ပါဒကပြု၊ တတိယဈာန်ကို ဝိပဿနာရှုမှ ပုဂ္ဂိုလ်မှာ အလိုဆန္ဒ အထူးမရှိဘူးဆိုရင် တတိယဈာန်နဲ့တူတဲ့မဂ်ပေါ်မယ်၊ အလိုဆန္ဒအထူး ရှိရင် အလိုအထူးရှိတဲ့ အလိုက်ပဲ၊ ဒုတိယဈာန်နဲ့တူတဲ့မဂ်သော်လည်းကောင်း၊

[စာမျက်နှာ-213] တတိယဈာန်နဲ့ တူတဲ့မဂ်သော်လည်းကောင်း ပေါ်မယ် အဲသလို သွားတော့တာပဲ။ နားလည်လောက်ပြီ။

တစ်ခါ အရူပဈာန်တဲ့၊ အရူပဈာန်ကိုပဲ ပါဒက ပြုတယ်၊ အရူပဈာန်ကိုပဲ ရှုတယ်၊ အလိုအထူးမရှိဘူး၊ ပဉ္စမဈာန်နဲ့တူတဲ့မဂ် ပေါ်မယ်၊ အရူပဈာန်ကို ဘယ်ဈာန်ထဲထည့်သလဲ၊ ပဉ္စမဈာန်ထဲထည့်တယ်၊ မှတ်မိတယ်နော်၊ အရူပစိတ် ၁၂-ခုလုံးကို ပဉ္စမဈာန်လို့ ခွဲရတယ်။

တစ်ခါ အရူပဈာန်ကိုပါဒကပြု၊ ရှုတော့ရူပဈာန်ကိုဖြစ်ဖြစ် ပကိဏ္ဏကသင်္ခါရကိုဖြစ်ဖြစ် ရှုတယ်၊ အလိုကလဲ သီးခြားမရှိဘူးဆိုရင် ပဉ္စမဈာန်ပဲ ရမယ်၊ ပဉ္စမဈာန်နဲ့တူတဲ့ မဂ်ပဲရမယ်။

တစ်ခါ ရူပဈာန်ကို ပါဒကပြုတယ်၊ အရူပဈာန်ကိုရှုတယ်၊ အလို သီးခြားမရှိဘူး ဆိုရင် ပဉ္စမဈာန်ပဲရမယ်၊ အရူပဈာန်က တန်းမြင့်တာကိုး၊ ဒီလို ပုဂ္ဂိုလ်ကျတော့ ရူပဈာန်ရော အရူပဈာန်ရောရတဲ့ ပုဂ္ဂိုလ်ဖြစ်ရမှာပေါ့။

အဲဒီလို သူတို့ ဝိပဿနာရှုတာအလိုက် မဂ်စိတ်ဟာ ပထမဈာန်နဲ့တူတဲ့ မဂ်စိတ်၊ ဒုတိယဈာန်နဲ့ တူတဲ့မဂ်စိတ်စသည်ဖြင့် အစဉ်အတိုင်းသွားတာ ပဉ္စမဈာန်နဲ့ တူတဲ့ မဂ်စိတ် ပေါ်တယ်။

ဒါကြောင့်မို့ သောတာပတ္တိမဂ်စိတ်တစ်ခုထဲက ၅-မျိုး ဖြစ်သွားတယ်၊ ပထမဈာန် သောတာပတ္တိမဂ်စိတ်၊ ဒုတိယဈာန် သောတာပတ္တိမဂ်စိတ် စသည်ဖြင့် သွားတယ်။

သောတာပတ္တိမဂ်စိတ် ၅-ပါး၊ သကဒါဂါမိမဂ်စိတ် ၅-ပါး၊ အနာဂါမိမဂ်စိတ် ၅-ပါး၊ အရဟတ္တမဂ်စိတ် ၅-ပါး၊ ၅ x ၄ လီ = ၂ဝ ဒါကြောင့် မဂ်စိတ်အကျယ် ၂၀။

မဂ်စိတ်နဲ့တူစွာ ဖိုလ်စိတ်ကလည်း ဖြစ်ရတာမို့ ဒီအတိုင်းပဲ ဖိုလ်စိတ်ကလဲ ၂၀၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ ဒါကြောင့်မို့ အားလုံးပေါင်းလိုက်ရင် လောကုတ္တရာစိတ်အကျယ် ၄၀-ရှိတယ်။

ဒါကြောင့်မို့ လောကုတ္တရာစိတ်ဘယ်လောက်ရှိသလဲ မေးရင် အကျဉ်း ၈-ပါး အကျယ်-၄၀၊ အကျဉ်း ၈-ပါးကနေ အကျယ် ၄၀-ပွားသွားတာကို ဦးဇင်းတို့ အသုံးအနှုန်းနဲ့ ဈာန်ပွားတယ်လို့ ဒီလိုသုံးတယ်၊ ဈာန်ပွားတယ် ဆိုတာ ဈာန် ၅-ပါးနဲ့ မြှောက်လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

လောကုတ္တရာစိတ် ၈-ပါးကို ဈာန်ပွားလိုက်တဲ့အခါမှာ လောကုတ္တရာစိတ် အကျယ် ၄၀-ဖြစ်သွားတယ်။

စိတ်အကျဉ်း အကျယ်

[စာမျက်နှာ-214] အဲဒီတော့ လောကီစိတ်-၈၁ နဲ့ လောကုတ္တရာစိတ်-၈ နဲ့ ပေါင်းလိုက်ရင် စိတ်-၈၉ ရတယ်၊ စိတ်တစ်ခုယုတ်ကိုးဆယ်ရတယ်၊ လောကီစိတ်-၈၁ နဲ့ လောကုတ္တရာစိတ် အကျယ်-၄၀ နဲ့ ပေါင်းလိုက်ရင် စိတ်အကျယ် ၁၂၁-ပါးရတယ်။

ဒါကြောင့်မို့ စိတ်ဘယ်လောက်ရှိသလဲမေးရင် အမြဲတမ်းပြောရမှာက စိတ် အကျဉ်း-၈၉၊ အကျယ် ၁၂၁-ပါး၊ တစ်ခါတလေကျတော့လည်း စိတ်-၈၉ နည်းနဲ့ ပြောသွားတဲ့နေရာတွေလည်း ရှိတယ်၊ တစ်ခါတလေကျတော့လည်း ၁၂၁-ပါး နည်းနဲ့ ပြောသွားတဲ့နေရာတွေလည်းရှိတယ်။

အဲဒါဟာ လောကုတ္တရာစိတ် ၈-ပါး၊ ဟိုနေ့ကလည်း အကျယ် ပြောပြီးပါပြီ။ လောကုတ္တရာစိတ် ၈-ပါးမှာ ကြိယာမရှိတဲ့အကြောင်းလည်း ပြောပြီးပြီ၊ မှတ်စုအောက်ခြေမှာလည်းရှိတယ်၊ လောကုတ္တရာစိတ်၌ ကြိယာမရှိခြင်းဆိုတာ အမှန်ကတော့ မဂ်စိတ်ဟာ ပုဂ္ဂိုလ်တစ်ယောက်အဖို့ တစ်သံသရာလုံးမှာ တစ်ကြိမ်သာဖြစ်တယ်၊ ထပ်ဖြစ်တယ်လို့ မရှိဘူး၊ မဂ်စိတ်ထပ်မဖြစ်တော့ ကြိယာစိတ်တွေ မရှိနိုင်ဘူးပေါ့။ ကုသိုလ်စိတ်သည်ပင်လျှင် ရဟန္တာသန္တာန်မှာဖြစ်တော့ ကြိယာစိတ်ခေါ်တယ် မဟုတ်လား၊ ကာမာဝစရကုသိုလ်က ပုထုဇဉ်နဲ့ အောက်တန်းအရိယာတွေ သန္တာန်မှာ ဖြစ်တယ်၊ ကာမာဝစရကြိယာက ရဟန္တာသန္တာန်မှာ ဖြစ်တယ်၊ ဒီစိတ်၊ ဒီစိတ်ပဲ။

သူတို့ (ကာမာဝစရကုသိုလ်၊ ကာမာဝစရကြိယာ) တို့က ထပ်ဖြစ်နိုင်တယ်။ မဂ်စိတ်က ဒီလိုထပ်မဖြစ်နိုင်ဘူး၊ တစ်ခါထဲနဲ့ဆိုင်ရာ ကိလေသာကို အကြွင်းမဲ့ ပယ်နိုင်တယ်၊ အဲသလို ပယ်နိုင်တဲ့အတွက်ကြောင့် မဂ်စိတ်ထပ်မဖြစ်ဘူး၊ မဂ်စိတ် ထပ်မဖြစ်တဲ့အတွက်ကြောင့်မို့ လောကုတ္တရာကြိယာစိတ်ရယ်လို့မရှိ။

ကာမာဝစရမှာကြိယာရှိတယ်၊ ရူပါဝစရမှာ ကြိယာရှိတယ်၊ အရူပါဝစရမှာ ကြိယာရှိတယ်၊ ဒါပေမယ်လို့ လောကုတ္တရာမှာ ကြိယာရယ်လို့မရှိ။

မျက်မှောက်ဘဝမှာ ချမ်းသာခံစားတယ်ဆိုတာရှိတယ်၊ ဒါဟာဈာန်ဝင်စားနေတာ၊ ဖိုလ်ဝင်စားနေတာ၊ ဖိုလ်ဝင်စားတဲ့ မျက်မှောက်ဘဝ ခံစားမှုကလည်း ဖိုလ်က တာဝန်ယူသွားတယ်၊ မဂ်ထပ်ဖြစ်စရာ မလိုတော့ဘူး၊ ဒါကြောင့်မို့ မဂ်စိတ်ဟာ တစ်ကြိမ်သာ ဖြစ်တယ်၊ မဂ်စိတ်တစ်ကြိမ်သာ ဖြစ်တဲ့အတွက်ကြောင့်မို့ လောကုတ္တရာစိတ်မှာ ကြိယာမရှိ။

အားလုံးပေါင်းလိုက်ရင် စိတ်အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါး ဖြစ်သွားတယ်၊ ဒါပါပဲ၊ စိတ်ပိုင်းဟာဒါပဲ။

သရုပ်ခွဲ

[စာမျက်နှာ-215] အဲဒီတော့ စိတ်ပိုင်းကုန်သွားပြီးရင် စိတ်ပိုင်းကိုပြန်ပြီးတော့ ချေရလိမ့်မယ်၊ ဦးဇင်းတို့က သရုပ်ခွဲတယ်လို့ခေါ်တယ်၊ စိတ်ဘယ်လောက်ရှိသလဲ၊ ဘာ ဘယ်လောက်ရှိသလဲ စသည်ဖြင့် အမေးအဖြေတွေလုပ်ရတယ်၊ အဲဒါကလည်းတော်တော်အရေးကြီးတယ်၊ အဲဒီတော့ ကျေအောင်တော့လုပ်စေချင်တယ်၊ မကျေရင် ရှေ့တက်ရင် စိတ်ပျက်သွားလိမ့်မယ်၊ အားလျော့သွားလိမ့်မယ်၊ ပြီးပြီးသားကို ကျေအောင်လုပ်ရမယ်၊ ဒါကြောင့်မို့ ဒီနေ့နောက်ကဟာတွေ ပြန်ချေကြဦးစို့။

နောက်ကဟာတွေ ပြန်ချေမယ်ဆိုရင် အပျောက်အပျောက် ဇယားကွက်ကို တစ်နေ့ကို ဒေါင်လိုက်တစ်တန်းပဲ နှလုံးသွင်းသွား၊ ဒါမှမဟုတ် တစ်နေ့ကို one group ပဲနှလုံးသွင်းထား၊ တစ်ပတ်ဆို အားလုံးရသွားမယ်၊ ကျေသွားမယ်၊ ဒါလေးမြင်နေမှကောင်းတယ်။

ဆိုပါတော့ အကုသိုလ်စိတ်ပြောလိုက်ရင် ပထမအတန်းတောက်လျှောက် မြင်နေမှ ကောင်းတယ်၊ အဟိတ်စိတ်ပြောလိုက်ရင် နောက်သုံးခုမြင်နေမှ ကောင်းတယ်၊ အဲသလို မြင်နေရင် ဒီကပြောလိုက်တဲ့အခါကျတော့ အလွယ်တကူ သိတယ်ပေါ့။

အသိဉာဏ်သန့်ရှင်းမှမှတ်မိတာ၊ အသိဉာဏ်မသန့်မရှင်းဖြစ်နေရင် မရှင်းမလင်းဖြစ်နေရင် မမှတ်မိတော့ဘူး၊ မမှတ်မိရင် ရှေ့ဆက်ဖတ်တဲ့အခါလည်း ဒုက္ခရောက်တယ်၊ ကြာတော့စိတ်ပျက်လာတတ်မယ်၊ ဒါကြောင့် ကျေအောင်တော့ လုပ်ရမယ် မကျေလို့ ရကိုမရဘူး။

မေး - ကောင်းပြီ ဒီအပြောက်တွေကိုပဲ ကြည့်လိုက်၊ ပထမအတန်းမှာ ဘယ်နှစ်ပျောက်ရှိသလဲ၊ ၁၂-ပျောက်ရှိတယ်။ ပထမအတန်းက ဘာတွေလဲ။
ဖြေ - အကုသိုလ်စိတ် ၁၂-ပါး။

မေး - ကောင်းပြီ-အကြမ်းဖျင်းခွဲကြဦးစို့၊ နောက်သုံးခုတန်း one group က ဘာလဲ။
ဖြေ - အဟိတ်စိတ် ၁၈-ပါး။

မေး - အဟိတ်စိတ် ၁၈-ပါးမှာ ပထမအတန်းက ဘာတုန်း။
ဖြေ - အကုသလဝိပါက်စိတ် ၇-ပါး၊ အကုသိုလ်ရဲ့ အကျိုး။

မေး - ဒုတိယအတန်းက ဘာတုန်း။
ဖြေ - အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး။

မေး - တတိယအတန်းက ဖြေ - အဟိတ်ကြိယာစိတ် ၃-ပါး၊ အားလုံးပေါင်းလိုက်ရင် အဟိတ်စိတ် ၁၈-ပါး။

[စာမျက်နှာ-216] မေး - အဟိတ်စိတ် ဆိုတာဘာတုန်း။
ဖြေ - ဟိတ် ၆-ပါးနဲ့ မယှဉ်တာပေါ့၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ် ၆-ပါးနဲ့ မယှဉ်တာ၊ မယှဉ်တဲ့စိတ်ကို အဟိတ်စိတ်လို့ ခေါ်တယ်။

မေး - ကောင်းပြီး Next group က ဘာလဲ။
ဖြေ- ကာမာဝစရသောဘနစိတ်။

မေး - ကာမာဝစရသောဘနစိတ် အားလုံးပေါင်း ဘယ်နှစ်ပါးရှိသလဲ။
ဖြေ - အားလုံးပေါင်း ၂၄-ပါး ရှိတယ်။

မေး - ပထမအတန်းက ဘာတုန်း
ဖြေ - ကာမာဝစရကုသိုလ်စိတ်

မေး - ဒုတိယအတန်းက
ဖြေ - ကာမာဝစရဝိပါက်စိတ်

မေး - တတိယအတန်းက
ဖြေ - ကာမာဝစရကြိယာစိတ်

ကုသိုလ်ဆိုတာ ကုသိုလ်ပေါ့၊ ဝိပါက်ဆိုတာ ကုသိုလ်ရဲ့ အကျိုး ကြိယာကတော့ ကုသိုလ်ပဲ၊ ရဟန္တာသန္တာန်မှာဖြစ်တော့ ကြိယာလို့ခေါ်ရတယ်၊ အဲဒီတော့ ကာမာဝစရ ကုသိုလ်စိတ်ကိုပဲ အခြားနာမည်တစ်မျိုးရှိသေးတယ်၊ ဘာတဲ့တုန်း၊ မှတ်မိသေးလား။ မဟာကုသိုလ်စိတ်၊ ဒါဖြင့် ကာမာဝစရဝိပါက်ကိုကော၊ မဟာဝိပါက်စိတ်၊ ကာမာဝစရ ကြိယာကိုကော၊ မဟာကြိယာစိတ်၊ ဒီလိုအသုံးအနှုန်းတွေနဲ့ သုံးလိမ့်မယ်၊ အဘိဓမ္မာ အကြောင်း ရေးထားတဲ့ စာအုပ်တွေဖတ်ရင် ဒါတွေ တွေ့လိမ့်မယ်၊ တော်တော်ကြာ မဟာကုသိုလ်စိတ်လို့ ရေးထားရင် ကိုယ်က မဟာကုသိုလ် မသိဘဲဖြစ်နေလိမ့်မယ်၊ အဲဒါလည်းမှတ်ထား။

အဲဒီတော့ ကာမာဝစရကုသိုလ်စိတ် ၈-ပါး၊ ကာမာဝစရဝိပါက်စိတ် ၈-ပါး၊ ကာမာဝစရကြိယာစိတ် ၈-ပါး၊ အားလုံး ကာမာဝစရသောဘနစိတ် ၂၄-ပါး။

နောက်အစုက ဘာတုန်း၊ ရူပါဝစရစိတ် ၁၅-ပါး၊ ရူပါဝစရစိတ် ၃-တန်းမှာ ပထမအတန်းက ရူပါဝစရကုသိုလ်စိတ် ၅-ပါး၊ ဒုတိယအတန်းက ရူပါဝစရ ဝိပါက်စိတ်-၅-ပါး၊ တတိယအတန်းက ရူပါဝစရကြိယာစိတ်-၅-ပါး၊ အားလုံး ရူပါဝစရစိတ်-၁၅-ပါး။

နောက်တစ်ခုက အရူပါဝစရစိတ်၊ အရူပါဝစရစိတ်က ၁၂-ပါး ရှိတယ်။

[စာမျက်နှာ-217] အရူပါဝစရကုသိုလ်စိတ် ၄-ပါး၊ အရူပါဝစရဝိပါက်စိတ် ၄-ပါး၊ အရူပါဝစရကြိယာ စိတ် ၄-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး။

နောက်အုပ်စုမှာ နှစ်စုခွဲလိုက်ဦး၊ ပထမ ၂၀-ရယ်၊ ဒုတိယ ၂၀-ရယ်။ ပထမ ၂၀-က မဂ်စိတ် ၂၀-ရယ်၊ ဒုတိယ ၂၀-က ဖိုလ်စိတ်-၂၀။

မဂ်စိတ် ၂ဝ-မှာ ပထမဒေါင်လိုက်အတန်းက ဘာမဂ်စိတ်တုန်း၊ သောတာပတ္တိမဂ်စိတ်၊ ဒုတိယဒေါင်လိုက် အတန်းက သကဒါဂါမိမဂ်စိတ်၊ တတိယဒေါင်လိုက် အတန်းက အနာဂါမိမဂ်စိတ်၊ စတုတ္ထဒေါင်လိုက်အတန်းက အရဟတ္တမဂ်စိတ် ၅-ပါးစီရှိတယ်။

ဖိုလ်စိတ်ကျတော့လည်း ပထမအတန်းက သောတာပတ္တိဖိုလ်စိတ်၊ ဒုတိယအတန်းက သကဒါဂါမိဖိုလ်စိတ်၊ တတိယအတန်းက အနာဂါမိဖိုလ်စိတ် စတုတ္ထအတန်းက အရဟတ္တဖိုလ်စိတ် ၅-ပါးစီရှိတယ်။

အဲဒီတော့ သောတာပတ္တိမဂ်စိတ် ၅-ပါး သကဒါဂါမိမဂ်စိတ် ၅-ပါး စသည်ဖြင့် အစဉ်အတိုင်းသွား၊ အရဟတ္တဖိုလ်စိတ် ၅-ပါး ထိသွားရင် မဂ်စိတ် ၂၀-ဖိုလ်စိတ် ၂၀၊ ဒါ အကြမ်းဖျင်းသွားပြီးပြီ၊ ပြီးရင် အသေးစိတ်သွားလိမ့်မယ်၊ သိပ် အသေးမစိတ်သေးဘူး၊ သူ့ထက် နည်းနည်း အသေးစိတ်တာလေး သွားဦးမယ် ဟုတ်ပြီလား၊ နည်းနည်းချင်း၊ နည်းနည်းချင်း အသေးစိတ် သွားရမှာ။

ကောင်းပြီ အကုသိုလ်စိတ် ၁၂-ပါးမှာ ဘယ်လို group တွေ့ရှိသလဲ။ လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပထမ ၈-ခုက လောဘမူစိတ်၊ အစိမ်း ၂-ခုက ဒေါသမူစိတ်၊ နောက်ဆုံး ၂-ခုက မောဟမူစိတ်၊ အကုသိုလ်စိတ် အားလုံး ၁၂-ပါးရှိတယ်။

အဟိတ်စိတ်က ၁၈-ပါး၊ ခုနလိုပဲအစဉ်အတိုင်း သွားလိုက်ရင် အကုသလဝိပါက်စိတ် ၇-ပါး၊ ကုသလဝိပါက်စိတ် ၈-ပါး၊ ကြိယာစိတ် ၃-ပါး။

ကောင်းပြီ၊ အကုသိုလ်စိတ်နဲ့ အဟိတ်စိတ် ပေါင်းလိုက်တော့ ဘယ်လောက်ရတုန်း၊ ၁၂-နဲ့ ၁၈-ပေါင်းတော့ ၃ဝ၊ အဲဒီ ၃၀-ကို အသောဘနလို့ခေါ်တယ်။ မတင့်တယ်တဲ့စိတ်လို့ ဆိုတာပေါ့လေ၊ မတင့်တယ်တဲ့စိတ် အကောင်းမဟုတ်တဲ့စိတ်။

အဟိတ်စိတ်က ဆိုးတဲ့စိတ် မဟုတ်ဘူး၊ သို့သော် အကောင်းမဟုတ်တဲ့စိတ် ပေါ့လေ၊ အသောဘနစိတ်။

ဒီနာမည်က မြန်မာနိုင်ငံကမှည့်တာ၊ ပါဠိကျမ်းဂန်တွေမှာတော့ အသောဘနစိတ်ဆိုတာ မရှိဘူး။

[စာမျက်နှာ-218] ကောင်းပြီ၊ အဲဒီ အသောဘနစိတ် ၃၀-က ကျန်တဲ့စိတ်တွေ အားလုံးကို သောဘနစိတ်လို့ ခေါ်တယ်။

မေး - သောဘနစိတ် အားလုံးပေါင်း ဘယ်လောက်ရှိသလဲ၊ အကျဉ်းနဲ့ အကျယ် တွက်စမ်းပါ။
ဖြေ- အကျဉ်း ၅၉-ပါး၊ အကျယ် ၉၁-ပါး။

မေး - ၅၉-ကို ဘုန်းကြီးခေါ်ခေါ်ရင် ဘယ်လို ခေါ်သလဲ။
ဖြေ - တစ်ခုယုတ် ခြောက်ဆယ်။

သောဘနစိတ် အကျဉ်း-၅၉၊ အကျယ်အားဖြင့်-၉၁၊ အဲဒါတွေကို သောဘနစိတ်လို့ခေါ်တယ်၊ အဲဒီသောဘနစိတ်ထဲမှာမှ ကာမာဝစရသောဘနစိတ် ပါလာတယ်။

ရူပါဝစရကျတော့ သောဘနလို့ ထည့်မခေါ်တော့ဘူး၊ ဘာကြောင့်တုန်း၊ ရူပါဝစရက အသောဘနမှမရှိဘဲ၊ ရူပါဝစရဆိုရင် သောဘနပဲ၊ အရူပါဝစရဆိုရင် သောဘနပဲ၊ လောကုတ္တရာဆိုရင် သောဘနပဲ၊ ဒါကြောင့်မို့ သူတို့ကျတော့ သောဘနတွေ မထည့်တော့ဘူး။

ကာမာဝစရကျတော့ အသောဘနတွေ ရှိနေတဲ့အတွက်ကြောင့် ကာမာဝစရသောဘနစိတ်လို့ခေါ်တယ်၊ အားလုံးပေါင်းလိုက်ရင်စိတ် ၁၂၁-ပါး။

ကောင်းပြီ၊ ကာမာဝစရစိတ် ၅၄-ပါးဆိုတာ ဘယ်ဟာတွေ ခေါ်တာတုန်း၊ အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါးရယ်၊ ကာမာဝစရစိတ် ၂၄-ပါးရယ်၊ အားလုံးပေါင်းလိုက်ရင် ၅၄-ပါး-ရတယ်၊ အဲဒီ ၅၄-ပါးကို ကာမာဝစရစိတ်၊ အတိုခေါ်ချင်ရင် ကာမစိတ်၊ ဒါကြောင့် ကာမစိတ် ဘယ်လောက်ရှိသလဲမေးရင် ၅၄-ပါးရှိတယ်။

ကောင်းပြီ၊ ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ်-၁၂-ပါး၊ ၂-ခုပေါင်းလိုက်ရင် ဘယ်လောက်ရှိသလဲ ၂၇-ပါး၊ အဲဒီ ၂၇-ပါးကို မဟဂ္ဂုတ်စိတ် ၂၇-ပါး ခေါ်တယ်။

နောင်အခါမှာ မဟဂ္ဂုတ်စိတ် ၂၇-ပါးလို့ပြောလိုက်ရင် ရူပါဝစရစိတ် ၁၅-ပါးနဲ့ အရူပါဝစရစိတ် ၁၂-ပါးကို ပြောတာလို့ သိရမယ်။

ကောင်းပြီ၊ အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမာဝစရသောဘနစိတ် ၅၄-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကာမာဝစရစိတ် ၅၄-ပါး၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ ပေါင်းလိုက်ရင် ဘယ်လောက်ရသလဲ၊ ၈၁-ပါး ရတယ်၊ အဲဒီ ၈၁-ပါးကို

[စာမျက်နှာ-219] လောကီစိတ် ၈၁-ပါး၊ ကျန်တဲ့စိတ် ၄၀-က လောကုတ္တရာစိတ်။

ဒါကြောင့်မို့ လောကီစိတ်-၈၁၊ လောကုတ္တရာစိတ်-၄၀၊ သို့မဟုတ် ၈-ပါး၊ ကောင်းပြီ၊ အကုသိုလ် အတန်းကိုကြည့်လိုက်ဦး၊ ပထမ ၈-ခုက လောဘမူစိတ်၊ အဲဒီလောဘမူစိတ် ၈-ခုမှာ ပထမဆုံး ၄-ခုက ဘာဝေဒနာနဲ့ယှဉ်သလဲ၊ သောမနဿ ဝေဒနာနဲ့ယှဉ်တယ်၊ သောမနဿဝေဒနာကို အနီနဲ့ ဒီနေရာမှာ represent လုပ်ထားတယ်၊ အရောင်ကတော့ ကိုယ်ခြယ်ချင်တာ ခြယ်လို့ရပါတယ်၊ ဒါပေမဲ့ မြန်မာပြည်မှာတုန်းက လုပ်ခဲ့လို့ ဒီ အရောင်ပဲလုပ်လိုက်တယ်။

သောမနဿ ဝေဒနာနဲ့ ယှဉ်တာက ၄-ပါး၊ အောက် ၄-ခုက အပြာနဲ့ ခြယ်ထားတာက ဥပေက္ခာဝေဒနာနဲ့ ယှဉ်တာက ၄-ပါး၊ အားလုံး ၈-ပါးက လောဘမူစိတ်။

ဒေါသမူစိတ်ကျတော့ ဒေါမနဿဝေဒနာနဲ့ယှဉ်တယ်၊ နောက်ဆုံး ၂-ခုက ဘာတုန်း၊ မောဟမူစိတ်၊ မောဟမူစိတ်ကျတော့ ဘာနဲ့ယှဉ်သလဲ၊ ဥပေက္ခာဝေဒနာနဲ့ ယှဉ်တယ်။

ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၂-ပါးမှာ သောမနဿဝေဒနာနဲ့ ယှဉ်တာ ၄-ပါး၊ ဥပေက္ခာဝေဒနာနဲ့ယှဉ်တာ ၆-ပါး၊ ဒေါမနဿဝေဒနာနဲ့ ယှဉ်တာဆိုရင် ၂-ပါး၊ ဒီအတန်းမြင်ထားရင် အလွန်လွယ်နေပြီ၊ သောမနဿ-၄၊ ဥပေက္ခာ-၆၊ ဒေါမနဿ-၂။

အဲဒီအကုသိုလ်စိတ်မှာ ပထမစိတ်ကိုကြည့်လိုက်စမ်း၊ ပထမစိတ်က သောမနဿနဲ့ ယှဉ်တယ်၊ လောဘမူလဆိုတဲ့အတွက်ကြောင့် လောဘနဲ့လည်း ယှဉ်တယ်၊ နောက်ထပ်ဘာနဲ့ ယှဉ်သေးလဲ၊ အယူမှားနဲ့ယှဉ်တာ၊ အယူမှားနဲ့မယှဉ်တာ။

အဲဒီတော့ ပထမစိတ်က အယူမှားနဲ့ယှဉ်တယ်၊ ဒုတိယစိတ်ကလည်း အယူမှားနဲ့ပဲ ယှဉ်တယ်၊ ပါဠိလိုခေါ်ရင် ဒိဋ္ဌိဂတသမ္ပယုတ်။ နောက် အနီ ၂-ခုကျတော့ အယူမှားနဲ့ မယှဉ်ဘူး၊ ဒါကြောင့် သူတို့ကျတော့ ဒိဋ္ဌိဂတဝိပ္ပယုတ်၊ ဒါကြောင့် ဒိဋ္ဌိဂတသမ္ပယုတ် ၂-ခု (၁၊ ၂)၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ၂ ခု (၃၊ ၄) ဟုတ်ပြီလား။

ဟုတ်ပြီ၊ ဥပေက္ခာ ၄-ခုထဲက၊ ၅၊ ၆ ဒိဋ္ဌိဂတသမ္ပယုတ် အယူမှားနဲ့ယှဉ်တယ်။ နောက် ၂ ခု၊ ၇၊ ၈ က အယူမှားနဲ့ မယှဉ်ဘူး။

အားလုံး ပထမ ၂-ခုက အယူမှားနဲ့ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ယှဉ်တယ်၊ ဒုတိယ ၂-ခု၊ ဒိဋ္ဌိနဲ့ မယှဉ်ဘူး၊ တတိယ ၂-ခု၊ ဒိဋ္ဌိနဲ့ ယှဉ်တယ်၊ စတုတ္ထ ၂-ခု ဒိဋ္ဌိနဲ့ မယှဉ်ဘူး။

[စာမျက်နှာ-220] မယှဉ်ဘူး။

ပြီးတော့မှ အသင်္ခါရိက၊ သသင်္ခါရိက၊ တိုက်တွန်းခြင်း မရှိတာ၊ တိုက်တွန်းခြင်း ရှိတာ၊ ဒါကျတော့ (alternately) သွားလိမ့်မယ်။

ပထမတစ်ခုက တိုက်တွန်းခြင်း မရှိတာ၊ ဒုတိယက တိုက်တွန်းခြင်းရှိတာ၊ တတိယက တိုက်တွန်းခြင်း မရှိတာ၊ စတုတ္ထက တိုက်တွန်းခြင်းရှိတာ၊ ပဉ္စမက တိုက်တွန်းခြင်း မရှိဘူး၊ ဆဋ္ဌမက တိုက်တွန်းခြင်းရှိတာ၊ သတ္တမက တိုက်တွန်းခြင်း မရှိဘူး၊ အဋ္ဌမက တိုက်တွန်းခြင်းရှိတယ်။

အဲဒီလို လောဘမူစိတ် ၈-ပါးရှိသွားတယ်၊ အားလုံးလုပ်လိုက်စမ်း၊ ပထမစိတ်ဟာ သောမနဿဝေဒနာနဲ့ ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်း မရှိဘူး၊ ဟုတ်ပြီ။

ဒုတိယစိတ်ဟာ သောမနဿနဲ့ ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ ယှဉ်တယ်၊ တိုက်တွန်းခြင်းလည်း ရှိတယ်။

တတိယကျတော့ သောမနဿနဲ့ ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ မယှဉ်ဘူး၊ တိုက်တွန်းခြင်း မရှိဘူး။

စတုတ္ထကျတော့ သောမနဿနဲ့ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ မယှဉ်ဘူး၊ တိုက်တွန်းခြင်းလည်း ရှိတယ်။

ဥပေက္ခာ ၄-ပါးဟာလည်း အဲဒီအတိုင်းပဲ၊ ဥပေက္ခာနဲ့ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ ယှဉ်တယ်၊ တိုက်တွန်းခြင်း မရှိဘူး။

ဥပေက္ခာနဲ့ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်းရှိတယ်။ ဥပေက္ခာနဲ့ယှဉ်တယ်၊ ဒိဋ္ဌိနဲ့မယှဉ်ဘူး၊ တိုက်တွန်းခြင်း မရှိဘူး။

ဥပေက္ခာနဲ့ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ မယှဉ်ဘူး၊ တိုက်တွန်းခြင်းရှိတယ်၊ အားလုံး လောဘမူစိတ် ၈-ပါး၊ အဲသလို သိနေရမှာနော်။

နံပါတ်တစ်စိတ် ပြောစမ်းပါဆိုရင်၊ ပါဠိလိုပြောတတ်ရင်လည်းပြော၊ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက၊ မြန်မာလိုပြောရင်လည်း သောမနဿနဲ့ ယှဉ်တယ်၊ ဒိဋ္ဌိနဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်းမရှိဘူးဆိုတာ အဲသလိုကို သိနေရမှာ၊ အဲဒါ လောဘမူစိတ် ၈-ပါး။

ဒေါသမူစိတ် ၂-ပါး၊ သူကတော့ သိပ်အထူးမရှိပါဘူး၊ အသင်္ခါရိက၊ သသင်္ခါရိက၊ ဒါပဲရှိတယ်၊ တခြားဟာမထူးဘူး၊ ဒေါမနဿနဲ့ယှဉ်တယ်၊ ပဋိဃနဲ့ ယှဉ်တယ် (ပဋိဃဆိုတာ ဒေါသ) တိုက်တွန်းခြင်း မရှိဘူး။

[စာမျက်နှာ-221] ဒေါမနဿနဲ့ယှဉ်တယ်၊ ပဋိဃနဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်းရှိတယ်၊ ဒေါသမူစိတ် ၂-ပါး၊ သူက အစိမ်းခြယ်ထားတယ်။

နောက်တစ်ခုက မောဟမူစိတ် ၂-ပါး၊ မောဟမူစိတ်ကျတော့ ဥပေက္ခာနဲ့ ယှဉ်တယ်၊ ပထမဟာကို ဘာလို့ခေါ်သလဲ၊ ယုံမှားတာ၊ ပါဠိလို ဝိစိကိစ္ဆာ။

ဥပေက္ခာနဲ့ယှဉ်တယ်၊ ယုံမှားမှု ဝိစိကိစ္ဆာနဲ့ယှဉ်တယ်၊ သူ့ကျတော့ တိုက်တွန်းခြင်း ရှိမရှိ ခွဲခြားမှုမရှိတော့ဘူး၊ သူက မောဟမူစိတ်ပီပီ တွေဝေတာကိုး၊ တန်ခိုး ထက်တယ် မထက်တယ် မရှိတော့ဘူး။

ဒါကြောင့်မို့ ဥပေက္ခာနဲ့ယှဉ်တယ်၊ ယုံမှားမှုဝိစိကိစ္ဆာနဲ့ယှဉ်တယ်၊ ဒီစိတ် တစ်မျိုး။

နောက်ဆုံးစိတ်က ဥပေက္ခာနဲ့ယှဉ်တယ်၊ ပါဠိလို ဥဒ္ဓစ္စလို့ခေါ်တဲ့ ပျံ့လွင့်မှုနဲ့ ယှဉ်တယ်။

ဒါကြောင့်မို့ မောဟမူ ပထမစိတ်ကို ဝိစိကိစ္ဆာသမ္ပယုတ်စိတ်၊ မောဟမူဒုတိယ စိတ်ကို ဥဒ္ဓစ္စသမ္ပယုတ်စိတ်၊ နောင်အခါကျရင် အဲဒီလိုပြောရမယ်၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ဆိုရင် အဲဒါကိုမြင်ရမယ်၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဆိုရင် နောက်ဆုံးဟာကို မြင်ရမယ်။

အဲဒီလို အကုသိုလ်စိတ် ၁၂-ပါးကို အဲသလောက်လေးတော့ ကျေရမယ်၊ နောက်ထပ်ရှုပ်တာတွေ့ရှိသေးတယ်၊ သောမနဿဖြစ်ပြီး သမ္ပယုတ်မဖြစ်တဲ့စိတ်၊ သောမနဿသာဖြစ်ပြီး သမ္ပယုတ်ဖြစ်တဲ့စိတ် စသည်ဖြင့် အဲသလို အမျိုးမျိုးခွဲခြားတာတွေ ရှိသေးတယ်၊ အဲဒါတွေက ရှုပ်လွန်းသွားလိမ့်မယ်၊ ဒီလောက် အရှင်းလေးကိုတော့ ကျေအောင်လုပ်ရမယ်။

အဲသလိုမြင်နေပြီဆိုရင် စာဖတ်လို့လည်းကောင်းလာတယ်၊ စာချတာ နားထောင်ရတာလည်း ကောင်းလာတယ်၊ သို့မဟုတ်လို့ ရှုပ်ထွေးရှုပ်ထွေးဆိုရင် အသိဉာဏ် မရှင်းရင် မရဘူး၊ မှတ်လဲမမှတ်မိဘူး၊ အဲဒါကြောင့်မို့ အဲသလိုလုပ်ရမယ်။ ဒါကိုပဲ define လုပ်တယ်၊ ကွန်ပျူတာပရိုဂရမ်ထဲမှာ ထားတယ်။

ပထမစိတ် define လုပ်လိုက်စမ်းပါဆိုရင် ဟိုမှာ define လုပ်ထားတယ်။ ဒါကတော့ စိတ်နာမည်ပြောပါဆိုတာနဲ့ အတူတူပဲ။

ဒါကြောင့် အခု ၁၂-ခုက အကုသိုလ်စိတ်၊ လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ကောင်းပြီ ဒုတိယကို သွားကြရအောင်။

[စာမျက်နှာ-222] ဖြေ - အကုသလဝိပါက်စိတ်၊ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်။

မေး - ပထမစိတ်က ဘာစိတ်တဲ့တုန်း၊ မြန်မာလိုသိရင် မြန်မာလိုပြော၊ ပါဠိလိုသိရင် ပါဠိလိုပြော။
ဖြေ - စက္ခုဝိညာဏ်စိတ်။

မေး - စက္ခုဝိညာဏ်စိတ်ဆိုတာ မြန်မာလိုဘာလဲ။
ဖြေ - မျက်စိစိတ်၊ မြင်တဲ့စိတ်။

မေး - ဒုတိယစိတ်က ဘာတဲ့တုန်း။
ဖြေ - ကြားတဲ့စိတ်။

မေး - တတိယစိတ်က ဘာတဲ့တုန်း။
ဖြေ - နံတဲ့စိတ်။

မေး - စတုတ္ထစိတ်က ဘာတုန်း။
ဖြေ - အရသာသိတဲ့စိတ်။

မေး - ကြက်ခြေကဘာတုန်း။
ဖြေ - အထိကိုသိတဲ့စိတ်၊ ဒုက္ခဝေဒနာနှင့်တကွ ဖြစ်တဲ့အထိကိုသိတဲ့စိတ်၊ ကာယဝိညာဉ်လို့ခေါ်တယ်။

အဲဒီငါးခုရဲ့ အာရုံကို အာရုံငါးပါးလို့ခေါ်တယ်၊ ပထမစိတ်ရဲ့အာရုံကို ရူပါရုံလို့ ခေါ်တယ်၊ မြင်နိုင်တဲ့အာရုံ။

ဒုတိယစိတ်ရဲ့ အာရုံကို သဒ္ဒါရုံ၊ ကြားနိုင်တဲ့အာရုံ၊ တတိယစိတ်ရဲ့ အာရုံက ဂန္ဓာရုံ၊ နံနိုင်တဲ့အာရုံ၊ စတုတ္ထစိတ်ရဲ့ အာရုံက ရသာရုံ၊ အာရုံကျတော့ ရသာရုံ ခေါ်တယ်၊ ပဉ္စမစိတ်ရဲ့ အာရုံက ဖောဋ္ဌဗ္ဗာရုံလို့ခေါ်တယ်၊ အတွေ့အထိ၊ အဲဒီအာရုံ ငါးပါး။

အစိမ်းခြယ်ထားတာက ဘာတုန်း၊ ဒုက္ခလို့ ပြောတာ၊ ဟိုဘက်တုန်းက ဒေါမနဿကို အစိမ်းခြယ်ခဲ့တယ်၊ ဒီမှာ ဒုက္ခကို အစိမ်းခြယ်ထား၊ cross လုပ်ထားတာကတော့ ကွဲပြားသွားအောင်လုပ်တာ။

မေး - အဲဒီမြင်တဲ့စိတ်၊ ကြားတဲ့စိတ် စသည်ဟာ ဘာဝေဒနာနဲ့ ယှဉ်သလဲ။

ဖြေ - ဥပေက္ခာဝေဒနာနဲ့ယှဉ်တယ်။

ဟုတ်တယ်၊ ဥပေက္ခာဝေဒနာနဲ့ယှဉ်တယ်၊ နောက်မှပျော်တာနောက်မှ စိတ်ဆိုးတာ ဘာညာက သီးခြား၊ အဲဒါတွေက နောက်စိတ်တွေနဲ့ယှဉ်တယ်၊ အဲဒီ မြင်တဲ့အခိုက် ကြားတဲ့အခိုက်ဖြစ်တဲ့ ဝေဒနာကတော့ ဥပေက္ခာဝေဒနာပဲ။

[စာမျက်နှာ-223] မေး - ကောင်းပြီ၊ ကြက်ခြေအစိမ်း ကာယဝိညာဉ် အောက်မှာ ဘာရှိသလဲ။
ဖြေ - လက်ခံတဲ့စိတ်ရှိတယ်။

ဟုတ်ပြီ၊ လက်ခံတဲ့စိတ်၊ လက်ခံတဲ့စိတ်ကို သမ္ပဋိစ္ဆနလို့ခေါ်တယ်၊ အာရုံနဲ့ တွေ့ပြီးနောက် အာရုံကိုလက်ခံတဲ့စိတ် (Receiving) လုပ်လိုက်တဲ့စိတ်၊ အာရုံကို လက်ခံတဲ့စိတ်၊ သမ္ပဋိစ္ဆနစိတ်လို့ ခေါ်တယ်၊ ပါဠိနာမည်လေးတွေ မှတ်ရမယ်။

မေး - လက်ခံပြီးတဲ့နောက် ဘာလုပ်သလဲ။
ဖြေ - စုံစမ်းတယ်။

ဟုတ်ပြီ၊ စုံစမ်းတာကို ပါဠိလို သန္တီရဏစိတ်၊ ဒါဖြင့် ကြက်ခြေအောက် ပထမစိတ်က သမ္ပဋိစ္ဆနစိတ်၊ ကြက်ခြေအောက် ဒုတိယစိတ်အောက်ဆုံးက သန္တီရဏစိတ် အားလုံး ၇-ပါး။

မေး - ၇-ပါးမှာ ဥပေက္ခာနဲ့ ယှဉ်တာ ဘယ်နှစ်ပါးလဲ။
ဖြေ - ၆-ပါးရှိတယ်။

မေး - ဒုက္ခဝေဒနာနဲ့ ယှဉ်တာကကော။
ဖြေ - တစ်ပါးရှိတယ်။

ကောင်းပြီ၊ နောက်ဟာတစ်ခု၊ အဟိတ်ကုသလဝိပါက်၊ ဟိတ်နဲ့မယှဉ်ဘူး၊ ကုသိုလ်ရဲ့ အကျိုးတရားတွေ၊ အကျိုးစိတ်တွေ။

ပထမစိတ်က မြင်တဲ့စိတ်၊ ဒုတိယစိတ်က ကြားတဲ့စိတ်၊ တတိယစိတ်က နံတဲ့စိတ်၊ စတုတ္ထစိတ်က အရသာသိတဲ့စိတ်၊ ပဉ္စမစိတ်က ကောင်းတဲ့အတွေ့အထိကို ခံစားတဲ့စိတ်၊ သိတဲ့စိတ် ကာယဝိညာဉ်၊ သုခ သူ့ကျတော့ သုခလို့ခေါ်တယ်၊ သောမနဿလို့ မခေါ်ဘူး၊ အနီအဝိုင်းတွေကို သောမနဿဝေဒနာလို့ခေါ်တယ်။ ဒီ cross ကျတော့ သုခဝေဒနာနဲ့ ယှဉ်တယ်၊ ကောင်းတဲ့အတွေ့အထိတွေ့တဲ့အခါမှာ သုခဝေဒနာ။

အဲဒီအောက်ကဘာတုန်း လက်ခံတဲ့ သမ္ပဋိစ္ဆနစိတ်။

မေး - သမ္ပဋိစ္ဆန်းလို့အသံထွက်တာ ရှင်းပြပါ။

ဖြေ - သမ္ပဋိစ္ဆိုင်းလို့ပဲခေါ်တယ်၊ ရေးတော့ နငယ်သတ်နဲ့ ရေးတယ်၊ သမ္ပဋိစ္ဆနက လာလို့ နငယ်သတ်နဲ့ရေးတယ်၊ ဒါပေမဲ့ အသံထွက်တော့ သမ္ပဋိစ္ဆိုင်းလို့ ထွက်တယ်၊ တချို့ကလည်း ငသတ်နဲ့ရေးတယ်၊ ရေးချင်တာနဲ့ ရေးပေါ့လေ။ သမ္ပဋိစ္ဆန်းဆိုတာ သူ့အတိုင်းရေးတာကောင်းတယ်၊ နသတ်နဲ့ပေါ့၊ ဒါပေမဲ့ အသံထွက်တော့ ငသတ်အသံထွက်တယ်။

[စာမျက်နှာ-224] သမ္ပဋိစ္ဆန်းစိတ်အောက်က ၂-ခုကဘာတုန်း၊ သန္တီရဏစိတ်၊ စုံစမ်းတဲ့စိတ်၊ ဒီကျတော့ ၂-မျိုးရှိလာတယ်၊ အကုသိုလ်အကျိုးတုန်းက တစ်မျိုးပဲရှိတယ်၊ ကုသိုလ်အကျိုးကျတော့ ၂-မျိုးရှိလာတယ်၊ ဘာလို့တုန်းဆိုတော့ အာရုံက အလွန် အလိုရှိအပ်တဲ့အာရုံ၊ ရိုးရိုးအလိုရှိအပ်တဲ့ အာရုံ ၂-မျိုးကွဲလို့။

အလွန်အလိုရှိအပ်တဲ့ အာရုံနဲ့တွေ့တော့ သောမနဿ၊ ရိုးရိုးအလိုရှိအပ်တဲ့ အာရုံနဲ့တွေ့တော့ ဥပေက္ခာ။

ဒါကြောင့်မို့ သန္တီရဏစိတ်ဟာ ဒီကုသိုလ်ရဲ့ အကျိုးထဲမှာ ၂-မျိုး ရှိတယ်။

မေး - အဲဒီထဲမှာ ဥပေက္ခာယှဉ်တာ ဘယ်လောက်ရှိလဲ။
ဖြေ - ၆-ပါးပဲ။

မေး - သုခနဲ့ယှဉ်တာ။
ဖြေ - ၁-ပါး။

မေး - သောမနဿနဲ့ ယှဉ်တာ။
ဖြေ - ၁-ပါး။

သုခနဲ့ယှဉ်တာက ကာယဝိညာဉ်၊ အထိသိတဲ့စိတ်၊ သောမနဿနဲ့ယှဉ်တာက သန္တီရဏစိတ် ၁-ခု၊ အားလုံးပေါင်းလိုက်တော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး။

နောက်သုံးခုက အဟိတ်ကြိယာစိတ် ၃-ပါး၊ ပထမစိတ်က ပဉ္စဒွါရာဝဇ္ဇန်း၊ ၅-ဒွါရကို ဆင်ခြင်တဲ့စိတ်၊ ၅-ဒွါရဘက်ကို လှည့်ပေးတဲ့စိတ်။

ဒုတိယစိတ်က မနောဒွါရာဝဇ္ဇန်း၊ မနောဒွါရဘက်ကိုလှည့်ပေးတဲ့စိတ်။

ဒွါရက ၆-မျိုးရှိတယ်၊ ဒွါရဆိုတာ တံခါး၊ အင်္ဂလိပ်လို door နှင့် ပါဠိလို ဒွါရ သိပ်နီးစပ်တယ်။

ပဉ္စဒွါရဆိုတာ ၅-ဒွါရပေါ့၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ်၊ ဒါကိုလည်း ဒွါရလို့ခေါ်တယ်၊ စိတ်ကိုလည်းဒွါရလို့ ခေါ်တယ်၊ အဲဒီ မနောဒွါရဘက် လှည့်ပေးတဲ့စိတ်ကို မနောဒွါရာဝဇ္ဇန်းစိတ်။

နောက်ဆုံးစိတ်က (smiling consciousness) ပြုံးရယ်တဲ့စိတ်၊ ဟသိတုပ္ပါဒ၊ ပြုံးရယ်ခြင်းကို ဖြစ်စေတတ်တဲ့စိတ်လို့ဆိုတယ်။

မေး - အဲဒီပြုံးရယ်ခြင်းကို ဖြစ်စေတတ်တဲ့စိတ်က ဘာဝေဒနာနဲ့ယှဉ်သလဲ။

ဖြေ - သောမနဿဝေဒနာနဲ့ယှဉ်တယ်။

မေး - ဒီစိတ်က ဘယ်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ဖြစ်စေသလဲ။

[စာမျက်နှာ-225] ဖြေ - ဘုရား၊ ရဟန္တာ။

ဟုတ်တယ်၊ ဘုရားရဟန္တာ၊ ပစ္စေကဗုဒ္ဓါကို ထည့်ချင်ထည့်နိုင်သေးတယ်။ ဘုရားရဟန္တာ ပစ္စေကဗုဒ္ဓါတွေသာဖြစ်တယ်၊ ပုထုဇဉ်တွေနဲ့ အောက်တန်းအရိယာတွေမှာ မဖြစ်ဘူး၊ အဲဒီစိတ် ၃-ပါးကို အဟိတ်ကြိယာစိတ် ၃-ပါးလို့ ခေါ်တယ်။

အဟိတ်ကြိယာစိတ် ၃-ပါးမှာ ဥပေက္ခာဝေဒနာနဲ့ ယှဉ်တာ ၂-ပါး၊ သောမနဿဝေဒနာနဲ့ ယှဉ်တာ ၁-ပါး။

ကောင်းပြီ၊ ဒါဖြင့် အဟိတ်စိတ် ၁၈-ပါးမှာ
- သောမနဿဝေဒနာနဲ့ ယှဉ်တာ ၂-ပါး (သောမနဿသန္တီရဏနဲ့ ဟသိတုပ္ပါဒ)
- သုခဝေဒနာနဲ့ ယှဉ်တာ ၁ ပါး
- ဒုက္ခဝေဒနာနဲ့ ယှဉ်တာ ၁ ပါး
- ဥပေက္ခာဝေဒနာနဲ့ ယှဉ်တာ ၁၄ ပါး
ဒါကြောင့် သောမနဿ-၂၊ ဥပေက္ခာ-၁၄၊ သုခ-၁၊ ဒုက္ခ-၁၊ အားလုံးပေါင်းရင် ၁၈ ပါး။

ကာမာဝစရကုသိုလ်စိတ် ၈-ပါး၊ သူကလောဘမူစိတ် နားလည်ပြီးရင် သူ့ကို နားလည်နိုင်ပါတယ်၊ ဘာထူးသလဲဆိုတော့ ဟိုတုန်းက ဒိဋ္ဌိ၊ ဒီကျတော့ ဉာဏ်။

အဲဒီတော့ ပထမစိတ်က သောမနဿနဲ့ ယှဉ်တယ်၊ ဉာဏ်နဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်းမရှိဘူး။

ဒုတိယစိတ်က သောမနဿနဲ့ယှဉ်တယ်၊ ဉာဏ်နဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်း ရှိတယ်။

တတိယစိတ် သောမနဿနဲ့ယှဉ်တယ်၊ ဉာဏ်နဲ့ မယှဉ်ဘူး၊ တိုက်တွန်းခြင်း လည်းမရှိဘူး။

စတုတ္ထစိတ် သောမနဿနဲ့ ယှဉ်တယ်၊ ဉာဏ်နဲ့မယှဉ်ဘူး၊ တိုက်တွန်းခြင်း ရှိတယ်၊ ဟုတ်ပြီ၊ ဥပေက္ခာ ၄-ခု လုပ်လိုက်ဦး။

- ဥပေက္ခာဝေဒနာနဲ့ ယှဉ်တယ်၊ ဉာဏ်နဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်း မရှိဘူး။
- ဥပေက္ခာနဲ့ယှဉ်တယ်၊ ဉာဏ်နဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်းရှိတယ်။
- ဥပေက္ခာနဲ့ယှဉ်တယ်၊ ဉာဏ်နဲ့မယှဉ်ဘူး၊ တိုက်တွန်းခြင်း မရှိဘူး။
- ဥပေက္ခာနဲ့ယှဉ်တယ်၊ ဉာဏ်နဲ့မယှဉ်ဘူး၊ တိုက်တွန်းခြင်းရှိတယ်။
၈-မျိုးဖြစ်သွားပြီ၊ ဒါဟာ ကာမာဝစရကုသိုလ်စိတ် ၈-ပါး၊ သို့မဟုတ် မဟာကုသိုလ်စိတ်

[စာမျက်နှာ-226] ၈-ပါး၊ သောမနဿ ဝေဒနာနဲ့ ယှဉ်တာ ၄-ပါး၊ ဥပေက္ခာ ဝေဒနာနဲ့ယှဉ်တာ ၄-ပါး၊ အားလုံး ၈-ပါး။

ဝိပါက်စိတ်ဟာ ကုသိုလ်စိတ်နဲ့ ထပ်တူပဲ၊ ဒါကြောင့်မို့ သူ့ကို ခုနလိုပဲ သွားရမယ်၊ သောမနဿနဲ့ယှဉ်တယ်၊ ဉာဏ်နဲ့ယှဉ်တယ်၊ တိုက်တွန်းခြင်း မရှိဘူး စသည်ဖြင့် သွားပါ။

ကာမာဝစရကြိယာစိတ်ကလည်း ဒီအတိုင်း အတူတူပဲ၊ ဉာဏ်နဲ့ယှဉ်၊ မယှဉ်ဆိုတာလေး ထူးတာပါပဲ (လောဘမူနဲ့)၊ တခြားဟာ တူတူပဲ။

မေး - အဲဒီတော့ ကာမာဝစရစိတ် ၂၄ မှာ သောမနဿ ဘယ်လောက်ပါလဲ။
ဖြေ - ၁၂-ပါး။

မေး - ဥပေက္ခာဝေဒနာနဲ့ ယှဉ်တာကကော။
ဖြေ - ၁၂ ပါး၊ ဟုတ်ပြီ၊ ကာမာဝစရသောဘနက သရုပ်ခွဲရတာလွယ်ပါတယ်။

မေး - ဉာဏ်နဲ့ယှဉ်တာကော ဉာဏ်နဲ့ မယှဉ်တာ ဘယ်လောက်ပါလဲ။
ဖြေ - ဉာဏ်နဲ့ယှဉ်တာ ၁၂-ခု၊ ဉာဏ်နဲ့မယှဉ်တာ ၁၂-ခု။

ရှေ့ကို ဆက်သွားမယ်၊ ရူပါဝစရစိတ် ၁၅-ပါးတဲ့၊ ပထမအတန်း ကုသိုလ်စိတ် ၅-ခု၊ ဒုတိယအတန်း ဝိပါက်စိတ် ၅-ခု၊ တတိယအတန်း ကြိယာစိတ် ၅-ခု။

ဒါဖြင့် ပထမဆုံးစိတ်က ပထမဈာန်စိတ်၊ နောက်ဟာက ဒုတိယဈာန်စိတ်၊ နောက်ဟာက တတိယဈာန်စိတ်၊ နောက်စိတ်က စတုတ္ထဈာန်စိတ်၊ နောက်ဆုံး ၁-ခုက ပဉ္စမဈာန်စိတ်။

မေး - ဒါဖြင့် ပထမဈာန်စိတ်က ဘာဝေဒနာနဲ့ ယှဉ်သလဲ။
ဖြေ - သောမနဿဝေဒနာ။

မေး - ဒုတိယဈာန်စိတ်ကကော။
ဖြေ- သောမနဿဝေဒနာ။

မေး - တတိယဈာန်စိတ်ကကော။
ဖြေ - သောမနဿဝေဒနာ။

မေး - စတုတ္ထဈာန်စိတ်ကကော။
ဖြေ - သောမနဿဝေဒနာ။

မေး - ပဉ္စမဈာန်စိတ်ကကော။
ဖြေ - ဥပေက္ခာဝေဒနာနဲ့ယှဉ်တယ်။

[စာမျက်နှာ-227] ဟုတ်ပြီ၊ ဈာန်အင်္ဂါနဲ့ လှည့်ပေးလိုက်ဦးမယ်။

မေး - ပထမဈာန်မှာ ဈာန်အင်္ဂါ ဘယ်နှစ်ပါးရှိသလဲ။
ဖြေ- ၅-ပါး။

မေး - ဒုတိယဈာန်မှာကော။
ဖြေ - ၄-ပါး။

မေး - တတိယဈာန်မှာ။
ဖြေ - ၃-ပါး။

မေး - စတုတ္ထ။
ဖြေ - ၂-ပါး။

မေး - ပဉ္စမမှာကော။
ဖြေ - ၂-ပါးပဲ။

မေး - စတုတ္ထ ၂-ပါးက ဘာတွေလဲ။
ဖြေ - သုခနဲ့ ဧကဂ္ဂတာ။

မေး - ပဉ္စမ ၂-ပါးက ဘာလဲ။
ဖြေ - ဥပေက္ခာနဲ့ ဧကဂ္ဂတာ။

မေး - ဈာန်အင်္ဂါ ၅-ပါးကဘာလဲ။
ဖြေ - ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ (ဝေဒနာ)၊ ဧကဂ္ဂတာ။

ပဉ္စမဈာန်ကျတော့ ဥပေက္ခာ၊ ဥပေက္ခာလည်းဝေဒနာပဲ။

မေး - အဲဒီတော့ ရူပါဝစရစိတ် ၁၅-ပါးမှာ ပထမဈာန်စိတ် ဘယ်နှစ်ပါးလဲ၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်စိတ် ဘယ်လောက်လဲ။

ဖြေ - ၃-ပါးစီ (ကုသိုလ်စိတ်၊ ဝိပါက်စိတ်၊ ကြိယာစိတ်)။ ဒုတိယဈာန်စိတ် ၃-ပါး၊ တတိယဈာန်စိတ် ၃-ပါး၊ စတုတ္ထဈာန်စိတ် ၃-ပါး၊ ပဉ္စမဈာန်စိတ် ၃-ပါး။

ကိုင်း၊ အရူပါဝစရကို သွားလိုက်စမ်း၊ ပထမကုသိုလ်စိတ် ၄-ပါး၊ ဒုတိယ ဝိပါက်စိတ် ၄-ပါး၊ တတိယကြိယာစိတ် ၄-ပါး။

ကိုင်း၊ ပထမစိတ်နာမည် ဖော်ရလိမ့်မယ်၊ ဘာတဲ့တုန်း၊ အာကာသာနဉ္စာယတနကုသိုလ်စိတ်၊ ဒုတိယက ဝိညာဏဉ္စာယတနကုသိုလ်စိတ်၊ တတိယက အာကိဉ္စညာယတနကုသိုလ်စိတ်၊ စတုတ္ထက နေဝသညာနာသညာယတနကုသိုလ်စိတ် နာမည်တွေက ရှည်တယ်။

[စာမျက်နှာ-228] အဲသလို ကုသိုလ်စိတ် ၄-မျိုးရှိတဲ့အတွက် ဝိပါက်စိတ်လည်း ဒီအတိုင်းပဲ ထပ်တူထပ်မျှ ၄-မျိုး၊ ကြိယာစိတ်လဲ ဒီအတိုင်းပဲ ၄-မျိုး၊ အားလုံးပေါင်းလိုက်တော့ အရူပါဝစရစိတ် ၁၂-ပါး။

မေး - ကိုင်း၊ ပထမစိတ်က ဘာကိုအာရုံပြုသလဲ။
ဖြေ - ကောင်းကင်ပညတ်ကို အာရုံပြုတယ်။

မေး - ဒုတိယစိတ်က ဘာကို အာရုံပြုတုန်း။
ဖြေ - ပထမစိတ်ကို အာရုံပြုတယ်။

မေး - တတိယစိတ်က ဘာကို အာရုံပြုတုန်း။
ဖြေ - ပထမစိတ်ရဲ့ မရှိခြင်း၊ နတ္ထိဘောပညတ်ကို အာရုံပြုတယ်။

မေး - စတုတ္ထစိတ်က ဘာကို အာရုံပြုတုန်း
ဖြေ - တတိယစိတ်ကို အာရုံပြုတယ်။

အဲသလို အာရုံလေးတွေနဲ့ အာရုံအလိုက် ကွဲပြားသွားတယ်၊ ရူပါဝစရစိတ်တွေက ဈာန်အင်္ဂါအလိုက် ကွဲပြားသွားတယ်၊ ပထမဈာန်နဲ့ ဒုတိယဈာန် ကွဲပြားသွားတာ ဈာန်အင်္ဂါမတူလို့၊ ဒီကျတော့ ဈာန်အင်္ဂါအတူတူပဲ၊ အာရုံကွဲပြားသွားတယ်၊ ဟို (ရူပါဝစရ) စိတ်မှာ အာရုံမကွဲဘူး၊ ပထမဈာန်ရဲ့ အာရုံနဲ့ ဒုတိယဈာန်ရဲ့ အာရုံ ဒီပုဂ္ဂိုလ်တစ်ယောက်ထဲမှာ ရထားတယ်ဆိုရင် အတူတူပဲ။

ဒီ (အရူပါဝစရ) စိတ်ကျတော့ အာရုံကကွဲပြားတယ်၊ ဈာန်အင်္ဂါက မကွဲပြားဘူး။

မေး - ဈာန်အင်္ဂါ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ - ၂-မျိုးပဲရှိတယ်။

မေး - ဘာတွေလဲ။

ဖြေ - ဥပေက္ခာနဲ့ ဧကဂ္ဂတာ။

ဟုတ်တယ်၊ ပဉ္စမဈာန်အတိုင်းပဲ၊ ဒါကြောင့် သူ့ကို ဈာန် ၅-ပါးထဲထည့်တဲ့အခါ ပဉ္စမဈာန်ထဲမှာ ထည့်ရတယ်၊ သီးခြားဆိုတော့လည်း သူ့ကို အရူပဈာန်လို့ ခေါ်ရတာပေါ့။

မဟဂ္ဂုတ်စိတ် ၂၇-ပါးမှာ ပထမဈာန်ဘယ်လောက်လဲ၊ ၃-ပါး၊ ဒုတိယဈာန် ၃-ပါး၊ တတိယဈာန် ၃-ပါး၊ စတုတ္ထဈာန် ၃-ပါး၊ ပဉ္စမဈာန် ၁၅-ပါး၊ အဲဒီလို ပြောရတယ်၊ ပဉ္စမဈာန်စိတ် ဘယ်လောက်လဲဆိုရင် ရူပါဝစရက ၃-ပါး၊ အရူပါဝစရက ၁၂-ပါး၊ အားလုံး ၁၅-ပါး။

[စာမျက်နှာ-229] ကောင်းပြီ၊ လောကုတ္တရာစိတ် သွားလိုက်ကြရအောင်၊ လောကုတ္တရာစိတ် သွားတဲ့အခါမှာ ပထမအတန်းက သောတာပတ္တိမဂ်စိတ်၊ အဲဒီမှာလည်းပဲ ပထမဟာက ပထမဈာန်၊ နောက်ဟာက ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ၅-မျိုး။

ထို့အတူပဲ သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်၊ ကောင်းပြီ။

ထို့အတူပဲ သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်၊ အားလုံး လောကုတ္တရာစိတ် အကျယ်-၄၀၊ အကျဉ်းအားဖြင့် ၈-ပါး။

လောကုတ္တရာစိတ် အကျယ်မှာ ပထမဈာန်စိတ် ၈-ပါး၊ ဒုတိယဈာန်စိတ် ၈-ပါး၊ တတိယဈာန်စိတ် ၈-ပါး၊ စတုတ္ထဈာန်စိတ် ၈-ပါး၊ ပဉ္စမဈာန်စိတ်လည်း ၈-ပါးပဲ၊ အဲဒီတော့ ဘယ်ဈာန်ပဲပြောပြော၊ ၈-ပါးစီ ရှိတယ်၊ ၈ x ၅ လီ ၄၀ ဖြစ်သွားတာပေါ့။

မေး - ကောင်းပြီ၊ လောကီဈာန် လောကုတ္တရာဈာန် အကုန်လုံး ပေါင်းလိုက်ရင် ဈာန်စိတ် အားလုံးဘယ်လောက်ရှိသလဲ။

ဖြေ- ပထမဈာန်စိတ် ၁၁-ပါး (ရူပါဝစရ ၃ + လောကုတ္တရာ ၈)၊ ဒုတိယဈာန် ၁၁-ပါး၊ တတိယဈာန် ၁၁-ပါး၊ စတုတ္ထဈာန် ၁၁-ပါး၊ ပဉ္စမဈာန်စိတ် ၂၃-ပါး ရှိတယ်၊ အဲဒီလို သွားရမယ်၊ ကောင်းပြီ၊ တစ်ခုစီ ရေခိုင်းမှထင်တယ်။

မေး - စိတ် ၁၂၁-ပါးမှာ သောမနဿနဲ့ ယှဉ်တာ ဘယ်လောက်ပါလဲ။
ဖြေ - ၆၂-ပါးရှိတယ်။

မေး - ဥပေက္ခာနဲ့ ယှဉ်တာ ဘယ်လောက်ရှိလဲ။
ဖြေ- ၅၅-ပါး ရှိတယ်။

မေး - ဒေါမနဿနဲ့ယှဉ်တာ ဘယ်လောက်ရှိလဲ။
ဖြေ - ၂-ပါး။

မေး - ဒုက္ခနဲ့ယှဉ်တာ
ဖြေ - ၁-ပါး။

မေး - သုခနဲ့ယှဉ်တာ
ဖြေ - ၁-ပါး။

[စာမျက်နှာ-230] အားလုံးပေါင်းလိုက်စမ်း ၁၂၁-ရရဲ့လား၊ သောမနဿနဲ့ယှဉ်တာ ၆၂၊ ဥပေက္ခာနဲ့ယှဉ်တာ-၅၅၊ ဒေါမနဿ ၂၊ ဒုက္ခ-၁၊ သုခ-၁ အားလုံးပေါင်းလိုက်တော့ စိတ်အကျယ်-၁၂၁-ပါး ရသွားတယ်။

ကောင်းပြီ၊ တစ်ခုပြောချင်တာရှိတယ်၊ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်၊ ဉာဏ်နဲ့ယှဉ်တာ ဉာဏ်နဲ့မယှဉ်တာ ခွဲတဲ့နေရာတွေမှာ အကုသိုလ်စိတ်တွေမှာဆိုရင် ဉာဏ်နဲ့မယှဉ်တာသေချာတယ်၊ ဉာဏ်မပါဘူး၊ ဉာဏ်မပါလို့ကို အကုသိုလ်ဖြစ်နေတာ။
* အဟိတ်စိတ်တွေမှာလဲ ဉာဏ်မပါဘူး၊ ဉာဏ်နဲ့ မယှဉ်ဘူး။
* ကာမာဝစရသောဘနစိတ်တွေမှာတော့ တချို့ ဉာဏ်ယှဉ်တယ်၊ တချို့ ဉာဏ်မယှဉ်ဘူး၊ တစ်ဝက်က ဉာဏ်ယှဉ်တယ်၊ တစ်ဝက်က ဉာဏ်မယှဉ်ဘူး။
* ကောင်းပြီ၊ ရူပါဝစရစိတ်ကျတော့ကော၊ ဉာဏ်နဲ့ယှဉ်တာချည်းပဲ။ ဉာဏသမ္ပယုတ်လို့ မဆိုပေမယ့် ဉာဏ်နဲ့ယှဉ်တာချည်းပဲ၊ အဲဒါလေး မှတ်ထားရမယ်။ ဒါကြောင့်မို့ ဉာဏ်နဲ့ယှဉ်တဲ့စိတ် ဘယ်လောက်ရှိသလဲလို့မေးရင် ကာမာဝစရသောဘနထဲက ၁၂-ရယ်၊ ရူပါဝစရ၊ အရူပါဝစရ၊ လောကုတ္တရာ အကုန်ရယ်၊ အဲဒါ အားလုံးယူရတယ်။

ဉာဏသမ္ပယုတ်လို့ ပြောလိုက်ရင် ကာမာဝစရသောဘနထဲက ၁၂-ရယ်၊ ရူပါဝစရအကုန်၊ အရူပါဝစရအကုန်၊ လောကုတ္တရာအကုန်ပါတယ်၊ လောကုတ္တရာကို ၈-ခုထဲယူမယ်ဆိုရင်အားလုံး ၄၇-ရှိတယ်၊ (၁၂+၁၅+၁၂+၈) အားလုံးပေါင်း-၄၇၊ အဲဒါ ဉာဏ်နဲ့ယှဉ်တဲ့စိတ်။

ဉာဏဝိပ္ပယုတ်လို့ ပြောလိုက်ရင် အကုသိုလ်ပါတယ်၊ အဟိတ်ပါတယ်၊ ကာမာဝစရသောဘနထဲက တစ်ဝက်ပါတယ်။ အဲဒီလောက် မှတ်မိမယ်ဆိုရင်တော်တော်ကျသွားပြီ။

မေး - အရှင်ဘုရား၊ ဉာဏ်နဲ့မယှဉ်တာကျတော့၊ အကုသိုလ်စိတ် ၁၂-ပါးရယ်၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမာဝစရသောဘနစိတ်ထဲက ၁၂-ပါးရယ်၊ ဟုတ်ပါသလား။

ဖြေ - ဟုတ်တယ်၊ သူတို့က ဉာဏ်နဲ့ မယှဉ်ဘူး၊ ဟိုဘက်ကဟာတွေက ဉာဏ်နဲ့ ယှဉ်တယ်၊ ဉာဏ်မပါရင် ဈာန်ဆိုတာဘယ်ရမလဲ၊ ဈာန်တို့ မဂ်ဖိုလ်တို့ဆိုတာ ဉာဏ်ပါမှရတာ၊ ဒါကြောင့် ဉာဏသမ္ပယုတ်စိတ်ဆိုရင် အဲဒါတွေပါသွားတယ်။ အဲဒီလိုစိတ်ပိုင်းကို ကျေရမယ်၊ ဒါကို အထပ်ထပ် အချိန်အားလေးရှိတုန်းမှာ...

[စာမျက်နှာ-231] ဇယားကွက်ထဲက အစက်တွေကို အိတ်ထဲထည့်ထား၊ ပျင်းတဲ့အခါ ထုတ်ကြည့်၊ မှတ်မိသွားအောင်၊ တကယ်မှတ်မိသွားရင် အလွန်အရသာတွေ့လာမယ်။

ကောင်းပြီ၊ နည်းနည်းလေး ခွဲဦးမယ်၊
မေး - အကုသိုလ်စိတ် ဘယ်လောက်ရှိလဲ။
ဖြေ - ၁၂-ပါး

မေး - ကုသိုလ်စိတ် ဘယ်လောက်ရှိလဲ။
ဖြေ - လောကီကုသိုလ်-၁၇၊ လောကုတ္တရာကုသိုလ်-၄ (သို့မဟုတ်-၂၀)၊ ဒါကြောင့်မို့ တစ်ခါတစ်ခါမှာ ဦးဇင်းတို့က ကုသိုလ်စိတ် ၂၁ လို့ပြောရင်၊ လောကုတ္တရာစိတ်ကို ၈-ခုအနေနဲ့ ပြောတာ၊ ဒါကြောင့် ကုသိုလ်စိတ်-၂၁ (သို့မဟုတ် ၃၇)၊ နှစ်မျိုးလုံး မှတ်ထား။

မေး - ဝိပါက်စိတ် ဘယ်လောက်ရှိသလဲ။
ဖြေ - ဝိပါက်စိတ်-၃၆ (သို့မဟုတ်-၅၂)။

မေး- ကြိယာစိတ် ဘယ်လောက်ရှိသလဲ။
ဖြေ - ၂၀ ပါး။

ဟုတ်တယ်၊ လောကုတ္တရာကြိယာမရှိဘူး၊ ဒါကြောင့် ကြိယာက ၂၀-ပဲ။ နောက်ပိုင်းကျတော့ ကုသိုလ်စိတ် ၂၁-လို့ အားလုံးခြုံပြောလိုက်မယ်၊ ဝိပါက်စိတ် ၃၆ (သို့မဟုတ် ၅၂)၊ ကြိယာစိတ်ကတော့ ၂ဝ-ပဲ၊ အကုသိုလ်ကလဲ ၁၂-ပဲ။

[စာမျက်နှာ-232]
စေတသိက်လက္ခဏာ ၄-ပါး
၁။ စိတ်နှင့် အတူဖြစ်ခြင်း
၂။ စိတ်နှင့်အတူချုပ်ခြင်း
၃။ စိတ်နှင့်တူသောအာရုံရှိခြင်း
၄။ စိတ်နှင့်တူသောမှီရာရှိခြင်း

* အညသမာန - တစ်ပါးသော တရားတို့နှင့်တူမျှ လိုက်လျောနိုင်သော စေတသိက်
* သဗ္ဗစိတ္တသာဓာရဏ - စိတ်အားလုံးနှင့်ဆက်ဆံသောစေတသိက်
* ပကိဏ္ဏက - သောဘန၊ အသောဘန၊ စိတ်တို့၌ ရောပြွမ်းယှဉ်သော စေတသိက်
* အကုသလ - အကုသိုလ်
* သောဘန - တင့်တယ်သောစိတ်
* သောဘနသာဓာရဏ - သောဘနစိတ်တို့နှင့်သာ ဆက်ဆံသောစေတသိက်

စေတသိက် ၅၂- ပါး
အညသမာန်း စေတသိက် ၁၃-ပါး
*သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး*
၁။ ဖဿ - အာရုံကို တွေ့ထိခြင်းသဘော။
၂။ ဝေဒနာ - အာရုံ၏အရသာကို ခံစားခြင်းသဘော။
၃။ သညာ - အာရုံကို မှတ်ခြင်းသဘော။
၄။ စေတနာ - အာရုံ၌ သမ္ပယုတ်တရားတို့ကို စေ့ဆော်ခြင်းသဘော။
၅။ ဧကဂ္ဂတာ - အာရုံ၌ တည်တံ့ခြင်းသဘော။
၆။ ဇီဝိတိန္ဒြေ - သဟဇာတ်တရားတို့ကို စောင့်ထိန်းခြင်းသဘော။
၇။ မနသိကာရ - အာရုံ၌ နှလုံးသွင်းခြင်းသဘော။

*ပကိဏ်း စေတသိက် ၆-ပါး*
၈။ ဝိတက် - သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်းသဘော။

[စာမျက်နှာ-233] ၉။ ဝိစာရ - အာရုံ၌ သမ္ပယုတ်တရားတို့ကို သုံးသပ်စေခြင်းသဘော။
၁၀။ အဓိမောက္ခ - အာရုံကို ဆုံးဖြတ်ခြင်းသဘော။
၁၁။ ဝီရိယ - သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော။
၁၂။ ပီတိ - အာရုံကို နှစ်သက်ခြင်းသဘော။
၁၃။ ဆန္ဒ - ပြုလိုကာမျှသဘော၊ လိုလားခြင်းသဘော။

[စာမျက်နှာ-234]
အဘိဓမ္မာသင်တန်း [၁၀]

စေတသိက်ပိုင်း-၁

အညသမန်း စေတသိက် ၁၃-ပါး
ဒီနေ့ အောက်တိုဘာလ ၃-ရက်၊ ဒီနေ့မှာ စေတသိက်ပိုင်းအစကို လေ့လာကြမယ်၊ လွန်ခဲ့တဲ့အပတ်တွေက စိတ်ကိုလေ့လာပြီးပြီ၊ ပရမတ္ထတရား ၄-ပါး ဆိုတာရှိတယ်၊ ပရမတ္ထတရား-၄-ပါးက စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဆိုပြီးတော့ ရှိတယ်။

အဲဒီထဲက ပထမပရမတ္ထတရားဖြစ်တဲ့စိတ်ကို အကျယ်လေ့လာပြီးပြီ၊ စိတ်အမျိုးပေါင်း ၈၉-ပါး (အကျယ် ၁၂၁-ပါး)၊ ဒီနေ့ စေတသိက်ပိုင်းတွေကို စပြီး လေ့လာမယ်။

စေတသိက်ပိုင်းမှာက စေတသိက်တွေကိုလည်းပြမယ်၊ ပြီးတော့ ဒီစေတသိက်တွေနဲ့ စိတ်တွေနဲ့ ယှဉ်တယ်လို့ ခေါ်တာပေါ့လေ၊ ယှဉ်တယ်ဆိုတာ အတူတူဖြစ်တာ၊ ဘယ်စိတ်နဲ့ ဘယ်စေတသိက်က အတူတူဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ စိတ်ဘက်က ကြည့်တာက တစ်မျိုး၊ စေတသိက်ဘက် ကြည့်တာက တစ်မျိုး၊ အဲဒီလို လေ့လာကြမယ်။

ပထမဦးစွာ စေတသိက်ဆိုတာဘာလဲ၊ ဟိုအစတုန်းကလည်း ပြောခဲ့ပါတယ်။ စေတသိက်ဆိုတာ စိတ်ကိုမှီပြီးတော့ ဖြစ်တဲ့တရား၊ ဒီလိုဆိုလိုတယ်။ ဒါကိုပဲ "စိတ်၌ဖြစ်သော တရား" လို့ ကျမ်းဂန်တွေမှာ သုံးတယ်။

[စာမျက်နှာ-235] အဲဒီတော့ စိတ်ဆိုတဲ့ သဘာဝတရားတစ်ခုရှိတယ်၊ စိတ်ဆိုတာ အာရုံသိမှု သက်သက်ကလေးကို စိတ်လို့ခေါ်တယ်၊ စိတ်နဲ့အတူတူ ဒီနေ့လေ့လာမယ့် စေတသိက်ဆိုတာတွေ ဖြစ်တယ်၊ ဒီစေတသိက်ဆိုတာတွေက အင်္ဂလိပ်လို (Mental States) လို့ ခေါ်တယ်၊ Mental factors လို့လည်းပြန်တယ်၊ Mental state လို့လည်းပြန်တယ်။

အမှန်ကတော့ စိတ်ဖြစ်ပုံလေးတွေကိုပဲ စေတသိက်လို့ခေါ်တယ်၊ စေတသိက်ဆိုတာ စိတ်ကိုမှီပြီး ဖြစ်တတ်တဲ့တရား၊ အဲဒီစေတသိက်တွေက စိတ်ကို ခြယ်လှယ်တယ်၊ ခြယ်လှယ်တယ်ဆိုတာ ကောင်းတဲ့ စေတသိက်တွေနဲ့တွဲမိတဲ့အခါ ဒီစိတ်ကို ကောင်းတဲ့စိတ်လို့ ခေါ်လိုက်တယ်၊ မကောင်းတဲ့စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို မကောင်းတဲ့စိတ်လို့ ခေါ်လိုက်မယ်။

စိတ်ကဘာနဲ့ တူသလဲဆိုတော့ အရောင်မရှိတဲ့ ရေလိုပေါ့၊ အဲဒီရေထဲ အနီရောင်ထည့်လိုက်တဲ့အခါ ရေက အနီရောင် ဖြစ်သွားတယ်၊ အစိမ်းရောင် ထည့်လိုက်တဲ့အခါမှာ ရေက အစိမ်းဖြစ်သွားတယ်၊ ကောင်းတဲ့စေတသိက်တွေနဲ့ တွဲမိသွားတဲ့အခါမှာ စိတ်ကကောင်းတဲ့စိတ်တွေ၊ ကုသိုလ်စိတ်တွေ၊ တင့်တယ်တဲ့စိတ်တွေ၊ မကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါမှာ ဒီစိတ်က မကောင်းတဲ့ စိတ်တွေ၊ အကုသိုလ်စိတ်တွေပဲ။

ဒါကြောင့်မို့ လယ်တီဆရာတော်ဘုရားကြီးက “စိတ်၌ မှီတွယ်၊ စိတ်ကိုခြယ်၊ ငါးဆယ်နှင့်ဒွိတ်၊ စေတသိက်” လို့ ဒီလို လင်္ကာလေးရေးထားတယ်၊ ဒွိတ်ဆိုတာ ၂-ပေါ့၊ ငါးဆယ်နှင့် ဒွိတ်ဆိုတာ ၅၂-ပေါ့၊ စိတ်ကို မှီပြီးတော့ စိတ်ကိုခြယ်လှယ်တဲ့ တရားတွေ ၅၂-ပါး ရှိတယ်တဲ့။
စေတသိက်မှာ လက္ခဏာ ၄-ပါး
အဲဒီစေတသိက် ၅၂-ပါးရှိတော့ စေတသိက်ရဲ့ လက္ခဏာကို သိဖို့လိုတယ်။ ဘယ်လိုလက္ခဏာနဲ့ ပြည့်စုံတဲ့တရားကို စေတသိက်လို့ခေါ်သလဲ၊ စေတသိက်မှာ လက္ခဏာ ၄-ပါးရှိတယ်၊ စေတသိက်ဟုတ်မဟုတ်ကို စစ်ဆေးချင်ရင် ဒီလက္ခဏာ ၄-ပါးနဲ့ စစ်ဆေးရမယ်။

(၁) စိတ်နဲ့အတူဖြစ်ခြင်း (ဧကုပ္ပါဒ)
စိတ်နဲ့တစ်ပြိုင်နက်ဖြစ်တယ်၊ အတူလည်းဖြစ်တယ်၊ စိတ်ဖြစ်တဲ့အခိုက်အတန့်မှာပဲ စေတသိက်လိုက်ဖြစ်တယ်၊ စိတ်က အရင်ဖြစ်သွားပြီး စေတသိက်ကနောက်က လိုက်ဖြစ်တာမျိုး မဟုတ်ဘူး၊ တစ်ပြိုင်နက်သော ခဏမှာဖြစ်တယ်၊ ခဏဆိုတာ အဘိဓမ္မာမှာပြောလာရင် အလွန်တိကျတဲ့ ခဏပဲ၊ Billionth of a second...

[စာမျက်နှာ-236] အဲသလို ခဏကို အဘိဓမ္မာမှာ ခဏလို့ သုံးတယ်။
(၂) စိတ်နှင့် အတူချုပ်ခြင်း (ဧကနိရောဓ)
ပျောက်သွားတဲ့အခါမှာလည်း စိတ်နဲ့အတူတူပျောက်သွားမယ်၊ စိတ်က အရင်ပျောက်သွားပြီးတော့ စေတသိက်ကနောက်မှ ပျောက်တာမျိုးမဟုတ်ဘူး၊ စေတသိက်က အရင်ပျောက်ပြီးတော့ စိတ်က နောက်မှပျောက်တာမျိုးလဲ မဟုတ်ဘူး၊ စိတ်ပျောက်တာနဲ့ တစ်ပြိုင်နက် စေတသိက်လည်းပျောက်၊ စိတ်နဲ့ စေတသိက်ဟာ ပြိုင်တူချုပ်ရမယ်၊ ပြိုင်တူ ပျောက်ရမယ်။
(၃) စိတ်နှင့် တူသော အာရုံရှိခြင်း (ဧကာရမ္မဏ)
အာရုံဆိုတာ အင်္ဂလိပ်လို (object) လို့ခေါ်တဲ့ဟာတွေပေါ့၊ မြင်စရာ၊ ကြားစရာ၊ နံစရာ၊ ဒါတွေကို အာရုံလို့ခေါ်တယ်၊ အခုကြည့်လိုက်တဲ့အခါ တစ်စုံတစ်ခုကို မြင်တယ်ဆိုရင် ဒါဟာမြင်စရာအာရုံ၊ ပြောလို့ကြားတဲ့ အသံဟာကြားစရာ အာရုံ၊ အဲဒီလို အာရုံတွေ့ရှိတော့ စိတ်က မြင်စရာတွေကို အာရုံပြုရင် စေတသိက်ကလည်း မြင်စရာကိုပဲ အာရုံပြုရမယ်၊ စိတ်က အသံကို အာရုံပြုရင် စေတသိက်ကလည်း အသံကိုပဲ အာရုံပြုရမယ်။ စိတ်က အာရုံပြုတာတစ်ခု၊ စေတသိက်ကမတူတဲ့ တခြားအာရုံကို အာရုံပြုတာမျိုး မရှိရဘူး။
(၄) စိတ်နှင့်တူသော မှီရာရှိခြင်း (ဧကဝတ္ထုက)
စိတ်ဆိုတာက အဘိဓမ္မာသဘောအရ အလကားမဖြစ်ဘူး၊ မှီရာမရှိပဲမဖြစ်ဘူး၊ မှီရာဆိုတာရှိရတယ်၊ ပါဠိလို မှီရာကို ဝတ္ထုလို့ခေါ်တယ်။ တတိယပိုင်းကျတော့ အဲဒါတွေ လေ့လာရလိမ့်မယ်။ အဲဒီမှီရာဆိုတာက (ဆိုပါတော့) မျက်လုံးအကြည်ဓာတ်ကို မှီရာလို့ခေါ်တယ်။ နားကို မှီရာလို့ခေါ်တယ်၊ နှာခေါင်းကို မှီရာလို့ခေါ်တယ်။ မျက်လုံးကို အမှီပြုပြီးမြင်တဲ့စိတ် ဖြစ်ပေါ်တယ်၊ မြင်တဲ့စိတ်ဟာ မျက်လုံးမရှိရင် မဖြစ်ပေါ်နိုင်ဘူး၊ ကြားတဲ့စိတ်က နား (အကြည်ဓာတ်) မရှိရင် မဖြစ်ပေါ်နိုင်ဘူး၊ အဲဒါကြောင့် စိတ်ဟာ ထိုထိုဝတ္ထုလို့ခေါ်တဲ့ မျက်စိအကြည်ဓာတ် စသည်တို့ကို အမှီပြုရတယ်။ စိတ်က မျက်စိကို အမှီပြုတယ်ဆိုရင် စေတသိက်ကလည်း မျက်စိကိုပဲ...

[စာမျက်နှာ-237] အမှီပြုရတယ်၊ အဲဒီလို အမှီပြုတာချင်းလည်းတူရမယ်၊ ဒီအင်္ဂါလက္ခဏာ ၄-ချက် နဲ့ ပြည့်စုံရင် စေတသိက်ပဲ။ စေတသိက် လက္ခဏာ ၄-ပါးက စိတ်နှင့်အတူဖြစ်ခြင်း၊ စိတ်နှင့် အတူချုပ်ခြင်း၊ စိတ်နှင့်တူသော အာရုံရှိခြင်း၊ စိတ်နှင့် တူသော မှီရာရှိခြင်း။

ဟုတ်ပြီ၊ ဒီအင်္ဂါလက္ခဏာ ၄-ပါးနဲ့ ပြည့်စုံတဲ့ တရားကို စေတသိက်လို့ ခေါ်တယ်၊ ဒါကြောင့်မို့ လယ်တီဆရာတော်ကြီးက “ဖြစ်၊ ပျက်၊ မှီ၊ အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ်နိမိတ်” တဲ့၊ ဒီအင်္ဂါ ၄-ဖြာနဲ့ ပြည့်စုံတာပေါ့၊ ခုနတုန်းကလည်း “စိတ်၌မှီတွယ်၊ စိတ်ကိုခြယ်၊ ငါးဆယ်နှင့်ဒွိတ်၊ စေတသိက်” ဆိုပြီးတော့ လယ်တီဆရာတော်ဘုရားကြီး လင်္ကာရေးခဲ့တာရှိတယ်။

ကောင်းပြီ၊ ဒီအင်္ဂါလက္ခဏာ ၄-ပါးနဲ့ ပြည့်စုံရင် ဒီတရားကို စေတသိက်လို့ ခေါ်ရတယ်၊ အဲဒီတော့ စေတသိက်ဟာစိတ်မှ သီးခြားဖြစ်တဲ့ သဘာဝတရားတစ်ခု၊ ပရမတ္ထတရားတစ်ခု၊ အမှန်တရားတစ်ခုလို့ဆိုလိုတယ်၊ အဲဒီ စေတသိက်ပေါင်း ၅၂-ပါးရှိတယ်လို့ ပြောတယ်၊ ဒီနေ့ အဲဒီ ၅၂-ပါးကို တစ်ခုချင်း လေ့လာသွားရမယ်။

စေတသိက်တွေထဲမှာ တွေ့မယ့်ဟာတွေက mental states ဆိုတာတွေ ဖြစ်မယ်၊ emotion ဆိုတာတွေဖြစ်မယ်၊ ဒါတွေဟာ စေတသိက်ထဲမှာ အကုန် ပါနေတယ်၊ စိတ်ကတော့ ခုနပြောသလို အာရုံသိတတ်တဲ့ သဘောတရားအနေနဲ့ သူက Neutral ပဲ၊ ကောင်းတာနဲ့ တွဲမိရင်ကောင်းတဲ့စိတ် ဖြစ်တယ်၊ မကောင်းတာနဲ့ တွဲမိရင် မကောင်းတဲ့စိတ်ဖြစ်တယ်၊ အခုစေတသိက်တွေကတော့ အဲဒီစိတ်ကို ခြယ်လှယ်မယ့်ဟာတွေ။

အဲဒီစေတသိက် ၅၂-ပါးကို စိတ်မှာတုန်းကလိုပဲ အုပ်စုခွဲထားတယ်၊ စိတ်မှာတုန်းက လောကီစိတ်၊ လောကုတ္တရာစိတ်၊ ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ် စသည်ဖြင့် အုပ်စုခွဲထားသလို ဒီမှာလည်းပဲ အုပ်စုခွဲထားလိမ့်မယ်။

ပထမအုပ်စုက အညသမန်း စေတသိက် ၁၃-ပါး၊ အဲဒီ အညသမန်း စေတသိက် ၁၃-ပါးမှာမှ၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက်က ၇-ပါး၊ ပကိဏ်း စေတသိက် ၆-ပါး၊ အဲသလို ခွဲတယ်။

ပထမဆုံး ၁၃-ပါးကိုအညသမာန်း စေတသိက် ပါဠိလိုကျတော့ အညသမာန ပေါ့။ အညသမန်းဆိုတာက ဘာလဲ၊ အညဆိုတာက တစ်ပါးတခြားလို့ခေါ်တယ်။ သမာနဆိုတာက တူတာ၊ ဆက်ဆံတာ၊ common ဖြစ်တာ၊ ဒါကြောင့်မို့...

[စာမျက်နှာ-238] အညသမာနဆိုတာ common to others သူများနဲ့ တခြားတစ်ပါးနဲ့ဆက်ဆံတာ၊ ဆိုလိုတာက ဒီစေတသိက်တွေဟာ ကောင်းတဲ့စိတ်နဲ့ရော၊ မကောင်းတဲ့ စိတ်နဲ့ရော ဆက်ဆံတယ်၊ ဘာကြောင့်တုန်းဆိုရင် သူက စိတ်အားလုံးနဲ့ယှဉ်မှာ၊ စိတ်အားလုံးဖြစ်တိုင်း သူကပါမှာဆိုတော့ ကောင်းတဲ့စိတ်နဲ့လည်းသူက လိုက်လျောလို့ရတယ်၊ မကောင်းတဲ့စိတ်နဲ့လည်း လိုက်လျောလို့ရတယ်၊ အဲဒါကိုပဲတူတယ်လို့ ပါဠိမှာ သုံးတယ်။ တူတယ်ဆိုတာ ဆင်တူတာကို ပြောတာမဟုတ်ဘူး၊ ဆက်ဆံတာကိုပဲတူတယ်။ သဘောတူတယ်၊ လိုက်လျောနိုင်တာကိုပဲတူတယ်လို့ သုံးတယ်။

ဒါကြောင့်မို့ ဦးဇင်းတို့ ဘုန်းကြီးလောကမှာ ပြောလေ့ရှိတယ်၊ ဒီပုဂ္ဂိုလ်က ဟိုဘက်လည်းပါ၊ ဒီဘက်လည်းပါဆိုရင် အညသမန်း ဦးပဉ္စင်းလို့ ခေါ်တယ်။ အညသမန်းဆိုရင် ဟိုဘက်နဲ့လည်း ဆက်ဆံတယ်၊ ဒီဘက်နဲ့လည်း ဆက်ဆံတယ်၊ ဟိုဘက်လည်းပါ၊ ဒီဘက်လည်းပါပေါ့လေ၊ အဲဒါမျိုး-
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး
အဲဒီ အညသမန်း စေတသိက် ၁၃-ပါးမှာမှ ၂ မျိုးထပ်ကွဲတာက သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး။ သဗ္ဗဆိုတာက အလုံးစုံ၊ စိတ္တဆိုတာက စိတ်၊ သာဓာရဏဆိုတာက ဆက်ဆံတာ၊ စိတ်အားလုံးနှင့် ဆက်ဆံတာ။

ဆက်ဆံတယ်ဆိုတာ အတူတူဖြစ်တာ၊ ယှဉ်တာကိုပြောတာ၊ အဲဒီတော့ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့စိတ်ဆိုတာ စိတ်အားလုံးနဲ့ အတူတူဖြစ်တဲ့စေတသိက်၊ အဲဒီတော့ စိတ်ဖြစ်တိုင်း ဒီစေတသိက် ၇-ခုဟာ အမြဲတမ်းပါရတယ်လို့ဆိုလိုတယ်။ စိတ်တိုင်းစိတ်တိုင်းနဲ့ သူက ယှဉ်တယ်။ စိတ်ပေါင်း ၈၉ (သို့မဟုတ်) ၁၂၁ မှာ တစ်ခုတစ်ခုသောစိတ်နဲ့ ဒီ ၇ ခုလုံးက ယှဉ်လိမ့်မယ်၊ အဲဒီစိတ် တစ်ခုတစ်ခုဖြစ်တိုင်း ဒီ ၇-ခုက ပါပြီးသားပဲ။ ဒီ ၇-ခုအပြင် တခြားဟာတွေတော့ပါဦးမယ်၊ သူကတော့ မပါမနေပါပြီးသားပဲ။
ဖဿ
ကောင်းပြီ၊ ပထမဆုံးစေတသိက်က ဖဿ စေတသိက်တဲ့၊ ဒါကိုတော့ပါဠိကို မှတ်မိအောင် ကျက်ရမယ်၊ မြန်မာလို နားလည်အောင်လုပ်ရမယ်။ ဖဿ စေတသိက်ဟာ ဘာတဲ့တုန်း၊ အာရုံကိုတွေ့ထိခြင်းသဘော၊ ဒီနေရာမှာ တွေ့ထိခြင်းဆိုတာ နာမ်ချင်းတွေ့ထိတာမဟုတ်ဘူး၊ Physical contact မဟုတ်ဘူး၊ mental contact၊ မြင်လိုက်တယ်ဆိုပါတော့၊ မြင်စရာအာရုံနဲ့ မြင်တတ်တဲ့ မျက်စိနဲ့ဆုံသွားတာ၊ ဆုံသွားတဲ့အခါမှာ ဖဿစိတ်ကလေးပေါ်လာတယ်။

[စာမျက်နှာ-239] အဲဒီလို နာမ်တွေ့ထိမှုကို ဖဿလို့ ခေါ်တယ်၊ ရုပ်တွေ့ထိမှုကို ဆဋ္ဌမပိုင်းကျတော့ လာလိမ့်မယ်၊ ဖောဋ္ဌဗ္ဗလို့ ခေါ်တယ်၊ ဖဿလို့ပြောရင် နာမ်တွေ့ထိမှုကို ဆိုလိုတယ်။ အဲသလို အာရုံကို တွေ့ထိခြင်းသဘောကို ဖဿလို့ခေါ်တယ်။

အာရုံကိုတွေ့ထိခြင်း သဘောဟာ ဘယ်လိုနေရာတွေမှာ ထင်ရှားသလဲ။ ကျမ်းဂန်ထဲမှာလာတဲ့အတိုင်း ပြောရရင် တစ်စုံတစ်ယောက်က အချဉ်စားနေရင် ကိုယ်က သွားရည်ကျနေတယ်၊ အဲဒါ ဖဿပဲ၊ အာရုံချင်းထိခိုက်တာ၊ အာရုံချင်းတွေ့သွားတာ၊ ဟိုလူအချဉ်စားနေတော့ ကိုယ်က အလိုလိုနေရင်း ပါးစပ်ထဲမှာ သားရည်ဖြစ်လာတာမျိုး။

အခုခေတ်အနေနဲ့ ပြောရရင် ဆပ်ကပ်ထဲမှာ ကြိုးတန်းလျှောက်နေပြီဆိုရင် ဒီက အလကားနေရင်း ထိတ်လန့်နေတာ၊ အဲဒီကြိုးတန်းပေါ်မှာ ကုလားထိုင်လေး၊ စက်ဘီးလေးနဲ့ လုပ်နေပြီဆိုရင် ကြည့်တဲ့သူက ကြောက်နေပြီ၊ အဲဒီလို ဖြစ်တာ ဖဿရဲ့ သဘော ထင်ရှားတာကို ပြောတာ၊ ဖဿကတော့ အမြဲတမ်း ရှိနေတာပဲ။

အဲသလို နာမ်တရားအချင်း တွေ့ထိမှုသဘောကို ဖဿလို့ ခေါ်တယ်။ ဒီမှာ သဘော၊ သဘောလို့ဘာကြောင့် ဒီမှာရေးထားသလဲဆိုတော့ အဘိဓမ္မာတရား၊ ပရမတ္ထတရားကို လေ့လာတဲ့အခါမှာ ဒီပုဒ်တွေကို define လုပ်လေ့ရှိတယ်။ အဓိပ္ပါယ်ပြောပြတယ်၊ ဝိဂြိုဟ်ပြုတယ်လို့ဆိုတယ်၊ ဝိဂြိုဟ်ပြုတယ်ပြောရင် ပိုနားမလည်လိမ့်မယ် define လုပ်တယ်ဆိုတာမှ နားလည်လိမ့်ဦးမယ်။

define လုပ်တဲ့အခါမှာ သူ့ကိုပြုတတ်တဲ့တရားအနေနဲ့ define လုပ်လို့ ရတယ်၊ ပြုကြောင်းဖြစ်တဲ့ တရားအနေနဲ့ define လုပ်လို့ရတယ်၊ ပြုခြင်းအနေနဲ့ define လုပ်လို့ရမယ်။ ၃-မျိုး define လုပ်လို့ရတယ်။

ဆိုလိုတာက ဖဿဆိုတာအာရုံကို တွေ့တတ်တဲ့သဘောတရားပဲလို့ ဒီလိုပဲ ပြောလို့ရတယ်၊ အာရုံကို တွေ့တတ်တဲ့သဘော၊ အာရုံကို တွေ့တတ်တဲ့တရား။ တစ်နည်းအားဖြင့် အာရုံကို တွေ့ကြောင်းဖြစ်တဲ့တရားလို့ ဒီလိုလည်း define လုပ်လို့ ရတယ်။ သို့မဟုတ် အာရုံကိုတွေ့ခြင်းမျှလေးပဲ၊ အာရုံကိုတွေ့ခြင်းသဘောပဲ၊ ဒီလိုလည်း define လုပ်လို့ရတယ်၊ အဲဒီတော့ ပထမဟာတော့ နားလည်ပါလိမ့်မယ်၊ အာရုံကို တွေ့တတ်တယ်ဆိုတော့ agency ကို သူ့အပေါ်တင်စားပြီး သုံးလိုက်တယ်၊ သူဟာ ဒါလုပ်တတ်...

[စာမျက်နှာ-240] ဒုတိယဟာတော့ နားလည်မယ် မထင်ဘူး၊ တွေ့ကြောင်း ဆိုတာဘာလဲ။ တွေ့ကြောင်းဆိုတာ အင်္ဂလိပ်လိုပြောရရင် (Instrumental)၊ တခြားတရားတွေက အာရုံကိုတွေ့တဲ့အခါမှာ သူမပါရင်မပြီးဘူးဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ instrumental ဖြစ်တာကို ရည်ရွယ်ပြီးတော့ define လုပ်လို့လည်းရတယ်၊ ဒါကြောင့်မို့ ဖဿသည် အာရုံကို တွေ့ကြောင်းဖြစ်တဲ့တရား။

အာရုံကို တွေ့ကြောင်းဖြစ်တဲ့ တရားဆိုတာ အာရုံကို တွေ့တဲ့အခါမှာ စိတ်လည်းပါတယ်၊ တခြားစေတသိက်တွေလည်း ရှိသေးတယ်၊ အဲဒီစိတ်တွေနဲ့ တခြား စေတသိက်တို့ အာရုံကို တွေ့တဲ့အခါမှာ သူမပါရင် မဖြစ်ဘူး၊ သူပါမှဖြစ်တယ်၊ အဲဒါကိုပဲ ပါဠိလို ဘုန်းကြီးစကားနဲ့ ပြောရင် တွေ့ကြောင်းတရားလို့ သုံးတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေတရားဟောရင် လူဝတ်ကြောင်တွေ ပြည့်ပြည့်စုံစုံ နားလည်ဖို့ မလွယ်ဘူးဆိုတာ အဲဒါပြောတာ၊ ဘုန်းကြီးကတော့ သူနားလည်သလို လူတွေ နားလည်မယ်ထင်ပြီး ပြောသွားတာ၊ တကယ်ကျတော့ လူဝတ်ကြောင်တွေက နားမလည်ဘူး။

နောက်ဆုံးတစ်ခုကတော့ တွေ့ခြင်းတရား၊ အဲဒါကတော့ အဲဒီ သုံးမျိုးရှိတဲ့အနက် တတိယ definition သာလျှင် တကယ်သဘောကို ထိမိတဲ့ definition တဲ့၊ တခြား ၂-ခုကတော့ အတ္တစွဲရှိတဲ့သူတွေကို ကန့်ကွက်ဖို့ဆိုတဲ့ အနေနဲ့ တခြား definition ပေးတာ၊ တကယ့်တကယ်ကတော့ သဘောအထိမိဆုံး definition ကတော့ တွေ့ခြင်းသဘောမျှပဲလို့ ဆိုတဲ့ “ခြင်း” ပါတဲ့ဟာ၊ မြန်မာလို ပြောရင် ခြင်းပါတဲ့ဟာကမှ ပရမတ်ကို ထိမိတဲ့ definition တဲ့၊ ဝိဂြိုဟ်လို့ ဆိုရတယ်။

ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာအပြင်ဘက်က လူတွေက မြင်တယ်ဆိုတာ ဒီထဲမှာ အတ္တဆိုတာလေးရှိတယ်၊ ဝိညာဉ်လေး၊ လိပ်ပြာလေး စသည်ဖြင့်ပေါ့၊ မြန်မာမှာလည်း အယူအဆရှိတယ်၊ အဲဒီအတ္တဆိုတာလေးက မြင်တယ်၊ အာရုံကို တွေ့တယ်ဆိုတာ အတ္တလေးကတွေ့တာ၊ ဒီလို သူတို့က ထင်ထားတယ်။ ဒီလိုထင်ထားတဲ့ ပုဂ္ဂိုလ်တွေကို “မင်းတို့ထင်ထားတာ မဟုတ်ဘူး၊ ဒါဟာ ဖဿကွ၊ တွေ့လား” အဲသလို အဓိပ္ပါယ်မျိုးနဲ့ ဖဿဟာတွေ့တတ်တဲ့သဘောတရား၊ ဒီလိုဆိုတယ်၊ ရှေးတုန်းက ဒီဝါဒတွေက ရှိတော့ ဒါတွေနဲ့ အမြဲတမ်း တိုက်နေရတာ။

တချို့ကျတော့လည်း “အာရုံကိုတွေ့ထိတဲ့အခါမှာ မရှိမဖြစ်တဲ့ အတ္တက...

[စာမျက်နှာ-241] ...ဒို့သန္တာန်တိုင်းမှာရှိတယ်၊ အဲဒီအတ္တလေးကြောင့် ဒို့တွေက တွေ့နေတာ” ဒီလိုယူဆတဲ့ ပုဂ္ဂိုလ်တွေကို “မဟုတ်ဘူး၊ တွေ့ကြောင်း ဆိုတာ ဟောဒီဖဿပဲ၊ မင်းတို့ထင်တဲ့ အတ္တမဟုတ်ဘူး၊ အတ္တဆိုတာ ရှိကိုမရှိဘူး၊ ဖဿကြောင့် ဒို့ကတွေ့ရတာ” အဲသလို ပြောဖို့ရာ အဲဒီလို သူတို့ရဲ့ ဝါဒကိုပယ်ဖို့ရာ ဒုတိယ definition မျိုးလဲ သုံးရတယ်။

တတိယ definition ကတော့ သဘောကို ထိမိသွားတာ၊ နောက်ဆုံး ပထမသဘောအားဖြင့် ကြည့်မယ်ဆိုရင် ပြုတတ်တယ်ဆိုတာလည်းမရှိဘူး၊ ပြုကြောင်း ဆိုတာလည်းမရှိဘူး၊ ပြုခြင်းမျှပဲ၊ There is no actor above action ပဲ၊ action အပြင် ပြုတတ်တဲ့သူရယ်လို့ တကယ်ရှိတာမဟုတ်ဘူး၊ ပြုခြင်းမျှလေးကိုပဲ ပြုတတ်တဲ့သူပဲ၊ ပြုကြောင်းပဲလို့ ပြောနေရတာ။ အဲဒါကြောင့်မို့ အာရုံကိုတွေ့ခြင်းသဘောဆိုရင် ဒါဟာ အကောင်းဆုံး definition၊ ဒီမှာ အကောင်းဆုံး definition ကို ယူထားတာ၊ ၃-မျိုး ၃-မျိုး သွားနိုင်တယ်။
ဝေဒနာ
နောက်တစ်ခုက ဝေဒနာတဲ့၊ ဝေဒနာဆိုတာ အာရုံ၏အရသာကို ခံစားခြင်းသဘော၊ အာရုံကိုအရသာခံတယ်၊ ကောင်းတဲ့အာရုံပဲ၊ မကောင်းတဲ့အာရုံပဲ၊ ဒါဟာ ဝေဒနာက ခံစားသွားတာ၊ ဒီမှာလည်းခံစားတတ်တဲ့ သဘော၊ ခံစားကြောင်းဖြစ်တဲ့သဘော၊ ခံစားခြင်းသဘောပေါ့။

ဒီနေရာမှာ နားလည်ရမှာက ဝေဒနာဆိုတာ ဘာလဲဆိုရင် mental၊ စိတ်ထဲမှာဖြစ်တာ၊ အခုခေတ်က ခန္ဓာကိုယ်ထဲမှာ နာကျင်ခံစားရတာကို ဝေဒနာလို့ ပြောပြောနေတယ်၊ အမှန်ကတော့ နာတဲ့ ရုပ်က ဝေဒနာမဟုတ်ဘူး၊ နာတဲ့ရုပ်ကို စိတ်က experience လုပ်တယ်၊ စိတ်မှာ ဖြစ်တာကို ဝေဒနာခေါ်တယ်၊ အဲဒီ ဝေဒနာ စေတသိက်က အာရုံ၏ အရသာကို ခံစားခြင်းသဘောရှိတယ်၊ သူ့ကို ဘာနဲ့ နှိုင်းသလဲဆိုတော့ ပွဲတော်တည်တဲ့ ရှင်ဘုရင် နဲ့ နှိုင်းတယ်။

ထမင်းရဲ့ အရသာကို တကယ်ခံစားတာက ရှင်ဘုရင်ဖြစ်ရမှာပေါ့၊ ပွဲတော်စာချက်က ချက်ပြုတ်နည်းနည်းပါးပါးမြည်းပြီး ဘုရင်သွားဆက်ရတာ၊ တကယ် ကျကျနန ထိုင်စားတာက ဘုရင်က စားတာ။ ထို့အတူပဲ တခြားတရားတွေ အာရုံခံစားတာက မစို့မပို့လေး၊ ဆိုပါတော့၊ ဝေဒနာစေတသိက်ကသာ ပိုင်ပိုင်နိုင်နိုင် အာရုံကို ခံစားတယ်၊ ဒါကြောင့်မို့ သူ့ကို အာရုံ၏ အရသာကို ခံစားခြင်းသဘော၊ ခံစားတတ်တဲ့သဘော၊ ခံစားကြောင်း...

[စာမျက်နှာ-242] ...ဖြစ်တဲ့သဘော။

စိတ်ပိုင်းတုန်းက ဝေဒနာဘယ်နှစ်မျိုး တွေ့ခဲ့သလဲ၊ ၅-မျိုးတောင် တွေ့ခဲ့ပြီ၊ ဘာတွေလဲ-
၁။ သောမနဿဝေဒနာ (ဝမ်းမြောက်ခြင်း)
၂။ ဒေါမနဿဝေဒနာ (စိတ်မကောင်းခြင်း)
၃။ ဥပေက္ခာဝေဒနာ (အလယ်အလတ် Neutral)
၄။ သုခဝေဒနာ (ကိုယ်ချမ်းသာခြင်း)
၅။ ဒုက္ခဝေဒနာ (ကိုယ်နာကျင်ခြင်း)
အဲဒီဝေဒနာ ၅-မျိုးရှိတယ်၊ ဝေဒနာရဲ့ သဘောက အာရုံရဲ့ အရသာကို ခံစားခြင်းသဘော။
သညာ
နောက်တစ်ခုက သညာ၊ သညာဆိုတာ အာရုံကိုမှတ်ခြင်းသဘော၊ အမှတ်ပြုပြီး သိခြင်းသဘောကို သညာလို့ခေါ်တယ်၊ အာရုံတစ်ခုနဲ့ တွေ့လိုက်ပြီဆိုရင် သညာလေးက မှတ်တော့တာပဲ၊ အဲဒီသညာ အမှတ်အမှန်အမှားပေါ် မူတည်ပြီးနောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ အယူအဆတွေက အမှန်အမှားဖြစ်ကုန်တာပဲ၊ တစ်ခါတလေ သညာမှားထားရင်၊ အမှားမှတ်ထားမိရင် တော်တော်နဲ့ ပျောက်လို့မရဘူး၊ ဒါကြောင့်မို့ သညာဟာ အလွန်ကြောက်စရာကောင်းတယ်။

အာရုံတစ်ခုကို တွေ့တဲ့အခါမှာ ဒီသညာက မှတ်သားထားတဲ့အတွက်ကြောင့် နောက်တစ်ခါထပ်ပြီး ဒီအာရုံမျိုးတွေ့တဲ့အခါကျတော့ ဒါပဲဆိုတာ ဆုံးဖြတ်ပြီး သိနိုင်တယ်။ ဒါကြောင့် သညာကိုဘာနဲ့ ဥပမာပေးသလဲဆိုတော့ လက်သမားတွေ မျဉ်းတားအမှတ်အသားပြုတာ နဲ့ ဥပမာပေးတယ်၊ ဒီနေရာက ဆက်စပ်ဖို့၊ ဒီနေရာက ပယ်ပစ်ဖို့ ဖြတ်ပစ်ဖို့ စသည်ဖြင့် အမှတ်အသားလေး နောက်ပြန်မြင်တဲ့အခါကျတော့ သိတယ်၊ အခုခေတ်အနေနဲ့ပြောရင် လမ်းအမှတ်အသားတွေကို တစ်ခါမှတ်လိုက်တယ်၊ အဝိုင်းထဲမှာ စောင်းစောင်းလေး လုပ်ထားတာက တားမြစ်ထားတာဟေ့ စသည်ဖြင့် နောင်တစ်ခါတွေ့တဲ့အခါ အမှတ်ပြုပြီး သိသွားတယ်၊ အဲသလို သိအောင်မှတ်တာမျိုးကို သညာလို့ခေါ်တယ်။

သညာဟာ အမှန်လည်းမှတ်တတ်တယ်၊ အမှားလည်း မှတ်တတ်တယ်၊ စာခြောက်ရုပ်ကို တိရစ္ဆာန်တွေက တကယ့်လူထင်ပြီး ကြောက်နေကြတာ၊ သညာဝိပ္ပလာသ ခေါ်တယ်၊ သညာအမှတ်မှားထားတာ၊ သူက တကယ်လူထင်ပြီး မြင်လိုက်တာနဲ့ ကြောက်လန့်ပြီး ပြေးတော့တာပဲ၊ သညာကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perception လို့ ခေါ်တယ်။

[စာမျက်နှာ-243]
စေတနာ
နောက်တစ်ခုက စေတနာတဲ့၊ စေတနာဆိုတာဘာတုန်း၊ စေတနာဆိုတာ အာရုံ၌ သမ္ပယုတ်တရားတို့ကို စေ့ဆော်ခြင်းသဘော၊ သမ္ပယုတ်တရားဆိုတာ အတူတူဖြစ်တဲ့ တရားကို ခေါ်တာ၊ ယှဉ်ဘက်တရားလို့လည်း စာစကားနဲ့ ခေါ်တယ်၊ အတူတူဖြစ်တဲ့တရား၊ ယှဉ်ဘက်တရား။

အဲဒီတရားတွေကို အာရုံ၌ စေ့ဆော်ခြင်းတဲ့၊ စေ့ဆော်ခြင်းဆိုတာ အာရုံပေါ်မှာ တည်နေအောင် စပ်ဟပ်ပေးတဲ့သဘော၊ တိုက်တွန်းတဲ့သဘောကို စေ့ဆော်တယ်လို့ မြန်မာစကားမှာ သုံးတယ်။ အာရုံနဲ့တွေ့ပြီးပြီဆိုရင် စေတနာကြောင့် တခြားဖြစ်ဘက်တရားတွေ အားလုံးဟာ အာရုံနဲ့ထိတွေ့နေတယ်၊ အာရုံနဲ့ကပ်နေတယ်ဆိုကြပါစို့၊ အဲဒီ စေတနာကို ဘာနဲ့ နှိုင်းသလဲ ဥပမာပေးလိုက်မယ်၊ တပည့်ကြီး (သို့မဟုတ်) Monitor နဲ့နှိုင်းတယ်။

တပည့်ကြီးဟာ သူကိုယ်တိုင် စာကိုကြိုးစားအားထုတ်တယ်၊ တခြား သူ့ထက်ငယ်တဲ့ တပည့်တွေကိုလည်း စာကြိုးစားအောင် လုပ်သလိုပဲ၊ စေတနာက သူကိုယ်တိုင်လည်း အားထုတ်တယ်၊ သူများကိုလည်း အားထုတ်ဖို့လုပ်စေတယ်၊ တစ်နည်းအားဖြင့်ပြောရင် Supervisor လိုပေါ့၊ သူများကိုလည်း လုပ်ကြဟေ့ လုပ်ကြဟေ့လို့ တိုက်တွန်းနှိုးဆော်တယ်၊ သူကိုယ်တိုင်လည်းလုပ်တယ်၊ အဲဒီတရားမျိုးကို စေတနာလို့ခေါ်တယ်၊ အဘိဓမ္မာကျတော့ တကယ် တိတိကျကျ နားလည်အောင် လုပ်ရတယ်၊ မြန်မာစကား စေတနာကိုတော့ လူတွေ သိနေကြတယ် မဟုတ်လား၊ ကောင်းစေလိုတာ စေတနာပေါ့။

အမှန်အတိုင်းကတော့ စေတနာဆိုတာ ကောင်းစေလိုတာဖြစ်ဖြစ် မကောင်းစေလိုတာဖြစ်ဖြစ် စေတနာလို့ခေါ်တယ်၊ မြန်မာစကားမှာဆိုရင်တော့ စေတနာဆိုရင် ကောင်းတဲ့ဘက်မှာပဲသုံးတယ်၊ “မင်းကို ငါ စေတနာနဲ့ လုပ်ပေးတာ” စသည်ဖြင့် ပြောတယ်၊ စေတနာဆိုတာ အမှန်ကတော့ Neutral ပဲ၊ ကောင်းတဲ့စေတနာရှိတယ်၊ မကောင်းတဲ့စေတနာရှိတယ်၊ သို့သော် ဝေါဟာရစကားအဖြစ် သုံးကြတဲ့အခါ မြန်မာစကားမှာတော့ စေတနာဆိုရင် ကောင်းတဲ့အနေနဲ့ပဲသုံးတယ်။

အဲဒီစေတနာဟာ ဦးဇင်းတို့ နားလည်နေတဲ့ ကံ ဆိုတာဒါပဲ၊ ကံဆိုတာ နားလည်တယ် မဟုတ်လား၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဆိုတာ ကံကောင်းတယ်၊ ကံမကောင်းဘူး၊ နောက်ဘဝကောင်းတဲ့ကံ ပြုခဲ့တယ်တို့ စသည်ဖြင့် ကံဆိုတာ ဒါကို ခေါ်တယ်၊ စေတနာကို ကံလို့ မြတ်စွာဘုရားဟောခဲ့တယ်၊ တိုက်ရိုက်ပါဠိ...

[စာမျက်နှာ-244] စကားက “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” (ရဟန်းတို့... ငါဘုရားသည် စေတနာကို ကံဟု ဆိုတော်မူ၏)။

ဒီစေတနာတိုက်တွန်းလို့ စေတနာစေ့ဆော်ပြီးတော့ ထိုထိုအမှုတွေ ပြုကြရတာ၊ ကာယကံ၊ ဝစီကံမှု၊ မနောကံမှုတွေ ပြုတာ၊ Volition၊ အဲဒါကြောင့်မို့ ကံဆိုတာဘာလဲမေးရင် ဒီစေတနာစေတသိက်ကို ခေါ်တာ၊ စေတနာကို Volition လို့ပြန်တယ်၊ ဖဿက Contact၊ ဝေဒနာက Feeling၊ သညာက Perception။
ဧကဂ္ဂတာ
နံပတ် ၅-က ဧကဂ္ဂတာ၊ ဧကဂ္ဂတာရဲ့ အဓိပ္ပါယ်က အာရုံ၌ တည်တံ့ခြင်းသဘော။ ဒီနေရာမှာ ဧက=တစ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ One၊ အဂ္ဂက အာရုံဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဧကအဂ္ဂဆိုတော့ တစ်ခုတည်းသော အာရုံမှာ တည်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ စိတ်က အာရုံတစ်ခုတည်းအပေါ်မှာပဲ ထပ်ကာ ထပ်ကာ တည်နေတာ၊ တစ်ခုတည်းသော အာရုံ၌ တည်တံ့နေခြင်း သဘောကို ဧကဂ္ဂတာလို့ ဒီလိုသုံးတယ်။

မြန်မာစကားမှာရှိတယ်၊ ဧကဂ္ဂတာကျနေတယ်၊ ဘာတယ်နဲ့ သုံးတာရှိတယ်။ စိတ်စိုက်နေပြီး သမာဓိရနေတာမျိုးကျတော့ အဲဒါမျိုးပြောတယ်။

မေး - ဧကဂ္ဂတာက ကောင်းပါသလား။
ဖြေ - ဧကဂ္ဂတာက ကောင်းတာရော၊ မကောင်းတာရော နှစ်မျိုးလုံးရှိတယ်။

ဧကဂ္ဂတာဟာ အာရုံ၌ တည်တံ့ခြင်းသဘော၊ ဘာကြောင့်တုန်း၊ ငါးမျှားတဲ့ အခါမှာ စိတ်မတည်ဘူးလား၊ အဲဒါကတော့ မိစ္ဆာဧကဂ္ဂတာ ပေါ့။ ဧကဂ္ဂတာကို တိုက်ရိုက်ပြန်လိုက်မယ်ဆိုရင် One-pointedness of mind၊ သမာဓိဆိုတာလည်း ဒါကို ခေါ်တာပဲ၊ ဦးဇင်းတို့ပြောနေတဲ့ သီလ၊ သမာဓိ၊ ပညာစသည်တို့မှာပါတဲ့ သမာဓိဟာ ဧကဂ္ဂတာနဲ့ အတူတူပဲ၊ တိုက်ရိုက်ပြန်ရင်တော့ One-pointedness of mind၊ ရိုးရိုးပြန်ရင်တော့ Concentration လို့ ပြန်နိုင်ပါတယ်။ Concentration က Wrong concentration, Right concentration အဲသလို ရှိတာကိုး၊ ငါးမျှားတဲ့အခါမှာ သမာဓိတည်နေတာကျတော့ Wrong concentration ပေါ့၊ တရားအားထုတ်တဲ့အခါ သမာဓိတည်နေတာကျတော့ Right concentration ပေါ့။

[စာမျက်နှာ-245]
ဇီဝိတိန္ဒြေ
နံပတ် ၆-က ဇီဝိတိန္ဒြေတဲ့၊ မြန်မာလိုက သဟဇာတ်တရားတို့ကို စောင့်ထိန်းခြင်းသဘော တဲ့၊ သဟဇာတ်တရားဆိုတာက အတူဖြစ်တဲ့ တရားကို သဟဇာတ်တရားလို့ ခေါ်တယ်။ စောင့်ထိန်းတယ်ဆိုတာက ပျက်မသွားအောင်၊ သေမသွားအောင်၊ တည်နေအောင်စောင့်ထိန်းတဲ့ သဘောကို ဒီမှာ ဇီဝိတိန္ဒြေလို့ခေါ်တယ်။

ဇီဝိတိန္ဒြေကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ကြာရိုးထဲမှာရှိတဲ့ရေ နဲ့ ဥပမာပေးတယ်၊ ကြာရိုးထဲမှာရေလေး ရှိနေလို့ ရေကစောင့်ရှောက်ထားလို့ ကြာတွေ လန်းဆန်းနေတယ်၊ ညှိုးမသွားဘူး။ ထို့အတူပဲ ဇီဝိတဆိုတဲ့ နာမ်သဘောတရားက ဖြစ်တဲ့နာမ်တွေ အားလုံးကို သူက စောင့်ရှောက်တယ်၊ တော်ကြာကျတော့ ရုပ်ဇီဝိတဆိုတာ ရှိလိမ့်ဦးမယ်။ ဇီဝိတိန္ဒြေလို့ခေါ်တာပဲ၊ ရုပ်တွေထဲမှာလည်း ဇီဝိတတစ်ခုရှိတယ်၊ နာမ်မှာလည်း ဇီဝိတတစ်ခုရှိတယ်။

ဒီနာမ်ဇီဝိတက နာမ်တရားတွေကို စောင့်ရှောက်တယ်၊ ရုပ်ဇီဝိတက ရုပ်တရားတွေကို စောင့်ရှောက်တယ်၊ ဒါကြောင့်မို့ ဇီဝိတိန္ဒြေဆိုတာ သဟဇာတ်တရားတို့ကို စောင့်ထိန်းခြင်း သဘောတဲ့။ ဒီနေရာမှာ ဇီဝိတိန္ဒြေက သဟဇာတ်တရားတွေကို စောင့်ထိန်းတယ်။ သဟဇာတ်တရားတွေကို ပျောက်ပျက်မသွားအောင် ထောက်ပံ့ထားတယ်၊ ထိန်းထားတယ်၊ ဒါဖြင့် သူ့ (ဇီဝိတိန္ဒြေ) ကိုကော ဘယ်သူက စောင့်ရှောက်လို့ ဘယ်သူက ထိန်းသလဲ။ ဒါတွေကကျမ်းဂန်လာတာတွေချည်းပဲ၊ ဦးဇင်းက လုပ်ကြံပြောတာ မဟုတ်ဘူး၊ သူ့ကိုယ်သူလည်း ထိန်းတာပဲ။ သူများထိန်းရင်း သူ့ကိုသူလည်းထိန်းသွားတာ၊ အဲဒီတော့သူ့ကို ဘယ်သူ ထိန်းသလဲမေးစရာ မလိုတော့ဘူး၊ သူလည်း သူ့ကိုယ်သူပဲထိန်းတယ်၊ သူများထိန်းရင်း သူ့ကိုယ်သူပဲ ထိန်းသွားတယ်။

ဘာနဲ့ ဥပမာပေးသလဲဆိုရင် လှေသမား နဲ့ ဥပမာပေးတယ်၊ ဒီဘက်ကမ်း ဟိုဘက်ကမ်း လှေနဲ့ကူးတော့ သူက လှော်ရတယ် မဟုတ်လား၊ သူများလှော်ပို့ရင်းနဲ့ သူပါရောက်သွားတယ်၊ ပါသွားတယ်၊ အဲဒီ အဓိပ္ပါယ်မျိုး၊ ကျမ်းဂန်မှာ အကုန်လုံးရှိတယ်၊ အထူးစဉ်းစားဖို့တောင် မလိုဘူး၊ နာမ်တရားတို့ကို ပျောက်ပျက်မသွားအောင် စောင့်ရှောက်တတ်တဲ့သဘောကို ဇီဝိတိန္ဒြေ၊ ဇီဝိတိန္ဒြေကို Vital Principle...

[စာမျက်နှာ-246] ...အဲသလို ပြန်တယ်။
မနသိကာရ
နံပတ် (၇) မနသိကာရ၊ ဒီစကားလုံးကို ကြားဖူးကြလိမ့်မယ်ထင်တယ်၊ မနသိကာရဆိုတာ အာရုံ၌ နှလုံးသွင်းခြင်းသဘော၊ မနသိ=စိတ်၌၊ ကာရ=ပြုခြင်း၊ စိတ်၌ပြုခြင်းဆိုတာ စိတ်ထဲကို အာရုံရောက်နေအောင် သို့မဟုတ် အာရုံထဲစိတ်ရောက်နေအောင် အဲသလို Attention လုပ်ပေးတဲ့ သဘောတရားမျိုး၊ သမ္ပယုတ်တရားတွေ အာရုံယူတဲ့အခါ ဖြောင့်ဖြောင့်တန်းတန်းလေး သွားအောင် သူက ထိန်းပေးတဲ့ သဘောမျိုးကို မနသိကာရလို့ ခေါ်တယ်။

ဒီမနသိကာရရရှိမှ အာရုံကိုတကယ်သိတာ၊ မနသိကာရမရှိရင်၊ အာရုံကို မသိဘူး၊ ဒါကြောင့်မို့ ဝီထိပိုင်းကျတော့ လေ့လာရလိမ့်မယ်။ မြင်တဲ့စိတ်ဖြစ်ဖို့ရာ အကြောင်း ၄-မျိုးရှိတယ်၊ မြင်စရာအာရုံလည်းရှိရမယ်၊ မျက်လုံးလည်း ရှိရမယ်၊ အရောင်အဆင်းလည်း ရှိရမယ်၊ နောက်တစ်ခုက attention ရှိရမယ်၊ တစ်ခါတလေ ကိုယ့်ရှေ့ရှိနေပါလျက်နဲ့ ကိုယ်က ဂရုမစိုက်လိုက်လို့ မမြင်လိုက်ဘူး မဟုတ်လား၊ အဲဒါကြောင့်မို့ မနသိကာရမရှိရင် ကြားတာလည်း မကြားဘူး ဆိုပါတော့၊ အဲသလို သဘောတရားမျိုးကို မနသိကာရလို့ ခေါ်တယ်။

ဒီမနသိကာရကို ဘယ်လို ဥပမာပေးသလဲဆိုတော့ ရှေးတုန်းက ဘုရင်တွေ စီးတဲ့ရထားတို့မှာ မြင်း ၄-၅-၆ ကောင်ပါတယ် မဟုတ်လား၊ အဲဒီမြင်းတွေကို အညီအမျှ မြင်းတစ်ကောင်နဲ့ တစ်ကောင်ပိုလွန်မသွားအောင်၊ အညီအမျှသွားအောင် ထိန်းပေးတဲ့ ရထားထိန်း လို မနသိကာရဟာလဲ သမ္ပယုတ်တရားတွေကို အာရုံဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားအောင် သူက ထိန်းသိမ်းပေးတယ်၊ အဲဒီ သဘောတရားမျိုးကို မနသိကာရလို့ခေါ်တယ်။

ဒါတွေဟာ အလွန်သိမ်မွေ့ပြီး ရိုးရိုးလူတွေအနေနဲ့ နာမည်တောင် ပြောနိုင်ဖို့ ခဲယဉ်းပါတယ်၊ ဒါကြောင့်မို့ ရှင်နာဂသိန်က မိလိန္ဒာမင်းကြီးကို ပြောတဲ့အခါမှာ “မင်းကြီး... မြတ်စွာဘုရားဟာ အလွန်ခဲယဉ်းတဲ့အမှုကို ပြုခဲ့တယ်တဲ့၊ ဘာလဲဆိုရင် တစ်ပြိုင်နက်သော ခဏမှာ ဖြစ်နေတဲ့ အာရုံတစ်ခုတည်းယူပြီး ဖြစ်နေတဲ့ ဒီတရားတွေကို ဟောဒါက စိတ်၊ ဟောဒါက ဖဿ၊ ဟောဒါက ဝေဒနာ စသည်ဖြင့် တစ်ခုစီယူပြတာ၊ ဟောတော်မူခဲ့တာဟာ အလွန်ကို ခဲယဉ်းတဲ့လုပ်ငန်းတစ်ခုကို လုပ်တော်မူခဲ့တယ်တဲ့၊ သမုဒ္ဒရာထဲကရေ လက်တစ်ဆုပ်လောက်ကို ယူပြီးတော့ ဒီရေက ဂင်္ဂါမြစ်ကရေပဲ၊ ဒီရေက ယမုံနာမြစ်ကရေပဲလို့ ပြောရတာကမှ လွယ်လိမ့်ဦးမယ်၊ လက်ဆုပ်လက်ကိုင် မရနိုင်တဲ့ နာမ်တရားတွေကို ဒါကဖြင့်စိတ်၊ ဒါက ဖဿ၊ ဒါက ဝေဒနာလို့...

[စာမျက်နှာ-247] ဟောတော်မူခဲ့တာ အလွန်ခဲယဉ်းတဲ့ အမှုကို ပြုတော်မူခဲ့တယ်” လို့ ရှင်နာဂသိန်က မိလိန္ဒမင်းကြီးကို အမိန့်ရှိခဲ့တယ်။ ဒါဟာ အမှန်ပဲ၊ ဘုရားသာ မဟောခဲ့ရင် ကျမ်းဂန်တွေမှာ မပါခဲ့ရင် ဒါတွေသိဖို့ မလွယ်ဘူး။

ကောင်းပြီ၊ ဒီစေတသိက် ၇-ပါးကို ဘာလို့ခေါ်သလဲ၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက်၊ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်၊ စိတ်ဖြစ်တိုင်းဖြစ်တိုင်း ဒီ ၇-ခုကတော့ပါမှာချည်းပဲ၊ မပါလို့ မရဘူး။ ဒါကြောင့်မို့ ဘယ်လိုစိတ်ပဲဖြစ်ဖြစ် ဧကဂ္ဂတာဆိုတဲ့ သဘောလေးကပါတာပဲ။ သူက နည်းနည်းပါတာနဲ့ အားရှိပြီး ပါတာကွာတာ၊ ဧကဂ္ဂတာဆိုတဲ့ သဘောလေးက ပါတော့ပါရတာပဲ၊ ဒါကြောင့်မို့ ဒီသဘောတရားတွေဟာ ဘယ်လိုစိတ်ဖြစ်ဖြစ် ပါနေတာချည်းပဲ။

မေး - အကုန်လုံးပါတာမဟုတ်ပဲနဲ့ ၁-ခုပါရင်ပါမယ်၊ ဒါမှမဟုတ် ၂-ခုလောက် ပါတာမျိုးပါလား။
ဖြေ - မဟုတ်ဘူး၊ ဒီ ၇-ခုစလုံး။

မေး - တစ်ပြိုင်နက်လား။
ဖြေ - ဟုတ်တယ်၊ တစ်ပြိုင်နက်။ နောက်ထပ်လာဦးမယ်၊ တစ်ပြိုင်နက်က သူတင်မကသေးဘူး၊ တခြားဟာတွေက ပါတဲ့အခါပါတယ်၊ မပါတဲ့အခါ မပါဘူး၊ သူတို့ကတော့ပါကိုပါတယ်၊ အမြဲတမ်းပါတယ်၊ ဒီ chart မှာ ပြထားတာ စိတ်စေတသိက် ယှဉ်တာ အကျယ်ပြထားတယ်၊ detail ပဲ။
ပကိဏ်းစေတသိက်
ကောင်းပြီးမှ နောက်အုပ်စုနာမည်က ပကိဏ်းစေတသိက် တဲ့၊ ပကိဏ်းဆိုတာ ရောရောနှောနှော ယှဉ်တာ၊ ပြိုးပြွမ်းယှဉ်တာကို ပကိဏ်းခေါ်တယ်။ ဆိုလိုတာက သူတို့က ကောင်းတဲ့စိတ်နဲ့လည်းယှဉ်မယ်၊ မကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်၊ သို့သော် အကုန်လုံးနဲ့ မယှဉ်ဘူး၊ တချို့နဲ့ယှဉ်မယ်၊ တချို့နဲ့မယှဉ်ဘူး၊ အဲဒီလို စေတသိက်ကို ပကိဏ်းစေတသိက်လို့ခေါ်တယ်၊ ပါဠိလိုကျတော့ ပကိဏ္ဏက လို့ရှိတယ်၊ အဲသလို ပကိဏ်းစေတသိက် ၆-ပါး။ ဒီစေတသိက်ကျတော့ စိတ်တိုင်းနဲ့ မယှဉ်တော့ဘူး၊ ယှဉ်တဲ့စိတ်နဲ့ယှဉ်မယ်၊ မယှဉ်တဲ့စိတ်တွေလည်း ရှိလိမ့်မယ်။
ဝိတက်
ကောင်းပြီ၊ နံပတ် ၈-က ဝိတက်တဲ့၊ ဝိတက်ဆိုတာ သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်းသဘော...

[စာမျက်နှာ-248] စိတ်ကို အာရုံရောက်အောင် ဒီဝိတက်က ခေါ်ခေါ်သွားတာ၊ ဝိတက်ရှိလို့ ဝိတက်ခေါ်ခေါ်သွားလို့ စိတ်က ဟိုအာရုံရောက်လိုက်၊ ဒီအာရုံရောက်လိုက်နဲ့၊ ဒါကြောင့်မို့ စိတ်ကူးတွေများပြီးတော့ အိပ်မပျော်ရင်ပြောလေ့ရှိတယ်၊ ဝိတက်များလို့ အိပ်မပျော်ဘူးလို့၊ ဝိတက်များလိုက်တာနဲ့။ ဝိတက်ဆိုတာ စိတ်ကို အာရုံဆီသို့ ခေါ်ခေါ်သွားတတ် ပို့ပို့ပေးတတ်တယ်၊ တင်တင်ပေးတတ်တယ်၊ သူ့ကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ သူက မြို့သား ပေါ့။ တောသားတစ်ယောက်က မြို့လာတော့ ဟိုဟိုဒီဒီ မသွားတတ်ဘူးဆိုပါတော့၊ မသွားတတ်တော့ သူ့ကို ခေါ်ခေါ်သွားတယ်။

ကျမ်းဂန်ထဲမှာပါတဲ့ ဥပမာနဲ့ ပြောရမယ်ဆိုရင်တော့ ရှင်ဘုရင်ဆီလာတဲ့၊ ရှင်ဘုရင်ဆီ မရောက်ဖူးတဲ့ တောသားကို ရောက်ဖူးတဲ့ မြို့သားက ခေါ်သွားမှ တောသားက ရှင်ဘုရင်ဆီရောက်ရတယ်။ အဲသလိုပဲ ဝိတက်က ခေါ်သွားတဲ့အတွက်ကြောင့် စိတ်ဟာအာရုံပေါ် ရောက်သွားတယ်၊ ဒါကြောင့်မို့ အာရုံသို့ တင်ပေးခြင်းသဘော၊ တင်ပေးတယ်လို့သုံးတယ်။

မေး - ဝိတက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။
ဖြေ - ဝိတက်ကို Initial application လို့ပြန်တယ်။ အမှန်တော့ Initial application of mind ပေါ့၊ သူက စစချင်းမှာ စိတ်ကို အာရုံပေါ်တင်ပေးတာ၊ ဝိတက်အကြောင်းက ဈာန်အင်္ဂါတွေမှာတုန်းက ပြောခဲ့ပြီးပြီ၊ အဲဒါ ဝိတက်သဘော။
ဝိစာရ
နောက်တစ်ခုက ဝိစာရ၊ ဝိစာရဆို အာရုံ၌ သမ္ပယုတ်တရားတို့ကို သုံးသပ်စေခြင်းသဘော၊ သုံးသပ်စေခြင်းသဘောဆိုတာ အဲဒီအာရုံပေါ်မှာပဲ ထပ်ကာထပ်ကာ ဖြစ်စေခြင်းသဘောလို့ ဆိုလိုတယ်။ ဝိတက်က အဲဒီစိတ်ကို အာရုံပေါ်မှာ ရစ်ဝဲနေအောင် တင်ပေးလိုက်တယ်။ အာရုံနဲ့ စပ်ဟပ်နေအောင် ဝိစာရက လုပ်ပေးတယ်၊ အဲသလို ဝိစာရရဲ့ သဘောက သမ္ပယုတ်တရားတို့ကို အာရုံ၌ သုံးသပ်စေခြင်းသဘော၊ ဒါက ဝိတက်ဝိစာရ နှစ်ခုတို့ရဲ့ အထူးကိုနားလည်ရမယ်၊ သူ့ကို Sustained application လို့ အင်္ဂလိပ်လို ပြန်ရမယ်။ ဝိတက်ကို Initial application၊ ဝိစာရကို Sustained application။

[စာမျက်နှာ-249] အဲဒီတော့ ဝိတက်၊ ဝိစာရဟာ တစ်ပြိုင်နက်ဖြစ်တာ၊ စိတ်တစ်ခုမှာ ဝိတက်ပြီးမှ ဝိစာရဖြစ်တာ မဟုတ်ဘူး၊ တစ်ပြိုင်နက်ဖြစ်တာဆိုတော့ ဘယ်လိုလုပ်ပြီး အထူးကို နားလည်အောင်လုပ်ရမလဲ၊ သိရမလဲဆိုတော့ ဥပမာလေးတွေ ရှိလာတယ်။

ဥပမာ - ခေါင်းလောင်းတစ်ခုကို တီးလိုက်တဲ့အခါ ပထမအသံထွက်တယ်၊ ထွက်ပြီးတဲ့နောက် ညည်းသံပေါ်လာတယ်၊ ဝိတက်က ပထမတီးလို့ ထွက်လာတဲ့ အသံနဲ့တူတယ်၊ ဒေါင်ကနဲမြည်တဲ့အသံ၊ ဝိစာရက နောက်ကလိုက်ညည်းတဲ့အသံ၊ ဖလားတစ်ခု တီးကြည့်ရင်သိတယ်၊ အဲသလို ဝိစာရက နောက်လိုက်သဘောမျိုး ဖြစ်တယ်ပေါ့လေ၊ ဒါပေမယ့် ဖြစ်တာတော့ တစ်ပြိုင်နက်သောခဏမှာဖြစ်တာ။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ငှက် ဟာကောင်းကင်ပျံတက်ချင်တဲ့အခါ ကျတော့ ပထမအတောင်ခတ်ပြီး နည်းနည်းပါးပါးသွားလိုက်ရသေးတယ်၊ ပြီးတော့ ကောင်းကင်ပေါ်ထိုးတက်သွားပြီး ဝဲတယ်၊ ဝိတက်က ဘာနဲ့တူသလဲဆိုတော့ အတောင်ခတ်ပြီး ထပျံတာနဲ့တူတယ်၊ ဝိစာရက ကောင်းကင်မှာဝဲနေတာနဲ့တူတယ်။

နောက်တစ်နည်းကတော့ ပျားပိတုန်း ဟာ ပဒုမ္မာကြာဆီသို့ စိုက်ထိုးသွားတာ၊ ဝိတက်က အဲဒါနဲ့တူတယ်၊ ကြာပွင့်နားရောက်တော့ ကြာပွင့်ပေါ်မှာ ပျားပိတုန်းက ရစ်ဝဲနေတာပေါ့လေ၊ အဲဒါက ဝိစာရနဲ့တူတယ်၊ အဲဒီလို ဝိတက်နဲ့ ဝိစာရအထူးကို ဒီလို နားလည်အောင် လုပ်ရမယ်တဲ့။ နာမ်သဘောတရားဟာ တော်တော်သိမ်မွေ့တော့ ဒီလိုပုံစံနဲ့မမှတ်ရင် နားလည်ဖို့တော်တော်ခဲယဉ်းတယ်၊ နောက်တစ်ခုရှိသေးတယ်။

နောက်တစ်ခုက ဘာလဲဆိုတော့ ခွက်တစ်ခုမည်းနေလို့ ပွတ်တိုက်ဆေးကြောတာ၊ လက်တစ်ဖက်နဲ့ ကျကျနန ဆုပ်ကိုင်ပြီး နောက်လက်တစ်ဖက်နဲ့ ပွတ်တိုက်ဆေးတယ်၊ ဝိတက်က ဆုပ်ကိုင်တဲ့ လက်နဲ့ တူတယ်၊ ဝိစာရက ပွတ်တိုက်ဆေးတဲ့ လက်နဲ့တူတယ်။ အဲဒီတော့ ဝိတက်နဲ့ဝိစာရဟာ အာရုံကို တစ်မျိုးစီနှယ်နေကြတာပါပဲ။ အာရုံကို တွေ့တော့ ဝိတက်က အာရုံပေါ်တင်ပေးတယ်၊ ဝိစာရက အာရုံပေါ်မှာ နေတယ်။

ကောင်းပြီ၊ ဝိတက်က အာရုံခေါ်တင်ပေးတယ်ပြောတယ်၊ ဒါဖြင့် ဝိတက်မယှဉ်တဲ့စိတ်တွေ ရှိသေးတယ်၊ အဲဒါကျတော့ ဘယ်လိုလဲ၊ အခုနားထောင်ထားတဲ့အတိုင်း ဆိုရင် ဝိတက်ပါမှသာ စိတ်ဟာအာရုံပေါ်ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ် မဟုတ်လား၊ ဒါပေမယ့် ဝိတက်က ပကိဏ်းစေတသိက်ဆိုတော့ တချို့စိတ်တွေမှာ မယှဉ်ဘူး၊ ဝိတက်မယှဉ်တဲ့ စိတ်တွေဟာ အဟိတ်စိတ်ထဲက မြင်စိတ် ကြားစိတ်တွေ...

[စာမျက်နှာ-250] စသည်ပေါ့၊ ဘာကြောင့်တုန်းဆိုရင် မလိုအပ်လို့၊ အာရုံနဲ့ အခံနဲ့ ထိခိုက်မှု Impact က အားကြီးတဲ့အတွက်ကြောင့် သူ (ဝိတက်) တင်ပေးဖို့ မလိုဘူး၊ သူမတင်ပေးဘဲနဲ့ စိတ်က အလိုလို ရောက်နိုင်တော့တယ်၊ သူမလိုဘူး၊ အဲဒါကြောင့် အာရုံနဲ့ ဝတ္ထုထိခိုက်မှု အားကြီးတာကြောင့် ဝိတက်တင်ပေးစရာ မလိုဘူး၊ ဒါကြောင့် ဝိတက်က အဲဒီမှာ မယှဉ်ဘူး။

ဝိတက်မယှဉ်တဲ့ ဈာန်စိတ်တွေ ရှိသေးတယ်၊ ဒုတိယဈာန်စိတ်၊ တတိယဈာန်စိတ်မှာ ဝိတက်မယှဉ်ဘူး၊ အဲဒါကျတော့ ဘာဝနာရဲ့ အစွမ်းပေါ့၊ စိတ်ရဲ့ Will power ပေါ့၊ အဲဒါကတော့ ဝိတက်ကို မလိုချင်တာ၊ ယောဂီပုဂ္ဂိုလ်ဟာ ဝိတက်ကို မဖြစ်စေချင်တာ၊ မပေါ်လာစေချင်တာ၊ သူမပေါ်လာစေချင်တော့ သူဈာန်ရတဲ့အခါ မပေါ်ဘူးပေါ့။ အဲဒါကျတော့ ဝိတက်နဲ့တုန်းက သွားလာနေကျဖြစ်တော့ ရင်းနှီးသွားပြီး နောင်ဝိတက်မပါဘဲနဲ့ အာရုံတက်နိုင်တဲ့ အဓိပ္ပါယ်ပေါ့လေ။

တောတွင်းသားဟာ ပထမတစ်ကြိမ်တော့ မြို့သားကို လက်ဆွဲပြီးနောက်က လိုက်ရတာပေါ့၊ နောက်တစ်ခါကျတော့ “မင်းအရေးမကြီးတော့ဘူး၊ ငါ့ဘာသာ သွားတော့မယ်” ဆိုသလိုပဲ၊ အဲဒီနည်းနဲ့ စိတ်ဟာအာရုံပေါ်ရောက်နိုင်တယ်၊ အဲဒါက ဝိစာရတဲ့။
အဓိမောက္ခ
နောက်တစ်ခုက အဓိမောက္ခ၊ အဓိမောက္ခဆိုတာ အာရုံကို ဆုံးဖြတ်ခြင်းသဘော၊ အာရုံကို “ဒီအာရုံပဲ” လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခြင်းသဘောကို အဓိမောက္ခလို့ ခေါ်တယ်၊ ဒါက နာမည်အထူး မရှိပါဘူး၊ Decision ပဲ။ အဓိမောက္ခက အာရုံကို ဆုံးဖြတ်ခြင်း၊ သူက ခိုင်မြဲတယ်၊ ဒါကြောင့် သူ့ကို ဘာနဲ့ နှိုင်းသလဲဆိုတော့ တံခါးတိုင်ကြီး နဲ့နှိုင်းတယ်၊ ရှေးတုန်းကမြို့တံခါးကို ခိုင်ခိုင်မာမာ ခပ်ကြီးကြီးလုပ်ရတယ်။ အဲသလို တံခါးတိုင်ကြီးခိုင်မြဲသလို သူကလဲပဲ အာရုံမှာ မတုန်မလှုပ် တည်အောင်လုပ်နိုင်တဲ့တရား၊ အဓိမောက္ခတဲ့ ဆုံးဖြတ်ခြင်းသဘော။
ဝီရိယ
ဝီရိယတဲ့၊ သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော၊ ဝီရိယရှိလို့ သမ္ပယုတ်တရားတွေက တည်တည်တံ့တံ့ ဖြစ်နေတာ၊ ဝီရိယလျော့သွားတာနဲ့ တစ်ပြိုင်နက် အလုပ်မလုပ်ချင်တော့ဘူး၊ အဲသလိုမျိုးပေါ့၊ သူ့ကို Energy လို့ ပြန်တယ်၊ Effort လို့ ပြန်တယ်။
မေး - ဝီရိယရှိတာနဲ့ Industrial ဖြစ်တာနဲ့ တူပါသလား။

[စာမျက်နှာ-251] ဖြေ - တူပါတယ်၊ ဒါပေမယ့် ဒီမှာ အခုပြောနေတဲ့ဝီရိယက နာမ်စိတ်ထဲမှာဖြစ်နေတဲ့ ဝီရိယ၊ သူက တိုက်တွန်းတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကထပြီး လုပ်တယ်ဆိုပါတော့၊ ဒါကို ကာယိကဝီရိယ လို့ ခေါ်တာရှိတယ်၊ ဒါက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုပါပဲ၊ ဝီရိယစေတသိက် မဟုတ်ဘူး၊ ဝီရိယစေတသိက်ကြောင့် ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်မှု၊ ကာယိကဝီရိယလို့တော့ခေါ်တယ်။ ဒီမှာ အခုခေါ်နေတဲ့ ဝီရိယက နာမ်ဝီရိယ၊ စိတ်ထဲမှာ ရှိနေတဲ့ ဝီရိယ၊ ဒါကြောင့်မို့ ဒီဝီရိယမပါရင် ဘာမှ လုပ်လို့မဖြစ်ဘူး၊ တရားထိုင်တဲ့အခါ ဝီရိယလေးနဲ့ လုပ်မှစိတ်ဟာ အာရုံပေါ်ရှိတာ၊ ဒီလို မဟုတ်ရင် စိတ်က ဟိုရောက်ဒီရောက် ရောက်နေတာ၊ နည်းနည်းလေး ဂရုစိုက်လိုက်မှ စိတ်က အာရုံပေါ်ပြန်ရောက်လာတာ၊ ဝီရိယလေးလျော့ရင် သွားပြန်ရော၊ အဲသလိုပေါ့။

မေး - ဒီဥစ္စာတွေက တရားထိုင်တဲ့အခါမှတ်ရမှာလား၊ နားလည်ရမှာလား။
ဖြေ - မဟုတ်ပါဘူး၊ တစ်ခါတစ်ခါ သိသိလာလိမ့်မယ်၊ ဒါလေးတွေကို မြင်မြင်လာလိမ့်မယ်။

မေး - မြင်လာတဲ့အခါ သိလာတဲ့အခါ မှတ်ရမှာလား။
ဖြေ - ဟုတ်တယ်၊ သူ့ကို ရှာနေဖို့ မလိုဘူး၊ နေ့တိုင်း ဘဝမှာလည်း ဒါတွေကို တွေ့နေရမှာပဲ။

မေး - တွေ့တဲ့အခါမှာ ကိုယ်က Analyze လုပ်ရမှာလား။
ဖြေ - တရားအားထုတ်တဲ့အခါမှာ မလုပ်ရဘူး၊ တရားအားထုတ်တဲ့ အခါမှာ ဒါလေးသိအောင် မှတ်တာပဲရှိတယ်၊ Analyze မလုပ်ဘူး၊ You do not speculate, you just be mindful၊ ဦးဇင်းတော့ ဒါပဲ Emphasize လုပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ Analyze လုပ်မယ်၊ You make Judgment ဆိုရင် Distraction ဖြစ်သွားမယ်၊ မူလကမ္မဋ္ဌာန်း အာရုံကနေ တခြားရောက်သွားမယ်၊ စိတ်ကိုကမ္မဋ္ဌာန်းအာရုံမှာပဲ တတ်နိုင်သမျှ ထားချင်တာကိုး၊ အဲဒီတော့ ဟိုရောက် ဒီရောက် မစဉ်းစားဘူး၊ မြင်တာလေးကိုပဲ မြင်တယ်လို့ မှတ်လိုက်တယ်၊ သိရင်လည်း သိတယ်လို့ပဲ မှတ်လိုက်တယ်၊ ဒီအာရုံဟာ ဘယ်ကလာတာပါလိမ့်မလဲ၊ ဘာတွေနဲ့ ပေါင်းစပ်ထားတာပါ လိမ့်မလဲ၊ ဒါတွေဘာမှ မစဉ်းစားဘူး၊ အဲသလိုမျိုး။
ပီတိ
ပီတိတဲ့၊ အဲဒီပီတိကမှ ခက်တာ၊ ဒါကြောင့်မို့ ဦးဇင်းက တပည့်တွေကို ပြောတာ၊ အဘိဓမ္မာစကားပြောရင် ပါဠိကို ဘယ်တော့မှ လွှတ်လို့မရဘူး၊ သို့မဟုတ်...

[စာမျက်နှာ-252] ...ဗုဒ္ဓဘာသာအကြောင်းပြောရင်လည်း အတူတူပဲ။ ပီတိကို အင်္ဂလိပ်လိုပြန်တဲ့နေရာမှာ Joy လို့လည်းပြန်တယ်၊ နောက်တစ်ခုက Happiness၊ နောက်တစ်ခုက Zest၊ နောက်တစ်ခုက Rapture၊ နောက်တစ်ခုက Pleasurable interest၊ အဲသလို...

မေး - တပည့်တော်ထင်တာ ပီတိဟာ Satisfaction လို့ ထင်တာ၊ ကိုယ့်စိတ် ကျေနပ်သွားတာ၊ နှစ်သက်သွားတာလို့ ယူဆပြီး Satisfy ထင်မိတာ။
ဖြေ - ဒါလည်း မဆိုးပါဘူး၊ အဲသလို ဖြစ်နေတဲ့အတွက်ကြောင့် ပီတိကို အင်္ဂလိပ်လို တစ်လုံးတည်းပြန်လို့ မရတော့ဘူး၊ တချို့ကလည်း Happiness လို့ ပြန်တယ်၊ တချို့က Joy လို့ ပြန်တယ်၊ တချို့က Rapture လို့ပြန်တယ်။

ကောင်းပြီ၊ ပီတိက ဘာသဘောလဲဆိုတာ လေ့လာစဉ်းစားရမယ်၊ ပီတိဟာ အာရုံကို နှစ်သက်ခြင်းသဘော၊ အာရုံကို နှစ်သက်ခြင်းသဘောဟာဘာလဲ ဆိုတော့ သူက အာရုံကိုမခံစားဘူးနော်၊ နှစ်သက်တယ်ဆိုပေမယ့် ခံစားတာ မဟုတ်ဘူး၊ ခံစားတာက ဝေဒနာက ခံစားတာ၊ ပီတိက နှစ်သက်တာ။ အဲဒါကြောင့်မို့ နည်းနည်းလေး မတူဘဲ ထူးခြားကွဲပြားသွားတာ၊ အဲဒါကြောင့် ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ပီတိနဲ့သုခဆိုပါတော့၊ သုခက အကောင်းခံစားတာ၊ ချမ်းသာခံစားတဲ့ ဝေဒနာ၊ အဲဒါကတော့ ခံစားမှုဝေဒနာ၊ ပီတိက ဝေဒနာထဲ မပါဘူး၊ ပီတိက Pleasurable interest ဆိုတာနဲ့တော်တော်နီးစပ်တယ်၊ အဲဒီ စကားက ရှည်တော့ရှည်တယ်၊ ဒါပေမယ့် အဲဒါက ပိုကောင်းတယ်။

ပီတိနဲ့သုခ အထူးကိုပြောတဲ့နေရာမှာ စိတ်ပိုင်းတုန်းက ပြောခဲ့ဖူးတယ်၊ သဲကန္တာရခရီးသွားလို့ မောပန်းပြီးချွေးတွေသံတွေထွက်တဲ့အခါ ဘယ်နား အိုအေစစ်လေး ရှိပါ့မလဲလို့ လူတစ်ယောက်နဲ့တွေ့လို့ မေးတဲ့အခါ ရှေ့တစ်မိုင်လောက်မှာ ရှိတယ်လို့ ပြောတယ်။ အဲဒီစကားကြားရတဲ့အချိန်ကစပြီး သူ့စိတ်ဟာ နှစ်သက်မှု Interest ဖြစ်သွားပြီ၊ အဲဒါဟာ ပီတိ။ သွားရင်းသွားရင်း ရေကန်တွေ၊ သစ်ပင်တွေ မြင်ရပြီ၊ အဲဒီအထိ ပီတိအဆင့်ပဲရှိသေးတယ်၊ အဲဒီရောက်လို့ ရေတွေသောက်၊ ချိုးသုံးပြီး သစ်ပင်အောက်မှာ အေးအေးလူလူ အနားယူတဲ့ အချိန်ကျတော့ သုခ (ခံစားမှု) ရောက်သွားပြီ။

ခံစားမှု မရောက်သေးခင်ဟာ ပီတိ၊ ခံစားတဲ့အခါကျတော့ သုခ၊ ဒါပေမယ့်နော်၊ ပီတိနဲ့ သုခဟာ တစ်ပြိုင်နက်တည်း ဖြစ်တဲ့စိတ်တွေအများကြီးရှိတယ်၊ အဲဒီတော့...

[စာမျက်နှာ-253] ...သူ့သဘောနဲ့သူပဲ၊ Interest ဖြစ်ရုံက ပီတိပဲ၊ သုခက သူ့ဘာသာ ခံစားလိမ့်မယ်၊ အဲဒီတော့ အာရုံကိုနှစ်သက်ခြင်း သဘောလို့ပဲ မှတ်ရမယ်၊ မြန်မာလိုလည်း ပီတိဖြစ်နေတယ်လို့ ပြောလေ့ရှိတယ် မဟုတ်လား၊ ဒါလည်းမဆိုးဘူး၊ သဘောကျနေတာပေါ့။

အဲဒီပီတိက ၅-မျိုးရှိတယ်-
၁။ ခုဒ္ဒကပီတိ - အငယ်စားပီတိ၊ ကြက်သီးမွေးညင်းထရုံလောက်။
၂။ ခဏိကပီတိ - တစ်ခဏမျှ သိမ့်ကနဲ ဖြစ်သွားတာ။
၃။ ဩက္ကန္တိကပီတိ - လှိုင်းတံပိုးရိုက်သလို ဝုန်းကနဲဖြစ်တာ။
၄။ ဥဗ္ဗေဂပီတိ - ထပျံနိုင်လောက်အောင် အားကြီးတဲ့ပီတိ။
၅။ ဖရဏာပီတိ - တစ်ကိုယ်လုံး ပျံ့နှံ့သွားတဲ့ပီတိ။

ဥဗ္ဗေဂပီတိ နဲ့ ပတ်သက်ပြီး ရှေးက ဝတ္ထုရှိတယ်၊ မိန်းကလေးတစ်ယောက်ဟာ ကိုယ်ဝန်ရှိနေတယ်၊ အဲဒီနေ့က ဘုရားပွဲရှိတယ်၊ မိဘတွေက ဘုရားပွဲကို မလိုက်ခဲ့နဲ့ပြောတယ်၊ ဘုရားပွဲက ခပ်လှမ်းလှမ်းမှာဆိုတော့ ဘုရားပွဲက ရှိခိုးနေသံတွေ အိမ်က ကြားနေရတယ်၊ သူကလည်း သဒ္ဓါတရားရှိတဲ့ မိန်းကလေးဆိုတော့ အဲဒီအသံတွေကြားရင်း ဘုရားကို အာရုံပြုနေလိုက်တာပေါ့။ အဲသလို အာရုံပြုနေလိုက်တာ အဲဒီပီတိဖြစ်ပြီး ပီတိအစွမ်းကြောင့် ကောင်းကင်မှာပျံပြီး ဘုရားပွဲကို သူ့အိမ်က လူတွေထက်အရင်ရောက်နေတယ်၊ သူ့မိဘတွေ ရောက်သွားတဲ့အခါ တွေ့ပြီး ဘယ်လိုရောက်လာသလဲလို့မေးတော့ သူက ဘယ်လို ရောက်လာတယ်ဆိုတာ ပြောပြတယ်၊ ပီတိဟာ အဲသလို ခုန်ပျံနိုင်တယ်။

အဲဒီတော့ တရားထိုင်တဲ့အခါမှာ အဲဒီပီတိဖြစ်တတ်တယ်၊ အကြာကြီးတော့ မခုန်ဘူး၊ သို့သော် ရွေ့တယ်၊ ထိုင်လျက်ကြီးနဲ့ ဟိုရွေ့သွား ဒီရွေ့သွား၊ အဲသလို ဖြစ်တတ်တယ်။ အဲသလို ပီတိသဘောရှိတယ်။ နောက်တစ်ခုကတော့ ဝါဂွမ်းဆီထိသလို တစ်ကိုယ်လုံး ပျံ့နှံ့သွားတဲ့ ဖရဏာပီတိ မျိုး၊ ပီတိ ၅-မျိုးရှိတယ်၊ ၅-မျိုးစလုံးလိုလိုပဲ တရားထိုင်ရင် တွေ့ရမယ်၊ ကံကောင်းလာရင်ပေါ့လေ။

[စာမျက်နှာ-254] တော့တွေ့လာတယ်၊ ပီတိကို နှစ်သက်ခြင်းလို့ပဲ မြန်မာလို မှတ်ထားလိုက်ပါ။
ဆန္ဒ
နောက်တစ်ခုက ဆန္ဒ၊ ဆန္ဒဆိုတာ မြန်မာစကားဖြစ်နေပါပြီ၊ ဆန္ဒဆိုတာ ပြုလိုကာမျှသဘော၊ လိုလားခြင်းသဘော၊ ပြုလိုကာမျှလေးပဲ၊ သူက လောဘနဲ့ နီးစပ်တယ်၊ သို့သော် မတူဘူး။ ဆန္ဒက အရာဝတ္ထုကို ကောက်ကိုင်ချင်ရုံမျှ သဘောလေး၊ အရာဝတ္ထုကို ယူချင်ရုံမျှ သဘောလေး၊ အရာဝတ္ထုအပေါ်မှာ တွယ်တာငြိကပ်မှု မရှိဘူး၊ အဲဒီလို သဘောကို ဆန္ဒလို့ခေါ်တယ်၊ လောဘနဲ့မတူဘူး၊ လောဘကျတော့ တွယ်တာငြိကပ်မှုပါသွားပြီ၊ လိုချင်သွားပြီ၊ ငြိကပ်တွယ်တာမှုနဲ့ ယှဉ်သွားပြီ။

ဆန္ဒက ပြုချင်တာ၊ ပြုလိုကာမျှလေးပဲ ခေါ်တယ်၊ သူတို့ဥပမာ ပေးတာက လေးသမား လေးပစ်တဲ့အခါကျတော့ မြှားကောက်ဆွဲယူတယ်၊ မြှားယူတာဟာ ယူချင်ရုံမျှပဲ၊ မြှားအပေါ်မှာဘာမှတွယ်တာမှုမရှိဘူး၊ ပစ်တော့ပစ်မှာပဲ၊ အဲဒီလို ဟာမျိုးကို ဆန္ဒလို့ခေါ်တယ်။

မေး - ဆန္ဒကို အင်္ဂလိပ်လို ဘယ်လိုပြန်ပါသလဲ။
ဖြေ - ဆန္ဒကို အင်္ဂလိပ်လို ပြန်ရတာခက်တယ်၊ conation လို့ပြန်တယ်၊ အမှန်တော့ Desire ပါပဲ၊ ဒါပေမယ့် အခုခေတ်က Desire လို့ ပြောလိုက်ရင် လောဘနဲ့ပါတာချည်းလို့ယူဆသွားတတ်ကြတယ်၊ အဲဒါကြောင့် Desire လို့ ပြောရတာတော်တော်ခက်တယ်၊ အင်္ဂလိပ်လို ပြန်တာ Conation လို့ ပြန်တယ်၊ ဆန္ဒနဲ့လောဘမတူဘူး၊ လောဘကိုတော်တော် ကြာတွေ့မယ်။

မေး - လောဘက ပိုပြင်းတာပေါ့။
ဖြေ - လောဘကကပ်ငြိမှုပါတယ်၊ ဆန္ဒကကပ်ငြိမှုမပါဘူး၊ လောဘက Attraction များတာပေါ့။

ဒါကြောင့်မို့ဆန္ဒက ကုသိုလ်ဆန္ဒလည်းဖြစ်နိုင်တယ်၊ အကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူကအကုသိုလ်စိတ်မှာလည်း ယှဉ်နိုင်တယ်၊ သို့သော် ပါဠိမှာကျတော့ ဆန္ဒဆိုတဲ့စကားလုံးဟာ တစ်ခါတလေ ဒီဆန္ဒကိုပဲ ဆိုလိုတယ်၊ တစ်ခါတလေကျတော့ ကာမစ္ဆန္ဒ လို့ ခေါ်တာရှိတယ်၊ ကာမဆန္ဒကို ကာမစ္ဆန္ဒ ခေါ်တဲ့အခါကျတော့ လောဘ။

[စာမျက်နှာ-255] တရားလိုလားတယ်၊ တရားအလိုရှိတယ်ဆိုတော့ ဓမ္မစ္ဆန္ဒ ပေါ့၊ ဓမ္မဆန္ဒ၊ သို့မဟုတ် ကုသလဆန္ဒ၊ ကုသိုလ်ဘက်က ကောင်းတဲ့အလို၊ ကာမဂုဏ်ဘက်က ပြောရင် ကာမစ္ဆန္ဒ။ နောင်အခါမှာ ဈာန်တို့ တရားထိုင်တဲ့အခါမှာ ပယ်ရမယ့် နီဝရဏတရားတွေထဲမှာ ကာမစ္ဆန္ဒပါတယ်၊ ကာမစ္ဆန္ဒဆိုတာဘာလဲဆိုတော့ လောဘပဲ၊ လောကီအာရုံ ကာမဂုဏ်တွေမှာ တွယ်တာငြိကပ် နှစ်သက်နေတာကို ကာမစ္ဆန္ဒခေါ်တယ်၊ အခု ဒီမှာ ဆန္ဒကတော့ Both ပေါ့၊ ကုသိုလ်ဘက်လည်းဖြစ်နိုင်တယ်၊ အကုသိုလ်ဘက်လည်း ဖြစ်နိုင်တယ်။

ကောင်းပြီ၊ ဒီစေတသိက် ၆-ပါးကို ပကိဏ်းစေတသိက် ၆-ပါး လို့ခေါ်တယ်၊ ပကိဏ်းဆိုတာ ရောရောနှောနှောယှဉ်တာ၊ ရောရောနှောနှော ယှဉ်တယ်ဆိုတာ အမှန်ကတော့ ယှဉ်တဲ့စိတ်မှာ ယှဉ်တယ်၊ မယှဉ်တဲ့စိတ်မှာ မယှဉ်ဘူးလို့ ဆိုလိုတာပါပဲ။ ပြိုးပြွမ်းယှဉ်တယ်လို့ ရှေးက စကားသုံးကြတယ်။ အင်္ဂလိပ်လို ပကိဏ်းကို Particular တဲ့၊ သဗ္ဗစိတ္တသာဓာရဏကတော့ Common to all ပေါ့လေ။

အဲဒီ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးနဲ့ ပကိဏ်းစေတသိက် ၆-ပါး နှစ်ခုပေါင်းလိုက်တဲ့ ၁၃-ပါးကို အညသမာန်းစေတသိက် လို့ ခေါ်တယ်။ စေတသိက် ၁၃-ပါး။ နောက်ထပ် အကုသိုလ်စေတသိက် ၁၄-ပါး၊ ဒါလည်းလာရလိမ့်မယ်၊ နားလည်သွားဖို့အရေးကြီးတယ်၊ ကြာချင်ကြာပါစေ။

အကုသိုလ်စေတသိက် ၁၄-ပါး
၁၄။ မောဟ - အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းသဘော။
၁၅။ အဟိရိက - ဒုစရိုက်မှ မရှက်ခြင်းသဘော။
၁၆။ အနောတ္တပ္ပ - ဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော။
၁၇။ ဥဒ္ဓစ္စ - စိတ်၏ မငြိမ်သက်ခြင်း ပျံ့လွင့်ခြင်းသဘော။
၁၈။ လောဘ - အာရုံ၌ လိုချင်ကပ်ငြိခြင်းသဘော။
၁၉။ ဒိဋ္ဌိ - မှားမှားယွင်းယွင်း သိခြင်း (အယူမှားခြင်း) သဘော။
၂၀။ မာန - ထောင်လွှားတက်ကြွခြင်းသဘော။

[စာမျက်နှာ-256] ၂၁။ ဒေါသ - ခက်ထန်ကြမ်းတမ်းခြင်းသဘော။
၂၂။ ဣဿာ - သူတစ်ပါး စည်းစိမ်ကို ငြူစူခြင်းသဘော။
၂၃။ မစ္ဆရိယ - မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုခြင်းသဘော။
၂၄။ ကုက္ကုစ္စ - ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့၌ နောင်တတစ်ဖန် ပူပန်ခြင်းသဘော။
၂၅။ ထိန - စိတ်၏ ထိုင်းမှိုင်းခြင်းသဘော။
၂၆။ မိဒ္ဓ - စေတသိက်တို့၏ ထိုင်းမှိုင်းခြင်းသဘော။
၂၇။ ဝိစိကိစ္ဆာ - ဘုရားစသော အာရုံ၌ ယုံမှားခြင်းသဘော။

သောဘနစေတသိက် ၂၅-ပါး

သောဘနသာဓာရဏစေတသိက် ၁၉-ပါး
၂၈။ သဒ္ဓါ - ဘုရားစသော အာရုံ၌ ယုံကြည်ခြင်းသဘော။
၂၉။ သတိ - ဘုရားစသော အာရုံ၌ အမှတ်ရခြင်းသဘော။
၃၀။ ဟီရိ - ဒုစရိုက်မှ ရှက်ခြင်းသဘော။
၃၁။ ဩတ္တပ္ပ - ဒုစရိုက်မှ ကြောက်လန့်ခြင်းသဘော။
၃၂။ အလောဘ - အာရုံ၌ မကပ်ငြိ မလိုချင်ခြင်းသဘော။
၃၃။ အဒေါသ - မခက်ထန် မကြမ်းတမ်းခြင်းသဘော။
၃၄။ တတြမဇ္ဈတ္တတာ - အာရုံ၌သမ္ပယုတ်တရားတို့ကိုလျစ်လျူရှုစေခြင်းသဘော။
၃၅။ ကာယပဿဒ္ဓိ - စေတသိက်တို့၏ ငြိမ်းခြင်းသဘော။
၃၆။ စိတ္တပဿဒ္ဓိ - စိတ်၏ငြိမ်းခြင်းသဘော။
၃၇။ ကာယလဟုတာ - စေတသိက်တို့၏ ပေါ့ခြင်းသဘော။
၃၈။ စိတ္တလဟုတာ - စိတ်၏ ပေါ့ခြင်းသဘော။
၃၉။ ကာယမုဒုတာ - စေတသိက်တို့၏ နူးညံ့ခြင်းသဘော။
၄၀။ စိတ္တမုဒုတာ - စိတ်၏ နူးညံ့ခြင်းသဘော။
၄၁။ ကာယကမ္မညတာ - စေတသိက်တို့၏ အမှု၌ ကောင်းခြင်းသဘော။
၄၂။ စိတ္တကမ္မညတာ - စိတ်၏ အမှု၌ ကောင်းခြင်းသဘော။
၄၃။ ကာယပါဂုညတာ - စေတသိက်တို့၏ လေ့လာခြင်းသဘော။
၄၄။ စိတ္တပါဂုညတာ - စိတ်၏ လေ့လာခြင်းသဘော။
၄၅။ ကာယုဇုကတာ - စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော။
၄၆။ စိတ္တုဇုကတာ - စိတ်၏ ဖြောင့်မတ်ခြင်းသဘော။

[စာမျက်နှာ-257]
အဘိဓမ္မာသင်တန်း (၁၁)

စေတသိက်ပိုင်း

အကုသိုလ်စေတသိက် ၁၄ ပါး
ဒီနေ့ အောက်တိုဘာ ၁၀-ရက်နေ့။

အကုသိုလ်စေတသိက်ဆိုတာက မြန်မာလို ရိုးရိုးပြောရင် မကောင်းတဲ့ စေတသိက်ပေါ့၊ အကုသိုလ်ရဲ့ အဓိပ္ပါယ်ကို မှတ်မိကြလား။ အကုသိုလ်ဆိုတာ အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်း၊ ဒီလက္ခဏာ ၂-ပါးနဲ့ ပြည့်စုံတဲ့ တရားမျိုးကို အကုသိုလ်လို့ခေါ်တယ်။ အကုသိုလ်စေတသိက်ဆိုကတည်းက ဒီစေတသိက်တွေဟာ အကုသိုလ်စိတ်နဲ့ပဲ ယှဉ်တယ်၊ သူ့ကျတော့ ထူးလာပြီ၊ အညသမာန်းစေတသိက်တုန်းကတော့ ကုသိုလ်နဲ့လည်းယှဉ်တယ်၊ အကုသိုလ်နဲ့လည်းယှဉ်တယ်၊ သို့မဟုတ် သောဘနစိတ်နဲ့လည်း ယှဉ်မယ်၊ အသောဘနစိတ်နဲ့လည်းယှဉ်မယ်။ အကုသိုလ်စေတသိက်ကျတော့ အကုသိုလ်စိတ်နဲ့သာ ယှဉ်တော့မယ်၊ နယ်ကျဉ်းသွားတာပေါ့လေ။

မေး - အကုသိုလ်စိတ် ဘယ်နှစ်ပါးရှိသလဲ။
ဖြေ - ၁၂-ပါး။

[စာမျက်နှာ-258] အဲဒီ ၁၂-ပါးနဲ့သာ ဒီစေတသိက် ၁၄-ပါးက ယှဉ်တော့မယ်။
မောဟ
ကောင်းပြီ နံပတ် (၁) က မောဟ။ မောဟဆိုတာ အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းသဘော၊ အာရုံဆိုတာ Object ပေါ့၊ တွေဝေတယ်လို့လည်း သုံးတယ်။ မောဟရဲ့သဘောက အာရုံရဲ့ သဘောကို အမှန်အတိုင်း မမြင်ရအောင် ဖုံးကွယ်ထားတာ။ ဆိုပါတော့ မြတ်စွာဘုရားက အနိစ္စလို့ ဟောထားတယ်၊ အဲဒီအနိစ္စကို အနိစ္စလို့ မမြင်ဘူး၊ နိစ္စလို့မြင်အောင် သူကလုပ်ပေးထားတယ်၊ အနိစ္စသဘောကို ဖုံးကွယ်ပေးထားတယ်၊ ဒုက္ခသဘောကို ဖုံးကွယ်ပေးထားတယ်၊ အနတ္တသဘောကို ဖုံးကွယ်ပေးထားတယ်။

မောဟက တိမ် နဲ့တူတယ်၊ တိမ်ဖုံးထားရင် နောက်က ဝတ္ထုပစ္စည်းကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင် မမြင်ရသလို မောဟဖုံးထားပြီဆိုရင် အမှန်အတိုင်း မမြင်တော့ဘူး၊ ဒီမောဟကြောင့် သတ္တဝါတွေ အမြင်မမှန်တာ၊ ဘာပဲမြင်လိုက် မြင်လိုက်၊ သူက ဖုံးပြီးသားဖြစ်တော့ ဖုံးထားလိုက်တော့ အမှားချည်း မြင်နေကြတော့တာ။ ဒါကြောင့် မောဟရဲ့ သဘောက မသိခြင်းလို့လည်း ပြန်ကြတယ်၊ မသိဘူးဆိုတာ အမှန်အတိုင်း မသိတာ၊ အမှန်အတိုင်း မသိရင် အမှားသိတာပဲ။ ဒါကြောင့်မို့ မောဟဟာ အမှန်အတိုင်း မသိတာလည်းဟုတ်တယ်၊ အမှားသိတာလည်းဟုတ်တယ်၊ အဲဒါကိုမောဟလို့ခေါ်တယ်၊ အာရုံ၏သဘောမှန်ကို ဖုံးကွယ်ခြင်းသဘော။

ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ပြောရင် မောဟနဲ့ အဝိဇ္ဇာ အတူတူပဲ၊ သစ္စာ ၄-ပါး မသိအောင် ဖုံးကွယ်တာတို့၊ သံသရာရဲ့ ရှေ့အစွန်း နောက်အစွန်း စသည်မမြင်အောင် ဖုံးကွယ်တာတို့တွေလည်းပါတယ်ပေါ့၊ မောဟကို အဝိဇ္ဇာလို့လည်းခေါ်တယ်။

မေး - အရှင်ဘုရား၊ မောဟကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။
ဖြေ - မောဟကို Delusion, Ignorance လို့ ပြန်နိုင်တယ်။ ဒီမောဟဟာ အကုသိုလ်စိတ် အားလုံးနဲ့ ဆက်ဆံတယ်၊ အကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း မောဟပါတာချည်းပဲ၊ မောဟမပါရင် အကုသိုလ်မရှိဘူး၊ သူဟာ အကုသိုလ်ဘက်ကနေ ပြောရင် အရေးကြီးတဲ့ မူလအကြောင်းတရား။
အဟိရိက၊ အနောတ္တပ္ပ
နောက်တစ်ခုက အဟိရိက - ဒုစရိုက်တို့မှ မရှက်ခြင်းသဘော၊ နောက်တစ်ခု အနောတ္တပ္ပ - ဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော၊ ဒီ ၂-ခုကို တစ်တွဲထားကြစို့။

[စာမျက်နှာ-259] အဟိရိက၊ ဟိရိကဆိုတာ ရှက်တာ၊ အဟိရိကဆိုတော့ မရှက်ဘူး၊ ဩတ္တပ္ပဆိုတော့ ကြောက်လန့်တာ၊ အနောတ္တပ္ပဆိုတော့ မကြောက်လန့်တာ၊ ဒါဖြင့် မရှက်တာဟာ ဘယ်မှာ မရှက်တာလဲ၊ ဒုစရိုက်မှာမရှက်တာ၊ ဒီနေရာမှာ ပါဠိပီပြင်အောင် သုံးထားတာဖြစ်လို့ “ဒုစရိုက်မှ” လို့ သုံးတာ၊ မြန်မာလိုဆိုရင် ဒုစရိုက်ကို မရှက်တာလို့ ပြောချင်ပြောမယ်။ တစ်ခါတစ်လေ ဘုန်းကြီးသုံးဟာ ပါဠိနောက် အကုန်လိုက်တာ၊ ပါဠိက ဒီနေရာမှာ “မှ” သုံးရမယ်ဟေ့ဆိုရင် မြန်မာလို သုံးလိုက်ကြတာပဲ၊ မြန်မာနားကျတော့ အဲဒါ သိပ်မဖြောင့်ဘူး။

ဒါကတော်သေးတယ်၊ ကြောက်တယ်ဆိုတာကို “မှ” နဲ့သုံးတယ်၊ ပါဠိမှာ “မှ” သုံးရမယ်ဆိုတာကိုး၊ ဘေးမှကြောက်တယ်၊ သေဘေးမှကြောက်တယ်၊ မြန်မာလို ရှင်းရှင်းပြောရင် သေဘေးကို ကြောက်တာပဲ။

ဒုစရိုက်မှ မရှက်ခြင်းသဘောဆိုတာ ဒုစရိုက်ပြုရမှာ မရှက်တာကို အဟိရိကလို့ခေါ်တယ်၊ ဒါဖြင့် မရှက်တိုင်း အဟိရိက ခေါ်ရမှာလားဆိုတော့ မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု ပြုရမှာ မရှက်တာမျိုးဟာ အဟိရိက မဟုတ်ဘူး၊ ဒုစရိုက်ပြုရမှာ မရှက်တာမျိုးကိုသာ အဟိရိကလို့ ခေါ်တယ်။

ဒုစရိုက်ဆိုတာ ခန္ဓာကိုယ်နဲ့ မှားမှားယွင်းယွင်းပြုတာ (ကာယဒုစရိုက်)၊ နှုတ်နဲ့ မှားမှားယွင်းယွင်းပြုတာ (ဝစီဒုစရိုက်)။
* ကာယဒုစရိုက် ၃-ပါး - သူများအသက်သတ်တာ၊ သူ့ဥစ္စာခိုးတာ၊ သူ့အိမ်ရာပစ်မှားတာ။
* ဝစီဒုစရိုက် ၄-ပါး - လိမ်ပြောတာ၊ ကုန်းတိုက်တာ၊ ကြမ်းတမ်းတဲ့စကားပြောတာ၊ အကျိုးမဲ့စကား (သိမ်ဖျင်းစကား) ပြောတာ။

အဲဒီလို ဒုစရိုက်ပြုရမှာ မရှက်တဲ့သဘောကို အဟိရိကလို့ခေါ်တယ်၊ ဒီနိုင်ငံမှာ မြှောက်တောင်ပေးနေတာ၊ ဘာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် လုပ်သာလုပ်၊ ဒုစရိုက်သောဘာသော ရှက်မနေနဲ့လို့ မြှောက်ပေးနေတာ။

မေး - အရှင်ဘုရား၊ မနောဒုစရိုက်ဆိုတာကော ရှိပါသလား။
ဖြေ - မနောဒုစရိုက်ကတော့ ဒုစရိုက်မခေါ်တော့ဘူး၊ စိတ်ထဲမှာသာ လာတော့...

[စာမျက်နှာ-260] စိတ်ထဲမှာဖြစ်တယ်၊ ကာယနဲ့ ဝစီပဲ ဒီနေရာမှာ အရေးကြီးတယ်။

ကောင်းပြီ၊ အဟိရိကကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ရွာထဲက ဝက်နဲ့ ဥပမာပေးတယ်၊ ရွာသူ့ဝက်ဆိုတာ မစင်စားရမှာ မရှက်ဘူး၊ မရွံဘူး၊ အဲသလိုပဲ အဟိရိကကလည်း အကုသိုလ်ဒုစရိုက်ပြုရမှာ မရှက်ဘူး၊ မရွံ့ဘူး၊ ဒါကြောင့်မို့ သူ့ကို ရွာသူဝက်နဲ့ ဥပမာပေးတယ်။

နောက်တစ်ခုက အနောတ္တပ္ပတဲ့၊ အနောတ္တပ္ပဆိုတာ ဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော၊ သူကမကြောက်တာ၊ မလန့်တာ၊ ဒီနှစ်ခုဟာအမှန်ကတော့ အတူတူ ဖြစ်ကြတာ၊ တစ်ခုဖြစ်ရင် တစ်ခုပါတာပဲ၊ မရှက်ရင် မကြောက်တာပဲ၊ မကြောက်ရင် မရှက်တာပဲ၊ သူ့ aspect လေးနည်းနည်းကွဲသွားတာ။

အဟိရိကကို အင်္ဂလိပ်လိုပြန်တော့ moral shamelessness လို့ပြန်တယ်။

အနောတ္တပ္ပကျတော့ moral fearlessness လို့ ပြန်တယ်။

မကောင်းမှု ဒုစရိုက်ပြုရမှာ မကြောက်တာ၊ မကောင်းမှုဒုစရိုက်ပြုလို့ မကောင်းတဲ့အကျိုးတွေ ရမယ်ဆိုတာကို မကြောက်တာပေါ့လေ၊ အဲဒါကို အနောတ္တပ္ပလို့ ခေါ်တယ်။

အနောတ္တပ္ပကို ဘာနဲ့ဥပမာပေးသလဲဆိုတော့ မီးထဲတိုးတဲ့ ပိုးပရံ (လူတွေက ပိုးဖလံလို့ခေါ်တယ်) ကောင်တွေဟာ မီးမြင်ရင် မီးထဲတိုးဝင်တော့တာပဲ၊ ဘာမှ မကြောက်ဘူး၊ အဲသလိုမကြောက်သလိုပဲ အနောတ္တပ္ပပါလာရင် ဘယ်ဒုစရိုက်မျိုး ပြုရမှာကို မကြောက်လန့်တော့ဘူး၊ အဟိရိကနဲ့ အနောတ္တပ္ပ ဒီတရားနှစ်ပါးရဲ့ ဆန့်ကျင်ဘက် အကောင်းတရားနှစ်ပါးကို နောက်တွေ့လိမ့်မယ်၊ သူက မကောင်းတဲ့ ဘက်က မရှက်တာနဲ့ မကြောက်တာ။

ဥဒ္ဓစ္စ

နောက်တစ်ခုက ဥဒ္ဓစ္စတဲ့၊ ဥဒ္ဓစ္စက စိတ်၏ မငြိမ်သက်ခြင်း ပျံ့လွင့်ခြင်းသဘော၊ စိတ်မငြိမ်သက်တာ စိတ်ပျံ့လွင့်တာကို ဥဒ္ဓစ္စလို့ခေါ်တယ်၊ အင်္ဂလိပ်လိုတော့ restlessness လို့ ပြန်ကြတယ်၊ mental restlessness ပေါ့၊ ခန္ဓာကိုယ် restless ဖြစ်တာ ဥဒ္ဓစ္စရဲ့ အကျိုးသာဖြစ်မယ်၊ ဥဒ္ဓစ္စမဟုတ်ဘူး၊ ဥဒ္ဓစ္စကနာမ်တရား၊

စိတ်မငြိမ်မသက်ဖြစ်တာ ဘာလဲဆိုရင် အာရုံနဲ့စိတ်နဲ့မဟပ်မိတာ၊ မကပ်မိတာကိုဆိုလိုတယ်၊ အာရုံပြုလိုက်တယ် (တရားထိုင်တဲ့အခါ ပိုသိသာတယ်) ထွက်သက်ဝင်သက် မှတ်တယ်ဆိုရင် ထွက်သက်ဝင်သက်ကို မှတ်လို့ကောင်းကောင်းမရဘူး၊ ဟိုရောက်နေသလိုလို၊ ဒီရောက်နေသလိုလို၊ တစ်ခြားကို တိတိကျကျကြီး ရောက်သွား

[စာမျက်နှာ-261] တာလည်းမဟုတ်ဘူး၊ ဒီအာရုံပေါ်မှာ မှတ်ရတာ အားရပါးရမရှိတာ၊ အဲသလိုဟာမျိုးကို ပျံ့လွင့်တယ်လို့ သုံးတယ်၊ စိတ်ပျံ့လွင့်တယ်၊ ဥဒ္ဓစ္စဖြစ်တယ်လို့ဆိုတယ်။

ဥဒ္ဓစ္စမှာ ဥဒ်ရယ် ဒစ္စရယ် တွဲထားတယ်၊ ဥဒ်ဆိုတာက အထက်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဒစ္စဆိုတာက လှုပ်ရှားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ အာရုံနဲ့ ကပ်မနေပဲ အာရုံပေါ်မှာ ဝါးတားတားလေးလှုပ်နေတဲ့သဘောကို ဥဒ္ဓစ္စလို့ ခေါ်တယ်။

အဲဒီဥဒ္ဓစ္စကိုတော့ အမျိုးမျိုးဥပမာပေးတယ်၊ လေနည်းနည်းလေးတိုက်တဲ့အခါ ရေပြင်ကြည့်လိုက်ရင် နည်းနည်းလေးလှုပ်နေတယ်၊ အဲဒါမျိုးနဲ့လည်း ဥပမာပေးတယ်။

လေတိုက်တဲ့အခါမှာ အလံလွင့်နေတယ်၊ မငြိမ်သက်ဘူးပေါ့၊ အဲဒါမျိုးလည်း ဥပမာပေးတယ်။

နောက်တစ်ခုက ပြာပုံထဲကို ခဲကြီး ပစ်ချလိုက်တာ ပြာတွေထလာတယ်၊ အဲသလို မရှင်းမလင်း မငြိမ်မသက်ဖြစ်နေတာ၊ အဲဒါနဲ့လည်းဥပမာပေးတယ်။ ဒါဟာ ဥဒ္ဓစ္စသဘောတဲ့။

ကောင်းပြီ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ဒီ ၄-ခုဟာ၊ အမြဲတမ်းတွဲလျက်ဖြစ်တယ်၊ အကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း၊ ဒီ ၄-ခုပါတယ်၊ ဘယ်အကုသိုလ်စိတ်ဖြစ်ဖြစ် ဒီသဘောလေးတွေပါတာချည်းပဲ၊ ဒါကြောင့်မို့ ဒီ ၄-ခုကို တစ်တွဲထားတယ်။

သတိထားကြည့်ရင် ဥဒ္ဓစ္စနဲ့ လောဘနဲ့ နည်းနည်းလေး မကွာဘူးလား၊ Space ပြောတာ၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စနဲ့ လောဘနဲ့ ကြည့်ရင် နည်းနည်းလေး ခွာထားတာ၊ သူ့ group လေးတွေ လုပ်ထားတာ။

လောဘ

နောက်တစ်ခုက လောဘတဲ့၊ လောဘဆိုတာ လူတိုင်းနားလည်တဲ့ မြန်မာစကား ဖြစ်နေပြီ၊ အာရုံ၌ လိုချင်ကပ်ငြိခြင်းသဘောတဲ့။

အာရုံတစ်ခုကို မြင်လိုက်ရင် လိုချင်တယ်၊ အဲဒီအာရုံမှာ ကပ်ငြိနေတယ်၊ ဒီသဘောကို လောဘလို့ခေါ်တယ်၊ လောဘဆိုတာလိုချင်တာ ကပ်ငြိတာ၊ တွယ်တာတာစသည်ဖြင့် စကားတွေ အများကြီးရှိပါတယ်။

အဲဒီလောဘကို မျောက်နှဲစေးနဲ့ ဥပမာပေးတယ်၊ မျောက်နှဲစေးဆိုတာ ရှေးတုန်းက မုဆိုးတွေဟာ မျောက်ဖမ်းချင်တော့ သစ်ပင်ကထွက်တဲ့ ပြောင်ပြောင်လက်လက်အစေးတစ်မျိုးရှိတယ်၊ ပြောင်ပြောင်လက်လက်ရှိတော့ မျောက်က အင်မတန် ဆော့တတ်တဲ့ကောင်မျိုးဆိုတော့ ပြောင်ပြောင်လက်လက်ကို လက်နဲ့ လာကိုင်လိုက်ရင် ပထမကိုင်တဲ့လက်က ခွာမရဘူး၊ ဒီလက်မှာ မရလို့ နောက်ကျန်

[စာမျက်နှာ-262] လက်တစ်ဖက်နဲ့ တွန်းခွာတော့ လက်နှစ်ဖက်စလုံး ကပ်နေရော။

လက်နှစ်ဖက်စလုံး ကပ်နေတော့ပါးစပ်နဲ့ ခွာတော့ ကပ်နေရော၊ ခြေထောက်နှစ်ခုနဲ့ ကန်ပြန်တော့ ခြေထောက်ကပ်ပြန်တယ်၊ တစ်ခါ ဗိုက်နဲ့ကပ်လိုက်တော့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ၆-ခုစလုံးဟာ သွားကပ်နေတာ၊ အဲဒါမျိုးလိုပဲ အာရုံ ၆-ပါးမှာ ကပ်ငြိတာ၊ လောဘပါပြီး ကပ်ငြိလိုက်ရင်၊ ကပ်မိရင်ခွာမရတော့ဘူး၊ ဒါကြောင့်မို့ မျက်နှဲစေးနဲ့ ဥပမာပေးတယ်။

ပြီးတော့ ဘယ်လို ဥပမာပေးသေးလည်းဆိုရင် လောလောပူနေတဲ့ အိုးကင်းထဲကို အသားတုံးလေးပစ်ထည့်လိုက်ရင် လျှပ်တစ်ပြက် ကပ်သွားတာမျိုး၊ အဲသလို ကပ်ငြိတဲ့ သဘောရှိတယ်တဲ့။

နောက်ဥပမာတစ်ခုက ဆီဆေးတွေ စွန်းသွားတဲ့အခါ ချွတ်မရဘူး၊ အဲဒီလို ကပ်ငြိတတ်တာ လောဘသဘောတဲ့။

ဒီလောဘကို စိတ်ပိုင်းတုန်းက တွေ့ခဲ့ပြီးပြီ မဟုတ်လား၊ လောဘမူလစိတ် ဆိုတာ ဒါပဲပေါ့၊ အမှန်တော့ စိတ်ပိုင်းမှာထဲက စေတသိက်တွေ တွေ့ခဲ့တာ။

ဒိဋ္ဌိ

နောက်တစ်ခုကဒိဋ္ဌိတဲ့၊ ဒိဋ္ဌိဆိုတာ မှားမှားယွင်းယွင်းသိခြင်းသဘော အယူမှားခြင်းသဘော။

မေး - လောဘကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲဘုရား။

ဖြေ - လောဘကို attachment လို့ပြန်တယ်၊ greed လို့လည်း ပြန်နိုင်ပါတယ်။

မှားမှားယွင်းယွင်းသိတယ်ဆိုတာ မမြဲတာကို မြဲတယ်လို့ သိနေတယ်၊ မချမ်းသာတာကို ချမ်းသာတယ်လို့ သိနေတယ်၊ အတ္တမဟုတ်တာကို အတ္တလို့ သိနေတယ်၊ သို့မဟုတ်လဲ သတ္တဝါတွေဟာ သေပြီးရင် ပြတ်သွားတာပဲ နောက်ထပ် ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဆိုတဲ့ အယူမျိုးတွေ၊ သို့မဟုတ် သတ္တဝါဟာ အမြဲတမ်းတည်တယ်၊ တစ်ဘဝမှ တစ်ဘဝသို့ မပျက်မစီးပဲ အမြဲတမ်းသွားနေတယ် ဆိုတဲ့ ယူဆတာမျိုး သဿတအယူ၊ သို့မဟုတ် ကံ၊ ကံ၏အကျိုး မရှိဘူးယူတာမျိုး၊ ဒီလို ယူတာမျိုးဟာ အယူမှားပေါ့၊ ဒိဋ္ဌိ။

အဲဒီတော့ ဒိဋ္ဌိဆိုတဲ့ စကားလုံးဟာ အမှန်အတိုင်းဆိုရင်တော့ သူက view ဆိုတဲ့ အနက်ထွက်တယ်၊ wrong view လို့လည်း မဆိုလိုသေးဘူး၊ right view လို့လည်း မဆိုလိုသေးဘူး၊ ဒိဋ္ဌိဆိုတဲ့ မူရင်းအဓိပ္ပါယ်က အမြင်ပဲ၊ အမြင် ဆိုတာ မှန်ကန်တဲ့အမြင်လည်း ဖြစ်နိုင်တယ်၊ မှားယွင်းတဲ့အမြင်လည်း ဖြစ်နိုင်တယ်။

ဒါပေမယ်လို့ များသောအားဖြင့် ဒိဋ္ဌိဆိုတဲ့အသုံးကို မှားတဲ့အယူမှာပဲ

[စာမျက်နှာ-263] သုံးတယ်၊ ဒိဋ္ဌိဆိုတဲ့ စကားလုံးတွေ့ရင် မှားတဲ့အယူလို့ပဲ ဆိုလိုသွားတယ်။

ဒါဖြင့် မှန်တဲ့အယူလို့ဆိုလိုချင်တဲ့ အခါကျတော့ ရှေ့ကပုဒ်လေး တစ်ပုဒ် ထည့်ပေးလိုက်တယ်၊ သမ္မာဒိဋ္ဌိ။

သမ္မာဒိဋ္ဌိလို့ ပြောလိုက်ရင် မှန်တဲ့ အယူသေချာသွားပြီ၊ ဒါဖြင့် မှားတဲ့အယူ သေချာစေချင်ရင် မိစ္ဆာဒိဋ္ဌိပေါ့၊ အဲသလို မှားမှားယွင်းယွင်း ယူတာကို ဒိဋ္ဌိလို့ ခေါ်တယ်။

မမြဲတာမြဲတာလို့ ယူတာ၊ မချမ်းသာတာ ချမ်းသာတယ်လို့ယူတာ၊ ကံ၊ ကံ၏ အကျိုး မရှိဘူးလို့ယူတာ၊ မိဘကို ရိုသေစရာမလိုဘူးလို့ ယူတာ၊ ဒီဘဝ၊ ဟိုဘဝ မရှိဘူးလို့ယူတာတွေ အားလုံးဟာ ဒိဋ္ဌိသဘောတွေပဲ၊ မှားတဲ့အယူတဲ့၊ ဒိဋ္ဌိကို wrong view လို့ ပြန်တယ်။

မာန

နောက်တစ်ခုက မာန၊ မာနက မြန်မာစကား ဖြစ်နေတော့ ထင်ရှားတယ်၊ မာနဆိုတာ ထောင်လွှားတက်ကြွခြင်းသဘော။

ငါ၊ ငါနဲ့ မာနဖြစ်နေကြတာ၊ မာနကတော်တော်ဆန်းတယ်၊ ကောင်းစားနေမှ မာနဖြစ်တာမဟုတ်ဘူး၊ နိမ့်ကျနေလည်း နိမ့်ကျတဲ့ အလိုက်မာနဖြစ်တာပဲ၊ စာထဲမှာပါတယ်၊ ဟီနမာန်ဆိုတာ၊ ကိုယ်က ယုတ်ညံ့နေတော့လည်း ယုတ်ညံ့တဲ့ အလိုက်မာန ရှိတာပဲ။

မာနကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ တံခွန်အလံနဲ့ ဥပမာပေးတယ်၊ သူက အထက်ကချည်းနေတာကိုး၊ အလံဆိုတာ သူများအပေါ်ကချည်း ကြွားကြွားရွားရွားနဲ့၊ မာနကလည်း ဒီအတိုင်းပဲ၊ မာနရှိလာရင် ငါ၊ ငါဆိုပြီး ထောင်လွှားတတ်တယ်တဲ့၊ ဒါကြောင့်မို့ ထောင်လွှားတက်ကြွခြင်းသဘော။

ဒီသုံးခု (လောဘ၊ ဒိဋ္ဌိ၊ မာန) ကလည်းတစ်စု၊ သူက လောဘမူစိတ်နဲ့သာ ယှဉ်လိမ့်မယ်၊ ဒေါသမူစိတ်နဲ့ မယှဉ်ပေဘူး၊ မောဟမူစိတ်နဲ့မယှဉ်ပေဘူး၊ လောဘမူစိတ်နဲ့သာယှဉ်တယ်၊ ဒါကြောင့် ဒီသုံးခုကို တစ်တွဲလုပ်ထားတယ်။

ဒေါသ

နောက်တစ်ခုက ဒေါသတဲ့၊ ဒေါသကို လူတိုင်းသိပါမယ်၊ ဒေါသဆိုတာ ခက်ထန်ကြမ်းတမ်းခြင်းသဘောတဲ့၊ ပြစ်မှားခြင်းလို့လည်း ပြန်ကြတယ်၊ ပြစ်မှားခြင်း သဘောဆိုလည်း ရပါတယ်။

ဒေါသဖြစ်လာရင်လူဟာ ခက်ထန်လာတာပဲ၊ ကြမ်းတမ်းလာတာပဲ၊ ဒါဟာ သိပ်ထင်ရှားတယ်၊ ရိုးရိုးနေတုန်းက မပြောဝံ့တဲ့စကား ဒေါသဖြစ်လာရင် ပြောဝံ့လာတယ်၊ ရိုးရိုးနေတုန်းက မလုပ်ဝံ့တဲ့အလုပ်၊ ဒေါသဖြစ်လာရင် လုပ်ဝံ့လာတယ်၊

[စာမျက်နှာ-264] လူမသတ်ဝံ့တဲ့လူက ဒေါသဖြစ်လာရင် သတ်ဝံ့လာတယ်၊ အဲသလို ခက်ထန်ကြမ်းတမ်းတဲ့သဘောကို ဒေါသလို့ခေါ်တယ်။

ဒီဒေါသဟာ ဘာနဲ့ တူသလဲ၊ သာမာန်ပြောထားတာက အရိုက်ခံရတဲ့မြွေလိုပဲ၊ မြွေကို နည်းနည်းလေး ရိုက်ကြည့်လိုက်ရင် မြွေက ရှူးရှူးရှဲရှဲ ဒေါသထွက်တယ်၊ အဲသလိုပဲ ဒေါသကလည်း ပေါက်ကွဲဖို့ အခြေအနေမျိုးပဲ။

ဒီဒေါသဟာ မိမိတည်ရာကို ပြန်ပြီး လောင်တတ်တယ်လို့ ဒီလိုစဉ်းစားကြည့်တဲ့ အခါ ယောဂီရဲ့ ဉာဏ်မှာ ထင်လာတယ်၊ ဒါကြောင့်မို့ ဒေါသဖြစ်ရင် ကောင်းတာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ ဒေါသဖြစ်တယ်ဆိုရင် ကိုယ့်စိတ်ကို လောင်လိုက်တာပဲ။ ကိုယ့်စိတ်ဟာ မကောင်းတော့ဘူး၊ နဂိုကဖြစ်နေတဲ့ ကောင်းနေတဲ့ စိတ်ကလေးဟာ ပျက်သွားတယ်၊ ဖျက်ဆီးပစ်လိုက်ပြီ၊ မကောင်းတဲ့စိတ်ဖြစ်သွားပြီ၊ အဲဒါကိုပဲ လောင်တယ်လို့သုံးတာပေါ့၊ ဒေါသတကယ် အားကြီးလာရင် တကယ်လောင်ပြီးတော့ နှလုံးရပ်သွားတာ ရင်ကွဲသေတာမျိုး ဖြစ်ပါလိမ့်မယ်၊ အဲဒါ ဒေါသ၊ ခက်ထန်ကြမ်းတမ်းခြင်းသဘော။

ဒေါသနဲ့ ဒေါမနဿ မတူဘူးနော်၊ ဒီဒေါသကတစ်မျိုး၊ ဒေါမနဿက စိတ်ရဲ့ခံစားမှုသဘော၊ စိတ်ထဲမကောင်းတာ၊ စိတ်ညစ်တာ၊ အဲသလို ခံစားမှု သဘောက ဒေါမနဿ၊ စိတ်ဆိုးတာ၊ ခက်ထန်ကြမ်းတမ်းတာက ဒေါသ၊ မတူဘူး၊ ဒေါမနဿက ဝေဒနာ၊ ဒေါသက ဝေဒနာ မဟုတ်ဘူး၊ သီးခြား စေတသိက်တစ်ခု။

ဣဿာ၊ မစ္ဆရိယ

ဣဿာက သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်းသဘော၊ ဣဿာက သူတစ်ပါး စည်းစိမ်ကို အာရုံပြုပြီး ဖြစ်တဲ့သဘောတရား၊ ငြူစူတယ်ဆိုတာ သူများကောင်းစားနေတာကို မနာလိုတာ၊ Jealousy ခေါ်ရမယ်၊ သူတစ်ပါးကောင်းစားနေတာ မနာလိုတာကို ဣဿာ။

သူတပါးကောင်းစားနေတာကို ငြူစူတယ် ဆိုတော့ ဘာသဘောပါလဲ။ ဒေါသသဘော ဒေါမနဿသဘောပေါ့။ ဒါကြောင့်မို့ ဒီစေတသိက် ၄- ခုဟာ ဒေါသမူတွေနဲ့ပဲယှဉ်လိမ့်မယ်၊ တခြားဟာနဲ့ မယှဉ်ဘူး။

မစ္ဆရိယတဲ့၊ မစ္ဆရိယဆိုတာ မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုခြင်းသဘော၊ မိမိစည်းစိမ်ကို လျှို့ဝှက်တယ်၊ မိမိစည်းစိမ်ကို ဝန်တိုတဲ့သဘောကိုသိဖို့ အရေးကြီးတယ်။

မစ္ဆရိယကို များသောအားဖြင့်နားလည်နေကြတာက နှမြောတယ်၊ စေးနှဲတာကို မစ္ဆရိယလို့ ဒီလိုပဲသုံးနေကြတယ်၊ ကပ်စေးနှဲတယ်ပေါ့လေ၊ ဒါပေမယ်လို့ ကပ်စေးနှဲ

[စာမျက်နှာ-265] တယ် ဆိုတော့ လောဘပေါ့၊ သို့သော် မစ္ဆရိယသည် ဘယ်တော့မှ လောဘနဲ့ မယှဉ်ဘူး၊ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်။

ဒါဖြင့် ဘာလဲ၊ မိမိစည်းစိမ်ကို လျှို့ဝှက် ဝန်တိုတယ်ဆိုတာ မိမိပစ္စည်း သူတစ်ပါးနဲ့ ဆက်ဆံမှာ မခံနိုင်တာကို ဆိုလိုတာ။

ကိုယ့်မှာ ဒီပစ္စည်းရှိတယ်၊ ဒီပစ္စည်းမျိုး သူများမှာ မရှိစေချင်ဘူး၊ ရှိသွားရင် ကိုယ်က မကြိုက်တော့ဘူး၊ အဲဒါကို မစ္ဆရိယခေါ်တယ်။

ကိုယ်ကအဆင်းလှတယ်၊ သူများကို အဆင်းမလှစေချင်ဘူး၊ သူများအဆင်း လှတာကို မခံနိုင်ဘူးဖြစ်တယ်၊ ဒါဟာ အဆင်းနဲ့ ပတ်သက်ပြီးတော့ဖြစ်တဲ့ ဝန်တိုခြင်း။

ကိုယ်က အမျိုးကောင်းတယ်ဆိုပါတော့ သူများအမျိုးကောင်းတာကို မခံနိုင် တဲ့သဘော၊ ကိုယ်က လာဘ်လာဘ ပေါများတယ်၊ ပိုက်ဆံရှိတယ်၊ သူများပိုက်ဆံ ရှိတာကို မခံနိုင်တဲ့သဘော၊ အဲဒီသဘောကို မစ္ဆရိယလို့ ခေါ်တယ်။

မေး - မစ္ဆရိယဟာ သူများကို ကိုယ်လို မသုံးစွဲစေချင်တာ ဟုတ်ပါသလား။
ဖြေ - မသုံးစေချင်တာပါတယ်၊ မသုံးစေချင်တာဆိုတာက သူများသုံးမှာကို မကြိုက်တာ၊ ကိုယ့်ဟာလေးကိုယ် မက်နေတာ မဟုတ်ဘူး၊ ကိုယ့်ဖို့ပဲ ဖြစ်စေချင်တယ်၊ သူများဖို့ မဖြစ်ပါစေနဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုး၊ အဲဒါ မစ္ဆရိယ၊

ဒါကြောင့်မို့ မစ္ဆရိယမှာ ဒေါသသဘောပါတယ်၊ လောဘသဘော မဟုတ်ဘူး၊ တပ်မက်တွယ်တာနေတာ မဟုတ်ဘူး၊ တပ်မက်တွယ်တာနေရင် လောဘပဲဖြစ်မယ်၊ အခုဟာက ဒီဟာကို သူများသုံးမှာ၊ သူများနဲ့ဆက်ဆံမှာကို မခံနိုင်တာ၊ မကြိုက်တာ အဲဒါကြောင့် ဒေါသသဘောပါတယ်၊ အဲဒါ မစ္ဆရိယ။

မေး - မစ္ဆရိယကို အင်္ဂလိပ်လို ဘယ်လို ပြန်မလဲ၊
ဖြေ- covetousness လို့ ပြန်မယ်၊ ဟုတ်တယ်၊ avariciousness အဲသလိုလည်း ပြန်တယ်၊ မှန်လား၊ မှားလားတော့မသိဘူး၊ Dog and the manager policy အဲဒါလေးတော့ ကောင်းတယ်၊ ဒါပေမယ့် ဒီဟာကိုလည်း တချို့ အမေရိကန်တွေ နားမလည်ဘူး။

တစ်ခါပြောဖူးတယ်၊ Texas သွားတုန်းက၊ Dog and the manager policy ဆိုတော့ ဟိုကလူတွေ နားမလည်ဘူး၊ အဘိဓမ္မာဟောတော့ လာနားထောင် တာ ၁၀- ယောက်လောက်ရှိတယ်၊ အဲဒီစကားလုံးကို သူတို့ နားမလည်ဘူး။

မစ္ဆရိယဆိုတာ မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုတယ်၊ မိမိစည်းစိမ် သူတစ်ပါးနဲ့

[စာမျက်နှာ-266] ဆက်ဆံမှာကို မခံနိုင်တာလို့ နားလည်ထားရမယ်၊ နှမြောစေးနည်းတယ်ဆိုရင် လောဘ သဘောပါသွားမယ်၊ ဦးဇင်းတို့ မြန်မာပြည်မှာ ပုစ္ဆာထုတ်ရင် လှည့်လှည့် ထုတ်လေ့ရှိတယ်၊ နှမြောစေးနှဲတယ်ဆိုတဲ့သူဟာ ဘာသဘောလဲ၊ လောဘ သဘောလား၊ ဒေါသသဘောလား၊ မစ္ဆရိယများတဲ့သူဟာ ဘာသဘောရှိသလဲ မေးလိုက်ရင် လောဘသဘောရှိတယ်လို့ ဖြေတဲ့သူများတာပေါ့။ အမှန်က မဟုတ်ဘူး၊ trick လုပ်တာ။

မေး - ပညာဝှက်တာကကော မစ္ဆရိယသဘောပါလား။

ဖြေ - အဲဒါပါတယ်၊ ကိုယ်တတ်တဲ့ပညာ သူများမတတ်စေချင်တာ၊ အဲဒါလည်းပါတယ်၊ မစ္ဆရိယက အမျိုးမျိုးရှိတယ်၊ အဆင်းနဲ့ပတ်သက်ပြီးရှိတယ်။ အတတ်ပညာနဲ့ ပတ်သက်ပြီးရှိတယ်၊ လာဘ်လာဘနဲ့ ပတ်သက်ပြီးရှိတယ်။ အမျိုးအနွယ်နဲ့ ပတ်သက်ပြီးရှိတယ်၊ ဂုဏ်သိရ်နဲ့ ပတ်သက်ပြီးတော့ရှိတယ်။

ကုက္ကုစ္စ

မေး - ကုက္ကုစ္စတဲ့၊ ကုက္ကုစ္စကို နဂိုက ဘယ်လို နားလည်ထားကြသလဲ၊ ဒီစာ မကြည့်ခင်ကပေါ့။
ဖြေ - ကုပ်ကပ်တယ်လို့ သတိထားပါတယ်။

အဘိဓမ္မာ ကုက္ကုစ္စက ကုပ်ဆိုတဲ့ စကားလုံးနဲ့ မြန်မာစကားလုံး ကုပ်ကပ် တယ်ဆိုတာနဲ့ ရောနှောပြီးတော့ ကုက္ကုစ္စဆိုရင် ကပ်စေးနှဲတယ်လို့ ထင်သွားတာ။

ကုက္ကုစ္စရဲ့ သဘောက ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့၌ နောက်တစ်ဖန် ပူပန်ခြင်းသဘော၊ remorse. နောက်ကမှားတာတွေ လုပ်ခဲ့မိတဲ့အတွက် အဲဒါတွေနဲ့ပတ်သက်လို့ပြန်ပြီးတော့ စိတ်မကောင်းဖြစ်နေတာ၊ နောင်တတွေ ဖြစ်နေတာ။

နောက်က ကောင်းတာတွေမလုပ်ခဲ့မိတဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတာ၊ နောင်တဖြစ်နေတာ၊ ဒါကြောင့် ကုက္ကုစ္စဆိုတာ နောင်တ သဘော၊ နောင်တပူပန်တဲ့သဘော။ remorse.

ကပ်စေးနှဲတာမဟုတ်ဘူး၊ ဒါပေမယ့် လူ့လောကမှာတော့ ကုက္ကုစ္စကြီးပါကွာ ဘာ၊ ညာနဲ့ ပြောလေ့ရှိတယ်။

အမှန်တော့ ကုက္ကုစ္စဆိုတာ ပြုအပ်ပြီးသော ဒုစရိုက်၊ သို့မဟုတ် မပြုခဲ့မိတဲ့ သုစရိုက်ကောင်းတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး နောင်တဖြစ်တာ၊ ငါ မလုပ်ခဲ့မိလေခြင်း၊ သို့မဟုတ် ငါလုပ်ခဲ့မိလေခြင်းလို့ နောင်တဖြစ်တာကို ကုက္ကုစ္စလို့ ခေါ်တယ်။

မေး - ကုက္ကုစ္စကို ဒေါသ group ထဲမှာပါလား။

[စာမျက်နှာ-267] ဖြေ - ဟုတ်တယ်၊ ဒေါသ group ထဲမှာပါတယ်၊ ဒါပေမယ့် စိတ်မချမ်းသာတာနော်၊ ပြုလုပ်ခဲ့မိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မချမ်းသာ ဖြစ်နေတာကြောင့် ဒေါသ group ထဲ ထည့်ရမှာ၊ စိတ်ဆိုးတာတော့ မဟုတ်ဘူး၊ ဒေါမနဿ သဘောပါသွားတယ်၊ စိတ်ဆိုးတယ်ဆိုတာ anger ဖြစ်နေတာမျိုးမဟုတ်ဘူး၊ depress ဖြစ်နေတာမျိုးလည်း စိတ်ဆိုးတာပဲ။ စိတ်ဆိုးတယ်ဆိုတာ နဂိုကဖြစ်နေတဲ့ ကောင်းနေတဲ့စိတ်ကလေး ပျက်သွားတာကို စိတ်ဆိုးတယ်လို့ တကယ်သုံးတာ၊ ဒီ ၄-ခုကို တစ်စုမှတ်နော်။

ထိန၊ မိဒ္ဓ

နောက်တစ်ခုက ထိနတဲ့၊ ထိနဆိုတာ စိတ်၏ထိုင်းမှိုင်းခြင်းသဘော၊ မိဒ္ဓ ဆိုတာ စေတသိက်တို့၏ ထိုင်းမှိုင်းသဘော၊ ဒါကတော့ အလွန်သိခဲပါတယ်။ မြတ်စွာဘုရားမို့ ဟောနိုင်တာ၊ စိတ်နဲ့ စေတသိက်ကို ခွဲခြားသိဖို့ပဲ အလွန်ခဲယဉ်းတာ၊ အဲဒီထဲမှာ စိတ်ရဲ့ ထိုင်းမှိုင်းတာက တစ်ခု၊ စေတသိက်ရဲ့ ထိုင်းမှိုင်းတာကတစ်ခု၊ ထိနနဲ့ မိဒ္ဓဆိုပြီး ၂-မျိုးခွဲခြားပြီး မြတ်စွာဘုရားက ဟောထားတာ။

တကယ့်လက်တွေ့မှာတော့ ဒီနှစ်ခုကို ကွဲကွဲပြားပြားသိဖို့မလွယ်ဘူး၊ ထိုင်းမှိုင်းတာတော့သိတယ်၊ အိပ်ချင်လာတဲ့အခါ ထိနမိဒ္ဓဝင်လာတာပဲ၊ ဒါကြောင့်မို့ တရားထိုင်တဲ့အခါ အိပ်ချင်ရင် ထိနမိဒ္ဓဝင်လာပြီဆိုပြီး တိုက်ထုတ်ရတာ၊ အိပ်ချင်လာရင် ဒီ ၂-ခုလာတာပဲလို့ မှတ်ထားပေါ့၊ ခွဲခြားပြောပါဆိုရင် ထိနက စိတ်၏ထိုင်းမှိုင်းခြင်း၊ မိဒ္ဓက စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း။

အင်္ဂလိပ်လိုပြန်တော့ ထိနကို sloth လို့ ပြန်တယ်၊ မိဒ္ဓကျတော့ torpor၊ ဈာန်ကို တားမြစ်တတ်တဲ့ တရားတွေ အနေနဲ့လာရင် ဒီ ၂-ခုကို တစ်တွဲသုံးတယ်။ အိပ်ချင်လာပြီဆိုရင် ကုသိုလ်စိတ် မဟုတ်ဘူးနော်၊ မှတ်ထားကြ။

ထိနနဲ့မိဒ္ဓက ဘယ်တော့မှမခွဲဘူး၊ အမြဲတမ်းတွဲဖြစ်တယ်၊ စိတ်နဲ့ စေတသိက်က အမြဲတမ်းတွဲဖြစ်တာကိုး၊ ဒါကြောင့် သူတို့ ၂-ခုက ဘယ်တော့မှ မခွဲဘူး။

ဝိစိကိစ္ဆာ

နောက်ဆုံးတစ်ခုက ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာဆိုတာ ဘုရားစသော အာရုံ၌ ယုံမှားခြင်းသဘော၊ ယုံမှားတယ်ဆိုတာ မဆုံးဖြတ်နိုင်တာ၊ ဟိုဟာစဉ်းစား ဒီဟာ စဉ်းစားနဲ့ စိတ်ပင်ပန်းလာတယ်၊ မဆုံးဖြတ်နိုင်ဘူး၊ ဒါကို ဝိစိကိစ္ဆာလို့ ခေါ်တယ်။

ဒီနေရာမှာ ဝိစိကိစ္ဆာဟာ ရိုးရိုးမဆုံးဖြတ်နိုင်တာကို ဝိစိကိစ္ဆာခေါ်သလား၊ ဆိုပါတော့၊ ကားမောင်းသွားတာ လမ်းထောင့်ရောက်လို့ ညာဘက်ကွေ့ရမလား၊ ဘယ်ဘက်ကွေ့ရမလား၊ မသိတာ ဝိစိကိစ္ဆာလားဆိုရင် ဒါဟာ ဝိစိကိစ္ဆာမဟုတ်ဘူး၊ အဲဒါကတော့ မဆုံးဖြတ်နိုင်တာ undecided မသိတာတစ်မျိုးပဲဖြစ်မယ်၊ ဝိစိကိစ္ဆာ

[စာမျက်နှာ-268] မဟုတ်ဘူး။

ဝိစိကိစ္ဆာဆိုတာကတော့ ဘုရားနဲ့ ပတ်သက်ပြီး၊ တရားနဲ့ပတ်သက်ပြီး သံဃာနဲ့ပတ်သက်ပြီး ယုံမှားမှုဖြစ်နေတာ၊ ဘုရားဟာ မှားတယ်ဟု အတိအကျ ဆုံးဖြတ်သွားရင်လည်း ဝိစိကိစ္ဆာမဟုတ်တော့ဘူး၊ ဒိဋ္ဌိ ဖြစ်သွားရော။

အခုဟာက ဘုရားဆိုတာတကယ်ရှိခဲ့တာ ဟုတ်မှဟုတ်လေရဲ့လား၊ ဘုရားမှာ သဗ္ဗညုတဉာဏ်ရှိတာ ဟုတ်မှဟုတ်လေရဲ့လား၊ အလုံးစုံသောတရားတွေကို သိတယ် ဆိုတာ ဟုတ်မှဟုတ်လေရဲ့လားလို့ အဲသလို ယုံမှားတွေးတောမှု ဖြစ်တယ်၊ မဆုံးဖြတ်နိုင်ပဲဖြစ်တယ်။

တရားနဲ့ ပတ်သက်ပြီးတော့လည်း ဒီတရားကျင့်လို့ ကိလေသာကင်းတယ် ဆိုတာ ဟုတ်မှ ဟုတ်လေရဲ့လား၊ တရားထိုင်လို့ သမာဓိရတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား လို့ အဲဒီလို ဟိုလိုလို ဒီလိုလို ဖြစ်နေတာ ဝိစိကိစ္ဆာ။

သံဃာနဲ့ ပတ်သက်ပြီးတော့လည်း မြတ်စွာဘုရားဟောတဲ့အတိုင်း ကျင့်တဲ့ သံဃာရှိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား၊ သိက္ခာအကျင့်နဲ့ ပတ်သက်ပြီးတော့လည်း ကမ္မဋ္ဌာန်း တရားတို့ ဘာတို့မှာ အများကြီး ဖြစ်တတ်တယ်၊ အဲဒါအားလုံးကို ဝိစိကိစ္ဆာ ယုံမှားခြင်းလို့ခေါ်တယ်။

ရှေးတုန်းက ငါရှိခဲ့တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား၊ နောက်ဖြစ်ဦးမယ် ဆိုတာဟုတ်မှဟုတ်ရဲ့လား၊ ဘာဖြစ်ဖြစ် သူက ဒီလိုချည်းသွားတော့မှာပဲ၊ ဝိစိကိစ္ဆာသမားကတော့ ဆုံးဖြတ်ချက် မကျတော့ဘူး၊ ဟိုဟာလိုလို ဒီဟာလိုလိုပဲ သွားမယ်။ အဲဒီသဘောကို ဝိစိကိစ္ဆာလို့ ခေါ်တယ်။

ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ ယုံမှားတာတွေလည်း အတူတူပဲ။ အဲသလို ယုံမှားရင် မောဟသဘောတဲ့၊ အာရုံကို မဆုံးဖြတ်နိုင်တာ။

မောဟသဘောဖြစ်တဲ့အတွက်ကြောင့် ဝိစိကိစ္ဆာဟာ မောဟမူစိတ်နဲ့သာ ယှဉ်လိမ့်မယ်၊ နောက်ကျတော့ တွေ့လိမ့်မယ်။

ကောင်းပြီ၊ ဖော်ပြခဲ့တဲ့ ၁၄-ပါးကို အကုသိုလ် စေတသိက် ၁၄-ပါး ပြန်ပြီးတော့ ရေတွက်စမ်းပါဦး။

- မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, ဒီ ၄-ခုတစ်တွဲမှတ်ထား
- လောဘ၊ ဒိဋ္ဌိ၊ မာန ဒီ ၃-ခု တစ်တွဲမှတ်ထား
- ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဒီ ၄-ခုတစ်တွဲ
- ထိန၊ မိဒ္ဓ, ဝိစိကိစ္ဆာ, အားလုံးပေါင်းလိုက်ရင် ၁၄-ခု၊ ဒီ ၁၄-ခုကို

[စာမျက်နှာ-269] အကုသိုလ် စေတသိက် ခေါ်တယ်၊ သူတို့ဟာ အကုသိုလ်စိတ်၌သာ ယှဉ်လိမ့်မယ်၊ ကုသိုလ်စိတ်နဲ့ ဘယ်တော့မှ မယှဉ်ဘူး၊ ဝိပါက်စိတ်နဲ့ ဘယ်တော့မှ မယှဉ်ဘူး၊ ကြိယာစိတ်နဲ့ ဘယ်တော့မှမယှဉ်ဘူး၊ ရူပါဝစရစိတ်တို့ဆီ ဘယ်တော့မှ မရောက်ဘူး။

မေး - ထိနမိဒ္ဓဟာ မောဟနဲ့ တွဲပါသလား။
ဖြေ - ထိနမိဒ္ဓဟာ မောဟတင်မဟုတ်ဘူး၊ သသင်္ခါရိကဆိုရင်တွဲလိမ့်မယ်၊ သသင်္ခါရိကဆိုတာက တိုက်တွန်းရတာကိုး၊ တိုက်တွန်းမှုလေးပါတော့ သူက ဆုတ်နစ်မှုလေးရှိတယ်၊ အဲဒါကြောင့်မို့ ထိနမိဒ္ဓက အကုသိုလ်၊ သသင်္ခါရိက စိတ်တွေနဲ့ ယှဉ်လိမ့်မယ်။

သောဘနစေတသိက်-၂၅-ပါး

ကောင်းပြီ၊ နောက်တစ်ခုက သောဘနစေတသိက်-၂၅-ပါး၊ သောဘနဆိုတဲ့ အဓိပ္ပါယ်က တင့်တယ်တယ်၊ လှပတယ်၊ ဒါကို သောဘနလို့ ခေါ်တယ်။

တင့်တယ်တဲ့ စေတသိက် ၂၅-ပါးရှိတယ်၊ အဲဒီ စေတသိက် -၂၅-ပါးထဲမှာမှ အစုလေးတွေ ကွဲသေးတယ်၊ ပထမတစ်စုက ၁၉-ပါးရှိတယ်၊ သောဘနသာဓာရဏ လို့ ခေါ်တယ်၊ သာဓာရဏဆိုတာ common ဖြစ်တယ်။ ဆက်ဆံတယ်လို့ ပြောတာ။

သောဘနသာဓာရဏ ၁၉-ပါး

သောဘနသာဓာရဏလို့ ပြောလိုက်ရင် သောဘနစိတ်တွေအားလုံးနဲ့ သူတို့ ဆက်ဆံလိမ့်မယ်၊ သောဘနစိတ်တွေဖြစ်တိုင်း ဖြစ်တိုင်း ဒီ ၁၉-ခုက ယှဉ်လိမ့်မယ်၊ ကာမာဝစရကုသိုလ်စိတ်ဖြစ်ရင် ပါမယ်၊ ရူပါဝစရကုသိုလ်စိတ် ဖြစ်ရင်ပါမယ်။ အရူပါဝစရ ကုသိုလ်စိတ်ဖြစ်ရင်ပါမယ်၊ လောကုတ္တရာစိတ်ဖြစ်ရင်ပါမယ်၊ သောဘန စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း သူက ယှဉ်လိမ့်မယ်၊ အဲဒါကို ပါဠိလို သာဓာရဏ၊ မြန်မာလိုတော့ “ဆက်ဆံတယ်”လို့ ပြန်တယ်၊ ဆက်ဆံတယ်ဆိုတာ ဆက်သွယ်တာ၊ common ဖြစ်တာ၊ ဒါကြောင့်မို့ common to beautiful ပေါ့၊ သောဘနသာဓာရဏ ၁၉-ပါးတောင် ရှိတယ်။

သဒ္ဓါ

ပထမကသဒ္ဓါတဲ့၊ သဒ္ဓါစေတသိက်၊ သဒ္ဓါဆိုတာ ဘုရားစသော အာရုံ၌ ယုံကြည်ခြင်းသဘော၊ ဘုရားတရားသံဃာ စသည်မှာ ဆုံးဆုံးဖြတ်ဖြတ်နဲ့ ယုံကြည်တာကို ဆိုလိုတာ၊ ဒါဟာ ဟုတ်တယ်လို့ ဆုံးဖြတ်မှုပါတယ်၊ အဲသလို ဆုံးဖြတ်ပြီး ယုံကြည်တာမျိုးကို သဒ္ဓါလို့ခေါ်တယ်၊ ဒါကြောင့်မို့ ဒီသဒ္ဓါဟာ အသိဉာဏ်နဲ့ ဆက်နွယ်တယ်၊ တစ်ခါတစ်ခါတော့ အသိဉာဏ် မပါပဲလည်း ဖြစ်တတ်တယ်။

ဒီသဒ္ဓါက စိတ်ကို ကြည်စေတတ်တဲ့သဘော လက္ခဏာရှိတယ်၊ သဒ္ဓါတရား ကိုယ့်သန္တာန်မှာဖြစ်လာရင် စိတ်ဟာကြည်လင်သွားတယ်၊ ဘုရား၊ တရား၊ သံဃာမှာ

[စာမျက်နှာ-270] သဒ္ဓါတရားဖြစ်တယ်၊ သဒ္ဓါတရားရှိတယ်ဆိုတာက ယုံကြည်တာကို ဆိုလိုတာ၊ ဒါပေမယ်လို့ ရိုးရိုးစကားပြောတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်ဟာ သဒ္ဓါကောင်းတယ်ဟေ့လို့ ပြောရင် ရက်ရောတယ်လို့ ဆိုလိုတာ၊ အလှူအတန်း ရက်ရောတာကို သဒ္ဓါတရား ကောင်းတယ်လို့ ပြောတာ။

အမှန်ကတော့ အဘိဓမ္မာ ဝေါဟာရအနေနဲ့ဆိုရင် သဒ္ဓါတရား ကောင်းတယ် ဆိုတာ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ခိုင်မြဲတဲ့ ယုံကြည်မှုရှိတာဆိုလိုတာ၊ ယုံကြည်မှု ရှိလာရင် လှူတာတန်းတာ လုပ်တော့မှာပေါ့လေ၊ အဲဒါ သဒ္ဓါ တဲ့။

သဒ္ဓါ ကို ဘာနဲ့နှိုင်းသလဲဆိုတော့ ရေကိုကြည်စေတတ်တဲ့ စကြာမင်းကြီးရဲ့ ပတ္တမြားရတနာနဲ့ နှိုင်းတယ်၊ စကြာမင်းမှာ ပတ္တမြားရတနာတစ်ခုရှိတယ်၊ သူ စစ်တိုက်သွားမယ်၊ ခရီးထွက်တဲ့အခါ ရေသောက်ချင်လာတယ်၊ ရေကလဲ လူအများ ဖြတ်သန်းသွားလာထားလို့ မကြည်ဘူးဆိုပါတော့၊ အဲသလိုဆိုရင် ရေခပ်ပြီး ပတ္တမြားရတနာ ထည့်လိုက်ရင် ရေဟာ တစ်ခါတည်း အနည်ထိုင်ကျ ကြည်လင်လာပြီး သောက်လို့ရသွားတယ်၊ အဲသလို စကြာမင်းရဲ့ ပတ္တမြားရတနာနဲ့ နှိုင်းပြီး ကျမ်းဂန်တွေမှာ ဆိုတယ်။

ပြီးတော့ သဒ္ဓါတရားကို ရဲရင့်တဲ့သူနဲ့လဲနှိုင်းတယ်၊ မြစ်တစ်ခုရှိတယ်ဆိုပါတော့၊ မြစ်ဆိုရင် မြန်မာလူမျိုးက ဧရာဝတီပဲ မြင်တာ၊ အဲသလို မမြင်ကြနဲ့၊ ဖြတ်သွားလို့ရတဲ့ မြစ်သေးသေးမျိုးကိုပဲ မြင်ကြ။

အဲဒီမြစ်ကမ်းမှာ လူတွေက ရပ်နေကြတယ်ဆိုပါတော့၊ သူတို့က ဟိုဘက်ကမ်း ကူးချင်တယ်၊ ဒါပေမယ့် မြစ်ထဲက မိချောင်းတွေဘာတွေကြောက်လို့ မကူးဝံ့ဘူး ဖြစ်နေတယ်၊ အဲဒီကျတော့ လူတစ်ယောက်ကလာတယ်၊ လက်ထဲမှာ ဓားပါလာတယ်။ မင်းတို့ ဘာလုပ်နေကြသလဲ မေးတော့ ဟိုဘက်ကမ်းကူးဖို့ မကူးရဲဘူး သိရတယ်။

“လာခဲ့၊ နောက်က လိုက်ခဲ့၊ ငါကာကွယ်မယ်” ဆိုပြီး သူက ရှေ့ကခေါင်းဆောင်ဆွဲခေါ်သွား၊ သူ့နောက်က လိုက်ကြနဲ့ ဟိုဘက်ကမ်း ရောက်သွားရော။

သဒ္ဓါတရားဟာ အဲဒါမျိုးလိုပဲ၊ ကုသိုလ်ကောင်းမှုတစ်ခုခု ပြုစရာရှိရင် သဒ္ဓါတရားမရှိရင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေပေဘူးလား၊ ဟိုဟာလေးစိုးရိမ်၊ ဒီဟာလေးစိုးရိမ်၊ သဒ္ဓါရှိလာပြီဟေ့ဆိုရင် သူကဆွဲခေါ်သွားလို့ ပါသွားတော့တာပဲ။ လှူတယ် တန်းတယ်ဆိုလည်း ရက်ရက်ရောရော လှူတန်းတော့တာပဲ၊ သီလ ဆောက်တည် တယ်ဆိုရင်လည်း တကယ် ဆောက်တည်တော့တာပဲ။

အဲဒီလို သဒ္ဓါတရားက ရေအလျင်မှာ ရေစီးထဲဖြတ်ပြီး ခေါ်သွားတဲ့လူနဲ့လည်း

[စာမျက်နှာ-271] တူတယ်။

ပြီးတော့ သဒ္ဓါတရားကို လက်နဲ့လည်းနှိုင်းသေးတယ်၊ လက်မပါရင် ကိုယ်လိုချင်တဲ့ပစ္စည်း ကောက်မယူနိုင်ဘူး၊ ကောင်းတဲ့ပစ္စည်း ကောက်မယူနိုင်ဘူး ပြောကြပါစို့၊ ထို့အတူပဲ “သဒ္ဓါတရားမရှိရင် ကုသိုလ်ကို မယူနိုင်ဘူး၊ သဒ္ဓါရှိမှ ကုသိုလ်ယူရတယ်၊ သဒ္ဓါမရှိရင် ကုသိုလ်ကို ဘယ်လိုလုပ်မှမရဘူး၊ ဒါကြောင့်မို့ သဒ္ဓါတရားဟာ လက်နဲ့လည်း တူတယ်။

သဒ္ဓါတရားကို သူတော်ဥစ္စာလို့ ဟောထားတဲ့ နေရာလည်းရှိတယ်၊ သူတော်ကောင်းဥစ္စာ ၇-ပါးမှာ သဒ္ဓါတရားဟာ တစ်ခုအပါအဝင်ပဲ၊ သဒ္ဓါတရားရှိရင် ဒီပုဂ္ဂိုလ်ဟာ လူချမ်းသာလို့ ခေါ်ရတာပေါ့၊ ပစ္စည်းဥစ္စာမွဲနေပေမယ်လို့ သဒ္ဓါတရားရှိရင် မြတ်စွာဘုရားရဲ့ အမြင်မှာ လူချမ်းသာပဲ၊ သဒ္ဓါတို့ သီလတို့ပေါ့။

တစ်ခါတလေကျတော့လည်း သဒ္ဓါတရားကို မြတ်စွာဘုရားက မျိုးစေ့နဲ့ နှိုင်းခိုင်းတယ်၊ ဒီသဒ္ဓါတရားရှိတော့ သဒ္ဓါတရားကနေပြီး ကုသိုလ်အပင်တွေ ထပေါက်နိုင်တယ်ပေါ့၊ မျိုးစေ့နဲ့နှိုင်းခိုင်းပြီး ဟောထားတာတွေလည်း ရှိတယ်။ ဒါသဒ္ဓါတရားနဲ့ ပတ်သက်တာတွေ။

သတိ

နောက်တစ်ခုက သတိ တဲ့၊ သတိကျတော့ ဘုရားစသော အာရုံ၌ အမှတ်ရခြင်းသဘော၊ အဘိဓမ္မာမှာလာတဲ့ သတိက ကောင်းတာအမှတ်ရတာကို သတိခေါ်တာနော်၊ ဘုရား၊ တရား၊ သံဃာသတိရတယ်၊ တရားထိုင်ဖို့သတိရတယ်၊ လှူဖို့တန်းဖို့ သတိရတယ်၊ သီလဆောက်တည်ဖို့ သတိရတယ်၊ အဲသလိုသတိရတာမျိုး အမှတ်ရတာမျိုးကို သတိလို့ခေါ်တယ်၊ ဘုရားစသော ကောင်းသောအာရုံ၌ အမှတ်ရခြင်းသဘော။

ဒါဖြင့် ငါးမျှားသွားရမှာ သတိရတာတို့ တောလိုက်သွားရမှာ သတိရတာတို့က အဲဒါတော့ သညာဖြစ်သွားပြီ၊ မှားတဲ့သညာ၊ အကုသိုလ်သညာ၊ မိစ္ဆာသညာ၊ အဲဒါကို အမှန်ကသတိလို့ မခေါ်ဘူး၊ အဘိဓမ္မာ အသုံးနှုန်းအရ အဲဒါကို သတိလို့ မခေါ်ဘူး။

သတိဟာ နေရာတကာမှာ အရေးကြီးတယ်၊ သတိပဋ္ဌာန်တရားလို့ခေါ်တဲ့ တရားထိုင်တဲ့အခါ သတိလေးပါမှ ရတယ်၊ သတိမရှိရင် စိတ်က ဟိုရောက်ဒီရောက် ရောက်တော့တာ၊ သတိလေးနဲ့ ထိန်းတဲ့ကြားထဲကတောင်မှ ရောက်တယ်ရှိသေးတယ်။

ဟိရီ၊ ဩတ္တပ္ပ

နောက်တစ်ခု ဟိရီ၊ ဒုစရိုက်မှ ရှက်ခြင်းသဘော၊ ခုနတွေ့ခဲ့ပြီနော်၊ သူနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အဟိရိက၊ လူတွေက ဟိရီလို့လည်း ခေါ်တယ်၊ ဟီရိလို့လည်း

[စာမျက်နှာ-272] သုံးတယ်၊ ဒါက အလွဲအမှားဖြစ်တယ်၊ ပါဠိကိုဖတ်ရင် အရှိအတိုင်း ဖတ်ရတယ်၊ ဟိရီ လို့ပဲဆိုရတယ်၊ ဟီရိလို့ အဲသလို နှုတ်တက်မိကြတယ်၊ အဲသလို အမှား နှုတ်တက်မိတာတွေ အလွန်များတယ်။

သိရီ သာဖြစ်တယ် အမှန်က သီရိမဟုတ်ဘူး၊ သီရိဂေဟာ၊ သီရိကျက်သရေ စသည်ဖြင့် ပြောဆိုသုံးစွဲနေကြတယ်မဟုတ်လား၊ အမှန်က သိရီ။

ဒီမှာလည်း ဒီအတိုင်းပဲ၊ ဟိရီ၊ ဒုစရိုက်မှ ရှက်ခြင်းသဘော၊ ဒုစရိုက်ဖြစ်တဲ့ သူ့အသက်သတ်ရမှာ၊ သူ့ဥစ္စာခိုးရမှာ ရှက်တဲ့သဘောကို ဟိရီ လို့ခေါ်တယ်။

ဩတ္တပ္ပ တဲ့၊ ဩတ္တပ္ပ ဆိုတာ ဒုစရိုက်မှ ကြောက်လန့်ခြင်းသဘော၊ ဒုစရိုက် ပြုရမှာကို ကြောက်တာ၊ ဒုစရိုက်ပြုရင် မကောင်းတဲ့အကျိုးတွေရမယ်။

အဲသလို မကောင်းတဲ့အကျိုးတွေရမှာကို ကြောက်တဲ့အတွက်ကြောင့်မို့ မပြုဘူးဆိုပါတော့၊ ဒါကြောင့်မို့ ဟိရီ က ဒုစရိုက်မှ ရှက်ခြင်းသဘော၊ ဩတ္တပ္ပ က ဒုစရိုက်မှ ကြောက်လန့်ခြင်းသဘော။

ဟိရီ ကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ကိုယ့်ကိုကိုယ် အာရုံပြုပြီးတော့ မကောင်းမှုမှ ရှက်တတ်တဲ့ အမျိုးသမီးကောင်းနဲ့ ဥပမာပေးတယ်။

ငါလိုပုဂ္ဂိုလ်ဟာ ဒါမျိုး မလုပ်ထိုက်ဘူး၊ ငါလို အမျိုးသမီးဟာ မတော်တရော် မလုပ်ထိုက်ဘူးဆိုပြီး၊ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားပြီးတော့ စောင့်စည်းမှု ရှိသွားတယ်။ ဒါကြောင့်မို့ အမျိုးသမီးကောင်းနဲ့ ဥပမာပေးတာ။

ဩတ္တပ္ပ ကျတော့ ဒုစရိုက်မှ ကြောက်လန့်တယ်ဆိုတာ အပြင်ကဟာကို ဦးစားပေးတဲ့ သဘောရှိတယ်၊ အပြစ်ကို ကြောက်တာ၊ သူများကဲ့ရဲ့မှာကိုကြောက်တာ၊ ဒါကြောင့်မို့ သူ့ကျတော့ ပြည့်တန်ဆာမနဲ့ ဥပမာပေးတယ်၊

သူတစ်ပါးကဲ့ရဲ့ မှာစိုးတာ၊ သူ့ဆီလူမလာမှာစိုးတဲ့အတွက်ကြောင့်မို့ ပြည့်တန်ဆာမက ကိုယ်ဝန်မရှိအောင်နေတာပေါ့၊ အဲဒီလို ဥပမာပေးတယ်။

ဒါကြောင့်မို့ ဟိရီ ကို အမျိုးကောင်းသမီးနဲ့ ဥပမာပေးတယ်၊ ဩတ္တပ္ပ ကို ပြည့်တန်ဆာမနဲ့ ဥပမာပေးတယ်၊ အမျိုးကောင်းသမီးက ကိုယ့်ကိုကိုယ်ဆင်ခြင်ပြီး မကောင်းမှုမလုပ်ဘူး၊ ပြည့်တန်ဆာမကလည်း သူများတွေအတွက် သူ့အနေနဲ့ မလုပ်ထိုက်တာ မဟုတ်ဘူး၊ အဲသလို ဥပမာပေးတယ်။

ဒီ ၂-ပါး (ဟိရီ နဲ့ ဩတ္တပ္ပ)ကို လောကပါလတရားလို့ ခေါ်တယ်။ လောကကြီးကို စောင့်ရှောက်တတ်တဲ့ တရား၊ လောကရဲ့ အစောင့်အရှောက်တရား၊ ဒီ ၂-ပါး မရှိဘူးဆိုရင် လူ့လောက Society ပရမ်းပတာဖြစ်လာမယ်၊ အခု

[စာမျက်နှာ-273] ဒီနိုင်ငံကြည့်ပေါ့၊ ဟိရီဩတ္တပ္ပဆိုရင် နားကိုမလည်ဘူး၊ ဟိရီဩတ္တပ္ပရှိတဲ့ သူကိုတောင် သူတို့က ကဲ့ရဲ့ဦးမယ်၊ မရှိအောင် မြှောက်ပေးတယ်၊ အဲဒါကြောင့်မို့လည်း ဒီနိုင်ငံ ကိုးရိုးကားရားဖြစ်နေတာပဲ။

ဒီ ၂-ပါး (ဟိရီ နဲ့ ဩတ္တပ္ပ)ကို လောကပါလတရားလို့လဲခေါ်တယ်၊ ဖြူစင်ကြောင်းဖြစ်တဲ့ တရားလို့လည်းသုံးတယ်၊ ဒီ ၂-ခုရှိရင် ကုသိုလ်ဖြစ်တော့တာပဲ။ ဒီ ၂-ခု မရှိဘူးဆိုရင် အကုသိုလ်ဖြစ်ချင်ရာဖြစ်ရော။

အလောဘ၊ အဒေါသ

နောက်တစ်ခုက အလောဘ တဲ့၊ အလောဘ ဆိုတာ အာရုံ၌ မကပ်ငြိမလိုချင်ခြင်း၊ သဘောပြောင်းပြန်က လောဘပေါ့၊ လောဘရဲ့ ပြောင်းပြန်သည် အလောဘ။

အလှူအတန်းပြုတဲ့အခါ လောဘ ရှိသေးသလား၊ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး လောဘရှိနေရင် မလှူနိုင်ဘူးလေ၊ သူများကို မပေးနိုင်ဘူး။

ပစ္စည်းနဲ့ ပတ်သက်ပြီး သူများကို ပေးတယ်၊ လှူတယ် ဆိုတာ အလောဘ က လှူတာ၊ အဲဒါကြောင့် အလောဘ ကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ သစ်ရွက်ပေါ်မှာ တင်နေတဲ့ ရေပေါက်ကလေးနဲ့ တူတယ်တဲ့၊ သူကကပ်ငြိမနေဘူး၊ ဟိုပြေး ဒီလိမ့်နဲ့၊ ရေကလေးက ကပ်နေတယ် မရှိဘူး၊ အဲသလိုပဲ ဥပမာပေးတယ်။

ကိလေသာမှ ကင်းလွတ်ပြီးသား ရဟန်းအနေနဲ့ ဘာမှတွယ်တာမှု မရှိသလိုပဲ၊ အလောဘ ကို ကိလေသာမှ ကင်းလွတ်ပြီးသား ရဟန်းနဲ့လည်း ဥပမာပေးတယ်။

ပြီးတော့ မတွယ်တာမှုမှာ နောက်တစ်ခုက ဘာနဲ့ ဥပမာပေးသလဲဆိုတော့ အညစ်အကြေးထဲ ကျသွားတဲ့လူဟာ အဲဒီအညစ်အကြေးပေါ်မှာ တွယ်တာမှုမရှိဘူး၊ ချက်ချင်းပြန်ပြီး ရုန်းထွက်သွားသလို အာရုံတစ်ခုနဲ့ တွေ့လိုက်ရင် အဲဒီ အာရုံကို မလိုချင်တာ မတွယ်တာတာ၊ အဲဒီအာရုံမှာ မကပ်ငြိတာကို အလောဘ လို့ခေါ်တယ်။

နောက်တစ်ခုက အဒေါသ၊ ဒါလည်း ဒေါသရဲ့ ဆန့်ကျင်ဘက်ပဲ၊ မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ မခက်ထန်ဘူး၊ မကြမ်းတမ်းဘူးဆိုရင် ပျော့ပျောင်းတယ်ပေါ့၊ ဒါကြောင့်မို့ အဒေါသ ဟာ အမှန်တော့ မေတ္တာ၊ မေတ္တာနဲ့ အဒေါသ အတူတူပဲ။

ဒေါသဖြစ်နေရင် မေတ္တာဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ ဆန့်ကျင်ဘက်ပဲ။ မေတ္တာဖြစ်နေရင် ဒေါသမဖြစ်ဘူး။

အဲဒီ အဒေါသ ကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ကိုယ်နဲ့တည့်တဲ့မိတ်ဆွေ၊ ကိုယ်နဲ့တည့်တဲ့ မိတ်ဆွေဆိုရင် ကိုယ့်အပေါ် စိတ်ကောင်းရှိတယ်၊ လိုက်လျောတယ်။

ပြီးတော့ အဒေါသ ဆိုတာ အေးမြတဲ့သဘောရှိတယ်၊ မကြမ်းတမ်းဘူးဆိုတော့

[စာမျက်နှာ-274] စန္ဒကူးနဲ့လည်း ဥပမာပေးတယ်။

တတြမဇ္ဈတ္တတာ

နောက်တစ်ခုက တတြမဇ္ဈတ္တတာ၊ အာရုံ၌ သမ္ပယုတ်တရားတို့ကို လစ်လျူရှုစေခြင်းသဘော။

တတြမဇ္ဈတ္တတာ ဆိုတာက ဟိုဘက်လည်းမပါဘူး၊ ဒီဘက်လည်းမပါဘူး၊ အလယ်မှာ တည်နေတာကို ဆိုလိုတယ်၊ ဟိုဘက်လည်းကျမသွားဘူး၊ ဒီဘက်လည်း ကျမသွားဘူး၊ မဇ္ဈ ဆိုတာအလယ်၊ မဇ္ဈိမပဋိပဒါဆိုတာ အလယ်အလတ်၊ အင်္ဂလိပ်လိုပြန်ရင် Equanimity လို့ပြန်တယ်။

သူက ဘာသဘောလဲဆိုတော့ မနသိကာရ (attention) တုန်းကလည်း ဘာဥပမာပြောခဲ့သလဲ၊ မြင်း ၅-ကောင် ၆-ကောင်ကတဲ့ ရထားသွားတဲ့အခါ ဒီမြင်းတွေ အညီအမျှသွားအောင် ဖြောင့်ဖြောင့်သွားအောင် ဂရုစိုက်တာ မနသိကာရ။

တတြမဇ္ဈတ္တတာ ရဲ့သဘောက အဲသလို ဂရုစိုက်ပေးလို့ သူ့ဟာသူ ဖြောင့်ဖြောင့်လေး သွားနေတဲ့အခါကျတော့ ဒီ driver က ဘာမှ ကြောင့်ကျ မစိုက်တော့ပဲနဲ့ အေးအေးလေးနေတော့တယ်၊ အထူးဘာမှ မြင်းကို ကြောင့်ကျ မစိုက်ပဲနဲ့ သူ့ဟာသူ မှန်မှန် အေးအေးဆေးဆေးသွားနေလို့၊ အဲဒီအခါမှာ သူဟာ တတြမဇ္ဈတ္တတာ သဘောဖြစ်နေတယ်။

ဟိုမြင်းလည်းတို့စရာ မလိုဘူး၊ ဒီမြင်းလည်းတို့စရာမလိုဘူး၊ အဲဒီ သဘောကို တတြမဇ္ဈတ္တတာ လို့ ခေါ်တယ်။

တတြမဇ္ဈတ္တတာ ကိုပဲ ဥပေက္ခာ လို့လည်း ခေါ်တဲ့နေရာတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့ စာဖတ်တဲ့အခါ ဥပေက္ခာ ဆိုတဲ့ စကားလုံးတွေ့လာရင် သတိထားရမယ်။

ဥပေက္ခာ ဟာ ဝေဒနာဥပေက္ခာလည်းရှိတယ်၊ အလယ်အလတ်ခံစားမှု၊ ကောင်းတာခံစားတာလည်း မဟုတ်ဘူး၊ ဆိုးတာခံစားတာလဲ မဟုတ်ပဲနဲ့ အလယ်အလတ် ခံစားမှုဝေဒနာ ဥပေက္ခာ က တစ်မျိုး။

ဒီလို ဟိုဘက်ဒီဘက်မကျပဲနဲ့ အလယ်မှာနေတဲ့ ဥပေက္ခာ က တစ်မျိုး၊ တစ်ခါတစ်ခါ သုတ္တန်ပါဠိတော်တွေမှာ ဥပေက္ခာ ဆိုတဲ့ စကားလုံးသုံးပြီးဟောတယ်။ တစ်ခါတလေ ဥပေက္ခာ က indifference, neutral feeling တစ်ခါတလေ Equanimity မတူဘူး။ ဒါကြောင့်မို့ တတြမဇ္ဈတ္တတာ ကို တစ်ခါတလေ ဥပေက္ခာ လို့ ခေါ်လိမ့်မယ်။

ဗြဟ္မစိုရ် ၄-ပါးဆိုတာသိကြသလား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ အဲဒီ ဥပေက္ခာ ဟာ ဒါပဲ၊ ဗြဟ္မစိုရ် ၄-ပါးမှာပါတဲ့ ဥပေက္ခာ ဟာ feeling ဥပေက္ခာ

[စာမျက်နှာ-275] မဟုတ်ဘူး၊ ဥပေက္ခာဝေဒနာနဲ့ ယှဉ်တဲ့ ဥပေက္ခာ မဟုတ်ဘူး၊ ဒီ ဥပေက္ခာ ကို ဆိုလိုတာ။

ဒါကြောင့်မို့ အဲဒီ ဥပေက္ခာ ကို ပွားများတဲ့အခါကျတော့ မုန်းခြင်းချစ်ခြင်း မရှိတော့ဘူး၊ အလယ်အလတ်မှာပဲနေတော့တယ်၊ ဥပေက္ခာ က လုံးဝ အာရုံမပြုတာ တော့မဟုတ်ဘူးနော်၊ အဲဒါ သိပ်အရေးကြီးတယ်။

ဆိုပါတော့ အခုခေတ်မှာသားသမီးမိုက်လို့ ဥပေက္ခာ ပြုလိုက်ပြီဆိုရင် သူ့ကို လုံးဝ စိတ်ထဲမထားတော့ဘူး၊ ပစ်ပယ်လိုက်တာ၊ အဲဒါကို ဥပေက္ခာ လို့ သုံးတယ် မဟုတ်လား၊ အမှန်က မဟုတ်ဘူး၊ ဒီ ဥပေက္ခာ က အာရုံပြုလျက်နဲ့ သူ့ကို ချစ်ခြင်း မုန်းခြင်း မဖြစ်တာ၊ very refined stage ဒီအဆင့်အတန်းမျိုးဟာတော်တော် လေ့လာယူရတဲ့ အဆင့်အတန်းမျိုး၊ ဒီပုဂ္ဂိုလ်တစ်ယောက်ကို မြင်နေပါလျက်နဲ့ သူ့ကိုချစ်လည်းမချစ်ဘူး မုန်းလည်းမမုန်းဘူး၊ မုန်းလည်းမမုန်းအောင်ထိန်းရတဲ့ အရည်အချင်းဟာ မနည်းဘူး၊ အဲဒါကို ဥပေက္ခာ လို့ ခေါ်တယ်။

ဒါကြောင့်မို့ အခုဗြဟ္မစိုရ်တရား ၄-ပါးထဲက မေတ္တာတွေ့ထားပြီ၊ ဥပေက္ခာ တွေ့ထားပြီ၊ ကရုဏာနဲ့ မုဒိတာကို နောက်တော့ တွေ့လိမ့်မယ်။

ကာယ၊ စိတ္တအတွဲများ

နောက်ဟာတွေက အတွဲ၊ အတွဲနဲ့သွားလိမ့်မယ်၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ ဆိုတဲ့ ပဿဒ္ဓိအတွဲ၊ ကာယလဟုတာ၊ စိတ္တလဟုတာ အတွဲ စသည်ဖြင့် သွားတယ်။

ကာယပဿဒ္ဓိ ဆိုတာ စေတသိက်တို့၏ ငြိမ်းခြင်းသဘော၊ စိတ္တပဿဒ္ဓိ ဆိုတာ စိတ်၏ ငြိမ်းခြင်းသဘော၊ ခုနကပြောတဲ့ ထိနမိဒ္ဓ လိုပဲ။

ဒီနေရာမှာ ကာယ ဆိုတဲ့ စကားလုံးလေး သတိထားရမယ်၊ ကာယ ဆိုတာ ကိုယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ကိုယ်ဆိုတာ ရုပ်ခန္ဓာကြီးလို့ များသောအားဖြင့် ယူတတ်တယ်၊ ဒီနေရာမှာ ရုပ်ခန္ဓာကိုယ်ကို မဆိုလိုဘူး၊ ကာယ အပေါင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဦးဇင်းတို့ ခန္ဓာကိုယ်က အစိတ်အပိုင်းလေးတွေ ပေါင်းထားလို့ အပေါင်းလို့ ကိုယ်ကာယလို့ပါဠိလို ခေါ်တာ၊ ဒါကြောင့် ကာယ ဆိုတာ စေတသိက်အပေါင်းလို့ဆိုလိုတာ။

ဒါကြောင့် ကာယပဿဒ္ဓိ ဆိုရင် စေတသိက်အပေါင်းတို့၏ ငြိမ်းခြင်းသဘော၊ စိတ္တပဿဒ္ဓိ စိတ်၏ငြိမ်းခြင်းသဘော၊ အဲဒီ ငြိမ်းနေတဲ့သဘောလေး၊ Tranquility ပေါ့။

နောက်တစ်ခုက ကာယလဟုတာ၊ စိတ္တလဟုတာ၊ လဟု ဆိုတာပေါ့တာ၊ စေတသိက်တို့၏ပေါ့ခြင်းသဘော၊ စိတ်၏ပေါ့ခြင်းသဘော၊ သွက်သွက်လက်လက်

[စာမျက်နှာ-276] ဖြစ်နေတာကို ဆိုလိုတာ၊ မလေးလံဘူး၊ မထိုင်းမှိုင်းဘူး။

နောက်တစ်ခုက ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ စေတသိက်တို့၏ နူးညံ့ခြင်းသဘော၊ သိမ်မွေ့ခြင်းသဘော၊ စိတ်၏နူးညံ့ခြင်းသဘော၊ သိမ်မွေ့ခြင်းသဘော၊ အဲဒါတွေက သိပ်မခဲယဉ်းပဲ နားလည်နိုင်တယ်။

ကာယကမ္မညတာ၊ စေတသိက်တို့၏အမှု၌ ကောင်းခြင်းသဘော၊ စိတ္တကမ္မညတာ၊ စိတ်၏အမှု၌ကောင်းခြင်းသဘော၊ အမှု၌ကောင်းခြင်းဆိုတာဘာလဲ။

အမှု၌ ကောင်းခြင်းဆိုတာက ပါဠိစကားကို တိုက်ရိုက်ပြန်ထားတာ၊ adaptability အမှုဆိုတာ ထိုထိုကိစ္စပေါ့၊ ထိုထိုကိစ္စ၌ ကောင်းတယ်ဆိုတော့ adapt လုပ်လို့ရတယ်၊ ဘာနဲ့ဖြစ်ဖြစ် လုပ်နိုင်တယ်၊ လိုက်လျောတယ်၊ အဲဒါကြောင့်မို့ အမှု၌ကောင်းခြင်း၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ စေတသိက်တို့၏ အမှု၌ ကောင်းခြင်း၊ စိတ်၏အမှု၌ကောင်းခြင်း။

ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ စေတသိက်တို့၏ လေ့လာခြင်းသဘော၊ စိတ်၏လေ့လာခြင်းသဘော။

လေ့လာခြင်းသဘောဆိုတာ ဘာတုန်း proficiency လေ့လာပြွမ်းတီးတယ်။ အလေ့အကျင့် ရတယ်ဆိုတဲ့သဘော၊ ဒါကြောင့်မို့ စေတသိက်တို့၏ လေ့လာခြင်းသဘော proficiency ဖြစ်တယ်၊ စိတ်၏လေ့လာခြင်းသဘော။

နောက်တစ်ခုက ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ ဥဇု ဆိုတာ ဖြောင့်တာ၊ ကာယုဇုကတာ ဆိုတော့ စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊ rectitude လို့ ပြန်တယ်၊ စိတ္တုဇုကတာ ဆိုတာ၊ စိတ်၏ဖြောင့်မတ်ခြင်းသဘော၊ သူတို့က အတွဲ၊ အတွဲလေးတွေနဲ့နေတယ်။

အဲဒီတော့ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ က စိတ်စေတသိက်တို့၏ ပူပန်ခြင်းကို ပယ်မယ်၊ ကာယလဟုတာ၊ စိတ္တလဟုတာ အရ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းခြင်းကို ပယ်မယ်စသည်ဖြင့်ပေါ့၊ သူတို့က ၂-ခု၊ ၂-ခုစီ တွဲပြီး ဆိုင်ရာ ဆန့်ကျင်ဖက် တရားတွေကို ပယ်တတ်တဲ့အတွက်ကြောင့် ၂-ခု၊ ၂ ခုတွဲပြီးထားတယ်။

ကောင်းပြီ၊ ၁၉-ခုကို သောဘနသာဓာရဏစေတသိက် ၁၉-ပါး၊ သောဘနသာဓာရဏဆိုတဲ့ အဓိပ္ပါယ်က သောဘနစိတ်အားလုံးနဲ့ ဆက်ဆံမယ်၊ သောဘနစိတ်အားလုံးဖြစ်တိုင်းဖြစ်တိုင်း သူတို့လည်းပဲဖြစ်မယ်၊ ယှဉ်မယ်။

ဝိရတီ ၃-ပါး

ဝိရတီ ၃-ပါးတဲ့၊ ဝိရတီ ဆိုတာ ရှောင်ကြဉ်ကြောင်းဖြစ်သော စေတသိက်၊ ရှောင်ကြဉ်တဲ့သဘောကို ဝိရတီ လို့ခေါ်တယ်၊ rectitude လို့ အင်္ဂလိပ်လို

[စာမျက်နှာ-277] ပြန်တယ်။

သမ္မာဝါစာ တဲ့၊ အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ သမ္မာ ဆိုတာက မှန်ကန်သော၊ ဝါစာ ဆိုတာက စကား၊ မှန်ကန်သော စကားလို့ဆိုလိုတယ်။

မှန်ကန်သော စကားဆိုတာက ဒီနေရာမှာ အမှန်အကန်ပြောတာကို ဆိုလိုတာမဟုတ်ပဲနဲ့ မမှန်မကန်ပြောတာ၊ ကုန်းတိုက်တာ၊ ကြမ်းကြမ်းတမ်းတမ်းပြောတာ၊ အနက်အဓိပ္ပါယ် မရှိတဲ့စကားကို ပြောဆိုခြင်းမှရှောင်ကြဉ်တာကို (ဒီနေရာမှာ) ဆိုလိုတယ်။

“အသက်မွေးဝမ်းကျောင်းနှင့်မစပ်ဆိုင်သော” ဆိုတာ တချို့က ဒါနဲ့ အသက်မွေးတာတွေ့ရှိတတ်တယ်၊ သူများကို လိမ်ညာပြီး အသက်မွေးတဲ့သူတွေ ရှိတယ်ဆိုရင် မုသာဝါဒဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း။

အခုဟာက အဲသလို အသက်မွေးဝမ်းကျောင်း မဟုတ်ပဲနဲ့ ရိုးရိုးလိမ်ပြောတာ မျိုး၊ ဆိုပါတော့၊ ဒီလူတွေဟာ လိမ်ပြောပြီး အသက်မွေးတဲ့သူတွေ မဟုတ်ဘူး၊ ဒါပေမယ့်လို့ လိမ်စရာတစ်ခုတွေ့လာတယ်။

တွေ့တဲ့အခါမှာ အဲဒီလိမ်စရာကိုတွေ့လျက်နဲ့မှ လိမ်ဖို့အခွင့်အရေးကို စွန့်လွှတ်လိုက်တယ်၊ မလိမ်ဘူး၊ ရှောင်ကြဉ်လိုက်တယ်၊ အဲသလို ရှောင်ကြဉ်လိုက် တဲ့အခါမှာ သမ္မာဝါစာ စေတသိက်ဖြစ်တယ်၊ ကိုယ့်ဟာကိုယ်ထိုင်နေရင် သမ္မာဝါစာ စေတသိက် စိတ်ထဲမှာမဖြစ်ဘူး၊ ဘုရားရှိခိုးနေတယ်၊ သမ္မာဝါစာ စေတသိက် မဖြစ်ဘူး။

ဘုရားရှိခိုးနေရင်းနဲ့ ခြင်ကိုက်တယ်၊ ခြင်ကိုသတ်ချင်တယ်၊ ဒါပေမယ့် မသတ်ဘူး၊ ရှောင်လိုက်တယ်၊ အဲဒါဆိုရင် အဲဒီအချိန်မှာ သမ္မာကမ္မန္တ ဖြစ်မယ်။

အသက်မွေးဝမ်းကျောင်းနဲ့ မဆိုင်တဲ့ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ရင် သမ္မာဝါစာ၊ အသက်မွေးဝမ်းကျောင်းနဲ့ မဆိုင်တဲ့ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ရင် သမ္မာကမ္မန္တ။

ကိုယ်ကခိုးမှုနဲ့ အသက်မွေးနေရင်တော့ သမ္မာကမ္မန္တ မဟုတ်ဘူး၊ နောက်ဟာ (သမ္မာအာဇီဝ) ဖြစ်လိမ့်မယ်။

အသက်မွေးဝမ်းကျောင်းနဲ့ မစပ်ဆိုင်တဲ့ ဝစီဒုစရိုက်က ရှောင်ရင် သမ္မာဝါစာ၊ ကာယဒုစရိုက်က ရှောင်ရင် သမ္မာကမ္မန္တ။

မေး - အရှင်ဘုရား အဲဒါတွေ အကျယ်မပြောတော့ဘူးလား၊

ဖြေ - ဝစီဒုစရိုက် ၄-ပါးဆိုတာ လိမ်ပြောတာ၊ ကုန်းတိုက်တာ၊ ကြမ်းတမ်းတဲ့

[စာမျက်နှာ-278] စကားနဲ့ ဆဲရေးတိုင်းထွာတာ၊ အနက်အဓိပ္ပါယ်မရှိတဲ့ တွေ့ကရာစကားတွေ လျှောက်ပြောတာ၊ အဲဒါကို ဝစီဒုစရိုက် ၄-ပါးလို့ခေါ်တယ်၊ အနက်အဓိပ္ပါယ် မရှိတာဆိုတာ အကျိုးမရှိတာကို ခေါ်တာ၊ spiritual group ဘာမှ အကျိုးမရှိတဲ့စကားကို သမ္ပပ္ပလ္လာပ၊ နောက်ဆုံးဟာထဲမှာ ထည့်ရတယ်၊ ဒီ ၄- ခုကို ဝစီဒုစရိုက် ၄-ပါးလို့ ခေါ်တယ်၊ နှုတ်နဲ့ ပြုအပ်သော မှားတဲ့အကျင့်။

မေး - ကာယဒုစရိုက် ၃-ပါးကို ပြောပြပါဘုရား။
ဖြေ - ကာယဒုစရိုက် ၃-ပါးက သူများအသက်သတ်တာ၊ သူများဥစ္စာခိုးတာ၊ သူများသားမယားပစ်မှားတာ၊ အဲဒါ ကာယဒုစရိုက် ၃-ပါး။

မေး - ဒါဖြင့် ငါးပါးသီလထဲမှာ ဘာတွေပါသလဲ ပြောကြစမ်း။
ဖြေ - အသက်မသတ်တာပါတယ်၊ မခိုးတာပါတယ်၊ သူများအိမ်ရာ မပစ်မှားတာ ပါတယ်၊ မလိမ်တာပါတယ်။

အဲသလို အသက်မွေးဝမ်းကျောင်းလည်း မဟုတ်ဘူး၊ ဒီဒုစရိုက်တွေနဲ့ တွေ့လာတဲ့အခါ ဒုစရိုက်တွေက ရှောင်တာကို ဝိရတီ လို့ ခေါ်တယ်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ။

အကယ်၍ မိမိက လိမ်ပြောတဲ့အတတ်နဲ့ အသက်မွေးတယ်၊ နောင်တစ်ချိန်မှာ အဲဒီအသက်မွေးမှုကို လုံးဝစွန့်လိုက်တယ်၊ အဲဒီအခါမှာ သမ္မာအာဇီဝ ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်ခြင်းသဘော။

တံငါသည်တစ်ယောက်ဟာ ငါးဖမ်းခြင်းအလုပ်ကိုစွန့်လိုက်တယ်၊ သမ္မာအာဇီဝ ဖြစ်သွားတယ်၊ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ဟာကိုရှောင်ရင် သမ္မာအာဇီဝ၊ အသက်မွေးဝမ်းကျောင်းနဲ့ မဆိုင်တဲ့ ဝစီဒုစရိုက် ကိုရှောင်ရင် သမ္မာဝါစာ၊ ကာယဒုစရိုက်ကိုရှောင်ရင် သမ္မာကမ္မန္တ၊ အဲသလို ကွာတယ်။

ပြီးတော့ သမ္မာအာဇီဝ မှာ အရက်ရောင်းပြီး အသက်မွေးတာ၊ အဆိပ်ရောင်းပြီး အသက်မွေးတာ၊ လက်နက်ရောင်းပြီး အသက်မွေးတာတွေဟာ မိစ္ဆာအာဇီဝ (ကုန်မသွယ်ကောင်းတဲ့) ထဲမှာပါတယ်။

သမ္မာဝါစာ၊ ဝစီဒုစရိုက်က ရှောင်တာ၊ သမ္မာကမ္မန္တ၊ ကာယဒုစရိုက်က ရှောင်တာ၊ သမ္မာအာဇီဝ၊ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဝစီဒုစရိုက်၊ ကာယဒုစရိုက် က ရှောင်တာကို သမ္မာအာဇီဝ။

[စာမျက်နှာ-279] အဲဒါ သေသေချာချာမှတ်ကြ၊ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေထဲမှာ ဒီအဓိပ္ပါယ်ကို သူတို့မရေးကြဘူး၊ သမ္မာအာဇီဝ ဆိုရင် အရက်ရောင်းတာ၊ လက်နက်ရောင်းတာကို ရှောင်တာလောက်သာရေးတယ်၊ အမှန်တော့ ဒါကို နားလည်ရမယ်။

သမ္ပတ္တဝိရတီ

ကောင်းပြီ၊ ဒီ ဝိရတီ မှာ ရှောင်ကြဉ်မှု ၃-မျိုးရှိတယ်၊ အဲဒီ ရှောင်ကြဉ်မှု ၃ မျိုးကို ကျမ်းဂန်တွေမှာ ဆိုထားတယ်။

ပထမရှောင်ကြဉ်မှုက ဘာလဲဆိုတော့
(၁) အခွင့်အရေးကြုံလာတဲ့အခါ ရှောင်ကြဉ်ခြင်း၊ ပါဠိလို သမ္ပတ္တဝိရတီ လို့ ခေါ်တယ်။
(၂) သမာဒါနဝိရတီ တဲ့ ဆောက်တည်ထားလို့ ရှောင်ကြဉ်တာ။
(၃) သမုစ္ဆေဒဝိရတီ၊ ရဟန္တာဖြစ်လို့ မဂ်ရတဲ့အခါမှာ မဂ်နဲ့ အကြွင်းမဲ့ ပယ်တာ၊ အဲသလို ဒုစရိုက်ပယ်တာ ၃-မျိုးရှိတယ်။

သမ္ပတ္တဝိရတီ ဆောက်တည်တယ်ဆိုတာက ကိုယ်ကသိက္ခာပုဒ်တွေ ဆောက်တည်ထားတာ မဟုတ်ဘူး၊ သီလယူထားတာ မဟုတ်ဘူး၊ သို့သော် သတ်ဖို့ရန် ကြုံလာတဲ့အခါ မသတ်ပဲနဲ့ ရှောင်လိုက်တာ၊ အဲဒါမျိုးကို သမ္ပတ္တ။

သမ္ပတ္တ ဆိုတာ ရောက်လာတာ၊ ရောက်လာတွေ့ကြုံတဲ့အခါ ရှောင်တာမျိုးပေါ့။

ရှေးတုန်းက လုလင်တစ်ယောက်ရှိတယ်၊ သူ့မှာ အမေလည်းရှိတယ်။ အစ်ကိုလည်း ရှိတယ်၊ တစ်နေ့တော့ အမေမှာ ရောဂါဖြစ်တယ်၊ ရောဂါဖြစ်တော့ ဆေးဆရာက ယုန်သားစိမ်းရမှ အမေရောဂါပျောက်မယ်လို့ ပြောတယ်။

အဲသလိုပြောတော့ အစ်ကိုက ညီကို ယုန်ရှာလွှတ်လိုက်တယ်၊ အဲဒါနဲ့ ညီဟာ တောထဲသွား ယုန်လိုက်တော့တာပေါ့၊ အဲသလို လိုက်တဲ့အခါ နွယ်နဲ့ငြိပြီး ယုန်ကလေး မပြေးနိုင်ဘူး၊ အဲဒါကို သွားဖမ်းယူလိုက်တယ်။

ယုန်ကလေးကို ဖမ်းပြီးတဲ့အခါ သူက စဉ်းစားတယ်၊ အမေအသက်ကယ်ဖို့အတွက် ဒီသတ္တဝါလေး အသက်သတ်ရမှာလား၊ ဒါဟာဖြင့် မသင့်တော်ဘူး၊ အဲဒီတော့ အသက်တစ်ခုကို ကယ်ဖို့ အသက်တစ်ခုသတ်တာ မသင့်တော်ဘူးဆိုပြီး ယုန်ကလေးကို လွှတ်လိုက်တယ်၊ ယုန်ကလေးက တောထဲဝင်သွားရော။

သူပြန်သွားတော့ အစ်ကိုက ဆီးမေးတော့တာပေါ့၊ ဘယ့်နှယ်လဲ၊ ယုန်ရခဲ့လား ဆိုတော့ သူက မှန်တဲ့အတိုင်း ပြောပြတယ်၊ ကျွန်တော် ယုန်ကို တွေ့တယ်။ ဒါပေမယ့် မသတ်ချင်တာနဲ့ လွှတ်လိုက်တယ်ဆိုတော့ အစ်ကိုက သူ့ကို ဆူဆဲ ငေါက်တာပေါ့။

[စာမျက်နှာ-280] ဒါပေမယ့် သူက ဘာမှ ပြန်မပြောဘဲ သူ့အမေရှေ့သွားပြီး သစ္စာဆိုတယ် “ကျွန်တော်ဟာ လူဖြစ်လာတဲ့နေ့ကစပြီး သေစေလိုတဲ့ စေတနာနဲ့ ဘယ်သတ္တဝါကိုမှ မသတ်ခဲ့ဖူးပါဘူး၊ ဒီလို မှန်ကန်တဲ့ စကားကို ဆိုရတဲ့အတွက်ကြောင့် မိခင်မှာ ရောဂါပျောက်ပါစေ” အဲသလို သစ္စာပြုလိုက်တဲ့အခါမှာ သူ့မိခင်ရဲ့ ရောဂါပျောက်ကင်းသွားတယ်။

အဲဒါ ဘာလဲဆိုရင် သမ္ပတ္တဝိရတီ၊ ရောက်လာတာကို ရှောင်တာ။

[စာမျက်နှာ-281]
ဝိရတီ ၃-ပါး

၄၇။ သမ္မာဝါစာ - အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။
၄၈။ သမ္မာကမ္မန္တ - အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။
၄၉။ သမ္မာအာဇီဝ - အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။

အပ္ပမညာ ၂-ပါး

၅၀။ ကရုဏာ - ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းသဘော။
၅၁။ မုဒိတာ - သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။

အမောဟ ၁-ပါး

၅၂။ ပညိန္ဒြေ - အာရုံကို အမှန်အတိုင်း သိခြင်းသဘော။

ဝိရတိ - ရှောင်ကြဉ်ကြောင်းဖြစ်သော စေတသိက်။
အပ္ပမညာ - အတိုင်းအရှည်မရှိသော သတ္တဝါပညတ်ကို အာရုံပြုသော စေတသိက်။
ပညိန္ဒြေ၊ ပညိန္ဒြိယ - အမှန်အတိုင်း သိမှု၌ အစိုးတရဖြစ်သော စေတသိက်။

[စာမျက်နှာ-282]
စေတသိက်ပိုင်း (၃)
ဝိရတီ စေတသိက် (၃)
အပ္ပမညာ (၂)
ပညိန္ဒြေ (၁)

သမ္ပယောဂနည်းအစ ဒီနေ့အောက်တိုဘာ ၁၇-ရက်၊ လွန်ခဲ့တဲ့အပတ်က စေတသိက်တွေကို ဆက်ပြီး လေ့လာခဲ့ကြတယ်၊ ဝိရတီ ၃-ပါး ရောက်သွားပြီ။

ဝိရတီ ဆိုတာ ရှောင်ကြဉ်တာကိုခေါ်တယ်၊ ဘယ်က ရှောင်ကြဉ်တာလဲဆိုရင် ဒုစရိုက်မှ ရှောင်ကြဉ်တာ။ ဒီနေရာမှာ ဒုစရိုက် ၃-မျိုးရှိတဲ့အနက်က ၂-မျိုးကို ယူတယ်၊ ၂-မျိုးဆိုတာ ဝစီဒုစရိုက်နဲ့ ကာယဒုစရိုက်။

မနောဒုစရိုက်ကို ဘာကြောင့်မယူသလဲလို့ မေးစရာရှိတယ်၊ ဒီ ဝိရတီ စေတသိက် ၃-ပါးက သီလနဲ့ဆိုင်တယ်၊ သီလဆိုတာ စိတ်ထိန်းတာ မဟုတ်ဘူး၊ ကာယကံနဲ့ ဝစီကံကိုထိန်းတာ၊ မနောကံအနေနဲ့ စိတ်ထဲက ဘယ်လောက်သတ်နေနေ ကိုယ်တိုင် မသတ်မချင်း သီလမကျိုးသေးဘူး၊ စိတ်ကတော့ အကုသိုလ်စိတ်ဖြစ်နေတယ်ပေါ့။

[စာမျက်နှာ-283] ဒါကြောင့်မို့ ဒီနေရာမှာ သီလနဲ့ ပတ်သက်လာရင် ကာယကံနဲ့ ဝစီကံ ၂ ခုသာရှိတယ်၊ မနောကံထိန်းဖို့က ဘာဝနာကမ္မဋ္ဌာန်းနဲ့ ထိန်းရတယ်။ ဒါကြောင့်မို့ ရှောင်ကြဉ်မှုမှာ ဝစီဒုစရိုက် ၄-ပါးနဲ့ ကာယဒုစရိုက် ၃-ပါးသာပါတယ်၊ ဝစီဒုစရိုက် ၄-ပါးဆိုတာ လိမ်ပြောတာရယ်၊ ကုန်းတိုက်တာရယ်၊ ကြမ်းကြမ်းတမ်းတမ်းဆဲဆိုပြောတာရယ်၊ သိမ်ဖျင်းတဲ့စကား အနက်အဆံမရှိတာ လောကုတ္တရာနဲ့ ပတ်သက်ပြီး အကျိုးမရှိတဲ့စကားပြောတာ၊ အဲဒါက ဝစီဒုစရိုက် ၄-ပါး။

ကာယဒုစရိုက် ၃-ပါးဆိုတာက သူ့အသက်သတ်တာ၊ သူ့ဥစ္စာခိုးတာ၊ သူ့အိမ်ရာပြစ်မှားတာ။ အဲဒီ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်တဲ့အခါ သမ္မာဝါစာ ဖြစ်တယ်၊ ကာယဒုစရိုက် ၃-ပါးမှ ရှောင်တဲ့အခါ သမ္မာကမ္မန္တ ဖြစ်တယ်၊ ဒါက အသက်မွေးဝမ်းကျောင်း မဟုတ်တဲ့ဟာတွေ။

အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဝစီဒုစရိုက်၊ ကာယဒုစရိုက်က ရှောင်တဲ့အခါကျတော့ သမ္မာအာဇီဝ ဖြစ်တယ်၊ ဒီ ၃-မျိုးကို ဝိရတီ စေတသိက် ၃-ပါးလို့ ခေါ်တယ်၊ ရှောင်ကြဉ်တဲ့အခါမှာဖြစ်တယ်၊ မရှောင်ကြဉ်တဲ့အခါမှာ မဖြစ်ဘူး၊ ဘုရားရှိခိုးတဲ့အခါမှာ မဖြစ်ဘူး၊ တရားထိုင်တဲ့အခါမှာ မဖြစ်ဘူး၊ ဘာကြောင့်တုန်းဆိုရင် ရှောင်စရာမှ မတွေ့ဘဲကိုး။ ရှောင်စရာတွေ့လို့ ရှောင်လိုက်တဲ့အခါမှာ အရာအားလျော်စွာ သမ္မာဝါစာ ဖြစ်မယ်၊ သမ္မာကမ္မန္တ ဖြစ်မယ် (သို့မဟုတ်) သမ္မာအာဇီဝ ဖြစ်မယ်။

အဲဒီ ဝိရတီ ၃-ပါးနဲ့ ပတ်သက်ပြီးတော့ အမျိုးအစား ၃-ခုကို လွန်ခဲ့တဲ့ အပတ်ကပြောခဲ့တယ်၊ တွေ့လာမှရှောင်တာရယ်၊ ဆောက်တည်ထားလို့ ရှောင်တာရယ်၊ မဂ်နဲ့ အကြွင်းမဲ့ ပယ်သတ်တာရယ်။ ပထမဟာကို သမ္ပတ္တဝိရတီ၊ ဒုတိယဟာကို သမာဒါနဝိရတီ၊ တတိယဟာကို သမုစ္ဆေဒဝိရတီ လို့ ခေါ်တယ်။

သမ္ပတ္တဝိရတီ ဆိုတာက သိက္ခာပုဒ်တွေ ဆောက်တည်ထားတာမဟုတ်ဘူး၊ ဒါပေမယ့် ကြုံလာတဲ့အခါမှ ရှောင်လိုက်တာ၊ ငါးပါးသီလ တည်ဆောက်မထားဘဲနဲ့ သတ္တဝါကို သတ်စရာကြုံလာတဲ့အခါ မသတ်ဘဲရှောင်လိုက်တာ၊ သူ့ဥစ္စာခိုးစရာ ကြုံလာတဲ့အခါ မခိုးဘဲရှောင်လိုက်တာ၊ လိမ်ပြောစရာ ကြုံလာတယ်၊ မပြောဘဲ ရှောင်လိုက်တယ်၊ အဲဒါ သမ္ပတ္တဝိရတီ၊ အကြောင်းဆိုက်လာတဲ့အခါမှာ (သို့မဟုတ်)

[စာမျက်နှာ-284] အခွင့်အရေးကိုယ့်ဆီ ရောက်လာတဲ့အခါမှာ ရှောင်လိုက်တာ၊ သမ္ပတ္တဝိရတီ။ အဲဒီ သမ္ပတ္တဝိရတီ နဲ့ ပတ်သက်ပြီး အမေ့ရောဂါကို ကုဖို့ယုန်ရှာထွက်တဲ့ သူဝတ္ထုပြောခဲ့တယ်၊ ယုန်ကလေးဖမ်းလို့ မိလျက်နဲ့ မသတ်ခဲ့ဘူး၊ နောက်အခါကျတော့ အဲဒါကို သစ္စာဆိုလိုက်တဲ့အခါ မိခင်ရဲ့ ရောဂါ ပျောက်သွားတယ်။

သမာဒါနဝိရတီ
သမာဒါနဝိရတီ ဆိုတာက ဆောက်တည်ထားပေမယ့် ကြုံတဲ့အခါမှာရှောင်တာ။ ဒကာတစ်ယောက်က တစ်နေ့တောထဲသွားမယ်လုပ်တော့ မသွားခင် ဘုန်းကြီးဆီမှာ သီလယူတယ်၊ သီလယူပြီးတော့ တောထဲသွားတဲ့အခါမှာ သူ့ကို စပါးကြီးမြွေက ပတ်တော့တာပဲ၊ အဲသလို ပတ်ထားတဲ့အခါကျတော့ သူ့လက်ထဲမှာ ခုတ်ထစ်စရာ ဓားပါတယ်၊ ပဲကွပ်ပါတယ်။

ပထမတော့ မြွေကြီးကို ခေါင်းဖြတ်ပြီး သတ်မယ်လို့ လုပ်သေးတယ်၊ နောက်တော့ သူစဉ်းစားမိတယ် “ဪ မနက်က ဆရာတော်ထံမှာ သီလယူခဲ့တယ်။ သီလယူခဲ့ပါလျက်နဲ့ သီလကို ချိုးလို့မသင့်တော်ဘူး၊ ကိုင်း ဒီမြွေကြီး ပတ်လို့ သေချင်သေပေစေတော့ အသေသာခံမယ်၊ ယူထားတဲ့ သိက္ခာပုဒ်ကို မချိုးတော့ဘူး” ဆိုပြီး ပဲကွပ် (ပုဆိန်) ကြီးကို လွှင့်ပစ်လိုက်တယ်။

အဲသလို လွှင့်ပစ်လိုက်ပြီးရော၊ မြွေကြီးကလည်း ပတ်ထားတာကိုဖြေပြီး တခြားထွက်သွားရောတဲ့၊ အဲသလို ရှောင်တာမျိုး သိက္ခာပုဒ်ယူထားပြီးမှရှောင်ရင် သမာဒါနဝိရတီ။ ဒါတွေက ဆန်းကြယ်တယ်၊ မဖြစ်ဘူးလို့ မပြောနိုင်ဘူး၊ စိတ်ဓာတ်တန်ခိုးတွေ ရှိတာကိုး။

မေး - သမာဒါန ဆိုတာကတော့ အဓိပ္ပါယ်ဘယ်လိုရှိပါသလဲ။
ဖြေ - သမာဒါန ဆိုတာက ဆောက်တည်တာကို ဆိုလိုတာယူတာ၊ သံ၊ အာဒါန၊ ယူတယ်ဆိုတာ ဆောက်တည်တာ၊ ဒါနဆိုတဲ့ စကားလုံးပါတာနဲ့ အလှူဒါနနဲ့ သွားမရောလိုက်နဲ့၊ သမာဒါန ဆိုတာက သံ ရယ်၊ အာ ရယ်၊ ဒါန ရယ်ပေါင်းထားတာ၊ ဆောက်တည်တယ်ဆိုတဲ့ အဓိပ္ပါယ် ထွက်တယ်၊ ယူတယ်ဆိုတာ သိက္ခာပုဒ်၊ သီလယူထားတယ်၊ ဘုရားရှေ့မှာ ယူတယ်၊ ဘုန်းကြီးထံက ယူတယ်၊ အဲဒီလိုမျိုး။

သမုစ္ဆေဒဝိရတီ
နောက်တစ်ခုက သမုစ္ဆေဒဝိရတီ တဲ့၊ သမုစ္ဆေဒဝိရတီ ဆိုတာ မဂ်ရတဲ့အခါ ဖြစ်တဲ့ ဝိရတီ၊ သူကတော့ လောကုတ္တရာဖြစ်တဲ့ အတွက်ကြောင့် လောကီနဲ့ ဘာမှ မဆိုင်ဘူး၊ အလွန်ဆန်းကြယ်တယ်။

[စာမျက်နှာ-285] အဲဒီ ဝိရတီ ကတော့ မဂ်နဲ့ အကြွင်းမဲ့ ကိလေသာတွေကို ပယ်သတ်လိုက်တဲ့ အတွက်ကြောင့် ဒါတွေက ရှောင်ပြီးဖြစ်တယ်၊ နောက်ဘယ်တော့မှ မကျူးလွန်တော့ဘူး၊ အဲဒီလိုဟာကို သမုစ္ဆေဒဝိရတီ လို့ ခေါ်တယ်။

ဒါကို ပုထုဇဉ်တွေ မရဘူး၊ အရိယာပုဂ္ဂိုလ်တွေမှရတာ၊ အရိယာပုဂ္ဂိုလ်တွေ ဖြစ်သွားတဲ့အခါကျတော့ ကိလေသာတွေကို သောတာပတ္တိမဂ် ရတော့ နည်းနည်းပယ်တယ်၊ သကဒါဂါမိ၊ အနာဂါမိမဂ် ရတော့ ထပ်ပယ်တယ်၊ အရဟတ္တမဂ် ရတော့ ကိလေသာတွေ အားလုံးပယ်လိုက်တယ်။

အဲသလို ကိလေသာပယ်ပြီးတဲ့အတွက်ကြောင့် လွန်ကျူးစရာတွေကို ဘယ်တော့မှ လွန်ကျူးတော့မှာ မဟုတ်ဘူး၊ အဲဒီမဂ်ရတဲ့အခိုက်မှာ အကြွင်းမဲ့ ပယ်သတ်လိုက်တာ၊ အဲဒီပယ်သတ်တဲ့ အချိန်မှာရှောင်စရာတော့ ရှိတာမဟုတ်ဘူး၊ ဒါပေမယ်လို့ အဲဒီအချိန်မှာ ဒီ ၃-ခုလုံး တစ်ပြိုင်နက် ဖြစ်တယ်၊ ဆန်းကြယ်တယ်။ ပြီးတော့ နောက်ထပ်လည်း သူတို့မှာ ရှောင်စရာမလိုဘူး၊ တစ်ခါထဲနဲ့ ကိစ္စပြီးသွားပြီ၊ နောက်ထပ်ဆောက်တည်စရာတို့ ဘာတို့ မရှိတော့ဘူး။

အဲသလို အကြွင်းမဲ့ပယ်သတ်သောအားဖြင့် ကိလေသာ (သို့) ဒုစရိုက်တို့ မကောင်းသော အသက်မွေးမှုတို့ကို အကြွင်းမဲ့ ပယ်သတ်သောအားဖြင့် ရှောင်ကြဉ်တာကို သမုစ္ဆေဒဝိရတီ လို့ ခေါ်တယ်၊ အဲဒီ သမုစ္ဆေဒဝိရတီ က မဂ်နဲ့ အတူတူဖြစ်တဲ့ ဝိရတီ လို့ မှတ်ရမယ်။

လောကုတ္တရာစိတ် ၈-ပါးထဲမှာ မဂ်စိတ် ၄-ပါး ရှိတယ်၊ အဲဒီမဂ်စိတ်နဲ့ အတူဖြစ်တဲ့ ဝိရတီ၊ ဒါကြောင့်မို့ ဝိရတီ စေတသိက်ဟာ လောကီစိတ်တွေနဲ့ ယှဉ်တဲ့အခါမှာ ၃-ခုစလုံး တစ်ပြိုင်နက် မယှဉ်နိုင်ဘူး၊ ဆိုပါတော့၊ သတ်တာကို မသတ်ဘဲ ရှောင်လိုက်ရင် သမ္မာကမ္မန္တ ပဲရှိမယ်၊ လိမ်ပြောစရာကို လိမ်မပြောဘဲ ရှောင်လိုက်ရင် သမ္မာဝါစာ ပဲ ရှိမယ်၊ အသက်မွေးဝမ်းကျောင်း ဒုစရိုက် ရှောင်လိုက်ရင် သမ္မာအာဇီဝ ပဲဖြစ်မယ်၊ ဒီ ၃-ခုဟာ တစ်ခုပဲ ၁-ကြိမ်မှာဖြစ်မယ်၊ ၂-ခုတွဲပြီး မဖြစ်နိုင်ဘူး၊ ၃-ခုတွဲပြီး မဖြစ်နိုင်ဘူး။

သို့သော် လောကုတ္တရာစိတ်နဲ့အတူဖြစ်တဲ့အခါကျတော့ တစ်ပြိုင်နက်ဖြစ်တယ်။ အဲဒါ လောကုတ္တရာစိတ်ရဲ့ ဆန်းကြယ်ပုံပေါ့။ ဒါကြောင့်မို့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ ဒီ ၃-ပါးကို ဝိရတီ စေတသိက် ၃-ပါးလို့ခေါ်တယ်၊ သမ္ပတ္တဝိရတီ၊ သမာဒါနဝိရတီ၊ သမုစ္ဆေဒဝိရတီ တို့ကတော့ အမျိုးအစား။

[စာမျက်နှာ-286]
အပ္ပမညာ
ဝိရတီ စေတသိက် ၃-ပါးပြီးတဲ့နောက် အပ္ပမညာ၊ အပ္ပမညာ ဆိုတာ အတိုင်းအရှည်မရှိသော သတ္တဝါပညတ်ကို အာရုံပြုသော စေတသိက်တဲ့။ အတိုင်းအရှည်ကို ပါဠိလို အပမာန လို့ခေါ်တယ်၊ အဲသလို အတိုင်းအရှည် မရှိသော သတ္တဝါပညတ်ကို အာရုံပြုတာကြောင့် ဒီစေတသိက်တွေကို အပ္ပမညာ စေတသိက်လို့ခေါ်တယ်။

အဲဒီ အပ္ပမညာ စေတသိက် ၂-ခုက ကရုဏာ ရယ်၊ (ဂရုဏာ လို့လည်း ဘယ်တော့မှ မဖတ်နဲ့၊ ဂငယ်နဲ့လည်း ဘယ်တော့မှ မရေးနဲ့၊ ဂငယ်နဲ့လည်းရေးနေကြတယ်၊ ဂရုဏာဒေါသောလို့လည်း ပြောပြောနေကြတယ် စသည်ဖြင့် အဲဒါတွေက မဟုတ်ဘူး၊ ပါးစပ်က အသံဘယ်လိုထွက်ထွက် စာလုံးပေါင်းရင် ကကြီးနဲ့ပဲ ပေါင်းရမယ်။)
ကရုဏာ
ကရုဏာ ဆိုတာ ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းသဘောတဲ့၊ ဒုက္ခိတသတ္တဝါဆိုတာ ဘာတုန်း၊ ဒုက္ခိတဆိုတာ မြန်မာစကားလို ဖြစ်နေပါပြီ။ ဒုက္ခိတ ဆိုတာ ဆင်းရဲခြင်းသို့ ရောက်နေသောသတ္တဝါ၊ မြန်မာလို ရှင်းရှင်းပြောရင်တော့ ဒုက္ခရောက်နေတဲ့ သတ္တဝါပေါ့၊ အဲဒီ ဒုက္ခရောက်နေတဲ့ သတ္တဝါကို အာရုံပြုပြီးတော့ သနားတဲ့ သဘောလေးကို ကရုဏာ လို့ခေါ်တယ်။

ဒါကြောင့်မို့ ကရုဏာ ဟာ သာမန်အားဖြင့် ပြောရင် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုတယ်၊ သတ္တဝါလို့ ပြောလိုက်တာကြောင့် ဒါဟာ ပရမတ္ထမဟုတ်ဘူး၊ ပညတ်ဖြစ်သွားတယ်၊ ပရမတ်ဆိုရင် ခန္ဓာငါးပါး ရုပ်နာမ်တရား၊ သတ္တဝါလို့ ခေါ်လိုက်တဲ့အတွက် ပညတ်ဖြစ်သွားတယ်။

အဲဒီသတ္တဝါပညတ်မှာလည်း ကရုဏာ က (အမှန်အတိုင်းပြောရင်) ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုတယ်၊ တစ်ယောက်ယောက် ဒုက္ခရောက်နေပြီ ကြားသိရရင် သနားတဲ့စိတ် ဖြစ်တတ်တယ် မဟုတ်လား၊ အဲဒါပဲ။ ကောင်းပြီ၊ သနားတယ်ဆိုတာ ဘာလဲ၊ အဲဒါကို နားလည်ဖို့ အရေးကြီးတယ်၊ သနားတယ်ဆိုတာ အဲဒီသတ္တဝါ လက်ရှိ ခံစားနေရတဲ့ ဆင်းရဲမှ လွတ်မြောက်စေလိုတဲ့ စေတနာ၊ လွတ်မြောက်စေလိုတဲ့ ဆန္ဒကို သနားတယ်လို့ ခေါ်တယ်။

တစ်စုံတစ်ယောက် ဒုက္ခရောက်နေတာတွေ့ရင် ဒီဒုက္ခက လွတ်မြောက်ပါစေ၊ ပါဠိလို ကရုဏာ ပို့တဲ့အခါကျတော့ ဒုက္ခာ မုဉ္စတု လို့ ပို့တယ်၊ ဆင်းရဲမှ လွတ်ပါစေဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဲသလို ဆင်းရဲမှလွတ်ပါစေလို့ပို့ရင် မေတ္တာပို့တာ မဟုတ်ဘူး၊ ကရုဏာ ပို့တာ၊

[စာမျက်နှာ-287] ကရုဏာ ဆိုတာ အဲဒါပဲ။ ကရုဏာ က သောဘနသာဓာရဏ စေတသိက်၊ ကောင်းတဲ့စိတ်တွေနဲ့သာ ယှဉ်တယ်၊ မကောင်းတဲ့စိတ်တွေနဲ့ မယှဉ်ဘူး၊ ဒါကြောင့်မို့ ဒီမှာနားလည်ထားဖို့က ကရုဏာ ကနေ ကျော်လွန်သွားပြီးတော့ ဒေါမနဿထဲကို မကျရောက်စေနဲ့။

ဒီနိုင်ငံမှာ ကရုဏာ က ကျော်လွန်ပြီးတော့ ဒေါမနဿထဲရောက်နေတာတွေ အများကြီး ရှိတယ်၊ တိရစ္ဆာန်တွေကို Lab ထဲမှာ စမ်းတဲ့အခါကျတော့ မခံချင်ဘဲ ထအော်ကြ၊ ဆူကြဖြစ်တယ်မဟုတ်လား။ တိရစ္ဆာန်ကို သနားတာကတော့ ကရုဏာ ပဲ၊ အဲဒီကနေ ဟိုတစ်ဖက်သားကို ဒေါသဖြစ်တာကျတော့ လွန်သွားပြီ၊ ပြီးတော့ သူတို့နဲ့အတူ suffer with them သူတို့ပြောလေ့ရှိတယ်၊ မလုပ်နဲ့ suffer with them ဆိုရင် ကိုယ်လဲအကုသိုလ်ထဲ ကျသွားပြီ။

သနားတာဟာ သနားတာသာ ရှိရမယ်၊ သူတို့ဒေါမနဿ ဖြစ်သလို ကိုယ်လည်းဒေါမနဿဖြစ်မယ်၊ ကိုယ်လည်းပဲ စိတ်ဆင်းရဲမယ်ဆိုရင် ကရုဏာ မဟုတ်တော့ဘူး၊ လွန်သွားပြီ၊ အဲဒါ ဒီနိုင်ငံမှာ သိပ်ပြောရတယ်၊ တချို့တွေက အဲသလို ပြောလာကြတယ်။ “အဲဒါ ကရုဏာ အစစ်မဟုတ်ဘူး၊ ကရုဏာ အတုပဲ၊ ကရုဏာ ရဲ့ ရန်သူ ဒေါမနဿပဲ” လို့ ပြောရတယ်။

ကရုဏာ ဆိုတာ သက်သက်ကောင်းတဲ့စိတ်နေ စိတ်ထားပေါ့၊ wholesome state of mind အဲဒါကြောင့်မို့ ကရုဏာ ဆိုတာ ဆင်းရဲဒုက္ခ ခံနေရတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခမှ လွတ်စေချင်တယ်၊ ကရုဏာ ဆိုတာ ဒါပဲ။

မုဒိတာ
နောက်တစ်ခုက မုဒိတာ၊ မုဒိတာ ဆိုတာ သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။ ကောင်းစားနေတဲ့ ပုဂ္ဂိုလ်ကိုမြင်ရင် ကိုယ်က ဝမ်းမြောက်တယ်၊ ဝမ်းမြောက်တယ်ဆိုတာဟာ ဒီပုဂ္ဂိုလ် ဒီအခြေအနေက မလျောကျပါစေနဲ့ဆိုတဲ့ ဆန္ဒ၊ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု လို့ ပါဠိမှာ ဆိုကြတာရှိတယ်။

ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု၊ ရရှိအပ်ပြီးသော စည်းစိမ်ချမ်းသာမှ မကင်းကြပါစေနဲ့၊ ရပြီးတဲ့ success အဲဒီကနေ ပြန်ပြီး အောက်မကျပါစေနဲ့၊ တိုးချင်သာ တိုးပါစေဆိုတဲ့ သဘော။ ဒါကြောင့်မို့ မုဒိတာ ဟာ ဣဿာ ရဲ့ ဆန့်ကျင်ဘက်၊ ဣဿာ ကတော့ သူများကောင်းစားတာကို မနာလိုဘူး၊ မုဒိတာ က သူများကောင်းစားတာကို

[စာမျက်နှာ-288] ဝမ်းသာတယ်။

မေး - မုဒိတာ ဖြစ်ဖို့ ခက်ခဲတာ ဟုတ်ပါသလား။
ဖြေ - ဟုတ်တာပေါ့၊ ကရုဏာ ဖြစ်ဖို့လွယ်တယ်၊ မုဒိတာ ဖြစ်ဖို့ခက်တယ်၊ ပြီးတော့ ဒါလေးတွေဟာ သိပ်သိမ်မွေ့တယ်၊ စိတ်ထဲမှာ ဖြစ်မှန်းမသိ ဖြစ်သွားတာ၊ အဘိဓမ္မာနားလည်ရင်တော့ ကိုယ့်စိတ်ထဲဘာတွေဖြစ်တယ် ဆိုတာ သိပြီး မကောင်းတဲ့စိတ်ကို check လုပ်နိုင်တာပေါ့။ ငါရပ်မှပဲ၊ အကုသိုလ်ဟာ မကောင်းကျိုးပေးတယ် ဆိုတာသိပြီး ရှောင်နိုင်တယ်ပေါ့။

ဒီနေရာမှာ ကရုဏာ ကို ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြုပြီး ကရုဏာ ဖြစ်တယ်လို့ဆိုတယ်၊ ကောင်းစားတဲ့ သူကိုကြည့်ပြီးတော့ ကရုဏာ ပွားလို့ မရဘူးလား၊ ရတာပဲ၊ လူဆိုးတွေကို ကြည့်ပြီး ကရုဏာ ပွားလို့ မရဘူးလား၊ ဆိုပါတော့ သူများတွေကို လိမ်ညာပြီး ချမ်းသာနေမယ်ဆိုပါတော့၊ အဲသလို လူမျိုးကို ကြည့်ပြီးတော့ ကရုဏာ ပွားလို့ကော မရဘူးလား၊ ရတာပဲ။

“ဒီလူ အကုသိုလ်လုပ်နေတယ်။ အခုလောလောဆယ်တော့ ကောင်းစားတာ မှန်တယ်၊ သို့သော် ဒီဘဝမှာတော့ ဒုက္ခရောက်ချင် ရောက်နိုင်တယ် နောက်ဘဝကတော့ သေသေချာချာ ဒုက္ခရောက်မှာပဲ အဲဒီတော့ သူလည်း သနားစရာသတ္တဝါပဲ” လို့စဉ်းစားလို့ရတယ်။

သို့မဟုတ် ရိုးရိုးလူပဲ၊ ကိုယ်ချစ်မြတ်နိုးတဲ့လူပဲ၊ ကရုဏာ ပွားလို့ ရတာပဲ၊ ဘာကြောင့်တုန်း၊ သူဟာ အမြဲတမ်း အိုခြင်း၊ နာခြင်း ဆင်းရဲခံနေရတယ်၊ မအိုချင်ဘဲနဲ့ အိုနေရတယ်၊ မနာချင်ဘဲ နာနေရတယ်၊ တစ်နေ့လဲ မသေချင်ဘဲ သေရဦးမယ်၊ သူလည်းပဲ အဲဒီလမ်းစဉ်အတိုင်း ကြည့်လိုက်ရင် ဒုက္ခိတသတ္တဝါပဲ၊ အဲသလို နည်းနဲ့ ပွားလို့ရတယ်။ အဲဒီတော့ တကယ့်ဒုက္ခိတသတ္တဝါ အစစ်ကိုမှ ကရုဏာ ပွားလို့ရတာ မဟုတ်ဘူး၊ သတ္တဝါတိုင်းကို ကရုဏာ ပွားလို့ရတယ်၊ ဒီ ၂-ခုကို အပ္ပမညာ ၂-ပါးလို့ခေါ်တယ်။

ဒီ အပ္ပမညာ ၂-ပါးနဲ့ (ဟိုနေ့က သတိထားလို့ ပြောခဲ့တဲ့) ဗြဟ္မစိုရ် ၄-ပါးမှာပါတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာရှိရာမှာ မေတ္တာက စေတသိက် ၅၂-ပါးထဲမှာ အဒေါသ၊ ကရုဏာ က မုဒိတာ၊ ဒီမှာ ဥပေက္ခာက တတြမဇ္ဈတ္တတာ၊ ဒါကြောင့်မို့ ဒီမှာ အပ္ပမညာ ၂-ပါးပဲရှိတယ်၊ အမှန်ကတော့ အပ္ပမညာ ၄-ပါးလို့ ကမ္မဋ္ဌာန်းပိုင်းကျတော့ ဆိုလိမ့်မယ်၊ ဒါတွေပဲ။ ဗြဟ္မဝိဟာရလေးပါးနဲ့ အပ္ပမညာ ၄-ပါး အတူတူပဲ၊ မေတ္တာ၊ ကရုဏာ၊

[စာမျက်နှာ-289] မုဒိတာ၊ ဥပေက္ခာ၊ ဒီ ၄-ခုစလုံးဟာ စေတသိက်တွေပဲ၊ အဒေါသ စေတသိက်၊ ကရုဏာ စေတသိက်၊ မုဒိတာ စေတသိက်နဲ့ တတြမဇ္ဈတ္တတာ တို့ပဲ။

ပညိန္ဒြေ
ကိုင်း၊ နောက်ဆုံးရောက်လာပြီ၊ အမောဟ တဲ့ သူကတော့ တစ်ခုထဲမို့လို့ ခေါ်ချင်သလိုခေါ်လို့ရတယ်၊ ဒါပေမယ့် နာမည်က ပညိန္ဒြေ တဲ့၊ အဓိပ္ပါယ်က အာရုံကို အမှန်အတိုင်းသိခြင်းသဘော၊ ဒါက အဓိပ္ပါယ်သာပြောထားတာ၊ အနက် အစစ် မဟုတ်သေးဘူး။

ပညာ ဆိုတာ သိတာ၊ ဣန္ဒြေ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်က အစိုးရခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဒါကြောင့် ပညိန္ဒြေ ဆိုတာ သူဟာ ပညာ လည်း ဟုတ်တယ်။ သိတဲ့နေရာမှာ အစိုးတရလည်းဖြစ်တယ်၊ ဒါကြောင့်မို့ ပညိန္ဒြေ လို့ ခေါ်တယ်။ နောက်တော့ စက္ခုန္ဒြေ၊ သောတိန္ဒြေ နဲ့ ၂၂-ပါး တွေ့လိမ့်မယ်။

ဒါကြောင့်မို့ ပညိန္ဒြေ ဆိုတာ သိလည်းသိတယ်၊ သိတဲ့နေရာမှာ အစိုးတရလည်း ဖြစ်တယ်၊ ဒီစေတသိက် ဒီနာမ်သဘောတရားကို ပညိန္ဒြေ လို့ ခေါ်တယ်၊ အမှန်တော့ သိတဲ့သဘောတရားပါပဲ၊ ဒါကြောင့်မို့ အာရုံကို အမှန်အတိုင်း သိခြင်းသဘော။ အာရုံကို အမှားသိလိုက်ရင် ဒိဋ္ဌိ လည်းဖြစ်နိုင်တယ်၊ မောဟ လည်း ဖြစ်နိုင်တယ်၊ ပညိန္ဒြေ ကတော့ အမှန်အတိုင်းသိတာ။

ဒီမှာဆိုလိုတဲ့ ပညာ က တကယ့်ကို ရုပ်နာမ်သဘောကို ထိုးထွင်းသိတဲ့ ပညာကိုဆိုလိုတာ၊ ဆိုပါတော့၊ သင်ကြားတဲ့ပညာတွေလည်း တတ်ကြတယ်မဟုတ်လား၊ အမှန်အတိုင်းပြောရင် ဒါတွေကို ဦးဇင်းတို့က ပညာ လို့မခေါ်ဘူး၊ တစ်နည်းနည်းနဲ့ တခြားနာမည်နဲ့ ခေါ်ချင်ခေါ်ပေါ့၊ ဗဟုသုတလို့ ခေါ်ချင်ခေါ်၊ အတတ်လို့ပဲ ခေါ်ခေါ်။

ပညာ ဆိုတဲ့စကားလုံးကို တကယ်တိတိကျကျသုံးပြီဆိုရင်၊ ပါဠိတော်တွေမှာ ပညာ ဆိုတဲ့စကားလုံးကို သုံးပြီဆိုရင်၊ ရုပ်နာမ်သဘောကို အမှန်အတိုင်း ထိုးထွင်းပြီးသိတာမျိုး ဒီထက်တစ်ဆင့်တက်လိုက်ရင် သစ္စာလေးပါးတရား၊ နိဗ္ဗာန်ကို ထိုးထွင်းပြီး သိတာမျိုးကို ပညာ လို့ ခေါ်တယ်။

ဒီ ပညာ ဟာ ဘယ်တော့မှ အကုသိုလ်စိတ်နဲ့မယှဉ်ဘူး၊ အဟိတ်စိတ်နဲ့ မယှဉ်ဘူး၊ ကာမာဝစရ သောဘန စိတ်ထဲမှာတောင်မှ ဉာဏသမ္ပယုတ် နဲ့သာယှဉ်တယ်။ ဉာဏဝိပ္ပယုတ် နဲ့ ပညာ နဲ့မဆိုင်ဘူး။ ပညာ ကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ မှောင်နေတဲ့အခန်းထဲမှာ မီးထွန်းလိုက်တာမျိုး လင်းသွားသလိုပဲ ပညာ မပါရင် ရုပ်နာမ်ရဲ့ သဘောတရားကိုမသိဘူး၊

[စာမျက်နှာ-290] အမှောင်ကျသလိုပဲ၊ ပညာပေါ်လာတဲ့အခါမှာ ရုပ်နာမ်ရဲ့ သဘောတရားကို ထင်ထင်လင်းလင်း သိသွားတယ်၊ အဲသလို သိတတ်တဲ့ သဘောတရား၊ အဲသလို သိခြင်း၌ အစိုးတရဖြစ်တတ်တဲ့ သဘောတရားကို ပညိန္ဒြေလို့ ခေါ်တယ်။

ပညိန္ဒြေကို ပြည့်ပြည့်ဝဝ တိတိကျကျ လုပ်ချင်ရင်တော့ တရားထိုင်ရမယ်၊ တရားထိုင်မှတ်တာ ကြာလာတဲ့အခါကျတော့ ဒါတွေကို သူ့ဟာသူ မြင်လာတာ၊ ပထမ, စစချင်းတော့ ဒါမဖြစ်နိုင်သေးဘူး၊ သမာဓိရအောင် လုပ်နေရတာ၊ သမာဓိ ဖြစ်တာနဲ့ တစ်ပြိုင်နက် ပညာလာတော့တာပဲ၊ ဒါကြောင့်မို့ ဘုရားဟောထားတာက “သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ”တဲ့။

သမာဓိရှိတဲ့ပုဂ္ဂိုလ်ဟာ တရားတွေကို အမှန်အတိုင်းသိမြင်သွားတယ်၊ အပြီးထိအောင် လုပ်မနေရတော့ဘူး၊ စိတ်တည်ကြည်ပြီး ငြိမ်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် တရားကိုမြင်လာတယ်၊ အဲသလိုမြင်လာတဲ့ ပညာကိုမှ ပညာလို့ ခေါ်တယ်။

ပြီးတော့ ရှိသေးတယ်၊ ကံ, ကံ၏အကျိုးကို ယုံကြည်သိမြင်တဲ့ ကမ္မဿကတ ပညာလို့ ခေါ်တယ်၊ ကံဆိုတာရှိတယ်, ကံ၏အကျိုးဆိုတာ ရှိတယ်လို့ ယုံကြည်တာ၊ ရှေးတုန်းကထဲက ဒါတွေ့ရှိပြီးသားပါ။

အမောဟလို့လည်းခေါ်တယ်၊ ပညာလို့လည်း ခေါ်တယ်၊ ဉာဏ်လို့လည်း ခေါ်တယ်၊ အားလုံး အတူတူပဲ။

အားလုံးပေါင်းလိုက်တော့ စေတသိက် ၅၂-ပါးဖြစ်သွားပြီ၊ အစကပြန်ပြီးတော့ ကြည့်လိုက်ကြပါ။

အညသမန်း စေတသိက် ၁၃-ပါး၊ အဲဒီ အညသမန်း စေတသိက် ၁၃-ပါးထဲမှာ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးပါတယ်၊ ပကိဏ်းစေတသိက် ၆-ပါးပါတယ်။

သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ၇-ပါးက ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရ။

ပကိဏ်းစေတသိက် ၆-ပါးက ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ။

အညသမန်း စေတသိက် ၁၃-ပါး ပြီးတဲ့နောက် အကုသိုလ် စေတသိက် ၁၄-ပါး ဖတ်လိုက်ဦး။

မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ, မာန, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ၊ ဝိစိကိစ္ဆာ၊ အဲဒါက အကုသိုလ်စေတသိက်

[စာမျက်နှာ-291] ၁၄-ပါး။

ကောင်းပြီ၊ အဲဒီနောက် သောဘန စေတသိက် ၂၅-ပါး၊ အဲဒီ သောဘန စေတသိက် ၂၅-ပါးထဲမှာ ပထမဆုံး groupက သောဘနသာဓာရဏစေတသိက် ၁၉-ပါး၊ ဖတ်လိုက်ဦး။

သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ၊ အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတာ၊ စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမ္မညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ၊ စိတ္တုဇုကတာ ဒီ ၁၉-ပါးကို သောဘနသာဓာရဏ စေတသိက်။

ဝိရတီ ၃-ပါးဖတ်လိုက်ပါ၊ သမ္မာဝါစာ, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ အပ္ပမညာ ၂-ပါးဖတ်လိုက်၊ ကရုဏာ, မုဒိတာ။

အမောဟ ၁-ပါးဖတ်လိုက်၊ ပညာ၊ အားလုံး ၅၂-ပါး၊ ကရုဏာကို compassion ခေါ်တယ်၊ မုဒိတာကို appreciative joy လို့ ခေါ်တယ်။

ကောင်းပြီ, အဲဒီတော့ အခုဒီစေတသိက်တွေမှာ သီးခြားတစ်ခုစီ, တစ်ခုစီမှာ သူ့လက္ခဏာနဲ့သူရှိတယ်၊ အဲဒီတော့ ပရမတ္ထတရားတွေကို လေ့လာတဲ့အခါမှာ ဦးဇင်းတို့ ဗုဒ္ဓဘာသာလေ့လာနည်းက တကယ့်ကို အသေးစိတ် စစ်စစ်ပေါက်ပေါက် အဖက်ဖက်က နားလည်အောင် လေ့လာရတယ်။

အခု အားလုံးကို မပြောခဲ့သေးဘူး၊ ပထမအခေါက်မှာ သိပ်များနေမှာစိုးလို့။ သို့သော် ဘယ်လိုနားလည်ရမလဲဆိုတာ မှတ်ထားပေးပါ။

လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်

ပရမတ္ထတရားတွေကို လေ့လာနားလည်တဲ့အခါမှာ လက္ခဏာအားဖြင့် နားလည်ရမယ်, ရသအားဖြင့်လည်း နားလည်ရမယ်, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်, ဒီ ၄-မျိုး နဲ့ နားလည်ရမယ်။

စိတ်ဆိုတဲ့ သဘောတရားကို ၄-မျိုးနဲ့ နားလည်ရမယ်, ဖဿကိုလည်း ဒီ ၄-မျိုးနဲ့နားလည်ရမယ်၊ ဝေဒနာကိုလဲ ဒီ ၄-မျိုးနဲ့ နားလည်ရမယ်, အဲဒါတွေအားလုံးသာ လေ့လာမယ်ဆိုရင် ဒါထက်အကြာကြီး အချိန်တွေကုန်မယ်၊ သို့သော် အဲဒါတွေကို နားလည်သင့်တယ်။

လက္ခဏဆိုတာဘာလဲ၊ လက္ခဏဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပါယ်က အမှတ်အသား (individual essence) လို့ အင်္ဂလိပ်လိုပြန်တယ်၊ သူ့ရဲ့ သဘောလက္ခဏာ။

အမှတ်အသားဆိုတာ သူ့ကြည့်ပြီး ဒါဘာလဲဆိုတာ သိရမယ်၊ ဆိုပါတော့

[စာမျက်နှာ-292] လွယ်လွယ်ကူကူ ပြောလိုက်ရင် အခု road sign တွေ့ရှိတယ်၊ ဒါတွေကိုကြည့်ပြီး ညာဘက်မချိုးရဘူး၊ ဘယ်ဘက်မချိုးရဘူးလို့ သိသွားတဲ့ အမှတ်အသားလိုပဲ ဖဿမှာဘယ်လိုအမှတ်အသားမျိုးရှိတယ်, ဒီအမှတ်အသားရှိတဲ့ တရားဟာ ဖဿပဲလို့ အဲသလို သိကြောင်းဖြစ်တဲ့အရာကို လက္ခဏာလို့ခေါ်တယ်၊ သဘောလက္ခဏာပေါ့။ အဲသလို ဖဿကိုနားလည်ရင် ပထမလက္ခဏာအားဖြင့် နားလည်ရမယ်။

ရသဆိုတာက function သူဘာလုပ်တတ်သလဲ၊ တစ်ခါတလေကျတော့ အကျိုးကို ရသခေါ်လေ့ရှိတယ်။ များသောအားဖြင့် function ကို ရသခေါ်တယ်။ သမ္ပတ္တိပြည့်စုံမှုရဲ့ အကျိုးဟာ ရသပဲ။

ပစ္စုပဋ္ဌာန်ဆိုတာ အရေးအကြီးဆုံးပဲ၊ ပစ္စုပဋ္ဌာန်ဆိုတာ ရင်မှာထင်လာတဲ့ အခြင်းအရာ၊ ကမ္မဋ္ဌာန်းနဲ့ဆိုင်လာတယ်၊ ယောဂီပုဂ္ဂိုလ်ဟာ တရားအားထုတ်နေရင်းနဲ့ ဒီတရားကို သိလိုက်တဲ့အခါမှာ ဒီတရားဟာ ဘယ်လိုလေးပါလားလို့ သိမြင်ပေါ်ပေါက်လာတယ်၊ အဲသလို ပေါ်တဲ့ အခြင်းအရာကို ပစ္စုပဋ္ဌာန်လို့ခေါ်တယ်၊ တစ်ခါတလေလည်းပဲ အကျိုးကို ပစ္စုပဋ္ဌာန်လို့ ခေါ်တာရှိတယ်။

ပဒဋ္ဌာန်ဆိုတာက နီးသောအကြောင်းလို့ ပြန်ရတယ်၊ manifestation ဆိုတာက ပစ္စုပဋ္ဌာန်။ အဲဒီ ၄-မျိုး ၄-မျိုးနဲ့ နားလည်မှ ပြည့်ပြည့်ဝဝ နားလည်တယ်။

တကယ်တရားထိုင်လာပြီဆိုရင် ဒါလေးတွေဟာ မြင်မြင်လာတယ်၊ ပြီးတော့ သတိမထားရင်သာရှိမယ်၊ သတိထားရင် မြင်လာတာတွေ့ရှိတယ်၊ အဲဒီတော့ မဟာစည်ဆရာတော်ဟာ လက္ခဏာ, ရသ ပြောပြတဲ့နေရာမှာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ လက်တွေ့မှတ်ထားပြီး ပြောသွားတာ ဆရာတော်ရေးတဲ့ စာအုပ်တွေထဲမှာရှိတယ်၊ ဆရာတော်ပေးတဲ့ ဥပမာလေး သိပ်ကောင်းတယ်။

တစ်ခါတလေ ယောဂီဟာ မြင်တာပဲ, သိလိုက်တာပဲ, ဒါပေမယ့် ဒါဟာ လက္ခဏာပဲ, ဒါဟာ ရသပဲလို့ မသိလိုက်ဘူး၊ ဘာနဲ့တူသလဲဆိုရင် လျှပ်စီးလက်လိုက်တဲ့အခါ ကြည့်နေတဲ့သူဟာ လျှပ်စီးမြင်လိုက်သလားဆိုတော့ မြင်တယ်။ လျှပ်စီးက ဘယ်လို လက္ခဏာရှိသလဲ, ဘယ်လို သီးသန့်ရှိသလဲ, ဘယ်လို အခြင်းအရာရှိသလဲ, လျှပ်စီးရဲ့ အကြောင်းဟာ ဘယ်လိုလဲမေးရင် သူပြောချင်မှ ပြောတတ်မှာ။

နားလည်သူတွေက ပြောလိမ့်မယ်၊ လျှပ်စီးဆိုတာ တောက်ပတဲ့ လက္ခဏာရှိတယ်ပေါ့, ဝင်းသွားတယ်၊ ဝင်းလက်သွားတာနဲ့ အမှောင်ကို ပယ်ဖျောက်နိုင်တဲ့

[စာမျက်နှာ-293] ကိစ္စရှိတယ်, သူ့ function က အမှောင်ကို ပယ်ဖျောက်ခြင်း၊ အခြင်းအရာက ကွေ့ကွေ့ကောက်ကောက် ဘာညာပေါ့၊ ပဒဋ္ဌာန်ကတော့သိပြီ၊ natural တို့ လေ, မိုးတို့ အပူဓာတ်, အအေးဓာတ် စသည်ပေါ့။

အဲသလိုပဲ, တရားအားထုတ်တဲ့အခါ မြင်တော့ မြင်ကြတာပဲ၊ ဒါပေမယ်လို့ တစ်ခါတလေ မသိလိုက်ဘူး၊ တကယ်တရားထိုင်ပြီးတော့ ဂရုစိုက်ပြီး မှတ်လာပြီဆိုတဲ့အခါကျတော့ ဒီလိုဖြစ်ပါလား, ဒီလိုအခြင်းအရာရှိပါလားလို့ သိလာတယ်၊ အဲဒါတွေကို အကုန်လုံး ကျမ်းဂန်ထဲမှ ရေးထားတယ်။

အဲဒီလို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်, ဒီ ၄-မျိုးနဲ့ နားလည်မှ ပြည့်ပြည့်ဝဝ နားလည်တယ်ဆိုရတယ်၊ အဲဒီမှာ ပဒဋ္ဌာန်ဆိုတာတော်တော်လေး အသုံးကျတယ်၊ ပဒဋ္ဌာန်ဆိုတာ နီးစွာသောအကြောင်း, အထူးသဖြင့် မကောင်းတဲ့ အခြေအနေ, မကောင်းတဲ့စေတသိက်တွေပေါ့။

ဒါတွေ ကိုယ့်မှာအဖြစ်များရင် ဘာကြောင့်ဖြစ်တယ်ဆိုတာသိရင် အဲဒါတွေ ကိုယ်က ရှောင်နိုင်တယ်။

လောဘဟာ ဘာကြောင့် ဖြစ်တတ်လဲ, ဒေါသဟာဘာကြောင့် ဖြစ်တတ်လဲ, မာနဟာဘာကြောင့်ဖြစ်တတ်လဲ စသည်ဖြင့် အကြောင်းသိထားရင် ဟောဒီအကြောင်းကို ရှောင်နိုင်ရင် ကိုယ့်မှာ မဖြစ်ဘူးပေါ့။

အဲဒီလိုစိတ်ရဲ့ culture ပြုပြင်မှုမှာ ဒါတွေဟာ အသုံးကျတယ်၊ ဒါကြောင့်မို့လည်းအခုလူတွေဟာ စိတ်ယဉ်ကျေးမှုဖြစ်စရာ ဝိပဿနာ ကမ္မဋ္ဌာန်းကို စိတ်ဝင်စားကြတာနဲ့ သူတို့ရဲ့ စိတ်ရောဂါလူနာတွေကို ဆေးလည်းစား, ဒီနည်းနဲ့လည်း ကုပေးကြတယ်။

ခပ်ဆင်တူတူရာများ

ဒါကြောင့်မို့ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နဲ့ သိမှသာ ပြည့်ပြည့်ဝဝ သိတယ်လို့ ဒီလောက်လေးတော့ မှတ်ထားပါ၊ ကောင်းပြီ၊ အခု စေတသိက် ၅၂ ပါးစလုံး လေ့လာပြီးပြီ၊ အဲဒီ ၅၂-ပါးမှာ ခပ်ဆင်ဆင်တူရာလေးတွေပြောရဦးမယ်၊ အဲဒီမှာ ဝိတက်ရယ်, စေတနာရယ်, မနသိကာရရယ်, ဒီ သုံးခုဟာ ဆင်ဆင်တူတယ်၊ သို့သော် သဘောတရားချင်း လက္ခဏာချင်းကွဲတယ်, ဝိတက်ရယ်, စေတနာရယ်၊ မနသိကာရရယ်, ဒီသုံးခုကို တစ်တွဲမှတ်နော်။

ဝိတက်က ယှဉ်တရားတွေကို အာရုံတင်ပေးတယ်၊ စေတနာက အဲသလို တင်ပေးတဲ့တရားတွေကို သူကဆက်စပ်ပေးတယ်၊ engage လုပ်ပေးတယ်၊ ဝိတက် ပို့ပေးတယ်၊ အဲဒီဟာကို အာရုံနဲ့ တွဲကပ်နေအောင် စေတနာက နောက်ကနေ

[စာမျက်နှာ-294] တွန်းပေးနေတယ်။

မနသိကာရဆိုတာက အာရုံဆီဖြောင့်ဖြောင့်တန်းတန်း သွားအောင် သူက ထိန်းကျောင်းပေးတယ်၊ အဲသလို နည်းနည်းတူသလိုလိုနဲ့ ကွဲပြားတယ်။

ဝိတက်က အာရုံဆီပို့ပေးတယ်၊ စေတနာက အာရုံနဲ့ကပ်ပေးထားတယ်၊ မနသိကာရက အာရုံဆီ တန်းတန်းမတ်မတ် ဖြောင့်ဖြောင့်ရောက်အောင် သူကပဲ့ကိုင်တယ်၊ အဲသလို ဝိတက်, စေတနာ, မနသိကာရတို့ဟာ ထူးခြားမှုရှိတယ်။

ပြီးတော့တစ်တွဲဟာ လောဘနဲ့ဆန္ဒ, လောဘကလည်း လိုချင်တာပဲ၊ လောဘ လိုချင်မှုက ငြိပ်ကပ်မှုစေးကပ်မှုပါတယ်၊ ဆန္ဒလိုချင်မှုက ငြိကပ်မှု အစေးမပါဘူး။

မြှားပစ်တဲ့ သူဟာ မြှားတောင့်ထဲက မြှားတံဆွဲယူသလိုပဲ ကျမ်းဂန်မှာပြောတယ်၊ အဲဒါဟာ ဆန္ဒ။

လောဘလိုချင်မှုကို ဘာနဲ့ဥပမာပေးသလဲဆိုရင် ဟိုနေ့က ပြောထားသလို ဒယ်အိုးပူပေါ်မှာ အသားပစ်လို့ ကပ်တာရယ်, မျောက်နှဲစေးတို့လို ငြိကပ်မှုပါလာရင် လောဘ၊ ငြိကပ်မှုမပါဘူးဆိုရင် ဆန္ဒ, ဆန္ဒက ပြုလိုကာမျှ၊ ပြုလိုကာမတ္တလို့လည်း ကျမ်းဂန်မှာသုံးတယ်။

နောက်တစ်စုကတော့ သညာရယ်၊ ဝိညာဉ်ရယ်၊ ပညာရယ်တဲ့ (ဝိညာဉ်ဆိုတာ စိတ်ပါပဲ) ဒီသုံးခုအစုကို နားလည်ရမယ်။

အဲဒီတော့ ဘုန်းကြီးမြန်မာစာလေးသိရအောင် ဖတ်ပြမယ်။

“သညာ, ဝိညာဉ်, ပညာတို့၏ အာရုံကိုသိသည်၏အဖြစ်သည် တူညီသော်လည်း သညာသည် အညိုအရွှေ ဤသို့စသည်ဖြင့် အာရုံကို မှတ်သိရုံမျှသာဖြစ်သည်”

သညာသိတာက မှတ်သိရုံလေးပါ၊ ဒါလေးက အနီ, ဒါက အညို, ဒါက အဝါ စသည်ဖြင့်ပေါ့၊ အဲသလို သိတာ သညာသိ။

“မမြဲ, ဆင်းရဲအတ္တမဟုတ်ဟု လက္ခဏာသုံးပါး ထိုးထွင်းသိခြင်းသို့ရောက်စေရန်ကား မစွမ်းနိုင်သေး”

သညာက အနိစ္စ, ဒုက္ခ, အနတ္တလို့သိသည့်တိုင်အောင် မစွမ်းနိုင်သေးဘူးတဲ့၊ မှတ်ရုံမှတ်ပြီး သိတာကိုး။

“ဝိညာဉ်သည် အညို, အရွှေ ဤသို့စသည်ဖြင့် အာရုံကိုလည်းသိ၏၊ လက္ခဏာ သုံးပါးထိုးထွင်းသိခြင်းသို့လည်း ရောက်စေ၏”

ဝိညာဉ်သိ (စိတ်သိ) ကျတော့ မှတ်သိလည်းပါသွားတယ်၊ လက္ခဏာကို ထိုးထွင်းသိသောအနေအထိလည်း သိတယ်တဲ့။

[စာမျက်နှာ-295] “သို့သော်လည်း အဆင့်ဆင့်တက်၍ အရိယာမဂ်ဖြစ်ပေါ်ခြင်းသို့ ရောက်စေရန်ကား မစွမ်းနိုင်သေး”

ဝိညာဉ်သိ, သိရုံနဲ့ ကိစ္စမဆုံးသေးဘူးလို့ ဆိုလိုတယ်။

“ပညာသည်ကား ဆိုခဲ့ပြီးသောနည်းဖြင့် အာရုံကိုလည်း သိ၏၊ လက္ခဏာသုံးပါးထိုးထွင်းသိခြင်းသို့လည်း ရောက်စေ၏၊ အဆင့်ဆင့်တက်၍ အရိယာမဂ်ဖြစ်ပေါ်ခြင်းသို့လည်း ရောက်စေ၏”

အဲသလိုကွာတယ်၊ သညာကမှတ်ရုံသာသိတယ်၊ ဝိညာဉ်ကျတော့ နည်းနည်းလေးပိုသိလာတယ်၊ မကုန်သေးဘူး၊ ပညာကျမှ အကုန်ထိုးထွင်းပြီးတော့သိတယ်၊ ဒါကြောင့် သညာ, ဝိညာဉ်, ပညာသုံးပါးအစုကိုလည်း မှတ်ရမယ်”

ဥပမာပြရရင်, ကျမ်းဂန်က ဥပမာတွေ သိပ်ကောင်းတယ်၊ ရွှေငွေရာပြတ် ပွဲမင်း၏ ပျဉ်ချပ်စားပွဲခုံ၌ တင်ထားသော ငွေအသပြာအစုကို ရောင်းဝယ်ရေး၌ အသိဉာဏ်မဖြစ်သေးသောသူငယ်တစ်ယောက်၊ ရွာသားဖြစ်သော ယောက်ျားလူကြီးတစ်ယောက်, (ဒါက Ordinary average person) ရွှေငွေရာပြတ်ပွဲမင်းတစ်ယောက်, သုံးဦးသားမြင်ကြရာတွင်၊ ရောင်းဝယ်ရေး၌ အသိပညာမဖြစ်သေးသော သူငယ်သည် ငွေအသပြာတို့၏ အမျိုးမျိုး အထွေထွေ ဆန်းကြယ်ခြင်း, ရှည်လျားခြင်း၊ လေးထောင့်သဏ္ဍာန်ရှိခြင်း, ဝန်းဝိုင်းခြင်းမျှကိုသာသိ၏”

ဒါလေးက ဝိုင်းဝိုင်းပဲ၊ ဒါကလေးထောင့်ပဲ၊ သူဒီလောက်ပဲသိမယ်တဲ့။

“ဤအရာသည် လူတို့၏ အတွင်းအသုံးအဆောင်, အပ အသုံးအဆောင်ကို ရထိုက်သော ရတနာဟု သမုတ်အပ်သော ဝတ္ထုတည်းဟူ၍ကားမသိ”

ဒါဟာ ပိုက်ဆံအဖြစ်နဲ့ သုံးရတယ်ဆိုတာ မသိဘူးပေါ့။

“ရွာသားဖြစ်သော ယောက်ျားသည် အထူးထူးအထွေထွေ ဆန်းကြယ်ခြင်း စသည်ကိုလည်းသိ၏၊ ဤအရာသည် လူတို့၏အတွင်းအသုံးအဆောင်, အပအသုံးအဆောင်တို့ကို ရထိုက်သော ရတနာဟု သမုတ်အပ်သော ဝတ္ထုတည်းဟုလည်း သိ၏"

ဆိုလိုတာကတော့ ဝိုင်းတာ, လေးထောင့်ဖြစ်တာကိုလည်း သိတယ်၊ သုံးလို့ရတယ် ဆိုတာကိုလည်း သိတယ်။

“သို့သော် ဤအသပြာသည် ငွေဖြစ်သည်, ဤအသပြာသည် ထက်ဝက်အနှစ်ရှိသော ငွေဖြစ်သည်ဟူ၍ ဤသို့သော အကွဲအပြားကိုကားမသိ၊ ရွှေငွေရာပြတ်ပွဲမင်းသည်ကား အထူးအခြားတို့ကို အလုံးစုံ အကုန်သိ၏။

[စာမျက်နှာ-296] ထိုသို့ သိရာ၌လည်း အသပြာကို ကြည့်ရှု၍လည်းသိ၏၊ တီးခေါက်အပ်၍ ရသော အသပြာ၏ အသံကိုကြားရ၍လည်း သိ၏၊ အနံ့ကို နမ်း၍လည်းသိ၏။ အရသာကိုလျက်၍လည်းသိ၏၊ လက်ဖြင့်ချိန်ဆ၍လည်းသိ၏။

ဤမည်သော ရွာ၌သော်လည်းကောင်း, မြို့၌သော်လည်းကောင်း၊ တောင်၌သော်လည်းကောင်း, ဤမည်သောမြစ်ကမ်း၌သော်လည်းကောင်း ပြုလုပ်အပ်သောငွေဟုလည်း သိ၏”

တချို့ကျတော့ ဒါကို ဘယ်မှာလုပ်တယ်ဆိုတာ အထိသိတယ်၊ အဲသလို သညာ, ဝိညာဉ်, ပညာတို့ သိပုံမျိုးက ကွာတယ်တဲ့၊ သညာကတော့ အမြန်ဆုံး မှတ်ပြီးသိတာ၊ ဝိညာဉ်ကျတော့ နည်းနည်းပိုသိတယ်၊ ပညာကျမှ အသိကုန်တယ်၊ အဲသလိုလည်း ခဏခဏ စဉ်းစားပြီး မှတ်ကြပေါ့၊ ခုနဖတ်လိုက်တာ ဝိသုဒ္ဓိမဂ်မြန်မာပြန်စာအုပ်ထဲက ဖတ်လိုက်တာ၊ ကိုယ့်ဟာကိုယ် ဖတ်ကြည့်ကြပေါ့။

အဲဒီတော့ စေတသိက် ၅၂-ပါးကုန်သွားပြီ၊ ၅၂-ပါးလေ့လာပြီးတဲ့နောက် စိတ်ယှဉ်စေတသိက်ယှဉ်တို့ကို လေ့လာရမယ်၊ အဲဒါကတော်တော်ခေါင်းရှုပ်တယ်၊ ဒါပေမယ့် လေ့လာရမှာပဲ။

စိတ်ယှဉ်စေတသိက်ယှဉ်

အဲသလိုလေ့လာတဲ့အခါမှာ ၃-နည်းရှိတယ်၊ သင်္ဂြိုဟ်ထဲမှာ တိုက်ရိုက်ပါတယ်က ၂-နည်း၊ ဝိသုဒ္ဓါရုံဆရာတော်ကြီးက ထပ်ပြီးတော့ ထွင်ထားတာက ၁ နည်း၊ အားလုံး ၃-နည်းရှိတယ်၊ တတိယနည်းဖြစ်တဲ့ ဝိသုဒ္ဓါရုံဆရာတော်ကြီးရဲ့ နည်းကအခက်ဆုံးပဲ။

ပထမနည်းကို သမ္ပယောဂနည်းလို့ခေါ်တယ်၊ ဒုတိယနည်းကို သင်္ဂဟနည်း၊ တတိယနည်းကို မိဿကနည်းလို့ခေါ်တယ်။

ဒီဇယားကွက်ဟာ ပထမ ၂-နည်းပါတယ်၊ ဒီထဲမှာ အောက်ကိုတန်းပြီး ဖတ်မယ်၊ လောဘမူလ, လောဘမူပထမစိတ်၊ စိတ် ၈၉-ပါး သို့မဟုတ် ၁၂၁-ပါးကို စိတ်ထဲမှာ အာရုံပြုထားကြ။

ပထမဆုံးစိတ်က လောဘမူလ ပထမစိတ်၊ ထို့အတူပဲ လောဘမူလ ၂-၃-၄-၅-၆-၇-၈။

နောက်တစ်ခုက ဒေါသမူလ ၁-၂၊ မောဟမူလ ၁-၂ ဆိုတော့ အကုသိုလ်စိတ် ၁၂-ပါးပြီးသွားပြီ၊ ဒါဟာ ပထမကော်လံ။

နောက်ဟာကျတော့ အကျဉ်းချုံးလိုက်ပြီ၊ မျက်စိလည်သွားကြမယ်၊ ဒီမှာ အကျဉ်းချုပ်လိုက်တာက Dvipanca-vinnana အဲဒါကို မြန်မာလို ခေါ်တော့

[စာမျက်နှာ-297] ဒွေပဉ္စဝိညာဏ်လို့ခေါ်တယ်၊ ပါဠိလိုတော့ ဒွေပဉ္စဝိညာဏ။

ဒွေပဉ္စဝိညာဏ် ၁၀-ဆိုတာ စက္ခုဝိညာဏ်စိတ်, သောတဝိညာဏ်စိတ်, ဃာနဝိညာဏ်စိတ်, ဇိဝှါဝိညာဏ်စိတ်, ကာယဝိညာဏ်စိတ်၊ အဲဒီ ၁၀-ခုကို ဒွေပဉ္စဝိညာဏ် ၁၀-လို့ ခေါ်တယ်။

နောက်တစ်ခုက သမ္ပဋိစ္ဆိနစိတ် ၂- ခုပါတယ်၊ သန္တီရဏစိတ် ၃- ခုပါတယ်၊ ၃-ခုမှာ ဥပေက္ခာ ၂-ခုကို ၁-တွဲထားတယ်၊ သန္တီရဏ သောမနဿကို ၁-တွဲထားတယ်၊ up ဆိုတာ ဥပေက္ခာ၊ so ဆိုတာ သောမနဿ၊ သန္တီရဏဥပေက္ခာ, သန္တီရဏသောမနဿ။

နောက်တစ်ခုက pañcadvaravajjana မြန်မာလို ပဉ္စဒွါရာဝဇ္ဇန်း, အဟိတ်စိတ်ထဲမှာ ပဉ္စဒွါရာဝဇ္ဇန်း တွေ့တယ်မဟုတ်လား။

အဟိတ်စိတ်ကြည့်လိုက်ရင် စက္ခုဝိညာဏ်စိတ်, သောတဝိညာဏ်စိတ်, ဃာနဝိညာဏ်စိတ်, ဇိဝှါဝိညာဏ်စိတ်, ကာယဝိညာဏ်စိတ်။

အဟိတ်ကုသလဝိပါက်စိတ်ထဲမှာ စက္ခုဝိညာဏ်စိတ်, သောတဝိညာဏ်စိတ်, ဃာနဝိညာဏ်စိတ်, ဇိဝှါဝိညာဏ်စိတ်, ကာယဝိညာဏ်စိတ်၊ ဒီ ၁၀-ခုကို ဒွေပဉ္စဝိညာဏ်စိတ် ၁၀-လို့ ခေါ်ထားတယ်။

သမ္ပဋိစ္ဆိုင်းစိတ် ၂-ခု၊ ဒါက အကုသလဝိပါက်ထဲမှာ ၁-ခုပါတယ်၊ ကုသလဝိပါက်ထဲမှာ ၁- ခုပါတယ်။

သန္တီရဏစိတ်က ၃-ခုပါတယ်၊ အကုသလဝိပါက်ထဲမှာ ၁-ခု, အဟိတ်ကုသလဝိပါက်ထဲမှာ ၂- ခု။

ပဉ္စဒွါရဝဇ္ဇန်းက အဟိတ်ကြိယာထဲမှာ၊ မနောဒွါရဝဇ္ဇန်း, နောက်တစ်ခုက ဟသိတုပ္ပါဒ၊ ဒီအကျဉ်းချုံးထားတာကိုလည်းသိမှ။

နောက်အောက်ဆင်းလိုက်စမ်း၊ ကာမာဝစရကုသလ ဝမ်းတူး ဆိုတော့ ပထမနဲ့ ဒုတိယ တစ်တွဲထဲလုပ်ထားတယ်၊ ကာမာဝစရကုသလထဲမှာ သောမနဿသဟဂုတ် ညာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်, ဒီ ၂-ခုကို ဝမ်းတူး လုပ်ပေးထားတယ်။

သရီးဖိုးကျတော့ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ်၊ အဲဒီအတိုင်းသွားမယ်။ ၅-၆-၇-၈ ဒီအတိုင်း တွဲထားတယ်။

ကာမာဝစရ ဝိပါက ဒီအတိုင်းပဲ ၁-၂-၃-၄-၁-၂ က ဉာဏ်နဲ့ယှဉ်တယ်၊

[စာမျက်နှာ-298] ၃, ၄ က ဉာဏ်နဲ့မယှဉ်ဘူး၊ ၅-၆ က ဉာဏ်နဲ့ယှဉ်တယ်၊ ၇-၈ ဉာဏ်နဲ့မယှဉ်ဘူး။

ကာမာဝစရကြိယာစိတ်လည်း ဒီအတိုင်းပဲ၊ ၁-၂-၃-၄-၅-၆-၇-၈ နောက်တစ်ခါ ရူပါဝစရကျတော့ ကုသိုလ်ကြိယာလို့ မလုပ်တော့ပဲနဲ့ ဈာန်နဲ့ သွားထားတယ်၊ ဇယားကွက်ထဲမှာ Rupavacara 1st Jhana 3 ဆိုတာဟာ ပထမဈာန်ကုသိုလ်စိတ်, ပထမဈာန်ဝိပါက်စိတ်, ပထမဈာန်ကြိယာစိတ်, အဲဒီ ၃-ခုကို ၁ တွဲလုပ်လိုက်၊ 2nd Jhana 3 ဆိုလည်း ဒီအတိုင်းပဲ၊ ကုသိုလ် ဒုတိယဈာန်, ဝိပါက် ဒုတိယဈာန် ကြိယာ ဒုတိယဈာန်။

3rd Jhana, 4th Jhana, 5th Jhana ဒီအတိုင်းပဲ၊ အားလုံး ၁၅-ခုပြီး သွားပြီ။

အရူပဝစရကျတော့ အကုန်လုံး တစ်ပေါင်းတည်းထားလိုက်တော့တယ်၊ ဘာကြောင့်တုန်းဆိုတော့ သူက ဈာန်အင်္ဂါအတူတူပဲ၊ သူ့ကို ပဉ္စမဈာန်ထဲထည့်တယ်၊ ဒါကြောင့် အရူပါဝစရစိတ် ၁၂-ခုလုံးကို ပဉ္စမဈာန်လို့ပဲ ဒီမှာသုံးတယ်။

ပြီးတဲ့နောက် လောကုတ္တရာစိတ် အကျယ် ၄၀-နဲ့သွားတယ်၊ ၄၀- နဲ့သွားတဲ့ အခါကျတော့ ဒီမှာဘယ်လိုဖတ်ရမလဲဆိုတော့ Sotapatti-Magga, အဲဒါနဲ့ 1st Jhana, 2nd Jhana, 3rd Jhana, 4th Jhana, 5th Jhana နဲ့ အကုန်လုံး တွဲရမယ်၊ ဆက်လိုက်ရင် အများကြီးဖြစ်သွားမယ်။

အဲဒီတော့ ဘယ်လိုဖြစ်သွားမလဲဆိုတော့ Sotapatti-Magga 1st Jhana 4, Sotapatti-Magga 2nd Jhana 4, Sotapatti-Magga 3rd Jhana 4, Sotapatti-Magga 4th Jhana 4, Sotapatti-Magga 5th Jhana 4,

တစ်ခါ သကဒါဂါမိမဂ် Sakadagami-Magga 1st Jhana 4, Sakadagami-Magga 2nd Jhana 4, Sakadagami-Magga 3rd Jhana 4, Sakadagami-Magga 4th Jhana 4, Sakadagami-Magga 5th Jhana 4, အဲသလို သွားတယ်၊ ဒီဘက်က မဂ်တစ်ခုနဲ့ ဟိုဘက်က ဈာန် ၅-ခုနဲ့ အဲသလို သွားတယ်၊ အားလုံး ၂၀-ဖြစ်သွားတယ်။

ဖိုလ်လည်းဒီအတိုင်းပဲ၊ Sotapatti-Phala 1st Jhana 4, 2nd Jhana 4, 3rd Jhana 4, 4th Jhana 4, 5th Jhana 4,

တစ်ခါ Sakadagami-Phala 1st Jhana 4, အဲသလို သွားရမယ်။ အဲသလိုသွားပြီးတဲ့နောက်မှာ ဒီစိတ်နဲ့ စေတသိက်တွေဟာ ရှင်းတယ်၊ ဒီလိုမဟုတ်ရင် ဒီစိတ်တွေဟာ ဘာစိတ်မှန်းကိုသိမှာမဟုတ်ဘူး။ တစ်ခေါက်ပြန်သွားမယ်, အကုသိုလ်စိတ်မှာ ရှိတယ်၊ အဟိတ်စိတ်ထဲမှာ

[စာမျက်နှာ-299] ဒွေပဉ္စဝိညာဏဆိုတာ ဘာစိတ်တွေလဲ၊ စက္ခုဝိညာဏ်စိတ် ၂-ခု၊ သောတဝိညာဏ်စိတ် ၂-ခု၊ ဃာနဝိညာဏ်စိတ် ၂-ခု၊ ဇိဝှါဝိညာဏ်စိတ် ၂-ခု၊ ကာယဝိညာဉ်စိတ် ၂-ခု၊

သမ္ပဋိစ္ဆိုင်းစိတ် ၂-ခု၊ အကုသလဝိပါက်ထဲက ၁-ခု၊ ကုသလဝိပါက်ထဲက ၁-ခု၊

သန္တီရဏစိတ်ဥပေက္ခာထဲက ၁ ခု အကုသလဝိပါက်ထဲက ၁-ခု, ကုသလဝိပါက်ထဲက ၁-ခု။

သန္တီရဏသောမနဿ ၁-ခု၊ ကုသလဝိပါက်ထဲက ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ အဟိတ်ကြိယာစိတ်ထဲက ပထမစိတ်၊ မနောဒွါရာဝဇ္ဇန်းစိတ်၊ ဒုတိယစိတ်၊ ဟသိတုပ္ပါဒစိတ်, တတိယစိတ်။

ကာမာဝစရကုသိုလ် ၁-၂-၃-၄- သွားတယ်၊ လွယ်သွားပြီ။

ရူပါဝစရ ပထမဈာန် ၃-ဆိုရင် ကုသိုလ်-၁၊ ဝိပါက်-၁၊ ကြိယာ-၁၊ ဒုတိယဈာန်-၃၊ တတိယဈာန်-၃၊ စတုတ္ထဈာန်-၃၊ ပဉ္စမဈာန်-၃။

အရူပါဝစရဈာန် ၁၂-က သောတာပတ္တိမဂ် ပထမဈာန်-၄၊ ဒုတိယဈာန် ၄-စသည်ဖြင့် သွားတော့ အားလုံး ၁၂၁-ပါးရတယ်၊ ဒါဟာ အကျဉ်းချုံးထားတာ, ပြီးတော့ စေတသိက်စမယ်။

စိတ်ယှဉ်

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ, မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ, မာန, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ, ဝိစိကိစ္ဆာ။

သောဘနသာဓာရဏကျတော့ အကုန်မရေးနိုင်ဘူး၊ ၁၉ ပါး၊ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ... , ဝိရတီ ၃ ပါး၊ အပ္ပမညာ ၂-ပါး၊ ပညိန္ဒြေ။

ကောင်းပြီ၊ သဗ္ဗစိတ္တသာဓာရဏဆိုတာ အားလုံးသောစိတ်တွေနဲ့ ဆက်ဆံတယ်၊ အားလုံးသောစိတ်တွေနဲ့ ဆက်ဆံတယ်ဆိုတာ အားလုံးသောစိတ်တွေနဲ့ ယှဉ်တယ်၊ အားလုံးသောစိတ်တွေဖြစ်တိုင်း ဖြစ်တိုင်းသူပါတယ်ပေါ့။

အဲဒါကြောင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခုဟာ ဘယ်စိတ်တွေနဲ့ ယှဉ်သလဲမေးရင် စိတ်အားလုံး (အကျဉ်းအားဖြင့် - ၈၉၊ အကျယ်အားဖြင့် ၁၂၁ ပါး) နဲ့ယှဉ်တယ်။

ကောင်းပြီ၊ ဝိတက်ဟာ ဘယ်လောက်နဲ့ယှဉ်သလဲ၊ ဈာန်တွေပါလို့ အကျဉ်းနဲ့ မပြောတော့ဘူး၊ အကျယ်နဲ့ ပြောမယ်။

[စာမျက်နှာ-300] ဝိတက်စေတသိက်ဟာ စိတ်ပေါင်း ၅၅-ခုနဲ့ ယှဉ်တယ်၊ ကြည့်လိုက်စမ်း၊ အကုသိုလ်စိတ် ၁၂-ခုလုံးနဲ့ မယှဉ်ဘူးလား၊ ယှဉ်တယ်။ ဒွေပဉ္စဝိညာဏ်-၁၀၊ စက္ခုဝိညာဉ် စသည်နဲ့မယှဉ်ဘူး။ နောက်ကျတော့ ပထမဈာန်ထိအောင် ယှဉ်သွားပြီ။ ဒုတိယဈာန်ကျတော့ ဝိတက်မပါဘူး၊ တတိယ၊ စတုတ္ထ၊ ပဉ္စမထိမပါဘူး။

အဲဒီတော့ ရူပါဝစရမှာ ပထမဈာန်နဲ့ယှဉ်တယ်၊ မဂ်မှာ ပထမဈာန်နဲ့ယှဉ်တယ်၊ ဖိုလ်မှာ ပထမဈာန်နဲ့ယှဉ်တယ်။ အားလုံးပေါင်းလိုက်ရင် ၅၅-ရတယ်။

ကောင်းပြီ၊ ဝိစာရကိုကြည့်လိုက်၊ အကုသိုလ်စိတ် ၁၂-ခုစလုံးနဲ့ ယှဉ်တယ်၊ ဒွေပဉ္စဝိညာဏ်-၁၀ နဲ့ မယှဉ်ဘူး။ ပထမဈာန်နဲ့ ယှဉ်တယ်၊ ဒုတိယဈာန်နဲ့လည်း ယှဉ်တယ်။ တတိယ၊ စတုတ္ထ၊ ပဉ္စမဈာန်နဲ့ မယှဉ်ဘူး။ ဒါကြောင့် ရူပါဝစရ ပထမဈာန်၊ ဒုတိယဈာန်၊ မဂ် ပထမဈာန်၊ ဒုတိယဈာန်၊ ဖိုလ် ပထမဈာန်၊ ဒုတိယဈာန်၊ ရှင်းရှင်းတော့ ဝိတက်စေတသိက် ၅၅-ခုထက် သူက ၁၁-ခု ပိုလာတယ်၊ ဒုတိယဈာန် ၁၁-ခု ပိုလာတယ်။

အဓိမောက္ခတဲ့၊ အကုသိုလ်စိတ်အားလုံးထဲမှာ ၁-ခုနဲ့ မယှဉ်ဘူး။ မယှဉ်တဲ့စိတ်ဟာ မောဟမူက မဆုံးဖြတ်နိုင်တဲ့စိတ်လေ၊ အဓိမောက္ခက ဆုံးဖြတ်တာ၊ အဲဒီတော့ ဆန့်ကျင်ဘက်တွေပေါ့။ ဒါဖြင့်ရင် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တွေနဲ့ မယှဉ်ဘူး၊ ဒွေပဉ္စဝိညာဏ်-၁၀ နဲ့လည်း မယှဉ်ဘူး။ ကျန်တာတွေနဲ့ကျတော့ အကုန်ယှဉ်တယ်၊ အားလုံး စေတသိက် ၇၈ (သို့မဟုတ်) ၁၁၀။

ဝီရိယကိုကြည့်လိုက်၊ အကုသိုလ်စိတ်အားလုံးနဲ့ ယှဉ်တယ်၊ ဒွေပဉ္စဝိညာဏ်-၁၀ နဲ့ မယှဉ်ဘူး။ သမ္ပဋိစ္ဆိုင်း ၂-ခုနဲ့ မယှဉ်ဘူး။ သန္တီရဏဥပေက္ခာနဲ့ မယှဉ်ဘူး၊ သန္တီရဏသောမနဿ မယှဉ်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းကော မယှဉ်ဘူး။ ဝီရိယမယှဉ်တဲ့ စိတ် ၁၆-ခုရှိတယ်။ ကျန်တာယှဉ်တဲ့စိတ်ပေါ့။ ဒါကြောင့်မို့ ၈၉-ထဲက ၁၆ နှုတ်လိုက်ရင် ၇၃-ခု ကျန်တာပေါ့။ ၁၂၁-ထဲက နှုတ်ရင် ၁၀၅-ကျန်တယ်။ ဒါဟာ ဝီရိယနော်။

ပီတိနဲ့ယှဉ်တဲ့စိတ်တွေကြည့်လိုက်စမ်း၊ သူက သောမနဿစိတ်သာ ယှဉ်တာကိုး။ အဲဒီတော့ လောဘမူစိတ် ၄-ခု ယှဉ်တယ်၊ လောဘမူဥပေက္ခာ မယှဉ်ဘူး၊ ဒေါသမူ မယှဉ်ဘူး၊ မောဟမူမယှဉ်ဘူး။ ဒီတော့ ဒွေပဉ္စဝိညာဏ်-၁၀ မယှဉ်ဘူး၊ သမ္ပဋိစ္ဆိုင်းမယှဉ်ဘူး၊ သန္တီရဏဥပေက္ခာမယှဉ်ဘူး၊ သန္တီရဏသောမနဿကျတော့ ယှဉ်တယ်။

ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း မယှဉ်ဘူး၊ မနောဒွါရာဝဇ္ဇန်းမယှဉ်ဘူး၊ ဟသိတုပ္ပါဒ

[စာမျက်နှာ-301] ကျတော့ ယှဉ်တယ်။

ပြီးတော့ ကာမာဝစရကုသိုလ် ၁၊ ၂၊ ၃၊ ၄၊ သောမနဿဖြစ်လို့ ယှဉ်တယ်၊ ၅၊ ၆၊ ၇၊ ၈ မယှဉ်ဘူး။ ဝိပါက်ဒီအတိုင်းပဲ၊ ကြိယာဒီအတိုင်းပဲ။

ရူပါဝစရကျတော့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ကတော့ သောမနဿတော့ ဟုတ်တယ်၊ ဒါပေမယ့် ပီတိမယှဉ်ဘူး။ စတုတ္ထဈာန်က သောမနဿဝေဒနာနဲ့တော့ ယှဉ်တယ်၊ ဒါပေမယ့် ပီတိမယှဉ်ဘူး။

ဒါကြောင့်မို့ သူက ပထမ၊ ဒုတိယ၊ တတိယ ဒီ ၃-ခုနဲ့ပဲယှဉ်တယ်၊ မဂ်စိတ်လည်း ဒီအတိုင်းပဲ၊ ဖိုလ်စိတ်လည်း ဒီအတိုင်းပဲဆိုတော့ အားလုံး ၅၁-ရတယ်။

ဆန္ဒတဲ့၊ ဆန္ဒက ဘာစိတ်တွေနဲ့ယှဉ်သလဲ ကြည့်လိုက်စမ်း၊ လောဘမူစိတ် ၈-ခုနဲ့ယှဉ်တယ်၊ ဒေါသမူစိတ် ၂-ခုနဲ့ယှဉ်တယ်၊ မောဟမူစိတ် ၂-ခုနဲ့ မယှဉ်ဘူး။ အဲဒီတော့ ဆန္ဒနဲ့ယှဉ်တဲ့စိတ်ဟာ လောဘမူဒွေး၊ ပထမလို့ မှတ်ထားပါ။

ပြီးတော့ ဆန္ဒစေတသိက်- အဟိတ်စိတ် ၁၈-ခုနဲ့ မယှဉ်ဘူး။ ဆန္ဒမယှဉ်တဲ့စိတ်ဟာ မောဟမူဒွေးရယ်၊ အဟိတ်စိတ် ၁၈-ရယ် ဆိုတော့ ဆန္ဒမယှဉ်တဲ့စိတ် ၂၀-ရှိတယ်၊ ကျန်တာတွေနဲ့တော့ ယှဉ်တယ်။ ဒါကြောင့် ၈၉-ထဲက ၂၀-နှုတ်လိုက်ရင် ဆန္ဒယှဉ်တဲ့စိတ် ၆၉-ရတယ်။

[စာမျက်နှာ-302] ဇယား

[စာမျက်နှာ-303]
အဘိဓမ္မာသင်တန်း (၁၃)

စေတသိက်ပိုင်း-၄

သမ္ပယောဂနည်း

ဒီနေ့ အောက်တိုဘာလ-၂၄ ရက်နေ့၊ ဒီနေ့ စိတ်နှင့် စေတသိက် ယှဉ်ပုံ လေ့လာကြမယ်။

ဟိုအပတ်တုန်းက နည်းနည်းလေးလည်းစပြီး စိတ်နှင့်စေတသိက်ယှဉ်ပုံ ပြောခဲ့ပါပြီနော်။ စိတ်နှင့်စေတသိက်နှင့် ယှဉ်ပုံက ၂-မျိုးရှိတယ်။

ပထမနည်းကို သမ္ပယောဂနည်းလို့ခေါ်တယ်၊ ဒုတိယနည်းကို သင်္ဂဟနည်းလို့ ခေါ်တယ်။ အဲဒီမှာ သမ္ပယောဂနည်းနှင့် သင်္ဂဟနည်း ၂-မျိုးကို ပထမ နားလည်ရမယ်။

သမ္ပယောဂနည်းဆိုတာက စေတသိက်ကို ကိုင်ပြီးတော့ ဒီစေတသိက်ဟာ စိတ် ဘယ်လောက်နှင့်ယှဉ်သလဲ၊ စိတ်ဘယ်လောက်နဲ့ အတူတူဖြစ်သလဲ၊ အဲဒါ ရှာတဲ့နည်းကို သမ္ပယောဂနည်းလို့ ခေါ်တယ်။ စေတသိက်တစ်ခုကို ပြောလိုက်၊ အဲဒီ စေတသိက်ဟာ ဘယ်စိတ်တွေ ဘယ်စိတ်တွေနဲ့ယှဉ်သလဲ၊ အဲသလိုမေးလိုက်ရင် ကိုယ်က ဖြေနိုင်ရမှာပေါ့၊ အဲဒီနည်းကို သမ္ပယောဂနည်း။

သင်္ဂဟနည်းဆိုတာကတော့ စိတ်ကို ကိုင်ပြီးတော့ စေတသိက်ရှာတဲ့နည်းပေါ့။ စိတ်တစ်ခုမှာ စေတသိက်ဘယ်လောက်နဲ့ ယှဉ်သလဲ၊ စိတ်တစ်ခုနဲ့ စေတသိက်တွေ

[စာမျက်နှာ-304] ဘယ်လောက်အတူတူ ဖြစ်သလဲလို့ အဲဒီလို လေ့လာတဲ့နည်းကို သင်္ဂဟနည်းလို့ ခေါ်တယ်။ အဲဒီတော့ ပထမ သမ္ပယောဂနည်းကို မလေ့လာခင် ဘာနားလည်ရမတုန်း၊ ဘာကျေရမလဲ၊ စိတ် ၁၂၁-ပါးကို နည်းနည်းပြန်ပြီးတော့ ကြည့်ရမယ်၊ ကျေအောင် လုပ်ရမယ်၊ ပြီးမှ စေတသိက်နှင့် သွားရမယ်နော်။

အဲဒီတော့ အခု ဒီဘက်မှာရှိတဲ့ ဇယားကွက်ကြီးကို ကြည့်လိုက်မယ်ဆိုရင် အပြောက်အပြောက်တွေ တွေ့လိမ့်မယ်နော်၊ အဲဒီ အပြောက်အပြောက်တွေနဲ့ သွားရင်လည်းရတယ်၊ သို့မဟုတ် အခုပေးထားတဲ့ ဇယားကွက်ကြည့်ပြီးတော့လည်း လိုက်လို့ရတယ်၊ သို့သော် ဇယားကွက်မှာရှိတဲ့စိတ်နဲ့ ဟို အပြောက်အပြောက်တွေ ပေးထားတဲ့ အပြောက်အပြောက်တွေနဲ့ ပြထားတဲ့စိတ်နဲ့ ဒါကိုလည်းပဲ (identify) လုပ်နိုင်ရမယ်။

အဲဒီတော့ ဟိုနေ့ကတည်းက ဒါကို အကုန်လုံးပြောခဲ့ပြီးပြီ၊ နည်းနည်းထပ်ပြောတာနော်၊ စိတ်ပထမကြည့်လိုက်ရင် လောဘမူစိတ်ပထမဆုံး။

* အကုသိုလ်စိတ်-၁၂ ခု
* အဟိတ်စိတ်-၁၈ ပါး
* ရူပါဝစရစိတ်-၁၅ ပါး
* အရူပါဝစရစိတ်-၁၂ ပါး
* လောကုတ္တရာစိတ် အကျဉ်း-၈ ပါး၊ အကျယ်-၄၀ နော်။

ဒါတွေကို စဉ်တန်းထားတာ၊ စဉ်တန်းထားတော့ တူရာပေါင်းထားတယ်၊ တစ်ခုစီ တစ်ခုစီ မသွားဘူး။ အမှန်ကတော့ တစ်ခုစီ တစ်ခုစီသွားရင် ပိုပြီးတော့ ရှင်းတယ်၊ ဒါပေမယ်လို့ အဲသလောက်ကြီးတော့လည်း မသွားနိုင်ဘူးနော်။

ဒါကြောင့်မို့ စိတ်ပိုင်းလေ့လာပြီးတဲ့ လူတွေ အနေနဲ့ ဆိုရင်တော့ ပြောလိုက်ရင် ဒါလောက်ဆိုရင်သိနိုင်တယ်၊ အဲဒီတော့ အောက်ဒေါင်လိုက်တန်းပြီးတော့ ကြည့်ရင် ပထမလောဘမူလို့ တွေ့လိမ့်မယ်နော်။ လောဘမူ ညာဘက်မှာ ဘာတွေ တွေ့လဲ၊ ၁-၂-၃-၄-၅-၆-၇-၈ နော်။

ပြီးတော့ ဒေါသမူ-၂၊ မောဟမူ-၂ တွေ့တယ်နော်။ နောက် ဘာတွေ့လဲ၊ ဒွေးပဉ္စဝိညာဏ်-၁၀။ ဒွေးပဉ္စဝိညာဏ်-၁၀ ဆိုတာ ဘာလဲ။

* စက္ခုဝိညာဏ်စိတ် ၂-ခု
* သောတဝိညာဏ်စိတ် ၂-ခု

[စာမျက်နှာ-305] * ဃာနဝိညာဏ်စိတ် ၂-ခု
* ဇိဝှါဝိညာဏ်စိတ် ၂-ခု
* ကာယဝိညာဏ်စိတ် ၂-ခု
* သမ္ပဋိစ္ဆိုင်း ၂-ခု (အကုသလဝိပါက်မှာ တစ်ခု၊ ကုသလဝိပါက်မှာ တစ်ခု)
* သန္တီရဏ ၃-ခု (ဥပေက္ခာနှင့်ယှဉ်တာ ၂-ခု၊ သောမနဿနှင့်ယှဉ်တာ ၁-ခု)

ဒါတွေဟာ မြန်မာလို ရေးထားတဲ့အကွက်ကိုကြည့်လိုက်ရင် ဟိုက အပြောက်တွေကိုလည်း မျက်စိထဲမှာ မြင်နေစေရမယ်နော်၊ သမ္ပဋိစ္ဆိုင်းလို့ ပြောလိုက်ရင် ဘယ်နားက အပြောက်ကလေးဆိုတာကို မြင်နေမှ၊ ဒါမှ ပိုပြီးတော့ ကောင်းမှာ။

နောက်တစ်ခုက ပဉ္စဒွါရာဝဇ္ဇနစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နော်၊ အဟိတ်ကြိယာထဲက။ နောက်ဘာလဲ၊ မနောဒွါရာဝဇ္ဇန်းစိတ်၊ နောက်တစ်ခု ဟသိတုပ္ပါဒ်စိတ်နော်၊ ဒါ အဟိတ်စိတ် ၁၈-ပါး။

နောက် ကာမာဝစရသောဘနစိတ် ၂၄-ပါးက ကုသိုလ် ၈-ပါး၊ ဝိပါက် ၈-ပါး၊ ကြိယာ ၈-ပါး၊ အဲဒီမယ် ၁-၂-၃-၄ တွဲထားတယ်၊ ဘာကြောင့်လဲ ၁၊ ၂ က ဉာဏ်နှင့်ယှဉ်တယ်၊ ၃-၄ က ဉာဏ်နှင့် မယှဉ်ဘူးနော်၊ ၅-၆ က ဉာဏ်နှင့် ယှဉ်တယ်၊ ၇-၈ က ဉာဏ်နှင့် မယှဉ်ဘူး၊ အဲသလို သွားလိမ့်မယ်။

နောက် ရူပါဝစရစိတ် ၁၅-ခု၊ အဲဒါကို ဘယ်လိုစဉ်လိုက်သလဲ၊ ကုသိုလ်၊ ဝိပါက်၊ ကြိယာ မလုပ်တော့ဘူး၊ ဒီကျတော့ ဘယ်လိုလုပ်လိုက်တုံး ပထမဈာန်စိတ် ၃-ခု၊ ဒုတိယဈာန်စိတ် ၃-ခု၊ တတိယဈာန်စိတ် ၃-ခု၊ စတုတ္ထဈာန်စိတ် ၃-ခု၊ ပဉ္စမဈာန်စိတ် ၃-ခု ဒီလိုလုပ်လိုက်တယ်နော်။

နောက်တစ်ခု အရူပါဝစရစိတ်ကတော့ ၁၂-ခု ဈာန်အနေနဲ့ ပြောမယ်ဆိုရင်တော့ ပဉ္စမဈာန်ထဲကို သွင်းရတယ်နော်။

ပြီးတော့ လောကုတ္တရာစိတ်အကျဉ်း ၈-ပါး၊ အကျယ်-၄၀၊ ဒီမှာတော့ ပထမ အကျယ်နဲ့ကြည့်ကြရအောင်၊ အဲဒီတော့ လောကုတ္တရာစိတ်ကို ဘယ်လို နားလည်ရမလဲ၊ လောကုတ္တရာစိတ် ၄၀-မှာ၊

* သောတာပတ္တိမဂ် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် (၅-ပါး)

[စာမျက်နှာ-306] * သကဒါဂါမိမဂ် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် (၅-ပါး)
* အနာဂါမိမဂ် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် (၅-ပါး)
* အရဟတ္တမဂ် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် (၅-ပါး) နော် အဲသလို သွားရမယ်။

သောတာပတ္တိဖိုလ်စိတ်လည်း ဒီအတိုင်းပဲ သောတာပတ္တိဖိုလ် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် (၅-ပါး)။

သကဒါဂါမ်မှာ သကဒါဂါမိဖိုလ် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်။

အရဟတ္တဖိုလ် ၅-ပါးနော်၊ အမှန်တော့ ဈာန် ၅-ပါးစီပေါ့၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်။

အားလုံးပေါင်းလိုက်တော့ စိတ် ၁၂၁-ပါး ရတယ်နော်။

ကောင်းပြီ၊ အဲဒီစိတ် ၁၂၁-ပါးနဲ့ စေတသိက်နဲ့ ယှဉ်တာတွေကို ဒီနေ့ လေ့လာကြမယ်နော်။ အဲဒီတော့ ပထမဆုံးစေတသိက်တွေမှာ ပထမ group က သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါး။

သဗ္ဗစိတ္တသာဓာရဏစေတသိက်ဆိုတာ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့စေတသိက်လို့ ဆိုတယ်၊ စိတ်အားလုံးနဲ့ ဆက်ဆံတယ်ဆိုတာ စိတ်အားလုံးနဲ့ ယှဉ်တဲ့စေတသိက်နော်။

ဒါကြောင့်မို့ သဗ္ဗစိတ္တသာဓာရဏစေတသိက်နှင့် ယှဉ်တဲ့စိတ်ဘယ်လောက်ရှိတုန်းလို့ မေးရင် အလွယ်လေးပဲနော်၊ ရှိသမျှစိတ်တွေ အကုန်ပေးလိုက်ရုံပဲ၊ ၈၉ (သို့မဟုတ်) ၁၂၁ ပါး။

အသေးစိပ်လုပ်ကြစမ်း၊ ဖဿစေတသိက်နှင့်ယှဉ်တဲ့စိတ် ဘယ်လောက်လဲ၊ ၈၉- ၁၂၁ ပါး။ ဝေဒနာစေတသိက်နှင့်ယှဉ်တာ ၈၉၊ ၁၂၁ ပါး စသည်ဖြင့် သွားရမယ်နော်။

စေတသိက်-၅၂ ပါးလည်း အလွတ်ကျေရမယ်နော်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ။ အဲဒီ

[စာမျက်နှာ-307] စေတသိက် ၇-ပါးကတော့ ဘာမှပြောနေစရာမလိုဘူး၊ စိတ်အားလုံးနှင့်ယှဉ်တော့မယ်။

ဝိတက်
ကောင်းပြီ၊ နောက် ဘာစေတသိက်တုန်း၊ ဝိတက်။ ဝိတက်စေတသိက် ဘယ်စိတ်တွေနဲ့ ယှဉ်သတဲ့တုန်း၊ အကုသိုလ်စိတ် ၁၂-ပါး အကုန်လုံးနဲ့ယှဉ်တယ်နော်။ အဟိတ်စိတ်ထဲက ဘာတွေနဲ့ မယှဉ်ဘူးတုန်း၊ ဒွေပဉ္စဝိညာဏ်-၁၀ နဲ့ မယှဉ်ဘူး။ မြင်တဲ့စိတ်၊ ကြားတဲ့စိတ်၊ နံတဲ့စိတ်၊ အရသာသိတဲ့စိတ်၊ ထိတဲ့စိတ်နော်၊ ဒီ ၅-မျိုးနဲ့ ဝိတက်က မယှဉ်ဘူး။ ဘာကြောင့်တုန်း၊ ဝိတက်တင်ပေးဖို့ မလိုဘူး၊ အာရုံ ဝတ္ထု ထိခိုက်မှုက ပြင်းထန်တဲ့အတွက်ကြောင့် (impact) အားကြီးတဲ့အတွက်ကြောင့် ဝိတက်က တင်ပေးစရာမလိုဘူး၊ ဒါ အလိုလိုပဲ စိတ်ဟာအာရုံပေါ်ကို ရောက်သွားနိုင်တယ်၊ ဒါကြောင့်မို့ ဒီစိတ်တွေမှာ ဝိတက်မယှဉ်ဘူးနော်။

ဒုတိယဈာန်၊ တတိယဈာန်စိတ်တွေ ဝိတက်မယှဉ်တာကတော့ ဘာဝနာရဲ့ အစွမ်းကြောင့် မယှဉ်တာ၊ ကိုယ်ကိုယ်တိုင်က ဝိတက်ကို မကြိုက်လို့၊ ဝိတက်ကို ကျော်လွန်ချင်လို့ ဒုတိယဈာန်၊ တတိယဈာန် ရအောင်လုပ်တာဆိုတော့ အဲဒီဈာန်တွေမှာလည်းပဲ ဝိတက်မယှဉ်ဘူး။

ဝိတက်မပါပေမယ်လို့ သူတို့က ဘာဝနာရဲ့ အစွမ်းကြောင့် အာရုံဆီသို့ သွားနိုင်တယ်၊ အခု ဒီမြင်သိစိတ်၊ ကြားသိစိတ် စသည်ကတော့ အာရုံနှင့် ဝတ္ထု ထိခိုက်မှု အားကြီးလို့၊ ပြင်းလို့၊ သူ (ဝိတက်) မပါပဲနဲ့ အာရုံဆီသို့ သွားနိုင်တယ်။

ဒါကြောင့်မို့ ဒီစိတ်တွေမှာ ဝိတက်မယှဉ်ဘူး၊ အဲဒါကြောင့်မို့ ဝိတက်ယှဉ်တာဟာ ရူပါဝစရထဲကဆိုရင် ပထမဈာန်နော်၊ ပြီးတော့ လောကုတ္တရာထဲကလည်းပဲ ပထမဈာန်ပဲ၊ အဲဒါပဲယှဉ်မယ်၊ ဒါကြောင့်မို့ ဝိတက်ယှဉ်တဲ့စိတ်ပေါင်း ဘယ်လောက်ရှိသလဲဆိုရင် ၅၅-ရှိတယ်။

ဝိစာရ
ဝိစာရကျတော့ ဝိတက်ယှဉ်တဲ့ ၅၅-အပြင် ဘာနဲ့ ထပ်ပိုပြီးတော့ ယှဉ်သလဲ၊ ဒုတိယဈာန်စိတ် ၁၁-ပါးနှင့် ပိုပြီးတော့ယှဉ်တယ်၊ ဒါကြောင့်မို့ ဝိတက်ယှဉ်တဲ့ ၅၅-ထဲမှာ ဒုတိယဈာန်စိတ် ၁၁-ပါးထည့်လိုက်ရင် ဝိစာရနှင့် ယှဉ်တဲ့စိတ် ၆၆-ပါး ဖြစ်တယ်နော်၊ ဝိတက်နဲ့ ဝိစာရက အတွဲအတွဲဖြစ်တတ်တယ်။

အဓိမောက္ခ
အဓိမောက္ခဆိုတာက ဆုံးဖြတ်တဲ့သဘော၊ ဒါကြောင့်မို့ ပထမဆုံး သူမယှဉ်တဲ့

[စာမျက်နှာ-308] စိတ်က ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာက မောဟမူထဲက မဆုံးဖြတ်နိုင်တဲ့လူ၊ အဓိမောက္ခက ဆုံးဖြတ်တာဆိုတော့ သူတို့ချင်း သဘောချင်း မတူဘူး၊ ဒါကြောင့်မို့ သူမယှဉ်ဘူး။

ပြီးတော့ ဒွေပဉ္စဝိညာဏ်-၁၀ မှာ မြင်သိတဲ့စိတ် စသည်မှာလည်း ဆုံးဖြတ်မှု မပါဘူးတဲ့၊ အာရုံက ခုနလိုထိခိုက်မှုကြီးတဲ့အတွက်ကြောင့်မို့လို့ ပေါ်လာတော့တာပဲ ပေါ့နော်၊ ဒီစိတ်ပေါ်လာတာ။

ဒါကြောင့်မို့ ဒွေပဉ္စဝိညာဏ်-၁၀ မှာလည်းပဲ အဓိမောက္ခမယှဉ်ဘူး၊ တခြားစိတ်တွေ အားလုံးမှာ အဓိမောက္ခယှဉ်တယ်၊ ဒါဖြင့် အဓိမောက္ခမယှဉ်တာဟာ မောဟမူထဲက ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ရယ်၊ ဒွေပဉ္စဝိညာဏ်-၁၀ ရယ် ဆိုတော့ ၁၁ နော်။ ၁၁ ဆိုတော့ ၈၉-ထဲက ၁၁ နုတ်လိုက်ရင် ၇၈၊ ၁၂၁ ထဲက ၁၁ နုတ်လိုက်ရင် ၁၁၀၊ ဒါကြောင့်မို့ အဓိမောက္ခသည် စိတ် ၇၈ (သို့မဟုတ်) ၁၁၀-နှင့်ယှဉ်တယ်နော်။

နောက်တစ်ခု ဝီရိယ၊ တက်တက်ကြွကြွနှင့် လုပ်တာကိုခေါ်တယ်။ အဲဒီမှာ ဝီရိယ မယှဉ်တဲ့စိတ်တွေဟာ ဒွေပဉ္စဝိညာဏ်-၁၀ တဲ့၊ ဝီရိယပါစရာ မလိုဘူးတဲ့။ သမ္ပဋိစ္ဆိုင်းတို့ ဘာတို့ကလည်းပဲ အာရုံယူတဲ့နေရာမှာ သိပ်အားမကောင်းလှဘူးတဲ့၊ ဒါကြောင့်မို့ သူတို့တွေနဲ့လည်း မယှဉ်တော့ဘူး၊ သမ္ပဋိစ္ဆိုင်း ၂-ခုနှင့် မယှဉ်ဘူး၊ သန္တီရဏ ၃-ခုနှင့် မယှဉ်ဘူးနော်၊ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်းနဲ့တောင် မယှဉ်ဘူး၊ ဝီရိယမယှဉ်တဲ့စိတ် အားလုံး ဘယ်လောက်ရှိလဲ။

* ဒွေပဉ္စဝိညာဏ်-၁၀
* သမ္ပဋိစ္ဆိုင်း ၂
* သန္တီရဏ ၃
* ပဉ္စဒွါရာဝဇ္ဇန်း ၁
ဝီရိယမယှဉ်တဲ့စိတ် ၁၆ နော်။

ဝီရိယယှဉ်တဲ့စိတ် ၈၉-ထဲက ၁၆ နုတ်လိုက်-၇၃၊ ၁၂၁ ထဲက ၁၆ နုတ်လိုက်-၁၀၅၊ အဲဒါက ဝီရိယယှဉ်တာနဲ့ မယှဉ်တာ။

ဒါတွေဟာ ကျေအောင်တော့ လုပ်ကြနော်၊ ရှေ့ဆက်တက်တက်သွားတဲ့အခါကျတော့ နောက်ကဟာကျလာမှ နားလည်တယ်၊ နို့မို့ရင် အသိဉာဏ် မရှင်းဘူး၊ အသိရှုပ်ထွေးလာရင် စိတ်ပျက်လာတော့ စိတ်မဝင်စားတော့ဘူး၊ ဒါကြောင့်မို့ ကျေအောင်တော့ လုပ်ကြနော်။

ပီတိ။ ပီတိဆိုတာ နှစ်သက်တဲ့သဘော၊ ဒါဖြင့် ဥပေက္ခာနှင့် ယှဉ်ပါ့မလား၊

[စာမျက်နှာ-309] ဥပေက္ခာက မတုန်မလှုပ်ဆိုတာလို လျစ်လျူရှုတာ၊ ဥပေက္ခာနှင့် မယှဉ်ဘူး။ ဒေါသမူနဲ့ကော ယှဉ်ပါ့မလား၊ မယှဉ်ဘူးပေါ့။ ဒါကြောင့်မို့ ပီတိဟာ အကုသိုလ်ထဲက သောမနဿ ၄-ခုနဲ့ပဲ ယှဉ်တယ်။

အဟိတ်စိတ်ကလည်း ဒီအတိုင်းပဲ၊ သောမနဿနဲ့ပဲ ယှဉ်မှာဆိုတော့ အဟိတ်စိတ်ထဲမှာ သောမနဿက သန္တီရဏ ၁-ခုရယ်၊ ဟသိတုပ္ပါဒ ၁-ခုရယ်၊ ဒီ ၂-ခုနဲ့ပဲ ယှဉ်တယ်နော်။ ပြီးတော့ ကာမာဝစရသောဘနထဲက ကြည့်လိုက်မယ်ဆိုရင်-

* ကုသိုလ်ထဲက သောမနဿ ၄-ခု
* ဝိပါက်ထဲက သောမနဿ ၄-ခု
* ကြိယာထဲက သောမနဿ ၄-ခု
အားလုံးပေါင်း ၁၂-ခုနှင့်ယှဉ်တယ်။

ပြီးတော့ ပထမဈာန်နဲ့ ပီတိဟာ ယှဉ်တယ်၊ ဒုတိယဈာန်နှင့် ယှဉ်တယ်၊ တတိယဈာန်နဲ့ ယှဉ်တယ်၊ စတုတ္ထဈာန်နဲ့မယှဉ်ဘူး။ ပီတိမကြိုက်လို့ကို စတုတ္ထဈာန်ရအောင် လုပ်ထားတာ၊ စတုတ္ထဈာန်ရအောင် အားထုတ်ထားတာ။

ဒါကြောင့်မို့ သောမနဿနဲ့ ယှဉ်သော်လည်းပဲ ပီတိနှင့်မယှဉ်ဘူး။ ဒါကြောင့်မို့ သောမနဿနဲ့ ပီတိမှာ သောမနဿက အရာကျယ်တယ်၊ ပီတိက အရာကျဉ်းတယ်။ သောမနဿဖြစ်တိုင်း ပီတိဖြစ်သည်မဟုတ်၊ ပီတိဖြစ်တိုင်း သောမနဿ ဖြစ်သည်။

သောမနဿဖြစ်ပြီဟေ့ဆိုတိုင်း ပီတိဖြစ်ပြီလား မဖြစ်ဘူး၊ စတုတ္ထဈာန်မှာ သောမနဿဖြစ်တယ်၊ ပီတိမဖြစ်ဘူး။ ပီတိဖြစ်တယ်ဆိုရင် သောမနဿကတော့ ဖြစ်တော့တာ၊ ဒါကြောင့်မို့ သောမနဿက အရာကျယ်တယ်၊ ပီတိကအရာ ကျဉ်းတယ်။

ဒါကြောင့်မို့ ပီတိဟာ ဈာန်စိတ်တွေက ဘာဈာန်တွေနဲ့ ယှဉ်သလဲ၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ ဒါပဲယှဉ်တယ်၊ စတုတ္ထဈာန်နဲ့ မယှဉ်ဘူး၊ ပဉ္စမဈာန်နဲ့ မယှဉ်ဘူး။ ဒါကြောင့် ပီတိနဲ့ ယှဉ်တဲ့စိတ်တွေ ရှာလိုက်စမ်းဆိုရင် ဘယ်လောက်ရသလဲ၊ အားလုံးဟိုစိတ်အကျယ်နဲ့ တွက်တယ် ၅၁။

ဆန္ဒ။ ။ မောဟမူဒွေးက တွေတွေဝေဝေမို့ ဆန္ဒမလိုဘူးတဲ့၊ ဒွေပဉ္စဝိညာဏ်-၁၀ စသည်မှာလည်း ဆန္ဒမလိုဘူးတဲ့။ ဒါကြောင့်မို့ ဆန္ဒဟာ အဟိတ်စိတ် ၁၈-ခုလုံးမှာ မယှဉ်ဘူး၊ မောဟမူဒွေးမှာ မယှဉ်ဘူး။ ဒါဖြင့် ဆန္ဒမယှဉ်တဲ့ စိတ်ဘယ်လောက်ရှိသလဲ၊ မောဟမူဒွေးရယ်၊ အဟိတ်စိတ် ၁၈-ရယ် ပေါင်း ၂၀-ပေါ့။

ဒါဖြင့် ယှဉ်တာရော၊ ၈၉-ထဲက ၂၀-နုတ်လိုက်-၆၉၊ ၁၂၁-ထဲက ၂၀-နုတ်လိုက်-၁၀၁။

[စာမျက်နှာ-310] နှုတ်လိုက် ၁၀၁၊ အဲဒီ စိတ်တွေနဲ့ ယှဉ်တယ်၊ ဒီတိုင်အောင် အညသမာန်း စေတသိက် ၁၃-ခုရဲ့ သမ္ပယောဂနည်း၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ, ဒါပါပဲ၊ နောက်ဟာတွေကျတော့ ဒီလောက် မခဲယဉ်းတော့ပါဘူး။

အကုသိုလ် စေတသိက်ဆိုတော့ အကုသိုလ်စိတ်ထဲတင်ကြည့်ရတာဆိုတော့ ကျဉ်းသွားပြီနော်၊ ဒီစိတ်တွေက စိတ်အားလုံးနဲ့ယှဉ်တာ၊ ရောပြွမ်းပြီးတော့ ယှဉ်တာဖြစ်တော့ စိတ်အားလုံးကိုကြည့်ရတာ။

ဒီတော့ သူက နည်းနည်းလေး ခက်တယ်၊ ဒါကတော့ အလွတ်မှတ်ရမှာ၊ ဝီရိယမယှဉ်ဘူးဆိုရင် ဝီရိယဘာနဲ့ မယှဉ်ဘူးလဲ၊ ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်း, သန္တီရဏ ပြီးတော့ ဒွေးပဉ္စဝိညာဏ် ၁၀၊ ဒါတွေနဲ့ မယှဉ်ဘူး၊

အဓိမောက္ခဆိုရင် ဝိစိကိစ္ဆာနဲ့ မယှဉ်ဘူး၊ ဒွေးပဉ္စဝိညာဉ် ၁၀- နဲ့ မယှဉ်ဘူး စသည်ဖြင့်ပေါ့လေ၊ အဲဒါလေးတွေ မှတ်မှတ်ထားရမှာ။

ကောင်းပြီ, ဒါက အညသမန်း စေတသိက် ၁၃-ပါးရဲ့ သမ္ပယောဂနည်းနော်၊ အင်္ဂလိပ်လိုပေးထားတဲ့ (chart)ကို ကြည့်လိုက်ရင် ရှင်းတာပါပဲဟုတ်လား၊ အဲဒီတော့ အကုန်လုံး အလွတ်မမှတ်မိသည့်တိုင်အောင် ဒီမှာပြန်ပြီးတော့ ကြည့်ပြီးပြောတတ်ရင် တစ်ဆင့်တော့တက်လာပြီ၊ အလွတ်ပြောတတ်ရင်တော့ အကောင်းဆုံးပေါ့၊ အလွတ် မပြောတတ်သည့်တိုင်အောင် ဘယ်နားသွားရှာမလဲ၊ ရှာတတ်ရင်တော်တာပဲ၊ ဒါကြီးရှိပြီးတော့ မသုံးတတ်ဘူး, မရှာတတ်ဘူးဆိုရင်တော့ သိပ်နေရာမကျဘူး။ ကျေအောင်တော့ ကြိုးစားပေါ့လေ မကျေရင်လဲ ဒီပြန်ပြန်ကြည့်။

ကောင်းပြီ၊ ဒါကဆန္ဒထိအောင် ပြီးသွားပြီ, အညသမန်း စေတသိက် ၁၃-ပါး ပြီးသွားတော့ ဘာစေတသိက်တွေ လာတုန်း, စေတသိက် ၅၂-မှာ အစဉ်မှာ အကုသိုလ်စေတသိက်နော်၊ အကုသိုလ်စေတသိက် ၁၄-ပါး၊
မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ
အဲဒီ အကုသိုလ်စေတသိက် ၁၄-ပါးမှာ ပထမ ၄-ပါး မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ၊ အကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း ဒီသဘော ၄-မျိုးဟာ အမြဲတမ်း တွဲလျက်ပါတယ်။

ယှဉ်တယ်ဆိုတာ ကလေးသင်သင်ရင်တော့ ဒီစိတ်နှင့် ဒီစေတသိက်ယှဉ်တယ်။ ဒါလောက်ပေါ့၊ လူကြီးသင် သင်ရင်တော့ အကုသိုလ်စိတ်ဖြစ်ရင် ဒီသဘောလေးတွေ တွဲပါနေပါလား၊ ဒီလို သဘောတရားနဲ့ လိုက်ပြီးတော့ သိရမယ်နော်၊ အကုသိုလ်စိတ် တစ်ခုဖြစ်တယ်ဆိုရင် တွေဝေမှုမောဟ, သဘောအမှန်ကို မသိမှု မောဟကလည်း

[စာမျက်နှာ-311] ပါတယ်တဲ့၊ အဟိရိက အကုသိုလ်ပြုရမှာကိုမရှက်တဲ့ အဟိရိကပါတယ်၊ အကုသိုလ် မကြောက်တဲ့ အနောတ္တပ္ပပါတယ်၊ စိတ်မတည်ကြည်မှု ဥဒ္ဓစ္စပါတယ်တဲ့၊

ဒါကြောင့်မို့ အကုသိုလ်စိတ်ဖြစ်တိုင်း, ဖြစ်တိုင်း ဒီ ၄-ခုက အမြဲတမ်းပါတယ်တဲ့။

အဲဒီတော့ စိတ်သဘောကို လေ့လာတဲ့အခါမှာ ဒါတွေက သိပ်အရေးကြီးတယ်။ သာမညအနေနဲ့ ကြည့်မယ်ဆိုရင်, စိတ်ဖြစ်ဖြစ်သွားတာပဲ၊ ကိုယ်က ဘာမှ မသိ လိုက်ဘူး၊ တကယ်စိတ်ကို ကြည့်လာပြီဆိုရင်, ရှုလာပြီဆိုရင်, အထူးသဖြင့်တော့ တရားမှတ်နည်းနဲ့ မှတ်လာပြီဆိုရင်, ဒီသဘောလေးတွေဟာ သိသိလာတာ၊ အဲသလို သိရာကနေ အမှန်ကတော့ ထုတ်ထားတာပဲ။

မြတ်စွာဘုရားက ဒီအတိုင်းလျှောက်ပြီးတော့ ဟောထားတာ မဟုတ်ဘူး၊ အမှန်ကတော့ လက်တွေ့ကနေပြန်ပြီး ထုတ်ပြီးဟောထားတာ၊ ဒါတွေဟာ တရား ထိုင်တဲ့အခါမှာ ဒီသဘောကလေးတွေကို မြင်နိုင်တွေ့နိုင်တယ်။

အဓိမောက္ခက ဝိစိကိစ္ဆာနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ဝိစိကိစ္ဆာဆိုတာက မဆုံးဖြတ်နိုင်တာ ယုံမှားတာ အဓိမောက္ခက ဆုံးဖြတ်တာ။

ဥဒ္ဓစ္စက အာရုံပေါ်မှာ မနေနိုင်တာ၊ အာရုံနှင့်စိတ်နဲ့ ချပ်ကနဲ့ ကပ်နေအောင် မနေနိုင်တာကို ပြောတာ၊ ဟိုအာရုံကိုလည်းပဲ ပိုင်ပိုင်နိုင်နိုင်ကြီးမဟုတ်ဘူး၊ ဒီအာရုံကိုလည်း ပိုင်ပိုင်နိုင်နိုင်ကြီး မဟုတ်ဘူး။

ဝိစာရနှင့် ဆန့်ကျင်ဘက်က ဝိစိကိစ္ဆာလို့ ဆိုတယ် ယုံမှားတာက နှစ်လုံး နှစ်ခွလို့ ဒီလိုလည်း သုံးလေ့ရှိတယ်၊ ဟုတ်လား၊ ဒီဟာလဲမဟုတ် ဟိုဟာလည်းမဟုတ် အဲသလိုဖြစ်နေတာ၊ အဲဒါကို ဝိစိကိစ္ဆာလို့ခေါ်တာ၊ ဝီရိယပိုလာတဲ့အခါမှာ ဖြစ်တတ်တာ၊ (concentration) မရတာ၊ ယောဂီတွေအနေနဲ့ပြောရရင် အမှတ် မကောင်းဘူးလို့ ပြောတတ်တယ်၊ မှတ်ရတာဟာ အာရုံနှင့် မှတ်ရတာ၊ ချပ်ကနဲ ချပ်ကနဲ မနေဘူး၊ အံချော်နေတဲ့ သဘောလေးတွေ့ရှိတယ်၊ အဲဒါမျိုးဟာ ဥဒ္ဓစ္စသဘော။

ကောင်းပြီ မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, ဒီ ၄-မျိုးဟာ၊ အကုသိုလ်စိတ်ဖြစ်တိုင်း ဖြစ်တိုင်းပါတဲ့ အတွက်ကြောင့်မို့လို့ သူတို့ကို အကုသလသာဓာရဏ စေတသိက်ခေါ်တာ၊ သာဓာရဏဆိုတာ ဆက်ဆံတာ common ဖြစ်တာ၊ အကုသလသာဓာရဏဆိုရင် အကုသိုလ်အားလုံးနဲ့ ဆက်ဆံတာ၊ အကုသိုလ် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သူတို့ပါတာ မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ။

လောဘ

နောက်စေတသိက် တစ်ခုက လောဘ, လောဘကျတော့ ဘယ်စိတ်တွေနဲ့

[စာမျက်နှာ-312] ယှဉ်မလဲ, စဉ်းစားကြည့်စမ်းပါ၊ ဒေါသနဲ့ ယှဉ်ပါ့မလား၊ လောဘနဲ့ ဒေါသ ဘယ်တော့မှ အတူတူမဖြစ်ဘူးနော်။

ဒါကြောင့်မို့ လောဘဟာ လောဘမူစိတ် ၈-ခုနှင့်သာယှဉ်တယ်၊ ဒေါသမူစိတ် ၂-ပါးနဲ့ မယှဉ်ဘူး၊ မောဟမူစိတ် ၂-ပါးနဲ့ မယှဉ်ဘူး။

ဒီသဘောလေးတွေဟာ တစ်ခုနှင့်တစ်ခု အတူတူ မဖြစ်နိုင်ဘူး၊ လိုချင်တာနဲ့ စိတ်ဆိုးတာနဲ့ပေါ့နော်။

ဒိဋ္ဌိ

ဒိဋ္ဌိကျတော့ ဘယ်စိတ်နဲ့သာ ယှဉ်တုန်းဆိုတော့ လောဘမူစိတ် ၈-ခုထဲက ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ ယှဉ်တော့မှာပေါ့၊ ဟုတ်ပြီလား, ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်နဲ့ ဘယ်ယှဉ်တော့မလဲ, ဟိုစိတ်တွေက ဝိပ္ပယုတ်လို့ကို ခေါ်ဆိုထားပြီ၊ ဒါကြောင့်မို့ လောဘမူ ပထမစိတ်, ဒုတိယစိတ်နဲ့ ယှဉ်မယ်၊ ပဉ္စမစိတ်, ဆဋ္ဌမ စိတ်နဲ့ ယှဉ်မယ်။

မာန

မာနကျတော့ ဒိဋ္ဌိနှင့် အတူတူ မယှဉ်ဘူး၊ ဒိဋ္ဌိမယှဉ်တဲ့စိတ်မှာမှ မာန ယှဉ်တယ်နော်၊ အဲဒါကိုတော်တော်အပြောရ မလွယ်ဘူး၊ ဘာကြောင့်တုန်း ဒိဋ္ဌိနှင့်မာန အတူတူယှဉ်ဖို့ သိပ်ကောင်းတယ် ဟုတ်လား၊ အယူမှားရှိလို့ မာနဖြစ်တာ၊ အမှန်ကတော့ ငါ, ငါဆိုတဲ့ မာနဖြစ်တာ၊

အတ္တစွဲရှိလို့ မာနဖြစ်တာ၊ အတ္တစွဲမရှိရင် မာနမဖြစ်ဘူး၊ သို့သော် ဒီနေရာမှာ ဘာလဲဆိုတော့ ဒီအာရုံကို ယူပုံခြင်း, အာရုံကို သုံးသပ်ပုံခြင်း, ဒီ ၂-ခုကမတူဘူး။

ဒိဋ္ဌိကတော့ ဘာလဲဆိုတော့ အတ္တ မြဲတာတစ်ခုခုရှိတယ်၊ ကိုယ့်သန္တာန်မှာ အမြဲတည်တဲ့ သဘောတရား တစ်မျိုးရှိတယ်၊ အဲဒီ အမြဲတည်တဲ့ သဘောလေးက ကိုယ့်ခန္ဓာကိုယ်ထဲမှာ နေပြီးတော့ သူကခိုင်းတာ ကိုယ်က လုပ်နေရတယ်ပေါ့။ ဘာလုပ်လုပ် ဒီအတ္တလေးက ခိုင်းတာဆိုတဲ့ အနေနဲ့ ဒီလို အယူမှားတာ မျိုးက ဒိဋ္ဌိ။

မာနကတော့ ငါ, ငါနဲ့ အဲဒီလို သွားတယ်၊ အဲဒီတော့ သူတို့က Experience လုပ်ပုံချင်းက မတူဘူး၊ ဒါကြောင့်မို့ ဒိဋ္ဌိဖြစ်တဲ့အခိုက်မှာ မာနမဖြစ်ဘူး၊ မာနဖြစ်တဲ့အခိုက်မှာ ဒိဋ္ဌိမဖြစ်ဘူး၊ ဒါကြောင့်မို့ သူတို့ဟာ တစ်ခုတည်းသောစိတ်မှာ

[စာမျက်နှာ-313] မယှဉ်ဘူးနော်၊ ဦးဇင်းတို့ကျမ်းဂန်မှာတော့ ဘာနဲ့ ဥပမာပေးလဲဆိုတော့ လိုဏ်ဂူ တစ်ခုထဲမှာတဲ့ ခြင်္သေ့မင်းနှစ်ကောင် မအောင်းနိုင်တာလိုပဲတဲ့၊ ဒိဋ္ဌိကလည်း အတ္တ, အတ္တပေါ့၊ မာနကလည်း ငါ, ငါဆိုတော့ သူတို့နှစ်ယောက်စလုံးဟာ အင်တူအားတူ ဖြစ်နေတယ် ဆိုပါတော့၊ အင်တူ အားတူဖြစ်နေတဲ့ လူ ၂-ယောက် တစ်နေရာထဲ မနေနိုင်ဘူးပေါ့လေ။

ဒါကြောင့်မို့ ခြင်္သေ့ ၂-စီးလိုပဲ တစ်ခုတည်းသောစိတ်မှာ သူတို့ဟာ မယှဉ်နိုင်ဘူးတဲ့၊ ဒါကြောင့် လင်္ကာလေးရှိတယ်။

ခန္ဓာငါးဝ, ဒိဋ္ဌိကမူ, အတ္တဟုစွဲ, မာနခဲမှာ ငါငါငါဟု၊ စွဲလမ်းပြုသဖြင့် နှစ်ခုပြိုင်ကြ, အားတူမျှ၍ တကွစဉ်လာ, မယှဉ်သာသည်, ပမာခြင်္သေ့ နှစ်စီးတည်း။

ခြင်္သေ့ ၂-ကောင်လိုပဲ သူတို့ဟာ အားတူအင်တူဖြစ်နေကြတဲ့အတွက် တစ်ခုတည်းသောစိတ်မှာ မယှဉ်ကြဘူးတဲ့၊ ဒါကြောင့်မို့ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်မှာ မာန မယှဉ်ဘူး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်မှာ ဒိဋ္ဌိ မယှဉ်ဘူး။

နောင်အခါမှာ တရားထူးတွေ ဘာတွေ့ရလို့ အရိယာပုဂ္ဂိုလ်တွေ ဘာတွေ ဖြစ်သွားတဲ့အခါကျတော့ ပထမဆုံး သောတာပတ္တိမဂ်ကို ရရင် ဒိဋ္ဌိကို ပယ်တယ်၊ မာနကျန်သေးတယ်၊ အရိယာတွေမှာလည်း မာနရှိသေးတယ်နော်၊ အဲဒီ မာနဟာ ဘယ်လောက်ထိအောင်သွားလဲ၊ အနာဂါမ်ထိအောင်သွားတယ်၊

အဲဒီတော့ ဒိဋ္ဌိနှင့် မာနအတူတူဖြစ်တယ်ဆိုရင် ဒိဋ္ဌိပယ်တာနဲ့ တစ်ပြိုင်နက် မာနပယ်ပြီးသားဖြစ်ရမှာ, အခုအတူတူမဖြစ်ဘူး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်ဟာ အရိယာပုဂ္ဂိုလ်တွေမှာ ဖြစ်နိုင်သေးတယ်၊ သူတို့မာနက ပုထုဇဉ်မာနလိုတော့ မကြမ်းတမ်းဘူးပေါ့။ သို့သော် ဖြစ်နိုင်သေးတယ်၊ ဒိဋ္ဌိကတော့ လုံးဝကို မဖြစ်နိုင်ဘူး၊

လောဘ, ဒိဋ္ဌိ, မာနတဲ့ ဒီ ၃-ခုက လောဘမူစိတ် ၈-ပါးနဲ့သာ ဆိုင်တယ်ပေါ့။ လောဘမူစိတ် အားလုံးနဲ့ယှဉ်တယ်၊ တချို့နဲ့ ယှဉ်တယ်ပေါ့၊ ဒါပဲကွာတာ။

ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ ဒီ ၄-ခုကလည်းပဲ ဒေါသမူ ၂-ခုနဲ့သာ ယှဉ်တယ်၊ ဒေါသမူဒွေးနဲ့သာ ယှဉ်တယ်။

ဒေါသဆိုတာတော့ သေချာနေပြီ၊ ထင်ရှားနေပြီ၊ ဣဿာဆိုတာတော့ ဟိုတစ်နေ့က ပြောသလို သူတစ်ပါးရဲ့ စည်းစိမ်ကို ဝန်တိုတာဆိုတော့ မခံချင်တာ လေးပါတယ်၊ ဒါကြောင့်မို့ ဒေါသ၊

[စာမျက်နှာ-314]
မစ္ဆရိယ

ဟိုတစ်နေ့က ပြောခဲ့တဲ့အတိုင်း လောဘအရင်းခံတာတော့မှန်တယ်၊ ကိုယ့် ပစ္စည်းအပေါ်မှာ တွယ်တာမှုရှိတယ်၊ တွယ်တာမှုရှိပြီးတဲ့နောက် ဒီပစ္စည်း သူများသုံးမှာ စိုးလာတယ်၊ သူများသုံးမှာကို မခံနိုင်တာ၊ သူများနဲ့ ဆက်ဆံတာကို သည်းမခံနိုင်တာကို မစ္ဆရိယလို့ခေါ်တဲ့ အတွက်ကြောင့်မို့လို့ မစ္ဆရိယဟာ ဒေါသသဘောရှိတယ်။

လောဘကို အခြေခံခဲ့ပေမယ်လို့ သူများနဲ့ ဆက်ဆံတာကို မခံနိုင်တဲ့ အချိန်မှာ လောဘကျန်ရစ်ခဲ့ပေမယ့် လောဘမရှိတော့ဘူး၊ ဒေါသပဲ ရှိတော့တယ်၊ ဒါကြောင့်မို့ မစ္ဆရိယဟာ လောဘနဲ့ယှဉ်သလား, ဒေါသနှင့်ယှဉ်သလားဆိုရင်၊ ဒေါသနှင့်ယှဉ်တယ်၊ ဒေါမနဿဝေဒနာနှင့် ယှဉ်တယ်။

ကုက္ကုစ္စကတော့ ပြောစရာမလိုပါဘူး၊ ပြုပြီးတဲ့ မကောင်းမှုကို ပြန်ပြီးတော့ နောင်တရတာ၊ မပြုမိခဲ့တဲ့ ကောင်းမှုကို ပြန်ပြီးတော့ နောင်တရတော့၊ ဒါဟာ စိတ်မချမ်းသာတာ၊ အဲဒီတော့ ဒေါသမူဒွေးမှာပဲ ယှဉ်တယ်နော်။

ဒါကြောင့်မို့ မစ္ဆရိယ ဒေါသမူဒွေး၌သာ ယှဉ်ရတာကိုလည်း ဒီမှာ လင်္ကာလေး

မပေးရက်လျှင်း၊ ဝန်တို့ခြင်း၌၊ ကြောင်းရင်းလောဘ, ရှိချေကလည်း, သူများနှင့်ဖက်, ဆက်ဆံချက်ကို စိတ်ဆက်မပိုင်, မခံနိုင်၍, တွဲဆိုင်ဒေါသ, ပါလေရသည်, လောဘ ထိုခါ ချုပ်ပြီးတည်း။

မစ္ဆရိယဖြစ်တဲ့အခါမှာ လောဘမရှိတော့ဘူး၊ လောဘချုပ်ပြီးပြီတဲ့၊ လောဘကို အခြေခံခဲ့တာမှန်တယ်၊ ဒါပေမယ့် သူဖြစ်တဲ့အခါမှာ လောဘမရှိတော့ဘူး၊ စိတ်က ဆိုးလာပြီ၊ မခံနိုင်တဲ့ ဒေါမနဿ၊ ဒေါသဖြစ်လာတယ်၊ ဒါကြောင့်မို့ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စဆိုတဲ့ ဒီ ၄-ခုဟာ ဒေါသမူဒွေးနဲ့သာယှဉ်တယ်၊ ဘုန်းကြီး ခေါ်ခေါ်တော့ ဒွေးဆိုတာ ၂၊ ဒေါသမူ ၂-ခုနှင့်သာ ယှဉ်တယ်။

ထိနနှင့် မိဒ္ဓ

နောက်စေတသိက် ၂-ခု တစ်ပေါင်းထဲက ထိနနှင့် မိဒ္ဓ၊ ထိနက စိတ်၏ မခန့်ခြင်းလို့ မြန်မာလိုပြန်တယ်၊ စိတ်ထိုင်းမှိုင်းခြင်းပေါ့၊ မိဒ္ဓကကော စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း, ဒါဟာ အိပ်ချင်မူးတူးဖြစ်လာတာ၊ အဲဒီတော့ ထိန မိဒ္ဓဖြစ်လာရင် စိတ်ထက်ထက်သန်သန် မရှိတော့ဘူး။

ဒါကြောင့်မို့ ထိန မိဒ္ဓဟာ သသင်္ခါရိကစိတ် ၅-ခုနှင့်သာ ယှဉ်တယ်။ အသင်္ခါရိကစိတ် ၅-ခုနှင့် မယှဉ်ဘူး၊ အသင်္ခါရိကစိတ်က နည်းနည်းထက်တယ်၊ သသင်္ခါရိကဆိုတာ တိုက်တွန်းမှ ထလုပ်တာကိုး၊ သူများတိုက်တွန်းသည်ဖြစ်စေ

[စာမျက်နှာ-315] ကိုယ့်ကိုကိုယ် တိုက်တွန်းသည်ဖြစ်စေ၊ အဲဒီလို တိုက်တွန်းမှုပါတဲ့ စိတ်ဆိုတော့ သူက သိပ်မထက်မြက်ဘူး။

ဒါကြောင့်မို့ ထိန မိဒ္ဓဟာ အကုသိုလ်စိတ် ၁၂-ပါးမှာ သသင်္ခါရိကစိတ် ၁-၂-၃-၄-၅-၊ လောဘမူထဲမှာ သသင်္ခါရိကစိတ် ၄-ခုရှိတယ်၊ ဒေါသမူထဲမှာ သသင်္ခါရိကစိတ် ၁-ခုရှိတယ်၊ ဒါကြောင့်မို့ ထိန မိဒ္ဓသည် သသင်္ခါရိကစိတ် ၅-ခုနှင့်သာ ယှဉ်တယ်၊ အသင်္ခါရိကစိတ် ၅-ခုနဲ့ မယှဉ်ဘူး။

ကိုင်း နောက်ဆုံးရောက်လာပြီ၊ ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာကတော့ စိတ် ၁-ပါးနဲ့သာ ယှဉ်တယ်၊ ဝိစိကိစ္ဆာ သိပ်လွယ်တယ်နော်၊ ဘယ်စိတ်မှာတုန်းဆိုရင် ဝိစိကိစ္ဆာစိတ်မှာပေါ့၊ ဝိစိကိစ္ဆာ စေတသိက်သည် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်မှာသာ ယှဉ်တယ်၊ အဲဒါ စေတသိက်တွေထဲမှာ စိတ်အနည်းဆုံးနဲ့ယှဉ်တဲ့စေတသိက်ကို ရှာပါဆို ဒါပဲ၊ သူက တစ်ခုတည်းနဲ့သာယှဉ်တယ်၊ တခြားစိတ် ဘယ်စိတ်နဲ့မှ မယှဉ်ဘူး၊ ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၄-ပါးမှာ

- ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ one group သဘောပေါ့။
- လောဘ, ဒိဋ္ဌိ, မာန (one group)
- ထိန, မိဒ္ဓ (one group)
- ဝိစိကိစ္ဆာက သူဘာသာသူ (one group) အဲဒီလို သဘောထား။

ပြီးတော့ သောဘန စေတသိက် ၂၅-ပါးလာတယ်၊ အဲဒီ သောဘန စေတသိက် ၂၅-ပါးထဲမှာ သောဘန သာဓာရဏ စေတသိက် ၁၉-ပါး၊ ဒါ လွယ်ပါတယ်၊ သောဘန သာဓာရဏဆိုတာ မြန်မာလို သောဘနနှင့် ဆက်ဆံတာ၊ သောဘနစိတ်နှင့် ဆက်ဆံတယ်ဆိုကတည်းက သောဘန စိတ်တွေဖြစ်တိုင်းဖြစ်တိုင်း သူတို့ပါတော့မှာပေါ့။

ဒါဖြင့် သောဘနစိတ်ပေါင်း ဘယ်လောက်ရှိလဲ၊ ကာမာဝစရ ကုသိုလ်စိတ်က စပြီး သောဘနစိတ် မဟုတ်ဘူးလား၊ ဒါကြောင့်မို့ အဲဒီ စေတသိက် ၁၉-ပါးဟာ ဘယ်စိတ်တွေနဲ့ ယှဉ်သလဲ၊ သောဘန စိတ်တွေနဲ့ ယှဉ်တယ်၊ သောဘနစိတ် ဘယ်လောက်ရှိသလဲဆိုရင် ၅၉-ပါး (တစ်ခုယုတ် ၆ဝ) သို့မဟုတ် ၉၁-ပါး။

သောဘနစိတ်တွေက
- ကာမာဝစရသောဘနစိတ် ၂၄ ပါး၊
- ရူပါဝစရစိတ် ၁၅ ပါး
- အရူပါဝစရစိတ် ၁၂ ပါး

[စာမျက်နှာ-316] - လောကုတ္တရာစိတ် ၈ ပါး
သို့မဟုတ် ၄၀ ပါး
ဒီစိတ်တွေနဲ့ ယှဉ်မယ်။

ဒါဖြင့် ကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း သဒ္ဓါစေတသိက် မပါပေဘူးလား၊ သတိ စေတသိက် မပါပေဘူးလား၊ ပြီးတော့ ဟိရီ စေတသိက် မပါဘူးလား၊ ဩတ္တပ္ပ စေတသိက် မပါဘူးလား၊ ကောင်းတဲ့စိတ် ကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ စေတသိက်တွေ ပူးတွဲလျက်ပါတယ်၊ အလောဘ စေတသိက်၊ အဒေါသ စေတသိက် ဒါတွေ အကုန်ပါတာနော်၊ ကောင်းပြီ, ဒါက သောဘနသာဓာရဏ စေတသိက် ၁၉-ပါး။

ဝိရတီ

အဲဒီ သောဘနသာဓာရဏစေတသိက်ပြီးတော့ ဝိရတီ စေတသိက် ၃-ပါး လာတယ်၊ ဝိရတီ စေတသိက် ၃-ပါးဆိုတာ ဘယ်ဟာတွေလဲ၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ကောင်းပြီ, ဒီမှာတော့ အထူးလေးမှတ်စရာရှိတယ်။

သမ္မာဝါစာဆိုတာ ဘာလဲ, ပြန်ပြောလိုက်စမ်းပါအုံး၊ အသက်မွေးဝမ်းကျောင်း နှင့် မသက်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော, သမ္မာကမ္မန္တ အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်း သဘော သမ္မာအာဇီဝဆိုတာ အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယ ဒုစရိုက် ၃-ပါး, ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။

ဒီ ၃-မျိုးကို ဝိရတီလို့ခေါ်တယ်၊ ဝိရတီဆိုတာ ပါဠိစကား, မြန်မာလိုရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ်ထွက်တယ်၊ အဲဒီ ဝိရတီ စေတသိက် ၃-ပါးက ဘာစိတ်တွေနဲ့ ယှဉ်မလဲ, ကာမာဝစရ ကုသိုလ်စိတ် ၈-ခုလုံးနှင့် ယှဉ်တယ်, လောကုတ္တရာစိတ် ၈-ခုနှင့် ယှဉ်တယ်၊ (သို့မဟုတ်) ၄၀-နှင့်ယှဉ်တယ်၊ ဒါဖြင့်ရင် ဝိရတီ စေတသိက် ၃-ပါးဟာ ကာမာဝစရ ကုသိုလ်နှင့် ယှဉ်တယ်၊ ပြီးတော့ လောကုတ္တရာကုသိုလ်နှင့် ယှဉ်တယ်။

ကာမာဝစရနှင့်ယှဉ်တဲ့အခါ သူ့ကို လောကီဝိရတီလို့ ခေါ်ရတာပေါ့၊ ကာမာဝစရစိတ်က လောကီစိတ် မဟုတ်ဘူးလား၊ လောကုတ္တရာစိတ်နှင့် ယှဉ်တဲ့အခါ လောကုတ္တရာဝိရတီနော်၊

အဲဒီမှာ ထူးတာရှိတယ်၊ တစ်နေ့က နည်းနည်းလေးတော့ အမြွက်ကလေးတော့ ပြောခဲ့တယ်၊ သတိရလားတော့ မသိဘူး။

လောကုတ္တရာစိတ်ဟာ သိပ်ပြီးတော့ တန်ခိုးရှိတယ်၊ ဒါကြောင့်မို့ ဒီ ဝိရတီ

[စာမျက်နှာ-317] စေတသိက်ဟာ လောကုတ္တရာစိတ်နှင့် တစ်ပြိုင်နက်ဖြစ်တယ် ဘာတယ်နဲ့ပြောခဲ့တယ်။ အဲဒီတော့ ဝိရတီဆိုတာ ရှောင်တာနော်၊

ရိုးရိုးဘုရားရှိခိုးနေတဲ့အချိန်မှာ ဝိရတီစေတသိက် ဖြစ်နိုင်ပါ့မလား မဖြစ်နိုင်ဘူးနော်၊ သတ်စရာတစ်ခုတွေ့တယ်, မသတ်ပဲရှောင်တယ်၊ လိမ်ပြောစရာတစ်ခု တွေ့တယ်၊ လိမ်မပြောပဲရှောင်တယ်၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ သတ်ခြင်း, လိမ်ပြောခြင်းမှ ရှောင်တယ်၊ အဲဒီလို ရှောင်ကြဉ်တဲ့အခါမှသာ ဝိရတီ စေတသိက်က ဖြစ်မှာနော်၊

အခုလို စာသင်နေတဲ့ အခါမျိုး, ဘုရားရှိခိုးနေတဲ့ အခါမျိုး, တရားထိုင်နေတဲ့ အခါမျိုး ဝိရတီ စေတသိက်ဖြစ်ပါ့မလား, မဖြစ်ဘူး၊ ဒါ လောကီစိတ်မှာ ပြောပြတာ။

အခု ကာမာဝစရကုသိုလ်စိတ် ၈-ပါး ဖြစ်တဲ့အခါမှာ ဒီဝိရတီဟာ ပါနိုင် သလား၊ မပါနိုင်ဘူးလား၊ ရှောင်ကြဉ်တဲ့အခါမှာသာ ပါနိုင်တယ်၊ ရိုးရိုးအခါမှာ မပါနိုင်ဘူး၊ ဒါပေမယ့် ဝိရတီ စေတသိက်ဟာ ဘယ်စိတ်တွေနဲ့ ယှဉ်သလဲဟေ့လို့ မေးလိုက်ရင်တော့ ကာမာဝစရကုသိုလ်စိတ် ၈-ပါးနှင့် ယှဉ်တယ်၊ လောကုတ္တရာစိတ် ၈-ပါးနှင့် ယှဉ်တယ်လို့ပဲ ပြောရမယ်။

အဲဒီတော့ ကာမာဝစရကုသိုလ်စိတ်နဲ့ယှဉ်တဲ့အခါမှာ ဝိရတီ ၃-ခုမှာ တစ်ခုပဲယှဉ်နိုင်တယ်၊ တကယ်ယှဉ်တဲ့အခါမှာတော့ ၃-ခုစလုံး တစ်ပြိုင်နက် မယှဉ်နိုင်ဘူးနော်၊ သတ်မှုကိုရှောင်တဲ့အခါမှာ ခိုးမှုကို ရှောင်တာမဟုတ်ဘူး၊ လိမ်ပြောမှုကိုရှောင်တာမဟုတ်ဘူး၊ ဟုတ်တယ်မို့လား၊ တစ်ခုတစ်ခုသာ သူ အာရုံပြုပြီးတော့ ရှောင်ရမှာ၊

ဒါကြောင့်မို့ ဒီဝိရတီ စေတသိက် ၃-ပါးဟာ ကာမာဝစရကုသိုလ်စိတ်နှင့် တစ်ခါတလေမှပဲ ယှဉ်တယ်၊ ယှဉ်တဲ့အခါမှာလည်းပဲ တစ်ခုစီသာ ယှဉ်တယ်၊ ဟုတ်ပြီလား၊ အဲဒါ မှတ်ရမယ်နော်၊ တစ်ခါတလေမှပဲ ယှဉ်တယ်၊ တစ်ကြိမ်မှာ တစ်ခုနဲ့သာယှဉ်တယ်၊ ကာမာဝစရ ကုသိုလ်စိတ်နှင့် ဝိရတီယှဉ်တယ်၊ ကာမာဝစရကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း ဝိရတီ မယှဉ်ဘူး၊ ဘယ်လိုအခါမှသာ ယှဉ်မလဲဆိုရင် ရှောင်ကြဉ်တဲ့အခါမှာ ယှဉ်မယ်။

အဲဒီ ရှောင်ကြဉ်တဲ့အခါမှာကော ၃-ခုစလုံး ပြိုင်တူ ယှဉ်နိုင်ပါ့မလား, တစ်ပြိုင်နက်သော ခဏမှ မယှဉ်ဘူး, တစ်ခုပဲရမယ်နော်၊

- သမ္မာဝါစာယှဉ်ရင် သမ္မာကမ္မန္တ သမ္မာအာဇီဝမယှဉ်၊
- သမ္မာကမ္မန္တ ယှဉ်ရင် သမ္မာဝါစာ သမ္မာအာဇီဝ မယှဉ်
- သမ္မာအာဇီဝယှဉ်ရင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ မယှဉ်နိုင်ဘူး၊ ဒါ

[စာမျက်နှာ-318] လောကီစိတ်နှင့်ဖြစ်တဲ့အခါကို ပြောတာ။

ဒါကြောင့်မို့ အခု စာတက်နေတဲ့ အချိန်အခါမှာ ကုသိုလ်စိတ်တွေ ဖြစ်နေ တယ်နော်၊ ဝိရတီ တစ်ခုမှ မယှဉ်ဘူးနော်။

လောကုတ္တရာကျတော့ ပြောင်းပြန်သွားတယ်၊ ဒါကြောင့်မို့ ပြောတာ၊ လောကုတ္တရာစိတ်ရဲ့ ဆန်းကြယ်ပုံ ဒါဟာ ဘာခေါ်လဲ၊ လောကကို (transcend) ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ လောက အဖြစ်မျိုး မဟုတ်တော့ဘူး၊ ဟိုကျတော့ လောကုတ္တရာစိတ်ဖြစ်တိုင်း ဖြစ်တိုင်းလည်း ယှဉ်တယ်၊ အမြဲလည်းယှဉ်တယ်။ ပြီးတော့ ၃-ခုစလုံး တစ်ပြိုင်နက်ယှဉ်တယ်၊ အဲဒီ ကျတော့ ဆန်းကြယ်တယ်နော်၊

ဒါဘာကြောင့်လဲဆိုတော့ လောကုတ္တရာစိတ်ဖြစ်တယ်ဆိုတော့ လောကုတ္တရာ စိတ်ဆိုတာ ကိလေသာကို သတ်တာ၊ ကိလေသာကို သတ်တဲ့စိတ်ဟာ လောကုတ္တရာ စိတ်ပဲ။

မဂ်စိတ် ဖိုလ်စိတ်ဖြစ်တယ်၊ မဂ်စိတ်ဖြစ်လိုက်တယ်ဆိုရင် ဆိုင်ရာကိလေသာကို နောက်ထပ်တစ်ခါပေါ်မလာအောင် သတ်နိုင်တာ၊ သမုစ္ဆေဒပဟာန် သမုစ္ဆေဒဝိရတီ။

အဲဒါကြောင့်မိုလို့ သူက လွန်ကျူးစရာကို ဒုစရိုက်လို့ခေါ်တယ်နော်၊ မကောင်းတဲ့ အသက်မွေးမှုကို ဒုရာဇီဝလို့ခေါ်တယ်။

မကောင်းတဲ့ အကုသိုလ်ဖြစ်တဲ့ ဒုစရိုက်, ဒုရာဇီဝတွေကို တစ်ပြိုင်နက် အပြီးသတ်ပယ်နိုင်တဲ့အတွက်ကြောင့်မို့လို့ လောကုတ္တရာစိတ်နှင့် ယှဉ်တဲ့အခါကျတော့ သူတို့က အမြဲတမ်းပဲယှဉ်တယ်တဲ့၊ ပြီးတော့ တစ်ခုစီ တစ်ခုစီ ယှဉ်နေစရာလည်း မလိုဘူးတဲ့၊ အားလုံးယှဉ်တယ်၊ အဲဒီလိုကွာတယ်၊ လောကီနှင့် လောကုတ္တရာကွာပုံ ပြောင်းပြန်ပါပဲ။

လောကုတ္တရာမှာ အမြဲယှဉ်တယ်, အကုန်လုံးယှဉ်တယ်, ၃-ခုလုံး တစ်ပြိုင်နက် ယှဉ်တယ်၊ ပြီးတော့ကော တစ်ကြိမ်မှာ တစ်ခုသာယှဉ်တယ်၊ လောကီစိတ်မှာ တစ်ခါတလေသာယှဉ်တယ်၊ တစ်ကြိမ်မှာ တစ်ခုသာယှဉ်တယ်၊ အဲဒီလို ကွာတယ်၊ ဒါဝိရတီရဲ့ ထူးခြားပုံ၊ ဒါကြောင့်မို့ လောကီဝိရတီတစ်မျိုး၊ လောကုတ္တရာ ဝိရတီ တစ်မျိုးနော်၊

အဲဒီတော့ လောကီဝိရတီက ဘာကို အာရုံပြုသလဲဆိုတော့ ခုနက ပြောတဲ့ ဒုစရိုက်ဒုရာဇီဝကို အာရုံပြုတာ၊ လွန်ကျူးအပ်တဲ့ ဝတ္ထုလို့ခေါ်တယ်။

သတ်မယ်ကြံတယ်ဟုတ်လား၊ မသတ်ဘူးရှောင်လိုက်တယ်၊ သတ်စရာဖြစ်တဲ့ ဝတ္ထုကို အာရုံပြုတယ်၊ ဒါကို ဝိရမိတဗ္ဗလို့ ပါဠိလိုခေါ်တယ်။

[စာမျက်နှာ-319] လောကုတ္တရာဝိရတီကျတော့ နိဗ္ဗာန်အာရုံပြုတာ၊ အဲသလိုလည်း ကွာသွား သေးတယ်။

ခုနလို ဒုစရိုက် ဒုရာဇီဝတစ်ခုစီလည်း အာရုံပြုနေတာ မဟုတ်တော့ဘူး၊ လောကုတ္တရာ ဝိရတီကျတော့ နိဗ္ဗာန်ကို တစ်ခါတည်း အာရုံပြုတာ။

အဲဒါကြောင့်မို့လည်းပဲ ၃-ခုလုံးဟာ တစ်ပြိုင်နက်လည်းဖြစ်တယ်၊ အမြဲတမ်းလည်း ဖြစ်တယ်။

ဒါကြောင့်မို့ ဝိရတီနှင့်ပတ်သက်ပြီး ဒီအထူးကို မှတ်ထားရမယ်၊ မဂ္ဂင်ရှစ်ပါး ထဲက ၃- ခုဟာ ဒါပဲ အတူတူပဲ။

မဂ္ဂင် ၈-ပါးကို သီလ, သမာဓိ, ပညာလို့ ၃-ခုခွဲလိုက်တဲ့အခါမှာ သူတို့က သီလအစုထဲပါတယ်နော်၊ နောင်ကြုံတဲ့အခါ ပြောပြမယ်၊ မဂ္ဂင်ရှစ်ပါးထဲမှာဝိရတီပါတယ်၊ အဲဒါက ဝိရတီတဲ့။

အပ္ပမညာ

နောက်တစ်ခုက အပ္ပမညာ ၂-ပါးတဲ့၊ အပ္ပမညာ ၂-ပါးဆိုတာ ကရုဏာရယ်, မုဒိတာရယ်၊ ကရုဏာဆိုတာ ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားခြင်း သဘော၊ မုဒိတာဆိုတာ သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော၊

အဲဒီ ကရုဏာနှင့် မုဒိတာက ဘယ်စိတ်တွေမှာ ယှဉ်သလဲဆိုရင်
- ကာမာဝစရ ကုသိုလ်စိတ် ၈-ပါး၊
- ကာမာဝစရကြိယာစိတ် ၈-ပါး
- ရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန် စတုတ္ထဈာန်၊

အဲဒီတော့ ရှစ်နှစ်လီဆယ့်ခြောက် ၈x၂ = ၁၆ ရယ်, ရူပါဝစရ ၁၂-ရယ် ပေါင်း ၂၈-ဟုတ်ပြီလား၊ စိတ်အကျဉ်းပြောပြော အကျယ်ပြောပြော သူကတော့ အတူတူပဲ။

ဒါကြောင့်မို့ အပ္ပမညာ စေတသိက် ၂-ပါး ကရုဏာနှင့် မုဒိတာဟာ စိတ်ဘယ်လောက်နဲ့ ယှဉ်သလဲဆိုရင် စိတ် ၂၈-ပါးနှင့် ယှဉ်တယ်လို့ ပြောရမယ်။ အဲဒါတွေက
- ကာမာဝစရကုသိုလ်စိတ် ၈-ပါး
- ကာမာဝစရကြိယာ ၈-ပါး
- ရူပါဝစရ ပထမဈာန် ၃-ပါး
- ဒုတိယဈာန် ၃-ပါး
- တတိယဈာန် ၃-ပါး

[စာမျက်နှာ-320] စတုတ္ထဈာန် ၃-ပါး၊ အားလုံးပေါင်းလိုက်ရင် ၂၈-ပါးနှင့်ယှဉ်တယ်၊ ကောင်းပြီ၊ ဒီမှာလည်းပဲ ကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်း ကရုဏာယှဉ်မလား၊ မုဒိတာယှဉ်မလား၊ မယှဉ်ဘူး။ အခုလို ဘုရားဝတ်တက် စာတက်နေတဲ့အခါ ကရုဏာ ယှဉ်ချင်ရင် ဒုက္ခိတသတ္တဝါပညတ် အာရုံပြုပြီးတော့ ဒီဒုက္ခမှ လွတ်ပါစေ ဆိုတဲ့ ဆန္ဒပြုမှ ကရုဏာဖြစ်တာ။

မုဒိတာကျတော့လည်း သုခိတသတ္တဝါပညတ်ကို အာရုံပြုပြီးတော့ ဒီအခုရနေတဲ့ စည်းစိမ်ချမ်းသာက မလျှောကြပါစေနဲ့ဆိုတဲ့ ဆန္ဒပြုရမယ်။ အဲဒါကြောင့်မို့ အဲသလို ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုပြီး သနားတဲ့ အခိုက်မှာသာ ကရုဏာဖြစ်တယ်၊ သုခိတသတ္တဝါပညတ်ကို အာရုံပြုပြီးတော့ ဝမ်းမြောက်တဲ့ အခိုက်မှာသာ မုဒိတာဖြစ်တယ်၊ ရိုးရိုး ဘုရားရှိခိုးနေတဲ့အခါမှာ နှစ်ခုလုံး မဖြစ်ဘူးနော်။

ဒါကြောင့်မို့ သူတို့ဟာလည်းပဲ အမြဲတမ်းယှဉ်တာမဟုတ်ဘူး၊ ရံခါသာယှဉ်တဲ့ စေတသိက် အခုပြောတဲ့ စိတ် ၂၈-ပါးမှာ ယှဉ်တယ်ဆိုလို့ အဲဒီစိတ် ၂၈-ပါး ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တဲ့အကြိမ်တိုင်းမှာ သူတို့ယှဉ်တာ မဟုတ်ဘူးနော်၊ သူတို့ ယှဉ်နိုင်တာသာပြောတာ၊ ဒီစိတ်တွေနဲ့ ယှဉ်နိုင်တယ်။

ဒါကြောင့်မို့ သူတို့ဟာ အမြဲယှဉ်တဲ့စေတသိက်တွေ မဟုတ်ဘူး၊ ယှဉ်ပြန်တော့ရော ၂-ခု တစ်ပြိုင်နက်မယှဉ်နိုင်ဘူး၊ အာရုံမတူလို့ အာရုံတူရမယ် မဟုတ်လား၊ စိတ် စေတသိက်နှင့် အာရုံတူရမယ်၊ အာရုံတူမှ တစ်ပြိုင်နက်ဖြစ်နိုင်တယ်။ ကရုဏာက ဒုက္ခိတသတ္တဝါကို အာရုံပြုတယ်၊ မုဒိတာက သုခိတသတ္တဝါကို အာရုံပြုတယ်၊ ဒါကြောင့်မို့ သူတို့ဟာ ခုနက ဝိရတီတွေလိုပါပဲဟုတ်လား၊ တစ်ရံတစ်ခါမှာသာယှဉ်တယ်၊ ယှဉ်ပြန်တော့လည်း တစ်ခုသာယှဉ်တယ်၊ ဒါ ကရုဏာနှင့် မုဒိတာ။

ပညိန္ဒြေ

နောက်ဆုံး ပညိန္ဒြေ၊ အမောဟလို့လည်းခေါ်တယ်၊ ပညိန္ဒြေလို့လည်းခေါ်တယ်။ ခေါ်ချင်သလို ခေါ်လို့ရတယ်။ အဲဒီ ပညိန္ဒြေ၊ အမောဟ စေတသိက်က ဘာတွေနဲ့ ယှဉ်သလဲ၊ ဘယ်စိတ်တွေနဲ့ ယှဉ်သလဲ၊ သူက ဉာဏသမ္ပယုတ်နှင့်သာယှဉ်မှာ၊ ဉာဏဝိပ္ပယုတ်နှင့် မယှဉ်ဘူး မဟုတ်လား။ ဒါကြောင့်မို့ အကုသိုလ်နှင့် မယှဉ်ဘူး၊ အဟိတ်စိတ်နှင့် မယှဉ်ဘူး၊ ကာမာ-

[စာမျက်နှာ-321] ဝစရသောဘနထဲကရော ဉာဏဝိပ္ပယုတ်နဲ့ မယှဉ်ဘူး။ ဒါကြောင့်မို့
- ကာမာဝစရကုသိုလ်ထဲက ၁-၂-၅-၆
- ကာမာဝစရဝိပါက်ထဲက ၁-၂-၅-၆
- ကာမာဝစရ ကြိယာထဲက ၁-၂-၅-၆
- ကျန်တာကျတော့ အကုန် ယှဉ်တော့တယ်။

ရူပါဝစရတို့ အရူပါဝစရတို့ လောကုတ္တရာတို့က ဉာဏ်မပါပဲနှင့် ဖြစ်ပါမလား၊ ဘယ်ဖြစ်မလဲ၊ ဉာဏ်မပါရင် ဈာန်လည်းမရဘူး။ ဒါကြောင့်မို့ သူတို့ကတော့ ဉာဏသမ္ပယုတ်လို့ ပြောမထားပေမယ်လို့ ဉာဏသမ္ပယုတ်တွေနော်။

ဦးဇင်းတို့ စိတ်နာမည်တွေပေးတဲ့ အခါကျတော့ ဉာဏသမ္ပယုတ်လို့ပါလား၊ မပါဘူးနော်၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ၊ ဈာန် ကုသိုလ်စိတ်၊ ဉာဏ်ပါတယ်လို့ ပြောမထားဘူး၊ ပြောမထားပေမယ်လို့ နားလည်ရမယ်။ ဒါကြောင့်မို့ ပညိန္ဒြေ စေတသိက်ဟာ စိတ်ပေါင်း-၄၇ (သို့မဟုတ်) ၇၉ နှင့်ယှဉ်တယ်၊ ပညိန္ဒြေ စေတသိက်လို့ ပြောလိုက်ရင် အကုသိုလ်နှင့် မဆိုင်ဘူး၊ အဟိတ်စိတ်နှင့် မဆိုင်ဘူး၊ ဉာဏဝိပ္ပယုတ်နှင့် မဆိုင်ဘူး၊ ဒါပါပဲ။

ဒါကြောင့်မို့ စဉ်းစားကြည့်စမ်း၊ ဦးဇင်းတို့ အဘိဓမ္မာမှာခေါ်တဲ့ ပညာဆိုတာဟာ ကုသိုလ်နှင့်ယှဉ်တာ၊ ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တာ၊ ဝိပါက် ကြိယာလည်း ယှဉ်တာ။ အကုသိုလ်နှင့် ယှဉ်တာကို ပညာလို့ မခေါ်ဘူး၊ ဒီကောင် ဉာဏ်နီဉာဏ်နက် များတယ်လို့ ပြောလေ့ရှိတယ်မဟုတ်လား၊ အဲဒီလိုဟာမျိုးကို ဦးဇင်းတို့က ပညာလို့ မခေါ်ဘူး၊ ဒါကို လောဘပြဋ္ဌာန်းတဲ့ မာယာအနေနဲ့သာ ခေါ်တယ်။

ဒါကြောင့်မို့ သူတစ်ပါးကို သတ်ဖို့ရန် ကြံစည်တယ်၊ သိပ်ကြံတတ်တယ်။ အဲသလို အကြံအဖန်ထုတ်ပြီး သူတစ်ပါးသတ်တဲ့အခါမှာ ပညာလို့ ဦးဇင်းတို့က မခေါ်ဘူး၊ ဒါ တစ်နည်းနည်းနှင့် ဒေါသပြဋ္ဌာန်းတဲ့စိတ် ဖြစ်ချင်ဖြစ်မယ် (သို့မဟုတ်) မာယာ ပြဋ္ဌာန်းတဲ့စိတ် ဖြစ်ချင်ဖြစ်မယ်၊ ပညာလို့ သုံးတာဟာ မြတ်စွာဘုရား တရားတော်မှာ ပညာလို့ ပြောလိုက်ပြီဆိုရင် အခုလို အကောင်းနှင့်တွဲတာကိုသာ ပညာလို့ခေါ်တာ။ ထို့အတူပဲနော်၊ သတိ စေတသိက်ဟာ သောဘနစိတ်တွေနဲ့သာယှဉ်တယ်။

[စာမျက်နှာ-322] သောဘနသာဓာရဏ ၁၉-ပါးထဲမှာ သတိပါတယ်၊ ဒါဖြင့်ရင် အကောင်တစ်ကောင် သတ်ဖို့ သတိရတာ၊ သူ့ဥစ္စာခိုးဖို့ သတိရတာ၊ အဲဒါ သတိစေတသိက်ဟုတ်ပါ့မလား မဟုတ်ဘူး၊ သညာစေတသိက်၊ သတိဆိုတာ ကောင်းတာကိုသာ ဦးဇင်းတို့က ခေါ်တာ၊ နေ့စဉ်သုံးစကားမှာကျတော့ ကောင်းတဲ့ နေရာလည်းသုံးတယ်၊ မကောင်းတဲ့ နေရာလည်းသုံးတယ်၊ တကယ့်ကို အဘိဓမ္မာ (Technically) သုံးလာပြီဆိုရင် သတိဆိုတာကောင်းတာကိုသာ သတိခေါ်တာ၊ ဒါ သိပ်အရေးကြီးတယ်၊ အခုအခါမှာလည်း သင်ပေးတတ်တယ်၊ ဒါဟာ Mindfulness မို့လား၊ မကောင်းတာကို သတိရလာလည်း Mindfulness ပဲလား၊ ဟိုနေ့က ပြောခဲ့သလို သေသေချာချာ လေ့လာချင်ရင်တော့ နောက်တစ်ခေါက်မှပဲ လုပ်ကြ၊ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဆိုတာတွေနဲ့ လေ့လာရင် သိပ်ကောင်းတယ်၊ ဒီတစ်ခါဆိုတော့ နည်းနည်းများ နေလိုက်မယ်၊ နောက်ဖတ်စရာ စာအုပ်တွေ့ရှိပါတယ်၊ ပညာကတော့ အမှန်ကို သိတဲ့သဘော၊ မီးရောင်များ ထိုးလိုက်သလို ပညာနှင့် မောဟနှင့်က ဆန့်ကျင်ဘက်ကို၊ မောဟဆိုတာအမိုက်မှောင် ကျနေတာ၊ မောဟတို့ အဝိဇ္ဇာတို့ဆိုတာ အမိုက်မှောင်၊ ပညာကတော့ ဘာနှင့်တူလဲဆိုရင် မီးထွန်းလိုက်တော့ အကယ်၍ အခုနေ မီး မလင်းတော့ဘူး မှောင်နေမယ်ဆိုရင် အခန်းထဲ ဘာရှိတယ်ဆိုတာ ဦးဇင်းတို့ မသိရဘူး၊ မမြင်ရဘူး၊ မီးမောင်းထိုးပေး လိုက်တယ်ဆိုတော့ဘယ်နေရာ ဘာရှိတယ် ဆိုတာ သိရတယ် မြင်ရတယ်။

ထို့အတူပဲ၊ ပညာမပါဘူးဆိုရင် မောဟဖုံးလွှမ်းနေရင် ဒီတရားတွေ့ရဲ့ သဘော အနိစ္စ ဒုက္ခ အနတ္တတွေ့ရဲ့ သဘော အဖြစ်အပျက်သဘောတွေကို ဦးဇင်းတို့က မမြင်ဘူး၊ ပညာပေါ်လာပြီဆိုရင် ဝိပဿနာပညာပေါ်လာတဲ့အခါကျတော့ ဒါတွေ မြင်လာတော့တာနော်၊ ဒါကြောင့်မို့ ပညာမှာ ရိုးရိုးပညာရှိတယ်၊ ဝိပဿနာတရား အားထုတ်လို့ ပေါ်လာတဲ့ပညာရယ်၊ ဒီထက် မဂ်ပညာ၊ ဖိုလ်ပညာ၊ ဒါကတော့ အထက်တန်းအကျဆုံးပညာနော်၊ အဲသလို ရှိတယ်။

မေး- ပညိန္ဒြေကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ?
ဖြေ - faculty of wisdom, ဣန္ဒြေကို faculty ပြန်တယ်၊ အပ္ပမညာကတော့ သူတို့ပြန်တာ (illimitable) လို့ပြန်တယ်၊ ဦးဇင်း ကြိုက်တာကတော့ (boundless) လို့၊ အဲဒါကို ပိုကြိုက်တယ်၊ (Limitless) သို့မဟုတ်၊ (boundless) သူတို့ကို ဘာကြောင့် အပ္ပမညာလို့ခေါ်တာလဲ၊ တစ်နေ့က ပြောခဲ့ပါတယ်။

[စာမျက်နှာ-323] အပ္ပမညာဆိုတာ အပိုင်းအခြား မရှိဘူးဆိုတဲ့ အဓိပ္ပါယ်၊ ဘယ်လို အပိုင်းအခြား မရှိတာလဲဆိုရင် အပိုင်းအခြားမရှိတဲ့ သတ္တဝါကို အာရုံပြုရလို့၊ သတ္တဝါ ချန်မထားရဘူး ဟုတ်လား၊ မေတ္တာပို့တဲ့အခါ၊ ကရုဏာပွားတဲ့အခါ၊ မုဒိတာပွားတဲ့အခါ၊ ဥပေက္ခာ ပွားတဲ့အခါမှာ ချန်မထားရဘူး ဟုတ်လား။ ဒါကြောင့်မို့ တဖြည်းဖြည်းနဲ့ ချဲ့သွားတဲ့အခါကျတော့ ကိုယ်မုန်းတဲ့သူပါ မေတ္တာပို့ရတာနော်၊ မုန်းတဲ့လူတော့ ချန်ထားမယ်၊ နှင့် သဗ္ဗေသတ္တာထဲထည့်လို့ မရဘူးဆိုပြီး ချန်ထားလို့ မရဘူး။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ၄- မျိုးမှာ မေတ္တာကို ဘယ်စေတသိက်က ကိုယ်စားပြုသွားသလဲဆိုရင် အဒေါသ စေတသိက်က ကိုယ်စားပြု သွားတာ၊ ဥပေက္ခာကို ဘယ်စေတသိက်က ကိုယ်စားပြုသွားသလဲဆိုရင် တတြမဇ္ဈတ္တတာ။ အဲဒီတော့ အပ္ပမညာနှင့် ပတ်သက်ပြီး ပြောစရာလေးရှိသေးတယ်၊ ဒါက ဘာလဲဆိုတော့ ရှေးတုံးကလဲ ဆရာတစ်ပါးနှင့် တစ်ပါး အယူအဆ မတူတာလေးတွေ ရှိတယ်၊ ဒီစာတွေ အဋ္ဌကထာတွေ မပေါ်လာခင်ကတည်းက ရှိလာခဲ့ကြတာ။

အဲဒီမှာ တချို့ဆရာတွေက ဘယ်လို ယူဆသလဲဆိုရင် ဥပေက္ခာသဟဂုတ်နဲ့ အပ္ပမညာမယှဉ်သင့်ဘူး၊ ဒီလိုယူဆကြတဲ့ ဆရာတွေ့ရှိတယ်၊ အခု အတိုင်းဆိုရင် အပ္ပမညာ စေတသိက်ဟာ ဥပေက္ခာသဟဂုတ်နှင့်ကော မယှဉ်ပေဘူးလား၊ ကာမာဝစရ ၅-၆-၇-၈ ဟာ ဥပေက္ခာသဟဂုတ်တွေပဲမဟုတ်ဘူးလား၊ ယှဉ်တယ်မဟုတ်ဘူးလား၊ ယှဉ်တယ်နော်၊ အပ္ပမညာနှင့် တောက်လျှောက်တန်းပြီး ကြည့်လိုက်၊ ကာမာဝစရကုသလ ၁-၂-၃-၄-၅-၆-၇-၈ မှာ ၅-၆-၇-၈ ဟာ ဥပေက္ခာ မဟုတ်ဘူးလား၊ ကြိယာထဲမှာလည်း ဒီအတိုင်းပဲ။ အဲဒီတော့ ကရုဏာ မုဒိတာ ပွားများတဲ့အခါမှာ ဥပေက္ခာနှင့် မယှဉ်သင့်ဘူး၊ ဥပေက္ခာက နောက်ဆုံး ဗြဟ္မဝိဟာရ ဥပေက္ခာပွားများမှ ယှဉ်ရမှာကိုး။

ဒါကြောင့်မို့ ဥပေက္ခာသဟဂုတ်နှင့် အပ္ပမညာနှင့် မယှဉ်သင့်ဘူးဆိုပြီးတော့ တချို့ဆရာတွေက အဲဒီဥပေက္ခာတွေ ထုတ်ပစ်လိုက်တယ်၊ ဥပေက္ခာထုတ်ပစ် လိုက်တော့ ဥပေက္ခာ ဘယ်နှစ်ခု ထုတ်ပစ်ရမလဲ၊ ကုသိုလ်ထဲက ၄-ခု၊ ကြိယာ ထဲက ၄-ခု၊ ထုတ်ပစ်လိုက်ရင် ၈-ခု ထုတ်ပစ်ရမယ်၊ ၈- ခုနုတ်လိုက်ရင် ၂၈ ထဲက ၈-ခု နုတ်လိုက်ရင်-၂၀၊ တချို့ဆရာတွေက အပ္ပမညာ ၂-ခုဟာ စိတ် ၂၀ နှင့်ပဲယှဉ်တယ်၊ သောမနဿသဟဂုတ်ဖြစ်တဲ့ ကာမာဝစရကုသိုလ်၊ ကာမာဝစရ-

[စာမျက်နှာ-324] ကြိယာ ပြီးတော့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဒါတွေနဲ့ သာယှဉ်တယ်၊ ဥပေက္ခာကာမာဝစရကုသိုလ်၊ ဥပေက္ခာကာမာဝစရ ကြိယာနှင့် မယှဉ်နိုင်ဘူးနော်၊ ဘာကြောင့်တုန်းဆိုတော့ ကရုဏာ မုဒိတာ ပွားများတဲ့အခါကျတော့ ဈာန်ရမှာကိုး၊ ကရုဏာပွားများပြီးတော့ ကရုဏာဈာန်၊ မုဒိတာပွားများပြီးတော့ မုဒိတာဈာန်ဆိုတော့ ပထမဈာန်တွေ၊ ဒုတိယဈာန်တွေဖြစ်မှာပေါ့၊ အဲဒီတော့ အဲဒီဈာန်အဆင့် မရောက်ခင် ရှေးကပွားများရတာကို ပရိကံလို့ခေါ်တယ်၊ ပရိကမ္မ ဘာဝနာဆိုတာ အဲဒီဟာကို မရောက်ခင် ဒီကနေပြီးတော့ အခြေခံ လုပ်နေရတာ ပရိကမ္မဘာဝနာ။

ပြီးတော့ တစ်ခါ ဥပစာရဘာဝနာဆိုတာက အနီးနားကပ်နေတယ်၊ ဥပစာရ။ အဲဒီလို ပွားများတဲ့အခါမှာ ဒီစာတစ်ခုကို ကျလာတဲ့အခါကျတော့ တစ်ခါတလေ ဒီစာကိုအာရုံမပြုဘဲနဲ့ စိတ်က တခြားရောက်နေပေမယ်လို့ ရွတ်မသွားနိုင်ဘူးလား၊ ရွတ်သွားနိုင်တာပဲ၊ ဘုရားရှိခိုးတဲ့အခါ စဉ်းစားကြည့်၊ တစ်ခါတလေ ဖြစ်တယ်။ ပါးစပ်ကတော့ဆိုနေတာ စိတ်က ဟိုရောက်ဒီရောက် ရောက်နေတာ၊ ဒါ ဘာပြုလို့လဲ ဆိုတော့ ကျေနေလို့၊ ထို့အတူပဲတဲ့ တကယ့်ကို ကရုဏာတို့ မုဒိတာတို့ကို အကြိမ်ပေါင်းများစွာ အချိန် အကြာကြီးစီးဖြန်းလာတဲ့ အခါကျတော့ စီးဖြန်းတဲ့ ပုဂ္ဂိုလ်က ကျင်လည်လာတယ်၊ ခုနစာကျေသလို ကျင်လည်လာတဲ့အခါတော့တစ်ခါ တစ်ခါတော့လည်း ဥပေက္ခာသဟဂုတ်စိတ်နဲ့ စီးဖြန်းဖြစ်လိုက်မယ်တဲ့၊ ဒါက ဒီဈာန် မရောက်ခင်မှာ၊ တစ်ခါတလေလည်း သောမနဿနှင့် များသောအားဖြင့် သောမနဿနှင့် စီးဖြန်းဖြစ်တယ်ပေါ့လေ၊ သို့သော် ဥပေက္ခာနှင့်လည်း စီးဖြန်းဖြစ်နိုင်တယ်။

ဘာကြောင့်တုန်း၊ ခုနပြောသလို စာတွေကျေလာတဲ့အခါကျတော့ စိတ်တခြား ရောက်ပေမယ့်စာတွေ ပြန်နိုင်တာမျိုးလို ဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအပ္ပမညာ ၂-ခုဟာ ဥပေက္ခာနှင့်လည်း ယှဉ်နိုင်ပါတယ်၊ ဥပေက္ခာကာမာဝစရနှင့်လည်း ယှဉ်နိုင်ပါတယ်တဲ့။ ဒီလိုနောက်ဆရာတွေက အကြောင်းပြတယ်နော်။

ဈာန်အခိုက်မှာတော့ဖြစ်ရင် ဧကန်သောမနဿဖြစ်ရမယ်၊ ဘယ်နည်းနှင့်မှ ဥပေက္ခာနှင့် မယှဉ်နိုင်ဘူး၊ အဲဒီဈာန်မရောက်ခင် အားထုတ်နေတာတွေကို ပရိကမ္မ ဘာဝနာ၊ ဥပစာရဘာဝနာ လို့ခေါ်တယ်၊ အဲဒီ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ အခိုက်မှာတော့ သောမနဿနှင့် ဆင်ခြင်လိုက်၊ ဥပေက္ခာနှင့် ဆင်ခြင်လိုက်ပေါ့လေ။ ဖြစ်နိုင်ပါတယ်တဲ့။

[စာမျက်နှာ-325] အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမ်းဂန်တွေမှာ တချို့တချို့ဆိုတဲ့ စကားလုံးလေးသုံးလိုက်ရင် ကိုယ်မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပြောတာ၊ ဒါကြောင့်မို့ သင်္ဂြိုဟ်မှာ တချို့ဆရာတွေက ဒီလိုဆိုတယ်၊ သူကဒါလေးပြောသွားတာ၊ အဲဒီလို တချို့ဆရာတွေက ဒီလိုဆိုတယ်လို့ ပြောလိုက်ရင် အဲဒီဟာကို အဲဒီပုဂ္ဂိုလ်က မကြိုက်လို့ ဒီလိုပြောတယ်နော်၊ ဦးဇင်းတို့ ကျမ်းဂန်တွေမှာ အဲသလိုဟာလေးတွေ ရှိတယ်၊ ဒါကြောင့်မို့ Tradition လိုတယ်ပြောတာ၊ ဒါတွေဟာ အစဉ်အလာ မှတ်လာကြတာ၊ တိုက်ရိုက်ထည့်ရေးထားတာ မဟုတ်ဘူး၊ ငါ ဒါမကြိုက်ဘူးလို့ ထည့်ရေးသွားတာ မဟုတ်ဘူး။

ဒါပေမယ်လို့ တချို့ကတော့ ဒီလိုဆိုတယ်ဟေ့လို့ ပြောလိုက်ရင် သူ သိပ်မကြိုက်တာ၊ သူလက်မခံဘူးလို့ဆိုလိုတယ်၊ အဲဒါမျိုးတွေကို အခုမှ လေ့လာတဲ့ အနောက်နိုင်ငံကလူတွေက ဘယ်သိမလဲ၊ ဒါကြောင့်မို့ သူတို့ဘာသာပြန်တွေဟာ အဲဒါမျိုးတွေကျရင် လွဲကုန်တာနော်၊ Tradition က သိပ်လိုတယ်၊ ပါဠိလိုတော့ ကေစိလို့ခေါ်တယ်၊ ကေစိဆိုတဲ့ စကားဆိုတာ အချို့လို့ခေါ်တယ်၊ ကေစိဆိုတဲ့ စကားလေးနဲ့ အသုံးခံရရင် ဒါမကြိုက်တာ၊ ငါ့ထက်ညံ့တယ်ဆိုတဲ့ အဓိပ္ပါယ်၊ ကေစိထိုးတယ်လို့ အဲဒီလိုခေါ်တယ်၊ ဒါ ပါဠိနှင့် ကိုင်ပြောမှပိုလို့ ကောင်းတာ၊ မြန်မာလိုချည်းပြောနေရတာဆိုတော့ တစ်မျိုးပေါ့လေ၊ စာသင်သား ပြောရတာဆိုတော့ ကောင်းတယ်။

> အပရေမူ၊ ဂုဏ်ရည်တူ၊ ကေစိမူကား၊ ကိုယ့်အောက်ထားတဲ့၊

ကြားဖူးအောင်တော့ ပြောရမှာပေါ့၊ အပရေဆိုတဲ့ စကားလုံးနှင့် သုံးရေးထားရင်တဲ့ သူနဲ့ငါနဲ့ တန်းတူသဘောပေါ့လေဟုတ်လား၊ အဲသလို အဓိပ္ပါယ်မျိုး ရှိတယ်၊ ဒါ implied meaning ပေါ့။ ကေစိလို့ ပြောလိုက်ရင်တော့ ကိုယ့်အောက်ချလိုက်တာ၊ ဘုန်းကြီးချင်းကျတော့ စကားပြောရင်မြန်မာလိုပြောရင်လည်း သတိထားရတာ၊ တချို့ဆိုတဲ့စကားကို သိပ် မပြောဝံ့ဘူး၊ တချို့လို့ပြောလိုက်ရင် အဲသလို ယူဆသွားမှာကိုး၊ interpret လုပ်သွားမယ်။

ဒါကြောင့်မို့ အပ္ပမညာ ၂-ပါးဟာ ကေစိဆရာတို့အလို သောမနဿနှင့်သာ ယှဉ်တယ်၊ ဥပေက္ခာနှင့် မယှဉ်နိုင်ဘူး၊ သမာနဝါဒလို့ခေါ်တဲ့ အများကတော့ ဘယ်လိုယူဆလဲ၊ သောမနဿနှင့်လည်း ယှဉ်နိုင်ပါတယ်၊ ဥပေက္ခာနှင့်လည်း ယှဉ်နိုင်ပါတယ်တဲ့၊

[စာမျက်နှာ-326] ဒါဟာ ဘာနှင့်တူသလဲဆိုရင် ခုနပြောသလို လေ့လာပြီးတဲ့ ကျမ်းဂန်တွေကို ရွတ်တဲ့အခါကျတော့ သတိမထားပဲနဲ့လည်း ရွတ်သွားလို့ရသလိုပဲ၊ စီးဖြန်းမှု အဝါးဝလာတဲ့ အခါကျတော့ တစ်ခါတလေ သောမနဿနှင့်စီးဖြန်းလိုက် တစ်ခါ တလေ ဥပေက္ခာနှင့် စီးဖြန်းလိုက်ဖြစ်နိုင်ပါတယ်၊ အဲသလို ဖြစ်နိုင်တဲ့အတွက်ကြောင့် မို့လို့ ဈာန်အဆင့် မရောက်ခင်မှာတော့ သောမနဿ ဥပေက္ခာဖြစ်တာကို ခွင့်ပြု နိုင်တယ်၊ ဈာန်အဆင့် ရောက်သွားရင်တော့၊ သောမနဿနှင့် ဧကန်ကို ယှဉ်ရမယ်၊ အဲဒီလို မှတ်မိနော်၊ ကေစိနှင့် အပရေ။ ဒါကြောင့် ကျမ်းဂန်ဖတ်တဲ့အခါ ပါဠိစာဖတ်တဲ့အခါ ကေစိဆိုရင်တော့ သတိထားပေါ့၊ ကေစိဆိုမကြိုက်တာပဲ။

စေတသိက် ၅၂-ပါး ယှဉ်ပုံကုန်သွားပြီ၊ ဒါကို ဘာနည်းလို့ခေါ်လဲ။ သမ္ပယောဂနည်းတဲ့၊ သမ္ပယောဂနည်းဆိုတာ၊ စေတသိက်ကိုင်ပြီး စိတ်ရှာတဲ့နည်း၊ ဒီစေတသိက်နဲ့ယှဉ်တဲ့စိတ် ဘယ်လောက်ရှိပါလိမ့်မလဲ ရှာတဲ့နည်းကို သမ္ပယောဂနည်း ခေါ်တယ်။

ကဒါစိ စေတသိက်

ဒီထဲမှာ ဘာလေးတစ်ခု လေ့လာရဦးမလဲဆိုတော့ ဘယ်စေတသိက်တွေက အမြဲတမ်းယှဉ်တယ်၊ ဘယ်စေတသိက်တွေက တစ်ခါတလေသာယှဉ်တယ်ဆိုတာလေး ခွဲကြအုံးစို့နော်၊ အဲသလို ခွဲတဲ့အခါကျတော့ အဲဒါတော့ ရေးမှတ်ကြ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိရတီ ၃-ခု၊ အပ္ပမညာ ၂-ခု၊ မာန၊ ထိန၊ မိဒ္ဓ အားလုံးပေါင်းတော့ ၁၁-ခုရှိတယ်၊ အဲဒီ ၁၁-ခုကို အနိယတယောဂီလို့ခေါ်တယ်၊ အနိယတဆိုတာ အမြဲမဟုတ်တာကို ဆိုလိုတာ၊ နိယတ ဆိုတာအမြဲနော်။

အဲဒီတော့ ဣဿာစေတသိက်ဟာ ဒေါသမူစိတ်ဖြစ်တိုင်းဖြစ်တိုင်း ယှဉ်တာ မဟုတ်ဘူး၊ သူများစည်းစိမ်ကို ငြူစူတဲ့အခါသာ ယှဉ်တယ်၊ မစ္ဆရိယကလည်း ကိုယ့်ပစ္စည်း သူများနဲ့ဆက်ဆံတာကို မကြိုက်တဲ့အခါမှာသာ ယှဉ်တယ်၊ အမြဲတမ်း ဒေါသမူစိတ် ဖြစ်တိုင်းဖြစ်တိုင်းမှာ ယှဉ်တာမဟုတ်ဘူးနော်၊ ကုက္ကုစ္စကလည်း နောင်တ ပူပန်တဲ့အခါမှာသာယှဉ်တယ်၊ ဒေါသမူစိတ်ဖြစ်တိုင်း ယှဉ်တာ မဟုတ်ဘူး။

ဒါကြောင့်မို့ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိရတီ၊ ဒါ ခုနက ပြောခဲ့ပြီ၊ ကရုဏာ မုဒိတာ ပြောခဲ့ပြီနော်၊ ပြီးတော့ကော မာနတဲ့၊ မာနလည်းရံခါပဲ ယှဉ်တယ် တဲ့နော်၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း မာနယှဉ်တာ မဟုတ်ဘူး။ ပြီးတော့ ထိန မိဒ္ဓကလည်း ရံခါသာ ယှဉ်တာ ဖြစ်တိုင်းဖြစ်တိုင်း ယှဉ်တာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ရံခါသာယှဉ်တဲ့ စေတသိက်ပေါင်း ၁၁- ခု

[စာမျက်နှာ-327] ရှိတယ်နော်၊ ကျန်တာတွေကို နိယတယောဂီ၊ ကျန်တာတွေကတော့ သူတို့ဆိုင်ရာ စိတ်ဖြစ် တိုင်းဖြစ်တိုင်း ယှဉ်တယ်နော်။

အနိယတယောဂီစေတသိက် ၁၁-ပါး၊ နိယတယောဂီစေတသိက် ၄၁-ပါး၊ အနိယတဆိုတဲ့ သဘောလည်း နားလည်ပြီဟုတ်လား၊ သူတို့နှင့်ယှဉ်ပါတယ်ဆိုတဲ့ စိတ်ဖြစ်တိုင်းယှဉ်တာ မဟုတ်ဘူးနော်၊ သူ့အခြေအနေက ပေးလာမှ ဆိုကြပါစို့။ ဒါကြောင့်မို့ ဣဿာယှဉ်နေတဲ့အခိုက်မှာ မစ္ဆရိယ မယှဉ်ဘူး၊ ကုက္ကုစ္စ မယှဉ်ဘူး၊ မစ္ဆရိယယှဉ်တဲ့အခိုက်မှာ ဣဿာမယှဉ်ဘူး စသည်ဖြင့် အဲသလိုသွားရမယ်။

သင်္ဂဟနည်းလေ့လာတော့လည်း ဒါနည်းနည်းပြန်ပြီးတော့ နွေးအုံးမယ်၊ ဒီနေ့ သမ္ပယောဂနည်းနဲ့ပဲတော်ကြမယ်နော်၊ သမ္ပယောဂနည်းက သင်္ဂဟနည်းထက် လွယ်တယ်နော်၊ သင်္ဂဟနည်းကျတော့ ဒီထက်နည်းနည်းရှုပ်မှာ။

[စာမျက်နှာ-328]
အဘိဓမ္မာသင်တန်း ၁၄

စေတသိက်ပိုင်း - ၅

သင်္ဂဟနည်း

ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့၊ လွန်ခဲ့တဲ့ အပတ်က သင်တန်းမလုပ်ဖြစ်ဘူး၊ Holiday ဖြစ်နေတယ်၊ အဲဒီတော့ ဟိုရှေ့အပတ်က သမ္ပယောဂနည်းကို လေ့လာခဲ့ကြတယ်၊ သမ္ပယောဂနည်းဆိုတာ စေတသိက်ကိုင်ပြီးတော့ ဘယ်စိတ်ဘယ်စိတ် တွေမှာ ယှဉ်တယ်လို့ ရှာတဲ့နည်းပေါ့၊ အဲဒါကို ပါဠိလို သမ္ပယောဂနည်းလို့ခေါ်တာ၊ သမ္ပယောဂနည်းကိုကျေရင် နားလည်ရင် သင်္ဂဟနည်းလည်းကျေတာပဲ၊ နားလည်တာပဲ၊ ခက်တာမဟုတ်ပါဘူးနော်၊ သမ္ပယောဂနည်းသိရင် သင်္ဂဟနည်းသိတယ်၊ သင်္ဂဟနည်းသိရင် သမ္ပယောဂနည်းသိတယ်၊ အပြန်ပြန်အလှန်လှန် သွားတာပဲကိုး။

အဲဒီတော့ သင်္ဂဟနည်းကတော့ စိတ်ကိုကိုင်ပြီးတော့ အဲဒီစိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်တယ်ဆိုတာကို ရှာတဲ့နည်း၊ အဲဒီတော့ အခု ဇယားကွက် လုပ်ထား လိုက်တော့ ဘာမှ မခဲယဉ်းတော့ဘူး၊ မှတ်မိဖို့ကတော့ ခဲယဉ်းတယ်၊ သိဖို့ကတော့ မခဲယဉ်းတော့ဘူးနော်၊ အခါခပ်သိမ်း ကိုယ်က ဇယားကွက် ပြန်မကြည့်နိုင်ဘူးနော်။

အဲဒီတော့ သင်္ဂဟနည်း လုပ်တော့မယ်ဆိုရင် အဲဒီဇယားကွက်ကို ဘယ်လိုကြည့်မလဲ၊ ကန့်လန့်ဖြတ်ဖတ်တော့မယ်၊ သမ္ပယောဂနည်းတုန်းက ဦးဇင်းတို့ ဒေါင်လိုက်

[စာမျက်နှာ-329]
လောဘမူစိတ် ၈-ပါး

ဖတ်သွားတယ် ဟုတ်လား၊ အခု သင်္ဂဟနည်းကျတော့ ကန့်လန့်ဖြတ်သွားမယ်။ ကန့်လန့်ဖြတ် ဖတ်တဲ့အခါကျတော့ ပထမဆုံးဘာလဲ၊ လောဘမူစိတ်-၁၊ လောဘမူ ပထမစိတ်။ လောဘမူ ပထမစိတ်မှာ စေတသိက်ဘယ်လောက်ယှဉ်သလဲ၊ အဲသလို ရှာရမယ်ဆိုတော့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခုနှင့် ယှဉ်တာတော့ သေချာပြီ၊ နောက်တစ်ခါ ဘာပါလဲ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒပါတယ်၊ အညသမာန်း စေတသိက် ၁၃-ခုလုံး လောဘမူ ပထမစိတ်မှာ ယှဉ်တယ်ပေါ့။

တစ်ခါ အကုသိုလ်စေတသိက်ထဲက စဉ်းစားထည့်လိုက်ရင်၊ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ မယှဉ်ပေဘူးလား၊ ယှဉ်တာပေါ့ သူကတော့ အကုသိုလ်စိတ် ၁၂-ခုစလုံးနှင့် ယှဉ်တာ၊ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ။

လောဘ မယှဉ်ပေဘူးလား၊ လောဘမူစိတ်ပဲ၊ ယှဉ်တာပေါ့၊ ဒိဋ္ဌိမယှဉ်ပေဘူးလား၊ ယှဉ်တာပေါ့၊ ဒိဋ္ဌိ ယှဉ်ရင် မာနယှဉ်သလား၊ မယှဉ်ဘူး၊ ဒါ ဟိုအပတ်တုန်းက ပြောခဲ့ပြီ။ ဒါကြောင့်မို့ ဒိဋ္ဌိယှဉ်တယ်၊ မာနမယှဉ်ဘူး၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ယှဉ်မလား၊ မယှဉ်ဘူး၊ သူက ဒေါသမူနှင့်သာ ယှဉ်မှာနော်၊ ထိန မိဒ္ဓ မယှဉ်ဘူး၊ ဘာကြောင့်လဲ၊ သူက အသင်္ခါရိက ဖြစ်နေလို့၊ ထိန မိဒ္ဓက သသင်္ခါရိက မှာသာ ယှဉ်တယ်၊ ဟုတ်တယ်မဟုတ်လား၊ ဝိစိကိစ္ဆာကော မယှဉ်ဘူး၊ ဟိုဘက်က သောဘန စေတသိက်တွေ ကြည့်ဖို့လိုသေးလား၊ ကြည့်ဖို့ မလိုဘူး။

ဒါဖြင့်ရင် အကုသိုလ်စိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်တယ်ဆိုတာ ရှာချင်ရင် အညသမာန်း စေတသိက်နှင့် အကုသိုလ်စေတသိက် ဒီအတွင်းမှာပဲ ရှာရမှာပေါ့၊ ၁၃-၁၄-၂၇ ထဲမှာ ရှာရမယ်၊ ကဲ၊ ဘာခဲယဉ်းလဲ၊ မခဲယဉ်းပါဘူးနော်၊ သင်္ဂဟနည်းခက်တယ်ပြောတော့ လန့်နေတယ်ဟုတ်လား၊ မခက်ပါဘူး။

ဒုတိယစိတ်၊ ဒုတိယစိတ်က သသင်္ခါရိကစိတ် မဟုတ်ဘူးလား၊ သသင်္ခါရိကစိတ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူကျတော့ ထိနမိဒ္ဓ ပိုသွားမယ်ပေါ့။ ဒါဖြင့်ရင် သူက ဘယ်လောက်လဲ၊ ၂၁-ပထမစိတ်မှာ စေတသိက်-၁၉၊ ဒုတိယစိတ်မှာ-၂၁၊ ၁၉ (plus) ထိနမိဒ္ဓ၊ ဟုတ်တယ်မို့လား။

တတိယစိတ်ကြည့်လိုက်စမ်း၊ တတိယစိတ်ကျတော့ သူက ဒိဋ္ဌိဂတဝိပ္ပယုတ် ဖြစ်သွားပြီ၊ ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒိဋ္ဌိနှင့် ယှဉ်ပါ့မလား၊ မယှဉ်ဘူး၊ ဒိဋ္ဌိနှင့် မယှဉ်ပဲနဲ့ ဘာနဲ့ယှဉ်သလဲ၊ မာနနှင့် ယှဉ်တယ်၊ ဒါကြောင့်-

[စာမျက်နှာ-330] သူလည်းပဲ စေတသိက်အရေအတွက်ဆိုရင် ဘယ်လောက်လဲ ၁၉-ပဲပေါ့၊ ကန့်လန့်ဖြတ်ဆိုတာ ဒီမယ် ဒီအတိုင်းပြောတာ။
တတိယစိတ်မှာ ဒိဋ္ဌိ အစား မာနထည့်လိုက်တာပါပဲ၊ ၁၉- ခုပဲ။
စတုတ္ထစိတ်ကျတော့ကော သသင်္ခါရိကစိတ်ဖြစ်သွားတဲ့ အတွက်ကြောင့်မို့ ၁၉-ထဲမှာ ထိန မိဒ္ဓတစ်ခါထည့်မယ်၊ ၂၁-ပဲ၊ ဒါဖြင့် ပထမစိတ် ၄- ခုမှာ ၁၉-၂၁-၁၉-၂၁ ဟုတ်တယ်မို့လား၊ ပထမ ၁၉-က ဒိဋ္ဌိနှင့် နောက် ၁၉-က မာနနှင့် ၂၁-၂၁ ကျတော့ ထိနမိဒ္ဓ ထပ်ထည့်လိုက်တာ၊ ဟုတ်တယ်မို့လား၊ ဒီလောက် မခဲယဉ်းပါဘူး။

နံပါတ် ၅-စိတ်တဲ့ နံပါတ် ၅-စိတ်ကျတော့ ဘာဝေဒနာနှင့် ယှဉ်သွားပြီလဲ သောမနဿလား၊ ဥပေက္ခာလား၊ ဥပေက္ခာနှင့် ယှဉ်သွားပြီ၊ အပြောက်ကလေးတွေ ရှိရင် အပြောက်ကလေးတွေကြည့်လိုက်၊ အနီလား အပြာလား ဟုတ်ကဲ့လား။
ဥပေက္ခာနှင့် ယှဉ်သွားရင် ဘာမယှဉ်ဘူးဖြစ်မလဲ၊ ပီတိ၊ ပီတိက သောမနဿနှင့်သာယှဉ်တာ၊ ဥပေက္ခာနှင့် မယှဉ်ဘူးဟုတ်လား၊ ဒါဖြင့် အညသမာန်း စေတသိက် ၁၃-ခုထဲက ပီတိ နုတ်ရလိမ့်မယ်နော်။

ဒါကြောင့်မို့ ပီတိကြဉ်သော အညသမန်းစေတသိက်-၁၂၊ မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, ဒီ ၄ ခုကပါရမယ်၊ လောဘပါတယ်၊ ဒိဋ္ဌိပါတယ်၊ အဲဒီတော့ အားလုံးဘယ်လောက် ဖြစ်သွားလဲ၊ ၁၈-ပေါ့၊ ၁၉-ထဲက ပီတိနုတ်တယ်၊ ဘာကြောင့် ပီတိနုတ်ရတုံး၊ သူက ဥပေက္ခာသဟဂုတ် ဖြစ်နေလို့၊ ဒါဖြင့် နံပါတ် ၆-စိတ်ကျတော့ သသင်္ခါရိက ဖြစ်မသွားဘူးလား၊ သသင်္ခါရိက ဖြစ်သွားရင် ခုနက ၁၈ ထဲကို ဘာထပ်ထည့်မလဲ ထိန, မိ ထပ်ထည့် ၂၀-ဖြစ်မယ်။

၇-ခုမြောက်စိတ်က ဒိဋ္ဌိဂတဝိပ္ပယုတ်၊ ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒိဋ္ဌိယှဉ်ပါ့မလား၊ မယှဉ်ဘူး၊ ဘာယှဉ်မလဲ၊ မာန ယှဉ်မယ်ပေါ့။ ဒါကြောင့် ဒိဋ္ဌိအစားမာနကို အစားထိုးလိုက် သူလည်း ၁၈-ပဲပေါ့။
၈-ခုမြောက်စိတ်ကျတော့ ဘာထပ်ထည့်မလဲ၊ သူက သသင်္ခါရိကဖြစ်သွားတဲ့ အတွက်ကြောင့်မို့ ထိန မိဒ္ဓ ထပ်ထည့်-၂၀၊ အဲဒီတော့ ဒီလို လုပ်ကြရအောင်၊ လောဘမူစိတ် ၈-ခုကို ပထမစဉ်းစားလိုက်စမ်း-
* ပထမစိတ်က ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက
* ဒုတိယစိတ်က ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက
* တတိယစိတ်က ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက

[စာမျက်နှာ-331] * စတုတ္ထစိတ်က ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက
* ပဉ္စမစိတ်က ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက
* ဆဋ္ဌမစိတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက
* သတ္တမစိတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက
* အဋ္ဌမစိတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက

ဒိဋ္ဌိဂတသမ္ပယုတ်လို့ဆိုရင် ဒိဋ္ဌိယှဉ်တယ်၊ မာနမယှဉ်ဘူး၊ ဒိဋ္ဌိဂတဝိပ္ပယုတ် လို့ဆိုတဲ့ အခါကျတော့ကို မာနယှဉ်တယ် ဒိဋ္ဌိမယှဉ်ဘူး။
အသင်္ခါရိကဆိုတော့ ထိန မိဒ္ဓ မယှဉ်ဘူး၊ သသင်္ခါရိကဆိုတော့ ထိန မိဒ္ဓ ယှဉ်တယ်။
သောမနဿဆိုတော့ ပီတိယှဉ်တယ်၊ ဥပေက္ခာဆိုတော့ ပီတိမယှဉ်ဘူး၊ ဒါလေးမှတ်ထားလိုက်ရင် မရပေဘူးလား၊ တွက်လို့ရပြီ။
ဒါကြောင့်မို့ လောဘမူစိတ် ၈-ခုမှာ စေတသိက်တွေ့ရဲ့ သင်္ချာအရေအတွက်ကို တန်းပြီးတော့ ကြည့်လိုက်စမ်း၊ ၁၉-၂၁-၁၉-၂၁-၁၈-၂၀-၁၈-၂၀ ဟုတ်ပြီလား၊ ဘာမှမခက်ဘူး။

ဒေါသမူစိတ် ၂-ခု

ဒေါသမူစိတ် ၂-ခုတဲ့၊ ဒေါသမူစိတ် ၂-ခုကျတော့ ပထမစိတ်က အသင်္ခါရိက၊ ဒုတိယစိတ်က သသင်္ခါရိက၊ သူက ဒေါမနဿသဟဂုတ်၊ ဒါဖြင့် ပီတိယှဉ်ပါ့မလား၊ မယှဉ်ဘူး။
ဒါဖြင့် ပီတိမပါတဲ့ အညသမာန်းစေတသိက် ၁၂-ခုရယ်၊ မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, သူကတော့ပါရလိမ့်မယ်၊ သူက ၁၂ ခု စလုံးနှင့် ယှဉ်တာ၊ လောဘယှဉ်မလား၊ မယှဉ်ဘူး၊ ဒိဋ္ဌိ ယှဉ်မလား မယှဉ်ဘူး၊ မာနယှဉ်မလား၊ မယှဉ်ဘူး၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ ယှဉ်မလား၊ ယှဉ်မယ်၊ ထိန မိဒ္ဓ ယှဉ်မလား၊ မယှဉ်ဘူး၊ သူက အသင်္ခါရိက၊ ဒါဖြင့်ရင် သူ့ကျတော့ ဘယ်လောက် ရတော့လဲ ၂၀-ပဲ ရတော့တယ်။
ပီတိမပါတဲ့ အညသမန်း စေတသိက်-၁၂၊ မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စက ၄-ခု ပြီးတော့ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စက ၄-ခု၊ ၁၂-ရယ်၊ ၄- ရယ်၊ ၄-ရယ်၊ ၂၀-ဟုတ်ပြီလား။
ဒေါသမူ ဒုတိယစိတ်ကျတော့ ဘာပိုသွားမလဲ၊ သသင်္ခါရိက ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထိန မိဒ္ဓ ပိုသွားမယ်၊ ဒါပဲပေါ့၊ အဲဒီတော့ ဘယ်လောက် ဖြစ်မလဲ ၂၂-ဖြစ်မယ်။

[စာမျက်နှာ-332] အဲဒီတော့ ဒေါသမူ ပထမစိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်မလဲ၊ ၂၀- ယှဉ်မယ်နော်။
ပီတိကြဉ်တဲ့ အညသမာန်းစေတသိက်-၁၂၊ မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ ၄-ခု၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ၄-ခု ဟုတ်ပြီလား။
ဒုတိယစိတ်ကျတော့ အဲဒီ ၂၀-ထဲမှာ ထိန, မိဒ္ဓ, ထပ်ထည့်မယ်နော် ၂၂-ဖြစ်သွားပြီ။

မောဟမူစိတ် ၂-ခု

မောဟမူစိတ် ၂-ခု ရှိတယ်၊ မောဟမူစိတ် ၂-ခုမှာ ပထမစိတ်က ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ဒုတိယစိတ်က ဥဒ္ဓစ္စသဟဂုတ်စိတ်။
ပထမ ဝိစိကိစ္ဆာသဟဂုတ်စိတ်မှာ ဘာတွေ မယှဉ်နိုင်ဘူးလဲ ကြည့်လိုက်စမ်းပါ၊ အဓိမောက္ခမယှဉ်နိုင်ဘူး၊ အဓိမောက္ခဆိုတာဆုံးဖြတ်တာ၊ သူက ဝိစိကိစ္ဆာက မဆုံးဖြတ်တာ၊ ဥပေက္ခာသဟဂုတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပီတိ မယှဉ်နိုင်ဘူး၊ ဆန္ဒလည်း မောဟမူစိတ်မှာ မယှဉ်ဘူးလို့ ဆိုခဲ့တယ်။
ဒါကြောင့်မို့ အဓိမောက္ခရယ်၊ ပီတိရယ်၊ ဆန္ဒရယ်၊ ၃-ခု ထုတ်ပစ်လိုက်၊ ဘယ်လောက်ကျန်တော့လဲ၊ အညသမန်းစေတသိက် ၁၀-ခု ဟုတ်ပြီလား၊ ၇-ခုရယ်၊ ဝိတက်ရယ်၊ ဝိစာရရယ်၊ ဝီရိယရယ်၊ ပြီးတော့ အကုသိုလ်စေတသိက်ထဲက မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ ဒီ ၄-ခုကတော့ အမြဲတမ်း ပါရမယ်လေ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဝိစိကိစ္ဆာ တစ်ခုနော် အားလုံးပေါင်းလိုက်တော့ ဘယ်လောက်ရလဲ ၁၅-ခုပဲရတော့တယ်။

ဥဒ္ဓစ္စသဟဂုတ်စိတ်ကျတော့ ဘာတွေ ပါသလဲဆိုတော့ သူက အဓိမောက္ခနှင့် ယှဉ်သွားပြီနော်၊ ပီတိနဲ့လည်း မယှဉ်ဘူး ဆန္ဒနဲ့လည်း မယှဉ်ဘူး၊ ဝိစိကိစ္ဆာနဲ့လည်း ယှဉ်သလား၊ မယှဉ်ဘူး၊ အဲဒီတော့ ဝိစိကိစ္ဆာလျော့သွားပြီးတော့ အဓိမောက္ခ တိုးလာတယ်၊ အဲဒီတော့ သင်္ချာ-၁၅ ဟာ ၁၅ ပဲပေါ့၊ အဲဒီတော့ မောဟမူ ပထမစိတ်မှာ စေတသိက် ဘယ်လောက် ယှဉ်သလဲ ၁၅- ခု ယှဉ်တယ်၊ ဒုတိယ စိတ်မှာရော ၁၅-ခု ယှဉ်တယ်။
သူက အာရုံပေါ်မှာ မတည်တာသာရှိတယ်၊ ဆုံးဖြတ်မှုကတော့ပါတယ်၊ အဲဒါကြောင့်မို့လို့ သူကျတော့ ယှဉ်တယ်။
ဒါဟာ အကုသိုလ်စိတ်သင်္ဂဟနည်း၊ အကုသိုလ်စိတ် ၁၂-ခု အကုသိုလ်စိတ် တစ်ခု တစ်ခုမှာ စေတသိက် ဘယ်လောက် ယှဉ်သလဲဆိုရင်ဒီအတိုင်းသွားရမယ်။ အကုသိုလ်စိတ်ရဲ့ သင်္ဂဟနည်းကို လေ့လာတဲ့အခါမှာ စေတသိက် အားလုံးကြည့်ဖို့

[စာမျက်နှာ-333] မလိုဘူး၊ အညသမန်းစေတသိက်၊ အကုသိုလ်စေတသိက်၊ ဒါတွေပဲ ကြည့်ဖို့လိုတယ်။
ဒီထဲကမှ ဘယ်ဟာက ယှဉ်တယ်၊ ဘယ်ဟာက မယှဉ်ဘူးဆိုတာလေး စဉ်းစားလိုက်ရုံပဲ။

အဟိတ်စိတ် ၁၈-ခု

ကောင်းပြီ၊ အဟိတ်စိတ် သွားကြစို့၊ အဟိတ်စိတ် ၁၈-ခုမှာ ဒွေးပဉ္စဝိညာဏ် ၁၀။
ဒွေးပဉ္စဝိညာဏ် ၁၀-ဆိုတာ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်နော် အဲဒီ ၅-စုံပေါ့၊ ဒါကို ဒွေပဉ္စဝိညာဏ, ပါဠိလို ဒွေးပဉ္စဝိညာဏ် ၁၀-လို့ ခေါ်တယ်၊ အဲဒီ ဒွေးပဉ္စဝိညာဏ် ၁၀-ကတော့ စေတသိက်လည်းနည်းတယ်၊ ဟန်ကျတယ်၊ ဘယ်လောက်နှင့်သာ ယှဉ်သတုံး၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးနှင့်သာယှဉ်တယ်နော်၊ တခြားစေတသိက် ဘယ်ဟာတွေနဲ့မှ မယှဉ်ဘူး။

ကောင်းပြီ ဒွေးပဉ္စဝိညာဏ် ၁၀-ပြီးတော့ သမ္ပဋိစ္ဆိုင်းစိတ် ၂-ခုရှိတယ် နော်၊ အကုသလဝိပါက်ထဲက ၁-ခု၊ ကုသလဝိပါက်ထဲက ၁-ခု၊ အဲဒီ သမ္ပဋိစ္ဆိုင်းစိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ ဇယားကွက်အရ ပြောလိုက်စမ်း ၁၀-ခု ယှဉ်တယ်၊ ဘာတွေတုံး၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ, ၁၀-ခု ယှဉ်တယ်နော်၊ ဒါ သမ္ပဋိစ္ဆိုင်း ၂-ခုမှာနော်၊ သမ္ပဋိစ္ဆိုင်း ၂- ခုကို နောင်အခါကျတော့ သမ္ပဋိစ္ဆိုင်းဒွေးလို့ ခေါ်လိမ့်မယ်။

သန္တီရဏကျတော့ ဥပေက္ခာနဲ့ သောမနဿ ၂-ခုခွဲလိုက်ကြစို့ ဘာကြောင့်တုန်း သူကစေတသိက် ယှဉ်ပုံချင်း မတူဘူးနော်။
သန္တီရဏကျတော့ ဥပေက္ခာသန္တီရဏ, သောမနဿသန္တီရဏ, ၂-ခုရှိတယ်၊ အကုသလဝိပါက်ထဲက ၁-ခု၊ ကုသလဝိပါက်ထဲက ၁-ခု၊ အဲဒီ ဥပေက္ခာသန္တီရဏမှာကော စေတသိက် ဘယ်လောက်ယှဉ်သလဲ ၁၀-ခုပဲ၊ ခုနဟာနဲ့ အတူတူပါပဲနော်၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ။

နောက် သောမနဿသန္တီရဏတစ်ခုရှိတယ်၊ ဘယ်ထဲမှာရှိလဲဆိုရင် ကုသလဝိပါက်ထဲမှာရှိတယ်၊ ကုသလဝိပါက်ထဲမှာ အနီပြောက်ကလေးပေါ့၊ သောမနဿသန္တီရဏမှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ ၁၁-ခု ယှဉ်တယ်၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ, ပီတိ။
ကိုင်း- နောက် ပဉ္စဒွါရာဝဇ္ဇန်းစိတ်, သူကတော့ ၁-ခုပဲရှိတယ်၊ ဒါ

[စာမျက်နှာ-334] တတိယ ကော်လံရဲ့ ပထမမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ စေတသိက် ဘယ်လောက် ယှဉ်သလဲ၊ ၁၀-ခု ယှဉ်တယ်၊ ဘာတွေတဲ့တုံး၊ အဲဒီ စေတသိက် ၁၀-ခုက သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ။
ဒါဖြင့် သမ္ပဋိစ္ဆိုင်း ၂-ခုနှင့် အတူတူဖြစ်မနေဘူးလား၊ သန္တီရဏ ဥပေက္ခာနဲ့လည်း အတူတူဖြစ်သွားပြီ။

ပြီးတော့ မနောဒွါရာဝဇ္ဇန်းစိတ်, ဒါ ဒုတိယအပြာနော် မနောဒွါရာဝဇ္ဇန်းစိတ်နှင့် စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ ၁၁-ခု ယှဉ်တယ်၊ ဘာတွေတဲ့တုံး၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, သူက ပီတိမယှဉ်ဘူး၊ သူက ဥပေက္ခာသဟဂုတ်ကိုး၊ အားလုံးဘယ်လောက်လဲ ၁၁-ခုနဲ့ ယှဉ်တယ်တဲ့။

ကိုင်း၊ နောက်ဆုံးစိတ် ဟသိတုပ္ပါဒ်တဲ့၊ ဟသိတုပ္ပါဒ်က သောမနဿနဲ့ ယှဉ်သလား၊ ဥပေက္ခာနဲ့ ယှဉ်သလား၊ အပြာလား အနီလား အနီ သောမနဿ, သောမနဿဆိုကတည်းက ပီတိယှဉ်တော့မယ်၊ အဲဒီတော့ ဟသိတုပ္ပါဒ်နှင့်ယှဉ်တဲ့ စေတသိက်ပေါင်း ဘယ်လောက်ရှိသလဲ၊ ၁၂-ခုတောင် ရှိတယ်၊ ဘာတွေတဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒတစ်ခုပဲ မယှဉ်ဘူးနော်၊ ဒါက အဟိတ်စိတ်မှာ သင်္ဂဟနည်း။
* စက္ခုဝိညာဏ်စိတ်နှင့် စေတသိက် ဘယ်လောက်ယှဉ်သလဲ ၇-ခု
* သောတဝိညာဏ်စိတ်နဲ့ ၇-ခု၊ ဃာဏဝိညာဏ်စိတ်နဲ့ ၇-ခု၊ ဇိဝှာဝိညာဏ်စိတ်နဲ့ ၇-ခု၊ ကာယဝိညာဏ်စိတ်နဲ့ ၇- ခု၊
* သမ္ပဋိစ္ဆိုင်းစိတ် ၂-ခုနှင့် ၁၀-ခု
* ဥပေက္ခာသန္တီရဏနဲ့ ၁၀-ခု
* သောမနဿသန္တီရဏနဲ့ ၁၁-ခု
* ပဉ္စဒွါရာဝဇ္ဇန်းနဲ့ ၁၀-ခု
* မနောဒွါရာဝဇ္ဇန်းနဲ့ ၁၁-ခု
* ဟသိတုပ္ပါဒ်နဲ့ ၁၂-ခု ဟသိတုပ္ပါဒ်က အများဆုံးယှဉ်တာ။

အဲဒီတော့ သမ္ပဋိစ္ဆိုင်း ၂-ခုကို သမ္ပဋိစ္ဆိုင်းဒွေးလို့ ခေါ်မယ်၊ သန္တီရဏကတော့ သန္တီရဏပဲ၊ အဲဒီတော့ တစ်ခုမှတ်ကြရမယ်နော်၊ ဝေါဟာရလေးတစ်ခု မှတ်ရမယ်။ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်း ၂- ခုနှင့် ဒီ ၃- ခုပေါင်းပြီးတော့ မနောဓာတ်လို့

[စာမျက်နှာ-335] ခေါ်တယ်၊ အဲဒါလေးမှတ်ထားနော်၊ နောင်အခါကျ သုံးလိမ့်မယ်၊ ဒီဝေါဟာရကို၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်း ၂-ခု အားလုံးဘယ်လောက်လဲ ၃- ခုပေါ့၊ အဲဒီ ၃ခုကို မနောဓာတ်လို့ နောက်ကျတော့ ခေါ်လိမ့်မယ်၊ ဒီဝေါဟာရလေးမှတ်ထားကြ။
နောင်အခါကျတော့ ဒီ ၃-ခုကိုပြောချင်ရင် ပဉ္စဒွါရာဝဇ္ဇန်းသမ္ပဋိစ္ဆိုင်းဒွေးလို့ မပြောတော့ဘူး၊ မနောဓာတ်လို့ သုံးလိမ့်မယ်၊ အဲဒီလိုမနောဓာတ် ၃-ခုလို့ပြောရင် ကိုယ်က ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်းဒွေးကို ပြောတာလို့ နားလည်ရမယ်။

မေး - ပဉ္စဒွါရာဟာ ၁၀-မဟုတ်လား၊
ဖြေ - မဟုတ်ဘူး၊ သူက တစ်ခုတည်းပဲ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခုတည်း။
မေး - ဒွေးပဉ္စကျတော့ကော၊
ဖြေ - ဒွေးပဉ္စကျတော့ ဒွေးက ၂-ကိုး၊ ပဉ္စက ၅-ဆိုတော့ ၂x၅ လီဖြစ်သွားတယ်။ ၂-ခု ၅ စုံပေါ့၊ ဒါကတော့ ပဉ္စဆိုတော့ ၅- ပေါ့။

ပဉ္စဒွါရဆိုတာက ဒွါရ ၅-ပါးမှာ ဖြစ်တယ်လို့ ဆိုလိုတယ်၊ စက္ခုဒွါရ, သောတဒွါရ စသည်ဖြင့် မြင်တဲ့အခါလည်း သူပါတယ်၊ ကြားတဲ့အခါလည်း သူပါတယ်၊ ဒီလို ဆိုလိုတယ်၊ မြင်တဲ့ ဝီထိ ဖြစ်တဲ့အခါမှာလည်း သူပါတယ်၊ ကြားတဲ့ဝီထိဖြစ်တဲ့ အခါမှာလည်းသူပါတယ်၊ နံတဲ့ဝီထိဖြစ်တဲ့ အခါမှာလည်း သူပါတယ်၊ အဲဒီလို စိတ်ကတော့ ၁-ခုတည်းပဲ၊ ၅-ဒွါရမှာဖြစ်တဲ့စိတ်လို့ ဒီလို ဆိုလိုတယ်၊ ဒွါရက တတိယပိုင်းကျမှ လာလိမ့်မယ်၊ အဲဒါက အဟိတ်စိတ်။

ကာမာဝစရသောဘန ကုသိုလ်စိတ်

ကာမာဝစရသောဘနစိတ်မှာ ကြည့်ကြအုံးစို့၊ ပထမဆုံး ကုသိုလ်စိတ်, ကာမာဝစရစိတ် ၈-ခုကို စိတ်ထဲမှာ မြင်အောင်ကြည့်ထားလိုက်၊ ပထမ ၄-ခုက အနီ၊ ဒုတိယ ၄- ခုက အပြာ ဟုတ်ပြီလား၊ ပထမ ၄-ခုက သောမနဿနှင့် ယှဉ်တယ်၊ ဒုတိယ ၄- ခုက ဥပေက္ခာနှင့် ယှဉ်တယ်။
သောမနဿနှင့်ကျရင် ပီတိယှဉ်လိမ့်မယ်၊ ဥပေက္ခာကျရင် ပီတိ မယှဉ်ဘူး။

အဲဒီမှာ ပထမ ၂-ခုက ဉာဏ်နှင့် ယှဉ်တယ်၊ ဉာဏသမ္ပယုတ်၊ ၁, ၂ က ဉာဏသမ္ပယုတ်နော်၊ ၃, ၄ က ဉာဏဝိပ္ပယုတ်, ဉာဏ်နှင့် မယှဉ်ဘူး၊ ဉာဏ်နှင့် မယှဉ်ဘူးဆိုရင် အဲဒီကျတော့ ပညာယှဉ်ပါ့မလား၊ မယှဉ်တော့ဘူးပေါ့၊ နောက်ဆုံး ဖြစ်တဲ့ အမောဟပညိန္ဒြေ မယှဉ်ဘူးနော်၊ ၃-၄-က ဉာဏဝိပ္ပယုတ်၊ ၅-၆ကတော့ တစ်ခါဉာဏသမ္ပယုတ် ဖြစ်လာတယ်၊ ၇-၈ ကျတော့ ဉာဏဝိပ္ပယုတ် ပြန်ဖြစ်သွားတယ်၊ ဉာဏသမ္ပယုတ်ဆိုရင် အမောဟနှင့် ယှဉ်မယ် ဉာဏဝိပ္ပယုတ်ဆိုရင် အမောဟ မယှဉ်ဘူး၊ ဒါလေး မှတ်ထားဖို့ပဲ။

[စာမျက်နှာ-336] ကိုင်း- ကြည့်လိုက်ကြရအောင်။
ကာမာဝစရ ကုသိုလ်စိတ် ပထမစိတ်နှင့် ဒုတိယစိတ် တစ်ခု တစ်ခုမှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ အဆုံးမှာ ဂဏန်းဘယ်လောက်ရှိသလဲ၊ ၃၈ နှင့် ယှဉ်တယ်၊ အဲဒီ ၃၈-ဟာ ဘာတွေလဲ၊ အညသမန်း စေတသိက် ၁၃-ခု၊ ဟော အားလုံးပေါင်းလိုက်တော့ အကုသိုလ်ကြည့်စရာ မလိုဘူး။
သောဘနထဲကြည့်လိုက်စမ်း၊ သောဘနသာဓာရဏ ၁၉-ကတော့ အထူး တွေးမနေနဲ့၊ အကုန်လုံးနဲ့ ယှဉ်တယ်၊ ဝိရတီ ၃-ခုနှင့် ယှဉ်တယ်၊ အပ္ပမညာ ၂-ခုနှင့် ယှဉ်တယ်၊ ပညိန္ဒြေနှင့်ယှဉ်တယ်၊ ဒါဖြင့် သောဘနစေတသိက် ၂၅-ခု အကုန်လုံး ယှဉ်တာပေါ့၊ ဒါကြောင့်မို့ အားလုံးပေါင်းလိုက်တော့ ၁၃-နှင့် ၂၅ နှင့် ၃၈။

သို့သော် ဒီနေရာမှာမှတ်ဖို့က တစ်ခုတော့ရှိတယ်၊ ဟိုအပတ်တုန်းကပြောခဲ့ပြီ၊ ဝိရတီ စေတသိက်ဟာ တစ်ခါတလေသာ ယှဉ်တယ်၊ ယှဉ်ပြန်တော့လည်း တစ်ခုစီ ယှဉ်တယ်၊ သူက လောကီ ကုသိုလ်စိတ်၊ အပ္ပမညာကကော တစ်ခုစီပဲ ယှဉ်တယ်၊ တစ်ခါတလေ ယှဉ်တယ်။
ဒါကြောင့်မို့ သူတို့ကို ထုတ်ပစ်လိုက်စမ်း၊ ဝိရတီ ၃-ခုနှင့် အပ္ပမညာ ၂ခုကို ထုတ်ပစ်လိုက်ရင် စေတသိက်ဘယ်လောက်သာ အမြဲယှဉ်မလဲ၊ ဒီမှာ ၃၃-ခုသာ အမြဲယှဉ်မယ်နော်၊ အများဆုံး ဘယ်လောက်နဲ့ ယှဉ်နိုင်မလဲ၊ တစ်ကြိမ် (at one time) ၃၄၊ ဝိရတီ ယှဉ်တဲ့အခါမှာလည်းအပ္ပမညာနှင့် မယှဉ်ဘူး၊ အပ္ပမညာယှဉ်တဲ့အခါမှာလည်း ဝိရတီ မယှဉ်ဘူး၊ အဲဒီ ၅-ခုကတော့ one at a time၊ ဒါကြောင့် ၃၃, plus သမ္မာဝါစာ၊ သို့မဟုတ် ၃၃ plus သမ္မာကမ္မန္တ၊ သို့မဟုတ် ၃၃ plus သမ္မာအာဇီဝ, သို့မဟုတ် ၃၃ plus ကရုဏာ, သို့မဟုတ် ၃၃ plus မုဒိတာ, အဲသလို သွားမယ်။

ဒါကြောင့်မို့ အမြဲတမ်း ယှဉ်နိုင်တာက ၃၃၊ တစ်ကြိမ်ထဲမှာ အများဆုံး ယှဉ်နိုင်တာ ၃၄၊ ဒါကြောင့်မို့ သူနှင့် ယှဉ်နိုင်တဲ့ စေတသိက် အားလုံး ပြောစမ်းပါ ဆိုရင်တော့၊ ၃၈၊ နားလည်ပြီနော်၊ အဲသလို မှတ်ရမယ်။
ဘာကြောင့်တုန်း၊ ဝိရတီနှင့်အပ္ပမညာက ဟိုတစ်နေ့က ပြောခဲ့တဲ့ အနိယတယောဂီ ဆိုတဲ့ အထဲမှာပါတယ်။ အနိယတယောဂီဆိုတာ သူတို့နှင့် ယှဉ်တဲ့စိတ် ဆိုတဲ့ အထဲမှာကို အမြဲယှဉ်တာမဟုတ်ဘူး၊ ရံဖန်ရံခါမှသာယှဉ်တာ၊ အဲဒါတွေလည်း မှတ်ရမယ်။

[စာမျက်နှာ-337] ဒါကြောင့်မို့ ကာမာဝစရ ကုသိုလ်စိတ် ပထမ ၂-ခု ပေါ့လေ၊ ပထမဒွေးလို့ ခေါ်တယ်၊ ပထမ ၂-ခုနှင့် ယှဉ်တဲ့စေတသိက် ၃၈-ရှိတယ်ဆိုပေမယ့် အမြဲတမ်း ယှဉ်နိုင်တာက ၃၄-ပဲ ရှိတယ်။
သမ္မာဝါစာနှင့်သော်လည်းကောင်း သမ္မာကမ္မန္တနှင့်သော်လည်းကောင်း၊ သမ္မာအာဇီဝနှင့်သော်လည်းကောင်း၊ ကရုဏာနှင့်သော်လည်းကောင်း၊ မုဒိတာနှင့်သော် လည်းကောင်း တစ်ခုစီ တစ်ခုစီပဲသွားမယ်။

ကောင်းပြီ တတိယစိတ်နှင့် စတုတ္ထစိတ်တဲ့၊ သူတို့ကျတော့ ဉာဏဝိပ္ပယုတ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပညိန္ဒြေ လျှော့သွားမယ်၊ ဒါဖြင့် ၃၇၊ တခြားဟာတွေ အကုန်တူတယ်။
အဲဒီတော့ အညသမာန်းစေတသိက် ၁၃-ခု၊ သောဘနသာဓာရဏ စေတသိက် ၁၉-ခု၊ ဝိရတီ-၃၊ အပ္ပမညာ-၂၊ ဒီမှာလည်းပဲ ခုနက ပြောတဲ့အတိုင်းပဲ ဝိရတီ, အပ္ပမညာက ရံခါ မှသာယှဉ်လိမ့်မယ်၊ ပြီးတော့ တစ်ခုစီသာယှဉ်လိမ့်မယ်။
ဒါကြောင့်မို့ အမြဲတမ်းသာဆိုရင် ၃၂-ဖြစ်မှာပေါ့၊ တစ်ကြိမ်ထဲအများဆုံးဆိုရင် ၃၃-ဖြစ်မယ်။

၅-၆ ကြည့်လိုက်စမ်း၊ ၅-၆ ဟာ ဥပေက္ခာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပီတိနုတ်ရလိမ့်မယ်။
အဲဒါကြောင့်မို့ ပီတိကြဉ်သော အညသမန်း စေတသိက်-၁၂၊ နောက်ဟာ တွေတော့ အတူတူပဲ၊ သောဘနစေတသိက်-၂၅၊ ပေါင်းလိုက်-၃၇။
၇-၈ ကျတော့ စေတသိက် ဘယ်လောက်နှင့် ယှဉ်သလဲ-၃၆၊ ဘာကြောင့်တုန်း သူက ဉာဏဝိပ္ပယုတ်ဖြစ်သွားပြီ၊ အဲဒီတော့ ပညိန္ဒြေ မယှဉ်ဘူး။
ဒါကြောင့်မို့ ကာမာဝစရ ကုသိုလ်စိတ် ၈-ခု နော်၊ ၈-ခုမှာ ၂-ခုစီ တွဲထားလိုက်၊ တွဲထားလိုက်ရင် အစဉ်အတိုင်း ကြည့်လိုက်ရင် ၃၈-၃၇-၃၇-၃၆ တကယ် ၁, ၂, ၃, ၄ အတိုင်း သွားမယ်ဆိုရင် ၃၈-၃၈, ၃၇-၃၇, ၃၇-၃၇, ၃၆-၃၆။
၁-နှင့် ၂-တွဲမယ်၊ ၃-နှင့် ၄-တွဲမယ်၊ အဲသလို တွဲတွဲ ထားမယ်ဆိုရင် ၃၈-၃၇၊ ၃၇-၃၆ ဟုတ်ပြီ။

ကာမာဝစရ ဝိပါက်စိတ်

ကာမာဝစရ ဝိပါက်စိတ်ကြည့်ကြစို့၊ ဒီကျတော့ ဘာတွေထုတ်ပစ်လိုက်သလဲ၊ ကြည့်စမ်း၊ ၁, ၂, ၃, ၄ ကတော့ ခုနအတိုင်း မှတ်ထား၊ ၁, ၂ ဆိုရင် သောမနဿဉာဏသမ္ပယုတ်, ၃-၄ ဆိုရင် သောမနဿဉာဏဝိပ္ပယုတ်, ၅-၆ ဥပေက္ခာဉာဏသမ္ပယုတ် ၇-၈ ဥပေက္ခာဉာဏဝိပ္ပယုတ်၊ ကောင်းပြီ။

[စာမျက်နှာ-338] ၁-၂ ကြည့်လိုက်စမ်း၊ စေတသိက်ဘယ်လောက် တွေ့ရတုံး၊ ၃၃-ပဲ ရှိတယ်၊ ဒီကျတော့ အညသမာန်း စေတသိက် ၁၃-ခုနှင့် ယှဉ်တယ်၊ သောဘနသာဓာရဏ စေတသိက် ၁၉-ခုနှင့် ယှဉ်တယ်၊ ဝိရတီမယှဉ်ဘူး၊ အပ္ပမညာမယှဉ်ဘူး။
ဒါ ဘာလဲဆိုတော့ ဝိရတီဟာ လောကီမှာဖြစ်ရင် ဧကန်ကုသိုလ်သဘော ရှိတယ်၊ ကုသိုလ်ဇာတ်ရှိတယ်၊ တစ်စုံတစ်ခုက ရှောင်ကြဉ်တယ်ဆိုတာ ကုသိုလ် ဖြစ်တယ်၊ ရှောင်ကြဉ်တဲ့အခါမှာ ဝိပါက်ဖြစ်တာမဟုတ်ဘူး၊ ကြိယာဖြစ်တာ မဟုတ်ဘူး။
ဒါကြောင့်မို့ ဝိရတီဟာ လောကီဖြစ်ရင် ဧကန် ကုသိုလ် သဘောရှိတယ်။ ဒါကြောင့်မို့ ဝိပါက်စိတ် ကြိယာစိတ်တွေမှာ ဝိရတီ ယှဉ်လိမ့်မယ် မဟုတ်၊ ဒါကြောင့်မို့ ဝိပါက်စိတ်မှာ ဝိရတီ မယှဉ်ဘူးတဲ့၊ အပ္ပမညာလည်းပဲ မယှဉ်ဘူးတဲ့။

ဘာကြောင့်လဲဆိုတော့ ကာမာဝစရ ဝိပါက်က ကာမတရားကိုသာလျှင် အမြဲတမ်း အာရုံပြုတယ်၊ ကရုဏာနှင့် မုဒိတာက သတ္တဝါပညတ်ကို အာရုံပြုတယ်၊ ဒါက ပညတ်၊ ကာမတရားမဟုတ်ဘူး၊ တတိယပိုင်းကျမှ ပိုနားလည်လိမ့်မယ်။ အာရုံတွေအကြောင်း လေ့လာတဲ့အခါကျမှ၊ ဟုတ်လား။
အဲဒီတော့ ကာမာဝစရ ဝိပါက်စိတ်သည် ကာမတရားကိုသာ ဧကန်အမြဲတမ်း အာရုံပြုတယ်၊ ပညတ်ကို အာရုံမပြုဘူး၊ ကရုဏာ, မုဒိတာ ကလည်းပဲ ပညတ်ကို အာရုံပြုတယ်၊ အာရုံမတူဘူး၊ အာရုံမတူရင် မယှဉ်နိုင်ဘူး၊ စိတ်နှင့် စေတသိက်ဟာ တူသော အာရုံရှိရမယ်။
* ဖြစ်၊ ပျက်၊ မှီ အာ၊ တူ လေးဖြာ၊ အင်္ဂါယှဉ်နိမိတ်။
ဒါကြောင့်မို့ ဝိရတီ ၃- ခုလည်း မယှဉ်နိုင်ဘူး၊ အပ္ပမညာ ၂- ခုလည်း မယှဉ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ၅-ခု ထုတ်ပစ်လိုက်တော့ ၃၃-ပဲ ကျန်တော့တာပေါ့။ ဒါ ဝိပါက်စိတ်တွေ။

ပြီးတော့ တတိယစိတ်နှင့် စတုတ္ထစိတ်ကျတော့ ဘာထပ်ပြီး လျော့သွားမလဲ ဆိုတော့ သူက ဉာဏဝိပ္ပယုတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဉာဏ်လျော့သွားမယ် ပညိန္ဒြေလျော့သွားမယ်၊ ဒါကြောင့်မို့ ၃၂-သာ ရှိတော့တယ်နော်။
၅-၆ တဲ့ ၅-၆က ဥပေက္ခာဉာဏသမ္ပယုတ် ဒါကြောင့်မို့ ပီတိထုတ်ပစ် ဉာဏ်ပြန်ထည့် ဟုတ်လား၊ သင်္ချာအတူတူပဲ ဘယ်လောက်တုန်း ၃၂-ပဲ။
၇-၈ ကျတော့ ဥပေက္ခာဉာဏဝိပ္ပယုတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပီတိ

[စာမျက်နှာ-339] လည်းထုတ်ဉာဏ်လည်းထုတ်၊ ၃၁-ကျန်တော့တာ၊ အဲဒါ ကာမာဝစရ ဝိပါက်စိတ်နော်။
အဲဒီတော့ ကာမာဝစရဝိပါက်စိတ်မှာ ဝိရတီမယှဉ်ဘူး၊ အပ္ပမညာ မယှဉ်ဘူး၊ ဒါ မှတ်ထားရုံပဲ၊ ဉာဏ်ကတော့ ယှဉ်တဲ့အခါယှဉ်မယ်၊ မယှဉ်တဲ့အခါ မယှဉ်ဘူး၊ ပီတိယှဉ်တဲ့အခါယှဉ်မယ်၊ မယှဉ်တဲ့အခါမယှဉ်ဘူး၊ ဒါဆို လွယ်သွားပြီ မဟုတ် ဘူးလား။

ကာမာဝစရကြိယာစိတ်

ကာမာဝစရကြိယာစိတ်တဲ့၊ ခုနအတိုင်းပဲ-
* ၁, ၂ က သောမနဿ ဉာဏသမ္ပယုတ်၊
* ၃, ၄ က သောမနဿ ဉာဏ ဝိပ္ပယုတ်၊
* ၅-၆ က ဥပေက္ခာ ဉာဏ သမ္ပယုတ် * ၇-၈ က ဥပေက္ခာ ဉာဏ ဝိပ္ပယုတ်

ကြည့်လိုက်စမ်း၊ ကြိယာစိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ။ အညသမာန်း စေတသိက် ၁၃-ခု ယှဉ်တယ်၊ သောဘနသာဓာရဏ စေတသိက် ၁၉- ခု ယှဉ်တယ်၊ ဝိရတီ မယှဉ်ဘူး။
ခုနက ပြောတဲ့အတိုင်းပဲ ဝိရတီက လောကီဆိုရင် ဧကန် ကုသိုလ်ဖြစ်ရမယ်တဲ့။ ကုသိုလ်သာ ယှဉ်မယ်ပေါ့လေ၊ သူက ကြိယာဖြစ်နေတော့ မယှဉ်ဘူး။
အပ္ပမညာကျတော့ ဒီကျတော့ ယှဉ်လာပြီ၊ ဘာကြောင့်တုန်းဆိုတော့ သူက ကြိယာစိတ်ကျတော့ ပညတ်ကိုလည်း အာရုံပြုနိုင်တယ်။
ခုနက ဝိပါက်စိတ်ကျတော့ ပညတ်ကို အာရုံမပြုဘူး၊ ကာမတရားကိုသာ အာရုံပြုတယ်၊ ဒါကြောင့်မို့ ဒီကျတော့ အပ္ပမညာယှဉ်နိုင်လာတယ်၊ ဒါကြောင့်မို့ အခု ဘယ်လောက်ရသလဲ၊ ၃၅-ရတယ်၊ အမှန်က ၃၈-ထဲက ဝိရတီ ၃-ခု ထုတ်လိုက်တာပါပဲ။

ကောင်းပြီ၊ ၃-၄ ကျတော့ ဘာလျော့သွားမလဲ၊ ပညာလျော့သွားမှာပေါ့ ၃၅-က ဘာဖြစ်သွားလဲ၊ ၃၄-ဖြစ်သွားတာပေါ့၊ ပညာလျော့သွားမယ်။
၅-၆ ကျတော့ ဘာလျော့ပြီး ဘာပြန်တို့မလဲ၊ ပီတိထုတ်ပစ်၊ ပညာပြန်ထည့်။
၇-၈ ကျတော့ ၂-ခုစလုံး ထုတ်ပစ် ၃၃-ဟုတ်လား၊ ပီတိထုတ်၊ ပညာ၊ ပညိန္ဒြေထုတ် ဒါက ဘာတုန်း၊ ကာမာဝစရသောဘနစိတ် ၂၄-ခုမှာ သင်္ဂဟနည်း၊ ဟုတ်ပြီလား။

[စာမျက်နှာ-340] ကာမာဝစရသောဘနစိတ် ၂၄ ခုမှာ ပုံသေလေး မှတ်ထားဖို့က ကုသိုလ်စိတ်မှာ ဝိရတီလည်းယှဉ်တယ်၊ အပ္ပမညာလည်းယှဉ်တယ်၊ ဝိပါက်စိတ်မှာ ဝိရတီလည်း မယှဉ်ဘူး၊ အပ္ပမညာလည်း မယှဉ်ဘူး၊ ကြိယာစိတ်မှာ ဝိရတီမယှဉ်ဘူး၊ အပ္ပမညာ ယှဉ်တယ်၊ ဒီဟာလေး မှတ်မိထားရင် သွားလို့ရတာပဲ။

ပြီးတော့ ဉာဏသမ္ပယုတ်စိတ်မှာ ပညိန္ဒြေယှဉ်မယ်၊ ဉာဏဝိပ္ပယုတ်စိတ်မှာ ပညိန္ဒြေမယှဉ်ဘူး၊ သောမနဿသဟဂုတ်စိတ်မှာ ပီတိယှဉ်မယ်၊ ဥပေက္ခာသဟဂုတ် စိတ်မှာ ပီတိ မယှဉ်ဘူး။

မေး - ဝိပါက်စိတ်က ကာမတရားကို အာရုံပြုတယ်၊ ပညတ်ကို အာရုံမပြုနိုင်ဘူး ကြိယာစိတ်ကကော။
ဖြေ - ကာမတရားကိုလည်း အာရုံပြုတယ်၊ ပညတ်ကိုလည်း အာရုံပြုတယ်။

ဒီအာရုံတွေအကြောင်းက တတိယပိုင်းကျတော့ လာလိမ့်မယ်၊ ဒါကို တချို့ အဓိပ္ပါယ်တွေက မစုံသေးခင်ဆိုရင် သိပ်မရှင်းဘူး၊ အာရုံပြုတာ နားလည်ပြီးမှ ဒါပြန်ပြောတဲ့အခါကျတော့ သိပ်ရှင်းသွားပြီ။

ဈာန်စိတ်

ဈာန်စိတ်ပိုင်း သွားကြစို့။

ရူပါဝစရစိတ်ကျတော့ ကုသိုလ် ကြိယာအတိုင်း မသွားတော့ဘဲ ပထမဈာန် ဒုတိယဈာန်နှင့်သွားမယ်၊ ဘာလို့တုန်းဆိုရင် ကုသိုလ်မှာလည်း ဒီစေတသိက်ပဲ။

ဒါကြောင့်မို့ ရူပါဝစရစိတ်မှာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်သွားမယ်နော်၊ အပြောက်အပြောက်ကလေးတွေမှာ ကြည့်လိုက်ရင် ကန့်လန့်ဖြတ် ပထမတန်း ၃-ခု၊ ဒုတိယတန်း ၃-ခု၊ တတိယတန်း ၃-ခု၊ စတုတ္ထတန်း ၃-ခု၊ ပဉ္စမတန်း ၃-ခု၊ အဲသလို သွားလိမ့်မယ်။

ရူပါဝစရ ပထမဈာန်စိတ် ၃-ခုရှိတယ်၊ ကုသိုလ်စိတ်၊ ဝိပါက်စိတ်၊ ကြိယာစိတ်၊ အဲဒီ ပထမဈာန်စိတ် ၃-ခုမှာ တစ်ခုတစ်ခုမှာ စေတသိက် ဘယ်လောက် ယှဉ်သလဲတဲ့၊ အညသမာန်းစေတသိက် ၁၃-ခုလုံးနှင့်ယှဉ်တယ်၊ ပြီးတော့ သောဘန သာဓာရဏ ၁၉-ခုနှင့် ယှဉ်တယ်၊ ဝိရတီနှင့် မယှဉ်ဘူး၊ သူတို့က ပညတ်အာရုံပြုတာ၊ ရူပါဝစရစိတ် ဆိုတာက ပညတ်အာရုံပြုတာ၊ အပ္ပမညာကျတော့ ယှဉ်တယ်၊ ဉာဏ်ကလည်း မယှဉ်လို့မရဘူး၊ သူတို့က ဉာဏသမ္ပယုတ်ချည်းပဲ၊ ဝိပ္ပယုတ်ကို မရှိတော့ဘူး။ ဒါကြောင့်မို့ အညသမာန်း စေတသိက် ၁၃-ခုရယ်၊ သောဘနသာဓာရဏ

[စာမျက်နှာ-341] စေတသိက် ၁၉-ခုရယ်၊ ပြီးတော့ အပ္ပမညာရယ်၊ ပညိန္ဒြေရယ် ပေါင်းလိုက်ရင် ဘယ်လောက်တုန်း-၃၅၊ ပထမဈာန်မှာ ယှဉ်တယ်နော်။

ကောင်းပြီ၊ ဒုတိယဈာန် ၃-ခု ကျတော့ ဘာလျော့သွားမလဲ၊ ဝိတက် လျော့သွားမယ်ပေါ့၊ ဒုတိယဈာန်စိတ် ပြန်ကြည့်လိုက်ရင် ဝိတက်ပါရဲ့လား၊ စိတ်ပိုင်းတုန်းကလေ၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ၊ ဈာန်အင်္ဂါ ၅-ပါးနှင့် တကွဖြစ်သော ပထမဈာန်စိတ်။

ဒုတိယဈာန်စိတ်ကျတော့ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန် အင်္ဂါ ၄-ပါးနှင့်တကွဖြစ်သော ဒုတိယဈာန်စိတ်၊ ဟုတ်ပြီလား၊ ဝိတက် ပြုတ်သွားပြီ။

ဒါကြောင့်မို့ ဒုတိယဈာန်စိတ် ၃-ခုမှာ ဝိတက် နုတ်လိုက်တော့ ဘယ်လောက် ကျန်သတုန်း၊ စောစောက ၃၅-ထဲက ဝိတက် နုတ်လိုက် ၃၄-နော်။

တတိယဈာန်စိတ် ၃-ခုကျတော့ ဘာထပ်လျော့သွားမလဲ၊ ဝိစာရ ထပ်လျှော့ သွားမယ် ပီတိသာ ကျန်တော့တယ်၊ ဒါကြောင့်မို့ ခုန ၃၅-ထဲက ဝိတက်၊ ဝိစာရ နုတ်ပြီးတော့ ဘယ်လောက် ကုန်တော့တုန်း၊ ၃၃-နော်။

စတုတ္ထဈာန်ကျတော့ ဘာပြန်ထပ်လျှော့သွားပြန်သလဲ၊ ပီတိပါ ထပ်လျော့ သွားတယ်၊ စတုတ္ထဈာန်က သောမနဿသဟဂုတ်တော့ဟုတ်တယ်၊ ဒါပေမယ်လို့ ပီတိနှင့်မယှဉ်ဘူး၊ ဒါကြောင့်မို့ ပီတိနှင့် သုခ အထူးတုန်းက သုခက အရာကျယ်တယ်၊ ပီတိက အရာကျဉ်းတယ်လို့ ပြောခဲ့တယ်၊ သောမနဿဖြစ်တိုင်း ပီတိနှင့်ယှဉ်တာ မဟုတ်ဘူး၊ ပီတိနှင့် ယှဉ်တိုင်း သောမနဿ ဖြစ်တယ်။

ဒါကြောင့်မို့ စတုတ္ထဈာန်ကျတော့ ပီတိ တစ်ခါ ထပ်နုတ်လိုက်တော့-၃၂ ဖြစ်သွားတယ်။

ပဉ္စမဈာန်ကျတော့ဘာထပ်နုတ်ရမလဲ၊ နုတ်စရာမလိုဘူးနော်၊ ဒါပဲ မဟုတ်ဘူး လား၊ ဘာနုတ်လိုက်တုန်း၊ အပ္ပမညာ။

အပ္ပမညာက ဘာလဲ၊ ကရုဏာနှင့် မုဒိတာက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်နှင့်သာ ယှဉ်တယ်၊ ပဉ္စမဈာန်နှင့် မယှဉ်ဘူး၊ ပဉ္စမဈာန် ဆိုတာက ဥပေက္ခာနှင့်ယှဉ်တယ်။

အဲဒါကြောင့်မို့လို့ အပ္ပမညာစေတသိက် ၂-ခုက ဈာန် ၄-ပါးနှင့်သာ ယှဉ်နိုင်တယ်၊ ပဉ္စမဈာန်နှင့် မယှဉ်ဘူး။

ဒါကြောင့် ပဉ္စမဈာန်ကျတော့ အပ္ပမညာ ၂-ခု နုတ်လိုက်၊ ဘယ်လောက် ရတော့တုန်း၊ ၃၂-ထဲက ၂-ခု နုတ်လိုက်တော့ ၃၀-ရတော့တယ်။

[စာမျက်နှာ-342] ကိုင်း ပြန်ပြောစမ်း၊ ရူပါဝစရ ပထမဈာန်စိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ ၃၅၊ ဘာနုတ်ထားသလဲ၊ ဝိရတီ။

* ဒုတိယဈာန်စိတ်ကျတော့ ဝိတက်နုတ်လိုက်
* တတိယဈာန်စိတ်ကျတော့ ဝိတက်၊ ဝိစာရ နုတ်လိုက်
* စတုတ္ထဈာန်စိတ်ကျတော့ ဝိတက်၊ ဝိစာရ၊ ပီတိ နုတ်လိုက်
* ပဉ္စမဈာန်စိတ်ကျတော့ ဝိတက်၊ ဝိစာရ ပီတိ၊ အပ္ပမညာ ၂-ခု နုတ် လိုက်နော်၊ အပ္ပမညာ ၂-ခုက သူက ရှင်းရှင်းပြောကြစို့ သောမနဿနှင့်သာ ယှဉ်တာပါပဲ။

ဒါကြောင့်မို့ သူက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်မှာသာ ယှဉ်တယ်၊ ပဉ္စမဈာန်မှာ မယှဉ်ဘူး။

အရူပါဝစရစိတ်ကတော့ လွယ်တယ်၊ ဘာကြောင့်တုန်း၊ သူကပဉ္စမဈာန် အတိုင်းပဲ၊ ဈာန်ခွဲလိုက်တဲ့အခါမှာ သူက ပဉ္စမဈာန်ထဲမှာ ထည့်ရတယ်၊ ဘာကြောင့် တုန်း၊ သူမှာ ဈာန်အင်္ဂါ ၂-ပါးပဲရှိတယ်၊ ဥပေက္ခာရယ်၊ ဧကဂ္ဂတာရယ်။

ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးသာ ရှိတဲ့အတွက်ကြောင့်မို့လို့ သူ့မှာ အထူးပြောနေစရာမလိုတော့ဘူး၊ ရူပါဝစရ ပဉ္စမဈာန်အတိုင်းပဲ စေတသိက်တွေ ယှဉ်လိမ့်မယ်၊ ဒါကြောင့်မို့ စေတသိက် ဘယ်လောက်ယှဉ်မလဲ ၃၀-ပဲယှဉ်မယ်။ ရူပါဝစရ ပဉ္စမဈာန်နှင့် အတူတူပဲ။

ဒါကြောင့်မို့ အာကာသာနဉ္စာယတနစိတ်၊ ဝိညာနဉ္စာယတနစိတ် စသည်ဖြင့် ရှိတဲ့ အရူပါဝစရစိတ်တွေမှာ စေတသိက် ဘယ်လောက်ယှဉ်သလဲမေးရင် ၃၀-ပဲ။

အဲဒီ ၃၀-ဟာ ဘယ် ၃၀-လဲဆိုရင် ရူပါဝစရ ပဉ္စမဈာန်မှာ ယှဉ်တဲ့ ၃၀ ပဲ အတူတူပဲ။

လောကုတ္တရာစိတ်

လောကုတ္တရာစိတ်ကိုလည်း ဈာန်တွေနဲ့ ခွဲတယ်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ဒီနေရာမှာတော့ မဂ် ၄-ပါး ဖိုလ် ၄-ပါး သီးခြား ခွဲထားတယ်နော်၊ အမှန်တော့ ပေါင်းလိုက်ရင်လည်းရတယ်၊ သို့သော် မဂ်နှင့် ဖိုလ်နှင့် ကွဲချင်လို့၊ အဲဒီတော့

* သောတာပတ္တိမဂ် ပထမဈာန်စိတ် ၄-ပါး
* သကဒါဂါမိမဂ် ပထမဈာန်စိတ် ၄-ပါး
* အနာဂါမိမဂ် ပထမဈာန်စိတ် ၄-ပါး
* အရဟတ္တမဂ် ပထမဈာန်စိတ် ၄-ပါး အဲသလို ရှိတယ်။

[စာမျက်နှာ-343] တစ်ခါ သောတာပတ္တိဖိုလ် ပထမဈာန် ၄-ပါး စသည်ဖြင့် ရှိတယ်။

အဲဒီတော့ သောတာပတ္တိမဂ် ပထမဈာန်စိတ်မှာ စေတသိက် ဘယ်လောက် ယှဉ်သလဲ၊ အမှန်ကတော့ ပထမဈာန်စိတ် အားလုံးလို့ ပြောရင်လည်းရပါတယ်၊ ဒီမှာ ကွဲနေလို့ပါ၊ လောကုတ္တရာ ပထမဈာန်စိတ် မဂ်ရော၊ ဖိုလ်ရော၊ ပေါင်းလိုက်ရင်လည်း ရတယ်နော်၊ အဲဒီတော့ ပထမဈာန်စိတ် ၈-ခုမှာလို့ ပြောရင်လည်း ပြီးပါတယ်၊ စေတသိက် ဘယ်လောက်ယှဉ်သလဲ-၃၆။

ဒီကျတော့ ဝိရတီယှဉ်လာပြီ၊ ဝိရတီက လောကုတ္တရာကျတော့ အကုန်လုံး ယှဉ်တယ်၊ ဆန်းတယ်နော်၊ လောကုတ္တရာမှာကျတော့ ဝိရတီဟာ အမြဲတမ်းလည်း ယှဉ်တယ်၊ တစ်ပေါင်းတည်းလဲယှဉ်တယ်၊ ကာမာဝစရမှာ ယှဉ်တာနဲ့ ပြောင်းပြန်ပဲ။

ကာမာဝစရမှာကျတော့ တစ်ခါတစ်လေမှလည်းယှဉ်တယ်၊ တစ်ခုစီလည်း ယှဉ်တယ်၊ ဟော ဒီကျတော့ လောကုတ္တရာကျတော့ အမြဲတမ်းလည်းယှဉ်တယ်၊ တစ်ပေါင်းတည်း လည်းယှဉ်တယ်၊ လောကုတ္တရာရဲ့ သတ္တိပဲ။

ဘာကြောင့်လဲဆိုတော့ ဝိရတီရဲ့ အာရုံဖြစ်တဲ့ဝိရတိစေတသိက်တွေ ရှောင်တဲ့ ဒုစရိုက် ဒုရာဇီ၊ ဒုစရိုက်တို့ မကောင်းတဲ့ အသက်မွေးမှုတို့ကို အပြီးသတ် တစ်ခါတည်း မဂ်နှင့်ပယ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လောကုတ္တရာစိတ် ကျတော့ ဝိရတီ စေတသိက်ဟာအမြဲတမ်းလည်း ယှဉ်တယ်၊ ၃-ခုလုံးလည်း ယှဉ်တယ်လို့ ဒီလို ယူရတယ်။

ဒါကြောင့်မို့ ဝိရတီသာယှဉ်တယ်၊ အပ္ပမညာကျတော့ မယှဉ်ဘူး၊ ဘာကြောင့် လဲ ဆိုတဲ့အခါကျတော့ လောကုတ္တရာစိတ်က နိဗ္ဗာန်ကို အာရုံပြုတယ်၊ အပ္ပမညာက သတ္တဝါပညတ်ကိုအာရုံပြုတယ်၊ အာရုံပြုတာချင်း မတူဘူး၊ ဒါကြောင့်မို့ သူတို့ မယှဉ်နိုင်ဘူး၊ ဒါကြောင့်မို့ အညသမာန်း စေတသိက်-၁၃-ခု၊ သောဘနသာဓာရဏ ၁၉ ခု၊ ဝိရတီ ၃-ခု၊ ပြီးတော့ ပညိန္ဒြေ-၁ ခု၊ အားလုံး ၃၆-ပဲယှဉ်တယ်။

* ဒုတိယဈာန်စိတ် ၁-ခုလျော့ ဝိတက်လျှော့
* တတိယဈာန်စိတ် ဝိတက် ဝိစာရ လျှော့
* စတုတ္ထဈာန်စိတ် ဝိတက်၊ ဝိစာရ၊ ပီတိ၊ လျှော့
* ပဉ္စမဈာန်စိတ် ဝိတက်၊ ဝိစာရ၊ ပီတိလျှော့

ဒါကြောင့်မို့ စတုတ္ထဈာန်နှင့် ပဉ္စမဈာန် ဒီကျတော့ သင်္ချာတူတယ်၊ ၃၃ ချင်းတူတယ်။

ထို့အတူပဲ ဖိုလ်ပထမဈာန်စိတ် ၄-ခု၊ စေတသိက်ဘယ်လောက်တုန်း ၃၆။

[စာမျက်နှာ-344] * ဒုတိယဈာန်စိတ် - ၃၅
* တတိယဈာန်စိတ် - ၃၄
* စတုတ္ထဈာန်စိတ် - ၃၃
* ပဉ္စမဈာန်စိတ် - ၃၃၊ အတူတူပဲ။

စိတ်ပိုင်းမှာ ကောင်းကောင်းမကျေတော့ ဒီမှာလည်းလာပြီး မရှင်းမလင်းဖြစ်နေ တာမို့လား၊ အဲဒီတော့ ကိုယ်က စေတသိက်တွေကိုလည်း မြင်နေရမယ်၊ အညသမာန်း စေတသိက်၊ အကုသိုလ်စေတသိက်၊ သောဘနစေတသိက်၊ ဆိုပြီးတော့ စိတ်ကလည်း မြင်နေပြီးတော့ ဟပ်ယူရတာပေါ့။ သို့သော် ဒီဇယားကွက်ကိုကြည့်ပြီးတော့ ရှာတတ်ရင် တစ်ထစ်တက်လာပြီ၊ အလွယ်ပြောနိုင်ရင် သိနိုင်ရင်တော့ ဒါအကောင်းဆုံးပဲ၊ ခုနလို အချက်ကလေးတွေကို မှတ်ထားရင် စဉ်းစားလို့ရပါတယ်။

ဝိရတီဆိုတာ ကာမာဝစရ ကုသိုလ်မှာ ယှဉ်တယ်၊ လောကုတ္တရာမှာယှဉ်တယ်၊ ကာမစိတ်ကုသိုလ်မှာ ယှဉ်ရင် သူက ရံခါ အသီးအသီး ယှဉ်တယ်၊ လောကုတ္တရာယှဉ်ရင် အမြဲတစ်ပေါင်းတည်း ယှဉ်တယ်။

အပ္ပမညာစေတသိက်ကျတော့ သူက ပညတ်ကို အာရုံပြုတယ်၊ ဒါကြောင့်မို့ ကာမာဝစရဝိပါက်မှာ သူမယှဉ်ဘူး၊ ပဉ္စမဈာန်ဆိုတော့ သူမယှဉ်ဘူးပေါ့ ပီတိဆိုရင်လည်း သောမနဿဆိုရင် ယှဉ်မယ်၊ ဥပေက္ခာဆိုရင် မယှဉ်ဘူး၊ စတုတ္ထဈာန်ကျတော့ သောမနဿဖြစ်ပေမယ်လို့ ပီတိမယှဉ်ဘူး၊ ဒါက ဘာဝနာနှင့် ပယ်ခွာထားတာကိုး။

ဉာဏသမ္ပယုတ်ဖြစ်ရင် ပညိန္ဒြေယှဉ်မယ်၊ ဉာဏဝိပ္ပယုတ်ဖြစ်ရင် ပညိန္ဒြေ မယှဉ်ဘူး။

သင်္ဂဟနည်း

အဲသလိုဟာလေးတွေ သိနေရင် ရှာလို့ရပါတယ်၊ အဲဒါအားလုံး သင်္ဂဟနည်း၊ တစ်ခေါက်ပြန်သွားလိုက်ကြရအောင်၊ ဒီတစ်ခါ သင်္ချာနှင့်သွားမယ်။

လောဘမူ
* ပထမစိတ်မှာ ၁၉
* ဒုတိယစိတ်မှာ ၂၁
* တတိယစိတ်မှာ ၁၉
* စတုတ္ထစိတ်မှာ ၂၁
* ပဉ္စမစိတ်မှာ ၁၈
* ဆဋ္ဌမစိတ်မှာ ၂၀
* သတ္တမစိတ်မှာ ၁၈

[စာမျက်နှာ-345] * အဋ္ဌမစိတ်မှာ ၂၀

ဒေါသမူ * ပထမစိတ်မှာ ၂၀
* ဒုတိယစိတ်မှာ ၂၂

မောဟမူ
* ပထမစိတ်မှာ ၁၅
* ဒုတိယစိတ်မှာ ၁၅

အဟိတ်စိတ်သွားလိုက်စမ်း * ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ၇-ခု
* သမ္ပဋိစ္ဆိုင်းဒွေးမှာ ၁၀-ခု
* ဥပေက္ခာသန္တီရဏမှာ ၁၀-ခု
* သောမနဿ သန္တီရဏမှာ ၁၁-ခု
* ပဉ္စဒွါရာဝဇ္ဇန်းမှာ ၁၀-ခု
* မနောဒွါရာဝဇ္ဇန်းမှာ ၁၁-ခု
* ဟသိတုပ္ပါဒ်မှာ ၁၂-ခု

ကာမာဝစရကုသိုလ်စိတ် * ၁-၂မှာ ၃၈
* ၃-၄မှာ ၃၇
* ၅-၆မှာ ၃၇
* ၇-၈ မှာ ၃၆

ကာမာဝစရဝိပါက်စိတ်
* ၁-၂မှာ ၃၃
* ၃-၄မှာ ၃၂
* ၅-၆မှာ ၃၂
* ၇-၈ မှာ ၃၁

ကာမာဝစရကြိယာစိတ်
* ၁-၂မှာ ၃၅
* ၃-၄ မှာ ၃၄

[စာမျက်နှာ-346] * ၅-၆မှာ ၃၄
* ၇-၈ မှာ ၃၃

ရူပါဝစရ - ကုသိုလ်စိတ် * ပထမဈာန် ၃-မှာ ၃၅
* ဒုတိယဈာန် ၃- ခု ၃၄
* တတိယဈာန် ၃- ခု ၃၃
* စတုတ္ထဈာန် ၃- ခု ၃၂
* ပဉ္စမဈာန် ၃- ခု ၃၀

အရူပါဝစရ - စိတ် ၁၂ ခုလုံးမှာ ၃၀

လောကုတ္တရာ * ပထမဈာန်မှာ ၃၆
* ဒုတိယဈာန်မှာ ၃၅
* တတိယဈာန်မှာ ၃၄
* စတုတ္ထဈာန်မှာ ၃၃
* ပဉ္စမဈာန်မှာ ၃၃

ဒီကျတော့ စတုတ္ထနှင့် ပဉ္စမကတူတယ်၊ ဖိုလ်စိတ် ၄-ခုမှာလည်း ဒီအတိုင်းပါပဲ၊ အဲဒါဟာ သင်္ဂဟနည်း၊ အဲဒီတော့ သမ္ပယောဂနည်းရယ်၊ သင်္ဂဟနည်းရယ်၊ ဒီနှစ်ခုနှင့် လှည့်ချေလိုက်ရင်တော်တော်လေး ကျေသွားလောက်တယ်။

ဒါကြောင့်မို့ပြောတာ၊ စိတ်ပိုင်းကျေပစေ၊ ကျေပစေပြောတာအဲဒါပဲ။ ကျေအောင်လုပ်နော်၊ နည်းနည်းချင်းလုပ်သွားပါ၊ တစ်ခါတည်း ကုန်အောင်တော့ စိတ်မကူးနှင့် စိတ်ပင်ပန်းတယ်၊ နည်းနည်းချင်းလုပ်သွားရင် ရတယ်။

အဲဒီတော့ ဒီဇယားကွက်ကို အထက်ကနေ အောက်ကို ဖတ်လိုက်ရင် သမ္ပယောဂနည်း၊ ဘယ်ဘက်က ညာဘက်ကို ကန့်လန့်ဖြတ်ဖတ်လိုက်ရင် သင်္ဂဟနည်း ဖြစ်တယ်၊ ဒါ ရှာလို့လွယ်ပါပြီ။

ဆိုပါတော့ ဒိဋ္ဌိစေတသိက်ဟာ စိတ်ဘယ်လောက်နှင့် ယှဉ်သလဲလို့ သိချင်ရင် ဒိဋ္ဌိ ဒေါင်လိုက် ဖတ်လိုက်ရုံပဲ၊ လောဘမူပထမစိတ်မှာ စေတသိက် ဘယ်လောက် ယှဉ်သလဲဆိုရင် အဲဒီ လောဘမူ ၁-ကို ကန့်လန့်ဖြတ်ဖတ်လိုက်ရုံပဲ၊ အဲဒီ ကျရင်

[စာမျက်နှာ-347] တွေ့မှာပေါ့၊ ဒိဋ္ဌိစေတသိက်နှင့် ယှဉ်တာဆို ၄-တွေ့လိမ့်မယ် လောဘမူ ပထမ စိတ်နှင့် ယှဉ်တာဆို ၁၉ တွေ့လိမ့်မယ်၊ အဲသလို သွားရမယ်။

နောင်ခါကျတော့ စိတ်ယှဉ်စေတသိက်ယှဉ် ပြောလိုက်ရင်မြင်နေမှကောင်းမယ်၊ မမြင်ရင် ရှုပ်ထွေး ရှုပ်ထွေးသွားမယ်၊ ဒါဟာ မရောသေးဘူး၊ မတွဲသေးဘူးနော်၊ ယှဉ်တာကို compatibility၊ ယှဉ်တယ်ဆိုတာ အတူတူဖြစ်တာကို ပြောတာ compare လုပ်တာကိုပြောတာမဟုတ်ဘူး၊ တစ်ပြိုင်နက် ဖြစ်တာကို ယှဉ်တယ်လို့ ဆိုတယ်။

မေး - ထူးဆန်းတယ်ဆိုတာ ဒွေးပဉ္စဝိညာဏ် ၁၀-နဲ့ တွဲတဲ့ စေတသိက် ၇-ခု။ တော်တော် ပြင်းထန်တယ်နော်။
ဖြေ - ဒွေးပဉ္စဝိညာဏ် ၁၀-က စေတသိက် ၇-ခုထဲပဲရှိတယ်၊ သူကတော်တော် ပြင်းထန်တယ်၊ impact ဖြစ်တယ်၊ တခြားဟာဘာမှ မလိုတော့ဘူး။

မေး - သူဖြစ်နေတဲ့အချိန်မှာ အခြားစေတသိက်တွေပေါ်ဖို့ အလားအလာနည်းသွားတယ်ပေါ့။
ဖြေ - သူဖြစ်နေတဲ့အချိန်မှာ အခြားစေတသိက်တွေ မရှိဘဲ ဒီ ၇-ခုထဲပဲ ဖြစ်နေတော့တယ်၊ သူဖြစ်ပြီးနောက်ကျတော့ကို သမ္ပဋိစ္ဆိုင်းစိတ်ဖြစ်မယ်၊ အဲဒီ ကျတော့ သမ္ပဋိစ္ဆိုင်းအရာ ၁၀-ခု ဖြစ်သွားတယ်၊ ဟို စိတ်ပိုင်းတုန်းက ဥပမာလေးတွေနဲ့ ပြောခဲ့ပါရောလား၊ သရက်ပင်အောက်မှာ လူအိပ်နေတဲ့ ဥပမာလေး တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု သွားတယ်၊ သူ့ အခိုက်အတန့်နှင့် သူ့ အခိုက်၊ ဒီမယ်စေတသိက် ကလေးတွေ ယှဉ်ယှဉ်သွားရမယ်။

အဲဒါကြောင့်မို့လို့ တက်ပြီးသားကိုတော့ ကျေပစေ၊ တက်ပြီးသား မကျေရင် မကောင်းဘူး။

ဒါဟာ ရိုးရိုးလေးသွားတာရှိသေးတယ်၊ တွဲတာ မရှုပ်သေးဘူး၊ ကိုင်း နည်းနည်းနည်းနည်း (Just for a sample) မောဟမူဒွေးဆိုပါတော့၊ မောဟမူဒွေးမှာ စေတသိက်ဘယ်လောက်ယှဉ်သလဲလို့ မေးမယ်၊ ၂-ခုပေါင်းကြည့်ရလိမ့်မယ်၊ ကဲ ဘယ်လောက်ရလဲ၊ မောဟမူဒွေးနှင့် ယှဉ်နိုင်တဲ့ စေတသိက်ပေါင်း ဘယ်လောက် ရှိသလဲ၊ တူတာကို မယူဘူး၊ မတူတာကို ယူမယ်၊ ၁၆- ခု မဟုတ်ဘူးလား၊ မောဟမူဒွေးမှာ ပထမစိတ်နှင့်က ၁၅-ခု ယှဉ်တယ်၊ ဒုတိယစိတ်နှင့်က ၁၅-ခု ယှဉ်တယ်၊ ၂-ခုလုံးနှင့် ယှဉ်တာကို ရှာစမ်းပါဆိုရင် ၁၆- ခုရမယ်၊ အဲဒါမျိုးပေါ့။ အဲဒါကတော့ ပိုပြီးတော့ ရှုပ်သွားလိမ့်မယ်၊ မလုပ်ကြနဲ့ဦးစို့။

[စာမျက်နှာ-348] တူတာကျတော့ ဒီအတိုင်းထား၊ မတူတာကျတော့ ထပ်ထည့်တယ်၊ ပထမ ၁၅-ခုကြည့်ထား အဲဒီ ၁၅ -ခုထဲမှာ ဘာထပ်ထည့်မလဲ၊ အဓိမောက္ခထပ်ထည့်မယ်။ ဒါပဲပေါ့၊ ဝိစိကိစ္ဆာက နဂိုတည်းက ပါပြီးသားလေ။

အဲဒီလို အကုန်လုံး စုစုမေးရင် ပေါင်းရတဲ့အခါကျ မလွယ်ဘူး၊ ပထမစိတ်က စိတ်တစ်ခုမှာ ရှိပြီးသား၊ နောက်ဟာတွေက မတူတာ ထပ်ထပ်ထည့်သွားမှာ၊ တူတာကတော့ သင်္ချာမတိုးတော့ဘူး။

အခု ပထမစိတ်နှင့် ၁၅-ခု ယှဉ်ထားတော့ ဒုတိယစိတ်ကလည်း ၁၅-ခုပဲ အဲဒီ ၂-ခုမှာ ကြည့်လိုက်ရင် common ဖြစ်တာ ၁၄-ခုရှိတယ်၊ အဓိမောက္ခက ဒုတိယစိတ်နှင့် ယှဉ်တယ်၊ ဝိစိကိစ္ဆာက ပထမစိတ်နှင့် ယှဉ်တယ်၊ ၂-ခုစလုံး ထပ်ထည့်လိုက်၊ ၁၄-ထဲ ၂- ခုထည့် ၁၆-ခု၊ အဲဒီနည်းနှင့်သွားမယ်နော်။

အခု ဒါက သဂြိုလ်လို့ခေါ်တဲ့ ကျမ်းမှာပြတဲ့နည်း၊ သမ္ပယောဂနည်း၊ သင်္ဂဟနည်း၊ ဒီ ၂- နည်းပဲ။

ဒါတောင်မှ ခက်ပြီလို့ ထင်နေရင် ဦးဇင်းတို့ မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရှိတယ်၊ မြန်မာပြည်မှာ ဆရာတော်ကြီးက နောက်တစ်နည်း ထပ်ထည့် လိုက်သေးတယ်၊ မိဿကနည်းတဲ့။

အဲဒါကဘာလဲဆိုတော့ စေတသိက်ချင်း ယှဉ်တဲ့နည်း၊ အဲဒါကျတော့ ဒီ ၂-နည်းကို ရောမွှေလိုက်တာ။

ဆိုပါတော့ ဖဿ စေတသိက်နှင့် စေတသိက်ပေါင်း ဘယ်လောက်ယှဉ်သလဲ။ စေတသိက် စေတသိက်ချင်းမေးတာ၊ ဖဿစေတသိက်နှင့် စေတသိက် ဘယ်လောက် ယှဉ်သလဲသိချင်ရင် ဖဿစေတသိက်နှင့် စိတ်ဘယ်လောက်ယှဉ်သလဲပထမ အရင်ရှာရမယ်၊ ပြီးတော့မှ အဲဒီစိတ်တွေအားလုံးနှင့် စေတသိက် ဘယ်လောက်ယှဉ် သလဲ ရှာပြီးတော့ ရတော့မှ ဖဿပါနေရင် ဖဿပြန်နုတ်လိုက်၊ အဲဒီနည်းနှင့် သွားတာ၊ အဲဒါတော့ ပိုရှုပ်တယ်၊ အခု ပထမဆုံးဟာတော့ သိပ်လွယ်တယ်။

ဆိုပါတော့၊ ဖဿက စိတ်အားလုံးနှင့် ယှဉ်တယ်မို့လား၊ အဲဒီ စိတ်အားလုံးနှင့် စေတသိက်အားလုံး မယှဉ်ဘူးလား၊ ယှဉ်တယ်ဆိုရတာပေါ့၊ ဒါဖြင့်ရင် စေတသိက် ၅၂-ခုပဲရတယ်၊ အဲဒီတော့ ဒီဖဿသည် ဖဿနှင့် ယှဉ်တယ်လို့ မပြောနိုင်ဘူး၊ ဒါကြောင့်မို့ ဖဿနုတ်လိုက်၊ ဖဿသည် စေတသိက် ၅၁ - ခုနှင့် ယှဉ်တယ်။

လောဘ ကျတော့ ဒီလိုမဟုတ်တော့ဘူး၊ လောဘကျတော့ လောဘမူစိတ်

[စာမျက်နှာ-349] ၈-ခုနှင့်ပဲ ယှဉ်မှာမဟုတ်လား၊ အဲဒီကျတော့ သောဘန စေတသိက်တွေ မပါတော့ဘူးပေါ့၊ အဲသလိုနည်းနဲ့ ရှာသွားတဲ့နည်းကို ဝိသုဒ္ဓါရုံဆရာတော်ကြီးက ထွင်ထားတာ၊ မိဿကနည်းခေါ်တယ်၊ အဲဒါတော့ ရေးတော့ ပေးဦးမှာပေါ့လေ၊ နောက်အပတ် ကျရင်နော်၊ လက်ထဲရှိထားရင် နောင်တစ်ချိန် အချိန်ရရင် လေ့လာချင်ရင် လေ့လာလို့ ဖြစ်တာပေါ့။

ဒါကြောင့်မို့ အခု ဒီနေ့ဆိုပါတော့ စိတ်နှင့်စေတသိက် ၂- ခုကိုပေါင်းပြီးတော့ လေ့လာပြီးပြီပေါ့နော်၊ စိတ်ဘယ်လောက်ရှိတုန်း၊ အကျဉ်းအားဖြင့် ၈၉၊ အကျယ်အားဖြင့် ၁၂၁-ပါးရှိတယ်၊ စေတသိက်က ၅၂-ပါးရှိတယ်၊ အဲဒီမှာ စိတ်တစ်ခုခုမှာ စေတသိက် ဘယ်လောက်ဘယ်လောက်ယှဉ်တယ်၊ တစ်ခါ စေတသိက် တစ်ခု တစ်ခုနှင့် စိတ်ဘယ်လောက် ဘယ်လောက်ဖြစ်တယ်၊ ဒါတွေအားလုံး ရောနှောလေ့လာ ပြီးပြီ။

ပြီးတော့ ဒီ စေတသိက်တွေထဲမှာ နိယတယောဂီနှင့် အနိယတယောဂီ ၂-မျိုးလည်း ဟိုနေ့က လေ့လာပြီးပြီ၊ သူနှင့်ယှဉ်တယ်ဆိုတဲ့စိတ်နှင့် အမြဲတမ်းယှဉ်တာ ဖြစ်တိုင်းယှဉ်တာနော်၊ သူနဲ့ ယှဉ်တယ်ဆိုတဲ့စိတ်နှင့် ရံခါသာ ယှဉ်တာ၊ အဲဒါလည်း လေ့လာပြီးပြီဆိုရင် စိတ်ပိုင်းနှင့် စေတသိက်ပိုင်း ၂-ခု ပြီးသွားပြီ၊ စိတ်နှင့် စေတသိက်ဆိုတာ ဘယ်တော့မှ ခွဲဖြစ်တာမဟုတ်ဘူး၊ စိတ်ဖြစ်ရင် စေတသိက်က ပါတော့တာဆိုတော့ အမှန်တော့ ဘယ်ခါပဲဖြစ်ဖြစ် စိတ်ချည်းသီးခြား၊ စေတသိက်ချည်း သီးခြားဆိုတာ မရှိဘူး၊ စကားအနေနဲ့ ပြောရင်သာရှိတာ တကယ့်တကယ် ကျတော့ ဒါတွေအမြဲတမ်းဖြစ်နေတာ။

အဲသလို အမြဲတမ်းအတူတကွဖြစ်နေတဲ့သဘောတရားတွေကို မြတ်စွာဘုရား မို့သာ တစ်ခုချင်း၊ တစ်ခုချင်း ခွဲခြားပြီးတော့ ဟောနိုင်တော်မူတာ၊ ရိုးရိုးပုဂ္ဂိုလ်တွေအနေနဲ့ဆိုရင်တော့ နည်းနည်းပါးပါးတော့သိတယ်၊ တရားထိုင်တဲ့အခါမှာ မြင်လာတဲ့အခါမှာ ဒီသဘောလေးတွေကို တစ်ခုသိမယ်၊ နှစ်ခုသိမယ်၊ ဒါပေမဲ့ အားလုံးသိဖို့ ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ဆိုရမယ်။

သို့သော် ကိုယ့်မှာ ဉာဏ်ရှိသလောက်၊ ပါရမီရှိသလောက်၊ ပါရမီဉာဏ် ဝိပဿနာဉာဏ်ထက်သန်သလောက် အသိလေးတွေ မြင်မြင်သွားမယ်၊ ရှင်းရှင်း ပြီးသွားမယ်။

ဘာနဲ့တူသလဲဆိုရင် ဆိုပါတော့ အရသာ ၃-၄ မျိုးရောပြီးထားတဲ့ အစာ တစ်ခု စားတဲ့အခါကျတော့ စပ်တယ်ဆိုတာလည်း ကိုယ်သိတယ်၊ ငန်တယ်ဆိုတာ

[စာမျက်နှာ-350] လည်း သိတယ်၊ ချဉ်တယ်ဆိုတာလည်းသိတယ်၊ အမှန်ကတော့ ရောနေတာပဲ၊ ရောနေပေမယ်လို့ ဒီအရသာလေးတွေ တစ်ခု၊ တစ်ခုကို သိသွားတယ်၊ ဘာကြောင့်လဲဆို ကိုယ်က ဒါနဲ့ (Familiar) ဖြစ်နေပြီးသား။

အဲဒါမျိုးကို တကယ်ထိုင်ပြီးတော့ ရှုမှတ်လာပြီဆိုတော့ ဒီသဘောလေးတွေ တစ်ခုချင်း၊ တစ်ခုချင်းကတော့ သိတာပဲ၊ တစ်ပြိုင်နက်ဖြစ်နေတာ၊ ရောနေတာ၊ ဒါပေမယ်လို့ ခွဲခြားပြီးတော့ သိနေတာပဲ၊ ခုနက ပြောသလို လွန်ခဲ့တဲ့အပတ်ကလား၊ ဟိုဘက်အပတ်ကလား၊ ဘယ်သူပို့တဲ့ဟင်းမှန်း မသိပါဘူး၊ ဟင်းရည်ပေါ့လေ။ ဟင်းရည်ဆိုတော့ ကိုယ်ကတော့ နေရာကျပြီဆိုပြီးတော့ သောက်လိုက်တာ၊ စပ်လိုက်တာ၊ ငရုတ်သီး မမြင်ရဘဲနဲ့ စပ်တာ။

ဆိုလိုတာကတော့ စပ်တယ်ဆိုတဲ့ အရသာလည်း ကိုယ်သိသွားတယ်၊ ဒီအထဲမှာ တခြားငန်တဲ့ အရသာလေးလည်းသိတယ်၊ ချဉ်တဲ့အရသာလေးလည်း သိတယ်၊ ရောနေတာပဲ၊ အမှန်ကတော့ သိဖို့မကောင်းဘူး၊ ဒါပေမယ်လို့ ကိုယ့်လျှာက ခွဲခြားပြီးသိနေတာ၊ လျှာပါးတယ်ခေါ်မလား၊ အဲဒီအတိုင်းပဲ ကိုယ့်ဉာဏ်က ပါးနပ်လာတဲ့ အခါကျတော့ ဒီဟာလေးတွေက သိလာတာပဲ၊ အဲဒါကြောင့်မို့ အလွန်စိတ်ဝင်စားဖို့ကောင်းတယ်၊ အဲဒါ စိတ်တော့မပျက်ကြနဲ့ ကြိုးစားပြီးတော့ မှတ်မိလေ ကိုယ့်မှာ အရသာတွေ့လေ ဖြစ်လိမ့်မယ်နော်၊ ဘာလို့တုန်း တစ်နေ့တစ်နေ့ တက်ထားတာကို နည်းနည်းလုပ်သွား၊ အမှန်တိုင်း ပြောရင်တော့ ကျေအောင်လုပ်ဖို့ တစ်ပတ်လုံးအချိန်ရှိတယ်၊ ဒီတိတ်ပဲ ပြန်ပြန် နားထောင်သွားပြီးတော့ ဒီစာအတိုင်းပဲလုပ်သွားပါ။

အဲဒီတော့ ဟို အပြောက်အစက်ကလေးတွေကိုလည်း မျက်စိထဲ မြင်အောင် ကြိုးစားနော်၊ ပြောလိုက်တယ်ဆိုရင်၊ တန်းမြင်နေတယ်ဆိုရင် အနီ ၄-ခု အပြာ ၄-ခု ဘာပဲ၊ ညာပဲဒါလေးတွေ မြင်သွားရင် ကောင်းမယ်။

အဲဒီတော့ အဲဒီဟာလေးတွေ တစ်ခုချင်းတစ်ခုချင်းကို (identify) လုပ်နိုင်အောင် ကြိုးစားသွားတယ်၊ ဒါဖြစ်တယ်၊ ဘာကြောင့်တုန်းသူတို့ (Chemistry) သမားတွေကျတော့ ဒီလိုမှတ်တာ၊ သူတို့လဲ တစ်ရာကျော်ရှိတာပဲ၊ အောင်မယ်၊ မှတ်တော့လည်း သူတို့ အလွတ်ရေးနိုင်တဲ့ သူတွေရှိတယ်နော်။

အဲဒီအတိုင်းပဲ စိတ် ၈၉၊ ၁၂၁-လည်းဘာမှ ခဲယဉ်းတာမဟုတ်ဘူး၊ အမှန်ကတော့ နည်းနည်းချင်းသာလုပ်သွား။

ကောင်းပြီ၊ ဒါဖြင့်ရင် စိတ်ပိုင်းနှင့် စေတသိက်ပိုင်း၊ ဒီနေ့စေတသိက်ပိုင်း

[စာမျက်နှာ-351] ပေါ့လေ၊ စေတသိက်ပိုင်းအပြီးပဲ ထားကြစို့၊ ဟုတ်လား၊ သို့သော် ခုနက ပြောတဲ့ မိဿကနည်းဆိုတဲ့ အပေါင်းနည်းကို နောက်အပတ်ကတော့နည်းနည်းပြောပြမယ်ပေါ့။ ဘာတုန်းဆိုတော့ မြန်မာဆရာတော်တွေ ဘယ်လောက်ထိအောင် အဘိဓမ္မာကို မွှေနှောက်ထားတယ်၊ ဘယ်လောက်ထိအောင်လုပ်ထားတယ်ဆိုတာ သိစေချင်တယ်။

အမှန်အတိုင်းပြောတော့ ဦးဇင်းတို့က ဒီကျမ်းဂန်တွေ ဒီအဘိဓမ္မာတွေကို သူများဆီကရတာနော်၊ အိန္ဒိယက သီဟိုဠ်က ရတာမဟုတ်လား၊ ရပေမယ်လို့ တို့မြန်မာဆရာတော်တွေက အရှိအတိုင်းလေး တင်ယူတာ မဟုတ်ဘူး၊ ထပ်ပြီးတော့ ဖြည့်လိုက်သေးတယ်၊ ထွင်လိုက်သေးတယ်ဆိုတာလည်း သိစေချင်တယ်၊ ဒါ မြန်မာနိုင်ငံမှာ ထွင်ထားတာ၊ ညဝါဆိုတာတွေ နောက်ရှိသေးတယ်နော်။

ဒါကြောင့်မို့ အဘိဓမ္မာနဲ့ ပတ်သက်လာရင်တော့ မြန်မာဖြစ်ရတာဟာ အလွန်အလွန်ကံကောင်းတယ်လို့ဆိုရမှာ၊ တခြားလူမျိုးတွေ ဒီလိုသင်ခွင့် အခွင့်အလမ်း သိပ်မရကြဘူး၊ ဘာပြုလဲဆိုတော့ သူတို့နိုင်ငံတွေမှာ ဒီ အဘိဓမ္မာ အစဉ်အလာက ပြတ်သလောက် ဖြစ်သွားတာ၊ အခုမှပြန်ပြီးတော့ လုပ်နေရတာဆိုတော့ သိပ်မြန်မာပြည်လို မဟုတ်တော့ဘူး၊ မြန်မာပြည်ကတော့ အခုထိအောင် သွားနေတုန်းပဲ။ အစဉ်အလာဟာ နောက်လည်းသွားနေမှာပဲ။ ကောင်းပြီ စိတ်နှင့်စေတသိက်တဲ့။

olqjkfcvpdlw1lcryxtnu1owdu4my2t
21768
21764
2026-03-31T15:47:14Z

8uk8asak2g8m5buheb4u0p4my3su0jj
21769
21768
2026-03-31T15:49:01Z
Tejinda
173
21769
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)
| author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.)

ao241dm47npdfklip32hb3gnglt3pn7
အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)
0
6164
21765
2026-03-31T15:40:40Z
Tejinda
173
"{{header | title = အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ) | author = အရှင်သာသနဝရ (ဓမ္မာစရိယ) | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ်း..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21765
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)
| author = အရှင်သာသနဝရ (ဓမ္မာစရိယ)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ)]]
| previous2 =
| next = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (စတုတ္ထတွဲ)]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

(တတိယတွဲ)
အဂ္ဂမဟာပဏ္ဍိတ-အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်

[စာမျက်နှာ-1]
အဘိဓမ္မာသင်တန်း ၂၇

ဘုံပိုင်း (ဝီထိမုတ်ပိုင်း)

ဘူမိစတုက္က ပဋိသန္ဓေစတုက္က

မေလ ၁၅-ရက်နေ့။

ပဉ္စမပိုင်းစမယ်၊ ဘုံပိုင်းလို့လည်းခေါ်တယ်၊ ဝီထိမုတ်ပိုင်းလို့လည်း ခေါ်တယ်။

ဘုံပိုင်းလို့ ခေါ်တာကတော့ ၃၁-ဘုံက စပြီးတော့ပြတာ၊ ဝီထိမုတ်ပိုင်းလို့ ခေါ်တာကတော့ နောက်ဆုံးအပိုင်းက မရဏာသန္နဝီထိပေါ့လေ၊ သေခါနီး အခါ ကာလ၌ဖြစ်ပုံကိုပြတာ၊ သေတဲ့စိတ်ဆိုတော့ ဝီထိမုတ်စိတ်၊ အဲဒါကြောင့် ဝီထိမုတ်ပိုင်းလို့ ခေါ်တယ်၊ ဝီထိမုတ်ပိုင်းခေါ်တာကတော့ ကျမ်းဆရာကိုယ်တိုင် ပေးတဲ့နာမည်။

ဘုံပိုင်းဆိုတာကတော့ မြန်မာပြည်မှာ ခေါ်ကြတာ၊ ဘုံပိုင်းမှာ ပထမဦးဆုံး ဘူမိစတုက္ကလို့ခေါ်တဲ့ ဘုံလေးမျိုးလို့ပြောရင် ဟုတ်တယ်ပေါ့၊ ၃၁-ဘုံလို့ပြောရင်လည်း ဟုတ်တယ်ပေါ့၊ အဲဒီဘုံတွေကို ပထမပြောပြတယ်၊ အဲဒီနောက် ပဋိသန္ဓိစတုက္ကဆိုတာက ပဋိသန္ဓေအကြောင်းပြောပြတယ်၊ ဘုံနဲ့ပဋိသန္ဓေနဲ့ ပဋိသန္ဓေစိတ်နဲ့ စသည်ဖြင့် သွားတာ။

ပုံလေးပြပြီး ပြောရတာ သိပ်လွယ်သွားပြီ၊ ဘုံ ၃၁-ရှိတော့ ၃၁-ဘုံ အကြောင်းတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နားလည်ရမှာ၊ ဒီပုံကို ကြည့်လိုက်တဲ့အခါ အောက်ဆုံးမှာဘာတွေ့တုန်း၊ အနန္တာကာသ၊ အနန္တ ဆိုတာက အဆုံးမရှိတာ၊

[စာမျက်နှာ-2] အာကာသဆိုတာက ကောင်းကင်ပေါ့၊ အဆုံးမရှိတဲ့ကောင်းကင်ကြီးရှိတယ်၊ အဲဒီ အဆုံးမရှိတဲ့ ကောင်းကင်ကြီးရဲ့ အထက်မှာ ဘာတည်သလဲဆိုရင်တော့ လေထု တည်တယ်၊ အဲဒီလေထုက ဘယ်လောက်ကျယ်ဝန်းသလဲဆိုရင် ဘယ်လောက်မြင့် သလဲဆိုရင်ယူဇနာ ၉-သိန်း ၆-သောင်းတဲ့။

> ကိုးသိန်းခြောက်သောင်း အထုပေါင်း၊ တည်လျောင်းအောက်ခံလေ။

ဒါက လယ်တီဆရာတော်ဘုရားကြီး ရေးထားတဲ့လင်္ကာ။

ကိုးသိန်း ခြောက်သောင်း ယူဇနာရှိတယ်တဲ့၊ အဲဒီလေထုအပေါ်မှာမှ ရေထု ရှိတာတဲ့၊ လေက အောက်ကခံတာနော်၊ လေကပင့်ထားလို့ ရေကနေနိုင်တာ၊ ဒါကြောင့်မို့ ဝါယောဓာတ်က ဝိက္ခမ္ဘနသတ္တိ ထောက်ကန်တွန်းကန်တတ်တဲ့ သတ္တိရှိတယ်၊ ဝါယောဓာတ် ရှိတဲ့အတွက်ကြောင့်မို့ လူတွေထောင်နိုင်တာနော်၊ အမျိုးမျိုး အစုံရှိတယ်ပေါ့လေ၊ အခုလည်း လေဆိုတာ ဝါယောဓာတ်၊ သူက အောက်ကခံထားတာ၊ အဲဒီအပေါ်မှာမှ ရေထုကတည်တာတဲ့၊ အဲဒီရေထုက ယူဇနာ လေးသိန်းရှစ်သောင်း။

> လေးသိန်းရှစ်သောင်း အထုပေါင်း၊ တည်လျောင်းလေထက်ရေ တဲ့။

လေထက်ဆိုတာ လေရဲ့အထက်မှာနော်။ လေထုယူဇနာ လေးသိန်း ရှစ်သောင်း အထက်မှာမှ မြေထုယူဇနာ နှစ်သိန်းလေးသောင်း ရှိတာ၊ မြေက အဲဒီအပေါ်မှာ တည်တာ၊ ဒါကြောင့် လေ၊ ရေ၊ မြေ၊ အဲဒီမြေထုက ၂-သိန်း ၄-သောင်းရှိတယ်။ အဲဒီ ၂-သိန်း ၄-သောင်းကိုလည်း တစ်ဝက်စီ ခွဲလိုက်ရင် အောက်ပိုင်းကဟာကို သိလာပထဝီလို့ ခေါ်တယ်၊ ကျောက်မြေပေါ့လေ၊ ကျောက်မြေက ဘယ်လောက်ရှိသလဲ ၁-သိန်း ၂-သောင်းပေါ့နော်၊ ပံသုပထဝီတဲ့၊ ပံသုဆိုတာက မြေမှုန့်၊ မြေကြီးမြေက ၁-သိန်း ၂-သောင်းတဲ့၊ ဒါကြောင့်မို့-

* သိလာပံသု၊ မြေနှစ်ခု၊ အထုထက်ဝက်ဝေ၊
* နှစ်သိန်းလေးသောင်း၊ အထုပေါင်း၊ တည်လျောင်းရေထက်မြေ။

ရေရဲ့ အထက်မှာ မြေက ၂-သိန်း ၄-သောင်းရှိတယ်၊ ပြီးတော့မှ သိလာပံသု မြေနှစ်ခု၊ အထုထက်ဝက်ဝေ တဲ့၊ သိလာပထဝီရယ်၊ ပံသုပထဝီရယ် ဆိုပြီးတော့ ၂-ခုထက်ဝက်ဝေလိုက်ပါတဲ့၊ အဲဒီအပေါ်မှာမှ ၃၁-ဘုံကလာမှာ၊ သင်္ဂြိုဟ်ကျမ်းမှာတော့ ဒါတွေ အကုန်လုံး ပြောမထားပါဘူး၊ သင်္ဂြိုဟ်ကျမ်းမှာတော့ ၃၁-ဘုံ သာမညပဲ ပြောထားတယ်။ အောက်ကခံတဲ့ လေထုရေထုတို့က တခြားပါဠိတော် အဋ္ဌကထာ ဋီကာတွေကနေ ထုတ်ပြီးတော့၊ ရှေးဆရာတော်ကြီး တွေက ရေးထားတာ။

[စာမျက်နှာ-3] အဲဒီမြေထုယူဇနာ ၂-သိန်း ၄-သောင်းမှာမှ ပထမအပါယ်လေးဘုံ ဆိုတာ ရှိတယ်၊ အပါယ်လေးဘုံ ဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ဒါကို အပါယ်လေးဘုံလို့ခေါ်တယ်။

မြေကြီးပေါ်မှာ ဆိုပေမယ်လို့ အမှန်ကတော့ မြေကြီးထဲမှာ ဒီငရဲဘုံတွေ တည်ရှိတယ်၊ အဲဒီငရဲဘုံ ဘယ်နှစ်ဘုံတည်ရှိသလဲဆိုတာ ငရဲဘုံအကြောင်း ပြောတဲ့ အခါကျတော့ အထက်ကစပြီးပြောသွားတယ်၊ ဒါကြောင့်မို့ ပထမငရဲက ဘာခေါ်တယ်၊ သဉ္ဇီဝ (သဥ္ဇိုင်း) လို့ ဖတ်ရတယ်။ သဉ္ဇီဝဆိုတဲ့ ပါဠိသဒ္ဒါကလာလို့၊ နောက်တစ်ခုက ကာလသုတ္တငရဲတဲ့၊ နောက်တစ်ခုက သံဃာတငရဲ၊ နောက်တစ်ခုက ရောရုဝငရဲ၊ နောက်တစ်ခုက မဟာရောရုဝငရဲ၊ နောက်တစ်ခုက တာပနငရဲ၊ နောက်တစ်ခု မဟာတာပနငရဲ၊ နောက်တစ်ခု အဝီစိငရဲ၊ အဝီစိငရဲက အောက်ဆုံးမှာနေတယ်။ ဒါ ပံသုပထဝီထဲမှာ အမှန်ကတော့ သူတို့နေတာ၊ အဝီစိငရဲက သိလာပထဝီပေါ်မှာ တည်နေတယ်တဲ့၊ ပံသုပထဝီမှာ ရောက်သွားတယ်ပေါ့၊ အဲဒါကို ငရဲကြီး ၈ ထပ်လို့ ခေါ်တာ၊ ဒါကြောင့်မို့ လယ်တီဆရာတော်ဘုရားကြီးက-

> သဉ္ဇိုဝ်း၊ ကာလ၊ သံဃာတ၊ ဒွယ ရောရုဝါ၊ (ရောရုဝ ၂ ခု) တာပန ဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။

ငရဲကြီး ၈-ထပ်ရှိတယ်၊ အဲသလို ငရဲကြီး ၈-ထပ်မှာလဲ အခြံအရံငရဲငယ်တွေ ရှိသေးတယ်တဲ့၊ အဲဒါတွေကို ဥဿဒငရဲငယ်လို့ခေါ်တယ်၊ အဲဒီ ဥဿဒ ငရဲငယ်လို့ ခေါ်တာကတော့ ဝါဒ ၂-မျိုး ရှိတယ်၊ ဘယ်ဘက်က စာတွေဖတ်ကြည့်လိုက်စမ်း ဘာတွေ တွေ့မလဲ၊ ဥဿဒငရဲငယ်တဲ့၊ တစ်မျက်နှာမှာ ငရဲငယ် ၄-ခုဆိုတော့ ၄-မျက်နှာ ဆိုတော့ ငရဲငယ် ၁၆-ခု ရှိသွားတာပေါ့လေ၊ ၁၆ x ၈ လီကျတော့ ၁၂၈ ရှိတယ်၊ အဲဒီလေးခုက ဂူထ (ဘင်ပုပ်) ငရဲတဲ့၊ ဘင်ပုပ်ဆိုတာ မစင်တွေ ပြောတာ၊ မစင်တွေထဲမှာ ဒီကောင်တွေပေါလော ပေါလောနဲ့ ကူးနေရတာ၊ နောက်တစ်ခုက ကုက္ကုဠ (ပြာပူ) ငရဲတဲ့၊ နောက်တစ်ခုက သိမ္ဗလိ (လက်ပံတော) ငရဲ၊ လက်ပံပင်ဆိုတာတက်လို့ ပြုလို့မရဘူး မဟုတ်လား၊ အပင်မှာ ဆူးတွေရှိတယ်၊ အဲဒီမှာ တက်နေရတာ လက်ပံတောငရဲ၊ အသိပတ္တဝန (သစ်ပင်တော) ငရဲတဲ့။

> ဘင်၊ ပြာ၊ လက်သံ၊ အစဉ်ရံ လေးတန် ဥဿဒ တဲ့၊ ၄-မျိုးရှိတယ်တဲ့၊ ဘင်ပုပ်ငရဲ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်အရွက်ရှိတဲ့ သစ်ပင်တောငရဲတဲ့၊ ထိလိုက်ရင်ရှမှာပဲနော်၊ ဓားတွေလို သံလျက်တွေလို အရွက်ရှိတဲ့ သစ်ပင်တွေပေါ့လေ၊ အဲဒီသစ်ပင်တွေ ရှိတဲ့တော၊ အဲဒါလေးမျိုး၊ အရံဥဿဒ ငရဲငယ်လို့ခေါ်တယ်၊ ဒါ

[စာမျက်နှာ-4] အဝီစိမှာ ရှိတယ်၊ မဟာတပနမှာ ရှိတယ်၊ တာပနမှာ ရှိတယ်။

နောက်တစ်နည်းက ဘာတဲ့လဲ၊ ညာဘက်မှာ ဖတ်ကြည့်စမ်း၊ ငရဲကြီး ၈ ထပ်၊ အဲဒါ ထားဦး၊ ဘင်၊ ပြာ၊ လက်၊ သစ်ပင်တော၊ ဝေတ္တရဏီ (ကြိမ်ပိုက်ချောင်း)၊ ၅-မျိုးတဲ့၊ ဒီကျတော့ ဘင်ပုပ်ငရဲဆိုတာကတော့ ခုနကလို မစင်တွေ၊ ပြာပူငရဲ လက်ပံတောငရဲ သံလျက်တောငရဲ၊ ပြီးတော့ ကြိမ်ပိုက်ချောင်းတဲ့၊ လင်္ကာထဲကတော့ မြစ်အရံလို့ဆိုတယ်၊

> ဘင်ပြာလက်သံ၊ မြစ်အရံ၊ ငါးတန်တစ်နည်းမှာ၊ ဆူးတွေရှိတဲ့ ကြိမ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ မြစ်ပေါ့လေ။

အဲဒီလို ငရဲတစ်ခုခုမှာ ငရဲ ၅-ခုဆိုရင် ငရဲငယ်က တစ်မျက်နှာ ၅-ခုဆိုရင် ၄-မျက်နှာ၊ ၂၀၊ ၂၀ x ၈ လီ ၁၆၀၊ အဲဒီလို ၂ မျိုးရှိတယ်၊ ဒါ ငရဲငယ်။

တစ်ခါတလေလည်း အဝီစိကျသင့်တဲ့သူက အဝီစိမှာမကျဘဲနဲ့ အဝီစိရဲ့ အရံဖြစ်တဲ့ ငရဲမှာကျတတ်တယ်၊ အဇာတသတ်ဟာ အဝီစိမှာမကျဘူးတဲ့၊ အဝီစိကျဖို့ပဲ အဖေသတ်ထားတာ၊ ဒါပေမယ်လို့ မြတ်စွာဘုရားကို သူ အလွန် ကြည်ညိုသွားတာကို ဘာမှတော့ မကယ်နိုင်တော့ဘူး၊ သို့သော် ငရဲမှာတော့ ဥဿဒငရဲပေါ့လေ၊ အဲဒီ အဝီစိရဲ့ အခြံအရံဖြစ်တဲ့ ငရဲတစ်ခုမှာကျတာ နည်းနည်းတော့ သက်သာမှာပေါ့လေ။

မေး - အဝီစိမှာ ၄-ခုစီ၊ ၄-ခုစီ ရှိတာလား ဘုရား။

ဖြေ - ဟုတ်တယ်၊ အဝီစိငရဲမှာ တောင်ဘက်မှာ ၄-ခု၊ မြောက်ဘက်မှာ လေးခု၊ အရှေ့ဘက်မှာ ၄-ခု၊ အနောက်ဘက်မှာ ၄-ခု၊ အဲဒီလို သူတို့တတွေက ပတ်ပတ်လည် အထပ်ထပ်အနေနဲ့ သွားမှာပေါ့ လေ၊ ၁၆-ခု သို့မဟုတ် ၂၀-ပေါ့လေ၊ အဲသလို ပတ်ပတ်လည်မှာတည်ရှိမယ်။

ငရဲဘုံပြီးတော့ ဘာလာလဲ၊ တိရစ္ဆာန်ဘုံတဲ့၊ တိရစ္ဆာန်ဘုံ ဆိုတာကတော့ ဘုံသီးခြားမရှိဘူး၊ လူတွေနဲ့အတူတူရောနေတာပဲမဟုတ်လား၊ တိရစ္ဆာန်က ဘာကြောင့် သူတို့ကို တိရစ္ဆာန်လို့ ခေါ်တာလဲဆိုရင် တိရ ဆိုတာက ဖီလာကန့်လန့်၊ ခွေးတွေ နွားတွေဟာ ဖီလာကန့်လန့်သွားတတ်တယ်ပေါ့လေ၊ ဒါကြောင့် သူတို့ကို တိရစ္ဆာန်လို့ခေါ်တာ၊ သူတို့ရဲ့ ခန္ဓာသည်သာလျှင် သူတို့ရဲ့ ဘုံပဲတဲ့။

ပြိတ္တာဆိုတဲ့ တစ္ဆေ၊ သူရဲ၊ မင်စာ ခြောက်တတ်တဲ့ကောင်တွေ အကုန်လုံး ပြိတ္တာထဲပါတယ်၊ တစ္ဆေဖြစ်သွားတယ်ဆိုရင် အမှန်က ပြိတ္တာဘုံ ရောက်တာပဲ။

မေး - ဘီလူးတွေကောဘုရား၊

ဖြေ - အောက်တန်းစား ဘီလူးတွေလည်းပါတာပဲ၊

အသူရကာယ်ဆိုတာကတော့ ပြိတ္တာအကြီးစား၊ သူတို့က ပြိတ္တာထက်တော့

[စာမျက်နှာ-5] နည်းနည်းတော်သေးတယ်၊ ဒါပေမယ့် သူတို့လည်း အမြဲတမ်း ဒုက္ခ ခံစားနေရတာ၊ ဆိုပါတော့၊ စားစရာသောက်စရာမရှိ၊ ရေတွေမြင်လို့ ရေထဲဆင်းသွားရင် ရေတွေက မရှိတော့ဘူး၊ အဲဒီလို ဆင်းရဲခံနေရတဲ့ သတ္တဝါတွေပေါ့လေ၊ တချို့ နေ့စံ ညခံ ဆိုတာရှိတယ်၊ ဝတ္ထုတွေဘာတွေ ဖတ်ဖူးတယ် မဟုတ်လား၊ နေ့တော့ ကောင်းကောင်း မွန်မွန် ခံစားရပြီးတော့ ညကျတော့သွားပြီးတော့ ငရဲခံရတယ်၊ အဲဒီ ၅-မျိုးတွေကို အသူရကာယ်လို့ခေါ်တယ်၊ အသူရကာယ်နဲ့ ပြိတ္တာဟာ ခပ်နီးနီးပါပဲ၊ ပြိတ္တာအကြီးစား တွေကို အသူရကာယ်လို့ ခေါ်တာပဲ၊ သူတို့က အပါယ်ဘုံသားတွေ၊ ပြိတ္တာနဲ့ အသူရကာယ်က ခပ်ဆင်ဆင်သွားတာပေါ့၊ ပမာပြောရင် ဝိညာဉ်လောက ကောင်တွေ ပေါ့လေ၊ တိရစ္ဆာန်ကတော့ ခုမြင်နေ ကြရတာ။

အဲဒီငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ကို အပါယ်လေးဘုံလို့ခေါ်တယ်၊ မင်း အပါယ်လေးပါး ကျမယ်ဆိုရင် ဒီလေးဘုံထဲက တစ်ဘုံဘုံကို ဆိုလိုတယ်။

သောတာပန် အပါယ်ဘုံ မရောက်တော့ဘူးဆိုရင် ဒီအပါယ်လေးဘုံ တစ်ဘုံဘုံမှကို မရောက်တော့ဘူးဆိုလိုတယ်၊ သောတာပန်ဖြစ်ရင် ပြိတ္တာမဖြစ်တော့ဘူး၊ အသူရကာယ် မဖြစ်တော့ဘူး၊ ငရဲမကျတော့ဘူး၊ ဒါက အပါယ်လေးဘုံတဲ့။

အပါယ်လေးဘုံပြီးတော့ လူ့ဘုံတဲ့၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတာ တွေက ဘုံသီးခြားမရှိဘူး၊ သူတို့က တောတောင် သစ်ပင်ရေထဲဘာထဲ ဒီလိုနေကြ ရတာတွေ၊ လူ့ဘုံနဲ့ တစ်ပြင်တည်းနေကြရတယ်၊ လူ့ဘုံတဲ့ လူ့ဘုံ အထက်မှာ ကြည့်လိုက်စမ်း၊ နတ်ခြောက်ဘုံရှိတယ်၊ စတုမဟာရာဇိက၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ (အသံထွက် တုသ်သိတာ တုသ်သိတာနဲ့ ခေါ်ခေါ်နေကြတယ်၊ အမှန်အတိုင်း ဖတ်ရင် တုသိတာ)၊ နိမ္မာနရတိလို့ ဖတ်ရမယ်၊ အဲဒါမှတ်ထား၊ နိမ္မာနရတိလို့ သွားမဖတ်ရဘူးနော်၊ နိမ္မာနဆိုတာက ဖန်ဆင်းတာ၊ ရတိဆိုတာက မွေ့လျော်ခံစားတာ၊ ကိုယ်ကြိုက်သလို ဖန်ဆင်းပြီးတော့ မွေ့လျော်ခံစားတတ်တဲ့ နတ်တွေ၊ ကိုယ့်သဘောရှိ ဖန်ဆင်းပြီးတော့ ခံစားတာ နိမ္မာနရတိ၊ နောက်တစ်ခုက ပရနိမ္မိတဝသဝတ္တီ၊ ဝဿဝတ္တီ မဟုတ်ဘူးနော်၊ မြန်မာပြည်မှာ အဲဒီလို အမှားနှုတ်တည့် ဟာသိပ်များတယ်။ ဘုန်းကြီးတွေက နှုတ်တည့်နေတာ၊ ပရနိမ္မိတဝသဝတ္တီတဲ့၊ သူတို့က ခုနက နိမ္မာနရတိ နတ်တွေထက် အထက်တန်းကျတော့ သူတို့ခံစားချင်တာကို သူတို့ကိုယ်တိုင် မဖန်ဆင်းဘူး၊ သူများဖန်ဆင်းခိုင်းတာ၊ ပရဆိုတာက သူများ၊ နိမ္မိတ ဆိုတာက ဖန်ဆင်းထားတာကိုမှ ဝသဝတ္တီဆိုတာ ကိုယ့်အလိုသို့ လိုက်စေတာ၊ သူများဖန်ဆင်းထားတာကို သူက ခံစားတာ၊ ခူးပြီးသားစားတဲ့ လူလိုပေါ့ နော်၊

[စာမျက်နှာ-6] အဲဒါက နတ်ပြည်ခြောက်ထပ်တဲ့။

လူ့ဘုံနဲ့ နတ်ပြည်ခြောက်ထပ်ကို ဘာလို့ခေါ်သလဲ၊ ကာမသုဂတိ ၇-ဘုံ၊ အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ကာမသုဂတိ ၇-ဘုံ မှာလဲ သင်္ဂြိုဟ်ကျမ်းကတော့ အကွာအဝေးတွေ ဘာတွေမပြပါဘူး၊ ဒါပေမယ့် အခြားကျမ်းတွေက ယူပြီးတော့ ဆရာတော်ကြီးတွေ ပြထားတာရှိတယ်၊ အဲဒီတော့ လူ့ဘုံနဲ့ စတုမဟာရာဇိက ဘယ်လောက် ကွာသလဲ။ ယူဇနာ ၄ သောင်း ၂ ထောင်စီ ကွာတယ်တဲ့၊

* လေးသောင်းနှစ်ထောင်၊ အကွာဆောင်၊ လူ့ဘောင်ဆင့်ဆင့်သိ။

လူ့ဘုံကနေ စတုမဟာရာဇိက၊ စတုမဟာရာဇိကကနေ တာဝတိံသာ၊ တာဝတိံသာကနေ ယာမာ စသဖြင့် သွားလိုက်တဲ့ လေးသောင်းနှစ်ထောင်စီ မြင့်တယ်တဲ့။ အဲဒီတော့ လေးသောင်းနှစ်ထောင် နှစ်ပြန်ဆို ရှစ်သောင်း လေးထောင်၊ အဲဒီ ၈ သောင်း ၄ ထောင်ဟာဖြင့် မြင့်မိုရ်တောင်ရဲ့ အမြင့်ပဲ။

အဲဒီတော့ စတုမဟာရာဇိကဘုံဟာ မြင့်မိုရ်တောင်ပေါ်မှာ မရှိဘူး၊ မြင့်မိုရ်တောင်ခြေ မြင့်မိုရ်တောင် ထက်ဝက်လောက်မှာ ပတ်ပတ်လည်မှာရှိတယ်၊ ဒါကြောင့် စတုမဟာရာဇိကနတ်ဟာ ခတ်ချာချာပေါ့၊ အောက်တန်းစားနတ်ပဲ၊ ခုန အသူရကာယ် တွေထက်တော့ သာတာပေါ့လေ။ ဒါပေမယ်လို့ အလွန်ကြီးအထက်တန်း မကျလှဘူး။

တာဝတိံသာကျတော့ မြင့်မိုရ်တောင်ထိပ်မှာ တည်ရှိတယ်၊ မြင့်မိုရ်တောင် ထဲတော့ မပါဘူး၊ မြင့်မိုရ်တောင်ထိပ် အထိကို မြေကြီးလို့ပဲ ခေါ်ရတယ်၊ အဲဒီက ဟိုဘက် ဗြဟ္မာဘုံတွေတော့ ကောင်းကင်မှာ တည်သွားတော့တယ်၊ မြေကြီးပေါ်မှာ တည်တာမဟုတ်တော့ဘူး။

မေး - ယာမာကော ကောင်းကင်ရောက်သလား။

ဖြေ - ယာမာလည်း ကောင်းကင်ရောက်သွားပြီ၊ တာဝတိံသာကတော့ တောင်ထိပ်ပေါ်မှာ။

အပါယ်လေးဘုံရယ်၊ ကာမသုဂတိ ၇-ဘုံရယ် ပေါင်းလိုက်စမ်း၊ ၁၁ မရဘူးလား၊ အဲဒီ ၁၁-ဘုံကို ကာမ ၁၁-ဘုံလို့ခေါ်တယ်၊ ကာမာဝစရ ၁၁-ဘုံ၊ ကာမာဝစရစိတ်ဆိုတာ အဲဒီ ကာမာဝစရ ၁၁-ဘုံမှာ ဖြစ်တတ်တဲ့ စိတ်လို့ ဆိုတာပဲ၊ များသောအားဖြင့် ဖြစ်တတ်တာ၊ ကာမာဝစရ ၁၁-ဘုံ၌ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်တဲ့စိတ်ကို ကာမာဝစရစိတ်လို့ ဆိုတာပဲ၊ ရူပဘုံလည်း ဖြစ်တော့ဖြစ်ဦးမယ်၊ အရူပဘုံလည်း ဖြစ်တော့ဖြစ်ဦးမယ်၊ သို့သော် များသောအား

[စာမျက်နှာ-7] ဖြင့်တော့ ကာမာဝစရဘုံမှာဖြစ်တယ်၊ ကာမာဝစရဘုံဆိုတာ အခုနားလည်ပြီနော်။ ၁၁-ဘုံရှိတယ်၊ အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ။

ပရနိမ္မိတဝသဝတ္တီအထက်မှာ ဗြဟ္မဘုံတွေ တည်ရှိတယ်၊ အဲဒီမယ် ဗြဟ္မပါရိသဇ္ဇာကနေ စဖတ်ရလိမ့်မယ်၊ ဗြဟ္မပါရိသဇ္ဇ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာလို့ ပထမဈာန် ၃-ဘုံရှိတယ်၊ သူတို့က တစ်ပြင်တည်းတည်တယ်၊ ဒါကြောင့်မို့ ပုံထဲမှာ တစ်ပြင်တည်းထားတယ် နော်။

ဗြဟ္မပါရိသဇ္ဇာ၊ ပါရိသဇ္ဇာဆိုတာ ပရိသတ်အခြံအရံဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဗြဟ္မာကြီးရဲ့ အခြံအရံပေါ့၊ ဗြဟ္မပုရောဟိတာဆိုတာက ပုရောဟိတာ ပုရောဟိတ် ဆိုတာ ပုဏ္ဏားတို့ (minister) တို့ဘာတို့ ဖြစ်သွားပြီ၊ မဟာဗြဟ္မာဆိုတာကတော့ ဗြဟ္မာကြီးပေါ့ လေ၊ အဆင့်အတန်း အဲဒီလိုကွာသွားတယ်၊ ပထမဈာန် ၃-ဘုံ။

ဒုတိယဈာန် ၃-ဘုံ ဆိုတာက ဘာလဲ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ဒါက ဒုတိယဈာန် ၃-ဘုံ၊ အာဘာဆိုတာ အရောင်အလင်း၊ ပရိတ္တ ဆိုတာကနည်းတာ၊ ပထမက အရောင်အလင်း နည်းတယ်၊ အပ္ပမာဏာက ဆိုတာ ကတော့ သိပ်အရောင်များသွားပြီ၊ အာဘဿရာဆိုတာ ပိုပြီးတော့ တောက်ပြောင်တယ်၊ ဒါက ဒုတိယဈာန် ၃-ဘုံလို့ပဲ ခေါ်ရမယ်၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ဒီ ၃-ဘုံကို ဒုတိယဈာန် ၃-ဘုံလို့ ခေါ်ရမယ်။

တတိယဈာန် ၃-ဘုံ သွားလိုက်စမ်း၊ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ၊ မြန်မြန်ဖတ်တော့ သုဘကိဏ္ဏ၊ သုဘကိဏှလို့ ဖတ်ရင်သာကောင်းတယ်၊ အဲဒီ ၃-ဘုံက တတိယဈာန် ၃-ဘုံလို့ခေါ်တယ်၊ အဲဒါ သေချာမှတ်နော်၊ ရှုပ်သွား မယ်၊ ဟိုဘက်က စတုတ္ထဈာန်ဘုံရှိသေးတယ်၊ ဒါကြောင့်မို့ တတိယဈာန် ၃-ဘုံက ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ။

နောက် စတုတ္ထဈာန်ဘုံတဲ့၊ ဘယ်နှစ်ဘုံရှိသလဲ ကြည့်လိုက်စမ်း ၇-ဘုံတဲ့၊ ဝေဟပ္ဖိုလ်ကစမယ်၊ ဝေဟပ္ဖိုလ်တစ်ဘုံ၊ အသညသတ်တစ်ဘုံ၊ ပြီး အထက် တက်လိုက်၊ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ အဝိဟာကစပြီး ၅-ဘုံကို သုဒ္ဓါဝါသ ၅-ဘုံလို့ခေါ်တယ်၊ သုဒ္ဓဆိုတာစင်ကြယ်၊ စင်ကြယ်တဲ့ သတ္တဝါတွေရဲ့ နေရာပေါ့လေ၊ အနာဂါမ် ပုဂ္ဂိုလ်တွေမှ အဲဒီဘုံမှာဖြစ်တာနော်၊ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံရယ်၊ သုဒ္ဓါဝါသ ၅-ဘုံ ပေါင်းလိုက်တော့ ၇-ဘုံ၊ အဲဒီ ၇-ဘုံကို စတုတ္ထဈာန် ၇-ဘုံ။

အားလုံးပေါင်းလိုက်စမ်းပါ၊ ပထမဈာန်ကနေစပြီးတော့ ၃-၆-၉-၁၀

[စာမျက်နှာ-8] ၁၆-ဘုံ၊ အဲဒီ ၁၆-ဘုံကို ရူပါဝစရ ဗြဟ္မာ ၁၆-ဘုံ၊ ဗြဟ္မာ ၂-မျိုး လာလိမ့်မယ်၊ ရူပါဝစရဗြဟ္မာ၊ အရူပါဝစရဗြဟ္မာ၊ ရူပါဝစရဗြဟ္မာဘုံ ဘယ်လောက်ရှိတုန်း၊ ၁၆-ဘုံရှိတယ်၊ ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံ၊ စတုတ္ထဈာန် ၇-ဘုံ။

အဲဒီ အထက်သွားလိုက်ရင် အရူပါဝစရဆိုတဲ့ အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာနာသညာယတနဘုံ၊ ၄-ဘုံရှိတယ်တဲ့၊ ၄-ရယ်၊ ၁၆-ရယ်၊ ၁၁-ရယ်၊ ပေါင်းလိုက်ရင် ၃၁-ဘုံ ရတာပေါ့၊ ၃၁-ဘုံ ကျင်လည်ကုန်သော ဝေနေယျသတ္တဝါ ဆိုပြီးတော့ ရေစက်ချ တဲ့အခါ အမျှဝေတဲ့အခါ ဝေကြတယ်၊ ၃၁-ဘုံဆိုတာ ဒါကို ဆိုလိုတယ်။

ကောင်းပြီ နတ်ပြည်ကနေ ဗြဟ္မာပြည် အကွာအဝေးကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက်ကွာသတဲ့လဲ။

* ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင်ချိန်း၊ ခြားကိန်းစင်စစ်တည်း။

ပရနိမ္မိတဝသဝတ္တီဘုံကနေပြီးတော့ အထက်ကို တစ်ပြင်ကနေ တစ်ပြင် တစ်ဆင့်ဆီ တစ်ဆင့်ဆီ ကွာသွားတာဟာ ၅-သန်း ၅-သိန်း ၈-ထောင်၊ ဘယ်လို ကွာတယ်တော့ မသိဘူး၊ ဒါတွေဟာ ဒီလိုပဲ မှတ်ထားကြတာပေါ့ နော်၊

ကောင်းပြီ၊ တစ်ခါ လူ့ဘုံကနေပြီးတော့ နေဝသညာနာသညာယတနဘုံတိုင်အောင် အထက်ဆုံးဘုံကို ဘဝဂ်လို့ခေါ် တယ်နော်၊ ဘဝဂ်ဆိုတာ ဘဝ + အဂ္ဂ = ဘဝ ဆိုတာဘုံ၊ အဂ္ဂဆိုတာ ထိပ်ဖျား၊ အဲဒီ အထက်ဆုံးဘုံ နေဝသညာနာသညာယတန ဘုံထိအောင် ဘယ်လောက်ဝေး သတဲ့တုန်း၊ ယူဇနာ ညာဘက်စွန်းမှာရှိတယ်၊ ၇-ကုဋေ ၁-သန်း၊ ၈-သိန်း၊ ၅ သောင်း၊ ၆-ထောင်။

* ကုဋေခုနစ်၊ သန်းမှာတစ်၊ သိန်းရှစ်သောင်းပဉ္စာ
* ထောင်မှာကား ဆ၊ လူနေဝ၊ ဝေးလှ ယူဇနာ ဆိုပြီးတော့ မှတ်ထား၊ လင်္ကာလေးမှတ်ထားရင် ကောင်းတယ်၊ ဒီအတိုင်းမှတ်ထားရင် မေ့သွားမယ်။

ကုဋေခုနစ်တဲ့၊ ၇-ကုဋေ၊ သန်းမှာတစ်တဲ့၊ ၁-သန်း၊ သိန်း ရှစ်၊ ၈-သိန်း သောင်းပဉ္စာ ပဉ္စဆိုတာ ၅-သောင်း၊ ထောင်မှာကားဆ၊ ဆဆိုတာ ခြောက်၊ ၆ ထောင်၊ လူနေဝ = လူနဲ့နေဝသညာနာသညာယတနဘုံ သို့မဟုတ် ဘဝဂ်၊ ဝေးလှ ယူဇနာတဲ့။

မေး - ဘဝဂ်ဆိုတာ အာကာသာနဉ္စာယတနဘုံက စတာလား ဘုရား။

ဖြေ - ဟင့်အင်း၊ ဘဝဂ်ဆိုတာ နေဝသညာနာသညာယတနဘုံကို တစ်ခုတည်းကို

[စာမျက်နှာ-9] ဘဝဂ်လို့ခေါ်တာ၊ ဘုံတွေရဲ့ ထိပ်ဆုံးပေါ့လေ။

အကွာအဝေးနဲ့ ဘုံခန်းပြီးသွားပြီတဲ့၊ ဘုံခန်းပြီးသွားတော့ ဘာလာမလဲဆိုရင် ဒီနေရာမှာ

မေး - ယူဇနာတွေကို တစ်ဆင့်တစ်ဆင့် ဘယ်လို လုပ်တိုင်းတာလဲဘုရား။

ဖြေ - ယူဇနာတွေ တစ်ဆင့်တစ်ဆင့်ဆိုတာ (height) ကို တိုင်းတာပေါ့၊ ဒါပေမယ့် ဘယ်လိုလုပ်ပြီး တိုင်းတာတော့မသိဘူး၊ ဒီလိုပဲသတ်မှတ်ထားတော့ ဒီအတိုင်းပဲရှိတယ်။

မေး - တာဝတိံသာက မြင့်မိုရ်တောင်ထိပ်မှာဆိုတော့ မြင့်မိုရ်တောင်က ဘယ်မှာလဲ ဘုရား။

ဖြေ - မြင့်မိုရ်တောင်ကို သီဟိုဠ်ဆရာတော်ကြီးတစ်ပါး ပြောတာ၊ ဦးဇင်းကတော့ သဘောကျတယ်၊ မြင့်မိုရ်တောင်ဆိုတာ နတ်တွေနေတဲ့ နေရာဆိုတော့ သူက နူးညံ့တဲ့ရုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒို့မမြင်ရတာတဲ့၊ တစ္ဆေတွေနတ်တွေကို ဒို့မမြင်ရတာမျိုးပေါ့၊ အဲဒါကြောင့် မမြင်ရတာတဲ့၊ ရှိတော့ရှိတယ်လို့ ဆရာတော်ကြီးက အမိန့်ရှိဖူးတယ်၊ မဆိုးပါဘူး၊ မြင့်မိုရ်တောင် လူမရောက်နိုင်ဘူးလို့ဆိုတယ် မဟုတ်လား၊ လူရောက်နိုင်တဲ့ နေရာမျိုးမဟုတ်ဘူး၊ လူမြင်နိုင်တဲ့ ရုပ်မျိုး မဟုတ်ဘူး၊ သို့သော် မမြင်တိုင်း မရှိဘူးလို့ မဆိုနိုင်ဘူးမဟုတ်လား၊ လေက မမြင်ရပေမယ့် ရှိနေတာပဲ။ ထို့အတူ တစ္ဆေတို့ သူရဲတို့ နတ်တို့ဟာလည်း ရှိနေတာပဲ၊ ဒါပေမယ့် လူတွေက မမြင်ရဘူး အဲသလို။

မေး - တစ်ခါတုန်းက အရှင်ဘုရား ပြောဖူးတယ်၊ ယူဇနာကို မိုင်နဲ့တွက်တယ်လို့။

ဖြေ - ယူဇနာကို တွက်တဲ့အခါမှာ အမျိုးမျိုးရှိတယ်၊ အဲဒါကြောင့် ပိုခက်တာ၊ အဆိုအမိန့် အမျိုးမျိုးရှိရာမှာ ၂-မျိုးပဲ မှတ်ဖို့ကောင်းတယ်၊ တစ်မျိုးကတော့ တစ်ယူဇနာကို ၈-မိုင်၊ အဲဒါက အခုတော်တော်ကလေး နီးစပ်တယ်၊ ဟို နာလန္ဒာနဲ့ ရာဇဂြိုဟ်ကို တစ်ယူဇနာရှိတယ်လို့ စာမှာပြဆိုတယ်၊ အခု အတိုင်းအတာနဲ့ ၈-မိုင်လောက်ပဲရှိတယ်လို့ ဆိုကြတယ်၊ အဲဒီတော့ တစ်ယူဇနာ ၈-မိုင်ဆိုတာ ကောင်းလိမ့်မယ်ထင်တယ်၊ တစ်နည်းအားဖြင့်တော့ ပါဠိအဘိဓာန်ကျမ်းမှာ ပြထားတာကို တွက်ကြည့်တော့ အတိအကျတော့ မမှတ်မိဘူး၊ အရင်ကတော့ သေသေချာချာတွက်ကြည့်ဖူးတယ်၊ ၁-ယူဇနာကို ၁၂ မိုင်ခွဲလောက်ရှိတယ်၊ အဲဒါကြောင့် ၁-ယူဇနာကို ၁၂-မိုင်ခွဲသော်လည်းကောင်း၊ ၈-မိုင်သော်လည်းကောင်း မှတ်ပေါ့။ ၈-မိုင်ကတော့ ပိုပြီးတော့ နီးစပ်တယ်လို့ ထင်တယ်။ အခုခေတ်တိုင်းတာကြည့် လိုက်တဲ့အခါ စာမှာဆိုတာနဲ့ ညီမျှသလောက်ဖြစ်တာ တွေ့ရတယ်၊ အဲဒါက ၃၁။

[စာမျက်နှာ-10] ဘုံတဲ့နော် ၃၁-ဘုံက နောက်ထပ်ဘာပြောစရာ ကျန်သေးတုန်း၊

မေး - ငရဲကို ဘယ်လိုရောက်တာလဲ၊ ဘယ်လို သူ့ကို စီရင်ချက် ချတာလဲဘုရား။

ဖြေ - ငရဲရောက်တာက အကုသိုလ်အားကြီးတော့ သေချာတဲ့သူကတော့ တိုက်ရိုက် တန်းရောက်သွားမှာပဲ။

မေး - တပည့်တော်ထင်တာကတော့ ငရဲရောက်ပြီးတော့မှ ဟိုကနေပြီးတော့ မင်းက အဝီစိကိုသွား၊ မင်းကရောရုဝကို သွား၊ ဒီလို ဆုံးဖြတ်ပေးတာလားလို့။

ဖြေ - ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး၊ မရှိဘူး၊ သို့သော် ယမမင်းဆိုတာရှိတယ်။ ကြားဖူးလိမ့်မယ်လို့ထင်တယ်၊ အဲဒါက အကုသိုလ်လည်း အလွန်ကြီး မများဘူး၊ ကုသိုလ်ကလည်း သိပ်မများတော့ မရေရာတဲ့ လူမျိုးပေါ့လေ၊ အဲသလို လူမျိုးကျတော့ ယမမင်းဆီ ရောက်တယ်လို့ဆိုတယ်၊ တိုက်ရိုက်မသွားဘူး ပေါ့လေ၊ ယမမင်းဆီ ရောက်တော့ကို ယမမင်းရဲ့ အလုပ်က အဲဒီသူ့ဆီရောက်တဲ့ သူတွေကို နှိပ်စက်ဖို့ ဟုတ်ဘူး၊ အမှန်ကတော့ ကယ်ဖို့ထားတာ၊ ဒါကြောင့်မို့ အမျှဝေတဲ့အခါမှာ ယမမင်းထည့်ပြီး အမျှဝေရတယ်ဆိုတာ အဲဒါ၊ တစ်ခါတလေကျတော့ ဒီအကောင်က ဘယ်လိုမှ သတိမရတော့ဘူး၊ အဲဒီအခါကျရင် ယမမင်းက စဉ်းစားတယ်တဲ့၊ ဒီကောင်ငါများ အမျှဝေဖူးသလား၊ ကောင်းမှုကုသိုလ်ပြုပြီးတော့ အဲဒီလို သူသိတဲ့အခါ ကျတော့ မင်းလှူတုန်းက ဆိုပါတော့ မင်းဘယ်အချိန် ဘယ်အခါတုန်းက ငါ့ကို အမျှဝေတာပဲလို့ သတိပေးလိုက်တော့ ပြောလိုက်တော့ ဟိုကောင် ပြန်ပြီး သတိရ လိုက်တဲ့အချိန်မှာ သူကောင်းရာ ရောက်တော့တာပဲ၊ အဲဒီလို ဘာမှ လုပ်မရတော့ဘူး ဆိုရင်တော့၊ ကိုင်း မင်း ငါလည်း မကယ်နိုင်ဘူး၊ မတတ်နိုင်ဘူး၊ မင်းကံနဲ့ မင်းပဲဆိုပြီးတော့မှ ငရဲထိန်းတွေက ခေါ်သွားတယ်လို့ ဆိုတာပဲ၊ ယမမင်းအစစ်ခံကတော့ ပါဠိတော်မှာကို ရှိတာ၊ အဋ္ဌကထာကရေးတာ မဟုတ်ဘူး၊ ဒေဝဒူတသုတ္တ ဆိုတာရှိတယ်၊ အမှန်ကတော့ အလွန်ကြင်ကြင်နာနာနဲ့ ကယ်ဖို့ မေးမြန်းတာပါပဲ၊ ဟို အပြစ်ရှိအောင်လုပ်ပြီး ငရဲပို့ဖို့ လုပ်တာ မေးမြန်းတာမဟုတ်ဘူး။

မေး - အရှင်ဘုရား၊ စဉ်းစားကြည့်ရင် ဘုံပိုင်းကြည့်လိုက်တဲ့အခါကျတော့ လူ့ဘုံရယ်၊ အသုရကာယ် ပြိတ္တာရယ် တိရစ္ဆာန်ရယ်က ငရဲဘုံမဟုတ်လား၊

ဖြေ - ဟင့်အင်း မဟုတ်ဘူး၊ ငရဲကအောက်ထဲမှာ ငရဲကမြေကြီးထဲမှာ ရှိတယ်။

မေး - တိရစ္ဆာန်ရယ်၊ ပြိတ္တာရယ်၊ အသူရကာယ်ကကော၊ အဲဒီတော့ အဲ အပါယ်လေးဘုံက မြေထုယူဇနာရဲ့ အပေါ်မှာလား၊ ဒါမှမဟုတ် မြေထုထဲမှာလား ဘုရား။

[စာမျက်နှာ-11] ဖြေ - မြေထုထဲမှာ ပါသွားတယ်၊ ဘာပြုလို့လည်းဆိုတော့ မြေထုတစ်ဝက်ထိအောင် သူက ရောက်သွားမှာကိုး။

ဒါ ၃၁-ဘုံနော်၊ ၃၁-ဘုံမှာ ဘယ်ဘုံတွေမှာ ဘယ်ပုဂ္ဂိုလ်ရထိုက်တယ်ဆိုတဲ့ ဘုံပုဂ္ဂိုလ်တွေ ရထိုက်တယ်ဆိုတာလေးတွေ လုပ်လိုက်ကြဦးစို့၊ ဒါသင်္ဂြိုဟ်ကျမ်းထဲမှာလည်း တိုက်ရိုက်ပြထားတာရှိတယ်၊ ဘုံပုဂ္ဂိုလ်ရလို့ခေါ်တယ်။ ဆိုပါတော့ အပါယ်ဘုံမှာ ပုဂ္ဂိုလ်ဘယ်နှစ်ယောက် ဖြစ်နိုင်သလဲ၊ လူ့ဘုံမှာ ပုဂ္ဂိုလ်ဘယ်နှစ်ယောက် ဖြစ်နိုင်သလဲ၊ ဝီထိပိုင်းအဆုံးတုန်းက ပုဂ္ဂိုလ်ဘယ်နှစ်ယောက် တွေ့ခဲ့သလဲ ၁၂-ယောက်၊ ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်၊ အရိယာ ၈-ယောက်၊ ပုထုဇဉ် ၄-ယောက် အရိယာ ၈-ယောက်၊ သောတာပတ္တိမဂ္ဂဋ္ဌ၊ သောတာပတ္တိဖလဋ္ဌ စသည်ဖြင့် ပုထုဇဉ် ၄-ယောက်က အဟိတ် ၂-ယောက်၊ ဒွိဟိတ် ၁-ယောက်၊ တိဟိတ် ၁-ယောက်၊ အရိယာကတော့ ၈-ယောက်ပဲ။

အဲဒီဟာ ဒီ ၃၁-ဘုံနဲ့တွက်မယ်၊ အဲဒီတော့ ကိုယ့်ဟာကို ရေးစမ်းပါ။ အပါယ်လေးဘုံမှာ ဘယ်ပုဂ္ဂိုလ်ဖြစ်နိုင်သလဲ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တစ် ယောက်ပဲ ဖြစ်နိုင်တယ်၊

ဒါကြောင့်မို့ အပါယ်လေးဘုံ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် တစ်ယောက်ဆိုတော့ တစ်ဘုံ တစ်ယောက်နဲ့ တွက်လိုက်စမ်း၊ ပုဂ္ဂိုလ်လေးယောက် ရမယ်၊ မှတ်ထားနော်တော်ကြာကျတော့ ဒါ အကုန်ပေါင်းမှာ။

လူ့ဘုံမှာ ဘယ်နှစ်ယောက်ဖြစ်နိုင်သလဲ၊ ၁၂-ယောက်ထဲက ဘယ်နှစ်ယောက် ဖြစ်နိုင်လဲ၊ ဒုဂ္ဂတိအဟိတ် မဖြစ်နိုင်ဘူး၊ ဒုဂ္ဂတိအဟိတ်က အပါယ်ဘုံအတွက်ထားတာ၊ အဲဒီတော့ ဒုဂ္ဂတိအဟိတ် ချန်လိုက်ရင်ဘာကျန်သလဲ၊ ကျန် ၁၁-ယောက်၊ သုဂတိ အဟိတ်ကနေပြီးတော့ ဟို ရဟန္တာထိအောင် လူ့ဘုံမှာဖြစ်နိုင်တယ် ရေးလိုက်စမ်း ၁၁။

စတုမဟာရာဇိကလည်း ဒီအတိုင်းပဲတဲ့၊ ၁၁-ယောက်ပဲဖြစ်နိုင်တယ်၊ ဘာကြောင့် တုန်းဆိုတော့ စတုမဟာရာဇိက နတ် ခပ်ချာချာလေးတွေထဲမှာလည်း သုဂတိအဟိတ် ပဋိသန္ဓေ ဖြစ်နိုင်သေးတယ်၊ ဒါ ပဋိသန္ဓေလေ့လာတဲ့အခါကျတော့ ပေါ်လွင်လာ လိမ့်မယ်၊ ဒါကြောင့်မို့ စတုမဟာရာဇိကမှာလည်း ၁၁-ယောက်။

တာဝတိံသာကစပြီး ဒုဂ္ဂတိအဟိတ် မဖြစ်နိုင်ဘူး၊ သုဂတိအဟိတ် မဖြစ်နိုင်ဘူး၊ တာဝတိံသာနတ်တွေကျတော့ အဆင့်အတန်း မြင့်သွားပြီ၊ ဒါဖြင့် တာဝတိံသာကနေပြီးတော့ ပရနိမ္မိတဝသဝတ္တီတိုင်အောင် ၁၀-ယောက်စီဆိုတော့ ၅၀-မရဘူးလား၊ ကောင်းပြီ။

[စာမျက်နှာ-12] ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ အဲဒီတော့ ဗြဟ္မာဘုံမှာ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နိုင်မလား၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ တိဟိတ်ပုဂ္ဂိုလ်မှရတာ၊ ဈာန်ရတဲ့ပုဂ္ဂိုလ်မှသာလျှင် ဗြဟ္မာဘုံ ဖြစ်နိုင်တာ၊ ဒီဘဝဈာန်ရ ဈာန်နဲ့သေတော့ ဗြဟ္မဘုံသွားဖြစ်တာ၊ ဒါဖြင့်ရင် တိဟိတ်ပုထုဇဉ်ရယ် အရိယာ ၈-ယောက်ရယ် မရနိုင်ပေဘူးလား၊ ၉-ယောက်ရမယ်။ အဲဒီတော့ ဗြဟ္မပါရိသဇ္ဇာမှာ ၉-ယောက်၊ ဗြဟ္မပုရောဟိတာမှာ ၉-ယောက်၊ မဟာဗြဟ္မာမှာ ၉-ယောက်၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ၊ ဝေဟပ္ဖိုလ်မှ ၉-ယောက်စီ ရမယ်ဆိုတော့ ဒီ ဗြဟ္မဘုံ ၁၀-ဘုံမှာ ၁-ဘုံမှာ ၉-ယောက်ဆိုတော့ ၉၀-မရဘူးလား၊ ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ စတုတ္ထဈာန်ထဲက ဝေဟပ္ဖိုလ်။

အသညသတ်ဆိုတာကတော့ ရုပ်ချည်းသွားဖြစ်တာ၊ ရုပ်ချည်းသွားဖြစ်တဲ့ အတွက်ကြောင့်မို့ သူ ဘာမှ မရှိဘူး၊ ဘာမှမရှိပေမယ့် ပဋိသန္ဓေအနေနဲ့ ခေါ်တော့ သုဂတိအဟိတ်လို့ သူ့ကိုခေါ်ရတယ်၊ စိတ်နဲ့ပဋိသန္ဓေနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သုဂတိဘုံလည်း ဟုတ်တယ်၊ ရုပ်ဆိုတော့ ဟိတ်မရှိဘူး၊ ရုပ်ဆိုတာ ဟိတ်နဲ့ မယှဉ်ဘူး၊ ဒါ သေချာတာပေါ့၊ နာမ်သာဟိတ်နဲ့ ယှဉ်တာ၊ ဒါကြောင့် ရုပ်ကို အဟေတုကလို့ခေါ်တယ်၊ အဲဒီတော့ ရုပ်ပဋိသန္ဓေ ဖြစ်တဲ့အတွက်ကြောင့်မို့ အဟိတ်ပဋိသန္ဓေလို့ ခေါ်ရတယ်၊ သူက သုဂတိလား၊ ဒုဂ္ဂတိလားလို့မေးရင် သုဂတိ၊ ဒါကြောင့် သုဂတိအဟိတ်လို့ဆိုရတယ်၊ ဒါဖြင့် အသညသတ်မှာ ဘယ် နှစ်ယောက်ရသလဲ၊ တစ်ယောက်ပဲရတယ်၊ သုဂတိအဟိတ်။

သုဒ္ဓါဝါသ ၅-ဘုံတဲ့၊ ဒီဘဝ အနာဂါမ်ဖြစ်ပြီးမှ သုဒ္ဓါဝါသ ၅-ဘုံသွားမှာ၊ ဒီဘဝ အနာဂါမ်ဖြစ်၊ အနာဂါမ်ဖြစ်ပြီးတော့ သေပြီးတော့ သုဒ္ဓါဝါသဘုံမှာ အနာဂါမ် သွားဖြစ်ရော၊ အနာဂါမ်အဖြစ်နဲ့ ပဋိသန္ဓေနေပြီးတော့ အဲဒီ သုဒ္ဓါဝါသ ၅-ဘုံမှာ ရဟန္တာဖြစ်မှာ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရမှာဆိုတော့ သုဒ္ဓါဝါသ ၅-ဘုံ အထက် အရိယာ ၃-ယောက် မဖြစ်ပေဘူးလား၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတော့ကို တစ်ဘုံမှာ ၃-ယောက်၊ ၅-ဘုံဆိုတော့ ၁၅-ယောက်။

ကောင်းပြီ၊ အာကာသာနဉ္စာယတနဘုံ ဘယ်လောက်ရနိုင်မလဲ၊ သူက သောတာပတ္တိမဂ် မရနိုင်ဘူး၊ ဒါ မှတ်မိလား။

မေး - လူ့ပြည်က ရသွားရင်ကော။

ဖြေ - ဟိုမှာ မရနိုင်ဘူး (ပရတောဃောသ)ဆိုတဲ့ သူများဆီက အသံမကြားနိုင်လို့။

[စာမျက်နှာ-13] ဒါဖြင့်ရင် သောတာပတ္တိမဂ် မပါနိုင်ဘူး၊ သောတာပတ္တိဖိုလ်ကနေ ၇-ယောက်ဆိုတော့ တိဟိတ်ပုထုဇဉ် မရနိုင်ဘူးလား၊ ရနိုင်တယ်လေ၊ တိဟိတ်ပုထုဇဉ်က အရူပဈာန် ရသွားပြီး ဟိုမှာ သွားဖြစ်မယ်၊ ဒါဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ၈-ယောက်ဖြစ်မယ်နော်၊ တိဟိတ်ပုထုဇဉ်ရယ်၊ သောတာပတ္တိမဂ် မပါဘူး၊ တခြား အထက်အရိယာ ၇-ယောက်ဆိုတော့ ၈-ယောက်၊ ၈ x ၄ လီ = ၃၂ အားလုံးပေါင်း လိုက်စမ်း၊ ဘယ်နှစ်ယောက်ရမလဲ၊ ၄+၁၁+၁၁+၅၀+၉၀+၁+၁၅+၃၂ = ဟုတ်လား၊ အားလုံး ဘယ်လောက်ရမလဲ၊ ၂၁၄-ဟုတ်ရဲ့လား။

အပါယ် ၄-ဘုံမှာ ၄-ယောက် (၁ ဘုံမှာ ၁-ယောက်)၊ လူ့ဘုံမှာ ၁၁-ယောက်၊ စတုမဟာရာဇိကဘုံမှာ ၁၁-ယောက်၊ ပြီးတော့ တာဝတိံသာကနေပြီးတော့ ပရနိမ္မိတဝသဝတ္တီတိုင်အောင် ၁၀ ယောက်ဆိုတော့ ၅၀၊ ဗြဟ္မာဘုံ ၁၀ ဘုံက ၉-ယောက်ဆိုတော့ ၉၀၊ အသညသတ် ၁-ယောက်၊ သုဒ္ဓါဝါသ ၃-ယောက်ဆိုတော့ ၁၅-ယောက်၊ အရူပါဝစရက ၈-ယောက်စီဆိုတော့ ၃၂-ယောက် ဟုတ်ပြီလား။ ပြန်ပေါင်းဦး။

ရှေးဆရာကြီးတွေ ရေးထားတဲ့ လင်္ကာရှိတယ်၊ လင်္ကာက များတဲ့အတွက် မပြောတော့ဘူး၊ ပုဂ္ဂိုလ်အပြား၊ ဝါကရား ဆိုပြီးတော့ ဝါကရားဆိုတော့ ၂၁၄၊ သင်္ချာနဲ့ မှတ်ထားနော်၊ ဝ က ၄၊ ကက တစ်၊ ရားက ၂၊ ပြောင်းပြန်ပြန်ပေး ၂၁၄၊ ၂၁၄-ယောက်ဆိုပြီးတော့ အဲဒီလို ရှေးကပြောလေ့ရှိတယ်၊ ဒါ ဘုံပုဂ္ဂိုလ်ရလို့ခေါ်တယ်၊ ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ် ရနိုင်တယ်၊ ဟုတ်ပြီလား။

၁-ခေါက်ပြန်ဦးမယ်။

အပါယ်လေးဘုံမှာ ဘယ်နှစ်ယောက် ရနိုင်တုန်း၊ တစ်ယောက်စီ ၄-ယောက်၊ လူ့ဘုံမှာ ဘယ်နှစ်ယောက် ရနိုင်တုန်း၊ ၁၁-ယောက်၊ ဒုဂ္ဂတိအဟိတ် မပါဘူး၊ စတုမဟာရာဇိကဘုံမှာ ထို့အတူပဲ၊ ဒုဂ္ဂတိအဟိတ် မပါဘူး၊ တာဝတိံသာ ကနေပြီးတော့ ပရနိမ္မိတဝသဝတ္တီတိုင်အောင် ၁၀-ယောက်စီရမယ်၊ ၁၀-ယောက် ဆိုတာ အဟိတ် ၂-ယောက် မပါဘူး၊ ပြောကြပါစို့နော်၊ ဒွိဟိတ်၊ တိဟိတ်နဲ့သွားတာ၊ ဗြဟ္မာဘုံ ၁၀ ဘုံ ဝေဟပ္ဖိုလ်တိုင်အောင် ဗြဟ္မဘုံ ၁၀ ဘုံ တစ်ဘုံမှာ ၉ ယောက်၊ တိဟိတ်ပုထုဇဉ်ရယ်၊ အရိယာ ၈-ယောက်၊ ပြီးတော့ အသညသတ်ဘုံ သုဂတိအဟိတ် တစ်ယောက်၊ သုဒ္ဓါဝါသ ၅-ဘုံမှာ အထက် ၃ ယောက်စီဆိုတော့ကို ၁၅ ယောက်၊ ပြီးတော့ အာကာသာနဉ္စာယတနစတဲ့ အရူပလေးဘုံမှာ ၈ ယောက် စီဆိုတော့ ၃၂-ယောက်၊ သောတာပတ္တိမဂ်မပါဘူး၊ တိဟိတ်ပုထုဇဉ်ရယ်၊ ကြွင်းတဲ့ အရိယာ

[စာမျက်နှာ-14] ၇-ယောက်၊ အားလုံးပေါင်းလိုက်ရင် ၂၁၄ ယောက် ရတယ်တဲ့၊ ဒါ ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ဆိုတာတော်ကြာကျရင် ပဋိသန္ဓေစတုက္ကနဲ့ တွဲတဲ့အခါ ကျတော့ထပ်ပြီးတော့ ထင်ရှားလိမ့်ဦးမယ်နော်။

ကောင်းပြီ၊ ပဋိသန္ဓိစတုက္ကဆိုတာ နည်းနည်းလေးသွားကြရအောင်၊ အဲဒီဘုံ တွေမှာ အဲဒီပုဂ္ဂိုလ် ရနိုင်တယ်လို့ ပြောထားပြီ၊ အဲဒီဘုံတွေမှာ သွားသွားဖြစ်တဲ့ အခါကျတော့ ပဋိသန္ဓေမနေရပေဘူးလား၊ ပဋိသန္ဓေစိတ် ဖြစ်ရမှာပေါ့၊ အဲဒီတော့ ဘယ်ဘုံမှာ ဘယ်ပဋိသန္ဓေ စိတ်ဖြစ်သလဲ၊ ဒါလည်းသိရမယ်၊ ပဋိသန္ဓေက အပါယ် ပဋိသန္ဓေရှိမယ်၊ ကာမာဝစရသုဂတိ ပဋိသန္ဓေရှိမယ်၊ ရူပါဝစရ ပဋိသန္ဓေရှိမယ်နော်။

ကောင်းပြီ၊ ဘယ်ဘုံမှာ ဘယ်ပဋိသန္ဓေနဲ့ ပဋိသန္ဓေနေသလဲ၊ ပဋိသန္ဓေစိတ် ဘယ်နှစ်ခု ရှိသလဲ၊ ၁၉-ခု ရှိတယ်၊ အဲဒါတွေနဲ့ ကြည့်ရလိမ့်မယ်၊ အဲဒီတော့ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်၊ အဲဒီ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ဟာ၊ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ၊ ဘယ်ဘက် ကဟာကို ကြည့်လိုက်စမ်းပါ၊ အပါယ်လေးဘုံ အကုဝိ၊ ဥသန္တိ၊ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ၊ စိတ်ပိုင်းပြန် ဟုတ်လား၊ ထောက်ကိုထောက်လိုက်၊ အဲဒီ စိတ်ကို အကုသလဝိပါက်ဆိုတော့ အဟိတ်စိတ်၊ ဥပေက္ခာသဟဂုတ်သန္တီရဏဆိုတာ နောက်ဆုံးကဟာ၊ အဟိတ်စိတ် ပထမအတန်း အောက်ဆုံးစိတ်ဟာ ဥပေက္ခာသဟဂုတ်သန္တီရဏ မဟုတ်ဘူးလား၊ အကုသလဝိပါက်၊ အဲဒီ စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ အပါယ်လေးဘုံမှာ ငရဲကျလည်း ဒီစိတ်ပဲ၊ တိရစ္ဆာန်ဖြစ်လည်း ဒီစိတ်ပဲ၊ ပြိတ္တာဖြစ်လည်း ဒီစိတ်ပဲ၊ အသူရကာယ်ဖြစ်လည်း ဒီစိတ်နဲ့ပဲ၊ ဒါကြောင့် အပါယ်လေးဘုံ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေတယ်၊ ဟုတ်ပြီနော်။

မေး - အကုသလဝိပါက်ရယ်၊ ဥပေက္ခာသဟဂုတ်သန္တီရဏရယ်လားဘုရား။

ဖြေ - မဟုတ်ဘူး၊ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏဆိုတာ ၁-ခုတည်းပဲ၊ ၇-ခုထဲက ၁-ခုတည်းပဲ၊ အကုသလဝိပါက်လို့ ဝိသေသန ပြုပြီးတော့ ပြောတာက ကုသလဝိပါက်နဲ့ ကွဲသွားအောင်ပြောတာ၊ အကုသလဝိပါက်စိတ် အကုန်ပြောတာမဟုတ်ဘူး၊ ပထမတန်းက အကုသလဝိပါက်စိတ် မဟုတ်ဘူးလား၊ အဲဒီ အကုသလဝိပါက်စိတ် ၇-ခုထဲက အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏလို့ သာမညအနေနဲ့ပြောလိုက်ရင် အကုသလဝိပါက်လား ကုသလဝိပါက်လား မကွဲဘူးလေ၊ ဒါကြောင့်မို့

မေး - ဒီစိတ်တစ်ခုတည်းနဲ့ ပဋိသန္ဓေနေတာလား။

[စာမျက်နှာ-15] ဖြေ - ဒီစိတ်တစ်ခုတည်းနဲ့ ပဋိသန္ဓေနေတာ၊ ငရဲဖြစ်ရင် တိရစ္ဆာန်ဖြစ်ရင် ပြိတ္တာ ဖြစ်ရင်၊ အသူရကာယ်ဖြစ်ရင် ဒီစိတ်နဲ့ပဲ ပဋိသန္ဓေနေတယ်၊ ဒါကြောင့်မို့လည်း သူတို့ကို ဒုဂ္ဂတိအဟိတ်၊ အဟိတ်နဲ့ပဋိသန္ဓေနေတယ်၊ ဒုဂ္ဂတိဆိုတာက မကောင်းတဲ့ ဘဝမှာ အဟိတ်ပဋိသန္ဓေသွားနေတာ။

ကောင်းပြီ၊ ပြီးတော့ ဟိုဘက်ဟာက လူ စတု စာလုံးကသေးလို့။

* လူစတု၊ ကန်းကျိုးကု၊ ဥသန္တီ။

အဲဒါက လူ့ဘုံနဲ့ စတုမဟာရာဇိကဘုံမှာ မွေးကတည်းက ကန်းလာတာ၊ မွေးကတည်းက ကျိုးလာတာ၊ အလာတာ၊ အဲဒီလို သတ္တဝါတွေအတွက် ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတယ်တဲ့ ဆိုတော့ အဟိတ်စိတ် ကော်လံ ၂-ခုထဲက ဒုတိယကော်လံ အောက်ဆုံးဟာပဲ၊ အောက်ဆုံး တစ်ခုပဲ၊ အဲဒီစိတ်နဲ့ ပဋိသန္ဓေနေတယ်၊ လူနဲ့ စတုမဟာရာဇိက အညံ့စားလို့ ပြောကြ ပါစို့၊

မေး - တိရစ္ဆာန်တို့ မပါတော့ဘူးလား။

ဖြေ - မပါတော့ဘူး၊ တိရစ္ဆာန်က အကုသလဝိပါက်နဲ့ နေတာ၊ အခုဟာက ကုသလဝိပါက်နဲ့နေတာ။

မေး - ဥပေက္ခာဖြစ်ပါသလား၊

ဖြေ - ဟုတ်တယ်၊ ဥပေက္ခာ၊ သောမနဿ မဟုတ်ဘူး၊ သောမနဿက ပဋိသန္ဓေ စုတိ ဘဝင် ကိစ္စကို မတပ်ဘူး၊ ဥပေက္ခာကသာ တပ်တာ။

လူ့ဘုံမှာ ပဋိသန္ဓေနေတဲ့အခါကျတော့ ဒါကတော့ ရုပ်ပိုင်းကျမှ သိလိမ့်မယ်။ ဘယ်အချိန်မှာ မျက်စိပသာဒပေါ်တယ်၊ ဘယ်အချိန်မှာ နားပသာဒပေါ်တယ်ဆိုတာ လာလိမ့်မယ်၊ ၇-ရက်၊ ၇-ရက်နဲ့ ပိုင်းတယ်၊ အဲဒီပေါ်ရမယ့် အချိန်မှာ မပေါ်ရင် မွေးကတည်းက ကန်းတယ်လို့ ခေါ်တယ်။

အဲဒီပေါ်ပြီးတဲ့နောက်မှ အကြောင်းတစ်မျိုးမျိုးကြောင့် ပသာဒပျက်စီးသွား တာလည်း ရှိချင်ရှိလိမ့်မယ်၊ ပေါ်ချိန်တုန်းကတော့ ပေါ်လိုက်တယ်၊ နောင်အခါကျမှ အကြောင်းတစ်မျိုးမျိုးကြောင့် ပျက်စီးသွားတာမျိုး မဆိုလိုဘူး၊ အဲဒီ ပသာဒဖြစ်ချိန်မှာ မဖြစ်တာကို မဖြစ်တဲ့သတ္တဝါတွေကို ပဋိသန္ဓေက ကန်းလို့ပဲ ပြောကြပါစို့၊ ပါဠိလိုတော့ ဝစ္စန္ဓလို့ခေါ်တယ်၊ ပဋိသန္ဓေကတည်းက ကန်းလာတာ၊ ပဋိသန္ဓေ ကတည်းက နားလေးလာတာ၊ လူဖြစ်ပြီးတော့ အလွန်ညံ့ဖျင်းတဲ့ သတ္တဝါမျိုးတွေရှိ သေးတယ်မဟုတ်ဘူးလား၊ ဘာပြောလို့ ပြောမှန်းမသိဘူး၊ အရှေ့ အနောက် တောင်

[စာမျက်နှာ-16] မြောက်တောင် တချို့ မမှတ်တတ်ဘူး၊ ဟို mental လိုဟာမျိုး ဖြစ်နေတယ်၊ တစ်ခါတလေ စကားပြောရင် လေးလုံးမကွဲဘူး၊ အဲသလို မပီတပီဖြစ်နေတာ ငန်းစွဲတယ်လို့ မြန်မာလိုခေါ်တယ်၊ အဲဒီ သတ္တဝါနဲ့ အဲဒီလူတွေဟာ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေတာ၊ လူဖြစ်တာကတော့ သူတို့က ကုသိုလ်ရဲ့ အစွမ်းသတ္တိကြောင့်ဖြစ်တာ၊

ဒါပေမယ်လို့ သူတို့ရဲ့ ကုသိုလ်က ညံ့ခဲ့တဲ့အတွက်ကြောင့်မို့ ဒီမှာ ညံ့ဖျင်းတဲ့ အကျိုးပဲလာရတာ၊ အကုသိုလ်ကြောင့် ဖြစ်တာတော့မဟုတ်ဘူး၊ ကုသိုလ်ကြောင့်ပဲ။ သို့သော် သူတို့ရဲ့ ကုသိုလ်က ပြည့်စုံအောင် အကျိုးမပေးနိုင်တဲ့ ကုသိုလ်ပေါ့လေ၊ နတ်တွေလည်း တချို့ခပ်ချာချာနတ်တွေ ရှိသေးတယ်လို့ဆိုတယ်၊ စတုမဟာရာဇိက နတ်တွေပေါ့လေ၊ အဲဒါ တချို့ကျတော့ ဘုမ္မစိုးနတ်ကြီးတွေကို အမှီပြုပြီးတော့ ဆင်းဆင်းရဲရဲနေရတဲ့ နတ်တွေရှိသေးတယ်၊ သူတို့တွေလည်း ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေတယ်။

မေး - ရုက္ခစိုးတွေလည်း စတုမဟာရာဇ်ပဲလား။

ဖြေ - ရုက္ခစိုးတွေလည်း စတုမဟာရာဇိကပဲ၊ သူတို့မှီပြီးတော့ နေရတာ၊ သူတို့ထက် အောက်တန်းကျသွားတာပေါ့ လေ၊ ခပ်ချာချာနေရတယ်၊ စတုမဟာရာဇ်တော့ စတုမဟာရာဇ်ပဲ၊ အဲဒီနတ်မျိုးတွေကျလည်းပဲ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတယ်၊ လူတွေလည်း မွေးကတည်းက ကန်းကျိုးလာတာ တွေပေါ့လေ၊ သူတို့ကို သုဂတိအဟိတ် ပဋိသန္ဓေလို့ခေါ်တယ်၊ အပါယ်အတွက်က ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေ၊ အခုဟာက သုဂတိအဟိတ် ပဋိသန္ဓေ၊

လူ့ဘုံမှာနှင့်တကွ စတုမဟာရာဇ် တာဝတိံသာ စသည်မှာလည်း ကာမသုဂတိ ၇-ဘုံ၊ မဟာဝိပါက် ၈-ကို တွေ့လား၊ ဘယ်ဘက်ကကြည့်၊ အဲဒီ ကာမသုဂတိ ၇-ဘုံမှာ မဟာဝိပါက်စိတ် ၈-ပါးနဲ့ ပဋိသန္ဓေနေတယ်တဲ့၊ လူ့ဘဝရောက်လာပြီးတော့ ကျိုးကန်းလာတာ မဟုတ်တဲ့ လူမျိုးပေါ့နော်၊ အဲဒီလိုမျိုးဆိုရင် မဟာဝိပါက် ၈-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေလိမ့်မယ်၊ ထို့အတူပဲ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ အဆင့်အတန်းမှီတဲ့သူ ဆိုကြပါစို့။ အထက်တန်း မှီတဲ့ နတ်တွေ သူတို့ကျတော့ မဟာဝိပါက်စိတ် ၈-ပါးထဲက တစ်ပါးပါးနဲ့ ပဋိသန္ဓေနေလိမ့်မယ်၊ ဒါကြောင့်မို့ သူတို့ကို ကာမသုဂတိ ပဋိသန္ဓေပေါ့။

ကောင်းပြီ၊ ဗြဟ္မာတွေ သွားကြစို့၊ ဗြဟ္မာတွေသွားတဲ့အခါကျတော့ စေတသိက်ပိုင်းတုန်းက ဦးဇင်းပြောခဲ့ဖူးတယ်ထင်တယ်။ စိတ်ပိုင်းတုန်းကလည်း

[စာမျက်နှာ-17] ပြောခဲ့လိမ့်မယ်ထင်တယ်၊ ဈာန်တွေကို ငါးပါးလည်း ခွဲလို့ရတယ်၊ လေးပါးလည်းခွဲလို့ ရတယ်၊ အခု အဲဒီမှာ လေးပါးခွဲမှ ဖြစ်မှာ၊ လေးပါးနဲ့ ငါးပါးခွဲလိုက်တဲ့အခါ နည်းနည်းရှုပ်မယ် ထင်တယ်၊ ဘုံက ၄-မျိုးပဲရှိတယ်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ဈာန်စိတ်ကျတော့ ငါးမျိုးလုပ်ထားတော့ အဲဒီမှာ ရှုပ်သွားနိုင်တယ်၊ အမှန်ကတော့ မရှုပ်ပါဘူးနော်။

ကောင်းပြီ၊ ပထမဈာန် ၃-ဘုံ ဗြဟ္မာတွေ ဘယ်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေသလဲ။ ပထမဈာန်ဝိပါက်စိတ်နဲ့၊ ဒုတိယဈာန် ၃-ဘုံ ကျတော့၊ ဒုတိယဈာန်ဝိပါက်စိတ်နဲ့၊ တတိယဈာန်ဝိပါက်စိတ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ဈာန် ၄-ပါးနည်းနဲ့ ဈာန် ၅-ပါးနည်းကို ဟပ်ကြည့်လိုက်ရင် ဈာန် ၅-ပါးမှာ-၁၊ ဈာန် ၄-ပါးမှာ-၁၊ ဟုတ် တယ်မဟုတ်လား၊ ဈာန် ၅-ပါးမှာ ၂-၃၊ ဈာန် ၄-ပါးမှာ ၂၊ ဈာန် ၅-ပါးမှာ ၄၊ ဈာန် ၄-ပါးမှာ-၃၊ ဈာန် ၅-ပါးမှာ-၅၊ ဈာန် ၄-ပါးမှာ ၄၊ အဲဒီလိုသွားတာ၊ အဲဒီတော့ ၂ နှင့် ၃ က ဈာန် ၄-ပါးမှာ ၂-ပဲသွားဖြစ်တယ်။

ဒါကြောင့်မို့ ဒုတိယဈာန်ဘုံမှာ ဘယ်စိတ်နဲ့ ပဋိသန္ဓေ နေသလဲဆိုရင် ဒုတိယဈာန်ဝိပါက်စိတ်နှင့်သော်လည်းကောင်း၊ တတိယဈာန်ဝိပါက်စိတ်နှင့် သော်လည်းကောင်း ပဋိသန္ဓေနေတယ်နော်၊ သူ အဆင့်တန်းတော့ ရှိသွားမှာပေါ့ နော်။ ဒုတိယဈာန် ပဋိသန္ဓေနေတဲ့ ဗြဟ္မာနဲ့ တတိယဈာန်နဲ့ ပဋိသန္ဓေနေတဲ့ ဗြဟ္မာတော့ အဆင့်အတန်းတော့ ရှိသွားမှာပေါ့၊ သို့သော်လည်း တစ်ဘုံထဲပဲ။

ဒါကြောင့်မို့ ဒုတိယဈာန် ၃-ဘုံဆိုတာ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ။ ဒုတိယဈာန်၊ တတိယဈာန်ဝိပါက်နဲ့ ပဋိသန္ဓေနေတယ်၊ တတိယဈာန် ၃-ဘုံမှာ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ၊ စတုတ္ထဈာန်ဝိပါက်နဲ့ ပဋိသန္ဓေနေတယ်နော်။

ဝေဟပ္ဖိုလ်ဘုံ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက စတုတ္ထဈာန်ဘုံ မဟုတ်ဘူးလား၊ အဲဒီတော့ စတုတ္ထဈာန်ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်။

အသညသတ်ဘုံမှာ စိတ်မှမရှိဘဲ၊ ဒါကြောင့် ဟိုဘက်မှာ ရေးထားတယ်။ အသညသတ် ဇီဝိတနဝက၊ ဒါ ရုပ်ပိုင်းကျမှ နားလည်လိမ့်မယ်နော်၊ ဇီဝိတနဝက ဆိုတာ ရုပ်ပဲ၊ ရုပ်သက်သက် အသက်တော့ရှိတယ်၊ စိတ်မရှိဘူး။

မေး။ အဲဒီအသညသတ်မှာ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ၊

ဖြေ။ ဥပေက္ခာနဲ့ ပဋိသန္ဓေနေလိမ့်မယ်၊ ဥပေက္ခာကမြင့်တယ်။ အမှန်ကတော့ ဥပေက္ခာက ပျော်တာလည်းမဟုတ်ဘူး၊ စိတ်ညစ်တာလည်း မဟုတ်ဘူးပေါ့လေ၊

[စာမျက်နှာ-18] ဥပေက္ခာနဲ့ နေနိုင်တယ်ဆိုတာ အဆင့်အတန်းမြင့်တဲ့သူမှ နေနိုင်တာ၊ စိတ်နိုင်တဲ့သူမှ ဖြစ်တာ၊ ဒါကြောင့် ဥပေက္ခာက ပိုမြင့်တယ်။

ဝေဟပ္ဖိုလ်လား၊ အသညသတ်ကျတော့ ရုပ်ချည်းပဋိသန္ဓေနေတယ်၊ ဒါကြောင့် သူ့ကို ရုပ်ပဋိသန္ဓေလို့ခေါ်တယ်၊ နာမ်ပဋိသန္ဓေလို့ မခေါ်ဘူး၊ ဘယ် စိတ်နဲ့မှ ပဋိသန္ဓေမနေဘူး၊ ဇီဝိတနဝကကလာပ်သည်သာလျှင် အဲဒီမှာ ပဋိသန္ဓေ ဖြစ်တယ်၊ ဒါတွေ ရုပ်ပိုင်းကျတော့ နားလည်လိမ့်မယ်။

ဒါဖြင့် သုဒ္ဓါဝါသ ၅-ဘုံတဲ့၊ သူတို့ကလည်း စတုတ္ထဈာန်ဘုံပဲ၊ စတုတ္ထဈာန် ဘုံဖြစ်တဲ့အတွက်ကြောင့်မို့ ပဋိသန္ဓေနေရင် ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေမယ် နော်၊ ပြီးရောပေါ့၊ ဒါ ရူပါဝစရ ပဋိသန္ဓေ။

ကောင်းပြီး ပြန်ပြောစမ်း၊ ပထမဈာန် ၃-ဘုံမှာ ပထမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဒုတိယဈာန် ၃-ဘုံမှာ ဒုတိယဈာန်ဝိပါက်၊ တတိယဈာန်ဝိပါက် စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ တတိယဈာန် ၃-ဘုံမှာ စတုတ္ထဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဝေဟပ္ဖိုလ်ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်။ အသညသတ်ဘုံမှာ ဇီဝိတနဝက ကလာပ်ရုပ်နဲ့ ပဋိသန္ဓေနေတယ်၊ သုဒ္ဓါဝါသ ၅-ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ရူပါဝစရ ပြီးသွားပြီ။

အရူပါဝစရ သူ့ဟာသူ ရှင်းပါတယ်။

အာကာသာနဉ္စာယတနဘုံမှာ အာကာသာနဉ္စာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဝိညာဏဉ္စာယတနဘုံမှာ ဝိညာဏဉ္စာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ အာကိဉ္စညာယတနဘုံမှာ အာကိဉ္စညာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ နေဝသညာနာသညာယတနဘုံမှာ နေဝသညာနာသညာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ပဋိသန္ဓေစိတ်တွေ၊ သူ့ဟာနဲ့သူ သတ်မှတ်ပြီး သား၊ ဘယ်ဘုံမှာဖြစ်ရင် ဘယ်စိတ်နဲ့ ပဋိသန္ဓေနေတယ်ဆိုတာ။

အဲဒီတော့ ဒီစိတ်နဲ့ ပဋိသန္ဓေနေရင် အဲဒီဘဝမှာ ဘဝင်လည်း ဒီစိတ်ပဲဖြစ်မှာပဲ။ သေတဲ့အခါ စုတိစိတ်လည်း ဒီစိတ်ပဲ ဖြစ်မယ်နော်၊ ဒါလေးလည်းမှတ်ထား၊ တစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟာ အတူတူပဲ။

ပြန်ပြောမယ်နော်၊ အပါယ်ဘုံမှာဆိုပါတော့၊ ပဋိသန္ဓေနေတာ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေရင် တစ်ဘဝလုံးဖြစ်မယ် ဘဝင်ကလည်း ဒီစိတ်တွေချည်းဖြစ်မှာပဲ၊ ပြီးတော့ ဘဝဆုံးလို့ သေတဲ့အခါလည်း ဒီစိတ်နဲ့သေမှာပဲ။ တခြားဟာတွေလည်း ဒီအတိုင်းပဲသွားမှာ၊ အဲဒီတော့ တစ်ဘဝမှာ ပဋိသန္ဓေ

[စာမျက်နှာ-19] ဘဝင်စုတိဟာ တူရိုးထုံးစံရှိတယ်တဲ့နော်။

ကောင်းပြီ၊ ဘာလာသလဲ၊ သက်တမ်းတစ်ခါလာတယ်၊ ခုဟာက ပဋိသန္ဓေ ပြီးသွားပြီ၊ ဘယ်ဘုံမှာ သက်တမ်းဘယ်လောက်ရှိသလဲ၊ သက်တမ်းက ညာဘက်မှာ ရှိတယ် တွေ့လား၊ အပါယ်ဘုံ၊ လူ့ဘုံ၊ ဘုမ္မစိုးနတ်၊ သက်တမ်းမမြဲ၊ အပါယ်ဘုံမှာ သက်တမ်းမမြဲဘူးတဲ့၊ အမှန်ကတော့ သူ့အကုသိုလ် ရှိသလောက် ခံရတာကိုး၊ အကုသိုလ်များရင်ကြာမယ်ပေါ့၊ အကုသိုလ်မများရင် မြန်မြန်လွတ်မယ်ပေါ့၊ အဲဒါကြောင့်မို့ အပါယ်ဘုံမှာ သက်တမ်းမမြဲဘူး၊ တချို့ငရဲကျပြီး ခဏလေးနဲ့မြန်မြန်လွတ် လာတာလည်းရှိတယ်၊ ဒေဝဒတ်တို့လို တစ်ကမ္ဘာလုံးခံရမယ့် ငရဲသားလည်းရှိတာပေါ့။

လူ့ဘုံကော သက်တမ်း ဘယ်မြဲမလဲ၊ ဆိုပါတော့၊ မြတ်စွာဘုရားလက်ထက် ကဆို တစ်ရာတမ်း အခု ဆုတ်လာတာပဲ။ အခုခေတ် လူတွေက အသက်ပိုရှည်လာ တယ်ဆိုတာ မဟုတ်ဘူး၊ သက်တမ်းတိုးလာတာ မဟုတ်ဘူး၊ ကလေးအသေ နည်းတာနဲ့ ဘာနဲ့ လုပ်လိုက်တဲ့အတွက်ကြောင့်မို့ အသက်တမ်း ပိုရှည်လာတယ်လို့ ထင်တာ၊ အမှန်က မဟုတ်ဘူး၊ အဲဒါလူတွေက မေးကြတယ်နော်၊ အရှင်ဘုရားတို့ ဗုဒ္ဓဘာသာက ပြောတယ်၊ အသက်တမ်းဟာ တဖြည်းဖြည်းနဲ့ ကျသွားတာ ၁၀ နှစ် တမ်းအထိအောင် ရောက်သွားမှာပဲတဲ့၊ အဲဒီကနေ တဖြည်းဖြည်းတက်တက် တက်တက်သွားတာ အသင်္ချေယျတမ်းပေါ့လေ၊ အရှည်ကြီးနေရမှာ၊ အဲဒီလိုပေါ့လေ။ တက်လိုက်ကျလိုက်နဲ့ သွားနေရမယ်၊ အခုခါ ဆုတ်ကပ်လို့ခေါ်တယ်၊ မြတ်စွာဘုရားက ဆုတ်ကပ်အခါမှ ပွင့်တယ်၊ တက်ကပ်မှာမပွင့်ဘူး၊ ဘာပြုလို့လည်းဆိုတော့ တရား ဟောခက်လို့၊ ဆုတ်ကပ်တောင်မှ ဒီနိုင်ငံ (အမေရိကန်)မျိုးရှိရင် တရားဟော ခက်တယ် ဟုတ်လား၊ ဒီနိုင်ငံကတဏှာလောဘကို အလွန်အားပေးတဲ့ နိုင်ငံပဲကိုး၊ အဲဒီတော့ ဆိုပါတော့ ပန်းလေးတွေ့တယ်ဆိုရင် ဒါလေးကို သူတို့က သာယာရမယ် (appreciate) လုပ်ရမှာ၊ ဒါမလုပ်နဲ့ဆိုရင် သူတို့က မခံနိုင်ဘူး၊

[စာမျက်နှာ-20] - မြတ်စွာဘုရားက ဘုရားဖြစ်ပြီးစက တရားမဟောချင်တာ အဲဒါ ကြောင့်ပဲ၊ သတ္တဝါတွေဟာ တွယ်တာမှုတွေ အားကြီးနေတယ်၊ တွယ်တာမှုတွေမှာ မွေ့လျော် ပျော်ပါးနေတာဆိုတော့ ငါဟောမယ့်တရားက တွယ်တာမှုဖြတ်ရမှာ၊ သိမယ့်လူ သိပ်ရှိမှာ မဟုတ်ဘူးဆိုပြီး ဘုရားက စိတ်ညစ်သွားတာ၊ ပြီးတော့မှ ပြန်ကြည့် လိုက်တော့၊ သော်-သတ္တဝါဆိုတာကလည်း အမျိုးမျိုးရှိတာ၊ နားလည်မယ့် သူလည်း ရှိတယ်၊ နားမလည်မယ့်သူလည်း ရှိတယ်ဆိုပြီးတော့ ဟောတော်မူတာ၊ အဲဒါကြောင့်မို့ လူ့ဘုံဟာ အဲသလိုသွားနေတာတဲ့။

ပြီးတော့ ဘုမ္မစိုးနတ်တွေ သူတို့လည်း အသက်မမြဲဘူး၊ တချို့ ဘုမ္မစိုးနတ်တွေ ကျတော့ အသက်သိပ်ရှည်တာတွေရှိတယ်၊ ရုက္ခစိုးနတ်ကြီးတွေလေ၊ တချို့ ဘုမ္မစိုး နတ်ကြီးတွေရှည်တယ်၊ တချို့လည်း မရှည်ဘူး၊ သူတို့မှာ သက်တမ်း မမြဲဘူးတဲ့၊ လူထိအောင် မမြဲဘူးတဲ့နော်၊ အပါယ်လေးဘုံထိ မမြဲဘူးတဲ့။

စတုမဟာရာဇိကဘုံကျတော့ နတ်သက် ၅၀၀-တဲ့နော်၊ လူသက် ၉-သန်း၊ အဲဒီလို ၂-မျိုး ၂-မျိုးသွားရမှာ၊ တာဝတိံသာနတ်သက်တစ်ထောင် လူသက် ၃၆-သန်းတဲ့၊ လေးဆတက် လေးဆတက်သွားလိမ့်မယ်၊ နတ်သက်က ၂-ဆ၊ ၂-ဆ တက်မယ်၊ လူသက်ကျ ၄-ဆ ၄-ဆ တက်သွားမယ်၊ ယာမာကျတော့ ၁၄၄-သန်း၊ တုသိတာ ၅၇၆-သန်း (မှတ်ချက်။ ၇၅၆-မဟုတ်ဘဲ ၅၇၆-ဖြစ်သင့်သည်)၊ နိမ္မာနရတိ ၂၃၀၄-သန်း၊ ပရနိမ္မိတဝသဝတ္တီ ၉၂၁၆-သန်းနော်၊ အဲဒီလို သက်တမ်းရှည်သွားမယ်တဲ့၊ ဒါကတော့ ဖြစ်နိုင်တာပြောတာပါ။ ဒီအသက် တမ်းထိအောင် ပြည့်အောင်နေရမယ်လို့ မဆိုလိုဘူး၊ လူလိုပေါ့၊ လူ ၁၀၀-တမ်း ဆိုပေမယ့်လို့ ငယ်ငယ်လေးနဲ့ သေချင် သေတာပဲ၊ သူတို့နတ်လည်း ဒီအတိုင်းပဲ၊ သို့သော် အပြည့်အဝ နေရမယ်ဆိုရင် ဒီလောက်နေရမယ်၊ ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။

ဒါပေမယ့် နတ်မှာသေဖို့အလွန်လွယ်တဲ့ဟာ ရှိတယ်နော် ကြားဖူးလား မသိဘူး၊ ဒေါသရယ်၊ ပြီးတော့ တဏှာလောဘရယ်၊ တဏှာလောဘက ဘာတုန်း ဆိုတော့ အပျော်ကျူးနေလို့၊ နတ်သုဒ္ဓါစားချိန်မှာ မစားလိုက်မိဘူးဆိုရင် သေရောတဲ့။ (breakfast) လွတ်သွားလို့ နေ့လည်ကျ ငါပိုစားမယ်ဆိုလို့ မရတော့ဘူး၊ သူ့အချိန်မှာစားရတာ၊ ဒီအချိန်မှာစားရင် ဒီအချိန်ကိုစားရမယ်၊ သူတို့ရုပ်က နူးညံ့တယ်၊ နူးညံ့တဲ့အခါကျတော့ နတ်ဩဇာနဲ့ ထိန်းရတာပေါ့၊ အဲဒီအချိန်မှာ မစားလိုက်မိရင်မရဘူး၊ ပန်းကညှိုးသွားပြီးတဲ့နောက် ရေအိုးတစ်ရာနဲ့ လောင်းရင်လည်း ပြန်မလန်းတော့ဘူး၊ အဲဒါကြောင့်မို့ အပျော်အပါး လွန်ကျူးပြီးတော့ စားချိန် မစားမိရင် သေရော၊ ဒါ ခိဍ္ဍာပဒေါသိကနတ်လို့ ခေါ်တယ်၊ မနောပဒေါသိက

[စာမျက်နှာ-21] နတ်ဆိုတာက ဒေါသဖြစ်တာ၊ ဒေါသဖြစ်တာက ဒီတစ်ယောက်က ဟိုတစ်ယောက်ကို ဒေါသဖြစ်ရင် ဟိုတစ်ယောက်က ပြန်မဖြစ်ရင် ကိစ္စမရှိဘူး၊ ဟိုတစ်ယောက်ကလည်း ပြန်ပြီးတော့ ဒေါသဖြစ်တယ်၊ အပြန်အလှန်ဖြစ်သွားရင် အဲဒီဒေါသဒဏ် မခံနိုင်ဘူး၊ နှစ်ယောက်စလုံး သေရော။

အဲဒီတော့ နတ်ပြည်ရောက်တယ်ဆိုပေမယ့်လို့ သေဖို့က လူ့ပြည်ထက် တောင်လွယ်သေးတယ်၊ ဒါပေမယ့် နေရမယ်ဆိုရင်တော့ သူတို့က ၃၆-သန်း စသည်ဖြင့် နေရမှာပေါ့။ ပြီးတော့ ဘာလာလဲဗြဟ္မာ၊ ဗြဟ္မာမလာခင် ဘယ်ဘက်မှာရှိတဲ့ ကပ်လေးပါးဆိုတာ ကြည့်လိုက်စမ်းပါ၊ အဲဒါ ပထမကြည့်လိုက်၊ ကပ် ၄-မျိုး ရှိတယ်တဲ့၊ ဒါ ကပ်ကြီး ၃-ပါးနဲ့ မဆိုင်ဘူး၊ ဒီကပ်ဆိုတာက ကမ္ဘာကိုပြောတာ၊ ကမ္ဘာကိုပဲ ကပ်လို့ခေါ်တာ၊ ဒါ ပါဠိစကား ကပ္ပ၊ ကပ္ပကိုမြန်မာက ကပ္ပါကနေပြီးတော့ ကမ္ဘာလို့ခေါ်တာ၊ ကပ္ပါကနေပြီးတော့ ဘယ်နှယ့် မနဲ့ဘကုံးဆင့်ပြီးတော့ ကမ္ဘာလို့ ရေးမှန်း မသိဘူး၊ ဒါကြောင့်မို့ တချို့ဘုန်းကြီးတွေက ကပ္ပါလို့ရေးတာ၊ ဖတ်တာ ကတော့ မင်းတို့ဖတ်ချင်သလို ဖတ်ပေါ့လေ၊ စာလုံးပေါင်းတော့ အမှန်အတိုင်း ဆိုပြီးတော့ ကပ္ပါလို့ ရေးထားတာ အများကြီးရှိတယ်။

အမှန်က ကပ္ပပြဿနာလို့ ဖတ်ရမှာမဟုတ်ဘူး၊ ကမ္ဘာ့ပြဿနာလို့ ဖတ်ရမှာ၊ ကောင်းပြီ၊ ပထမကပ်က ဘာကပ်လဲ၊ အာယုကပ်တဲ့နော်၊ အာယုကပ်ဆိုတာကတော့ အမှန် ကတော့ သက်တမ်းကိုခေါ်တာ ဒီအထဲမှာ ၁၀-နှစ်တမ်းမှ အသင်္ချေ၊ အသင်္ချေမှ ၁၀-နှစ်တမ်း၊ အဲဒါကတော့ သိပ်မဟုတ်ဘူးနဲ့ထင်တယ်၊ သာမည သက်တမ်းကိုပဲ အာယုကပ်လို့ခေါ်တာ၊ ဘာဖြစ်လို့လည်းဆိုတော့ လယ်တီဆရာတော်ကြီးရေးတဲ့ ပရမတ္ထသံခိပ်မှာ “အာယုအန္တရာ၊ အသင်္ချာ၊ မဟာ လေးမျိုးကပ်” ဆိုပြီးတော့ လင်္ကာရှိတယ်၊ ကပ်သည် အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်ဟူ၍ ၄-မျိုးရှိ၏၊ ထိုထိုအသက်တမ်းကို အာယုကပ်ဆိုသည်၊ သက်တမ်း ကိုက အာယုကပ်လို့ ဆိုတာတဲ့၊ လူ့အာယုကပ်ဆိုတာ ခုခေတ်တစ်ရာ ပေါ့ နော်။ နတ်အာယုကပ်ဆိုတာ ခုနကဟာ။

[စာမျက်နှာ-22]
အဘိဓမ္မာသင်တန်း (၂၈)

ဝီထိမုတ်ပိုင်း (ကမ္ဘာဖြစ်ပုံ ပျက်ပုံ)

ဒီနေ့ မေလ ၂၂-ရက်။

လွန်ခဲ့တဲ့အပတ်တုန်းက အာယုကပ်လေးပါးစသည် ပြောနေတာ မပြီးခဲ့ဘူး၊ ကပ်လေးပါးကိုပဲ ပြန်လေ့လာကြရအောင်။

ဘုံ ၃၁-ပါးတဲ့၊ စာရွက်မှာ ကပ်ဆိုတာ အမှန်ကတော့ ကမ္ဘာလို့ ဆိုလိုတာ၊ ပါဠိလို ကပ္ပ၊ ကပ္ပကိုကပ်လို့ဆိုတာ၊ အဲဒီတော့ ကမ္ဘာ ၄-မျိုးပေါ့နော်၊ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်လို့ အဲဒီလို ၄-မျိုးရှိတယ်၊ အာယုကပ်လို့ ပြောခဲ့တဲ့နေရာမှာ ဒီဇယားကွက်ထဲမှာ ပါနေတာက ၁၀-နှစ်တမ်းမှ အသင်္ချေယျ၊ အသင်္ချေယျမှ ၁၀-နှစ်တမ်းလို့ အဲဒီလို ပါနေတယ်၊ ဒါပေမယ့်လို့ တခြားကျမ်းတွေမှာ ရေးနေတာက ဒီလိုမဟုတ်ဘူးနော်။

အာယုကပ်ဆိုတာ ဘာလဲဆိုရင် သက်တမ်းပဲ၊ ထိုထိုအသက်တမ်းကို အာယုကပ်ဆိုသည်လို့ ပရမတ္ထသံခိပ်ကျမ်းမှာ လာတာနော်၊ အဲဒီမှာ “အာယုအန္တရာ၊

[စာမျက်နှာ-23] အသင်္ချာ၊ မဟာ လေးမျိုးကပ်” ဆိုပြီးတော့ အဲဒီလို၊ အဲဒီတော့ အသက်တမ်းပေါ့။ လူ့အသက်တမ်းဆိုရင် ၁၀၀-ဆိုရင်ဖြင့် ၁၀၀-ပေါ့၊ အဲဒါကို အာယုကပ်လို့ခေါ်တာ၊ နတ်ဟာလည်း နတ်သက် ၅၀၀-သို့မဟုတ် ၉-သန်း၊ အဲဒီလို အသက်တမ်းတစ်ခုကို အာယုကပ်လို့ခေါ်တာ၊ ၁၀-နှစ်ကနေ အသင်္ချေ၊ အသင်္ချေကနေ ၁၀-နှစ်တမ်း၊ ဒီလို မဆိုလိုဘူး၊ ကျမ်းဂန်မှာ အဲဒီအတိုင်းရှိတယ်၊

အာယုကပ်ပြီးတော့ အန္တရကပ်တဲ့၊ အန္တရဆိုတာက မြန်မာအဓိပ္ပာယ်နဲ့ဆိုရင် အကြားလို့ ဆိုလိုတာပေါ့၊ အကြားအန္တရကပ်ဆိုတာ တက်ကပ်ဆုတ်ကပ် ၂-ပါး ၁ စုံကို အန္တရကပ်လို့ခေါ်တယ်၊ ဆုတ်ကပ်တက်ကပ်။

လူတွေက စစခြင်းဆိုပါတော့၊ အသင်္ချေယျတမ်းလို့ခေါ်တဲ့ နှစ်ပေါင်းများစွာ ရှည်တယ်ပေါ့လေ၊ အဲဒီလို အသင်္ချေယျတမ်းကနေပြီးတော့ တဖြည်းဖြည်းနဲ့ ဆုတ်ဆုတ်ဆုတ်ဆုတ်သွားမယ်၊ လူတွေက အကျင့်ပျက်လို့၊ အဲဒီလို ဆုတ်လိုက် တာမှာ ဘယ်ထိအောင် ဆုတ်သွားသလဲဆိုရင် ၁၀-နှစ်တမ်းထိအောင် ဆုတ်သွားမယ်။ အဲဒီ ၁၀-နှစ်တမ်းကျတော့ အလွန်ဆိုးတဲ့အခြေအနေတွေ ဖြစ်ကုန်ပြီပေါ့၊ မြက်ပင်လေး ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ လက်နက်ဖြစ်သွားပြီဆိုတဲ့ အခြေအနေမျိုးပေါ့။ အဲဒီကနေ လူတွေက တစ်ခါ သတိတရားရပြီးတော့ ပြန်ပြီးတော့ အကျင့် ကောင်းပြီးတော့ ပြန်တက်တက်လာတာ အသင်္ချေယျတမ်းပြန်ရောက်၊ အဲဒီ အသင်္ချေယျကနေပြီးတော့ ၁၀-နှစ်၊ ၁၀-နှစ်ကနေ အသင်္ချေယျတမ်း၊ အဲဒီလောက် ကြာတဲ့ကာလကို အန္တရကပ်လို့ခေါ်တယ်၊ နှစ်ပေါင်းဘယ်လောက် ကြာတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးနော်၊ အဲဒီတော့ ဆုတ်ကပ်တက်ကပ် တစ်ခုပေါ့လေ၊ အဲဒါက အန္တရကပ်။

နောက်ကပ်က အသင်္ချေယျကပ်တဲ့၊ အဲဒီ အသင်္ချေယျကပ်ကတော့ ခုနက ပြောခဲ့တဲ့ အန္တရကပ်ပေါင်း ၆၄-ကပ် အတိုင်းအရှည်ရှိတဲ့ ကာလကို အသင်္ချေယျကပ်။

တစ်ခါ နောက်တစ်ခုက မဟာကပ်၊ မဟာကပ်ကလည်းပဲ အသင်္ချေယျကပ် ၄-ကပ် အတိုင်းအရှည်ရှိတဲ့ ကာလပေါ့၊ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်လို့ အဲဒီလို ၄-မျိုးရှိတယ်။

အဲဒီတော့ ဗြဟ္မာဘုံတွေရဲ့ သက်တမ်းကို လေ့လာတဲ့အခါမှာ (သို့မဟုတ်) သတ်မှတ်တဲ့အခါမှာ ဘယ်လိုသတ်မှတ်ရမလဲတဲ့၊ ပထမဈာန် ၃-ဘုံအတွက် ဘယ်လို သတ်မှတ်သလဲ၊ ဒုတိယဈာန် ၃-ဘုံအတွက် ဘယ်လိုသတ်မှတ်သလဲ။ တတိယဈာန် ၃-ဘုံအတွက် စသည် ဘယ်လိုသတ်မှတ်သလဲ၊ ဒါ အရေးကြီး

[စာမျက်နှာ-24] တယ်နော်၊ အဲဒီတော့ အဲဒီဟာ မသွားခင် ကမ္ဘာကြီးဖြစ်ပုံပျက်ပုံ နားလည်ဖို့ တစ်ခါလိုလာတယ်၊ ဒါ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေမှာ ဆိုထားတာပေါ့လေ၊ ကမ္ဘာကြီး ပျက်သွားမယ်၊ နောက် ကမ္ဘာကြီး ဖြစ်လာမယ်၊ ကမ္ဘာပေါ်မှာ သတ္တဝါတွေ ဘယ်လိုဖြစ်လာတယ်၊ လူကိုပဲပြောတယ်၊ တခြားသတ္တဝါတွေ ထည့်မပြောဘူးနော်၊ အဲဒီဟာလည်း ဗဟုသုတအနေနဲ့ သိထားသင့်တယ်။

အဲဒီတော့ ဒီ အသင်္ချေယျကပ် တစ်ခုမှာ တစ်ခါ ၄-မျိုးရှိပြန်တယ်၊ သံဝဋ္ဋကပ်၊ သံဝဋ္ဋဋ္ဌာယီကပ်၊ ဝိဝဋ္ဋကပ်၊ ဝိဝဋ္ဋဋ္ဌာယီကပ်လို့ အဲဒီလို ၄-မျိုး ရှိပြန်တယ်။ အဲဒီမှာ သံဝဋ္ဋကပ်ဆိုတာ ကမ္ဘာပျက်ဆဲတဲ့နော်၊ ဒီလောက် အချိန်အကြာကြီး ကမ္ဘာပျက်နေမှာ၊ ကမ္ဘာပျက်တယ်ဆိုတာ ချက်ခြင်း ဒီနေ့ပျက် ဒီနေ့ပြီးတာမဟုတ်ဘူး၊ ပျက်နေတဲ့ အချိန်ပိုင်းကာလလည်း အကြာကြီးသွားမယ်တဲ့၊ ပျက်ပြီးတဲ့နောက် အပျက်အတိုင်းနေတာ၊ ထပ်မပျက်တော့ဘူး၊ ကုန်ပြီ၊ ဘာမှကို မရှိတော့ဘူး၊ အဲဒီဟာက သံဝဋ္ဋဋ္ဌာယီတဲ့။

နောက်တစ်ခါ ပြန်ဖြစ်တာ၊ ဖြစ်နေတဲ့ဟာက ဝိဝဋ္ဋကပ်၊ အဲဒီလိုဖြစ်ပြီးတဲ့နောက် တည်နေပြီ အဖြစ်နဲ့ပဲ တည်နေတယ်၊ အခုကပ်မျိုးပေါ့နော်၊ အဲဒါကို ဝိဝဋ္ဋဋ္ဌာယီကပ်၊ အဲဒီလို ၄-မျိုးရှိတယ်၊ အဲဒီ ၄-မျိုးတစ်ခုဟာ အသင်္ချေယျကပ်တစ်ခု ဖြစ်တော့တာပဲ။ သံဝဋ္ဋကပ်၊ သံဝဋ္ဋဋ္ဌာယီကပ်၊ ဝိဝဋ္ဋကပ်၊ ဝိဝဋ္ဋဋ္ဌာယီကပ်တဲ့။

ကမ္ဘာတစ်ခုဟာ ဘယ်လောက် ကြာသလဲဆိုတာက အခုပေးထားတဲ့ စာရွက်ထဲမှာ အဲဒါပါတယ်။ တစ်နေ့မှာ ရဟန်းတစ်ပါးက မြတ်စွာဘုရားကို လျှောက်တယ်တဲ့နော်၊ ကမ္ဘာဟာ ဘယ်လောက်ရှည်ပါသလဲ ဘုရားလို့ လျှောက်တော့ မြတ်စွာဘုရားက ကမ္ဘာဟာ သိပ်ရှည်တယ်၊ နှစ်တွေဒီလောက်ရှိတာပဲ၊ သို့မဟုတ် နှစ်ရာပေါင်း ဘယ်လောက်ရှိတာပဲ၊ နှစ်ထောင်ပေါင်း ဘယ်လောက်ရှိတာပဲ။ နှစ်သောင်းပေါင်း ဘယ်လောက်ရှိတာပဲ၊ နှစ်သိန်းပေါင်း ဘယ်လောက်ရှိတာပဲလို့ ရေတွက်ခြင်းငှာ မလွယ်ဘူးတဲ့၊ ဘယ်လောက်ရှိတယ်လို့ကို မပြောနိုင်ဘူးပေါ့။ အဲဒီတော့ အဲဒီရဟန်းက လျှောက်တယ်၊ ဒါဖြင့် ဥပမာလေးနဲ့များ မပြောနိုင်ဘူး လားပေါ့ ဆိုတော့ မြတ်စွာဘုရားက ဘယ်လိုအမိန့်ရှိသလဲ၊ “မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်သော ကျောက်တောင်ကြီးတစ်တောင်ရှိမယ်တဲ့၊ အလျားအားဖြင့် တစ်ယူဇနာတဲ့နော်၊ ၈-မိုင်လောက်ရှိမယ်ပေါ့၊ အနံအားဖြင့် တစ်ယူဇနာ၊ အစောက်အားဖြင့် တစ်ယူဇနာ၊ အစောက်ဆိုတာ အမြင့်ပေါ့နော်၊ အဲဒီတော့ တွေးကြည့်ပေါ့နော်၊ အဲဒီကျောက်တောင်ကြီးကို ယောက်ျားတစ်ယောက်က

[စာမျက်နှာ-25] အနှစ်တစ်ရာ၊ တစ်ရာလွန်တဲ့အခါ ကာသိတိုင်းဖြစ် အဝတ်ဖြင့်ဆိုတာ နူးညံ့တဲ့ အဝတ်ကိုဆိုလိုတယ်၊ ကာသိတိုင်း ဆိုတာ ယခုခေတ်တော့ ဗာရာဏသီနယ်ပေါ့၊ အဲဒီကဖြစ်တဲ့ အဝတ်ကနူးညံ့တယ်ပေါ့နော်၊ အဲဒီလို နူးညံ့တဲ့အဝတ်ဖြင့် တစ်ကြိမ် တစ်ကြိမ်သာ ပွတ်တိုက်ရာတဲ့၊ အနှစ်တစ်ရာကြာမှ တစ်ခါလာပြီး ပွတ်တိုက်ရမယ်တဲ့။ ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျှင်စွာသာလျှင် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏တဲ့၊ အဲဒီလို ပွတ်တိုက်လို့ ဒီကျောက်တောင်ကြီးသာ ကုန်ချင်ကုန်သွား မယ်တဲ့၊ ကမ္ဘာသည် ကုန်ဆုံးခြင်းသို့ မရောက်ရာတဲ့၊ ကမ္ဘာကြီး မကုန်သေးဘူးတဲ့။ အဲဒီလောက်ရှည်တယ်တဲ့နော်၊ အဲဒီတော့ ဘယ်လောက်မှန်းကို မပြောနိုင်ဘူး။

သူတို့အနောက်နိုင်ငံမှာလည်း ဒီလိုဟာမျိုးတွေရှိတယ်နော်၊ ငှက်ကလေးက အဲဒီကျောက်တောင်ကြီးကို နှုတ်သီးကလေး သွားသွားသုတ်တာ ဆိုတာရှိတယ်။ သူတို့လည်းပဲ ဒါမျိုးရှိတယ်။

ခုနကသုတ်က ပဗ္ဗတသုတ္တတဲ့ နောက်သုတ်က သာသပသုတ္တတဲ့၊ အတူတူ ပါပဲ၊ ဥပမာ တစ်မျိုးပြတာပဲ၊ ဒီကျတော့ ဥပမာက တွင်းကြီးတဲ့၊ အလျားတစ်ယူဇနာ အနံတစ်ယူဇနာ၊ အစောက် တစ်ယူဇနာရှိသော မုန့်ညှင်းစေ့တို့ဖြင့် အစိုင်အခဲဖွဲ့လျက် ပြည့်နှက်လျက်ရှိသော မြို့သည်ရှိရာ၏တဲ့၊ မြို့ကြီးတစ်မြို့ လိုဏ်ခေါင်းကြီးတစ်ခု ပေါ့၊ အလျား ၈-မိုင်၊ အနံ ၈-မိုင်၊ စောက် ၈-မိုင်ရှိတဲ့ လိုဏ်ခေါင်းကြီးတစ်ခုနော်၊ အဲဒီအထဲမှာ မုန့်ညှင်းစေ့တွေ ပြည့်နေမယ်တဲ့၊ ယောက်ျားသည် ထိုမြို့တွင်းရှိ မုန်ညင်းစေ့ပုံမှ အနှစ်တစ်ရာ အနှစ်တစ်ရာကို လွန်သောအခါ မုန်ညှင်းစေ့တစ်စေ့စီ၊ တစ်စေ့စီ ထုတ်ယူရာ၏တဲ့၊ ထိုကြီးစွာသော မုန့်ညှင်းစေ့အစုသည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည်ကုန်ဆုံးခြင်းသို့ မရောက်နိုင်ရာ၊ ကမ္ဘာကြီးဟာ ကုန်ခြင်းသို့ မရောက်ဘူး၊ ကမ္ဘာတစ်ခုတစ်ခုဟာ ဒီလောက်ကြာတယ်တဲ့။

ကောင်းပြီ၊ သံဝဋ္ဋကပ်ဟာ ဘယ်လောက်ကြာလဲ၊ သံဝဋ္ဋဋ္ဌာယီကပ်ဟာ ဘယ်လောက်ကြာတာလည်း ဆိုတာလည်းဘယ်သူမှ မပြောနိုင်ဘူး၊ ဒီဟာကိုပဲ မြတ်စွာဘုရား ဟောထားတဲ့ သုတ်တစ်သုတ်ရှိတယ်နော်၊ “ရဟန်းတို့ ကမ္ဘာပျက်ဆဲ သံဝဋ္ဋအခါကို ဤမျှလောက်နှစ်တို့ဟူ၍လည်းကောင်း၊ ဤမျှလောက် နှစ်အရာတို့ဟူ၍လည်း ကောင်း၊ ဤမျှလောက် နှစ်အထောင်တို့ဟူ၍လည်းကောင်း၊ ဤမျှလောက် နှစ်အသိန်းတို့ဟူ၍လည်းကောင်း၊ ရေတွက်ခြင်းငှာ မလွယ်တဲ့၊ ဘယ်နှစ်နှစ်ရှိတယ်။ နှစ်ဘယ်နှစ်ဆယ်ရှိတယ်၊ ဘယ်နှစ်ရာရှိတယ်၊ ဘယ်နှစ်ထောင်ရှိတယ်၊ ဘယ်နှစ်သိန်း ရှိတယ်လို့ ဒီလိုပြောဖို့ရန် မလွယ်ဘူး၊ သိပ်ရှည်တယ်ပေါ့၊ အဲဒီမှာ ကမ္ဘာကြီး

[စာမျက်နှာ-26] အဲဒီလောက် အကြာကြီး ပျက်နေတယ်၊ ပျက်ပြီးတော့ တစ်ခါ ပြန်ပြီး ပျက်လျက်ကြီးနဲ့ တည်နေတယ်၊ နောက်တစ်ခါ ပြန်ပြီးတော့ ဖြစ်လာတယ်၊ ဖြစ်ပြီးတဲ့နောက် တည်နေတယ်၊ ဒီအတိုင်းသွားနေမယ်၊ ကမ္ဘာတစ်ခု တစ်ခုဟာ ဒီကမ္ဘာပျက်ချိန်တန် တော့ပျက်၊ ပျက်ပြီးတော့ ပျက်တဲ့အတိုင်းနေ၊ ပြန်ဖြစ် ဖြစ်တဲ့အတိုင်း သွားနေမယ်။ ဒီလိုချည်းသွားနေမယ်တဲ့၊ ဒီလိုဟာ အဆုံးအစ မရှိဘူးနော်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကြီးပျက်ပုံကို ဘုရားဟောရော၊ အဋ္ဌကထာတွေ ဖွင့်တာရော အားလုံးပေါ့လေ၊ ဒီ ၂-ခု စုပေါင်းပြီးတော့၊ ရှေးစာအုပ်တွေ ကျမ်းဂန်တွေမှာ ရေးထားတာရှိတယ်၊ အဲဒါလေးကို အခုပြောရမယ်၊ အဲဒါကို မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက လင်္ကာလေးစီပြီးတော့ ရေးထားတာ သိပ် ကောင်းတယ်။

အဲဒီတော့ ကမ္ဘာပျက်တဲ့အခါ မီးဖျက်တဲ့ကမ္ဘာရှိတယ်၊ ရေဖျက်တဲ့ ကမ္ဘာရှိတယ်၊ လေဖျက်တဲ့ကမ္ဘာရှိတယ်တဲ့၊ အခု လင်္ကာစီထားတာကတော့ မီးဖျက်တဲ့ကမ္ဘာကို စီထားတယ်။

အဲဒီမှာ “ရှေးဦးစွာဖျက်၊ ကုဋေဖက်သည့်၊ သိန်းစက္ကဝါ၊ မိုးကြီးရွာသော် ညီညာရွှင်ပျ စိုက်ပျိုးကြသား ဂေါဏစားလောက်၊ ပင်ငယ်ရောက်က၊ တစ်ပေါက် မကျ” ဆိုလိုတာက ဘာလည်းဆိုတော့ ကမ္ဘာကြီးပျက်ဖို့ နီးလာတဲ့အခါမှာ ပထမဘာဖြစ် သလည်းဆိုတော့ မိုးကြီးရွာတယ်တဲ့နော်၊ ကုဋေဖက်သည် သိန်းစက္ကဝါ မိုးကြီးရွာသော်တဲ့၊ အဲဒီကုဋေတစ်သိန်းလောက် စကြာဝဠာကြီးမှာ တစ်ပြိုင်နက်ဖြစ်လေ့ ပျက်လေ့ရှိတယ်၊ ဒီစကြာဝဠာကြီးမှာ မိုးကြီး ပထမ ရွာလိုက်တယ်နော်၊ အဲသလို မိုးကြီးရွာပြီးတဲ့နောက် လူတွေက ပထမ ဝမ်းမြောက် ဝမ်းသာနဲ့ ပေါ့လေ၊ ပထမ မိုးမကောင်းဘူးဆိုပါတော့၊ နောက် မိုးကြီးကောင်းကောင်း ရွာလိုက်တယ်၊ ညီညာရွှင်ပျ စိုက်ပျိုးကြသားတဲ့နော်၊ ဝမ်းမြောက်ဝမ်းသာနဲ့ စိုက်ကြပျိုးကြတယ်၊ ဂေါဏစား လောက်ပင် ငယ်ရောက်က တစ်ပေါက်မကျ၊ ဂေါဏစားလောက်ဆိုတာ နွားစား လောက်တဲ့ ကောက်ပင်လေးတွေ ဖြစ်လာတဲ့ အခါမှာ မိုးကတစ်ပေါက်မှမကျတော့ဘူး၊ မိုးကြီးခေါင်သွားပြီ၊ ကမ္ဘာကြီးက အဲဒီအချိန်မှာ ဖျက်တော့မှာကို၊ အဲဒီလိုအခါလောက်မှာပဲ တစ်သိန်းမျှက၊ လောကဗျူဟာ၊ နတ်ကာမာတို့၊ မေတ္တာထားကြ၊ ကြီးမိဘကို၊ တုပ်ကွမြတ်လေး၊ လုပ်ကျွေးကြပါ၊ ကြွေးကြော်လာ၏။

အဲဒီလိုအချိန်အခါမှာ လောကဗျူဟာနတ်ဆိုတဲ့ နတ်တွေဟာ လောကကြီး ဆီလာပြီး ကြွေးကြော်တယ်တဲ့၊ လောကဗျူဟာဆိုတာကတော့ ဒီလောကလူတွေ

[စာမျက်နှာ-27] စုအောင်လုပ်တတ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ သူ့ကို လောကဗျူဟာလို့ခေါ်တယ်။ အဲဒီ ကာမာဝစရနတ်တွေ၊ အဲဒီနတ်တွေက တစ်ခါတည်း အဝတ်နီကြီးတွေ ဝတ်လျက် ဆံပင်ဖားလျားချ မျက်ရည်တွေနဲ့ပေါ့လေ၊ သတိပေးနှိုးဆော်တယ်။ သူတို့က ဘာလို့လည်းဆိုတော့ ဒီနေ့က နေပြီးတော့ နောင်အခါ အနှစ်တစ်သိန်း လွန်တဲ့အခါမှာ ကမ္ဘာကြီးပျက်တော့မယ်တဲ့၊ သမုဒ္ဒရာကြီးတွေလည်း ခြောက်သွား လိမ့်မယ်၊ မြေကြီးတွေ မြင့်မိုရ်တောင်တွေဘာတွေလည်း ဘာမှမရှိအောင် အကုန်လုံး ပျက်စီးကုန်တော့မယ်၊ ဒါကြောင့်မို့ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ ကရုဏာစသည် ဗြဟ္မစိုရ်တရားတွေပွားကြပါ၊ လူကြီး မိဘတွေကို ရိုရိုသေသေနဲ့ လုပ်ကျွေးကြပါ၊ ဒီလိုလိုက်ပြီးတော့ ကြွေးကြော်တာ။

အဲဒီလို လိုက်ပြီးတော့ ကြွေးကြော်တဲ့အခါကျတော့ လူတွေက အလွန် ထိတ်လန့် ကုန်တာပေါ့၊ နက်ဖြန်ပျက်တော့မလား၊ သန်ဘက်ခါ ပျက်တော့မလား၊ သူတို့ ထင်သွားကြတယ်၊ ဒါကြောင့်မို့ လောကဗျူဟာ၊ နတ်ကာမာတို့၊ မေတ္တာပွားကြ၊ ကြီးမိဘကို၊ တုတ်ကွမြတ်လေး လုပ်ကျွေးကြပါ၊ ကြွေးကြော်လာ၏။ အဲဒီလို ကြွေးကြော်ပြီးတဲ့နောက် သတ္တဝါအများ၊ ဈာန်ကိုပွားလျက်၊ စံလား၊ ဗြဟ္မာတဲ့။ အဲဒီလို ဖြစ်တဲ့အခါ လူတွေက ထိတ်လန့်ပြီးတော့ မေတ္တာကရုဏာစတဲ့ ဗြဟ္မစိုရ် တရားတွေပွားများ ဈာန်ရပြီးတော့ ဗြဟ္မဘုံရောက်ကုန်ကြတယ်၊ ဈာန် တိုက်ရိုက်မရ ရင်လည်း လူ့ဘုံကနေ နတ်ဘုံရောက်မှ နတ်ဘုံကနေ ဈာန်ရပြီးတော့ ဗြဟ္မာဘုံရောက် အပါယ်မှာရှိတဲ့သူတွေလဲ ဒီအတိုင်းပဲတဲ့နော်၊ သူတို့မှာလဲ ဟိုး ရှေးရှေးဘဝက လုပ်ထားတဲ့ ကံကရှိသေးတာကိုး၊ အဲဒီကံရဲ့ ကျေးဇူးပြုချက်ကြောင့် သူတို့တွေလည်း လူ့ဘုံတို့ဘာတို့လာဖြစ်၊ နတ်ဘုံတို့ လာဖြစ်ပြီးတော့ တစ်ခါ တစ်ဆင့် ဗြဟ္မာဘုံရောက် ကြရတယ်၊ သတ္တဝါတွေ အားလုံးဟာ ကမ္ဘာပျက်တဲ့ အခါမှာ ကမ္ဘာကြီးမှာမရှိတော့ဘူး၊ အကုန်လုံးဗြဟ္မာဘုံ ရောက်နေပြီလို့ ဆိုလိုတယ်နော်၊ သတ္တဝါအများ၊ ဈာန်ကိုပွားလျက်၊ စံလားဗြဟ္မာ၊ အဲဒီတော့ အပရာပရိယဝေဒနီယကံဆိုတာက တတိယဘဝက ဟိုဘက်ကို အကျိုးပေးနိုင်ကံမျိုးပေါ့၊

ဒီကံတွေက လူတိုင်းလူတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်းမှာ ရှိတယ်။ အဲဒီကံတွေကြောင့် ခုနကပြောတဲ့ ငရဲ၊ တိရစ္ဆာန်ဖြစ်နေတဲ့ ကောင်တွေလည်း ဒီအချိန် ကျတော့ လွတ်တာပဲ၊ လွတ်လာပြီ၊ လူဖြစ်၊ နတ်ဖြစ် တစ်ခါတည်း အဲဒီကနေ တစ်ဆင့် ဈာန်ပွားပြီးတော့ အားလုံးဗြဟ္မာပြည်ပဲရောက်တယ်။

အဲဒီတော့ ဘယ်သူတွေသာ ကျန်သလဲဆိုတော့ နိယတမိစ္ဆာဒိဋ္ဌိ အလွန်ခိုင်မြဲတဲ့

[စာမျက်နှာ-28] မိစ္ဆာဒိဋ္ဌိရှိတဲ့သူတွေကျတော့ မရဘူးတဲ့၊ သူတို့ကျတော့ မပျက်တဲ့ကမ္ဘာက အဝီစိမှာ ပြောင်းပြီးတော့ ခံရတယ်တဲ့၊ အဲဒီလိုဆိုတယ်။

အဲဒီလိုနဲ့ ဗြဟ္မာဘုံရောက်ကုန်ကြပြီ ဆိုပါတော့နော်၊ ဗြဟ္မာဘုံရောက်တဲ့ အခါမှာ ပထမဈာန် ၃-ဘုံ မရောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မီးဖျက်တဲ့ထဲ ပါလိမ့်မယ်၊ မီးဖျက်တယ်ဆိုတာ အဲဒီ ပထမဈာန် ၃-ဘုံထိအောင် ဖျက်မှာနော်၊ အဲဒီတော့ ဒုတိယဈာန် ၃-ဘုံက စပြီးတော့ အထက်ဘုံတွေပေါ့လေ။ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ စသည်တွေမှာ ဖြစ်ကုန်မယ်။

စာမှာတိုက်ရိုက်ဆိုတာက အာဘဿရာလို့ဆိုတယ်၊ ဒါပေမယ့် တစ်ပြင်တည်းမှာ တည်ရှိနေတာဆိုတော့ ပရိတ္တာဘာလည်းဟုတ်တာပဲ၊ အပ္ပမာဏာဘာလည်း ဟုတ်တာပဲ၊ အာဘဿရာလည်း ဟုတ်တာပဲ၊ အဲဒီဘုံမှာ သွားပြီးဖြစ်ကုန်ကြတယ်။

အဲဒီလို ဖြစ်ကုန်ပြီးတော့ နောက် ဘာဖြစ်တော့မလဲ၊ အဲဒီတော့ ကမ္ဘာကြီးမှာ သတ္တဝါတွေ မရှိတော့ဘူးလို့ ဆိုပါတော့၊ အဲဒီအခါမှာ သတ္တဝါအများ၊ ဈာန်ကိုပွားလျက်၊ စံလားဗြဟ္မာ၊ ကာလကြာ၍၊ ဒုတိယာနေ၊ ပေါ်ထွက်လေသော်၊ အဲဒီလို ဗြဟ္မာဘုံရောက်ပြီးတဲ့နောက်ကျတော့ ဒုတိယနေတစ်စင်း ထွက်လာလိမ့်မယ်၊ နေတစ်စင်းပြီးတစ်စင်း ထွက်လာလိမ့်မယ်၊ ဒါဘုရားဟောထားတာ၊ ပါဠိတော်မှာကို ရှိတယ်၊ ဒုတိယာနေ၊ ပေါ်ထွက်လေသော်၊ မြစ်ငယ်ရေခြောက်၊ ညဉ့်လည်းပျောက်၏ အဲဒီနေတစ်စင်းက မနက်ကနေထွက်သွားပြီ၊ ဒါရိုးရိုးနေ၊ သဘာဝနေပေါ့၊ သူလည်းဝင်သွားရော နောက်တစ်စင်းက ထွက်လာပြီ ဆိုတော့လူတွေမှာ နေပူလျှော့သွားတဲ့အချိန်မရှိတော့ဘူး၊ ဆက်ပူလာတော့ အပူချည်း ဖြစ်လာတာပေါ့။

အဲဒီလိုအပူချည်းဖြစ်လာတဲ့အခါ ဘာဖြစ်သလဲ၊ မြစ်ငယ်ရေခြောက် ငယ်တဲ့ မြစ်တွေ ရေခမ်းကုန်တယ်၊ ညဉ့်လည်းပျောက်၏တဲ့၊ ညမရှိတော့ဘူးပေါ့၊ နေတစ် စင်းပြီးတစ်စင်းထွက်နေတာ၊ အဲဒီတော့ အဆိုကတော့ ပထမနေမှာတော့ နေစောင့် နတ်သား ရှိတယ်ပေါ့လေ၊ ဒုတိယ ထွက်တဲ့နေကတော့ ဒါမျိုးမရှိဘူး ပူတာပေါ့။

မြစ်ငယ်ရေခြောက်၊ ညဉ့်လည်းပျောက်၏၊ သုံးမြောက်လေးစင်း၊ ငါးစင်း ဆဋ္ဌ၊ သတ္တမနေ၊ ပေါ်ထွက်ချေသော်၊ ခြောက်လေမြစ်ကြီး အိုင်ကြီး သမုဒ္ဒရာ စက္ကဝါခိုးထ၊ မီးလျှံကြွ၍ သင်္ခါရခပင်း၊ ပြာမကြွင်းခဲ့။

ဘာလဲဆိုတော့ ခုန ဒုတိယနေပေါ်တော့ ငယ်တဲ့ မြစ်တို့ အိုင်သေးသေးတို့မှာ ရေခြောက်သွားပြီ၊ မြစ်မရှိတော့ဘူး၊ တတိယနေပေါ်ထွက်တဲ့အခါကျတော့ ဘာဖြစ်

[စာမျက်နှာ-29] သလဲတဲ့၊ ခြောက်လေမြစ်ကြီးတဲ့ မြစ်ကြီးကရေတွေ ခြောက် ကုန်ပြီ၊ ဧရာဝတီတို့လိုပေါ့။ ဒီနိုင်ငံ မစ္စစ္စပီတို့လိုပေါ့၊ အဲဒီလို မြစ်ကရေတွေ ခြောက်ကုန်ပြီ၊ နေသုံးစင်းတောင် ထွက်မှမပူဘဲ ခံနိုင်ပါ့မလား၊

နောက်တစ်ခါ နေလေးစင်းထွက်ပြီတဲ့၊ စတုတ္ထနေထွက်တဲ့အခါကျတော့ ခြောက်လေ မြစ်ကြီးဆိုတော့ ရှေးတုန်းကတော့ မြစ်ကြီးငါးစင်း၊ ငါးသွယ်ဆိုတာ ရှိတယ်မဟုတ်လား၊ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟိ၊ သရဘူဆိုတဲ့ မြစ်ကြီးငါးသွယ်၊ စတုတ္ထနေထွက်တဲ့အခါကျတော့ အိုင်ကြီး ၇-အိုင်တဲ့၊ အိုင်ကြီးတွေလည်းရှိသေးတယ်။ မြင့်မိုရ်တောင် ပတ်ပတ်လည်မှာနော်၊ အဲဒီအိုင်ကြီးတွေ ခြောက်ပြန်ပြီတဲ့၊ သီဟပ္ပပါတအိုင်၊ ဟံသပပါတအိုင်၊ ကဏ္ဍမုဏ္ဍအိုင်၊ ရထကာရကအိုင်၊ အနောတတ္တအိုင်၊ အနောတတ္တအိုင်ကတော့ ကြားဖူးတယ်၊ အနဝတ္တအိုင်လို့ခေါ်တယ်၊ ဆဒ္ဒန်အိုင်၊ ကုဏာလအိုင်လို့ အိုင်ကြီးတွေရှိတယ်၊ အဲဒီအိုင်ကြီးတွေက ရေတွေလည်း နေလေးစင်းထွက်တဲ့အခါကျတော့ ခြောက်ကုန်ပြီတဲ့ -

ပဉ္စမနေထွက်နေပြီတဲ့၊ ၅-ခုမြောက်နေထွက်လာတဲ့အခါကျတော့ ပင်လယ် သမုဒ္ဒရာကြီးက ရေတွေခန်းပြန်ပြီတဲ့၊ ဆဋ္ဌမ ခြောက်ခုမြောက်နေထွက်တဲ့ အခါကျတော့ စကြာဝဠာတစ်ခုလုံး အခိုးတွေထလာတယ်၊ မီးမလောင်သေးဘူး၊ အခိုးတွေ ထနေတယ်၊ အကုန်လုံးခြောက်ကုန်ပြီ (moisture) ဆိုလို့ ဘာမှ မရှိတော့ဘူးဆိုတဲ့ အခြေရောက်လာတော့ အခိုးတွေထလာတယ်၊ ကမ္ဘာကြီးတစ်ခုလုံး စကြာဝဠာ အကုန်လုံးပေါ့။

အဲဒီနောက် သတ္တမ နေ ပေါ်လာတဲ့အခါကျတော့ မီးလျှံကြွ၍ မီးလောင် ကုန်ပြီ၊ အကုန်လုံးလောင်တော့မယ်၊ အဲဒီအခါကျတော့ သင်္ခါရခပင်း၊ ပြာမကြွင်းခဲ့၊ ဘာပြာလေးတောင် မကျန်တော့ဘူး၊ အကုန်လောင်တော့တာတဲ့၊ ဆိုပါတော့ ဒီရေတွေခြောက်ကုန်ပြီးတော့ မြေကြီးတွေလောင် မြေကြီးတွေကနေ လူ့ဘုံလောင်၊ လူ့ဘုံကနေ နတ်ဘုံလောင်၊ နတ်ဘုံကနေ တဖြည်းဖြည်းပေါ့၊ လောင်၊ လောင် လာလိုက်တာ ဗြဟ္မဘုံအထိ လောင်သွားတယ်၊ အဲဒီပထမဈာန် ၃-ဘုံ အထိ မီးဖျက်တဲ့အခါမှာ လောင်လိမ့်မယ်။

ဒါကြောင့်မို့ သင်္ခါရခပင်း၊ ပြာမကြွင်းခဲ့၊ ဟင်းလင်းထက်အောက်၊ မိုက်မှောင် ရောက်သည့်၊ ဟင်းလင်းကြီး ဖြစ်နေပြီ ဘာမှမရှိတော့ဘူး၊ ပြီးတော့ နေလည်းမရှိ တော့ဘူး၊ အမိုက်မှောင်ကြီးကျနေတယ်၊ ဟင်းလင်းထက်အောက်၊ မိုက်မှောင် ရောက်သည် ကွယ်ပျောက်လုံးစုံ အမြဲတည်း။

[စာမျက်နှာ-30] ဒါဟာ ကမ္ဘာကြီးပျက်နေတဲ့ကပ်ပေါ့၊ သံဝဋ္ဋကပ်လို့ခေါ်တာ၊ ခုနက ပြောသလို နှစ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်နေတဲ့အခါမှာ ဒီဟာတွေ အကုန်လုံး ဖြစ်လိမ့်မယ်တဲ့။

အဲဒီလို ကမ္ဘာပျက်ပြီးတဲ့နောက် ဒီအတိုင်းကြီး ဟင်းလင်းကြီးနဲ့ တည်နေ တာက နောက်ထပ် သံဝဋ္ဋဋ္ဌာယီကပ်နော်။

ရေကြောင့်ပျက်တဲ့အခါကျတော့ နေ ၇-စင်းအစား မိုးတွေ ရွာမှာပေါ့ နော်။ ဆားငန်မိုးကြီးလို့ ပြောတယ်၊ အခု အက်စစ်မိုးကြီးကျတော့ တော်တော့ကို နီးစပ်တယ်၊ အက်စစ်မိုးလည်းတော်တော်ကြောက်စရာကောင်းတယ်၊ ဆားငန်မိုးကြီး ရွာလိုက်တဲ့အခါကျတော့ ဘာမှမခံနိုင်တော့ဘဲ အကုန်လုံး ကြေမွကုန်တယ်၊ အဲဒီလို မိုးရွာပြီးတော့ ရေဖျက်မယ်ပေါ့လေ။

လေဖျက်တဲ့ကမ္ဘာကျတော့လည်း လေအပြင်းအထန်တိုက်ပြီး လေကြောင့် တစ်ခါတည်း အကုန်လုံး မှုန့်မှုန့်ညက်ညက် ကြေပျက်ကုန်မယ်။

အဲဒီတော့ မီးဖျက်တဲ့အခါမှာ ပထမဈာန် ၃-ဘုံပါသွားမယ်။ ရေဖျက်တဲ့အခါ ဒုတိယဈာန် ၃-ဘုံပါသွားမယ်။

လေဖျက်တဲ့အခါမှာ တတိယဈာန် ၃-ဘုံပါသွားမယ်။

“ပ ဒု တတွေ ဈာန်ဘုံဗွေ၊ မီးရေလေနှယ်မှတ်” ဆိုပြီးတော့ လင်္ကာရှိတယ် ကောင်းပြီ၊ မီးဖျက်လို့ပဲဖြစ်ဖြစ် လေဖျက်လို့ပဲဖြစ်ဖြစ်၊ ရေဖျက်လို့ပဲဖြစ်ဖြစ် ကမ္ဘာကြီးပျက်သွားပြီဆိုပါတော့၊ အဲဒီတော့ ကမ္ဘာကြီးအပျက်အတိုင်းဖြစ်နေပြီနော်။

ကမ္ဘာတည်ချိန်ရောက်လာတော့ ဘယ်လိုဖြစ်မှာတုန်းတဲ့။ “ထို့နောက်ကမ္ဘာပြုမိုးရွာသော် လောင်ရာတလျှောက်၊ လေခံ ထောက်ထား”

အဲဒီတော့ ဟာလာဟင်းလင်းကြီး ဖြစ်နေပြီးတဲ့နောက်၊ ဘာမှမရှိတော့ဘူး၊ ဘာမှမရှိတဲ့နောက် ကမ္ဘာကြီးပေါ်လာတဲ့အချိန်ရောက်လာတဲ့ အခါကျတော့ အဲဒီ ကမ္ဘာပြုမိုးဆိုပြီးတော့ တဖြည်းဖြည်း နည်းနည်းကျ၊ နောက် တဖြည်းဖြည်းနဲ့ မိုးရေကြီးကြီးရွာချမယ်တဲ့၊ အဲဒီတော့ မီးလောင်ထားရာ နေရာမှာ မိုးကြီးကြီးရွာချ လိုက်တော့ငြိမ်းသွားပြီဆိုပါတော့ အဲဒီရေကို အောက်မကျအောင် လေကထောက်ခံ ထားတာနော်။

ဒါကြောင့်မို့ “ထို့နောက် ကမ္ဘာ ပြုမိုးရွာသော်၊ လောင်ရာတစ်လျှောက် လေခံထောက်ထား၊ ခမ်းခြောက်စဉ်သင့်၊ ရှေ့တိုင်းဖြင့်လျှင်၊ တည်လင့်ထက်ဘုံ၊

[စာမျက်နှာ-31] မြေရောက်တုံသော်။” -

အဲဒီလို တဖြည်းဖြည်းနဲ့ မိုးရွာတော့ ရေတွေရှိလာပြီနော်၊ အဲဒီရေတွေကို အောက်က လေကလည်း ပင့်ထားတယ်၊ ဘေးကလေတွေကလည်း တွန်းပေးထားတော့ ဒီအတိုင်းကြီးနေတာ၊ ကားလည်းထွက်မသွားဘူး၊ အောက်လည်း ကျမသွားဘူး၊ အဲဒီလိုနဲ့ ဘေးကလေတွေ တိုက်တိုက်လာတဲ့အခါမှာ အဲဒီရေတွေ ခမ်းခြောက် သွားတယ်။

“ခမ်းခြောက်စဉ်သင့်၊ ရှေ့တိုင်းဖြင့်လျှင်၊ တည်လင့်ထက်ဘုံ၊ မြေရောက် တုံသော်”၊ ကဲ- အဲဒီလို ရေက ခမ်းခြောက်သွားတဲ့အခါကျမှ ခုန ဗြဟ္မာဘုံ နတ်ဘုံ ပြန်ပေါ်လာတာ၊ ပြန်ပေါ်လာတာ မဟုတ်ဘူးလေ၊ ပြန်တည်လာတာ၊ တည်တဲ့အခါ ကျတော့ ဗြဟ္မာဘုံက စပြီးတော့တည်တာ၊ ပျက်တော့ နောက်ဆုံးမှ ပျက်တယ်။ တည်တော့ ပထမဆုံးတည်တာလေ၊ အဲဒီတော့ ဗြဟ္မာဘုံ တဖြည်းဖြည်းနဲ့တည်။ ရေကလည်း တဖြည်းဖြည်းနဲ့ ခမ်းသွားမယ်ဆိုတော့ တဖြည်းဖြည်းနဲ့ ဗြဟ္မာဘုံ ဗြဟ္မာဘုံကနေ နတ်ဘုံ၊ နတ်ဘုံကနေ မြင့်မိုရ်တောင်တို့ ဘာတို့ အားလုံး လူ့ဘုံပါ အဲဒီလို တဖြည်းဖြည်းနဲ့ ဖြစ်လာတယ်။

“တည်လင့်ထက်ဘုံ၊ မြေရောက်တုံသော်၊ ဝါယုံဆို့နေ၊ ရေစစ်ရေသို့၊ တည်နေ မယိုခန်းတိုင်းမိုလျက်၊ ရေချိုအထက်၊ မြေချိုတက်သား”၊ အဲဒီလိုနဲ့ တဖြည်းဖြည်း လျော့ကျသွားတာ၊ ခမ်းခြောက်ပြီးတော့ ရှေးတုန်းက မြေကြီးတည်ရာ အရပ်လည်း ရောက်တဲ့အခါ တစ်ခါ မြေကြီးတည်ပေါ့လေ၊ အဲဒီအခါမှာ ရေစစ်ထဲမှာ (ရေစစ် ဆိုတာ ဘုန်းကြီးသုံးတဲ့ ရေစစ်သိတယ်မဟုတ်လား) ရေကနေတယ်မဟုတ်လား၊ ဒီလေပေါက်လေး ပိတ်လိုက်ရင် အဲဒီ ဓမ္မကရိုဏ်ရေစစ်ရဲ့ အထက်က အပေါက်ကို ပိတ်ထားတဲ့အခါမှာ ရေစစ်ထဲကရေဟာ အောက်ကို မကျသလိုပေါ့၊ ထို့အတူပဲတဲ့ လေအဟုန်က ချုပ်ထားတဲ့အတွက်ကြောင့်မို့ ရေတချို့ကလည်း ကျန်တာပေါ့လေနော်။

အဲဒီလိုကျန်တဲ့အခါကျတော့ ဘာဖြစ်လာတုန်းတဲ့ “ဝါယုံဆို့နေ၊ ရေစစ်ရေသို့ တည်နေမယို၊ ခန်းတိုင်းမိုလျက်၊ ရေချိုအထက် မြေချိုတက်သား”၊ အဲဒီရေပေါ်မှာ မြေချိုပေါ့လေ၊ ရသပထဝီလို့ခေါ်တဲ့ (နွားနို့ကျိုတဲ့အခါ မလိုင်တက်သလို) အဲဒီလို မြေဆီတက်လာတာ။

“ရေချိုအထက်၊ မြေချိုတက်သား”၊ နှစ်ပေါင်းတော့အကြာကြီးနေမှာပေါ့လေ။ အဲဒီလို ဖြစ်တဲ့အခါကျမှ “ထို့ထက်ဗြဟ္မာ၊ စုတေလာ၍”၊ အဲဒီအခါကျမှ သတ္တဝါနေနိုင် လောက်တဲ့ အခြေဖြစ်သွားပြီလို့ဆိုလိုတာပေါ့လေ၊ အဲဒီလိုအခါကျမှ “ထို့ထက်ဗြဟ္မာ၊ -

[စာမျက်နှာ-32] စုတေလာ၍” တဲ့၊ ကမ္ဘာပျက်ရာမှာ မပါတဲ့ ဗြဟ္မာဘုံမှာ ရောက်နေတဲ့ ဗြဟ္မာတွေ၊ အဲဒီဗြဟ္မာတွေဟာ ကံကုန်လို့ပဲဖြစ်ဖြစ်၊ သက်တမ်းကုန်လို့ပဲဖြစ်ဖြစ် စုတေပြီးတော့ ဒီမှာလာပြီးတော့ ဖြစ်ကြတယ်။

အဲဒီနေရာမှာ သတိထားမှတ်နော်၊ မြန်မာပြည်မှာ ပြောလေ့ရှိတာက ဗြဟ္မာကြီး လေးယောက် ဆင်းလာတာတဲ့၊ ဒါမဟုတ်ဘူး၊ ဗြဟ္မာအနေနဲ့ ဆင်းလာတာလည်း မဟုတ်ဘူး၊ ဗြဟ္မာကြီးလေးယောက်လည်းမဟုတ်ဘူး၊ ဘယ်နှစ် ယောက်ဆိုတာ မပါဘူး၊ ဗြဟ္မာဘုံမှာစုတေပြီးတော့ ဒီရောက်လာပြီးတော့ လူ့ပြည်မှာ လူလာ ဖြစ်တာ၊ ဒါပေမယ့်လို့ အဲဒီကမ္ဘာဦးမှာ ဖြစ်လာတဲ့လူတွေက အခုလူတွေလို မဟုတ်သေးဘူး၊ သူတို့က ဗြဟ္မာတွေကိုး၊ ဗြဟ္မာပြည်မှာက အစားအသောက် ဘာမှစားတာမဟုတ်ဘူး၊ ပီတိနဲ့နေတာ၊ ဗြဟ္မစိုရ်တရားပွားများနေတာ၊ ဈာန်ပွားများ နေတာ။

အဲဒီအတိုင်းပဲတဲ့၊ သူတို့က လူ့ဘုံမှာ လူလာဖြစ်ပေမယ့်လို့ ဟိုမှာနေသလို နေတာပဲတဲ့၊ ဈာန်ပွားများနေတာ၊ အစားစားဖို့လည်းမလိုဘူး၊ အဲဒီအချိန် အခါမှာ ပြီးတော့ သူတို့ခန္ဓာကိုယ်က အရောင်တွေက ထွက်နေတယ်၊ အဲဒီအခါမှာ နေလ မရှိသေးဘူးနော်၊ ဒါပေမယ့်လို့ သူတို့ခန္ဓာကိုယ်က အရောင်ထွက်နေတဲ့ အခါကျတော့ ကောင်းကင်မှာ သွားလာနေနိုင်ကြတယ်၊ အဲဒါလည်း ပါဠိတော်မှာပါတယ်နော်။ (အဲဒီဗြဟ္မာတွေ ဖြစ်လာတာတို့ မြေဆီပေါ်လာတာတို့) “ထိုသူတို့သည် ဤလူ့ဘုံ၌ ဥပစာရဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သက်ခြင်း ပီတိလျှင် အစာရှိကုန်၏။ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏”။

ကမ္ဘာဦးက လူသတ္တဝါတွေဟာ မွေးလာတော့လည်း ဥပပါတ်လို့ခေါ်တယ်။ နတ်တွေဖြစ်သလို ဗြုန်းခနဲဆိုလာဖြစ်တာနော်၊ အခုခေတ်ကျတော့ လူက အမိဝမ်း ထဲကနေပြီးတော့ မွေးလို့ရတာ၊ ပထမကမ္ဘာဦးတုန်းက ဒီလို မဟုတ်ဘူး၊ ဥပပါတ် ပဋိသန္ဓေနဲ့ လာဖြစ်တယ်၊ ဗြဟ္မာတွေလိုပဲ နေကြတယ်၊ စားစရာလည်းမလိုဘူး၊ ပီတိနဲ့ပဲ ပြီးနေတယ်၊ ကိုယ့်ခန္ဓာကိုယ်အရောင်တွေကလည်း ထွက်နေတယ်၊ အလင်း ရောင်တခြားအရောင်မလိုဘူး၊ ကောင်းကင်မှာပဲ ဒီလိုသွားလာနေကြတယ်၊ ဒါဟာ ကမ္ဘာဦးက လူတွေတည်ရှိပုံ။

ဒီလိုနေရာက ဘာဖြစ်လာသလဲတဲ့ “ထို့ထက်ဗြဟ္မာ၊ စုတေလာ၍၊ ရသာပထဝီ၊ မြေအဆီကို၊ လုပ်ချီသုံးဆောင်၊ တဏှာလောင်လျှက်၊ ကိုယ်ရောင်ကွယ်ပျောက် မိုက်မှောင်ရောက်၍။”

[စာမျက်နှာ-33] အဲဒီအခါမှာ စမ်းသပ်တဲ့လူတစ်ယောက်ယောက်ကလည်းပါလိမ့်မယ်၊ သူက ဒါလေးတွေ အနံ့ကလေးကကောင်းတယ် ဆိုပါတော့၊ အရသာကလည်း ကောင်းလိမ့်မယ် ထင်တယ် ဆိုပြီးတော့ သူက အဲဒီမြေအဆီလေးကို ယူပြီးတော့ စားလိုက်တာပေါ့၊ လျက်လိုက်တာပေါ့နော်။

“ရသာပထဝီ၊ မြေအဆီကို၊ လုပ်ချီသုံးဆောင်၊ တဏှာလောင်လျက်”၊ ပထမ စမ်းကြည့်တော့ ကောင်းတယ်၊ ကောင်းတော့ ဒီလိုပဲစားစားနဲ့ နောက်တော့ ထမင်းလုပ်လိုပေါ့လေ၊ အဲဒီလိုစားတာ၊ အဲဒီလို စားလိုက်တဲ့အခါကျတော့ နဂိုတုန်းက သူတို့မှာ လောဘတို့ ဘာတို့မရှိဘူး၊ ဒေါသတို့ မရှိဘူးပေါ့လေ၊ အခု လောဘဖြစ်လာပြီ ဒါလေးစားပြီးတော့ အရသာက တွေ့လာပြီနော်။

အဲဒီလို ဖြစ်လိုက်တဲ့အခါကျတော့ ဘာဖြစ်သလဲဆိုတော့ “လုပ်ချီသုံးဆောင်၊ တဏှာလောင်လျက်၊ ကိုယ်ရောင်ကွယ်ပျောက်၊ မိုက်မှောင်ရောက်၍”၊ အဲဒီကျတော့ ကိုယ်ရောင်တွေကွယ်ပျောက်သွားတယ်၊ တဏှာရဲ့ အစွမ်းပေါ့၊ အဲဒီရသာတဏှာက အပူဓာတ်လိုနေတော့ ကိုယ်ရောင်ကိုယ် ဝါတွေ ကွယ်သွားပြီတဲ့၊ ကိုယ်ရောင်ကိုယ်ဝါတွေ ကွယ်သွားတော့ ဘာဖြစ်တုန်း၊ “လုပ်ချီသုံးဆောင်၊ တဏှာလောင်လျက်၊ ကိုယ်ရောင်ကွယ်ပျောက်၊ မိုက်မှောင်ရောက်၍၊ အကြောက်ရကာ၊ ရဲကြရာဖို့၊ လျော်စွာဆန္ဒ၊ နေနှင့်လတို့၊ ပေါ်ကြထင်ရှား၊ နက္ခတ်များလည်း၊ လှည့်သွားဖြစ်ကြ၊ တပေါင်းလဟု၊ ပုဏ္ဏရက်သွင်း၊ ဆတ်ထမင်းသို့၊ ကုန်းကျင်းစုံစွာ၊ ဖြစ်တဲ့လာသည် ကမ္ဘာတည်ခင်းစုံသတည်း” တဲ့။

အဲဒီတော့ အဲဒီလို မှောင်လာတဲ့အခါကျတော့ ကြောက်လာပြီတဲ့၊ “အကြောက်ရကာ၊ ရဲကြရာဖို့၊ လျော်စွာဆန္ဒ၊ နေနှင့်လတို့”၊ အဲဒီလို ဖြစ်ကြတဲ့အခါကျတော့ သူတို့ကံ အားလျော်စွာ အဲဒီအချိန်မှာ နေထွက်လာတယ်၊ နဂိုကနေ မရှိသေးဘူး ဆိုပါတော့၊ အမှောင်ရောက် သူတို့ကြောက်လန့်ပြီးတော့ ဖြစ်နေတဲ့အခါမှာ သူတို့ရဲ့ ကံ အားလျော်စွာ အရှေ့ကနေပြီး နေကြီးထွက်လာတယ်၊ အဲဒီလို နေကြီး ထွက်လာတဲ့အခါကျတော့ သူတို့မှာ ရဲရင့်မှုဖြစ်လာတယ်၊ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ နေကို ပါဠိလို သူရိယလို့ခေါ်တယ်လို့ဆိုတယ်၊ သူရိယ၊ သူရဆိုတာ ရဲရင့်တာ၊ ရဲရင့်ခြင်းကို ဖြစ်စေတတ်တယ်ပေါ့လေ၊ အမှောင်ကြီးထဲမှာ နေရတာ ကြောက်တယ်၊ ဒါက ခုထိအောင်လည်းပဲ ဒီလိုပဲရှိသေးတာပဲ၊ အမှောင်ဆိုတာ ကြောက်တာပဲ။

နေကမနက်ထွက်လာပြီးတော့ ညနေကျဝင်သွားတော့ ညကျတော့ မှောင်ပြန်

[စာမျက်နှာ-34] ပြီပေါ့လေနော်၊ မှောင်တော့ တစ်ခါ တောင့်တကြတယ်တဲ့၊ အဲဒီနေကြီးလိုပဲ ညလည်းတစ်ခုခုတော့လာရင်ကောင်းမှာပါ။ အရောင်တစ်ခုခုပေါ်လာရင်ကောင်းမှာပဲ။ ဆန္ဒပြုကြတယ်၊ သူတို့ဆန္ဒအလျောက် ညအခါ လထွက်လာတယ်။

ဒါကြောင့်မို့ လကို စန္ဒလို့ခေါ်တယ်၊ ဆန္ဒ ဆန္ဒလို့ခေါ်ရာကနေ နောက်ကျတော့ စန္ဒဖြစ်လာတယ်၊ နေတို့လတို့ အဲဒီအချိန်မှာ ထွက်ပြီဆိုပါတော့၊ နေတွေလတွေ ထွက်ရင် နက္ခတ်တွေလည်း ထွက်လာလိမ့်မယ်၊ ဒါကြောင့်မို့ “အကြောက်ရကာ၊ ရဲကြရာဖို့၊ လျော်စွာဆန္ဒ၊ နေနှင့်လတို့၊ ပေါ်ကြထင်ရှား၊ နက္ခတ်များလည်း၊ လှည့်သွားဖြစ်ကြ”၊ သူတို့ပေါ်လာပြီးတော့ နက္ခတ်တွေလည်း ဖြစ်လာပြီးတော့ လှည့်ပတ်ပြီးတော့ သွားလာတယ်တဲ့၊ အဲဒီလိုနေတွေလတွေ ပေါ်လာတာ ဘယ်နေ့ တုန်းဆိုရင် “တပေါင်းလဟု၊ ပုဏ္ဏရက်သွင်း”၊ တပေါင်းလတဲ့၊ ဒါ စာရှိတာကို ပြောရတာလေ၊ ဗဟုသုတအဖြစ် မှတ်ထားရတာပေါ့၊ သူတို့လည်း သူတို့အလျောက် ကမ္ဘာကြီးဖြစ်ပုံ လျော်အောင် ဖန်ဆင်းတာရှိတာပေါ့၊ ဒီကတော့ သူတို့လောက် ဒဏ္ဍာရီမဆန်ဘူး၊ ဒါ သဘာဝအတိုင်းဖြစ်တာ။

အဲဒီလို စဖြစ်တာဟာ တပေါင်းလလို့ ဆိုလိုတယ်တဲ့၊ ဦးဇင်းတို့ မြန်မာ စကားမှာတော့ “ကမ္ဘာတည်ဦး တန်ခူးရက်မစုံ” လို့ အဲဒီလိုဆိုတာ၊ အဲဒါကတော့ တပေါင်းနဲ့ တန်ခူးက ဟိုရှေးတုန်းကတော့ လပြည့်ရင် လကုန်တာပဲ၊ လပြည့်ကျော်ရင် လသစ်ပဲ၊ အဲဒီသဘောပေါ့၊ ဒါကြောင့်မို့ တန်ခူးဆိုရင်လည်း ဟုတ်တာပေါ့။ ထားပါတော့၊ “တပေါင်းလဟု ပုဏ္ဏရက်တွင်း၊ ဆတ်ထမင်းသို့၊ ကုန်ကျင်းစုံစွာ၊ ဖြစ်တုံလာသည်။” အဲဒီလို ဖြစ်တဲ့အခါ ကျတော့ ဒီမြေကြီးက ဘယ်လိုဖြစ်လာသလဲ။ ဆတ်ထမင်း ချက်တဲ့အခါကျတော့ တချို့ နေရာက မောက်တယ်၊ တချို့နေရာက နိမ့်တယ်၊ ဖြစ်သလိုမျိုးပေါ့လေ၊ မြေကြီးက အဲဒီလို ဖြစ်လာတော့ မောက်တဲ့နေရာက တောင်တွေဖြစ်တယ်၊ နိမ့်တဲ့နေရာတွေက ပင်လယ်တွေဖြစ်တယ်၊ ညီနေတဲ့ နေရာတွေက မြေကြီးဖြစ်တယ်ပေါ့လေ၊ အဲဒီလို ဖြစ်လာတယ်၊ “ပုဏ္ဏရက်တွင်း၊ ဆတ်ထမင်းသို့၊ ကုန်းကောင်းစုံစွာ၊ ဖြစ်တုံလာသည်၊ ကမ္ဘာတည်ခင်း စုံသတည်း” တဲ့၊ ဒါ ကမ္ဘာကြီးတည်နေတာ၊ ဝိဝဋ္ဋကပ်ပေါ့နော်၊ ကမ္ဘာကြီး တည်နေတယ်။

အဲဒီတော့ ကမ္ဘာကြီး တည်နေတယ်ဆိုတော့ သူတို့ဘယ်လို ပိုင်းခြားသတ် မှတ်သလဲတဲ့၊ သံဝဋ္ဋကပ်၊ သံဝဋ္ဋဋ္ဌာယီကပ်လို့ အဲဒီလို ရှိတယ်မဟုတ်လားနော်၊ အဲဒီတော့ ကမ္ဘာကြီးပျက်နေဆဲကို သံဝဋ္ဋကပ်လို့ခေါ်တယ်၊ ဘယ်လိုလည်းဆိုရင် ကမ္ဘာဖျက်မိုးရွာတဲ့ အချိန်ကစပြီးတော့ မီးတောက်မီးလျှံတွေ ငြိမ်းသွားတဲ့အထိကို

[စာမျက်နှာ-35] ဘာလို့ခေါ်လဲဆိုရင် သံဝဋ္ဋကပ်လို့ခေါ်တယ်။

မီးတောက်မီးလျှံ ငြိမ်းတဲ့အခါကစပြီးတော့ နောက် ကမ္ဘာပြုမိုးရွာသည့်တိုင် အောင်ကို ရွာခါနီးထိအောင်ကို သံဝဋ္ဋဋ္ဌာယီကပ်။

တစ်ခါ အဲဒီ ကမ္ဘာပြုမိုးရွာပြီးတဲ့နောက် နေလ နက္ခတ်တွေ ဖြစ်ပေါ်ရာ ကာလအထိ ဝိဝဋ္ဋကပ်နော်၊ အဲဒီနောက်ကျရင် ဝိဝဋ္ဋဋ္ဌာယီ၊ အခု သတ္တဝါတွေဟာ ဝိဝဋ္ဋဋ္ဌာယီမှာပဲ ဖြစ်တော့မှာ၊ အဲဒီမှာလည်း ဖြစ်လာတဲ့အခါကျတော့ မြင့်မိုရ်တောင် တောင်စဉ် ၇-ထပ် ကျွန်းကြီးလေးကျွန်း၊ ဒါတွေရှိသေးတယ်ပေါ့ လေ။

ကောင်းပြီ၊ ရှေ့ဆက်ကြဦးစို့၊ ကမ္ဘာဦးစဖြစ်တာကို မကုန်သေးဘူး၊ “ရသာမြေကို စားလေတုံမြို့ တဏှာဖို့၍၊ တချို့မလှ၊ တချို့လှတည့်” အဲဒီလို ခုနက ရသာပထဝီဆိုတဲ့ဟာကို စားမိတဲ့အခါကျတော့ တဏှာပေါ်လာပြီ၊ တဏှာပေါ်လာပြီးတဲ့ နောက် တချို့က လှလာတယ်၊ တချို့က မလှဘူး၊ အဲဒီလို ရုပ်တွေက ပြောင်းလဲ လာတယ်၊ တဏှာများတဲ့သူက ရုပ်မလှဘူးဖြစ်ပါလိမ့်မယ်၊ အဲဒီလို ဖြစ်တဲ့အခါ ကျတော့ “ရသာမြေကို၊ စားလေတုံမြို့၊ တဏှာဖို့၍၊ တချို့မလှ၊ တချို့လှတည့်၊ ဆင်းမလှသူ၊ လှသသူက၊ မာန်မူသည့်တွက်”၊ အဲဒီကျတော့ ဟိုကောင်မလှဘူး ဟုတ်လား၊ ငါမင်းထက်လှတယ် စသည်ဖြင့် မာန်မာနတွေဖြစ်လာတယ်၊ ဒါတော့ မတူဘူး ဆိုရင်ဖြစ်တော့မှာပဲ၊ တူနေရင်တော့ ကိစ္စမရှိဘူး၊ မတူတော့ဖြစ်လာတယ်။

အဲဒီလို မာန်မူတဲ့အခါ မာန်မာနတွေ ထလာတဲ့အခါကျတော့ ဘာဖြစ်လဲ။ “မာန်မူသည့်တွက်၊ မြေညိုညက်လည်း၊ ကွဖဲဝှက်ပြန်ဘိ” ခုနရသာမြေကို ကွယ်သွား ပြီတဲ့၊ ရသာပထဝီခေါ်တဲ့ဟာတွေ မရှိတော့ဘူး၊ “ကွယ်ဝှက်ပြန်ဘိ၊ ဘူမိပဗ္ဗတက၊ မြေလွှာမြ နှင့်၊ ပဒါလတာ၊ ထို့တူလာ၏။”

အဲဒီရသာပထဝီ ကွယ်ပြီးတဲ့နောက် မြေလွှာတစ်မျိုး ပေါ်လာတယ်၊ ခုန ရသာပထဝီလောက် အရသာ မရှိတော့ဘူး၊ မကောင်းတော့ဘူး၊ သို့သော် အမှန်က အလွန်တော့ ကောင်းတော့ကောင်းသေးတာပေါ့၊ အဲဒီ ရသာပထဝီပြီးတဲ့နောက် ဘူမိပဗ္ဗတကလို့ ပါဠိလိုခေါ်တဲ့ မြေလွှာ ပေါ်လာတယ်၊ အဲဒီပေါ်လာတဲ့ မြေလွှာကိုပဲ စားကြရတယ်။ ဒါတွေ စားနေတဲ့အချိန်မှာက ကိစ္စမရှိသေးဘူး၊ ဒါတွေက နူးညံ့ သိမ်မွေ့သေးတဲ့ အစားအစာတွေ ဖြစ်တော့ စားလိုက်ရင် ဗိုက်က လှုပ်လိုက်တာနဲ့ပဲ အစာကြေတယ်၊ အညစ်အကြေးတွေ အဲဒီအချိန်မှာ ဘာမှမရှိ သေးဘူး။

“ဘူမိပဗ္ဗတက၊ မြေလွှာမြနှင့်၊ ပဒါလတာ၊ ထို့တူလာ၏။”

မြေလွှာစားပြီးတဲ့အခါကျတော့ ခုနကလို တဏှာကပါလာပြန်တော့ လှမလှ

[စာမျက်နှာ-36] ဖြစ်ကြပြန်ပြီ၊ ပိုပြီးဖြစ်လာတော့ ပိုပြီး မာန်မာနတွေပေါ်တော့ အဲဒီမြေလွှာလည်း ကွယ်ပျောက်သွားပြန်ရော၊ ကွယ်သွားပြီးတဲ့နောက်ကျတော့ နွယ်ချိုလို အဲဒီမြေလွှာ လေးတွေက ပေါ်လာပြန်တယ်၊ ခုနက မြေလွှာတုန်းက အချပ်ကြီးတွေ နေလိမ့်မယ်။ ခုတော့ အသေးလေးတွေဖြစ်ကုန်ပြီပေါ့လေ၊ နွယ်လေးတွေလို နေလိမ့်မယ်၊ အဲဒါ ပဒါလတာဆိုတဲ့ နွယ်ပေါ်လာပြန်တယ်၊ ပေါ်လာပြန်တော့ စားပြန်တော့လည်း တဏှာဖြစ်ပြီးတော့ ခုနကလိုပဲ မာနတွေကလည်း ပေါ်လာပြန်ပြီတဲ့။

တစ်ခါ အဲဒီနွယ်လည်း ကွယ်ပြန်တာပေါ့ လေ၊ တဖြည်းဖြည်းနဲ့ လူတွေက မာန်မာနများလာတော့ အဲဒီအခါကျတော့ “ရသာလိုပေး၊ ထွန်နှင့်ဝေးသည့်၊ သလေး ဆန်စင်၊ စားလေလျှင်မူ”၊ အဲဒီလို နွယ်ချိုပြီးတဲ့နောက်မှာ သလေးဆန်တွေပေါ် လာတယ်၊ မထွန်ယက်ရဘဲနဲ့ အလိုလို ဆန်အတိုင်းထားတာ၊ ဖွဲတို့ဘာတို့မပါဘူးတဲ့။ အဲဒီ အချိန်အခါမှာတုန်းက အဲဒီလို သီးလာတဲ့ သလေးဆန်ကိုပဲ ယူပြီးတော့ အိုးတို့ဘာတို့ ထဲထည့်၊ ကျောက်တုံးပေါ်တင်ထားလိုက်ရင် အလိုလို မီးကလည်း တောက်လာ ပြီးတော့ ချက်ပြီးသားဖြစ်သွားတာတဲ့နော်၊ သိပ်ပြီးတော့ ဘာမှလုပ်စရာမလိုဘူး၊ ကမ္ဘာဦးအခါကိုး၊ အလိုလိုထမင်းကျက်သွားမှ မီးကလည်း ငြိမ်းတယ်တဲ့၊ အဲဒီလို ကျက်ပြီးတဲ့ သလေးထမင်းဟာ မြတ်လေးပန်းငယ်များလိုပဲ လှလိုက်တာတဲ့၊ အဲဒါတွေစားတာ၊ အဲဒါစားတော့လည်း ဟင်းမလိုဘူးတဲ့၊ ဘာပြုလို့လဲ ဆိုတော့ သူနဲ့ပဲ ရသာဓာတ်က အများကြီးပါနေတာကိုး။

အဲဒီလို စားလာတဲ့အခါကျတော့ ဘယ်လိုဖြစ်လာပြီတဲ့လဲ၊ အစာကကြမ်းလာပြီ၊ ရှေးတုန်းက မြေဆီတို့ မြေလွှာတို့ နွယ်ချိုတို့စားရတုန်းက ကိစ္စမရှိဘူး၊ ခန္ဓာကိုယ်ကို အစာကြေချက်ပြီး အသား အသွေးတွေ ဖြစ်ပြီးတော့ ကိစ္စမရှိဘူး၊ အခုခါကျတော့ သလေးထမင်းစားတဲ့ အခါကျတော့ အပိုတွေပေါ်လာပြီ၊ အညစ်အကြေးတွေ ဖြစ်လာပြီ၊ ခန္ဓာကိုယ်က အပြင်ဘက်ထုတ်ရတော့မှာ၊ အဲဒီတော့ သူတို့စဖြစ်တုန်းက ယောက်ျားလည်း မဟုတ်ဘူး၊ မိန်းမလည်းမဟုတ်ဘူး၊ ယောက်ျားအင်္ဂါလည်းမရှိဘူး၊ မိန်းမအင်္ဂါလည်း မရှိဘူး၊ ဗြဟ္မာဆိုတာက ယောက်ျားမိန်းမမဟုတ်ဘူး၊ ပုံသဏ္ဍာန် ကတော့ ယောက်ျား လိုဆိုတာပေါ့လေ၊ သို့သော် ယောက်ျားမိန်းမ မရှိဘူး၊ အခု ဒီမှာ လာဖြစ်တဲ့အခါ ကျတော့လည်း Sex မပါဘူးပေါ့။

အခု ဒီလိုသလေးဆန်ကို စားပြီးတဲ့အခါကျတော့ ခုနပြောတဲ့ခန္ဓာကိုယ်မှာ အညစ်အကြေးဖြစ်လာပြီ၊ ဒီအညစ်အကြေးတွေ ထုတ်ရတော့မယ်ဆိုတော့ အဲဒီမှာ အပေါက်တွေပေါ်လာကြတယ်ပေါ့လေနော်၊ “သလေးဆန်စင်၊ စားလေလျှင်မူ၊

[စာမျက်နှာ-37] မစင်ငယ်ကြီး၊ ဖြစ်ကြပြီး၍” ကျင်ကြီးကျင်ငယ်တွေ ဖြစ်ပြီတဲ့၊ “ယိုစီးဖို့ရာ၊ ထွက်ဖို့ငှာဟု၊ အမာဝပေါက်၊ ဘောလည်းရောက်၏”၊ အဲလိုအခါကျတော့ သူတို့ထွက် ဖို့ရာ အပေါက်တွေပေါ်လာတဲ့အခါကျတော့မှ ဆိုပါတော့ဗြဟ္မာမဖြစ်ခင်၊ ယောက်ျား ဖြစ်ခဲ့သူကလည်း ယောက်ျားအင်္ဂါမျိုးပေါ့၊ ဗြဟ္မာမဖြစ်ခင်က မိန်းမဖြစ်ခဲ့သူလည်း ရှိပါလိမ့်မယ်၊ သူတို့ကျတော့လည်း မိန်းမပေါ့လေ၊ အဲလို ဘော ဆိုတာ ဒီစာထဲမှာ (ဘော)၊ ဘောဆိုတာ (Sex)ကို ပြောတာနော်၊ “အမာဝပေါက်၊ ဘောလည်းရောက်၏။” အဲဒီလို ဖြစ်လာတဲ့အခါ ကျတော့ မိန်းမယောက်ျား ကွဲလာတယ်။

အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ခုနကပြောတဲ့ ဒီဗြဟ္မာပြည် မရောက်ခင်က ယောက်ျားဖြစ်တဲ့သူကလည်း ယောက်ျားဘာဝ ပေါ်လာတယ်၊ မိန်းမဖြစ်တဲ့သူကလည်း မိန်းမဘာဝ ပေါ်လာတယ်၊ “တစ်ယောက်တစ်ယောက်၊ မေထုန် မြောက်အောင်၊ ဗွေဖောက်ယုတ်မာ၊ ကျင့်သည်တာကြောင့်၊ ပညာရှိများ၊ မြစ်တားမောင်းမဲ၊ ညှင်းဆဲ ပုတ်ခတ်၊ ပြုလေအပ်၍၊ ခိုကပ်ဖို့ရာ၊ အိမ်ယာတည်ဆောက်။”

ဆိုလိုတာက အဲဒီလိုဖြစ်လာတဲ့အခါကျတော့ တစ်ယောက်တစ်ယောက်ကြည့်ရင်း ကြည့်ရင်းနဲ့ ကာမဂုဏ်စိတ်တွေ ပေါ်လာတယ်ပေါ့လေ၊ နဂိုကတော့ ဘာမှ မသိဘူးပေါ့လေ၊ ခုတော့ ဒီလို တစ်ယောက်နဲ့တစ်ယောက်နဲ့ ကြည့်တဲ့အခါကျတော့ ကာမဂုဏ်စိတ်တွေပေါ်လာတယ်၊ ပေါ်လာပြီးတဲ့နောက် စိတ်တွေ မချုပ်နိုင်ကြ တော့ဘူး၊ မေထုန်မှီဝဲမှုတွေ စပေါ်လာတယ်။

ပထမဆုံး စပေါ်တာဖြစ်တော့ အလွန်အဆန်းပဲ၊ ခုခေတ်တော့ သတ္တဝါတိုင်း လူတိုင်းဖြစ်နေတာပေါ့၊ အဲဒီလိုဖြစ်တဲ့အခါကျတော့ တခြားလူတွေက တားမြစ်လို့ မရဘူး၊ မရတော့ကဲ့ရဲ့ ရှုတ်ချပြီးတော့ အဲဒီမှာ ခဲတို့ ဒုတ်တို့ မြေမှုန်တို့နဲ့ သူတို့ကို ပစ်ကြတာပေါ့လေ၊ မင်းတို့ကောင်တွေ လူယုတ်မာတွေပေါ့လေ၊ ဒီအကျင့် ကျင့်ရမလားဆိုပြီး၊ ရှေးတုန်းကဖြစ်ပုံပြောတာ၊ ဘယ်သူမှ ဒီကိစ္စမလုပ်သေးခင် ပထမလုပ်တဲ့လူဆိုတော့ သူတို့သိပ်အပြစ်ကြီးတာပေါ့လေ၊ တို့နဲ့အတူ မနေသင့်ဘူး ပေါ့လေ၊

အဲဒီ အလေ့အထကိုလိုက်ပြီး မြန်မာပြည်မင်္ဂလာဆောင် ခဲပေါက်တာ၊ အဲဒါ ခဲဖိုးပေးရတယ် မဟုတ်လား၊ မင်္ဂလာဆောင်မှာ ခဲပေါက်တယ်ဆိုတာ အဲဒါပဲ။

ဒါရှေးတုန်းက ကမ္ဘာဦးရဲ့ အလေ့အထ၊ မင်းတို့မတော်တရော် လုပ်ကုန်ပြီ။ ဒို့နဲ့အတူမနေသင့်ဘူး၊ သွားကြလို့ဆိုပြီးတော့ “တစ်ယောက်တစ်ယောက်၊ မေထုန်

[စာမျက်နှာ-38] မြောက်အောင်၊ ဗွေဖောက်ယုတ်မာ၊ ကျင့်သည်တာကြောင့် ပညာရှိများ၊ မြစ်တား မောင်းမဲ၊ ညှင်းဆဲပုတ်ခတ်၊ ပြုလေအပ်၍ ခိုကပ်ဖို့ရာ အိမ်ယာတည်ဆောက်မှု” အဲဒီလို ပြုကြတော့ အိမ်လေးဘာလေးဆောက်ရပြီပေါ့၊ ဒီကိစ္စပြုတဲ့အခါ လူမမြင် ရအောင် ခိုကိုးရာရအောင်ဆိုပြီး အိမ်ယာတည်ဆောက် နေကြပြန်ရော။

အဲဒီလို နေရာကနေ ဘာဖြစ်လာသလဲ၊ “လူပျင်းနောက်သို့၊ နီးလျောက် သိမ်းဆည်း၊ ထိုကတည်းက ဖွဲလည်းမြှေးယှက်၊ ရိတ်ရာကွက်မှ မထွက်လာကြ၊ ငြီးတွားကြ၏” တဲ့၊ အဲသလိုလုပ်လာတဲ့ အခါကျတော့ ဘာဖြစ်လာသလဲ၊ ပျင်းတဲ့သူ ကလည်း ပါလာသေးတာပေါ့၊ ရှေးတုန်းကတော့ ခုနကပြောတဲ့ သလေးဆန်လေးကို စားခါနီးမှ သွားယူတာ၊ စားခါနီးမှ သွားယူပြီးတော့ အိုးထဲထည့်လိုက်ပြီးတော့မှ ကျောက်တုံးလေးပေါ်တင်လိုက်၊ အလိုလိုဖြစ်၊ စား၊ ဒီလိုနဲ့နေရာကနေပြီးတော့ “လူပျင်းနောက်သို့၊ နီးလျောက်သိမ်းဆည်း” ပျင်းတဲ့ကောင်က နေ့တိုင်းသွားယူနေရတာ၊ ဒုက္ခများတယ်ကွာ၊ ငါတော့ ၃-ရက်စာ သွားယူထားမယ်ပေါ့လေ ဆိုပြီးယူထားတော့ တခြားလူကတွေ့တော့ ဟေ့ကောင်၊ မင်းဘာလုပ်တာလဲ၊ ဟာ-သွားရတာ ပျင်းစရာ ကောင်းတယ်ကွ၊ သုံးရက်စာ တစ်ခါတည်းယူထားတာဆိုတော့ တခြားသူက အေး၊ ဟုတ်တယ်ကွ၊ ငါတို့လည်း ယူမယ်ဆိုပြီးတော့ ယူကြပေါ့လေ။

တော်ကြာကျ ၃-ရက်စာနဲ့ အားမရဘူး၊ ၄-ရက်စာ၊ ၅-ရက်စာ၊ ၆-ရက်စာ၊ ၇-ရက်စာ၊ အဲဒီလို ယူတဲ့အခါကျတော့ လောဘကများလာပြီ မဟုတ်လား၊ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ “နီးလျောက်သိမ်းဆည်း၊ ထိုကတည်းက၊ ဖွဲလည်းမြှေးယှက်” ဖွဲပါလာပြီ၊ ဆန်က အရင်လိုမဟုတ်တော့ဘူးတဲ့နော်၊ ပြီးတော့ ရှေးတုန်းကတော့ ယူလိုက်ပြီးရင် ယူလိုက်တဲ့နေရာက အသစ်ထပ်ပေါက် လာတယ်။ အခုတော့ ဒီလိုမပေါက်တော့ဘူးတဲ့၊ “ဖွဲလည်းမြှေးယှက်၊ ရိတ်ရာကွက်မှ၊ မထွက်လာကြ၊ ငြီးတွားကြ၏။”

အဲဒီလို ဖြစ်လာတဲ့အခါကျတော့ လူတွေ ငြီးကုန်ပြီတဲ့နော်၊ ရှေးတုန်းကတော့ ဆိုပါတော့၊ ဒို့မြေဆီတွေ မြေလွှာတွေ နွယ်ချိုတွေ စားခဲ့တယ်၊ အဲဒီက နောက် တစ်ခါ သလေးစားခဲ့တယ် နော်၊ သလေးစားတုန်းကလည်း ကိစ္စမရှိသေးဘူး၊ အခုတော့ အဲဒီသလေးဆန်က ရိတ်ပြီးသားနေရာက ထပ်တောင် မပေါက်ဘူး၊ နောက်ထပ်လည်း မထွက်တော့ဘူးလိုဖြစ်တော့မှ ကိုင်း၊ ဒီလိုဆိုရင် ဘာလုပ်မလဲ။ အဲဒီတော့ အပိုင်းအခြားလုပ်ရပြီ၊ ဒါက မင်းနေရာ၊ ဒါက ငါ့နေရာ၊ တဖြည်းဖြည်းနဲ့ သိမ်းဆည်းမှုတွေများလာပြီ၊ လယ်ကွက်လိုပေါ့လေ၊ ပိုင်းခြား သတ်မှတ်ထားတာ။

[စာမျက်နှာ-39] “သူ့ပိုင်းခြားကို၊ ခိုးငြားမနိုင်၊ သုံးကြိမ်တိုင်အောင်” အဲဒီအခါမှာ ပျင်းတဲ့ကောင် ကလည်း ပါသေးတာပေါ့၊ ကိုယ့်လယ်ထဲကတော့ မယူဘူး၊ သူများလယ်ထဲက သွားသွားယူပြီးတော့ စားတော့ ပထမတစ်ကြိမ်မိတော့ မင်းမလုပ်နဲ့ ပြောလိုက်၊ မရဘူး၊ ဒီကောင်ကနောက်တစ်ကြိမ်မိ၊ နောက်တစ်ကြိမ်မိတဲ့အခါကျတော့ ခုနလိုပဲ သူ့ဝိုင်းပြီး ခဲနဲ့ပေါက်ကြ ဘာလုပ်ကြ၊ အပြစ်ပေးကြ လုပ်ရတယ်၊ အဲဒီလို ဖြစ်လာပြီတဲ့၊ အဲဒီတော့ လူ့အဖွဲ့ အစည်းကြီးက မသာယာတော့ဘူးပေါ့၊ နဂိုတုန်းက အေးအေးချမ်းချမ်း နေခဲ့ရတာကနေပြီးတော့၊ ပထမက မေထုန်မှုအစ ပေါ်တယ်။ မေထုန်မှုအစ ပေါ်ပြီးတဲ့နောက် ခိုးမှုပေါ်တယ်၊ အဲဒီလို ခိုးမှုတွေပေါ်လာပြီးတဲ့နောက်၊ လူတွေနေလို့မကောင်းတော့ဘူးပေါ့လေ၊ အဲဒီအခါကျမှ “မထွက်လာကြ၊ ငြီးတွားကြ၏၊ ထားရရေးထား၊ သူ့ပိုင်းခြားကို၊ ခိုးငြားမနိုင်၊ သုံးကြိမ်တိုင်သော်၊ ဆွဲကိုင် ခဲတုတ်၊ သတ်ပုတ်ယှက်မြေး၊ နိုင်မဟေးလို့၊ စုဝေးတိုင်ပင်၊ များထက်တင်သား” ခုနကလို၊ ခဲတွေဘာတွေပေါက်ကြ ပြုကြပေါ့လေ၊ သတ်ကြ ပုတ်ကြ ပြုကြတယ်။

အဲဒီအခါကျတော့ “စုဝေးတိုင်ပင်၊ များထက်တင်သား၊ ဗုဒ္ဓင်္ကုရမြတ်၊ ဗောဓိသတ်ကို ချဉ်းကပ်ပန်ထွာ သမုတ်ပါ၍” အဲဒီအချိန်အခါမှာ ပညာရှိတဲ့လူတစ်ယောက် ပါမယ်ပေါ့လေ၊ သူ့ဆီ သွားချဉ်းကပ်ပြီး အဲဒီအထဲမှာ ဒီလိုဒီလိုပဲ၊ ကျွန်တော်တို့ ဖြစ်နေတာကတော့ မကောင်းတော့ဘူး၊ အဲဒီတော့ ခင်ဗျားက ကျွန်တော်တို့ကို အုပ်ချုပ်ပါ၊ ကောင်းရာကောင်းကြောင်း ဆုံးမပါ၊ သူ့အပိုင်းခြား ကိုယ့်အပိုင်းခြား ခွဲဝေသတ်မှတ်ပေးပါပေါ့၊ အဲဒီလို လူတစ်ယောက်ကို သွားပြောပြီးတော့ သမုတ်ပြီး ထားတာ၊ ဒါကြောင့်မို့ သူ့ကို သမ္မတ၊ သမ္မတဆိုတာ သမုတ်ပြီးထားတာ၊ မဟာသမ္မတမင်းလို့ ခေါ်တယ်မဟုတ်လား၊ “စုဝေးတိုင်ပင် များထက်တင်ထား” အဲဒီလို အတင်ခံရတဲ့သူက ဘယ်သူလည်းဆိုရင် အဲဒီအချိန်မှာ ငါတို့ရဲ့ ဘုရားလောင်းတဲ့၊ ဒီကမ္ဘာမှာ ဂေါတမမြတ်စွာဘုရားလောင်းကပဲ အဲဒီအချိန်အခါမှာ လူဖြစ်တော့ သူ့ကိုပဲ မဟာသမ္မတအဖြစ်နဲ့ အတင်ခံရတယ်တဲ့။

“ဗုဒ္ဓင်္ကုရမြတ် ဗောဓိသတ်ကိုဆိုတာ ဘုရားလောင်းကိုဆိုတာ၊ ဗုဒ္ဓင်္ကုရမြတ်၊ ဗောဓိသတ်ကို၊ ချဉ်းကပ်ပန်ထွာ၊ သမုတ်ပါ၍ သူ့ကိုပဲ သမုတ်ပြီးတော့ မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇအပြား၊ မည်သုံးပါးဖြင့်၊ ထင်ရှားလူ့ဘောင်၊ စတည်ထောင်ခဲ့” သူ့ကို မဟာသမ္မတ လို့လည်းခေါ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူအများက ဝိုင်းပြီးတော့ သမုတ်လိုက်လို့ မဟာသမ္မတ၊ ခတ္တိယ၊ ခတ္တိယလို့လည်းခေါ်တယ်တဲ့၊ ခတ္တိယလို့ ခေါ်တာကတော့ ဒီမြေကို သူပိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ၊ သူ့ကို ပုံအပ်ပြီးတော့မှ

[စာမျက်နှာ-40] သူကခွဲဝေ ပေးတာကို၊ အဲဒီတော့ မြေကြီးရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတဲ့ အနေနဲ့ ခတ္တိယလို့လည်း ပါဠိလိုခေါ်တယ်၊ ပြီးတော့မှ ရာဇာလို့လည်း ခေါ်တယ်၊ ရာဇာဆိုတာက တော်တော်လေး တိုင်းသူပြည်သားတွေကို နှစ်သက်မြတ်နိုး နှစ်သိမ့်စေတတ်လို့၊ တိုင်းသူပြည်သားတွေကို နှစ်သက်အောင် စောင့်ရှောက်တတ်တဲ့ အတွက်ကြောင့်မို့ ရာဇာကို မင်းလို့ခေါ်တယ်၊ နောက်ပိုင်းကျ မင်းတွေက မကောင်းတော့ မင်းကရန်သူလို ဖြစ်လာတယ်၊ အဲဒီအချိန်အခါတုန်းကတော့ မဟုတ်ဘူး၊ ရာဇာဆိုတာ သတ္တဝါနှစ်သက်အောင် လုပ်ပေးတတ်တယ်၊ ကျေနပ်အောင် လုပ်ပေးတတ်တယ်၊ အဲဒါကြောင့်မို့ သူ့ကို ရာဇာလို့ခေါ်တာ၊ အမည်သုံးမျိုးနဲ့ လူ့ဘောင်ကြီးကို စတင်တည်ထောင်ခဲ့တာ။

ဒါကြောင့်မို့ “မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇအပြား၊ မည်သုံးပါးနှင့်၊ ထင်ရှားလူ့ဘောင်၊ စတည်ထောင်ခဲ့” ဆိုတော့ အဲဒီအချိန်အခါက စပြီးတော့ မင်းမျိုးဆိုတာ ပေါ်လာပြီနော်၊ အဲဒီလို ပေါ်လာပြီးတဲ့နောက် တစ်ခါ တချို့လူတွေက “လူတွေတော့ အကျင့်တရားသိပ်ပျက်တယ်၊ သူတို့နဲ့ တို့တော့ နေလို့မဖြစ်ဘူးနော်၊ ကောင်းရာ ကောင်းကြောင်း ငါတို့တခြားဝေးရာသွားမှပဲ” ဆိုပြီးတော့ တောထဲဘာထဲ သွားနေပြီးတော့ အကျင့်တွေကျင့်၊ ဈာန်တွေရ၊ အဲဒါကလည်း လူတစ်စုဖြစ်သွား ပြန်ရော။

လူတန်းစားတစ်ခု ဖြစ်သွားတော့ ပထမ သူတို့က ဈာန်ရတယ်၊ ဈာန်ရရာ ကနေပြီးတော့ နောက်ကျတော့ သူတို့က ဈာန်ရအောင် မတတ်နိုင်ကြတော့ဘူး၊ ဘာတွေလုပ်လဲဆိုတော့ ဝေဒကျမ်းတွေဘာတွေ သင်ပေးတယ်ပေါ့လေ၊ ကိုယ်တိုင်လည်း လေ့လာတယ်၊ သူများလည်းသင်ပေး လုပ်လာတဲ့အခါကျတော့ သူတို့ကို ဗြာဟ္မဏလို့ ခေါ်တယ်၊ ပုဏ္ဏားမျိုးပေါ့လေ၊ ဘာသာရေးလူစုတစ်မျိုးပေါ့။ အဲဒီလူတွေ ပေါ်လာတယ်။

အဲဒီနောက်တော့ ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ ကုန်သည်မျိုးဆိုတာ တစ်ခါပေါ်လာတယ်၊ ပြီးတော့ လက်လုပ်လက်စားသမားပေါ့၊ အောက်တန်းကျတဲ့ အလုပ်တွေဘာတွေလုပ်ရတဲ့ လူမျိုးကျတော့ သုဒ္ဒမျိုး၊ သူဆင်းရဲမျိုးဆိုတာ တစ်ခါ ပေါ်လာပြန်တယ်၊ လူ့ လောကကြီးမှာ အဆင့်လေးမျိုးပေါ့လေ၊ လူအမျိုးလေးမျိုးပေါ့ လေ၊ ပေါ်လာတယ်၊ မင်း၊ ပုဏ္ဏား၊ သူကြွယ်လို့လည်း ခေါ်တာပေါ့လေ။ ကုန်သည်မျိုး၊ သူဆင်းရဲလို့ အဲဒီကနေ တစ်ဆင့်ဆင့်နဲ့ ယခုထိအောင် ရောက်လာတယ်ပေါ့လေ။

“မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇအပြား၊ မည်သုံးပါးနှင့်၊ ထင်ရှားလူ့ဘောင်၊

[စာမျက်နှာ-41] စတည်ထောင်ခဲ့၊ ထိုနောင်ဗြာဟ္မဏ၊ အမျိုးစသည်၊ ဝဏ္ဏလေးပါး၊ (ဝဏ္ဏဆိုတာ အမျိုး ပြောတာပါပဲ။) ဤသို့အားဖြင့်၊ တရားသွေကွက်၊ ယွင်းချော်ပျက်၍၊ အသက်တိုလှ၊ ပါပကဟု၊ ဓမ္မလူတွင် ထွန်းသတည်း။” တဖြည်းဖြည်းနဲ့လူတွေ အကျင့်ပျက် လာတဲ့အခါကျတော့ အသက်ကလည်းတိုတိုပြီးတော့ လိုက်လာတယ်တဲ့၊ ဒါ ကမ္ဘာကြီးပျက်ပုံနှင့်ဖြစ်ပုံ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ ပြောထားတာ။

အခု ပြောလာခဲ့တဲ့ အထဲမှာ ဘုရားဟောပါဠိတော်ထဲကလည်း ပါတယ်နော်၊ အဋ္ဌကထာထဲကလည်း ဖြည့်စွက်တာလည်းပါတယ်၊ ပါဠိတော်ကို အခြေခံပြီးတော့ သူတို့ ပါဠိတော်မှာကိုတော်တော်စုံစုံပါတယ်၊ အဂ္ဂညသုတ်ဆိုတာ ကမ္ဘာဦးဖြစ်ပုံ။

အဲဒီတော့ နေတွေလတွေထွက်တဲ့အချိန်က စပြီးတော့ နောက်ကမ္ဘာပျက်မိုး ရွာသည့်အချိန်တိုင်အောင် ဒီအတွင်းကို ဝိဝဋ္ဋဋ္ဌာယီဟာ အမှန်ကတော့ သတ္တဝါတွေ နေနိုင်တဲ့အချိန်ပဲ၊ ဟိုဘက် ၃-ခုကတော့ သတ္တဝါတွေမနေနိုင်ဘူး၊ အသက်မရှင် နိုင်ဘူး။

ဒါကြောင့်မို့ သံဝဋ္ဋ-သံဝဋ္ဋဋ္ဌာယီ ဝိဝဋ္ဋ ဝိဝဋ္ဋဋ္ဌာယီနော်၊ အဲဒါ ကမ္ဘာကြီး စပျက်ပုံနှင့် ဖြစ်ပုံ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာဆိုတာ၊ အခုခေတ်နဲ့တော့ ညှိမရပါဘူး၊ ဘာပြုလို့လဲဆိုတော့ လူသတ္တဝါ တွေပဲ ထည့်ပြောသွားတယ်၊ တခြားသတ္တဝါတွေ ဘာမှ မပါဘူး၊ အခု ဒီမှာ သစ်ပင်တွေ ဘာတွေလည်း ဘာမှမပါဘူး၊ အရေး မကြီးတဲ့ အနေနဲ့ဆိုရင်လည်း ဖြစ်မှာပေါ့လေ၊ သို့သော် ဒို့ကျမ်းဂန်တွေထဲမှာ ဒီလိုဆိုတယ်ဆိုတာ လေးတော့ သိထားဖို့ ကောင်းတယ်။

အဲဒီတော့ ပထမဈာန်ဘုံရဲ့ အသက်တမ်းကို ဆုံးဖြတ်တဲ့အခါမှာ မဟာကမ္ဘာနဲ့ ဆုံးဖြတ်လို့ ရမရ၊ မဟာကမ္ဘာဆိုတာ ခုန ဟို လေးခုကို ခေါ်တာမဟုတ်လား၊ သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ၊ ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီနော်၊ အဲဒါ အသင်္ချေယျကပ်လေ၊ အဲဒီ အသင်္ချေယျကပ် ၆၄-ကပ်မှ မဟာကပ်တစ်ကပ် မဟုတ်လား။

အဲဒီတော့ ပထမဈာန်ဘုံရဲ့ အသက်ကို သတ်မှတ်တဲ့အခါမှာ မဟာကမ္ဘာနဲ့ သတ်မှတ်လို့မရဘူး၊ အသင်္ချေယျကပ် တစ်ခုတစ်ခုမှာ သူပျက်နေပြီ မဟုတ်လား၊ အဲဒီတော့ကို ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာတို့ရဲ့ အသက်ကို သတ်မှတ်တဲ့အခါမှာ မဟာကပ်နဲ့ မသတ်မှတ်ဘဲနဲ့ အသင်္ချေယျကပ်နဲ့ သတ်မှတ်ရမယ်၊ ဒါကြောင့်မို့ အန္တရကပ် ၆၄-ကပ်ကို အသင်္ချေယျကပ်တစ်ကပ်။

အဲဒါကြောင့်မို့ ဗြဟ္မပါရိသဇ္ဇာဘုံရဲ့ သက်တမ်းဟာ အဲဒီအသင်္ချေယျကပ် ရဲ့ သုံးပုံတစ်ပုံ၊ ၆၄ ရဲ့ ၃-ပုံ ၁-ပုံ (21 1/3)

[စာမျက်နှာ-42] ဟုတ်တယ် မဟုတ်လား။ ဒါကြောင့်မို့ အဲဒါဟာ (21 1/3) အန္တရကပ်၊ အသင်္ချေယျကပ်ရဲ့ ၃-ပုံ ၁-ပုံလို့ဆိုတယ်၊ အသင်္ချေယျကပ်ရဲ့ ၃ပုံ၁-ပုံမှ အန္တရကပ်ပေါင်း ၂၁-ကပ်နဲ့ ၃-ပုံ ၁-ပုံ ရှိတယ်။

ဗြဟ္မပုရောဟိတာကျတော့ အသင်္ချေယျကပ်ရဲ့ ထက်ဝက်ဖြစ်တဲ့အတွက် ကြောင့်မို့ အန္တရကပ် ၃၂-ကပ်၊ မဟာဗြဟ္မာကျတော့ အသင်္ချေယျကပ် ၁-ကပ် ဆိုတော့ အန္တရကပ် ၆၄-ကပ်။

အဲဒီလို မီးနဲ့ပျက်တဲ့အခါမှာ ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ပါမှာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဟာ အကုန်မတည်နိုင်ဘူးပေါ့၊ သူတို့အသက်ကို မဟာကပ်နဲ့တွက်လို့ မရဘူး၊ ပါဠိမှာ ကပ္ပလို့ သာမညဆိုပေမယ့်လို့ ဒီနေရာမှာ ကပ္ပအရ အသင်္ချေယျကပ်ကို ယူရတယ်၊ ဒုတိယဈာန်ဘုံစသည် တွက်တဲ့အခါကျတော့ ကိစ္စမရှိဘူး၊ မဟာကပ်ယူလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာပျက်ရိုးထုံးစံက မီးနဲ့ ၇-ကြိမ်ပျက်တယ်တဲ့နော်၊ မီးနဲ့ ၇-ကြိမ်ပျက်ပြီးရင် ၈-ကြိမ်မြောက်ကျတော့ ရေနဲ့ပျက်တယ်၊ ဟုတ်ပြီလား၊ မီး ၇-ကြိမ်၊ ရေတစ်ကြိမ်၊ တစ်ခါ မီး ၇-ကြိမ်၊ ရေတစ်ကြိမ်၊ မီး ၇-ကြိမ် ရေတစ်ကြိမ် သွား၊ ၆၄ ကြိမ်မြောက်ကျတော့မှ လေဖျက်တာ၊ အဲဒီလိုတဲ့။

အဲဒီတော့ ဒုတိယဘုံစသည်ကျတော့ မဟာကပ်နဲ့ပဲ တွက်ရတော့မှာ၊ မဟာကပ် ၂-ကပ်လို့ဆိုတယ်။ အဲဒီကျတော့ မဟာကပ်တွက်လို့ရသွားပြီ ဘာပြုလို့ လဲဆိုတော့ ၆၄-ကြိမ်သွားတော့မှာကိုး၊ မီး ၇-ကြိမ် ရေတစ်ကြိမ်၊ မီး ၇-ကြိမ် ရေတစ်ကြိမ်နဲ့ သွားမှာကို၊ အဲဒီတော့ မဟာကပ်နဲ့တွက်တယ်၊ ၂ ဆ ၂ ဆ တက် သွားနော်၊ အပ္ပမာဏဘုံ ၄-ကပ်၊ အာဘဿရာဘုံကျတော့ ၈-ကပ်၊ ပရိတ္တာသုဘာ ဘုံကျတော့ ၁၆-၃၂-၆၄ စသည်သွားတော့၊ ဝေဟပ္ဖိုလ် အသညသတ် ကျတော့ မဟာကပ်-၅၀၀၊ အဝိဟာ တစ်ထောင်၊ အတပ္ပါ ၂-ထောင်၊ သုဒဿာ ၄-ထောင်၊

သုဒဿီ ၈-ထောင်၊ အကနိဋ္ဌာ ၁ သောင်း ၆ထောင်၊ အာကာသာနဉ္စာယတနဘုံ ၂ သောင်း၊ ဝိညာနဉ္စာယတန ဘုံ ၄ သောင်း၊ အာကိဉ္စညာယတနဘုံ ၆ သောင်း၊ နေဝသညာ နာသညာယတန ဘုံ ၈ သောင်း ၄ ထောင်၊ မဟာကပ်ပေါင်း ရှစ်သောင်းလေးထောင်ဆိုတော့ အကြာကြီးသွားမှာနော်၊ အဲဒီလို အသက်တမ်းကို ယူရမယ်။

အဲဒါကြောင့်မို့ ပထမဈာန်ဘုံအတွက်ကို မဟာကပ် မယူရဘဲနဲ့ အသင်္ချေယျကပ် ယူရသလဲဆိုတာရှင်းပြီ၊ ဘာလို့လည်းဆိုတော့ကမ္ဘာပျက်တဲ့အခါမှာ သူတို့က

[စာမျက်နှာ-43] ပါ ပါသွားတာကို။

အဲဒီတော့ မီးနဲ့ဖျက်တဲ့အခါမှာ ပထမဈာန် ၃-ဘုံ၊ ရေဖျက်တဲ့အခါမှာ ဒုတိယဈာန် ၃-ဘုံ၊ လေဖျက်တဲ့အခါမှာ တတိယဈာန် ၃-ဘုံပါတယ်။

ကောင်းပြီမှ နောက်ထပ်သိစရာ ဘာရှိသလဲ?၊ သော်- ဒီဘက်မှာ ခေတ် ၃-ပါးဆိုတာ ရှိတယ်၊ ခေတ် ၃-ပါးက ဘာတဲ့လဲ၊ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ် ရယ်လို့ရှိတယ်၊ ခေတ်ဆိုတာ နယ်ကို ဆိုလိုတာနော်၊ ဟို မြန်မာစကား ခေတ်ကိုတော့ အချိန်လို့ ဆိုလိုတယ်နော်၊ အခုခေတ်နဲ့ ရှေးခေတ်နဲ့ မဟုတ်ဘူး၊ ဒီခေတ်က နယ်ပယ်လို့ ဆိုလိုတယ်နော်၊ အဲဒီတော့ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်တဲ့။

ဇာတိခေတ်ဆိုတာက စကြာဝဠာပေါင်း ဘယ်လောက်ရှိသလဲတဲ့၊ တစ်သောင်း ရှိတယ်တဲ့၊ ပြီးတော့ အာဏာခေတ်ကျတော့ စကြာဝဠာကုဋေတစ်သိန်းတောင်ရှိတယ်၊ ဝိသယခေတ်ကတော့ အသင်္ချေအနန္တ ရှိတယ်တဲ့။

ဇာတိခေတ်ဆိုတာ မြတ်စွာဘုရား ပဋိသန္ဓေနေတဲ့အခါတို့ ဖွားတဲ့ အခါတို့မှာ မြေကြီးလှုပ်တဲ့အခါမှာ ဇာတိခေတ် အကုန်လှုပ်တာတဲ့၊ ဒီ ကမ္ဘာ တစ်ခုတည်းတင် လှုပ်တာမဟုတ်ဘူးတဲ့၊ စကြဝဠာတစ်သောင်းလုံးလှုပ်တယ်၊ ဒါကြောင့်မို့ အဲဒီ နယ်ပယ်ကို ဇာတိခေတ်လို့ခေါ်တယ်။

အာဏာခေတ်ဆိုတာက မြတ်စွာဘုရားဟောတော်မူတဲ့ သုတ်တွေရှိတယ်။ ရတနသုတ်တို့ မေတ္တာသုတ်တို့ ခန္ဓသုတ်တို့ အဲဒီသုတ်တွေရဲ့ အာဏာနှံ့ရာ နယ်ပယ်လို့ ဆိုတယ်၊ အဲဒီသုတ်တွေရဲ့ အာဏာနှံ့ရာနယ်ပယ်က ကုဋေတစ်သိန်းတောင်ရှိတယ်၊ ဒါကြောင့် ရတနသုတ်ရဲ့ အစမှာ ကောဋိသတ သဟဿေသု စက္ကဝါဠေသု ဒေဝတာနဲ့ လာတယ်နော်၊ ကုဋေတစ်သိန်းရှိတဲ့နတ်တွေဆိုပြီးတော့ အဲဒါ အာဏာခေတ်တဲ့ အာဏာပျံ့နှံ့ရာခေတ်ပေါ့။

ဝိသယခေတ်ဆိုတာကတော့ ရှိရှိသမျှ အကုန်ပဲ၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်မှာ အဆုံးအစမရှိ ထင်ပေါ်နိုင်တယ်ပေါ့လေ၊ အဲဒီလို ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်လို့ ခေတ်အားဖြင့် ၃-ပါးရှိတယ်တဲ့၊ “ဇာတိ၊ အာဏာ၊ ဝိသယာ၊ သုံးဖြာလောကဓာတ်သောင်းသိန်းကုဋေ၊ အသင်္ချေ၊ သုံးတွေအစဉ်ဟပ်”၊ စကြဝဠာ ကုဋေတစ်သိန်းရယ်၊ စကြာဝဠာအနန္တ လို့ ဆိုလိုတာပေါ့နော်၊ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်လို့ ခေတ် ၃-ပါး။

စကြဝဠာတစ်သောင်းရယ်၊ စကြာဝဠာကုဋေတစ်သိန်းရယ်၊ စကြဝဠာ

[စာမျက်နှာ-44] အနန္တ ရယ်။

အာဏာခေတ်သည် ကမ္ဘာဖြစ်အတူ၊ ပျက်အတူဖြစ်၏၊ တစ်ခါတစ်ခါ ကမ္ဘာပျက်ရင် အာဏာခေတ် အကုန်ပျက်တာပဲတဲ့၊ အာဏာခေတ်မှာရှိတဲ့ ကမ္ဘာတွေ အကုန်လုံး တစ်ကြိမ်တည်းပျက်တယ်၊ အပျက်လည်းတူတယ်၊ အဖြစ်လည်းတူတယ် တဲ့၊ ဒါဘုံနဲ့ပတ်သက်ပြီးတော့တော်တော်လေး သိသင့်သိထိုက်တာ စုံသွားပါပြီ။

ဒါပေမယ့်လို့ ဘာတွေကျန်သေးတုန်းတဲ့၊ နည်းနည်းရှိသေးတယ်၊ ဒါကတော့ အခု ဒီစာတွေထဲမှာ မပါဘူး၊ တခြားကျမ်းဂန်တွေထဲမှာ ဆိုထားတာ ရှိသေးတယ်၊ အဲဒါကတော့ စကြဝဠာဆိုတာ ဒီလေးကျွန်းတစ်မြင့်မိုရ်လို့ ခေါ်တယ်၊ လေးကျွန်း တစ်မြင့်မိုရ်ကို စကြဝဠာလို့ခေါ်တယ်နော်၊ အဲဒီစကြဝဠာကို ဘယ်လို မြင်ရလဲ လို့ဆိုရင် အဝိုင်းကြီးလို့မြင်ရမယ် လင်ပန်းလို (circle) ပေါ့၊ အဲဒီလို မြင်လာတဲ့ အခါမှာ ပတ်ပတ်လည်မှာ တောင်ကြီးရှိနေတယ်တဲ့၊ ဒါကို စကြဝဠာတောင်လို့ ခေါ်တယ်၊ နံရံလိုကြီးနေမယ်ပေါ့၊ အဲဒီအထဲမှာမှ ရေရှိမယ်၊ မြေရှိမယ်၊ အဲဒီစကြဝဠာရဲ့ အလည်မှာ မြင့်မိုရ်တောင်ရှိတယ်၊ ယူဇနာ ၈-သောင်း ၄-ထောင်၊ ၄-သောင်း ၂-ထောင်က မြေကြီးထဲမြှုပ်နေတယ်၊ ၄ သောင်း ၂-ထောင်က မြေပေါ်မှာ ပေါ်နေတယ်ဆိုပါတော့၊ အဲဒီ မြင့်မိုရ်တောင် ကိုမှပတ်ပြီးတော့ တောင်စဉ် ၇-ထပ် ဆိုတာရှိတယ်၊ အဲဒီတော့ circle လို ပတ်တာလား လေးထောင့် ပတ်တာလားတော့ မပြောနိုင်ဘူးပေါ့လေ၊ ထားပါ တော့၊ ပတ်ပတ်လည်လည်မှာ တောင်စဉ် ၇-ထပ်ရှိတယ်၊ အဲဒီတောင် တစ်ခုတစ်ခုကြားမှာက ရေတွေရှိသေး တယ်နော်၊ သီတာ ၇-တန်လို့ခေါ်တယ်။

အဲဒီ အမြင့်ဆုံးတောင်ရဲ့ အပြင်ဘက်မှာကျ ဘာရှိသလဲဆိုတော့ ကျွန်းကြီး လေးကျွန်းရှိတယ်၊ အရှေ့ကျွန်း၊ တောင်ကျွန်း၊ မြောက်ကျွန်း၊ အနောက်ကျွန်း၊ ပေါ့လေ၊ အဲဒီ ကျွန်းကြီးလေးကျွန်းက မဟာသမုဒ္ဒရာလို့ ခေါ်တဲ့ ရေထဲမှာရှိတာပေါ့၊ ကျွန်းကြီးလေးကျွန်းရှိတဲ့ နေရာက ရေကို မဟာသမုဒ္ဒရာလို့ခေါ်တယ်၊ ပြီးတော့ တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ရေကို အတွင်းသမုဒ္ဒရာလို့ ခေါ်မယ်ဆိုရင်လည်း ခေါ်နိုင်တာပေါ့လေ၊

ပြီးတော့မှ တစ်ခါ ကျွန်းကြီးတစ်ခုတစ်ခုမှာ ကျွန်းငယ်ပေါင်း ငါးရာ ငါးရာ အခြံအရံရှိတယ် နော်၊ ခုခေတ်ဆိုရင် အင်ဒိုနီးရှား တစ်ခုတည်းကိုပဲ ကျွန်း ၃-ထောင်လောက် ရှိတယ်ဆိုတာပဲ၊ သို့သော် ဒီမှာတော့ ခပ်ကြီးကြီးကျွန်းကိုပြောတာနဲ့

[စာမျက်နှာ-45] တူပါရဲ့၊ ဒါကြောင့်မို့ ကျွန်းကြီးလေးသွယ်၊ ကျွန်းငယ်ငါးရာလို့ ဒီလို အဆိုရှိတယ်။ အဲဒီလိုတည်နေတယ်၊ ဒါ (Map of World) ပေါ့လေ၊ ဗုဒ္ဓဘာသာအလိုအရ အဲဒီလိုရှိတယ်။

အလည်မှာ မြင့်မိုရ်တောင်ရှိတယ်နော်၊ မြင့်မိုရ်တောင်ကို ပတ်ပြီးတော့ တောင်စဉ် ၇-ထပ်ရှိတယ်၊ တောင်စဉ် ၇-ထပ်ကြားမှာ ရေရှိတယ်၊ ဒါအတွင်း သမုဒ္ဒရာခေါ်တယ်၊ အဲဒီ ဟိုဘက်ကျတော့ မဟာသမုဒ္ဒရာရှိတယ်၊ အဲဒီမဟာသမုဒ္ဒရာ ထဲမှာမှ ကျွန်းကြီးလေးကျွန်းရှိတယ်၊ အဲဒီကျွန်းကြီးလေးကျွန်းရှိတော့ သုံးကျွန်း လင်းခိုက် တစ်ကျွန်းမိုက်၍၊ ဒီလိုဆိုတာရှိတယ်၊ နေကမြင့်မိုရ်တောင်ကို ပတ်သွား တာပေါ့လေ၊ ဒါ ဒီကအမြင်နဲ့ ပြောတာပေါ့လေ၊ လူ့ပြည်က ကြည့်လိုက်တဲ့အခါ ကျတော့နက္ခတ်တွေလည်း အဲဒီလို ပတ်သွားတယ်၊ အဲဒီလို ပတ်သွားတဲ့အခါကျတော့ မြင့်မိုရ်တောင်ကြီးက ရှိနေတော့ ဒီမြင့်မိုရ်တောင်က ကွယ်ထားတော့ ၃-ကျွန်းသာ လင်းနိုင်တယ်တဲ့၊ တစ်ကျွန်းမလင်းဘူးတဲ့၊ ဒီလို အဆိုရှိတယ်နော်၊ သုံး ကျွန်း လင်းခိုက်၊ တစ်ကျွန်းမိုက်။

အဲဒီတော့ ပြောချင်တာက ဘာလဲဆိုတော့ အိန္ဒိယနိုင်ငံမှာ နေ့ဖြစ်နေရင် ဒီမှာ ညဖြစ်နေတယ်၊ ဟုတ်တယ်မဟုတ်လား၊ အဲဒီနည်းနဲ့ပြောရင် အမေရိကဟာ မြောက်ကျွန်းလို့ဆိုနိုင်တယ်၊ မြောက်ကျွန်းရဲ့ စရိုက်နဲ့တော့ သိပ်မကိုက်ဘူး ဆိုပါတော့ ဟုတ်လား၊ မြောက်ကျွန်းသူတွေက ငါးပါးသီလမြဲတာတို့ ဘာညာဆိုတာ ရှိတယ်၊ သို့သော် ခုန သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်ဆိုတာနဲ့ တွက်မယ်ဆိုရင် အမေရိကဟာ မြောက်ကျွန်းဖြစ်လောက်တယ်၊ Europe က အနောက်ကျွန်းဖြစ်မှာ ပေါ့၊ ဂျပန်တို့ဘာတို့ China အရှေ့အစွန်တို့က အရှေ့ကျွန်းဖြစ် မှာပေါ့၊ အဲဒီလို စကြဝဠာတစ်ခုတစ်ခု စကြဝဠာက ၃-ခု ၃-ခုဆိုင် ဆိုင်နေတယ်တဲ့၊ လင်ပန်း ၃ ချပ်တေ့ထားသလိုပေါ့။

အဲဒီစကြဝဠာ ၃-ခုတွေ့ခိုက်အလည်မှာ ကွက်လပ်မရှိပေဘူးလား၊ လင်ပန်း ၃-ခုစပ်လိုက်ရင် အဲဒီကွက်လပ်ကို လောကန္တရိတ်ငရဲလို့ခေါ်တယ်၊ အဲဒီငရဲက စကြာဝဠာအကြားမှာ ရှိတဲ့ငရဲပေါ့ လေ၊ ခုနက အရင်ပြောခဲ့တဲ့ ငရဲကြီး ၈-ထပ်က စကြဝဠာအတွင်း မြေကြီးထဲမှာရှိတယ်၊ သူက စကြဝဠာအကြားမှာရှိတယ်၊ အဲဒီမှာ ရှိတဲ့ ရေကလည်း အလွန်အေးတယ်တဲ့၊ နေ ဘယ်တော့မှ မပူဘူးတဲ့၊ အဲဒီမှာဖြစ်နေတဲ့ သတ္တဝါတွေကလည်း ကောင်ကမ္ဘာယံတွေ ကုတ်ကပ်တက်နေရတာ၊ အမှောင်ကြီး

[စာမျက်နှာ-46] ထဲမှာပေါ့လေ၊ အဲဒီလိုဖြစ်၊ အကောင်ချင်း တွေ့ပြီးတော့ တစ်ခါတည်း သတ်ကြ၊ ရေထဲကျ၊ ရေထဲကျတော့ ရေကအေးလွန်းတော့ ကြေမွသွားတယ်၊ အဲဒီလိုရှိတယ်၊ အဲဒီလိုစကြဝဠာပေါင်းက အနန္တ ရှိတယ်တဲ့။

[စာမျက်နှာ-47]
ကမ္မစတုက္က

၁။ ကိစ္စ၏အစွမ်းဖြင့် ကံ ၄-မျိုး
၁။ ဇနကကံ - အကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပဝတ္တိအခါ၌ ဖြစ်စေ၊ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သောကံ။
၂။ ဥပတ္ထမ္ဘကကံ - ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ တပါးသောကံ အကျိုးပေးခွင့်ရလေအောင်၊ အကျိုးပေးခွင့်ရနေပြန်လျှင် အကျိုး ပေးသန်လေအောင်၊ အကျိုးပေးသည့်အခါမှာလည်း ထို အကျိုးများ ရှည်ကြာဖွံ့ဖြိုးလေအောင်၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ၊ လျော်စွာ ထောက်မကူညီတတ်သောကံ။
၃။ ဥပပီဠကကံ - တစ်ပါးသောကံကို အကျိုးပေးခွင့်မရလေအောင်၊ အခွင့်ရပြန်လျှင် အကျိုးပေးမထက်သန်အောင်၊ ရပြီးသောအကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ကပ်၍နှိပ်စက်တတ်သောကံ။
၄။ ဥပဃာတကကံ- နှိပ်စက်ရုံတွင်မက တစ်ပါးသောကံကို လုံးဝအကျိုးမပေးနိုင်အောင်၊ ပေးပြီးသောအကျိုးများကိုလည်း ပြတ်သွား အောင် သတ်ဖြတ်တတ်သောကံ။

၂။ အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄-မျိုး
၁။ ဂရုကကံ - တစ်ပါးသောကံတို့ မတားမြစ်နိုင်လောက်အောင်ကြီးလေး သောကံ။ (ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံများနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယ ကံများ။)
၂။ အာသန္နကံ - စုတေခါနီးလောလောဆယ်၌ ပြုအပ်သောကံ၊ သို့မဟုတ် ရှေးကပြုပြီးသားကို စုတေခါနီး၌ ထပ်၍အောက်မေ့အပ် (ဆင်ခြင်နေအပ်)သောကံ။
၃။ အာစိဏ္ဏကံ - နေ့စဉ်မပြတ် လေ့ကျက်အပ် ပြုအပ်သောကံ။
၄။ ကဋတ္တာကံ - ဂရုက အာသန္န အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ သာမန်ပြုအပ်သောကံများနှင့် ရှေးရှေး ဘဝက ပြုအပ်ခဲ့သောကံများ။

[စာမျက်နှာ-48]
၃။ အကျိုးပေးရာကာလနှင့်စပ်၍ ကံ ၄-မျိုး
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ - မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ။ (ပထမဇော စေတနာ)
၂။ ဥပပဇ္ဇဝေဒနီယကံ - နောက် ဒုတိယဘဝ၌ အကျိုးပေးသောကံ။ (သတ္တမဇော စေတနာ)
၃။ အပရာပရိယဝေဒနီယကံ - တတိယဘဝမှစ၍ နိဗ္ဗာန်ရသည်တိုင်အောင် အကျိုးပေးသောကံ။ (အလယ်ဇော ၅-ချက် စေတနာ)
၄။ အဟောသိကံ - အကျိုးလုံးလုံးမပေးသောကံ။

၄။ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄ မျိုး
၁။ အကုသိုလ် ကံ။
၂။ ကာမာဝစရကုသိုလ် ကံ။
၃။ ရူပါဝစရကုသိုလ် ကံ။
၄။ အရူပါဝစရကုသိုလ် ကံ။

အကုသိုလ်ကံများ = အကုသလကမ္မပထ ၁၀-ပါး
၁။ ကာယကံ ၃ - ပါး
၁။ သူ့အသက်သတ်ခြင်း - ဒေါသကြောင့်ဖြစ်။
၂။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ယူခြင်း - လောဘ ဒေါသကြောင့်ဖြစ်။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း -လောဘကြောင့်ဖြစ်။

၂။ ဝစီကံ ၄-ပါး
၁။ လိမ်လည်ပြောဆိုခြင်း - လောဘဒေါသကြောင့်ဖြစ်။
၂။ ကုန်းတိုက်ခြင်း- လောဘဒေါသကြောင့်ဖြစ်။
၃။ ကြမ်းတမ်းသောစကားကိုပြောခြင်း - ဒေါသကြောင့်ဖြစ်။
၄။ ပိန်ဖျင်းသောစကားကို ပြောခြင်း - လောဘဒေါသကြောင့်ဖြစ်။

၃။ မနောကံ ၃-ပါး
၁။ အဘိဇ္ဈာ - သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှု- လောဘကြောင့်ဖြစ်။

[စာမျက်နှာ-49] ၂။ ဗျာပါဒ - သူတစ်ပါး၏ ပျက်စီးသေစေရန် ကြံစည်မှု-ဒေါသကြောင့်ဖြစ်။
၃။ မိစ္ဆာဒိဋ္ဌိ- အယူမှားမှု လောဘကြောင့်ဖြစ်။

အကုသလကမ္မပထ ၁၀-ပါးသည် စိတ်အားဖြင့် အကုသိုလ်စိတ် ၁၂-ပါးပင်တည်း။

ကာမာဝစရကုသိုလ်ကံသည်လည်း
ကာယကံ ကာယဒွါရ၌ဖြစ်
ဝစီကံ ဝစီဒွါရ၌ဖြစ်
မနောကံ မနောဒွါရ၌ဖြစ်
ဟု ကမ္မဒွါရအားဖြင့် ၃-ပါးရှိ၏။

ထို့အတူဒါန သီလ ဘာဝနာအားဖြင့် ၃-ပါးရှိ၏။
စိတ်အားဖြင့်ကား ၈-ပါးဖြစ်သည်။

ပုညကြိယာဝတ္ထုအားဖြင့် ၁၀-ပါးရှိသည်။
ဒါန ပေးကမ်းလှူဒါန်းမှု။
သီလ သီလဆောက်တည်မှု။
ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းမှု။
အပစာယန အရိုအသေပြုမှု။
ဝေယျာဝစ္စ သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။
ပတ္တိဒါန မိမိရသောကုသိုလ်အဖို့ကို အမျှဝေမှု။
ပတ္တာနုမောဒန မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက်မှု။
ဓမ္မဿဝန တရားနာမှု။
ဓမ္မဒေသနာ လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု။
ဒိဋ္ဌိဇုကမ္မ အယူကို ဖြောင့်မတ်စွာပြုမှု။

ပုညကြိယာဝတ္ထု ၁၀-ပါးကို ဒါန သီလ ဘာဝနာ ၃-ပါး၌ သွင်းပုံ
အပစာယန၊ ဝေယျာဝစ္စ ၂-ပါးကို သီလ၌ သွင်း၊
ပတ္တိဒါန၊ ပတ္တာနုမောဒန ၂-ပါးကို ဒါန၌သွင်း၊

[စာမျက်နှာ-50] ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ ၃-ပါးကို ဘာဝနာ၌သွင်း။
တစ်နည်း ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးလုံး၌ သွင်း။

အကုသိုလ်ကံ စေတနာ ၁၂-နှင့် ကာမာဝစရကုသိုလ်ကံ စေတနာ ၈ ပေါင်းလျှင် ကာမာဝစရကံ ၂၀-ဖြစ်သည်။

ရူပါဝစရ ကုသိုလ်ကံကား မနောကံ တစ်မျိုးသာရှိသည်၊ ထိုမနောကံသည်လည်း ဘာဝနာတစ်မျိုးသာ၊ ယင်းသည်လည်း အပ္ပနာဈာန်သို့ရောက်သော မနောကံတည်း၊ ဈာန် အင်္ဂါယှဉ်ပုံအားဖြင့် ၅-ပါးရှိသည်၊ ပထမဈာန်စသည်။

အရူပါဝစရကုသိုလ်ကံသည်လည်း မနောကံတစ်မျိုးသာရှိသည်၊ ယင်းလည်း ဘာဝနာ တစ်မျိုးသာ၊ အပ္ပနာသို့ရောက်သော မနောကံတည်း၊ အာရုံအားဖြင့် ၄ မျိုးဖြစ်သည်။

ကာမကံ အကျိုးပေးရာဘုံ ဥဒ္ဓစ္စကြဉ်အကု ၁၁ အပါယ် ၄ ပဋိ အကုဝိ ဥသန္တီ အကုသိုလ်ကံ ၁၂ ကာမ ၁၁ ပဝတ္တိ အကုဝိရ
ရူပ ၁၅ ပဝတ္တိ ဃာ၊ ဇိ၊ ကာကြဉ် အကုဝိ ၄

မဟာကုသိုလ်ကံ ၈ ကာမသုဂတိ ၇ ပဋိ ကုဝိ ဥသန္တီ၊ မဟာ ၈ (၉)
ပဝတ္တိ မဟာဝိ ၈၊ အဟိတ်ကုဝိ ၈ (၁၆)
ရူပ ၁၅ ပဝတ္တိ ဃာ၊ ဇိ၊ ကာကြဉ်အဟိတ်ကုဝိ ၅

ကာမာဝစရကုသိုလ်ကံတို့တွင်လည်း တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ တိဟိတ်ပဋိသန္ဓေ အကျိုးကို ပေးသည်။
တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဝိပါက်စိတ် ၁၆-ပါးကို ဖြစ်စေသည်။
တိဟိတ် ဩမက ကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေ ကျိုးကို ပေးသည်။
တိဟိတ် ဩမက ကုသိုလ်ကံသည် ပဝတ္တိအခါ၌ တိဟိတ်မဟုတ်သော

[စာမျက်နှာ-51] ဝိပါက်စိတ် ၁၂-ပါးကို ဖြစ်စေသည်။
ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံသည် ပဝတ္တိအခါ၌ တိဟိတ်မဟုတ်သော ဝိပါက်စိတ် ၁၂-ပါးကို ဖြစ်စေသည်။
ဒွိဟိတ် ဩမက ကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ အဟိတ်ပဋိသန္ဓေကျိုးကိုသာ ပေးသည်။
ဒွိဟိတ် ဩမက ကုသိုလ်ကံသည် ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈-ပါးကိုသာ ဖြစ်စေသည်။

တိဟိတ်ကုသိုလ် - ကုသိုလ်ပြုသောအခါ ကံ၏အကျိုးကိုသိသော ဉာဏ်ပါသော ကုသိုလ်။
ဒွိဟိတ်ကုသိုလ် - ကုသိုလ်ပြုသောအခါ ကံ၏အကျိုးကိုသိသော ဉာဏ်မပါသောကုသိုလ်။
ဥက္ကဋ္ဌကုသိုလ် - ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် (အမြတ်စားကုသိုလ်)
ဩမကကုသိုလ် - ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ် (အညံ့စားကုသိုလ်)

ကေစိ (အချို့) ဆရာတို့ကမူ အသင်္ခါရိကကုသိုလ်သည် သသင်္ခါရိကအကျိုးကိုမပေး၊ သသင်္ခါရိကကုသိုလ်သည် အသင်္ခါရိကအကျိုးကို မပေးဟု ဆိုကြသည်။

[စာမျက်နှာ-52] (စာမျက်နှာအလွတ် သို့မဟုတ် မှတ်စု)

[စာမျက်နှာ-53]
ရူပါဝစရကုသိုလ် အကျိုးပေးရာဘုံ ရူပါဝစရကုသိုလ်
ပထမဈာန် အညံ့စား - ဗြဟ္မပါရိသဇ္ဇာ အလတ်စား - ဗြဟ္မပုရောဟိတာ အမြတ်စား - မဟာဗြဟ္မာ ဒုတိယဈာန် / တတိယဈာန် အညံ့စား - ပရိတ္တာဘာ အလတ်စား - အပ္ပမာဏာဘာ အမြတ်စား - အာဘဿရာ စတုတ္ထဈာန် အညံ့စား - ပရိတ္တာသုဘာ အလတ်စား - အပ္ပမာဏာသုဘာ အမြတ်စား - သုဘကိဏှာ ပဉ္စမဈာန် ရိုးရိုး - ဝေဟပ္ဖိုလ် နာမ်၌စက်ဆုပ်ပွား - အသညသတ် အနာဂါမ်ပုဂ္ဂိုလ်တို့သည် သုဒ္ဓါဝါသဘုံတို့၌ ဖြစ်ကုန်၏။
* သဒ္ဓါ ဝီရိ၊ သတိ သမာ၊ ဓိ ပညာ၊ ငါးဖြာ ဣန္ဒြေခင်း။
သုဒ္ဓါဘုံ ငါး၊ ထက်သူများ၊ စံစား စဉ်တိုင်းသွင်း။
အရူပါဝစရကုသိုလ် အကျိုးပေးရာဘုံ
အာကာသာနဉ္စာယတနကုသိုလ် - အာကာသာနဉ္စာယတနဘုံ
ဝိညာဏဉ္စာယတနကုသိုလ် - ဝိညာဏဉ္စာယတနဘုံ
အာကိဉ္စညာယတနကုသိုလ် - အာကိဉ္စညာယတနဘုံ
နေဝသညာနာသညာယတနကုသိုလ် - နေဝသညာနာသညာယတနဘုံ

ဤသို့လျှင် မဟဂ္ဂုတ်ကုသိုလ်ကံသည် ပိုင်းခြားသတ်မှတ်ထားအပ်တိုင်း သောဘုံ၌ မိမိနှင့်တူသောအကျိုးကို ပဋိသန္ဓေအခါတို့၌ ဖြစ်လေသည်။

[စာမျက်နှာ-54]
အဘိဓမ္မာသင်တန်း ၂၉

ဝီထိမုတ်ပိုင်း

ကမ္မစတုက္က

ဒီကနေ့ မေလ ၂၉-ရက်။
လွန်ခဲ့တဲ့ အပတ်က လောကန္တရိတ်ငရဲအကြောင်း ပြောတာနဲ့ ပြတ်သွားတယ်။ ဟို အများနားလည်တာက ငရဲကြီး ၈-ထပ်၊ ပြီးတော့ အဲဒီငရဲကြီး ၈-ထပ်မှာ အခြံအရံ ငရဲငယ်ပေါ့လေ၊ ဥဿဒငရဲ၊ အဲဒါတွေကတော့ နားလည်နေကြပြီ၊ အဲဒီ ငရဲတွေကတော့ မြေကြီးထဲမှာရှိတယ်၊ အဲဒီတော့ မြေကြီးထဲတင် မကဘဲနဲ့ စကြဝဠာ သုံးခုဆုံရာမှာရှိတဲ့ ငရဲရှိသေးတယ်၊ အဲဒါကို လောကန္တရိတ်ငရဲလို့ ခေါ်တယ်။

စကြဝဠာက ကျမ်းဂန်ကအတိုင်း ပြောရမယ်ဆိုရင် အဝိုင်းကြီး စကြဝဠာ တောင်ဆိုတာက ပတ်ပတ်လည်ရှိတယ်၊ အဲဒီအတွင်းမှာ မဟာသမုဒ္ဒရာဆိုတဲ့ ရေရှိတယ်၊ ကျွန်းကြီးလေးကျွန်းရှိတယ်၊ ကျွန်းကြီးတစ်ကျွန်းတစ်ကျွန်းမှာ ကျွန်းငယ် ငါးရာငါးရာ အခြံအရံရှိတယ်၊ အဲဒီကျွန်းကြီးလေးကျွန်းရဲ့ အတွင်းဘက်မှာတောင်စဉ် ၇-ထပ်နဲ့ သီတာ ၇-တန်ဆိုတာရှိတယ်၊ အဲဒီဟာတွေရဲ့ အလည်မှာမှ မြင့်မိုရ်တောင် ဆိုတာရှိတယ်။

အဲဒီလို စကြဝဠာတွေဟာ မရေမတွက်နိုင်အောင်ရှိတယ်၊ အဲဒီမှာ စကြဝဠာ ၃-ခုဆုံတဲ့ နေရာမှာကျတော့ လင်ပန်း ၃-ခုဆုံတဲ့နေရာမှာ ကွက်လပ်ရှိနေသလိုပဲ

[စာမျက်နှာ-55] ကွက်လပ်ရှိတယ်၊ အဲဒီကွက်လပ်ထဲမှာလည်းရေတွေရှိတယ်လို့ ပြောတယ်၊ အဲဒီနေရာ မှာက ဘယ်သောအခါမှာမှ နေရောင်မရဘူးတဲ့၊ နေရောင်မရတဲ့အတွက်ကြောင့်မို့ ရေက အလွန်အေးတယ်၊ အဲဒီငရဲမှာ သွားဖြစ်တဲ့ သတ္တဝါတွေဟာ လင်းနို့တွေလို နံရံကမ်းပါးတွေမှာ ကပ်တက်ပြီးတော့ နေကြတယ်ပေါ့လေ၊ နေကြရာကနေပြီးတော့ တစ်ကောင်နဲ့တစ်ကောင် တွေ့ကြတဲ့အခါ တစ်ခါတည်း ဖက်လုံးသတ်ကြတော့ ရေထဲကျသွားတာ၊ ရေထဲကျသွားတယ်ဆိုရင်ပဲသူတို့က ကြေမွသွားတယ်တဲ့၊ အဲဒါ လောကန္တရိတ်ငရဲလို့ ခေါ်တယ်၊ အဲဒါ ငရဲကြီး ၈-ထပ်ထဲမှာ မပါဘူး။

ကောင်းပြီ၊ ငရဲကြီး ၈-ထပ်ရယ်၊ လောကန္တရိတ်ငရဲရယ်၊ အဲဒီငရဲကြီး ၈ထပ်က မြေကြီးထဲမှာရှိပြီးတော့ လူ့ဘုံက မြေကြီးပေါ်မှာ၊ ပြီးတော့ တခြားဘုံတွေ ကလည်း မြေကြီးပေါ်မှာရှိတယ်၊ မြင့်မိုရ်တောင်ထိပ်မှာ ရှိတာက တာဝတိံသာ၊ အဲဒီအထက်မှာကျတော့ ကောင်းကင်မှာ တည်ရှိကြတယ်၊ ယာမာ၊ တုသိတာ စတဲ့ဘုံတွေ၊ အဲဒီဘုံတွေမှာလည်းပဲ ပဋိသန္ဓေနေတဲ့အခါ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေတယ် ဆိုတာ၊ အရင်အပတ်တွေတုန်းက လေ့လာခဲ့ပြီးပြီ။

နောက်ဆုံးတစ်ခု ဘာကျန်သလဲ၊ ကျန်တယ်လို့သာ ပြောတာ၊ ပြောပြီးသား ပါပဲ၊ ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ် ၃-ခု တူရတယ်တဲ့၊ ဆိုပါတော့၊ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေခဲ့ရင် အဲဒီသတ္တဝါဟာ တစ်ဘဝလုံးမှာဖြစ်တဲ့ ဘဝင်တွေကလည်း အဲဒီစိတ်ပဲ။ သူသေတဲ့အခါမှာလည်း အဲဒီစိတ်နဲ့ပဲ စုတိကျမှာ။

ဒါကြောင့်မို့ ဘဝတစ်ခု၊ သံ-ဘွင်-စု၊ သုံးခုထပ်စမြဲ လယ်တီဆရာတော် ဘုရားကြီးရေးထားတဲ့လင်္ကာရှိတယ်၊ သံ-ဆိုတာ ပဋိသန္ဓေ၊ ဘွင်-ဆိုတာ ဘဝင်ပေါ့လေ၊ စု-ဆိုတာက စုတိ၊ ဒါကြောင့်မို့ ဘဝတစ်ခုမှာ ပဋိသန္ဓေရယ်၊ ဘဝင်ရယ်၊ စုတိရယ် ၃-ခုထပ်စမြဲတဲ့ အတူတူပဲလို့ ဆိုလိုတာ၊

* ဘုံ၊ ဇာတ်၊ သံ၊ သင်၊ အာ၊ ငါးအင်၊ သံဘွင်စု မကွဲ၊ သိပ်ကောင်းတယ်နော်၊ ဒီလင်္ကာလေးတွေဟာ ရထားရင် မေ့လည်းမမေ့ဘူး၊ ပြီးတော့လိုရင်းလေး အကုန်လုံး တစ်ခါတည်း ချုံးပြီးတော့ ထုတ်ပေးထားသလိုပဲ၊ ဘုံတဲ့၊ ဘုံအားဖြင့်လည်းတူတယ်။ ဆိုလိုတာက ဘုံဆိုတာ၊ ကာမာဝစရ၊ ရူပါဝစရ၊ အရူပါဝစရ ရှိတယ်မဟုတ်လား၊ အကယ်၍ ကာမာဝစရဝိပါက်နဲ့ ပဋိသန္ဓေနေခဲ့ရင် ကာမာဝစရဝိပါက်ပဲ ဘဝင်ဖြစ်မယ်၊ ကာမာဝစရ ဝိပါက်ပဲစုတိဖြစ်မယ်၊ ဒါမျိုးကို ခေါ်တာနော်၊

ဇာတ်ဆိုတာ ကုသိုလ် အကုသိုလ် ဇာတ်ပေါ့လေ၊ ဒီမှာတော့ အကုသိုလ်

[စာမျက်နှာ-56] ကုသိုလ်ရယ်လို့တော့ မရှိပါဘူး၊ ဝိပါက်ပါပဲ၊ ဝိပါက်ဇာတ်အားဖြင့် အတူတူပဲပေါ့နော်၊ အဲဒီတော့ ပဋိသန္ဓေစိတ်က ဝိပါက်ဖြစ်ရင် ဘဝင်စိတ်ကလည်း ဝိပါက်ဖြစ်မယ်။ စုတိစိတ်ကလည်း ဝိပါက်ဖြစ်မယ်။

သံ ဆိုတာက သမ္ပယုတ္တဓမ္မကို ဆိုလိုတယ်၊ သမ္ပယုတ္တဓမ္မဆိုတာ ယှဉ်တာ ပြောတာ၊ သူတို့ယှဉ်တဲ့ စေတသိက်တွေလည်း အတူပဲပေါ့နော်၊ ပုထုဇဉ်စိတ်က စေတသိက် (ဆိုပါတော့) ၁၀-ခုနဲ့ယှဉ်ခဲ့ရင် ဘဝင်လည်း စေတသိက် ၁၀-ခုနဲ့ ယှဉ်လိမ့်မယ်၊ စုတိလည်း ၁၀-ခုနဲ့ ယှဉ်လိမ့်မယ်။

သင်ဆိုတာက သင်္ခါရကို ပြောတာ၊ အသင်္ခါရိက သသင်္ခါရိကကိုပြောတာ။ မဟာဝိပါက်စိတ်မှာဆိုရင် အသင်္ခါရိက သသင်္ခါရိက ဆိုတာရှိတယ်၊ အသင်္ခါရိက စိတ်နဲ့ ပဋိသန္ဓေနေရင် ဘဝင်ကျလည်း အသင်္ခါရိကပဲ၊ စုတိကျလည်း အသင်္ခါရိက စိတ်ပဲ။

အာဆိုတာ အာရုံ၊ အဲဒီတော့ ပဋိသန္ဓေစိတ်တွေမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ အာရုံသုံးမျိုးရှိတယ် မဟုတ်လား၊ ပဋိသန္ဓေစိတ်က ကံကို အာရုံပြုခဲ့ရင် ဘဝင်စိတ်ကလည်း ကံကို အာရုံပြုတယ်၊ စုတိစိတ်ကလည်း အဲဒီကံကိုပဲ အာရုံပြုမှာ၊ ကမ္မနိမိတ် အာရုံပြုရင်လည်း ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံပြုရင်လည်း ဂတိနိမိတ်ပဲ အာရုံပြုမှာ၊ ဒါကြောင့် ဒီ ငါးမျိုးနဲ့ပတ်သက်ပြီးတော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ စိတ်တွေဟာ မကွဲကြဘူးတဲ့၊

* ဘုံ၊ ဇာတ်၊ သံ၊ သင်၊ အာငါးအင်၊ သံဘွင် စုမကွဲ၊

ဒါတစ်ဘဝမှာ တူမြဲတရားပေါ့၊ တူမြဲစိတ် ၃-ခုတဲ့၊ ဒီလိုဆိုရင် ဒါ ပဋိသန္ဓေစတုက္ကဆိုတဲ့ ပဋိသန္ဓေပိုင်း ဒီနေရာမှာ ကုန်သွားပြီနော်။

ဒီနေ့ ရှေ့သွားရမယ်။

ရှေ့သွားရမှာက ဘာလဲဆိုရင် ကမ္မစတုက္ကတဲ့၊ ကံပိုင်းပေါ့၊ ကံအကြောင်း စတုက္ကဆိုတာက ၄-ခု၊ အဲဒီတော့ ကံလေးမျိုး၊ လေးလီလို့ သူခွဲပြလိမ့်မယ်၊ ဒီ ကမ္မ စတုက္ကဟာ အရေးကြီးတယ်၊ ကံ ကံရဲ့ အကျိုးတရားသဘော၊

ရှေးဦးစွာ ကံတွေ ဘယ်နှစ်မျိုးရှိတယ်၊ ဘာကံတွေ ဘာကံတွေဆိုတာကို မလေ့လာခင် ကံဆိုတာဘာလဲနားလည်ဖို့ အရေးကြီးတယ်နော်၊ အခုတော့ အဘိဓမ္မာ လုပ်နေတော့ ရေးရေးတော့ နားလည်နေပြီနဲ့ တူပါတယ်နော်၊ များသောအားဖြင့်က ကံဆိုတာ ဘာလဲဆိုတာ ကံဆိုတာ အမှုပဲ၊ ကံဆိုတာ ပြုလုပ်တာ တစ်ခုပဲ၊ ဒီလိုပဲ ပြောလေ့ ရှိကြတယ်၊ ဟုတ်တယ်မဟုတ်လား၊ အလုပ်တစ်ခုခု လုပ်တာကို

[စာမျက်နှာ-57] ကံလို့ခေါ်တယ်၊ အလုပ်ကို ကံလို့ခေါ်တယ်၊ ပါဠိလိုကမ္မလို့ခေါ်တယ်၊ ဒါပေမယ့်လို့ အဘိဓမ္မာနဲ့အညီ တိတိကျကျ ပြောမယ်ဆိုရင် ကံဆိုတာ (action) မဟုတ်ဘူး၊ ကံဆိုတာလုပ်တာ မဟုတ်ဘူး၊ အဲဒီလုပ်တဲ့ နေရာမှာ ပါတဲ့စေတနာ၊ အဲဒီစေတနာကို ကံလို့ခေါ်တာ။

စေတသိက် ၅၂-ပါးထဲမှာ စေတနာမပါဘူးလား၊ ပါတယ်နော်၊ အဲဒီစေတနာ စေတသိက်ကို ကံလို့ခေါ်တာ၊ သို့သော် စေတနာ စေတသိက်က စိတ်တိုင်းနဲ့ မယှဉ်ဘူးလား၊ ယှဉ်တယ်၊ ဒါပေမယ့်လို့ ကံလို့ခေါ်ရတဲ့ စေတနာကတော့ စိတ်တိုင်းနဲ့ ယှဉ်တာကို မဆိုလိုဘူး၊ ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ယှဉ်တာကို ဆိုလိုတယ်၊ ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အကုသိုလ်စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အဲဒီစေတနာကို ကံလို့ခေါ်တာ။

ဒါကြောင့်မို့ တိတိကျကျပြောပါဆိုရင် ကံဆိုတာဘာလဲ၊ ကံဆိုတာ စေတနာ မြတ်စွာဘုရားဟောထားတဲ့ ပါဠိရှိတယ်၊ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုလိုတာကတော့ စေတနာကိုပဲ ငါက ကံလို့ဆိုတယ်တဲ့၊ ကံနဲ့စေတနာ အတူတူပဲ လို့ဆိုတယ်၊ ဒါကြောင့်မို့ ကောင်းမှုတစ်ခုခုကို ပြုတဲ့အခါမှာဖြစ်စေ မကောင်းမှု တစ်ခုခုပြုတဲ့အခါမှာဖြစ်စေ စိတ်ဖြစ်တယ်၊ အဲဒီစိတ်နဲ့အတူဘာပါသလဲ၊ စေတနာ စေတသိက်ပါမယ်၊ အဲဒီစေတနာ စေတသိက်ကို ကံလို့ခေါ်တာနော်၊ အမှန်အတိုင်း ပြောမယ်ဆိုရင် ပြုခြင်းအမှုကို ကံလို့ခေါ်တာမဟုတ်ဘူး၊ သို့သော်လည်း အကြောင်း အကျိုးဆိုတဲ့ အနေနဲ့ ပြောမယ်ဆိုရင်တော့ (action နဲ့ reaction) နဲ့ ပြောရင်ရပါတယ်၊ generalize လုပ်ပြီး ပြောရင်ရပါတယ်။

သို့သော် တိတိကျကျ ပြောမယ်ဆိုရင်တော့ ကံဆိုတာ စေတနာ၊ အဲဒီ စေတနာကပြုလုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သို့မဟုတ် စိတ်ထဲမှာဖြစ်တာ၊ စိတ်ထဲမှာ ဖြစ်တယ်ဆိုတာ ကောင်းတာလုပ်ရင် ကုသိုလ်စိတ်ဖြစ်တယ်၊ မကောင်းတာလုပ်ရင် အကုသိုလ်စိတ်ဖြစ်တယ်၊ အဲဒီ ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ အတူတွဲပြီးတော့ ဖြစ်တဲ့စေ့ဆော်မှု သဘောတရား စေတနာ၊ တက်တက်ကြွကြွဖြစ်တဲ့ သဘောတရား၊ အဲဒီ သဘောတရားလေးကို ကံလို့ခေါ်တာ။

ကောင်းပြီ၊ အဲဒီတော့ စေတနာဟာ စေတသိက်တစ်ခု၊ စေတနာဟာ စေတသိက်တစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ သူဟာ ဥပါဒ် ဌီ ဘင် ဖြစ်ပြီးရင်ချုပ် မသွားရပေဘူးလား၊ စိတ်ဟာ ဥပါဒ် ဌီ ဘင်ပြီးရင် ချုပ်ပျောက်သွားပြီ၊ ဖဿ စေတသိက် ဥပါဒ် ဌီ ဘင် ပြီးရင် ချုပ်ပျောက်သွားရပြီဆိုတော့ စေတနာဟာလည်း

[စာမျက်နှာ-58] ဒီအတိုင်းပဲပေါ့၊ ပရမတ္ထတရားတို့ရဲ့ သဘောအရ သူလည်းချုပ်ပျောက်သွားရတယ်။

သို့သော် သူက တခြားစေတသိက်တွေထက် ဘာထူးသလဲဆိုတော့ တခြား စေတသိက်တွေက ပျောက်ပြီဆိုရင် ပျောက်သွားတာပဲ၊ ဘာမှ မကျန်ရစ်တော့ဘူး၊ အရာထင်မကျန်ရစ်ခဲ့တော့ဘူး၊ ဒီ စေတနာကတော့ သူလည်းချုပ်ပျောက်သွား ပေမယ့်လို့ သူ့ရဲ့ အကျိုးပေးနိုင်တဲ့သတ္တိကို ချန်သွားတယ်၊ အဲဒါကျန်ရစ်တယ်၊ ပရမတ္ထအထည် ကိုယ် သဘောနဲ့ကတော့ သူကချုပ်ရမှာပဲ၊ မချုပ်လို့မဖြစ်ဘူး ဟုတ်လား၊ ဥပါဒ် ဌီ ဘင် ဆိုပြီးရင် ချုပ်သွားတာပဲ၊ အဲဒီလို ချုပ်သွားပေမယ့်လို့ အကျိုးပေးနိုင်တဲ့ သတ္တိကို သတ္တဝါတွေရဲ့ သန္တာန်မှာ သတ္တဝါတွေရဲ့ စိတ်အစဉ်ထဲမှာ သူက ထားဖြစ်ခဲ့တယ်တဲ့၊ ဒါ သူရဲ့ ထူးခြားချက်ပဲ၊ ဒါကြောင့်မို့လည်းပဲ တစ်ချိန် ကျတော့ ထပြီး အကျိုးပေးတာနော်၊ ပဋိသန္ဓေဖြစ်တယ်၊ ဟိုဘဝဖြစ်တယ်၊ ဒီဘဝဖြစ်တယ်၊ ဒါ ကံရဲ့ အကျိုးကြောင့်ဖြစ်တာ။

အဲဒီတော့ ကံဟာ ထင်ရှားမရှိပေမယ့်လို့ သူကတော့ကံကတော့ ချုပ်သွားတာပဲ။ သို့သော် သူ့သတ္တိလေးက အစဉ်တစိုက် လိုက်ပါနေတော့ ဒီအခြေအနေကောင်းတွေနဲ့ ကြုံတဲ့အခါမှာ ကုသိုလ်ကံ ထ၊ အကျိုးပေးလိုက်တာပဲ၊ အခြေအနေမကောင်းတာနဲ့ ကြုံတဲ့အခါမှာ အကုသိုလ်ကံ ထပြီး အကျိုးပေးလိုက်တာပဲ၊ အဲဒီလို သူက ဒီ ချုပ်သွားပေမယ့်လို့ သတ္တဝါတွေရဲ့ သန္တာန်မှာ အကျိုးပေးနိုင်တဲ့သတ္တိကို ထားဖြစ် ခဲ့တယ်။

ဒါဖြင့်ရင် အဲဒီအကျိုးပေးနိုင်တဲ့ သတ္တိပဲပြောပြော၊ ကံလို့ပဲပြောပြော၊ အဲဒါ ဘယ်နားမှာရှိတယ်လို့ပြောနိုင်သလဲ၊ ဘယ်နားမှာရှိသလဲ၊ ဘယ်နေရာမှာ မြှုပ်နှံထား ခဲ့သလဲ၊ ဒါကတော့ ကိုယ်မပြောနဲ့၊ ရဟန္တာတောင် မဖြေနိုင်ဘူး၊ ဟုတ်လား၊ မိလိန္ဒမင်းကြီးက အဲဒါမေးတယ်၊ အရှင်နာဂသိန်ဖြေတာကို နားထောင် ပြီးတော့ “အရှင်ဘုရား နာဂသေနတဲ့၊ ဤရုပ်နာမ်ဖြင့် ကုသိုလ်ကံကိုလည်းကောင်း၊ အကုသိုလ်ကံကိုလည်းကောင်း ပြုလုပ်အပ်၏၊ သတ္တဝါဆိုတဲ့ ရုပ်နာမ်က ကုသိုလ် ပြုတယ်၊ အကုသိုလ်ပြုတယ်၊ ထိုကံတို့သည် အဘယ်၌တည်ရှိနေပါ ကုန်သနည်း”၊ အဲဒီကံတွေ ဘယ်သိမ်းထားသလဲ၊ ဘယ်မှာ စတို လုပ်ထားသလဲ။

အဲဒီတော့ ရှင် နာဂသိန်က ဖြေတယ်၊ “မင်းမြတ်၊ ထိုကံတို့သည် အစဉ် တစိုက် နောက်မှလိုက်သော အရိပ်ကဲ့သို့ အစဉ်တစိုက်နောက်မှ လိုက်တတ်ကုန်၏”တဲ့ အရိပ်လိုပဲ သတ္တဝါနောက်ကပါတယ်ပေါ့လေ၊ အရိပ်ပမာပါနေတယ်။

အဲဒီတော့ မိလိန္ဒမင်းကြီးကမေးတယ် “အရှင်ဘုရား၊ ဤနေရာ၌ လည်း

[စာမျက်နှာ-59] ကောင်း၊ ဤနေရာ၌လည်းကောင်း၊ ထိုကံတို့သည် တည်ရှိကုန်၏ ဟု ပြခြင်းငှာ တတ်ကောင်းပါသလော” ဒီနားမှာရှိတယ်ကွ၊ ဟိုနားမှာရှိတယ်ကွလို့ ဒီလို ပြောနိုင်ပါ့မလားဆိုတော့ “မင်းမြတ်၊ ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌ လည်းကောင်း ထိုကံတို့သည် တည်ရှိကုန်၏ဟု ထိုကံတို့ကိုပြခြင်းငှာ မတတ်ကောင်း” မပြောနိုင်ဘူးတဲ့၊ ဒီနားမှာရှိတယ်ကွ၊ ဒီနားသိမ်းထားတယ်၊ ဟိုမှာသိမ်းထားတယ်လို့ မပြောနိုင်ဘူးတဲ့၊ သို့သော် ရှိတော့ရှိနေတာပဲ၊ ရှိနေလို့လည်းပဲ အကျိုးတွေပေါ်တာပေါ့။ ဒီကံ သို့မဟုတ် ဒီကံရဲ့ သတ္တိသာ မရှိဘူးဆိုရင် အကျိုးမပေါ်နိုင်ဘူးနော်၊ အခု အကျိုးတွေ ပေါ်တာထောက်တော့ သူရှိတယ်။

အဲဒီတော့ မိလိန္ဒမင်းကြီးက “ဥပမာပြုတော်မူပါဦးလော့” ဥပမာလေးနဲ့ ပြောပါတဲ့၊ အဲဒီမိလိန္ဒပဉှာမှာ ဥပမာတွေနဲ့ချည်းပဲ၊ မိလိန္ဒမင်းကြီးကတော့ ဥပမာ အမြဲတမ်းတောင်းတယ်၊ “မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ (မင်း ဘယ်လို ထင်သလဲတဲ့) အကြင်သစ်ပင်တို့သည် အသီးတို့ မသီးသေးကုန်၊ (သရက်ပင်စိုက်ထားတယ်ဆိုပါတော့၊ အသီးမသီးသေးဘူး) “ဤနေရာ၌လည်းကောင်း၊ ထိုနေရာ၌လည်းကောင်း၊ ထိုအသီးတို့သည် တည်ရှိကုန်၏ဟု ထိုသစ်ပင်တို့၏ အသီးကိုပြခြင်းငှာ တတ်ကောင်းပါသလော” (အသီးတွေ အမြစ်ထဲရှိတယ်။ သို့မဟုတ် ပင်စည်ထဲရှိတယ်၊ အကိုင်းထဲရှိတယ်၊ အရွက်ထဲရှိတယ်လို့ ဒီလိုပြောနိုင် သလားတဲ့၊ မပြောနိုင်ဘူးတဲ့။)

အဲဒီတော့ မိလိန္ဒမင်းကြီးက “အရှင်ဘုရား မတတ်ကောင်းပါ”တဲ့၊ “မင်းမြတ် ဤအတူသာလျှင် အစဉ်၏မပြတ်ခြင်းကြောင့်” (ဆိုလိုတာကတော့ သတ္တဝါတွေဟာ အစဉ်အတန်းကြီး ဒီလိုဖြစ်နေတာပေါ့လေ၊ တစ်ဘဝပြီးတစ်ဘဝ တစ်ဘဝပြီး တစ်ဘဝ သွားနေတဲ့ အစဉ်သန္တာန်ရှိတယ်) အဲဒီ“အစဉ်၏ မပြတ်ခြင်းကြောင့် ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း၊ ထိုကံတို့သည် တည်ရှိကုန်၏ ဟု ပြခြင်းငှာ မတတ်ကောင်းတဲ့”နော်။

အဲဒီတော့ ရှင်နာဂသိန်တောင်မှ မပြနိုင်ဘူးဆိုရင်တော့ ဘယ်သူမှမပြနိုင်ဘူး၊ သို့သော် ပြတာမပြနိုင်တာ၊ ရှိတယ်လို့က ပြောရမှာပေါ့၊ ဥပါဒ် ဌီ ဘင် အနေနဲ့ ရှိတာမဟုတ်ဘူး၊ ဥပါဒ် ဌီ ဘင် အနေနဲ့ကတော့ ဖြစ်ပြီးချုပ်သွားပြီပေါ့၊ မရှိဘူး၊ သို့သော် တစ်နည်းနည်းနဲ့ ကျန်ရစ်တယ်တဲ့၊ ဒါ အတော်ဆန်းတယ်၊ သူကျန်ရစ်လို့ လည်းပဲ ဒီအခြေအနေတွေနဲ့ တွေ့လာတဲ့အခါမှာ အချိန်အခါကောင်း အချိန်အခါ မကောင်း၊ ဂတိကောင်း ဂတိမကောင်း၊ ဥပဓိကောင်း၊ ဥပဓိမကောင်း၊ ပယောဂကောင်း၊ ပယောဂမကောင်း စသည်ဖြင့် အဲဒီအခါမျိုးမှာ ထပြီးတော့ အကျိုးပေးတာ။

[စာမျက်နှာ-60] ကောင်း၊ ပယောဂမကောင်းဆိုတဲ့ အခြေအနေတွေနဲ့ တွေ့တဲ့အခါမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ တွေ့တဲ့အခါမှာ ကောင်းတဲ့ကံက အကျိုးပေးသွားတာပဲ။ မကောင်းတဲ့ အခြေအနေတွေ ဖြစ်နေတဲ့အခါကျ မကောင်းတဲ့ကံက အကျိုးပေးသွား တာပဲ။

အဲဒါကြောင့်မို့ ကံဆိုတာ ဘယ်နားလာတယ်၊ ဘယ်နားသိမ်းထားတယ် လို့တော့မပြောနိုင်ဘူး၊ သို့သော်ကောင်းမှုကိုဖြစ်စေ၊ မကောင်းမှုကိုဖြစ်စေ ပြုတဲ့အခါအထူးသဖြင့် တက်တက်ကြွကြွပြုရင် ပိုပြီးထင်ရှားတယ်ပေါ့လေ၊ စေတနာစေ့ဆော် မှုဟာ၊ အားထုတ်မှုဟာ ပိုထင်ရှားတယ်၊ သူဟာ ချုပ်သွားပေမယ့်လို့ ခုန သတ္တဝါတွေရဲ့ အစဉ်သန္တာန်မှာ အကျိုးပေးနိုင်တဲ့ သတ္တိချန်ထားခဲ့တယ်၊ အဲဒါကြောင့်မို့ အကျိုးပေးတာ၊ အဲဒီတော့ ထင်ရှားမရှိသော်လည်းပဲ အကျိုးပေးနိုင်တယ်။

အဲဒီနေရာမှာ တောင်မြို့ ဂန္ဓာရုံ ဆရာတော် ဦးဇနက ရေးတဲ့စာအုပ်ထဲမှာ တချို့ဆိုရင် မရှိပေမယ့်လို့ ကြာမှ အကျိုးပေးတာတွေ အများကြီးရှိပါတယ်တဲ့။ ဆိုပါတော့၊ စာကျက်ထားတယ်ဆိုပါတော့ အခုကကျက်ထားတယ်၊ ဟို နောင်ကျမှ သွားပြီးတော့ အကျိုးပေးတယ်၊ ဒါမျိုးတွေရှိတယ်၊ ငယ်ငယ်တုန်းက ကျန်းမာရေး ဂရုစိုက်ခဲ့တယ်၊ အစားအသောက် ဂရုစိုက်ခဲ့တယ် အဲဒီလို နေခဲ့တဲ့အတွက်ကြောင့်မို့ ကြီးတဲ့အခါကျတော့ ကျန်းမာတယ်၊ အဲဒီလိုဟာတွေ အများကြီးရှိတယ်တဲ့၊ ဒါကြောင့်မို့ မရှိလို့ အကျိုးမပေးရဘူးလို့ ဒီလို တွက်လို့မရဘူးပေါ့၊ မရှိသော်လည်း သူတို့ရဲ့ အကျိုးပေးဟာ တစ်ချိန်မှာ သွားပြီးတော့ ထင်ရှားတယ်နော်။

အဲဒါကြောင့်မို့ ကံဟာလည်းပဲ ထို့အတူပဲ ချုပ်သွားသော်လည်းပဲ မိမိရဲ့ အစွမ်းသတ္တိကို သန္တာန်အစဉ်မှာထားပစ်ခဲ့တယ်၊ အဲဒီထားပစ်ခဲ့တဲ့ အတွက်ကြောင့်မို့ သူ အကျိုးပေးချိန် တန်တဲ့ အခါ(ဆိုကြပါစို့) ထ၊ ထပြီးတော့ အကျိုးပေးတယ်။ ဒါကံရဲ့ သဘောပဲ။

ဒါကြောင့်မို့ ကံအကြောင်းပြောလာပြီဆိုရင် တိတိကျကျ ပြောလာပြီဆိုရင် စေတနာကံနော်၊ သို့သော် စေတနာဆိုတာ ပြုလုပ်တာနဲ့ ကင်းပြီးတော့ စေတနာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ အကုသိုလ်ပြုတာနဲ့ ကင်းပြီးတော့ အကုသိုလ်စေတနာ မဖြစ်နိုင်ဘူး၊ ကုသိုလ်ပြုတာနဲ့ ကင်းပြီး ကုသိုလ်စေတနာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ မကင်းရာမကင်းကြောင်းအနေနဲ့ ပြောရင်တော့ အမှုဆိုတဲ့ ကောင်းမှုကုသိုလ် ဒါလည်းကံပေါ့၊ သို့သော် တိတိကျကျ ပြောမယ်ဆိုရင် စေတနာ စေတသိက်၊ အဲဒါမှ ကံ ကံ အကြောင်းကို အဲဒီလိုလေး သေသေချာချာ နားလည်ရမယ်။

[စာမျက်နှာ-61] ပြီးတော့ ဦးဇင်းတို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ ကံဆိုတာ ကံပဲနော်၊ ကံရဲ့ အကျိုးကို ကံလို့ ဘယ်သောအခါမှ မပြောဘူး၊ တချို့ အနောက်နိုင်ငံက လူတွေ ကံအကြောင်းရေးတဲ့အခါ သူတို့က ကမ္မဟာ (kamma and vipaka) ၂-ခု စလုံးကို ဆိုလိုတယ်လို့ သူတို့က အဲဒါမျိုး လုပ်လုပ်နေကြတယ်၊ ဦးဇင်းတို့ ထေရဝါဒမှာတော့ ကံဆိုတာ အကြောင်းသက်သက်ပဲ၊ အကျိုးဆို ဟုတ်ကို မဟုတ်ဘူး၊ အကျိုးကို ဝိပါကလို့ခေါ်တာကိုးနော်၊ ကံဟာ အကြောင်းပဲ၊ အဲဒါကြောင့်မို့ အင်္ဂလိပ်လို ရေးတာတွေတွေ့ရင် သတိထားရမယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့ ဟို ဉာဏ်လွန်တဲ့လူတွေအကြောင်း အဋ္ဌကထာ တွေမှာ တစ်နေရာမှာ ရေးထားတာရှိတယ်၊ အဲဒီတော့ အဘိဓမ္မာသင်ရောတဲ့။ အဘိဓမ္မာသင်ပြီးတော့ သူက သိပ်ပြီးတော့ အတွေးခေါ်လွန် သွားရင် ဘာဖြစ်တတ် သလဲ၊ ပညာလွန်ရင် မာယာများတယ်တဲ့၊ တစ်ဘက်ကို ရောက်သွားတတ်တယ်ဆိုတာ ရှိတယ်နော်၊ သဒ္ဓါလွန်တော့ တွေ့ကရာ ယုံတတ်တယ်၊ ပညာလွန်တော့ ဟိုတွေး ဒီတွေးပြီးတော့ အတွေးတွေမှားကုန်တာ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့နေရာမှာ စေတနာကို ဥပမာပေးထားတာရှိတယ်၊ အဘိဓမ္မာသိပ်တတ်ပြီးတော့ အဲဒီလို လမ်းမှားရောက်တဲ့သူတွေက ဘယ်လိုပြောလဲ “ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စိတ်ထဲဖြစ်တာ၊ အဲဒီတော့ စိတ်ထဲ စေတနာဖြစ်နေရင်ပြီးတာပဲကွ၊ ဒါ လှူချင်တဲ့ စေတနာဖြစ်နေရင် ဒါနမြောက်တာပဲ၊ မင်း ဒါနလုပ်စရာ မလိုဘူး၊ သီလဆောက်တည်ချင်တဲ့ စေတနာဖြစ်နေရင်ပြီးတာပဲ၊ သီလဆောက်တည်စရာ မလိုဘူး” ပေါ့လေ၊ ဒါ အဲဒီလိုဆိုတော့ ဒါနလည်းမပြုဘူး၊ သီလလည်း မဆောက်တည်ဘူး ဆိုတော့ သူက ကောင်းရာမွန်ရာ မရောက်တော့ဘူးပေါ့လေ၊ အဲဒီလို အတွေးခေါ်လွန် သွားရင် ဖြစ်တတ်တယ်ဆိုတာ၊ ဒါနဲ့ အကြောင်းပြထားတာ။

ဒါပေမယ့်လို့ သူတို့စဉ်းစားတာ မှားတာပေါ့၊ ဟုတ်တယ်မဟုတ်လား၊ ခုနပြောသလို လုပ်ကိုင်မှု မပါဘဲနဲ့ စေတနာမှ မဖြစ်ဘဲ၊ ဒါန စေတနာဆိုတာ ပေးတာမဟုတ်ဘူးလား၊ ဘာ တစ်ခုမှ မပေးဘဲနဲ့ ထိုင်ပြီးတော့ ဒါန စေတနာလုပ်လို့ ရမလားနော်။

မေး - အရှင်ဘုရား အဲဒီလိုဆိုရင် တွေးတာဟာ ဝိတက်ဖြစ်မလား၊ သဒ္ဓါ ဖြစ်မလား ဘယ်လိုခေါ်မလဲ။

ဖြေ - ပညာ၊ အမှန်ကတော့ ပညာနဲ့ တွေးတာ၊ ပညာနဲ့တွေးပေမယ့်လို့ အတွေး လွန်သွားတော့ မာယာဆိုတာ ဖြစ်သွားတာ၊ ပါဠိလိုကျတော့ “ကေရာသိကံ ပက္ခ ---

[စာမျက်နှာ-62] ပဇတိ” လို့ သုံးတယ်၊ စဉ်းလဲတဲ့ဘက် ရောက်သွားတယ်တဲ့၊ လူက သိပ်တတ် လာရင် ဒီလိုပဲမဟုတ်လား၊ သူများကို အနိုင်ယူပြီးတော့ အဟုတ်ကို မဟုတ်ပြော၊ မဟုတ်ကို အဟုတ်ပြော၊ ကြံဖန်ပြီးတော့ ပြောတတ်တယ် မဟုတ်လား၊ ပြောလိုက်ရင်ပဲ ဟုတ်သလိုပဲဆိုတော့ သူတို့ကို ယုံသွားတယ်၊ ခုနပြောသလိုပဲ စေတနာဆိုတာ နာမ်တရားပဲ၊ နာမ်တရားဆိုတာ မင်းစိတ်ထဲတွင်ဖြစ်တာ ဟုတ်တယ် မဟုတ်လား၊ အဲဒီတော့ လှူတဲ့စေတနာ မင်းစိတ်ထဲဖြစ်ရင် ပြီးတာပဲ၊ တကယ် မလှူဘဲ ကုသိုလ်ရတာပဲဆိုရင် ဟုတ်သလိုလိုဖြစ်သွားတာပေါ့၊ ဒါပေမယ့်လို့ ပစ္စည်းတစ်ခုခုပေးတာကို ဒါနလို့ခေါ်တာပေါ့၊ အဲဒီပစ္စည်းတစ်ခုခုကို မပေးဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ဒါန စေတနာဖြစ်မလဲ၊ မဖြစ်နိုင်ဘူး။

ကောင်းပြီ၊ ဒါ ကံအကြောင်းနော်၊ အဲသလို ကံအကြောင်းကို ကောင်း ကောင်းနားလည်ရမယ်၊ အဲဒီကံတွေအကျိုးအမျိုးမျိုးရှိတယ်၊ အမျိုးမျိုးမှာ နောက်ဆုံး ကျရင် ကုသိုလ်ကံ အကုသိုလ်ကံနဲ့သွားမယ်၊ သို့သော် အခုရှေ့ပိုင်းမှာတော့သုတ္တန်မှာ လာတဲ့ကံတွေကို သင်္ဂြိုဟ်ဆရာက ဒီမှာ ပြထားတယ်နော်၊ အဋ္ဌကထာ တွေမှာလည်း ဒါကိုပြတယ်၊ ဒါကြောင့်မို့ အဲဒီအစဉ်အတိုင်း ဒီနေ့ လေ့လာကြရမယ်။

(၁) ကိစ္စ၏အစွမ်းဖြင့် ကံ ၄-မျိုး

ကိစ္စဆိုတာ သူတို့ရဲ့ (function) ပေါ့လေ၊ ကံလေးမျိုးရှိတယ်တဲ့၊ အဲဒီကံ ၄-မျိုးက ပထမ ဘာကံတဲ့တုန်း၊

(၁) ဇနကကံ - ဇနကဆိုတာ ဖြစ်စေတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ သူ့သဒ္ဒါအနက်က ဇနက = ကံ ဖြစ်စေတတ်တယ် ဘာကို ဖြစ်စေတတ်တာတုန်း၊ အကျိုးဝိပါက်ကိုတဲ့၊ ပဋိသန္ဓေအခါ၌ဖြစ်စေ ပဝတ္တိအခါ၌ ဖြစ်စေ၊ ပဋိသန္ဓေအခါ ဆိုတာ တကယ့် ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်အခါမှာကိုဆိုလိုတာ၊ ဥပါဒ် ဌီ ဘင် ဖြစ်နေတုန်း ပဋိသန္ဓေလို့ခေါ်တာ၊ အဲဒီ ပဋိသန္ဓေနောက် ပထမ ဘဝင်ကစပြီးတော့ သေသည့်တိုင် ပဝတ္တိလို့ခေါ်တာ၊ ဒါကြောင့်မို့ ပဋိသန္ဓေ ဆိုရင် ပဋိသန္ဓေစိတ်ဖြစ်နေတဲ့ အခိုက်အတန့်ကို ဆိုလိုတယ်၊ ပဝတ္တိအခါဆိုရင် တစ်ဘဝလုံးကိုဆိုလိုတယ်။ ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာ အခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သောကံ၊ ပဋိသန္ဓေအခါမှာ ပေးချင်ပေးမယ်၊ ပဝတ္တိအခါမှာ ပေးချင်ပေးမယ်၊ အဲဒီလို ကံမျိုးကို ဇနကကံလို့ ခေါ်တယ်။

အကျိုးဝိပါက်ဆိုတာ ဝိပါက်စိတ်ရယ်၊ ဝိပါက်စိတ်နဲ့ယှဉ်တဲ့ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ရယ်၊ ကမ္မဇရုပ်ကတော့ နားမလည်သေးဘူး၊ ဒါ ရုပ်ပိုင်းကျလာလိမ့်မယ်၊ ပြီးတော့ အဲဒီကဆက်ပြီးဖြစ်တဲ့ ဥတုဇရုပ်ရယ်

[စာမျက်နှာ-63] ကမ္မပစ္စယဥတုဇတို့ ခေါ်တာပေါ့ လေ၊ ကံကြောင့် ဥတုဇရုပ် ဆက်ဖြစ်တာနော်၊ ဒါ ပဋိသန္ဓေအခါမှာတင် မဟုတ်ဘူး၊ ပဝတ္တိအခါမှာရောပေါ့။

ဆိုပါတော့၊ ငရဲကျသွားတယ်၊ သူငရဲကျပြီးတဲ့နောက် ငရဲဒုက္ခတွေခံရတယ်။ သင်တုန်းကြီးနဲ့ အဖြတ်ခံရတာတို့ ဘာတို့ညာတို့ပေါ့လေ၊ အဲဒါမျိုးတွေပေါ့၊ အဲဒါမျိုးတွေကို အကျိုးဝိပါက်လို့ခေါ်တယ်။ ဒါကြောင့် အကျိုးဝိပါက်လို့ ပြောရင် ဘယ်လို နားလည်ရမလဲ၊ ဝိပါက်စိတ်ရယ်၊ ဝိပါက်စိတ်နဲ့ယှဉ်တဲ့ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ်၊ အဲဒီကမ္မဇရုပ်ကနေတစ်ဆင့် ထောက်ပြီးတော့ဖြစ်တဲ့ ဥတုဇရုပ်ရယ်၊ ဒါတွေကို အကျိုးဝိပါက်လို့ ဒီနေရာမှာခေါ်မှာ။

အဲဒါတွေကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာဖြစ်စေ၊ အခွင့်ရတဲ့ အခါမှာဖြစ်စေနိုင်တဲ့ ကံမျိုးကို ဇနကကံလို့ခေါ်တယ်၊ ဒါ ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် ဖြစ်နိုင်တယ်ပေါ့နော်။

(၂) ဥပတ္ထမ္ဘကကံ - ဥပတ္ထမ္ဘကဆိုတာ ထောက်ပံ့တယ်လို့ အဲဒီလို အဓိပ္ပါယ်ရှိတယ်၊ ကိုယ်တိုင်ကအကျိုးမပေးနိုင်တဲ့၊ တစ်ပါးသောကံ၊ အကျိုးပေးခွင့်ရလေအောင် ကူညီတတ်တဲ့ကံ၊ အဲဒီ နဂိုကံက အကျိုးပေးခွင့် ရနေပြန်ရင်လည်း အကျိုးပေးပိုပြီးတော့သန်အောင် သူက ကူညီပေးတယ်၊ အကျိုး ပေးတဲ့အခါမှာလည်းပဲ ထိုအကျိုးများကြာရှည်ဖွံ့ဖြိုးလေအောင်၊ သုံးချက်ရှိတယ်ပေါ့။ ကိုယ်ကိုယ်တိုင်က အကျိုးမပေးနိုင်ပေမယ့်လို့ တစ်ပါးသောကံ အကျိုးပေးခွင့်ရအောင်၊ အဲဒီကံက သူ့ဟာသူအကျိုးပေးခွင့် ရနေရင်လည်းပဲ အကျိုးပေးထက်သန်အောင်၊ နောက်အကျိုးပေးတဲ့အခါမှာလည်း ကြာရှည်ဖွံ့ဖြိုး အကျိုးပေးနိုင်အောင် ကုသိုလ်အရာ မှာဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ၊ လျော်စွာထောက်ပံ့ ကူညီတတ်သောကံ (support) လုပ်တဲ့ကံ။

ဥပတ္ထမ္ဘကကံကလည်း အရေးကြီးတာပဲ၊ ဇနကကံက ဘဝတစ်ခုဖြစ်စေပြီ ဆိုရင် ဥပတ္ထမ္ဘကကံ တစ်ခါထောက်ပံ့ရင် အကောင်းချည်းတွေ့တာပေါ့၊ လူ့ဘဝမှာ အကောင်းချည်းတွေ့ နေတာ ဥပတ္ထမ္ဘကကံ ထောက်ပံ့နေတာ အများကြီးပါတာပေါ့။ ဒါကို ဥပတ္ထမ္ဘကကံလို့ခေါ်တယ်။

(၃) ဥပပီဠကကံ - ဥပပီဠကဆိုတာ ကပ်ပြီးတော့ နှိပ်စက်တတ်တယ်လို့ ဆိုတာ၊ တစ်ပါးသောကံကို အကျိုးပေးခွင့်မရအောင် သူက ဝင်နှောင့်ယှက်နေတာ၊ တားဆီးနေမှာ အဲဒီလိုကံမျိုး၊ အခွင့်ရပြန်လျှင် အကျိုးပေး မထက်သန်အောင်၊ သူများ သူဟာသူအကျိုးပေးခွင့်ရ ပြန်လည်း သူကဝင်ပြီး

[စာမျက်နှာ-64] ကပ်ဖဲ့ယပ်လုပ်မှာပေါ့၊ ဒီကံမျိုးတွေက ရပြီးသားအကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ရပြန်ရင်လည်း အကျိုးညံ့သွားအောင်ပေါ့လေ၊ ဘာခေါ်လဲ၊ ပြည့်ပြည့်ဝဝ အကျိုး မပေးအောင် အဲသလို ကပ်ပြီးတော့ နှိပ်စက်တတ်တဲ့ ကံမျိုးကို ဥပပီဠကကံလို့ ခေါ်တယ်၊ ဒါကလည်းပဲ ကုသိုလ်ရော အကုသိုလ်ရော နှစ်မျိုးလုံးပဲ ဖြစ်နိုင်တယ်။

ကုသိုလ်ကို နှိပ်စက်တဲ့အခါမှာ အကုသိုလ်ကံပေါ့၊ အကုသိုလ်ကို နှိပ်စက်တော့ ကုသိုလ်ကံ၊ အကုသိုလ်နှိပ်စက်တော့ ကုသိုလ်ကံဆိုတာ ခွေးဖြစ်နေတယ်ဆိုပါတော့၊ ခွေးဖြစ်တယ်ဆိုတာ အကုသိုလ်ကံကြောင့်ခွေးဖြစ်တာ၊ အကုသလဝိပါက်၊ ဥပေက္ခာ သဟဂုတ် သန္တီရဏနဲ့ သူ ပဋိသန္ဓေနေတာ၊ ဒါပေမယ့်လို့ ခွေးဘဝမှာ ဟန်ကျ ပန်ကျ၊ နေရတယ်၊ စားကောင်းသောက်ကောင်းတွေ စားရတယ်၊ နေစရာ ကောင်းကောင်းနေရတယ်၊ အခု ဒီနိုင်ငံ (အမေရိကန်) က ခွေးတွေလိုပေါ့။

ဒါက ဘာလဲဆိုရင် ကုသိုလ်ပီဠကကံက သူတို့ကို ဝင်ပြီးတော့ အကုသိုလ်ကံကို နှိပ်စက်ပေးနေတာ၊ သူ့ အကုသိုလ်အကျိုးပေးခွင့် အကျိုးပေးတာ မဖွံ့ဖြိုးအောင် လုပ်နေတာ။

အကုသိုလ်က ကောင်းကောင်းကြီး အကျိုးပေးမယ်ဆိုရင် ခွေးဘဝမှာလည်း ခွေးပိန်ခွေးနာဘဝနဲ့ ဒုက္ခရောက်နေရမှာကိုး၊ အခု ခွေးသာဆိုတယ်၊ တချို့နေရာတွေက လူတွေထက်တောင် သူတို့ကဟန်ကျသေးတယ်။ အစားကောင်းစားရတယ်၊ ကျန်းမာရေးတို့ဘာတို့ ဆရာဝန်ဆီ မှန်မှန်ပို့ရတာတို့၊ ခြေသည်းလက်သည်း ဖြတ်ပေးရတာတို့ ရှန်ပူ လုပ်ရတာတို့ စုံနေတာပဲ၊

အဲဒီလို သူတို့ခံစားရတာတွေက ဘာလဲဆိုရင် ကုသိုလ်ဥပပီဠကကံက အကုသိုလ်ကံကို နှိပ်စက်ပေးတာ၊ အကုသိုလ်ကံကြောင့် ခွေးဖြစ်တယ်၊ သို့သော် ကုသိုလ်ဥပပီဠကကံက ဝင်ပြီးတော့ အဲဒီအကျိုးပေးကို ညံ့အောင်လုပ်လိုက်တော့ သူက ကောင်းတာလေးတွေ တွေ့နေတာပေါ့နော်၊ လူဖြစ်လာတယ်၊ ကုသိုလ်အကျိုးကြောင့်ဖြစ်တယ်၊ လူ့ဘဝမှာ ကျိုးနေ၊ ကန်းနေ၊ ဆင်းရဲနေတာကျတော့ အကုသိုလ် ဥပပီဠကကံပေါ့နော်၊ ဒါကြောင့် တစ်ပါးသောကံကို အကျိုးပေးခွင့် မရလေအောင် အခွင့်ရပြန်လျှင် အကျိုးမထက်သန်အောင်၊ ရပြီးသား အကျိုးကိုလည်း မဖွံ့ဖြိုး လေအောင် ကပ်၍ နှိပ်စက်တတ်သောကံ၊ အကျိုးပေးခွင့် မရအောင်လည်း သူက နှိပ်စက်နိုင်တယ်၊ ကုသိုလ်အကျိုးပေးခွင့် မရလေအောင် အကုသိုလ်က နှိပ်စက်မယ်နော်၊ အကုသိုလ် အကျိုးပေးခွင့် မရအောင် ကုသိုလ်က နှိပ်စက်မယ်။

(၄) ဥပဃာတကကံ - ဥပဃာတကဆိုတာ နှိပ်စက်တတ်တာနော်၊ ဒီနေရာမှာတော့

[စာမျက်နှာ-65] နှိပ်စက်တယ်ဆိုတာ ဖြတ်ပစ်တဲ့သဘောရှိတယ်၊ ဒါကြောင့်မို့ နှိပ်စက်ရုံတင်မကဘဲ ဟိုတုန်းကတော့ နှိပ်စက်ရုံတင် နှိပ်စက်တာ၊ ဒါကတော့ နှိပ်စက်ရုံတင်မက တစ်ပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင် သတ်ဖြတ်တတ်တဲ့ကံ၊ ပေးပြီးတဲ့ အကျိုးများကိုလည်း ပြတ်သွားအောင်သတ်ဖြတ်တတ်တဲ့ကံ၊ အဲဒီကံမျိုးကို ဥပဃာတကကံလို့ ခေါ်တယ်။

ဒါလည်း ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးရှိတယ်ဆိုပါတော့၊ ပဉ္စာနန္တရိယကံ မျိုးကျတော့ နောက်ဘဝ အပါယ်ကို ကျကို ကျရမှာနော်၊ ရှောင်လို့လို မရဘူး၊ ဒါ ဥပဃာတကကံတွေပေါ့၊ အဇာတသတ်ဟာနောင်အခါမှာ ဘုရားကို သိပ်ကြည်ညို သွားတယ်၊ ဘယ်လောက်ကြည်ညိုကြည်ညို အဖသတ်ထားတဲ့ ဥပဃာတကကံ၊ ပိတုဃာတကကံ ရှိထားတဲ့အတွက်ကြောင့်မို့ ငရဲပဲကျတယ်၊ ငရဲမလွတ်ဘူး၊ အဲဒါပေါ့၊ နှိပ်စက်ရုံတင်မက တစ်ပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင် ပြုလုပ်တတ်တယ်၊ အင်္ဂုလိမာလ လူတွေသတ်ထားတာ မနည်းဘူး ဟုတ်လား၊ လက်ညှိုးတစ်ထောင်လို့ ဆိုပေမယ့်လို့ သူကသတ်ပြီးတော့ ဒီလက်ညှိုးဖြတ်ထားတော့ ကျီးတွေက ချီသွား၊ ဘာတွေကချီသွားနဲ့ ဖြစ်နေတော့ ထပ်သတ်ရပြန်ပြီဆိုတော့ တစ်ထောင်ကမှာ မဟုတ်ဘူး၊ အဲဒီအကုသိုလ်ကံတွေ ဘယ်လောက်များသလဲ။ ဒါပေမယ့်လို့ အဲဒီ အကုသိုလ်ကံကို အရဟတ္တမဂ် ကုသိုလ်ကံက အကုန်လုံး သတ်ပစ်တာဖြစ်တော့ အကျိုးမပေးနိုင်တော့ဘူး။

ဒေဝဒတ်ဟာ ကုသိုလ်ကံကြောင့် လူဖြစ်တယ်၊ ရဟန်းဖြစ်တယ်၊ ဘုရား ယောက်ဖတော်ဖြစ်တယ်၊ ဈာန်တွေဘာတွေရတယ်၊ ဒါပေမယ့်လို့ တစ်ချိန်ကျတော့ ဘာဖြစ်သလဲ၊ မြတ်စွာဘုရားကို ပြိုင်ပြီး ပြစ်မှားပြီးတော့ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုတယ်၊ သံဃဘေဒအသင်းခွဲတယ်ဆိုတဲ့ အဲဒီ အကုသိုလ်ကံကြီးက ဖြတ်လိုက်တော့ နဂိုက ရထားတဲ့ ဈာန် အဘိဉာဉ်တွေ ကွယ်ပျောက်ပြီးတော့ သေသောအခါမှာလည်း အဝီစိကျတယ်၊ အဲဒီလို ဥပဃာတကကံ။

ဒါကြောင့်မို့ ဒီဥပပီဠကက နှိပ်စက်တာပေါ့လေ၊ ကပ်ဖဲ့ ယပ်ဖဲ့လုပ်တယ်။ နှိပ်စက်တယ်၊ အကျိုးပေးမထက်သန်အောင်လုပ်တယ်။ ဒီကံကတော့ လုံးဝဖြတ်ပစ် လိုက်တာ၊ လုံးဝချေမှုန်းပစ်လိုက်တာပဲ၊ ဒါကို ဥပဃာတကကံလို့ ခေါ်တယ်။

ဒါကြောင့်မို့ သူတို့ရဲ့ကိစ္စအားဖြင့် ခွဲမယ်ဆိုရင် ကံ ၄- မျိုးရှိတယ်တဲ့၊ ဦးပုညရေးတဲ့ လေးချိုးလား ဘာလားရှိတယ်၊ ဦးဇင်းတော့ မရဘူး၊ ရကြလား၊ “အကုသိုလ်ဃာတကကယ်က၊ ယခုလိုလာ၍ဖြတ်သောကြောင့်” ဆိုလားဘာလား၊

[စာမျက်နှာ-66] သူသေခါနီးရေးသွားတာ၊ နောက်တော့ဖမ်းပြီး မြို့ဝန် ဦးသာအိုးက ဘုရင် မသိအောင် သတ်ပစ်တာလေ၊ သူ့ကို သတ်မယ်ဆိုတာ သိတဲ့အခါကျတော့ သူလင်္ကာတစ်ပုဒ်ရေးတယ်၊ အဲဒီမှာ “အကုသိုလ်ဃာတကကယ်က” သူလူ့ဘဝရနေ ပြီးတော့ ဥပဃာတကကံက ဝင်ဖြတ်လို့ ငါတော့သေရတော့မယ်ပေါ့၊ အတော် သနားစရာကောင်းတယ်၊ အဲဒါလေးတွေဟာ ဦးပုညလင်္ကာတွေက စကားလုံး သိပ်ပြောင်မြောက်တယ်၊ အယဉ်တော့ နည်းတယ်၊ သို့သော် စကားလုံးပြောင်တယ်၊ အချုပ်တန်း ဆရာဖေတို့ကျတော့ စကားလုံးယဉ်တယ်၊ တစ်မျိုးစီပဲ၊ အဲဒါက ဥပဃာတကကံတဲ့ အဲဒီလို ကံ ၄-မျိုး ရှိတယ်တဲ့၊ ဒါ အကျဉ်းပေါ့လေနော်။

နောက်တော့လည်း တခြားစာအုပ်တွေ ဖတ်စရာတွေ ဘာတွေရှိပါလိမ့်မယ်၊ ဟုတ်လား၊ ခုတော့ နည်းနည်းပါးပါး မှတ်မိရုံ၊ နားလည်ဖို့လောက်ကတော့ ဒါပဲ။ ဒီနေ့ ဒါကြောင့်မို့ အပြည့်အစုံ အကုန်လုံး စာရေးလိုက်တယ်၊ နဂိုကတော့ နာမည်လေးပဲရိုက်မယ်လို့ စိတ်ကူးထားတာ၊ ဇနကကံ ဥပတ္ထမ္ဘကကံနဲ့တော်ကြာ ပြောလည်း မှတ်မိဖို့လွယ်မှာ မဟုတ်ဘူးလေဆိုပြီးတော့ ဒါနဲ့ စာအုပ်ပါတဲ့ အကုန် ကူးပြီးတော့ ရိုက်ထားလိုက်တယ်။ နည်းနည်းပိုပြီးတော့ အဓိပ္ပါယ် နားလည်သွား တာပေါ့။

ကောင်းပြီ၊ ကိစ္စ၏အစွမ်းဖြင့် ကံ ၄-မျိုး၊ အဲဒီတော့ ဒီကံ ၄- မျိုးမှာတော့ ကုသိုလ်ကံပဲ၊ အကုသိုလ်ကံပဲဆိုတာ ခွဲခြားပြီးတော့မထားဘူး၊ ကုသိုလ်လည်း ဖြစ်နိုင်တယ်၊ အကုသိုလ်လည်းဖြစ်နိုင်တယ်။

(၂) အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄-မျိုး

ဒါကျတော့ ၄-ခုစလုံးပြုရင် ဘယ်ကံက အရင်အကျိုးပေးလိမ့်မယ်၊ ၃-ခုရှိရင် ဘယ်ကံကအရင်အကျိုးပေးလိမ့်မယ်၊ ၂-မျိုး ပြုထားတယ်၊ ဘယ်ကံက အကျိုးပေးမယ် စသဖြင့် အဲဒီလို အကျိုးပေး အစဉ်အားဖြင့် ခွဲမယ်ဆိုရင် ၄-မျိုးရှိတယ်တဲ့၊ ဟိုဘက်ကကံနဲ့ ဒီဘက်ကကံတွေဟာ ဂရုကကံက ဟိုမှာ ဇနကကံဖြစ်မှာပဲ၊ ဥပတ္ထမ္ဘကလည်း ဖြစ်နိုင်တာပဲနော်၊ အဲဒီလို အလှည့်အစဉ်အားဖြင့် ၄-မျိုးတဲ့။

(၁) ဂရုကကံ - အတိုကောက်အားဖြင့်တော့ ဂရုကံ၊ ဂရုကံနဲ့ခေါ်ကြတယ်၊ အမှန်အတိုင်းခေါ်ရင်တော့ ဂရုကကံလို့ခေါ်ရမယ်၊ ဂရုဆိုတာ လေးတယ်လို့ ဆိုလိုတယ်၊ ကြီးလေးတဲ့ ကံမျိုးပေါ့လေ၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ၊ ကြီးလေးတဲ့ကံမျိုး၊ တစ်ပါးသောကံကို

[စာမျက်နှာ-67] မတားမြစ်နိုင်လောက်အောင် ကြီးလေးတဲ့ကံတဲ့ ဘယ်လိုကံမျိုးတဲ့လဲ၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံမျိုးများတဲ့ ကာမာဝစရနဲ့မဆိုင်ဘူး ဈာန်တွေပြောတာ၊ ရူပါဝစရဈာန်တွေ အရူပါဝစရဈာန်တွေ၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံများနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံများတဲ့၊ ဒါတွေကို ဘာလို့ခေါ်သလဲ၊ ဂရုကကံတဲ့နော်၊ ကြီးလေးတဲ့ ကံဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဟာ အကျိုးမပေးဘဲ မနေဘူး၊ ပေးကိုပေးမှာတဲ့။

ဈာန်ရနေတယ်ဆိုပါတော့၊ ဈာန်ရပြီး ဒီပုဂ္ဂိုလ်သေရင် ဗြဟ္မာပြည်ရောက်ကို ရောက်ရမယ်၊ ဈာန်ပျက်သွားရင်တော့ မရောက်ဘူးပေါ့၊ ဈာန်မပျက်ဘဲနဲ့သာ သေသွားမယ်ဆိုရင် ဗြဟ္မာပြည်ရောက်ကိုရောက်မယ်၊ တခြားကံကဝင်ပြီး မတားမြစ်နိုင် ဘူးနော်၊ အဲဒီလို ကံမျိုးတဲ့။

အကုသိုလ်အရာမှာဆိုရင် ပဉ္စာနန္တရိယကံတဲ့၊ ပဉ္စာနန္တရိယကံအကြောင်း ဟိုတစ်ခါတုန်းက ပြောပြီးပြီ၊ အမိသတ်တာ၊ အဖသတ်တာ၊ ရဟန္တာသတ်တာ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုတာ၊ သံဃာအသင်းခွဲတာ၊ အဲဒီ ငါးမျိုးမှာလည်းပဲ သံဃာအသင်းခွဲတာက အပြစ်အကြီးဆုံးတဲ့၊ သံဃာအသင်းခွဲတာ နောက်ကျတော့ မြတ်စွာဘုရား သွေးစိမ်းတည်အောင် ပြုတာက အပြစ်ကြီးတယ်၊ အဲဒီနောက်ကျတော့ ရဟန္တာသတ်တာက အပြစ်ကြီးတယ်၊ အဲဒီနောက်ကို အမိနဲ့အဖနှစ်မျိုးရှိရာ အမိရော အဖရောက သီလသိက္ခာချင်း ညီမျှနေရင် အမိသတ်တာက အပြစ်ကြီးတယ်။ ဘာလို့လည်းဆိုတော့ အမေက ပို ကျေးဇူးများလို့တဲ့၊ သီလသာရင်တော့ သာတဲ့ပုဂ္ဂိုလ် သတ်တာက ပိုပြီးတော့ အပြစ်ကြီးတယ်ပေါ့လေ၊ အဲဒီလိုသွားတယ်။

အဲဒီ ၅-မျိုးမှာလည်း အမိသတ်တာ၊ အဖသတ်တာဆိုတာ သိပ်ကြောက် စရာကောင်းတယ်နော်၊ တောလိုက်သွားရင်းဆိုပါတော့ ကိုယ်ကသေနတ်နဲ့ ပစ်လိုက်တယ်၊ မတော်တဆနဲ့ ကိုယ့်အဖေမှန်သွားတယ်ဆိုရင် အဲဒါ ဒီကံထိုက် တယ်တဲ့၊ မသိလည်းထိုက်တာပဲ၊

ရဟန္တာသတ်တယ်ဆိုပါတော့၊ သတ်တုန်းက မသေဘူးဆိုပါတော့ ဟုတ်လား၊ ရဟန္တာကလည်း ရှေ့ဖြစ်ချင်မှဖြစ်ဦးမှာ၊ သို့သော် ကိုယ်က ရိုက်လိုက်တယ်ဆိုပါတော့ ပြီးတော့မှ သူက အားထုတ်ပြီး ရဟန္တာဖြစ်သွားပြီးမှ သေတယ်ဆိုရင်လည်း ရဟန္တာ သတ်တာပဲတဲ့၊ ကိုယ့်လက်ချက်နဲ့ပဲ ဒီပုဂ္ဂိုလ်သေရတာကိုး၊ ချက်ချင်းသေတာ မဟုတ်ပေမယ့်လို့ ဇီဝိတိန္ဒြေက သူနဂိုနေမယ့်အတိုင်းမနေပါနဲ့ ဆိုပြီးတော့ ပြတ်သွားတာကို၊ အဲဒါကြောင့်မို့ အတော့်ကို ကြောက်စရာကောင်းတယ်၊ အဲဒါတွေက အဲဒီ ပဉ္စာနန္တရိယကံကို ဘာကံထဲထည့်တုန်း၊ ဂရုကကံထဲ ကြီးလေးတဲ့ကံထဲထည့်တယ်။

[စာမျက်နှာ-68] ဟုတ်တာပေါ့နော်၊ ဒီကံမျိုးကတော့ သိပ်ကြောက်စရာကောင်းတယ်၊ ပဉ္စာနန္တရိယကံ ဟိုတစ်ခါ ပြောခဲ့ပါသေးတယ်၊ အန္တရာယ်ငါးပါး နော်၊ ကောင်းပြီ။

(၂) အာသန္နကကံ - မြန်မြန်ခေါ်လိုက်တဲ့ အခါကျတော့ အာသန္နကံလို့ခေါ်တယ်၊ အာသန္နဆိုတာ နီးတယ်လို့ဆိုတယ်။ အဲဒါ နီးတဲ့ကံ၊ နီးတဲ့ကံဆိုတာ စုတေခါနီး သေခါနီး လောလောဆယ်၌ပြအပ်သောကံ၊ သေခါနီးကျမှ ပြုအပ်တဲ့ကံ၊ အဲဒီကံမျိုးကို အာသန္နကံလို့ခေါ်တယ်၊ သို့မဟုတ် ရှေးကပြုပြီးတာကို စုတေခါနီး၌ ထပ်၍ အောက်မေ့အပ် ဆင်ခြင်နေ အပ်သောကံ၊ ဟို ရှေးတုန်းက ပြုခဲ့တဲ့ကံပဲ၊ အခုထပ်ပြီးတော့ သတိရနေတာ အဲဒီကံမျိုးကိုလည်း အာသန္နကံ၊ သေခါနီးကပ်ပြီးတော့ ပြုတဲ့ကံ၊ သေခါနီးကပ်ပြီးတော့ သတိရတဲ့ကံလို့ ဆိုလိုတယ်၊ ဒါ အာသန္နကံတဲ့။

အာသန္နကံမှာလည်း ကုသိုလ် အကုသိုလ် နှစ်မျိုးပဲပေါ့၊ စုတေခါနီး လောလောဆယ် ပြုအပ်သောကံ၊ ဒါကြောင့်မို့ သေခါနီးမှာ ထပြီးတော့ဘာမှ မလုပ်ပေမယ့်လို့ စိတ်ထဲက ဒေါမနဿဖြစ်နေတယ်၊ သို့မဟုတ် အစွဲအလန်းကြီးတွေနဲ့ သေသွားတယ်ဆိုရင် အဲဒါ ကောင်းရာမွန်ရာ မရောက်တော့ဘူး၊ ဒေါသနဲ့သေရင် ငရဲကျတတ်တယ်၊ ဟုတ်လား၊ သရဲတွေ ဘာတွေလည်းဖြစ်တတ်တယ်လို့ ဆိုတယ်။ လောဘနဲ့ သေရင်လည်းပဲ ပြိတ္တာတို့ဘာတို့ ဖြစ်တတ်တယ်၊ အဲဒါကြောင့်မို့ စုတေခါနီး လောလောဆယ်မှာ ပြုအပ်တဲ့ကံ သို့မဟုတ် နောက်တုန်းက ပြုတာကိုပဲ စုတေခါနီးမှာ သတိရတဲ့ကံ၊ အောက်မေ့တဲ့ကံမျိုးကို အာသန္နကံလို့ ခေါ်တယ်။

စုတေခါနီးမှာပဲ ကောင်းမှုကုသိုလ်ပြုလို့ တစ်သက်လုံးက မကောင်းတာ လုပ်ပေမယ့်လို့ ချက်ချင်းကတော့ဖြင့် ကောင်းတဲ့ဘဝရောက်သွားတယ်၊ ဒါမျိုးတွေ လည်းရှိတာပဲ၊ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေအဖို့မှာ သေခါနီး အရေးကြီးတယ်၊ သေခါနီး မိတ်ဆွေကောင်းဖို့ ရှိဖို့အရေးကြီးတယ်၊ သေခါနီးမှာ သေမယ့်သူ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သူ့ စိတ်ကောင်းကောင်း မွန်မွန်နဲ့ သေအောင်၊ သေနိုင်အောင် ကိုယ်က ကူညီပေးနိုင်ဖို့ပေါ့လေ၊ အဲဒီလို မိတ်ဆွေမျိုး အရေးကြီးတယ်၊ ဒီ အာသန္နကံကလည်းပဲ သူက အကျိုးပေးတဲ့အခါ ကျတော့ သူက အရင်ထွက်ပြီးတော့ အကျိုးပေးတာ၊ ဂရုကကံတော့ ထားပေါ့လေ၊ အာသန္နကံနဲ့ အာစိဏ္ဏကံ ၂-မျိုးမှာဆိုရင်။

အဲဒီတော့ ဒီနေရာမှာ သောဏမထေရ်ရဲ့ ဖခင်ကြီးဝတ္ထု အရင်လည်း ပြောဖူးပါတယ်၊ မုဆိုးကြီးလုပ်ထားပြီးတော့ နောင်ကြီးရင့်တဲ့အခါကျတော့

[စာမျက်နှာ-69] ရဟန်းပြုပေးထားတယ်၊ သေခါနီးကျတော့ ငရဲနိမိတ်တွေ ထင်တာလေ၊ အဲဒီနိမိတ် တွေကို ပြောင်းပေးတာ၊ ကလျာဏမိတ္တဆိုတာ အဲဒါမျိုးပဲ၊ သားလည်းဖြစ် ရဟန္တာလည်းဖြစ်ဆိုတော့ အကောင်းဆုံးမိတ်ဆွေ ရသွားတာကိုးနော်၊ ဒါ သိပ်အရေးကြီးတယ်၊ အဲဒီလို မိတ်ဆွေမျိုးမရဘဲ မိတ်ဆွေဆိုးရရင်တော့ ဒုက္ခပဲ၊ အဲဒါ အာသန္နကံတဲ့။

(၃) အာစိဏ္ဏကံ - နေ့စဉ်မပြတ်လေ့ကျက်အပ် ပြုအပ်သောကံ၊ ဒါကတော့ အမြဲတမ်းပြုနေတဲ့ ကံမျိုးပေါ့၊ နေ့စဉ်ဘုရားရှိခိုးတာရှိတယ်၊ ပုတီးစိပ်တာ ရှိတယ်၊ တရားထိုင်တာရှိတယ် ပြီးတော့ အလှူအတန်းပြုတာတွေရှိတယ်၊ ဒါတွေဟာ နေ့စဉ်မပြတ် လေ့ကျက်အပ်တဲ့ အာစိဏ္ဏကံတဲ့၊ ပြီးတော့ တစ်ခါပြုထားပြီးတဲ့နောက် ခဏခဏ အောက်မေ့အပ် သတိရအပ်တဲ့ ကံမျိုးလည်း အာစိဏ္ဏကံပါပဲ၊ မပြတ်လေ့လာ အပ်တယ်လို့ ဆိုလိုတာပေါ့။

အာစိဏ္ဏကံကလည်း တကယ်အားကိုးရတယ်၊ ဘာလို့လဲဆိုတော့ ဒီအာစိဏ္ဏကံ သည်ပင်တော်ကြာကျ အာသန္နကံဖြစ်တယ်၊ အမြဲတမ်းကိုယ်က အလေ့အလာ လုပ်ထားတော့ အမြဲတမ်းပြုထားတော့ သေခါနီးကျတော့ သူက လာပေါ်တော့ တာပေါ့၊ ဒီအာစိဏ္ဏကံသည်ပင်အာသန္နကံ ဖြစ်လာနိုင်တယ်၊ ဒါကြောင့်မို့ ဦးဇင်းအဖေ ဒကာကြီးကတော့ “တပည့်တော်တော့ အာသန္နကံ အားမကိုးဘူး ဦးဇင်းတဲ့၊ အာစိဏ္ဏကံပဲ အားကိုးတယ်”တဲ့၊ နေ့တိုင်းကြိုးကြိုးစားစားလုပ်တယ်၊ မနက် ၃ နာရီက ဘုရားရှိခိုး၊ ပုတီးစိပ်၊ မေတ္တာပို့ မေတ္တာဆိုကျကျနနပို့တာ၊ သာမန်တစ်ခေါက် နှစ်ခေါက်ပို့တာ မဟုတ်ဘူး၊ ဆိုပါတော့၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ တွေးထားတယ်။ ဘုန်းကြီးတွေရော၊ လူတွေရောပေါ့လေ၊ ၂၀/၃၀ ရှိတယ်၊ အဲဒါတစ်ယောက် တစ်ယောက်ကို အကြိမ် ၂၀-၂၀ ပို့တာဆိုတော့ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိ အတ္တာနံ ပရိဟရန္တု ဆိုပြီးတော့ တစ်ယောက် တစ်ယောက်ကို အကြိမ် ၂၀-၂၀ ပို့တာ၊ သူကတော့ အဲဒါပဲ၊ အာစိဏ္ဏကံ အားကိုးတယ်။ အာသန္နကံက မရေရာဘူးတဲ့၊ ဒါကြောင့် အာစိဏ္ဏကံလည်း အရေးကြီးတယ်။

အခု ဟို board မှာ ကပ်ထားတာ ဘာတုန်း၊ ဂတိမြဲတဲ့ ပုဂ္ဂိုလ်ဆိုတာ၊ အဲဒါတွေ ဖတ်သွားကြဦးနော်၊ အဲဒါလည်း အာသန္နကံပဲ၊ အကြင်ပုဂ္ဂိုလ်ဟာ ဆွမ်းလှူလေ့ရှိတယ်။ ကျောင်းလှူဖူးတယ် ဘာညာပေါ့လေ၊ စာရေးတံမဲ ချပြီးတော့ လှူလေ့ရှိတယ်၊ ဝါဆိုသင်္ကန်းလှူလေ့ရှိတယ်၊ အဲဒါဟာ အမှန်ကတော့ အာစိဏ္ဏကံ တွေပဲ၊ အဲသလို အာစိဏ္ဏကံရှိတဲ့သူတွေလည်း သောတာပန်တွေလိုပဲ နောက်ဘဝ_

[စာမျက်နှာ-70] ဂတိသေချာတယ်ပေါ့လေ၊ ကောင်းရာမွန်ရာ ရောက်သွားတယ်၊ ဒီတော့ အာသန္နကံနဲ့ အာစိဏ္ဏကံ ဒီနှစ်ခု၊ အဲဒါ မှတ်ထားရမယ်။

(၄) ကဋတ္တာကံ - ကဋတ္တာကံက ဂရုက အာသန္န အာစိဏ္ဏကံအခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ သာမန်ပြုအပ်သောကံ များတဲ့၊ အမှတ်တမဲ့ ပြုအပ်တဲ့ကံတွေလည်းရှိသေးတယ်၊ ပြီးတော့ ရှေးရှေး ဘဝက ပြုအပ်ခဲ့တဲ့ကံများတဲ့၊ အဲဒီကံတွေကိုတော့ ကဋတ္တာကံတဲ့၊ ကဋတ္တာဆိုတာ ပြုအပ်သောကြောင့်လို့အဓိပ္ပါယ်ရှိတယ်၊ အဲဒီတော့ ကဋတ္တာကံဆိုတာ ပြုအပ်သောကြောင့်ကံခေါ်တာ၊ ဒါပေမယ့် သိပ်မဟုတ်တတ်ဘူးပေါ့လေ၊ ကံမည်ရုံ မျှပေါ့။ ဂရုကကံမျိုးလို အာသန္န အာစိဏ္ဏကံမျိုးလို အစွမ်းမထက်ဘူးပေါ့။ သို့သော် သူကလည်း ပြုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ကံလိုတော့ ခေါ်ရတယ်၊ အဲဒီကံမျိုးကို ကဋတ္တာကံလို့ခေါ်တယ်၊ ဒီလိုကံလည်း အများကြီးရှိပါတယ်၊ အမှတ်တမဲ့ ပြုတာတွေ အများကြီးရှိတယ်နော်၊ ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ်နော်၊ ပြီးတော့ ဟို ရှေးရှေးဘဝက ပြုတဲ့ကံတွေတဲ့။

ကောင်းပြီ ဒီကံ ၄-မျိုးမှာ ၄-မျိုးစလုံး ပြုမိထားတယ်ဆိုပါတော့၊ ၄-မျိုး စလုံးပြုမိထားရင် ဘယ်ကံ အကျိုးပေးမလဲ၊ ဂရုကကံ အကျိုးပေးမယ်နော်၊ အကယ်၍ အာသန္နကံနှင့် အာစိဏ္ဏကံ ၃-ခုထားပါတော့၊ အောက် ၃-ခု ပြုမိထား တယ်ဆိုရင် အာသန္နကံက အကျိုးပေးမယ်နော်၊ အောက် ၂-ခုပြုမိထားတယ်ဆိုရင် အာစိဏ္ဏကံက အကျိုးပေးမယ်၊ အထက် ၃-ခု ဘာမှမရှိဘူးဆိုရင်တော့ ဒီကဋတ္တာကံက ဝင်ပြီးတော့ အကျိုးပေးချင် ပေးလိမ့်မယ်နော်၊ အဲဒီလို အကျိုးပေးအလှည့် အစဉ်အားဖြင့် ကံ ၄-မျိုး ရှိတယ်။

အဲဒီတော့ အာသန္နကံနှင့် အာစိဏ္ဏကံမှာ မကျေနပ်စရာလေး တစ်ခုရှိတယ်၊ အာစိဏ္ဏကံက တစ်ဘဝလုံးအတွက် တစ်ခါတည်း အမြဲတမ်းဆိုပါတော့ မပြတ်ပြုလုပ် လာရတာ၊ လေ့လာအားထုတ်လာရတာ၊ အာသန္နကံက နီးမှပြုလုပ်ပြီးတော့ သူက အကျိုးပေးသွားတယ်၊ မခံချင်စရာ မကောင်းဘူးလား၊ ဘယ့်နှယ် အာစိဏ္ဏကံနဲ့ လုပ်လာပြီးတော့ အာသန္နကံလေး ကောင်းတာမကောင်းတာနဲ့ ဟိုဘဝ ဖြစ်သွားမယ် ဆိုတာ။

အဲဒီမှာ ကျမ်းဂန်တွေမှာ ဘယ်လို ဥပမာပြသလဲဆိုတော့ နွားကျောင်းသား ဟာ ညနေပြန်လာတဲ့အခါကျတော့ နွားတွေကို ခြံထဲသွင်းတယ်တဲ့၊ ခြံထဲသွင်းတော့ နွားတွေဝင်လာကြတယ်ဆိုပါတော့၊ ဝင်ကြတော့ နောက်ဆုံးမှဝင်တဲ့နွားက ခြံတံခါးမှာပဲ

[စာမျက်နှာ-71] နေရမှာ ဟိုဘက်ထိအောင် မသွားနိုင်ဘူး၊ အဲဒီနောက်ဆုံးမှဝင်တဲ့နွားဟာ နွားအိုကြီး ဖြစ်ပေမယ့်လို့ မနက်တံခါးဖွင့်လိုက်တဲ့အခါကျတော့ သူက အလျင်ထွက်လိမ့်မယ်။ ဘာပြုလို့လည်းဆိုတော့ သူက နီးနေတာကိုးနော်၊ အိုတော့ အိုနေတာပဲ၊ အိုတယ်ဆိုတော့ လုံးဝ အလုပ်မလုပ်နိုင်တာ မဟုတ်ဘူးပေါ့လေ၊ အဲဒီတော့ သူ အရင်ထွက်မယ်တဲ့၊ ဒီအတိုင်းပဲတဲ့နော်၊ အာသန္နကံနဲ့ အာစိဏ္ဏကံဆိုတာ အာသန္နကံက သူကနီးတာကို၊ စုတေဖို့နဲ့နီးတော့ နီးတဲ့အချိန်မှာပြုတဲ့ ကံဖြစ်တော့အကျိုးပေးရသွားတာတဲ့။ အဲဒီတော့သူက အာစိဏ္ဏကံလောက် အားကောင်းတာတော့မဟုတ်ဘူးနော်၊ အမှန် ကတော့ သူကနီးကပ်နေတဲ့ အတွက်ကြောင့်မို့ (position) ကွာသွားတာပေါ့လေ။ ဟုတ်လား၊ သူက အကျိုးပေးလိမ့်မယ်၊ သူအကျိုးပေးတာဟာ အကယ်၍ ဘဝ တစ်ခုလုံးမှာက အကုသိုလ်တွေ အများကြီးလုပ်လာခဲ့လိမ့်မယ်၊ အာသန္နကံလေး ကုသိုလ်လေးလုပ်ပြီးလို့ ကောင်းတဲ့ ဘဝလေး ရောက်တယ်ဆိုပေမယ့်လို့ သူက ဟိုမှာ ကြာရှည်နေရမှာ မဟုတ်ဘူး၊ ခဏနေပြီး သူက အကုသိုလ်အကျိုးခံရမှာ၊ သို့သော် ချက်ချင်းကတော့ဖြင့် ကောင်းရာဖြစ်စေ မကောင်းရာဖြစ်စေပေါ့လေ၊ ဒီကုသိုလ် အကုသိုလ်အလိုက် ရောက်သွားရမှာနော်၊ ခုန နွားအိုကြီးလိုပဲ။

အကယ်၍များ အဲဒီနွားအိုကြီးက မထနိုင်အောင်ချို့တဲ့နေတဲ့ နွားဆိုရင်တော့ မတတ်နိုင်ဘူးပေါ့၊ သူထွက်နိုင်မှာ မဟုတ်ဘူး၊ ထို့အတူပဲ အာသန္နကံကလည်းပဲ ကိုယ်ဘယ်လောက်လုပ်ပေးပေး ဘေးကလူတွေက ဘယ်လောက် ကူညီပေးပေး သေခါနီးလူက စိတ်ရည်စူးမှု မပြုနိုင်ရင် အာသန္နကံကလည်း အားရှိတဲ့ကံ ဖြစ်မှာ မဟုတ်ဘူး၊ အဲဒီလို မဖြစ်ဘူးဆိုရင်တော့လည်း သူ့ အကျိုးပေးခွင့်ရမှာ မဟုတ်ဘူး ပေါ့လေ၊ ဒါကြောင့်မို့ အဲဒီလို အကျိုးပေးအလှည့် အစဉ်အားဖြင့် ကံ ၄-မျိုးနော်၊ ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ၊ လေးမျိုးတဲ့။

မေး - အဲဒါကို ထောက်သောအားဖြင့် တရားကို အစဉ်မပြတ် တရားရှုမှတ်မှ စိတ်ချရမယ်ထင်တယ်။

ဖြေ - အေး-အဲဒါ အကောင်းဆုံးပဲ၊ မှန်တယ်၊ ဟုတ်တယ်၊ စိတ်ချရတယ်။ နောက်တစ်ခု သွားကြဦးစို့၊ အကျိုးပေးတာကာလနှင့်စပ်၍ ကံ ၄-ပါးတဲ့၊

ခုဟာက အလှည့်အကြိမ်နော်၊ ဒါက အကျိုးပေးရာကာလ၊ ဘယ်ကာလမှာ ဘယ် အချိန်မှာ ဘယ်ဘဝမှာ အကျိုးပေးတယ်ပေါ့လေ၊ အဲဒီလို အကျိုးပေးရာ ကာလအစဉ်အားဖြင့် ခွဲဦးမယ်ဆိုရင်လဲပဲ ကံဟာ ၄-မျိုးရှိပြန်တယ်တဲ့နော်။

ကောင်းပြီ၊ နံပါတ် (၁) က ဘာတဲ့တုန်း၊

(၃) အကျိုးပေးရာကာလနှင့်စပ်၍ ကံ ၄-မျိုး

(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ - ---

[စာမျက်နှာ-72] ဒိဋ္ဌဓမ္မဆိုတာက ယခုဘဝလို့ ဆိုတယ်၊ ဝေဒနီယဆိုတာက ခံစားအပ်တယ်လို့ ဆိုလိုတာ၊ ဒီဘဝမှာပဲ အကျိုးခံစားရမယ့်ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တယ် နော်၊ ဒါကို မြန်မာလို ဘယ်လို ပေးထားသလဲ၊ မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံတဲ့၊ ဒါကြောင့်မို့ ပြောလေ့ရှိတယ်၊ ဟေ့ ဒိဋ္ဌဓမ္မ အကျိုးပေးသွား မယ်ပေါ့နော်၊ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေလုပ်နေရင် အဲဒါ ဒီဘဝမှာ အကျိုးပေးနိုင်တဲ့ ကံတွေလည်း အများကြီးရှိတယ်၊ ကံဆိုတာ နောက်ဘဝမှ အကျိုးပေးတာ မဟုတ်ဘူး၊ ဒီဘဝမှာလည်း ပေးနိုင်တာတွေ အများကြီးရှိတယ်၊ ဒီ ပစ္စုပ္ပန်ဘဝမှာ အကျိုးပေးနိုင်တဲ့ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနီယကံလို့ ဒီလိုခေါ်တယ်။

အဲဒီ ဒိဋ္ဌဓမ္မဝေဒနီယကံဟာ ဘယ်စေတနာလဲဆိုရင် (ကံဆိုတာ စေတနာနော်) ပထမဇော စေတနာ၊ ဇော-၇ ကြိမ် စောတယ်မဟုတ်ဘူးလား၊ ဒါ (normally) ဇော ၇-ကြိမ်စောတယ်၊ ဇော ၇-ကြိမ်စောတဲ့အနက်က ပထမဇော စေတနာဟာ ဒိဋ္ဌဓမ္မဝေဒနီယ၊ ဒါကြောင့်မို့ ပထမဇောစေတနာက ဒီဘဝမှာ အကျိုးပေးမယ်၊ ဒါဟာလဲပဲ (condition) တွေ ညီညွတ်မှပါ၊ ပထမဇောစေတနာ တိုင်းပေးတာ မဟုတ်ဘူး ပထမဇော စေတနာမှာလည်း အမျိုးမျိုးတွေ ရှိတယ်။ သူရဲ့ အင်္ဂါတွေ ညီညွတ်လာရင်ပေါ့လေ၊ အမှန်ကတော့ သူများ အထောက်အပံ့လည်း ရတယ်၊ သူကိုယ်တိုင်ကလဲ အားကောင်းတယ်ဆိုပါတော့ အဲဒါမျိုးဆိုရင် ဒိဋ္ဌဓမ္မအကျိုး ပေးတာတွေရှိတယ်နော်၊ ဆိုပါတော့ ရှင်မဟာကဿပကို ဆွမ်းလှူလိုက်တဲ့အတွက်ကြောင့်မို့ ချက်ချင်းတစ်ခါတည်း လူချမ်းသာကြီး ဖြစ်သွားတယ်။ ဒိဋ္ဌဓမ္မအကျိုး ပေးတာ ဒါမျိုးတွေ ရှိပါတယ်နော်၊ အဲဒါ ပထမဇောစေတနာ။

(၂) ဥပပဇ္ဇဝေဒနီယကံ - ဥပပဇ္ဇဆိုတာ ဒုတိယဘဝ လို့ခေါ်တယ်။ ဒုတိယဘဝဆိုတာ ဒီဘဝကို ပထမဘဝလို့ခေါ်တော့ လာမယ့်ဘဝ ပေါ့နော်၊ အဲဒီဘဝကို ဒုတိယဘဝလို့ခေါ်တယ်၊ အဲဒီနောက် ဒုတိယဘဝ၌ အကျိုး ပေးမယ့်ကံမျိုးကို ဥပပဇ္ဇဝေဒနီယကံလို့ခေါ်တယ်၊ အဲဒီ ဥပပဇ္ဇဝေဒနီယကံဟာ ဘာလဲဆိုရင် သတ္တမဇော စေတနာတဲ့၊ ဇော ၇-ချက်ထဲက နောက်ဆုံးဇောနော်၊ နောက်ဆုံးဇောကလည်း အားရှိတယ်၊ နောက်ဆုံးဇောက အားရှိတော့ သူက ဒုတိယဘဝမှာ သွားအကျိုးပေးတယ်။

ပထမဇောက သူ့ရှေ့ကဇော မဟုတ်ဘူး၊ သူ့ရှေ့က (ဇောရှေ့က) ဝုဋ္ဌော ရှိတယ်၊ ဝုဋ္ဌောနဲ့ဇောဆိုတာ ဇာတ်မတူဘူး၊ ဇာတ်မတူတော့ ကူညီခံရတဲ့နေရာမှာ အားမကောင်းဘူး၊ ဇောတစ်ခုက ဇောတစ်ခု၊ ဇောတစ်ခုက ဇောတစ်ခုကျတော့

[စာမျက်နှာ-73] သူက သဘောတူတဲ့သူချင်း ကူညီသလို သူက ပိုပြီးတော့ အားကောင်းသွားတယ်။ ဟိုစာစကားနဲ့ ပြောရရင် အာသေဝနပစ္စည်းရတယ်၊ ပဋ္ဌာန်းစကားနဲ့ ပြောရင်လေ။

အာသေဝနပစ္စည်းရတဲ့ အတွက်ကြောင့်မို့ ပထမဇောက ဒုတိယဇော၊ ဒုတိယဇောက တတိယဇော ဒီလို အားကောင်းတယ်၊ အဲဒီတော့ သတ္တမဇော စေတနာက အားကောင်းတယ်၊ အားကောင်းတဲ့ အတွက်ကြောင့်မို့ ဒုတိယဘဝနော် အခြားမဲ့ လာလတံ့ဘဝမှာ အကျိုးပေးတယ်။ အဲဒီတော့ ပထမဇောစေတနာ အကျိုးပေးတဲ့ မျက်မှောက်ဘဝအကျိုးနဲ့ သတ္တမဇော စေတနာ အကျိုးပေးတဲ့ ဒုတိယဘဝအကျိုး ဘယ်ဟာကပိုပြီး ကြီးကျယ်မလဲ၊ ဒုတိယဘဝကကြီးကျယ်တာပေါ့။ ပထမဘဝ ဒီဘဝမှာ အကျိုးပေးတယ်ဆိုပါတော့၊ ကိုင်း၊ မွဲနေတဲ့ကောင် သူဌေး ဖြစ်သွားတယ်ဆိုပါတော့၊ ဒါဟာ နတ်ဖြစ်သွားတာနဲ့စာရင် ဘာမှမပြောပလောက်ဘူး ဟုတ်လား၊ လူ့ဘဝချမ်းသာတယ်ဆိုတာ နတ်ဘဝချမ်းသာနဲ့စာရင် ဘာမှ မပြောပ လောက်ဘူးနော်။

ဒါကြောင့်မို့ အမှန်အတိုင်းပြောရင် ဒိဋ္ဌဓမ္မအကျိုးဆိုတာ သိပ်ဟုတ်တဲ့ အကျိုးမဟုတ်ဘူး၊ အညံ့ပဲ၊ ဒါပေမယ့်လို့ လောကအနေနဲ့ကြည့်မယ်ဆိုရင် တကယ်ကြီးကျယ်တယ်လို့ ထင်ရတယ်ပေါ့လေနော်၊ လူဆင်းရဲက ချက်ချင်း ဟို လူချမ်းသာဖြစ်သွားတယ်၊ ဥပပဇ္ဇဝေဒနီယ နောက်ဘဝ ဒုတိယဘဝမှာ အကျိုးပေးမယ့် ကံတဲ့။

(၃) အပရာပရိယဝေဒနီယကံ - သို့မဟုတ်လည်းပဲ တချို့ ဆရာတော်တွေ က အပရပရိယာယဝေဒနီယကံလို့ ဒီလိုလည်းခေါ်တယ်၊ ထားပါတော့၊ ဒါကတော့ အဲဒါတွေ သိပ်လိုက်မနေနဲ့တော့ ဟုတ်လား၊ အပရာပရိယဝေဒနီယကံလို့ပဲ အများသုံးတဲ့အတိုင်း သုံးလိုက်ကြရအောင်၊ သူကတော့ တတိယ ဘဝမှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးပေးသောက်၊ ဘယ်ကံတွေတုန်း၊ ဘယ် စေတနာတွေတုန်း၊ အလယ်ဇောငါးချက်၊ (Second) ကစပေါ့၊ ဒုတိယ၊ တတိယ၊ စတုတ္ထ ပဉ္စမ၊ ဆဋ္ဌမ၊ အဲဒီအလယ်ဇောငါးချက် စေတနာကတော့ တတိယဘဝမှ စ၍တဲ့၊ ဒီဘဝက ပထမဘဝ၊ နောက်ဘဝက ဒုတိယဘဝ၊ ဟိုဘက်ဘဝက တတိယဘဝ၊ အဲဒီ တတိယဘဝကစပြီးတော့ နိဗ္ဗာန်ရသည့်တိုင်အောင် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် အကျိုးပေးတော့မယ့် ကံမျိုးကို အပရာပရိယဝေဒနီယကံလို ဒီလိုခေါ်တယ်။

အဲဒီကံဟာ ဘယ်ဇောစေတနာတွေလည်းဆိုရင် အလယ်ဇောငါးချက် စေတနာ ---

[စာမျက်နှာ-74] တွေ၊ ဒါကြောင့်မို့ နယ်အကျယ်ဆုံးက အလယ်ဇောငါးချက်တဲ့၊ အပရာပရိယဝေဒနီယကံဆိုတာ လူတိုင်းမှာရှိတယ်၊ သတ္တဝါတိုင်းမှာရှိတယ်၊ ကုသိုလ်ကောင်းမှု ပြုတယ်၊ အကုသိုလ်ပြုတယ်ဆိုရင် ဇော ၇-ချက်က လာတာချည်းပဲ၊ အဲဒီဇော ၇-ချက်မှာ ပထမဇောက ဒီဘဝ အကျိုးပေး၊ ဒီဘဝ သူက အကျိုးမပေးဘူးဆိုရင် ပြီးသွားပြီနော်၊ စတုတ္ထ အဟောသိကံ ဖြစ်သွားပြီ၊ အဲဒီကျတော့ တစ်ခါ သတ္တမဇော အကျိုးပေး၊ နောက်ဘဝ အကျိုးပေးခွင့် မရဘူးဆိုရင် သူလည်းအလကား ဖြစ်သွားပြီ။

အလယ်ဇော ငါးချက်ကတော့ အလကားဖြစ်တယ်လို့ မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ဘဝကလည်း ဘယ်လောက်ကြာမှန်း မသိဘူး၊ နိဗ္ဗာန်ရသည့်တိုင်အောင်၊ ဒီအထဲမှာ သူ သင့်လျော်တဲ့ အခါမျိုးမှာ အခါအခွင့် သင့်တဲ့အခါမျိုးမှာ သူ အကျိုးပေးပေး သွားမယ်နော်၊ ဒါကြောင့်မို့ ဒီအပရာပရိယဝေဒနီယကံဟာ တို့ရဲ့ အားကိုးအားထားရာပဲ၊ ငရဲကျနေပေမယ့်လို့လည်း ကုသိုလ် အပရာပရိယဝေဒနီယကံက ဝင်ပြီးတော့ ထောက်ပံ့တဲ့အတွက်ကြောင့်မို့ ငရဲက လွတ်ထွက်နိုင်တယ်၊ ဒါကြောင့်မို့ အမြဲတမ်း မျှော်လင့်ချက်ရှိတယ်၊ ဗုဒ္ဓဘာသာမှာ မင်းငရဲကျပေမယ့်လို့ သွားပြီလို့တော့ မထင်နဲ့တဲ့၊ ငရဲကျလည်း ခဏပဲတဲ့၊ ဆိုပါတော့ ခဏဆိုတာ အပြစ်ရှိသလောက် ခံရတာပေါ့လေ၊ ထောင်ကျတာမျိုးလို လွတ်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်၊ လွတ်လည်းလွတ်မယ်နော် အဲဒီလို၊ ဒါဘာကြောင့်လည်းဆိုရင် အပရာပရိယဝေဒနီယကံတွေ ဝင်ပြီးတော့ အားပေးလို့၊ သို့မဟုတ်ရင် ငရဲကျတဲ့ သတ္တဝါမှာ ဆင်းရဲချည်း အမြဲခံနေရမှာ ဟုတ်တယ်မဟုတ်လား၊ ဒုက္ခချည်း အမြဲတမ်း ခံနေရ တာဆိုတော့ ကုသိုလ်စိတ်ဖြစ်ဖို့ အလွန်ခဲယဉ်းတယ်နော်၊

ဒါပေမယ့်လို့ ဒီအပရာပရိယဝေဒနီယကံတွေက ရှိတော့ အဲဒီကံတွေက ဝင်ပြီးတော့ အကျိုးပေးတဲ့အခါကျတော့ ငရဲကလွတ်တာပဲ၊ တိရစ္ဆာန်ဘဝကလည်း လွတ်တာပဲ၊ ဒါကြောင့်မို့ ဒီအပရာပရိယဝေဒနီယကံဟာ သတ္တဝါတိုင်းရဲ့ အားကိုးအားထားရာ ကံတွေပဲ၊ ဒီကံတွေဟာ လူတိုင်းမှာရှိတယ်၊ အဲဒီတော့ အကုသိုလ်ကံအနေနဲ့ ပြောမယ်ဆိုရင်လည်း ကြောက်စရာကံတွေပဲ၊ တစ်နေ့နေ့ သူတို့ကိုယ့်ကို လာချမှာပဲ ဟုတ်လား။

မေး - ဟို ပထမဇော သတ္တမဇော အလယ်ဇောဆိုတာ ဇော ၇-ချက်ဟာ စိတ်တိုင်းမှာ ရှိတယ်ဆိုတာ ဝီထိတိုင်းမှာလား။

ဖြေ - ဝီထိတိုင်းမှာရှိတယ်၊ သို့သော် တကယ်အကျိုးပေးထက်သန်တာက

[စာမျက်နှာ-75] မနောဒွါရမှာဖြစ်တဲ့ ဇောတွေ၊ ပဉ္စဒွါရဇောဆိုတာက (very weak) မနောဒွါရမှာ ဖြစ်တဲ့ဇောတွေ၊ အဲဒီမှာ ဒါကြောင့်မို့ ပထမဇော စေတနာတွေ အများကြီးရှိတယ်။ သတ္တမဇော စေတနာတွေ အများကြီးရှိတယ်၊ ဒါပေမယ့်လို့ ပထမဇော စေတနာက ဒီဘဝ အကျိုးမပေးရင် သူက ပြီးသွားပြီ၊ အဟောသိကံ၊ စတုတ္ထကံ ဝိပါက် ဖြစ်သွားပြီနော်၊ ဒုတိယ ဘဝကလည်းပဲ ဒုတိယ အကျိုးပေးမှ မပေးရင်ပြီးသွားပြီ၊ အပရာပရိယကတော့ ပြီးတယ်လို့ မဆိုနိုင်ဘူး၊ ရဟန္တာဖြစ်မှပဲ ပြီးတော့တာကိုး၊ ခုနက ပြောတဲ့ အရှင်အင်္ဂုလိမာလပဲ ပြောကြစို့၊ သူပြုခဲ့တဲ့ကံတွေ၊ နောက်ဘဝက ပြုခဲ့တဲ့ကံတွေ အများကြီး ရှိခဲ့တာပေါ့၊ ဟုတ်လား၊ ဒီဘဝ ခုနကပြောတဲ့ သူ လူတွေသတ်ထားတဲ့ အထဲမှာလည်း အလယ်ဇောငါးချက် အများကြီး ရှိတာပေါ့ ဒါပေမယ့်လို့ ရဟန္တာဖြစ်သွားပြီဆိုတော့ သူ့ကို အကျိုးပေးခွင့် မရှိတော့ဘူး အဟောသိကံ ဖြစ်သွားပြီ။

(၄) အဟောသိကံ - အဟောသိ ဆိုတဲ့ပါဠိဟာ ကြိယာပုဒ် အဟောသိဆိုတာ ဖြစ်ပြီလို့ ဆိုလိုတယ်၊ ဖြစ်ဖူးတဲ့အတွက်ကြောင့်မို့ ကံလို့ဆိုရတယ်၊ ဘာမှ အသုံးမကျဘူး၊ ဒါကို အဟောသိကံ အကျိုးလုံးလုံး မပေးသောကံတဲ့၊ ဒါကြောင့်မို့ တစ်စုံတစ်ခုပြုလိုက်လို့ ဘာမှ မဖြစ်လိုက်ဘူးဆိုရင် အဟောသိကံ ဖြစ်သွားတယ်လို့ အဲဒီလို ရှေးလူကြီးတွေ စကားပြောရင် ဒီစကားလုံး ထည့်ထည့်ပြော တတ်တယ်၊ အဟောသိကံဆိုတာက ခုနကပြောသလို တခြား ကံရယ်လို့ မဟုတ်ဘူး၊ ဒီ ဒိဋ္ဌဓမ္မရယ်၊ ဥပပဇ္ဇရယ်၊ အပရာပရိယဝေဒနီယရယ်၊ ဒါတွေပဲ၊ သူတို့အကျိုးပေးရာကာလကို လွန်သွားတဲ့အခါ အဟောသိကံ ဖြစ်သွား တာပေါ့၊ အဲဒီတော့ ဒိဋ္ဌဓမ္မက ဒီဘဝအကျိုးမပေးရင် အဟောသိကံ ဖြစ်သွားတယ်၊ ဥပပဇ္ဇက ဒုတိယဘဝ အကျိုးပေးရင်ပေး၊ မပေးရင် အဟောသိကံဖြစ်၊ အပရာပရိယဝေဒနီယဟာလဲ တတိယဘဝကစပြီး နိဗ္ဗာန်ရသည့် ဘဝအထိ အကျိုးပေးရင်ပေး၊ မပေးရင် အဟောသိကံဖြစ်ပေါ့ လေ။

အဲဒီတော့ အပရာပရိယဝေဒနီယကံနဲ့ ပတ်သက်ပြီးတော့ သတိထားစရာ ရှိတယ်၊ ဦးဇင်းတို့ မြန်မာပြည်မှာ ဒီအတိုင်းပဲ၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်လို့ ဒီလိုသင်ကြားတယ်၊ ပါဠိဘာသာနဲ့ ရေးထားတဲ့ အဋ္ဌကထာ ဋီကာတွေမှာ တတိယဘဝလို့ တိတိကျကျ ထုတ်ဖော်တာ မရှိဘူးလားမသိဘူး၊ အဲဒီတော့ အဲဒီမှာ ဘာဖြစ်နေသလဲဆိုတော့ အဋ္ဌကထာမှာ တိုက်ရိုက် မလာတော့ သူတို့က ဘယ်လိုယူဆတုန်း၊ ဒုတိယဘဝစကပြီးတော့ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်

[စာမျက်နှာ-76] ဆိုတာမျိုး အဓိပ္ပါယ်တွေ ရေးရေးနေကြတယ်၊ အင်္ဂလိပ်လို ရေးနေတဲ့ စာအုပ်တွေမှာ အဲဒါတွေရှိတယ်နော်။

အမှန်ကတော့ ဒုတိယဘဝနဲ့ မဆိုင်ဘူး၊ ဘာကြောင့်တုန်း၊ ဒုတိယဘဝမှာ အကျိုးပေးဖို့ဆိုရင် ဥပပဇ္ဇဝေဒနီယရဲ့ နယ်၊ ဒါတွေဟာ တစ်ခုနဲ့တစ်ခု မရောရဘူးလို့ အဋ္ဌကထာတွေမှာ ဆိုတာရှိတယ်၊ သူ့နယ်နဲ့သူရှိတယ်၊ ပထမဇောက ဒီဘဝမှာပေး မပေးရင် ပြီးပြီနော်၊ သတ္တမဇောက ဒုတိယဘဝမှာပေး မပေးရင်ပြီးပြီဆိုတော့ အကယ်၍ ဒုတိယဘဝကို အကျိုးပေးတဲ့ ကံကိုလည်းပဲ အပရာပရိယဝေဒနီယကံလို့ ခေါ်မယ်ဆိုရင် ရှုပ်ထွေးမှု ရှိမနေဘူးလား၊ ဘယ်ဟာကို ဥပပဇ္ဇလို့ ခေါ်ပြီးတော့ ဘယ်ဟာကို အပရာပရိယလို့ခေါ်ရမလဲ။

ဒါကြောင့်မို့ အမှန်အတိုင်း ယူဆဖို့ကတော့ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ဆိုတာကို မြဲမြဲယူထား၊ မရေမရာနဲ့ ကြွင်းသောဘဝတွေ ဘာတွေ လုပ်မနေနဲ့တော့နော်၊ အဲဒီလို ယူမှသာ ခုန အဋ္ဌကထာပြောတဲ့ ဒီကံ ၃-မျိုးဟာ တစ်မျိုးနဲ့ တစ်မျိုး မရောယှက်ဘူး၊ သူ့နယ်နဲ့သူ အပိုင်းအခြား သတ်မှတ်ပြီးသား ဆိုတာနဲ့ လိုက်တယ်၊ ဟုတ်လည်းဟုတ်တယ်နော်၊ သို့မဟုတ်ရင် ဘယ်နဲ့လုပ်မလဲ၊

ဒုတိယဘဝ အကျိုးပေးတာ ဥပပဇ္ဇ၊ ဒုတိယကနေပြီးတော့ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးတာက အပရာပရိယ ဆိုရင် တကယ်ပြောစမ်းဆိုရင် ငါ့ အကျိုးပေးတာက ဥပပဇ္ဇက အကျိုးပေးတာလား၊ အပရာပရိယက အကျိုးပေးတာ လား ဘယ်သိတော့မလဲ၊ ဘယ်လိုလုပ် ပြောနိုင်မလဲနော်၊ ဒါကြောင့် ဦးဇင်းတို့ မြန်မာပြည်မှာတော့ တစ်ခါတည်း တိတိကျကျ ချလိုက်တော့တာပဲ၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်။

မေး - အကောင်းကော အဆိုးကောလား။
ဖြေ - အကောင်းကော အဆိုးကောပဲ၊ ဒါကတော့ ကုသိုလ်ရော အကုသိုလ်ရော နှစ်မျိုးလုံးပါတယ်။

မေး - တကယ်လို့ ကောင်းမှုရှိရင် နိဗ္ဗာန်အထိ၊ တကယ်လို့ မကောင်းမှုရှိရင် ဘဝက မကျွတ်ဘူးပေါ့။

ဖြေ - မဟုတ်ဘူး၊ သူတို့ကတော့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုက်ပြီးတော့ အကျိုးပေးနေမှာကို၊ ဆိုပါတော့၊ ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန် မပြုခင် ထိအောင် သူတို့ အကျိုးပေးနိုင်တယ်၊ အရှင်မောဂ္ဂလာန် ကြည့်စမ်း၊ သူခိုးတွေ ရိုက်လို့ သေတာနော်၊ တကယ့်တန်ခိုးရှင်တောင် မရှောင်နိုင်ဘူး၊ ကံဆိုတာ

[စာမျက်နှာ-77] သိပ်ကြောက်စရာကောင်းတယ်၊ အဲဒါ အကုသိုလ်ကံက ဟိုး လွန်ခဲ့တဲ့ ဘဝတုန်းက အဖေ အမေကို သူသတ်ဖို့ရာ ရိုက်ခဲ့တဲ့ကံ၊ သေတော့ မသေဘူး၊ ကြားဖူးတယ် မဟုတ်လား၊ အမှန်ကတော့ မိန်းမက ဒီအမေအဖေတွေနဲ့ မနေချင်တော့ ဖျောက်ဖျက် ခိုင်းတာပေါ့၊ သူကလည်း မိန်းမပဲ စွဲလန်းကြိုက်နေတော့ သတ်မယ်ဟဲ့ဆိုပြီးတော့ အမေနဲ့အဖေကလည်း မျက်လုံးကွယ်နေ တယ်မဟုတ်လား၊ ကွယ်နေတော့ လှည်းနဲ့တင်ခေါ်သွားတာ၊ တောထဲလားဘာလား ရောက်တဲ့အခါကျတော့ သူခိုးတွေ လာပြီနဲ့၊ ဘာနဲ့ တကယ်မလာဘဲနဲ့ လာသယောင် လုပ်ပြီးတော့ သူကပဲရိုက်တာ အမေရော အဖေရောကို သေအောင်ရိုက်မှာပေါ့လေ။

အဲဒီလို အရိုက်ခံရတော့ အမေနဲ့အဖေက ဘယ့်နှယ်ပြောသလဲ၊ ဟယ်၊ ငါ့သား ငါ့သားမင်းလွတ်အောင်ရှောင်၊ ဒို့တော့ ကိစ္စမရှိဘူး၊ ကြီးပြီမို့ သေချင်သေပါစေ၊ မင်းသာ လွတ်အောင်ရှောင်လို့ ပြောတော့မှ အဲဒီကျမှ သူက သတိရတာ၊ ကြည့်စမ်း သူတို့သေရမှာတောင်မှ မငဲ့ဘူးပေါ့လေ၊ ငါ့ကိုငဲ့တယ်၊ ငါ့လွတ်အောင် ပြေးခိုင်းတယ်၊ ဒီလောက်ကျေးဇူးကြီးတဲ့ မိဘကိုတော့ ငါမသတ်ဘူးဆိုပြီးတော့ အဲဒီတော့မှ နောင်တတရားရပြီး အိမ်ပြန်ခေါ်သွားပြီးတော့ မိန်းမသာ နင်ဘာသာနှင့် သွားတော့ အဲသလိုနှင်လိုက်တာ။

သို့သော် ရိုက်တုန်းကတော့ အသေသတ်ဖို့ရိုက်တာ၊ အဲဒီကံ ပါလာတဲ့အတွက်ကြောင့် သူ အပါယ်ငရဲအမျိုးမျိုး ကူးပြီးပြီ၊ ဘဝတွေမှာလည်းခံခဲ့ရပြီးပြီ ထင်ပါတယ်၊ အခုနောက်ဆုံးဘဝမှာ တကယ့် တန်ခိုးရှင် မြတ်စွာဘုရားမှတပါး တကယ့်တန် ခိုးကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်တာတောင် မရှောင်နိုင်ဘူး၊ တစ်ခါ နှစ်ခါလောက် သူရှောင်လို့ရသေးတယ်၊ ပုန်းနေတယ်ဆိုတဲ့ သဘောပေါ့လေ၊ ဒါပေမယ့် တကယ် ကျတော့ သူကြည့်လိုက်တဲ့အခါကျတော့ ဟာ ဒါငါ့ကံ၊ အဲဒီတုန်းက ကံက ငါ့ကို အကျိုးပေးတာ၊ မရဘူးဆိုပြီးတော့ ဒီအတိုင်း ငုံ့ခံရတာပဲနော်၊ ခိုးသားငါးရာ ကရိုက်တော့ တစ်ခါတည်း စိစိညက်ညက် ကြေသွားအောင် ရိုက်ပြစ်လိုက်တာ၊ ဒါပေမယ့် ဈာန်တန်ခိုးနဲ့ဆိုတော့ သူ ခန္ဓာကို ခိုင်မြဲအောင် ဖန်ဆင်းပြီးတော့ မြတ်စွာဘုရားဆီ သွားပြီးတော့မှ ရှိခိုးပြီးတော့မှ ပရိနိဗ္ဗာန်ပြုသွားတာ၊ အဲဒါ အကုသိုလ်လိုက်လာတာကြည့်၊ အပရာပရိယဝေဒနီယကံပဲ။

အဲဒီတော့ ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် သူကလာမှာပဲ၊ ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန်စံသည့်တိုင်အောင်ပဲ ဒီကံတွေရဲ့ အကျိုးကတော့ ဖြစ်နိုင်တယ်ပေါ့လေ၊ ဒါပေမယ့်လို့ ရှေ့အကျိုးပေးချင်မှလည်း ပေးမယ်ပေါ့လေ၊ မပေးချင်မပေးဘူး၊

[စာမျက်နှာ-78] အကြောင်းအားလျော်စွာပဲ၊ သို့သော် ပေးနိုင်တယ်၊ အဲဒါ အပရာပရိယဝေဒနီယကံ။

ဒါကြောင့်မို့လို့ ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံလို့ ဒီကံလေးမျိုးမှာ ဘဝနဲ့ ပိုင်းခြား ထားတာ၊ ဒီဘဝ၊ ဒုတိယဘဝ၊ တတိယဘဝကနေ ဟိုဘက်၊ ဇောနဲ့ပိုင်းခြားပါဆိုရင် ဒီဘဝအကျိုးပေး တာက ပထမဇော၊ ဒုတိယဘဝအကျိုးပေးတာက သတ္တမဇော၊ တတိယဘဝကစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးတာက အလယ်ဇော ငါးချက်၊ အဲဒီ ဇောတွေသည် သူ ဆိုင်ရာကာလ၌ အကျိုးမပေးခဲ့သည်ရှိသော် အဟောသိကံနော်၊ အကျိုးလုံးလုံးမပေးတဲ့ကံ ဖြစ်သွားမယ်၊ အဲဒီလို အကျိုးပေးရာ ကာလနဲ့ စပ်ပြီးတော့လဲ ကံလေးမျိုးရှိတယ်။

(၄) အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုး

နောက်ဆုံး ၄-မျိုးကတော့ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုး၊ အဲဒီတော့ ခုနကပြောပြီးတဲ့ ကံ ၄-မျိုး ၃-ခုကို ဒီသင်္ဂြိုဟ်ကျမ်းမှာ ဘာမှအကျယ် မပြောဘူး၊ အခုပြောတဲ့ အဓိပ္ပါယ်တွေက သင်္ဂြိုဟ်ကျမ်းမှာလာတာ မဟုတ်ဘူး၊ ဋီကာတွေကရေးတာ၊ တခြား အဋ္ဌကထာတွေက ရေးတာကို ဋီကာတွေက တစ်ခါ ယူရေးတယ်၊ အဲဒီဟာတွေကို ယူပြီးတော့ပြောတာ၊ ပြီးတော့ ရှေးဆရာတော်ရေးတဲ့ မြန်မာလို စာအုပ်တွေကော ဘာကော အဲဒါတွေက ပြောတာ၊ သင်္ဂြိုဟ်ဆရာက ဘာမှမပြောခဲ့ဘူး၊ ဒီနာမည်လေးပဲ ပေးခဲ့တယ်ဆိုပါတော့ ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံဆိုပြီးတော့ ကိစ္စ၏အစွမ်းဖြင့် ကံလေးမျိုးရှိတယ်၊ ဒါပဲနော်၊ ထို့အတူပဲ၊ တစ်ခါ ဂရုကကံ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ၊ ဆိုပြီးတော့ အကျိုးအလှည့်အစဉ်အားဖြင့် ကံ ၄-မျိုးရှိတယ်၊ ဒါတွေပဲ ဒီလောက်ပဲ ပြောခဲ့တာ၊ ဘာကြောင့် အကျယ်မပြောလဲဆိုတော့ ဒါတွေက သုတ္တန်မှာလာတာကိုး၊ သုတ္တန်သဘောတွေ ဖြစ်နေတော့ ဒီမှာ အဘိဓမ္မာရေးတာဆိုတော့

[စာမျက်နှာ-79]
အဘိဓမ္မာသင်တန်း (၃၀)

ဝီထိမုတ်ပိုင်း

ကမ္မစတုက္က အကုသိုလ်ကာယကံ ၃-ပါး
ဒီနေ့ ဇွန် ၅-ရက်။

လွန်ခဲ့တဲ့အပတ်က ကံအမျိုးမျိုး လေ့လာခဲ့ပြီးပြီနော်၊ ကံလေးမျိုးလေးလီ ရှိရာမှာ ၄-မျိုး ၁-လီ၊ ၄-မျိုး ၂-လီ၊ ၄-မျိုး ၃-လီ ကုန်ခဲ့ပြီနော်၊ အခု ၄-မျိုး ၄-လီမြောက်ပေါ့လေ၊ နံပါတ် ၄၊ အဲဒီနံပါတ် ၄ က အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုးတဲ့နော်။

အဲဒီတော့ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုးရှိတယ်တဲ့၊ ကံ ၄-မျိုးက တခြားနည်းနဲ့လဲ ကံ ၄-မျိုးရှိတာ၊ ဟို အကျိုးပေးရာဘုံဌာနနှင့်စပ်ပြီးဆိုတော့ ဘာတွေတဲ့တုန်း၊ အကုသိုလ်ကံတဲ့နော်၊ အကုသိုလ်ကံဆိုတော့ ဘယ်ဘုံမှာ အကျိုး ပေးမလဲ၊ အပါယ်ဘုံ၊ ပြီးတော့ လူ့ဘုံလည်း နည်းနည်းပါးပါး အကျိုးပေးပါသေးတယ်၊ ကာမာဝစရ ကုသိုလ်ကံ ကာမာဝစရဘုံဆိုကြပါစို့၊ ရူပါဝစရကုသိုလ်ကံ ရူပါဝစရဘုံမှာ အကျိုးပေးတယ်၊ အရူပါဝစရကုသိုလ်ကံ အရူပါဝစရဘုံမှာ အကျိုး ပေးတယ်၊ အဲဒီတော့ ကာမာဝစရ ကုသိုလ်ကံကတော့ ကာမာဝစရဘုံမှာလည်း အကျိုးပေးမယ်၊ ရူပါဝစရ အရူပါဝစရမှာလည်း အကျိုးပေးသလောက် အကျိုးပေးတာပေါ့လေ။

[စာမျက်နှာ-80] အဲဒီလို ကံ ၄-မျိုးတစ်ခါ ရှိပြန်တယ်တဲ့၊ အဲဒီကံ ၄-မျိုးကမှ အဘိဓမ္မာနဲ့ ဆိုင်တဲ့ ကံ ၄-မျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ကျမ်းဆရာက ဒါကို နည်းနည်း ကျယ်ကျယ်ပြတယ်၊ ကျယ်ကျယ်ပြတဲ့အခါကျတော့ ပထမဆုံး အကုသိုလ်ကံဆိုတာ ရှိတယ်နော်၊ အဲဒီအကုသိုလ်ကံ ဘယ်နှစ်မျိုးရှိသလဲ၊ ဒီနေ့ ဒါကိုပဲ လေ့လာကြရမယ်။

အဲဒီတော့ အကုသိုလ်ကံနဲ့ ပတ်သက်ပြီးတော့ စကားပြောတဲ့အခါမှာ အကုသလကမ္မပထ ၁၀-ပါးလို့ ဒီလိုပြောလေ့ရှိတယ်၊ ဆိုလိုတာကတော့ အကုသိုလ် ကံရဲ့ အကြောင်းပေါ့လေ၊ ဒီလိုမှမဟုတ် အကုသိုလ်ကံပဲပြောကြပါစို့ အကုသိုလ်ကံ ၁၀-ပါး၊ ၁၀-မျိုးရှိတယ်တဲ့၊ အဲဒီ ၁၀-မျိုးက ဘာတုန်း။

အကုသလကမ္မပထ ၁၀-ပါး
(၁) ကာယကံ ၃-ပါး။
(၂) ဝစီကံ ၄-ပါး။
(၃) မနောကံ ၃-ပါး။

ဒီလို အကုသိုလ်ကံ ၁၀-မျိုးရှိတယ်။ ဒါကတော့ အဘိဓမ္မာမတတ်တောင်မှ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သေသေ ချာချာ နားလည်ထားထိုက်တယ်၊ ကာယကံဆိုတာဘာလဲ၊ ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့ကံ ပေါ့နော်၊ စိတ်ကတော့ပါရတာချည်းပေါ့၊ သို့သော် ခန္ဓာကိုယ်နဲ့ ပြုလုပ်ရတဲ့ ကံမျိုး၊ ခန္ဓာကိုယ်လှုပ်ရှားပြီးတော့ ပြုလုပ်ရတဲ့ကံမျိုး၊ ကာယဒွါရလို့ ခေါ်တယ်နော်၊ အဲဒီ ကာယဒွါရဖြင့် ပြုအပ်တဲ့ကံကို ကာယကံ၊ မြန်မာလို ရိုးရိုးပြောရင်တော့ ခန္ဓာကိုယ်နဲ့ ပြုလုပ်တဲ့ကံပေါ့။ အဲဒီကာယကံက ဘယ်နှစ်မျိုးရှိတုန်း၊ ၃-မျိုးရှိတယ်။ သို့မဟုတ် ၃-ပါးရှိတယ်တဲ့။

(၁) ပါဏာတိပါတ (သူ့အသက်သတ်ခြင်း)
နံပါတ်တစ်က သူ့အသက်သတ်ခြင်း။ သူ့အသက်သတ်ခြင်းဆိုတာကတော့ကို မြန်မာစကားလွယ်အောင် ရှင်းအောင် ပြောထားတာနော်၊ ပါဠိစကားနဲ့ ပြောမယ်ဆိုရင် ဒါဟာ ငါးပါးသီလထဲက ပါဏာတိပါတနော်၊ ပါဏာတိပါတဆိုတာ သတ္တဝါရဲ့ ဇီဝိတိန္ဒြေကို လျင်စွာချခြင်းလို့ အဓိပ္ပါယ်ရှိတယ်၊ သတ္တဝါရဲ့ ဇီဝိတိန္ဒြေကို လျင်စွာချခြင်းဆိုတာဘာလဲ၊ ဇီဝိတိန္ဒြေ ဆိုတာ အသက်ပဲ မဟုတ်လားနော်၊ ရုပ်ဇီဝိတိန္ဒြေရှိတယ်၊ နာမ်ဇီဝိတိန္ဒြေလို့ရှိတယ်။ ရုပ်ဇီဝိတိန္ဒြေကတော့ မသိသေးဘူး ထားပါတော့ဟုတ်လား၊ ရုပ်ပိုင်း မရောက်သေးလို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အသက်ဓာတ် တစ်မျိုးမျိုးပေါ့လေ၊ အဲဒါရုပ် ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေကတော့ စေတသိက်၊ အဲဒီ ဇီဝိတိန္ဒြေကို ဆက်လက်မဖြစ်ပွားအောင် လုပ်တာကိုပဲ လျင်စွာ ချတယ်လို့ ဒီလိုဆိုတယ်။

[စာမျက်နှာ-81] ဘာကြောင့်တုန်းဆိုတော့ ရုပ်ဇီဝိတိန္ဒြေအနေနဲ့ဆိုရင် စိတ္တက္ခဏ တစ်ဆယ့် ခုနစ်ချက် အသက်ရှည်တယ်၊ အဲဒီတစ်ဆယ့် ခုနစ်ချက် အတွင်းတော့ ဘယ်လိုမှ လုပ်လို့ရတာ မဟုတ်ဘူးနော်၊ လျင်စွာချတယ်ဆိုတာဟာ ဇီဝိတိန္ဒြေ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ဖြစ်နေမှာကို မဖြစ်အောင် လုပ်တာကိုပဲ လျင်စွာ ချတယ်၊ ဒါကိုပဲ သူ့အသက်ကို သတ်တယ်ဆိုတယ်နော်၊ သူ့အသက် သတ်ခြင်းဟာ ခန္ဓာကိုယ်နဲ့ ပြုလုပ်ရတဲ့ အကုသိုလ်တစ်မျိုးပေါ့။

အဲဒီ အကုသိုလ်တစ်မျိုးဖြစ်ရာမှာ သူက ကမ္မပထမြောက်တဲ့ သူ့အသက် သတ်ခြင်းရှိတယ်တဲ့နော်၊ ကမ္မပထဆိုတော့ သေသေချာချာကြီး အကုသိုလ်ဖြစ်သွားတာ၊ ကံဖြစ်သွားတာ၊ တချို့ကတော့ ဒီလို သိပ်ကို မရေမရာဖြစ်တာ၊ ဒီလို ၂-မျိုး ရှိတယ်၊ ကမ္မပထမြောက်တယ်၊ ကမ္မပထမမြောက်ဘူးလို့ ဒီလို ခေါ်တယ်နော်။

အဲဒီတော့ ကမ္မပထမြောက်ရင်တော့ ပဋိသန္ဓေအကျိုးကို ဧကန်ပေးနိုင်တဲ့ သတ္တိရှိသွားတယ်၊ တစ်ခါတလေကျတော့ ကမ္မပထ မမြောက်ဘဲနဲ့ သတ်မိတာလေး တွေရှိတယ်၊ အဲဒါမျိုးကျတော့တဲ့၊ ပဋိသန္ဓေအကျိုးကို ပေးနိုင်တယ်၊ မပေးနိုင်ဘူး၊ ကိန်းသေမှတ်လို့ မရဘူးတဲ့၊ တချို့လည်းပေးနိုင်တယ်၊ တချို့လည်း မပေးနိုင်ဘူး။

အဲဒီတော့ ကမ္မပထမြောက် မမြောက်ကို ဘယ်လိုသိရမှာတုန်း၊ သတ္တဝါ တစ်ကောင် သတ်မိတယ်ဆိုပါတော့၊ အဲဒါ ကမ္မပထမြောက်တာက ဘယ်လိုလဲ ကမ္မပထ မမြောက်တာက ဘယ်လိုလဲဆိုတာ ဆုံးဖြတ်နည်းရှိတယ်။

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ - သတ္တဝါလည်းဖြစ်ရမယ်။
(၂) ပါဏသညိတ - သတ္တဝါမှန်းလည်း သိရမယ်။
(၃) ဝဓကစိတ္တ - သတ်လိုတဲ့ စေတနာလည်းရှိရမယ်။
(၄) ပယောဂ - သတ်ဖြတ်မှု လုံ့လတစ်ခုခုပြုရမယ်။
(၅) ဇီဝိတုပစ္ဆေဒ - အဲဒီလုံ့လကြောင့် သေလည်းသေရမယ်။

အဲဒီလို အင်္ဂါငါးပါးနဲ့ ပြည့်စုံရမယ်တဲ့၊ အဲဒီလို ပြည့်စုံရင် ပါဏာတိပါတကံ ကမ္မပထမြောက်တယ်တဲ့။ အဲသလိုဆိုရင် ပါဏာတိပါတကံက ဧကန် အပါယ်မှာ အကျိုးပေးတော့မှာပဲ။

အင်္ဂါငါးမျိုး မှတ်မိပြီလား၊ သတ္တဝါလည်းဟုတ်ရမယ်နော်၊ သတ္တဝါမှန်းလည်း သိရမယ်၊ သတ်လိုတဲ့စိတ် စေတနာလည်းရှိရမယ်၊ သတ်ဖြတ်မှုလုံ့လ တစ်ခုခုလည်း ပြုရမယ်၊ အဲဒီလုံ့လကြောင့် သေတာလည်းဖြစ်ရမယ်၊ ကိုယ်ကတော့ သတ်တော့ သတ်တာပဲ၊ လွဲသွားတယ်၊ မသေဘူး၊ ဒါလဲရှိသေးတာကိုး၊ ဓားနဲ့ခုတ်လိုက်တယ်၊ သေအောင် ခုတ်လိုက်တာပဲ၊ မသေဘူးနော်၊ အဲဒါမျိုးဆိုရင် ပါဏာတိပါတ အစစ်မဖြစ်ဘူးပေါ့။

[စာမျက်နှာ-82] မေး - ငါးခုလုံးပြည့်စုံမှလား။
ဖြေ - ဒီငါးခုစလုံးပြည့်စုံမှ။ တစ်ခါတလေ ခုနပြောသလို စေတနာမရှိဘဲနဲ့ သတ်မိတာလည်းရှိတယ်၊ သတ်တယ်လို့တောင် မဆိုထိုက်ပါဘူး၊ သို့သော် သတ်တယ်ပဲ ပြောကြပါစို့၊ ခုနကလို ပုရွက်ဆိတ်ကလေး ကိုယ်ကမရှောင်နိုင်တော့ဘူး၊ ဆိုပါတော့ နင်းမိသွားပြီ။ အဲဒါမျိုးလေးတွေရှိတယ်၊ တစ်ခါတလေ ကားမောင်းသွားရင်း ခွေးမရှောင်နိုင်လို့ တက်နင်းသွားတာလည်း ဖြစ်နိုင်တယ်၊ သူ့သတ်ချင်တဲ့ စေတနာ မပါဘူး၊ မတော်တဆတိုက်မိတော့ ခွေးက သေတာပဲ၊ အဲဒီလို ဟာမျိုးတွေလည်း ရှိတယ်။

တစ်ခါတလေကျတော့ သတ္တဝါမှန်းလည်း မသိဘဲနဲ့ ကိုယ်က လုပ်မိရာကနေပြီးတော့ သတ္တဝါဖြစ်ပြီးတော့ သေသွားတာမျိုးကလည်း ရှိသေးတယ်၊ အဲဒီလို ကမ္မပထ မြောက်မှ အပြစ်ကြီးတယ်ပဲပြောကြပါစို့၊ အပြစ်ကတော့ ရှိတာချည်းပါပဲ။ သို့သော် စေတနာမပါရင်တော့ ကိစ္စမရှိဘူး။

ကောင်းပြီ၊ အဲဒီကမ္မပထမြောက်တဲ့ အပြင်မှာလည်းပဲ အပြစ်အကြီးအငယ် ဘယ်လို ကွာသေးသလဲတဲ့နော်၊ အပြစ်မှာတော့ အတော်အသေးစိပ်လိုက်တယ်။ ဝိနည်းမှာကျတော့ ဘုန်းကြီးတွေ (ဆိုပါတော့) သတ္တဝါမသတ်ရဘူးဆိုတာရှိတယ်၊ လူမဟုတ်သေးဘူး၊ တခြားဟာပေါ့၊ လူလည်းပါတယ်၊ သတ္တဝါမသတ်ရဘူးဆိုတာ ရှိတယ်ဆိုပါတော့ ဘုန်းကြီးအနေနဲ့ ဝိနည်းအနေနဲ့ ပြောမယ်ဆိုရင် ပုရွက်ဆိတ်

[စာမျက်နှာ-83] သတ်တာနဲ့ ဆင်သတ်တာအတူတူပဲ၊ ပါစိတ်အာပါတ်သင့်တာပဲ၊ ပုရွက်ဆိတ်သတ်လည်း ဒီအာပါတ်ပဲ၊ ဒီထက်ကြီးတဲ့ သတ္တဝါ ခွေး၊ နွားသတ်လည်း ဒီအာပါတ်ပဲ။ ဆင်သတ်လည်း ဒီအာပါတ်ပဲ၊ ဒါပေမယ့်လို့ အဘိဓမ္မာကျတော့ ဒါမျိုး မရဘူးနော်။

အဘိဓမ္မာကျတော့ ဘယ်လိုလိုက်သလဲ၊ သတ္တဝါအကြီးအငယ် လိုက်ပြီးတော့ လည်းပဲ အပြစ်အလေးအပေါ့ရှိတယ်၊ သတ္တဝါကြီးရင် ပိုပြီးအပြစ်များတယ်ပေါ့၊ သူက သတ္တဝါကြီးတော့ ဇီဝိတိန္ဒြေများတာပေါ့ဟုတ်လား၊ ဇီဝိတိန္ဒြေများများကို ဖြတ်ပြစ်ရတဲ့ သဘောရှိတယ်၊ အဲဒါကြောင့် သတ္တဝါကြီးရင် အပြစ်ကြီးတယ်။ သတ္တဝါငယ်ရင် အပြစ်ငယ်တယ်ပေါ့။

ပြီးတော့တစ်ခါအဲဒီ အသတ်ခံရတဲ့ သတ္တဝါရဲ့ (သတ္တဝါဆိုတာလူလည်းပါတယ်) အကျင့်သိက္ခာလိုက်ပြီးတော့ အပြစ်ကြီးမကြီးလည်းရှိတယ်နော်၊ အကျင့် သိက္ခာရှိတဲ့ ပုဂ္ဂိုလ်ကို သတ်မိရင် အပြစ်ကြီးတယ်၊ အကျင့်သိက္ခာမရှိတဲ့ ပုဂ္ဂိုလ်ကို သတ်မိရင် အပြစ်သိပ်မကြီးဘူး၊ အဲဒီလိုပဲ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်သိက္ခာ လိုက်ပြီးတော့ လည်းပဲ အပြစ်အကြီးအသေးရှိတယ်။

တစ်ခါ သီလ သိက္ခာရှိတဲ့သူကို သတ်မိမယ်ဆိုရင်တော့ အဲဒီသူပိုပြီးအပြစ် ကြီးသွားတာပေါ့၊ မိဘတို့ ရဟန္တာတို့ သတ်မိရင်တော့သွားပြီ၊ အနန္တရိယ ကံဆိုတာ ထိုက်သွားပြီ၊ ပိုပြီး အပြစ်ကြီးသွားပြန်ပြီ။

အဲဒီအကောင်အထည်အားဖြင့်ဖြစ်စေ၊ ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ တူနေပါ ပြီတဲ့၊ အဲသလိုကျတော့ဘာလဲ၊ ပယောဂ လုံ့လစိုက်မှုအားကြီးရင် ပိုပြီးအပြစ်ကြီးတာပေါ့၊ လုံ့လစိုက်မှုသေးရင် အပြစ်သေးတာပေါ့နော်၊ အဲဒီလို အပြစ်ကြီးငယ် ကလည်း ကွာသေးတယ်၊ ပုရွက်ဆိတ်သတ်တာနဲ့ ဆင်သတ်တာမတူဘူးပေါ့။ ပုရွက်ဆိတ်သတ်တာက လုံ့လသိပ်မထုတ်ရဘူး၊ ဆင်သတ်တာဆို လုံ့လအများကြီး ထုတ်ရမယ်၊ အဲဒါကြောင့်မို့ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်လိုက်ပြီးတော့လည်း ဖြစ်တယ်၊ သီလ လိုက်ပြီးတော့လည်း ဖြစ်တယ်၊ ဂုဏ်ဆိုတာလည်း သီလပါပဲ ဟုတ်လား၊ ပြီးတော့ အကြီးအသေးလိုက်ပြီးတော့လည်း ဖြစ်တယ်နော်၊ ပယောဂများ နည်းတာလိုက်ပြီးတော့လည်းဖြစ်တယ်။

တစ်ခါ အဲဒီသတ်တဲ့နေရာမှာ ပယောဂလို့ခေါ်တဲ့ အားထုတ်မှုကလည်း ရှိသေးတယ်၊ အဲဒီပယောဂတွေကိုလည်းပဲ သတိထားရမယ်။

ပယောဂ ၆-မျိုး
(၁) သဟတ္ထိကပယောဂ - ကိုယ်တိုင်သတ်တာ။ ဓားနဲ့ ခုတ်တယ်၊ တုတ်နဲ့ရိုက်တယ်၊ ဘာလုပ်လုပ်ပေါ့လေ ကိုယ်ထိလက်ရောက်သတ်တာ

[စာမျက်နှာ-84] ကိုယ်တိုင်သတ်တာကို ဘာလို့ခေါ်သလဲဆိုတော့ပါဠိလိုကျတော့ သဟတ္ထိကလို့ ခေါ်တယ်၊ ကိုယ်တိုင်လှူရင်လည်းပဲသဟတ္ထိက လှူတယ်လို့ခေါ်တယ်၊ သဟတ္ထိက ဆိုတာ မိမိလက်နဲ့လုပ်တယ်လို့ ဆိုလိုတယ်၊ ကိုယ်တိုင်သတ်တာတစ်ခု။

(၂) အာဏတ္တိကပယောဂ - ခိုင်းစေပြီးတော့သတ်တာ၊ ကိုယ်တိုင်မသတ်ဘူး၊ သူများကို အသတ်ခိုင်းတာ၊ နှုတ်နဲ့ဖြစ်ဖြစ်၊ စာနဲ့ရေးလို့ပဲဖြစ်ဖြစ်၊ အရိပ်နိမိတ်ပြလို့ပဲ ဖြစ်ဖြစ်၊ အသတ်ခိုင်းတာမျိုးကို အာဏတ္တိကလို့ခေါ်တယ်၊ ဒါဟာစေခိုင်းပြီးတော့ သတ်တာ၊ ပါးစပ်နဲ့ပြောမယ်ဟေ့ ဘယ်ကောင်သတ်လိုက်စမ်း၊ ရုံးမင်းတွေ အမိန့်ချတာ မျိုးပေါ့၊ သို့မဟုတ် စာရေးပြီးတော့ စာနဲ့အမိန့်ချလိုက်တာ၊ သို့မဟုတ် အရိပ်နိမိတ်ပြတာ၊ ကြိုးပေးတဲ့အခါတို့ ဘာတို့ကျတော့ လူတစ်ယောက်က အချက်ပြ လိုက်ရတယ် မဟုတ်လား၊ လက်ကိုင်ပဝါလေးဖြစ်ဖြစ် ဒီလိုလေး လုပ်လိုက်ရတယ် ဟုတ်လား၊ အဲဒီလို အရိပ်နိမိတ်ပြလို့ဖြစ်စေ၊ အသတ်ခိုင်းတာမျိုးကို ကိုယ်တိုင်မသတ်ဘဲနဲ့ သူများခိုင်းတာမျိုးကို အာဏတ္တိကပယောဂလို့ခေါ်တယ်။

အခု ဒီမှာ သတိထားလိုက်စမ်း၊ ပါးစပ်နဲ့ ပြောတယ်၊ ပြီးတော့ပါးစပ်နဲ့ သတ်ခိုင်းတာ ပါနေလို့ ဒီမှာ နော်တော်တော်ကြာကျတော့ အဲဒါပြန်ရှင်းမယ်။ ကာယကံလား၊ ဝစီကံလားဆိုတာ၊ အာဏတ္တိက။

(၃) နိဿဂ္ဂိယပယောဂ - နောက်တစ်ခုက ဘာလဲဆိုတော့ပါဠိလိုကျတော့ နိဿဂ္ဂိယလို့ခေါ်တယ်။ ဒါကဘာလဲဆိုတော့ ပစ်လို့ရတဲ့ဝတ္ထု ပစ္စည်းနဲ့သတ်တာနော်၊ လေးနဲ့ပစ်သတ်တယ်။ အခုခေတ်ဆိုရင် လက်နက်နဲ့ ပစ်တယ်၊ အဲဒီလို အဝေးကနေလှမ်းပြီးတော့ ပစ်ခတ်သတ်ဖြတ်မှုမျိုးကို နိဿဂ္ဂိယ ပယောဂလို့ ခေါ်တယ်နော်၊ ခဲနဲ့လှမ်းထုလို့ သေရင်လည်း နိဿဂ္ဂိယထဲသွားတာပေါ့လေ၊ အထူးသဖြင့်တော့ လေးမြှားနဲ့ပစ်တာတို့ နော်၊ ဗုံးကြဲတာတို့ အမြှောက်နဲ့ပစ်တာတို့ ဒါတွေဟာ ဘာလဲဆိုရင် နိဿဂ္ဂိယ ပယောဂတဲ့။

(၄) ထာဝရပယောဂ - နောက်တစ်ခုကတော့ ထာဝရပယောဂလို့ခေါ်တယ်နော်၊ ဒါက ဘာလဲဆိုတော့ အမြဲထာဝရ တည်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့သတ်တာ၊ ဆိုလိုတာကတော့အခုခေတ် ဗုံးထောင်တာမျိုးပေါ့နော်၊ (Mining trap) အဲဒီလို ဗုံးထောင်ထားတာမျိုး၊ လမ်းခရီးမှာ တွင်းကြီးတူးထားတာမျိုး၊ လူတွေ ကျပြီးတော့သေအောင် တွင်းထဲမှာ ဆူးတွေထားပြီးတော့ လူတွေကျတဲ့အခါ သေအောင် လုပ်တာမျိုး၊ ပြီးတော့ ဒီလူက သူ့ကိုယ်သူ သတ်သေချင်တာ၊ သူ့နားသွားပြီးတော့ ဓားတို့လှံတို့ အလွယ်တကူ ရအောင် သွားချပေးထားတာမျိုး၊ ဒါမျိုးကို ထာဝရ ပယောဂလို့ ခေါ်တယ်။

[စာမျက်နှာ-85] ဒါကြောင့်မို့ လူသတ်စေဖို့ရာ လူတွင်မကဘူး သတ္တဝါတွေ သတ်စေဖို့ရာ လက်နက်လုပ်တာ အားလုံးပဲ ထာဝရပယောဂထဲပါတယ်၊ ဗုံးတွေလုပ်တယ် အမြောက်တွေလုပ်တယ်၊ အခုခေတ်ဆိုရင် နျူကလီးယားလက်နက်တွေလုပ်တယ်။ ဒါတွေအားလုံးဟာ ကိုယ်တိုင်သတ်တာလည်း မဟုတ်ဘူး၊ သူများသတ်ခိုင်းတာလည်း မဟုတ်ဘူး၊ ဒါပေမယ့် သတ်စရာ ပစ္စည်းတွေ သူကလုပ်ပေးတာ၊ ဒါကြောင့်မို့ ထာဝရပယောဂ။

မင်းတုန်းမင်းကြီး လက်ထက်တုန်းက အိမ်ရှေ့မင်းက ဗုံးလုပ်ပြီးတော့ စမ်းလိုက်တော့ အောင်မြင်တယ်ပေါ့လေ၊ အောင်မြင်တော့ အများကတော့ ဝမ်းသာ ကြတယ်၊ နောက် မင်းတုန်းမင်းကြီးက ကြားတော့ ဒါ ဘာလဲကွာ၊ ဗုံးလုပ်လို့ အောင်မြင်ပြီပေါ့။ အိမ်ရှေ့မင်းက သူ့ညီကို၊ အဲဒီတော့ မင်းတုန်းမင်းကြီးက မလုပ်ပါနဲ့ကွာ ထာဝရပယောဂ သူမလွတ်နိုင်ဘူးပေါ့၊ ပဉ္စမသင်္ဂါယနာတင် မင်း တရားကြီး က ထာဝရ ပယောဂ ဗုံးတွေဘာတွေ မကြိုက်ဘူးဆိုတော့ မလုပ်ရဘူး၊ အဲဒါကြောင့် မြန်မာပြည် ဆုံးရှုံးတယ် ဘာနဲ့တောင် နောက်လူတွေက အပြစ်တင်တာပဲ။ အဲဒါထာဝရပယောဂလို့ခေါ်တယ်၊ သူများခလုတ်တိုက်ရင် လဲပြီးတော့သေအောင် ထောင်ချောက်ထောင်တာတို့ဘာတို့ စသည်ပေါ့လေ။

(၅) ဝိဇ္ဇာမယပယောဂ - နောက်တစ်ခုကတော့ ဝိဇ္ဇာမယတဲ့၊ ဝိဇ္ဇာမယဆိုတာတော့ အတတ်ပညာနဲ့ ဆိုတော့ ပြုစားတာမျိုးပေါ့၊ စုံးတွေ ဘာတွေ ပြုစားတတ်တယ် မဟုတ်လား၊ ပြုစားတယ်ဆိုတာလည်း သေတာပဲ၊ အဲဒီလိုသေအောင် ပြုစားတာမျိုးကို ဝိဇ္ဇာမယလို့ ခေါ်တယ်၊ အင်းချပြီးတော့ သတ်တာမျိုး၊ လက်ဖွဲ့ နဲ့ သတ်တာမျိုး၊ စသည်ပေါ့လေ၊ ဒါတွေဟာ ဝိဇ္ဇာမယပေါ့လေ၊ ခုခေတ် အရုပ်ကလေးတွေလုပ်၊ အဲဒီအရုပ် ကလေးတွေ အပ်တွေထိုးထားတယ်၊ ဟိုလူသေအောင်ဆိုပြီးတော့၊ တကယ်သေရင် အဲဒါ ပါဏာတိပါတပဲ၊ ဒါတွေကလည်း မဖြစ်ဘူး မပြောနိုင်ဘူး၊ ဆေးဖယောင်းတိုင် ထွန်းတာတို့ အကုန်ပါတာပေါ့၊ သေရင် ပယောဂကုတဲ့ဆရာတွေ မြင်ဖူးလား၊ တစ်ခါတလေ ရိုက်တာနှက်တာတွေ၊ ဒီလူပဲဖြစ်ဖြစ် အပူးခံရတဲ့ သတ္တဝါဖြစ်ဖြစ်ပေါ့။ သေရင် ဝိဇ္ဇာမယပဲ၊ တန်ပြန်အောင်လုပ်တာတွေလည်း ရှိတယ်နော် ဟုတ်လား၊ ဒါတွေလည်း သေရင်တော့ပါဏာတိပါတပဲ။

(၆) ဣဒ္ဓိမယပယောဂ - အဲနောက်တစ်ခုကတော့ ဣဒ္ဓိမယတဲ့၊ ဣဒ္ဓိမယဆိုတာကတော့ တချို့ပုဂ္ဂိုလ် တွေမှာ ကံကြောင့် သူတို့မှာ တန်ခိုးရှိနေတတ်တယ်၊ အဲဒီလို တန်ခိုးရှိနေတတ်တော့ သူတို့က နည်းနည်းလေးလုပ်လိုက်ပေါ့၊ တခြားတစ်ဖက်သားမှာ အကြီးအကျယ်

[စာမျက်နှာ-86] ထိခိုက်ပြီး သေသွားနိုင်တယ်၊ အဲဒီလိုဟာမျိုးနဲ့ သတ်တာမျိုးကို ဣဒ္ဓိမယနော်၊ တန်ခိုးနဲ့ သတ်တာလို့ဆိုတာ။

ဟိုးရှေးတုန်းက သီဟိုဠ် (သီရိလင်္ကာ) ကျွန်းမှာ ဘုရင်တစ်ပါးရှိတယ်တဲ့။ အဲဒီ ဘုရင်တစ်ပါးက သူ စိတ်ဆိုးလာလို့ သူ့အစွယ်ကို ခေါက်လိုက်တာနဲ့ တစ်ခါတည်း ဟို လူတစ်ယောက်ဟာသေသွားတယ်၊ သူ့အစွယ် သူခေါက်လိုက်တာနဲ့ သုမနဆိုတဲ့ သူဌေးတစ်ယောက်ဟာ သေသွားတယ်၊ အဲဒီလို သူ့မှာ တန်ခိုး မျိုးရှိတယ်။ ပြီးတော့ ဝေဿဝဏ် နတ်မင်းကြီးဆိုတာရှိတယ်၊ မြင့်မိုရ်တောင်ရဲ့ အရှေ့ စောင့်တာကတစ်ပါး၊ အနောက်စောင့်တာက တစ်ပါး၊ တောင်ဘက်စောင့်တာက တစ်ပါး၊ မြောက်ဘက် စောင့်တာကတစ်ပါးမှာ မြောက်ဘက်ပိုင်းစောင့်တဲ့ နတ်မင်းကြီးကို ဝေဿဝဏ္ဏနတ်မင်းလို့ခေါ်တယ်၊ ဝေဿဝဏ်နတ်မင်းဟာ စုံးပူး နတ်ပူး ဥစ္စာစောင့်ပူး ဘာပူး ညာပူးဆိုရင် ပယောဂဆရာတွေက ဝေဿဝဏ် နတ်မင်းကြီးကို တိုင်တည်တာပဲ၊ သူက အဲဒီဘက်က ယက္ခတွေကို အုပ်စိုးရတဲ့ နတ်မင်းကြီး၊ အဲဒီနတ်မင်းကြီး အရိယာမဖြစ်ခင်ကတဲ့ (နောက် အရိယာဖြစ်သွားတော့ ကိစ္စမရှိဘူး) အရိယာ မဖြစ်ခင်က မျက်စောင်းထိုးလိုက်တာနဲ့ တစ်ခါတည်း ဘီလူးတွေက သေသွားတာပဲတဲ့၊ သူ့မျက်စောင်းပေးလိုက်ရင် သွားပြီ၊ အဲဒါဟာ ဘာလည်းဆိုရင် ဣဒ္ဓိမယတန်ခိုးကြောင့်ဖြစ်တာ၊ အဲဒီလို ပါဏာတိပါတနဲ့ ပတ်သက် ပြီးတော့ ပယောဂဆိုတာတွေကိုလည်းပဲ သိထားရမယ်နော်၊ ခုနက အင်္ဂါငါးပါးသိခဲ့ပြီ၊ အခုပယောဂ။

ဒါကြောင့်မို့ ကိုယ်တိုင်သတ်မှ ပါဏာတိပါတ ဖြစ်တာမဟုတ်ဘူး၊ သူများ ခိုင်းသတ်ရင်လည်းပဲ ပါဏာတိပါတဖြစ်တာပဲ၊ အာဏတ္တိက၊ နိဿဂ္ဂိယ၊ ထာဝရ ပစ္စည်းတွေ ဘာတွေလုပ်ရင်လည်းပဲ ပါဏာတိပါတ၊ ဒါကြောင့်မို့ လက်နက်ရောင်း တာတို့ ဘာတို့ကို သမ္မာအာဇီဝ မဟုတ်ဘူးလို့ မြတ်စွာဘုရားက ဟောတာပေါ့။ လက်နက် ရောင်းတော့ ထာဝရပစ္စည်းကိုး၊ ထာဝရပစ္စည်း ရောင်းတာပေါ့။

ဝိဇ္ဇာမယ အတတ်ပညာနဲ့သတ်တာ၊ ဣဒ္ဓိမယကတန်ခိုးနဲ့သတ်တာ၊ အဲဒီလို ပယောဂတွေကလည်းပဲ အမျိုးမျိုးရှိသေးတယ်၊ ဒါတွေနဲ့ အကုန်လုံးလိုက်ပြီးတော့ ကြည့်ရမယ်၊ ပါဏာတိပါတ။

ခုနကပြောတဲ့ ဇီဝိတကိုလျင်စွာ ချတယ်လို့ ဒီလို စာတွေမှာသုံးတယ်။ ဒါကလည်း ခုနကပြောတဲ့အတိုင်းပဲ၊ ဇီဝိတိန္ဒြေ နောက်ထပ်အဆက်မဖြစ်အောင် ပြတ်သွားအောင် လုပ်တဲ့သဘောပေါ့၊ သူ့ဟာသူ အသက်ရှည်နေမှာကို ကိုယ်က

[စာမျက်နှာ-87] နည်းနည်းလေးဖြစ်စေ တိုသွားအောင် လုပ်လိုက်ရင် ပါဏာတိပါတဖြစ်တာပဲ။ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ (mercy killing) မရှိဘူး။

လူတွေကတော့ ထင်တယ်၊ ဒါ သူ့ကို ကူညီတာပဲပေါ့၊ ဒုက္ခ ရောက်နေတယ် မဟုတ်ဘူးလား၊ ဒုက္ခရောက်နေတော့ သူ ဒုက္ခငြိမ်းသွားအောင် ဆိုပြီးတော့ သတ်ပေးလိုက်တယ်၊ ခု ဒီနိုင်ငံမှာ သိပ်လုပ်လေ့ရှိတယ်၊ အထူးသဖြင့်တော့ တိရစ္ဆာန်တွေကို လုပ်လေ့ရှိတယ်၊ ဘာလဲ (put to sleep) ပြောတာပဲ၊ သနား တယ်ဆိုပြီးတော့ မိဘဖြစ်တော့ သံယောဇဉ်ဖြစ်မိတော့ ဒုက္ခခံနေတာ မကြည့်ရက်ဘူး ဆိုပြီးတော့ သတ်ပေးလိုက်တာပဲ။

အဲဒါဟာ အဘိဓမ္မာနဲ့ပြောရင် ပါဏာတိပါတပဲ၊ သနားလို့ သတ်သတ်၊ စောစောတုန်းကတော့ ကရုဏာ အစစ်ပါလိမ့်မယ်၊ ဒါပေမယ့် သတ်တဲ့အချိန်မှာ ဘယ်တော့မှ ကရုဏာနဲ့ မသတ်နိုင်ဘူးတဲ့၊ ဒေါသမူစိတ်နဲ့ချည်းသတ်တာ၊ ရှေးတုန်းက ဘာပြောလာခဲ့လာခဲ့ပေါ့လေ ဘယ်လိုပဲ စိတ်အနေထားရှိလာခဲ့ လာခဲ့၊ တကယ်သတ်ပြီ ဇီဝိတိန္ဒြေချပြီဆိုတဲ့အခါမှာကျတော့ ဒေါသမူစိတ်နဲ့ပဲ လုပ်လို့ရတယ်၊ ကရုဏာစိတ်နဲ့ လုပ်လို့မရဘူး၊ ကုသိုလ်စိတ်နဲ့ သတ်လို့မရဘူး။

ဒါကြောင့် ဒီသတ်တဲ့ အချိန်မှာ ဒေါသမူစိတ်နဲ့သာ သတ်လို့ရတာဖြစ်တဲ့ အတွက်ကြောင့်မို့ (mercy killing) ဆိုတာမျိုး ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ မရှိဘူး၊ အဲဒီတော့ သူ့ကို တတ်နိုင်သမျှ ကိုယ်က သက်သာအောင်သာ လုပ်ပေးဖို့ သာရှိတယ်၊ သူ့ကိုသွားသတ်ဖို့ ကိုယ့်မှာ (right) မရှိဘူး။ အမှန်အတိုင်းပြောရင် ဒီနိုင်ငံကျတော့ ဒါတွေဟာ လုပ်နေကြတာပဲနော်။

ဟိုတလောက ဦးဇင်းဒေါ်ခင်မကြီးဆီ သွားတုန်းက ဒကာမကြီးက ခွေး တစ်ကောင်ရှိတာ၊ အဲဒီခွေးလေးကရောဂါ ကြံကြံဖန်ဖန်ဖြစ်နေတော့ ခွေးဆရာဝန် သွားပြတော့ ခုနကလို သတ်ပစ်လိုက်ပါ ပြောတာ၊ အဲဒီတော့ ဒေါ်ခင်မကြီးကလည်း မလုပ်နိုင်ဘူးပေါ့၊ ဟာ၊ မဖြစ်ဘူး၊ ဒါကတော့ ဗုဒ္ဓဘာသာ ဆိုတော့ အိမ်ပြန်ခေါ်လာပြီးတော့ ဘာလုပ်တုန်းဆိုတော့ ပရိတ်တွေရွတ်ပေးတာပဲ၊ အဲဒါနဲ့ ကောင်လေးက မသေဘူးဗျ။ ပြန်ပြီး နာလံထူလာတယ်၊ ဟို ဦးဇင်းသွားတုန်းအထိ ရှိသေးတယ်။ ခုထိတော့ မပြောတတ်ဘူး၊ ဇန်နဝါရီ ဖေဖော်ဝါရီလအထိ ရှိသေးတယ်၊ နည်းနည်းတော့ ဟိုယိုင်ဒီယိုင်လေးတော့ တစ်ခါတစ်ခါ ဖြစ်တယ်၊ ဒါပေမယ့်လို့ မသေရှာဘူး၊ သူတို့ပြောတဲ့အတိုင်း ဟိုတုန်းက သတ်လိုက်ရင် ခွေးလေးသေပြီ၊ အဲဒါ သူမလုပ်နိုင်ဘူး၊ အဲဒါ သူများတွေကတော့ သူ့ထင်တာ ရက်စက်တဲ့

[စာမျက်နှာ-88] မိန်းမပေါ့၊ ဒီဒုက္ခ ခံစားရတာကို ကြည့်နေတယ်ပေါ့၊ သူကတော့ မလုပ်ဘူးဆိုပြီးတော့ ပရိတ်ထိုင်ရွတ်တာပဲတဲ့၊ ဒီခွေးနာက ပြန်ကောင်း လာတာ။

အဲဒါကြောင့်မို့ (mercy killing) များတော့ မလုပ်ကြနဲ့၊ ဘာလဲဆိုတော့ သူ့ကံနဲ့သူပဲ၊ သူ ခံစားရတာတော့ ကိုယ်မတတ်နိုင်ဘူးလေ၊ ကိုယ်ကလုပ်တာမှ မဟုတ်ဘဲနဲ့၊ အဲဒီတော့ ကိုယ်ကဝင်ပြီးတော့ သူကို ကယ်ချင်လို့ဆိုပြီး သတ်လိုက်ရင် ကိုယ့်ကို အလကားနေရင်း ပါဏာတိပါတဖြစ်မယ်နော်။

ပြီးတော့ အဲဒီမှာနေတုန်းကပဲ စာစောင်လေးတစ်ခုမှာ ဆောင်းပါးတစ်ခု သွားတွေ့တယ်၊ မိန်းမတစ်ယောက် ကားတိုက်တာပဲထင်တယ်၊ ကားတိုက်ပြီးတော့ သတိမေ့သွားတာလေ၊ ကိုယ်ဝန်ကြီးနဲ့ဖြစ်တော့ အသက်ရှူတဲ့ စက်တပ်ထားရတာ၊ အောက်စီဂျင်ပေးထားတာ ခေါ်တာပေါ့၊ အသက်ရှူစက်တပ်ပြီး လုပ်ပေးထားတော့ ဆရာဝန်တွေက ပြောတယ်တဲ့၊ မရဘူး မျှော်လင့်ချက် လုံးဝမရှိဘူး၊ သွားတော့မှာပဲ၊ ဒါပေမယ့်လို့ သူ့မိဘ ဆွေမျိုးတွေက မလျော့ဘူးပေါ့လေ၊ ပြီးတော့ အဲဒီမိန်းမက ကိုယ်ဝန်ကြီးနဲ့ ၉-လလောက်ကြာသတဲ့၊ အဲဒီမှာ ကိုယ်မှာဖြစ်နေတာ၊ ဒီအသက်ရှူ စက်နဲ့ပဲနေတာ၊ အဲဒီလိုဖြစ်နေရင်းနဲ့ ဗိုက်ခွဲပြီး ကလေးမွေးပေးရတယ်၊ နောက် ကျတော့ သူက သတိပြန်လည်လာတယ်၊ ဓာတ်ပုံထဲကိုပါတာ၊ သူရော သူ့သားရော၊ သူ့သားကတော့ ၁၆ နှစ်လောက်ရှိပြီ သူက ပြောတယ်လေ၊ (I am a living proof) မင်းတို့ သွားပြီးတော့ မဖြုတ်ကြနဲ့ပေါ့၊ ဘာပြုလို့လဲဆိုတော့ ဆရာဝန်တွေက မျှော်လင့်ချက်မရှိဘူး ဆိုပေမယ့်လို့ သူပြန်ရှင်လာတယ်၊ မသေဘူးဆိုပါတော့လေ။ အဲဒါကြောင့်မို့ အဲဒီစက်နဲ့ နေရင် လည်းပဲ သွားတော့ဖြင့်ဖြတ်လို့ မပြောကြနဲ့ပေါ့။ သွားအဖြုတ်ခိုင်းလိုက်ရင် ကိုယ့်မှာ ပါဏာတိပါတငြိနိုင်တယ်။

ဦးဇင်းတို့ တစ်ခါ သိပ်ကို ဂရုစိုက်လိုက်ရတယ်၊ ဆရာတော်ကြီးတစ်ပါး ဦးဇင်းတို့နဲ့ အလွန်ရင်းနှီးတယ်၊ ကိုယ့်ဆရာသမားပါပဲ၊ အဲဒီလိုပဲ မန္တလေးဆေးရုံမှာ ဖြစ်နေတော့ အောက်စီဂျင် တပ်နေရတယ်၊ ရှူးရှဲ ရှူးရှဲနဲ့ပေါ့၊ ကြာတော့ ဆရာဝန် တွေကလာပြောတယ်၊ “အရှင်ဘုရား၊ ဖြုတ်လိုက်တော့မယ်”တဲ့ “ဒို့တော့ လာမပြောနဲ့မောင် မဖြစ်ဘူး”လို့ “သူကတော့ အရှင်ဘုရားတို့ကန်တော့ရင် သွားကန်တော့ချေ”တဲ့၊ ဒါ နောက်ဆုံးကန်တော့ခြင်းပေါ့လေဆိုတော့ “ကန်တော့ တာတော့ ကန်တော့တယ်၊ ကိစ္စမရှိဘူး၊ ဒို့ကတော့ မင်းတို့ဖြုတ်တာလည်း သဘော ကျတယ်လို့လဲ မပြောဘူးလို့ ဟုတ်ဘူးလား၊ ဖြုတ်ပါလို့လည်း မပြောနိုင်ဘူး

[စာမျက်နှာ-89] လို့ သွားပြောမိရင် အလကားနေရင်း ကိုယ့်ပါရာဇိကကျမှာ၊ အဲဒါမျိုး သိပ်သတိထားရ တယ်နော်။

တစ်နည်းအားဖြင့်ကြည့်၊ ခုနကလို ဆရာဝန် အနေနဲ့ ကြည့်ရင် ဟုတ်တာပေါ့။ ဒါကြီးကတော့ ဘာလုပ်တော့မလဲ၊ အလကားပဲ၊ ရှူးရှဲ ရှူးရှဲ စက်ကလုပ်နေတာပဲ။ ဒါပေမယ့်လို့ ခုနက မိန်းမက အဲဒါမျိုး၊ အဲဒီဆောင်းပါးလေး သိမ်းတောင်ထားချင်တာ၊ ဖလော်ရီဒါမှာတုန်းက တွေ့တာ Enquiry ထဲလား၊ ဘယ်ထဲလား မသိဘူး၊ အဲဒီလို စာစောင်မျိုး တစ်ခုပဲ၊ ဒေါ်ခင်မကြီး ဝယ်လာတာပဲ၊ အဲဒါ ဖွင့်ဖတ်လိုက်တော့ ဟာ နေရာကျပဟေ့လို့ ဓာတ်ပုံနဲ့ကိုပါလာတာ၊ ဒီအတိုင်းချည်း နေရတာ ၉-လ လောက်ကြာသတဲ့၊ အဲဒါ သွားဖြုတ်မိရင် ပါဏာတိပါတတော့ ထိုက်နိုင်တယ်။ ဘာပြုလို့လည်းဆိုတော့ သူက သတိမရပေမယ့်လို့ သူ့ ဇီဝိတက သွားနေသေးတာကိုး၊ အဲဒီအချိန်မှာ ဇီဝိတရှိနေသေးတယ်၊ ဒီဇီဝိတကို ချုပ်အောင်သွားလုပ်လိုက်ရင် ကိုယ့်မှာ ပါဏာတိပါတ ငြိနိုင်တယ်၊ ဒါသတိထားဖို့ ပြောတာနော်၊ ဒါဟာ သူ့ အသက်သတ်ခြင်း ပါဏာတိပါတ၊ ပါဏာတိပါတကို တကယ်ရှောင်မယ်ဆိုရင် အတော်ကို သတိထားမှရမှာ။

မေး - ဒါဖြင့်ရင် ဆရာဝန်တစ်ယောက်ကလာပြီးတော့ သူ့လူနာက ဒုက္ခ ရောက်နေတယ်၊ သတ်ပေးရမလား၊ မသတ်ပေးရဘူးလား၊ ဘယ်လို decided လုပ်ပေးရမလဲ၊ ရေငုံနှုတ်ပိတ် မနေရဘူးဆိုရင် ဘယ်လိုလုပ် ဆုံးဖြတ်ချက် ချရမလဲ။

ဖြေ - သတ်တဲ့ဘက်ကတော့ မနေနဲ့။

မေး - တကယ်လို့ ခွဲစိတ်ပါလို့ လုပ်လို့ ပြောလိုက်ရင် အသက်ရှင်ဖို့ အလား အလာ ရှိတယ်၊ မလုပ်နဲ့လို့ ပြောလိုက်လို့ရှိရင် သေဖို့ chanceနည်းနည်းရှိတယ်။ ဆရာဝန်ကြီးရဲ့ ပြောပြချက်လေးအရ အဲဒီတော့ ဘယ်ဘက်သွားရမယ်ဆိုတာလည်း မသိဘူး၊ ခွဲစိတ်လိုက်လို့ ပျောက်ရင်လည်းပျောက်မယ်၊ မခွဲလို့ သေချင်မှလည်း သေမယ်၊ အဲဒီလို အနေအထားမျိုးမှာ ကိုယ်ကနေနေရတဲ့အခါကျတော့ ဘယ်လိုဆုံးဖြတ်ရမလဲ။

ဖြေ - ဒါကျတော့ ကိုယ့်စေတနာရှိတယ်၊ သူ့ကို သေစေချင်တဲ့ စေတနာ ကိုယ့်မှာမရှိဘူး၊ ကိုယ်က သူကောင်းသွားစေချင်တဲ့ စေတနာရှိတယ်ဆိုတော့ ခွဲပါလို့ပြောလည်းရမှာပေါ့၊ သူ ဒီလိုခွဲခြင်းဖြင့် သူ့ရောဂါ သက်သာ လိမ့်မယ်လို့ ကိုယ်ကမျှော်လင့်ချက်နဲ့ ပြောတာကို၊ ဆရာဝန်တွေကလည်း ပြောတယ် (ဆိုပါတော့)။

[စာမျက်နှာ-90] ခွဲရင်တော့ သက်သာဖို့ရာ ၆၀-ရာခိုင်နှုန်းရှိတယ်၊ ဒီအတိုင်းထားရင်တော့ သေမှာပဲဆိုတာမျိုးကျတော့ ခွဲပါလို့ ပြောမယ်ဆိုရင် ပြောနိုင်တာပေါ့၊ သူ့ အသတ်ခိုင်းတာမှ မဟုတ်ဘဲကိုး၊ သူ့အသက်ကယ်ခိုင်းတာ။

မေး - ခုနက အချက် ၅-ချက်ထဲမှာ တစ်ချက်လွတ်တာပေါ့၊ လုံ့လလည်း မရှိဘူး စေတနာလည်း မရှိဘူး။
ဖြေ - အင်း၊ ဟုတ်တယ်။

ကောင်းပြီနော်၊ ဒါ သူ့အသက်သတ်ခြင်း၊ ဒုတိယသွားကြဦးစို့။

(၂) အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)
သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ယူခြင်း၊ အဒိန္နာဒါန သူ့ဥစ္စာမခိုးနဲ့ပေါ့။ မြန်မာလိုရိုးရိုး ပြောတာကတော့ အဒိန္နဒါန၊ အဒိန္နဒါန၊ အဒိန္နဒါနမဟုတ်ဘူး၊ အဒိန္နာဒါနနော် အဲဒါလည်း သီလယူတဲ့အခါကျရင် သတိထားကြ၊ မှန်မှန်ဆိုနိုင်ရင် ပိုကောင်းတယ်၊ လူတွေက များသောအားဖြင့်ဆိုရင် အဒိန္နဒါနချည်း ဆိုတာပဲ၊ ဘုန်းကြီးတွေကတော့ အမှန်အကန်ချပေးတာပဲ၊ အဒိန္နာဒါနလို့၊ ဘာပြုလို့လည်း ဆိုတော့ ဒီအဒိန္နာဒါန ဆိုတဲ့ပုဒ်က အဒိန္နဆိုတဲ့ပုဒ်နဲ့ အာဒါနဆိုတဲ့ပုဒ်နဲ့ ၂-ခုဆက်ထားတာ၊ အဒိန္နနဲ့ အာဒါန ဆက်လိုက်တဲ့ အခါမှာ အဒိန္နာဒါနလို့ ဖြစ်လာတယ်၊ ဒါကြောင့်မို့ အဒိန္နာဒါန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိပေါ့လေ၊ သီလယူရင်လည်း အဲဒီလို ဆိုရမယ်။

အဒိန္နဆိုတာက မပေးအပ်တဲ့ဥစ္စာ၊ အာဒါနဆိုတာက ယူတာ၊ အဲဒီတော့ ဥစ္စာရှင်က ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မပေးတဲ့ဥစ္စာကိုယူ၍ အဒိန္နာဒါနဖြစ်တယ်၊ ဒါကို မြန်မာလိုကျတော့ ခိုးဝှက်မှုလို့ ဆိုတာပေါ့၊ အဲဒီလို အရှင်က ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ဥစ္စာကို ယူတာမှန်ရင် အဒိန္နာဒါန ဖြစ်တယ်ဆိုတော့ ခိုးရင်လည်း ဟုတ်တာပဲ၊ တိုက်ခိုက်ယူရင်လည်း ဟုတ်တာပဲ၊ လိမ်တာတွေတောင်မှ ပါတာပဲ၊ လိမ်ယူတာတို့ ဘာတို့လဲ သူက ပေးချင်တာမှ မဟုတ်ဘဲကိုး၊ အဲဒါမျိုးဆိုတော့ လှည့်ပတ် ယူတာတို့ ဘာတို့ အားလုံးဟာ အဒိန္နာဒါနထဲမှာပါတယ်၊ အဲဒီတော့ ရော့လို့ ပါးစပ်နဲ့ပဲပြောပေးပေး၊ စာနဲ့ပဲပေးပေးပေါ့လေ၊ အဲဒါမျိုးဆိုရင်တော့ ကိစ္စမရှိပါဘူး။

ကောင်းပြီ ဒီမှာလည်း ဝိနည်းနဲ့ သုတ္တန်လို့ပြောပြော၊ အဘိဓမ္မာလို့ပြောပြော ကွာခြားမှုရှိသေးတယ်၊ ဝိနည်းအရ ပြောမယ်ဆိုရင် ဘုန်းကြီးက တိရစ္ဆာန်ရဲ့ ပစ္စည်းကိုယူတာ အာပါတ်သင့်ဘူးတဲ့၊ ဆိုပါတော့၊ တိရစ္ဆာန်ပိုင်တဲ့ ပစ္စည်းရှိတယ်ပဲ

[စာမျက်နှာ-91] ပြောကြပါစို့၊ ဒါပေမယ့်လို့ အဘိဓမ္မာ သဘောတရား သို့မဟုတ် သုတ္တန်သဘော တရားအရကျတော့ ယူတာမှာ မပေးတာယူတာဆိုတော့ အပြစ်ကတော့ ရှိတာပဲ။ အဲဒီလို ဝိနည်းနဲ့ သုတ္တန်နဲ့ မတူတာလေးတွေနည်းနည်းရှိတယ်၊ ကောင်းပြီ။

ဒီမှာလည်းပဲ အင်္ဂါနားလည်ဖို့ အရေးကြီးတယ်နော်၊ ဦးဇင်းဒကာကြီးကတော့ ပြောလေ့ရှိတယ်၊ ကိုယ်တော်တို့ ပါနောပါနသညာ အင်္ဂါတွေ ရှုပ်တယ် လုပ်မနေနဲ့၊ မသတ်ရဘူးဆိုရင် လုံးဝမသတ်နဲ့တဲ့၊ ပြီးတာပဲတဲ့၊ အင်္ဂါတွေဘာတွေနဲ့ မညီဘူးညီတယ် လုပ်နေရတယ်၊ ဒါသက်သက် အကြောင်းရှာလာတာ (excuse) ရှာလာတာပေါ့လေ။ သို့သော် အင်္ဂါလည်း နားလည်ရမယ်။

အဒိန္နာဒါန အင်္ဂါ ၅-ပါး
(၁) ပရပရိဂ္ဂဟိတ - သူတစ်ပါး ဥစ္စာလည်းဖြစ်ရမယ်။
(၂) ပရပရိဂ္ဂဟိတသညိတ - သူ့ဥစ္စာလို့လည်း သိရမယ်။
(၃) ထေယျစိတ္တ - ခိုးချင်တဲ့စိတ်လည်းရှိရမယ်။
(၄) ပယောဂ - ခိုးခြင်း၌ လုံ့လပြုခြင်း။
(၅) အဝဟာရ - တရားဝင် လက်တွေ့ခိုးယူခြင်း (နေရာရွေ့ခြင်း)။

ဒီ ငါးချက်မပြည့်စုံရင် ကမ္မပထ မမြောက်ဘူးပေါ့၊ ပြည့်စုံရင်ကမ္မပထ မြောက်တယ် ပေါ့။

အဒိန္နာဒါနမှာလည်းပဲ အပြစ်အကြီးအငယ်က ဘယ်လိုလဲတဲ့၊ ဥစ္စာတန်ဖိုး လိုက်ပြီးတော့လည်းပဲ အပြစ်အကြီးအငယ်ဖြစ်မယ်ပေါ့နော်၊ နည်းနည်းတန်တာခိုးတာ၊ များများတန်တာခိုးတာ၊ ပြီးတော့ ဥစ္စာရှင်ရဲ့ သီလရှိမှု မရှိမှု၊ ဥစ္စာရှင်က သီလ ရှိတဲ့ပုဂ္ဂိုလ်ဆိုရင် ပိုပြီးတော့ အပြစ်ကြီးမယ်ပေါ့။ ပြီးတော့လုံ့လ ပယောဂကလည်း ခုနကလိုပေါ့လေ၊ လုံ့လပယောဂ များများပြရရင် အပြစ်ပိုကြီးတာပေါ့၊ နည်းနည်းပြ

[စာမျက်နှာ-92] ရရင် အပြစ်သေးတာပေါ့၊ အဲဒီလို အပြစ်အကြီးအသေးလိုက်ပြီးတော့ ဖြစ်တယ်၊ အဲဒီ အဒိန္နာဒါနနဲ့ပတ်သက်ပြီးတော့ ခိုးခြင်း ၂၅-ပါးဆိုပြီးတော့ ဝိနည်းမှာလာတယ်။ ဒါခုတော့ မပြောနိုင်ဘူးဟုတ်လား။

ဒါကြောင့်မို့ ဒီသိက္ခာပုဒ်ဟာ ဘုန်းကြီးတွေမှာ အလွန်ကြောက်စရာကောင်း တယ်လို့ ပြောတာ၊ ဘာလို့လည်းဆိုတော့ တကယ်ခိုးမှ ခိုးခြင်းဖြစ်တာ မဟုတ်ဘူး၊ ခိုးတာမဟုတ်ဘဲနဲ့ ခိုးသလိုဖြစ်တာတွေပေါ့လေ၊ လိမ်တာမျိုးတွေ အဲဒါမျိုးတွေ အမျိုးမျိုးတွေ ဖြစ်နိုင်တယ်၊ အဲဒါကြောင့်မို့ အမှန်ကတော့ မြတ်စွာဘုရားက တပည့်သားတွေ စောင့်ရှောက်ချင်လို့ ဒီလို ဒီလို နည်းတွေရှိတယ်၊ ဒါဒီလိုလုပ်ရင် ခိုးတာပဲ၊ ဒီလိုလုပ်ရင် ခိုးတာပဲ စသဖြင့်ပေါ့၊ အဲဒီလို။

လူတစ်ယောက်က ပိုက်ဆံတစ်ခု အောက်ကျသွားတယ်ဆိုပါတော့၊ ကိုယ်က အသာလေး ခြေထောက်ကလေးနဲ့ နင်းထားလိုက်တယ်၊ ဟိုကောင်ရှာလို့ မတွေ့ဘူး၊ ဟုတ်တယ်မဟုတ်လား၊ မတွေ့ရင်ကိစ္စမရှိသေးဘူး၊ ခိုးတာမဖြစ်သေးဘူး၊ ဒီကောင် ထွက်သွားတဲ့အခါ ကိုယ်က ကောက်ယူလိုက်တယ်၊ နေရာရွေ့သွားတာနဲ့ တစ်ပြိုင်နက် ခိုးခြင်းကိစ္စပြီးသွားပြီ၊ အဲဒါမျိုးတွေပေါ့လေ၊ ပြီးတော့ အထူးသဖြင့် အကောက်ခွန်ပေးဖို့ ရှောင်တာမျိုးတွေ၊ အဲဒါမျိုးတွေလည်း ကြောက်စရာကောင်းတယ်။

ဒါကြောင့်မို့လို့ ခိုးခြင်း ၂၅-ပါးဆိုတာ ဘုန်းကြီးတွေမှာတော့ရှိတယ်၊ အမှန် ကတော့လူတွေမှာလည်း အဲဒီထဲကတော်တော်များများဟာ သုံးလို့ရပါတယ်။ ထားပါတော့၊ ဒါကတော့ ကျယ်လွန်းသွားပြီ၊ နောင်တစ်ကြိမ် အကျယ်လေ့လာ ချင်တဲ့အခါကျမှ လုပ်ကြစို့။

(၃) ကာမေသုမိစ္ဆာစာရ (ကာမဂုဏ်၌မှားယွင်းခြင်း)
တတိယဟာက ကာမေသုမိစ္ဆာစာရ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတဲ့။ အဲဒီတော့ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းဆိုတာ မိမိတရားဝင် ဆက်ဆံကောင်းတဲ့ ပုဂ္ဂိုလ်မှတစ်ပါး တခြားပုဂ္ဂိုလ်တွေနဲ့ ကာမဂုဏ်ဆက်ဆံတာပေါ့လေ၊ ကာမေသုမိစ္ဆာစာရ၊ ကာမေသုဆိုတာက ကာမဂုဏ်တို့၌ မိစ္ဆာစာရ မှားယွင်းတဲ့အကျင့် မှားယွင်းတဲ့အကျင့်ဆိုတာက ယုတ်မာတဲ့အကျင့်ပေါ့လေ။

ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေလည်း အလွန်များတယ်၊ ပြဿနာတွေလည်း အလွန်များတယ်၊ ခုခေတ်အနေနဲ့ ကြည့်မယ်ဆိုရင်လဲ တချို့ဟာ တွေက ဘာဖြစ်မယ်မသိဘူး၊ ဒါပေမယ့်လို့ ဒို့ဘာသာမှာ ကျမ်းဂန်တွေမှာ ဒီလို ဆိုထားတယ် ဆိုတာကိုတော့ နားလည်ထားရမယ်၊ သူများပြောတဲ့အခါမှာတော့ သူတို့ကြိုက်ချင်ကြိုက်မယ်၊ မကြိုက်ရင် မကြိုက်ဘူး၊ ဒါကတော့ မတတ်နိုင်ဘူး။

[စာမျက်နှာ-93] ဦးဇင်းတို့လည်း မေးရင်တော့ မှန်တဲ့အတိုင်းတော့ ပြောရတော့တာပဲ။ သူတို့မကြိုက်မှာစိုးလို့ ကိုယ်က လျှော့ပြောလိုက်မယ်၊ ပြင်ပြောလိုက်မယ်ဆိုရင် ဘုရားတရားကို ကိုယ်က မတော်တရော် (misrepresent) လုပ်ရာရောက်တယ်လေ၊ သူတို့ကြိုက်တာ မကြိုက်တာတခြားပဲ၊ ဒီနိုင်ငံသားတွေအနေနဲ့က ကာမေသုမိစ္ဆာစာရဆို ဘယ်ကြိုက်မလဲ။

ဒီကလူတွေက အမှန်ကတော့ အကုသိုလ် အတော်နည်းတာ၊ ကာမေသုမိစ္ဆာစာရနဲ့ သုရာမေရိယ၊ ဒီကံ ၂-ကံက အတော်ကျူးလွန် ဖြစ်တာ၊ အဲဒီတော့ မတတ်နိုင်ဘူး ဟုတ်လား၊ စာရှိတဲ့အတိုင်းပြောရမှာပဲ၊ မေးရင်တော့ ဦးဇင်းတို့က အဲဒီလိုပဲပြောတယ်၊ ဒါကတော့ မရှောင်နိုင်ဘူးလေ၊ ကြိုက်တာ မကြိုက်တာ လိုက်နာတာ မလိုက်နာတာကတော့ သူ့သဘောပေါ့။

ဦးဇင်း ဝါရှင်တန်မှာနေတုန်းက ဥရောပက လူတစ်ယောက်က လှမ်းပြီးတော့ ဝါရှင်တန်က ဘုန်းကြီးကို မေးလိုက်တာကိုး၊ ဘုန်းကြီးက အဖြေခက်နေတယ်။ အမှန်အတိုင်း ပြောလိုက်ရင်လည်း သူတို့မကြိုက်ရင် တစ်မျိုးဖြစ်မှာပေါ့လေ။ ဘယ်လိုလုပ် ဖြေရမှန်းကို မသိဖြစ်နေတာ၊ ဒါကတော့ အမှန်အတိုင်း ပြောလိုက်တာကောင်းတယ်လို့ ပြောရတယ်၊ ရှိတဲ့အတိုင်းလိုက်၊ လျှော့တော့ မဖြေလိုက်နဲ့၊ ကိစ္စမရှိပါဘူးကွာဆိုတာမျိုးတော့ မလုပ်လိုက်နဲ့လို့။

အဲဒီ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီးတော့ အင်္ဂါပထမပြောကြစို့ပေါ့လေ၊ အင်္ဂါက ဘယ်လိုရှိသလဲဆိုတော့ မသွားလာထိုက်တဲ့ ဝတ္ထုလည်းဖြစ်ရမယ်တဲ့၊ မသွားလာ ထိုက်တဲ့ဆိုတာ ကာမဂုဏ်အားဖြင့် မဆက်ဆံထိုက်တဲ့ ပုဂ္ဂိုလ်ဆိုကြပါစို့ ဒါကို ပါဠိလိုကျ ဝတ္ထုလို့လည်းပဲသုံးတယ်၊ ပစ္စည်းလို့လည်းသုံးတယ်၊ မသွားလာ ထိုက်တဲ့ ဝတ္ထုလည်းဖြစ်ရမယ်၊ ပြီးတော့ အဲဒီမသွားလာထိုက်တဲ့ ဝတ္ထုမှာ မှီဝဲချင် တဲ့စိတ်၊ ဆက်ဆံချင်တဲ့စိတ်လည်း ရှိရမယ်၊ လုံ့လပယောဂလည်း ပြုရမယ်။

နောက်တစ်ခုကတော့ ပြောစရာရှိတော့ ပြောရတော့မှာပဲ၊ ဒါယိကာမကြီး ပါနေလည်း မတတ်နိုင်ဘူး၊ မဂ်အချင်းချင်း ကျင့်ခြင်းကိုသာယာတာတဲ့၊ မဂ်ဆိုတာ sex organ ကိုပြောတာနော်၊ sex organ ၂-ခု ဆက်သွယ်မှုပေါ့ လေ၊ အဲဒီဟာကို သာယာတာကို စာစကားနဲ့သုံးတော့ မဂ်အချင်းချင်းကျင့်ခြင်းကို သာယာခြင်းလို့ ဒီလိုဆိုတာ၊ အဲဒီတော့ အင်္ဂါဘယ်နှစ်ပါးရှိတုန်း ၄-ခု၊ အင်္ဂါ လေးပါးနဲ့ ပြည့်စုံရင် ကာမေသုမိစ္ဆာစာရ ဖြစ်တယ်နော်။

ကာမေသုမိစ္ဆာစာရ အင်္ဂါ ၄-ပါး
(၁) အဂမနီယဝတ္ထု - မသွားလာထိုက်တဲ့ ဝတ္ထုလည်းဖြစ်စေ။
(၂) တသ္မိံ သေဝနစိတ္တ - ဆက်ဆံလိုစိတ် ရှိရမယ်။
(၃) ပယောဂ - လုံ့လပယောဂလည်း ရှိရမယ်။
(၄) မဂ္ဂေန မဂ္ဂပ္ပဋိပတ္တိသဟန - မဂ်အချင်းချင်း ကျင့်ခြင်းကို သာယာတယ် (လက်ခံတယ်)။

[စာမျက်နှာ-94] ဝတ္ထုဆိုတာ ပစ္စည်းတော့ မထည့်နဲ့ပေါ့လေ၊ ဝတ္ထုပဲနော်၊ ပြီးတော့ ဆက်ဆံလိုစိတ် ရှိရမယ်၊ လုံ့လပယောဂလည်း ရှိရမယ်၊ မဂ်အချင်းချင်း ကျင့်ခြင်းကို သာယာတယ်၊ အဲဒီ အင်္ဂါလေးပါးနဲ့ ပြည့်စုံရင် ဒါဟာ ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်။

ကောင်းပြီ၊ ဒီနေရာမှာ မသွားလာထိုက်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေက မသွားလာထိုက်တာလဲ၊ မဆက်ဆံထိုက်တာလဲဆိုတာ နားလည်ထားရမယ်၊ အဲဒီတော့ ဦးဇင်းတို့ အရှေ့တိုင်းဘာသာတွေက အရှေ့တိုင်းတင် မဟုတ်ပါဘူးလေ၊ ဒီ ဘာသာတွေဟာ ဘာခေါ်လဲ men dominated တဲ့၊ ယောက်ျားဘက်ကနေ ကြည့်ကြည့်ပြီး ပြောတာတွေချည်းပဲ၊ ဒါကြောင့်မို့ ဒီမှာလည်း ယောက်ျားဘက်ကနေ ကြည့်ပြီးတော့ ပြောလိမ့်မယ်၊ ဒါယိကာမကြီးတွေကတော့ ရှိတဲ့အတိုင်း မှတ်ပေါ့လေ။

ယောက်ျားများ မသွားလာထိုက်သော မိန်းမ ၂၀
(၁) မာတုရက္ခိတ - အမိစောင့်ရှောက်အပ်သောမိန်းမ၊ မိခင်က အုပ်ထိန်းထား သေးတယ်။ မိခင်ရဲ့ အုပ်ထိန်းမှုအောက်မှာနေတဲ့ မိန်းမမျိုး၊ အဲသလို မိန်းမမျိုးကို ယောက်ျားတစ်ယောက်က မသွားလာကောင်းဘူး၊ မဆက်ဆံကောင်းဘူးတဲ့။

(၂) ပိတုရက္ခိတ - အဖစောင့်ရှောက်ထားတဲ့မိန်းမ၊ အမေမရှိတော့ဘူး၊ အဖေပဲရှိတော့တယ်။ အဲဒါ အဖစောင့်ရှောက်ထားတဲ့ မိန်းမ။

(၃) မာတာပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ရှောက်ထားတဲ့မိန်းမ၊ ၃-ခုရှိသွားပြီနော်။

(၄) ဘာတုရက္ခိတ - မောင်တို့အစ်ကိုတို့က စောင့်ရှောက်ထားတဲ့မိန်းမ၊ မိဘတွေသေသွားပြီ၊ အစ်ကိုကြီးရှိတယ်၊ အစ်ကိုကြီးက စောင့်ရှောက်ထားတယ်ပေါ့လေ၊ အဲဒီလို မိန်းမ မျိုးတဲ့။

(၅) ဘဂိနိရက္ခိတ - ညီမအရင်းတွေက စောင့်ရှောက်ထားတဲ့မိန်းမ၊ အမေလည်းမရှိတော့ဘူး၊ အဖေလည်းမရှိတော့ဘူး၊ ဆိုပါတော့ ညီမတွေတော့ရှိနေတယ်ဆိုရင် ညီမတွေက စောင့်ရှောက်ထားတဲ့ မိန်းမမျိုးဆိုပါတော့ ငယ်ငယ်ဆိုရင်တချို့မှာ အစ်မနဲ့ ညီမနဲ့ အများကြီးကွာတာရှိတယ် မဟုတ်လား၊ ၁၀-နှစ်လောက်ကွာမယ်၊ ၁၂-နှစ်လောက်ကွာမယ် စသဖြင့်ဆိုရင် ထိန်းသိမ်းထားတာရှိတယ်၊

(၆) ဉာတိရက္ခိတ - ဆွေမျိုးတွေက စောင့်ရှောက်ထားတဲ့မိန်းမ၊ မိဘတို့မောင်တို့ အစ်မညီမ အရင်းမရှိတော့ဘူးဆိုပါတော့၊ အဒေါ်တို့ဘာတို့ သို့မဟုတ်လည်း အဘိုးအဘွားတို့ပေါ့ လေ၊ သူတို့က စောင့်ရှောက်ထားတဲ့မိန်းမမျိုး၊ ဝမ်းကွဲတွေက စောင့်ရှောက်ထားတဲ့မိန်းမမျိုး။

(၇) ဂေါတ္တရက္ခိတ - အနွယ်တူလူတစ်စုက စောင့်ရှောက်ထားတဲ့မိန်းမ၊ အဲဒီတော့ ဦးဇင်းတို့

[စာမျက်နှာ-95] မြန်မာပြည်မှာတော့အနွယ်ကို သိပ်ဂရုမစိုက်ကြဘူး၊ အိန္ဒိယမှာတော့ သူက ဘာအနွယ်၊ သူက ဘာအနွယ်ဆိုတာရှိတယ်၊ အခု ဦးဇင်းတို့ မြတ်စွာဘုရားကို ဂေါတမအနွယ် (clan) ဒါကြောင့်မို့ ဂေါတမဘုရားလို့ခေါ်တာပေါ့။ ဂေါတမဆိုတာ သူရဲ့ (personal name) မဟုတ်ဘူး (clan name) အခုဒီနိုင်ငံမှာလည်း အဲဒါတွေ ရှိတယ် မဟုတ်လား၊ (last name) လိုဟာမျိုးပေါ့၊ အဲဒီလို အနွယ်က စောင့်ရှောက် ထားတဲ့မိန်းမ။

အဲဒီတော့ ဒီမှာ တောင်မြို့ဆရာတော် ဦးဇနက ဆိုတာကတော့ ဆိုပါတော့တဲ့၊ ရှမ်းပြည်က ရှမ်းမလေးတစ်ယောက် မန္တလေးရောက်လာတယ်ဆိုတော့ မန္တလေးမှာ ရှိတဲ့ ရှမ်းတွေက ဝိုင်းပြီးစောင့်ရှောက်ထားရင်လည်းပဲ အနွယ်က စောင့်ရှောက်ထားတဲ့ မိန်းမလို့ ဆိုနိုင်လောက်တယ်ပေါ့လေ။

(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ကျင့်ဖက် ပုဂ္ဂိုလ်တွေက စောင့်ရှောက်ထားတဲ့မိန်းမ သီလရှင်လိုဟာမျိုးတွေပေါ့နော်၊ အတူတကွ တရားကျင့်ဖော်ကျင်ဖက်ဖြစ်တဲ့သူတွေက စောင့်ရှောက်ထားတဲ့မိန်းမမျိုး၊

ဘယ်နှစ်ယောက်ရှိသွားပြီလဲ၊ ၈-ယောက်ရှိသွားပြီ၊ အဲဒီ ၈-ယောက်က ကာမပိုင်ယောက်ျားမရှိတဲ့မိန်းမ၊ အဲဒီတော့ သူတို့ ၈-ဦးက (ယောက်ျားနဲ့မိန်းမ ဒီနေရာမှာ) မတူတာ၊ သူတို့ရဲ့ ကာမကို သူတို့ပိုင်တယ်၊ စောင့်ရှောက်ထားတယ် ဆိုတာက သူများမစော်ကားနိုင်ရုံစောင့်ရှောက်တာ၊ သို့သော် သူတို့ရဲ့ ကာမကို သူတို့ပိုင်တဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့က တခြားပုဂ္ဂိုလ်ကို သူတို့ကာမပေးလို့ သူတို့အနေနဲ့ကိစ္စမရှိဘူး၊ အပြစ်မရှိဘူး၊ ဒါပေမယ့်လို့ ယောက်ျားက အဲဒီပုဂ္ဂိုလ် တစ်ယောက်ယောက်နဲ့သွားပြီးဆက်ဆံရင်တော့ ယောက်ျားကျတော့ အပြစ်ရှိတယ်။

ဒီနေရာမှာ ယောက်ျားနဲ့ မိန်းမမှာ ယောက်ျားကပိုပြီးတော့ ဒုက္ခများတယ်၊ မိန်းကလေးတစ်ယောက်ရှိတယ်၊ မိဘ စောင့်ရှောက်ထားသေးတယ်ဆိုပါတော့၊ ဒါပေမယ့် ဒီမိန်းကလေးက သူရည်းစားနဲ့ ချစ်ကြိုက်ပြီးတော့ ကာမဂုဏ်ကိစ္စ ပြုမယ်ဆိုပါတော့၊ မိန်းကလေးမှာတော့ ကာမေသုမိစ္ဆာစာရမဖြစ်ဘူးတဲ့၊ ယောက်ျား လေးကျတော့ ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ မသွားလာထိုက်တဲ့ မိန်းမထဲမှာ သူလည်း အပါအဝင်ကိုး၊ ဒါကြောင့်မို့ ဒီ ၈-ယောက် ကာမပိုင်ယောက်ျားမရှိဘူး၊ ဒါကြောင့်မို့ မိမိတို့ ကာမကို မိမိတို့ပိုင်တယ်၊ စောင့်ရှောက်တယ် ဘာတယ်ပြောတာက သူတစ်ပါး မစော်ကားနိုင်ရုံ စောင့်ရှောက်ထားတာ၊ ဒါကြောင့်မို့သူတို့က သူတစ်ပါးကို ပေးလို့ မိစ္ဆာစာရ မဖြစ်၊ သို့သော် ယောက်ျားကတော့ သူတို့ကိုသွားပြီး မဆက်ဆံ

[စာမျက်နှာ-96] နဲ့နော်၊ ကာမေသုမိစ္ဆာစာရ ဖြစ်မယ်တဲ့။

မေး - ဒါဆို ဘယ်လိုလုပ် အိမ်ထောင်ပြုမလဲ။

ဖြေ - အိမ်ထောင်ပြုလို့တော့ ရတယ်လေ၊ အိမ်ထောင်ပြုရင် တရားဝင်သွားတာပေါ့။ အိမ်ထောင်ပြုပြီးတော့မှလက်ခံ၊ တရားဝင်ဖြစ်သွားပြီ၊ အိမ်ထောင်ပြုလိုက်ရင် သူက အပြစ်လွတ်သွားတာပေါ့၊ အဲဒါကတော့ မိဘကလည်း ကျေနပ်တယ်လေ။ ခုနဟာကတော့ မိဘကျေနပ်မှာ ဟုတ်ပါဘူးလေ၊ တိတ်တိတ်ပုန်းပေးတာကိုး။

၈-ယောက်နော်၊ ပြီးသွားပြီ၊ နောက်ထပ်လာဦးမယ်၊ စာမှာကတော့ အများကြီး ရှိတယ်။

(၉) သပရိဒဏ္ဍ - နောက်တစ်ယောက်က မင်းပြစ်မင်းဒဏ် မကင်းတဲ့မိန်းမတဲ့၊ ဆိုလိုတာ ကတော့ ရှင်ဘုရင်က ဒီမိန်းမကို သူကိုယ်ပိုင် သိမ်းပိုက်ချင်တယ်ဆိုပါတော့ သိမ်းပိုက်ချင်တဲ့ အတွက်ကြောင့်မို့ “ဒီမိန်းမကို ဆက်ဆံရင် အပြစ်ရှိစေ” အဲဒီလို လုပ်ထားတဲ့ မိန်းမမျိုးကိုတဲ့နော်၊ မင်းပြစ်မင်းဒဏ် မကင်းတဲ့မိန်းမဆိုတာ သူအပြစ် ရှိနေတာကို ပြောတာမဟုတ်ဘူး၊ မင်းက သိမ်းပိုက်မှာမို့လို့ ဒီမိန်းမ ဘယ်သူမှ မသွားလာရ၊ သွားလာတဲ့သူ အပြစ်ရှိစေ ဒဏ်ထားတာပေါ့ လေ၊ အဲဒီလို မိန်းမမျိုး၊ အဲဒါ သိပ်အရေးကြီးတယ်နော်၊ အင်္ဂလိပ်လို ပြန်တဲ့အခါ အနောက်နိုင်ငံကလူတွေ အလွဲချည်း ပြန်ကြတာ၊ ဒဏ္ဍာကိုလည်း သူတို့က ဒုတ်လို့ ပြန်ချင်ပြန်တာ၊ ဒဏ္ဍဆိုတာ ဒုတ်လို့ ပြန်လို့လည်းရတယ်။ punishment လို့ ပြန်လို့လည်းရတယ်။ ခုဟာက punishment လို့ ပြောတာ၊ ဒီမိန်းမ မသွားလာရ တံဆိပ်တပ် ထားတာမျိုးပေါ့၊ ဒီမိန်းမ ငါ့အတွက်ပေါ့၊ အဲသလို မိန်းမမျိုး။

(၁၀) သရက္ခ - နောက်တစ်ယောက်ကျတော့ အစောင့်အရှောက်ရှိသော မိန်းမလို့ ဒီလိုပဲသုံးတယ်၊ အဓိပ္ပါယ်ကတော့ ဘာလဲဆိုတော့ မမွေးခင် တည်းကတဲ့နော်၊ မိန်းကလေးဖြစ်ရင်ပေါ့လေ၊ ဒီမိန်းကလေး ငါသိမ်းပိုက်မယ် အဲဒီလို လုပ်ထားပြီးတော့ စောင့်ရှောက်ထားတဲ့ မိန်းမမျိုး၊ အဲဒါကို အစောင့်အရှောက်ရှိတဲ့မိန်းမလို့ ဆိုတယ်တဲ့၊ အဲဒါ မွေးဖွားလာရင် ကိုယ်သိမ်းပိုက်ဖို့ မယားပြုဖို့ တောင်းဆိုထားတဲ့ဟာမျိုး၊ အဲဒီတော့ အခုကာလ လက်မထပ်ရသေးပေမယ့်လို့ engage လုပ်ထားတဲ့ဟာမျိုးလည်း ဒီမိန်းမမျိုးထဲမှာ ပါဝင်နိုင်တယ်တဲ့၊ ဒါကြောင့်မို့ အစောင့်အရှောက်ရှိသော မိန်းမ engage လုပ်ထားပြီးရင် ဟိုလူက တစ်နည်းနည်းနဲ့ ပိုင်ပြီ ဆိုကြပါစို့နော်။

(၁၁) ဓနက္ကီတ - နောက်တစ်ယောက်က ဒါကတော့ ငွေနှင့်ဝယ်အပ်တဲ့ မယားတဲ့၊ ခုခေတ်ကတော့ ဒါမျိုးရှိချင်မှရှိမှာပေါ့လေ၊ ရှေးတုန်းကတော့ ရှိခဲ့တာပဲ၊ ပိုက်ဆံပေး

[စာမျက်နှာ-97] ပြီးတော့ ဝယ်ထားတာ၊ အဲသလို ငွေနှင့်ဝယ်အပ်တဲ့မယား။

(၁၂) ဆန္ဒဝါသိနီ - နောက်တစ်ယောက် သူ့မယားဖြစ်ဖို့ သဘောတူတဲ့အတွက်ကြောင့်မို့ သူ့အိမ်သွားပြီးတော့နေတဲ့ မိန်းမမျိုးပေါ့လေ၊ အခု မိဘတွေက သဘောမတူပေမယ့်လို့ လိုက်ပြေးတဲ့ မိန်းမမျိုး၊ သူသဘောကျလို့ သွားနေတာ၊ မယားဖြစ်သွားတာပေါ့။ အဲဒါကျတော့ ယောက်ျားလေးမှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးတဲ့၊ ဒါကသွားလာရုံ သွားလာတာ မဟုတ်ဘူးလေ၊ မယားဖြစ်အောင်ကို လက်ထပ်ယူလိုက်တဲ့ သဘော ပေါ့လေ၊ မယားဖြစ်အောင် လုပ်လိုက်တာပေါ့၊ မိစ္ဆာစာရ ဖြစ်တယ် ဆိုတာက သူက သွားလာရုံ သွားလာတာပေါ့၊ အဲဒီလိုကွာတယ်။

(၁၃) ဘောဂဝါသိနီ - နောက်တစ်ယောက်ကတော့ စည်စိမ်ဥစ္စာအတွက်သွားပြီး မယားခံတဲ့ မိန်းမမျိုး၊ ငွေနဲ့ဝယ်တာမျိုးလည်း မဟုတ်ဘူးနော်၊ ဒါပေမယ့်လို့ သူက ဆင်းရဲတဲ့ အခါကျတော့ ဟို အသုံးဆောင်လေး၊ ဒီအသုံးဆောင်လေးရပြီးတော့ မယားအဖြစ်နဲ့ သွားနေတဲ့ မိန်းမမျိုး၊ ရှေးတုန်းကလို ပြောရင်တော့ မောင်းတို့ ကျည်ပွေ့တို့ ဒါလေး အသုံးအဆောင်လေးတွေပေါ့လေ၊ ခုခေတ်ဆိုရင်လည်း ခုခေတ်အသုံး အဆောင် လေးတွေပေါ့ လေး၊ အဲဒီလိုနဲ့နေတဲ့ မိန်းမမျိုး၊ ဒါ ခုခေတ်လည်း ရှိနိုင်တယ်နော်၊ ဟို ယောက်ျားတွေက မိန်းမကို ပိုက်ဆံပေးထားပြီးတော့ မယားလည်း မဟုတ်ဘူးပေါ့လေ၊ အဲသလိုမျိုးပေါ့။

(၁၄) ပဋဝါသိနီ - နောက်တစ်ခုကျတော့ အဝတ်အစားပေးပြီးတော့ မယားဖြစ်တဲ့ မိန်းမမျိုး။

(၁五) ဥဒကပတ္တကီ - နောက်တစ်ခုကျတော့ ရေခွက်ထဲမှာ လက်ဆုံချပြီးတော့ ထိမ်းမြားတဲ့ မယားမျိုး၊ ဒါကတော့ မြန်မာပြည်မှာ မင်္ဂလာဆောင်တဲ့နည်းနဲ့ မင်္ဂလာဆောင်ပြီး ဖြစ်တဲ့မယားမျိုးပေါ့လေ၊ ယောကျာ်းလက်နဲ့ မိန်းမလက် ဒီလိုလေး တွဲလိုက်ပြီးတော့ ရေနဲ့လောင်းလိုက်တာ၊ အဲဒါ ဘာသဘောလည်းဆိုတော့ ဒီခွက်ထဲမှာရှိတဲ့ရေဟာ မကွဲမပြား တစ်သားတည်းနေသလို သင်တို့ ဇနီးမောင်နှံဟာလည်းပဲ မကွဲမပြားတည်နေကြပါစေဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ရေလောင်းပေးတာတဲ့၊ အဲဒီလို ရေလောင်းပြီးတော့ ထိမ်းမြားတဲ့ မယားမျိုး။

(၁၆) ဩပတ္တပုဉ္စနီ - နောက်တစ်ခုကတော့ ခေါင်းခုကိုချပြီးတော့ နေတဲ့ မယားမျိုးတဲ့၊ သူက သူဆင်းရဲဆိုတော့ကို ခေါင်းခုနဲ့ တစ်ခုခုရွက်ပြီးတော့ ခေါင်းရွက်ဈေးသည် တို့ဘာတို့ပေါ့၊ အဲဒါကနေပြီးတော့ အဲဒီမိန်းမမျိုးကို မယားလုပ်ထားတဲ့ လူမျိုးပေါ့။ အဲဒါ နင် ဒါမလုပ်နဲ့၊ ငါ့မယားလာလုပ်တော့ စသည်ပေါ့လေ၊ အဲဒီလို နေတဲ့

[စာမျက်နှာ-98] မယားမျိုးတဲ့။

(၁၇) ဓဇာဟဋ - နောက်တစ်ခုကတော့ စစ်သုံ့ပမ်းဖမ်းလာတဲ့မိန်းမကို မယားပြုတဲ့ မယားမျိုးပေါ့။ ရှေးတုန်းကတော့ စစ်တိုက်ရင်းဝင်ပြီး လူတွေဖမ်းလာတယ်မဟုတ်လား၊ မိန်းမတွေပါလာတယ်၊ အဲဒီမိန်းမတွေကို ပေါင်းသင်းနေတဲ့ မယားမျိုးပေါ့လေ။

(၁၈) ကမ္မကာရီဘာရိယ - နောက်တစ်ခုကတော့ အစေခံမယားမျိုးတဲ့ အစေခံလည်းဟုတ် မယားလည်း ဟုတ်ပေါ့လေ၊ အိမ်ခိုင်းတဲ့ အစေခံမကို မယားအဖြစ်နဲ့ ယူထားတာ၊ ဒါတွေလည်းရှိတယ်။

(၁၉) ဒါသီဘာရိယ - နောက်တစ်ခုက ကျွန်မယားမျိုး၊ ရှေးတုန်းကတော့ ကျွန်မဆိုတာ ရှိသေးတယ်၊ ကျွန်မကပိုပြီးတော့ အခွင့်အရေးက မရှိဘူးပေါ့။

(၂၀) မုဟုတ္တိက - နောက်ဆုံးတစ်ခုကတော့ ခေတ္တခဏမျှ ပေါင်းသင်းဆက်ဆံအပ်တဲ့ မယားမျိုးတဲ့၊ ရှေးတုန်းကတော့ မိန်းမငှားလို့ ရတယ်လို့ပြောတယ်၊ တစ်ပတ်ပဲ၊ တစ်ရက်ပဲ၊ နှစ်ရက်ပဲပေါ့လေ၊ သွားနေတာ၊ ခုခေတ်ပြည့်တန်ဆာမလည်း တစ်ခဏ ငှားတာပဲ။

အားလုံးဘယ်လောက်ရှိသွားပြီလဲ၊ ၂၀-နော် အဲဒီ ၂၀-ဟာ ယောက်ျား တွေ အနေနဲ့ မသွားလာထိုက်တဲ့မိန်းမ။ အဲဒီမိန်းမ ၂၀-ဟာ အဂမနီယဝတ္ထုလို့ ပါဠိလိုခေါ်တယ်၊ ယောက်ျားတွေ အနေနဲ့ မသွားလာကောင်းတဲ့ သူများဖြစ်နေပြီဆိုတော့ မသွားလာနဲ့ပေါ့၊ လိင်ကိစ္စ အနေနဲ့ မဆက်ဆံနဲ့ပေါ့။

အဲဒီတော့ ဆိုပါတော့ ပထမ ၈-ယောက်ကတော့ သူတို့ကာမသူတို့ ပိုင်တယ်၊ နောက် ၁၂-ယောက်ကတော့ကို အမှန်အတိုင်းပြောရင် သူတို့ဟာ သူတို့မပိုင်ဘူး၊ လင်ယောက်ျားက ပိုင်တယ်ပေါ့ ထိန်းသိမ်း သိမ်းပိုက်ထားတဲ့ ပုဂ္ဂိုလ်ကပိုင်တယ်၊ ဒါကြောင့်မို့ သူတို့အနေနဲ့က သူများကိုပေးရင် မိစ္ဆာစာရ ဖြစ်မယ်၊ ယောက်ျားက သူတို့နဲ့သွားလာ ဆက်ဆံရင်လည်း မိစ္ဆာစာရဖြစ်မယ်။

ပြည့်တန်ဆာမ ဘယ်လိုလဲတဲ့၊ ပြည့်တန်ဆာမမှာလည်းပဲ (ethic) ရှိတယ်။ ရှေးတုန်းကပေါ့လေ၊ ခုတော့ မပြောတတ်ဘူး၊ ဒီယောက်ျားတစ်ယောက်ဆီက ပိုက်ဆံယူထားပြီးရင် ဒီယောက်ျားနဲ့ ကိစ္စမပြီးသေးရင် နောက်ယောက်ျား တစ်ယောက်ကို လက်မခံရဘူး၊ ရှေးတုန်းက ငါးပါးသီလနဲ့ ပတ်သက်ပြီးတော့ ဂရုဓမ္မဇာတ် ဆိုတာ ရှိတယ်၊ အဲဒီမှာ ငါးပါးသီလမြဲအောင် စောင့်ရှောက်တဲ့နေရာမှာ very meticulous ပေါ့လေ၊ အလွန်ကို နည်းနည်းလေးမှ ပြောစရာမရှိအောင်

[စာမျက်နှာ-99] စောင့်ရှောက်ကြတဲ့အကြောင်း ပြောတဲ့အခါမှာ ငါးပါးသီလ စောင့်ရှောက်တဲ့ဟာ လိုက်ရှာကြတော့ အဲဒီမှာ ပြည့်တန်ဆာမ တစ်ယောက်လည်းပါတယ်၊ သူများတွေက ညွှန်းတယ်၊ “အဲဒီ ပြည့်တန်ဆာဆီလည်းသွားဦး၊ သူက တကယ်သီလရှိတယ်” ပေါ့။ ကြည့်စမ်းနော်၊ ပြည့်တန်ဆာမဆိုပေမယ့်လို့ သီလရှိတယ်။

အဲဒါနဲ့ သွားမေးတော့ ဘာပြောတုန်းဆိုတော့ အဲဒီလို ပြောတယ်၊ သူတို့ ပြည့်တန်ဆာမမှာ ယောက်ျားတစ်ယောက်ဆီက ပိုက်ဆံယူထားပြီးရင် အဲဒီယောက်ျား နဲ့ကိစ္စမပြီးသေးသမျှ နောက်ယောက်ျားတစ်ယောက်လက်မခံရဘူး၊ ဒီတော့ သူ့ ဖြစ်တာက ဘာလဲဆိုတော့ယောက်ျားတစ်ယောက်ဆီက ငွေလက်ခံလိုက် တာပေါ့လေ။ ငွေ ၅၀၀-ပေးရတယ် ပြောတယ်၊ လက်ခံလိုက်ပြီးတော့ အဲဒီ ယောက်ျားက မလာဘူးတဲ့၊ မလာတော့ သူက စောင့်တာပေါ့လေ၊ စောင့်ရင်းနဲ့ အချိန်ကြာလာတော့ စားစရာမရှိအောင် ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်သွားတဲ့ အချိန်မှာ နောက်တစ်ယောက်က လာပြီးတော့ ငွေလာပေးပြန်တယ်ပေါ့လေ၊ ကျွန်တော်နဲ့ ပေါင်းသင်းပါရစေပေါ့၊ ငွေ ၅၀၀-နဲ့လာတော့ သူက ယူမယ်လို့ လက်ကလေး လှမ်းလိုက်မိတယ်တဲ့၊ မယူသေးဘူးနော်၊ အဲဒီလို ယူမယ်လို့ လက်လှမ်းတဲ့အချိန်မှာ ဟို အရင်လူက ပေါ်လာတယ်တဲ့၊ အဲဒါကြောင့်မို့ သူ့အနေနဲ့ လက်လှမ်းမိလိုက်တဲ့ အတွက်ကြောင့်မို့ ငါ့သီလဟာ မစင်ကြယ်တော့ဘူး၊ အဲဒီလောက်ထိအောင် သူကသီလကို စင်ကြယ် အောင် စောင့်ရှောက်တာ။

ဒါကြောင့်မို့ ပြည့်တန်ဆာမတွေအနေနဲ့ဟာ မိမိငွေယူထားတဲ့ယောက်ျားနဲ့ ကိစ္စမပြီးသေးသမျှ တခြားယောက်ျားနဲ့ မဆက်ဆံရဘူးလို့ သူတို့မှာ (ethic) အဲဒီလိုရှိတယ်၊ ရှေးတုန်းကပေါ့လေ၊ ရှေးတုန်းက ပြည့်တန်ဆာလုပ်တယ်ဆိုတာ အကျင့်မကောင်းတဲ့ မိန်းမမှ လုပ်တာ မဟုတ်ဘူး၊ တစ်ခါတလေ သူဌေးသမီးတို့ ဘုရင့်သမီးတို့တောင် လုပ်တာ၊ ပြည့်တန်ဆာလို့ခေါ်တာဟာ တိုင်းပြည်ရဲ့ အင်္ဂါတစ်မျိုး ပဲလို့ ဒီလိုယူဆတာ။

ကောင်းပြီ၊ ယောက်ျားတွေအနေနဲ့ဆိုရင် ဒီမိန်းမ ၂၀-ရှောင်ကြဉ်ရမယ်၊ ရှင်းရှင်းကတော့ ကိုယ့်မယားမှ လွဲရင်ပေါ့၊ တခြားမိန်းမနဲ့ဟာ သိပ်မလွယ်လှဘူး ပေါ့လေ၊ တစ်ခုတော့ရှိတယ်၊ အခု ဒီနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် ၁၈-နှစ် ပြည့်ပြီးတဲ့နောက် လွတ်လွတ်လပ်လပ်နေသွားပြီ၊ ဒီနိုင်ငံမှာ ထုံးစံရှိတယ်၊ အဲဒီလို မိန်းမမျိုးနဲ့ သွားလာရင်တော့ မိစ္ဆာစာရ ဖြစ်ချင်မှဖြစ်တော့မှာ၊ ဘာလို့လည်းဆိုတော့ သူတို့ကို မိဘကလည်း မအုပ်ချုပ်တော့ဘူး၊ အုပ်ချုပ်တဲ့သူလည်း မရှိတော့ဘူး။

[စာမျက်နှာ-100] သူတို့ကို သူတို့ လွတ်လွတ်လပ်လပ် နေပြီကို၊ အဲဒီလိုဆိုတော့ လွတ်နိုင်စရာအကြောင်း ရှိတယ်၊ တစ်နည်းနည်းနဲ့ အုပ်ချုပ်နေသေးရင် သို့မဟုတ် ယောက်ျားရှိနေရင် ဘာရင်မရဘူးပေါ့၊ ရှင်းရှင်းကတော့ ဘာမှလုပ်မနေနဲ့ ဘုရားဟောတဲ့ သဒါရသန္တောသ ကိုယ့်မယားနဲ့ပဲ ကျေနပ်တာနော်၊ သူများမယား တခြားမိန်းမကို စိတ်ကူးထည့်ကို ထည့်မနေနဲ့ ဆိုတာလိုပေါ့လေ၊ အဲဒီလို နေနိုင်ရင် အကောင်းဆုံးပဲ။ ဟိုရှုပ်ရှုပ်၊ ဒီရှုပ်ရှုပ်လုပ်နေရင် တစ်နေ့နေ့ ဒုက္ခရောက်တာပဲ၊ စိတ်ဆိုတာ မထိန်းနိုင်ဘူးလေ၊ မထိန်းနိုင်တော့ ကြာတော့ လုပ်မိသွားတတ်တယ်၊ လုပ်မိသွားရင် ကာမေသုမိစ္ဆာစာရဆိုတာ အလွန်ဆိုးတဲ့အပြစ်ပဲ၊ အေးကာမေသု မိစ္ဆာစာရ။

ဒီနေရာမှာ တောင်မြို့ဆရာတော် ဦးဇနကက ပြဿနာလေးတွေ ထုတ်ပေး ထားတာရှိတယ်၊ ဒါလေးတွေလည်း သိလိုက်တယ်၊ အမှောင်ထဲမှာ သူ့မယားကို ကိုယ့်မယားထင်ပြီး သွားလာတဲ့ ယောက်ျား၊ ကိုယ့်ခင်ပွန်းထင်ပြီး သည်းခံတဲ့မိန်းမ၊ သူတို့ဟာ ကာမေသုမိစ္ဆာစာရ ဖြစ်မလားမှ မဖြစ်ဘူးလားတဲ့၊ အဲဒါ ဘယ်လိုထင်သလဲ။ အင်္ဂါ ၄-ချက်နဲ့ ကိုက်သလား၊ မကိုက်သလား ပြန်ကြည့်စမ်း။

ငြိတယ်၊ စေတနာမပါဘူး၊ မှီဝဲချင်တဲ့စိတ်သာပါတာ၊ ဒါ ကျတော့ မိစ္ဆာစာရ တော့ဖြစ်တယ်၊ အပြစ်တော့ကြီးလာမယ်မဟုတ်ဘူး၊ ဘာကြောင့်လည်းဆိုတော့ မသိလို့ လုပ်မိတာကိုး၊ မသိပေမယ့်လို့ တစ်ခါတလေကျတော့ အင်္ဂါပြည့်စုံရင် အပြစ်တော့ ဖြစ်တယ်။

မေး - ဒါမျိုးရှိလို့ဖြစ်မှာပေါ့ဘုရား၊ သတင်းစာထဲမှာ ဖတ်ဖူးတယ်။
ဖြေ - ရှိလို့လည်းရေးတာဖြစ်မှာပေါ့၊ သူလည်းကြားဖူးလို့နေလိမ့်မယ်။

မေး - တဲလေးတစ်လုံးရှိတယ်၊ အဲဒီမှာ လင်မယားနေကြတယ်။ မိန်းမကအိပ်ပျော် ကာနီးမှာ အိပ်ရာထဲဝင်လာ သူကို သူ့ယောက်ျားထင်တယ်၊ ခေါ်ကြည့်တော့လည်း ဒီကောင်က မထူးဘူး၊ အဲဒါနဲ့မိန်းမက မသိလို့လက်ခံတယ်၊ ယောက်ျားကသိရက်နဲ့ မိန်းမက သူ့ယောက်ျား မဟုတ်မှန်း နောက်မှသိတာ။

ဖြေ - အဲဒါဆိုရင်တော့ မိန်းမမှာ အပြစ်ရှိတော့ရှိတယ်ပေါ့လေ၊ သို့သော်အပြစ်မကြီး နိုင်ဘူး၊ ယောက်ျားကတော့အပြစ်ကြီးမှာ သေချာတယ်၊ ဒါကတစ်ခုနော်၊ ဆရာတော်က ပြောတာက ကံထိုက်တိုင်းလည်း အပြစ်မကြီးဘူးတဲ့၊ ကံမထိုက်ပေမယ့်လဲ အပြစ်ကြီးတာလေးတွေ ရှိနိုင်တယ်တဲ့၊ ဒီမှာတော့ ကာမေသုမိစ္ဆာစာရကံတော့ ထိုက်တယ်ပေါ့၊ ဒါပေမယ့် အပြစ်ကြီးလာမယ် မဟုတ်ပါဘူးတဲ့။

နောက်တစ်ခုက ဘာပြဿနာလဲဆိုတော့ မိမိသမီးကို ကျူးလွန်တဲ့အဖေဟာ

[စာမျက်နှာ-101] မိစ္ဆာစာရ ဖြစ်မလား၊ မဖြစ်ဘူးလားတဲ့၊ ဒီနိုင်ငံမှာတော့ ဒီလိုမျိုးတွေ သိပ်ပေါတယ်၊ ဒီနိုင်ငံမှာ ဗြောင်သမားတွေကိုး။

အဲဒါကျတော့ ဘယ်လိုလဲ၊ ငါ့သမီးပဲကွာ၊ ငါပိုင်တယ်ထား၊ ဘယ်လိုလည်းပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်က ဘယ်လို ရေးထားသလဲဆိုတော့ သမီးကို မိခင်က စောင့်ရှောက်နေသေးရင် အဖေမှာ မိစ္ဆာစာရ ဖြစ်တယ်ဆိုပါတော့၊ မိဘ နှစ်ပါးလုံး စောင့်ရှောက်ထားတဲ့ သမီးမျိုးကို အဖေက ကျူးလွန်ရင် မိစ္ဆာစာရဖြစ်မယ်။

အဲသလို စောင့်ရှောက်မှုမရှိဘူးဆိုပါတော့ အမေကလည်း မရှိတော့ဘူး၊ အဖေကပဲစောင့်ရှောက်ထားတယ်ဆိုပါတော့၊ မိစ္ဆာစာရ ဖြစ်ချင်မှဖြစ်မယ်၊ အစောင့် အရှောက် မရှိဘူးဆိုတဲ့ သဘောဖြစ်တယ်၊ အဖေကပဲစောင့်ရှောက်တယ်၊ တခြားသူ အစောင့် အရှောက် မရှိဘူးဆိုတဲ့ သဘောဖြစ်တယ်။

(၁) အကယ်၍ အမေက သေသွားပြီ၊ သမီးက သူ့ညီအစ်မတွေနဲ့ သွားနေတယ်။ အဲဒီဟာမျိုးကို လွန်ကျူးမယ်ဆိုရင်တော့ မိစ္ဆာစာရဖြစ်မယ်၊ ဘာကြောင့်တုန်းဆိုရင် စောင့်ရှောက်တာက ညီအစ်မတွေက စောင့်ရှောက်တာကိုး၊ သူ(အဖေ) စောင့်ရှောက် တာမှမဟုတ်ဘဲ၊ အဲဒီလို ဖြစ်နိုင်တယ်တဲ့။

(၂) ပြီးတော့ နောက်တစ်ခုက ပြည့်တန်ဆာမတို့၌ သွားလာတဲ့သူတဲ့၊ သူကော မိစ္ဆာစာရဖြစ်မလား မဖြစ်ဘူးလားတဲ့၊ ဆရာတော်ဖြေတာကတော့ ပြည့် တန်ဆာမဆိုတာ မိဘတို့ကတော့ ကျေနပ်မှာမဟုတ်ဘူး၊ သို့သော် သူ့မှာ အထိန်း ရှိတယ်၊ အဲဒီအထိန်း(ခေါင်း)က ကျေနပ်ရင် မိစ္ဆာစာရဖြစ်ဖို့ မရှိဘူးတဲ့၊ ငွေပေးပြီးတော့ သွားလာတယ်၊ အဲဒီအချိန်မှာလည်း တစ်နည်းအားဖြင့် အထိန်း(ခေါင်း)က ပိုင်နေတာကိုး၊ အဲဒီခေါင်းကို မိမိက ပိုက်ဆံပေးပြီး သွားလာတာဖြစ်တဲ့အတွက်ကြောင့် မိစ္ဆာစာရ ဖြစ်ဖို့မရှိဘူးတဲ့။

(၃) တိရစ္ဆာန်မတို့ အရူးမတို့ကို သွားလာတဲ့ယောက်ျားတဲ့၊ အဲဒါ ဘယ်လို ဖြစ်မလဲတဲ့၊ ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့လေ၊ တိရစ္ဆာန်မမှာ အမြဲလင်ရှိနေတယ်တဲ့၊ တိရစ္ဆာန်ထီးရှိနေတယ်ပေါ့၊ ဒါပေမယ့်ဒီခေတ်မှာတော့ မရှိနိုင်တော့ပါဘူး၊ အမြဲတမ်း လင်ယောက်ျားဆိုတာ တိရစ္ဆာန်မှာမရှိနိုင်ပါဘူး၊ သို့သော် နဂါးတို့ဘာတို့တွေကိုလည်း တိရစ္ဆာန်လို့ခေါ်တာကိုး၊ သူတို့မှာတော့ ကိုယ့်လင်ကိုယ့်မယားရှိလိမ့်မယ်၊ အဲသလို ရှိရင်တော့ မိစ္ဆာစာရဖြစ်မယ်၊ အဲသလိုမရှိရင်တော့ မိစ္ဆာစာရ မဖြစ်နိုင်ဘူးပေါ့လေ။

အရူးမကျတော့မိဘစသည်တို့က အုပ်ထိန်းထားသေးရင် မိစ္ဆာစာရ ဖြစ်မယ်တဲ့။ အုပ်ထိန်းသူမရှိဘူး၊ လွတ်လွတ်လပ်လပ်ဖြစ်နေတယ်၊ ဘယ်သူကမှ သူ့ကိုစောင့်ရှောက်

[စာမျက်နှာ-102] ထားတာ မရှိဘူးဆိုရင်တော့ မိစ္ဆာစာရမဖြစ်ဘူးတဲ့၊ ဒါက ဒီဆရာတော်ရဲ့ အယူ အဆ၊ အဲဒီမှာ ဆရာတော်က ဘာဆက်ရေးထားသလဲဆိုတော့ “ဤအဖြေများ၌ အယူအဆ ကွဲလွဲကြပေလိမ့်မည်” အယူအဆတူချင်မှ တူမယ်တဲ့၊ အင်္ဂါနှင့်တကွ ပါဠိအဋ္ဌကထာ သိက္ခာပုဒ်များ ကြည့်ရှု၍ စဉ်းစားကြပါလေတဲ့၊ ဒါက ဘုန်းကြီးတွေ အတွက်ပြောတာ။

မေး - အဲဒီအရူးမဆိုတာကတော့ မိုးကုတ်မှာ ဖြစ်ခဲ့ကြတာ၊ မိန်းမတစ်ယောက်က ကြောင်နေတယ်၊ သူက ဈေးထဲက ကြက်သားရောင်းတဲ့ဆိုင်တန်းမှာအိပ်နေ တတ်တယ်၊ နောက်တော့ ဒီမိန်းမဟာ ကိုယ်ဝန်ရှိလာတယ်၊ ဘယ်သူနဲ့မှန်းမသိဘူး၊ ရူးရက်နဲ့ ဒီကလေးကို ချော့မြူသီချင်းဆိုနေတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် တစ်ယောက်ယောက်နဲ့ မှောက်မှားခဲ့တာ ထင်ရှားတာပေါ့လေ၊ သူက ယဉ်ယဉ်နဲ့ရူးတာ သူများဆီက လျှောက်တောင်းစားတတ်တယ်။

ကောင်းပြီ၊ ဒါ ကာမေသုမိစ္ဆာစာရတဲ့၊ ဒီနိုင်ငံအနေနဲ့ ကာမေသုမိစ္ဆာစာရတော့ သိပ်ဖြစ်မယ်မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ လင်မယားချင်းလဲပြီး ပျော်ပါးကြတာ မျိုးရှိတတ်တော့ ကာမေသုမိစ္ဆာစာရ ဖြစ်မယ်မထင်ဘူး၊ မိန်းမကလည်း သူ့ယောက်ျား တခြားမိန်းမနဲ့ သာယာနေတာ၊ လင်ကလည်း သူ့မိန်းမ တခြားယောက်ျားနဲ့ ပျော်ပါးနေတာ သဘောတူနေတယ်၊ အဲသလို သဘောတူနေတယ်ဆိုတော့ အပြစ်ဖြစ်ချင်လဲ ဖြစ်မယ်၊ ဒါပေမယ့် သိက္ခာပုဒ်နဲ့ ပြောမယ်ဆိုရင်တော့ လွတ်ချင် လွတ်လိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ သဘောတူနေတာကိုး၊ မိစ္ဆာစာရဖြစ်တယ် ဆိုတာက ယောက်ျားက မိန်းမကိုပိုင်တယ်၊ ယောက်ျားမသိဘဲ တိတ်တိတ်ပုံးလုပ်တာ၊ ခိုးပေးတာဆိုတော့ မိစ္ဆာစာရ ဖြစ်တယ်၊ အခုဟာက ဗြောင်ကြီးပဲ၊ ယောက်ျားကိုက ခွင့်ပြုထားပြီး နင်လည်း နေချင်ရာနေ ငါလည်းနေချင်ရာနေမယ်ဆိုရင် အဲသလို နှစ်ဦး သဘောတူခွင့်လွှတ်ထားနိုင်တယ်ဆိုရင်တော့ မိစ္ဆာစာရ ဖြစ်ချင်မှဖြစ်မယ်၊ ဒီနိုင်ငံက လူတွေက အတော်ဆန်းတယ်၊ ဒါတွေလည်း စဉ်းစားစရာပဲ။

[စာမျက်နှာ-103]
အဘိဓမ္မာသင်တန်း (၃၁)

ဝီထိမုတ်ပိုင်း

ကမ္မစတုက္က၊ အကုသိုလ်ဝစီကံ ၄-ပါး၊ မနောကံ-၃-ပါး
ဒီနေ့ ဇွန်လ-၁၉ ရက်၊ လွန်ခဲ့တဲ့အပတ်က စာဝါမချဖြစ်ဘူး၊ ခရီးသွားနေလို့ အဲဒီ ဟိုဘက်အပတ်တုန်းက အကုသလကမ္မပထ တရား ၁၀-ပါးထဲက ကာယကံ ၃-ပါး ပြီးသွားပြီပဲ ဆိုကြပါစို့၊ ကာမေသုမိစ္ဆာစာရကံ အဲဒါ ရှင်းနေတာနဲ့ပဲ အချိန်ကုန်သွားတာ၊ အဲဒီကံ ၃-ပါးကို ဘာလို့ခေါ်သလဲ၊ ကာယကံ ၃-ပါးလို့ ခေါ်တယ်နော်။

အဲဒီမှာ စာမှာသုံးတာက ကာယဒွါရမှာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကို ကာယကံလို့ ခေါ်တယ်တဲ့၊ ကာယဒွါရဆိုတာ မြန်မာလို ရှင်းရှင်းနားလည်အောင် ဆိုရင်တော့ ခန္ဓာကိုယ်ကြီးပေါ့လေ၊ လှုပ်ရှားတဲ့ ခန္ဓာကိုယ်ကြီးကို ကာယဒွါရလို့ ဒီနေရာမှာခေါ်တယ်၊ စက္ခုဒွါရ၊ သောတဒွါရ ဆိုတဲ့ ဒွါရသင်္ဂဟက ဒွါရနဲ့ မတူဘူး။

ဒါကြောင့်မို့ ဝေါဟာရဟာ တစ်ခါတစ်ခါကျတော့ သူ့နေရာနဲ့သူ အဓိပ္ပါယ်ကို နားလည်ရမယ်၊ ဟိုတုန်းက ကာယဒွါရဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ ထိသိတော့ရဲ့

[စာမျက်နှာ-104] အစပေါ့လေ၊ အဲဒီအခံဓာတ်ကို ကာယဒွါရလို့ခေါ်တာ၊ အခု ဒီမှာ ကာယဒွါရ ဆိုတာက ပါဠိလိုပြောရင် စောပနကာယလို့ခေါ်တယ်၊ တစ်ခုခုပြုတဲ့အခါမှာ စေတနာရှိတယ်၊ အဲဒီစေတနာက တစ်ခါ ခန္ဓာကိုယ်မှာ ဝိညတ်ရုပ်ဆိုတာကို ဖြစ်စေတယ်၊ ဝိညတ်ဆိုတာ အလိုကို သိစေတတ်တဲ့သဘော၊ ဒါ ရုပ်ပိုင်းကျမှ နားလည်မှာ၊ အထူးသဖြင့်တော့ ခန္ဓာကိုယ်လှုပ်ရှားတာ၊ လှုပ်ရှားမှု ဖြစ်စေတာကို ဝိညတ်လို့ခေါ်တယ်နော်၊ အဲဒီကာယဝိညတ်ကို ကာယဒွါရ၊ အဲဒီကာယဒွါရမှာဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီကံတွေကို ကာယကံလို့ခေါ်တယ်။

တချို့က ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ရှိခိုးတယ်၊ တချို့က ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရနဲ့ ရှိခိုးတယ်၊ ဒွါရဂိုဏ်းဆိုတာ အဲဒါပဲ၊ ဘုန်းကြီးတွေမှာ ဒွါရဂိုဏ်းဆိုတာရှိတယ်၊ ကံဂိုဏ်း ဒွါရဂိုဏ်းပေါ့၊ ကာယကံနဲ့ ရှိခိုးတဲ့ဂိုဏ်းကို ကံဂိုဏ်းပေါ့လေ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ၊ အဲဒီလို ရှိခိုးတာကို ဒွါရ ဂိုဏ်းတယ်။

အဲဒီတော့ ကာယကံဟာ ဘယ်မှာဖြစ်တာလဲဆိုရင် ကာယဒွါရမှာ ဖြစ်တယ်၊ ကာယဒွါရမှာဖြစ်တော့ အမြဲတမ်း ဖြစ်တာလားဆိုတော့ များသောအားဖြင့်တဲ့၊ များသောအားဖြင့်ဆိုတော့ နည်းနည်းကတော့ ကာယဒွါရမှာမဖြစ်ဘူးလည်း ရှိလိမ့်မယ်တဲ့။

ပါဏာတိပါတဆိုပါတော့၊ သူ့အသက်သတ်တာ ကိုယ်ကိုယ်တိုင် ခုတ်သတ်မှ ပစ်သတ်မှ၊ အဲသလိုဆိုရင်တော့ပါဏာတိပါတ၊ တကယ်လို့ ကိုယ်က ပါးစပ်နဲ့ ခိုင်းပြီတဲ့၊ ဒါကော ပါဏာတိပါတမဖြစ်ဘူးလား၊ ဖြစ်တယ်၊ အဲဒီတော့ ဝစီကံမှာ အနည်းအကျဉ်းတော့ဖြစ်တယ်၊ သို့သော် ကာယဒွါရမှာ များသောအားဖြင့် ဖြစ်တဲ့ အတွက်ကြောင့်မို့ သူ့ကို ကာယကံလို့ ခေါ်တယ်။ များသောအားဖြင့် ဆိုတာလေးမှတ်ထား။

ဆိုပါတော့ လူတစ်ယောက်ကို တောသားလို့ခေါ်တယ်၊ သူဟာမြို့ကို လာလည်း သူ့ကို တောသားလို့ခေါ်တာပဲ၊ ဘာကြောင့်လည်းဆိုတော့ သူဟာ တောမှာအနေများတယ်၊ အကျင်လည်တာကိုး၊ မြို့သားဆိုရင် မြို့မှာအနေများတယ်၊ တောကို တစ်ခါ တလေသွားရင် သူ့ကို တောသားလို့ မခေါ်ဘူး။

အဲဒီလိုပဲ ကာယဒွါရမှာ အဖြစ်များတဲ့အတွက်ကြောင့် ကာယကံလို့ခေါ်တယ်။ သို့သော် သူတို့ဟာ ကာယဒွါရမှာသာဖြစ်ရမယ်၊ ဝစီဒွါရမှာ မဖြစ်ရဘူး မဆိုလိုဘူး၊ ရံခါ အနည်းအကျဉ်းအားဖြင့်တော့ ဝစီဒွါရမှာလည်း ဖြစ်လိမ့်ဦးမယ်။

[စာမျက်နှာ-105] ကောင်းပြီ၊ ဒါကြောင့်မို့ ကာယဒွါရမှာ များသောအားဖြင့် ဖြစ်တဲ့ကံကို ကာယကံ၊ ကာယကံ ၃-ပါးရှိတယ်၊ အကုသိုလ်နှင့်ဆိုင်တဲ့ ကာယကံ ၃-ပါး ရှိတယ်၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတဲ့၊ အဲဒီကာယကံထဲမှာ နောက်မှ ပြောစရာရှိတယ်၊ ဒါတွေကုန်ပြီးမှ ပြန်ပြောမယ်၊ ဝစီကံ ၄-ပါးသွားကြဦးစို့။

ဝစီကံ ၄-ပါးတဲ့၊ ဝစီဆိုတာ နှုတ်၊ နှုတ်မှာဖြစ်တဲ့ကံ ၄-ပါးတဲ့၊ ခုနကာယဒွါရ ပြောသလိုပဲ အခုလည်း ဝစီဒွါရလို့ ပြောရမယ်၊ ဝစီဒွါရဆိုတာ အမှန်တော့ စကားပေါ့၊ စကားပြောတဲ့အခါကျတော့ ခုန ဝစီဝီရိယဆိုတာရှိတယ်၊ အဲဒီ ဝီရိယ ပါလို့ ကိုယ်ပြောတဲ့စကား သူနားလည်၊ သူပြောတဲ့စကား ကိုယ်နားလည်တာ၊ အဲဒီ ဝစီဝီရိယကို ဝစီဒွါရလို့ခေါ်တယ်၊ အဲဒီ ဝစီဒွါရမှာ ဖြစ်တဲ့ကံကို ဝစီကံလို့ ခေါ်တယ်၊ လွယ်လွယ်မှတ်ထားရင်တော့ စကားနဲ့ ဖြစ်တဲ့ကံ၊ စကားပြောခြင်းဖြင့် ဖြစ်တဲ့ကံ၊ ပါးစပ်နဲ့ဖြစ်တဲ့ကံပေါ့လေ၊ ဒါကို ဝစီကံလို့ခေါ်တယ်။

ဒီမှာလည်းပဲ များသောအားဖြင့် ဖြစ်တယ်လို့ပဲ မှတ်ရမယ်၊ အနည်းအကျဉ်းအားဖြင့် ကာယကံမှာလည်း ဖြစ်လိမ့်ဦးမယ်၊ ဝစီကံ ၄-ပါးရှိတယ်၊ (၁) လိမ်လည် ပြောဆိုခြင်း၊ ပါဠိလို မုသာဝါဒ မဟုတ်မမှန်ပြောဆိုခြင်း၊ ကိုယ်ပြောတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို မဟုတ်ဘူးပေါ့။ အဲသလို မဟုတ်မမှန်ပြောဆိုတာကို လိမ်လည်ပြောဆိုတယ်၊ ပါဠိလို မုသာဝါဒ။

ဝစီအကုသိုလ်ကံ ၄-ပါး
(၁) မုသာဝါဒ - လိမ်လည်ပြောဆိုခြင်း
လူတွေက ဟထိုးထည့်ထည့်ပြီး မှုသား၊ မှုသားနဲ့ပြော၊ ပြောနေကြတယ်။ အမှန်ကတော့ပါဠိစကားလုံးမှာဟထိုးမပါဘူး၊ ဒါကြောင့်မို့ ဂရုစိုက်တဲ့ ဘုန်းကြီး တွေပြောရင် မုသားလို့ပြောတယ်၊ အမှတ်တမဲ့ပြောရင် မှုသား ပြောမိတယ်ပေါ့။ အမှန်ကတော့ ဟထိုးမပါဘူး။

မုသာ ဆိုတာ ပါဠိစကားလုံးမှ မှားယွင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဝါဒ ဆိုတာက စကားပြောတာ၊ မှားယွင်းစွာပြောတာ၊ လိမ်လည်ပြောတာမှ မဟုတ်မမှန် ပြောဆိုကာ၊ ဒါကို မုသာဝါဒလို့ခေါ်တယ်။

အဲဒီ မုသာဝါဒမှာ ကမ္မပထမြောက်တာ ကမ္မပထမမြောက်တာကလည်း ရှိသေးတယ်၊ ကမ္မပထမြောက်တဲ့ မုသားက ဘယ်လိုဟာလဲဆိုတော့ အင်္ဂါနဲ့ပြည့်စုံ ရမယ်၊ ဘာလဲဆိုတော့ မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်ရမယ်၊ ကိုယ်ပြောတာ မဟုတ်တာ ဖြစ်ရမယ်၊ ပြီးတော့ မှားယွင်းစေလိုတဲ့ စိတ်ရှိရမယ်၊ လူတစ်ဖက်သား အသိ မှားသွားစေလိုတဲ့ စိတ်ရှိရမယ်၊ ပြီးတော့ အဲဒီစိတ်အားလျော်စွာ အဲဒီစေတနာ

[စာမျက်နှာ-106] အားလျော်စွာ ကိုယ်နှုတ်တို့ဖြင့် လုံ့လပြုတာလည်းဖြစ်ရမယ်၊ အထူးသဖြင့် နှုတ်နဲ့ ပေါ့၊ သူတစ်ပါး အသိမှားသွားတာလည်းဖြစ်ရမယ်၊ အမှားကို အမှန်လို့သိရမယ်၊ အမှန်ကို အမှားလို့ သိရမယ်၊ အဲဒီလို အင်္ဂါနဲ့ ၄-ပါးပြည့်စုံရင် မုသာဝါဒ ဖြစ်တယ်၊ မုသာဝါဒ ကမ္မပထမြောက်ပြီး မပြည့်စုံရင် ကမ္မပထတော့မမြောက်ဘူး၊ ဒါပေမယ့် မုသာဝါဒတော့ ဖြစ်ဦးမှာပဲ၊ သူတစ်ပါးမယုံပေမယ့်လည်း လိမ်လည်တာတွေ ဖြစ်ဦးမှာပဲ။

အဲဒီမှာလည်းပဲ လုံ့လပယောဂ အနေနဲ့က စေခံထိတာ၊ ဒီလိုကျမ်းဂန်ဟောင်း တွေ မှာဆိုတယ်၊ နောက်ကျမ်းဂန်တွေကျတော့ စေခိုင်းပြီးတော့ လိမ်တာမျိုးလည်း ဖြစ်နိုင်တယ်၊ ပြီးတော့ ပစ်စာရေးပို့ပြီးတော့ လိမ်တာမျိုးလည်းဖြစ်နိုင်တယ်။

ဆိုပါတော့၊ သူတစ်ပါးကို ဒီလိုပြောဟေ့ ဒီလိုဆိုဖော့ဆိုပြီး လိမ်ခိုင်းတာဆိုရင် သူတစ်ပါးကို စေခိုင်းပြီးတော့ လိမ်တာပေါ့၊ သူတစ်ပါးအထင်မှားအောင် မဟုတ်မမှန် အကြောင်းတစ်ခုရေးပြီး ပစ်စာချတယ်၊ ဒီလိုဆိုရင် နိဿဂ္ဂိယခေါ်တဲ့ လိမ်တာပေါ့၊ တစ်ခါတရံကျတော့ နံရံတို့ဘာတို့မှာ မဟုတ်မမှန်တဲ့ စာရေးထားတယ်တဲ့၊ ဒါဟာ ထာဝရပယောဂပေါ့၊ လက်နက်တို့ သူ့နားသွားချထားတာမျိုးပေါ့။ သူတို့ကြည့်ဖတ် ပြီးရင် အမှားသိအောင်လုပ်တာမျိုး၊ အဲဒီလိုပယောဂတွေလည်းပါတယ်ပေါ့၊ အထူးသဖြင့် ကတော့ လိမ်ညာပြီးတော့ သဟတ္ထိကပေါ့၊ အဲဒီအင်္ဂါ ၄-ပါးနဲ့ ပြည့်စုံရင် မုသား ဖြစ်သွားပြီ။

ကောင်းပြီ၊ အဲဒီတော့ လိမ်လည်ပေမယ့်လည်း သူတစ်ပါးက မယုံဘူးတဲ့၊ ဒီလိုဆိုရင် ကမ္မပထမမြောက်ဘူးနော်၊ ယုံလည်းယုံတယ်၊ လိမ်ပြီးတော့ တစ်စုံတစ်ခု သော ကိစ္စအတွက် အကျိုးစီးပွားလည်း ပျက်တယ်ဆိုရင် ကမ္မပထမြောက်တယ်။

အဲဒီတော့ အမှန်အတိုင်းက သူတစ်ပါးအကျိုးစီးပွားပျက်မှ အပြစ်ကြီးတယ် ဆိုကြပါစို့၊ သူတစ်ပါးက မယုံဘူး၊ အကျိုးစီးပွား သိပ်မပျက်ဘူးဆိုရင် ဒီလောက် အပြစ်မကြီးဘူး၊ မဟုတ်မမှန် ပြောတာတော့ ပြောတာပေါ့၊ အခုခေတ်မှာ white lie ဆိုတာရှိတယ် မဟုတ်လား၊ သူတစ်ပါးစိတ်ချမ်းသာအောင် ပြောတာမျိုး ဘာမျိုးဟာ မုသာဝါဒတော့ မြောက်တယ်၊ ကမ္မပထမြောက်တဲ့ အပြစ်မကျူးဘူး။

အဲဒီတော့ တစ်ခါတလေတဖက်သားလည်း စိတ်ချမ်းသာအောင် အလွန် အကျွံကြီးလည်း မုသားမဖြစ်အောင်ဆိုပြီးတော့ white lie ဆိုတာမျိုးလေးတွေ တစ်ခါတစ်ခါ သုံးကြရတယ်ပေါ့၊ ပြီးတော့ ကိုယ်ပစ္စည်းလာရောင်းနေရင် ရှိလျက်နဲ့ မရှိဘူးလို့ ပြောလိုက်တယ်၊ အဲဒါမျိုးကတော့ အပြစ်မကြီးလှဘူးပေါ့၊ လိမ်တာတော့

[စာမျက်နှာ-107] လိမ်တာပဲ၊ ဘာကြောင့်လည်းဆို သူတစ်ပါးအကျိုးကို ပျက်စီးအောင်လုပ်တာ မဟုတ်တဲ့အတွက် ကြောင့်မို့ပေါ့၊ လိမ်တဲ့အခါမှာလည်း အလိမ်ခံရတဲ့သူရဲ့ သီလ အလိုက် အပြစ်အကြီး အသေးကလည်း ကွာသွားဦးမယ်ပေါ့။ ဒါက လိမ်လည်ပြောဆိုခြင်းတဲ့။

ပါဠိလေးတွေ မပြောခဲ့ရဘူးဖြစ်နေတယ်၊ ကာယကံတုန်းက (၁) သူ့အသက် သတ်တာက ပါဏာတိပါတ (၂) သူ့ဥစ္စာခိုးတာက အဒိန္နာဒါန (၃) ကာမေသုမိစ္ဆာစာရ ဒါကို ၅-ပါးသီလ ရွတ်တတ်ရင်ရပြီ။
(၂) ပိသုဏာဝါစာ - ကုန်းတိုက်ခြင်း
ဝစီကံ ၄-ပါးကတော့မရဘူး၊ ဝစီကံ ၄-ပါးမှာ (၁) မုသာဝါဒ (၂) ကုန်း တိုက်ခြင်း၊ ပါဠိလို ပိသုဏာဝါစာ။

ပိသုဏဆိုတာ ချောပစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီတော့ တစ်ဦးနှင့် တစ်ဦး ချစ်ခင်နေတာကို မိတ်ဆွေဖြစ်နေတာကို ချေဖျက်တတ်တဲ့ စကားမျိုးကို ပိသုဏာဝါစာတဲ့။

တစ်နည်းအားဖြင့်လည်း ပိသုဏမှာ ပိဆိုတာက ချစ်ခြင်း၊ သုဏကကျဉ်းသွားအောင်လုပ်တာ၊ အမှန်တော့ မထူးပါဘူး၊ ချစ်ခြင်းကျဉ်းသွားအောင် လုပ်တတ်တဲ့ စကားမျိုးကိုပိသုဏဝါစာ၊ ဒါကို မြန်မာလိုတော့ ချောပစ်ကုန်းတိုက်ခြင်းတဲ့။ ဒီလိုဆိုတယ်။

ချောပစ်ဆိုတာလည်း လူအများနားလည်တဲ့ စကားမဟုတ်ဘူး၊ လူဝတ်ကြောင်တွေ အနေနဲ့ နားလည်မယ့်သူအလွန်နည်းတယ်၊ ရှေးစကားကိုး၊ ဘုန်းကြီးတွေကတော့ ကျမ်းစာတွေ သင်နေရတော့ ရှေးစကားကိုလည်း အလိုလိုသိနေရတော့တာ။

ချောပစ်ကုန်းတိုက်ခြင်းဆိုတာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်တာမှာ ဟိုလူနဲ့ ဒီလူကွဲအောင် ဟိုလူပြောစကား ဒီလူ့ဆီပို့၊ ဒီလူ့ပြောစကား ဟိုလူ့ဆီပို့၊ အဲဒါမျိုးကို ချောပစ်ကုန်းတိုက်ခြင်းလို့ အဲသလိုခေါ်တယ်။

အဲဒီချောပစ်ကုန်းတိုက်ခြင်းက ဘယ်လိုလဲတဲ့၊ ခွဲအပ်သည်တဲ့။ မတည့်အောင် လုပ်အပ်တဲ့ပြုခြင်းပေါ့၊ မောင်ကကြီးနဲ့ မောင်ခကွေးမတည့်အောင် လုပ်တော့မယ်ဆို သူတို့နှစ်ယောက်ရှိရမယ်။

ပြီးတော့ သူတို့ရဲ့ ကွဲပြားမှုကို ရှေ့ရှုခြင်းတဲ့၊ ကွဲပြားမှုကို လိုလားခြင်းလို့ ဆိုလိုတယ်၊ ပြီးတော့ ကိုယ့်လူဖြစ်လာအောင်လုပ်လိုခြင်း၊ လုံ့လပြုခြင်း၊ အပြောခံရတဲ့ သူကလည်း သိခြင်း၊ ဒီမှာလဲ အင်္ဂါ ၄-ပါးပဲ၊ အဲဒီအင်္ဂါ ၄-ပါးနဲ့ ပြည့်စုံရင်ကမ္မပထ မြောက်တယ်တဲ့။

[စာမျက်နှာ-108] အဲဒီတော့ လူနှစ်ယောက်ကွဲအောင် လုပ်တော့မယ်ဆိုရင် သူတို့ကွဲစေလိုတာ လည်းပါတယ်၊ ကိုယ့်လူဖြစ်စေလိုတာလည်းပါတယ်၊ ဟိုလူရှေ့ ဒီဟာပြော၊ ဒီလူရှေ့ ဟိုဟာပြော၊ အပြောခံရတဲ့သူတွေကတော့ ကိုယ့်ကို သဘောကျတာပေါ့၊ သူတို့နှစ် ယောက်ကတော့ ကွဲရော၊ သူတို့နှစ်ယောက်လည်း ကွဲစေချင်တယ်၊ ကိုယ့်လူလည်း ဖြစ်စေချင်တယ်။

အဲသလို သူတို့နှစ်ယောက်က ကွဲစေလိုတဲ့စိတ် မပါပေမယ့်လို့ ရန်တိုက်စကား ပြောရင်တော့ ပိသုဏဝါစာတော့ဖြစ်မယ်၊ ကမ္မပထတော့ မမြောက်ဘူး၊ အပြစ်တော့ အလွန်ကြီးမကြီးဘူးပေါ့၊ သို့သော် မုသားဖြစ်မယ်။

ဒီမှာလည်းပဲ ပယောဂအားဖြင့် ပြောမယ်ဆိုရင် နှုတ်ပေါ့၊ ဝစီပယောဂကိုယ်တိုင် ပြောတာပဲ။ ဒါဖြင့် လက်ပြခြေပြန့်ကော မဖြစ်ဘူးလား၊ ဖြစ်နိုင်တာပဲ၊ သိတယ်ဆိုတာ အပြောခံရတဲ့သူက ဒါကို သိရှိနားလည်တာပဲ၊ အဲသလိုဖြစ်ရင် ပိသုဏဝါစာအင်္ဂါနဲ့ ပြည့်စုံတယ်။

တစ်ခါတလေကျတော့ တချို့လူတွေမှာ အလေ့ရှိတတ်တယ်၊ ဟိုပြောဒီပြော လျှောက်ပြောတတ်တယ်၊ ဘာရယ်လို့မဟုတ်ဘူး၊ အလေ့ဖြစ်နေလို့ပြောတာမျိုးလည်း ရှိတယ်၊ စေတနာနဲ့ပြောတာမျိုးလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ချောပစ် ကုန်းတိုက် ခြင်းပဲ။
(၃) ဖရုဿဝါစာ - ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း
နောက်တစ်ခုက ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ ဖရုဿဝါစာတဲ့၊ အသံအနေနဲ့ ကြမ်းတမ်းတယ်ရယ်လို့ မဟုတ်ဘူး၊ အနက်အဓိပ္ပါယ်ကြမ်းတမ်းတာ၊ စေတနာကြမ်းတမ်းတာပေါ့၊ ဆဲတာဆိုတာတွေကတော့ တကယ်ကြမ်းတမ်းတဲ့ စကားတွေပေါ့၊ ဒီလိုကြမ်းတမ်းတာ မဟုတ်ဘဲနဲ့ ကျိန်တာတွေ ရှိသေးတယ်။ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေနဲ့ အဲဒီလိုပေါ့၊ ရှေးတုန်းကတော့ ကျွဲခတ်သေပါစေပေါ့။ အခုခေတ်တော့ ကားတိုက်သေပါစေပေါ့၊ အဲဒီလို ကျိန်ဆိုတာတွေဟာ (ကိုယ့်ကိုကိုယ် ကျိန်တတ်တာတွေလည်းရှိသေးတယ်) ဖရုဿဝါစာ ကြမ်းတမ်းတဲ့စကားတဲ့၊ လွှသွားလိုပဲ တစ်ဖက်သားနားမခံသာဘူးပေါ့၊ အဲဒါကြောင့်မို့ ဖရုဿဝါစာလို့ ခေါ်တယ်။

ဖရုဿဝါစာရဲ့ အင်္ဂါတွေက ဘာတဲ့တုန်း၊ စိတ်ဆိုးခြင်း၊ စိတ်ဆိုးဖို့ပြောတာကိုး၊ စိတ်ဆိုးမှုပါရမယ်၊ အပြောခံရတဲ့သူ၊ အဆဲခံရတဲ့သူရှိရမယ်၊ ပြီးတော့ဆဲရေးခြင်း (သို့မဟုတ်) ကြမ်းတမ်းသောစကားကိုပြောခြင်းလုံ့လ၊ အဲဒီ ၃-ခုစုံရင် ကြမ်းတမ်းသော စကားဖရုဿဝါစာဖြစ်တယ်။

[စာမျက်နှာ-109] အဲဒီတော့လူမှာ sensitive spots လေးတွေရှိတတ်တယ်မဟုတ်လား၊ ဒါလေးတွေ ထိလိုက်ရင် ပိုနာတယ်၊ အဲဒါမျိုးကို စာတွေမှာ မမ္မလို့ခေါ်တယ်။ ဖရုဿဝါစာကို စာတွေမှာ ဘယ်လိုရေးသလည်းဆိုတော့ သေခြင်းကို ဖြတ်သလို ထိခိုက်အောင် ပြုတတ်တယ်တဲ့။

တစ်ခါတလေ အနာလေးဘာလေးဖြစ်တဲ့အခါကျတော့ သူကနည်းနည်း သူ့ကိုထိလိုက်ရင် အခြားနေရာထက် ပိုနာတယ်မဟုတ်လား၊ အဲဒါမျိုးလိုပဲ၊ မြန်မာ စကားရှိတယ်မဟုတ်လား၊ အနာပေါ်တုတ်ကျဆိုတာ၊ အဲသလို နေရာမျိုး သုံးလိုက်ရရင် ပိုနာတယ်၊ အဲသလို သေခြင်းကို ဖြတ်တတ်တဲ့အတွက် ထိခိုက်တတ်တဲ့ စကားကို ဖရုဿဝါစာတဲ့။

အဲဒီတော့ ဖရုဿဝါစာက တကယ်စေတနာကြမ်းမှ ကြမ်းတဲ့စေတနာနဲ့ ပြောမှသာ ဖရုဿဝါစာဖြစ်တယ်လို၊ တကယ်လို့ စကားက မကြမ်းတောင်မှ စေတနာက ကြမ်းရင်လည်း ဖရုဿဝါစာဖြစ်တာပဲ၊ ဘာလဲဆိုရင် အခုခေတ်လုပ်လေ့ ရှိတယ်၊ ကိုယ့်အိမ်မွေးထားတဲ့ခွေးကလေး ဘာလေးတွေ ဒုက္ခရောက်တဲ့အခါ သတ်ပစ်တယ်၊ put to sleep အိပ်အောင် လုပ်တယ်လို့ ဒီနိုင်ငံမှာ သုံးလေ့ရှိကြတယ်။ သူ့ကို အိပ်ခိုင်းလိုက်ပါဆိုရင် သတ်ခိုင်းတာပဲ။

အဲဒီလိုပြောတဲ့အချိန်မျိုးမှာ စကားလုံးကတော့ ကောင်းတယ်၊ မကြမ်းတမ်းဘူး။ သို့သော် စေတနာကတော့ သေစေချင်တဲ့ စေတနာပါတဲ့အတွက်ကြောင့် ဒါမျိုးကိုလည်း ဖရုဿဝါစာထဲ ထည့်ရတယ်။

တရားသူကြီးတွေလည်း ဒီအတိုင်းပဲ၊ ဒီတရားခံကို အိပ်အောင်လုပ်လိုက်ကြ သို့မဟုတ် တခြားစကားလုံးပေါ့၊ စကားလုံးအနေနဲ့တော့ မကြမ်းတမ်းဘူး၊ အဲဒီ အချိန်မှာခိုင်းတဲ့ စေတနာက ကြမ်းတမ်းတဲ့အတွက်ကြောင့် ဖရုဿဝါစာဖြစ်တယ်။ အဲဒီအချိန်မှာ ဒေါသမူစိတ် ရှိကိုရှိရမယ်၊ ဒေါသမူစိတ်နဲ့သာ အဲဒါမျိုးပြောလို့ရတယ်။

အလားတူပဲ၊ စကားလုံးကြမ်းတမ်းပေမယ့်လို့ စေတနာ တကယ်မကြမ်းတမ်း ရင်တော့ ဖရုဿဝါစာမဖြစ်ဘူးတဲ့။

မေး- ဒီလိုဆိုရင် တရားသူကြီးဟာ သူ့ရဲ့ လုပ်ငန်းဖြစ်လို့ သူ့တာဝန်သူထမ်းတဲ့အတွက် အပြစ်ကမလွတ်ဘူးလား။
ဖြေ - အပြစ်ရှိတာပဲ၊ အဘိဓမ္မာသဘောအရကတော့ ရှောင်လို့မရဘူး။

မေး - သူလုပ်စားတာ မဟုတ်ဘူးလား။
ဖြေ - သူလုပ်စားပေမယ့်လို့ ရှောင်မရဘူး၊ ဘာကြောင့်ဆို သူအမိန့်ချတာကိုး။

[စာမျက်နှာ-110] သူအမိန့်ချလို့သေရမှာ၊ သူ့မှာအပြစ်မလွတ်ဘူး၊ တရားသူကြီးလုပ်ရတာ သိပ်နေရာ မကျဘူး၊ ရှေ့နေလုပ်ရတာလည်း သိပ်နေရာမကျဘူး၊ အသက်မွေးဝမ်းကျောင်းတော့ ဟုတ်တယ်၊ ဒါပေမယ့် မလွတ်နိုင်ဘူး၊ ငါးသတ်စားတဲ့ တံငါလိုပဲ၊ ငါးသတ်တာ သူ့ အသက်မွေးဝမ်းကျောင်းပဲ၊ ဒါပေမယ့် ပါဏာတိပါတကတော့ မလွတ်နိုင်ဘူး။

ခုန စေတနာကြမ်းရင် စကားလုံးမကြမ်းပေမယ့်လည်း ဖရုဿဝါစာဖြစ်တယ်၊ ပြောင်းပြန်ပြန်လိုက်၊ စကားလုံးကြမ်းပေမယ့် စေတနာတကယ်မကြမ်းရင် ဖရုဿဝါစာမဖြစ်ဘူးတဲ့၊ တစ်ခါတလေ ဆရာမိဘတွေက တပည့်သားသမီးတွေကို စကားလုံးခပ်ကြမ်းကြမ်းနဲ့ ပြောတာတွေရှိတယ်။

ရှေးတုန်းကလူတစ်ယောက်က တခြားအရပ်ထွက်သွားမယ်ဆိုတော့ အမေက တားတယ်၊ မသွားနဲ့ဆို မရဘူး၊ ဇွတ်သွားတယ်၊ သွားတော့အမေက ကျိန်ဆဲ လိုက်တယ်၊ နင့်ကို ကျွဲခတ်ပြီး သေပါစေကျိန်လိုက်တယ်၊ သူဟာ တောထဲရောက် သွားတော့ တကယ်ကို ကျွဲနဲ့တွေ့ပြီး ကျွဲက သူ့ကိုခတ်ဖို့လိုက်ပါလေရော၊ အဲဒီ အခါမှာ သူကဓိဋ္ဌာန်လိုက်တယ်တဲ့၊ ငါ့အမေက ငါ့ကို တကယ်ကျွဲခတ်စေလိုတဲ့ စေတနာရှိရင် ဒီငါ့ကို ခတ်ပါစေပေါ့၊ အဲသလို စေတနာမပါရင် ငါ့ကို ကျွဲမခတ်နိုင်ပါစေနဲ့ဆိုတော့ ကျွဲက ရှောင်သွားတယ်တဲ့။

အဲသလို စိတ်ဆိုးပြီး အမှတ်တမဲ့ မထိန်းချုပ်လို့ပြောမိတာ၊ တကယ်တော့ ကိုယ့်သားကို သေစေချင်တဲ့ စေတနာ ဘယ်ပါမလဲ၊ အဲဒါမျိုးကျတော့ ဖရုဿဝါစာ မဖြစ်ဘူး၊ စိတ်ဆိုးတဲ့အတွက်ပြော မိတာကတော့ အကုသိုလ်ပါသွားတာပေါ့၊ သို့သော် ကမ္မပထမြောက်တဲ့ ဖရုဿဝါစာ မဖြစ်ဘူး၊ အကောင်းဆုံးကတော့ ကြမ်းတမ်းတဲ့စကားလုံးဆိုရင် ဘယ်တော့မှ မသုံးရင် အကောင်းဆုံးပဲ၊ ကိုယ့်အချင်း ချင်းဖြစ်စေ၊ သူများနဲ့ဖြစ်စေ၊ ချိုချိုသာသာပြောတာ အကောင်းဆုံးပဲ၊ ကိုယ်လည်း လူချစ်လူခင်များတယ်။

ကြမ်းကြမ်းတမ်းတမ်း စကားဆိုတာကတော့ ကိုယ်လည်း နားမထောင်ချင်ဘူး၊ သူများလည်း ဒီလိုနေမှာပဲ၊ အဲဒါကြမ်းတမ်းသောစကားပြောဆိုရခြင်း ဖရုဿဝါစာတဲ့။

(၄) သမ္ဖပ္ပလာပ - သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း
နံပတ် ၄-က သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းတဲ့၊ စပါးတွေ ဘာတွေ မကောင်းရင် ဖျင်းတယ်လို့ သုံးတယ် မဟုတ်လား၊ အဲသလိုပဲ သိမ်ဖျင်းတယ် ဆိုတာ အနက်အဓိပ္ပါယ်မရှိတာ၊ အကျိုးမရှိတာလို့ ဆိုလိုတယ်၊ အနက်အဓိပ္ပါယ် မရှိတဲ့စကား၊ စီးပွားချမ်းသာကို မဖြစ်စေနိုင်တဲ့ (သို့မဟုတ်) ဖျက်ဆီးတတ်တဲ့ စကားမျိုး၊ သမ္ဖပ္ပလာပဆိုတာ ဗရမ်းဗတာ လျှောက်ပြောတာ၊ သိမ်ဖျင်းတဲ့စကား

[စာမျက်နှာ-111] ပြောဆိုတာ၊ သိမ်တယ်ဆိုတာ အနှစ်အဆံမပါတာ၊ ဒဏ္ဍာရီတို့ ဝတ္ထုတို့ဘာတို့တွေဟာ ဒီထဲအကုန်အကျုံးဝင်တာပဲ။

သို့သော် ဒီလိုတော့ရှိပါတယ်၊ နောက်တော့ လာလိမ့်ဦးမယ်၊ အကျိုးမဲ့ အနှစ်မဲ့စကားကို ရှေ့သွားပြုတာရယ်၊ ပြောဆိုတာရယ်၊ ဒီနှစ်ခုပါရမယ်၊ ဟိုတစ်ဖက် သားယုံကြည်မှ ကမ္မပထမြောက်တယ်၊ တစ်ဖက်သားက မယုံကြည်ရင်တော့ ကမ္မပထမမြောက်ဘူးပေါ့လေ၊ ဒါပေမယ့်လည်း အကျိုးမရှိတဲ့စကား ပြောရတာ အကျိုးမရှိ ဖြစ်တာပဲ။

အဲဒီတော့ ဒဏ္ဍာရီတို့ ကွက်စိပ်တို့ စာပြောဆရာတို့ ရှေးတုန်းက ရှိတယ် မဟုတ်လား၊ အခုခေတ်တော့ မြန်မာပြည်မှာ မရှိတော့ဘူးထင်တယ်။

မေး - ဗလွတ်ရွှတ်တတွေ လျှောက်ပြောတာကော သမ္ဖပ္ပလာပဖြစ်ပါသလား။
ဖြေ - အဲသလို လျှောက်ပြောတာလည်း သမ္ဖပ္ပလာပဖြစ်တယ်။

အဲဒီတော့ ဦးဇင်းတို့ စာတွေမှာ သိပ်ပြီးတော့ မတရားတဲ့သဘောလေးတွေ ရှိတယ်နော်၊ ဘာကြောင့်လဲဆိုတော့ သမ္ဖပ္ပလာပနဲ့ ပတ်သက်ပြီးပြောလိုက်ရင် သီတာမိဖုရားဝတ္ထုတို့၊ ရာမနဲ့ သီတာဝတ္ထု မဟာဘာရတဝတ္ထုတို့ ပြောလိုက်ရင် သမ္ဖပ္ပလာပဖြစ်တယ်ဆိုပြီး စာတွေမှာ ပယ်တာရှိတယ်၊ ဟိန္ဒူတွေအနေနဲ့ဆိုရင် ဘယ်ခံနိုင်မလဲ။

သီတာဝတ္ထုတို့ကျတော့ သဘောထားကြီးကြီးနဲ့ ပြောရမယ်ဆိုရင် သူတို့ ကလည်း ဟုတ်တယ်ထင်လို့ ပြောနေတာပဲ၊ တကယ်ယုံကြည်ပြီး ပြောနေတာဆိုတော့ မဆိုးဘူးလို့ ထင်တာပဲ၊ အဋ္ဌကထာတွေကတော့ အမြင်တစ်မျိုးရှိတာပေါ့လေ။ သီတာမိဖုရားအကြောင်းတို့ဟာ ဒဏ္ဍာရီတွေ၊ အဟုတ်ဖြစ်ခဲ့တာမဟုတ်ဘူး၊ ယုံတမ်း စကားတွေ၊ ဒိပြင်ဝတ္ထုတွေ အကုန်လုံးလည်း ဒီထဲအကုန်ပါတာပဲ၊ သို့သော် တစ်ဖက်သားက မယုံဘူးဆိုရင် သိပ်အပြစ်မကြီးဘူး ဆိုရမှာပေါ့။

အဲသလို မယုံတော့ အပြစ်မကြီးဘူးပေါ့၊ အမှန်ကတော့ ဒါတွေ ဖတ်၊ နားထောင် ပြောပြီးနေတော့ အချိန်ကုန်ပြီး ကုသိုလ်မရဘူးပေါ့လေ၊ ဒါအတွက်ပါပဲ။

မေး - အချိန်ကို တရားဘက်သုံးရမှာလို့ ထင်ပါတယ်။

ဖြေ - ဟုတ်တယ်၊ အချိန်ကို တရားဘက်သုံးရမှာ၊ မသုံးဘဲနဲ့ ဒါတွေပြောဆိုနားထောင်ပြီး အချိန်ကုန်အောင်လုပ်တာပေါ့။

တစ်ခါတလေ အကျိုးရှိအောင်လို့ကြံဖန်ပြီး ပြောရတာမျိုးလေးတွေ ရှိတတ်တယ်၊ တကယ်ဖြစ်ခဲ့တာ မဟုတ်ပေမယ့် တကယ်ဖြစ်ခဲ့သလိုကို လုပ်ပြီးဟောတာ၊

[စာမျက်နှာ-112] ရှေးတုန်းက စကားပုံတွေရှိတယ်၊ တချို့ဟာတွေက တကယ်ဖြစ်ခဲ့တာ၊ တချို့ဟာ တွေက တကယ်မဖြစ်ခဲ့ဘဲနဲ့ ကြံဖန်ပြီးပြောတာတွေလည်း ရှိနိုင်တယ်၊ သို့သော် ဒါကတော့ သူတပါးအကျိုးရှိအောင် ပြောတာမို့ ကမ္မပထမြောက်တဲ့ သိမ်ဖျင်းတဲ့ စကားမျိုးတော့ဖြစ်မှာ မဟုတ်ပါဘူး၊ အတတ်နိုင်ဆုံးတော့ ဒါတွေ ဆင်ခြင်ရင် ကောင်းတာပေါ့၊ နားထောင်တဲ့သူမှာ အကျိုးရှိရင် သိမ်ဖျင်းတဲ့စကားလို့ မဆိုနိုင်ဘူး။

ဒါကြောင့်မို့ ဝစီကံ ၄-ပါးတဲ့ မုသာဝါဒ၊ ပိသုဏာဝါစာ၊ ဖရုဿဝါစာ၊ သမ္ဖပ္ပလာပတဲ့၊ ဝစီဒုစရိုက် ၄-ပါးလို့လည်းသုံးတယ်နော်၊ သူတို့ကို ဒုစရိုက်လို့ ခေါ်တယ်၊ ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါး။

အဲဒီဝစီ ၄-ပါးက ဝစီ ၄-ရပ်လို့ခေါ်တဲ့ ဝစီဒွါရမှာ များသောအားဖြင့် ဖြစ်တတ်သောကြောင့် ဝစီကံလို့ခေါ်တယ်၊ ကာယဒွါရမှာလည်း အနည်းငယ် ဖြစ်နိုင် သေးတယ်နော်။

စာတွေမှာ ရေးတာ ရှိတယ်နော်၊ ကျီးတွေဘာတွေ ခြောက်ချင်တဲ့အခါမှာ လက်ထဲခဲမပါဘဲနဲ့ ခြောက်တာ၊ ဒါလည်း မုသာဝါဒ မလွတ်ဘူးတဲ့နော်၊ မဟုတ် မမှန်တာ လုပ်တာတဲ့။

ဘုရားလောင်း ပါရမီတွေ ဖြည့်ခဲ့စဉ်က အဲဒီ ကမ္မပထမြောက်တဲ့ မုသာဝါဒ တော့ဘယ်တော့မှ မသုံးခဲ့ဘူးတဲ့၊ တခြားသိက္ခာပုဒ်တွေသာ ကျိုးချင်ကျိုးမယ်၊ ဆိုပါတော့ပါဏာတိပါတ ကျိုးချင်ကျိုးမယ်၊ အဒိန္နာဒါန ကျိုးချင်ကျိုးမယ်၊ မုသာဝါဒတော့ မကျိုးဘူးတဲ့၊ တကယ့်ကို တိုက်ရိုက်လိမ်ပြောတာမျိုး ဘယ်တော့မှ မရှိဘူး၊ အဲဒါဝစီကံ ၄-ပါး။

ဒီကိစ္စဟာ လုံးဝသန့်ရှင်းအောင်လုပ်ဖို့ မလွယ်ဘူး၊ တစ်ခါတစ်ခါလည်း ပြောမိကြတာပဲ၊ တရားမှတ်နေတုန်းတောင်မှ တရားစစ်တဲ့အခါမှာ လိမ်တာတွေ ဘာတွေ ဖြစ်နိုင်သေးတယ်၊ သူများပြောလို့ကြားတာလေး မှတ်ထားပြီး ကိုယ်က တကယ်ဖြစ်သယောင် တရားရသယောင် ပြောမိတာ။

ဒါကြောင့် တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာ သေသေချာကြည့်ရင် တစ်ခုက ဘာလဲဆိုတော့ in truth ရိုးသားရမယ်ဆိုတာပါတယ်၊ အဲဒါပဲ အရေးကြီးတယ်။ ဝစီကံ ၄-ပါးပြီးသွားပြီ။

မနောအကုသိုလ်ကံ ၃-ပါး
မနောကံ ၃-ပါးတဲ့၊ မနောဆိုတာ စိတ်၊ ဒီနေရာမှာတော့ မနောအရ အကုသိုလ်စိတ်ပေါ့၊ မနောဒွါရဖြစ်တဲ့ ကံ ၃-ပါးရှိတယ်၊ သူ့ကျတော့ ကာယကံ ဝစီကံ မပါတော့ဘူး၊ ကာယဒွါရမှာ မဟုတ်တော့ဘူး၊ ဝစီဒွါရမှာ မဟုတ်တော့ဘူး၊

[စာမျက်နှာ-113] မနောဒွါရမှာသာ စိတ်ထဲမှာသာ ဖြစ်တယ်။

သူ့အကြောင်းပြုပြီးတော့ ကာယကံ ဝစီကံဖြစ်နိုင်တာပေါ့။ သို့သော် သူ့အတွက် သက်သက်ကတော့ စိတ်ထဲမှာသာ ဖြစ်နိုင်တယ်၊ အဲဒီ မနောကံက ၃-ပါးတဲ့။
(၁) အဘိဇ္ဈာ - သူတပါးစည်းစိမ်ကို မတရားယူလိုမှု
ပထမဟာက အဘိဇ္ဈာတဲ့၊ အဘိဇ္ဈာဆိုတာ မြန်မာစကားလုံးလိုတောင် ဖြစ်နေပြီ၊ အဘိဇ္ဈာအားကြီးတယ် ဘာတယ်နဲ့ ပြောလေ့ရှိတယ်၊ အဘိဇ္ဈာဆိုတာ သူတပါးစည်းစိမ်ကို မတရားယူလိုမှုတဲ့၊ သူတပါးစည်းစိမ်ကို မြင်တဲ့အခါ ကျတော့ သူတပါးပစ္စည်းကို ငါ့ပစ္စည်းဖြစ်ရင် ကောင်းမှာပဲလို့ အဲဒီလို မတရား ယူချင်တယ်၊ သာမန်တောင်မဟုတ်ဘူး၊ တကယ့်ကို လိုချင်တယ်။ အဲဒီလိုဟာကို အဘိဇ္ဈာလို့ ခေါ်တယ်။

အဘိဇ္ဈာလို့ခေါ်တဲ့ လောဘကမတရားတဲ့ လောဘပေါ့၊ သူများက သူတို့ရဲ့ ချွေးနဲ့သွေးနဲ့ ရှာထားတဲ့ပစ္စည်း ကိုယ်က ကိုယ့်ပစ္စည်း လုပ်ချင်တာကိုး။

ဒါကြောင့် ဝိသမလောဘဆိုတာလည်း ဒါပဲ၊ အဘိဇ္ဈာလိုပဲ၊ အဘိဇ္ဈာရဲ့ စကားလုံးအနက် ကတော့ သူတပါးပစ္စည်းကို ရှေ့ရှုကြံတယ်လို့ ဒီလိုဆိုတာ။

ရှေ့ရှုကြံတယ်ဆိုတာက အဲဒီပစ္စည်း ငါ့ပစ္စည်းဖြစ်ရင်ကောင်းမှာပဲ၊ ငါ့ပစ္စည်း ဖြစ်ပါတော့၊ အဲဒီလိုမျိုး၊ တစ်ခါတလေ ပိုက်ဆံရှိတဲ့သူတွေ အိမ်ကြီး အိမ်ကောင်းတွေ မြင်ရရင် အဲသလိုမျိုးဖြစ်တတ်တယ်။

ဒါကြောင့်မို့ ဒီနေရာမှာ ဦးဇင်းတို့က စိတ်ထားပြတ်တယ်၊ တစ်ဝမ်းတစ်ခါး လေးစားရဝတ်ရဖို့မှာ သူ့ခမြားများ ရိုးရိုးသားသားနဲ့ မဖြစ်နိုင်ကြဘူး၊ အမျိုးမျိုးစိတ်တွေ ဖြစ်တယ်၊ commercial လုပ်ငန်းတွေမှာပေါ့။

ပစ္စည်းလေးတစ်ခုကို စာလုံးလေးသေးသေးနဲ့ ရေးထားတာကတစ်မျိုး၊ စာလုံး ကြီးနဲ့ ရေးထားတာကတစ်မျိုး မဟုတ်လား၊ တကယ်လိမ်သလားဆိုတော့ တိုက်ရိုက် ကြီး ဥပဒေအရ မလိမ်ဘူး၊ အဲဒီတော့ လှည့်ပတ်တာပဲ၊ ဒါပေမယ်လို့ လိမ်တာ ဘာမှမဖြစ်ဘူး၊ လိမ်တာဘယ်သူမဆို သိတယ်၊ ဥပဒေဘောင်အတွင်းက သုံးနိုင်ရင် သုံးတော့၊ အဲသလိုမျိုး။

ဦးဇင်းတို့ မြန်မာပြည်မှာက ဒီလောက်မညာဘူး၊ ရိုးရိုးပေါ့လေ၊ ကျွန်တော့ ပစ္စည်းကောင်းပါတယ်ဆိုတာမျိုးတော့ အရေးမကြီးဘူး။

ဆိုပါတော့ ပစ္စည်းတစ်ခုမှာလိုက်တယ်၊ ဒီပစ္စည်းက ဘယ်လောက်ကျတယ်။ နည်းနည်းလေးလျှော့ထားတယ်၊ handling ကျတော့ ပိုယူလိုက်တယ်၊ အဲဒီတော့

[စာမျက်နှာ-114] ပစ္စည်းတွေအတွက်ပါ ယူလိုက်တာနဲ့ အတူတူလို ကျသွားတယ်၊ အဲဒါမျိုးတွေ ရှိတယ်။

ပစ္စည်းတစ်ခုကို list price က ဘယ်လောက်၊ ပြီးတော့ your price က ဘယ်လို၊ တကယ်တော့ list price ကို ပေးမဝယ်ဘူး၊ ဘယ်သူမှလည်း မရောင်းဘူး၊ သက်သက်ညာနေတာ၊ ဝယ်တဲ့လူကလည်း ညာမှန်းသိတယ်၊ ဘာဖြစ်လို့ ညာနေသလဲ၊ သူလည်းသိ ကိုယ်လည်းသိ ဒါဖြုတ်လိုက်ဖို့ကောင်းတယ်၊ သက်သက်မဲ့ လှန်ကြည့်နေရတာ၊ list price က ဘယ်လောက်၊ ဒါပေမယ်လို့ ငါက မင်းတို့ကို ဒီလောက်နဲ့ ရောင်းတာ၊ ဒီလိုလုပ်နေကြတာပဲ၊ ဒါကြောင့်မို့ ဒီနိုင်ငံက မလွယ်ဘူးဟေ့၊ တစ်ဝမ်းတစ်ခါး စားရဖို့ ရိုးရိုးသားသားကို လုပ်ဖို့ မလွယ်ဘူးလို့၊ အဘိဇ္ဈာကနေ ဆက်သွားတာ၊ ကိုင်း၊ သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှုတဲ့ အဘိဇ္ဈာ၊ လောဘသာမန် မဟုတ်ဘူးပေါ့၊ ဆိုးတဲ့လောဘ၊ မတရားတဲ့လောဘ။
(၂) ဗျာပါဒ - သူတစ်ပါးပျက်စီးသေစေရန် ကြံစည်မှု
ဗျာပါဒ၊ ဗျာပါဒဆိုတာ သူတစ်ပါးပျက်စီးသေစေရန် ကြံစည်မှုတဲ့၊ သူတစ်ပါး ပျက်စီးအောင်ကြံစည်တာ၊ ဒီကောင်တော့ သေရင်ကောင်းမှာပဲ၊ ဘယ်တော့များ သေပါ့မလဲ၊ သေပါစေလို့ ဒီလိုစိတ်ထဲက ကြံတာမျိုး၊ အဲဒါမျိုးကို ဗျာပါဒ ခေါ်တယ်၊ လူတင်မဟုတ်ပါဘူး၊ တိရစ္ဆာန်ကြံလည်း ဒီလိုပဲ၊ ဗျာပါဒခေါ်တယ်။ ဗျာပါဒမှာ ဒေါသပါတယ်။

အဲဒီလို သေစေလိုတဲ့ အကြမ်းစားဒေါသကို ဗျာပါဒလို့ခေါ်တယ်၊ စိတ်ဆိုးရုံ သက်သက်နဲ့ ကမ္မပထမမြောက်ဘူး၊ ဗျာပါဒတော့ဖြစ်တယ်။

အဘိဇ္ဈာရဲ့ အင်္ဂါကတော့ သူတပါးဥစ္စာဖြစ်ခြင်းအပေါ် မိမိဥစ္စာဖြစ်လိုခြင်း၊ အခုဗျာပါဒကျတော့ ဒေါသထွက်စရာ သတ္တဝါဖြစ်စရာဖြစ်ခြင်းရယ်၊ သူ့ရဲ့ ပျက်စီးမှုကို ကြံစည်ခြင်းရယ်၊ အဲဒါဗျာပါဒတဲ့၊ အဲဒါလည်း မဖြစ်အောင်တော့ ကြိုးစားကြပေါ့။

လူဆိုတာ သူ့ကံနဲ့သူပဲ၊ သူများဆဲတာခံရလည်း ကိုယ်ကံပေါ့၊ နောက်ဘဝက ကိုယ့်အကုသိုလ်ရှိလို့ ခံရတယ်လို့ ဒီလိုပဲ တွက်ရမယ်။

သေတာကို သဘောကျတယ်ဆိုတော့ ပထမတော့ ဒေါသပါမယ်၊ ဝမ်းမြောက် ဝမ်းသာဖြစ်တာကတော့ နောက်တစ်ဆင့် ဖြစ်မယ်၊ စ၊ စချင်းကတော့ ဒေါသပဲ ဖြစ်မယ်၊ ကြာရင်တော့ ဒေါသတော့ဖြစ်မယ်ပေါ့လေ၊ ကံတော့မဟုတ်ဘူး၊ ဗျာပါဒကံ ထိအောင်တော့ မရောက်ပေဘူးထင်တယ်၊ အကုသိုလ်တော့ဖြစ်တယ်၊ အကုသိုလ်ဖြစ် တိုင်းလည်း ကံမဖြစ်ဘူး၊ ကမ္မပထမမြောက်ဘူးပေါ့။
(၃) မိစ္ဆာဒိဋ္ဌိ - အယူမှားမှု
(၃) မိစ္ဆာဒိဋ္ဌိ အယူမှားမှုတဲ့၊ မှားသောအယူရှိတဲ့အခါ ဗုဒ္ဓဘာသာအနေနဲ့

[စာမျက်နှာ-115] ဗုဒ္ဓဘာသာဘက်က ကြည့်ပြီး မှားတယ်လို့ ဆိုရမှာပေါ့လေ၊ မှားသောအယူ။

မှားသောအယူဆိုတာ ဘယ်လိုဟာတွေတုန်းတဲ့၊ လောကမှာ တွေ့မြင်နေတဲ့ အရာဝတ္ထုတွေ ပုဂ္ဂိုလ်သတ္တဝါတွေ မြဲတယ်လို့ ယူတာမျိုး၊ ချမ်းသာတယ်လို့ယူတာမျိုး၊ အတ္တလို့ဆိုတဲ့အသက်ကောင် ဝိညာဉ်ကောင်လေး ရှိတယ်လို့ ယူတာမျိုး စသည်ပေါ့၊ အဲသလို ယူတာမျိုးကို မိစ္ဆာဒိဋ္ဌိခေါ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ ဝိညာဉ် ဆိုတဲ့ ခန္ဓာငါးပါးကို အတ္တလို့ စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိမျိုး၊ တခြားအယူမှားတာတွေ မှန်သမျှကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။

အဲဒီတော့ မိစ္ဆာဒိဋ္ဌိဆိုတာ စိတ်ပိုင်းတုန်းက ဒိဋ္ဌိဂတသမ္ပယုတ္တ၊ မိစ္ဆာဒိဋ္ဌိနဲ့ ယှဉ်တယ်ဆိုတာ ပြောခဲ့တယ်၊ ပြီးတော့ကံ ကံ၏အကျိုး မရှိဘူး၊ ဒါတွေလည်း လာလိမ့်မယ်။

ကောင်းပြီ၊ အဲဒီမိစ္ဆာဒိဋ္ဌိက အမျိုးမျိုးရှိသော်လည်းပဲ ဒီမှာ အရေးတကြီးမှတ်ဖို့က ၃-ခုရှိတယ်၊ အဲဒါတော့ရေးပြီးမှတ်ကြ ဒီစာရွက်ထဲတော့ ထည့်ရေးမထားဘူး။

ပထမ နတ္ထိကဒိဋ္ဌိတဲ့၊ ဒုတိယ အဟေတုကဒိဋ္ဌိ၊ တတိယက အကိရိယဒိဋ္ဌိ။

အဲဒီတော့ မိစ္ဆာဒိဋ္ဌိရဲ့ အင်္ဂါမှာ ဘာလဲဆိုရင် ယူအပ်တဲ့ ဝတ္ထုရဲ့ မမှန်ခြင်းရယ်၊ အဲဒီ မမှန်ကန်သည်၏ အဖြစ်ဖြင့် စိတ်ထဲမှာ စွဲမြဲထင်ခြင်းရယ်၊ ဒါကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်၊ မိစ္ဆာဒိဋ္ဌိရဲ့ ကမ္မပထမြောက်သွားတယ်။

အဲဒီလိုရှိရာမှာ ခုနကပြောခဲ့တဲ့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ သုံးပါးတို့သာလျှင် ကမ္မပထမြောက်တယ်၊ တခြားဒိဋ္ဌိက ကမ္မပထမမြောက်ဘူး၊ ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ။

ဆိုပါတော့၊ သင်္ခါရတရားတွေမြဲတယ်လို့ယူတယ်၊ ချမ်းသာတယ်လို့ ယူတယ်၊ ဒါလည်းပဲ မိစ္ဆာဒိဋ္ဌိ၊ ဒါပေမယ်လို့ အဲဒါက ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိမဟုတ်ဘူး။

ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိက ဒီ ၃-မျိုးပဲ၊ နတ္ထိကဒိဋ္ဌိဆိုတာဘာလဲ။ လင်္ကာလေး ရေးလိုက်ကြဦး။

> “နတ် ကျိုး အ,ကံ၊ ဟေနှစ်တန်တဲ့”

နတ်ကျိုးဆိုတာ၊ နတ္ထိကဒိဋ္ဌိဟာ အကျိုးကို တားမြစ်တယ်၊ အကျိုးကို ပယ်တယ်၊ အကျိုးမရှိဘူးတဲ့၊ မင်းလုပ်သမျှဟာတွေ အကျိုးဘာမှမရဘူးလို့ အဲသလို အကျိုးကိုပယ်တဲ့ ဒိဋ္ဌိမျိုးကို နတ္ထိကဒိဋ္ဌိလို့ခေါ်တယ်။

[စာမျက်နှာ-116] ဘာလုပ်လုပ်အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်းကောင်းကျိုးမရှိဘူး၊ မကောင်း တာလုပ်လည်း မကောင်းကျိုးမရှိဘူး၊ အဲသလိုပြောတဲ့ ဒိဋ္ဌိမျိုးကို နတ္ထိကဒိဋ္ဌိတဲ့၊ အဲဒီ နတ္ထိကဒိဋ္ဌိကို ပါဠိတော်တွေထဲမှာ ဟိုသုတ်၊ ဒီသုတ်တွေမှာ ခဏခဏဟောထားတယ်၊ “နတ္ထိဒိန္နံ” ပေးလှူ၍ အကျိုးမရှိဘူး၊ နတ္ထိယိဋ္ဌိဆိုတာ အလှူကြီးပါပဲ၊ ရှေးတုန်းကတော့ ဒီလိုပဲ ပေးလှူတာက တစ်မျိုး၊ ယဇ်ပူဇော်တယ်လို့ ခေါ်တဲ့ လှူတာကတစ်မျိုး၊ ပြီးတော့ ခပ်နည်းနည်းလှူတာ တစ်မျိုးဆိုပြီးတော့ လှူတာကို ၃-မျိုးခွဲတယ်။

အဲဒီတော့ ပေးလှူခြင်းရဲ့ အကျိုးမရှိဘူး၊ ယဇ်ကြီးပူဇော်ရခြင်းရဲ့ အကျိုးမရှိဘူး၊ ယဇ်ငယ်ပူဇော်ရခြင်းရဲ့ အကျိုးမရှိဘူး၊ အလှူအတန်းကြီးလုပ်လည်း အကျိုးမရှိဘူး၊ အလှူအတန်းလေးလုပ်လဲ အကျိုးမရှိဘူးပေါ့၊ အဲသလိုပြောတာ။

ပြီးတော့
* နတ္ထိ သုဂတဒုဂ္ဂတာနံ ကမ္မာနံ ဖလံ ဝိပါကော - ကောင်းမှု မကောင်းမှုတို့ရဲ့ အကျိုးပေး အကျိုးဆက်ဆိုတာ မရှိဘူး၊ ကောင်းမှုလုပ်လည်း ကောင်းကျိုးမရဘူး၊ မကောင်းမှုလုပ်လည်း မကောင်းကျိုးမရဘူး။
* နတ္ထိအယံ လောကော - ဤဘဝဆိုတာလည်း မရှိဘူး၊ ဆိုလိုတာက ဟိုဘဝသတ္တဝါတွေသေပြီး ဒီဘဝရောက်လာတယ်ဆိုတာလည်း မရှိဘူး၊ နတ္ထိပရောလောကော - ဒီဘဝ၌သေပြီးနောက်ဘဝဆိုတာလည်း မရှိဘူး။
* နတ္ထိမာတာ - အမေဆိုတာလည်း မရှိဘူး၊ အမေ့ဂုဏ်ကျေးဇူးတွေ ဘာတွေလည်း မရှိဘူး။
* နတ္ထိပိတာ - အဖေဆိုတာလည်း မရှိဘူး။
* နတ္ထိသတ္တာ ဩပပါတိကာ - ဥပပါတ် ပဋိသန္ဓေဆိုတာ ပဋိသန္ဓေ မနေရဘဲ နတ်တွေလို ဘွားကနဲဖြစ်တာမျိုးကို ခေါ်တယ်၊ လူလိုအမိဝမ်းမှာ မနေရဘဲနဲ့ပေါ့၊ အဲဒီလို ဥပပါတ် ပဋိသန္ဓေနေရတဲ့ နတ်တွေ ဗြဟ္မာ ဆိုတာလည်း မရှိဘူးလို့ ယူရမယ်။
* နတ္ထိလောကေ သမဏဗြဟ္မဏာ သမ္မဂတာ၊ သမ္မာပဋိပန္နာ ယေဣမဉ္စ လောကံ၊ ပရလောကံ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ - ဒီလောက နောက်လောကကို ကိုယ်တိုင်သိပြီး ပြောဟောနိုင်တယ်ဆိုတဲ့ ရဟန်း၊ ပညာရှိ ပုဏ္ဏားတို့ ဆိုတာလည်း မရှိဘူးတဲ့ဆိုတော့ မြတ်စွာဘုရားဟာ ဒီဘဝနောက်ဘဝတွေကို သိပြီးဟောပြောတယ်ဆိုတာလည်း မယုံဘူးပေါ့။

[စာမျက်နှာ-117] အဲသလို ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်ဆိုလို့လည်း မရှိဘူးလို့ ဒီလိုယူဆတာမျိုးကို နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ ဒါဟာ မိစ္ဆာဒိဋ္ဌိ ၁၀ မျိုးလို့လည်း သုံးလေ့ရှိတယ်။

အခုခေတ်ဆိုရင် ရုပ်ဝါဒသမားတွေမှာ ဒီအယူရှိတယ်ပေါ့၊ ကောင်းတာလုပ် လည်းပဲ အရေးမကြီးဘူး၊ မကောင်းတာလုပ်လည်းပဲ အရေးမကြီးဘူး၊ ဒါဟာ နတ္ထိကဒိဋ္ဌိတဲ့။

ဒါကြောင့် နတ္ထိကဒိဋ္ဌိဟာ ဘယ်လိုပယ်သလဲလို့ပြောရင် အကျိုးဝိပါက်ကို ပယ်တယ်၊ အကျိုးကိုပယ်ရင်း အကြောင်းကိုလည်း ပယ်ရာရောက်တာပဲ၊ အကျိုးမရှိဘူး ဆိုရင် အကြောင်းလည်းမရှိဘူးဆိုရာရောက်တော့ အမှန်ကတော့ နှစ်ခုလုံး ပယ်ရာရောက်တာပဲ၊ သို့သော် ပဓာနအားဖြင့်တော့ သူက အကျိုးကိုပယ်တယ်။

အကံဆိုတာက အကိရိယအတွက်ပြောတာ၊ ဒုတိယဟာက အဟေတုက၊ ထိုနှစ်တန်တဲ့ ထိုဆိုတာက အဟေတုကဒိဋ္ဌိက အကြောင်းလည်းမရှိဘူး၊ အကျိုးလည်း မရှိဘူး၊ နှစ်ခုစလုံးပယ်တာ။

သတ္တဝါတွေ ဖြစ်လာဖို့ရာအကြောင်း မရှိဘူး၊ သတ္တဝါတွေ ညစ်နွမ်းဖို့လည်း အကြောင်းလည်း မရှိဘူး၊ အကြောင်းမရှိဘဲနဲ့လည်း သတ္တဝါတွေဖြစ်လာရတယ်။ ဒီလို ယူဆတာမျိုးကို အဟေတုကဒိဋ္ဌိလို့ခေါ်တယ်။

ဒါဖြင့် စိတ်ဓာတ်စင်ကြယ်ဖို့ရန် ကမ္မဋ္ဌာန်းထိုင်ဖို့လည်း မလိုဘူး၊ စိတ်ဓာတ် ညစ်နွမ်းဖို့ရန် ဘာမှလည်း လုပ်နေစရာမလိုဘူး၊ အကြောင်းမဲ့ပဲ စိတ်ဓာတ်ညစ်နွမ်းမှု ဖြစ်မယ်၊ အကြောင်းမဲ့ပဲ စိတ်ဓာတ်စင်ကြယ်မှု ဖြစ်မယ်ပေါ့ လေ။

အကြောင်းမရှိဘဲ အထောက်အပံ့မရှိဘဲ လူတွေဟာ စင်ကြယ်သွားမယ်။ ညစ်နွမ်းသွားမယ်၊ အဲဒီလို ယူဆတဲ့ အယူမျိုးကို အဟေတုကဒိဋ္ဌိတဲ့၊ စကားလုံး အဓိပ္ပါယ်နဲ့ မှတ်လို့ကို မရဘူး၊ ဒီလိုကို မှတ်ယူရမယ်။

ဟေတုဆိုတာ အကြောင်း၊ အဟေတုဆိုတာ အကြောင်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ၊ သို့သော် ဒီနေရာမှာ အဟေတုကဒိဋ္ဌိက အကြောင်းကော အကျိုးပါ မရှိဘူးလို့ ယူဆတဲ့ ဒိဋ္ဌိပဲ၊ ဒီဒိဋ္ဌိမျိုး ယူခဲ့တဲ့ ဒိဋ္ဌိဆရာကြီးတွေ မြတ်စွာဘုရားလက်ထက်မှာလည်းရှိခဲ့ပါတယ်၊ ဒီမှာလည်းပဲ အကြောင်းရောအကျိုးရောမရှိဘူးလို့ပယ်တာနဲ့ အတူတူပါပဲ။

ကောင်းပြီ၊ နောက်တစ်ခုကဘာလဲ၊ အကိရိယဒိဋ္ဌိတဲ့၊ အကိရိယဒိဋ္ဌိဆိုတာ အ ကံဆိုတော့ ကံကိုပယ်တယ်ပေါ့၊ ဘာလုပ်လုပ် ကံမဖြစ်ဘူး၊ အကုသိုလ်လုပ်လည်း အကုသိုလ်ကံကတော့ မဖြစ်နိုင်ဘူး၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်နိုင်ဘူး၊

[စာမျက်နှာ-118] ဒီလိုကောင်းမှုပြုသော်လည်း ကောင်းမှုမဖြစ်ဘူး၊ မကောင်းမှုပြုသော်လည်း မကောင်းမှု မဖြစ်နိုင်ဘူးလို့ ယူတဲ့အယူဝါဒမျိုးကို အကိရိယဒိဋ္ဌိ။

ဒီမှာလည်းပဲ အကြောင်းမရှိဘူးလို့ပယ်ရင် အကျိုး(တကယ်ကတော့)မရှိဘူး ဆိုတာနဲ့ အတူတူပါပဲ၊ ဒါကြောင့်မို့ ဒီမှာလည်း အကိရိယဒိဋ္ဌိက အကြောင်းရော အကျိုးရော ပယ်တာပါပဲ။

အဲဒီတော့ ဒိဋ္ဌိ ၃-ခုလုံးဟာ အကြောင်းရောအကျိုးရော ပယ်တာချည်းပဲ။ သို့သော်ပဓာနအားဖြင့် ပြောမယ်ဆိုရင် နတ္ထိကဒိဋ္ဌိက အကျိုးပယ်တယ်၊ အဟေတုကဒိဋ္ဌိက အကြောင်းအကျိုးနှစ်မျိုးလုံးပယ်တယ်၊ အကိရိယဒိဋ္ဌိက ကံအကြောင်းကို ပယ်တယ်လို့ ဒီလိုဆိုရတယ်။

အဲဒီ မိစ္ဆာဒိဋ္ဌိ ၃-မျိုးရှိတဲ့အနက်မှာ အခုခေတ်လူတွေမှာဆိုရင် တစ်ခုခုငြိ နေတာကများတယ်။ အကြောင်းမရှိဘူး၊ အကျိုးမရှိဘူး၊ အကြောင်းအကျိုး မရှိဘူး ဆိုတော့ အထူးသဖြင့် ရုပ်ဝါဒသမားတွေ၊ ဘာသာမရှိဘူးဆိုတဲ့သူတွေမှာ ဒီအယူအဆတွေ ရှိတတ်တယ်။

အဲဒီ မိစ္ဆာဒိဋ္ဌိက နိယတမိစ္ဆာဒိဋ္ဌိ၊ တကယ့်ကိုအခိုင်အမာစွဲလန်းပြီး ယူသွားရင် ဒီမိစ္ဆာဒိဋ္ဌိက ချွတ်မရဘူး၊ မြတ်စွာဘုရားလက်ထက်က တိတ္ထိဆရာကြီး ၆ ယောက်ရှိတယ်၊ သူတို့ဟာဆိုရင် ဘုရားအဆူဆူချွတ်လည်း ကျွတ်တော့တာ မဟုတ်ဘူး၊ စွဲစွဲမြဲမြဲနဲ့ တရားထိုင်လို့ တရားပေါက်ထားတာမျိုးလိုပဲ သူတို့ကလည်း ဒီအယူအဆကို ယူဆတယ်၊ သူတို့ရဲ့ တပည့်တွေဆိုရင်လည်း သူတို့ဆရာတွေဟောတာ နာယူတယ်၊ ကျမ်းဂန်တွေဆိုရင်လည်း ဖတ်တယ်၊ ကိုယ်ကိုယ်တိုင် သဘောကျပြီး အနှစ်စွဲသွားတာ မျိုးပေါ့။ အဲဒီလို ဖြစ်လိုက်ရင် နိယတမိစ္ဆာဒိဋ္ဌိတဲ့၊ နိယတဆိုတာမြဲတာ၊ ခိုင်မြဲသွားပြီ၊ အဲသလို ခိုင်မြဲသွားအောင်ဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိမျိုး ရောက်သွားပြီ၊ ဆိုလို တာကတော့ တရားပေါက်တဲ့အခါ ဝီထိဖြစ်သွားသလိုပဲ၊ မိစ္ဆာဒိဋ္ဌိအစစ်ဖြစ်တဲ့အခါ ဝီထိတစ်ခု ဖြစ်လိမ့်မယ်၊ အဲဒီဝိထိတစ်ခုဖြစ်တဲ့အခါမှာ သတ္တမဇောရောက်သွားတော့ ဘုရား အဆူဆူချွတ်လို့ မရတဲ့ ဒိဋ္ဌိဖြစ်မယ်။

အဲဒီလိုဒိဋ္ဌိဖြစ်သွားရင် သေသည်၏ အခြားမဲ့မှာ ငရဲကျတော့မှာပဲ၊ အသိက မြဲတယ်၊ ဒါကြောင့်မို့ နိယတမိစ္ဆာဒိဋ္ဌိ မရှိအောင် ကြိုးစားရမယ်။

ဆိုပါတော့ မမြဲတာမြဲတယ်လို့ ယူမယ်၊ မချမ်းသာတာ ချမ်းသာတယ်လို့ ယူတဲ့အယူကတော့ နည်းနည်းပါးပါး ရှိချင်ရှိကြလိမ့်ဦးမယ်၊ အဲဒီနိယတမိစ္ဆာဒိဋ္ဌိလို အကြောင်းမရှိဘူး၊ အကြောင်းအကျိုးမရှိဘူးလို့ ယူတာမျိုးကတော့ ရှောင်ကို

[စာမျက်နှာ-119] ရှောင်ရမယ်။

ခုနပြောသလို တကယ့်ကို ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲ ဖြစ်သွားပြီဟေ့ဆိုရင်တော့ သွားပြီ၊ ဘယ်လိုမှ မရတော့ဘူး၊ အဲဒီတော့ မြတ်စွာဘုရားလက်ထက်က တိတ္ထိ ဆရာကြီးတွေဆိုရင်လည်း ဘယ်လိုမှ ချွတ်မရတော့ဘူး၊ သူတို့တွေကျတော့ မြတ်စွာဘုရားနဲ့ကို မတွေ့နိုင်တော့ဘူး၊ တွေ့ဖို့ရန်လမ်းလည်း မရှိတော့ဘူး၊ တွေ့လည်းမတွေ့တော့ဘူး၊ အဲသလို။

အဲဒီနိယတမိစ္ဆာဒိဋ္ဌိဟာ စာမှာလာတဲ့အတိုင်းဆိုရင် တကယ့်အပြစ်ကြီးတယ်။ သံဃဘေဒကကံထက်တောင် အပြစ်ကြီးတယ်လို့ဆိုတယ်၊ သေလို့ အဝီစိမှာ ငရဲခံရ ရင်တောင် အဝီစိက သက်တမ်းမကုန်သေးရင်၊ ကမ္ဘာလည်းပျက်မယ်ဆိုရင် တခြားမှာ ပြောင်းခံရတယ်၊ အဲသလောက်ဆိုးတယ်၊ သံဃဘေဒကကံတို့ဘာတို့ ဆိုတာကတော့ ကမ္ဘာပျက်ရင် ပြီးသွားပြီ၊ လွတ်သွားပြီဆိုပါတော့၊ နိယတမိစ္ဆာဒိဋ္ဌိ ကတော့ ပြောင်းပြီးတော့တောင် ခံရတယ်ဆိုတယ်၊ အဲသလောက်ဆိုးဝါးတဲ့ မိစ္ဆာဒိဋ္ဌိ။

အဲဒီမိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သမ္မာဒိဋ္ဌိဆိုတာ မပေါ်နိုင်ဘူးပေါ့၊ အဲဒါကြောင့်မို့ ပထမ ဒိဋ္ဌိကြီး ၃-မျိုးကင်းအောင် ဗုဒ္ဓဘာသာမှန်ရင်တော့ ကင်းကြရမယ်။

အနိစ္စကို နိစ္စထင်တာ၊ ဒုက္ခကို သုခထင်တာ၊ အနတ္တကို အတ္တထင်တာ၊ အဲဒါလေးတွေကို ရှောင်ရမယ်၊ အဲဒါတွေက ခံယူတာနဲ့ မပျောက်ဘူး၊ တရားကို ထိုင်ယူရမယ်။

တလောက ဖလော်ရီဒါ သွားတုန်းက တစ်ညတရားဟောတာ၊ အတ္တမရှိဘူးလို့ ဟောတာပေါ့လေ၊ ဒါကတော့ ဝိပဿနာ မဟုတ်လား၊ ဝိပဿနာ အားထုတ်ရင် မင်းတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေ ထင်မြင်လာမယ်၊ ကိုယ်တိုင်သိလာမယ်။ အတ္တဆိုတာ မရှိဘူးဆိုတော့ နောက်တစ်နေ့ကျတော့ မိန်းမတစ်ယောက်က တရားစစ်တော့ ပြောတယ်။

“မနေ့ညက အရှင်ဘုရားကို တပည့်တော် စိတ်ဆိုးပါတယ်၊ စိတ်ဆိုးလို့ တရားတောင်မမှတ်နိုင်ဘူး၊ မထိုင်နိုင်ဘူး”တဲ့၊ “ဘာကြောင့်လဲဆိုတော့ “အတ္တမရှိဘူး” ပြောလို့တဲ့၊ သူက ဟိန္ဒူတွေဆီမှာ အတ္တ တကယ်ရှိရမယ်လို့ သင်လာတာကိုး၊ ဒါကြောင့်မို့ “အေး ငါ့စကားလည်းမယုံနဲ့၊ နင်ကိုယ်တိုင် ထိုင်ပြီးတော့ ရှာကြည့် တွေ့ရင်လဲငါ့ ပြော” ကိုယ်တိုင်ထိုင်တဲ့အခါကော အတ္တကို တွေ့သလား၊ အတ္တဆိုတာ အကြိတ်အခဲအမြဲတည်နေတဲ့ သဘောတစ်ခုပေါ့၊ ခန္ဓာ

[စာမျက်နှာ-120] ငါးပါးမှ အလွတ်၊ အတ္တကို အဲသလိုထင်တတ်တယ်၊ ခန္ဓာငါးပါးကို အတ္တလို့ စွဲနေတာလည်းရှိတယ်၊ ခန္ဓာငါးပါးမှ အလွတ် အတ္တကောင်လေးလိုလို၊ အနှစ်သာရ လေးလိုလို ကိုယ့်ခန္ဓာထဲရှိတယ်လို့ အဲသလို ထင်တတ်တယ်။

တရားထိုင်တဲ့အခါမှာ အဲသလိုဟာလေးများ နင်တွေ့သလား၊ ကြည့်ပေါ့။ တွေ့လဲယူပေါ့”လို့ ပြောရတယ်၊ တစ်ခါတလေ စကားပြောရတာ မလွယ်ဘူး၊ လွယ်တဲ့အခါလည်း ရှိတယ်၊ သူတို့က သိပ်နားမလည်တော့၊ တစ်ခါတလေ သူတို့ကိုယ်တိုင်က မမေးတတ်တာလည်းရှိတယ်၊ တခါတလေကျတော့လည်း ကိုယ့်မြန်မာ လူမျိုးတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟောရင် သဘောကိုကျလို့၊ သူတို့ကျတော့ ခုနလို ပြန်လှန်ငြင်းတာ တွေရှိတယ်၊ အမျိုးမျိုးပဲ၊ အဲဒီတော့ ပြန်ပြောလိုက်တယ်၊ “ငါလည်းပဲ မယုံနဲ့လို့၊ တရားထိုင်ရင်း ကိုယ့်ဟာကိုယ် အတ္တတရားရှာ တွေ့ရင်လည်းယူလို့။

ဒီကံ ၃-ပါးက မနောကံတဲ့၊ မနောကံက အစတုန်းက ပြောခဲ့တဲ့အတိုင်း မနောဒွါရလို့ခေါ်ရတဲ့ အကုသိုလ်စိတ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို မနောကံ ၃-ပါး။

ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀-ပါး၊ ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး၊ ဒါကို ကောင်းကောင်းမှတ်မိအောင် ကြိုးစားကြ၊ ဒုစရိုက် ၁၀-ပါးဆိုတာလည်းဒါပဲ၊ အလကားနေရင်း ဒုစရိုက်၊ ဒုစရိုက်ပြော၊ ပြောနေတယ်၊ ဒုစရိုက်ဘာလဲဆိုရင် မပြောတတ်ကြဘူး။

အဲဒီကံ ၁၀-ပါးမှာဘယ်ကံဟာ ဘာအခြေခံဖြစ်သလဲဆိုတော့ သူ့ အသက် သတ်ခြင်းဟာ ဒေါသ အခြေခံပြီးတော့ဖြစ်တယ်၊ သူ့ဥစ္စာခိုးတာက လောဘ၊ ဒေါသ၊ တစ်ခါတလေ အမြင်ကတ်လို့ သူ့ဥစ္စာခိုးတာလည်း ရှိသေးတာကိုး၊ အထူးသဖြင့် တန်ဆောင်မုန်းလဆိုရင် ဟိုအိမ်ကဟာဒီအိမ်ရွှေ့နဲ့။

ကာမဂုဏ်တို့ဖြင့် မှားယွင်းစွာကျင့်ခြင်း ဒါကတော့ အကြောင်းထင်ရှားတယ်။ လောဘကြောင့်ပဲလိမ်ပြောတာ၊ လောဘကြောင့်လည်းလိမ်တယ်၊ ဒေါသကြောင့်လည်း လိမ်တယ်၊ ကုန်းတိုက် တာအတူတူပဲ၊ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကြောင့် ပေါ့၊ သိမ်ဖျင်းတဲ့စကား ပြောဆိုတာဟာ လောဘကြောင့်လည်း ပြောနိုင်တယ်။ ဒေါသကြောင့်လည်း ပြောနိုင်တယ်၊ အဘိဇ္ဈာ၊ လောဘသေချာတယ်၊ ဗျာပါဒ ဒေါသသေချာတယ်၊ မိစ္ဆာဒိဋ္ဌိ၊ လောဘကြောင့် ဒါက အခြေခံတာကို ပြောပြတာ။

ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀-ပါးကို နားလည်သွားပြီ။

[စာမျက်နှာ-121] ဒိထက်ပိုပြီး နားလည်ချင်ရင် ထိုထိုကျမ်းစာအုပ်တွေဖတ်ကြဦးပေါ့။

ကောင်းပြီ ဒီ ၁၀-ပါးထဲမှာ အရက်သောက်တာပါတာမတွေ့ဘူး၊ မပါဘူး၊ ဒါဖြင့် အရက်သောက်တာ ဒုစရိုက် မဟုတ်ဘူးလို့ တချို့က အဲသလို စကားကပ် တာပေါ့၊ အကုသလကမ္မပထတရား ၁၀-ပါးထဲ အရက်သောက်တာမပါလို့ ကိစ္စမရှိဘူးပေါ့။

အဲဒီတော့ ကျမ်းဂန်တွေမှာ indirectly ဘယ်ထဲသွင်းသလဲဆိုတော့ ကာမေသုမိစ္ဆာစာရထဲသွင်းတယ်၊ ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်း ကျင့်တယ်။ ကာမဂုဏ်ဆိုတာ ရူပါရုံ မြင်ရတဲ့အဆင်း တပ်မက်တာ၊ ကြားရတဲ့အသံတပ်မက်တာ စသည်ဖြင့် အဲဒါတွေကို ကာမဂုဏ်ခေါ်တာ၊ လူတွေနားလည်ထားတာက ကာမဂုဏ် ဆိုရင် sex နဲ့ ပတ်သက်တာပဲ မြင်နေကြတယ်၊ နားလည်နေကြတယ်၊ အမှန်တော့ ကာမဂုဏ်ဆိုတာ ဒွါရငါးပါးမှာရှိတဲ့ propose လုပ်တာကို ကာမဂုဏ်လို့ခေါ်တာ။

တစ်ခါတလေ စကားလုံးဟာ ကျမ်းဂန်တွေမှာဆို ဒီလောက် မဆိုးဘူး၊ လူတွေနားလည်တဲ့အခါကျတော့ စကားလုံး ဆိုးသွားတာရှိတယ်၊ အခု ကာမဆိုတဲ့ စကားလုံးက နမူနာပါပဲ။

သင်္ဂြိုဟ်တက်နေတဲ့အခါ ကာမစိတ်၊ ကာမာဝစရစိတ်လို့ ပြောနေတာပဲ။ ဒါဟာ ကြမ်းတမ်းတဲ့စကားလုံးမဟုတ်ဘူး၊ ဒါပေမယ်လို့ လူ့လောကမှာ ပြောနေတဲ့ ကာမဆိုတဲ့ စကားလုံးကတော့ မကောင်းတဲ့စကားလုံး ဖြစ်သွားတယ်။

အဲဒီတော့ အရက်သောက်တယ်ဆိုတာ ရသတဏှာ မဟုတ်ဘူးလား၊ အရသာ တည်းဟူသော ကာမဂုဏ်မှာ မှားယွင်းစွာကျင့်တာ၊ အရသာကို အလွဲသုံးစားကျင့်တာ၊ ဒါကြောင့်မို့ အရက်သောက်ခြင်းသည်လည်း တတိယကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းဆိုတဲ့ ကာမေသုမိစ္ဆာစာရထဲမှာ ထည့်ပြီးတော့ ယူရမယ်လို့ ကျမ်းဂန်တွေမှာ ဆိုတယ်။

ကောင်းပြီး အရက်သောက်တာဟာ ကမ္မပထမြောက်သလား၊ မမြောက် ဘူးလား ဆိုတာမှာ အယူအမျိုးမျိုးရှိတယ်၊ အချို့ကလည်း အရက်သောက်ရင် ကမ္မပထ မြောက်တယ်၊ တချို့ကလည်း အရက်သောက်တာ ကမ္မပထမမြောက်ဘူး ဒီလိုဆိုတယ်။

အဲဒီတော့ မဟာဂန္ဓာရုံ ဆရာတော်ရေးတဲ့ ကျမ်းစာအရ ပြောရမယ်ဆိုရင် ဆရာတော်ကတော့ ကမ္မပထမမြောက်ဘူးဆိုတဲ့ဘက်က သူကနေတယ်၊ ဒါက ကျမ်းဂန်တွေကြည့်ပြီးဆိုရတာ။

[စာမျက်နှာ-122] အဲဒီတော့ ကမ္မပထမမြောက်ပေမယ်လို့ အပြစ်ကြီး မကြီးကျတော့ တစ်မျိုးစီ သွားလိမ့်မယ်၊ တစ်ခါတလေ ကမ္မပထမမြောက်ဘဲနဲ့ အပြစ်ကြီးနေတာရှိတယ်။ တစ်ခါတလေ ကမ္မပထမြောက်ပြီး အပြစ်မကြီးတာလည်း ရှိတယ်၊ ဒါကြောင့် ဒီမှာလည်း နှိုင်းချိန်ပြီး ယူရမယ်တဲ့။

အဲဒီတော့ မြတ်စွာဘုရားဟောထားတဲ့ ဒုစ္စရိတ ဝိပါကသုတ်ဆိုတာရှိတယ်၊ ပါဏာတိပါတကို အကြိမ်များစွာပြုရင် ဘယ်လိုအပြစ်တွေရမယ်ဆိုတာတွေ ဟောထား တာ၊ အဲဒီထဲမှာ အရက်အကြောင်းလည်းပါတယ်။

မြတ်စွာဘုရား ဘယ်လိုဟောထားလဲဆိုတော့ “ရဟန်းတို့ သုရာပါနကို မှီဝဲအပ်၊ ထုံအပ်၊ အကြိမ်များစွာ လေ့လာပြုအပ်လျှင်ဖြင့် ငရဲ၌ဖြစ်စေနိုင်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏၊ ပြိတ္တာမျိုး၌ဖြစ်စေနိုင်၏။ အကြင်အကျိုးကား သုရာပါဏအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ဆုံး အကျိုးသည်ပင် လူဖြစ်သည့်အခါ အရူးအနှမ်းဖြစ်စေ၏”တဲ့။

အဲဒီတော့ အရက်ကိုသောက်တဲ့အခါမှာ တစ်ကြိမ်တစ်ခါသောက်တာမျိုးကို မဆိုလိုဘူး၊ ပါဠိလို အာသေဝိတံ၊ ဘာဝိတံ၊ ဗဟုလီကတံ ဆိုတော့ အကြိမ်များစွာ အရက်စွဲအောင် သောက်တဲ့သူမျိုးဆိုရင် ငရဲကျနိုင်တယ်တဲ့၊ အပါယ်ကျနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်၊ နောက်ဆုံးအရက်သောက်ခြင်းရဲ့ အပေါ့ဆုံး အကျိုးက လူဖြစ်လာရင် အရူးအနှမ်းဖြစ်တတ်တယ်၊ စိတ်ကယောင်ချောက်ခြား ဖြစ်သူတွေ စိတ်ပေါ့သူတွေဟာ နောက်ဘဝက အရက်သောက်လာတာတွေရဲ့ အကျိုး ဆက်တွေ ခံစားရတာတွေပဲ။

အဲဒါကြောင့်မို့ အရက်သောက်တာဟာ ကမ္မပထမမြောက်ဘူးဘဲဆိုစေဦး အပြစ်ကတော့ကြီးတယ်၊ ပြီးတော့ တစ်ခါ အရက်သောက်တာမှာလည်း အမျိုးမျိုး ရှိတယ်၊ ကမ္မပထမမြောက်ရင် အပါယ်ပဋိသန္ဓေထိကို ပေးနိုင်တယ်လို့ မဆိုလိုဘူးတဲ့၊ တချို့သောက်စားမှုက အပါယ်ပဋိသန္ဓေ မပေးနိုင်ဘူး၊ တချို့ကတော့ ပေးနိုင်တယ်လို့ ဒီလိုယူဆကြတယ်။

အရက်သောက်တာနဲ့ ပတ်သက်လို့ ပထမဆေးထဲမှာပါလာလို့သောက်တာ၊ ဆေးတွေဟာ များသောအားဖြင့် အရက်ပါတတ်တယ်၊ Alcohol content ရာခိုင်နှုန်း ဘယ်လောက်ပါတယ်ပြတယ်၊ အဲသလို အရက်ပါတဲ့ဆေး သောက်ရင် အပြစ်မရှိဘူး၊ အရက်သောက်တာမဟုတ်ဘူး၊ ဆေးသောက်တာ၊ အရက်ကတော့ ထည့်ထားလို့ပါတာ၊ မိမိကဆေးအနေနဲ့ သောက်တာမို့ ဒါတော့အပြစ်မရှိနိုင်ဘူး။

[စာမျက်နှာ-123] ကောင်းပြီ အရက်ကိုပဲ ဆေးအဖြစ်နဲ့ သောက်မယ်၊ တကယ့်ဆေးအဖြစ်နဲ့ သောက်တာမျိုးဆိုရင်လည်း အဲဒါဟာလည်းပဲ တကယ်အပြစ်ကြီးဖို့ မရှိဘူး၊ သူ့ဟာသူ သောက်ပြီး အိပ်ချင်အိပ်သွားမယ်ပေါ့လေ။

ဆရာတော်ရေးထားတာကတော့ မိန်းမတွေ့မျက်နှာမြင်ပြီးရင် အရက်တစ်မျိုး သောက်ကြတယ်ပြောတယ်၊ အဲဒါမျိုးကတော့ အပြစ်ကြီးဖို့ မရှိဘူး၊ အရက်သောက် ချင်လို့သောက်တာမဟုတ်ဘူး၊ ဆေးအဖြစ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် သောက်တာ။

ကောင်းပြီးမှ နောက်တစ်ခုက တမင်ကိုသောက်ချင်လို့သောက်တာ၊ အရက်ကို ကြိုက်လို့သောက်တာ၊ အဲဒါကျတော့ ရသာရုံဆိုတဲ့ ကာမမှမှားယွင်းစွာကျင့်တဲ့ အတွက်ကြောင့် မိစ္ဆာစာရလည်းဖြစ်တယ်၊ အပြစ်လည်းကြီးပြီ၊ ဘယ်လောက် အပြစ်ကြီးတယ် ဆိုတာတော့ ဘယ်သူမှမပြောနိုင်ဘူး၊ အရက်သောက်လို့ ပျက်စီး တာတွေ လောကမှာ ဒုနဲ့ဒေး မြင်တွေ့ နေကြရတာ။

မြတ်စွာဘုရားလက်ထက်က ဈာန်ရတဲ့ပုဂ္ဂိုလ်တစ်ပါးကို လူတွေက အရက် တိုက်တာ၊ လူတွေကလည်းခက်တယ်၊ အရှင်သာဂတဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်၊ သူက ဈာန်တွေ အဘိညာဉ်တွေရတယ်၊ တစ်နေ့မှာ သူဟာ နဂါးကြီးတစ်ကောင်ကို နိုင်လိုက်တော့ လူတွေက ဩဘာပေးတာပေါ့၊ သူတို့ဆရာနဂါးနိုင်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အရက်တိုက်တာ၊ အရက်တိုက်တော့ သောက်မိတာပေါ့၊ သောက်မိတော့ မူးတာပေါ့။

မူးတော့ တစ်ခါတည်း မြို့တံခါးဝမှာတင်လဲတယ်၊ ဈာန်တွေဘာတွေလည်း မရှိတော့ဘူး၊ ကွယ်သွားပြီပေါ့၊ အဲသလိုဖြစ်တော့ မြတ်စွာဘုရားဆွမ်းခံထွက်တဲ့ အခါ မြင်တော်မူတာကိုး။

အဲဒီတော့ မြတ်စွာဘုရားဘက်ကို သူ့ခေါင်းထားပြီး သူ့ကို လှည့်ပေး လိုက်တာ၊ အဲဒါကို သူက ဘုရားဘက် ခြေထောက်ပြန်ထားလိုက်တာ၊ အရက်သောက် မိလာပြီဆိုရင် ကြောက်စရာသိပ်ကောင်းတာပဲ၊ အဲဒီလို လုပ်တယ်။

အဲဒီလို တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်ကိုတောင်မှ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုနိုင်တယ်၊ အဲဒီအဖြစ်အပျက်ကို အကြောင်းပြုပြီး ရဟန်းတွေအရက်မသောက်ရလို့ သိက္ခာပုဒ်ပညတ်တာ၊ ငါးပါးသီလထဲမှာလည်းပါတယ်လေ၊ ဒါပေမယ်လို့ ရဟန်း သိက္ခာတွေထဲမှာက ရဟန်းဟာ ငါးပါးသီလတင် မဟုတ်ဘူး၊ ရဟန်း သိက္ခာပုဒ်က ၂၂၇-ပါးရှိတယ်၊ အဲဒီထဲမှာ အရက်မသောက်ရလို့ ပါတာက

[စာမျက်နှာ-124] အရှင်သာဂတကို အကြောင်းပြုပြီး ပညတ်တာ။

အဲဒီတော့ သောက်ချင်လို့သောက်တယ်ဆိုတာက ဘယ်တော့မှ မတင်းတိမ် နိုင်ဘူး၊ အိပ်မှုရယ်၊ အရက်သောက်မှုရယ်၊ မေထုံမှုရယ်က ဘယ်တော့မှ မတင်းတိမ် နိုင်ဘူး။

အိပ်တာက ဘယ်တော့မှ မဝဘူး၊ အိပ်ရာက မထချင်ဘူး၊ မတတ်သာလို့သာ ထချင်ထရတာ၊ ဘယ်လောက်အိပ်ရအိပ်ရ အိပ်ချင်တာပဲ၊ အရက်လည်း ဒီအတိုင်းပဲတဲ့။ အရက်သောက်တာမှာ စကားပြောလေ့ရှိတယ် မဟုတ်လား၊ ပထမလူက အရက်သောက်တယ်၊ နောက်တော့ အရက်က လူသောက်တယ်၊ နောက်တော့ အရက်က အရက်သောက်တယ်ဆိုတာလေ။

အဲဒါကြောင့်မို့ သောက်ချင်လို့ကို သောက်တဲ့လူဟာ အပြစ်ကြီးမှာပါတဲ့၊ ပြီးတော့ သောက်ပြီးတဲ့နောက် အကုသိုလ်တွေဘာမှ မလုပ်ဘဲနဲ့ အသာလေးအိပ်သွား မယ်ပေါ့၊ အဲသလိုဆိုရင် သိပ်ပြီးတော့ အပြစ်ကြီးဖို့ မရှိဘူး၊ သို့သော် အကုသိုလ်တော့ ဖြစ်တယ်၊ ဘာကြောင့်တုန်းဆိုတော့ အရက်သောက်လိုက်ရင် စိတ်ဟာ မောဟဝင် လာတာပဲ၊ ကြည်ကြည်လင်လင် မရှိတော့ဘူး၊ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ဘူး။

ဒါကြောင့်မို့ သုရာမေရယ မဇ္ဇပမာဒဋ္ဌာန၊ ပမာဒဆိုတာ မေ့လျော့ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၊ ဌာနဆိုတာက အကြောင်း။

[စာမျက်နှာ-125]
အဘိဓမ္မာသင်တန်း (၃)

ဝီထိမုတ်ပိုင်း ကမ္မစတုက္က၊ အကုသိုလ်ကံနှင့် ကာမာဝစရကုသိုလ်ကံ
ဒီနေ့ ဇူလိုင်လ ၃-ရက်၊ လွန်ခဲ့တဲ့ အပတ်က သင်တန်းပျက်သွားတယ်။ ဖလော်ရီဒါသွားနေရလို့။

လွန်ခဲ့တဲ့အပတ်က သုရာပါဏအကြောင်းပြောနေတာမပြီးသေးဘူး၊ အရက် သောက်တာနဲ့ ပတ်သက်ပြီး ပြောလာခဲ့တယ်။

အရက်သောက်ရာမှာ ဆေးထဲပါလာလို့သောက်ခြင်း၊ အရက်သက်သက် ကိုပဲဆေးအဖြစ်ဖြင့်သောက်ခြင်း၊ ဒါတွေကတော့ အပြစ်မကြီးနိုင်ဘူး၊ ဆေးထဲပါလာ လို့ သောက်ခြင်းက အပြစ်ကို လုံးဝမရှိဘူးဆိုရမှာပဲ၊ ဘာကြောင့်လဲဆိုတော့ Alcohol content နည်းတာကိုး။

အရက်ကိုပဲ ဆေးအဖြစ်သောက်ရတဲ့အခါမျိုးလည်း ရှိသေးတယ်၊ မြန်မာ ပြည်မှာတော့ ကိုယ်ဝန်ဆောင်မိန်းမတွေ့မျက်နှာမြင်ပြီးရင် သောက်တယ်လို့ဆိုတယ်။ အဲဒါကတော့ အပြစ်တော့ကြီးမယ်မဟုတ်ဘူး၊ ဘာလို့တုန်းဆိုတော့ မူးဝေအောင် သောက်တာလည်း မဟုတ်ဘူး၊ ကျန်းမာအောင် သောက်တာ၊ ဒါပေမယ်လို့ ဘာပဲ ဖြစ်ဖြစ် သိက္ခာပုဒ်ကတော့ ပျက်တာပဲ၊ အရက်မသောက်ပါဘူးဆိုတဲ့ သိက္ခာပုဒ်ကတော့ အရက်သောက်လိုက်ရင် ပျက်မှာပဲ၊ ဘာလို့တုန်းဆို သောက်တာက

[စာမျက်နှာ-126] အရက်ဖြစ်တာကိုး၊ ဆေးအဖြစ်နဲ့သောက်ပေမယ့် အရက်ဟာ အရက်ပဲ၊ အပြစ် သိပ်မကြီးဘူး၊ သို့သော် သီလတော့ပျက်လိမ့်မယ်။

နောက်တစ်မျိုးကတော့ တမင်ကိုသောက်ချင်လို့သောက်တာ၊ အဲသလို သောက်တာကျတော့ ရသာရုံဆိုတဲ့ ကာမဂုဏ်မှာ မှားယွင်းတဲ့အကျင့်ဖြစ်တဲ့အတွက်ကြောင့် မိစ္ဆာစာရပဲ၊ ကာမေသုမိစ္ဆာစာရလိုပဲ သူလည်းအပြစ်ကြီးတယ်၊ ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာကို မြတ်စွာဘုရားမှတပါး ဘယ်သူမှမပြောနိုင်ဘူး။

ကြိမ်ဖန်များစွာ သောက်တယ်၊ စွဲနေအောင် သောက်တယ်ဆိုရင် အဲဒီဟာရဲ့ အပြစ်ဟာ အပါယ်ငရဲကျတတ်တယ်၊ နောက်ဆုံးလူဖြစ်လာရင်တောင်မှ ရူးတာ နှမ်းတာ ဖြစ်တတ်တယ်၊ ဒါက တမင်သောက်ချင်လို့ သောက်တာ။

ဟိုအပတ်တုန်းက ပြောလာတဲ့အထဲမှာ သောက်ပြီးတော့ အသာလေးနေတယ်၊ ဘာမှမလုပ်ဘူး၊ အဲဒါအပြစ်ကြီးသလား၊ အဲဒါအပြစ်ကြီးစရာ မရှိဘူးလို့ ဟိုအပတ် တုန်းက ပြောခဲ့တယ်၊ ဒါပေမယ်လို့ အရက်သောက်တဲ့အတွက် သိက္ခာပုဒ်ကတော့ ပျက်မယ်၊ ပြီးတော့ အရက်ကို စာမှာ ဆိုထားတာက သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ၊ ပမာဒဋ္ဌာနဆိုတာ ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း အကြောင်းဖြစ်တဲ့ သေရည်သေရက် သောက်တာပေါ့။

အဲဒီတော့ အရက်ကို ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်သောက်မိရင် မူးယစ်လာမယ်၊ ရီဝေလာမယ်၊ အဲဒီအခါမှာ ကုသိုလ်စိတ်ဖြစ်ဖို့ အလွန်ခဲယဉ်းတယ်။ အဘိဓမ္မာသဘောအရ စဉ်းစားကြည့်လိုက်စမ်း၊ မောဟ ဖုံးလွှမ်းလာတယ်၊ အဲသလို မောဟနဲ့ ယှဉ်တဲ့စိတ် အဖြစ်များလာတော့ အကုသိုလ်စိတ်ပဲ ဖြစ်နိုင်တော့တယ်။

အဲဒါကြောင့်မို့ ငါက အရက်သောက်ရုံသောက်တာပါ၊ အရက်သောက်ပြီး အိပ်တာပါပဲ၊ ဘာမှမလုပ်ပါဘူး ဆိုပေမယ်လို့ အပြစ်ကတော့ရှိသလောက် ရှိတာပါပဲ။ အပြစ်ကြီးသလားဆိုတော့ ကြီးမယ်တော့ မဟုတ်ပေဘူး၊ သီလအနေနဲ့ ငါးပါးသီလ ယူထားရင်တော့ ပျက်မှာပဲ၊ အရက်သောက်တာကိုး။

တချို့ကျတော့ အရက်သောက်ပြီး ဒီအတိုင်း မနေသေးဘဲနဲ့ တခြားဒုစရိုက်တွေ ကျူးလွန်တယ်၊ ဒါကျတော့ သိပ်အပြစ်ကြီးသွားပြီ၊ အရက်သောက်တာ သက်သက် အတွက်တော့ ကမ္မပထမြောက်ချင်မှ မြောက်မယ်၊ သို့သော် အရက်သောက်မိတဲ့ အတွက်ကြောင့် မလုပ်ဝံ့တာတွေ လုပ်ဝံ့လာတယ်၊ မဆဲဝံ့တာ ဆဲဝံ့လာတယ်။ မသတ်ဝံ့တာ သတ်ဝံ့လာတယ်၊ မခိုးဝံ့တာ ခိုးဝံ့လာတယ် စသည်ဖြင့် ဖြစ်လာတာတွေ ကျတော့ သူ (အရက်)က ဘာနဲ့တူသလဲဆိုတော့ သူတပါးကို မြှောက်ပေးသူနဲ့

[စာမျက်နှာ-127] တူတယ်။

ဆိုပါတော့ သူတပါးကို အသတ်ခိုင်းတဲ့သူနဲ့တူတယ်၊ မသတ်ချင်တဲ့သူကို သတ်ဟေ့လို့ မြှောက်ပေးတဲ့သူနဲ့ တူတဲ့အတွက်ကြောင့်မို့ သူဟာ တကယ်အပြစ် ကြီးတယ်၊ လူမိုက်အားပေးပေါ့လေ။

ဒါကြောင့်မို့ သောက်ပြီးတော့ ဘာမှမလုပ်ဘူးဆိုရင် နည်းနည်းတော် သေးတယ်၊ သောက်ပြီးတော့ ဒုစရိုက်မှုတွေ ဆက်လုပ်မယ်ဆိုရင် ဒုစရိုက်လုပ်လို့ အကျိုးပေးနိုင်မယ့် အကုသိုလ်တွေရအောင် သူ(အရက်)က အခြေခံလုပ်ပေးတာ၊ အထောက်အပံ့လုပ်ပေးတဲ့အတွက်ကြောင့် သူလည်းပဲဆိုးတာပဲ။

ဒါကြောင့်မို့ အကောင်းဆုံးကတော့ ရှောင်နိုင်တာဟာ အကောင်းဆုံးပဲ။ ဘာမှတခြား အကြောင်းတွေပြမနေနဲ့တော့၊ ရှောင်နိုင်တာဟာ အကောင်းဆုံးပဲ။ မရှောင်နိုင်လို့ သောက်မိရင်တော့ သီလကတော့ ပျက်တာပဲ၊ သူချည်းသက်သက်က အပါယ်ကျချင်မှကျမယ်၊ ဒါပေမယ့် စွဲစွဲလန်းလန်းဖြစ်လာရင် သောက်လာရင်တော့ မြတ်စွာဘုရားဟောတဲ့အတိုင်းကျမှာပဲ။

အရက်သေစာဆိုတဲ့အထဲမှာ အခုခေတ်အရပြောရမယ်ဆိုရင်တော့ ဘိန်း၊ ကဇော်၊ လှော်စာတို့ ဆိုတာက ရှိသေးတယ်၊ အခုခေတ်ကိုကင်းတို့ Drug တို့ကို ထည့်ရေတွက်သင့်တယ်လို့ ဦးဇင်းတော့ထင်တယ်၊ ဘာကြောင့်လည်းဆိုတော့အဲဒါတွေ ကလည်း သူတို့ကိုသုံးစွဲရင် ကုသိုလ်တရားတို့မှ မေ့လျော့ခြင်းဖြစ်တာပဲ၊ ဘာမှမလုပ်ချင် တော့ဘူး၊ ဒါကြောင့်မို့ အဲဒါတွေကိုလည်း ရှောင်ရမှာပဲ။

အရက်သောက်မှုနဲ့ ပတ်သက်ပြီးတော့ အရက်ဘယ်တုန်းက ပေါ်လာတာလဲ စသည်ဖြင့် ဇာတ်တော်တစ်ခုရှိတယ်၊ ကုမ္ဘဇာတ်ဆိုတာ မှတ်မိသေးလား၊ ဟိုအပတ် တုန်းက နည်းနည်းပြောမိသေးတယ်ထင်တယ်။

ရှေးတုန်းက တောထဲမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်၊ သစ်ပင်ကြီးရဲ့ ပင်စည် ခွဆုံကြီးဟာ အိုးကြီးလို ဖြစ်နေတယ်၊ အဲဒီခွဆုံကြီးထဲမိုးရွာ၊ မိုးရေတွေစုပြီး သားဖြစ်ပြီးတော့ သစ်ရွက်တွေ ဘာတွေကျ၊ အနီးအနားမှာရှိတဲ့ ငရုတ်ပင်တို့ ငရုတ်ကောင်းပင်တို့ ဖြစ်နိုင်တယ်၊ အဲဒီအသီးတွေ အရွက်တွေကျပြီးတော့ ငှက်တွေ ချီလာတဲ့ ဆန်တို့ သလေးတို့ ကျပြီးတဲ့နောက် ကဇော်ပေါက်ပြီးတော့ အရက်ဖြစ် နေတယ်။

အဲဒါကို ငှက်တွေကလာသောက်၊ မူးပြီးတော့ ဖုတ်ကနဲကျသွား၊ အဲဒါကို မုဆိုးတစ်ယောက်ကမြင်တယ်၊ ပထမတော့ မုဆိုးက အဆိပ်ဖြစ်လိမ့်မယ် ထင်တယ်

[စာမျက်နှာ-128] တဲ့၊ ဘာကြောင့်လည်းဆိုတော့ ငှက်တွေသောက်ပြီး လဲသွားကြတာကိုး၊ ဒါပေမယ့်တော်တော်ကြာကြာ အချိန်ယူကြည့်ပြန်တော့ ငှက်တွေက အမူးပြေတော့ထ၊ ပျံကြပြန်တယ်။

ထပျံကြတာမြင်တော့မုဆိုးက ဒီအရည်ဟာအဆိပ်မဟုတ်ဘူး၊ တစ်ခုခုဖြစ် လိမ့်မယ်ဆိုပြီး မုဆိုးက သောက်ကြည့်တယ်၊ သောက်ကြည့်တော့ သူလည်း ငှက်တွေလို မူးသွားတယ်။

မူးသွားရင်း ကောင်းတဲ့အရသာ သူတွေ့သွားတာ ဖြစ်ပါလိမ့်မယ်၊ အဲဒါနဲ့ ဒါဟာ ကောင်းတာပဲဆိုပြီး သူဆက်သောက်တယ်၊ သောက်ရုံတင်မကဘူး၊ သူက အဲဒီအနီးအနားမှာနေတဲ့ ဝရုဏဆိုတဲ့ ရသေ့ဆီလည်းသွား၊ ဒီအကျိုးအကြောင်းပြောပြီး သူတို့နှစ်ယောက် အတူသောက်ကြတယ်၊ သူတို့နှစ်ယောက် အရက်သမား ဖြစ်သွားဆိုပါတော့။

နောက်တော့ သူတို့က ဟိုသစ်ပင်ခွဆုံကြီးထဲက အရက်နဲ့တင် သောက်စားဖို့ မလုံလောက်တော့ဘူး၊ သစ်ပင်ခွဆုံကြီးထဲက အရက်ဖြစ်သွားတဲ့နည်းကိုလေ့လာတယ်။ ဒီခွဆုံကြီးထဲဘာအရွက်တွေ အသီးတွေကျတယ်ဆိုတာ သိလာပြီး ကိုယ်တိုင်အရက် ဖော်ကြတော့တာပဲ၊ အရက်ချက်ကြတယ်။

အရက်ချက်ပြီးတဲ့နောက် တိုင်းပြည်တစ်ပြည် အုပ်ချုပ်တဲ့ ရှင်ဘုရင်ထံသွားပြီးတော့ အကျိုးအကြောင်းပြောပြပြီး အရက်ကိုဆက်၊ ရှင်ဘုရင်အရက်သောက်၊ တိုင်းသူပြည်သားတွေလည်း သောက်ပြီး အဲဒီတိုင်းပြည်ပျက်ရော၊ နောက်တစ်ခါ တိုင်းပြည်တစ်ပြည်ရောက်၊ အရက်တွေချက် အိုးကြီးတွေနဲ့ထည့်ထားပြီး အိုးတွေကို ကြောင်တွေကို အစောင့်ထားတာကိုး။

ကြောင်တွေက သောက်ပြီးလဲကုန်တော့ အဲဒီမှာ ရှင်ဘုရင်ကို သွားသံတော်ဦး တင်ကြတာကို၊ ဒါဟာ အဆိပ်တွေ၊ ဒီကောင်တွေ အဆိပ်ဖော်စပ်ပြီး ရှင်ဘုရင်ကို လာသတ်တာလို့ ပြောကြတော့ အဲဒီအခါကျ ရှင်ဘုရင်က သူတို့ကို သတ်ခိုင်းတာကိုး။

သတ်ခိုင်းတော့ သူတို့က “အရှင်မင်းကြီး၊ အရက်ကောင်းတယ်၊ အရက် ကောင်းတယ်”လို့ ပြောရင်း အသတ်ခံရတော့ သေသွားကြရော၊ သူတို့ကို သတ်ပြီးတဲ့ နောက်မှ ကြောင်တွေက အမူးပြေပြီး ပြန်ထလာကြတာကိုး။ အဲဒီတော့မှ ဒါဟာ အဆိပ် မဟုတ်ဘူး၊ သောက်ကောင်းတယ်လို့ နားလည်ကြပြီးသောက်ကြပြန်ရော။

နောက်တစ်တိုင်းပြည်ကျတော့ ဒီလိုပဲ အရက်သောက်ဖို့လုပ်ကြ ပြန်တဲ့အခါ သိကြားမင်းကလာပြီး “အရက်ရောင်းမယ်၊ အရက်ဝယ်ကြမလား”ဆိုပြီး (အမှန်က

[စာမျက်နှာ-129] အရက်မသောက်အောင်လုပ်တာ) ကောင်းကင်က ပေါ်လာတော့မှ ခင်ဗျား ဘာရောင်း မလို့လဲ ပြန်မေးကြတယ်။

ဒီအရည်တွေသောက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် စသည်ဖြင့် အပြစ်တွေ ပြောပြပြီး အဲဒီအရည်တွေ ငါရောင်းဖို့လာတာ၊ ဒီအရည်သောက်ရင် ကုသိုလ်တရားတို့က မေ့လျော့မယ်၊ ပါဏာတိပါတဖြစ်မယ်၊ အဒိန္နာဒါနဖြစ်မယ် စသည်ဖြင့် ဆိုပြီးတော့ အရက်မသောက်အောင်ဟောတဲ့ ဇာတ်ကို ကုမ္ဘဇာတ်လို့ခေါ်တယ်။ ဟိုအပတ်တုန်းက အင်္ဂလိပ်ဘာသာပြန်လေး ကူးပြီးတော့ ပေးလိုက်တယ်၊ ဒါကတော့ ဗဟုသုတအနေနဲ့ မှတ်သားစရာပေါ့လေ၊ အရက်စတင်ဖြစ်ခဲ့တာ အဲသလိုဖြစ်ခဲ့ တယ်လို့ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ အဲသလိုရှိတယ်၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်မယ့်ပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ အရက်လည်းပဲ ရှောင်သင့်တယ်၊ အကုသလကမ္မပထတရား ၁၀-ပါးကိုဆိုလည်း အတတ်နိုင်ဆုံး ရှောင်သင့်တယ်။

အဲဒီ အကုသလကမ္မပထတရား ၁၀-ပါးကို အဘိဓမ္မာသဘောတရားအရ ပြောမယ်ဆိုရင်တော့ ဒါဟာ အကုသိုလ်စိတ် ၁၂-ပါးပါ၊ အကုသိုလ်စိတ် ၁၂-ပါးထဲက တစ်ပါးပါးနဲ့ ပြုလုပ်ရတယ်၊ ပါဏာတိပါတဆိုရင် ဒေါသမူစိတ်နဲ့ ပြုလုပ်လိမ့်မယ်၊ အဒိန္နာဒါနဆိုရင် လောဘမူစိတ်နဲ့ ပြုလုပ်လိမ့်မယ်၊ အဲသလိုပေါ့။ ကာမေသုမိစ္ဆာစာရဆိုရင် လောဘမူနဲ့ လည်းဖြစ်နိုင်တယ်၊ ဒေါသနဲ့လည်းဖြစ်ချင် ဖြစ်နိုင် တယ်ပေါ့လေ။

အဲသလို စိတ်တို့အနေနဲ့ ပြောမယ်ဆိုရင် အကုသလကမ္မပထ တရား ၁၀ ပါးဟာ အကုသိုလ်စိတ် ၁၂-ပါးပဲ၊ အဲဒါက အကုသိုလ်။

အဲဒီအကုသလကမ္မပထတရား ၁၀-ပါးကို ထပ်ပြီးမြှောက်သွားပြီးတော့ ၄၀ လုပ်တယ် ဆိုတာလည်းရှိသေးတယ်၊ ၄၀-ဆိုတာ အမျိုးမျိုးပေါ့၊ ကာယကံ၊ ဝစီကံ၊ မနောကံရှိတယ်မဟုတ်လား၊ အဲဒီမှာ (ဆိုပါတော့) မြှောက်ပွားတဲ့အခါ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာနဲ့ မြှောက်ရင် ၃၀-ဖြစ်တယ်။

ပုဗ္ဗစေတနာက မလုပ်မီစေတနာ၊ မုဉ္စဆိုတာက လုပ်ဆဲစေတနာ၊ အပရစေတနာဆိုတာကလုပ်ပြီးစေတနာ၊ အဲဒီလို မြှောက်ရုံနဲ့ ၃၀-ဖြစ်တယ်တဲ့။

နောက်တစ်နည်းကတော့ “ကိုယ်တိုင်တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ”တဲ့၊ လယ်တီဆရာတော်ဘုရားရေးထားတာ။

ကိုယ်တိုင်ပြုခြင်းတဲ့၊ ပါဏာတိပါတကံဖြစ်တဲ့သူများ အသက်သတ်တာကောင်း_

[စာမျက်နှာ-130] တယ်ဟေ့၊ သူ့ဥစ္စာခိုးတာကောင်းတယ်ဟေ့လို့ ဒီလိုတိုက်တွန်းတာ၊ ကိုယ်တိုင်ပြုတာ ရယ်၊ သူများကို တိုက်တွန်းစေခိုင်းတာရယ်၊ ချီးမွမ်းတယ်ဆိုတာက သူများပြုလုပ်ချင် လာအောင်ပြောပြတာ၊ စိတ်တူတယ်ဆိုတာက သူများက ဒီကိစ္စလုပ်တော့မယ် လာပြောရင် သဘောတူလိုက်တယ်၊ အဲသလို အကုသိုလ်ကမ္မပထ တရား ၁၀ ပါးကို ၄-မျိုးနဲ့ မြှောက်ရင် ၄၀-ဖြစ်နိုင်တာပဲတဲ့၊ အကုသိုလ်အမျိုးမျိုးကို ခွဲခြား ရေတွက် ပြတာ ဒုစရိုက်အမျိုးမျိုး ရှိတဲ့အကြောင်းပေါ့။

အဲသလို ဒုစရိုက်အမျိုးမျိုး ရှိရာမှာ ပါဏာတိပါတရယ်၊ ဖရုဿဝါစာရယ်၊ ဗျာပါဒရယ်၊ ဒီ ၃-ခုက ဒေါသမူလကြောင့်ဖြစ်တယ်။

ကာမေသုမိစ္ဆာစာရရယ်၊ အဘိဇ္ဈာရယ်၊ မိစ္ဆာဒိဋ္ဌိရယ်၊ သူက လောဘမူလ ရှိတဲ့စိတ်ကြောင့်ဖြစ်တယ်၊ ကျန်တာတွေကတော့ ၂-မျိုးလုံးကြောင့်ဖြစ်တယ်၊ စိတ်တို့ အမြင်အားဖြင့် ပြောမယ်ဆိုရင် ဒါတွေဟာ အကုသိုလ် ၁၂-ပါးပဲ။

ကောင်းပြီ၊ ဒါက အကုသိုလ်ကံ၊ ကံ ၄-မျိုးခွဲရာမှာ အကုသိုလ်ကံပြီးတော့ ဘာရှိတုန်း၊ ကာမာဝစရကုသိုလ်ကံပေါ့၊ အကျိုးပေးရာဘုံဌာနနှင့် စပ်၍ ကံ ၄-မျိုးဆိုတဲ့ နေရာမှာ ကြည့်လိုက်ရင်-

(၁) အကုသိုလ်ကံ၊
(၂) ကာမာဝစရကုသိုလ်ကံ
(၃) ရူပါဝစရကုသိုလ်ကံ
(၄) အရူပါဝစရကုသိုလ်ကံတဲ့။ အဲဒီမှာ ကာမာဝစရကုသိုလ်ကံကို ပြောကြစို့ ။

ကာမာဝစရကုသိုလ်ကံကလည်းပဲ ကာယဒွါရမှာဖြစ်တဲ့ ကာယကံ၊ ဝစီဒွါရ ဖြစ်တဲ့ ဝစီကံ၊ မနောဒွါရမှာဖြစ်တဲ့ မနောကံဟူ၍ ၃-ပါးရှိတယ်။

ကာယဒွါရမှာဖြစ်တယ်ဆိုတာ အမှန်ကတော့ကာယဒွါရမှာဖြစ်မယ့် ဒုစရိုက်ကို ရှောင်တာကိုခေါ်တာ၊ ရှောင်ကြဉ်တယ်ဆိုတော့ ဘာမှမလုပ်ဘဲနေတော့ ကာယဒွါရမှာ ဖြစ်တယ်လို့ တကယ်ကတော့ မဆိုနိုင်ဘူးပေါ့၊ ပါဏာတိပါတ လုပ်စရာရှိတာကို မလုပ်ဘဲနေလိုက်တယ်၊ ဘာမှခန္ဓာကိုယ်လှုပ်ရှားမှုတွေ ဘာတွေမပါဘဲနဲ့ ထိုင်နေလိုက် တယ်ဆိုပါတော့ ရှောင်လိုက်တာဟာ ကုသိုလ်ကံ။

ဒါကြောင့် ကာယကံလို့ပြောပေမယ်လို့ ဒီနေရာကျတော့ ခန္ဓာကိုယ်နဲ့ ပြုလုပ်တယ်လို့ မဆိုလိုဘူး၊ သို့သော် ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့ ပြုလုပ်မယ့် လွန်ကျူးမှုကို ရှောင်ကြဉ်လိုက်တာ။

[စာမျက်နှာ-131] ဒါကြောင့်မို့ ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး ဆိုတာ လာဖြစ်ဦးမယ်၊ ကုသလကမ္မပထတရား ၁၀-ပါးဆိုတာမှာပေါ့၊ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း၊ အဒိန္နာဒါနမှရှောင်ကြဉ်ခြင်းစသည်ဖြင့် ၁၀-ခုသွားရမယ်၊ နောက်ဆုံး မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်ခြင်း။

အဲသလို နည်းအားဖြင့် ကာယကံကုသိုလ်၊ ဝစီကံကုသိုလ် မနောကံကုသိုလ်၊ ဒီလိုဖြစ်နိုင်တယ်။

ပြီးတော့ ကိုယ်တိုင်ခန္ဓာကိုယ်နဲ့ ထပြီးတော့လုပ်တယ်၊ လှူတယ်ဆိုပါတော့ လှူတဲ့အခါမှာ အလှူဝတ္ထုပစ္စည်းကို လက်နဲ့ကိုင်ပြီးတော့ ရဟန်းတော်ကို သွားကပ်တယ်၊ သို့မဟုတ် ပေးစရာရှိတဲ့ပစ္စည်းကို လူတွေကို ပေးတယ်ဆိုရင် ကာယကံ မဖြစ်ဘူးလား၊ ပါးစပ်နဲ့လှူပါတယ်လို့ ပြောတယ်၊ ဝစီကံမဖြစ်ဘူးလား၊ ဖြစ်တယ်။ အဲသလိုပဲဖြစ်နိုင်တယ်၊ ကောင်းပြီ၊ အဲဒါက တစ်မျိုးပေါ့။

ဒါကြောင့်မို့ ကံရဲ့ စစ်ကြောင်းအနေနဲ့ပြောမယ်ဆိုရင် ကာယကံ၊ ဝစီကံ၊ မနောကံ၊ အကုသိုလ်မှာရှိသလိုပဲ ကုသိုလ်မှာလည်းရှိတယ်။

နောက်တစ်နည်းအားဖြင့်တော့ ဒီကုသိုလ်က ၁၀-မျိုးရှိတယ်၊ အဲဒီကုသိုလ်ကို အသေးစိတ်သွားရလိမ့်မယ်၊ ဒါကိုတော့ ကုသိုလ်ကမ္မပထတရား ၁၀-ပါးပေါ့။ ပထမဆုံးက ဒါနတဲ့။

ဒါနဆိုတာ တည့်တည့်ပြောရင်တော့ ပေးလှူခြင်းပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အဘိဓမ္မာနည်းအရပြောမယ်ဆိုရင် ပေးလှူတဲ့အခါ ဖြစ်ပေါ်တဲ့စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အဲဒီစေတနာကို အမှန်ဒါနခေါ်တယ်၊ ပေးလှူခြင်းကို ပြုတဲ့အခါ သူမပါရင်မပြီးဘူး၊ သူပါမှပြီးတယ်၊ သူပါမှဖြစ်တယ်၊ ဒါကြောင့်မို့ ဒါန စေတနာ၊ အဲဒီဒါနစေတနာကို ဒီနေရာမှာ ဒါနခေါ်တာ၊ အဲဒီဒါနစေတနာကလည်းပဲ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကမ္မပထမြောက်တဲ့ စေတနာပေါ့။

ကောင်းပြီ၊ ဒါဖြင့်ဒါနဆိုတာဘာလဲ ပေးလှူကြောင်းဖြစ်တဲ့စေတနာ၊ အဲဒီတော့ တမင်တကာပေးလှူတာမဟုတ်ဘဲနဲ့ ပေးလှူကြောင်းဖြစ်တဲ့ စေတနာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူးနော်၊ ဒါဖြင့် ပေးမှသာပေးလှူတဲ့ စေတနာဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့်မို့ စိတ်ထဲမှာ စေတနာလေးဖြစ်နေရင် ပြီးတာပါပဲကွာ၊ တကယ်လှူဖို့ မလိုပါဘူးလို့ ပြောလေ့ရှိတယ်၊ အဲဒါ သဘာဝမကျဘူး၊ ဟုတ်လည်းမဟုတ်ဘူး၊ ပညာသိပ်တတ် သွားရင် လူတွေမှာ အဲသလို ဖြစ်တတ်တယ်။

အဲဒီဒါနဟာ အမျိုးမျိုးရှိတယ်၊ တစ်ခါတလေကျတော့ လှူအပ်တဲ့ပစ္စည်းကို

[စာမျက်နှာ-132] ဒါနလို့ခေါ်တာလည်းရှိတယ်၊ ပေးလှူမှု အမူအရာကို ဒါနလို့ခေါ်တာလည်းရှိတယ်။ အဘိဓမ္မာနည်းကျကျပြောရမယ်ဆိုရင် စေတနာကို ဒါနလို့ခေါ်တယ်။

ကောင်းပြီ အဲဒီဒါနစေတနာက (ခုနအကုသိုလ်မှာပြောခဲ့သလိုပဲ) ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာလို့ ၃-မျိုးရှိတယ်၊ စေတနာသုံးတန်ပြဋ္ဌာန်းပြီး လှူတယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား၊ အဲဒီစေတနာ သုံးတန်မှာ ပထမက ပုဗ္ဗစေတနာတဲ့။

ပုဗ္ဗဆိုတာ ရှေး၊ အလှူတစ်ခုလုပ်မယ်ဆိုပါတော့ အဲဒီအလှူ မလှူခင် အလှူနဲ့ စပ်ပြီးတော့ ဖြစ်တဲ့စေတနာကို ပုဗ္ဗစေတနာလို့ခေါ်တယ်၊ ဘုန်းကြီးဆွမ်းကျွေးမယ် ဆိုကြပါတော့၊ ဘုန်းကြီးသွားပင့်ပြီးပြီ၊ ပင့်ပြီးတဲ့နောက်ကို အဲဒီဘုန်းကြီးဆွမ်းကျွေးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်တဲ့ ကုသိုလ်စေတနာ၊ ဘာတွေစီစဉ်မယ်။ ဆွမ်းကပ်ရတော့မယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာချက်ပြုတ်တယ်၊ ပြင်ဆင်တယ်၊ လုပ်ကိုင်တယ်၊ အဲဒီအခါမှာဖြစ်ပေါ်တဲ့ စေတနာကို ပုဗ္ဗစေတနာလို့ခေါ်တယ်။ ဒါန တကယ်ကောင်းစေချင်ရင် ပုဗ္ဗစေတနာလည်းကောင်းရမယ်၊ ကုသိုလ်စေတနာကို ဖြစ်ရမယ်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်၊ အဲဒါပုဗ္ဗစေတနာ။

နောက်တစ်ခုက မုဉ္စစေတနာတဲ့၊ မုဉ္စဆိုတာ စွန့်လွှတ်တာ၊ ဒါနတကယ်တမ်း ပြုတဲ့အချိန်မှာဖြစ်တဲ့ စေတနာကို မုဉ္စစေတနာလို့ခေါ်တယ်၊ ပေးလှူတဲ့အချိန်မှာ ဖြစ်တဲ့ စေတနာ(သို့မဟုတ်) ဦးဇင်းတို့ မြန်မာပြည်အလေ့အထအတိုင်း ပြောမယ် ဆိုရင် ရေစက်ချတဲ့အခါမှာ ဖြစ်တဲ့စေတနာ။

ဦးဇင်းတို့က ရေစက်ချတဲ့အလေ့အထရှိတော့ ရေစက်ချလှူတဲ့ကိစ္စ ပြီးမြောက်တယ်လို့ ဒီလိုပဲယူဆကြတာ၊ အမှန်ကတော့ ကိုယ့်လက်ထဲကနေ သူ့ လက်ထဲပေးလိုက်တာနဲ့ တစ်ပြိုင်နက် မုဉ္စစေတနာဖြစ်သွားပြီ၊ ဒါကြောင့် ပေးလှူဆဲမှာ ဖြစ်တဲ့ စေတနာကို မုဉ္စစေတနာ၊ အဲဒီစေတနာကလည်း ကြည်လင်သန့်ရှင်းတဲ့ စေတနာဖြစ်ရမယ်၊ ဝမ်းမြောက်ဝမ်းသာစေတနာဖြစ်ရမယ်။

အပရစေတနာတဲ့၊ အပရစေတနာဆိုတာကတော့ အလှူလုပ်ပြီးတဲ့နောက်မှာ အဲဒီအလှူနဲ့ ပတ်သက်ပြီးတော့ သတိရတိုင်း ဝမ်းသာတဲ့စေတနာကို ခေါ်တယ်။ ငါတော့ သံဃာတော်တွေ ဆွမ်းကပ်လိုက်ရပြီ၊ မြတ်စွာဘုရားကို ရွှေသင်္ကန်းကပ်လှူ လိုက်ရပြီ စသည်ဖြင့် အဲဒီလို ကိုယ်ပြုခဲ့တဲ့ကုသိုလ်ကို ပြန်အောက်မေ့ပြီး ဝမ်းမြောက် ဝမ်းသာဖြစ်တဲ့ စေတနာကို အပရစေတနာလို့ခေါ်တယ်။

ဒါကြောင့်မို့ အလှူလုပ်တာတင် မဟုတ်ပါဘူး၊ ဘယ်ကုသိုလ်ပဲလုပ်လုပ်

[စာမျက်နှာ-133] ဒီစေတနာသုံးတန် ပါရတယ်။

ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ စေတနာသုံးတန်ကို သုတ်သင် ရှင်းလင်းပြီးတော့ စေတနာသုံးတန် ပြဋ္ဌာန်းပြီးတော့ စေတနာသုံးတန်ကောင်းအောင် လုပ်ပြီးတော့ လှူရတယ်။

အဲဒီတော့ ပုဗ္ဗစေတနာတွေဟာ ကုဋေပေါင်းများစွာမဖြစ်ပေဘူးလား၊ လက်ဖျစ်တစ်တွက် ကုဋေတစ်သိန်းဖြစ်တယ်ဆိုနေတာကို မုဉ္စစေတနာကတော့ လှူဆဲတစ်ချက်ပေါ့၊ အပရစေတနာကလည်း အများကြီးဖြစ်နိုင်တယ်၊ အဲဒီစေတနာ တွေဟာ တကယ်အကျိုးပေးတာပဲ။

ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုရင် စေတနာ ၃-မျိုး သန့်ရှင်းအောင် ကုသိုလ်ချည်းဖြစ်အောင် ပြုရတယ်၊ ဒါဟာ ဘုရားတိုက်ရိုက်ဟောထားတာရှိတယ်။

အဲဒီပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟာ အခွင့်ကောင်းရရင် အကျိုးပေးနိုင်တယ်တဲ့၊ အဲသလို အကျိုးပေးနိုင်တဲ့အတွက်ကြောင့် တစ်ခါတစ်ရံ စာတွေထဲမှာ တွေ့လိုက်ရတာက ပန်းလေးတစ်ပွင့်လှူတာနဲ့ ကမ္ဘာပေါင်း ရှစ်ဆယ် အပါယ်မလားဘူးဆိုတာရှိတယ်၊ ကြည့်စမ်း၊ ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီလောက် တာရှည်ကြီး ကောင်းစားနေတယ်ဆိုတာ ဘယ်လိုလည်းဆိုတော့ စေတနာတွေ အများကြီး ဖြစ်တယ်၊ လှူတာကတော့ ပန်းလေးတစ်ပွင့်ပဲ၊ စေတနာထားတတ်တော့ မြတ်တယ် ပေါ့။

ဒါကြောင့်မို့ လှူတဲ့နေရာမှာ အများကြီးလှူတာ၊ နည်းနည်းလေးလှူတာက အရေးကြီးတာမဟုတ်ဘူး၊ စေတနာသန့်ရှင်းဖို့သာ အရေးကြီးတာ၊ စေတနာသာ ကောင်းပါစေ၊ လောကမှာ နည်းတယ်ဆိုတဲ့အလှူ မရှိပါဘူးလို့ မြတ်စွာဘုရားက ဟောတာ။

> နတ္ထိ စိတ္တေ ပသန္နမှိ အပ္ပိကာ နာမ ဒက္ခိဏာ၊

စိတ်ကြည်လင်နေတယ်၊ စိတ်သန့်ရှင်းနေတယ်၊ စေတနာကောင်းတွေနဲ့ ပြုလုပ်တယ်ဆိုရင် နည်းတာများတာ ပဓာနမဟုတ်ဘူး၊ အခုဒီမှာကြည့်၊ ပန်းလေး တစ်ပွင့်လှူလိုက်တာနဲ့ ကမ္ဘာပေါင်းရှစ်ဆယ် အပါယ်မလားဘူး။

ဟုတ်တယ်၊ လှူတဲ့အချိန်အခါမှာ စေတနာသုံးတန် ပြဋ္ဌာန်းပြီးတော့ လှူတာ၊ ဒါကြောင့်မို့ စေတနာသုံးတန် စင်ကြယ်ဖို့က အလွန်အရေးကြီးတယ်။

အထူးသဖြင့် အပရစေတနာ မချို့တဲ့ဖို့ အရေးကြီးတယ်၊ အပရစေတနာ

[စာမျက်နှာ-134] ချို့တဲ့သွားတယ်ဆိုပါတော့၊ လှူပြီးမှ နှမြောသွားတယ်၊ စိတ်နှလုံးမသာမယာ ဖြစ်သွားတယ် ဆိုတော့ အလှူရဲ့ အကျိုးကြောင့် ဘယ်လိုဖြစ်သလည်းဆိုရင် လူချမ်းသာ ဖြစ်တယ်၊ ဒါကတော့ ရှောင်လို့မရဘူး၊ ဖြစ်မှာပဲ။

သို့သော် အပရစေတနာချို့တဲ့ခဲ့ရင် အဲဒီပုဂ္ဂိုလ်မျိုးဟာ ကိုယ့်မှာရှိပါလျက်နဲ့ မစားရက် မသောက်ရက်ဖြစ်တယ်၊ မလှူရက်မတန်းရက်ဖြစ်တယ်၊ လောကမှာ ရှိကြတယ်လေ၊ ပိုက်ဆံရှိပြီးတော့ ကောင်းကောင်းမွန်မွန် မစားချင်ဘူး၊ အဝတ်အစား ကောင်းကောင်းမွန်မွန်မဝတ်ချင်ဘူး စသည်ဖြင့် အဲသလိုပုဂ္ဂိုလ်မျိုးတွေဟာ အပရစေတနာချို့တဲ့ခဲ့လို့။

မြတ်စွာဘုရားလက်ထက်က ပုဏ္ဏားကြီးတစ်ယောက်ရှိခဲ့တယ်၊ ကုဋေရှစ်ဆယ် ကြွယ်ဝသတဲ့၊ ဒါပေမယ်လို့ စားတော့ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းတဲ့၊ ဝတ်တော့လည်း နံငယ်ပိုင်း၊ ရထားစီးတော့လည်း ရထားအကျိုးစီးတယ်၊ သူသေတော့ သူ့ပစ္စည်းတွေ အကုန်လုံး မင်းဘဏ္ဍာဖြစ်ကုန်တယ်။

မင်းဘဏ္ဍာဖြစ်တော့ ဒီပုဂ္ဂိုလ်ဟာ ဘယ့်နှယ့်ကြောင့် ဒီလိုဖြစ်ကုန်တာလဲ ဆိုပြီးလျှောက်တော့ မြတ်စွာဘုရားက ဟောကြားတာ၊ ဒါကြောင့်မို့ အပရစေတနာ မချိုတဲ့ဖို့လည်း အရေးကြီးတယ်၊ လှူပြီးရင်ပြီးပြီ၊ လှူတာနဲ့ပတ်သက်ပြီးတော့ ကုသိုလ်ရအောင်သာစဉ်းစား၊ တခြားနည်းနဲ့ စိတ်ပျက်သွားတာမျိုးဖြစ်ရင် ကိုယ်လုပ် ထားတဲ့ ကုသိုလ်ဟာ ကြီးကြီးမားမား အကျိုးမပေးဘူးပေါ့၊ ပေးသည့်တိုင်အောင် (ခုနလို) ကိုယ်မခံစားရမယ့် အကျိုးမျိုး ရမှာပေါ့၊ အဲသလိုဖြစ်တတ်တယ်တဲ့။ ဒါကို သတိ ထားပါ၊ ဒါက စေတနာသုံးတန် အရေးကြီးပုံ။

ဒါနအမျိုးမျိုး
နောက်တစ်နည်းကတော့ ဒါနဆိုတာ ဟိနဒါန အညံ့စား ဒါန၊ မဇ္ဈိမဒါန အလယ်အလတ်စား ဒါနလည်းရှိတယ်၊ ပဏိတဒါန၊ အထက်တန်း အမြတ်စားဒါနလည်း ရှိတယ်။

အညံ့စားဒါနဆိုတာ ဘာလဲဆိုရင် ညံ့တဲ့ဆန္ဒ၊ ညံ့တဲ့စိတ်၊ ညံ့တဲ့ဝီရိယ၊ ညံ့တဲ့ပညာတို့နဲ့ ပြုတဲ့ဒါနမျိုးကို အညံ့စားဒါနလို့ခေါ်တယ်တဲ့၊ ဆန္ဒမထက်သန်ဘူး၊ စိတ်သိပ်မပါလှဘူးသဘော၊ သိပ်အားမထုတ်ချင်ဘူး၊ အဲဒါမျိုးပေါ့။

အဲဒီလို ဆန္ဒစသည်တို့က အလတ်တန်းစားရှိရင် မဇ္ဈိမဒါနပေါ့၊ အဲဒီ ဆန္ဒစသည်တို့က ထက်ထက်သန်သန်ဖြစ်တယ်ဆိုရင် အမြတ်ဒါနဖြစ်တယ်၊ ဒါကြောင့် အဘိဓမ္မာနားလည်လာရင် သူများထက်ပိုပြီး ကုသိုလ်ရအောင် လုပ်တတ် လာတယ်၊ လှူတာချင်းအတူတူအကျိုးများများရအောင် လုပ်တတ်တယ်။

[စာမျက်နှာ-135] ရှင်သာရိပုတ္တရာက ဘုရားလှူတာနဲ့၊ ဘုရားက ရှင်သာရိပုတ္တရာလှူတာ ဘယ်ဟာက ပိုပြီးအကျိုးများမလဲ၊ သာမညဖြေရရင်တော့ ရှင်သာရိပုတ္တရာက ဘုရားလှူတာ အကျိုးများတယ်ထင်မှာပေါ့၊ အလှူခံသူက မြတ်စွာဘုရားကိုး၊ မဟုတ်ဘူး၊ မြတ်စွာဘုရားက လှူတာပိုအကျိုးများတယ်၊ မြတ်စွာဘုရားက ပိုဉာဏ်ကြီးတာကိုး။

အဘိဓမ္မာတတ်တဲ့သူတွေဟာ သူများထက်သာတယ်၊ ကုသိုလ်ကိုရအောင် ယူတတ်တယ်၊ နားလည်ပြီဆိုရင် အလှူပြုတာချင်း အတူတူ ကိုယ်က သူများထက်ပိုပြီး အကျိုးများအောင် လုပ်တတ်တယ်၊ ငွေတစ်ရာကုန်တာချင်းတူရင် ကိုယ်ကုန်ရတဲ့ ငွေတစ်ရာက အကျိုးများများရမယ်၊ အဲဒီတော့ ဆန္ဒတို့ စိတ်တို့ ပညာတို့ ဝီရိယတို့ ထက်ထက် သန်သန်နဲ့ဖြစ်အောင် လှူတတ်လုပ်တတ်ရမယ်။

နောက်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒီလူဟာဘုရားဒကာပဲ၊ ကျောင်း ဒကာပဲ စသည်ဖြင့် အကျော်အစောကို လိုချင်လို့ နာမည်ကြီးချင်လို့ (ပြောကြပါစို့) လှူရင် ဒီအလှူမျိုးဟာ အညံ့စား အလှူဖြစ်သွားတတ်တယ်၊ နာမည်လိုချင်လို့လှူတာကိုး၊ ဘယ်သူကလှူတယ်၊ ဘုရားဒကာကျောင်းဒကာဆိုပြီးတော့ ဂုဏ်ပကာသနကို မက်ပြီးတော့ လှူတဲ့အလှူက အညံ့စားအလှူဖြစ်သွားတယ်။

ဒါနရဲ့ အကျိုးကို လိုလားပြီးတော့ လှူရင် အလယ်အလတ်စား၊ ဒီဒါနလှူရင် ငါတော့အကျိုးရမှာပဲ၊ ဒီအကျိုးကို လိုလားပြီးတော့လှူရင် အလတ်စားဖြစ်တယ်တဲ့။

ဒါနရဲ့ အကျိုးကို မမျှော်တော့ဘူး၊ ဒါနဆိုတာ သူတော်ကောင်းမှန်ရင်ပြုရမယ့် ကိစ္စတစ်ခုပဲလို့ ဒီလိုဒါနမှု ဒါနစိတ် အဲဒီလို ပြုတာမျိုးကမှ အမြတ်စားဒါနဖြစ်တယ်၊ အထူးသဖြင့် ဘုရားအလောင်းတို့ပြုတဲ့ဒါနဟာ အဲဒါမျိုးပဲ၊ ဒါနဆိုတာ ပြသင့်ပြုထိုက် တဲ့အကျင့်တစ်မျိုးပဲဆိုပြီးတော့ ပြုတာ။

ဂုဏ်ပကာသန လိုချင်ပြီးပြုရင် အညံ့စား၊ အကျိုးလိုလားပြီးပြုရင် အလတ်စား၊ အကျိုးမမျှော်မှန်းဘဲနဲ့ ပြုရမယ့် အကျင့်ဖြစ်တယ်ဆိုပြီးပြရင် အမြတ်စားဖြစ်တယ်။

နောက်တစ်နည်းအားဖြင့် ကိုယ့်ကိုကိုယ်မြှောက်ပြီး သူတပါးကို နှိမ်ချလိုလို့ ပြုတဲ့ဒါနမျိုးရှိတယ်၊ ငါကတော့ လှူတယ်၊ သူများတွေကတော့ မလှူဘူးဆိုတာမျိုး ပေါ့ လေ၊ ပါဠိလိုတော့ အတ္တုက္ကံသန ပရဝမ္ဘနလို့ ခေါ်တယ်၊ အဲဒီလို စိတ်ထားနဲ့ လှူရင်ညံ့တဲ့ အလှူဖြစ်တာပဲ။

အဲဒီလို စိတ်ထားမျိုး မပါဘူး၊ ဒါပေမယ့် လောကီချမ်းသာကို လိုလား တောင့်တပြီး လှူရင် လူဖြစ်ရင်လည်း သူဌေးဖြစ်ချင်တယ်၊ နတ်ဖြစ်ရင်လည်း

[စာမျက်နှာ-136] ဘယ်လို နတ်မျိုးဖြစ်ချင်တယ်စသည်ဖြင့် လိုလားတောင့်တပြီး လှူရင် အလတ်စား ဖြစ်တယ်။

မဂ်ဖိုလ်ချမ်းသာဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တပြီးလှူရင် အမြတ်စား အလှူဖြစ်တယ်၊ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ ဆုတောင်းရမယ်၊ လောကီချမ်းသာတို့ ဘာတို့ကို ဆုတောင်းနေစရာ မလိုဘူး၊ ဒါတွေက သူ့ဟာသူပါသွားတာပဲ၊ အဲဒီ လောကီချမ်းသာကို ဆုတောင်းတာ များရင် စိတ်က အဲဒီဘက် ယိုင်ကျသွားမှာ၊ ယိုင်ကျသွားရင် အလှူလည်း အကောင်းဆုံး အလှူမဖြစ်ဘူး။

ရာဂ၊ ဒေါသ၊ မောဟကင်းတဲ့ မဂ်ဖိုလ်ချမ်းသာကို ရည်မှန်းပြီးလှူမှ အမြတ်ဆုံး အလှူဖြစ်တယ်၊ ဒါတွေဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သိပ်နားလည်ဖို့ ကောင်းတဲ့ကိစ္စတွေ။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဘဝစည်းစိမ်ကို တောင့်တပြီးလှူရင် အညံ့စားအလှူလို့ ဆိုနိုင်တယ်။ မိမိရဲ့ သံသရာမှ လွတ်မြောက်မှုကို မျှော်ပြီးလှူရင် အလယ်အလတ်စား၊ သတ္တဝါတွေအားလုံး သံသရာမှလွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားအလောင်းလှူသလို လှူရင် ဒါနပါရမီဖြစ်တဲ့ အမြတ်ဆုံးဒါန၊ အဲသလိုခွဲလို့ ရသေးတယ်၊ အဲသလို တစ်မျိုးထက်တစ်မျိုး ကောင်းကောင်းပြီး သွားတာလည်းရှိတယ်ပေါ့လေ။

ကိုယ်က အခုလို နားလည်ထားရင် ကိုယ်ဒါနပြုတဲ့အခါမှာ အမြတ်ဆုံး ဖြစ်အောင်ပြုရမယ်၊ အဲဒီတော့ ဒါနကရမယ့် အကျိုးတွေဘာတွေလည်း ဘာမှ သိပ်စဉ်းစားမနေနဲ့၊ စေတနာသုံးတန်ပြဋ္ဌာန်း ထက်ထက်သန်သန်နဲ့လှူ၊ ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကိုရည်စူးပြီး ဆုတောင်း၊ သတ္တဝါတွေအကျိုးအတွက် လှူပါတယ်ဆိုရင် ကောင်းတဲ့ဒါနဖြစ်တာပေါ့။

အဲသလို နားလည်ထားရင် ပြုတတ်တယ်၊ နားမလည်ဘူးဆိုရင်တော်ရုံလျော်ရုံ ဖြစ်တတ်တယ်၊ လှူတာတော့ လှူတာပဲ၊ ဒါပေမယ့် မထူးပါဘူးကွာဆိုပြီး ဖြစ်တတ်တယ်၊ အဲသလိုမဟုတ်ဘူး၊ နားလည်ပြီးလှူရင် ပိုပြီးတော့အကျိုးများတာ သေချာတယ်။ ဒါတွေဟာ လူတွေနားလည်ဖို့ကောင်းတဲ့ အချက်အလက်တွေပဲ။

ဒါကြောင့်မို့ အဘိဓမ္မာတတ်တဲ့သူဟာ အဘိဓမ္မာမတတ်တဲ့ သူထက်နေရာ တကာသာတယ်၊ မတတ်တဲ့သူကတော့ ခပ်ညံ့ညံ့ပဲ၊ ကုသိုလ်အကုသိုလ် ခွဲခြားပြီး မသိရင် ဘယ့်နှယ်လုပ်ပြီး အကုသိုလ်ရှောင်မလဲ၊ ဘယ့်နှယ်လုပ်ပြီး ကုသိုလ်

[စာမျက်နှာ-137] တကယ်ရအောင်လုပ်မလဲ၊ ကုသိုလ်လုပ်လာတဲ့အခါ လုပ်နည်းသိထားတော့ ဘယ်လိုလုပ်ရင် ညံ့တယ်၊ ဘယ်လိုလုပ်ရင်ကောင်းတယ်ဆိုတာ သိထားတော့ ကောင်းတဲ့နည်းနဲ့လုပ်မှာပေါ့၊ ဒါကြောင့် သိမှလုပ်နိုင်တာ၊ မသိရင်မတတ်နိုင်ဘူး၊ ဒါက ဒါနတဲ့။

သီလအကြောင်း
ဒါနပြီးတော့ သီလတဲ့၊ သီလဆိုတာဘာလဲ၊ ကိုယ်မှုနှုတ်မှုတို့ကို ကောင်းစွာ ထားတယ်တဲ့၊ ကောင်းစွာဆိုတာ အကုသိုလ်မဖြစ်အောင်ပေါ့၊ အကုသိုလ်မဖြစ်ရအောင် ထားတာကို ကောင်းစွာထားတယ်ခေါ်တယ်၊ အဲသလိုကောင်းစွာထားတဲ့ နေရာမှာပါတဲ့ စေတနာကို သီလပေါ့၊ စေတနာကိုလည်း (ဒီနေရာမှာ)သီလလို့ ခေါ်တယ်။

ဒီနေရာမှာ သီလအရ ကာမာဝစရကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ပြောဆိုမယ့် နေရာမှာဖြစ်တဲ့အတွက်ကြောင့်မို့ ရဟန္တာတို့သန္တာန်မှာဖြစ်တဲ့ ကြိယာတို့ ဘာတို့တွေ ဒီမှာထည့်လို့မဖြစ်ဘူး၊ သို့သော် ရဟန္တာက သီလစောင့်ရင်လည်း သီလပဲ။ သို့သော် ဒီနေရာမှာ ကာမာဝစရကုသိုလ်လို့ ပြောထားတာဖြစ်လို့ ကုသိုလ်နဲ့ ပတ်သက် လာရင်တော့ ရဟန္တာနဲ့ မဆိုင်ဘူးပေါ့၊ သာမညအနေနဲ့ပြောရမယ်ဆိုရင် သီလဆိုတာ ကြိယာလည်းဖြစ်နိုင်တာပဲ၊ ကုသိုလ်လည်း ဖြစ်နိုင်တာပဲ၊ အခု ပုညကြိယာဝတ္ထု ကောင်းမှု ကုသိုလ်ကိုပြတဲ့အရာဖြစ်လို့ ကုသိုလ်စေတနာကိုလဲ သီလလို့(ဒီမှာ)ခေါ်ရတယ်။

အဲဒီသီလကလည်း အမျိုးမျိုးရှိတယ်၊ သီလဆိုတာ မြန်မာစကားနဲ့ ပြောမယ် ဆိုရင်တော့ အကျင့်ပေါ့၊ အလေ့အထ၊ အကျင့်၊ ကိုယ်ကျင့်တရားကို သီလလို့ခေါ်တယ်။ အဲဒီ သီလကလည်း အမျိုးမျိုးရှိတယ်။

ရဟန်းသီလ၊ ရဟန်းတွေစောင့်ထိန်းအပ်တဲ့ ၂၂၇-သွယ်သော သိက္ခာပုဒ်၊ နောက်ပြီးတော့ အခြားသိက္ခာပုဒ်တွေလည်း ရှိသေးတယ်၊ ဒါက ရဟန်းသီလ။

ရဟန်းမရဲ့ သီလ၊ ဘိက္ခုနီမတွေ့ကျင့်သုံးသင့်တဲ့သီလ၊ သိက္ခာပုဒ်-၃၁၁-ပါးရှိတယ်၊ ရဟန်းထက် အများကြီး ဘိက္ခုနီက ကျင့်နိုင်တယ်၊

သာမဏေသီလ၊ ဒါက ယောက်ျားသာမဏေတွေ ကျင့်သုံးတဲ့သီလ၊ သာမဏေတွေကျတော့ ၁၀-ပါးသီလ ထိန်းရတယ်၊ လိင် ၁၀-ပါး ဒဏ် ၁၀-ပါး ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ ပြီးတော့ သေခိယဆိုတဲ့ (ပါတိမောက်ထဲမှာပါတဲ့) ရဟန်းတွေစောင့်ထိန်းရမယ့် သီလထဲပါတဲ့ သီလ ၇၅-ပါးလည်း ထိန်းရတယ်။ ဒါက သာမဏေသီလ။

[စာမျက်နှာ-138] နောက်ဆုံးက လူဝတ်ကြောင်သီလ၊ လူဝတ်ကြောင်တွေစောင့်ထိန်းသင့်တဲ့ သီလ၊ အဲဒီလို ၄-မျိုးရှိတယ်။

ရဟန်း၊ ရဟန်းမ သာမဏေတို့အဖို့မှာ ဒီသီလတွေဟာ အမြဲစောင့်ထိန်းရမယ့် သီလ၊ တစ်ခါတလေ စောင့်ထိန်းပြီး တစ်ခါတလေ မစောင့်ထိန်းရင်မရဘူး၊ ရဟန်းဆိုရင် ကမ္မဝါဖတ်လို့ ရဟန်းဖြစ်ပြီးတာနဲ့တစ်ပြိုင်နက် ဒီသိက္ခာပုဒ်တွေဟာ အကုန် သူ့အပေါ်မှာတည်သွားပြီ၊

ဒါကြောင့်မို့ ရဟန်းတွေမှာ သီလယူစရာမလိုဘူး။ သီလယူရမယ်ဆိုရင်လည်းပါတိမောက် တစ်စုံလုံးရွတ်ရရင် အကြာကြီးဆိုရမယ်။ ၂၂၇-ခုသော သိက္ခာပုဒ်တွေ အကုန်လုံးပဲ။

အဲဒီတော့ ကမ္မဝါဖတ်ပြီးတာနဲ့ ရဟန်းလဲဖြစ်ရော ဒီသိက္ခာပုဒ်တွေအကုန်လုံး သူ့ဆီရောက်လာတော့တာပဲ၊ အဲဒါ သူ့အဖို့တော့ ရဟန်းဖြစ်နေသမျှ ကာလပတ်လုံး အမြဲတမ်း ကျင့်ရမယ့် သီလပဲ၊ သူတို့အတွက် နိစ္စသီလပဲ၊ ဘိက္ခုနီမတွေဆိုရင် ၃၁၁-ပါးသော သီလတွေဟာ နိစ္စသီလပဲ၊ ယောက်ျားသာမဏေ မိန်းမတွေအတွက် ဆိုရင်လည်း ၁၀-ပါးသီလနဲ့ တခြားသီလတွေဟာ နိစ္စသီလပဲ။

အဲဒီလို ဖြစ်တဲ့အခါမှာ ရဟန်းနဲ့ ရဟန်းမမှာ ပါရာဇိကဆိုတာရှိတယ်။ အဲဒီပါရာဇိကဆိုတဲ့ သိက္ခာပုဒ်တွေ ကျူးလွန်မိရင် အလိုလိုရဟန်း မဟုတ်တော့ဘူး၊ အလိုလိုရဟန်းမ၊ မဟုတ်တော့ဘူး။

အဲဒီလိုဖြစ်တဲ့ ပါရာဇိကထဲက တစ်ခုခုကို ကျူးလွန်ပြီးတော့ သူကိုယ့်သူလည်း ရဟန်းလို့ပဲ ဝန်ခံနေဦးမယ်ဆိုရင် အဲဒီရဟန်းမျိုးကို ဒုဿီလလို့ခေါ်တယ်၊ ဒုဿီလလို့ ပြောလိုက်ရင် သီလမရှိတဲ့ ရဟန်းလို့ ဆိုလိုတယ်။

သီလမရှိတဲ့ ရဟန်းဆိုတာ ပါရာဇိက ၄-ပါးထဲက တစ်ပါးပါး ကျူးလွန်မိလို့ စင်စစ်အားဖြင့်ဆိုရင် ရဟန်းမဟုတ်တော့တဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုတယ်။

ပါရာဇိက ၄-ပါးဆိုတာ မေထုံမှီဝဲတာရယ်၊ သူများဥစ္စာခိုးတာရယ်။ လူသတ်တာရယ်၊ ဈာန်မဂ်ဖိုလ် မရဘဲနဲ့ ရတယ်လို့ လိမ်ပြောတာရယ်၊ အဲဒီ ၄-ပါးထဲက တစ်ပါးပါး ကျူးလွန်မိရင် သူက အလိုလို ရဟန်းအဖြစ်က လျော့ကျသွားတယ်။

ကိုယ့်ဟာကိုယ်တော့ ငါရဟန်းလို့ ပြောချင် ပြောနေဦးမှာပဲ၊ သို့ပေမယ့် စင်စစ်ကတော့ ရဟန်းမဟုတ်တော့ဘူး၊ အဲသလို ပုဂ္ဂိုလ်မျိုးကို ဒုဿီလလို့ခေါ်တယ်။

ဒီလိုမဟုတ်ဘဲ တခြားသိက္ခာပုဒ်တွေ မရှက်မကြောက် လွန်ကျူးနေတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဒုဿီလ မခေါ်ရဘူး၊ သူ့ကျတော့ အလဇ္ဇီလို့ခေါ်တယ်။

[စာမျက်နှာ-139] အလဇ္ဇီဆိုတာ အရှက်မရှိတဲ့ ပုဂ္ဂိုလ်ကိုပြောတာ၊ အဲသလို ဒုဿီလနဲ့ အလဇ္ဇီကို ခွဲခြားသိဖို့ လိုအပ်တယ်။

ဒုဿီလဆိုရင် သီလမရှိတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုတယ်၊ အလဇ္ဇီဆိုတာကတော့ သီလတော့ရှိတယ်၊ သီလကို ကောင်းကောင်း မစောင့်ဘူးဆိုပါတော့၊ သိက္ခာပုဒ် ကျူးလွန်ရမှာကို မရှက်တဲ့သူကို အလဇ္ဇီလို့ခေါ်တယ်၊ အရှက်မရှိတဲ့ပုဂ္ဂိုလ်။

ခုနကဒုဿီလဆိုတာက ရဟန်းအစစ်မဟုတ်ဘူး၊ အလဇ္ဇီဆိုတာက ရဟန်းတော့ ရဟန်းပဲ၊ သို့သော် သိက္ခာပုဒ်လွန်ကျူးတယ်၊ ဒါပဲရှိတယ်၊ အဲဒါ ၂-ခုကိုမှတ်ထား။

သာမဏေတွေမှာ ဆယ်ပါးသီလ၊ လိင် ၁၀-ပါး၊ ဒဏ် ၁၀-ပါးတို့ကို အမှန်ကတော့ အထူးဆောက်တည်စရာမလိုဘူး၊ သို့သော်သာမဏေတွေမှာ ပါဏာတိပါတ လွန်ကျူးမိတယ်၊ အဒိန္နာဒါနလွန်ကျူးမိရတယ်ဆိုရင် သာမဏေဘဝက လျောကျတာပဲ၊ ရဟန်းမှာ ပါရာဇိက ကျသလိုပဲ၊ သို့သော် ရဟန်းက ပါရာဇိက ကျမိရင် နောက်တစ်ခါ ရဟန်းပြန်လုပ်လို့ မရတော့ဘူး၊ ဒီဘဝမှာတော့ ပြီးရောပဲ။

သာမဏေကတော့ ဒီလိုမဟုတ်ဘူး၊ ပါဏာတိပါတ ကျူးလွန်မိသွားတယ်။ ပြန်ပြီးတော့ သရဏဂုံ ဆောက်တည်ရတယ်၊ ရဟန်းဆီမှာ ပြန်ပြီးတော့ သရဏဂုံ ဆောက်တည်ရတယ်၊ ရဟန်းဆီမှာ ပြန်ပြီးတော့ သရဏဂုံ ယူရတယ်၊ အဲသလို သရဏဂုံ ပြန်ယူလိုက်ရင် ပြန်ပြီးတော့ ဟန်ကျသွားတယ်၊ အဲဒါ ၁၀-ပါးသီလ။

ရဟန်းတွေကျင့်တဲ့ထဲက တချို့သီလတွေကို ပျက်သွားရင်လည်း သရဏဂုံ ထပ်ယူ၊ အဲဒါကြောင့်မို့ ဦးဇင်းတို့ ဘုန်းကြီးကျောင်းတွေမှာ ကိုရင်တွေကို နေ့တိုင်း သရဏဂုံပေးရတယ်၊ ဘာကြောင့်လည်းဆိုတော့ ကလေးတွေ မဟုတ်လား၊ သူတို့ တစ်ခုခု ဘာကျူးလွန်မိထားသလဲ မသိနိုင်ဘူးလေ၊ အဲသလို ကျူးလွန်ထားရင် သူတို့ကိုရင်မဟုတ်ဘူး ဖြစ်နေပြီ၊ ကိုရင်မဟုတ်ဘဲနဲ့ ကိုရင်လို လုပ်နေရင် သူတို့မှာ အပြစ်ရှိတယ်။ ဒါကြောင့် နေ့တိုင်း သီလပေးရတာ။

သီလပေးရတယ်ဆိုတော့ သရဏဂုံ အရင်ယူရတာပေါ့၊ သရဏဂုံပေးချင်လို့ သီလယူခိုင်းရတာ၊ အမှန်ကတော့ သာမဏေမှာ သီလမယူရင်လည်း မပြီးဘူး၊ သရဏဂုံ ယူလိုက်တာနဲ့ သီလသူ့ဆီရောက်သွားရော၊ အဲဒီသီလတွေဟာ အမြဲ စောင့်ထိန်း ရမယ့်သီလ။

ကောင်းပြီ၊ လူဝတ်ကြောင်သီလကျတော့ ဘယ်လိုလဲတဲ့၊ လူဝတ်ကြောင် သီလကျတော့ ပထမသီလ မလာခင် လူဝတ်ကြောင်မှာ သရဏဂုံ တည်ရမယ်၊ သရဏဂုံတည်တဲ့ ပုဂ္ဂိုလ်ဆိုတာ မြတ်စွာဘုရားကို ဆည်းကပ်တဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။

[စာမျက်နှာ-140] အဲသလို ပုဂ္ဂိုလ်မျိုးကို ပါဠိလို ဘယ်လိုခေါ်သလဲ၊ ဥပါသကလို့ခေါ်တယ်။ လူတွေက ဥပါသကာလို့ ပြောတတ်ကြတယ်၊ ဥပါသကဆိုတာ ဘုရားတရား သံဃာ ရတနာသုံးပါးကို ဆည်းကပ်တတ်တဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။

အဲသလို ဥပါသကဖြစ်ပြီးမှ ဥပါသကရဲ့ ရှိသင့်ရှိထိုက်တဲ့ သီလအနေနဲ့ မြတ်စွာဘုရားက ငါးပါးသီလကိုပြောထားတာ၊ ဒါကြောင့်မို့ သရဏဂုံ ဆောက်တည် ထားရင် သူ့မှာ သရဏဂုံပဲ ရှိသေးတယ်၊ သီလမရှိသေးဘူး။

ဒါကြောင့်မို့ သီလရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကိုယ်က ဘာကို ဆောက်တည်ရဦး မလဲ၊ ငါးပါးသီလကို ဆောက်တည်ရမယ်၊ ဒါကြောင့်မို့ ငါးပါးသီလကို လူတွေ အတွက်နိစ္စသီလလို့ခေါ်တယ်၊ ငါးပါးသီလဟာလူတွေအတွက် အမြဲတမ်း စောင့်ထိန်း ရမယ့်သီလ၊ မြန်မာနိုင်ငံမှာ ပြောလေ့ရှိတယ်၊ ခါးဝတ်ပုဆိုးကဲ့သို့မြဲရမယ်၊ ဒီနိုင်ငံမှာ ကျတော့ မလွယ်ဘူး၊ မြန်မာနိုင်ငံမှာကျတော့ ခါးဝတ်ပုဆိုးဆို ဘယ်တော့မှ ချွတ်တာမဟုတ်ဘူး၊ ခါးဝတ်ပုဆိုး မြဲသလို ငါးပါးသီလကို မြဲရမယ်တဲ့။

အဲဒီငါးပါးသီလမှာ တစ်ခါတလေ (ဆိုပါတော့) သီလတစ်ပါးတည်းဆိုပြီး ဆောက်တည်တာ မဟုတ်ဘဲနဲ့ ငါးပါးသီလဆောက်တည်ပါ၏ဆိုပြီးတော့ ဒီလိုလေး ဆိုပြီး ဆောက်တည်ရင်လည်း ဖြစ်သတဲ့၊ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ တစ်ပါးပျက်ရင် ငါးပါးစလုံး ပျက်ရော။

ဒီလိုမဟုတ်ဘဲနဲ့ ပါဏာတိပါတာ ဝေရမဏိ၊ အဒိန္နာဒါနာ ဝေရမဏိတစ်ခုစီ ဆိုပြီး ဆောက်တည်ထားရင် တစ်ပါးကျိုးရင် တစ်ပါးပဲပျက်တယ်၊ တခြားဟာတွေ ကျန်တယ်၊ အဲသလိုကွာတယ်။

ပြီးတော့ အဲသလို ဆောက်တည်တဲ့အခါမှာ လူတွေအနေနဲ့ကျတော့ ကိုယ် ရည်မှန်းသလောက် ဆောက်တည်နိုင်တယ်၊ ရည်မှန်းသလောက် ကိုယ့်မှာ အဲဒီသီလ ရှိတယ်။

ဆိုပါတော့၊ ဒီသီလကို တစ်ရက်ဆောက်တည်ပါမယ်ဆို တစ်ရက်က ကိုယ့်မှာ သီလရှိတယ်၊ တစ်ရက်လွန်သွားတာနဲ့ အဲဒီသီလ အလိုလို မရှိတော့ဘူး၊ ချနေစရာ မလိုဘူးလို့ ဆိုလိုတယ်။

၈-ပါးသီလ ဆောက်တည်တယ် (၈-ပါးသီလလည်း လူဝတ်ကြောင်သီလပဲ) ဥပုသ်နေ့တစ်နေ့ ဆောက်တည်ပါမယ်လို့ဆိုထားပြီး ဥပုသ်နေ့လွန်သွားရင် အလိုလို သွားတော့တာပဲ။

လူတွေမှာ အမြဲဆောက်တည်ရမှာက ၅-ပါးသီလ၊ တတ်နိုင်ရင် ဆောက်တည်

[စာမျက်နှာ-141] ရမှာက ၈-ပါးသီလ၊ ၅-ပါးထက် ၈-ပါးက ပိုပြီးမြင့်မြတ်တာပေါ့၊ ကောင်းတာပေါ့။ ၅-ပါးထက် ၈-ပါးက ပိုပြီး ကုသိုလ်ရတယ်၊ ဘာလို့တုန်းဆို စောင့်ထိန်းမှုမှာ ပိုသွားလို့လေ၊ သိက္ခာပုဒ် ၃-ခုတောင် ပိုပြီး စောင့်ထိန်းရတယ်။

ဒါကြောင့်မို့ ဥပါသကာတွေအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အမြဲတမ်း စောင့်ထိန်းရမယ့် နိစ္စသီလက ၅-ပါးသီလ၊ တတ်နိုင်ရင်တတ်နိုင်သလို စောင့်ထိန်း ရမယ့် သီလက ၈-ပါးသီလ။

အဲဒီ ၈-ပါး သီလကို ဥပုသ်သီလလို့ ခေါ်တယ်၊ ဥပုသ်စောင့်တဲ့အခါ စောင့်ထိန်းရတဲ့သီလပေါ့၊ ဥပုသ်သီလလို့ခေါ်တော့ ၈-ပါးသီလကို ဥပုသ်နေ့မှာသာ ဆောက်တည်ကောင်းတာမဟုတ်ဘူး၊ ကိုယ်ဆောက်တည်ချင်ရင် ဆောက်တည်ချင်တဲ့ နေ့ ဆောက်တည်လို့ရတာပဲ၊ သို့သော် လူဆိုတာ နေ့တိုင်း ဆောက်တည်နိုင်ဖို့ အများကြီးခဲယဉ်းတယ်၊ အဲဒီတော့ ဘယ်လိုသတ်မှတ်ထားသလဲ၊ တစ်လကို ၄ ကြိမ်ဆိုပြီးတော့ မြန်မာပြည်မှာ လဆန်း ၈ ရက်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၈-ရက်နေ့၊ လကွယ်နေ့ရယ်၊ အဲဒီနေ့တွေကို ဥပုသ်နေ့လို့သတ်မှတ် ပြီးတော့ (များသောအားဖြင့်ပေါ့) ၈-ပါးသီလ ဆောက်တည်ကြတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ ဝါတွင်းမှာ မပျက်အောင် ကြိုးစားပြီးတော့ ဆောက်တည်ကြတယ်၊ အဲဒါက ၈-ပါးသီလ။

၈-ပါးသီလ ဆောက်တည်တဲ့အခါမှာလည်း ၈-ပါးသီလကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် အထူးသဖြင့် ဆောက်တည်ရတာပေါ့၊ ဥပုသ်စောင့်သွားတယ်ဆိုပြီးတော့ သီလယူပြီး တွေ့ကရာလူနဲ့ စကားများ၊ ဟေးလားဝါးလားပြောဆိုနေမယ်ဆိုရင် ဒီသီလဟာ သိပ်ပြီးတော့ မကောင်းလှဘူးပေါ့၊ သီလယူပြီးပြီဆိုရင် တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်ပြီးတော့ဖြစ်စေ၊ တရားထိုင်လို့ဖြစ်စေ၊ ပုတီးစိပ်လို့ဖြစ်စေ၊ အဲဒီလို နေမှသာ ဒီဥပုသ်ဟာ ကောင်းတဲ့ဥပုသ် ဖြစ်နိုင်တယ်။

နွားကျောင်းသား ဥပုသ်ဆိုတာရှိတယ်၊ နွားကျောင်းသားများဟာ ဒီနေ့တော့ ငါ့နွားတွေကို ဒီစားကျက်မှာ မြက်စားစေမယ်၊ နောက်နေ့တော့ ဟိုစားကျက်မှာ မြက်စားစေမယ် ဆိုသလိုပဲ၊ ဒီနေ့တော့ ဘာစားမယ်၊ နောက်နေ့ ဘာစားမယ် ဘယ်အချိန် ဘာစားမယ်ဆိုပြီးလုပ်နေရင် အဲဒါ နွားကျောင်းသားဥပုသ်တဲ့၊ ဥပုသ် စောင့်တဲ့အခါ သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောက်တည်ရတယ်။

တိုက်ရိုက်တော့ မသက်ဆိုင်ဘူး၊ အနာထပိဏ်သူဌေးကသူ့သားကို တရားနာ လွှတ်တာမျိုးလိုပဲ၊ တရားနာလွှတ်တော့ ငွေတစ်ရာပေးမယ်၊ တရားသွားနာချေပြော

[စာမျက်နှာ-142] တယ်၊ သူ့သားကလည်း ခပ်မိုက်မိုက်ထင်ပါတယ်၊ ငွေတစ်ရာလည်းလိုချင်တော့ ဇေတဝန် ကျောင်းသွားပြီး ထောင့်ထဲမှာအိပ်ပြီး ပြန်လာတယ်၊ မနက်ကျတော့ အိမ်ပြန်သွားတဲ့ အခါ အိမ်မိသားစုက ထမင်းစားပါဆိုရင်မစားဘူး၊ ငွေတစ်ရာ အရင်ပေး၊ အဲသလို လုပ်နေတယ်။

နောက်တစ်ခါ မှတော့ တရားစွဲစွဲမြဲမြဲ နာမိသွားတာ အကျွတ်တရားရသွားပြီ၊ သောတာပန်ဖြစ်ပြီး ပြန်လာတာ၊ ဒါက ၈-ပါးသီလ။

၈-ပါးသီလအပြင် လူတွေအနေနဲ့ ဆောက်တည်နိုင်တာရှိသေးတယ်၊ အဲဒါက ၁၀-ပါးသီလ၊ မဆောက်တည်ကောင်းဘူးလို့ ပြောလို့မရဘူး၊ ဆောက်တည်နိုင်ရင် ဆောက်တည်ရမယ်၊ သို့သော် အများကြီးတော့ ခဲယဉ်းတယ်၊ ဘာကြောင့်တုန်းဆိုတော့ ပိုက်ဆံ၊ ရွှေ ငွေ မကိုင်ရဘူးဆိုတာကိုး၊ လူဆိုတာကလည်း ပိုက်ဆံမကိုင်လို့ မရှိလို့ မဖြစ်နိုင်ဘူး ဟုတ်လား။

သို့သော် တစ်ခါတလေ လုံးဝ (ဆိုပါတော့) စွန့်ပယ်ပြီး ၁-ရက် ၂-ရက် စသည်ဖြင့် အဲသလိုတော့ ဖြစ်နိုင်ပါတယ်၊ ၁၀-ပါးသီလထိအောင် လူတွေအနေနဲ့ စောင့်နိုင်တယ်လို့ အဲသလို မှတ်ထားပေါ့၊ တကယ်တမ်း ၁၀-ပါးသီလ မစောင့်နိုင် တာလည်းရှိတာပဲ။

မေး - ချက်လက်မှတ်ကိုင်ရင်ကော။
ဖြေ - ချက်လက်မှတ်လည်းပဲ၊ ဘာထူးသလဲ၊ လူတွေကတော့ ထင်တယ်။ ချက်ကိုင်ရင် ကိစ္စမရှိပါဘူးလို့၊ အမှန်ကတော့ချက်လည်းငွေပဲ၊ ဒါနဲ့ဖလှယ်လို့ရတာပဲ၊ အမှန်တော့ပါဠိလို သံဝေါဟာရလို့ခေါ်တယ်၊ ဝေါဟာရဆိုတာ ဖလှယ်တာကို ဆိုလိုတယ်၊ ချက်နဲ့ ပစ္စည်းဝယ်လို့ရရင် ဒါဟာငွေပဲ၊ ဘာမှမထူးဘူး၊ ရှောင်မယ်ဆိုရင် အကုန်လုံး ရှောင်နိုင်တာကောင်းပါတယ်၊ ဘာကြောင့်တုန်းဆိုတော့ ရှေးတုန်းက တကယ့်ရွှေငွေမဟုတ်ဘဲနဲ့ သားရေပိုင်းလေး ဖြစ်ပါစေ၊ မင်းတံဆိပ် ခပ်နှိပ်ပြီး မင်းတို့ ဒါကို ငွေအဖြစ်နဲ့ သုံးကြဟေ့ဆိုရင် ဒါဟာ ငွေပဲ ဆိုတော့ အခုခေတ်ငွေ စက္ကူနဲ့ ဘာထူးလဲ၊ ပလတ်စတစ်ကတ်လည်း မထူးဘူး၊ ဒါဟာ ငွေလိုပဲဖြစ်နေတာ၊ ဒါနဲ့ဈေးဝယ်လို့ရတယ်၊ ဒါနဲ့ သုံးစွဲလို့ရတယ်ဆိုတော့ သိပ်မထူးဘူး။

အဲဒီသီလက စာရိတ္တသီလနဲ့ ဝါရိတ္တသီလလို ၂-မျိုးရှိတယ်၊ ဒီနာမည်လည်း မှတ်ထားကြ။

စာရိတ္တဆိုတာက မျိုးရိုးထုံးစံအတိုင်းကောင်းတဲ့အကျင့်တွေရှိတတ်တယ်၊ ဒီမျိုးရိုးဟာ ဘယ်လိုအကျင့်ရှိတယ် ဘာညာပေါ့လေ၊ အဲသလိုအကျင့်မျိုးကို

[စာမျက်နှာ-143] စာရိတ္တလို့ခေါ်တယ်၊ ပြီးတော့ စာရိတ္တ သီလဆိုတာက မကျင့်ရင် အပြစ်မရှိဘူး၊ ကျင့်ရင် အကျိုးရှိတယ်ဆိုတဲ့ သီလမျိုးကို စာရိတ္တသီလလို့ခေါ်တယ်။

ရဟန်းမှာ ပညတ်ထားတဲ့ ၂၂၇-ပါးအပြင် အများကြီးရှိသေးတယ်၊ ခန္ဓကဆိုတဲ့ ဝိနည်း ကျမ်းဂန်တွေမှာ ပညတ်ထားတာ၊ အဲသလို ပညတ်ထားတာမျိုးကျတော့ မကျင့်ရင် အာပတ်မသင့်ဘူး၊ ကျင့်ရင်တော့ အကျိုးရတယ်၊ အဲသလို သီလမျိုးကို စာရိတ္တသီလလို့ခေါ်တယ်။

အမျိုးရဲ့ အလေ့အကျင့်ဖြစ်နေတဲ့ သီလမျိုး၊ မကျင့်ရင် ဘာမှမဖြစ်ဘူး၊ ကျင့်ရင် အကျိုးရတယ်၊ အဲသလို သီလမျိုးကို စာရိတ္တသီလ။

ဝါရိတ္တသီလဆိုတာ ဝါရိတ္တဆိုတာတားမြစ်ထားတဲ့ အဓိပ္ပါယ်ရတယ်၊ မလုပ် နဲ့လို့ တားမြစ်ထားတာကို ရှောင်တဲ့သီလကို ဝါရိတ္တသီလလို့ခေါ်တယ်။

ဝါရိတ္တသီလဆိုတာ ပါဏာတိပါတတို့ အဒိန္နာဒါနတို့ဟာ ဝါရိတ္တသီလလို့ ခေါ်တယ်၊ သူတို့ကျတော့ မစောင့်စည်းရင် အပြစ်ကိုဖြစ်တယ်၊ အကျိုးမရရုံ မဟုတ်ဘူး၊ သူတို့ကို မစောင့်စည်းရင် သူတို့ကို ကျူးလွန်ရင် အပြစ်ကို ဖြစ်တယ်။ အဲသလို သီလကို ဝါရိတ္တသီလ၊ ခုနပြောတဲ့နိစ္စသီလဆိုတာ ဝါရိတ္တသီလပဲ။ လူတွေမှာဆိုရင် ငါးပါးသီလဟာ ဝါရိတ္တသီလ၊ ဘုန်းကြီးတွေမှာဆိုရင် ပါတိမောက် သီလဟာ နိစ္စသီလ၊ ဝါရိတ္တသီလပဲ။

ကောင်းပြီ၊ သီလဆိုတာ ကိုယ်မှုနှုတ်မှုတို့ကို အကုသိုလ်မဖြစ်ရအောင် ကောင်းစွာထားခြင်းလို့ ပြောခဲ့တယ်မဟုတ်လား၊ ကိုယ်မှုနှုတ်မှု ဆိုတာကို သတိထား မှတ်ထား။

သီလက ကာယကံနဲ့ ဝစီကံလို့ ထင်နေတာ၊ ခန္ဓာကိုယ်နဲ့ပြုမယ့် မတော် တရော်ရာအကျင့်တွေကို မပြုဖြစ်အောင်ထိန်းတာ၊ နှုတ်နဲ့ မတော်တရော်ပြုမယ့် အကျင့်တွေကို မပြုဖြစ်အောင် ထိန်းတာကို သီလလို့ခေါ်တယ်၊ ပါဏာတိပါတ ဝေရာမဏိ၊ သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ တကယ်မသတ်ရင် ဒီသီလလုံနေတာပဲ၊ တကယ်ပဲ စိတ်ထဲက သတ်ချင်စိတ် ရှိနေဦး၊ စိတ်ထဲက သတ်နေဦး၊ တကယ်တမ်းထပြီး ကိုယ်ထိလက်ရောက် မသတ်ရင် ပါဏာတိပါတ သိက္ခာပုဒ်ဟာ လုံနေသေးတာပဲ၊ သူမကျူးလွန်ဘူး။

ထို့အတူပဲ၊ သူများဥစ္စာခိုးချင်တယ် ဆိုပါတော့၊ စိတ်နဲ့ ခိုးတယ်ဆိုပါတော့၊ သို့သော် ကိုယ်တိုင် ထမယူသေး၊ မခိုးသေးဘူးဆိုရင် ဒီသိက္ခာပုဒ် လုံနေသေးတယ်။ ဒါကြောင့် သီလဆိုတာ ဘာအတွက်လဲလို့ မေးရင် ကာယကံနဲ့ ဝစီကံကို

[စာမျက်နှာ-144] ထိန်းချုပ်ခြင်း၊ မနောကံကို သီလနဲ့ မနိုင်ဘူး၊ ဒါကြောင့်မို့ တချို့က ပြောလေ့ရှိတယ်။ နားမလည်ဘဲနဲ့ လူတတ်လုပ်ပြီးပြောတာ။

“ကာယကံ ဝစီကံ မနောကံ ၃-ခုလုံး ထိန်းနိုင်မှ သီလဆိုတာ ရတာ၊ ဆိုပါတော့၊ မင်းစိတ်နဲ့ ကြံရင် သီလပျက်ပြီ” အဲသလို ပြောနေတာကို ဦးဇင်းက နားနဲ့ဆတ်ဆတ်ကြားဖူးတာ၊ နည်းနည်းစိတ်ကလေးနဲ့ ကြံလိုက်ရင်လည်း မင်းသီလ ပျက်သွားပြီ၊ ငါးပါးသီလပေမယ့် တစ်ဆယ့်ငါးပါးသီလ ဘာညာနဲ့ အဲသလို ပြောတာတွေရှိတယ်။

ဒီလိုကြံစေချင်လို့ မြှောက်ပေးတဲ့သဘောနဲ့ပြောတာမဟုတ်ဘူး၊ တကယ့်အမှန် အတိုင်းကတော့ သီလဆိုတာ ကာယကံနဲ့ ဝစီကံကိုထိန်းတာ၊ မနောကံကိုထိန်းတာ မဟုတ်ဘူး၊ သို့သော် ကာယကံ၊ ဝစီကံကို ထိန်းရင် မနောဆိုတဲ့ စိတ်လည်းပါတော့ပါတာပေါ့၊ သို့သော် မနောကံဆိုတဲ့စိတ်ကို ထိန်းတာက သီလနဲ့တင် မရဘူး၊ ရဟန်းသီလဆိုလည်း ဒီအတိုင်းပဲ၊ မတော်တဲ့ ကာယကံ မပြုအောင် မတော်တဲ့ ဝစီကံ မပြုအောင် ထိန်းနိုင်တာ၊ စိတ်နဲ့ထိန်းနိုင်တာမဟုတ်ဘူး။

သီလတော့ ညစ်နွမ်းချင် ညစ်နွမ်းမယ်လို့ ပြောလို့ရတာပေါ့၊ သူများအသက် မသတ်နဲ့ ပြောတယ်၊ စိတ်နဲ့သတ်တယ်၊ ဒါကတော့ မတော်ဘူး၊ ကောင်းတော့ မကောင်းဘူး၊ သီလညစ်နွမ်းတယ်၊ ဒါပေမယ့် သီလမပျက်ဘူး၊ ညစ်နွမ်းတာနဲ့ ပျက်တာနဲ့ တစ်မျိုးစီနော်။

အဲဒါကြောင့် ကိုယ်မှု နှုတ်မှု စိတ်မှုသုံးမျိုးရှိရာတို့တွင် ကိုယ်မှု နှုတ်မှုတို့တွင် ထိန်းဖို့ရန် သီလကိုဟောပြီးတဲ့နောက် စိတ်အတွက်တော့ မြတ်စွာဘုရားက ဘာဝနာကို ဟောတယ်။

ဒါကြောင့်မို့ ကြားဖူးကြလိမ့်မယ်၊ ဒါန၊ သီလ၊ ဘာဝနာနဲ့ ပြောလေ့ရှိကြတယ်။ ဘာဝနာဆိုတာ ပွားအောင်လုပ်တာ၊ များအောင်လုပ်တာ၊ စိတ်ရင့်ကျက်အောင် လုပ်တာကို ဘာဝနာလို့ခေါ်တယ်။ (mental development)

အဲဒီတော့ ဒီနေရာမှာ စိတ်ရင့်ကျက်အောင် လုပ်တယ်ဆိုတာ ကုသိုလ်စိတ် ရင့်ကျက်ပွားများအောင် လုပ်တာကို ဆိုလိုတယ်၊ အကုသိုလ်များပြားအောင် လုပ်တာကို ဘယ်ဆိုလိုပါ့မလဲ။

အဲဒီ ဘာဝနာမှာသာ သမထဘာဝနာ၊ ဝိပဿနာဘာဝနာဆိုပြီး ၂-မျိုး လာတယ်၊ ဒီနေရာမှာလည်းပဲ ဘာဝနာအရ သမထဝိပဿနာဆည်းပူးနေတဲ့ ကာမာဝစရ ကုသိုလ်စေတနာဆိုလိုတယ်။

[စာမျက်နှာ-145] အဲဒီတော့ သမထဘာဝနာပဲဖြစ်ဖြစ်၊ ဝိပဿနာဘာဝနာပဲဖြစ်ဖြစ် ဒီနှစ်ခုကို ကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ ကမ္မဋ္ဌာန်းထိုင်တယ်လို့ ခေါ်တယ်။

ကမ္မဋ္ဌာန်းထိုင်လာပြီဆိုတော့ ကာယကံတင်မဟုတ်တော့ဘူး၊ စိတ်ကို ထိန်းရတော့တာ၊ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ ခက်တာ၊ သမထ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတော့လည်း နောက်ဆုံး ကသိုဏ်းဝန်းကို ကြည့်ပြီး ထိုင်ရင် မျက်စိက ကသိုဏ်းဝန်းကိုကြည့်ပြီး မြေကြီး၊ မြေကြီးနဲ့ စသည်ဖြင့် လုပ်နေရတယ်။ စိတ်ကို တခြားမသွားအောင် ထိန်းနေရတယ်၊ မတော်တရော်လုပ်ဖို့ဆိုတာ ပြောစရာ မလိုတော့ဘူး၊ စိတ်ကို ဝေးဝေးကြီး ထွက်မသွားအောင်ထိန်းနေရတယ်။

ထို့အတူ ဝိပဿနာ တရားထိုင်တော့လည်း ပစ္စုပ္ပန်မှာဖြစ်ပေါ်လာသမျှ ဖြစ်နေတဲ့ ရုပ်၊ နာမ် တရားတွေကို မပြတ်ရှုမှတ်နေရတယ်၊ စိတ်ငြိမ်အောင်လို့၊ ဒါကြောင့် ဘာဝနာဟာ ပိုပြီးတော့ခက်တယ်။

ဒါနထက် သီလက ခက်တယ်၊ သီလထက် ဘာဝနာက ခက်တယ်၊ အဲဒီ ဘာဝနာ ၂-မျိုးရှိတယ်၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ။

သမထဆိုတာ ငြိမ်အေးတာကိုခေါ်တာ၊ ငြိမ်းတာကို ခေါ်တာ၊ အင်္ဂလိပ်လို calm သို့မဟုတ် tranquility ပေါ့။

အဲဒါကတော့ အားကြီးတဲ့ သမာဓိကိုဖြစ်စေနိုင်တဲ့ ကမ္မဋ္ဌာန်းမျိုး၊ သမာဓိ အားကောင်းတဲ့အတွက်ကြောင့်မို့ ဈာန်ရဲ့ အစဉ်အဆင့်အတန်းတက်ပြီး အဘိညာဉ် ဆိုတဲ့ အဆင့်အတန်းတွေ ထိအောင်ရောက်စေနိုင်တဲ့ ကမ္မဋ္ဌာန်းမျိုးကို သမထကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ သမထအရာမှာ ပိုပြီးတော့ သမာဓိအားကြီးဖို့လိုတယ်။

ဝိပဿနာဘာဝနာဆိုတာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်အောင်ရှုတာလို့ ဆိုတယ်၊ ဝိ-ဆိုတာက အမျိုးမျိုး၊ ပဿနာဆိုတာက ရှုမြင်တာ၊ နည်းအမျိုးမျိုးဖြင့် ရှုမြင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။

နည်းအမျိုးမျိုးဆိုတာ အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်းရှုမြင်တာ၊ ဝိပဿနာတရားထိုင်လာတဲ့အခါကျတော့ ပထမတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဘယ်ကောင်းကောင်း မြင်မလဲ၊ သို့သော် ကိုယ့်စိတ်သန္တာန်မှာ ဖြစ်ပေါ်နေတာကို မှတ်နေတာပဲ။

စိတ်ကလေး ပြေးသွားရင် ပြေးသွားတယ်လို့ မှတ်တယ်၊ ပြန်လာရင်ပြန်လာ တယ်မှတ်၊ စိတ်ဆိုးရင် ဆိုးတယ်မှတ်၊ ပျင်းရင် ပျင်းတယ် စသည်ဖြင့်ပေါ့လေ၊ ဝေဒနာတို့ကိုလည်းမှတ်၊ အဲသလိုစူးစိုက်ပြီး မှတ်လာတဲ့အခါကျတော့ စိတ်တည်ငြိမ်မှု

[စာမျက်နှာ-146] ရတယ်၊ စိတ်တည်ငြိမ်မှုရလာတဲ့ အခါကျတော့ ရုပ်သဘော၊ နာမ်သဘော သိလာတယ်၊ သူတို့ရဲ့ အဖြစ်အပျက်ကို သိလာတယ်၊ အဲဒီလို အဖြစ်အပျက်သိလာရင် အနိစ္စသဘော သိတော့တာပဲ။

ပစ္စည်းတစ်ခုဟာ ဖြစ်ပြီး ပျက်သွားကတည်းက မမြဲဘူးဆိုတာ အလိုလို ထင်ရှားလာတယ်။ အဲသလို အမြဲတမ်း၊ ဖြစ်ပျက် ဖြစ်ပျက်နေတဲ့အတွက်ကြောင့် ကျေနပ်စရာမရှိဘူး၊ မကောင်းဘူး၊ ဒုက္ခပဲ၊ အဲသလို ဖြစ်ပျက်နေတာကို မဖြစ်ပျက် ပါနဲ့လို့ ပြောလို့မရဘူး၊ ကိုယ်က အမိန့်ပေးလို့ မရဘူး၊ အနှစ်သာရ အမာခံရယ်လို့ မရှိဘူး၊ ဒါဟာ အနတ္တပဲ။

အဲဒီ အနိစ္စသဘောတရား၊ ဒုက္ခသဘောတရား၊ အနတ္တသဘောတရားကို သိမြင်လာအောင် ရှုတာဟာ ဝိပဿနာဘာဝနာ၊ အဲဒီလို အနိစ္စ ဒုက္ခ၊ အနတ္တ သဘောတရားကို မြင်ပြီးတဲ့နောက်မှ ရှေ့တက်ရမယ်၊ လာလာခြင်း ထိပ်တက်လို့ မရဘူး၊ တရားထိုင်တဲ့အခါကျတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရတယ်။

အဲဒီ သမထဘာဝနာနဲ့ ဝိပဿနာဘာဝနာ နှစ်ပါးရဲ့ အကျယ်ကိုတော့ ၉-ခုမြောက် နောက်ဆုံးအပိုင်းမှာ ပြလိမ့်မယ်၊ သမထကမ္မဋ္ဌာန်း ၄၀-ရှိတယ်၊ ဝိပဿနာ ကမ္မဋ္ဌာန်း ဉာဏ်စဉ်တွေရှိတယ်၊ ဒါတွေကို နဝမပိုင်း၊ ၉-ခုမြောက်အပိုင်း ကျတော့ ကျမ်းဆရာတွေက ရေးသားလိမ့်မယ်။

အဲဒီတော့ ပွားများတာကို ဘာဝနာလို့ ခေါ်တယ်၊ ကောင်းပြီ၊ ဘာဝနာဆိုတဲ့ အထဲမှာ အပြစ်မရှိတဲ့ အတတ်ပညာ သင်ယူတာတို့ စာပေ ပရိယတ် ကြံစည် စဉ်းစားတာတို့၊ ဒါတွေလည်းပဲ ထည့်ရတယ်၊ ထည့်သင့်တယ်။

တရားထိုင်နေတာတော့ မဟုတ်ဘူး၊ သို့သော်လည်း စိတ်ဓာတ်ကို ကုသိုလ် တရားပွားများအောင် ပြုလုပ်တဲ့အတွက်ကြောင့် အပြစ်မရှိတဲ့အတတ်ပညာ လေ့လာ လိုက်စားတာ၊ သင်ယူတာ၊ စာပေပရိယတ် စဉ်းစားတာ၊ ကြံစည်တာ၊ သင်ယူတာ ဟာလည်းပဲ ဘာဝနာ၌ သွင်းယူသင့်တယ်လို့ ဆိုကြတယ်။

ကောင်းပြီ၊ ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ်၊ ၃-မျိုးပြီးသွားပြီ၊ အကျဉ်း ချုပ်လိုက်ရင် ဒါပါပဲ၊ ဒါပေမယ့် ဒီမှာတော့ ကုသလကမ္မပထတရား ၁၀-ပါး ထိအောင် ကျမ်းဂန်မှာပြထားတယ်။

ဒါနသီလ ဘာဝနာပြီးတော့ နောက်ထပ်ပြထားတာက အပစာယနတဲ့၊ အပစာယနဆိုတာက အရိုအသေပေးမှုမှာပါတဲ့ စေတနာကို အပစာယနခေါ်တယ်၊ မိဘ၊ ဆရာသမား၊ ကိုယ့်ထက် ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ အသက်အားဖြင့်

[စာမျက်နှာ-147] ဖြစ်စေ ကြီးတဲ့ပုဂ္ဂိုလ်တို့ဟာ အရိုအသေပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီလို မိဘ၊ ဆရာသမား၊ ရဟန်းသံဃာ၊ ဂုဏ်အားဖြင့်ဖြစ်စေ၊ အသက်အားဖြင့်ဖြစ်စေ ကြီးတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပေးတယ်၊ ခရီးဦးကြိုဆိုတယ်၊ လက်အုပ်ချီတယ်၊ ရှိခိုးဦးချတယ်စသည်ဖြင့် အဲသလို ရိုသေမှုတွေကို (ရိုးရိုးသားသား ပြုတာကို ဆိုလိုတာ၊ နာမည်ရချင်လို့ ပြုတာမျိုးမဟုတ်ဘူး) အပစာယနလို့ ခေါ်တယ်။

အဲဒါဟာ ကုသိုလ်ပဲ၊ ရိုသေထိုက်တဲ့သူကို ရိုသေတာ၊ လေးစားထိုက်တဲ့ သူကို လေးစားတာဟာ အလကားနေရင်း ကုသိုလ်ရနေတာပဲ၊

ဒါကြောင့်မို့ဦးဇင်းတို့ မြန်မာပြည်မှာကျတော့ ဒါဟာ ထုံးတမ်းစဉ်လာလို ဖြစ်နေတယ်၊ လူကြီးရှေ့ ဖြတ်သွားရင်ကုန်းသွား၊ ကူညီစောင့်ရှောက် အရိုအသေပေးလိုက်တာနဲ့ ဒီလိုကိစ္စတွေ ရှိတယ်၊ ဒီနိုင်ငံ (အမေရိကန်) မှာကျတော့ အဲသလို အစဉ်အလာမရှိဘူး၊ သူတို့မှာ ကုသိုလ်ရဖို့ အခွင့်အရေး ရဖို့သိပ်နည်းတယ်၊ သနားဖို့သိပ်ကောင်းတယ်၊ ကုသိုလ် ရမှန်းလည်း မသိဘဲကိုး၊ အနှစ် ၂၀-လောက်အတွင်းမှာ ဒီနိုင်ငံမှာ ဒီအစဉ်အလာတွေ လုံးဝပျက်စီးသွားတယ်လို့သိရတယ်၊ အရင်ကတော့ လူကြီးသူမကိုကြောက်ရတယ်၊ ရိုသေရ တာပဲ၊ အဲဒါ အပစာယနတဲ့၊ ဦးဇင်းတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေက ရှိတယ်၊ လူကြီးကို လူကြီးအလိုက် ရိုသေလေးစားတတ်တယ်၊ သိပ်ကောင်းတဲ့ အစဉ်အလာပေါ့။

နောက်တစ်ခုက ဝေယျာဝစ္စတဲ့၊ အဲဒါက မြန်မာစကားကို ဖြစ်နေပါပြီ။ ဝေယျာဝစ္စဆိုတာ မိဘစတဲ့ ပုဂ္ဂိုလ်တွေ၊ မကျန်းမမာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ အပြစ်ကင်းတဲ့လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးတဲ့စေတနာ မျိုးကို ဝေယျာဝစ္စလို့ခေါ်တယ်၊ လုပ်စရာရှိတာကိုလုပ်ပေးတဲ့အခါမှာပါတဲ့ စေတနာ ပေါ့။

ကိုယ့်ထက်ကြီးတဲ့သူကို ရေခပ်ပေးတယ်၊ လမ်းဖြတ်ကူးနေတဲ့ သက်ကြီးရွယ်အိုကို တွဲကူညီပေးလိုက်တယ်၊ သူတို့မှာ လုပ်စရာရှိတာ လုပ်ပေးလိုက်တာကို ဝေယျာဝစ္စလို့ခေါ်တယ်၊ ဒါလည်း ကုသိုလ်ရတာပဲ၊ ဖြောင့်ဖြောင့်မှန်မှန်နဲ့ လုပ်ရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကုသိုလ်ရတာပဲ။

ဦးဇင်းတို့ကျောင်းမှာပွဲရှိတဲ့အခါ ဝေယျာဝစ္စမလုပ်ကြဘူးလား၊ ဒကာမကြီးတွေ ချက်ကြပြုတ်ကြနဲ့လေ၊ ဒါဟာဝေယျာဝစ္စကုသိုလ်၊ ဒီကုသိုလ်ကလည်း တကယ် ထက်မြက် တယ်နော်၊ တစ်နေ့တော့ ဟောကိုဟောချင်သေးတယ်၊ ဒါပေမယ့် လှူတဲ့ပုဂ္ဂိုလ်ကို နှိမ်ပြောသလို ဖြစ်မှာစိုးလို့ချိန်ဆနေတာ၊ ဘာဖြစ်လို့လည်းဆိုတော့

[စာမျက်နှာ-148] ပါယာသိမြို့စားနဲ့ ဥတ္တရလုလင် ဇာတ်လမ်းရှိတယ်၊ မြို့စားက ပေးလှူလိုက်လို့ ပြောရုံပဲ၊ ဥတ္တရလုလင်က စီမံခန့်ခွဲရတဲ့ (supervisor) ဆိုတော့ သူက ကိုယ်တိုင် လှူရတယ်၊ ရိုရိုသေသေ လှူရတယ်၊ မြို့စားက လှူလိုက် အမိန့်ပေးရုံပဲ၊ သေလို့ နတ်သွားဖြစ်တော့ ဥတ္တရက မြို့စားထက် အဆင့်မြင့်နေရော၊ အဲဒီတော့ မြို့စားက မခံချင်။

[စာမျက်နှာ-149]
အဘိဓမ္မာသင်တန်း ၃၃

[ဝီထိမုတ်ပိုင်း]

ကမ္မစတုက္က

ပုညကြိယာဝတ္ထု ၁၀ ပါးနှင့် ကာမာဝစရကံအကျိုးပေး
ဒီနေ့ ဇူလိုင်လ ၂၄-ရက်၊ ခရီးသွားနေတာနဲ့ ၂-ပတ်ပျက်သွားတယ်၊ ဟိုအပတ်တုန်း ပြောခဲ့တာ စုံသွားတယ်၊ ဝေယျာဝစ္စ တစ်ဝက်တစ်ပျက်နဲ့ပြီးသွားတယ်။

ဥတ္တရလုလင်နဲ့ ပါယာသိမြို့စားအကြောင်းပြောတာ သိပ်မရေရာလိုက်ဘူး၊ ထပ်ပြီးပြောရဦးမယ်။

ပါယာသိမြို့စားဆိုတာက မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးမှ သူက (ပါယာသိ) ဆိုတဲ့ မြို့ကိုစားရတာ၊ အဲဒီမြို့စားက မှားတဲ့အယူရှိနေတာကိုး၊ နောက်ဘဝဆိုတာ မရှိဘူး၊ သေပြီးတဲ့သတ္တဝါတွေဟာ တစ်ဖန်ဖြစ်တယ်ဆိုတာ မရှိဘူး၊ ကောင်းမှုကံ မကောင်းမှု ကံရဲ့ အကျိုးဆိုတာ မရှိဘူး၊ ဒီလိုအယူရှိနေတာ။

တစ်နေ့တော့ ကုမာရကဿပဆိုတဲ့ အရှင်နဲ့ စကားပြောပြီးတော့ ဥပမာ အမျိုးမျိုးနဲ့ ပြောပြပြီးတော့ သူအမြင်မှန် ရသွားတယ်။

အမြင်မှန်ရသွားတော့ ရှင်ကုမာရကဿပက သူက ဝတ်လို့ခေါ်တာပေါ့၊ ယဇ်ပူဇော်တဲ့အခါ ဆိတ်တွေ၊ နွားတွေ၊ ယဇ်မျိုး ပူဇော်တာ မကောင်းဘူး။

[စာမျက်နှာ-150] စားဖွယ်သောက်ဖွယ်ကို လှူတာတန်းတာကောင်းတယ် ဟောတော့ ပါယာသိမြို့စားက အလှူပေးတာ၊ ဒါပေမယ်လို့ သူပေးတဲ့ အလှူက ခပ်ချာချာဖြစ်နေတယ်။

သူက ဘာလှူလဲဆိုတော့ ပုန်းရည်ဟင်းဖြင့် မစိညက်သော ဆန်ကွဲထမင်း၊ ပုန်းရည်ဆိုတာ ပုဂံပုန်းရည်ကြီးမျိုး မဟုတ်ဘူး၊ ပုန်းရည် တစ်မျိုးရှိသေးတယ် မဟုတ်လား၊ ဆန်ကို အရည်လုပ်ပြီး အချဉ်တည်တာ၊ အဲဒါနဲ့ ဆန်ကွဲထမင်းနဲ့ကို ပေးလှူတာ။

အဲသလိုလှူတဲ့အခါ ဥတ္တရလုလင်ဆိုတာက စီမံအုပ်ချုပ်ရတာ၊ supervisor လုပ်ရတာ၊ အဲသလိုလုပ်ရတော့ သူကလည်း စိတ်မချမ်းသာဘူး၊ စိတ်မချမ်းသာတော့ သူက ဘယ်လိုဆုတောင်းသလဲ၊ “ဒီအလှူကြောင့် ကျွန်ုပ်ဟာ ပါယာသိမြို့စားကို ဒီပစ္စုပ္ပန်လောကမှာသာ ပေါင်းဆုံပါရစေ၊ တစ်ပါးသော လောကမှာ မပေါင်းဆုံရပါစေသတည်း” သူက ဒီလိုဆုတောင်းတာ။

ဒီဘဝမှာတော့ ဥတ္တရလုလင်အနေနဲ့ မြို့စားရဲ့ အခိုင်းအစေဖြစ်နေလို့သာ မတတ်နိုင်တာကိုး၊ နောက်ဘဝများတော့ မဆုံပါရစေနဲ့လို့ ဆုတောင်းတာပေါ့။

အဲဒါကိုကြားတော့ မြို့စားကခေါ်ပြီးမေးတာပေါ့၊ “မင်းဘာကြောင့် ဒီလို ဆုတောင်းသလဲ၊ မင်းဒီလိုဆုတောင်းတယ်ဆိုတာ မှန်သလား” မေးတော့ ဟုတ်တယ် ဝန်ခံတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ “အရှင်လှူတာက ပုန်းရည်ဟင်းနဲ့ ဆန်ကွဲ ထမင်းကို လှူတယ်၊ ဒီလိုဘောဇဉ် ဒီလိုအစားအစာမျိုးကို ခင်ဗျားခြေထောက် နဲ့တောင် ထိချင်မှာ မဟုတ်ဘူး၊ စားဖို့ဆိုတာဝေးရော၊ အဲသလို အညံ့စားကို ခင်ဗျားလှူတယ်၊ အဝတ်လှူပြန်တော့လဲ ချည်ထုံးချည်မျှင်တွေနဲ့ အဖုအထစ်တွေနဲ့ ကြမ်းတမ်းတဲ့ အဝတ်ကို ခင်ဗျားလှူတယ်၊ ဒီအဝတ်မျိုးလည်း ခင်ဗျားခြေထောက်နဲ့ တို့ချင်မှာ မဟုတ်ဘူး၊ ဝတ်ဖို့ဝေးရောပဲ၊ ကျွန်တော် ခင်ဗျားကိုချစ်ပါတယ်။ ဒါပေမယ့် ဒီဟာ နှစ်ခုစလုံးအတွက် ဘယ်လိုပြောရမှန်း မသိဘူး၊ ချစ်တာနဲ့ လုပ်ပုံကိုင်ပုံ မကြိုက်တာနဲ့”ပေါ့၊ အဲသလို ပြောတယ်။

ပါယာသီမြို့စားက ငါစားတဲ့ အစာမျိုးပဲဆိုပါတော့ကွာ၊ ငါဝတ်တဲ့အဝတ်မျိုးပဲ ဆိုပါတော့ကွာ ဆိုပြီးတော့ လှူတယ်၊ အဲဒီအခါမှာ ပါယာသိမြို့စားက အလှူလုပ်တာ နေရာမကျဘူး၊ အဲဒါသိပ်ပြီး အတုယူဖို့ကောင်းတယ်၊ သူက အရိုအသေမပြုမူ၍ လှူတယ်တဲ့၊ အလှူလှူတဲ့အခါ လေးလေးစားစားနဲ့ မလှူဘူးပေါ့လေ၊ ပေါ့ပေါ့ဆဆပဲ။

အခုခေတ်လည်း တချို့ လုပ်တတ်ကြတယ်လေ၊ လှူတာပဲကွာ၊ ပြီးတာပဲဆိုပြီးတော့ လေးနက်တဲ့သဘောမပါဘူး၊ အဲသလို မရိုမသေလုပ်တာတစ်ခု။

[စာမျက်နှာ-151] ပြီးတော့ ကိုယ်တိုင်လက်နဲ့မလှူဘူး၊ သူများနဲ့ လှူခိုင်းတာတို့၊ ထည့်ပေး လိုက်တာတို့၊ ဒါလည်း အရေးကြီးတယ်၊ တချို့ကပြောကြတယ်။ “လှူတာပဲ၊ ကိုယ်တိုင်လုပ်နေ မှလား” ဘာလားနဲ့ ပြောလေ့ရှိကြတယ်၊ အခု ဒီဝတ္ထုကိုထောက်ရင် အလှူလုပ်တဲ့အခါ ကိုယ်တိုင်လှူမှ ပိုပြီးတော့ အကျိုးများတယ်၊ အဲသလို သူက ကိုယ်တိုင်လှူတာလည်း မဟုတ်ဘူးတဲ့။

အလေးအမြတ်ပြုပြီးတော့ လှူတာလည်း မဟုတ်ဘူးတဲ့၊ ပြီးတော့ လွှင့်ပစ်သလို လှူတယ်၊ ပစ်ပစ်ခါခါလုပ်ပြီးတော့လှူတယ်၊ အဲသလို လှူတဲ့အတွက်ကြောင့် သူ့ အနေနဲ့ အဲဒီဘဝကသေတဲ့အခါကျတော့ ဘယ်မှာသွားဖြစ်သလဲဆိုတော့ ပရိသတ် ဘာမှမရှိတဲ့ ဟာလာဟင်းလင်းဖြစ်နေတဲ့ သေရီသကဆိုတဲ့ ဗိမာန်မှာ နတ်သွား ဖြစ်တယ်၊ စတုမဟာရာဇ်နတ်မျိုးပေါ့၊ စတုမဟာရာဇ်ဆိုတာ အောက်ဆုံးမဟုတ်လား၊ အခြံအရံလည်းမရှိဘူးပေါ့ နော်။

ဥတ္တရလုလင်ကတော့ သူ့မြို့စားခိုင်းလို့ လှူရတာဖြစ်ပေမယ့် သူက အရိုအသေ ပြုပြီးတော့လှူတယ်၊ ကိုယ်တိုင်လက်နဲ့ ကိုင်တွယ်ပြီးလှူတယ်၊ အလေးအမြတ်ပြုပြီး လှူတယ်၊ ပစ်ပစ်ခါခါမပြုဘဲနဲ့ လှူတယ်၊ အဲသလိုလှူတဲ့အတွက်ကြောင့် သူ့ကျတော့ တာဝတိံသာနတ်ပြည်မှာ သွားဖြစ်တယ်၊ တစ်ဆင့်မြင့်သွားတယ်။

အဲသလိုဖြစ်သွားတော့ တစ်ခုသောအခါမှာ ဂဝံပတိဆိုတဲ့ မထေရ်ရဟန္တာ တစ်ပါးက ရှိတယ်၊ အဲဒီရဟန္တာက သေရီသကဗိမာန်ကို နေ့လည်မှာ သွားနေလေ့ ရှိတယ်၊ အဲဒီအခါမှာ ပါယာသိနတ်သားက ဂဝံပတိမထေရ်ထံ ချဉ်းကပ်ရှိခိုးတဲ့ အခါမှာ ဂဝံပတိမထေရ်က မေးတယ်။

“ဒါယကာ၊ မင်းဘယ်သူလဲ၊” “တပည့်တော်ဟာ နောက်ဘဝတုန်းက ပါယာသိမြို့စားပဲပေါ့။ အခု ဒီမှာလာပြီး နတ်ဖြစ်နေတာပါ” “မင်းဟာ လူ့ဘဝတုန်းက ဒီလို အယူရှိခဲ့တယ် မဟုတ်လား”ဆိုပြီးမေးတော့ “ဟုတ်ပါတယ်။ ဒါပေမယ့် အရှင်ကုမာရ ကဿပ ဆုံးမလို့ အဲဒီအယူက ကင်းလွတ်သွားပါပြီ”

နောက်တစ်ခါ နတ်သားက အရှင်ဂဝံပတိကို မှာတယ်၊ အဲဒီမှာတဲ့ စကား လေးက သိပ်ကောင်းတယ်။

“အရှင်ဘုရား၊ တပည့်တော်ရဲ့ အလှူကို စီမံအုပ်ချုပ်တဲ့ ဥတ္တရလုလင်ဟာ အရိုအသေပြု လှူလို့ မိမိလက်နဲ့လှူလို့ အလေးအမြတ်ပြုပြီး လှူလို့ ပစ်ပစ်ခါခါ မလုပ်ဘဲနဲ့ လှူတဲ့အတွက်ကြောင့် သေတဲ့အခါကျတော့ တာဝတိံသာနတ်ပြည်မှာ သွားဖြစ်တယ်၊ တပည့်တော်က သူလိုမလှူခဲ့တဲ့အတွက်ကြောင့် ပစ္စည်းအကုန်ခံ

[စာမျက်နှာ-152] တာတော့ သူကအကုန်ခံတာ၊ ဒါပေမယ်လို့ (ခုနက ပြောသလို ရိုရိုသေသေ ပြုလုပ်ပြီး မလှူလို့) ပရိသတ်မရှိတဲ့ သေရီသကဗိမာန်မှာ စတုမဟာရာဇ်နတ်လာ ဖြစ်ရပါတယ်ဘုရား”တဲ့ သူက အခုမှ ခံပြင်းနေတယ်။

“အဲဒါကြောင့်မို့ အရှင်ဘုရား လူ့ပြည်ပြန်ရောက်တဲ့အခါမှာ ဒကာဒကာမတွေကို ပြောပြပါဘုရား၊ ပါယာသိမြို့စားတော့ ဒီလိုပဲ မရိုမသေလှူလို့ အညံ့စားနတ်လေး သွားဖြစ်တယ်၊ ဥတ္တရလုလင်ကတော့ ရိုရိုသေသေလှူလို့ ကိုယ်တိုင်ကြုံလို့ တာဝတိံသာမှာ နတ်ဖြစ်တယ် ပြောပါဘုရား” အဲသလို မှာတယ်။

အဲသလိုမှာတဲ့အတွက်ကြောင့် အရှင်ဂဝံပတိက လူ့ပြည်ရောက်တဲ့အခါကျ လူတွေကို ပြန်ပြောပြတယ်။

ဒီနေရာမှာ ပြောချင်တာက ဝေယျာဝစ္စအကြောင်း ပြောချင်တာ၊ ဝေယျာဝစ္စဟာလည်း ကျေးဇူးများတယ်၊ သူများလှူတာပဲ၊ ငါဝင်လုပ်စရာမလိုပါဘူး ဒီလိုမဟုတ်ဘူး၊ သူများလှူရာမှာ ဝင်လုပ်လည်း စေတနာကောင်းကောင်း ရိုရိုသေသေ လေးလေးစားစားနဲ့ လုပ်မယ်ဆိုရင် (ဒီဝတ္ထုထဲကအတိုင်း) အလှူရှင်ထက်တောင် သာသွားသေးတယ်။

တကယ်ပစ္စည်း အကုန်ခံလှူတဲ့သူထက် ရိုရိုသေသေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှူတဲ့သူက အထက်တန်းကျသွားတယ်၊ ဒါဟာ ဝေယျာဝစ္စတဲ့၊ သူများကုသိုလ်ကိစ္စ တွေမှာ ကူညီဆောင်ရွက်တာ အကုန်လုံးဟာ ဝေယျာဝစ္စတဲ့၊ အခုကျောင်းမှာ ပွဲတော်ရှိတဲ့အခါ ဝိုင်းဝန်းလုပ်ကြတာတွေဟာကောင်းတယ်။

အထူးသဖြင့် အမျိုးသမီးတွေပေါ့လေ၊ ချက်ကြပြုတ်ကြ သိမ်းဆည်းကြနဲ့၊ ဒါလုပ်ရတာလည်း မသက်သာဘူး၊ ဝေယျာဝစ္စဟာ ကုသိုလ်ရတယ်ဆိုတဲ့ အနေနဲ့ စိတ်ထားဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ လုပ်မယ်ဆိုရင် သူကလည်း ကြီးမားတဲ့ အကျိုးကို ရနိုင်တယ်၊ ဒါဟာ ဝေယျာဝစ္စကုသိုလ်။

ဝေယျာဝစ္စပြီးတော့ ပတ္တိဒါနတဲ့၊ ပတ္တိဒါနဆိုတာ မိမိရသောကုသိုလ်အဖို့ကို အမျှဝေခြင်းတဲ့၊ ဒါကတော့ ဗုဒ္ဓဘာသာဝင်တွေ အမြဲတမ်းလုပ်နေကျပါ၊ မြန်မာလို ရှင်းရှင်းပြောရရင်တော့ အမျှပေးတာပါပဲ။

အမျှဆိုတာ ကိုယ်က ပထမရပြီးမှ ကိုယ်ရတာကို မျှပေးရတာ၊ ဒါကို ပါဠိလို ပတ္တိဒါန၊ ပတ္တိဆိုတာရတာ၊ ဒါနဆိုတာပေးတာ၊ ကိုယ်ရတဲ့ ကုသိုလ်အဖို့ကို သူများကိုပေးတာ၊ ကိုယ်ရသလိုပဲ သူများရပါစေ၊ အညီအမျှရပါစေဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ဒါကြောင့်မို့ အမျှပေးတယ်လို့ မြန်မာစကားမှာ သုံးတယ်၊ ကုသိုလ်ကောင်းမှု

[စာမျက်နှာ-153] တစ်ခုခုပြုပြီးတဲ့နောက် အမျှပေးတယ်ပေါ့၊ ဒါဟာပတ္တိဒါန။

ကျမ်းဂန်တွေမှာကတော့ များသောအားဖြင့် ဒါနပြုတဲ့အခါ ဒီလို အမျှဝေတာ ပြုကြတယ်တဲ့၊ ဒါပေမယ့် တခြားကုသိုလ်တွေလုပ်ပြီးအမျှဝေရင်လည်း အတူတူ ပါပဲတဲ့၊ ရတာပါပဲလို့ ဒီလိုဆိုတယ်။

အဲဒီပတ္တိဒါန အမျှဝေတာနဲ့ ပတ်သက်ပြီးတော့ ၂-ခုပြောချင်တယ်၊ ပတ္တိဒါနနဲ့ နောက်တစ်ခုက ပတ္တာနုမောဒနာတဲ့။

ပတ္တဆိုတာ ကိုယ့်ဆီရောက်လာတာ၊ အနုမောဒနာဆိုတာက ဝမ်းမြောက်တာ၊ သူများက ပေးလိုက်လို့ ကိုယ့်ဆီရောက်လာတဲ့ ကုသိုလ်ကို ကိုယ်ကဝမ်းမြောက်တာ၊ မြန်မာလိုတော့ သာဓု သာဓုလို့ သာဓုခေါ်တာကို ပတ္တာနုမောဒနာလို့ ခေါ်တာ။

မြန်မာထုံးစံက အမျှယူတော်မူကြပါကုန်လို့ပြောလိုက်တယ်၊ ဒါက ပတ္တိဒါန ပေါ့၊ သာဓု၊ သာဓု၊ သာဓုလို့ ခေါ်လိုက်တာက ပတ္တာနုမောဒနာ၊ အဲဒီလိုရှိတယ်။

အဲဒီပတ္တိဒါနနဲ့ ပတ္တာနုမောဒနာနဲ့ ပတ်သက်ပြီးတော့ နားလည်ထားဖို့ ကောင်းတာရှိတယ်၊ ဗုဒ္ဓဘာသာမှာ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့ အယူအဆရှိတယ်၊ ကိုယ်လုပ်တာကို သူများမရဘူး၊ သူများလုပ်တာကိုယ်မရဘူး၊ အဲသလို principle ရှိပြီးတော့ အခုကျတော့ ကုသိုလ်အမျှပေးနေပါလား၊ အမျှဝေနေပါလား၊ ရူးနေတာလား၊ ဘယ်လိုလဲ၊ ဒါ မေးစရာဖြစ်တယ်၊ ပြောစရာရှိတယ်။

ပတ္တိဒါန၊ မိမိရဲ့ ကုသိုလ်အဖို့ကို ပေးတယ်ဆိုတာ မိမိမှာရှိတဲ့ ပစ္စည်းတစ်မျိုးကို ပေးလိုက်တာမျိုး မဟုတ်ဘူး၊ နောက်ဆုံးပြောမယ်၊ ကိတ်မုန့် တစ်လုံးရှိတယ်။ ထက်ခြမ်းခြမ်းပြီး သူများကိုပေးလိုက်တာမျိုးမဟုတ်ဘူး၊ အဲသလို မျိုးသာ ဆိုရင် ကိုယ်က တစ်ခြမ်းပဲ စားရမယ်၊ တစ်ခြမ်းကို သူများပေးရမယ်ပေါ့။

အခုပတ္တိဒါနဆိုတာ အမှန်ကတော့ ကိုယ့်ကုသိုလ်ကို အကြောင်းပြုပြီးတော့ သူ့ကို ကုသိုလ်ရအောင် လုပ်ပေးလိုက်တာ၊ ဒါကိုပဲပတ္တိဒါနလို့ခေါ်တာ၊ ကိုယ်က ကုသိုလ်ပြုပြီးတော့ ငါ့ကုသိုလ်ကို အမျှယူကြပါ၊ အမျှယူကြပါဆိုတာ ကုသိုလ်ကို မင်းတို့ဝမ်းသာကြပါ၊ ငါ့ကုသိုလ်အကြောင်းပြုပြီး ဝမ်းသာကြပါလို့ပြောတာ။

အဲသလို ဝမ်းသာလို့ ဟိုပုဂ္ဂိုလ်က သာဓု သာဓု သာဓုလို့ ခေါ်လိုက်တော့ သူ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်သွားတယ်၊ အဲဒီကုသိုလ်စိတ်ဟာ ကိုယ့်ကုသိုလ်က အကြောင်းခံတာ၊ ကိုယ့်ကုသိုလ်ကသူ့ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းဖြစ်တယ်၊ ဒါကိုပဲ အမျှဝေတယ်၊ အမျှရတယ်လို့ဆိုတယ်။

အမျှဝေတယ်ဆိုတာကို အင်္ဂလိပ်လို (transfer of merit) အဲဒါ

[စာမျက်နှာ-154] မကောင်းဘူး၊ transfer ဆိုတာက တစ်နေရာက တစ်နေရာကို ရွှေ့လိုက်တာ ဆိုတော့ ကိုယ့်ဆီမရှိတော့ဘူး၊ ပစ္စည်းတစ်ခုကို ဟိုနားရွှေ့လိုက်တော့ ပစ္စည်းက ဒီနားမရှိတော့ဘူးပေါ့၊ ဒါကြောင့်မို့ transfer ဆိုတာ မကောင်းဘူး၊ sharing ဆိုရင် နည်းနည်းတော်သေးတယ်၊ ဒါလည်းပဲ သိပ်မဟုတ်လှဘူး၊ ဒါပေမယ့် transfer ထက်စာရင်တော်သေးတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး sharing ထက် ကောင်းတဲ့စကားလုံးကလည်း ရှာမတွေ့ဘူး၊ ဒါကြောင့်မို့ sharing of merit လို့သုံးတာက ပိုကောင်းတယ်။

ကောင်းပြီ၊ ဒါကြောင့်မို့ အမျှဝေတဲ့အခါမှာ ကိုယ့်ကုသိုလ်လျော့သွားသလား မလျော့ဘူး ကိုယ့်ကုသိုလ်သူများဆီ ရောက်သွားသလား၊ ရောက်တာမဟုတ်ဘူး၊ ကိုယ့်ကုသိုလ်ကို အကြောင်းပြုပြီး သူတို့ကိုပါ ကုသိုလ်ရအောင်လုပ်ပေးတာပင်လျှင် အမျှပေးတာလို့ခေါ်တယ်။

ပထမဆုံး ကိုယ်က လုံးဝကုသိုလ်မလုပ်ဘဲနဲ့တော့ အမျှပေးလို့မရဘူး၊ ဒါကြောင့် ပထမဆုံး ကိုယ်က ကုသိုလ်လုပ်ရမယ်၊ ဒါနကုသိုလ်ဖြစ်စေ၊ သီလကုသိုလ် ဖြစ်စေ၊ ဘာဝနာကုသိုလ်ဖြစ်စေ လုပ်ရမယ်၊ အထူးသဖြင့် ဒါနပေါ့။

ပြုပြီးတဲ့နောက် အမျှယူတော်မူပါလို့ အမျှပေးလိုက်တယ်၊ သူတို့က သာဓု၊ သာဓု၊ သာဓုခေါ်လိုက်တဲ့အခါကျတော့ သူတို့မှာ ကုသိုလ်ရသွားတယ်။ အဲဒီလို အမျှဝေတဲ့အခါမှာ အခုလူ့လောကမှာ အမျှဝေတော့ တခြားလူတစ်ယောက်က သာဓု၊ သာဓု၊ သာဓုခေါ်တော့ သူကုသိုလ်ရသွားတာပဲဆိုပြီး ဘာမှစိတ်မှာ ထူးထူးခြားခြားဖြစ်မသွားဘူး၊ ဒါပေမယ်လို့ ကွယ်လွန်ပြီးသူတွေကို ရည်ရွယ်ပြီးလုပ်တဲ့ ကုသိုလ်ကို အမျှပေးဝေတာကျတော့ ဟိုပုဂ္ဂိုလ်တွေက သာဓုခေါ်နိုင်ရင် သာဓုခေါ်တဲ့ အချိန်အခါနဲ့ တိုက်ဆိုင်နေရင် အခြေအနေက ပိုကောင်းတယ်။

မြတ်စွာဘုရားလက်ထက်က ဗိမ္ဗိသာရမင်းကြီးဆိုတာရှိတယ်၊ အဲဒီဗိမ္ဗိသာရ မင်းကြီးရဲ့ ဆွေမျိုးတွေဟာ ဟိုရှေးရှေးအခါထဲကပြိတ္တာဖြစ်နေကြတယ်၊ သံဃာတော် တွေကို ဆွမ်းလုပ်ကျွေးတော့ သံဃာတော်တွေ မကပ်ဘဲ သူတို့စားလို့သောက်လို့ ပေါ့လေ၊ အဲသလိုဖြစ်နေတော့ သူတို့ဟာ ပြိတ္တာဖြစ်ပြီး မစားရမသောက်ရဖြစ်နေတယ်။

ဘုရားတစ်ဆူပွင့်လိုက်ပြန်ရင် သူတို့လျှောက်ထားကြတယ်၊ သူတို့ပြိတ္တာ ဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲပေါ့၊ အဲဒီတော့ မြတ်စွာဘုရားရှင်တို့က ကြည့်လိုက်တော့ ငါတို့လက်ထက်မှာ မင်းတို့ လွတ်ကိန်းမမြင်ဘူးပေါ့၊ ဒါပေမယ့် ဂေါတမ မြတ်စွာဘုရား ပွင့်တဲ့အခါ မင်းတို့ရဲ့ ဆွေမျိုးဟာ ဗိမ္ဗိသာရမင်းကြီးဆိုတာဖြစ်လိမ့်မယ်။

[စာမျက်နှာ-155] သူဖြစ်တဲ့အခါမှာ အလှူကြီးလုပ်လိမ့်မယ်၊ အဲဒီအခါမှာ မင်းတို့အမျှရလိမ့်မယ်။ အဲသလိုပြောတော့ သူတို့မှာ နက်ဖြန်သန်ဘက်ရတော့မလားလို့ ဝမ်းသာသွားတာပေါ့ လေ။

အဲဒါနဲ့ ဂေါတမမြတ်စွာဘုရား လက်ထက်ရောက်တော့ ဗိမ္ဗိသာရမင်းကြီး ဆိုတာလည်း ရာဇဂြိုဟ်ပြည်မှာ မင်းဖြစ်လာတယ်၊ ဗိမ္ဗိသာရမင်းကြီးဟာ ဒီလိုအကျိုး အကြောင်းတွေ မသိတော့ အလှူလုပ်တဲ့အခါ အမျှမဝေဖြစ်ဖူးဘူးပေါ့၊ သူတို့က အမျှမရလိုက်ကြဘူး၊ အမျှမရကြတော့ ညအခါ ခြောက်လှန့်ကြတယ်။

ဗိမ္ဗိသာရမင်းကြီးဟာ သူတို့ရဲ့ ငြီးညူအော်သံကြားပြီး မနက်ကျတော့ မြတ်စွာဘုရားထံလျှောက်ထားတယ်၊ ညကကြားရတဲ့အသံတွေအကြောင်း လျှောက်တော့ ဘုရားက အဲဒါ အခြားသူမဟုတ်ဘူး၊ မင်းဆွေမျိုးတွေ၊ သူတို့က အမျှစောင့်နေတာ၊ အဲဒါအမျှမဝေလို့ ကိုယ်ထင်ပြပြီး အမျှ တောင်းခံတာဆိုတော့မှ နောက်တစ်ခါ ထပ်ကုသိုလ်ပြုပြီး သူတို့ကို တိုက်ရိုက်ရည်စူးပြီး အမျှဝေတယ်၊ အဲဒီအခါမှ သူတို့ အမျှရကြပြီး သာဓုခေါ်တဲ့အခါ စားစရာသောက်စရာတွေ ရသွားတယ်၊ ဝတ်ဆင်စရာ တွေ ရသွားတယ်။

ဒါကြောင့်မို့ ပတ္တိဒါန ပတ္တာနုမောဒနာပြုတဲ့အခါမှာ တိုက်ရိုက်ရည်စူးပြီး ပြုတာရှိတယ်၊ သဗ္ဗေသတ္တာအတွက် ပြုလုပ်တာရှိတယ်၊ သဗ္ဗေသတ္တာအတွက် ထည့်ပြီးအမျှဝေလို့ သာဓုခေါ်ရင် ကုသိုလ်ရတာပဲ၊ ချက်ခြင်းတိုးတက်သွားတာ ဟုတ်ချင်မှဟုတ်မယ်။

သို့သော် ခုနလို ပုဂ္ဂိုလ်အတွက် သီးခြားရည်ရွယ်ပြီးတော့ အမျှဝေတဲ့အခါ ကျတော့ သူတို့ကလည်း သာဓုခေါ်နိုင်တယ်ဆိုရင် သူတို့တကယ်ရတယ်၊ နတ်ပဲဖြစ် ဖြစ်၊ တစ္ဆေပြိတ္တာပဲဖြစ်ဖြစ်ပေါ့လေ၊ ရတယ်၊ ဒါကြောင့် ပတ္တိဒါနနဲ့ ပတ္တာနုမောဒနာ အကြောင်းကို ဒီလိုနားလည်ထားပါတဲ့၊ တော်ကြာကျတော့ မင်းတို့ ဗုဒ္ဓဘာသာက ကိုယ်လုပ်မှ ကိုယ်ရတယ်လည်းပြောသေးတယ်၊ အခုတော့ သူများလုပ်တာ သာဓု ခေါ်ပြီး ရနေပါလားလို့ ပြောကြလိမ့်မယ်၊ သာဓုမခေါ်ရင် မရဘူး။

ဒါနဲ့ ပတ်သက်ပြီးတော့ အရှင်အနုရုဒ္ဓါအလောင်း ဟိုရှေးရှေးက အန္နဘာရ သူဆင်းရဲဖြစ်ခဲ့တုန်းက တစ်နေ့တော့ ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးက သမာပတ်မှ ထပြီးတော့ သူဆင်းရဲကို ချီးမြှောက်ချင်တာနဲ့ ဆွမ်းခံကြွတယ်၊ သူက မြင်တဲ့အခါ ဆွမ်းရပါပြီလားမေး၊ မရသေးဘူးပေါ့၊ ဒါနဲ့ ခဏနေပါဦးဆိုပြီး အိမ်ပြန်၊ သူ့အတွက် ချန်ထားတဲ့ သူစားမယ့်ထမင်းကို မစားဘဲ ရှင်ပစ္စေကဗုဒ္ဓါကို လှူလိုက်တယ်။

[စာမျက်နှာ-156] အဲသလိုလှူလိုက်တော့ နတ်တွေက (ထီးချက်စောင့်လို့ခေါ်တဲ့နတ်) သာဓု ခေါ်သံ သူဌေးက ကြားတော့ သူဌေးလှူတာကို သာဓုခေါ်တယ် ထင်ပြီးမေးတာ၊ နတ်ကပြောတယ်၊ မင်းလှူတာ သာဓုခေါ်တာမဟုတ်ဘူး၊ အန္နဘာရ သူဆင်းရဲဟာ သူစားမယ့် ထမင်းမစားဘဲ ရှင်ပစ္စေကဗုဒ္ဓါကို လှူတဲ့အတွက်ကြောင့် သာဓုခေါ် တာဆိုတော့ သူဌေးက သူပြုတဲ့ ကုသိုလ် ငါရအောင်ယူမယ်ပေါ့၊ နတ်ကတောင် ချီးကျူးရတဲ့ ကုသိုလ်ဖြစ်သွားပြီမဟုတ်လား။

အဲဒါနဲ့ သူက အန္နဘာရကို ပြောတယ်၊ ဟေ့- မင်းထမင်း ငါဝယ်မယ်ကွ၊ ရှင်ပစ္စေကဗုဒ္ဓါဆိုတော့ ရောက်သွားပြီ၊ ဒါပေမယ့် မင်းရဲ့ ထမင်း ငါဝယ်မယ်၊ ပထမတစ်ကျပ်ပေးတယ်၊ မရောင်းဘူး၊ ဒါနဲ့ နှစ်ကျပ်သုံးကျပ် တိုးပေးသွားတာ တစ်ဆယ်အထိ ပေးသွားတယ်၊ မရောင်းနိုင်ဘူးဆိုတော့ “မင်းရဲ့ထမင်း မရောင်းနိုင် ရင်လည်း ငါ့ကို အမျှလေးတော့ ပေးပါကွာ”ဆိုတော့ ဒါကတော့ ပေးနိုင်တယ် ဆိုပြီး ရှင်ပစ္စေကဗုဒ္ဓါ သွားလျှောက်တယ်။

“အရှင်ဘုရား ဒီလိုပဲ ကုသိုလ်အဖို့တောင်းနေတယ်ပေါ့၊ တပည့်တော်ပေးရ မလား”ဆိုတော့ ရှင်ပစ္စေကဗုဒ္ဓါက အဲဒီအခါမှာ ပြောပြတာရှိတယ်၊ ရှင်ပစ္စေကဗုဒ္ဓါကြီး က ဒီလိုလုပ်ခဲတယ်၊ ဆုတောင်းပြည့်စေသတည်းဆိုပြီး ပြန်သွားကာပဲများတယ်၊ ဒီတစ်ခါကျတော့ ရှင်ပစ္စေကဗုဒ္ဓါက ဥပမာလေးတစ်ခုနဲ့ပြောတယ်။

အဲဒီဥပမာက ဆီမီးဥပမာပါ၊ “မင်းဆီမှာ ဆီမီးတစ်တိုင်ရှိတယ်တဲ့၊ လားသမျှ လူတွေက သူတို့မီးအိမ်လေးတွေဆီဆွတ်ပြီး မင်းဆီလာကြပြီး မင်းဆီမီး လာညှိပြီး ယူသွားကြတဲ့အခါ မင်းမူလဆီမီး ရှိသေးလား မရှိဘူးလား”တဲ့၊ “ရှိတာပေါ့၊ ပိုပြီး လင်းလာသေးတယ်”ဆိုတော့၊ အေး-ဒီအတိုင်းပဲ၊ မင်းကုသိုလ်ကို သူတို့က အမျှယူတဲ့ အတွက်ကြောင့်မို့ သူတို့လည်း ကုသိုလ်ရမင်းလည်းထပ်ကုသိုလ်ရတယ်၊ ဒါကြောင့်မို့ အမျှပေးပေးလိုက်ဆိုတော့မှ အဲဒီတော့မှ သူက အမျှပေးတာ။

အမျှသာပေးတာ၊ ဟိုက ပိုက်ဆံပေးတော့ မယူပြန်ဘူး၊ “ကျွန်တော် ခင်ဗျားကို စေတနာနဲ့ အမျှပေးတာပါ၊ ရောင်းတာမဟုတ်ဘူး” ဆိုတော့မှ “မဟုတ်ပါဘူးကွာ၊ ငါလဲမင်းကို ကျေးဇူးတင်လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပါ”လို့ အဲသလို လုပ်ယူရတယ်၊ “နောက်လည်း မင်းဘာမှ အလုပ်လုပ်မနေနဲ့တော့၊ လိုချင်တာရှိ ငါ့ထံ တောင်း” ဆိုပြီးတော့ အန္နဘာရလုလင်ဟာ ချမ်းသာသွားတယ်ပေါ့။

ဒါကြောင့်မို့ အရေးကြီးတာက ပတ္တိဒါန၊ ပတ္တာနုမောဒနာလုပ်တဲ့နေရာမှာ ကုသိုလ်ဟာ လျော့သွားတာမဟုတ်ဘူး၊ အဲဒီလိုလုပ်တဲ့အတွက်ကြောင့် ပတ္တိဒါန

[စာမျက်နှာ-157] ကုသိုလ်တစ်ခုထပ်ရတယ်။

ဒါကြောင့်မို့ အမျှပေးရင် ကုသိုလ်တိုးတောင်တိုးသေးတယ်၊ လျော့မသွားဘူး၊ အမျှပေးတဲ့ ကုသိုလ်တစ်ခု ထပ်ရတယ်၊ ဒါဟာပတ္တိဒါန၊ ပတ္တာနုမောဒနာနဲ့ ပတ်သက်ပြီးတော့ မှတ်စရာတွေပဲ။

နောက်တစ်ခုက ဓမ္မဿဝန၊ တရားနာမှု၊ တရားနာတယ်ဆိုတာလည်းပဲ ရိုးရိုးသားသားနဲ့ တကယ်တရားကိုလိုလားပြီး နာယူတာမျိုးကို ဆိုလိုတာ၊ ဒီလူတော့ တရားနာတတ်တယ်လို့ သူများပြောစေချင်တာနဲ့ သွားနာတာမျိုးကျတော့ ကုသိုလ် မရဘူးလို့တော့ မဆိုလိုဘူးပေါ့၊ အဲဒီလို တရားနာယူမှုဟာလည်းပဲ ပုညကြိယာဝတ္ထု ဆယ်ပါးမှာ တစ်ပါးပါတယ်။

ဓမ္မဒေသနာတဲ့၊ လာဘ်လာဘကို မငဲ့ကွက်ဘဲ တရားဟောမှု၊ ဒီနေရာမှာ လာဘ်လာဘကိုငဲ့ပြီး တရားဟောရင် ကုသိုလ်မရဘူးလို့တော့ မဆိုလိုဘူးပေါ့လေ။ များများမရဘူးပေါ့။

ဒါကြောင့်မို့ တရားဟောတဲ့အခါ တရားဟောတဲ့ပုဂ္ဂိုလ်က (လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်) တကယ့်ကို စေတနာသန့်သန့်နဲ့ လာဘ်လာဘကို မငဲ့ကွက်ဘဲ ဟောမှပြောမှ ကုသိုလ်ကောင်းကောင်းရတယ်။

ဒါကြောင့်မို့ တရားနာတာလည်း ကုသိုလ်တစ်ခုပဲ၊ တရားဟောတာလည်း ကုသိုလ် တစ်ခုပဲ၊ ဒီနေရာမှာ တရားနာတာနဲ့ ပတ်သက်ပြီးတော့ အပြစ်ကင်းတဲ့ အတတ်ကို သင်ယူတာလို့ပါတယ်၊ ဒါလည်းပဲတရားနာတာပဲ၊ ဒါကို အပြစ်ကင်းတဲ့ အတတ်မျိုး သင်ယူတာတောင်မှ ဓမ္မဿဝနထဲမှာ ထည့်လို့ရတယ်၊ ဓမ္မဒေသနာလည်း ဒီအတိုင်းပဲ၊ အပြစ်ကင်းတဲ့ အတတ်မျိုး သင်ပေးတာတို့၊ တရားသင်ပေးတာတို့၊ တရားဟောတာတို့ဟာ ဓမ္မဒေသနာပဲ၊ တရားနာခြင်းသည်လည်း ကုသိုလ်တစ်ခုပဲ။ တရားဟောတာလည်း ကုသိုလ်တစ်ခုပဲ။

ကောင်းပြီးမှ နောက်တစ်ခုက ဒိဋ္ဌိဇုကမ္မတဲ့၊ အယူကိုဖြောင့်မတ်စွာပြုမှု၊ ဒါက ဘာလဲဆိုတော့ ကံ၊ ကံ၏ အကျိုးကို ယုံကြည်တာ၊ ကမ္မဿကတာဆိုတာ ရှိတယ်၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ ယုံကြည်တာ။

လောကမှာ စဉ်းစားကြည့်လိုက်ရင် လူတွေဟာ အချို့ အသက်ရှည်တယ်၊ တချို့ အသက်မရှည်ဘူး၊ တချို့လှတယ်၊ တချို့မလှဘူး၊ တချို့ရောဂါကင်းတယ်၊ တချို့ရောဂါမကင်းဘူး၊ အမျိုးမြတ်တယ်၊ အမျိုးမမြတ်ဘူး အစရှိသည်ဖြင့် ရှိကြ ရာမှာ ဒါတွေဟာ ဘာကြောင့်ဖြစ်ပါလိမ့်လို့ စဉ်းစားလိုက်တဲ့အခါမှာ အမြင်မှန်ရှိတဲ့

[စာမျက်နှာ-158] သူတွေက မြတ်စွာဘုရားဟောခဲ့တဲ့ ရှေးကံကြောင့်ပဲလို့ ပေါ်လာတယ်။

ဒါကြောင့်မို့ သတ္တဝါတွေမှာ တစ်ဘဝက တစ်ဘဝကို သွားလာနိုင်တာ ကံပဲ။ ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေပေါ့၊ ဒါကတော့ တစ်ဘဝက တစ်ဘဝပါ လာတာ၊ ရိုးရိုးပစ္စည်းတွေ၊ ရိုးရိုးခန္ဓာကိုယ်ကြီးတွေ တစ်ဘဝက တစ်ဘဝပါမလာဘူး၊ ဘယ်လောက်ချမ်းသာချမ်းသာ သေရင် ချန်ထားခဲ့ရတာပဲ၊ ကုသိုလ်ကံ အကုသိုလ် ကံကတော့ လိုက်မယ်။

ဒါကြောင့်မို့ ကုသိုလ်ကံ အကုသိုလ်ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်တယ်လို့ ဒီလိုယုံကြည်တာ၊ ဒီလိုသိမြင်တာကို ကမ္မဿကတာဉာဏ်လို့ခေါ်တယ်၊ ဒါကိုပဲ ဒီမှာ ဒိဋ္ဌိဇုကမ္မ အယူကို ဖြောင့်မှန်စွာပြတဲ့ထဲမှာ ပါတယ်။

ပြီးတော့ ကံ၊ ကံရဲ့ အကျိုးရှိတယ်ဆိုတာ ယုံလိုက်ရင် ကံမရှိဘူး ဆိုတာလည်း မယုံတော့ဘူး၊ ကံအကျိုးမရှိဘူးဆိုတာလည်း မယုံတော့ဘူး၊ အဟေတုကဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိတို့ မဖြစ်တော့ဘူး။

အဲသလို အယူဖြောင့်မတ်စွာ ပြုမှုကို ဒိဋ္ဌိဇုကမ္မလို့ခေါ်တော့ အမှန်အတိုင်း ပြောမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မဟာ ဉာဏ်ပေါ့၊ အမောဟဆိုတာ ဒီစိတ်ပေါ့၊ ဒါပေမယ့် ဒီနေရာမှာကျတော့ ကံကို စကားပြောနေတာဖြစ်တဲ့အတွက်ကြောင့် အဲဒီဉာဏ်နဲ့ ယှဉ်တဲ့ကံလို့ ယူရမယ်။

ဒိဋ္ဌိဇုကမ္မသည် ပုညကြိယာဝတ္ထုဆယ်ပါးမှာတစ်ပါး အပါအဝင်ဖြစ်တယ်၊ သို့မဟုတ် ကာမာဝစရကုသိုလ်ကံထဲမှာ တစ်ပါးအပါအဝင် ဖြစ်တယ်ဆိုလို့ရှိရင် ဒီနေရာမှာ ဉာဏ်သက်သက်ကိုသာ မယူဘဲ အဲဒီဉာဏ်နဲ့ယှဉ်တဲ့စေတနာ ဒါကို ဒိဋ္ဌိဇုကမ္မလို့ ယူရမယ်၊ ဒီဆယ်ပါးကို ပုညကြိယာဝတ္ထုတဲ့၊ ပုညဆိုတာ ကောင်းမှု၊ ကြိယာဆိုတာ ပြတာ၊ ဝတ္ထုဆိုတာ တည်ရာ၊ ကောင်းမှုပြုတာဖြစ်ခြင်းရဲ့ တည်ရာဖြစ်တဲ့အကျင့်ပေါ့၊ ဒါန သီလ ဘာဝနာစသည်ဖြင့် ဆယ်မျိုးတဲ့။

ဒါကြောင့်မို့ ကာမာဝစရကုသိုလ်ကံဟာ ပထမကာယကံ၊ ဝစီကံ၊ မနောကံ ဆိုပြီးတော့ ၃-မျိုးဖြစ်နိုင်တာ၊ ဒါကတော့ ပါဏာတိပါတကရှောင်တာ၊ အဒိန္နာဒါနက ရှောင်တာ စသည်ဖြင့် အကုသိုလ်မှာ ဒုစရိုက် ၁၀-ပါးရဲ့ ပြောင်းပြန်ပေါ့။

တစ်နည်းအားဖြင့်ဆိုရင် ဒါန၊ သီလ၊ ဘာဝနာလို့ ၃-မျိုးရှိတယ်။

တစ်နည်းအားဖြင့် ပုညကြိယာဝတ္ထုအားဖြင့် ပြောမယ်ဆိုရင် ၁၀-ပါးရှိတယ်။ အဲဒီ ၁၀-ပါးက ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ။

[စာမျက်နှာ-159] အဲဒီတော့ အမှန်အတိုင်းပြောမယ်ဆိုရင် အပစာယနကစပြီးတော့ နောက်ဟာတွေကို ဒါန၊ သီလ၊ ဘာဝနာထဲ သွင်းရင်ရတယ်၊ ဒါနထဲသွင်းရင်ရတယ်၊ သီလထဲ သွင်းရင်ရတယ်၊ ဘာဝနာထဲသွင်းရင်ရတယ်။

ဒါကြောင့်မို့ ဒီ ၁၀-ပါးကို ပြန်အကျဉ်းချုံးလိုက်မယ်ဆိုရင် ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးပဲ ပြန်ဖြစ်သွားတယ်။

ကောင်းပြီ၊ ဘယ်လိုလုပ်သွင်းရမလဲ၊ အပစာယနနဲ့ ဝေယျာဝစ္စ ဒီ ၂-ပါးကို သီလမှာသွင်းပါ၊ အပစာယန အရိုအသေပြုပါဆိုတော့ ကောင်းတဲ့အလေ့အကျင့် မဟုတ်ဘူးလား၊ စာရိတ္တခေါ်တာပေါ့၊ ဝေယျာဝစ္စ၊ သူတစ်ပါးကို ကူညီဆောင်ရွက်တယ် ဆိုတာလည်း ကောင်းတဲ့အလေ့အကျင့်၊ ဒါကြောင့် ကောင်းတဲ့အလေ့အကျင့် ဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို သီလထဲသွင်းလို့ရတယ်။

ပြီးတော့ ပတ္တိဒါနနဲ့ ပတ္တာနုမောဒန ၂-မျိုးကို ဒါနမှာ သွင်းပါ၊ ဒါက ဘာသဘောလည်းဆိုတော့ ဒါနပြုတဲ့သူတွေဟာ ဣဿာမစ္ဆရိယကင်းတယ်၊ သူတပါး ပစ္စည်းရသွားမှာကို မနာလိုနေရင် ဘယ်လိုလုပ် လှူနိုင်မလဲ၊ အလှူလှူတယ်ဆိုရင် ပေးကမ်းတယ်ဆိုရင် ဣဿာနဲ့ မစ္ဆရိယကို ပယ်ရတယ်၊ အလှူက ဣဿာမစ္ဆရိယရဲ့ ဆန့်ကျင်ဘက်။

ထို့အတူပဲ၊ ပတ္တိဒါနနဲ့ ပတ္တာနုမောဒနာဟာလည်းပဲ ဣဿာမစ္ဆရိယကင်းမှ ဖြစ်မယ်၊ ကိုယ့်ကောင်းမှု သူများရသွားမှာစိုးရင် ဘယ်လိုလုပ်ပြီးတော့ ပတ္တိဒါန ဖြစ်နိုင်မလဲ၊ အမျှပေးနိုင်မလဲ၊ ပြီးတော့ သူတစ်ပါးကောင်းမှုပြုတာကို ကိုယ်က မနာလိုနေရင် ဘယ်လိုလုပ်ပြီး ပတ္တာနုမောဒနာ ဖြစ်နိုင်မလဲ။

ဒါကြောင့်မို့ ပတ္တိဒါန ပတ္တာနုမောဒနာဖြစ်ဖို့ဆိုရင် ဣဿာမစ္ဆရိယမပါမှ ဖြစ်မယ်၊ ဒါကြောင့်မို့ သဘောချင်းတူတဲ့ အတွက်ကြောင့် ပတ္တိဒါနနဲ့ ပတ္တာနုမောဒနကို ဒါနထဲသွင်းပါ။

ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ ဒီ ၃-ပါးကိုတော့ ဘာဝနာထဲသွင်းပါ။ ဘာဝနာဆိုတာ စိတ်ဓာတ်လေ့ကျင့်မှု၊ စိတ်ဓာတ်ပွားများမှုပေါ့၊ အဲဒီတော့ ဓမ္မဿဝန တရားနာတယ်ဆိုတာ ကုသိုလ်ပွားတယ်ပေါ့၊ ဓမ္မဒေသနာတရားဟောတယ်၊ ကုသိုလ် ပွားတယ်၊ အယူကိုဖြောင့်မှန်စွာပြုတယ်၊ ဒီအယူဖြောင့်မှန်မှ ကုသိုလ်ဖြစ်တာ၊ ဒီအယူမှားနေရင် ကုသိုလ်ဖြစ်ပါ့မလား၊ အလွန်ကို ခဲယဉ်းလိမ့်မယ်၊ မိစ္ဆာဒိဋ္ဌိ အရင်းခံထားရင် ကုသိုလ်အဖြစ်နည်းတာပေါ့။

ဒါကြောင့်မို့ ဓမ္မဿဝန၊ ဓမ္မဒေသန၊ ဒိဋ္ဌိဇုကမ္မ၊ ၃-မျိုးကို ဘာဝနာထဲ

[စာမျက်နှာ-160] သွင်းပါတဲ့၊ ဒါကြောင့်မို့ ဦးဇင်းတို့ ရေစက်ချတဲ့အခါမှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာတွေကြောင့် အစချီပြီး ချပေးတာရှိတယ်၊ ဘာကြောင့် ဒီလိုချပေး ရတာလဲ၊ ဘာဝနာလုပ်တာလည်း မဟုတ်ဘဲနဲ့ ဒီလိုချပေးရသလားလို့ ပြောစရာရှိတယ်။ မဟုတ်ဘူး၊ ဟောတဲ့တရားကို နာတာ၊ ပရိတ်နာတာလည်း ဘာဝနာပဲ။

ဒါကြောင့်မို့ အလှူအတန်းတစ်ခု လုပ်တဲ့အခါမှာ ဆွမ်းကျွေးတယ်ဆိုပါစို့၊ ဆွမ်းကျွေးတဲ့အတွက်ကြောင့် ဒါနကုသိုလ် မဖြစ်ဘူးလား၊ ပြီးတော့ ရေစက်ချခါနီး ကျတော့ သီလမယူဘူးလား၊ သီလကုသိုလ်ဖြစ်တယ်၊ ဘုန်းကြီးဟောတဲ့ တရား နာတယ်၊ ပရိတ်နာတယ်နော်။

ဒါကြောင့် ဆွမ်းကျွေးတယ်ဆိုပေမယ့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ် ၃ မျိုးစလုံးဖြစ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မဟာ ဒါန သီလ ဘာဝနာ ၃ မျိုးစလုံးမှာပဲ သွင်းယူပါ၊ ဒါက ဘာနဲ့ တူသလဲ ဆိုတော့ ဒိဋ္ဌိဇုကမ္မက သင်္ဘောမှာ ပဲ့နဲ့ တူတယ်။

သင်္ဘောမှာ ပဲ့မပါရင် ပရမ်းပတာသွားမယ်၊ လိုရာမရောက်သလိုပဲ အယူမမှန်ရင် ပရမ်းပတာဖြစ်မယ်၊ ဒါကြောင့်မို့ အယူမှန်မှုဟာ ဒါနနဲ့လည်းဆိုင်တယ်၊ သီလနဲ့လည်း ဆိုင်တယ်၊ ဘာဝနာနဲ့လည်းဆိုင်တယ်။

ဒါကြောင့်မို့ ဒီနည်းအားဖြင့် ပြောမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မဟာ ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးလုံးနဲ့ဆိုင်တယ်၊ ဒိဋ္ဌိဇုကမ္မဆိုတာနဲ့ လှူနေလို့ မဟုတ်ဘူး၊ သီလဆောက်တည်နေလို့မဟုတ်ဘူး၊ ဒါပေမယ်လို့ အယူမှန် ရှိမှ ဒါနပြုနိုင်တယ်။ အယူမှန်ရှိမှ သီလဆောက်တည်နိုင်တယ်၊ အယူမှန်ရှိမှ ကမ္မဋ္ဌာန်းဘာဝနာ ဝိပဿနာ ဘာဝနာပွားများနိုင်တယ်။

ဒါကြောင့် တစ်နည်းအားဖြင့် သွင်းမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မကို ဒါန သီလ ဘာဝနာ ၃-ပါးလုံးမှာ သွင်းနိုင်တယ်။

ကောင်းပြီ၊ ဒီမှာ ကာမာဝစရကုသိုလ်ကံ အကြောင်းပြီးသွားပြီဆိုပါတော့၊ အစကနေ ပြန်ခေါက်လိုက်မယ်ဆိုရင် ကာမာဝစရကုသိုလ်ကံဟာ ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ၃-မျိုးရှိတယ်၊ ကာမဒွါရအားဖြင့် ၃-မျိုးရှိတယ်။ တစ်နည်းအားဖြင့် ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-မျိုးရှိတယ်၊ စိတ်အနေအားဖြင့် ပြောစမ်းပါဆိုရင် ကာမာဝစရကုသိုလ်စိတ် ၈-ပါး မဟုတ်လား၊ အဲဒီ ၈-ခုနဲ့ ယှဉ်တဲ့စေတနာပေါ့၊ ဒါကြောင့်မို့ ၈-မျိုးလို့ဆိုရတယ်၊ ပုညကြိယာဝတ္ထုအားဖြင့်

[စာမျက်နှာ-161] ဆိုရင် ၁၀-မျိုးရှိတယ်။

ဒါကြောင့်မို့ ကာမာဝစရကို စာရင်းပိတ်မယ်ဆိုရင် ၂၀-ရှိတယ်၊ အကုသိုလ်နဲ့ ယှဉ်တဲ့ စေတနာ ၁၂-နဲ့ ကာမာဝစရကုသိုလ်နဲ့ ယှဉ်တဲ့စေတနာ ၈-ပေါင်း လိုက်ရင် အားလုံး ၂၀-ဖြစ်တယ်။

ကံဆိုတာ ကုသိုလ်အကုသိုလ်မှာသာရှိတာနော်၊ ဝိပါက်မှာမရှိဘူး၊ ကြိယာမှာမရှိဘူး၊ ဒါလေးသတိရကြ၊ ကံလို့ပြောလိုက်ရင် ကုသိုလ်၊ အကုသိုလ်ကိုပဲ ရင်းရတယ်၊ ကုသိုလ်စိတ်မှာ ကံဖြစ်နိုင်တယ်၊ အကုသိုလ်စိတ်မှာသာ ကံဖြစ်နိုင်တယ်။ ဝိပါက်စိတ်မှာ ကံမရှိဘူး၊ ကြိယာစိတ်မှာ ကံမရှိဘူး။

ဒါကြောင့် ကာမာဝစရကံ-၂၀၊ အကုသိုလ်-၁၂၊ ကုသိုလ် ၈၊ ကာမာဝစရကံ အကြောင်းက မကုန်သေးဘူး၊ နောက်ထပ်လာဦးမှာ၊ ဘယ်ကံက ဘယ်အကျိုးပေး တယ်ဆိုတာ လာဦးမှာ။

ကာမာဝစရကံပြီးတဲ့နောက် အခုဟာက ပြောတာတွေ များသွားတယ်။ အမှန်က ဘယ်က လာခဲ့သလဲဆိုတော့ ပါကဋ္ဌာနဆိုတာက ထွက်လာခဲ့တာ၊ အကျိုးပေးရာဘုံ ဌာနအားဖြင့် ပြောမယ်ဆိုရင် ကံ ၄-မျိုးရှိတယ်၊ အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံ၊ အဲဒီမှာ အကုသိုလ်ဆိုရင်လည်း အကုသိုလ်ဒုစရိုက်တွေက အများကြီးဆိုတော့ အဲဒါတွေ ပြောနေတာနဲ့ ၂-ပတ်၊ ၃-ပတ် လောက်ကြာသွားတယ်၊ ဒီတော့မျက်ခြည် ပြတ်သွားမှာ စိုးရမယ်။

အဲဒီတော့ ပါကဋ္ဌာနအားဖြင့် အကျိုးပေးရာဘုံဌာနအားဖြင့် ပြောရရင် ကာမာဝစရကံပြီးတဲ့နောက် ရူပါဝစရကံတဲ့၊ ရူပါဝစရကံကျတော့ ကာယကံ၊ ဝစီကံရယ်လို့ မရှိဘူး၊ မနောကံတစ်မျိုးတည်းရှိတယ်။

ဒါဖြင့် ရူပါဝစရကုသိုလ်ကံဆိုတာ ရူပါဝစရကုသိုလ်စိတ် ငါးပါးနဲ့ ယှဉ်တဲ့ စေတနာကိုပြောတာ၊ ပထမဈာန်စိတ် ရှိတယ်ဆိုပါတော့၊ ပထမဈာန်နဲ့ ယှဉ်တဲ့ စေတနာ၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်နဲ့ ယှဉ်တဲ့စေတနာကို ရူပါဝစရကုသိုလ်ကံလို့ဆိုတာ။

အဲဒါ ရူပါဝစရကုသိုလ်ကံဟာ ကာယဒွါရမှာဖြစ်သလား၊ ဈာန်စိတ်တွေပဲ၊ ကာယဒွါရမှာဘယ်ဖြစ်မလဲ၊ ဝစီဒွါရမှာဖြစ်သလား၊ ဝစီဒွါရမှာဖြစ်ရင် သိပ်ကောင်း ပေါ့၊ မဖြစ်ဘူး၊ မနောကံသာရှိတယ် ကမ္မဋ္ဌာန်းတရားအားထုတ်မှ ဒီကံကို ရနိုင်တာ၊ ဒါကြောင့်မို့ မနောကံ။

[စာမျက်နှာ-162] ဒါကြောင့်မို့ ရူပါဝစရကုသိုလ်ကံမှာ ကာယကံရယ်၊ ဝစီကံရယ်၊ မနောကံရယ်၊ ၃-မျိုးခွဲခြားမှုမရှိ၊ မနောကံတစ်မျိုးသာရှိ၏။

အဲဒီမနောကံကလည်းပဲ ဘာဝနာတစ်မျိုးတည်းပဲ၊ ဒါနလည်းမဟုတ်နိုင်ဘူး၊ သီလလည်းမဟုတ်နိုင်ဘူး၊ ဟုတ်တာပေါ့၊ ကမ္မဋ္ဌာန်း မထိုင်ဘဲနဲ့ ဈာန်မှမရဘဲ။ ဘာဝနာမှ စစ်စစ်ကြီးပဲ။

အဲဒီဘာဝနာ မနောကံကလည်း အပ္ပနာဈာန်သို့ရောက်သော မနောကံတဲ့၊ အပ္ပနာသို့မရောက်သော မနောကံမဟုတ်ဘူးပေါ့၊ အပ္ပနာဆိုတာဘာလဲ မှတ်မိကြ သေးလား၊ ဈာန်၊ မဂ်၊ ဖိုလ်၊ အဲဒါကို အပ္ပနာလို့ခေါ်တယ်နော်၊ ရူပါဝစရဈာန်၊ အရူပါဝစရဈာန်၊ လောကုတ္တရာတွေ သူတို့ကို အပ္ပနာလို့ခေါ်တယ်။

ဒီမှာတော့ ဒီမှာသက်သက်ပြောမယ်ဆိုရင် ရူပါဝစရဈာန်ပေါ့၊ အပ္ပနာသို့ ရောက်တယ်ဆိုရင် ဈာန်ဖြစ်တယ်လို့ဆိုတယ်၊ အရူပါဝစရနဲ့ ပြောမယ်ဆိုရင် အရူပါဝစရပေါ့။

ဒါကြောင့်မို့ ဘာဝနာမနောကံကလည်း အပ္ပနာဈာန်သို့ရောက်သော မနောကံ၊ အပ္ပနာသို့ မရောက်တဲ့ မနောကံကို ရူပါဝစရကုသိုလ်ကံလို့ မဆိုဘူးပေါ့၊ ဈာနဝီထိလေးများ သတိရသေးလား၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ ဈာန်။

အဲဒီတော့ ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူ၊ သူကတော့ ဘာဝနာကံတွေ ပဲ မဟုတ်လား၊ သို့သော် သူက အပ္ပနာသို့ မရောက်သေးဘူး၊ သူက အပ္ပနာရဲ့ ရှေ့ပြေးပဲရှိသေးတယ်၊ ဒါကြောင့်မို့ သူ့ကို ဥပစာရလို့ခေါ်တာ၊ အပ္ပနာရဲ့ အနီးအပါးပေါ့၊ ဒါကြောင့် ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူရဲ့ အခိုက်အတန့်မှာ အပ္ပနာသို့ မရောက်သေးဘူး။

ဒါကြောင့်မို့ အဲဒီအခိုက်အတန့်မှာ ဖြစ်တဲ့ကံဟာ ရူပါဝစရကံဖြစ်ပြီလား၊ မဖြစ်သေးဘူး၊ ကာမာဝစရပဲရှိသေးတယ်၊ ဈာန်လို့ဖြစ်တဲ့အချိန်ကျမှ ရူပါဝစရ ကုသိုလ်ကံ ဖြစ်သွားတာ၊ အပ္ပနာကို ရောက်သွားတာ၊ ဒါကြောင့်မို့ ဥပစာရဈာန်၊ အပ္ပနာဈာန် နှစ်မျိုးရှိရာမှာ ဥပစာရဈာန်ဆိုတာ ကာမာဝစရ၊ ရူပါဝစရ မဟုတ် သေးဘူး၊ အပ္ပနာရောက်သွားမှ ရူပါဝစရဖြစ်မယ်၊ အပ္ပနာရောက်သွားမှ အရူပါဝစရ ဖြစ်မယ်၊ အပ္ပနာရောက်သွားမှ မဂ်ဖိုလ်ဖြစ်မယ်။

ဒါကြောင့်မို့ ရူပါဝစရကုသိုလ်ကံ ဆိုရင် မနောကံ တစ်မျိုးတည်းသာရှိတယ်။ အဲဒီမနောကံကလည်း ဘာဝနာတစ်ခုသာ၊ အဲဒီဘာဝနာကလည်း အပ္ပနာသို့

[စာမျက်နှာ-163] မရောက်တဲ့ ဘာဝနာ၊ ရောက်တဲ့ဘာဝနာ ၂-မျိုးရှိရာမှာ အပ္ပနာသို့ရောက်တဲ့ ဘာဝနာကံ၊ အပ္ပနာသို့ မရောက်သေးဘူးဆိုရင် ရူပါဝစရကံ မဖြစ်။

ဈာန်အင်္ဂါစုံအားဖြင့် ၅-ပါးရှိသည်၊ ပထမဈာန်စသည်၊ ဈာန်အင်္ဂါ ၅-ပါးနှင့် ယှဉ်တော့ ပထမဈာန်ပေါ့၊ ၄-ပါးနဲ့ ယှဉ်တော့ ဒုတိယဈာန်၊ ၃-ပါးနဲ့ ယှဉ်ရင် တတိယဈာန်၊ ၂-ပါးနဲ့ ယှဉ်ရင် စတုတ္ထဈာန်၊ ၂-ပါးနဲ့ယှဉ်ရင် ပဉ္စမဈာန်၊ အဲဒီလို ၅-ပါးရှိတယ်။

ဒါကြောင့်မို့ ရူပါဝစရကုသိုလ်ကံ ၅-မျိုးရှိတယ်ပေါ့၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဒါက မခဲယဉ်းပါဘူး။

အရူပါဝစရဈာန်၊ အရူပါဝစရ ကုသိုလ်ကံတဲ့၊ သူကလည်း ရူပါဝစရလိုပဲ မနောကံ တစ်မျိုးသာရှိသည်၊ ဟုတ်တာပေါ့၊ ရူပါဝစရဈာန်ရပြီးတဲ့နောက် သူက အာကာသာနဉ္စ၊ ဝိညာဏဉ္စ၊ အာကိဉ္စညာ၊ နေဝသညာ နာသညာယတန တက်ရတာကိုး၊ အဲသလို တက်တဲ့အခါ မနောကံ တစ်ခုတည်းနဲ့ တက်လို့ရတယ်။

ဒါကြောင့်မို့ ကာယကံလည်း မဟုတ်ဘူး၊ ဝစီကံလည်း မဟုတ်ဘူး၊ အဲဒီ မနောကံဟာလည်းပဲ ဘာဝနာတစ်မျိုးသာ၊ ဒါနမဟုတ်ဘူး၊ သီလမဟုတ်ဘူး၊ အလှူကြီးပေးလည်း အရူပါဝစရဈာန်မရဘူး၊ သီလဆောက်တည်ရင်လည်း အရူပါဝစရဈာန်မရဘူး၊ ဘာဝနာကိုလုပ်မှ။

တစ်ခါ အပ္ပနာသို့ရောက်သော မနောကံတဲ့၊ အခုနအတိုင်းပဲ၊ မနောကံဟာလည်း အပ္ပနာသို့ရောက်တာနဲ့ မရောက်တာ ၂-မျိုးရှိရာမှာ အပ္ပနာသို့ရောက်တဲ့ မနောကံတဲ့၊ ရူပါဝစရဈာန်တို့ ဘာတို့နဲ့ ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူပြီးတော့ အာကာသာနဉ္စယတနဈာန်ပေါ့၊ အဲဒီ ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူအခိုက် အတန့်မှာ အရူပါဝစရကုသိုလ်လို့ မဆိုရသေး၊ တကယ့်ကို အာကာသာနဉ္စယတနဈာန် ဖြစ်တော့မှ အရူပါဝစရ ကုသိုလ်ကံလို့ဆိုရတယ်။

ဒါကြောင့် ရူပါဝစရကုသိုလ်နဲ့ အရူပါဝစရကုသိုလ်ကံဟာ ဆင်တူတာပဲ၊ မနောကံ တစ်မျိုးတည်းဖြစ်တာလည်းတူတယ်၊ ဘာဝနာတစ်မျိုးတည်းဖြစ်တာလည်း တူတယ်၊ အပ္ပနာသို့ ရောက်တာလည်းတူတယ်၊ သို့သော် ရူပါဝစရကုသိုလ်ကံက ၅-မျိုး၊ အရူပါဝစရကုသိုလ်ကံ ၄-မျိုး။

ရူပါဝစရကျတော့ ၅-မျိုးဖြစ်တာက ဈာန်အင်္ဂါယှဉ်ပုံအားဖြင့်ဖြစ်တယ်။ ဈာန်အင်္ဂါ ၅-ပါးနဲ့ယှဉ်လို့ ပထမဈာန်ခေါ်တယ်၊ ၄-ပါးနဲ့ ယှဉ်လို့ ဒုတိယခေါ် ဖြစ်တယ်။

[စာမျက်နှာ-164] အခု အရူပါဝစရကျတော့ ဈာန်အင်္ဂါ ၂-ပါးနဲ့ချည်းယှဉ်တာ၊ အဲဒီတော့ ဈာန်အင်္ဂါယှဉ်တာနဲ့ ပတ်သက်ပြီး ထူးခြားအောင်လုပ်လို့ မရဘူး၊ ၂-ပါးနဲ့ချည်း ယှဉ်တာ၊ ဒါကြောင့်မို့ဒီကျတော့ အာရုံအားဖြင့် ၄-မျိုးဖြစ်တယ်။

အရူပါဝစရကုသိုလ်ကံက တစ်ခုနဲ့တစ်ခု အာရုံတူရဲ့လား၊ မှတ်မိလား၊ အာကာသာနဉ္စယတန ကုသိုလ်ကံရဲ့ အာရုံက ကောင်းကင်ပညတ်၊ ဒုတိယ အရူပါဝစရဈာန်ရဲ့ အာရုံက ပထမအရူပါဝစရစိတ်၊ တတိယအရူပါဝစရဈာန်ရဲ့ အာရုံက ပထမစိတ်မရှိခြင်း နတ္ထိဘောပညတ်၊ စတုတ္ထအရူပါဝစရကံရဲ့ အာရုံက တတိယစိတ်၊ ဟုတ်ပြီလား၊ အာရုံမတူဘူး၊ အဲသလိုအာရုံအားဖြင့် ၄-မျိုး ပြားသွားတယ်၊ ဈာန်အင်္ဂါအားဖြင့်ဆိုရင် ၂-မျိုးချည်းနေမှာပဲ၊ ဈာန်အင်္ဂါ ၂-ခုနဲ့ချည်း ယှဉ်တာဖြစ်လို့ဈာန်အင်္ဂါအားဖြင့် ခွဲခြားလို့ မရဘူး။

ဒီမှာက ဈာန်အင်္ဂါတူတယ်၊ အာရုံမတူဘူး၊ အရူပါဝစရကျတော့ ပြန်သွား လိုက်စမ်း၊ အာရုံတူနိုင်တယ်၊ ဈာန်အင်္ဂါမတူဘူး၊ ပထဝီကသိုဏ်း တစ်ခုတည်းကို အာရုံပြုပြီးတော့ ပထမဈာန်ရမယ်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ရမယ်၊ အဲသလိုဆိုရင် အာရုံတူတယ်၊ ဒါပေမယ်လို့ ဈာန်အင်္ဂါမတူဘူး၊ ပထမဈာန်ကျတော့ ဈာန်အင်္ဂါ ၅-ပါးရှိတယ် စသည်ဖြင့်သွားမယ်၊ ဒါကြောင့်မို့ အာရုံအားဖြင့် ဝေးပြေးဖြစ်သွားတယ်။

အဲဒီတော့ ပြန်ပြောစမ်းပါ၊ ရူပါဝစရကုသိုလ်ကံဆိုတာ ဘယ်ဟာလဲလို့ မေးရင် ရူပါဝစရကုသိုလ်စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အရူပါဝစရကုသိုလ်ကံဟာ အရူပါဝစရ ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ စေတနာ၊ ဒါပါပဲ၊ တခြားဟာတွေတော့ ကာယကံလား၊ ဝစီကံလား၊ မနောကံလားဆိုရင် မနောကံ၊ ဒါနလား၊ သီလလား၊ ဘာဝနာလား မေးရင် ဘာဝနာ၊ အပ္ပနာရောက်လား၊ မရောက်ဘူးလားဆိုရင် ရောက်တယ်ပေါ့၊ အပ္ပနာမရောက်ရင် ရူပါဝစရ၊ အရူပါဝစရလို့တောင် မခေါ်နိုင်ဘူး။

အခု အကျိုးပေးရာဘုံတဲ့၊ ကာမာဝစရကုသိုလ်ကံတွေရှိတယ်၊ အကုသိုလ် ကံတွေရှိတယ်၊ သူတို့တွေက ဘယ်လိုအကျိုးပေးသလဲ၊ ဘယ်ဘုံတွေမှာ အကျိုးပေး သလဲ၊ ဒါကို တစ်ဆင့်တက်ပြီး လေ့လာရမယ်၊ နားလည်အောင် လုပ်ရမယ်။

အဲဒီတော့ ပထမအကုသိုလ်ကံထဲက ပြောရမယ်၊ အကုသိုလ်ကံမှာလည်းပဲ ဥဒ္ဓစ္စ ယှဉ်သော အကုသိုလ် ၁၁ (၁၂ မဟုတ်ဘူး၊ တစ်ခါတစ်ခါ ရိုက်တာလွဲသွားတယ်)၊ အကုသိုလ်စိတ် ၁၂-ပါးရှိတဲ့အနက်မှာ ဥဒ္ဓစ္စသမ္ပယုတ်စိတ် မပါနဲ့ပေါ့၊ တခြားစိတ် ၁၁-ပါးနဲ့ ယှဉ်တဲ့စေတနာပေါ့၊ အဲဒါကို ဆိုလိုတာ။

[စာမျက်နှာ-165] အကုသိုလ်ကံ ၁၁-ခုဟာ ဘယ်ဘုံမှာ အကျိုးပေးမလဲဆိုရင် အပါယ် ၄-ဘုံမှာ ပထမအကျိုးပေးမယ်၊ ဘာအကျိုးပေးမလဲ၊ ပဋိသန္ဓေ အကျိုးပေး မယ်၊ ဒီပဋိသန္ဓေအကျိုးဆိုတာ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ။

ဒီဘဝ သေပြီးတော့ ငရဲကျသွားမယ်၊ ငရဲမှာ ပဋိသန္ဓေဖြစ်တယ်၊ အဲဒီပဋိသန္ဓေ ဘာကြောင့်ဖြစ်သလဲဆိုရင် အကုသိုလ် တစ်ခုခုကြောင့်ပေါ့၊ ဒါကြောင့်မို့ ပဋိသန္ဓေ အကျိုးပေးတယ်၊ ဥဒ္ဓစ္စလာလိမ့်ဦးမယ်။

ဒါကြောင့်မို့ ဥဒ္ဓစ္စမပါတဲ့ အကုသိုလ်စိတ် ၁၁-ခုဟာ အပါယ် ၄-ဘုံမှာ ပဋိသန္ဓေအကျိုးပေးနိုင်တယ်၊ ပဋိသန္ဓေကျိုးပေးတယ်ဆိုတာ အကုသလဝိပါက် ဥပေက္ခာသန္တီရဏကို ဖြစ်စေတယ်၊ အပါယ်မှာ ပဋိသန္ဓေနေတယ်ဆိုရင် ဘယ်စိတ်နဲ့ နေသလဲ၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ နေတယ်မဟုတ်ဘူးလား၊ ဒါ ပဋိသန္ဓေက အစနားမှာ ပါပြီးပြီ။

အဲဒီတော့ ဥဒ္ဓစ္စကတော့ ပဋိသန္ဓေကျိုးမပေးနိုင်ဘူး၊ ဥဒ္ဓစ္စကတော့ မရေမရာ သမား၊ တွေဝေနေတဲ့သူ၊ အာရုံပေါ်မှာ စွဲစွဲမြဲမြဲ မတည်ဘဲနဲ့နေတဲ့တရား၊ အဲဒီ ဥဒ္ဓစ္စသဟဂုတ်စိတ်မှာ သူနဲ့ယှဉ်တဲ့ စေတသိက်တွေ ကြည့်လိုက်မယ်ဆိုရင်လဲ လောဘလည်း မပါဘူး၊ ဒေါသလည်း မပါဘူး၊ ထက်မြက်တဲ့ စေတသိက်တွေ တစ်ခုမှ မပါဘူး။

အဲဒီတော့ သူက ထိုင်းထိုင်းမှိုင်းမှိုင်း အားနည်းတဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့် မို့ ဥဒ္ဓစ္စပဋိသန္ဓေကျိုးကို မပေးနိုင်ဘူး၊ ပဝတ္တိကျိုးသာ ပေးလိမ့်မယ်။

ဒါကြောင့်မို့ အကုသိုလ်ကံ ၁၂-ခုဟာ ကာမာဝစရ ၁၁ ဘုံမှာ ပဝတ္တိကျိုး ပေးမယ်၊ ပဝတ္တိဆိုတာ ပဋိသန္ဓေမှ နောက်သေသည်တိုင်အောင်ပေးသည့်ကံ။

ပဋိသန္ဓေအခိုက်အတန့်ကို ပဋိသန္ဓေခေါ်တယ်၊ ပြီးတော့နောက် ပထမဘဝင်က စပြီးတော့ သေသည်တိုင်အောင် ပဝတ္တိလို့ခေါ်တယ်၊ အဲဒီတော့ အကုသိုလ်စိတ် ၁၂-ခုလုံး ဟာ (ဒီကျတော့ဥဒ္ဓစ္စပါလာပြီ) ကာမာဝစရ ၁၁-ဘုံမှာ ပဝတ္တိကျိုးကို ပေးနိုင်တယ်၊ ပဝတ္တိကျိုးကို ပေးနိုင်တော့ အဲဒီအကျိုးက ဘာတွေတုန်း၊ အကုသလဝိပါက်စိတ် ၇-ပါး။

အခုလူ့ဘဝဖြစ်လာပြီးတော့ မမြင်ချင်တာမြင်ရတယ်၊ အကုသလဝိပါက် စက္ခုဝိညာဏ်စိတ်မဖြစ်ဘူးလား၊ အဲဒါဟာဘာရဲ့အကျိုးလဲ၊ နောက်ဘဝက အကုသိုလ် တစ်ခုခုရဲ့ အကျိုး၊ ဒီဘဝ ပဝတ္တိအခါ မှာလာပြီးတော့ အကျိုးပေးတာ၊ ပဋိသန္ဓေကျိုး ကတော့ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဖြစ်သွားပြီ။

[စာမျက်နှာ-166] ပဝတ္တိအခါကျတော့ အကုသလဝိပါက်၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ် စတာတွေ အကျိုးပေးတယ်၊ ဒါကြောင့် ကာမာဝစရ ၁၁-ဘုံမှာ အကုသလဝိပါက် စိတ် ၇-ခု။

ဒါကြောင့် ပဝတ္တိအခါမှာ အကုသလဝိပါက်စိတ် ၇-ပါးပဲ ဖြစ်စေတယ်။ မမြင်ချင်တာမြင်ရတယ်၊ မကြားချင်တာ ကြားရတယ်၊ မနံချင်တာ နံရတယ် စသည်ဖြင့် ဖြစ်တဲ့အခါမျိုးမှာ ဒီစိတ်တွေ ဦးဇင်းတို့ သန္တာန်မှာ ရှိတယ်မဟုတ်လား၊ ဒါတွေဟာ နောက်ဘဝက အကုသိုလ်ရဲ့ အကျိုးကြောင့် ဖြစ်ရတာ၊ ဒါဟာ ကာမ ၁၁-ဘုံ။

ရူပ ၁၅-ဘုံမှာတဲ့၊ ရူပ ၁၅-ဘုံဆိုတော့ အသညသတ်မပါဘူး၊ ရူပ ၁၅ ဘုံမှာ အကုသိုလ်အကျိုးက ပေးချင်လည်းပေးသည်၊ ဒါက ဘာတုန်းဆိုတော့ ဃာန၊ ဇိဝှာ၊ ကာယယှဉ်လိုက်တဲ့ ၃-ခုနုတ်လိုက်တော့ ဘာကျန်တုန်း၊ အကုသလဝိပါက် ၄-ခု တဲ့၊ ၇-ခုထဲက ၃-ခု နှုတ်လိုက်ရင် ၄-ခု ကျန်တာပေါ့။

အဲဒီတော့ ဗြဟ္မာတွေလည်းပဲ လူ့ပြည်တို့ ဘာတို့ကို ပြန်ကြည့်လိုက်တဲ့အခါ ကျတော့ မမြင်ချင်တဲ့ အနိဋ္ဌာရုံတွေ မမြင်ရပေဘူးလား မြင်နိုင်တာပေါ့၊ မကောင်းတဲ့ အသံတွေ မကြားနိုင်ဘူးလား၊ ကြားနိုင်တာပေါ့၊ ဒါကြောင့်မို့ အဲဒီအခါမှာ အကုသလ ဝိပါက်စက္ခုဝိညာဏ် ဖြစ်နိုင်တယ်၊ အကုသလဝိပါက် သောတဝိညာဏ်ဖြစ်နိုင်တယ်။ သူတို့နဲ့တွဲပြီး အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏတွေ ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ ရူပဝစရ ၁၅-ဘုံမှာလည်းပဲ ပဝတ္တိဖြစ်ချင်ဖြစ်နိုင်တာ၊ ကြည့်စမ်း၊ အကုသိုလ်က အတော်နယ်ကျယ်တာ၊ အပါယ်ဘုံကျတော့ ပဋိသန္ဓေကျိုးလည်း ပေးမယ်၊ ပဝတ္တိကျိုးလည်းပေးမယ်၊ ကာမာဝစရ ၁၁-ဘုံနဲ့ ရူပါဝစရ ၁၅ ဘုံကျတော့ ပဝတ္တိကျိုးပေးမယ်၊ အကုသလဝိပါက်။

ကာမာဝစရကုသိုလ်ကံ ၈-ခုကတော့ ဘယ်လိုအကျိုးပေးမလဲ၊ ကာမသုဂတိ ၇-ဘုံမှာ ပဋိသန္ဓေ အကျိုးပေးတယ်၊ ကာမသုဂတိ ၇-ဘုံဆိုတော့ အပါယ် ၄-ဘုံ မပါတော့ဘူးပေါ့၊ လူ့ဘုံရယ်၊ နတ်ပြည်ခြောက်ထပ်ရယ်။

အဲဒီကာမသုဂတိ ၇-ဘုံမှာ ပဋိသန္ဓေကျိုးပေးတယ်ဆိုတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏရယ်၊ မဟာဝိပါက်စိတ် ၈-ခုရယ်။

ဒါကြောင့်မို့ ကာမာဝစရကုသိုလ်ကံ ၈-ခုသည် ကာမသုဂတိ ၇-ဘုံ (လူ့ပြည်နတ်ပြည်)မှာ ပဋိသန္ဓေကျိုးပေးမယ်၊ လူ့ပြည်နတ်ပြည် ပဋိသန္ဓေနေတော့ ဒီစိတ်တွေနဲ့ ပဋိသန္ဓေနေတယ် မဟုတ်ဘူးလား၊ လူဖြစ်ပေမယ်လို့ ရုပ်ခန္ဓာက

[စာမျက်နှာ-167] မွေးကတည်းက ကန်းလာတာတို့ကျတော့ ကုသိုလ်ကြောင့်လူဖြစ်လာတာ၊ ကုသိုလ် အားနည်းလို့ ကန်းရတာ။

အဲဒါကျရင် ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ တခြားကောင်းတဲ့ ပြည့်စုံတဲ့ သတ္တဝါမျိုးဆိုရင် မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုဖြစ်မယ်။

ဒါကြောင့် ကာမသုဂတိ ၇-ဘုံမှာ ပဋိသန္ဓေအခါမှာ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ (သို့မဟုတ်) မဟာဝိပါက်စိတ် ၈-ခုဖြစ်တယ်။

အဲဒီကာမသုဂတိ ၇-ဘုံမှာပဲ ပဝတ္တိအခါမှာ မဟာဝိပါက်စိတ် ၈-ခုနဲ့ အဟိတ် ကုသလဝိပါက်စိတ် ၈-ခု အားလုံး ၁၆-ခု ဖြစ်တယ်၊ တဒါရုံအဖြစ်နဲ့ ဖြစ်တဲ့အခါကျတော့ မဟာဝိပါက်စိတ် မဖြစ်ပေဘူးလား၊ ဟုတ်တယ် မဟုတ်လား၊ ပြီးတော့ ကောင်းတာမြင်ရ ကောင်းတာကြားရတဲ့အခါမျိုးကျတော့ အဟိတ်ကုသလ ဝိပါက်စိတ်တွေ မဖြစ်ပေဘူးလား။

အခု လူအဖြစ်နဲ့ပဲ စဉ်းစားကြည့်လေ၊ ကောင်းတာလေးမြင်ရ ကောင်းတာလေး ကြားရတယ်၊ ဒါဟာ နောက်ဘဝကကုသိုလ်ရဲ့ အကျိုးပဲ။

တစ်ခါ ဝီထိတွေမှာ တဒါရုံမပါပေဘူးလား၊ ပါတာပေါ့၊ အဲဒီ တဒါရုံကိစ္စ တပ်တဲ့စိတ်တွေဟာ ဘာတွေတုန်း၊ မဟာဝိပါက်စိတ် ၈-ခုနဲ့ သန္တီရဏ ၃-ခုတို့ တပ်တယ် မဟုတ်လား။

ဒါကြောင့်မို့ မဟာဝိပါက်စိတ် ၈-ခုနဲ့ အဟိတ်ကုသလ ဝိပါက်စိတ်ပေါင်း ၁၆-ခုကို ရွတ်ဆိုတယ်။

အသညသတ်ကြဉ်သော ရူပါဝစရ ၁၅-ဘုံမှာ ပဋိသန္ဓေကျိုး မပေးဘူး၊ ပဋိသန္ဓေကျိုးပေးရင် မဟာဝိပါက်စိတ်တွေ ဖြစ်နေရမှာပေါ့၊ မဟာဝိပါက်စိတ်ကလည်း ကာမာဝစရဘုံကလွဲပြီး မဖြစ်ဘူး။

ဒါကြောင့် ရူပ ၁၅-ဘုံ ပဝတ္တိအခါမှာ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုထဲက ၃-ခုနှုတ်လိုက်ရင် ၅-ခုကျန်တယ်၊ အဲဒါတွေ ဖြစ်စေတယ်၊ ရူပါဝစရဗြဟ္မာတွေ လူ့ပြည်လှမ်းကြည့်လို့ ဣဋ္ဌာရုံမြင်ရတယ်၊ ဣဋ္ဌာရုံကြားရတဲ့အခါမှာ ဒီစိတ်တွေ ဖြစ်ရမှာပေါ့။

ဒါကြောင့်မို့ မဟာကုသိုလ်စိတ် ၈-ခုဟာ ကာမသုဂတိ ၇-ဘုံမှာပဋိသန္ဓေ အကျိုးပေးတယ်၊ ပဝတ္တိအကျိုးလည်းပေးတယ်၊ ပဋိသန္ဓေအကျိုးပေးတဲ့အခါမှာ ကုသလဝိပါက် သန္တီရဏနဲ့ မဟာဝိပါက်စိတ် ၈-ခု၊ ပဋိသန္ဓေကိစ္စတပ်တဲ့စိတ်တွေ ထဲက ဆွဲထုတ်ရတာပဲ။

[စာမျက်နှာ-168] ပဝတ္တိအခါမှာတော့ မဟာဝိပါက်စိတ် ၈-ခုနဲ့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ အားလုံး ၁၆-ခုထဲက တစ်ခုခုဖြစ်သွားမယ်။

ရူပါဝစရ ၁၅-ဘုံမှာကျတော့ ပဋိသန္ဓေကျိုးမပေးနိုင်ဘူး၊ သို့သော် ပဝတ္တိကျိုးပေးမယ်၊ ဘယ်လိုစိတ်တွေအနေနဲ့ ဖြစ်မလဲ၊ အဟိတ်ကုသလဝိပါက်စိတ် ၅-ခုပေါ့၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ စသည်ဖြင့် ဖြစ်မယ်၊ အဲဒါအကျိုးပေးတာ၊ အကုသိုလ်က ပဋိသန္ဓေကျိုး ဘယ်လိုပေးတယ်၊ ပဝတ္တိကျိုး ဘယ်လိုပေးတယ်။ ကုသိုလ်ကလည်း ထို့အတူပဲ၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ဘယ်လိုပေးတယ်၊ ဘယ်ဘုံမှာ ပေးတယ်၊ ဒါဟာ အရေးကြီးတယ်၊ ဒီလိုနားလည်ထားမှကောင်းတယ်။

ဒါကြောင့်မို့ လူ့ဘုံလူ့ဘဝအနေနဲ့ အနိဋ္ဌာရုံတွေ့ ရတယ် ကြုံရတယ်ဆိုရင် ဒါဟာ အကုသိုလ်ရဲ့ ပဝတ္တိကျိုးရတယ်၊ အပါယ် ၄-ဘုံမှာ သွားဖြစ်ပြီဆိုရင် အကုသိုလ်ရဲ့ ပဋိသန္ဓေကျိုးရတယ်။

လူ့ဘုံလာဖြစ်တယ်၊ နတ်လာဖြစ်တယ် ပဋိသန္ဓေနေတယ်ဆိုရင် ကုသိုလ်ရဲ့ ပဋိသန္ဓေကျိုးရတယ်၊ လူ့ဘုံနတ်ဘုံ ဗြဟ္မာဘုံတို့မှာ ကောင်းတာတွေ လာတွေ့ ရတဲ့ အခါတို့ ဘာတို့မှာ ပဝတ္တိကျိုးရတယ်၊ အဲဒီလို အကျိုးပေးတဲ့အခါ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး၊ အဲသလို ခွဲခြားပြီး နားလည်ရမယ်။

ပဋိသန္ဓေကျိုး ပေးတဲ့အခါမှာ ဘယ်စိတ်တွေ ဖြစ်စေနိုင်သလဲ၊ ပဝတ္တိကျိုး ပေးတဲ့အခါမှာ ဘယ်စိတ်တွေ ဖြစ်စေနိုင်သလဲ၊ အဲဒီလို နားလည်ရမယ်။

အဲဒီနောက် ဘာနားလည်ဖို့ လိုပြန်သေးသလဲဆိုတော့ ကာမာဝစရကုသိုလ်ကံမှာလည်းပဲ တိဟိတ်ကုသိုလ်ရှိတယ်၊ ဒွိဟိတ်ကုသိုလ်ရှိတယ်၊ ဥက္ကဋ္ဌကုသိုလ်ရှိတယ်၊ ဩမကကုသိုလ်ရှိတယ်။

တိဟိတ်ကုသိုလ်ဆိုတာ ကုသိုလ်ပြုတဲ့အခါမှာ ကံရဲ့ အကျိုးကိုသိတဲ့ ဉာဏ်ပါတဲ့ ကုသိုလ်၊ ကံ၊ ကံရဲ့ အကျိုးကို သိတဲ့ဉာဏ်၊ အဲဒီဉာဏ်ပါတဲ့ ကုသိုလ်ကို တိဟိတ်ကုသိုလ်ခေါ်တယ်၊ စိတ်အနေနဲ့ပြောရင် ဘယ်စိတ်တွေလဲပြောစမ်း၊ ကာမာဝစရကုသိုလ် ၈-ပါးထဲက ဘယ်စိတ်တွေလဲ၊ ဉာဏသမ္ပယုတ် ၄-ပါးပေါ့။

ဉာဏသမ္ပယုတ် ၄-ပါးကို တိဟိတ်ကုသိုလ်ကံလို့ ခေါ်တယ်၊ အဲဒီစိတ်နဲ့ ယှဉ်တဲ့စေတနာလို့ ပြောကြပါစို့၊ တိဟိတ်ကုသိုလ်ကံ။

ဒွိဟိတ်ကျတော့ ကံ၊ ကံ၏အကျိုးကို သိမြင်တဲ့ဉာဏ်မပါဘူး၊ အမှတ်တမဲ့ပြုတဲ့ ကံမျိုးပေါ့၊ ကုသိုလ်ပြုတဲ့အခါ အမှတ်တမဲ့ ပြုမိတတ်ကြတယ်။ အဲသလိုဆိုရင် ဉာဏ်မပါဘူး၊ အဲဒါသတိထားကြ၊ ကုသိုလ်ပြုရင် ပေါ့ပေါ့ဆဆမပြုကြနဲ့၊ ကုသိုလ်ပြု

[စာမျက်နှာ-169] ခါနီးမှာ ကံ၊ ကံ၏အကျိုးဆိုတာလေးကို စိတ်မှာ သတိရသွားရမယ်။

ဆိုပါတော့၊ သီချင်းတစ်ပုဒ်ဟာ ရနေတာပဲ၊ ရတယ်လို့ ပြောရတာပဲ။ ဒါပေမယ့် တကယ်မဆိုသေးရင်၊ တကယ်သတိမရရင် ရတယ်လို့ မဆိုနိုင်ဘူး၊ အဲဒီအချိန်မှာမရဘူးလို့ ဆိုရတာပဲ။

ထို့အတူပဲ၊ ကံ၊ ကံ၏ အကျိုးဆိုတာ ဗုဒ္ဓဘာသာတွေ ယုံကြည်ကြတာပဲ။ ဒါပေမယ်လို့ ကုသိုလ်ပြုတဲ့အခါမှာ ဒါလေးကို ဂရုတစိုက် စိတ်ထဲမှာ ပေါ်အောင် မလုပ်မိရင် အလကားဖြစ်သွားတာ၊ အဲဒါ သိပ်အရေးကြီးတယ်နော်၊ အဘိဓမ္မာ တတ်ရင် သူများထက် Advantageous ဖြစ်တယ်၊ အဘိဓမ္မာနားမလည်ရင် တိဟိတ် ကုသိုလ်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြဘူးနော်၊ အဲဒီတော့ အဘိဓမ္မာ တတ်ရင် အဆင့်မြင့်တယ်ပြောတော့ မတတ်တဲ့သူက မခံချင်ဖြစ်မယ်။ အဘိဓမ္မာ တတ်မှ ကုသိုလ်ကို အကောင်းဆုံးကုသိုလ်ဖြစ်အောင် လုပ်တတ်တာ၊ ဒီလို မဟုတ်ရင် မလုပ်တတ်ဘူး။

ဒါကြောင့်မို့ ဦးဇင်းတို့ ရေစက်ချတဲ့အခါကျတော့ ကံ၊ ကံ၏ အကျိုးကို ယုံကြည်ပါတယ်ဆိုတာလေး ထည့်ထည့်ပြီးတော့ဆိုပေးရတာ၊ ဒီဉာဏ်လေး ပါပါစေတော့ဆိုပြီး ဆုတောင်းရတာ၊ ရေစက်ချတာ အရမ်းလုပ်ထားတာ မဟုတ်ဘူး၊ နားထောင်ကောင်းအောင် လုပ်ထားတာ မဟုတ်ဘူး၊ ကွက်တိကျအောင် လုပ်ထားတာ၊ ဒွိဟိတ်ကျတော့ ဘယ်လိုမြင်သလဲ၊ သေသေချာချာလုပ်ထားတာပေါ့ ။

ဥက္ကဋ္ဌကုသိုလ်တဲ့ ကောင်းတာမြင့်မြတ်တာကို ဥက္ကဋ္ဌလို့ခေါ်တယ်၊ ဥက္ကဋ္ဌ ကုသိုလ်ဆိုတာ ရှေ့ နောက် ကုသိုလ်ခြံရံသော ကုသိုလ်တဲ့။

ကုသိုလ်ကောင်းမှု တစ်ခုပြုတော့မယ်ဆိုရင် မပြုမီမှာ ပုဗ္ဗစေတနာဆိုတာ ရှိတယ်၊ မပြုခင်ကဖြစ်နေတဲ့စေတနာ၊ ပြုပြီးနောက် ဒီကုသိုလ်နဲ့ ပတ်သက်တဲ့ စေတနာတွေကို အပရစေတနာတွေခေါ်တယ်။

အဲဒီတော့ အဲဒီကုသိုလ်ဟာ ရှေ့ကလည်းကုသိုလ်ခြံရံနေတယ်၊ နောက်ကလည်း ကုသိုလ်ခြံရံနေတယ်၊ အဲသလို ရှေ့ရောနောက်ရော ကုသိုလ်ခြံရံနေလျှင် အဲဒီကုသိုလ်ကို ဥက္ကဋ္ဌကုသိုလ်လို့ ခေါ်တယ်။ အမြတ်စားကုသိုလ်လို့ခေါ်တယ်။ အဲဒါလည်း အရေးကြီးတယ်၊ အမြတ်စားကုသိုလ်ဖြစ်အောင် လုပ်ဖို့ သိပ်အရေးကြီးတယ်။

ဒါကြောင့်မို့ စေတနာသုံးတန်ပြဋ္ဌာန်းရမယ်ဆိုတာဒါပဲ၊ အကောင်းဆုံး ကုသိုလ်ဖြစ်အောင် လုပ်ခိုင်းတာ။

[စာမျက်နှာ-170] မလှူခင်လည်းပဲ ဝမ်းသာနေတယ်၊ လှူတဲ့အခိုက်မှာလည်း ဝမ်းသာနေတယ်။ လှူပြီးတဲ့ အခါမှာလည်း ဒီအလှူနဲ့ပတ်သက်ပြီး ပြန်စဉ်းစားတိုင်း ဝမ်းသာနေတယ်။ အဲဒီလို စေတနာပြဋ္ဌာန်းတယ်ဆိုရင် ဥက္ကဋ္ဌကုသိုလ်ဖြစ်တော့တာပဲ၊ “ပုဗ္ဗေဝ ဒါနံ သုမနော၊ သဒ္ဓါ စိတ္တံ ပသာဒယေ။ ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ပုညဿ သမ္ပဒါ” ဆိုပြီး ဘုရားဟောထားတာ ရှိတယ်၊ ကောင်းမှုကုသိုလ်ရဲ့ ပြည့်စုံမှုဟာ ဘာလဲဆိုရင် မလှူခင်လည်းပဲ ဝမ်းမြောက်နေတယ်၊ လှူဆဲအခါမှာလည်း ဝမ်းမြောက်နေတယ်၊ လှူပြီးတဲ့နောက်မှာလည်း ဝမ်းမြောက်နေတယ်တဲ့။

ဒါကြောင့် ဝမ်းမြောက်ဝမ်းသာဆိုတာလေး ဦးဇင်းတို့က ထည့်ထည့်တိုင်ပေး ရတာ၊ ဝမ်းမြောက်ဝမ်းသာ လှူပါတယ်ဘာတယ်ဆိုတာ အလကားထည့်တာ မဟုတ်ဘူး၊ ရှေ့နောက် ကုသိုလ်ခြံရံပါတယ်ဆိုတဲ့ အဓိပ္ပာယ်လေး ဖြစ်သွားအောင်လို့ အဲဒါကျမှ ဥက္ကဋ္ဌကုသိုလ်ဖြစ်မယ်တဲ့။

အဲသလို မဟုတ်ဘဲ ရှေ့နောက်မှာ အကုသိုလ်ခြံရံနေရင် ဩမကကုသိုလ်ဖြစ် မယ်တဲ့၊ ကုသိုလ်တော့ ကုသိုလ်ပဲ၊ နည်းနည်းညံ့သွားတယ်၊ ဘာကြောင့်တုန်းဆိုတော့ ကုသိုလ်အချင်းချင်း အားပေးမှု မရဘူးပေါ့၊ ရှေ့ကလည်း အကုသိုလ်ဖြစ်တယ်၊ နောက်ကျတော့လည်း ပြန်စဉ်းစားရင် နှလုံးမသာယာဖြစ်တာတို့ ဘာတို့ရှိတယ်။ အဲသလိုဖြစ်ရင် ဒီကုသိုလ်ဟာ ဩမကကုသိုလ်ဖြစ်တော့မယ်၊ အကောင်းစားကုသိုလ် မဟုတ်တော့ဘူး၊ အညံ့စားကုသိုလ် ဖြစ်သွားပြီ။

ဒါကြောင့် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ သတိထားကြဖို့ပဲ၊ တချို့တွေဟာ မလှူချင်မတန်းချင် စိတ်ဆိုးနေတာတွေ ဘာညာရှိတတ်တယ်၊ အချင်းချင်း စကားပြော မတည့်တာတို့ စိတ်တိုင်းမကျတာတို့ရှိတယ်၊ ဒါပေမဲ့ အလှူပြုတဲ့နေ့မှာတော့ စိတ်ကို ချကိုထားရမယ်၊ ဘာဖြစ်နေနေ ဒီအမှုနဲ့ ပတ်သက်သ၍တော့ ဒေါသမဖြစ်အောင် ထိန်းမယ်ဆိုပြီး အဲဒီနေ့မှာ စိတ်ကို တစ်ခါတည်း ချထားရမယ်၊ အဲဒါ အရေးကြီးတယ်။

ပြီးတော့ အလှူနဲ့ပတ်သက်ပြီး ပြန်စဉ်းစားလိုက်ရင်လည်း ကုသိုလ်ပဲဖြစ်ရမယ်။ ပြန်ပြီးနှမြောတဲ့စိတ်တို့ နောင်တရတဲ့စိတ်တို့ မဖြစ်စေရဘူး၊ အဲဒါလည်း အရေးကြီးတယ်၊ အဲဒါက ဘယ်မှာ အရေးကြီးသလဲဆိုရင် အခုလို ဩမကကုသိုလ်ဖြစ်သွားမှာကြောင့် တစ်ကြောင်း၊ နောက်တစ်ခုက အကျိုးရတဲ့ အခါမှာလည်းပဲ မဟန်တဲ့ အကျိုးရမယ်၊ အပရစေတနာချို့တဲ့သူတွေဟာ ချမ်းသာပေမဲ့ မစားရက် မသောက်ရက် ဆိုတာအဲဒါပဲ။

[စာမျက်နှာ-171] ကုသိုလ်ကောင်းမှုပြုတဲ့အတွက်ကြောင့် ကုသိုလ်ကောင်းမှု အကျိုးတော့ သူတို့ရတယ်၊ လူချမ်းသာဖြစ်တယ်၊ သို့သော် အပရစေတနာချို့တဲ့ခဲ့တဲ့ အတွက်ကြောင့်မို့ ပြန်ပြီးနောင်တရတယ်၊ ဒါလေးချန်ထားရင် တို့ မိသားစု သက်သာသွားမယ် စသည်ဖြင့် အဲသလို မတော်တဆဖြစ်မိရင် ဒီလို မဟုတ်လို့ လှူတဲ့ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး စိတ်ပျက်မိရင် အကျိုးပေးတဲ့ဘဝကျတော့ မသုံးရက် မစားရက် ဖြစ်တတ်တယ်။

တချို့တွေ ပိုက်ဆံချမ်းသာပြီးတော့ ဆင်းရဲနေတတ်တယ်၊ မြတ်စွာဘုရား လက်ထက်က ကုဋေရှစ်ဆယ် ကြွယ်ဝပေမဲ့ စားတော့ဆန်ကွဲ ထမင်းနဲ့ ပုန်းရည်ဟင်းပဲ စားရတယ်၊ အဝတ်ကျတော့လည်း အညံ့စားဝတ်ရတယ်၊ လှည်းစီးတော့လည်း အိုဟောင်းပျက်စီးတယ်၊ သူသေသွားတော့ သူ့ဥစ္စာတွေ မင်းဘဏ္ဍာဖြစ်တယ်၊ အဲဒါက ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲလို့ ရဟန်းတွေက မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက ပြန်ဟောပြတာ။

ဒါကြောင့် အပရစေတနာကလည်း အတော်အရေးကြီးတယ်၊ ဒီအလှူနဲ့ ပတ်သက်ရင်တော့ ကောင်းတဲ့စေတနာတွေ ဖြစ်ရမယ်၊ ဝမ်းမြောက်ဝမ်းသာ စိတ်တွေလည်းဖြစ်နေအောင် ဂရုစိုက်ဖို့ပဲရှိတယ်။

အဲဒီလို ကိုယ်က အဘိဓမ္မာကို နားလည်ထားလို့ အခုလို အကျိုးအကြောင်းကို နားလည်ထားရင် ကိုယ်က သတိထားနိုင်တယ်၊ ဂရုစိုက်နိုင်တယ်၊ ကုသိုလ် ကောင်းမှုပြုတဲ့အခါမှာ ဥက္ကဋ္ဌဖြစ်အောင် ငါပြုမယ်၊ တိဟိတ်ဖြစ်အောင် ငါပြုမယ်လို့ စိတ်ပိုင်းဖြတ်နိုင်တယ်။

ဒီလိုမသိဘဲနဲ့ ကုသိုလ်ပြုကြရင် သနားစရာကောင်းတယ်၊ ဒါကြောင့် ဘုန်းကြီး တွေက ထည့်ထည့်ဟောရတာ၊ တရားလေးဟောလိုက်၊ ရေစက်ချတဲ့အခါမှာ မပါပါအောင် လုပ်ပေးရတယ်။

ဒါပေမဲ့ အခုလို ပြောမထားရင် သူတို့ရဲ့ အသိဉာဏ်ဟာ သိပ်မဟုတ်ဘူး၊ မလေးနက်ဘူး။

ဒါကြောင့်မို့ အဘိဓမ္မာဟာ တကယ် practical ရှိတယ်၊ value ရှိတယ်။ ရိုးရိုးပါပဲ၊ academic မဟုတ်ဘူး၊ သို့သော် practical value ရှိတယ်၊ အဘိဓမ္မာ နားလည်မှ လုပ်တတ်တယ်။

ဒါကြောင့်မို့ ဦးဇင်းက ပြောလေ့ရှိတယ်၊ မင်းတို့လူတွေ ဘယ်လောက်လှူလှူ “ငါလှူတာလောက် အကျိုးမရှိဘူး” လို့ မခံချင်အောင် ပြောလေ့ရှိတယ်၊ ငါကရေလေး

[စာမျက်နှာ-172] တစ်ခွက်၊ ပန်းလေးတစ်ပွင့်လှူပြီး အကျိုးရှိအောင်လုပ်တတ်တယ်၊ မင်းတို့ထက် ကုသိုလ်ရတယ်လို့ ပြောရတယ်။

တချို့တွေလှူတာ အကြီးအကျယ်လှူတာ မဟုတ်လား၊ သောင်းသိန်းချီ အကုန်ခံပြီးလှူတာ၊ ဒါပေမဲ့ ဦးဇင်း သိပ်သနားတယ်။

မေး - နောက်စေတနာပျက်တာများတယ်လို့ ထင်ပါတယ်။
ဖြေ - မဟုတ်ဘူး၊ အဲဒါကျတော့ အကုန်ပျက်တာ၊ ဆိုပါတော့၊ အလှူခံပုဂ္ဂိုလ်က ဘယ်လိုသုံးသုံး၊ ဘာသုံးသုံး ကိုယ်က စေတနာမကွက်နဲ့၊ သူမတော်တရော်သုံးရင် သူ့အပြစ်နဲ့သူ ဖြစ်လိမ့်မယ်၊ ကိုယ်ကသွားပြီး စေတနာသွားကွက်ရင် ကိုယ့်ခိုက် လိမ့်မယ်၊ ကိုယ့်ကုသိုလ်က ညံ့သွားတယ်၊ အဲဒါကြောင့်မို့ မတော်တရော်သုံးတာတွေ ဘာတွေ တွေ့တတ်ပါတယ်၊ ဒါပေမဲ့ စိတ်ကို နားလည်ထားရမယ်၊ လှူပြီးတာက လှူပြီးပြီပဲ၊ သူ့ပစ္စည်း သူကြိုက်ရာလုပ်၊ သူ့ကိစ္စပဲ၊ ကိုယ်မကျေနပ်ရင် နောက် မလှူချင်နေရုံပဲ၊ လှူပြီးတာနဲ့ ပတ်သက်လို့ နှလုံးမသာမယာမဖြစ်စေနဲ့၊ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်လိုက်ရင် ကိုယ့်ကိုကိုယ် ပြန်ပြီး နှိပ်စက်သလိုဖြစ်နေတယ်၊ ကိုယ်ရမယ့်အကျိုး ကြီးကြီးရမှာကို မရအောင်လုပ်သလိုဖြစ်နေတယ်၊ ဒါကြောင့်မို့ အတော်အရေးကြီးတယ်၊ ကောင်းပြီ။

[စာမျက်နှာ-173]
အဘိဓမ္မာသင်တန်း (၁)

[ဝီထိမုတ်ပိုင်း]

ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ်ကံ အကျိုးပေးပုံ
ဒီနေ့ ဇူလိုင်လ ၃၁-ရက်၊ ဟိုအပတ်တုန်းက တိဟိတ်ဥက္ကဋ္ဌကုသိုလ်ရယ်၊ တိဟိတ်ဩမကကုသိုလ်ရယ် အဲဒါအကျယ်ပြောပြီးပြီ။

တိဟိတ်ဆိုတာ ဘယ်လိုဟာကိုခေါ်သလဲ၊ ရှင်းရှင်းပြောရရင် ကံ၊ ကံ၏ အကျိုးကို ယုံကြည်တယ်၊ ဉာဏ်ပါတယ်ဆိုရင် တိဟိတ်ခေါ်တယ်၊ ဥက္ကဋ္ဌဆိုတာ ရှေ့နောက် ကုသိုလ်ခြံရံကာ၊ ဩမကကျတော့ ရှေ့နောက် ကုသိုလ်မခြံရံတာ။

သူက တိဟိတ်တော့ တိဟိတ်ပဲ၊ ရှေ့နောက် ကုသိုလ်မခြံရံရင် ဩမက ဖြစ်သွားတယ်၊ ဩမကဆိုတာ အညံ့စားဖြစ်သွားတာ၊ အဲဒီတော့ တိဟိတ်အကောင်းစား နဲ့ တိဟိတ်အညံ့စား၊ ဒါဟာ အကျိုးပေးတဲ့အခါကျတော့ ကွာလိမ့်မယ်။

ပြီးတော့ ဒွိဟိတ်ကုသိုလ်ဆိုတာက ဉာဏ်မပါဘဲနဲ့ ပြုတဲ့ကုသိုလ်၊ အမှတ် တမဲ့ပြုတဲ့ကုသိုလ်၊ ကံ ကံ၏အကျိုး ယုံကြည်တဲ့ဉာဏ် ဒီလိုကုသိုလ်ပြုတဲ့အချိန်မှာ ပါကိုပါရမယ် “ဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာပဲ၊ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး

[စာမျက်နှာ-174] ကုသိုလ်ပြုတာပဲ ကိစ္စမရှိပါဘူး” ဒီလိုပြောလို့ မရဘူး၊ ကုသိုလ်ပြုတဲ့အခိုက်အတန့်မှာ ဉာဏ်ပါကိုပါရမယ်။

ကုသိုလ်ပြုတဲ့ အခိုက်မှာ ဉာဏ်ပါမသွားရင် ဉာဏဝိပ္ပယုတ် ဖြစ်သွားမယ်၊ ဉာဏဝိပ္ပယုတ်ဖြစ်သွားရင် ဒွိဟိတ်ကုသိုလ်ဖြစ်သွားမယ်၊ ဂရုစိုက်မှ ဒီဉာဏ်ပါမယ်၊ ဒီဉာဏ်မပါရင် ဒွိဟိတ်ကုသိုလ် ဖြစ်သွားမယ်။

အဲဒီ ဒွိဟိတ်ကုသိုလ်ကလည်း ခုနပြောတဲ့အတိုင်းပဲ ဥက္ကဋ္ဌနဲ့ ဩမက (၂)မျိုး ရှိတယ်၊ ဥက္ကဋ္ဌဆိုတာက ရှေ့နောက် ကုသိုလ်ခြံရံတယ်၊ ဩမကက ရှေ့နောက် ကုသိုလ်မခြံရဘူး၊ အဲဒီတော့ အားလုံးစုပေါင်းပြောရရင် တိဟိတ်ဥက္ကဋ္ဌ၊ တိဟိတ်ဩမက၊ ဒွိဟိတ်ဥက္ကဋ္ဌ၊ ဒွိဟိတ်ဩမက ဖြစ်သွားတယ်။

အဲသလို ဖြစ်သွားတော့ သူတို့က အကျိုးပေးကျတော့ ကွာသွားလိမ့်မယ်၊ အဲဒီတော့ အကျိုးပေးတွေ ကြည့်လိုက်စမ်းပါ၊ ပထမအရင် စာရွက်ဟောင်းမှာနော်။

တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံက ဘယ်အခါအကျိုးပေးသလဲဆိုတော့ ပဋိသန္ဓေအခါမှာ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးတယ်။

တိဟိတ်ပဋိသန္ဓေအကျိုးဆိုတော့ ကာမာဝစရထဲက ဘယ်စိတ်တွေလဲ၊ ကာမာဝစရဝိပါက်၊ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်တွေဖြစ်မှာပေါ့၊ တိဟိတ်ပဋိသန္ဓေကိုး။

ပဝတ္တိအခါကျတော့ အဲဒီကုသိုလ်ကံဟာ ဘယ်အကျိုးဖြစ်စေသလဲဆိုရင် ဝိပါက်စိတ် ၁၆-ပါးကို ဖြစ်စေသည်။ ဝိပါက် ၁၆-ပါးဆိုတာ အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ အဲဒါ ၁၆-ပါးကိုပြောတာ၊ ပဝတ္တိအခါမှာဆိုရင် ဝိပါက်စိတ် ၁၆-ပါးလုံးကိုပဲ အရာအားလျော်စွာ ဖြစ်စေလိမ့်မယ်။ အဲဒီတော့ ဝီထိကျတဲ့အခါမှာ တဒါရုံတွေဘာတွေ မကျပေဘူးလား၊ မဟာဝိပါက်စိတ်ဖြစ်တယ်၊ မြင်တဲ့အခါ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊ ကြားတဲ့အခါ သောတဝိညာဏ်စိတ်ဖြစ်တယ်၊ ကောင်းတာမြင်တဲ့အခါ ကောင်းတာကြားတဲ့အခါ စသည်ဖြင့် အဲဒါက ပဝတ္တိအခါမှာဖြစ်စေတာ။

ပဋိသန္ဓေအခါမှာတော့ မဟာဝိပါက်စိတ်ထဲက တိဟိတ်ပဋိသန္ဓေကျိုးကိုပဲ ပေးတယ်၊ တိဟိတ်ပဋိသန္ဓေ (၄) ခုရှိတယ်၊ ဒါက တိဟိတ်ဥက္ကဋ္ဌနော်။

တိဟိတ်ဩမကကုသိုလ်ကံသည် ပဋိသန္ဓေအခါမှာ ဒွိဟိတ်ပဋိသန္ဓေကျိုးကို ပေးသည်တဲ့၊ ကြည့်စမ်း၊ တိဟိတ်ကုသိုလ်နော်၊ သို့သော် သူက ဘာဖြစ်သွားတုန်း၊ ဩမကဖြစ်သွားတယ်၊ ရှေ့နောက် အကုသိုလ်ခြံရံသွားတယ်၊ အဲဒါကြောင့် သူက

[စာမျက်နှာ-175] ညံ့သွားတဲ့အတွက်ကြောင့် တိဟိတ်ပဋိသန္ဓေကျိုးကို မပေးနိုင်တော့ဘူး၊ ဒွိဟိတ်ပဋိသန္ဓေကျိုးသာ ပေးတော့တယ်။

ပဝတ္တိအခါမှာတော့ တိဟိတ် မဟုတ်သော ဝိပါက်စိတ် ၁၂-ပါးဆိုတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါးရယ်၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄-ပါးရယ်၊ ဟုတ်ပြီလား၊ အဲဒီ ၁၂-ပါးကို ပေးတယ်။

အဲဒီပုဂ္ဂိုလ်သန္တာန်မှာ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်ဖြစ်ကို မဖြစ်တော့ဘူး၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ်ပဲ ဖြစ်တော့မယ်၊ တိဟိတ်ကုသိုလ်ဟာ ဥက္ကဋ္ဌဖြစ်အောင်လုပ်နိုင်မှ အကျိုးရှိတယ်၊ ဥက္ကဋ္ဌဖြစ်အောင် မလုပ်နိုင်ရင် ဒွိဟိတ်ပဋိသန္ဓေကျိုး ကိုပဲ ပေးလိမ့်မယ်။

ပေးသည့်အခါမှာလည်း ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ်ရယ်၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုရယ်၊ ဒါပဲဖြစ်စေလိမ့်မယ်။

အဲဒီတော့ ဒွိဟိတ်ပဋိသန္ဓေကျိုးပေးတော့ ဘာဖြစ်သလဲ၊ ဘယ်လိုဆုံးရှုံးမှုရှိ သလဲ၊ အကြီးအကျယ် ဆုံးရှုံးမှုရှိတယ်၊ ဒွိဟိတ်ပဋိသန္ဓေဖြစ်ရင် ဈာန်၊ မဂ်၊ ဖိုလ်မရနိုင်ဘူး၊ ဒီလိုရှိတယ်။

ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ရင် အဲဒီဘဝမှာ ဈာန်လည်းမရနိုင်ဘူး၊ မဂ်ဖိုလ်လည်း မရနိုင်ဘူး၊ တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှ ဈာန်မဂ်ဖိုလ်ရနိုင်တယ်၊ အဲဒါကြောင့်မို့ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်အောင်လုပ်ဖို့ အလွန်အရေးကြီးတယ်။

လူတွေက “နိဗ္ဗာန်ရရပါလို၏” လို့ ဆုသာတောင်းနေကြတာ၊ ဆုတောင်းနေရုံနဲ့ မပြီးဘူး၊ ကိုယ်လုပ်တဲ့ ကုသိုလ်က တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်အောင်လုပ်မှ ဒီဘဝတော့ကြိုးစားရင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှာ၊ နောက်ဘဝမှန်းတယ်ဆိုရင် နောက်ဘဝ တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှ အကျွတ်တရားရမှာ၊ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုရင် မဂ်ဖိုလ် မရနိုင်ဘူး၊ ပါရမီဖြည့်မှ ရနိုင်တယ်။

ဒါကြောင့် တိဟိတ်ဥက္ကဋ္ဌပုဂ္ဂိုလ်ဖြစ်ဖို့ အရေးကြီးတယ်၊ “နိဗ္ဗာန်ရရပါလို၏” လို့ဆုတောင်းနေရုံနဲ့ ကိစ္စမပြီးဘူး၊ နိဗ္ဗာန်ရနိုင်တဲ့ အခြေခံပါတဲ့သတ္တဝါဖြစ်အောင်၊ ပဋိသန္ဓေမျိုးရအောင် လုပ်ရမှာ၊ ဒါဟာ အဘိဓမ္မာတတ်တဲ့လူရဲ့ advantage ပဲ၊ အဘိဓမ္မာမတတ်ရင် ဒါတွေ မသိတော့ဘူး၊ တော်ရုံလျော်ရုံပဲ ပြုချင်ပြုလိုက်မယ်။

ဒါကြောင့်မို့ ကုသိုလ်ပြုချင်ရင် တိဟိတ်ဥက္ကဋ္ဌဖြစ်အောင်ကို ပြုရမယ်၊ ဒါမှ ပြုရကျိုးနပ်တယ်၊ အကျိုးလည်းအပြည့်အဝရမယ်။

ကိုယ်က နားမလည်လို့ဖြစ်စေ၊ နားလည်သော်လည်း ဂရုမစိုက်လို့ဖြစ်စေ၊

[စာမျက်နှာ-176] တိဟိတ်ဩမကဖြစ်သွားမယ်ဆိုရင် ပဋိသန္ဓေမှာ ဒွိဟိတ်ပဲဖြစ်သွားလိမ့်မယ်၊ ဒွိဟိတ်ပဋိသန္ဓေဖြစ်သွားရင် အဲဒီဘဝမှာ ဈာန်မဂ်ဖိုလ်ရစရာအကြောင်း မရှိတော့ဘူး၊ ဒါကြောင့်မို့ အရေးကြီးတယ်ပြောတာ။

ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ကတော့ တိဟိတ်ဩမကနဲ့ အကျိုးပေးတူတယ်၊ ဒါကြောင့်မို့ အချောင်းလေး ၂-ချောင်း လုပ်ထားတာ၊ အချောင်းလေး ၂-ချောင်း လုပ်ထားတာဟာ တိဟိတ်ဩမကအတိုင်းပဲ ပဋိသန္ဓေအခါမှာ ဒွိဟိတ်ပဋိသန္ဓေကျိုး ပေးတယ်၊ ပဝတ္တိအခါမှာ တိဟိတ်မဟုတ်တဲ့ ဝိပါက်စိတ် ၁၂-ပါးကို ဖြစ်စေတယ်။ အမှန်တော့ သူတို့ ၂-ဦးဟာ တွဲထားလို့ရတယ်၊ တိဟိတ်ဩမကနဲ့ ဒွိဟိတ်ဥက္ကဋ္ဌက အကျိုးပေးတူတာကိုး။

ဒါကြောင့်မို့ ဟိုက တိဟိတ်ဖြစ်သော်လည်း ဩမကဖြစ်နေတယ်၊ ဒီက ဒွိဟိတ်ဖြစ်ပေမဲ့ ဥက္ကဋ္ဌဖြစ်နေတယ်။

ဒွိဟိတ်ဩမကတဲ့၊ အညံ့ဆုံးပဲ၊ ရှေ့နောက်လည်း ကုသိုလ်မခြံရံဘူး၊ အဲသလို ကုသိုလ်ကျတော့ ပဋိသန္ဓေအခါမှာ အဟိတ်ပဋိသန္ဓေကျိုးသာ ပေးတော့တယ်။ ဒီခေတ်အနေနဲ့ ပြောရရင် မွေးကတည်းက ကန်းလာတာတို့၊ နားပင်းလာတာမျိုး ပေါ့လေ၊ ဒါမျိုးတွေ ဖြစ်လာတာဟာ ဒွိဟိတ်ဩမကကုသိုလ်ကံကြောင့် ဖြစ်လာတာ၊ အကုသိုလ်ကံကြောင့် ဖြစ်လာတာမဟုတ်ဘူး။

အကုသိုလ်ကံကြောင့် ဆိုရင် လူကို မဖြစ်ဘူး၊ ကုသိုလ်ကံကြောင့်ဖြစ်တာ၊ သို့ပေမဲ့ ဒီကုသိုလ်ကံက နုံချာတယ်၊ မျိုးစေ့မကောင်းဘူး၊ မအောင်မြင်တဲ့မျိုးစေ့ ဖြစ်နေတော့ သစ်ပင်ပေါက်လာတော့ ကြုံလှီတဲ့သစ်ပင်ပေါက်လာသလိုပဲ ကောင်းမှုကုသိုလ်က ဒွိဟိတ်ဩမက ဖြစ်နေတယ်၊ ဉာဏ်လည်းမပါဘူး၊ ရှေ့နောက်ကလည်း ကုသိုလ်မခြံရံတော့ အကျိုးပေးတဲ့အခါ အဟိတ်ပဋိသန္ဓေကျိုးပဲပေးတော့တာ၊ ကာမသုဂတိ ၇-ဘုံပေါ့၊ လူဖြစ်ရင်လည်း ကျိုးတာ၊ ကန်းတာ၊ ပင်းတာ၊ အ၊ ဆွံ့တာ ဖြစ်လာတယ်။

ပဝတ္တိအခါမှာ သူက မဟာဝိပါက်ကို မပေးနိုင်တော့ဘူး၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါးကိုပဲ ဖြစ်စေနိုင်တယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တဒါရုံအစစ်နဲ့ မဟာဝိပါက်စိတ်ဖြစ်နိုင်ပါဦးမလား၊ မဖြစ်နိုင်ဘူး သန္တီရဏမဟာဝိပါက်စိတ်တော့ ဖြစ်နိုင်တယ်၊ တဒါရုံ မဟာဝိပါက်စိတ် မဖြစ်နိုင်ဘူး။

ဒါကြောင့်မို့ ဒါကိုနားလည်ထားရင် ကုသိုလ်ကောင်းမှု တကယ်ပြုတတ်သွားပြီ၊ ဘယ်လို ကုသိုလ်ကောင်းမှုပြုမှ နိဗ္ဗာန်ရနိုင်တဲ့ အခြေရောက်သွားမယ် ဆိုတာသိတယ်။

[စာမျက်နှာ-177] အဲဒီတော့ တစ်ခုရှိတယ်၊ ကောင်းပြီ၊ တပည့်တော်တို့ ဒွိဟိတ်ပုဂ္ဂိုလ်မှန်း တိဟိတ် ပုဂ္ဂိုလ်မှန်းလည်း မသိဘူး၊ ဘယ်သူကမှလည်း အဆုံးအဖြတ် မပေးနိုင်ဘူး၊ တပည့်တော်တို့ တရားအားထုတ်နေတာ အလကားနေမှာပေါ့။ ဒီလို ပြောမယ်ဆိုရင် ဘယ့်နှယ်တုန်း။

မဟာစည်ဆရာတော်ကြီးက ဘယ်လို မိန့်တော်မူခဲ့သလဲဆိုတော့ ပါရမီရှိတာ မရှိတာ၊ ဒွိဟိတ်တွေ တိဟိတ်တွေ စဉ်းစားမနေနဲ့တဲ့၊ ပါရမီရှိလို့ တိဟိတ်ဖြစ်ရင်လည်း ဒီဘဝ တကယ်တရားအားထုတ်လိုက်ရင် ပေါက်ရောက်သွားမယ်၊ ဒီဘဝမှာ တိဟိတ် မဟုတ်သေးရင်လည်း နောက်ဘဝ တိဟိတ်ပဲ ဖြစ်လိမ့်မယ်တဲ့။

ဒါကြောင့်မို့ တပည့်တော်တို့ ပါရမီရှိတာ မရှိတာ မသိလို့ တရားအားမထုတ် ဘူးလို့ ဒီလို မလုပ်နဲ့၊ ဒွိဟိတ်မှန်း တိဟိတ်မှန်း မသိလို့ တရားအားမထုတ်ဘူး၊ ဒီလို မလုပ်နဲ့။

ကိုယ်က တိဟိတ်ဖြစ်တယ်၊ ပါရမီရှိတယ်ဆိုရင် ဒီဘဝမှာပဲ ပေါက်ပေါက် ရောက်ရောက် ဖြစ်လိမ့်မယ်၊ ဒီလိုမဟုတ်ဘူး ဆိုရင်လည်း နောက်ဘဝတွေမှာ ပေါက်ပေါက်ရောက်ရောက်ဖြစ်ဖို့ အခြေခံ ဖြစ်လိမ့်မယ်၊

ဒါကြောင့်မို့ ဘာပဲဖြစ်နေနေ ကိုယ့်အလုပ်ကို မလျော့ရဘူး၊ တရားထိုင်တာ တရားကျင့်တာ မလျော့ရဘူး။

ကောင်းပြီ၊ ဒါက ဆရာတွေ အညီအမျှ ယူဆထားတဲ့ အယူအဆအတိုင်းသာ ပြောရတာ၊ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံက တိဟိတ်ပဋိသန္ဓေကျိုးပေးတယ်။ တိဟိတ်ဩမကက ဒွိဟိတ်ပဋိသန္ဓေကျိုးပေးတယ် စသည်ဖြင့် လုပ်တာ။

အဲဒီတော့ ကေစိ (အချို့) ဆိုတာရှိတယ်၊ ကေစိဆိုတာက ပါဠိစကား အင်္ဂလိပ်စကား some နဲ့အတူတူပဲ၊ ကေစိဆရာ (အချို့ဆရာ) တွေက အသင်္ခါရိကကုသိုလ်က သသင်္ခါရိကအကျိုးမပေးဘူး၊ သသင်္ခါရိကကုသိုလ်က အသင်္ခါရိကအကျိုးမပေးဘူးတဲ့၊ သူကတော့ တိတိကျကျလိုက်တယ်၊ အသင်္ခါရိကက အသင်္ခါရိကကိုသာ ပေးမယ်၊ သသင်္ခါရိကက သသင်္ခါရိကသာ ပေးမယ်တဲ့၊ ဒီလို ယူကြတယ်။

ကျမ်းဂန်မှာ ကေစိလို့ ပြောထားရင် ဒီကျမ်းဂန်ရေးတဲ့ ပုဂ္ဂိုလ်က မကြိုက်လို့ အများလက်မခံလို့ တချို့တလေကသာ လက်ခံတဲ့ ဝါဒကို ကေစိဝါဒလို့ခေါ်တယ်။ ကေစိဆိုရင် မယူအပ်တဲ့ ဝါဒပေါ့၊ သူ့မှာ အပြစ်ရှိတယ်။

အဲဒီတော့ ပဋိသန္ဓေဖြစ်တယ်ဆိုတာ မရဏာသန္နဇောအခိုက်တုန်းက ဘယ်သူမှ လုပ်ဆောင်မပေးရဘဲနဲ့ သူ့ဟာသူ အလိုလို အာရုံထင်လာပြီးတော့ အသင်္ခါရိကဖြစ်ရင်

[စာမျက်နှာ-178] ပဋိသန္ဓေကျတော့လည်း အသင်္ခါရိကပဲဖြစ်တယ်။

မရဏာသန္နဇော အခိုက်တုန်းက သူများက ယူဆောင်ပြ တိုက်တွန်းလို့ ဖြစ်လာရင် သသင်္ခါရိကဖြစ်တာပဲ၊ ရှေးရှေးဘဝ ပြုထားတဲ့ ကုသိုလ်က ဆုံးဖြတ်တာ မဟုတ်ဘူး၊ မရဏာသန္နဇော အခိုက်မှာ အာရုံထင်တဲ့အခါ သူ့ဟာသူပဲ အားကောင်းကောင်းနဲ့ ထင်လာသလား၊ သူများက လုပ်ပေးလို့ ထင်လာသလားဆိုတာတောင်မှ သိခဲတယ်တဲ့။

ဒါကြောင့်မို့ ဒီဝါဒကို ဆရာအများက မကြိုက်ကြဘူး၊ သို့သော် အချို့ဆရာ တွေက ဒီလိုဆိုတယ်ပေါ့လေ၊ ဆရာတစ်ပါးနဲ့ တစ်ပါး အယူမတူဘူး ဆိုကြတာ အများကြီးရှိတယ်။

ဒါကြောင့်မို့ ကေစိဆရာတို့ အလိုအတိုင်းဆိုရင်တော့ အသင်္ခါရိကကုသိုလ်က အသင်္ခါရိကအကျိုးကိုသာပေးမယ်၊ သသင်္ခါရိကကုသိုလ်က သသင်္ခါရိကအကျိုးကိုသာပေးမယ်၊ ဒီလိုဆိုရင် ကေစိဆရာတို့ရဲ့ အလိုဆိုရင် ဘယ့်နှယ်ဖြစ်မလဲ။ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကကုသိုလ်ကံက တိဟိတ်အသင်္ခါရိကပဋိသန္ဓေပေးမယ် ဆိုရင် တိဟိတ်အသင်္ခါရိကပဋိသန္ဓေ ဘယ်နှစ်ခုပဲရှိတော့မလဲ၊ ၂-ခုပဲ ရှိတော့မယ်။

ဟုတ်တယ်၊ တိဟိတ်က ၄-ခု၊ ဒွိဟိတ်က ၄-ခု၊ အဲဒီတော့ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကဆိုရင် သူက ဘာအကျိုးပေးမလဲ၊ တိဟိတ်အသင်္ခါရိကအကျိုးပေးမယ်။ ၂-ခုပဲပေးမှာပေါ့။

သော်- ဒီလိုရှိတယ်၊ ပဋိသန္ဓေအခိုက်မှာတော့ ဟုတ်တယ်၊ ပဝတ္တိအခါမှာ ကျတော့ ဒွိဟိတ်လည်းပေးနိုင်တယ်၊ ဒါကြောင့်မို့ ပဋိသန္ဓေအခိုက်နဲ့ ပဝတ္တိအခိုက် ပေါင်းတဲ့အခါမှာ တစ်မျိုးဖြစ်သွားတယ်၊ ဒါကြောင့်မို့ နောက်ထပ်ပေးထား တာနဲ့ ဒီနေ့ ပေးတဲ့ ဇယားချပ်တွေရှိတယ်၊ အဲဒီမှာကတော့ ပဋိသန္ဓေနဲ့ ပဝတ္တိကို ရောထားတယ်၊ ရောထားတော့ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကကုသိုလ်ကံက သမာနဝါဒ၊ ခုနပြောတဲ့အတိုင်း အဆက်အစပ်ရှိနေပြီ။

ကေစိဝါဒကျတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုရယ်၊ အသင်္ခါရိက ၄-ခုရယ်၊ ပဋိသန္ဓေအခါမှာတော့ ၂-ခုပဲရှိမယ်နော်၊ ပဝတ္တိအခါပါ ထည့်လိုက်တော့ အသင်္ခါရိက ၄-ခု ဖြစ်သွားတယ်။

အဲဒီတော့ အသင်္ခါရိကကုသိုလ်က အသင်္ခါရိကအကျိုးပေးတယ်၊ သသင်္ခါရိကကုသိုလ်က သသင်္ခါရိကအကျိုးပေးတယ်၊ အဲဒါကြောင့်မို့ ပဋိသန္ဓေ အခိုက်လို့သာ ပြောမယ်ဆိုရင်တော့ ၁-နဲ့ ၃-ပဲ ဖြစ်လိမ့်မယ် ထင်တယ်။

[စာမျက်နှာ-179] သို့သော် ပဋိသန္ဓေရော ပဝတ္တိရော ၂-ခုပေါင်းလိုက်တော့ ပထမ၊ တတိယ၊ ပဉ္စမ၊ သတ္တမ၊ ကေစိဝါဒအလိုက ဒါကြောင့်မို့ ၁၂-ခုပဲဖြစ်မယ်။

တိဟိတ်ဩမက အသင်္ခါရိကကျတော့ သမာနဝါဒအလိုအရ ဒွိဟိတ်ပဲပေးမယ်၊ တိဟိတ်မပေးဘူး မဟုတ်လား၊ ဒါကြောင့်မို့ ၃၊ ၄၊ ၇၊ ၈ ဒါက သမာနဝါဒအရ။

ကေစိဝါဒ အရကျတော့ သူက အသင်္ခါရိကသာ ပေးမှာဆိုတော့ သသင်္ခါရိက ဖြုတ်ရဦးမယ်ဆိုတော့ ၃-နဲ့ ၇-ပဲ ရှိတော့မယ်။

တိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိကကျတော့ သမာနဝါဒအရတော့ ၁၆-ခု၊ ကေစိဝါဒအရကျတော့ သသင်္ခါရိက ၄-ခု ယူရလိမ့်မယ်၊ ၂၊ ၄၊ ၆၊ ၈ ဟာ သသင်္ခါရိက ၄-ခု မဟုတ်ဘူးလား။

တိဟိတ်ဩမက သသင်္ခါရိကတဲ့၊ သမာနဝါဒအရ ၁၂-ခု၊ ကေစိဝါဒအရ ၁၀-ခုပဲ ရှိတော့တယ်။

ဒွိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိက၊ ဒါကတော့ တိဟိတ်ဩမကနဲ့တူတော့မှာပေါ့ ၁၂-ခုရယ်၊ ၁၀-ခုရယ်။

ဒွိဟိတ်ဩမက အသင်္ခါရိကကျတော့ ကာမာဝစရဝိပါက် မရှိဘူး၊ အဲသလို သွားတယ်။

နံပတ် (၅) စိတ်၊ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကစိတ်၊ ဒါက ပဉ္စမစိတ် သူ့ရဲ့ အကျိုးကတော့ သမာနဝါဒအလို ၁၆-ခု၊ ကေစိဝါဒအလို ၈-ခု၊ သူက ဥပေက္ခာသဟဂုတ် ဖြစ်သွားပြီ၊ ဒါပေမဲ့ ဥပေက္ခာ သောမနဿက ဒီနေရာမှာ အရေးမကြီးဘူး၊ အသင်္ခါရိက၊ သသင်္ခါရိက၊ တိဟိတ်၊ ဒွိဟိတ်၊ ဒါပဲ အရေးကြီးတာ။

တိဟိတ်ဩမက အသင်္ခါရိကဆိုရင် သမာနဝါဒအလို ၈-ခု၊ ကေစိဝါဒအလို ၁-ခု၊ ဒါကြောင့် အသင်္ခါရိကသာ ဖြစ်မယ်ဆိုရင် သသင်္ခါရိက မပါနိုင်တော့ဘူး။

တိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိကဆိုတော့ သမာနဝါဒဆိုရင် ၁၆-ခု၊ ကေစိဝါဒဆိုရင် ၁၂- ခုပဲ ဖြစ်မယ်။

တိဟိတ်ဩမက သသင်္ခါရိက၊ သမာနဝါဒအလို ၁၂-ခု၊ ကေစိဝါဒအလို ၁၀-ခုပဲ ဖြစ်မယ်။

ဒွိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိက၊ သမာနဝါဒအလို ၁၂-ခု၊ ကေစိဝါဒအလို ၁၀-ခု။

ဒွိဟိတ်ဩမက အသင်္ခါရိက (သွားပြီ) ကာမာဝစရဝိပါက် မဖြစ်ဘူး။

[စာမျက်နှာ-180] ဒွိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိက၊ သူက တိဟိတ်ဩမက သသင်္ခါရိကနဲ့ တူလိမ့်မယ်၊ ဒါကြောင့် သူက သမာနဝါဒအလို ၁၂-ခု၊ ၁-လေး ကျန်ခဲ့တယ် ဂဏန်းလေး ထည့်လိုက်။

ဒွိဟိတ်ဩမက သသင်္ခါရိကကျတော့ ၈-ခုပဲ၊ ဒီလိုမဟုတ်ရင် အဟိတ်ဝိပါက်စိတ်မရဘူး ဖြစ်သွားလိမ့်မယ်၊ အစက်ကလေးတွေနဲ့ ပြန်ကြည့်လိုက်၊ အဲဒါဆို ရှင်းတယ်၊ ပြန်ကြည့်လိုက်စမ်း၊ မဟာဝိပါက်စိတ် ၈-ခုတွေ့လား၊ အဟိတ်ကုသလ ဝိပါက်စိတ် ၈-ခုကတော့ ကြည့်စရာမလိုဘူး၊ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကက (ကေစိဝါဒပဲ ကြည့်ကြစို့၊ သမာနဝါဒကတော့ အစဉ်အတိုင်းသွားမှာ) အသင်္ခါရိကလို့ ရေးလိုက်စမ်း၊ ပထမ၊ တတိယ၊ ပဉ္စမ၊ သတ္တမမှ မဖြစ်ပေဘူးလား။

တိဟိတ် ဩမကတဲ့၊ သူက ဒွိဟိတ်ပဲဖြစ်ရမယ်၊ ဉာဏဝိပ္ပယုတ် ဖြစ်ရမယ်။ ဒီတော့ သူက တတိယနဲ့ သတ္တမသာ ဖြစ်တော့မယ်၊ ဉာဏသမ္ပယုတ် မပါနိုင်တော့ဘူး၊ အဲသလိုသွားတယ်။

တစ်ခါ တိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိက ဒုတိယစိတ်တဲ့၊ ဒုတိယစိတ်က အကျိုးပေး တဲ့အခါကျတော့ သူက သသင်္ခါရိက ဖြစ်တဲ့အတွက်ကြောင့် ကေစိဝါဒအလို သသင်္ခါရိက ၄-ခု သွားမယ်။

တိဟိတ်ဩမက ဖြစ်သွားတဲ့အခါ အဲဒီသသင်္ခါရိက ၄-ခုထဲက တိဟိတ် ၂-ခု ထုတ်ပစ်လိုက်၊ အဲသလိုသွားတယ်၊ အဲသလို တိုက်ကြည့်လိုက်ရင် ပိုရှင်းတယ်။

အဲဒီတော့ ဇယားကွက်ထဲမှာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ မှာ ၈ နောက်က ကော်မာလေး ဘာလေးပါရင် ပါသွားမယ်၊ ဒါပေမဲ့ ဒါလည်း သိလောက်တယ် ထင်ပြီးထားလိုက်တာ၊ တော်တော်ကြာ ၁ သိန်း ၂ သောင်း ထင်နေဦးမယ်၊ ဒါဟာ ပထမ၊ ဒုတိယ၊ တတိယ ဆိုပြီးတော့ ကာမာဝစရ ဝိပါက်စိတ် ၈-ခုပဲ၊ အဲဒါ ကာမာဝစရကုသိုလ် အကျိုးပေးပုံ တဲ့၊ ဒါဆိုရင် ဒီထက်အသေးစိတ်စရာလည်း မရှိတော့ဘူး။

စာမှာတော့ သသင်္ခါရိကဆို အသင်္ခါရိက အကျိုးမပေးဘူး၊ အသင်္ခါရိကဆို သသင်္ခါရိက အကျိုးမပေးဘူး၊ အသင်္ခါရိကဟာ အသင်္ခါရိက အကျိုးပဲ ပေးတယ်။ သသင်္ခါရိကဟာ သသင်္ခါရိကသာ အကျိုးပေးတယ်။

အဲဒီတော့ ကေစိအလိုဆိုရင် ၃-မျိုးကြည့်ရမယ်၊ တိဟိတ်လား၊ ဒွိဟိတ်လား၊ ဥက္ကဋ္ဌလား၊ ဩမကလား၊ အသင်္ခါရိကလား၊ သသင်္ခါရိကလား ဒီလိုကြည့်ရမယ်။ သမာနဝါဒအလိုကတော့ သမာနဆိုတာက အညီအမျှ ပုဂ္ဂိုလ်တွေရဲ့

[စာမျက်နှာ-181] သဘောတူဝါဒ၊ General agreement ပေါ့၊ သမာနဝါဒအရကတော့ အသင်္ခါရိက၊ သသင်္ခါရိက ရွေးနေစရာ မလိုတော့ဘူး၊ ပြီးတော့ ဒီမှာတော့ ခုနလို ပဋိသန္ဓေ၊ ပဝတ္တိမခွဲတော့ဘူး၊ ခွဲဦးတော့ ၄-ခုဟာ ၂-ခုပဲ ဖြစ်လိမ့်မယ်။

ကောင်းပြီ၊ ဒါဟာ ကာမာဝစရကုသိုလ် အကျိုးပေးပုံ တဲ့၊ အရေးကြီးတယ်။ ဘာကြောင့်လဲ၊ မိမိတို့မှာ ကာမာဝစရကုသိုလ်ပဲ အဖြစ်များတယ်၊ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ် စသည်ရှိရာမှာ ဒီကာမာဝစရကုသိုလ်ဖြစ်ပုံ၊ ဘယ်လိုလုပ်ရင် ကာမာဝစရကုသိုလ်မှာ အကောင်းဆုံးကုသိုလ်ဖြစ်တယ်ဆိုတာ သိတယ်။

အကောင်းဆုံး ကုသိုလ်ဖြစ်မှ အကျိုးပေးတဲ့အခါမှာလည်းပဲ အကောင်းဆုံး အကျိုးကို ပေးတယ်၊ အကောင်းဆုံး အကျိုးဆိုတာ ခုနလို ကိုယ့်ကို မဂ်ဖိုလ်ရစေနိုင်တဲ့ အခြေခံရအောင် လုပ်ပေးနိုင်တယ်၊ ဒါကြောင့်မို့ တိဟိတ်ဥက္ကဋ္ဌဖြစ်အောင် ပြုတတ်ဖို့ အလွန်ကို အရေးကြီးတယ်၊ အဲသလို မဟုတ်ရင် ယှဉ်မရဘူး၊ ကောင်းမှုကုသိုလ် ပြုတာချင်းတူပြီးတော့ သံသရာမှ ထွက်မြောက်ကြောင်း အခြေခံ မဂ်ဖိုလ်ရနိုင်တဲ့ အခြေခံမပါဘဲ ဖြစ်သွားမယ်၊ အဲသလိုရှိတယ်။

မေး - အရှင်ဘုရားဆိုလိုတာက ကုသိုလ်ကောင်းမှု ပြုတဲ့အခါ သတိထားရမယ်။
ဖြေ - ဟုတ်တယ်၊ သတိထားပေးရမယ်၊ ဂရုစိုက်ပေးရမယ်၊ ကံ ကံ၏ အကျိုး ယုံတယ်ဆိုတာလေး စိတ်ထဲပေါ်လာရမယ်၊ အဲသလိုပြုရမယ်၊ အမှတ်တမဲ့ ပြုလိုက်ရင် မပါဘူး၊ စိတ်ထဲပေါ်မလာဘူး၊ နောက် background အနေနဲ့ ရှိနေတယ်ဆိုမှ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်ပေါ်နိုင်အောင်လို့ပေါ့၊ အကုသိုလ်လိုပေါ့၊ ကုသိုလ်ပြုနေရင် အကုသိုလ် မရှိဘူးပေါ့၊ ပေါ်မလာဘူး၊ စိတ်ထဲမှာ လိုချင်လာတဲ့အခါ တွယ်တာလာတဲ့ အခါ လောဘပေါ်လာမယ်။

အေး၊ အဲဒါကြောင့်မို့ သင်္ဂြိုဟ်မှာ ဒီအပိုင်းဟာ အသုံးအကျဆုံးအပိုင်း ဆိုရင်မလွဲဘူး၊ သိစရာတွေလည်းများတယ်၊ ဒါဟာ ကာမာဝစရကုသိုလ် အကျိုးပေးပုံ တဲ့။

ရူပါဝစရကုသိုလ် အကျိုးပေးပုံ သွားကြစို့၊ ဒါကတော့ လွယ်ပါတယ်၊ ရူပါဝစရကုသိုလ် အကျိုးပေးပုံကတော့ ဈာန် ၅-မျိုးရှိတယ်၊ ဘုံကျတော့ ၄-မျိုးသာရှိတယ်၊ အဲဒါလေး မှတ်ထားရမယ်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ရှိတယ်၊ ဒါပေမဲ့ ဘုံကျတော့ ၃၁-ဘုံထဲက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဘုံပဲရှိတယ်၊ ပဉ္စမဈာန်ဘုံမရှိဘူး။

ဒါကြောင့်မို့ ဒုတိယနဲ့ တတိယကို တစ်တွဲလုပ်ထားရမယ်၊ ပဋိသန္ဓေစိတ်တုန်း

[စာမျက်နှာ-182] ကလည်း ဒီအကြောင်းလေ့လာပြီးပါပြီ၊ နားလည်ပြီးပါပြီ။

အဲဒီတော့ ပထမဈာန် ၃-ဘုံရှိတယ် မဟုတ်လား၊ ပထမဈာန် ၃-ဘုံရှိတဲ့ အတွက်ကြောင့်မို့ ပထမဈာန်ကို အားထုတ်တဲ့အခါမှာ ၃-မျိုး ၃-စား ဖြစ်သွားတယ်၊ ၃-မျိုး ၃-စား အလိုက် ပထမဈာန် ၃-ဘုံမှာ တည်ကြတယ်။

ပထမဈာန်တော့ရပါတယ်၊ အညံ့စားဖြစ်နေတယ်၊ ဈာန်လည်း အညံ့စား ရှိသေးတယ်၊ ဒါက ဘာလဲဆိုတော့ သတ္တမပိုင်းကျရင် အဓိပတိ ၄-ပါး ဆိုတာ တွေ့လိမ့်မယ်၊ ဆန္ဒရယ်၊ စိတ်ရယ်၊ ဝီရိယရယ်၊ ပညာရယ်၊ ဒီ ၄-မျိုးကို အဓိပတိလို့ခေါ်တယ်၊ အဓိပတိဆိုတာ ခေါင်ချုပ်ကနေတာပေါ့။

အဲဒီ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာဆိုတဲ့ ၄-မျိုးညံ့နေရင် အညံ့စားလို့ခေါ်ရတယ်၊ ဒီဈာန်ဟာ အညံ့စား ပထမဈာန်၊ သူတို့ဟာ ထက်မြက်တာတော့မှန်တယ်၊ ထက်မြက်တာထဲမှာ အညံ့၊ အလတ်၊ အကောင်း ထပ်ခွဲလိုက်တာ၊ မထက်မြက်ဘူး လို့တော့ မဆိုလိုဘူးပေါ့၊ သူတို့က ထက်မြက်လို့ပဲဈာန်ရတာ၊ သို့သော် အဲဒီ ထက်မြက်တဲ့ထဲမှာပဲ အဆင့် ၃-မျိုးကွဲသွားသေးတာ။

ဒါကြောင့် ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာ နည်းနည်းညံ့နေရင် ပထမဈာန် အညံ့စား ခေါ်တယ်၊ အဲသလို ပထမဈာန် အညံ့စားရပြီး သေသွားရင် အဲဒီအကျိုးအပြစ် နဲ့ ဗြဟ္မပါရိသဇ္ဇာ ပထမဈာန်၊ ပထမဘုံမှာ သွားဖြစ်မယ်၊ ပဋိသန္ဓေစိတ်ကတော့ ပထမဈာန်ဝိပါက်စိတ်ပေါ့၊ ဟုတ်တယ်နော်၊ ဒါကရှင်းတယ်။

အဲဒီ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာက အလတ်စား ဖြစ်မယ်ဆိုရင် ဗြဟ္မပုရောဟိတာ ဘုံမှာဖြစ်မယ်။

အကယ်၍ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာက သိပ်ထက်မြက်နေပြီဆိုရင် မဟာဗြဟ္မာ ဖြစ်မယ်၊ ပထမဈာန် ၃-ဘုံမှာ အဲသလို ပထမဈာန် ၃-မျိုး အကျိုး ပေးမယ်ပေါ့။

အဲဒီတော့ ၃-ဘုံမှာ ပဋိသန္ဓေစိတ် အနေနဲ့ကတော့ ရူပါဝစရ ပထမဈာန် ဝိပါက်စိတ်၊ ဗြဟ္မပါရိသဇ္ဇာမှာ ပထမဈာန် ဝိပါက်စိတ်ပဲ၊ ဗြဟ္မပုရောဟိတာမှာလည်း အတူတူပဲ၊ မဟာဗြဟ္မာမှာလည်း ပထမဈာန် ဝိပါက်စိတ်ပဲ။

နောက်တစ်ခုကျတော့ ဒုတိယဈာန်နဲ့ တတိယဈာန်၊ ဒုတိယဈာန် အညံ့စား ပွားများမယ်၊ သို့မဟုတ် တတိယဈာန် အညံ့စားပွားများမယ်၊ အဲသလို အညံ့စား ပွားများမယ်ဆိုရင် ပရိတ္တာဘာဘုံမှာ ဖြစ်မယ်၊ ဒုတိယဈာန် ဝိပါက်သော်လည်းကောင်း၊ တတိယဈာန် ဝိပါက်သော်လည်းကောင်းပေါ့။

[စာမျက်နှာ-183] အလတ်စားပွားများမယ်ဆိုရင် အပ္ပမာဏာဘာ ဘုံမှာဖြစ်မယ်၊ အမြတ်စား ပွားများမယ်ဆိုရင် အာဘဿရဘုံမှာ ဖြစ်မယ်။

အဲဒီတော့ ဒီနေရာမှာ ဒုတိယဈာန် ပွားများပြီးရောက်တာနဲ့ တတိယဈာန် ပွားများပြီး ရောက်တာ နည်းနည်းကွာတော့ ကွာလိမ့်ဦးမယ် ထင်တယ်၊ မကွာဘဲတော့ မနေသင့်ဘူး၊ ဘယ့်နှယ် တတိယဈာန်ရောက်အောင်လုပ်ပြီးမှ ဒုတိယဈာန်နဲ့ တန်းတူဆို သိပ်တော့မဟုတ်သေးဘူး။

ဆိုပါတော့၊ အဲဒီဘုံမှာ သွားဖြစ်ပြီးတော့ တန်ခိုးပိုရှိတာတို့ အရောင်အဝါ ပိုတောက်ပတာတို့ဘာတို့ အဲဒါမျိုး ရှိပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပေါ့၊ ဒုတိယဈာန်သော်လည်းကောင်း၊ တတိယဈာန်သော်လည်းကောင်း၊ အညံ့စား ပွားများမိရင် ပရိတ္တာဘာဘုံမှာ သွားဖြစ်မယ်၊ အလတ်စား ပွားများမိရင် အပ္ပမာဏာဘာဘုံမှာ ဖြစ်မယ်၊ အမြတ်စားပွားများရင် အာဘဿရဘုံမှာ ဖြစ်မယ်။

အဲဒီမှာ ဒုတိယဈာန် ဝိပါက်၊ သို့မဟုတ် တတိယဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေလိမ့်မယ်။

စတုတ္ထဈာန်ကို ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာ အညံ့စားနဲ့ ပွားများရင် ပရိတ္တာသုဘာ၊ စတုတ္ထဈာန်ကို အလတ်စား ပွားများမယ်ဆိုရင် အပ္ပမာဏာသုဘာ၊ အမြတ်စားပွားများမယ်ဆိုရင် သုဘကိဏှာ၊ အဲဒီဘုံမှာဖြစ်မယ်၊ အဲဒီဘုံတွေမှာ စတုတ္ထဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေ နေလိမ့်မယ်ပေါ့။

ပဉ္စမဈာန်ကို (ဒီကျတော့ အညံ့စားပွားများသည်ဖြစ်စေ၊ အလတ်စား ပွားများသည်ဖြစ်စေ၊ အမြတ်စားပွားများသည်ဖြစ်စေ၊ မတူတာမဟုတ်ဘူး၊ ရိုးရိုးကို ပြောတာ) ရိုးရိုးပွားများရင် ပဉ္စမဈာန်ဘုံ ဝေဟပ္ဖိုလ်မှာ ဖြစ်လိမ့်မယ်၊ အဲဒီမှာ ပဉ္စမဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေလိမ့်မယ်။

အဲဒီပဉ္စမဈာန်ကိုပဲ နာမ်တရားမှာ (စာမှာတော့ သညာလို့ခေါ်တယ်၊ သညာ ဆိုတာ သညာသက်သက် မဟုတ်ဘူး၊ နာမ်တရားကိုပဲဆိုလိုတယ်) စက်ဆုပ်အောင် ပွားများမယ်၊ ပွားများရင် အသညသတ်ဘုံမှာ ဖြစ်မယ်။

အဲဒီတော့ အသညသတ်ဘုံရောက်ချင်တဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ကူးက တစ်မျိုးပေါ့။ အမှန်ကတော့ ချော်နေတာ၊ ဈာန်တော့ရပါရဲ့ မျှော်နေတာ၊ သူတို့က ဘယ်လို ယူဆသတုံးဆိုရင် အသိရှိနေလို့ ဆင်းရဲတယ်၊ စိတ်ရှိလို့ နာရတယ်၊ စိတ်မရှိရင် နာရမှာမဟုတ်ဘူး၊ အရုပ်ကြီး သွားထိပါလား၊ ဘာမှမဖြစ်ဘူး၊ ဝမ်းနည်းတယ်၊

[စာမျက်နှာ-184] စိတ်ဆိုးတယ်ဆိုတာ စိတ်ရှိလို့ ဖြစ်နေတာ၊ စိတ်မရှိရင် မဖြစ်ဘူး၊ စိတ်မရှိရင် အလွန်ချမ်းသာမှာပဲ၊ ဒုက္ခအတော့်ကို နည်းမှာပဲလို့ အဲသလို နာမ်တရားကို စက်ဆုပ်ပြီး ပဉ္စမဈာန်ကို ပွားများတယ်။

တကယ်ပေါက်ရောက်ပြီး သေတဲ့နောက် ပဉ္စမဈာန်ဘုံမှာ သွားဖြစ်တယ်၊ ဆန်းတယ်၊ သို့သော် သူ့အတွေးအခေါ်လည်း သိပ်မဆိုးလှဘူး၊ ရှေ့တိုးတက်စရာတော့ ဘာမှမရှိဘူး၊ သို့သော် အဲဒီဘဝမှာ ဖြစ်နေတုန်းတော့ သူ့မှာ ဘာဒုက္ခမှ မရှိဘူး။

ဘာကြောင့်လဲဆိုတော့ အသညသတ်ဘုံမှာ သွားဖြစ်တဲ့အခါ ရုပ်တုကြီးလို သွားနေတယ်၊ သို့သော် ထူးခြားချက်တော့ ရှိတာပေါ့၊ ရုပ်တုကြီးအစစ်မှာ ဇီဝိတမရှိဘူး၊ အသညသတ်ဘုံမှာ ဇီဝိတရှိတယ်၊ နာမ်ဇီဝိတရှိသလို ရုပ်ဇီဝိတရှိတဲ့ အတွက်ကြောင့် မပုပ်ဘူး၊ မပွဘူး၊ စသည်ဖြင့်ရှိတယ်၊ ကမ္ဘာငါးရာပတ်လုံး အရုပ်ကြီးလို သွားဖြစ်နေတာ၊ နာမ်ပျောက်နေတယ်၊ သူ့အချိန်ကုန်တဲ့အခါ ရှေးရှေးက ပြုထားတဲ့ ကုသိုလ်ကံကြောင့် ပဋိသန္ဓေစိတ် ပြန်ပေါ်တယ်၊ ကာမာဝစရပဋိသန္ဓေ သွားဖြစ်တယ်၊ အဲဒါ အသညသတ် ဗြဟ္မာတဲ့၊ နာမ်ကို စက်ဆုပ်တဲ့ ပုဂ္ဂိုလ်၊ အဲဒီဘုံဟာ ရပ်ပြစ်ရှစ်ပါးထဲ ပါတာပဲ။

ဘာကြောင့်တုန်းဆိုရင် အဲဒီဘုံမှာ သွားဖြစ်နေတော့ မြတ်စွာဘုရားပွင့်တာနဲ့ ကြုံရင် သူဘာမှ အကျိုးမရှိနိုင်တော့ဘူး၊ စိတ်မှမရှိဘဲကိုး၊ စိတ်မရှိတော့ သူဘာမှ အကျိုးမရှိဘူး၊ ဒါကြောင့်မို့ တောင့်တအပ်တဲ့ နေရာမျိုး မဟုတ်ဘူးပေါ့။

သူပြောသလို သူတွေးခေါ်သလို ချမ်းသာတာတော့ ဟုတ်ပါတယ်၊ ဒါ ပဉ္စမဈာန်နဲ့ ပတ်သက်ပြီး ရိုးရိုးပွားများရင် ဝေဟပ္ဖိုလ်ဘုံ၊ များများစက်ဆုပ်အောင် ပွားများရင် အသညသတ်ဘုံ။

အနာဂါမ်ပုဂ္ဂိုလ်တွေကျတော့ သုဒ္ဓါဝါသဘုံမှာ ဖြစ်တယ်၊ ဒါဟာဘာလဲ။ သုဒ္ဓါဝါသဘုံမှာဖြစ်တယ်ဆိုရင် ပဉ္စမဈာန်ရောက်လို့ ပဉ္စမဈာန်ရမှသာ သုဒ္ဓါဝါသဘုံမှာ ဖြစ်တယ်၊ သုဒ္ဓါဝါသဘုံဟာ စတုတ္ထဈာန်ဘုံ မပါဘူးလား၊ စတုတ္ထဈာန် ဘယ်နှစ်ဘုံ ရှိတယ်ဆိုတာ မှတ်မိသေးလား။

ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန်-၃ ဘုံ၊ တတိယဈာန် ၃-ဘုံ ဆိုတော့ ၉-မဟုတ်လား၊ ပြီးတော့ ဝေဟပ္ဖိုလ်တစ်ဘုံ၊ အသညသတ်တစ်ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံ၊ ၉-ရယ်၊ ၇-ရယ် ပေါင်းတော့ ၁၆။

ဒါဖြင့် စတုတ္ထဈာန်ဘုံ ဘယ်လောက်ရှိလဲ၊ ရူပါဝစရဘုံ ၁၆-ဘုံရှိတယ်။ စတုတ္ထဈာန်ဘုံဆိုရင် ၇-ဘုံရှိတယ်၊ အခု ဝေဟပ္ဖိုလ်နဲ့ အသညသတ်ပြီးပြီ၊

[စာမျက်နှာ-185] သုဒ္ဓါဝါသဘုံကျန်တယ်။

အဲဒီတော့ သုဒ္ဓါဝါသဘုံဟာ အနာဂါမ် ပုဂ္ဂိုလ်တွေသာဖြစ်တယ်၊ အဲဒီအနာဂါမ် ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာဖြစ်တယ်ဆိုရင် သူတို့ဟာ ဈာန်ရပြီးမှသာ ဖြစ်ရမယ်၊ ဒါကြောင့်မို့ အနာဂါမ်ပုဂ္ဂိုလ်ဟာ အနာဂါမ်ဖြစ်တုန်းက ဈာန်မပါဘဲနဲ့ ဖြစ်သော်လည်းပဲ (ဖြစ်ချင်ဖြစ်ခဲ့မယ်) သုဒ္ဓဝိပဿကဆိုတာရှိတယ်၊ ဝိပဿနာသက်သက်ကိုသာ အားထုတ်တဲ့အတွက် ဈာန်မရဘူး။

အဲဒီလို ဈာန်မရသော်လည်းပဲ သူတို့ဟာ သမာဓိအားကောင်းတဲ့အတွက်ကြောင့် သေခါနီးမှာ ဖြစ်ပေမဲ့ တစ်ချိန်ချိန်မှာ ဧကန်ပဉ္စမဈာန်ထိအောင် ရမယ်။

ကျမ်းဂန်တွေမှာ ဘယ်လောက်ထိ ပြောထားသလဲဆိုတော့ အိပ်နေတုန်း သွားသတ်ဦး၊ မသေခင်မှာ ပဉ္စမဈာန် ရသွားပြီးတော့ သူဟာ သုဒ္ဓါဝါသဘုံမှာ သွားဖြစ်မယ်၊ အဲဒီလောက် သူတို့ရဲ့ သမာဓိကအားကောင်းတယ်။

ဘာကြောင့် သမာဓိအားကောင်းသလဲဆိုတော့ အနာဂါမ်က ကာမရာဂကို ပယ်တယ်၊ ကာမဂုဏ်နဲ့ ပတ်သက်တဲ့ လိုချင်မှု တွယ်တာမှုမရှိတော့ဘူး၊ ကာမဘုံနဲ့ ပတ်သက်တဲ့ လိုချင်မှု တွယ်တာမှု သူ့မှာမရှိတော့ဘူး၊ ရူပါဝစရဘုံရောက်ချင်တဲ့ တွယ်တာမှုလေး သူ့မှာရှိသေးတယ်၊ အရူပါဝစရဘုံရောက်ချင်တဲ့ တွယ်တာမှုလေး သူ့မှာရှိဦးမယ်ပေါ့လေ၊ ကာမာဝစရနဲ့ ပတ်သက်တာ သူ့မှာ မရှိတော့ဘူး။

အဲဒီတော့ ကာမဂုဏ်ကို လိုချင်တွယ်တာတဲ့ လောဘဟာ သမာဓိရဲ့ ဆန့်ကျင်ဘက်၊ ဒါကြောင့်မို့ ကာမဂုဏ်ကိစ္စများနေရင် သမာဓိမရနိုင်တော့ဘူး၊ သမာဓိမပွားနိုင်ဘူး၊ ပထမဈာန်စတဲ့ ဈာန်ပွားများတဲ့အခါမှာ မြတ်စွာဘုရားဟောကြားတဲ့အခါမှာ ကာမဂုဏ်တို့မှ ကင်းရှင်း၍ အကုသိုလ်တရားတို့မှ ကင်းရှင်း၍ဆိုပြီး အဲသလို ဟောတာ။ ကာမဂုဏ်ကို မစွန့်ဘဲနဲ့ ကာမဂုဏ်တို့မှ ကင်းပြီးမနေနိုင်ဘဲနဲ့ ဈာန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ အနာဂါမ်ပုဂ္ဂိုလ်တွေက ကာမရာဂကို အပြီးသတ်ပယ်ပြီးသား ဖြစ်တာကြောင့်မို့ သမာဓိရဲ့ ဘေးရန်ဟာ သူတို့မှာ မရှိတော့ဘူး၊ သမာဓိရဲ့ ဘေးရန် မရှိတော့တဲ့အတွက်ကြောင့်မို့ သူတို့ဟာ သမာဓိကောင်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။

သောတာပန်၊ သကဒါဂါမ်တွေမှ သမာဓိ ကောင်းတယ် မဆိုလိုဘူးနော်၊ သီလပြည့်စုံတယ်သာဆိုတယ်၊ သမာဓိမှာ အပြည့်အဝ ရသွားပြီလို့ မဆိုလိုဘူး၊ အနာဂါမ်ကျမှ သမာဓိပြည့်ဝသွားတယ်။

ဘာကြောင့်လဲဆိုတော့ ခုနပြောသလို ကာမစ္ဆန္ဒကို သူတို့က အပြီးသတ်ပယ်ပြီး

[စာမျက်နှာ-186] သားဖြစ်နေတယ်၊ အဲဒီတော့ သမာဓိဘေးရန်မရှိဘဲ သမာဓိ အားကောင်းတယ်။ သမာဓိအားကောင်းတဲ့အတွက်ကြောင့်မို့ တစ်ချိန်ချိန်မှာ ဈာန်ဧကန်ရကိုရမယ်။ ဈာန်ရရင်လည်း ပဉ္စမဈာန်ထိအောင် ရပြီးတော့ သူတို့ဟာ သုဒ္ဓါဝါသဘုံမှာ ဖြစ်မယ်။

ဘုံပုဂ္ဂိုလ်ရတုန်းကလည်း ဒီလိုပဲမဟုတ်လား၊ သုဒ္ဓါဝါသဘုံမှာ အနာဂါမိဖိုလ်ရယ်၊ အရဟတ္တမဂ်ရယ်၊ အရဟတ္တဖိုလ်ရယ်၊ ဒီသုံးယောက်ဖြစ်တယ်လို့ ဆိုခဲ့တယ် မဟုတ်လား။

* သုဒ္ဓါဘုံငါး၊ သုံးယောက်ထား၊ ထက်ဖျားအရိယာ၊ ဆိုပြီးတော့ လင်္ကာလေး တောင်ရှိတယ်။

ဒါကြောင့်မို့ ပဉ္စမဈာန်ဟာ ရိုးရိုးပွားများရင် အနာဂါမ်လည်း မဟုတ်ဘူးဆိုရင် ဝေဟပ္ဖိုလ်မှာ အကျိုးပေးမယ်၊ နာမ်ကိုစက်ဆုပ်အောင် ပွားများရင် အသညသတ်ဘုံမှာ ဖြစ်မယ်။

အနာဂါမ် ပုဂ္ဂိုလ်တွေဆိုရင်တော့ ပဉ္စမဈာန်ရဲ့ အကျိုးကြောင့် သုဒ္ဓါဝါသဘုံမှာ ဖြစ်မယ်၊ အဲဒီတော့ သုဒ္ဓါဝါသက ၅-ဘုံရှိတယ်၊ ဘယ်လိုများဖြစ်မှာတုန်းဆိုတော့ အဖြေရှိတာက

* သဒ္ဓါ၊ ဝီရိ၊ သတိ၊ သမာ၊ ပညာ ငါးဖြာ ဣန္ဒြေခင်း၊ * သုဒ္ဓါဘုံငါး၊ ထက်သူများ၊ စံစားစဉ်တိုင်းသွင်း။ ဆိုလိုတာက ဣန္ဒြေ ၅-ပါးဆိုတာရှိတယ်၊ ဒါလည်းပဲ သတ္တမပိုင်းကျတွေ့လိမ့်မယ်၊ အဲဒီမှာ တွေ့မယ့်ဣန္ဒြေ ၂၂-ပါးထဲက ၅-ပါးပေါ့၊ ဒီ ၅-ပါးက အရေးကြီးတဲ့ ဣန္ဒြေ ၅-ပါးပေါ့။

ပထမက သဒ္ဓါ၊ ယုံကြည်မှုပေါ့၊ ဘုရားတရားသံဃာ သိက္ခာသုံးပါးစသည့် အပေါ် ယုံကြည်မှုပေါ့။

ဝီရိယ၊ တရားအားထုတ်တဲ့အခါ ဝီရိယမပါဘဲနဲ့ မရဘူး၊ သတိ၊ သတိမပါရင် တရားထိုင်လို့ မရဘူး၊ သမာဓိ အတူတူပဲ၊ ဘာကြောင့်တုန်း သမာဓိမရှိရင် ပညာလည်း မဖြစ်ဘူး၊ ဒါကြောင့်မို့ ဒီဟာကို ဣန္ဒြေ ၅-ပါး လို့ခေါ်တယ်။ အဲဒီဣန္ဒြေ ၅-ပါး အစဉ်အတိုင်းထားပါတဲ့။

* သုဒ္ဓါဘုံငါး၊ ထက်သူများ၊ စံစားစဉ်တိုင်းသွင်း။ ဆိုလိုတာကတော့ အဲဒီဣန္ဒြေ ၅-ပါး ထက်မြက်မှုအလိုက် သုဒ္ဓါဝါသ ၅ ဘုံမှာ ဖြစ်လိမ့်မယ်ဆိုတော့ သုဒ္ဓါဝါသ-၅ ဘုံ မှတ်မိရဲ့လား ပြန်ကြည့်စမ်းပါ၊ အဝိဟာ၊ အတ္တပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ။

[စာမျက်နှာ-187] အဲဒီတော့ သဒ္ဓါထက်မြက်တဲ့ ပုဂ္ဂိုလ်သည် ပထမဆုံးဘုံဖြစ်တဲ့ အဝိဟာဘုံမှာ ဖြစ်မယ်၊ ဝီရိယထက်မြက်တဲ့ပုဂ္ဂိုလ်သည် အတ္တပ္ပါ၊ သတိထက်မြက်တဲ့ ပုဂ္ဂိုလ်သည် သုဒဿာ၊ သမာဓိထက်မြက်တဲ့ ပုဂ္ဂိုလ်သည် သုဒဿီ၊ ပညာထက်မြက်တဲ့ပုဂ္ဂိုလ်သည် အကနိဋ္ဌဘုံမှာ ဖြစ်လိမ့်မယ်တဲ့၊ ဒါကြောင့်မို့

* သဒ္ဓါ၊ ဝီရိ၊ သတိ၊ သမာ၊ ဓိပညာ ငါးဖြာဣန္ဒြေခင်း၊ * သုဒ္ဓါဘုံငါး၊ ထက်သူများ၊ စံစားစဉ်တိုင်းသွင်း။ မေး - သဒ္ဓါထက်တဲ့သူက အနိမ့်ဆုံးဘုံဖြစ်ပြီး ပညာထက်မြက်တဲ့သူက ထိပ်ဆုံးဘုံရောက်မယ့် သဘောပါလား။
ဖြေ - ဟုတ်တယ်၊ ပညာထက်တဲ့သူက ထိပ်ဆုံးရောက်မယ်၊ သူ့ level နဲ့သူ သွားတယ်။

မေး - အဲဒါဆိုရင် ဣန္ဒြေငါးပါးအလိုက် ဘုံခံစားရတယ်၊ ဒါကြောင့် ညီမျှခြင်း သဘောလေး လုပ်ရင် ကောင်းမလား။
ဖြေ - ကောင်းတယ်၊ သုဒ္ဓါဝါသဘုံငါးပါး ပြန်ကြည့်လိုက်စမ်း၊ အဝိဟာ၊ အတ္တပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ အဝိဟာနဲ့ သဒ္ဓါနဲ့တွဲလိုက်၊ သဒ္ဓါထက်ရင် အဝိဟာရောက်မယ်၊ ဝီရိယထက်ရင် အတ္တပ္ပါ၊ သတိထက်ရင် သုဒဿာ၊ သမာဓိထက်ရင် သုဒဿီ၊ ပညာထက်ရင် အကနိဋ္ဌဘုံရောက်မယ်။

ကောင်းပြီ၊ အဲဒီမှာ ဘာပြောစရာရှိသလဲဆိုတော့ အနာဂါမ်ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာသာ ဖြစ်သလား၊ တခြားဘုံတွေမှာကော မဖြစ်ဘူးလားဆိုတော့ ဖြစ်နိုင်တယ်တဲ့၊ အကယ်၍ သူတို့မှာ စိတ်ဆန္ဒရှိရင် ပဉ္စမဈာန် ရနေပေမဲ့ သူတို့စိတ်က စတုတ္ထဈာန်ဘုံမှာသာ ဖြစ်ချင်တယ်၊ တတိယဈာန်ဘုံမှာသာ ဖြစ်ချင်တယ်၊ ဒုတိယဈာန်ဘုံမှာသာ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးရှိရင်တော့ ဖြစ်နိုင်တယ်တဲ့။

ဒါကြောင့်မို့ ဒီနေရာမှာ အနာဂါမ်ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာဖြစ်ရမယ်လို့ ဒီလို အတိအကျ သတ်မှတ်ချက်မရှိဘူး၊ သို့သော် သုဒ္ဓါဝါသဘုံမှာ အနာဂါမ်တွေသာ ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်တော့ရှိတယ်၊ သောတာပန်က သုဒ္ဓါဝါသဘုံတက် မဖြစ်နိုင်ဘူး၊ သကဒါဂါမ်က သုဒ္ဓါဝါသဘုံတက် မဖြစ်နိုင်ဘူး။

တစ်ခါတလေကျတော့ ဈာန် ၅-ပါးလုံး ရထားပြီးတော့ ပုဂ္ဂိုလ်ရဲ့ စိတ်သန်နေတာက (ဆိုပါတော့) ပထမဈာန်ဘုံမှာပဲ ဖြစ်ချင်တယ်ဆိုရင် ဖြစ်နိုင်တယ်တဲ့။ ဘာကြောင့်တုန်းဆိုတော့ ပုဂ္ဂိုလ်ရဲ့ စိတ်တောင့်တမှုဟာ သူ့ရဲ့ သီလ သမာဓိ

[စာမျက်နှာ-188] စင်ကြယ်ရင် တောင့်တတဲ့အတိုင်းဖြစ်တယ်။

ဒါကြောင့်မို့ သုဒ္ဓါဝါသဘုံမှ တပါးသောဘုံ၌လည်း ဖြစ်နိုင်သေးတယ်ပေါ့။ သို့သော် သုဒ္ဓါဝါသဘုံမှာတော့ အနာဂါမ်သာ ဖြစ်နိုင်တယ်၊ တခြားသတ္တဝါတွေ မဖြစ်နိုင်ဘူး၊ ဘုံပုဂ္ဂိုလ်ရတွေ ပြန်ကြည့်ရင် အဲဒီအတိုင်း တွေ့လိမ့်မယ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဒီပုဂ္ဂိုလ် ၃-မျိုးသာ သုဒ္ဓါဝါသဘုံရောက်မယ်။ ဒါက ရူပါဝစရကုသိုလ် အကျိုးပေးရာ တဲ့။

အရူပါဝစရကုသိုလ် အကျိုးပေးရာ ကျတော့ လွယ်ပါတယ်၊ သိပ်ရှင်းတယ်၊ အာကာသာနဉ္စာယတန ကုသိုလ်စိတ် က အာကာသာနဉ္စာယတနဘုံမှာ အကျိုးပေးမယ်၊ အကျိုးပေးတယ်ဆိုတော့ ပဋိသန္ဓေကျိုးရော၊ ပဝတ္တိကျိုးရော ပေးတာ၊ ဘာဝိပါက်စိတ်နဲ့ အကျိုးပေးမလဲဆိုရင် အာကာသာနဉ္စာယတန ဝိပါက်စိတ်နဲ့ အကျိုးပေးမယ်။

ဝိညာဏဉ္စာယတန ကုသိုလ်စိတ် ကလည်း ဝိညာဏဉ္စာယတနဘုံမှာ ဝိညာဏဉ္စာယတန ဝိပါက်စိတ်နဲ့ အကျိုးပေးမယ်၊ ပဋိသန္ဓေနဲ့ရော ပဝတ္တိနဲ့ရော။

အာကိဉ္စညာယတန ကုသိုလ် က အာကိဉ္စညာယတနဘုံမှာ အကျိုးပေးမယ်။

နေဝသညာနာသညာယတန ကုသိုလ် က နေဝသညာနာသညာယတနဘုံမှာ အကျိုးပေးမယ်၊ နေဝသညာနာသညာယတန ဝိပါက်စိတ်ကို ဖြစ်စေမယ်လို့ ဆိုလိုတယ်ပေါ့၊ ဒါက အရူပါဝစရ။

အရူပါဝစရ ဗြဟ္မာတွေကလည်း ဗြဟ္မာမဖြစ်ခင် ဒီဘဝမှာ အားထုတ်ကတည်းက သူတို့က ရုပ်မုန်းတဲ့သူကိုး၊ ခုနပြောခဲ့တဲ့ အသညသတ်က နာမ်မုန်းတဲ့သူ။

သူတို့က ဘာပြောတုန်းဆိုတော့ ဒီရုပ်ခန္ဓာရှိနေလို့ နာကျင်တာတို့ ဘာတို့ရောဂါဖြစ်တာတို့ရှိတယ်၊ ရုပ်ခန္ဓာကြီးမရှိရင် နာမ်ချည်းသာရှိရင် သိပ်ချမ်းသာမယ်၊ သူတို့က အစွန်းရောက်တယ်ပေါ့၊ အဲဒီတော့ ရုပ်ကို အလွန်မုန်းတော့တာပဲ။ ရုပ်မုန်းတော့ ပဉ္စမဈာန်ရပြီးမှ အာကာသာနဉ္စာယတနဈာန်ရမှာနော်။

ပဉ္စမဈာန်ရတော့ ပဉ္စမဈာန်က ဘာကို အာရုံပြုသလဲဆို ကသိုဏ်းနိမိတ် တစ်ခုခုကို အာရုံပြုတယ်၊ အဲဒါကြောင့်မို့ သူက မကြိုက်နိုင်တော့ဘူး၊ ပဉ္စမဈာန်နဲ့တင် အားမရတော့ဘူး၊ ပဉ္စမဈာန်ထက်ပိုပြီး အာရုံပြုတာပဲ၊ အဲဒီတော့ ပဉ္စမဈာန်ထက် ကျော်လွန်အောင်ဆိုပြီးတော့ အရူပါဝစရဈာန်ရအောင် ဆက်ပြီးပွားများတယ်။ အဲသလို ပွားများတဲ့အတွက်ကြောင့် သမာဓိတန်ခိုးရပြီး ဒီဈာန်ရရော၊ ဒီဈာန်ရပြီး ဒီဈာန်နဲ့ပဲ သေတဲ့အခါမှာ (သူ့သဘောကျပေါ့) ရုပ်မုန်းတဲ့သူဆိုတော့ ရုပ်လုံးဝမရှိဘဲ နာမ်သက်သက်သာရှိတဲ့ဘုံမှာ သွားဖြစ်တယ်၊ အာကာသာနဉ္စာယတနဘုံပေါ့။

[စာမျက်နှာ-189] ထို့အတူပဲ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန တို့ဟာ ရပ်ပြစ်ရှစ်ပါးထဲ ပါတာပဲ၊ ကုသိုလ်ရတော့ ရနိုင်သေးတယ်ပေါ့။ ဒါပေမဲ့ ဘုရားမဖူးနိုင်ဘူး၊ မျက်လုံးမှမရှိဘဲ၊ နာမ်ချည်းရှိတာဆိုတော့ သိတာသိတယ်၊ မမြင်နိုင်ဘူး၊ ကြားလည်းမကြားနိုင်ဘူး။

ဒါကြောင့်မို့ ကိုယ်က ပုထုဇဉ်ဘဝနဲ့ အာကာသာနဉ္စာယတန ကုသိုလ်ရပြီး သေသွားပြီတဲ့၊ အဲဒီဘုံသွားဖြစ်ပြီဆိုရင် အဲဒီကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်မှာ ဘုရားဘယ်နှစ်ဆူပွင့်ပါစေ၊ သူ့အတွက်အကျိုးမရှိတော့ဘူး၊ ဒါကြောင့်မို့ ရပ်ပြစ်ရှစ်ပါး တဲ့။

ရပ်ပြစ်ဆိုတာ ပြစ်ပယ်အပ်တဲ့အရပ်၊ ဘုံဌာနကိုဆိုလိုတာ၊ လူတွေက ပြောကြတယ်၊ ရပ်ပြစ်ရှစ်ပါးဆို ဘုန်းကြီးတွေ ပရိတ်ရွတ်တော့ တစ္ဆေခြောက်လား ဘာလား မသိဖြစ်ပြီး ယပ်တောင်တွေပစ်ပြီး ပြေးတဲ့ဘုန်းကြီး ၈-ပါးဆိုပြီး မဟုတ်တာတွေ ပြောတတ်ကြတယ်။

ရပ်ပြစ်ဆိုတာ အပြစ်ရှိတဲ့ အရပ်ဆိုရင်လည်း ဟုတ်တယ်ပေါ့လေ၊ သို့မဟုတ် ရင်လည်း ပစ်ပယ်အပ်တဲ့ ဘုံဌာနပေါ့၊ ဒါကြောင့်မို့ ကောင်းတော့ကောင်းတယ်ပေါ့လေ။ သို့သော် တရားထူးရဖို့ရန် ဖြစ်နိုင်တဲ့နေရာမျိုးမဟုတ်ဘူး၊ ဒါကြောင့် အသညသတ် ဗြဟ္မာဖြစ်ဖို့ အရူပါဝစရဗြဟ္မာဖြစ်ဖို့ မတောင့်တနဲ့ မလိုလားနဲ့ပေါ့။

ဒါနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားအလောင်း ဖွားမြင်ပြီးတဲ့နောက် ကာဠဒေဝီလ ရသေ့ကြီးလာတယ်မဟုတ်လား၊ ရသေ့ကြီးလာတဲ့အခါကျတော့ သုဒ္ဓေါဒနမင်းကြီးက ဝမ်းသာပြီးတော့ သားတော်လေးကို ရသေ့ကြီးကို ရှိခိုးခိုင်းတယ်၊ ရှိခိုးခိုင်းတဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသားက ရှိမခိုးတဲ့အပြင် မင်းသားလေးရဲ့ ခြေထောက်က ရသေ့ကြီးခေါင်းပေါ်ရောက်သွားတာ။

ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရဲ့ နောက်ဆုံးဘဝမှာ သူက ရှိခိုးထိုက်တဲ့သူ တစ်ယောက်မှမရှိဘူး၊ အဲသလို ရသေ့ကြီးက ရှိခိုးပြီးတော့ သားတော်လေးကို ကြည့်ပြီး ပထမဝမ်းသာပြီး ရယ်တယ်၊ နောက်တော့ ဝမ်းနည်းသွားပြီး ငိုတယ်တဲ့။

အဲသလိုဖြစ်တော့ သုဒ္ဓေါဒနမင်းကြီးက သားတော်လေး ဘာများဖြစ်လို့ပါလိမ့်လို့ စိုးရိမ်ကြောင့်ကျသွားတာပေါ့၊ အဲဒါနဲ့ မေးတယ်။

“အရှင်ဘုရား၊ သားတော်လေးကိုကြည့်ပြီး ပထမရယ်တယ်၊ နောက်တော့ ငိုတယ်၊ အဲဒါ သားတော်လေးမှာ ဘေးအန္တရာယ်များ ရှိပါသလား” ဆိုတော့_

[စာမျက်နှာ-190] “မဟုတ်ဘူး၊ သားတော်လေးကို ကြည့်လိုက်တဲ့အခါကျတော့ ၃၂-ပါး သောလက္ခဏာတွေနဲ့ ပြည့်စုံနေတယ်၊ အဲဒါကြောင့်မို့ သားတော်လေးဟာ ဧကန်ဘုရားဖြစ်မယ်။ ဘုရားဖြစ်ရင် သတ္တဝါတွေ အကျိုးရှိမှာမြင်လို့ ဝမ်းသာပြီး ရယ်တာ၊ နောက်တစ်ခုကတော့ ဒါပေမဲ့လည်း ငါကြည့်လိုက်တော့ ဒီသားတော်လေး ဘုရားဖြစ်သည့်တိုင်အောင် ငါက အသက်ရှည်ဖို့ မရှိဘူး၊ အဲဒီတော့ သားတော်လေး ဘုရားမဖြစ်ခင် ငါက သေရမှာ၊ အဲဒီတော့ ဘုရားပွင့်တဲ့အတွက် ငါ့မှာ ဘာအကျိုးမှ ရတော့မှာ မဟုတ်ဘူး၊ ဘုရားကို တွေ့ခွင့်မရဘူး၊ အကျွတ်တရားရဖို့လမ်း မရှိဘူး၊ ဒါကြောင့် ဝမ်းနည်းလို့ ငါငိုတာ” တဲ့။

အဲဒီတော့ မေးစရာရှိတာက သူသေသွားပေမဲ့ ရောက်မယ့်နောက်ဘဝကနေပြီးတော့ ဘုရားဟောတဲ့ တရားကို နာပြီးတော့ အကျွတ်တရား မရနိုင်ဘူးလား၊ ကြည့်လိုက်တော့ မဖြစ်နိုင်ဘူးတဲ့၊ ဘာကြောင့်တုန်းဆိုတော့ သူက အရူပဈာန်ရထားလို့။

အရူပဈာန်ရပြီးတော့ အဲဒီအရူပဈာန်ကို သူက မစွန့်နိုင်ဘူး၊ အကျွတ်တရား ရတာ မရတာထက် လက်ရှိရထားတဲ့ အရူပဈာန်ကို သူက စွဲလန်းနေတယ်။ စွဲလန်းနေတော့ မစွန့်နိုင်ဘူး။

အရူပဈာန် မစွန့်နိုင်တော့ ဒီဈာန်နဲ့ သေသွားရင် အရူပဘုံရောက်မယ်၊ အရူပဘုံရောက်ရင် ဘုရားမဖူးနိုင်ဘူး၊ ဘုရားတရား မနာနိုင်တော့ အကျွတ်တရား မရနိုင်ဘူး၊ ဒါကြောင့် သိလျက်နဲ့ နစ်နာရသလားဆိုတော့ ဈာန်ကိုစွဲလမ်းပြီး ဈာန်ကို မခွာနိုင်လို့ပဲ၊ အဲဒါကြောင့် အရူပါဝစရဘုံမှာ သွားဖြစ်တော့ မြတ်စွာဘုရား ပွင့်တော့ မိပေမဲ့ သူဘာမှ အကျိုးခံစားခွင့်ရမှာ မဟုတ်တော့ဘူး၊ အဲဒါကို ဝမ်းနည်းပြီး ငိုတာလို့ ဖြေခဲ့တယ်။

ဒါကြောင့်မို့ အသညသတ်ဘုံနဲ့ အရူပါဝစရဘုံဆိုတာ တောင့်တထိုက်တဲ့ နေရာတွေ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီဘုံတွေကျတော့ ရအောင် အားထုတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် ရူပါဝစရဈာန်နဲ့ အရူပါဝစရဈာန်ရပြီးတဲ့နောက်မှာ အဘိညာဏ် ဆိုတာတက်လို့ရတာ၊ သာမညအားဖြင့် ပြောတဲ့အခါကျတော့ အဘိညာဏ်ဆိုတာ ပဉ္စမဈာန်ကို အထူးပွားများတာကို အဘိညာဏ်ခေါ်တော့ ပဉ္စမဈာန်ရရင် အဘိညာဏ် ရနိုင်တယ်လို့ ထင်တတ်တယ်။

စာမှာက ဒီလိုမဆိုဘူး၊ သမာပတ် ၈-ပါးလုံး၊ သင်္ဂြိုဟ်စကားနဲ့ ပြောမယ်ဆိုရင် ဈာန် ၉-ပါးလုံး ရထားတယ်၊ ရူပဈာန် ၅-ပါး၊ အရူပဈာန် ၄-ပါး အကုန်ရပြီးတဲ့ ပုဂ္ဂိုလ်မှာ အဘိညာဏ်ကို ရနိုင်တယ်၊ အရဟတ္တမဂ်ရလည်း အဘိညာဏ်ရတာပဲ။

[စာမျက်နှာ-191] ရဟန္တာလည်း အဘိညာဏ်ရတာပဲ၊ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ ရဟန္တာတို့ဟာ ဒီဈာန် ၉-ပါးလုံးရတယ်၊ ရဟန္တာဖြစ်ပြီးရင်တော့ အထူးပြောစရာမလိုဘူးပေါ့။ နောက်ထပ် ဘဝဖြစ်စရာမရှိတော့ဘူး၊ ရုပ်မရှိတဲ့ဘဝ သွားဖြစ်မလားလို့ ကြောင့်ကျစရာ မရှိဘူးပေါ့။

ပုထုဇဉ်တွေ အနေနဲ့လည်း အဘိညာဏ်ကို ရချင်တယ်၊ လုပ်ချင်တယ်၊ ပွားများချင်တယ်ဆိုရင် ဒီအရူပဈာန်ကိုလည်းပဲ ရရမယ်၊ ဒါပေမဲ့ သူ့စိတ်ဆန္ဒက အရူပဘုံမှာ မဖြစ်ချင်ဘူးဆိုရင် ဖြစ်မှာမဟုတ်ဘူး အဲဒါပဲ။

ကောင်းပြီ၊ ဒါကြောင့်မို့ အရူပဈာန် အကျိုးပေးရာဘုံကတော့ ရှင်းပါတယ်၊ နိဂုံးချုပ်လိုက်စမ်း။

“ဤသို့လျှင် မဟဂ္ဂုတ်ကံ သည်၊ ပိုင်းခြားသတ်မှတ်ထားအပ်တိုင်းသော ဘုံ၌ (ဆိုပါတော့ ပထမဈာန်ကုသိုလ်က ပထမဈာန်ဘုံမှာ အကျိုးပေးမယ်၊ ဒုတိယဈာန်ကုသိုလ်က ဒုတိယဈာန်ဘုံမှာ အကျိုးပေးမယ်၊ အဲသလို သတ်မှတ်ထားတဲ့ အတိုင်းပဲ အဲဒီအတိုင်းသာ လုပ်မှာတဲ့) မိမိနှင့် တူသောအကျိုးကို (ကာမာဝစရ ကုသိုလ်နဲ့ ဒီမှာကျတော့ မတူဘူးနော်) ပဋိသန္ဓေအခါ ပဝတ္တိအခါ ၌ ဖြစ်စေသည်” တဲ့။

ဆိုလိုတာက ပထမဈာန် ကုသိုလ်က ပထမဈာန်ဝိပါက် အကျိုးပဲပေးမယ်၊ ပဋိသန္ဓေအခါမှာရော၊ ပဝတ္တိအခါမှာရောပေါ့၊ ဒုတိယဈာန် ကုသိုလ်က ဒုတိယဈာန် ဝိပါက်အကျိုးပဲပေးမယ်၊ တူသော အကျိုးဆိုတာ ဒါကိုပြောတာ။

ကာမာဝစရကုသိုလ်ကျတော့ တူတာရော မတူတာရော ပေးရမှာပေါ့၊ ကာမာဝစရကုသိုလ်က ကာမာဝစရဝိပါက် အကျိုးလည်းပေးတယ်၊ အဟိတ်ဝိပါက် အကျိုးလည်းပေးတယ်၊ ကာမာဝစရဝိပါက် အကျိုးပေးတော့ တူတဲ့အကျိုးပေးတယ် ဆိုရပေမဲ့ အဟိတ်ဝိပါက်အကျိုးပေးတဲ့အခါကျတော့ မတူတဲ့အကျိုးပေးတယ်လို့ ဆိုရတယ်။

ဒါကြောင့်မို့ ကာမာဝစရကုသိုလ်ကံသည် တူသောအကျိုးကိုလည်းကောင်း၊ မတူသောအကျိုးကိုလည်းကောင်း၊ ထိုက်သည့်အားလျော်စွာ ပဋိသန္ဓေအခါ၊ ပဝတ္တိအခါတို့မှာ ပေးတယ်။

မဟဂ္ဂုတ်ကုသိုလ်ကံ (သို့မဟုတ်) ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံ တို့ကတော့ သူ့သတ်မှတ်ထားတဲ့ ဘုံမှာပဲ (ပထမဈာန်၊ ဒုတိယဈာန်ဘုံစသည်ဖြင့်) ပဋိသန္ဓေအခါမှာရော၊ ပဝတ္တိအခါမှာရော တူသောအကျိုးကို ပေးတယ်။

[စာမျက်နှာ-192] ဒါကြောင့်မို့ သူတို့မှာ ခုနလို မရှုပ်ဘူး၊ ကာမာဝစရတုန်းကတော့ ရှုပ်တယ် မဟုတ်လား၊ တူတဲ့အကျိုးနဲ့ မတူတဲ့အကျိုးနဲ့ ပေါင်းရတာ၊ တိဟိတ်၊ ဒွိဟိတ်နဲ့ ဥက္ကဋ္ဌ၊ ဩမကနဲ့ လုပ်ရတာ ရှုပ်တယ်။

ဒီကျတော့ ရှင်းလို့၊ ပထမဈာန်ကုသိုလ်က ပထမဈာန်ဘုံမှာ ပထမဈာန် ဝိပါက်စိတ်ဖြစ်စေ၊ ဒုတိယဈာန်၊ တတိယဈာန် ကုသိုလ်က ဒုတိယဈာန်၊ တတိယဈာန်ဘုံမှာ၊ ဒုတိယဈာန်၊ တတိယဈာန် ဝိပါက်စိတ်ဖြစ်စေ စသည်ဖြင့် သွားတယ်။

နေဝသညာနာသညာယတန ကုသိုလ်က နေဝသညာနာသညာယတနဘုံမှာ နေဝသညာနာသညာဝိပါက်စိတ်ဖြစ်စေ၊ အဲသလို ရှင်းတယ်၊ ဒါက ဘာလဲဆိုရင် ကံအကျိုးပေးပုံ အကုန်လုံးပြီးသွားပြီ။

ကာမာဝစရကုသိုလ်ကံ အကျိုးပေးပုံ၊ ရူပါဝစရကုသိုလ်ကံ အကျိုးပေးပုံ၊ အရူပါဝစရကုသိုလ်ကံ အကျိုးပေးပုံ ပြီးသွားပြီ။

ကံ၊ ကံ၏အကျိုးကို ကြည့်တဲ့အခါ အဲဒီလောက်ပဲ၊ မမှတ်မိသေးရင် ထပ်နားထောင်၊ ဒါဆိုရင် ကံပိုင်းဆိုင်ရာပြီးပြီ၊ နောက်အပတ်ဆိုရင် မရဏာသန္န ခေါ်တဲ့ သေတဲ့အပိုင်း သွားလိမ့်မယ်။

သေခါနီးဘာဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ နောက်ဘဝ ဆက်တာတွေ၊ အဲဒါသိပ်အရေးကြီးတယ်၊ မရဏုပ္ပတ္တိ လို့ ပါဠိလိုခေါ်တယ်၊ သေခြင်းဖြစ်ပုံပေါ့။ သေခါနီးမှာ ဘယ်လိုစိတ်တွေဖြစ်တယ်၊ ဘယ်လိုနိမိတ်တွေထင်တယ်၊ ဒီနိမိတ်တွေကို ယူပြီးတော့ ပဋိသန္ဓေ ဘယ်လိုဖြစ်တယ်၊ ဒီဘဝကသေပြီးရင် ဘယ်ဘုံမှာ ဖြစ်နိုင်တယ် စသည်ဖြင့်ပေါ့လေ၊ များတော့ ဒီတစ်ပတ်ထဲနဲ့ မရဘူး၊ ၂-ပတ်လောက် အနည်းဆုံး သွားရလိမ့်မယ်ထင်တယ်၊ ပဉ္စမပိုင်း တော်တော်လေး ရောက်သွားပြီ။ မသိမသာနဲ့ ရောက်သွားတာ၊ နောက် ၄-ပိုင်းပဲလိုတော့တယ်၊ မရဏုပ္ပတ္တိပြီးရင် ၄-ပိုင်းပဲ လိုတော့တယ်၊ တတ်မှန်းမသိ တတ်သွားကြပြီ မဟုတ်လား။

မေး - အခုမှ ရှေ့နဲ့နောက် စပ်သွားတာ၊ တစ်ခါပြန်ဆက်သွားသလိုပါပဲ။ အစတုန်းကတော့ ဈာန်အကြောင်းတွေ ပြောနေတာ၊ လောကမှာ ဖြစ်နေတာတွေ story တွေနဲ့။
ဖြေ - ဒါကြောင့်မို့ပြောတာ၊ မပြည့်မချင်း ဟိုဟာလေး လိုနေတယ်၊ ဒီဟာလေး လိုနေတယ်၊ အားလုံးကုန် ပြည့်သွားမှသိတာ၊ ဒါကြောင့်မို့ အကုန်လုံး နားမလည်ပေမဲ့ စိတ်မပျက်နဲ့ ဆိုတာဒါကိုပြောတာ၊ ဘာကြောင့်လည်းဆိုတော့ နောက်က

[စာမျက်နှာ-193] သိစရာတွေရှိတယ်၊ ရှေ့ကသိစရာတွေရှိတယ်၊ ဒါတွေအကုန်လုံးစုပြီးမှ ပြည့်စုံတာ၊ ဒါကြောင့် ပထမတစ်ခါထက် နောက်တစ်ခါကျ ပိုကောင်းတယ်၊ ပိုနားလည်လာတယ်၊ ကိုယ်က သူများကို ပြန်သင်ပေးရင် ပိုနားလည်ပြန်ရော။

ကိုင်း၊ ဘုံပိုင်း၊ တော်တော်ကောင်းတဲ့ အပိုင်းပဲ၊ လက်တွေ့ အသုံးကျတဲ့ မှတ်သားစရာတွေ တော်တော်ပါတယ်၊ ရှေ့ပိုင်းတုန်းကတော့ စိတ်တွေ စေတသိက်တွေယှဉ်တာ၊ ကိစ္စတွေ ဝီထိတွေ လုပ်နေရတာ၊ ဒီမှာကျတော့ နားလည်ဖို့ကောင်းတာတွေ အများကြီး ပါလာတယ်။

မေး - ဒီအပိုင်းကနေ ရှေ့ကို ပြန်သွားမှာတွေ အများကြီးပဲ မဟုတ်ပါလားဘုရား။
ဖြေ - ဒါကတော့ ပြန်သွားမှာပဲ၊ အခုပဲပြောနေပြီ မဟုတ်လား၊ ကာမာဝစရကုသိုလ်က အကျိုးပေးတယ်၊ အကျိုး ၁၈-ခုရှိတယ်ဆိုတော့ စိတ်ပိုင်းပြန်ရောက်သွားတာပေါ့။ ဒါတော့ သွားမှာပဲ၊ အခုပြောနေတာ ကံနော်၊ ကံဆိုတော့ စိတ်က အကျိုးပေးတာ မဟုတ်ဘူး၊ စေတနာက အကျိုးပေးတာ၊ အဲဒါလည်း သတိမေ့နေကြဦးမယ်၊ ကာမာဝစရ ကုသိုလ်ကံလို့ပြောရင် စေတနာကိုဆိုလိုတယ်၊ တစ်ခါတလေ ပါးစပ်က စိတ်လို့ ပြောမိသွားတတ်တယ်။ အမှန်တော့ စိတ်က အကျိုးပေးတာ မဟုတ်ဘူး၊ စေတနာက အကျိုးပေးတာ၊ စေတနာနဲ့ စိတ်ကလည်း အတူတူဖြစ်တာပါပဲ။

မေး - အရှင်ဘုရား ဘုံပိုင်းမှာကြည့်လိုက်တဲ့အခါကျတော့ ဒီနေ့ သင်ခန်းစာအရ ကြည့်လိုက်ရင် ဘုံအမြင့်ဆုံးကျတော့လည်း စေတနာသယ်ယူမှုက သိပ်အကောင်းကြီး မဟုတ်သေးဘူး၊ အဆင့်ဆင့်တက်လာပြီး ထိပ်ထိရောက်တော့လည်း စေတနာက သိပ်အကောင်းမဟုတ်ဘူး။
ဖြေ - ဘယ်လောက်ပဲ အမြင့်ဆုံးရောက်ရောက် အချိန်တန်ရင် ပြန်ကျရမှာပဲ၊ အရိယာ ဖြစ်သွားရင်တော့ မဆင်းရဘူးပေါ့လေ၊ အရိယာမဟုတ်ရင်တော့ ဆင်းရမှာပဲ။

မေး - အရှင်ဘုရား ထိပ်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့တစ်ခါထပ်ပြီးတော့ ဒီဟာတွေ အပြင်စွန့်ပြီးတော့ ဒီဘုံမှာ ရောက်လျက်သားနဲ့ မစွန့်နိုင်တာ ဘာကြောင့်ပါလဲ။
မေး - သက်တမ်းကုန်ရင်ကော။
မေး - သက်တမ်းမကုန်ဘဲနဲ့တော့ မလုပ်နိုင်ဘူးလား၊ ဒါမှမဟုတ် သူ့အသိတရားက တစ်ဖက်ကပ်နေရင် နောက်ဘယ်လိုမှ ခွာလို့မရရင်ရော။
ဖြေ - ဒီလိုတော့ မဟုတ်ပါဘူး၊ ဒေဝီလရသေ့ကတော့ စွဲလန်းလို့ပါ။
မေး - အဲသလို မစွဲလန်းရင်ကော ခွာလို့ရပါသလား။
ဖြေ - ခွာလို့ရပါတယ်၊ အရိယာတွေအထိ ဖြစ်တာပဲ၊ အရိယာတွေလည်း

[စာမျက်နှာ-194] အရူပဘုံ ဖြစ်တာပဲ။

မေး - အရှင်ဘုရား၊ သူတို့အနေနဲ့ level ဒီလောက်မြင့်တဲ့ပုဂ္ဂိုလ်ပဲ၊ လူသာမန်တောင် ခွာချင်ရင် ခွာလို့ရတာပဲ၊ ဒီပုဂ္ဂိုလ်တွေက ပိုခွာနိုင်ရမှာပေါ့၊ စွဲနေရင်တော့ မခွာတော့ဘူးပေါ့။
ဖြေ - တရားအားထုတ်တဲ့အခါကျ အရောင်လေးမြင်လာရတာတို့ ပီတိလေး ဖြစ်လာတာတို့ ဒါနဲ့တင် ကျေနပ်ပြီးတော့ မသွားပါရစေနဲ့ဦး ဖြစ်တာ။

မေး - နိမ့်တဲ့ဘုံမှာဖြစ်ရင်လည်း attraction က နည်းသွားတာ၊ မြင့်တာကို မလိုချင်တာလား။
ဖြေ - ဟုတ်တယ်၊ လက်တွေ့မှာလည်း ချမ်းသာနေတာကိုး၊ peacefulness ပေါ့လေ၊ မစွန့်နိုင်ဘူးပေါ့။

အဲဒါနဲ့ ပတ်သက်ပြီး ရှေးတုန်းက ဆရာတော်နှစ်ပါး အမေးအဖြေလုပ်တဲ့ အထဲမှာပါတယ်၊ ကာဠဒေဝီလရသေ့ကြီးက ဘာကြောင့်ဒီလိုဖြစ်ရသလဲ၊ အဋ္ဌကထာတွေထဲမှာ ရေးထားတာမရှိဘူး၊ ခုန ဆရာတော်ကြီးနှစ်ပါး အမေးအဖြေထဲမှာပါတယ်။ အဲဒီတော့ ခုနပြောသလို ဈာန်ကို စွဲလမ်းပြီး မခွာနိုင်လို့ဖြစ်တဲ့ အကြောင်းပေါ့။

မေး - တကယ်လို့ သူကခွာချင်တယ်ဆိုရင် တစ်ယောက်ယောက်က သူ့ကိုခွာအောင် အသိတရားထပ်ပေးမှ ခွာလို့ရမှာလား၊ ဒါပေမဲ့ ခုနက သူပြောတာက မြင်နေသိနေလျက်သားနဲ့ မခွာတာလား။
ဖြေ - အဲဒါပေါ့၊ ကြောက်စရာတော်တော်ကောင်းတယ်နော်။
မေး - သိလည်းသိနေတယ်၊ ပြောလည်းပြောနေတယ်၊ ဒါနဲ့များ။
မေး - အဲဒီဈာန်ကိုရဖို့လည်းပဲ သူကြိုးစားလိုက်ရတာနော်။
မေး - ဒီ pain ကို သူကတော်တော်နဲ့ လက်မလွှတ်နိုင်ဘူး။
ဖြေ- သူက မညံ့ဘူး၊ သူ့တူက နာလကမထေရ် လေ၊ အဲဒီမထေရ်က မြတ်စွာဘုရား လက်ထက်မှာ တစ်ပါးပဲရှိတာ၊ တစ်ရွာကို တစ်ရက်ပဲ ဆွမ်းခံတာ၊ အဲဒါမျိုး၊ တစ်နေရာမှာ တစ်ခါပဲနေတာဆိုတော့ အဲသလို ပုဂ္ဂိုလ်မျိုးဟာ ကြာကြာအသက် မရှည်ဘူး။

မေး - လူ့ဘဝသက်တမ်းတစ်ခုတည်းတောင်မှ ဒီလောက်အသက်ရှည်ရပြီး ဒုက္ခများရင် လူ့ဘဝသက်တမ်း ဒီလောက်အများကြီးဆိုရင် တော်တော်နဲ့ သတိရမှာ မဟုတ်ဘူးထင်တယ်၊ လူကျတော့ နောက်တစ်နေ့ ဘာဖြစ်မလဲမသိဘဲ ဖြစ်သွားတော့ သတိတရားရဦးမယ်၊ သူတို့ကျတော့ တော်တော်နဲ့သတိမရဘူး၊ တကယ့်ကို သူဌေး

[စာမျက်နှာ-195] ဖြစ်ပြီး ဘာမှဒုက္ခမရှိတဲ့သူနဲ့ တူနေတယ်။
မေး - ဒုက္ခတော့ရှိဦးမှာပေါ့။
ဖြေ - မဟုတ်ဘူးလေ၊ တကယ်လည်း သူဌေးဖြစ်တယ်၊ ဒုက္ခလည်း မကြုံဖူးတော့ လူဆိုတာ ဘယ်လိုမှ ဒုက္ခဆိုတာဘာလဲဆိုတာ သိမှာ မဟုတ်ဘူး။

[စာမျက်နှာ-196]
သေခြင်းဖြစ်ပုံ

သေခြင်း ၄-မျိုး
၁။ အသက်တမ်းကုန်၍ သေခြင်း။
၂။ ကံစွမ်းကုန်၍ သေခြင်း။
၃။ အသက်တမ်း၊ ကံစွမ်း ၂-ပါးကုန်၍သေခြင်း။
၄။ ဥပစ္ဆေဒကကံ ဖြင့် သေခြင်း။

သေခါနီးထင်လာသောနိမိတ် ၃-မျိုး ၁။ ကံ - အခြားမဲ့ဘဝ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သောကံ။
၂။ ကမ္မနိမိတ် - ကံပြုစဉ်အခါ တွေ့ကြုံရသော အာရုံ ၆-ပါး။
* ဥပလဒ္ဓ - ကံနှင့်ဆက်စပ်၍ တိုက်ရိုက်ကြုံရသော အာရုံ၊ (ပုံစံ- ကျောင်းဆောက်ရာ၌ ကျောင်း)။
* ဥပကရဏ - ကံပြီးမြောက်ဖို့ရာ အခြံအရံဖြစ်သောအာရုံ၊ (ပုံစံ-ကျောင်းဆောက်ရာ၌ သင်္ကန်း၊ ဆွမ်းစသည်)။
၃။ ဂတိနိမိတ် - လားရတော့မည့်ဘဝ၌ တွေ့ကြုံရလတ္တံ့သော အာရုံ။
* ဥပလဘိတဗ္ဗ - တိုက်ရိုက်ရောက်ထိုက်သော အရပ်၊ (ပုံစံ-အမိဝမ်း၊ ရေ၊ ငရဲဘုံ။)
* ဥပဘောဂ - ထိုဘဝ၌ တွေ့ကြုံရမည့် အသုံးအဆောင်အခြွေအရံ၊ (ပုံစံ- လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး၊ ဥယျာဉ်၊ ဗိမာန်၊ ပဒေသာပင်)။

ထိုကံတစ်မျိုးမျိုးသည် ကံ၏ အစွမ်းကြောင့် ဒွါရခြောက်ပါးတို့တွင် တစ်ပါးပါး၌ ထင်လာသည်။

သေခါနီးစိတ်အစဉ် နိမိတ်ထင်လာပြီးနောက် ထိုနိမိတ်အာရုံကိုပင် အာရုံပြု၍ အကျိုးပေးလတ္တံ့သော ကံအားလျော်စွာ စင်ကြယ်သော သို့မဟုတ် ညစ်နွမ်းသော စိတ်အစဉ်သည် ရောက်ထိုက်သော ဘဝအားလျော်စွာ ရောက်လတ္တံ့ဘဝသို့ ညွတ်ကိုင်းနေသကဲ့သို့ မပြတ်များသောအားဖြင့် ဖြစ်တတ်၏။

[စာမျက်နှာ-197] ကံအာရုံထင်ပုံထင်နည်း ပဋိသန္ဓေကို ဖြစ်စေတတ်သော ထိုကံသည်ပင် ထိုခဏ၌ အသစ်ပြုနေရသကဲ့သို့ မနောဒွါရ၌ ထင်လာသည်။

မရဏာသန္နဝီထိ မရဏာသန္နဝီထိ၌ ဝီထိစိတ်၏ အဆုံး၌သော်လည်းကောင်း၊ ဘဝင်၏အဆုံး၌ သော်လည်းကောင်း၊ ပစ္စုပ္ပန်ဘဝ၏ အဆုံးဖြစ်သော စုတိစိတ် ဖြစ်ပေါ်၍ ချုပ်၏။

စုတိစိတ် ချုပ်ပြီးနောက် ဘာမျှမခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်သည်။ ပဋိသန္ဓေစိတ် ဥပါဒ်လျှင် ဥပါဒ်ချင်း ဘဝသစ် ဖြစ်လေတော့သည်။

ထိုပဋိသန္ဓေစိတ်သည် မရဏာသန္နဇောယူသော အာရုံကိုပင် အာရုံပြုသည်။

ကာမဘုံ၊ ရူပဘုံ၌ဖြစ်လျှင် မှီရာဝတ္ထုရုပ် ရှိသည်၊ အရူပဘုံ၌ ဖြစ်လျှင် မှီရာဝတ္ထုရုပ် မရှိ။

အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသောကံကြောင့် ဖြစ်သည်။

ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွဖြစ်သည်။

သမ္ပယုတ်တရားတို့၏ ရှေ့သွားခေါင်းဆောင်ကဲ့သို့ ဖြစ်သည်။

ဘဝတစ်ပါးကို စပ်ပေးတတ်သောကြောင့် ပဋိသန္ဓေ အမည်ရသည်။

ဝီထိစိတ် အရ ဇော သို့မဟုတ် တဒါရုံကို ယူရသည်။

ဘဝင် ဇောနောင် သို့မဟုတ် တဒါရုံနောင် ဘဝင်ကျနိုင်သည်။

ထို့ကြောင့် အချုပ်အားဖြင့် မရဏာသန္နဝီထိ ၄-မျိုး ရှိသည်။
၁။ ဇော နောင် စုတိကျသော ဝီထိ။
၂။ တဒါရုံ နောင် စုတိကျသော ဝီထိ။
၃။ ဇော နောင် ဘဝင်၊ ဘဝင်နောင် စုတိကျသော ဝီထိ။
၄။ တဒါရုံ နောင် ဘဝင်၊ ဘဝင်နောင် စုတိကျသော ဝီထိ။

ပကိဏ်းပိုင်း အာရမ္မဏသင်္ဂဟတုန်းက ပေးခဲ့သော မရဏာသန္နဝီထိပုံကို ပြန်ကြည့်ပါ၊ ထိုပုံသည် ပစ္စုပ္ပန်ရူပါရုံထင်လာ၍ စက္ခုဒွါရ၌ဖြစ်သော ဝီထိဖြစ်သည်။

ထိုဝီထိ၌ မရဏာသန္နဇောတို့ အားနည်းသောကြောင့် ၅-ကြိမ်သာ စောသည်။

ဘဝသစ်၌ ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တိုင်အောင် ပစ္စုပ္ပန်ရူပါရုံ ရှိသေး

[စာမျက်နှာ-198] သောကြောင့် ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တို့ ထိုပစ္စုပ္ပန်ရူပါရုံကို အာရုံပြုကြသည်။ နောက်ဘဝင်တို့နှင့်တကွ ဘဝသစ်ဘဝင်အားလုံးနှင့် စုတိတို့ (ပုံစံ၌မပါ) လွန်သွားပြီ ဖြစ်သော အတိတ်ရူပါရုံကို အာရုံပြုကြသည်။

ထို့ကြောင့် ကာမာဝစရ ပဋိသန္ဓေ၏အာရုံ သည်
* မနောဒွါရဖြင့် ယူအပ်သော အတိတ် ကံ ဓမ္မာရုံ၊
* ခြောက်ဒွါရဖြင့် ယူအပ်သော အတိတ်၊ ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံ ၆-ပါး၊
* မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံ ဖြစ်သည်။

ရူပါဝစရပဋိသန္ဓေ၏ အာရုံ သည် ပညတ် ကမ္မနိမိတ် ဖြစ်သည်။

အရူပပဋိသန္ဓေ၏အာရုံ သည် ပညတ် သို့မဟုတ် မဟဂ္ဂုတ် (အဟိတ်) ကမ္မနိမိတ် ဖြစ်သည်။

အသညသတ် ဘုံ၌ကား ဇီဝိတနဝကကလာပ် သည်သာ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏၊ ထို့ကြောင့် ထိုဘုံသတ္တဝါတို့သည် ရုပ်ပဋိသန္ဓေ ရှိသောပုဂ္ဂိုလ်တို့ မည်ကုန်၏။

အရူပါဝစရ သတ္တဝါတို့သည်ကား နာမ်ပဋိသန္ဓေ ရှိသောပုဂ္ဂိုလ်တို့ မည်ကုန်၏။ ကြွင်းသတ္တဝါ (ကာမ၊ ရူပ သတ္တဝါ) တို့ကား ရုပ်နာမ် ၂-ပါး ပဋိသန္ဓေ ရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

[စာမျက်နှာ-199]
အဘိဓမ္မာသင်တန်း (၁၅)

[ဝီထိမုတ်ပိုင်း] မရဏုပ္ပတ္တိ သေခြင်းဖြစ်ပုံ
(၁၉၈၇ ခုနှစ်၊ ဩဂုတ်လ ၇-ရက်)

လွန်ခဲ့တဲ့ အပတ်တွေက ဘယ်ထိအောင် ပြီးခဲ့ပြီလဲ၊ ကံနှင့် ပတ်သက်တဲ့ ကမ္မစတုက္က ပြီးခဲ့ပြီ၊ ဒီအပတ်တော့ဖြင့် နောက်ဆုံးအပိုင်းပေါ့လေ၊ ပဉ္စမပိုင်းမှာ နောက်ဆုံးအပိုင်းငယ် မရဏုပ္ပတ္တိ လို့ ပါဠိလို ခေါ်တယ်၊ “သေခြင်းဖြစ်ပုံ”။

ဘဝတစ်ခုရဲ့ အဆုံးမှာ ဘာဖြစ်တယ်၊ ဒီဘဝနဲ့ နောက်ဘဝ ဘယ်လို ဆက်စပ်တယ်၊ ဒါတွေကလည်း တော်တော်အရေးကြီးတယ်၊ မျက်စိလည်း လည်တတ်တယ်၊ ဒီဘဝအဆုံးနဲ့ နောက်ဘဝအစကို မျက်စိလည်ပြီးတော့ အပြောမှား၊ အဆိုမှား၊ အရေးမှားတွေ ဖြစ်ကုန်တယ်၊ ခေတ်လူတွေ အဲဒါတွေ အလွန်မှားတယ်။

အဲဒီတော့ ဗုဒ္ဓဘာသာမှာ လက်ခံထားတာ သေခြင်းလေးမျိုးရှိတယ်၊ နံပါတ် ၁-က အသက်တမ်းကုန်၍ သေခြင်း၊ နံပါတ်နှစ်က ကံစွမ်းကုန်၍ သေခြင်း၊ နံပါတ် ၃-ကတော့ အသက်တမ်းရော ကံစွမ်းရော နှစ်မျိုးလုံးကုန်၍ သေခြင်း၊ နံပါတ် ၄-က ဥပစ္ဆေဒကကံ ဖြင့် သေခြင်းရယ်လို့ သေခြင်း ၄-မျိုးရှိတယ်။

[စာမျက်နှာ-200] အသက်တမ်းကုန်၍ သေခြင်းဆိုတာ (ဆိုပါတော့) လူ့ဘဝ လူ့ဘုံမှာဆိုရင် အသက်တမ်း မမြဲဘူးပေါ့လေ၊ မမြဲပေမဲ့လည်း တစ်ရာတမ်းပဲ၊ ရှစ်ဆယ်တမ်းပဲ စသည်ဖြင့် သတ်မှတ်ထားချက်ရှိတယ်ပေါ့၊ အဲဒီတော့ ကံက အသက်တစ်ထောင် ရှည်ဖို့ရာ ကံပါလာသော်လည်းပဲ ကိုယ်ကလူဖြစ်တဲ့အခါမှာ သက်တမ်းတစ်ရာအချိန် အခါမှာ လူဖြစ်ရင် သက်တမ်းတစ်ရာပဲနေရမယ်၊ တစ်ရာပြည့်ရင် သူသေရမှာပဲ။ ဘာကြောင့်တုန်းဆိုတော့ သက်တမ်းကုန်သွားလို့။

အဲဒီတော့ ကံစွမ်းမကုန်သေးသော်လည်းပဲ သက်တမ်းကုန်ရင်လည်းပဲ သေရမယ်၊ စုတေရမယ်၊ ဒါကြောင့်မို့ လူ့ဘဝရောက်လာကြတယ်ဆိုရင် လူ့ဘဝက တစ်ရာသက်တမ်းဆိုရင်တော့ တစ်ရာထိအောင် နေပြီးရင် သေတာပဲများတယ် ပေါ့လေ၊ တစ်ရာကလွန်ပြီးတော့ အသက်ရှည်တာတော့ မရှိဘူးလားဆိုတော့ အလွန်ရှားရှားပါးပါး ရှိပါတယ်။

မြတ်စွာဘုရားလက်ထက်တုန်းကလည်း အရှင်အာနန္ဒာတို့ ဝိသာခါတို့ အသက် ၁၂၀-ရှည်တယ်၊ တချို့ဆို အသက် ၁၆၀-ထိအောင် ရှည်တာတောင်ရှိတယ်။ ဒါကတော့ အထူးပေါ့ special။ မိမိနဂိုက ကံကောင်းတာရယ်၊ ကျန်းမာရေးကို အထူးစောင့်ရှောက်တာရယ်၊ အဲဒီတော့ အဲဒီလို ကံစွမ်းရှိသော်လည်းပဲ၊ အသက်တမ်းကုန်လို့ သေတာမျိုးကို အသက်တမ်းကုန်၍ သေခြင်းလို့ ဒီလိုခေါ်တယ်။

အဲဒီတော့ ဒီသေခြင်း ၄-မျိုးကို ဆီမီးနဲ့ ဥပမာပေးလို့ရတယ်၊ ဆီမီးမှာ ဆီရှိတယ်၊ မီးစာရှိတယ်၊ အဲဒီတော့ ဆီမခမ်းသေးပေမဲ့လည်း မီးစာကုန်သွားရင်လည်း မီးငြိမ်းသွားမယ်၊ အခု သက်တမ်းကုန်၍ သေခြင်းဆိုတာ မီးစာကုန်သွားတာနဲ့ တူတယ်။

ရှေးတုန်းက ဆီထဲမှာ မီးစာလေးထည့်ပြီးတော့ ထွန်းတယ်၊ မြင်ဖူးလား မသိဘူး၊ ကျီးခြေဆိုပြီးတော့လေ ဒကာမတွေလုပ်ရတာ၊ ကျီးခြေထောက်ကလေးလို ဂွမ်းလေးကို ကျစ်ရတာ၊ အဲဒီတော့ အဲဒါလေးထည့်လိုက်တော့ သူကထောင်နေတယ်၊ အဲဒီတော့ ဆီမကုန်သေးပေမဲ့လည်းပဲ မီးစာကုန်ရင်လည်းပဲ မီးငြိမ်းသွား နိုင်တယ်။

ကံစွမ်းကုန်၍ သေခြင်းဆိုတာကတော့ မီးစာရှိပေမဲ့ ဆီကုန်သွားတာနဲ့ တူတယ်၊ ကံက အသက်တစ်ရာတမ်းမှာ လူဖြစ်သော်လည်းပဲ ကံက အသက် ၅၀ ပဲနေဖို့ရာ ပါလာရင် အသက် ၅၀ မှာပဲ သူသေလိမ့်မယ်၊ အသက် ၇၀

[စာမျက်နှာ-201] နေဖို့ရန် ပါလာရင် အသက် ၇၀-ထိအောင် နေရမယ်၊ အသက် ၇၀-ကျရင် သူသေလိမ့်မယ်၊ အဲဒီလို သေတာမျိုးကို ကံကုန်လို့သေတာ၊ ကံစွမ်းကုန်လို့သေတာ။

အမှန်ကတော့ လူတိုင်း ကံကုန်လို့သေတာချည်း မှတ်လို့မရဘူး၊ သာမညအားဖြင့်တော့ ပြောနေကြတာပဲ၊ ကံကုန်လို့သေတယ်၊ သေနေ့စေ့လို့သေတယ်၊ သေနေ့ရှိလို့ သေတယ်ဆိုတာ ပြောဖို့ရာမလွယ်ဘူး၊ အဲဒီတော့ ဒီမှာတော့ ကံကုန်၍ သေတယ်၊ အသက်တမ်းရှိသေးပေမဲ့ ကံကုန်ရင်လည်းပဲ သူသေရမယ်။

အသက်တမ်းကံ နှစ်ပါးကုန်၍သေခြင်းဆိုတာ ဒါကတော့ ရှင်းပြီ၊ ကိုယ်က ဖြစ်တာလည်း အသက်တစ်ရာရှည်တဲ့ လူ့ဘဝမှာ သွားဖြစ်တယ်၊ ကံကလည်းပဲ အသက် တစ်ရာရှည်ဖို့လောက်ပဲ ပါလာတယ်၊ ဒီနှစ်ခု ပြိုင်တူကုန်လို့ သေတာမျိုး၊ ဆီရော မီးစာရော ပြိုင်တူကုန်လို့ သေတာမျိုးပေါ့။

အဲဒါမျိုးတော့ ရှားလိမ့်မယ်ထင်တယ်နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကံဟာ များသောအားဖြင့်တော့ အများကြီး အသက်ရှည်နိုင်လောက်တဲ့ ကံတွေ ရှိလာတာ၊ သက်တမ်းက မရှိတော့ သက်တမ်းအလိုက် သေကြရတယ်။

ဥပစ္ဆေဒကကံ ဖြင့် သေခြင်းတဲ့၊ ဒါကတော့ (accident) သေတာမျိုး၊ မီးလောင်သေတာ၊ ရေနစ်သေတာ၊ အဆိပ်သောက်သေတာ စသည်ပေါ့၊ ဒါတွေကို ဥပစ္ဆေဒကကံဖြင့် သေခြင်းလို့ခေါ်တယ်။

ဥပစ္ဆေဒကကံဆိုတာ ကံ ၄-မျိုး ခွဲခဲ့တုန်းက ဇနကကံ၊ ဥပတ္ထမ္ဘကံ၊ ဥပပီဠကကံ၊ ဥပဃာတကံ လို့ ရှိတယ်မဟုတ်လား၊ အဲဒီ ဥပဃာတကကံကိုပဲ ဒီမှာ ဥပစ္ဆေဒကကံလို့ဆိုတယ်။

အဲဒီတော့ အဲဒီ ဥပစ္ဆေဒကကံက တကယ်ကြီးမားရင် ဒီဘဝတင် တစ်ခါတည်း ချက်ချင်းဆိုပါတော့ အဲဒီကံကို ပြုပြီး ချက်ချင်းမြေမျိုသွားတာတွေ ရှိတယ်မဟုတ်လား၊ ဒီလိုသေသွားတာတွေရှိတယ်။

အဲဒီလို ကိုယ်က အသက်တမ်းလည်း မကုန်သေးဘူး၊ ကံစွမ်းလည်းရှိသေး လျက်နဲ့ နောက်ကံတစ်ခုက လာပြီးတော့ သတ်ဖြတ်လိုက်တာနော်၊ ဖြတ်ပစ်လိုက်တယ်၊ နှိပ်စက်ပစ်လိုက်တယ်၊ အဲဒီလိုဖြစ်ပြီးတော့သေတဲ့ သေတာမျိုးကို ဥပစ္ဆေဒကကံနဲ့ သေတယ်လို့ ဒီလိုခေါ်တယ်။

ဒါကြောင့်မို့ သေနေ့စေ့တိုင်း သေတာမဟုတ်ဘူး၊ အဲဒီလို သေချိန်မကျဘဲနဲ့ သေတာ အများကြီးရှိတယ် (ခရီးသွားရင်း သေနတ်ပစ်ခံရတယ်) ကံတော့ပါတာပေါ့၊ ဟုတ်လား၊ သူ့ကံက သေနတ်ပစ်ခံရမယ့် ကံပါလို့ သေတာတော့မှန်တယ်။

[စာမျက်နှာ-202] ဆိုပါတော့ နောက်ဘဝက သူတစ်ပါးကို အစာငတ်ထားပြီးတော့ သတ်ခဲ့တဲ့ လူမျိုးဟာ ဒီလိုပဲ ကိုယ့်ကျလည်း အစာငတ်ပြီးတော့ သေတတ်တယ်၊ နောက်ဘဝက သူတစ်ပါးကို အဆိပ်ကျွေးပြီး သတ်ခဲ့တဲ့လူမျိုးဟာ ကိုယ်လည်း အဆိပ်စားပြီး သေရတတ်တယ်ပေါ့။ အဲဒီလိုဖြစ်တဲ့ကံက ဥပစ္ဆေဒကကံ၊ အဲဒီကံက အကျိုးပေးတာ၊ အဲဒီတော့ မူလ ဥပတ္ထမ္ဘကကံကို သူက လာပြီးတော့ ဖြတ်ပစ်တာ။

ဥပစ္ဆေဒကဆိုတာ ကပ်ပြီးဖြတ်တယ်လို့ အဓိပ္ပာယ်ရှိတယ်၊ အဲဒီလို ကံမျိုး၊ ဒါကြောင့်မို့ ၁၊ ၂၊ ၃ သေခြင်းမျိုးကို ကာလမရဏ လို့ခေါ်တယ်၊ နော် အချိန်ကျလို့ သေခြင်းမျိုးပေါ့၊ နောက်ဆုံး နံပါတ် ၄-ကို အကာလမရဏ - သေချိန်မကျဘဲနဲ့ သေတယ်၊ အဲဒီသေချိန်မကျဘဲနဲ့ သေတာ ခုခေတ် အများကြီးရှိတယ်၊ ကိုယ့်ကို သတ်သေတာ။

မေး - ကျောက်မီးသွေးတွင်း ပိလို့သေတာမျိုးရော။
ဖြေ - အဲဒါတွေ အတူတူပေါ့။
မေး - သေသူအကုန်လုံးမှာ ဒီကံပါတာဟုတ်ရဲ့လား။
ဖြေ - ဟိုဘဝတွေက သဘောတူလုပ်လာခဲ့ကြတာတွေရှိတယ်လေ၊ ဒီဘဝမှာလည်းပဲ စုပြီးဖြစ်ကြတာပေါ့နော်၊ ခု ဆန်ဖရန်ဆစ်စကိုအနေနဲ့ ပြောရင် Golden Gate က ခုန်ချတာတွေ၊ ဒါတွေဟာ ဥပစ္ဆေဒကကံနဲ့ သေတာတဲ့။

ဒါကြောင့်မို့ သေခြင်း ၄-မျိုးရှိတယ်၊ အသက်ကုန်၍သေတယ်၊ ကံကုန်၍ သေတယ်၊ အသက်၊ ကံနှစ်ပါးကုန်၍ သေတယ်၊ ဒါ မကုန်သေးဘဲနဲ့ ကပ်ဖြတ်တတ်တဲ့ ကံတစ်ခုခုကြောင့် သေတယ်။

ရှေးတုန်းက ဒေဝဒတ်ဟာ ပဉ္စာနန္တရိယကံ ထဲက သံဃဘေဒကကံ နဲ့ ဘုရားသွေးစိမ်းတည်အောင်ပြုတဲ့ လောဟိတုပ္ပါဒကကံ ဆိုတာ ဒီကံနှစ်ခုပြုတာ၊ ဒါကြောင့်မို့ သူဟာ မြေမျိုပြီးတော့ သေသွားတယ် မဟုတ်ဘူးလား။

ထို့အတူပဲ နန္ဒဆိုတဲ့ လုလင်ဟာ အရှင်ဥပ္ပလဝဏ် (တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့) ရဟန္တာမကို မတော်တရော်ကျင့်လို့ ချက်ချင်းမဆိုင်းဘူး၊ ချက်ချင်းမြေမျိုသွားတယ်၊ အဲဒီလိုပြုတဲ့ အကုသိုလ်ကံကကြီးမားရင် တစ်ခါတည်း ချက်ချင်း အကျိုးပေးပြီးတော့ သေချိန်မကျဘဲနဲ့ သေသွားရတယ်၊ ဒီလိုကံတွေလည်းရှိတယ်၊ အဲဒါ အမျိုးမျိုးပေါ့လေ၊ အဲဒီလို သေခြင်း ၄-မျိုးမှာ သတ္တဝါတွေဟာ တစ်မျိုးမျိုးနဲ့ သေကြရတယ်။

ကောင်းပြီ၊ သတ္တဝါတွေ သေတော့ ဘယ်လိုဖြစ်သလဲ၊ သေခါနီး အချိန်ရောက်

[စာမျက်နှာ-203] လာပြီ၊ အဲဒီသေခါနီးမှာ နိမိတ်တွေ ထင်လာတယ်၊ စိတ်ထဲမှာ ပေါ်လာတယ်။ အဲဒီလို ပေါ်လာတတ်တဲ့ နိမိတ်သုံးမျိုးရှိတယ်။

အဲဒါ ဟို အာရမ္မဏသင်္ဂဟ ပကိဏ်းပိုင်း တုန်းကလည်း နည်းနည်းတော့ ပြောခဲ့ပြီ၊ ကံ ရယ်၊ ကမ္မနိမိတ် ရယ်၊ ဂတိနိမိတ် ရယ်၊ အဲဒီသုံးမျိုးမှာတဲ့ သေခါနီးလာရင် တစ်မျိုးမျိုး ပေါ်လာတတ်တယ်တဲ့။

ပထမဆုံး ကံနိမိတ်တဲ့၊ ကံပေါ့လေ၊ နောက်တုန်းက ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာရှိတယ်၊ အဲဒီကံက အခြားမဲ့ဘဝမှာ အကျိုးပေးမယ့် ပဋိသန္ဓေကို ဖြစ်စေမယ့်ကံ၊ အဲဒီကံက စိတ်ထဲမှာ လာပေါ်တယ်၊ ကုသိုလ်ကံဖြစ်ရင်လည်းပဲ ကုသိုလ်ကံ လာပေါ်မယ်၊ အကုသိုလ်ကံ ဖြစ်ရင်လည်း အကုသိုလ်ကံ လာပေါ်မယ်။ သေခါနီးမှာပေါ်လာတာ၊ အဲဒါကို ကံအာရုံ၊ ကံနိမိတ်ပေါ့နော်၊ နိမိတ် သုံးမျိုးအနေနဲ့ ပြောရရင် ကံနိမိတ်။

ဒါပေမဲ့ များသောအားဖြင့်တော့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ ဒီလိုသာဆိုတယ်၊ ကံကို နိမိတ်လို့တော့ မဆိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္မနိမိတ်ဆိုတာနဲ့ ရောသွားမှာစိုးလို့၊ ဒီမှာတော့ နိမိတ်သုံးမျိုးကိုဆိုလို့ ကံနိမိတ်ပဲ ဆိုလိုက်တယ်၊ အမှန်ကတော့ ကံပါပဲ။

အဲဒီကံဟာ အတိတ်ကပြုခဲ့တဲ့ကံဟာ ပေါ်လာတတ်တယ်၊ အဲဒီလို မဟုတ် ရင်လဲပဲ ကမ္မနိမိတ်ဆိုတာ ပေါ်လာတတ်တယ်။

ကမ္မနိမိတ်ဆိုတာက ဘာလဲတဲ့၊ အဲဒီကံပြုစဉ်အခါတုန်းက တွေ့ရကြုံရတဲ့ အာရုံခြောက်ပါး၊ အလှူအတန်းပြုရင် အလှူအတန်းပြုတဲ့ ကုသိုလ်စေတနာကံပေါ့၊ အလှူခံပုဂ္ဂိုလ်တို့ အလှူခံပစ္စည်းတို့ကျတော့ ကမ္မနိမိတ်လို့ခေါ်ရတယ်၊ အကုသိုလ်မှာလည်းပဲ သတ်ရင် သတ်တာကကံ၊ အသတ်ခံရတဲ့ သတ္တဝါတို့သတ်တဲ့ လက်နက်တို့ ဘာတို့က ကမ္မနိမိတ်ဆိုတာတွေလည်း စိတ်ထဲမှာ ထင်ပေါ်လာ တတ်တယ်။

အဲဒီကမ္မနိမိတ်က နှစ်မျိုးရှိတယ်၊ ပထမဟာကို ပါဠိလို “ဥပလဒ္ဓနိမိတ်” လို့ ခေါ်တယ်၊ ဒါက ကံနှင့် ဆက်စပ်ပြီးတော့ တိုက်ရိုက်ကြုံရတဲ့ အာရုံ၊ ပုံစံက ကျောင်းဆောက်လှူရင် ကျောင်းကြီးပေါ့၊ ဒီကျောင်းကို ဘာလို့ခေါ်လဲ၊ ကမ္မနိမိတ်လို့ ခေါ်တယ်၊ လှူတဲ့အလှူကို ကံ၊ ကျောင်းကကမ္မနိမိတ်၊ ဒါက ဥပလဒ္ဓ ကမ္မနိမိတ်၊ ဥပလဒ္ဓ ဆိုတာ ရအပ်တယ်လို့ မြန်မာလိုအဓိပ္ပာယ်ရှိတယ်။ “ဥပကရဏ” ဆိုတာကံပြီးမြောက်ဖို့ရာ အခြံအရံဖြစ်တဲ့ အာရုံ၊ ခုန ကျောင်း

[စာမျက်နှာ-204] ဆောက်လှူတဲ့အခါမှာ ကျောင်းတင်မကဘူးပေါ့၊ ကျောင်းလှူရင်းနဲ့ ဆွမ်းတွေလှူတယ်၊ သင်္ကန်းတွေလှူတယ်၊ ကျောင်းသုံးပစ္စည်းတွေ လှူတယ်၊ အဲဒီ အခြံအရံ ဖြစ်တဲ့ ပစ္စည်းတွေက ဘာလို့ခေါ်လဲဆိုတော့ “ဥပကရဏကမ္မနိမိတ်” ဒါတွေလည်း ပြန်ပြီးတော့စိတ်ထဲမှာ ပေါ်လာတာပေါ့၊ ကမ္မနိမိတ်သော်လည်း ပေါ်လာတယ်။

နောက်တစ်ခုက “ဂတိနိမိတ်” တဲ့၊ ဂတိဆိုတာ ဒီနေရာမှာ လားရာလို့ ဆိုလိုတယ်၊ လားရာဆိုတော့ အင်္ဂလိပ်လိုဆိုတော့ (destination) ပေါ့လေ၊ ရှေးရောက်ရမယ့်ဘဝ၊ အနာဂတ်မှာရောက်ရမယ့်ဘဝ အဲဒါကို “ဂတိ” လို့ ခေါ်တယ်။

ဂတိနိမိတ်ကတော့ လားရာဘဝမှာ တွေ့ကြုံရလတံ့ဖြစ်တဲ့အာရုံ၊ အဲဒါမှာလည်းပဲ “ဥပလဘိတဗ္ဗ”၊ “ဥပဘောဂ” တစ်ခါ ၂- မျိုးခွဲပြန်တယ်။

ဥပလဘိတဗ္ဗဆိုတာ တိုက်ရိုက်ရောက်ထိုက်တဲ့အရပ်၊ အကယ်၍ လူဖြစ်မယ် ဆိုရင်လည်း အမိဝမ်းရေပေါ့လေ၊ သားအိမ်ရဲ့ အတွင်းက wall ကြီးပေါ့၊ ဒီလို ဟာတွေ ပေါ်လာတယ်၊ သို့မဟုတ် ငရဲကျမယ့်သူဆိုရင်လည်း ငရဲဘုံပေါ့လေ၊ နတ်ပြည်ရောက်မယ့် သူဆိုရင်လည်းပဲ နတ်ဘုံပေါ့လေ၊ အဲဒါမျိုးတွေပေါ်လာတယ်။ မြင်လာတယ်ပေါ့နော်၊ အဲသလိုဖြစ်လာရင် ဥပလဘိတဗ္ဗဂတိနိမိတ် သူ့မှာ ထင်နေပြီလို့ ဆိုလိုတယ်။

ဥပဘောဂ ဂတိနိမိတ်ဆိုတာ အဲဒီဘုံမှာ တွေ့ကြုံခံစားရမယ့်ဟာတွေပေါ့။ လင်းတကောင်တို့ ခွေးတွေ၊ ခွေးနက်ကြီးတွေက ကိုယ့်ကိုလိုက်တာတို့ဘာတို့ ခွေးတွေ၊ ငရဲမီးတွေ၊ ငရဲကျမယ့်သူဆိုလို့ရှိရင် အဲဒီလိုဟာတွေပေါ့၊ ငရဲဘုံမှာ ခံစားရမယ့်ဟာတွေ၊ တိရစ္ဆာန်ဖြစ်မယ်ဆိုရင်လည်းပဲ တိရစ္ဆာန်အလိုက် တောကြီးတွေ ဘာကြီးတွေ ပေါ်လာမယ်၊ ကောင်းတဲ့ဘက်ကပြောရင်လည်း နတ်သားတို့ နတ်သမီးတို့ ဥယျာဉ်တို့ ဗိမာန်တို့ ပဒေသာပင်တို့ ဒါတွေဟာ ဥပဘောဂ၊ လာလတ္တံ့ဘဝမှာ တွေ့ကြုံခံစားရမယ့် အာရုံတွေ၊ အဲဒီလို အာရုံဒီသုံးမျိုးမှာ တစ်မျိုးမျိုး ထင်လာတယ်တဲ့။

ဒါကြောင့်မို့ ကံ ရယ်၊ ကမ္မနိမိတ် ရယ်၊ ဂတိနိမိတ် ရယ်၊ ဒီသုံးမျိုးကို ခွဲခြား ပြီးတော့ သိထားရမယ်၊ နားလည်ထားရမယ်။

ပြန်ပြောဦးမယ်၊ ကံဆိုတာ နောက်ဘဝမှာ ပဋိသန္ဓေကျိုးပေးတော့မယ့် ရှေးတုန်းကပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံပေါ့လေ၊ အခုမှ (ဆိုပါတော့) မသေခင်တော်တော်လေးက ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံလည်း ဖြစ်နိုင်တာပါပဲ။ ရှေးဆိုတာ သေခါနီးမကျခင်ပေါ့လေ၊ ဟိုးနောက်ဘဝတွေက စပြီးတော့ ဒီဘဝမှာ ရော ဒါအကုန်ပါသွားမယ်။

[စာမျက်နှာ-205] ကမ္မနိမိတ်ဆိုတာကျတော့ အဲဒီကံပြုစဉ်တုန်းက ဒီအခြံအရံ အဆောက်အအုံ (instrument ကို ဆိုလိုတယ်) တွေဖြစ်တဲ့ ပစ္စည်းတွေ အာရုံတွေပေါ့လေ။

ဂတိနိမိတ်ဆိုတာကတော့ လားရမယ့်ဘဝ အာရုံ၊ အဲဒီဘဝ တိုက်ရိုက်ဖြစ်စေ၊ အဲဒီဘဝမှာ တွေ့ကြုံခံစားရမယ့်ဟာတွေဖြစ်စေ မြင်လာတာနော်၊ မျက်စိထဲမှာ ပေါ်လာတာ ဂတိနိမိတ်တဲ့။

အဲဒီလို ကံသည်သော်လည်းကောင်း၊ ကမ္မနိမိတ်သည်သော်လည်းကောင်း၊ ဂတိနိမိတ်သည်သော်လည်းကောင်း၊ တစ်ခုခုဟာ ပေါ်လာမြဲတဲ့၊ ဒီတစ်ခုခုကို မြင်တွေ့ပြီးတော့မှ သေတဲ့စိတ် စုတိစိတ် ပေါ်လိမ့်မယ်၊ စုတိစိတ် မပေါ်ခင် ဒီ မရဏာသန္နဝီထိ ဆိုတာဖြစ်မယ်၊ အဲဒီမရဏာသန္နဝီထိမှာ ကြည့်ပြီးတော့ ဘယ်စိတ်တွေက ဘာအာရုံပြုတယ်၊ တော်ကြာကျတော့ ခွဲမယ်။

အဲဒီကံတစ်မျိုးမျိုးဟာ ကံရဲ့ အစွမ်းကြောင့်ထင်တဲ့အခါမှာ ဒွါရ ၆-ပါးတို့တွင် တစ်ပါးပါး၌ ထင်လာတယ်၊ ကံအာရုံကတော့ အတိတ်က ဖြစ်ခဲ့တာမို့လို့ မနောဒွါရမှာ ထင်မယ်ပေါ့လေ၊ ကမ္မနိမိတ်ကျတော့ အာရုံ ၆-ပါးလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထိုက်သည်အားလျော်စွာ ဒွါရ ၆-ပါးမှာထင်မယ်၊ ဂတိနိမိတ်ကိုတော့ အများ အယူအဆအတိုင်းကတော့ ရူပါရုံပဲရှိတယ်လို့ဆိုတယ်၊ ရူပါရုံဖြစ်ရင် စက္ခုဒွါရမှာ ဖြစ်လိမ့်မယ်ပေါ့လေ၊ အဲဒီလို။

ကောင်းပြီ၊ သေခါနီး စိတ်အစဉ် ဘယ်လိုဖြစ်သလဲတဲ့၊ နိမိတ်ထင်လာပြီး တဲ့နောက် အဲဒီနိမိတ်ကိုပဲ အာရုံပြုပြီးတော့ အကျိုးပေးလတ္တံ့ဖြစ်တဲ့ ကံအားလျော်စွာ ကုသိုလ်ကံက အကျိုးပေးမှာလား အကုသိုလ်ကံက အကျိုးပေးမှာလားပေါ့။ အဲဒီကံအားလျော်စွာပဲ ကုသိုလ်ကံက အကျိုးပေးမှာဖြစ်ရင်လည်းပဲ စင်ကြယ်တဲ့စိတ် အစဉ် ဖြစ်နေမယ်ပေါ့နော်၊ အကုသိုလ်ကံက အကျိုးပေးမှာ ဖြစ်ရင်လည်းပဲ ညစ်နွမ်းတဲ့ စိတ်အစဉ်ဖြစ်နေမယ်၊ အဲသလို စိတ်အစဉ်ဟာ ရောက်ထိုက်တဲ့ဘဝ အားလျော်စွာ အဲဒီဘဝ ဘက်သို့ ညွတ်နေလိမ့်မယ်၊ နောက်ရောက်လတ္တံ့ ဘဝသို့ ညွတ်ကိုင်းနေ သကဲ့သို့ မပြတ်များသောအားဖြင့် ဖြစ်တတ်၏။

များသောအားဖြင့် ဖြစ်တတ်၏ ဆိုတာက စိမ်ပြေနပြေ သေရရင်လည်းဒီလို သွားမှာပေါ့၊ ယင်ကောင်လေးကို တစ်ခါတည်း ဖိသတ်လိုက်တဲ့ အခါမျိုးကျတော့ ဒီလိုညွတ်ကိုင်းနေစရာ အချိန်မရဘူးပေါ့၊ မရဏာသန္နဝီထိကတော့ ဖြစ်တော့ ဖြစ်ရမယ်၊ ဆိုပါတော့၊ ထိုက်သည်အားလျော်စွာ ပဉ္စဒွါရဝီထိ၊ မနောဒွါရဝီထိ

[စာမျက်နှာ-206] တွေ ဖြစ်ရမယ်၊ သို့သော် အခုလို စိမ်ပြေနပြေ သေရတဲ့ လူမျိုးလို ညွတ်ကိုင်းနေစရာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ များသောအားဖြင့်လို့ ဒီလိုဆိုတယ်။

အဲဒီတော့ အကျိုးပေးမယ့်ကံက အကုသိုလ်ကံဖြစ်ရင် မစင်ကြယ်တဲ့ စိတ် အစဉ်ဖြစ်မယ်၊ အကျိုးပေးတဲ့ကံက ကုသိုလ်ကံဖြစ်ရင် စင်ကြယ်တဲ့ စိတ်အစဉ် ဖြစ်နေမယ်၊ ဟုတ်ပြီလား။

အဲဒီတော့ တစ်ခါတလေ မစင်ကြယ်တဲ့ စိတ်အစဉ်ဖြစ်နေရာကနေပြီးတော့ ကိုယ်ကပဲ ရှေးတုန်းက ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ်တစ်ခုခုကို သတိရလို့ဖြစ်စေ၊ အနီးအနားမှာရှိတဲ့ ဆွေမျိုးတို့ ဘာတို့က ကြံဖန်ကူညီပေးလို့ဖြစ်စေ ကောင်းတဲ့စိတ် အစဉ်သို့လည်း ပြောင်းသွားနိုင်တယ်။

ထို့အတူပဲ၊ နဂိုတုန်းက ကောင်းတဲ့ စိတ်အစဉ်ကနေပြီးတော့ မတော်တာ တစ်ခုခုကို သတိရလို့ မကောင်းတဲ့စိတ်အစဉ်လည်းပဲ ပြောင်းသွားနိုင်တယ်။ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေအဖို့ သေခါနီး အလွန်အရေးကြီးတယ်လို့ ပြောတာ၊ သေခါနီးမှာပဲ မိတ်ဆွေကောင်း၊ နားလည်တဲ့ မိတ်ဆွေ မိတ်ဆွေကောင်းဆိုတာ well meaning ဖြစ်ပေမဲ့ နားမလည်တဲ့ သူဆိုရင် ကို့ရို့ကားရား ဖြစ်နိုင်တယ်၊ ဒီလို အဘိဓမ္မာသဘော နားလည်ထားရင်သာ ကောင်းတယ်၊ အဲသလို မိတ်ဆွေကောင်း လိုတယ်။

ဟိုအရင်ကလည်း ခဏခဏပြောဖူးပါပြီ၊ ထပ်တော့ ပြောဦးမှာပဲ၊ ရှေးတုန်းက သောဏဂီရိဆိုတဲ့ အရပ်မှာ သောဏဆိုတဲ့ ရဟန္တာတစ်ပါးရှိတယ်၊ အဲဒီတော့ သူ့ရဲ့ အဖေက သန်သန်မာမာ ရှိတုန်း အခါက မုဆိုးလုပ်လာခဲ့တယ်၊ နောင်ကြီးတဲ့ အခါကျတော့ ရဟန်းဝတ်ပြီးတော့ သူ့သားနဲ့ အတူတူနေတယ်၊ အဲသလိုသေတော့မယ် ဖြစ်တဲ့အခါကျတော့ တစ်သက်လုံးက မုဆိုးလုပ်လာတာဆိုတော့ သူ့မှာသေခါနီး ကျတော့ ဘာနိမိတ်တွေ ထင်သလဲ ဆိုတော့ ခွေးတွေ သူ့ဆီလာတာ၊ ခွေးတွေ သူ့ကိုက်တယ်၊ အဲသလို သူ့မှာနိမိတ်ထင် တယ်တဲ့၊ ထင်တော့ သားကို ခြောက်ပါလေရာပေါ့လေ၊ သူလန့်ပြီးတာပေါ့။ အဲဒီလိုအော်တော့ ဘာဖြစ်တာလဲပေါ့။ ဦးဇင်းကြီး ဘာဖြစ်တာတုန်းမေးတော့ ဟာ ငါ့ခွေးတွေလိုက်လို့ဆိုတော့ သိပြီ၊ အင်း ငါ့အဖေကော့ ငရဲနိမိတ်တွေထင်နေပြီ ဒီအတိုင်း သေရင်တော့ ငရဲကျတော့မှာ သေချာတယ်၊ ဒါနဲ့ တစ်ခါထဲ အဲဒီ မထေရ်က ကိုရင်တွေကို ပန်းတွေဘာတွေ သွားရှာနေကြပေါ့ဆိုပြီးတော့ အဲဒီပန်းတွေ ခူးလာခိုင်းပေါ့လေ၊ အဲဒီပန်းတွေကို ဘုရားရင်ပြင်မှာ ပန်းမွေ့ရာခင်းပြီးတော့ အဲဒီ ဦးဇင်းကြီးကို ခေါ်သွားပေါ့လေ၊

[စာမျက်နှာ-207] ထမ်းခေါ်သွားပြီးတော့ ဟိုမှာ ချပြီးတော့ ဦးဇင်းကြီး ဒီမှာ ပန်းမွေ့ရာခင်းထားတယ်၊ ဘုရားပန်းတွေ လှူထားတယ်၊ ဘုရားကြည်ညိုလို့ ပြောလိုက်တဲ့အခါကျတော့ သူက အဲဒီ ဘုရားဘက် စိတ်က ရောက်သွားတယ်၊ ဘုရားပန်းလှူတာ၊ အဲသလို ဘုရားပန်းလှူတဲ့စိတ်နဲ့ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ခုနညစ်နွမ်းနေတဲ့ စိတ်အစဉ်ကနေပြီးတော့ စင်ကြယ်တဲ့စိတ် အစဉ်ဖြစ်သွားပြီ၊ သို့မဟုတ် အကုသိုလ်ဖြစ်နေတဲ့ စိတ်အစဉ်ကနေပြီးတော့ ကုသိုလ်စိတ် အစဉ် ဖြစ်သွားတယ်။

အဲဒီလို ကုသိုလ်စိတ်အစဉ်လည်း ဖြစ်သွားရော နိမိတ်ပြောင်းသွားတော့တာ၊ နတ်သမီးတွေ သူမြင်တယ်တဲ့၊ အဲသလို ပြောတယ်တဲ့နော်၊ အဲသလိုပြောပြီးတဲ့နောက် သေသွားတယ်၊ သေသွားတဲ့အခါကျတော့ နတ်ပြည်မှာ သွားပြီးတော့ နတ်ဖြစ်တယ်။ နောက်တုန်းက အကုသိုလ်လုပ်လာခဲ့ပေမဲ့ သေခါနီးမှာ ကုသိုလ်ဇော စောလိုက်တဲ့ အတွက်ကြောင့်မို့ သူဟာ နတ်ပြည်သွားဖြစ်တယ်။

ဒါပေမဲ့ သောဏမထေရ်က အားမရသေးတာနဲ့ နတ်ပြည်မှာ လိုက်ပြီး တရားဟောတာ၊ သောတာပန်ဖြစ်မှ စိတ်ချရမှ ပြန်လာတယ်လို့ ဆိုတယ်။

ဒါက အကုသိုလ်စိတ်အစဉ် ဖြစ်နေရာကနေပြီးတော့ ကုသိုလ်စိတ်အစဉ် ပြောင်းသွားတဲ့အတွက်ကြောင့်မို့ နောက်ဘဝမှာ ဘဝကောင်းရောက်သွားတာ၊ ဒါကြောင့်မို့ ဒီမှာ အကျိုးပေးလတ္တံ့ ကံအားလျော်စွာ စင်ကြယ်တဲ့စိတ်အစဉ် ညစ်နွမ်းတဲ့ စိတ်အစဉ် ဖြစ်တယ်ဆိုတာ ပထမတော့ ဟုတ်ပြီ၊ ပထမနဂိုအကျိုးပေး မယ့်ကံ ဖြစ်ပေမဲ့ ဘေးက နားလည်တဲ့ လူက ပြုပြင်ပြောင်းလဲပေးတဲ့ အတွက်ကြောင့်မို့ မကောင်းတာကနေ ကောင်းတာဖြစ်သွားမယ်။

မေး- အဲဒီလို ဒီသေခါနီး စိတ်အစဉ် ဒီနိမိတ်တွေမှာပေါ်တဲ့ အချိန်နဲ့ သေတဲ့အချိန် နဲ့ ကာလအပိုင်းအခြား အကွာအဝေးက သိပ်သိပ်နီးတာပေါ့။
ဖြေ- နောက်တစ်ခုကတော့ ဘာတုန်းဆိုတော့ သေခါနီးမှာ မကောင်းတဲ့စိတ် ဖြစ်သွားလို့ မကောင်းတဲ့ဘဝရောက်သွားရတာနော်၊ အသောကမင်းတြားကြီးဟာ ဦးဇင်းတို့ကျမ်းဂန်တွေအရ ပြောမယ်ဆိုရင် ရေတွင်း- ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀၊ ကျောင်းပေါင်း ၈၄၀၀၀၊ ဒီလိုစွန့်လှူပြီးတော့ မြတ်စွာဘုရားရဲ့ သာသနာတော်ကို ချီးမြှောက်လာတာ၊ သူလောက် မြတ်စွာဘုရားရဲ့ သာသနာတော်ကို လှူတဲ့ပုဂ္ဂိုလ် မရှိဘူးလို့တောင်ဆိုတယ်၊ မြတ်စွာဘုရားလက်ထက်ကတောင်မှ မရှိခဲ့ဘူးလို့ဆိုတယ်။ ဒါပေမဲ့ သူနေမကောင်းလို့ သေခါနီးအခါကျတော့ ဘယ်လိုလုပ်လိုက်သလဲ ဆိုတော့ အမတ်တွေက ဘဏ္ဍာတိုက်တွေဘာတွေ အကုန်လုံး ပိတ်ပစ်လိုက်တယ်၊

[စာမျက်နှာ-208] အခုခေတ်လိုပြောရင် ချိပ်ပိတ်ပစ်လိုက်တယ်ပေါ့လေ၊ သူဘာမှမလုပ်နိုင်တော့ဘူး၊ သူမပိုင်တော့ဘူး။

အဲဒီသေခါနီးမှာ သူ့အနားမှာ ဘာလေးရှိတုန်းဆိုတော့ ဖန်ခါးသီးလေး ရှိတယ်တဲ့နော်၊ ဖန်ခါးသီးထက်ခြမ်းကလေးတဲ့၊ အဲဒါလေးပဲ သူပိုင်တော့တယ် ဆိုတော့ သူသိပ်စိတ်မချမ်းမသာ ဖြစ်တယ်၊ ကြည့်စမ်း၊ ငါဟာ တစ်လောကလုံး ရေမြေအစိုးရတဲ့ ဘုရင်ဖြစ်လာပြီးတော့ အကုန်လုံး ပိုင်ဆိုင်ခဲ့တဲ့ ဘုရင်ဟာ အခု ဒါလေးပဲ ငါပိုင်တော့တယ်၊ ဖြစ်ရလေခြင်းပေါ့၊ လှူချင်တာလည်း မလှူရတော့ဘူးပေါ့ ဟိုက ပိတ်ထားပြီဆိုတော့ အဲဒီလို နှလုံးမသာမယာဖြစ်ပြီးတော့ အသောကမင်းကြီးက နတ်ရွာစံသွားရတာ။

အဲသလို သေသွားတဲ့အတွက်ကြောင့်မို့ ဘာသွားဖြစ်တုန်းဆိုတော့ မြွေကြီး သွားဖြစ်တယ်တဲ့နော်၊ နောက်တော့ သားတော် မဟိန္ဒသိတော့မှ လိုက်ပြီးတော့ တရားဟောရတာပေါ့လေ၊ နောက်တော့ ကြာကြာတော့ မဖြစ်ဘူးပေါ့လေ၊ သို့သော် ချက်ချင်းတော့ သွားဖြစ်တယ်နော်၊ အဲဒီကနေ ကျွတ်သွားတယ်လို့ဆိုတယ်။

အဲဒါကြောင့်မို့ ဒီသေခါနီးအခါမှာ အလွန်အရေးကြီးတယ်၊ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာတွေအနေနဲ့ဆို ပရိတ်လေး ဘာလေး ရွတ်ပေးတာ၊ ဘုရားအကြောင်း တရားအကြောင်းပြောတာ၊ ဒါမျိုးပေါ့။

အဲဒီလို စိတ်ညွတ်ကိုင်းပြီးတော့ နေတာပဲများတယ်၊ ထုလို့ ရိုက်လို့ချက်ချင်း သေသွားတာမျိုးကလွဲရင်ပေါ့။

ကောင်းပြီ၊ ကံ အာရုံ ထင်ပုံက တစ်နည်းရှိသေးတယ်တဲ့နော်၊ ဒါက ဘာလဲဆိုတော့ ခုနပထမကံနိမိတ် ထင်တာကတော့ ဒီကံကို သတိရတာပဲရှိတယ်။ ကံကို သတိရတော့ ဒီကံက စိတ်ထဲမှာပေါ်လာတယ်၊ အခုဟာကျတော့ နောက် တစ်နည်းထင်ပုံကတော့ ပဋိသန္ဓေကိုဖြစ်စေတတ်တဲ့ အဲဒီကံကပဲ၊ အဲဒီအခါမှာ အသစ်ပြုနေရသလို မနောဒွါရမှာ ထင်လာတယ်တဲ့၊ တစ်ခါ အခုကိုပြန်ပြီးတော့ အဲဒီကံကို လုပ်နေရသလို ပြန်ထင်လာတယ်နော်၊ အလှူပေးခဲ့ဖူးတာတွေ့ရင် အလှူပေးတာ သာမန်သတိရတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင် အဲဒီအချိန်အခါမှာ လုပ်နေရသလိုပဲ၊ အကယ်၍ သူများသတ်ခဲ့တာမျိုးဆိုရင်လည်း ကိုယ်တိုင်သတ်ခဲ့ရ၊ တကယ်သတ်နေရသလို အဲဒီလို အချိန်အခါမှာ ထင်ထင်ရှားရှားကြီး ပေါ်လာတယ်၊ အဲဒီလိုလည်းပဲ ကံဟာ ပေါ်လာနိုင်တယ်။

မေး - အဲသလိုပေါ်တယ်ဆို ဘယ်လိုဖြစ်မလဲ၊ ကောင်းတဲ့ကံဆိုရင်ကော။

[စာမျက်နှာ-209] ဖြေ- ကောင်းတဲ့ကံကလည်း ကောင်းတဲ့အကျိုးကိုပေးမယ်၊ မကောင်းတဲ့ကံကလည်း မကောင်းတဲ့အကျိုးသွားတော့မှာပေါ့၊ ဟိုရှေးတုန်းက ပြုထားဖူးတော့ သူ့ဟာသူ အလိုလိုပေါ်လာတာက တစ်မျိုးဟုတ်လား၊ ဒါကနီးမှ တစ်ယောက်ယောက်က ဆောင်ရွက်ပေးလို့ဖြစ်စေ၊ ပြန်သတိရလာတဲ့ အခါကျတော့ တကယ့်ကို ကိုယ်တိုင်ပြန် လုပ်နေရသလို ထင်ထင်ရှားရှားကြီး ဖြစ်လာတာ၊ အဲဒီလိုလည်းပဲ ကံအာရုံဟာ ထင်နိုင်တယ်တဲ့။

မျောသွားတဲ့အခါမှာလည်းပဲ အဲဒါမျိုးတွေ ဖြစ်တတ်တယ်၊ တကယ့်ကို သူတစ်ခုခု လုပ်နေရသလိုပဲ၊ တချို့တွေမျောသွားပြီးတော့ ပြန်ပြောတာတွေရှိတယ်။

ဦးဇင်းအစ်ကိုဝမ်းကွဲတစ်ယောက် ရှိဖူးတယ်၊ သူဒီလိုပဲဖျားပြီးတော့ နောက် မျောသွားပြီးတော့မှ ပြန်သတိရလာတဲ့အခါကျတော့ သူကတော့ ကောင်းပါတယ်။ သူ့ကို ရှင်မောဂ္ဂလာန်က တာဝတိံသာခေါ်သွားတယ်တဲ့၊ နောက်ကျတော့ ရှင်သာရိပုတ္တရာနဲ့တွေ့ပြီး သူ့ရှင်ပြုပေးတယ်၊ ရှင်ပြုပေးပြီးတော့ သူက တစ်ခါထဲ သီလပေးတာကို၊ သီလပေးတော့ ပါးစပ်က သီလယူကြနဲ့ အဲသလို ပြောတာ၊ အနားပြုစုတဲ့ အဖိုးကြီးတွေကလည်း သူချပေးတာ လိုက်ဆိုကြတယ်တဲ့၊ သီလယူတယ်၊ အဲသလို၊ အဲဒါကတော့ ကောင်းတဲ့ဟာပေါ့လေ။

မကောင်းတာတွေလည်း ရှိမှာပေါ့၊ အဲဒီလို သေခါနီးမှာ ကြောက်လန့်ပြီးတော့ အာရုံမကောင်းတာတွေ ထင်လာတယ်၊ အဲဒီလိုများ တွေ့ကြုံခဲ့ရရင် ပေါ့လေ၊ သူများဖြစ်တာ ကိုယ်က တွေ့ကြုံခဲ့ရရင် အတတ်နိုင်ဆုံး အဲဒီစိတ် ပျောက်သွားအောင် ဘုရား တရား သတိရလာအောင် တစ်နည်းနည်းနဲ့ ကိုယ်က ကူညီဆောင်ရွက်ပေးဖို့ အရေးကြီးတယ်၊ အဲဒီလို ကံအာရုံ ထင်လာ နိုင်တယ်။

မေး - ဘုရားတရား မယုံကြည်တဲ့သူကို ဘယ်လိုကူညီရမလဲ။
ဖြေ - ဘုရား၊ တရား မယုံကြည်တဲ့လူဆိုရင်လည်းပဲ မင်းတို့နောက်တုန်းက ကောင်းတာတွေ လုပ်ခဲ့တာမျိုးလေးတွေပေါ့လေ၊ လုံးဝကုသိုလ်ကောင်းမှု မလုပ်ဖူးတဲ့ သူကတော့တော်တော်ရှားပါလိမ့်မယ်၊ အဲသလို စိတ်ချမ်းသာအောင် အာရုံပြောင်း သွားအောင်တော့ လုပ်ပေးရမယ်နော်။

အဲဒီလို ထင်နေပြီးတဲ့နောက်မှာ သေတဲ့စုတိစိတ်ကျမယ်၊ အဲဒီတော့ မရဏာသန္နဝီထိ တဲ့၊ သေခါနီးဝီထိလို့ ဆိုလိုတယ်၊ ဒါပေမဲ့ ဝီထိက သေခါနီးတင် မဟုတ်ဘူး၊ သေတာလည်းပါတယ်၊ နောက် ပဋိသန္ဓေနေတာလည်းပါတယ်။ အားလုံး တစ်ခုလုံးကို ဘာလို့ခေါ်လဲဆိုရင် မရဏာသန္နဝီထိလို့ ခေါ်တယ်နော်။

[စာမျက်နှာ-210] သေခါနီးရယ်၊ သေဆဲရယ်၊ သေပြီးနောက်ရယ်ပေါ့။

အဲဒီမရဏာသန္နဝီထိမှာ စိတ်ရဲ့ အဆုံးမှာလည်းပဲ စုတိစိတ်ဖြစ်နိုင်တယ်၊ ဘဝင်ရဲ့ အဆုံးမှာလည်းပဲ စုတိစိတ်ဖြစ်နိုင်တယ်၊ စုတိစိတ်ဆိုတာက ဒီဘဝရဲ့ နောက်ဆုံးဖြစ်တဲ့စိတ်နော်၊ စုတိစိတ်အပြင် ဒီဘဝမှာ နောက်ဆုံး ဖြစ်တဲ့စိတ်ရယ်လို့ မရှိတော့ဘူး၊ အဆုံးသတ်စိတ်ကို စုတိစိတ်။

မြန်မာစကား စုတေတယ်၊ စုတေတယ်နဲ့ သုံးတယ် မဟုတ်လား၊ နတ်တွေကျမှ စုတေတယ်လို့ ပြောကောင်းတယ် ထင်နေတယ်နော်၊ စုတေတယ်ဆိုတာ ရိုးရိုးသေတာကိုပဲ ဆိုလိုတာ၊ လူလည်းစုတေတယ်လို့ ပြောလို့ရတာပဲ၊ နတ်လည်းပြောလို့ ရတာပဲ။

အဲဒီ စုတိစိတ်ဆိုတာဟာ စုတိဆိုတာ လျောကျသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ဒီဘဝက အသက်ကလျောကျသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ အဲဒီစုတိစိတ်ဟာ ပစ္စုပ္ပန်ဘဝမှာ ဖြစ်ရင် နောက်ဆုံးဖြစ်တဲ့စိတ်ပဲ၊ အဲဒီနောက်ဆုံးဖြစ်တဲ့စိတ်ဟာ ဝီထိစိတ်ရဲ့ အဆုံးမှာလည်းပဲ ပေါ်လာနိုင်တယ်၊ ဘဝင်စိတ်ရဲ့ အဆုံးမှာလည်း ပေါ်လာ နိုင်တယ်။

အဲဒီလို စုတိစိတ် ဖြစ်ပြီးတဲ့နောက် ဘာမှမခြားဘဲနဲ့ ဘဝသစ် ပဋိသန္ဓေ စိတ်ဖြစ်တယ်၊ အဲဒီတော့ စုတိနဲ့ ပဋိသန္ဓေကြားမှာ ဘာမှမရှိဘူး၊ တရားလည်း မခြားဘူး၊ ကာလလည်းမခြားဘူး၊ ဆက်တိုက်ဖြစ်တယ်၊ အဲသလို ပဋိသန္ဓေစိတ် ဥပါဒ်တယ်ဆိုရင်ပဲ ဘဝသစ်ရောက်သွားပြီ၊ ဘဝသစ်ဖြစ်သွားပြီ၊ ဆိုင်းမနေတော့ဘူး၊ အဲ-တစ်ရက်ပဲ နှစ်ရက်ပဲ ခုနစ်ရက်ပဲ ဆိုင်းနေတာမဟုတ်ဘူး၊ စုတိစိတ်ပြီးတဲ့နောက် ပဋိသန္ဓေ စိတ်ဖြစ်တယ်ဟေ့ ဆိုရင် ဒါ ဘဝသစ်ပဲ။

ဒါကြောင့်မို့ ဘဝဟောင်းနဲ့ ဘဝသစ်ဟာ ဘာမှ မခြားဘူး၊ တစ်ဆက်တည်း သွားတာပဲ၊ ဒါပေမဲ့ အခြေအနေက ကွာလွန်းတော့ ဒီဘဝက ဘဝတစ်ခု ဟိုဘဝက ဘဝတစ်ခုလို့ဆိုရတာ၊ တရားသဘော အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီရုပ်နာမ်တွေဟာ ဒီဘဝဖြစ်ချုပ်သွားပြီးနောက်ဘဝ တစ်ခါဖြစ်တာပဲ၊ အဲဒီတော့ ဒီဘဝမှာ တစ်ခဏပြီးတစ်ခဏ ဖြစ်ချုပ်ဖြစ်နေတာနဲ့ စုတိပြီးတဲ့နောက် ပဋိသန္ဓေ ဖြစ်သွားတာနဲ့ဟာ ဘာမှ မထူးဘူး။

ဒါကြောင့်မို့ ဒီဘဝမှာ ရုပ်နာမ်ဖြစ်ပုံ နားလည်နိုင်ရင် နောက်ဘဝ ရုပ်နာမ် ဖြစ်ပုံလည်းပဲ နားလည်နိုင်တယ်၊ ဒီလိုဆိုလိုတယ်၊ အဲဒီမှာ ဝီထိစိတ်ရဲ့ အဆုံးမှာလည်းပဲ စုတိဖြစ်နိုင်တယ်၊ ဘဝင်ရဲ့ အဆုံးမှာလည်းပဲ စုတိဖြစ်နိုင်တယ်ဆိုတော့ ဝီထိ

[စာမျက်နှာ-211] ပြန်စဉ်းစားကြည့်စမ်း၊ ဝီထိမှာ တဒါရုံကျတဲ့ ဝီထိရှိတယ်၊ တဒါရုံမကျတဲ့ ဝီထိ ရှိတယ်၊ ဝီထိပိုင်းတုန်းက ဒါတွေ သင်ခဲ့ပြီး မှတ်မိသေးလားမသိဘူး၊ ဇောရဲ့ အဆုံးမှာ ဘဝင်ကျသွားတယ်၊ ဇော နောင် တဒါရုံ၊ တဒါရုံရဲ့ အဆုံးမှာ ဘဝင်ကျတယ်၊ အဲဒီဇောတို့၊ တဒါရုံတို့ကို ဝီထိစိတ်လို့ ခေါ်ရတယ်။

ဒါဖြင့် ဝီထိစိတ်အဆုံးမှာ စုတိဖြစ်နိုင်တယ်ဆိုရင် ဇော နောင် စုတိတစ်မျိုး ဖြစ်လိမ့်မယ်၊ တဒါရုံ နောင် စုတိတစ်မျိုး ဖြစ်လိမ့်မယ်၊ အဲဒီတော့ နှစ်မျိုးရမလား၊ မရဏာသန္နဝီထိနှစ်မျိုးရတယ်၊ တစ်မျိုးက ဇော နောင်စုတိ၊ နောက်တစ်ခုက ဇော နောင် တဒါရုံ နောင် စုတိ။

တစ်ခါ ဘဝင်၏ အဆုံး၌လို့ ဆိုတော့ အဲဒီဘက်က ဇော နောင်ဘဝင်ကျနိုင်တယ်၊ တဒါရုံ နောင်ဘဝင်ကျနိုင်တယ်၊ ပြီးတော့မှ စုတိဖြစ်မယ်နော်၊ အဲဒီ လိုလည်းရှိတယ်၊ အဲဒီလိုရှိရင် ဇော နောင်ဘဝင်၊ ဘဝင်နောင်ကျမှ စုတိ၊ ဇော နောင် တဒါရုံ၊ တဒါရုံ နောင်ဘဝင်၊ ဘဝင် နောင်ကျမှ စုတိ ဒီလိုလည်းရှိတယ်ဆိုတော့ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ဝီထိပေါင်း လေးမျိုးဖြစ်သွားနိုင်တယ်။ ဟိုးအောက်နားမှာကြည့် -

၁။ ဇော နောင် စုတိ ကျတဲ့ဝီထိ
၂။ တဒါရုံ နောင် စုတိ ကျတဲ့ဝီထိ (တဒါရုံနောင်စုတိကျတယ်ဆို တဒါရုံရှေ့က ဇောတော့ရှိရမယ်နော်၊ ဇောမရှိရင် တဒါရုံဆိုတာရှိကိုမရှိဘူးနော်)
၃။ ဇော နောင် ဘဝင်၊ ဘဝင်နောင် စုတိ
၄။ ဇော နောင် တဒါရုံ၊ တဒါရုံ နောင် ဘဝင်၊ ဘဝင်နောင် စုတိ

အဲဒီလို အကြမ်းဖျင်းအားဖြင့်ဆိုရင် မရဏာသန္နဝီထိဟာ လေးမျိုးတောင်ဖြစ်နိုင်တယ်၊ ဒီထက် သွားဦးမယ်ဆိုရင် အများကြီး ရှိသေးတယ်။

ကောင်းပြီ၊ အဲဒီဘဝသစ်မှာ ပဋိသန္ဓေစိတ် ဖြစ်သွားတယ်ဆိုတော့ အဲဒီ ပဋိသန္ဓေစိတ်က ဘယ်လိုသဘောတရားရှိသလဲနော်၊ ကောင်းပြီ၊ စုတိပြီးတော့ ပဋိသန္ဓေစိတ် ဆက်တိုက်ဖြစ်တယ်၊ အဲဒီ ပဋိသန္ဓေစိတ်က ဘာကို အာရုံပြုသလဲ။ ဘယ်အာရုံကိုယူသလဲ၊ အာရုံယူတယ် ဆိုတာနဲ့ အာရုံပြုတယ်ဆိုတာနဲ့ အတူတူပေါ့။ ဘယ်ကို အာရုံပြုသလဲ၊ မရဏာသန္နဇောယူတဲ့ အာရုံကိုပဲ သူက အာရုံပြုတယ်နော်။

ပြီးတော့ အဲဒီပဋိသန္ဓေစိတ်ဟာ ကာမဘုံ ရူပဘုံမှာဖြစ်ရင် မှီရာဝတ္ထုရုပ်ရှိတော့တာပေါ့၊ ဟဒယဝတ္ထုရုပ်မမှီလို့ သူမဖြစ်ဘူး၊ အရူပဘုံမှာဖြစ်ရင်တော့ မှီရာဝတ္ထုရုပ် မရှိဘဲဖြစ်လိမ့်မယ် ဒါကြောင့်မို့ သူ့မှာ မှီရာဝတ္ထုရုပ်ရှိတဲ့ အခါလည်း ရှိလိမ့်မယ်၊ မရှိတဲ့အခါလည်း မရှိပေဘူး။

[စာမျက်နှာ-212] ပြီးတော့ အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသော ကံကြောင့် ဖြစ်တယ်၊ အဲဒီတော့ ဖြစ်လာတဲ့ပဋိသန္ဓေစိတ်ဟာ ဝိပါက်မဟုတ်ဘူးလား၊ အဲဒီဝိပါက် စိတ်ဟာ ကံကြောင့်ဖြစ်တာ၊ နောက်ကပြုခဲ့တဲ့ကံကြောင့် ဒီဘဝမှာ လာပြီးတော့ (အဲဒီဘဝဆိုတာ အခုသေပြီးတဲ့ဘဝပေါ့) ပဋိသန္ဓေ ဝိပါက်စိတ်ဖြစ်တယ် မဟုတ်လား။

အဲဒီကံဟာ အဝိဇ္ဇာနုသယခြံရံလျက် တဏှာနုသယ အရင်းခံရှိသောကံ၊ အဝိဇ္ဇာဆိုတာ မောဟကိုခေါ်တယ်၊ တဏှာဆိုတာ လောဘကိုခေါ်တယ်၊ အဲဒီတော့ အကယ်၍ အကုသိုလ်ကံ ဖြစ်မယ်ဆိုရင်တော့ မောဟက တွဲပြီးတော့ မပါပေဘူးလား၊ အကုသိုလ်စိတ်မှာ မောဟယှဉ်တယ်၊ တွဲပါတယ်။

ပြီးတော့ တစ်ခါ တဏှာနုသယဆိုတော့ အနုသယဆိုတာ ကိန်းနေတာပေါ့လေ၊ အောက်မှာနေတာ၊ သို့သော် တဏှာနုသယက ဖြစ်ပေါ်ပြီးတော့လည်း လာနိုင်တယ်၊ ဖြစ်ပေါ်လာတဲ့အခါကျတော့လည်း ပရိယုဋ္ဌာန လို့ ခေါ်တယ်နော်၊ ကောင်းပြီ၊ အဲဒီတဏှာနုသယ အကုသိုလ်စိတ်မှာ လောဘမူစိတ် ၈-ခုမှာဆိုရင် မောဟနဲ့ လောဘ ၂-မျိုးမယှဉ်ဘူးလား၊ ယှဉ်တယ်၊ အကယ်၍ ဒေါသမူစိတ် ဖြစ်မယ်ဆိုရင်တော့ မောဟနဲ့ပဲ ယှဉ်မယ်၊ လောဘနဲ့မယှဉ်ဘူး၊ မယှဉ်ပေမဲ့လည်း လောဘ အရင်းခံကြောင့်ပဲ ဒီကံတွေ ဖြစ်လာတာနော်၊ အဝိဇ္ဇာနဲ့ တဏှာဒီနှစ်ခု အရင်းခံပြီးတော့ သတ္တဝါတွေမှာ ကုသိုလ်ကံ အကုသိုလ်ကံဖြစ်တာ။

အဲဒီတော့ အကုသိုလ်ကံက သူတို့ကို အမှီပြုပြီးတော့လည်းပဲ ဖြစ်နိုင်တယ်။ သူတို့နဲ့ အတူယှဉ်တွဲပြီးတော့လည်း ဖြစ်နိုင်တယ်၊ ပဋ္ဌာန်းနည်းနဲ့ကျတော့ ဒါလာ လိမ့်မယ်၊ သဟဇာတသတ္တိ တို့၊ ပကတူပနိဿယသတ္တိ နဲ့ အခုတော့ နားမလည် သေးဘူး၊ ထားပါတော့။

အဲဒီတော့ အကယ်၍ အကုသိုလ်ကံဖြစ်မယ်ဆိုရင် အဝိဇ္ဇာနုသယခြံရံတယ် ဆိုတာဟာ မောဟကို အမှီပြုပြီးတော့ ဖြစ်တယ်လို့လည်းဆိုနိုင်တယ်၊ မောဟနဲ့ တွဲပြီးတော့ ဖြစ်တယ်လို့လည်း ဆိုနိုင်တယ်နော်၊ တဏှာနုသယအရင်းခံရှိတယ် ဆိုတာမှာလည်းပဲ ဒီလောဘတဏှာကို အရင်းခံပြီးတော့ အကုသိုလ်ကံဖြစ်တယ် သို့မဟုတ် လောဘတဏှာနဲ့တွဲလျက်လည်းပဲ လောဘမူစိတ်အကုသိုလ်ကံ ဖြစ်နိုင်တယ်၊ အကုသိုလ် ကံ အနေနဲ့ ပြောတာ။

ဒါဖြင့် ကုသိုလ်ကံကျတော့ ဘယ်လိုလဲ၊ ကုသိုလ်ကံကလည်းပဲ အဝိဇ္ဇာနဲ့ တဏှာအရင်းခံရှိနေလို့ ကုသိုလ်ဖြစ်နေတာ၊ ကုသိုလ်လုပ်ကြတာ၊ အကယ်၍သာ တဏှာမရှိဘူး၊ လောဘမရှိဘူး၊ တွယ်တာမှုမရှိဘူး ပြီးတော့လည်းပဲ အမှန်အတိုင်း

[စာမျက်နှာ-213] လည်း မြင်နေမယ်ဆိုရင် ကုသိုလ်လည်းပဲ မရှိတော့ဘူး။

ဒါကြောင့်မို့ အဝိဇ္ဇာနဲ့တဏှာကို အမြစ်ပြတ်ပြီးတဲ့ ရဟန္တာတွေမှာ ကုသိုလ်စိတ် မဖြစ်ဘူး၊ ကုသိုလ်အစား ကြိယာစိတ်သာ ဖြစ်တော့တယ်။

ဒါကြောင့်မို့ ကုသိုလ်ကံလို့ ဒီနေရာမှာယူမယ်ဆိုရင် အဝိဇ္ဇာနုသယ ခြံရံတာနဲ့ တဏှာနုသယ အရင်းခံတာကို အဓိပ္ပါယ်တစ်မျိုး ယူရမယ်။ အကုသိုလ်ကံဆိုရင် အဓိပ္ပါယ်တစ်မျိုး ယူရမယ်နော်၊ အကုသိုလ်ကံဆိုရင် အမှီပြုပြီးတော့လည်း ဖြစ်တယ်၊ အတူတူလည်းဖြစ်တယ်၊ ကုသိုလ်ကံဆိုရင် အမှီပြုပြီးတော့သာ ဖြစ်တယ်၊ အတူတူမဖြစ်ဘူး။

အဲဒီလို အဝိဇ္ဇာနဲ့ တဏှာဝဋ်မြစ်လို့ခေါ်တဲ့ ဒီတရား ၂-ပါးရှိနေတဲ့အတွက်ကြောင့် အဝိဇ္ဇာက အမှန်အတိုင်းမမြင်အောင် ဖုံးလွှမ်းတတ်တယ်၊ အမှန်အတိုင်း မမြင်အောင် ကာပေးတတ်တယ်ဟုတ်လား၊ တဏှာက အဲသလို ဖုံးလွှမ်းပေးလိုက်တာကို ကိုယ့်ကိုညာပြီးတော့ ပေးတဲ့ပစ္စည်းကို ကိုယ်ကစွဲလမ်းသလို ပေါ့လေ၊ တဏှာက စွဲလမ်းတယ်၊ အဲဒီတော့ သူတို့ နှစ်ခုက သိပ်ကြောက်စရာ ကောင်းတယ်။ အဝိဇ္ဇာက မျက်စိဖုံးပေးတယ်၊ တဏှာက စွဲလမ်းအောင် လုပ်တယ် ဟုတ်လား၊ ဆုပ်မိဆွဲကိုင်အောင် လုပ်တယ်။

အဲဒီနှစ်ခုရှိနေတဲ့အတွက်ကြောင့်မို့ သတ္တဝါတွေက ကုသိုလ်ပြုမိတဲ့အခါ ပြုမိတယ်၊ အကုသိုလ်ပြုမိတဲ့အခါ ပြုမိတယ်နော်၊ ကုသိုလ်ပြုမိတာလည်း ဒီဟာ အရင်းခံပဲ၊ အကုသိုလ်ပြုမိတာလဲ ဒီဟာ အရင်းခံပဲ။

ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ဟာ ရှေးကပြုခဲ့တဲ့ကံကြောင့်ဖြစ်တာ၊ အဲဒီကံဟာလည်း ကံသက်သက်လေး မဟုတ်ဘူး၊ စေတနာတစ်ခုတည်းက ဖြစ်စေတာ မဟုတ်ဘူး၊ အဲဒီစေတနာမှာ အဝိဇ္ဇာနဲ့ တဏှာပါနေတယ်၊ အဲဒီအဝိဇ္ဇာနဲ့ တဏှာ အရင်းခံထားတဲ့ သို့မဟုတ် အတူတူဖြစ်တဲ့ကံက အကျိုးပေးတဲ့ အတွက်ကြောင့်မို့ ပဋိသန္ဓေစိတ်ပေါ်လာတယ်၊ ဒါကို ဆိုလိုတယ်။

[စာမျက်နှာ-214] အဲဒီ ပဋိသန္ဓေစိတ်ဟာ သူတစ်ခုတည်း ဖြစ်တာမဟုတ်ဘူး၊ ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွဖြစ်တယ်၊ စာထဲပါလို့သာထည့်တာပါ၊ ဒါကတော့ ပြောစရာတောင် မလိုပါဘူး၊ သင်္ဂြိုဟ်ဒီလောက် သင်လာမှတော့ စိတ်ချည်းဖြစ်တယ်လို့ ဘယ်သူ ယူဆမလဲ၊ မယူဆဘူး၊ စိတ်ဖြစ်ရင် စေတသိက် မပါဘူးလား၊ ပါတော့တာပေါ့နော်၊ သမ္ပယုတ်တရားတွေ ရှေ့သွားခေါင်းဆောင်ကဲ့သို့လည်း ဖြစ်တယ်။

ဒါက စိတ်နဲ့ စေတသိက်မှာ စိတ်က ရှေ့သွားဖြစ်တယ်မဟုတ်လား၊ နောက် စိတ်က ခေါင်းဆောင်သဖွယ်ဖြစ်တယ်၊ စိတ်က ပြဋ္ဌာန်းတယ်၊ ဒါကြောင့်မို့ စိတ်မပါရင် စေတသိက် မပေါ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား၊ ဒါကြောင့်မို့ သူ့ကို ရှေ့သွားခေါင်းဆောင်၊ သူက ရှေ့ဆောင်နေသလိုလည်းပဲ ဖြစ်တယ်တဲ့။

သူ့ကိုဘာကြောင့် ပဋိသန္ဓီလို့ ခေါ်သလဲ၊ ပါဠိလို ပဋိသန္ဓီလို့ ခေါ်လည်း ဦးဇင်းတို့က မြန်မာလို ပဋိသန္ဓေလို့ လုပ်ပေးလိုက်တယ်၊ အမှန်တော့ ဆက်စပ် ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်၊ ပဋိသန္ဓေလို့ဆိုတာ အင်္ဂလိပ်လို (re-linking) လို့ အဲသလိုပြန်တယ်၊ ဘဝတစ်ပါးကို စပ်ပေးတတ်တဲ့အတွက်ကြောင့်မို့ သူ့ကို ပဋိသန္ဓီလို့ခေါ်တာတဲ့နော်၊ အကယ်၍ ဒီ ပဋိသန္ဓေစိတ် မဖြစ်ဘူးဆိုရင် ဘဝကြီး ပျောက်သွားပြီပေါ့၊ အခု ဆက်ပြီး ဖြစ်နေတာဟာ ဒီစိတ်ကလေး ဖြစ်နေလို့ ဒီစိတ်ကလေးကနေ တစ်ခါတဆင့် နောက် ဘဝင်စိတ်တွေကနေပြီးတော့ ဘဝတစ်ခု ဆက်သွားတာ၊ ဒါကြောင့်မို့ သူ့ကို ဘဝကို စပ်ပေးတတ်တဲ့ သဘောရှိတဲ့အတွက် ကြောင့်မို့ သူ့ကို ပဋိသန္ဓေလို့ ခေါ်ရတယ်၊ အဲဒီ ပဋိသန္ဓေစိတ် ဖြစ်တယ်တဲ့နော်။

အဲဒီတော့ သင်္ဂြိုဟ်မှာ ဒီပဋိသန္ဓေစိတ်ဖြစ်တာတင် ပြောပြီးတော့ နောက်ထပ် ဘဝင်စိတ်တွေ ဘာတွေကျတော့ ထည့်မပြောတော့ဘူးနော်။

အဲဒါကျတော့ ဒီအာရမ္မဏသင်္ဂဟတုန်းက ပေးခဲ့တဲ့ပုံစံကို ကြည့်ပြီးတော့ ပြန်ပြီးတော့ ဒီအခုသိခဲ့ပြီးတဲ့ ဗဟုသုတ၊ သိခဲ့ပြီးတဲ့အချက်အလက်ကို ပြန်ပြီးတော့ လုပ်ယူကြမယ်၊ အဲဒါကြည့်ကြပေါ့နော်။

အဲဒီတော့ ဒီမရဏာသန္နဝီထိ အမျိုးမျိုး ရှိတယ်နော်၊ ဒီမှာ တစ်မျိုးတည်းပဲ ယူထားတာ၊ အဲဒီပြထားတဲ့ မရဏာသန္နဝီထိဟာ ပစ္စုပ္ပန် ရူပါရုံထင်လာပြီးတော့ စက္ခုဒွါရမှာဖြစ်တဲ့ ဝီထိကို ပြတာ၊ ဒီတစ်မျိုးတည်းလို့ မဆိုလိုဘူးနော်၊ ရူပါရုံ မဟုတ်ဘဲနဲ့ တခြားအာရုံ အာရုံပြုပြီးတော့ ဖြစ်နိုင်တယ်၊ ပြီးတော့ မနောဒွါရမှာလည်း ဖြစ်နိုင်တယ်၊ ဒါ (Just an example) ပေါ့လေ၊ သို့သော် သူက ပြလို့ ကောင်းတဲ့ပုံစံဖြစ်လို့ ဒီဝီထိကို ပြသွားတာ။

[စာမျက်နှာ-215] အဲဒီတော့ သေခါနီးအခါမှာ ရူပါရုံကို မြင်တယ်ဆိုတော့ ကမ္မနိမိတ်လည်းပဲ ဖြစ်နိုင်တယ်တဲ့နော်၊ ဂတိနိမိတ်လည်း ဖြစ်နိုင်တယ်၊ အဲတော့ ဒီရူပါရုံဟာ ကမ္မနိမိတ်သော်လည်းကောင်း၊ ဂတိနိမိတ်သော်လည်းကောင်း ဖြစ်လိမ့်မယ်။

ကံကတော့ မဖြစ်နိုင်ဘူး၊ ကံဆိုတာက နာမ်တရားမဟုတ်ဘူးလား၊ နာမ်တရား အတိတ်၊ အခုဟာက ပစ္စုပ္ပန်လည်း ဖြစ်ရမယ်၊ ရူပါရုံလည်းဖြစ်ရမယ်ဆိုတော့ ကမ္မနိမိတ်သော်လည်းကောင်း၊ ဂတိနိမိတ်သော်လည်းကောင်း ဖြစ်မယ်။

ကောင်းပြီ၊ အဲဒီပစ္စုပ္ပန် ရူပါရုံအာရုံပြုပြီးတော့ (ဆိုပါတော့နော်) ဒီပုဂ္ဂိုလ် သေတယ်ပြောကြစို့၊ အဲတော့ သူ့ ဝီထိဟာ ဘယ်လို ဖြစ်မလဲတဲ့နော်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ငါးကြိမ်၊ စုတိ၊ ဇောနောင် စုတိကျတဲ့ ဝီထိပေါ့၊ တဒါရုံ မပါဘူးနော်၊ စုတိပြီးတော့မှ စုတိ၏အခြားမဲ့မှာ ပဋိသန္ဓေဆက်တိုက် အဲဒီပဋိသန္ဓေနောက်မှာ ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ် ဖြစ်ရမယ်နော်၊ ဒါကြောင့်မို့ အခုဒီမှာ ဘဝင် ၁၆-ကြိမ် ပြထားတယ်၊ ဟိုမှာ ကွက်လပ်ကလေးတွေကတော့ ရှည်နေမှာစိုးလို့ မပြနိုင်ဘူးနော်၊ အဲဒီတော့ ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ်။

အဲဒီဘဝင်နောက်မှာ မနောဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်းနောက်မှာ ဇော ၇-ကြိမ် တစ်ခါတည်း ဆက်ဖြစ်တယ်၊ ဘဝနိကန္တိက လို့ခေါ်တယ်၊ ဘဝကို တွယ်တာ တဲ့ဇော၊ အဲဒီနောက် ဘဝင်တွေဖြစ်တယ်၊ ဒါဟာ ဘာလဲ မရဏာသန္နဝီထိ တစ်ခု တွေ့လား၊ ပကိဏ်းပိုင်း၊ အာရမ္မဏသင်္ဂဟ၊ ကောင်းပြီ၊ ပြန်ပြောလိုက်ဦးမယ်။

ကောင်းပြီ၊ အဲတော့ ပစ္စုပ္ပန်ရူပါရုံကိုအာရုံပြုပြီးတော့ စုတေမယ့် သတ္တဝါ အတွက်ပေါ့၊ အဲဒီတော့ ပစ္စုပ္ပန်ရူပါရုံဆိုတာ ခုနပြောသလို ကမ္မနိမိတ်လည်း ဖြစ်နိုင်တယ်၊ ဂတိနိမိတ်လည်း ဖြစ်နိုင်တယ်၊ ကံကတော့မဖြစ်နိုင်ဘူး၊ ကောင်းပြီ အဲဒီတော့ ကြည့်လိုက်ရင် အတီတဘဝင်ကစကြည့်လိုက် - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၅-ကြိမ်၊ စုတိနော် တဒါရုံမပါဘူး၊ ဒါက အကြောင်းရှိတယ်၊ ဒါက တဒါရုံ မပါအောင်လုပ်ထားတာ၊ ပါချင်လည်းရပါတယ်၊ စုတိ နောင်ပဋိသန္ဓေ၊ ပဋိသန္ဓေနောင် ဆက်တိုက် ဘဝင် ၁၆-ချက်နော်၊ ဘဝင် ၁၆-ကြိမ်နောင် မနောဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း နောင် ဇော ၇-ကြိမ်၊ တစ်ခါ ဘဝင်တွေ ကျတော့ အဲဒီဝီထိမှာ ကြည့်လိုက်။

အဲဒီဝီထိမှာ ပစ္စုပ္ပန်ရူပါရုံက စက္ခုပသာဒကို ထိခိုက်လိုက်တဲ့အခါမှာ

[စာမျက်နှာ-216] ထင်ခြင်းသို့ ရောက်တယ်လို့ စာမှာသုံးတယ်နော်၊ ဒီအခါမှာ အတီတဘဝင်တစ်ကြိမ် လွန်သွားတယ်၊ ဟုတ်တယ်မဟုတ်လား၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ထုံးစံအတိုင်းလာတယ်။ ပဉ္စဒွါရာဝဇ္ဇန်းကစပြီးတော့ ဒါဟာ ဝီထိစိတ်တွေ ဖြစ်မလာဘူးလားနော်၊ အဲဒီတော့ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒက ပစ္စုပ္ပန်ရူပါရုံကို အာရုံမပြုပေဘူး၊ ဘာကြောင့်တုန်း သူတို့က ဘဝင်စိတ်တွေဖြစ်တဲ့ အတွက်ကြောင့်မို့ ဟိုးဘဝ အစတုန်းက ပဋိသန္ဓေစိတ်တုန်းက ယူခဲ့တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကိုပဲ အဲဒီအချိန်မှာ သူတို့က အာရုံပြုလိမ့်မယ်၊ ပဉ္စဒွါရာဝဇ္ဇန်းကစပြီးတော့ ဟိုဘက်စိတ်တွေ ကျတော့ ဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုလိမ့်မယ်၊ အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းက ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်၊ နောက်စက္ခုဝိညာဉ်ကလည်းဒါပဲ၊ သမ္ပဋိစ္ဆိုင်းကလည်း ဒါပဲ၊ သန္တီရဏကလည်းဒါပဲ စသည်ဖြင့်သွားတယ်နော်၊ ဇောကျတော့ ဘယ်နှစ်ကြိမ်တုန်း၊ ဒီမှာ ၇-ကြိမ်မဟုတ်ဘူး၊ ၅-ကြိမ်။

ဝတ္ထုရုပ် အားနည်းနေပြီတဲ့၊ အဲဒီအချိန်အခါမှာ သေခါနီးပြီလေ၊ သူသေဆို ချက်ချင်းပဲ၊ အဘိဓမ္မာသဘောနဲ့ ပြောနေလို့သာ သေခါနီးဆိုတော့ အဝေးကြီးလို့ ထင်နေရသေးတာ၊ သေတဲ့အချိန်နဲ့ အတူတူလောက်ကျတာနော်၊ အဲဒီအချိန်မှာကျတော့ ဝတ္ထုရုပ်က အားနည်းတဲ့ သေတော့မှာ ဖြစ်တဲ့ အတွက်ကြောင့်မို့ မရဏာသန္နဇော ၅-ကြိမ်ပဲကျတယ်တဲ့၊ မရဏာသန္နဇော ၅-ကြိမ်ရဲ့ နောက်မှာ အခုဒီဝီထိမှာ စုတိကျထားတယ်နော်၊ အဲဒီ မရဏာသန္နဇောလည်း ပြီးရော စုတိ၊ အဲဒီစုတိ နောင် ဆက်တိုက် ဘာမှ မခြားဘဲနဲ့ ပဋိသန္ဓေရောက်၊ ဘဝင်တွေ ဖြစ်တယ်။

ကောင်းပြီ၊ အဲဒီတော့ ပစ္စုပ္ပန်ရူပါရုံဟာ အသက်ဘယ်လောက်ရှည်ရလဲ။ ရုပ်သက်ဘယ်လောက်ရှိတုန်း ၁၇-ချက် မဟုတ်ဘူးလား၊ ၁၇-ချက်ဆိုတော့ သူ စပြီးတော့တွေ့တဲ့အချိန်က အတီတဘဝင်ကစတွေ့တာနော်၊ သို့သော် အတီတဘဝင်က သူ့ကိုတော့ အာရုံမပြုဘူး၊ သူက ဘဝင်ထုံးစံအတိုင်း ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုရမှာ၊ ဒါပေမဲ့ သူက အဲဒီအချိန်ကစပြီးတော့ ဥပါဒ်ဖြစ်ပေါ်ခဲ့တယ်ဆိုတော့ သူကနေစပြီးတော့ ၁၇-ခု ရေလိုက်စမ်း၊ ဘယ်ရောက် သွားလဲ၊ ပဋိသန္ဓေ နောင် - ဘဝင်ထိအောင် ရောက်မသွားဘူးလား၊ ၁၇-ခု။

အဲဒီတော့ စုတိကျတဲ့အချိန်မှာ ပစ္စုပ္ပန်ရူပါရုံရှိတုန်းပဲ၊ ပဋိသန္ဓေဖြစ်တဲ့ အချိန်အခါမှာရော ရှိတုန်းပဲနော်၊ ဘဝ ဟို ပဋိသန္ဓေဖြစ်တဲ့အခါမှာလည်း လူ့ဘဝ နတ်ဘဝရောက်သွား၊ အဝေးကြီးရောက်သွားပေမဲ့လည်း ဒီအာရုံနဲ့ ဒီအာရုံဟာ ရှိတာပဲ၊ စိတ်နဲ့အာရုံပြုတာကိုး။

[စာမျက်နှာ-217] ဒါကြောင့်မို့ ပဋိသန္ဓေအခိုက်အတန့်မှာ ပစ္စုပ္ပန်ရူပါရုံက ရှိသေးတော့ ဒီပဋိသန္ဓေက ဘယ်သူ့ကိုအာရုံပြုမလဲ၊ အဲဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုမယ်၊ နောက်ထပ် ဘဝင်ကလည်း အဲဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုမယ်၊ နောက်ထပ် နံပါတ် ၂ ဘဝင်ကလည်းပဲ အဲဒီပစ္စုပ္ပန်အာရုံမှာပဲ အာရုံပြုမယ်။

အဲဒီနောက်ကျတော့ ပစ္စုပ္ပန်ရူပါရုံ ချုပ်သွားပြီ၊ ချုပ်သွားရင် သူအတိတ်ဖြစ်မသွားဘူးလား၊ နောက်ဘဝင်တွေက အဲဒီအာရုံကိုပဲ အာရုံပြုတာ၊ သို့သော် သူ့ကျတော့ အတိတ်ဖြစ်သွားပြီ၊ ရူပါရုံကိုပဲ အာရုံပြုတာ။

အဲသလိုနဲ့ သွားလိုက်၊ ဘဝင်တွေ အားလုံးက အဲဒီအတိတ်ရူပါရုံကို အာရုံပြုတာ၊ မနောဒွါရာဝဇ္ဇန်းနဲ့ ဟို ဇော ၇-ကြိမ်ကျတော့ ပဋိသန္ဓေ အသစ်ဖြစ်တဲ့ အဲဒီပဋိသန္ဓေအသစ်ကို အာရုံပြုတယ်လို့ဆိုတယ်၊ ပဋိသန္ဓေအသစ်ဆိုတာက ပဋိသန္ဓေစိတ်ရယ် အတူတကွဖြစ်တဲ့ရုပ်ရယ်၊ ပဋိသန္ဓေတည်တဲ့အခါမှာ ပဋိသန္ဓေစိတ်ရယ် ရုပ်ရယ်၊ အတူတူဖြစ်တယ်၊ အဲဒါကို နားလည်ပြီလား၊ အသင့်အတင့်တော့ နားလည်ပြီးပြီ ထင်တယ်ဟုတ်လား၊ ရုပ်ပိုင်းကျတော့ ထပ်လာလိမ့်ဦးမယ်နော်၊ အဲဒါ အရေးမကြီးဘူး၊ ဒီ အခုဘဝ အကူးလေး အရေးကြီးတယ်။

အဲဒါကြောင့်မို့ မရဏာသန္နဇောဟာ အားနည်းတဲ့အတွက်ကြောင့်မို့ ၅ ကြိမ်သာစောတယ်နော်၊ ပြီးတော့ အခု ဒီဝီထိမှာဆိုရင် ဘဝသစ်မှာရောက်သွားတဲ့ ပဋိသန္ဓေနဲ့ ဘဝင် ၂-ကြိမ်က အဲဒီပစ္စုပ္ပန်ရူပါရုံကိုပဲ အာရုံပြုသေးတယ်၊ အဲဒီနောက်က ဘဝင်တွေကျတော့ အတိတ်ရူပါရုံဖြစ်သွား၊ အတိတ်ရူပါရုံကို အာရုံပြုတာပေါ့၊ ပစ္စုပ္ပန်မရှိတော့ ဒါအတိတ်ဖြစ်သွားပြီပေါ့နော်၊ ကွယ်သွားပြီ၊ ချုပ်သွားပြီ၊ ဒါပေမဲ့ ချုပ်သွားတဲ့ အတိတ်ကိုပဲ သူတို့က အာရုံပြုတယ်။

ကောင်းပြီ၊ ဒါကြောင့်မို့ ဘဝတစ်ခုမှာ ပဋိသန္ဓေရယ်၊ ဘဝင်ရယ်၊ စုတိရယ်ဟာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုတယ်လို့ နဂိုတုန်းက သိခဲ့ပြီမဟုတ်လား။ အဲဒီတော့ အကယ်၍ ပဋိသန္ဓေက ကံအာရုံပြုခဲ့ရင် ဘဝင်စုတိ ကံကိုပဲ အာရုံပြုမယ်နော်၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံပြုရင် ဂတိနိမိတ်ပဲ အာရုံပြုမှာပဲ၊ ဟုတ်တယ်မဟုတ်လား၊ အဲဒီတော့ ဘဝတစ်ခုက တစ်ခုကူးတဲ့အခါမှာ မျက်စိလည်တတ်တယ်၊ အခု စုတိ ဘယ်အာရုံပြုတုန်း၊ ဟိုအစမှာရှိခဲ့တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ခုခုကိုပဲ အာရုံပြုမယ်၊ အဲဒါ မျက်စိလည်တတ်တယ်နော်။

ဒါကြောင့်မို့ စုတိနဲ့ ပဋိသန္ဓေဟာ အာရုံမတူဘူး၊ စုတိရဲ့ အာရုံက (စုတိဆိုတာ ပထမဘဝရဲ့ စုတိနဲ့ ဒုတိယဘဝရဲ့ ပဋိသန္ဓေကို ပြောတာ) ပထမဘဝရဲ့

[စာမျက်နှာ-218] စုတိနဲ့ ဒုတိယဘဝရဲ့ ပဋိသန္ဓေဟာ အာရုံမတူဘူး၊ အဲဒီတော့ ပထမဘဝရဲ့ စုတိက ဘယ်အာရုံကိုယူလဲ၊ အဲဒီပထမဘဝ ပဋိသန္ဓေရဲ့ အာရုံကိုယူတယ်၊ ဒါဖြင့် ဒုတိယဘဝ ပဋိသန္ဓေဟာ ဘယ်အာရုံယူလဲ၊ မရဏာသန္နဇောယူတဲ့ အာရုံကိုယူတာ၊ အဲဒါလေးမှာ မျက်စိလည်တတ်တယ်၊ အယူမှားသွားတတ်တယ်။

ပြန်ပြောဦးမယ်နော်၊ ပထမဘဝရဲ့ စုတိက ပထမဘဝရဲ့ ပဋိသန္ဓေရဲ့ အာရုံကိုယူတယ်၊ ဒုတိယဘဝရဲ့ ပဋိသန္ဓေက ပထမဘဝရဲ့ မရဏာသန္နဇောယူတဲ့ အာရုံကိုယူတယ်၊ ဒီပုံစံမှာဆိုရင် ပစ္စုပ္ပန်ရူပါရုံပေါ့၊ အများနဲ့ဆိုင်အောင် ပြောမယ်ဆိုရင် မရဏာသန္နဇောယူတဲ့ အာရုံကိုယူတယ်။

ဒါကြောင့်မို့ ဒီဘဝ ပဋိသန္ဓေ၊ ဘဝင်၊ စုတိရဲ့ အာရုံနဲ့ နောက်ဘဝ ပဋိသန္ဓေ၊ ဘဝင်၊ စုတိရဲ့ အာရုံနဲ့ တူသေးလား၊ မတူဘူးနော်၊ အဲဒီမှာ အယူမှားပြီးတော့ ပြောမိတတ်တယ်၊ ပြောမိရင် တစ်သံသရာလုံးမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ အတူတူဖြစ်နေရမှာပေါ့၊ ဒီဘဝစုတိရဲ့ အာရုံကိုပဲ နောက်ဘဝပဋိသန္ဓေက ယူတယ်လို့ ဆိုရင် တစ်ခုတည်း ဖြစ်တော့မှာပေါ့၊ ဘဝမဆုံးမချင်း (ဆိုပါတော့) ဟုတ်လား၊ ပရိနိဗ္ဗာန်မပြုမချင်း အဲသလို မဟုတ်ဘူး တစ်ဘဝနဲ့ တစ်ဘဝ တစ်ဘဝနဲ့တစ်ဘဝရဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ မတူဘူးနော် အဲဒါ၊ အရေးကြီးတယ်။

မေး - အဲဒီဥစ္စာက ဘာနဲ့တူလဲဆိုလို့ရှိရင် သတ်မှတ်ချက်က ဒီလိုဖြစ်တာ သက်သေကျတော့ ဘယ်လိုဖြစ်မလဲ ။
ဖြေ - သက်သေကတော့ မလွယ်ဘူးထင်တယ်။
မေး - တကယ်လို့ ကံစသည် ဒီစုတိစသည်ကို ကံ မယူဆလိုက်လို့ရှိရင် အဲဒီမှာ ၁၇-ချက်သွားမှာ၊ ၁၇-ချက်သွားမယ်ဆိုရင် ပစ္စုပ္ပန်ရူပါရုံကိုပဲ ဆက်သွားတယ်လို့ ယူဆလိုက်ရမှာလား။
ဖြေ- အဲဒါကျတော့ လက်တွေ့ကတော့ မပြနိုင်ဘူးပေါ့၊ စာနဲ့ညှိမယ်ဆိုရင်တော့ ဘဝတစ်ခုမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟာ အာရုံတူရတယ် ဟုတ်တယ်မဟုတ်လား၊ အဲတော့ အကယ်၍ ဒီမှာ ရူပါရုံ သွားယူလိုက်ရင် သူအာရုံမတူတော့ဘူး ဖြစ်သွား မှာပေါ့၊ ဟို အစတုန်းက ယူခဲ့တာက တစ်မျိုး၊ အခု ယူတာက တစ်မျိုးဆို ဒါ ကွဲသွားလိမ့်မယ်၊ အဲဒီတော့ ဒီဘဝမှာရောက်တဲ့ စုတိဟာအမှန်ကတော့ ဟိုအရင် ဘဝက ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်ကံရဲ့ အကျိုးမဟုတ်လား၊ အကျိုးဆိုတော့ ပဋိသန္ဓေစိတ်နဲ့ သူနဲ့က (အမှန်က) အတူတူပဲ၊ နောက်ဆုံးလာဖြစ်လို့ သူ့စုတိခေါ်တာ သူက ကံရဲ့ အကျိုးပဲ။

[စာမျက်နှာ-219] ဒါကြောင့်မို့ ကံရဲ့ အကျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ သူဟာလွန်ခဲ့တဲ့ ပဋိသန္ဓေနဲ့ တူကို တူရမယ်၊ အကယ်၍ သူက အခုလက်တွေ့ဖြစ်နေတဲ့ အာရုံကို သူယူမယ်ဆိုရင် ခုန စနစ်ပျက်သွားမှာ၊ ပဋိသန္ဓေတစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတူတယ်ဆိုတဲ့ဟာ ပျက်သွားမှာ။

သဘာဝအားဖြင့် စဉ်းစားကြည့်ရင်လည်းပဲ ခုနပြောသလို သူဟာ ဟိုအတိတ်ဘဝရဲ့ ကံကြောင့်ဖြစ်တဲ့စိတ်ကို ဒီဘဝမှာ ပဋိသန္ဓေစိတ်ဖြစ်တယ်၊ အဲဒီ ပဋိသန္ဓေစိတ်၌ပင်လျှင် နောက်ထပ်ဖြစ်တာပဲ၊ ဒါပေမဲ့ သူ့ကို ပဋိသန္ဓေလို့ မခေါ်တော့ဘူး၊ နောက်ထပ်ဖြစ်တဲ့အခါကျတော့ ဘဝင်လို့ခေါ်တော့တယ်။ ကြားမှာ သေတဲ့အခါကျတော့ စုတိလို့ခေါ်တော့တယ်၊ ဒီစိတ် ဒီစိတ်ပဲဆိုတော့ ဒီစိတ်ဆိုရင် ဒီအာရုံပဲဖြစ်ရမယ် မဟုတ်ဘူးလား။ အကယ်၍ ဒီမှာ လက်တွေ့ မျက်မှောက်အာရုံကို ယူလိုက်တယ်ဆိုရင် ဒီစိတ်ဟာ အာရုံမတူဘူး ဖြစ်သွားမယ်။

ကောင်းပြီ၊ အဲဒီတော့ အခု ဒုတိယဘဝ ပဋိသန္ဓေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ ကံကြောင့်ဖြစ်တာ၊ ဟုတ်တယ်မဟုတ်လား၊ ဒီဘယ်ဘက်ဆိုပါတော့ ရှေးဘဝ ဒီဘယ်ဘက်ကပ်ရက် ဘဝပဲဖြစ်စေ၊ အဲဒီဘဝကို ရှေးရှေးက ဘဝကဖြစ်စေ ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံကြောင့်ဖြစ်တာနော်၊ စုတိက ဖြစ်နေတာမဟုတ်ဘူး၊ အဲဒါ သိပ်အရေးကြီးတယ်နော်၊ အခုခေတ်လူတွေ အဲဒါ မှားမှားကုန်တယ်။ သူတို့ဘယ့်နှယ်ရေးလိုက်လဲ၊ ဒီဘဝစုတိက နောက်ဘဝ ပဋိသန္ဓေကိုဖြစ်စေတယ်။ အဲဒီလို သွားသွားပြီးတော့ ရေးမိတယ်။

အဲဒီတော့ စုတိစိတ်ကသူကိုယ်တိုင်က ဝိပါက်စိတ်မဟုတ်ဘူးလား၊ ဘယ့်နှယ် လုပ်ပြီး သူက နောက်ဘဝများ ဖြစ်စေနိုင်မလဲ၊ အကျိုးလုပ်တဲ့အနေနဲ့ ဖြစ်စေ နိုင်မလား၊ မဖြစ်စေနိုင်ဘူး၊ အဲဒါကြောင့်မို့ အဲဒါ သတိထားရတယ်၊ စုတိက ပဋိသန္ဓေကို produce လုပ်တဲ့အနေနဲ့ ဖြစ်စေတာမဟုတ်ဘူး၊ ပဋိသန္ဓေဟာ ဘယ်သူ့ကြောင့် ဖြစ်တာလည်း ဆိုရင် ရှေးကကံကြောင့်ဖြစ်တာနော်၊ အဲဒီကံကို မရဏာသန္နဝီထိအခါမှာ အဲဒီကံကလည်း ပြန်ပေါ်လာချင်ပေါ်လာမယ်၊ သို့မဟုတ်ရင် ကမ္မနိမိတ် အာရုံ ၆-ပါး တစ်မျိုးမျိုးပေါ်ချင်ပေါ်မယ်၊ ဂတိနိမိတ် အာရုံပေါ်ချင်ပေါ်မယ်ပေါ့လေ။

သို့သော် ဒီဟာတွေပေါ်တာက အဲဒီခုန အကျိုးပေးမယ့် ကံရဲ့ အစွမ်းကြောင့် ပေါ်တာ၊ အဲဒီကံကြောင့်ပဲ ပဋိသန္ဓေဖြစ်တာ၊ ဟုတ်ပြီနော်၊ စုတိက ပဋိသန္ဓေကို

[စာမျက်နှာ-220] ဖြစ်စေတာ မဟုတ်ဘူး၊ ကောင်းပြီ၊ တစ်နည်းအားဖြင့် ပြောရင်တော့ စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးတယ်၊ ဖြစ်ခွင့်ပေးတယ်ဆိုတာက နေရာဖယ်ပေးတာကို ပြောတာ၊ သူက ချုပ်ပေးမှ ပဋိသန္ဓေက ပေါ်ရတာကိုး၊ ဒါကို ပဋ္ဌာန်းမှာကျတော့ အနန္တရပစ္စည်းလို့ ခေါ်တယ်၊ အနန္တရပစ္စည်းဆိုတာ အမှန်ကတော့ ကိုယ့်နေရာ သူယူနိုင်အောင် ကိုယ်က ဖယ်ပေးတဲ့သဘောပေါ့၊ ကိုယ့်အလုပ် ထွက်လိုက်တော့ ဟိုလူ အလုပ်ရသွားတာ၊ အဲဒါမျိုး၊ စုတိက ငါမချုပ်ဘူး ကွာဆိုပြီးတော့ ပေနေရင် ပဋိသန္ဓေဖြစ်ခွင့် မရှိဘူး၊ စုတိက သူ့သဘောတရားအရ ဥပါဒ်၊ ဌီ၊ ဘင်ဆိုပြီးတော့ ချုပ်လိုက်တယ်၊ ချုပ်လိုက်တဲ့အတွက်ကြောင့်မို့ ပဋိသန္ဓေဖြစ်နိုင်သွားတယ်၊ အဲဒီနည်းနဲ့တော့ ကျေးဇူးပြုတယ်။

မေး- အာရုံကတော့ မတူဘူးနော်။
ဖြေ - အာရုံ မတူဘူး။ ပြီးတော့ (produce) လုပ်တဲ့အနေနဲ့ ဖြစ်စေတာ မဟုတ်ဘူး၊ အကျိုးဖြစ်စေတဲ့ အနေမျိုးဖြစ်စေတာ မဟုတ်ဘူး၊ သက်သက်နေရာ ဖယ်ပေးတဲ့သဘော။
မေး - ပဋိသန္ဓေဆိုတာ ဟိုစုတိနေရာမှာ replace လုပ်လိုက်တယ်လို့ ထင်ပါတယ်။
ဖြေ - ဟုတ်တယ်၊ သူဖြစ်နိုင်အောင် ကိုယ်က နေရာဖယ်ပေးတဲ့သဘောပဲ၊ အဲဒီလို ဆက်စပ်မှုကိုလည်း နားလည်ရမယ်၊ များသောအားဖြင့် အခု အင်္ဂလိပ်လို ရေးတဲ့ လူတွေက (give rise to) ဆိုပြီးတော့ အဲဒီလို သုံးတယ်။ (give rise to) ကို ဦးဇင်းက သိပ်သဘောမကျဘူး၊ (give rise to) ဆိုတာ အဓိပ္ပာယ် နှစ်မျိုးလုံး ဖြစ်နိုင်တယ် မဟုတ်ဘူးလား၊ (produce) လုပ်တဲ့အနေမျိုးလည်းပဲ ဖြစ်နိုင်တယ်၊ ဖယ်ပေးတယ်ဆိုတဲ့ အနေမျိုးလည်း ဖြစ်နိုင်တယ်၊ အဲဒီတော့ ambiguous ဖြစ်တယ်။ give chance to arise ဒီလိုသာ သုံးဖို့ကောင်းတယ်၊ အဲဒါ အရေးကြီးတယ် မှား၊ မှားသွားတတ်တယ်။

ရှေးရှေးစိတ်က နောက်စိတ်ကို ကျေးဇူးပြုတယ်ဆိုတာ မှန်တယ်၊ ရှေးစိတ်ကြောင့် နောက်စိတ်ဖြစ်တာ မဟုတ်ဘူး၊ ဆိုပါတော့ အခုဒီဝီထိထဲမှာ ပြောကြည့်ရင် ပဉ္စဒွါရာဝဇ္ဇန်းဟာ ဘဝင်္ဂုပစ္ဆေဒက ဖြစ်စေတာ မဟုတ်ဘူး၊ သူက ဝိပါက်စိတ်မဟုတ်လား၊ နောက်ဘဝကပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကြောင့်ဖြစ်တာ၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဒီအတိုင်းဖြစ်တာ၊ ဇောကျတော့ ဘယ်သူကမှ ဖြစ်စေတာမဟုတ်ဘူး၊ သူကိုယ်တိုင်ကိုက ဖြစ်စေမယ့်သူ ဖြစ်လိမ့်မယ်၊ (active) စိတ်ဟုတ်တယ်မဟုတ်လား၊ အေး အဲဒါကြောင့်မို့ ဒီဘဝ အကူးကို မျက်စိလည်တတ်တယ်၊ အယူအဆမှားတတ်

[စာမျက်နှာ-221] တယ်ဆိုတာ အဲဒါပဲ။

အာရုံအနေနဲ့ အယူအဆမှားတတ်တယ်နော်၊ ပြီးတော့ ခုနလို ဖြစ်စေတယ် ဆိုတဲ့ အနေနဲ့ ပြောမိတတ်တယ်။ ဖြစ်စေတယ်ဆိုတာ ခုနလို နေရာဖယ်ပေးတဲ့ အနေနဲ့ ဆိုရင် ဟုတ်တယ်၊ ဒါဘုရားဟော တိုက်ရိုက်ရှိတယ်၊ အဲဒီတော့ အဲဒါ အနန္တရပစ္စည်းလို့ ခေါ်တယ်။ ဖြစ်စေတဲ့ အနေမျိုး ကံကနေ အကျိုးပေးတဲ့ အနေမျိုး ဆိုရင် မဟုတ်ဘူး။ ဒါပါပဲ၊ အဲဒီ အဆက်ကလေး အရေးကြီးတယ်။

ပြီးတော့ ဒီဘဝစုတိနဲ့ နောက်ဘဝ ပဋိသန္ဓေ အာရုံမတူဘူးနော်၊ နောက်ဘဝ ပဋိသန္ဓေက ဒီဘဝ မရဏာသန္နဇောရဲ့ အာရုံကို ယူတယ်၊ ဟုတ်ပြီလား၊ ဒီဘဝ စုတိက ဒီဘဝ ပဋိသန္ဓေရဲ့ အာရုံကိုယူတယ်၊ အဲသလို တခြားစီသွားတာ။

ကောင်းပြီ၊ အခုနောက်ဘဝ ပဋိသန္ဓေယူတဲ့ အာရုံကိုပဲ နောက်ဘဝ ဘဝင်တွေက ယူလိမ့်မယ်၊ နောက်ဘဝ စုတိကလည်း ယူလိမ့်မယ်၊ တတိယဘဝရောက်သွားပြီဆိုရင် ဒုတိယဘဝ မရဏာသန္နဇော ယူတဲ့အာရုံကို တတိယဘဝ ပဋိသန္ဓေက ယူလိမ့်မယ်၊ အဲဒီတော့ ကွင်းဆက်တစ်မျိုး သွားတာပေါ့လေ၊ တစ်ခါတည်း တန်းတန်းကြီးသွားတာ မဟုတ်ဘူး၊ ဟုတ်လား၊ loop အနေနဲ့သွားတာ။

ဒါကြောင့်မို့ ဘဝသစ်ရောက်သွားတဲ့အခါကျတော့ ပဋိသန္ဓေ နောင် ဘဝင် ၁၆-ကြိမ်ဖြစ်တယ်တဲ့နော်၊ ဖြစ်ပြီးရင် ချက်ချင်း မနောဒွါရာဝဇ္ဇန်းတွေ ၇-ကြိမ် ဖြစ်တော့တာပဲ၊ ဒါကြောင့်မို့ သတ္တဝါတွေက ဘဝတစ်ခုကို အစပြုတဲ့ အခါမှာ လောဘနဲ့ အစပြုခဲ့တာ၊ ဒါကြောင့်မို့လည်းဘဝကို မစွန့်လွှတ်နိုင်တာ ဒါပဲနော်။ ဒါကြောင့်မို့လည်း သံသရာကြီးကရှည်တာ။

ဘာလို့လဲဆို ကိုယ်စကတည်းက တွယ်တာမှုနဲ့ စခဲ့တာ၊ ဘဝလေးတစ်ခု ဖြစ်ပြီဟေ့ဆို ဆုပ်မိကိုင်မိတော့ တွယ်တာလာတော့တာ၊ ဒါကြောင့်မို့ ဒီဇောကလည်း အမြဲတမ်း အကုသိုလ် ဘဝနိကန္တိကဇောလို့ ခေါ်တယ်။ ဒီဇောပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အပယ်ခက်တာနော်၊ အစွဲအလမ်းက ကြီးလာပြီ။

ကောင်းပြီ၊ အဲဒီ ဘဝနိကန္တိက လောဘဇော ၇-ကြိမ် ဖြစ်ပြီးတဲ့နောက် ဘဝင်တွေဖြစ်ပေါ့လေ၊ အဲဒီနောက်တော့ ဖြစ်ချင်တာ ဖြစ်ကြပေါ့လေ။ လူသတ္တဝါဆို အမိဝမ်းထဲမှာ နေတုန်းမှာ တချို့ ဝီထိတွေ မဖြစ်နိုင်သေးဘူးပေါ့။ စက္ခုဝိညာဉ်က ဝီထိတို့ဘာတို့ မဖြစ်သေးဘူးပေါ့၊ ဒါပေမဲ့ တချို့ဟာတွေကတော့ ဖြစ်မှာပေါ့လေ၊ အဲဒီလို သွားတယ်နော်။

[စာမျက်နှာ-222] ဒါ ပဋိသန္ဓေ ဒီဘဝစုတိနဲ့ နောက်ဘဝ ပဋိသန္ဓေ ဆက်ပုံကို ဆိုလိုတယ်။

ကောင်းပြီ၊ အဲဒီလို ဆက်တဲ့အခါကျတော့ အခုဝီထိပုံနဲ့ ပြောလိုက်တော့ ရှင်းပါတယ်၊ ဒါပေမဲ့ ရိုးရိုးနဲ့ ပြောတဲ့အခါကျတော့ ဒီပညတ်နယ်က စကားလုံးတွေကို မသုံးဘဲလည်းမဖြစ်ဘူး သုံးနေရတယ်။

အဲသလို သုံးတဲ့အတွက်ကြောင့် တော်ကြာကျတော့ misunderstand က အလွန်ဖြစ်တယ်နော်၊ ဆိုပါတော့ အခု ဦးဇင်းတို့ပြောလည်း မင်း ဒီဘဝ သေသွားပြီ နောက်ဘဝဖြစ်တယ် ဆိုပါတော့၊ ဒီဘဝကုသိုလ်လုပ်လို့ မင်းနောက်ဘဝ နတ်ဖြစ်မယ်၊ အကုသိုလ်လုပ်လို့ မင်းနောက်ဘဝ ငရဲကျမယ် စသဖြင့်ပြောတော့ ဒီဘဝ သတ္တဝါကြီးကလည်း ဟိုဘဝ ပြောင်းရွှေ့သွားသလို ဟုတ်လား၊ ကိုယ်က အရပ်တစ်ပါးသွားတဲ့အခါကျတော့ ဒီကလူကြီးက ဆိုပါတော့ LA ရောက်သွားတယ်၊ LA ကနေတဆင့် San Diego ကို သွားတော့ San Diego ရောက်သွားတယ်၊ အဲဒီလို စိတ်ထဲမှာ ထင်ထင်သွားတတ်တယ် အများစုကတော့ အဲဒါမျိုးထင်နေမှာပဲ။

စကားလုံးကလည်းဒီလိုပြောရတာပဲ၊ ဟုတ်တယ်မဟုတ်လား၊ အဲဒီတော့ အဲဒီမှာ အရေးကြီးတာက ဒီနိုင်ငံကလူတွေလည်း မေးတတ်တယ်နော်၊ ဒီဘဝ တစ်ခု ဒီဘဝနဲ့ ဟိုဘဝ ပြောရင် သူတို့ကလည်း ကိုယ့်ကို ဖမ်းတာပဲ။

“အဲဒါဘယ်လိုလဲ ဆိုပါတော့ - အရှင်ဘုရားတို့က အနိစ္စသဘောတရားလည်း ပြောတယ်၊ အတ္တမရှိဘူးလို့လည်းပြောတယ်၊ အခု ဟိုဘဝရောက်တယ်လို့လည်း အရှင်ဘုရားတို့ ပြောနေပြန်ပြီ၊ အဲဒီတော့ ဒါ တစ်ခုခု သွားနေတာမဟုတ်ဘူးလား” စသဖြင့် မေးတယ်၊ အဲဒီတော့ အခု ဒီဝီထိစဉ်မှာကြည့်ရင် တစ်ခုနဲ့တစ်ခုဟာ ဒီခဏက စိတ်၊ စေတသိက်၊ ရုပ်က ဟိုခဏရောက်သွားတာ မဟုတ်ဘူး။

ဒီခဏ စိတ်စေတသိက်ရုပ်က ဒီခဏဖြစ်ပြီးချုပ်၊ ရုပ်ဆိုရင်တော့ ၁၇ ချက်နေမယ်ပေါ့၊ စိတ်ကတော့ တစ်ခဏနေမယ်၊ နောက် ခဏ ရောက်တဲ့အခါ နောက်ခဏဖြစ်ပြီးချုပ်ချုပ်သွားတာဆိုတော့ အမြဲတမ်း (ဆိုကြပါစို့) တစ်ခုပြီးတစ်ခု အသစ်ဖြစ်နေတာ၊ အဲဒီတော့ ဒီ ခဏက ရုပ်နာမ်က ဟိုခဏပြောင်းသွားတာ မဟုတ်ဘူး၊ ဒီခဏ ရုပ်နာမ်ကချုပ်ပြီးတော့ ဟိုခဏရုပ်နာမ်ဖြစ်တာ၊ နာမ်ရုပ်ဖြစ်တဲ့ အခါမှာ ခုနလို အနန္တရသတ္တိတို့ ဘာတို့နဲ့ ကျေးဇူးပြုမှုတော့ ရှိတယ်ပေါ့ (support) လုပ်ပြီးတော့ရှိတယ်၊ အဲဒီလိုသွားတယ်။ အဲဒီလိုသွားတော့ ဘာအရေးကြီးလဲဆိုတော့ သဿတအယူထဲမကျအောင်

[စာမျက်နှာ-223] လည်း ယူတတ်ရမယ်တဲ့၊ ဥစ္ဆေဒအယူထဲလည်းမကျအောင်ယူတတ်ရမယ်၊ သဿတအယူဆိုတာ ခုနပြောသလို ဆက်နေရင် သဿတအယူနော်၊ ဒီဘဝဟာ ဝိညာဉ်တို့ ဘာတို့၊ အတ္တတို့က ဟိုဘဝရောက်သွား ဟိုဘဝရောက်သွား ဒီလို ယူရင်လည်းပဲ ဒါသဿတအယူဖြစ်တယ်၊ ဒီဘဝပြတ် တစ်ခါတည်း နောက်ဘဝသီးခြား ဘာမှအဆက်အစပ် မရှိဘူး (ဒီဘဝနဲ့ နောက်ဘဝဆိုရင်) ဒါဥစ္ဆေဒဒိဋ္ဌိ၊ အဲဒီနှစ်ခု အစွန်းနှစ်ခုလွတ်အောင် မဇ္ဈိမပဋိပဒါ ယူရမယ်။

အဲဒီတော့ ဘယ်လိုလဲဆိုတော့ တစ်ခုနဲ့တစ်ခုဟာ ခဏတစ်ခုနဲ့တစ်ခုဟာ ခဏအကြောင်းအကျိုးအဖြစ်ဖြင့် ဆက်စပ်မှု ဆက်သွယ်မှုရှိတယ်၊ ဒီဘဝက အကြောင်းကြောင့် ဟိုဘဝအကျိုးဖြစ်တယ်၊ အဲဒီလို အကြောင်းအကျိုး ဆက်သွယ်မှုကတော့ရှိတယ်၊ ဒါပေမဲ့ အကြောင်းသည် သီးခြား၊ အကျိုးသည်သီးခြား၊ အကြောင်းနဲ့အကျိုးသည် identical မဟုတ်ဘူး၊ အကြောင်းဟာ အကြောင်းပဲ၊ ဒီအကြောင်းကြောင့် ဟိုမှာ အကျိုးသွားဖြစ်တာ၊ သို့သော် သူတို့ဟာ အကြောင်းအကျိုးအဖြစ်ဖြင့်တော့ ဆက်သွယ်မှုရှိတယ်၊ အဲဒီဆက်သွယ်မှုကို ယူပြီးတော့ ဦးဇင်းတို့က ဒီဘဝသေပြီးနောက်ဘဝကို ပဋိသန္ဓေနေတယ်လို့ ပြောရတာ။

အဲဒါကြောင့်မို့ ဥပမာလေးတွေရှိတယ်၊ ဒါမှတ်ထားဖို့ဟာ ကျမ်းဂန်တွေမှာ ပေးတဲ့ ဥပမာကဘာလဲ၊ ပဲ့တင်သံ ဥပမာပေးတယ်၊ ကိုယ်ဟာ အော်လိုက်တယ်၊ အခန်းကြီးတစ်ခုထဲကို ဂူကြီးတစ်ခုထဲကို၊ အသံကပြန်လာတယ်၊ အဲဒီအသံဟာ ကိုယ့်အသံ မဟုတ်ဘူး၊ ကိုယ့်အသံအစစ်မဟုတ်ဘူး၊ ကိုယ့်အသံနဲ့ကင်းပြီးတော့လည်း ဒီပဲ့တင်သံဟာ မဖြစ်ပေါ်ဘူး၊ ဟုတ်တယ်မဟုတ်လား၊ ပဲ့တင်သံဟာ ငါ့အသံလည်း မဟုတ်ဘူး၊ ငါ့အသံမပါရင်လည်းပဲ ဒီပဲ့တင်သံမဖြစ်ပေါ်လာဘူး၊ အဲဒီလို နည်းမျိုး၊ ဒီဘဝက နောက်ဘဝ သွားတယ်ဆိုတာဟာ ဒီဘဝကလူ ရုပ်နာမ်က နောက်ဘဝ ပြောင်းရွှေ့သွားတာလဲမဟုတ်ဘူး၊ နောက်ဘဝမှာ အသစ်ဖြစ်တယ်ဆိုတဲ့ ရုပ်နာမ်က ဒီဘဝရုပ်နာမ်နဲ့ လုံးဝမပတ်သက်တာလည်းမဟုတ်ဘူး၊ လုံးဝ မဆက်စပ်တာလည်း မဟုတ်ဘူး၊ ခုနလို အကြောင်းအကျိုးအဖြစ်ဖြင့် ဆက်စပ်မှုရှိနေသေးတယ်။

အဲဒီလို ရှိလို့လည်းပဲ (ဆိုပါတော့) ကိုယ့်ကံက ကိုယ့်အကျိုးပေးတာ၊ ကိုယ့်ကံက သူများသွားအကျိုးမပေးဘူး၊ သူများကံက ကိုယ့်လာအကျိုးမပေးဘူး၊ အဲဒီလို မဟုတ်ရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်မှာပေါ့၊ ကံတွေလည်း အကုန်လုံး ဘုရားလို အလွန်ကံများတဲ့ပုဂ္ဂိုလ်က ကံတွေ တိုးတိုး အကျိုးပေးရင် ဟန်ကျသွားရောဟုတ်လား။ ခုက ကိုယ်ပြုတဲ့ကံက ကိုယ့်ပဲအကျိုးပေးတယ်ဆိုတာ ဒါပဲနော်၊ ဒါကြောင့်မို့

[စာမျက်နှာ-224] ပဲ့တင်သံတဲ့၊ နောက်တစ်ခုကတော့ ဆီမီးတဲ့နော်၊ ဆီမီးညှိလိုက်တဲ့အခါမှာ တစ်တိုင်က တစ်တိုင်ညှိလိုက်တဲ့အခါမှာ ဒီနောက်တိုင်ကမီးဟာ ပထမတိုင်ကမီးလည်းမဟုတ်ဘူး။ ပထမတိုင်က မီးနဲ့ကင်းပြီးတော့လည်း နောက်တိုင်က မီးမပေါ်လာဘူး၊ အဲဒီလိုပဲ့တင်၊ ဆီမီး၊ ပြီးတော့ စည်းတံဆိပ်နှိပ်လိုက်လို့ ထင်သွားတဲ့တံဆိပ်ဟာ ထင်ရှားတဲ့ (impression) ဟာ ဟိုတံဆိပ်လည်း မဟုတ်ဘူး။ ဟိုတံဆိပ်နဲ့ ကင်းပြီးတော့လည်းပဲ ဒီပုံစံ ဒီတံဆိပ်ဟာ မထင်ဘူး၊

* ပဲ့တင်ဆီမီး၊ တံဆိပ်နည်း၊ သိပ်သည်းမှတ်ကြလေ။

ဆိုပြီး လင်္ကာလေးတွေ ရေးထားတာရှိတယ်နော်၊ ပဲ့တင်သံနဲ့ (explain) လုပ်၊ ဆီမီးညှိယူတာနဲ့ (explain) လုပ်နိုင်တယ်၊ ပြီးတော့ တံဆိပ်ရိုက်နှိပ်တာနဲ့ (explain) လုပ်နိုင်တယ်၊ ဒါကျမ်းဂန်တွေမှာ အဲဒီအတိုင်းရှိတယ်၊ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။

[စာမျက်နှာ-225]
စုတိနောင် ပဋိသန္ဓေ
* အရူပစုတိနောင် အောက်အောက်အရူပကြဉ်သော အရူပပဋိသန္ဓေနှင့် ကာမတိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* ရူပစုတိနောင် သဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* ကာမတိဟိတ် စုတိနောင် အလုံးစုံသော ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* ကာမအဟိတ် ဒွိဟိတ် စုတိနောင် ကာမပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* အသညသတ်စုတိနောင် ကာမဒွိဟိတ် တိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏။

ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတန ဘုံတို့၌ တည်သော အရိယာပုဂ္ဂိုလ်တို့ တစ်ပါးသောဘုံတို့၌ မဖြစ်ကြ၊ သုဒ္ဓါဝါသဘုံသား အားလုံးလည်း တစ်ခါဖြစ်ပြီးသော သုဒ္ဓါဝါသဘုံ၌ ထပ်၍ မဖြစ်၊ ဗြဟ္မာပြည်သို့ရောက်သော အရိယာတို့အောက် အောက်ဘုံတို့၌ မဖြစ်ကြ။

[စာမျက်နှာ-226]
ဘဝင်နှင့် စုတိ
ဆိုအပ်ပြီးသောနည်းဖြင့် ပဋိသန္ဓေ ယူအပ်ပြီးသူတို့၏သန္တာန်၌ ပဋိသန္ဓေ စိတ်ချုပ်ခြင်း၏ အခြားမဲ့မှ အစပြု၍ ထိုပဋိသန္ဓေစိတ်၏အာရုံကိုပင် အာရုံပြုကာ ထိုပဋိသန္ဓေစိတ်သည်ပင် စုတိစိတ်ဖြစ်သည်တိုင်အောင် ဝီထိစိတ်တို့၏ ဖြစ်ခြင်း မရှိသော် ဘဝင်၏အဖြစ်ဖြင့် မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏၊ ဘဝ၏အဆုံး၌လည်း စုတေသည်၏ အစွမ်းဖြင့် စုတိစိတ်ဖြစ်၍ ချုပ်၏။

ထိုစုတိစိတ်မှ နောက်၌လည်း ရထားဘီးကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်ကုန်လျက် ဖြစ်ကုန်၏။

ဤဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့ ဆက်ကာဆက်ကာ ဖြစ်ကုန်သကဲ့သို့ ထို့အတူဘဝတစ်ပါး၌ တစ်ဖန် ပဋိသန္ဓေအစရှိသော ဤစိတ်အစဉ်သည် ဆက်ကာ ဆက်ကာဖြစ်၏။ ဘဝင် = ဘဝ၏အကြောင်း။
သံသရာစက် ပြတ်ကိန်း
တိဟိတ်ပဋိသန္ဓေ ပင်ကိုယ်ဉာဏ်ရှိသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး သီလအကျင့်၊ ဓုတင်အကျင့်၊ သမာဓိအကျင့်နှင့် ပြည့်စုံကြကုန်သည် ဖြစ်၍ ဆိုအပ်ပြီးသော ဝဋ်ဖြစ်ပုံကို မမြဲသောတရားဟု ဝိပဿနာဉာဏ်ဖြင့် ထင်ရှားစွာ သိကုန်ပြီးလျှင် စုတေရွှေ့လျှောသေရခြင်း သဘောမရှိသော နိဗ္ဗာန်ကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်သိမြင်၍ တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်လျက် သင်္ခါရတို့ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်သို့ ရောက်ကြကုန်လတ္တံ့။

[စာမျက်နှာ-227]
အဘိဓမ္မာသင်တန်း ၃၆

[ဘုံပိုင်း] ဝီထိမုတ်ပိုင်း
စုတိနောင် ပဋိသန္ဓေ ဒီနေ့ ဩဂုတ်လ ၁၄ ရက်။

ဟိုအပတ်တုန်းက ဘဝဟောင်းနဲ့ ဘဝသစ်ဆက်စပ်တဲ့အကြောင်းပြောခဲ့တယ်။ အဲဒါပြောနေတော့ ဘဝဟောင်းက ဘာတစ်ခုမှလည်း ဘဝသစ်ကို သွားတာ မဟုတ်ဘူး၊ ဘဝသစ်မှာဖြစ်တဲ့ ရုပ်နာမ်က ဘဝဟောင်းကဖြစ်တဲ့ ရုပ်နာမ် (သို့မဟုတ်) ကံနဲ့ လုံးဝမဆက်စပ်တာလည်း မဟုတ်ဘူး၊ အဲဒီလို လုံးဝ သီးခြားလည်းမဟုတ်ဘူး၊ ဒီကဟာက ဟိုပြောင်းရွှေ့သွားတာလည်းမဟုတ်ဘူး ဆိုတာကို သဘောပေါက်ဖို့လို တယ်ဆိုတာ ပြောခဲ့တယ်။

အဲသလိုပြောတဲ့အခါ ဥပမာလေးနဲ့ ပဲ့တင်သံရယ်၊ ဆီမီးရယ်၊ တံဆိပ်နှိပ်တဲ့ တံဆိပ်ရယ်၊ အဲဒီဥပမာတွေနဲ့ ပြောခဲ့တယ်။

အဲဒီလို ဒီဘဝနဲ့လာမယ့် ဘဝဟာ (သို့မဟုတ်) ပစ္စုပ္ပန်နဲ့ အနာဂတ် ဘဝဟာ အဲသလိုအကြောင်းအကျိုး ဆက်သွယ်မှုရှိတဲ့အတွက်ကြောင့်မို့ မိမိရဲ့ ကံက မိမိကို အကျိုးပေးတယ်၊ သူတစ်ပါးကံက ကိုယ့်ကို အကျိုးပေးတာမဟုတ်ဘူး၊ ကိုယ့်ကံက သူတစ်ပါးသွားပြီးတော့ အကျိုးမပေးဘူး၊ အဲသလို ဆက်သွယ်မှု သန္တာန်အစဉ်ဆိုတာက ရှိနေတာကိုး။

[စာမျက်နှာ-228] အဲဒီလိုရှိတဲ့အတွက်ကြောင့် ယူဆတဲ့အခါမှာ လုံးဝတူတယ်ဆိုတဲ့ (complete identity) လည်းပဲလက်မခံရဘူး၊ လုံးဝ သီးခြားဖြစ်တဲ့ (complete diversity) လည်း လက်မခံဘဲ ဒီနှစ်ခုကြားမှာ ခုနပြောသွားသလိုပေါ့၊ ဒီကဟာ ဟိုရွေ့တာလည်း မဟုတ်ဘူး၊ ဟိုကဟာ ဒီကဟာနဲ့ အကြောင်းကင်းတာလည်း မဟုတ်ဘူး၊ အဲဒီလို ဆက်စပ်သွားတယ်။

အဲဒီလို ယူတတ်မှ သဘောမှန်ရောက်မယ်၊ သို့မဟုတ်ရင် ခုနပြောသလို နောက်ဘဝက လုံးဝအသစ်ဖြစ်တာဆိုရင်လည်း “တပည့်တော်တို့ ကုသိုလ်ကောင်းမှု ပြုစရာမလိုတော့ပါဘူး၊ နောက်ဘဝရမယ့်သူက တစ်ယောက်ပဲ၊ တပည့်တော်မှ မဟုတ်ဘဲ” လို့ ဒီလိုပြောစရာရှိတယ်။ သို့မဟုတ်လဲ “အကုသိုလ်ရှောင်နေစရာ မလိုပါဘူး၊ ကိုယ်ခံရမှာမှ မဟုတ်ဘဲ” လို့ ပြောစရာရှိတယ်၊ ဒါပေမဲ့ ခုနပြောသလို သန္တာန်အစဉ်က ရှိတယ်။ အကြောင်းအကျိုးအဖြစ် ဆက်သွယ်တာက သူ့အကြောင်းနဲ့ သူ့အကျိုး ဆက်သွယ်တာဖြစ်တဲ့အတွက်ကြောင့် ခုနလို ယူဆလို့မရဘူး။

အဲဒီမှာ ခုနပြောခဲ့တဲ့ဥပမာအပြင် ကျမ်းဂန်တွေမှာသုံးတာတွေရှိသေးတယ်၊ (formula) လေးပေါ့။ ဟိုနေ့က နည်းနည်းပြောခဲ့သေးတယ်၊ ဒါပေမဲ့ Tape က ကုန်သွားတယ်ထင်တယ်၊ အဲဒါက ဘာလဲဆိုတော့ “န စ သော၊ န စ အညာ” ဆိုတဲ့စကားလေး၊ မြန်မာလိုကတော့ သူလည်းမဟုတ်ဘူး၊ တခြားသူလည်း မဟုတ်ဘူးတဲ့။

နောက်ဘဝဖြစ်သွားတဲ့ သတ္တဝါဟာ ဒီဘဝကသူလည်းမဟုတ်ဘူး၊ တခြားသတ္တဝါအသစ် ဖြစ်ပေါ်လာတာလည်း မဟုတ်ဘူးတဲ့၊ ဒါကို formula သုံးတယ်။ န စ သော၊ န စ အညာတဲ့၊ ဒါက ကျမ်းဂန်တွေမှာသုံးတာ။ အဲဒီ formula အတိုင်းပဲ၊ ဒီကသွားတဲ့ပုဂ္ဂိုလ်ဟာ သူလား?၊ သူလည်း မဟုတ်ဘူး၊ သူနဲ့ကင်းတာလား? သူနဲ့ကင်းတာလည်းမဟုတ်ဘူး။

အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာက လက်ခံတဲ့ (rebirth) က ဟိန္ဒူကလက်ခံတဲ့ (reincarnation) နဲ့ မတူဘူး၊ သူတို့ကတော့ အတ္တလေးက သတ္တဝါခန္ဓာရဲ့ တစ်နေရာရာမှာရှိတယ်၊ အဲဒီအတ္တလေးက လူတွေအိမ်ပြောင်းသလို၊ ပြောင်းပြောင်းသွားတယ်၊ တစ်ဘဝက တစ်ဘဝပိုပိုပြီး စင်ကြယ်ကောင်းမြတ်သွားတယ်၊ နောက်ဆုံး တစ်နေ့မှာ ဒီအတ္တလေးဟာ မူလအတ္တကြီးဖြစ်တဲ့ ဗြဟ္မာကြီးနဲ့ ပြန်ပေါင်းသွားမယ်။ ဒီလိုယူဆတော့ သူတို့ (reincarnation) က အတ္တပါတယ်၊ ဗုဒ္ဓဘာသာ

[စာမျက်နှာ-229] (rebirth) က အတ္တမပါဘဲနဲ့ (rebirth) ကို လက်ခံတာ၊ ဗုဒ္ဓဘာသာက ပိုပြီးတော့ သိမ်မွေ့တယ်၊ နက်နဲတယ်၊ သာမညစဉ်းစားမယ်ဆိုရင် လက်ခံနိုင်ဖို့လည်းခက်တယ်။

ဒါကြောင့်မို့ လူတွေကမေးရင် “မင်းတို့ (reincarnation) လက်ခံလား” မေးရင် ပထမတော့ ကိုယ်က (reincarnation) ဆိုတဲ့ စကားလုံး မသုံးဘူးဟေ့၊ (rebirth) လို့ သုံးတယ်။ (rebirth) ကလည်း သိပ်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ဒီထက်ကောင်းတဲ့ စကားလုံးမရှိလို့ ဒါကိုသုံးရတာ၊ သို့သော် ဒိုက ဘယ်လိုယူဆတယ်ဆိုတာကို သူတို့ကို အဲသလို ရှင်းလင်းပြောပြရတယ်။

အဲဒီတော့ အဲဒီနည်းနဲ့ ဦးဇင်းတို့ ဗုဒ္ဓဘာသာက ဘဝသံသရာကို လက်ခံတာ၊ အတ္တရှိတယ်၊ လိပ်ပြာကောင်ရှိတယ်၊ ဝိညာဉ်ရှိတယ်၊ သူက ဒီဘဝကဟိုဘဝ၊ ဟိုဘဝက ဟိုးဘဝသွားနေတယ် ဆိုတဲ့အနေနဲ့ လက်ခံတာမဟုတ်ဘူး။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မျိုးစေ့နဲ့ အသီးနဲ့လည်း နှိုင်းယှဉ်ပြောလို့ရတယ်၊ မျိုးစေ့ကို စိုက်ပျိုးတယ်ဆိုပါတော့၊ လိုအပ်တဲ့ မြေဩဇာနဲ့ ရေနဲ့ဖြည့်စွက်တဲ့ အခါမှာ မျိုးစေ့ကအပင်ပေါက်၊ အပင်ကနေအပင်ကြီးဖြစ်၊ အပင်ကြီးက အသီးသီး ဆိုတဲ့ အခါမှာလည်းပဲ ဒီအသီးဟာ အခြားမျိုးစေ့ရဲ့ အသီးလား? ဆိုတော့လည်း မဟုတ်ဘူး၊ ဒီမျိုးစေ့ကနေ တဖြည်းဖြည်းနဲ့ အသီးဖြစ်သွားတာလား?၊ ဒီလိုလည်း မဟုတ်ဘူး၊ ဒီမျိုးစေ့က အသီးသီးသည့် အချိန်ထိအောင် မျိုးစေ့အတိုင်းကြီး ရောက်သွားတာလည်း မဟုတ်ဘူး၊ အဲဒီအသီးဟာ ဒီမျိုးစေ့မှတပါး အခြားမျိုးစေ့ရဲ့ အသီးလည်းမဟုတ်ဘူး၊ အဲဒီနည်းနဲ့လဲ ကျမ်းဂန်တွေမှာ ဖြေရှင်းပြထားတာရှိတယ်။

မေး - တပည့်တော်တို့ အချင်းချင်းတွေ့တဲ့အခါကျတော့ တချို့လူတွေပြောတာရှိတယ်။ မျိုးစေ့ကနေ အသီးဖြစ်တယ်ဆိုတာ (apple) ဟာ (apple) ပဲ၊ (apple) အစေ့ဟာ (apple) အသီးဖြစ်တယ်၊ နောက်တစ်ခါထပ်ဖြစ်လည်း (apple) ပဲ ဖြစ်ရမယ်လို့ စွဲသွားမှာတဲ့။
ဖြေ - (apple) ပဲ ဖြစ်ရမှာမှန်တယ်၊ အဲဒါက ဘယ်လိုလဲဆိုတော့ ဒီဘဝက ပြုလိုက်တဲ့ ဒီသန္တာန်က ဒီအကျိုးပဲပေးမှာ၊ အဲဒါကို ဆိုလိုတာ၊ ဒီကံက ဟိုအကျိုး မပေးဘူး၊ ဒီကံက ဒီအကျိုးပဲပေးတယ်၊ ဒါကို (apple) မျိုးစေ့က (apple) အသီး ဖြစ်တယ်လို့ အဲသလို ဆိုလိုတယ်။

ကိုင်း၊ အဲဒီတော့ မရဏာသန္နဇောတွေ ပြီးသွားပြီ၊ မရဏာသန္နဇောဟာ ၅-ကြိမ်ပဲစောတယ်၊ ပြီးတော့ ဘဝသစ်မှာ ဒီပုံစံထဲမှာပါတဲ့အတိုင်းဆိုရင် ပဋိသန္ဓေနဲ့ ဘဝင် ၂-ကြိမ်က ပစ္စုပ္ပန်အာရုံ အာရုံပြုတယ်၊ ကျန်တာတွေက အတိတ်အာရုံကို

[စာမျက်နှာ-230] အာရုံပြုတယ်။

အဲဒါကြောင့်မို့ နောက်ဘဝင်တို့နှင့်တကွ ဘဝသစ် ဘဝင်အားလုံးတို့နှင့် စုတိ (ပုံစံမှာမပါဘူး) လွန်သွားပြီဖြစ်တဲ့အထိ ရူပါရုံကို အာရုံပြုကြတယ်၊ ဒါက ပကိဏ်းပိုင်းတုန်းက ပုံစံလေးနဲ့မြင်အောင် ကြည့်ထားရမယ်။

ဒါကြောင့်မို့ ကာမာဝစရ ပဋိသန္ဓေရဲ့ အာရုံဟာ မနောဒွါရနဲ့ ယူအပ်တဲ့ အတိတ်ကံ ဓမ္မာရုံဖြစ်တယ်တဲ့၊ အတိတ်ကံဆိုတော့ သူက ရူပါရုံမဟုတ်နိုင်တော့ဘူး၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံမဟုတ်ဘူး၊ ဓမ္မာရုံ။

အတိတ်ဓမ္မာရုံဖြစ်တဲ့အတွက်ကြောင့်မို့ မနောဒွါရနဲ့ပဲသိနိုင်တယ်၊ မျက်စိနဲ့ မြင်တာမျိုး မဟုတ်ဘူး၊ ကမ္မနိမိတ်ကျတော့ အတိတ်လည်းဖြစ်နိုင်တယ်၊ ပစ္စုပ္ပန်လည်း ဖြစ်နိုင်တယ်၊ အာရုံ ၆-ပါးဖြစ်တဲ့အတွက်ကြောင့် စက္ခု၊ သောတ စသည်မှာ တစ်ပါးပါးနဲ့ ဒွါရ ၆-ပါးမှာ တစ်ပါးပါးနဲ့ ယူနိုင်တယ်။

ဂတိနိမိတ်ကျတော့ ရူပါရုံတော့ ဟုတ်ပါရဲ့၊ မျက်လုံးနဲ့မြင်တာမဟုတ်တဲ့ အတွက်ကြောင့်မို့ စိတ်ထဲမှာ ပေါ်တဲ့ရူပါရုံဖြစ်တဲ့အတွက်ကြောင့်မို့ မနောဒွါရနဲ့ ယူတယ်လို့ ဒီလို အစဉ်အလာ ဆရာသမားများ ယူဆကြတယ်၊ အဲဒါ၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်။

ရူပါဝစရပဋိသန္ဓေရဲ့ အာရုံကတော့ ပညတ်ကမ္မနိမိတ်တဲ့၊ အဲဒါကိုကော နားလည်ကြလား၊ ဈာန်ရတဲ့အခါကျတော့ ဈာန်က ဘယ်ကိုအာရုံပြုသလဲ၊ ပညတ်ကို အာရုံပြုတယ်၊ ကသိုဏ်းပညတ်ကို အာရုံပြုတယ်၊ ကသိုဏ်းအားထုတ်တာဆိုရင် ကသိုဏ်းပညတ်ပေါ့၊ ကောဋ္ဌာသ၊ ကေသာလောမာ အားထုတ်ရင်လည်း ကေသာလောမာဆိုတဲ့ ကောဋ္ဌာသပညတ်ပေါ့၊ ဘာပဲဖြစ်ဖြစ်ပညတ်ပေါ့၊ အဲဒီပညတ်ကို အာရုံပြုတယ်။

အဲဒီရူပါဝစရကုသိုလ်စိတ်က ပညတ်ကိုအာရုံပြုရင် အဲဒီရူပါဝစရစိတ် မလွတ်ဘဲနဲ့ ပျောက်မသွားဘဲနဲ့ သေသွားတဲ့သူဟာ ရူပါဝစရဘုံမှာ ဗြဟ္မာသွားဖြစ်တော့ ဝိပါက်စိတ် သွားမဖြစ်ပေဘူးလား။ အဲဒီရူပါဝစရဝိပါက် ရူပါဝစရ ပဋိသန္ဓေဟာ ဘယ်ကို အာရုံပြုသလဲဆိုရင် ပညတ်၊ အဲဒီပညတ်ဟာ ဘာလဲဆိုရင် ကမ္မနိမိတ်၊ အဲဒီပညတ်ကမ္မနိမိတ်ကို အာရုံပြုတယ်။

အဲဒီတော့ ပထဝီကသိုဏ်းကို အားထုတ်ပြီးတော့ ပထမဈာန်ရတဲ့ပုဂ္ဂိုလ် ဆိုပါတော့၊ သူသေသွားလို့ ဗြဟ္မာဖြစ်တဲ့အခါမှာ ဘယ်စိတ်နဲ့ ဗြဟ္မာဖြစ်မလဲ။

[စာမျက်နှာ-231] ဘယ်စိတ်နဲ့ ပဋိသန္ဓေနေမလဲဆိုရင် ရူပါဝစရ ပထမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေမယ်။ အဲဒီပဋိသန္ဓေဟာ ဘယ်အာရုံကိုအာရုံပြုသလဲဆိုရင် ပထဝီကသိုဏ်းပညတ် ဆိုတဲ့ ကမ္မနိမိတ်ကို အာရုံပြုမယ်၊ အဲဒီအတိုင်းပဲသွားမယ်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဒီအတိုင်း အချို့ကျနားလည်သွားပေတော့။

“အရူပပဋိသန္ဓေ၏အာရုံသည် ပညတ် သို့မဟုတ် မဟဂ္ဂုတ်အတိတ် ကမ္မနိမိတ် ဖြစ်သည်”တဲ့၊ အရူပပဋိသန္ဓေရဲ့ အာရုံက ပညတ်လည်းဖြစ်နိုင်တယ်၊ မဟဂ္ဂုတ်လည်း ဖြစ်နိုင်တယ်၊ ဒါကို စိတ်ပိုင်းပြန်ကြည့်ရင် သိနိုင်တယ်။

အာကာသာနဉ္စာယတနစိတ်ဟာ ကောင်းကင်ပညတ်ကိုအာရုံပြုတယ်၊ ဝိညာဏနဉ္စာယတနစိတ်ဟာ အာကာသာနဉ္စာယတနစိတ်ကို အာရုံပြုတယ်၊ အာကိဉ္စညာယတနစိတ်က ပထမစိတ်ရဲ့ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြုတယ်၊ နေဝသညာနာသညာယတနစိတ်က တတိယ အရူပါဝစရစိတ်ကို အာရုံပြုတယ်။

အဲဒီတော့ ပထမစိတ်နဲ့ တတိယစိတ်ရဲ့ အာရုံက ပညတ်မဟုတ်ဘူးလား၊ ကောင်းကင်ပညတ်ရယ်၊ နတ္ထိဘောပညတ်ရယ်၊ ဒုတိယစိတ်နဲ့ စတုတ္ထစိတ်ရဲ့ အာရုံက အရူပါဝစရစိတ်ဆိုတော့ မဟဂ္ဂုတ်အာရုံပေါ့။

ဒါကြောင့်မို့ အရူပါဝစရပဋိသန္ဓေရဲ့ အာရုံဟာ ပညတ် သို့မဟုတ် မဟဂ္ဂုတ်အတိတ်ကမ္မနိမိတ်ဖြစ်တယ်၊ ပစ္စုပ္ပန်တော့မဟုတ်ဘူး အတိတ်၊ ဒါကြောင့်မို့ သေသေချာချာ ခွဲပြောမယ်ဆိုရင် ပထမနဲ့ တတိယရဲ့ အာရုံက ပညတ်၊ ဒုတိယနဲ့ စတုတ္ထရဲ့ အာရုံက မဟဂ္ဂုတ်၊ အဲသလိုခွဲပါ။

ပညတ်ဆိုရင်တော့ အတိတ်လား၊ အနာဂတ်လား၊ ပစ္စုပ္ပန်လား ရွေးနေစရာ မရှိဘူးနော်၊ ပညတ်က ကာလမှလွတ်၊ ကာလဝိမုတ်ခေါ်တယ်၊ တော်ကြာကျ ပညတ်ဟာဘာလဲ၊ ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား ထင်နေဦးမယ်။ မဟဂ္ဂုတ်တော့ အတိတ်လို့ပြောတယ်၊ ပညတ်တော့ဘာမှမပြောပါလားလို့ ထင်နေမယ်၊ ဒါက အရူပါဝစရပဋိသန္ဓေ။

အသညသတ်ဘုံမှာတော့ ဇီဝိတနဝကကလာပ်နဲ့သာ ပဋိသန္ဓေအနေနဲ့ဖြစ်တယ်၊ ဇီဝိတနဝကကလာပ်ဆိုတာ ရုပ်ပိုင်းကျတော့ နားလည်လိမ့်မယ်၊ ရုပ်ချည်းသက်သက် ပေါ့လေ၊ ဇီဝိတဆိုတာလေးပါတယ်၊ အသညသတ်ဘုံမှာက ဆင်းတုကြီးလို ရုပ်တုကြီးလို သွားဖြစ်နေမှာကိုး။ သွားဖြစ်နေတော့ သစ်သားရုပ်တုနဲ့ အဲဒီသွားဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့ ဘယ်လိုကွာခြား

[စာမျက်နှာ-232] သလဲမေးရင် သစ်သားရုပ်တုမှာက ဇီဝိတဆိုတဲ့ ရုပ်မပါဘူး၊ အဲဒီသတ္တဝါမှာကျတော့ ဇီဝိတပါတယ်၊ အဲဒီ ဇီဝိတနဝကကလာပ်ပဲ ပဋိသန္ဓေအဖြစ်နဲ့ဖြစ်တယ်။ ပြီးတော့ အဲဒီအတိုင်းချည်း သူက ကမ္ဘာငါးရာနေသွားမှာကိုး၊ “ထို့ကြောင့် ထိုဘုံ သတ္တဝါတို့သည် ရုပ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့မည်ကုန်၏” ဒါက ရုပ်သာ ပဋိသန္ဓေရှိတဲ့ပုဂ္ဂိုလ်။

ဒါဖြင့် အရူပါဝစရ သတ္တဝါတွေကျတော့ နာမ်သာပဋိသန္ဓေရှိတဲ့ ပုဂ္ဂိုလ်ပေါ့၊ သူတို့မှာရုပ်မပါဘူး၊ ကြွင်းတဲ့သတ္တဝါတွေဖြစ်တဲ့ ကာမာဝစရသတ္တဝါတွေ၊ ရူပါဝစရ ဗြဟ္မာတွေကျတော့ ရုပ်နာမ်နှစ်ပါးလုံး ပဋိသန္ဓေရှိတဲ့ သတ္တဝါတွေပေါ့။ လူတွေဆိုရင် ရုပ်နာမ်နှစ်ပါးလုံးရှိတယ်၊ တိရစ္ဆာန်တွေဆိုရင် ရုပ်နာမ်နှစ်ပါးလုံးရှိတယ်၊ နတ်တွေတစ္ဆေတွေလည်း (မမြင်ရပေမဲ့) ရုပ်ရှိတယ်နော်၊ မမြင်ရတာကတော့ သူတို့မှာ ကမ္မဇိဒ္ဓိရှိတာကိုး၊ ဒါပေမဲ့ သူတို့မှာ ဦးဇင်းတို့လိုပဲ ရုပ်နာမ်ရှိတာပဲ။

ဒါကြောင့်မို့ ကြွင်းတဲ့ကာမာဝစရသတ္တဝါ၊ ရူပါဝစရသတ္တဝါတွေကတော့ ရုပ်နာမ်နှစ်ပါးလုံး ပဋိသန္ဓေရှိတဲ့ ပုဂ္ဂိုလ်လို့ ဒီလိုခေါ်ရတယ်၊ ကောင်းပြီ ဒါက သေခြင်းဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောစရာလေး။ စုတိနောင်ပဋိသန္ဓေတဲ့ အဲဒါကချဲ့ရင်ချဲ့သလောက်ကျယ်လိမ့်မယ်၊ ရှုပ်လည်းရှုပ်တယ်၊ ရိုးရိုးလေး ဖတ်လိုက်ရင်တော့ရှင်းတယ်၊ ဖတ်လိုက်စမ်း။

“အရူပစုတိနောင်၊ အောက်အောက်အရူပကြဉ်သော အရူပပဋိသန္ဓေနှင့် ကာမတိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏”

ဆိုပါတော့တဲ့ အရူပါဝစရဘုံမှာ ရောက်သွားတဲ့ ဗြဟ္မာက သူစုတေမယ်၊ စုတေရင် သူဘယ်ဘဝ ပဋိသန္ဓေရနိုင်လဲ၊ ဘယ်ဘုံရောက်နိုင်လဲတဲ့၊ အောက်အောက် အရူပကြဉ်သောတဲ့ ဆိုလိုတာက နေဝသညာနာသညာယတနဘုံ ရောက်သွားတဲ့ ဗြဟ္မာက စုတေပြီဆိုပါတော့၊ သူဟာ အောက်သုံးဘုံမှာဖြစ်ဦးမလား၊ မဖြစ်ဘူးတဲ့ အထက်ဈာန်ရရင် အောက်ဈာန်ပျောက်တာပဲ။

အာကာသာနဉ္စာယတနကနေ ဝိညာဏနဉ္စာယတနတက်လိုက် အာကာသာနဉ္စာယတနပျောက်တာပဲ၊ ပျောက်တော့ အောက်ဈာန်တွေပျောက်သွားတဲ့အတွက်ကြောင့် အောက်ဘုံတွေမှာ မဖြစ်ဘူး။ ဒါပေမဲ့ နောက်ဘဝကပြုထားတဲ့ကံတွေရှိတော့ ကမ္မတိဟိတ် ပဋိသန္ဓေတော့ သွားဖြစ်တယ်၊ အရူပါဝစရဈာန်ရတော့ သူတို့မှာ ရူပါဝစရဈာန်လည်း

[စာမျက်နှာ-233] မရှိတော့ဘူး၊ အဲဒီတော့ ရူပါဝစရဘုံမှာ မဖြစ်တော့ဘူး၊ ဒါကြောင့် သူ့ဘုံမှာ ပြန်ဖြစ်မယ် (ဖြစ်ခြင်းဖြစ်ရင်)၊ ပြီးတော့ ဘယ်သွားမလဲ၊ ကာမာဝစရဆင်းမယ်။ ကာမာဝစရဆင်းတဲ့အခါကျတော့ ဈာန်အရှိန်ရဲ့ အစွမ်းကြောင့် ကာမတိဟိတ် ပဋိသန္ဓေဖြစ်မယ်ဆိုတော့ အပါယ်မကျဘူးပေါ့၊ လူဖြစ်မယ် နတ်ဖြစ်မယ်ပေါ့။ လူဖြစ်၊ နတ်ဖြစ်တဲ့အခါမှာလည်းပဲ အဟိတ်ပဋိသန္ဓေ ဒွိဟိတ်ပဋိသန္ဓေ မဖြစ်ဘူး၊ တိဟိတ်ပဋိသန္ဓေဖြစ်မယ်၊ ဒါလေး သူ့ဟာသူမရှင်းဘူးလား၊ ရှင်းတာပဲ။

အဲဒီတော့ (ဆိုပါတော့) အာကာသာနဉ္စာယတနဘုံက စုတေရင် ဖြစ်ချင်ရင် အာကာသာနဉ္စာယတနဘုံမှာပြန်ဖြစ်မယ်၊ သို့မဟုတ် ကာမသုဂတိတိဟိတ်ဖြစ်မယ်။ ဝိညာဏနဉ္စာယတနဘုံက စုတေရင် ဝိညာဏနဉ္စာယတနဘုံမှာ ပြန်ဖြစ်ချင်ဖြစ်မယ်၊ အောက်ကာမဘုံ ပြန်ဆင်းမယ်၊ အဲဒီလိုသွားမယ်၊ ရူပါဝစရဘုံ ဘာကြောင့် မဆင်းနိုင်တာလဲ၊ ရူပါဝစရဈာန်မရလို့၊ အရူပါဝစရဈာန်ရရင် ရူပါဝစရဈာန် မလိုချင်တော့ဘူးပေါ့၊ တစ်ခါ အရူပဈာန်ကနေ အထက်ဈာန်ရောက်ရင် အောက်ဈာန် ပျောက်တာပဲ။

ကောင်းပြီ၊ ရူပါဝစရစုတိ နောင်ကျတော့ ဘာတွေဖြစ်နိုင်သတုန်း၊ သဟိတ်ပဋိသန္ဓေဖြစ်နိုင်တယ်တဲ့၊ သဟိတ်ပဋိသန္ဓေဆိုတော့ ဘာတွေတုန်း၊ ဒွိဟိတ်ပဋိသန္ဓေနဲ့ တိဟိတ်ပဋိသန္ဓေ၊ ရူပါဝစရပဋိသန္ဓေတွေကော မဖြစ်နိုင်ဘူးလား။

ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်တဲ့စိတ် ဘယ်လောက်ရှိသလဲ၊ ၁၉-ခုရှိတယ်၊ အဲဒီ ၁၉-ခုထဲမှာ အဟိတ်အကုသလဝိပါက် သန္တီရဏက တစ်ခု၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏက တစ်ခု၊ အဲဒါ ၂-ခု နုတ်လိုက်၊ ဘယ်လောက်ကျန်လဲ၊ ၁၇- ခုကျန်တယ်၊ အဲဒီ ၁၇-ခုဟာ သဟိတ်ပဋိသန္ဓေ မဖြစ်ပေဘူးလား၊ ဟိတ်ရှိတဲ့ပဋိသန္ဓေ။

ကာမာဝစရဝိပါက်စိတ် ၈-ခုရယ်၊ ရူပါဝစရဝိပါက်စိတ် ၅-ခုရယ်၊ အရူပါဝစရဝိပါက်စိတ် ၄-ခုရယ်၊ ၈-ရယ် ၉-ရယ်ပေါင်းတော့ ၁၇-ခုပေါ့၊ အဲဒီဟာက ဘာဖြစ်သလဲ၊ သဟိတ်ပဋိသန္ဓေက ရူပါဝစရစုတိနောင် ဖြစ်နိုင်တယ်ဆိုတော့ ရူပါဝစရဗြဟ္မာစုတေရင် ဘယ်ဘုံရောက်နိုင်သလဲ။ သဟိတ်ပဋိသန္ဓေဖြစ်နိုင်တယ်ဆိုသဖြင့် လူ့ဘုံပြန်မရောက်နိုင်ဘူးလား၊ နတ်ဘုံမရောက်နိုင်ဘူးလား၊ ဗြဟ္မာဘုံကော မရောက်နိုင်ဘူးလား၊ ရောက်နိုင်တာပေါ့။ သဟိတ်ပဋိသန္ဓေဆိုတော့ ခုနလို သူက အောက်ဘုံမဆင်းဘူးဆိုတာ မရှိဘူး၊ ဒါဖြင့် ရူပါဝစရစုတိနောင် သဟိတ် ပဋိသန္ဓေ ၁၇-ခု ဖြစ်သည်။

ကာမတိဟိတ်စုတိနောင်တဲ့၊ ကာမတိဟိတ်စုတိဆိုတော့ ဉာဏသမ္ပယုတ်

[စာမျက်နှာ-234] ၄-ခုပေါ့၊ သူကတော့ အလုံးစုံသော ပဋိသန္ဓေတို့ဖြစ်ကုန်၏တဲ့၊ တိဟိတ်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ ဒါပဲ၊ ကာမာဝစရတိဟိတ်ဖြစ်လိုက်ပြီဟေ့ဆိုရင် ရောက်ချင်ရာရောက် နိုင်တယ်၊ အဝီစိလည်းသွားနိုင်တယ်၊ ဒေဝဒတ်တို့ အဝီစိသွားတာကြည့်လေ၊ ဟိုဘက် အထိလည်း တက်နိုင်တယ်၊ ရဟန္တာထိအောင်လည်း ဖြစ်သွားနိုင်တယ်၊ ဒီနေရာမှာတော့ ပဋိသန္ဓေဖြစ်တာ ပြောနေတာမို့ ရဟန္တာနဲ့တော့ မဆိုင်ဘူး။

ဒါကြောင့် ကာမတိဟိတ်စုတိနောင်ကတော့ ပဋိသန္ဓေရှိသမျှ အကုန်လုံး ရနိုင်တယ်ဆိုတော့ ၁၉-ပါးလုံးရနိုင်တယ်ပေါ့၊ ဟုတ်တယ်လေ၊ တိဟိတ်ဖြစ်ပေမဲ့ အကုသိုလ်တွေ သိပ်လုပ်ရင် အပါယ်ကျမှာပေါ့၊ ကုသိုလ်လုပ်ပြန်တော့ ကုသိုလ်က ခပ်ညံ့ညံ့ဖြစ်နေရင် သူက အဟိတ်ပဋိသန္ဓေလည်း နေနိုင်တာပဲ၊ သဟိတ်ပဋိသန္ဓေလည်း နေနိုင်တာပဲ၊ ဗြဟ္မာလည်း ဖြစ်နိုင်တာပဲ၊ ဒါကြောင့် ကာမတိဟိတ်စုတိနောင် ဆိုတာ အလုံးစုံသော ပဋိသန္ဓေတို့ဖြစ်ကုန်၏။

ကာမအဟိတ်ဒွိဟိတ်စုတိနောင်တဲ့ ဆိုတော့ အဟိတ်ပဋိသန္ဓေက ဘာတုန်း၊ အကုသလဝိပါက်နဲ့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ဒွိဟိတ်စုတိဆိုတော့ ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ် ၄-ခု၊ ဟုတ်ပြီလား (ကာမဒွိဟိတ်စုတိဆိုတော့)၊ စုတိစိတ်ဆိုတာ မဟာဝိပါက်စိတ် ၈-ခုပဲမဟုတ်လား၊ မဟာဝိပါက်စိတ် ၈-ခု ရယ်၊ ဥပေက္ခာသန္တီရဏ ၂-ခုရယ် (ကာမစုတိဆိုရင်လေ) အဲဒီထဲမှာ ဒွိဟိတ်က ၄-ခုပါမယ်၊ တိဟိတ်က ၄-ခုပါမယ်၊ တိဟိတ်ခုနပြောပြီးပြီ၊ ဒီမှာ ဒွိဟိတ်ကျန်တယ်။

ဒါကြောင့်မို့ ကာမအဟိတ်လို့ ပြောလိုက်ရင် ဥပေက္ခာသန္တီရဏကိုပြောတာ၊ ကာမဒွိဟိတ်ဆိုရင် ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ် ၄-ခုကို ပြောတာ။ အဲဒီစုတိနောင်မှာ ကာမပဋိသန္ဓေတို့ဖြစ်ကုန်၏တဲ့၊ ကာမပဋိသန္ဓေဆိုတော့ ကာမပဋိသန္ဓေဘယ်နှစ်ခုရှိလဲ၊ ကာမပဋိသန္ဓေ ၁၀-ခုရှိတယ်၊ သုဂတိအဟိတ်၊ ဒုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်၊ အဲဒီ ၁၀-ခုရှိတယ်။

အသညသတ် စုတိနောင်တဲ့၊ ဒါက သင်္ဂြိုဟ်ထဲမပါဘူး၊ အသညသတ် စုတိနောင်မှာ ကာမဒွိဟိတ် တိဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏တဲ့၊ ဘာကြောင့်တုန်း ဆိုတော့ အသညသတ်ဘုံက စုတေရင် သူကဗြဟ္မာကိုး၊ ဗြဟ္မာပြည်က စုတေတယ် ဆိုတော့ သူက သေချာတယ်၊ အပါယ်မကျနိုင်ဘူး၊ ဈာန်ကလည်း မရနိုင်ဘူးဆိုတော့ ရူပါဝစရဘုံမှာ မဖြစ်နိုင်ဘူး၊ အရူပါဝစရဘုံမှာ မဖြစ်နိုင်ဘူး ဆိုတော့ ကာမသုဂတိပဲ ရှိတော့တယ်။ ဒါကြောင့်မို့ ကာမသုဂတိဘုံမှာ ကာမဒွိဟိတ် ပဋိသန္ဓေသော်လည်းကောင်း၊

[စာမျက်နှာ-235] ကာမတိဟိတ်ပဋိသန္ဓေသော်လည်းကောင်း ဖြစ်မယ်၊ ဒါလောက်လေးကတော့ ရှင်းတယ်၊ အသေးစိတ်ဆိုရင် နည်းနည်းရှုပ်မယ်၊ ခဏလေးထားဦး။

စကားတစ်ခွန်းကြားဖူးကြလား “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” ဆိုတာလေ၊ အဲဒီတော့ ဗြဟ္မာပြည်ကနေ ဝက်ဖြစ်နိုင်သလား၊ မဖြစ်နိုင် ဘူးလားပြောစမ်း၊ တိုက်ရိုက်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား၊ ဒါက အဘိဓမ္မာနည်းနဲ့ ပြောရမှာ မဖြစ်နိုင်ဘူး၊ အမှန်ကတော့ ဒါဟောကြားဟာလေးကို မြှုပ်ပြောတဲ့ သဘောဖြစ်တယ်၊ ဗြဟ္မာပြည်က စုတေပြီးရင် လူသော်လည်းကောင်း၊ နတ်သော်လည်းကောင်းဖြစ်ရမယ်၊ ပြီးတော့မှ တိရစ္ဆာန်ဖြစ်ချင်ဖြစ် အပါယ်ကျချင် ကျမယ်။

ဒါကြောင့်မို့ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” ဆိုတာ ကြားကကွက်လပ်လေး ချန်ပြောတာ၊ ကွက်လပ်လေး မဖော်ဘဲပြောတာ၊ တကယ်တော့ ဒါရိုက်ဟစ် ဗြဟ္မာကနေဝက် မဖြစ်နိုင်ဘူး။ ဓမ္မပဒမှာဝတ္ထုလေးရှိတယ်၊ ဝက်မလေးမြင်တော့ မြတ်စွာဘုရားက ပြုံးတော်မူတယ်ဆိုတာပေါ့၊ တကယ်ဗြဟ္မာကနေဝက်သွားဖြစ်တာမဟုတ်ဘူး၊ ဗြဟ္မာကနေ တစ်ဆင့် ကာမသုဂတိဘုံကို လာရဦးမယ်၊ အဲဒီကမှသွားမှာ။

အဘိဓမ္မာတတ်တာ အဲဒီကိစ္စမျိုးတွေမှာ အယူအဆ မှန်မှန်ကန်ကန် နားလည်တာ၊ အဘိဓမ္မာမတတ်တဲ့သူဆိုရင် နားမလည်ဘူး၊ ဗြဟ္မာပြည်တဝင်းဝင်း ဝက်စားကျင်း တရှုံ့ရှုံ့ဆိုရင် ဒါရိုက်ပဲအောက်မေ့လိုက်မှာ၊ ဒါကြောင့်မို့ ဦးဇင်းခဏခဏ ပြောတယ်မဟုတ်လား၊ အဘိဓမ္မာမတတ်ရင် ဘုရားဟောသုတ္တန်တရားတော်တွေကို မှန်မှန်ကန်ကန် နားလည်ဖို့ မလွယ်ဘူးဆိုတာ ဒါပြောတာပေါ့၊ တချို့ဟာတွေကတော့ အဘိဓမ္မာမပါဘဲနဲ့ နားလည်နိုင်တာမျိုး ရှိတော့ရှိပါတယ်၊ ဒါပေမဲ့ အဘိဓမ္မာနဲ့ ချိန်ထိုး ချိန်ထိုးပြီး နားလည်မှ ယူဆမှ အမှန်အကန်ရောက်တယ်၊ အဘိဓမ္မာဟာ guide line ပဲ။ ဒါကြောင့် အဘိဓမ္မာဟာ အလွန်အရေးကြီးတယ်၊ တချို့တွေက အဘိဓမ္မာကို သေးသေးသိမ်သိမ်ဖြစ်အောင် ပြောကြတာဟာ သူတို့မတတ်လို့ပြောတာ။

ကောင်းပြီ အထူးမှတ်စရာလေးရှိတယ်၊ ဒါကဘာတုန်း၊ ဘုံ-၃၁ ကို စိတ်ထဲက ကြည့်ထားဦး၊ ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတနတဲ့ ၃-ဘုံရှိတယ်၊ အဲဒီ ၃-ဘုံတို့၌တည်သော အရိယာပုဂ္ဂိုလ်တို့ (တည်တယ်ဆိုတာ အဲဒီမှာ ဖြစ်ပြီးတဲ့ အရိယာပုဂ္ဂိုလ်ဟာ တစ်ပါးသောဘုံတို့၌ မဖြစ်ဘူး) အဲဒီဘုံမှာပဲ ထပ်ဖြစ်ချင်ဖြစ်မယ်၊ အဲဒီဘုံကနေပြီး တခြားဘုံတွေကို အရိယာပုဂ္ဂိုလ်တွေကတော့

[စာမျက်နှာ-236] မဖြစ်တော့ဘူး။

ဝေဟပ္ဖိုလ်ဘုံဆိုတာ ဘယ်မှာလဲ၊ ရှာလိုက်စမ်း၊ စတုတ္ထဈာန်ဘုံထဲမှာ ရှိလိမ့်မယ်၊ အကနိဋ္ဌဘုံ၊ သုဒ္ဓါဝါသထိပ်ဆုံးမှာ ဝေဟပ္ဖိုလ်ရယ်၊ အကနိဋ္ဌရယ်၊ ပြီးတော့ နေဝသညာနာသညာယတနရယ်၊ အဲဒီ ၃-ဘုံကို ဘုံတွေရဲ့ ခေါင်းလို့ ခေါ်တယ်၊ ဘူမိသီသလို့ခေါ်တယ်၊ ဝေဟပ္ဖိုလ်ကလည်း ဗြဟ္မာဘုံမှာ အထက်ဆုံး၊ အကနိဋ္ဌကလည်း သုဒ္ဓါဝါသမှာ အထက်ဆုံး၊ နေဝသညာနာသညာယတနကတော့ ဘုံ ၃၁-ဘုံမှာ သူက အထက်ဆုံး၊ ဘဝဂ် (ထိပ်ဆုံး)လို့ ခေါ်တာ၊ အဲဒီနေဝသညာနာသညာယတနဘုံကို ခေါ်တာ။

ဘဝဂ်ဆိုတာ ပါဠိစကား၊ ဘဝဂ်ဆိုတာ ဘဝအဂ္ဂ၊ အဂ္ဂဆိုတာ ထိပ်ဆုံး အမြင့်ဆုံး၊ ဘဝဆိုတာဘဝ၊ ဘဝရဲ့ အမြင့်ဆုံးဘဝဆိုတော့ နေဝသညာနာသညာယတနဘုံကို ဘဝဂ်လို့ခေါ်တယ်၊ အမျှဝေတဲ့အခါကျတော့ ဆိုကြတယ် မဟုတ်လား၊ အထက်ဘဝဂ်၊ အောက်အဝီစိနဲ့၊ အထက်ဘဝဂ်ဆိုတာ အဲဒါကိုပြောတာ။

ကောင်းပြီ အဲဒီဘုံတွေမှာ အရိယာပုဂ္ဂိုလ်တွေ သွားဖြစ်ပြီဆိုပါတော့ လူ့ဘုံက အရိယာက ဟိုဘုံမှာသွားပြီး ပဋိသန္ဓေနေသည်ဖြစ်စေပေါ့လေ၊ အဲဒီဘုံမှာ ပုထုဇဉ်ဖြစ်ပြီး အရိယာဖြစ်သည်ဖြစ်စေ၊ ဖြစ်ပြီးရင် အရိယာတွေရဲ့ သဘောက တခြားဘုံတွေမှာ မဖြစ်တော့ဘူး။ အဲဒီတော့ အဲဒီဘုံဖြစ်ပြီးလျက်နဲ့ ရဟန္တာမဖြစ်သေးရင်လည်း ဝေဟပ္ဖိုလ်ဘုံမှာ ထပ်ဖြစ်လိမ့်မယ်၊ ဝေဟပ္ဖိုလ်မှာ ရောက်သွားတဲ့အရိယာက ဝေဟပ္ဖိုလ်ဘုံ ထပ်ဖြစ်လိမ့်မယ်။

ပြီးတော့ အကနိဋ္ဌဘုံဆိုတာ သုဒ္ဓါဝါသမှာ အမြင့်ဆုံးဘုံ၊ အဲဒီအကနိဋ္ဌဘုံ ရောက်ရင်တော့ ဧကန်ရဟန္တာဖြစ်တယ်၊ ရဟန္တာမဖြစ်တဲ့ အနာဂါမ်ရယ်လို့မရှိဘူး၊ သုဒ္ဓါဝါသဘုံက အနာဂါမ်မှ ရောက်တာမဟုတ်လား၊ အနာဂါမ်ဖြစ်ပြီးတော့ သုဒ္ဓါဝါသဘုံရောက်သွားမယ်၊ သုဒ္ဓါဝါသဘုံရောက်ပြီးတော့ သူကအဆင့်ဆင့် တက်ချင်တယ် သွားမယ်၊ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ။

အကနိဋ္ဌဘုံရောက်ရင်တော့ ဧကန်ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုလိမ့်မယ်။ ဒါကြောင့်မို့ အဲဒီဘုံကလွဲပြီး တခြားဘယ်ဘုံမှ မဖြစ်တော့ဘူး၊ ရဟန္တာမဖြစ်သေးရင် ဝေဟပ္ဖိုလ်မှာ ထပ်ဖြစ်နိုင်သေးတယ်၊ အကနိဋ္ဌကတော့ ဒီလို မဟုတ်ဘူး၊ ဧကန်ကို ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုလိမ့်မယ်။ နေဝသညာနာသညာယတနဘုံမှာရှိတဲ့ အရိယာကလည်း တခြားသောဘုံမှာ

[စာမျက်နှာ-237] မဖြစ်တော့ဘူး၊ အဲဒီဘုံ ထပ်ဖြစ်ချင်လည်းဖြစ်မယ်၊ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုချင်လည်းပြုမယ်၊ အဲဒီလို ပုထုဇဉ်နဲ့ အရိယာကွာတာနော်။ ပုထုဇဉ်ကျတော့ ဒီလိုမဟုတ်ဘူး၊ ပုထုဇဉ်ကျတော့ ဝေဟပ္ဖိုလ်ဘုံမှာဖြစ်ပြီး အောက်ဘုံတွေကော မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်၊ ကာမာဝစရဘုံလည်းပြန်ကျ နိုင်တယ်။

အကနိဋ္ဌမှာတော့ ပုထုဇဉ်မရှိဘူးဆိုတော့ ပြောစရာမလိုဘူး၊ နေဝသညာနာသညာဘုံမှာလည်း ပုထုဇဉ်သွားဖြစ်ပြီး အဲဒီကနေ အောက်ပြန်မကျနိုင်ဘူးလား၊ ကျနိုင်တယ်၊ အရိယာကျတော့မကျဘူး၊ ဒီ ၃-ဘုံကို မှတ်ထားပေါ့၊ ဝေဟပ္ဖိုလ်ရယ်၊ အကနိဋ္ဌရယ်၊ နေဝသညာနာသညာယတနရယ်။

“သုဒ္ဓါဝါသဘုံသားအားလုံးလည်း တစ်ခါဖြစ်ပြီးသောသုဒ္ဓါဝါသဘုံ၌ ထပ်၍ မဖြစ်ကြ” အဝိဟာပြီးရင် အတပ္ပါ၊ အတပ္ပါ ပြီးရင် သုဒဿ၊ အဲသလို အဆင့်ဆင့် တက်သွား၊ နောက်ဆုံး အကနိဋ္ဌကျတော့ ပရိနိဗ္ဗာန်ပြု၊ အဲသလိုတဲ့။

“ဗြဟ္မာပြည်သို့ရောက်သော အရိယာတို့အောက်၊ အောက်ဘုံ၌မဖြစ်ကြ”တဲ့။ တတိယဈာန်ဘုံမှာ အရိယာက ဗြဟ္မာသွားဖြစ်ပြီတဲ့၊ သူဟာ ဒုတိယဈာန်ဘုံ ပြန်မဆင်းတော့ဘူး၊ ဗြဟ္မာဘုံမှာတောင် အောက်ဘုံ ပြန်မဆင်းတော့ဘူးဆိုရင် ကာမာဝစရဘုံဆိုတာမပြောနဲ့တော့၊ အဲဒီဘုံမှာထပ်ဖြစ်မယ်၊ အထက်ဘုံကို တက်သွားမယ်၊ ဒါက အရိယာ။

ခုနပြောထားတာ (ပထမအပိုဒ်)က အားလုံးခြုံပြီး ပြောထားတာ၊ အရူပစုတိနောင်၊ အရူပကြဉ်သော ပဋိသန္ဓေမှ ပုထုဇဉ်နဲ့ အရိယာကိုမခွဲခြားဘဲ ပြောထားတာ၊ ခွဲခြားမယ်ဆိုရင် အရိယာတွေမှာ ဒီလိုထူးခြားချက်တွေက ရှိသေးတယ်။ ဒါကြောင့် ပုထုဇဉ်တစ်ယောက်သေပြီး ဘယ်ဘုံဖြစ်နိုင်သလဲ၊ အရိယာ တစ်ယောက် သေပြီး ဘယ်ဘုံဖြစ်နိုင်သလဲဆိုတဲ့ အမေးရှိလာရင် သတိထားပြီးတော့ ဖြေရလိမ့်မယ်၊ ကိုင်း၊ for example လုပ်ကြပါစို့။

မေး - ဝေဟပ္ဖိုလ်ဘုံမှာ ပုထုဇဉ်ရှိတယ်၊ အဲဒီပုထုဇဉ်သေရင် ဘယ်ဘုံမှာဖြစ်နိုင်သလဲ။
ဖြေ - အဲဒီဘုံ သို့မဟုတ် ကာမဘုံ၊ သဟိတ်ပဋိသန္ဓေ အကုန်ဖြစ်နိုင်တယ်။ ရူပစိတ်ကြဉ်သော သဟိတ်ပဋိသန္ဓေလို့ပြောထားတာကိုး၊ အရူပဘုံလည်း တက်ဖြစ်မယ်၊ အောက်ဘုံလည်းပြန်ဆင်းချင် ဆင်းမယ်။
မေး - အကယ်၍ သူအရိယာဆိုရင်ကော။
ဖြေ - အရိယာဆိုရင်တော့ ဒီဘုံထပ်ဖြစ်ချင်ဖြစ်မယ်၊ ဒီထက်မြင့်တဲ့ဘုံမှာ ဖြစ်ချင်

[စာမျက်နှာ-238] ဖြစ်မယ်၊ အောက်ကို မဆင်းတော့ဘူး၊ အဲသလို ခွဲခြားပြီး သိရမယ်၊ အကနိဋ္ဌကတော့ ပုထုဇဉ်မရှိလို့ ပြောစရာမလိုဘူး။ နေဝသညာနာသညာဘုံမှာ ပုထုဇဉ်သွားဖြစ်မယ်၊ သူ့နောင်ဘယ်ပဋိသန္ဓေ နှောင်းနိုင်သလဲဆိုရင် အောက်မှ အောက်အရူပကြဉ်တဲ့ အရူပပဋိသန္ဓေရယ်၊ ကာမတိဟိတ်ပဋိသန္ဓေရယ် နှောင်းနိုင်တယ်။ အရိယာဆိုရင်တော့ ဘယ်ဘုံမှမဖြစ်တော့ဘူး၊ ဒီဘုံထပ်ဖြစ်ချင်ဖြစ်မယ်၊ အဲသလိုကွာခြားတယ်၊ ဒါကြောင့်မို့ စုတိနဲ့ ပဋိသန္ဓေဆက်တာ ပြတဲ့နေရာမှာ ပုထုဇဉ်ဆိုရင်တစ်မျိုး၊ အရိယာဆိုရင် တစ်မျိုးဖြစ်နိုင်တယ်။

အဲဒါကြောင့် ဘုံ ၃၁-ကို စိတ်ထဲမှာတန်းပြီး မှန်းလိုက်စမ်း၊ ပြီးတော့မှ တစ်ဘုံစီ၊ တစ်ဘုံစီ အဲသလိုသွားမယ်ဆိုရင် တော်တော်ကျယ်ကျယ်လုပ်ရလိမ့်မယ်။ ဆိုပါတော့ ငရဲဘုံက စုတေရင် ဘာစိတ်နဲ့စုတေမလဲ၊ သိကြလား၊ ငရဲဘုံမှာဘာစိတ်နဲ့ ပဋိသန္ဓေနေသလဲ၊ ပထမအဲဒါပြော၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ နေမယ်၊ သေရင်လည်းပဲဒါနဲ့သေမယ်။

ဒါဖြင့် ငရဲဘုံက စုတေတယ်ဆိုရင် အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ စုတေလိမ့်မယ်၊ အဲဒီငရဲဘုံက စုတေတဲ့လူဟာ ဘယ်ဘုံတွေ ရောက်နိုင်သလဲ၊ ဘယ်ပဋိသန္ဓေစိတ်တွေ ဖြစ်နိုင်သလဲ၊ ကိုင်း၊ ပြောစမ်း။ ဘယ်မှာကြည့်မလဲ၊ စုတိနောင် ပဋိသန္ဓေဆိုတဲ့ ခေါင်းစဉ်ထဲမှာ ကြည့်လိုက် ဘယ်စာပိုဒ်ကိုသုံးမလဲ၊ “ကာမအဟိတ်ဒွိဟိတ် စုတိနောင် ကာမပဋိသန္ဓေတို့ ဖြစ်ကုန်၏”၊ ဒါဖြင့် ငရဲကျပြီးတဲ့လူက ငရဲကလွတ်ပြီတဲ့၊ ဘယ်ဘုံမှာဖြစ်နိုင်သလဲ။ ကာမပဋိသန္ဓေ ၁၀-ခုရှိတယ် မဟုတ်လား၊ အဲဒီ ၁၀-ခုမှာ သွားဖြစ်နိုင်တယ်ပေါ့။

ဒါဖြင့်ရင် ငရဲဘုံကလွတ်ပြီးတဲ့နောက် ငရဲဘုံလည်း ပြန်ကျချင်ကျမယ် ဆိုပါတော့၊ သို့မဟုတ် တခြားအပါယ် ၃-ဘုံလည်း ဖြစ်ချင်ဖြစ်မယ်၊ လူဖြစ်ချင် ဖြစ်မယ်၊ နတ်ဖြစ်ချင်ဖြစ်မယ်၊ အဲသလိုပေါ့၊ ဒါကြောင့် အဲသလို စမ်းကြမလား၊ home work ပေးလိုက်မယ်။ ဆိုပါတော့ ငရဲဘုံ၊ စုတိစိတ်၊ ဘာစိတ်နဲ့စုတိတယ်၊ ပြီးတော့ ပဋိသန္ဓေ နေမယ့်ဘုံ၊ ပဋိသန္ဓေစိတ် ၄-ချက်သွားလိမ့်မယ်၊ ဟုတ်ပြီလား၊ ဘုံ၊ စုတိစိတ်၊ ဘုံ၊ ပဋိသန္ဓေစိတ် (သိပ်ကပ်မရေးနဲ့) ငရဲဘုံကို ပထမလုပ်ကြည့်မယ်၊ ပထမဘုံအောက်က ငရဲလို့ ရေးလိုက်၊ သူက ဘာနဲ့ သေမလဲ၊ အပါယ် ၄-ဘုံ ဆိုတော့ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏ၊ အဲဒီမှာ အတိုကောက်လေးရေး အ၊ ကဲ

[စာမျက်နှာ-239] ဘယ်ဘုံတွေမှာဖြစ်မလဲ၊ ကာမပဋိသန္ဓေလို့ ဆိုတယ်မဟုတ်လား၊ ကာမပဋိသန္ဓေ ဆိုကတည်းက ကာမ ၁၁-ဘုံမှာ ဖြစ်မယ်မဟုတ်ဘူးလား၊ ဒါဖြင့် ကာမ ၁၁ ဘုံ ပေါ့။ ကာမ ၁၁-ဘုံမှာ ဘာပဋိသန္ဓေ စိတ်တွေဖြစ်မလဲ၊ အဟိတ်ပဋိသန္ဓေ ၂-ခု၊ ကာမဒွိဟိတ် ပဋိသန္ဓေ ၄-ခု၊ ကာမတိဟိတ် ပဋိသန္ဓေ ၄-ခု၊ ဆိုတော့ ၁၀ ခုဖြစ်မယ်ပေါ့၊ ဟုတ်ပြီလား။

မေး - ပဋိသန္ဓေစိတ်တွေကို အကျယ်တစ်ခေါက် ပြန်ပြောပါဘုရား။
ဖြေ - အဟိတ်ပဋိသန္ဓေစိတ် ၂-ခုက ကုသလဝိပါက်နဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ပြီးတော့ ကာမဒွိဟိတ် ပဋိသန္ဓေ ၄-ခု၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ခုကို ဆိုလိုတယ်၊ ပြီးတော့ မဟာဝိပါက် ဉာဏသမ္ပယုတ် စိတ် ၄-ခု၊ ရှင်းရှင်းပြောရရင်တော့ မဟာဝိပါက်စိတ် ၈-ခုပါပဲ၊ ဒါပေမဲ့ ဒီနေရာမှာ ခွဲပြောချင်တယ်၊ တိဟိတ်နဲ့ ဒွိဟိတ်ကို ခွဲခွဲပြီးပြောချင်တယ်။

ကိုင်း ပြန်ပြောလိုက်ဦးမယ်၊ ပထမဘာလဲ၊ ငရဲ၊ စုတိစိတ်က အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ၊ ဖြစ်မယ့်ဘုံက ကာမ ၁၁-ဘုံ၊ ပဋိသန္ဓေ ၁၀-ခုပဲ။ ရှင်းရှင်းကတော့ အကျဉ်းရေးချင်ရင် ဒါပဲ၊ သို့သော် စိတ်တွေထိအောင် သေသေချာချာ ရေးချင်တယ်ဆိုရင် အဟိတ်ပဋိသန္ဓေစိတ် ၂-ခု၊ အဲသလိုမှ မရေးချင်ရင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ကုသလဝိပါက် ဥပေက္ခာသန္တီရဏလို့ ရေးရလိမ့်မယ်၊ မဟာဝိပါက်ဉာဏဝိပ္ပယုတ်လို့ မရေးချင်ရင်ဒွိဟိတ်လို့ပဲ ရေးလိုက်တော့၊ မဟာဝိပါက်ဒွိဟိတ် ၄-ခု၊ မဟာဝိပါက်တိဟိတ် ၄-ခု။ ဉာဏဝိပ္ပယုတ်နဲ့ ဒွိဟိတ်နဲ့ အတူတူပဲ၊ ဉာဏသမ္ပယုတ်နဲ့ တိဟိတ်နဲ့ အတူတူပဲ၊ ဒီနေရာမှာ ဒွိဟိတ်တိဟိတ်ဆိုတဲ့ စကားလုံးကို သုံးကြရအောင်။

မေး - ဝိပ္ပယုတ်က ဒွိဟိတ်၊ သမ္ပယုတ်က တိဟိတ်လား။
ဖြေ - ဟုတ်တယ်၊ ဉာဏ်နဲ့ယှဉ်ရင် တိဟိတ်လေ၊ ဉာဏ်နဲ့ မယှဉ်ရင် ဒွိဟိတ်။

ဒါကိုရပြီလား၊ ရရင် နောက်တစ်ဘုံဖြစ်တဲ့ တိရစ္ဆာန်ဘုံသွားမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အတူတူပဲ၊ အပါယ် ၄-ဘုံ ဒီအတိုင်းသွားမှာပဲ။ တိရစ္ဆာန်ဘုံ၊ အဲသလိုရေးလိုက် စုတိစိတ်၊ ဒါပါပဲ၊ ဖြစ်မယ့်ဘုံလည်းဒါပဲ။ အဲဒီဘုံမှာဖြစ်မယ့် ပဋိသန္ဓေစိတ်လည်းဒါပဲ၊ အပါယ် ၄-ဘုံစလုံး ဒီအတိုင်းသွားလိမ့်မယ်၊ ဇယားကွက်လေးလိုလုပ်ပြီးရေးခဲ့။

[စာမျက်နှာ-240] ကိုင်း၊ လူ့ဘုံလုပ်ကြည့်ရအောင်။

မေး - လူ့ဘုံက စုတေမယ်တဲ့၊ ဘယ်စိတ်တွေနဲ့ စုတေနိုင်လဲ။
ဖြေ - လူ့ဘုံကလည်း ငရဲနဲ့ ကပ်နေတယ်ဘုရား။
မေး - ဟုတ်တယ်လေ၊ တစ်ပြင်တည်းလိုဖြစ်နေတာ။
ဖြေ - ၁၉-ခုလုံး။
မေး - လူ့ဘုံက အကုန်လုံးရတယ်၊ အကုန်လုံးရရင် ဟိုဘက်ကျတော့ ဘုံ ၃၁ ပေါ့၊ လူကတော့ သိပ်ကျယ်တယ်၊ ပဋိသန္ဓေအကုန်ပဲ၊ ခွဲရေးချင်ရင် ခုနလို တိဟိတ်တို့ ဒွိဟိတ်တို့ ခွဲရေးလို့ရပါတယ်၊ အဲသလိုတောင်ခွဲရင် ကောင်းမယ် ထင်တယ်။ ပြန်ခွဲလိုက်စမ်း၊ လူ့ဘုံနော်၊ အကုသလဝိပါက်သာမရတာ၊ ဒုဂ္ဂတိအဟိတ် သာမရတာ သုဂတိအဟိတ်မရတာ၊ အဲဒီတော့ ၁၉-မဟုတ်ဘူး၊ ၁၈၊ အသေးစိတ် သွားရင် အဲသလိုသွားရလိမ့်မယ်။

လူ့ဘုံ၊ သုဂတိအဟိတ် စုတိ၊ သုဂတိ စုတိနောင်၊ ကာမပဋိသန္ဓေပဲပေါ့၊ တစ်ခါ လူ့ဘုံ၊ ဒွိဟိတ်စုတိနောင်၊ ကာမပဋိသန္ဓေပဲ၊ လူ့ဘုံတိဟိတ်စုတိနောင်၊ ကာမတိဟိတ်စုတိနောင် ပြန်ကြည့်၊ ပဋိသန္ဓေအကုန်ရတယ်၊ ပဋိသန္ဓေအကုန်ရရင် ဘုံ ၃၁-ပေါ့၊ အဲဒါလေးကို ပြန်ပြန်ကြည့်ရင်း စိစစ်သွား။

လူ့ဘုံပြီးရင် စတုမဟာရာဇ်ဘုံ၊ စတုမဟာရာဇ်ဘုံမှာလည်း သုဂတိရှိတယ်၊ တိဟိတ်ရှိတယ်၊ ဒွိဟိတ်ရှိတယ်၊ တာဝတိံသာကစပြီး ပရနိမ္မိတဝသဝတ္တီတိုင်အောင် သုဂတိအဟိတ်မရှိဘူး၊ သူတို့ကျတော့ ဒွိဟိတ်နဲ့ တိဟိတ်ပဲရှိတယ်၊ ကာမဒွိဟိတ်နဲ့ ကာမတိဟိတ် နားလည်ပြီနော်။

ဗြဟ္မာဘုံနည်းနည်းပြောလိုက်မယ်၊ ပထမဈာန် ၃-ဘုံဆိုပါတော့၊ စုတိက ပထမဈာန်စုတိပဲပေါ့၊ ပထမဈာန်ဝိပါက်ပဲပေါ့၊ ဟိုဘက်ဖြစ်မှာကျတော့ ရူပါဝစရ စုတိနောင် သဟိတ်ပဋိသန္ဓေလို့ စာမှာပြောထားတယ်၊ အဲဒီတော့ သဟိတ်ပဋိသန္ဓေပဲ ရမယ်။ သဟိတ်ပဋိသန္ဓေပဲ ရမယ်ဆိုတော့ အောက်ဆုံးဘုံက ပြန်တက်မယ်ဆိုရင် သဟိတ်ပဋိသန္ဓေဆိုတဲ့ အတွက်ကြောင့် လူ့ဘုံမရပေဘူးလား၊ ရမယ်၊ နတ်ပြည်ခြောက်ထပ်မရပေဘူးလား၊ ရမယ်၊ ဗြဟ္မာဘုံမရပေဘူးလား၊ ရမယ်၊ ကုန်အောင် ကြည့်နော်၊ လူ့ဘုံဆိုပေမဲ့ အောက်ကိုမကြည့်နဲ့၊ အထက်လည်းကြည့်ရမယ်၊ ဗြဟ္မာဘုံဆိုရင်လည်း အောက်ကို မကြည့်နဲ့၊ အထက်လည်းကြည့်၊ အဲဒီအတိုင်း

[စာမျက်နှာ-241] သွားရမယ်။ ဒုတိယဈာန်ဘုံက လုပ်မယ်ဆိုရင်လည်း ဒီအတိုင်းသွားမယ်၊ ရူပစုတိနောင် ပဋိသန္ဓေဆိုထားတာကိုး၊ အဲဒီအတိုင်းသွားမယ်။

အရူပကျတော့ သတိထားရမယ်၊ အရူပကျတော့ အောက်မှအောက်ဘုံမပါရဘူး၊ အရူပပဋိသန္ဓေနှင့် ကာမတိဟိတ်ဆိုတော့ ရူပလည်း မပါရဘူး၊ ဆိုပါတော့၊ အာကာသာနဉ္စာယတနဘုံက စုတေမယ်ဆိုပါတော့၊ သေမှာက အာကာသာနဉ္စာယတန ဝိပါက်စိတ်နဲ့သေမယ်၊ သူက ဘယ်ဘုံရောက်မလဲ၊ အာကာသာနဉ္စာယတနဘုံ ပါနိုင်တယ်၊ ပြီးတော့ ကာမတိဟိတ်၊ ရူပါဝစရမပါရဘူး။

ကောင်းပြီ၊ ဒုတိယဘုံဖြစ်တဲ့ ဝိညာဏဉ္စာယတနဘုံက စုတေမယ်တဲ့။ ဝိညာဏဉ္စာယတနနဲ့ ကာမာဝစရတိဟိတ် သုဂတိဘုံပဲသွားမယ်၊ အာကာသာနဉ္စာယတန မပါရဘူး။ အာကိဉ္စညာယတနဘုံက စုတေမယ်တဲ့၊ အာကိဉ္စညာယတနဘုံနဲ့အောက်ဆင်း၊ နေဝသညာနာသညာလည်း ဒီအတိုင်းပဲ။

အဲဒါကိုယ့်ဟာကိုယ်လုပ်နိုင်ရင်တော့ ပိုကျတယ်၊ လုပ်နည်းသိပြီမဟုတ်လား၊ အဲဒီတော့ စုတိနောင် ပဋိသန္ဓေဆိုတဲ့ စာပိုဒ်လေးကိုကြည့်ပြီး အဲဒါနဲ့ နှိုင်းယှဉ် နှိုင်းယှဉ်ပြီး လုပ်သွား၊ အဲသလိုဆိုရင်ကျေတယ်၊ စစ်စစ်ပေါက်ပေါက်လုပ်ရင် ပိုကောင်းတယ် home work ပေးဦးမယ်။

ကဲ-ဒါကစုတိနောင် ပဋိသန္ဓေနှောင်းတာပါ၊ ဒါက ပုထုဇဉ်အနေနဲ့ပြောတာပါ။ အရိယာကျရင် ဇယားကွက်တစ်ကွက်လာရလိမ့်မယ်၊ အရိယာအသာထားဦး၊ ရှုပ်ကုန်မယ်။

ကောင်းပြီ ဒါက စုတိနောင်ပဋိသန္ဓေတဲ့၊ နောက်တစ်ရွက်သွားလိုက်စမ်း၊ ဒီနေ့တော့ ပဉ္စမပိုင်းကုန်အောင် လုပ်ရလိမ့်မယ်။ ဘဝင်နှင့်စုတိတဲ့၊ ဒါက နောက်တုန်းကလည်း ပါပြီးသား နားလည်ပြီးသားပါ။ ဒါပေမဲ့ သင်္ဂြိုဟ်မှာ ပါနေတော့လုပ်ရမှာပဲ။

“ဆိုအပ်ပြီးသောနည်းဖြင့် (အခုပြောခဲ့တဲ့ စုတိနောင် ပဋိသန္ဓေနည်းနဲ့ ပြောခဲ့ပြီးတဲ့) ပဋိသန္ဓေယူအပ်ပြီး သူတို့၏သန္တာန်၌ (ဘဝသစ် ပဋိသန္ဓေဖြစ်ပြီး ပဋိသန္ဓေယူတယ်ပေါ့) ပဋိသန္ဓေစိတ်ချုပ်ခြင်း၏ အခြားမဲ့မှ အစပြု၍ (ပဋိသန္ဓေချုပ်ပြီး ဟိုဘက်ကို တိုးသွားမယ်) ထိုပဋိသန္ဓေစိတ်၏ အာရုံကိုပင် အာရုံပြုကာ ထိုပဋိသန္ဓေစိတ်သည်ပင် စုတိစိတ်ဖြစ်သည့်တိုင်အောင် ဝီထိစိတ်တို့ဖြစ်ခြင်း မရှိသော် ဘဝင်၏

[စာမျက်နှာ-242] အဖြစ်ဖြင့် မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏”တဲ့။

ဝါကျတော့ ရှည်တယ်၊ ရှင်းရှင်းကတော့ ပထမပဋိသန္ဓေစိတ်ဖြစ်တယ်။ ပဋိသန္ဓေစိတ်ချုပ်ပြီးတဲ့နောက် အဲဒီပဋိသန္ဓေစိတ်ရဲ့ အာရုံကိုပဲ အာရုံပြုပြီးတော့ အဲဒီပဋိသန္ဓေစိတ်ပဲထပ်ဖြစ်တယ်၊ တစ်ဘဝလုံး ဖြစ်သွားတယ်။ တစ်ဘဝလုံးဆိုရာမှာ ဝီထိစိတ်မဖြစ်တဲ့အခါမှာ ဆိုလိုတယ်၊ ဝီထိစိတ်ဖြစ်ရင်တော့ သူမဖြစ်ဘူး။

အဲဒီတော့ ဒီပဋိသန္ဓေစိတ်ကပဲထပ်ဖြစ်တယ်ဆိုတော့ စကားအနေနဲ့ သုံးတာပေါ့၊ တကယ် ပဋိသန္ဓေစိတ်က ထပ်ဖြစ်တာမဟုတ်ဘူး၊ နောက်စိတ်တစ်ခုပဲ။ ဒီပဋိသန္ဓေစိတ်နဲ့ တူတဲ့စိတ်ပဲ၊ ထပ်၊ ထပ်ဖြစ်ပြီးတော့ တစ်ဘဝလုံးဖြစ်သွားတယ်၊ ဒီစိတ်တွေဟာ စုတိစိတ်ဖြစ်သည့်တိုင်အောင်နဲ့ သေသည်တိုင်အောင် ဖြစ်မယ်တဲ့၊ ဖြစ်တော့ ဘယ်လိုအချိန်အခါမှာ ဖြစ်မလဲ၊ ဝီထိစိတ်တို့ဖြစ်ခြင်း မရှိသော် (ဝီထိစိတ်တို့မဖြစ်တဲ့အခါမှာ) သူက ဝီထိမုတ်စိတ် မဟုတ်ဘူးလား၊ ပဋိသန္ဓေစိတ် ဘဝင်စိတ်ဆိုတာ ဝီထိမုတ်၊ ဝီထိဖြစ်တဲ့အခါမှာ သူမဖြစ်ဘူး၊ ဘဝင်၏ အဖြစ်ဖြင့် ဖြစ်မယ်၊ အဲဒီအခါကျတော့ သူ့ကို ပဋိသန္ဓေလို့ ခေါ်ရဦးမလား၊ မခေါ်တော့ဘူး ဘဝင်စိတ်လို့ ခေါ်မယ်၊ အမှန်တော့ ပဋိသန္ဓေစိတ်ပါပဲ။

နောက်ဖြစ်တဲ့ ဘဝရဲ့ တစ်လျှောက်လုံးမှာ ဖြစ်တဲ့စိတ်မို့ ဘဝင်စိတ်လို့ ခေါ်မယ်၊ မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏၊ ဒါ ခုနပြောသလိုပေါ့ ဝီထိစိတ်ဖြစ်တဲ့အခါ သူကပြတ်ပြတ်သွားတာပေါ့၊ တန့်တန့်သွားတာပေါ့။ ဒါကြောင့် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ပြီးရင်ဘာလဲ၊ ဝီထိစိတ်တွေသွားပြီ။ ဝီထိစိတ်တွေလည်း ကုန်ရော၊ သူက အမြဲတမ်း ပြန်၊ ပြန်လာတယ်။ ဒါကြောင့်မို့ မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏တဲ့။

ဘဝ၏အဆုံး၌လည်း စုတေသည်၏အစွမ်းဖြင့် စုတိစိတ်ဖြစ်၍ချုပ်၏၊ အဲဒီပဋိသန္ဓေစိတ်ကပဲ ဘဝတစ်ခုဆုံးတဲ့အခါကျတော့ စုတိစိတ်ဆိုပြီး ဖြစ်ပြန်တယ်။ သူပဲဖြစ်တာပဲ။ တကယ်တော့ အဲဒီစိတ်က ပြန်ဖြစ်တာမဟုတ်ဘူး၊ အဲဒီစိတ်နဲ့ အလားတူတဲ့ စိတ်ဖြစ်တာကိုပဲ အဲဒီစိတ်ထပ်ဖြစ်တယ်လို့ ကျမ်းဂန်မှာဒီလိုသုံးတယ်။

အဲဒါဟာ ဘာနဲ့တူသတုန်းဆိုရင် ရှေးတုန်းက ဘုန်းကြီးတွေကို ကိုရင် ဦးဇင်းတွေက ဆေးကပ်ရတယ်မဟုတ်လား၊ “ဟေ့ မနေ့က ဆေးလေးကပ်စမ်းပါဦးကွာ” လို့ ပြောတယ်၊ တကယ်တော့ မနေ့က ဆေးနဲ့ အလားတူတဲ့ ဆေးကပ်တာကိုပဲ

[စာမျက်နှာ-243] မနေ့ကဆေးလေး ကပ်စမ်းပါဦး ပြောတာမျိုးလို ပဋိသန္ဓေစိတ်သည်ပင် ဘဝင်စိတ်ဖြစ်တယ်၊ စုတိစိတ်ဖြစ်တယ်၊ ဒီလိုဆိုတာ၊ တကယ့်ကို ပဋိသန္ဓေစိတ်ကဘဝင်စိတ် တကယ်ပြောင်းပြီး ဖြစ်သွားတာမဟုတ်ဘူး၊ သို့သော် သူနဲ့တူတဲ့စိတ်၊ အလားတူတဲ့စိတ် ဖြစ်တာကိုပဲ ထိုစိတ်သည်ပင်လျှင် ဖြစ်တယ်လို့ ဒီလိုကျမ်းဂန်တွေမှာသုံးတယ်။ မနေ့ကဆေးလေး ကပ်စမ်းပါဦး ပြောတာ လူတွေလည်း ဒီလိုပြောကြတာပဲ မနေ့ကဆေးလေး ငါစားရဦးမယ်၊ ဒါပေမဲ့ မနေ့က ဆေးဘယ်ရှိတော့မလဲ။

အဲဒီစိတ်ကို ဘာကြောင့် ဘဝင်ခေါ်သလဲ၊ အောက်နားမှာကြည့် ဘဝင်ဆိုတာ ပါဠိလို ဘဝင်္ဂ၊ ဘဝ၏အကြောင်းဖြစ်လို့ သူ့ကို ဘဝင်လို့ခေါ်တယ်၊ အကယ်၍ ဘဝင်စိတ်မဖြစ်ဘူးဆိုရင် ဝီထိစိတ်ဖြစ်ပြီးတဲ့နောက် စိတ်အစဉ် ပြတ်သွားပြီး လူဟာ သေရတော့မှာပေါ့၊ ဘဝမရှိနိုင်တော့ဘူးပေါ့၊ ဘဝင်စိတ်ကဝင်ပြီးဖြစ်ပေးနေလို့ ဦးဇင်းတို့မှာဘဝကြီးရှည်နေတာ၊ မသေဘဲနဲ့ ဆက်ဆက် ဖြစ်နေတာ၊ ဒါကြောင့်မို့ ဒီစိတ်ကို ဘဝရဲ့ အကြောင်းဖြစ်တဲ့စိတ်၊ အဆက်မပြတ်ဖြစ်နေတဲ့စိတ်ရဲ့ အကြောင်းဖြစ်တာမို့ ပါဠိလို ဘဝင်္ဂလို့ခေါ်တယ်၊ ဘဝင်္ဂဆိုတာ ဘဝ+အင်္ဂ၊ ဘဝက ဘဝ၊ အင်္ဂက ဒီနေရာမှာ အကြောင်းလို့ဆိုလိုတယ်။

အင်္ဂဆိုတာအစိတ်အပိုင်းကိုလည်း ဆိုလိုတယ်၊ ကိုယ်အင်္ဂါဆိုရင် ကိုယ့်ရဲ့ အစိတ်အပိုင်းဆိုရင်လည်းရတယ်၊ ဘဝရဲ့ အစိတ်အပိုင်း၊ ဒီနေရာမှာတော့ အစိတ်အပိုင်းဆိုတာ အကြောင်းဖြစ်တဲ့ အစိတ်အပိုင်း၊ သူမရှိရင် ဘဝပြတ်သွားပြီ၊ သူဝင်ဝင်ပြီးဖြစ်ပေးနေတဲ့အတွက်ကြောင့် ဒီဘဝကြီးဟာ အဆက်မပြတ် မြစ်ရေ အယဉ်ကဲ့သို့ သွားနေတယ်။

ဘဝင်ကို ဘာကြောင့် ဘဝင်ခေါ်သလဲမေးရင် ဘဝင်စိတ်ဟာ ဘဝရဲ့ အကြောင်းဖြစ်တဲ့အတွက်ကြောင့် ဘဝင်လို့ခေါ်တယ်၊ အမှန်ကတော့ ဘဝင်စိတ်ဟာ ပဋိသန္ဓေ စိတ်နဲ့ အလားတူတဲ့စိတ်ပဲ၊ အကယ်၍ ပဋိသန္ဓေစိတ်က မဟာဝိပါက် ပထမစိတ်ဆိုရင် ဘဝင်စိတ်ကလည်း မဟာဝိပါက် ပထမစိတ်ပဲ။

အဲဒီစိတ်တွေဟာ ဘယ်သူ့ကြောင့်ဖြစ်တာတုန်း၊ ဝိပါက်စိတ်လို့ ဆိုတဲ့ အတွက်ကြောင့် ကံကြောင့်ဖြစ်တာပေါ့၊ ကံဟာ ဘယ်လောက်သတ္တိရှိတယ်ထင်သလဲ၊ ပဋိသန္ဓေစိတ်ဖြစ်စေရုံနဲ့ ပြီးတာမဟုတ်ဘူး၊ ဘဝင်စိတ်တွေ စုတိစိတ်တွေ ဝိပါက်စိတ်တွေကလည်း သူ့ကြောင့်ဖြစ်တာ။ “ထိုစုတိစိတ်မှ နောက်၌လည်း ရထားဘီးကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်ကုန်လျက် ဖြစ်ကုန်၏” အဲဒီစုတိပြီးတဲ့နောက် တတိယဘဝ

[စာမျက်နှာ-244] ပဋိသန္ဓေသွားပြန်ဦးမှာပေါ့၊ သွားပြန်ပြီ၊ ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိစိတ်၊ ဘဝင်၊ ဝီထိစိတ်၊ စုတိစိတ် အဲသလို သွားနေတာကို ဝဋ်သံသရာစက်လို့ ခေါ်တာပေါ့။ စက်ဆိုတာ machine ကို ပြောတာမဟုတ်ဘူး၊ သံသရာစက်ဆိုတာက wheel ကိုပြောတာ၊ အဆက်မပြတ်သွားနေတာ၊ တစ်ခုပြီးတစ်ခု ဆက်နေတာ၊ ဘဝင်၊ စုတိ၊ ပဋိသန္ဓေ အဲသလို သွားနေတာ၊ ဒါကြောင့်မို့ သံသရာစက်ကြီးဟာ လည်နေတယ်၊ မပြတ်နိုင်ဘူး၊ ဒါက သံသရာစက်လည်ပုံပေါ့။

“ဤဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့ဆက်ကာဆက်ကာ ဖြစ်ကုန်သကဲ့သို့ ထို့အတူဘဝတစ်ပါး၌ တစ်ဖန် ပဋိသန္ဓေဘဝင်အစရှိသော ဤစိတ်အစဉ်သည် ဆက်ကာဆက်ကာဖြစ်၏” ဒါပေါ့၊ ဒီဘဝမှာ ပဋိသန္ဓေ၊ ဘဝင်စုတိဖြစ်ပြီးနောက် ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ဒါကိုပဲ သံသရာလို့ခေါ်တာပေါ့။ သံသရာအဆက်မပြတ် တစ်ဘဝပြီးတစ်ဘဝ ဖြစ်နေတာကို ဝဋ်လို့လဲခေါ်တာပေါ့၊ ဝဋ်ဆိုတာပါဠိစကား၊ လည်တာလို့လည်းခေါ်တယ်၊ ဝဋ်ခံရတဲ့ ဝဋ်ကတစ်မျိုးပေါ့၊ ဒီသံသရာဝဋ်လို့ပြောတာက ဝဋ်သုံးပါးစသည်ကိုပြောတာရှိတယ်၊ လည်တယ်ဆိုတာကို ဆိုလိုတယ်၊ ဒါက သံသရာဖြစ်ပုံပေါ့လေ။

ဒါဖြင့် ဒီသံသရာကြီးဟာ အမြဲတမ်းဖြစ်နေသလား၊ ဒီသံသရာစက်ကြီးကို သံသရာဘီးကြီးကို ပြတ်သွားအောင်လုပ်လို့မရဘူးလား၊ ဒီလို ဆက်ကာဆက်ကာဖြစ်နေတာကို ဖြတ်လို့ မရဘူးလားဆိုတော့ ဖြတ်လို့ရပါတယ်တဲ့၊ ဒါဟာ မြတ်စွာဘုရားရဲ့ (consolation) ပေးတာပေါ့။ အကယ်၍သာ ဒီသံသရာကြီးဟာ လွတ်မြောက်ကိန်းမရှိဘူးဆိုရင် အတော်အားငယ်စရာကောင်းတာပေါ့၊ ဒုက္ခတွေ တစ်သက်လုံး တစ်သံသရာလုံး အမြဲတမ်းခံသွားရမယ့်သဘောရှိတယ်။ ဒါကို မြတ်စွာဘုရားက သံသရာပြတ်အောင်လုပ်လို့လည်းရတယ်၊ သံသရာပြတ်ကိန်းလည်းရှိတယ်၊ အဲဒီသံသရာပြတ်ကိန်းကိုလည်း မြတ်စွာဘုရားက ဟောတော်မူခဲ့တယ်။

ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာကို အဆိုးကြည့်တယ်လို့ချည်းပြောတာဟာ မမျှမတဝေဖန်တာ၊ သူတို့က “မင်းတို့ ဗုဒ္ဓဘာသာဟာ ဒုက္ခချည်း ပြောတယ်” လို့ပြောကြတယ်၊ အမှန်ကတော့ ဒါက အမှန်ကိုကြည့်တာ၊ အမှန်အတိုင်းမြင်တာ၊ ဒါကို (Pessimism) လို့ ပြောလို့မရဘူး။ တကယ်ပဲ မြတ်စွာဘုရားအနေနဲ့ ကြည့်လိုက်တဲ့အခါမှာ ဒုက္ခကို တကယ် မြင်လာတယ်၊ ဒုက္ခမှအလွန်သိမ်မွေ့တဲ့ ဒုက္ခအထိ မြင်လာတယ်၊ ဒါကို ကောင်းပါ

[စာမျက်နှာ-245] တယ်လို့ မြတ်စွာဘုရားအနေနဲ့ ဘယ်လိုလုပ် ပြောနိုင်မလဲ။ ဆေးသမားတစ်ယောက်ဟာ လူနာတစ်ယောက်ကို စစ်ဆေးပြီး ရောဂါကို တွေ့နေပြီတဲ့၊ အဲဒါကို “မင်းမှာ ရောဂါမရှိဘူး၊ မင်း အခြေအနေကောင်းပါတယ်” လို့ ဘယ်ဆရာဝန်ပြောဝံ့မလဲ၊ မင်းမှာ ရောဂါရှိနေပြီလို့ မပြောချင်ပေမဲ့ ပြောရတော့မှာပဲ။

အဲဒီအတိုင်းပဲ၊ မြတ်စွာဘုရားကလည်း လောကကြီးကို ကြည့်လိုက်တဲ့အခါမှာ ဒုက္ခတွေကို တွေ့တော့ လောကကြီးဟာ ဆင်းရဲအပြည့်ပဲ၊ ဒုက္ခချည်းပဲလို့ ပြောကိုပြောရမှာပဲ၊ ရှောင်လို့ကိုမရဘူး။ ဒါပေမဲ့ မြတ်စွာဘုရားက အဲဒီအနေအထားမှာတင် ရပ်ရင်တော့ ဟုတ်တယ်ပေါ့၊ အားငယ်စရာကြီးပေါ့၊ ဆင်းရဲဒုက္ခမှာတင်ရပ်နေတာကိုး၊ ဆင်းရဲက လွတ်အောင် မပြောရင်တော့ ခုနပြောသလို မင်းမှာရောဂါတော့ရှိတယ်၊ ပျောက်လမ်းမရှိဘူး ဆိုရင်တော့ ဒုက္ခပဲ။

ဘုရားက ဒီလိုမဟုတ်ဘူး၊ ဒီရောဂါပျောက်နိုင်တယ်လို့ပြောတယ်၊ ပျောက်နိုင်တာတော့ဟုတ်ပြီ၊ ပျောက်နိုင်တဲ့နည်းလမ်းတော့ ရှိသလားလို့ ဒီလိုလာရဦးမှာကိုး၊ မြတ်စွာဘုရားက နည်းလမ်းလည်းရှိတယ်လို့ ပြောတယ်။ အဲသလို စနစ်တကျ ထိုးထွင်းသိမြင်ပြီး ဟောထားတာဖြစ်လို့ Pessimism ဟုတ်ကို မဟုတ်ဘူး၊ အမှန်ကို အမှန်အတိုင်းမြင်တာ၊ မကောင်းလို့ မကောင်းဘူးပြောတာဟာ အမှန်အတိုင်းပြောတာ။

အမှန်အတိုင်းပြောပြီးတဲ့နောက် ဒီဆင်းရဲကြီးထဲက ဒီမကောင်းတာကြီးထဲက လွတ်အောင်လုပ်လို့ ရသေးတယ်၊ လွတ်နိုင်တယ်၊ လွတ်မြောက်မှုဆိုတာရှိတယ်။ ဒါဟာ တတိယသစ္စာ။ အဲဒီလွတ်မြောက်မှုရှိတာကတော့ ဟုတ်ပြီ၊ လွတ်မြောက်မှုကို သွားရတဲ့လမ်းကော ရှိပါသလား၊ လွတ်နည်းကော ရှိပါသလား၊ ဒီရောဂါပျောက်နိုင်တယ်လို့တော့ ပြောပြီး၊ ဆေးကော ဘယ်မှာလဲဆိုတဲ့ သဘောလေ။

အဲဒါကို မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး၊ မဂ္ဂသစ္စာကို ဟောတော်မူတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ သစ္စာလေးပါး ဒေသနာဟာ လောက ဥပမာနဲ့ ပြောမယ်ဆိုရင် သမားတော်ကြီးတွေနဲ့ အလွန်တူတယ်။ ပထမရှာဖွေလိုက်တဲ့အခါမှာ ရောဂါတွေ့လာတယ်၊ အဲသလိုရောဂါတွေ့ပြီးတဲ့နောက် ဒီရောဂါဘာကြောင့် ဖြစ်ရတယ်ဆိုတာ သမားတော်တွေအနေနဲ့ သိရတယ်။

[စာမျက်နှာ-246] ထို့အတူပဲ မြတ်စွာဘုရားက ဒုက္ခဆိုတဲ့ ရောဂါကြီး ဘာကြောင့်ဖြစ်လာသလဲ သမုဒယ၊ တဏှာလောဘအရင်းခံပြီး အဝိဇ္ဇာပါတယ်ပေါ့၊ အဲသလို တဏှာလောဘကြောင့် ဒုက္ခဆိုတာကြီး ပေါ်လာတယ်၊ ဒါကိုပဲ မြတ်စွာဘုရားက ဖော်ထုတ်နိုင်တယ်။

ကောင်းပြီ၊ အဲဒါဒုက္ခရဲ့ အကြောင်းလည်းဟောလို့သိရပြီ၊ ဒုက္ခဆိုတာလည်း သိပါပြီ၊ ဒါဖြင့် ဒီဒုက္ခလွတ်မှုကော ရှိနိုင်လား၊ ခုနပြောသလို ရောဂါလည်းပြောပြီ၊ ရောဂါအကြောင်းလည်းသိပြီ၊ ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်းပြောပြီ၊ ကိုင်း ဒီရောဂါပျောက်နိုင်ပါ့မလား၊ ပျောက်နိုင်တာများ ရှိသလားဆိုတော့ မြတ်စွာဘုရားက “ရှိတယ်၊ ဒါဟာ နိဗ္ဗာန်ပေါ့”တဲ့။

အဲဒီတော့ ဒုက္ခနဲ့သမုဒယသိပြီး အားငယ်နေတဲ့ သတ္တဝါတွေကို အားပေးတဲ့အနေနဲ့ လွတ်မြောက်မှုဆိုတာရှိတယ်လို့ ပြောလိုက်တယ်။ ပြောပြီးတဲ့နောက် အဲဒီ လွတ်မြောက်မှုကိုလိုချင်ရင် တပည့်တော်တို့ ဘာလုပ်ရမလဲ၊ ဆေးကောရှိပါသလားဆိုတော့ ရော့-ဒီဆေးစား၊ မဂ္ဂင်ရှစ်ပါးဆိုတဲ့ဆေးကို မြတ်စွာဘုရားက ပေးသနားတော်မူတယ်။

အဲဒီမဂ္ဂင်ရှစ်ပါးဆေးကို တကယ်ကျကျနန စားသုံးမယ်ဆိုရင် မြတ်စွာဘုရားဟောတော်မူတဲ့အတိုင်း ဒီဒုက္ခကြီးကို ကုစားနိုင်မှာပေါ့၊ ဆေးတော့ပေးပါရဲ့ ဆေးကောင်းတော့ ရှိပါရဲ့၊ ကိုယ်က ညွှန်ကြားတဲ့အတိုင်း မစားရင် ရောဂါမပျောက်နိုင်ဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း အားထုတ်ဖို့လည်း အရေးကြီးတယ်ပေါ့။

ကောင်းပြီ၊ သံသရာစက်ပြတ်ကိန်းတဲ့၊ “တိဟိတ်ပဋိသန္ဓေပင်ကိုယ်ဉာဏ်ရှိသူတို့သည် (ဒါကလည်း အရေးကြီးတယ်၊ တိဟိတ်ပဋိသန္ဓေမနေခဲ့ရင် ဒီဘဝမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မရနိုင်ဘူး) ကြာမြင့်စွာသော ကာလပတ်လုံး (ဒါကတော့ အကြာကြီးဆိုပါတော့) သီလအကျင့်၊ ဓုတင်အကျင့်၊ သမာဓိအကျင့်နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ အဲဒီတော့ မြတ်စွာဘုရားရဲ့ လေ့ကျင့်ရာက သီလ၊ သမာဓိ၊ ပညာ၊ သီလပါဘဲနဲ့ သမာဓိမဖြစ်ဘူး၊ သမာဓိမဖြစ်ဘဲနဲ့ ပညာမပေါ်လာဘူး၊ ဒီသုံးချက်ဟာ တစ်ဆင့်ကို အမှီပြုပြီးဖြစ်ရတယ်။

ဒါကြောင့်မို့ သီလအကျင့်ကို ကျင့်တယ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ရဟန်းသီလ၊ ဒီထက်ပိုပြီး သီလကို ပိုဖြူစင်အောင် တောက်ပြောင်သွားအောင်ဆိုပြီး ဓုတင်ဆိုတဲ့အကျင့်ကို ကျင့်ပြန်တယ်၊ ဧကသနိက်စားတယ်၊ ပတ္တပိုဏ်စားတယ် ဆိုတာ ရှိတယ်၊ လူတွေလည်း အဲဒါတွေကျင့်လို့ရတယ်။

[စာမျက်နှာ-247] ဧကသနိက်စားတယ်ဆိုတာ တစ်ထိုင်တည်းစားတာ၊ တစ်နေ့လုံးမှာထိုင်နေရာက ထလိုက်ရင် ဒီနေ့ မစားတော့ဘူး၊ ပတ္တပိုဏ်ဆိုတာ တစ်ခွက်တည်းမှာစားတာ၊ ဒါလူတွေလည်း စားလို့ရတယ်။

အဲသလို သီလအကျင့်၊ ဓုတင်အကျင့်ပြီးရင် သမာဓိအကျင့်ဆိုတာ တရားအားထုတ်တာ၊ ကမ္မဋ္ဌာန်းထိုင်တာကို ဆိုလိုတာ၊ အဲဒီအကျင့်တွေနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ (ဒီလိုကျင့်ရင်တဲ့) ဆိုအပ်ပြီးသောဝဋ်ဖြစ်ပုံကို မမြဲသော တရားဟု ဝိပဿနာဉာဏ်ဖြင့် ထင်ရှားစွာသိကုန်ပြီးလျှင် (တရားအားထုတ်လာတဲ့အခါကျတော့ သမာဓိရလာပြီးရင် အဲဒီ ဝိပဿနာဉာဏ်ဆိုတာလည်း ပေါ်လာတာပဲ။ သူ့ကို ပေါ်ပါစေ ပေါ်ပါစေ ဆုတောင်းနေလို့ ပေါ်လာတာမဟုတ်ဘူး၊ ဝိပဿနာဉာဏ်ဆိုတာ သမာဓိဖြစ်ရင် ပေါ်လာတာပဲ။ အဲဒီတော့ ဝိပဿနာဉာဏ်ဖြစ်ဖို့ရာမှာ သမာဓိအရေးမကြီးဘူးလား၊ ဝိပဿနာဆိုတာ အမှန်အတိုင်း သိမြင်တဲ့ဉာဏ်၊ အမှန်အတိုင်း သိမြင်တဲ့ဉာဏ်ရဖို့ရာ သမာဓိ အရေးကြီးတယ်၊ သမာဓိတည်သွားတာနဲ့ တစ်ပြိုင်နက်၊ စိတ်တည်သွားတာနဲ့ တစ်ပြိုင်နက် ရုပ်နာမ်သဘောကို ထိုးထွင်းပြီး သိသွားတာပဲ၊ ဒါကို မမြဲသော တရားဟု သိတယ်။)

မမြဲသော တရားလို့ သိရင် ဆင်းရဲသောတရားလို့လည်း သိသွားတော့တာပဲ။ မမြဲဘူး၊ ဆင်းရဲတယ်ဆိုတာသိရင် အစိုးမရဘူး၊ အနှစ်သာရမရှိဘူးဆိုတာ အတ္တကောင်မဟုတ်ဘူးဆိုတာလည်း အလိုလိုပေါ်သွားတော့တာပဲ၊ ဒါကြောင့်မို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှာ အနိစ္စမြင်ရင် ဒုက္ခနဲ့ အနတ္တလည်း မြင်သွားတော့တာပဲ၊ ဒုက္ခမြင်ရင်လည်း ဒီအတိုင်းပဲ၊ တစ်ခုမြင်ရင် တခြားဟာတွေလည်းမြင်တော့တာပဲ၊ အကုန်လုံး ဆက်သွယ်နေကြတာကိုး။

ဒါကြောင့်မို့ အဲသလို သမာဓိအကျင့်ကို ကျင့်လို့ သမာဓိရပြီးရင် ဝဋ်ဖြစ်ပုံကို မမြဲသောတရားလို့သိတဲ့ ဝိပဿနာဉာဏ်လည်း ပေါ်လာလိမ့်မယ်၊ ဝိပဿနာဉာဏ်နဲ့ ပေါက်မြောက်သိမြင်လာလိမ့်မယ်၊ အဲသလိုသိပြီးရင်တဲ့။

“စုတေရွေ့လျောသေရခြင်း သဘောမရှိသော နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်သိမြင်၍ (ဝိပဿနာဉာဏ်အဆင့်ဆင့် တက်အောင် အားထုတ်သွားတဲ့အခါမှာ ဝိပဿနာဉာဏ်ရင့်ကျက်လာတဲ့အခါမှာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်လာတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်တယ်ဆိုရင် နိဗ္ဗာန်ကို တိုက်ရိုက်မြင်တယ်၊ တိုက်ရိုက်မျက်မှောက်ပြုတယ်လို့ဆိုတယ်၊ ဒါကြောင့်မို့ “စုတေရွေ့လျော သေရခြင်း သဘောမရှိသောနိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်

[စာမျက်နှာ-248] ဖြင့် မျက်မှောက်သိမြင်၍ တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာဖြတ်လျက်” (တဏှာအစေးလေးရှိရင် ကပ်နေဦးမှာကိုး၊ တဏှာအနှောင်အဖွဲ့လေးရှိနေသေးရင် သံသရာကြီးက မလွတ်နိုင်သေးဘူး၊ တွယ်တာမှု စွဲလန်းမှုလေးတွေ ရှိနေသေးရင် မလွတ်နိုင်သေးဘူးပေါ့။) အဲသလို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်တယ်ဆိုရင်ပဲ ဒီတဏှာအစေး၊ တဏှာအနှောင်အဖွဲ့ရှိသေးလား မရှိတော့ဘူး၊ ရဟန္တာဖြစ်ရင်ပေါ့လေ၊ တဏှာကို အကြွင်းမဲ့ ပယ်သတ်လိုက်တာ။

“အဲသလို တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာဖြတ်လျက် သင်္ခါရတို့ ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်သို့ ရောက်ကြကုန်လတ္တံ့” အဲသလို တရားအားထုတ်သွားမယ်ဆိုရင် သင်္ခါရတို့ရဲ့ အေးငြိမ်းရာဖြစ်တဲ့ (သင်္ခါရဆိုတာရုပ်နာမ်သဘာဝကို ပြောတာ၊ အဲဒီဖြစ်ပျက်တွေ နှိပ်စက်ခံနေရတဲ့ သဘောရှိတာကြောင့် ပူလောင်တဲ့သဘောရှိတယ်) အဲဒီသင်္ခါရတွေ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်အအေးဓာတ်ကို ရောက်ပါလိမ့်မယ်တဲ့။

ဆိုလိုတာကတော့ မြတ်စွာဘုရားရဲ့ သီလ၊ သမာဓိ၊ ပညာ ဒီကျင့်စဉ်သုံးမျိုးကို ကျင့်ရမယ်၊ ပထမဆုံး သီလဖြူစင်အောင် အားထုတ်ရမယ်၊ သီလဖြူစင်တယ်ဆိုရင် ဓုတင်အကျင့်တွေကျင့်နိုင်လည်းကျင့်ဦး၊ ပြီးရင် သမာဓိလုပ်ငန်းလုပ်ပါ၊ သမာဓိလုပ်ငန်းလုပ်လို့ သမာဓိရလာပြီဆိုရင် ပညာဆိုတဲ့ အသိဉာဏ် အလိုလိုပေါ်လာမယ်။

ရုပ်နာမ်ရဲ့ သင်္ခတလက္ခဏာလေးဆိုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားကို ဧကန်မြင်လာမယ်၊ မြင်လာရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိနေရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်နေတာတွေကို လိုချင်တဲ့စိတ် ရှိပါဦးမလား၊ မလိုချင်တော့ဘူးပေါ့၊ ငြီးငွေ့တဲ့စိတ်တွေ ဖြစ်ပေါ်လာပြီပေါ့၊ ငြီးငွေ့တဲ့စိတ်ဖြစ်ရင် ဒီဟာတွေ လွတ်ချင်လာတာပေါ့၊ လွတ်ချင်ရင် လွတ်အောင် လုပ်တယ်ပေါ့၊ လွတ်အောင်လုပ်ရင်လွတ်တဲ့ဆီ ရောက်တယ်ပေါ့၊ အဲသလို ဝိပဿနာဉာဏ်အဆင့်ဆင့် တက်ပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ရောက်တယ်ပေါ့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရောက်ရင် နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ကိလေသာကိုလည်း ပယ်တော့တယ်၊ တဏှာအစေးဆိုတာက တဏှာတင်မကဘူး၊ အကုန်လုံးပါတာပေါ့။

တဏှာကတော့ ဘဝတစ်ခုနဲ့တစ်ခု ဆက်စပ်တဲ့သဘောဆိုတော့ သူက အနှောင်အဖွဲ့ အစေးဆိုပြီးတော့ ဒီမှာ အရေးကြီးတဲ့ တဏှာကိုပြောထားတယ်။ အဲဒီတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်တယ်ဆိုတာနဲ့ တစ်ပြိုင်နက် နိဗ္ဗာန်

[စာမျက်နှာ-249] မျက်မှောက်ပြုပြီးတော့ ကိလေသာကိုလည်း ပယ်တော့တယ်၊ အထူးသဖြင့် မဂ်ဉာဏ်ပေါ့၊ အဲသလို တဏှာအစေး အနှောင်အဖွဲ့ကိုပယ်ပြီးရင် သင်္ခါရတို့ရဲ့ ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်ရောက်တော့တာပဲ၊ ရဟန္တာဖြစ်ပြီးတဲ့နောက် မသေခင်လည်းပဲ သဥပါဒိသေသဆိုတဲ့ နိဗ္ဗာန်ခံစားရတယ်ပေါ့၊ ရဟန္တာဖြစ်ပြီးတဲ့နောက် ပရိနိဗ္ဗာန်ပြုရင်လည်း အနုပါဒိသေသဆိုတဲ့ နိဗ္ဗာန်ဓာတ်ဖြစ်မယ်၊ အဲသလို နိဗ္ဗာန်အအေးဓာတ်ကို ရောက်ပါလိမ့်မယ်၊ အဲဒါ သံသရာစက်ပြတ်အောင် လုပ်တဲ့ကိန်းတဲ့။

အဲဒီတော့ သံသရာဖြစ်အောင်က အထူးလုပ်စရာမလိုဘူး၊ သူ့ဟာသူဖြစ်ပြီးသား၊ သံသရာစက်ပြတ်အောင်ဆိုရင်တော့ မြတ်စွာဘုရားရဲ့ နည်းလမ်းကိုလိုက်ရမယ်။ သီလ၊ သမာဓိ၊ ပညာ လုပ်ရမယ်၊ ဒီနည်း မလုပ်ဘဲနဲ့တော့ ဗုဒ္ဓဘာသာအမြင်နဲ့တော့ သံသရာပြတ်တဲ့ကိစ္စမရှိဘူး။

တချို့တွေက မကြိုက်ကြဘူး၊ သတိပဋ္ဌာန်တရားဟာ တစ်ခုတည်းသော လမ်းဆိုရင် ဒီ (အမေရိကန်) က လူတွေက “ဘာလဲ၊ ညီညီညွတ်ညွတ် ရှိရမှာပေါ့၊ ဘုရားက ဒီလိုမပြောပါဘူး၊ ပြောမှာမဟုတ်ပါဘူး” လို့ လုပ်ကြတယ်၊ အဲဒါတွေလည်း တွေ့ရတယ်။ တစ်ခုတည်းသောလမ်းဆိုတာလည်းဟုတ်တယ်၊ တစ်ကြောင်းတည်းသောခရီး အမွှာမရှိတဲ့ခရီးလို စသည်ဖြင့် ဖွဲ့ဆိုထားတာတွေရှိပါတယ်၊ သူတို့က (ဒီကလူတွေ) တစ်ခုတည်းသောလို့ ပြောရင်မရဘူး။

အဲဒါကြောင့်မို့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့နေရာမှာ သီလကလည်း တကယ်အရေးကြီးတယ်နော်၊ ဒီနိုင်ငံကလူတွေက သီလအကြောင်းပြောရင် မကြိုက်ဘူး၊ သူတို့ကိုယ်တိုင်က သီလကို မထိန်းချင်ဘဲကိုး၊ အဲဒီတော့ “သီလ အရေးမကြီးပါဘူး မလိုပါဘူး” လို့ ပြောတတ်တယ်။

ဒါပေမဲ့ သီလရှိမှ သမာဓိဖြစ်တာ၊ သီလမရှိတော့ ဝိပ္ပဋိသာရဆိုတဲ့ နှလုံးမသာယာမှု (Self-criticism) ဖြစ်တာပေါ့၊ သူများတွေက ငါဘာဖြစ်တယ်ဆိုတာ မသိလို့ ဆိုပြီး သူများမသိအောင် လုပ်ထားတဲ့ကိစ္စအတွက် သိမှာစိုးရိမ်ပူပန်တာ၊ ကုက္ကုစ္စလို့ ပါဠိလိုခေါ်တယ်၊ အဲဒါ နှိပ်စက်နေရင် သမာဓိမရတော့ဘူး၊ မကောင်းတာတွေလုပ်ထားမှု မကောင်းတာတွေ ပြန်သတိရနေရင် သမာဓိမရနိုင်ဘူး၊ ဒါကြောင့် သီလရှိမှ သမာဓိဖြစ်တယ်၊ သမာဓိဖြစ်မှ ပညာပေါ်တယ်၊ ဒါကြောင့် သီလ၊ သမာဓိ၊ ပညာ၊ ဒီသုံးခုကို ရှောင်လို့မရ၊ ဖြတ်လမ်းက တက်လို့ မရဘူး။ သို့သော် တစ်ခုရှိတာက သီလဆိုတာ အကြာကြီးကျင့်နေမှ မဟုတ်ပါဘူး။

[စာမျက်နှာ-250] တရားအားထုတ်ပြီဆိုရင် သီလဆောက်တည်ပြီးတော့ တကယ့်ကို ရိုးရိုးသားသား စိတ်နဲ့ ရှောင်ကြဉ်မယ်ဆိုတဲ့စိတ်နဲ့ အားထုတ်သွားရင် အဲဒီအခါကျရင် သီလ စင်ကြယ်တယ်လို့ပဲ ဆိုရတယ်။
0httxlh225xbfn5dlvxwj3cvheivwjq
21766
21765
2026-03-31T15:43:15Z
Tejinda
173
21766
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)
| author = အရှင်သာသနဝရ (ဓမ္မာစရိယ)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ)]]
| previous2 =
| next = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (စတုတ္ထတွဲ)]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

(တတိယတွဲ)
အဂ္ဂမဟာပဏ္ဍိတ-အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်

[စာမျက်နှာ-1]
အဘိဓမ္မာသင်တန်း ၂၇

ဘုံပိုင်း (ဝီထိမုတ်ပိုင်း)

ဘူမိစတုက္က ပဋိသန္ဓေစတုက္က

မေလ ၁၅-ရက်နေ့။

ပဉ္စမပိုင်းစမယ်၊ ဘုံပိုင်းလို့လည်းခေါ်တယ်၊ ဝီထိမုတ်ပိုင်းလို့လည်း ခေါ်တယ်။

ဘုံပိုင်းလို့ ခေါ်တာကတော့ ၃၁-ဘုံက စပြီးတော့ပြတာ၊ ဝီထိမုတ်ပိုင်းလို့ ခေါ်တာကတော့ နောက်ဆုံးအပိုင်းက မရဏာသန္နဝီထိပေါ့လေ၊ သေခါနီး အခါ ကာလ၌ဖြစ်ပုံကိုပြတာ၊ သေတဲ့စိတ်ဆိုတော့ ဝီထိမုတ်စိတ်၊ အဲဒါကြောင့် ဝီထိမုတ်ပိုင်းလို့ ခေါ်တယ်၊ ဝီထိမုတ်ပိုင်းခေါ်တာကတော့ ကျမ်းဆရာကိုယ်တိုင် ပေးတဲ့နာမည်။

ဘုံပိုင်းဆိုတာကတော့ မြန်မာပြည်မှာ ခေါ်ကြတာ၊ ဘုံပိုင်းမှာ ပထမဦးဆုံး ဘူမိစတုက္ကလို့ခေါ်တဲ့ ဘုံလေးမျိုးလို့ပြောရင် ဟုတ်တယ်ပေါ့၊ ၃၁-ဘုံလို့ပြောရင်လည်း ဟုတ်တယ်ပေါ့၊ အဲဒီဘုံတွေကို ပထမပြောပြတယ်၊ အဲဒီနောက် ပဋိသန္ဓိစတုက္ကဆိုတာက ပဋိသန္ဓေအကြောင်းပြောပြတယ်၊ ဘုံနဲ့ပဋိသန္ဓေနဲ့ ပဋိသန္ဓေစိတ်နဲ့ စသည်ဖြင့် သွားတာ။

ပုံလေးပြပြီး ပြောရတာ သိပ်လွယ်သွားပြီ၊ ဘုံ ၃၁-ရှိတော့ ၃၁-ဘုံ အကြောင်းတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နားလည်ရမှာ၊ ဒီပုံကို ကြည့်လိုက်တဲ့အခါ အောက်ဆုံးမှာဘာတွေ့တုန်း၊ အနန္တာကာသ၊ အနန္တ ဆိုတာက အဆုံးမရှိတာ၊

[စာမျက်နှာ-2] ဇယား

[စာမျက်နှာ-3] အာကာသဆိုတာက ကောင်းကင်ပေါ့၊ အဆုံးမရှိတဲ့ကောင်းကင်ကြီးရှိတယ်၊ အဲဒီ အဆုံးမရှိတဲ့ ကောင်းကင်ကြီးရဲ့ အထက်မှာ ဘာတည်သလဲဆိုရင်တော့ လေထု တည်တယ်၊ အဲဒီလေထုက ဘယ်လောက်ကျယ်ဝန်းသလဲဆိုရင် ဘယ်လောက်မြင့် သလဲဆိုရင်ယူဇနာ ၉-သိန်း ၆-သောင်းတဲ့။

> ကိုးသိန်းခြောက်သောင်း အထုပေါင်း၊ တည်လျောင်းအောက်ခံလေ။

ဒါက လယ်တီဆရာတော်ဘုရားကြီး ရေးထားတဲ့လင်္ကာ။

ကိုးသိန်း ခြောက်သောင်း ယူဇနာရှိတယ်တဲ့၊ အဲဒီလေထုအပေါ်မှာမှ ရေထု ရှိတာတဲ့၊ လေက အောက်ကခံတာနော်၊ လေကပင့်ထားလို့ ရေကနေနိုင်တာ၊ ဒါကြောင့်မို့ ဝါယောဓာတ်က ဝိက္ခမ္ဘနသတ္တိ ထောက်ကန်တွန်းကန်တတ်တဲ့ သတ္တိရှိတယ်၊ ဝါယောဓာတ် ရှိတဲ့အတွက်ကြောင့်မို့ လူတွေထောင်နိုင်တာနော်၊ အမျိုးမျိုး အစုံရှိတယ်ပေါ့လေ၊ အခုလည်း လေဆိုတာ ဝါယောဓာတ်၊ သူက အောက်ကခံထားတာ၊ အဲဒီအပေါ်မှာမှ ရေထုကတည်တာတဲ့၊ အဲဒီရေထုက ယူဇနာ လေးသိန်းရှစ်သောင်း။

> လေးသိန်းရှစ်သောင်း အထုပေါင်း၊ တည်လျောင်းလေထက်ရေ တဲ့။

လေထက်ဆိုတာ လေရဲ့အထက်မှာနော်။ လေထုယူဇနာ လေးသိန်း ရှစ်သောင်း အထက်မှာမှ မြေထုယူဇနာ နှစ်သိန်းလေးသောင်း ရှိတာ၊ မြေက အဲဒီအပေါ်မှာ တည်တာ၊ ဒါကြောင့် လေ၊ ရေ၊ မြေ၊ အဲဒီမြေထုက ၂-သိန်း ၄-သောင်းရှိတယ်။ အဲဒီ ၂-သိန်း ၄-သောင်းကိုလည်း တစ်ဝက်စီ ခွဲလိုက်ရင် အောက်ပိုင်းကဟာကို သိလာပထဝီလို့ ခေါ်တယ်၊ ကျောက်မြေပေါ့လေ၊ ကျောက်မြေက ဘယ်လောက်ရှိသလဲ ၁-သိန်း ၂-သောင်းပေါ့နော်၊ ပံသုပထဝီတဲ့၊ ပံသုဆိုတာက မြေမှုန့်၊ မြေကြီးမြေက ၁-သိန်း ၂-သောင်းတဲ့၊ ဒါကြောင့်မို့-

* သိလာပံသု၊ မြေနှစ်ခု၊ အထုထက်ဝက်ဝေ၊
* နှစ်သိန်းလေးသောင်း၊ အထုပေါင်း၊ တည်လျောင်းရေထက်မြေ။

ရေရဲ့ အထက်မှာ မြေက ၂-သိန်း ၄-သောင်းရှိတယ်၊ ပြီးတော့မှ သိလာပံသု မြေနှစ်ခု၊ အထုထက်ဝက်ဝေ တဲ့၊ သိလာပထဝီရယ်၊ ပံသုပထဝီရယ် ဆိုပြီးတော့ ၂-ခုထက်ဝက်ဝေလိုက်ပါတဲ့၊ အဲဒီအပေါ်မှာမှ ၃၁-ဘုံကလာမှာ၊ သင်္ဂြိုဟ်ကျမ်းမှာတော့ ဒါတွေ အကုန်လုံး ပြောမထားပါဘူး၊ သင်္ဂြိုဟ်ကျမ်းမှာတော့ ၃၁-ဘုံ သာမညပဲ ပြောထားတယ်။ အောက်ကခံတဲ့ လေထုရေထုတို့က တခြားပါဠိတော် အဋ္ဌကထာ ဋီကာတွေကနေ ထုတ်ပြီးတော့၊ ရှေးဆရာတော်ကြီး တွေက ရေးထားတာ။

[စာမျက်နှာ-4] အဲဒီမြေထုယူဇနာ ၂-သိန်း ၄-သောင်းမှာမှ ပထမအပါယ်လေးဘုံ ဆိုတာ ရှိတယ်၊ အပါယ်လေးဘုံ ဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ဒါကို အပါယ်လေးဘုံလို့ခေါ်တယ်။

မြေကြီးပေါ်မှာ ဆိုပေမယ်လို့ အမှန်ကတော့ မြေကြီးထဲမှာ ဒီငရဲဘုံတွေ တည်ရှိတယ်၊ အဲဒီငရဲဘုံ ဘယ်နှစ်ဘုံတည်ရှိသလဲဆိုတာ ငရဲဘုံအကြောင်း ပြောတဲ့ အခါကျတော့ အထက်ကစပြီးပြောသွားတယ်၊ ဒါကြောင့်မို့ ပထမငရဲက ဘာခေါ်တယ်၊ သဉ္ဇီဝ (သဥ္ဇိုင်း) လို့ ဖတ်ရတယ်။ သဉ္ဇီဝဆိုတဲ့ ပါဠိသဒ္ဒါကလာလို့၊ နောက်တစ်ခုက ကာလသုတ္တငရဲတဲ့၊ နောက်တစ်ခုက သံဃာတငရဲ၊ နောက်တစ်ခုက ရောရုဝငရဲ၊ နောက်တစ်ခုက မဟာရောရုဝငရဲ၊ နောက်တစ်ခုက တာပနငရဲ၊ နောက်တစ်ခု မဟာတာပနငရဲ၊ နောက်တစ်ခု အဝီစိငရဲ၊ အဝီစိငရဲက အောက်ဆုံးမှာနေတယ်။ ဒါ ပံသုပထဝီထဲမှာ အမှန်ကတော့ သူတို့နေတာ၊ အဝီစိငရဲက သိလာပထဝီပေါ်မှာ တည်နေတယ်တဲ့၊ ပံသုပထဝီမှာ ရောက်သွားတယ်ပေါ့၊ အဲဒါကို ငရဲကြီး ၈ ထပ်လို့ ခေါ်တာ၊ ဒါကြောင့်မို့ လယ်တီဆရာတော်ဘုရားကြီးက-

> သဉ္ဇိုဝ်း၊ ကာလ၊ သံဃာတ၊ ဒွယ ရောရုဝါ၊ (ရောရုဝ ၂ ခု) တာပန ဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။

ငရဲကြီး ၈-ထပ်ရှိတယ်၊ အဲသလို ငရဲကြီး ၈-ထပ်မှာလဲ အခြံအရံငရဲငယ်တွေ ရှိသေးတယ်တဲ့၊ အဲဒါတွေကို ဥဿဒငရဲငယ်လို့ခေါ်တယ်၊ အဲဒီ ဥဿဒ ငရဲငယ်လို့ ခေါ်တာကတော့ ဝါဒ ၂-မျိုး ရှိတယ်၊ ဘယ်ဘက်က စာတွေဖတ်ကြည့်လိုက်စမ်း ဘာတွေ တွေ့မလဲ၊ ဥဿဒငရဲငယ်တဲ့၊ တစ်မျက်နှာမှာ ငရဲငယ် ၄-ခုဆိုတော့ ၄-မျက်နှာ ဆိုတော့ ငရဲငယ် ၁၆-ခု ရှိသွားတာပေါ့လေ၊ ၁၆ x ၈ လီကျတော့ ၁၂၈ ရှိတယ်၊ အဲဒီလေးခုက ဂူထ (ဘင်ပုပ်) ငရဲတဲ့၊ ဘင်ပုပ်ဆိုတာ မစင်တွေ ပြောတာ၊ မစင်တွေထဲမှာ ဒီကောင်တွေပေါလော ပေါလောနဲ့ ကူးနေရတာ၊ နောက်တစ်ခုက ကုက္ကုဠ (ပြာပူ) ငရဲတဲ့၊ နောက်တစ်ခုက သိမ္ဗလိ (လက်ပံတော) ငရဲ၊ လက်ပံပင်ဆိုတာတက်လို့ ပြုလို့မရဘူး မဟုတ်လား၊ အပင်မှာ ဆူးတွေရှိတယ်၊ အဲဒီမှာ တက်နေရတာ လက်ပံတောငရဲ၊ အသိပတ္တဝန (သစ်ပင်တော) ငရဲတဲ့။

> ဘင်၊ ပြာ၊ လက်သံ၊ အစဉ်ရံ လေးတန် ဥဿဒ တဲ့၊ ၄-မျိုးရှိတယ်တဲ့၊ ဘင်ပုပ်ငရဲ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်အရွက်ရှိတဲ့ သစ်ပင်တောငရဲတဲ့၊ ထိလိုက်ရင်ရှမှာပဲနော်၊ ဓားတွေလို သံလျက်တွေလို အရွက်ရှိတဲ့ သစ်ပင်တွေပေါ့လေ၊ အဲဒီသစ်ပင်တွေ ရှိတဲ့တော၊ အဲဒါလေးမျိုး၊ အရံဥဿဒ ငရဲငယ်လို့ခေါ်တယ်၊ ဒါ

[စာမျက်နှာ-5] အဝီစိမှာ ရှိတယ်၊ မဟာတပနမှာ ရှိတယ်၊ တာပနမှာ ရှိတယ်။

နောက်တစ်နည်းက ဘာတဲ့လဲ၊ ညာဘက်မှာ ဖတ်ကြည့်စမ်း၊ ငရဲကြီး ၈ ထပ်၊ အဲဒါ ထားဦး၊ ဘင်၊ ပြာ၊ လက်၊ သစ်ပင်တော၊ ဝေတ္တရဏီ (ကြိမ်ပိုက်ချောင်း)၊ ၅-မျိုးတဲ့၊ ဒီကျတော့ ဘင်ပုပ်ငရဲဆိုတာကတော့ ခုနကလို မစင်တွေ၊ ပြာပူငရဲ လက်ပံတောငရဲ သံလျက်တောငရဲ၊ ပြီးတော့ ကြိမ်ပိုက်ချောင်းတဲ့၊ လင်္ကာထဲကတော့ မြစ်အရံလို့ဆိုတယ်၊

> ဘင်ပြာလက်သံ၊ မြစ်အရံ၊ ငါးတန်တစ်နည်းမှာ၊ ဆူးတွေရှိတဲ့ ကြိမ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ မြစ်ပေါ့လေ။

အဲဒီလို ငရဲတစ်ခုခုမှာ ငရဲ ၅-ခုဆိုရင် ငရဲငယ်က တစ်မျက်နှာ ၅-ခုဆိုရင် ၄-မျက်နှာ၊ ၂၀၊ ၂၀ x ၈ လီ ၁၆၀၊ အဲဒီလို ၂ မျိုးရှိတယ်၊ ဒါ ငရဲငယ်။

တစ်ခါတလေလည်း အဝီစိကျသင့်တဲ့သူက အဝီစိမှာမကျဘဲနဲ့ အဝီစိရဲ့ အရံဖြစ်တဲ့ ငရဲမှာကျတတ်တယ်၊ အဇာတသတ်ဟာ အဝီစိမှာမကျဘူးတဲ့၊ အဝီစိကျဖို့ပဲ အဖေသတ်ထားတာ၊ ဒါပေမယ်လို့ မြတ်စွာဘုရားကို သူ အလွန် ကြည်ညိုသွားတာကို ဘာမှတော့ မကယ်နိုင်တော့ဘူး၊ သို့သော် ငရဲမှာတော့ ဥဿဒငရဲပေါ့လေ၊ အဲဒီ အဝီစိရဲ့ အခြံအရံဖြစ်တဲ့ ငရဲတစ်ခုမှာကျတာ နည်းနည်းတော့ သက်သာမှာပေါ့လေ။

မေး - အဝီစိမှာ ၄-ခုစီ၊ ၄-ခုစီ ရှိတာလား ဘုရား။

ဖြေ - ဟုတ်တယ်၊ အဝီစိငရဲမှာ တောင်ဘက်မှာ ၄-ခု၊ မြောက်ဘက်မှာ လေးခု၊ အရှေ့ဘက်မှာ ၄-ခု၊ အနောက်ဘက်မှာ ၄-ခု၊ အဲဒီလို သူတို့တတွေက ပတ်ပတ်လည် အထပ်ထပ်အနေနဲ့ သွားမှာပေါ့ လေ၊ ၁၆-ခု သို့မဟုတ် ၂၀-ပေါ့လေ၊ အဲသလို ပတ်ပတ်လည်မှာတည်ရှိမယ်။

ငရဲဘုံပြီးတော့ ဘာလာလဲ၊ တိရစ္ဆာန်ဘုံတဲ့၊ တိရစ္ဆာန်ဘုံ ဆိုတာကတော့ ဘုံသီးခြားမရှိဘူး၊ လူတွေနဲ့အတူတူရောနေတာပဲမဟုတ်လား၊ တိရစ္ဆာန်က ဘာကြောင့် သူတို့ကို တိရစ္ဆာန်လို့ ခေါ်တာလဲဆိုရင် တိရ ဆိုတာက ဖီလာကန့်လန့်၊ ခွေးတွေ နွားတွေဟာ ဖီလာကန့်လန့်သွားတတ်တယ်ပေါ့လေ၊ ဒါကြောင့် သူတို့ကို တိရစ္ဆာန်လို့ခေါ်တာ၊ သူတို့ရဲ့ ခန္ဓာသည်သာလျှင် သူတို့ရဲ့ ဘုံပဲတဲ့။

ပြိတ္တာဆိုတဲ့ တစ္ဆေ၊ သူရဲ၊ မင်စာ ခြောက်တတ်တဲ့ကောင်တွေ အကုန်လုံး ပြိတ္တာထဲပါတယ်၊ တစ္ဆေဖြစ်သွားတယ်ဆိုရင် အမှန်က ပြိတ္တာဘုံ ရောက်တာပဲ။

မေး - ဘီလူးတွေကောဘုရား၊

ဖြေ - အောက်တန်းစား ဘီလူးတွေလည်းပါတာပဲ၊

အသူရကာယ်ဆိုတာကတော့ ပြိတ္တာအကြီးစား၊ သူတို့က ပြိတ္တာထက်တော့

[စာမျက်နှာ-6] နည်းနည်းတော်သေးတယ်၊ ဒါပေမယ့် သူတို့လည်း အမြဲတမ်း ဒုက္ခ ခံစားနေရတာ၊ ဆိုပါတော့၊ စားစရာသောက်စရာမရှိ၊ ရေတွေမြင်လို့ ရေထဲဆင်းသွားရင် ရေတွေက မရှိတော့ဘူး၊ အဲဒီလို ဆင်းရဲခံနေရတဲ့ သတ္တဝါတွေပေါ့လေ၊ တချို့ နေ့စံ ညခံ ဆိုတာရှိတယ်၊ ဝတ္ထုတွေဘာတွေ ဖတ်ဖူးတယ် မဟုတ်လား၊ နေ့တော့ ကောင်းကောင်း မွန်မွန် ခံစားရပြီးတော့ ညကျတော့သွားပြီးတော့ ငရဲခံရတယ်၊ အဲဒီ ၅-မျိုးတွေကို အသူရကာယ်လို့ခေါ်တယ်၊ အသူရကာယ်နဲ့ ပြိတ္တာဟာ ခပ်နီးနီးပါပဲ၊ ပြိတ္တာအကြီးစား တွေကို အသူရကာယ်လို့ ခေါ်တာပဲ၊ သူတို့က အပါယ်ဘုံသားတွေ၊ ပြိတ္တာနဲ့ အသူရကာယ်က ခပ်ဆင်ဆင်သွားတာပေါ့၊ ပမာပြောရင် ဝိညာဉ်လောက ကောင်တွေ ပေါ့လေ၊ တိရစ္ဆာန်ကတော့ ခုမြင်နေ ကြရတာ။

အဲဒီငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ကို အပါယ်လေးဘုံလို့ခေါ်တယ်၊ မင်း အပါယ်လေးပါး ကျမယ်ဆိုရင် ဒီလေးဘုံထဲက တစ်ဘုံဘုံကို ဆိုလိုတယ်။

သောတာပန် အပါယ်ဘုံ မရောက်တော့ဘူးဆိုရင် ဒီအပါယ်လေးဘုံ တစ်ဘုံဘုံမှကို မရောက်တော့ဘူးဆိုလိုတယ်၊ သောတာပန်ဖြစ်ရင် ပြိတ္တာမဖြစ်တော့ဘူး၊ အသူရကာယ် မဖြစ်တော့ဘူး၊ ငရဲမကျတော့ဘူး၊ ဒါက အပါယ်လေးဘုံတဲ့။

အပါယ်လေးဘုံပြီးတော့ လူ့ဘုံတဲ့၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတာ တွေက ဘုံသီးခြားမရှိဘူး၊ သူတို့က တောတောင် သစ်ပင်ရေထဲဘာထဲ ဒီလိုနေကြ ရတာတွေ၊ လူ့ဘုံနဲ့ တစ်ပြင်တည်းနေကြရတယ်၊ လူ့ဘုံတဲ့ လူ့ဘုံ အထက်မှာ ကြည့်လိုက်စမ်း၊ နတ်ခြောက်ဘုံရှိတယ်၊ စတုမဟာရာဇိက၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ (အသံထွက် တုသ်သိတာ တုသ်သိတာနဲ့ ခေါ်ခေါ်နေကြတယ်၊ အမှန်အတိုင်း ဖတ်ရင် တုသိတာ)၊ နိမ္မာနရတိလို့ ဖတ်ရမယ်၊ အဲဒါမှတ်ထား၊ နိမ္မာနရတိလို့ သွားမဖတ်ရဘူးနော်၊ နိမ္မာနဆိုတာက ဖန်ဆင်းတာ၊ ရတိဆိုတာက မွေ့လျော်ခံစားတာ၊ ကိုယ်ကြိုက်သလို ဖန်ဆင်းပြီးတော့ မွေ့လျော်ခံစားတတ်တဲ့ နတ်တွေ၊ ကိုယ့်သဘောရှိ ဖန်ဆင်းပြီးတော့ ခံစားတာ နိမ္မာနရတိ၊ နောက်တစ်ခုက ပရနိမ္မိတဝသဝတ္တီ၊ ဝဿဝတ္တီ မဟုတ်ဘူးနော်၊ မြန်မာပြည်မှာ အဲဒီလို အမှားနှုတ်တည့် ဟာသိပ်များတယ်။ ဘုန်းကြီးတွေက နှုတ်တည့်နေတာ၊ ပရနိမ္မိတဝသဝတ္တီတဲ့၊ သူတို့က ခုနက နိမ္မာနရတိ နတ်တွေထက် အထက်တန်းကျတော့ သူတို့ခံစားချင်တာကို သူတို့ကိုယ်တိုင် မဖန်ဆင်းဘူး၊ သူများဖန်ဆင်းခိုင်းတာ၊ ပရဆိုတာက သူများ၊ နိမ္မိတ ဆိုတာက ဖန်ဆင်းထားတာကိုမှ ဝသဝတ္တီဆိုတာ ကိုယ့်အလိုသို့ လိုက်စေတာ၊ သူများဖန်ဆင်းထားတာကို သူက ခံစားတာ၊ ခူးပြီးသားစားတဲ့ လူလိုပေါ့ နော်၊

[စာမျက်နှာ-7] အဲဒါက နတ်ပြည်ခြောက်ထပ်တဲ့။

လူ့ဘုံနဲ့ နတ်ပြည်ခြောက်ထပ်ကို ဘာလို့ခေါ်သလဲ၊ ကာမသုဂတိ ၇-ဘုံ၊ အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ကာမသုဂတိ ၇-ဘုံ မှာလဲ သင်္ဂြိုဟ်ကျမ်းကတော့ အကွာအဝေးတွေ ဘာတွေမပြပါဘူး၊ ဒါပေမယ့် အခြားကျမ်းတွေက ယူပြီးတော့ ဆရာတော်ကြီးတွေ ပြထားတာရှိတယ်၊ အဲဒီတော့ လူ့ဘုံနဲ့ စတုမဟာရာဇိက ဘယ်လောက် ကွာသလဲ။ ယူဇနာ ၄ သောင်း ၂ ထောင်စီ ကွာတယ်တဲ့၊

* လေးသောင်းနှစ်ထောင်၊ အကွာဆောင်၊ လူ့ဘောင်ဆင့်ဆင့်သိ။

လူ့ဘုံကနေ စတုမဟာရာဇိက၊ စတုမဟာရာဇိကကနေ တာဝတိံသာ၊ တာဝတိံသာကနေ ယာမာ စသဖြင့် သွားလိုက်တဲ့ လေးသောင်းနှစ်ထောင်စီ မြင့်တယ်တဲ့။ အဲဒီတော့ လေးသောင်းနှစ်ထောင် နှစ်ပြန်ဆို ရှစ်သောင်း လေးထောင်၊ အဲဒီ ၈ သောင်း ၄ ထောင်ဟာဖြင့် မြင့်မိုရ်တောင်ရဲ့ အမြင့်ပဲ။

အဲဒီတော့ စတုမဟာရာဇိကဘုံဟာ မြင့်မိုရ်တောင်ပေါ်မှာ မရှိဘူး၊ မြင့်မိုရ်တောင်ခြေ မြင့်မိုရ်တောင် ထက်ဝက်လောက်မှာ ပတ်ပတ်လည်မှာရှိတယ်၊ ဒါကြောင့် စတုမဟာရာဇိကနတ်ဟာ ခတ်ချာချာပေါ့၊ အောက်တန်းစားနတ်ပဲ၊ ခုန အသူရကာယ် တွေထက်တော့ သာတာပေါ့လေ။ ဒါပေမယ်လို့ အလွန်ကြီးအထက်တန်း မကျလှဘူး။

တာဝတိံသာကျတော့ မြင့်မိုရ်တောင်ထိပ်မှာ တည်ရှိတယ်၊ မြင့်မိုရ်တောင် ထဲတော့ မပါဘူး၊ မြင့်မိုရ်တောင်ထိပ် အထိကို မြေကြီးလို့ပဲ ခေါ်ရတယ်၊ အဲဒီက ဟိုဘက် ဗြဟ္မာဘုံတွေတော့ ကောင်းကင်မှာ တည်သွားတော့တယ်၊ မြေကြီးပေါ်မှာ တည်တာမဟုတ်တော့ဘူး။

မေး - ယာမာကော ကောင်းကင်ရောက်သလား။

ဖြေ - ယာမာလည်း ကောင်းကင်ရောက်သွားပြီ၊ တာဝတိံသာကတော့ တောင်ထိပ်ပေါ်မှာ။

အပါယ်လေးဘုံရယ်၊ ကာမသုဂတိ ၇-ဘုံရယ် ပေါင်းလိုက်စမ်း၊ ၁၁ မရဘူးလား၊ အဲဒီ ၁၁-ဘုံကို ကာမ ၁၁-ဘုံလို့ခေါ်တယ်၊ ကာမာဝစရ ၁၁-ဘုံ၊ ကာမာဝစရစိတ်ဆိုတာ အဲဒီ ကာမာဝစရ ၁၁-ဘုံမှာ ဖြစ်တတ်တဲ့ စိတ်လို့ ဆိုတာပဲ၊ များသောအားဖြင့် ဖြစ်တတ်တာ၊ ကာမာဝစရ ၁၁-ဘုံ၌ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်တဲ့စိတ်ကို ကာမာဝစရစိတ်လို့ ဆိုတာပဲ၊ ရူပဘုံလည်း ဖြစ်တော့ဖြစ်ဦးမယ်၊ အရူပဘုံလည်း ဖြစ်တော့ဖြစ်ဦးမယ်၊ သို့သော် များသောအား

[စာမျက်နှာ-8] ဖြင့်တော့ ကာမာဝစရဘုံမှာဖြစ်တယ်၊ ကာမာဝစရဘုံဆိုတာ အခုနားလည်ပြီနော်။ ၁၁-ဘုံရှိတယ်၊ အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ။

ပရနိမ္မိတဝသဝတ္တီအထက်မှာ ဗြဟ္မဘုံတွေ တည်ရှိတယ်၊ အဲဒီမယ် ဗြဟ္မပါရိသဇ္ဇာကနေ စဖတ်ရလိမ့်မယ်၊ ဗြဟ္မပါရိသဇ္ဇ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာလို့ ပထမဈာန် ၃-ဘုံရှိတယ်၊ သူတို့က တစ်ပြင်တည်းတည်တယ်၊ ဒါကြောင့်မို့ ပုံထဲမှာ တစ်ပြင်တည်းထားတယ် နော်။

ဗြဟ္မပါရိသဇ္ဇာ၊ ပါရိသဇ္ဇာဆိုတာ ပရိသတ်အခြံအရံဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဗြဟ္မာကြီးရဲ့ အခြံအရံပေါ့၊ ဗြဟ္မပုရောဟိတာဆိုတာက ပုရောဟိတာ ပုရောဟိတ် ဆိုတာ ပုဏ္ဏားတို့ (minister) တို့ဘာတို့ ဖြစ်သွားပြီ၊ မဟာဗြဟ္မာဆိုတာကတော့ ဗြဟ္မာကြီးပေါ့ လေ၊ အဆင့်အတန်း အဲဒီလိုကွာသွားတယ်၊ ပထမဈာန် ၃-ဘုံ။

ဒုတိယဈာန် ၃-ဘုံ ဆိုတာက ဘာလဲ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ဒါက ဒုတိယဈာန် ၃-ဘုံ၊ အာဘာဆိုတာ အရောင်အလင်း၊ ပရိတ္တ ဆိုတာကနည်းတာ၊ ပထမက အရောင်အလင်း နည်းတယ်၊ အပ္ပမာဏာက ဆိုတာ ကတော့ သိပ်အရောင်များသွားပြီ၊ အာဘဿရာဆိုတာ ပိုပြီးတော့ တောက်ပြောင်တယ်၊ ဒါက ဒုတိယဈာန် ၃-ဘုံလို့ပဲ ခေါ်ရမယ်၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ဒီ ၃-ဘုံကို ဒုတိယဈာန် ၃-ဘုံလို့ ခေါ်ရမယ်။

တတိယဈာန် ၃-ဘုံ သွားလိုက်စမ်း၊ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ၊ မြန်မြန်ဖတ်တော့ သုဘကိဏ္ဏ၊ သုဘကိဏှလို့ ဖတ်ရင်သာကောင်းတယ်၊ အဲဒီ ၃-ဘုံက တတိယဈာန် ၃-ဘုံလို့ခေါ်တယ်၊ အဲဒါ သေချာမှတ်နော်၊ ရှုပ်သွား မယ်၊ ဟိုဘက်က စတုတ္ထဈာန်ဘုံရှိသေးတယ်၊ ဒါကြောင့်မို့ တတိယဈာန် ၃-ဘုံက ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ။

နောက် စတုတ္ထဈာန်ဘုံတဲ့၊ ဘယ်နှစ်ဘုံရှိသလဲ ကြည့်လိုက်စမ်း ၇-ဘုံတဲ့၊ ဝေဟပ္ဖိုလ်ကစမယ်၊ ဝေဟပ္ဖိုလ်တစ်ဘုံ၊ အသညသတ်တစ်ဘုံ၊ ပြီး အထက် တက်လိုက်၊ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ အဝိဟာကစပြီး ၅-ဘုံကို သုဒ္ဓါဝါသ ၅-ဘုံလို့ခေါ်တယ်၊ သုဒ္ဓဆိုတာစင်ကြယ်၊ စင်ကြယ်တဲ့ သတ္တဝါတွေရဲ့ နေရာပေါ့လေ၊ အနာဂါမ် ပုဂ္ဂိုလ်တွေမှ အဲဒီဘုံမှာဖြစ်တာနော်၊ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံရယ်၊ သုဒ္ဓါဝါသ ၅-ဘုံ ပေါင်းလိုက်တော့ ၇-ဘုံ၊ အဲဒီ ၇-ဘုံကို စတုတ္ထဈာန် ၇-ဘုံ။

အားလုံးပေါင်းလိုက်စမ်းပါ၊ ပထမဈာန်ကနေစပြီးတော့ ၃-၆-၉-၁၀

[စာမျက်နှာ-9] ၁၆-ဘုံ၊ အဲဒီ ၁၆-ဘုံကို ရူပါဝစရ ဗြဟ္မာ ၁၆-ဘုံ၊ ဗြဟ္မာ ၂-မျိုး လာလိမ့်မယ်၊ ရူပါဝစရဗြဟ္မာ၊ အရူပါဝစရဗြဟ္မာ၊ ရူပါဝစရဗြဟ္မာဘုံ ဘယ်လောက်ရှိတုန်း၊ ၁၆-ဘုံရှိတယ်၊ ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံ၊ စတုတ္ထဈာန် ၇-ဘုံ။

အဲဒီ အထက်သွားလိုက်ရင် အရူပါဝစရဆိုတဲ့ အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာနာသညာယတနဘုံ၊ ၄-ဘုံရှိတယ်တဲ့၊ ၄-ရယ်၊ ၁၆-ရယ်၊ ၁၁-ရယ်၊ ပေါင်းလိုက်ရင် ၃၁-ဘုံ ရတာပေါ့၊ ၃၁-ဘုံ ကျင်လည်ကုန်သော ဝေနေယျသတ္တဝါ ဆိုပြီးတော့ ရေစက်ချ တဲ့အခါ အမျှဝေတဲ့အခါ ဝေကြတယ်၊ ၃၁-ဘုံဆိုတာ ဒါကို ဆိုလိုတယ်။

ကောင်းပြီ နတ်ပြည်ကနေ ဗြဟ္မာပြည် အကွာအဝေးကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက်ကွာသတဲ့လဲ။

* ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင်ချိန်း၊ ခြားကိန်းစင်စစ်တည်း။

ပရနိမ္မိတဝသဝတ္တီဘုံကနေပြီးတော့ အထက်ကို တစ်ပြင်ကနေ တစ်ပြင် တစ်ဆင့်ဆီ တစ်ဆင့်ဆီ ကွာသွားတာဟာ ၅-သန်း ၅-သိန်း ၈-ထောင်၊ ဘယ်လို ကွာတယ်တော့ မသိဘူး၊ ဒါတွေဟာ ဒီလိုပဲ မှတ်ထားကြတာပေါ့ နော်၊

ကောင်းပြီ၊ တစ်ခါ လူ့ဘုံကနေပြီးတော့ နေဝသညာနာသညာယတနဘုံတိုင်အောင် အထက်ဆုံးဘုံကို ဘဝဂ်လို့ခေါ် တယ်နော်၊ ဘဝဂ်ဆိုတာ ဘဝ + အဂ္ဂ = ဘဝ ဆိုတာဘုံ၊ အဂ္ဂဆိုတာ ထိပ်ဖျား၊ အဲဒီ အထက်ဆုံးဘုံ နေဝသညာနာသညာယတန ဘုံထိအောင် ဘယ်လောက်ဝေး သတဲ့တုန်း၊ ယူဇနာ ညာဘက်စွန်းမှာရှိတယ်၊ ၇-ကုဋေ ၁-သန်း၊ ၈-သိန်း၊ ၅ သောင်း၊ ၆-ထောင်။

* ကုဋေခုနစ်၊ သန်းမှာတစ်၊ သိန်းရှစ်သောင်းပဉ္စာ
* ထောင်မှာကား ဆ၊ လူနေဝ၊ ဝေးလှ ယူဇနာ ဆိုပြီးတော့ မှတ်ထား၊ လင်္ကာလေးမှတ်ထားရင် ကောင်းတယ်၊ ဒီအတိုင်းမှတ်ထားရင် မေ့သွားမယ်။

ကုဋေခုနစ်တဲ့၊ ၇-ကုဋေ၊ သန်းမှာတစ်တဲ့၊ ၁-သန်း၊ သိန်း ရှစ်၊ ၈-သိန်း သောင်းပဉ္စာ ပဉ္စဆိုတာ ၅-သောင်း၊ ထောင်မှာကားဆ၊ ဆဆိုတာ ခြောက်၊ ၆ ထောင်၊ လူနေဝ = လူနဲ့နေဝသညာနာသညာယတနဘုံ သို့မဟုတ် ဘဝဂ်၊ ဝေးလှ ယူဇနာတဲ့။

မေး - ဘဝဂ်ဆိုတာ အာကာသာနဉ္စာယတနဘုံက စတာလား ဘုရား။

ဖြေ - ဟင့်အင်း၊ ဘဝဂ်ဆိုတာ နေဝသညာနာသညာယတနဘုံကို တစ်ခုတည်းကို

[စာမျက်နှာ-10] ဘဝဂ်လို့ခေါ်တာ၊ ဘုံတွေရဲ့ ထိပ်ဆုံးပေါ့လေ။

အကွာအဝေးနဲ့ ဘုံခန်းပြီးသွားပြီတဲ့၊ ဘုံခန်းပြီးသွားတော့ ဘာလာမလဲဆိုရင် ဒီနေရာမှာ

မေး - ယူဇနာတွေကို တစ်ဆင့်တစ်ဆင့် ဘယ်လို လုပ်တိုင်းတာလဲဘုရား။

ဖြေ - ယူဇနာတွေ တစ်ဆင့်တစ်ဆင့်ဆိုတာ (height) ကို တိုင်းတာပေါ့၊ ဒါပေမယ့် ဘယ်လိုလုပ်ပြီး တိုင်းတာတော့မသိဘူး၊ ဒီလိုပဲသတ်မှတ်ထားတော့ ဒီအတိုင်းပဲရှိတယ်။

မေး - တာဝတိံသာက မြင့်မိုရ်တောင်ထိပ်မှာဆိုတော့ မြင့်မိုရ်တောင်က ဘယ်မှာလဲ ဘုရား။

ဖြေ - မြင့်မိုရ်တောင်ကို သီဟိုဠ်ဆရာတော်ကြီးတစ်ပါး ပြောတာ၊ ဦးဇင်းကတော့ သဘောကျတယ်၊ မြင့်မိုရ်တောင်ဆိုတာ နတ်တွေနေတဲ့ နေရာဆိုတော့ သူက နူးညံ့တဲ့ရုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒို့မမြင်ရတာတဲ့၊ တစ္ဆေတွေနတ်တွေကို ဒို့မမြင်ရတာမျိုးပေါ့၊ အဲဒါကြောင့် မမြင်ရတာတဲ့၊ ရှိတော့ရှိတယ်လို့ ဆရာတော်ကြီးက အမိန့်ရှိဖူးတယ်၊ မဆိုးပါဘူး၊ မြင့်မိုရ်တောင် လူမရောက်နိုင်ဘူးလို့ဆိုတယ် မဟုတ်လား၊ လူရောက်နိုင်တဲ့ နေရာမျိုးမဟုတ်ဘူး၊ လူမြင်နိုင်တဲ့ ရုပ်မျိုး မဟုတ်ဘူး၊ သို့သော် မမြင်တိုင်း မရှိဘူးလို့ မဆိုနိုင်ဘူးမဟုတ်လား၊ လေက မမြင်ရပေမယ့် ရှိနေတာပဲ။ ထို့အတူ တစ္ဆေတို့ သူရဲတို့ နတ်တို့ဟာလည်း ရှိနေတာပဲ၊ ဒါပေမယ့် လူတွေက မမြင်ရဘူး အဲသလို။

မေး - တစ်ခါတုန်းက အရှင်ဘုရား ပြောဖူးတယ်၊ ယူဇနာကို မိုင်နဲ့တွက်တယ်လို့။

ဖြေ - ယူဇနာကို တွက်တဲ့အခါမှာ အမျိုးမျိုးရှိတယ်၊ အဲဒါကြောင့် ပိုခက်တာ၊ အဆိုအမိန့် အမျိုးမျိုးရှိရာမှာ ၂-မျိုးပဲ မှတ်ဖို့ကောင်းတယ်၊ တစ်မျိုးကတော့ တစ်ယူဇနာကို ၈-မိုင်၊ အဲဒါက အခုတော်တော်ကလေး နီးစပ်တယ်၊ ဟို နာလန္ဒာနဲ့ ရာဇဂြိုဟ်ကို တစ်ယူဇနာရှိတယ်လို့ စာမှာပြဆိုတယ်၊ အခု အတိုင်းအတာနဲ့ ၈-မိုင်လောက်ပဲရှိတယ်လို့ ဆိုကြတယ်၊ အဲဒီတော့ တစ်ယူဇနာ ၈-မိုင်ဆိုတာ ကောင်းလိမ့်မယ်ထင်တယ်၊ တစ်နည်းအားဖြင့်တော့ ပါဠိအဘိဓာန်ကျမ်းမှာ ပြထားတာကို တွက်ကြည့်တော့ အတိအကျတော့ မမှတ်မိဘူး၊ အရင်ကတော့ သေသေချာချာတွက်ကြည့်ဖူးတယ်၊ ၁-ယူဇနာကို ၁၂ မိုင်ခွဲလောက်ရှိတယ်၊ အဲဒါကြောင့် ၁-ယူဇနာကို ၁၂-မိုင်ခွဲသော်လည်းကောင်း၊ ၈-မိုင်သော်လည်းကောင်း မှတ်ပေါ့။ ၈-မိုင်ကတော့ ပိုပြီးတော့ နီးစပ်တယ်လို့ ထင်တယ်။ အခုခေတ်တိုင်းတာကြည့် လိုက်တဲ့အခါ စာမှာဆိုတာနဲ့ ညီမျှသလောက်ဖြစ်တာ တွေ့ရတယ်၊ အဲဒါက ၃၁။

[စာမျက်နှာ-11] ဘုံတဲ့နော် ၃၁-ဘုံက နောက်ထပ်ဘာပြောစရာ ကျန်သေးတုန်း၊

မေး - ငရဲကို ဘယ်လိုရောက်တာလဲ၊ ဘယ်လို သူ့ကို စီရင်ချက် ချတာလဲဘုရား။

ဖြေ - ငရဲရောက်တာက အကုသိုလ်အားကြီးတော့ သေချာတဲ့သူကတော့ တိုက်ရိုက် တန်းရောက်သွားမှာပဲ။

မေး - တပည့်တော်ထင်တာကတော့ ငရဲရောက်ပြီးတော့မှ ဟိုကနေပြီးတော့ မင်းက အဝီစိကိုသွား၊ မင်းကရောရုဝကို သွား၊ ဒီလို ဆုံးဖြတ်ပေးတာလားလို့။

ဖြေ - ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး၊ မရှိဘူး၊ သို့သော် ယမမင်းဆိုတာရှိတယ်။ ကြားဖူးလိမ့်မယ်လို့ထင်တယ်၊ အဲဒါက အကုသိုလ်လည်း အလွန်ကြီး မများဘူး၊ ကုသိုလ်ကလည်း သိပ်မများတော့ မရေရာတဲ့ လူမျိုးပေါ့လေ၊ အဲသလို လူမျိုးကျတော့ ယမမင်းဆီ ရောက်တယ်လို့ဆိုတယ်၊ တိုက်ရိုက်မသွားဘူး ပေါ့လေ၊ ယမမင်းဆီ ရောက်တော့ကို ယမမင်းရဲ့ အလုပ်က အဲဒီသူ့ဆီရောက်တဲ့ သူတွေကို နှိပ်စက်ဖို့ ဟုတ်ဘူး၊ အမှန်ကတော့ ကယ်ဖို့ထားတာ၊ ဒါကြောင့်မို့ အမျှဝေတဲ့အခါမှာ ယမမင်းထည့်ပြီး အမျှဝေရတယ်ဆိုတာ အဲဒါ၊ တစ်ခါတလေကျတော့ ဒီအကောင်က ဘယ်လိုမှ သတိမရတော့ဘူး၊ အဲဒီအခါကျရင် ယမမင်းက စဉ်းစားတယ်တဲ့၊ ဒီကောင်ငါများ အမျှဝေဖူးသလား၊ ကောင်းမှုကုသိုလ်ပြုပြီးတော့ အဲဒီလို သူသိတဲ့အခါ ကျတော့ မင်းလှူတုန်းက ဆိုပါတော့ မင်းဘယ်အချိန် ဘယ်အခါတုန်းက ငါ့ကို အမျှဝေတာပဲလို့ သတိပေးလိုက်တော့ ပြောလိုက်တော့ ဟိုကောင် ပြန်ပြီး သတိရ လိုက်တဲ့အချိန်မှာ သူကောင်းရာ ရောက်တော့တာပဲ၊ အဲဒီလို ဘာမှ လုပ်မရတော့ဘူး ဆိုရင်တော့၊ ကိုင်း မင်း ငါလည်း မကယ်နိုင်ဘူး၊ မတတ်နိုင်ဘူး၊ မင်းကံနဲ့ မင်းပဲဆိုပြီးတော့မှ ငရဲထိန်းတွေက ခေါ်သွားတယ်လို့ ဆိုတာပဲ၊ ယမမင်းအစစ်ခံကတော့ ပါဠိတော်မှာကို ရှိတာ၊ အဋ္ဌကထာကရေးတာ မဟုတ်ဘူး၊ ဒေဝဒူတသုတ္တ ဆိုတာရှိတယ်၊ အမှန်ကတော့ အလွန်ကြင်ကြင်နာနာနဲ့ ကယ်ဖို့ မေးမြန်းတာပါပဲ၊ ဟို အပြစ်ရှိအောင်လုပ်ပြီး ငရဲပို့ဖို့ လုပ်တာ မေးမြန်းတာမဟုတ်ဘူး။

မေး - အရှင်ဘုရား၊ စဉ်းစားကြည့်ရင် ဘုံပိုင်းကြည့်လိုက်တဲ့အခါကျတော့ လူ့ဘုံရယ်၊ အသုရကာယ် ပြိတ္တာရယ် တိရစ္ဆာန်ရယ်က ငရဲဘုံမဟုတ်လား၊

ဖြေ - ဟင့်အင်း မဟုတ်ဘူး၊ ငရဲကအောက်ထဲမှာ ငရဲကမြေကြီးထဲမှာ ရှိတယ်။

မေး - တိရစ္ဆာန်ရယ်၊ ပြိတ္တာရယ်၊ အသူရကာယ်ကကော၊ အဲဒီတော့ အဲ အပါယ်လေးဘုံက မြေထုယူဇနာရဲ့ အပေါ်မှာလား၊ ဒါမှမဟုတ် မြေထုထဲမှာလား ဘုရား။

[စာမျက်နှာ-12] ဖြေ - မြေထုထဲမှာ ပါသွားတယ်၊ ဘာပြုလို့လည်းဆိုတော့ မြေထုတစ်ဝက်ထိအောင် သူက ရောက်သွားမှာကိုး။

ဒါ ၃၁-ဘုံနော်၊ ၃၁-ဘုံမှာ ဘယ်ဘုံတွေမှာ ဘယ်ပုဂ္ဂိုလ်ရထိုက်တယ်ဆိုတဲ့ ဘုံပုဂ္ဂိုလ်တွေ ရထိုက်တယ်ဆိုတာလေးတွေ လုပ်လိုက်ကြဦးစို့၊ ဒါသင်္ဂြိုဟ်ကျမ်းထဲမှာလည်း တိုက်ရိုက်ပြထားတာရှိတယ်၊ ဘုံပုဂ္ဂိုလ်ရလို့ခေါ်တယ်။ ဆိုပါတော့ အပါယ်ဘုံမှာ ပုဂ္ဂိုလ်ဘယ်နှစ်ယောက် ဖြစ်နိုင်သလဲ၊ လူ့ဘုံမှာ ပုဂ္ဂိုလ်ဘယ်နှစ်ယောက် ဖြစ်နိုင်သလဲ၊ ဝီထိပိုင်းအဆုံးတုန်းက ပုဂ္ဂိုလ်ဘယ်နှစ်ယောက် တွေ့ခဲ့သလဲ ၁၂-ယောက်၊ ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်၊ အရိယာ ၈-ယောက်၊ ပုထုဇဉ် ၄-ယောက် အရိယာ ၈-ယောက်၊ သောတာပတ္တိမဂ္ဂဋ္ဌ၊ သောတာပတ္တိဖလဋ္ဌ စသည်ဖြင့် ပုထုဇဉ် ၄-ယောက်က အဟိတ် ၂-ယောက်၊ ဒွိဟိတ် ၁-ယောက်၊ တိဟိတ် ၁-ယောက်၊ အရိယာကတော့ ၈-ယောက်ပဲ။

အဲဒီဟာ ဒီ ၃၁-ဘုံနဲ့တွက်မယ်၊ အဲဒီတော့ ကိုယ့်ဟာကို ရေးစမ်းပါ။ အပါယ်လေးဘုံမှာ ဘယ်ပုဂ္ဂိုလ်ဖြစ်နိုင်သလဲ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တစ် ယောက်ပဲ ဖြစ်နိုင်တယ်၊

ဒါကြောင့်မို့ အပါယ်လေးဘုံ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် တစ်ယောက်ဆိုတော့ တစ်ဘုံ တစ်ယောက်နဲ့ တွက်လိုက်စမ်း၊ ပုဂ္ဂိုလ်လေးယောက် ရမယ်၊ မှတ်ထားနော်တော်ကြာကျတော့ ဒါ အကုန်ပေါင်းမှာ။

လူ့ဘုံမှာ ဘယ်နှစ်ယောက်ဖြစ်နိုင်သလဲ၊ ၁၂-ယောက်ထဲက ဘယ်နှစ်ယောက် ဖြစ်နိုင်လဲ၊ ဒုဂ္ဂတိအဟိတ် မဖြစ်နိုင်ဘူး၊ ဒုဂ္ဂတိအဟိတ်က အပါယ်ဘုံအတွက်ထားတာ၊ အဲဒီတော့ ဒုဂ္ဂတိအဟိတ် ချန်လိုက်ရင်ဘာကျန်သလဲ၊ ကျန် ၁၁-ယောက်၊ သုဂတိ အဟိတ်ကနေပြီးတော့ ဟို ရဟန္တာထိအောင် လူ့ဘုံမှာဖြစ်နိုင်တယ် ရေးလိုက်စမ်း ၁၁။

စတုမဟာရာဇိကလည်း ဒီအတိုင်းပဲတဲ့၊ ၁၁-ယောက်ပဲဖြစ်နိုင်တယ်၊ ဘာကြောင့် တုန်းဆိုတော့ စတုမဟာရာဇိက နတ် ခပ်ချာချာလေးတွေထဲမှာလည်း သုဂတိအဟိတ် ပဋိသန္ဓေ ဖြစ်နိုင်သေးတယ်၊ ဒါ ပဋိသန္ဓေလေ့လာတဲ့အခါကျတော့ ပေါ်လွင်လာ လိမ့်မယ်၊ ဒါကြောင့်မို့ စတုမဟာရာဇိကမှာလည်း ၁၁-ယောက်။

တာဝတိံသာကစပြီး ဒုဂ္ဂတိအဟိတ် မဖြစ်နိုင်ဘူး၊ သုဂတိအဟိတ် မဖြစ်နိုင်ဘူး၊ တာဝတိံသာနတ်တွေကျတော့ အဆင့်အတန်း မြင့်သွားပြီ၊ ဒါဖြင့် တာဝတိံသာကနေပြီးတော့ ပရနိမ္မိတဝသဝတ္တီတိုင်အောင် ၁၀-ယောက်စီဆိုတော့ ၅၀-မရဘူးလား၊ ကောင်းပြီ။

[စာမျက်နှာ-13] ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ အဲဒီတော့ ဗြဟ္မာဘုံမှာ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နိုင်မလား၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ တိဟိတ်ပုဂ္ဂိုလ်မှရတာ၊ ဈာန်ရတဲ့ပုဂ္ဂိုလ်မှသာလျှင် ဗြဟ္မာဘုံ ဖြစ်နိုင်တာ၊ ဒီဘဝဈာန်ရ ဈာန်နဲ့သေတော့ ဗြဟ္မဘုံသွားဖြစ်တာ၊ ဒါဖြင့်ရင် တိဟိတ်ပုထုဇဉ်ရယ် အရိယာ ၈-ယောက်ရယ် မရနိုင်ပေဘူးလား၊ ၉-ယောက်ရမယ်။ အဲဒီတော့ ဗြဟ္မပါရိသဇ္ဇာမှာ ၉-ယောက်၊ ဗြဟ္မပုရောဟိတာမှာ ၉-ယောက်၊ မဟာဗြဟ္မာမှာ ၉-ယောက်၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ၊ ဝေဟပ္ဖိုလ်မှ ၉-ယောက်စီ ရမယ်ဆိုတော့ ဒီ ဗြဟ္မဘုံ ၁၀-ဘုံမှာ ၁-ဘုံမှာ ၉-ယောက်ဆိုတော့ ၉၀-မရဘူးလား၊ ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ စတုတ္ထဈာန်ထဲက ဝေဟပ္ဖိုလ်။

အသညသတ်ဆိုတာကတော့ ရုပ်ချည်းသွားဖြစ်တာ၊ ရုပ်ချည်းသွားဖြစ်တဲ့ အတွက်ကြောင့်မို့ သူ ဘာမှ မရှိဘူး၊ ဘာမှမရှိပေမယ့် ပဋိသန္ဓေအနေနဲ့ ခေါ်တော့ သုဂတိအဟိတ်လို့ သူ့ကိုခေါ်ရတယ်၊ စိတ်နဲ့ပဋိသန္ဓေနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သုဂတိဘုံလည်း ဟုတ်တယ်၊ ရုပ်ဆိုတော့ ဟိတ်မရှိဘူး၊ ရုပ်ဆိုတာ ဟိတ်နဲ့ မယှဉ်ဘူး၊ ဒါ သေချာတာပေါ့၊ နာမ်သာဟိတ်နဲ့ ယှဉ်တာ၊ ဒါကြောင့် ရုပ်ကို အဟေတုကလို့ခေါ်တယ်၊ အဲဒီတော့ ရုပ်ပဋိသန္ဓေ ဖြစ်တဲ့အတွက်ကြောင့်မို့ အဟိတ်ပဋိသန္ဓေလို့ ခေါ်ရတယ်၊ သူက သုဂတိလား၊ ဒုဂ္ဂတိလားလို့မေးရင် သုဂတိ၊ ဒါကြောင့် သုဂတိအဟိတ်လို့ဆိုရတယ်၊ ဒါဖြင့် အသညသတ်မှာ ဘယ် နှစ်ယောက်ရသလဲ၊ တစ်ယောက်ပဲရတယ်၊ သုဂတိအဟိတ်။

သုဒ္ဓါဝါသ ၅-ဘုံတဲ့၊ ဒီဘဝ အနာဂါမ်ဖြစ်ပြီးမှ သုဒ္ဓါဝါသ ၅-ဘုံသွားမှာ၊ ဒီဘဝ အနာဂါမ်ဖြစ်၊ အနာဂါမ်ဖြစ်ပြီးတော့ သေပြီးတော့ သုဒ္ဓါဝါသဘုံမှာ အနာဂါမ် သွားဖြစ်ရော၊ အနာဂါမ်အဖြစ်နဲ့ ပဋိသန္ဓေနေပြီးတော့ အဲဒီ သုဒ္ဓါဝါသ ၅-ဘုံမှာ ရဟန္တာဖြစ်မှာ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရမှာဆိုတော့ သုဒ္ဓါဝါသ ၅-ဘုံ အထက် အရိယာ ၃-ယောက် မဖြစ်ပေဘူးလား၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတော့ကို တစ်ဘုံမှာ ၃-ယောက်၊ ၅-ဘုံဆိုတော့ ၁၅-ယောက်။

ကောင်းပြီ၊ အာကာသာနဉ္စာယတနဘုံ ဘယ်လောက်ရနိုင်မလဲ၊ သူက သောတာပတ္တိမဂ် မရနိုင်ဘူး၊ ဒါ မှတ်မိလား။

မေး - လူ့ပြည်က ရသွားရင်ကော။

ဖြေ - ဟိုမှာ မရနိုင်ဘူး (ပရတောဃောသ)ဆိုတဲ့ သူများဆီက အသံမကြားနိုင်လို့။

[စာမျက်နှာ-14] ဒါဖြင့်ရင် သောတာပတ္တိမဂ် မပါနိုင်ဘူး၊ သောတာပတ္တိဖိုလ်ကနေ ၇-ယောက်ဆိုတော့ တိဟိတ်ပုထုဇဉ် မရနိုင်ဘူးလား၊ ရနိုင်တယ်လေ၊ တိဟိတ်ပုထုဇဉ်က အရူပဈာန် ရသွားပြီး ဟိုမှာ သွားဖြစ်မယ်၊ ဒါဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ၈-ယောက်ဖြစ်မယ်နော်၊ တိဟိတ်ပုထုဇဉ်ရယ်၊ သောတာပတ္တိမဂ် မပါဘူး၊ တခြား အထက်အရိယာ ၇-ယောက်ဆိုတော့ ၈-ယောက်၊ ၈ x ၄ လီ = ၃၂ အားလုံးပေါင်း လိုက်စမ်း၊ ဘယ်နှစ်ယောက်ရမလဲ၊ ၄+၁၁+၁၁+၅၀+၉၀+၁+၁၅+၃၂ = ဟုတ်လား၊ အားလုံး ဘယ်လောက်ရမလဲ၊ ၂၁၄-ဟုတ်ရဲ့လား။

အပါယ် ၄-ဘုံမှာ ၄-ယောက် (၁ ဘုံမှာ ၁-ယောက်)၊ လူ့ဘုံမှာ ၁၁-ယောက်၊ စတုမဟာရာဇိကဘုံမှာ ၁၁-ယောက်၊ ပြီးတော့ တာဝတိံသာကနေပြီးတော့ ပရနိမ္မိတဝသဝတ္တီတိုင်အောင် ၁၀ ယောက်ဆိုတော့ ၅၀၊ ဗြဟ္မာဘုံ ၁၀ ဘုံက ၉-ယောက်ဆိုတော့ ၉၀၊ အသညသတ် ၁-ယောက်၊ သုဒ္ဓါဝါသ ၃-ယောက်ဆိုတော့ ၁၅-ယောက်၊ အရူပါဝစရက ၈-ယောက်စီဆိုတော့ ၃၂-ယောက် ဟုတ်ပြီလား။ ပြန်ပေါင်းဦး။

ရှေးဆရာကြီးတွေ ရေးထားတဲ့ လင်္ကာရှိတယ်၊ လင်္ကာက များတဲ့အတွက် မပြောတော့ဘူး၊ ပုဂ္ဂိုလ်အပြား၊ ဝါကရား ဆိုပြီးတော့ ဝါကရားဆိုတော့ ၂၁၄၊ သင်္ချာနဲ့ မှတ်ထားနော်၊ ဝ က ၄၊ ကက တစ်၊ ရားက ၂၊ ပြောင်းပြန်ပြန်ပေး ၂၁၄၊ ၂၁၄-ယောက်ဆိုပြီးတော့ အဲဒီလို ရှေးကပြောလေ့ရှိတယ်၊ ဒါ ဘုံပုဂ္ဂိုလ်ရလို့ခေါ်တယ်၊ ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ် ရနိုင်တယ်၊ ဟုတ်ပြီလား။

၁-ခေါက်ပြန်ဦးမယ်။

အပါယ်လေးဘုံမှာ ဘယ်နှစ်ယောက် ရနိုင်တုန်း၊ တစ်ယောက်စီ ၄-ယောက်၊ လူ့ဘုံမှာ ဘယ်နှစ်ယောက် ရနိုင်တုန်း၊ ၁၁-ယောက်၊ ဒုဂ္ဂတိအဟိတ် မပါဘူး၊ စတုမဟာရာဇိကဘုံမှာ ထို့အတူပဲ၊ ဒုဂ္ဂတိအဟိတ် မပါဘူး၊ တာဝတိံသာ ကနေပြီးတော့ ပရနိမ္မိတဝသဝတ္တီတိုင်အောင် ၁၀-ယောက်စီရမယ်၊ ၁၀-ယောက် ဆိုတာ အဟိတ် ၂-ယောက် မပါဘူး၊ ပြောကြပါစို့နော်၊ ဒွိဟိတ်၊ တိဟိတ်နဲ့သွားတာ၊ ဗြဟ္မာဘုံ ၁၀ ဘုံ ဝေဟပ္ဖိုလ်တိုင်အောင် ဗြဟ္မဘုံ ၁၀ ဘုံ တစ်ဘုံမှာ ၉ ယောက်၊ တိဟိတ်ပုထုဇဉ်ရယ်၊ အရိယာ ၈-ယောက်၊ ပြီးတော့ အသညသတ်ဘုံ သုဂတိအဟိတ် တစ်ယောက်၊ သုဒ္ဓါဝါသ ၅-ဘုံမှာ အထက် ၃ ယောက်စီဆိုတော့ကို ၁၅ ယောက်၊ ပြီးတော့ အာကာသာနဉ္စာယတနစတဲ့ အရူပလေးဘုံမှာ ၈ ယောက် စီဆိုတော့ ၃၂-ယောက်၊ သောတာပတ္တိမဂ်မပါဘူး၊ တိဟိတ်ပုထုဇဉ်ရယ်၊ ကြွင်းတဲ့ အရိယာ

[စာမျက်နှာ-15] ၇-ယောက်၊ အားလုံးပေါင်းလိုက်ရင် ၂၁၄ ယောက် ရတယ်တဲ့၊ ဒါ ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ဆိုတာတော်ကြာကျရင် ပဋိသန္ဓေစတုက္ကနဲ့ တွဲတဲ့အခါ ကျတော့ထပ်ပြီးတော့ ထင်ရှားလိမ့်ဦးမယ်နော်။

ကောင်းပြီ၊ ပဋိသန္ဓိစတုက္ကဆိုတာ နည်းနည်းလေးသွားကြရအောင်၊ အဲဒီဘုံ တွေမှာ အဲဒီပုဂ္ဂိုလ် ရနိုင်တယ်လို့ ပြောထားပြီ၊ အဲဒီဘုံတွေမှာ သွားသွားဖြစ်တဲ့ အခါကျတော့ ပဋိသန္ဓေမနေရပေဘူးလား၊ ပဋိသန္ဓေစိတ် ဖြစ်ရမှာပေါ့၊ အဲဒီတော့ ဘယ်ဘုံမှာ ဘယ်ပဋိသန္ဓေ စိတ်ဖြစ်သလဲ၊ ဒါလည်းသိရမယ်၊ ပဋိသန္ဓေက အပါယ် ပဋိသန္ဓေရှိမယ်၊ ကာမာဝစရသုဂတိ ပဋိသန္ဓေရှိမယ်၊ ရူပါဝစရ ပဋိသန္ဓေရှိမယ်နော်။

ကောင်းပြီ၊ ဘယ်ဘုံမှာ ဘယ်ပဋိသန္ဓေနဲ့ ပဋိသန္ဓေနေသလဲ၊ ပဋိသန္ဓေစိတ် ဘယ်နှစ်ခု ရှိသလဲ၊ ၁၉-ခု ရှိတယ်၊ အဲဒါတွေနဲ့ ကြည့်ရလိမ့်မယ်၊ အဲဒီတော့ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်၊ အဲဒီ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ဟာ၊ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ၊ ဘယ်ဘက် ကဟာကို ကြည့်လိုက်စမ်းပါ၊ အပါယ်လေးဘုံ အကုဝိ၊ ဥသန္တိ၊ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ၊ စိတ်ပိုင်းပြန် ဟုတ်လား၊ ထောက်ကိုထောက်လိုက်၊ အဲဒီ စိတ်ကို အကုသလဝိပါက်ဆိုတော့ အဟိတ်စိတ်၊ ဥပေက္ခာသဟဂုတ်သန္တီရဏဆိုတာ နောက်ဆုံးကဟာ၊ အဟိတ်စိတ် ပထမအတန်း အောက်ဆုံးစိတ်ဟာ ဥပေက္ခာသဟဂုတ်သန္တီရဏ မဟုတ်ဘူးလား၊ အကုသလဝိပါက်၊ အဲဒီ စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ အပါယ်လေးဘုံမှာ ငရဲကျလည်း ဒီစိတ်ပဲ၊ တိရစ္ဆာန်ဖြစ်လည်း ဒီစိတ်ပဲ၊ ပြိတ္တာဖြစ်လည်း ဒီစိတ်ပဲ၊ အသူရကာယ်ဖြစ်လည်း ဒီစိတ်နဲ့ပဲ၊ ဒါကြောင့် အပါယ်လေးဘုံ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေတယ်၊ ဟုတ်ပြီနော်။

မေး - အကုသလဝိပါက်ရယ်၊ ဥပေက္ခာသဟဂုတ်သန္တီရဏရယ်လားဘုရား။

ဖြေ - မဟုတ်ဘူး၊ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏဆိုတာ ၁-ခုတည်းပဲ၊ ၇-ခုထဲက ၁-ခုတည်းပဲ၊ အကုသလဝိပါက်လို့ ဝိသေသန ပြုပြီးတော့ ပြောတာက ကုသလဝိပါက်နဲ့ ကွဲသွားအောင်ပြောတာ၊ အကုသလဝိပါက်စိတ် အကုန်ပြောတာမဟုတ်ဘူး၊ ပထမတန်းက အကုသလဝိပါက်စိတ် မဟုတ်ဘူးလား၊ အဲဒီ အကုသလဝိပါက်စိတ် ၇-ခုထဲက အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏလို့ သာမညအနေနဲ့ပြောလိုက်ရင် အကုသလဝိပါက်လား ကုသလဝိပါက်လား မကွဲဘူးလေ၊ ဒါကြောင့်မို့

မေး - ဒီစိတ်တစ်ခုတည်းနဲ့ ပဋိသန္ဓေနေတာလား။

[စာမျက်နှာ-16] ဖြေ - ဒီစိတ်တစ်ခုတည်းနဲ့ ပဋိသန္ဓေနေတာ၊ ငရဲဖြစ်ရင် တိရစ္ဆာန်ဖြစ်ရင် ပြိတ္တာ ဖြစ်ရင်၊ အသူရကာယ်ဖြစ်ရင် ဒီစိတ်နဲ့ပဲ ပဋိသန္ဓေနေတယ်၊ ဒါကြောင့်မို့လည်း သူတို့ကို ဒုဂ္ဂတိအဟိတ်၊ အဟိတ်နဲ့ပဋိသန္ဓေနေတယ်၊ ဒုဂ္ဂတိဆိုတာက မကောင်းတဲ့ ဘဝမှာ အဟိတ်ပဋိသန္ဓေသွားနေတာ။

ကောင်းပြီ၊ ပြီးတော့ ဟိုဘက်ဟာက လူ စတု စာလုံးကသေးလို့။

* လူစတု၊ ကန်းကျိုးကု၊ ဥသန္တီ။

အဲဒါက လူ့ဘုံနဲ့ စတုမဟာရာဇိကဘုံမှာ မွေးကတည်းက ကန်းလာတာ၊ မွေးကတည်းက ကျိုးလာတာ၊ အလာတာ၊ အဲဒီလို သတ္တဝါတွေအတွက် ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတယ်တဲ့ ဆိုတော့ အဟိတ်စိတ် ကော်လံ ၂-ခုထဲက ဒုတိယကော်လံ အောက်ဆုံးဟာပဲ၊ အောက်ဆုံး တစ်ခုပဲ၊ အဲဒီစိတ်နဲ့ ပဋိသန္ဓေနေတယ်၊ လူနဲ့ စတုမဟာရာဇိက အညံ့စားလို့ ပြောကြ ပါစို့၊

မေး - တိရစ္ဆာန်တို့ မပါတော့ဘူးလား။

ဖြေ - မပါတော့ဘူး၊ တိရစ္ဆာန်က အကုသလဝိပါက်နဲ့ နေတာ၊ အခုဟာက ကုသလဝိပါက်နဲ့နေတာ။

မေး - ဥပေက္ခာဖြစ်ပါသလား၊

ဖြေ - ဟုတ်တယ်၊ ဥပေက္ခာ၊ သောမနဿ မဟုတ်ဘူး၊ သောမနဿက ပဋိသန္ဓေ စုတိ ဘဝင် ကိစ္စကို မတပ်ဘူး၊ ဥပေက္ခာကသာ တပ်တာ။

လူ့ဘုံမှာ ပဋိသန္ဓေနေတဲ့အခါကျတော့ ဒါကတော့ ရုပ်ပိုင်းကျမှ သိလိမ့်မယ်။ ဘယ်အချိန်မှာ မျက်စိပသာဒပေါ်တယ်၊ ဘယ်အချိန်မှာ နားပသာဒပေါ်တယ်ဆိုတာ လာလိမ့်မယ်၊ ၇-ရက်၊ ၇-ရက်နဲ့ ပိုင်းတယ်၊ အဲဒီပေါ်ရမယ့် အချိန်မှာ မပေါ်ရင် မွေးကတည်းက ကန်းတယ်လို့ ခေါ်တယ်။

အဲဒီပေါ်ပြီးတဲ့နောက်မှ အကြောင်းတစ်မျိုးမျိုးကြောင့် ပသာဒပျက်စီးသွား တာလည်း ရှိချင်ရှိလိမ့်မယ်၊ ပေါ်ချိန်တုန်းကတော့ ပေါ်လိုက်တယ်၊ နောင်အခါကျမှ အကြောင်းတစ်မျိုးမျိုးကြောင့် ပျက်စီးသွားတာမျိုး မဆိုလိုဘူး၊ အဲဒီ ပသာဒဖြစ်ချိန်မှာ မဖြစ်တာကို မဖြစ်တဲ့သတ္တဝါတွေကို ပဋိသန္ဓေက ကန်းလို့ပဲ ပြောကြပါစို့၊ ပါဠိလိုတော့ ဝစ္စန္ဓလို့ခေါ်တယ်၊ ပဋိသန္ဓေကတည်းက ကန်းလာတာ၊ ပဋိသန္ဓေ ကတည်းက နားလေးလာတာ၊ လူဖြစ်ပြီးတော့ အလွန်ညံ့ဖျင်းတဲ့ သတ္တဝါမျိုးတွေရှိ သေးတယ်မဟုတ်ဘူးလား၊ ဘာပြောလို့ ပြောမှန်းမသိဘူး၊ အရှေ့ အနောက် တောင်

[စာမျက်နှာ-17] မြောက်တောင် တချို့ မမှတ်တတ်ဘူး၊ ဟို mental လိုဟာမျိုး ဖြစ်နေတယ်၊ တစ်ခါတလေ စကားပြောရင် လေးလုံးမကွဲဘူး၊ အဲသလို မပီတပီဖြစ်နေတာ ငန်းစွဲတယ်လို့ မြန်မာလိုခေါ်တယ်၊ အဲဒီ သတ္တဝါနဲ့ အဲဒီလူတွေဟာ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေတာ၊ လူဖြစ်တာကတော့ သူတို့က ကုသိုလ်ရဲ့ အစွမ်းသတ္တိကြောင့်ဖြစ်တာ၊

ဒါပေမယ်လို့ သူတို့ရဲ့ ကုသိုလ်က ညံ့ခဲ့တဲ့အတွက်ကြောင့်မို့ ဒီမှာ ညံ့ဖျင်းတဲ့ အကျိုးပဲလာရတာ၊ အကုသိုလ်ကြောင့် ဖြစ်တာတော့မဟုတ်ဘူး၊ ကုသိုလ်ကြောင့်ပဲ။ သို့သော် သူတို့ရဲ့ ကုသိုလ်က ပြည့်စုံအောင် အကျိုးမပေးနိုင်တဲ့ ကုသိုလ်ပေါ့လေ၊ နတ်တွေလည်း တချို့ခပ်ချာချာနတ်တွေ ရှိသေးတယ်လို့ဆိုတယ်၊ စတုမဟာရာဇိက နတ်တွေပေါ့လေ၊ အဲဒါ တချို့ကျတော့ ဘုမ္မစိုးနတ်ကြီးတွေကို အမှီပြုပြီးတော့ ဆင်းဆင်းရဲရဲနေရတဲ့ နတ်တွေရှိသေးတယ်၊ သူတို့တွေလည်း ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေတယ်။

မေး - ရုက္ခစိုးတွေလည်း စတုမဟာရာဇ်ပဲလား။

ဖြေ - ရုက္ခစိုးတွေလည်း စတုမဟာရာဇိကပဲ၊ သူတို့မှီပြီးတော့ နေရတာ၊ သူတို့ထက် အောက်တန်းကျသွားတာပေါ့ လေ၊ ခပ်ချာချာနေရတယ်၊ စတုမဟာရာဇ်တော့ စတုမဟာရာဇ်ပဲ၊ အဲဒီနတ်မျိုးတွေကျလည်းပဲ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတယ်၊ လူတွေလည်း မွေးကတည်းက ကန်းကျိုးလာတာ တွေပေါ့လေ၊ သူတို့ကို သုဂတိအဟိတ် ပဋိသန္ဓေလို့ခေါ်တယ်၊ အပါယ်အတွက်က ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေ၊ အခုဟာက သုဂတိအဟိတ် ပဋိသန္ဓေ၊

လူ့ဘုံမှာနှင့်တကွ စတုမဟာရာဇ် တာဝတိံသာ စသည်မှာလည်း ကာမသုဂတိ ၇-ဘုံ၊ မဟာဝိပါက် ၈-ကို တွေ့လား၊ ဘယ်ဘက်ကကြည့်၊ အဲဒီ ကာမသုဂတိ ၇-ဘုံမှာ မဟာဝိပါက်စိတ် ၈-ပါးနဲ့ ပဋိသန္ဓေနေတယ်တဲ့၊ လူ့ဘဝရောက်လာပြီးတော့ ကျိုးကန်းလာတာ မဟုတ်တဲ့ လူမျိုးပေါ့နော်၊ အဲဒီလိုမျိုးဆိုရင် မဟာဝိပါက် ၈-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေလိမ့်မယ်၊ ထို့အတူပဲ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ အဆင့်အတန်းမှီတဲ့သူ ဆိုကြပါစို့။ အထက်တန်း မှီတဲ့ နတ်တွေ သူတို့ကျတော့ မဟာဝိပါက်စိတ် ၈-ပါးထဲက တစ်ပါးပါးနဲ့ ပဋိသန္ဓေနေလိမ့်မယ်၊ ဒါကြောင့်မို့ သူတို့ကို ကာမသုဂတိ ပဋိသန္ဓေပေါ့။

ကောင်းပြီ၊ ဗြဟ္မာတွေ သွားကြစို့၊ ဗြဟ္မာတွေသွားတဲ့အခါကျတော့ စေတသိက်ပိုင်းတုန်းက ဦးဇင်းပြောခဲ့ဖူးတယ်ထင်တယ်။ စိတ်ပိုင်းတုန်းကလည်း

[စာမျက်နှာ-18] ပြောခဲ့လိမ့်မယ်ထင်တယ်၊ ဈာန်တွေကို ငါးပါးလည်း ခွဲလို့ရတယ်၊ လေးပါးလည်းခွဲလို့ ရတယ်၊ အခု အဲဒီမှာ လေးပါးခွဲမှ ဖြစ်မှာ၊ လေးပါးနဲ့ ငါးပါးခွဲလိုက်တဲ့အခါ နည်းနည်းရှုပ်မယ် ထင်တယ်၊ ဘုံက ၄-မျိုးပဲရှိတယ်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ဈာန်စိတ်ကျတော့ ငါးမျိုးလုပ်ထားတော့ အဲဒီမှာ ရှုပ်သွားနိုင်တယ်၊ အမှန်ကတော့ မရှုပ်ပါဘူးနော်။

ကောင်းပြီ၊ ပထမဈာန် ၃-ဘုံ ဗြဟ္မာတွေ ဘယ်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေသလဲ။ ပထမဈာန်ဝိပါက်စိတ်နဲ့၊ ဒုတိယဈာန် ၃-ဘုံ ကျတော့၊ ဒုတိယဈာန်ဝိပါက်စိတ်နဲ့၊ တတိယဈာန်ဝိပါက်စိတ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ဈာန် ၄-ပါးနည်းနဲ့ ဈာန် ၅-ပါးနည်းကို ဟပ်ကြည့်လိုက်ရင် ဈာန် ၅-ပါးမှာ-၁၊ ဈာန် ၄-ပါးမှာ-၁၊ ဟုတ် တယ်မဟုတ်လား၊ ဈာန် ၅-ပါးမှာ ၂-၃၊ ဈာန် ၄-ပါးမှာ ၂၊ ဈာန် ၅-ပါးမှာ ၄၊ ဈာန် ၄-ပါးမှာ-၃၊ ဈာန် ၅-ပါးမှာ-၅၊ ဈာန် ၄-ပါးမှာ ၄၊ အဲဒီလိုသွားတာ၊ အဲဒီတော့ ၂ နှင့် ၃ က ဈာန် ၄-ပါးမှာ ၂-ပဲသွားဖြစ်တယ်။

ဒါကြောင့်မို့ ဒုတိယဈာန်ဘုံမှာ ဘယ်စိတ်နဲ့ ပဋိသန္ဓေ နေသလဲဆိုရင် ဒုတိယဈာန်ဝိပါက်စိတ်နှင့်သော်လည်းကောင်း၊ တတိယဈာန်ဝိပါက်စိတ်နှင့် သော်လည်းကောင်း ပဋိသန္ဓေနေတယ်နော်၊ သူ အဆင့်တန်းတော့ ရှိသွားမှာပေါ့ နော်။ ဒုတိယဈာန် ပဋိသန္ဓေနေတဲ့ ဗြဟ္မာနဲ့ တတိယဈာန်နဲ့ ပဋိသန္ဓေနေတဲ့ ဗြဟ္မာတော့ အဆင့်အတန်းတော့ ရှိသွားမှာပေါ့၊ သို့သော်လည်း တစ်ဘုံထဲပဲ။

ဒါကြောင့်မို့ ဒုတိယဈာန် ၃-ဘုံဆိုတာ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ။ ဒုတိယဈာန်၊ တတိယဈာန်ဝိပါက်နဲ့ ပဋိသန္ဓေနေတယ်၊ တတိယဈာန် ၃-ဘုံမှာ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ၊ စတုတ္ထဈာန်ဝိပါက်နဲ့ ပဋိသန္ဓေနေတယ်နော်။

ဝေဟပ္ဖိုလ်ဘုံ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက စတုတ္ထဈာန်ဘုံ မဟုတ်ဘူးလား၊ အဲဒီတော့ စတုတ္ထဈာန်ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်။

အသညသတ်ဘုံမှာ စိတ်မှမရှိဘဲ၊ ဒါကြောင့် ဟိုဘက်မှာ ရေးထားတယ်။ အသညသတ် ဇီဝိတနဝက၊ ဒါ ရုပ်ပိုင်းကျမှ နားလည်လိမ့်မယ်နော်၊ ဇီဝိတနဝက ဆိုတာ ရုပ်ပဲ၊ ရုပ်သက်သက် အသက်တော့ရှိတယ်၊ စိတ်မရှိဘူး။

မေး။ အဲဒီအသညသတ်မှာ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေသလဲ၊

ဖြေ။ ဥပေက္ခာနဲ့ ပဋိသန္ဓေနေလိမ့်မယ်၊ ဥပေက္ခာကမြင့်တယ်။ အမှန်ကတော့ ဥပေက္ခာက ပျော်တာလည်းမဟုတ်ဘူး၊ စိတ်ညစ်တာလည်း မဟုတ်ဘူးပေါ့လေ၊

[စာမျက်နှာ-19] ဥပေက္ခာနဲ့ နေနိုင်တယ်ဆိုတာ အဆင့်အတန်းမြင့်တဲ့သူမှ နေနိုင်တာ၊ စိတ်နိုင်တဲ့သူမှ ဖြစ်တာ၊ ဒါကြောင့် ဥပေက္ခာက ပိုမြင့်တယ်။

ဝေဟပ္ဖိုလ်လား၊ အသညသတ်ကျတော့ ရုပ်ချည်းပဋိသန္ဓေနေတယ်၊ ဒါကြောင့် သူ့ကို ရုပ်ပဋိသန္ဓေလို့ခေါ်တယ်၊ နာမ်ပဋိသန္ဓေလို့ မခေါ်ဘူး၊ ဘယ် စိတ်နဲ့မှ ပဋိသန္ဓေမနေဘူး၊ ဇီဝိတနဝကကလာပ်သည်သာလျှင် အဲဒီမှာ ပဋိသန္ဓေ ဖြစ်တယ်၊ ဒါတွေ ရုပ်ပိုင်းကျတော့ နားလည်လိမ့်မယ်။

ဒါဖြင့် သုဒ္ဓါဝါသ ၅-ဘုံတဲ့၊ သူတို့ကလည်း စတုတ္ထဈာန်ဘုံပဲ၊ စတုတ္ထဈာန် ဘုံဖြစ်တဲ့အတွက်ကြောင့်မို့ ပဋိသန္ဓေနေရင် ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေမယ် နော်၊ ပြီးရောပေါ့၊ ဒါ ရူပါဝစရ ပဋိသန္ဓေ။

ကောင်းပြီး ပြန်ပြောစမ်း၊ ပထမဈာန် ၃-ဘုံမှာ ပထမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဒုတိယဈာန် ၃-ဘုံမှာ ဒုတိယဈာန်ဝိပါက်၊ တတိယဈာန်ဝိပါက် စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ တတိယဈာန် ၃-ဘုံမှာ စတုတ္ထဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဝေဟပ္ဖိုလ်ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်။ အသညသတ်ဘုံမှာ ဇီဝိတနဝက ကလာပ်ရုပ်နဲ့ ပဋိသန္ဓေနေတယ်၊ သုဒ္ဓါဝါသ ၅-ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ရူပါဝစရ ပြီးသွားပြီ။

အရူပါဝစရ သူ့ဟာသူ ရှင်းပါတယ်။

အာကာသာနဉ္စာယတနဘုံမှာ အာကာသာနဉ္စာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဝိညာဏဉ္စာယတနဘုံမှာ ဝိညာဏဉ္စာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ အာကိဉ္စညာယတနဘုံမှာ အာကိဉ္စညာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ နေဝသညာနာသညာယတနဘုံမှာ နေဝသညာနာသညာယတနဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ပဋိသန္ဓေစိတ်တွေ၊ သူ့ဟာနဲ့သူ သတ်မှတ်ပြီး သား၊ ဘယ်ဘုံမှာဖြစ်ရင် ဘယ်စိတ်နဲ့ ပဋိသန္ဓေနေတယ်ဆိုတာ။

အဲဒီတော့ ဒီစိတ်နဲ့ ပဋိသန္ဓေနေရင် အဲဒီဘဝမှာ ဘဝင်လည်း ဒီစိတ်ပဲဖြစ်မှာပဲ။ သေတဲ့အခါ စုတိစိတ်လည်း ဒီစိတ်ပဲ ဖြစ်မယ်နော်၊ ဒါလေးလည်းမှတ်ထား၊ တစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟာ အတူတူပဲ။

ပြန်ပြောမယ်နော်၊ အပါယ်ဘုံမှာဆိုပါတော့၊ ပဋိသန္ဓေနေတာ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ ပဋိသန္ဓေနေရင် တစ်ဘဝလုံးဖြစ်မယ် ဘဝင်ကလည်း ဒီစိတ်တွေချည်းဖြစ်မှာပဲ၊ ပြီးတော့ ဘဝဆုံးလို့ သေတဲ့အခါလည်း ဒီစိတ်နဲ့သေမှာပဲ။ တခြားဟာတွေလည်း ဒီအတိုင်းပဲသွားမှာ၊ အဲဒီတော့ တစ်ဘဝမှာ ပဋိသန္ဓေ

[စာမျက်နှာ-20] ဘဝင်စုတိဟာ တူရိုးထုံးစံရှိတယ်တဲ့နော်။

ကောင်းပြီ၊ ဘာလာသလဲ၊ သက်တမ်းတစ်ခါလာတယ်၊ ခုဟာက ပဋိသန္ဓေ ပြီးသွားပြီ၊ ဘယ်ဘုံမှာ သက်တမ်းဘယ်လောက်ရှိသလဲ၊ သက်တမ်းက ညာဘက်မှာ ရှိတယ် တွေ့လား၊ အပါယ်ဘုံ၊ လူ့ဘုံ၊ ဘုမ္မစိုးနတ်၊ သက်တမ်းမမြဲ၊ အပါယ်ဘုံမှာ သက်တမ်းမမြဲဘူးတဲ့၊ အမှန်ကတော့ သူ့အကုသိုလ် ရှိသလောက် ခံရတာကိုး၊ အကုသိုလ်များရင်ကြာမယ်ပေါ့၊ အကုသိုလ်မများရင် မြန်မြန်လွတ်မယ်ပေါ့၊ အဲဒါကြောင့်မို့ အပါယ်ဘုံမှာ သက်တမ်းမမြဲဘူး၊ တချို့ငရဲကျပြီး ခဏလေးနဲ့မြန်မြန်လွတ် လာတာလည်းရှိတယ်၊ ဒေဝဒတ်တို့လို တစ်ကမ္ဘာလုံးခံရမယ့် ငရဲသားလည်းရှိတာပေါ့။

လူ့ဘုံကော သက်တမ်း ဘယ်မြဲမလဲ၊ ဆိုပါတော့၊ မြတ်စွာဘုရားလက်ထက် ကဆို တစ်ရာတမ်း အခု ဆုတ်လာတာပဲ။ အခုခေတ် လူတွေက အသက်ပိုရှည်လာ တယ်ဆိုတာ မဟုတ်ဘူး၊ သက်တမ်းတိုးလာတာ မဟုတ်ဘူး၊ ကလေးအသေ နည်းတာနဲ့ ဘာနဲ့ လုပ်လိုက်တဲ့အတွက်ကြောင့်မို့ အသက်တမ်း ပိုရှည်လာတယ်လို့ ထင်တာ၊ အမှန်က မဟုတ်ဘူး၊ အဲဒါလူတွေက မေးကြတယ်နော်၊ အရှင်ဘုရားတို့ ဗုဒ္ဓဘာသာက ပြောတယ်၊ အသက်တမ်းဟာ တဖြည်းဖြည်းနဲ့ ကျသွားတာ ၁၀ နှစ် တမ်းအထိအောင် ရောက်သွားမှာပဲတဲ့၊ အဲဒီကနေ တဖြည်းဖြည်းတက်တက် တက်တက်သွားတာ အသင်္ချေယျတမ်းပေါ့လေ၊ အရှည်ကြီးနေရမှာ၊ အဲဒီလိုပေါ့လေ။ တက်လိုက်ကျလိုက်နဲ့ သွားနေရမယ်၊ အခုခါ ဆုတ်ကပ်လို့ခေါ်တယ်၊ မြတ်စွာဘုရားက ဆုတ်ကပ်အခါမှ ပွင့်တယ်၊ တက်ကပ်မှာမပွင့်ဘူး၊ ဘာပြုလို့လည်းဆိုတော့ တရား ဟောခက်လို့၊ ဆုတ်ကပ်တောင်မှ ဒီနိုင်ငံ (အမေရိကန်)မျိုးရှိရင် တရားဟော ခက်တယ် ဟုတ်လား၊ ဒီနိုင်ငံကတဏှာလောဘကို အလွန်အားပေးတဲ့ နိုင်ငံပဲကိုး၊ အဲဒီတော့ ဆိုပါတော့ ပန်းလေးတွေ့တယ်ဆိုရင် ဒါလေးကို သူတို့က သာယာရမယ် (appreciate) လုပ်ရမှာ၊ ဒါမလုပ်နဲ့ဆိုရင် သူတို့က မခံနိုင်ဘူး၊

[စာမျက်နှာ-21] - မြတ်စွာဘုရားက ဘုရားဖြစ်ပြီးစက တရားမဟောချင်တာ အဲဒါ ကြောင့်ပဲ၊ သတ္တဝါတွေဟာ တွယ်တာမှုတွေ အားကြီးနေတယ်၊ တွယ်တာမှုတွေမှာ မွေ့လျော် ပျော်ပါးနေတာဆိုတော့ ငါဟောမယ့်တရားက တွယ်တာမှုဖြတ်ရမှာ၊ သိမယ့်လူ သိပ်ရှိမှာ မဟုတ်ဘူးဆိုပြီး ဘုရားက စိတ်ညစ်သွားတာ၊ ပြီးတော့မှ ပြန်ကြည့် လိုက်တော့၊ သော်-သတ္တဝါဆိုတာကလည်း အမျိုးမျိုးရှိတာ၊ နားလည်မယ့် သူလည်း ရှိတယ်၊ နားမလည်မယ့်သူလည်း ရှိတယ်ဆိုပြီးတော့ ဟောတော်မူတာ၊ အဲဒါကြောင့်မို့ လူ့ဘုံဟာ အဲသလိုသွားနေတာတဲ့။

ပြီးတော့ ဘုမ္မစိုးနတ်တွေ သူတို့လည်း အသက်မမြဲဘူး၊ တချို့ ဘုမ္မစိုးနတ်တွေ ကျတော့ အသက်သိပ်ရှည်တာတွေရှိတယ်၊ ရုက္ခစိုးနတ်ကြီးတွေလေ၊ တချို့ ဘုမ္မစိုး နတ်ကြီးတွေရှည်တယ်၊ တချို့လည်း မရှည်ဘူး၊ သူတို့မှာ သက်တမ်း မမြဲဘူးတဲ့၊ လူထိအောင် မမြဲဘူးတဲ့နော်၊ အပါယ်လေးဘုံထိ မမြဲဘူးတဲ့။

စတုမဟာရာဇိကဘုံကျတော့ နတ်သက် ၅၀၀-တဲ့နော်၊ လူသက် ၉-သန်း၊ အဲဒီလို ၂-မျိုး ၂-မျိုးသွားရမှာ၊ တာဝတိံသာနတ်သက်တစ်ထောင် လူသက် ၃၆-သန်းတဲ့၊ လေးဆတက် လေးဆတက်သွားလိမ့်မယ်၊ နတ်သက်က ၂-ဆ၊ ၂-ဆ တက်မယ်၊ လူသက်ကျ ၄-ဆ ၄-ဆ တက်သွားမယ်၊ ယာမာကျတော့ ၁၄၄-သန်း၊ တုသိတာ ၅၇၆-သန်း (မှတ်ချက်။ ၇၅၆-မဟုတ်ဘဲ ၅၇၆-ဖြစ်သင့်သည်)၊ နိမ္မာနရတိ ၂၃၀၄-သန်း၊ ပရနိမ္မိတဝသဝတ္တီ ၉၂၁၆-သန်းနော်၊ အဲဒီလို သက်တမ်းရှည်သွားမယ်တဲ့၊ ဒါကတော့ ဖြစ်နိုင်တာပြောတာပါ။ ဒီအသက် တမ်းထိအောင် ပြည့်အောင်နေရမယ်လို့ မဆိုလိုဘူး၊ လူလိုပေါ့၊ လူ ၁၀၀-တမ်း ဆိုပေမယ့်လို့ ငယ်ငယ်လေးနဲ့ သေချင် သေတာပဲ၊ သူတို့နတ်လည်း ဒီအတိုင်းပဲ၊ သို့သော် အပြည့်အဝ နေရမယ်ဆိုရင် ဒီလောက်နေရမယ်၊ ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။

ဒါပေမယ့် နတ်မှာသေဖို့အလွန်လွယ်တဲ့ဟာ ရှိတယ်နော် ကြားဖူးလား မသိဘူး၊ ဒေါသရယ်၊ ပြီးတော့ တဏှာလောဘရယ်၊ တဏှာလောဘက ဘာတုန်း ဆိုတော့ အပျော်ကျူးနေလို့၊ နတ်သုဒ္ဓါစားချိန်မှာ မစားလိုက်မိဘူးဆိုရင် သေရောတဲ့။ (breakfast) လွတ်သွားလို့ နေ့လည်ကျ ငါပိုစားမယ်ဆိုလို့ မရတော့ဘူး၊ သူ့အချိန်မှာစားရတာ၊ ဒီအချိန်မှာစားရင် ဒီအချိန်ကိုစားရမယ်၊ သူတို့ရုပ်က နူးညံ့တယ်၊ နူးညံ့တဲ့အခါကျတော့ နတ်ဩဇာနဲ့ ထိန်းရတာပေါ့၊ အဲဒီအချိန်မှာ မစားလိုက်မိရင်မရဘူး၊ ပန်းကညှိုးသွားပြီးတဲ့နောက် ရေအိုးတစ်ရာနဲ့ လောင်းရင်လည်း ပြန်မလန်းတော့ဘူး၊ အဲဒါကြောင့်မို့ အပျော်အပါး လွန်ကျူးပြီးတော့ စားချိန် မစားမိရင် သေရော၊ ဒါ ခိဍ္ဍာပဒေါသိကနတ်လို့ ခေါ်တယ်၊ မနောပဒေါသိက

[စာမျက်နှာ-22] နတ်ဆိုတာက ဒေါသဖြစ်တာ၊ ဒေါသဖြစ်တာက ဒီတစ်ယောက်က ဟိုတစ်ယောက်ကို ဒေါသဖြစ်ရင် ဟိုတစ်ယောက်က ပြန်မဖြစ်ရင် ကိစ္စမရှိဘူး၊ ဟိုတစ်ယောက်ကလည်း ပြန်ပြီးတော့ ဒေါသဖြစ်တယ်၊ အပြန်အလှန်ဖြစ်သွားရင် အဲဒီဒေါသဒဏ် မခံနိုင်ဘူး၊ နှစ်ယောက်စလုံး သေရော။

အဲဒီတော့ နတ်ပြည်ရောက်တယ်ဆိုပေမယ့်လို့ သေဖို့က လူ့ပြည်ထက် တောင်လွယ်သေးတယ်၊ ဒါပေမယ့် နေရမယ်ဆိုရင်တော့ သူတို့က ၃၆-သန်း စသည်ဖြင့် နေရမှာပေါ့။ ပြီးတော့ ဘာလာလဲဗြဟ္မာ၊ ဗြဟ္မာမလာခင် ဘယ်ဘက်မှာရှိတဲ့ ကပ်လေးပါးဆိုတာ ကြည့်လိုက်စမ်းပါ၊ အဲဒါ ပထမကြည့်လိုက်၊ ကပ် ၄-မျိုး ရှိတယ်တဲ့၊ ဒါ ကပ်ကြီး ၃-ပါးနဲ့ မဆိုင်ဘူး၊ ဒီကပ်ဆိုတာက ကမ္ဘာကိုပြောတာ၊ ကမ္ဘာကိုပဲ ကပ်လို့ခေါ်တာ၊ ဒါ ပါဠိစကား ကပ္ပ၊ ကပ္ပကိုမြန်မာက ကပ္ပါကနေပြီးတော့ ကမ္ဘာလို့ခေါ်တာ၊ ကပ္ပါကနေပြီးတော့ ဘယ်နှယ့် မနဲ့ဘကုံးဆင့်ပြီးတော့ ကမ္ဘာလို့ ရေးမှန်း မသိဘူး၊ ဒါကြောင့်မို့ တချို့ဘုန်းကြီးတွေက ကပ္ပါလို့ရေးတာ၊ ဖတ်တာ ကတော့ မင်းတို့ဖတ်ချင်သလို ဖတ်ပေါ့လေ၊ စာလုံးပေါင်းတော့ အမှန်အတိုင်း ဆိုပြီးတော့ ကပ္ပါလို့ ရေးထားတာ အများကြီးရှိတယ်။

အမှန်က ကပ္ပပြဿနာလို့ ဖတ်ရမှာမဟုတ်ဘူး၊ ကမ္ဘာ့ပြဿနာလို့ ဖတ်ရမှာ၊ ကောင်းပြီ၊ ပထမကပ်က ဘာကပ်လဲ၊ အာယုကပ်တဲ့နော်၊ အာယုကပ်ဆိုတာကတော့ အမှန် ကတော့ သက်တမ်းကိုခေါ်တာ ဒီအထဲမှာ ၁၀-နှစ်တမ်းမှ အသင်္ချေ၊ အသင်္ချေမှ ၁၀-နှစ်တမ်း၊ အဲဒါကတော့ သိပ်မဟုတ်ဘူးနဲ့ထင်တယ်၊ သာမည သက်တမ်းကိုပဲ အာယုကပ်လို့ခေါ်တာ၊ ဘာဖြစ်လို့လည်းဆိုတော့ လယ်တီဆရာတော်ကြီးရေးတဲ့ ပရမတ္ထသံခိပ်မှာ “အာယုအန္တရာ၊ အသင်္ချာ၊ မဟာ လေးမျိုးကပ်” ဆိုပြီးတော့ လင်္ကာရှိတယ်၊ ကပ်သည် အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်ဟူ၍ ၄-မျိုးရှိ၏၊ ထိုထိုအသက်တမ်းကို အာယုကပ်ဆိုသည်၊ သက်တမ်း ကိုက အာယုကပ်လို့ ဆိုတာတဲ့၊ လူ့အာယုကပ်ဆိုတာ ခုခေတ်တစ်ရာ ပေါ့ နော်။ နတ်အာယုကပ်ဆိုတာ ခုနကဟာ။

[စာမျက်နှာ-23]
အဘိဓမ္မာသင်တန်း (၂၈)

ဝီထိမုတ်ပိုင်း (ကမ္ဘာဖြစ်ပုံ ပျက်ပုံ)

ဒီနေ့ မေလ ၂၂-ရက်။

လွန်ခဲ့တဲ့အပတ်တုန်းက အာယုကပ်လေးပါးစသည် ပြောနေတာ မပြီးခဲ့ဘူး၊ ကပ်လေးပါးကိုပဲ ပြန်လေ့လာကြရအောင်။

ဘုံ ၃၁-ပါးတဲ့၊ စာရွက်မှာ ကပ်ဆိုတာ အမှန်ကတော့ ကမ္ဘာလို့ ဆိုလိုတာ၊ ပါဠိလို ကပ္ပ၊ ကပ္ပကိုကပ်လို့ဆိုတာ၊ အဲဒီတော့ ကမ္ဘာ ၄-မျိုးပေါ့နော်၊ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်လို့ အဲဒီလို ၄-မျိုးရှိတယ်၊ အာယုကပ်လို့ ပြောခဲ့တဲ့နေရာမှာ ဒီဇယားကွက်ထဲမှာ ပါနေတာက ၁၀-နှစ်တမ်းမှ အသင်္ချေယျ၊ အသင်္ချေယျမှ ၁၀-နှစ်တမ်းလို့ အဲဒီလို ပါနေတယ်၊ ဒါပေမယ့်လို့ တခြားကျမ်းတွေမှာ ရေးနေတာက ဒီလိုမဟုတ်ဘူးနော်။

အာယုကပ်ဆိုတာ ဘာလဲဆိုရင် သက်တမ်းပဲ၊ ထိုထိုအသက်တမ်းကို အာယုကပ်ဆိုသည်လို့ ပရမတ္ထသံခိပ်ကျမ်းမှာ လာတာနော်၊ အဲဒီမှာ “အာယုအန္တရာ၊

[စာမျက်နှာ-24] အသင်္ချာ၊ မဟာ လေးမျိုးကပ်” ဆိုပြီးတော့ အဲဒီလို၊ အဲဒီတော့ အသက်တမ်းပေါ့။ လူ့အသက်တမ်းဆိုရင် ၁၀၀-ဆိုရင်ဖြင့် ၁၀၀-ပေါ့၊ အဲဒါကို အာယုကပ်လို့ခေါ်တာ၊ နတ်ဟာလည်း နတ်သက် ၅၀၀-သို့မဟုတ် ၉-သန်း၊ အဲဒီလို အသက်တမ်းတစ်ခုကို အာယုကပ်လို့ခေါ်တာ၊ ၁၀-နှစ်ကနေ အသင်္ချေ၊ အသင်္ချေကနေ ၁၀-နှစ်တမ်း၊ ဒီလို မဆိုလိုဘူး၊ ကျမ်းဂန်မှာ အဲဒီအတိုင်းရှိတယ်၊

အာယုကပ်ပြီးတော့ အန္တရကပ်တဲ့၊ အန္တရဆိုတာက မြန်မာအဓိပ္ပာယ်နဲ့ဆိုရင် အကြားလို့ ဆိုလိုတာပေါ့၊ အကြားအန္တရကပ်ဆိုတာ တက်ကပ်ဆုတ်ကပ် ၂-ပါး ၁ စုံကို အန္တရကပ်လို့ခေါ်တယ်၊ ဆုတ်ကပ်တက်ကပ်။

လူတွေက စစခြင်းဆိုပါတော့၊ အသင်္ချေယျတမ်းလို့ခေါ်တဲ့ နှစ်ပေါင်းများစွာ ရှည်တယ်ပေါ့လေ၊ အဲဒီလို အသင်္ချေယျတမ်းကနေပြီးတော့ တဖြည်းဖြည်းနဲ့ ဆုတ်ဆုတ်ဆုတ်ဆုတ်သွားမယ်၊ လူတွေက အကျင့်ပျက်လို့၊ အဲဒီလို ဆုတ်လိုက် တာမှာ ဘယ်ထိအောင် ဆုတ်သွားသလဲဆိုရင် ၁၀-နှစ်တမ်းထိအောင် ဆုတ်သွားမယ်။ အဲဒီ ၁၀-နှစ်တမ်းကျတော့ အလွန်ဆိုးတဲ့အခြေအနေတွေ ဖြစ်ကုန်ပြီပေါ့၊ မြက်ပင်လေး ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ လက်နက်ဖြစ်သွားပြီဆိုတဲ့ အခြေအနေမျိုးပေါ့။ အဲဒီကနေ လူတွေက တစ်ခါ သတိတရားရပြီးတော့ ပြန်ပြီးတော့ အကျင့် ကောင်းပြီးတော့ ပြန်တက်တက်လာတာ အသင်္ချေယျတမ်းပြန်ရောက်၊ အဲဒီ အသင်္ချေယျကနေပြီးတော့ ၁၀-နှစ်၊ ၁၀-နှစ်ကနေ အသင်္ချေယျတမ်း၊ အဲဒီလောက် ကြာတဲ့ကာလကို အန္တရကပ်လို့ခေါ်တယ်၊ နှစ်ပေါင်းဘယ်လောက် ကြာတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးနော်၊ အဲဒီတော့ ဆုတ်ကပ်တက်ကပ် တစ်ခုပေါ့လေ၊ အဲဒါက အန္တရကပ်။

နောက်ကပ်က အသင်္ချေယျကပ်တဲ့၊ အဲဒီ အသင်္ချေယျကပ်ကတော့ ခုနက ပြောခဲ့တဲ့ အန္တရကပ်ပေါင်း ၆၄-ကပ် အတိုင်းအရှည်ရှိတဲ့ ကာလကို အသင်္ချေယျကပ်။

တစ်ခါ နောက်တစ်ခုက မဟာကပ်၊ မဟာကပ်ကလည်းပဲ အသင်္ချေယျကပ် ၄-ကပ် အတိုင်းအရှည်ရှိတဲ့ ကာလပေါ့၊ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်လို့ အဲဒီလို ၄-မျိုးရှိတယ်။

အဲဒီတော့ ဗြဟ္မာဘုံတွေရဲ့ သက်တမ်းကို လေ့လာတဲ့အခါမှာ (သို့မဟုတ်) သတ်မှတ်တဲ့အခါမှာ ဘယ်လိုသတ်မှတ်ရမလဲတဲ့၊ ပထမဈာန် ၃-ဘုံအတွက် ဘယ်လို သတ်မှတ်သလဲ၊ ဒုတိယဈာန် ၃-ဘုံအတွက် ဘယ်လိုသတ်မှတ်သလဲ။ တတိယဈာန် ၃-ဘုံအတွက် စသည် ဘယ်လိုသတ်မှတ်သလဲ၊ ဒါ အရေးကြီး

[စာမျက်နှာ-25] တယ်နော်၊ အဲဒီတော့ အဲဒီဟာ မသွားခင် ကမ္ဘာကြီးဖြစ်ပုံပျက်ပုံ နားလည်ဖို့ တစ်ခါလိုလာတယ်၊ ဒါ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေမှာ ဆိုထားတာပေါ့လေ၊ ကမ္ဘာကြီး ပျက်သွားမယ်၊ နောက် ကမ္ဘာကြီး ဖြစ်လာမယ်၊ ကမ္ဘာပေါ်မှာ သတ္တဝါတွေ ဘယ်လိုဖြစ်လာတယ်၊ လူကိုပဲပြောတယ်၊ တခြားသတ္တဝါတွေ ထည့်မပြောဘူးနော်၊ အဲဒီဟာလည်း ဗဟုသုတအနေနဲ့ သိထားသင့်တယ်။

အဲဒီတော့ ဒီ အသင်္ချေယျကပ် တစ်ခုမှာ တစ်ခါ ၄-မျိုးရှိပြန်တယ်၊ သံဝဋ္ဋကပ်၊ သံဝဋ္ဋဋ္ဌာယီကပ်၊ ဝိဝဋ္ဋကပ်၊ ဝိဝဋ္ဋဋ္ဌာယီကပ်လို့ အဲဒီလို ၄-မျိုး ရှိပြန်တယ်။ အဲဒီမှာ သံဝဋ္ဋကပ်ဆိုတာ ကမ္ဘာပျက်ဆဲတဲ့နော်၊ ဒီလောက် အချိန်အကြာကြီး ကမ္ဘာပျက်နေမှာ၊ ကမ္ဘာပျက်တယ်ဆိုတာ ချက်ခြင်း ဒီနေ့ပျက် ဒီနေ့ပြီးတာမဟုတ်ဘူး၊ ပျက်နေတဲ့ အချိန်ပိုင်းကာလလည်း အကြာကြီးသွားမယ်တဲ့၊ ပျက်ပြီးတဲ့နောက် အပျက်အတိုင်းနေတာ၊ ထပ်မပျက်တော့ဘူး၊ ကုန်ပြီ၊ ဘာမှကို မရှိတော့ဘူး၊ အဲဒီဟာက သံဝဋ္ဋဋ္ဌာယီတဲ့။

နောက်တစ်ခါ ပြန်ဖြစ်တာ၊ ဖြစ်နေတဲ့ဟာက ဝိဝဋ္ဋကပ်၊ အဲဒီလိုဖြစ်ပြီးတဲ့နောက် တည်နေပြီ အဖြစ်နဲ့ပဲ တည်နေတယ်၊ အခုကပ်မျိုးပေါ့နော်၊ အဲဒါကို ဝိဝဋ္ဋဋ္ဌာယီကပ်၊ အဲဒီလို ၄-မျိုးရှိတယ်၊ အဲဒီ ၄-မျိုးတစ်ခုဟာ အသင်္ချေယျကပ်တစ်ခု ဖြစ်တော့တာပဲ။ သံဝဋ္ဋကပ်၊ သံဝဋ္ဋဋ္ဌာယီကပ်၊ ဝိဝဋ္ဋကပ်၊ ဝိဝဋ္ဋဋ္ဌာယီကပ်တဲ့။

ကမ္ဘာတစ်ခုဟာ ဘယ်လောက် ကြာသလဲဆိုတာက အခုပေးထားတဲ့ စာရွက်ထဲမှာ အဲဒါပါတယ်။ တစ်နေ့မှာ ရဟန်းတစ်ပါးက မြတ်စွာဘုရားကို လျှောက်တယ်တဲ့နော်၊ ကမ္ဘာဟာ ဘယ်လောက်ရှည်ပါသလဲ ဘုရားလို့ လျှောက်တော့ မြတ်စွာဘုရားက ကမ္ဘာဟာ သိပ်ရှည်တယ်၊ နှစ်တွေဒီလောက်ရှိတာပဲ၊ သို့မဟုတ် နှစ်ရာပေါင်း ဘယ်လောက်ရှိတာပဲ၊ နှစ်ထောင်ပေါင်း ဘယ်လောက်ရှိတာပဲ။ နှစ်သောင်းပေါင်း ဘယ်လောက်ရှိတာပဲ၊ နှစ်သိန်းပေါင်း ဘယ်လောက်ရှိတာပဲလို့ ရေတွက်ခြင်းငှာ မလွယ်ဘူးတဲ့၊ ဘယ်လောက်ရှိတယ်လို့ကို မပြောနိုင်ဘူးပေါ့။ အဲဒီတော့ အဲဒီရဟန်းက လျှောက်တယ်၊ ဒါဖြင့် ဥပမာလေးနဲ့များ မပြောနိုင်ဘူး လားပေါ့ ဆိုတော့ မြတ်စွာဘုရားက ဘယ်လိုအမိန့်ရှိသလဲ၊ “မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်သော ကျောက်တောင်ကြီးတစ်တောင်ရှိမယ်တဲ့၊ အလျားအားဖြင့် တစ်ယူဇနာတဲ့နော်၊ ၈-မိုင်လောက်ရှိမယ်ပေါ့၊ အနံအားဖြင့် တစ်ယူဇနာ၊ အစောက်အားဖြင့် တစ်ယူဇနာ၊ အစောက်ဆိုတာ အမြင့်ပေါ့နော်၊ အဲဒီတော့ တွေးကြည့်ပေါ့နော်၊ အဲဒီကျောက်တောင်ကြီးကို ယောက်ျားတစ်ယောက်က

[စာမျက်နှာ-26] အနှစ်တစ်ရာ၊ တစ်ရာလွန်တဲ့အခါ ကာသိတိုင်းဖြစ် အဝတ်ဖြင့်ဆိုတာ နူးညံ့တဲ့ အဝတ်ကိုဆိုလိုတယ်၊ ကာသိတိုင်း ဆိုတာ ယခုခေတ်တော့ ဗာရာဏသီနယ်ပေါ့၊ အဲဒီကဖြစ်တဲ့ အဝတ်ကနူးညံ့တယ်ပေါ့နော်၊ အဲဒီလို နူးညံ့တဲ့အဝတ်ဖြင့် တစ်ကြိမ် တစ်ကြိမ်သာ ပွတ်တိုက်ရာတဲ့၊ အနှစ်တစ်ရာကြာမှ တစ်ခါလာပြီး ပွတ်တိုက်ရမယ်တဲ့။ ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျှင်စွာသာလျှင် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏တဲ့၊ အဲဒီလို ပွတ်တိုက်လို့ ဒီကျောက်တောင်ကြီးသာ ကုန်ချင်ကုန်သွား မယ်တဲ့၊ ကမ္ဘာသည် ကုန်ဆုံးခြင်းသို့ မရောက်ရာတဲ့၊ ကမ္ဘာကြီး မကုန်သေးဘူးတဲ့။ အဲဒီလောက်ရှည်တယ်တဲ့နော်၊ အဲဒီတော့ ဘယ်လောက်မှန်းကို မပြောနိုင်ဘူး။

သူတို့အနောက်နိုင်ငံမှာလည်း ဒီလိုဟာမျိုးတွေရှိတယ်နော်၊ ငှက်ကလေးက အဲဒီကျောက်တောင်ကြီးကို နှုတ်သီးကလေး သွားသွားသုတ်တာ ဆိုတာရှိတယ်။ သူတို့လည်းပဲ ဒါမျိုးရှိတယ်။

ခုနကသုတ်က ပဗ္ဗတသုတ္တတဲ့ နောက်သုတ်က သာသပသုတ္တတဲ့၊ အတူတူ ပါပဲ၊ ဥပမာ တစ်မျိုးပြတာပဲ၊ ဒီကျတော့ ဥပမာက တွင်းကြီးတဲ့၊ အလျားတစ်ယူဇနာ အနံတစ်ယူဇနာ၊ အစောက် တစ်ယူဇနာရှိသော မုန့်ညှင်းစေ့တို့ဖြင့် အစိုင်အခဲဖွဲ့လျက် ပြည့်နှက်လျက်ရှိသော မြို့သည်ရှိရာ၏တဲ့၊ မြို့ကြီးတစ်မြို့ လိုဏ်ခေါင်းကြီးတစ်ခု ပေါ့၊ အလျား ၈-မိုင်၊ အနံ ၈-မိုင်၊ စောက် ၈-မိုင်ရှိတဲ့ လိုဏ်ခေါင်းကြီးတစ်ခုနော်၊ အဲဒီအထဲမှာ မုန့်ညှင်းစေ့တွေ ပြည့်နေမယ်တဲ့၊ ယောက်ျားသည် ထိုမြို့တွင်းရှိ မုန်ညင်းစေ့ပုံမှ အနှစ်တစ်ရာ အနှစ်တစ်ရာကို လွန်သောအခါ မုန်ညှင်းစေ့တစ်စေ့စီ၊ တစ်စေ့စီ ထုတ်ယူရာ၏တဲ့၊ ထိုကြီးစွာသော မုန့်ညှင်းစေ့အစုသည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည်ကုန်ဆုံးခြင်းသို့ မရောက်နိုင်ရာ၊ ကမ္ဘာကြီးဟာ ကုန်ခြင်းသို့ မရောက်ဘူး၊ ကမ္ဘာတစ်ခုတစ်ခုဟာ ဒီလောက်ကြာတယ်တဲ့။

ကောင်းပြီ၊ သံဝဋ္ဋကပ်ဟာ ဘယ်လောက်ကြာလဲ၊ သံဝဋ္ဋဋ္ဌာယီကပ်ဟာ ဘယ်လောက်ကြာတာလည်း ဆိုတာလည်းဘယ်သူမှ မပြောနိုင်ဘူး၊ ဒီဟာကိုပဲ မြတ်စွာဘုရား ဟောထားတဲ့ သုတ်တစ်သုတ်ရှိတယ်နော်၊ “ရဟန်းတို့ ကမ္ဘာပျက်ဆဲ သံဝဋ္ဋအခါကို ဤမျှလောက်နှစ်တို့ဟူ၍လည်းကောင်း၊ ဤမျှလောက် နှစ်အရာတို့ဟူ၍လည်း ကောင်း၊ ဤမျှလောက် နှစ်အထောင်တို့ဟူ၍လည်းကောင်း၊ ဤမျှလောက် နှစ်အသိန်းတို့ဟူ၍လည်းကောင်း၊ ရေတွက်ခြင်းငှာ မလွယ်တဲ့၊ ဘယ်နှစ်နှစ်ရှိတယ်။ နှစ်ဘယ်နှစ်ဆယ်ရှိတယ်၊ ဘယ်နှစ်ရာရှိတယ်၊ ဘယ်နှစ်ထောင်ရှိတယ်၊ ဘယ်နှစ်သိန်း ရှိတယ်လို့ ဒီလိုပြောဖို့ရန် မလွယ်ဘူး၊ သိပ်ရှည်တယ်ပေါ့၊ အဲဒီမှာ ကမ္ဘာကြီး

[စာမျက်နှာ-27] အဲဒီလောက် အကြာကြီး ပျက်နေတယ်၊ ပျက်ပြီးတော့ တစ်ခါ ပြန်ပြီး ပျက်လျက်ကြီးနဲ့ တည်နေတယ်၊ နောက်တစ်ခါ ပြန်ပြီးတော့ ဖြစ်လာတယ်၊ ဖြစ်ပြီးတဲ့နောက် တည်နေတယ်၊ ဒီအတိုင်းသွားနေမယ်၊ ကမ္ဘာတစ်ခု တစ်ခုဟာ ဒီကမ္ဘာပျက်ချိန်တန် တော့ပျက်၊ ပျက်ပြီးတော့ ပျက်တဲ့အတိုင်းနေ၊ ပြန်ဖြစ် ဖြစ်တဲ့အတိုင်း သွားနေမယ်။ ဒီလိုချည်းသွားနေမယ်တဲ့၊ ဒီလိုဟာ အဆုံးအစ မရှိဘူးနော်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကြီးပျက်ပုံကို ဘုရားဟောရော၊ အဋ္ဌကထာတွေ ဖွင့်တာရော အားလုံးပေါ့လေ၊ ဒီ ၂-ခု စုပေါင်းပြီးတော့၊ ရှေးစာအုပ်တွေ ကျမ်းဂန်တွေမှာ ရေးထားတာရှိတယ်၊ အဲဒါလေးကို အခုပြောရမယ်၊ အဲဒါကို မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက လင်္ကာလေးစီပြီးတော့ ရေးထားတာ သိပ် ကောင်းတယ်။

အဲဒီတော့ ကမ္ဘာပျက်တဲ့အခါ မီးဖျက်တဲ့ကမ္ဘာရှိတယ်၊ ရေဖျက်တဲ့ ကမ္ဘာရှိတယ်၊ လေဖျက်တဲ့ကမ္ဘာရှိတယ်တဲ့၊ အခု လင်္ကာစီထားတာကတော့ မီးဖျက်တဲ့ကမ္ဘာကို စီထားတယ်။

အဲဒီမှာ “ရှေးဦးစွာဖျက်၊ ကုဋေဖက်သည့်၊ သိန်းစက္ကဝါ၊ မိုးကြီးရွာသော် ညီညာရွှင်ပျ စိုက်ပျိုးကြသား ဂေါဏစားလောက်၊ ပင်ငယ်ရောက်က၊ တစ်ပေါက် မကျ” ဆိုလိုတာက ဘာလည်းဆိုတော့ ကမ္ဘာကြီးပျက်ဖို့ နီးလာတဲ့အခါမှာ ပထမဘာဖြစ် သလည်းဆိုတော့ မိုးကြီးရွာတယ်တဲ့နော်၊ ကုဋေဖက်သည် သိန်းစက္ကဝါ မိုးကြီးရွာသော်တဲ့၊ အဲဒီကုဋေတစ်သိန်းလောက် စကြာဝဠာကြီးမှာ တစ်ပြိုင်နက်ဖြစ်လေ့ ပျက်လေ့ရှိတယ်၊ ဒီစကြာဝဠာကြီးမှာ မိုးကြီး ပထမ ရွာလိုက်တယ်နော်၊ အဲသလို မိုးကြီးရွာပြီးတဲ့နောက် လူတွေက ပထမ ဝမ်းမြောက် ဝမ်းသာနဲ့ ပေါ့လေ၊ ပထမ မိုးမကောင်းဘူးဆိုပါတော့၊ နောက် မိုးကြီးကောင်းကောင်း ရွာလိုက်တယ်၊ ညီညာရွှင်ပျ စိုက်ပျိုးကြသားတဲ့နော်၊ ဝမ်းမြောက်ဝမ်းသာနဲ့ စိုက်ကြပျိုးကြတယ်၊ ဂေါဏစား လောက်ပင် ငယ်ရောက်က တစ်ပေါက်မကျ၊ ဂေါဏစားလောက်ဆိုတာ နွားစား လောက်တဲ့ ကောက်ပင်လေးတွေ ဖြစ်လာတဲ့ အခါမှာ မိုးကတစ်ပေါက်မှမကျတော့ဘူး၊ မိုးကြီးခေါင်သွားပြီ၊ ကမ္ဘာကြီးက အဲဒီအချိန်မှာ ဖျက်တော့မှာကို၊ အဲဒီလိုအခါလောက်မှာပဲ တစ်သိန်းမျှက၊ လောကဗျူဟာ၊ နတ်ကာမာတို့၊ မေတ္တာထားကြ၊ ကြီးမိဘကို၊ တုပ်ကွမြတ်လေး၊ လုပ်ကျွေးကြပါ၊ ကြွေးကြော်လာ၏။

အဲဒီလိုအချိန်အခါမှာ လောကဗျူဟာနတ်ဆိုတဲ့ နတ်တွေဟာ လောကကြီး ဆီလာပြီး ကြွေးကြော်တယ်တဲ့၊ လောကဗျူဟာဆိုတာကတော့ ဒီလောကလူတွေ

[စာမျက်နှာ-28] စုအောင်လုပ်တတ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ သူ့ကို လောကဗျူဟာလို့ခေါ်တယ်။ အဲဒီ ကာမာဝစရနတ်တွေ၊ အဲဒီနတ်တွေက တစ်ခါတည်း အဝတ်နီကြီးတွေ ဝတ်လျက် ဆံပင်ဖားလျားချ မျက်ရည်တွေနဲ့ပေါ့လေ၊ သတိပေးနှိုးဆော်တယ်။ သူတို့က ဘာလို့လည်းဆိုတော့ ဒီနေ့က နေပြီးတော့ နောင်အခါ အနှစ်တစ်သိန်း လွန်တဲ့အခါမှာ ကမ္ဘာကြီးပျက်တော့မယ်တဲ့၊ သမုဒ္ဒရာကြီးတွေလည်း ခြောက်သွား လိမ့်မယ်၊ မြေကြီးတွေ မြင့်မိုရ်တောင်တွေဘာတွေလည်း ဘာမှမရှိအောင် အကုန်လုံး ပျက်စီးကုန်တော့မယ်၊ ဒါကြောင့်မို့ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ ကရုဏာစသည် ဗြဟ္မစိုရ်တရားတွေပွားကြပါ၊ လူကြီး မိဘတွေကို ရိုရိုသေသေနဲ့ လုပ်ကျွေးကြပါ၊ ဒီလိုလိုက်ပြီးတော့ ကြွေးကြော်တာ။

အဲဒီလို လိုက်ပြီးတော့ ကြွေးကြော်တဲ့အခါကျတော့ လူတွေက အလွန် ထိတ်လန့် ကုန်တာပေါ့၊ နက်ဖြန်ပျက်တော့မလား၊ သန်ဘက်ခါ ပျက်တော့မလား၊ သူတို့ ထင်သွားကြတယ်၊ ဒါကြောင့်မို့ လောကဗျူဟာ၊ နတ်ကာမာတို့၊ မေတ္တာပွားကြ၊ ကြီးမိဘကို၊ တုတ်ကွမြတ်လေး လုပ်ကျွေးကြပါ၊ ကြွေးကြော်လာ၏။ အဲဒီလို ကြွေးကြော်ပြီးတဲ့နောက် သတ္တဝါအများ၊ ဈာန်ကိုပွားလျက်၊ စံလား၊ ဗြဟ္မာတဲ့။ အဲဒီလို ဖြစ်တဲ့အခါ လူတွေက ထိတ်လန့်ပြီးတော့ မေတ္တာကရုဏာစတဲ့ ဗြဟ္မစိုရ် တရားတွေပွားများ ဈာန်ရပြီးတော့ ဗြဟ္မဘုံရောက်ကုန်ကြတယ်၊ ဈာန် တိုက်ရိုက်မရ ရင်လည်း လူ့ဘုံကနေ နတ်ဘုံရောက်မှ နတ်ဘုံကနေ ဈာန်ရပြီးတော့ ဗြဟ္မာဘုံရောက် အပါယ်မှာရှိတဲ့သူတွေလဲ ဒီအတိုင်းပဲတဲ့နော်၊ သူတို့မှာလဲ ဟိုး ရှေးရှေးဘဝက လုပ်ထားတဲ့ ကံကရှိသေးတာကိုး၊ အဲဒီကံရဲ့ ကျေးဇူးပြုချက်ကြောင့် သူတို့တွေလည်း လူ့ဘုံတို့ဘာတို့လာဖြစ်၊ နတ်ဘုံတို့ လာဖြစ်ပြီးတော့ တစ်ခါ တစ်ဆင့် ဗြဟ္မာဘုံရောက် ကြရတယ်၊ သတ္တဝါတွေ အားလုံးဟာ ကမ္ဘာပျက်တဲ့ အခါမှာ ကမ္ဘာကြီးမှာမရှိတော့ဘူး၊ အကုန်လုံးဗြဟ္မာဘုံ ရောက်နေပြီလို့ ဆိုလိုတယ်နော်၊ သတ္တဝါအများ၊ ဈာန်ကိုပွားလျက်၊ စံလားဗြဟ္မာ၊ အဲဒီတော့ အပရာပရိယဝေဒနီယကံဆိုတာက တတိယဘဝက ဟိုဘက်ကို အကျိုးပေးနိုင်ကံမျိုးပေါ့၊

ဒီကံတွေက လူတိုင်းလူတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်းမှာ ရှိတယ်။ အဲဒီကံတွေကြောင့် ခုနကပြောတဲ့ ငရဲ၊ တိရစ္ဆာန်ဖြစ်နေတဲ့ ကောင်တွေလည်း ဒီအချိန် ကျတော့ လွတ်တာပဲ၊ လွတ်လာပြီ၊ လူဖြစ်၊ နတ်ဖြစ် တစ်ခါတည်း အဲဒီကနေ တစ်ဆင့် ဈာန်ပွားပြီးတော့ အားလုံးဗြဟ္မာပြည်ပဲရောက်တယ်။

အဲဒီတော့ ဘယ်သူတွေသာ ကျန်သလဲဆိုတော့ နိယတမိစ္ဆာဒိဋ္ဌိ အလွန်ခိုင်မြဲတဲ့

[စာမျက်နှာ-29] မိစ္ဆာဒိဋ္ဌိရှိတဲ့သူတွေကျတော့ မရဘူးတဲ့၊ သူတို့ကျတော့ မပျက်တဲ့ကမ္ဘာက အဝီစိမှာ ပြောင်းပြီးတော့ ခံရတယ်တဲ့၊ အဲဒီလိုဆိုတယ်။

အဲဒီလိုနဲ့ ဗြဟ္မာဘုံရောက်ကုန်ကြပြီ ဆိုပါတော့နော်၊ ဗြဟ္မာဘုံရောက်တဲ့ အခါမှာ ပထမဈာန် ၃-ဘုံ မရောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မီးဖျက်တဲ့ထဲ ပါလိမ့်မယ်၊ မီးဖျက်တယ်ဆိုတာ အဲဒီ ပထမဈာန် ၃-ဘုံထိအောင် ဖျက်မှာနော်၊ အဲဒီတော့ ဒုတိယဈာန် ၃-ဘုံက စပြီးတော့ အထက်ဘုံတွေပေါ့လေ။ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ စသည်တွေမှာ ဖြစ်ကုန်မယ်။

စာမှာတိုက်ရိုက်ဆိုတာက အာဘဿရာလို့ဆိုတယ်၊ ဒါပေမယ့် တစ်ပြင်တည်းမှာ တည်ရှိနေတာဆိုတော့ ပရိတ္တာဘာလည်းဟုတ်တာပဲ၊ အပ္ပမာဏာဘာလည်း ဟုတ်တာပဲ၊ အာဘဿရာလည်း ဟုတ်တာပဲ၊ အဲဒီဘုံမှာ သွားပြီးဖြစ်ကုန်ကြတယ်။

အဲဒီလို ဖြစ်ကုန်ပြီးတော့ နောက် ဘာဖြစ်တော့မလဲ၊ အဲဒီတော့ ကမ္ဘာကြီးမှာ သတ္တဝါတွေ မရှိတော့ဘူးလို့ ဆိုပါတော့၊ အဲဒီအခါမှာ သတ္တဝါအများ၊ ဈာန်ကိုပွားလျက်၊ စံလားဗြဟ္မာ၊ ကာလကြာ၍၊ ဒုတိယာနေ၊ ပေါ်ထွက်လေသော်၊ အဲဒီလို ဗြဟ္မာဘုံရောက်ပြီးတဲ့နောက်ကျတော့ ဒုတိယနေတစ်စင်း ထွက်လာလိမ့်မယ်၊ နေတစ်စင်းပြီးတစ်စင်း ထွက်လာလိမ့်မယ်၊ ဒါဘုရားဟောထားတာ၊ ပါဠိတော်မှာကို ရှိတယ်၊ ဒုတိယာနေ၊ ပေါ်ထွက်လေသော်၊ မြစ်ငယ်ရေခြောက်၊ ညဉ့်လည်းပျောက်၏ အဲဒီနေတစ်စင်းက မနက်ကနေထွက်သွားပြီ၊ ဒါရိုးရိုးနေ၊ သဘာဝနေပေါ့၊ သူလည်းဝင်သွားရော နောက်တစ်စင်းက ထွက်လာပြီ ဆိုတော့လူတွေမှာ နေပူလျှော့သွားတဲ့အချိန်မရှိတော့ဘူး၊ ဆက်ပူလာတော့ အပူချည်း ဖြစ်လာတာပေါ့။

အဲဒီလိုအပူချည်းဖြစ်လာတဲ့အခါ ဘာဖြစ်သလဲ၊ မြစ်ငယ်ရေခြောက် ငယ်တဲ့ မြစ်တွေ ရေခမ်းကုန်တယ်၊ ညဉ့်လည်းပျောက်၏တဲ့၊ ညမရှိတော့ဘူးပေါ့၊ နေတစ် စင်းပြီးတစ်စင်းထွက်နေတာ၊ အဲဒီတော့ အဆိုကတော့ ပထမနေမှာတော့ နေစောင့် နတ်သား ရှိတယ်ပေါ့လေ၊ ဒုတိယ ထွက်တဲ့နေကတော့ ဒါမျိုးမရှိဘူး ပူတာပေါ့။

မြစ်ငယ်ရေခြောက်၊ ညဉ့်လည်းပျောက်၏၊ သုံးမြောက်လေးစင်း၊ ငါးစင်း ဆဋ္ဌ၊ သတ္တမနေ၊ ပေါ်ထွက်ချေသော်၊ ခြောက်လေမြစ်ကြီး အိုင်ကြီး သမုဒ္ဒရာ စက္ကဝါခိုးထ၊ မီးလျှံကြွ၍ သင်္ခါရခပင်း၊ ပြာမကြွင်းခဲ့။

ဘာလဲဆိုတော့ ခုန ဒုတိယနေပေါ်တော့ ငယ်တဲ့ မြစ်တို့ အိုင်သေးသေးတို့မှာ ရေခြောက်သွားပြီ၊ မြစ်မရှိတော့ဘူး၊ တတိယနေပေါ်ထွက်တဲ့အခါကျတော့ ဘာဖြစ်

[စာမျက်နှာ-30] သလဲတဲ့၊ ခြောက်လေမြစ်ကြီးတဲ့ မြစ်ကြီးကရေတွေ ခြောက် ကုန်ပြီ၊ ဧရာဝတီတို့လိုပေါ့။ ဒီနိုင်ငံ မစ္စစ္စပီတို့လိုပေါ့၊ အဲဒီလို မြစ်ကရေတွေ ခြောက်ကုန်ပြီ၊ နေသုံးစင်းတောင် ထွက်မှမပူဘဲ ခံနိုင်ပါ့မလား၊

နောက်တစ်ခါ နေလေးစင်းထွက်ပြီတဲ့၊ စတုတ္ထနေထွက်တဲ့အခါကျတော့ ခြောက်လေ မြစ်ကြီးဆိုတော့ ရှေးတုန်းကတော့ မြစ်ကြီးငါးစင်း၊ ငါးသွယ်ဆိုတာ ရှိတယ်မဟုတ်လား၊ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟိ၊ သရဘူဆိုတဲ့ မြစ်ကြီးငါးသွယ်၊ စတုတ္ထနေထွက်တဲ့အခါကျတော့ အိုင်ကြီး ၇-အိုင်တဲ့၊ အိုင်ကြီးတွေလည်းရှိသေးတယ်။ မြင့်မိုရ်တောင် ပတ်ပတ်လည်မှာနော်၊ အဲဒီအိုင်ကြီးတွေ ခြောက်ပြန်ပြီတဲ့၊ သီဟပ္ပပါတအိုင်၊ ဟံသပပါတအိုင်၊ ကဏ္ဍမုဏ္ဍအိုင်၊ ရထကာရကအိုင်၊ အနောတတ္တအိုင်၊ အနောတတ္တအိုင်ကတော့ ကြားဖူးတယ်၊ အနဝတ္တအိုင်လို့ခေါ်တယ်၊ ဆဒ္ဒန်အိုင်၊ ကုဏာလအိုင်လို့ အိုင်ကြီးတွေရှိတယ်၊ အဲဒီအိုင်ကြီးတွေက ရေတွေလည်း နေလေးစင်းထွက်တဲ့အခါကျတော့ ခြောက်ကုန်ပြီတဲ့ -

ပဉ္စမနေထွက်နေပြီတဲ့၊ ၅-ခုမြောက်နေထွက်လာတဲ့အခါကျတော့ ပင်လယ် သမုဒ္ဒရာကြီးက ရေတွေခန်းပြန်ပြီတဲ့၊ ဆဋ္ဌမ ခြောက်ခုမြောက်နေထွက်တဲ့ အခါကျတော့ စကြာဝဠာတစ်ခုလုံး အခိုးတွေထလာတယ်၊ မီးမလောင်သေးဘူး၊ အခိုးတွေ ထနေတယ်၊ အကုန်လုံးခြောက်ကုန်ပြီ (moisture) ဆိုလို့ ဘာမှ မရှိတော့ဘူးဆိုတဲ့ အခြေရောက်လာတော့ အခိုးတွေထလာတယ်၊ ကမ္ဘာကြီးတစ်ခုလုံး စကြာဝဠာ အကုန်လုံးပေါ့။

အဲဒီနောက် သတ္တမ နေ ပေါ်လာတဲ့အခါကျတော့ မီးလျှံကြွ၍ မီးလောင် ကုန်ပြီ၊ အကုန်လုံးလောင်တော့မယ်၊ အဲဒီအခါကျတော့ သင်္ခါရခပင်း၊ ပြာမကြွင်းခဲ့၊ ဘာပြာလေးတောင် မကျန်တော့ဘူး၊ အကုန်လောင်တော့တာတဲ့၊ ဆိုပါတော့ ဒီရေတွေခြောက်ကုန်ပြီးတော့ မြေကြီးတွေလောင် မြေကြီးတွေကနေ လူ့ဘုံလောင်၊ လူ့ဘုံကနေ နတ်ဘုံလောင်၊ နတ်ဘုံကနေ တဖြည်းဖြည်းပေါ့၊ လောင်၊ လောင် လာလိုက်တာ ဗြဟ္မဘုံအထိ လောင်သွားတယ်၊ အဲဒီပထမဈာန် ၃-ဘုံ အထိ မီးဖျက်တဲ့အခါမှာ လောင်လိမ့်မယ်။

ဒါကြောင့်မို့ သင်္ခါရခပင်း၊ ပြာမကြွင်းခဲ့၊ ဟင်းလင်းထက်အောက်၊ မိုက်မှောင် ရောက်သည့်၊ ဟင်းလင်းကြီး ဖြစ်နေပြီ ဘာမှမရှိတော့ဘူး၊ ပြီးတော့ နေလည်းမရှိ တော့ဘူး၊ အမိုက်မှောင်ကြီးကျနေတယ်၊ ဟင်းလင်းထက်အောက်၊ မိုက်မှောင် ရောက်သည် ကွယ်ပျောက်လုံးစုံ အမြဲတည်း။

[စာမျက်နှာ-31] ဒါဟာ ကမ္ဘာကြီးပျက်နေတဲ့ကပ်ပေါ့၊ သံဝဋ္ဋကပ်လို့ခေါ်တာ၊ ခုနက ပြောသလို နှစ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်နေတဲ့အခါမှာ ဒီဟာတွေ အကုန်လုံး ဖြစ်လိမ့်မယ်တဲ့။

အဲဒီလို ကမ္ဘာပျက်ပြီးတဲ့နောက် ဒီအတိုင်းကြီး ဟင်းလင်းကြီးနဲ့ တည်နေ တာက နောက်ထပ် သံဝဋ္ဋဋ္ဌာယီကပ်နော်။

ရေကြောင့်ပျက်တဲ့အခါကျတော့ နေ ၇-စင်းအစား မိုးတွေ ရွာမှာပေါ့ နော်။ ဆားငန်မိုးကြီးလို့ ပြောတယ်၊ အခု အက်စစ်မိုးကြီးကျတော့ တော်တော့ကို နီးစပ်တယ်၊ အက်စစ်မိုးလည်းတော်တော်ကြောက်စရာကောင်းတယ်၊ ဆားငန်မိုးကြီး ရွာလိုက်တဲ့အခါကျတော့ ဘာမှမခံနိုင်တော့ဘဲ အကုန်လုံး ကြေမွကုန်တယ်၊ အဲဒီလို မိုးရွာပြီးတော့ ရေဖျက်မယ်ပေါ့လေ။

လေဖျက်တဲ့ကမ္ဘာကျတော့လည်း လေအပြင်းအထန်တိုက်ပြီး လေကြောင့် တစ်ခါတည်း အကုန်လုံး မှုန့်မှုန့်ညက်ညက် ကြေပျက်ကုန်မယ်။

အဲဒီတော့ မီးဖျက်တဲ့အခါမှာ ပထမဈာန် ၃-ဘုံပါသွားမယ်။ ရေဖျက်တဲ့အခါ ဒုတိယဈာန် ၃-ဘုံပါသွားမယ်။

လေဖျက်တဲ့အခါမှာ တတိယဈာန် ၃-ဘုံပါသွားမယ်။

“ပ ဒု တတွေ ဈာန်ဘုံဗွေ၊ မီးရေလေနှယ်မှတ်” ဆိုပြီးတော့ လင်္ကာရှိတယ် ကောင်းပြီ၊ မီးဖျက်လို့ပဲဖြစ်ဖြစ် လေဖျက်လို့ပဲဖြစ်ဖြစ်၊ ရေဖျက်လို့ပဲဖြစ်ဖြစ် ကမ္ဘာကြီးပျက်သွားပြီဆိုပါတော့၊ အဲဒီတော့ ကမ္ဘာကြီးအပျက်အတိုင်းဖြစ်နေပြီနော်။

ကမ္ဘာတည်ချိန်ရောက်လာတော့ ဘယ်လိုဖြစ်မှာတုန်းတဲ့။ “ထို့နောက်ကမ္ဘာပြုမိုးရွာသော် လောင်ရာတလျှောက်၊ လေခံ ထောက်ထား”

အဲဒီတော့ ဟာလာဟင်းလင်းကြီး ဖြစ်နေပြီးတဲ့နောက်၊ ဘာမှမရှိတော့ဘူး၊ ဘာမှမရှိတဲ့နောက် ကမ္ဘာကြီးပေါ်လာတဲ့အချိန်ရောက်လာတဲ့ အခါကျတော့ အဲဒီ ကမ္ဘာပြုမိုးဆိုပြီးတော့ တဖြည်းဖြည်း နည်းနည်းကျ၊ နောက် တဖြည်းဖြည်းနဲ့ မိုးရေကြီးကြီးရွာချမယ်တဲ့၊ အဲဒီတော့ မီးလောင်ထားရာ နေရာမှာ မိုးကြီးကြီးရွာချ လိုက်တော့ငြိမ်းသွားပြီဆိုပါတော့ အဲဒီရေကို အောက်မကျအောင် လေကထောက်ခံ ထားတာနော်။

ဒါကြောင့်မို့ “ထို့နောက် ကမ္ဘာ ပြုမိုးရွာသော်၊ လောင်ရာတစ်လျှောက် လေခံထောက်ထား၊ ခမ်းခြောက်စဉ်သင့်၊ ရှေ့တိုင်းဖြင့်လျှင်၊ တည်လင့်ထက်ဘုံ၊

[စာမျက်နှာ-32] မြေရောက်တုံသော်။” -

အဲဒီလို တဖြည်းဖြည်းနဲ့ မိုးရွာတော့ ရေတွေရှိလာပြီနော်၊ အဲဒီရေတွေကို အောက်က လေကလည်း ပင့်ထားတယ်၊ ဘေးကလေတွေကလည်း တွန်းပေးထားတော့ ဒီအတိုင်းကြီးနေတာ၊ ကားလည်းထွက်မသွားဘူး၊ အောက်လည်း ကျမသွားဘူး၊ အဲဒီလိုနဲ့ ဘေးကလေတွေ တိုက်တိုက်လာတဲ့အခါမှာ အဲဒီရေတွေ ခမ်းခြောက် သွားတယ်။

“ခမ်းခြောက်စဉ်သင့်၊ ရှေ့တိုင်းဖြင့်လျှင်၊ တည်လင့်ထက်ဘုံ၊ မြေရောက် တုံသော်”၊ ကဲ- အဲဒီလို ရေက ခမ်းခြောက်သွားတဲ့အခါကျမှ ခုန ဗြဟ္မာဘုံ နတ်ဘုံ ပြန်ပေါ်လာတာ၊ ပြန်ပေါ်လာတာ မဟုတ်ဘူးလေ၊ ပြန်တည်လာတာ၊ တည်တဲ့အခါ ကျတော့ ဗြဟ္မာဘုံက စပြီးတော့တည်တာ၊ ပျက်တော့ နောက်ဆုံးမှ ပျက်တယ်။ တည်တော့ ပထမဆုံးတည်တာလေ၊ အဲဒီတော့ ဗြဟ္မာဘုံ တဖြည်းဖြည်းနဲ့တည်။ ရေကလည်း တဖြည်းဖြည်းနဲ့ ခမ်းသွားမယ်ဆိုတော့ တဖြည်းဖြည်းနဲ့ ဗြဟ္မာဘုံ ဗြဟ္မာဘုံကနေ နတ်ဘုံ၊ နတ်ဘုံကနေ မြင့်မိုရ်တောင်တို့ ဘာတို့ အားလုံး လူ့ဘုံပါ အဲဒီလို တဖြည်းဖြည်းနဲ့ ဖြစ်လာတယ်။

“တည်လင့်ထက်ဘုံ၊ မြေရောက်တုံသော်၊ ဝါယုံဆို့နေ၊ ရေစစ်ရေသို့၊ တည်နေ မယိုခန်းတိုင်းမိုလျက်၊ ရေချိုအထက်၊ မြေချိုတက်သား”၊ အဲဒီလိုနဲ့ တဖြည်းဖြည်း လျော့ကျသွားတာ၊ ခမ်းခြောက်ပြီးတော့ ရှေးတုန်းက မြေကြီးတည်ရာ အရပ်လည်း ရောက်တဲ့အခါ တစ်ခါ မြေကြီးတည်ပေါ့လေ၊ အဲဒီအခါမှာ ရေစစ်ထဲမှာ (ရေစစ် ဆိုတာ ဘုန်းကြီးသုံးတဲ့ ရေစစ်သိတယ်မဟုတ်လား) ရေကနေတယ်မဟုတ်လား၊ ဒီလေပေါက်လေး ပိတ်လိုက်ရင် အဲဒီ ဓမ္မကရိုဏ်ရေစစ်ရဲ့ အထက်က အပေါက်ကို ပိတ်ထားတဲ့အခါမှာ ရေစစ်ထဲကရေဟာ အောက်ကို မကျသလိုပေါ့၊ ထို့အတူပဲတဲ့ လေအဟုန်က ချုပ်ထားတဲ့အတွက်ကြောင့်မို့ ရေတချို့ကလည်း ကျန်တာပေါ့လေနော်။

အဲဒီလိုကျန်တဲ့အခါကျတော့ ဘာဖြစ်လာတုန်းတဲ့ “ဝါယုံဆို့နေ၊ ရေစစ်ရေသို့ တည်နေမယို၊ ခန်းတိုင်းမိုလျက်၊ ရေချိုအထက် မြေချိုတက်သား”၊ အဲဒီရေပေါ်မှာ မြေချိုပေါ့လေ၊ ရသပထဝီလို့ခေါ်တဲ့ (နွားနို့ကျိုတဲ့အခါ မလိုင်တက်သလို) အဲဒီလို မြေဆီတက်လာတာ။

“ရေချိုအထက်၊ မြေချိုတက်သား”၊ နှစ်ပေါင်းတော့အကြာကြီးနေမှာပေါ့လေ။ အဲဒီလို ဖြစ်တဲ့အခါကျမှ “ထို့ထက်ဗြဟ္မာ၊ စုတေလာ၍”၊ အဲဒီအခါကျမှ သတ္တဝါနေနိုင် လောက်တဲ့ အခြေဖြစ်သွားပြီလို့ဆိုလိုတာပေါ့လေ၊ အဲဒီလိုအခါကျမှ “ထို့ထက်ဗြဟ္မာ၊ -

[စာမျက်နှာ-33] စုတေလာ၍” တဲ့၊ ကမ္ဘာပျက်ရာမှာ မပါတဲ့ ဗြဟ္မာဘုံမှာ ရောက်နေတဲ့ ဗြဟ္မာတွေ၊ အဲဒီဗြဟ္မာတွေဟာ ကံကုန်လို့ပဲဖြစ်ဖြစ်၊ သက်တမ်းကုန်လို့ပဲဖြစ်ဖြစ် စုတေပြီးတော့ ဒီမှာလာပြီးတော့ ဖြစ်ကြတယ်။

အဲဒီနေရာမှာ သတိထားမှတ်နော်၊ မြန်မာပြည်မှာ ပြောလေ့ရှိတာက ဗြဟ္မာကြီး လေးယောက် ဆင်းလာတာတဲ့၊ ဒါမဟုတ်ဘူး၊ ဗြဟ္မာအနေနဲ့ ဆင်းလာတာလည်း မဟုတ်ဘူး၊ ဗြဟ္မာကြီးလေးယောက်လည်းမဟုတ်ဘူး၊ ဘယ်နှစ် ယောက်ဆိုတာ မပါဘူး၊ ဗြဟ္မာဘုံမှာစုတေပြီးတော့ ဒီရောက်လာပြီးတော့ လူ့ပြည်မှာ လူလာ ဖြစ်တာ၊ ဒါပေမယ့်လို့ အဲဒီကမ္ဘာဦးမှာ ဖြစ်လာတဲ့လူတွေက အခုလူတွေလို မဟုတ်သေးဘူး၊ သူတို့က ဗြဟ္မာတွေကိုး၊ ဗြဟ္မာပြည်မှာက အစားအသောက် ဘာမှစားတာမဟုတ်ဘူး၊ ပီတိနဲ့နေတာ၊ ဗြဟ္မစိုရ်တရားပွားများနေတာ၊ ဈာန်ပွားများ နေတာ။

အဲဒီအတိုင်းပဲတဲ့၊ သူတို့က လူ့ဘုံမှာ လူလာဖြစ်ပေမယ့်လို့ ဟိုမှာနေသလို နေတာပဲတဲ့၊ ဈာန်ပွားများနေတာ၊ အစားစားဖို့လည်းမလိုဘူး၊ အဲဒီအချိန် အခါမှာ ပြီးတော့ သူတို့ခန္ဓာကိုယ်က အရောင်တွေက ထွက်နေတယ်၊ အဲဒီအခါမှာ နေလ မရှိသေးဘူးနော်၊ ဒါပေမယ့်လို့ သူတို့ခန္ဓာကိုယ်က အရောင်ထွက်နေတဲ့ အခါကျတော့ ကောင်းကင်မှာ သွားလာနေနိုင်ကြတယ်၊ အဲဒါလည်း ပါဠိတော်မှာပါတယ်နော်။ (အဲဒီဗြဟ္မာတွေ ဖြစ်လာတာတို့ မြေဆီပေါ်လာတာတို့) “ထိုသူတို့သည် ဤလူ့ဘုံ၌ ဥပစာရဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သက်ခြင်း ပီတိလျှင် အစာရှိကုန်၏။ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏”။

ကမ္ဘာဦးက လူသတ္တဝါတွေဟာ မွေးလာတော့လည်း ဥပပါတ်လို့ခေါ်တယ်။ နတ်တွေဖြစ်သလို ဗြုန်းခနဲဆိုလာဖြစ်တာနော်၊ အခုခေတ်ကျတော့ လူက အမိဝမ်း ထဲကနေပြီးတော့ မွေးလို့ရတာ၊ ပထမကမ္ဘာဦးတုန်းက ဒီလို မဟုတ်ဘူး၊ ဥပပါတ် ပဋိသန္ဓေနဲ့ လာဖြစ်တယ်၊ ဗြဟ္မာတွေလိုပဲ နေကြတယ်၊ စားစရာလည်းမလိုဘူး၊ ပီတိနဲ့ပဲ ပြီးနေတယ်၊ ကိုယ့်ခန္ဓာကိုယ်အရောင်တွေကလည်း ထွက်နေတယ်၊ အလင်း ရောင်တခြားအရောင်မလိုဘူး၊ ကောင်းကင်မှာပဲ ဒီလိုသွားလာနေကြတယ်၊ ဒါဟာ ကမ္ဘာဦးက လူတွေတည်ရှိပုံ။

ဒီလိုနေရာက ဘာဖြစ်လာသလဲတဲ့ “ထို့ထက်ဗြဟ္မာ၊ စုတေလာ၍၊ ရသာပထဝီ၊ မြေအဆီကို၊ လုပ်ချီသုံးဆောင်၊ တဏှာလောင်လျှက်၊ ကိုယ်ရောင်ကွယ်ပျောက် မိုက်မှောင်ရောက်၍။”

[စာမျက်နှာ-34] အဲဒီအခါမှာ စမ်းသပ်တဲ့လူတစ်ယောက်ယောက်ကလည်းပါလိမ့်မယ်၊ သူက ဒါလေးတွေ အနံ့ကလေးကကောင်းတယ် ဆိုပါတော့၊ အရသာကလည်း ကောင်းလိမ့်မယ် ထင်တယ် ဆိုပြီးတော့ သူက အဲဒီမြေအဆီလေးကို ယူပြီးတော့ စားလိုက်တာပေါ့၊ လျက်လိုက်တာပေါ့နော်။

“ရသာပထဝီ၊ မြေအဆီကို၊ လုပ်ချီသုံးဆောင်၊ တဏှာလောင်လျက်”၊ ပထမ စမ်းကြည့်တော့ ကောင်းတယ်၊ ကောင်းတော့ ဒီလိုပဲစားစားနဲ့ နောက်တော့ ထမင်းလုပ်လိုပေါ့လေ၊ အဲဒီလိုစားတာ၊ အဲဒီလို စားလိုက်တဲ့အခါကျတော့ နဂိုတုန်းက သူတို့မှာ လောဘတို့ ဘာတို့မရှိဘူး၊ ဒေါသတို့ မရှိဘူးပေါ့လေ၊ အခု လောဘဖြစ်လာပြီ ဒါလေးစားပြီးတော့ အရသာက တွေ့လာပြီနော်။

အဲဒီလို ဖြစ်လိုက်တဲ့အခါကျတော့ ဘာဖြစ်သလဲဆိုတော့ “လုပ်ချီသုံးဆောင်၊ တဏှာလောင်လျက်၊ ကိုယ်ရောင်ကွယ်ပျောက်၊ မိုက်မှောင်ရောက်၍”၊ အဲဒီကျတော့ ကိုယ်ရောင်တွေကွယ်ပျောက်သွားတယ်၊ တဏှာရဲ့ အစွမ်းပေါ့၊ အဲဒီရသာတဏှာက အပူဓာတ်လိုနေတော့ ကိုယ်ရောင်ကိုယ် ဝါတွေ ကွယ်သွားပြီတဲ့၊ ကိုယ်ရောင်ကိုယ်ဝါတွေ ကွယ်သွားတော့ ဘာဖြစ်တုန်း၊ “လုပ်ချီသုံးဆောင်၊ တဏှာလောင်လျက်၊ ကိုယ်ရောင်ကွယ်ပျောက်၊ မိုက်မှောင်ရောက်၍၊ အကြောက်ရကာ၊ ရဲကြရာဖို့၊ လျော်စွာဆန္ဒ၊ နေနှင့်လတို့၊ ပေါ်ကြထင်ရှား၊ နက္ခတ်များလည်း၊ လှည့်သွားဖြစ်ကြ၊ တပေါင်းလဟု၊ ပုဏ္ဏရက်သွင်း၊ ဆတ်ထမင်းသို့၊ ကုန်းကျင်းစုံစွာ၊ ဖြစ်တဲ့လာသည် ကမ္ဘာတည်ခင်းစုံသတည်း” တဲ့။

အဲဒီတော့ အဲဒီလို မှောင်လာတဲ့အခါကျတော့ ကြောက်လာပြီတဲ့၊ “အကြောက်ရကာ၊ ရဲကြရာဖို့၊ လျော်စွာဆန္ဒ၊ နေနှင့်လတို့”၊ အဲဒီလို ဖြစ်ကြတဲ့အခါကျတော့ သူတို့ကံ အားလျော်စွာ အဲဒီအချိန်မှာ နေထွက်လာတယ်၊ နဂိုကနေ မရှိသေးဘူး ဆိုပါတော့၊ အမှောင်ရောက် သူတို့ကြောက်လန့်ပြီးတော့ ဖြစ်နေတဲ့အခါမှာ သူတို့ရဲ့ ကံ အားလျော်စွာ အရှေ့ကနေပြီး နေကြီးထွက်လာတယ်၊ အဲဒီလို နေကြီး ထွက်လာတဲ့အခါကျတော့ သူတို့မှာ ရဲရင့်မှုဖြစ်လာတယ်၊ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ နေကို ပါဠိလို သူရိယလို့ခေါ်တယ်လို့ဆိုတယ်၊ သူရိယ၊ သူရဆိုတာ ရဲရင့်တာ၊ ရဲရင့်ခြင်းကို ဖြစ်စေတတ်တယ်ပေါ့လေ၊ အမှောင်ကြီးထဲမှာ နေရတာ ကြောက်တယ်၊ ဒါက ခုထိအောင်လည်းပဲ ဒီလိုပဲရှိသေးတာပဲ၊ အမှောင်ဆိုတာ ကြောက်တာပဲ။

နေကမနက်ထွက်လာပြီးတော့ ညနေကျဝင်သွားတော့ ညကျတော့ မှောင်ပြန်

[စာမျက်နှာ-35] ပြီပေါ့လေနော်၊ မှောင်တော့ တစ်ခါ တောင့်တကြတယ်တဲ့၊ အဲဒီနေကြီးလိုပဲ ညလည်းတစ်ခုခုတော့လာရင်ကောင်းမှာပါ။ အရောင်တစ်ခုခုပေါ်လာရင်ကောင်းမှာပဲ။ ဆန္ဒပြုကြတယ်၊ သူတို့ဆန္ဒအလျောက် ညအခါ လထွက်လာတယ်။

ဒါကြောင့်မို့ လကို စန္ဒလို့ခေါ်တယ်၊ ဆန္ဒ ဆန္ဒလို့ခေါ်ရာကနေ နောက်ကျတော့ စန္ဒဖြစ်လာတယ်၊ နေတို့လတို့ အဲဒီအချိန်မှာ ထွက်ပြီဆိုပါတော့၊ နေတွေလတွေ ထွက်ရင် နက္ခတ်တွေလည်း ထွက်လာလိမ့်မယ်၊ ဒါကြောင့်မို့ “အကြောက်ရကာ၊ ရဲကြရာဖို့၊ လျော်စွာဆန္ဒ၊ နေနှင့်လတို့၊ ပေါ်ကြထင်ရှား၊ နက္ခတ်များလည်း၊ လှည့်သွားဖြစ်ကြ”၊ သူတို့ပေါ်လာပြီးတော့ နက္ခတ်တွေလည်း ဖြစ်လာပြီးတော့ လှည့်ပတ်ပြီးတော့ သွားလာတယ်တဲ့၊ အဲဒီလိုနေတွေလတွေ ပေါ်လာတာ ဘယ်နေ့ တုန်းဆိုရင် “တပေါင်းလဟု၊ ပုဏ္ဏရက်သွင်း”၊ တပေါင်းလတဲ့၊ ဒါ စာရှိတာကို ပြောရတာလေ၊ ဗဟုသုတအဖြစ် မှတ်ထားရတာပေါ့၊ သူတို့လည်း သူတို့အလျောက် ကမ္ဘာကြီးဖြစ်ပုံ လျော်အောင် ဖန်ဆင်းတာရှိတာပေါ့၊ ဒီကတော့ သူတို့လောက် ဒဏ္ဍာရီမဆန်ဘူး၊ ဒါ သဘာဝအတိုင်းဖြစ်တာ။

အဲဒီလို စဖြစ်တာဟာ တပေါင်းလလို့ ဆိုလိုတယ်တဲ့၊ ဦးဇင်းတို့ မြန်မာ စကားမှာတော့ “ကမ္ဘာတည်ဦး တန်ခူးရက်မစုံ” လို့ အဲဒီလိုဆိုတာ၊ အဲဒါကတော့ တပေါင်းနဲ့ တန်ခူးက ဟိုရှေးတုန်းကတော့ လပြည့်ရင် လကုန်တာပဲ၊ လပြည့်ကျော်ရင် လသစ်ပဲ၊ အဲဒီသဘောပေါ့၊ ဒါကြောင့်မို့ တန်ခူးဆိုရင်လည်း ဟုတ်တာပေါ့။ ထားပါတော့၊ “တပေါင်းလဟု ပုဏ္ဏရက်တွင်း၊ ဆတ်ထမင်းသို့၊ ကုန်ကျင်းစုံစွာ၊ ဖြစ်တုံလာသည်။” အဲဒီလို ဖြစ်တဲ့အခါ ကျတော့ ဒီမြေကြီးက ဘယ်လိုဖြစ်လာသလဲ။ ဆတ်ထမင်း ချက်တဲ့အခါကျတော့ တချို့ နေရာက မောက်တယ်၊ တချို့နေရာက နိမ့်တယ်၊ ဖြစ်သလိုမျိုးပေါ့လေ၊ မြေကြီးက အဲဒီလို ဖြစ်လာတော့ မောက်တဲ့နေရာက တောင်တွေဖြစ်တယ်၊ နိမ့်တဲ့နေရာတွေက ပင်လယ်တွေဖြစ်တယ်၊ ညီနေတဲ့ နေရာတွေက မြေကြီးဖြစ်တယ်ပေါ့လေ၊ အဲဒီလို ဖြစ်လာတယ်၊ “ပုဏ္ဏရက်တွင်း၊ ဆတ်ထမင်းသို့၊ ကုန်းကောင်းစုံစွာ၊ ဖြစ်တုံလာသည်၊ ကမ္ဘာတည်ခင်း စုံသတည်း” တဲ့၊ ဒါ ကမ္ဘာကြီးတည်နေတာ၊ ဝိဝဋ္ဋကပ်ပေါ့နော်၊ ကမ္ဘာကြီး တည်နေတယ်။

အဲဒီတော့ ကမ္ဘာကြီး တည်နေတယ်ဆိုတော့ သူတို့ဘယ်လို ပိုင်းခြားသတ် မှတ်သလဲတဲ့၊ သံဝဋ္ဋကပ်၊ သံဝဋ္ဋဋ္ဌာယီကပ်လို့ အဲဒီလို ရှိတယ်မဟုတ်လားနော်၊ အဲဒီတော့ ကမ္ဘာကြီးပျက်နေဆဲကို သံဝဋ္ဋကပ်လို့ခေါ်တယ်၊ ဘယ်လိုလည်းဆိုရင် ကမ္ဘာဖျက်မိုးရွာတဲ့ အချိန်ကစပြီးတော့ မီးတောက်မီးလျှံတွေ ငြိမ်းသွားတဲ့အထိကို

[စာမျက်နှာ-36] ဘာလို့ခေါ်လဲဆိုရင် သံဝဋ္ဋကပ်လို့ခေါ်တယ်။

မီးတောက်မီးလျှံ ငြိမ်းတဲ့အခါကစပြီးတော့ နောက် ကမ္ဘာပြုမိုးရွာသည့်တိုင် အောင်ကို ရွာခါနီးထိအောင်ကို သံဝဋ္ဋဋ္ဌာယီကပ်။

တစ်ခါ အဲဒီ ကမ္ဘာပြုမိုးရွာပြီးတဲ့နောက် နေလ နက္ခတ်တွေ ဖြစ်ပေါ်ရာ ကာလအထိ ဝိဝဋ္ဋကပ်နော်၊ အဲဒီနောက်ကျရင် ဝိဝဋ္ဋဋ္ဌာယီ၊ အခု သတ္တဝါတွေဟာ ဝိဝဋ္ဋဋ္ဌာယီမှာပဲ ဖြစ်တော့မှာ၊ အဲဒီမှာလည်း ဖြစ်လာတဲ့အခါကျတော့ မြင့်မိုရ်တောင် တောင်စဉ် ၇-ထပ် ကျွန်းကြီးလေးကျွန်း၊ ဒါတွေရှိသေးတယ်ပေါ့ လေ။

ကောင်းပြီ၊ ရှေ့ဆက်ကြဦးစို့၊ ကမ္ဘာဦးစဖြစ်တာကို မကုန်သေးဘူး၊ “ရသာမြေကို စားလေတုံမြို့ တဏှာဖို့၍၊ တချို့မလှ၊ တချို့လှတည့်” အဲဒီလို ခုနက ရသာပထဝီဆိုတဲ့ဟာကို စားမိတဲ့အခါကျတော့ တဏှာပေါ်လာပြီ၊ တဏှာပေါ်လာပြီးတဲ့ နောက် တချို့က လှလာတယ်၊ တချို့က မလှဘူး၊ အဲဒီလို ရုပ်တွေက ပြောင်းလဲ လာတယ်၊ တဏှာများတဲ့သူက ရုပ်မလှဘူးဖြစ်ပါလိမ့်မယ်၊ အဲဒီလို ဖြစ်တဲ့အခါ ကျတော့ “ရသာမြေကို၊ စားလေတုံမြို့၊ တဏှာဖို့၍၊ တချို့မလှ၊ တချို့လှတည့်၊ ဆင်းမလှသူ၊ လှသသူက၊ မာန်မူသည့်တွက်”၊ အဲဒီကျတော့ ဟိုကောင်မလှဘူး ဟုတ်လား၊ ငါမင်းထက်လှတယ် စသည်ဖြင့် မာန်မာနတွေဖြစ်လာတယ်၊ ဒါတော့ မတူဘူး ဆိုရင်ဖြစ်တော့မှာပဲ၊ တူနေရင်တော့ ကိစ္စမရှိဘူး၊ မတူတော့ဖြစ်လာတယ်။

အဲဒီလို မာန်မူတဲ့အခါ မာန်မာနတွေ ထလာတဲ့အခါကျတော့ ဘာဖြစ်လဲ။ “မာန်မူသည့်တွက်၊ မြေညိုညက်လည်း၊ ကွဖဲဝှက်ပြန်ဘိ” ခုနရသာမြေကို ကွယ်သွား ပြီတဲ့၊ ရသာပထဝီခေါ်တဲ့ဟာတွေ မရှိတော့ဘူး၊ “ကွယ်ဝှက်ပြန်ဘိ၊ ဘူမိပဗ္ဗတက၊ မြေလွှာမြ နှင့်၊ ပဒါလတာ၊ ထို့တူလာ၏။”

အဲဒီရသာပထဝီ ကွယ်ပြီးတဲ့နောက် မြေလွှာတစ်မျိုး ပေါ်လာတယ်၊ ခုန ရသာပထဝီလောက် အရသာ မရှိတော့ဘူး၊ မကောင်းတော့ဘူး၊ သို့သော် အမှန်က အလွန်တော့ ကောင်းတော့ကောင်းသေးတာပေါ့၊ အဲဒီ ရသာပထဝီပြီးတဲ့နောက် ဘူမိပဗ္ဗတကလို့ ပါဠိလိုခေါ်တဲ့ မြေလွှာ ပေါ်လာတယ်၊ အဲဒီပေါ်လာတဲ့ မြေလွှာကိုပဲ စားကြရတယ်။ ဒါတွေ စားနေတဲ့အချိန်မှာက ကိစ္စမရှိသေးဘူး၊ ဒါတွေက နူးညံ့ သိမ်မွေ့သေးတဲ့ အစားအစာတွေ ဖြစ်တော့ စားလိုက်ရင် ဗိုက်က လှုပ်လိုက်တာနဲ့ပဲ အစာကြေတယ်၊ အညစ်အကြေးတွေ အဲဒီအချိန်မှာ ဘာမှမရှိ သေးဘူး။

“ဘူမိပဗ္ဗတက၊ မြေလွှာမြနှင့်၊ ပဒါလတာ၊ ထို့တူလာ၏။”

မြေလွှာစားပြီးတဲ့အခါကျတော့ ခုနကလို တဏှာကပါလာပြန်တော့ လှမလှ

[စာမျက်နှာ-37] ဖြစ်ကြပြန်ပြီ၊ ပိုပြီးဖြစ်လာတော့ ပိုပြီး မာန်မာနတွေပေါ်တော့ အဲဒီမြေလွှာလည်း ကွယ်ပျောက်သွားပြန်ရော၊ ကွယ်သွားပြီးတဲ့နောက်ကျတော့ နွယ်ချိုလို အဲဒီမြေလွှာ လေးတွေက ပေါ်လာပြန်တယ်၊ ခုနက မြေလွှာတုန်းက အချပ်ကြီးတွေ နေလိမ့်မယ်။ ခုတော့ အသေးလေးတွေဖြစ်ကုန်ပြီပေါ့လေ၊ နွယ်လေးတွေလို နေလိမ့်မယ်၊ အဲဒါ ပဒါလတာဆိုတဲ့ နွယ်ပေါ်လာပြန်တယ်၊ ပေါ်လာပြန်တော့ စားပြန်တော့လည်း တဏှာဖြစ်ပြီးတော့ ခုနကလိုပဲ မာနတွေကလည်း ပေါ်လာပြန်ပြီတဲ့။

တစ်ခါ အဲဒီနွယ်လည်း ကွယ်ပြန်တာပေါ့ လေ၊ တဖြည်းဖြည်းနဲ့ လူတွေက မာန်မာနများလာတော့ အဲဒီအခါကျတော့ “ရသာလိုပေး၊ ထွန်နှင့်ဝေးသည့်၊ သလေး ဆန်စင်၊ စားလေလျှင်မူ”၊ အဲဒီလို နွယ်ချိုပြီးတဲ့နောက်မှာ သလေးဆန်တွေပေါ် လာတယ်၊ မထွန်ယက်ရဘဲနဲ့ အလိုလို ဆန်အတိုင်းထားတာ၊ ဖွဲတို့ဘာတို့မပါဘူးတဲ့။ အဲဒီ အချိန်အခါမှာတုန်းက အဲဒီလို သီးလာတဲ့ သလေးဆန်ကိုပဲ ယူပြီးတော့ အိုးတို့ဘာတို့ ထဲထည့်၊ ကျောက်တုံးပေါ်တင်ထားလိုက်ရင် အလိုလို မီးကလည်း တောက်လာ ပြီးတော့ ချက်ပြီးသားဖြစ်သွားတာတဲ့နော်၊ သိပ်ပြီးတော့ ဘာမှလုပ်စရာမလိုဘူး၊ ကမ္ဘာဦးအခါကိုး၊ အလိုလိုထမင်းကျက်သွားမှ မီးကလည်း ငြိမ်းတယ်တဲ့၊ အဲဒီလို ကျက်ပြီးတဲ့ သလေးထမင်းဟာ မြတ်လေးပန်းငယ်များလိုပဲ လှလိုက်တာတဲ့၊ အဲဒါတွေစားတာ၊ အဲဒါစားတော့လည်း ဟင်းမလိုဘူးတဲ့၊ ဘာပြုလို့လဲ ဆိုတော့ သူနဲ့ပဲ ရသာဓာတ်က အများကြီးပါနေတာကိုး။

အဲဒီလို စားလာတဲ့အခါကျတော့ ဘယ်လိုဖြစ်လာပြီတဲ့လဲ၊ အစာကကြမ်းလာပြီ၊ ရှေးတုန်းက မြေဆီတို့ မြေလွှာတို့ နွယ်ချိုတို့စားရတုန်းက ကိစ္စမရှိဘူး၊ ခန္ဓာကိုယ်ကို အစာကြေချက်ပြီး အသား အသွေးတွေ ဖြစ်ပြီးတော့ ကိစ္စမရှိဘူး၊ အခုခါကျတော့ သလေးထမင်းစားတဲ့ အခါကျတော့ အပိုတွေပေါ်လာပြီ၊ အညစ်အကြေးတွေ ဖြစ်လာပြီ၊ ခန္ဓာကိုယ်က အပြင်ဘက်ထုတ်ရတော့မှာ၊ အဲဒီတော့ သူတို့စဖြစ်တုန်းက ယောက်ျားလည်း မဟုတ်ဘူး၊ မိန်းမလည်းမဟုတ်ဘူး၊ ယောက်ျားအင်္ဂါလည်းမရှိဘူး၊ မိန်းမအင်္ဂါလည်း မရှိဘူး၊ ဗြဟ္မာဆိုတာက ယောက်ျားမိန်းမမဟုတ်ဘူး၊ ပုံသဏ္ဍာန် ကတော့ ယောက်ျား လိုဆိုတာပေါ့လေ၊ သို့သော် ယောက်ျားမိန်းမ မရှိဘူး၊ အခု ဒီမှာ လာဖြစ်တဲ့အခါ ကျတော့လည်း Sex မပါဘူးပေါ့။

အခု ဒီလိုသလေးဆန်ကို စားပြီးတဲ့အခါကျတော့ ခုနပြောတဲ့ခန္ဓာကိုယ်မှာ အညစ်အကြေးဖြစ်လာပြီ၊ ဒီအညစ်အကြေးတွေ ထုတ်ရတော့မယ်ဆိုတော့ အဲဒီမှာ အပေါက်တွေပေါ်လာကြတယ်ပေါ့လေနော်၊ “သလေးဆန်စင်၊ စားလေလျှင်မူ၊

[စာမျက်နှာ-38] မစင်ငယ်ကြီး၊ ဖြစ်ကြပြီး၍” ကျင်ကြီးကျင်ငယ်တွေ ဖြစ်ပြီတဲ့၊ “ယိုစီးဖို့ရာ၊ ထွက်ဖို့ငှာဟု၊ အမာဝပေါက်၊ ဘောလည်းရောက်၏”၊ အဲလိုအခါကျတော့ သူတို့ထွက် ဖို့ရာ အပေါက်တွေပေါ်လာတဲ့အခါကျတော့မှ ဆိုပါတော့ဗြဟ္မာမဖြစ်ခင်၊ ယောက်ျား ဖြစ်ခဲ့သူကလည်း ယောက်ျားအင်္ဂါမျိုးပေါ့၊ ဗြဟ္မာမဖြစ်ခင်က မိန်းမဖြစ်ခဲ့သူလည်း ရှိပါလိမ့်မယ်၊ သူတို့ကျတော့လည်း မိန်းမပေါ့လေ၊ အဲလို ဘော ဆိုတာ ဒီစာထဲမှာ (ဘော)၊ ဘောဆိုတာ (Sex)ကို ပြောတာနော်၊ “အမာဝပေါက်၊ ဘောလည်းရောက်၏။” အဲဒီလို ဖြစ်လာတဲ့အခါ ကျတော့ မိန်းမယောက်ျား ကွဲလာတယ်။

အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ခုနကပြောတဲ့ ဒီဗြဟ္မာပြည် မရောက်ခင်က ယောက်ျားဖြစ်တဲ့သူကလည်း ယောက်ျားဘာဝ ပေါ်လာတယ်၊ မိန်းမဖြစ်တဲ့သူကလည်း မိန်းမဘာဝ ပေါ်လာတယ်၊ “တစ်ယောက်တစ်ယောက်၊ မေထုန် မြောက်အောင်၊ ဗွေဖောက်ယုတ်မာ၊ ကျင့်သည်တာကြောင့်၊ ပညာရှိများ၊ မြစ်တားမောင်းမဲ၊ ညှင်းဆဲ ပုတ်ခတ်၊ ပြုလေအပ်၍၊ ခိုကပ်ဖို့ရာ၊ အိမ်ယာတည်ဆောက်။”

ဆိုလိုတာက အဲဒီလိုဖြစ်လာတဲ့အခါကျတော့ တစ်ယောက်တစ်ယောက်ကြည့်ရင်း ကြည့်ရင်းနဲ့ ကာမဂုဏ်စိတ်တွေ ပေါ်လာတယ်ပေါ့လေ၊ နဂိုကတော့ ဘာမှ မသိဘူးပေါ့လေ၊ ခုတော့ ဒီလို တစ်ယောက်နဲ့တစ်ယောက်နဲ့ ကြည့်တဲ့အခါကျတော့ ကာမဂုဏ်စိတ်တွေပေါ်လာတယ်၊ ပေါ်လာပြီးတဲ့နောက် စိတ်တွေ မချုပ်နိုင်ကြ တော့ဘူး၊ မေထုန်မှီဝဲမှုတွေ စပေါ်လာတယ်။

ပထမဆုံး စပေါ်တာဖြစ်တော့ အလွန်အဆန်းပဲ၊ ခုခေတ်တော့ သတ္တဝါတိုင်း လူတိုင်းဖြစ်နေတာပေါ့၊ အဲဒီလိုဖြစ်တဲ့အခါကျတော့ တခြားလူတွေက တားမြစ်လို့ မရဘူး၊ မရတော့ကဲ့ရဲ့ ရှုတ်ချပြီးတော့ အဲဒီမှာ ခဲတို့ ဒုတ်တို့ မြေမှုန်တို့နဲ့ သူတို့ကို ပစ်ကြတာပေါ့လေ၊ မင်းတို့ကောင်တွေ လူယုတ်မာတွေပေါ့လေ၊ ဒီအကျင့် ကျင့်ရမလားဆိုပြီး၊ ရှေးတုန်းကဖြစ်ပုံပြောတာ၊ ဘယ်သူမှ ဒီကိစ္စမလုပ်သေးခင် ပထမလုပ်တဲ့လူဆိုတော့ သူတို့သိပ်အပြစ်ကြီးတာပေါ့လေ၊ တို့နဲ့အတူ မနေသင့်ဘူး ပေါ့လေ၊

အဲဒီ အလေ့အထကိုလိုက်ပြီး မြန်မာပြည်မင်္ဂလာဆောင် ခဲပေါက်တာ၊ အဲဒါ ခဲဖိုးပေးရတယ် မဟုတ်လား၊ မင်္ဂလာဆောင်မှာ ခဲပေါက်တယ်ဆိုတာ အဲဒါပဲ။

ဒါရှေးတုန်းက ကမ္ဘာဦးရဲ့ အလေ့အထ၊ မင်းတို့မတော်တရော် လုပ်ကုန်ပြီ။ ဒို့နဲ့အတူမနေသင့်ဘူး၊ သွားကြလို့ဆိုပြီးတော့ “တစ်ယောက်တစ်ယောက်၊ မေထုန်

[စာမျက်နှာ-39] မြောက်အောင်၊ ဗွေဖောက်ယုတ်မာ၊ ကျင့်သည်တာကြောင့် ပညာရှိများ၊ မြစ်တား မောင်းမဲ၊ ညှင်းဆဲပုတ်ခတ်၊ ပြုလေအပ်၍ ခိုကပ်ဖို့ရာ အိမ်ယာတည်ဆောက်မှု” အဲဒီလို ပြုကြတော့ အိမ်လေးဘာလေးဆောက်ရပြီပေါ့၊ ဒီကိစ္စပြုတဲ့အခါ လူမမြင် ရအောင် ခိုကိုးရာရအောင်ဆိုပြီး အိမ်ယာတည်ဆောက် နေကြပြန်ရော။

အဲဒီလို နေရာကနေ ဘာဖြစ်လာသလဲ၊ “လူပျင်းနောက်သို့၊ နီးလျောက် သိမ်းဆည်း၊ ထိုကတည်းက ဖွဲလည်းမြှေးယှက်၊ ရိတ်ရာကွက်မှ မထွက်လာကြ၊ ငြီးတွားကြ၏” တဲ့၊ အဲသလိုလုပ်လာတဲ့ အခါကျတော့ ဘာဖြစ်လာသလဲ၊ ပျင်းတဲ့သူ ကလည်း ပါလာသေးတာပေါ့၊ ရှေးတုန်းကတော့ ခုနကပြောတဲ့ သလေးဆန်လေးကို စားခါနီးမှ သွားယူတာ၊ စားခါနီးမှ သွားယူပြီးတော့ အိုးထဲထည့်လိုက်ပြီးတော့မှ ကျောက်တုံးလေးပေါ်တင်လိုက်၊ အလိုလိုဖြစ်၊ စား၊ ဒီလိုနဲ့နေရာကနေပြီးတော့ “လူပျင်းနောက်သို့၊ နီးလျောက်သိမ်းဆည်း” ပျင်းတဲ့ကောင်က နေ့တိုင်းသွားယူနေရတာ၊ ဒုက္ခများတယ်ကွာ၊ ငါတော့ ၃-ရက်စာ သွားယူထားမယ်ပေါ့လေ ဆိုပြီးယူထားတော့ တခြားလူကတွေ့တော့ ဟေ့ကောင်၊ မင်းဘာလုပ်တာလဲ၊ ဟာ-သွားရတာ ပျင်းစရာ ကောင်းတယ်ကွ၊ သုံးရက်စာ တစ်ခါတည်းယူထားတာဆိုတော့ တခြားသူက အေး၊ ဟုတ်တယ်ကွ၊ ငါတို့လည်း ယူမယ်ဆိုပြီးတော့ ယူကြပေါ့လေ။

တော်ကြာကျ ၃-ရက်စာနဲ့ အားမရဘူး၊ ၄-ရက်စာ၊ ၅-ရက်စာ၊ ၆-ရက်စာ၊ ၇-ရက်စာ၊ အဲဒီလို ယူတဲ့အခါကျတော့ လောဘကများလာပြီ မဟုတ်လား၊ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ “နီးလျောက်သိမ်းဆည်း၊ ထိုကတည်းက၊ ဖွဲလည်းမြှေးယှက်” ဖွဲပါလာပြီ၊ ဆန်က အရင်လိုမဟုတ်တော့ဘူးတဲ့နော်၊ ပြီးတော့ ရှေးတုန်းကတော့ ယူလိုက်ပြီးရင် ယူလိုက်တဲ့နေရာက အသစ်ထပ်ပေါက် လာတယ်။ အခုတော့ ဒီလိုမပေါက်တော့ဘူးတဲ့၊ “ဖွဲလည်းမြှေးယှက်၊ ရိတ်ရာကွက်မှ၊ မထွက်လာကြ၊ ငြီးတွားကြ၏။”

အဲဒီလို ဖြစ်လာတဲ့အခါကျတော့ လူတွေ ငြီးကုန်ပြီတဲ့နော်၊ ရှေးတုန်းကတော့ ဆိုပါတော့၊ ဒို့မြေဆီတွေ မြေလွှာတွေ နွယ်ချိုတွေ စားခဲ့တယ်၊ အဲဒီက နောက် တစ်ခါ သလေးစားခဲ့တယ် နော်၊ သလေးစားတုန်းကလည်း ကိစ္စမရှိသေးဘူး၊ အခုတော့ အဲဒီသလေးဆန်က ရိတ်ပြီးသားနေရာက ထပ်တောင် မပေါက်ဘူး၊ နောက်ထပ်လည်း မထွက်တော့ဘူးလိုဖြစ်တော့မှ ကိုင်း၊ ဒီလိုဆိုရင် ဘာလုပ်မလဲ။ အဲဒီတော့ အပိုင်းအခြားလုပ်ရပြီ၊ ဒါက မင်းနေရာ၊ ဒါက ငါ့နေရာ၊ တဖြည်းဖြည်းနဲ့ သိမ်းဆည်းမှုတွေများလာပြီ၊ လယ်ကွက်လိုပေါ့လေ၊ ပိုင်းခြား သတ်မှတ်ထားတာ။

[စာမျက်နှာ-40] “သူ့ပိုင်းခြားကို၊ ခိုးငြားမနိုင်၊ သုံးကြိမ်တိုင်အောင်” အဲဒီအခါမှာ ပျင်းတဲ့ကောင် ကလည်း ပါသေးတာပေါ့၊ ကိုယ့်လယ်ထဲကတော့ မယူဘူး၊ သူများလယ်ထဲက သွားသွားယူပြီးတော့ စားတော့ ပထမတစ်ကြိမ်မိတော့ မင်းမလုပ်နဲ့ ပြောလိုက်၊ မရဘူး၊ ဒီကောင်ကနောက်တစ်ကြိမ်မိ၊ နောက်တစ်ကြိမ်မိတဲ့အခါကျတော့ ခုနလိုပဲ သူ့ဝိုင်းပြီး ခဲနဲ့ပေါက်ကြ ဘာလုပ်ကြ၊ အပြစ်ပေးကြ လုပ်ရတယ်၊ အဲဒီလို ဖြစ်လာပြီတဲ့၊ အဲဒီတော့ လူ့အဖွဲ့ အစည်းကြီးက မသာယာတော့ဘူးပေါ့၊ နဂိုတုန်းက အေးအေးချမ်းချမ်း နေခဲ့ရတာကနေပြီးတော့၊ ပထမက မေထုန်မှုအစ ပေါ်တယ်။ မေထုန်မှုအစ ပေါ်ပြီးတဲ့နောက် ခိုးမှုပေါ်တယ်၊ အဲဒီလို ခိုးမှုတွေပေါ်လာပြီးတဲ့နောက်၊ လူတွေနေလို့မကောင်းတော့ဘူးပေါ့လေ၊ အဲဒီအခါကျမှ “မထွက်လာကြ၊ ငြီးတွားကြ၏၊ ထားရရေးထား၊ သူ့ပိုင်းခြားကို၊ ခိုးငြားမနိုင်၊ သုံးကြိမ်တိုင်သော်၊ ဆွဲကိုင် ခဲတုတ်၊ သတ်ပုတ်ယှက်မြေး၊ နိုင်မဟေးလို့၊ စုဝေးတိုင်ပင်၊ များထက်တင်သား” ခုနကလို၊ ခဲတွေဘာတွေပေါက်ကြ ပြုကြပေါ့လေ၊ သတ်ကြ ပုတ်ကြ ပြုကြတယ်။

အဲဒီအခါကျတော့ “စုဝေးတိုင်ပင်၊ များထက်တင်သား၊ ဗုဒ္ဓင်္ကုရမြတ်၊ ဗောဓိသတ်ကို ချဉ်းကပ်ပန်ထွာ သမုတ်ပါ၍” အဲဒီအချိန်အခါမှာ ပညာရှိတဲ့လူတစ်ယောက် ပါမယ်ပေါ့လေ၊ သူ့ဆီ သွားချဉ်းကပ်ပြီး အဲဒီအထဲမှာ ဒီလိုဒီလိုပဲ၊ ကျွန်တော်တို့ ဖြစ်နေတာကတော့ မကောင်းတော့ဘူး၊ အဲဒီတော့ ခင်ဗျားက ကျွန်တော်တို့ကို အုပ်ချုပ်ပါ၊ ကောင်းရာကောင်းကြောင်း ဆုံးမပါ၊ သူ့အပိုင်းခြား ကိုယ့်အပိုင်းခြား ခွဲဝေသတ်မှတ်ပေးပါပေါ့၊ အဲဒီလို လူတစ်ယောက်ကို သွားပြောပြီးတော့ သမုတ်ပြီး ထားတာ၊ ဒါကြောင့်မို့ သူ့ကို သမ္မတ၊ သမ္မတဆိုတာ သမုတ်ပြီးထားတာ၊ မဟာသမ္မတမင်းလို့ ခေါ်တယ်မဟုတ်လား၊ “စုဝေးတိုင်ပင် များထက်တင်ထား” အဲဒီလို အတင်ခံရတဲ့သူက ဘယ်သူလည်းဆိုရင် အဲဒီအချိန်မှာ ငါတို့ရဲ့ ဘုရားလောင်းတဲ့၊ ဒီကမ္ဘာမှာ ဂေါတမမြတ်စွာဘုရားလောင်းကပဲ အဲဒီအချိန်အခါမှာ လူဖြစ်တော့ သူ့ကိုပဲ မဟာသမ္မတအဖြစ်နဲ့ အတင်ခံရတယ်တဲ့။

“ဗုဒ္ဓင်္ကုရမြတ် ဗောဓိသတ်ကိုဆိုတာ ဘုရားလောင်းကိုဆိုတာ၊ ဗုဒ္ဓင်္ကုရမြတ်၊ ဗောဓိသတ်ကို၊ ချဉ်းကပ်ပန်ထွာ၊ သမုတ်ပါ၍ သူ့ကိုပဲ သမုတ်ပြီးတော့ မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇအပြား၊ မည်သုံးပါးဖြင့်၊ ထင်ရှားလူ့ဘောင်၊ စတည်ထောင်ခဲ့” သူ့ကို မဟာသမ္မတ လို့လည်းခေါ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူအများက ဝိုင်းပြီးတော့ သမုတ်လိုက်လို့ မဟာသမ္မတ၊ ခတ္တိယ၊ ခတ္တိယလို့လည်းခေါ်တယ်တဲ့၊ ခတ္တိယလို့ ခေါ်တာကတော့ ဒီမြေကို သူပိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ၊ သူ့ကို ပုံအပ်ပြီးတော့မှ

[စာမျက်နှာ-41] သူကခွဲဝေ ပေးတာကို၊ အဲဒီတော့ မြေကြီးရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတဲ့ အနေနဲ့ ခတ္တိယလို့လည်း ပါဠိလိုခေါ်တယ်၊ ပြီးတော့မှ ရာဇာလို့လည်း ခေါ်တယ်၊ ရာဇာဆိုတာက တော်တော်လေး တိုင်းသူပြည်သားတွေကို နှစ်သက်မြတ်နိုး နှစ်သိမ့်စေတတ်လို့၊ တိုင်းသူပြည်သားတွေကို နှစ်သက်အောင် စောင့်ရှောက်တတ်တဲ့ အတွက်ကြောင့်မို့ ရာဇာကို မင်းလို့ခေါ်တယ်၊ နောက်ပိုင်းကျ မင်းတွေက မကောင်းတော့ မင်းကရန်သူလို ဖြစ်လာတယ်၊ အဲဒီအချိန်အခါတုန်းကတော့ မဟုတ်ဘူး၊ ရာဇာဆိုတာ သတ္တဝါနှစ်သက်အောင် လုပ်ပေးတတ်တယ်၊ ကျေနပ်အောင် လုပ်ပေးတတ်တယ်၊ အဲဒါကြောင့်မို့ သူ့ကို ရာဇာလို့ခေါ်တာ၊ အမည်သုံးမျိုးနဲ့ လူ့ဘောင်ကြီးကို စတင်တည်ထောင်ခဲ့တာ။

ဒါကြောင့်မို့ “မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇအပြား၊ မည်သုံးပါးနှင့်၊ ထင်ရှားလူ့ဘောင်၊ စတည်ထောင်ခဲ့” ဆိုတော့ အဲဒီအချိန်အခါက စပြီးတော့ မင်းမျိုးဆိုတာ ပေါ်လာပြီနော်၊ အဲဒီလို ပေါ်လာပြီးတဲ့နောက် တစ်ခါ တချို့လူတွေက “လူတွေတော့ အကျင့်တရားသိပ်ပျက်တယ်၊ သူတို့နဲ့ တို့တော့ နေလို့မဖြစ်ဘူးနော်၊ ကောင်းရာ ကောင်းကြောင်း ငါတို့တခြားဝေးရာသွားမှပဲ” ဆိုပြီးတော့ တောထဲဘာထဲ သွားနေပြီးတော့ အကျင့်တွေကျင့်၊ ဈာန်တွေရ၊ အဲဒါကလည်း လူတစ်စုဖြစ်သွား ပြန်ရော။

လူတန်းစားတစ်ခု ဖြစ်သွားတော့ ပထမ သူတို့က ဈာန်ရတယ်၊ ဈာန်ရရာ ကနေပြီးတော့ နောက်ကျတော့ သူတို့က ဈာန်ရအောင် မတတ်နိုင်ကြတော့ဘူး၊ ဘာတွေလုပ်လဲဆိုတော့ ဝေဒကျမ်းတွေဘာတွေ သင်ပေးတယ်ပေါ့လေ၊ ကိုယ်တိုင်လည်း လေ့လာတယ်၊ သူများလည်းသင်ပေး လုပ်လာတဲ့အခါကျတော့ သူတို့ကို ဗြာဟ္မဏလို့ ခေါ်တယ်၊ ပုဏ္ဏားမျိုးပေါ့လေ၊ ဘာသာရေးလူစုတစ်မျိုးပေါ့။ အဲဒီလူတွေ ပေါ်လာတယ်။

အဲဒီနောက်တော့ ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ ကုန်သည်မျိုးဆိုတာ တစ်ခါပေါ်လာတယ်၊ ပြီးတော့ လက်လုပ်လက်စားသမားပေါ့၊ အောက်တန်းကျတဲ့ အလုပ်တွေဘာတွေလုပ်ရတဲ့ လူမျိုးကျတော့ သုဒ္ဒမျိုး၊ သူဆင်းရဲမျိုးဆိုတာ တစ်ခါ ပေါ်လာပြန်တယ်၊ လူ့ လောကကြီးမှာ အဆင့်လေးမျိုးပေါ့လေ၊ လူအမျိုးလေးမျိုးပေါ့ လေ၊ ပေါ်လာတယ်၊ မင်း၊ ပုဏ္ဏား၊ သူကြွယ်လို့လည်း ခေါ်တာပေါ့လေ။ ကုန်သည်မျိုး၊ သူဆင်းရဲလို့ အဲဒီကနေ တစ်ဆင့်ဆင့်နဲ့ ယခုထိအောင် ရောက်လာတယ်ပေါ့လေ။

“မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇအပြား၊ မည်သုံးပါးနှင့်၊ ထင်ရှားလူ့ဘောင်၊

[စာမျက်နှာ-42] စတည်ထောင်ခဲ့၊ ထိုနောင်ဗြာဟ္မဏ၊ အမျိုးစသည်၊ ဝဏ္ဏလေးပါး၊ (ဝဏ္ဏဆိုတာ အမျိုး ပြောတာပါပဲ။) ဤသို့အားဖြင့်၊ တရားသွေကွက်၊ ယွင်းချော်ပျက်၍၊ အသက်တိုလှ၊ ပါပကဟု၊ ဓမ္မလူတွင် ထွန်းသတည်း။” တဖြည်းဖြည်းနဲ့လူတွေ အကျင့်ပျက် လာတဲ့အခါကျတော့ အသက်ကလည်းတိုတိုပြီးတော့ လိုက်လာတယ်တဲ့၊ ဒါ ကမ္ဘာကြီးပျက်ပုံနှင့်ဖြစ်ပုံ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ ပြောထားတာ။

အခု ပြောလာခဲ့တဲ့ အထဲမှာ ဘုရားဟောပါဠိတော်ထဲကလည်း ပါတယ်နော်၊ အဋ္ဌကထာထဲကလည်း ဖြည့်စွက်တာလည်းပါတယ်၊ ပါဠိတော်ကို အခြေခံပြီးတော့ သူတို့ ပါဠိတော်မှာကိုတော်တော်စုံစုံပါတယ်၊ အဂ္ဂညသုတ်ဆိုတာ ကမ္ဘာဦးဖြစ်ပုံ။

အဲဒီတော့ နေတွေလတွေထွက်တဲ့အချိန်က စပြီးတော့ နောက်ကမ္ဘာပျက်မိုး ရွာသည့်အချိန်တိုင်အောင် ဒီအတွင်းကို ဝိဝဋ္ဋဋ္ဌာယီဟာ အမှန်ကတော့ သတ္တဝါတွေ နေနိုင်တဲ့အချိန်ပဲ၊ ဟိုဘက် ၃-ခုကတော့ သတ္တဝါတွေမနေနိုင်ဘူး၊ အသက်မရှင် နိုင်ဘူး။

ဒါကြောင့်မို့ သံဝဋ္ဋ-သံဝဋ္ဋဋ္ဌာယီ ဝိဝဋ္ဋ ဝိဝဋ္ဋဋ္ဌာယီနော်၊ အဲဒါ ကမ္ဘာကြီး စပျက်ပုံနှင့် ဖြစ်ပုံ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာဆိုတာ၊ အခုခေတ်နဲ့တော့ ညှိမရပါဘူး၊ ဘာပြုလို့လဲဆိုတော့ လူသတ္တဝါ တွေပဲ ထည့်ပြောသွားတယ်၊ တခြားသတ္တဝါတွေ ဘာမှ မပါဘူး၊ အခု ဒီမှာ သစ်ပင်တွေ ဘာတွေလည်း ဘာမှမပါဘူး၊ အရေး မကြီးတဲ့ အနေနဲ့ဆိုရင်လည်း ဖြစ်မှာပေါ့လေ၊ သို့သော် ဒို့ကျမ်းဂန်တွေထဲမှာ ဒီလိုဆိုတယ်ဆိုတာ လေးတော့ သိထားဖို့ ကောင်းတယ်။

အဲဒီတော့ ပထမဈာန်ဘုံရဲ့ အသက်တမ်းကို ဆုံးဖြတ်တဲ့အခါမှာ မဟာကမ္ဘာနဲ့ ဆုံးဖြတ်လို့ ရမရ၊ မဟာကမ္ဘာဆိုတာ ခုန ဟို လေးခုကို ခေါ်တာမဟုတ်လား၊ သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ၊ ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီနော်၊ အဲဒါ အသင်္ချေယျကပ်လေ၊ အဲဒီ အသင်္ချေယျကပ် ၆၄-ကပ်မှ မဟာကပ်တစ်ကပ် မဟုတ်လား။

အဲဒီတော့ ပထမဈာန်ဘုံရဲ့ အသက်ကို သတ်မှတ်တဲ့အခါမှာ မဟာကမ္ဘာနဲ့ သတ်မှတ်လို့မရဘူး၊ အသင်္ချေယျကပ် တစ်ခုတစ်ခုမှာ သူပျက်နေပြီ မဟုတ်လား၊ အဲဒီတော့ကို ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာတို့ရဲ့ အသက်ကို သတ်မှတ်တဲ့အခါမှာ မဟာကပ်နဲ့ မသတ်မှတ်ဘဲနဲ့ အသင်္ချေယျကပ်နဲ့ သတ်မှတ်ရမယ်၊ ဒါကြောင့်မို့ အန္တရကပ် ၆၄-ကပ်ကို အသင်္ချေယျကပ်တစ်ကပ်။

အဲဒါကြောင့်မို့ ဗြဟ္မပါရိသဇ္ဇာဘုံရဲ့ သက်တမ်းဟာ အဲဒီအသင်္ချေယျကပ် ရဲ့ သုံးပုံတစ်ပုံ၊ ၆၄ ရဲ့ ၃-ပုံ ၁-ပုံ (21 1/3)

[စာမျက်နှာ-43] ဟုတ်တယ် မဟုတ်လား။ ဒါကြောင့်မို့ အဲဒါဟာ (21 1/3) အန္တရကပ်၊ အသင်္ချေယျကပ်ရဲ့ ၃-ပုံ ၁-ပုံလို့ဆိုတယ်၊ အသင်္ချေယျကပ်ရဲ့ ၃ပုံ၁-ပုံမှ အန္တရကပ်ပေါင်း ၂၁-ကပ်နဲ့ ၃-ပုံ ၁-ပုံ ရှိတယ်။

ဗြဟ္မပုရောဟိတာကျတော့ အသင်္ချေယျကပ်ရဲ့ ထက်ဝက်ဖြစ်တဲ့အတွက် ကြောင့်မို့ အန္တရကပ် ၃၂-ကပ်၊ မဟာဗြဟ္မာကျတော့ အသင်္ချေယျကပ် ၁-ကပ် ဆိုတော့ အန္တရကပ် ၆၄-ကပ်။

အဲဒီလို မီးနဲ့ပျက်တဲ့အခါမှာ ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ပါမှာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဟာ အကုန်မတည်နိုင်ဘူးပေါ့၊ သူတို့အသက်ကို မဟာကပ်နဲ့တွက်လို့ မရဘူး၊ ပါဠိမှာ ကပ္ပလို့ သာမညဆိုပေမယ့်လို့ ဒီနေရာမှာ ကပ္ပအရ အသင်္ချေယျကပ်ကို ယူရတယ်၊ ဒုတိယဈာန်ဘုံစသည် တွက်တဲ့အခါကျတော့ ကိစ္စမရှိဘူး၊ မဟာကပ်ယူလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာပျက်ရိုးထုံးစံက မီးနဲ့ ၇-ကြိမ်ပျက်တယ်တဲ့နော်၊ မီးနဲ့ ၇-ကြိမ်ပျက်ပြီးရင် ၈-ကြိမ်မြောက်ကျတော့ ရေနဲ့ပျက်တယ်၊ ဟုတ်ပြီလား၊ မီး ၇-ကြိမ်၊ ရေတစ်ကြိမ်၊ တစ်ခါ မီး ၇-ကြိမ်၊ ရေတစ်ကြိမ်၊ မီး ၇-ကြိမ် ရေတစ်ကြိမ် သွား၊ ၆၄ ကြိမ်မြောက်ကျတော့မှ လေဖျက်တာ၊ အဲဒီလိုတဲ့။

အဲဒီတော့ ဒုတိယဘုံစသည်ကျတော့ မဟာကပ်နဲ့ပဲ တွက်ရတော့မှာ၊ မဟာကပ် ၂-ကပ်လို့ဆိုတယ်။ အဲဒီကျတော့ မဟာကပ်တွက်လို့ရသွားပြီ ဘာပြုလို့ လဲဆိုတော့ ၆၄-ကြိမ်သွားတော့မှာကိုး၊ မီး ၇-ကြိမ် ရေတစ်ကြိမ်၊ မီး ၇-ကြိမ် ရေတစ်ကြိမ်နဲ့ သွားမှာကို၊ အဲဒီတော့ မဟာကပ်နဲ့တွက်တယ်၊ ၂ ဆ ၂ ဆ တက် သွားနော်၊ အပ္ပမာဏဘုံ ၄-ကပ်၊ အာဘဿရာဘုံကျတော့ ၈-ကပ်၊ ပရိတ္တာသုဘာ ဘုံကျတော့ ၁၆-၃၂-၆၄ စသည်သွားတော့၊ ဝေဟပ္ဖိုလ် အသညသတ် ကျတော့ မဟာကပ်-၅၀၀၊ အဝိဟာ တစ်ထောင်၊ အတပ္ပါ ၂-ထောင်၊ သုဒဿာ ၄-ထောင်၊

သုဒဿီ ၈-ထောင်၊ အကနိဋ္ဌာ ၁ သောင်း ၆ထောင်၊ အာကာသာနဉ္စာယတနဘုံ ၂ သောင်း၊ ဝိညာနဉ္စာယတန ဘုံ ၄ သောင်း၊ အာကိဉ္စညာယတနဘုံ ၆ သောင်း၊ နေဝသညာ နာသညာယတန ဘုံ ၈ သောင်း ၄ ထောင်၊ မဟာကပ်ပေါင်း ရှစ်သောင်းလေးထောင်ဆိုတော့ အကြာကြီးသွားမှာနော်၊ အဲဒီလို အသက်တမ်းကို ယူရမယ်။

အဲဒါကြောင့်မို့ ပထမဈာန်ဘုံအတွက်ကို မဟာကပ် မယူရဘဲနဲ့ အသင်္ချေယျကပ် ယူရသလဲဆိုတာရှင်းပြီ၊ ဘာလို့လည်းဆိုတော့ကမ္ဘာပျက်တဲ့အခါမှာ သူတို့က

[စာမျက်နှာ-44] ပါ ပါသွားတာကို။

အဲဒီတော့ မီးနဲ့ဖျက်တဲ့အခါမှာ ပထမဈာန် ၃-ဘုံ၊ ရေဖျက်တဲ့အခါမှာ ဒုတိယဈာန် ၃-ဘုံ၊ လေဖျက်တဲ့အခါမှာ တတိယဈာန် ၃-ဘုံပါတယ်။

ကောင်းပြီမှ နောက်ထပ်သိစရာ ဘာရှိသလဲ?၊ သော်- ဒီဘက်မှာ ခေတ် ၃-ပါးဆိုတာ ရှိတယ်၊ ခေတ် ၃-ပါးက ဘာတဲ့လဲ၊ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ် ရယ်လို့ရှိတယ်၊ ခေတ်ဆိုတာ နယ်ကို ဆိုလိုတာနော်၊ ဟို မြန်မာစကား ခေတ်ကိုတော့ အချိန်လို့ ဆိုလိုတယ်နော်၊ အခုခေတ်နဲ့ ရှေးခေတ်နဲ့ မဟုတ်ဘူး၊ ဒီခေတ်က နယ်ပယ်လို့ ဆိုလိုတယ်နော်၊ အဲဒီတော့ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်တဲ့။

ဇာတိခေတ်ဆိုတာက စကြာဝဠာပေါင်း ဘယ်လောက်ရှိသလဲတဲ့၊ တစ်သောင်း ရှိတယ်တဲ့၊ ပြီးတော့ အာဏာခေတ်ကျတော့ စကြာဝဠာကုဋေတစ်သိန်းတောင်ရှိတယ်၊ ဝိသယခေတ်ကတော့ အသင်္ချေအနန္တ ရှိတယ်တဲ့။

ဇာတိခေတ်ဆိုတာ မြတ်စွာဘုရား ပဋိသန္ဓေနေတဲ့အခါတို့ ဖွားတဲ့ အခါတို့မှာ မြေကြီးလှုပ်တဲ့အခါမှာ ဇာတိခေတ် အကုန်လှုပ်တာတဲ့၊ ဒီ ကမ္ဘာ တစ်ခုတည်းတင် လှုပ်တာမဟုတ်ဘူးတဲ့၊ စကြဝဠာတစ်သောင်းလုံးလှုပ်တယ်၊ ဒါကြောင့်မို့ အဲဒီ နယ်ပယ်ကို ဇာတိခေတ်လို့ခေါ်တယ်။

အာဏာခေတ်ဆိုတာက မြတ်စွာဘုရားဟောတော်မူတဲ့ သုတ်တွေရှိတယ်။ ရတနသုတ်တို့ မေတ္တာသုတ်တို့ ခန္ဓသုတ်တို့ အဲဒီသုတ်တွေရဲ့ အာဏာနှံ့ရာ နယ်ပယ်လို့ ဆိုတယ်၊ အဲဒီသုတ်တွေရဲ့ အာဏာနှံ့ရာနယ်ပယ်က ကုဋေတစ်သိန်းတောင်ရှိတယ်၊ ဒါကြောင့် ရတနသုတ်ရဲ့ အစမှာ ကောဋိသတ သဟဿေသု စက္ကဝါဠေသု ဒေဝတာနဲ့ လာတယ်နော်၊ ကုဋေတစ်သိန်းရှိတဲ့နတ်တွေဆိုပြီးတော့ အဲဒါ အာဏာခေတ်တဲ့ အာဏာပျံ့နှံ့ရာခေတ်ပေါ့။

ဝိသယခေတ်ဆိုတာကတော့ ရှိရှိသမျှ အကုန်ပဲ၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်မှာ အဆုံးအစမရှိ ထင်ပေါ်နိုင်တယ်ပေါ့လေ၊ အဲဒီလို ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်လို့ ခေတ်အားဖြင့် ၃-ပါးရှိတယ်တဲ့၊ “ဇာတိ၊ အာဏာ၊ ဝိသယာ၊ သုံးဖြာလောကဓာတ်သောင်းသိန်းကုဋေ၊ အသင်္ချေ၊ သုံးတွေအစဉ်ဟပ်”၊ စကြဝဠာ ကုဋေတစ်သိန်းရယ်၊ စကြာဝဠာအနန္တ လို့ ဆိုလိုတာပေါ့နော်၊ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်လို့ ခေတ် ၃-ပါး။

စကြဝဠာတစ်သောင်းရယ်၊ စကြာဝဠာကုဋေတစ်သိန်းရယ်၊ စကြဝဠာ

[စာမျက်နှာ-45] အနန္တ ရယ်။

အာဏာခေတ်သည် ကမ္ဘာဖြစ်အတူ၊ ပျက်အတူဖြစ်၏၊ တစ်ခါတစ်ခါ ကမ္ဘာပျက်ရင် အာဏာခေတ် အကုန်ပျက်တာပဲတဲ့၊ အာဏာခေတ်မှာရှိတဲ့ ကမ္ဘာတွေ အကုန်လုံး တစ်ကြိမ်တည်းပျက်တယ်၊ အပျက်လည်းတူတယ်၊ အဖြစ်လည်းတူတယ် တဲ့၊ ဒါဘုံနဲ့ပတ်သက်ပြီးတော့တော်တော်လေး သိသင့်သိထိုက်တာ စုံသွားပါပြီ။

ဒါပေမယ့်လို့ ဘာတွေကျန်သေးတုန်းတဲ့၊ နည်းနည်းရှိသေးတယ်၊ ဒါကတော့ အခု ဒီစာတွေထဲမှာ မပါဘူး၊ တခြားကျမ်းဂန်တွေထဲမှာ ဆိုထားတာ ရှိသေးတယ်၊ အဲဒါကတော့ စကြဝဠာဆိုတာ ဒီလေးကျွန်းတစ်မြင့်မိုရ်လို့ ခေါ်တယ်၊ လေးကျွန်း တစ်မြင့်မိုရ်ကို စကြဝဠာလို့ခေါ်တယ်နော်၊ အဲဒီစကြဝဠာကို ဘယ်လို မြင်ရလဲ လို့ဆိုရင် အဝိုင်းကြီးလို့မြင်ရမယ် လင်ပန်းလို (circle) ပေါ့၊ အဲဒီလို မြင်လာတဲ့ အခါမှာ ပတ်ပတ်လည်မှာ တောင်ကြီးရှိနေတယ်တဲ့၊ ဒါကို စကြဝဠာတောင်လို့ ခေါ်တယ်၊ နံရံလိုကြီးနေမယ်ပေါ့၊ အဲဒီအထဲမှာမှ ရေရှိမယ်၊ မြေရှိမယ်၊ အဲဒီစကြဝဠာရဲ့ အလည်မှာ မြင့်မိုရ်တောင်ရှိတယ်၊ ယူဇနာ ၈-သောင်း ၄-ထောင်၊ ၄-သောင်း ၂-ထောင်က မြေကြီးထဲမြှုပ်နေတယ်၊ ၄ သောင်း ၂-ထောင်က မြေပေါ်မှာ ပေါ်နေတယ်ဆိုပါတော့၊ အဲဒီ မြင့်မိုရ်တောင် ကိုမှပတ်ပြီးတော့ တောင်စဉ် ၇-ထပ် ဆိုတာရှိတယ်၊ အဲဒီတော့ circle လို ပတ်တာလား လေးထောင့် ပတ်တာလားတော့ မပြောနိုင်ဘူးပေါ့လေ၊ ထားပါ တော့၊ ပတ်ပတ်လည်လည်မှာ တောင်စဉ် ၇-ထပ်ရှိတယ်၊ အဲဒီတောင် တစ်ခုတစ်ခုကြားမှာက ရေတွေရှိသေး တယ်နော်၊ သီတာ ၇-တန်လို့ခေါ်တယ်။

အဲဒီ အမြင့်ဆုံးတောင်ရဲ့ အပြင်ဘက်မှာကျ ဘာရှိသလဲဆိုတော့ ကျွန်းကြီး လေးကျွန်းရှိတယ်၊ အရှေ့ကျွန်း၊ တောင်ကျွန်း၊ မြောက်ကျွန်း၊ အနောက်ကျွန်း၊ ပေါ့လေ၊ အဲဒီ ကျွန်းကြီးလေးကျွန်းက မဟာသမုဒ္ဒရာလို့ ခေါ်တဲ့ ရေထဲမှာရှိတာပေါ့၊ ကျွန်းကြီးလေးကျွန်းရှိတဲ့ နေရာက ရေကို မဟာသမုဒ္ဒရာလို့ခေါ်တယ်၊ ပြီးတော့ တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ရေကို အတွင်းသမုဒ္ဒရာလို့ ခေါ်မယ်ဆိုရင်လည်း ခေါ်နိုင်တာပေါ့လေ၊

ပြီးတော့မှ တစ်ခါ ကျွန်းကြီးတစ်ခုတစ်ခုမှာ ကျွန်းငယ်ပေါင်း ငါးရာ ငါးရာ အခြံအရံရှိတယ် နော်၊ ခုခေတ်ဆိုရင် အင်ဒိုနီးရှား တစ်ခုတည်းကိုပဲ ကျွန်း ၃-ထောင်လောက် ရှိတယ်ဆိုတာပဲ၊ သို့သော် ဒီမှာတော့ ခပ်ကြီးကြီးကျွန်းကိုပြောတာနဲ့

[စာမျက်နှာ-46] တူပါရဲ့၊ ဒါကြောင့်မို့ ကျွန်းကြီးလေးသွယ်၊ ကျွန်းငယ်ငါးရာလို့ ဒီလို အဆိုရှိတယ်။ အဲဒီလိုတည်နေတယ်၊ ဒါ (Map of World) ပေါ့လေ၊ ဗုဒ္ဓဘာသာအလိုအရ အဲဒီလိုရှိတယ်။

အလည်မှာ မြင့်မိုရ်တောင်ရှိတယ်နော်၊ မြင့်မိုရ်တောင်ကို ပတ်ပြီးတော့ တောင်စဉ် ၇-ထပ်ရှိတယ်၊ တောင်စဉ် ၇-ထပ်ကြားမှာ ရေရှိတယ်၊ ဒါအတွင်း သမုဒ္ဒရာခေါ်တယ်၊ အဲဒီ ဟိုဘက်ကျတော့ မဟာသမုဒ္ဒရာရှိတယ်၊ အဲဒီမဟာသမုဒ္ဒရာ ထဲမှာမှ ကျွန်းကြီးလေးကျွန်းရှိတယ်၊ အဲဒီကျွန်းကြီးလေးကျွန်းရှိတော့ သုံးကျွန်း လင်းခိုက် တစ်ကျွန်းမိုက်၍၊ ဒီလိုဆိုတာရှိတယ်၊ နေကမြင့်မိုရ်တောင်ကို ပတ်သွား တာပေါ့လေ၊ ဒါ ဒီကအမြင်နဲ့ ပြောတာပေါ့လေ၊ လူ့ပြည်က ကြည့်လိုက်တဲ့အခါ ကျတော့နက္ခတ်တွေလည်း အဲဒီလို ပတ်သွားတယ်၊ အဲဒီလို ပတ်သွားတဲ့အခါကျတော့ မြင့်မိုရ်တောင်ကြီးက ရှိနေတော့ ဒီမြင့်မိုရ်တောင်က ကွယ်ထားတော့ ၃-ကျွန်းသာ လင်းနိုင်တယ်တဲ့၊ တစ်ကျွန်းမလင်းဘူးတဲ့၊ ဒီလို အဆိုရှိတယ်နော်၊ သုံး ကျွန်း လင်းခိုက်၊ တစ်ကျွန်းမိုက်။

အဲဒီတော့ ပြောချင်တာက ဘာလဲဆိုတော့ အိန္ဒိယနိုင်ငံမှာ နေ့ဖြစ်နေရင် ဒီမှာ ညဖြစ်နေတယ်၊ ဟုတ်တယ်မဟုတ်လား၊ အဲဒီနည်းနဲ့ပြောရင် အမေရိကဟာ မြောက်ကျွန်းလို့ဆိုနိုင်တယ်၊ မြောက်ကျွန်းရဲ့ စရိုက်နဲ့တော့ သိပ်မကိုက်ဘူး ဆိုပါတော့ ဟုတ်လား၊ မြောက်ကျွန်းသူတွေက ငါးပါးသီလမြဲတာတို့ ဘာညာဆိုတာ ရှိတယ်၊ သို့သော် ခုန သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်ဆိုတာနဲ့ တွက်မယ်ဆိုရင် အမေရိကဟာ မြောက်ကျွန်းဖြစ်လောက်တယ်၊ Europe က အနောက်ကျွန်းဖြစ်မှာ ပေါ့၊ ဂျပန်တို့ဘာတို့ China အရှေ့အစွန်တို့က အရှေ့ကျွန်းဖြစ် မှာပေါ့၊ အဲဒီလို စကြဝဠာတစ်ခုတစ်ခု စကြဝဠာက ၃-ခု ၃-ခုဆိုင် ဆိုင်နေတယ်တဲ့၊ လင်ပန်း ၃ ချပ်တေ့ထားသလိုပေါ့။

အဲဒီစကြဝဠာ ၃-ခုတွေ့ခိုက်အလည်မှာ ကွက်လပ်မရှိပေဘူးလား၊ လင်ပန်း ၃-ခုစပ်လိုက်ရင် အဲဒီကွက်လပ်ကို လောကန္တရိတ်ငရဲလို့ခေါ်တယ်၊ အဲဒီငရဲက စကြာဝဠာအကြားမှာ ရှိတဲ့ငရဲပေါ့ လေ၊ ခုနက အရင်ပြောခဲ့တဲ့ ငရဲကြီး ၈-ထပ်က စကြဝဠာအတွင်း မြေကြီးထဲမှာရှိတယ်၊ သူက စကြဝဠာအကြားမှာရှိတယ်၊ အဲဒီမှာ ရှိတဲ့ ရေကလည်း အလွန်အေးတယ်တဲ့၊ နေ ဘယ်တော့မှ မပူဘူးတဲ့၊ အဲဒီမှာဖြစ်နေတဲ့ သတ္တဝါတွေကလည်း ကောင်ကမ္ဘာယံတွေ ကုတ်ကပ်တက်နေရတာ၊ အမှောင်ကြီး

[စာမျက်နှာ-47] ထဲမှာပေါ့လေ၊ အဲဒီလိုဖြစ်၊ အကောင်ချင်း တွေ့ပြီးတော့ တစ်ခါတည်း သတ်ကြ၊ ရေထဲကျ၊ ရေထဲကျတော့ ရေကအေးလွန်းတော့ ကြေမွသွားတယ်၊ အဲဒီလိုရှိတယ်၊ အဲဒီလိုစကြဝဠာပေါင်းက အနန္တ ရှိတယ်တဲ့။

[စာမျက်နှာ-48]
ကမ္မစတုက္က

၁။ ကိစ္စ၏အစွမ်းဖြင့် ကံ ၄-မျိုး
၁။ ဇနကကံ - အကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပဝတ္တိအခါ၌ ဖြစ်စေ၊ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သောကံ။
၂။ ဥပတ္ထမ္ဘကကံ - ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ တပါးသောကံ အကျိုးပေးခွင့်ရလေအောင်၊ အကျိုးပေးခွင့်ရနေပြန်လျှင် အကျိုး ပေးသန်လေအောင်၊ အကျိုးပေးသည့်အခါမှာလည်း ထို အကျိုးများ ရှည်ကြာဖွံ့ဖြိုးလေအောင်၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ၊ လျော်စွာ ထောက်မကူညီတတ်သောကံ။
၃။ ဥပပီဠကကံ - တစ်ပါးသောကံကို အကျိုးပေးခွင့်မရလေအောင်၊ အခွင့်ရပြန်လျှင် အကျိုးပေးမထက်သန်အောင်၊ ရပြီးသောအကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ကပ်၍နှိပ်စက်တတ်သောကံ။
၄။ ဥပဃာတကကံ- နှိပ်စက်ရုံတွင်မက တစ်ပါးသောကံကို လုံးဝအကျိုးမပေးနိုင်အောင်၊ ပေးပြီးသောအကျိုးများကိုလည်း ပြတ်သွား အောင် သတ်ဖြတ်တတ်သောကံ။

၂။ အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄-မျိုး
၁။ ဂရုကကံ - တစ်ပါးသောကံတို့ မတားမြစ်နိုင်လောက်အောင်ကြီးလေး သောကံ။ (ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံများနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယ ကံများ။)
၂။ အာသန္နကံ - စုတေခါနီးလောလောဆယ်၌ ပြုအပ်သောကံ၊ သို့မဟုတ် ရှေးကပြုပြီးသားကို စုတေခါနီး၌ ထပ်၍အောက်မေ့အပ် (ဆင်ခြင်နေအပ်)သောကံ။
၃။ အာစိဏ္ဏကံ - နေ့စဉ်မပြတ် လေ့ကျက်အပ် ပြုအပ်သောကံ။
၄။ ကဋတ္တာကံ - ဂရုက အာသန္န အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ သာမန်ပြုအပ်သောကံများနှင့် ရှေးရှေး ဘဝက ပြုအပ်ခဲ့သောကံများ။

[စာမျက်နှာ-49]
၃။ အကျိုးပေးရာကာလနှင့်စပ်၍ ကံ ၄-မျိုး
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ - မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ။ (ပထမဇော စေတနာ)
၂။ ဥပပဇ္ဇဝေဒနီယကံ - နောက် ဒုတိယဘဝ၌ အကျိုးပေးသောကံ။ (သတ္တမဇော စေတနာ)
၃။ အပရာပရိယဝေဒနီယကံ - တတိယဘဝမှစ၍ နိဗ္ဗာန်ရသည်တိုင်အောင် အကျိုးပေးသောကံ။ (အလယ်ဇော ၅-ချက် စေတနာ)
၄။ အဟောသိကံ - အကျိုးလုံးလုံးမပေးသောကံ။

၄။ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄ မျိုး
၁။ အကုသိုလ် ကံ။
၂။ ကာမာဝစရကုသိုလ် ကံ။
၃။ ရူပါဝစရကုသိုလ် ကံ။
၄။ အရူပါဝစရကုသိုလ် ကံ။

အကုသိုလ်ကံများ = အကုသလကမ္မပထ ၁၀-ပါး
၁။ ကာယကံ ၃ - ပါး
၁။ သူ့အသက်သတ်ခြင်း - ဒေါသကြောင့်ဖြစ်။
၂။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ယူခြင်း - လောဘ ဒေါသကြောင့်ဖြစ်။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း -လောဘကြောင့်ဖြစ်။

၂။ ဝစီကံ ၄-ပါး
၁။ လိမ်လည်ပြောဆိုခြင်း - လောဘဒေါသကြောင့်ဖြစ်။
၂။ ကုန်းတိုက်ခြင်း- လောဘဒေါသကြောင့်ဖြစ်။
၃။ ကြမ်းတမ်းသောစကားကိုပြောခြင်း - ဒေါသကြောင့်ဖြစ်။
၄။ ပိန်ဖျင်းသောစကားကို ပြောခြင်း - လောဘဒေါသကြောင့်ဖြစ်။

၃။ မနောကံ ၃-ပါး
၁။ အဘိဇ္ဈာ - သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှု- လောဘကြောင့်ဖြစ်။

[စာမျက်နှာ-50] ၂။ ဗျာပါဒ - သူတစ်ပါး၏ ပျက်စီးသေစေရန် ကြံစည်မှု-ဒေါသကြောင့်ဖြစ်။
၃။ မိစ္ဆာဒိဋ္ဌိ- အယူမှားမှု လောဘကြောင့်ဖြစ်။

အကုသလကမ္မပထ ၁၀-ပါးသည် စိတ်အားဖြင့် အကုသိုလ်စိတ် ၁၂-ပါးပင်တည်း။

ကာမာဝစရကုသိုလ်ကံသည်လည်း
ကာယကံ ကာယဒွါရ၌ဖြစ်
ဝစီကံ ဝစီဒွါရ၌ဖြစ်
မနောကံ မနောဒွါရ၌ဖြစ်
ဟု ကမ္မဒွါရအားဖြင့် ၃-ပါးရှိ၏။

ထို့အတူဒါန သီလ ဘာဝနာအားဖြင့် ၃-ပါးရှိ၏။
စိတ်အားဖြင့်ကား ၈-ပါးဖြစ်သည်။

ပုညကြိယာဝတ္ထုအားဖြင့် ၁၀-ပါးရှိသည်။
ဒါန ပေးကမ်းလှူဒါန်းမှု။
သီလ သီလဆောက်တည်မှု။
ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းမှု။
အပစာယန အရိုအသေပြုမှု။
ဝေယျာဝစ္စ သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။
ပတ္တိဒါန မိမိရသောကုသိုလ်အဖို့ကို အမျှဝေမှု။
ပတ္တာနုမောဒန မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက်မှု။
ဓမ္မဿဝန တရားနာမှု။
ဓမ္မဒေသနာ လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု။
ဒိဋ္ဌိဇုကမ္မ အယူကို ဖြောင့်မတ်စွာပြုမှု။

ပုညကြိယာဝတ္ထု ၁၀-ပါးကို ဒါန သီလ ဘာဝနာ ၃-ပါး၌ သွင်းပုံ
အပစာယန၊ ဝေယျာဝစ္စ ၂-ပါးကို သီလ၌ သွင်း၊
ပတ္တိဒါန၊ ပတ္တာနုမောဒန ၂-ပါးကို ဒါန၌သွင်း၊

[စာမျက်နှာ-51] ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ ၃-ပါးကို ဘာဝနာ၌သွင်း။
တစ်နည်း ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးလုံး၌ သွင်း။

အကုသိုလ်ကံ စေတနာ ၁၂-နှင့် ကာမာဝစရကုသိုလ်ကံ စေတနာ ၈ ပေါင်းလျှင် ကာမာဝစရကံ ၂၀-ဖြစ်သည်။

ရူပါဝစရ ကုသိုလ်ကံကား မနောကံ တစ်မျိုးသာရှိသည်၊ ထိုမနောကံသည်လည်း ဘာဝနာတစ်မျိုးသာ၊ ယင်းသည်လည်း အပ္ပနာဈာန်သို့ရောက်သော မနောကံတည်း၊ ဈာန် အင်္ဂါယှဉ်ပုံအားဖြင့် ၅-ပါးရှိသည်၊ ပထမဈာန်စသည်။

အရူပါဝစရကုသိုလ်ကံသည်လည်း မနောကံတစ်မျိုးသာရှိသည်၊ ယင်းလည်း ဘာဝနာ တစ်မျိုးသာ၊ အပ္ပနာသို့ရောက်သော မနောကံတည်း၊ အာရုံအားဖြင့် ၄ မျိုးဖြစ်သည်။

ကာမကံ အကျိုးပေးရာဘုံ ဥဒ္ဓစ္စကြဉ်အကု ၁၁ အပါယ် ၄ ပဋိ အကုဝိ ဥသန္တီ အကုသိုလ်ကံ ၁၂ ကာမ ၁၁ ပဝတ္တိ အကုဝိရ
ရူပ ၁၅ ပဝတ္တိ ဃာ၊ ဇိ၊ ကာကြဉ် အကုဝိ ၄

မဟာကုသိုလ်ကံ ၈ ကာမသုဂတိ ၇ ပဋိ ကုဝိ ဥသန္တီ၊ မဟာ ၈ (၉)
ပဝတ္တိ မဟာဝိ ၈၊ အဟိတ်ကုဝိ ၈ (၁၆)
ရူပ ၁၅ ပဝတ္တိ ဃာ၊ ဇိ၊ ကာကြဉ်အဟိတ်ကုဝိ ၅

ကာမာဝစရကုသိုလ်ကံတို့တွင်လည်း တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ တိဟိတ်ပဋိသန္ဓေ အကျိုးကို ပေးသည်။
တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံသည် ပဝတ္တိအခါ၌ ဝိပါက်စိတ် ၁၆-ပါးကို ဖြစ်စေသည်။
တိဟိတ် ဩမက ကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေ ကျိုးကို ပေးသည်။
တိဟိတ် ဩမက ကုသိုလ်ကံသည် ပဝတ္တိအခါ၌ တိဟိတ်မဟုတ်သော

[စာမျက်နှာ-52] ဝိပါက်စိတ် ၁၂-ပါးကို ဖြစ်စေသည်။
ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံသည် ပဝတ္တိအခါ၌ တိဟိတ်မဟုတ်သော ဝိပါက်စိတ် ၁၂-ပါးကို ဖြစ်စေသည်။
ဒွိဟိတ် ဩမက ကုသိုလ်ကံသည် ပဋိသန္ဓေအခါ၌ အဟိတ်ပဋိသန္ဓေကျိုးကိုသာ ပေးသည်။
ဒွိဟိတ် ဩမက ကုသိုလ်ကံသည် ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈-ပါးကိုသာ ဖြစ်စေသည်။

တိဟိတ်ကုသိုလ် - ကုသိုလ်ပြုသောအခါ ကံ၏အကျိုးကိုသိသော ဉာဏ်ပါသော ကုသိုလ်။
ဒွိဟိတ်ကုသိုလ် - ကုသိုလ်ပြုသောအခါ ကံ၏အကျိုးကိုသိသော ဉာဏ်မပါသောကုသိုလ်။
ဥက္ကဋ္ဌကုသိုလ် - ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် (အမြတ်စားကုသိုလ်)
ဩမကကုသိုလ် - ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ် (အညံ့စားကုသိုလ်)

ကေစိ (အချို့) ဆရာတို့ကမူ အသင်္ခါရိကကုသိုလ်သည် သသင်္ခါရိကအကျိုးကိုမပေး၊ သသင်္ခါရိကကုသိုလ်သည် အသင်္ခါရိကအကျိုးကို မပေးဟု ဆိုကြသည်။

[စာမျက်နှာ-53] (စာမျက်နှာအလွတ် သို့မဟုတ် မှတ်စု)

[စာမျက်နှာ-54]
ရူပါဝစရကုသိုလ် အကျိုးပေးရာဘုံ ရူပါဝစရကုသိုလ်
ပထမဈာန် အညံ့စား - ဗြဟ္မပါရိသဇ္ဇာ အလတ်စား - ဗြဟ္မပုရောဟိတာ အမြတ်စား - မဟာဗြဟ္မာ ဒုတိယဈာန် / တတိယဈာန် အညံ့စား - ပရိတ္တာဘာ အလတ်စား - အပ္ပမာဏာဘာ အမြတ်စား - အာဘဿရာ စတုတ္ထဈာန် အညံ့စား - ပရိတ္တာသုဘာ အလတ်စား - အပ္ပမာဏာသုဘာ အမြတ်စား - သုဘကိဏှာ ပဉ္စမဈာန် ရိုးရိုး - ဝေဟပ္ဖိုလ် နာမ်၌စက်ဆုပ်ပွား - အသညသတ် အနာဂါမ်ပုဂ္ဂိုလ်တို့သည် သုဒ္ဓါဝါသဘုံတို့၌ ဖြစ်ကုန်၏။
* သဒ္ဓါ ဝီရိ၊ သတိ သမာ၊ ဓိ ပညာ၊ ငါးဖြာ ဣန္ဒြေခင်း။
သုဒ္ဓါဘုံ ငါး၊ ထက်သူများ၊ စံစား စဉ်တိုင်းသွင်း။
အရူပါဝစရကုသိုလ် အကျိုးပေးရာဘုံ
အာကာသာနဉ္စာယတနကုသိုလ် - အာကာသာနဉ္စာယတနဘုံ
ဝိညာဏဉ္စာယတနကုသိုလ် - ဝိညာဏဉ္စာယတနဘုံ
အာကိဉ္စညာယတနကုသိုလ် - အာကိဉ္စညာယတနဘုံ
နေဝသညာနာသညာယတနကုသိုလ် - နေဝသညာနာသညာယတနဘုံ

ဤသို့လျှင် မဟဂ္ဂုတ်ကုသိုလ်ကံသည် ပိုင်းခြားသတ်မှတ်ထားအပ်တိုင်း သောဘုံ၌ မိမိနှင့်တူသောအကျိုးကို ပဋိသန္ဓေအခါတို့၌ ဖြစ်လေသည်။

[စာမျက်နှာ-55]
အဘိဓမ္မာသင်တန်း ၂၉

ဝီထိမုတ်ပိုင်း

ကမ္မစတုက္က

ဒီကနေ့ မေလ ၂၉-ရက်။
လွန်ခဲ့တဲ့ အပတ်က လောကန္တရိတ်ငရဲအကြောင်း ပြောတာနဲ့ ပြတ်သွားတယ်။ ဟို အများနားလည်တာက ငရဲကြီး ၈-ထပ်၊ ပြီးတော့ အဲဒီငရဲကြီး ၈-ထပ်မှာ အခြံအရံ ငရဲငယ်ပေါ့လေ၊ ဥဿဒငရဲ၊ အဲဒါတွေကတော့ နားလည်နေကြပြီ၊ အဲဒီ ငရဲတွေကတော့ မြေကြီးထဲမှာရှိတယ်၊ အဲဒီတော့ မြေကြီးထဲတင် မကဘဲနဲ့ စကြဝဠာ သုံးခုဆုံရာမှာရှိတဲ့ ငရဲရှိသေးတယ်၊ အဲဒါကို လောကန္တရိတ်ငရဲလို့ ခေါ်တယ်။

စကြဝဠာက ကျမ်းဂန်ကအတိုင်း ပြောရမယ်ဆိုရင် အဝိုင်းကြီး စကြဝဠာ တောင်ဆိုတာက ပတ်ပတ်လည်ရှိတယ်၊ အဲဒီအတွင်းမှာ မဟာသမုဒ္ဒရာဆိုတဲ့ ရေရှိတယ်၊ ကျွန်းကြီးလေးကျွန်းရှိတယ်၊ ကျွန်းကြီးတစ်ကျွန်းတစ်ကျွန်းမှာ ကျွန်းငယ် ငါးရာငါးရာ အခြံအရံရှိတယ်၊ အဲဒီကျွန်းကြီးလေးကျွန်းရဲ့ အတွင်းဘက်မှာတောင်စဉ် ၇-ထပ်နဲ့ သီတာ ၇-တန်ဆိုတာရှိတယ်၊ အဲဒီဟာတွေရဲ့ အလည်မှာမှ မြင့်မိုရ်တောင် ဆိုတာရှိတယ်။

အဲဒီလို စကြဝဠာတွေဟာ မရေမတွက်နိုင်အောင်ရှိတယ်၊ အဲဒီမှာ စကြဝဠာ ၃-ခုဆုံတဲ့ နေရာမှာကျတော့ လင်ပန်း ၃-ခုဆုံတဲ့နေရာမှာ ကွက်လပ်ရှိနေသလိုပဲ

[စာမျက်နှာ-56] ကွက်လပ်ရှိတယ်၊ အဲဒီကွက်လပ်ထဲမှာလည်းရေတွေရှိတယ်လို့ ပြောတယ်၊ အဲဒီနေရာ မှာက ဘယ်သောအခါမှာမှ နေရောင်မရဘူးတဲ့၊ နေရောင်မရတဲ့အတွက်ကြောင့်မို့ ရေက အလွန်အေးတယ်၊ အဲဒီငရဲမှာ သွားဖြစ်တဲ့ သတ္တဝါတွေဟာ လင်းနို့တွေလို နံရံကမ်းပါးတွေမှာ ကပ်တက်ပြီးတော့ နေကြတယ်ပေါ့လေ၊ နေကြရာကနေပြီးတော့ တစ်ကောင်နဲ့တစ်ကောင် တွေ့ကြတဲ့အခါ တစ်ခါတည်း ဖက်လုံးသတ်ကြတော့ ရေထဲကျသွားတာ၊ ရေထဲကျသွားတယ်ဆိုရင်ပဲသူတို့က ကြေမွသွားတယ်တဲ့၊ အဲဒါ လောကန္တရိတ်ငရဲလို့ ခေါ်တယ်၊ အဲဒါ ငရဲကြီး ၈-ထပ်ထဲမှာ မပါဘူး။

ကောင်းပြီ၊ ငရဲကြီး ၈-ထပ်ရယ်၊ လောကန္တရိတ်ငရဲရယ်၊ အဲဒီငရဲကြီး ၈ထပ်က မြေကြီးထဲမှာရှိပြီးတော့ လူ့ဘုံက မြေကြီးပေါ်မှာ၊ ပြီးတော့ တခြားဘုံတွေ ကလည်း မြေကြီးပေါ်မှာရှိတယ်၊ မြင့်မိုရ်တောင်ထိပ်မှာ ရှိတာက တာဝတိံသာ၊ အဲဒီအထက်မှာကျတော့ ကောင်းကင်မှာ တည်ရှိကြတယ်၊ ယာမာ၊ တုသိတာ စတဲ့ဘုံတွေ၊ အဲဒီဘုံတွေမှာလည်းပဲ ပဋိသန္ဓေနေတဲ့အခါ ဘယ်စိတ်နဲ့ ပဋိသန္ဓေနေတယ် ဆိုတာ၊ အရင်အပတ်တွေတုန်းက လေ့လာခဲ့ပြီးပြီ။

နောက်ဆုံးတစ်ခု ဘာကျန်သလဲ၊ ကျန်တယ်လို့သာ ပြောတာ၊ ပြောပြီးသား ပါပဲ၊ ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ် ၃-ခု တူရတယ်တဲ့၊ ဆိုပါတော့၊ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေခဲ့ရင် အဲဒီသတ္တဝါဟာ တစ်ဘဝလုံးမှာဖြစ်တဲ့ ဘဝင်တွေကလည်း အဲဒီစိတ်ပဲ။ သူသေတဲ့အခါမှာလည်း အဲဒီစိတ်နဲ့ပဲ စုတိကျမှာ။

ဒါကြောင့်မို့ ဘဝတစ်ခု၊ သံ-ဘွင်-စု၊ သုံးခုထပ်စမြဲ လယ်တီဆရာတော် ဘုရားကြီးရေးထားတဲ့လင်္ကာရှိတယ်၊ သံ-ဆိုတာ ပဋိသန္ဓေ၊ ဘွင်-ဆိုတာ ဘဝင်ပေါ့လေ၊ စု-ဆိုတာက စုတိ၊ ဒါကြောင့်မို့ ဘဝတစ်ခုမှာ ပဋိသန္ဓေရယ်၊ ဘဝင်ရယ်၊ စုတိရယ် ၃-ခုထပ်စမြဲတဲ့ အတူတူပဲလို့ ဆိုလိုတာ၊

* ဘုံ၊ ဇာတ်၊ သံ၊ သင်၊ အာ၊ ငါးအင်၊ သံဘွင်စု မကွဲ၊ သိပ်ကောင်းတယ်နော်၊ ဒီလင်္ကာလေးတွေဟာ ရထားရင် မေ့လည်းမမေ့ဘူး၊ ပြီးတော့လိုရင်းလေး အကုန်လုံး တစ်ခါတည်း ချုံးပြီးတော့ ထုတ်ပေးထားသလိုပဲ၊ ဘုံတဲ့၊ ဘုံအားဖြင့်လည်းတူတယ်။ ဆိုလိုတာက ဘုံဆိုတာ၊ ကာမာဝစရ၊ ရူပါဝစရ၊ အရူပါဝစရ ရှိတယ်မဟုတ်လား၊ အကယ်၍ ကာမာဝစရဝိပါက်နဲ့ ပဋိသန္ဓေနေခဲ့ရင် ကာမာဝစရဝိပါက်ပဲ ဘဝင်ဖြစ်မယ်၊ ကာမာဝစရ ဝိပါက်ပဲစုတိဖြစ်မယ်၊ ဒါမျိုးကို ခေါ်တာနော်၊

ဇာတ်ဆိုတာ ကုသိုလ် အကုသိုလ် ဇာတ်ပေါ့လေ၊ ဒီမှာတော့ အကုသိုလ်

[စာမျက်နှာ-57] ကုသိုလ်ရယ်လို့တော့ မရှိပါဘူး၊ ဝိပါက်ပါပဲ၊ ဝိပါက်ဇာတ်အားဖြင့် အတူတူပဲပေါ့နော်၊ အဲဒီတော့ ပဋိသန္ဓေစိတ်က ဝိပါက်ဖြစ်ရင် ဘဝင်စိတ်ကလည်း ဝိပါက်ဖြစ်မယ်။ စုတိစိတ်ကလည်း ဝိပါက်ဖြစ်မယ်။

သံ ဆိုတာက သမ္ပယုတ္တဓမ္မကို ဆိုလိုတယ်၊ သမ္ပယုတ္တဓမ္မဆိုတာ ယှဉ်တာ ပြောတာ၊ သူတို့ယှဉ်တဲ့ စေတသိက်တွေလည်း အတူပဲပေါ့နော်၊ ပုထုဇဉ်စိတ်က စေတသိက် (ဆိုပါတော့) ၁၀-ခုနဲ့ယှဉ်ခဲ့ရင် ဘဝင်လည်း စေတသိက် ၁၀-ခုနဲ့ ယှဉ်လိမ့်မယ်၊ စုတိလည်း ၁၀-ခုနဲ့ ယှဉ်လိမ့်မယ်။

သင်ဆိုတာက သင်္ခါရကို ပြောတာ၊ အသင်္ခါရိက သသင်္ခါရိကကိုပြောတာ။ မဟာဝိပါက်စိတ်မှာဆိုရင် အသင်္ခါရိက သသင်္ခါရိက ဆိုတာရှိတယ်၊ အသင်္ခါရိက စိတ်နဲ့ ပဋိသန္ဓေနေရင် ဘဝင်ကျလည်း အသင်္ခါရိကပဲ၊ စုတိကျလည်း အသင်္ခါရိက စိတ်ပဲ။

အာဆိုတာ အာရုံ၊ အဲဒီတော့ ပဋိသန္ဓေစိတ်တွေမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ အာရုံသုံးမျိုးရှိတယ် မဟုတ်လား၊ ပဋိသန္ဓေစိတ်က ကံကို အာရုံပြုခဲ့ရင် ဘဝင်စိတ်ကလည်း ကံကို အာရုံပြုတယ်၊ စုတိစိတ်ကလည်း အဲဒီကံကိုပဲ အာရုံပြုမှာ၊ ကမ္မနိမိတ် အာရုံပြုရင်လည်း ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံပြုရင်လည်း ဂတိနိမိတ်ပဲ အာရုံပြုမှာ၊ ဒါကြောင့် ဒီ ငါးမျိုးနဲ့ပတ်သက်ပြီးတော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ စိတ်တွေဟာ မကွဲကြဘူးတဲ့၊

* ဘုံ၊ ဇာတ်၊ သံ၊ သင်၊ အာငါးအင်၊ သံဘွင် စုမကွဲ၊

ဒါတစ်ဘဝမှာ တူမြဲတရားပေါ့၊ တူမြဲစိတ် ၃-ခုတဲ့၊ ဒီလိုဆိုရင် ဒါ ပဋိသန္ဓေစတုက္ကဆိုတဲ့ ပဋိသန္ဓေပိုင်း ဒီနေရာမှာ ကုန်သွားပြီနော်။

ဒီနေ့ ရှေ့သွားရမယ်။

ရှေ့သွားရမှာက ဘာလဲဆိုရင် ကမ္မစတုက္ကတဲ့၊ ကံပိုင်းပေါ့၊ ကံအကြောင်း စတုက္ကဆိုတာက ၄-ခု၊ အဲဒီတော့ ကံလေးမျိုး၊ လေးလီလို့ သူခွဲပြလိမ့်မယ်၊ ဒီ ကမ္မ စတုက္ကဟာ အရေးကြီးတယ်၊ ကံ ကံရဲ့ အကျိုးတရားသဘော၊

ရှေးဦးစွာ ကံတွေ ဘယ်နှစ်မျိုးရှိတယ်၊ ဘာကံတွေ ဘာကံတွေဆိုတာကို မလေ့လာခင် ကံဆိုတာဘာလဲနားလည်ဖို့ အရေးကြီးတယ်နော်၊ အခုတော့ အဘိဓမ္မာ လုပ်နေတော့ ရေးရေးတော့ နားလည်နေပြီနဲ့ တူပါတယ်နော်၊ များသောအားဖြင့်က ကံဆိုတာ ဘာလဲဆိုတာ ကံဆိုတာ အမှုပဲ၊ ကံဆိုတာ ပြုလုပ်တာ တစ်ခုပဲ၊ ဒီလိုပဲ ပြောလေ့ ရှိကြတယ်၊ ဟုတ်တယ်မဟုတ်လား၊ အလုပ်တစ်ခုခု လုပ်တာကို

[စာမျက်နှာ-58] ကံလို့ခေါ်တယ်၊ အလုပ်ကို ကံလို့ခေါ်တယ်၊ ပါဠိလိုကမ္မလို့ခေါ်တယ်၊ ဒါပေမယ့်လို့ အဘိဓမ္မာနဲ့အညီ တိတိကျကျ ပြောမယ်ဆိုရင် ကံဆိုတာ (action) မဟုတ်ဘူး၊ ကံဆိုတာလုပ်တာ မဟုတ်ဘူး၊ အဲဒီလုပ်တဲ့ နေရာမှာ ပါတဲ့စေတနာ၊ အဲဒီစေတနာကို ကံလို့ခေါ်တာ။

စေတသိက် ၅၂-ပါးထဲမှာ စေတနာမပါဘူးလား၊ ပါတယ်နော်၊ အဲဒီစေတနာ စေတသိက်ကို ကံလို့ခေါ်တာ၊ သို့သော် စေတနာ စေတသိက်က စိတ်တိုင်းနဲ့ မယှဉ်ဘူးလား၊ ယှဉ်တယ်၊ ဒါပေမယ့်လို့ ကံလို့ခေါ်ရတဲ့ စေတနာကတော့ စိတ်တိုင်းနဲ့ ယှဉ်တာကို မဆိုလိုဘူး၊ ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ယှဉ်တာကို ဆိုလိုတယ်၊ ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အကုသိုလ်စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အဲဒီစေတနာကို ကံလို့ခေါ်တာ။

ဒါကြောင့်မို့ တိတိကျကျပြောပါဆိုရင် ကံဆိုတာဘာလဲ၊ ကံဆိုတာ စေတနာ မြတ်စွာဘုရားဟောထားတဲ့ ပါဠိရှိတယ်၊ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုလိုတာကတော့ စေတနာကိုပဲ ငါက ကံလို့ဆိုတယ်တဲ့၊ ကံနဲ့စေတနာ အတူတူပဲ လို့ဆိုတယ်၊ ဒါကြောင့်မို့ ကောင်းမှုတစ်ခုခုကို ပြုတဲ့အခါမှာဖြစ်စေ မကောင်းမှု တစ်ခုခုပြုတဲ့အခါမှာဖြစ်စေ စိတ်ဖြစ်တယ်၊ အဲဒီစိတ်နဲ့အတူဘာပါသလဲ၊ စေတနာ စေတသိက်ပါမယ်၊ အဲဒီစေတနာ စေတသိက်ကို ကံလို့ခေါ်တာနော်၊ အမှန်အတိုင်း ပြောမယ်ဆိုရင် ပြုခြင်းအမှုကို ကံလို့ခေါ်တာမဟုတ်ဘူး၊ သို့သော်လည်း အကြောင်း အကျိုးဆိုတဲ့ အနေနဲ့ ပြောမယ်ဆိုရင်တော့ (action နဲ့ reaction) နဲ့ ပြောရင်ရပါတယ်၊ generalize လုပ်ပြီး ပြောရင်ရပါတယ်။

သို့သော် တိတိကျကျ ပြောမယ်ဆိုရင်တော့ ကံဆိုတာ စေတနာ၊ အဲဒီ စေတနာကပြုလုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သို့မဟုတ် စိတ်ထဲမှာဖြစ်တာ၊ စိတ်ထဲမှာ ဖြစ်တယ်ဆိုတာ ကောင်းတာလုပ်ရင် ကုသိုလ်စိတ်ဖြစ်တယ်၊ မကောင်းတာလုပ်ရင် အကုသိုလ်စိတ်ဖြစ်တယ်၊ အဲဒီ ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ အတူတွဲပြီးတော့ ဖြစ်တဲ့စေ့ဆော်မှု သဘောတရား စေတနာ၊ တက်တက်ကြွကြွဖြစ်တဲ့ သဘောတရား၊ အဲဒီ သဘောတရားလေးကို ကံလို့ခေါ်တာ။

ကောင်းပြီ၊ အဲဒီတော့ စေတနာဟာ စေတသိက်တစ်ခု၊ စေတနာဟာ စေတသိက်တစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ သူဟာ ဥပါဒ် ဌီ ဘင် ဖြစ်ပြီးရင်ချုပ် မသွားရပေဘူးလား၊ စိတ်ဟာ ဥပါဒ် ဌီ ဘင်ပြီးရင် ချုပ်ပျောက်သွားပြီ၊ ဖဿ စေတသိက် ဥပါဒ် ဌီ ဘင် ပြီးရင် ချုပ်ပျောက်သွားရပြီဆိုတော့ စေတနာဟာလည်း

[စာမျက်နှာ-59] ဒီအတိုင်းပဲပေါ့၊ ပရမတ္ထတရားတို့ရဲ့ သဘောအရ သူလည်းချုပ်ပျောက်သွားရတယ်။

သို့သော် သူက တခြားစေတသိက်တွေထက် ဘာထူးသလဲဆိုတော့ တခြား စေတသိက်တွေက ပျောက်ပြီဆိုရင် ပျောက်သွားတာပဲ၊ ဘာမှ မကျန်ရစ်တော့ဘူး၊ အရာထင်မကျန်ရစ်ခဲ့တော့ဘူး၊ ဒီ စေတနာကတော့ သူလည်းချုပ်ပျောက်သွား ပေမယ့်လို့ သူ့ရဲ့ အကျိုးပေးနိုင်တဲ့သတ္တိကို ချန်သွားတယ်၊ အဲဒါကျန်ရစ်တယ်၊ ပရမတ္ထအထည် ကိုယ် သဘောနဲ့ကတော့ သူကချုပ်ရမှာပဲ၊ မချုပ်လို့မဖြစ်ဘူး ဟုတ်လား၊ ဥပါဒ် ဌီ ဘင် ဆိုပြီးရင် ချုပ်သွားတာပဲ၊ အဲဒီလို ချုပ်သွားပေမယ့်လို့ အကျိုးပေးနိုင်တဲ့ သတ္တိကို သတ္တဝါတွေရဲ့ သန္တာန်မှာ သတ္တဝါတွေရဲ့ စိတ်အစဉ်ထဲမှာ သူက ထားဖြစ်ခဲ့တယ်တဲ့၊ ဒါ သူရဲ့ ထူးခြားချက်ပဲ၊ ဒါကြောင့်မို့လည်းပဲ တစ်ချိန် ကျတော့ ထပြီး အကျိုးပေးတာနော်၊ ပဋိသန္ဓေဖြစ်တယ်၊ ဟိုဘဝဖြစ်တယ်၊ ဒီဘဝဖြစ်တယ်၊ ဒါ ကံရဲ့ အကျိုးကြောင့်ဖြစ်တာ။

အဲဒီတော့ ကံဟာ ထင်ရှားမရှိပေမယ့်လို့ သူကတော့ကံကတော့ ချုပ်သွားတာပဲ။ သို့သော် သူ့သတ္တိလေးက အစဉ်တစိုက် လိုက်ပါနေတော့ ဒီအခြေအနေကောင်းတွေနဲ့ ကြုံတဲ့အခါမှာ ကုသိုလ်ကံ ထ၊ အကျိုးပေးလိုက်တာပဲ၊ အခြေအနေမကောင်းတာနဲ့ ကြုံတဲ့အခါမှာ အကုသိုလ်ကံ ထပြီး အကျိုးပေးလိုက်တာပဲ၊ အဲဒီလို သူက ဒီ ချုပ်သွားပေမယ့်လို့ သတ္တဝါတွေရဲ့ သန္တာန်မှာ အကျိုးပေးနိုင်တဲ့သတ္တိကို ထားဖြစ် ခဲ့တယ်။

ဒါဖြင့်ရင် အဲဒီအကျိုးပေးနိုင်တဲ့ သတ္တိပဲပြောပြော၊ ကံလို့ပဲပြောပြော၊ အဲဒါ ဘယ်နားမှာရှိတယ်လို့ပြောနိုင်သလဲ၊ ဘယ်နားမှာရှိသလဲ၊ ဘယ်နေရာမှာ မြှုပ်နှံထား ခဲ့သလဲ၊ ဒါကတော့ ကိုယ်မပြောနဲ့၊ ရဟန္တာတောင် မဖြေနိုင်ဘူး၊ ဟုတ်လား၊ မိလိန္ဒမင်းကြီးက အဲဒါမေးတယ်၊ အရှင်နာဂသိန်ဖြေတာကို နားထောင် ပြီးတော့ “အရှင်ဘုရား နာဂသေနတဲ့၊ ဤရုပ်နာမ်ဖြင့် ကုသိုလ်ကံကိုလည်းကောင်း၊ အကုသိုလ်ကံကိုလည်းကောင်း ပြုလုပ်အပ်၏၊ သတ္တဝါဆိုတဲ့ ရုပ်နာမ်က ကုသိုလ် ပြုတယ်၊ အကုသိုလ်ပြုတယ်၊ ထိုကံတို့သည် အဘယ်၌တည်ရှိနေပါ ကုန်သနည်း”၊ အဲဒီကံတွေ ဘယ်သိမ်းထားသလဲ၊ ဘယ်မှာ စတို လုပ်ထားသလဲ။

အဲဒီတော့ ရှင် နာဂသိန်က ဖြေတယ်၊ “မင်းမြတ်၊ ထိုကံတို့သည် အစဉ် တစိုက် နောက်မှလိုက်သော အရိပ်ကဲ့သို့ အစဉ်တစိုက်နောက်မှ လိုက်တတ်ကုန်၏”တဲ့ အရိပ်လိုပဲ သတ္တဝါနောက်ကပါတယ်ပေါ့လေ၊ အရိပ်ပမာပါနေတယ်။

အဲဒီတော့ မိလိန္ဒမင်းကြီးကမေးတယ် “အရှင်ဘုရား၊ ဤနေရာ၌ လည်း

[စာမျက်နှာ-60] ကောင်း၊ ဤနေရာ၌လည်းကောင်း၊ ထိုကံတို့သည် တည်ရှိကုန်၏ ဟု ပြခြင်းငှာ တတ်ကောင်းပါသလော” ဒီနားမှာရှိတယ်ကွ၊ ဟိုနားမှာရှိတယ်ကွလို့ ဒီလို ပြောနိုင်ပါ့မလားဆိုတော့ “မင်းမြတ်၊ ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌ လည်းကောင်း ထိုကံတို့သည် တည်ရှိကုန်၏ဟု ထိုကံတို့ကိုပြခြင်းငှာ မတတ်ကောင်း” မပြောနိုင်ဘူးတဲ့၊ ဒီနားမှာရှိတယ်ကွ၊ ဒီနားသိမ်းထားတယ်၊ ဟိုမှာသိမ်းထားတယ်လို့ မပြောနိုင်ဘူးတဲ့၊ သို့သော် ရှိတော့ရှိနေတာပဲ၊ ရှိနေလို့လည်းပဲ အကျိုးတွေပေါ်တာပေါ့။ ဒီကံ သို့မဟုတ် ဒီကံရဲ့ သတ္တိသာ မရှိဘူးဆိုရင် အကျိုးမပေါ်နိုင်ဘူးနော်၊ အခု အကျိုးတွေ ပေါ်တာထောက်တော့ သူရှိတယ်။

အဲဒီတော့ မိလိန္ဒမင်းကြီးက “ဥပမာပြုတော်မူပါဦးလော့” ဥပမာလေးနဲ့ ပြောပါတဲ့၊ အဲဒီမိလိန္ဒပဉှာမှာ ဥပမာတွေနဲ့ချည်းပဲ၊ မိလိန္ဒမင်းကြီးကတော့ ဥပမာ အမြဲတမ်းတောင်းတယ်၊ “မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ (မင်း ဘယ်လို ထင်သလဲတဲ့) အကြင်သစ်ပင်တို့သည် အသီးတို့ မသီးသေးကုန်၊ (သရက်ပင်စိုက်ထားတယ်ဆိုပါတော့၊ အသီးမသီးသေးဘူး) “ဤနေရာ၌လည်းကောင်း၊ ထိုနေရာ၌လည်းကောင်း၊ ထိုအသီးတို့သည် တည်ရှိကုန်၏ဟု ထိုသစ်ပင်တို့၏ အသီးကိုပြခြင်းငှာ တတ်ကောင်းပါသလော” (အသီးတွေ အမြစ်ထဲရှိတယ်။ သို့မဟုတ် ပင်စည်ထဲရှိတယ်၊ အကိုင်းထဲရှိတယ်၊ အရွက်ထဲရှိတယ်လို့ ဒီလိုပြောနိုင် သလားတဲ့၊ မပြောနိုင်ဘူးတဲ့။)

အဲဒီတော့ မိလိန္ဒမင်းကြီးက “အရှင်ဘုရား မတတ်ကောင်းပါ”တဲ့၊ “မင်းမြတ် ဤအတူသာလျှင် အစဉ်၏မပြတ်ခြင်းကြောင့်” (ဆိုလိုတာကတော့ သတ္တဝါတွေဟာ အစဉ်အတန်းကြီး ဒီလိုဖြစ်နေတာပေါ့လေ၊ တစ်ဘဝပြီးတစ်ဘဝ တစ်ဘဝပြီး တစ်ဘဝ သွားနေတဲ့ အစဉ်သန္တာန်ရှိတယ်) အဲဒီ“အစဉ်၏ မပြတ်ခြင်းကြောင့် ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း၊ ထိုကံတို့သည် တည်ရှိကုန်၏ ဟု ပြခြင်းငှာ မတတ်ကောင်းတဲ့”နော်။

အဲဒီတော့ ရှင်နာဂသိန်တောင်မှ မပြနိုင်ဘူးဆိုရင်တော့ ဘယ်သူမှမပြနိုင်ဘူး၊ သို့သော် ပြတာမပြနိုင်တာ၊ ရှိတယ်လို့က ပြောရမှာပေါ့၊ ဥပါဒ် ဌီ ဘင် အနေနဲ့ ရှိတာမဟုတ်ဘူး၊ ဥပါဒ် ဌီ ဘင် အနေနဲ့ကတော့ ဖြစ်ပြီးချုပ်သွားပြီပေါ့၊ မရှိဘူး၊ သို့သော် တစ်နည်းနည်းနဲ့ ကျန်ရစ်တယ်တဲ့၊ ဒါ အတော်ဆန်းတယ်၊ သူကျန်ရစ်လို့ လည်းပဲ ဒီအခြေအနေတွေနဲ့ တွေ့လာတဲ့အခါမှာ အချိန်အခါကောင်း အချိန်အခါ မကောင်း၊ ဂတိကောင်း ဂတိမကောင်း၊ ဥပဓိကောင်း၊ ဥပဓိမကောင်း၊ ပယောဂကောင်း၊ ပယောဂမကောင်း စသည်ဖြင့် အဲဒီအခါမျိုးမှာ ထပြီးတော့ အကျိုးပေးတာ။

[စာမျက်နှာ-61] ကောင်း၊ ပယောဂမကောင်းဆိုတဲ့ အခြေအနေတွေနဲ့ တွေ့တဲ့အခါမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ တွေ့တဲ့အခါမှာ ကောင်းတဲ့ကံက အကျိုးပေးသွားတာပဲ။ မကောင်းတဲ့ အခြေအနေတွေ ဖြစ်နေတဲ့အခါကျ မကောင်းတဲ့ကံက အကျိုးပေးသွား တာပဲ။

အဲဒါကြောင့်မို့ ကံဆိုတာ ဘယ်နားလာတယ်၊ ဘယ်နားသိမ်းထားတယ် လို့တော့မပြောနိုင်ဘူး၊ သို့သော်ကောင်းမှုကိုဖြစ်စေ၊ မကောင်းမှုကိုဖြစ်စေ ပြုတဲ့အခါအထူးသဖြင့် တက်တက်ကြွကြွပြုရင် ပိုပြီးထင်ရှားတယ်ပေါ့လေ၊ စေတနာစေ့ဆော် မှုဟာ၊ အားထုတ်မှုဟာ ပိုထင်ရှားတယ်၊ သူဟာ ချုပ်သွားပေမယ့်လို့ ခုန သတ္တဝါတွေရဲ့ အစဉ်သန္တာန်မှာ အကျိုးပေးနိုင်တဲ့ သတ္တိချန်ထားခဲ့တယ်၊ အဲဒါကြောင့်မို့ အကျိုးပေးတာ၊ အဲဒီတော့ ထင်ရှားမရှိသော်လည်းပဲ အကျိုးပေးနိုင်တယ်။

အဲဒီနေရာမှာ တောင်မြို့ ဂန္ဓာရုံ ဆရာတော် ဦးဇနက ရေးတဲ့စာအုပ်ထဲမှာ တချို့ဆိုရင် မရှိပေမယ့်လို့ ကြာမှ အကျိုးပေးတာတွေ အများကြီးရှိပါတယ်တဲ့။ ဆိုပါတော့၊ စာကျက်ထားတယ်ဆိုပါတော့ အခုကကျက်ထားတယ်၊ ဟို နောင်ကျမှ သွားပြီးတော့ အကျိုးပေးတယ်၊ ဒါမျိုးတွေရှိတယ်၊ ငယ်ငယ်တုန်းက ကျန်းမာရေး ဂရုစိုက်ခဲ့တယ်၊ အစားအသောက် ဂရုစိုက်ခဲ့တယ် အဲဒီလို နေခဲ့တဲ့အတွက်ကြောင့်မို့ ကြီးတဲ့အခါကျတော့ ကျန်းမာတယ်၊ အဲဒီလိုဟာတွေ အများကြီးရှိတယ်တဲ့၊ ဒါကြောင့်မို့ မရှိလို့ အကျိုးမပေးရဘူးလို့ ဒီလို တွက်လို့မရဘူးပေါ့၊ မရှိသော်လည်း သူတို့ရဲ့ အကျိုးပေးဟာ တစ်ချိန်မှာ သွားပြီးတော့ ထင်ရှားတယ်နော်။

အဲဒါကြောင့်မို့ ကံဟာလည်းပဲ ထို့အတူပဲ ချုပ်သွားသော်လည်းပဲ မိမိရဲ့ အစွမ်းသတ္တိကို သန္တာန်အစဉ်မှာထားပစ်ခဲ့တယ်၊ အဲဒီထားပစ်ခဲ့တဲ့ အတွက်ကြောင့်မို့ သူ အကျိုးပေးချိန် တန်တဲ့ အခါ(ဆိုကြပါစို့) ထ၊ ထပြီးတော့ အကျိုးပေးတယ်။ ဒါကံရဲ့ သဘောပဲ။

ဒါကြောင့်မို့ ကံအကြောင်းပြောလာပြီဆိုရင် တိတိကျကျ ပြောလာပြီဆိုရင် စေတနာကံနော်၊ သို့သော် စေတနာဆိုတာ ပြုလုပ်တာနဲ့ ကင်းပြီးတော့ စေတနာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ အကုသိုလ်ပြုတာနဲ့ ကင်းပြီးတော့ အကုသိုလ်စေတနာ မဖြစ်နိုင်ဘူး၊ ကုသိုလ်ပြုတာနဲ့ ကင်းပြီး ကုသိုလ်စေတနာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ မကင်းရာမကင်းကြောင်းအနေနဲ့ ပြောရင်တော့ အမှုဆိုတဲ့ ကောင်းမှုကုသိုလ် ဒါလည်းကံပေါ့၊ သို့သော် တိတိကျကျ ပြောမယ်ဆိုရင် စေတနာ စေတသိက်၊ အဲဒါမှ ကံ ကံ အကြောင်းကို အဲဒီလိုလေး သေသေချာချာ နားလည်ရမယ်။

[စာမျက်နှာ-62] ပြီးတော့ ဦးဇင်းတို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ ကံဆိုတာ ကံပဲနော်၊ ကံရဲ့ အကျိုးကို ကံလို့ ဘယ်သောအခါမှ မပြောဘူး၊ တချို့ အနောက်နိုင်ငံက လူတွေ ကံအကြောင်းရေးတဲ့အခါ သူတို့က ကမ္မဟာ (kamma and vipaka) ၂-ခု စလုံးကို ဆိုလိုတယ်လို့ သူတို့က အဲဒါမျိုး လုပ်လုပ်နေကြတယ်၊ ဦးဇင်းတို့ ထေရဝါဒမှာတော့ ကံဆိုတာ အကြောင်းသက်သက်ပဲ၊ အကျိုးဆို ဟုတ်ကို မဟုတ်ဘူး၊ အကျိုးကို ဝိပါကလို့ခေါ်တာကိုးနော်၊ ကံဟာ အကြောင်းပဲ၊ အဲဒါကြောင့်မို့ အင်္ဂလိပ်လို ရေးတာတွေတွေ့ရင် သတိထားရမယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့ ဟို ဉာဏ်လွန်တဲ့လူတွေအကြောင်း အဋ္ဌကထာ တွေမှာ တစ်နေရာမှာ ရေးထားတာရှိတယ်၊ အဲဒီတော့ အဘိဓမ္မာသင်ရောတဲ့။ အဘိဓမ္မာသင်ပြီးတော့ သူက သိပ်ပြီးတော့ အတွေးခေါ်လွန် သွားရင် ဘာဖြစ်တတ် သလဲ၊ ပညာလွန်ရင် မာယာများတယ်တဲ့၊ တစ်ဘက်ကို ရောက်သွားတတ်တယ်ဆိုတာ ရှိတယ်နော်၊ သဒ္ဓါလွန်တော့ တွေ့ကရာ ယုံတတ်တယ်၊ ပညာလွန်တော့ ဟိုတွေး ဒီတွေးပြီးတော့ အတွေးတွေမှားကုန်တာ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့နေရာမှာ စေတနာကို ဥပမာပေးထားတာရှိတယ်၊ အဘိဓမ္မာသိပ်တတ်ပြီးတော့ အဲဒီလို လမ်းမှားရောက်တဲ့သူတွေက ဘယ်လိုပြောလဲ “ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စိတ်ထဲဖြစ်တာ၊ အဲဒီတော့ စိတ်ထဲ စေတနာဖြစ်နေရင်ပြီးတာပဲကွ၊ ဒါ လှူချင်တဲ့ စေတနာဖြစ်နေရင် ဒါနမြောက်တာပဲ၊ မင်း ဒါနလုပ်စရာ မလိုဘူး၊ သီလဆောက်တည်ချင်တဲ့ စေတနာဖြစ်နေရင်ပြီးတာပဲ၊ သီလဆောက်တည်စရာ မလိုဘူး” ပေါ့လေ၊ ဒါ အဲဒီလိုဆိုတော့ ဒါနလည်းမပြုဘူး၊ သီလလည်း မဆောက်တည်ဘူး ဆိုတော့ သူက ကောင်းရာမွန်ရာ မရောက်တော့ဘူးပေါ့လေ၊ အဲဒီလို အတွေးခေါ်လွန် သွားရင် ဖြစ်တတ်တယ်ဆိုတာ၊ ဒါနဲ့ အကြောင်းပြထားတာ။

ဒါပေမယ့်လို့ သူတို့စဉ်းစားတာ မှားတာပေါ့၊ ဟုတ်တယ်မဟုတ်လား၊ ခုနပြောသလို လုပ်ကိုင်မှု မပါဘဲနဲ့ စေတနာမှ မဖြစ်ဘဲ၊ ဒါန စေတနာဆိုတာ ပေးတာမဟုတ်ဘူးလား၊ ဘာ တစ်ခုမှ မပေးဘဲနဲ့ ထိုင်ပြီးတော့ ဒါန စေတနာလုပ်လို့ ရမလားနော်။

မေး - အရှင်ဘုရား အဲဒီလိုဆိုရင် တွေးတာဟာ ဝိတက်ဖြစ်မလား၊ သဒ္ဓါ ဖြစ်မလား ဘယ်လိုခေါ်မလဲ။

ဖြေ - ပညာ၊ အမှန်ကတော့ ပညာနဲ့ တွေးတာ၊ ပညာနဲ့တွေးပေမယ့်လို့ အတွေး လွန်သွားတော့ မာယာဆိုတာ ဖြစ်သွားတာ၊ ပါဠိလိုကျတော့ “ကေရာသိကံ ပက္ခ ---

[စာမျက်နှာ-63] ပဇတိ” လို့ သုံးတယ်၊ စဉ်းလဲတဲ့ဘက် ရောက်သွားတယ်တဲ့၊ လူက သိပ်တတ် လာရင် ဒီလိုပဲမဟုတ်လား၊ သူများကို အနိုင်ယူပြီးတော့ အဟုတ်ကို မဟုတ်ပြော၊ မဟုတ်ကို အဟုတ်ပြော၊ ကြံဖန်ပြီးတော့ ပြောတတ်တယ် မဟုတ်လား၊ ပြောလိုက်ရင်ပဲ ဟုတ်သလိုပဲဆိုတော့ သူတို့ကို ယုံသွားတယ်၊ ခုနပြောသလိုပဲ စေတနာဆိုတာ နာမ်တရားပဲ၊ နာမ်တရားဆိုတာ မင်းစိတ်ထဲတွင်ဖြစ်တာ ဟုတ်တယ် မဟုတ်လား၊ အဲဒီတော့ လှူတဲ့စေတနာ မင်းစိတ်ထဲဖြစ်ရင် ပြီးတာပဲ၊ တကယ် မလှူဘဲ ကုသိုလ်ရတာပဲဆိုရင် ဟုတ်သလိုလိုဖြစ်သွားတာပေါ့၊ ဒါပေမယ့်လို့ ပစ္စည်းတစ်ခုခုပေးတာကို ဒါနလို့ခေါ်တာပေါ့၊ အဲဒီပစ္စည်းတစ်ခုခုကို မပေးဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ဒါန စေတနာဖြစ်မလဲ၊ မဖြစ်နိုင်ဘူး။

ကောင်းပြီ၊ ဒါ ကံအကြောင်းနော်၊ အဲသလို ကံအကြောင်းကို ကောင်း ကောင်းနားလည်ရမယ်၊ အဲဒီကံတွေအကျိုးအမျိုးမျိုးရှိတယ်၊ အမျိုးမျိုးမှာ နောက်ဆုံး ကျရင် ကုသိုလ်ကံ အကုသိုလ်ကံနဲ့သွားမယ်၊ သို့သော် အခုရှေ့ပိုင်းမှာတော့သုတ္တန်မှာ လာတဲ့ကံတွေကို သင်္ဂြိုဟ်ဆရာက ဒီမှာ ပြထားတယ်နော်၊ အဋ္ဌကထာ တွေမှာလည်း ဒါကိုပြတယ်၊ ဒါကြောင့်မို့ အဲဒီအစဉ်အတိုင်း ဒီနေ့ လေ့လာကြရမယ်။

(၁) ကိစ္စ၏အစွမ်းဖြင့် ကံ ၄-မျိုး

ကိစ္စဆိုတာ သူတို့ရဲ့ (function) ပေါ့လေ၊ ကံလေးမျိုးရှိတယ်တဲ့၊ အဲဒီကံ ၄-မျိုးက ပထမ ဘာကံတဲ့တုန်း၊

(၁) ဇနကကံ - ဇနကဆိုတာ ဖြစ်စေတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ သူ့သဒ္ဒါအနက်က ဇနက = ကံ ဖြစ်စေတတ်တယ် ဘာကို ဖြစ်စေတတ်တာတုန်း၊ အကျိုးဝိပါက်ကိုတဲ့၊ ပဋိသန္ဓေအခါ၌ဖြစ်စေ ပဝတ္တိအခါ၌ ဖြစ်စေ၊ ပဋိသန္ဓေအခါ ဆိုတာ တကယ့် ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်အခါမှာကိုဆိုလိုတာ၊ ဥပါဒ် ဌီ ဘင် ဖြစ်နေတုန်း ပဋိသန္ဓေလို့ခေါ်တာ၊ အဲဒီ ပဋိသန္ဓေနောက် ပထမ ဘဝင်ကစပြီးတော့ သေသည့်တိုင် ပဝတ္တိလို့ခေါ်တာ၊ ဒါကြောင့်မို့ ပဋိသန္ဓေ ဆိုရင် ပဋိသန္ဓေစိတ်ဖြစ်နေတဲ့ အခိုက်အတန့်ကို ဆိုလိုတယ်၊ ပဝတ္တိအခါဆိုရင် တစ်ဘဝလုံးကိုဆိုလိုတယ်။ ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာ အခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သောကံ၊ ပဋိသန္ဓေအခါမှာ ပေးချင်ပေးမယ်၊ ပဝတ္တိအခါမှာ ပေးချင်ပေးမယ်၊ အဲဒီလို ကံမျိုးကို ဇနကကံလို့ ခေါ်တယ်။

အကျိုးဝိပါက်ဆိုတာ ဝိပါက်စိတ်ရယ်၊ ဝိပါက်စိတ်နဲ့ယှဉ်တဲ့ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ရယ်၊ ကမ္မဇရုပ်ကတော့ နားမလည်သေးဘူး၊ ဒါ ရုပ်ပိုင်းကျလာလိမ့်မယ်၊ ပြီးတော့ အဲဒီကဆက်ပြီးဖြစ်တဲ့ ဥတုဇရုပ်ရယ်

[စာမျက်နှာ-64] ကမ္မပစ္စယဥတုဇတို့ ခေါ်တာပေါ့ လေ၊ ကံကြောင့် ဥတုဇရုပ် ဆက်ဖြစ်တာနော်၊ ဒါ ပဋိသန္ဓေအခါမှာတင် မဟုတ်ဘူး၊ ပဝတ္တိအခါမှာရောပေါ့။

ဆိုပါတော့၊ ငရဲကျသွားတယ်၊ သူငရဲကျပြီးတဲ့နောက် ငရဲဒုက္ခတွေခံရတယ်။ သင်တုန်းကြီးနဲ့ အဖြတ်ခံရတာတို့ ဘာတို့ညာတို့ပေါ့လေ၊ အဲဒါမျိုးတွေပေါ့၊ အဲဒါမျိုးတွေကို အကျိုးဝိပါက်လို့ခေါ်တယ်။ ဒါကြောင့် အကျိုးဝိပါက်လို့ ပြောရင် ဘယ်လို နားလည်ရမလဲ၊ ဝိပါက်စိတ်ရယ်၊ ဝိပါက်စိတ်နဲ့ယှဉ်တဲ့ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ်၊ အဲဒီကမ္မဇရုပ်ကနေတစ်ဆင့် ထောက်ပြီးတော့ဖြစ်တဲ့ ဥတုဇရုပ်ရယ်၊ ဒါတွေကို အကျိုးဝိပါက်လို့ ဒီနေရာမှာခေါ်မှာ။

အဲဒါတွေကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာဖြစ်စေ၊ အခွင့်ရတဲ့ အခါမှာဖြစ်စေနိုင်တဲ့ ကံမျိုးကို ဇနကကံလို့ခေါ်တယ်၊ ဒါ ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် ဖြစ်နိုင်တယ်ပေါ့နော်။

(၂) ဥပတ္ထမ္ဘကကံ - ဥပတ္ထမ္ဘကဆိုတာ ထောက်ပံ့တယ်လို့ အဲဒီလို အဓိပ္ပါယ်ရှိတယ်၊ ကိုယ်တိုင်ကအကျိုးမပေးနိုင်တဲ့၊ တစ်ပါးသောကံ၊ အကျိုးပေးခွင့်ရလေအောင် ကူညီတတ်တဲ့ကံ၊ အဲဒီ နဂိုကံက အကျိုးပေးခွင့် ရနေပြန်ရင်လည်း အကျိုးပေးပိုပြီးတော့သန်အောင် သူက ကူညီပေးတယ်၊ အကျိုး ပေးတဲ့အခါမှာလည်းပဲ ထိုအကျိုးများကြာရှည်ဖွံ့ဖြိုးလေအောင်၊ သုံးချက်ရှိတယ်ပေါ့။ ကိုယ်ကိုယ်တိုင်က အကျိုးမပေးနိုင်ပေမယ့်လို့ တစ်ပါးသောကံ အကျိုးပေးခွင့်ရအောင်၊ အဲဒီကံက သူ့ဟာသူအကျိုးပေးခွင့် ရနေရင်လည်းပဲ အကျိုးပေးထက်သန်အောင်၊ နောက်အကျိုးပေးတဲ့အခါမှာလည်း ကြာရှည်ဖွံ့ဖြိုး အကျိုးပေးနိုင်အောင် ကုသိုလ်အရာ မှာဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ၊ လျော်စွာထောက်ပံ့ ကူညီတတ်သောကံ (support) လုပ်တဲ့ကံ။

ဥပတ္ထမ္ဘကကံကလည်း အရေးကြီးတာပဲ၊ ဇနကကံက ဘဝတစ်ခုဖြစ်စေပြီ ဆိုရင် ဥပတ္ထမ္ဘကကံ တစ်ခါထောက်ပံ့ရင် အကောင်းချည်းတွေ့တာပေါ့၊ လူ့ဘဝမှာ အကောင်းချည်းတွေ့ နေတာ ဥပတ္ထမ္ဘကကံ ထောက်ပံ့နေတာ အများကြီးပါတာပေါ့။ ဒါကို ဥပတ္ထမ္ဘကကံလို့ခေါ်တယ်။

(၃) ဥပပီဠကကံ - ဥပပီဠကဆိုတာ ကပ်ပြီးတော့ နှိပ်စက်တတ်တယ်လို့ ဆိုတာ၊ တစ်ပါးသောကံကို အကျိုးပေးခွင့်မရအောင် သူက ဝင်နှောင့်ယှက်နေတာ၊ တားဆီးနေမှာ အဲဒီလိုကံမျိုး၊ အခွင့်ရပြန်လျှင် အကျိုးပေး မထက်သန်အောင်၊ သူများ သူဟာသူအကျိုးပေးခွင့်ရ ပြန်လည်း သူကဝင်ပြီး

[စာမျက်နှာ-65] ကပ်ဖဲ့ယပ်လုပ်မှာပေါ့၊ ဒီကံမျိုးတွေက ရပြီးသားအကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ရပြန်ရင်လည်း အကျိုးညံ့သွားအောင်ပေါ့လေ၊ ဘာခေါ်လဲ၊ ပြည့်ပြည့်ဝဝ အကျိုး မပေးအောင် အဲသလို ကပ်ပြီးတော့ နှိပ်စက်တတ်တဲ့ ကံမျိုးကို ဥပပီဠကကံလို့ ခေါ်တယ်၊ ဒါကလည်းပဲ ကုသိုလ်ရော အကုသိုလ်ရော နှစ်မျိုးလုံးပဲ ဖြစ်နိုင်တယ်။

ကုသိုလ်ကို နှိပ်စက်တဲ့အခါမှာ အကုသိုလ်ကံပေါ့၊ အကုသိုလ်ကို နှိပ်စက်တော့ ကုသိုလ်ကံ၊ အကုသိုလ်နှိပ်စက်တော့ ကုသိုလ်ကံဆိုတာ ခွေးဖြစ်နေတယ်ဆိုပါတော့၊ ခွေးဖြစ်တယ်ဆိုတာ အကုသိုလ်ကံကြောင့်ခွေးဖြစ်တာ၊ အကုသလဝိပါက်၊ ဥပေက္ခာ သဟဂုတ် သန္တီရဏနဲ့ သူ ပဋိသန္ဓေနေတာ၊ ဒါပေမယ့်လို့ ခွေးဘဝမှာ ဟန်ကျ ပန်ကျ၊ နေရတယ်၊ စားကောင်းသောက်ကောင်းတွေ စားရတယ်၊ နေစရာ ကောင်းကောင်းနေရတယ်၊ အခု ဒီနိုင်ငံ (အမေရိကန်) က ခွေးတွေလိုပေါ့။

ဒါက ဘာလဲဆိုရင် ကုသိုလ်ပီဠကကံက သူတို့ကို ဝင်ပြီးတော့ အကုသိုလ်ကံကို နှိပ်စက်ပေးနေတာ၊ သူ့ အကုသိုလ်အကျိုးပေးခွင့် အကျိုးပေးတာ မဖွံ့ဖြိုးအောင် လုပ်နေတာ။

အကုသိုလ်က ကောင်းကောင်းကြီး အကျိုးပေးမယ်ဆိုရင် ခွေးဘဝမှာလည်း ခွေးပိန်ခွေးနာဘဝနဲ့ ဒုက္ခရောက်နေရမှာကိုး၊ အခု ခွေးသာဆိုတယ်၊ တချို့နေရာတွေက လူတွေထက်တောင် သူတို့ကဟန်ကျသေးတယ်။ အစားကောင်းစားရတယ်၊ ကျန်းမာရေးတို့ဘာတို့ ဆရာဝန်ဆီ မှန်မှန်ပို့ရတာတို့၊ ခြေသည်းလက်သည်း ဖြတ်ပေးရတာတို့ ရှန်ပူ လုပ်ရတာတို့ စုံနေတာပဲ၊

အဲဒီလို သူတို့ခံစားရတာတွေက ဘာလဲဆိုရင် ကုသိုလ်ဥပပီဠကကံက အကုသိုလ်ကံကို နှိပ်စက်ပေးတာ၊ အကုသိုလ်ကံကြောင့် ခွေးဖြစ်တယ်၊ သို့သော် ကုသိုလ်ဥပပီဠကကံက ဝင်ပြီးတော့ အဲဒီအကျိုးပေးကို ညံ့အောင်လုပ်လိုက်တော့ သူက ကောင်းတာလေးတွေ တွေ့နေတာပေါ့နော်၊ လူဖြစ်လာတယ်၊ ကုသိုလ်အကျိုးကြောင့်ဖြစ်တယ်၊ လူ့ဘဝမှာ ကျိုးနေ၊ ကန်းနေ၊ ဆင်းရဲနေတာကျတော့ အကုသိုလ် ဥပပီဠကကံပေါ့နော်၊ ဒါကြောင့် တစ်ပါးသောကံကို အကျိုးပေးခွင့် မရလေအောင် အခွင့်ရပြန်လျှင် အကျိုးမထက်သန်အောင်၊ ရပြီးသား အကျိုးကိုလည်း မဖွံ့ဖြိုး လေအောင် ကပ်၍ နှိပ်စက်တတ်သောကံ၊ အကျိုးပေးခွင့် မရအောင်လည်း သူက နှိပ်စက်နိုင်တယ်၊ ကုသိုလ်အကျိုးပေးခွင့် မရလေအောင် အကုသိုလ်က နှိပ်စက်မယ်နော်၊ အကုသိုလ် အကျိုးပေးခွင့် မရအောင် ကုသိုလ်က နှိပ်စက်မယ်။

(၄) ဥပဃာတကကံ - ဥပဃာတကဆိုတာ နှိပ်စက်တတ်တာနော်၊ ဒီနေရာမှာတော့

[စာမျက်နှာ-66] နှိပ်စက်တယ်ဆိုတာ ဖြတ်ပစ်တဲ့သဘောရှိတယ်၊ ဒါကြောင့်မို့ နှိပ်စက်ရုံတင်မကဘဲ ဟိုတုန်းကတော့ နှိပ်စက်ရုံတင် နှိပ်စက်တာ၊ ဒါကတော့ နှိပ်စက်ရုံတင်မက တစ်ပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင် သတ်ဖြတ်တတ်တဲ့ကံ၊ ပေးပြီးတဲ့ အကျိုးများကိုလည်း ပြတ်သွားအောင်သတ်ဖြတ်တတ်တဲ့ကံ၊ အဲဒီကံမျိုးကို ဥပဃာတကကံလို့ ခေါ်တယ်။

ဒါလည်း ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးရှိတယ်ဆိုပါတော့၊ ပဉ္စာနန္တရိယကံ မျိုးကျတော့ နောက်ဘဝ အပါယ်ကို ကျကို ကျရမှာနော်၊ ရှောင်လို့လို မရဘူး၊ ဒါ ဥပဃာတကကံတွေပေါ့၊ အဇာတသတ်ဟာနောင်အခါမှာ ဘုရားကို သိပ်ကြည်ညို သွားတယ်၊ ဘယ်လောက်ကြည်ညိုကြည်ညို အဖသတ်ထားတဲ့ ဥပဃာတကကံ၊ ပိတုဃာတကကံ ရှိထားတဲ့အတွက်ကြောင့်မို့ ငရဲပဲကျတယ်၊ ငရဲမလွတ်ဘူး၊ အဲဒါပေါ့၊ နှိပ်စက်ရုံတင်မက တစ်ပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင် ပြုလုပ်တတ်တယ်၊ အင်္ဂုလိမာလ လူတွေသတ်ထားတာ မနည်းဘူး ဟုတ်လား၊ လက်ညှိုးတစ်ထောင်လို့ ဆိုပေမယ့်လို့ သူကသတ်ပြီးတော့ ဒီလက်ညှိုးဖြတ်ထားတော့ ကျီးတွေက ချီသွား၊ ဘာတွေကချီသွားနဲ့ ဖြစ်နေတော့ ထပ်သတ်ရပြန်ပြီဆိုတော့ တစ်ထောင်ကမှာ မဟုတ်ဘူး၊ အဲဒီအကုသိုလ်ကံတွေ ဘယ်လောက်များသလဲ။ ဒါပေမယ့်လို့ အဲဒီ အကုသိုလ်ကံကို အရဟတ္တမဂ် ကုသိုလ်ကံက အကုန်လုံး သတ်ပစ်တာဖြစ်တော့ အကျိုးမပေးနိုင်တော့ဘူး။

ဒေဝဒတ်ဟာ ကုသိုလ်ကံကြောင့် လူဖြစ်တယ်၊ ရဟန်းဖြစ်တယ်၊ ဘုရား ယောက်ဖတော်ဖြစ်တယ်၊ ဈာန်တွေဘာတွေရတယ်၊ ဒါပေမယ့်လို့ တစ်ချိန်ကျတော့ ဘာဖြစ်သလဲ၊ မြတ်စွာဘုရားကို ပြိုင်ပြီး ပြစ်မှားပြီးတော့ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုတယ်၊ သံဃဘေဒအသင်းခွဲတယ်ဆိုတဲ့ အဲဒီ အကုသိုလ်ကံကြီးက ဖြတ်လိုက်တော့ နဂိုက ရထားတဲ့ ဈာန် အဘိဉာဉ်တွေ ကွယ်ပျောက်ပြီးတော့ သေသောအခါမှာလည်း အဝီစိကျတယ်၊ အဲဒီလို ဥပဃာတကကံ။

ဒါကြောင့်မို့ ဒီဥပပီဠကက နှိပ်စက်တာပေါ့လေ၊ ကပ်ဖဲ့ ယပ်ဖဲ့လုပ်တယ်။ နှိပ်စက်တယ်၊ အကျိုးပေးမထက်သန်အောင်လုပ်တယ်။ ဒီကံကတော့ လုံးဝဖြတ်ပစ် လိုက်တာ၊ လုံးဝချေမှုန်းပစ်လိုက်တာပဲ၊ ဒါကို ဥပဃာတကကံလို့ ခေါ်တယ်။

ဒါကြောင့်မို့ သူတို့ရဲ့ကိစ္စအားဖြင့် ခွဲမယ်ဆိုရင် ကံ ၄- မျိုးရှိတယ်တဲ့၊ ဦးပုညရေးတဲ့ လေးချိုးလား ဘာလားရှိတယ်၊ ဦးဇင်းတော့ မရဘူး၊ ရကြလား၊ “အကုသိုလ်ဃာတကကယ်က၊ ယခုလိုလာ၍ဖြတ်သောကြောင့်” ဆိုလားဘာလား၊

[စာမျက်နှာ-67] သူသေခါနီးရေးသွားတာ၊ နောက်တော့ဖမ်းပြီး မြို့ဝန် ဦးသာအိုးက ဘုရင် မသိအောင် သတ်ပစ်တာလေ၊ သူ့ကို သတ်မယ်ဆိုတာ သိတဲ့အခါကျတော့ သူလင်္ကာတစ်ပုဒ်ရေးတယ်၊ အဲဒီမှာ “အကုသိုလ်ဃာတကကယ်က” သူလူ့ဘဝရနေ ပြီးတော့ ဥပဃာတကကံက ဝင်ဖြတ်လို့ ငါတော့သေရတော့မယ်ပေါ့၊ အတော် သနားစရာကောင်းတယ်၊ အဲဒါလေးတွေဟာ ဦးပုညလင်္ကာတွေက စကားလုံး သိပ်ပြောင်မြောက်တယ်၊ အယဉ်တော့ နည်းတယ်၊ သို့သော် စကားလုံးပြောင်တယ်၊ အချုပ်တန်း ဆရာဖေတို့ကျတော့ စကားလုံးယဉ်တယ်၊ တစ်မျိုးစီပဲ၊ အဲဒါက ဥပဃာတကကံတဲ့ အဲဒီလို ကံ ၄-မျိုး ရှိတယ်တဲ့၊ ဒါ အကျဉ်းပေါ့လေနော်။

နောက်တော့လည်း တခြားစာအုပ်တွေ ဖတ်စရာတွေ ဘာတွေရှိပါလိမ့်မယ်၊ ဟုတ်လား၊ ခုတော့ နည်းနည်းပါးပါး မှတ်မိရုံ၊ နားလည်ဖို့လောက်ကတော့ ဒါပဲ။ ဒီနေ့ ဒါကြောင့်မို့ အပြည့်အစုံ အကုန်လုံး စာရေးလိုက်တယ်၊ နဂိုကတော့ နာမည်လေးပဲရိုက်မယ်လို့ စိတ်ကူးထားတာ၊ ဇနကကံ ဥပတ္ထမ္ဘကကံနဲ့တော်ကြာ ပြောလည်း မှတ်မိဖို့လွယ်မှာ မဟုတ်ဘူးလေဆိုပြီးတော့ ဒါနဲ့ စာအုပ်ပါတဲ့ အကုန် ကူးပြီးတော့ ရိုက်ထားလိုက်တယ်။ နည်းနည်းပိုပြီးတော့ အဓိပ္ပါယ် နားလည်သွား တာပေါ့။

ကောင်းပြီ၊ ကိစ္စ၏အစွမ်းဖြင့် ကံ ၄-မျိုး၊ အဲဒီတော့ ဒီကံ ၄- မျိုးမှာတော့ ကုသိုလ်ကံပဲ၊ အကုသိုလ်ကံပဲဆိုတာ ခွဲခြားပြီးတော့မထားဘူး၊ ကုသိုလ်လည်း ဖြစ်နိုင်တယ်၊ အကုသိုလ်လည်းဖြစ်နိုင်တယ်။

(၂) အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄-မျိုး

ဒါကျတော့ ၄-ခုစလုံးပြုရင် ဘယ်ကံက အရင်အကျိုးပေးလိမ့်မယ်၊ ၃-ခုရှိရင် ဘယ်ကံကအရင်အကျိုးပေးလိမ့်မယ်၊ ၂-မျိုး ပြုထားတယ်၊ ဘယ်ကံက အကျိုးပေးမယ် စသဖြင့် အဲဒီလို အကျိုးပေး အစဉ်အားဖြင့် ခွဲမယ်ဆိုရင် ၄-မျိုးရှိတယ်တဲ့၊ ဟိုဘက်ကကံနဲ့ ဒီဘက်ကကံတွေဟာ ဂရုကကံက ဟိုမှာ ဇနကကံဖြစ်မှာပဲ၊ ဥပတ္ထမ္ဘကလည်း ဖြစ်နိုင်တာပဲနော်၊ အဲဒီလို အလှည့်အစဉ်အားဖြင့် ၄-မျိုးတဲ့။

(၁) ဂရုကကံ - အတိုကောက်အားဖြင့်တော့ ဂရုကံ၊ ဂရုကံနဲ့ခေါ်ကြတယ်၊ အမှန်အတိုင်းခေါ်ရင်တော့ ဂရုကကံလို့ခေါ်ရမယ်၊ ဂရုဆိုတာ လေးတယ်လို့ ဆိုလိုတယ်၊ ကြီးလေးတဲ့ ကံမျိုးပေါ့လေ၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ၊ ကြီးလေးတဲ့ကံမျိုး၊ တစ်ပါးသောကံကို

[စာမျက်နှာ-68] မတားမြစ်နိုင်လောက်အောင် ကြီးလေးတဲ့ကံတဲ့ ဘယ်လိုကံမျိုးတဲ့လဲ၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံမျိုးများတဲ့ ကာမာဝစရနဲ့မဆိုင်ဘူး ဈာန်တွေပြောတာ၊ ရူပါဝစရဈာန်တွေ အရူပါဝစရဈာန်တွေ၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံများနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံများတဲ့၊ ဒါတွေကို ဘာလို့ခေါ်သလဲ၊ ဂရုကကံတဲ့နော်၊ ကြီးလေးတဲ့ ကံဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဟာ အကျိုးမပေးဘဲ မနေဘူး၊ ပေးကိုပေးမှာတဲ့။

ဈာန်ရနေတယ်ဆိုပါတော့၊ ဈာန်ရပြီး ဒီပုဂ္ဂိုလ်သေရင် ဗြဟ္မာပြည်ရောက်ကို ရောက်ရမယ်၊ ဈာန်ပျက်သွားရင်တော့ မရောက်ဘူးပေါ့၊ ဈာန်မပျက်ဘဲနဲ့သာ သေသွားမယ်ဆိုရင် ဗြဟ္မာပြည်ရောက်ကိုရောက်မယ်၊ တခြားကံကဝင်ပြီး မတားမြစ်နိုင် ဘူးနော်၊ အဲဒီလို ကံမျိုးတဲ့။

အကုသိုလ်အရာမှာဆိုရင် ပဉ္စာနန္တရိယကံတဲ့၊ ပဉ္စာနန္တရိယကံအကြောင်း ဟိုတစ်ခါတုန်းက ပြောပြီးပြီ၊ အမိသတ်တာ၊ အဖသတ်တာ၊ ရဟန္တာသတ်တာ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုတာ၊ သံဃာအသင်းခွဲတာ၊ အဲဒီ ငါးမျိုးမှာလည်းပဲ သံဃာအသင်းခွဲတာက အပြစ်အကြီးဆုံးတဲ့၊ သံဃာအသင်းခွဲတာ နောက်ကျတော့ မြတ်စွာဘုရား သွေးစိမ်းတည်အောင် ပြုတာက အပြစ်ကြီးတယ်၊ အဲဒီနောက်ကျတော့ ရဟန္တာသတ်တာက အပြစ်ကြီးတယ်၊ အဲဒီနောက်ကို အမိနဲ့အဖနှစ်မျိုးရှိရာ အမိရော အဖရောက သီလသိက္ခာချင်း ညီမျှနေရင် အမိသတ်တာက အပြစ်ကြီးတယ်။ ဘာလို့လည်းဆိုတော့ အမေက ပို ကျေးဇူးများလို့တဲ့၊ သီလသာရင်တော့ သာတဲ့ပုဂ္ဂိုလ် သတ်တာက ပိုပြီးတော့ အပြစ်ကြီးတယ်ပေါ့လေ၊ အဲဒီလိုသွားတယ်။

အဲဒီ ၅-မျိုးမှာလည်း အမိသတ်တာ၊ အဖသတ်တာဆိုတာ သိပ်ကြောက် စရာကောင်းတယ်နော်၊ တောလိုက်သွားရင်းဆိုပါတော့ ကိုယ်ကသေနတ်နဲ့ ပစ်လိုက်တယ်၊ မတော်တဆနဲ့ ကိုယ့်အဖေမှန်သွားတယ်ဆိုရင် အဲဒါ ဒီကံထိုက် တယ်တဲ့၊ မသိလည်းထိုက်တာပဲ၊

ရဟန္တာသတ်တယ်ဆိုပါတော့၊ သတ်တုန်းက မသေဘူးဆိုပါတော့ ဟုတ်လား၊ ရဟန္တာကလည်း ရှေ့ဖြစ်ချင်မှဖြစ်ဦးမှာ၊ သို့သော် ကိုယ်က ရိုက်လိုက်တယ်ဆိုပါတော့ ပြီးတော့မှ သူက အားထုတ်ပြီး ရဟန္တာဖြစ်သွားပြီးမှ သေတယ်ဆိုရင်လည်း ရဟန္တာ သတ်တာပဲတဲ့၊ ကိုယ့်လက်ချက်နဲ့ပဲ ဒီပုဂ္ဂိုလ်သေရတာကိုး၊ ချက်ချင်းသေတာ မဟုတ်ပေမယ့်လို့ ဇီဝိတိန္ဒြေက သူနဂိုနေမယ့်အတိုင်းမနေပါနဲ့ ဆိုပြီးတော့ ပြတ်သွားတာကို၊ အဲဒါကြောင့်မို့ အတော့်ကို ကြောက်စရာကောင်းတယ်၊ အဲဒါတွေက အဲဒီ ပဉ္စာနန္တရိယကံကို ဘာကံထဲထည့်တုန်း၊ ဂရုကကံထဲ ကြီးလေးတဲ့ကံထဲထည့်တယ်။

[စာမျက်နှာ-69] ဟုတ်တာပေါ့နော်၊ ဒီကံမျိုးကတော့ သိပ်ကြောက်စရာကောင်းတယ်၊ ပဉ္စာနန္တရိယကံ ဟိုတစ်ခါ ပြောခဲ့ပါသေးတယ်၊ အန္တရာယ်ငါးပါး နော်၊ ကောင်းပြီ။

(၂) အာသန္နကကံ - မြန်မြန်ခေါ်လိုက်တဲ့ အခါကျတော့ အာသန္နကံလို့ခေါ်တယ်၊ အာသန္နဆိုတာ နီးတယ်လို့ဆိုတယ်။ အဲဒါ နီးတဲ့ကံ၊ နီးတဲ့ကံဆိုတာ စုတေခါနီး သေခါနီး လောလောဆယ်၌ပြအပ်သောကံ၊ သေခါနီးကျမှ ပြုအပ်တဲ့ကံ၊ အဲဒီကံမျိုးကို အာသန္နကံလို့ခေါ်တယ်၊ သို့မဟုတ် ရှေးကပြုပြီးတာကို စုတေခါနီး၌ ထပ်၍ အောက်မေ့အပ် ဆင်ခြင်နေ အပ်သောကံ၊ ဟို ရှေးတုန်းက ပြုခဲ့တဲ့ကံပဲ၊ အခုထပ်ပြီးတော့ သတိရနေတာ အဲဒီကံမျိုးကိုလည်း အာသန္နကံ၊ သေခါနီးကပ်ပြီးတော့ ပြုတဲ့ကံ၊ သေခါနီးကပ်ပြီးတော့ သတိရတဲ့ကံလို့ ဆိုလိုတယ်၊ ဒါ အာသန္နကံတဲ့။

အာသန္နကံမှာလည်း ကုသိုလ် အကုသိုလ် နှစ်မျိုးပဲပေါ့၊ စုတေခါနီး လောလောဆယ် ပြုအပ်သောကံ၊ ဒါကြောင့်မို့ သေခါနီးမှာ ထပြီးတော့ဘာမှ မလုပ်ပေမယ့်လို့ စိတ်ထဲက ဒေါမနဿဖြစ်နေတယ်၊ သို့မဟုတ် အစွဲအလန်းကြီးတွေနဲ့ သေသွားတယ်ဆိုရင် အဲဒါ ကောင်းရာမွန်ရာ မရောက်တော့ဘူး၊ ဒေါသနဲ့သေရင် ငရဲကျတတ်တယ်၊ ဟုတ်လား၊ သရဲတွေ ဘာတွေလည်းဖြစ်တတ်တယ်လို့ ဆိုတယ်။ လောဘနဲ့ သေရင်လည်းပဲ ပြိတ္တာတို့ဘာတို့ ဖြစ်တတ်တယ်၊ အဲဒါကြောင့်မို့ စုတေခါနီး လောလောဆယ်မှာ ပြုအပ်တဲ့ကံ သို့မဟုတ် နောက်တုန်းက ပြုတာကိုပဲ စုတေခါနီးမှာ သတိရတဲ့ကံ၊ အောက်မေ့တဲ့ကံမျိုးကို အာသန္နကံလို့ ခေါ်တယ်။

စုတေခါနီးမှာပဲ ကောင်းမှုကုသိုလ်ပြုလို့ တစ်သက်လုံးက မကောင်းတာ လုပ်ပေမယ့်လို့ ချက်ချင်းကတော့ဖြင့် ကောင်းတဲ့ဘဝရောက်သွားတယ်၊ ဒါမျိုးတွေ လည်းရှိတာပဲ၊ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေအဖို့မှာ သေခါနီး အရေးကြီးတယ်၊ သေခါနီး မိတ်ဆွေကောင်းဖို့ ရှိဖို့အရေးကြီးတယ်၊ သေခါနီးမှာ သေမယ့်သူ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သူ့ စိတ်ကောင်းကောင်း မွန်မွန်နဲ့ သေအောင်၊ သေနိုင်အောင် ကိုယ်က ကူညီပေးနိုင်ဖို့ပေါ့လေ၊ အဲဒီလို မိတ်ဆွေမျိုး အရေးကြီးတယ်၊ ဒီ အာသန္နကံကလည်းပဲ သူက အကျိုးပေးတဲ့အခါ ကျတော့ သူက အရင်ထွက်ပြီးတော့ အကျိုးပေးတာ၊ ဂရုကကံတော့ ထားပေါ့လေ၊ အာသန္နကံနဲ့ အာစိဏ္ဏကံ ၂-မျိုးမှာဆိုရင်။

အဲဒီတော့ ဒီနေရာမှာ သောဏမထေရ်ရဲ့ ဖခင်ကြီးဝတ္ထု အရင်လည်း ပြောဖူးပါတယ်၊ မုဆိုးကြီးလုပ်ထားပြီးတော့ နောင်ကြီးရင့်တဲ့အခါကျတော့

[စာမျက်နှာ-70] ရဟန်းပြုပေးထားတယ်၊ သေခါနီးကျတော့ ငရဲနိမိတ်တွေ ထင်တာလေ၊ အဲဒီနိမိတ် တွေကို ပြောင်းပေးတာ၊ ကလျာဏမိတ္တဆိုတာ အဲဒါမျိုးပဲ၊ သားလည်းဖြစ် ရဟန္တာလည်းဖြစ်ဆိုတော့ အကောင်းဆုံးမိတ်ဆွေ ရသွားတာကိုးနော်၊ ဒါ သိပ်အရေးကြီးတယ်၊ အဲဒီလို မိတ်ဆွေမျိုးမရဘဲ မိတ်ဆွေဆိုးရရင်တော့ ဒုက္ခပဲ၊ အဲဒါ အာသန္နကံတဲ့။

(၃) အာစိဏ္ဏကံ - နေ့စဉ်မပြတ်လေ့ကျက်အပ် ပြုအပ်သောကံ၊ ဒါကတော့ အမြဲတမ်းပြုနေတဲ့ ကံမျိုးပေါ့၊ နေ့စဉ်ဘုရားရှိခိုးတာရှိတယ်၊ ပုတီးစိပ်တာ ရှိတယ်၊ တရားထိုင်တာရှိတယ် ပြီးတော့ အလှူအတန်းပြုတာတွေရှိတယ်၊ ဒါတွေဟာ နေ့စဉ်မပြတ် လေ့ကျက်အပ်တဲ့ အာစိဏ္ဏကံတဲ့၊ ပြီးတော့ တစ်ခါပြုထားပြီးတဲ့နောက် ခဏခဏ အောက်မေ့အပ် သတိရအပ်တဲ့ ကံမျိုးလည်း အာစိဏ္ဏကံပါပဲ၊ မပြတ်လေ့လာ အပ်တယ်လို့ ဆိုလိုတာပေါ့။

အာစိဏ္ဏကံကလည်း တကယ်အားကိုးရတယ်၊ ဘာလို့လဲဆိုတော့ ဒီအာစိဏ္ဏကံ သည်ပင်တော်ကြာကျ အာသန္နကံဖြစ်တယ်၊ အမြဲတမ်းကိုယ်က အလေ့အလာ လုပ်ထားတော့ အမြဲတမ်းပြုထားတော့ သေခါနီးကျတော့ သူက လာပေါ်တော့ တာပေါ့၊ ဒီအာစိဏ္ဏကံသည်ပင်အာသန္နကံ ဖြစ်လာနိုင်တယ်၊ ဒါကြောင့်မို့ ဦးဇင်းအဖေ ဒကာကြီးကတော့ “တပည့်တော်တော့ အာသန္နကံ အားမကိုးဘူး ဦးဇင်းတဲ့၊ အာစိဏ္ဏကံပဲ အားကိုးတယ်”တဲ့၊ နေ့တိုင်းကြိုးကြိုးစားစားလုပ်တယ်၊ မနက် ၃ နာရီက ဘုရားရှိခိုး၊ ပုတီးစိပ်၊ မေတ္တာပို့ မေတ္တာဆိုကျကျနနပို့တာ၊ သာမန်တစ်ခေါက် နှစ်ခေါက်ပို့တာ မဟုတ်ဘူး၊ ဆိုပါတော့၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ တွေးထားတယ်။ ဘုန်းကြီးတွေရော၊ လူတွေရောပေါ့လေ၊ ၂၀/၃၀ ရှိတယ်၊ အဲဒါတစ်ယောက် တစ်ယောက်ကို အကြိမ် ၂၀-၂၀ ပို့တာဆိုတော့ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိ အတ္တာနံ ပရိဟရန္တု ဆိုပြီးတော့ တစ်ယောက် တစ်ယောက်ကို အကြိမ် ၂၀-၂၀ ပို့တာ၊ သူကတော့ အဲဒါပဲ၊ အာစိဏ္ဏကံ အားကိုးတယ်။ အာသန္နကံက မရေရာဘူးတဲ့၊ ဒါကြောင့် အာစိဏ္ဏကံလည်း အရေးကြီးတယ်။

အခု ဟို board မှာ ကပ်ထားတာ ဘာတုန်း၊ ဂတိမြဲတဲ့ ပုဂ္ဂိုလ်ဆိုတာ၊ အဲဒါတွေ ဖတ်သွားကြဦးနော်၊ အဲဒါလည်း အာသန္နကံပဲ၊ အကြင်ပုဂ္ဂိုလ်ဟာ ဆွမ်းလှူလေ့ရှိတယ်။ ကျောင်းလှူဖူးတယ် ဘာညာပေါ့လေ၊ စာရေးတံမဲ ချပြီးတော့ လှူလေ့ရှိတယ်၊ ဝါဆိုသင်္ကန်းလှူလေ့ရှိတယ်၊ အဲဒါဟာ အမှန်ကတော့ အာစိဏ္ဏကံ တွေပဲ၊ အဲသလို အာစိဏ္ဏကံရှိတဲ့သူတွေလည်း သောတာပန်တွေလိုပဲ နောက်ဘဝ_

[စာမျက်နှာ-71] ဂတိသေချာတယ်ပေါ့လေ၊ ကောင်းရာမွန်ရာ ရောက်သွားတယ်၊ ဒီတော့ အာသန္နကံနဲ့ အာစိဏ္ဏကံ ဒီနှစ်ခု၊ အဲဒါ မှတ်ထားရမယ်။

(၄) ကဋတ္တာကံ - ကဋတ္တာကံက ဂရုက အာသန္န အာစိဏ္ဏကံအခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ သာမန်ပြုအပ်သောကံ များတဲ့၊ အမှတ်တမဲ့ ပြုအပ်တဲ့ကံတွေလည်းရှိသေးတယ်၊ ပြီးတော့ ရှေးရှေး ဘဝက ပြုအပ်ခဲ့တဲ့ကံများတဲ့၊ အဲဒီကံတွေကိုတော့ ကဋတ္တာကံတဲ့၊ ကဋတ္တာဆိုတာ ပြုအပ်သောကြောင့်လို့အဓိပ္ပါယ်ရှိတယ်၊ အဲဒီတော့ ကဋတ္တာကံဆိုတာ ပြုအပ်သောကြောင့်ကံခေါ်တာ၊ ဒါပေမယ့် သိပ်မဟုတ်တတ်ဘူးပေါ့လေ၊ ကံမည်ရုံ မျှပေါ့။ ဂရုကကံမျိုးလို အာသန္န အာစိဏ္ဏကံမျိုးလို အစွမ်းမထက်ဘူးပေါ့။ သို့သော် သူကလည်း ပြုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ကံလိုတော့ ခေါ်ရတယ်၊ အဲဒီကံမျိုးကို ကဋတ္တာကံလို့ခေါ်တယ်၊ ဒီလိုကံလည်း အများကြီးရှိပါတယ်၊ အမှတ်တမဲ့ ပြုတာတွေ အများကြီးရှိတယ်နော်၊ ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ်နော်၊ ပြီးတော့ ဟို ရှေးရှေးဘဝက ပြုတဲ့ကံတွေတဲ့။

ကောင်းပြီ ဒီကံ ၄-မျိုးမှာ ၄-မျိုးစလုံး ပြုမိထားတယ်ဆိုပါတော့၊ ၄-မျိုး စလုံးပြုမိထားရင် ဘယ်ကံ အကျိုးပေးမလဲ၊ ဂရုကကံ အကျိုးပေးမယ်နော်၊ အကယ်၍ အာသန္နကံနှင့် အာစိဏ္ဏကံ ၃-ခုထားပါတော့၊ အောက် ၃-ခု ပြုမိထား တယ်ဆိုရင် အာသန္နကံက အကျိုးပေးမယ်နော်၊ အောက် ၂-ခုပြုမိထားတယ်ဆိုရင် အာစိဏ္ဏကံက အကျိုးပေးမယ်၊ အထက် ၃-ခု ဘာမှမရှိဘူးဆိုရင်တော့ ဒီကဋတ္တာကံက ဝင်ပြီးတော့ အကျိုးပေးချင် ပေးလိမ့်မယ်နော်၊ အဲဒီလို အကျိုးပေးအလှည့် အစဉ်အားဖြင့် ကံ ၄-မျိုး ရှိတယ်။

အဲဒီတော့ အာသန္နကံနှင့် အာစိဏ္ဏကံမှာ မကျေနပ်စရာလေး တစ်ခုရှိတယ်၊ အာစိဏ္ဏကံက တစ်ဘဝလုံးအတွက် တစ်ခါတည်း အမြဲတမ်းဆိုပါတော့ မပြတ်ပြုလုပ် လာရတာ၊ လေ့လာအားထုတ်လာရတာ၊ အာသန္နကံက နီးမှပြုလုပ်ပြီးတော့ သူက အကျိုးပေးသွားတယ်၊ မခံချင်စရာ မကောင်းဘူးလား၊ ဘယ့်နှယ် အာစိဏ္ဏကံနဲ့ လုပ်လာပြီးတော့ အာသန္နကံလေး ကောင်းတာမကောင်းတာနဲ့ ဟိုဘဝ ဖြစ်သွားမယ် ဆိုတာ။

အဲဒီမှာ ကျမ်းဂန်တွေမှာ ဘယ်လို ဥပမာပြသလဲဆိုတော့ နွားကျောင်းသား ဟာ ညနေပြန်လာတဲ့အခါကျတော့ နွားတွေကို ခြံထဲသွင်းတယ်တဲ့၊ ခြံထဲသွင်းတော့ နွားတွေဝင်လာကြတယ်ဆိုပါတော့၊ ဝင်ကြတော့ နောက်ဆုံးမှဝင်တဲ့နွားက ခြံတံခါးမှာပဲ

[စာမျက်နှာ-72] နေရမှာ ဟိုဘက်ထိအောင် မသွားနိုင်ဘူး၊ အဲဒီနောက်ဆုံးမှဝင်တဲ့နွားဟာ နွားအိုကြီး ဖြစ်ပေမယ့်လို့ မနက်တံခါးဖွင့်လိုက်တဲ့အခါကျတော့ သူက အလျင်ထွက်လိမ့်မယ်။ ဘာပြုလို့လည်းဆိုတော့ သူက နီးနေတာကိုးနော်၊ အိုတော့ အိုနေတာပဲ၊ အိုတယ်ဆိုတော့ လုံးဝ အလုပ်မလုပ်နိုင်တာ မဟုတ်ဘူးပေါ့လေ၊ အဲဒီတော့ သူ အရင်ထွက်မယ်တဲ့၊ ဒီအတိုင်းပဲတဲ့နော်၊ အာသန္နကံနဲ့ အာစိဏ္ဏကံဆိုတာ အာသန္နကံက သူကနီးတာကို၊ စုတေဖို့နဲ့နီးတော့ နီးတဲ့အချိန်မှာပြုတဲ့ ကံဖြစ်တော့အကျိုးပေးရသွားတာတဲ့။ အဲဒီတော့သူက အာစိဏ္ဏကံလောက် အားကောင်းတာတော့မဟုတ်ဘူးနော်၊ အမှန် ကတော့ သူကနီးကပ်နေတဲ့ အတွက်ကြောင့်မို့ (position) ကွာသွားတာပေါ့လေ။ ဟုတ်လား၊ သူက အကျိုးပေးလိမ့်မယ်၊ သူအကျိုးပေးတာဟာ အကယ်၍ ဘဝ တစ်ခုလုံးမှာက အကုသိုလ်တွေ အများကြီးလုပ်လာခဲ့လိမ့်မယ်၊ အာသန္နကံလေး ကုသိုလ်လေးလုပ်ပြီးလို့ ကောင်းတဲ့ ဘဝလေး ရောက်တယ်ဆိုပေမယ့်လို့ သူက ဟိုမှာ ကြာရှည်နေရမှာ မဟုတ်ဘူး၊ ခဏနေပြီး သူက အကုသိုလ်အကျိုးခံရမှာ၊ သို့သော် ချက်ချင်းကတော့ဖြင့် ကောင်းရာဖြစ်စေ မကောင်းရာဖြစ်စေပေါ့လေ၊ ဒီကုသိုလ် အကုသိုလ်အလိုက် ရောက်သွားရမှာနော်၊ ခုန နွားအိုကြီးလိုပဲ။

အကယ်၍များ အဲဒီနွားအိုကြီးက မထနိုင်အောင်ချို့တဲ့နေတဲ့ နွားဆိုရင်တော့ မတတ်နိုင်ဘူးပေါ့၊ သူထွက်နိုင်မှာ မဟုတ်ဘူး၊ ထို့အတူပဲ အာသန္နကံကလည်းပဲ ကိုယ်ဘယ်လောက်လုပ်ပေးပေး ဘေးကလူတွေက ဘယ်လောက် ကူညီပေးပေး သေခါနီးလူက စိတ်ရည်စူးမှု မပြုနိုင်ရင် အာသန္နကံကလည်း အားရှိတဲ့ကံ ဖြစ်မှာ မဟုတ်ဘူး၊ အဲဒီလို မဖြစ်ဘူးဆိုရင်တော့လည်း သူ့ အကျိုးပေးခွင့်ရမှာ မဟုတ်ဘူး ပေါ့လေ၊ ဒါကြောင့်မို့ အဲဒီလို အကျိုးပေးအလှည့် အစဉ်အားဖြင့် ကံ ၄-မျိုးနော်၊ ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ၊ လေးမျိုးတဲ့။

မေး - အဲဒါကို ထောက်သောအားဖြင့် တရားကို အစဉ်မပြတ် တရားရှုမှတ်မှ စိတ်ချရမယ်ထင်တယ်။

ဖြေ - အေး-အဲဒါ အကောင်းဆုံးပဲ၊ မှန်တယ်၊ ဟုတ်တယ်၊ စိတ်ချရတယ်။ နောက်တစ်ခု သွားကြဦးစို့၊ အကျိုးပေးတာကာလနှင့်စပ်၍ ကံ ၄-ပါးတဲ့၊

ခုဟာက အလှည့်အကြိမ်နော်၊ ဒါက အကျိုးပေးရာကာလ၊ ဘယ်ကာလမှာ ဘယ် အချိန်မှာ ဘယ်ဘဝမှာ အကျိုးပေးတယ်ပေါ့လေ၊ အဲဒီလို အကျိုးပေးရာ ကာလအစဉ်အားဖြင့် ခွဲဦးမယ်ဆိုရင်လဲပဲ ကံဟာ ၄-မျိုးရှိပြန်တယ်တဲ့နော်။

ကောင်းပြီ၊ နံပါတ် (၁) က ဘာတဲ့တုန်း၊

(၃) အကျိုးပေးရာကာလနှင့်စပ်၍ ကံ ၄-မျိုး

(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ - ---

[စာမျက်နှာ-73] ဒိဋ္ဌဓမ္မဆိုတာက ယခုဘဝလို့ ဆိုတယ်၊ ဝေဒနီယဆိုတာက ခံစားအပ်တယ်လို့ ဆိုလိုတာ၊ ဒီဘဝမှာပဲ အကျိုးခံစားရမယ့်ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တယ် နော်၊ ဒါကို မြန်မာလို ဘယ်လို ပေးထားသလဲ၊ မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံတဲ့၊ ဒါကြောင့်မို့ ပြောလေ့ရှိတယ်၊ ဟေ့ ဒိဋ္ဌဓမ္မ အကျိုးပေးသွား မယ်ပေါ့နော်၊ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေလုပ်နေရင် အဲဒါ ဒီဘဝမှာ အကျိုးပေးနိုင်တဲ့ ကံတွေလည်း အများကြီးရှိတယ်၊ ကံဆိုတာ နောက်ဘဝမှ အကျိုးပေးတာ မဟုတ်ဘူး၊ ဒီဘဝမှာလည်း ပေးနိုင်တာတွေ အများကြီးရှိတယ်၊ ဒီ ပစ္စုပ္ပန်ဘဝမှာ အကျိုးပေးနိုင်တဲ့ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနီယကံလို့ ဒီလိုခေါ်တယ်။

အဲဒီ ဒိဋ္ဌဓမ္မဝေဒနီယကံဟာ ဘယ်စေတနာလဲဆိုရင် (ကံဆိုတာ စေတနာနော်) ပထမဇော စေတနာ၊ ဇော-၇ ကြိမ် စောတယ်မဟုတ်ဘူးလား၊ ဒါ (normally) ဇော ၇-ကြိမ်စောတယ်၊ ဇော ၇-ကြိမ်စောတဲ့အနက်က ပထမဇော စေတနာဟာ ဒိဋ္ဌဓမ္မဝေဒနီယ၊ ဒါကြောင့်မို့ ပထမဇောစေတနာက ဒီဘဝမှာ အကျိုးပေးမယ်၊ ဒါဟာလဲပဲ (condition) တွေ ညီညွတ်မှပါ၊ ပထမဇောစေတနာ တိုင်းပေးတာ မဟုတ်ဘူး ပထမဇော စေတနာမှာလည်း အမျိုးမျိုးတွေ ရှိတယ်။ သူရဲ့ အင်္ဂါတွေ ညီညွတ်လာရင်ပေါ့လေ၊ အမှန်ကတော့ သူများ အထောက်အပံ့လည်း ရတယ်၊ သူကိုယ်တိုင်ကလဲ အားကောင်းတယ်ဆိုပါတော့ အဲဒါမျိုးဆိုရင် ဒိဋ္ဌဓမ္မအကျိုး ပေးတာတွေရှိတယ်နော်၊ ဆိုပါတော့ ရှင်မဟာကဿပကို ဆွမ်းလှူလိုက်တဲ့အတွက်ကြောင့်မို့ ချက်ချင်းတစ်ခါတည်း လူချမ်းသာကြီး ဖြစ်သွားတယ်။ ဒိဋ္ဌဓမ္မအကျိုး ပေးတာ ဒါမျိုးတွေ ရှိပါတယ်နော်၊ အဲဒါ ပထမဇောစေတနာ။

(၂) ဥပပဇ္ဇဝေဒနီယကံ - ဥပပဇ္ဇဆိုတာ ဒုတိယဘဝ လို့ခေါ်တယ်။ ဒုတိယဘဝဆိုတာ ဒီဘဝကို ပထမဘဝလို့ခေါ်တော့ လာမယ့်ဘဝ ပေါ့နော်၊ အဲဒီဘဝကို ဒုတိယဘဝလို့ခေါ်တယ်၊ အဲဒီနောက် ဒုတိယဘဝ၌ အကျိုး ပေးမယ့်ကံမျိုးကို ဥပပဇ္ဇဝေဒနီယကံလို့ခေါ်တယ်၊ အဲဒီ ဥပပဇ္ဇဝေဒနီယကံဟာ ဘာလဲဆိုရင် သတ္တမဇော စေတနာတဲ့၊ ဇော ၇-ချက်ထဲက နောက်ဆုံးဇောနော်၊ နောက်ဆုံးဇောကလည်း အားရှိတယ်၊ နောက်ဆုံးဇောက အားရှိတော့ သူက ဒုတိယဘဝမှာ သွားအကျိုးပေးတယ်။

ပထမဇောက သူ့ရှေ့ကဇော မဟုတ်ဘူး၊ သူ့ရှေ့က (ဇောရှေ့က) ဝုဋ္ဌော ရှိတယ်၊ ဝုဋ္ဌောနဲ့ဇောဆိုတာ ဇာတ်မတူဘူး၊ ဇာတ်မတူတော့ ကူညီခံရတဲ့နေရာမှာ အားမကောင်းဘူး၊ ဇောတစ်ခုက ဇောတစ်ခု၊ ဇောတစ်ခုက ဇောတစ်ခုကျတော့

[စာမျက်နှာ-74] သူက သဘောတူတဲ့သူချင်း ကူညီသလို သူက ပိုပြီးတော့ အားကောင်းသွားတယ်။ ဟိုစာစကားနဲ့ ပြောရရင် အာသေဝနပစ္စည်းရတယ်၊ ပဋ္ဌာန်းစကားနဲ့ ပြောရင်လေ။

အာသေဝနပစ္စည်းရတဲ့ အတွက်ကြောင့်မို့ ပထမဇောက ဒုတိယဇော၊ ဒုတိယဇောက တတိယဇော ဒီလို အားကောင်းတယ်၊ အဲဒီတော့ သတ္တမဇော စေတနာက အားကောင်းတယ်၊ အားကောင်းတဲ့ အတွက်ကြောင့်မို့ ဒုတိယဘဝနော် အခြားမဲ့ လာလတံ့ဘဝမှာ အကျိုးပေးတယ်။ အဲဒီတော့ ပထမဇောစေတနာ အကျိုးပေးတဲ့ မျက်မှောက်ဘဝအကျိုးနဲ့ သတ္တမဇော စေတနာ အကျိုးပေးတဲ့ ဒုတိယဘဝအကျိုး ဘယ်ဟာကပိုပြီး ကြီးကျယ်မလဲ၊ ဒုတိယဘဝကကြီးကျယ်တာပေါ့။ ပထမဘဝ ဒီဘဝမှာ အကျိုးပေးတယ်ဆိုပါတော့၊ ကိုင်း၊ မွဲနေတဲ့ကောင် သူဌေး ဖြစ်သွားတယ်ဆိုပါတော့၊ ဒါဟာ နတ်ဖြစ်သွားတာနဲ့စာရင် ဘာမှမပြောပလောက်ဘူး ဟုတ်လား၊ လူ့ဘဝချမ်းသာတယ်ဆိုတာ နတ်ဘဝချမ်းသာနဲ့စာရင် ဘာမှ မပြောပ လောက်ဘူးနော်။

ဒါကြောင့်မို့ အမှန်အတိုင်းပြောရင် ဒိဋ္ဌဓမ္မအကျိုးဆိုတာ သိပ်ဟုတ်တဲ့ အကျိုးမဟုတ်ဘူး၊ အညံ့ပဲ၊ ဒါပေမယ့်လို့ လောကအနေနဲ့ကြည့်မယ်ဆိုရင် တကယ်ကြီးကျယ်တယ်လို့ ထင်ရတယ်ပေါ့လေနော်၊ လူဆင်းရဲက ချက်ချင်း ဟို လူချမ်းသာဖြစ်သွားတယ်၊ ဥပပဇ္ဇဝေဒနီယ နောက်ဘဝ ဒုတိယဘဝမှာ အကျိုးပေးမယ့် ကံတဲ့။

(၃) အပရာပရိယဝေဒနီယကံ - သို့မဟုတ်လည်းပဲ တချို့ ဆရာတော်တွေ က အပရပရိယာယဝေဒနီယကံလို့ ဒီလိုလည်းခေါ်တယ်၊ ထားပါတော့၊ ဒါကတော့ အဲဒါတွေ သိပ်လိုက်မနေနဲ့တော့ ဟုတ်လား၊ အပရာပရိယဝေဒနီယကံလို့ပဲ အများသုံးတဲ့အတိုင်း သုံးလိုက်ကြရအောင်၊ သူကတော့ တတိယ ဘဝမှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးပေးသောက်၊ ဘယ်ကံတွေတုန်း၊ ဘယ် စေတနာတွေတုန်း၊ အလယ်ဇောငါးချက်၊ (Second) ကစပေါ့၊ ဒုတိယ၊ တတိယ၊ စတုတ္ထ ပဉ္စမ၊ ဆဋ္ဌမ၊ အဲဒီအလယ်ဇောငါးချက် စေတနာကတော့ တတိယဘဝမှ စ၍တဲ့၊ ဒီဘဝက ပထမဘဝ၊ နောက်ဘဝက ဒုတိယဘဝ၊ ဟိုဘက်ဘဝက တတိယဘဝ၊ အဲဒီ တတိယဘဝကစပြီးတော့ နိဗ္ဗာန်ရသည့်တိုင်အောင် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် အကျိုးပေးတော့မယ့် ကံမျိုးကို အပရာပရိယဝေဒနီယကံလို ဒီလိုခေါ်တယ်။

အဲဒီကံဟာ ဘယ်ဇောစေတနာတွေလည်းဆိုရင် အလယ်ဇောငါးချက် စေတနာ ---

[စာမျက်နှာ-75] တွေ၊ ဒါကြောင့်မို့ နယ်အကျယ်ဆုံးက အလယ်ဇောငါးချက်တဲ့၊ အပရာပရိယဝေဒနီယကံဆိုတာ လူတိုင်းမှာရှိတယ်၊ သတ္တဝါတိုင်းမှာရှိတယ်၊ ကုသိုလ်ကောင်းမှု ပြုတယ်၊ အကုသိုလ်ပြုတယ်ဆိုရင် ဇော ၇-ချက်က လာတာချည်းပဲ၊ အဲဒီဇော ၇-ချက်မှာ ပထမဇောက ဒီဘဝ အကျိုးပေး၊ ဒီဘဝ သူက အကျိုးမပေးဘူးဆိုရင် ပြီးသွားပြီနော်၊ စတုတ္ထ အဟောသိကံ ဖြစ်သွားပြီ၊ အဲဒီကျတော့ တစ်ခါ သတ္တမဇော အကျိုးပေး၊ နောက်ဘဝ အကျိုးပေးခွင့် မရဘူးဆိုရင် သူလည်းအလကား ဖြစ်သွားပြီ။

အလယ်ဇော ငါးချက်ကတော့ အလကားဖြစ်တယ်လို့ မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ဘဝကလည်း ဘယ်လောက်ကြာမှန်း မသိဘူး၊ နိဗ္ဗာန်ရသည့်တိုင်အောင်၊ ဒီအထဲမှာ သူ သင့်လျော်တဲ့ အခါမျိုးမှာ အခါအခွင့် သင့်တဲ့အခါမျိုးမှာ သူ အကျိုးပေးပေး သွားမယ်နော်၊ ဒါကြောင့်မို့ ဒီအပရာပရိယဝေဒနီယကံဟာ တို့ရဲ့ အားကိုးအားထားရာပဲ၊ ငရဲကျနေပေမယ့်လို့လည်း ကုသိုလ် အပရာပရိယဝေဒနီယကံက ဝင်ပြီးတော့ ထောက်ပံ့တဲ့အတွက်ကြောင့်မို့ ငရဲက လွတ်ထွက်နိုင်တယ်၊ ဒါကြောင့်မို့ အမြဲတမ်း မျှော်လင့်ချက်ရှိတယ်၊ ဗုဒ္ဓဘာသာမှာ မင်းငရဲကျပေမယ့်လို့ သွားပြီလို့တော့ မထင်နဲ့တဲ့၊ ငရဲကျလည်း ခဏပဲတဲ့၊ ဆိုပါတော့ ခဏဆိုတာ အပြစ်ရှိသလောက် ခံရတာပေါ့လေ၊ ထောင်ကျတာမျိုးလို လွတ်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်၊ လွတ်လည်းလွတ်မယ်နော် အဲဒီလို၊ ဒါဘာကြောင့်လည်းဆိုရင် အပရာပရိယဝေဒနီယကံတွေ ဝင်ပြီးတော့ အားပေးလို့၊ သို့မဟုတ်ရင် ငရဲကျတဲ့ သတ္တဝါမှာ ဆင်းရဲချည်း အမြဲခံနေရမှာ ဟုတ်တယ်မဟုတ်လား၊ ဒုက္ခချည်း အမြဲတမ်း ခံနေရ တာဆိုတော့ ကုသိုလ်စိတ်ဖြစ်ဖို့ အလွန်ခဲယဉ်းတယ်နော်၊

ဒါပေမယ့်လို့ ဒီအပရာပရိယဝေဒနီယကံတွေက ရှိတော့ အဲဒီကံတွေက ဝင်ပြီးတော့ အကျိုးပေးတဲ့အခါကျတော့ ငရဲကလွတ်တာပဲ၊ တိရစ္ဆာန်ဘဝကလည်း လွတ်တာပဲ၊ ဒါကြောင့်မို့ ဒီအပရာပရိယဝေဒနီယကံဟာ သတ္တဝါတိုင်းရဲ့ အားကိုးအားထားရာ ကံတွေပဲ၊ ဒီကံတွေဟာ လူတိုင်းမှာရှိတယ်၊ အဲဒီတော့ အကုသိုလ်ကံအနေနဲ့ ပြောမယ်ဆိုရင်လည်း ကြောက်စရာကံတွေပဲ၊ တစ်နေ့နေ့ သူတို့ကိုယ့်ကို လာချမှာပဲ ဟုတ်လား။

မေး - ဟို ပထမဇော သတ္တမဇော အလယ်ဇောဆိုတာ ဇော ၇-ချက်ဟာ စိတ်တိုင်းမှာ ရှိတယ်ဆိုတာ ဝီထိတိုင်းမှာလား။

ဖြေ - ဝီထိတိုင်းမှာရှိတယ်၊ သို့သော် တကယ်အကျိုးပေးထက်သန်တာက

[စာမျက်နှာ-76] မနောဒွါရမှာဖြစ်တဲ့ ဇောတွေ၊ ပဉ္စဒွါရဇောဆိုတာက (very weak) မနောဒွါရမှာ ဖြစ်တဲ့ဇောတွေ၊ အဲဒီမှာ ဒါကြောင့်မို့ ပထမဇော စေတနာတွေ အများကြီးရှိတယ်။ သတ္တမဇော စေတနာတွေ အများကြီးရှိတယ်၊ ဒါပေမယ့်လို့ ပထမဇော စေတနာက ဒီဘဝ အကျိုးမပေးရင် သူက ပြီးသွားပြီ၊ အဟောသိကံ၊ စတုတ္ထကံ ဝိပါက် ဖြစ်သွားပြီနော်၊ ဒုတိယ ဘဝကလည်းပဲ ဒုတိယ အကျိုးပေးမှ မပေးရင်ပြီးသွားပြီ၊ အပရာပရိယကတော့ ပြီးတယ်လို့ မဆိုနိုင်ဘူး၊ ရဟန္တာဖြစ်မှပဲ ပြီးတော့တာကိုး၊ ခုနက ပြောတဲ့ အရှင်အင်္ဂုလိမာလပဲ ပြောကြစို့၊ သူပြုခဲ့တဲ့ကံတွေ၊ နောက်ဘဝက ပြုခဲ့တဲ့ကံတွေ အများကြီး ရှိခဲ့တာပေါ့၊ ဟုတ်လား၊ ဒီဘဝ ခုနကပြောတဲ့ သူ လူတွေသတ်ထားတဲ့ အထဲမှာလည်း အလယ်ဇောငါးချက် အများကြီး ရှိတာပေါ့ ဒါပေမယ့်လို့ ရဟန္တာဖြစ်သွားပြီဆိုတော့ သူ့ကို အကျိုးပေးခွင့် မရှိတော့ဘူး အဟောသိကံ ဖြစ်သွားပြီ။

(၄) အဟောသိကံ - အဟောသိ ဆိုတဲ့ပါဠိဟာ ကြိယာပုဒ် အဟောသိဆိုတာ ဖြစ်ပြီလို့ ဆိုလိုတယ်၊ ဖြစ်ဖူးတဲ့အတွက်ကြောင့်မို့ ကံလို့ဆိုရတယ်၊ ဘာမှ အသုံးမကျဘူး၊ ဒါကို အဟောသိကံ အကျိုးလုံးလုံး မပေးသောကံတဲ့၊ ဒါကြောင့်မို့ တစ်စုံတစ်ခုပြုလိုက်လို့ ဘာမှ မဖြစ်လိုက်ဘူးဆိုရင် အဟောသိကံ ဖြစ်သွားတယ်လို့ အဲဒီလို ရှေးလူကြီးတွေ စကားပြောရင် ဒီစကားလုံး ထည့်ထည့်ပြော တတ်တယ်၊ အဟောသိကံဆိုတာက ခုနကပြောသလို တခြား ကံရယ်လို့ မဟုတ်ဘူး၊ ဒီ ဒိဋ္ဌဓမ္မရယ်၊ ဥပပဇ္ဇရယ်၊ အပရာပရိယဝေဒနီယရယ်၊ ဒါတွေပဲ၊ သူတို့အကျိုးပေးရာကာလကို လွန်သွားတဲ့အခါ အဟောသိကံ ဖြစ်သွား တာပေါ့၊ အဲဒီတော့ ဒိဋ္ဌဓမ္မက ဒီဘဝအကျိုးမပေးရင် အဟောသိကံ ဖြစ်သွားတယ်၊ ဥပပဇ္ဇက ဒုတိယဘဝ အကျိုးပေးရင်ပေး၊ မပေးရင် အဟောသိကံဖြစ်၊ အပရာပရိယဝေဒနီယဟာလဲ တတိယဘဝကစပြီး နိဗ္ဗာန်ရသည့် ဘဝအထိ အကျိုးပေးရင်ပေး၊ မပေးရင် အဟောသိကံဖြစ်ပေါ့ လေ။

အဲဒီတော့ အပရာပရိယဝေဒနီယကံနဲ့ ပတ်သက်ပြီးတော့ သတိထားစရာ ရှိတယ်၊ ဦးဇင်းတို့ မြန်မာပြည်မှာ ဒီအတိုင်းပဲ၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်လို့ ဒီလိုသင်ကြားတယ်၊ ပါဠိဘာသာနဲ့ ရေးထားတဲ့ အဋ္ဌကထာ ဋီကာတွေမှာ တတိယဘဝလို့ တိတိကျကျ ထုတ်ဖော်တာ မရှိဘူးလားမသိဘူး၊ အဲဒီတော့ အဲဒီမှာ ဘာဖြစ်နေသလဲဆိုတော့ အဋ္ဌကထာမှာ တိုက်ရိုက် မလာတော့ သူတို့က ဘယ်လိုယူဆတုန်း၊ ဒုတိယဘဝစကပြီးတော့ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်

[စာမျက်နှာ-77] ဆိုတာမျိုး အဓိပ္ပါယ်တွေ ရေးရေးနေကြတယ်၊ အင်္ဂလိပ်လို ရေးနေတဲ့ စာအုပ်တွေမှာ အဲဒါတွေရှိတယ်နော်။

အမှန်ကတော့ ဒုတိယဘဝနဲ့ မဆိုင်ဘူး၊ ဘာကြောင့်တုန်း၊ ဒုတိယဘဝမှာ အကျိုးပေးဖို့ဆိုရင် ဥပပဇ္ဇဝေဒနီယရဲ့ နယ်၊ ဒါတွေဟာ တစ်ခုနဲ့တစ်ခု မရောရဘူးလို့ အဋ္ဌကထာတွေမှာ ဆိုတာရှိတယ်၊ သူ့နယ်နဲ့သူရှိတယ်၊ ပထမဇောက ဒီဘဝမှာပေး မပေးရင် ပြီးပြီနော်၊ သတ္တမဇောက ဒုတိယဘဝမှာပေး မပေးရင်ပြီးပြီဆိုတော့ အကယ်၍ ဒုတိယဘဝကို အကျိုးပေးတဲ့ ကံကိုလည်းပဲ အပရာပရိယဝေဒနီယကံလို့ ခေါ်မယ်ဆိုရင် ရှုပ်ထွေးမှု ရှိမနေဘူးလား၊ ဘယ်ဟာကို ဥပပဇ္ဇလို့ ခေါ်ပြီးတော့ ဘယ်ဟာကို အပရာပရိယလို့ခေါ်ရမလဲ။

ဒါကြောင့်မို့ အမှန်အတိုင်း ယူဆဖို့ကတော့ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ဆိုတာကို မြဲမြဲယူထား၊ မရေမရာနဲ့ ကြွင်းသောဘဝတွေ ဘာတွေ လုပ်မနေနဲ့တော့နော်၊ အဲဒီလို ယူမှသာ ခုန အဋ္ဌကထာပြောတဲ့ ဒီကံ ၃-မျိုးဟာ တစ်မျိုးနဲ့ တစ်မျိုး မရောယှက်ဘူး၊ သူ့နယ်နဲ့သူ အပိုင်းအခြား သတ်မှတ်ပြီးသား ဆိုတာနဲ့ လိုက်တယ်၊ ဟုတ်လည်းဟုတ်တယ်နော်၊ သို့မဟုတ်ရင် ဘယ်နဲ့လုပ်မလဲ၊

ဒုတိယဘဝ အကျိုးပေးတာ ဥပပဇ္ဇ၊ ဒုတိယကနေပြီးတော့ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးတာက အပရာပရိယ ဆိုရင် တကယ်ပြောစမ်းဆိုရင် ငါ့ အကျိုးပေးတာက ဥပပဇ္ဇက အကျိုးပေးတာလား၊ အပရာပရိယက အကျိုးပေးတာ လား ဘယ်သိတော့မလဲ၊ ဘယ်လိုလုပ် ပြောနိုင်မလဲနော်၊ ဒါကြောင့် ဦးဇင်းတို့ မြန်မာပြည်မှာတော့ တစ်ခါတည်း တိတိကျကျ ချလိုက်တော့တာပဲ၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်။

မေး - အကောင်းကော အဆိုးကောလား။
ဖြေ - အကောင်းကော အဆိုးကောပဲ၊ ဒါကတော့ ကုသိုလ်ရော အကုသိုလ်ရော နှစ်မျိုးလုံးပါတယ်။

မေး - တကယ်လို့ ကောင်းမှုရှိရင် နိဗ္ဗာန်အထိ၊ တကယ်လို့ မကောင်းမှုရှိရင် ဘဝက မကျွတ်ဘူးပေါ့။

ဖြေ - မဟုတ်ဘူး၊ သူတို့ကတော့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုက်ပြီးတော့ အကျိုးပေးနေမှာကို၊ ဆိုပါတော့၊ ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန် မပြုခင် ထိအောင် သူတို့ အကျိုးပေးနိုင်တယ်၊ အရှင်မောဂ္ဂလာန် ကြည့်စမ်း၊ သူခိုးတွေ ရိုက်လို့ သေတာနော်၊ တကယ့်တန်ခိုးရှင်တောင် မရှောင်နိုင်ဘူး၊ ကံဆိုတာ

[စာမျက်နှာ-78] သိပ်ကြောက်စရာကောင်းတယ်၊ အဲဒါ အကုသိုလ်ကံက ဟိုး လွန်ခဲ့တဲ့ ဘဝတုန်းက အဖေ အမေကို သူသတ်ဖို့ရာ ရိုက်ခဲ့တဲ့ကံ၊ သေတော့ မသေဘူး၊ ကြားဖူးတယ် မဟုတ်လား၊ အမှန်ကတော့ မိန်းမက ဒီအမေအဖေတွေနဲ့ မနေချင်တော့ ဖျောက်ဖျက် ခိုင်းတာပေါ့၊ သူကလည်း မိန်းမပဲ စွဲလန်းကြိုက်နေတော့ သတ်မယ်ဟဲ့ဆိုပြီးတော့ အမေနဲ့အဖေကလည်း မျက်လုံးကွယ်နေ တယ်မဟုတ်လား၊ ကွယ်နေတော့ လှည်းနဲ့တင်ခေါ်သွားတာ၊ တောထဲလားဘာလား ရောက်တဲ့အခါကျတော့ သူခိုးတွေ လာပြီနဲ့၊ ဘာနဲ့ တကယ်မလာဘဲနဲ့ လာသယောင် လုပ်ပြီးတော့ သူကပဲရိုက်တာ အမေရော အဖေရောကို သေအောင်ရိုက်မှာပေါ့လေ။

အဲဒီလို အရိုက်ခံရတော့ အမေနဲ့အဖေက ဘယ့်နှယ်ပြောသလဲ၊ ဟယ်၊ ငါ့သား ငါ့သားမင်းလွတ်အောင်ရှောင်၊ ဒို့တော့ ကိစ္စမရှိဘူး၊ ကြီးပြီမို့ သေချင်သေပါစေ၊ မင်းသာ လွတ်အောင်ရှောင်လို့ ပြောတော့မှ အဲဒီကျမှ သူက သတိရတာ၊ ကြည့်စမ်း သူတို့သေရမှာတောင်မှ မငဲ့ဘူးပေါ့လေ၊ ငါ့ကိုငဲ့တယ်၊ ငါ့လွတ်အောင် ပြေးခိုင်းတယ်၊ ဒီလောက်ကျေးဇူးကြီးတဲ့ မိဘကိုတော့ ငါမသတ်ဘူးဆိုပြီးတော့ အဲဒီတော့မှ နောင်တတရားရပြီး အိမ်ပြန်ခေါ်သွားပြီးတော့ မိန်းမသာ နင်ဘာသာနှင့် သွားတော့ အဲသလိုနှင်လိုက်တာ။

သို့သော် ရိုက်တုန်းကတော့ အသေသတ်ဖို့ရိုက်တာ၊ အဲဒီကံ ပါလာတဲ့အတွက်ကြောင့် သူ အပါယ်ငရဲအမျိုးမျိုး ကူးပြီးပြီ၊ ဘဝတွေမှာလည်းခံခဲ့ရပြီးပြီ ထင်ပါတယ်၊ အခုနောက်ဆုံးဘဝမှာ တကယ့် တန်ခိုးရှင် မြတ်စွာဘုရားမှတပါး တကယ့်တန် ခိုးကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်တာတောင် မရှောင်နိုင်ဘူး၊ တစ်ခါ နှစ်ခါလောက် သူရှောင်လို့ရသေးတယ်၊ ပုန်းနေတယ်ဆိုတဲ့ သဘောပေါ့လေ၊ ဒါပေမယ့် တကယ် ကျတော့ သူကြည့်လိုက်တဲ့အခါကျတော့ ဟာ ဒါငါ့ကံ၊ အဲဒီတုန်းက ကံက ငါ့ကို အကျိုးပေးတာ၊ မရဘူးဆိုပြီးတော့ ဒီအတိုင်း ငုံ့ခံရတာပဲနော်၊ ခိုးသားငါးရာ ကရိုက်တော့ တစ်ခါတည်း စိစိညက်ညက် ကြေသွားအောင် ရိုက်ပြစ်လိုက်တာ၊ ဒါပေမယ့် ဈာန်တန်ခိုးနဲ့ဆိုတော့ သူ ခန္ဓာကို ခိုင်မြဲအောင် ဖန်ဆင်းပြီးတော့ မြတ်စွာဘုရားဆီ သွားပြီးတော့မှ ရှိခိုးပြီးတော့မှ ပရိနိဗ္ဗာန်ပြုသွားတာ၊ အဲဒါ အကုသိုလ်လိုက်လာတာကြည့်၊ အပရာပရိယဝေဒနီယကံပဲ။

အဲဒီတော့ ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် သူကလာမှာပဲ၊ ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန်စံသည့်တိုင်အောင်ပဲ ဒီကံတွေရဲ့ အကျိုးကတော့ ဖြစ်နိုင်တယ်ပေါ့လေ၊ ဒါပေမယ့်လို့ ရှေ့အကျိုးပေးချင်မှလည်း ပေးမယ်ပေါ့လေ၊ မပေးချင်မပေးဘူး၊

[စာမျက်နှာ-79] အကြောင်းအားလျော်စွာပဲ၊ သို့သော် ပေးနိုင်တယ်၊ အဲဒါ အပရာပရိယဝေဒနီယကံ။

ဒါကြောင့်မို့လို့ ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံလို့ ဒီကံလေးမျိုးမှာ ဘဝနဲ့ ပိုင်းခြား ထားတာ၊ ဒီဘဝ၊ ဒုတိယဘဝ၊ တတိယဘဝကနေ ဟိုဘက်၊ ဇောနဲ့ပိုင်းခြားပါဆိုရင် ဒီဘဝအကျိုးပေး တာက ပထမဇော၊ ဒုတိယဘဝအကျိုးပေးတာက သတ္တမဇော၊ တတိယဘဝကစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးတာက အလယ်ဇော ငါးချက်၊ အဲဒီ ဇောတွေသည် သူ ဆိုင်ရာကာလ၌ အကျိုးမပေးခဲ့သည်ရှိသော် အဟောသိကံနော်၊ အကျိုးလုံးလုံးမပေးတဲ့ကံ ဖြစ်သွားမယ်၊ အဲဒီလို အကျိုးပေးရာ ကာလနဲ့ စပ်ပြီးတော့လဲ ကံလေးမျိုးရှိတယ်။

(၄) အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုး

နောက်ဆုံး ၄-မျိုးကတော့ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုး၊ အဲဒီတော့ ခုနကပြောပြီးတဲ့ ကံ ၄-မျိုး ၃-ခုကို ဒီသင်္ဂြိုဟ်ကျမ်းမှာ ဘာမှအကျယ် မပြောဘူး၊ အခုပြောတဲ့ အဓိပ္ပါယ်တွေက သင်္ဂြိုဟ်ကျမ်းမှာလာတာ မဟုတ်ဘူး၊ ဋီကာတွေကရေးတာ၊ တခြား အဋ္ဌကထာတွေက ရေးတာကို ဋီကာတွေက တစ်ခါ ယူရေးတယ်၊ အဲဒီဟာတွေကို ယူပြီးတော့ပြောတာ၊ ပြီးတော့ ရှေးဆရာတော်ရေးတဲ့ မြန်မာလို စာအုပ်တွေကော ဘာကော အဲဒါတွေက ပြောတာ၊ သင်္ဂြိုဟ်ဆရာက ဘာမှမပြောခဲ့ဘူး၊ ဒီနာမည်လေးပဲ ပေးခဲ့တယ်ဆိုပါတော့ ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံဆိုပြီးတော့ ကိစ္စ၏အစွမ်းဖြင့် ကံလေးမျိုးရှိတယ်၊ ဒါပဲနော်၊ ထို့အတူပဲ၊ တစ်ခါ ဂရုကကံ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ၊ ဆိုပြီးတော့ အကျိုးအလှည့်အစဉ်အားဖြင့် ကံ ၄-မျိုးရှိတယ်၊ ဒါတွေပဲ ဒီလောက်ပဲ ပြောခဲ့တာ၊ ဘာကြောင့် အကျယ်မပြောလဲဆိုတော့ ဒါတွေက သုတ္တန်မှာလာတာကိုး၊ သုတ္တန်သဘောတွေ ဖြစ်နေတော့ ဒီမှာ အဘိဓမ္မာရေးတာဆိုတော့

[စာမျက်နှာ-80]
အဘိဓမ္မာသင်တန်း (၃၀)

ဝီထိမုတ်ပိုင်း

ကမ္မစတုက္က အကုသိုလ်ကာယကံ ၃-ပါး
ဒီနေ့ ဇွန် ၅-ရက်။

လွန်ခဲ့တဲ့အပတ်က ကံအမျိုးမျိုး လေ့လာခဲ့ပြီးပြီနော်၊ ကံလေးမျိုးလေးလီ ရှိရာမှာ ၄-မျိုး ၁-လီ၊ ၄-မျိုး ၂-လီ၊ ၄-မျိုး ၃-လီ ကုန်ခဲ့ပြီနော်၊ အခု ၄-မျိုး ၄-လီမြောက်ပေါ့လေ၊ နံပါတ် ၄၊ အဲဒီနံပါတ် ၄ က အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုးတဲ့နော်။

အဲဒီတော့ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄-မျိုးရှိတယ်တဲ့၊ ကံ ၄-မျိုးက တခြားနည်းနဲ့လဲ ကံ ၄-မျိုးရှိတာ၊ ဟို အကျိုးပေးရာဘုံဌာနနှင့်စပ်ပြီးဆိုတော့ ဘာတွေတဲ့တုန်း၊ အကုသိုလ်ကံတဲ့နော်၊ အကုသိုလ်ကံဆိုတော့ ဘယ်ဘုံမှာ အကျိုး ပေးမလဲ၊ အပါယ်ဘုံ၊ ပြီးတော့ လူ့ဘုံလည်း နည်းနည်းပါးပါး အကျိုးပေးပါသေးတယ်၊ ကာမာဝစရ ကုသိုလ်ကံ ကာမာဝစရဘုံဆိုကြပါစို့၊ ရူပါဝစရကုသိုလ်ကံ ရူပါဝစရဘုံမှာ အကျိုးပေးတယ်၊ အရူပါဝစရကုသိုလ်ကံ အရူပါဝစရဘုံမှာ အကျိုး ပေးတယ်၊ အဲဒီတော့ ကာမာဝစရ ကုသိုလ်ကံကတော့ ကာမာဝစရဘုံမှာလည်း အကျိုးပေးမယ်၊ ရူပါဝစရ အရူပါဝစရမှာလည်း အကျိုးပေးသလောက် အကျိုးပေးတာပေါ့လေ။

[စာမျက်နှာ-81] အဲဒီလို ကံ ၄-မျိုးတစ်ခါ ရှိပြန်တယ်တဲ့၊ အဲဒီကံ ၄-မျိုးကမှ အဘိဓမ္မာနဲ့ ဆိုင်တဲ့ ကံ ၄-မျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ကျမ်းဆရာက ဒါကို နည်းနည်း ကျယ်ကျယ်ပြတယ်၊ ကျယ်ကျယ်ပြတဲ့အခါကျတော့ ပထမဆုံး အကုသိုလ်ကံဆိုတာ ရှိတယ်နော်၊ အဲဒီအကုသိုလ်ကံ ဘယ်နှစ်မျိုးရှိသလဲ၊ ဒီနေ့ ဒါကိုပဲ လေ့လာကြရမယ်။

အဲဒီတော့ အကုသိုလ်ကံနဲ့ ပတ်သက်ပြီးတော့ စကားပြောတဲ့အခါမှာ အကုသလကမ္မပထ ၁၀-ပါးလို့ ဒီလိုပြောလေ့ရှိတယ်၊ ဆိုလိုတာကတော့ အကုသိုလ် ကံရဲ့ အကြောင်းပေါ့လေ၊ ဒီလိုမှမဟုတ် အကုသိုလ်ကံပဲပြောကြပါစို့ အကုသိုလ်ကံ ၁၀-ပါး၊ ၁၀-မျိုးရှိတယ်တဲ့၊ အဲဒီ ၁၀-မျိုးက ဘာတုန်း။

အကုသလကမ္မပထ ၁၀-ပါး
(၁) ကာယကံ ၃-ပါး။
(၂) ဝစီကံ ၄-ပါး။
(၃) မနောကံ ၃-ပါး။

ဒီလို အကုသိုလ်ကံ ၁၀-မျိုးရှိတယ်။ ဒါကတော့ အဘိဓမ္မာမတတ်တောင်မှ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သေသေ ချာချာ နားလည်ထားထိုက်တယ်၊ ကာယကံဆိုတာဘာလဲ၊ ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့ကံ ပေါ့နော်၊ စိတ်ကတော့ပါရတာချည်းပေါ့၊ သို့သော် ခန္ဓာကိုယ်နဲ့ ပြုလုပ်ရတဲ့ ကံမျိုး၊ ခန္ဓာကိုယ်လှုပ်ရှားပြီးတော့ ပြုလုပ်ရတဲ့ကံမျိုး၊ ကာယဒွါရလို့ ခေါ်တယ်နော်၊ အဲဒီ ကာယဒွါရဖြင့် ပြုအပ်တဲ့ကံကို ကာယကံ၊ မြန်မာလို ရိုးရိုးပြောရင်တော့ ခန္ဓာကိုယ်နဲ့ ပြုလုပ်တဲ့ကံပေါ့။ အဲဒီကာယကံက ဘယ်နှစ်မျိုးရှိတုန်း၊ ၃-မျိုးရှိတယ်။ သို့မဟုတ် ၃-ပါးရှိတယ်တဲ့။

(၁) ပါဏာတိပါတ (သူ့အသက်သတ်ခြင်း)
နံပါတ်တစ်က သူ့အသက်သတ်ခြင်း။ သူ့အသက်သတ်ခြင်းဆိုတာကတော့ကို မြန်မာစကားလွယ်အောင် ရှင်းအောင် ပြောထားတာနော်၊ ပါဠိစကားနဲ့ ပြောမယ်ဆိုရင် ဒါဟာ ငါးပါးသီလထဲက ပါဏာတိပါတနော်၊ ပါဏာတိပါတဆိုတာ သတ္တဝါရဲ့ ဇီဝိတိန္ဒြေကို လျင်စွာချခြင်းလို့ အဓိပ္ပါယ်ရှိတယ်၊ သတ္တဝါရဲ့ ဇီဝိတိန္ဒြေကို လျင်စွာချခြင်းဆိုတာဘာလဲ၊ ဇီဝိတိန္ဒြေ ဆိုတာ အသက်ပဲ မဟုတ်လားနော်၊ ရုပ်ဇီဝိတိန္ဒြေရှိတယ်၊ နာမ်ဇီဝိတိန္ဒြေလို့ရှိတယ်။ ရုပ်ဇီဝိတိန္ဒြေကတော့ မသိသေးဘူး ထားပါတော့ဟုတ်လား၊ ရုပ်ပိုင်း မရောက်သေးလို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အသက်ဓာတ် တစ်မျိုးမျိုးပေါ့လေ၊ အဲဒါရုပ် ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေကတော့ စေတသိက်၊ အဲဒီ ဇီဝိတိန္ဒြေကို ဆက်လက်မဖြစ်ပွားအောင် လုပ်တာကိုပဲ လျင်စွာ ချတယ်လို့ ဒီလိုဆိုတယ်။

[စာမျက်နှာ-82] ဘာကြောင့်တုန်းဆိုတော့ ရုပ်ဇီဝိတိန္ဒြေအနေနဲ့ဆိုရင် စိတ္တက္ခဏ တစ်ဆယ့် ခုနစ်ချက် အသက်ရှည်တယ်၊ အဲဒီတစ်ဆယ့် ခုနစ်ချက် အတွင်းတော့ ဘယ်လိုမှ လုပ်လို့ရတာ မဟုတ်ဘူးနော်၊ လျင်စွာချတယ်ဆိုတာဟာ ဇီဝိတိန္ဒြေ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ဖြစ်နေမှာကို မဖြစ်အောင် လုပ်တာကိုပဲ လျင်စွာ ချတယ်၊ ဒါကိုပဲ သူ့အသက်ကို သတ်တယ်ဆိုတယ်နော်၊ သူ့အသက် သတ်ခြင်းဟာ ခန္ဓာကိုယ်နဲ့ ပြုလုပ်ရတဲ့ အကုသိုလ်တစ်မျိုးပေါ့။

အဲဒီ အကုသိုလ်တစ်မျိုးဖြစ်ရာမှာ သူက ကမ္မပထမြောက်တဲ့ သူ့အသက် သတ်ခြင်းရှိတယ်တဲ့နော်၊ ကမ္မပထဆိုတော့ သေသေချာချာကြီး အကုသိုလ်ဖြစ်သွားတာ၊ ကံဖြစ်သွားတာ၊ တချို့ကတော့ ဒီလို သိပ်ကို မရေမရာဖြစ်တာ၊ ဒီလို ၂-မျိုး ရှိတယ်၊ ကမ္မပထမြောက်တယ်၊ ကမ္မပထမမြောက်ဘူးလို့ ဒီလို ခေါ်တယ်နော်။

အဲဒီတော့ ကမ္မပထမြောက်ရင်တော့ ပဋိသန္ဓေအကျိုးကို ဧကန်ပေးနိုင်တဲ့ သတ္တိရှိသွားတယ်၊ တစ်ခါတလေကျတော့ ကမ္မပထ မမြောက်ဘဲနဲ့ သတ်မိတာလေး တွေရှိတယ်၊ အဲဒါမျိုးကျတော့တဲ့၊ ပဋိသန္ဓေအကျိုးကို ပေးနိုင်တယ်၊ မပေးနိုင်ဘူး၊ ကိန်းသေမှတ်လို့ မရဘူးတဲ့၊ တချို့လည်းပေးနိုင်တယ်၊ တချို့လည်း မပေးနိုင်ဘူး။

အဲဒီတော့ ကမ္မပထမြောက် မမြောက်ကို ဘယ်လိုသိရမှာတုန်း၊ သတ္တဝါ တစ်ကောင် သတ်မိတယ်ဆိုပါတော့၊ အဲဒါ ကမ္မပထမြောက်တာက ဘယ်လိုလဲ ကမ္မပထ မမြောက်တာက ဘယ်လိုလဲဆိုတာ ဆုံးဖြတ်နည်းရှိတယ်။

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ - သတ္တဝါလည်းဖြစ်ရမယ်။
(၂) ပါဏသညိတ - သတ္တဝါမှန်းလည်း သိရမယ်။
(၃) ဝဓကစိတ္တ - သတ်လိုတဲ့ စေတနာလည်းရှိရမယ်။
(၄) ပယောဂ - သတ်ဖြတ်မှု လုံ့လတစ်ခုခုပြုရမယ်။
(၅) ဇီဝိတုပစ္ဆေဒ - အဲဒီလုံ့လကြောင့် သေလည်းသေရမယ်။

အဲဒီလို အင်္ဂါငါးပါးနဲ့ ပြည့်စုံရမယ်တဲ့၊ အဲဒီလို ပြည့်စုံရင် ပါဏာတိပါတကံ ကမ္မပထမြောက်တယ်တဲ့။ အဲသလိုဆိုရင် ပါဏာတိပါတကံက ဧကန် အပါယ်မှာ အကျိုးပေးတော့မှာပဲ။

အင်္ဂါငါးမျိုး မှတ်မိပြီလား၊ သတ္တဝါလည်းဟုတ်ရမယ်နော်၊ သတ္တဝါမှန်းလည်း သိရမယ်၊ သတ်လိုတဲ့စိတ် စေတနာလည်းရှိရမယ်၊ သတ်ဖြတ်မှုလုံ့လ တစ်ခုခုလည်း ပြုရမယ်၊ အဲဒီလုံ့လကြောင့် သေတာလည်းဖြစ်ရမယ်၊ ကိုယ်ကတော့ သတ်တော့ သတ်တာပဲ၊ လွဲသွားတယ်၊ မသေဘူး၊ ဒါလဲရှိသေးတာကိုး၊ ဓားနဲ့ခုတ်လိုက်တယ်၊ သေအောင် ခုတ်လိုက်တာပဲ၊ မသေဘူးနော်၊ အဲဒါမျိုးဆိုရင် ပါဏာတိပါတ အစစ်မဖြစ်ဘူးပေါ့။

[စာမျက်နှာ-83] မေး - ငါးခုလုံးပြည့်စုံမှလား။
ဖြေ - ဒီငါးခုစလုံးပြည့်စုံမှ။ တစ်ခါတလေ ခုနပြောသလို စေတနာမရှိဘဲနဲ့ သတ်မိတာလည်းရှိတယ်၊ သတ်တယ်လို့တောင် မဆိုထိုက်ပါဘူး၊ သို့သော် သတ်တယ်ပဲ ပြောကြပါစို့၊ ခုနကလို ပုရွက်ဆိတ်ကလေး ကိုယ်ကမရှောင်နိုင်တော့ဘူး၊ ဆိုပါတော့ နင်းမိသွားပြီ။ အဲဒါမျိုးလေးတွေရှိတယ်၊ တစ်ခါတလေ ကားမောင်းသွားရင်း ခွေးမရှောင်နိုင်လို့ တက်နင်းသွားတာလည်း ဖြစ်နိုင်တယ်၊ သူ့သတ်ချင်တဲ့ စေတနာ မပါဘူး၊ မတော်တဆတိုက်မိတော့ ခွေးက သေတာပဲ၊ အဲဒီလို ဟာမျိုးတွေလည်း ရှိတယ်။

တစ်ခါတလေကျတော့ သတ္တဝါမှန်းလည်း မသိဘဲနဲ့ ကိုယ်က လုပ်မိရာကနေပြီးတော့ သတ္တဝါဖြစ်ပြီးတော့ သေသွားတာမျိုးကလည်း ရှိသေးတယ်၊ အဲဒီလို ကမ္မပထ မြောက်မှ အပြစ်ကြီးတယ်ပဲပြောကြပါစို့၊ အပြစ်ကတော့ ရှိတာချည်းပါပဲ။ သို့သော် စေတနာမပါရင်တော့ ကိစ္စမရှိဘူး။

ကောင်းပြီ၊ အဲဒီကမ္မပထမြောက်တဲ့ အပြင်မှာလည်းပဲ အပြစ်အကြီးအငယ် ဘယ်လို ကွာသေးသလဲတဲ့နော်၊ အပြစ်မှာတော့ အတော်အသေးစိပ်လိုက်တယ်။ ဝိနည်းမှာကျတော့ ဘုန်းကြီးတွေ (ဆိုပါတော့) သတ္တဝါမသတ်ရဘူးဆိုတာရှိတယ်၊ လူမဟုတ်သေးဘူး၊ တခြားဟာပေါ့၊ လူလည်းပါတယ်၊ သတ္တဝါမသတ်ရဘူးဆိုတာ ရှိတယ်ဆိုပါတော့ ဘုန်းကြီးအနေနဲ့ ဝိနည်းအနေနဲ့ ပြောမယ်ဆိုရင် ပုရွက်ဆိတ်

[စာမျက်နှာ-84] သတ်တာနဲ့ ဆင်သတ်တာအတူတူပဲ၊ ပါစိတ်အာပါတ်သင့်တာပဲ၊ ပုရွက်ဆိတ်သတ်လည်း ဒီအာပါတ်ပဲ၊ ဒီထက်ကြီးတဲ့ သတ္တဝါ ခွေး၊ နွားသတ်လည်း ဒီအာပါတ်ပဲ။ ဆင်သတ်လည်း ဒီအာပါတ်ပဲ၊ ဒါပေမယ့်လို့ အဘိဓမ္မာကျတော့ ဒါမျိုး မရဘူးနော်။

အဘိဓမ္မာကျတော့ ဘယ်လိုလိုက်သလဲ၊ သတ္တဝါအကြီးအငယ် လိုက်ပြီးတော့ လည်းပဲ အပြစ်အလေးအပေါ့ရှိတယ်၊ သတ္တဝါကြီးရင် ပိုပြီးအပြစ်များတယ်ပေါ့၊ သူက သတ္တဝါကြီးတော့ ဇီဝိတိန္ဒြေများတာပေါ့ဟုတ်လား၊ ဇီဝိတိန္ဒြေများများကို ဖြတ်ပြစ်ရတဲ့ သဘောရှိတယ်၊ အဲဒါကြောင့် သတ္တဝါကြီးရင် အပြစ်ကြီးတယ်။ သတ္တဝါငယ်ရင် အပြစ်ငယ်တယ်ပေါ့။

ပြီးတော့တစ်ခါအဲဒီ အသတ်ခံရတဲ့ သတ္တဝါရဲ့ (သတ္တဝါဆိုတာလူလည်းပါတယ်) အကျင့်သိက္ခာလိုက်ပြီးတော့ အပြစ်ကြီးမကြီးလည်းရှိတယ်နော်၊ အကျင့် သိက္ခာရှိတဲ့ ပုဂ္ဂိုလ်ကို သတ်မိရင် အပြစ်ကြီးတယ်၊ အကျင့်သိက္ခာမရှိတဲ့ ပုဂ္ဂိုလ်ကို သတ်မိရင် အပြစ်သိပ်မကြီးဘူး၊ အဲဒီလိုပဲ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်သိက္ခာ လိုက်ပြီးတော့ လည်းပဲ အပြစ်အကြီးအသေးရှိတယ်။

တစ်ခါ သီလ သိက္ခာရှိတဲ့သူကို သတ်မိမယ်ဆိုရင်တော့ အဲဒီသူပိုပြီးအပြစ် ကြီးသွားတာပေါ့၊ မိဘတို့ ရဟန္တာတို့ သတ်မိရင်တော့သွားပြီ၊ အနန္တရိယ ကံဆိုတာ ထိုက်သွားပြီ၊ ပိုပြီး အပြစ်ကြီးသွားပြန်ပြီ။

အဲဒီအကောင်အထည်အားဖြင့်ဖြစ်စေ၊ ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ တူနေပါ ပြီတဲ့၊ အဲသလိုကျတော့ဘာလဲ၊ ပယောဂ လုံ့လစိုက်မှုအားကြီးရင် ပိုပြီးအပြစ်ကြီးတာပေါ့၊ လုံ့လစိုက်မှုသေးရင် အပြစ်သေးတာပေါ့နော်၊ အဲဒီလို အပြစ်ကြီးငယ် ကလည်း ကွာသေးတယ်၊ ပုရွက်ဆိတ်သတ်တာနဲ့ ဆင်သတ်တာမတူဘူးပေါ့။ ပုရွက်ဆိတ်သတ်တာက လုံ့လသိပ်မထုတ်ရဘူး၊ ဆင်သတ်တာဆို လုံ့လအများကြီး ထုတ်ရမယ်၊ အဲဒါကြောင့်မို့ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်လိုက်ပြီးတော့လည်း ဖြစ်တယ်၊ သီလ လိုက်ပြီးတော့လည်း ဖြစ်တယ်၊ ဂုဏ်ဆိုတာလည်း သီလပါပဲ ဟုတ်လား၊ ပြီးတော့ အကြီးအသေးလိုက်ပြီးတော့လည်း ဖြစ်တယ်နော်၊ ပယောဂများ နည်းတာလိုက်ပြီးတော့လည်းဖြစ်တယ်။

တစ်ခါ အဲဒီသတ်တဲ့နေရာမှာ ပယောဂလို့ခေါ်တဲ့ အားထုတ်မှုကလည်း ရှိသေးတယ်၊ အဲဒီပယောဂတွေကိုလည်းပဲ သတိထားရမယ်။

ပယောဂ ၆-မျိုး
(၁) သဟတ္ထိကပယောဂ - ကိုယ်တိုင်သတ်တာ။ ဓားနဲ့ ခုတ်တယ်၊ တုတ်နဲ့ရိုက်တယ်၊ ဘာလုပ်လုပ်ပေါ့လေ ကိုယ်ထိလက်ရောက်သတ်တာ

[စာမျက်နှာ-85] ကိုယ်တိုင်သတ်တာကို ဘာလို့ခေါ်သလဲဆိုတော့ပါဠိလိုကျတော့ သဟတ္ထိကလို့ ခေါ်တယ်၊ ကိုယ်တိုင်လှူရင်လည်းပဲသဟတ္ထိက လှူတယ်လို့ခေါ်တယ်၊ သဟတ္ထိက ဆိုတာ မိမိလက်နဲ့လုပ်တယ်လို့ ဆိုလိုတယ်၊ ကိုယ်တိုင်သတ်တာတစ်ခု။

(၂) အာဏတ္တိကပယောဂ - ခိုင်းစေပြီးတော့သတ်တာ၊ ကိုယ်တိုင်မသတ်ဘူး၊ သူများကို အသတ်ခိုင်းတာ၊ နှုတ်နဲ့ဖြစ်ဖြစ်၊ စာနဲ့ရေးလို့ပဲဖြစ်ဖြစ်၊ အရိပ်နိမိတ်ပြလို့ပဲ ဖြစ်ဖြစ်၊ အသတ်ခိုင်းတာမျိုးကို အာဏတ္တိကလို့ခေါ်တယ်၊ ဒါဟာစေခိုင်းပြီးတော့ သတ်တာ၊ ပါးစပ်နဲ့ပြောမယ်ဟေ့ ဘယ်ကောင်သတ်လိုက်စမ်း၊ ရုံးမင်းတွေ အမိန့်ချတာ မျိုးပေါ့၊ သို့မဟုတ် စာရေးပြီးတော့ စာနဲ့အမိန့်ချလိုက်တာ၊ သို့မဟုတ် အရိပ်နိမိတ်ပြတာ၊ ကြိုးပေးတဲ့အခါတို့ ဘာတို့ကျတော့ လူတစ်ယောက်က အချက်ပြ လိုက်ရတယ် မဟုတ်လား၊ လက်ကိုင်ပဝါလေးဖြစ်ဖြစ် ဒီလိုလေး လုပ်လိုက်ရတယ် ဟုတ်လား၊ အဲဒီလို အရိပ်နိမိတ်ပြလို့ဖြစ်စေ၊ အသတ်ခိုင်းတာမျိုးကို ကိုယ်တိုင်မသတ်ဘဲနဲ့ သူများခိုင်းတာမျိုးကို အာဏတ္တိကပယောဂလို့ခေါ်တယ်။

အခု ဒီမှာ သတိထားလိုက်စမ်း၊ ပါးစပ်နဲ့ ပြောတယ်၊ ပြီးတော့ပါးစပ်နဲ့ သတ်ခိုင်းတာ ပါနေလို့ ဒီမှာ နော်တော်တော်ကြာကျတော့ အဲဒါပြန်ရှင်းမယ်။ ကာယကံလား၊ ဝစီကံလားဆိုတာ၊ အာဏတ္တိက။

(၃) နိဿဂ္ဂိယပယောဂ - နောက်တစ်ခုက ဘာလဲဆိုတော့ပါဠိလိုကျတော့ နိဿဂ္ဂိယလို့ခေါ်တယ်။ ဒါကဘာလဲဆိုတော့ ပစ်လို့ရတဲ့ဝတ္ထု ပစ္စည်းနဲ့သတ်တာနော်၊ လေးနဲ့ပစ်သတ်တယ်။ အခုခေတ်ဆိုရင် လက်နက်နဲ့ ပစ်တယ်၊ အဲဒီလို အဝေးကနေလှမ်းပြီးတော့ ပစ်ခတ်သတ်ဖြတ်မှုမျိုးကို နိဿဂ္ဂိယ ပယောဂလို့ ခေါ်တယ်နော်၊ ခဲနဲ့လှမ်းထုလို့ သေရင်လည်း နိဿဂ္ဂိယထဲသွားတာပေါ့လေ၊ အထူးသဖြင့်တော့ လေးမြှားနဲ့ပစ်တာတို့ နော်၊ ဗုံးကြဲတာတို့ အမြှောက်နဲ့ပစ်တာတို့ ဒါတွေဟာ ဘာလဲဆိုရင် နိဿဂ္ဂိယ ပယောဂတဲ့။

(၄) ထာဝရပယောဂ - နောက်တစ်ခုကတော့ ထာဝရပယောဂလို့ခေါ်တယ်နော်၊ ဒါက ဘာလဲဆိုတော့ အမြဲထာဝရ တည်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့သတ်တာ၊ ဆိုလိုတာကတော့အခုခေတ် ဗုံးထောင်တာမျိုးပေါ့နော်၊ (Mining trap) အဲဒီလို ဗုံးထောင်ထားတာမျိုး၊ လမ်းခရီးမှာ တွင်းကြီးတူးထားတာမျိုး၊ လူတွေ ကျပြီးတော့သေအောင် တွင်းထဲမှာ ဆူးတွေထားပြီးတော့ လူတွေကျတဲ့အခါ သေအောင် လုပ်တာမျိုး၊ ပြီးတော့ ဒီလူက သူ့ကိုယ်သူ သတ်သေချင်တာ၊ သူ့နားသွားပြီးတော့ ဓားတို့လှံတို့ အလွယ်တကူ ရအောင် သွားချပေးထားတာမျိုး၊ ဒါမျိုးကို ထာဝရ ပယောဂလို့ ခေါ်တယ်။

[စာမျက်နှာ-86] ဒါကြောင့်မို့ လူသတ်စေဖို့ရာ လူတွင်မကဘူး သတ္တဝါတွေ သတ်စေဖို့ရာ လက်နက်လုပ်တာ အားလုံးပဲ ထာဝရပယောဂထဲပါတယ်၊ ဗုံးတွေလုပ်တယ် အမြောက်တွေလုပ်တယ်၊ အခုခေတ်ဆိုရင် နျူကလီးယားလက်နက်တွေလုပ်တယ်။ ဒါတွေအားလုံးဟာ ကိုယ်တိုင်သတ်တာလည်း မဟုတ်ဘူး၊ သူများသတ်ခိုင်းတာလည်း မဟုတ်ဘူး၊ ဒါပေမယ့် သတ်စရာ ပစ္စည်းတွေ သူကလုပ်ပေးတာ၊ ဒါကြောင့်မို့ ထာဝရပယောဂ။

မင်းတုန်းမင်းကြီး လက်ထက်တုန်းက အိမ်ရှေ့မင်းက ဗုံးလုပ်ပြီးတော့ စမ်းလိုက်တော့ အောင်မြင်တယ်ပေါ့လေ၊ အောင်မြင်တော့ အများကတော့ ဝမ်းသာ ကြတယ်၊ နောက် မင်းတုန်းမင်းကြီးက ကြားတော့ ဒါ ဘာလဲကွာ၊ ဗုံးလုပ်လို့ အောင်မြင်ပြီပေါ့။ အိမ်ရှေ့မင်းက သူ့ညီကို၊ အဲဒီတော့ မင်းတုန်းမင်းကြီးက မလုပ်ပါနဲ့ကွာ ထာဝရပယောဂ သူမလွတ်နိုင်ဘူးပေါ့၊ ပဉ္စမသင်္ဂါယနာတင် မင်း တရားကြီး က ထာဝရ ပယောဂ ဗုံးတွေဘာတွေ မကြိုက်ဘူးဆိုတော့ မလုပ်ရဘူး၊ အဲဒါကြောင့် မြန်မာပြည် ဆုံးရှုံးတယ် ဘာနဲ့တောင် နောက်လူတွေက အပြစ်တင်တာပဲ။ အဲဒါထာဝရပယောဂလို့ခေါ်တယ်၊ သူများခလုတ်တိုက်ရင် လဲပြီးတော့သေအောင် ထောင်ချောက်ထောင်တာတို့ဘာတို့ စသည်ပေါ့လေ။

(၅) ဝိဇ္ဇာမယပယောဂ - နောက်တစ်ခုကတော့ ဝိဇ္ဇာမယတဲ့၊ ဝိဇ္ဇာမယဆိုတာတော့ အတတ်ပညာနဲ့ ဆိုတော့ ပြုစားတာမျိုးပေါ့၊ စုံးတွေ ဘာတွေ ပြုစားတတ်တယ် မဟုတ်လား၊ ပြုစားတယ်ဆိုတာလည်း သေတာပဲ၊ အဲဒီလိုသေအောင် ပြုစားတာမျိုးကို ဝိဇ္ဇာမယလို့ ခေါ်တယ်၊ အင်းချပြီးတော့ သတ်တာမျိုး၊ လက်ဖွဲ့ နဲ့ သတ်တာမျိုး၊ စသည်ပေါ့လေ၊ ဒါတွေဟာ ဝိဇ္ဇာမယပေါ့လေ၊ ခုခေတ် အရုပ်ကလေးတွေလုပ်၊ အဲဒီအရုပ် ကလေးတွေ အပ်တွေထိုးထားတယ်၊ ဟိုလူသေအောင်ဆိုပြီးတော့၊ တကယ်သေရင် အဲဒါ ပါဏာတိပါတပဲ၊ ဒါတွေကလည်း မဖြစ်ဘူး မပြောနိုင်ဘူး၊ ဆေးဖယောင်းတိုင် ထွန်းတာတို့ အကုန်ပါတာပေါ့၊ သေရင် ပယောဂကုတဲ့ဆရာတွေ မြင်ဖူးလား၊ တစ်ခါတလေ ရိုက်တာနှက်တာတွေ၊ ဒီလူပဲဖြစ်ဖြစ် အပူးခံရတဲ့ သတ္တဝါဖြစ်ဖြစ်ပေါ့။ သေရင် ဝိဇ္ဇာမယပဲ၊ တန်ပြန်အောင်လုပ်တာတွေလည်း ရှိတယ်နော် ဟုတ်လား၊ ဒါတွေလည်း သေရင်တော့ပါဏာတိပါတပဲ။

(၆) ဣဒ္ဓိမယပယောဂ - အဲနောက်တစ်ခုကတော့ ဣဒ္ဓိမယတဲ့၊ ဣဒ္ဓိမယဆိုတာကတော့ တချို့ပုဂ္ဂိုလ် တွေမှာ ကံကြောင့် သူတို့မှာ တန်ခိုးရှိနေတတ်တယ်၊ အဲဒီလို တန်ခိုးရှိနေတတ်တော့ သူတို့က နည်းနည်းလေးလုပ်လိုက်ပေါ့၊ တခြားတစ်ဖက်သားမှာ အကြီးအကျယ်

[စာမျက်နှာ-87] ထိခိုက်ပြီး သေသွားနိုင်တယ်၊ အဲဒီလိုဟာမျိုးနဲ့ သတ်တာမျိုးကို ဣဒ္ဓိမယနော်၊ တန်ခိုးနဲ့ သတ်တာလို့ဆိုတာ။

ဟိုးရှေးတုန်းက သီဟိုဠ် (သီရိလင်္ကာ) ကျွန်းမှာ ဘုရင်တစ်ပါးရှိတယ်တဲ့။ အဲဒီ ဘုရင်တစ်ပါးက သူ စိတ်ဆိုးလာလို့ သူ့အစွယ်ကို ခေါက်လိုက်တာနဲ့ တစ်ခါတည်း ဟို လူတစ်ယောက်ဟာသေသွားတယ်၊ သူ့အစွယ် သူခေါက်လိုက်တာနဲ့ သုမနဆိုတဲ့ သူဌေးတစ်ယောက်ဟာ သေသွားတယ်၊ အဲဒီလို သူ့မှာ တန်ခိုး မျိုးရှိတယ်။ ပြီးတော့ ဝေဿဝဏ် နတ်မင်းကြီးဆိုတာရှိတယ်၊ မြင့်မိုရ်တောင်ရဲ့ အရှေ့ စောင့်တာကတစ်ပါး၊ အနောက်စောင့်တာက တစ်ပါး၊ တောင်ဘက်စောင့်တာက တစ်ပါး၊ မြောက်ဘက် စောင့်တာကတစ်ပါးမှာ မြောက်ဘက်ပိုင်းစောင့်တဲ့ နတ်မင်းကြီးကို ဝေဿဝဏ္ဏနတ်မင်းလို့ခေါ်တယ်၊ ဝေဿဝဏ်နတ်မင်းဟာ စုံးပူး နတ်ပူး ဥစ္စာစောင့်ပူး ဘာပူး ညာပူးဆိုရင် ပယောဂဆရာတွေက ဝေဿဝဏ် နတ်မင်းကြီးကို တိုင်တည်တာပဲ၊ သူက အဲဒီဘက်က ယက္ခတွေကို အုပ်စိုးရတဲ့ နတ်မင်းကြီး၊ အဲဒီနတ်မင်းကြီး အရိယာမဖြစ်ခင်ကတဲ့ (နောက် အရိယာဖြစ်သွားတော့ ကိစ္စမရှိဘူး) အရိယာ မဖြစ်ခင်က မျက်စောင်းထိုးလိုက်တာနဲ့ တစ်ခါတည်း ဘီလူးတွေက သေသွားတာပဲတဲ့၊ သူ့မျက်စောင်းပေးလိုက်ရင် သွားပြီ၊ အဲဒါဟာ ဘာလည်းဆိုရင် ဣဒ္ဓိမယတန်ခိုးကြောင့်ဖြစ်တာ၊ အဲဒီလို ပါဏာတိပါတနဲ့ ပတ်သက် ပြီးတော့ ပယောဂဆိုတာတွေကိုလည်းပဲ သိထားရမယ်နော်၊ ခုနက အင်္ဂါငါးပါးသိခဲ့ပြီ၊ အခုပယောဂ။

ဒါကြောင့်မို့ ကိုယ်တိုင်သတ်မှ ပါဏာတိပါတ ဖြစ်တာမဟုတ်ဘူး၊ သူများ ခိုင်းသတ်ရင်လည်းပဲ ပါဏာတိပါတဖြစ်တာပဲ၊ အာဏတ္တိက၊ နိဿဂ္ဂိယ၊ ထာဝရ ပစ္စည်းတွေ ဘာတွေလုပ်ရင်လည်းပဲ ပါဏာတိပါတ၊ ဒါကြောင့်မို့ လက်နက်ရောင်း တာတို့ ဘာတို့ကို သမ္မာအာဇီဝ မဟုတ်ဘူးလို့ မြတ်စွာဘုရားက ဟောတာပေါ့။ လက်နက် ရောင်းတော့ ထာဝရပစ္စည်းကိုး၊ ထာဝရပစ္စည်း ရောင်းတာပေါ့။

ဝိဇ္ဇာမယ အတတ်ပညာနဲ့သတ်တာ၊ ဣဒ္ဓိမယကတန်ခိုးနဲ့သတ်တာ၊ အဲဒီလို ပယောဂတွေကလည်းပဲ အမျိုးမျိုးရှိသေးတယ်၊ ဒါတွေနဲ့ အကုန်လုံးလိုက်ပြီးတော့ ကြည့်ရမယ်၊ ပါဏာတိပါတ။

ခုနကပြောတဲ့ ဇီဝိတကိုလျင်စွာ ချတယ်လို့ ဒီလို စာတွေမှာသုံးတယ်။ ဒါကလည်း ခုနကပြောတဲ့အတိုင်းပဲ၊ ဇီဝိတိန္ဒြေ နောက်ထပ်အဆက်မဖြစ်အောင် ပြတ်သွားအောင် လုပ်တဲ့သဘောပေါ့၊ သူ့ဟာသူ အသက်ရှည်နေမှာကို ကိုယ်က

[စာမျက်နှာ-88] နည်းနည်းလေးဖြစ်စေ တိုသွားအောင် လုပ်လိုက်ရင် ပါဏာတိပါတဖြစ်တာပဲ။ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ (mercy killing) မရှိဘူး။

လူတွေကတော့ ထင်တယ်၊ ဒါ သူ့ကို ကူညီတာပဲပေါ့၊ ဒုက္ခ ရောက်နေတယ် မဟုတ်ဘူးလား၊ ဒုက္ခရောက်နေတော့ သူ ဒုက္ခငြိမ်းသွားအောင် ဆိုပြီးတော့ သတ်ပေးလိုက်တယ်၊ ခု ဒီနိုင်ငံမှာ သိပ်လုပ်လေ့ရှိတယ်၊ အထူးသဖြင့်တော့ တိရစ္ဆာန်တွေကို လုပ်လေ့ရှိတယ်၊ ဘာလဲ (put to sleep) ပြောတာပဲ၊ သနား တယ်ဆိုပြီးတော့ မိဘဖြစ်တော့ သံယောဇဉ်ဖြစ်မိတော့ ဒုက္ခခံနေတာ မကြည့်ရက်ဘူး ဆိုပြီးတော့ သတ်ပေးလိုက်တာပဲ။

အဲဒါဟာ အဘိဓမ္မာနဲ့ပြောရင် ပါဏာတိပါတပဲ၊ သနားလို့ သတ်သတ်၊ စောစောတုန်းကတော့ ကရုဏာ အစစ်ပါလိမ့်မယ်၊ ဒါပေမယ့် သတ်တဲ့အချိန်မှာ ဘယ်တော့မှ ကရုဏာနဲ့ မသတ်နိုင်ဘူးတဲ့၊ ဒေါသမူစိတ်နဲ့ချည်းသတ်တာ၊ ရှေးတုန်းက ဘာပြောလာခဲ့လာခဲ့ပေါ့လေ ဘယ်လိုပဲ စိတ်အနေထားရှိလာခဲ့ လာခဲ့၊ တကယ်သတ်ပြီ ဇီဝိတိန္ဒြေချပြီဆိုတဲ့အခါမှာကျတော့ ဒေါသမူစိတ်နဲ့ပဲ လုပ်လို့ရတယ်၊ ကရုဏာစိတ်နဲ့ လုပ်လို့မရဘူး၊ ကုသိုလ်စိတ်နဲ့ သတ်လို့မရဘူး။

ဒါကြောင့် ဒီသတ်တဲ့ အချိန်မှာ ဒေါသမူစိတ်နဲ့သာ သတ်လို့ရတာဖြစ်တဲ့ အတွက်ကြောင့်မို့ (mercy killing) ဆိုတာမျိုး ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ မရှိဘူး၊ အဲဒီတော့ သူ့ကို တတ်နိုင်သမျှ ကိုယ်က သက်သာအောင်သာ လုပ်ပေးဖို့ သာရှိတယ်၊ သူ့ကိုသွားသတ်ဖို့ ကိုယ့်မှာ (right) မရှိဘူး။ အမှန်အတိုင်းပြောရင် ဒီနိုင်ငံကျတော့ ဒါတွေဟာ လုပ်နေကြတာပဲနော်။

ဟိုတလောက ဦးဇင်းဒေါ်ခင်မကြီးဆီ သွားတုန်းက ဒကာမကြီးက ခွေး တစ်ကောင်ရှိတာ၊ အဲဒီခွေးလေးကရောဂါ ကြံကြံဖန်ဖန်ဖြစ်နေတော့ ခွေးဆရာဝန် သွားပြတော့ ခုနကလို သတ်ပစ်လိုက်ပါ ပြောတာ၊ အဲဒီတော့ ဒေါ်ခင်မကြီးကလည်း မလုပ်နိုင်ဘူးပေါ့၊ ဟာ၊ မဖြစ်ဘူး၊ ဒါကတော့ ဗုဒ္ဓဘာသာ ဆိုတော့ အိမ်ပြန်ခေါ်လာပြီးတော့ ဘာလုပ်တုန်းဆိုတော့ ပရိတ်တွေရွတ်ပေးတာပဲ၊ အဲဒါနဲ့ ကောင်လေးက မသေဘူးဗျ။ ပြန်ပြီး နာလံထူလာတယ်၊ ဟို ဦးဇင်းသွားတုန်းအထိ ရှိသေးတယ်။ ခုထိတော့ မပြောတတ်ဘူး၊ ဇန်နဝါရီ ဖေဖော်ဝါရီလအထိ ရှိသေးတယ်၊ နည်းနည်းတော့ ဟိုယိုင်ဒီယိုင်လေးတော့ တစ်ခါတစ်ခါ ဖြစ်တယ်၊ ဒါပေမယ့်လို့ မသေရှာဘူး၊ သူတို့ပြောတဲ့အတိုင်း ဟိုတုန်းက သတ်လိုက်ရင် ခွေးလေးသေပြီ၊ အဲဒါ သူမလုပ်နိုင်ဘူး၊ အဲဒါ သူများတွေကတော့ သူ့ထင်တာ ရက်စက်တဲ့

[စာမျက်နှာ-89] မိန်းမပေါ့၊ ဒီဒုက္ခ ခံစားရတာကို ကြည့်နေတယ်ပေါ့၊ သူကတော့ မလုပ်ဘူးဆိုပြီးတော့ ပရိတ်ထိုင်ရွတ်တာပဲတဲ့၊ ဒီခွေးနာက ပြန်ကောင်း လာတာ။

အဲဒါကြောင့်မို့ (mercy killing) များတော့ မလုပ်ကြနဲ့၊ ဘာလဲဆိုတော့ သူ့ကံနဲ့သူပဲ၊ သူ ခံစားရတာတော့ ကိုယ်မတတ်နိုင်ဘူးလေ၊ ကိုယ်ကလုပ်တာမှ မဟုတ်ဘဲနဲ့၊ အဲဒီတော့ ကိုယ်ကဝင်ပြီးတော့ သူကို ကယ်ချင်လို့ဆိုပြီး သတ်လိုက်ရင် ကိုယ့်ကို အလကားနေရင်း ပါဏာတိပါတဖြစ်မယ်နော်။

ပြီးတော့ အဲဒီမှာနေတုန်းကပဲ စာစောင်လေးတစ်ခုမှာ ဆောင်းပါးတစ်ခု သွားတွေ့တယ်၊ မိန်းမတစ်ယောက် ကားတိုက်တာပဲထင်တယ်၊ ကားတိုက်ပြီးတော့ သတိမေ့သွားတာလေ၊ ကိုယ်ဝန်ကြီးနဲ့ဖြစ်တော့ အသက်ရှူတဲ့ စက်တပ်ထားရတာ၊ အောက်စီဂျင်ပေးထားတာ ခေါ်တာပေါ့၊ အသက်ရှူစက်တပ်ပြီး လုပ်ပေးထားတော့ ဆရာဝန်တွေက ပြောတယ်တဲ့၊ မရဘူး မျှော်လင့်ချက် လုံးဝမရှိဘူး၊ သွားတော့မှာပဲ၊ ဒါပေမယ့်လို့ သူ့မိဘ ဆွေမျိုးတွေက မလျော့ဘူးပေါ့လေ၊ ပြီးတော့ အဲဒီမိန်းမက ကိုယ်ဝန်ကြီးနဲ့ ၉-လလောက်ကြာသတဲ့၊ အဲဒီမှာ ကိုယ်မှာဖြစ်နေတာ၊ ဒီအသက်ရှူ စက်နဲ့ပဲနေတာ၊ အဲဒီလိုဖြစ်နေရင်းနဲ့ ဗိုက်ခွဲပြီး ကလေးမွေးပေးရတယ်၊ နောက် ကျတော့ သူက သတိပြန်လည်လာတယ်၊ ဓာတ်ပုံထဲကိုပါတာ၊ သူရော သူ့သားရော၊ သူ့သားကတော့ ၁၆ နှစ်လောက်ရှိပြီ သူက ပြောတယ်လေ၊ (I am a living proof) မင်းတို့ သွားပြီးတော့ မဖြုတ်ကြနဲ့ပေါ့၊ ဘာပြုလို့လဲဆိုတော့ ဆရာဝန်တွေက မျှော်လင့်ချက်မရှိဘူး ဆိုပေမယ့်လို့ သူပြန်ရှင်လာတယ်၊ မသေဘူးဆိုပါတော့လေ။ အဲဒါကြောင့်မို့ အဲဒီစက်နဲ့ နေရင် လည်းပဲ သွားတော့ဖြင့်ဖြတ်လို့ မပြောကြနဲ့ပေါ့။ သွားအဖြုတ်ခိုင်းလိုက်ရင် ကိုယ့်မှာ ပါဏာတိပါတငြိနိုင်တယ်။

ဦးဇင်းတို့ တစ်ခါ သိပ်ကို ဂရုစိုက်လိုက်ရတယ်၊ ဆရာတော်ကြီးတစ်ပါး ဦးဇင်းတို့နဲ့ အလွန်ရင်းနှီးတယ်၊ ကိုယ့်ဆရာသမားပါပဲ၊ အဲဒီလိုပဲ မန္တလေးဆေးရုံမှာ ဖြစ်နေတော့ အောက်စီဂျင် တပ်နေရတယ်၊ ရှူးရှဲ ရှူးရှဲနဲ့ပေါ့၊ ကြာတော့ ဆရာဝန် တွေကလာပြောတယ်၊ “အရှင်ဘုရား၊ ဖြုတ်လိုက်တော့မယ်”တဲ့ “ဒို့တော့ လာမပြောနဲ့မောင် မဖြစ်ဘူး”လို့ “သူကတော့ အရှင်ဘုရားတို့ကန်တော့ရင် သွားကန်တော့ချေ”တဲ့၊ ဒါ နောက်ဆုံးကန်တော့ခြင်းပေါ့လေဆိုတော့ “ကန်တော့ တာတော့ ကန်တော့တယ်၊ ကိစ္စမရှိဘူး၊ ဒို့ကတော့ မင်းတို့ဖြုတ်တာလည်း သဘော ကျတယ်လို့လဲ မပြောဘူးလို့ ဟုတ်ဘူးလား၊ ဖြုတ်ပါလို့လည်း မပြောနိုင်ဘူး

[စာမျက်နှာ-90] လို့ သွားပြောမိရင် အလကားနေရင်း ကိုယ့်ပါရာဇိကကျမှာ၊ အဲဒါမျိုး သိပ်သတိထားရ တယ်နော်။

တစ်နည်းအားဖြင့်ကြည့်၊ ခုနကလို ဆရာဝန် အနေနဲ့ ကြည့်ရင် ဟုတ်တာပေါ့။ ဒါကြီးကတော့ ဘာလုပ်တော့မလဲ၊ အလကားပဲ၊ ရှူးရှဲ ရှူးရှဲ စက်ကလုပ်နေတာပဲ။ ဒါပေမယ့်လို့ ခုနက မိန်းမက အဲဒါမျိုး၊ အဲဒီဆောင်းပါးလေး သိမ်းတောင်ထားချင်တာ၊ ဖလော်ရီဒါမှာတုန်းက တွေ့တာ Enquiry ထဲလား၊ ဘယ်ထဲလား မသိဘူး၊ အဲဒီလို စာစောင်မျိုး တစ်ခုပဲ၊ ဒေါ်ခင်မကြီး ဝယ်လာတာပဲ၊ အဲဒါ ဖွင့်ဖတ်လိုက်တော့ ဟာ နေရာကျပဟေ့လို့ ဓာတ်ပုံနဲ့ကိုပါလာတာ၊ ဒီအတိုင်းချည်း နေရတာ ၉-လ လောက်ကြာသတဲ့၊ အဲဒါ သွားဖြုတ်မိရင် ပါဏာတိပါတတော့ ထိုက်နိုင်တယ်။ ဘာပြုလို့လည်းဆိုတော့ သူက သတိမရပေမယ့်လို့ သူ့ ဇီဝိတက သွားနေသေးတာကိုး၊ အဲဒီအချိန်မှာ ဇီဝိတရှိနေသေးတယ်၊ ဒီဇီဝိတကို ချုပ်အောင်သွားလုပ်လိုက်ရင် ကိုယ့်မှာ ပါဏာတိပါတ ငြိနိုင်တယ်၊ ဒါသတိထားဖို့ ပြောတာနော်၊ ဒါဟာ သူ့ အသက်သတ်ခြင်း ပါဏာတိပါတ၊ ပါဏာတိပါတကို တကယ်ရှောင်မယ်ဆိုရင် အတော်ကို သတိထားမှရမှာ။

မေး - ဒါဖြင့်ရင် ဆရာဝန်တစ်ယောက်ကလာပြီးတော့ သူ့လူနာက ဒုက္ခ ရောက်နေတယ်၊ သတ်ပေးရမလား၊ မသတ်ပေးရဘူးလား၊ ဘယ်လို decided လုပ်ပေးရမလဲ၊ ရေငုံနှုတ်ပိတ် မနေရဘူးဆိုရင် ဘယ်လိုလုပ် ဆုံးဖြတ်ချက် ချရမလဲ။

ဖြေ - သတ်တဲ့ဘက်ကတော့ မနေနဲ့။

မေး - တကယ်လို့ ခွဲစိတ်ပါလို့ လုပ်လို့ ပြောလိုက်ရင် အသက်ရှင်ဖို့ အလား အလာ ရှိတယ်၊ မလုပ်နဲ့လို့ ပြောလိုက်လို့ရှိရင် သေဖို့ chanceနည်းနည်းရှိတယ်။ ဆရာဝန်ကြီးရဲ့ ပြောပြချက်လေးအရ အဲဒီတော့ ဘယ်ဘက်သွားရမယ်ဆိုတာလည်း မသိဘူး၊ ခွဲစိတ်လိုက်လို့ ပျောက်ရင်လည်းပျောက်မယ်၊ မခွဲလို့ သေချင်မှလည်း သေမယ်၊ အဲဒီလို အနေအထားမျိုးမှာ ကိုယ်ကနေနေရတဲ့အခါကျတော့ ဘယ်လိုဆုံးဖြတ်ရမလဲ။

ဖြေ - ဒါကျတော့ ကိုယ့်စေတနာရှိတယ်၊ သူ့ကို သေစေချင်တဲ့ စေတနာ ကိုယ့်မှာမရှိဘူး၊ ကိုယ်က သူကောင်းသွားစေချင်တဲ့ စေတနာရှိတယ်ဆိုတော့ ခွဲပါလို့ပြောလည်းရမှာပေါ့၊ သူ ဒီလိုခွဲခြင်းဖြင့် သူ့ရောဂါ သက်သာ လိမ့်မယ်လို့ ကိုယ်ကမျှော်လင့်ချက်နဲ့ ပြောတာကို၊ ဆရာဝန်တွေကလည်း ပြောတယ် (ဆိုပါတော့)။

[စာမျက်နှာ-91] ခွဲရင်တော့ သက်သာဖို့ရာ ၆၀-ရာခိုင်နှုန်းရှိတယ်၊ ဒီအတိုင်းထားရင်တော့ သေမှာပဲဆိုတာမျိုးကျတော့ ခွဲပါလို့ ပြောမယ်ဆိုရင် ပြောနိုင်တာပေါ့၊ သူ့ အသတ်ခိုင်းတာမှ မဟုတ်ဘဲကိုး၊ သူ့အသက်ကယ်ခိုင်းတာ။

မေး - ခုနက အချက် ၅-ချက်ထဲမှာ တစ်ချက်လွတ်တာပေါ့၊ လုံ့လလည်း မရှိဘူး စေတနာလည်း မရှိဘူး။
ဖြေ - အင်း၊ ဟုတ်တယ်။

ကောင်းပြီနော်၊ ဒါ သူ့အသက်သတ်ခြင်း၊ ဒုတိယသွားကြဦးစို့။

(၂) အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)
သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ယူခြင်း၊ အဒိန္နာဒါန သူ့ဥစ္စာမခိုးနဲ့ပေါ့။ မြန်မာလိုရိုးရိုး ပြောတာကတော့ အဒိန္နဒါန၊ အဒိန္နဒါန၊ အဒိန္နဒါနမဟုတ်ဘူး၊ အဒိန္နာဒါနနော် အဲဒါလည်း သီလယူတဲ့အခါကျရင် သတိထားကြ၊ မှန်မှန်ဆိုနိုင်ရင် ပိုကောင်းတယ်၊ လူတွေက များသောအားဖြင့်ဆိုရင် အဒိန္နဒါနချည်း ဆိုတာပဲ၊ ဘုန်းကြီးတွေကတော့ အမှန်အကန်ချပေးတာပဲ၊ အဒိန္နာဒါနလို့၊ ဘာပြုလို့လည်း ဆိုတော့ ဒီအဒိန္နာဒါန ဆိုတဲ့ပုဒ်က အဒိန္နဆိုတဲ့ပုဒ်နဲ့ အာဒါနဆိုတဲ့ပုဒ်နဲ့ ၂-ခုဆက်ထားတာ၊ အဒိန္နနဲ့ အာဒါန ဆက်လိုက်တဲ့ အခါမှာ အဒိန္နာဒါနလို့ ဖြစ်လာတယ်၊ ဒါကြောင့်မို့ အဒိန္နာဒါန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိပေါ့လေ၊ သီလယူရင်လည်း အဲဒီလို ဆိုရမယ်။

အဒိန္နဆိုတာက မပေးအပ်တဲ့ဥစ္စာ၊ အာဒါနဆိုတာက ယူတာ၊ အဲဒီတော့ ဥစ္စာရှင်က ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မပေးတဲ့ဥစ္စာကိုယူ၍ အဒိန္နာဒါနဖြစ်တယ်၊ ဒါကို မြန်မာလိုကျတော့ ခိုးဝှက်မှုလို့ ဆိုတာပေါ့၊ အဲဒီလို အရှင်က ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ဥစ္စာကို ယူတာမှန်ရင် အဒိန္နာဒါန ဖြစ်တယ်ဆိုတော့ ခိုးရင်လည်း ဟုတ်တာပဲ၊ တိုက်ခိုက်ယူရင်လည်း ဟုတ်တာပဲ၊ လိမ်တာတွေတောင်မှ ပါတာပဲ၊ လိမ်ယူတာတို့ ဘာတို့လဲ သူက ပေးချင်တာမှ မဟုတ်ဘဲကိုး၊ အဲဒါမျိုးဆိုတော့ လှည့်ပတ် ယူတာတို့ ဘာတို့ အားလုံးဟာ အဒိန္နာဒါနထဲမှာပါတယ်၊ အဲဒီတော့ ရော့လို့ ပါးစပ်နဲ့ပဲပြောပေးပေး၊ စာနဲ့ပဲပေးပေးပေါ့လေ၊ အဲဒါမျိုးဆိုရင်တော့ ကိစ္စမရှိပါဘူး။

ကောင်းပြီ ဒီမှာလည်း ဝိနည်းနဲ့ သုတ္တန်လို့ပြောပြော၊ အဘိဓမ္မာလို့ပြောပြော ကွာခြားမှုရှိသေးတယ်၊ ဝိနည်းအရ ပြောမယ်ဆိုရင် ဘုန်းကြီးက တိရစ္ဆာန်ရဲ့ ပစ္စည်းကိုယူတာ အာပါတ်သင့်ဘူးတဲ့၊ ဆိုပါတော့၊ တိရစ္ဆာန်ပိုင်တဲ့ ပစ္စည်းရှိတယ်ပဲ

[စာမျက်နှာ-92] ပြောကြပါစို့၊ ဒါပေမယ့်လို့ အဘိဓမ္မာ သဘောတရား သို့မဟုတ် သုတ္တန်သဘော တရားအရကျတော့ ယူတာမှာ မပေးတာယူတာဆိုတော့ အပြစ်ကတော့ ရှိတာပဲ။ အဲဒီလို ဝိနည်းနဲ့ သုတ္တန်နဲ့ မတူတာလေးတွေနည်းနည်းရှိတယ်၊ ကောင်းပြီ။

ဒီမှာလည်းပဲ အင်္ဂါနားလည်ဖို့ အရေးကြီးတယ်နော်၊ ဦးဇင်းဒကာကြီးကတော့ ပြောလေ့ရှိတယ်၊ ကိုယ်တော်တို့ ပါနောပါနသညာ အင်္ဂါတွေ ရှုပ်တယ် လုပ်မနေနဲ့၊ မသတ်ရဘူးဆိုရင် လုံးဝမသတ်နဲ့တဲ့၊ ပြီးတာပဲတဲ့၊ အင်္ဂါတွေဘာတွေနဲ့ မညီဘူးညီတယ် လုပ်နေရတယ်၊ ဒါသက်သက် အကြောင်းရှာလာတာ (excuse) ရှာလာတာပေါ့လေ။ သို့သော် အင်္ဂါလည်း နားလည်ရမယ်။

အဒိန္နာဒါန အင်္ဂါ ၅-ပါး
(၁) ပရပရိဂ္ဂဟိတ - သူတစ်ပါး ဥစ္စာလည်းဖြစ်ရမယ်။
(၂) ပရပရိဂ္ဂဟိတသညိတ - သူ့ဥစ္စာလို့လည်း သိရမယ်။
(၃) ထေယျစိတ္တ - ခိုးချင်တဲ့စိတ်လည်းရှိရမယ်။
(၄) ပယောဂ - ခိုးခြင်း၌ လုံ့လပြုခြင်း။
(၅) အဝဟာရ - တရားဝင် လက်တွေ့ခိုးယူခြင်း (နေရာရွေ့ခြင်း)။

ဒီ ငါးချက်မပြည့်စုံရင် ကမ္မပထ မမြောက်ဘူးပေါ့၊ ပြည့်စုံရင်ကမ္မပထ မြောက်တယ် ပေါ့။

အဒိန္နာဒါနမှာလည်းပဲ အပြစ်အကြီးအငယ်က ဘယ်လိုလဲတဲ့၊ ဥစ္စာတန်ဖိုး လိုက်ပြီးတော့လည်းပဲ အပြစ်အကြီးအငယ်ဖြစ်မယ်ပေါ့နော်၊ နည်းနည်းတန်တာခိုးတာ၊ များများတန်တာခိုးတာ၊ ပြီးတော့ ဥစ္စာရှင်ရဲ့ သီလရှိမှု မရှိမှု၊ ဥစ္စာရှင်က သီလ ရှိတဲ့ပုဂ္ဂိုလ်ဆိုရင် ပိုပြီးတော့ အပြစ်ကြီးမယ်ပေါ့။ ပြီးတော့လုံ့လ ပယောဂကလည်း ခုနကလိုပေါ့လေ၊ လုံ့လပယောဂ များများပြရရင် အပြစ်ပိုကြီးတာပေါ့၊ နည်းနည်းပြ

[စာမျက်နှာ-93] ရရင် အပြစ်သေးတာပေါ့၊ အဲဒီလို အပြစ်အကြီးအသေးလိုက်ပြီးတော့ ဖြစ်တယ်၊ အဲဒီ အဒိန္နာဒါနနဲ့ပတ်သက်ပြီးတော့ ခိုးခြင်း ၂၅-ပါးဆိုပြီးတော့ ဝိနည်းမှာလာတယ်။ ဒါခုတော့ မပြောနိုင်ဘူးဟုတ်လား။

ဒါကြောင့်မို့ ဒီသိက္ခာပုဒ်ဟာ ဘုန်းကြီးတွေမှာ အလွန်ကြောက်စရာကောင်း တယ်လို့ ပြောတာ၊ ဘာလို့လည်းဆိုတော့ တကယ်ခိုးမှ ခိုးခြင်းဖြစ်တာ မဟုတ်ဘူး၊ ခိုးတာမဟုတ်ဘဲနဲ့ ခိုးသလိုဖြစ်တာတွေပေါ့လေ၊ လိမ်တာမျိုးတွေ အဲဒါမျိုးတွေ အမျိုးမျိုးတွေ ဖြစ်နိုင်တယ်၊ အဲဒါကြောင့်မို့ အမှန်ကတော့ မြတ်စွာဘုရားက တပည့်သားတွေ စောင့်ရှောက်ချင်လို့ ဒီလို ဒီလို နည်းတွေရှိတယ်၊ ဒါဒီလိုလုပ်ရင် ခိုးတာပဲ၊ ဒီလိုလုပ်ရင် ခိုးတာပဲ စသဖြင့်ပေါ့၊ အဲဒီလို။

လူတစ်ယောက်က ပိုက်ဆံတစ်ခု အောက်ကျသွားတယ်ဆိုပါတော့၊ ကိုယ်က အသာလေး ခြေထောက်ကလေးနဲ့ နင်းထားလိုက်တယ်၊ ဟိုကောင်ရှာလို့ မတွေ့ဘူး၊ ဟုတ်တယ်မဟုတ်လား၊ မတွေ့ရင်ကိစ္စမရှိသေးဘူး၊ ခိုးတာမဖြစ်သေးဘူး၊ ဒီကောင် ထွက်သွားတဲ့အခါ ကိုယ်က ကောက်ယူလိုက်တယ်၊ နေရာရွေ့သွားတာနဲ့ တစ်ပြိုင်နက် ခိုးခြင်းကိစ္စပြီးသွားပြီ၊ အဲဒါမျိုးတွေပေါ့လေ၊ ပြီးတော့ အထူးသဖြင့် အကောက်ခွန်ပေးဖို့ ရှောင်တာမျိုးတွေ၊ အဲဒါမျိုးတွေလည်း ကြောက်စရာကောင်းတယ်။

ဒါကြောင့်မို့လို့ ခိုးခြင်း ၂၅-ပါးဆိုတာ ဘုန်းကြီးတွေမှာတော့ရှိတယ်၊ အမှန် ကတော့လူတွေမှာလည်း အဲဒီထဲကတော်တော်များများဟာ သုံးလို့ရပါတယ်။ ထားပါတော့၊ ဒါကတော့ ကျယ်လွန်းသွားပြီ၊ နောင်တစ်ကြိမ် အကျယ်လေ့လာ ချင်တဲ့အခါကျမှ လုပ်ကြစို့။

(၃) ကာမေသုမိစ္ဆာစာရ (ကာမဂုဏ်၌မှားယွင်းခြင်း)
တတိယဟာက ကာမေသုမိစ္ဆာစာရ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတဲ့။ အဲဒီတော့ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းဆိုတာ မိမိတရားဝင် ဆက်ဆံကောင်းတဲ့ ပုဂ္ဂိုလ်မှတစ်ပါး တခြားပုဂ္ဂိုလ်တွေနဲ့ ကာမဂုဏ်ဆက်ဆံတာပေါ့လေ၊ ကာမေသုမိစ္ဆာစာရ၊ ကာမေသုဆိုတာက ကာမဂုဏ်တို့၌ မိစ္ဆာစာရ မှားယွင်းတဲ့အကျင့် မှားယွင်းတဲ့အကျင့်ဆိုတာက ယုတ်မာတဲ့အကျင့်ပေါ့လေ။

ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေလည်း အလွန်များတယ်၊ ပြဿနာတွေလည်း အလွန်များတယ်၊ ခုခေတ်အနေနဲ့ ကြည့်မယ်ဆိုရင်လဲ တချို့ဟာ တွေက ဘာဖြစ်မယ်မသိဘူး၊ ဒါပေမယ့်လို့ ဒို့ဘာသာမှာ ကျမ်းဂန်တွေမှာ ဒီလို ဆိုထားတယ် ဆိုတာကိုတော့ နားလည်ထားရမယ်၊ သူများပြောတဲ့အခါမှာတော့ သူတို့ကြိုက်ချင်ကြိုက်မယ်၊ မကြိုက်ရင် မကြိုက်ဘူး၊ ဒါကတော့ မတတ်နိုင်ဘူး။

[စာမျက်နှာ-94] ဦးဇင်းတို့လည်း မေးရင်တော့ မှန်တဲ့အတိုင်းတော့ ပြောရတော့တာပဲ။ သူတို့မကြိုက်မှာစိုးလို့ ကိုယ်က လျှော့ပြောလိုက်မယ်၊ ပြင်ပြောလိုက်မယ်ဆိုရင် ဘုရားတရားကို ကိုယ်က မတော်တရော် (misrepresent) လုပ်ရာရောက်တယ်လေ၊ သူတို့ကြိုက်တာ မကြိုက်တာတခြားပဲ၊ ဒီနိုင်ငံသားတွေအနေနဲ့က ကာမေသုမိစ္ဆာစာရဆို ဘယ်ကြိုက်မလဲ။

ဒီကလူတွေက အမှန်ကတော့ အကုသိုလ် အတော်နည်းတာ၊ ကာမေသုမိစ္ဆာစာရနဲ့ သုရာမေရိယ၊ ဒီကံ ၂-ကံက အတော်ကျူးလွန် ဖြစ်တာ၊ အဲဒီတော့ မတတ်နိုင်ဘူး ဟုတ်လား၊ စာရှိတဲ့အတိုင်းပြောရမှာပဲ၊ မေးရင်တော့ ဦးဇင်းတို့က အဲဒီလိုပဲပြောတယ်၊ ဒါကတော့ မရှောင်နိုင်ဘူးလေ၊ ကြိုက်တာ မကြိုက်တာ လိုက်နာတာ မလိုက်နာတာကတော့ သူ့သဘောပေါ့။

ဦးဇင်း ဝါရှင်တန်မှာနေတုန်းက ဥရောပက လူတစ်ယောက်က လှမ်းပြီးတော့ ဝါရှင်တန်က ဘုန်းကြီးကို မေးလိုက်တာကိုး၊ ဘုန်းကြီးက အဖြေခက်နေတယ်။ အမှန်အတိုင်း ပြောလိုက်ရင်လည်း သူတို့မကြိုက်ရင် တစ်မျိုးဖြစ်မှာပေါ့လေ။ ဘယ်လိုလုပ် ဖြေရမှန်းကို မသိဖြစ်နေတာ၊ ဒါကတော့ အမှန်အတိုင်း ပြောလိုက်တာကောင်းတယ်လို့ ပြောရတယ်၊ ရှိတဲ့အတိုင်းလိုက်၊ လျှော့တော့ မဖြေလိုက်နဲ့၊ ကိစ္စမရှိပါဘူးကွာဆိုတာမျိုးတော့ မလုပ်လိုက်နဲ့လို့။

အဲဒီ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီးတော့ အင်္ဂါပထမပြောကြစို့ပေါ့လေ၊ အင်္ဂါက ဘယ်လိုရှိသလဲဆိုတော့ မသွားလာထိုက်တဲ့ ဝတ္ထုလည်းဖြစ်ရမယ်တဲ့၊ မသွားလာ ထိုက်တဲ့ဆိုတာ ကာမဂုဏ်အားဖြင့် မဆက်ဆံထိုက်တဲ့ ပုဂ္ဂိုလ်ဆိုကြပါစို့ ဒါကို ပါဠိလိုကျ ဝတ္ထုလို့လည်းပဲသုံးတယ်၊ ပစ္စည်းလို့လည်းသုံးတယ်၊ မသွားလာ ထိုက်တဲ့ ဝတ္ထုလည်းဖြစ်ရမယ်၊ ပြီးတော့ အဲဒီမသွားလာထိုက်တဲ့ ဝတ္ထုမှာ မှီဝဲချင် တဲ့စိတ်၊ ဆက်ဆံချင်တဲ့စိတ်လည်း ရှိရမယ်၊ လုံ့လပယောဂလည်း ပြုရမယ်။

နောက်တစ်ခုကတော့ ပြောစရာရှိတော့ ပြောရတော့မှာပဲ၊ ဒါယိကာမကြီး ပါနေလည်း မတတ်နိုင်ဘူး၊ မဂ်အချင်းချင်း ကျင့်ခြင်းကိုသာယာတာတဲ့၊ မဂ်ဆိုတာ sex organ ကိုပြောတာနော်၊ sex organ ၂-ခု ဆက်သွယ်မှုပေါ့ လေ၊ အဲဒီဟာကို သာယာတာကို စာစကားနဲ့သုံးတော့ မဂ်အချင်းချင်းကျင့်ခြင်းကို သာယာခြင်းလို့ ဒီလိုဆိုတာ၊ အဲဒီတော့ အင်္ဂါဘယ်နှစ်ပါးရှိတုန်း ၄-ခု၊ အင်္ဂါ လေးပါးနဲ့ ပြည့်စုံရင် ကာမေသုမိစ္ဆာစာရ ဖြစ်တယ်နော်။

ကာမေသုမိစ္ဆာစာရ အင်္ဂါ ၄-ပါး
(၁) အဂမနီယဝတ္ထု - မသွားလာထိုက်တဲ့ ဝတ္ထုလည်းဖြစ်စေ။
(၂) တသ္မိံ သေဝနစိတ္တ - ဆက်ဆံလိုစိတ် ရှိရမယ်။
(၃) ပယောဂ - လုံ့လပယောဂလည်း ရှိရမယ်။
(၄) မဂ္ဂေန မဂ္ဂပ္ပဋိပတ္တိသဟန - မဂ်အချင်းချင်း ကျင့်ခြင်းကို သာယာတယ် (လက်ခံတယ်)။

[စာမျက်နှာ-95] ဝတ္ထုဆိုတာ ပစ္စည်းတော့ မထည့်နဲ့ပေါ့လေ၊ ဝတ္ထုပဲနော်၊ ပြီးတော့ ဆက်ဆံလိုစိတ် ရှိရမယ်၊ လုံ့လပယောဂလည်း ရှိရမယ်၊ မဂ်အချင်းချင်း ကျင့်ခြင်းကို သာယာတယ်၊ အဲဒီ အင်္ဂါလေးပါးနဲ့ ပြည့်စုံရင် ဒါဟာ ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်။

ကောင်းပြီ၊ ဒီနေရာမှာ မသွားလာထိုက်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေက မသွားလာထိုက်တာလဲ၊ မဆက်ဆံထိုက်တာလဲဆိုတာ နားလည်ထားရမယ်၊ အဲဒီတော့ ဦးဇင်းတို့ အရှေ့တိုင်းဘာသာတွေက အရှေ့တိုင်းတင် မဟုတ်ပါဘူးလေ၊ ဒီ ဘာသာတွေဟာ ဘာခေါ်လဲ men dominated တဲ့၊ ယောက်ျားဘက်ကနေ ကြည့်ကြည့်ပြီး ပြောတာတွေချည်းပဲ၊ ဒါကြောင့်မို့ ဒီမှာလည်း ယောက်ျားဘက်ကနေ ကြည့်ပြီးတော့ ပြောလိမ့်မယ်၊ ဒါယိကာမကြီးတွေကတော့ ရှိတဲ့အတိုင်း မှတ်ပေါ့လေ။

ယောက်ျားများ မသွားလာထိုက်သော မိန်းမ ၂၀
(၁) မာတုရက္ခိတ - အမိစောင့်ရှောက်အပ်သောမိန်းမ၊ မိခင်က အုပ်ထိန်းထား သေးတယ်။ မိခင်ရဲ့ အုပ်ထိန်းမှုအောက်မှာနေတဲ့ မိန်းမမျိုး၊ အဲသလို မိန်းမမျိုးကို ယောက်ျားတစ်ယောက်က မသွားလာကောင်းဘူး၊ မဆက်ဆံကောင်းဘူးတဲ့။

(၂) ပိတုရက္ခိတ - အဖစောင့်ရှောက်ထားတဲ့မိန်းမ၊ အမေမရှိတော့ဘူး၊ အဖေပဲရှိတော့တယ်။ အဲဒါ အဖစောင့်ရှောက်ထားတဲ့ မိန်းမ။

(၃) မာတာပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ရှောက်ထားတဲ့မိန်းမ၊ ၃-ခုရှိသွားပြီနော်။

(၄) ဘာတုရက္ခိတ - မောင်တို့အစ်ကိုတို့က စောင့်ရှောက်ထားတဲ့မိန်းမ၊ မိဘတွေသေသွားပြီ၊ အစ်ကိုကြီးရှိတယ်၊ အစ်ကိုကြီးက စောင့်ရှောက်ထားတယ်ပေါ့လေ၊ အဲဒီလို မိန်းမ မျိုးတဲ့။

(၅) ဘဂိနိရက္ခိတ - ညီမအရင်းတွေက စောင့်ရှောက်ထားတဲ့မိန်းမ၊ အမေလည်းမရှိတော့ဘူး၊ အဖေလည်းမရှိတော့ဘူး၊ ဆိုပါတော့ ညီမတွေတော့ရှိနေတယ်ဆိုရင် ညီမတွေက စောင့်ရှောက်ထားတဲ့ မိန်းမမျိုးဆိုပါတော့ ငယ်ငယ်ဆိုရင်တချို့မှာ အစ်မနဲ့ ညီမနဲ့ အများကြီးကွာတာရှိတယ် မဟုတ်လား၊ ၁၀-နှစ်လောက်ကွာမယ်၊ ၁၂-နှစ်လောက်ကွာမယ် စသဖြင့်ဆိုရင် ထိန်းသိမ်းထားတာရှိတယ်၊

(၆) ဉာတိရက္ခိတ - ဆွေမျိုးတွေက စောင့်ရှောက်ထားတဲ့မိန်းမ၊ မိဘတို့မောင်တို့ အစ်မညီမ အရင်းမရှိတော့ဘူးဆိုပါတော့၊ အဒေါ်တို့ဘာတို့ သို့မဟုတ်လည်း အဘိုးအဘွားတို့ပေါ့ လေ၊ သူတို့က စောင့်ရှောက်ထားတဲ့မိန်းမမျိုး၊ ဝမ်းကွဲတွေက စောင့်ရှောက်ထားတဲ့မိန်းမမျိုး။

(၇) ဂေါတ္တရက္ခိတ - အနွယ်တူလူတစ်စုက စောင့်ရှောက်ထားတဲ့မိန်းမ၊ အဲဒီတော့ ဦးဇင်းတို့

[စာမျက်နှာ-96] မြန်မာပြည်မှာတော့အနွယ်ကို သိပ်ဂရုမစိုက်ကြဘူး၊ အိန္ဒိယမှာတော့ သူက ဘာအနွယ်၊ သူက ဘာအနွယ်ဆိုတာရှိတယ်၊ အခု ဦးဇင်းတို့ မြတ်စွာဘုရားကို ဂေါတမအနွယ် (clan) ဒါကြောင့်မို့ ဂေါတမဘုရားလို့ခေါ်တာပေါ့။ ဂေါတမဆိုတာ သူရဲ့ (personal name) မဟုတ်ဘူး (clan name) အခုဒီနိုင်ငံမှာလည်း အဲဒါတွေ ရှိတယ် မဟုတ်လား၊ (last name) လိုဟာမျိုးပေါ့၊ အဲဒီလို အနွယ်က စောင့်ရှောက် ထားတဲ့မိန်းမ။

အဲဒီတော့ ဒီမှာ တောင်မြို့ဆရာတော် ဦးဇနက ဆိုတာကတော့ ဆိုပါတော့တဲ့၊ ရှမ်းပြည်က ရှမ်းမလေးတစ်ယောက် မန္တလေးရောက်လာတယ်ဆိုတော့ မန္တလေးမှာ ရှိတဲ့ ရှမ်းတွေက ဝိုင်းပြီးစောင့်ရှောက်ထားရင်လည်းပဲ အနွယ်က စောင့်ရှောက်ထားတဲ့ မိန်းမလို့ ဆိုနိုင်လောက်တယ်ပေါ့လေ။

(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ကျင့်ဖက် ပုဂ္ဂိုလ်တွေက စောင့်ရှောက်ထားတဲ့မိန်းမ သီလရှင်လိုဟာမျိုးတွေပေါ့နော်၊ အတူတကွ တရားကျင့်ဖော်ကျင်ဖက်ဖြစ်တဲ့သူတွေက စောင့်ရှောက်ထားတဲ့မိန်းမမျိုး၊

ဘယ်နှစ်ယောက်ရှိသွားပြီလဲ၊ ၈-ယောက်ရှိသွားပြီ၊ အဲဒီ ၈-ယောက်က ကာမပိုင်ယောက်ျားမရှိတဲ့မိန်းမ၊ အဲဒီတော့ သူတို့ ၈-ဦးက (ယောက်ျားနဲ့မိန်းမ ဒီနေရာမှာ) မတူတာ၊ သူတို့ရဲ့ ကာမကို သူတို့ပိုင်တယ်၊ စောင့်ရှောက်ထားတယ် ဆိုတာက သူများမစော်ကားနိုင်ရုံစောင့်ရှောက်တာ၊ သို့သော် သူတို့ရဲ့ ကာမကို သူတို့ပိုင်တဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့က တခြားပုဂ္ဂိုလ်ကို သူတို့ကာမပေးလို့ သူတို့အနေနဲ့ကိစ္စမရှိဘူး၊ အပြစ်မရှိဘူး၊ ဒါပေမယ့်လို့ ယောက်ျားက အဲဒီပုဂ္ဂိုလ် တစ်ယောက်ယောက်နဲ့သွားပြီးဆက်ဆံရင်တော့ ယောက်ျားကျတော့ အပြစ်ရှိတယ်။

ဒီနေရာမှာ ယောက်ျားနဲ့ မိန်းမမှာ ယောက်ျားကပိုပြီးတော့ ဒုက္ခများတယ်၊ မိန်းကလေးတစ်ယောက်ရှိတယ်၊ မိဘ စောင့်ရှောက်ထားသေးတယ်ဆိုပါတော့၊ ဒါပေမယ့် ဒီမိန်းကလေးက သူရည်းစားနဲ့ ချစ်ကြိုက်ပြီးတော့ ကာမဂုဏ်ကိစ္စ ပြုမယ်ဆိုပါတော့၊ မိန်းကလေးမှာတော့ ကာမေသုမိစ္ဆာစာရမဖြစ်ဘူးတဲ့၊ ယောက်ျား လေးကျတော့ ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ မသွားလာထိုက်တဲ့ မိန်းမထဲမှာ သူလည်း အပါအဝင်ကိုး၊ ဒါကြောင့်မို့ ဒီ ၈-ယောက် ကာမပိုင်ယောက်ျားမရှိဘူး၊ ဒါကြောင့်မို့ မိမိတို့ ကာမကို မိမိတို့ပိုင်တယ်၊ စောင့်ရှောက်တယ် ဘာတယ်ပြောတာက သူတစ်ပါး မစော်ကားနိုင်ရုံ စောင့်ရှောက်ထားတာ၊ ဒါကြောင့်မို့သူတို့က သူတစ်ပါးကို ပေးလို့ မိစ္ဆာစာရ မဖြစ်၊ သို့သော် ယောက်ျားကတော့ သူတို့ကိုသွားပြီး မဆက်ဆံ

[စာမျက်နှာ-97] နဲ့နော်၊ ကာမေသုမိစ္ဆာစာရ ဖြစ်မယ်တဲ့။

မေး - ဒါဆို ဘယ်လိုလုပ် အိမ်ထောင်ပြုမလဲ။

ဖြေ - အိမ်ထောင်ပြုလို့တော့ ရတယ်လေ၊ အိမ်ထောင်ပြုရင် တရားဝင်သွားတာပေါ့။ အိမ်ထောင်ပြုပြီးတော့မှလက်ခံ၊ တရားဝင်ဖြစ်သွားပြီ၊ အိမ်ထောင်ပြုလိုက်ရင် သူက အပြစ်လွတ်သွားတာပေါ့၊ အဲဒါကတော့ မိဘကလည်း ကျေနပ်တယ်လေ။ ခုနဟာကတော့ မိဘကျေနပ်မှာ ဟုတ်ပါဘူးလေ၊ တိတ်တိတ်ပုန်းပေးတာကိုး။

၈-ယောက်နော်၊ ပြီးသွားပြီ၊ နောက်ထပ်လာဦးမယ်၊ စာမှာကတော့ အများကြီး ရှိတယ်။

(၉) သပရိဒဏ္ဍ - နောက်တစ်ယောက်က မင်းပြစ်မင်းဒဏ် မကင်းတဲ့မိန်းမတဲ့၊ ဆိုလိုတာ ကတော့ ရှင်ဘုရင်က ဒီမိန်းမကို သူကိုယ်ပိုင် သိမ်းပိုက်ချင်တယ်ဆိုပါတော့ သိမ်းပိုက်ချင်တဲ့ အတွက်ကြောင့်မို့ “ဒီမိန်းမကို ဆက်ဆံရင် အပြစ်ရှိစေ” အဲဒီလို လုပ်ထားတဲ့ မိန်းမမျိုးကိုတဲ့နော်၊ မင်းပြစ်မင်းဒဏ် မကင်းတဲ့မိန်းမဆိုတာ သူအပြစ် ရှိနေတာကို ပြောတာမဟုတ်ဘူး၊ မင်းက သိမ်းပိုက်မှာမို့လို့ ဒီမိန်းမ ဘယ်သူမှ မသွားလာရ၊ သွားလာတဲ့သူ အပြစ်ရှိစေ ဒဏ်ထားတာပေါ့ လေ၊ အဲဒီလို မိန်းမမျိုး၊ အဲဒါ သိပ်အရေးကြီးတယ်နော်၊ အင်္ဂလိပ်လို ပြန်တဲ့အခါ အနောက်နိုင်ငံကလူတွေ အလွဲချည်း ပြန်ကြတာ၊ ဒဏ္ဍာကိုလည်း သူတို့က ဒုတ်လို့ ပြန်ချင်ပြန်တာ၊ ဒဏ္ဍဆိုတာ ဒုတ်လို့ ပြန်လို့လည်းရတယ်။ punishment လို့ ပြန်လို့လည်းရတယ်။ ခုဟာက punishment လို့ ပြောတာ၊ ဒီမိန်းမ မသွားလာရ တံဆိပ်တပ် ထားတာမျိုးပေါ့၊ ဒီမိန်းမ ငါ့အတွက်ပေါ့၊ အဲသလို မိန်းမမျိုး။

(၁၀) သရက္ခ - နောက်တစ်ယောက်ကျတော့ အစောင့်အရှောက်ရှိသော မိန်းမလို့ ဒီလိုပဲသုံးတယ်၊ အဓိပ္ပါယ်ကတော့ ဘာလဲဆိုတော့ မမွေးခင် တည်းကတဲ့နော်၊ မိန်းကလေးဖြစ်ရင်ပေါ့လေ၊ ဒီမိန်းကလေး ငါသိမ်းပိုက်မယ် အဲဒီလို လုပ်ထားပြီးတော့ စောင့်ရှောက်ထားတဲ့ မိန်းမမျိုး၊ အဲဒါကို အစောင့်အရှောက်ရှိတဲ့မိန်းမလို့ ဆိုတယ်တဲ့၊ အဲဒါ မွေးဖွားလာရင် ကိုယ်သိမ်းပိုက်ဖို့ မယားပြုဖို့ တောင်းဆိုထားတဲ့ဟာမျိုး၊ အဲဒီတော့ အခုကာလ လက်မထပ်ရသေးပေမယ့်လို့ engage လုပ်ထားတဲ့ဟာမျိုးလည်း ဒီမိန်းမမျိုးထဲမှာ ပါဝင်နိုင်တယ်တဲ့၊ ဒါကြောင့်မို့ အစောင့်အရှောက်ရှိသော မိန်းမ engage လုပ်ထားပြီးရင် ဟိုလူက တစ်နည်းနည်းနဲ့ ပိုင်ပြီ ဆိုကြပါစို့နော်။

(၁၁) ဓနက္ကီတ - နောက်တစ်ယောက်က ဒါကတော့ ငွေနှင့်ဝယ်အပ်တဲ့ မယားတဲ့၊ ခုခေတ်ကတော့ ဒါမျိုးရှိချင်မှရှိမှာပေါ့လေ၊ ရှေးတုန်းကတော့ ရှိခဲ့တာပဲ၊ ပိုက်ဆံပေး

[စာမျက်နှာ-98] ပြီးတော့ ဝယ်ထားတာ၊ အဲသလို ငွေနှင့်ဝယ်အပ်တဲ့မယား။

(၁၂) ဆန္ဒဝါသိနီ - နောက်တစ်ယောက် သူ့မယားဖြစ်ဖို့ သဘောတူတဲ့အတွက်ကြောင့်မို့ သူ့အိမ်သွားပြီးတော့နေတဲ့ မိန်းမမျိုးပေါ့လေ၊ အခု မိဘတွေက သဘောမတူပေမယ့်လို့ လိုက်ပြေးတဲ့ မိန်းမမျိုး၊ သူသဘောကျလို့ သွားနေတာ၊ မယားဖြစ်သွားတာပေါ့။ အဲဒါကျတော့ ယောက်ျားလေးမှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးတဲ့၊ ဒါကသွားလာရုံ သွားလာတာ မဟုတ်ဘူးလေ၊ မယားဖြစ်အောင်ကို လက်ထပ်ယူလိုက်တဲ့ သဘော ပေါ့လေ၊ မယားဖြစ်အောင် လုပ်လိုက်တာပေါ့၊ မိစ္ဆာစာရ ဖြစ်တယ် ဆိုတာက သူက သွားလာရုံ သွားလာတာပေါ့၊ အဲဒီလိုကွာတယ်။

(၁၃) ဘောဂဝါသိနီ - နောက်တစ်ယောက်ကတော့ စည်စိမ်ဥစ္စာအတွက်သွားပြီး မယားခံတဲ့ မိန်းမမျိုး၊ ငွေနဲ့ဝယ်တာမျိုးလည်း မဟုတ်ဘူးနော်၊ ဒါပေမယ့်လို့ သူက ဆင်းရဲတဲ့ အခါကျတော့ ဟို အသုံးဆောင်လေး၊ ဒီအသုံးဆောင်လေးရပြီးတော့ မယားအဖြစ်နဲ့ သွားနေတဲ့ မိန်းမမျိုး၊ ရှေးတုန်းကလို ပြောရင်တော့ မောင်းတို့ ကျည်ပွေ့တို့ ဒါလေး အသုံးအဆောင်လေးတွေပေါ့လေ၊ ခုခေတ်ဆိုရင်လည်း ခုခေတ်အသုံး အဆောင် လေးတွေပေါ့ လေး၊ အဲဒီလိုနဲ့နေတဲ့ မိန်းမမျိုး၊ ဒါ ခုခေတ်လည်း ရှိနိုင်တယ်နော်၊ ဟို ယောက်ျားတွေက မိန်းမကို ပိုက်ဆံပေးထားပြီးတော့ မယားလည်း မဟုတ်ဘူးပေါ့လေ၊ အဲသလိုမျိုးပေါ့။

(၁၄) ပဋဝါသိနီ - နောက်တစ်ခုကျတော့ အဝတ်အစားပေးပြီးတော့ မယားဖြစ်တဲ့ မိန်းမမျိုး။

(၁五) ဥဒကပတ္တကီ - နောက်တစ်ခုကျတော့ ရေခွက်ထဲမှာ လက်ဆုံချပြီးတော့ ထိမ်းမြားတဲ့ မယားမျိုး၊ ဒါကတော့ မြန်မာပြည်မှာ မင်္ဂလာဆောင်တဲ့နည်းနဲ့ မင်္ဂလာဆောင်ပြီး ဖြစ်တဲ့မယားမျိုးပေါ့လေ၊ ယောကျာ်းလက်နဲ့ မိန်းမလက် ဒီလိုလေး တွဲလိုက်ပြီးတော့ ရေနဲ့လောင်းလိုက်တာ၊ အဲဒါ ဘာသဘောလည်းဆိုတော့ ဒီခွက်ထဲမှာရှိတဲ့ရေဟာ မကွဲမပြား တစ်သားတည်းနေသလို သင်တို့ ဇနီးမောင်နှံဟာလည်းပဲ မကွဲမပြားတည်နေကြပါစေဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ရေလောင်းပေးတာတဲ့၊ အဲဒီလို ရေလောင်းပြီးတော့ ထိမ်းမြားတဲ့ မယားမျိုး။

(၁၆) ဩပတ္တပုဉ္စနီ - နောက်တစ်ခုကတော့ ခေါင်းခုကိုချပြီးတော့ နေတဲ့ မယားမျိုးတဲ့၊ သူက သူဆင်းရဲဆိုတော့ကို ခေါင်းခုနဲ့ တစ်ခုခုရွက်ပြီးတော့ ခေါင်းရွက်ဈေးသည် တို့ဘာတို့ပေါ့၊ အဲဒါကနေပြီးတော့ အဲဒီမိန်းမမျိုးကို မယားလုပ်ထားတဲ့ လူမျိုးပေါ့။ အဲဒါ နင် ဒါမလုပ်နဲ့၊ ငါ့မယားလာလုပ်တော့ စသည်ပေါ့လေ၊ အဲဒီလို နေတဲ့

[စာမျက်နှာ-99] မယားမျိုးတဲ့။

(၁၇) ဓဇာဟဋ - နောက်တစ်ခုကတော့ စစ်သုံ့ပမ်းဖမ်းလာတဲ့မိန်းမကို မယားပြုတဲ့ မယားမျိုးပေါ့။ ရှေးတုန်းကတော့ စစ်တိုက်ရင်းဝင်ပြီး လူတွေဖမ်းလာတယ်မဟုတ်လား၊ မိန်းမတွေပါလာတယ်၊ အဲဒီမိန်းမတွေကို ပေါင်းသင်းနေတဲ့ မယားမျိုးပေါ့လေ။

(၁၈) ကမ္မကာရီဘာရိယ - နောက်တစ်ခုကတော့ အစေခံမယားမျိုးတဲ့ အစေခံလည်းဟုတ် မယားလည်း ဟုတ်ပေါ့လေ၊ အိမ်ခိုင်းတဲ့ အစေခံမကို မယားအဖြစ်နဲ့ ယူထားတာ၊ ဒါတွေလည်းရှိတယ်။

(၁၉) ဒါသီဘာရိယ - နောက်တစ်ခုက ကျွန်မယားမျိုး၊ ရှေးတုန်းကတော့ ကျွန်မဆိုတာ ရှိသေးတယ်၊ ကျွန်မကပိုပြီးတော့ အခွင့်အရေးက မရှိဘူးပေါ့။

(၂၀) မုဟုတ္တိက - နောက်ဆုံးတစ်ခုကတော့ ခေတ္တခဏမျှ ပေါင်းသင်းဆက်ဆံအပ်တဲ့ မယားမျိုးတဲ့၊ ရှေးတုန်းကတော့ မိန်းမငှားလို့ ရတယ်လို့ပြောတယ်၊ တစ်ပတ်ပဲ၊ တစ်ရက်ပဲ၊ နှစ်ရက်ပဲပေါ့လေ၊ သွားနေတာ၊ ခုခေတ်ပြည့်တန်ဆာမလည်း တစ်ခဏ ငှားတာပဲ။

အားလုံးဘယ်လောက်ရှိသွားပြီလဲ၊ ၂၀-နော် အဲဒီ ၂၀-ဟာ ယောက်ျား တွေ အနေနဲ့ မသွားလာထိုက်တဲ့မိန်းမ။ အဲဒီမိန်းမ ၂၀-ဟာ အဂမနီယဝတ္ထုလို့ ပါဠိလိုခေါ်တယ်၊ ယောက်ျားတွေ အနေနဲ့ မသွားလာကောင်းတဲ့ သူများဖြစ်နေပြီဆိုတော့ မသွားလာနဲ့ပေါ့၊ လိင်ကိစ္စ အနေနဲ့ မဆက်ဆံနဲ့ပေါ့။

အဲဒီတော့ ဆိုပါတော့ ပထမ ၈-ယောက်ကတော့ သူတို့ကာမသူတို့ ပိုင်တယ်၊ နောက် ၁၂-ယောက်ကတော့ကို အမှန်အတိုင်းပြောရင် သူတို့ဟာ သူတို့မပိုင်ဘူး၊ လင်ယောက်ျားက ပိုင်တယ်ပေါ့ ထိန်းသိမ်း သိမ်းပိုက်ထားတဲ့ ပုဂ္ဂိုလ်ကပိုင်တယ်၊ ဒါကြောင့်မို့ သူတို့အနေနဲ့က သူများကိုပေးရင် မိစ္ဆာစာရ ဖြစ်မယ်၊ ယောက်ျားက သူတို့နဲ့သွားလာ ဆက်ဆံရင်လည်း မိစ္ဆာစာရဖြစ်မယ်။

ပြည့်တန်ဆာမ ဘယ်လိုလဲတဲ့၊ ပြည့်တန်ဆာမမှာလည်းပဲ (ethic) ရှိတယ်။ ရှေးတုန်းကပေါ့လေ၊ ခုတော့ မပြောတတ်ဘူး၊ ဒီယောက်ျားတစ်ယောက်ဆီက ပိုက်ဆံယူထားပြီးရင် ဒီယောက်ျားနဲ့ ကိစ္စမပြီးသေးရင် နောက်ယောက်ျား တစ်ယောက်ကို လက်မခံရဘူး၊ ရှေးတုန်းက ငါးပါးသီလနဲ့ ပတ်သက်ပြီးတော့ ဂရုဓမ္မဇာတ် ဆိုတာ ရှိတယ်၊ အဲဒီမှာ ငါးပါးသီလမြဲအောင် စောင့်ရှောက်တဲ့နေရာမှာ very meticulous ပေါ့လေ၊ အလွန်ကို နည်းနည်းလေးမှ ပြောစရာမရှိအောင်

[စာမျက်နှာ-100] စောင့်ရှောက်ကြတဲ့အကြောင်း ပြောတဲ့အခါမှာ ငါးပါးသီလ စောင့်ရှောက်တဲ့ဟာ လိုက်ရှာကြတော့ အဲဒီမှာ ပြည့်တန်ဆာမ တစ်ယောက်လည်းပါတယ်၊ သူများတွေက ညွှန်းတယ်၊ “အဲဒီ ပြည့်တန်ဆာဆီလည်းသွားဦး၊ သူက တကယ်သီလရှိတယ်” ပေါ့။ ကြည့်စမ်းနော်၊ ပြည့်တန်ဆာမဆိုပေမယ့်လို့ သီလရှိတယ်။

အဲဒါနဲ့ သွားမေးတော့ ဘာပြောတုန်းဆိုတော့ အဲဒီလို ပြောတယ်၊ သူတို့ ပြည့်တန်ဆာမမှာ ယောက်ျားတစ်ယောက်ဆီက ပိုက်ဆံယူထားပြီးရင် အဲဒီယောက်ျား နဲ့ကိစ္စမပြီးသေးသမျှ နောက်ယောက်ျားတစ်ယောက်လက်မခံရဘူး၊ ဒီတော့ သူ့ ဖြစ်တာက ဘာလဲဆိုတော့ယောက်ျားတစ်ယောက်ဆီက ငွေလက်ခံလိုက် တာပေါ့လေ။ ငွေ ၅၀၀-ပေးရတယ် ပြောတယ်၊ လက်ခံလိုက်ပြီးတော့ အဲဒီ ယောက်ျားက မလာဘူးတဲ့၊ မလာတော့ သူက စောင့်တာပေါ့လေ၊ စောင့်ရင်းနဲ့ အချိန်ကြာလာတော့ စားစရာမရှိအောင် ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်သွားတဲ့ အချိန်မှာ နောက်တစ်ယောက်က လာပြီးတော့ ငွေလာပေးပြန်တယ်ပေါ့လေ၊ ကျွန်တော်နဲ့ ပေါင်းသင်းပါရစေပေါ့၊ ငွေ ၅၀၀-နဲ့လာတော့ သူက ယူမယ်လို့ လက်ကလေး လှမ်းလိုက်မိတယ်တဲ့၊ မယူသေးဘူးနော်၊ အဲဒီလို ယူမယ်လို့ လက်လှမ်းတဲ့အချိန်မှာ ဟို အရင်လူက ပေါ်လာတယ်တဲ့၊ အဲဒါကြောင့်မို့ သူ့အနေနဲ့ လက်လှမ်းမိလိုက်တဲ့ အတွက်ကြောင့်မို့ ငါ့သီလဟာ မစင်ကြယ်တော့ဘူး၊ အဲဒီလောက်ထိအောင် သူကသီလကို စင်ကြယ် အောင် စောင့်ရှောက်တာ။

ဒါကြောင့်မို့ ပြည့်တန်ဆာမတွေအနေနဲ့ဟာ မိမိငွေယူထားတဲ့ယောက်ျားနဲ့ ကိစ္စမပြီးသေးသမျှ တခြားယောက်ျားနဲ့ မဆက်ဆံရဘူးလို့ သူတို့မှာ (ethic) အဲဒီလိုရှိတယ်၊ ရှေးတုန်းကပေါ့လေ၊ ရှေးတုန်းက ပြည့်တန်ဆာလုပ်တယ်ဆိုတာ အကျင့်မကောင်းတဲ့ မိန်းမမှ လုပ်တာ မဟုတ်ဘူး၊ တစ်ခါတလေ သူဌေးသမီးတို့ ဘုရင့်သမီးတို့တောင် လုပ်တာ၊ ပြည့်တန်ဆာလို့ခေါ်တာဟာ တိုင်းပြည်ရဲ့ အင်္ဂါတစ်မျိုး ပဲလို့ ဒီလိုယူဆတာ။

ကောင်းပြီ၊ ယောက်ျားတွေအနေနဲ့ဆိုရင် ဒီမိန်းမ ၂၀-ရှောင်ကြဉ်ရမယ်၊ ရှင်းရှင်းကတော့ ကိုယ့်မယားမှ လွဲရင်ပေါ့၊ တခြားမိန်းမနဲ့ဟာ သိပ်မလွယ်လှဘူး ပေါ့လေ၊ တစ်ခုတော့ရှိတယ်၊ အခု ဒီနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် ၁၈-နှစ် ပြည့်ပြီးတဲ့နောက် လွတ်လွတ်လပ်လပ်နေသွားပြီ၊ ဒီနိုင်ငံမှာ ထုံးစံရှိတယ်၊ အဲဒီလို မိန်းမမျိုးနဲ့ သွားလာရင်တော့ မိစ္ဆာစာရ ဖြစ်ချင်မှဖြစ်တော့မှာ၊ ဘာလို့လည်းဆိုတော့ သူတို့ကို မိဘကလည်း မအုပ်ချုပ်တော့ဘူး၊ အုပ်ချုပ်တဲ့သူလည်း မရှိတော့ဘူး။

[စာမျက်နှာ-101] သူတို့ကို သူတို့ လွတ်လွတ်လပ်လပ် နေပြီကို၊ အဲဒီလိုဆိုတော့ လွတ်နိုင်စရာအကြောင်း ရှိတယ်၊ တစ်နည်းနည်းနဲ့ အုပ်ချုပ်နေသေးရင် သို့မဟုတ် ယောက်ျားရှိနေရင် ဘာရင်မရဘူးပေါ့၊ ရှင်းရှင်းကတော့ ဘာမှလုပ်မနေနဲ့ ဘုရားဟောတဲ့ သဒါရသန္တောသ ကိုယ့်မယားနဲ့ပဲ ကျေနပ်တာနော်၊ သူများမယား တခြားမိန်းမကို စိတ်ကူးထည့်ကို ထည့်မနေနဲ့ ဆိုတာလိုပေါ့လေ၊ အဲဒီလို နေနိုင်ရင် အကောင်းဆုံးပဲ။ ဟိုရှုပ်ရှုပ်၊ ဒီရှုပ်ရှုပ်လုပ်နေရင် တစ်နေ့နေ့ ဒုက္ခရောက်တာပဲ၊ စိတ်ဆိုတာ မထိန်းနိုင်ဘူးလေ၊ မထိန်းနိုင်တော့ ကြာတော့ လုပ်မိသွားတတ်တယ်၊ လုပ်မိသွားရင် ကာမေသုမိစ္ဆာစာရဆိုတာ အလွန်ဆိုးတဲ့အပြစ်ပဲ၊ အေးကာမေသု မိစ္ဆာစာရ။

ဒီနေရာမှာ တောင်မြို့ဆရာတော် ဦးဇနကက ပြဿနာလေးတွေ ထုတ်ပေး ထားတာရှိတယ်၊ ဒါလေးတွေလည်း သိလိုက်တယ်၊ အမှောင်ထဲမှာ သူ့မယားကို ကိုယ့်မယားထင်ပြီး သွားလာတဲ့ ယောက်ျား၊ ကိုယ့်ခင်ပွန်းထင်ပြီး သည်းခံတဲ့မိန်းမ၊ သူတို့ဟာ ကာမေသုမိစ္ဆာစာရ ဖြစ်မလားမှ မဖြစ်ဘူးလားတဲ့၊ အဲဒါ ဘယ်လိုထင်သလဲ။ အင်္ဂါ ၄-ချက်နဲ့ ကိုက်သလား၊ မကိုက်သလား ပြန်ကြည့်စမ်း။

ငြိတယ်၊ စေတနာမပါဘူး၊ မှီဝဲချင်တဲ့စိတ်သာပါတာ၊ ဒါ ကျတော့ မိစ္ဆာစာရ တော့ဖြစ်တယ်၊ အပြစ်တော့ကြီးလာမယ်မဟုတ်ဘူး၊ ဘာကြောင့်လည်းဆိုတော့ မသိလို့ လုပ်မိတာကိုး၊ မသိပေမယ့်လို့ တစ်ခါတလေကျတော့ အင်္ဂါပြည့်စုံရင် အပြစ်တော့ ဖြစ်တယ်။

မေး - ဒါမျိုးရှိလို့ဖြစ်မှာပေါ့ဘုရား၊ သတင်းစာထဲမှာ ဖတ်ဖူးတယ်။
ဖြေ - ရှိလို့လည်းရေးတာဖြစ်မှာပေါ့၊ သူလည်းကြားဖူးလို့နေလိမ့်မယ်။

မေး - တဲလေးတစ်လုံးရှိတယ်၊ အဲဒီမှာ လင်မယားနေကြတယ်။ မိန်းမကအိပ်ပျော် ကာနီးမှာ အိပ်ရာထဲဝင်လာ သူကို သူ့ယောက်ျားထင်တယ်၊ ခေါ်ကြည့်တော့လည်း ဒီကောင်က မထူးဘူး၊ အဲဒါနဲ့မိန်းမက မသိလို့လက်ခံတယ်၊ ယောက်ျားကသိရက်နဲ့ မိန်းမက သူ့ယောက်ျား မဟုတ်မှန်း နောက်မှသိတာ။

ဖြေ - အဲဒါဆိုရင်တော့ မိန်းမမှာ အပြစ်ရှိတော့ရှိတယ်ပေါ့လေ၊ သို့သော်အပြစ်မကြီး နိုင်ဘူး၊ ယောက်ျားကတော့အပြစ်ကြီးမှာ သေချာတယ်၊ ဒါကတစ်ခုနော်၊ ဆရာတော်က ပြောတာက ကံထိုက်တိုင်းလည်း အပြစ်မကြီးဘူးတဲ့၊ ကံမထိုက်ပေမယ့်လဲ အပြစ်ကြီးတာလေးတွေ ရှိနိုင်တယ်တဲ့၊ ဒီမှာတော့ ကာမေသုမိစ္ဆာစာရကံတော့ ထိုက်တယ်ပေါ့၊ ဒါပေမယ့် အပြစ်ကြီးလာမယ် မဟုတ်ပါဘူးတဲ့။

နောက်တစ်ခုက ဘာပြဿနာလဲဆိုတော့ မိမိသမီးကို ကျူးလွန်တဲ့အဖေဟာ

[စာမျက်နှာ-102] မိစ္ဆာစာရ ဖြစ်မလား၊ မဖြစ်ဘူးလားတဲ့၊ ဒီနိုင်ငံမှာတော့ ဒီလိုမျိုးတွေ သိပ်ပေါတယ်၊ ဒီနိုင်ငံမှာ ဗြောင်သမားတွေကိုး။

အဲဒါကျတော့ ဘယ်လိုလဲ၊ ငါ့သမီးပဲကွာ၊ ငါပိုင်တယ်ထား၊ ဘယ်လိုလည်းပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်က ဘယ်လို ရေးထားသလဲဆိုတော့ သမီးကို မိခင်က စောင့်ရှောက်နေသေးရင် အဖေမှာ မိစ္ဆာစာရ ဖြစ်တယ်ဆိုပါတော့၊ မိဘ နှစ်ပါးလုံး စောင့်ရှောက်ထားတဲ့ သမီးမျိုးကို အဖေက ကျူးလွန်ရင် မိစ္ဆာစာရဖြစ်မယ်။

အဲသလို စောင့်ရှောက်မှုမရှိဘူးဆိုပါတော့ အမေကလည်း မရှိတော့ဘူး၊ အဖေကပဲစောင့်ရှောက်ထားတယ်ဆိုပါတော့၊ မိစ္ဆာစာရ ဖြစ်ချင်မှဖြစ်မယ်၊ အစောင့် အရှောက် မရှိဘူးဆိုတဲ့ သဘောဖြစ်တယ်၊ အဖေကပဲစောင့်ရှောက်တယ်၊ တခြားသူ အစောင့် အရှောက် မရှိဘူးဆိုတဲ့ သဘောဖြစ်တယ်။

(၁) အကယ်၍ အမေက သေသွားပြီ၊ သမီးက သူ့ညီအစ်မတွေနဲ့ သွားနေတယ်။ အဲဒီဟာမျိုးကို လွန်ကျူးမယ်ဆိုရင်တော့ မိစ္ဆာစာရဖြစ်မယ်၊ ဘာကြောင့်တုန်းဆိုရင် စောင့်ရှောက်တာက ညီအစ်မတွေက စောင့်ရှောက်တာကိုး၊ သူ(အဖေ) စောင့်ရှောက် တာမှမဟုတ်ဘဲ၊ အဲဒီလို ဖြစ်နိုင်တယ်တဲ့။

(၂) ပြီးတော့ နောက်တစ်ခုက ပြည့်တန်ဆာမတို့၌ သွားလာတဲ့သူတဲ့၊ သူကော မိစ္ဆာစာရဖြစ်မလား မဖြစ်ဘူးလားတဲ့၊ ဆရာတော်ဖြေတာကတော့ ပြည့် တန်ဆာမဆိုတာ မိဘတို့ကတော့ ကျေနပ်မှာမဟုတ်ဘူး၊ သို့သော် သူ့မှာ အထိန်း ရှိတယ်၊ အဲဒီအထိန်း(ခေါင်း)က ကျေနပ်ရင် မိစ္ဆာစာရဖြစ်ဖို့ မရှိဘူးတဲ့၊ ငွေပေးပြီးတော့ သွားလာတယ်၊ အဲဒီအချိန်မှာလည်း တစ်နည်းအားဖြင့် အထိန်း(ခေါင်း)က ပိုင်နေတာကိုး၊ အဲဒီခေါင်းကို မိမိက ပိုက်ဆံပေးပြီး သွားလာတာဖြစ်တဲ့အတွက်ကြောင့် မိစ္ဆာစာရ ဖြစ်ဖို့မရှိဘူးတဲ့။

(၃) တိရစ္ဆာန်မတို့ အရူးမတို့ကို သွားလာတဲ့ယောက်ျားတဲ့၊ အဲဒါ ဘယ်လို ဖြစ်မလဲတဲ့၊ ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့လေ၊ တိရစ္ဆာန်မမှာ အမြဲလင်ရှိနေတယ်တဲ့၊ တိရစ္ဆာန်ထီးရှိနေတယ်ပေါ့၊ ဒါပေမယ့်ဒီခေတ်မှာတော့ မရှိနိုင်တော့ပါဘူး၊ အမြဲတမ်း လင်ယောက်ျားဆိုတာ တိရစ္ဆာန်မှာမရှိနိုင်ပါဘူး၊ သို့သော် နဂါးတို့ဘာတို့တွေကိုလည်း တိရစ္ဆာန်လို့ခေါ်တာကိုး၊ သူတို့မှာတော့ ကိုယ့်လင်ကိုယ့်မယားရှိလိမ့်မယ်၊ အဲသလို ရှိရင်တော့ မိစ္ဆာစာရဖြစ်မယ်၊ အဲသလိုမရှိရင်တော့ မိစ္ဆာစာရ မဖြစ်နိုင်ဘူးပေါ့လေ။

အရူးမကျတော့မိဘစသည်တို့က အုပ်ထိန်းထားသေးရင် မိစ္ဆာစာရ ဖြစ်မယ်တဲ့။ အုပ်ထိန်းသူမရှိဘူး၊ လွတ်လွတ်လပ်လပ်ဖြစ်နေတယ်၊ ဘယ်သူကမှ သူ့ကိုစောင့်ရှောက်

[စာမျက်နှာ-103] ထားတာ မရှိဘူးဆိုရင်တော့ မိစ္ဆာစာရမဖြစ်ဘူးတဲ့၊ ဒါက ဒီဆရာတော်ရဲ့ အယူ အဆ၊ အဲဒီမှာ ဆရာတော်က ဘာဆက်ရေးထားသလဲဆိုတော့ “ဤအဖြေများ၌ အယူအဆ ကွဲလွဲကြပေလိမ့်မည်” အယူအဆတူချင်မှ တူမယ်တဲ့၊ အင်္ဂါနှင့်တကွ ပါဠိအဋ္ဌကထာ သိက္ခာပုဒ်များ ကြည့်ရှု၍ စဉ်းစားကြပါလေတဲ့၊ ဒါက ဘုန်းကြီးတွေ အတွက်ပြောတာ။

မေး - အဲဒီအရူးမဆိုတာကတော့ မိုးကုတ်မှာ ဖြစ်ခဲ့ကြတာ၊ မိန်းမတစ်ယောက်က ကြောင်နေတယ်၊ သူက ဈေးထဲက ကြက်သားရောင်းတဲ့ဆိုင်တန်းမှာအိပ်နေ တတ်တယ်၊ နောက်တော့ ဒီမိန်းမဟာ ကိုယ်ဝန်ရှိလာတယ်၊ ဘယ်သူနဲ့မှန်းမသိဘူး၊ ရူးရက်နဲ့ ဒီကလေးကို ချော့မြူသီချင်းဆိုနေတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် တစ်ယောက်ယောက်နဲ့ မှောက်မှားခဲ့တာ ထင်ရှားတာပေါ့လေ၊ သူက ယဉ်ယဉ်နဲ့ရူးတာ သူများဆီက လျှောက်တောင်းစားတတ်တယ်။

ကောင်းပြီ၊ ဒါ ကာမေသုမိစ္ဆာစာရတဲ့၊ ဒီနိုင်ငံအနေနဲ့ ကာမေသုမိစ္ဆာစာရတော့ သိပ်ဖြစ်မယ်မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ လင်မယားချင်းလဲပြီး ပျော်ပါးကြတာ မျိုးရှိတတ်တော့ ကာမေသုမိစ္ဆာစာရ ဖြစ်မယ်မထင်ဘူး၊ မိန်းမကလည်း သူ့ယောက်ျား တခြားမိန်းမနဲ့ သာယာနေတာ၊ လင်ကလည်း သူ့မိန်းမ တခြားယောက်ျားနဲ့ ပျော်ပါးနေတာ သဘောတူနေတယ်၊ အဲသလို သဘောတူနေတယ်ဆိုတော့ အပြစ်ဖြစ်ချင်လဲ ဖြစ်မယ်၊ ဒါပေမယ့် သိက္ခာပုဒ်နဲ့ ပြောမယ်ဆိုရင်တော့ လွတ်ချင် လွတ်လိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ သဘောတူနေတာကိုး၊ မိစ္ဆာစာရဖြစ်တယ် ဆိုတာက ယောက်ျားက မိန်းမကိုပိုင်တယ်၊ ယောက်ျားမသိဘဲ တိတ်တိတ်ပုံးလုပ်တာ၊ ခိုးပေးတာဆိုတော့ မိစ္ဆာစာရ ဖြစ်တယ်၊ အခုဟာက ဗြောင်ကြီးပဲ၊ ယောက်ျားကိုက ခွင့်ပြုထားပြီး နင်လည်း နေချင်ရာနေ ငါလည်းနေချင်ရာနေမယ်ဆိုရင် အဲသလို နှစ်ဦး သဘောတူခွင့်လွှတ်ထားနိုင်တယ်ဆိုရင်တော့ မိစ္ဆာစာရ ဖြစ်ချင်မှဖြစ်မယ်၊ ဒီနိုင်ငံက လူတွေက အတော်ဆန်းတယ်၊ ဒါတွေလည်း စဉ်းစားစရာပဲ။

[စာမျက်နှာ-104]
အဘိဓမ္မာသင်တန်း (၃၁)

ဝီထိမုတ်ပိုင်း

ကမ္မစတုက္က၊ အကုသိုလ်ဝစီကံ ၄-ပါး၊ မနောကံ-၃-ပါး
ဒီနေ့ ဇွန်လ-၁၉ ရက်၊ လွန်ခဲ့တဲ့အပတ်က စာဝါမချဖြစ်ဘူး၊ ခရီးသွားနေလို့ အဲဒီ ဟိုဘက်အပတ်တုန်းက အကုသလကမ္မပထ တရား ၁၀-ပါးထဲက ကာယကံ ၃-ပါး ပြီးသွားပြီပဲ ဆိုကြပါစို့၊ ကာမေသုမိစ္ဆာစာရကံ အဲဒါ ရှင်းနေတာနဲ့ပဲ အချိန်ကုန်သွားတာ၊ အဲဒီကံ ၃-ပါးကို ဘာလို့ခေါ်သလဲ၊ ကာယကံ ၃-ပါးလို့ ခေါ်တယ်နော်။

အဲဒီမှာ စာမှာသုံးတာက ကာယဒွါရမှာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကို ကာယကံလို့ ခေါ်တယ်တဲ့၊ ကာယဒွါရဆိုတာ မြန်မာလို ရှင်းရှင်းနားလည်အောင် ဆိုရင်တော့ ခန္ဓာကိုယ်ကြီးပေါ့လေ၊ လှုပ်ရှားတဲ့ ခန္ဓာကိုယ်ကြီးကို ကာယဒွါရလို့ ဒီနေရာမှာခေါ်တယ်၊ စက္ခုဒွါရ၊ သောတဒွါရ ဆိုတဲ့ ဒွါရသင်္ဂဟက ဒွါရနဲ့ မတူဘူး။

ဒါကြောင့်မို့ ဝေါဟာရဟာ တစ်ခါတစ်ခါကျတော့ သူ့နေရာနဲ့သူ အဓိပ္ပါယ်ကို နားလည်ရမယ်၊ ဟိုတုန်းက ကာယဒွါရဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ ထိသိတော့ရဲ့

[စာမျက်နှာ-105] အစပေါ့လေ၊ အဲဒီအခံဓာတ်ကို ကာယဒွါရလို့ခေါ်တာ၊ အခု ဒီမှာ ကာယဒွါရ ဆိုတာက ပါဠိလိုပြောရင် စောပနကာယလို့ခေါ်တယ်၊ တစ်ခုခုပြုတဲ့အခါမှာ စေတနာရှိတယ်၊ အဲဒီစေတနာက တစ်ခါ ခန္ဓာကိုယ်မှာ ဝိညတ်ရုပ်ဆိုတာကို ဖြစ်စေတယ်၊ ဝိညတ်ဆိုတာ အလိုကို သိစေတတ်တဲ့သဘော၊ ဒါ ရုပ်ပိုင်းကျမှ နားလည်မှာ၊ အထူးသဖြင့်တော့ ခန္ဓာကိုယ်လှုပ်ရှားတာ၊ လှုပ်ရှားမှု ဖြစ်စေတာကို ဝိညတ်လို့ခေါ်တယ်နော်၊ အဲဒီကာယဝိညတ်ကို ကာယဒွါရ၊ အဲဒီကာယဒွါရမှာဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီကံတွေကို ကာယကံလို့ခေါ်တယ်။

တချို့က ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ရှိခိုးတယ်၊ တချို့က ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရနဲ့ ရှိခိုးတယ်၊ ဒွါရဂိုဏ်းဆိုတာ အဲဒါပဲ၊ ဘုန်းကြီးတွေမှာ ဒွါရဂိုဏ်းဆိုတာရှိတယ်၊ ကံဂိုဏ်း ဒွါရဂိုဏ်းပေါ့၊ ကာယကံနဲ့ ရှိခိုးတဲ့ဂိုဏ်းကို ကံဂိုဏ်းပေါ့လေ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ၊ အဲဒီလို ရှိခိုးတာကို ဒွါရ ဂိုဏ်းတယ်။

အဲဒီတော့ ကာယကံဟာ ဘယ်မှာဖြစ်တာလဲဆိုရင် ကာယဒွါရမှာ ဖြစ်တယ်၊ ကာယဒွါရမှာဖြစ်တော့ အမြဲတမ်း ဖြစ်တာလားဆိုတော့ များသောအားဖြင့်တဲ့၊ များသောအားဖြင့်ဆိုတော့ နည်းနည်းကတော့ ကာယဒွါရမှာမဖြစ်ဘူးလည်း ရှိလိမ့်မယ်တဲ့။

ပါဏာတိပါတဆိုပါတော့၊ သူ့အသက်သတ်တာ ကိုယ်ကိုယ်တိုင် ခုတ်သတ်မှ ပစ်သတ်မှ၊ အဲသလိုဆိုရင်တော့ပါဏာတိပါတ၊ တကယ်လို့ ကိုယ်က ပါးစပ်နဲ့ ခိုင်းပြီတဲ့၊ ဒါကော ပါဏာတိပါတမဖြစ်ဘူးလား၊ ဖြစ်တယ်၊ အဲဒီတော့ ဝစီကံမှာ အနည်းအကျဉ်းတော့ဖြစ်တယ်၊ သို့သော် ကာယဒွါရမှာ များသောအားဖြင့် ဖြစ်တဲ့ အတွက်ကြောင့်မို့ သူ့ကို ကာယကံလို့ ခေါ်တယ်။ များသောအားဖြင့် ဆိုတာလေးမှတ်ထား။

ဆိုပါတော့ လူတစ်ယောက်ကို တောသားလို့ခေါ်တယ်၊ သူဟာမြို့ကို လာလည်း သူ့ကို တောသားလို့ခေါ်တာပဲ၊ ဘာကြောင့်လည်းဆိုတော့ သူဟာ တောမှာအနေများတယ်၊ အကျင်လည်တာကိုး၊ မြို့သားဆိုရင် မြို့မှာအနေများတယ်၊ တောကို တစ်ခါ တလေသွားရင် သူ့ကို တောသားလို့ မခေါ်ဘူး။

အဲဒီလိုပဲ ကာယဒွါရမှာ အဖြစ်များတဲ့အတွက်ကြောင့် ကာယကံလို့ခေါ်တယ်။ သို့သော် သူတို့ဟာ ကာယဒွါရမှာသာဖြစ်ရမယ်၊ ဝစီဒွါရမှာ မဖြစ်ရဘူး မဆိုလိုဘူး၊ ရံခါ အနည်းအကျဉ်းအားဖြင့်တော့ ဝစီဒွါရမှာလည်း ဖြစ်လိမ့်ဦးမယ်။

[စာမျက်နှာ-106] ကောင်းပြီ၊ ဒါကြောင့်မို့ ကာယဒွါရမှာ များသောအားဖြင့် ဖြစ်တဲ့ကံကို ကာယကံ၊ ကာယကံ ၃-ပါးရှိတယ်၊ အကုသိုလ်နှင့်ဆိုင်တဲ့ ကာယကံ ၃-ပါး ရှိတယ်၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတဲ့၊ အဲဒီကာယကံထဲမှာ နောက်မှ ပြောစရာရှိတယ်၊ ဒါတွေကုန်ပြီးမှ ပြန်ပြောမယ်၊ ဝစီကံ ၄-ပါးသွားကြဦးစို့။

ဝစီကံ ၄-ပါးတဲ့၊ ဝစီဆိုတာ နှုတ်၊ နှုတ်မှာဖြစ်တဲ့ကံ ၄-ပါးတဲ့၊ ခုနကာယဒွါရ ပြောသလိုပဲ အခုလည်း ဝစီဒွါရလို့ ပြောရမယ်၊ ဝစီဒွါရဆိုတာ အမှန်တော့ စကားပေါ့၊ စကားပြောတဲ့အခါကျတော့ ခုန ဝစီဝီရိယဆိုတာရှိတယ်၊ အဲဒီ ဝီရိယ ပါလို့ ကိုယ်ပြောတဲ့စကား သူနားလည်၊ သူပြောတဲ့စကား ကိုယ်နားလည်တာ၊ အဲဒီ ဝစီဝီရိယကို ဝစီဒွါရလို့ခေါ်တယ်၊ အဲဒီ ဝစီဒွါရမှာ ဖြစ်တဲ့ကံကို ဝစီကံလို့ ခေါ်တယ်၊ လွယ်လွယ်မှတ်ထားရင်တော့ စကားနဲ့ ဖြစ်တဲ့ကံ၊ စကားပြောခြင်းဖြင့် ဖြစ်တဲ့ကံ၊ ပါးစပ်နဲ့ဖြစ်တဲ့ကံပေါ့လေ၊ ဒါကို ဝစီကံလို့ခေါ်တယ်။

ဒီမှာလည်းပဲ များသောအားဖြင့် ဖြစ်တယ်လို့ပဲ မှတ်ရမယ်၊ အနည်းအကျဉ်းအားဖြင့် ကာယကံမှာလည်း ဖြစ်လိမ့်ဦးမယ်၊ ဝစီကံ ၄-ပါးရှိတယ်၊ (၁) လိမ်လည် ပြောဆိုခြင်း၊ ပါဠိလို မုသာဝါဒ မဟုတ်မမှန်ပြောဆိုခြင်း၊ ကိုယ်ပြောတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို မဟုတ်ဘူးပေါ့။ အဲသလို မဟုတ်မမှန်ပြောဆိုတာကို လိမ်လည်ပြောဆိုတယ်၊ ပါဠိလို မုသာဝါဒ။

ဝစီအကုသိုလ်ကံ ၄-ပါး
(၁) မုသာဝါဒ - လိမ်လည်ပြောဆိုခြင်း
လူတွေက ဟထိုးထည့်ထည့်ပြီး မှုသား၊ မှုသားနဲ့ပြော၊ ပြောနေကြတယ်။ အမှန်ကတော့ပါဠိစကားလုံးမှာဟထိုးမပါဘူး၊ ဒါကြောင့်မို့ ဂရုစိုက်တဲ့ ဘုန်းကြီး တွေပြောရင် မုသားလို့ပြောတယ်၊ အမှတ်တမဲ့ပြောရင် မှုသား ပြောမိတယ်ပေါ့။ အမှန်ကတော့ ဟထိုးမပါဘူး။

မုသာ ဆိုတာ ပါဠိစကားလုံးမှ မှားယွင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဝါဒ ဆိုတာက စကားပြောတာ၊ မှားယွင်းစွာပြောတာ၊ လိမ်လည်ပြောတာမှ မဟုတ်မမှန် ပြောဆိုကာ၊ ဒါကို မုသာဝါဒလို့ခေါ်တယ်။

အဲဒီ မုသာဝါဒမှာ ကမ္မပထမြောက်တာ ကမ္မပထမမြောက်တာကလည်း ရှိသေးတယ်၊ ကမ္မပထမြောက်တဲ့ မုသားက ဘယ်လိုဟာလဲဆိုတော့ အင်္ဂါနဲ့ပြည့်စုံ ရမယ်၊ ဘာလဲဆိုတော့ မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်ရမယ်၊ ကိုယ်ပြောတာ မဟုတ်တာ ဖြစ်ရမယ်၊ ပြီးတော့ မှားယွင်းစေလိုတဲ့ စိတ်ရှိရမယ်၊ လူတစ်ဖက်သား အသိ မှားသွားစေလိုတဲ့ စိတ်ရှိရမယ်၊ ပြီးတော့ အဲဒီစိတ်အားလျော်စွာ အဲဒီစေတနာ

[စာမျက်နှာ-107] အားလျော်စွာ ကိုယ်နှုတ်တို့ဖြင့် လုံ့လပြုတာလည်းဖြစ်ရမယ်၊ အထူးသဖြင့် နှုတ်နဲ့ ပေါ့၊ သူတစ်ပါး အသိမှားသွားတာလည်းဖြစ်ရမယ်၊ အမှားကို အမှန်လို့သိရမယ်၊ အမှန်ကို အမှားလို့ သိရမယ်၊ အဲဒီလို အင်္ဂါနဲ့ ၄-ပါးပြည့်စုံရင် မုသာဝါဒ ဖြစ်တယ်၊ မုသာဝါဒ ကမ္မပထမြောက်ပြီး မပြည့်စုံရင် ကမ္မပထတော့မမြောက်ဘူး၊ ဒါပေမယ့် မုသာဝါဒတော့ ဖြစ်ဦးမှာပဲ၊ သူတစ်ပါးမယုံပေမယ့်လည်း လိမ်လည်တာတွေ ဖြစ်ဦးမှာပဲ။

အဲဒီမှာလည်းပဲ လုံ့လပယောဂ အနေနဲ့က စေခံထိတာ၊ ဒီလိုကျမ်းဂန်ဟောင်း တွေ မှာဆိုတယ်၊ နောက်ကျမ်းဂန်တွေကျတော့ စေခိုင်းပြီးတော့ လိမ်တာမျိုးလည်း ဖြစ်နိုင်တယ်၊ ပြီးတော့ ပစ်စာရေးပို့ပြီးတော့ လိမ်တာမျိုးလည်းဖြစ်နိုင်တယ်။

ဆိုပါတော့၊ သူတစ်ပါးကို ဒီလိုပြောဟေ့ ဒီလိုဆိုဖော့ဆိုပြီး လိမ်ခိုင်းတာဆိုရင် သူတစ်ပါးကို စေခိုင်းပြီးတော့ လိမ်တာပေါ့၊ သူတစ်ပါးအထင်မှားအောင် မဟုတ်မမှန် အကြောင်းတစ်ခုရေးပြီး ပစ်စာချတယ်၊ ဒီလိုဆိုရင် နိဿဂ္ဂိယခေါ်တဲ့ လိမ်တာပေါ့၊ တစ်ခါတရံကျတော့ နံရံတို့ဘာတို့မှာ မဟုတ်မမှန်တဲ့ စာရေးထားတယ်တဲ့၊ ဒါဟာ ထာဝရပယောဂပေါ့၊ လက်နက်တို့ သူ့နားသွားချထားတာမျိုးပေါ့။ သူတို့ကြည့်ဖတ် ပြီးရင် အမှားသိအောင်လုပ်တာမျိုး၊ အဲဒီလိုပယောဂတွေလည်းပါတယ်ပေါ့၊ အထူးသဖြင့် ကတော့ လိမ်ညာပြီးတော့ သဟတ္ထိကပေါ့၊ အဲဒီအင်္ဂါ ၄-ပါးနဲ့ ပြည့်စုံရင် မုသား ဖြစ်သွားပြီ။

ကောင်းပြီ၊ အဲဒီတော့ လိမ်လည်ပေမယ့်လည်း သူတစ်ပါးက မယုံဘူးတဲ့၊ ဒီလိုဆိုရင် ကမ္မပထမမြောက်ဘူးနော်၊ ယုံလည်းယုံတယ်၊ လိမ်ပြီးတော့ တစ်စုံတစ်ခု သော ကိစ္စအတွက် အကျိုးစီးပွားလည်း ပျက်တယ်ဆိုရင် ကမ္မပထမြောက်တယ်။

အဲဒီတော့ အမှန်အတိုင်းက သူတစ်ပါးအကျိုးစီးပွားပျက်မှ အပြစ်ကြီးတယ် ဆိုကြပါစို့၊ သူတစ်ပါးက မယုံဘူး၊ အကျိုးစီးပွား သိပ်မပျက်ဘူးဆိုရင် ဒီလောက် အပြစ်မကြီးဘူး၊ မဟုတ်မမှန် ပြောတာတော့ ပြောတာပေါ့၊ အခုခေတ်မှာ white lie ဆိုတာရှိတယ် မဟုတ်လား၊ သူတစ်ပါးစိတ်ချမ်းသာအောင် ပြောတာမျိုး ဘာမျိုးဟာ မုသာဝါဒတော့ မြောက်တယ်၊ ကမ္မပထမြောက်တဲ့ အပြစ်မကျူးဘူး။

အဲဒီတော့ တစ်ခါတလေတဖက်သားလည်း စိတ်ချမ်းသာအောင် အလွန် အကျွံကြီးလည်း မုသားမဖြစ်အောင်ဆိုပြီးတော့ white lie ဆိုတာမျိုးလေးတွေ တစ်ခါတစ်ခါ သုံးကြရတယ်ပေါ့၊ ပြီးတော့ ကိုယ်ပစ္စည်းလာရောင်းနေရင် ရှိလျက်နဲ့ မရှိဘူးလို့ ပြောလိုက်တယ်၊ အဲဒါမျိုးကတော့ အပြစ်မကြီးလှဘူးပေါ့၊ လိမ်တာတော့

[စာမျက်နှာ-108] လိမ်တာပဲ၊ ဘာကြောင့်လည်းဆို သူတစ်ပါးအကျိုးကို ပျက်စီးအောင်လုပ်တာ မဟုတ်တဲ့အတွက် ကြောင့်မို့ပေါ့၊ လိမ်တဲ့အခါမှာလည်း အလိမ်ခံရတဲ့သူရဲ့ သီလ အလိုက် အပြစ်အကြီး အသေးကလည်း ကွာသွားဦးမယ်ပေါ့။ ဒါက လိမ်လည်ပြောဆိုခြင်းတဲ့။

ပါဠိလေးတွေ မပြောခဲ့ရဘူးဖြစ်နေတယ်၊ ကာယကံတုန်းက (၁) သူ့အသက် သတ်တာက ပါဏာတိပါတ (၂) သူ့ဥစ္စာခိုးတာက အဒိန္နာဒါန (၃) ကာမေသုမိစ္ဆာစာရ ဒါကို ၅-ပါးသီလ ရွတ်တတ်ရင်ရပြီ။
(၂) ပိသုဏာဝါစာ - ကုန်းတိုက်ခြင်း
ဝစီကံ ၄-ပါးကတော့မရဘူး၊ ဝစီကံ ၄-ပါးမှာ (၁) မုသာဝါဒ (၂) ကုန်း တိုက်ခြင်း၊ ပါဠိလို ပိသုဏာဝါစာ။

ပိသုဏဆိုတာ ချောပစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီတော့ တစ်ဦးနှင့် တစ်ဦး ချစ်ခင်နေတာကို မိတ်ဆွေဖြစ်နေတာကို ချေဖျက်တတ်တဲ့ စကားမျိုးကို ပိသုဏာဝါစာတဲ့။

တစ်နည်းအားဖြင့်လည်း ပိသုဏမှာ ပိဆိုတာက ချစ်ခြင်း၊ သုဏကကျဉ်းသွားအောင်လုပ်တာ၊ အမှန်တော့ မထူးပါဘူး၊ ချစ်ခြင်းကျဉ်းသွားအောင် လုပ်တတ်တဲ့ စကားမျိုးကိုပိသုဏဝါစာ၊ ဒါကို မြန်မာလိုတော့ ချောပစ်ကုန်းတိုက်ခြင်းတဲ့။ ဒီလိုဆိုတယ်။

ချောပစ်ဆိုတာလည်း လူအများနားလည်တဲ့ စကားမဟုတ်ဘူး၊ လူဝတ်ကြောင်တွေ အနေနဲ့ နားလည်မယ့်သူအလွန်နည်းတယ်၊ ရှေးစကားကိုး၊ ဘုန်းကြီးတွေကတော့ ကျမ်းစာတွေ သင်နေရတော့ ရှေးစကားကိုလည်း အလိုလိုသိနေရတော့တာ။

ချောပစ်ကုန်းတိုက်ခြင်းဆိုတာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်တာမှာ ဟိုလူနဲ့ ဒီလူကွဲအောင် ဟိုလူပြောစကား ဒီလူ့ဆီပို့၊ ဒီလူ့ပြောစကား ဟိုလူ့ဆီပို့၊ အဲဒါမျိုးကို ချောပစ်ကုန်းတိုက်ခြင်းလို့ အဲသလိုခေါ်တယ်။

အဲဒီချောပစ်ကုန်းတိုက်ခြင်းက ဘယ်လိုလဲတဲ့၊ ခွဲအပ်သည်တဲ့။ မတည့်အောင် လုပ်အပ်တဲ့ပြုခြင်းပေါ့၊ မောင်ကကြီးနဲ့ မောင်ခကွေးမတည့်အောင် လုပ်တော့မယ်ဆို သူတို့နှစ်ယောက်ရှိရမယ်။

ပြီးတော့ သူတို့ရဲ့ ကွဲပြားမှုကို ရှေ့ရှုခြင်းတဲ့၊ ကွဲပြားမှုကို လိုလားခြင်းလို့ ဆိုလိုတယ်၊ ပြီးတော့ ကိုယ့်လူဖြစ်လာအောင်လုပ်လိုခြင်း၊ လုံ့လပြုခြင်း၊ အပြောခံရတဲ့ သူကလည်း သိခြင်း၊ ဒီမှာလဲ အင်္ဂါ ၄-ပါးပဲ၊ အဲဒီအင်္ဂါ ၄-ပါးနဲ့ ပြည့်စုံရင်ကမ္မပထ မြောက်တယ်တဲ့။

[စာမျက်နှာ-109] အဲဒီတော့ လူနှစ်ယောက်ကွဲအောင် လုပ်တော့မယ်ဆိုရင် သူတို့ကွဲစေလိုတာ လည်းပါတယ်၊ ကိုယ့်လူဖြစ်စေလိုတာလည်းပါတယ်၊ ဟိုလူရှေ့ ဒီဟာပြော၊ ဒီလူရှေ့ ဟိုဟာပြော၊ အပြောခံရတဲ့သူတွေကတော့ ကိုယ့်ကို သဘောကျတာပေါ့၊ သူတို့နှစ် ယောက်ကတော့ ကွဲရော၊ သူတို့နှစ်ယောက်လည်း ကွဲစေချင်တယ်၊ ကိုယ့်လူလည်း ဖြစ်စေချင်တယ်။

အဲသလို သူတို့နှစ်ယောက်က ကွဲစေလိုတဲ့စိတ် မပါပေမယ့်လို့ ရန်တိုက်စကား ပြောရင်တော့ ပိသုဏဝါစာတော့ဖြစ်မယ်၊ ကမ္မပထတော့ မမြောက်ဘူး၊ အပြစ်တော့ အလွန်ကြီးမကြီးဘူးပေါ့၊ သို့သော် မုသားဖြစ်မယ်။

ဒီမှာလည်းပဲ ပယောဂအားဖြင့် ပြောမယ်ဆိုရင် နှုတ်ပေါ့၊ ဝစီပယောဂကိုယ်တိုင် ပြောတာပဲ။ ဒါဖြင့် လက်ပြခြေပြန့်ကော မဖြစ်ဘူးလား၊ ဖြစ်နိုင်တာပဲ၊ သိတယ်ဆိုတာ အပြောခံရတဲ့သူက ဒါကို သိရှိနားလည်တာပဲ၊ အဲသလိုဖြစ်ရင် ပိသုဏဝါစာအင်္ဂါနဲ့ ပြည့်စုံတယ်။

တစ်ခါတလေကျတော့ တချို့လူတွေမှာ အလေ့ရှိတတ်တယ်၊ ဟိုပြောဒီပြော လျှောက်ပြောတတ်တယ်၊ ဘာရယ်လို့မဟုတ်ဘူး၊ အလေ့ဖြစ်နေလို့ပြောတာမျိုးလည်း ရှိတယ်၊ စေတနာနဲ့ပြောတာမျိုးလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ချောပစ် ကုန်းတိုက် ခြင်းပဲ။
(၃) ဖရုဿဝါစာ - ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း
နောက်တစ်ခုက ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ ဖရုဿဝါစာတဲ့၊ အသံအနေနဲ့ ကြမ်းတမ်းတယ်ရယ်လို့ မဟုတ်ဘူး၊ အနက်အဓိပ္ပါယ်ကြမ်းတမ်းတာ၊ စေတနာကြမ်းတမ်းတာပေါ့၊ ဆဲတာဆိုတာတွေကတော့ တကယ်ကြမ်းတမ်းတဲ့ စကားတွေပေါ့၊ ဒီလိုကြမ်းတမ်းတာ မဟုတ်ဘဲနဲ့ ကျိန်တာတွေ ရှိသေးတယ်။ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေနဲ့ အဲဒီလိုပေါ့၊ ရှေးတုန်းကတော့ ကျွဲခတ်သေပါစေပေါ့။ အခုခေတ်တော့ ကားတိုက်သေပါစေပေါ့၊ အဲဒီလို ကျိန်ဆိုတာတွေဟာ (ကိုယ့်ကိုကိုယ် ကျိန်တတ်တာတွေလည်းရှိသေးတယ်) ဖရုဿဝါစာ ကြမ်းတမ်းတဲ့စကားတဲ့၊ လွှသွားလိုပဲ တစ်ဖက်သားနားမခံသာဘူးပေါ့၊ အဲဒါကြောင့်မို့ ဖရုဿဝါစာလို့ ခေါ်တယ်။

ဖရုဿဝါစာရဲ့ အင်္ဂါတွေက ဘာတဲ့တုန်း၊ စိတ်ဆိုးခြင်း၊ စိတ်ဆိုးဖို့ပြောတာကိုး၊ စိတ်ဆိုးမှုပါရမယ်၊ အပြောခံရတဲ့သူ၊ အဆဲခံရတဲ့သူရှိရမယ်၊ ပြီးတော့ဆဲရေးခြင်း (သို့မဟုတ်) ကြမ်းတမ်းသောစကားကိုပြောခြင်းလုံ့လ၊ အဲဒီ ၃-ခုစုံရင် ကြမ်းတမ်းသော စကားဖရုဿဝါစာဖြစ်တယ်။

[စာမျက်နှာ-110] အဲဒီတော့လူမှာ sensitive spots လေးတွေရှိတတ်တယ်မဟုတ်လား၊ ဒါလေးတွေ ထိလိုက်ရင် ပိုနာတယ်၊ အဲဒါမျိုးကို စာတွေမှာ မမ္မလို့ခေါ်တယ်။ ဖရုဿဝါစာကို စာတွေမှာ ဘယ်လိုရေးသလည်းဆိုတော့ သေခြင်းကို ဖြတ်သလို ထိခိုက်အောင် ပြုတတ်တယ်တဲ့။

တစ်ခါတလေ အနာလေးဘာလေးဖြစ်တဲ့အခါကျတော့ သူကနည်းနည်း သူ့ကိုထိလိုက်ရင် အခြားနေရာထက် ပိုနာတယ်မဟုတ်လား၊ အဲဒါမျိုးလိုပဲ၊ မြန်မာ စကားရှိတယ်မဟုတ်လား၊ အနာပေါ်တုတ်ကျဆိုတာ၊ အဲသလို နေရာမျိုး သုံးလိုက်ရရင် ပိုနာတယ်၊ အဲသလို သေခြင်းကို ဖြတ်တတ်တဲ့အတွက် ထိခိုက်တတ်တဲ့ စကားကို ဖရုဿဝါစာတဲ့။

အဲဒီတော့ ဖရုဿဝါစာက တကယ်စေတနာကြမ်းမှ ကြမ်းတဲ့စေတနာနဲ့ ပြောမှသာ ဖရုဿဝါစာဖြစ်တယ်လို၊ တကယ်လို့ စကားက မကြမ်းတောင်မှ စေတနာက ကြမ်းရင်လည်း ဖရုဿဝါစာဖြစ်တာပဲ၊ ဘာလဲဆိုရင် အခုခေတ်လုပ်လေ့ ရှိတယ်၊ ကိုယ့်အိမ်မွေးထားတဲ့ခွေးကလေး ဘာလေးတွေ ဒုက္ခရောက်တဲ့အခါ သတ်ပစ်တယ်၊ put to sleep အိပ်အောင် လုပ်တယ်လို့ ဒီနိုင်ငံမှာ သုံးလေ့ရှိကြတယ်။ သူ့ကို အိပ်ခိုင်းလိုက်ပါဆိုရင် သတ်ခိုင်းတာပဲ။

အဲဒီလိုပြောတဲ့အချိန်မျိုးမှာ စကားလုံးကတော့ ကောင်းတယ်၊ မကြမ်းတမ်းဘူး။ သို့သော် စေတနာကတော့ သေစေချင်တဲ့ စေတနာပါတဲ့အတွက်ကြောင့် ဒါမျိုးကိုလည်း ဖရုဿဝါစာထဲ ထည့်ရတယ်။

တရားသူကြီးတွေလည်း ဒီအတိုင်းပဲ၊ ဒီတရားခံကို အိပ်အောင်လုပ်လိုက်ကြ သို့မဟုတ် တခြားစကားလုံးပေါ့၊ စကားလုံးအနေနဲ့တော့ မကြမ်းတမ်းဘူး၊ အဲဒီ အချိန်မှာခိုင်းတဲ့ စေတနာက ကြမ်းတမ်းတဲ့အတွက်ကြောင့် ဖရုဿဝါစာဖြစ်တယ်။ အဲဒီအချိန်မှာ ဒေါသမူစိတ် ရှိကိုရှိရမယ်၊ ဒေါသမူစိတ်နဲ့သာ အဲဒါမျိုးပြောလို့ရတယ်။

အလားတူပဲ၊ စကားလုံးကြမ်းတမ်းပေမယ့်လို့ စေတနာ တကယ်မကြမ်းတမ်း ရင်တော့ ဖရုဿဝါစာမဖြစ်ဘူးတဲ့။

မေး- ဒီလိုဆိုရင် တရားသူကြီးဟာ သူ့ရဲ့ လုပ်ငန်းဖြစ်လို့ သူ့တာဝန်သူထမ်းတဲ့အတွက် အပြစ်ကမလွတ်ဘူးလား။
ဖြေ - အပြစ်ရှိတာပဲ၊ အဘိဓမ္မာသဘောအရကတော့ ရှောင်လို့မရဘူး။

မေး - သူလုပ်စားတာ မဟုတ်ဘူးလား။
ဖြေ - သူလုပ်စားပေမယ့်လို့ ရှောင်မရဘူး၊ ဘာကြောင့်ဆို သူအမိန့်ချတာကိုး။

[စာမျက်နှာ-111] သူအမိန့်ချလို့သေရမှာ၊ သူ့မှာအပြစ်မလွတ်ဘူး၊ တရားသူကြီးလုပ်ရတာ သိပ်နေရာ မကျဘူး၊ ရှေ့နေလုပ်ရတာလည်း သိပ်နေရာမကျဘူး၊ အသက်မွေးဝမ်းကျောင်းတော့ ဟုတ်တယ်၊ ဒါပေမယ့် မလွတ်နိုင်ဘူး၊ ငါးသတ်စားတဲ့ တံငါလိုပဲ၊ ငါးသတ်တာ သူ့ အသက်မွေးဝမ်းကျောင်းပဲ၊ ဒါပေမယ့် ပါဏာတိပါတကတော့ မလွတ်နိုင်ဘူး။

ခုန စေတနာကြမ်းရင် စကားလုံးမကြမ်းပေမယ့်လည်း ဖရုဿဝါစာဖြစ်တယ်၊ ပြောင်းပြန်ပြန်လိုက်၊ စကားလုံးကြမ်းပေမယ့် စေတနာတကယ်မကြမ်းရင် ဖရုဿဝါစာမဖြစ်ဘူးတဲ့၊ တစ်ခါတလေ ဆရာမိဘတွေက တပည့်သားသမီးတွေကို စကားလုံးခပ်ကြမ်းကြမ်းနဲ့ ပြောတာတွေရှိတယ်။

ရှေးတုန်းကလူတစ်ယောက်က တခြားအရပ်ထွက်သွားမယ်ဆိုတော့ အမေက တားတယ်၊ မသွားနဲ့ဆို မရဘူး၊ ဇွတ်သွားတယ်၊ သွားတော့အမေက ကျိန်ဆဲ လိုက်တယ်၊ နင့်ကို ကျွဲခတ်ပြီး သေပါစေကျိန်လိုက်တယ်၊ သူဟာ တောထဲရောက် သွားတော့ တကယ်ကို ကျွဲနဲ့တွေ့ပြီး ကျွဲက သူ့ကိုခတ်ဖို့လိုက်ပါလေရော၊ အဲဒီ အခါမှာ သူကဓိဋ္ဌာန်လိုက်တယ်တဲ့၊ ငါ့အမေက ငါ့ကို တကယ်ကျွဲခတ်စေလိုတဲ့ စေတနာရှိရင် ဒီငါ့ကို ခတ်ပါစေပေါ့၊ အဲသလို စေတနာမပါရင် ငါ့ကို ကျွဲမခတ်နိုင်ပါစေနဲ့ဆိုတော့ ကျွဲက ရှောင်သွားတယ်တဲ့။

အဲသလို စိတ်ဆိုးပြီး အမှတ်တမဲ့ မထိန်းချုပ်လို့ပြောမိတာ၊ တကယ်တော့ ကိုယ့်သားကို သေစေချင်တဲ့ စေတနာ ဘယ်ပါမလဲ၊ အဲဒါမျိုးကျတော့ ဖရုဿဝါစာ မဖြစ်ဘူး၊ စိတ်ဆိုးတဲ့အတွက်ပြော မိတာကတော့ အကုသိုလ်ပါသွားတာပေါ့၊ သို့သော် ကမ္မပထမြောက်တဲ့ ဖရုဿဝါစာ မဖြစ်ဘူး၊ အကောင်းဆုံးကတော့ ကြမ်းတမ်းတဲ့စကားလုံးဆိုရင် ဘယ်တော့မှ မသုံးရင် အကောင်းဆုံးပဲ၊ ကိုယ့်အချင်း ချင်းဖြစ်စေ၊ သူများနဲ့ဖြစ်စေ၊ ချိုချိုသာသာပြောတာ အကောင်းဆုံးပဲ၊ ကိုယ်လည်း လူချစ်လူခင်များတယ်။

ကြမ်းကြမ်းတမ်းတမ်း စကားဆိုတာကတော့ ကိုယ်လည်း နားမထောင်ချင်ဘူး၊ သူများလည်း ဒီလိုနေမှာပဲ၊ အဲဒါကြမ်းတမ်းသောစကားပြောဆိုရခြင်း ဖရုဿဝါစာတဲ့။

(၄) သမ္ဖပ္ပလာပ - သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း
နံပတ် ၄-က သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းတဲ့၊ စပါးတွေ ဘာတွေ မကောင်းရင် ဖျင်းတယ်လို့ သုံးတယ် မဟုတ်လား၊ အဲသလိုပဲ သိမ်ဖျင်းတယ် ဆိုတာ အနက်အဓိပ္ပါယ်မရှိတာ၊ အကျိုးမရှိတာလို့ ဆိုလိုတယ်၊ အနက်အဓိပ္ပါယ် မရှိတဲ့စကား၊ စီးပွားချမ်းသာကို မဖြစ်စေနိုင်တဲ့ (သို့မဟုတ်) ဖျက်ဆီးတတ်တဲ့ စကားမျိုး၊ သမ္ဖပ္ပလာပဆိုတာ ဗရမ်းဗတာ လျှောက်ပြောတာ၊ သိမ်ဖျင်းတဲ့စကား

[စာမျက်နှာ-112] ပြောဆိုတာ၊ သိမ်တယ်ဆိုတာ အနှစ်အဆံမပါတာ၊ ဒဏ္ဍာရီတို့ ဝတ္ထုတို့ဘာတို့တွေဟာ ဒီထဲအကုန်အကျုံးဝင်တာပဲ။

သို့သော် ဒီလိုတော့ရှိပါတယ်၊ နောက်တော့ လာလိမ့်ဦးမယ်၊ အကျိုးမဲ့ အနှစ်မဲ့စကားကို ရှေ့သွားပြုတာရယ်၊ ပြောဆိုတာရယ်၊ ဒီနှစ်ခုပါရမယ်၊ ဟိုတစ်ဖက် သားယုံကြည်မှ ကမ္မပထမြောက်တယ်၊ တစ်ဖက်သားက မယုံကြည်ရင်တော့ ကမ္မပထမမြောက်ဘူးပေါ့လေ၊ ဒါပေမယ့်လည်း အကျိုးမရှိတဲ့စကား ပြောရတာ အကျိုးမရှိ ဖြစ်တာပဲ။

အဲဒီတော့ ဒဏ္ဍာရီတို့ ကွက်စိပ်တို့ စာပြောဆရာတို့ ရှေးတုန်းက ရှိတယ် မဟုတ်လား၊ အခုခေတ်တော့ မြန်မာပြည်မှာ မရှိတော့ဘူးထင်တယ်။

မေး - ဗလွတ်ရွှတ်တတွေ လျှောက်ပြောတာကော သမ္ဖပ္ပလာပဖြစ်ပါသလား။
ဖြေ - အဲသလို လျှောက်ပြောတာလည်း သမ္ဖပ္ပလာပဖြစ်တယ်။

အဲဒီတော့ ဦးဇင်းတို့ စာတွေမှာ သိပ်ပြီးတော့ မတရားတဲ့သဘောလေးတွေ ရှိတယ်နော်၊ ဘာကြောင့်လဲဆိုတော့ သမ္ဖပ္ပလာပနဲ့ ပတ်သက်ပြီးပြောလိုက်ရင် သီတာမိဖုရားဝတ္ထုတို့၊ ရာမနဲ့ သီတာဝတ္ထု မဟာဘာရတဝတ္ထုတို့ ပြောလိုက်ရင် သမ္ဖပ္ပလာပဖြစ်တယ်ဆိုပြီး စာတွေမှာ ပယ်တာရှိတယ်၊ ဟိန္ဒူတွေအနေနဲ့ဆိုရင် ဘယ်ခံနိုင်မလဲ။

သီတာဝတ္ထုတို့ကျတော့ သဘောထားကြီးကြီးနဲ့ ပြောရမယ်ဆိုရင် သူတို့ ကလည်း ဟုတ်တယ်ထင်လို့ ပြောနေတာပဲ၊ တကယ်ယုံကြည်ပြီး ပြောနေတာဆိုတော့ မဆိုးဘူးလို့ ထင်တာပဲ၊ အဋ္ဌကထာတွေကတော့ အမြင်တစ်မျိုးရှိတာပေါ့လေ။ သီတာမိဖုရားအကြောင်းတို့ဟာ ဒဏ္ဍာရီတွေ၊ အဟုတ်ဖြစ်ခဲ့တာမဟုတ်ဘူး၊ ယုံတမ်း စကားတွေ၊ ဒိပြင်ဝတ္ထုတွေ အကုန်လုံးလည်း ဒီထဲအကုန်ပါတာပဲ၊ သို့သော် တစ်ဖက်သားက မယုံဘူးဆိုရင် သိပ်အပြစ်မကြီးဘူး ဆိုရမှာပေါ့။

အဲသလို မယုံတော့ အပြစ်မကြီးဘူးပေါ့၊ အမှန်ကတော့ ဒါတွေ ဖတ်၊ နားထောင် ပြောပြီးနေတော့ အချိန်ကုန်ပြီး ကုသိုလ်မရဘူးပေါ့လေ၊ ဒါအတွက်ပါပဲ။

မေး - အချိန်ကို တရားဘက်သုံးရမှာလို့ ထင်ပါတယ်။

ဖြေ - ဟုတ်တယ်၊ အချိန်ကို တရားဘက်သုံးရမှာ၊ မသုံးဘဲနဲ့ ဒါတွေပြောဆိုနားထောင်ပြီး အချိန်ကုန်အောင်လုပ်တာပေါ့။

တစ်ခါတလေ အကျိုးရှိအောင်လို့ကြံဖန်ပြီး ပြောရတာမျိုးလေးတွေ ရှိတတ်တယ်၊ တကယ်ဖြစ်ခဲ့တာ မဟုတ်ပေမယ့် တကယ်ဖြစ်ခဲ့သလိုကို လုပ်ပြီးဟောတာ၊

[စာမျက်နှာ-113] ရှေးတုန်းက စကားပုံတွေရှိတယ်၊ တချို့ဟာတွေက တကယ်ဖြစ်ခဲ့တာ၊ တချို့ဟာ တွေက တကယ်မဖြစ်ခဲ့ဘဲနဲ့ ကြံဖန်ပြီးပြောတာတွေလည်း ရှိနိုင်တယ်၊ သို့သော် ဒါကတော့ သူတပါးအကျိုးရှိအောင် ပြောတာမို့ ကမ္မပထမြောက်တဲ့ သိမ်ဖျင်းတဲ့ စကားမျိုးတော့ဖြစ်မှာ မဟုတ်ပါဘူး၊ အတတ်နိုင်ဆုံးတော့ ဒါတွေ ဆင်ခြင်ရင် ကောင်းတာပေါ့၊ နားထောင်တဲ့သူမှာ အကျိုးရှိရင် သိမ်ဖျင်းတဲ့စကားလို့ မဆိုနိုင်ဘူး။

ဒါကြောင့်မို့ ဝစီကံ ၄-ပါးတဲ့ မုသာဝါဒ၊ ပိသုဏာဝါစာ၊ ဖရုဿဝါစာ၊ သမ္ဖပ္ပလာပတဲ့၊ ဝစီဒုစရိုက် ၄-ပါးလို့လည်းသုံးတယ်နော်၊ သူတို့ကို ဒုစရိုက်လို့ ခေါ်တယ်၊ ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါး။

အဲဒီဝစီ ၄-ပါးက ဝစီ ၄-ရပ်လို့ခေါ်တဲ့ ဝစီဒွါရမှာ များသောအားဖြင့် ဖြစ်တတ်သောကြောင့် ဝစီကံလို့ခေါ်တယ်၊ ကာယဒွါရမှာလည်း အနည်းငယ် ဖြစ်နိုင် သေးတယ်နော်။

စာတွေမှာ ရေးတာ ရှိတယ်နော်၊ ကျီးတွေဘာတွေ ခြောက်ချင်တဲ့အခါမှာ လက်ထဲခဲမပါဘဲနဲ့ ခြောက်တာ၊ ဒါလည်း မုသာဝါဒ မလွတ်ဘူးတဲ့နော်၊ မဟုတ် မမှန်တာ လုပ်တာတဲ့။

ဘုရားလောင်း ပါရမီတွေ ဖြည့်ခဲ့စဉ်က အဲဒီ ကမ္မပထမြောက်တဲ့ မုသာဝါဒ တော့ဘယ်တော့မှ မသုံးခဲ့ဘူးတဲ့၊ တခြားသိက္ခာပုဒ်တွေသာ ကျိုးချင်ကျိုးမယ်၊ ဆိုပါတော့ပါဏာတိပါတ ကျိုးချင်ကျိုးမယ်၊ အဒိန္နာဒါန ကျိုးချင်ကျိုးမယ်၊ မုသာဝါဒတော့ မကျိုးဘူးတဲ့၊ တကယ့်ကို တိုက်ရိုက်လိမ်ပြောတာမျိုး ဘယ်တော့မှ မရှိဘူး၊ အဲဒါဝစီကံ ၄-ပါး။

ဒီကိစ္စဟာ လုံးဝသန့်ရှင်းအောင်လုပ်ဖို့ မလွယ်ဘူး၊ တစ်ခါတစ်ခါလည်း ပြောမိကြတာပဲ၊ တရားမှတ်နေတုန်းတောင်မှ တရားစစ်တဲ့အခါမှာ လိမ်တာတွေ ဘာတွေ ဖြစ်နိုင်သေးတယ်၊ သူများပြောလို့ကြားတာလေး မှတ်ထားပြီး ကိုယ်က တကယ်ဖြစ်သယောင် တရားရသယောင် ပြောမိတာ။

ဒါကြောင့် တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာ သေသေချာကြည့်ရင် တစ်ခုက ဘာလဲဆိုတော့ in truth ရိုးသားရမယ်ဆိုတာပါတယ်၊ အဲဒါပဲ အရေးကြီးတယ်။ ဝစီကံ ၄-ပါးပြီးသွားပြီ။

မနောအကုသိုလ်ကံ ၃-ပါး
မနောကံ ၃-ပါးတဲ့၊ မနောဆိုတာ စိတ်၊ ဒီနေရာမှာတော့ မနောအရ အကုသိုလ်စိတ်ပေါ့၊ မနောဒွါရဖြစ်တဲ့ ကံ ၃-ပါးရှိတယ်၊ သူ့ကျတော့ ကာယကံ ဝစီကံ မပါတော့ဘူး၊ ကာယဒွါရမှာ မဟုတ်တော့ဘူး၊ ဝစီဒွါရမှာ မဟုတ်တော့ဘူး၊

[စာမျက်နှာ-114] မနောဒွါရမှာသာ စိတ်ထဲမှာသာ ဖြစ်တယ်။

သူ့အကြောင်းပြုပြီးတော့ ကာယကံ ဝစီကံဖြစ်နိုင်တာပေါ့။ သို့သော် သူ့အတွက် သက်သက်ကတော့ စိတ်ထဲမှာသာ ဖြစ်နိုင်တယ်၊ အဲဒီ မနောကံက ၃-ပါးတဲ့။
(၁) အဘိဇ္ဈာ - သူတပါးစည်းစိမ်ကို မတရားယူလိုမှု
ပထမဟာက အဘိဇ္ဈာတဲ့၊ အဘိဇ္ဈာဆိုတာ မြန်မာစကားလုံးလိုတောင် ဖြစ်နေပြီ၊ အဘိဇ္ဈာအားကြီးတယ် ဘာတယ်နဲ့ ပြောလေ့ရှိတယ်၊ အဘိဇ္ဈာဆိုတာ သူတပါးစည်းစိမ်ကို မတရားယူလိုမှုတဲ့၊ သူတပါးစည်းစိမ်ကို မြင်တဲ့အခါ ကျတော့ သူတပါးပစ္စည်းကို ငါ့ပစ္စည်းဖြစ်ရင် ကောင်းမှာပဲလို့ အဲဒီလို မတရား ယူချင်တယ်၊ သာမန်တောင်မဟုတ်ဘူး၊ တကယ့်ကို လိုချင်တယ်။ အဲဒီလိုဟာကို အဘိဇ္ဈာလို့ ခေါ်တယ်။

အဘိဇ္ဈာလို့ခေါ်တဲ့ လောဘကမတရားတဲ့ လောဘပေါ့၊ သူများက သူတို့ရဲ့ ချွေးနဲ့သွေးနဲ့ ရှာထားတဲ့ပစ္စည်း ကိုယ်က ကိုယ့်ပစ္စည်း လုပ်ချင်တာကိုး။

ဒါကြောင့် ဝိသမလောဘဆိုတာလည်း ဒါပဲ၊ အဘိဇ္ဈာလိုပဲ၊ အဘိဇ္ဈာရဲ့ စကားလုံးအနက် ကတော့ သူတပါးပစ္စည်းကို ရှေ့ရှုကြံတယ်လို့ ဒီလိုဆိုတာ။

ရှေ့ရှုကြံတယ်ဆိုတာက အဲဒီပစ္စည်း ငါ့ပစ္စည်းဖြစ်ရင်ကောင်းမှာပဲ၊ ငါ့ပစ္စည်း ဖြစ်ပါတော့၊ အဲဒီလိုမျိုး၊ တစ်ခါတလေ ပိုက်ဆံရှိတဲ့သူတွေ အိမ်ကြီး အိမ်ကောင်းတွေ မြင်ရရင် အဲသလိုမျိုးဖြစ်တတ်တယ်။

ဒါကြောင့်မို့ ဒီနေရာမှာ ဦးဇင်းတို့က စိတ်ထားပြတ်တယ်၊ တစ်ဝမ်းတစ်ခါး လေးစားရဝတ်ရဖို့မှာ သူ့ခမြားများ ရိုးရိုးသားသားနဲ့ မဖြစ်နိုင်ကြဘူး၊ အမျိုးမျိုးစိတ်တွေ ဖြစ်တယ်၊ commercial လုပ်ငန်းတွေမှာပေါ့။

ပစ္စည်းလေးတစ်ခုကို စာလုံးလေးသေးသေးနဲ့ ရေးထားတာကတစ်မျိုး၊ စာလုံး ကြီးနဲ့ ရေးထားတာကတစ်မျိုး မဟုတ်လား၊ တကယ်လိမ်သလားဆိုတော့ တိုက်ရိုက် ကြီး ဥပဒေအရ မလိမ်ဘူး၊ အဲဒီတော့ လှည့်ပတ်တာပဲ၊ ဒါပေမယ်လို့ လိမ်တာ ဘာမှမဖြစ်ဘူး၊ လိမ်တာဘယ်သူမဆို သိတယ်၊ ဥပဒေဘောင်အတွင်းက သုံးနိုင်ရင် သုံးတော့၊ အဲသလိုမျိုး။

ဦးဇင်းတို့ မြန်မာပြည်မှာက ဒီလောက်မညာဘူး၊ ရိုးရိုးပေါ့လေ၊ ကျွန်တော့ ပစ္စည်းကောင်းပါတယ်ဆိုတာမျိုးတော့ အရေးမကြီးဘူး။

ဆိုပါတော့ ပစ္စည်းတစ်ခုမှာလိုက်တယ်၊ ဒီပစ္စည်းက ဘယ်လောက်ကျတယ်။ နည်းနည်းလေးလျှော့ထားတယ်၊ handling ကျတော့ ပိုယူလိုက်တယ်၊ အဲဒီတော့

[စာမျက်နှာ-115] ပစ္စည်းတွေအတွက်ပါ ယူလိုက်တာနဲ့ အတူတူလို ကျသွားတယ်၊ အဲဒါမျိုးတွေ ရှိတယ်။

ပစ္စည်းတစ်ခုကို list price က ဘယ်လောက်၊ ပြီးတော့ your price က ဘယ်လို၊ တကယ်တော့ list price ကို ပေးမဝယ်ဘူး၊ ဘယ်သူမှလည်း မရောင်းဘူး၊ သက်သက်ညာနေတာ၊ ဝယ်တဲ့လူကလည်း ညာမှန်းသိတယ်၊ ဘာဖြစ်လို့ ညာနေသလဲ၊ သူလည်းသိ ကိုယ်လည်းသိ ဒါဖြုတ်လိုက်ဖို့ကောင်းတယ်၊ သက်သက်မဲ့ လှန်ကြည့်နေရတာ၊ list price က ဘယ်လောက်၊ ဒါပေမယ်လို့ ငါက မင်းတို့ကို ဒီလောက်နဲ့ ရောင်းတာ၊ ဒီလိုလုပ်နေကြတာပဲ၊ ဒါကြောင့်မို့ ဒီနိုင်ငံက မလွယ်ဘူးဟေ့၊ တစ်ဝမ်းတစ်ခါး စားရဖို့ ရိုးရိုးသားသားကို လုပ်ဖို့ မလွယ်ဘူးလို့၊ အဘိဇ္ဈာကနေ ဆက်သွားတာ၊ ကိုင်း၊ သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှုတဲ့ အဘိဇ္ဈာ၊ လောဘသာမန် မဟုတ်ဘူးပေါ့၊ ဆိုးတဲ့လောဘ၊ မတရားတဲ့လောဘ။
(၂) ဗျာပါဒ - သူတစ်ပါးပျက်စီးသေစေရန် ကြံစည်မှု
ဗျာပါဒ၊ ဗျာပါဒဆိုတာ သူတစ်ပါးပျက်စီးသေစေရန် ကြံစည်မှုတဲ့၊ သူတစ်ပါး ပျက်စီးအောင်ကြံစည်တာ၊ ဒီကောင်တော့ သေရင်ကောင်းမှာပဲ၊ ဘယ်တော့များ သေပါ့မလဲ၊ သေပါစေလို့ ဒီလိုစိတ်ထဲက ကြံတာမျိုး၊ အဲဒါမျိုးကို ဗျာပါဒ ခေါ်တယ်၊ လူတင်မဟုတ်ပါဘူး၊ တိရစ္ဆာန်ကြံလည်း ဒီလိုပဲ၊ ဗျာပါဒခေါ်တယ်။ ဗျာပါဒမှာ ဒေါသပါတယ်။

အဲဒီလို သေစေလိုတဲ့ အကြမ်းစားဒေါသကို ဗျာပါဒလို့ခေါ်တယ်၊ စိတ်ဆိုးရုံ သက်သက်နဲ့ ကမ္မပထမမြောက်ဘူး၊ ဗျာပါဒတော့ဖြစ်တယ်။

အဘိဇ္ဈာရဲ့ အင်္ဂါကတော့ သူတပါးဥစ္စာဖြစ်ခြင်းအပေါ် မိမိဥစ္စာဖြစ်လိုခြင်း၊ အခုဗျာပါဒကျတော့ ဒေါသထွက်စရာ သတ္တဝါဖြစ်စရာဖြစ်ခြင်းရယ်၊ သူ့ရဲ့ ပျက်စီးမှုကို ကြံစည်ခြင်းရယ်၊ အဲဒါဗျာပါဒတဲ့၊ အဲဒါလည်း မဖြစ်အောင်တော့ ကြိုးစားကြပေါ့။

လူဆိုတာ သူ့ကံနဲ့သူပဲ၊ သူများဆဲတာခံရလည်း ကိုယ်ကံပေါ့၊ နောက်ဘဝက ကိုယ့်အကုသိုလ်ရှိလို့ ခံရတယ်လို့ ဒီလိုပဲ တွက်ရမယ်။

သေတာကို သဘောကျတယ်ဆိုတော့ ပထမတော့ ဒေါသပါမယ်၊ ဝမ်းမြောက် ဝမ်းသာဖြစ်တာကတော့ နောက်တစ်ဆင့် ဖြစ်မယ်၊ စ၊ စချင်းကတော့ ဒေါသပဲ ဖြစ်မယ်၊ ကြာရင်တော့ ဒေါသတော့ဖြစ်မယ်ပေါ့လေ၊ ကံတော့မဟုတ်ဘူး၊ ဗျာပါဒကံ ထိအောင်တော့ မရောက်ပေဘူးထင်တယ်၊ အကုသိုလ်တော့ဖြစ်တယ်၊ အကုသိုလ်ဖြစ် တိုင်းလည်း ကံမဖြစ်ဘူး၊ ကမ္မပထမမြောက်ဘူးပေါ့။
(၃) မိစ္ဆာဒိဋ္ဌိ - အယူမှားမှု
(၃) မိစ္ဆာဒိဋ္ဌိ အယူမှားမှုတဲ့၊ မှားသောအယူရှိတဲ့အခါ ဗုဒ္ဓဘာသာအနေနဲ့

[စာမျက်နှာ-116] ဗုဒ္ဓဘာသာဘက်က ကြည့်ပြီး မှားတယ်လို့ ဆိုရမှာပေါ့လေ၊ မှားသောအယူ။

မှားသောအယူဆိုတာ ဘယ်လိုဟာတွေတုန်းတဲ့၊ လောကမှာ တွေ့မြင်နေတဲ့ အရာဝတ္ထုတွေ ပုဂ္ဂိုလ်သတ္တဝါတွေ မြဲတယ်လို့ ယူတာမျိုး၊ ချမ်းသာတယ်လို့ယူတာမျိုး၊ အတ္တလို့ဆိုတဲ့အသက်ကောင် ဝိညာဉ်ကောင်လေး ရှိတယ်လို့ ယူတာမျိုး စသည်ပေါ့၊ အဲသလို ယူတာမျိုးကို မိစ္ဆာဒိဋ္ဌိခေါ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ ဝိညာဉ် ဆိုတဲ့ ခန္ဓာငါးပါးကို အတ္တလို့ စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိမျိုး၊ တခြားအယူမှားတာတွေ မှန်သမျှကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။

အဲဒီတော့ မိစ္ဆာဒိဋ္ဌိဆိုတာ စိတ်ပိုင်းတုန်းက ဒိဋ္ဌိဂတသမ္ပယုတ္တ၊ မိစ္ဆာဒိဋ္ဌိနဲ့ ယှဉ်တယ်ဆိုတာ ပြောခဲ့တယ်၊ ပြီးတော့ကံ ကံ၏အကျိုး မရှိဘူး၊ ဒါတွေလည်း လာလိမ့်မယ်။

ကောင်းပြီ၊ အဲဒီမိစ္ဆာဒိဋ္ဌိက အမျိုးမျိုးရှိသော်လည်းပဲ ဒီမှာ အရေးတကြီးမှတ်ဖို့က ၃-ခုရှိတယ်၊ အဲဒါတော့ရေးပြီးမှတ်ကြ ဒီစာရွက်ထဲတော့ ထည့်ရေးမထားဘူး။

ပထမ နတ္ထိကဒိဋ္ဌိတဲ့၊ ဒုတိယ အဟေတုကဒိဋ္ဌိ၊ တတိယက အကိရိယဒိဋ္ဌိ။

အဲဒီတော့ မိစ္ဆာဒိဋ္ဌိရဲ့ အင်္ဂါမှာ ဘာလဲဆိုရင် ယူအပ်တဲ့ ဝတ္ထုရဲ့ မမှန်ခြင်းရယ်၊ အဲဒီ မမှန်ကန်သည်၏ အဖြစ်ဖြင့် စိတ်ထဲမှာ စွဲမြဲထင်ခြင်းရယ်၊ ဒါကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်၊ မိစ္ဆာဒိဋ္ဌိရဲ့ ကမ္မပထမြောက်သွားတယ်။

အဲဒီလိုရှိရာမှာ ခုနကပြောခဲ့တဲ့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ သုံးပါးတို့သာလျှင် ကမ္မပထမြောက်တယ်၊ တခြားဒိဋ္ဌိက ကမ္မပထမမြောက်ဘူး၊ ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ။

ဆိုပါတော့၊ သင်္ခါရတရားတွေမြဲတယ်လို့ယူတယ်၊ ချမ်းသာတယ်လို့ ယူတယ်၊ ဒါလည်းပဲ မိစ္ဆာဒိဋ္ဌိ၊ ဒါပေမယ်လို့ အဲဒါက ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိမဟုတ်ဘူး။

ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိက ဒီ ၃-မျိုးပဲ၊ နတ္ထိကဒိဋ္ဌိဆိုတာဘာလဲ။ လင်္ကာလေး ရေးလိုက်ကြဦး။

> “နတ် ကျိုး အ,ကံ၊ ဟေနှစ်တန်တဲ့”

နတ်ကျိုးဆိုတာ၊ နတ္ထိကဒိဋ္ဌိဟာ အကျိုးကို တားမြစ်တယ်၊ အကျိုးကို ပယ်တယ်၊ အကျိုးမရှိဘူးတဲ့၊ မင်းလုပ်သမျှဟာတွေ အကျိုးဘာမှမရဘူးလို့ အဲသလို အကျိုးကိုပယ်တဲ့ ဒိဋ္ဌိမျိုးကို နတ္ထိကဒိဋ္ဌိလို့ခေါ်တယ်။

[စာမျက်နှာ-117] ဘာလုပ်လုပ်အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်းကောင်းကျိုးမရှိဘူး၊ မကောင်း တာလုပ်လည်း မကောင်းကျိုးမရှိဘူး၊ အဲသလိုပြောတဲ့ ဒိဋ္ဌိမျိုးကို နတ္ထိကဒိဋ္ဌိတဲ့၊ အဲဒီ နတ္ထိကဒိဋ္ဌိကို ပါဠိတော်တွေထဲမှာ ဟိုသုတ်၊ ဒီသုတ်တွေမှာ ခဏခဏဟောထားတယ်၊ “နတ္ထိဒိန္နံ” ပေးလှူ၍ အကျိုးမရှိဘူး၊ နတ္ထိယိဋ္ဌိဆိုတာ အလှူကြီးပါပဲ၊ ရှေးတုန်းကတော့ ဒီလိုပဲ ပေးလှူတာက တစ်မျိုး၊ ယဇ်ပူဇော်တယ်လို့ ခေါ်တဲ့ လှူတာကတစ်မျိုး၊ ပြီးတော့ ခပ်နည်းနည်းလှူတာ တစ်မျိုးဆိုပြီးတော့ လှူတာကို ၃-မျိုးခွဲတယ်။

အဲဒီတော့ ပေးလှူခြင်းရဲ့ အကျိုးမရှိဘူး၊ ယဇ်ကြီးပူဇော်ရခြင်းရဲ့ အကျိုးမရှိဘူး၊ ယဇ်ငယ်ပူဇော်ရခြင်းရဲ့ အကျိုးမရှိဘူး၊ အလှူအတန်းကြီးလုပ်လည်း အကျိုးမရှိဘူး၊ အလှူအတန်းလေးလုပ်လဲ အကျိုးမရှိဘူးပေါ့၊ အဲသလိုပြောတာ။

ပြီးတော့
* နတ္ထိ သုဂတဒုဂ္ဂတာနံ ကမ္မာနံ ဖလံ ဝိပါကော - ကောင်းမှု မကောင်းမှုတို့ရဲ့ အကျိုးပေး အကျိုးဆက်ဆိုတာ မရှိဘူး၊ ကောင်းမှုလုပ်လည်း ကောင်းကျိုးမရဘူး၊ မကောင်းမှုလုပ်လည်း မကောင်းကျိုးမရဘူး။
* နတ္ထိအယံ လောကော - ဤဘဝဆိုတာလည်း မရှိဘူး၊ ဆိုလိုတာက ဟိုဘဝသတ္တဝါတွေသေပြီး ဒီဘဝရောက်လာတယ်ဆိုတာလည်း မရှိဘူး၊ နတ္ထိပရောလောကော - ဒီဘဝ၌သေပြီးနောက်ဘဝဆိုတာလည်း မရှိဘူး။
* နတ္ထိမာတာ - အမေဆိုတာလည်း မရှိဘူး၊ အမေ့ဂုဏ်ကျေးဇူးတွေ ဘာတွေလည်း မရှိဘူး။
* နတ္ထိပိတာ - အဖေဆိုတာလည်း မရှိဘူး။
* နတ္ထိသတ္တာ ဩပပါတိကာ - ဥပပါတ် ပဋိသန္ဓေဆိုတာ ပဋိသန္ဓေ မနေရဘဲ နတ်တွေလို ဘွားကနဲဖြစ်တာမျိုးကို ခေါ်တယ်၊ လူလိုအမိဝမ်းမှာ မနေရဘဲနဲ့ပေါ့၊ အဲဒီလို ဥပပါတ် ပဋိသန္ဓေနေရတဲ့ နတ်တွေ ဗြဟ္မာ ဆိုတာလည်း မရှိဘူးလို့ ယူရမယ်။
* နတ္ထိလောကေ သမဏဗြဟ္မဏာ သမ္မဂတာ၊ သမ္မာပဋိပန္နာ ယေဣမဉ္စ လောကံ၊ ပရလောကံ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ - ဒီလောက နောက်လောကကို ကိုယ်တိုင်သိပြီး ပြောဟောနိုင်တယ်ဆိုတဲ့ ရဟန်း၊ ပညာရှိ ပုဏ္ဏားတို့ ဆိုတာလည်း မရှိဘူးတဲ့ဆိုတော့ မြတ်စွာဘုရားဟာ ဒီဘဝနောက်ဘဝတွေကို သိပြီးဟောပြောတယ်ဆိုတာလည်း မယုံဘူးပေါ့။

[စာမျက်နှာ-118] အဲသလို ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်ဆိုလို့လည်း မရှိဘူးလို့ ဒီလိုယူဆတာမျိုးကို နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ ဒါဟာ မိစ္ဆာဒိဋ္ဌိ ၁၀ မျိုးလို့လည်း သုံးလေ့ရှိတယ်။

အခုခေတ်ဆိုရင် ရုပ်ဝါဒသမားတွေမှာ ဒီအယူရှိတယ်ပေါ့၊ ကောင်းတာလုပ် လည်းပဲ အရေးမကြီးဘူး၊ မကောင်းတာလုပ်လည်းပဲ အရေးမကြီးဘူး၊ ဒါဟာ နတ္ထိကဒိဋ္ဌိတဲ့။

ဒါကြောင့် နတ္ထိကဒိဋ္ဌိဟာ ဘယ်လိုပယ်သလဲလို့ပြောရင် အကျိုးဝိပါက်ကို ပယ်တယ်၊ အကျိုးကိုပယ်ရင်း အကြောင်းကိုလည်း ပယ်ရာရောက်တာပဲ၊ အကျိုးမရှိဘူး ဆိုရင် အကြောင်းလည်းမရှိဘူးဆိုရာရောက်တော့ အမှန်ကတော့ နှစ်ခုလုံး ပယ်ရာရောက်တာပဲ၊ သို့သော် ပဓာနအားဖြင့်တော့ သူက အကျိုးကိုပယ်တယ်။

အကံဆိုတာက အကိရိယအတွက်ပြောတာ၊ ဒုတိယဟာက အဟေတုက၊ ထိုနှစ်တန်တဲ့ ထိုဆိုတာက အဟေတုကဒိဋ္ဌိက အကြောင်းလည်းမရှိဘူး၊ အကျိုးလည်း မရှိဘူး၊ နှစ်ခုစလုံးပယ်တာ။

သတ္တဝါတွေ ဖြစ်လာဖို့ရာအကြောင်း မရှိဘူး၊ သတ္တဝါတွေ ညစ်နွမ်းဖို့လည်း အကြောင်းလည်း မရှိဘူး၊ အကြောင်းမရှိဘဲနဲ့လည်း သတ္တဝါတွေဖြစ်လာရတယ်။ ဒီလို ယူဆတာမျိုးကို အဟေတုကဒိဋ္ဌိလို့ခေါ်တယ်။

ဒါဖြင့် စိတ်ဓာတ်စင်ကြယ်ဖို့ရန် ကမ္မဋ္ဌာန်းထိုင်ဖို့လည်း မလိုဘူး၊ စိတ်ဓာတ် ညစ်နွမ်းဖို့ရန် ဘာမှလည်း လုပ်နေစရာမလိုဘူး၊ အကြောင်းမဲ့ပဲ စိတ်ဓာတ်ညစ်နွမ်းမှု ဖြစ်မယ်၊ အကြောင်းမဲ့ပဲ စိတ်ဓာတ်စင်ကြယ်မှု ဖြစ်မယ်ပေါ့ လေ။

အကြောင်းမရှိဘဲ အထောက်အပံ့မရှိဘဲ လူတွေဟာ စင်ကြယ်သွားမယ်။ ညစ်နွမ်းသွားမယ်၊ အဲဒီလို ယူဆတဲ့ အယူမျိုးကို အဟေတုကဒိဋ္ဌိတဲ့၊ စကားလုံး အဓိပ္ပါယ်နဲ့ မှတ်လို့ကို မရဘူး၊ ဒီလိုကို မှတ်ယူရမယ်။

ဟေတုဆိုတာ အကြောင်း၊ အဟေတုဆိုတာ အကြောင်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ၊ သို့သော် ဒီနေရာမှာ အဟေတုကဒိဋ္ဌိက အကြောင်းကော အကျိုးပါ မရှိဘူးလို့ ယူဆတဲ့ ဒိဋ္ဌိပဲ၊ ဒီဒိဋ္ဌိမျိုး ယူခဲ့တဲ့ ဒိဋ္ဌိဆရာကြီးတွေ မြတ်စွာဘုရားလက်ထက်မှာလည်းရှိခဲ့ပါတယ်၊ ဒီမှာလည်းပဲ အကြောင်းရောအကျိုးရောမရှိဘူးလို့ပယ်တာနဲ့ အတူတူပါပဲ။

ကောင်းပြီ၊ နောက်တစ်ခုကဘာလဲ၊ အကိရိယဒိဋ္ဌိတဲ့၊ အကိရိယဒိဋ္ဌိဆိုတာ အ ကံဆိုတော့ ကံကိုပယ်တယ်ပေါ့၊ ဘာလုပ်လုပ် ကံမဖြစ်ဘူး၊ အကုသိုလ်လုပ်လည်း အကုသိုလ်ကံကတော့ မဖြစ်နိုင်ဘူး၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်နိုင်ဘူး၊

[စာမျက်နှာ-119] ဒီလိုကောင်းမှုပြုသော်လည်း ကောင်းမှုမဖြစ်ဘူး၊ မကောင်းမှုပြုသော်လည်း မကောင်းမှု မဖြစ်နိုင်ဘူးလို့ ယူတဲ့အယူဝါဒမျိုးကို အကိရိယဒိဋ္ဌိ။

ဒီမှာလည်းပဲ အကြောင်းမရှိဘူးလို့ပယ်ရင် အကျိုး(တကယ်ကတော့)မရှိဘူး ဆိုတာနဲ့ အတူတူပါပဲ၊ ဒါကြောင့်မို့ ဒီမှာလည်း အကိရိယဒိဋ္ဌိက အကြောင်းရော အကျိုးရော ပယ်တာပါပဲ။

အဲဒီတော့ ဒိဋ္ဌိ ၃-ခုလုံးဟာ အကြောင်းရောအကျိုးရော ပယ်တာချည်းပဲ။ သို့သော်ပဓာနအားဖြင့် ပြောမယ်ဆိုရင် နတ္ထိကဒိဋ္ဌိက အကျိုးပယ်တယ်၊ အဟေတုကဒိဋ္ဌိက အကြောင်းအကျိုးနှစ်မျိုးလုံးပယ်တယ်၊ အကိရိယဒိဋ္ဌိက ကံအကြောင်းကို ပယ်တယ်လို့ ဒီလိုဆိုရတယ်။

အဲဒီ မိစ္ဆာဒိဋ္ဌိ ၃-မျိုးရှိတဲ့အနက်မှာ အခုခေတ်လူတွေမှာဆိုရင် တစ်ခုခုငြိ နေတာကများတယ်။ အကြောင်းမရှိဘူး၊ အကျိုးမရှိဘူး၊ အကြောင်းအကျိုး မရှိဘူး ဆိုတော့ အထူးသဖြင့် ရုပ်ဝါဒသမားတွေ၊ ဘာသာမရှိဘူးဆိုတဲ့သူတွေမှာ ဒီအယူအဆတွေ ရှိတတ်တယ်။

အဲဒီ မိစ္ဆာဒိဋ္ဌိက နိယတမိစ္ဆာဒိဋ္ဌိ၊ တကယ့်ကိုအခိုင်အမာစွဲလန်းပြီး ယူသွားရင် ဒီမိစ္ဆာဒိဋ္ဌိက ချွတ်မရဘူး၊ မြတ်စွာဘုရားလက်ထက်က တိတ္ထိဆရာကြီး ၆ ယောက်ရှိတယ်၊ သူတို့ဟာဆိုရင် ဘုရားအဆူဆူချွတ်လည်း ကျွတ်တော့တာ မဟုတ်ဘူး၊ စွဲစွဲမြဲမြဲနဲ့ တရားထိုင်လို့ တရားပေါက်ထားတာမျိုးလိုပဲ သူတို့ကလည်း ဒီအယူအဆကို ယူဆတယ်၊ သူတို့ရဲ့ တပည့်တွေဆိုရင်လည်း သူတို့ဆရာတွေဟောတာ နာယူတယ်၊ ကျမ်းဂန်တွေဆိုရင်လည်း ဖတ်တယ်၊ ကိုယ်ကိုယ်တိုင် သဘောကျပြီး အနှစ်စွဲသွားတာ မျိုးပေါ့။ အဲဒီလို ဖြစ်လိုက်ရင် နိယတမိစ္ဆာဒိဋ္ဌိတဲ့၊ နိယတဆိုတာမြဲတာ၊ ခိုင်မြဲသွားပြီ၊ အဲသလို ခိုင်မြဲသွားအောင်ဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိမျိုး ရောက်သွားပြီ၊ ဆိုလို တာကတော့ တရားပေါက်တဲ့အခါ ဝီထိဖြစ်သွားသလိုပဲ၊ မိစ္ဆာဒိဋ္ဌိအစစ်ဖြစ်တဲ့အခါ ဝီထိတစ်ခု ဖြစ်လိမ့်မယ်၊ အဲဒီဝိထိတစ်ခုဖြစ်တဲ့အခါမှာ သတ္တမဇောရောက်သွားတော့ ဘုရား အဆူဆူချွတ်လို့ မရတဲ့ ဒိဋ္ဌိဖြစ်မယ်။

အဲဒီလိုဒိဋ္ဌိဖြစ်သွားရင် သေသည်၏ အခြားမဲ့မှာ ငရဲကျတော့မှာပဲ၊ အသိက မြဲတယ်၊ ဒါကြောင့်မို့ နိယတမိစ္ဆာဒိဋ္ဌိ မရှိအောင် ကြိုးစားရမယ်။

ဆိုပါတော့ မမြဲတာမြဲတယ်လို့ ယူမယ်၊ မချမ်းသာတာ ချမ်းသာတယ်လို့ ယူတဲ့အယူကတော့ နည်းနည်းပါးပါး ရှိချင်ရှိကြလိမ့်ဦးမယ်၊ အဲဒီနိယတမိစ္ဆာဒိဋ္ဌိလို အကြောင်းမရှိဘူး၊ အကြောင်းအကျိုးမရှိဘူးလို့ ယူတာမျိုးကတော့ ရှောင်ကို

[စာမျက်နှာ-120] ရှောင်ရမယ်။

ခုနပြောသလို တကယ့်ကို ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲ ဖြစ်သွားပြီဟေ့ဆိုရင်တော့ သွားပြီ၊ ဘယ်လိုမှ မရတော့ဘူး၊ အဲဒီတော့ မြတ်စွာဘုရားလက်ထက်က တိတ္ထိ ဆရာကြီးတွေဆိုရင်လည်း ဘယ်လိုမှ ချွတ်မရတော့ဘူး၊ သူတို့တွေကျတော့ မြတ်စွာဘုရားနဲ့ကို မတွေ့နိုင်တော့ဘူး၊ တွေ့ဖို့ရန်လမ်းလည်း မရှိတော့ဘူး၊ တွေ့လည်းမတွေ့တော့ဘူး၊ အဲသလို။

အဲဒီနိယတမိစ္ဆာဒိဋ္ဌိဟာ စာမှာလာတဲ့အတိုင်းဆိုရင် တကယ့်အပြစ်ကြီးတယ်။ သံဃဘေဒကကံထက်တောင် အပြစ်ကြီးတယ်လို့ဆိုတယ်၊ သေလို့ အဝီစိမှာ ငရဲခံရ ရင်တောင် အဝီစိက သက်တမ်းမကုန်သေးရင်၊ ကမ္ဘာလည်းပျက်မယ်ဆိုရင် တခြားမှာ ပြောင်းခံရတယ်၊ အဲသလောက်ဆိုးတယ်၊ သံဃဘေဒကကံတို့ဘာတို့ ဆိုတာကတော့ ကမ္ဘာပျက်ရင် ပြီးသွားပြီ၊ လွတ်သွားပြီဆိုပါတော့၊ နိယတမိစ္ဆာဒိဋ္ဌိ ကတော့ ပြောင်းပြီးတော့တောင် ခံရတယ်ဆိုတယ်၊ အဲသလောက်ဆိုးဝါးတဲ့ မိစ္ဆာဒိဋ္ဌိ။

အဲဒီမိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သမ္မာဒိဋ္ဌိဆိုတာ မပေါ်နိုင်ဘူးပေါ့၊ အဲဒါကြောင့်မို့ ပထမ ဒိဋ္ဌိကြီး ၃-မျိုးကင်းအောင် ဗုဒ္ဓဘာသာမှန်ရင်တော့ ကင်းကြရမယ်။

အနိစ္စကို နိစ္စထင်တာ၊ ဒုက္ခကို သုခထင်တာ၊ အနတ္တကို အတ္တထင်တာ၊ အဲဒါလေးတွေကို ရှောင်ရမယ်၊ အဲဒါတွေက ခံယူတာနဲ့ မပျောက်ဘူး၊ တရားကို ထိုင်ယူရမယ်။

တလောက ဖလော်ရီဒါ သွားတုန်းက တစ်ညတရားဟောတာ၊ အတ္တမရှိဘူးလို့ ဟောတာပေါ့လေ၊ ဒါကတော့ ဝိပဿနာ မဟုတ်လား၊ ဝိပဿနာ အားထုတ်ရင် မင်းတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေ ထင်မြင်လာမယ်၊ ကိုယ်တိုင်သိလာမယ်။ အတ္တဆိုတာ မရှိဘူးဆိုတော့ နောက်တစ်နေ့ကျတော့ မိန်းမတစ်ယောက်က တရားစစ်တော့ ပြောတယ်။

“မနေ့ညက အရှင်ဘုရားကို တပည့်တော် စိတ်ဆိုးပါတယ်၊ စိတ်ဆိုးလို့ တရားတောင်မမှတ်နိုင်ဘူး၊ မထိုင်နိုင်ဘူး”တဲ့၊ “ဘာကြောင့်လဲဆိုတော့ “အတ္တမရှိဘူး” ပြောလို့တဲ့၊ သူက ဟိန္ဒူတွေဆီမှာ အတ္တ တကယ်ရှိရမယ်လို့ သင်လာတာကိုး၊ ဒါကြောင့်မို့ “အေး ငါ့စကားလည်းမယုံနဲ့၊ နင်ကိုယ်တိုင် ထိုင်ပြီးတော့ ရှာကြည့် တွေ့ရင်လဲငါ့ ပြော” ကိုယ်တိုင်ထိုင်တဲ့အခါကော အတ္တကို တွေ့သလား၊ အတ္တဆိုတာ အကြိတ်အခဲအမြဲတည်နေတဲ့ သဘောတစ်ခုပေါ့၊ ခန္ဓာ

[စာမျက်နှာ-121] ငါးပါးမှ အလွတ်၊ အတ္တကို အဲသလိုထင်တတ်တယ်၊ ခန္ဓာငါးပါးကို အတ္တလို့ စွဲနေတာလည်းရှိတယ်၊ ခန္ဓာငါးပါးမှ အလွတ် အတ္တကောင်လေးလိုလို၊ အနှစ်သာရ လေးလိုလို ကိုယ့်ခန္ဓာထဲရှိတယ်လို့ အဲသလို ထင်တတ်တယ်။

တရားထိုင်တဲ့အခါမှာ အဲသလိုဟာလေးများ နင်တွေ့သလား၊ ကြည့်ပေါ့။ တွေ့လဲယူပေါ့”လို့ ပြောရတယ်၊ တစ်ခါတလေ စကားပြောရတာ မလွယ်ဘူး၊ လွယ်တဲ့အခါလည်း ရှိတယ်၊ သူတို့က သိပ်နားမလည်တော့၊ တစ်ခါတလေ သူတို့ကိုယ်တိုင်က မမေးတတ်တာလည်းရှိတယ်၊ တခါတလေကျတော့လည်း ကိုယ့်မြန်မာ လူမျိုးတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟောရင် သဘောကိုကျလို့၊ သူတို့ကျတော့ ခုနလို ပြန်လှန်ငြင်းတာ တွေရှိတယ်၊ အမျိုးမျိုးပဲ၊ အဲဒီတော့ ပြန်ပြောလိုက်တယ်၊ “ငါလည်းပဲ မယုံနဲ့လို့၊ တရားထိုင်ရင်း ကိုယ့်ဟာကိုယ် အတ္တတရားရှာ တွေ့ရင်လည်းယူလို့။

ဒီကံ ၃-ပါးက မနောကံတဲ့၊ မနောကံက အစတုန်းက ပြောခဲ့တဲ့အတိုင်း မနောဒွါရလို့ခေါ်ရတဲ့ အကုသိုလ်စိတ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို မနောကံ ၃-ပါး။

ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀-ပါး၊ ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး၊ ဒါကို ကောင်းကောင်းမှတ်မိအောင် ကြိုးစားကြ၊ ဒုစရိုက် ၁၀-ပါးဆိုတာလည်းဒါပဲ၊ အလကားနေရင်း ဒုစရိုက်၊ ဒုစရိုက်ပြော၊ ပြောနေတယ်၊ ဒုစရိုက်ဘာလဲဆိုရင် မပြောတတ်ကြဘူး။

အဲဒီကံ ၁၀-ပါးမှာဘယ်ကံဟာ ဘာအခြေခံဖြစ်သလဲဆိုတော့ သူ့ အသက် သတ်ခြင်းဟာ ဒေါသ အခြေခံပြီးတော့ဖြစ်တယ်၊ သူ့ဥစ္စာခိုးတာက လောဘ၊ ဒေါသ၊ တစ်ခါတလေ အမြင်ကတ်လို့ သူ့ဥစ္စာခိုးတာလည်း ရှိသေးတာကိုး၊ အထူးသဖြင့် တန်ဆောင်မုန်းလဆိုရင် ဟိုအိမ်ကဟာဒီအိမ်ရွှေ့နဲ့။

ကာမဂုဏ်တို့ဖြင့် မှားယွင်းစွာကျင့်ခြင်း ဒါကတော့ အကြောင်းထင်ရှားတယ်။ လောဘကြောင့်ပဲလိမ်ပြောတာ၊ လောဘကြောင့်လည်းလိမ်တယ်၊ ဒေါသကြောင့်လည်း လိမ်တယ်၊ ကုန်းတိုက် တာအတူတူပဲ၊ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကြောင့် ပေါ့၊ သိမ်ဖျင်းတဲ့စကား ပြောဆိုတာဟာ လောဘကြောင့်လည်း ပြောနိုင်တယ်။ ဒေါသကြောင့်လည်း ပြောနိုင်တယ်၊ အဘိဇ္ဈာ၊ လောဘသေချာတယ်၊ ဗျာပါဒ ဒေါသသေချာတယ်၊ မိစ္ဆာဒိဋ္ဌိ၊ လောဘကြောင့် ဒါက အခြေခံတာကို ပြောပြတာ။

ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀-ပါးကို နားလည်သွားပြီ။

[စာမျက်နှာ-122] ဒိထက်ပိုပြီး နားလည်ချင်ရင် ထိုထိုကျမ်းစာအုပ်တွေဖတ်ကြဦးပေါ့။

ကောင်းပြီ ဒီ ၁၀-ပါးထဲမှာ အရက်သောက်တာပါတာမတွေ့ဘူး၊ မပါဘူး၊ ဒါဖြင့် အရက်သောက်တာ ဒုစရိုက် မဟုတ်ဘူးလို့ တချို့က အဲသလို စကားကပ် တာပေါ့၊ အကုသလကမ္မပထတရား ၁၀-ပါးထဲ အရက်သောက်တာမပါလို့ ကိစ္စမရှိဘူးပေါ့။

အဲဒီတော့ ကျမ်းဂန်တွေမှာ indirectly ဘယ်ထဲသွင်းသလဲဆိုတော့ ကာမေသုမိစ္ဆာစာရထဲသွင်းတယ်၊ ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်း ကျင့်တယ်။ ကာမဂုဏ်ဆိုတာ ရူပါရုံ မြင်ရတဲ့အဆင်း တပ်မက်တာ၊ ကြားရတဲ့အသံတပ်မက်တာ စသည်ဖြင့် အဲဒါတွေကို ကာမဂုဏ်ခေါ်တာ၊ လူတွေနားလည်ထားတာက ကာမဂုဏ် ဆိုရင် sex နဲ့ ပတ်သက်တာပဲ မြင်နေကြတယ်၊ နားလည်နေကြတယ်၊ အမှန်တော့ ကာမဂုဏ်ဆိုတာ ဒွါရငါးပါးမှာရှိတဲ့ propose လုပ်တာကို ကာမဂုဏ်လို့ခေါ်တာ။

တစ်ခါတလေ စကားလုံးဟာ ကျမ်းဂန်တွေမှာဆို ဒီလောက် မဆိုးဘူး၊ လူတွေနားလည်တဲ့အခါကျတော့ စကားလုံး ဆိုးသွားတာရှိတယ်၊ အခု ကာမဆိုတဲ့ စကားလုံးက နမူနာပါပဲ။

သင်္ဂြိုဟ်တက်နေတဲ့အခါ ကာမစိတ်၊ ကာမာဝစရစိတ်လို့ ပြောနေတာပဲ။ ဒါဟာ ကြမ်းတမ်းတဲ့စကားလုံးမဟုတ်ဘူး၊ ဒါပေမယ်လို့ လူ့လောကမှာ ပြောနေတဲ့ ကာမဆိုတဲ့ စကားလုံးကတော့ မကောင်းတဲ့စကားလုံး ဖြစ်သွားတယ်။

အဲဒီတော့ အရက်သောက်တယ်ဆိုတာ ရသတဏှာ မဟုတ်ဘူးလား၊ အရသာ တည်းဟူသော ကာမဂုဏ်မှာ မှားယွင်းစွာကျင့်တာ၊ အရသာကို အလွဲသုံးစားကျင့်တာ၊ ဒါကြောင့်မို့ အရက်သောက်ခြင်းသည်လည်း တတိယကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းဆိုတဲ့ ကာမေသုမိစ္ဆာစာရထဲမှာ ထည့်ပြီးတော့ ယူရမယ်လို့ ကျမ်းဂန်တွေမှာ ဆိုတယ်။

ကောင်းပြီး အရက်သောက်တာဟာ ကမ္မပထမြောက်သလား၊ မမြောက် ဘူးလား ဆိုတာမှာ အယူအမျိုးမျိုးရှိတယ်၊ အချို့ကလည်း အရက်သောက်ရင် ကမ္မပထ မြောက်တယ်၊ တချို့ကလည်း အရက်သောက်တာ ကမ္မပထမမြောက်ဘူး ဒီလိုဆိုတယ်။

အဲဒီတော့ မဟာဂန္ဓာရုံ ဆရာတော်ရေးတဲ့ ကျမ်းစာအရ ပြောရမယ်ဆိုရင် ဆရာတော်ကတော့ ကမ္မပထမမြောက်ဘူးဆိုတဲ့ဘက်က သူကနေတယ်၊ ဒါက ကျမ်းဂန်တွေကြည့်ပြီးဆိုရတာ။

[စာမျက်နှာ-123] အဲဒီတော့ ကမ္မပထမမြောက်ပေမယ်လို့ အပြစ်ကြီး မကြီးကျတော့ တစ်မျိုးစီ သွားလိမ့်မယ်၊ တစ်ခါတလေ ကမ္မပထမမြောက်ဘဲနဲ့ အပြစ်ကြီးနေတာရှိတယ်။ တစ်ခါတလေ ကမ္မပထမြောက်ပြီး အပြစ်မကြီးတာလည်း ရှိတယ်၊ ဒါကြောင့် ဒီမှာလည်း နှိုင်းချိန်ပြီး ယူရမယ်တဲ့။

အဲဒီတော့ မြတ်စွာဘုရားဟောထားတဲ့ ဒုစ္စရိတ ဝိပါကသုတ်ဆိုတာရှိတယ်၊ ပါဏာတိပါတကို အကြိမ်များစွာပြုရင် ဘယ်လိုအပြစ်တွေရမယ်ဆိုတာတွေ ဟောထား တာ၊ အဲဒီထဲမှာ အရက်အကြောင်းလည်းပါတယ်။

မြတ်စွာဘုရား ဘယ်လိုဟောထားလဲဆိုတော့ “ရဟန်းတို့ သုရာပါနကို မှီဝဲအပ်၊ ထုံအပ်၊ အကြိမ်များစွာ လေ့လာပြုအပ်လျှင်ဖြင့် ငရဲ၌ဖြစ်စေနိုင်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏၊ ပြိတ္တာမျိုး၌ဖြစ်စေနိုင်၏။ အကြင်အကျိုးကား သုရာပါဏအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ဆုံး အကျိုးသည်ပင် လူဖြစ်သည့်အခါ အရူးအနှမ်းဖြစ်စေ၏”တဲ့။

အဲဒီတော့ အရက်ကိုသောက်တဲ့အခါမှာ တစ်ကြိမ်တစ်ခါသောက်တာမျိုးကို မဆိုလိုဘူး၊ ပါဠိလို အာသေဝိတံ၊ ဘာဝိတံ၊ ဗဟုလီကတံ ဆိုတော့ အကြိမ်များစွာ အရက်စွဲအောင် သောက်တဲ့သူမျိုးဆိုရင် ငရဲကျနိုင်တယ်တဲ့၊ အပါယ်ကျနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်၊ နောက်ဆုံးအရက်သောက်ခြင်းရဲ့ အပေါ့ဆုံး အကျိုးက လူဖြစ်လာရင် အရူးအနှမ်းဖြစ်တတ်တယ်၊ စိတ်ကယောင်ချောက်ခြား ဖြစ်သူတွေ စိတ်ပေါ့သူတွေဟာ နောက်ဘဝက အရက်သောက်လာတာတွေရဲ့ အကျိုး ဆက်တွေ ခံစားရတာတွေပဲ။

အဲဒါကြောင့်မို့ အရက်သောက်တာဟာ ကမ္မပထမမြောက်ဘူးဘဲဆိုစေဦး အပြစ်ကတော့ကြီးတယ်၊ ပြီးတော့ တစ်ခါ အရက်သောက်တာမှာလည်း အမျိုးမျိုး ရှိတယ်၊ ကမ္မပထမမြောက်ရင် အပါယ်ပဋိသန္ဓေထိကို ပေးနိုင်တယ်လို့ မဆိုလိုဘူးတဲ့၊ တချို့သောက်စားမှုက အပါယ်ပဋိသန္ဓေ မပေးနိုင်ဘူး၊ တချို့ကတော့ ပေးနိုင်တယ်လို့ ဒီလိုယူဆကြတယ်။

အရက်သောက်တာနဲ့ ပတ်သက်လို့ ပထမဆေးထဲမှာပါလာလို့သောက်တာ၊ ဆေးတွေဟာ များသောအားဖြင့် အရက်ပါတတ်တယ်၊ Alcohol content ရာခိုင်နှုန်း ဘယ်လောက်ပါတယ်ပြတယ်၊ အဲသလို အရက်ပါတဲ့ဆေး သောက်ရင် အပြစ်မရှိဘူး၊ အရက်သောက်တာမဟုတ်ဘူး၊ ဆေးသောက်တာ၊ အရက်ကတော့ ထည့်ထားလို့ပါတာ၊ မိမိကဆေးအနေနဲ့ သောက်တာမို့ ဒါတော့အပြစ်မရှိနိုင်ဘူး။

[စာမျက်နှာ-124] ကောင်းပြီ အရက်ကိုပဲ ဆေးအဖြစ်နဲ့ သောက်မယ်၊ တကယ့်ဆေးအဖြစ်နဲ့ သောက်တာမျိုးဆိုရင်လည်း အဲဒါဟာလည်းပဲ တကယ်အပြစ်ကြီးဖို့ မရှိဘူး၊ သူ့ဟာသူ သောက်ပြီး အိပ်ချင်အိပ်သွားမယ်ပေါ့လေ။

ဆရာတော်ရေးထားတာကတော့ မိန်းမတွေ့မျက်နှာမြင်ပြီးရင် အရက်တစ်မျိုး သောက်ကြတယ်ပြောတယ်၊ အဲဒါမျိုးကတော့ အပြစ်ကြီးဖို့ မရှိဘူး၊ အရက်သောက် ချင်လို့သောက်တာမဟုတ်ဘူး၊ ဆေးအဖြစ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် သောက်တာ။

ကောင်းပြီးမှ နောက်တစ်ခုက တမင်ကိုသောက်ချင်လို့သောက်တာ၊ အရက်ကို ကြိုက်လို့သောက်တာ၊ အဲဒါကျတော့ ရသာရုံဆိုတဲ့ ကာမမှမှားယွင်းစွာကျင့်တဲ့ အတွက်ကြောင့် မိစ္ဆာစာရလည်းဖြစ်တယ်၊ အပြစ်လည်းကြီးပြီ၊ ဘယ်လောက် အပြစ်ကြီးတယ် ဆိုတာတော့ ဘယ်သူမှမပြောနိုင်ဘူး၊ အရက်သောက်လို့ ပျက်စီး တာတွေ လောကမှာ ဒုနဲ့ဒေး မြင်တွေ့ နေကြရတာ။

မြတ်စွာဘုရားလက်ထက်က ဈာန်ရတဲ့ပုဂ္ဂိုလ်တစ်ပါးကို လူတွေက အရက် တိုက်တာ၊ လူတွေကလည်းခက်တယ်၊ အရှင်သာဂတဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်၊ သူက ဈာန်တွေ အဘိညာဉ်တွေရတယ်၊ တစ်နေ့မှာ သူဟာ နဂါးကြီးတစ်ကောင်ကို နိုင်လိုက်တော့ လူတွေက ဩဘာပေးတာပေါ့၊ သူတို့ဆရာနဂါးနိုင်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အရက်တိုက်တာ၊ အရက်တိုက်တော့ သောက်မိတာပေါ့၊ သောက်မိတော့ မူးတာပေါ့။

မူးတော့ တစ်ခါတည်း မြို့တံခါးဝမှာတင်လဲတယ်၊ ဈာန်တွေဘာတွေလည်း မရှိတော့ဘူး၊ ကွယ်သွားပြီပေါ့၊ အဲသလိုဖြစ်တော့ မြတ်စွာဘုရားဆွမ်းခံထွက်တဲ့ အခါ မြင်တော်မူတာကိုး။

အဲဒီတော့ မြတ်စွာဘုရားဘက်ကို သူ့ခေါင်းထားပြီး သူ့ကို လှည့်ပေး လိုက်တာ၊ အဲဒါကို သူက ဘုရားဘက် ခြေထောက်ပြန်ထားလိုက်တာ၊ အရက်သောက် မိလာပြီဆိုရင် ကြောက်စရာသိပ်ကောင်းတာပဲ၊ အဲဒီလို လုပ်တယ်။

အဲဒီလို တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်ကိုတောင်မှ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုနိုင်တယ်၊ အဲဒီအဖြစ်အပျက်ကို အကြောင်းပြုပြီး ရဟန်းတွေအရက်မသောက်ရလို့ သိက္ခာပုဒ်ပညတ်တာ၊ ငါးပါးသီလထဲမှာလည်းပါတယ်လေ၊ ဒါပေမယ်လို့ ရဟန်း သိက္ခာတွေထဲမှာက ရဟန်းဟာ ငါးပါးသီလတင် မဟုတ်ဘူး၊ ရဟန်း သိက္ခာပုဒ်က ၂၂၇-ပါးရှိတယ်၊ အဲဒီထဲမှာ အရက်မသောက်ရလို့ ပါတာက

[စာမျက်နှာ-125] အရှင်သာဂတကို အကြောင်းပြုပြီး ပညတ်တာ။

အဲဒီတော့ သောက်ချင်လို့သောက်တယ်ဆိုတာက ဘယ်တော့မှ မတင်းတိမ် နိုင်ဘူး၊ အိပ်မှုရယ်၊ အရက်သောက်မှုရယ်၊ မေထုံမှုရယ်က ဘယ်တော့မှ မတင်းတိမ် နိုင်ဘူး။

အိပ်တာက ဘယ်တော့မှ မဝဘူး၊ အိပ်ရာက မထချင်ဘူး၊ မတတ်သာလို့သာ ထချင်ထရတာ၊ ဘယ်လောက်အိပ်ရအိပ်ရ အိပ်ချင်တာပဲ၊ အရက်လည်း ဒီအတိုင်းပဲတဲ့။ အရက်သောက်တာမှာ စကားပြောလေ့ရှိတယ် မဟုတ်လား၊ ပထမလူက အရက်သောက်တယ်၊ နောက်တော့ အရက်က လူသောက်တယ်၊ နောက်တော့ အရက်က အရက်သောက်တယ်ဆိုတာလေ။

အဲဒါကြောင့်မို့ သောက်ချင်လို့ကို သောက်တဲ့လူဟာ အပြစ်ကြီးမှာပါတဲ့၊ ပြီးတော့ သောက်ပြီးတဲ့နောက် အကုသိုလ်တွေဘာမှ မလုပ်ဘဲနဲ့ အသာလေးအိပ်သွား မယ်ပေါ့၊ အဲသလိုဆိုရင် သိပ်ပြီးတော့ အပြစ်ကြီးဖို့ မရှိဘူး၊ သို့သော် အကုသိုလ်တော့ ဖြစ်တယ်၊ ဘာကြောင့်တုန်းဆိုတော့ အရက်သောက်လိုက်ရင် စိတ်ဟာ မောဟဝင် လာတာပဲ၊ ကြည်ကြည်လင်လင် မရှိတော့ဘူး၊ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ဘူး။

ဒါကြောင့်မို့ သုရာမေရယ မဇ္ဇပမာဒဋ္ဌာန၊ ပမာဒဆိုတာ မေ့လျော့ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၊ ဌာနဆိုတာက အကြောင်း။

[စာမျက်နှာ-126]
အဘိဓမ္မာသင်တန်း (၃)

ဝီထိမုတ်ပိုင်း ကမ္မစတုက္က၊ အကုသိုလ်ကံနှင့် ကာမာဝစရကုသိုလ်ကံ
ဒီနေ့ ဇူလိုင်လ ၃-ရက်၊ လွန်ခဲ့တဲ့ အပတ်က သင်တန်းပျက်သွားတယ်။ ဖလော်ရီဒါသွားနေရလို့။

လွန်ခဲ့တဲ့အပတ်က သုရာပါဏအကြောင်းပြောနေတာမပြီးသေးဘူး၊ အရက် သောက်တာနဲ့ ပတ်သက်ပြီး ပြောလာခဲ့တယ်။

အရက်သောက်ရာမှာ ဆေးထဲပါလာလို့သောက်ခြင်း၊ အရက်သက်သက် ကိုပဲဆေးအဖြစ်ဖြင့်သောက်ခြင်း၊ ဒါတွေကတော့ အပြစ်မကြီးနိုင်ဘူး၊ ဆေးထဲပါလာ လို့ သောက်ခြင်းက အပြစ်ကို လုံးဝမရှိဘူးဆိုရမှာပဲ၊ ဘာကြောင့်လဲဆိုတော့ Alcohol content နည်းတာကိုး။

အရက်ကိုပဲ ဆေးအဖြစ်သောက်ရတဲ့အခါမျိုးလည်း ရှိသေးတယ်၊ မြန်မာ ပြည်မှာတော့ ကိုယ်ဝန်ဆောင်မိန်းမတွေ့မျက်နှာမြင်ပြီးရင် သောက်တယ်လို့ဆိုတယ်။ အဲဒါကတော့ အပြစ်တော့ကြီးမယ်မဟုတ်ဘူး၊ ဘာလို့တုန်းဆိုတော့ မူးဝေအောင် သောက်တာလည်း မဟုတ်ဘူး၊ ကျန်းမာအောင် သောက်တာ၊ ဒါပေမယ်လို့ ဘာပဲ ဖြစ်ဖြစ် သိက္ခာပုဒ်ကတော့ ပျက်တာပဲ၊ အရက်မသောက်ပါဘူးဆိုတဲ့ သိက္ခာပုဒ်ကတော့ အရက်သောက်လိုက်ရင် ပျက်မှာပဲ၊ ဘာလို့တုန်းဆို သောက်တာက

[စာမျက်နှာ-127] အရက်ဖြစ်တာကိုး၊ ဆေးအဖြစ်နဲ့သောက်ပေမယ့် အရက်ဟာ အရက်ပဲ၊ အပြစ် သိပ်မကြီးဘူး၊ သို့သော် သီလတော့ပျက်လိမ့်မယ်။

နောက်တစ်မျိုးကတော့ တမင်ကိုသောက်ချင်လို့သောက်တာ၊ အဲသလို သောက်တာကျတော့ ရသာရုံဆိုတဲ့ ကာမဂုဏ်မှာ မှားယွင်းတဲ့အကျင့်ဖြစ်တဲ့အတွက်ကြောင့် မိစ္ဆာစာရပဲ၊ ကာမေသုမိစ္ဆာစာရလိုပဲ သူလည်းအပြစ်ကြီးတယ်၊ ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာကို မြတ်စွာဘုရားမှတပါး ဘယ်သူမှမပြောနိုင်ဘူး။

ကြိမ်ဖန်များစွာ သောက်တယ်၊ စွဲနေအောင် သောက်တယ်ဆိုရင် အဲဒီဟာရဲ့ အပြစ်ဟာ အပါယ်ငရဲကျတတ်တယ်၊ နောက်ဆုံးလူဖြစ်လာရင်တောင်မှ ရူးတာ နှမ်းတာ ဖြစ်တတ်တယ်၊ ဒါက တမင်သောက်ချင်လို့ သောက်တာ။

ဟိုအပတ်တုန်းက ပြောလာတဲ့အထဲမှာ သောက်ပြီးတော့ အသာလေးနေတယ်၊ ဘာမှမလုပ်ဘူး၊ အဲဒါအပြစ်ကြီးသလား၊ အဲဒါအပြစ်ကြီးစရာ မရှိဘူးလို့ ဟိုအပတ် တုန်းက ပြောခဲ့တယ်၊ ဒါပေမယ်လို့ အရက်သောက်တဲ့အတွက် သိက္ခာပုဒ်ကတော့ ပျက်မယ်၊ ပြီးတော့ အရက်ကို စာမှာ ဆိုထားတာက သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ၊ ပမာဒဋ္ဌာနဆိုတာ ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း အကြောင်းဖြစ်တဲ့ သေရည်သေရက် သောက်တာပေါ့။

အဲဒီတော့ အရက်ကို ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်သောက်မိရင် မူးယစ်လာမယ်၊ ရီဝေလာမယ်၊ အဲဒီအခါမှာ ကုသိုလ်စိတ်ဖြစ်ဖို့ အလွန်ခဲယဉ်းတယ်။ အဘိဓမ္မာသဘောအရ စဉ်းစားကြည့်လိုက်စမ်း၊ မောဟ ဖုံးလွှမ်းလာတယ်၊ အဲသလို မောဟနဲ့ ယှဉ်တဲ့စိတ် အဖြစ်များလာတော့ အကုသိုလ်စိတ်ပဲ ဖြစ်နိုင်တော့တယ်။

အဲဒါကြောင့်မို့ ငါက အရက်သောက်ရုံသောက်တာပါ၊ အရက်သောက်ပြီး အိပ်တာပါပဲ၊ ဘာမှမလုပ်ပါဘူး ဆိုပေမယ်လို့ အပြစ်ကတော့ရှိသလောက် ရှိတာပါပဲ။ အပြစ်ကြီးသလားဆိုတော့ ကြီးမယ်တော့ မဟုတ်ပေဘူး၊ သီလအနေနဲ့ ငါးပါးသီလ ယူထားရင်တော့ ပျက်မှာပဲ၊ အရက်သောက်တာကိုး။

တချို့ကျတော့ အရက်သောက်ပြီး ဒီအတိုင်း မနေသေးဘဲနဲ့ တခြားဒုစရိုက်တွေ ကျူးလွန်တယ်၊ ဒါကျတော့ သိပ်အပြစ်ကြီးသွားပြီ၊ အရက်သောက်တာ သက်သက် အတွက်တော့ ကမ္မပထမြောက်ချင်မှ မြောက်မယ်၊ သို့သော် အရက်သောက်မိတဲ့ အတွက်ကြောင့် မလုပ်ဝံ့တာတွေ လုပ်ဝံ့လာတယ်၊ မဆဲဝံ့တာ ဆဲဝံ့လာတယ်။ မသတ်ဝံ့တာ သတ်ဝံ့လာတယ်၊ မခိုးဝံ့တာ ခိုးဝံ့လာတယ် စသည်ဖြင့် ဖြစ်လာတာတွေ ကျတော့ သူ (အရက်)က ဘာနဲ့တူသလဲဆိုတော့ သူတပါးကို မြှောက်ပေးသူနဲ့

[စာမျက်နှာ-128] တူတယ်။

ဆိုပါတော့ သူတပါးကို အသတ်ခိုင်းတဲ့သူနဲ့တူတယ်၊ မသတ်ချင်တဲ့သူကို သတ်ဟေ့လို့ မြှောက်ပေးတဲ့သူနဲ့ တူတဲ့အတွက်ကြောင့်မို့ သူဟာ တကယ်အပြစ် ကြီးတယ်၊ လူမိုက်အားပေးပေါ့လေ။

ဒါကြောင့်မို့ သောက်ပြီးတော့ ဘာမှမလုပ်ဘူးဆိုရင် နည်းနည်းတော် သေးတယ်၊ သောက်ပြီးတော့ ဒုစရိုက်မှုတွေ ဆက်လုပ်မယ်ဆိုရင် ဒုစရိုက်လုပ်လို့ အကျိုးပေးနိုင်မယ့် အကုသိုလ်တွေရအောင် သူ(အရက်)က အခြေခံလုပ်ပေးတာ၊ အထောက်အပံ့လုပ်ပေးတဲ့အတွက်ကြောင့် သူလည်းပဲဆိုးတာပဲ။

ဒါကြောင့်မို့ အကောင်းဆုံးကတော့ ရှောင်နိုင်တာဟာ အကောင်းဆုံးပဲ။ ဘာမှတခြား အကြောင်းတွေပြမနေနဲ့တော့၊ ရှောင်နိုင်တာဟာ အကောင်းဆုံးပဲ။ မရှောင်နိုင်လို့ သောက်မိရင်တော့ သီလကတော့ ပျက်တာပဲ၊ သူချည်းသက်သက်က အပါယ်ကျချင်မှကျမယ်၊ ဒါပေမယ့် စွဲစွဲလန်းလန်းဖြစ်လာရင် သောက်လာရင်တော့ မြတ်စွာဘုရားဟောတဲ့အတိုင်းကျမှာပဲ။

အရက်သေစာဆိုတဲ့အထဲမှာ အခုခေတ်အရပြောရမယ်ဆိုရင်တော့ ဘိန်း၊ ကဇော်၊ လှော်စာတို့ ဆိုတာက ရှိသေးတယ်၊ အခုခေတ်ကိုကင်းတို့ Drug တို့ကို ထည့်ရေတွက်သင့်တယ်လို့ ဦးဇင်းတော့ထင်တယ်၊ ဘာကြောင့်လည်းဆိုတော့အဲဒါတွေ ကလည်း သူတို့ကိုသုံးစွဲရင် ကုသိုလ်တရားတို့မှ မေ့လျော့ခြင်းဖြစ်တာပဲ၊ ဘာမှမလုပ်ချင် တော့ဘူး၊ ဒါကြောင့်မို့ အဲဒါတွေကိုလည်း ရှောင်ရမှာပဲ။

အရက်သောက်မှုနဲ့ ပတ်သက်ပြီးတော့ အရက်ဘယ်တုန်းက ပေါ်လာတာလဲ စသည်ဖြင့် ဇာတ်တော်တစ်ခုရှိတယ်၊ ကုမ္ဘဇာတ်ဆိုတာ မှတ်မိသေးလား၊ ဟိုအပတ် တုန်းက နည်းနည်းပြောမိသေးတယ်ထင်တယ်။

ရှေးတုန်းက တောထဲမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်၊ သစ်ပင်ကြီးရဲ့ ပင်စည် ခွဆုံကြီးဟာ အိုးကြီးလို ဖြစ်နေတယ်၊ အဲဒီခွဆုံကြီးထဲမိုးရွာ၊ မိုးရေတွေစုပြီး သားဖြစ်ပြီးတော့ သစ်ရွက်တွေ ဘာတွေကျ၊ အနီးအနားမှာရှိတဲ့ ငရုတ်ပင်တို့ ငရုတ်ကောင်းပင်တို့ ဖြစ်နိုင်တယ်၊ အဲဒီအသီးတွေ အရွက်တွေကျပြီးတော့ ငှက်တွေ ချီလာတဲ့ ဆန်တို့ သလေးတို့ ကျပြီးတဲ့နောက် ကဇော်ပေါက်ပြီးတော့ အရက်ဖြစ် နေတယ်။

အဲဒါကို ငှက်တွေကလာသောက်၊ မူးပြီးတော့ ဖုတ်ကနဲကျသွား၊ အဲဒါကို မုဆိုးတစ်ယောက်ကမြင်တယ်၊ ပထမတော့ မုဆိုးက အဆိပ်ဖြစ်လိမ့်မယ် ထင်တယ်

[စာမျက်နှာ-129] တဲ့၊ ဘာကြောင့်လည်းဆိုတော့ ငှက်တွေသောက်ပြီး လဲသွားကြတာကိုး၊ ဒါပေမယ့်တော်တော်ကြာကြာ အချိန်ယူကြည့်ပြန်တော့ ငှက်တွေက အမူးပြေတော့ထ၊ ပျံကြပြန်တယ်။

ထပျံကြတာမြင်တော့မုဆိုးက ဒီအရည်ဟာအဆိပ်မဟုတ်ဘူး၊ တစ်ခုခုဖြစ် လိမ့်မယ်ဆိုပြီး မုဆိုးက သောက်ကြည့်တယ်၊ သောက်ကြည့်တော့ သူလည်း ငှက်တွေလို မူးသွားတယ်။

မူးသွားရင်း ကောင်းတဲ့အရသာ သူတွေ့သွားတာ ဖြစ်ပါလိမ့်မယ်၊ အဲဒါနဲ့ ဒါဟာ ကောင်းတာပဲဆိုပြီး သူဆက်သောက်တယ်၊ သောက်ရုံတင်မကဘူး၊ သူက အဲဒီအနီးအနားမှာနေတဲ့ ဝရုဏဆိုတဲ့ ရသေ့ဆီလည်းသွား၊ ဒီအကျိုးအကြောင်းပြောပြီး သူတို့နှစ်ယောက် အတူသောက်ကြတယ်၊ သူတို့နှစ်ယောက် အရက်သမား ဖြစ်သွားဆိုပါတော့။

နောက်တော့ သူတို့က ဟိုသစ်ပင်ခွဆုံကြီးထဲက အရက်နဲ့တင် သောက်စားဖို့ မလုံလောက်တော့ဘူး၊ သစ်ပင်ခွဆုံကြီးထဲက အရက်ဖြစ်သွားတဲ့နည်းကိုလေ့လာတယ်။ ဒီခွဆုံကြီးထဲဘာအရွက်တွေ အသီးတွေကျတယ်ဆိုတာ သိလာပြီး ကိုယ်တိုင်အရက် ဖော်ကြတော့တာပဲ၊ အရက်ချက်ကြတယ်။

အရက်ချက်ပြီးတဲ့နောက် တိုင်းပြည်တစ်ပြည် အုပ်ချုပ်တဲ့ ရှင်ဘုရင်ထံသွားပြီးတော့ အကျိုးအကြောင်းပြောပြပြီး အရက်ကိုဆက်၊ ရှင်ဘုရင်အရက်သောက်၊ တိုင်းသူပြည်သားတွေလည်း သောက်ပြီး အဲဒီတိုင်းပြည်ပျက်ရော၊ နောက်တစ်ခါ တိုင်းပြည်တစ်ပြည်ရောက်၊ အရက်တွေချက် အိုးကြီးတွေနဲ့ထည့်ထားပြီး အိုးတွေကို ကြောင်တွေကို အစောင့်ထားတာကိုး။

ကြောင်တွေက သောက်ပြီးလဲကုန်တော့ အဲဒီမှာ ရှင်ဘုရင်ကို သွားသံတော်ဦး တင်ကြတာကို၊ ဒါဟာ အဆိပ်တွေ၊ ဒီကောင်တွေ အဆိပ်ဖော်စပ်ပြီး ရှင်ဘုရင်ကို လာသတ်တာလို့ ပြောကြတော့ အဲဒီအခါကျ ရှင်ဘုရင်က သူတို့ကို သတ်ခိုင်းတာကိုး။

သတ်ခိုင်းတော့ သူတို့က “အရှင်မင်းကြီး၊ အရက်ကောင်းတယ်၊ အရက် ကောင်းတယ်”လို့ ပြောရင်း အသတ်ခံရတော့ သေသွားကြရော၊ သူတို့ကို သတ်ပြီးတဲ့ နောက်မှ ကြောင်တွေက အမူးပြေပြီး ပြန်ထလာကြတာကိုး။ အဲဒီတော့မှ ဒါဟာ အဆိပ် မဟုတ်ဘူး၊ သောက်ကောင်းတယ်လို့ နားလည်ကြပြီးသောက်ကြပြန်ရော။

နောက်တစ်တိုင်းပြည်ကျတော့ ဒီလိုပဲ အရက်သောက်ဖို့လုပ်ကြ ပြန်တဲ့အခါ သိကြားမင်းကလာပြီး “အရက်ရောင်းမယ်၊ အရက်ဝယ်ကြမလား”ဆိုပြီး (အမှန်က

[စာမျက်နှာ-130] အရက်မသောက်အောင်လုပ်တာ) ကောင်းကင်က ပေါ်လာတော့မှ ခင်ဗျား ဘာရောင်း မလို့လဲ ပြန်မေးကြတယ်။

ဒီအရည်တွေသောက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် စသည်ဖြင့် အပြစ်တွေ ပြောပြပြီး အဲဒီအရည်တွေ ငါရောင်းဖို့လာတာ၊ ဒီအရည်သောက်ရင် ကုသိုလ်တရားတို့က မေ့လျော့မယ်၊ ပါဏာတိပါတဖြစ်မယ်၊ အဒိန္နာဒါနဖြစ်မယ် စသည်ဖြင့် ဆိုပြီးတော့ အရက်မသောက်အောင်ဟောတဲ့ ဇာတ်ကို ကုမ္ဘဇာတ်လို့ခေါ်တယ်။ ဟိုအပတ်တုန်းက အင်္ဂလိပ်ဘာသာပြန်လေး ကူးပြီးတော့ ပေးလိုက်တယ်၊ ဒါကတော့ ဗဟုသုတအနေနဲ့ မှတ်သားစရာပေါ့လေ၊ အရက်စတင်ဖြစ်ခဲ့တာ အဲသလိုဖြစ်ခဲ့ တယ်လို့ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ အဲသလိုရှိတယ်၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်မယ့်ပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ အရက်လည်းပဲ ရှောင်သင့်တယ်၊ အကုသလကမ္မပထတရား ၁၀-ပါးကိုဆိုလည်း အတတ်နိုင်ဆုံး ရှောင်သင့်တယ်။

အဲဒီ အကုသလကမ္မပထတရား ၁၀-ပါးကို အဘိဓမ္မာသဘောတရားအရ ပြောမယ်ဆိုရင်တော့ ဒါဟာ အကုသိုလ်စိတ် ၁၂-ပါးပါ၊ အကုသိုလ်စိတ် ၁၂-ပါးထဲက တစ်ပါးပါးနဲ့ ပြုလုပ်ရတယ်၊ ပါဏာတိပါတဆိုရင် ဒေါသမူစိတ်နဲ့ ပြုလုပ်လိမ့်မယ်၊ အဒိန္နာဒါနဆိုရင် လောဘမူစိတ်နဲ့ ပြုလုပ်လိမ့်မယ်၊ အဲသလိုပေါ့။ ကာမေသုမိစ္ဆာစာရဆိုရင် လောဘမူနဲ့ လည်းဖြစ်နိုင်တယ်၊ ဒေါသနဲ့လည်းဖြစ်ချင် ဖြစ်နိုင် တယ်ပေါ့လေ။

အဲသလို စိတ်တို့အနေနဲ့ ပြောမယ်ဆိုရင် အကုသလကမ္မပထ တရား ၁၀ ပါးဟာ အကုသိုလ်စိတ် ၁၂-ပါးပဲ၊ အဲဒါက အကုသိုလ်။

အဲဒီအကုသလကမ္မပထတရား ၁၀-ပါးကို ထပ်ပြီးမြှောက်သွားပြီးတော့ ၄၀ လုပ်တယ် ဆိုတာလည်းရှိသေးတယ်၊ ၄၀-ဆိုတာ အမျိုးမျိုးပေါ့၊ ကာယကံ၊ ဝစီကံ၊ မနောကံရှိတယ်မဟုတ်လား၊ အဲဒီမှာ (ဆိုပါတော့) မြှောက်ပွားတဲ့အခါ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာနဲ့ မြှောက်ရင် ၃၀-ဖြစ်တယ်။

ပုဗ္ဗစေတနာက မလုပ်မီစေတနာ၊ မုဉ္စဆိုတာက လုပ်ဆဲစေတနာ၊ အပရစေတနာဆိုတာကလုပ်ပြီးစေတနာ၊ အဲဒီလို မြှောက်ရုံနဲ့ ၃၀-ဖြစ်တယ်တဲ့။

နောက်တစ်နည်းကတော့ “ကိုယ်တိုင်တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ”တဲ့၊ လယ်တီဆရာတော်ဘုရားရေးထားတာ။

ကိုယ်တိုင်ပြုခြင်းတဲ့၊ ပါဏာတိပါတကံဖြစ်တဲ့သူများ အသက်သတ်တာကောင်း_

[စာမျက်နှာ-131] တယ်ဟေ့၊ သူ့ဥစ္စာခိုးတာကောင်းတယ်ဟေ့လို့ ဒီလိုတိုက်တွန်းတာ၊ ကိုယ်တိုင်ပြုတာ ရယ်၊ သူများကို တိုက်တွန်းစေခိုင်းတာရယ်၊ ချီးမွမ်းတယ်ဆိုတာက သူများပြုလုပ်ချင် လာအောင်ပြောပြတာ၊ စိတ်တူတယ်ဆိုတာက သူများက ဒီကိစ္စလုပ်တော့မယ် လာပြောရင် သဘောတူလိုက်တယ်၊ အဲသလို အကုသိုလ်ကမ္မပထ တရား ၁၀ ပါးကို ၄-မျိုးနဲ့ မြှောက်ရင် ၄၀-ဖြစ်နိုင်တာပဲတဲ့၊ အကုသိုလ်အမျိုးမျိုးကို ခွဲခြား ရေတွက် ပြတာ ဒုစရိုက်အမျိုးမျိုး ရှိတဲ့အကြောင်းပေါ့။

အဲသလို ဒုစရိုက်အမျိုးမျိုး ရှိရာမှာ ပါဏာတိပါတရယ်၊ ဖရုဿဝါစာရယ်၊ ဗျာပါဒရယ်၊ ဒီ ၃-ခုက ဒေါသမူလကြောင့်ဖြစ်တယ်။

ကာမေသုမိစ္ဆာစာရရယ်၊ အဘိဇ္ဈာရယ်၊ မိစ္ဆာဒိဋ္ဌိရယ်၊ သူက လောဘမူလ ရှိတဲ့စိတ်ကြောင့်ဖြစ်တယ်၊ ကျန်တာတွေကတော့ ၂-မျိုးလုံးကြောင့်ဖြစ်တယ်၊ စိတ်တို့ အမြင်အားဖြင့် ပြောမယ်ဆိုရင် ဒါတွေဟာ အကုသိုလ် ၁၂-ပါးပဲ။

ကောင်းပြီ၊ ဒါက အကုသိုလ်ကံ၊ ကံ ၄-မျိုးခွဲရာမှာ အကုသိုလ်ကံပြီးတော့ ဘာရှိတုန်း၊ ကာမာဝစရကုသိုလ်ကံပေါ့၊ အကျိုးပေးရာဘုံဌာနနှင့် စပ်၍ ကံ ၄-မျိုးဆိုတဲ့ နေရာမှာ ကြည့်လိုက်ရင်-

(၁) အကုသိုလ်ကံ၊
(၂) ကာမာဝစရကုသိုလ်ကံ
(၃) ရူပါဝစရကုသိုလ်ကံ
(၄) အရူပါဝစရကုသိုလ်ကံတဲ့။ အဲဒီမှာ ကာမာဝစရကုသိုလ်ကံကို ပြောကြစို့ ။

ကာမာဝစရကုသိုလ်ကံကလည်းပဲ ကာယဒွါရမှာဖြစ်တဲ့ ကာယကံ၊ ဝစီဒွါရ ဖြစ်တဲ့ ဝစီကံ၊ မနောဒွါရမှာဖြစ်တဲ့ မနောကံဟူ၍ ၃-ပါးရှိတယ်။

ကာယဒွါရမှာဖြစ်တယ်ဆိုတာ အမှန်ကတော့ကာယဒွါရမှာဖြစ်မယ့် ဒုစရိုက်ကို ရှောင်တာကိုခေါ်တာ၊ ရှောင်ကြဉ်တယ်ဆိုတော့ ဘာမှမလုပ်ဘဲနေတော့ ကာယဒွါရမှာ ဖြစ်တယ်လို့ တကယ်ကတော့ မဆိုနိုင်ဘူးပေါ့၊ ပါဏာတိပါတ လုပ်စရာရှိတာကို မလုပ်ဘဲနေလိုက်တယ်၊ ဘာမှခန္ဓာကိုယ်လှုပ်ရှားမှုတွေ ဘာတွေမပါဘဲနဲ့ ထိုင်နေလိုက် တယ်ဆိုပါတော့ ရှောင်လိုက်တာဟာ ကုသိုလ်ကံ။

ဒါကြောင့် ကာယကံလို့ပြောပေမယ်လို့ ဒီနေရာကျတော့ ခန္ဓာကိုယ်နဲ့ ပြုလုပ်တယ်လို့ မဆိုလိုဘူး၊ သို့သော် ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့ ပြုလုပ်မယ့် လွန်ကျူးမှုကို ရှောင်ကြဉ်လိုက်တာ။

[စာမျက်နှာ-132] ဒါကြောင့်မို့ ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး ဆိုတာ လာဖြစ်ဦးမယ်၊ ကုသလကမ္မပထတရား ၁၀-ပါးဆိုတာမှာပေါ့၊ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း၊ အဒိန္နာဒါနမှရှောင်ကြဉ်ခြင်းစသည်ဖြင့် ၁၀-ခုသွားရမယ်၊ နောက်ဆုံး မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်ခြင်း။

အဲသလို နည်းအားဖြင့် ကာယကံကုသိုလ်၊ ဝစီကံကုသိုလ် မနောကံကုသိုလ်၊ ဒီလိုဖြစ်နိုင်တယ်။

ပြီးတော့ ကိုယ်တိုင်ခန္ဓာကိုယ်နဲ့ ထပြီးတော့လုပ်တယ်၊ လှူတယ်ဆိုပါတော့ လှူတဲ့အခါမှာ အလှူဝတ္ထုပစ္စည်းကို လက်နဲ့ကိုင်ပြီးတော့ ရဟန်းတော်ကို သွားကပ်တယ်၊ သို့မဟုတ် ပေးစရာရှိတဲ့ပစ္စည်းကို လူတွေကို ပေးတယ်ဆိုရင် ကာယကံ မဖြစ်ဘူးလား၊ ပါးစပ်နဲ့လှူပါတယ်လို့ ပြောတယ်၊ ဝစီကံမဖြစ်ဘူးလား၊ ဖြစ်တယ်။ အဲသလိုပဲဖြစ်နိုင်တယ်၊ ကောင်းပြီ၊ အဲဒါက တစ်မျိုးပေါ့။

ဒါကြောင့်မို့ ကံရဲ့ စစ်ကြောင်းအနေနဲ့ပြောမယ်ဆိုရင် ကာယကံ၊ ဝစီကံ၊ မနောကံ၊ အကုသိုလ်မှာရှိသလိုပဲ ကုသိုလ်မှာလည်းရှိတယ်။

နောက်တစ်နည်းအားဖြင့်တော့ ဒီကုသိုလ်က ၁၀-မျိုးရှိတယ်၊ အဲဒီကုသိုလ်ကို အသေးစိတ်သွားရလိမ့်မယ်၊ ဒါကိုတော့ ကုသိုလ်ကမ္မပထတရား ၁၀-ပါးပေါ့။ ပထမဆုံးက ဒါနတဲ့။

ဒါနဆိုတာ တည့်တည့်ပြောရင်တော့ ပေးလှူခြင်းပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အဘိဓမ္မာနည်းအရပြောမယ်ဆိုရင် ပေးလှူတဲ့အခါ ဖြစ်ပေါ်တဲ့စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အဲဒီစေတနာကို အမှန်ဒါနခေါ်တယ်၊ ပေးလှူခြင်းကို ပြုတဲ့အခါ သူမပါရင်မပြီးဘူး၊ သူပါမှပြီးတယ်၊ သူပါမှဖြစ်တယ်၊ ဒါကြောင့်မို့ ဒါန စေတနာ၊ အဲဒီဒါနစေတနာကို ဒီနေရာမှာ ဒါနခေါ်တာ၊ အဲဒီဒါနစေတနာကလည်းပဲ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကမ္မပထမြောက်တဲ့ စေတနာပေါ့။

ကောင်းပြီ၊ ဒါဖြင့်ဒါနဆိုတာဘာလဲ ပေးလှူကြောင်းဖြစ်တဲ့စေတနာ၊ အဲဒီတော့ တမင်တကာပေးလှူတာမဟုတ်ဘဲနဲ့ ပေးလှူကြောင်းဖြစ်တဲ့ စေတနာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူးနော်၊ ဒါဖြင့် ပေးမှသာပေးလှူတဲ့ စေတနာဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့်မို့ စိတ်ထဲမှာ စေတနာလေးဖြစ်နေရင် ပြီးတာပါပဲကွာ၊ တကယ်လှူဖို့ မလိုပါဘူးလို့ ပြောလေ့ရှိတယ်၊ အဲဒါ သဘာဝမကျဘူး၊ ဟုတ်လည်းမဟုတ်ဘူး၊ ပညာသိပ်တတ် သွားရင် လူတွေမှာ အဲသလို ဖြစ်တတ်တယ်။

အဲဒီဒါနဟာ အမျိုးမျိုးရှိတယ်၊ တစ်ခါတလေကျတော့ လှူအပ်တဲ့ပစ္စည်းကို

[စာမျက်နှာ-133] ဒါနလို့ခေါ်တာလည်းရှိတယ်၊ ပေးလှူမှု အမူအရာကို ဒါနလို့ခေါ်တာလည်းရှိတယ်။ အဘိဓမ္မာနည်းကျကျပြောရမယ်ဆိုရင် စေတနာကို ဒါနလို့ခေါ်တယ်။

ကောင်းပြီ အဲဒီဒါနစေတနာက (ခုနအကုသိုလ်မှာပြောခဲ့သလိုပဲ) ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာလို့ ၃-မျိုးရှိတယ်၊ စေတနာသုံးတန်ပြဋ္ဌာန်းပြီး လှူတယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား၊ အဲဒီစေတနာ သုံးတန်မှာ ပထမက ပုဗ္ဗစေတနာတဲ့။

ပုဗ္ဗဆိုတာ ရှေး၊ အလှူတစ်ခုလုပ်မယ်ဆိုပါတော့ အဲဒီအလှူ မလှူခင် အလှူနဲ့ စပ်ပြီးတော့ ဖြစ်တဲ့စေတနာကို ပုဗ္ဗစေတနာလို့ခေါ်တယ်၊ ဘုန်းကြီးဆွမ်းကျွေးမယ် ဆိုကြပါတော့၊ ဘုန်းကြီးသွားပင့်ပြီးပြီ၊ ပင့်ပြီးတဲ့နောက်ကို အဲဒီဘုန်းကြီးဆွမ်းကျွေးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်တဲ့ ကုသိုလ်စေတနာ၊ ဘာတွေစီစဉ်မယ်။ ဆွမ်းကပ်ရတော့မယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာချက်ပြုတ်တယ်၊ ပြင်ဆင်တယ်၊ လုပ်ကိုင်တယ်၊ အဲဒီအခါမှာဖြစ်ပေါ်တဲ့ စေတနာကို ပုဗ္ဗစေတနာလို့ခေါ်တယ်။ ဒါန တကယ်ကောင်းစေချင်ရင် ပုဗ္ဗစေတနာလည်းကောင်းရမယ်၊ ကုသိုလ်စေတနာကို ဖြစ်ရမယ်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်၊ အဲဒါပုဗ္ဗစေတနာ။

နောက်တစ်ခုက မုဉ္စစေတနာတဲ့၊ မုဉ္စဆိုတာ စွန့်လွှတ်တာ၊ ဒါနတကယ်တမ်း ပြုတဲ့အချိန်မှာဖြစ်တဲ့ စေတနာကို မုဉ္စစေတနာလို့ခေါ်တယ်၊ ပေးလှူတဲ့အချိန်မှာ ဖြစ်တဲ့ စေတနာ(သို့မဟုတ်) ဦးဇင်းတို့ မြန်မာပြည်အလေ့အထအတိုင်း ပြောမယ် ဆိုရင် ရေစက်ချတဲ့အခါမှာ ဖြစ်တဲ့စေတနာ။

ဦးဇင်းတို့က ရေစက်ချတဲ့အလေ့အထရှိတော့ ရေစက်ချလှူတဲ့ကိစ္စ ပြီးမြောက်တယ်လို့ ဒီလိုပဲယူဆကြတာ၊ အမှန်ကတော့ ကိုယ့်လက်ထဲကနေ သူ့ လက်ထဲပေးလိုက်တာနဲ့ တစ်ပြိုင်နက် မုဉ္စစေတနာဖြစ်သွားပြီ၊ ဒါကြောင့် ပေးလှူဆဲမှာ ဖြစ်တဲ့ စေတနာကို မုဉ္စစေတနာ၊ အဲဒီစေတနာကလည်း ကြည်လင်သန့်ရှင်းတဲ့ စေတနာဖြစ်ရမယ်၊ ဝမ်းမြောက်ဝမ်းသာစေတနာဖြစ်ရမယ်။

အပရစေတနာတဲ့၊ အပရစေတနာဆိုတာကတော့ အလှူလုပ်ပြီးတဲ့နောက်မှာ အဲဒီအလှူနဲ့ ပတ်သက်ပြီးတော့ သတိရတိုင်း ဝမ်းသာတဲ့စေတနာကို ခေါ်တယ်။ ငါတော့ သံဃာတော်တွေ ဆွမ်းကပ်လိုက်ရပြီ၊ မြတ်စွာဘုရားကို ရွှေသင်္ကန်းကပ်လှူ လိုက်ရပြီ စသည်ဖြင့် အဲဒီလို ကိုယ်ပြုခဲ့တဲ့ကုသိုလ်ကို ပြန်အောက်မေ့ပြီး ဝမ်းမြောက် ဝမ်းသာဖြစ်တဲ့ စေတနာကို အပရစေတနာလို့ခေါ်တယ်။

ဒါကြောင့်မို့ အလှူလုပ်တာတင် မဟုတ်ပါဘူး၊ ဘယ်ကုသိုလ်ပဲလုပ်လုပ်

[စာမျက်နှာ-134] ဒီစေတနာသုံးတန် ပါရတယ်။

ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ စေတနာသုံးတန်ကို သုတ်သင် ရှင်းလင်းပြီးတော့ စေတနာသုံးတန် ပြဋ္ဌာန်းပြီးတော့ စေတနာသုံးတန်ကောင်းအောင် လုပ်ပြီးတော့ လှူရတယ်။

အဲဒီတော့ ပုဗ္ဗစေတနာတွေဟာ ကုဋေပေါင်းများစွာမဖြစ်ပေဘူးလား၊ လက်ဖျစ်တစ်တွက် ကုဋေတစ်သိန်းဖြစ်တယ်ဆိုနေတာကို မုဉ္စစေတနာကတော့ လှူဆဲတစ်ချက်ပေါ့၊ အပရစေတနာကလည်း အများကြီးဖြစ်နိုင်တယ်၊ အဲဒီစေတနာ တွေဟာ တကယ်အကျိုးပေးတာပဲ။

ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုရင် စေတနာ ၃-မျိုး သန့်ရှင်းအောင် ကုသိုလ်ချည်းဖြစ်အောင် ပြုရတယ်၊ ဒါဟာ ဘုရားတိုက်ရိုက်ဟောထားတာရှိတယ်။

အဲဒီပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟာ အခွင့်ကောင်းရရင် အကျိုးပေးနိုင်တယ်တဲ့၊ အဲသလို အကျိုးပေးနိုင်တဲ့အတွက်ကြောင့် တစ်ခါတစ်ရံ စာတွေထဲမှာ တွေ့လိုက်ရတာက ပန်းလေးတစ်ပွင့်လှူတာနဲ့ ကမ္ဘာပေါင်း ရှစ်ဆယ် အပါယ်မလားဘူးဆိုတာရှိတယ်၊ ကြည့်စမ်း၊ ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီလောက် တာရှည်ကြီး ကောင်းစားနေတယ်ဆိုတာ ဘယ်လိုလည်းဆိုတော့ စေတနာတွေ အများကြီး ဖြစ်တယ်၊ လှူတာကတော့ ပန်းလေးတစ်ပွင့်ပဲ၊ စေတနာထားတတ်တော့ မြတ်တယ် ပေါ့။

ဒါကြောင့်မို့ လှူတဲ့နေရာမှာ အများကြီးလှူတာ၊ နည်းနည်းလေးလှူတာက အရေးကြီးတာမဟုတ်ဘူး၊ စေတနာသန့်ရှင်းဖို့သာ အရေးကြီးတာ၊ စေတနာသာ ကောင်းပါစေ၊ လောကမှာ နည်းတယ်ဆိုတဲ့အလှူ မရှိပါဘူးလို့ မြတ်စွာဘုရားက ဟောတာ။

> နတ္ထိ စိတ္တေ ပသန္နမှိ အပ္ပိကာ နာမ ဒက္ခိဏာ၊

စိတ်ကြည်လင်နေတယ်၊ စိတ်သန့်ရှင်းနေတယ်၊ စေတနာကောင်းတွေနဲ့ ပြုလုပ်တယ်ဆိုရင် နည်းတာများတာ ပဓာနမဟုတ်ဘူး၊ အခုဒီမှာကြည့်၊ ပန်းလေး တစ်ပွင့်လှူလိုက်တာနဲ့ ကမ္ဘာပေါင်းရှစ်ဆယ် အပါယ်မလားဘူး။

ဟုတ်တယ်၊ လှူတဲ့အချိန်အခါမှာ စေတနာသုံးတန် ပြဋ္ဌာန်းပြီးတော့ လှူတာ၊ ဒါကြောင့်မို့ စေတနာသုံးတန် စင်ကြယ်ဖို့က အလွန်အရေးကြီးတယ်။

အထူးသဖြင့် အပရစေတနာ မချို့တဲ့ဖို့ အရေးကြီးတယ်၊ အပရစေတနာ

[စာမျက်နှာ-135] ချို့တဲ့သွားတယ်ဆိုပါတော့၊ လှူပြီးမှ နှမြောသွားတယ်၊ စိတ်နှလုံးမသာမယာ ဖြစ်သွားတယ် ဆိုတော့ အလှူရဲ့ အကျိုးကြောင့် ဘယ်လိုဖြစ်သလည်းဆိုရင် လူချမ်းသာ ဖြစ်တယ်၊ ဒါကတော့ ရှောင်လို့မရဘူး၊ ဖြစ်မှာပဲ။

သို့သော် အပရစေတနာချို့တဲ့ခဲ့ရင် အဲဒီပုဂ္ဂိုလ်မျိုးဟာ ကိုယ့်မှာရှိပါလျက်နဲ့ မစားရက် မသောက်ရက်ဖြစ်တယ်၊ မလှူရက်မတန်းရက်ဖြစ်တယ်၊ လောကမှာ ရှိကြတယ်လေ၊ ပိုက်ဆံရှိပြီးတော့ ကောင်းကောင်းမွန်မွန် မစားချင်ဘူး၊ အဝတ်အစား ကောင်းကောင်းမွန်မွန်မဝတ်ချင်ဘူး စသည်ဖြင့် အဲသလိုပုဂ္ဂိုလ်မျိုးတွေဟာ အပရစေတနာချို့တဲ့ခဲ့လို့။

မြတ်စွာဘုရားလက်ထက်က ပုဏ္ဏားကြီးတစ်ယောက်ရှိခဲ့တယ်၊ ကုဋေရှစ်ဆယ် ကြွယ်ဝသတဲ့၊ ဒါပေမယ်လို့ စားတော့ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းတဲ့၊ ဝတ်တော့လည်း နံငယ်ပိုင်း၊ ရထားစီးတော့လည်း ရထားအကျိုးစီးတယ်၊ သူသေတော့ သူ့ပစ္စည်းတွေ အကုန်လုံး မင်းဘဏ္ဍာဖြစ်ကုန်တယ်။

မင်းဘဏ္ဍာဖြစ်တော့ ဒီပုဂ္ဂိုလ်ဟာ ဘယ့်နှယ့်ကြောင့် ဒီလိုဖြစ်ကုန်တာလဲ ဆိုပြီးလျှောက်တော့ မြတ်စွာဘုရားက ဟောကြားတာ၊ ဒါကြောင့်မို့ အပရစေတနာ မချိုတဲ့ဖို့လည်း အရေးကြီးတယ်၊ လှူပြီးရင်ပြီးပြီ၊ လှူတာနဲ့ပတ်သက်ပြီးတော့ ကုသိုလ်ရအောင်သာစဉ်းစား၊ တခြားနည်းနဲ့ စိတ်ပျက်သွားတာမျိုးဖြစ်ရင် ကိုယ်လုပ် ထားတဲ့ ကုသိုလ်ဟာ ကြီးကြီးမားမား အကျိုးမပေးဘူးပေါ့၊ ပေးသည့်တိုင်အောင် (ခုနလို) ကိုယ်မခံစားရမယ့် အကျိုးမျိုး ရမှာပေါ့၊ အဲသလိုဖြစ်တတ်တယ်တဲ့။ ဒါကို သတိ ထားပါ၊ ဒါက စေတနာသုံးတန် အရေးကြီးပုံ။

ဒါနအမျိုးမျိုး
နောက်တစ်နည်းကတော့ ဒါနဆိုတာ ဟိနဒါန အညံ့စား ဒါန၊ မဇ္ဈိမဒါန အလယ်အလတ်စား ဒါနလည်းရှိတယ်၊ ပဏိတဒါန၊ အထက်တန်း အမြတ်စားဒါနလည်း ရှိတယ်။

အညံ့စားဒါနဆိုတာ ဘာလဲဆိုရင် ညံ့တဲ့ဆန္ဒ၊ ညံ့တဲ့စိတ်၊ ညံ့တဲ့ဝီရိယ၊ ညံ့တဲ့ပညာတို့နဲ့ ပြုတဲ့ဒါနမျိုးကို အညံ့စားဒါနလို့ခေါ်တယ်တဲ့၊ ဆန္ဒမထက်သန်ဘူး၊ စိတ်သိပ်မပါလှဘူးသဘော၊ သိပ်အားမထုတ်ချင်ဘူး၊ အဲဒါမျိုးပေါ့။

အဲဒီလို ဆန္ဒစသည်တို့က အလတ်တန်းစားရှိရင် မဇ္ဈိမဒါနပေါ့၊ အဲဒီ ဆန္ဒစသည်တို့က ထက်ထက်သန်သန်ဖြစ်တယ်ဆိုရင် အမြတ်ဒါနဖြစ်တယ်၊ ဒါကြောင့် အဘိဓမ္မာနားလည်လာရင် သူများထက်ပိုပြီး ကုသိုလ်ရအောင် လုပ်တတ် လာတယ်၊ လှူတာချင်းအတူတူအကျိုးများများရအောင် လုပ်တတ်တယ်။

[စာမျက်နှာ-136] ရှင်သာရိပုတ္တရာက ဘုရားလှူတာနဲ့၊ ဘုရားက ရှင်သာရိပုတ္တရာလှူတာ ဘယ်ဟာက ပိုပြီးအကျိုးများမလဲ၊ သာမညဖြေရရင်တော့ ရှင်သာရိပုတ္တရာက ဘုရားလှူတာ အကျိုးများတယ်ထင်မှာပေါ့၊ အလှူခံသူက မြတ်စွာဘုရားကိုး၊ မဟုတ်ဘူး၊ မြတ်စွာဘုရားက လှူတာပိုအကျိုးများတယ်၊ မြတ်စွာဘုရားက ပိုဉာဏ်ကြီးတာကိုး။

အဘိဓမ္မာတတ်တဲ့သူတွေဟာ သူများထက်သာတယ်၊ ကုသိုလ်ကိုရအောင် ယူတတ်တယ်၊ နားလည်ပြီဆိုရင် အလှူပြုတာချင်း အတူတူ ကိုယ်က သူများထက်ပိုပြီး အကျိုးများအောင် လုပ်တတ်တယ်၊ ငွေတစ်ရာကုန်တာချင်းတူရင် ကိုယ်ကုန်ရတဲ့ ငွေတစ်ရာက အကျိုးများများရမယ်၊ အဲဒီတော့ ဆန္ဒတို့ စိတ်တို့ ပညာတို့ ဝီရိယတို့ ထက်ထက် သန်သန်နဲ့ဖြစ်အောင် လှူတတ်လုပ်တတ်ရမယ်။

နောက်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒီလူဟာဘုရားဒကာပဲ၊ ကျောင်း ဒကာပဲ စသည်ဖြင့် အကျော်အစောကို လိုချင်လို့ နာမည်ကြီးချင်လို့ (ပြောကြပါစို့) လှူရင် ဒီအလှူမျိုးဟာ အညံ့စား အလှူဖြစ်သွားတတ်တယ်၊ နာမည်လိုချင်လို့လှူတာကိုး၊ ဘယ်သူကလှူတယ်၊ ဘုရားဒကာကျောင်းဒကာဆိုပြီးတော့ ဂုဏ်ပကာသနကို မက်ပြီးတော့ လှူတဲ့အလှူက အညံ့စားအလှူဖြစ်သွားတယ်။

ဒါနရဲ့ အကျိုးကို လိုလားပြီးတော့ လှူရင် အလယ်အလတ်စား၊ ဒီဒါနလှူရင် ငါတော့အကျိုးရမှာပဲ၊ ဒီအကျိုးကို လိုလားပြီးတော့လှူရင် အလတ်စားဖြစ်တယ်တဲ့။

ဒါနရဲ့ အကျိုးကို မမျှော်တော့ဘူး၊ ဒါနဆိုတာ သူတော်ကောင်းမှန်ရင်ပြုရမယ့် ကိစ္စတစ်ခုပဲလို့ ဒီလိုဒါနမှု ဒါနစိတ် အဲဒီလို ပြုတာမျိုးကမှ အမြတ်စားဒါနဖြစ်တယ်၊ အထူးသဖြင့် ဘုရားအလောင်းတို့ပြုတဲ့ဒါနဟာ အဲဒါမျိုးပဲ၊ ဒါနဆိုတာ ပြသင့်ပြုထိုက် တဲ့အကျင့်တစ်မျိုးပဲဆိုပြီးတော့ ပြုတာ။

ဂုဏ်ပကာသန လိုချင်ပြီးပြုရင် အညံ့စား၊ အကျိုးလိုလားပြီးပြုရင် အလတ်စား၊ အကျိုးမမျှော်မှန်းဘဲနဲ့ ပြုရမယ့် အကျင့်ဖြစ်တယ်ဆိုပြီးပြရင် အမြတ်စားဖြစ်တယ်။

နောက်တစ်နည်းအားဖြင့် ကိုယ့်ကိုကိုယ်မြှောက်ပြီး သူတပါးကို နှိမ်ချလိုလို့ ပြုတဲ့ဒါနမျိုးရှိတယ်၊ ငါကတော့ လှူတယ်၊ သူများတွေကတော့ မလှူဘူးဆိုတာမျိုး ပေါ့ လေ၊ ပါဠိလိုတော့ အတ္တုက္ကံသန ပရဝမ္ဘနလို့ ခေါ်တယ်၊ အဲဒီလို စိတ်ထားနဲ့ လှူရင်ညံ့တဲ့ အလှူဖြစ်တာပဲ။

အဲဒီလို စိတ်ထားမျိုး မပါဘူး၊ ဒါပေမယ့် လောကီချမ်းသာကို လိုလား တောင့်တပြီး လှူရင် လူဖြစ်ရင်လည်း သူဌေးဖြစ်ချင်တယ်၊ နတ်ဖြစ်ရင်လည်း

[စာမျက်နှာ-137] ဘယ်လို နတ်မျိုးဖြစ်ချင်တယ်စသည်ဖြင့် လိုလားတောင့်တပြီး လှူရင် အလတ်စား ဖြစ်တယ်။

မဂ်ဖိုလ်ချမ်းသာဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တပြီးလှူရင် အမြတ်စား အလှူဖြစ်တယ်၊ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ ဆုတောင်းရမယ်၊ လောကီချမ်းသာတို့ ဘာတို့ကို ဆုတောင်းနေစရာ မလိုဘူး၊ ဒါတွေက သူ့ဟာသူပါသွားတာပဲ၊ အဲဒီ လောကီချမ်းသာကို ဆုတောင်းတာ များရင် စိတ်က အဲဒီဘက် ယိုင်ကျသွားမှာ၊ ယိုင်ကျသွားရင် အလှူလည်း အကောင်းဆုံး အလှူမဖြစ်ဘူး။

ရာဂ၊ ဒေါသ၊ မောဟကင်းတဲ့ မဂ်ဖိုလ်ချမ်းသာကို ရည်မှန်းပြီးလှူမှ အမြတ်ဆုံး အလှူဖြစ်တယ်၊ ဒါတွေဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သိပ်နားလည်ဖို့ ကောင်းတဲ့ကိစ္စတွေ။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဘဝစည်းစိမ်ကို တောင့်တပြီးလှူရင် အညံ့စားအလှူလို့ ဆိုနိုင်တယ်။ မိမိရဲ့ သံသရာမှ လွတ်မြောက်မှုကို မျှော်ပြီးလှူရင် အလယ်အလတ်စား၊ သတ္တဝါတွေအားလုံး သံသရာမှလွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားအလောင်းလှူသလို လှူရင် ဒါနပါရမီဖြစ်တဲ့ အမြတ်ဆုံးဒါန၊ အဲသလိုခွဲလို့ ရသေးတယ်၊ အဲသလို တစ်မျိုးထက်တစ်မျိုး ကောင်းကောင်းပြီး သွားတာလည်းရှိတယ်ပေါ့လေ။

ကိုယ်က အခုလို နားလည်ထားရင် ကိုယ်ဒါနပြုတဲ့အခါမှာ အမြတ်ဆုံး ဖြစ်အောင်ပြုရမယ်၊ အဲဒီတော့ ဒါနကရမယ့် အကျိုးတွေဘာတွေလည်း ဘာမှ သိပ်စဉ်းစားမနေနဲ့၊ စေတနာသုံးတန်ပြဋ္ဌာန်း ထက်ထက်သန်သန်နဲ့လှူ၊ ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကိုရည်စူးပြီး ဆုတောင်း၊ သတ္တဝါတွေအကျိုးအတွက် လှူပါတယ်ဆိုရင် ကောင်းတဲ့ဒါနဖြစ်တာပေါ့။

အဲသလို နားလည်ထားရင် ပြုတတ်တယ်၊ နားမလည်ဘူးဆိုရင်တော်ရုံလျော်ရုံ ဖြစ်တတ်တယ်၊ လှူတာတော့ လှူတာပဲ၊ ဒါပေမယ့် မထူးပါဘူးကွာဆိုပြီး ဖြစ်တတ်တယ်၊ အဲသလိုမဟုတ်ဘူး၊ နားလည်ပြီးလှူရင် ပိုပြီးတော့အကျိုးများတာ သေချာတယ်။ ဒါတွေဟာ လူတွေနားလည်ဖို့ကောင်းတဲ့ အချက်အလက်တွေပဲ။

ဒါကြောင့်မို့ အဘိဓမ္မာတတ်တဲ့သူဟာ အဘိဓမ္မာမတတ်တဲ့ သူထက်နေရာ တကာသာတယ်၊ မတတ်တဲ့သူကတော့ ခပ်ညံ့ညံ့ပဲ၊ ကုသိုလ်အကုသိုလ် ခွဲခြားပြီး မသိရင် ဘယ့်နှယ်လုပ်ပြီး အကုသိုလ်ရှောင်မလဲ၊ ဘယ့်နှယ်လုပ်ပြီး ကုသိုလ်

[စာမျက်နှာ-138] တကယ်ရအောင်လုပ်မလဲ၊ ကုသိုလ်လုပ်လာတဲ့အခါ လုပ်နည်းသိထားတော့ ဘယ်လိုလုပ်ရင် ညံ့တယ်၊ ဘယ်လိုလုပ်ရင်ကောင်းတယ်ဆိုတာ သိထားတော့ ကောင်းတဲ့နည်းနဲ့လုပ်မှာပေါ့၊ ဒါကြောင့် သိမှလုပ်နိုင်တာ၊ မသိရင်မတတ်နိုင်ဘူး၊ ဒါက ဒါနတဲ့။

သီလအကြောင်း
ဒါနပြီးတော့ သီလတဲ့၊ သီလဆိုတာဘာလဲ၊ ကိုယ်မှုနှုတ်မှုတို့ကို ကောင်းစွာ ထားတယ်တဲ့၊ ကောင်းစွာဆိုတာ အကုသိုလ်မဖြစ်အောင်ပေါ့၊ အကုသိုလ်မဖြစ်ရအောင် ထားတာကို ကောင်းစွာထားတယ်ခေါ်တယ်၊ အဲသလိုကောင်းစွာထားတဲ့ နေရာမှာပါတဲ့ စေတနာကို သီလပေါ့၊ စေတနာကိုလည်း (ဒီနေရာမှာ)သီလလို့ ခေါ်တယ်။

ဒီနေရာမှာ သီလအရ ကာမာဝစရကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ပြောဆိုမယ့် နေရာမှာဖြစ်တဲ့အတွက်ကြောင့်မို့ ရဟန္တာတို့သန္တာန်မှာဖြစ်တဲ့ ကြိယာတို့ ဘာတို့တွေ ဒီမှာထည့်လို့မဖြစ်ဘူး၊ သို့သော် ရဟန္တာက သီလစောင့်ရင်လည်း သီလပဲ။ သို့သော် ဒီနေရာမှာ ကာမာဝစရကုသိုလ်လို့ ပြောထားတာဖြစ်လို့ ကုသိုလ်နဲ့ ပတ်သက် လာရင်တော့ ရဟန္တာနဲ့ မဆိုင်ဘူးပေါ့၊ သာမညအနေနဲ့ပြောရမယ်ဆိုရင် သီလဆိုတာ ကြိယာလည်းဖြစ်နိုင်တာပဲ၊ ကုသိုလ်လည်း ဖြစ်နိုင်တာပဲ၊ အခု ပုညကြိယာဝတ္ထု ကောင်းမှု ကုသိုလ်ကိုပြတဲ့အရာဖြစ်လို့ ကုသိုလ်စေတနာကိုလဲ သီလလို့(ဒီမှာ)ခေါ်ရတယ်။

အဲဒီသီလကလည်း အမျိုးမျိုးရှိတယ်၊ သီလဆိုတာ မြန်မာစကားနဲ့ ပြောမယ် ဆိုရင်တော့ အကျင့်ပေါ့၊ အလေ့အထ၊ အကျင့်၊ ကိုယ်ကျင့်တရားကို သီလလို့ခေါ်တယ်။ အဲဒီ သီလကလည်း အမျိုးမျိုးရှိတယ်။

ရဟန်းသီလ၊ ရဟန်းတွေစောင့်ထိန်းအပ်တဲ့ ၂၂၇-သွယ်သော သိက္ခာပုဒ်၊ နောက်ပြီးတော့ အခြားသိက္ခာပုဒ်တွေလည်း ရှိသေးတယ်၊ ဒါက ရဟန်းသီလ။

ရဟန်းမရဲ့ သီလ၊ ဘိက္ခုနီမတွေ့ကျင့်သုံးသင့်တဲ့သီလ၊ သိက္ခာပုဒ်-၃၁၁-ပါးရှိတယ်၊ ရဟန်းထက် အများကြီး ဘိက္ခုနီက ကျင့်နိုင်တယ်၊

သာမဏေသီလ၊ ဒါက ယောက်ျားသာမဏေတွေ ကျင့်သုံးတဲ့သီလ၊ သာမဏေတွေကျတော့ ၁၀-ပါးသီလ ထိန်းရတယ်၊ လိင် ၁၀-ပါး ဒဏ် ၁၀-ပါး ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ ပြီးတော့ သေခိယဆိုတဲ့ (ပါတိမောက်ထဲမှာပါတဲ့) ရဟန်းတွေစောင့်ထိန်းရမယ့် သီလထဲပါတဲ့ သီလ ၇၅-ပါးလည်း ထိန်းရတယ်။ ဒါက သာမဏေသီလ။

[စာမျက်နှာ-139] နောက်ဆုံးက လူဝတ်ကြောင်သီလ၊ လူဝတ်ကြောင်တွေစောင့်ထိန်းသင့်တဲ့ သီလ၊ အဲဒီလို ၄-မျိုးရှိတယ်။

ရဟန်း၊ ရဟန်းမ သာမဏေတို့အဖို့မှာ ဒီသီလတွေဟာ အမြဲစောင့်ထိန်းရမယ့် သီလ၊ တစ်ခါတလေ စောင့်ထိန်းပြီး တစ်ခါတလေ မစောင့်ထိန်းရင်မရဘူး၊ ရဟန်းဆိုရင် ကမ္မဝါဖတ်လို့ ရဟန်းဖြစ်ပြီးတာနဲ့တစ်ပြိုင်နက် ဒီသိက္ခာပုဒ်တွေဟာ အကုန် သူ့အပေါ်မှာတည်သွားပြီ၊

ဒါကြောင့်မို့ ရဟန်းတွေမှာ သီလယူစရာမလိုဘူး။ သီလယူရမယ်ဆိုရင်လည်းပါတိမောက် တစ်စုံလုံးရွတ်ရရင် အကြာကြီးဆိုရမယ်။ ၂၂၇-ခုသော သိက္ခာပုဒ်တွေ အကုန်လုံးပဲ။

အဲဒီတော့ ကမ္မဝါဖတ်ပြီးတာနဲ့ ရဟန်းလဲဖြစ်ရော ဒီသိက္ခာပုဒ်တွေအကုန်လုံး သူ့ဆီရောက်လာတော့တာပဲ၊ အဲဒါ သူ့အဖို့တော့ ရဟန်းဖြစ်နေသမျှ ကာလပတ်လုံး အမြဲတမ်း ကျင့်ရမယ့် သီလပဲ၊ သူတို့အတွက် နိစ္စသီလပဲ၊ ဘိက္ခုနီမတွေဆိုရင် ၃၁၁-ပါးသော သီလတွေဟာ နိစ္စသီလပဲ၊ ယောက်ျားသာမဏေ မိန်းမတွေအတွက် ဆိုရင်လည်း ၁၀-ပါးသီလနဲ့ တခြားသီလတွေဟာ နိစ္စသီလပဲ။

အဲဒီလို ဖြစ်တဲ့အခါမှာ ရဟန်းနဲ့ ရဟန်းမမှာ ပါရာဇိကဆိုတာရှိတယ်။ အဲဒီပါရာဇိကဆိုတဲ့ သိက္ခာပုဒ်တွေ ကျူးလွန်မိရင် အလိုလိုရဟန်း မဟုတ်တော့ဘူး၊ အလိုလိုရဟန်းမ၊ မဟုတ်တော့ဘူး။

အဲဒီလိုဖြစ်တဲ့ ပါရာဇိကထဲက တစ်ခုခုကို ကျူးလွန်ပြီးတော့ သူကိုယ့်သူလည်း ရဟန်းလို့ပဲ ဝန်ခံနေဦးမယ်ဆိုရင် အဲဒီရဟန်းမျိုးကို ဒုဿီလလို့ခေါ်တယ်၊ ဒုဿီလလို့ ပြောလိုက်ရင် သီလမရှိတဲ့ ရဟန်းလို့ ဆိုလိုတယ်။

သီလမရှိတဲ့ ရဟန်းဆိုတာ ပါရာဇိက ၄-ပါးထဲက တစ်ပါးပါး ကျူးလွန်မိလို့ စင်စစ်အားဖြင့်ဆိုရင် ရဟန်းမဟုတ်တော့တဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုတယ်။

ပါရာဇိက ၄-ပါးဆိုတာ မေထုံမှီဝဲတာရယ်၊ သူများဥစ္စာခိုးတာရယ်။ လူသတ်တာရယ်၊ ဈာန်မဂ်ဖိုလ် မရဘဲနဲ့ ရတယ်လို့ လိမ်ပြောတာရယ်၊ အဲဒီ ၄-ပါးထဲက တစ်ပါးပါး ကျူးလွန်မိရင် သူက အလိုလို ရဟန်းအဖြစ်က လျော့ကျသွားတယ်။

ကိုယ့်ဟာကိုယ်တော့ ငါရဟန်းလို့ ပြောချင် ပြောနေဦးမှာပဲ၊ သို့ပေမယ့် စင်စစ်ကတော့ ရဟန်းမဟုတ်တော့ဘူး၊ အဲသလို ပုဂ္ဂိုလ်မျိုးကို ဒုဿီလလို့ခေါ်တယ်။

ဒီလိုမဟုတ်ဘဲ တခြားသိက္ခာပုဒ်တွေ မရှက်မကြောက် လွန်ကျူးနေတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဒုဿီလ မခေါ်ရဘူး၊ သူ့ကျတော့ အလဇ္ဇီလို့ခေါ်တယ်။

[စာမျက်နှာ-140] အလဇ္ဇီဆိုတာ အရှက်မရှိတဲ့ ပုဂ္ဂိုလ်ကိုပြောတာ၊ အဲသလို ဒုဿီလနဲ့ အလဇ္ဇီကို ခွဲခြားသိဖို့ လိုအပ်တယ်။

ဒုဿီလဆိုရင် သီလမရှိတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုတယ်၊ အလဇ္ဇီဆိုတာကတော့ သီလတော့ရှိတယ်၊ သီလကို ကောင်းကောင်း မစောင့်ဘူးဆိုပါတော့၊ သိက္ခာပုဒ် ကျူးလွန်ရမှာကို မရှက်တဲ့သူကို အလဇ္ဇီလို့ခေါ်တယ်၊ အရှက်မရှိတဲ့ပုဂ္ဂိုလ်။

ခုနကဒုဿီလဆိုတာက ရဟန်းအစစ်မဟုတ်ဘူး၊ အလဇ္ဇီဆိုတာက ရဟန်းတော့ ရဟန်းပဲ၊ သို့သော် သိက္ခာပုဒ်လွန်ကျူးတယ်၊ ဒါပဲရှိတယ်၊ အဲဒါ ၂-ခုကိုမှတ်ထား။

သာမဏေတွေမှာ ဆယ်ပါးသီလ၊ လိင် ၁၀-ပါး၊ ဒဏ် ၁၀-ပါးတို့ကို အမှန်ကတော့ အထူးဆောက်တည်စရာမလိုဘူး၊ သို့သော်သာမဏေတွေမှာ ပါဏာတိပါတ လွန်ကျူးမိတယ်၊ အဒိန္နာဒါနလွန်ကျူးမိရတယ်ဆိုရင် သာမဏေဘဝက လျောကျတာပဲ၊ ရဟန်းမှာ ပါရာဇိက ကျသလိုပဲ၊ သို့သော် ရဟန်းက ပါရာဇိက ကျမိရင် နောက်တစ်ခါ ရဟန်းပြန်လုပ်လို့ မရတော့ဘူး၊ ဒီဘဝမှာတော့ ပြီးရောပဲ။

သာမဏေကတော့ ဒီလိုမဟုတ်ဘူး၊ ပါဏာတိပါတ ကျူးလွန်မိသွားတယ်။ ပြန်ပြီးတော့ သရဏဂုံ ဆောက်တည်ရတယ်၊ ရဟန်းဆီမှာ ပြန်ပြီးတော့ သရဏဂုံ ဆောက်တည်ရတယ်၊ ရဟန်းဆီမှာ ပြန်ပြီးတော့ သရဏဂုံ ယူရတယ်၊ အဲသလို သရဏဂုံ ပြန်ယူလိုက်ရင် ပြန်ပြီးတော့ ဟန်ကျသွားတယ်၊ အဲဒါ ၁၀-ပါးသီလ။

ရဟန်းတွေကျင့်တဲ့ထဲက တချို့သီလတွေကို ပျက်သွားရင်လည်း သရဏဂုံ ထပ်ယူ၊ အဲဒါကြောင့်မို့ ဦးဇင်းတို့ ဘုန်းကြီးကျောင်းတွေမှာ ကိုရင်တွေကို နေ့တိုင်း သရဏဂုံပေးရတယ်၊ ဘာကြောင့်လည်းဆိုတော့ ကလေးတွေ မဟုတ်လား၊ သူတို့ တစ်ခုခု ဘာကျူးလွန်မိထားသလဲ မသိနိုင်ဘူးလေ၊ အဲသလို ကျူးလွန်ထားရင် သူတို့ကိုရင်မဟုတ်ဘူး ဖြစ်နေပြီ၊ ကိုရင်မဟုတ်ဘဲနဲ့ ကိုရင်လို လုပ်နေရင် သူတို့မှာ အပြစ်ရှိတယ်။ ဒါကြောင့် နေ့တိုင်း သီလပေးရတာ။

သီလပေးရတယ်ဆိုတော့ သရဏဂုံ အရင်ယူရတာပေါ့၊ သရဏဂုံပေးချင်လို့ သီလယူခိုင်းရတာ၊ အမှန်ကတော့ သာမဏေမှာ သီလမယူရင်လည်း မပြီးဘူး၊ သရဏဂုံ ယူလိုက်တာနဲ့ သီလသူ့ဆီရောက်သွားရော၊ အဲဒီသီလတွေဟာ အမြဲ စောင့်ထိန်း ရမယ့်သီလ။

ကောင်းပြီ၊ လူဝတ်ကြောင်သီလကျတော့ ဘယ်လိုလဲတဲ့၊ လူဝတ်ကြောင် သီလကျတော့ ပထမသီလ မလာခင် လူဝတ်ကြောင်မှာ သရဏဂုံ တည်ရမယ်၊ သရဏဂုံတည်တဲ့ ပုဂ္ဂိုလ်ဆိုတာ မြတ်စွာဘုရားကို ဆည်းကပ်တဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။

[စာမျက်နှာ-141] အဲသလို ပုဂ္ဂိုလ်မျိုးကို ပါဠိလို ဘယ်လိုခေါ်သလဲ၊ ဥပါသကလို့ခေါ်တယ်။ လူတွေက ဥပါသကာလို့ ပြောတတ်ကြတယ်၊ ဥပါသကဆိုတာ ဘုရားတရား သံဃာ ရတနာသုံးပါးကို ဆည်းကပ်တတ်တဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။

အဲသလို ဥပါသကဖြစ်ပြီးမှ ဥပါသကရဲ့ ရှိသင့်ရှိထိုက်တဲ့ သီလအနေနဲ့ မြတ်စွာဘုရားက ငါးပါးသီလကိုပြောထားတာ၊ ဒါကြောင့်မို့ သရဏဂုံ ဆောက်တည် ထားရင် သူ့မှာ သရဏဂုံပဲ ရှိသေးတယ်၊ သီလမရှိသေးဘူး။

ဒါကြောင့်မို့ သီလရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကိုယ်က ဘာကို ဆောက်တည်ရဦး မလဲ၊ ငါးပါးသီလကို ဆောက်တည်ရမယ်၊ ဒါကြောင့်မို့ ငါးပါးသီလကို လူတွေ အတွက်နိစ္စသီလလို့ခေါ်တယ်၊ ငါးပါးသီလဟာလူတွေအတွက် အမြဲတမ်း စောင့်ထိန်း ရမယ့်သီလ၊ မြန်မာနိုင်ငံမှာ ပြောလေ့ရှိတယ်၊ ခါးဝတ်ပုဆိုးကဲ့သို့မြဲရမယ်၊ ဒီနိုင်ငံမှာ ကျတော့ မလွယ်ဘူး၊ မြန်မာနိုင်ငံမှာကျတော့ ခါးဝတ်ပုဆိုးဆို ဘယ်တော့မှ ချွတ်တာမဟုတ်ဘူး၊ ခါးဝတ်ပုဆိုး မြဲသလို ငါးပါးသီလကို မြဲရမယ်တဲ့။

အဲဒီငါးပါးသီလမှာ တစ်ခါတလေ (ဆိုပါတော့) သီလတစ်ပါးတည်းဆိုပြီး ဆောက်တည်တာ မဟုတ်ဘဲနဲ့ ငါးပါးသီလဆောက်တည်ပါ၏ဆိုပြီးတော့ ဒီလိုလေး ဆိုပြီး ဆောက်တည်ရင်လည်း ဖြစ်သတဲ့၊ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ တစ်ပါးပျက်ရင် ငါးပါးစလုံး ပျက်ရော။

ဒီလိုမဟုတ်ဘဲနဲ့ ပါဏာတိပါတာ ဝေရမဏိ၊ အဒိန္နာဒါနာ ဝေရမဏိတစ်ခုစီ ဆိုပြီး ဆောက်တည်ထားရင် တစ်ပါးကျိုးရင် တစ်ပါးပဲပျက်တယ်၊ တခြားဟာတွေ ကျန်တယ်၊ အဲသလိုကွာတယ်။

ပြီးတော့ အဲသလို ဆောက်တည်တဲ့အခါမှာ လူတွေအနေနဲ့ကျတော့ ကိုယ် ရည်မှန်းသလောက် ဆောက်တည်နိုင်တယ်၊ ရည်မှန်းသလောက် ကိုယ့်မှာ အဲဒီသီလ ရှိတယ်။

ဆိုပါတော့၊ ဒီသီလကို တစ်ရက်ဆောက်တည်ပါမယ်ဆို တစ်ရက်က ကိုယ့်မှာ သီလရှိတယ်၊ တစ်ရက်လွန်သွားတာနဲ့ အဲဒီသီလ အလိုလို မရှိတော့ဘူး၊ ချနေစရာ မလိုဘူးလို့ ဆိုလိုတယ်။

၈-ပါးသီလ ဆောက်တည်တယ် (၈-ပါးသီလလည်း လူဝတ်ကြောင်သီလပဲ) ဥပုသ်နေ့တစ်နေ့ ဆောက်တည်ပါမယ်လို့ဆိုထားပြီး ဥပုသ်နေ့လွန်သွားရင် အလိုလို သွားတော့တာပဲ။

လူတွေမှာ အမြဲဆောက်တည်ရမှာက ၅-ပါးသီလ၊ တတ်နိုင်ရင် ဆောက်တည်

[စာမျက်နှာ-142] ရမှာက ၈-ပါးသီလ၊ ၅-ပါးထက် ၈-ပါးက ပိုပြီးမြင့်မြတ်တာပေါ့၊ ကောင်းတာပေါ့။ ၅-ပါးထက် ၈-ပါးက ပိုပြီး ကုသိုလ်ရတယ်၊ ဘာလို့တုန်းဆို စောင့်ထိန်းမှုမှာ ပိုသွားလို့လေ၊ သိက္ခာပုဒ် ၃-ခုတောင် ပိုပြီး စောင့်ထိန်းရတယ်။

ဒါကြောင့်မို့ ဥပါသကာတွေအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အမြဲတမ်း စောင့်ထိန်းရမယ့် နိစ္စသီလက ၅-ပါးသီလ၊ တတ်နိုင်ရင်တတ်နိုင်သလို စောင့်ထိန်း ရမယ့် သီလက ၈-ပါးသီလ။

အဲဒီ ၈-ပါး သီလကို ဥပုသ်သီလလို့ ခေါ်တယ်၊ ဥပုသ်စောင့်တဲ့အခါ စောင့်ထိန်းရတဲ့သီလပေါ့၊ ဥပုသ်သီလလို့ခေါ်တော့ ၈-ပါးသီလကို ဥပုသ်နေ့မှာသာ ဆောက်တည်ကောင်းတာမဟုတ်ဘူး၊ ကိုယ်ဆောက်တည်ချင်ရင် ဆောက်တည်ချင်တဲ့ နေ့ ဆောက်တည်လို့ရတာပဲ၊ သို့သော် လူဆိုတာ နေ့တိုင်း ဆောက်တည်နိုင်ဖို့ အများကြီးခဲယဉ်းတယ်၊ အဲဒီတော့ ဘယ်လိုသတ်မှတ်ထားသလဲ၊ တစ်လကို ၄ ကြိမ်ဆိုပြီးတော့ မြန်မာပြည်မှာ လဆန်း ၈ ရက်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၈-ရက်နေ့၊ လကွယ်နေ့ရယ်၊ အဲဒီနေ့တွေကို ဥပုသ်နေ့လို့သတ်မှတ် ပြီးတော့ (များသောအားဖြင့်ပေါ့) ၈-ပါးသီလ ဆောက်တည်ကြတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ ဝါတွင်းမှာ မပျက်အောင် ကြိုးစားပြီးတော့ ဆောက်တည်ကြတယ်၊ အဲဒါက ၈-ပါးသီလ။

၈-ပါးသီလ ဆောက်တည်တဲ့အခါမှာလည်း ၈-ပါးသီလကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် အထူးသဖြင့် ဆောက်တည်ရတာပေါ့၊ ဥပုသ်စောင့်သွားတယ်ဆိုပြီးတော့ သီလယူပြီး တွေ့ကရာလူနဲ့ စကားများ၊ ဟေးလားဝါးလားပြောဆိုနေမယ်ဆိုရင် ဒီသီလဟာ သိပ်ပြီးတော့ မကောင်းလှဘူးပေါ့၊ သီလယူပြီးပြီဆိုရင် တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်ပြီးတော့ဖြစ်စေ၊ တရားထိုင်လို့ဖြစ်စေ၊ ပုတီးစိပ်လို့ဖြစ်စေ၊ အဲဒီလို နေမှသာ ဒီဥပုသ်ဟာ ကောင်းတဲ့ဥပုသ် ဖြစ်နိုင်တယ်။

နွားကျောင်းသား ဥပုသ်ဆိုတာရှိတယ်၊ နွားကျောင်းသားများဟာ ဒီနေ့တော့ ငါ့နွားတွေကို ဒီစားကျက်မှာ မြက်စားစေမယ်၊ နောက်နေ့တော့ ဟိုစားကျက်မှာ မြက်စားစေမယ် ဆိုသလိုပဲ၊ ဒီနေ့တော့ ဘာစားမယ်၊ နောက်နေ့ ဘာစားမယ် ဘယ်အချိန် ဘာစားမယ်ဆိုပြီးလုပ်နေရင် အဲဒါ နွားကျောင်းသားဥပုသ်တဲ့၊ ဥပုသ် စောင့်တဲ့အခါ သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောက်တည်ရတယ်။

တိုက်ရိုက်တော့ မသက်ဆိုင်ဘူး၊ အနာထပိဏ်သူဌေးကသူ့သားကို တရားနာ လွှတ်တာမျိုးလိုပဲ၊ တရားနာလွှတ်တော့ ငွေတစ်ရာပေးမယ်၊ တရားသွားနာချေပြော

[စာမျက်နှာ-143] တယ်၊ သူ့သားကလည်း ခပ်မိုက်မိုက်ထင်ပါတယ်၊ ငွေတစ်ရာလည်းလိုချင်တော့ ဇေတဝန် ကျောင်းသွားပြီး ထောင့်ထဲမှာအိပ်ပြီး ပြန်လာတယ်၊ မနက်ကျတော့ အိမ်ပြန်သွားတဲ့ အခါ အိမ်မိသားစုက ထမင်းစားပါဆိုရင်မစားဘူး၊ ငွေတစ်ရာ အရင်ပေး၊ အဲသလို လုပ်နေတယ်။

နောက်တစ်ခါ မှတော့ တရားစွဲစွဲမြဲမြဲ နာမိသွားတာ အကျွတ်တရားရသွားပြီ၊ သောတာပန်ဖြစ်ပြီး ပြန်လာတာ၊ ဒါက ၈-ပါးသီလ။

၈-ပါးသီလအပြင် လူတွေအနေနဲ့ ဆောက်တည်နိုင်တာရှိသေးတယ်၊ အဲဒါက ၁၀-ပါးသီလ၊ မဆောက်တည်ကောင်းဘူးလို့ ပြောလို့မရဘူး၊ ဆောက်တည်နိုင်ရင် ဆောက်တည်ရမယ်၊ သို့သော် အများကြီးတော့ ခဲယဉ်းတယ်၊ ဘာကြောင့်တုန်းဆိုတော့ ပိုက်ဆံ၊ ရွှေ ငွေ မကိုင်ရဘူးဆိုတာကိုး၊ လူဆိုတာကလည်း ပိုက်ဆံမကိုင်လို့ မရှိလို့ မဖြစ်နိုင်ဘူး ဟုတ်လား။

သို့သော် တစ်ခါတလေ လုံးဝ (ဆိုပါတော့) စွန့်ပယ်ပြီး ၁-ရက် ၂-ရက် စသည်ဖြင့် အဲသလိုတော့ ဖြစ်နိုင်ပါတယ်၊ ၁၀-ပါးသီလထိအောင် လူတွေအနေနဲ့ စောင့်နိုင်တယ်လို့ အဲသလို မှတ်ထားပေါ့၊ တကယ်တမ်း ၁၀-ပါးသီလ မစောင့်နိုင် တာလည်းရှိတာပဲ။

မေး - ချက်လက်မှတ်ကိုင်ရင်ကော။
ဖြေ - ချက်လက်မှတ်လည်းပဲ၊ ဘာထူးသလဲ၊ လူတွေကတော့ ထင်တယ်။ ချက်ကိုင်ရင် ကိစ္စမရှိပါဘူးလို့၊ အမှန်ကတော့ချက်လည်းငွေပဲ၊ ဒါနဲ့ဖလှယ်လို့ရတာပဲ၊ အမှန်တော့ပါဠိလို သံဝေါဟာရလို့ခေါ်တယ်၊ ဝေါဟာရဆိုတာ ဖလှယ်တာကို ဆိုလိုတယ်၊ ချက်နဲ့ ပစ္စည်းဝယ်လို့ရရင် ဒါဟာငွေပဲ၊ ဘာမှမထူးဘူး၊ ရှောင်မယ်ဆိုရင် အကုန်လုံး ရှောင်နိုင်တာကောင်းပါတယ်၊ ဘာကြောင့်တုန်းဆိုတော့ ရှေးတုန်းက တကယ့်ရွှေငွေမဟုတ်ဘဲနဲ့ သားရေပိုင်းလေး ဖြစ်ပါစေ၊ မင်းတံဆိပ် ခပ်နှိပ်ပြီး မင်းတို့ ဒါကို ငွေအဖြစ်နဲ့ သုံးကြဟေ့ဆိုရင် ဒါဟာ ငွေပဲ ဆိုတော့ အခုခေတ်ငွေ စက္ကူနဲ့ ဘာထူးလဲ၊ ပလတ်စတစ်ကတ်လည်း မထူးဘူး၊ ဒါဟာ ငွေလိုပဲဖြစ်နေတာ၊ ဒါနဲ့ဈေးဝယ်လို့ရတယ်၊ ဒါနဲ့ သုံးစွဲလို့ရတယ်ဆိုတော့ သိပ်မထူးဘူး။

အဲဒီသီလက စာရိတ္တသီလနဲ့ ဝါရိတ္တသီလလို ၂-မျိုးရှိတယ်၊ ဒီနာမည်လည်း မှတ်ထားကြ။

စာရိတ္တဆိုတာက မျိုးရိုးထုံးစံအတိုင်းကောင်းတဲ့အကျင့်တွေရှိတတ်တယ်၊ ဒီမျိုးရိုးဟာ ဘယ်လိုအကျင့်ရှိတယ် ဘာညာပေါ့လေ၊ အဲသလိုအကျင့်မျိုးကို

[စာမျက်နှာ-144] စာရိတ္တလို့ခေါ်တယ်၊ ပြီးတော့ စာရိတ္တ သီလဆိုတာက မကျင့်ရင် အပြစ်မရှိဘူး၊ ကျင့်ရင် အကျိုးရှိတယ်ဆိုတဲ့ သီလမျိုးကို စာရိတ္တသီလလို့ခေါ်တယ်။

ရဟန်းမှာ ပညတ်ထားတဲ့ ၂၂၇-ပါးအပြင် အများကြီးရှိသေးတယ်၊ ခန္ဓကဆိုတဲ့ ဝိနည်း ကျမ်းဂန်တွေမှာ ပညတ်ထားတာ၊ အဲသလို ပညတ်ထားတာမျိုးကျတော့ မကျင့်ရင် အာပတ်မသင့်ဘူး၊ ကျင့်ရင်တော့ အကျိုးရတယ်၊ အဲသလို သီလမျိုးကို စာရိတ္တသီလလို့ခေါ်တယ်။

အမျိုးရဲ့ အလေ့အကျင့်ဖြစ်နေတဲ့ သီလမျိုး၊ မကျင့်ရင် ဘာမှမဖြစ်ဘူး၊ ကျင့်ရင် အကျိုးရတယ်၊ အဲသလို သီလမျိုးကို စာရိတ္တသီလ။

ဝါရိတ္တသီလဆိုတာ ဝါရိတ္တဆိုတာတားမြစ်ထားတဲ့ အဓိပ္ပါယ်ရတယ်၊ မလုပ် နဲ့လို့ တားမြစ်ထားတာကို ရှောင်တဲ့သီလကို ဝါရိတ္တသီလလို့ခေါ်တယ်။

ဝါရိတ္တသီလဆိုတာ ပါဏာတိပါတတို့ အဒိန္နာဒါနတို့ဟာ ဝါရိတ္တသီလလို့ ခေါ်တယ်၊ သူတို့ကျတော့ မစောင့်စည်းရင် အပြစ်ကိုဖြစ်တယ်၊ အကျိုးမရရုံ မဟုတ်ဘူး၊ သူတို့ကို မစောင့်စည်းရင် သူတို့ကို ကျူးလွန်ရင် အပြစ်ကို ဖြစ်တယ်။ အဲသလို သီလကို ဝါရိတ္တသီလ၊ ခုနပြောတဲ့နိစ္စသီလဆိုတာ ဝါရိတ္တသီလပဲ။ လူတွေမှာဆိုရင် ငါးပါးသီလဟာ ဝါရိတ္တသီလ၊ ဘုန်းကြီးတွေမှာဆိုရင် ပါတိမောက် သီလဟာ နိစ္စသီလ၊ ဝါရိတ္တသီလပဲ။

ကောင်းပြီ၊ သီလဆိုတာ ကိုယ်မှုနှုတ်မှုတို့ကို အကုသိုလ်မဖြစ်ရအောင် ကောင်းစွာထားခြင်းလို့ ပြောခဲ့တယ်မဟုတ်လား၊ ကိုယ်မှုနှုတ်မှု ဆိုတာကို သတိထား မှတ်ထား။

သီလက ကာယကံနဲ့ ဝစီကံလို့ ထင်နေတာ၊ ခန္ဓာကိုယ်နဲ့ပြုမယ့် မတော် တရော်ရာအကျင့်တွေကို မပြုဖြစ်အောင်ထိန်းတာ၊ နှုတ်နဲ့ မတော်တရော်ပြုမယ့် အကျင့်တွေကို မပြုဖြစ်အောင် ထိန်းတာကို သီလလို့ခေါ်တယ်၊ ပါဏာတိပါတ ဝေရာမဏိ၊ သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ တကယ်မသတ်ရင် ဒီသီလလုံနေတာပဲ၊ တကယ်ပဲ စိတ်ထဲက သတ်ချင်စိတ် ရှိနေဦး၊ စိတ်ထဲက သတ်နေဦး၊ တကယ်တမ်းထပြီး ကိုယ်ထိလက်ရောက် မသတ်ရင် ပါဏာတိပါတ သိက္ခာပုဒ်ဟာ လုံနေသေးတာပဲ၊ သူမကျူးလွန်ဘူး။

ထို့အတူပဲ၊ သူများဥစ္စာခိုးချင်တယ် ဆိုပါတော့၊ စိတ်နဲ့ ခိုးတယ်ဆိုပါတော့၊ သို့သော် ကိုယ်တိုင် ထမယူသေး၊ မခိုးသေးဘူးဆိုရင် ဒီသိက္ခာပုဒ် လုံနေသေးတယ်။ ဒါကြောင့် သီလဆိုတာ ဘာအတွက်လဲလို့ မေးရင် ကာယကံနဲ့ ဝစီကံကို

[စာမျက်နှာ-145] ထိန်းချုပ်ခြင်း၊ မနောကံကို သီလနဲ့ မနိုင်ဘူး၊ ဒါကြောင့်မို့ တချို့က ပြောလေ့ရှိတယ်။ နားမလည်ဘဲနဲ့ လူတတ်လုပ်ပြီးပြောတာ။

“ကာယကံ ဝစီကံ မနောကံ ၃-ခုလုံး ထိန်းနိုင်မှ သီလဆိုတာ ရတာ၊ ဆိုပါတော့၊ မင်းစိတ်နဲ့ ကြံရင် သီလပျက်ပြီ” အဲသလို ပြောနေတာကို ဦးဇင်းက နားနဲ့ဆတ်ဆတ်ကြားဖူးတာ၊ နည်းနည်းစိတ်ကလေးနဲ့ ကြံလိုက်ရင်လည်း မင်းသီလ ပျက်သွားပြီ၊ ငါးပါးသီလပေမယ့် တစ်ဆယ့်ငါးပါးသီလ ဘာညာနဲ့ အဲသလို ပြောတာတွေရှိတယ်။

ဒီလိုကြံစေချင်လို့ မြှောက်ပေးတဲ့သဘောနဲ့ပြောတာမဟုတ်ဘူး၊ တကယ့်အမှန် အတိုင်းကတော့ သီလဆိုတာ ကာယကံနဲ့ ဝစီကံကိုထိန်းတာ၊ မနောကံကိုထိန်းတာ မဟုတ်ဘူး၊ သို့သော် ကာယကံ၊ ဝစီကံကို ထိန်းရင် မနောဆိုတဲ့ စိတ်လည်းပါတော့ပါတာပေါ့၊ သို့သော် မနောကံဆိုတဲ့စိတ်ကို ထိန်းတာက သီလနဲ့တင် မရဘူး၊ ရဟန်းသီလဆိုလည်း ဒီအတိုင်းပဲ၊ မတော်တဲ့ ကာယကံ မပြုအောင် မတော်တဲ့ ဝစီကံ မပြုအောင် ထိန်းနိုင်တာ၊ စိတ်နဲ့ထိန်းနိုင်တာမဟုတ်ဘူး။

သီလတော့ ညစ်နွမ်းချင် ညစ်နွမ်းမယ်လို့ ပြောလို့ရတာပေါ့၊ သူများအသက် မသတ်နဲ့ ပြောတယ်၊ စိတ်နဲ့သတ်တယ်၊ ဒါကတော့ မတော်ဘူး၊ ကောင်းတော့ မကောင်းဘူး၊ သီလညစ်နွမ်းတယ်၊ ဒါပေမယ့် သီလမပျက်ဘူး၊ ညစ်နွမ်းတာနဲ့ ပျက်တာနဲ့ တစ်မျိုးစီနော်။

အဲဒါကြောင့် ကိုယ်မှု နှုတ်မှု စိတ်မှုသုံးမျိုးရှိရာတို့တွင် ကိုယ်မှု နှုတ်မှုတို့တွင် ထိန်းဖို့ရန် သီလကိုဟောပြီးတဲ့နောက် စိတ်အတွက်တော့ မြတ်စွာဘုရားက ဘာဝနာကို ဟောတယ်။

ဒါကြောင့်မို့ ကြားဖူးကြလိမ့်မယ်၊ ဒါန၊ သီလ၊ ဘာဝနာနဲ့ ပြောလေ့ရှိကြတယ်။ ဘာဝနာဆိုတာ ပွားအောင်လုပ်တာ၊ များအောင်လုပ်တာ၊ စိတ်ရင့်ကျက်အောင် လုပ်တာကို ဘာဝနာလို့ခေါ်တယ်။ (mental development)

အဲဒီတော့ ဒီနေရာမှာ စိတ်ရင့်ကျက်အောင် လုပ်တယ်ဆိုတာ ကုသိုလ်စိတ် ရင့်ကျက်ပွားများအောင် လုပ်တာကို ဆိုလိုတယ်၊ အကုသိုလ်များပြားအောင် လုပ်တာကို ဘယ်ဆိုလိုပါ့မလဲ။

အဲဒီ ဘာဝနာမှာသာ သမထဘာဝနာ၊ ဝိပဿနာဘာဝနာဆိုပြီး ၂-မျိုး လာတယ်၊ ဒီနေရာမှာလည်းပဲ ဘာဝနာအရ သမထဝိပဿနာဆည်းပူးနေတဲ့ ကာမာဝစရ ကုသိုလ်စေတနာဆိုလိုတယ်။

[စာမျက်နှာ-146] အဲဒီတော့ သမထဘာဝနာပဲဖြစ်ဖြစ်၊ ဝိပဿနာဘာဝနာပဲဖြစ်ဖြစ် ဒီနှစ်ခုကို ကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ ကမ္မဋ္ဌာန်းထိုင်တယ်လို့ ခေါ်တယ်။

ကမ္မဋ္ဌာန်းထိုင်လာပြီဆိုတော့ ကာယကံတင်မဟုတ်တော့ဘူး၊ စိတ်ကို ထိန်းရတော့တာ၊ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ ခက်တာ၊ သမထ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတော့လည်း နောက်ဆုံး ကသိုဏ်းဝန်းကို ကြည့်ပြီး ထိုင်ရင် မျက်စိက ကသိုဏ်းဝန်းကိုကြည့်ပြီး မြေကြီး၊ မြေကြီးနဲ့ စသည်ဖြင့် လုပ်နေရတယ်။ စိတ်ကို တခြားမသွားအောင် ထိန်းနေရတယ်၊ မတော်တရော်လုပ်ဖို့ဆိုတာ ပြောစရာ မလိုတော့ဘူး၊ စိတ်ကို ဝေးဝေးကြီး ထွက်မသွားအောင်ထိန်းနေရတယ်။

ထို့အတူ ဝိပဿနာ တရားထိုင်တော့လည်း ပစ္စုပ္ပန်မှာဖြစ်ပေါ်လာသမျှ ဖြစ်နေတဲ့ ရုပ်၊ နာမ် တရားတွေကို မပြတ်ရှုမှတ်နေရတယ်၊ စိတ်ငြိမ်အောင်လို့၊ ဒါကြောင့် ဘာဝနာဟာ ပိုပြီးတော့ခက်တယ်။

ဒါနထက် သီလက ခက်တယ်၊ သီလထက် ဘာဝနာက ခက်တယ်၊ အဲဒီ ဘာဝနာ ၂-မျိုးရှိတယ်၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ။

သမထဆိုတာ ငြိမ်အေးတာကိုခေါ်တာ၊ ငြိမ်းတာကို ခေါ်တာ၊ အင်္ဂလိပ်လို calm သို့မဟုတ် tranquility ပေါ့။

အဲဒါကတော့ အားကြီးတဲ့ သမာဓိကိုဖြစ်စေနိုင်တဲ့ ကမ္မဋ္ဌာန်းမျိုး၊ သမာဓိ အားကောင်းတဲ့အတွက်ကြောင့်မို့ ဈာန်ရဲ့ အစဉ်အဆင့်အတန်းတက်ပြီး အဘိညာဉ် ဆိုတဲ့ အဆင့်အတန်းတွေ ထိအောင်ရောက်စေနိုင်တဲ့ ကမ္မဋ္ဌာန်းမျိုးကို သမထကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ သမထအရာမှာ ပိုပြီးတော့ သမာဓိအားကြီးဖို့လိုတယ်။

ဝိပဿနာဘာဝနာဆိုတာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်အောင်ရှုတာလို့ ဆိုတယ်၊ ဝိ-ဆိုတာက အမျိုးမျိုး၊ ပဿနာဆိုတာက ရှုမြင်တာ၊ နည်းအမျိုးမျိုးဖြင့် ရှုမြင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။

နည်းအမျိုးမျိုးဆိုတာ အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်းရှုမြင်တာ၊ ဝိပဿနာတရားထိုင်လာတဲ့အခါကျတော့ ပထမတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဘယ်ကောင်းကောင်း မြင်မလဲ၊ သို့သော် ကိုယ့်စိတ်သန္တာန်မှာ ဖြစ်ပေါ်နေတာကို မှတ်နေတာပဲ။

စိတ်ကလေး ပြေးသွားရင် ပြေးသွားတယ်လို့ မှတ်တယ်၊ ပြန်လာရင်ပြန်လာ တယ်မှတ်၊ စိတ်ဆိုးရင် ဆိုးတယ်မှတ်၊ ပျင်းရင် ပျင်းတယ် စသည်ဖြင့်ပေါ့လေ၊ ဝေဒနာတို့ကိုလည်းမှတ်၊ အဲသလိုစူးစိုက်ပြီး မှတ်လာတဲ့အခါကျတော့ စိတ်တည်ငြိမ်မှု

[စာမျက်နှာ-147] ရတယ်၊ စိတ်တည်ငြိမ်မှုရလာတဲ့ အခါကျတော့ ရုပ်သဘော၊ နာမ်သဘော သိလာတယ်၊ သူတို့ရဲ့ အဖြစ်အပျက်ကို သိလာတယ်၊ အဲဒီလို အဖြစ်အပျက်သိလာရင် အနိစ္စသဘော သိတော့တာပဲ။

ပစ္စည်းတစ်ခုဟာ ဖြစ်ပြီး ပျက်သွားကတည်းက မမြဲဘူးဆိုတာ အလိုလို ထင်ရှားလာတယ်။ အဲသလို အမြဲတမ်း၊ ဖြစ်ပျက် ဖြစ်ပျက်နေတဲ့အတွက်ကြောင့် ကျေနပ်စရာမရှိဘူး၊ မကောင်းဘူး၊ ဒုက္ခပဲ၊ အဲသလို ဖြစ်ပျက်နေတာကို မဖြစ်ပျက် ပါနဲ့လို့ ပြောလို့မရဘူး၊ ကိုယ်က အမိန့်ပေးလို့ မရဘူး၊ အနှစ်သာရ အမာခံရယ်လို့ မရှိဘူး၊ ဒါဟာ အနတ္တပဲ။

အဲဒီ အနိစ္စသဘောတရား၊ ဒုက္ခသဘောတရား၊ အနတ္တသဘောတရားကို သိမြင်လာအောင် ရှုတာဟာ ဝိပဿနာဘာဝနာ၊ အဲဒီလို အနိစ္စ ဒုက္ခ၊ အနတ္တ သဘောတရားကို မြင်ပြီးတဲ့နောက်မှ ရှေ့တက်ရမယ်၊ လာလာခြင်း ထိပ်တက်လို့ မရဘူး၊ တရားထိုင်တဲ့အခါကျတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရတယ်။

အဲဒီ သမထဘာဝနာနဲ့ ဝိပဿနာဘာဝနာ နှစ်ပါးရဲ့ အကျယ်ကိုတော့ ၉-ခုမြောက် နောက်ဆုံးအပိုင်းမှာ ပြလိမ့်မယ်၊ သမထကမ္မဋ္ဌာန်း ၄၀-ရှိတယ်၊ ဝိပဿနာ ကမ္မဋ္ဌာန်း ဉာဏ်စဉ်တွေရှိတယ်၊ ဒါတွေကို နဝမပိုင်း၊ ၉-ခုမြောက်အပိုင်း ကျတော့ ကျမ်းဆရာတွေက ရေးသားလိမ့်မယ်။

အဲဒီတော့ ပွားများတာကို ဘာဝနာလို့ ခေါ်တယ်၊ ကောင်းပြီ၊ ဘာဝနာဆိုတဲ့ အထဲမှာ အပြစ်မရှိတဲ့ အတတ်ပညာ သင်ယူတာတို့ စာပေ ပရိယတ် ကြံစည် စဉ်းစားတာတို့၊ ဒါတွေလည်းပဲ ထည့်ရတယ်၊ ထည့်သင့်တယ်။

တရားထိုင်နေတာတော့ မဟုတ်ဘူး၊ သို့သော်လည်း စိတ်ဓာတ်ကို ကုသိုလ် တရားပွားများအောင် ပြုလုပ်တဲ့အတွက်ကြောင့် အပြစ်မရှိတဲ့အတတ်ပညာ လေ့လာ လိုက်စားတာ၊ သင်ယူတာ၊ စာပေပရိယတ် စဉ်းစားတာ၊ ကြံစည်တာ၊ သင်ယူတာ ဟာလည်းပဲ ဘာဝနာ၌ သွင်းယူသင့်တယ်လို့ ဆိုကြတယ်။

ကောင်းပြီ၊ ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ်၊ ၃-မျိုးပြီးသွားပြီ၊ အကျဉ်း ချုပ်လိုက်ရင် ဒါပါပဲ၊ ဒါပေမယ့် ဒီမှာတော့ ကုသလကမ္မပထတရား ၁၀-ပါး ထိအောင် ကျမ်းဂန်မှာပြထားတယ်။

ဒါနသီလ ဘာဝနာပြီးတော့ နောက်ထပ်ပြထားတာက အပစာယနတဲ့၊ အပစာယနဆိုတာက အရိုအသေပေးမှုမှာပါတဲ့ စေတနာကို အပစာယနခေါ်တယ်၊ မိဘ၊ ဆရာသမား၊ ကိုယ့်ထက် ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ အသက်အားဖြင့်

[စာမျက်နှာ-148] ဖြစ်စေ ကြီးတဲ့ပုဂ္ဂိုလ်တို့ဟာ အရိုအသေပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီလို မိဘ၊ ဆရာသမား၊ ရဟန်းသံဃာ၊ ဂုဏ်အားဖြင့်ဖြစ်စေ၊ အသက်အားဖြင့်ဖြစ်စေ ကြီးတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပေးတယ်၊ ခရီးဦးကြိုဆိုတယ်၊ လက်အုပ်ချီတယ်၊ ရှိခိုးဦးချတယ်စသည်ဖြင့် အဲသလို ရိုသေမှုတွေကို (ရိုးရိုးသားသား ပြုတာကို ဆိုလိုတာ၊ နာမည်ရချင်လို့ ပြုတာမျိုးမဟုတ်ဘူး) အပစာယနလို့ ခေါ်တယ်။

အဲဒါဟာ ကုသိုလ်ပဲ၊ ရိုသေထိုက်တဲ့သူကို ရိုသေတာ၊ လေးစားထိုက်တဲ့ သူကို လေးစားတာဟာ အလကားနေရင်း ကုသိုလ်ရနေတာပဲ၊

ဒါကြောင့်မို့ဦးဇင်းတို့ မြန်မာပြည်မှာကျတော့ ဒါဟာ ထုံးတမ်းစဉ်လာလို ဖြစ်နေတယ်၊ လူကြီးရှေ့ ဖြတ်သွားရင်ကုန်းသွား၊ ကူညီစောင့်ရှောက် အရိုအသေပေးလိုက်တာနဲ့ ဒီလိုကိစ္စတွေ ရှိတယ်၊ ဒီနိုင်ငံ (အမေရိကန်) မှာကျတော့ အဲသလို အစဉ်အလာမရှိဘူး၊ သူတို့မှာ ကုသိုလ်ရဖို့ အခွင့်အရေး ရဖို့သိပ်နည်းတယ်၊ သနားဖို့သိပ်ကောင်းတယ်၊ ကုသိုလ် ရမှန်းလည်း မသိဘဲကိုး၊ အနှစ် ၂၀-လောက်အတွင်းမှာ ဒီနိုင်ငံမှာ ဒီအစဉ်အလာတွေ လုံးဝပျက်စီးသွားတယ်လို့သိရတယ်၊ အရင်ကတော့ လူကြီးသူမကိုကြောက်ရတယ်၊ ရိုသေရ တာပဲ၊ အဲဒါ အပစာယနတဲ့၊ ဦးဇင်းတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေက ရှိတယ်၊ လူကြီးကို လူကြီးအလိုက် ရိုသေလေးစားတတ်တယ်၊ သိပ်ကောင်းတဲ့ အစဉ်အလာပေါ့။

နောက်တစ်ခုက ဝေယျာဝစ္စတဲ့၊ အဲဒါက မြန်မာစကားကို ဖြစ်နေပါပြီ။ ဝေယျာဝစ္စဆိုတာ မိဘစတဲ့ ပုဂ္ဂိုလ်တွေ၊ မကျန်းမမာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ အပြစ်ကင်းတဲ့လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးတဲ့စေတနာ မျိုးကို ဝေယျာဝစ္စလို့ခေါ်တယ်၊ လုပ်စရာရှိတာကိုလုပ်ပေးတဲ့အခါမှာပါတဲ့ စေတနာ ပေါ့။

ကိုယ့်ထက်ကြီးတဲ့သူကို ရေခပ်ပေးတယ်၊ လမ်းဖြတ်ကူးနေတဲ့ သက်ကြီးရွယ်အိုကို တွဲကူညီပေးလိုက်တယ်၊ သူတို့မှာ လုပ်စရာရှိတာ လုပ်ပေးလိုက်တာကို ဝေယျာဝစ္စလို့ခေါ်တယ်၊ ဒါလည်း ကုသိုလ်ရတာပဲ၊ ဖြောင့်ဖြောင့်မှန်မှန်နဲ့ လုပ်ရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကုသိုလ်ရတာပဲ။

ဦးဇင်းတို့ကျောင်းမှာပွဲရှိတဲ့အခါ ဝေယျာဝစ္စမလုပ်ကြဘူးလား၊ ဒကာမကြီးတွေ ချက်ကြပြုတ်ကြနဲ့လေ၊ ဒါဟာဝေယျာဝစ္စကုသိုလ်၊ ဒီကုသိုလ်ကလည်း တကယ် ထက်မြက် တယ်နော်၊ တစ်နေ့တော့ ဟောကိုဟောချင်သေးတယ်၊ ဒါပေမယ့် လှူတဲ့ပုဂ္ဂိုလ်ကို နှိမ်ပြောသလို ဖြစ်မှာစိုးလို့ချိန်ဆနေတာ၊ ဘာဖြစ်လို့လည်းဆိုတော့

[စာမျက်နှာ-149] ပါယာသိမြို့စားနဲ့ ဥတ္တရလုလင် ဇာတ်လမ်းရှိတယ်၊ မြို့စားက ပေးလှူလိုက်လို့ ပြောရုံပဲ၊ ဥတ္တရလုလင်က စီမံခန့်ခွဲရတဲ့ (supervisor) ဆိုတော့ သူက ကိုယ်တိုင် လှူရတယ်၊ ရိုရိုသေသေ လှူရတယ်၊ မြို့စားက လှူလိုက် အမိန့်ပေးရုံပဲ၊ သေလို့ နတ်သွားဖြစ်တော့ ဥတ္တရက မြို့စားထက် အဆင့်မြင့်နေရော၊ အဲဒီတော့ မြို့စားက မခံချင်။

[စာမျက်နှာ-150]
အဘိဓမ္မာသင်တန်း ၃၃

[ဝီထိမုတ်ပိုင်း]

ကမ္မစတုက္က

ပုညကြိယာဝတ္ထု ၁၀ ပါးနှင့် ကာမာဝစရကံအကျိုးပေး
ဒီနေ့ ဇူလိုင်လ ၂၄-ရက်၊ ခရီးသွားနေတာနဲ့ ၂-ပတ်ပျက်သွားတယ်၊ ဟိုအပတ်တုန်း ပြောခဲ့တာ စုံသွားတယ်၊ ဝေယျာဝစ္စ တစ်ဝက်တစ်ပျက်နဲ့ပြီးသွားတယ်။

ဥတ္တရလုလင်နဲ့ ပါယာသိမြို့စားအကြောင်းပြောတာ သိပ်မရေရာလိုက်ဘူး၊ ထပ်ပြီးပြောရဦးမယ်။

ပါယာသိမြို့စားဆိုတာက မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးမှ သူက (ပါယာသိ) ဆိုတဲ့ မြို့ကိုစားရတာ၊ အဲဒီမြို့စားက မှားတဲ့အယူရှိနေတာကိုး၊ နောက်ဘဝဆိုတာ မရှိဘူး၊ သေပြီးတဲ့သတ္တဝါတွေဟာ တစ်ဖန်ဖြစ်တယ်ဆိုတာ မရှိဘူး၊ ကောင်းမှုကံ မကောင်းမှု ကံရဲ့ အကျိုးဆိုတာ မရှိဘူး၊ ဒီလိုအယူရှိနေတာ။

တစ်နေ့တော့ ကုမာရကဿပဆိုတဲ့ အရှင်နဲ့ စကားပြောပြီးတော့ ဥပမာ အမျိုးမျိုးနဲ့ ပြောပြပြီးတော့ သူအမြင်မှန် ရသွားတယ်။

အမြင်မှန်ရသွားတော့ ရှင်ကုမာရကဿပက သူက ဝတ်လို့ခေါ်တာပေါ့၊ ယဇ်ပူဇော်တဲ့အခါ ဆိတ်တွေ၊ နွားတွေ၊ ယဇ်မျိုး ပူဇော်တာ မကောင်းဘူး။

[စာမျက်နှာ-151] စားဖွယ်သောက်ဖွယ်ကို လှူတာတန်းတာကောင်းတယ် ဟောတော့ ပါယာသိမြို့စားက အလှူပေးတာ၊ ဒါပေမယ်လို့ သူပေးတဲ့ အလှူက ခပ်ချာချာဖြစ်နေတယ်။

သူက ဘာလှူလဲဆိုတော့ ပုန်းရည်ဟင်းဖြင့် မစိညက်သော ဆန်ကွဲထမင်း၊ ပုန်းရည်ဆိုတာ ပုဂံပုန်းရည်ကြီးမျိုး မဟုတ်ဘူး၊ ပုန်းရည် တစ်မျိုးရှိသေးတယ် မဟုတ်လား၊ ဆန်ကို အရည်လုပ်ပြီး အချဉ်တည်တာ၊ အဲဒါနဲ့ ဆန်ကွဲထမင်းနဲ့ကို ပေးလှူတာ။

အဲသလိုလှူတဲ့အခါ ဥတ္တရလုလင်ဆိုတာက စီမံအုပ်ချုပ်ရတာ၊ supervisor လုပ်ရတာ၊ အဲသလိုလုပ်ရတော့ သူကလည်း စိတ်မချမ်းသာဘူး၊ စိတ်မချမ်းသာတော့ သူက ဘယ်လိုဆုတောင်းသလဲ၊ “ဒီအလှူကြောင့် ကျွန်ုပ်ဟာ ပါယာသိမြို့စားကို ဒီပစ္စုပ္ပန်လောကမှာသာ ပေါင်းဆုံပါရစေ၊ တစ်ပါးသော လောကမှာ မပေါင်းဆုံရပါစေသတည်း” သူက ဒီလိုဆုတောင်းတာ။

ဒီဘဝမှာတော့ ဥတ္တရလုလင်အနေနဲ့ မြို့စားရဲ့ အခိုင်းအစေဖြစ်နေလို့သာ မတတ်နိုင်တာကိုး၊ နောက်ဘဝများတော့ မဆုံပါရစေနဲ့လို့ ဆုတောင်းတာပေါ့။

အဲဒါကိုကြားတော့ မြို့စားကခေါ်ပြီးမေးတာပေါ့၊ “မင်းဘာကြောင့် ဒီလို ဆုတောင်းသလဲ၊ မင်းဒီလိုဆုတောင်းတယ်ဆိုတာ မှန်သလား” မေးတော့ ဟုတ်တယ် ဝန်ခံတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ “အရှင်လှူတာက ပုန်းရည်ဟင်းနဲ့ ဆန်ကွဲ ထမင်းကို လှူတယ်၊ ဒီလိုဘောဇဉ် ဒီလိုအစားအစာမျိုးကို ခင်ဗျားခြေထောက် နဲ့တောင် ထိချင်မှာ မဟုတ်ဘူး၊ စားဖို့ဆိုတာဝေးရော၊ အဲသလို အညံ့စားကို ခင်ဗျားလှူတယ်၊ အဝတ်လှူပြန်တော့လဲ ချည်ထုံးချည်မျှင်တွေနဲ့ အဖုအထစ်တွေနဲ့ ကြမ်းတမ်းတဲ့ အဝတ်ကို ခင်ဗျားလှူတယ်၊ ဒီအဝတ်မျိုးလည်း ခင်ဗျားခြေထောက်နဲ့ တို့ချင်မှာ မဟုတ်ဘူး၊ ဝတ်ဖို့ဝေးရောပဲ၊ ကျွန်တော် ခင်ဗျားကိုချစ်ပါတယ်။ ဒါပေမယ့် ဒီဟာ နှစ်ခုစလုံးအတွက် ဘယ်လိုပြောရမှန်း မသိဘူး၊ ချစ်တာနဲ့ လုပ်ပုံကိုင်ပုံ မကြိုက်တာနဲ့”ပေါ့၊ အဲသလို ပြောတယ်။

ပါယာသီမြို့စားက ငါစားတဲ့ အစာမျိုးပဲဆိုပါတော့ကွာ၊ ငါဝတ်တဲ့အဝတ်မျိုးပဲ ဆိုပါတော့ကွာ ဆိုပြီးတော့ လှူတယ်၊ အဲဒီအခါမှာ ပါယာသိမြို့စားက အလှူလုပ်တာ နေရာမကျဘူး၊ အဲဒါသိပ်ပြီး အတုယူဖို့ကောင်းတယ်၊ သူက အရိုအသေမပြုမူ၍ လှူတယ်တဲ့၊ အလှူလှူတဲ့အခါ လေးလေးစားစားနဲ့ မလှူဘူးပေါ့လေ၊ ပေါ့ပေါ့ဆဆပဲ။

အခုခေတ်လည်း တချို့ လုပ်တတ်ကြတယ်လေ၊ လှူတာပဲကွာ၊ ပြီးတာပဲဆိုပြီးတော့ လေးနက်တဲ့သဘောမပါဘူး၊ အဲသလို မရိုမသေလုပ်တာတစ်ခု။

[စာမျက်နှာ-152] ပြီးတော့ ကိုယ်တိုင်လက်နဲ့မလှူဘူး၊ သူများနဲ့ လှူခိုင်းတာတို့၊ ထည့်ပေး လိုက်တာတို့၊ ဒါလည်း အရေးကြီးတယ်၊ တချို့ကပြောကြတယ်။ “လှူတာပဲ၊ ကိုယ်တိုင်လုပ်နေ မှလား” ဘာလားနဲ့ ပြောလေ့ရှိကြတယ်၊ အခု ဒီဝတ္ထုကိုထောက်ရင် အလှူလုပ်တဲ့အခါ ကိုယ်တိုင်လှူမှ ပိုပြီးတော့ အကျိုးများတယ်၊ အဲသလို သူက ကိုယ်တိုင်လှူတာလည်း မဟုတ်ဘူးတဲ့။

အလေးအမြတ်ပြုပြီးတော့ လှူတာလည်း မဟုတ်ဘူးတဲ့၊ ပြီးတော့ လွှင့်ပစ်သလို လှူတယ်၊ ပစ်ပစ်ခါခါလုပ်ပြီးတော့လှူတယ်၊ အဲသလို လှူတဲ့အတွက်ကြောင့် သူ့ အနေနဲ့ အဲဒီဘဝကသေတဲ့အခါကျတော့ ဘယ်မှာသွားဖြစ်သလဲဆိုတော့ ပရိသတ် ဘာမှမရှိတဲ့ ဟာလာဟင်းလင်းဖြစ်နေတဲ့ သေရီသကဆိုတဲ့ ဗိမာန်မှာ နတ်သွား ဖြစ်တယ်၊ စတုမဟာရာဇ်နတ်မျိုးပေါ့၊ စတုမဟာရာဇ်ဆိုတာ အောက်ဆုံးမဟုတ်လား၊ အခြံအရံလည်းမရှိဘူးပေါ့ နော်။

ဥတ္တရလုလင်ကတော့ သူ့မြို့စားခိုင်းလို့ လှူရတာဖြစ်ပေမယ့် သူက အရိုအသေ ပြုပြီးတော့လှူတယ်၊ ကိုယ်တိုင်လက်နဲ့ ကိုင်တွယ်ပြီးလှူတယ်၊ အလေးအမြတ်ပြုပြီး လှူတယ်၊ ပစ်ပစ်ခါခါမပြုဘဲနဲ့ လှူတယ်၊ အဲသလိုလှူတဲ့အတွက်ကြောင့် သူ့ကျတော့ တာဝတိံသာနတ်ပြည်မှာ သွားဖြစ်တယ်၊ တစ်ဆင့်မြင့်သွားတယ်။

အဲသလိုဖြစ်သွားတော့ တစ်ခုသောအခါမှာ ဂဝံပတိဆိုတဲ့ မထေရ်ရဟန္တာ တစ်ပါးက ရှိတယ်၊ အဲဒီရဟန္တာက သေရီသကဗိမာန်ကို နေ့လည်မှာ သွားနေလေ့ ရှိတယ်၊ အဲဒီအခါမှာ ပါယာသိနတ်သားက ဂဝံပတိမထေရ်ထံ ချဉ်းကပ်ရှိခိုးတဲ့ အခါမှာ ဂဝံပတိမထေရ်က မေးတယ်။

“ဒါယကာ၊ မင်းဘယ်သူလဲ၊” “တပည့်တော်ဟာ နောက်ဘဝတုန်းက ပါယာသိမြို့စားပဲပေါ့။ အခု ဒီမှာလာပြီး နတ်ဖြစ်နေတာပါ” “မင်းဟာ လူ့ဘဝတုန်းက ဒီလို အယူရှိခဲ့တယ် မဟုတ်လား”ဆိုပြီးမေးတော့ “ဟုတ်ပါတယ်။ ဒါပေမယ့် အရှင်ကုမာရ ကဿပ ဆုံးမလို့ အဲဒီအယူက ကင်းလွတ်သွားပါပြီ”

နောက်တစ်ခါ နတ်သားက အရှင်ဂဝံပတိကို မှာတယ်၊ အဲဒီမှာတဲ့ စကား လေးက သိပ်ကောင်းတယ်။

“အရှင်ဘုရား၊ တပည့်တော်ရဲ့ အလှူကို စီမံအုပ်ချုပ်တဲ့ ဥတ္တရလုလင်ဟာ အရိုအသေပြု လှူလို့ မိမိလက်နဲ့လှူလို့ အလေးအမြတ်ပြုပြီး လှူလို့ ပစ်ပစ်ခါခါ မလုပ်ဘဲနဲ့ လှူတဲ့အတွက်ကြောင့် သေတဲ့အခါကျတော့ တာဝတိံသာနတ်ပြည်မှာ သွားဖြစ်တယ်၊ တပည့်တော်က သူလိုမလှူခဲ့တဲ့အတွက်ကြောင့် ပစ္စည်းအကုန်ခံ

[စာမျက်နှာ-153] တာတော့ သူကအကုန်ခံတာ၊ ဒါပေမယ်လို့ (ခုနက ပြောသလို ရိုရိုသေသေ ပြုလုပ်ပြီး မလှူလို့) ပရိသတ်မရှိတဲ့ သေရီသကဗိမာန်မှာ စတုမဟာရာဇ်နတ်လာ ဖြစ်ရပါတယ်ဘုရား”တဲ့ သူက အခုမှ ခံပြင်းနေတယ်။

“အဲဒါကြောင့်မို့ အရှင်ဘုရား လူ့ပြည်ပြန်ရောက်တဲ့အခါမှာ ဒကာဒကာမတွေကို ပြောပြပါဘုရား၊ ပါယာသိမြို့စားတော့ ဒီလိုပဲ မရိုမသေလှူလို့ အညံ့စားနတ်လေး သွားဖြစ်တယ်၊ ဥတ္တရလုလင်ကတော့ ရိုရိုသေသေလှူလို့ ကိုယ်တိုင်ကြုံလို့ တာဝတိံသာမှာ နတ်ဖြစ်တယ် ပြောပါဘုရား” အဲသလို မှာတယ်။

အဲသလိုမှာတဲ့အတွက်ကြောင့် အရှင်ဂဝံပတိက လူ့ပြည်ရောက်တဲ့အခါကျ လူတွေကို ပြန်ပြောပြတယ်။

ဒီနေရာမှာ ပြောချင်တာက ဝေယျာဝစ္စအကြောင်း ပြောချင်တာ၊ ဝေယျာဝစ္စဟာလည်း ကျေးဇူးများတယ်၊ သူများလှူတာပဲ၊ ငါဝင်လုပ်စရာမလိုပါဘူး ဒီလိုမဟုတ်ဘူး၊ သူများလှူရာမှာ ဝင်လုပ်လည်း စေတနာကောင်းကောင်း ရိုရိုသေသေ လေးလေးစားစားနဲ့ လုပ်မယ်ဆိုရင် (ဒီဝတ္ထုထဲကအတိုင်း) အလှူရှင်ထက်တောင် သာသွားသေးတယ်။

တကယ်ပစ္စည်း အကုန်ခံလှူတဲ့သူထက် ရိုရိုသေသေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှူတဲ့သူက အထက်တန်းကျသွားတယ်၊ ဒါဟာ ဝေယျာဝစ္စတဲ့၊ သူများကုသိုလ်ကိစ္စ တွေမှာ ကူညီဆောင်ရွက်တာ အကုန်လုံးဟာ ဝေယျာဝစ္စတဲ့၊ အခုကျောင်းမှာ ပွဲတော်ရှိတဲ့အခါ ဝိုင်းဝန်းလုပ်ကြတာတွေဟာကောင်းတယ်။

အထူးသဖြင့် အမျိုးသမီးတွေပေါ့လေ၊ ချက်ကြပြုတ်ကြ သိမ်းဆည်းကြနဲ့၊ ဒါလုပ်ရတာလည်း မသက်သာဘူး၊ ဝေယျာဝစ္စဟာ ကုသိုလ်ရတယ်ဆိုတဲ့ အနေနဲ့ စိတ်ထားဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ လုပ်မယ်ဆိုရင် သူကလည်း ကြီးမားတဲ့ အကျိုးကို ရနိုင်တယ်၊ ဒါဟာ ဝေယျာဝစ္စကုသိုလ်။

ဝေယျာဝစ္စပြီးတော့ ပတ္တိဒါနတဲ့၊ ပတ္တိဒါနဆိုတာ မိမိရသောကုသိုလ်အဖို့ကို အမျှဝေခြင်းတဲ့၊ ဒါကတော့ ဗုဒ္ဓဘာသာဝင်တွေ အမြဲတမ်းလုပ်နေကျပါ၊ မြန်မာလို ရှင်းရှင်းပြောရရင်တော့ အမျှပေးတာပါပဲ။

အမျှဆိုတာ ကိုယ်က ပထမရပြီးမှ ကိုယ်ရတာကို မျှပေးရတာ၊ ဒါကို ပါဠိလို ပတ္တိဒါန၊ ပတ္တိဆိုတာရတာ၊ ဒါနဆိုတာပေးတာ၊ ကိုယ်ရတဲ့ ကုသိုလ်အဖို့ကို သူများကိုပေးတာ၊ ကိုယ်ရသလိုပဲ သူများရပါစေ၊ အညီအမျှရပါစေဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ဒါကြောင့်မို့ အမျှပေးတယ်လို့ မြန်မာစကားမှာ သုံးတယ်၊ ကုသိုလ်ကောင်းမှု

[စာမျက်နှာ-154] တစ်ခုခုပြုပြီးတဲ့နောက် အမျှပေးတယ်ပေါ့၊ ဒါဟာပတ္တိဒါန။

ကျမ်းဂန်တွေမှာကတော့ များသောအားဖြင့် ဒါနပြုတဲ့အခါ ဒီလို အမျှဝေတာ ပြုကြတယ်တဲ့၊ ဒါပေမယ့် တခြားကုသိုလ်တွေလုပ်ပြီးအမျှဝေရင်လည်း အတူတူ ပါပဲတဲ့၊ ရတာပါပဲလို့ ဒီလိုဆိုတယ်။

အဲဒီပတ္တိဒါန အမျှဝေတာနဲ့ ပတ်သက်ပြီးတော့ ၂-ခုပြောချင်တယ်၊ ပတ္တိဒါနနဲ့ နောက်တစ်ခုက ပတ္တာနုမောဒနာတဲ့။

ပတ္တဆိုတာ ကိုယ့်ဆီရောက်လာတာ၊ အနုမောဒနာဆိုတာက ဝမ်းမြောက်တာ၊ သူများက ပေးလိုက်လို့ ကိုယ့်ဆီရောက်လာတဲ့ ကုသိုလ်ကို ကိုယ်ကဝမ်းမြောက်တာ၊ မြန်မာလိုတော့ သာဓု သာဓုလို့ သာဓုခေါ်တာကို ပတ္တာနုမောဒနာလို့ ခေါ်တာ။

မြန်မာထုံးစံက အမျှယူတော်မူကြပါကုန်လို့ပြောလိုက်တယ်၊ ဒါက ပတ္တိဒါန ပေါ့၊ သာဓု၊ သာဓု၊ သာဓုလို့ ခေါ်လိုက်တာက ပတ္တာနုမောဒနာ၊ အဲဒီလိုရှိတယ်။

အဲဒီပတ္တိဒါနနဲ့ ပတ္တာနုမောဒနာနဲ့ ပတ်သက်ပြီးတော့ နားလည်ထားဖို့ ကောင်းတာရှိတယ်၊ ဗုဒ္ဓဘာသာမှာ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့ အယူအဆရှိတယ်၊ ကိုယ်လုပ်တာကို သူများမရဘူး၊ သူများလုပ်တာကိုယ်မရဘူး၊ အဲသလို principle ရှိပြီးတော့ အခုကျတော့ ကုသိုလ်အမျှပေးနေပါလား၊ အမျှဝေနေပါလား၊ ရူးနေတာလား၊ ဘယ်လိုလဲ၊ ဒါ မေးစရာဖြစ်တယ်၊ ပြောစရာရှိတယ်။

ပတ္တိဒါန၊ မိမိရဲ့ ကုသိုလ်အဖို့ကို ပေးတယ်ဆိုတာ မိမိမှာရှိတဲ့ ပစ္စည်းတစ်မျိုးကို ပေးလိုက်တာမျိုး မဟုတ်ဘူး၊ နောက်ဆုံးပြောမယ်၊ ကိတ်မုန့် တစ်လုံးရှိတယ်။ ထက်ခြမ်းခြမ်းပြီး သူများကိုပေးလိုက်တာမျိုးမဟုတ်ဘူး၊ အဲသလို မျိုးသာ ဆိုရင် ကိုယ်က တစ်ခြမ်းပဲ စားရမယ်၊ တစ်ခြမ်းကို သူများပေးရမယ်ပေါ့။

အခုပတ္တိဒါနဆိုတာ အမှန်ကတော့ ကိုယ့်ကုသိုလ်ကို အကြောင်းပြုပြီးတော့ သူ့ကို ကုသိုလ်ရအောင် လုပ်ပေးလိုက်တာ၊ ဒါကိုပဲပတ္တိဒါနလို့ခေါ်တာ၊ ကိုယ်က ကုသိုလ်ပြုပြီးတော့ ငါ့ကုသိုလ်ကို အမျှယူကြပါ၊ အမျှယူကြပါဆိုတာ ကုသိုလ်ကို မင်းတို့ဝမ်းသာကြပါ၊ ငါ့ကုသိုလ်အကြောင်းပြုပြီး ဝမ်းသာကြပါလို့ပြောတာ။

အဲသလို ဝမ်းသာလို့ ဟိုပုဂ္ဂိုလ်က သာဓု သာဓု သာဓုလို့ ခေါ်လိုက်တော့ သူ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်သွားတယ်၊ အဲဒီကုသိုလ်စိတ်ဟာ ကိုယ့်ကုသိုလ်က အကြောင်းခံတာ၊ ကိုယ့်ကုသိုလ်ကသူ့ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းဖြစ်တယ်၊ ဒါကိုပဲ အမျှဝေတယ်၊ အမျှရတယ်လို့ဆိုတယ်။

အမျှဝေတယ်ဆိုတာကို အင်္ဂလိပ်လို (transfer of merit) အဲဒါ

[စာမျက်နှာ-155] မကောင်းဘူး၊ transfer ဆိုတာက တစ်နေရာက တစ်နေရာကို ရွှေ့လိုက်တာ ဆိုတော့ ကိုယ့်ဆီမရှိတော့ဘူး၊ ပစ္စည်းတစ်ခုကို ဟိုနားရွှေ့လိုက်တော့ ပစ္စည်းက ဒီနားမရှိတော့ဘူးပေါ့၊ ဒါကြောင့်မို့ transfer ဆိုတာ မကောင်းဘူး၊ sharing ဆိုရင် နည်းနည်းတော်သေးတယ်၊ ဒါလည်းပဲ သိပ်မဟုတ်လှဘူး၊ ဒါပေမယ့် transfer ထက်စာရင်တော်သေးတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး sharing ထက် ကောင်းတဲ့စကားလုံးကလည်း ရှာမတွေ့ဘူး၊ ဒါကြောင့်မို့ sharing of merit လို့သုံးတာက ပိုကောင်းတယ်။

ကောင်းပြီ၊ ဒါကြောင့်မို့ အမျှဝေတဲ့အခါမှာ ကိုယ့်ကုသိုလ်လျော့သွားသလား မလျော့ဘူး ကိုယ့်ကုသိုလ်သူများဆီ ရောက်သွားသလား၊ ရောက်တာမဟုတ်ဘူး၊ ကိုယ့်ကုသိုလ်ကို အကြောင်းပြုပြီး သူတို့ကိုပါ ကုသိုလ်ရအောင်လုပ်ပေးတာပင်လျှင် အမျှပေးတာလို့ခေါ်တယ်။

ပထမဆုံး ကိုယ်က လုံးဝကုသိုလ်မလုပ်ဘဲနဲ့တော့ အမျှပေးလို့မရဘူး၊ ဒါကြောင့် ပထမဆုံး ကိုယ်က ကုသိုလ်လုပ်ရမယ်၊ ဒါနကုသိုလ်ဖြစ်စေ၊ သီလကုသိုလ် ဖြစ်စေ၊ ဘာဝနာကုသိုလ်ဖြစ်စေ လုပ်ရမယ်၊ အထူးသဖြင့် ဒါနပေါ့။

ပြုပြီးတဲ့နောက် အမျှယူတော်မူပါလို့ အမျှပေးလိုက်တယ်၊ သူတို့က သာဓု၊ သာဓု၊ သာဓုခေါ်လိုက်တဲ့အခါကျတော့ သူတို့မှာ ကုသိုလ်ရသွားတယ်။ အဲဒီလို အမျှဝေတဲ့အခါမှာ အခုလူ့လောကမှာ အမျှဝေတော့ တခြားလူတစ်ယောက်က သာဓု၊ သာဓု၊ သာဓုခေါ်တော့ သူကုသိုလ်ရသွားတာပဲဆိုပြီး ဘာမှစိတ်မှာ ထူးထူးခြားခြားဖြစ်မသွားဘူး၊ ဒါပေမယ်လို့ ကွယ်လွန်ပြီးသူတွေကို ရည်ရွယ်ပြီးလုပ်တဲ့ ကုသိုလ်ကို အမျှပေးဝေတာကျတော့ ဟိုပုဂ္ဂိုလ်တွေက သာဓုခေါ်နိုင်ရင် သာဓုခေါ်တဲ့ အချိန်အခါနဲ့ တိုက်ဆိုင်နေရင် အခြေအနေက ပိုကောင်းတယ်။

မြတ်စွာဘုရားလက်ထက်က ဗိမ္ဗိသာရမင်းကြီးဆိုတာရှိတယ်၊ အဲဒီဗိမ္ဗိသာရ မင်းကြီးရဲ့ ဆွေမျိုးတွေဟာ ဟိုရှေးရှေးအခါထဲကပြိတ္တာဖြစ်နေကြတယ်၊ သံဃာတော် တွေကို ဆွမ်းလုပ်ကျွေးတော့ သံဃာတော်တွေ မကပ်ဘဲ သူတို့စားလို့သောက်လို့ ပေါ့လေ၊ အဲသလိုဖြစ်နေတော့ သူတို့ဟာ ပြိတ္တာဖြစ်ပြီး မစားရမသောက်ရဖြစ်နေတယ်။

ဘုရားတစ်ဆူပွင့်လိုက်ပြန်ရင် သူတို့လျှောက်ထားကြတယ်၊ သူတို့ပြိတ္တာ ဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲပေါ့၊ အဲဒီတော့ မြတ်စွာဘုရားရှင်တို့က ကြည့်လိုက်တော့ ငါတို့လက်ထက်မှာ မင်းတို့ လွတ်ကိန်းမမြင်ဘူးပေါ့၊ ဒါပေမယ့် ဂေါတမ မြတ်စွာဘုရား ပွင့်တဲ့အခါ မင်းတို့ရဲ့ ဆွေမျိုးဟာ ဗိမ္ဗိသာရမင်းကြီးဆိုတာဖြစ်လိမ့်မယ်။

[စာမျက်နှာ-156] သူဖြစ်တဲ့အခါမှာ အလှူကြီးလုပ်လိမ့်မယ်၊ အဲဒီအခါမှာ မင်းတို့အမျှရလိမ့်မယ်။ အဲသလိုပြောတော့ သူတို့မှာ နက်ဖြန်သန်ဘက်ရတော့မလားလို့ ဝမ်းသာသွားတာပေါ့ လေ။

အဲဒါနဲ့ ဂေါတမမြတ်စွာဘုရား လက်ထက်ရောက်တော့ ဗိမ္ဗိသာရမင်းကြီး ဆိုတာလည်း ရာဇဂြိုဟ်ပြည်မှာ မင်းဖြစ်လာတယ်၊ ဗိမ္ဗိသာရမင်းကြီးဟာ ဒီလိုအကျိုး အကြောင်းတွေ မသိတော့ အလှူလုပ်တဲ့အခါ အမျှမဝေဖြစ်ဖူးဘူးပေါ့၊ သူတို့က အမျှမရလိုက်ကြဘူး၊ အမျှမရကြတော့ ညအခါ ခြောက်လှန့်ကြတယ်။

ဗိမ္ဗိသာရမင်းကြီးဟာ သူတို့ရဲ့ ငြီးညူအော်သံကြားပြီး မနက်ကျတော့ မြတ်စွာဘုရားထံလျှောက်ထားတယ်၊ ညကကြားရတဲ့အသံတွေအကြောင်း လျှောက်တော့ ဘုရားက အဲဒါ အခြားသူမဟုတ်ဘူး၊ မင်းဆွေမျိုးတွေ၊ သူတို့က အမျှစောင့်နေတာ၊ အဲဒါအမျှမဝေလို့ ကိုယ်ထင်ပြပြီး အမျှ တောင်းခံတာဆိုတော့မှ နောက်တစ်ခါ ထပ်ကုသိုလ်ပြုပြီး သူတို့ကို တိုက်ရိုက်ရည်စူးပြီး အမျှဝေတယ်၊ အဲဒီအခါမှ သူတို့ အမျှရကြပြီး သာဓုခေါ်တဲ့အခါ စားစရာသောက်စရာတွေ ရသွားတယ်၊ ဝတ်ဆင်စရာ တွေ ရသွားတယ်။

ဒါကြောင့်မို့ ပတ္တိဒါန ပတ္တာနုမောဒနာပြုတဲ့အခါမှာ တိုက်ရိုက်ရည်စူးပြီး ပြုတာရှိတယ်၊ သဗ္ဗေသတ္တာအတွက် ပြုလုပ်တာရှိတယ်၊ သဗ္ဗေသတ္တာအတွက် ထည့်ပြီးအမျှဝေလို့ သာဓုခေါ်ရင် ကုသိုလ်ရတာပဲ၊ ချက်ခြင်းတိုးတက်သွားတာ ဟုတ်ချင်မှဟုတ်မယ်။

သို့သော် ခုနလို ပုဂ္ဂိုလ်အတွက် သီးခြားရည်ရွယ်ပြီးတော့ အမျှဝေတဲ့အခါ ကျတော့ သူတို့ကလည်း သာဓုခေါ်နိုင်တယ်ဆိုရင် သူတို့တကယ်ရတယ်၊ နတ်ပဲဖြစ် ဖြစ်၊ တစ္ဆေပြိတ္တာပဲဖြစ်ဖြစ်ပေါ့လေ၊ ရတယ်၊ ဒါကြောင့် ပတ္တိဒါနနဲ့ ပတ္တာနုမောဒနာ အကြောင်းကို ဒီလိုနားလည်ထားပါတဲ့၊ တော်ကြာကျတော့ မင်းတို့ ဗုဒ္ဓဘာသာက ကိုယ်လုပ်မှ ကိုယ်ရတယ်လည်းပြောသေးတယ်၊ အခုတော့ သူများလုပ်တာ သာဓု ခေါ်ပြီး ရနေပါလားလို့ ပြောကြလိမ့်မယ်၊ သာဓုမခေါ်ရင် မရဘူး။

ဒါနဲ့ ပတ်သက်ပြီးတော့ အရှင်အနုရုဒ္ဓါအလောင်း ဟိုရှေးရှေးက အန္နဘာရ သူဆင်းရဲဖြစ်ခဲ့တုန်းက တစ်နေ့တော့ ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးက သမာပတ်မှ ထပြီးတော့ သူဆင်းရဲကို ချီးမြှောက်ချင်တာနဲ့ ဆွမ်းခံကြွတယ်၊ သူက မြင်တဲ့အခါ ဆွမ်းရပါပြီလားမေး၊ မရသေးဘူးပေါ့၊ ဒါနဲ့ ခဏနေပါဦးဆိုပြီး အိမ်ပြန်၊ သူ့အတွက် ချန်ထားတဲ့ သူစားမယ့်ထမင်းကို မစားဘဲ ရှင်ပစ္စေကဗုဒ္ဓါကို လှူလိုက်တယ်။

[စာမျက်နှာ-157] အဲသလိုလှူလိုက်တော့ နတ်တွေက (ထီးချက်စောင့်လို့ခေါ်တဲ့နတ်) သာဓု ခေါ်သံ သူဌေးက ကြားတော့ သူဌေးလှူတာကို သာဓုခေါ်တယ် ထင်ပြီးမေးတာ၊ နတ်ကပြောတယ်၊ မင်းလှူတာ သာဓုခေါ်တာမဟုတ်ဘူး၊ အန္နဘာရ သူဆင်းရဲဟာ သူစားမယ့် ထမင်းမစားဘဲ ရှင်ပစ္စေကဗုဒ္ဓါကို လှူတဲ့အတွက်ကြောင့် သာဓုခေါ် တာဆိုတော့ သူဌေးက သူပြုတဲ့ ကုသိုလ် ငါရအောင်ယူမယ်ပေါ့၊ နတ်ကတောင် ချီးကျူးရတဲ့ ကုသိုလ်ဖြစ်သွားပြီမဟုတ်လား။

အဲဒါနဲ့ သူက အန္နဘာရကို ပြောတယ်၊ ဟေ့- မင်းထမင်း ငါဝယ်မယ်ကွ၊ ရှင်ပစ္စေကဗုဒ္ဓါဆိုတော့ ရောက်သွားပြီ၊ ဒါပေမယ့် မင်းရဲ့ ထမင်း ငါဝယ်မယ်၊ ပထမတစ်ကျပ်ပေးတယ်၊ မရောင်းဘူး၊ ဒါနဲ့ နှစ်ကျပ်သုံးကျပ် တိုးပေးသွားတာ တစ်ဆယ်အထိ ပေးသွားတယ်၊ မရောင်းနိုင်ဘူးဆိုတော့ “မင်းရဲ့ထမင်း မရောင်းနိုင် ရင်လည်း ငါ့ကို အမျှလေးတော့ ပေးပါကွာ”ဆိုတော့ ဒါကတော့ ပေးနိုင်တယ် ဆိုပြီး ရှင်ပစ္စေကဗုဒ္ဓါ သွားလျှောက်တယ်။

“အရှင်ဘုရား ဒီလိုပဲ ကုသိုလ်အဖို့တောင်းနေတယ်ပေါ့၊ တပည့်တော်ပေးရ မလား”ဆိုတော့ ရှင်ပစ္စေကဗုဒ္ဓါက အဲဒီအခါမှာ ပြောပြတာရှိတယ်၊ ရှင်ပစ္စေကဗုဒ္ဓါကြီး က ဒီလိုလုပ်ခဲတယ်၊ ဆုတောင်းပြည့်စေသတည်းဆိုပြီး ပြန်သွားကာပဲများတယ်၊ ဒီတစ်ခါကျတော့ ရှင်ပစ္စေကဗုဒ္ဓါက ဥပမာလေးတစ်ခုနဲ့ပြောတယ်။

အဲဒီဥပမာက ဆီမီးဥပမာပါ၊ “မင်းဆီမှာ ဆီမီးတစ်တိုင်ရှိတယ်တဲ့၊ လားသမျှ လူတွေက သူတို့မီးအိမ်လေးတွေဆီဆွတ်ပြီး မင်းဆီလာကြပြီး မင်းဆီမီး လာညှိပြီး ယူသွားကြတဲ့အခါ မင်းမူလဆီမီး ရှိသေးလား မရှိဘူးလား”တဲ့၊ “ရှိတာပေါ့၊ ပိုပြီး လင်းလာသေးတယ်”ဆိုတော့၊ အေး-ဒီအတိုင်းပဲ၊ မင်းကုသိုလ်ကို သူတို့က အမျှယူတဲ့ အတွက်ကြောင့်မို့ သူတို့လည်း ကုသိုလ်ရမင်းလည်းထပ်ကုသိုလ်ရတယ်၊ ဒါကြောင့်မို့ အမျှပေးပေးလိုက်ဆိုတော့မှ အဲဒီတော့မှ သူက အမျှပေးတာ။

အမျှသာပေးတာ၊ ဟိုက ပိုက်ဆံပေးတော့ မယူပြန်ဘူး၊ “ကျွန်တော် ခင်ဗျားကို စေတနာနဲ့ အမျှပေးတာပါ၊ ရောင်းတာမဟုတ်ဘူး” ဆိုတော့မှ “မဟုတ်ပါဘူးကွာ၊ ငါလဲမင်းကို ကျေးဇူးတင်လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာပါ”လို့ အဲသလို လုပ်ယူရတယ်၊ “နောက်လည်း မင်းဘာမှ အလုပ်လုပ်မနေနဲ့တော့၊ လိုချင်တာရှိ ငါ့ထံ တောင်း” ဆိုပြီးတော့ အန္နဘာရလုလင်ဟာ ချမ်းသာသွားတယ်ပေါ့။

ဒါကြောင့်မို့ အရေးကြီးတာက ပတ္တိဒါန၊ ပတ္တာနုမောဒနာလုပ်တဲ့နေရာမှာ ကုသိုလ်ဟာ လျော့သွားတာမဟုတ်ဘူး၊ အဲဒီလိုလုပ်တဲ့အတွက်ကြောင့် ပတ္တိဒါန

[စာမျက်နှာ-158] ကုသိုလ်တစ်ခုထပ်ရတယ်။

ဒါကြောင့်မို့ အမျှပေးရင် ကုသိုလ်တိုးတောင်တိုးသေးတယ်၊ လျော့မသွားဘူး၊ အမျှပေးတဲ့ ကုသိုလ်တစ်ခု ထပ်ရတယ်၊ ဒါဟာပတ္တိဒါန၊ ပတ္တာနုမောဒနာနဲ့ ပတ်သက်ပြီးတော့ မှတ်စရာတွေပဲ။

နောက်တစ်ခုက ဓမ္မဿဝန၊ တရားနာမှု၊ တရားနာတယ်ဆိုတာလည်းပဲ ရိုးရိုးသားသားနဲ့ တကယ်တရားကိုလိုလားပြီး နာယူတာမျိုးကို ဆိုလိုတာ၊ ဒီလူတော့ တရားနာတတ်တယ်လို့ သူများပြောစေချင်တာနဲ့ သွားနာတာမျိုးကျတော့ ကုသိုလ် မရဘူးလို့တော့ မဆိုလိုဘူးပေါ့၊ အဲဒီလို တရားနာယူမှုဟာလည်းပဲ ပုညကြိယာဝတ္ထု ဆယ်ပါးမှာ တစ်ပါးပါတယ်။

ဓမ္မဒေသနာတဲ့၊ လာဘ်လာဘကို မငဲ့ကွက်ဘဲ တရားဟောမှု၊ ဒီနေရာမှာ လာဘ်လာဘကိုငဲ့ပြီး တရားဟောရင် ကုသိုလ်မရဘူးလို့တော့ မဆိုလိုဘူးပေါ့လေ။ များများမရဘူးပေါ့။

ဒါကြောင့်မို့ တရားဟောတဲ့အခါ တရားဟောတဲ့ပုဂ္ဂိုလ်က (လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်) တကယ့်ကို စေတနာသန့်သန့်နဲ့ လာဘ်လာဘကို မငဲ့ကွက်ဘဲ ဟောမှပြောမှ ကုသိုလ်ကောင်းကောင်းရတယ်။

ဒါကြောင့်မို့ တရားနာတာလည်း ကုသိုလ်တစ်ခုပဲ၊ တရားဟောတာလည်း ကုသိုလ် တစ်ခုပဲ၊ ဒီနေရာမှာ တရားနာတာနဲ့ ပတ်သက်ပြီးတော့ အပြစ်ကင်းတဲ့ အတတ်ကို သင်ယူတာလို့ပါတယ်၊ ဒါလည်းပဲတရားနာတာပဲ၊ ဒါကို အပြစ်ကင်းတဲ့ အတတ်မျိုး သင်ယူတာတောင်မှ ဓမ္မဿဝနထဲမှာ ထည့်လို့ရတယ်၊ ဓမ္မဒေသနာလည်း ဒီအတိုင်းပဲ၊ အပြစ်ကင်းတဲ့ အတတ်မျိုး သင်ပေးတာတို့၊ တရားသင်ပေးတာတို့၊ တရားဟောတာတို့ဟာ ဓမ္မဒေသနာပဲ၊ တရားနာခြင်းသည်လည်း ကုသိုလ်တစ်ခုပဲ။ တရားဟောတာလည်း ကုသိုလ်တစ်ခုပဲ။

ကောင်းပြီးမှ နောက်တစ်ခုက ဒိဋ္ဌိဇုကမ္မတဲ့၊ အယူကိုဖြောင့်မတ်စွာပြုမှု၊ ဒါက ဘာလဲဆိုတော့ ကံ၊ ကံ၏ အကျိုးကို ယုံကြည်တာ၊ ကမ္မဿကတာဆိုတာ ရှိတယ်၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ ယုံကြည်တာ။

လောကမှာ စဉ်းစားကြည့်လိုက်ရင် လူတွေဟာ အချို့ အသက်ရှည်တယ်၊ တချို့ အသက်မရှည်ဘူး၊ တချို့လှတယ်၊ တချို့မလှဘူး၊ တချို့ရောဂါကင်းတယ်၊ တချို့ရောဂါမကင်းဘူး၊ အမျိုးမြတ်တယ်၊ အမျိုးမမြတ်ဘူး အစရှိသည်ဖြင့် ရှိကြ ရာမှာ ဒါတွေဟာ ဘာကြောင့်ဖြစ်ပါလိမ့်လို့ စဉ်းစားလိုက်တဲ့အခါမှာ အမြင်မှန်ရှိတဲ့

[စာမျက်နှာ-159] သူတွေက မြတ်စွာဘုရားဟောခဲ့တဲ့ ရှေးကံကြောင့်ပဲလို့ ပေါ်လာတယ်။

ဒါကြောင့်မို့ သတ္တဝါတွေမှာ တစ်ဘဝက တစ်ဘဝကို သွားလာနိုင်တာ ကံပဲ။ ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေပေါ့၊ ဒါကတော့ တစ်ဘဝက တစ်ဘဝပါ လာတာ၊ ရိုးရိုးပစ္စည်းတွေ၊ ရိုးရိုးခန္ဓာကိုယ်ကြီးတွေ တစ်ဘဝက တစ်ဘဝပါမလာဘူး၊ ဘယ်လောက်ချမ်းသာချမ်းသာ သေရင် ချန်ထားခဲ့ရတာပဲ၊ ကုသိုလ်ကံ အကုသိုလ် ကံကတော့ လိုက်မယ်။

ဒါကြောင့်မို့ ကုသိုလ်ကံ အကုသိုလ်ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်တယ်လို့ ဒီလိုယုံကြည်တာ၊ ဒီလိုသိမြင်တာကို ကမ္မဿကတာဉာဏ်လို့ခေါ်တယ်၊ ဒါကိုပဲ ဒီမှာ ဒိဋ္ဌိဇုကမ္မ အယူကို ဖြောင့်မှန်စွာပြတဲ့ထဲမှာ ပါတယ်။

ပြီးတော့ ကံ၊ ကံရဲ့ အကျိုးရှိတယ်ဆိုတာ ယုံလိုက်ရင် ကံမရှိဘူး ဆိုတာလည်း မယုံတော့ဘူး၊ ကံအကျိုးမရှိဘူးဆိုတာလည်း မယုံတော့ဘူး၊ အဟေတုကဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိတို့ မဖြစ်တော့ဘူး။

အဲသလို အယူဖြောင့်မတ်စွာ ပြုမှုကို ဒိဋ္ဌိဇုကမ္မလို့ခေါ်တော့ အမှန်အတိုင်း ပြောမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မဟာ ဉာဏ်ပေါ့၊ အမောဟဆိုတာ ဒီစိတ်ပေါ့၊ ဒါပေမယ့် ဒီနေရာမှာကျတော့ ကံကို စကားပြောနေတာဖြစ်တဲ့အတွက်ကြောင့် အဲဒီဉာဏ်နဲ့ ယှဉ်တဲ့ကံလို့ ယူရမယ်။

ဒိဋ္ဌိဇုကမ္မသည် ပုညကြိယာဝတ္ထုဆယ်ပါးမှာတစ်ပါး အပါအဝင်ဖြစ်တယ်၊ သို့မဟုတ် ကာမာဝစရကုသိုလ်ကံထဲမှာ တစ်ပါးအပါအဝင် ဖြစ်တယ်ဆိုလို့ရှိရင် ဒီနေရာမှာ ဉာဏ်သက်သက်ကိုသာ မယူဘဲ အဲဒီဉာဏ်နဲ့ယှဉ်တဲ့စေတနာ ဒါကို ဒိဋ္ဌိဇုကမ္မလို့ ယူရမယ်၊ ဒီဆယ်ပါးကို ပုညကြိယာဝတ္ထုတဲ့၊ ပုညဆိုတာ ကောင်းမှု၊ ကြိယာဆိုတာ ပြတာ၊ ဝတ္ထုဆိုတာ တည်ရာ၊ ကောင်းမှုပြုတာဖြစ်ခြင်းရဲ့ တည်ရာဖြစ်တဲ့အကျင့်ပေါ့၊ ဒါန သီလ ဘာဝနာစသည်ဖြင့် ဆယ်မျိုးတဲ့။

ဒါကြောင့်မို့ ကာမာဝစရကုသိုလ်ကံဟာ ပထမကာယကံ၊ ဝစီကံ၊ မနောကံ ဆိုပြီးတော့ ၃-မျိုးဖြစ်နိုင်တာ၊ ဒါကတော့ ပါဏာတိပါတကရှောင်တာ၊ အဒိန္နာဒါနက ရှောင်တာ စသည်ဖြင့် အကုသိုလ်မှာ ဒုစရိုက် ၁၀-ပါးရဲ့ ပြောင်းပြန်ပေါ့။

တစ်နည်းအားဖြင့်ဆိုရင် ဒါန၊ သီလ၊ ဘာဝနာလို့ ၃-မျိုးရှိတယ်။

တစ်နည်းအားဖြင့် ပုညကြိယာဝတ္ထုအားဖြင့် ပြောမယ်ဆိုရင် ၁၀-ပါးရှိတယ်။ အဲဒီ ၁၀-ပါးက ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ။

[စာမျက်နှာ-160] အဲဒီတော့ အမှန်အတိုင်းပြောမယ်ဆိုရင် အပစာယနကစပြီးတော့ နောက်ဟာတွေကို ဒါန၊ သီလ၊ ဘာဝနာထဲ သွင်းရင်ရတယ်၊ ဒါနထဲသွင်းရင်ရတယ်၊ သီလထဲ သွင်းရင်ရတယ်၊ ဘာဝနာထဲသွင်းရင်ရတယ်။

ဒါကြောင့်မို့ ဒီ ၁၀-ပါးကို ပြန်အကျဉ်းချုံးလိုက်မယ်ဆိုရင် ဒါန၊ သီလ၊ ဘာဝနာ ၃-ပါးပဲ ပြန်ဖြစ်သွားတယ်။

ကောင်းပြီ၊ ဘယ်လိုလုပ်သွင်းရမလဲ၊ အပစာယနနဲ့ ဝေယျာဝစ္စ ဒီ ၂-ပါးကို သီလမှာသွင်းပါ၊ အပစာယန အရိုအသေပြုပါဆိုတော့ ကောင်းတဲ့အလေ့အကျင့် မဟုတ်ဘူးလား၊ စာရိတ္တခေါ်တာပေါ့၊ ဝေယျာဝစ္စ၊ သူတစ်ပါးကို ကူညီဆောင်ရွက်တယ် ဆိုတာလည်း ကောင်းတဲ့အလေ့အကျင့်၊ ဒါကြောင့် ကောင်းတဲ့အလေ့အကျင့် ဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို သီလထဲသွင်းလို့ရတယ်။

ပြီးတော့ ပတ္တိဒါနနဲ့ ပတ္တာနုမောဒန ၂-မျိုးကို ဒါနမှာ သွင်းပါ၊ ဒါက ဘာသဘောလည်းဆိုတော့ ဒါနပြုတဲ့သူတွေဟာ ဣဿာမစ္ဆရိယကင်းတယ်၊ သူတပါး ပစ္စည်းရသွားမှာကို မနာလိုနေရင် ဘယ်လိုလုပ် လှူနိုင်မလဲ၊ အလှူလှူတယ်ဆိုရင် ပေးကမ်းတယ်ဆိုရင် ဣဿာနဲ့ မစ္ဆရိယကို ပယ်ရတယ်၊ အလှူက ဣဿာမစ္ဆရိယရဲ့ ဆန့်ကျင်ဘက်။

ထို့အတူပဲ၊ ပတ္တိဒါနနဲ့ ပတ္တာနုမောဒနာဟာလည်းပဲ ဣဿာမစ္ဆရိယကင်းမှ ဖြစ်မယ်၊ ကိုယ့်ကောင်းမှု သူများရသွားမှာစိုးရင် ဘယ်လိုလုပ်ပြီးတော့ ပတ္တိဒါန ဖြစ်နိုင်မလဲ၊ အမျှပေးနိုင်မလဲ၊ ပြီးတော့ သူတစ်ပါးကောင်းမှုပြုတာကို ကိုယ်က မနာလိုနေရင် ဘယ်လိုလုပ်ပြီး ပတ္တာနုမောဒနာ ဖြစ်နိုင်မလဲ။

ဒါကြောင့်မို့ ပတ္တိဒါန ပတ္တာနုမောဒနာဖြစ်ဖို့ဆိုရင် ဣဿာမစ္ဆရိယမပါမှ ဖြစ်မယ်၊ ဒါကြောင့်မို့ သဘောချင်းတူတဲ့ အတွက်ကြောင့် ပတ္တိဒါနနဲ့ ပတ္တာနုမောဒနကို ဒါနထဲသွင်းပါ။

ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ ဒီ ၃-ပါးကိုတော့ ဘာဝနာထဲသွင်းပါ။ ဘာဝနာဆိုတာ စိတ်ဓာတ်လေ့ကျင့်မှု၊ စိတ်ဓာတ်ပွားများမှုပေါ့၊ အဲဒီတော့ ဓမ္မဿဝန တရားနာတယ်ဆိုတာ ကုသိုလ်ပွားတယ်ပေါ့၊ ဓမ္မဒေသနာတရားဟောတယ်၊ ကုသိုလ် ပွားတယ်၊ အယူကိုဖြောင့်မှန်စွာပြုတယ်၊ ဒီအယူဖြောင့်မှန်မှ ကုသိုလ်ဖြစ်တာ၊ ဒီအယူမှားနေရင် ကုသိုလ်ဖြစ်ပါ့မလား၊ အလွန်ကို ခဲယဉ်းလိမ့်မယ်၊ မိစ္ဆာဒိဋ္ဌိ အရင်းခံထားရင် ကုသိုလ်အဖြစ်နည်းတာပေါ့။

ဒါကြောင့်မို့ ဓမ္မဿဝန၊ ဓမ္မဒေသန၊ ဒိဋ္ဌိဇုကမ္မ၊ ၃-မျိုးကို ဘာဝနာထဲ

[စာမျက်နှာ-161] သွင်းပါတဲ့၊ ဒါကြောင့်မို့ ဦးဇင်းတို့ ရေစက်ချတဲ့အခါမှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာတွေကြောင့် အစချီပြီး ချပေးတာရှိတယ်၊ ဘာကြောင့် ဒီလိုချပေး ရတာလဲ၊ ဘာဝနာလုပ်တာလည်း မဟုတ်ဘဲနဲ့ ဒီလိုချပေးရသလားလို့ ပြောစရာရှိတယ်။ မဟုတ်ဘူး၊ ဟောတဲ့တရားကို နာတာ၊ ပရိတ်နာတာလည်း ဘာဝနာပဲ။

ဒါကြောင့်မို့ အလှူအတန်းတစ်ခု လုပ်တဲ့အခါမှာ ဆွမ်းကျွေးတယ်ဆိုပါစို့၊ ဆွမ်းကျွေးတဲ့အတွက်ကြောင့် ဒါနကုသိုလ် မဖြစ်ဘူးလား၊ ပြီးတော့ ရေစက်ချခါနီး ကျတော့ သီလမယူဘူးလား၊ သီလကုသိုလ်ဖြစ်တယ်၊ ဘုန်းကြီးဟောတဲ့ တရား နာတယ်၊ ပရိတ်နာတယ်နော်။

ဒါကြောင့် ဆွမ်းကျွေးတယ်ဆိုပေမယ့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ် ၃ မျိုးစလုံးဖြစ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မဟာ ဒါန သီလ ဘာဝနာ ၃ မျိုးစလုံးမှာပဲ သွင်းယူပါ၊ ဒါက ဘာနဲ့ တူသလဲ ဆိုတော့ ဒိဋ္ဌိဇုကမ္မက သင်္ဘောမှာ ပဲ့နဲ့ တူတယ်။

သင်္ဘောမှာ ပဲ့မပါရင် ပရမ်းပတာသွားမယ်၊ လိုရာမရောက်သလိုပဲ အယူမမှန်ရင် ပရမ်းပတာဖြစ်မယ်၊ ဒါကြောင့်မို့ အယူမှန်မှုဟာ ဒါနနဲ့လည်းဆိုင်တယ်၊ သီလနဲ့လည်း ဆိုင်တယ်၊ ဘာဝနာနဲ့လည်းဆိုင်တယ်။

ဒါကြောင့်မို့ ဒီနည်းအားဖြင့် ပြောမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မဟာ ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးလုံးနဲ့ဆိုင်တယ်၊ ဒိဋ္ဌိဇုကမ္မဆိုတာနဲ့ လှူနေလို့ မဟုတ်ဘူး၊ သီလဆောက်တည်နေလို့မဟုတ်ဘူး၊ ဒါပေမယ်လို့ အယူမှန် ရှိမှ ဒါနပြုနိုင်တယ်။ အယူမှန်ရှိမှ သီလဆောက်တည်နိုင်တယ်၊ အယူမှန်ရှိမှ ကမ္မဋ္ဌာန်းဘာဝနာ ဝိပဿနာ ဘာဝနာပွားများနိုင်တယ်။

ဒါကြောင့် တစ်နည်းအားဖြင့် သွင်းမယ်ဆိုရင် ဒိဋ္ဌိဇုကမ္မကို ဒါန သီလ ဘာဝနာ ၃-ပါးလုံးမှာ သွင်းနိုင်တယ်။

ကောင်းပြီ၊ ဒီမှာ ကာမာဝစရကုသိုလ်ကံ အကြောင်းပြီးသွားပြီဆိုပါတော့၊ အစကနေ ပြန်ခေါက်လိုက်မယ်ဆိုရင် ကာမာဝစရကုသိုလ်ကံဟာ ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ၃-မျိုးရှိတယ်၊ ကာမဒွါရအားဖြင့် ၃-မျိုးရှိတယ်။ တစ်နည်းအားဖြင့် ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-မျိုးရှိတယ်၊ စိတ်အနေအားဖြင့် ပြောစမ်းပါဆိုရင် ကာမာဝစရကုသိုလ်စိတ် ၈-ပါး မဟုတ်လား၊ အဲဒီ ၈-ခုနဲ့ ယှဉ်တဲ့စေတနာပေါ့၊ ဒါကြောင့်မို့ ၈-မျိုးလို့ဆိုရတယ်၊ ပုညကြိယာဝတ္ထုအားဖြင့်

[စာမျက်နှာ-162] ဆိုရင် ၁၀-မျိုးရှိတယ်။

ဒါကြောင့်မို့ ကာမာဝစရကို စာရင်းပိတ်မယ်ဆိုရင် ၂၀-ရှိတယ်၊ အကုသိုလ်နဲ့ ယှဉ်တဲ့ စေတနာ ၁၂-နဲ့ ကာမာဝစရကုသိုလ်နဲ့ ယှဉ်တဲ့စေတနာ ၈-ပေါင်း လိုက်ရင် အားလုံး ၂၀-ဖြစ်တယ်။

ကံဆိုတာ ကုသိုလ်အကုသိုလ်မှာသာရှိတာနော်၊ ဝိပါက်မှာမရှိဘူး၊ ကြိယာမှာမရှိဘူး၊ ဒါလေးသတိရကြ၊ ကံလို့ပြောလိုက်ရင် ကုသိုလ်၊ အကုသိုလ်ကိုပဲ ရင်းရတယ်၊ ကုသိုလ်စိတ်မှာ ကံဖြစ်နိုင်တယ်၊ အကုသိုလ်စိတ်မှာသာ ကံဖြစ်နိုင်တယ်။ ဝိပါက်စိတ်မှာ ကံမရှိဘူး၊ ကြိယာစိတ်မှာ ကံမရှိဘူး။

ဒါကြောင့် ကာမာဝစရကံ-၂၀၊ အကုသိုလ်-၁၂၊ ကုသိုလ် ၈၊ ကာမာဝစရကံ အကြောင်းက မကုန်သေးဘူး၊ နောက်ထပ်လာဦးမှာ၊ ဘယ်ကံက ဘယ်အကျိုးပေး တယ်ဆိုတာ လာဦးမှာ။

ကာမာဝစရကံပြီးတဲ့နောက် အခုဟာက ပြောတာတွေ များသွားတယ်။ အမှန်က ဘယ်က လာခဲ့သလဲဆိုတော့ ပါကဋ္ဌာနဆိုတာက ထွက်လာခဲ့တာ၊ အကျိုးပေးရာဘုံ ဌာနအားဖြင့် ပြောမယ်ဆိုရင် ကံ ၄-မျိုးရှိတယ်၊ အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံ၊ အဲဒီမှာ အကုသိုလ်ဆိုရင်လည်း အကုသိုလ်ဒုစရိုက်တွေက အများကြီးဆိုတော့ အဲဒါတွေ ပြောနေတာနဲ့ ၂-ပတ်၊ ၃-ပတ် လောက်ကြာသွားတယ်၊ ဒီတော့မျက်ခြည် ပြတ်သွားမှာ စိုးရမယ်။

အဲဒီတော့ ပါကဋ္ဌာနအားဖြင့် အကျိုးပေးရာဘုံဌာနအားဖြင့် ပြောရရင် ကာမာဝစရကံပြီးတဲ့နောက် ရူပါဝစရကံတဲ့၊ ရူပါဝစရကံကျတော့ ကာယကံ၊ ဝစီကံရယ်လို့ မရှိဘူး၊ မနောကံတစ်မျိုးတည်းရှိတယ်။

ဒါဖြင့် ရူပါဝစရကုသိုလ်ကံဆိုတာ ရူပါဝစရကုသိုလ်စိတ် ငါးပါးနဲ့ ယှဉ်တဲ့ စေတနာကိုပြောတာ၊ ပထမဈာန်စိတ် ရှိတယ်ဆိုပါတော့၊ ပထမဈာန်နဲ့ ယှဉ်တဲ့ စေတနာ၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်နဲ့ ယှဉ်တဲ့စေတနာကို ရူပါဝစရကုသိုလ်ကံလို့ဆိုတာ။

အဲဒါ ရူပါဝစရကုသိုလ်ကံဟာ ကာယဒွါရမှာဖြစ်သလား၊ ဈာန်စိတ်တွေပဲ၊ ကာယဒွါရမှာဘယ်ဖြစ်မလဲ၊ ဝစီဒွါရမှာဖြစ်သလား၊ ဝစီဒွါရမှာဖြစ်ရင် သိပ်ကောင်း ပေါ့၊ မဖြစ်ဘူး၊ မနောကံသာရှိတယ် ကမ္မဋ္ဌာန်းတရားအားထုတ်မှ ဒီကံကို ရနိုင်တာ၊ ဒါကြောင့်မို့ မနောကံ။

[စာမျက်နှာ-163] ဒါကြောင့်မို့ ရူပါဝစရကုသိုလ်ကံမှာ ကာယကံရယ်၊ ဝစီကံရယ်၊ မနောကံရယ်၊ ၃-မျိုးခွဲခြားမှုမရှိ၊ မနောကံတစ်မျိုးသာရှိ၏။

အဲဒီမနောကံကလည်းပဲ ဘာဝနာတစ်မျိုးတည်းပဲ၊ ဒါနလည်းမဟုတ်နိုင်ဘူး၊ သီလလည်းမဟုတ်နိုင်ဘူး၊ ဟုတ်တာပေါ့၊ ကမ္မဋ္ဌာန်း မထိုင်ဘဲနဲ့ ဈာန်မှမရဘဲ။ ဘာဝနာမှ စစ်စစ်ကြီးပဲ။

အဲဒီဘာဝနာ မနောကံကလည်း အပ္ပနာဈာန်သို့ရောက်သော မနောကံတဲ့၊ အပ္ပနာသို့မရောက်သော မနောကံမဟုတ်ဘူးပေါ့၊ အပ္ပနာဆိုတာဘာလဲ မှတ်မိကြ သေးလား၊ ဈာန်၊ မဂ်၊ ဖိုလ်၊ အဲဒါကို အပ္ပနာလို့ခေါ်တယ်နော်၊ ရူပါဝစရဈာန်၊ အရူပါဝစရဈာန်၊ လောကုတ္တရာတွေ သူတို့ကို အပ္ပနာလို့ခေါ်တယ်။

ဒီမှာတော့ ဒီမှာသက်သက်ပြောမယ်ဆိုရင် ရူပါဝစရဈာန်ပေါ့၊ အပ္ပနာသို့ ရောက်တယ်ဆိုရင် ဈာန်ဖြစ်တယ်လို့ဆိုတယ်၊ အရူပါဝစရနဲ့ ပြောမယ်ဆိုရင် အရူပါဝစရပေါ့။

ဒါကြောင့်မို့ ဘာဝနာမနောကံကလည်း အပ္ပနာဈာန်သို့ရောက်သော မနောကံ၊ အပ္ပနာသို့ မရောက်တဲ့ မနောကံကို ရူပါဝစရကုသိုလ်ကံလို့ မဆိုဘူးပေါ့၊ ဈာနဝီထိလေးများ သတိရသေးလား၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ ဈာန်။

အဲဒီတော့ ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူ၊ သူကတော့ ဘာဝနာကံတွေ ပဲ မဟုတ်လား၊ သို့သော် သူက အပ္ပနာသို့ မရောက်သေးဘူး၊ သူက အပ္ပနာရဲ့ ရှေ့ပြေးပဲရှိသေးတယ်၊ ဒါကြောင့်မို့ သူ့ကို ဥပစာရလို့ခေါ်တာ၊ အပ္ပနာရဲ့ အနီးအပါးပေါ့၊ ဒါကြောင့် ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူရဲ့ အခိုက်အတန့်မှာ အပ္ပနာသို့ မရောက်သေးဘူး။

ဒါကြောင့်မို့ အဲဒီအခိုက်အတန့်မှာ ဖြစ်တဲ့ကံဟာ ရူပါဝစရကံဖြစ်ပြီလား၊ မဖြစ်သေးဘူး၊ ကာမာဝစရပဲရှိသေးတယ်၊ ဈာန်လို့ဖြစ်တဲ့အချိန်ကျမှ ရူပါဝစရ ကုသိုလ်ကံ ဖြစ်သွားတာ၊ အပ္ပနာကို ရောက်သွားတာ၊ ဒါကြောင့်မို့ ဥပစာရဈာန်၊ အပ္ပနာဈာန် နှစ်မျိုးရှိရာမှာ ဥပစာရဈာန်ဆိုတာ ကာမာဝစရ၊ ရူပါဝစရ မဟုတ် သေးဘူး၊ အပ္ပနာရောက်သွားမှ ရူပါဝစရဖြစ်မယ်၊ အပ္ပနာရောက်သွားမှ အရူပါဝစရ ဖြစ်မယ်၊ အပ္ပနာရောက်သွားမှ မဂ်ဖိုလ်ဖြစ်မယ်။

ဒါကြောင့်မို့ ရူပါဝစရကုသိုလ်ကံ ဆိုရင် မနောကံ တစ်မျိုးတည်းသာရှိတယ်။ အဲဒီမနောကံကလည်း ဘာဝနာတစ်ခုသာ၊ အဲဒီဘာဝနာကလည်း အပ္ပနာသို့

[စာမျက်နှာ-164] မရောက်တဲ့ ဘာဝနာ၊ ရောက်တဲ့ဘာဝနာ ၂-မျိုးရှိရာမှာ အပ္ပနာသို့ရောက်တဲ့ ဘာဝနာကံ၊ အပ္ပနာသို့ မရောက်သေးဘူးဆိုရင် ရူပါဝစရကံ မဖြစ်။

ဈာန်အင်္ဂါစုံအားဖြင့် ၅-ပါးရှိသည်၊ ပထမဈာန်စသည်၊ ဈာန်အင်္ဂါ ၅-ပါးနှင့် ယှဉ်တော့ ပထမဈာန်ပေါ့၊ ၄-ပါးနဲ့ ယှဉ်တော့ ဒုတိယဈာန်၊ ၃-ပါးနဲ့ ယှဉ်ရင် တတိယဈာန်၊ ၂-ပါးနဲ့ ယှဉ်ရင် စတုတ္ထဈာန်၊ ၂-ပါးနဲ့ယှဉ်ရင် ပဉ္စမဈာန်၊ အဲဒီလို ၅-ပါးရှိတယ်။

ဒါကြောင့်မို့ ရူပါဝစရကုသိုလ်ကံ ၅-မျိုးရှိတယ်ပေါ့၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဒါက မခဲယဉ်းပါဘူး။

အရူပါဝစရဈာန်၊ အရူပါဝစရ ကုသိုလ်ကံတဲ့၊ သူကလည်း ရူပါဝစရလိုပဲ မနောကံ တစ်မျိုးသာရှိသည်၊ ဟုတ်တာပေါ့၊ ရူပါဝစရဈာန်ရပြီးတဲ့နောက် သူက အာကာသာနဉ္စ၊ ဝိညာဏဉ္စ၊ အာကိဉ္စညာ၊ နေဝသညာ နာသညာယတန တက်ရတာကိုး၊ အဲသလို တက်တဲ့အခါ မနောကံ တစ်ခုတည်းနဲ့ တက်လို့ရတယ်။

ဒါကြောင့်မို့ ကာယကံလည်း မဟုတ်ဘူး၊ ဝစီကံလည်း မဟုတ်ဘူး၊ အဲဒီ မနောကံဟာလည်းပဲ ဘာဝနာတစ်မျိုးသာ၊ ဒါနမဟုတ်ဘူး၊ သီလမဟုတ်ဘူး၊ အလှူကြီးပေးလည်း အရူပါဝစရဈာန်မရဘူး၊ သီလဆောက်တည်ရင်လည်း အရူပါဝစရဈာန်မရဘူး၊ ဘာဝနာကိုလုပ်မှ။

တစ်ခါ အပ္ပနာသို့ရောက်သော မနောကံတဲ့၊ အခုနအတိုင်းပဲ၊ မနောကံဟာလည်း အပ္ပနာသို့ရောက်တာနဲ့ မရောက်တာ ၂-မျိုးရှိရာမှာ အပ္ပနာသို့ရောက်တဲ့ မနောကံတဲ့၊ ရူပါဝစရဈာန်တို့ ဘာတို့နဲ့ ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူပြီးတော့ အာကာသာနဉ္စယတနဈာန်ပေါ့၊ အဲဒီ ပရိကံ၊ အနုလုံ၊ ဥပစာ၊ ဂေါတြဘူအခိုက် အတန့်မှာ အရူပါဝစရကုသိုလ်လို့ မဆိုရသေး၊ တကယ့်ကို အာကာသာနဉ္စယတနဈာန် ဖြစ်တော့မှ အရူပါဝစရ ကုသိုလ်ကံလို့ဆိုရတယ်။

ဒါကြောင့် ရူပါဝစရကုသိုလ်နဲ့ အရူပါဝစရကုသိုလ်ကံဟာ ဆင်တူတာပဲ၊ မနောကံ တစ်မျိုးတည်းဖြစ်တာလည်းတူတယ်၊ ဘာဝနာတစ်မျိုးတည်းဖြစ်တာလည်း တူတယ်၊ အပ္ပနာသို့ ရောက်တာလည်းတူတယ်၊ သို့သော် ရူပါဝစရကုသိုလ်ကံက ၅-မျိုး၊ အရူပါဝစရကုသိုလ်ကံ ၄-မျိုး။

ရူပါဝစရကျတော့ ၅-မျိုးဖြစ်တာက ဈာန်အင်္ဂါယှဉ်ပုံအားဖြင့်ဖြစ်တယ်။ ဈာန်အင်္ဂါ ၅-ပါးနဲ့ယှဉ်လို့ ပထမဈာန်ခေါ်တယ်၊ ၄-ပါးနဲ့ ယှဉ်လို့ ဒုတိယခေါ် ဖြစ်တယ်။

[စာမျက်နှာ-165] အခု အရူပါဝစရကျတော့ ဈာန်အင်္ဂါ ၂-ပါးနဲ့ချည်းယှဉ်တာ၊ အဲဒီတော့ ဈာန်အင်္ဂါယှဉ်တာနဲ့ ပတ်သက်ပြီး ထူးခြားအောင်လုပ်လို့ မရဘူး၊ ၂-ပါးနဲ့ချည်း ယှဉ်တာ၊ ဒါကြောင့်မို့ဒီကျတော့ အာရုံအားဖြင့် ၄-မျိုးဖြစ်တယ်။

အရူပါဝစရကုသိုလ်ကံက တစ်ခုနဲ့တစ်ခု အာရုံတူရဲ့လား၊ မှတ်မိလား၊ အာကာသာနဉ္စယတန ကုသိုလ်ကံရဲ့ အာရုံက ကောင်းကင်ပညတ်၊ ဒုတိယ အရူပါဝစရဈာန်ရဲ့ အာရုံက ပထမအရူပါဝစရစိတ်၊ တတိယအရူပါဝစရဈာန်ရဲ့ အာရုံက ပထမစိတ်မရှိခြင်း နတ္ထိဘောပညတ်၊ စတုတ္ထအရူပါဝစရကံရဲ့ အာရုံက တတိယစိတ်၊ ဟုတ်ပြီလား၊ အာရုံမတူဘူး၊ အဲသလိုအာရုံအားဖြင့် ၄-မျိုး ပြားသွားတယ်၊ ဈာန်အင်္ဂါအားဖြင့်ဆိုရင် ၂-မျိုးချည်းနေမှာပဲ၊ ဈာန်အင်္ဂါ ၂-ခုနဲ့ချည်း ယှဉ်တာဖြစ်လို့ဈာန်အင်္ဂါအားဖြင့် ခွဲခြားလို့ မရဘူး။

ဒီမှာက ဈာန်အင်္ဂါတူတယ်၊ အာရုံမတူဘူး၊ အရူပါဝစရကျတော့ ပြန်သွား လိုက်စမ်း၊ အာရုံတူနိုင်တယ်၊ ဈာန်အင်္ဂါမတူဘူး၊ ပထဝီကသိုဏ်း တစ်ခုတည်းကို အာရုံပြုပြီးတော့ ပထမဈာန်ရမယ်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ရမယ်၊ အဲသလိုဆိုရင် အာရုံတူတယ်၊ ဒါပေမယ်လို့ ဈာန်အင်္ဂါမတူဘူး၊ ပထမဈာန်ကျတော့ ဈာန်အင်္ဂါ ၅-ပါးရှိတယ် စသည်ဖြင့်သွားမယ်၊ ဒါကြောင့်မို့ အာရုံအားဖြင့် ဝေးပြေးဖြစ်သွားတယ်။

အဲဒီတော့ ပြန်ပြောစမ်းပါ၊ ရူပါဝစရကုသိုလ်ကံဆိုတာ ဘယ်ဟာလဲလို့ မေးရင် ရူပါဝစရကုသိုလ်စိတ်နဲ့ ယှဉ်တဲ့စေတနာ၊ အရူပါဝစရကုသိုလ်ကံဟာ အရူပါဝစရ ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ စေတနာ၊ ဒါပါပဲ၊ တခြားဟာတွေတော့ ကာယကံလား၊ ဝစီကံလား၊ မနောကံလားဆိုရင် မနောကံ၊ ဒါနလား၊ သီလလား၊ ဘာဝနာလား မေးရင် ဘာဝနာ၊ အပ္ပနာရောက်လား၊ မရောက်ဘူးလားဆိုရင် ရောက်တယ်ပေါ့၊ အပ္ပနာမရောက်ရင် ရူပါဝစရ၊ အရူပါဝစရလို့တောင် မခေါ်နိုင်ဘူး။

အခု အကျိုးပေးရာဘုံတဲ့၊ ကာမာဝစရကုသိုလ်ကံတွေရှိတယ်၊ အကုသိုလ် ကံတွေရှိတယ်၊ သူတို့တွေက ဘယ်လိုအကျိုးပေးသလဲ၊ ဘယ်ဘုံတွေမှာ အကျိုးပေး သလဲ၊ ဒါကို တစ်ဆင့်တက်ပြီး လေ့လာရမယ်၊ နားလည်အောင် လုပ်ရမယ်။

အဲဒီတော့ ပထမအကုသိုလ်ကံထဲက ပြောရမယ်၊ အကုသိုလ်ကံမှာလည်းပဲ ဥဒ္ဓစ္စ ယှဉ်သော အကုသိုလ် ၁၁ (၁၂ မဟုတ်ဘူး၊ တစ်ခါတစ်ခါ ရိုက်တာလွဲသွားတယ်)၊ အကုသိုလ်စိတ် ၁၂-ပါးရှိတဲ့အနက်မှာ ဥဒ္ဓစ္စသမ္ပယုတ်စိတ် မပါနဲ့ပေါ့၊ တခြားစိတ် ၁၁-ပါးနဲ့ ယှဉ်တဲ့စေတနာပေါ့၊ အဲဒါကို ဆိုလိုတာ။

[စာမျက်နှာ-166] အကုသိုလ်ကံ ၁၁-ခုဟာ ဘယ်ဘုံမှာ အကျိုးပေးမလဲဆိုရင် အပါယ် ၄-ဘုံမှာ ပထမအကျိုးပေးမယ်၊ ဘာအကျိုးပေးမလဲ၊ ပဋိသန္ဓေ အကျိုးပေး မယ်၊ ဒီပဋိသန္ဓေအကျိုးဆိုတာ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ။

ဒီဘဝ သေပြီးတော့ ငရဲကျသွားမယ်၊ ငရဲမှာ ပဋိသန္ဓေဖြစ်တယ်၊ အဲဒီပဋိသန္ဓေ ဘာကြောင့်ဖြစ်သလဲဆိုရင် အကုသိုလ် တစ်ခုခုကြောင့်ပေါ့၊ ဒါကြောင့်မို့ ပဋိသန္ဓေ အကျိုးပေးတယ်၊ ဥဒ္ဓစ္စလာလိမ့်ဦးမယ်။

ဒါကြောင့်မို့ ဥဒ္ဓစ္စမပါတဲ့ အကုသိုလ်စိတ် ၁၁-ခုဟာ အပါယ် ၄-ဘုံမှာ ပဋိသန္ဓေအကျိုးပေးနိုင်တယ်၊ ပဋိသန္ဓေကျိုးပေးတယ်ဆိုတာ အကုသလဝိပါက် ဥပေက္ခာသန္တီရဏကို ဖြစ်စေတယ်၊ အပါယ်မှာ ပဋိသန္ဓေနေတယ်ဆိုရင် ဘယ်စိတ်နဲ့ နေသလဲ၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ နေတယ်မဟုတ်ဘူးလား၊ ဒါ ပဋိသန္ဓေက အစနားမှာ ပါပြီးပြီ။

အဲဒီတော့ ဥဒ္ဓစ္စကတော့ ပဋိသန္ဓေကျိုးမပေးနိုင်ဘူး၊ ဥဒ္ဓစ္စကတော့ မရေမရာ သမား၊ တွေဝေနေတဲ့သူ၊ အာရုံပေါ်မှာ စွဲစွဲမြဲမြဲ မတည်ဘဲနဲ့နေတဲ့တရား၊ အဲဒီ ဥဒ္ဓစ္စသဟဂုတ်စိတ်မှာ သူနဲ့ယှဉ်တဲ့ စေတသိက်တွေ ကြည့်လိုက်မယ်ဆိုရင်လဲ လောဘလည်း မပါဘူး၊ ဒေါသလည်း မပါဘူး၊ ထက်မြက်တဲ့ စေတသိက်တွေ တစ်ခုမှ မပါဘူး။

အဲဒီတော့ သူက ထိုင်းထိုင်းမှိုင်းမှိုင်း အားနည်းတဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့် မို့ ဥဒ္ဓစ္စပဋိသန္ဓေကျိုးကို မပေးနိုင်ဘူး၊ ပဝတ္တိကျိုးသာ ပေးလိမ့်မယ်။

ဒါကြောင့်မို့ အကုသိုလ်ကံ ၁၂-ခုဟာ ကာမာဝစရ ၁၁ ဘုံမှာ ပဝတ္တိကျိုး ပေးမယ်၊ ပဝတ္တိဆိုတာ ပဋိသန္ဓေမှ နောက်သေသည်တိုင်အောင်ပေးသည့်ကံ။

ပဋိသန္ဓေအခိုက်အတန့်ကို ပဋိသန္ဓေခေါ်တယ်၊ ပြီးတော့နောက် ပထမဘဝင်က စပြီးတော့ သေသည်တိုင်အောင် ပဝတ္တိလို့ခေါ်တယ်၊ အဲဒီတော့ အကုသိုလ်စိတ် ၁၂-ခုလုံး ဟာ (ဒီကျတော့ဥဒ္ဓစ္စပါလာပြီ) ကာမာဝစရ ၁၁-ဘုံမှာ ပဝတ္တိကျိုးကို ပေးနိုင်တယ်၊ ပဝတ္တိကျိုးကို ပေးနိုင်တော့ အဲဒီအကျိုးက ဘာတွေတုန်း၊ အကုသလဝိပါက်စိတ် ၇-ပါး။

အခုလူ့ဘဝဖြစ်လာပြီးတော့ မမြင်ချင်တာမြင်ရတယ်၊ အကုသလဝိပါက် စက္ခုဝိညာဏ်စိတ်မဖြစ်ဘူးလား၊ အဲဒါဟာဘာရဲ့အကျိုးလဲ၊ နောက်ဘဝက အကုသိုလ် တစ်ခုခုရဲ့ အကျိုး၊ ဒီဘဝ ပဝတ္တိအခါ မှာလာပြီးတော့ အကျိုးပေးတာ၊ ပဋိသန္ဓေကျိုး ကတော့ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဖြစ်သွားပြီ။

[စာမျက်နှာ-167] ပဝတ္တိအခါကျတော့ အကုသလဝိပါက်၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ် စတာတွေ အကျိုးပေးတယ်၊ ဒါကြောင့် ကာမာဝစရ ၁၁-ဘုံမှာ အကုသလဝိပါက် စိတ် ၇-ခု။

ဒါကြောင့် ပဝတ္တိအခါမှာ အကုသလဝိပါက်စိတ် ၇-ပါးပဲ ဖြစ်စေတယ်။ မမြင်ချင်တာမြင်ရတယ်၊ မကြားချင်တာ ကြားရတယ်၊ မနံချင်တာ နံရတယ် စသည်ဖြင့် ဖြစ်တဲ့အခါမျိုးမှာ ဒီစိတ်တွေ ဦးဇင်းတို့ သန္တာန်မှာ ရှိတယ်မဟုတ်လား၊ ဒါတွေဟာ နောက်ဘဝက အကုသိုလ်ရဲ့ အကျိုးကြောင့် ဖြစ်ရတာ၊ ဒါဟာ ကာမ ၁၁-ဘုံ။

ရူပ ၁၅-ဘုံမှာတဲ့၊ ရူပ ၁၅-ဘုံဆိုတော့ အသညသတ်မပါဘူး၊ ရူပ ၁၅ ဘုံမှာ အကုသိုလ်အကျိုးက ပေးချင်လည်းပေးသည်၊ ဒါက ဘာတုန်းဆိုတော့ ဃာန၊ ဇိဝှာ၊ ကာယယှဉ်လိုက်တဲ့ ၃-ခုနုတ်လိုက်တော့ ဘာကျန်တုန်း၊ အကုသလဝိပါက် ၄-ခု တဲ့၊ ၇-ခုထဲက ၃-ခု နှုတ်လိုက်ရင် ၄-ခု ကျန်တာပေါ့။

အဲဒီတော့ ဗြဟ္မာတွေလည်းပဲ လူ့ပြည်တို့ ဘာတို့ကို ပြန်ကြည့်လိုက်တဲ့အခါ ကျတော့ မမြင်ချင်တဲ့ အနိဋ္ဌာရုံတွေ မမြင်ရပေဘူးလား မြင်နိုင်တာပေါ့၊ မကောင်းတဲ့ အသံတွေ မကြားနိုင်ဘူးလား၊ ကြားနိုင်တာပေါ့၊ ဒါကြောင့်မို့ အဲဒီအခါမှာ အကုသလ ဝိပါက်စက္ခုဝိညာဏ် ဖြစ်နိုင်တယ်၊ အကုသလဝိပါက် သောတဝိညာဏ်ဖြစ်နိုင်တယ်။ သူတို့နဲ့တွဲပြီး အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏတွေ ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ ရူပဝစရ ၁၅-ဘုံမှာလည်းပဲ ပဝတ္တိဖြစ်ချင်ဖြစ်နိုင်တာ၊ ကြည့်စမ်း၊ အကုသိုလ်က အတော်နယ်ကျယ်တာ၊ အပါယ်ဘုံကျတော့ ပဋိသန္ဓေကျိုးလည်း ပေးမယ်၊ ပဝတ္တိကျိုးလည်းပေးမယ်၊ ကာမာဝစရ ၁၁-ဘုံနဲ့ ရူပါဝစရ ၁၅ ဘုံကျတော့ ပဝတ္တိကျိုးပေးမယ်၊ အကုသလဝိပါက်။

ကာမာဝစရကုသိုလ်ကံ ၈-ခုကတော့ ဘယ်လိုအကျိုးပေးမလဲ၊ ကာမသုဂတိ ၇-ဘုံမှာ ပဋိသန္ဓေ အကျိုးပေးတယ်၊ ကာမသုဂတိ ၇-ဘုံဆိုတော့ အပါယ် ၄-ဘုံ မပါတော့ဘူးပေါ့၊ လူ့ဘုံရယ်၊ နတ်ပြည်ခြောက်ထပ်ရယ်။

အဲဒီကာမသုဂတိ ၇-ဘုံမှာ ပဋိသန္ဓေကျိုးပေးတယ်ဆိုတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏရယ်၊ မဟာဝိပါက်စိတ် ၈-ခုရယ်။

ဒါကြောင့်မို့ ကာမာဝစရကုသိုလ်ကံ ၈-ခုသည် ကာမသုဂတိ ၇-ဘုံ (လူ့ပြည်နတ်ပြည်)မှာ ပဋိသန္ဓေကျိုးပေးမယ်၊ လူ့ပြည်နတ်ပြည် ပဋိသန္ဓေနေတော့ ဒီစိတ်တွေနဲ့ ပဋိသန္ဓေနေတယ် မဟုတ်ဘူးလား၊ လူဖြစ်ပေမယ်လို့ ရုပ်ခန္ဓာက

[စာမျက်နှာ-168] မွေးကတည်းက ကန်းလာတာတို့ကျတော့ ကုသိုလ်ကြောင့်လူဖြစ်လာတာ၊ ကုသိုလ် အားနည်းလို့ ကန်းရတာ။

အဲဒါကျရင် ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ တခြားကောင်းတဲ့ ပြည့်စုံတဲ့ သတ္တဝါမျိုးဆိုရင် မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုဖြစ်မယ်။

ဒါကြောင့် ကာမသုဂတိ ၇-ဘုံမှာ ပဋိသန္ဓေအခါမှာ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ (သို့မဟုတ်) မဟာဝိပါက်စိတ် ၈-ခုဖြစ်တယ်။

အဲဒီကာမသုဂတိ ၇-ဘုံမှာပဲ ပဝတ္တိအခါမှာ မဟာဝိပါက်စိတ် ၈-ခုနဲ့ အဟိတ် ကုသလဝိပါက်စိတ် ၈-ခု အားလုံး ၁၆-ခု ဖြစ်တယ်၊ တဒါရုံအဖြစ်နဲ့ ဖြစ်တဲ့အခါကျတော့ မဟာဝိပါက်စိတ် မဖြစ်ပေဘူးလား၊ ဟုတ်တယ် မဟုတ်လား၊ ပြီးတော့ ကောင်းတာမြင်ရ ကောင်းတာကြားရတဲ့အခါမျိုးကျတော့ အဟိတ်ကုသလ ဝိပါက်စိတ်တွေ မဖြစ်ပေဘူးလား။

အခု လူအဖြစ်နဲ့ပဲ စဉ်းစားကြည့်လေ၊ ကောင်းတာလေးမြင်ရ ကောင်းတာလေး ကြားရတယ်၊ ဒါဟာ နောက်ဘဝကကုသိုလ်ရဲ့ အကျိုးပဲ။

တစ်ခါ ဝီထိတွေမှာ တဒါရုံမပါပေဘူးလား၊ ပါတာပေါ့၊ အဲဒီ တဒါရုံကိစ္စ တပ်တဲ့စိတ်တွေဟာ ဘာတွေတုန်း၊ မဟာဝိပါက်စိတ် ၈-ခုနဲ့ သန္တီရဏ ၃-ခုတို့ တပ်တယ် မဟုတ်လား။

ဒါကြောင့်မို့ မဟာဝိပါက်စိတ် ၈-ခုနဲ့ အဟိတ်ကုသလ ဝိပါက်စိတ်ပေါင်း ၁၆-ခုကို ရွတ်ဆိုတယ်။

အသညသတ်ကြဉ်သော ရူပါဝစရ ၁၅-ဘုံမှာ ပဋိသန္ဓေကျိုး မပေးဘူး၊ ပဋိသန္ဓေကျိုးပေးရင် မဟာဝိပါက်စိတ်တွေ ဖြစ်နေရမှာပေါ့၊ မဟာဝိပါက်စိတ်ကလည်း ကာမာဝစရဘုံကလွဲပြီး မဖြစ်ဘူး။

ဒါကြောင့် ရူပ ၁၅-ဘုံ ပဝတ္တိအခါမှာ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုထဲက ၃-ခုနှုတ်လိုက်ရင် ၅-ခုကျန်တယ်၊ အဲဒါတွေ ဖြစ်စေတယ်၊ ရူပါဝစရဗြဟ္မာတွေ လူ့ပြည်လှမ်းကြည့်လို့ ဣဋ္ဌာရုံမြင်ရတယ်၊ ဣဋ္ဌာရုံကြားရတဲ့အခါမှာ ဒီစိတ်တွေ ဖြစ်ရမှာပေါ့။

ဒါကြောင့်မို့ မဟာကုသိုလ်စိတ် ၈-ခုဟာ ကာမသုဂတိ ၇-ဘုံမှာပဋိသန္ဓေ အကျိုးပေးတယ်၊ ပဝတ္တိအကျိုးလည်းပေးတယ်၊ ပဋိသန္ဓေအကျိုးပေးတဲ့အခါမှာ ကုသလဝိပါက် သန္တီရဏနဲ့ မဟာဝိပါက်စိတ် ၈-ခု၊ ပဋိသန္ဓေကိစ္စတပ်တဲ့စိတ်တွေ ထဲက ဆွဲထုတ်ရတာပဲ။

[စာမျက်နှာ-169] ပဝတ္တိအခါမှာတော့ မဟာဝိပါက်စိတ် ၈-ခုနဲ့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ အားလုံး ၁၆-ခုထဲက တစ်ခုခုဖြစ်သွားမယ်။

ရူပါဝစရ ၁၅-ဘုံမှာကျတော့ ပဋိသန္ဓေကျိုးမပေးနိုင်ဘူး၊ သို့သော် ပဝတ္တိကျိုးပေးမယ်၊ ဘယ်လိုစိတ်တွေအနေနဲ့ ဖြစ်မလဲ၊ အဟိတ်ကုသလဝိပါက်စိတ် ၅-ခုပေါ့၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ စသည်ဖြင့် ဖြစ်မယ်၊ အဲဒါအကျိုးပေးတာ၊ အကုသိုလ်က ပဋိသန္ဓေကျိုး ဘယ်လိုပေးတယ်၊ ပဝတ္တိကျိုး ဘယ်လိုပေးတယ်။ ကုသိုလ်ကလည်း ထို့အတူပဲ၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ဘယ်လိုပေးတယ်၊ ဘယ်ဘုံမှာ ပေးတယ်၊ ဒါဟာ အရေးကြီးတယ်၊ ဒီလိုနားလည်ထားမှကောင်းတယ်။

ဒါကြောင့်မို့ လူ့ဘုံလူ့ဘဝအနေနဲ့ အနိဋ္ဌာရုံတွေ့ ရတယ် ကြုံရတယ်ဆိုရင် ဒါဟာ အကုသိုလ်ရဲ့ ပဝတ္တိကျိုးရတယ်၊ အပါယ် ၄-ဘုံမှာ သွားဖြစ်ပြီဆိုရင် အကုသိုလ်ရဲ့ ပဋိသန္ဓေကျိုးရတယ်။

လူ့ဘုံလာဖြစ်တယ်၊ နတ်လာဖြစ်တယ် ပဋိသန္ဓေနေတယ်ဆိုရင် ကုသိုလ်ရဲ့ ပဋိသန္ဓေကျိုးရတယ်၊ လူ့ဘုံနတ်ဘုံ ဗြဟ္မာဘုံတို့မှာ ကောင်းတာတွေ လာတွေ့ ရတဲ့ အခါတို့ ဘာတို့မှာ ပဝတ္တိကျိုးရတယ်၊ အဲဒီလို အကျိုးပေးတဲ့အခါ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး၊ အဲသလို ခွဲခြားပြီး နားလည်ရမယ်။

ပဋိသန္ဓေကျိုး ပေးတဲ့အခါမှာ ဘယ်စိတ်တွေ ဖြစ်စေနိုင်သလဲ၊ ပဝတ္တိကျိုး ပေးတဲ့အခါမှာ ဘယ်စိတ်တွေ ဖြစ်စေနိုင်သလဲ၊ အဲဒီလို နားလည်ရမယ်။

အဲဒီနောက် ဘာနားလည်ဖို့ လိုပြန်သေးသလဲဆိုတော့ ကာမာဝစရကုသိုလ်ကံမှာလည်းပဲ တိဟိတ်ကုသိုလ်ရှိတယ်၊ ဒွိဟိတ်ကုသိုလ်ရှိတယ်၊ ဥက္ကဋ္ဌကုသိုလ်ရှိတယ်၊ ဩမကကုသိုလ်ရှိတယ်။

တိဟိတ်ကုသိုလ်ဆိုတာ ကုသိုလ်ပြုတဲ့အခါမှာ ကံရဲ့ အကျိုးကိုသိတဲ့ ဉာဏ်ပါတဲ့ ကုသိုလ်၊ ကံ၊ ကံရဲ့ အကျိုးကို သိတဲ့ဉာဏ်၊ အဲဒီဉာဏ်ပါတဲ့ ကုသိုလ်ကို တိဟိတ်ကုသိုလ်ခေါ်တယ်၊ စိတ်အနေနဲ့ပြောရင် ဘယ်စိတ်တွေလဲပြောစမ်း၊ ကာမာဝစရကုသိုလ် ၈-ပါးထဲက ဘယ်စိတ်တွေလဲ၊ ဉာဏသမ္ပယုတ် ၄-ပါးပေါ့။

ဉာဏသမ္ပယုတ် ၄-ပါးကို တိဟိတ်ကုသိုလ်ကံလို့ ခေါ်တယ်၊ အဲဒီစိတ်နဲ့ ယှဉ်တဲ့စေတနာလို့ ပြောကြပါစို့၊ တိဟိတ်ကုသိုလ်ကံ။

ဒွိဟိတ်ကျတော့ ကံ၊ ကံ၏အကျိုးကို သိမြင်တဲ့ဉာဏ်မပါဘူး၊ အမှတ်တမဲ့ပြုတဲ့ ကံမျိုးပေါ့၊ ကုသိုလ်ပြုတဲ့အခါ အမှတ်တမဲ့ ပြုမိတတ်ကြတယ်။ အဲသလိုဆိုရင် ဉာဏ်မပါဘူး၊ အဲဒါသတိထားကြ၊ ကုသိုလ်ပြုရင် ပေါ့ပေါ့ဆဆမပြုကြနဲ့၊ ကုသိုလ်ပြု

[စာမျက်နှာ-170] ခါနီးမှာ ကံ၊ ကံ၏အကျိုးဆိုတာလေးကို စိတ်မှာ သတိရသွားရမယ်။

ဆိုပါတော့၊ သီချင်းတစ်ပုဒ်ဟာ ရနေတာပဲ၊ ရတယ်လို့ ပြောရတာပဲ။ ဒါပေမယ့် တကယ်မဆိုသေးရင်၊ တကယ်သတိမရရင် ရတယ်လို့ မဆိုနိုင်ဘူး၊ အဲဒီအချိန်မှာမရဘူးလို့ ဆိုရတာပဲ။

ထို့အတူပဲ၊ ကံ၊ ကံ၏ အကျိုးဆိုတာ ဗုဒ္ဓဘာသာတွေ ယုံကြည်ကြတာပဲ။ ဒါပေမယ်လို့ ကုသိုလ်ပြုတဲ့အခါမှာ ဒါလေးကို ဂရုတစိုက် စိတ်ထဲမှာ ပေါ်အောင် မလုပ်မိရင် အလကားဖြစ်သွားတာ၊ အဲဒါ သိပ်အရေးကြီးတယ်နော်၊ အဘိဓမ္မာ တတ်ရင် သူများထက် Advantageous ဖြစ်တယ်၊ အဘိဓမ္မာနားမလည်ရင် တိဟိတ် ကုသိုလ်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြဘူးနော်၊ အဲဒီတော့ အဘိဓမ္မာ တတ်ရင် အဆင့်မြင့်တယ်ပြောတော့ မတတ်တဲ့သူက မခံချင်ဖြစ်မယ်။ အဘိဓမ္မာ တတ်မှ ကုသိုလ်ကို အကောင်းဆုံးကုသိုလ်ဖြစ်အောင် လုပ်တတ်တာ၊ ဒီလို မဟုတ်ရင် မလုပ်တတ်ဘူး။

ဒါကြောင့်မို့ ဦးဇင်းတို့ ရေစက်ချတဲ့အခါကျတော့ ကံ၊ ကံ၏ အကျိုးကို ယုံကြည်ပါတယ်ဆိုတာလေး ထည့်ထည့်ပြီးတော့ဆိုပေးရတာ၊ ဒီဉာဏ်လေး ပါပါစေတော့ဆိုပြီး ဆုတောင်းရတာ၊ ရေစက်ချတာ အရမ်းလုပ်ထားတာ မဟုတ်ဘူး၊ နားထောင်ကောင်းအောင် လုပ်ထားတာ မဟုတ်ဘူး၊ ကွက်တိကျအောင် လုပ်ထားတာ၊ ဒွိဟိတ်ကျတော့ ဘယ်လိုမြင်သလဲ၊ သေသေချာချာလုပ်ထားတာပေါ့ ။

ဥက္ကဋ္ဌကုသိုလ်တဲ့ ကောင်းတာမြင့်မြတ်တာကို ဥက္ကဋ္ဌလို့ခေါ်တယ်၊ ဥက္ကဋ္ဌ ကုသိုလ်ဆိုတာ ရှေ့ နောက် ကုသိုလ်ခြံရံသော ကုသိုလ်တဲ့။

ကုသိုလ်ကောင်းမှု တစ်ခုပြုတော့မယ်ဆိုရင် မပြုမီမှာ ပုဗ္ဗစေတနာဆိုတာ ရှိတယ်၊ မပြုခင်ကဖြစ်နေတဲ့စေတနာ၊ ပြုပြီးနောက် ဒီကုသိုလ်နဲ့ ပတ်သက်တဲ့ စေတနာတွေကို အပရစေတနာတွေခေါ်တယ်။

အဲဒီတော့ အဲဒီကုသိုလ်ဟာ ရှေ့ကလည်းကုသိုလ်ခြံရံနေတယ်၊ နောက်ကလည်း ကုသိုလ်ခြံရံနေတယ်၊ အဲသလို ရှေ့ရောနောက်ရော ကုသိုလ်ခြံရံနေလျှင် အဲဒီကုသိုလ်ကို ဥက္ကဋ္ဌကုသိုလ်လို့ ခေါ်တယ်။ အမြတ်စားကုသိုလ်လို့ခေါ်တယ်။ အဲဒါလည်း အရေးကြီးတယ်၊ အမြတ်စားကုသိုလ်ဖြစ်အောင် လုပ်ဖို့ သိပ်အရေးကြီးတယ်။

ဒါကြောင့်မို့ စေတနာသုံးတန်ပြဋ္ဌာန်းရမယ်ဆိုတာဒါပဲ၊ အကောင်းဆုံး ကုသိုလ်ဖြစ်အောင် လုပ်ခိုင်းတာ။

[စာမျက်နှာ-171] မလှူခင်လည်းပဲ ဝမ်းသာနေတယ်၊ လှူတဲ့အခိုက်မှာလည်း ဝမ်းသာနေတယ်။ လှူပြီးတဲ့ အခါမှာလည်း ဒီအလှူနဲ့ပတ်သက်ပြီး ပြန်စဉ်းစားတိုင်း ဝမ်းသာနေတယ်။ အဲဒီလို စေတနာပြဋ္ဌာန်းတယ်ဆိုရင် ဥက္ကဋ္ဌကုသိုလ်ဖြစ်တော့တာပဲ၊ “ပုဗ္ဗေဝ ဒါနံ သုမနော၊ သဒ္ဓါ စိတ္တံ ပသာဒယေ။ ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ပုညဿ သမ္ပဒါ” ဆိုပြီး ဘုရားဟောထားတာ ရှိတယ်၊ ကောင်းမှုကုသိုလ်ရဲ့ ပြည့်စုံမှုဟာ ဘာလဲဆိုရင် မလှူခင်လည်းပဲ ဝမ်းမြောက်နေတယ်၊ လှူဆဲအခါမှာလည်း ဝမ်းမြောက်နေတယ်၊ လှူပြီးတဲ့နောက်မှာလည်း ဝမ်းမြောက်နေတယ်တဲ့။

ဒါကြောင့် ဝမ်းမြောက်ဝမ်းသာဆိုတာလေး ဦးဇင်းတို့က ထည့်ထည့်တိုင်ပေး ရတာ၊ ဝမ်းမြောက်ဝမ်းသာ လှူပါတယ်ဘာတယ်ဆိုတာ အလကားထည့်တာ မဟုတ်ဘူး၊ ရှေ့နောက် ကုသိုလ်ခြံရံပါတယ်ဆိုတဲ့ အဓိပ္ပာယ်လေး ဖြစ်သွားအောင်လို့ အဲဒါကျမှ ဥက္ကဋ္ဌကုသိုလ်ဖြစ်မယ်တဲ့။

အဲသလို မဟုတ်ဘဲ ရှေ့နောက်မှာ အကုသိုလ်ခြံရံနေရင် ဩမကကုသိုလ်ဖြစ် မယ်တဲ့၊ ကုသိုလ်တော့ ကုသိုလ်ပဲ၊ နည်းနည်းညံ့သွားတယ်၊ ဘာကြောင့်တုန်းဆိုတော့ ကုသိုလ်အချင်းချင်း အားပေးမှု မရဘူးပေါ့၊ ရှေ့ကလည်း အကုသိုလ်ဖြစ်တယ်၊ နောက်ကျတော့လည်း ပြန်စဉ်းစားရင် နှလုံးမသာယာဖြစ်တာတို့ ဘာတို့ရှိတယ်။ အဲသလိုဖြစ်ရင် ဒီကုသိုလ်ဟာ ဩမကကုသိုလ်ဖြစ်တော့မယ်၊ အကောင်းစားကုသိုလ် မဟုတ်တော့ဘူး၊ အညံ့စားကုသိုလ် ဖြစ်သွားပြီ။

ဒါကြောင့် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ သတိထားကြဖို့ပဲ၊ တချို့တွေဟာ မလှူချင်မတန်းချင် စိတ်ဆိုးနေတာတွေ ဘာညာရှိတတ်တယ်၊ အချင်းချင်း စကားပြော မတည့်တာတို့ စိတ်တိုင်းမကျတာတို့ရှိတယ်၊ ဒါပေမဲ့ အလှူပြုတဲ့နေ့မှာတော့ စိတ်ကို ချကိုထားရမယ်၊ ဘာဖြစ်နေနေ ဒီအမှုနဲ့ ပတ်သက်သ၍တော့ ဒေါသမဖြစ်အောင် ထိန်းမယ်ဆိုပြီး အဲဒီနေ့မှာ စိတ်ကို တစ်ခါတည်း ချထားရမယ်၊ အဲဒါ အရေးကြီးတယ်။

ပြီးတော့ အလှူနဲ့ပတ်သက်ပြီး ပြန်စဉ်းစားလိုက်ရင်လည်း ကုသိုလ်ပဲဖြစ်ရမယ်။ ပြန်ပြီးနှမြောတဲ့စိတ်တို့ နောင်တရတဲ့စိတ်တို့ မဖြစ်စေရဘူး၊ အဲဒါလည်း အရေးကြီးတယ်၊ အဲဒါက ဘယ်မှာ အရေးကြီးသလဲဆိုရင် အခုလို ဩမကကုသိုလ်ဖြစ်သွားမှာကြောင့် တစ်ကြောင်း၊ နောက်တစ်ခုက အကျိုးရတဲ့ အခါမှာလည်းပဲ မဟန်တဲ့ အကျိုးရမယ်၊ အပရစေတနာချို့တဲ့သူတွေဟာ ချမ်းသာပေမဲ့ မစားရက် မသောက်ရက် ဆိုတာအဲဒါပဲ။

[စာမျက်နှာ-172] ကုသိုလ်ကောင်းမှုပြုတဲ့အတွက်ကြောင့် ကုသိုလ်ကောင်းမှု အကျိုးတော့ သူတို့ရတယ်၊ လူချမ်းသာဖြစ်တယ်၊ သို့သော် အပရစေတနာချို့တဲ့ခဲ့တဲ့ အတွက်ကြောင့်မို့ ပြန်ပြီးနောင်တရတယ်၊ ဒါလေးချန်ထားရင် တို့ မိသားစု သက်သာသွားမယ် စသည်ဖြင့် အဲသလို မတော်တဆဖြစ်မိရင် ဒီလို မဟုတ်လို့ လှူတဲ့ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး စိတ်ပျက်မိရင် အကျိုးပေးတဲ့ဘဝကျတော့ မသုံးရက် မစားရက် ဖြစ်တတ်တယ်။

တချို့တွေ ပိုက်ဆံချမ်းသာပြီးတော့ ဆင်းရဲနေတတ်တယ်၊ မြတ်စွာဘုရား လက်ထက်က ကုဋေရှစ်ဆယ် ကြွယ်ဝပေမဲ့ စားတော့ဆန်ကွဲ ထမင်းနဲ့ ပုန်းရည်ဟင်းပဲ စားရတယ်၊ အဝတ်ကျတော့လည်း အညံ့စားဝတ်ရတယ်၊ လှည်းစီးတော့လည်း အိုဟောင်းပျက်စီးတယ်၊ သူသေသွားတော့ သူ့ဥစ္စာတွေ မင်းဘဏ္ဍာဖြစ်တယ်၊ အဲဒါက ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲလို့ ရဟန်းတွေက မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက ပြန်ဟောပြတာ။

ဒါကြောင့် အပရစေတနာကလည်း အတော်အရေးကြီးတယ်၊ ဒီအလှူနဲ့ ပတ်သက်ရင်တော့ ကောင်းတဲ့စေတနာတွေ ဖြစ်ရမယ်၊ ဝမ်းမြောက်ဝမ်းသာ စိတ်တွေလည်းဖြစ်နေအောင် ဂရုစိုက်ဖို့ပဲရှိတယ်။

အဲဒီလို ကိုယ်က အဘိဓမ္မာကို နားလည်ထားလို့ အခုလို အကျိုးအကြောင်းကို နားလည်ထားရင် ကိုယ်က သတိထားနိုင်တယ်၊ ဂရုစိုက်နိုင်တယ်၊ ကုသိုလ် ကောင်းမှုပြုတဲ့အခါမှာ ဥက္ကဋ္ဌဖြစ်အောင် ငါပြုမယ်၊ တိဟိတ်ဖြစ်အောင် ငါပြုမယ်လို့ စိတ်ပိုင်းဖြတ်နိုင်တယ်။

ဒီလိုမသိဘဲနဲ့ ကုသိုလ်ပြုကြရင် သနားစရာကောင်းတယ်၊ ဒါကြောင့် ဘုန်းကြီး တွေက ထည့်ထည့်ဟောရတာ၊ တရားလေးဟောလိုက်၊ ရေစက်ချတဲ့အခါမှာ မပါပါအောင် လုပ်ပေးရတယ်။

ဒါပေမဲ့ အခုလို ပြောမထားရင် သူတို့ရဲ့ အသိဉာဏ်ဟာ သိပ်မဟုတ်ဘူး၊ မလေးနက်ဘူး။

ဒါကြောင့်မို့ အဘိဓမ္မာဟာ တကယ် practical ရှိတယ်၊ value ရှိတယ်။ ရိုးရိုးပါပဲ၊ academic မဟုတ်ဘူး၊ သို့သော် practical value ရှိတယ်၊ အဘိဓမ္မာ နားလည်မှ လုပ်တတ်တယ်။

ဒါကြောင့်မို့ ဦးဇင်းက ပြောလေ့ရှိတယ်၊ မင်းတို့လူတွေ ဘယ်လောက်လှူလှူ “ငါလှူတာလောက် အကျိုးမရှိဘူး” လို့ မခံချင်အောင် ပြောလေ့ရှိတယ်၊ ငါကရေလေး

[စာမျက်နှာ-173] တစ်ခွက်၊ ပန်းလေးတစ်ပွင့်လှူပြီး အကျိုးရှိအောင်လုပ်တတ်တယ်၊ မင်းတို့ထက် ကုသိုလ်ရတယ်လို့ ပြောရတယ်။

တချို့တွေလှူတာ အကြီးအကျယ်လှူတာ မဟုတ်လား၊ သောင်းသိန်းချီ အကုန်ခံပြီးလှူတာ၊ ဒါပေမဲ့ ဦးဇင်း သိပ်သနားတယ်။

မေး - နောက်စေတနာပျက်တာများတယ်လို့ ထင်ပါတယ်။
ဖြေ - မဟုတ်ဘူး၊ အဲဒါကျတော့ အကုန်ပျက်တာ၊ ဆိုပါတော့၊ အလှူခံပုဂ္ဂိုလ်က ဘယ်လိုသုံးသုံး၊ ဘာသုံးသုံး ကိုယ်က စေတနာမကွက်နဲ့၊ သူမတော်တရော်သုံးရင် သူ့အပြစ်နဲ့သူ ဖြစ်လိမ့်မယ်၊ ကိုယ်ကသွားပြီး စေတနာသွားကွက်ရင် ကိုယ့်ခိုက် လိမ့်မယ်၊ ကိုယ့်ကုသိုလ်က ညံ့သွားတယ်၊ အဲဒါကြောင့်မို့ မတော်တရော်သုံးတာတွေ ဘာတွေ တွေ့တတ်ပါတယ်၊ ဒါပေမဲ့ စိတ်ကို နားလည်ထားရမယ်၊ လှူပြီးတာက လှူပြီးပြီပဲ၊ သူ့ပစ္စည်း သူကြိုက်ရာလုပ်၊ သူ့ကိစ္စပဲ၊ ကိုယ်မကျေနပ်ရင် နောက် မလှူချင်နေရုံပဲ၊ လှူပြီးတာနဲ့ ပတ်သက်လို့ နှလုံးမသာမယာမဖြစ်စေနဲ့၊ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်လိုက်ရင် ကိုယ့်ကိုကိုယ် ပြန်ပြီး နှိပ်စက်သလိုဖြစ်နေတယ်၊ ကိုယ်ရမယ့်အကျိုး ကြီးကြီးရမှာကို မရအောင်လုပ်သလိုဖြစ်နေတယ်၊ ဒါကြောင့်မို့ အတော်အရေးကြီးတယ်၊ ကောင်းပြီ။

[စာမျက်နှာ-174]
အဘိဓမ္မာသင်တန်း (၁)

[ဝီထိမုတ်ပိုင်း]

ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ်ကံ အကျိုးပေးပုံ
ဒီနေ့ ဇူလိုင်လ ၃၁-ရက်၊ ဟိုအပတ်တုန်းက တိဟိတ်ဥက္ကဋ္ဌကုသိုလ်ရယ်၊ တိဟိတ်ဩမကကုသိုလ်ရယ် အဲဒါအကျယ်ပြောပြီးပြီ။

တိဟိတ်ဆိုတာ ဘယ်လိုဟာကိုခေါ်သလဲ၊ ရှင်းရှင်းပြောရရင် ကံ၊ ကံ၏ အကျိုးကို ယုံကြည်တယ်၊ ဉာဏ်ပါတယ်ဆိုရင် တိဟိတ်ခေါ်တယ်၊ ဥက္ကဋ္ဌဆိုတာ ရှေ့နောက် ကုသိုလ်ခြံရံကာ၊ ဩမကကျတော့ ရှေ့နောက် ကုသိုလ်မခြံရံတာ။

သူက တိဟိတ်တော့ တိဟိတ်ပဲ၊ ရှေ့နောက် ကုသိုလ်မခြံရံရင် ဩမက ဖြစ်သွားတယ်၊ ဩမကဆိုတာ အညံ့စားဖြစ်သွားတာ၊ အဲဒီတော့ တိဟိတ်အကောင်းစား နဲ့ တိဟိတ်အညံ့စား၊ ဒါဟာ အကျိုးပေးတဲ့အခါကျတော့ ကွာလိမ့်မယ်။

ပြီးတော့ ဒွိဟိတ်ကုသိုလ်ဆိုတာက ဉာဏ်မပါဘဲနဲ့ ပြုတဲ့ကုသိုလ်၊ အမှတ် တမဲ့ပြုတဲ့ကုသိုလ်၊ ကံ ကံ၏အကျိုး ယုံကြည်တဲ့ဉာဏ် ဒီလိုကုသိုလ်ပြုတဲ့အချိန်မှာ ပါကိုပါရမယ် “ဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာပဲ၊ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး

[စာမျက်နှာ-175] ကုသိုလ်ပြုတာပဲ ကိစ္စမရှိပါဘူး” ဒီလိုပြောလို့ မရဘူး၊ ကုသိုလ်ပြုတဲ့အခိုက်အတန့်မှာ ဉာဏ်ပါကိုပါရမယ်။

ကုသိုလ်ပြုတဲ့ အခိုက်မှာ ဉာဏ်ပါမသွားရင် ဉာဏဝိပ္ပယုတ် ဖြစ်သွားမယ်၊ ဉာဏဝိပ္ပယုတ်ဖြစ်သွားရင် ဒွိဟိတ်ကုသိုလ်ဖြစ်သွားမယ်၊ ဂရုစိုက်မှ ဒီဉာဏ်ပါမယ်၊ ဒီဉာဏ်မပါရင် ဒွိဟိတ်ကုသိုလ် ဖြစ်သွားမယ်။

အဲဒီ ဒွိဟိတ်ကုသိုလ်ကလည်း ခုနပြောတဲ့အတိုင်းပဲ ဥက္ကဋ္ဌနဲ့ ဩမက (၂)မျိုး ရှိတယ်၊ ဥက္ကဋ္ဌဆိုတာက ရှေ့နောက် ကုသိုလ်ခြံရံတယ်၊ ဩမကက ရှေ့နောက် ကုသိုလ်မခြံရဘူး၊ အဲဒီတော့ အားလုံးစုပေါင်းပြောရရင် တိဟိတ်ဥက္ကဋ္ဌ၊ တိဟိတ်ဩမက၊ ဒွိဟိတ်ဥက္ကဋ္ဌ၊ ဒွိဟိတ်ဩမက ဖြစ်သွားတယ်။

အဲသလို ဖြစ်သွားတော့ သူတို့က အကျိုးပေးကျတော့ ကွာသွားလိမ့်မယ်၊ အဲဒီတော့ အကျိုးပေးတွေ ကြည့်လိုက်စမ်းပါ၊ ပထမအရင် စာရွက်ဟောင်းမှာနော်။

တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံက ဘယ်အခါအကျိုးပေးသလဲဆိုတော့ ပဋိသန္ဓေအခါမှာ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးတယ်။

တိဟိတ်ပဋိသန္ဓေအကျိုးဆိုတော့ ကာမာဝစရထဲက ဘယ်စိတ်တွေလဲ၊ ကာမာဝစရဝိပါက်၊ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်တွေဖြစ်မှာပေါ့၊ တိဟိတ်ပဋိသန္ဓေကိုး။

ပဝတ္တိအခါကျတော့ အဲဒီကုသိုလ်ကံဟာ ဘယ်အကျိုးဖြစ်စေသလဲဆိုရင် ဝိပါက်စိတ် ၁၆-ပါးကို ဖြစ်စေသည်။ ဝိပါက် ၁၆-ပါးဆိုတာ အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ အဲဒါ ၁၆-ပါးကိုပြောတာ၊ ပဝတ္တိအခါမှာဆိုရင် ဝိပါက်စိတ် ၁၆-ပါးလုံးကိုပဲ အရာအားလျော်စွာ ဖြစ်စေလိမ့်မယ်။ အဲဒီတော့ ဝီထိကျတဲ့အခါမှာ တဒါရုံတွေဘာတွေ မကျပေဘူးလား၊ မဟာဝိပါက်စိတ်ဖြစ်တယ်၊ မြင်တဲ့အခါ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊ ကြားတဲ့အခါ သောတဝိညာဏ်စိတ်ဖြစ်တယ်၊ ကောင်းတာမြင်တဲ့အခါ ကောင်းတာကြားတဲ့အခါ စသည်ဖြင့် အဲဒါက ပဝတ္တိအခါမှာဖြစ်စေတာ။

ပဋိသန္ဓေအခါမှာတော့ မဟာဝိပါက်စိတ်ထဲက တိဟိတ်ပဋိသန္ဓေကျိုးကိုပဲ ပေးတယ်၊ တိဟိတ်ပဋိသန္ဓေ (၄) ခုရှိတယ်၊ ဒါက တိဟိတ်ဥက္ကဋ္ဌနော်။

တိဟိတ်ဩမကကုသိုလ်ကံသည် ပဋိသန္ဓေအခါမှာ ဒွိဟိတ်ပဋိသန္ဓေကျိုးကို ပေးသည်တဲ့၊ ကြည့်စမ်း၊ တိဟိတ်ကုသိုလ်နော်၊ သို့သော် သူက ဘာဖြစ်သွားတုန်း၊ ဩမကဖြစ်သွားတယ်၊ ရှေ့နောက် အကုသိုလ်ခြံရံသွားတယ်၊ အဲဒါကြောင့် သူက

[စာမျက်နှာ-176] ညံ့သွားတဲ့အတွက်ကြောင့် တိဟိတ်ပဋိသန္ဓေကျိုးကို မပေးနိုင်တော့ဘူး၊ ဒွိဟိတ်ပဋိသန္ဓေကျိုးသာ ပေးတော့တယ်။

ပဝတ္တိအခါမှာတော့ တိဟိတ် မဟုတ်သော ဝိပါက်စိတ် ၁၂-ပါးဆိုတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါးရယ်၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄-ပါးရယ်၊ ဟုတ်ပြီလား၊ အဲဒီ ၁၂-ပါးကို ပေးတယ်။

အဲဒီပုဂ္ဂိုလ်သန္တာန်မှာ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်ဖြစ်ကို မဖြစ်တော့ဘူး၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ်ပဲ ဖြစ်တော့မယ်၊ တိဟိတ်ကုသိုလ်ဟာ ဥက္ကဋ္ဌဖြစ်အောင်လုပ်နိုင်မှ အကျိုးရှိတယ်၊ ဥက္ကဋ္ဌဖြစ်အောင် မလုပ်နိုင်ရင် ဒွိဟိတ်ပဋိသန္ဓေကျိုး ကိုပဲ ပေးလိမ့်မယ်။

ပေးသည့်အခါမှာလည်း ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ်ရယ်၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုရယ်၊ ဒါပဲဖြစ်စေလိမ့်မယ်။

အဲဒီတော့ ဒွိဟိတ်ပဋိသန္ဓေကျိုးပေးတော့ ဘာဖြစ်သလဲ၊ ဘယ်လိုဆုံးရှုံးမှုရှိ သလဲ၊ အကြီးအကျယ် ဆုံးရှုံးမှုရှိတယ်၊ ဒွိဟိတ်ပဋိသန္ဓေဖြစ်ရင် ဈာန်၊ မဂ်၊ ဖိုလ်မရနိုင်ဘူး၊ ဒီလိုရှိတယ်။

ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ရင် အဲဒီဘဝမှာ ဈာန်လည်းမရနိုင်ဘူး၊ မဂ်ဖိုလ်လည်း မရနိုင်ဘူး၊ တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှ ဈာန်မဂ်ဖိုလ်ရနိုင်တယ်၊ အဲဒါကြောင့်မို့ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်အောင်လုပ်ဖို့ အလွန်အရေးကြီးတယ်။

လူတွေက “နိဗ္ဗာန်ရရပါလို၏” လို့ ဆုသာတောင်းနေကြတာ၊ ဆုတောင်းနေရုံနဲ့ မပြီးဘူး၊ ကိုယ်လုပ်တဲ့ ကုသိုလ်က တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်အောင်လုပ်မှ ဒီဘဝတော့ကြိုးစားရင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှာ၊ နောက်ဘဝမှန်းတယ်ဆိုရင် နောက်ဘဝ တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှ အကျွတ်တရားရမှာ၊ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုရင် မဂ်ဖိုလ် မရနိုင်ဘူး၊ ပါရမီဖြည့်မှ ရနိုင်တယ်။

ဒါကြောင့် တိဟိတ်ဥက္ကဋ္ဌပုဂ္ဂိုလ်ဖြစ်ဖို့ အရေးကြီးတယ်၊ “နိဗ္ဗာန်ရရပါလို၏” လို့ဆုတောင်းနေရုံနဲ့ ကိစ္စမပြီးဘူး၊ နိဗ္ဗာန်ရနိုင်တဲ့ အခြေခံပါတဲ့သတ္တဝါဖြစ်အောင်၊ ပဋိသန္ဓေမျိုးရအောင် လုပ်ရမှာ၊ ဒါဟာ အဘိဓမ္မာတတ်တဲ့လူရဲ့ advantage ပဲ၊ အဘိဓမ္မာမတတ်ရင် ဒါတွေ မသိတော့ဘူး၊ တော်ရုံလျော်ရုံပဲ ပြုချင်ပြုလိုက်မယ်။

ဒါကြောင့်မို့ ကုသိုလ်ပြုချင်ရင် တိဟိတ်ဥက္ကဋ္ဌဖြစ်အောင်ကို ပြုရမယ်၊ ဒါမှ ပြုရကျိုးနပ်တယ်၊ အကျိုးလည်းအပြည့်အဝရမယ်။

ကိုယ်က နားမလည်လို့ဖြစ်စေ၊ နားလည်သော်လည်း ဂရုမစိုက်လို့ဖြစ်စေ၊

[စာမျက်နှာ-177] တိဟိတ်ဩမကဖြစ်သွားမယ်ဆိုရင် ပဋိသန္ဓေမှာ ဒွိဟိတ်ပဲဖြစ်သွားလိမ့်မယ်၊ ဒွိဟိတ်ပဋိသန္ဓေဖြစ်သွားရင် အဲဒီဘဝမှာ ဈာန်မဂ်ဖိုလ်ရစရာအကြောင်း မရှိတော့ဘူး၊ ဒါကြောင့်မို့ အရေးကြီးတယ်ပြောတာ။

ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ကတော့ တိဟိတ်ဩမကနဲ့ အကျိုးပေးတူတယ်၊ ဒါကြောင့်မို့ အချောင်းလေး ၂-ချောင်း လုပ်ထားတာ၊ အချောင်းလေး ၂-ချောင်း လုပ်ထားတာဟာ တိဟိတ်ဩမကအတိုင်းပဲ ပဋိသန္ဓေအခါမှာ ဒွိဟိတ်ပဋိသန္ဓေကျိုး ပေးတယ်၊ ပဝတ္တိအခါမှာ တိဟိတ်မဟုတ်တဲ့ ဝိပါက်စိတ် ၁၂-ပါးကို ဖြစ်စေတယ်။ အမှန်တော့ သူတို့ ၂-ဦးဟာ တွဲထားလို့ရတယ်၊ တိဟိတ်ဩမကနဲ့ ဒွိဟိတ်ဥက္ကဋ္ဌက အကျိုးပေးတူတာကိုး။

ဒါကြောင့်မို့ ဟိုက တိဟိတ်ဖြစ်သော်လည်း ဩမကဖြစ်နေတယ်၊ ဒီက ဒွိဟိတ်ဖြစ်ပေမဲ့ ဥက္ကဋ္ဌဖြစ်နေတယ်။

ဒွိဟိတ်ဩမကတဲ့၊ အညံ့ဆုံးပဲ၊ ရှေ့နောက်လည်း ကုသိုလ်မခြံရံဘူး၊ အဲသလို ကုသိုလ်ကျတော့ ပဋိသန္ဓေအခါမှာ အဟိတ်ပဋိသန္ဓေကျိုးသာ ပေးတော့တယ်။ ဒီခေတ်အနေနဲ့ ပြောရရင် မွေးကတည်းက ကန်းလာတာတို့၊ နားပင်းလာတာမျိုး ပေါ့လေ၊ ဒါမျိုးတွေ ဖြစ်လာတာဟာ ဒွိဟိတ်ဩမကကုသိုလ်ကံကြောင့် ဖြစ်လာတာ၊ အကုသိုလ်ကံကြောင့် ဖြစ်လာတာမဟုတ်ဘူး။

အကုသိုလ်ကံကြောင့် ဆိုရင် လူကို မဖြစ်ဘူး၊ ကုသိုလ်ကံကြောင့်ဖြစ်တာ၊ သို့ပေမဲ့ ဒီကုသိုလ်ကံက နုံချာတယ်၊ မျိုးစေ့မကောင်းဘူး၊ မအောင်မြင်တဲ့မျိုးစေ့ ဖြစ်နေတော့ သစ်ပင်ပေါက်လာတော့ ကြုံလှီတဲ့သစ်ပင်ပေါက်လာသလိုပဲ ကောင်းမှုကုသိုလ်က ဒွိဟိတ်ဩမက ဖြစ်နေတယ်၊ ဉာဏ်လည်းမပါဘူး၊ ရှေ့နောက်ကလည်း ကုသိုလ်မခြံရံတော့ အကျိုးပေးတဲ့အခါ အဟိတ်ပဋိသန္ဓေကျိုးပဲပေးတော့တာ၊ ကာမသုဂတိ ၇-ဘုံပေါ့၊ လူဖြစ်ရင်လည်း ကျိုးတာ၊ ကန်းတာ၊ ပင်းတာ၊ အ၊ ဆွံ့တာ ဖြစ်လာတယ်။

ပဝတ္တိအခါမှာ သူက မဟာဝိပါက်ကို မပေးနိုင်တော့ဘူး၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါးကိုပဲ ဖြစ်စေနိုင်တယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တဒါရုံအစစ်နဲ့ မဟာဝိပါက်စိတ်ဖြစ်နိုင်ပါဦးမလား၊ မဖြစ်နိုင်ဘူး သန္တီရဏမဟာဝိပါက်စိတ်တော့ ဖြစ်နိုင်တယ်၊ တဒါရုံ မဟာဝိပါက်စိတ် မဖြစ်နိုင်ဘူး။

ဒါကြောင့်မို့ ဒါကိုနားလည်ထားရင် ကုသိုလ်ကောင်းမှု တကယ်ပြုတတ်သွားပြီ၊ ဘယ်လို ကုသိုလ်ကောင်းမှုပြုမှ နိဗ္ဗာန်ရနိုင်တဲ့ အခြေရောက်သွားမယ် ဆိုတာသိတယ်။

[စာမျက်နှာ-178] အဲဒီတော့ တစ်ခုရှိတယ်၊ ကောင်းပြီ၊ တပည့်တော်တို့ ဒွိဟိတ်ပုဂ္ဂိုလ်မှန်း တိဟိတ် ပုဂ္ဂိုလ်မှန်းလည်း မသိဘူး၊ ဘယ်သူကမှလည်း အဆုံးအဖြတ် မပေးနိုင်ဘူး၊ တပည့်တော်တို့ တရားအားထုတ်နေတာ အလကားနေမှာပေါ့။ ဒီလို ပြောမယ်ဆိုရင် ဘယ့်နှယ်တုန်း။

မဟာစည်ဆရာတော်ကြီးက ဘယ်လို မိန့်တော်မူခဲ့သလဲဆိုတော့ ပါရမီရှိတာ မရှိတာ၊ ဒွိဟိတ်တွေ တိဟိတ်တွေ စဉ်းစားမနေနဲ့တဲ့၊ ပါရမီရှိလို့ တိဟိတ်ဖြစ်ရင်လည်း ဒီဘဝ တကယ်တရားအားထုတ်လိုက်ရင် ပေါက်ရောက်သွားမယ်၊ ဒီဘဝမှာ တိဟိတ် မဟုတ်သေးရင်လည်း နောက်ဘဝ တိဟိတ်ပဲ ဖြစ်လိမ့်မယ်တဲ့။

ဒါကြောင့်မို့ တပည့်တော်တို့ ပါရမီရှိတာ မရှိတာ မသိလို့ တရားအားမထုတ် ဘူးလို့ ဒီလို မလုပ်နဲ့၊ ဒွိဟိတ်မှန်း တိဟိတ်မှန်း မသိလို့ တရားအားမထုတ်ဘူး၊ ဒီလို မလုပ်နဲ့။

ကိုယ်က တိဟိတ်ဖြစ်တယ်၊ ပါရမီရှိတယ်ဆိုရင် ဒီဘဝမှာပဲ ပေါက်ပေါက် ရောက်ရောက် ဖြစ်လိမ့်မယ်၊ ဒီလိုမဟုတ်ဘူး ဆိုရင်လည်း နောက်ဘဝတွေမှာ ပေါက်ပေါက်ရောက်ရောက်ဖြစ်ဖို့ အခြေခံ ဖြစ်လိမ့်မယ်၊

ဒါကြောင့်မို့ ဘာပဲဖြစ်နေနေ ကိုယ့်အလုပ်ကို မလျော့ရဘူး၊ တရားထိုင်တာ တရားကျင့်တာ မလျော့ရဘူး။

ကောင်းပြီ၊ ဒါက ဆရာတွေ အညီအမျှ ယူဆထားတဲ့ အယူအဆအတိုင်းသာ ပြောရတာ၊ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံက တိဟိတ်ပဋိသန္ဓေကျိုးပေးတယ်။ တိဟိတ်ဩမကက ဒွိဟိတ်ပဋိသန္ဓေကျိုးပေးတယ် စသည်ဖြင့် လုပ်တာ။

အဲဒီတော့ ကေစိ (အချို့) ဆိုတာရှိတယ်၊ ကေစိဆိုတာက ပါဠိစကား အင်္ဂလိပ်စကား some နဲ့အတူတူပဲ၊ ကေစိဆရာ (အချို့ဆရာ) တွေက အသင်္ခါရိကကုသိုလ်က သသင်္ခါရိကအကျိုးမပေးဘူး၊ သသင်္ခါရိကကုသိုလ်က အသင်္ခါရိကအကျိုးမပေးဘူးတဲ့၊ သူကတော့ တိတိကျကျလိုက်တယ်၊ အသင်္ခါရိကက အသင်္ခါရိကကိုသာ ပေးမယ်၊ သသင်္ခါရိကက သသင်္ခါရိကသာ ပေးမယ်တဲ့၊ ဒီလို ယူကြတယ်။

ကျမ်းဂန်မှာ ကေစိလို့ ပြောထားရင် ဒီကျမ်းဂန်ရေးတဲ့ ပုဂ္ဂိုလ်က မကြိုက်လို့ အများလက်မခံလို့ တချို့တလေကသာ လက်ခံတဲ့ ဝါဒကို ကေစိဝါဒလို့ခေါ်တယ်။ ကေစိဆိုရင် မယူအပ်တဲ့ ဝါဒပေါ့၊ သူ့မှာ အပြစ်ရှိတယ်။

အဲဒီတော့ ပဋိသန္ဓေဖြစ်တယ်ဆိုတာ မရဏာသန္နဇောအခိုက်တုန်းက ဘယ်သူမှ လုပ်ဆောင်မပေးရဘဲနဲ့ သူ့ဟာသူ အလိုလို အာရုံထင်လာပြီးတော့ အသင်္ခါရိကဖြစ်ရင်

[စာမျက်နှာ-179] ပဋိသန္ဓေကျတော့လည်း အသင်္ခါရိကပဲဖြစ်တယ်။

မရဏာသန္နဇော အခိုက်တုန်းက သူများက ယူဆောင်ပြ တိုက်တွန်းလို့ ဖြစ်လာရင် သသင်္ခါရိကဖြစ်တာပဲ၊ ရှေးရှေးဘဝ ပြုထားတဲ့ ကုသိုလ်က ဆုံးဖြတ်တာ မဟုတ်ဘူး၊ မရဏာသန္နဇော အခိုက်မှာ အာရုံထင်တဲ့အခါ သူ့ဟာသူပဲ အားကောင်းကောင်းနဲ့ ထင်လာသလား၊ သူများက လုပ်ပေးလို့ ထင်လာသလားဆိုတာတောင်မှ သိခဲတယ်တဲ့။

ဒါကြောင့်မို့ ဒီဝါဒကို ဆရာအများက မကြိုက်ကြဘူး၊ သို့သော် အချို့ဆရာ တွေက ဒီလိုဆိုတယ်ပေါ့လေ၊ ဆရာတစ်ပါးနဲ့ တစ်ပါး အယူမတူဘူး ဆိုကြတာ အများကြီးရှိတယ်။

ဒါကြောင့်မို့ ကေစိဆရာတို့ အလိုအတိုင်းဆိုရင်တော့ အသင်္ခါရိကကုသိုလ်က အသင်္ခါရိကအကျိုးကိုသာပေးမယ်၊ သသင်္ခါရိကကုသိုလ်က သသင်္ခါရိကအကျိုးကိုသာပေးမယ်၊ ဒီလိုဆိုရင် ကေစိဆရာတို့ရဲ့ အလိုဆိုရင် ဘယ့်နှယ်ဖြစ်မလဲ။ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကကုသိုလ်ကံက တိဟိတ်အသင်္ခါရိကပဋိသန္ဓေပေးမယ် ဆိုရင် တိဟိတ်အသင်္ခါရိကပဋိသန္ဓေ ဘယ်နှစ်ခုပဲရှိတော့မလဲ၊ ၂-ခုပဲ ရှိတော့မယ်။

ဟုတ်တယ်၊ တိဟိတ်က ၄-ခု၊ ဒွိဟိတ်က ၄-ခု၊ အဲဒီတော့ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကဆိုရင် သူက ဘာအကျိုးပေးမလဲ၊ တိဟိတ်အသင်္ခါရိကအကျိုးပေးမယ်။ ၂-ခုပဲပေးမှာပေါ့။

သော်- ဒီလိုရှိတယ်၊ ပဋိသန္ဓေအခိုက်မှာတော့ ဟုတ်တယ်၊ ပဝတ္တိအခါမှာ ကျတော့ ဒွိဟိတ်လည်းပေးနိုင်တယ်၊ ဒါကြောင့်မို့ ပဋိသန္ဓေအခိုက်နဲ့ ပဝတ္တိအခိုက် ပေါင်းတဲ့အခါမှာ တစ်မျိုးဖြစ်သွားတယ်၊ ဒါကြောင့်မို့ နောက်ထပ်ပေးထား တာနဲ့ ဒီနေ့ ပေးတဲ့ ဇယားချပ်တွေရှိတယ်၊ အဲဒီမှာကတော့ ပဋိသန္ဓေနဲ့ ပဝတ္တိကို ရောထားတယ်၊ ရောထားတော့ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကကုသိုလ်ကံက သမာနဝါဒ၊ ခုနပြောတဲ့အတိုင်း အဆက်အစပ်ရှိနေပြီ။

ကေစိဝါဒကျတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုရယ်၊ အသင်္ခါရိက ၄-ခုရယ်၊ ပဋိသန္ဓေအခါမှာတော့ ၂-ခုပဲရှိမယ်နော်၊ ပဝတ္တိအခါပါ ထည့်လိုက်တော့ အသင်္ခါရိက ၄-ခု ဖြစ်သွားတယ်။

အဲဒီတော့ အသင်္ခါရိကကုသိုလ်က အသင်္ခါရိကအကျိုးပေးတယ်၊ သသင်္ခါရိကကုသိုလ်က သသင်္ခါရိကအကျိုးပေးတယ်၊ အဲဒါကြောင့်မို့ ပဋိသန္ဓေ အခိုက်လို့သာ ပြောမယ်ဆိုရင်တော့ ၁-နဲ့ ၃-ပဲ ဖြစ်လိမ့်မယ် ထင်တယ်။

[စာမျက်နှာ-180] သို့သော် ပဋိသန္ဓေရော ပဝတ္တိရော ၂-ခုပေါင်းလိုက်တော့ ပထမ၊ တတိယ၊ ပဉ္စမ၊ သတ္တမ၊ ကေစိဝါဒအလိုက ဒါကြောင့်မို့ ၁၂-ခုပဲဖြစ်မယ်။

တိဟိတ်ဩမက အသင်္ခါရိကကျတော့ သမာနဝါဒအလိုအရ ဒွိဟိတ်ပဲပေးမယ်၊ တိဟိတ်မပေးဘူး မဟုတ်လား၊ ဒါကြောင့်မို့ ၃၊ ၄၊ ၇၊ ၈ ဒါက သမာနဝါဒအရ။

ကေစိဝါဒ အရကျတော့ သူက အသင်္ခါရိကသာ ပေးမှာဆိုတော့ သသင်္ခါရိက ဖြုတ်ရဦးမယ်ဆိုတော့ ၃-နဲ့ ၇-ပဲ ရှိတော့မယ်။

တိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိကကျတော့ သမာနဝါဒအရတော့ ၁၆-ခု၊ ကေစိဝါဒအရကျတော့ သသင်္ခါရိက ၄-ခု ယူရလိမ့်မယ်၊ ၂၊ ၄၊ ၆၊ ၈ ဟာ သသင်္ခါရိက ၄-ခု မဟုတ်ဘူးလား။

တိဟိတ်ဩမက သသင်္ခါရိကတဲ့၊ သမာနဝါဒအရ ၁၂-ခု၊ ကေစိဝါဒအရ ၁၀-ခုပဲ ရှိတော့တယ်။

ဒွိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိက၊ ဒါကတော့ တိဟိတ်ဩမကနဲ့တူတော့မှာပေါ့ ၁၂-ခုရယ်၊ ၁၀-ခုရယ်။

ဒွိဟိတ်ဩမက အသင်္ခါရိကကျတော့ ကာမာဝစရဝိပါက် မရှိဘူး၊ အဲသလို သွားတယ်။

နံပတ် (၅) စိတ်၊ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကစိတ်၊ ဒါက ပဉ္စမစိတ် သူ့ရဲ့ အကျိုးကတော့ သမာနဝါဒအလို ၁၆-ခု၊ ကေစိဝါဒအလို ၈-ခု၊ သူက ဥပေက္ခာသဟဂုတ် ဖြစ်သွားပြီ၊ ဒါပေမဲ့ ဥပေက္ခာ သောမနဿက ဒီနေရာမှာ အရေးမကြီးဘူး၊ အသင်္ခါရိက၊ သသင်္ခါရိက၊ တိဟိတ်၊ ဒွိဟိတ်၊ ဒါပဲ အရေးကြီးတာ။

တိဟိတ်ဩမက အသင်္ခါရိကဆိုရင် သမာနဝါဒအလို ၈-ခု၊ ကေစိဝါဒအလို ၁-ခု၊ ဒါကြောင့် အသင်္ခါရိကသာ ဖြစ်မယ်ဆိုရင် သသင်္ခါရိက မပါနိုင်တော့ဘူး။

တိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိကဆိုတော့ သမာနဝါဒဆိုရင် ၁၆-ခု၊ ကေစိဝါဒဆိုရင် ၁၂- ခုပဲ ဖြစ်မယ်။

တိဟိတ်ဩမက သသင်္ခါရိက၊ သမာနဝါဒအလို ၁၂-ခု၊ ကေစိဝါဒအလို ၁၀-ခုပဲ ဖြစ်မယ်။

ဒွိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိက၊ သမာနဝါဒအလို ၁၂-ခု၊ ကေစိဝါဒအလို ၁၀-ခု။

ဒွိဟိတ်ဩမက အသင်္ခါရိက (သွားပြီ) ကာမာဝစရဝိပါက် မဖြစ်ဘူး။

[စာမျက်နှာ-181] ဒွိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိက၊ သူက တိဟိတ်ဩမက သသင်္ခါရိကနဲ့ တူလိမ့်မယ်၊ ဒါကြောင့် သူက သမာနဝါဒအလို ၁၂-ခု၊ ၁-လေး ကျန်ခဲ့တယ် ဂဏန်းလေး ထည့်လိုက်။

ဒွိဟိတ်ဩမက သသင်္ခါရိကကျတော့ ၈-ခုပဲ၊ ဒီလိုမဟုတ်ရင် အဟိတ်ဝိပါက်စိတ်မရဘူး ဖြစ်သွားလိမ့်မယ်၊ အစက်ကလေးတွေနဲ့ ပြန်ကြည့်လိုက်၊ အဲဒါဆို ရှင်းတယ်၊ ပြန်ကြည့်လိုက်စမ်း၊ မဟာဝိပါက်စိတ် ၈-ခုတွေ့လား၊ အဟိတ်ကုသလ ဝိပါက်စိတ် ၈-ခုကတော့ ကြည့်စရာမလိုဘူး၊ တိဟိတ်ဥက္ကဋ္ဌ အသင်္ခါရိကက (ကေစိဝါဒပဲ ကြည့်ကြစို့၊ သမာနဝါဒကတော့ အစဉ်အတိုင်းသွားမှာ) အသင်္ခါရိကလို့ ရေးလိုက်စမ်း၊ ပထမ၊ တတိယ၊ ပဉ္စမ၊ သတ္တမမှ မဖြစ်ပေဘူးလား။

တိဟိတ် ဩမကတဲ့၊ သူက ဒွိဟိတ်ပဲဖြစ်ရမယ်၊ ဉာဏဝိပ္ပယုတ် ဖြစ်ရမယ်။ ဒီတော့ သူက တတိယနဲ့ သတ္တမသာ ဖြစ်တော့မယ်၊ ဉာဏသမ္ပယုတ် မပါနိုင်တော့ဘူး၊ အဲသလိုသွားတယ်။

တစ်ခါ တိဟိတ်ဥက္ကဋ္ဌ သသင်္ခါရိက ဒုတိယစိတ်တဲ့၊ ဒုတိယစိတ်က အကျိုးပေး တဲ့အခါကျတော့ သူက သသင်္ခါရိက ဖြစ်တဲ့အတွက်ကြောင့် ကေစိဝါဒအလို သသင်္ခါရိက ၄-ခု သွားမယ်။

တိဟိတ်ဩမက ဖြစ်သွားတဲ့အခါ အဲဒီသသင်္ခါရိက ၄-ခုထဲက တိဟိတ် ၂-ခု ထုတ်ပစ်လိုက်၊ အဲသလိုသွားတယ်၊ အဲသလို တိုက်ကြည့်လိုက်ရင် ပိုရှင်းတယ်။

အဲဒီတော့ ဇယားကွက်ထဲမှာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ မှာ ၈ နောက်က ကော်မာလေး ဘာလေးပါရင် ပါသွားမယ်၊ ဒါပေမဲ့ ဒါလည်း သိလောက်တယ် ထင်ပြီးထားလိုက်တာ၊ တော်တော်ကြာ ၁ သိန်း ၂ သောင်း ထင်နေဦးမယ်၊ ဒါဟာ ပထမ၊ ဒုတိယ၊ တတိယ ဆိုပြီးတော့ ကာမာဝစရ ဝိပါက်စိတ် ၈-ခုပဲ၊ အဲဒါ ကာမာဝစရကုသိုလ် အကျိုးပေးပုံ တဲ့၊ ဒါဆိုရင် ဒီထက်အသေးစိတ်စရာလည်း မရှိတော့ဘူး။

စာမှာတော့ သသင်္ခါရိကဆို အသင်္ခါရိက အကျိုးမပေးဘူး၊ အသင်္ခါရိကဆို သသင်္ခါရိက အကျိုးမပေးဘူး၊ အသင်္ခါရိကဟာ အသင်္ခါရိက အကျိုးပဲ ပေးတယ်။ သသင်္ခါရိကဟာ သသင်္ခါရိကသာ အကျိုးပေးတယ်။

အဲဒီတော့ ကေစိအလိုဆိုရင် ၃-မျိုးကြည့်ရမယ်၊ တိဟိတ်လား၊ ဒွိဟိတ်လား၊ ဥက္ကဋ္ဌလား၊ ဩမကလား၊ အသင်္ခါရိကလား၊ သသင်္ခါရိကလား ဒီလိုကြည့်ရမယ်။ သမာနဝါဒအလိုကတော့ သမာနဆိုတာက အညီအမျှ ပုဂ္ဂိုလ်တွေရဲ့

[စာမျက်နှာ-182] သဘောတူဝါဒ၊ General agreement ပေါ့၊ သမာနဝါဒအရကတော့ အသင်္ခါရိက၊ သသင်္ခါရိက ရွေးနေစရာ မလိုတော့ဘူး၊ ပြီးတော့ ဒီမှာတော့ ခုနလို ပဋိသန္ဓေ၊ ပဝတ္တိမခွဲတော့ဘူး၊ ခွဲဦးတော့ ၄-ခုဟာ ၂-ခုပဲ ဖြစ်လိမ့်မယ်။

ကောင်းပြီ၊ ဒါဟာ ကာမာဝစရကုသိုလ် အကျိုးပေးပုံ တဲ့၊ အရေးကြီးတယ်။ ဘာကြောင့်လဲ၊ မိမိတို့မှာ ကာမာဝစရကုသိုလ်ပဲ အဖြစ်များတယ်၊ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ် စသည်ရှိရာမှာ ဒီကာမာဝစရကုသိုလ်ဖြစ်ပုံ၊ ဘယ်လိုလုပ်ရင် ကာမာဝစရကုသိုလ်မှာ အကောင်းဆုံးကုသိုလ်ဖြစ်တယ်ဆိုတာ သိတယ်။

အကောင်းဆုံး ကုသိုလ်ဖြစ်မှ အကျိုးပေးတဲ့အခါမှာလည်းပဲ အကောင်းဆုံး အကျိုးကို ပေးတယ်၊ အကောင်းဆုံး အကျိုးဆိုတာ ခုနလို ကိုယ့်ကို မဂ်ဖိုလ်ရစေနိုင်တဲ့ အခြေခံရအောင် လုပ်ပေးနိုင်တယ်၊ ဒါကြောင့်မို့ တိဟိတ်ဥက္ကဋ္ဌဖြစ်အောင် ပြုတတ်ဖို့ အလွန်ကို အရေးကြီးတယ်၊ အဲသလို မဟုတ်ရင် ယှဉ်မရဘူး၊ ကောင်းမှုကုသိုလ် ပြုတာချင်းတူပြီးတော့ သံသရာမှ ထွက်မြောက်ကြောင်း အခြေခံ မဂ်ဖိုလ်ရနိုင်တဲ့ အခြေခံမပါဘဲ ဖြစ်သွားမယ်၊ အဲသလိုရှိတယ်။

မေး - အရှင်ဘုရားဆိုလိုတာက ကုသိုလ်ကောင်းမှု ပြုတဲ့အခါ သတိထားရမယ်။
ဖြေ - ဟုတ်တယ်၊ သတိထားပေးရမယ်၊ ဂရုစိုက်ပေးရမယ်၊ ကံ ကံ၏ အကျိုး ယုံတယ်ဆိုတာလေး စိတ်ထဲပေါ်လာရမယ်၊ အဲသလိုပြုရမယ်၊ အမှတ်တမဲ့ ပြုလိုက်ရင် မပါဘူး၊ စိတ်ထဲပေါ်မလာဘူး၊ နောက် background အနေနဲ့ ရှိနေတယ်ဆိုမှ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်ပေါ်နိုင်အောင်လို့ပေါ့၊ အကုသိုလ်လိုပေါ့၊ ကုသိုလ်ပြုနေရင် အကုသိုလ် မရှိဘူးပေါ့၊ ပေါ်မလာဘူး၊ စိတ်ထဲမှာ လိုချင်လာတဲ့အခါ တွယ်တာလာတဲ့ အခါ လောဘပေါ်လာမယ်။

အေး၊ အဲဒါကြောင့်မို့ သင်္ဂြိုဟ်မှာ ဒီအပိုင်းဟာ အသုံးအကျဆုံးအပိုင်း ဆိုရင်မလွဲဘူး၊ သိစရာတွေလည်းများတယ်၊ ဒါဟာ ကာမာဝစရကုသိုလ် အကျိုးပေးပုံ တဲ့။

ရူပါဝစရကုသိုလ် အကျိုးပေးပုံ သွားကြစို့၊ ဒါကတော့ လွယ်ပါတယ်၊ ရူပါဝစရကုသိုလ် အကျိုးပေးပုံကတော့ ဈာန် ၅-မျိုးရှိတယ်၊ ဘုံကျတော့ ၄-မျိုးသာရှိတယ်၊ အဲဒါလေး မှတ်ထားရမယ်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ရှိတယ်၊ ဒါပေမဲ့ ဘုံကျတော့ ၃၁-ဘုံထဲက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဘုံပဲရှိတယ်၊ ပဉ္စမဈာန်ဘုံမရှိဘူး။

ဒါကြောင့်မို့ ဒုတိယနဲ့ တတိယကို တစ်တွဲလုပ်ထားရမယ်၊ ပဋိသန္ဓေစိတ်တုန်း

[စာမျက်နှာ-183] ကလည်း ဒီအကြောင်းလေ့လာပြီးပါပြီ၊ နားလည်ပြီးပါပြီ။

အဲဒီတော့ ပထမဈာန် ၃-ဘုံရှိတယ် မဟုတ်လား၊ ပထမဈာန် ၃-ဘုံရှိတဲ့ အတွက်ကြောင့်မို့ ပထမဈာန်ကို အားထုတ်တဲ့အခါမှာ ၃-မျိုး ၃-စား ဖြစ်သွားတယ်၊ ၃-မျိုး ၃-စား အလိုက် ပထမဈာန် ၃-ဘုံမှာ တည်ကြတယ်။

ပထမဈာန်တော့ရပါတယ်၊ အညံ့စားဖြစ်နေတယ်၊ ဈာန်လည်း အညံ့စား ရှိသေးတယ်၊ ဒါက ဘာလဲဆိုတော့ သတ္တမပိုင်းကျရင် အဓိပတိ ၄-ပါး ဆိုတာ တွေ့လိမ့်မယ်၊ ဆန္ဒရယ်၊ စိတ်ရယ်၊ ဝီရိယရယ်၊ ပညာရယ်၊ ဒီ ၄-မျိုးကို အဓိပတိလို့ခေါ်တယ်၊ အဓိပတိဆိုတာ ခေါင်ချုပ်ကနေတာပေါ့။

အဲဒီ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာဆိုတဲ့ ၄-မျိုးညံ့နေရင် အညံ့စားလို့ခေါ်ရတယ်၊ ဒီဈာန်ဟာ အညံ့စား ပထမဈာန်၊ သူတို့ဟာ ထက်မြက်တာတော့မှန်တယ်၊ ထက်မြက်တာထဲမှာ အညံ့၊ အလတ်၊ အကောင်း ထပ်ခွဲလိုက်တာ၊ မထက်မြက်ဘူး လို့တော့ မဆိုလိုဘူးပေါ့၊ သူတို့က ထက်မြက်လို့ပဲဈာန်ရတာ၊ သို့သော် အဲဒီ ထက်မြက်တဲ့ထဲမှာပဲ အဆင့် ၃-မျိုးကွဲသွားသေးတာ။

ဒါကြောင့် ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာ နည်းနည်းညံ့နေရင် ပထမဈာန် အညံ့စား ခေါ်တယ်၊ အဲသလို ပထမဈာန် အညံ့စားရပြီး သေသွားရင် အဲဒီအကျိုးအပြစ် နဲ့ ဗြဟ္မပါရိသဇ္ဇာ ပထမဈာန်၊ ပထမဘုံမှာ သွားဖြစ်မယ်၊ ပဋိသန္ဓေစိတ်ကတော့ ပထမဈာန်ဝိပါက်စိတ်ပေါ့၊ ဟုတ်တယ်နော်၊ ဒါကရှင်းတယ်။

အဲဒီ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာက အလတ်စား ဖြစ်မယ်ဆိုရင် ဗြဟ္မပုရောဟိတာ ဘုံမှာဖြစ်မယ်။

အကယ်၍ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာက သိပ်ထက်မြက်နေပြီဆိုရင် မဟာဗြဟ္မာ ဖြစ်မယ်၊ ပထမဈာန် ၃-ဘုံမှာ အဲသလို ပထမဈာန် ၃-မျိုး အကျိုး ပေးမယ်ပေါ့။

အဲဒီတော့ ၃-ဘုံမှာ ပဋိသန္ဓေစိတ် အနေနဲ့ကတော့ ရူပါဝစရ ပထမဈာန် ဝိပါက်စိတ်၊ ဗြဟ္မပါရိသဇ္ဇာမှာ ပထမဈာန် ဝိပါက်စိတ်ပဲ၊ ဗြဟ္မပုရောဟိတာမှာလည်း အတူတူပဲ၊ မဟာဗြဟ္မာမှာလည်း ပထမဈာန် ဝိပါက်စိတ်ပဲ။

နောက်တစ်ခုကျတော့ ဒုတိယဈာန်နဲ့ တတိယဈာန်၊ ဒုတိယဈာန် အညံ့စား ပွားများမယ်၊ သို့မဟုတ် တတိယဈာန် အညံ့စားပွားများမယ်၊ အဲသလို အညံ့စား ပွားများမယ်ဆိုရင် ပရိတ္တာဘာဘုံမှာ ဖြစ်မယ်၊ ဒုတိယဈာန် ဝိပါက်သော်လည်းကောင်း၊ တတိယဈာန် ဝိပါက်သော်လည်းကောင်းပေါ့။

[စာမျက်နှာ-184] အလတ်စားပွားများမယ်ဆိုရင် အပ္ပမာဏာဘာ ဘုံမှာဖြစ်မယ်၊ အမြတ်စား ပွားများမယ်ဆိုရင် အာဘဿရဘုံမှာ ဖြစ်မယ်။

အဲဒီတော့ ဒီနေရာမှာ ဒုတိယဈာန် ပွားများပြီးရောက်တာနဲ့ တတိယဈာန် ပွားများပြီး ရောက်တာ နည်းနည်းကွာတော့ ကွာလိမ့်ဦးမယ် ထင်တယ်၊ မကွာဘဲတော့ မနေသင့်ဘူး၊ ဘယ့်နှယ် တတိယဈာန်ရောက်အောင်လုပ်ပြီးမှ ဒုတိယဈာန်နဲ့ တန်းတူဆို သိပ်တော့မဟုတ်သေးဘူး။

ဆိုပါတော့၊ အဲဒီဘုံမှာ သွားဖြစ်ပြီးတော့ တန်ခိုးပိုရှိတာတို့ အရောင်အဝါ ပိုတောက်ပတာတို့ဘာတို့ အဲဒါမျိုး ရှိပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပေါ့၊ ဒုတိယဈာန်သော်လည်းကောင်း၊ တတိယဈာန်သော်လည်းကောင်း၊ အညံ့စား ပွားများမိရင် ပရိတ္တာဘာဘုံမှာ သွားဖြစ်မယ်၊ အလတ်စား ပွားများမိရင် အပ္ပမာဏာဘာဘုံမှာ ဖြစ်မယ်၊ အမြတ်စားပွားများရင် အာဘဿရဘုံမှာ ဖြစ်မယ်။

အဲဒီမှာ ဒုတိယဈာန် ဝိပါက်၊ သို့မဟုတ် တတိယဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေလိမ့်မယ်။

စတုတ္ထဈာန်ကို ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာ အညံ့စားနဲ့ ပွားများရင် ပရိတ္တာသုဘာ၊ စတုတ္ထဈာန်ကို အလတ်စား ပွားများမယ်ဆိုရင် အပ္ပမာဏာသုဘာ၊ အမြတ်စားပွားများမယ်ဆိုရင် သုဘကိဏှာ၊ အဲဒီဘုံမှာဖြစ်မယ်၊ အဲဒီဘုံတွေမှာ စတုတ္ထဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေ နေလိမ့်မယ်ပေါ့။

ပဉ္စမဈာန်ကို (ဒီကျတော့ အညံ့စားပွားများသည်ဖြစ်စေ၊ အလတ်စား ပွားများသည်ဖြစ်စေ၊ အမြတ်စားပွားများသည်ဖြစ်စေ၊ မတူတာမဟုတ်ဘူး၊ ရိုးရိုးကို ပြောတာ) ရိုးရိုးပွားများရင် ပဉ္စမဈာန်ဘုံ ဝေဟပ္ဖိုလ်မှာ ဖြစ်လိမ့်မယ်၊ အဲဒီမှာ ပဉ္စမဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေလိမ့်မယ်။

အဲဒီပဉ္စမဈာန်ကိုပဲ နာမ်တရားမှာ (စာမှာတော့ သညာလို့ခေါ်တယ်၊ သညာ ဆိုတာ သညာသက်သက် မဟုတ်ဘူး၊ နာမ်တရားကိုပဲဆိုလိုတယ်) စက်ဆုပ်အောင် ပွားများမယ်၊ ပွားများရင် အသညသတ်ဘုံမှာ ဖြစ်မယ်။

အဲဒီတော့ အသညသတ်ဘုံရောက်ချင်တဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ကူးက တစ်မျိုးပေါ့။ အမှန်ကတော့ ချော်နေတာ၊ ဈာန်တော့ရပါရဲ့ မျှော်နေတာ၊ သူတို့က ဘယ်လို ယူဆသတုံးဆိုရင် အသိရှိနေလို့ ဆင်းရဲတယ်၊ စိတ်ရှိလို့ နာရတယ်၊ စိတ်မရှိရင် နာရမှာမဟုတ်ဘူး၊ အရုပ်ကြီး သွားထိပါလား၊ ဘာမှမဖြစ်ဘူး၊ ဝမ်းနည်းတယ်၊

[စာမျက်နှာ-185] စိတ်ဆိုးတယ်ဆိုတာ စိတ်ရှိလို့ ဖြစ်နေတာ၊ စိတ်မရှိရင် မဖြစ်ဘူး၊ စိတ်မရှိရင် အလွန်ချမ်းသာမှာပဲ၊ ဒုက္ခအတော့်ကို နည်းမှာပဲလို့ အဲသလို နာမ်တရားကို စက်ဆုပ်ပြီး ပဉ္စမဈာန်ကို ပွားများတယ်။

တကယ်ပေါက်ရောက်ပြီး သေတဲ့နောက် ပဉ္စမဈာန်ဘုံမှာ သွားဖြစ်တယ်၊ ဆန်းတယ်၊ သို့သော် သူ့အတွေးအခေါ်လည်း သိပ်မဆိုးလှဘူး၊ ရှေ့တိုးတက်စရာတော့ ဘာမှမရှိဘူး၊ သို့သော် အဲဒီဘဝမှာ ဖြစ်နေတုန်းတော့ သူ့မှာ ဘာဒုက္ခမှ မရှိဘူး။

ဘာကြောင့်လဲဆိုတော့ အသညသတ်ဘုံမှာ သွားဖြစ်တဲ့အခါ ရုပ်တုကြီးလို သွားနေတယ်၊ သို့သော် ထူးခြားချက်တော့ ရှိတာပေါ့၊ ရုပ်တုကြီးအစစ်မှာ ဇီဝိတမရှိဘူး၊ အသညသတ်ဘုံမှာ ဇီဝိတရှိတယ်၊ နာမ်ဇီဝိတရှိသလို ရုပ်ဇီဝိတရှိတဲ့ အတွက်ကြောင့် မပုပ်ဘူး၊ မပွဘူး၊ စသည်ဖြင့်ရှိတယ်၊ ကမ္ဘာငါးရာပတ်လုံး အရုပ်ကြီးလို သွားဖြစ်နေတာ၊ နာမ်ပျောက်နေတယ်၊ သူ့အချိန်ကုန်တဲ့အခါ ရှေးရှေးက ပြုထားတဲ့ ကုသိုလ်ကံကြောင့် ပဋိသန္ဓေစိတ် ပြန်ပေါ်တယ်၊ ကာမာဝစရပဋိသန္ဓေ သွားဖြစ်တယ်၊ အဲဒါ အသညသတ် ဗြဟ္မာတဲ့၊ နာမ်ကို စက်ဆုပ်တဲ့ ပုဂ္ဂိုလ်၊ အဲဒီဘုံဟာ ရပ်ပြစ်ရှစ်ပါးထဲ ပါတာပဲ။

ဘာကြောင့်တုန်းဆိုရင် အဲဒီဘုံမှာ သွားဖြစ်နေတော့ မြတ်စွာဘုရားပွင့်တာနဲ့ ကြုံရင် သူဘာမှ အကျိုးမရှိနိုင်တော့ဘူး၊ စိတ်မှမရှိဘဲကိုး၊ စိတ်မရှိတော့ သူဘာမှ အကျိုးမရှိဘူး၊ ဒါကြောင့်မို့ တောင့်တအပ်တဲ့ နေရာမျိုး မဟုတ်ဘူးပေါ့။

သူပြောသလို သူတွေးခေါ်သလို ချမ်းသာတာတော့ ဟုတ်ပါတယ်၊ ဒါ ပဉ္စမဈာန်နဲ့ ပတ်သက်ပြီး ရိုးရိုးပွားများရင် ဝေဟပ္ဖိုလ်ဘုံ၊ များများစက်ဆုပ်အောင် ပွားများရင် အသညသတ်ဘုံ။

အနာဂါမ်ပုဂ္ဂိုလ်တွေကျတော့ သုဒ္ဓါဝါသဘုံမှာ ဖြစ်တယ်၊ ဒါဟာဘာလဲ။ သုဒ္ဓါဝါသဘုံမှာဖြစ်တယ်ဆိုရင် ပဉ္စမဈာန်ရောက်လို့ ပဉ္စမဈာန်ရမှသာ သုဒ္ဓါဝါသဘုံမှာ ဖြစ်တယ်၊ သုဒ္ဓါဝါသဘုံဟာ စတုတ္ထဈာန်ဘုံ မပါဘူးလား၊ စတုတ္ထဈာန် ဘယ်နှစ်ဘုံ ရှိတယ်ဆိုတာ မှတ်မိသေးလား။

ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန်-၃ ဘုံ၊ တတိယဈာန် ၃-ဘုံ ဆိုတော့ ၉-မဟုတ်လား၊ ပြီးတော့ ဝေဟပ္ဖိုလ်တစ်ဘုံ၊ အသညသတ်တစ်ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံ၊ ၉-ရယ်၊ ၇-ရယ် ပေါင်းတော့ ၁၆။

ဒါဖြင့် စတုတ္ထဈာန်ဘုံ ဘယ်လောက်ရှိလဲ၊ ရူပါဝစရဘုံ ၁၆-ဘုံရှိတယ်။ စတုတ္ထဈာန်ဘုံဆိုရင် ၇-ဘုံရှိတယ်၊ အခု ဝေဟပ္ဖိုလ်နဲ့ အသညသတ်ပြီးပြီ၊

[စာမျက်နှာ-186] သုဒ္ဓါဝါသဘုံကျန်တယ်။

အဲဒီတော့ သုဒ္ဓါဝါသဘုံဟာ အနာဂါမ် ပုဂ္ဂိုလ်တွေသာဖြစ်တယ်၊ အဲဒီအနာဂါမ် ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာဖြစ်တယ်ဆိုရင် သူတို့ဟာ ဈာန်ရပြီးမှသာ ဖြစ်ရမယ်၊ ဒါကြောင့်မို့ အနာဂါမ်ပုဂ္ဂိုလ်ဟာ အနာဂါမ်ဖြစ်တုန်းက ဈာန်မပါဘဲနဲ့ ဖြစ်သော်လည်းပဲ (ဖြစ်ချင်ဖြစ်ခဲ့မယ်) သုဒ္ဓဝိပဿကဆိုတာရှိတယ်၊ ဝိပဿနာသက်သက်ကိုသာ အားထုတ်တဲ့အတွက် ဈာန်မရဘူး။

အဲဒီလို ဈာန်မရသော်လည်းပဲ သူတို့ဟာ သမာဓိအားကောင်းတဲ့အတွက်ကြောင့် သေခါနီးမှာ ဖြစ်ပေမဲ့ တစ်ချိန်ချိန်မှာ ဧကန်ပဉ္စမဈာန်ထိအောင် ရမယ်။

ကျမ်းဂန်တွေမှာ ဘယ်လောက်ထိ ပြောထားသလဲဆိုတော့ အိပ်နေတုန်း သွားသတ်ဦး၊ မသေခင်မှာ ပဉ္စမဈာန် ရသွားပြီးတော့ သူဟာ သုဒ္ဓါဝါသဘုံမှာ သွားဖြစ်မယ်၊ အဲဒီလောက် သူတို့ရဲ့ သမာဓိကအားကောင်းတယ်။

ဘာကြောင့် သမာဓိအားကောင်းသလဲဆိုတော့ အနာဂါမ်က ကာမရာဂကို ပယ်တယ်၊ ကာမဂုဏ်နဲ့ ပတ်သက်တဲ့ လိုချင်မှု တွယ်တာမှုမရှိတော့ဘူး၊ ကာမဘုံနဲ့ ပတ်သက်တဲ့ လိုချင်မှု တွယ်တာမှု သူ့မှာမရှိတော့ဘူး၊ ရူပါဝစရဘုံရောက်ချင်တဲ့ တွယ်တာမှုလေး သူ့မှာရှိသေးတယ်၊ အရူပါဝစရဘုံရောက်ချင်တဲ့ တွယ်တာမှုလေး သူ့မှာရှိဦးမယ်ပေါ့လေ၊ ကာမာဝစရနဲ့ ပတ်သက်တာ သူ့မှာ မရှိတော့ဘူး။

အဲဒီတော့ ကာမဂုဏ်ကို လိုချင်တွယ်တာတဲ့ လောဘဟာ သမာဓိရဲ့ ဆန့်ကျင်ဘက်၊ ဒါကြောင့်မို့ ကာမဂုဏ်ကိစ္စများနေရင် သမာဓိမရနိုင်တော့ဘူး၊ သမာဓိမပွားနိုင်ဘူး၊ ပထမဈာန်စတဲ့ ဈာန်ပွားများတဲ့အခါမှာ မြတ်စွာဘုရားဟောကြားတဲ့အခါမှာ ကာမဂုဏ်တို့မှ ကင်းရှင်း၍ အကုသိုလ်တရားတို့မှ ကင်းရှင်း၍ဆိုပြီး အဲသလို ဟောတာ။ ကာမဂုဏ်ကို မစွန့်ဘဲနဲ့ ကာမဂုဏ်တို့မှ ကင်းပြီးမနေနိုင်ဘဲနဲ့ ဈာန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ အနာဂါမ်ပုဂ္ဂိုလ်တွေက ကာမရာဂကို အပြီးသတ်ပယ်ပြီးသား ဖြစ်တာကြောင့်မို့ သမာဓိရဲ့ ဘေးရန်ဟာ သူတို့မှာ မရှိတော့ဘူး၊ သမာဓိရဲ့ ဘေးရန် မရှိတော့တဲ့အတွက်ကြောင့်မို့ သူတို့ဟာ သမာဓိကောင်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။

သောတာပန်၊ သကဒါဂါမ်တွေမှ သမာဓိ ကောင်းတယ် မဆိုလိုဘူးနော်၊ သီလပြည့်စုံတယ်သာဆိုတယ်၊ သမာဓိမှာ အပြည့်အဝ ရသွားပြီလို့ မဆိုလိုဘူး၊ အနာဂါမ်ကျမှ သမာဓိပြည့်ဝသွားတယ်။

ဘာကြောင့်လဲဆိုတော့ ခုနပြောသလို ကာမစ္ဆန္ဒကို သူတို့က အပြီးသတ်ပယ်ပြီး

[စာမျက်နှာ-187] သားဖြစ်နေတယ်၊ အဲဒီတော့ သမာဓိဘေးရန်မရှိဘဲ သမာဓိ အားကောင်းတယ်။ သမာဓိအားကောင်းတဲ့အတွက်ကြောင့်မို့ တစ်ချိန်ချိန်မှာ ဈာန်ဧကန်ရကိုရမယ်။ ဈာန်ရရင်လည်း ပဉ္စမဈာန်ထိအောင် ရပြီးတော့ သူတို့ဟာ သုဒ္ဓါဝါသဘုံမှာ ဖြစ်မယ်။

ဘုံပုဂ္ဂိုလ်ရတုန်းကလည်း ဒီလိုပဲမဟုတ်လား၊ သုဒ္ဓါဝါသဘုံမှာ အနာဂါမိဖိုလ်ရယ်၊ အရဟတ္တမဂ်ရယ်၊ အရဟတ္တဖိုလ်ရယ်၊ ဒီသုံးယောက်ဖြစ်တယ်လို့ ဆိုခဲ့တယ် မဟုတ်လား။

* သုဒ္ဓါဘုံငါး၊ သုံးယောက်ထား၊ ထက်ဖျားအရိယာ၊ ဆိုပြီးတော့ လင်္ကာလေး တောင်ရှိတယ်။

ဒါကြောင့်မို့ ပဉ္စမဈာန်ဟာ ရိုးရိုးပွားများရင် အနာဂါမ်လည်း မဟုတ်ဘူးဆိုရင် ဝေဟပ္ဖိုလ်မှာ အကျိုးပေးမယ်၊ နာမ်ကိုစက်ဆုပ်အောင် ပွားများရင် အသညသတ်ဘုံမှာ ဖြစ်မယ်။

အနာဂါမ် ပုဂ္ဂိုလ်တွေဆိုရင်တော့ ပဉ္စမဈာန်ရဲ့ အကျိုးကြောင့် သုဒ္ဓါဝါသဘုံမှာ ဖြစ်မယ်၊ အဲဒီတော့ သုဒ္ဓါဝါသက ၅-ဘုံရှိတယ်၊ ဘယ်လိုများဖြစ်မှာတုန်းဆိုတော့ အဖြေရှိတာက

* သဒ္ဓါ၊ ဝီရိ၊ သတိ၊ သမာ၊ ပညာ ငါးဖြာ ဣန္ဒြေခင်း၊ * သုဒ္ဓါဘုံငါး၊ ထက်သူများ၊ စံစားစဉ်တိုင်းသွင်း။ ဆိုလိုတာက ဣန္ဒြေ ၅-ပါးဆိုတာရှိတယ်၊ ဒါလည်းပဲ သတ္တမပိုင်းကျတွေ့လိမ့်မယ်၊ အဲဒီမှာ တွေ့မယ့်ဣန္ဒြေ ၂၂-ပါးထဲက ၅-ပါးပေါ့၊ ဒီ ၅-ပါးက အရေးကြီးတဲ့ ဣန္ဒြေ ၅-ပါးပေါ့။

ပထမက သဒ္ဓါ၊ ယုံကြည်မှုပေါ့၊ ဘုရားတရားသံဃာ သိက္ခာသုံးပါးစသည့် အပေါ် ယုံကြည်မှုပေါ့။

ဝီရိယ၊ တရားအားထုတ်တဲ့အခါ ဝီရိယမပါဘဲနဲ့ မရဘူး၊ သတိ၊ သတိမပါရင် တရားထိုင်လို့ မရဘူး၊ သမာဓိ အတူတူပဲ၊ ဘာကြောင့်တုန်း သမာဓိမရှိရင် ပညာလည်း မဖြစ်ဘူး၊ ဒါကြောင့်မို့ ဒီဟာကို ဣန္ဒြေ ၅-ပါး လို့ခေါ်တယ်။ အဲဒီဣန္ဒြေ ၅-ပါး အစဉ်အတိုင်းထားပါတဲ့။

* သုဒ္ဓါဘုံငါး၊ ထက်သူများ၊ စံစားစဉ်တိုင်းသွင်း။ ဆိုလိုတာကတော့ အဲဒီဣန္ဒြေ ၅-ပါး ထက်မြက်မှုအလိုက် သုဒ္ဓါဝါသ ၅ ဘုံမှာ ဖြစ်လိမ့်မယ်ဆိုတော့ သုဒ္ဓါဝါသ-၅ ဘုံ မှတ်မိရဲ့လား ပြန်ကြည့်စမ်းပါ၊ အဝိဟာ၊ အတ္တပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ။

[စာမျက်နှာ-188] အဲဒီတော့ သဒ္ဓါထက်မြက်တဲ့ ပုဂ္ဂိုလ်သည် ပထမဆုံးဘုံဖြစ်တဲ့ အဝိဟာဘုံမှာ ဖြစ်မယ်၊ ဝီရိယထက်မြက်တဲ့ပုဂ္ဂိုလ်သည် အတ္တပ္ပါ၊ သတိထက်မြက်တဲ့ ပုဂ္ဂိုလ်သည် သုဒဿာ၊ သမာဓိထက်မြက်တဲ့ ပုဂ္ဂိုလ်သည် သုဒဿီ၊ ပညာထက်မြက်တဲ့ပုဂ္ဂိုလ်သည် အကနိဋ္ဌဘုံမှာ ဖြစ်လိမ့်မယ်တဲ့၊ ဒါကြောင့်မို့

* သဒ္ဓါ၊ ဝီရိ၊ သတိ၊ သမာ၊ ဓိပညာ ငါးဖြာဣန္ဒြေခင်း၊ * သုဒ္ဓါဘုံငါး၊ ထက်သူများ၊ စံစားစဉ်တိုင်းသွင်း။ မေး - သဒ္ဓါထက်တဲ့သူက အနိမ့်ဆုံးဘုံဖြစ်ပြီး ပညာထက်မြက်တဲ့သူက ထိပ်ဆုံးဘုံရောက်မယ့် သဘောပါလား။
ဖြေ - ဟုတ်တယ်၊ ပညာထက်တဲ့သူက ထိပ်ဆုံးရောက်မယ်၊ သူ့ level နဲ့သူ သွားတယ်။

မေး - အဲဒါဆိုရင် ဣန္ဒြေငါးပါးအလိုက် ဘုံခံစားရတယ်၊ ဒါကြောင့် ညီမျှခြင်း သဘောလေး လုပ်ရင် ကောင်းမလား။
ဖြေ - ကောင်းတယ်၊ သုဒ္ဓါဝါသဘုံငါးပါး ပြန်ကြည့်လိုက်စမ်း၊ အဝိဟာ၊ အတ္တပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ အဝိဟာနဲ့ သဒ္ဓါနဲ့တွဲလိုက်၊ သဒ္ဓါထက်ရင် အဝိဟာရောက်မယ်၊ ဝီရိယထက်ရင် အတ္တပ္ပါ၊ သတိထက်ရင် သုဒဿာ၊ သမာဓိထက်ရင် သုဒဿီ၊ ပညာထက်ရင် အကနိဋ္ဌဘုံရောက်မယ်။

ကောင်းပြီ၊ အဲဒီမှာ ဘာပြောစရာရှိသလဲဆိုတော့ အနာဂါမ်ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာသာ ဖြစ်သလား၊ တခြားဘုံတွေမှာကော မဖြစ်ဘူးလားဆိုတော့ ဖြစ်နိုင်တယ်တဲ့၊ အကယ်၍ သူတို့မှာ စိတ်ဆန္ဒရှိရင် ပဉ္စမဈာန် ရနေပေမဲ့ သူတို့စိတ်က စတုတ္ထဈာန်ဘုံမှာသာ ဖြစ်ချင်တယ်၊ တတိယဈာန်ဘုံမှာသာ ဖြစ်ချင်တယ်၊ ဒုတိယဈာန်ဘုံမှာသာ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးရှိရင်တော့ ဖြစ်နိုင်တယ်တဲ့။

ဒါကြောင့်မို့ ဒီနေရာမှာ အနာဂါမ်ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာဖြစ်ရမယ်လို့ ဒီလို အတိအကျ သတ်မှတ်ချက်မရှိဘူး၊ သို့သော် သုဒ္ဓါဝါသဘုံမှာ အနာဂါမ်တွေသာ ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်တော့ရှိတယ်၊ သောတာပန်က သုဒ္ဓါဝါသဘုံတက် မဖြစ်နိုင်ဘူး၊ သကဒါဂါမ်က သုဒ္ဓါဝါသဘုံတက် မဖြစ်နိုင်ဘူး။

တစ်ခါတလေကျတော့ ဈာန် ၅-ပါးလုံး ရထားပြီးတော့ ပုဂ္ဂိုလ်ရဲ့ စိတ်သန်နေတာက (ဆိုပါတော့) ပထမဈာန်ဘုံမှာပဲ ဖြစ်ချင်တယ်ဆိုရင် ဖြစ်နိုင်တယ်တဲ့။ ဘာကြောင့်တုန်းဆိုတော့ ပုဂ္ဂိုလ်ရဲ့ စိတ်တောင့်တမှုဟာ သူ့ရဲ့ သီလ သမာဓိ

[စာမျက်နှာ-189] စင်ကြယ်ရင် တောင့်တတဲ့အတိုင်းဖြစ်တယ်။

ဒါကြောင့်မို့ သုဒ္ဓါဝါသဘုံမှ တပါးသောဘုံ၌လည်း ဖြစ်နိုင်သေးတယ်ပေါ့။ သို့သော် သုဒ္ဓါဝါသဘုံမှာတော့ အနာဂါမ်သာ ဖြစ်နိုင်တယ်၊ တခြားသတ္တဝါတွေ မဖြစ်နိုင်ဘူး၊ ဘုံပုဂ္ဂိုလ်ရတွေ ပြန်ကြည့်ရင် အဲဒီအတိုင်း တွေ့လိမ့်မယ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဒီပုဂ္ဂိုလ် ၃-မျိုးသာ သုဒ္ဓါဝါသဘုံရောက်မယ်။ ဒါက ရူပါဝစရကုသိုလ် အကျိုးပေးရာ တဲ့။

အရူပါဝစရကုသိုလ် အကျိုးပေးရာ ကျတော့ လွယ်ပါတယ်၊ သိပ်ရှင်းတယ်၊ အာကာသာနဉ္စာယတန ကုသိုလ်စိတ် က အာကာသာနဉ္စာယတနဘုံမှာ အကျိုးပေးမယ်၊ အကျိုးပေးတယ်ဆိုတော့ ပဋိသန္ဓေကျိုးရော၊ ပဝတ္တိကျိုးရော ပေးတာ၊ ဘာဝိပါက်စိတ်နဲ့ အကျိုးပေးမလဲဆိုရင် အာကာသာနဉ္စာယတန ဝိပါက်စိတ်နဲ့ အကျိုးပေးမယ်။

ဝိညာဏဉ္စာယတန ကုသိုလ်စိတ် ကလည်း ဝိညာဏဉ္စာယတနဘုံမှာ ဝိညာဏဉ္စာယတန ဝိပါက်စိတ်နဲ့ အကျိုးပေးမယ်၊ ပဋိသန္ဓေနဲ့ရော ပဝတ္တိနဲ့ရော။

အာကိဉ္စညာယတန ကုသိုလ် က အာကိဉ္စညာယတနဘုံမှာ အကျိုးပေးမယ်။

နေဝသညာနာသညာယတန ကုသိုလ် က နေဝသညာနာသညာယတနဘုံမှာ အကျိုးပေးမယ်၊ နေဝသညာနာသညာယတန ဝိပါက်စိတ်ကို ဖြစ်စေမယ်လို့ ဆိုလိုတယ်ပေါ့၊ ဒါက အရူပါဝစရ။

အရူပါဝစရ ဗြဟ္မာတွေကလည်း ဗြဟ္မာမဖြစ်ခင် ဒီဘဝမှာ အားထုတ်ကတည်းက သူတို့က ရုပ်မုန်းတဲ့သူကိုး၊ ခုနပြောခဲ့တဲ့ အသညသတ်က နာမ်မုန်းတဲ့သူ။

သူတို့က ဘာပြောတုန်းဆိုတော့ ဒီရုပ်ခန္ဓာရှိနေလို့ နာကျင်တာတို့ ဘာတို့ရောဂါဖြစ်တာတို့ရှိတယ်၊ ရုပ်ခန္ဓာကြီးမရှိရင် နာမ်ချည်းသာရှိရင် သိပ်ချမ်းသာမယ်၊ သူတို့က အစွန်းရောက်တယ်ပေါ့၊ အဲဒီတော့ ရုပ်ကို အလွန်မုန်းတော့တာပဲ။ ရုပ်မုန်းတော့ ပဉ္စမဈာန်ရပြီးမှ အာကာသာနဉ္စာယတနဈာန်ရမှာနော်။

ပဉ္စမဈာန်ရတော့ ပဉ္စမဈာန်က ဘာကို အာရုံပြုသလဲဆို ကသိုဏ်းနိမိတ် တစ်ခုခုကို အာရုံပြုတယ်၊ အဲဒါကြောင့်မို့ သူက မကြိုက်နိုင်တော့ဘူး၊ ပဉ္စမဈာန်နဲ့တင် အားမရတော့ဘူး၊ ပဉ္စမဈာန်ထက်ပိုပြီး အာရုံပြုတာပဲ၊ အဲဒီတော့ ပဉ္စမဈာန်ထက် ကျော်လွန်အောင်ဆိုပြီးတော့ အရူပါဝစရဈာန်ရအောင် ဆက်ပြီးပွားများတယ်။ အဲသလို ပွားများတဲ့အတွက်ကြောင့် သမာဓိတန်ခိုးရပြီး ဒီဈာန်ရရော၊ ဒီဈာန်ရပြီး ဒီဈာန်နဲ့ပဲ သေတဲ့အခါမှာ (သူ့သဘောကျပေါ့) ရုပ်မုန်းတဲ့သူဆိုတော့ ရုပ်လုံးဝမရှိဘဲ နာမ်သက်သက်သာရှိတဲ့ဘုံမှာ သွားဖြစ်တယ်၊ အာကာသာနဉ္စာယတနဘုံပေါ့။

[စာမျက်နှာ-190] ထို့အတူပဲ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန တို့ဟာ ရပ်ပြစ်ရှစ်ပါးထဲ ပါတာပဲ၊ ကုသိုလ်ရတော့ ရနိုင်သေးတယ်ပေါ့။ ဒါပေမဲ့ ဘုရားမဖူးနိုင်ဘူး၊ မျက်လုံးမှမရှိဘဲ၊ နာမ်ချည်းရှိတာဆိုတော့ သိတာသိတယ်၊ မမြင်နိုင်ဘူး၊ ကြားလည်းမကြားနိုင်ဘူး။

ဒါကြောင့်မို့ ကိုယ်က ပုထုဇဉ်ဘဝနဲ့ အာကာသာနဉ္စာယတန ကုသိုလ်ရပြီး သေသွားပြီတဲ့၊ အဲဒီဘုံသွားဖြစ်ပြီဆိုရင် အဲဒီကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်မှာ ဘုရားဘယ်နှစ်ဆူပွင့်ပါစေ၊ သူ့အတွက်အကျိုးမရှိတော့ဘူး၊ ဒါကြောင့်မို့ ရပ်ပြစ်ရှစ်ပါး တဲ့။

ရပ်ပြစ်ဆိုတာ ပြစ်ပယ်အပ်တဲ့အရပ်၊ ဘုံဌာနကိုဆိုလိုတာ၊ လူတွေက ပြောကြတယ်၊ ရပ်ပြစ်ရှစ်ပါးဆို ဘုန်းကြီးတွေ ပရိတ်ရွတ်တော့ တစ္ဆေခြောက်လား ဘာလား မသိဖြစ်ပြီး ယပ်တောင်တွေပစ်ပြီး ပြေးတဲ့ဘုန်းကြီး ၈-ပါးဆိုပြီး မဟုတ်တာတွေ ပြောတတ်ကြတယ်။

ရပ်ပြစ်ဆိုတာ အပြစ်ရှိတဲ့ အရပ်ဆိုရင်လည်း ဟုတ်တယ်ပေါ့လေ၊ သို့မဟုတ် ရင်လည်း ပစ်ပယ်အပ်တဲ့ ဘုံဌာနပေါ့၊ ဒါကြောင့်မို့ ကောင်းတော့ကောင်းတယ်ပေါ့လေ။ သို့သော် တရားထူးရဖို့ရန် ဖြစ်နိုင်တဲ့နေရာမျိုးမဟုတ်ဘူး၊ ဒါကြောင့် အသညသတ် ဗြဟ္မာဖြစ်ဖို့ အရူပါဝစရဗြဟ္မာဖြစ်ဖို့ မတောင့်တနဲ့ မလိုလားနဲ့ပေါ့။

ဒါနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားအလောင်း ဖွားမြင်ပြီးတဲ့နောက် ကာဠဒေဝီလ ရသေ့ကြီးလာတယ်မဟုတ်လား၊ ရသေ့ကြီးလာတဲ့အခါကျတော့ သုဒ္ဓေါဒနမင်းကြီးက ဝမ်းသာပြီးတော့ သားတော်လေးကို ရသေ့ကြီးကို ရှိခိုးခိုင်းတယ်၊ ရှိခိုးခိုင်းတဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသားက ရှိမခိုးတဲ့အပြင် မင်းသားလေးရဲ့ ခြေထောက်က ရသေ့ကြီးခေါင်းပေါ်ရောက်သွားတာ။

ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရဲ့ နောက်ဆုံးဘဝမှာ သူက ရှိခိုးထိုက်တဲ့သူ တစ်ယောက်မှမရှိဘူး၊ အဲသလို ရသေ့ကြီးက ရှိခိုးပြီးတော့ သားတော်လေးကို ကြည့်ပြီး ပထမဝမ်းသာပြီး ရယ်တယ်၊ နောက်တော့ ဝမ်းနည်းသွားပြီး ငိုတယ်တဲ့။

အဲသလိုဖြစ်တော့ သုဒ္ဓေါဒနမင်းကြီးက သားတော်လေး ဘာများဖြစ်လို့ပါလိမ့်လို့ စိုးရိမ်ကြောင့်ကျသွားတာပေါ့၊ အဲဒါနဲ့ မေးတယ်။

“အရှင်ဘုရား၊ သားတော်လေးကိုကြည့်ပြီး ပထမရယ်တယ်၊ နောက်တော့ ငိုတယ်၊ အဲဒါ သားတော်လေးမှာ ဘေးအန္တရာယ်များ ရှိပါသလား” ဆိုတော့_

[စာမျက်နှာ-191] “မဟုတ်ဘူး၊ သားတော်လေးကို ကြည့်လိုက်တဲ့အခါကျတော့ ၃၂-ပါး သောလက္ခဏာတွေနဲ့ ပြည့်စုံနေတယ်၊ အဲဒါကြောင့်မို့ သားတော်လေးဟာ ဧကန်ဘုရားဖြစ်မယ်။ ဘုရားဖြစ်ရင် သတ္တဝါတွေ အကျိုးရှိမှာမြင်လို့ ဝမ်းသာပြီး ရယ်တာ၊ နောက်တစ်ခုကတော့ ဒါပေမဲ့လည်း ငါကြည့်လိုက်တော့ ဒီသားတော်လေး ဘုရားဖြစ်သည့်တိုင်အောင် ငါက အသက်ရှည်ဖို့ မရှိဘူး၊ အဲဒီတော့ သားတော်လေး ဘုရားမဖြစ်ခင် ငါက သေရမှာ၊ အဲဒီတော့ ဘုရားပွင့်တဲ့အတွက် ငါ့မှာ ဘာအကျိုးမှ ရတော့မှာ မဟုတ်ဘူး၊ ဘုရားကို တွေ့ခွင့်မရဘူး၊ အကျွတ်တရားရဖို့လမ်း မရှိဘူး၊ ဒါကြောင့် ဝမ်းနည်းလို့ ငါငိုတာ” တဲ့။

အဲဒီတော့ မေးစရာရှိတာက သူသေသွားပေမဲ့ ရောက်မယ့်နောက်ဘဝကနေပြီးတော့ ဘုရားဟောတဲ့ တရားကို နာပြီးတော့ အကျွတ်တရား မရနိုင်ဘူးလား၊ ကြည့်လိုက်တော့ မဖြစ်နိုင်ဘူးတဲ့၊ ဘာကြောင့်တုန်းဆိုတော့ သူက အရူပဈာန်ရထားလို့။

အရူပဈာန်ရပြီးတော့ အဲဒီအရူပဈာန်ကို သူက မစွန့်နိုင်ဘူး၊ အကျွတ်တရား ရတာ မရတာထက် လက်ရှိရထားတဲ့ အရူပဈာန်ကို သူက စွဲလန်းနေတယ်။ စွဲလန်းနေတော့ မစွန့်နိုင်ဘူး။

အရူပဈာန် မစွန့်နိုင်တော့ ဒီဈာန်နဲ့ သေသွားရင် အရူပဘုံရောက်မယ်၊ အရူပဘုံရောက်ရင် ဘုရားမဖူးနိုင်ဘူး၊ ဘုရားတရား မနာနိုင်တော့ အကျွတ်တရား မရနိုင်ဘူး၊ ဒါကြောင့် သိလျက်နဲ့ နစ်နာရသလားဆိုတော့ ဈာန်ကိုစွဲလမ်းပြီး ဈာန်ကို မခွာနိုင်လို့ပဲ၊ အဲဒါကြောင့် အရူပါဝစရဘုံမှာ သွားဖြစ်တော့ မြတ်စွာဘုရား ပွင့်တော့ မိပေမဲ့ သူဘာမှ အကျိုးခံစားခွင့်ရမှာ မဟုတ်တော့ဘူး၊ အဲဒါကို ဝမ်းနည်းပြီး ငိုတာလို့ ဖြေခဲ့တယ်။

ဒါကြောင့်မို့ အသညသတ်ဘုံနဲ့ အရူပါဝစရဘုံဆိုတာ တောင့်တထိုက်တဲ့ နေရာတွေ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီဘုံတွေကျတော့ ရအောင် အားထုတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် ရူပါဝစရဈာန်နဲ့ အရူပါဝစရဈာန်ရပြီးတဲ့နောက်မှာ အဘိညာဏ် ဆိုတာတက်လို့ရတာ၊ သာမညအားဖြင့် ပြောတဲ့အခါကျတော့ အဘိညာဏ်ဆိုတာ ပဉ္စမဈာန်ကို အထူးပွားများတာကို အဘိညာဏ်ခေါ်တော့ ပဉ္စမဈာန်ရရင် အဘိညာဏ် ရနိုင်တယ်လို့ ထင်တတ်တယ်။

စာမှာက ဒီလိုမဆိုဘူး၊ သမာပတ် ၈-ပါးလုံး၊ သင်္ဂြိုဟ်စကားနဲ့ ပြောမယ်ဆိုရင် ဈာန် ၉-ပါးလုံး ရထားတယ်၊ ရူပဈာန် ၅-ပါး၊ အရူပဈာန် ၄-ပါး အကုန်ရပြီးတဲ့ ပုဂ္ဂိုလ်မှာ အဘိညာဏ်ကို ရနိုင်တယ်၊ အရဟတ္တမဂ်ရလည်း အဘိညာဏ်ရတာပဲ။

[စာမျက်နှာ-192] ရဟန္တာလည်း အဘိညာဏ်ရတာပဲ၊ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ ရဟန္တာတို့ဟာ ဒီဈာန် ၉-ပါးလုံးရတယ်၊ ရဟန္တာဖြစ်ပြီးရင်တော့ အထူးပြောစရာမလိုဘူးပေါ့။ နောက်ထပ် ဘဝဖြစ်စရာမရှိတော့ဘူး၊ ရုပ်မရှိတဲ့ဘဝ သွားဖြစ်မလားလို့ ကြောင့်ကျစရာ မရှိဘူးပေါ့။

ပုထုဇဉ်တွေ အနေနဲ့လည်း အဘိညာဏ်ကို ရချင်တယ်၊ လုပ်ချင်တယ်၊ ပွားများချင်တယ်ဆိုရင် ဒီအရူပဈာန်ကိုလည်းပဲ ရရမယ်၊ ဒါပေမဲ့ သူ့စိတ်ဆန္ဒက အရူပဘုံမှာ မဖြစ်ချင်ဘူးဆိုရင် ဖြစ်မှာမဟုတ်ဘူး အဲဒါပဲ။

ကောင်းပြီ၊ ဒါကြောင့်မို့ အရူပဈာန် အကျိုးပေးရာဘုံကတော့ ရှင်းပါတယ်၊ နိဂုံးချုပ်လိုက်စမ်း။

“ဤသို့လျှင် မဟဂ္ဂုတ်ကံ သည်၊ ပိုင်းခြားသတ်မှတ်ထားအပ်တိုင်းသော ဘုံ၌ (ဆိုပါတော့ ပထမဈာန်ကုသိုလ်က ပထမဈာန်ဘုံမှာ အကျိုးပေးမယ်၊ ဒုတိယဈာန်ကုသိုလ်က ဒုတိယဈာန်ဘုံမှာ အကျိုးပေးမယ်၊ အဲသလို သတ်မှတ်ထားတဲ့ အတိုင်းပဲ အဲဒီအတိုင်းသာ လုပ်မှာတဲ့) မိမိနှင့် တူသောအကျိုးကို (ကာမာဝစရ ကုသိုလ်နဲ့ ဒီမှာကျတော့ မတူဘူးနော်) ပဋိသန္ဓေအခါ ပဝတ္တိအခါ ၌ ဖြစ်စေသည်” တဲ့။

ဆိုလိုတာက ပထမဈာန် ကုသိုလ်က ပထမဈာန်ဝိပါက် အကျိုးပဲပေးမယ်၊ ပဋိသန္ဓေအခါမှာရော၊ ပဝတ္တိအခါမှာရောပေါ့၊ ဒုတိယဈာန် ကုသိုလ်က ဒုတိယဈာန် ဝိပါက်အကျိုးပဲပေးမယ်၊ တူသော အကျိုးဆိုတာ ဒါကိုပြောတာ။

ကာမာဝစရကုသိုလ်ကျတော့ တူတာရော မတူတာရော ပေးရမှာပေါ့၊ ကာမာဝစရကုသိုလ်က ကာမာဝစရဝိပါက် အကျိုးလည်းပေးတယ်၊ အဟိတ်ဝိပါက် အကျိုးလည်းပေးတယ်၊ ကာမာဝစရဝိပါက် အကျိုးပေးတော့ တူတဲ့အကျိုးပေးတယ် ဆိုရပေမဲ့ အဟိတ်ဝိပါက်အကျိုးပေးတဲ့အခါကျတော့ မတူတဲ့အကျိုးပေးတယ်လို့ ဆိုရတယ်။

ဒါကြောင့်မို့ ကာမာဝစရကုသိုလ်ကံသည် တူသောအကျိုးကိုလည်းကောင်း၊ မတူသောအကျိုးကိုလည်းကောင်း၊ ထိုက်သည့်အားလျော်စွာ ပဋိသန္ဓေအခါ၊ ပဝတ္တိအခါတို့မှာ ပေးတယ်။

မဟဂ္ဂုတ်ကုသိုလ်ကံ (သို့မဟုတ်) ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံ တို့ကတော့ သူ့သတ်မှတ်ထားတဲ့ ဘုံမှာပဲ (ပထမဈာန်၊ ဒုတိယဈာန်ဘုံစသည်ဖြင့်) ပဋိသန္ဓေအခါမှာရော၊ ပဝတ္တိအခါမှာရော တူသောအကျိုးကို ပေးတယ်။

[စာမျက်နှာ-193] ဒါကြောင့်မို့ သူတို့မှာ ခုနလို မရှုပ်ဘူး၊ ကာမာဝစရတုန်းကတော့ ရှုပ်တယ် မဟုတ်လား၊ တူတဲ့အကျိုးနဲ့ မတူတဲ့အကျိုးနဲ့ ပေါင်းရတာ၊ တိဟိတ်၊ ဒွိဟိတ်နဲ့ ဥက္ကဋ္ဌ၊ ဩမကနဲ့ လုပ်ရတာ ရှုပ်တယ်။

ဒီကျတော့ ရှင်းလို့၊ ပထမဈာန်ကုသိုလ်က ပထမဈာန်ဘုံမှာ ပထမဈာန် ဝိပါက်စိတ်ဖြစ်စေ၊ ဒုတိယဈာန်၊ တတိယဈာန် ကုသိုလ်က ဒုတိယဈာန်၊ တတိယဈာန်ဘုံမှာ၊ ဒုတိယဈာန်၊ တတိယဈာန် ဝိပါက်စိတ်ဖြစ်စေ စသည်ဖြင့် သွားတယ်။

နေဝသညာနာသညာယတန ကုသိုလ်က နေဝသညာနာသညာယတနဘုံမှာ နေဝသညာနာသညာဝိပါက်စိတ်ဖြစ်စေ၊ အဲသလို ရှင်းတယ်၊ ဒါက ဘာလဲဆိုရင် ကံအကျိုးပေးပုံ အကုန်လုံးပြီးသွားပြီ။

ကာမာဝစရကုသိုလ်ကံ အကျိုးပေးပုံ၊ ရူပါဝစရကုသိုလ်ကံ အကျိုးပေးပုံ၊ အရူပါဝစရကုသိုလ်ကံ အကျိုးပေးပုံ ပြီးသွားပြီ။

ကံ၊ ကံ၏အကျိုးကို ကြည့်တဲ့အခါ အဲဒီလောက်ပဲ၊ မမှတ်မိသေးရင် ထပ်နားထောင်၊ ဒါဆိုရင် ကံပိုင်းဆိုင်ရာပြီးပြီ၊ နောက်အပတ်ဆိုရင် မရဏာသန္န ခေါ်တဲ့ သေတဲ့အပိုင်း သွားလိမ့်မယ်။

သေခါနီးဘာဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ နောက်ဘဝ ဆက်တာတွေ၊ အဲဒါသိပ်အရေးကြီးတယ်၊ မရဏုပ္ပတ္တိ လို့ ပါဠိလိုခေါ်တယ်၊ သေခြင်းဖြစ်ပုံပေါ့။ သေခါနီးမှာ ဘယ်လိုစိတ်တွေဖြစ်တယ်၊ ဘယ်လိုနိမိတ်တွေထင်တယ်၊ ဒီနိမိတ်တွေကို ယူပြီးတော့ ပဋိသန္ဓေ ဘယ်လိုဖြစ်တယ်၊ ဒီဘဝကသေပြီးရင် ဘယ်ဘုံမှာ ဖြစ်နိုင်တယ် စသည်ဖြင့်ပေါ့လေ၊ များတော့ ဒီတစ်ပတ်ထဲနဲ့ မရဘူး၊ ၂-ပတ်လောက် အနည်းဆုံး သွားရလိမ့်မယ်ထင်တယ်၊ ပဉ္စမပိုင်း တော်တော်လေး ရောက်သွားပြီ။ မသိမသာနဲ့ ရောက်သွားတာ၊ နောက် ၄-ပိုင်းပဲလိုတော့တယ်၊ မရဏုပ္ပတ္တိပြီးရင် ၄-ပိုင်းပဲ လိုတော့တယ်၊ တတ်မှန်းမသိ တတ်သွားကြပြီ မဟုတ်လား။

မေး - အခုမှ ရှေ့နဲ့နောက် စပ်သွားတာ၊ တစ်ခါပြန်ဆက်သွားသလိုပါပဲ။ အစတုန်းကတော့ ဈာန်အကြောင်းတွေ ပြောနေတာ၊ လောကမှာ ဖြစ်နေတာတွေ story တွေနဲ့။
ဖြေ - ဒါကြောင့်မို့ပြောတာ၊ မပြည့်မချင်း ဟိုဟာလေး လိုနေတယ်၊ ဒီဟာလေး လိုနေတယ်၊ အားလုံးကုန် ပြည့်သွားမှသိတာ၊ ဒါကြောင့်မို့ အကုန်လုံး နားမလည်ပေမဲ့ စိတ်မပျက်နဲ့ ဆိုတာဒါကိုပြောတာ၊ ဘာကြောင့်လည်းဆိုတော့ နောက်က

[စာမျက်နှာ-194] သိစရာတွေရှိတယ်၊ ရှေ့ကသိစရာတွေရှိတယ်၊ ဒါတွေအကုန်လုံးစုပြီးမှ ပြည့်စုံတာ၊ ဒါကြောင့် ပထမတစ်ခါထက် နောက်တစ်ခါကျ ပိုကောင်းတယ်၊ ပိုနားလည်လာတယ်၊ ကိုယ်က သူများကို ပြန်သင်ပေးရင် ပိုနားလည်ပြန်ရော။

ကိုင်း၊ ဘုံပိုင်း၊ တော်တော်ကောင်းတဲ့ အပိုင်းပဲ၊ လက်တွေ့ အသုံးကျတဲ့ မှတ်သားစရာတွေ တော်တော်ပါတယ်၊ ရှေ့ပိုင်းတုန်းကတော့ စိတ်တွေ စေတသိက်တွေယှဉ်တာ၊ ကိစ္စတွေ ဝီထိတွေ လုပ်နေရတာ၊ ဒီမှာကျတော့ နားလည်ဖို့ကောင်းတာတွေ အများကြီး ပါလာတယ်။

မေး - ဒီအပိုင်းကနေ ရှေ့ကို ပြန်သွားမှာတွေ အများကြီးပဲ မဟုတ်ပါလားဘုရား။
ဖြေ - ဒါကတော့ ပြန်သွားမှာပဲ၊ အခုပဲပြောနေပြီ မဟုတ်လား၊ ကာမာဝစရကုသိုလ်က အကျိုးပေးတယ်၊ အကျိုး ၁၈-ခုရှိတယ်ဆိုတော့ စိတ်ပိုင်းပြန်ရောက်သွားတာပေါ့။ ဒါတော့ သွားမှာပဲ၊ အခုပြောနေတာ ကံနော်၊ ကံဆိုတော့ စိတ်က အကျိုးပေးတာ မဟုတ်ဘူး၊ စေတနာက အကျိုးပေးတာ၊ အဲဒါလည်း သတိမေ့နေကြဦးမယ်၊ ကာမာဝစရ ကုသိုလ်ကံလို့ပြောရင် စေတနာကိုဆိုလိုတယ်၊ တစ်ခါတလေ ပါးစပ်က စိတ်လို့ ပြောမိသွားတတ်တယ်။ အမှန်တော့ စိတ်က အကျိုးပေးတာ မဟုတ်ဘူး၊ စေတနာက အကျိုးပေးတာ၊ စေတနာနဲ့ စိတ်ကလည်း အတူတူဖြစ်တာပါပဲ။

မေး - အရှင်ဘုရား ဘုံပိုင်းမှာကြည့်လိုက်တဲ့အခါကျတော့ ဒီနေ့ သင်ခန်းစာအရ ကြည့်လိုက်ရင် ဘုံအမြင့်ဆုံးကျတော့လည်း စေတနာသယ်ယူမှုက သိပ်အကောင်းကြီး မဟုတ်သေးဘူး၊ အဆင့်ဆင့်တက်လာပြီး ထိပ်ထိရောက်တော့လည်း စေတနာက သိပ်အကောင်းမဟုတ်ဘူး။
ဖြေ - ဘယ်လောက်ပဲ အမြင့်ဆုံးရောက်ရောက် အချိန်တန်ရင် ပြန်ကျရမှာပဲ၊ အရိယာ ဖြစ်သွားရင်တော့ မဆင်းရဘူးပေါ့လေ၊ အရိယာမဟုတ်ရင်တော့ ဆင်းရမှာပဲ။

မေး - အရှင်ဘုရား ထိပ်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့တစ်ခါထပ်ပြီးတော့ ဒီဟာတွေ အပြင်စွန့်ပြီးတော့ ဒီဘုံမှာ ရောက်လျက်သားနဲ့ မစွန့်နိုင်တာ ဘာကြောင့်ပါလဲ။
မေး - သက်တမ်းကုန်ရင်ကော။
မေး - သက်တမ်းမကုန်ဘဲနဲ့တော့ မလုပ်နိုင်ဘူးလား၊ ဒါမှမဟုတ် သူ့အသိတရားက တစ်ဖက်ကပ်နေရင် နောက်ဘယ်လိုမှ ခွာလို့မရရင်ရော။
ဖြေ - ဒီလိုတော့ မဟုတ်ပါဘူး၊ ဒေဝီလရသေ့ကတော့ စွဲလန်းလို့ပါ။
မေး - အဲသလို မစွဲလန်းရင်ကော ခွာလို့ရပါသလား။
ဖြေ - ခွာလို့ရပါတယ်၊ အရိယာတွေအထိ ဖြစ်တာပဲ၊ အရိယာတွေလည်း

[စာမျက်နှာ-195] အရူပဘုံ ဖြစ်တာပဲ။

မေး - အရှင်ဘုရား၊ သူတို့အနေနဲ့ level ဒီလောက်မြင့်တဲ့ပုဂ္ဂိုလ်ပဲ၊ လူသာမန်တောင် ခွာချင်ရင် ခွာလို့ရတာပဲ၊ ဒီပုဂ္ဂိုလ်တွေက ပိုခွာနိုင်ရမှာပေါ့၊ စွဲနေရင်တော့ မခွာတော့ဘူးပေါ့။
ဖြေ - တရားအားထုတ်တဲ့အခါကျ အရောင်လေးမြင်လာရတာတို့ ပီတိလေး ဖြစ်လာတာတို့ ဒါနဲ့တင် ကျေနပ်ပြီးတော့ မသွားပါရစေနဲ့ဦး ဖြစ်တာ။

မေး - နိမ့်တဲ့ဘုံမှာဖြစ်ရင်လည်း attraction က နည်းသွားတာ၊ မြင့်တာကို မလိုချင်တာလား။
ဖြေ - ဟုတ်တယ်၊ လက်တွေ့မှာလည်း ချမ်းသာနေတာကိုး၊ peacefulness ပေါ့လေ၊ မစွန့်နိုင်ဘူးပေါ့။

အဲဒါနဲ့ ပတ်သက်ပြီး ရှေးတုန်းက ဆရာတော်နှစ်ပါး အမေးအဖြေလုပ်တဲ့ အထဲမှာပါတယ်၊ ကာဠဒေဝီလရသေ့ကြီးက ဘာကြောင့်ဒီလိုဖြစ်ရသလဲ၊ အဋ္ဌကထာတွေထဲမှာ ရေးထားတာမရှိဘူး၊ ခုန ဆရာတော်ကြီးနှစ်ပါး အမေးအဖြေထဲမှာပါတယ်။ အဲဒီတော့ ခုနပြောသလို ဈာန်ကို စွဲလမ်းပြီး မခွာနိုင်လို့ဖြစ်တဲ့ အကြောင်းပေါ့။

မေး - တကယ်လို့ သူကခွာချင်တယ်ဆိုရင် တစ်ယောက်ယောက်က သူ့ကိုခွာအောင် အသိတရားထပ်ပေးမှ ခွာလို့ရမှာလား၊ ဒါပေမဲ့ ခုနက သူပြောတာက မြင်နေသိနေလျက်သားနဲ့ မခွာတာလား။
ဖြေ - အဲဒါပေါ့၊ ကြောက်စရာတော်တော်ကောင်းတယ်နော်။
မေး - သိလည်းသိနေတယ်၊ ပြောလည်းပြောနေတယ်၊ ဒါနဲ့များ။
မေး - အဲဒီဈာန်ကိုရဖို့လည်းပဲ သူကြိုးစားလိုက်ရတာနော်။
မေး - ဒီ pain ကို သူကတော်တော်နဲ့ လက်မလွှတ်နိုင်ဘူး။
ဖြေ- သူက မညံ့ဘူး၊ သူ့တူက နာလကမထေရ် လေ၊ အဲဒီမထေရ်က မြတ်စွာဘုရား လက်ထက်မှာ တစ်ပါးပဲရှိတာ၊ တစ်ရွာကို တစ်ရက်ပဲ ဆွမ်းခံတာ၊ အဲဒါမျိုး၊ တစ်နေရာမှာ တစ်ခါပဲနေတာဆိုတော့ အဲသလို ပုဂ္ဂိုလ်မျိုးဟာ ကြာကြာအသက် မရှည်ဘူး။

မေး - လူ့ဘဝသက်တမ်းတစ်ခုတည်းတောင်မှ ဒီလောက်အသက်ရှည်ရပြီး ဒုက္ခများရင် လူ့ဘဝသက်တမ်း ဒီလောက်အများကြီးဆိုရင် တော်တော်နဲ့ သတိရမှာ မဟုတ်ဘူးထင်တယ်၊ လူကျတော့ နောက်တစ်နေ့ ဘာဖြစ်မလဲမသိဘဲ ဖြစ်သွားတော့ သတိတရားရဦးမယ်၊ သူတို့ကျတော့ တော်တော်နဲ့သတိမရဘူး၊ တကယ့်ကို သူဌေး

[စာမျက်နှာ-196] ဖြစ်ပြီး ဘာမှဒုက္ခမရှိတဲ့သူနဲ့ တူနေတယ်။
မေး - ဒုက္ခတော့ရှိဦးမှာပေါ့။
ဖြေ - မဟုတ်ဘူးလေ၊ တကယ်လည်း သူဌေးဖြစ်တယ်၊ ဒုက္ခလည်း မကြုံဖူးတော့ လူဆိုတာ ဘယ်လိုမှ ဒုက္ခဆိုတာဘာလဲဆိုတာ သိမှာ မဟုတ်ဘူး။

[စာမျက်နှာ-197]
သေခြင်းဖြစ်ပုံ

သေခြင်း ၄-မျိုး
၁။ အသက်တမ်းကုန်၍ သေခြင်း။
၂။ ကံစွမ်းကုန်၍ သေခြင်း။
၃။ အသက်တမ်း၊ ကံစွမ်း ၂-ပါးကုန်၍သေခြင်း။
၄။ ဥပစ္ဆေဒကကံ ဖြင့် သေခြင်း။

သေခါနီးထင်လာသောနိမိတ် ၃-မျိုး ၁။ ကံ - အခြားမဲ့ဘဝ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သောကံ။
၂။ ကမ္မနိမိတ် - ကံပြုစဉ်အခါ တွေ့ကြုံရသော အာရုံ ၆-ပါး။
* ဥပလဒ္ဓ - ကံနှင့်ဆက်စပ်၍ တိုက်ရိုက်ကြုံရသော အာရုံ၊ (ပုံစံ- ကျောင်းဆောက်ရာ၌ ကျောင်း)။
* ဥပကရဏ - ကံပြီးမြောက်ဖို့ရာ အခြံအရံဖြစ်သောအာရုံ၊ (ပုံစံ-ကျောင်းဆောက်ရာ၌ သင်္ကန်း၊ ဆွမ်းစသည်)။
၃။ ဂတိနိမိတ် - လားရတော့မည့်ဘဝ၌ တွေ့ကြုံရလတ္တံ့သော အာရုံ။
* ဥပလဘိတဗ္ဗ - တိုက်ရိုက်ရောက်ထိုက်သော အရပ်၊ (ပုံစံ-အမိဝမ်း၊ ရေ၊ ငရဲဘုံ။)
* ဥပဘောဂ - ထိုဘဝ၌ တွေ့ကြုံရမည့် အသုံးအဆောင်အခြွေအရံ၊ (ပုံစံ- လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး၊ ဥယျာဉ်၊ ဗိမာန်၊ ပဒေသာပင်)။

ထိုကံတစ်မျိုးမျိုးသည် ကံ၏ အစွမ်းကြောင့် ဒွါရခြောက်ပါးတို့တွင် တစ်ပါးပါး၌ ထင်လာသည်။

သေခါနီးစိတ်အစဉ် နိမိတ်ထင်လာပြီးနောက် ထိုနိမိတ်အာရုံကိုပင် အာရုံပြု၍ အကျိုးပေးလတ္တံ့သော ကံအားလျော်စွာ စင်ကြယ်သော သို့မဟုတ် ညစ်နွမ်းသော စိတ်အစဉ်သည် ရောက်ထိုက်သော ဘဝအားလျော်စွာ ရောက်လတ္တံ့ဘဝသို့ ညွတ်ကိုင်းနေသကဲ့သို့ မပြတ်များသောအားဖြင့် ဖြစ်တတ်၏။

[စာမျက်နှာ-198] ကံအာရုံထင်ပုံထင်နည်း ပဋိသန္ဓေကို ဖြစ်စေတတ်သော ထိုကံသည်ပင် ထိုခဏ၌ အသစ်ပြုနေရသကဲ့သို့ မနောဒွါရ၌ ထင်လာသည်။

မရဏာသန္နဝီထိ မရဏာသန္နဝီထိ၌ ဝီထိစိတ်၏ အဆုံး၌သော်လည်းကောင်း၊ ဘဝင်၏အဆုံး၌ သော်လည်းကောင်း၊ ပစ္စုပ္ပန်ဘဝ၏ အဆုံးဖြစ်သော စုတိစိတ် ဖြစ်ပေါ်၍ ချုပ်၏။

စုတိစိတ် ချုပ်ပြီးနောက် ဘာမျှမခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်သည်။ ပဋိသန္ဓေစိတ် ဥပါဒ်လျှင် ဥပါဒ်ချင်း ဘဝသစ် ဖြစ်လေတော့သည်။

ထိုပဋိသန္ဓေစိတ်သည် မရဏာသန္နဇောယူသော အာရုံကိုပင် အာရုံပြုသည်။

ကာမဘုံ၊ ရူပဘုံ၌ဖြစ်လျှင် မှီရာဝတ္ထုရုပ် ရှိသည်၊ အရူပဘုံ၌ ဖြစ်လျှင် မှီရာဝတ္ထုရုပ် မရှိ။

အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသောကံကြောင့် ဖြစ်သည်။

ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွဖြစ်သည်။

သမ္ပယုတ်တရားတို့၏ ရှေ့သွားခေါင်းဆောင်ကဲ့သို့ ဖြစ်သည်။

ဘဝတစ်ပါးကို စပ်ပေးတတ်သောကြောင့် ပဋိသန္ဓေ အမည်ရသည်။

ဝီထိစိတ် အရ ဇော သို့မဟုတ် တဒါရုံကို ယူရသည်။

ဘဝင် ဇောနောင် သို့မဟုတ် တဒါရုံနောင် ဘဝင်ကျနိုင်သည်။

ထို့ကြောင့် အချုပ်အားဖြင့် မရဏာသန္နဝီထိ ၄-မျိုး ရှိသည်။
၁။ ဇော နောင် စုတိကျသော ဝီထိ။
၂။ တဒါရုံ နောင် စုတိကျသော ဝီထိ။
၃။ ဇော နောင် ဘဝင်၊ ဘဝင်နောင် စုတိကျသော ဝီထိ။
၄။ တဒါရုံ နောင် ဘဝင်၊ ဘဝင်နောင် စုတိကျသော ဝီထိ။

ပကိဏ်းပိုင်း အာရမ္မဏသင်္ဂဟတုန်းက ပေးခဲ့သော မရဏာသန္နဝီထိပုံကို ပြန်ကြည့်ပါ၊ ထိုပုံသည် ပစ္စုပ္ပန်ရူပါရုံထင်လာ၍ စက္ခုဒွါရ၌ဖြစ်သော ဝီထိဖြစ်သည်။

ထိုဝီထိ၌ မရဏာသန္နဇောတို့ အားနည်းသောကြောင့် ၅-ကြိမ်သာ စောသည်။

ဘဝသစ်၌ ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တိုင်အောင် ပစ္စုပ္ပန်ရူပါရုံ ရှိသေး

[စာမျက်နှာ-199] သောကြောင့် ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တို့ ထိုပစ္စုပ္ပန်ရူပါရုံကို အာရုံပြုကြသည်။ နောက်ဘဝင်တို့နှင့်တကွ ဘဝသစ်ဘဝင်အားလုံးနှင့် စုတိတို့ (ပုံစံ၌မပါ) လွန်သွားပြီ ဖြစ်သော အတိတ်ရူပါရုံကို အာရုံပြုကြသည်။

ထို့ကြောင့် ကာမာဝစရ ပဋိသန္ဓေ၏အာရုံ သည်
* မနောဒွါရဖြင့် ယူအပ်သော အတိတ် ကံ ဓမ္မာရုံ၊
* ခြောက်ဒွါရဖြင့် ယူအပ်သော အတိတ်၊ ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံ ၆-ပါး၊
* မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံ ဖြစ်သည်။

ရူပါဝစရပဋိသန္ဓေ၏ အာရုံ သည် ပညတ် ကမ္မနိမိတ် ဖြစ်သည်။

အရူပပဋိသန္ဓေ၏အာရုံ သည် ပညတ် သို့မဟုတ် မဟဂ္ဂုတ် (အဟိတ်) ကမ္မနိမိတ် ဖြစ်သည်။

အသညသတ် ဘုံ၌ကား ဇီဝိတနဝကကလာပ် သည်သာ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏၊ ထို့ကြောင့် ထိုဘုံသတ္တဝါတို့သည် ရုပ်ပဋိသန္ဓေ ရှိသောပုဂ္ဂိုလ်တို့ မည်ကုန်၏။

အရူပါဝစရ သတ္တဝါတို့သည်ကား နာမ်ပဋိသန္ဓေ ရှိသောပုဂ္ဂိုလ်တို့ မည်ကုန်၏။ ကြွင်းသတ္တဝါ (ကာမ၊ ရူပ သတ္တဝါ) တို့ကား ရုပ်နာမ် ၂-ပါး ပဋိသန္ဓေ ရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

[စာမျက်နှာ-200]
အဘိဓမ္မာသင်တန်း (၁၅)

[ဝီထိမုတ်ပိုင်း] မရဏုပ္ပတ္တိ သေခြင်းဖြစ်ပုံ
(၁၉၈၇ ခုနှစ်၊ ဩဂုတ်လ ၇-ရက်)

လွန်ခဲ့တဲ့ အပတ်တွေက ဘယ်ထိအောင် ပြီးခဲ့ပြီလဲ၊ ကံနှင့် ပတ်သက်တဲ့ ကမ္မစတုက္က ပြီးခဲ့ပြီ၊ ဒီအပတ်တော့ဖြင့် နောက်ဆုံးအပိုင်းပေါ့လေ၊ ပဉ္စမပိုင်းမှာ နောက်ဆုံးအပိုင်းငယ် မရဏုပ္ပတ္တိ လို့ ပါဠိလို ခေါ်တယ်၊ “သေခြင်းဖြစ်ပုံ”။

ဘဝတစ်ခုရဲ့ အဆုံးမှာ ဘာဖြစ်တယ်၊ ဒီဘဝနဲ့ နောက်ဘဝ ဘယ်လို ဆက်စပ်တယ်၊ ဒါတွေကလည်း တော်တော်အရေးကြီးတယ်၊ မျက်စိလည်း လည်တတ်တယ်၊ ဒီဘဝအဆုံးနဲ့ နောက်ဘဝအစကို မျက်စိလည်ပြီးတော့ အပြောမှား၊ အဆိုမှား၊ အရေးမှားတွေ ဖြစ်ကုန်တယ်၊ ခေတ်လူတွေ အဲဒါတွေ အလွန်မှားတယ်။

အဲဒီတော့ ဗုဒ္ဓဘာသာမှာ လက်ခံထားတာ သေခြင်းလေးမျိုးရှိတယ်၊ နံပါတ် ၁-က အသက်တမ်းကုန်၍ သေခြင်း၊ နံပါတ်နှစ်က ကံစွမ်းကုန်၍ သေခြင်း၊ နံပါတ် ၃-ကတော့ အသက်တမ်းရော ကံစွမ်းရော နှစ်မျိုးလုံးကုန်၍ သေခြင်း၊ နံပါတ် ၄-က ဥပစ္ဆေဒကကံ ဖြင့် သေခြင်းရယ်လို့ သေခြင်း ၄-မျိုးရှိတယ်။

[စာမျက်နှာ-201] အသက်တမ်းကုန်၍ သေခြင်းဆိုတာ (ဆိုပါတော့) လူ့ဘဝ လူ့ဘုံမှာဆိုရင် အသက်တမ်း မမြဲဘူးပေါ့လေ၊ မမြဲပေမဲ့လည်း တစ်ရာတမ်းပဲ၊ ရှစ်ဆယ်တမ်းပဲ စသည်ဖြင့် သတ်မှတ်ထားချက်ရှိတယ်ပေါ့၊ အဲဒီတော့ ကံက အသက်တစ်ထောင် ရှည်ဖို့ရာ ကံပါလာသော်လည်းပဲ ကိုယ်ကလူဖြစ်တဲ့အခါမှာ သက်တမ်းတစ်ရာအချိန် အခါမှာ လူဖြစ်ရင် သက်တမ်းတစ်ရာပဲနေရမယ်၊ တစ်ရာပြည့်ရင် သူသေရမှာပဲ။ ဘာကြောင့်တုန်းဆိုတော့ သက်တမ်းကုန်သွားလို့။

အဲဒီတော့ ကံစွမ်းမကုန်သေးသော်လည်းပဲ သက်တမ်းကုန်ရင်လည်းပဲ သေရမယ်၊ စုတေရမယ်၊ ဒါကြောင့်မို့ လူ့ဘဝရောက်လာကြတယ်ဆိုရင် လူ့ဘဝက တစ်ရာသက်တမ်းဆိုရင်တော့ တစ်ရာထိအောင် နေပြီးရင် သေတာပဲများတယ် ပေါ့လေ၊ တစ်ရာကလွန်ပြီးတော့ အသက်ရှည်တာတော့ မရှိဘူးလားဆိုတော့ အလွန်ရှားရှားပါးပါး ရှိပါတယ်။

မြတ်စွာဘုရားလက်ထက်တုန်းကလည်း အရှင်အာနန္ဒာတို့ ဝိသာခါတို့ အသက် ၁၂၀-ရှည်တယ်၊ တချို့ဆို အသက် ၁၆၀-ထိအောင် ရှည်တာတောင်ရှိတယ်။ ဒါကတော့ အထူးပေါ့ special။ မိမိနဂိုက ကံကောင်းတာရယ်၊ ကျန်းမာရေးကို အထူးစောင့်ရှောက်တာရယ်၊ အဲဒီတော့ အဲဒီလို ကံစွမ်းရှိသော်လည်းပဲ၊ အသက်တမ်းကုန်လို့ သေတာမျိုးကို အသက်တမ်းကုန်၍ သေခြင်းလို့ ဒီလိုခေါ်တယ်။

အဲဒီတော့ ဒီသေခြင်း ၄-မျိုးကို ဆီမီးနဲ့ ဥပမာပေးလို့ရတယ်၊ ဆီမီးမှာ ဆီရှိတယ်၊ မီးစာရှိတယ်၊ အဲဒီတော့ ဆီမခမ်းသေးပေမဲ့လည်း မီးစာကုန်သွားရင်လည်း မီးငြိမ်းသွားမယ်၊ အခု သက်တမ်းကုန်၍ သေခြင်းဆိုတာ မီးစာကုန်သွားတာနဲ့ တူတယ်။

ရှေးတုန်းက ဆီထဲမှာ မီးစာလေးထည့်ပြီးတော့ ထွန်းတယ်၊ မြင်ဖူးလား မသိဘူး၊ ကျီးခြေဆိုပြီးတော့လေ ဒကာမတွေလုပ်ရတာ၊ ကျီးခြေထောက်ကလေးလို ဂွမ်းလေးကို ကျစ်ရတာ၊ အဲဒီတော့ အဲဒါလေးထည့်လိုက်တော့ သူကထောင်နေတယ်၊ အဲဒီတော့ ဆီမကုန်သေးပေမဲ့လည်းပဲ မီးစာကုန်ရင်လည်းပဲ မီးငြိမ်းသွား နိုင်တယ်။

ကံစွမ်းကုန်၍ သေခြင်းဆိုတာကတော့ မီးစာရှိပေမဲ့ ဆီကုန်သွားတာနဲ့ တူတယ်၊ ကံက အသက်တစ်ရာတမ်းမှာ လူဖြစ်သော်လည်းပဲ ကံက အသက် ၅၀ ပဲနေဖို့ရာ ပါလာရင် အသက် ၅၀ မှာပဲ သူသေလိမ့်မယ်၊ အသက် ၇၀

[စာမျက်နှာ-202] နေဖို့ရန် ပါလာရင် အသက် ၇၀-ထိအောင် နေရမယ်၊ အသက် ၇၀-ကျရင် သူသေလိမ့်မယ်၊ အဲဒီလို သေတာမျိုးကို ကံကုန်လို့သေတာ၊ ကံစွမ်းကုန်လို့သေတာ။

အမှန်ကတော့ လူတိုင်း ကံကုန်လို့သေတာချည်း မှတ်လို့မရဘူး၊ သာမညအားဖြင့်တော့ ပြောနေကြတာပဲ၊ ကံကုန်လို့သေတယ်၊ သေနေ့စေ့လို့သေတယ်၊ သေနေ့ရှိလို့ သေတယ်ဆိုတာ ပြောဖို့ရာမလွယ်ဘူး၊ အဲဒီတော့ ဒီမှာတော့ ကံကုန်၍ သေတယ်၊ အသက်တမ်းရှိသေးပေမဲ့ ကံကုန်ရင်လည်းပဲ သူသေရမယ်။

အသက်တမ်းကံ နှစ်ပါးကုန်၍သေခြင်းဆိုတာ ဒါကတော့ ရှင်းပြီ၊ ကိုယ်က ဖြစ်တာလည်း အသက်တစ်ရာရှည်တဲ့ လူ့ဘဝမှာ သွားဖြစ်တယ်၊ ကံကလည်းပဲ အသက် တစ်ရာရှည်ဖို့လောက်ပဲ ပါလာတယ်၊ ဒီနှစ်ခု ပြိုင်တူကုန်လို့ သေတာမျိုး၊ ဆီရော မီးစာရော ပြိုင်တူကုန်လို့ သေတာမျိုးပေါ့။

အဲဒါမျိုးတော့ ရှားလိမ့်မယ်ထင်တယ်နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကံဟာ များသောအားဖြင့်တော့ အများကြီး အသက်ရှည်နိုင်လောက်တဲ့ ကံတွေ ရှိလာတာ၊ သက်တမ်းက မရှိတော့ သက်တမ်းအလိုက် သေကြရတယ်။

ဥပစ္ဆေဒကကံ ဖြင့် သေခြင်းတဲ့၊ ဒါကတော့ (accident) သေတာမျိုး၊ မီးလောင်သေတာ၊ ရေနစ်သေတာ၊ အဆိပ်သောက်သေတာ စသည်ပေါ့၊ ဒါတွေကို ဥပစ္ဆေဒကကံဖြင့် သေခြင်းလို့ခေါ်တယ်။

ဥပစ္ဆေဒကကံဆိုတာ ကံ ၄-မျိုး ခွဲခဲ့တုန်းက ဇနကကံ၊ ဥပတ္ထမ္ဘကံ၊ ဥပပီဠကကံ၊ ဥပဃာတကံ လို့ ရှိတယ်မဟုတ်လား၊ အဲဒီ ဥပဃာတကကံကိုပဲ ဒီမှာ ဥပစ္ဆေဒကကံလို့ဆိုတယ်။

အဲဒီတော့ အဲဒီ ဥပစ္ဆေဒကကံက တကယ်ကြီးမားရင် ဒီဘဝတင် တစ်ခါတည်း ချက်ချင်းဆိုပါတော့ အဲဒီကံကို ပြုပြီး ချက်ချင်းမြေမျိုသွားတာတွေ ရှိတယ်မဟုတ်လား၊ ဒီလိုသေသွားတာတွေရှိတယ်။

အဲဒီလို ကိုယ်က အသက်တမ်းလည်း မကုန်သေးဘူး၊ ကံစွမ်းလည်းရှိသေး လျက်နဲ့ နောက်ကံတစ်ခုက လာပြီးတော့ သတ်ဖြတ်လိုက်တာနော်၊ ဖြတ်ပစ်လိုက်တယ်၊ နှိပ်စက်ပစ်လိုက်တယ်၊ အဲဒီလိုဖြစ်ပြီးတော့သေတဲ့ သေတာမျိုးကို ဥပစ္ဆေဒကကံနဲ့ သေတယ်လို့ ဒီလိုခေါ်တယ်။

ဒါကြောင့်မို့ သေနေ့စေ့တိုင်း သေတာမဟုတ်ဘူး၊ အဲဒီလို သေချိန်မကျဘဲနဲ့ သေတာ အများကြီးရှိတယ် (ခရီးသွားရင်း သေနတ်ပစ်ခံရတယ်) ကံတော့ပါတာပေါ့၊ ဟုတ်လား၊ သူ့ကံက သေနတ်ပစ်ခံရမယ့် ကံပါလို့ သေတာတော့မှန်တယ်။

[စာမျက်နှာ-203] ဆိုပါတော့ နောက်ဘဝက သူတစ်ပါးကို အစာငတ်ထားပြီးတော့ သတ်ခဲ့တဲ့ လူမျိုးဟာ ဒီလိုပဲ ကိုယ့်ကျလည်း အစာငတ်ပြီးတော့ သေတတ်တယ်၊ နောက်ဘဝက သူတစ်ပါးကို အဆိပ်ကျွေးပြီး သတ်ခဲ့တဲ့လူမျိုးဟာ ကိုယ်လည်း အဆိပ်စားပြီး သေရတတ်တယ်ပေါ့။ အဲဒီလိုဖြစ်တဲ့ကံက ဥပစ္ဆေဒကကံ၊ အဲဒီကံက အကျိုးပေးတာ၊ အဲဒီတော့ မူလ ဥပတ္ထမ္ဘကကံကို သူက လာပြီးတော့ ဖြတ်ပစ်တာ။

ဥပစ္ဆေဒကဆိုတာ ကပ်ပြီးဖြတ်တယ်လို့ အဓိပ္ပာယ်ရှိတယ်၊ အဲဒီလို ကံမျိုး၊ ဒါကြောင့်မို့ ၁၊ ၂၊ ၃ သေခြင်းမျိုးကို ကာလမရဏ လို့ခေါ်တယ်၊ နော် အချိန်ကျလို့ သေခြင်းမျိုးပေါ့၊ နောက်ဆုံး နံပါတ် ၄-ကို အကာလမရဏ - သေချိန်မကျဘဲနဲ့ သေတယ်၊ အဲဒီသေချိန်မကျဘဲနဲ့ သေတာ ခုခေတ် အများကြီးရှိတယ်၊ ကိုယ့်ကို သတ်သေတာ။

မေး - ကျောက်မီးသွေးတွင်း ပိလို့သေတာမျိုးရော။
ဖြေ - အဲဒါတွေ အတူတူပေါ့။
မေး - သေသူအကုန်လုံးမှာ ဒီကံပါတာဟုတ်ရဲ့လား။
ဖြေ - ဟိုဘဝတွေက သဘောတူလုပ်လာခဲ့ကြတာတွေရှိတယ်လေ၊ ဒီဘဝမှာလည်းပဲ စုပြီးဖြစ်ကြတာပေါ့နော်၊ ခု ဆန်ဖရန်ဆစ်စကိုအနေနဲ့ ပြောရင် Golden Gate က ခုန်ချတာတွေ၊ ဒါတွေဟာ ဥပစ္ဆေဒကကံနဲ့ သေတာတဲ့။

ဒါကြောင့်မို့ သေခြင်း ၄-မျိုးရှိတယ်၊ အသက်ကုန်၍သေတယ်၊ ကံကုန်၍ သေတယ်၊ အသက်၊ ကံနှစ်ပါးကုန်၍ သေတယ်၊ ဒါ မကုန်သေးဘဲနဲ့ ကပ်ဖြတ်တတ်တဲ့ ကံတစ်ခုခုကြောင့် သေတယ်။

ရှေးတုန်းက ဒေဝဒတ်ဟာ ပဉ္စာနန္တရိယကံ ထဲက သံဃဘေဒကကံ နဲ့ ဘုရားသွေးစိမ်းတည်အောင်ပြုတဲ့ လောဟိတုပ္ပါဒကကံ ဆိုတာ ဒီကံနှစ်ခုပြုတာ၊ ဒါကြောင့်မို့ သူဟာ မြေမျိုပြီးတော့ သေသွားတယ် မဟုတ်ဘူးလား။

ထို့အတူပဲ နန္ဒဆိုတဲ့ လုလင်ဟာ အရှင်ဥပ္ပလဝဏ် (တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့) ရဟန္တာမကို မတော်တရော်ကျင့်လို့ ချက်ချင်းမဆိုင်းဘူး၊ ချက်ချင်းမြေမျိုသွားတယ်၊ အဲဒီလိုပြုတဲ့ အကုသိုလ်ကံကကြီးမားရင် တစ်ခါတည်း ချက်ချင်း အကျိုးပေးပြီးတော့ သေချိန်မကျဘဲနဲ့ သေသွားရတယ်၊ ဒီလိုကံတွေလည်းရှိတယ်၊ အဲဒါ အမျိုးမျိုးပေါ့လေ၊ အဲဒီလို သေခြင်း ၄-မျိုးမှာ သတ္တဝါတွေဟာ တစ်မျိုးမျိုးနဲ့ သေကြရတယ်။

ကောင်းပြီ၊ သတ္တဝါတွေ သေတော့ ဘယ်လိုဖြစ်သလဲ၊ သေခါနီး အချိန်ရောက်

[စာမျက်နှာ-204] လာပြီ၊ အဲဒီသေခါနီးမှာ နိမိတ်တွေ ထင်လာတယ်၊ စိတ်ထဲမှာ ပေါ်လာတယ်။ အဲဒီလို ပေါ်လာတတ်တဲ့ နိမိတ်သုံးမျိုးရှိတယ်။

အဲဒါ ဟို အာရမ္မဏသင်္ဂဟ ပကိဏ်းပိုင်း တုန်းကလည်း နည်းနည်းတော့ ပြောခဲ့ပြီ၊ ကံ ရယ်၊ ကမ္မနိမိတ် ရယ်၊ ဂတိနိမိတ် ရယ်၊ အဲဒီသုံးမျိုးမှာတဲ့ သေခါနီးလာရင် တစ်မျိုးမျိုး ပေါ်လာတတ်တယ်တဲ့။

ပထမဆုံး ကံနိမိတ်တဲ့၊ ကံပေါ့လေ၊ နောက်တုန်းက ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာရှိတယ်၊ အဲဒီကံက အခြားမဲ့ဘဝမှာ အကျိုးပေးမယ့် ပဋိသန္ဓေကို ဖြစ်စေမယ့်ကံ၊ အဲဒီကံက စိတ်ထဲမှာ လာပေါ်တယ်၊ ကုသိုလ်ကံဖြစ်ရင်လည်းပဲ ကုသိုလ်ကံ လာပေါ်မယ်၊ အကုသိုလ်ကံ ဖြစ်ရင်လည်း အကုသိုလ်ကံ လာပေါ်မယ်။ သေခါနီးမှာပေါ်လာတာ၊ အဲဒါကို ကံအာရုံ၊ ကံနိမိတ်ပေါ့နော်၊ နိမိတ် သုံးမျိုးအနေနဲ့ ပြောရရင် ကံနိမိတ်။

ဒါပေမဲ့ များသောအားဖြင့်တော့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ ဒီလိုသာဆိုတယ်၊ ကံကို နိမိတ်လို့တော့ မဆိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္မနိမိတ်ဆိုတာနဲ့ ရောသွားမှာစိုးလို့၊ ဒီမှာတော့ နိမိတ်သုံးမျိုးကိုဆိုလို့ ကံနိမိတ်ပဲ ဆိုလိုက်တယ်၊ အမှန်ကတော့ ကံပါပဲ။

အဲဒီကံဟာ အတိတ်ကပြုခဲ့တဲ့ကံဟာ ပေါ်လာတတ်တယ်၊ အဲဒီလို မဟုတ် ရင်လဲပဲ ကမ္မနိမိတ်ဆိုတာ ပေါ်လာတတ်တယ်။

ကမ္မနိမိတ်ဆိုတာက ဘာလဲတဲ့၊ အဲဒီကံပြုစဉ်အခါတုန်းက တွေ့ရကြုံရတဲ့ အာရုံခြောက်ပါး၊ အလှူအတန်းပြုရင် အလှူအတန်းပြုတဲ့ ကုသိုလ်စေတနာကံပေါ့၊ အလှူခံပုဂ္ဂိုလ်တို့ အလှူခံပစ္စည်းတို့ကျတော့ ကမ္မနိမိတ်လို့ခေါ်ရတယ်၊ အကုသိုလ်မှာလည်းပဲ သတ်ရင် သတ်တာကကံ၊ အသတ်ခံရတဲ့ သတ္တဝါတို့သတ်တဲ့ လက်နက်တို့ ဘာတို့က ကမ္မနိမိတ်ဆိုတာတွေလည်း စိတ်ထဲမှာ ထင်ပေါ်လာ တတ်တယ်။

အဲဒီကမ္မနိမိတ်က နှစ်မျိုးရှိတယ်၊ ပထမဟာကို ပါဠိလို “ဥပလဒ္ဓနိမိတ်” လို့ ခေါ်တယ်၊ ဒါက ကံနှင့် ဆက်စပ်ပြီးတော့ တိုက်ရိုက်ကြုံရတဲ့ အာရုံ၊ ပုံစံက ကျောင်းဆောက်လှူရင် ကျောင်းကြီးပေါ့၊ ဒီကျောင်းကို ဘာလို့ခေါ်လဲ၊ ကမ္မနိမိတ်လို့ ခေါ်တယ်၊ လှူတဲ့အလှူကို ကံ၊ ကျောင်းကကမ္မနိမိတ်၊ ဒါက ဥပလဒ္ဓ ကမ္မနိမိတ်၊ ဥပလဒ္ဓ ဆိုတာ ရအပ်တယ်လို့ မြန်မာလိုအဓိပ္ပာယ်ရှိတယ်။ “ဥပကရဏ” ဆိုတာကံပြီးမြောက်ဖို့ရာ အခြံအရံဖြစ်တဲ့ အာရုံ၊ ခုန ကျောင်း

[စာမျက်နှာ-205] ဆောက်လှူတဲ့အခါမှာ ကျောင်းတင်မကဘူးပေါ့၊ ကျောင်းလှူရင်းနဲ့ ဆွမ်းတွေလှူတယ်၊ သင်္ကန်းတွေလှူတယ်၊ ကျောင်းသုံးပစ္စည်းတွေ လှူတယ်၊ အဲဒီ အခြံအရံ ဖြစ်တဲ့ ပစ္စည်းတွေက ဘာလို့ခေါ်လဲဆိုတော့ “ဥပကရဏကမ္မနိမိတ်” ဒါတွေလည်း ပြန်ပြီးတော့စိတ်ထဲမှာ ပေါ်လာတာပေါ့၊ ကမ္မနိမိတ်သော်လည်း ပေါ်လာတယ်။

နောက်တစ်ခုက “ဂတိနိမိတ်” တဲ့၊ ဂတိဆိုတာ ဒီနေရာမှာ လားရာလို့ ဆိုလိုတယ်၊ လားရာဆိုတော့ အင်္ဂလိပ်လိုဆိုတော့ (destination) ပေါ့လေ၊ ရှေးရောက်ရမယ့်ဘဝ၊ အနာဂတ်မှာရောက်ရမယ့်ဘဝ အဲဒါကို “ဂတိ” လို့ ခေါ်တယ်။

ဂတိနိမိတ်ကတော့ လားရာဘဝမှာ တွေ့ကြုံရလတံ့ဖြစ်တဲ့အာရုံ၊ အဲဒါမှာလည်းပဲ “ဥပလဘိတဗ္ဗ”၊ “ဥပဘောဂ” တစ်ခါ ၂- မျိုးခွဲပြန်တယ်။

ဥပလဘိတဗ္ဗဆိုတာ တိုက်ရိုက်ရောက်ထိုက်တဲ့အရပ်၊ အကယ်၍ လူဖြစ်မယ် ဆိုရင်လည်း အမိဝမ်းရေပေါ့လေ၊ သားအိမ်ရဲ့ အတွင်းက wall ကြီးပေါ့၊ ဒီလို ဟာတွေ ပေါ်လာတယ်၊ သို့မဟုတ် ငရဲကျမယ့်သူဆိုရင်လည်း ငရဲဘုံပေါ့လေ၊ နတ်ပြည်ရောက်မယ့် သူဆိုရင်လည်းပဲ နတ်ဘုံပေါ့လေ၊ အဲဒါမျိုးတွေပေါ်လာတယ်။ မြင်လာတယ်ပေါ့နော်၊ အဲသလိုဖြစ်လာရင် ဥပလဘိတဗ္ဗဂတိနိမိတ် သူ့မှာ ထင်နေပြီလို့ ဆိုလိုတယ်။

ဥပဘောဂ ဂတိနိမိတ်ဆိုတာ အဲဒီဘုံမှာ တွေ့ကြုံခံစားရမယ့်ဟာတွေပေါ့။ လင်းတကောင်တို့ ခွေးတွေ၊ ခွေးနက်ကြီးတွေက ကိုယ့်ကိုလိုက်တာတို့ဘာတို့ ခွေးတွေ၊ ငရဲမီးတွေ၊ ငရဲကျမယ့်သူဆိုလို့ရှိရင် အဲဒီလိုဟာတွေပေါ့၊ ငရဲဘုံမှာ ခံစားရမယ့်ဟာတွေ၊ တိရစ္ဆာန်ဖြစ်မယ်ဆိုရင်လည်းပဲ တိရစ္ဆာန်အလိုက် တောကြီးတွေ ဘာကြီးတွေ ပေါ်လာမယ်၊ ကောင်းတဲ့ဘက်ကပြောရင်လည်း နတ်သားတို့ နတ်သမီးတို့ ဥယျာဉ်တို့ ဗိမာန်တို့ ပဒေသာပင်တို့ ဒါတွေဟာ ဥပဘောဂ၊ လာလတ္တံ့ဘဝမှာ တွေ့ကြုံခံစားရမယ့် အာရုံတွေ၊ အဲဒီလို အာရုံဒီသုံးမျိုးမှာ တစ်မျိုးမျိုး ထင်လာတယ်တဲ့။

ဒါကြောင့်မို့ ကံ ရယ်၊ ကမ္မနိမိတ် ရယ်၊ ဂတိနိမိတ် ရယ်၊ ဒီသုံးမျိုးကို ခွဲခြား ပြီးတော့ သိထားရမယ်၊ နားလည်ထားရမယ်။

ပြန်ပြောဦးမယ်၊ ကံဆိုတာ နောက်ဘဝမှာ ပဋိသန္ဓေကျိုးပေးတော့မယ့် ရှေးတုန်းကပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံပေါ့လေ၊ အခုမှ (ဆိုပါတော့) မသေခင်တော်တော်လေးက ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံလည်း ဖြစ်နိုင်တာပါပဲ။ ရှေးဆိုတာ သေခါနီးမကျခင်ပေါ့လေ၊ ဟိုးနောက်ဘဝတွေက စပြီးတော့ ဒီဘဝမှာ ရော ဒါအကုန်ပါသွားမယ်။

[စာမျက်နှာ-206] ကမ္မနိမိတ်ဆိုတာကျတော့ အဲဒီကံပြုစဉ်တုန်းက ဒီအခြံအရံ အဆောက်အအုံ (instrument ကို ဆိုလိုတယ်) တွေဖြစ်တဲ့ ပစ္စည်းတွေ အာရုံတွေပေါ့လေ။

ဂတိနိမိတ်ဆိုတာကတော့ လားရမယ့်ဘဝ အာရုံ၊ အဲဒီဘဝ တိုက်ရိုက်ဖြစ်စေ၊ အဲဒီဘဝမှာ တွေ့ကြုံခံစားရမယ့်ဟာတွေဖြစ်စေ မြင်လာတာနော်၊ မျက်စိထဲမှာ ပေါ်လာတာ ဂတိနိမိတ်တဲ့။

အဲဒီလို ကံသည်သော်လည်းကောင်း၊ ကမ္မနိမိတ်သည်သော်လည်းကောင်း၊ ဂတိနိမိတ်သည်သော်လည်းကောင်း၊ တစ်ခုခုဟာ ပေါ်လာမြဲတဲ့၊ ဒီတစ်ခုခုကို မြင်တွေ့ပြီးတော့မှ သေတဲ့စိတ် စုတိစိတ် ပေါ်လိမ့်မယ်၊ စုတိစိတ် မပေါ်ခင် ဒီ မရဏာသန္နဝီထိ ဆိုတာဖြစ်မယ်၊ အဲဒီမရဏာသန္နဝီထိမှာ ကြည့်ပြီးတော့ ဘယ်စိတ်တွေက ဘာအာရုံပြုတယ်၊ တော်ကြာကျတော့ ခွဲမယ်။

အဲဒီကံတစ်မျိုးမျိုးဟာ ကံရဲ့ အစွမ်းကြောင့်ထင်တဲ့အခါမှာ ဒွါရ ၆-ပါးတို့တွင် တစ်ပါးပါး၌ ထင်လာတယ်၊ ကံအာရုံကတော့ အတိတ်က ဖြစ်ခဲ့တာမို့လို့ မနောဒွါရမှာ ထင်မယ်ပေါ့လေ၊ ကမ္မနိမိတ်ကျတော့ အာရုံ ၆-ပါးလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထိုက်သည်အားလျော်စွာ ဒွါရ ၆-ပါးမှာထင်မယ်၊ ဂတိနိမိတ်ကိုတော့ အများ အယူအဆအတိုင်းကတော့ ရူပါရုံပဲရှိတယ်လို့ဆိုတယ်၊ ရူပါရုံဖြစ်ရင် စက္ခုဒွါရမှာ ဖြစ်လိမ့်မယ်ပေါ့လေ၊ အဲဒီလို။

ကောင်းပြီ၊ သေခါနီး စိတ်အစဉ် ဘယ်လိုဖြစ်သလဲတဲ့၊ နိမိတ်ထင်လာပြီး တဲ့နောက် အဲဒီနိမိတ်ကိုပဲ အာရုံပြုပြီးတော့ အကျိုးပေးလတ္တံ့ဖြစ်တဲ့ ကံအားလျော်စွာ ကုသိုလ်ကံက အကျိုးပေးမှာလား အကုသိုလ်ကံက အကျိုးပေးမှာလားပေါ့။ အဲဒီကံအားလျော်စွာပဲ ကုသိုလ်ကံက အကျိုးပေးမှာဖြစ်ရင်လည်းပဲ စင်ကြယ်တဲ့စိတ် အစဉ် ဖြစ်နေမယ်ပေါ့နော်၊ အကုသိုလ်ကံက အကျိုးပေးမှာ ဖြစ်ရင်လည်းပဲ ညစ်နွမ်းတဲ့ စိတ်အစဉ်ဖြစ်နေမယ်၊ အဲသလို စိတ်အစဉ်ဟာ ရောက်ထိုက်တဲ့ဘဝ အားလျော်စွာ အဲဒီဘဝ ဘက်သို့ ညွတ်နေလိမ့်မယ်၊ နောက်ရောက်လတ္တံ့ ဘဝသို့ ညွတ်ကိုင်းနေ သကဲ့သို့ မပြတ်များသောအားဖြင့် ဖြစ်တတ်၏။

များသောအားဖြင့် ဖြစ်တတ်၏ ဆိုတာက စိမ်ပြေနပြေ သေရရင်လည်းဒီလို သွားမှာပေါ့၊ ယင်ကောင်လေးကို တစ်ခါတည်း ဖိသတ်လိုက်တဲ့ အခါမျိုးကျတော့ ဒီလိုညွတ်ကိုင်းနေစရာ အချိန်မရဘူးပေါ့၊ မရဏာသန္နဝီထိကတော့ ဖြစ်တော့ ဖြစ်ရမယ်၊ ဆိုပါတော့၊ ထိုက်သည်အားလျော်စွာ ပဉ္စဒွါရဝီထိ၊ မနောဒွါရဝီထိ

[စာမျက်နှာ-207] တွေ ဖြစ်ရမယ်၊ သို့သော် အခုလို စိမ်ပြေနပြေ သေရတဲ့ လူမျိုးလို ညွတ်ကိုင်းနေစရာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ များသောအားဖြင့်လို့ ဒီလိုဆိုတယ်။

အဲဒီတော့ အကျိုးပေးမယ့်ကံက အကုသိုလ်ကံဖြစ်ရင် မစင်ကြယ်တဲ့ စိတ် အစဉ်ဖြစ်မယ်၊ အကျိုးပေးတဲ့ကံက ကုသိုလ်ကံဖြစ်ရင် စင်ကြယ်တဲ့ စိတ်အစဉ် ဖြစ်နေမယ်၊ ဟုတ်ပြီလား။

အဲဒီတော့ တစ်ခါတလေ မစင်ကြယ်တဲ့ စိတ်အစဉ်ဖြစ်နေရာကနေပြီးတော့ ကိုယ်ကပဲ ရှေးတုန်းက ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ်တစ်ခုခုကို သတိရလို့ဖြစ်စေ၊ အနီးအနားမှာရှိတဲ့ ဆွေမျိုးတို့ ဘာတို့က ကြံဖန်ကူညီပေးလို့ဖြစ်စေ ကောင်းတဲ့စိတ် အစဉ်သို့လည်း ပြောင်းသွားနိုင်တယ်။

ထို့အတူပဲ၊ နဂိုတုန်းက ကောင်းတဲ့ စိတ်အစဉ်ကနေပြီးတော့ မတော်တာ တစ်ခုခုကို သတိရလို့ မကောင်းတဲ့စိတ်အစဉ်လည်းပဲ ပြောင်းသွားနိုင်တယ်။ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေအဖို့ သေခါနီး အလွန်အရေးကြီးတယ်လို့ ပြောတာ၊ သေခါနီးမှာပဲ မိတ်ဆွေကောင်း၊ နားလည်တဲ့ မိတ်ဆွေ မိတ်ဆွေကောင်းဆိုတာ well meaning ဖြစ်ပေမဲ့ နားမလည်တဲ့ သူဆိုရင် ကို့ရို့ကားရား ဖြစ်နိုင်တယ်၊ ဒီလို အဘိဓမ္မာသဘော နားလည်ထားရင်သာ ကောင်းတယ်၊ အဲသလို မိတ်ဆွေကောင်း လိုတယ်။

ဟိုအရင်ကလည်း ခဏခဏပြောဖူးပါပြီ၊ ထပ်တော့ ပြောဦးမှာပဲ၊ ရှေးတုန်းက သောဏဂီရိဆိုတဲ့ အရပ်မှာ သောဏဆိုတဲ့ ရဟန္တာတစ်ပါးရှိတယ်၊ အဲဒီတော့ သူ့ရဲ့ အဖေက သန်သန်မာမာ ရှိတုန်း အခါက မုဆိုးလုပ်လာခဲ့တယ်၊ နောင်ကြီးတဲ့ အခါကျတော့ ရဟန်းဝတ်ပြီးတော့ သူ့သားနဲ့ အတူတူနေတယ်၊ အဲသလိုသေတော့မယ် ဖြစ်တဲ့အခါကျတော့ တစ်သက်လုံးက မုဆိုးလုပ်လာတာဆိုတော့ သူ့မှာသေခါနီး ကျတော့ ဘာနိမိတ်တွေ ထင်သလဲ ဆိုတော့ ခွေးတွေ သူ့ဆီလာတာ၊ ခွေးတွေ သူ့ကိုက်တယ်၊ အဲသလို သူ့မှာနိမိတ်ထင် တယ်တဲ့၊ ထင်တော့ သားကို ခြောက်ပါလေရာပေါ့လေ၊ သူလန့်ပြီးတာပေါ့။ အဲဒီလိုအော်တော့ ဘာဖြစ်တာလဲပေါ့။ ဦးဇင်းကြီး ဘာဖြစ်တာတုန်းမေးတော့ ဟာ ငါ့ခွေးတွေလိုက်လို့ဆိုတော့ သိပြီ၊ အင်း ငါ့အဖေကော့ ငရဲနိမိတ်တွေထင်နေပြီ ဒီအတိုင်း သေရင်တော့ ငရဲကျတော့မှာ သေချာတယ်၊ ဒါနဲ့ တစ်ခါထဲ အဲဒီ မထေရ်က ကိုရင်တွေကို ပန်းတွေဘာတွေ သွားရှာနေကြပေါ့ဆိုပြီးတော့ အဲဒီပန်းတွေ ခူးလာခိုင်းပေါ့လေ၊ အဲဒီပန်းတွေကို ဘုရားရင်ပြင်မှာ ပန်းမွေ့ရာခင်းပြီးတော့ အဲဒီ ဦးဇင်းကြီးကို ခေါ်သွားပေါ့လေ၊

[စာမျက်နှာ-208] ထမ်းခေါ်သွားပြီးတော့ ဟိုမှာ ချပြီးတော့ ဦးဇင်းကြီး ဒီမှာ ပန်းမွေ့ရာခင်းထားတယ်၊ ဘုရားပန်းတွေ လှူထားတယ်၊ ဘုရားကြည်ညိုလို့ ပြောလိုက်တဲ့အခါကျတော့ သူက အဲဒီ ဘုရားဘက် စိတ်က ရောက်သွားတယ်၊ ဘုရားပန်းလှူတာ၊ အဲသလို ဘုရားပန်းလှူတဲ့စိတ်နဲ့ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ခုနညစ်နွမ်းနေတဲ့ စိတ်အစဉ်ကနေပြီးတော့ စင်ကြယ်တဲ့စိတ် အစဉ်ဖြစ်သွားပြီ၊ သို့မဟုတ် အကုသိုလ်ဖြစ်နေတဲ့ စိတ်အစဉ်ကနေပြီးတော့ ကုသိုလ်စိတ် အစဉ် ဖြစ်သွားတယ်။

အဲဒီလို ကုသိုလ်စိတ်အစဉ်လည်း ဖြစ်သွားရော နိမိတ်ပြောင်းသွားတော့တာ၊ နတ်သမီးတွေ သူမြင်တယ်တဲ့၊ အဲသလို ပြောတယ်တဲ့နော်၊ အဲသလိုပြောပြီးတဲ့နောက် သေသွားတယ်၊ သေသွားတဲ့အခါကျတော့ နတ်ပြည်မှာ သွားပြီးတော့ နတ်ဖြစ်တယ်။ နောက်တုန်းက အကုသိုလ်လုပ်လာခဲ့ပေမဲ့ သေခါနီးမှာ ကုသိုလ်ဇော စောလိုက်တဲ့ အတွက်ကြောင့်မို့ သူဟာ နတ်ပြည်သွားဖြစ်တယ်။

ဒါပေမဲ့ သောဏမထေရ်က အားမရသေးတာနဲ့ နတ်ပြည်မှာ လိုက်ပြီး တရားဟောတာ၊ သောတာပန်ဖြစ်မှ စိတ်ချရမှ ပြန်လာတယ်လို့ ဆိုတယ်။

ဒါက အကုသိုလ်စိတ်အစဉ် ဖြစ်နေရာကနေပြီးတော့ ကုသိုလ်စိတ်အစဉ် ပြောင်းသွားတဲ့အတွက်ကြောင့်မို့ နောက်ဘဝမှာ ဘဝကောင်းရောက်သွားတာ၊ ဒါကြောင့်မို့ ဒီမှာ အကျိုးပေးလတ္တံ့ ကံအားလျော်စွာ စင်ကြယ်တဲ့စိတ်အစဉ် ညစ်နွမ်းတဲ့ စိတ်အစဉ် ဖြစ်တယ်ဆိုတာ ပထမတော့ ဟုတ်ပြီ၊ ပထမနဂိုအကျိုးပေး မယ့်ကံ ဖြစ်ပေမဲ့ ဘေးက နားလည်တဲ့ လူက ပြုပြင်ပြောင်းလဲပေးတဲ့ အတွက်ကြောင့်မို့ မကောင်းတာကနေ ကောင်းတာဖြစ်သွားမယ်။

မေး- အဲဒီလို ဒီသေခါနီး စိတ်အစဉ် ဒီနိမိတ်တွေမှာပေါ်တဲ့ အချိန်နဲ့ သေတဲ့အချိန် နဲ့ ကာလအပိုင်းအခြား အကွာအဝေးက သိပ်သိပ်နီးတာပေါ့။
ဖြေ- နောက်တစ်ခုကတော့ ဘာတုန်းဆိုတော့ သေခါနီးမှာ မကောင်းတဲ့စိတ် ဖြစ်သွားလို့ မကောင်းတဲ့ဘဝရောက်သွားရတာနော်၊ အသောကမင်းတြားကြီးဟာ ဦးဇင်းတို့ကျမ်းဂန်တွေအရ ပြောမယ်ဆိုရင် ရေတွင်း- ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀၊ ကျောင်းပေါင်း ၈၄၀၀၀၊ ဒီလိုစွန့်လှူပြီးတော့ မြတ်စွာဘုရားရဲ့ သာသနာတော်ကို ချီးမြှောက်လာတာ၊ သူလောက် မြတ်စွာဘုရားရဲ့ သာသနာတော်ကို လှူတဲ့ပုဂ္ဂိုလ် မရှိဘူးလို့တောင်ဆိုတယ်၊ မြတ်စွာဘုရားလက်ထက်ကတောင်မှ မရှိခဲ့ဘူးလို့ဆိုတယ်။ ဒါပေမဲ့ သူနေမကောင်းလို့ သေခါနီးအခါကျတော့ ဘယ်လိုလုပ်လိုက်သလဲ ဆိုတော့ အမတ်တွေက ဘဏ္ဍာတိုက်တွေဘာတွေ အကုန်လုံး ပိတ်ပစ်လိုက်တယ်၊

[စာမျက်နှာ-209] အခုခေတ်လိုပြောရင် ချိပ်ပိတ်ပစ်လိုက်တယ်ပေါ့လေ၊ သူဘာမှမလုပ်နိုင်တော့ဘူး၊ သူမပိုင်တော့ဘူး။

အဲဒီသေခါနီးမှာ သူ့အနားမှာ ဘာလေးရှိတုန်းဆိုတော့ ဖန်ခါးသီးလေး ရှိတယ်တဲ့နော်၊ ဖန်ခါးသီးထက်ခြမ်းကလေးတဲ့၊ အဲဒါလေးပဲ သူပိုင်တော့တယ် ဆိုတော့ သူသိပ်စိတ်မချမ်းမသာ ဖြစ်တယ်၊ ကြည့်စမ်း၊ ငါဟာ တစ်လောကလုံး ရေမြေအစိုးရတဲ့ ဘုရင်ဖြစ်လာပြီးတော့ အကုန်လုံး ပိုင်ဆိုင်ခဲ့တဲ့ ဘုရင်ဟာ အခု ဒါလေးပဲ ငါပိုင်တော့တယ်၊ ဖြစ်ရလေခြင်းပေါ့၊ လှူချင်တာလည်း မလှူရတော့ဘူးပေါ့ ဟိုက ပိတ်ထားပြီဆိုတော့ အဲဒီလို နှလုံးမသာမယာဖြစ်ပြီးတော့ အသောကမင်းကြီးက နတ်ရွာစံသွားရတာ။

အဲသလို သေသွားတဲ့အတွက်ကြောင့်မို့ ဘာသွားဖြစ်တုန်းဆိုတော့ မြွေကြီး သွားဖြစ်တယ်တဲ့နော်၊ နောက်တော့ သားတော် မဟိန္ဒသိတော့မှ လိုက်ပြီးတော့ တရားဟောရတာပေါ့လေ၊ နောက်တော့ ကြာကြာတော့ မဖြစ်ဘူးပေါ့လေ၊ သို့သော် ချက်ချင်းတော့ သွားဖြစ်တယ်နော်၊ အဲဒီကနေ ကျွတ်သွားတယ်လို့ဆိုတယ်။

အဲဒါကြောင့်မို့ ဒီသေခါနီးအခါမှာ အလွန်အရေးကြီးတယ်၊ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာတွေအနေနဲ့ဆို ပရိတ်လေး ဘာလေး ရွတ်ပေးတာ၊ ဘုရားအကြောင်း တရားအကြောင်းပြောတာ၊ ဒါမျိုးပေါ့။

အဲဒီလို စိတ်ညွတ်ကိုင်းပြီးတော့ နေတာပဲများတယ်၊ ထုလို့ ရိုက်လို့ချက်ချင်း သေသွားတာမျိုးကလွဲရင်ပေါ့။

ကောင်းပြီ၊ ကံ အာရုံ ထင်ပုံက တစ်နည်းရှိသေးတယ်တဲ့နော်၊ ဒါက ဘာလဲဆိုတော့ ခုနပထမကံနိမိတ် ထင်တာကတော့ ဒီကံကို သတိရတာပဲရှိတယ်။ ကံကို သတိရတော့ ဒီကံက စိတ်ထဲမှာပေါ်လာတယ်၊ အခုဟာကျတော့ နောက် တစ်နည်းထင်ပုံကတော့ ပဋိသန္ဓေကိုဖြစ်စေတတ်တဲ့ အဲဒီကံကပဲ၊ အဲဒီအခါမှာ အသစ်ပြုနေရသလို မနောဒွါရမှာ ထင်လာတယ်တဲ့၊ တစ်ခါ အခုကိုပြန်ပြီးတော့ အဲဒီကံကို လုပ်နေရသလို ပြန်ထင်လာတယ်နော်၊ အလှူပေးခဲ့ဖူးတာတွေ့ရင် အလှူပေးတာ သာမန်သတိရတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင် အဲဒီအချိန်အခါမှာ လုပ်နေရသလိုပဲ၊ အကယ်၍ သူများသတ်ခဲ့တာမျိုးဆိုရင်လည်း ကိုယ်တိုင်သတ်ခဲ့ရ၊ တကယ်သတ်နေရသလို အဲဒီလို အချိန်အခါမှာ ထင်ထင်ရှားရှားကြီး ပေါ်လာတယ်၊ အဲဒီလိုလည်းပဲ ကံဟာ ပေါ်လာနိုင်တယ်။

မေး - အဲသလိုပေါ်တယ်ဆို ဘယ်လိုဖြစ်မလဲ၊ ကောင်းတဲ့ကံဆိုရင်ကော။

[စာမျက်နှာ-210] ဖြေ- ကောင်းတဲ့ကံကလည်း ကောင်းတဲ့အကျိုးကိုပေးမယ်၊ မကောင်းတဲ့ကံကလည်း မကောင်းတဲ့အကျိုးသွားတော့မှာပေါ့၊ ဟိုရှေးတုန်းက ပြုထားဖူးတော့ သူ့ဟာသူ အလိုလိုပေါ်လာတာက တစ်မျိုးဟုတ်လား၊ ဒါကနီးမှ တစ်ယောက်ယောက်က ဆောင်ရွက်ပေးလို့ဖြစ်စေ၊ ပြန်သတိရလာတဲ့ အခါကျတော့ တကယ့်ကို ကိုယ်တိုင်ပြန် လုပ်နေရသလို ထင်ထင်ရှားရှားကြီး ဖြစ်လာတာ၊ အဲဒီလိုလည်းပဲ ကံအာရုံဟာ ထင်နိုင်တယ်တဲ့။

မျောသွားတဲ့အခါမှာလည်းပဲ အဲဒါမျိုးတွေ ဖြစ်တတ်တယ်၊ တကယ့်ကို သူတစ်ခုခု လုပ်နေရသလိုပဲ၊ တချို့တွေမျောသွားပြီးတော့ ပြန်ပြောတာတွေရှိတယ်။

ဦးဇင်းအစ်ကိုဝမ်းကွဲတစ်ယောက် ရှိဖူးတယ်၊ သူဒီလိုပဲဖျားပြီးတော့ နောက် မျောသွားပြီးတော့မှ ပြန်သတိရလာတဲ့အခါကျတော့ သူကတော့ ကောင်းပါတယ်။ သူ့ကို ရှင်မောဂ္ဂလာန်က တာဝတိံသာခေါ်သွားတယ်တဲ့၊ နောက်ကျတော့ ရှင်သာရိပုတ္တရာနဲ့တွေ့ပြီး သူ့ရှင်ပြုပေးတယ်၊ ရှင်ပြုပေးပြီးတော့ သူက တစ်ခါထဲ သီလပေးတာကို၊ သီလပေးတော့ ပါးစပ်က သီလယူကြနဲ့ အဲသလို ပြောတာ၊ အနားပြုစုတဲ့ အဖိုးကြီးတွေကလည်း သူချပေးတာ လိုက်ဆိုကြတယ်တဲ့၊ သီလယူတယ်၊ အဲသလို၊ အဲဒါကတော့ ကောင်းတဲ့ဟာပေါ့လေ။

မကောင်းတာတွေလည်း ရှိမှာပေါ့၊ အဲဒီလို သေခါနီးမှာ ကြောက်လန့်ပြီးတော့ အာရုံမကောင်းတာတွေ ထင်လာတယ်၊ အဲဒီလိုများ တွေ့ကြုံခဲ့ရရင် ပေါ့လေ၊ သူများဖြစ်တာ ကိုယ်က တွေ့ကြုံခဲ့ရရင် အတတ်နိုင်ဆုံး အဲဒီစိတ် ပျောက်သွားအောင် ဘုရား တရား သတိရလာအောင် တစ်နည်းနည်းနဲ့ ကိုယ်က ကူညီဆောင်ရွက်ပေးဖို့ အရေးကြီးတယ်၊ အဲဒီလို ကံအာရုံ ထင်လာ နိုင်တယ်။

မေး - ဘုရားတရား မယုံကြည်တဲ့သူကို ဘယ်လိုကူညီရမလဲ။
ဖြေ - ဘုရား၊ တရား မယုံကြည်တဲ့လူဆိုရင်လည်းပဲ မင်းတို့နောက်တုန်းက ကောင်းတာတွေ လုပ်ခဲ့တာမျိုးလေးတွေပေါ့လေ၊ လုံးဝကုသိုလ်ကောင်းမှု မလုပ်ဖူးတဲ့ သူကတော့တော်တော်ရှားပါလိမ့်မယ်၊ အဲသလို စိတ်ချမ်းသာအောင် အာရုံပြောင်း သွားအောင်တော့ လုပ်ပေးရမယ်နော်။

အဲဒီလို ထင်နေပြီးတဲ့နောက်မှာ သေတဲ့စုတိစိတ်ကျမယ်၊ အဲဒီတော့ မရဏာသန္နဝီထိ တဲ့၊ သေခါနီးဝီထိလို့ ဆိုလိုတယ်၊ ဒါပေမဲ့ ဝီထိက သေခါနီးတင် မဟုတ်ဘူး၊ သေတာလည်းပါတယ်၊ နောက် ပဋိသန္ဓေနေတာလည်းပါတယ်။ အားလုံး တစ်ခုလုံးကို ဘာလို့ခေါ်လဲဆိုရင် မရဏာသန္နဝီထိလို့ ခေါ်တယ်နော်။

[စာမျက်နှာ-211] သေခါနီးရယ်၊ သေဆဲရယ်၊ သေပြီးနောက်ရယ်ပေါ့။

အဲဒီမရဏာသန္နဝီထိမှာ စိတ်ရဲ့ အဆုံးမှာလည်းပဲ စုတိစိတ်ဖြစ်နိုင်တယ်၊ ဘဝင်ရဲ့ အဆုံးမှာလည်းပဲ စုတိစိတ်ဖြစ်နိုင်တယ်၊ စုတိစိတ်ဆိုတာက ဒီဘဝရဲ့ နောက်ဆုံးဖြစ်တဲ့စိတ်နော်၊ စုတိစိတ်အပြင် ဒီဘဝမှာ နောက်ဆုံး ဖြစ်တဲ့စိတ်ရယ်လို့ မရှိတော့ဘူး၊ အဆုံးသတ်စိတ်ကို စုတိစိတ်။

မြန်မာစကား စုတေတယ်၊ စုတေတယ်နဲ့ သုံးတယ် မဟုတ်လား၊ နတ်တွေကျမှ စုတေတယ်လို့ ပြောကောင်းတယ် ထင်နေတယ်နော်၊ စုတေတယ်ဆိုတာ ရိုးရိုးသေတာကိုပဲ ဆိုလိုတာ၊ လူလည်းစုတေတယ်လို့ ပြောလို့ရတာပဲ၊ နတ်လည်းပြောလို့ ရတာပဲ။

အဲဒီ စုတိစိတ်ဆိုတာဟာ စုတိဆိုတာ လျောကျသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ဒီဘဝက အသက်ကလျောကျသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ အဲဒီစုတိစိတ်ဟာ ပစ္စုပ္ပန်ဘဝမှာ ဖြစ်ရင် နောက်ဆုံးဖြစ်တဲ့စိတ်ပဲ၊ အဲဒီနောက်ဆုံးဖြစ်တဲ့စိတ်ဟာ ဝီထိစိတ်ရဲ့ အဆုံးမှာလည်းပဲ ပေါ်လာနိုင်တယ်၊ ဘဝင်စိတ်ရဲ့ အဆုံးမှာလည်း ပေါ်လာ နိုင်တယ်။

အဲဒီလို စုတိစိတ် ဖြစ်ပြီးတဲ့နောက် ဘာမှမခြားဘဲနဲ့ ဘဝသစ် ပဋိသန္ဓေ စိတ်ဖြစ်တယ်၊ အဲဒီတော့ စုတိနဲ့ ပဋိသန္ဓေကြားမှာ ဘာမှမရှိဘူး၊ တရားလည်း မခြားဘူး၊ ကာလလည်းမခြားဘူး၊ ဆက်တိုက်ဖြစ်တယ်၊ အဲသလို ပဋိသန္ဓေစိတ် ဥပါဒ်တယ်ဆိုရင်ပဲ ဘဝသစ်ရောက်သွားပြီ၊ ဘဝသစ်ဖြစ်သွားပြီ၊ ဆိုင်းမနေတော့ဘူး၊ အဲ-တစ်ရက်ပဲ နှစ်ရက်ပဲ ခုနစ်ရက်ပဲ ဆိုင်းနေတာမဟုတ်ဘူး၊ စုတိစိတ်ပြီးတဲ့နောက် ပဋိသန္ဓေ စိတ်ဖြစ်တယ်ဟေ့ ဆိုရင် ဒါ ဘဝသစ်ပဲ။

ဒါကြောင့်မို့ ဘဝဟောင်းနဲ့ ဘဝသစ်ဟာ ဘာမှ မခြားဘူး၊ တစ်ဆက်တည်း သွားတာပဲ၊ ဒါပေမဲ့ အခြေအနေက ကွာလွန်းတော့ ဒီဘဝက ဘဝတစ်ခု ဟိုဘဝက ဘဝတစ်ခုလို့ဆိုရတာ၊ တရားသဘော အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီရုပ်နာမ်တွေဟာ ဒီဘဝဖြစ်ချုပ်သွားပြီးနောက်ဘဝ တစ်ခါဖြစ်တာပဲ၊ အဲဒီတော့ ဒီဘဝမှာ တစ်ခဏပြီးတစ်ခဏ ဖြစ်ချုပ်ဖြစ်နေတာနဲ့ စုတိပြီးတဲ့နောက် ပဋိသန္ဓေ ဖြစ်သွားတာနဲ့ဟာ ဘာမှ မထူးဘူး။

ဒါကြောင့်မို့ ဒီဘဝမှာ ရုပ်နာမ်ဖြစ်ပုံ နားလည်နိုင်ရင် နောက်ဘဝ ရုပ်နာမ် ဖြစ်ပုံလည်းပဲ နားလည်နိုင်တယ်၊ ဒီလိုဆိုလိုတယ်၊ အဲဒီမှာ ဝီထိစိတ်ရဲ့ အဆုံးမှာလည်းပဲ စုတိဖြစ်နိုင်တယ်၊ ဘဝင်ရဲ့ အဆုံးမှာလည်းပဲ စုတိဖြစ်နိုင်တယ်ဆိုတော့ ဝီထိ

[စာမျက်နှာ-212] ပြန်စဉ်းစားကြည့်စမ်း၊ ဝီထိမှာ တဒါရုံကျတဲ့ ဝီထိရှိတယ်၊ တဒါရုံမကျတဲ့ ဝီထိ ရှိတယ်၊ ဝီထိပိုင်းတုန်းက ဒါတွေ သင်ခဲ့ပြီး မှတ်မိသေးလားမသိဘူး၊ ဇောရဲ့ အဆုံးမှာ ဘဝင်ကျသွားတယ်၊ ဇော နောင် တဒါရုံ၊ တဒါရုံရဲ့ အဆုံးမှာ ဘဝင်ကျတယ်၊ အဲဒီဇောတို့၊ တဒါရုံတို့ကို ဝီထိစိတ်လို့ ခေါ်ရတယ်။

ဒါဖြင့် ဝီထိစိတ်အဆုံးမှာ စုတိဖြစ်နိုင်တယ်ဆိုရင် ဇော နောင် စုတိတစ်မျိုး ဖြစ်လိမ့်မယ်၊ တဒါရုံ နောင် စုတိတစ်မျိုး ဖြစ်လိမ့်မယ်၊ အဲဒီတော့ နှစ်မျိုးရမလား၊ မရဏာသန္နဝီထိနှစ်မျိုးရတယ်၊ တစ်မျိုးက ဇော နောင်စုတိ၊ နောက်တစ်ခုက ဇော နောင် တဒါရုံ နောင် စုတိ။

တစ်ခါ ဘဝင်၏ အဆုံး၌လို့ ဆိုတော့ အဲဒီဘက်က ဇော နောင်ဘဝင်ကျနိုင်တယ်၊ တဒါရုံ နောင်ဘဝင်ကျနိုင်တယ်၊ ပြီးတော့မှ စုတိဖြစ်မယ်နော်၊ အဲဒီ လိုလည်းရှိတယ်၊ အဲဒီလိုရှိရင် ဇော နောင်ဘဝင်၊ ဘဝင်နောင်ကျမှ စုတိ၊ ဇော နောင် တဒါရုံ၊ တဒါရုံ နောင်ဘဝင်၊ ဘဝင် နောင်ကျမှ စုတိ ဒီလိုလည်းရှိတယ်ဆိုတော့ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ဝီထိပေါင်း လေးမျိုးဖြစ်သွားနိုင်တယ်။ ဟိုးအောက်နားမှာကြည့် -

၁။ ဇော နောင် စုတိ ကျတဲ့ဝီထိ
၂။ တဒါရုံ နောင် စုတိ ကျတဲ့ဝီထိ (တဒါရုံနောင်စုတိကျတယ်ဆို တဒါရုံရှေ့က ဇောတော့ရှိရမယ်နော်၊ ဇောမရှိရင် တဒါရုံဆိုတာရှိကိုမရှိဘူးနော်)
၃။ ဇော နောင် ဘဝင်၊ ဘဝင်နောင် စုတိ
၄။ ဇော နောင် တဒါရုံ၊ တဒါရုံ နောင် ဘဝင်၊ ဘဝင်နောင် စုတိ

အဲဒီလို အကြမ်းဖျင်းအားဖြင့်ဆိုရင် မရဏာသန္နဝီထိဟာ လေးမျိုးတောင်ဖြစ်နိုင်တယ်၊ ဒီထက် သွားဦးမယ်ဆိုရင် အများကြီး ရှိသေးတယ်။

ကောင်းပြီ၊ အဲဒီဘဝသစ်မှာ ပဋိသန္ဓေစိတ် ဖြစ်သွားတယ်ဆိုတော့ အဲဒီ ပဋိသန္ဓေစိတ်က ဘယ်လိုသဘောတရားရှိသလဲနော်၊ ကောင်းပြီ၊ စုတိပြီးတော့ ပဋိသန္ဓေစိတ် ဆက်တိုက်ဖြစ်တယ်၊ အဲဒီ ပဋိသန္ဓေစိတ်က ဘာကို အာရုံပြုသလဲ။ ဘယ်အာရုံကိုယူသလဲ၊ အာရုံယူတယ် ဆိုတာနဲ့ အာရုံပြုတယ်ဆိုတာနဲ့ အတူတူပေါ့။ ဘယ်ကို အာရုံပြုသလဲ၊ မရဏာသန္နဇောယူတဲ့ အာရုံကိုပဲ သူက အာရုံပြုတယ်နော်။

ပြီးတော့ အဲဒီပဋိသန္ဓေစိတ်ဟာ ကာမဘုံ ရူပဘုံမှာဖြစ်ရင် မှီရာဝတ္ထုရုပ်ရှိတော့တာပေါ့၊ ဟဒယဝတ္ထုရုပ်မမှီလို့ သူမဖြစ်ဘူး၊ အရူပဘုံမှာဖြစ်ရင်တော့ မှီရာဝတ္ထုရုပ် မရှိဘဲဖြစ်လိမ့်မယ် ဒါကြောင့်မို့ သူ့မှာ မှီရာဝတ္ထုရုပ်ရှိတဲ့ အခါလည်း ရှိလိမ့်မယ်၊ မရှိတဲ့အခါလည်း မရှိပေဘူး။

[စာမျက်နှာ-213] ပြီးတော့ အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသော ကံကြောင့် ဖြစ်တယ်၊ အဲဒီတော့ ဖြစ်လာတဲ့ပဋိသန္ဓေစိတ်ဟာ ဝိပါက်မဟုတ်ဘူးလား၊ အဲဒီဝိပါက် စိတ်ဟာ ကံကြောင့်ဖြစ်တာ၊ နောက်ကပြုခဲ့တဲ့ကံကြောင့် ဒီဘဝမှာ လာပြီးတော့ (အဲဒီဘဝဆိုတာ အခုသေပြီးတဲ့ဘဝပေါ့) ပဋိသန္ဓေ ဝိပါက်စိတ်ဖြစ်တယ် မဟုတ်လား။

အဲဒီကံဟာ အဝိဇ္ဇာနုသယခြံရံလျက် တဏှာနုသယ အရင်းခံရှိသောကံ၊ အဝိဇ္ဇာဆိုတာ မောဟကိုခေါ်တယ်၊ တဏှာဆိုတာ လောဘကိုခေါ်တယ်၊ အဲဒီတော့ အကယ်၍ အကုသိုလ်ကံ ဖြစ်မယ်ဆိုရင်တော့ မောဟက တွဲပြီးတော့ မပါပေဘူးလား၊ အကုသိုလ်စိတ်မှာ မောဟယှဉ်တယ်၊ တွဲပါတယ်။

ပြီးတော့ တစ်ခါ တဏှာနုသယဆိုတော့ အနုသယဆိုတာ ကိန်းနေတာပေါ့လေ၊ အောက်မှာနေတာ၊ သို့သော် တဏှာနုသယက ဖြစ်ပေါ်ပြီးတော့လည်း လာနိုင်တယ်၊ ဖြစ်ပေါ်လာတဲ့အခါကျတော့လည်း ပရိယုဋ္ဌာန လို့ ခေါ်တယ်နော်၊ ကောင်းပြီ၊ အဲဒီတဏှာနုသယ အကုသိုလ်စိတ်မှာ လောဘမူစိတ် ၈-ခုမှာဆိုရင် မောဟနဲ့ လောဘ ၂-မျိုးမယှဉ်ဘူးလား၊ ယှဉ်တယ်၊ အကယ်၍ ဒေါသမူစိတ် ဖြစ်မယ်ဆိုရင်တော့ မောဟနဲ့ပဲ ယှဉ်မယ်၊ လောဘနဲ့မယှဉ်ဘူး၊ မယှဉ်ပေမဲ့လည်း လောဘ အရင်းခံကြောင့်ပဲ ဒီကံတွေ ဖြစ်လာတာနော်၊ အဝိဇ္ဇာနဲ့ တဏှာဒီနှစ်ခု အရင်းခံပြီးတော့ သတ္တဝါတွေမှာ ကုသိုလ်ကံ အကုသိုလ်ကံဖြစ်တာ။

အဲဒီတော့ အကုသိုလ်ကံက သူတို့ကို အမှီပြုပြီးတော့လည်းပဲ ဖြစ်နိုင်တယ်။ သူတို့နဲ့ အတူယှဉ်တွဲပြီးတော့လည်း ဖြစ်နိုင်တယ်၊ ပဋ္ဌာန်းနည်းနဲ့ကျတော့ ဒါလာ လိမ့်မယ်၊ သဟဇာတသတ္တိ တို့၊ ပကတူပနိဿယသတ္တိ နဲ့ အခုတော့ နားမလည် သေးဘူး၊ ထားပါတော့။

အဲဒီတော့ အကယ်၍ အကုသိုလ်ကံဖြစ်မယ်ဆိုရင် အဝိဇ္ဇာနုသယခြံရံတယ် ဆိုတာဟာ မောဟကို အမှီပြုပြီးတော့ ဖြစ်တယ်လို့လည်းဆိုနိုင်တယ်၊ မောဟနဲ့ တွဲပြီးတော့ ဖြစ်တယ်လို့လည်း ဆိုနိုင်တယ်နော်၊ တဏှာနုသယအရင်းခံရှိတယ် ဆိုတာမှာလည်းပဲ ဒီလောဘတဏှာကို အရင်းခံပြီးတော့ အကုသိုလ်ကံဖြစ်တယ် သို့မဟုတ် လောဘတဏှာနဲ့တွဲလျက်လည်းပဲ လောဘမူစိတ်အကုသိုလ်ကံ ဖြစ်နိုင်တယ်၊ အကုသိုလ် ကံ အနေနဲ့ ပြောတာ။

ဒါဖြင့် ကုသိုလ်ကံကျတော့ ဘယ်လိုလဲ၊ ကုသိုလ်ကံကလည်းပဲ အဝိဇ္ဇာနဲ့ တဏှာအရင်းခံရှိနေလို့ ကုသိုလ်ဖြစ်နေတာ၊ ကုသိုလ်လုပ်ကြတာ၊ အကယ်၍သာ တဏှာမရှိဘူး၊ လောဘမရှိဘူး၊ တွယ်တာမှုမရှိဘူး ပြီးတော့လည်းပဲ အမှန်အတိုင်း

[စာမျက်နှာ-214] လည်း မြင်နေမယ်ဆိုရင် ကုသိုလ်လည်းပဲ မရှိတော့ဘူး။

ဒါကြောင့်မို့ အဝိဇ္ဇာနဲ့တဏှာကို အမြစ်ပြတ်ပြီးတဲ့ ရဟန္တာတွေမှာ ကုသိုလ်စိတ် မဖြစ်ဘူး၊ ကုသိုလ်အစား ကြိယာစိတ်သာ ဖြစ်တော့တယ်။

ဒါကြောင့်မို့ ကုသိုလ်ကံလို့ ဒီနေရာမှာယူမယ်ဆိုရင် အဝိဇ္ဇာနုသယ ခြံရံတာနဲ့ တဏှာနုသယ အရင်းခံတာကို အဓိပ္ပါယ်တစ်မျိုး ယူရမယ်။ အကုသိုလ်ကံဆိုရင် အဓိပ္ပါယ်တစ်မျိုး ယူရမယ်နော်၊ အကုသိုလ်ကံဆိုရင် အမှီပြုပြီးတော့လည်း ဖြစ်တယ်၊ အတူတူလည်းဖြစ်တယ်၊ ကုသိုလ်ကံဆိုရင် အမှီပြုပြီးတော့သာ ဖြစ်တယ်၊ အတူတူမဖြစ်ဘူး။

အဲဒီလို အဝိဇ္ဇာနဲ့ တဏှာဝဋ်မြစ်လို့ခေါ်တဲ့ ဒီတရား ၂-ပါးရှိနေတဲ့အတွက်ကြောင့် အဝိဇ္ဇာက အမှန်အတိုင်းမမြင်အောင် ဖုံးလွှမ်းတတ်တယ်၊ အမှန်အတိုင်း မမြင်အောင် ကာပေးတတ်တယ်ဟုတ်လား၊ တဏှာက အဲသလို ဖုံးလွှမ်းပေးလိုက်တာကို ကိုယ့်ကိုညာပြီးတော့ ပေးတဲ့ပစ္စည်းကို ကိုယ်ကစွဲလမ်းသလို ပေါ့လေ၊ တဏှာက စွဲလမ်းတယ်၊ အဲဒီတော့ သူတို့ နှစ်ခုက သိပ်ကြောက်စရာ ကောင်းတယ်။ အဝိဇ္ဇာက မျက်စိဖုံးပေးတယ်၊ တဏှာက စွဲလမ်းအောင် လုပ်တယ် ဟုတ်လား၊ ဆုပ်မိဆွဲကိုင်အောင် လုပ်တယ်။

အဲဒီနှစ်ခုရှိနေတဲ့အတွက်ကြောင့်မို့ သတ္တဝါတွေက ကုသိုလ်ပြုမိတဲ့အခါ ပြုမိတယ်၊ အကုသိုလ်ပြုမိတဲ့အခါ ပြုမိတယ်နော်၊ ကုသိုလ်ပြုမိတာလည်း ဒီဟာ အရင်းခံပဲ၊ အကုသိုလ်ပြုမိတာလဲ ဒီဟာ အရင်းခံပဲ။

ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ဟာ ရှေးကပြုခဲ့တဲ့ကံကြောင့်ဖြစ်တာ၊ အဲဒီကံဟာလည်း ကံသက်သက်လေး မဟုတ်ဘူး၊ စေတနာတစ်ခုတည်းက ဖြစ်စေတာ မဟုတ်ဘူး၊ အဲဒီစေတနာမှာ အဝိဇ္ဇာနဲ့ တဏှာပါနေတယ်၊ အဲဒီအဝိဇ္ဇာနဲ့ တဏှာ အရင်းခံထားတဲ့ သို့မဟုတ် အတူတူဖြစ်တဲ့ကံက အကျိုးပေးတဲ့ အတွက်ကြောင့်မို့ ပဋိသန္ဓေစိတ်ပေါ်လာတယ်၊ ဒါကို ဆိုလိုတယ်။

[စာမျက်နှာ-215] အဲဒီ ပဋိသန္ဓေစိတ်ဟာ သူတစ်ခုတည်း ဖြစ်တာမဟုတ်ဘူး၊ ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွဖြစ်တယ်၊ စာထဲပါလို့သာထည့်တာပါ၊ ဒါကတော့ ပြောစရာတောင် မလိုပါဘူး၊ သင်္ဂြိုဟ်ဒီလောက် သင်လာမှတော့ စိတ်ချည်းဖြစ်တယ်လို့ ဘယ်သူ ယူဆမလဲ၊ မယူဆဘူး၊ စိတ်ဖြစ်ရင် စေတသိက် မပါဘူးလား၊ ပါတော့တာပေါ့နော်၊ သမ္ပယုတ်တရားတွေ ရှေ့သွားခေါင်းဆောင်ကဲ့သို့လည်း ဖြစ်တယ်။

ဒါက စိတ်နဲ့ စေတသိက်မှာ စိတ်က ရှေ့သွားဖြစ်တယ်မဟုတ်လား၊ နောက် စိတ်က ခေါင်းဆောင်သဖွယ်ဖြစ်တယ်၊ စိတ်က ပြဋ္ဌာန်းတယ်၊ ဒါကြောင့်မို့ စိတ်မပါရင် စေတသိက် မပေါ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား၊ ဒါကြောင့်မို့ သူ့ကို ရှေ့သွားခေါင်းဆောင်၊ သူက ရှေ့ဆောင်နေသလိုလည်းပဲ ဖြစ်တယ်တဲ့။

သူ့ကိုဘာကြောင့် ပဋိသန္ဓီလို့ ခေါ်သလဲ၊ ပါဠိလို ပဋိသန္ဓီလို့ ခေါ်လည်း ဦးဇင်းတို့က မြန်မာလို ပဋိသန္ဓေလို့ လုပ်ပေးလိုက်တယ်၊ အမှန်တော့ ဆက်စပ် ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်၊ ပဋိသန္ဓေလို့ဆိုတာ အင်္ဂလိပ်လို (re-linking) လို့ အဲသလိုပြန်တယ်၊ ဘဝတစ်ပါးကို စပ်ပေးတတ်တဲ့အတွက်ကြောင့်မို့ သူ့ကို ပဋိသန္ဓီလို့ခေါ်တာတဲ့နော်၊ အကယ်၍ ဒီ ပဋိသန္ဓေစိတ် မဖြစ်ဘူးဆိုရင် ဘဝကြီး ပျောက်သွားပြီပေါ့၊ အခု ဆက်ပြီး ဖြစ်နေတာဟာ ဒီစိတ်ကလေး ဖြစ်နေလို့ ဒီစိတ်ကလေးကနေ တစ်ခါတဆင့် နောက် ဘဝင်စိတ်တွေကနေပြီးတော့ ဘဝတစ်ခု ဆက်သွားတာ၊ ဒါကြောင့်မို့ သူ့ကို ဘဝကို စပ်ပေးတတ်တဲ့ သဘောရှိတဲ့အတွက် ကြောင့်မို့ သူ့ကို ပဋိသန္ဓေလို့ ခေါ်ရတယ်၊ အဲဒီ ပဋိသန္ဓေစိတ် ဖြစ်တယ်တဲ့နော်။

အဲဒီတော့ သင်္ဂြိုဟ်မှာ ဒီပဋိသန္ဓေစိတ်ဖြစ်တာတင် ပြောပြီးတော့ နောက်ထပ် ဘဝင်စိတ်တွေ ဘာတွေကျတော့ ထည့်မပြောတော့ဘူးနော်။

အဲဒါကျတော့ ဒီအာရမ္မဏသင်္ဂဟတုန်းက ပေးခဲ့တဲ့ပုံစံကို ကြည့်ပြီးတော့ ပြန်ပြီးတော့ ဒီအခုသိခဲ့ပြီးတဲ့ ဗဟုသုတ၊ သိခဲ့ပြီးတဲ့အချက်အလက်ကို ပြန်ပြီးတော့ လုပ်ယူကြမယ်၊ အဲဒါကြည့်ကြပေါ့နော်။

အဲဒီတော့ ဒီမရဏာသန္နဝီထိ အမျိုးမျိုး ရှိတယ်နော်၊ ဒီမှာ တစ်မျိုးတည်းပဲ ယူထားတာ၊ အဲဒီပြထားတဲ့ မရဏာသန္နဝီထိဟာ ပစ္စုပ္ပန် ရူပါရုံထင်လာပြီးတော့ စက္ခုဒွါရမှာဖြစ်တဲ့ ဝီထိကို ပြတာ၊ ဒီတစ်မျိုးတည်းလို့ မဆိုလိုဘူးနော်၊ ရူပါရုံ မဟုတ်ဘဲနဲ့ တခြားအာရုံ အာရုံပြုပြီးတော့ ဖြစ်နိုင်တယ်၊ ပြီးတော့ မနောဒွါရမှာလည်း ဖြစ်နိုင်တယ်၊ ဒါ (Just an example) ပေါ့လေ၊ သို့သော် သူက ပြလို့ ကောင်းတဲ့ပုံစံဖြစ်လို့ ဒီဝီထိကို ပြသွားတာ။

[စာမျက်နှာ-216] အဲဒီတော့ သေခါနီးအခါမှာ ရူပါရုံကို မြင်တယ်ဆိုတော့ ကမ္မနိမိတ်လည်းပဲ ဖြစ်နိုင်တယ်တဲ့နော်၊ ဂတိနိမိတ်လည်း ဖြစ်နိုင်တယ်၊ အဲတော့ ဒီရူပါရုံဟာ ကမ္မနိမိတ်သော်လည်းကောင်း၊ ဂတိနိမိတ်သော်လည်းကောင်း ဖြစ်လိမ့်မယ်။

ကံကတော့ မဖြစ်နိုင်ဘူး၊ ကံဆိုတာက နာမ်တရားမဟုတ်ဘူးလား၊ နာမ်တရား အတိတ်၊ အခုဟာက ပစ္စုပ္ပန်လည်း ဖြစ်ရမယ်၊ ရူပါရုံလည်းဖြစ်ရမယ်ဆိုတော့ ကမ္မနိမိတ်သော်လည်းကောင်း၊ ဂတိနိမိတ်သော်လည်းကောင်း ဖြစ်မယ်။

ကောင်းပြီ၊ အဲဒီပစ္စုပ္ပန် ရူပါရုံအာရုံပြုပြီးတော့ (ဆိုပါတော့နော်) ဒီပုဂ္ဂိုလ် သေတယ်ပြောကြစို့၊ အဲတော့ သူ့ ဝီထိဟာ ဘယ်လို ဖြစ်မလဲတဲ့နော်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ငါးကြိမ်၊ စုတိ၊ ဇောနောင် စုတိကျတဲ့ ဝီထိပေါ့၊ တဒါရုံ မပါဘူးနော်၊ စုတိပြီးတော့မှ စုတိ၏အခြားမဲ့မှာ ပဋိသန္ဓေဆက်တိုက် အဲဒီပဋိသန္ဓေနောက်မှာ ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ် ဖြစ်ရမယ်နော်၊ ဒါကြောင့်မို့ အခုဒီမှာ ဘဝင် ၁၆-ကြိမ် ပြထားတယ်၊ ဟိုမှာ ကွက်လပ်ကလေးတွေကတော့ ရှည်နေမှာစိုးလို့ မပြနိုင်ဘူးနော်၊ အဲဒီတော့ ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ်။

အဲဒီဘဝင်နောက်မှာ မနောဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်းနောက်မှာ ဇော ၇-ကြိမ် တစ်ခါတည်း ဆက်ဖြစ်တယ်၊ ဘဝနိကန္တိက လို့ခေါ်တယ်၊ ဘဝကို တွယ်တာ တဲ့ဇော၊ အဲဒီနောက် ဘဝင်တွေဖြစ်တယ်၊ ဒါဟာ ဘာလဲ မရဏာသန္နဝီထိ တစ်ခု တွေ့လား၊ ပကိဏ်းပိုင်း၊ အာရမ္မဏသင်္ဂဟ၊ ကောင်းပြီ၊ ပြန်ပြောလိုက်ဦးမယ်။

ကောင်းပြီ၊ အဲတော့ ပစ္စုပ္ပန်ရူပါရုံကိုအာရုံပြုပြီးတော့ စုတေမယ့် သတ္တဝါ အတွက်ပေါ့၊ အဲဒီတော့ ပစ္စုပ္ပန်ရူပါရုံဆိုတာ ခုနပြောသလို ကမ္မနိမိတ်လည်း ဖြစ်နိုင်တယ်၊ ဂတိနိမိတ်လည်း ဖြစ်နိုင်တယ်၊ ကံကတော့မဖြစ်နိုင်ဘူး၊ ကောင်းပြီ အဲဒီတော့ ကြည့်လိုက်ရင် အတီတဘဝင်ကစကြည့်လိုက် - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၅-ကြိမ်၊ စုတိနော် တဒါရုံမပါဘူး၊ ဒါက အကြောင်းရှိတယ်၊ ဒါက တဒါရုံ မပါအောင်လုပ်ထားတာ၊ ပါချင်လည်းရပါတယ်၊ စုတိ နောင်ပဋိသန္ဓေ၊ ပဋိသန္ဓေနောင် ဆက်တိုက် ဘဝင် ၁၆-ချက်နော်၊ ဘဝင် ၁၆-ကြိမ်နောင် မနောဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း နောင် ဇော ၇-ကြိမ်၊ တစ်ခါ ဘဝင်တွေ ကျတော့ အဲဒီဝီထိမှာ ကြည့်လိုက်။

အဲဒီဝီထိမှာ ပစ္စုပ္ပန်ရူပါရုံက စက္ခုပသာဒကို ထိခိုက်လိုက်တဲ့အခါမှာ

[စာမျက်နှာ-217] ထင်ခြင်းသို့ ရောက်တယ်လို့ စာမှာသုံးတယ်နော်၊ ဒီအခါမှာ အတီတဘဝင်တစ်ကြိမ် လွန်သွားတယ်၊ ဟုတ်တယ်မဟုတ်လား၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ထုံးစံအတိုင်းလာတယ်။ ပဉ္စဒွါရာဝဇ္ဇန်းကစပြီးတော့ ဒါဟာ ဝီထိစိတ်တွေ ဖြစ်မလာဘူးလားနော်၊ အဲဒီတော့ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒက ပစ္စုပ္ပန်ရူပါရုံကို အာရုံမပြုပေဘူး၊ ဘာကြောင့်တုန်း သူတို့က ဘဝင်စိတ်တွေဖြစ်တဲ့ အတွက်ကြောင့်မို့ ဟိုးဘဝ အစတုန်းက ပဋိသန္ဓေစိတ်တုန်းက ယူခဲ့တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကိုပဲ အဲဒီအချိန်မှာ သူတို့က အာရုံပြုလိမ့်မယ်၊ ပဉ္စဒွါရာဝဇ္ဇန်းကစပြီးတော့ ဟိုဘက်စိတ်တွေ ကျတော့ ဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုလိမ့်မယ်၊ အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းက ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်၊ နောက်စက္ခုဝိညာဉ်ကလည်းဒါပဲ၊ သမ္ပဋိစ္ဆိုင်းကလည်း ဒါပဲ၊ သန္တီရဏကလည်းဒါပဲ စသည်ဖြင့်သွားတယ်နော်၊ ဇောကျတော့ ဘယ်နှစ်ကြိမ်တုန်း၊ ဒီမှာ ၇-ကြိမ်မဟုတ်ဘူး၊ ၅-ကြိမ်။

ဝတ္ထုရုပ် အားနည်းနေပြီတဲ့၊ အဲဒီအချိန်အခါမှာ သေခါနီးပြီလေ၊ သူသေဆို ချက်ချင်းပဲ၊ အဘိဓမ္မာသဘောနဲ့ ပြောနေလို့သာ သေခါနီးဆိုတော့ အဝေးကြီးလို့ ထင်နေရသေးတာ၊ သေတဲ့အချိန်နဲ့ အတူတူလောက်ကျတာနော်၊ အဲဒီအချိန်မှာကျတော့ ဝတ္ထုရုပ်က အားနည်းတဲ့ သေတော့မှာ ဖြစ်တဲ့ အတွက်ကြောင့်မို့ မရဏာသန္နဇော ၅-ကြိမ်ပဲကျတယ်တဲ့၊ မရဏာသန္နဇော ၅-ကြိမ်ရဲ့ နောက်မှာ အခုဒီဝီထိမှာ စုတိကျထားတယ်နော်၊ အဲဒီ မရဏာသန္နဇောလည်း ပြီးရော စုတိ၊ အဲဒီစုတိ နောင် ဆက်တိုက် ဘာမှ မခြားဘဲနဲ့ ပဋိသန္ဓေရောက်၊ ဘဝင်တွေ ဖြစ်တယ်။

ကောင်းပြီ၊ အဲဒီတော့ ပစ္စုပ္ပန်ရူပါရုံဟာ အသက်ဘယ်လောက်ရှည်ရလဲ။ ရုပ်သက်ဘယ်လောက်ရှိတုန်း ၁၇-ချက် မဟုတ်ဘူးလား၊ ၁၇-ချက်ဆိုတော့ သူ စပြီးတော့တွေ့တဲ့အချိန်က အတီတဘဝင်ကစတွေ့တာနော်၊ သို့သော် အတီတဘဝင်က သူ့ကိုတော့ အာရုံမပြုဘူး၊ သူက ဘဝင်ထုံးစံအတိုင်း ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုရမှာ၊ ဒါပေမဲ့ သူက အဲဒီအချိန်ကစပြီးတော့ ဥပါဒ်ဖြစ်ပေါ်ခဲ့တယ်ဆိုတော့ သူကနေစပြီးတော့ ၁၇-ခု ရေလိုက်စမ်း၊ ဘယ်ရောက် သွားလဲ၊ ပဋိသန္ဓေ နောင် - ဘဝင်ထိအောင် ရောက်မသွားဘူးလား၊ ၁၇-ခု။

အဲဒီတော့ စုတိကျတဲ့အချိန်မှာ ပစ္စုပ္ပန်ရူပါရုံရှိတုန်းပဲ၊ ပဋိသန္ဓေဖြစ်တဲ့ အချိန်အခါမှာရော ရှိတုန်းပဲနော်၊ ဘဝ ဟို ပဋိသန္ဓေဖြစ်တဲ့အခါမှာလည်း လူ့ဘဝ နတ်ဘဝရောက်သွား၊ အဝေးကြီးရောက်သွားပေမဲ့လည်း ဒီအာရုံနဲ့ ဒီအာရုံဟာ ရှိတာပဲ၊ စိတ်နဲ့အာရုံပြုတာကိုး။

[စာမျက်နှာ-218] ဒါကြောင့်မို့ ပဋိသန္ဓေအခိုက်အတန့်မှာ ပစ္စုပ္ပန်ရူပါရုံက ရှိသေးတော့ ဒီပဋိသန္ဓေက ဘယ်သူ့ကိုအာရုံပြုမလဲ၊ အဲဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုမယ်၊ နောက်ထပ် ဘဝင်ကလည်း အဲဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုမယ်၊ နောက်ထပ် နံပါတ် ၂ ဘဝင်ကလည်းပဲ အဲဒီပစ္စုပ္ပန်အာရုံမှာပဲ အာရုံပြုမယ်။

အဲဒီနောက်ကျတော့ ပစ္စုပ္ပန်ရူပါရုံ ချုပ်သွားပြီ၊ ချုပ်သွားရင် သူအတိတ်ဖြစ်မသွားဘူးလား၊ နောက်ဘဝင်တွေက အဲဒီအာရုံကိုပဲ အာရုံပြုတာ၊ သို့သော် သူ့ကျတော့ အတိတ်ဖြစ်သွားပြီ၊ ရူပါရုံကိုပဲ အာရုံပြုတာ။

အဲသလိုနဲ့ သွားလိုက်၊ ဘဝင်တွေ အားလုံးက အဲဒီအတိတ်ရူပါရုံကို အာရုံပြုတာ၊ မနောဒွါရာဝဇ္ဇန်းနဲ့ ဟို ဇော ၇-ကြိမ်ကျတော့ ပဋိသန္ဓေ အသစ်ဖြစ်တဲ့ အဲဒီပဋိသန္ဓေအသစ်ကို အာရုံပြုတယ်လို့ဆိုတယ်၊ ပဋိသန္ဓေအသစ်ဆိုတာက ပဋိသန္ဓေစိတ်ရယ် အတူတကွဖြစ်တဲ့ရုပ်ရယ်၊ ပဋိသန္ဓေတည်တဲ့အခါမှာ ပဋိသန္ဓေစိတ်ရယ် ရုပ်ရယ်၊ အတူတူဖြစ်တယ်၊ အဲဒါကို နားလည်ပြီလား၊ အသင့်အတင့်တော့ နားလည်ပြီးပြီ ထင်တယ်ဟုတ်လား၊ ရုပ်ပိုင်းကျတော့ ထပ်လာလိမ့်ဦးမယ်နော်၊ အဲဒါ အရေးမကြီးဘူး၊ ဒီ အခုဘဝ အကူးလေး အရေးကြီးတယ်။

အဲဒါကြောင့်မို့ မရဏာသန္နဇောဟာ အားနည်းတဲ့အတွက်ကြောင့်မို့ ၅ ကြိမ်သာစောတယ်နော်၊ ပြီးတော့ အခု ဒီဝီထိမှာဆိုရင် ဘဝသစ်မှာရောက်သွားတဲ့ ပဋိသန္ဓေနဲ့ ဘဝင် ၂-ကြိမ်က အဲဒီပစ္စုပ္ပန်ရူပါရုံကိုပဲ အာရုံပြုသေးတယ်၊ အဲဒီနောက်က ဘဝင်တွေကျတော့ အတိတ်ရူပါရုံဖြစ်သွား၊ အတိတ်ရူပါရုံကို အာရုံပြုတာပေါ့၊ ပစ္စုပ္ပန်မရှိတော့ ဒါအတိတ်ဖြစ်သွားပြီပေါ့နော်၊ ကွယ်သွားပြီ၊ ချုပ်သွားပြီ၊ ဒါပေမဲ့ ချုပ်သွားတဲ့ အတိတ်ကိုပဲ သူတို့က အာရုံပြုတယ်။

ကောင်းပြီ၊ ဒါကြောင့်မို့ ဘဝတစ်ခုမှာ ပဋိသန္ဓေရယ်၊ ဘဝင်ရယ်၊ စုတိရယ်ဟာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုတယ်လို့ နဂိုတုန်းက သိခဲ့ပြီမဟုတ်လား။ အဲဒီတော့ အကယ်၍ ပဋိသန္ဓေက ကံအာရုံပြုခဲ့ရင် ဘဝင်စုတိ ကံကိုပဲ အာရုံပြုမယ်နော်၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံပြုရင် ဂတိနိမိတ်ပဲ အာရုံပြုမှာပဲ၊ ဟုတ်တယ်မဟုတ်လား၊ အဲဒီတော့ ဘဝတစ်ခုက တစ်ခုကူးတဲ့အခါမှာ မျက်စိလည်တတ်တယ်၊ အခု စုတိ ဘယ်အာရုံပြုတုန်း၊ ဟိုအစမှာရှိခဲ့တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ခုခုကိုပဲ အာရုံပြုမယ်၊ အဲဒါ မျက်စိလည်တတ်တယ်နော်။

ဒါကြောင့်မို့ စုတိနဲ့ ပဋိသန္ဓေဟာ အာရုံမတူဘူး၊ စုတိရဲ့ အာရုံက (စုတိဆိုတာ ပထမဘဝရဲ့ စုတိနဲ့ ဒုတိယဘဝရဲ့ ပဋိသန္ဓေကို ပြောတာ) ပထမဘဝရဲ့

[စာမျက်နှာ-219] စုတိနဲ့ ဒုတိယဘဝရဲ့ ပဋိသန္ဓေဟာ အာရုံမတူဘူး၊ အဲဒီတော့ ပထမဘဝရဲ့ စုတိက ဘယ်အာရုံကိုယူလဲ၊ အဲဒီပထမဘဝ ပဋိသန္ဓေရဲ့ အာရုံကိုယူတယ်၊ ဒါဖြင့် ဒုတိယဘဝ ပဋိသန္ဓေဟာ ဘယ်အာရုံယူလဲ၊ မရဏာသန္နဇောယူတဲ့ အာရုံကိုယူတာ၊ အဲဒါလေးမှာ မျက်စိလည်တတ်တယ်၊ အယူမှားသွားတတ်တယ်။

ပြန်ပြောဦးမယ်နော်၊ ပထမဘဝရဲ့ စုတိက ပထမဘဝရဲ့ ပဋိသန္ဓေရဲ့ အာရုံကိုယူတယ်၊ ဒုတိယဘဝရဲ့ ပဋိသန္ဓေက ပထမဘဝရဲ့ မရဏာသန္နဇောယူတဲ့ အာရုံကိုယူတယ်၊ ဒီပုံစံမှာဆိုရင် ပစ္စုပ္ပန်ရူပါရုံပေါ့၊ အများနဲ့ဆိုင်အောင် ပြောမယ်ဆိုရင် မရဏာသန္နဇောယူတဲ့ အာရုံကိုယူတယ်။

ဒါကြောင့်မို့ ဒီဘဝ ပဋိသန္ဓေ၊ ဘဝင်၊ စုတိရဲ့ အာရုံနဲ့ နောက်ဘဝ ပဋိသန္ဓေ၊ ဘဝင်၊ စုတိရဲ့ အာရုံနဲ့ တူသေးလား၊ မတူဘူးနော်၊ အဲဒီမှာ အယူမှားပြီးတော့ ပြောမိတတ်တယ်၊ ပြောမိရင် တစ်သံသရာလုံးမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ အတူတူဖြစ်နေရမှာပေါ့၊ ဒီဘဝစုတိရဲ့ အာရုံကိုပဲ နောက်ဘဝပဋိသန္ဓေက ယူတယ်လို့ ဆိုရင် တစ်ခုတည်း ဖြစ်တော့မှာပေါ့၊ ဘဝမဆုံးမချင်း (ဆိုပါတော့) ဟုတ်လား၊ ပရိနိဗ္ဗာန်မပြုမချင်း အဲသလို မဟုတ်ဘူး တစ်ဘဝနဲ့ တစ်ဘဝ တစ်ဘဝနဲ့တစ်ဘဝရဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ မတူဘူးနော် အဲဒါ၊ အရေးကြီးတယ်။

မေး - အဲဒီဥစ္စာက ဘာနဲ့တူလဲဆိုလို့ရှိရင် သတ်မှတ်ချက်က ဒီလိုဖြစ်တာ သက်သေကျတော့ ဘယ်လိုဖြစ်မလဲ ။
ဖြေ - သက်သေကတော့ မလွယ်ဘူးထင်တယ်။
မေး - တကယ်လို့ ကံစသည် ဒီစုတိစသည်ကို ကံ မယူဆလိုက်လို့ရှိရင် အဲဒီမှာ ၁၇-ချက်သွားမှာ၊ ၁၇-ချက်သွားမယ်ဆိုရင် ပစ္စုပ္ပန်ရူပါရုံကိုပဲ ဆက်သွားတယ်လို့ ယူဆလိုက်ရမှာလား။
ဖြေ- အဲဒါကျတော့ လက်တွေ့ကတော့ မပြနိုင်ဘူးပေါ့၊ စာနဲ့ညှိမယ်ဆိုရင်တော့ ဘဝတစ်ခုမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟာ အာရုံတူရတယ် ဟုတ်တယ်မဟုတ်လား၊ အဲတော့ အကယ်၍ ဒီမှာ ရူပါရုံ သွားယူလိုက်ရင် သူအာရုံမတူတော့ဘူး ဖြစ်သွား မှာပေါ့၊ ဟို အစတုန်းက ယူခဲ့တာက တစ်မျိုး၊ အခု ယူတာက တစ်မျိုးဆို ဒါ ကွဲသွားလိမ့်မယ်၊ အဲဒီတော့ ဒီဘဝမှာရောက်တဲ့ စုတိဟာအမှန်ကတော့ ဟိုအရင် ဘဝက ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်ကံရဲ့ အကျိုးမဟုတ်လား၊ အကျိုးဆိုတော့ ပဋိသန္ဓေစိတ်နဲ့ သူနဲ့က (အမှန်က) အတူတူပဲ၊ နောက်ဆုံးလာဖြစ်လို့ သူ့စုတိခေါ်တာ သူက ကံရဲ့ အကျိုးပဲ။

[စာမျက်နှာ-220] ဒါကြောင့်မို့ ကံရဲ့ အကျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ သူဟာလွန်ခဲ့တဲ့ ပဋိသန္ဓေနဲ့ တူကို တူရမယ်၊ အကယ်၍ သူက အခုလက်တွေ့ဖြစ်နေတဲ့ အာရုံကို သူယူမယ်ဆိုရင် ခုန စနစ်ပျက်သွားမှာ၊ ပဋိသန္ဓေတစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတူတယ်ဆိုတဲ့ဟာ ပျက်သွားမှာ။

သဘာဝအားဖြင့် စဉ်းစားကြည့်ရင်လည်းပဲ ခုနပြောသလို သူဟာ ဟိုအတိတ်ဘဝရဲ့ ကံကြောင့်ဖြစ်တဲ့စိတ်ကို ဒီဘဝမှာ ပဋိသန္ဓေစိတ်ဖြစ်တယ်၊ အဲဒီ ပဋိသန္ဓေစိတ်၌ပင်လျှင် နောက်ထပ်ဖြစ်တာပဲ၊ ဒါပေမဲ့ သူ့ကို ပဋိသန္ဓေလို့ မခေါ်တော့ဘူး၊ နောက်ထပ်ဖြစ်တဲ့အခါကျတော့ ဘဝင်လို့ခေါ်တော့တယ်။ ကြားမှာ သေတဲ့အခါကျတော့ စုတိလို့ခေါ်တော့တယ်၊ ဒီစိတ် ဒီစိတ်ပဲဆိုတော့ ဒီစိတ်ဆိုရင် ဒီအာရုံပဲဖြစ်ရမယ် မဟုတ်ဘူးလား။ အကယ်၍ ဒီမှာ လက်တွေ့ မျက်မှောက်အာရုံကို ယူလိုက်တယ်ဆိုရင် ဒီစိတ်ဟာ အာရုံမတူဘူး ဖြစ်သွားမယ်။

ကောင်းပြီ၊ အဲဒီတော့ အခု ဒုတိယဘဝ ပဋိသန္ဓေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ ကံကြောင့်ဖြစ်တာ၊ ဟုတ်တယ်မဟုတ်လား၊ ဒီဘယ်ဘက်ဆိုပါတော့ ရှေးဘဝ ဒီဘယ်ဘက်ကပ်ရက် ဘဝပဲဖြစ်စေ၊ အဲဒီဘဝကို ရှေးရှေးက ဘဝကဖြစ်စေ ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံကြောင့်ဖြစ်တာနော်၊ စုတိက ဖြစ်နေတာမဟုတ်ဘူး၊ အဲဒါ သိပ်အရေးကြီးတယ်နော်၊ အခုခေတ်လူတွေ အဲဒါ မှားမှားကုန်တယ်။ သူတို့ဘယ့်နှယ်ရေးလိုက်လဲ၊ ဒီဘဝစုတိက နောက်ဘဝ ပဋိသန္ဓေကိုဖြစ်စေတယ်။ အဲဒီလို သွားသွားပြီးတော့ ရေးမိတယ်။

အဲဒီတော့ စုတိစိတ်ကသူကိုယ်တိုင်က ဝိပါက်စိတ်မဟုတ်ဘူးလား၊ ဘယ့်နှယ် လုပ်ပြီး သူက နောက်ဘဝများ ဖြစ်စေနိုင်မလဲ၊ အကျိုးလုပ်တဲ့အနေနဲ့ ဖြစ်စေ နိုင်မလား၊ မဖြစ်စေနိုင်ဘူး၊ အဲဒါကြောင့်မို့ အဲဒါ သတိထားရတယ်၊ စုတိက ပဋိသန္ဓေကို produce လုပ်တဲ့အနေနဲ့ ဖြစ်စေတာမဟုတ်ဘူး၊ ပဋိသန္ဓေဟာ ဘယ်သူ့ကြောင့် ဖြစ်တာလည်း ဆိုရင် ရှေးကကံကြောင့်ဖြစ်တာနော်၊ အဲဒီကံကို မရဏာသန္နဝီထိအခါမှာ အဲဒီကံကလည်း ပြန်ပေါ်လာချင်ပေါ်လာမယ်၊ သို့မဟုတ်ရင် ကမ္မနိမိတ် အာရုံ ၆-ပါး တစ်မျိုးမျိုးပေါ်ချင်ပေါ်မယ်၊ ဂတိနိမိတ် အာရုံပေါ်ချင်ပေါ်မယ်ပေါ့လေ။

သို့သော် ဒီဟာတွေပေါ်တာက အဲဒီခုန အကျိုးပေးမယ့် ကံရဲ့ အစွမ်းကြောင့် ပေါ်တာ၊ အဲဒီကံကြောင့်ပဲ ပဋိသန္ဓေဖြစ်တာ၊ ဟုတ်ပြီနော်၊ စုတိက ပဋိသန္ဓေကို

[စာမျက်နှာ-221] ဖြစ်စေတာ မဟုတ်ဘူး၊ ကောင်းပြီ၊ တစ်နည်းအားဖြင့် ပြောရင်တော့ စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးတယ်၊ ဖြစ်ခွင့်ပေးတယ်ဆိုတာက နေရာဖယ်ပေးတာကို ပြောတာ၊ သူက ချုပ်ပေးမှ ပဋိသန္ဓေက ပေါ်ရတာကိုး၊ ဒါကို ပဋ္ဌာန်းမှာကျတော့ အနန္တရပစ္စည်းလို့ ခေါ်တယ်၊ အနန္တရပစ္စည်းဆိုတာ အမှန်ကတော့ ကိုယ့်နေရာ သူယူနိုင်အောင် ကိုယ်က ဖယ်ပေးတဲ့သဘောပေါ့၊ ကိုယ့်အလုပ် ထွက်လိုက်တော့ ဟိုလူ အလုပ်ရသွားတာ၊ အဲဒါမျိုး၊ စုတိက ငါမချုပ်ဘူး ကွာဆိုပြီးတော့ ပေနေရင် ပဋိသန္ဓေဖြစ်ခွင့် မရှိဘူး၊ စုတိက သူ့သဘောတရားအရ ဥပါဒ်၊ ဌီ၊ ဘင်ဆိုပြီးတော့ ချုပ်လိုက်တယ်၊ ချုပ်လိုက်တဲ့အတွက်ကြောင့်မို့ ပဋိသန္ဓေဖြစ်နိုင်သွားတယ်၊ အဲဒီနည်းနဲ့တော့ ကျေးဇူးပြုတယ်။

မေး- အာရုံကတော့ မတူဘူးနော်။
ဖြေ - အာရုံ မတူဘူး။ ပြီးတော့ (produce) လုပ်တဲ့အနေနဲ့ ဖြစ်စေတာ မဟုတ်ဘူး၊ အကျိုးဖြစ်စေတဲ့ အနေမျိုးဖြစ်စေတာ မဟုတ်ဘူး၊ သက်သက်နေရာ ဖယ်ပေးတဲ့သဘော။
မေး - ပဋိသန္ဓေဆိုတာ ဟိုစုတိနေရာမှာ replace လုပ်လိုက်တယ်လို့ ထင်ပါတယ်။
ဖြေ - ဟုတ်တယ်၊ သူဖြစ်နိုင်အောင် ကိုယ်က နေရာဖယ်ပေးတဲ့သဘောပဲ၊ အဲဒီလို ဆက်စပ်မှုကိုလည်း နားလည်ရမယ်၊ များသောအားဖြင့် အခု အင်္ဂလိပ်လို ရေးတဲ့ လူတွေက (give rise to) ဆိုပြီးတော့ အဲဒီလို သုံးတယ်။ (give rise to) ကို ဦးဇင်းက သိပ်သဘောမကျဘူး၊ (give rise to) ဆိုတာ အဓိပ္ပာယ် နှစ်မျိုးလုံး ဖြစ်နိုင်တယ် မဟုတ်ဘူးလား၊ (produce) လုပ်တဲ့အနေမျိုးလည်းပဲ ဖြစ်နိုင်တယ်၊ ဖယ်ပေးတယ်ဆိုတဲ့ အနေမျိုးလည်း ဖြစ်နိုင်တယ်၊ အဲဒီတော့ ambiguous ဖြစ်တယ်။ give chance to arise ဒီလိုသာ သုံးဖို့ကောင်းတယ်၊ အဲဒါ အရေးကြီးတယ် မှား၊ မှားသွားတတ်တယ်။

ရှေးရှေးစိတ်က နောက်စိတ်ကို ကျေးဇူးပြုတယ်ဆိုတာ မှန်တယ်၊ ရှေးစိတ်ကြောင့် နောက်စိတ်ဖြစ်တာ မဟုတ်ဘူး၊ ဆိုပါတော့ အခုဒီဝီထိထဲမှာ ပြောကြည့်ရင် ပဉ္စဒွါရာဝဇ္ဇန်းဟာ ဘဝင်္ဂုပစ္ဆေဒက ဖြစ်စေတာ မဟုတ်ဘူး၊ သူက ဝိပါက်စိတ်မဟုတ်လား၊ နောက်ဘဝကပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကြောင့်ဖြစ်တာ၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဒီအတိုင်းဖြစ်တာ၊ ဇောကျတော့ ဘယ်သူကမှ ဖြစ်စေတာမဟုတ်ဘူး၊ သူကိုယ်တိုင်ကိုက ဖြစ်စေမယ့်သူ ဖြစ်လိမ့်မယ်၊ (active) စိတ်ဟုတ်တယ်မဟုတ်လား၊ အေး အဲဒါကြောင့်မို့ ဒီဘဝ အကူးကို မျက်စိလည်တတ်တယ်၊ အယူအဆမှားတတ်

[စာမျက်နှာ-222] တယ်ဆိုတာ အဲဒါပဲ။

အာရုံအနေနဲ့ အယူအဆမှားတတ်တယ်နော်၊ ပြီးတော့ ခုနလို ဖြစ်စေတယ် ဆိုတဲ့ အနေနဲ့ ပြောမိတတ်တယ်။ ဖြစ်စေတယ်ဆိုတာ ခုနလို နေရာဖယ်ပေးတဲ့ အနေနဲ့ ဆိုရင် ဟုတ်တယ်၊ ဒါဘုရားဟော တိုက်ရိုက်ရှိတယ်၊ အဲဒီတော့ အဲဒါ အနန္တရပစ္စည်းလို့ ခေါ်တယ်။ ဖြစ်စေတဲ့ အနေမျိုး ကံကနေ အကျိုးပေးတဲ့ အနေမျိုး ဆိုရင် မဟုတ်ဘူး။ ဒါပါပဲ၊ အဲဒီ အဆက်ကလေး အရေးကြီးတယ်။

ပြီးတော့ ဒီဘဝစုတိနဲ့ နောက်ဘဝ ပဋိသန္ဓေ အာရုံမတူဘူးနော်၊ နောက်ဘဝ ပဋိသန္ဓေက ဒီဘဝ မရဏာသန္နဇောရဲ့ အာရုံကို ယူတယ်၊ ဟုတ်ပြီလား၊ ဒီဘဝ စုတိက ဒီဘဝ ပဋိသန္ဓေရဲ့ အာရုံကိုယူတယ်၊ အဲသလို တခြားစီသွားတာ။

ကောင်းပြီ၊ အခုနောက်ဘဝ ပဋိသန္ဓေယူတဲ့ အာရုံကိုပဲ နောက်ဘဝ ဘဝင်တွေက ယူလိမ့်မယ်၊ နောက်ဘဝ စုတိကလည်း ယူလိမ့်မယ်၊ တတိယဘဝရောက်သွားပြီဆိုရင် ဒုတိယဘဝ မရဏာသန္နဇော ယူတဲ့အာရုံကို တတိယဘဝ ပဋိသန္ဓေက ယူလိမ့်မယ်၊ အဲဒီတော့ ကွင်းဆက်တစ်မျိုး သွားတာပေါ့လေ၊ တစ်ခါတည်း တန်းတန်းကြီးသွားတာ မဟုတ်ဘူး၊ ဟုတ်လား၊ loop အနေနဲ့သွားတာ။

ဒါကြောင့်မို့ ဘဝသစ်ရောက်သွားတဲ့အခါကျတော့ ပဋိသန္ဓေ နောင် ဘဝင် ၁၆-ကြိမ်ဖြစ်တယ်တဲ့နော်၊ ဖြစ်ပြီးရင် ချက်ချင်း မနောဒွါရာဝဇ္ဇန်းတွေ ၇-ကြိမ် ဖြစ်တော့တာပဲ၊ ဒါကြောင့်မို့ သတ္တဝါတွေက ဘဝတစ်ခုကို အစပြုတဲ့ အခါမှာ လောဘနဲ့ အစပြုခဲ့တာ၊ ဒါကြောင့်မို့လည်းဘဝကို မစွန့်လွှတ်နိုင်တာ ဒါပဲနော်။ ဒါကြောင့်မို့လည်း သံသရာကြီးကရှည်တာ။

ဘာလို့လဲဆို ကိုယ်စကတည်းက တွယ်တာမှုနဲ့ စခဲ့တာ၊ ဘဝလေးတစ်ခု ဖြစ်ပြီဟေ့ဆို ဆုပ်မိကိုင်မိတော့ တွယ်တာလာတော့တာ၊ ဒါကြောင့်မို့ ဒီဇောကလည်း အမြဲတမ်း အကုသိုလ် ဘဝနိကန္တိကဇောလို့ ခေါ်တယ်။ ဒီဇောပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အပယ်ခက်တာနော်၊ အစွဲအလမ်းက ကြီးလာပြီ။

ကောင်းပြီ၊ အဲဒီ ဘဝနိကန္တိက လောဘဇော ၇-ကြိမ် ဖြစ်ပြီးတဲ့နောက် ဘဝင်တွေဖြစ်ပေါ့လေ၊ အဲဒီနောက်တော့ ဖြစ်ချင်တာ ဖြစ်ကြပေါ့လေ။ လူသတ္တဝါဆို အမိဝမ်းထဲမှာ နေတုန်းမှာ တချို့ ဝီထိတွေ မဖြစ်နိုင်သေးဘူးပေါ့။ စက္ခုဝိညာဉ်က ဝီထိတို့ဘာတို့ မဖြစ်သေးဘူးပေါ့၊ ဒါပေမဲ့ တချို့ဟာတွေကတော့ ဖြစ်မှာပေါ့လေ၊ အဲဒီလို သွားတယ်နော်။

[စာမျက်နှာ-223] ဒါ ပဋိသန္ဓေ ဒီဘဝစုတိနဲ့ နောက်ဘဝ ပဋိသန္ဓေ ဆက်ပုံကို ဆိုလိုတယ်။

ကောင်းပြီ၊ အဲဒီလို ဆက်တဲ့အခါကျတော့ အခုဝီထိပုံနဲ့ ပြောလိုက်တော့ ရှင်းပါတယ်၊ ဒါပေမဲ့ ရိုးရိုးနဲ့ ပြောတဲ့အခါကျတော့ ဒီပညတ်နယ်က စကားလုံးတွေကို မသုံးဘဲလည်းမဖြစ်ဘူး သုံးနေရတယ်။

အဲသလို သုံးတဲ့အတွက်ကြောင့် တော်ကြာကျတော့ misunderstand က အလွန်ဖြစ်တယ်နော်၊ ဆိုပါတော့ အခု ဦးဇင်းတို့ပြောလည်း မင်း ဒီဘဝ သေသွားပြီ နောက်ဘဝဖြစ်တယ် ဆိုပါတော့၊ ဒီဘဝကုသိုလ်လုပ်လို့ မင်းနောက်ဘဝ နတ်ဖြစ်မယ်၊ အကုသိုလ်လုပ်လို့ မင်းနောက်ဘဝ ငရဲကျမယ် စသဖြင့်ပြောတော့ ဒီဘဝ သတ္တဝါကြီးကလည်း ဟိုဘဝ ပြောင်းရွှေ့သွားသလို ဟုတ်လား၊ ကိုယ်က အရပ်တစ်ပါးသွားတဲ့အခါကျတော့ ဒီကလူကြီးက ဆိုပါတော့ LA ရောက်သွားတယ်၊ LA ကနေတဆင့် San Diego ကို သွားတော့ San Diego ရောက်သွားတယ်၊ အဲဒီလို စိတ်ထဲမှာ ထင်ထင်သွားတတ်တယ် အများစုကတော့ အဲဒါမျိုးထင်နေမှာပဲ။

စကားလုံးကလည်းဒီလိုပြောရတာပဲ၊ ဟုတ်တယ်မဟုတ်လား၊ အဲဒီတော့ အဲဒီမှာ အရေးကြီးတာက ဒီနိုင်ငံကလူတွေလည်း မေးတတ်တယ်နော်၊ ဒီဘဝ တစ်ခု ဒီဘဝနဲ့ ဟိုဘဝ ပြောရင် သူတို့ကလည်း ကိုယ့်ကို ဖမ်းတာပဲ။

“အဲဒါဘယ်လိုလဲ ဆိုပါတော့ - အရှင်ဘုရားတို့က အနိစ္စသဘောတရားလည်း ပြောတယ်၊ အတ္တမရှိဘူးလို့လည်းပြောတယ်၊ အခု ဟိုဘဝရောက်တယ်လို့လည်း အရှင်ဘုရားတို့ ပြောနေပြန်ပြီ၊ အဲဒီတော့ ဒါ တစ်ခုခု သွားနေတာမဟုတ်ဘူးလား” စသဖြင့် မေးတယ်၊ အဲဒီတော့ အခု ဒီဝီထိစဉ်မှာကြည့်ရင် တစ်ခုနဲ့တစ်ခုဟာ ဒီခဏက စိတ်၊ စေတသိက်၊ ရုပ်က ဟိုခဏရောက်သွားတာ မဟုတ်ဘူး။

ဒီခဏ စိတ်စေတသိက်ရုပ်က ဒီခဏဖြစ်ပြီးချုပ်၊ ရုပ်ဆိုရင်တော့ ၁၇ ချက်နေမယ်ပေါ့၊ စိတ်ကတော့ တစ်ခဏနေမယ်၊ နောက် ခဏ ရောက်တဲ့အခါ နောက်ခဏဖြစ်ပြီးချုပ်ချုပ်သွားတာဆိုတော့ အမြဲတမ်း (ဆိုကြပါစို့) တစ်ခုပြီးတစ်ခု အသစ်ဖြစ်နေတာ၊ အဲဒီတော့ ဒီ ခဏက ရုပ်နာမ်က ဟိုခဏပြောင်းသွားတာ မဟုတ်ဘူး၊ ဒီခဏ ရုပ်နာမ်ကချုပ်ပြီးတော့ ဟိုခဏရုပ်နာမ်ဖြစ်တာ၊ နာမ်ရုပ်ဖြစ်တဲ့ အခါမှာ ခုနလို အနန္တရသတ္တိတို့ ဘာတို့နဲ့ ကျေးဇူးပြုမှုတော့ ရှိတယ်ပေါ့ (support) လုပ်ပြီးတော့ရှိတယ်၊ အဲဒီလိုသွားတယ်။ အဲဒီလိုသွားတော့ ဘာအရေးကြီးလဲဆိုတော့ သဿတအယူထဲမကျအောင်

[စာမျက်နှာ-224] လည်း ယူတတ်ရမယ်တဲ့၊ ဥစ္ဆေဒအယူထဲလည်းမကျအောင်ယူတတ်ရမယ်၊ သဿတအယူဆိုတာ ခုနပြောသလို ဆက်နေရင် သဿတအယူနော်၊ ဒီဘဝဟာ ဝိညာဉ်တို့ ဘာတို့၊ အတ္တတို့က ဟိုဘဝရောက်သွား ဟိုဘဝရောက်သွား ဒီလို ယူရင်လည်းပဲ ဒါသဿတအယူဖြစ်တယ်၊ ဒီဘဝပြတ် တစ်ခါတည်း နောက်ဘဝသီးခြား ဘာမှအဆက်အစပ် မရှိဘူး (ဒီဘဝနဲ့ နောက်ဘဝဆိုရင်) ဒါဥစ္ဆေဒဒိဋ္ဌိ၊ အဲဒီနှစ်ခု အစွန်းနှစ်ခုလွတ်အောင် မဇ္ဈိမပဋိပဒါ ယူရမယ်။

အဲဒီတော့ ဘယ်လိုလဲဆိုတော့ တစ်ခုနဲ့တစ်ခုဟာ ခဏတစ်ခုနဲ့တစ်ခုဟာ ခဏအကြောင်းအကျိုးအဖြစ်ဖြင့် ဆက်စပ်မှု ဆက်သွယ်မှုရှိတယ်၊ ဒီဘဝက အကြောင်းကြောင့် ဟိုဘဝအကျိုးဖြစ်တယ်၊ အဲဒီလို အကြောင်းအကျိုး ဆက်သွယ်မှုကတော့ရှိတယ်၊ ဒါပေမဲ့ အကြောင်းသည် သီးခြား၊ အကျိုးသည်သီးခြား၊ အကြောင်းနဲ့အကျိုးသည် identical မဟုတ်ဘူး၊ အကြောင်းဟာ အကြောင်းပဲ၊ ဒီအကြောင်းကြောင့် ဟိုမှာ အကျိုးသွားဖြစ်တာ၊ သို့သော် သူတို့ဟာ အကြောင်းအကျိုးအဖြစ်ဖြင့်တော့ ဆက်သွယ်မှုရှိတယ်၊ အဲဒီဆက်သွယ်မှုကို ယူပြီးတော့ ဦးဇင်းတို့က ဒီဘဝသေပြီးနောက်ဘဝကို ပဋိသန္ဓေနေတယ်လို့ ပြောရတာ။

အဲဒါကြောင့်မို့ ဥပမာလေးတွေရှိတယ်၊ ဒါမှတ်ထားဖို့ဟာ ကျမ်းဂန်တွေမှာ ပေးတဲ့ ဥပမာကဘာလဲ၊ ပဲ့တင်သံ ဥပမာပေးတယ်၊ ကိုယ်ဟာ အော်လိုက်တယ်၊ အခန်းကြီးတစ်ခုထဲကို ဂူကြီးတစ်ခုထဲကို၊ အသံကပြန်လာတယ်၊ အဲဒီအသံဟာ ကိုယ့်အသံ မဟုတ်ဘူး၊ ကိုယ့်အသံအစစ်မဟုတ်ဘူး၊ ကိုယ့်အသံနဲ့ကင်းပြီးတော့လည်း ဒီပဲ့တင်သံဟာ မဖြစ်ပေါ်ဘူး၊ ဟုတ်တယ်မဟုတ်လား၊ ပဲ့တင်သံဟာ ငါ့အသံလည်း မဟုတ်ဘူး၊ ငါ့အသံမပါရင်လည်းပဲ ဒီပဲ့တင်သံမဖြစ်ပေါ်လာဘူး၊ အဲဒီလို နည်းမျိုး၊ ဒီဘဝက နောက်ဘဝ သွားတယ်ဆိုတာဟာ ဒီဘဝကလူ ရုပ်နာမ်က နောက်ဘဝ ပြောင်းရွှေ့သွားတာလဲမဟုတ်ဘူး၊ နောက်ဘဝမှာ အသစ်ဖြစ်တယ်ဆိုတဲ့ ရုပ်နာမ်က ဒီဘဝရုပ်နာမ်နဲ့ လုံးဝမပတ်သက်တာလည်းမဟုတ်ဘူး၊ လုံးဝ မဆက်စပ်တာလည်း မဟုတ်ဘူး၊ ခုနလို အကြောင်းအကျိုးအဖြစ်ဖြင့် ဆက်စပ်မှုရှိနေသေးတယ်။

အဲဒီလို ရှိလို့လည်းပဲ (ဆိုပါတော့) ကိုယ့်ကံက ကိုယ့်အကျိုးပေးတာ၊ ကိုယ့်ကံက သူများသွားအကျိုးမပေးဘူး၊ သူများကံက ကိုယ့်လာအကျိုးမပေးဘူး၊ အဲဒီလို မဟုတ်ရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်မှာပေါ့၊ ကံတွေလည်း အကုန်လုံး ဘုရားလို အလွန်ကံများတဲ့ပုဂ္ဂိုလ်က ကံတွေ တိုးတိုး အကျိုးပေးရင် ဟန်ကျသွားရောဟုတ်လား။ ခုက ကိုယ်ပြုတဲ့ကံက ကိုယ့်ပဲအကျိုးပေးတယ်ဆိုတာ ဒါပဲနော်၊ ဒါကြောင့်မို့

[စာမျက်နှာ-225] ပဲ့တင်သံတဲ့၊ နောက်တစ်ခုကတော့ ဆီမီးတဲ့နော်၊ ဆီမီးညှိလိုက်တဲ့အခါမှာ တစ်တိုင်က တစ်တိုင်ညှိလိုက်တဲ့အခါမှာ ဒီနောက်တိုင်ကမီးဟာ ပထမတိုင်ကမီးလည်းမဟုတ်ဘူး။ ပထမတိုင်က မီးနဲ့ကင်းပြီးတော့လည်း နောက်တိုင်က မီးမပေါ်လာဘူး၊ အဲဒီလိုပဲ့တင်၊ ဆီမီး၊ ပြီးတော့ စည်းတံဆိပ်နှိပ်လိုက်လို့ ထင်သွားတဲ့တံဆိပ်ဟာ ထင်ရှားတဲ့ (impression) ဟာ ဟိုတံဆိပ်လည်း မဟုတ်ဘူး။ ဟိုတံဆိပ်နဲ့ ကင်းပြီးတော့လည်းပဲ ဒီပုံစံ ဒီတံဆိပ်ဟာ မထင်ဘူး၊

* ပဲ့တင်ဆီမီး၊ တံဆိပ်နည်း၊ သိပ်သည်းမှတ်ကြလေ။

ဆိုပြီး လင်္ကာလေးတွေ ရေးထားတာရှိတယ်နော်၊ ပဲ့တင်သံနဲ့ (explain) လုပ်၊ ဆီမီးညှိယူတာနဲ့ (explain) လုပ်နိုင်တယ်၊ ပြီးတော့ တံဆိပ်ရိုက်နှိပ်တာနဲ့ (explain) လုပ်နိုင်တယ်၊ ဒါကျမ်းဂန်တွေမှာ အဲဒီအတိုင်းရှိတယ်၊ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။

[စာမျက်နှာ-226]
စုတိနောင် ပဋိသန္ဓေ
* အရူပစုတိနောင် အောက်အောက်အရူပကြဉ်သော အရူပပဋိသန္ဓေနှင့် ကာမတိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* ရူပစုတိနောင် သဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* ကာမတိဟိတ် စုတိနောင် အလုံးစုံသော ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* ကာမအဟိတ် ဒွိဟိတ် စုတိနောင် ကာမပဋိသန္ဓေတို့ ဖြစ်ကုန်၏။
* အသညသတ်စုတိနောင် ကာမဒွိဟိတ် တိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏။

ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတန ဘုံတို့၌ တည်သော အရိယာပုဂ္ဂိုလ်တို့ တစ်ပါးသောဘုံတို့၌ မဖြစ်ကြ၊ သုဒ္ဓါဝါသဘုံသား အားလုံးလည်း တစ်ခါဖြစ်ပြီးသော သုဒ္ဓါဝါသဘုံ၌ ထပ်၍ မဖြစ်၊ ဗြဟ္မာပြည်သို့ရောက်သော အရိယာတို့အောက် အောက်ဘုံတို့၌ မဖြစ်ကြ။

[စာမျက်နှာ-227]
ဘဝင်နှင့် စုတိ
ဆိုအပ်ပြီးသောနည်းဖြင့် ပဋိသန္ဓေ ယူအပ်ပြီးသူတို့၏သန္တာန်၌ ပဋိသန္ဓေ စိတ်ချုပ်ခြင်း၏ အခြားမဲ့မှ အစပြု၍ ထိုပဋိသန္ဓေစိတ်၏အာရုံကိုပင် အာရုံပြုကာ ထိုပဋိသန္ဓေစိတ်သည်ပင် စုတိစိတ်ဖြစ်သည်တိုင်အောင် ဝီထိစိတ်တို့၏ ဖြစ်ခြင်း မရှိသော် ဘဝင်၏အဖြစ်ဖြင့် မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏၊ ဘဝ၏အဆုံး၌လည်း စုတေသည်၏ အစွမ်းဖြင့် စုတိစိတ်ဖြစ်၍ ချုပ်၏။

ထိုစုတိစိတ်မှ နောက်၌လည်း ရထားဘီးကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်ကုန်လျက် ဖြစ်ကုန်၏။

ဤဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့ ဆက်ကာဆက်ကာ ဖြစ်ကုန်သကဲ့သို့ ထို့အတူဘဝတစ်ပါး၌ တစ်ဖန် ပဋိသန္ဓေအစရှိသော ဤစိတ်အစဉ်သည် ဆက်ကာ ဆက်ကာဖြစ်၏။ ဘဝင် = ဘဝ၏အကြောင်း။
သံသရာစက် ပြတ်ကိန်း
တိဟိတ်ပဋိသန္ဓေ ပင်ကိုယ်ဉာဏ်ရှိသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး သီလအကျင့်၊ ဓုတင်အကျင့်၊ သမာဓိအကျင့်နှင့် ပြည့်စုံကြကုန်သည် ဖြစ်၍ ဆိုအပ်ပြီးသော ဝဋ်ဖြစ်ပုံကို မမြဲသောတရားဟု ဝိပဿနာဉာဏ်ဖြင့် ထင်ရှားစွာ သိကုန်ပြီးလျှင် စုတေရွှေ့လျှောသေရခြင်း သဘောမရှိသော နိဗ္ဗာန်ကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်သိမြင်၍ တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်လျက် သင်္ခါရတို့ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်သို့ ရောက်ကြကုန်လတ္တံ့။

[စာမျက်နှာ-228]
အဘိဓမ္မာသင်တန်း ၃၆

[ဘုံပိုင်း] ဝီထိမုတ်ပိုင်း
စုတိနောင် ပဋိသန္ဓေ ဒီနေ့ ဩဂုတ်လ ၁၄ ရက်။

ဟိုအပတ်တုန်းက ဘဝဟောင်းနဲ့ ဘဝသစ်ဆက်စပ်တဲ့အကြောင်းပြောခဲ့တယ်။ အဲဒါပြောနေတော့ ဘဝဟောင်းက ဘာတစ်ခုမှလည်း ဘဝသစ်ကို သွားတာ မဟုတ်ဘူး၊ ဘဝသစ်မှာဖြစ်တဲ့ ရုပ်နာမ်က ဘဝဟောင်းကဖြစ်တဲ့ ရုပ်နာမ် (သို့မဟုတ်) ကံနဲ့ လုံးဝမဆက်စပ်တာလည်း မဟုတ်ဘူး၊ အဲဒီလို လုံးဝ သီးခြားလည်းမဟုတ်ဘူး၊ ဒီကဟာက ဟိုပြောင်းရွှေ့သွားတာလည်းမဟုတ်ဘူး ဆိုတာကို သဘောပေါက်ဖို့လို တယ်ဆိုတာ ပြောခဲ့တယ်။

အဲသလိုပြောတဲ့အခါ ဥပမာလေးနဲ့ ပဲ့တင်သံရယ်၊ ဆီမီးရယ်၊ တံဆိပ်နှိပ်တဲ့ တံဆိပ်ရယ်၊ အဲဒီဥပမာတွေနဲ့ ပြောခဲ့တယ်။

အဲဒီလို ဒီဘဝနဲ့လာမယ့် ဘဝဟာ (သို့မဟုတ်) ပစ္စုပ္ပန်နဲ့ အနာဂတ် ဘဝဟာ အဲသလိုအကြောင်းအကျိုး ဆက်သွယ်မှုရှိတဲ့အတွက်ကြောင့်မို့ မိမိရဲ့ ကံက မိမိကို အကျိုးပေးတယ်၊ သူတစ်ပါးကံက ကိုယ့်ကို အကျိုးပေးတာမဟုတ်ဘူး၊ ကိုယ့်ကံက သူတစ်ပါးသွားပြီးတော့ အကျိုးမပေးဘူး၊ အဲသလို ဆက်သွယ်မှု သန္တာန်အစဉ်ဆိုတာက ရှိနေတာကိုး။

[စာမျက်နှာ-229] အဲဒီလိုရှိတဲ့အတွက်ကြောင့် ယူဆတဲ့အခါမှာ လုံးဝတူတယ်ဆိုတဲ့ (complete identity) လည်းပဲလက်မခံရဘူး၊ လုံးဝ သီးခြားဖြစ်တဲ့ (complete diversity) လည်း လက်မခံဘဲ ဒီနှစ်ခုကြားမှာ ခုနပြောသွားသလိုပေါ့၊ ဒီကဟာ ဟိုရွေ့တာလည်း မဟုတ်ဘူး၊ ဟိုကဟာ ဒီကဟာနဲ့ အကြောင်းကင်းတာလည်း မဟုတ်ဘူး၊ အဲဒီလို ဆက်စပ်သွားတယ်။

အဲဒီလို ယူတတ်မှ သဘောမှန်ရောက်မယ်၊ သို့မဟုတ်ရင် ခုနပြောသလို နောက်ဘဝက လုံးဝအသစ်ဖြစ်တာဆိုရင်လည်း “တပည့်တော်တို့ ကုသိုလ်ကောင်းမှု ပြုစရာမလိုတော့ပါဘူး၊ နောက်ဘဝရမယ့်သူက တစ်ယောက်ပဲ၊ တပည့်တော်မှ မဟုတ်ဘဲ” လို့ ဒီလိုပြောစရာရှိတယ်။ သို့မဟုတ်လဲ “အကုသိုလ်ရှောင်နေစရာ မလိုပါဘူး၊ ကိုယ်ခံရမှာမှ မဟုတ်ဘဲ” လို့ ပြောစရာရှိတယ်၊ ဒါပေမဲ့ ခုနပြောသလို သန္တာန်အစဉ်က ရှိတယ်။ အကြောင်းအကျိုးအဖြစ် ဆက်သွယ်တာက သူ့အကြောင်းနဲ့ သူ့အကျိုး ဆက်သွယ်တာဖြစ်တဲ့အတွက်ကြောင့် ခုနလို ယူဆလို့မရဘူး။

အဲဒီမှာ ခုနပြောခဲ့တဲ့ဥပမာအပြင် ကျမ်းဂန်တွေမှာသုံးတာတွေရှိသေးတယ်၊ (formula) လေးပေါ့။ ဟိုနေ့က နည်းနည်းပြောခဲ့သေးတယ်၊ ဒါပေမဲ့ Tape က ကုန်သွားတယ်ထင်တယ်၊ အဲဒါက ဘာလဲဆိုတော့ “န စ သော၊ န စ အညာ” ဆိုတဲ့စကားလေး၊ မြန်မာလိုကတော့ သူလည်းမဟုတ်ဘူး၊ တခြားသူလည်း မဟုတ်ဘူးတဲ့။

နောက်ဘဝဖြစ်သွားတဲ့ သတ္တဝါဟာ ဒီဘဝကသူလည်းမဟုတ်ဘူး၊ တခြားသတ္တဝါအသစ် ဖြစ်ပေါ်လာတာလည်း မဟုတ်ဘူးတဲ့၊ ဒါကို formula သုံးတယ်။ န စ သော၊ န စ အညာတဲ့၊ ဒါက ကျမ်းဂန်တွေမှာသုံးတာ။ အဲဒီ formula အတိုင်းပဲ၊ ဒီကသွားတဲ့ပုဂ္ဂိုလ်ဟာ သူလား?၊ သူလည်း မဟုတ်ဘူး၊ သူနဲ့ကင်းတာလား? သူနဲ့ကင်းတာလည်းမဟုတ်ဘူး။

အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာက လက်ခံတဲ့ (rebirth) က ဟိန္ဒူကလက်ခံတဲ့ (reincarnation) နဲ့ မတူဘူး၊ သူတို့ကတော့ အတ္တလေးက သတ္တဝါခန္ဓာရဲ့ တစ်နေရာရာမှာရှိတယ်၊ အဲဒီအတ္တလေးက လူတွေအိမ်ပြောင်းသလို၊ ပြောင်းပြောင်းသွားတယ်၊ တစ်ဘဝက တစ်ဘဝပိုပိုပြီး စင်ကြယ်ကောင်းမြတ်သွားတယ်၊ နောက်ဆုံး တစ်နေ့မှာ ဒီအတ္တလေးဟာ မူလအတ္တကြီးဖြစ်တဲ့ ဗြဟ္မာကြီးနဲ့ ပြန်ပေါင်းသွားမယ်။ ဒီလိုယူဆတော့ သူတို့ (reincarnation) က အတ္တပါတယ်၊ ဗုဒ္ဓဘာသာ

[စာမျက်နှာ-230] (rebirth) က အတ္တမပါဘဲနဲ့ (rebirth) ကို လက်ခံတာ၊ ဗုဒ္ဓဘာသာက ပိုပြီးတော့ သိမ်မွေ့တယ်၊ နက်နဲတယ်၊ သာမညစဉ်းစားမယ်ဆိုရင် လက်ခံနိုင်ဖို့လည်းခက်တယ်။

ဒါကြောင့်မို့ လူတွေကမေးရင် “မင်းတို့ (reincarnation) လက်ခံလား” မေးရင် ပထမတော့ ကိုယ်က (reincarnation) ဆိုတဲ့ စကားလုံး မသုံးဘူးဟေ့၊ (rebirth) လို့ သုံးတယ်။ (rebirth) ကလည်း သိပ်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ဒီထက်ကောင်းတဲ့ စကားလုံးမရှိလို့ ဒါကိုသုံးရတာ၊ သို့သော် ဒိုက ဘယ်လိုယူဆတယ်ဆိုတာကို သူတို့ကို အဲသလို ရှင်းလင်းပြောပြရတယ်။

အဲဒီတော့ အဲဒီနည်းနဲ့ ဦးဇင်းတို့ ဗုဒ္ဓဘာသာက ဘဝသံသရာကို လက်ခံတာ၊ အတ္တရှိတယ်၊ လိပ်ပြာကောင်ရှိတယ်၊ ဝိညာဉ်ရှိတယ်၊ သူက ဒီဘဝကဟိုဘဝ၊ ဟိုဘဝက ဟိုးဘဝသွားနေတယ် ဆိုတဲ့အနေနဲ့ လက်ခံတာမဟုတ်ဘူး။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မျိုးစေ့နဲ့ အသီးနဲ့လည်း နှိုင်းယှဉ်ပြောလို့ရတယ်၊ မျိုးစေ့ကို စိုက်ပျိုးတယ်ဆိုပါတော့၊ လိုအပ်တဲ့ မြေဩဇာနဲ့ ရေနဲ့ဖြည့်စွက်တဲ့ အခါမှာ မျိုးစေ့ကအပင်ပေါက်၊ အပင်ကနေအပင်ကြီးဖြစ်၊ အပင်ကြီးက အသီးသီး ဆိုတဲ့ အခါမှာလည်းပဲ ဒီအသီးဟာ အခြားမျိုးစေ့ရဲ့ အသီးလား? ဆိုတော့လည်း မဟုတ်ဘူး၊ ဒီမျိုးစေ့ကနေ တဖြည်းဖြည်းနဲ့ အသီးဖြစ်သွားတာလား?၊ ဒီလိုလည်း မဟုတ်ဘူး၊ ဒီမျိုးစေ့က အသီးသီးသည့် အချိန်ထိအောင် မျိုးစေ့အတိုင်းကြီး ရောက်သွားတာလည်း မဟုတ်ဘူး၊ အဲဒီအသီးဟာ ဒီမျိုးစေ့မှတပါး အခြားမျိုးစေ့ရဲ့ အသီးလည်းမဟုတ်ဘူး၊ အဲဒီနည်းနဲ့လဲ ကျမ်းဂန်တွေမှာ ဖြေရှင်းပြထားတာရှိတယ်။

မေး - တပည့်တော်တို့ အချင်းချင်းတွေ့တဲ့အခါကျတော့ တချို့လူတွေပြောတာရှိတယ်။ မျိုးစေ့ကနေ အသီးဖြစ်တယ်ဆိုတာ (apple) ဟာ (apple) ပဲ၊ (apple) အစေ့ဟာ (apple) အသီးဖြစ်တယ်၊ နောက်တစ်ခါထပ်ဖြစ်လည်း (apple) ပဲ ဖြစ်ရမယ်လို့ စွဲသွားမှာတဲ့။
ဖြေ - (apple) ပဲ ဖြစ်ရမှာမှန်တယ်၊ အဲဒါက ဘယ်လိုလဲဆိုတော့ ဒီဘဝက ပြုလိုက်တဲ့ ဒီသန္တာန်က ဒီအကျိုးပဲပေးမှာ၊ အဲဒါကို ဆိုလိုတာ၊ ဒီကံက ဟိုအကျိုး မပေးဘူး၊ ဒီကံက ဒီအကျိုးပဲပေးတယ်၊ ဒါကို (apple) မျိုးစေ့က (apple) အသီး ဖြစ်တယ်လို့ အဲသလို ဆိုလိုတယ်။

ကိုင်း၊ အဲဒီတော့ မရဏာသန္နဇောတွေ ပြီးသွားပြီ၊ မရဏာသန္နဇောဟာ ၅-ကြိမ်ပဲစောတယ်၊ ပြီးတော့ ဘဝသစ်မှာ ဒီပုံစံထဲမှာပါတဲ့အတိုင်းဆိုရင် ပဋိသန္ဓေနဲ့ ဘဝင် ၂-ကြိမ်က ပစ္စုပ္ပန်အာရုံ အာရုံပြုတယ်၊ ကျန်တာတွေက အတိတ်အာရုံကို

[စာမျက်နှာ-231] အာရုံပြုတယ်။

အဲဒါကြောင့်မို့ နောက်ဘဝင်တို့နှင့်တကွ ဘဝသစ် ဘဝင်အားလုံးတို့နှင့် စုတိ (ပုံစံမှာမပါဘူး) လွန်သွားပြီဖြစ်တဲ့အထိ ရူပါရုံကို အာရုံပြုကြတယ်၊ ဒါက ပကိဏ်းပိုင်းတုန်းက ပုံစံလေးနဲ့မြင်အောင် ကြည့်ထားရမယ်။

ဒါကြောင့်မို့ ကာမာဝစရ ပဋိသန္ဓေရဲ့ အာရုံဟာ မနောဒွါရနဲ့ ယူအပ်တဲ့ အတိတ်ကံ ဓမ္မာရုံဖြစ်တယ်တဲ့၊ အတိတ်ကံဆိုတော့ သူက ရူပါရုံမဟုတ်နိုင်တော့ဘူး၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံမဟုတ်ဘူး၊ ဓမ္မာရုံ။

အတိတ်ဓမ္မာရုံဖြစ်တဲ့အတွက်ကြောင့်မို့ မနောဒွါရနဲ့ပဲသိနိုင်တယ်၊ မျက်စိနဲ့ မြင်တာမျိုး မဟုတ်ဘူး၊ ကမ္မနိမိတ်ကျတော့ အတိတ်လည်းဖြစ်နိုင်တယ်၊ ပစ္စုပ္ပန်လည်း ဖြစ်နိုင်တယ်၊ အာရုံ ၆-ပါးဖြစ်တဲ့အတွက်ကြောင့် စက္ခု၊ သောတ စသည်မှာ တစ်ပါးပါးနဲ့ ဒွါရ ၆-ပါးမှာ တစ်ပါးပါးနဲ့ ယူနိုင်တယ်။

ဂတိနိမိတ်ကျတော့ ရူပါရုံတော့ ဟုတ်ပါရဲ့၊ မျက်လုံးနဲ့မြင်တာမဟုတ်တဲ့ အတွက်ကြောင့်မို့ စိတ်ထဲမှာ ပေါ်တဲ့ရူပါရုံဖြစ်တဲ့အတွက်ကြောင့်မို့ မနောဒွါရနဲ့ ယူတယ်လို့ ဒီလို အစဉ်အလာ ဆရာသမားများ ယူဆကြတယ်၊ အဲဒါ၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်။

ရူပါဝစရပဋိသန္ဓေရဲ့ အာရုံကတော့ ပညတ်ကမ္မနိမိတ်တဲ့၊ အဲဒါကိုကော နားလည်ကြလား၊ ဈာန်ရတဲ့အခါကျတော့ ဈာန်က ဘယ်ကိုအာရုံပြုသလဲ၊ ပညတ်ကို အာရုံပြုတယ်၊ ကသိုဏ်းပညတ်ကို အာရုံပြုတယ်၊ ကသိုဏ်းအားထုတ်တာဆိုရင် ကသိုဏ်းပညတ်ပေါ့၊ ကောဋ္ဌာသ၊ ကေသာလောမာ အားထုတ်ရင်လည်း ကေသာလောမာဆိုတဲ့ ကောဋ္ဌာသပညတ်ပေါ့၊ ဘာပဲဖြစ်ဖြစ်ပညတ်ပေါ့၊ အဲဒီပညတ်ကို အာရုံပြုတယ်။

အဲဒီရူပါဝစရကုသိုလ်စိတ်က ပညတ်ကိုအာရုံပြုရင် အဲဒီရူပါဝစရစိတ် မလွတ်ဘဲနဲ့ ပျောက်မသွားဘဲနဲ့ သေသွားတဲ့သူဟာ ရူပါဝစရဘုံမှာ ဗြဟ္မာသွားဖြစ်တော့ ဝိပါက်စိတ် သွားမဖြစ်ပေဘူးလား။ အဲဒီရူပါဝစရဝိပါက် ရူပါဝစရ ပဋိသန္ဓေဟာ ဘယ်ကို အာရုံပြုသလဲဆိုရင် ပညတ်၊ အဲဒီပညတ်ဟာ ဘာလဲဆိုရင် ကမ္မနိမိတ်၊ အဲဒီပညတ်ကမ္မနိမိတ်ကို အာရုံပြုတယ်။

အဲဒီတော့ ပထဝီကသိုဏ်းကို အားထုတ်ပြီးတော့ ပထမဈာန်ရတဲ့ပုဂ္ဂိုလ် ဆိုပါတော့၊ သူသေသွားလို့ ဗြဟ္မာဖြစ်တဲ့အခါမှာ ဘယ်စိတ်နဲ့ ဗြဟ္မာဖြစ်မလဲ။

[စာမျက်နှာ-232] ဘယ်စိတ်နဲ့ ပဋိသန္ဓေနေမလဲဆိုရင် ရူပါဝစရ ပထမဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေမယ်။ အဲဒီပဋိသန္ဓေဟာ ဘယ်အာရုံကိုအာရုံပြုသလဲဆိုရင် ပထဝီကသိုဏ်းပညတ် ဆိုတဲ့ ကမ္မနိမိတ်ကို အာရုံပြုမယ်၊ အဲဒီအတိုင်းပဲသွားမယ်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဒီအတိုင်း အချို့ကျနားလည်သွားပေတော့။

“အရူပပဋိသန္ဓေ၏အာရုံသည် ပညတ် သို့မဟုတ် မဟဂ္ဂုတ်အတိတ် ကမ္မနိမိတ် ဖြစ်သည်”တဲ့၊ အရူပပဋိသန္ဓေရဲ့ အာရုံက ပညတ်လည်းဖြစ်နိုင်တယ်၊ မဟဂ္ဂုတ်လည်း ဖြစ်နိုင်တယ်၊ ဒါကို စိတ်ပိုင်းပြန်ကြည့်ရင် သိနိုင်တယ်။

အာကာသာနဉ္စာယတနစိတ်ဟာ ကောင်းကင်ပညတ်ကိုအာရုံပြုတယ်၊ ဝိညာဏနဉ္စာယတနစိတ်ဟာ အာကာသာနဉ္စာယတနစိတ်ကို အာရုံပြုတယ်၊ အာကိဉ္စညာယတနစိတ်က ပထမစိတ်ရဲ့ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြုတယ်၊ နေဝသညာနာသညာယတနစိတ်က တတိယ အရူပါဝစရစိတ်ကို အာရုံပြုတယ်။

အဲဒီတော့ ပထမစိတ်နဲ့ တတိယစိတ်ရဲ့ အာရုံက ပညတ်မဟုတ်ဘူးလား၊ ကောင်းကင်ပညတ်ရယ်၊ နတ္ထိဘောပညတ်ရယ်၊ ဒုတိယစိတ်နဲ့ စတုတ္ထစိတ်ရဲ့ အာရုံက အရူပါဝစရစိတ်ဆိုတော့ မဟဂ္ဂုတ်အာရုံပေါ့။

ဒါကြောင့်မို့ အရူပါဝစရပဋိသန္ဓေရဲ့ အာရုံဟာ ပညတ် သို့မဟုတ် မဟဂ္ဂုတ်အတိတ်ကမ္မနိမိတ်ဖြစ်တယ်၊ ပစ္စုပ္ပန်တော့မဟုတ်ဘူး အတိတ်၊ ဒါကြောင့်မို့ သေသေချာချာ ခွဲပြောမယ်ဆိုရင် ပထမနဲ့ တတိယရဲ့ အာရုံက ပညတ်၊ ဒုတိယနဲ့ စတုတ္ထရဲ့ အာရုံက မဟဂ္ဂုတ်၊ အဲသလိုခွဲပါ။

ပညတ်ဆိုရင်တော့ အတိတ်လား၊ အနာဂတ်လား၊ ပစ္စုပ္ပန်လား ရွေးနေစရာ မရှိဘူးနော်၊ ပညတ်က ကာလမှလွတ်၊ ကာလဝိမုတ်ခေါ်တယ်၊ တော်ကြာကျ ပညတ်ဟာဘာလဲ၊ ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား ထင်နေဦးမယ်။ မဟဂ္ဂုတ်တော့ အတိတ်လို့ပြောတယ်၊ ပညတ်တော့ဘာမှမပြောပါလားလို့ ထင်နေမယ်၊ ဒါက အရူပါဝစရပဋိသန္ဓေ။

အသညသတ်ဘုံမှာတော့ ဇီဝိတနဝကကလာပ်နဲ့သာ ပဋိသန္ဓေအနေနဲ့ဖြစ်တယ်၊ ဇီဝိတနဝကကလာပ်ဆိုတာ ရုပ်ပိုင်းကျတော့ နားလည်လိမ့်မယ်၊ ရုပ်ချည်းသက်သက် ပေါ့လေ၊ ဇီဝိတဆိုတာလေးပါတယ်၊ အသညသတ်ဘုံမှာက ဆင်းတုကြီးလို ရုပ်တုကြီးလို သွားဖြစ်နေမှာကိုး။ သွားဖြစ်နေတော့ သစ်သားရုပ်တုနဲ့ အဲဒီသွားဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့ ဘယ်လိုကွာခြား

[စာမျက်နှာ-233] သလဲမေးရင် သစ်သားရုပ်တုမှာက ဇီဝိတဆိုတဲ့ ရုပ်မပါဘူး၊ အဲဒီသတ္တဝါမှာကျတော့ ဇီဝိတပါတယ်၊ အဲဒီ ဇီဝိတနဝကကလာပ်ပဲ ပဋိသန္ဓေအဖြစ်နဲ့ဖြစ်တယ်။ ပြီးတော့ အဲဒီအတိုင်းချည်း သူက ကမ္ဘာငါးရာနေသွားမှာကိုး၊ “ထို့ကြောင့် ထိုဘုံ သတ္တဝါတို့သည် ရုပ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့မည်ကုန်၏” ဒါက ရုပ်သာ ပဋိသန္ဓေရှိတဲ့ပုဂ္ဂိုလ်။

ဒါဖြင့် အရူပါဝစရ သတ္တဝါတွေကျတော့ နာမ်သာပဋိသန္ဓေရှိတဲ့ ပုဂ္ဂိုလ်ပေါ့၊ သူတို့မှာရုပ်မပါဘူး၊ ကြွင်းတဲ့သတ္တဝါတွေဖြစ်တဲ့ ကာမာဝစရသတ္တဝါတွေ၊ ရူပါဝစရ ဗြဟ္မာတွေကျတော့ ရုပ်နာမ်နှစ်ပါးလုံး ပဋိသန္ဓေရှိတဲ့ သတ္တဝါတွေပေါ့။ လူတွေဆိုရင် ရုပ်နာမ်နှစ်ပါးလုံးရှိတယ်၊ တိရစ္ဆာန်တွေဆိုရင် ရုပ်နာမ်နှစ်ပါးလုံးရှိတယ်၊ နတ်တွေတစ္ဆေတွေလည်း (မမြင်ရပေမဲ့) ရုပ်ရှိတယ်နော်၊ မမြင်ရတာကတော့ သူတို့မှာ ကမ္မဇိဒ္ဓိရှိတာကိုး၊ ဒါပေမဲ့ သူတို့မှာ ဦးဇင်းတို့လိုပဲ ရုပ်နာမ်ရှိတာပဲ။

ဒါကြောင့်မို့ ကြွင်းတဲ့ကာမာဝစရသတ္တဝါ၊ ရူပါဝစရသတ္တဝါတွေကတော့ ရုပ်နာမ်နှစ်ပါးလုံး ပဋိသန္ဓေရှိတဲ့ ပုဂ္ဂိုလ်လို့ ဒီလိုခေါ်ရတယ်၊ ကောင်းပြီ ဒါက သေခြင်းဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောစရာလေး။ စုတိနောင်ပဋိသန္ဓေတဲ့ အဲဒါကချဲ့ရင်ချဲ့သလောက်ကျယ်လိမ့်မယ်၊ ရှုပ်လည်းရှုပ်တယ်၊ ရိုးရိုးလေး ဖတ်လိုက်ရင်တော့ရှင်းတယ်၊ ဖတ်လိုက်စမ်း။

“အရူပစုတိနောင်၊ အောက်အောက်အရူပကြဉ်သော အရူပပဋိသန္ဓေနှင့် ကာမတိဟိတ် ပဋိသန္ဓေတို့ ဖြစ်ကုန်၏”

ဆိုပါတော့တဲ့ အရူပါဝစရဘုံမှာ ရောက်သွားတဲ့ ဗြဟ္မာက သူစုတေမယ်၊ စုတေရင် သူဘယ်ဘဝ ပဋိသန္ဓေရနိုင်လဲ၊ ဘယ်ဘုံရောက်နိုင်လဲတဲ့၊ အောက်အောက် အရူပကြဉ်သောတဲ့ ဆိုလိုတာက နေဝသညာနာသညာယတနဘုံ ရောက်သွားတဲ့ ဗြဟ္မာက စုတေပြီဆိုပါတော့၊ သူဟာ အောက်သုံးဘုံမှာဖြစ်ဦးမလား၊ မဖြစ်ဘူးတဲ့ အထက်ဈာန်ရရင် အောက်ဈာန်ပျောက်တာပဲ။

အာကာသာနဉ္စာယတနကနေ ဝိညာဏနဉ္စာယတနတက်လိုက် အာကာသာနဉ္စာယတနပျောက်တာပဲ၊ ပျောက်တော့ အောက်ဈာန်တွေပျောက်သွားတဲ့အတွက်ကြောင့် အောက်ဘုံတွေမှာ မဖြစ်ဘူး။ ဒါပေမဲ့ နောက်ဘဝကပြုထားတဲ့ကံတွေရှိတော့ ကမ္မတိဟိတ် ပဋိသန္ဓေတော့ သွားဖြစ်တယ်၊ အရူပါဝစရဈာန်ရတော့ သူတို့မှာ ရူပါဝစရဈာန်လည်း

[စာမျက်နှာ-234] မရှိတော့ဘူး၊ အဲဒီတော့ ရူပါဝစရဘုံမှာ မဖြစ်တော့ဘူး၊ ဒါကြောင့် သူ့ဘုံမှာ ပြန်ဖြစ်မယ် (ဖြစ်ခြင်းဖြစ်ရင်)၊ ပြီးတော့ ဘယ်သွားမလဲ၊ ကာမာဝစရဆင်းမယ်။ ကာမာဝစရဆင်းတဲ့အခါကျတော့ ဈာန်အရှိန်ရဲ့ အစွမ်းကြောင့် ကာမတိဟိတ် ပဋိသန္ဓေဖြစ်မယ်ဆိုတော့ အပါယ်မကျဘူးပေါ့၊ လူဖြစ်မယ် နတ်ဖြစ်မယ်ပေါ့။ လူဖြစ်၊ နတ်ဖြစ်တဲ့အခါမှာလည်းပဲ အဟိတ်ပဋိသန္ဓေ ဒွိဟိတ်ပဋိသန္ဓေ မဖြစ်ဘူး၊ တိဟိတ်ပဋိသန္ဓေဖြစ်မယ်၊ ဒါလေး သူ့ဟာသူမရှင်းဘူးလား၊ ရှင်းတာပဲ။

အဲဒီတော့ (ဆိုပါတော့) အာကာသာနဉ္စာယတနဘုံက စုတေရင် ဖြစ်ချင်ရင် အာကာသာနဉ္စာယတနဘုံမှာပြန်ဖြစ်မယ်၊ သို့မဟုတ် ကာမသုဂတိတိဟိတ်ဖြစ်မယ်။ ဝိညာဏနဉ္စာယတနဘုံက စုတေရင် ဝိညာဏနဉ္စာယတနဘုံမှာ ပြန်ဖြစ်ချင်ဖြစ်မယ်၊ အောက်ကာမဘုံ ပြန်ဆင်းမယ်၊ အဲဒီလိုသွားမယ်၊ ရူပါဝစရဘုံ ဘာကြောင့် မဆင်းနိုင်တာလဲ၊ ရူပါဝစရဈာန်မရလို့၊ အရူပါဝစရဈာန်ရရင် ရူပါဝစရဈာန် မလိုချင်တော့ဘူးပေါ့၊ တစ်ခါ အရူပဈာန်ကနေ အထက်ဈာန်ရောက်ရင် အောက်ဈာန် ပျောက်တာပဲ။

ကောင်းပြီ၊ ရူပါဝစရစုတိ နောင်ကျတော့ ဘာတွေဖြစ်နိုင်သတုန်း၊ သဟိတ်ပဋိသန္ဓေဖြစ်နိုင်တယ်တဲ့၊ သဟိတ်ပဋိသန္ဓေဆိုတော့ ဘာတွေတုန်း၊ ဒွိဟိတ်ပဋိသန္ဓေနဲ့ တိဟိတ်ပဋိသန္ဓေ၊ ရူပါဝစရပဋိသန္ဓေတွေကော မဖြစ်နိုင်ဘူးလား။

ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်တဲ့စိတ် ဘယ်လောက်ရှိသလဲ၊ ၁၉-ခုရှိတယ်၊ အဲဒီ ၁၉-ခုထဲမှာ အဟိတ်အကုသလဝိပါက် သန္တီရဏက တစ်ခု၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏက တစ်ခု၊ အဲဒါ ၂-ခု နုတ်လိုက်၊ ဘယ်လောက်ကျန်လဲ၊ ၁၇- ခုကျန်တယ်၊ အဲဒီ ၁၇-ခုဟာ သဟိတ်ပဋိသန္ဓေ မဖြစ်ပေဘူးလား၊ ဟိတ်ရှိတဲ့ပဋိသန္ဓေ။

ကာမာဝစရဝိပါက်စိတ် ၈-ခုရယ်၊ ရူပါဝစရဝိပါက်စိတ် ၅-ခုရယ်၊ အရူပါဝစရဝိပါက်စိတ် ၄-ခုရယ်၊ ၈-ရယ် ၉-ရယ်ပေါင်းတော့ ၁၇-ခုပေါ့၊ အဲဒီဟာက ဘာဖြစ်သလဲ၊ သဟိတ်ပဋိသန္ဓေက ရူပါဝစရစုတိနောင် ဖြစ်နိုင်တယ်ဆိုတော့ ရူပါဝစရဗြဟ္မာစုတေရင် ဘယ်ဘုံရောက်နိုင်သလဲ။ သဟိတ်ပဋိသန္ဓေဖြစ်နိုင်တယ်ဆိုသဖြင့် လူ့ဘုံပြန်မရောက်နိုင်ဘူးလား၊ နတ်ဘုံမရောက်နိုင်ဘူးလား၊ ဗြဟ္မာဘုံကော မရောက်နိုင်ဘူးလား၊ ရောက်နိုင်တာပေါ့။ သဟိတ်ပဋိသန္ဓေဆိုတော့ ခုနလို သူက အောက်ဘုံမဆင်းဘူးဆိုတာ မရှိဘူး၊ ဒါဖြင့် ရူပါဝစရစုတိနောင် သဟိတ် ပဋိသန္ဓေ ၁၇-ခု ဖြစ်သည်။

ကာမတိဟိတ်စုတိနောင်တဲ့၊ ကာမတိဟိတ်စုတိဆိုတော့ ဉာဏသမ္ပယုတ်

[စာမျက်နှာ-235] ၄-ခုပေါ့၊ သူကတော့ အလုံးစုံသော ပဋိသန္ဓေတို့ဖြစ်ကုန်၏တဲ့၊ တိဟိတ်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ ဒါပဲ၊ ကာမာဝစရတိဟိတ်ဖြစ်လိုက်ပြီဟေ့ဆိုရင် ရောက်ချင်ရာရောက် နိုင်တယ်၊ အဝီစိလည်းသွားနိုင်တယ်၊ ဒေဝဒတ်တို့ အဝီစိသွားတာကြည့်လေ၊ ဟိုဘက် အထိလည်း တက်နိုင်တယ်၊ ရဟန္တာထိအောင်လည်း ဖြစ်သွားနိုင်တယ်၊ ဒီနေရာမှာတော့ ပဋိသန္ဓေဖြစ်တာ ပြောနေတာမို့ ရဟန္တာနဲ့တော့ မဆိုင်ဘူး။

ဒါကြောင့် ကာမတိဟိတ်စုတိနောင်ကတော့ ပဋိသန္ဓေရှိသမျှ အကုန်လုံး ရနိုင်တယ်ဆိုတော့ ၁၉-ပါးလုံးရနိုင်တယ်ပေါ့၊ ဟုတ်တယ်လေ၊ တိဟိတ်ဖြစ်ပေမဲ့ အကုသိုလ်တွေ သိပ်လုပ်ရင် အပါယ်ကျမှာပေါ့၊ ကုသိုလ်လုပ်ပြန်တော့ ကုသိုလ်က ခပ်ညံ့ညံ့ဖြစ်နေရင် သူက အဟိတ်ပဋိသန္ဓေလည်း နေနိုင်တာပဲ၊ သဟိတ်ပဋိသန္ဓေလည်း နေနိုင်တာပဲ၊ ဗြဟ္မာလည်း ဖြစ်နိုင်တာပဲ၊ ဒါကြောင့် ကာမတိဟိတ်စုတိနောင် ဆိုတာ အလုံးစုံသော ပဋိသန္ဓေတို့ဖြစ်ကုန်၏။

ကာမအဟိတ်ဒွိဟိတ်စုတိနောင်တဲ့ ဆိုတော့ အဟိတ်ပဋိသန္ဓေက ဘာတုန်း၊ အကုသလဝိပါက်နဲ့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ဒွိဟိတ်စုတိဆိုတော့ ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ် ၄-ခု၊ ဟုတ်ပြီလား (ကာမဒွိဟိတ်စုတိဆိုတော့)၊ စုတိစိတ်ဆိုတာ မဟာဝိပါက်စိတ် ၈-ခုပဲမဟုတ်လား၊ မဟာဝိပါက်စိတ် ၈-ခု ရယ်၊ ဥပေက္ခာသန္တီရဏ ၂-ခုရယ် (ကာမစုတိဆိုရင်လေ) အဲဒီထဲမှာ ဒွိဟိတ်က ၄-ခုပါမယ်၊ တိဟိတ်က ၄-ခုပါမယ်၊ တိဟိတ်ခုနပြောပြီးပြီ၊ ဒီမှာ ဒွိဟိတ်ကျန်တယ်။

ဒါကြောင့်မို့ ကာမအဟိတ်လို့ ပြောလိုက်ရင် ဥပေက္ခာသန္တီရဏကိုပြောတာ၊ ကာမဒွိဟိတ်ဆိုရင် ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ် ၄-ခုကို ပြောတာ။ အဲဒီစုတိနောင်မှာ ကာမပဋိသန္ဓေတို့ဖြစ်ကုန်၏တဲ့၊ ကာမပဋိသန္ဓေဆိုတော့ ကာမပဋိသန္ဓေဘယ်နှစ်ခုရှိလဲ၊ ကာမပဋိသန္ဓေ ၁၀-ခုရှိတယ်၊ သုဂတိအဟိတ်၊ ဒုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်၊ အဲဒီ ၁၀-ခုရှိတယ်။

အသညသတ် စုတိနောင်တဲ့၊ ဒါက သင်္ဂြိုဟ်ထဲမပါဘူး၊ အသညသတ် စုတိနောင်မှာ ကာမဒွိဟိတ် တိဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏တဲ့၊ ဘာကြောင့်တုန်း ဆိုတော့ အသညသတ်ဘုံက စုတေရင် သူကဗြဟ္မာကိုး၊ ဗြဟ္မာပြည်က စုတေတယ် ဆိုတော့ သူက သေချာတယ်၊ အပါယ်မကျနိုင်ဘူး၊ ဈာန်ကလည်း မရနိုင်ဘူးဆိုတော့ ရူပါဝစရဘုံမှာ မဖြစ်နိုင်ဘူး၊ အရူပါဝစရဘုံမှာ မဖြစ်နိုင်ဘူး ဆိုတော့ ကာမသုဂတိပဲ ရှိတော့တယ်။ ဒါကြောင့်မို့ ကာမသုဂတိဘုံမှာ ကာမဒွိဟိတ် ပဋိသန္ဓေသော်လည်းကောင်း၊

[စာမျက်နှာ-236] ကာမတိဟိတ်ပဋိသန္ဓေသော်လည်းကောင်း ဖြစ်မယ်၊ ဒါလောက်လေးကတော့ ရှင်းတယ်၊ အသေးစိတ်ဆိုရင် နည်းနည်းရှုပ်မယ်၊ ခဏလေးထားဦး။

စကားတစ်ခွန်းကြားဖူးကြလား “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” ဆိုတာလေ၊ အဲဒီတော့ ဗြဟ္မာပြည်ကနေ ဝက်ဖြစ်နိုင်သလား၊ မဖြစ်နိုင် ဘူးလားပြောစမ်း၊ တိုက်ရိုက်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား၊ ဒါက အဘိဓမ္မာနည်းနဲ့ ပြောရမှာ မဖြစ်နိုင်ဘူး၊ အမှန်ကတော့ ဒါဟောကြားဟာလေးကို မြှုပ်ပြောတဲ့ သဘောဖြစ်တယ်၊ ဗြဟ္မာပြည်က စုတေပြီးရင် လူသော်လည်းကောင်း၊ နတ်သော်လည်းကောင်းဖြစ်ရမယ်၊ ပြီးတော့မှ တိရစ္ဆာန်ဖြစ်ချင်ဖြစ် အပါယ်ကျချင် ကျမယ်။

ဒါကြောင့်မို့ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” ဆိုတာ ကြားကကွက်လပ်လေး ချန်ပြောတာ၊ ကွက်လပ်လေး မဖော်ဘဲပြောတာ၊ တကယ်တော့ ဒါရိုက်ဟစ် ဗြဟ္မာကနေဝက် မဖြစ်နိုင်ဘူး။ ဓမ္မပဒမှာဝတ္ထုလေးရှိတယ်၊ ဝက်မလေးမြင်တော့ မြတ်စွာဘုရားက ပြုံးတော်မူတယ်ဆိုတာပေါ့၊ တကယ်ဗြဟ္မာကနေဝက်သွားဖြစ်တာမဟုတ်ဘူး၊ ဗြဟ္မာကနေ တစ်ဆင့် ကာမသုဂတိဘုံကို လာရဦးမယ်၊ အဲဒီကမှသွားမှာ။

အဘိဓမ္မာတတ်တာ အဲဒီကိစ္စမျိုးတွေမှာ အယူအဆ မှန်မှန်ကန်ကန် နားလည်တာ၊ အဘိဓမ္မာမတတ်တဲ့သူဆိုရင် နားမလည်ဘူး၊ ဗြဟ္မာပြည်တဝင်းဝင်း ဝက်စားကျင်း တရှုံ့ရှုံ့ဆိုရင် ဒါရိုက်ပဲအောက်မေ့လိုက်မှာ၊ ဒါကြောင့်မို့ ဦးဇင်းခဏခဏ ပြောတယ်မဟုတ်လား၊ အဘိဓမ္မာမတတ်ရင် ဘုရားဟောသုတ္တန်တရားတော်တွေကို မှန်မှန်ကန်ကန် နားလည်ဖို့ မလွယ်ဘူးဆိုတာ ဒါပြောတာပေါ့၊ တချို့ဟာတွေကတော့ အဘိဓမ္မာမပါဘဲနဲ့ နားလည်နိုင်တာမျိုး ရှိတော့ရှိပါတယ်၊ ဒါပေမဲ့ အဘိဓမ္မာနဲ့ ချိန်ထိုး ချိန်ထိုးပြီး နားလည်မှ ယူဆမှ အမှန်အကန်ရောက်တယ်၊ အဘိဓမ္မာဟာ guide line ပဲ။ ဒါကြောင့် အဘိဓမ္မာဟာ အလွန်အရေးကြီးတယ်၊ တချို့တွေက အဘိဓမ္မာကို သေးသေးသိမ်သိမ်ဖြစ်အောင် ပြောကြတာဟာ သူတို့မတတ်လို့ပြောတာ။

ကောင်းပြီ အထူးမှတ်စရာလေးရှိတယ်၊ ဒါကဘာတုန်း၊ ဘုံ-၃၁ ကို စိတ်ထဲက ကြည့်ထားဦး၊ ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတနတဲ့ ၃-ဘုံရှိတယ်၊ အဲဒီ ၃-ဘုံတို့၌တည်သော အရိယာပုဂ္ဂိုလ်တို့ (တည်တယ်ဆိုတာ အဲဒီမှာ ဖြစ်ပြီးတဲ့ အရိယာပုဂ္ဂိုလ်ဟာ တစ်ပါးသောဘုံတို့၌ မဖြစ်ဘူး) အဲဒီဘုံမှာပဲ ထပ်ဖြစ်ချင်ဖြစ်မယ်၊ အဲဒီဘုံကနေပြီး တခြားဘုံတွေကို အရိယာပုဂ္ဂိုလ်တွေကတော့

[စာမျက်နှာ-237] မဖြစ်တော့ဘူး။

ဝေဟပ္ဖိုလ်ဘုံဆိုတာ ဘယ်မှာလဲ၊ ရှာလိုက်စမ်း၊ စတုတ္ထဈာန်ဘုံထဲမှာ ရှိလိမ့်မယ်၊ အကနိဋ္ဌဘုံ၊ သုဒ္ဓါဝါသထိပ်ဆုံးမှာ ဝေဟပ္ဖိုလ်ရယ်၊ အကနိဋ္ဌရယ်၊ ပြီးတော့ နေဝသညာနာသညာယတနရယ်၊ အဲဒီ ၃-ဘုံကို ဘုံတွေရဲ့ ခေါင်းလို့ ခေါ်တယ်၊ ဘူမိသီသလို့ခေါ်တယ်၊ ဝေဟပ္ဖိုလ်ကလည်း ဗြဟ္မာဘုံမှာ အထက်ဆုံး၊ အကနိဋ္ဌကလည်း သုဒ္ဓါဝါသမှာ အထက်ဆုံး၊ နေဝသညာနာသညာယတနကတော့ ဘုံ ၃၁-ဘုံမှာ သူက အထက်ဆုံး၊ ဘဝဂ် (ထိပ်ဆုံး)လို့ ခေါ်တာ၊ အဲဒီနေဝသညာနာသညာယတနဘုံကို ခေါ်တာ။

ဘဝဂ်ဆိုတာ ပါဠိစကား၊ ဘဝဂ်ဆိုတာ ဘဝအဂ္ဂ၊ အဂ္ဂဆိုတာ ထိပ်ဆုံး အမြင့်ဆုံး၊ ဘဝဆိုတာဘဝ၊ ဘဝရဲ့ အမြင့်ဆုံးဘဝဆိုတော့ နေဝသညာနာသညာယတနဘုံကို ဘဝဂ်လို့ခေါ်တယ်၊ အမျှဝေတဲ့အခါကျတော့ ဆိုကြတယ် မဟုတ်လား၊ အထက်ဘဝဂ်၊ အောက်အဝီစိနဲ့၊ အထက်ဘဝဂ်ဆိုတာ အဲဒါကိုပြောတာ။

ကောင်းပြီ အဲဒီဘုံတွေမှာ အရိယာပုဂ္ဂိုလ်တွေ သွားဖြစ်ပြီဆိုပါတော့ လူ့ဘုံက အရိယာက ဟိုဘုံမှာသွားပြီး ပဋိသန္ဓေနေသည်ဖြစ်စေပေါ့လေ၊ အဲဒီဘုံမှာ ပုထုဇဉ်ဖြစ်ပြီး အရိယာဖြစ်သည်ဖြစ်စေ၊ ဖြစ်ပြီးရင် အရိယာတွေရဲ့ သဘောက တခြားဘုံတွေမှာ မဖြစ်တော့ဘူး။ အဲဒီတော့ အဲဒီဘုံဖြစ်ပြီးလျက်နဲ့ ရဟန္တာမဖြစ်သေးရင်လည်း ဝေဟပ္ဖိုလ်ဘုံမှာ ထပ်ဖြစ်လိမ့်မယ်၊ ဝေဟပ္ဖိုလ်မှာ ရောက်သွားတဲ့အရိယာက ဝေဟပ္ဖိုလ်ဘုံ ထပ်ဖြစ်လိမ့်မယ်။

ပြီးတော့ အကနိဋ္ဌဘုံဆိုတာ သုဒ္ဓါဝါသမှာ အမြင့်ဆုံးဘုံ၊ အဲဒီအကနိဋ္ဌဘုံ ရောက်ရင်တော့ ဧကန်ရဟန္တာဖြစ်တယ်၊ ရဟန္တာမဖြစ်တဲ့ အနာဂါမ်ရယ်လို့မရှိဘူး၊ သုဒ္ဓါဝါသဘုံက အနာဂါမ်မှ ရောက်တာမဟုတ်လား၊ အနာဂါမ်ဖြစ်ပြီးတော့ သုဒ္ဓါဝါသဘုံရောက်သွားမယ်၊ သုဒ္ဓါဝါသဘုံရောက်ပြီးတော့ သူကအဆင့်ဆင့် တက်ချင်တယ် သွားမယ်၊ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ။

အကနိဋ္ဌဘုံရောက်ရင်တော့ ဧကန်ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုလိမ့်မယ်။ ဒါကြောင့်မို့ အဲဒီဘုံကလွဲပြီး တခြားဘယ်ဘုံမှ မဖြစ်တော့ဘူး၊ ရဟန္တာမဖြစ်သေးရင် ဝေဟပ္ဖိုလ်မှာ ထပ်ဖြစ်နိုင်သေးတယ်၊ အကနိဋ္ဌကတော့ ဒီလို မဟုတ်ဘူး၊ ဧကန်ကို ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုလိမ့်မယ်။ နေဝသညာနာသညာယတနဘုံမှာရှိတဲ့ အရိယာကလည်း တခြားသောဘုံမှာ

[စာမျက်နှာ-238] မဖြစ်တော့ဘူး၊ အဲဒီဘုံ ထပ်ဖြစ်ချင်လည်းဖြစ်မယ်၊ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုချင်လည်းပြုမယ်၊ အဲဒီလို ပုထုဇဉ်နဲ့ အရိယာကွာတာနော်။ ပုထုဇဉ်ကျတော့ ဒီလိုမဟုတ်ဘူး၊ ပုထုဇဉ်ကျတော့ ဝေဟပ္ဖိုလ်ဘုံမှာဖြစ်ပြီး အောက်ဘုံတွေကော မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်၊ ကာမာဝစရဘုံလည်းပြန်ကျ နိုင်တယ်။

အကနိဋ္ဌမှာတော့ ပုထုဇဉ်မရှိဘူးဆိုတော့ ပြောစရာမလိုဘူး၊ နေဝသညာနာသညာဘုံမှာလည်း ပုထုဇဉ်သွားဖြစ်ပြီး အဲဒီကနေ အောက်ပြန်မကျနိုင်ဘူးလား၊ ကျနိုင်တယ်၊ အရိယာကျတော့မကျဘူး၊ ဒီ ၃-ဘုံကို မှတ်ထားပေါ့၊ ဝေဟပ္ဖိုလ်ရယ်၊ အကနိဋ္ဌရယ်၊ နေဝသညာနာသညာယတနရယ်။

“သုဒ္ဓါဝါသဘုံသားအားလုံးလည်း တစ်ခါဖြစ်ပြီးသောသုဒ္ဓါဝါသဘုံ၌ ထပ်၍ မဖြစ်ကြ” အဝိဟာပြီးရင် အတပ္ပါ၊ အတပ္ပါ ပြီးရင် သုဒဿ၊ အဲသလို အဆင့်ဆင့် တက်သွား၊ နောက်ဆုံး အကနိဋ္ဌကျတော့ ပရိနိဗ္ဗာန်ပြု၊ အဲသလိုတဲ့။

“ဗြဟ္မာပြည်သို့ရောက်သော အရိယာတို့အောက်၊ အောက်ဘုံ၌မဖြစ်ကြ”တဲ့။ တတိယဈာန်ဘုံမှာ အရိယာက ဗြဟ္မာသွားဖြစ်ပြီတဲ့၊ သူဟာ ဒုတိယဈာန်ဘုံ ပြန်မဆင်းတော့ဘူး၊ ဗြဟ္မာဘုံမှာတောင် အောက်ဘုံ ပြန်မဆင်းတော့ဘူးဆိုရင် ကာမာဝစရဘုံဆိုတာမပြောနဲ့တော့၊ အဲဒီဘုံမှာထပ်ဖြစ်မယ်၊ အထက်ဘုံကို တက်သွားမယ်၊ ဒါက အရိယာ။

ခုနပြောထားတာ (ပထမအပိုဒ်)က အားလုံးခြုံပြီး ပြောထားတာ၊ အရူပစုတိနောင်၊ အရူပကြဉ်သော ပဋိသန္ဓေမှ ပုထုဇဉ်နဲ့ အရိယာကိုမခွဲခြားဘဲ ပြောထားတာ၊ ခွဲခြားမယ်ဆိုရင် အရိယာတွေမှာ ဒီလိုထူးခြားချက်တွေက ရှိသေးတယ်။ ဒါကြောင့် ပုထုဇဉ်တစ်ယောက်သေပြီး ဘယ်ဘုံဖြစ်နိုင်သလဲ၊ အရိယာ တစ်ယောက် သေပြီး ဘယ်ဘုံဖြစ်နိုင်သလဲဆိုတဲ့ အမေးရှိလာရင် သတိထားပြီးတော့ ဖြေရလိမ့်မယ်၊ ကိုင်း၊ for example လုပ်ကြပါစို့။

မေး - ဝေဟပ္ဖိုလ်ဘုံမှာ ပုထုဇဉ်ရှိတယ်၊ အဲဒီပုထုဇဉ်သေရင် ဘယ်ဘုံမှာဖြစ်နိုင်သလဲ။
ဖြေ - အဲဒီဘုံ သို့မဟုတ် ကာမဘုံ၊ သဟိတ်ပဋိသန္ဓေ အကုန်ဖြစ်နိုင်တယ်။ ရူပစိတ်ကြဉ်သော သဟိတ်ပဋိသန္ဓေလို့ပြောထားတာကိုး၊ အရူပဘုံလည်း တက်ဖြစ်မယ်၊ အောက်ဘုံလည်းပြန်ဆင်းချင် ဆင်းမယ်။
မေး - အကယ်၍ သူအရိယာဆိုရင်ကော။
ဖြေ - အရိယာဆိုရင်တော့ ဒီဘုံထပ်ဖြစ်ချင်ဖြစ်မယ်၊ ဒီထက်မြင့်တဲ့ဘုံမှာ ဖြစ်ချင်

[စာမျက်နှာ-239] ဖြစ်မယ်၊ အောက်ကို မဆင်းတော့ဘူး၊ အဲသလို ခွဲခြားပြီး သိရမယ်၊ အကနိဋ္ဌကတော့ ပုထုဇဉ်မရှိလို့ ပြောစရာမလိုဘူး။ နေဝသညာနာသညာဘုံမှာ ပုထုဇဉ်သွားဖြစ်မယ်၊ သူ့နောင်ဘယ်ပဋိသန္ဓေ နှောင်းနိုင်သလဲဆိုရင် အောက်မှ အောက်အရူပကြဉ်တဲ့ အရူပပဋိသန္ဓေရယ်၊ ကာမတိဟိတ်ပဋိသန္ဓေရယ် နှောင်းနိုင်တယ်။ အရိယာဆိုရင်တော့ ဘယ်ဘုံမှမဖြစ်တော့ဘူး၊ ဒီဘုံထပ်ဖြစ်ချင်ဖြစ်မယ်၊ အဲသလိုကွာခြားတယ်၊ ဒါကြောင့်မို့ စုတိနဲ့ ပဋိသန္ဓေဆက်တာ ပြတဲ့နေရာမှာ ပုထုဇဉ်ဆိုရင်တစ်မျိုး၊ အရိယာဆိုရင် တစ်မျိုးဖြစ်နိုင်တယ်။

အဲဒါကြောင့် ဘုံ ၃၁-ကို စိတ်ထဲမှာတန်းပြီး မှန်းလိုက်စမ်း၊ ပြီးတော့မှ တစ်ဘုံစီ၊ တစ်ဘုံစီ အဲသလိုသွားမယ်ဆိုရင် တော်တော်ကျယ်ကျယ်လုပ်ရလိမ့်မယ်။ ဆိုပါတော့ ငရဲဘုံက စုတေရင် ဘာစိတ်နဲ့စုတေမလဲ၊ သိကြလား၊ ငရဲဘုံမှာဘာစိတ်နဲ့ ပဋိသန္ဓေနေသလဲ၊ ပထမအဲဒါပြော၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ နေမယ်၊ သေရင်လည်းပဲဒါနဲ့သေမယ်။

ဒါဖြင့် ငရဲဘုံက စုတေတယ်ဆိုရင် အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနဲ့ စုတေလိမ့်မယ်၊ အဲဒီငရဲဘုံက စုတေတဲ့လူဟာ ဘယ်ဘုံတွေ ရောက်နိုင်သလဲ၊ ဘယ်ပဋိသန္ဓေစိတ်တွေ ဖြစ်နိုင်သလဲ၊ ကိုင်း၊ ပြောစမ်း။ ဘယ်မှာကြည့်မလဲ၊ စုတိနောင် ပဋိသန္ဓေဆိုတဲ့ ခေါင်းစဉ်ထဲမှာ ကြည့်လိုက် ဘယ်စာပိုဒ်ကိုသုံးမလဲ၊ “ကာမအဟိတ်ဒွိဟိတ် စုတိနောင် ကာမပဋိသန္ဓေတို့ ဖြစ်ကုန်၏”၊ ဒါဖြင့် ငရဲကျပြီးတဲ့လူက ငရဲကလွတ်ပြီတဲ့၊ ဘယ်ဘုံမှာဖြစ်နိုင်သလဲ။ ကာမပဋိသန္ဓေ ၁၀-ခုရှိတယ် မဟုတ်လား၊ အဲဒီ ၁၀-ခုမှာ သွားဖြစ်နိုင်တယ်ပေါ့။

ဒါဖြင့်ရင် ငရဲဘုံကလွတ်ပြီးတဲ့နောက် ငရဲဘုံလည်း ပြန်ကျချင်ကျမယ် ဆိုပါတော့၊ သို့မဟုတ် တခြားအပါယ် ၃-ဘုံလည်း ဖြစ်ချင်ဖြစ်မယ်၊ လူဖြစ်ချင် ဖြစ်မယ်၊ နတ်ဖြစ်ချင်ဖြစ်မယ်၊ အဲသလိုပေါ့၊ ဒါကြောင့် အဲသလို စမ်းကြမလား၊ home work ပေးလိုက်မယ်။ ဆိုပါတော့ ငရဲဘုံ၊ စုတိစိတ်၊ ဘာစိတ်နဲ့စုတိတယ်၊ ပြီးတော့ ပဋိသန္ဓေ နေမယ့်ဘုံ၊ ပဋိသန္ဓေစိတ် ၄-ချက်သွားလိမ့်မယ်၊ ဟုတ်ပြီလား၊ ဘုံ၊ စုတိစိတ်၊ ဘုံ၊ ပဋိသန္ဓေစိတ် (သိပ်ကပ်မရေးနဲ့) ငရဲဘုံကို ပထမလုပ်ကြည့်မယ်၊ ပထမဘုံအောက်က ငရဲလို့ ရေးလိုက်၊ သူက ဘာနဲ့ သေမလဲ၊ အပါယ် ၄-ဘုံ ဆိုတော့ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏ၊ အဲဒီမှာ အတိုကောက်လေးရေး အ၊ ကဲ

[စာမျက်နှာ-240] ဘယ်ဘုံတွေမှာဖြစ်မလဲ၊ ကာမပဋိသန္ဓေလို့ ဆိုတယ်မဟုတ်လား၊ ကာမပဋိသန္ဓေ ဆိုကတည်းက ကာမ ၁၁-ဘုံမှာ ဖြစ်မယ်မဟုတ်ဘူးလား၊ ဒါဖြင့် ကာမ ၁၁ ဘုံ ပေါ့။ ကာမ ၁၁-ဘုံမှာ ဘာပဋိသန္ဓေ စိတ်တွေဖြစ်မလဲ၊ အဟိတ်ပဋိသန္ဓေ ၂-ခု၊ ကာမဒွိဟိတ် ပဋိသန္ဓေ ၄-ခု၊ ကာမတိဟိတ် ပဋိသန္ဓေ ၄-ခု၊ ဆိုတော့ ၁၀ ခုဖြစ်မယ်ပေါ့၊ ဟုတ်ပြီလား။

မေး - ပဋိသန္ဓေစိတ်တွေကို အကျယ်တစ်ခေါက် ပြန်ပြောပါဘုရား။
ဖြေ - အဟိတ်ပဋိသန္ဓေစိတ် ၂-ခုက ကုသလဝိပါက်နဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ပြီးတော့ ကာမဒွိဟိတ် ပဋိသန္ဓေ ၄-ခု၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ခုကို ဆိုလိုတယ်၊ ပြီးတော့ မဟာဝိပါက် ဉာဏသမ္ပယုတ် စိတ် ၄-ခု၊ ရှင်းရှင်းပြောရရင်တော့ မဟာဝိပါက်စိတ် ၈-ခုပါပဲ၊ ဒါပေမဲ့ ဒီနေရာမှာ ခွဲပြောချင်တယ်၊ တိဟိတ်နဲ့ ဒွိဟိတ်ကို ခွဲခွဲပြီးပြောချင်တယ်။

ကိုင်း ပြန်ပြောလိုက်ဦးမယ်၊ ပထမဘာလဲ၊ ငရဲ၊ စုတိစိတ်က အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ၊ ဖြစ်မယ့်ဘုံက ကာမ ၁၁-ဘုံ၊ ပဋိသန္ဓေ ၁၀-ခုပဲ။ ရှင်းရှင်းကတော့ အကျဉ်းရေးချင်ရင် ဒါပဲ၊ သို့သော် စိတ်တွေထိအောင် သေသေချာချာ ရေးချင်တယ်ဆိုရင် အဟိတ်ပဋိသန္ဓေစိတ် ၂-ခု၊ အဲသလိုမှ မရေးချင်ရင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ကုသလဝိပါက် ဥပေက္ခာသန္တီရဏလို့ ရေးရလိမ့်မယ်၊ မဟာဝိပါက်ဉာဏဝိပ္ပယုတ်လို့ မရေးချင်ရင်ဒွိဟိတ်လို့ပဲ ရေးလိုက်တော့၊ မဟာဝိပါက်ဒွိဟိတ် ၄-ခု၊ မဟာဝိပါက်တိဟိတ် ၄-ခု။ ဉာဏဝိပ္ပယုတ်နဲ့ ဒွိဟိတ်နဲ့ အတူတူပဲ၊ ဉာဏသမ္ပယုတ်နဲ့ တိဟိတ်နဲ့ အတူတူပဲ၊ ဒီနေရာမှာ ဒွိဟိတ်တိဟိတ်ဆိုတဲ့ စကားလုံးကို သုံးကြရအောင်။

မေး - ဝိပ္ပယုတ်က ဒွိဟိတ်၊ သမ္ပယုတ်က တိဟိတ်လား။
ဖြေ - ဟုတ်တယ်၊ ဉာဏ်နဲ့ယှဉ်ရင် တိဟိတ်လေ၊ ဉာဏ်နဲ့ မယှဉ်ရင် ဒွိဟိတ်။

ဒါကိုရပြီလား၊ ရရင် နောက်တစ်ဘုံဖြစ်တဲ့ တိရစ္ဆာန်ဘုံသွားမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အတူတူပဲ၊ အပါယ် ၄-ဘုံ ဒီအတိုင်းသွားမှာပဲ။ တိရစ္ဆာန်ဘုံ၊ အဲသလိုရေးလိုက် စုတိစိတ်၊ ဒါပါပဲ၊ ဖြစ်မယ့်ဘုံလည်းဒါပဲ။ အဲဒီဘုံမှာဖြစ်မယ့် ပဋိသန္ဓေစိတ်လည်းဒါပဲ၊ အပါယ် ၄-ဘုံစလုံး ဒီအတိုင်းသွားလိမ့်မယ်၊ ဇယားကွက်လေးလိုလုပ်ပြီးရေးခဲ့။

[စာမျက်နှာ-241] ကိုင်း၊ လူ့ဘုံလုပ်ကြည့်ရအောင်။

မေး - လူ့ဘုံက စုတေမယ်တဲ့၊ ဘယ်စိတ်တွေနဲ့ စုတေနိုင်လဲ။
ဖြေ - လူ့ဘုံကလည်း ငရဲနဲ့ ကပ်နေတယ်ဘုရား။
မေး - ဟုတ်တယ်လေ၊ တစ်ပြင်တည်းလိုဖြစ်နေတာ။
ဖြေ - ၁၉-ခုလုံး။
မေး - လူ့ဘုံက အကုန်လုံးရတယ်၊ အကုန်လုံးရရင် ဟိုဘက်ကျတော့ ဘုံ ၃၁ ပေါ့၊ လူကတော့ သိပ်ကျယ်တယ်၊ ပဋိသန္ဓေအကုန်ပဲ၊ ခွဲရေးချင်ရင် ခုနလို တိဟိတ်တို့ ဒွိဟိတ်တို့ ခွဲရေးလို့ရပါတယ်၊ အဲသလိုတောင်ခွဲရင် ကောင်းမယ် ထင်တယ်။ ပြန်ခွဲလိုက်စမ်း၊ လူ့ဘုံနော်၊ အကုသလဝိပါက်သာမရတာ၊ ဒုဂ္ဂတိအဟိတ် သာမရတာ သုဂတိအဟိတ်မရတာ၊ အဲဒီတော့ ၁၉-မဟုတ်ဘူး၊ ၁၈၊ အသေးစိတ် သွားရင် အဲသလိုသွားရလိမ့်မယ်။

လူ့ဘုံ၊ သုဂတိအဟိတ် စုတိ၊ သုဂတိ စုတိနောင်၊ ကာမပဋိသန္ဓေပဲပေါ့၊ တစ်ခါ လူ့ဘုံ၊ ဒွိဟိတ်စုတိနောင်၊ ကာမပဋိသန္ဓေပဲ၊ လူ့ဘုံတိဟိတ်စုတိနောင်၊ ကာမတိဟိတ်စုတိနောင် ပြန်ကြည့်၊ ပဋိသန္ဓေအကုန်ရတယ်၊ ပဋိသန္ဓေအကုန်ရရင် ဘုံ ၃၁-ပေါ့၊ အဲဒါလေးကို ပြန်ပြန်ကြည့်ရင်း စိစစ်သွား။

လူ့ဘုံပြီးရင် စတုမဟာရာဇ်ဘုံ၊ စတုမဟာရာဇ်ဘုံမှာလည်း သုဂတိရှိတယ်၊ တိဟိတ်ရှိတယ်၊ ဒွိဟိတ်ရှိတယ်၊ တာဝတိံသာကစပြီး ပရနိမ္မိတဝသဝတ္တီတိုင်အောင် သုဂတိအဟိတ်မရှိဘူး၊ သူတို့ကျတော့ ဒွိဟိတ်နဲ့ တိဟိတ်ပဲရှိတယ်၊ ကာမဒွိဟိတ်နဲ့ ကာမတိဟိတ် နားလည်ပြီနော်။

ဗြဟ္မာဘုံနည်းနည်းပြောလိုက်မယ်၊ ပထမဈာန် ၃-ဘုံဆိုပါတော့၊ စုတိက ပထမဈာန်စုတိပဲပေါ့၊ ပထမဈာန်ဝိပါက်ပဲပေါ့၊ ဟိုဘက်ဖြစ်မှာကျတော့ ရူပါဝစရ စုတိနောင် သဟိတ်ပဋိသန္ဓေလို့ စာမှာပြောထားတယ်၊ အဲဒီတော့ သဟိတ်ပဋိသန္ဓေပဲ ရမယ်။ သဟိတ်ပဋိသန္ဓေပဲ ရမယ်ဆိုတော့ အောက်ဆုံးဘုံက ပြန်တက်မယ်ဆိုရင် သဟိတ်ပဋိသန္ဓေဆိုတဲ့ အတွက်ကြောင့် လူ့ဘုံမရပေဘူးလား၊ ရမယ်၊ နတ်ပြည်ခြောက်ထပ်မရပေဘူးလား၊ ရမယ်၊ ဗြဟ္မာဘုံမရပေဘူးလား၊ ရမယ်၊ ကုန်အောင် ကြည့်နော်၊ လူ့ဘုံဆိုပေမဲ့ အောက်ကိုမကြည့်နဲ့၊ အထက်လည်းကြည့်ရမယ်၊ ဗြဟ္မာဘုံဆိုရင်လည်း အောက်ကို မကြည့်နဲ့၊ အထက်လည်းကြည့်၊ အဲဒီအတိုင်း

[စာမျက်နှာ-242] သွားရမယ်။ ဒုတိယဈာန်ဘုံက လုပ်မယ်ဆိုရင်လည်း ဒီအတိုင်းသွားမယ်၊ ရူပစုတိနောင် ပဋိသန္ဓေဆိုထားတာကိုး၊ အဲဒီအတိုင်းသွားမယ်။

အရူပကျတော့ သတိထားရမယ်၊ အရူပကျတော့ အောက်မှအောက်ဘုံမပါရဘူး၊ အရူပပဋိသန္ဓေနှင့် ကာမတိဟိတ်ဆိုတော့ ရူပလည်း မပါရဘူး၊ ဆိုပါတော့၊ အာကာသာနဉ္စာယတနဘုံက စုတေမယ်ဆိုပါတော့၊ သေမှာက အာကာသာနဉ္စာယတန ဝိပါက်စိတ်နဲ့သေမယ်၊ သူက ဘယ်ဘုံရောက်မလဲ၊ အာကာသာနဉ္စာယတနဘုံ ပါနိုင်တယ်၊ ပြီးတော့ ကာမတိဟိတ်၊ ရူပါဝစရမပါရဘူး။

ကောင်းပြီ၊ ဒုတိယဘုံဖြစ်တဲ့ ဝိညာဏဉ္စာယတနဘုံက စုတေမယ်တဲ့။ ဝိညာဏဉ္စာယတနနဲ့ ကာမာဝစရတိဟိတ် သုဂတိဘုံပဲသွားမယ်၊ အာကာသာနဉ္စာယတန မပါရဘူး။ အာကိဉ္စညာယတနဘုံက စုတေမယ်တဲ့၊ အာကိဉ္စညာယတနဘုံနဲ့အောက်ဆင်း၊ နေဝသညာနာသညာလည်း ဒီအတိုင်းပဲ။

အဲဒါကိုယ့်ဟာကိုယ်လုပ်နိုင်ရင်တော့ ပိုကျတယ်၊ လုပ်နည်းသိပြီမဟုတ်လား၊ အဲဒီတော့ စုတိနောင် ပဋိသန္ဓေဆိုတဲ့ စာပိုဒ်လေးကိုကြည့်ပြီး အဲဒါနဲ့ နှိုင်းယှဉ် နှိုင်းယှဉ်ပြီး လုပ်သွား၊ အဲသလိုဆိုရင်ကျေတယ်၊ စစ်စစ်ပေါက်ပေါက်လုပ်ရင် ပိုကောင်းတယ် home work ပေးဦးမယ်။

ကဲ-ဒါကစုတိနောင် ပဋိသန္ဓေနှောင်းတာပါ၊ ဒါက ပုထုဇဉ်အနေနဲ့ပြောတာပါ။ အရိယာကျရင် ဇယားကွက်တစ်ကွက်လာရလိမ့်မယ်၊ အရိယာအသာထားဦး၊ ရှုပ်ကုန်မယ်။

ကောင်းပြီ ဒါက စုတိနောင်ပဋိသန္ဓေတဲ့၊ နောက်တစ်ရွက်သွားလိုက်စမ်း၊ ဒီနေ့တော့ ပဉ္စမပိုင်းကုန်အောင် လုပ်ရလိမ့်မယ်။ ဘဝင်နှင့်စုတိတဲ့၊ ဒါက နောက်တုန်းကလည်း ပါပြီးသား နားလည်ပြီးသားပါ။ ဒါပေမဲ့ သင်္ဂြိုဟ်မှာ ပါနေတော့လုပ်ရမှာပဲ။

“ဆိုအပ်ပြီးသောနည်းဖြင့် (အခုပြောခဲ့တဲ့ စုတိနောင် ပဋိသန္ဓေနည်းနဲ့ ပြောခဲ့ပြီးတဲ့) ပဋိသန္ဓေယူအပ်ပြီး သူတို့၏သန္တာန်၌ (ဘဝသစ် ပဋိသန္ဓေဖြစ်ပြီး ပဋိသန္ဓေယူတယ်ပေါ့) ပဋိသန္ဓေစိတ်ချုပ်ခြင်း၏ အခြားမဲ့မှ အစပြု၍ (ပဋိသန္ဓေချုပ်ပြီး ဟိုဘက်ကို တိုးသွားမယ်) ထိုပဋိသန္ဓေစိတ်၏ အာရုံကိုပင် အာရုံပြုကာ ထိုပဋိသန္ဓေစိတ်သည်ပင် စုတိစိတ်ဖြစ်သည့်တိုင်အောင် ဝီထိစိတ်တို့ဖြစ်ခြင်း မရှိသော် ဘဝင်၏

[စာမျက်နှာ-243] အဖြစ်ဖြင့် မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏”တဲ့။

ဝါကျတော့ ရှည်တယ်၊ ရှင်းရှင်းကတော့ ပထမပဋိသန္ဓေစိတ်ဖြစ်တယ်။ ပဋိသန္ဓေစိတ်ချုပ်ပြီးတဲ့နောက် အဲဒီပဋိသန္ဓေစိတ်ရဲ့ အာရုံကိုပဲ အာရုံပြုပြီးတော့ အဲဒီပဋိသန္ဓေစိတ်ပဲထပ်ဖြစ်တယ်၊ တစ်ဘဝလုံး ဖြစ်သွားတယ်။ တစ်ဘဝလုံးဆိုရာမှာ ဝီထိစိတ်မဖြစ်တဲ့အခါမှာ ဆိုလိုတယ်၊ ဝီထိစိတ်ဖြစ်ရင်တော့ သူမဖြစ်ဘူး။

အဲဒီတော့ ဒီပဋိသန္ဓေစိတ်ကပဲထပ်ဖြစ်တယ်ဆိုတော့ စကားအနေနဲ့ သုံးတာပေါ့၊ တကယ် ပဋိသန္ဓေစိတ်က ထပ်ဖြစ်တာမဟုတ်ဘူး၊ နောက်စိတ်တစ်ခုပဲ။ ဒီပဋိသန္ဓေစိတ်နဲ့ တူတဲ့စိတ်ပဲ၊ ထပ်၊ ထပ်ဖြစ်ပြီးတော့ တစ်ဘဝလုံးဖြစ်သွားတယ်၊ ဒီစိတ်တွေဟာ စုတိစိတ်ဖြစ်သည့်တိုင်အောင်နဲ့ သေသည်တိုင်အောင် ဖြစ်မယ်တဲ့၊ ဖြစ်တော့ ဘယ်လိုအချိန်အခါမှာ ဖြစ်မလဲ၊ ဝီထိစိတ်တို့ဖြစ်ခြင်း မရှိသော် (ဝီထိစိတ်တို့မဖြစ်တဲ့အခါမှာ) သူက ဝီထိမုတ်စိတ် မဟုတ်ဘူးလား၊ ပဋိသန္ဓေစိတ် ဘဝင်စိတ်ဆိုတာ ဝီထိမုတ်၊ ဝီထိဖြစ်တဲ့အခါမှာ သူမဖြစ်ဘူး၊ ဘဝင်၏ အဖြစ်ဖြင့် ဖြစ်မယ်၊ အဲဒီအခါကျတော့ သူ့ကို ပဋိသန္ဓေလို့ ခေါ်ရဦးမလား၊ မခေါ်တော့ဘူး ဘဝင်စိတ်လို့ ခေါ်မယ်၊ အမှန်တော့ ပဋိသန္ဓေစိတ်ပါပဲ။

နောက်ဖြစ်တဲ့ ဘဝရဲ့ တစ်လျှောက်လုံးမှာ ဖြစ်တဲ့စိတ်မို့ ဘဝင်စိတ်လို့ ခေါ်မယ်၊ မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏၊ ဒါ ခုနပြောသလိုပေါ့ ဝီထိစိတ်ဖြစ်တဲ့အခါ သူကပြတ်ပြတ်သွားတာပေါ့၊ တန့်တန့်သွားတာပေါ့။ ဒါကြောင့် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ပြီးရင်ဘာလဲ၊ ဝီထိစိတ်တွေသွားပြီ။ ဝီထိစိတ်တွေလည်း ကုန်ရော၊ သူက အမြဲတမ်း ပြန်၊ ပြန်လာတယ်။ ဒါကြောင့်မို့ မြစ်ရေအယဉ်ကဲ့သို့ မပြတ်ဖြစ်၏တဲ့။

ဘဝ၏အဆုံး၌လည်း စုတေသည်၏အစွမ်းဖြင့် စုတိစိတ်ဖြစ်၍ချုပ်၏၊ အဲဒီပဋိသန္ဓေစိတ်ကပဲ ဘဝတစ်ခုဆုံးတဲ့အခါကျတော့ စုတိစိတ်ဆိုပြီး ဖြစ်ပြန်တယ်။ သူပဲဖြစ်တာပဲ။ တကယ်တော့ အဲဒီစိတ်က ပြန်ဖြစ်တာမဟုတ်ဘူး၊ အဲဒီစိတ်နဲ့ အလားတူတဲ့ စိတ်ဖြစ်တာကိုပဲ အဲဒီစိတ်ထပ်ဖြစ်တယ်လို့ ကျမ်းဂန်မှာဒီလိုသုံးတယ်။

အဲဒါဟာ ဘာနဲ့တူသတုန်းဆိုရင် ရှေးတုန်းက ဘုန်းကြီးတွေကို ကိုရင် ဦးဇင်းတွေက ဆေးကပ်ရတယ်မဟုတ်လား၊ “ဟေ့ မနေ့က ဆေးလေးကပ်စမ်းပါဦးကွာ” လို့ ပြောတယ်၊ တကယ်တော့ မနေ့က ဆေးနဲ့ အလားတူတဲ့ ဆေးကပ်တာကိုပဲ

[စာမျက်နှာ-244] မနေ့ကဆေးလေး ကပ်စမ်းပါဦး ပြောတာမျိုးလို ပဋိသန္ဓေစိတ်သည်ပင် ဘဝင်စိတ်ဖြစ်တယ်၊ စုတိစိတ်ဖြစ်တယ်၊ ဒီလိုဆိုတာ၊ တကယ့်ကို ပဋိသန္ဓေစိတ်ကဘဝင်စိတ် တကယ်ပြောင်းပြီး ဖြစ်သွားတာမဟုတ်ဘူး၊ သို့သော် သူနဲ့တူတဲ့စိတ်၊ အလားတူတဲ့စိတ် ဖြစ်တာကိုပဲ ထိုစိတ်သည်ပင်လျှင် ဖြစ်တယ်လို့ ဒီလိုကျမ်းဂန်တွေမှာသုံးတယ်။ မနေ့ကဆေးလေး ကပ်စမ်းပါဦး ပြောတာ လူတွေလည်း ဒီလိုပြောကြတာပဲ မနေ့ကဆေးလေး ငါစားရဦးမယ်၊ ဒါပေမဲ့ မနေ့က ဆေးဘယ်ရှိတော့မလဲ။

အဲဒီစိတ်ကို ဘာကြောင့် ဘဝင်ခေါ်သလဲ၊ အောက်နားမှာကြည့် ဘဝင်ဆိုတာ ပါဠိလို ဘဝင်္ဂ၊ ဘဝ၏အကြောင်းဖြစ်လို့ သူ့ကို ဘဝင်လို့ခေါ်တယ်၊ အကယ်၍ ဘဝင်စိတ်မဖြစ်ဘူးဆိုရင် ဝီထိစိတ်ဖြစ်ပြီးတဲ့နောက် စိတ်အစဉ် ပြတ်သွားပြီး လူဟာ သေရတော့မှာပေါ့၊ ဘဝမရှိနိုင်တော့ဘူးပေါ့၊ ဘဝင်စိတ်ကဝင်ပြီးဖြစ်ပေးနေလို့ ဦးဇင်းတို့မှာဘဝကြီးရှည်နေတာ၊ မသေဘဲနဲ့ ဆက်ဆက် ဖြစ်နေတာ၊ ဒါကြောင့်မို့ ဒီစိတ်ကို ဘဝရဲ့ အကြောင်းဖြစ်တဲ့စိတ်၊ အဆက်မပြတ်ဖြစ်နေတဲ့စိတ်ရဲ့ အကြောင်းဖြစ်တာမို့ ပါဠိလို ဘဝင်္ဂလို့ခေါ်တယ်၊ ဘဝင်္ဂဆိုတာ ဘဝ+အင်္ဂ၊ ဘဝက ဘဝ၊ အင်္ဂက ဒီနေရာမှာ အကြောင်းလို့ဆိုလိုတယ်။

အင်္ဂဆိုတာအစိတ်အပိုင်းကိုလည်း ဆိုလိုတယ်၊ ကိုယ်အင်္ဂါဆိုရင် ကိုယ့်ရဲ့ အစိတ်အပိုင်းဆိုရင်လည်းရတယ်၊ ဘဝရဲ့ အစိတ်အပိုင်း၊ ဒီနေရာမှာတော့ အစိတ်အပိုင်းဆိုတာ အကြောင်းဖြစ်တဲ့ အစိတ်အပိုင်း၊ သူမရှိရင် ဘဝပြတ်သွားပြီ၊ သူဝင်ဝင်ပြီးဖြစ်ပေးနေတဲ့အတွက်ကြောင့် ဒီဘဝကြီးဟာ အဆက်မပြတ် မြစ်ရေ အယဉ်ကဲ့သို့ သွားနေတယ်။

ဘဝင်ကို ဘာကြောင့် ဘဝင်ခေါ်သလဲမေးရင် ဘဝင်စိတ်ဟာ ဘဝရဲ့ အကြောင်းဖြစ်တဲ့အတွက်ကြောင့် ဘဝင်လို့ခေါ်တယ်၊ အမှန်ကတော့ ဘဝင်စိတ်ဟာ ပဋိသန္ဓေ စိတ်နဲ့ အလားတူတဲ့စိတ်ပဲ၊ အကယ်၍ ပဋိသန္ဓေစိတ်က မဟာဝိပါက် ပထမစိတ်ဆိုရင် ဘဝင်စိတ်ကလည်း မဟာဝိပါက် ပထမစိတ်ပဲ။

အဲဒီစိတ်တွေဟာ ဘယ်သူ့ကြောင့်ဖြစ်တာတုန်း၊ ဝိပါက်စိတ်လို့ ဆိုတဲ့ အတွက်ကြောင့် ကံကြောင့်ဖြစ်တာပေါ့၊ ကံဟာ ဘယ်လောက်သတ္တိရှိတယ်ထင်သလဲ၊ ပဋိသန္ဓေစိတ်ဖြစ်စေရုံနဲ့ ပြီးတာမဟုတ်ဘူး၊ ဘဝင်စိတ်တွေ စုတိစိတ်တွေ ဝိပါက်စိတ်တွေကလည်း သူ့ကြောင့်ဖြစ်တာ။ “ထိုစုတိစိတ်မှ နောက်၌လည်း ရထားဘီးကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်ကုန်လျက် ဖြစ်ကုန်၏” အဲဒီစုတိပြီးတဲ့နောက် တတိယဘဝ

[စာမျက်နှာ-245] ပဋိသန္ဓေသွားပြန်ဦးမှာပေါ့၊ သွားပြန်ပြီ၊ ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိစိတ်၊ ဘဝင်၊ ဝီထိစိတ်၊ စုတိစိတ် အဲသလို သွားနေတာကို ဝဋ်သံသရာစက်လို့ ခေါ်တာပေါ့။ စက်ဆိုတာ machine ကို ပြောတာမဟုတ်ဘူး၊ သံသရာစက်ဆိုတာက wheel ကိုပြောတာ၊ အဆက်မပြတ်သွားနေတာ၊ တစ်ခုပြီးတစ်ခု ဆက်နေတာ၊ ဘဝင်၊ စုတိ၊ ပဋိသန္ဓေ အဲသလို သွားနေတာ၊ ဒါကြောင့်မို့ သံသရာစက်ကြီးဟာ လည်နေတယ်၊ မပြတ်နိုင်ဘူး၊ ဒါက သံသရာစက်လည်ပုံပေါ့။

“ဤဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့ဆက်ကာဆက်ကာ ဖြစ်ကုန်သကဲ့သို့ ထို့အတူဘဝတစ်ပါး၌ တစ်ဖန် ပဋိသန္ဓေဘဝင်အစရှိသော ဤစိတ်အစဉ်သည် ဆက်ကာဆက်ကာဖြစ်၏” ဒါပေါ့၊ ဒီဘဝမှာ ပဋိသန္ဓေ၊ ဘဝင်စုတိဖြစ်ပြီးနောက် ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ဒါကိုပဲ သံသရာလို့ခေါ်တာပေါ့။ သံသရာအဆက်မပြတ် တစ်ဘဝပြီးတစ်ဘဝ ဖြစ်နေတာကို ဝဋ်လို့လဲခေါ်တာပေါ့၊ ဝဋ်ဆိုတာပါဠိစကား၊ လည်တာလို့လည်းခေါ်တယ်၊ ဝဋ်ခံရတဲ့ ဝဋ်ကတစ်မျိုးပေါ့၊ ဒီသံသရာဝဋ်လို့ပြောတာက ဝဋ်သုံးပါးစသည်ကိုပြောတာရှိတယ်၊ လည်တယ်ဆိုတာကို ဆိုလိုတယ်၊ ဒါက သံသရာဖြစ်ပုံပေါ့လေ။

ဒါဖြင့် ဒီသံသရာကြီးဟာ အမြဲတမ်းဖြစ်နေသလား၊ ဒီသံသရာစက်ကြီးကို သံသရာဘီးကြီးကို ပြတ်သွားအောင်လုပ်လို့မရဘူးလား၊ ဒီလို ဆက်ကာဆက်ကာဖြစ်နေတာကို ဖြတ်လို့ မရဘူးလားဆိုတော့ ဖြတ်လို့ရပါတယ်တဲ့၊ ဒါဟာ မြတ်စွာဘုရားရဲ့ (consolation) ပေးတာပေါ့။ အကယ်၍သာ ဒီသံသရာကြီးဟာ လွတ်မြောက်ကိန်းမရှိဘူးဆိုရင် အတော်အားငယ်စရာကောင်းတာပေါ့၊ ဒုက္ခတွေ တစ်သက်လုံး တစ်သံသရာလုံး အမြဲတမ်းခံသွားရမယ့်သဘောရှိတယ်။ ဒါကို မြတ်စွာဘုရားက သံသရာပြတ်အောင်လုပ်လို့လည်းရတယ်၊ သံသရာပြတ်ကိန်းလည်းရှိတယ်၊ အဲဒီသံသရာပြတ်ကိန်းကိုလည်း မြတ်စွာဘုရားက ဟောတော်မူခဲ့တယ်။

ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာကို အဆိုးကြည့်တယ်လို့ချည်းပြောတာဟာ မမျှမတဝေဖန်တာ၊ သူတို့က “မင်းတို့ ဗုဒ္ဓဘာသာဟာ ဒုက္ခချည်း ပြောတယ်” လို့ပြောကြတယ်၊ အမှန်ကတော့ ဒါက အမှန်ကိုကြည့်တာ၊ အမှန်အတိုင်းမြင်တာ၊ ဒါကို (Pessimism) လို့ ပြောလို့မရဘူး။ တကယ်ပဲ မြတ်စွာဘုရားအနေနဲ့ ကြည့်လိုက်တဲ့အခါမှာ ဒုက္ခကို တကယ် မြင်လာတယ်၊ ဒုက္ခမှအလွန်သိမ်မွေ့တဲ့ ဒုက္ခအထိ မြင်လာတယ်၊ ဒါကို ကောင်းပါ

[စာမျက်နှာ-246] တယ်လို့ မြတ်စွာဘုရားအနေနဲ့ ဘယ်လိုလုပ် ပြောနိုင်မလဲ။ ဆေးသမားတစ်ယောက်ဟာ လူနာတစ်ယောက်ကို စစ်ဆေးပြီး ရောဂါကို တွေ့နေပြီတဲ့၊ အဲဒါကို “မင်းမှာ ရောဂါမရှိဘူး၊ မင်း အခြေအနေကောင်းပါတယ်” လို့ ဘယ်ဆရာဝန်ပြောဝံ့မလဲ၊ မင်းမှာ ရောဂါရှိနေပြီလို့ မပြောချင်ပေမဲ့ ပြောရတော့မှာပဲ။

အဲဒီအတိုင်းပဲ၊ မြတ်စွာဘုရားကလည်း လောကကြီးကို ကြည့်လိုက်တဲ့အခါမှာ ဒုက္ခတွေကို တွေ့တော့ လောကကြီးဟာ ဆင်းရဲအပြည့်ပဲ၊ ဒုက္ခချည်းပဲလို့ ပြောကိုပြောရမှာပဲ၊ ရှောင်လို့ကိုမရဘူး။ ဒါပေမဲ့ မြတ်စွာဘုရားက အဲဒီအနေအထားမှာတင် ရပ်ရင်တော့ ဟုတ်တယ်ပေါ့၊ အားငယ်စရာကြီးပေါ့၊ ဆင်းရဲဒုက္ခမှာတင်ရပ်နေတာကိုး၊ ဆင်းရဲက လွတ်အောင် မပြောရင်တော့ ခုနပြောသလို မင်းမှာရောဂါတော့ရှိတယ်၊ ပျောက်လမ်းမရှိဘူး ဆိုရင်တော့ ဒုက္ခပဲ။

ဘုရားက ဒီလိုမဟုတ်ဘူး၊ ဒီရောဂါပျောက်နိုင်တယ်လို့ပြောတယ်၊ ပျောက်နိုင်တာတော့ဟုတ်ပြီ၊ ပျောက်နိုင်တဲ့နည်းလမ်းတော့ ရှိသလားလို့ ဒီလိုလာရဦးမှာကိုး၊ မြတ်စွာဘုရားက နည်းလမ်းလည်းရှိတယ်လို့ ပြောတယ်။ အဲသလို စနစ်တကျ ထိုးထွင်းသိမြင်ပြီး ဟောထားတာဖြစ်လို့ Pessimism ဟုတ်ကို မဟုတ်ဘူး၊ အမှန်ကို အမှန်အတိုင်းမြင်တာ၊ မကောင်းလို့ မကောင်းဘူးပြောတာဟာ အမှန်အတိုင်းပြောတာ။

အမှန်အတိုင်းပြောပြီးတဲ့နောက် ဒီဆင်းရဲကြီးထဲက ဒီမကောင်းတာကြီးထဲက လွတ်အောင်လုပ်လို့ ရသေးတယ်၊ လွတ်နိုင်တယ်၊ လွတ်မြောက်မှုဆိုတာရှိတယ်။ ဒါဟာ တတိယသစ္စာ။ အဲဒီလွတ်မြောက်မှုရှိတာကတော့ ဟုတ်ပြီ၊ လွတ်မြောက်မှုကို သွားရတဲ့လမ်းကော ရှိပါသလား၊ လွတ်နည်းကော ရှိပါသလား၊ ဒီရောဂါပျောက်နိုင်တယ်လို့တော့ ပြောပြီး၊ ဆေးကော ဘယ်မှာလဲဆိုတဲ့ သဘောလေ။

အဲဒါကို မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး၊ မဂ္ဂသစ္စာကို ဟောတော်မူတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ သစ္စာလေးပါး ဒေသနာဟာ လောက ဥပမာနဲ့ ပြောမယ်ဆိုရင် သမားတော်ကြီးတွေနဲ့ အလွန်တူတယ်။ ပထမရှာဖွေလိုက်တဲ့အခါမှာ ရောဂါတွေ့လာတယ်၊ အဲသလိုရောဂါတွေ့ပြီးတဲ့နောက် ဒီရောဂါဘာကြောင့် ဖြစ်ရတယ်ဆိုတာ သမားတော်တွေအနေနဲ့ သိရတယ်။

[စာမျက်နှာ-247] ထို့အတူပဲ မြတ်စွာဘုရားက ဒုက္ခဆိုတဲ့ ရောဂါကြီး ဘာကြောင့်ဖြစ်လာသလဲ သမုဒယ၊ တဏှာလောဘအရင်းခံပြီး အဝိဇ္ဇာပါတယ်ပေါ့၊ အဲသလို တဏှာလောဘကြောင့် ဒုက္ခဆိုတာကြီး ပေါ်လာတယ်၊ ဒါကိုပဲ မြတ်စွာဘုရားက ဖော်ထုတ်နိုင်တယ်။

ကောင်းပြီ၊ အဲဒါဒုက္ခရဲ့ အကြောင်းလည်းဟောလို့သိရပြီ၊ ဒုက္ခဆိုတာလည်း သိပါပြီ၊ ဒါဖြင့် ဒီဒုက္ခလွတ်မှုကော ရှိနိုင်လား၊ ခုနပြောသလို ရောဂါလည်းပြောပြီ၊ ရောဂါအကြောင်းလည်းသိပြီ၊ ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်းပြောပြီ၊ ကိုင်း ဒီရောဂါပျောက်နိုင်ပါ့မလား၊ ပျောက်နိုင်တာများ ရှိသလားဆိုတော့ မြတ်စွာဘုရားက “ရှိတယ်၊ ဒါဟာ နိဗ္ဗာန်ပေါ့”တဲ့။

အဲဒီတော့ ဒုက္ခနဲ့သမုဒယသိပြီး အားငယ်နေတဲ့ သတ္တဝါတွေကို အားပေးတဲ့အနေနဲ့ လွတ်မြောက်မှုဆိုတာရှိတယ်လို့ ပြောလိုက်တယ်။ ပြောပြီးတဲ့နောက် အဲဒီ လွတ်မြောက်မှုကိုလိုချင်ရင် တပည့်တော်တို့ ဘာလုပ်ရမလဲ၊ ဆေးကောရှိပါသလားဆိုတော့ ရော့-ဒီဆေးစား၊ မဂ္ဂင်ရှစ်ပါးဆိုတဲ့ဆေးကို မြတ်စွာဘုရားက ပေးသနားတော်မူတယ်။

အဲဒီမဂ္ဂင်ရှစ်ပါးဆေးကို တကယ်ကျကျနန စားသုံးမယ်ဆိုရင် မြတ်စွာဘုရားဟောတော်မူတဲ့အတိုင်း ဒီဒုက္ခကြီးကို ကုစားနိုင်မှာပေါ့၊ ဆေးတော့ပေးပါရဲ့ ဆေးကောင်းတော့ ရှိပါရဲ့၊ ကိုယ်က ညွှန်ကြားတဲ့အတိုင်း မစားရင် ရောဂါမပျောက်နိုင်ဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း အားထုတ်ဖို့လည်း အရေးကြီးတယ်ပေါ့။

ကောင်းပြီ၊ သံသရာစက်ပြတ်ကိန်းတဲ့၊ “တိဟိတ်ပဋိသန္ဓေပင်ကိုယ်ဉာဏ်ရှိသူတို့သည် (ဒါကလည်း အရေးကြီးတယ်၊ တိဟိတ်ပဋိသန္ဓေမနေခဲ့ရင် ဒီဘဝမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မရနိုင်ဘူး) ကြာမြင့်စွာသော ကာလပတ်လုံး (ဒါကတော့ အကြာကြီးဆိုပါတော့) သီလအကျင့်၊ ဓုတင်အကျင့်၊ သမာဓိအကျင့်နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ အဲဒီတော့ မြတ်စွာဘုရားရဲ့ လေ့ကျင့်ရာက သီလ၊ သမာဓိ၊ ပညာ၊ သီလပါဘဲနဲ့ သမာဓိမဖြစ်ဘူး၊ သမာဓိမဖြစ်ဘဲနဲ့ ပညာမပေါ်လာဘူး၊ ဒီသုံးချက်ဟာ တစ်ဆင့်ကို အမှီပြုပြီးဖြစ်ရတယ်။

ဒါကြောင့်မို့ သီလအကျင့်ကို ကျင့်တယ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ရဟန်းသီလ၊ ဒီထက်ပိုပြီး သီလကို ပိုဖြူစင်အောင် တောက်ပြောင်သွားအောင်ဆိုပြီး ဓုတင်ဆိုတဲ့အကျင့်ကို ကျင့်ပြန်တယ်၊ ဧကသနိက်စားတယ်၊ ပတ္တပိုဏ်စားတယ် ဆိုတာ ရှိတယ်၊ လူတွေလည်း အဲဒါတွေကျင့်လို့ရတယ်။

[စာမျက်နှာ-248] ဧကသနိက်စားတယ်ဆိုတာ တစ်ထိုင်တည်းစားတာ၊ တစ်နေ့လုံးမှာထိုင်နေရာက ထလိုက်ရင် ဒီနေ့ မစားတော့ဘူး၊ ပတ္တပိုဏ်ဆိုတာ တစ်ခွက်တည်းမှာစားတာ၊ ဒါလူတွေလည်း စားလို့ရတယ်။

အဲသလို သီလအကျင့်၊ ဓုတင်အကျင့်ပြီးရင် သမာဓိအကျင့်ဆိုတာ တရားအားထုတ်တာ၊ ကမ္မဋ္ဌာန်းထိုင်တာကို ဆိုလိုတာ၊ အဲဒီအကျင့်တွေနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ (ဒီလိုကျင့်ရင်တဲ့) ဆိုအပ်ပြီးသောဝဋ်ဖြစ်ပုံကို မမြဲသော တရားဟု ဝိပဿနာဉာဏ်ဖြင့် ထင်ရှားစွာသိကုန်ပြီးလျှင် (တရားအားထုတ်လာတဲ့အခါကျတော့ သမာဓိရလာပြီးရင် အဲဒီ ဝိပဿနာဉာဏ်ဆိုတာလည်း ပေါ်လာတာပဲ။ သူ့ကို ပေါ်ပါစေ ပေါ်ပါစေ ဆုတောင်းနေလို့ ပေါ်လာတာမဟုတ်ဘူး၊ ဝိပဿနာဉာဏ်ဆိုတာ သမာဓိဖြစ်ရင် ပေါ်လာတာပဲ။ အဲဒီတော့ ဝိပဿနာဉာဏ်ဖြစ်ဖို့ရာမှာ သမာဓိအရေးမကြီးဘူးလား၊ ဝိပဿနာဆိုတာ အမှန်အတိုင်း သိမြင်တဲ့ဉာဏ်၊ အမှန်အတိုင်း သိမြင်တဲ့ဉာဏ်ရဖို့ရာ သမာဓိ အရေးကြီးတယ်၊ သမာဓိတည်သွားတာနဲ့ တစ်ပြိုင်နက်၊ စိတ်တည်သွားတာနဲ့ တစ်ပြိုင်နက် ရုပ်နာမ်သဘောကို ထိုးထွင်းပြီး သိသွားတာပဲ၊ ဒါကို မမြဲသော တရားဟု သိတယ်။)

မမြဲသော တရားလို့ သိရင် ဆင်းရဲသောတရားလို့လည်း သိသွားတော့တာပဲ။ မမြဲဘူး၊ ဆင်းရဲတယ်ဆိုတာသိရင် အစိုးမရဘူး၊ အနှစ်သာရမရှိဘူးဆိုတာ အတ္တကောင်မဟုတ်ဘူးဆိုတာလည်း အလိုလိုပေါ်သွားတော့တာပဲ၊ ဒါကြောင့်မို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှာ အနိစ္စမြင်ရင် ဒုက္ခနဲ့ အနတ္တလည်း မြင်သွားတော့တာပဲ၊ ဒုက္ခမြင်ရင်လည်း ဒီအတိုင်းပဲ၊ တစ်ခုမြင်ရင် တခြားဟာတွေလည်းမြင်တော့တာပဲ၊ အကုန်လုံး ဆက်သွယ်နေကြတာကိုး။

ဒါကြောင့်မို့ အဲသလို သမာဓိအကျင့်ကို ကျင့်လို့ သမာဓိရပြီးရင် ဝဋ်ဖြစ်ပုံကို မမြဲသောတရားလို့သိတဲ့ ဝိပဿနာဉာဏ်လည်း ပေါ်လာလိမ့်မယ်၊ ဝိပဿနာဉာဏ်နဲ့ ပေါက်မြောက်သိမြင်လာလိမ့်မယ်၊ အဲသလိုသိပြီးရင်တဲ့။

“စုတေရွေ့လျောသေရခြင်း သဘောမရှိသော နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်သိမြင်၍ (ဝိပဿနာဉာဏ်အဆင့်ဆင့် တက်အောင် အားထုတ်သွားတဲ့အခါမှာ ဝိပဿနာဉာဏ်ရင့်ကျက်လာတဲ့အခါမှာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်လာတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်တယ်ဆိုရင် နိဗ္ဗာန်ကို တိုက်ရိုက်မြင်တယ်၊ တိုက်ရိုက်မျက်မှောက်ပြုတယ်လို့ဆိုတယ်၊ ဒါကြောင့်မို့ “စုတေရွေ့လျော သေရခြင်း သဘောမရှိသောနိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်

[စာမျက်နှာ-249] ဖြင့် မျက်မှောက်သိမြင်၍ တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာဖြတ်လျက်” (တဏှာအစေးလေးရှိရင် ကပ်နေဦးမှာကိုး၊ တဏှာအနှောင်အဖွဲ့လေးရှိနေသေးရင် သံသရာကြီးက မလွတ်နိုင်သေးဘူး၊ တွယ်တာမှု စွဲလန်းမှုလေးတွေ ရှိနေသေးရင် မလွတ်နိုင်သေးဘူးပေါ့။) အဲသလို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်တယ်ဆိုရင်ပဲ ဒီတဏှာအစေး၊ တဏှာအနှောင်အဖွဲ့ရှိသေးလား မရှိတော့ဘူး၊ ရဟန္တာဖြစ်ရင်ပေါ့လေ၊ တဏှာကို အကြွင်းမဲ့ ပယ်သတ်လိုက်တာ။

“အဲသလို တဏှာအစေး အနှောင်အဖွဲ့ကို ကောင်းစွာဖြတ်လျက် သင်္ခါရတို့ ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်သို့ ရောက်ကြကုန်လတ္တံ့” အဲသလို တရားအားထုတ်သွားမယ်ဆိုရင် သင်္ခါရတို့ရဲ့ အေးငြိမ်းရာဖြစ်တဲ့ (သင်္ခါရဆိုတာရုပ်နာမ်သဘာဝကို ပြောတာ၊ အဲဒီဖြစ်ပျက်တွေ နှိပ်စက်ခံနေရတဲ့ သဘောရှိတာကြောင့် ပူလောင်တဲ့သဘောရှိတယ်) အဲဒီသင်္ခါရတွေ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်အအေးဓာတ်ကို ရောက်ပါလိမ့်မယ်တဲ့။

ဆိုလိုတာကတော့ မြတ်စွာဘုရားရဲ့ သီလ၊ သမာဓိ၊ ပညာ ဒီကျင့်စဉ်သုံးမျိုးကို ကျင့်ရမယ်၊ ပထမဆုံး သီလဖြူစင်အောင် အားထုတ်ရမယ်၊ သီလဖြူစင်တယ်ဆိုရင် ဓုတင်အကျင့်တွေကျင့်နိုင်လည်းကျင့်ဦး၊ ပြီးရင် သမာဓိလုပ်ငန်းလုပ်ပါ၊ သမာဓိလုပ်ငန်းလုပ်လို့ သမာဓိရလာပြီဆိုရင် ပညာဆိုတဲ့ အသိဉာဏ် အလိုလိုပေါ်လာမယ်။

ရုပ်နာမ်ရဲ့ သင်္ခတလက္ခဏာလေးဆိုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားကို ဧကန်မြင်လာမယ်၊ မြင်လာရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိနေရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်နေတာတွေကို လိုချင်တဲ့စိတ် ရှိပါဦးမလား၊ မလိုချင်တော့ဘူးပေါ့၊ ငြီးငွေ့တဲ့စိတ်တွေ ဖြစ်ပေါ်လာပြီပေါ့၊ ငြီးငွေ့တဲ့စိတ်ဖြစ်ရင် ဒီဟာတွေ လွတ်ချင်လာတာပေါ့၊ လွတ်ချင်ရင် လွတ်အောင် လုပ်တယ်ပေါ့၊ လွတ်အောင်လုပ်ရင်လွတ်တဲ့ဆီ ရောက်တယ်ပေါ့၊ အဲသလို ဝိပဿနာဉာဏ်အဆင့်ဆင့် တက်ပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ရောက်တယ်ပေါ့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရောက်ရင် နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ကိလေသာကိုလည်း ပယ်တော့တယ်၊ တဏှာအစေးဆိုတာက တဏှာတင်မကဘူး၊ အကုန်လုံးပါတာပေါ့။

တဏှာကတော့ ဘဝတစ်ခုနဲ့တစ်ခု ဆက်စပ်တဲ့သဘောဆိုတော့ သူက အနှောင်အဖွဲ့ အစေးဆိုပြီးတော့ ဒီမှာ အရေးကြီးတဲ့ တဏှာကိုပြောထားတယ်။ အဲဒီတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်တယ်ဆိုတာနဲ့ တစ်ပြိုင်နက် နိဗ္ဗာန်

[စာမျက်နှာ-250] မျက်မှောက်ပြုပြီးတော့ ကိလေသာကိုလည်း ပယ်တော့တယ်၊ အထူးသဖြင့် မဂ်ဉာဏ်ပေါ့၊ အဲသလို တဏှာအစေး အနှောင်အဖွဲ့ကိုပယ်ပြီးရင် သင်္ခါရတို့ရဲ့ ငြိမ်းရာ နိဗ္ဗာန်အအေးဓာတ်ရောက်တော့တာပဲ၊ ရဟန္တာဖြစ်ပြီးတဲ့နောက် မသေခင်လည်းပဲ သဥပါဒိသေသဆိုတဲ့ နိဗ္ဗာန်ခံစားရတယ်ပေါ့၊ ရဟန္တာဖြစ်ပြီးတဲ့နောက် ပရိနိဗ္ဗာန်ပြုရင်လည်း အနုပါဒိသေသဆိုတဲ့ နိဗ္ဗာန်ဓာတ်ဖြစ်မယ်၊ အဲသလို နိဗ္ဗာန်အအေးဓာတ်ကို ရောက်ပါလိမ့်မယ်၊ အဲဒါ သံသရာစက်ပြတ်အောင် လုပ်တဲ့ကိန်းတဲ့။

အဲဒီတော့ သံသရာဖြစ်အောင်က အထူးလုပ်စရာမလိုဘူး၊ သူ့ဟာသူဖြစ်ပြီးသား၊ သံသရာစက်ပြတ်အောင်ဆိုရင်တော့ မြတ်စွာဘုရားရဲ့ နည်းလမ်းကိုလိုက်ရမယ်။ သီလ၊ သမာဓိ၊ ပညာ လုပ်ရမယ်၊ ဒီနည်း မလုပ်ဘဲနဲ့တော့ ဗုဒ္ဓဘာသာအမြင်နဲ့တော့ သံသရာပြတ်တဲ့ကိစ္စမရှိဘူး။

တချို့တွေက မကြိုက်ကြဘူး၊ သတိပဋ္ဌာန်တရားဟာ တစ်ခုတည်းသော လမ်းဆိုရင် ဒီ (အမေရိကန်) က လူတွေက “ဘာလဲ၊ ညီညီညွတ်ညွတ် ရှိရမှာပေါ့၊ ဘုရားက ဒီလိုမပြောပါဘူး၊ ပြောမှာမဟုတ်ပါဘူး” လို့ လုပ်ကြတယ်၊ အဲဒါတွေလည်း တွေ့ရတယ်။ တစ်ခုတည်းသောလမ်းဆိုတာလည်းဟုတ်တယ်၊ တစ်ကြောင်းတည်းသောခရီး အမွှာမရှိတဲ့ခရီးလို စသည်ဖြင့် ဖွဲ့ဆိုထားတာတွေရှိပါတယ်၊ သူတို့က (ဒီကလူတွေ) တစ်ခုတည်းသောလို့ ပြောရင်မရဘူး။

အဲဒါကြောင့်မို့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့နေရာမှာ သီလကလည်း တကယ်အရေးကြီးတယ်နော်၊ ဒီနိုင်ငံကလူတွေက သီလအကြောင်းပြောရင် မကြိုက်ဘူး၊ သူတို့ကိုယ်တိုင်က သီလကို မထိန်းချင်ဘဲကိုး၊ အဲဒီတော့ “သီလ အရေးမကြီးပါဘူး မလိုပါဘူး” လို့ ပြောတတ်တယ်။

ဒါပေမဲ့ သီလရှိမှ သမာဓိဖြစ်တာ၊ သီလမရှိတော့ ဝိပ္ပဋိသာရဆိုတဲ့ နှလုံးမသာယာမှု (Self-criticism) ဖြစ်တာပေါ့၊ သူများတွေက ငါဘာဖြစ်တယ်ဆိုတာ မသိလို့ ဆိုပြီး သူများမသိအောင် လုပ်ထားတဲ့ကိစ္စအတွက် သိမှာစိုးရိမ်ပူပန်တာ၊ ကုက္ကုစ္စလို့ ပါဠိလိုခေါ်တယ်၊ အဲဒါ နှိပ်စက်နေရင် သမာဓိမရတော့ဘူး၊ မကောင်းတာတွေလုပ်ထားမှု မကောင်းတာတွေ ပြန်သတိရနေရင် သမာဓိမရနိုင်ဘူး၊ ဒါကြောင့် သီလရှိမှ သမာဓိဖြစ်တယ်၊ သမာဓိဖြစ်မှ ပညာပေါ်တယ်၊ ဒါကြောင့် သီလ၊ သမာဓိ၊ ပညာ၊ ဒီသုံးခုကို ရှောင်လို့မရ၊ ဖြတ်လမ်းက တက်လို့ မရဘူး။ သို့သော် တစ်ခုရှိတာက သီလဆိုတာ အကြာကြီးကျင့်နေမှ မဟုတ်ပါဘူး။

[စာမျက်နှာ-251] တရားအားထုတ်ပြီဆိုရင် သီလဆောက်တည်ပြီးတော့ တကယ့်ကို ရိုးရိုးသားသား စိတ်နဲ့ ရှောင်ကြဉ်မယ်ဆိုတဲ့စိတ်နဲ့ အားထုတ်သွားရင် အဲဒီအခါကျရင် သီလ စင်ကြယ်တယ်လို့ပဲ ဆိုရတယ်။
n2ismglf8n2londutex5vq7hpmrmw7u
21767
21766
2026-03-31T15:45:34Z

almt5bi9hhvci9c7p3oalfag8afjyk1
21770
21767
2026-03-31T15:49:44Z

fe3gjx8heh5dpq6hxwab429mbzs5jre
21771
21770
2026-03-31T15:53:29Z

g2tblb0wlulwg6q3nrju5bhp5ex2z3a
21773
21771
2026-03-31T20:10:02Z

8h7uhvn9yhbfuonkya6pufsliovg5gv
အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ)
0
6165
21772
2026-03-31T17:03:15Z
Tejinda
173
"{{header | title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ) | author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.) | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21772
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ)
| author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)]]
| previous2 =
| next = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

(ဒုတိယတွဲ)
အရှင်သီလာနန္ဒာဘိဝံသ (D.Litt.)
(အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက)
ပါချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
ရန်ကုန်မြို့

အဘိဓမ္မာသင်တန်း (၁၅) စိတ်ပိုင်းပြန်လည်သုံးသပ်ခြင်း မိဿကနည်း၊ သမ္ပယောဂနည်းနှင့် သင်္ဂဟနည်းရောသောနည်း
အဘိဓမ္မာသင်တန်း (၁၆) ပကိဏ်းပိုင်း၊ ဝေဒနာ၊ ဟေတု၊ ကိစ္စ သင်္ဂဟ
အဘိဓမ္မာသင်တန်း (၁၇) ပကိဏ်းပိုင်း၊ ကိစ္စသင်္ဂဟအဆက်
အဘိဓမ္မာသင်တန်း (၁၈) ပကိဏ်းပိုင်း၊ ဒွါရသင်္ဂဟ
အဘိဓမ္မာသင်တန်း (၁၉) ပကိဏ်းပိုင်း၊ အာရမ္မဏသင်္ဂဟအစ
အဘိဓမ္မာသင်တန်း (၂၀) ပကိဏ်းပိုင်း၊ အာရမ္မဏသင်္ဂဟအဆက်
အဘိဓမ္မာသင်တန်း (၂၁) ပကိဏ်းပိုင်း၊ ဝတ္ထုသင်္ဂဟ
အဘိဓမ္မာသင်တန်း (၂၂) ဝီထိပိုင်း၊ ပဉ္စဒွါရဝီထိ
အဘိဓမ္မာသင်တန်း (၂၃) ဝီထိပိုင်း၊ အတိပရိတ္တာရုံဝီထိ၊ ကာမဇောဝါရဝီထိ၊ ဈာနဝီထိ
အဘိဓမ္မာသင်တန်း (၂၄) ကာမဇောနောင်အပ္ပနာဇောမဂ္ဂဝီထိ တဒါရုံကိုသတ်မှတ်ခြင်း
အဘိဓမ္မာသင်တန်း (၂၅) ဝီထိပိုင်း၊ ဇောသတ်မှတ်ခြင်း၊ ပုဂ္ဂိုလ်စိတ်ရ
အဘိဓမ္မာသင်တန်း (၂၆) ဝီထိပိုင်း၊ အန္တရာယ် ၅-ပါးဘုံစိတ်ရ

[စာမျက်နှာ-1]ဖဿ သည် စိတ် ၈၉-နှင့်ယှဉ်၏။ (သမ္ပယောဂနည်း) စိတ် ၈၉-၌ စေတသိက် ၅၂-ယှဉ်၏။ (သင်္ဂဟနည်း) ထို့ကြောင့် ဖဿ သည် မိမိကြဉ် စေတသိက် ၅၁-နှင့်ယှဉ်၏။
ဝေဒနာ စသည် ဖဿ နည်းတူ။
ဝိတက် ဖဿ နည်းတူ။
ဝိစာရ ဖဿ နည်းတူ။
အဓိမောက္ခ စေတသိက်-၅၀ (ဝိစိကိစ္ဆာ၊ အဓိမောက္ခ ကြဉ်)
ဝီရိယ ဖဿ နည်းတူ။
ပီတိ စေတသိက်-၄၆ (ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိ၊ ပီတိ ကြဉ်)
ဆန္ဒ စေတသိက်-၅၀ (ဝိစိကိစ္ဆာ၊ ဆန္ဒ ကြဉ်)
မောဟ စေတသိက်-၂၆ (၂၇ မှ မောဟ ကြဉ်)
အဟိရိက စသည် မောဟ နည်းတူ။
လောဘ စေတသိက်-၂၁ (၂၂ မှ လောဘ ကြဉ်)
ဒိဋ္ဌိ စေတသိက်-၂၀ (၂၁ မှ ဒိဋ္ဌိ ကြဉ်)
မာန စေတသိက်-၂၀ (၂၁ မှ မာန ကြဉ်)
ဒေါသ စေတသိက်-၂၁ (၂၂ မှ ဒေါသ ကြဉ်)
ဣဿာ စေတသိက်-၁၉ (၂၂ မှ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဣဿာ ကြဉ်)
မစ္ဆရိယ စေတသိက်-၁၉ (၂၂ မှ ဣဿာ၊ ကုက္ကုစ္စ၊ မစ္ဆရိယ ကြဉ်)
ကုက္ကုစ္စ စေတသိက်-၁၉ (၂၂ မှ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ကြဉ်)
ထိန စေတသိက်-၂၅ (၂၆ မှ ထိန ကြဉ်)
မိဒ္ဓ စေတသိက်-၂၅ (၂၆ မှ မိဒ္ဓ ကြဉ်)
ဝိစိကိစ္ဆာ စေတသိက်-၁၄ (၁၅ မှ ဝိစိကိစ္ဆာ ကြဉ်)
သဒ္ဓါ စေတသိက်-၃၇ (၃၈ မှ သဒ္ဓါ ကြဉ်)
သတိ စသည် သဒ္ဓါ နည်းတူ။
သမ္မာဝါစာ စေတသိက်-၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာဝါစာ ကြဉ်)
သမ္မာကမ္မန္တ စေတသိက်-၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာကမ္မန္တ ကြဉ်)
သမ္မာအာဇီဝ စေတသိက်-၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာအာဇီဝ ကြဉ်)
ကရုဏာ စေတသိက်-၃၃ (၃၈ မှ ဝိရတီ၊ မုဒိတာ၊ ကရုဏာ ကြဉ်)
မုဒိတာ စေတသိက်-၃၃ (၃၈ မှ ဝိရတီ၊ ကရုဏာ၊ မုဒိတာ ကြဉ်)
ပညိန္ဒြေ စေတသိက်-၃၇ (၃၈ မှ ပညိန္ဒြေ ကြဉ်)

[စာမျက်နှာ-2] နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အဘိဓမ္မာသင်တန်း ၁၅

စိတ်ပိုင်းပြန်လည်သုံးသပ်ခြင်း

မိဿကနည်း (သမ္ပယောဂနည်းနှင့် သင်္ဂဟနည်းရောသောနည်း)

ဒီနေ့ နိုဝင်ဘာ ၁၄ ရက်နေ့၊ လွန်ခဲ့တဲ့အပတ်တွေက စိတ်ပိုင်းရယ်၊ စေတသိက်ပိုင်းရယ် လေ့လာခဲ့ကြပြီ။

စိတ်ပိုင်းမှာက စိတ်အကျဉ်း-၈၉၊ အကျယ်-၁၂၁-ပါး လေ့လာခဲ့ကြပြီ၊ စေတသိက်ပိုင်းကျတော့ စေတသိက် ၅၂-ပါး၊ နောက် အဲဒီစေတသိက်တွေနဲ့ စိတ်တွေနဲ့ အပြန်အလှန်ယှဉ်တာတွေကို လေ့လာခဲ့ပြီ၊ စေတသိက်ကိုင်ပြီးတော့ စိတ်ဘယ်လောက်မှာ ဖြစ်သလဲဆိုပြီး ရှာတဲ့နည်းကို သမ္ပယောဂနည်းလို့ခေါ်တယ်။ စိတ်ကိုင်ပြီးတော့ ဒီစိတ်နှင့် စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ ဘယ်နှစ်ခုယှဉ်သလဲ လို့ ရှာတဲ့နည်းကို သင်္ဂဟနည်းလို့ အဲသလိုနည်း ၂-မျိုး အဘိဓမ္မတ္ထသင်္ဂဟလို့ခေါ်တဲ့ သင်္ဂြိုဟ်ကျမ်းမှာ ပြထားတယ်။

အဲဒီနည်း ၂-မျိုးကို အမှီပြုပြီးတော့ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက အဲဒီနည်း ၂-ခု ရောတဲ့နည်း၊ မိဿကနည်းဆိုပြီးတော့ ထွင်ထားသေးတာ၊ အမှန်

[စာမျက်နှာ-3] ကတော့ နာမည်က ရှည်သေးတယ်၊ များနေမှာစိုးလို့ မိဿကနည်းလို့ပဲ လျှော့လိုက်တယ်၊ ဆရာတော်ကြီးပေးတဲ့နာမည်ကတော့ ဒုဘယမိဿကနည်းတဲ့။

မိဿကဆိုတာ အင်္ဂလိပ်လိုပြောရင် (mix) ရောနေတဲ့နည်းတဲ့၊ ၂-နည်း ရောတဲ့ နည်းကို ဒီနေ့ နည်းနည်းဖြစ်ဖြစ် လေ့လာရမယ်ပေါ့လေ။

အဲဒီတော့ ၂-နည်းရောတယ်ဆိုတာ ဘာလဲလို့ဆိုရင် သမ္ပယောဂနည်းက စေတသိက်ကနေပြီးတော့ စိတ်ကိုရှာတယ်၊ သင်္ဂဟနည်းက စိတ်ကနေ စေတသိက်ကို ရှာတယ်၊ ဟောဒီမိဿကနည်းက စေတသိက်က စေတသိက်ကိုရှာမယ်၊ စေတသိက်က စေတသိက်ကို ရှာတဲ့အခါကျတော့ နည်း ၂-ခုစလုံး မွှေနှောက်ရှာရတယ်။ ဒါကြောင့်မို့ ဒီနည်းကို မိဿကနည်းလို့ခေါ်တယ်၊ ဒါက စိတ်ယှဉ် စေတသိက်ယှဉ်ကို ပိုပြီးတော့ ကျေအောင် ဆရာတော် ဘုရားကြီးတွေ ထွင်ထားတဲ့ နည်းပဲ၊ အဲဒီတော့ ဒီစေတသိက်ဟာ ဘယ်စေတသိက်တွေနဲ့ ယှဉ်နိုင်သလဲ၊ အဲလို ရှာရမယ်။

ရှာရမယ်ဆိုတော့ ပထမဆုံးစေတသိက်ကို ရှာရမယ်ဆိုရင် သိပ်လွယ်တယ်။ ပထမဆုံး စေတသိက်က စိတ်အားလုံးနှင့် ယှဉ်တယ်၊ ဖဿ စေတသိက်ဟာ စိတ်အားလုံးနှင့်ယှဉ်တယ်၊ ဖဿ သည် စိတ်အားလုံးနှင့်ယှဉ်တယ်ဆိုတာ ဒါက သမ္ပယောဂနည်း။

တစ်ခါ အဲဒီစိတ်အားလုံးမှာ စေတသိက် ဘယ်လောက်ယှဉ်မှာတုန်းဆိုရင် စေတသိက်က အကုန်ယှဉ်မှာပေါ့၊ ဒါဖြင့် ဖဿ ဟာ စေတသိက်ဘယ်လောက်နှင့် ယှဉ်သလဲမေးရင် ဖဿ သည် စေတသိက်အားလုံးနှင့်ယှဉ်တယ်။

အားလုံးဆိုတဲ့ အထဲမှာ မိမိမပါနိုင်ဘူးပေါ့၊ မိမိသည် မိမိနှင့်ယှဉ်တယ်။ ဖဿ သည် ဖဿ နှင့်ယှဉ်တယ် မဆိုနိုင်ဘူး၊ ဒါကြောင့်မို့ စေတသိက် ၅၂-ထဲက ဖဿ ထုတ်လိုက်၊ စေတသိက်-၅၁ ကျန်တယ်၊ ဒါဖြင့်ရင် ဖဿ စေတသိက်သည် စေတသိက်ဘယ်လောက်နဲ့ယှဉ်သလဲ မေးရင် ဖဿ မှတပါး ဖဿ ကြဉ်တဲ့ စေတသိက် ၅၁-ပါးနှင့် ယှဉ်တယ်။

အဲသလို ၅၁-ပါးရအောင် ဘယ်လိုရှာယူသလဲ၊ ပထမ ဖဿ နှင့် ယှဉ်တဲ့စိတ် ရှာပြီးတော့မှ တစ်ခါ အဲဒီစိတ်တွေနဲ့ ယှဉ်တဲ့ စေတသိက်ရှာပြီးတော့မှ အဲဒီစေတသိက်တွေထဲက ဖဿ ကိုနုတ်၊ ဒီနည်းကတော့ ဒါပါပဲ၊ ဝေဒနာ၊ သညာ၊ စေတနာ စသည် အတူတူပဲပေါ့၊ သူက အားလုံးနှင့်ယှဉ်တာကိုး။

ဝိတက် ကကော၊ ဝိတက် ကအမှန်ကတော့ အတူတူသွားတယ်၊ ဝိတက် နှင့် ယှဉ်တဲ့ စိတ်က ၅၅-ပါးတောင်ရှိတာကို အဲဒီစိတ် ၅၅-မှာ ယှဉ်တဲ့စေတသိက်

[စာမျက်နှာ-4] ရှာလိုက်ရင် စေတသိက် အကုန်ပဲပြန်ရမယ်၊ ဒါကြောင့်မို့ မထူးတော့ဘူးတဲ့။

အဲဒါကြောင့်မို့ ဝိတက် နှင့်ယှဉ်တဲ့ စေတသိက်ဆိုရင်လည်း ဝိတက် ကြဉ်တဲ့ ဝိတက် မှတစ်ပါး စေတသိက် ၅၁-ပါး၊ ဝိစာရ လည်း အတူတူပဲ။

အဓိမောက္ခ ကျတော့ ဘယ်လောက်လဲ၊ စေတသိက် ၅၀-နှင့်ပဲယှဉ်တော့တယ်၊ အဓိမောက္ခ မယှဉ်တဲ့စိတ်က ဘာရှိလဲ၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်၊ အဲဒီ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် နှင့်ယှဉ်တဲ့စေတသိက်က ၁၅-ရှိတယ်၊ အဲဒီ ၁၅-ထဲမှာ ဝိစိကိစ္ဆာ ပါတယ် ဟုတ်လား၊ ဒါကြောင့်မို့ အဲဒီ ဝိစိကိစ္ဆာ ကြဉ်ရတယ်။

အဓိမောက္ခ ကတော့ အဓိမောက္ခမို့ကြဉ်လိုက်တော့ ဝိစိကိစ္ဆာ၊ အဓိမောက္ခ ကြဉ်တဲ့ စေတသိက် ၅၀-နှင့် ယှဉ်တယ်။

ဝီရိယ၊ ဝီရိယ ကတော့ ယှဉ်တဲ့စိတ်များတော့ ဖဿ လိုပဲသွားမယ်။

ပီတိ ကြည့်လိုက်စမ်း၊ ပီတိ ယှဉ်တဲ့ စေတသိက် ဘယ်လောက်ရှိတုန်း၊ ၄၆ ပဲရှိတယ်၊ ပီတိ က ဒေါမနဿ မှာ မယှဉ်ဘူး၊ ဥပေက္ခာ မှာ မယှဉ်ဘူး၊ အထူးသဖြင့် ဒေါမနဿ နှင့် မယှဉ်တော့ ဒေါမနဿ နှင့်သာ ယှဉ်တဲ့စေတသိက် ၄-ခု အလိုလို ထွက်မသွားပေဘူးလား၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဒီ ၄-ခု နုတ်လိုက် ၅၂-ထဲက ၄-ခု နုတ်လိုက်ရင် ၄၈။

ပီတိ ကလည်း သူ့မို့ကြဉ်ရမယ်၊ ဝိစိကိစ္ဆာ ကလည်းကြဉ်ရမယ်၊ ဝိစိကိစ္ဆာ က ဥပေက္ခာသဟဂုတ်၊ ဝိစိကိစ္ဆာ စိတ်မှာသာယှဉ်တာ၊ ဒါကြောင့်မို့ သူ့ကြဉ်လိုက်တော့ အားလုံးပေါင်း ၆-ခု နုတ်လိုက်တော့ စေတသိက် ၄၆-ကျန်တယ်၊ အဲဒီလို သွားမယ်ပေါ့။

ဆန္ဒ ကျတော့ ဘယ်လောက်လဲ၊ ၅၀-တဲ့၊ ဆန္ဒ က ဝိစိကိစ္ဆာ၊ ဆန္ဒ ကြဉ်တယ်။ ပြီးတော့ ဆန္ဒ က မောဟမူဒွေး မှာ မယှဉ်ဘူး။

မောဟ တဲ့၊ မောဟ ဆိုတာ အကုသိုလ်စေတသိက် ဖြစ်သွားပြီ၊ အကုသိုလ် စေတသိက်ဟာ အကုသိုလ်စိတ်မှာသာ ယှဉ်မှာဖြစ်တော့ သောဘနစေတသိက်တွေနဲ့ ပတ်သက်ပြီး ကြည့်စရာ မလိုဘူး၊ အဲဒီတော့-
* အညသမာန်း ၁၃-ရယ်
* အကုသိုလ် ၁၄-ရယ်၊ ပေါင်းလိုက်ရင်-၂၇
ဒီ ၂၇-ထဲမှာပဲကြည့်ရမယ်၊ ဒီတော့ မောဟ ဟာ အကုသိုလ်စိတ် ၁၂-ပါးလုံးနှင့် ယှဉ်တယ်၊ အကုသိုလ်စိတ် ၁၂-ပါးလုံးမှာ စေတသိက် ဘယ်လောက် ယှဉ်သလဲဆိုရင် ၂၇-ပေါ့၊ အဲဒီ ၂၇-ထဲက မောဟ ပြန်နုတ်လိုက်-၂၆၊ ဒီနည်း

[စာမျက်နှာ-5] ချည်းပဲ သွားမယ်။

အဲဒီတော့ သမ္ပယောဂနည်းနဲ့ ပထမကြည့်၊ နောက် သင်္ဂဟနည်းနှင့်ကြည့်ရတဲ့ စေတသိက်ထဲကမှ မိမိစေတသိက်ကို နုတ်ကြည့်လိုက်တဲ့အခါကျတော့ စိတ်တစ်ခု စီ တစ်ခုစီ မဟုတ်ပဲနဲ့ စိတ်အပေါင်းကိုကြည့်ရတော့ နည်းနည်းပိုခက်တာပေါ့။

ဆိုပါတော့၊ လောဘမူစိတ် ၈-ခုလုံးနှင့် ယှဉ်တဲ့စေတသိက် ၁၉၊ ၂၁၊ ၁၉၊ ၂၁ ထဲကဘာတွေထည့်ရမယ်၊ ဘာတွေနုတ်ရမယ် စသည်ပေါ့ အဲသလိုသွားရမယ်၊ ဒီနည်းကို မိဿကနည်းလို့ခေါ်တယ်၊ ဟိုနည်း ၂-နည်းကျေပြီးတဲ့နောက်ထပ်ပြီးတော့ ကျေအောင်ဆိုပြီးတော့ ဒီနည်းကို ဆရာတော်ဘုရားကြီးထွင်ထားတာ။

စာသင်သားငယ်အနေနဲ့ ကိုရင်လေးတွေ ဦးဇင်းလေးတွေ အနေနဲ့ကတော့ ဒါလုပ်ကို လုပ်ရတာ။

အခုလို ကြည့်လုပ်ရတာ မဟုတ်ဘူး၊ ညကြီး အမှောင်ထဲမှာ ကျေနေအောင် လုပ်ရတာ၊ ကွန်ပျူတာမပေါ်ခင်က အလွတ်ပေါ့၊ နေ့လည်ကတော့ ကိုယ့်ဘာသာကိုယ် ကြည့်ပြုထားပေါ့၊ ည သရုပ်ခွဲတယ်ဆိုတာကျတော့ ဆရာ့ဆီလည်း ခွဲတာရှိတယ်။ အချင်းချင်းလည်းခွဲရတာရှိတယ်၊ အချင်းချင်းကျတော့လည်း ပိုပြီးတော့ လွတ်လပ်တာပေါ့လေ၊ ဆရာကို မကြောက်ရတာပေါ့၊ အဲသလိုပဲလုပ်ရတာ၊ ဒါဟာ စေတသိက်ပိုင်း အဆုံးပဲလို့ ဆိုကြစို့ရဲ့။

အဲဒီတော့ ရှေ့မသွားခင် ရှေ့ဆိုတာက တတိယပိုင်းကိုမသွားခင် နောက် ပြန်ပြီးတော့ လှည့်ဦးမှဖြစ်မယ်၊ ဘာကြောင့်လဲဆိုရင် အထူးသဖြင့် စိတ်ပိုင်းမကျေရင် ရှေ့လာမယ့် ပကိဏ်းပိုင်းလို့ခေါ်တဲ့ အပိုင်းကျတော့ ဒီလိုပဲ ချာလည် ချာလည်နဲ့ နေလိမ့်မယ်နော်၊ ဟိုက စိတ်တွေကိုပဲ ပြောသွားလိမ့်မယ်။

ဆိုပါတော့၊ သုခဝေဒနာ က ဘယ်စိတ်နှင့်ယှဉ်တယ်၊ သောမနဿဝေဒနာ က ဘယ်စိတ်နှင့် ယှဉ်တယ်ဆိုရင် စိတ်ပိုင်းပြန်ပြန်ရောက်ရမှာ။

လောဘဟိတ် က ဘယ်စိတ်နှင့်ယှဉ်တယ်၊ ဒေါသဟိတ် က ဘယ်စိတ်နှင့် ယှဉ်တယ်၊ ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ်၊ ဟိတ် ၂-ပါးနှင့် ယှဉ်တဲ့စိတ်ဆိုရင်လည်း စိတ်ပြန်သွားရမယ်။

ကိစ္စဆိုတာတွေရှိတယ် (function) ဒီစိတ်က ဒီကိစ္စလုပ်တယ်၊ ဟိုစိတ်က ဟိုကိစ္စလုပ်တယ်၊ အဲဒီကိစ္စတွေနဲ့ စိတ်တွေနဲ့ တွဲရမှာဆိုတော့လဲ စိတ်ပြန်သွားရမယ်။ ဒါကြောင့်မို့ စိတ်ပိုင်းမကျေရင်မဖြစ်ဘူး၊ စိတ်ပိုင်းကျေအောင် ထပ်ပြီးတော့လုပ်ကြရအောင်။

[စာမျက်နှာ-6] စိတ်ပိုင်းကျေအောင် ထပ်လုပ်တော့ အခု အစက်ကလေးတွေကိုပဲ ကြည့်ရမယ်။ အစက်ကလေးတွေကို ကာလာတော့ ထည့်ထားကြ၊ အဲဒီတော့ ဒီဟာကို မျက်စိနဲ့ မြင်ကိုနေရမယ်၊ မျက်စိမှိတ်လိုက်ရင် ဒါကို မြင်ကို မြင်လာရမယ်၊ အဲဒီလိုမြင်နေမှ ကျေမှာ၊ အဲဒီလို မဟုတ်ရင် မကျေဘူး၊ ဒီတော့ ဒါကျအောင် ပြန်ပြီးတော့ လုပ်ရမယ်၊ မကျေလို့ မဖြစ်ဘူး။

အဲဒီတော့ ဦးဇင်းတို့ သတ်မှတ်ထားတာက သောမနဿ ကို အနီခြယ်တယ်၊ ဥပေက္ခာ ကို အပြာခြယ်တယ်၊ ဒေါမနဿ ကို အစိမ်းခြယ်တယ်။

အဲဒီတော့ အခု စိတ်ပိုင်းပြန်ချေမလို့၊ ရှေ့ပကိဏ်းပိုင်း မသွားသေးပဲနဲ့ စိတ်ပိုင်းကို ပြန်ကျေအောင် လုပ်ရမယ်၊ စေတသိက်ပိုင်းရောပေါ့၊ ဘာပြုလို့လဲ ဆိုတော့ ဒါမကျေရင် ရှေ့သွားရတာ မကောင်းဘူး ဖြစ်လိမ့်မယ်၊ မြေပုံမကျေပဲနဲ့ မြို့ထဲခရီးသွားသလို ဖြစ်လိမ့်မယ်၊ ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။

အဲဒီတော့ စိတ်အားလုံး ဘယ်လောက်ရှိလဲ ၁၂၁-ပါးရှိတယ်၊ အကျဉ်းအားဖြင့် ဆိုရင်တော့ ၈၉-ပါး (သို့မဟုတ်) တစ်ခုယုတ် ၉၀-လို့ ခေါ်တယ်။

အဲဒီထဲမှာတဲ့ ပထမဆုံးအတန်းကို ကြည့်လိုက်ပါ၊ ပထမဆုံး ဒေါင်လိုက် အတန်းနော်၊ အဲဒီ ပထမဆုံး ဒေါင်လိုက် အတန်းမှာ အစက် ၁၂-ခုရှိတယ်၊ အဲဒီ တစ်တန်းလုံးကို အကုသိုလ် လို့ခေါ်တယ်၊ မကောင်းတာလုပ်တာမှန်သမျှ ဒီစိတ်တွေ ထဲက တစ်ခုခုနှင့် လုပ်တာတွေချည်းပဲ။

လိုချင်တယ်၊ စိတ်ဆိုးတယ်၊ တွေဝေတယ်၊ အိပ်ချင်တယ်၊ အကုန်လုံးဟာ ဒီစိတ်တွေနဲ့ချည်းဖြစ်တာပဲ။

ကောင်းပြီ၊ ဒီစိတ် ၁၂-ခုထဲမှာ အနီဘယ်နှစ်ခုပါသလဲ၊ ၄ -ခုပါတယ်၊ အပြာကတော့ ၆-ခုပါတယ်၊ အစိမ်းကတော့ ၂ ခုပါတယ်၊ အဲဒီတော့ ပထမ အနီ ၄-ခုနဲ့ ပထမ အပြာ ၄-ခု အားလုံးပေါင်း ဘယ်လောက်လဲ၊ ၈-ခု၊ အဲဒီ ၈-ခုကို လောဘမူလ သို့မဟုတ် လောဘမူစိတ် လို့ ခေါ်တယ်။

လောဘမူစိတ် ဆိုတာ လောဘ နှင့် ယှဉ်ပြီးတော့ ဖြစ်တယ်လို့ ဆိုလိုတယ်။ လောဘ တည်းဟူသော မူလရှိတယ်၊ ဒါ ဘုန်းကြီးစကားနှင့်ပြောတာ၊ မြန်မာလို ရိုးရိုးပြောရင် လောဘ နှင့် ယှဉ်တဲ့စိတ်၊ လောဘ နှင့် တွဲဖြစ်တဲ့စိတ်၊ လောဘ ဆိုတာ စေတသိက်ထဲပါတယ်၊ အဲဒါကြောင့်မို့လို့ လောဘမူစိတ် ၈-ပါး ရှိတယ်တဲ့။

၈-ပါးမှာ ပထမ ၄-ပါးက သောမနဿဝေဒနာ နှင့်အတူဖြစ်တယ်၊ နောက် ၄-ပါးက ဥပေက္ခာဝေဒနာ နှင့်အတူဖြစ်တယ်၊ သောမနဿဝေဒနာ ဆိုတာ ပျော်တာ

[စာမျက်နှာ-7] ရွှင်တာ ဝမ်းသာတာ၊ ဥပေက္ခာ ဆိုတာက ဝမ်းသာတာလည်းမဟုတ်ဘူး၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ အလယ်အလတ်ပေါ့၊ အဲဒါကို ဥပေက္ခာ လို့ခေါ်တဲ့ neutral feeling။

အဲဒီ သောမနဿ ၄-ခုမှာ ပထမ ၂-ခုက မိစ္ဆာဒိဋ္ဌိ နှင့်ယှဉ်တယ်နော်၊ ဒုတိယ ၂-ခုက မိစ္ဆာဒိဋ္ဌိ နှင့် မယှဉ်ဘူး။

မိစ္ဆာဒိဋ္ဌိ ဆိုတာ မှားသောအယူပေါ့၊ မှားသောအယူဆိုတာ ကံကံ၏အကျိုး မရှိဘူးလို့ ယူတာမျိုး၊ နောက်ဘဝ မရှိဘူးလို့ ယူတာမျိုး၊ အဲဒီလို ယူတာမျိုးကို မိစ္ဆာဒိဋ္ဌိ လို့ခေါ်တယ်၊ ဒါနရဲ့ အကျိုးမရှိဘူးစသည်ပေါ့လေ။ အဲဒီ မိစ္ဆာဒိဋ္ဌိ နှင့် တွဲဖြစ်တဲ့စိတ်ကို ဒိဋ္ဌိဂတသမ္ပယုတ် ခေါ်တယ်။

ဒါကြောင့်မို့ ပထမ ၂-ခုက မိစ္ဆာဒိဋ္ဌိ နဲ့ တွဲဖြစ်တယ်၊ ဒုတိယ ၂-ခုက မိစ္ဆာဒိဋ္ဌိ နှင့် တွဲပြီးတော့ မဖြစ်ဘူး၊ မှားတဲ့အယူမပါပဲနဲ့ လောဘ နဲ့ ယှဉ်တာ၊ ပထမ ၂-ခုက မှားတဲ့အယူနဲ့ တွဲပြီးတော့ လောဘ နှင့်ယှဉ်တာ။

ဒါကြောင့်မို့ ပါဠိလို ခေါ်လိုက်ရင် ပထမ ၂-ခုကို ဒိဋ္ဌိဂတသမ္ပယုတ်၊ ဒုတိယ ၂-ခုကို ဒိဋ္ဌိဂတဝိပ္ပယုတ်။

တစ်ခါ ဒိဋ္ဌိဂတသမ္ပယုတ် ၂-ခုထဲမှာ ပထမစိတ်က မတိုက်တွန်းပဲနဲ့ဖြစ်လာတဲ့ စိတ်မျိုး၊ ဘယ်သူကမှ တိုက်တွန်းရတာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုလည်း တိုက်တွန်းရတာ မဟုတ်ပဲနဲ့ (Spontaneously) ထပြီးဖြစ်တဲ့စိတ်မျိုးကို တိုက်တွန်းမှုမရှိတဲ့ စိတ်၊ ပါဠိလို အသင်္ခါရိကစိတ်၊ ပထမစိတ်က အသင်္ခါရိက။

ဒုတိယစိတ်က သသင်္ခါရိက၊ တိုက်တွန်းခြင်းနှင့် တကွဖြစ်တဲ့ တိုက်တွန်းလို့ ဖြစ်တဲ့ သူများက တိုက်တွန်းသည်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို တိုက်တွန်းသည်ဖြစ်စေ တိုက်တွန်းလို့ ဖြစ်လာတဲ့ စိတ်မျိုး။

ဒါကြောင့်မို့ ပထမစိတ် ၂-ခုကို ကြည့်လိုက်ရင် အားလုံးပေါင်းလိုက်စမ်း၊ ဝေဒနာက စပြောလိုက်စမ်း၊ ပထမစိတ်က သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိက။

ဒုတိယစိတ်ကတော့ သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ သသင်္ခါရိက စိတ်။

တတိယစိတ်ကျတော့ ဒိဋ္ဌိဂတဝိပ္ပယုတ္တ ဒိဋ္ဌိမယှဉ်တာ၊ သောမနဿသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ အသင်္ခါရိကစိတ်။

စတုတ္ထစိတ်၊ သောမနဿသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ သသင်္ခါရိကစိတ်။

[စာမျက်နှာ-8] အဲဒီတော့ မှားတဲ့အယူပါတာ၊ မှားတဲ့အယူမပါတာ၊ ဝမ်းမြောက်မှုနှင့်ယှဉ်တာ၊ ပြီးတော့ တိုက်တွန်းမှုရှိတာ၊ မရှိတာ၊ ဒီ ၄-ခု နားလည်ရင် နောက် ၄-ခုလည်း နားလည်တော့တာပေါ့။

နောက် ၄-ခုက ဥပေက္ခာ နှင့်ယှဉ်တာ၊ ဥပေက္ခာ ဆိုတာ ဝမ်းသာတာလည်း မဟုတ်ဘူး၊ ဝမ်းနည်းတာလည်းမဟုတ်ဘူး၊ အလယ်အလတ်ဖြစ်တဲ့ဝေဒနာ၊ အဲဒီဝေဒနာ နှင့်ယှဉ်ပြီးတော့လည်း ခုနလိုပဲ မိစ္ဆာဒိဋ္ဌိ နဲ့ယှဉ်တာက ၂-ခု၊ မိစ္ဆာဒိဋ္ဌိ နှင့် မယှဉ်တာက ၂-ခု။

အဲဒီ ၂-ခု ၂-ခုမှာလည်းပဲ တစ်ခုတစ်ခုက ဘာလဲ၊ တိုက်တွန်းမှု မရှိတာ၊ နောက်တစ်ခုက တိုက်တွန်းမှုရှိတာ၊ ဒါဖြင့်ရင် နံပါတ် ၅-ဆိုကြပါစို့၊ ပထမဆုံး အပြာ၊ ဆိုလိုက်စမ်းပါဦး ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိက၊ ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ သသင်္ခါရိက။

တတိယစိတ်ကျတော့ ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ အသင်္ခါရိကစိတ်၊ နောက်စိတ်ကျတော့ ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ သသင်္ခါရိကစိတ်၊ ဒီ ၈-ခုကို လောဘမူလစိတ်။

မိမိလိုချင်တဲ့ အခါမျိုး၊ တွယ်တာတဲ့အခါမျိုး၊ တပ်မက်တဲ့ အခါမျိုးမှာ ဒီစိတ် ၈-ခုထဲက တစ်ခုခု ဖြစ်တယ်ပေါ့၊ မိမိသန္တာန်မှာ ပစ္စည်းလေးတစ်ခုတွေ့တယ်၊ လှလိုက်တာ လိုချင်လာတယ်၊ ဒီ လောဘစိတ် ၈-ခုထဲက တစ်ခုခုဖြစ်ပြီ။

ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်ကခင်တွယ်လာတယ်၊ ချစ်လာတယ်၊ ကြိုက်လာတယ်၊ စသည်ပေါ့နော်၊ ဒါဆိုရင်လည်းပဲ ဒီထဲက တစ်ခုခုဖြစ်ပြီပေါ့။

ဗုဒ္ဓဘာသာဝင်တွေမှာတော့ များသောအားဖြင့် ဒိဋ္ဌိဂတသမ္ပယုတ် ဆိုတာ အဖြစ်နည်းပါလိမ့်မယ်နော်၊ ဘာကြောင့်တုန်းဆိုတော့ ကံကံ၏အကျိုး မရှိဘူးလို့ ယူတဲ့ ဗုဒ္ဓဘာသာဆိုတာ မရှိဘူး၊ သို့သော် ဘာတော့ဖြစ်နိုင်သလဲဆိုရင် မြဲတယ်တို့ ဘာတို့တော့ ယူမိတတ်တယ်၊

ဒါကြောင့် အဲဒီ ၈-ခုကို လောဘမူလစိတ် လို့ခေါ်တယ်။ အဲဒီ ၈-ခု ပြီးတော့ နောက် ၂-ခုက အစိမ်းရောင် ခြယ်ထားတယ်၊ ဒါက ဒေါသမူလစိတ်၊ စိတ်ဆိုးရင်၊ စိတ်ညစ်ရင်၊ ငိုကျွေးရင်၊ ဝမ်းနည်းရင် ကြောက်ရင် ဒီစိတ် ၂-ခု တစ်ခုခုပဲ။ မေး - ထမင်းဆာရင်ကောဘုရား။ ဖြေ - ထမင်းဆာရင် စိတ် ၈-ခုထဲကတစ်ခုခုပဲ၊ လောဘထဲကပဲ၊ စားချင်လာတာကိုး၊ ထမင်းဆာပြီး စိတ်တိုလာရင်တော့ ဒေါသဖြစ်သွားမယ်၊ ပထမ လောဘ

[စာမျက်နှာ-9] ဖြစ်မယ်၊ လောဘ ကနေ ဒေါသ ဖြစ်သွားမယ်၊ ထမင်းဆာရင် စိတ်တိုတယ် မဟုတ်ဘူးလား၊ ဒါဟာ ထုံးစံပဲ။

ဒါကြောင့်မို့ အစိမ်း ၂-ခုက ဒေါမနဿသဟဂတ၊ ဒေါမနဿသဟဂတ ကျတော့ ပဋိဃသမ္ပယုတ် လို့ပြောတယ်၊ ပထမဟာလည်း ပဋိဃသမ္ပယုတ် ပဲ၊ ဒုတိယဟာလည်း ပဋိဃသမ္ပယုတ် ပဲ၊ ဒေါမနဿ ဖြစ်ရင် ပဋိဃ လည်း အတူတူ ပါတော့တာပဲတဲ့နော်၊ ဒေါမနဿ ဆိုတာဝေဒနာ၊ ပဋိဃ ဆိုတာ ဒေါသစေတသိက်၊ မတူဘူး၊ ဒေါမနဿ က ခံစားမှု၊ ဒေါသ ကတော့ ပြစ်မှားမှု၊ အဲသလိုသဘော ၂-မျိုး ကွဲတယ်။

သို့သော် သူတို့က အမြဲတမ်းအတူဖြစ်တယ်၊ ဒါကြောင့်မို့ ဒေါမနဿသဟဂတ ပဋိဃသမ္ပယုတ္တ၊ ပထမစိတ်က အသင်္ခါရိက၊ လူတွေ အသင်္ခါရိက က များလိမ့်မယ် ထင်တယ်၊ ဘယ်သူကမှ မတိုက်တွန်းရဘူး၊ ဒေါသဆို ထောင်းကနဲထသွားတာ။

ဒုတိယစိတ်ကကော သသင်္ခါရိက တဲ့၊ ဒါဖြင့်ရင် ဒေါသမူစိတ် ကတော့ ၂-ပါးထဲရှိတယ်တော်ပါသေးရဲ့ ဒေါသမူစိတ် များ အများကြီးရှိရင်တော့ ကမ္ဘာကြီး ဒီထက် ဒုက္ခများလိမ့်မယ်၊ ဒေါသမူစိတ် ၂-ခုထဲရှိတာတောင် လောကမှာ ဖြစ်နေကြတာ ဟုတ်လား။

နောက် ၂-ခု ကျန်တော့တယ်၊ နောက် ၂-ခုက မောဟမူစိတ် လို့ခေါ်တယ်။ မောဟ နှင့်တွဲပြီးတော့ ဖြစ်တယ်ပေါ့၊ ပထမ ၈-ခုက လောဘ နှင့် တွဲဖြစ်တယ်၊ ဒုတိယ ၂-ခုက ဒေါသ နှင့် တွဲဖြစ်တယ်၊ နောက်ဆုံး ၂-ခုက မောဟ နှင့်တွဲဖြစ်တယ်။

မောဟ ဆိုတာ တွေဝေတာ၊ အမှန်မသိတာ၊ အမှားသိတာ၊ မှားမှားယွင်းယွင်း သိတာလည်းမောဟပဲ၊ အမှန်အတိုင်း မသိတာလည်း မောဟပဲ၊ အဲဒီမှာ ဝေဒနာက ဘာဝေဒနာနှင့် ယှဉ်လဲဆိုရင် ဥပေက္ခာဝေဒနာ နှင့်ယှဉ်တယ်တဲ့။

တွေဝေထိုင်းမှိုင်းတယ်ဆိုတော့ ထက်တဲ့ဝေဒနာဖြစ်တဲ့ သောမနဿ နှင့်လည်း မယှဉ်နိုင်ဘူး၊ ဒေါမနဿ နှင့်လည်း မယှဉ်နိုင်ဘူး၊ ပထမစိတ်က ဘာနဲ့ ယှဉ်သတဲ့တုံး ဝိစိကိစ္ဆာ တဲ့၊ ဝိစိကိစ္ဆာ ဆိုတာ ယုံမှားတာ၊ ဘုရားတရားသံဃာ သိက္ခာ-၃-ပါး စသည်မှာ ယုံမှားတာ၊ မဆုံးဖြတ်နိုင်ဘူး၊ ဟိုလိုလို ဒီလိုလိုတွေ နေတာမျိုးပေါ့၊ အဲဒီလို ယုံမှားမှု သံသယဖြစ်မှု၊ အဲဒါနဲ့အတူတကွ ဖြစ်တဲ့စိတ်ကို မောဟမူပထမစိတ်၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်။

ဒုတိယစိတ်ကတော့ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၊ ဥဒ္ဓစ္စ ဆိုတာက ပျံ့လွင့်တာလို့ ခေါ်တယ်၊ အာရုံနှင့် စိတ်နှင့် ချပ်ချပ်ရပ်ရပ် မနေတာပေါ့လေနော်၊ ဟိုအာရုံလိုလို

[စာမျက်နှာ-10] ဒီအာရုံလိုလိုနဲ့ နေတာကို ဥဒ္ဓစ္စသမ္ပယုတ်စိတ် လို့ခေါ်တယ်။

ဒါဖြင့် မောဟမူစိတ် ဘယ် နှစ်ပါးရှိသတုန်း ၂-ပါးရှိတယ်၊ ပထမစိတ်က ဥပေက္ခာသဟဂတ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်၊ နောက်တစ်စိတ်က ဥပေက္ခာသဟဂတ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၊ ဟုတ်ပြီနော်၊ အားလုံးပေါင်းလိုက်ရင် ၁၂-ပါး။

အဲဒီမှာ အမှန်အတိုင်းပြောမယ်ဆိုရင်တော့ မောဟ က ၁၂-ခုလုံးနှင့်ယှဉ်တာ နော်၊ စေတသိက်ပိုင်းတုန်းကတွေ့ခဲ့ပြီ။

အဲဒီတော့ လောဘမူစိတ် ၈-ပါးမှာလည်း မောဟ ပါတာပဲ၊ ဒေါသမူစိတ် ၂-ပါးမှာလည်း မောဟ ပါတာပဲ၊ မောဟမူစိတ် မှာလည်း မောဟ ပါတာပဲ။

ဒါပေမယ်လို့ ဟိုစိတ်တွေကို လောဘမောဟမူစိတ် လို့ မခေါ်ဘူး၊ ဒေါသမောဟမူစိတ် လို့ မခေါ်တော့ဘူး၊ လောဘမူစိတ်၊ ဒေါသမူစိတ် လို့ပဲ ခေါ်တော့တယ်။ နောက်ဆုံးစိတ်ကျတော့မှသာ တခြား လောဘ နှင့် ဒေါသ မပါတော့ဘူး၊ မောဟ ချည်းသက်သက်ဖြစ်လို့ မောဟမူစိတ် လို့ခေါ်တာ၊ သိထားရမှာတော့ လောဘမူစိတ် လို့ဆိုတာဟာ လောဘ နှင့်သာ တွဲဖြစ်တယ်၊ မောဟ မပါဘူးလို့ မမှတ်ရဘူး၊ မောဟ လည်းပါတယ်၊ ဒေါသမူစိတ် လည်း ဒီအတိုင်းပဲ မောဟ ပါတယ်၊ ဘာကြောင့်လဲ ဆိုရင် မောဟ သည် အကုသိုလ် ၁၂-ပါးလုံးနှင့်ယှဉ်တဲ့ စေတသိက်ဖြစ်တယ်၊ ဒါက အကုသိုလ်စိတ် ၁၂-ပါး၊ တစ်ခေါက်ဆိုစမ်းပါ။

* သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိကစိတ်
* သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ သသင်္ခါရိကစိတ်
* သောမနဿသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ အသင်္ခါရိကစိတ်
* သောမနဿသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ သသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ သသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ အသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ သသင်္ခါရိကစိတ်
(လောဘမူစိတ် ၈-ပါးပြီးသွားပြီ။)

ဒေါသမူစိတ် ၂-ပါး
* ဒေါမနဿသဟဂတ ပဋိဃသမ္ပယုတ္တ အသင်္ခါရိကစိတ်
* ဒေါမနဿသဟဂတ ပဋိဃသမ္ပယုတ္တ သသင်္ခါရိကစိတ်

[စာမျက်နှာ-11]
မောဟမူစိတ် ၂-ပါး
* ဥပေက္ခာသဟဂတ ဝိစိကိစ္ဆာသမ္ပယုတ္တစိတ်
* ဥပေက္ခာသဟဂတ ဥဒ္ဓစ္စသမ္ပယုတ္တစိတ်

ကောင်းပြီ ဒါ အကုသိုလ်စိတ် ၁၂-ပါး ပြီးသွားပြီ၊ သောမနဿ ၄-ပါး၊ ဥပေက္ခာ ၆-ပါး၊ ဒေါမနဿ ၂-ပါးပါတယ်၊ ဒီမှာကြည့်လိုက်ရင် ရှင်းနေတာ။

ကိုင်း, ရှေ့သွားကြစို့၊ နောက် group က ၃-တန်းကို one group, အဲဒီ ၃-တန်းက အဟိတ်စိတ်၊ ဟိတ်နှင့်မယှဉ်တဲ့စိတ်၊ ဟိတ်ဆိုတာဘယ်ဟာတွေလဲဆိုရင် လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ, အဲဒီ ဟိတ်တွေနဲ့ မယှဉ်တဲ့စိတ်တဲ့။

စေတသိက်ပိုင်းနဲ့ တွဲပြီးတော့ ရှာကြည့်ပါလား၊ ဒီစိတ်တွေနဲ့ယှဉ်တဲ့စေတသိက်တွေထဲမှာ လောဘ, ဒေါသ, မောဟများပါလားလို့၊ မပါတာတွေ့ရလိမ့်မယ်။ ဒါကြောင့်မို့ အဟိတ်စိတ်လို့ခေါ်တာ။

ပထမအတန်းကို အကုသလဝိပါက်၊ ဒုတိယအတန်းကို အဟိတ်ကုသလဝိပါက်၊ တတိယတန်းကို အဟိတ်ကြိယာစိတ်လို့ ခေါ်တယ်။ အကုသလဝိပါက်ဆိုတာ အကုသိုလ်ရဲ့ အကျိုး ဝိပါက်ဆိုတာ အကျိုးကို ခေါ်တာနော်၊ အကုသလဝိပါက်ဆိုတော့ အကုသိုလ်ရဲ့ အကျိုး။

ဒီစိတ်တွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်ရင်, ဒါ နောက်ဘဝက အကုသိုလ် လုပ်ခဲ့တဲ့အတွက် အကုသိုလ်ရဲ့ အကျိုး ဒီမှာလာပြီးတော့ ပေါ်တာ။

ကောင်းပြီ, အဲဒီမှာ ပထမဆုံးစိတ်က ဘာစိတ်တုန်း မြန်မာလိုပြောစမ်း၊ မြင်တဲ့စိတ်, မြင်တဲ့အခါဖြစ်တဲ့စိတ်နော်၊ ပါဠိလိုခေါ်တော့ စက္ခုဝိညာဏစိတ်၊ အဲဒီပါဠိကို မြန်မာဟန်လုပ်တဲ့အတွက် စက္ခုဝိညာဉ်စိတ်ခေါ်တယ်၊ ဝိညာဉ်လို့ မဖတ်နဲ့ ဝိန်ညာဉ်လို့ ဖတ်ရမယ်၊ စက္ခုဝိညာဉ်စိတ်, မြန်မာလို ရှင်းရှင်းနားလည်ဖို့က မြင်သိစိတ်။

ဒုတိယစိတ်က ကြားသိစိတ်, သောတဝိညာဉ်စိတ်။
တတိယက နံသိစိတ်, ဃာနဝိညာဉ်စိတ်။
စတုတ္ထက စားသိစိတ်။
ပဉ္စမက ထိသိစိတ်။

ကောင်းပြီ, ဘာထူးခြားချက်တွေ့လဲ အစိမ်း (cross) ကလေးဖြစ်နေတယ် ဟုတ်လား၊ အဲဒါ ထူးခြားချက်ပေါ့၊ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ပထမ

[စာမျက်နှာ-12] မြင်သိစိတ်က ဘယ်ဝေဒနာနဲ့ ယှဉ်သလဲ, ဥပေက္ခာဝေဒနာ။
* ကြားသိစိတ် ဥပေက္ခာဝေဒနာ။
* နံသိစိတ် ဥပေက္ခာဝေဒနာ။
* စားသိစိတ် ဥပေက္ခာဝေဒနာ။
* ထိသိစိတ်ကျတော့ ဒုက္ခဝေဒနာ နှင့် ယှဉ်တယ်၊ ဆင်းရဲတဲ့ဝေဒနာ, မခံသာတဲ့ဝေဒနာ၊ အဲဒါ လက်တွေ့သိချင်ရင် ကိုယ့်ဟာကိုယ် တစ်ခုခုနှင့် ထုကြည့်ပေါ့။ အပ်ကလေးရှိရင် အပ်ကလေးနဲ့ ထိုးကြည့်လိုက်ပေါ့၊ အဲဒီ ဝေဒနာဟာ ဒုက္ခဝေဒနာ, ခြေကျင်တာလည်း ဒုက္ခဝေဒနာ ပေါ့၊ အဲဒီတော့ မကောင်းတာဖြစ်တဲ့အခါမှာ ဒီစိတ်ဖြစ်တယ်။

ကိုယ် မမြင်ချင်တာမြင်တဲ့အခါမှာ အကုသလဝိပါက် စက္ခုဝိညာဏစိတ် ဖြစ်တာ, ကိုယ်မကြားချင်တာကြားရတဲ့အခါမှာ အကုသလဝိပါက် သောတဝိညာဏစိတ် ဖြစ်တာ စသည်ဖြင့် သိရမယ်။

အဲဒါကြောင့်မို့ ကိုယ်မမြင်ချင်တာ မြင်လာပြီ, ကိုယ်မကြားချင်တာ ကြားလာပြီ ကိုယ်မတွေ့ချင်တာတွေ့လာပြီဆိုရင် ဘယ်သူ့မှ အပြစ်မတင်နဲ့၊ ကိုယ့်အကုသိုလ်ကိုယ်ပြန်အပြစ်တင်တဲ့၊ ငါနောက်ဘဝက လုပ်ခဲ့လို့ ငါနောက်ဘဝက အကုသိုလ်အကျိုးကို ငါ ပြန်တွေ့တာ၊ ဟိုလူ့အပြစ်တင်, ဒီလူ့အပြစ်တင်ဖို့ မလိုဘူးဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။

ဘယ်သူမပြု မိမိမှုဆိုတဲ့ အတိုင်းပဲ, ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်ဒီမှာလာပြီးတော့ ခံစားရတာ၊ ဒါကြောင့်မို့ ဒီစိတ်တွေကို ဘာလို့ခေါ်လဲ၊ အကုသလဝိပါက်နော်။

အဲဒီ ၅-ခု ပြီးတော့ နောက်တစ်ခုက ဘာတဲ့လဲ၊ သမ္ပဋိစ္ဆနစိတ်, မြန်မာလို သမ္ပဋိစ္ဆိုင်းလို့ခေါ်တယ်။ သမ္ပဋိစ္ဆန ဆိုတာ လက်ခံတာ၊ အာရုံကိုလက်ခံတာ။

အာရုံကိုလက်ခံတဲ့စိတ်, သမ္ပဋိစ္ဆိုင်းစိတ်၊ အာရုံတစ်ခုကိုတွေ့တယ်, မြင်တယ်, ကြားတယ်, နံတယ် စသည်ဖြင့်ဖြစ်လာရင် အဲဒီအာရုံက ခန္ဓာကိုယ်ဆီ (ဆိုပါတော့) ကိုယ့်ဆီရောက်လာတယ်၊ ကိုယ့်ဆီရောက်လာတဲ့အခါမှာ ကိုယ်က လက်ခံလိုက်တယ်၊ အဲဒီလို လက်ခံတဲ့စိတ်ကို သမ္ပဋိစ္ဆနစိတ် လို့ခေါ်တယ်၊ ဒါတွေက သိပ်ပြီးတော့ အသေးစိပ်တယ်။ မြင်လိုက်တယ်ဆိုရင် ကိုယ်က ထင်တာတော့ အခုချက်ချင်းတွေ့

[စာမျက်နှာ-13] အခုချက်ချင်း သိလိုက်တာပေါ့လို့ထင်တာ။

ဒါပေမယ်လို့ မြင်တယ်လို့သိဖို့ရာဟာ စိတ်ပေါင်းများစွာဖြစ်ရတယ်၊ ဒါပေမယ့် စိတ်အဖြစ်က မြန်လွန်းလို့ အဲသလို တစ်ခုတစ်ခုကို ဦးဇင်းတို့က မသိတော့ဘူး၊ မြင်လိုက်တာပဲ, ကြားလိုက်တာပဲ စသည်ဖြင့် သွားတယ်။

ရုပ်ရှင်ကြည့်သလိုပဲ, ရုပ်ရှင်ဖလင်မှာ အကွက်အကွက်ကလေးတွေပါတာ ဘယ်သူမှ မသိဘူး၊ ကြည့်နေတော့ လူလှုပ်ရှားနေတယ်လို့ ထင်တာပဲ၊ တကယ်ကျတော့ ဘာလဲဆိုရင် ဒီအကွက်အကွက်ကလေးတွေ သွားနေတာပဲ။

အဲဒီအတိုင်းပဲ, ဦးဇင်းတို့ဉာဏ်က မမီသေးတော့ အကွက်အကွက်ကို ရပ်ပြီးတော့ မကြည့်နိုင်တော့ဘူး၊ သူက တစ်စပ်ထဲလို့ထင်ပြီးတော့ (illusion) အားလုံး (illusion) ပဲ၊ တကယ့်အစစ်အမှန်ကတော့ အကွက်အကွက်ထဲကလိုပဲ။ အသေရုပ်တွေကမှ တကယ့်အစစ်အမှန်၊ အဲဒီအကွက်အကွက် တစ်ခုတစ်ခုကို ပြောပြီးတော့ လေ့လာနေရင် ဒါ အခုလေ့လာတာနဲ့ အတူတူပဲ၊ ဒါက သမ္ပဋိစ္ဆိုင်း လက်ခံတာ။

နောက်တစ်ခုက လက်ခံအပြင် စုံစမ်းတာ, investigation ကိုယ့်ကို ပစ္စည်းတစ်ခုပေးလိုက်ရင် လက်ခံရမယ်ပေါ့၊ ဟုတ်လား၊ လက်ခံပြီးရင် ဟုတ်မဟုတ် ကောင်းမကောင်း စုံစမ်းတယ်ပေါ့။

ဒါကြောင့် ဒီမှာစိတ် ၇-ခုရှိတယ်၊ အဲဒီ ၇-ခုကို ဘာလို့ခေါ်လဲ, အကုသလဝိပါက်စိတ်, ပါဠိလို ဆိုလိုက်စမ်းပါ။
* ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
* ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
* ဥပေက္ခာသဟဂတ ဃာနဝိညာဏစိတ်
* ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
* ဒုက္ခသဟဂတ ကာယဝိညာဏစိတ်
* ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
* ဥပေက္ခာသဟဂတ သန္တီရဏစိတ်

ဒီ ၇-ပါးက အကုသိုလ်ရဲ့ အကျိုး၊ မကောင်းတာတွေ့ကြုံတဲ့အခါမှာ ဒီစိတ်တွေတွေ့ရတယ်, ဒီစိတ်တွေဖြစ်တယ်၊ ဒီစိတ်တွေဟာ ဘာမှကိုယ်က ပြုပြင်လို့ရမဟုတ်ဘူး၊ အကျိုးဖြစ်တဲ့စိတ်တွေမို့လို့နော်၊ မကောင်းတာတွေ့ရင် ဒီစိတ်ကတော့ လာမှာပဲ၊ ပြီးတော့မှ နောင်ကုသိုလ်ဖြစ်ဖို့ အကုသိုလ်ဖြစ်ဖို့ကျတော့

[စာမျက်နှာ-14] ကိုယ့်မှာ choice ရှိလာမယ်၊ ကိုယ်က အသင့်အတင့် နှလုံးသွင်းတတ်ရင် ကုသိုလ်စိတ် ဖြစ်မယ်၊ အသင့်အတင့် နှလုံးမသွင်းတတ်ရင် အကုသိုလ်စိတ်ဖြစ်မယ်၊ ဒီစိတ်တွေအခိုက်အတန့်မှာတော့ ဒါပဲ, ပြုပြင်ပြောင်းလဲလို့မရဘူး၊ သူက ဝိပါက်စိတ်တွေ။

ကောင်းပြီ, ဒုတိယအတန်းက အဟိတ်ကုသလဝိပါက်စိတ်၊ ကုသလဆိုတာ ကုသိုလ်, ဝိပါက်ဆိုတာ အကျိုး ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်၊ သို့သော် နောင်အခါမှာ သဟိတ်ထဲကလည်း ဝိပါက်တွေရှိအုံးမှာမို့လို့ သူ့ကို အဟိတ်ကုသလဝိပါက်စိတ်လို့ ခေါ်တယ်၊ ကုသလဝိပါက်စိတ်လို့ သာမညခေါ်လိုက်ရင် ရောသွားမှာစိုးလို့နော်၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုရှိတယ်၊ ပထမစိတ်က ဘာတုန်း, ခုနက အတိုင်းပဲ။
* ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
* ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
* ဥပေက္ခာသဟဂတ ဃာနဝိညာဏစိတ်
* ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
* သုခသဟဂတ ကာယဝိညာဏစိတ်

ဟော, ကောင်းတာလေးတွေ မြင်လာပြီ၊ ကိုယ်ကြိုက်တာလေးတွေ မြင်လာပြီ ဆိုရင် ဒီစိတ်ဖြစ်တာပဲ၊ ကိုယ်ကြားချင်တာကြားရတယ်ဆိုရင် ဒီကုသလဝိပါက်စိတ်တွေ ဖြစ်တာပဲနော်၊ အတွေ့အထိဆိုပါတော့ ကောင်းတဲ့အတွေ့အထိတွေ့တယ်၊ ၅-ခုပဲရှိသေးတယ်၊ ကောင်းတဲ့အာရုံတွေနဲ့ တွေ့ကြုံလာတဲ့အခါမှာ၊ ဒီစိတ်တွေ ဖြစ်တယ်၊ ကုသလဝိပါက် စက္ခုဝိညာဉ်စိတ်, သောတဝိညာဉ်စိတ်, ဃာနဝိညာဉ်စိတ်, ဇိဝှါဝိညာဉ်စိတ်, သုခသဟဂတ ကာယဝိညာဉ်စိတ် တဲ့။

နောက်တစ်ခုက သမ္ပဋိစ္ဆနစိတ် တဲ့နော်၊ ဒီကျတော့ သမ္ပဋိစ္ဆနစိတ် က ၂ မျိုးရှိတယ်၊ ဘာကြောင့်လဲဆိုတော့ အာရုံက သာမန်အလိုရှိအပ်တဲ့အာရုံ, အထူး အလိုရှိအပ်တဲ့အာရုံ၊ အလွန်အလိုရှိအပ်တဲ့ အာရုံလို့ အဲသလိုရှိတော့ သာမန်ကောင်းတဲ့ အာရုံနဲ့တွေ့ရင် ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ် ဖြစ်တယ်၊ သန္တီရဏလေ, သမ္ပဋိစ္ဆိုင်းက တစ်ခုတည်းပါ၊ သမ္ပဋိစ္ဆိုင်းကတော့ လက်ခံတာကတော့ ဒီ ဥပေက္ခာတစ်ခုပဲ။

သန္တီရဏကျတော့ ၂-မျိုးဖြစ်တယ်၊ ခုနကပြောသလိုအာရုံအပေါ်မှာ မူတည်ပြီးတော့ အာရုံက သာမာန်အလိုရှိအပ်တာမျိုးဆိုရင် ဥပေက္ခာသဟဂတ ဖြစ်တယ်၊ အလွန်အလိုရှိအပ်တာမျိုးဆိုရင် သောမနဿသဟဂတ ဖြစ်တယ်၊ ဒါကြောင့်မို့

[စာမျက်နှာ-15] သန္တီရဏကျတော့ ၂ မျိုးတဲ့။
၁။ သောမနဿသဟဂတ သန္တီရဏစိတ်
၂။ ဥပေက္ခာသဟဂတ သန္တီရဏစိတ်

သန္တီရဏ ၂-ခု ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကုသလဝိပါက်စိတ်မှာ ၈-မျိုး ရှိတယ်၊ ဒီ ၈-ခုကို အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး လို့ခေါ်တယ်။

တတိယအတန်းကတော့ အဟိတ်ကြိယာစိတ် ၃-ပါး တဲ့၊ ကြိယာဆိုတာ ဖြစ်ခါမျှပဲ၊ သူက ကုသိုလ် အကုသိုလ်လိုလည်းပဲ အကျိုးမပေးဘူးနော်၊ ဝိပါက်လို လည်းပဲ သူများရဲ့ အကျိုးမဟုတ်ဘူး၊ သူတို့က ထဖြစ်လိုက်တာရှိတာပဲ၊ ဖြစ်ပြီး ဒီအတိုင်းသွားရော, ဘာမှ သူများကိုလည်း အကျိုးမပေးဘူး၊ သူများအကျိုးအတွက်လည်း မဟုတ်ဘူး၊ အဲလိုစိတ်မျိုးကို ကြိယာစိတ်လို့ခေါ်တယ်။

များသောအားဖြင့်တော့ ကြိယာစိတ်ဆိုတာဟာ ဘုရားရဟန္တာတို့မှာသာ ဖြစ်တဲ့စိတ်၊ သို့သော် ဒီမှာတော့ ပထမ ၂-ခုက ပုထုဇဉ်တွေမှာပဲ ဖြစ်လိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ ဘုရားရဟန္တာမှာသာဖြစ်လိမ့်မယ်။

ပထမစိတ်ကို ပဉ္စဒွါရာဝဇ္ဇန (သို့မဟုတ်) ပဉ္စဒွါရာဝဇ္ဇန်းစိတ်တဲ့၊ သူက ဥပေက္ခာသဟဂတ, ဥပေက္ခာဝေဒနာ နဲ့ ယှဉ်တယ်တဲ့၊ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ ဒွါရဆိုတာ မျက်စိ, နား, နှာ စသည်ကို ဒွါရလို့ခေါ်တာ၊ ဒွါရဆိုတာ တံခါးပဲ။ လူတွေ ဝင်ရာ ထွက်ရာကို တံခါးလို့ခေါ်သလိုတဲ့၊ စိတ်ဝင်ရာဖြစ်ရာ သဘောမို့လို့ မျက်စိကို ဒွါရလို့ခေါ်တယ်, နားကို ဒွါရလို့ခေါ်တယ်, နှာခေါင်းကို ဒွါရလို့ခေါ်တယ်။

အမှန်ကတော့ မျက်စိဆိုတာ မျက်လုံးမှာရှိတဲ့ အကြည်ဓာတ် ပသာဒကိုခေါ်တာ၊ နားဆိုလဲ နားမှာရှိတဲ့ အကြည်ဓာတ်၊ နှာခေါင်းဆိုလဲ နှာခေါင်းထဲမှာရှိတဲ့ အကြည်ဓာတ်။

အဲဒီ ၅-ဒွါရဘက်သို့ စိတ်ကိုလှည့်ပေးတဲ့သဘောကို ပဉ္စဒွါရာဝဇ္ဇနစိတ် လို့ ခေါ်တယ်၊ ဒါက ဝီထိသဘောနဲ့ပြောမှ ပိုပြီးတော့နားလည်မှာ, ဒါနောက်က ပြောခဲ့ပြီ၊ လွန်ခဲ့တဲ့တိတ်ခွေကို ပြန်နားထောင်တော့နော်။

အဲဒီ ၅-ဒွါရ, တစ်ပြိုင်နက်တည်း ၅-ဒွါရတော့ မလှည့်နိုင်ဘူးနော်၊ ဆိုပါတော့ မျက်စိဒွါရဘက် လှည့်ပေးမယ်၊ သောတဒွါရဘက် လှည့်ပေးမယ်ပေါ့လေ၊ သို့သော် အားလုံးပေါင်းပြီးတော့ ၅-ဒွါရ၊ အဲဒီ ၅-ဒွါရဘက်လှည့်ပေးတဲ့သဘောကို (သို့မဟုတ်) ၅ ဒွါရဘက် လှည့်ပေးတဲ့သဘော, အာရုံကို ဆင်ခြင်တဲ့သဘောကို ပဉ္စဒွါရာဝဇ္ဇန တဲ့။

[စာမျက်နှာ-16] နောက်တစ်ခုက မနောဒွါရာဝဇ္ဇန ဆိုတာကတော့ မနောဒွါရဆိုတာ (sense) ၅-ခုက လွတ်တဲ့သဘောကို မနောဒွါရလို့ခေါ်တာ၊ အင်္ဂလိပ်လို အနောက်နိုင်ငံမှာဆိုရင် sense ဆိုရင် ၅-ခုကိုသာ ဆိုလိုတယ်။

စိတ်ကို (sense door) ထဲမှာ မထည့်ဘူး၊ ဦးဇင်းတို့ အဘိဓမ္မာမှာကတော့ စိတ်လည်းပဲ (door) တစ်ခုပဲ၊ ဒါကြောင့်မို့ ဦးဇင်းတို့ဆီမှာ (Sixth sense door) ရှိတယ်၊ အဲဒီနောက်ဆုံး ဆဋ္ဌမမြောက်ကို မနောဒွါရလို့ခေါ်တယ်။

စိတ်နဲ့လည်း ကြံသိတာမျိုးတွေ ရှိတယ်မဟုတ်လား၊ မြင်တာမဟုတ်ဘူး၊ ကြားတာ မဟုတ်ဘူး၊ စိတ်နဲ့ကြံသိတာ၊ အဲဒီအခါကျတော့ အဲဒီမနောဒွါရက လာတယ်။

အဲလိုကြံတဲ့ပြုတဲ့အခါမှာ ဒီရိုးရိုးဖြစ်နေတဲ့ဘဝင်စိတ်ကို active ဖြစ်တဲ့ စိတ်ဘက်သို့ လှည့်ပေးတဲ့အခိုက်အတန့်လေးကို မနောဒွါရလို့ခေါ်တာပဲ၊ အဲဒီလို လှည့်ပေးတဲ့စိတ်ကို မနောဒွါရာဝဇ္ဇန လို့ ခေါ်တာနော်။

နောက်တစ်ခုက ဟသိတုပ္ပါဒ် တဲ့ ဟသိတုပ္ပါဒ ဆိုတာ ရယ်ရွှင်ခြင်းကို ဖြစ်စေတတ်တဲ့စိတ်လို့ ဆိုလိုတယ်၊ ဟသိတုပ္ပါဒ် ရယ်ရွှင်ခြင်း ဖြစ်စေတတ်တယ်ဆို ကတည်းက ဥပေက္ခာ နှင့် မယှဉ်တော့ဘူးပေါ့၊ သောမနဿ နှင့် ယှဉ်တော့တာပေါ့။

ဒါကြောင့်မို့ ဒီစိတ် ၃-ပါးဟာ ပထမစိတ် ၂-ပါးက ဥပေက္ခာ နှင့်ယှဉ်တယ်၊ နောက်ဆုံးစိတ် ၁-ပါးက သောမနဿ နှင့်ယှဉ်တယ်။

ပထမစိတ်က ပဉ္စဒွါရာဝဇ္ဇန, ဒုတိယစိတ်က မနောဒွါရာဝဇ္ဇန, တတိယစိတ်က ဟသိတုပ္ပါဒ်၊ ဟသိတုပ္ပါဒ် ကတော့ ဘုရားရဟန္တာမှာသာ ဖြစ်တယ်တဲ့၊ ပုထုဇဉ်သန္တာန်မှာ မဖြစ်ဘူး၊ နောက်ဆုံး အောက်တန်းအရိယာ သန္တာန်မှာတောင် မဖြစ်ဘူး။

ဒီစိတ် ၁၈-ပါးကို အဟိတ်စိတ် လို့ခေါ်သည်။ အဲဒီ အဟိတ်စိတ် ၁၈-ပါး ထဲမှာ ဒီမြင်သိစိတ် ၂-ခု၊ အဲဒီ ၂-ခုကို တွဲတွဲပြီးမှ ခေါ်လေ့ရှိတယ်၊ စက္ခုဝိညာဉ်ဒွေး, ဒွေးဆိုတာ-၂၊ ဒုတိယက ကြားသိစိတ်ကို သောတဝိညာဉ်ဒွေး, ဃာနဝိညာဉ်ဒွေး, ဇိဝှါဝိညာဉ်ဒွေး, ကာယဝိညာဉ်ဒွေး, သမ္ပဋိစ္ဆိုင်းလည်း သမ္ပဋိစ္ဆနဒွေး လို့ခေါ်တယ်၊ သန္တီရဏကျတော့ သန္တီရဏ ၃-ခုလို့ပဲခေါ်တော့တယ်။

အဲဒီ စက္ခုဝိညာဉ်ဒွေး, သောတဝိညာဉ်ဒွေး, ဃာနဝိညာဉ်ဒွေး, ဇိဝှါဝိညာဉ်ဒွေး, ကာယဝိညာဉ်ဒွေး, အဲဒီ ၁၀-ခုကို ပေါင်းပြီးတော့ ဒွေးပဉ္စဝိညာဉ် တဲ့ ဒီလိုပဲသုံးတယ်။

[စာမျက်နှာ-17] နောင်အခါ ဒီ ၁၀-ခုလုံးကို (refer) လုပ်ချင်တဲ့အခါမှာ တစ်ခုစီပြောမနေတော့ဘူး၊ ဒွေးပဉ္စဝိညာဉ် ၁၀-ဟေ့လို့ပြောလိုက်ရင် ဒီစိတ် ၁၀-ခုကို တစ်ခါတည်း သိသွားရမယ်၊ ဒွေးပဉ္စဝိညာဉ်-၁၀။
* စက္ခုဝိညာဉ်ဒွေး ဆိုရင် ၂-ခု
* သောတဝိညာဉ်ဒွေး ဆိုရင် ၂-ခု စသည်သွားနော်။

ဒွေးပဉ္စဝိညာဉ် ၁၀-ဆိုရင် ဒီ ၁၀-ခုစလုံးကိုဆိုလိုတယ်။

ခုနက ကိုတင်မောင်ညို မေးတဲ့ မနောဓာတ် ၃-ခု တဲ့နော်၊ ဒါလည်း နောင်ကျတော့ ဒီဝေါဟာရကို သုံးလိမ့်မယ်- မနောဓာတ် ၃-ခု ဆိုတာ ဒီထဲမှာပြောမယ်ဆိုရင် ဘယ်စိတ်တွေတုန်း။

ပဉ္စဒွါရာဝဇ္ဇန ရယ်- သမ္ပဋိစ္ဆနဒွေး ရယ်, ဒီ ၂-ပါးနဲ့ ဒီ ပဉ္စဒွါရာဝဇ္ဇန ကို မနောဓာတ်လို့ ဒီလိုခေါ်တယ်၊ မနောဓာတ် ၃-ပါး နောင်အခါမှာ သုံးလိမ့်မယ်။ ပကိဏ်းပိုင်းထဲကျရင်လည်း ဒီမနောဓာတ် ၃-ပါးဆိုတာကို သုံးလိမ့်မယ်။

အဲဒီ ၃-ခုလုံးကိုပေါင်းပြီးတော့ ပြောချင်တဲ့အခါကျရင် မနောဓာတ် ၃-ပါး လို့ပဲ ပြောလိမ့်မယ်။ တစ်ခုစီ ရေတွက်ပြီး ပြောတော့မှာ မဟုတ်ဘူးနော်။

ကောင်းပြီ, အဲဒီ ၁၈-ပါးထဲမှာ သောမနဿဝေဒနာ နှင့် ယှဉ်တာဘယ်နှစ်ခုပါတုန်း၊ သောမနဿဝေဒနာ နှင့် ယှဉ်တာတစ်ခုပဲပါတယ်၊ ဟသိတုပ္ပါဒ် တစ်ခုထဲပါတယ်၊ ဒါက သုခ နှင့်ယှဉ်တာ, သောမနဿ နှင့်ယှဉ်တာ မဟုတ်ဘူး၊ ဒါတော့ ခွဲရလိမ့်မယ်နော်၊ ဝေဒနာ ၅-ခု ခွဲရလိမ့်မယ်၊ သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, တတိယပိုင်း ပကိဏ်းပိုင်းကျရင် ဒါနဲ့စရမှာ။

ဒါကြောင့်မို့ သောမနဿ နှင့်ယှဉ်တာ ဘယ်လောက်လဲဆိုရင် ၂-ခုလေ၊ သောမနဿသန္တီရဏ ရယ်, ဟသိတုပ္ပါဒ် ရယ်, ဟုတ်ပြီ။

ပြီးတော့ ဥပေက္ခာ နှင့် ယှဉ်တာဆိုရင် ၁၄-ခု၊ ဥပေက္ခာ ၁၄-ခု၊ ပြီးတော့ သုခဝေဒနာ နှင့်ယှဉ်တာ ၁-ခု၊ ဒုက္ခဝေဒနာ နှင့်ယှဉ်တာ ၁-ခု၊ ဒေါမနဿဝေဒနာ နှင့် ယှဉ်တာ မပါဘူး။

အဲဒီတော့ကို-
* သောမနဿဝေဒနာ နှင့် ယှဉ်တာ ၂-ခု
* ဥပေက္ခာဝေဒနာ နှင့်ယှဉ်တာ ၁၄-ခု
* သုခ နှင့်ယှဉ်တာ ၁-ခု
* ဒုက္ခ နှင့်ယှဉ်တာ ၁-ခု

[စာမျက်နှာ-18] ဒါဖြင့်ရင် အကုသလဝိပါက်စိတ် ၇-ပါး ဆိုရင်မြင်ပြီလား၊ ဘယ်အတန်းတုန်း၊ ပထမဆုံးအတန်းနော်၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး ဆိုရင် အလယ်တန်း, အဟိတ်ကြိယာစိတ် ၃-ခု ဆိုရင် နောက်ဆုံး ၃-ခု၊ မြင်ပြီပေါ့။

ဒီ ၂၄-ခုကို ဘာလို့ခေါ်လဲ၊ ဒီ group ကို ကာမာဝစရသောဘန, ကာမာဝစရသောဘနစိတ် ၂၄-ပါး ရှိတယ်၊ ပထမအတန်းကို ကာမာဝစရကုသိုလ်စိတ်, ဒုတိယတန်းကို ကာမာဝစရဝိပါက်စိတ်, တတိယတန်းကို ကာမာဝစရကြိယာစိတ်၊ အဲဒီတော့ လောဘမူစိတ် ၈-ခုကို ဆိုတတ်ရင် ဒီစိတ်တွေကိုလည်းဆိုတတ်ရမယ်နော်၊ ဘာလေးကွာသွားလဲ၊ ဒိဋ္ဌိဂတသမ္ပယုတ် နှင့် ဉာဏသမ္ပယုတ် လဲလိုက်ရုံပဲ။

ဒါဖြင့် ပထမစိတ်ဟာ သောမနဿဝေဒနာ နှင့်ယှဉ်တယ်၊ ပြီးတော့ဉာဏ်နှင့် တွဲဖြစ်တယ်နော်၊ ပညာ ဉာဏ်, အတူတူပဲ။ ပြီးတော့ သူက မတိုက်တွန်းအပ်ဘူးနော်၊ နောက်ခါတော့ တိုက်တွန်းအပ်တယ် စသည်ဖြင့် သွားမယ်၊ ဒါဖြင့် ဆိုလိုက်ကြစမ်း။

* သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကစိတ်
* သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိကစိတ်
* သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိကစိတ် ဒါကဉာဏ်နှင့် မယှဉ်ဘူး။
* သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိကစိတ်။
* ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိကစိတ်
* ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိကစိတ် ကာမာဝစရကုသိုလ် ၈-ပါး နော်။ ဝိပါက်စိတ်ရော ဒီအတိုင်းပဲ ၈-ပါး၊ ကြိယာစိတ်ရော ဒီအတိုင်းပဲ ၈-ပါး။

ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း, ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိတဲ့ တရားကို ကုသိုလ်လို့ခေါ်တာ၊ ဝိပါက်ဆိုတာက အကျိုး, ကြိယာဆိုတာက ဖြစ်ခါမျှ အင်္ဂလိပ်လိုတော့ သူ့ကို (functional) လို့သုံးတယ်၊ (inoperative) လို့သုံးတယ်။

ကောင်းပြီ အကုသိုလ် ၁၂-ပါး, အဟိတ်စိတ် ၁၈-ပါး, ကာမာဝစရသောဘနစိတ် ၂၄-ပါး, အားလုံးပေါင်းလိုက်စမ်း- ၅၄၊ ဒါ အလွတ်သိနေတယ်။

[စာမျက်နှာ-19] အဲဒီ ၅၄-ပါးကို ဘာစိတ်လို့ခေါ်လဲ, ကာမာဝစရစိတ်၊ ဒါကိုပဲ အတိုကောက် ကာမစိတ် လို့ခေါ်တယ်၊ အဲဒီတော့ ကာမစိတ် ဘယ်လောက်ရှိသလဲမေးရင် ၅၄ ပါး၊ (သို့မဟုတ်) ကာမာဝစရစိတ် ဆိုရင် ၅၄-ပါး၊ အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမာဝစရသောဘနစိတ် ၂၄-ပါးနော်။

အဲဒီတော့ နောင်အခါ မှာ ကာမာဝစရကုသိုလ်စိတ် ၈-ပါး လို့ ပြောလိုက်ရင် ဘယ်ဟာမြင်မလဲ၊ ဒီအတန်းကို မြင်မယ်၊ ကာမာဝစရဝိပါက် ၈-ပါး လို့ ပြောလိုက်ရင် အလယ်တန်းကို မြင်မယ်၊ ကာမာဝစရကြိယာစိတ် ၈-ပါး လို့ ပြောလိုက်ရင် အောက်ဆုံးတန်းကို မြင်မယ်၊ အဲသလို မြင်ရမယ်နော်၊ တော်နေရင် ဒါတွေဟာ ခဏခဏသုံးမှာ, စာအုပ်ကုန်သည်တိုင်အောင် ဒါသုံးသွားမှာတွေ၊ ကျေကိုကျေရမယ်, မကျေလို့ မဖြစ်ဘူး၊ အဲဒီတော့ ကာမာဝစရစိတ် ၅၄-ပါး ပြီးပြီ။

နောက် group က ဘာလို့ခေါ်လဲ, ရူပါဝစရ ပဲနော်၊ ကာမာဝစရစိတ် ဟာ ကာမဘုံမှာများသောအားဖြင့် ဖြစ်တတ်တာ, ရူပါဝစရစိတ် ဆိုတာ ရူပဘုံမှာ များသောအားဖြင့်ဖြစ်တာ, ရူပဘုံဆိုတာ ဗြဟ္မာဘုံကိုပြောတာနော်၊ လူ့ဘုံ, နတ်ဘုံမဟုတ်ဘူး။

လူ့ဘုံ နတ်ဘုံကို ကာမာဝစရဘုံ လို့ခေါ်တယ်၊ ဗြဟ္မာတွေနေတဲ့ ဘုံကို ရူပါဝစရဘုံ ရယ်၊ အရူပါဝစရဘုံ ရယ် ၂ မျိုး ရှိလိမ့်မယ်။ ရူပဗြဟ္မာ ဆိုတာက ရုပ်ရောနာမ်ရောရှိတယ်၊ အရူပဗြဟ္မာ ဆိုတာက နာမ်သာ ရှိတယ်၊ ရုပ်မရှိဘူး။

ကောင်းပြီ, အခု နောက် (group) က အားလုံး ၁၅-ပါးရှိတယ်၊ အဲဒီ ၁၅-ပါးကို ရူပါဝစရစိတ် နော်၊ ရူပဗြဟ္မာဘုံမှာ များသောအားဖြင့် ကျင်လည်တတ်တယ်, ဖြစ်တတ်တယ်တဲ့။

ပထမကော်လံ ပထမတန်းကို ရူပါဝစရကုသိုလ်စိတ် ၅-ပါး
ရူပါဝစရဝိပါက်စိတ် အလယ်တန်း ၅-ပါး
ရူပါဝစရကြိယာစိတ် ၅-ပါး၊ လွယ်ပါတယ်နော်, ၅-ပါးစီရှိတယ်၊ အားလုံး ၁၅-ပါး။

ပထမစိတ်ကို ဘာလို့ခေါ်လဲ၊ ရိုးရှင်းရှင်းမှတ်ရင် ပထမဈာန်စိတ်၊ အဲဒီကျတော့ ဈာန်တွေ ဖြစ်ကုန်ပြီနော်၊ ရိုးရိုးစိတ်မဟုတ်တော့ဘူး၊ ကာမာဝစရစိတ်မဟုတ်တော့ဘူး၊ ဈာန်စိတ်၊ အဲဒီတော့ ပထမဟာကို ပထမဈာန်စိတ်, ဒုတိယဟာကို ဒုတိယဈာန်စိတ်, တတိယဈာန်စိတ်, စတုတ္ထဈာန်စိတ်, ပဉ္စမဈာန်စိတ်။
* ပထမဈာန်စိတ် သည် သောမနဿဝေဒနာ နဲ့ယှဉ်တယ်။

[စာမျက်နှာ-20] * ဒုတိယဈာန်စိတ် သောမနဿဝေဒနာ နဲ့ယှဉ်တယ်။
* တတိယဈာန်စိတ် သောမနဿဝေဒနာ နဲ့ယှဉ်တယ်။
* စတုတ္ထဈာန်စိတ် သောမနဿဝေဒနာ နဲ့ယှဉ်တယ်။
* ပဉ္စမဈာန်စိတ် ဥပေက္ခာ နဲ့ယှဉ်တယ်။

အဲဒီမှာ ဈာန်အင်္ဂါတွေတော့ နောက်ပြန်ကြည့်ရှုတာပေါ့၊ ဟုတ်ပြီလား၊ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ စသည်ဖြင့်-

အဲဒီတော့ ရူပါဝစရစိတ် ဘယ်လောက်ရှိသလဲ, ၁၅-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး ထဲမှာ သောမနဿဝေဒနာ နှင့်ယှဉ်တာ ဘယ်နှစ်ပါးတုန်း ၁၂-ပါး၊ ဥပေက္ခာဝေဒနာ နှင့် ယှဉ်တာ ၃-ပါး၊ ဒါ ရူပါဝစရစိတ် ၁၅-ပါး တဲ့။

တစ်ခါ နောက် group ၄ ခု ၃ လီ, သူက ၁၂-ပါး၊ ဘာစိတ်တုန်း၊ အရူပါဝစရစိတ်၊ အရူပဗြဟ္မာဘုံမှာ များသောအားဖြင့်ဖြစ်တဲ့စိတ်တဲ့၊ အရူပဗြဟ္မာဘုံဆိုတာ နာမ်ချည်းရှိတယ်၊ ရုပ်မရှိတဲ့ဘုံပေါ့၊ အဲဒီမှာကျတော့ နာမည်လေးတွေ ခက်လိမ့်မယ်၊ ပထမစိတ်ကို အာကာသာနဉ္စာယတန, ပထမတန်းက ကုသိုလ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကုသိုလ်ထည့်လိုက်ရင် အာကာသာနဉ္စာယတနကုသိုလ်စိတ် နော်၊ ရအောင်တော့ မှတ်ကြနော်၊ အတိုခေါ်ချင်ရင်တော့ ပထမအရူပါဝစရလို့လည်း ခေါ်လို့ရတယ်။

ဒုတိယစိတ်ကို ဝိညာဏဉ္စာယတနကုသိုလ်စိတ်, တတိယစိတ်ကို အာကိဉ္စညာယတနကုသိုလ်စိတ်, စတုတ္ထစိတ်ကို နေဝသညာနာသညာယတနကုသိုလ်စိတ်, အားလုံး အရူပါဝစရကုသိုလ်စိတ် ၄-ပါး။

အရူပါဝစရဝိပါက်စိတ် အတူတူပဲ ၄-ပါး၊ အရူပါဝစရကြိယာစိတ် ၄-ပါး, အားလုံးပေါင်းလိုက်ရင် ၁၂-ပါး၊ အဲဒီ ၁၂-ပါးလုံးဟာ ဥပေက္ခာဝေဒနာ နှင့် ယှဉ်တယ်၊ အကယ်၍ သူတို့ကို ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန် ထဲမှာ ထည့်ပါလို့ဆိုရင် ဘယ်ထဲမှာထည့်မလဲ, ပဉ္စမဈာန် ထဲမှာ ထည့်မယ်။

ဒါဖြင့်ရင် ရူပါဝစရစိတ် ၁၅-ပါး နှင့် အရူပါဝစရစိတ် ၁၂-ပါး ကို ပေါင်းလိုက်ရင် ၂၇-ပါး မရဘူးလား၊ အဲဒီ ၂၇-ပါးကို မဟဂ္ဂုတ်စိတ် လို့ခေါ်တယ်၊ အဲဒီ မဟဂ္ဂုတ်စိတ် ၂၇-ပါး ထဲမှာ ပထမဈာန်စိတ် ဘယ်နှစ်ခုပါလဲ ၃-ပါး၊ ဒုတိယဈာန်စိတ် ၃-ပါး, တတိယဈာန်စိတ် ၃-ပါး, စတုတ္ထဈာန်စိတ် ၃-ပါး, ပဉ္စမဈာန်စိတ် ၁၅-ပါး။

ဘာကြောင့်တုန်း, ရူပါဝစရ ထဲက ၃-ခု၊ အရူပါဝစရ ထဲက အားလုံး ၁၂-ခု။

[စာမျက်နှာ-21] ခု၊ ဟုတ်ပြီလား၊ ပထမဈာန် ၃-ပါး၊ ဒုတိယ တတိယ စတုတ္ထ ၃-ပါး၊ ပဉ္စမဈာန်စိတ်-၁၅-ပါး။ အဲဒီ ရူပါဝစရစိတ် ၁၅-ပါးနှင့် အရူပါဝစရစိတ် ၁၂-ပါး ပေါင်း ၂၇-ပါးကို ဘာစိတ်လို့ခေါ်လဲ၊ မဟဂ္ဂုတ်စိတ် ၂၇-ပါး။

ကောင်းပြီ၊ ကာမာဝစရစိတ် ၅၄-ပါးနှင့် မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ ပေါင်းလိုက်ရင် စိတ်ဘယ်လောက်ရသလဲ၊ ၈၁-ပါးရတယ်။ အဲဒီ ၈၁-ပါးကို ဘာလို့ခေါ်လဲ၊ လောကီစိတ်လို့ခေါ်တယ်၊ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ခေါ်တဲ့ လောကမှာပဲကျင်လည်တယ်၊ လောကမှ ထွက်မြောက်တဲ့စိတ်မျိုး မဟုတ်ဘူး၊ လောကမှ ကျင်လည်တဲ့စိတ်၊ လောကီစိတ် ၈၁-ပါး နောက် group ကို ပထမဆုံး ၄-တန်း၊ ပြီးတော့ ဒုတိယ ၄ တန်း၊ ၂-တန်း အဲသလို ၂ မျိုး ခွဲလိုက်တော့ ပထမ ၄-တန်းက မဂ်စိတ်၊ ဒုတိယ ၄-တန်းက ဖိုလ်စိတ်။

အဲဒီ ပထမ ၄-တန်းမှာ ပထမတစ်တန်း သောတာပတ္တိမဂ်စိတ် ၅-ပါး၊ အဲဒီ ၅-ပါးကိုပဲ တစ်ပါးတည်းလို့ ယူရင်လည်းရတယ်၊ သောတာပတ္တိမဂ်စိတ် ၁-ပါးတည်း (သို့မဟုတ်) သောတာပတ္တိမဂ်စိတ် ၅-ပါး။ ဒုတိယတန်းကို သကဒါဂါမိမဂ်စိတ်၊ တတိယတန်းကို အနာဂါမိမဂ်စိတ်၊ စတုတ္ထတန်းကို အရဟတ္တမဂ်စိတ်။

သောတာပတ္တိမဂ်ဆိုတာ ပထမအဆင့်၊ အရိယာပုဂ္ဂိုလ်ဖြစ်သွားတဲ့အခါမှာ ဒီသောတာပတ္တိမဂ်စိတ်တို့ သကဒါဂါမိမဂ်စိတ်တို့ ဖြစ်တာနော်၊ သောတာပတ္တိမဂ်စိတ်က ပထမအဆင့် အရိယာ၊ သကဒါဂါမိမဂ်က ဒုတိယအဆင့်၊ အနာဂါမိမဂ်က တတိယအဆင့်၊ အရဟတ္တမဂ်က စတုတ္ထအဆင့်။

အဲဒီ သောတာပတ္တိမဂ်စိတ်တစ်ပါးတည်းကိုပဲ ဈာန်နှင့်တွဲပြီးတော့ သောတာပတ္တိမဂ် ပထမဈာန်၊ သောတာပတ္တိမဂ် ဒုတိယဈာန် စသည်ဖြင့် ၅-ပါးလို့လည်း ဆိုလို့ရတယ်၊ ဒါကြောင့်မို့ ပြောတဲ့အခါမှာ စိတ် ၈၉- (သို့မဟုတ်) အကျယ် ၁၂၁-ပါးနဲ့ လုပ်၊ လုပ်နေရတာ၊ သောတာပတ္တိမဂ်စိတ်ကို တစ်ပါးတည်းယူရင် တခြားဟာတွေလည်း တစ်ပါးလို့ယူရင် စိတ် ၈၉-ပါး သို့မဟုတ် တို့ကို ဈာန်နဲ့ ပွားပြီးတော့ ၅-နှင့်မြှောက်ပြီးတော့ယူရင် စိတ်အကျယ်ကတော့ ၁၂၁-ပါး ဖြစ်သွားပြီ။ ဒါကြောင့် မဂ်စိတ် ၄ (သို့မဟုတ်) ၂၀၊ ဖိုလ်စိတ်ကကော ဒီအတိုင်းပဲ။

[စာမျက်နှာ-22] ဖိုလ်စိတ်ဆိုတာက မဂ်စိတ်နောက်က ကပ်ပြီးတော့ဖြစ်တာ၊ ကြားမှာ ဘာမှ မခြားပဲနဲ့ မဂ်စိတ်ပြီးတာနဲ့ တစ်ပြိုင်နက် ဖိုလ်စိတ်ဆိုတာ ထဖြစ်တယ်၊ အဲဒီဖိုလ်စိတ်ကလည်းပဲ မဂ်အတိုင်းပဲ၊ ၄-မျိုးပဲ၊ သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်၊ ဖိုလ်စိတ် ၄-ပါး (သို့မဟုတ်) ဖိုလ်စိတ် ၂၀၊ မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ ပေါင်းရင် လောကုတ္တရာစိတ် ၈-ပါးနော်၊ သို့မဟုတ် မဂ်စိတ် ၂၀၊ ဖိုလ်စိတ် ၂၀၊ ပေါင်းရင် လောကုတ္တရာစိတ် အကျယ် ၄၀။

အဲဒီ လောကုတ္တရာစိတ်အကျယ် ၄၀-ထဲမှာ သောမနဿနှင့်ယှဉ်တာ ၃၂၊ ဥပေက္ခာနှင့်ယှဉ်တာ ၈-ပါးပဲ။ အကယ်၍ အကျဉ်းမှာဆိုရင်တော့ ပြောချင်ရာပြောလို့ရတယ်၊ သောမနဿနှင့် ယှဉ်တယ်ဆိုလည်းပြောလို့ရတယ်၊ ဥပေက္ခာနှင့်ယှဉ်တယ်ဆိုလည်း ပြောလို့ရတယ်။ အဲဒါတော့ မတတ်နိုင်ဘူးနော်။

အဲဒါကြောင့်မိုလို့ လောကုတ္တရာစိတ်အကျဉ်း ၈-ပါးပဲ ပထမလုပ်ကြစို့၊ လောကုတ္တရာစိတ် အကျဉ်း ၈-ပါးနဲ့ လောကီစိတ် ၈၁-ပါးတို့ပေါင်းလိုက်ရင် ၈၉-ပါးနော်၊ ဒါကြောင့်မို့ စိတ် ၈၉-ပါး (သို့မဟုတ်) စိတ် ဧကူနနဝုတိ (၉၀-၌ တစ်ခုယုတ်) နော်၊ တစ်ခုယုတ် ၉၀-ဆိုတာ လူတွေက တစ်မျိုးထင်ထင်နေကြတယ်၊ စိတ်တစ်ခု ရုပ် ၉၀-ချည်းထင်ထင်နေတာကိုး၊ တစ်ခုလျော့နေတဲ့ ၉၀၊ ဒါ ပါဠိနောက်လိုက်ပြောတာ၊ ဒါကြောင့်မို့ အားလုံးစိတ်ဘယ်လောက်ရှိသလဲ၊ ၈၉-ပါး ဒါကအကျဉ်း၊ စိတ်အကျယ် ဆိုရင် ၈၁-ထဲကို ၄၀-ထည့်တာကို ဒါ ၁၂၁-ပါး၊ ဒါကြောင့်မို့ အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါး။

တစ်ခေါက်ပြန်လှန်၊ ပထမအတန်းက အကုသိုလ်စိတ် ၁၂-ပါး၊ ဒုတိယ group ပထမအတန်း အကုသလဝိပါက်စိတ်၊ ဒုတိယအတန်း အဟိတ် ကုသလဝိပါက်စိတ်၊ တတိယတန်း အဟိတ် ကြိယာစိတ်။ နောက် ၃-ခုကို ဘာလို့ခေါ်သလဲ၊ ကာမာဝစရသောဘန၊ ပထမအတန်းက ဘာလဲ၊ ကာမာဝစရကုသိုလ်စိတ်၊ ဒုတိယအတန်း ကာမာဝစရဝိပါက်စိတ်၊ တတိယအတန်း ကာမာဝစရကြိယာစိတ်။ နောက် group ရူပါဝစရစိတ်၊ ပထမအတန်းက ရူပါဝစရ ကုသိုလ်စိတ်၊ ရူပါဝစရ ဝိပါက်စိတ်၊ ရူပါဝစရကြိယာစိတ်။ နောက် group အရူပါဝစရ ပထမအတန်းက အရူပါဝစရ ကုသိုလ်စိတ်၊

[စာမျက်နှာ-23] အရူပါဝစရ ဝိပါက်စိတ်၊ အရူပါဝစရကြိယာစိတ်၊ ကျန်တာတွေ ဘာခေါ်သလဲ။ လောကုတ္တရာစိတ်။ လောကုတ္တရာစိတ်မှာ ပထမ ၄-တန်းက မဂ်စိတ်၊ ဒုတိယ ၄-တန်းက ဖိုလ်စိတ်၊ မဂ်စိတ် ၄-ပါးမှာ ပထမအတန်းက သောတာပတ္တိမဂ်စိတ်၊ သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်။ ဖိုလ်စိတ်ကလည်း ဒီအတိုင်းပဲ၊ သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်။

ခုနက ဈာန်အားလုံးကို မတွက်လိုက်သေးဘူးနော်၊ စိတ်အကျယ် ၁၂၁-ပါးမှာ ပထမဈာန်စိတ်ဘယ်လောက်ရှိသလဲဆိုတော့ ဒီ ၃-ခု ပထမဈာန် မဟုတ်ဘူးလား၊ ဒီ ၈-ခု ပထမဈာန်မဟုတ်ဘူးလား၊ ဒါကြောင့်မို့ ပထမဈာန်စိတ် အားလုံးဘယ်လောက်ရှိသလဲ၊ ၁၁-ခုရှိတယ်၊ ဒုတိယဈာန်စိတ် ၁၁-ခု၊ တတိယဈာန်စိတ် ၁၁-ခု၊ စတုတ္ထဈာန်စိတ် ၁၁-ခု၊ ပဉ္စမဈာန်စိတ် ၂၃-ရှိတယ်၊ ဒီကစပြီး အပြာအားလုံး အောက်ရောပါတယ်။ အားလုံးဆိုတော့ ပဉ္စမဈာန်စိတ် ၂၃-ခု ရှိတယ်၊ ဒါစိတ်ပိုင်းပေါ့၊ လောကီစိတ်လို့ ပြောလိုက်ရင် ဒီထိအောင် စိတ်ထဲမှာ မြင်လိုက်။

မဟဂ္ဂုတ်စိတ်လို့ ပြောလိုက်ရင် ဒီ ၂၇-ကို မြင်လိုက်၊ ကာမာဝစရစိတ် ၅၄-လို့ ပြောလိုက်ရင် ဒါတွေမြင်လိုက်၊ ကာမာဝစရသောဘနစိတ်လို့ပြောရင် ဒီဟာပဲမြင်ရမယ်၊ နောက်ကျရင် ဒီဟာတွေ ပြန်ပြန်ပြီးတော့ Refer လုပ်ရမှာ။ ဒါမကျေရင် အလီ မကျေသလိုပဲ၊ အလီမကျပဲနဲ့ ဟိုဟာဘာနဲ့မြှောက်လိုက်စမ်းဟေ့ဆိုတော့ မြှောက်တာ မသိတော့ သူက အလီပြန်သွားနေရမှာ၊ အဲသလိုချည်း ဖြစ်နေတော့ ကြာတော့ စိတ်ပျက်လာလိမ့်မယ်၊ ကိုင်း၊ ဒါက စိတ်။

စေတသိက်က ဘယ်လောက်ရှိတာတုန်း ၅၂-ပါး၊ ဒါကတော့ ကိုယ့်ဘာသာကိုယ်ကြည့်တော့ ပြီးတော့မှ အဲဒီစိတ်နှင့် စေတသိက် တွဲတာဟာ ခုနက မြန်မာလို ဇယားကွက်ထဲမှာ အင်္ဂလိပ်လိုလဲ အကွက်ကိုကြည့်ပြီးတော့ မြန်မာလို ဇယားကွက်ထဲမှာလည်း အမည်းစက်ကလေးတွေ ခြစ်ထားပါနော်၊ ပြီးတော့ (Swee Sein) လုပ်တာမျိုးလို အကွက်ကလေးတွေ အများကြီးကို ကူးထားပြီးတော့ မပျင်းနဲ့ ကိုယ့်ဟာကို ကာလာထည့်တာ၊ အဲဒါ အလွန်မှတ်မိတယ်၊ ကိုယ့်ဟာကို လုပ်ရင် အဲဒီကျတော့ သိတယ်၊ (concentration) လည်းရတာပေါ့။ ဘာကြောင့်လဲဆိုတော့ အပြာရေးရမှာ အနီရေးလိုက်မိ၊ အနီရေးရမှာ အပြာရေးလိုက်မိ

[စာမျက်နှာ-24] အသစ်ပြန်လုပ်ရပြန်ရော၊ အဲဒီလို လုပ်လုပ်သွားရင် ပိုပြီးတော့ ကျေတယ်နော်၊ ကျေဖို့အရေးကြီးတယ်၊ ရှေ့ဟာမကျေရင် နောက်ဟာအလွန်ခွကျတာ၊ အဲလိုဟာလေးတွေ များများကူးထားဖို့ကောင်းတယ်။ ဒီလို သေးသေးလုပ်လုပ် ကြီးကြီးလုပ်လုပ် ကြိုက်သလိုပေါ့၊ အဲဒါလေးတွေနဲ့ ပြန်ပြန်ပြီးတော့ကြည့်လို့ရတယ်၊ ဝိတက်နှင့် ယှဉ်တဲ့စိတ်ဆိုရင် ဒါအကွက်တစ်ကွက် သွားပြီ၊ ဝိစာရနှင့် ယှဉ်တဲ့စိတ်ဆိုရင် အကွက်တစ်ကွက်သွား၊ အဲသလို လုပ်ထားရင် ကိုယ် နောင်ပြန်ကြည့်တဲ့အခါ အလွယ်တကူ သိတာပေါ့လေ။

အဲသလို မဟုတ်ရင်တော့ ဇယားကွက် ပြန်ကြည့်လည်းသိပါတယ်၊ ဇယားကွက်လည်း အခုကြည့်တတ်ပြီ မဟုတ်လား၊ ဇယားကွက် ကြည့်တတ်ဖို့ကိုက အရေးကြီးသေးတယ်၊ မှတ်မိဖို့က ဒုတိယတစ်ဆင့်နော်၊ ကြည့်တတ်ဖို့က ပထမအဆင့်။ အဲဒီတော့ ဆိုပါတော့၊ ဝိတက်နှင့်ယှဉ်တဲ့စိတ် ရှာလိုက်စမ်းဟေ့လို့ပြောရင် ဇယားကွက်ကြည့်ပြီးတော့ ရှာတတ်ရင် ဒါပထမအဆင့်တော့ တက်သွားပြီ၊ ဒီထက် ဒုတိယအဆင့်ကတော့ အလွတ်ပြောနိုင်တာပေါ့၊ အလွတ်မပြောနိုင်သည့်တိုင်အောင် ကြည့်လို့သိရင်တော်ပါပြီ၊ အလွတ်ပြောနိုင်ရန်တော့အကောင်းဆုံးပဲ။ နည်းနည်းလုပ်သွားရင်တော့ ပြောနိုင်လိမ့်မယ်။

စေတသိက်ပိုင်းကျတော့ စိတ်သဘောတွေ၊ နာမ်သဘောတရားတွေ အများကြီးကိုလေ့လာရတယ်၊ ဖဿ၊ ဝေဒနာ၊ သညာ စသည်ဖြင့်၊ အဲဒီတော့ အဲဒါတွေက စိတ်နှင့် အတူတကွဖြစ်တယ်နော်၊ သို့သော် သူ့သဘာဝလေးနှင့် သူ သီးခြားလေးတွေ ရှိတယ်၊ အဲလို သီးခြားလေးတွေဖြစ်နေတာကို မြတ်စွာဘုရားက တစ်ခုစီ၊ တစ်ခုစီ ထုတ်ပြီးတော့ ဟောသွားတာ၊ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဒါတွေ အကုန်ဟောထားတယ်။

အဲဒီတော့ အရင်ပြောဖူးတဲ့အတိုင်းပဲ၊ သမုဒ္ဒရာထဲကရေကို ဒါက ဂင်္ဂါမြစ်က ရေပဲ၊ ဒါက ယမုံနာမြစ်ကရေပဲလို့ ပြောရတာကမှ လွယ်သေးတယ်၊ နာမ်တရားတွေ အတူတူဖြစ်တယ်၊ အာရုံတစ်ခုထဲယူနေတဲ့ နာမ်တရားတွေထဲမှာ ဒါက ဖဿပဲ၊ ဒါက ဝေဒနာပဲလို့ပြောဖို့ရာ အများကြီးခဲယဉ်းတယ်၊ ဒီခဲယဉ်းတာကို မြတ်စွာဘုရားက ဟောတော်မူသွားတယ်၊ အဲသလို ဟောတော်မူသွားတာကိုအာရုံပြုပြီးတော့ ဘုရားကို ပူဇော်သောအားဖြင့်လည်းပဲ အဘိဓမ္မာကို လေ့လာလိုက်တယ်။ ပြီးတော့လည်းပဲ အဘိဓမ္မာနားလည်ရင် ဘုရားစာဖတ်ရတာ ပိုပြီးတော့

[စာမျက်နှာ-25] နားလည်လိမ့်မယ်။ ပိုပြီးတော့ လေးလေးနက်နက် ဖြစ်လာလိမ့်မယ်၊ အဘိဓမ္မာ မတတ်ပဲနဲ့ ဖတ်တာနဲ့ အဘိဓမ္မာတတ်ပြီးမှ ဖတ်တာနဲ့ ကွာလာတာ ကိုယ့်ဟာကိုယ် သိလာလိမ့်မယ်။ ဒါက စာဖတ်တာတင်ပြောသေးတာ၊ ကိုယ်ကိုယ်တိုင် တရားထိုင်လာတဲ့ အခါမှာတွေ့တာ ကြုံတာတွေကျတော့လည်းပဲ အဘိဓမ္မာတတ်ပြီးထားရင် ပိုပြီးတော့ လေးလေးနက်နက် နားလည်တယ်၊ အသိဉာဏ်ပိုပြီးတော့ရှင်းတယ်၊ ပြီးတော့ ဒီအဘိဓမ္မာ ဗဟုသုတကို ကိုယ့်နေ့စဉ်ဘဝမှာလည်းပဲ သုံးသွားရမယ်။

အခု ကုသိုလ်ဆိုတာဘာ၊ အကုသိုလ်ဆိုတာဘာဆိုတာ သိပြီဆိုရင် အကုသိုလ် မဖြစ်အောင် ကိုယ်ရှောင်ရမယ်ပေါ့၊ ကုသိုလ်ဆိုရင် ဖြစ်နိုင်သမျှ ကြိုးစားပြီးတော့ ဆည်းပူးရမယ်ပေါ့။ ဟို ရှေးတုန်းက အဘိဓမ္မာမသင်ခင်ကဆိုရင် ကုသိုလ် အကုသိုလ်ဆိုတာ မသိကြဘူးနော်၊ သာမညတော့သိတယ်၊ တကယ့်တကယ်ကျတော့ မသိဘူး၊ အဘိဓမ္မာ တတ်လာပြီဆိုရင် ကုသိုလ်၊ အကုသိုလ်လည်းပဲ တကယ်ကွဲကွဲခြားခြား သိတယ်၊ သိလာရင် သိတဲ့အတိုင်း ရှောင်နိုင်တယ်၊ ဆောင်နိုင်တယ်နော်။

မြတ်စွာဘုရားဟောထားတဲ့ ဂါထာလေးရှိတယ်၊ သဗ္ဗပါပဿ အကရဏံ ဆိုတာ အလုံးစုံသောအကုသိုလ်ကို မပြုခြင်း၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်း၊ စိတ်ကိုဖြူစင်အောင်ထားခြင်း၊ ဒါမြတ်စွာဘုရားတွေရဲ့ အဆုံးအမပဲ၊ အဘိဓမ္မာ မတတ်ရင် အဲဒါတောင်မှ ဘယ်လိုလုပ်ပြီး ပြည့်ပြည့်ဝဝ နားလည်မလဲ။ ဒါကြောင့်မို့ အဘိဓမ္မာတတ်ရတာဟာ အလွန်ကျေးဇူးများတယ်တဲ့နော်၊ ပြီးတော့ ဒါဟာ အခု တက္ကသိုလ်တွေမှာသင်နေတဲ့ ဆိုက်ကော်လော်ဂျီလို ပညာရပ်တစ်ခုပဲ၊ နည်းနည်းလုပ်သွားလို့ ကိုယ်တတ်သွားရင်တော်ကြာကျတော့ တတ်မှန်းမသိ သူ့ဟာသူ တတ်သွားလိမ့်မယ်၊ ကျန်ရစ်တဲ့သူတွေက အဲဒီကျမှ ဟာ သူတို့တွေက တတ်ကုန်ပြီ၊ တို့တော့ကျန်ရစ်ခဲ့ပြီ ဖြစ်ကုန်မယ်။

ဒါကြောင့်မို့ တတ်နိုင်ရင်တော့ လူများများသာ လိုက်စေချင်တာ၊ သို့သော် ခက်တာက ဒီနိုင်ငံက အလုပ်တော့ရှုပ်ကြတာ။ အခု ရှေ့သွားတော့မယ်ဆိုရင် ဝေဒနာ၊ ဟိတ်၊ ကိစ္စ စသည်ဖြင့်ဆိုရင် ဒီစိတ် ၁၂၁-ပါး အမြဲတမ်း ပြန်ပြန်လာရလိမ့်မယ်။ ဟိုကျတော့ (ဆိုပါတော့) ကာမာဝစရ ကုသိုလ်စိတ်လို့ ပြောလိုက်ရင် ကိုယ်က ဒီမှာမြင်နေရင် တန်သွားမယ်၊ ဒါမှမဟုတ် ဒါကို ကွဲကွဲပြားပြား မမြင်ဘူး

[စာမျက်နှာ-26] ဆိုရင် ဝါးတားဝါးတား ဖြစ်သွားလိမ့်မယ်။ ဒါလေး နည်းနည်းလေး မှတ်မိသွားရင် အကျယ်ပြန်နားထောင် ပိုပြီးတော့ ကောင်းသွားတာပေါ့။ ပကိဏ်းပိုင်းဆိုတာက သူ့ကို ဝေဒနာနှင့်ခွဲလိမ့်မယ်၊ သောမနဿနှင့်ဝေဒနာဖြစ်တာယှဉ်တာဘယ်လောက်၊ ဥပေက္ခာနှင့်ဘယ်လောက်၊ ဒါဟာ အလွန်လွယ်နေပြီ၊ စိတ်ပိုင်းစေတသိက်ပိုင်းကျရင် အဲဒါလွယ်ပြီ။

တစ်ခါ ဟိတ်နှင့် ယှဉ်တာဆိုတာလာလိမ့်မယ်၊ ဟိတ် ၁-ပါးနှင့်ယှဉ်တာ စိတ်ဘယ်လောက်ရှိတယ်၊ ဟိတ် ၂-ပါးနှင့်ယှဉ်တာက စိတ်ဘယ်လောက်ရှိတယ်၊ ဟိတ် ၃-ပါးနဲ့ ယှဉ်တာ စိတ်ဘယ်လောက်ရှိတယ်၊ ဟိတ် ၆-ပါးနှင့် ယှဉ်တာက စိတ်ဘယ်လောက်ရှိတယ်ဆိုတာ၊ ဒီစိတ်မှ မသိရင် ဘယ်လိုလုပ်ခွဲရမလဲ၊ တစ်ခါ ကိစ္စဆိုတာ function တွေလာလိမ့်မယ်၊ ပဋိသန္ဓေကိစ္စရှိတယ်၊ ဘဝင်ကိစ္စ၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏဆိုတဲ့ကိစ္စတွေ၊ အဲဒါတွေကျတော့လည်း ဒါပဲခွဲရမှာပဲ၊ ဇောကိစ္စ ၅၅-ဆိုရင် ဒီမှာရှာရမယ်၊ ပဋိသန္ဓေကိစ္စတပ်တဲ့စိတ် ၁၉-ပါးရှိတယ်၊ ဆိုရင် ဒါ ဒီမှာ ပြောလိုက်ရင်ရတယ်။

ဒွါရလာလိမ့်မယ်၊ ဘယ်ဒွါရမှာဖြစ်တယ်၊ ဒီစိတ်က စက္ခုဒွါရမှာဖြစ်တယ်။ သောတဒွါရမှာဖြစ်တယ်ဆိုတာ စသည်ဖြင့် လာလိမ့်မယ်။ တစ်ခါ အာရုံတွေ လာလိမ့်မယ်၊ ဒီစိတ်က ဘယ်လိုအာရုံပြုတယ်။ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ။

[စာမျက်နှာ-27]
ဝေဒနာသင်္ဂဟ

ဝေဒနာ ၃-ပါးသည် အာရမ္မဏာနုဘဝနနည်းအရ ဖြစ်၏။
ဝေဒနာ ၅-ပါးသည် ဣန္ဒြိယဘေဒနည်းအရ ဖြစ်၏။

* တစ်စီ သု ဒု၊ ဒေါ နှစ်ခု၊ သောရှု ခြောက်ဆယ့်နှစ်။
* ဥပေက္ခာမူ၊ ငါးပါးယူ၊ ပေါင်းမှု တစ်နှစ်တစ်။

[စာမျက်နှာ-28]
ဟေတုသင်္ဂဟ

လော၊ ဒေါ၊ မော သုံး၊ အ- နှင့် သုံး၊ ခေါ်ထုံး ဟိတ်ခြောက်ပါး။
ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ။

[စာမျက်နှာ-29]
အဘိဓမ္မာသင်တန်း ၁၆

ပကိဏ်းပိုင်း ဝေဒနာ၊ ဟေတု၊ ကိစ္စ သင်္ဂဟ

ဒီနေ့ နိုဝင်ဘာလ-၂၁ ရက်နေ့၊ လွန်ခဲ့တဲ့ အပတ်က စိတ်ပိုင်း ပြန်သရုပ်ခွဲခဲ့တယ်၊ အရင့်အရင် အပတ်တွေက စေတသိက်ပိုင်းထိအောင်ကုန်သွားပြီ၊ စိတ် ၈၉၊ အကျယ် ၁၂၁-ပါးနှင့် စေတသိက် ၅၂-ပါးနှင့် အမျိုးမျိုးယှဉ်ပုံတွေ သမ္ပယောဂနည်း၊ သင်္ဂဟနည်းဆိုပြီးလုပ်ခဲ့တယ်၊ ဒီနေ့ တတိယပိုင်းပေါ့၊ ပကိဏ်းပိုင်းဆိုတာကို သွားရမယ်၊ တတိယပိုင်းကို ပကိဏ်းပိုင်းလို့ခေါ်တယ်။

ပကိဏ်းပိုင်းဆိုတော့ ရောရောနှောနှောပြတော့မှာပေါ့။ အဲဒီတော့ ဒီအပိုင်းမှာ စိတ်ကိုပဲ ပဓာနထားပြီးတော့ပြသွားလိမ့်မယ်၊ စေတသိက်ကို ထည့်ပြောတော့မှာ မဟုတ်ဘူး၊ ဒါပေမယ်လို့ စိတ်ကိုပြောလိုက်ရင်စေတသိက်ကိုလဲပဲ အထိုက်အလျောက် လုပ်တတ်၊ နားလည်သွားရမယ်။ အမှန်တော့ အဲဒါက ခက်တော့ခက်တယ်။

အဲဒီတော့ အထူးအရေးကြီးတာကဘာလဲဆိုရင် စိတ်ပဲနော်၊ စိတ်ကိုအမျိုးမျိုး ဝေဖန်ပြီးတော့ ပြောလိုက်မယ်၊ ဝေဖန်တယ်ဆိုတာ ဒီနေရာမှာ ခွဲခြားတာကိုပြောတာနော်၊ မြန်မာစကားဝေဖန်တယ်ဆိုတာက (criticize) လုပ်တာကိုတာ ဝေဖန်တယ်လို့သုံးတယ်၊ အခု ဒီမှာသုံးတဲ့ ဝေဖန်တယ်ဆိုတာက ဒီလိုမဟုတ်ဘူး၊ ခွဲခြမ်းပြတာ။

[စာမျက်နှာ-30] အဲဒီ ပကိဏ်းပိုင်းမှာ အခန်း ၆-ခန်းရှိတယ်၊ သူက သင်္ဂဟလို့ခေါ်တယ်။ ပထမအခန်းကို အခု စာရွက်မှာကြည့်လိုက်ရင် ဝေဒနာသင်္ဂဟလို့ တွေ့လိမ့်မယ်နော်၊ စာရွက်က အစဉ်အတိုင်းသွားရမှာ။ အဲဒီတော့ ဝေဒနာသင်္ဂဟမှာ သင်္ဂဟဆိုတာ သိမ်းယူတာ၊ ပေါင်းယူတာလို့ ဆိုလိုတယ်၊ အဲဒီတော့ စိတ်တွေကို ဝေဒနာနှင့်ခွဲခြမ်းဝေဖန်ပြီးတော့ပြမယ်ပေါ့။ ပထမဆုံး အခန်းကို ဝေဒနာသင်္ဂဟလို့ခေါ်တယ်။

အဲဒီတော့ ဝေဒနာသင်္ဂဟမှာ စိတ်တွေကို ဝေဒနာနှင့် ခွဲခြမ်းဝေဖန်ပြမှာ ဖြစ်တော့ ရှေးဦးစွာ ဝေဒနာကို နားလည်ရမယ်ပေါ့၊ ဝေဒနာကို ဘယ်မှာတွေ့ခဲ့ဖူးသလဲ၊ စိတ်ပိုင်းမှာလည်း တွေ့ခဲ့ဖူးပြီ၊ စေတသိက်ပိုင်းမှာလည်း တွေ့ခဲ့ဖူးပြီနော်၊ ဝေဒနာဆိုတာ စေတသိက် ၅၂-ပါးထဲက ၁-ပါးပေါ့၊ အဲဒီ ဝေဒနာကို မြတ်စွာဘုရားက အမျိုးမျိုး ဟောတော်မူတယ်။

အဲဒီတော့ ဝေဒနာကို ၅-ပါးလို့ ဟောတဲ့နေရာလည်းရှိတယ်၊ ၃-ပါးလို့ ဟောတဲ့နေရာလည်းရှိတယ်၊ ၂-ပါးလို့ ဟောတဲ့ နေရာလည်းရှိတယ်၊ ၁-ပါးလို့ ဟောတဲ့ နေရာလည်းရှိတယ်။ ဝေဒနာကို မြတ်စွာဘုရားက ပုဂ္ဂိုလ်အားလျော်စွာ အရာဌာနအားလျော်စွာ ဝေဖန်ပြီးတော့ ဟောတော်မူတယ်၊ အဲဒီဟောတဲ့ အထဲက အခု သင်္ဂြိုဟ်ကျမ်းမှာ ဟောနည်း ၂-မျိုးကို ယူတယ်၊ အဲဒီ ၂-မျိုးက ဘာလဲဆိုရင် ၅-ပါးနှင့် ၃-ပါး၊ ဝေဒနာ ၅-ပါးနည်း၊ ဝေဒနာ ၃-ပါးနည်း၊ ဒီ ၂ မျိုး၊ တခြားနည်း ၂-မျိုးကတော့ သင်္ဂြိုဟ်မှာ တိုက်ရိုက်မပြဘူး၊ သို့သော် ဋီကာဆိုတဲ့ အဖွင့်ကျမ်းတွေမှာ ပြတယ်၊ အဲဒီတော့ ရှေးဦးစွာ များရာကပဲ စလိုက်ကြစို့။

ဝေဒနာ ၅-မျိုးကို မြတ်စွာဘုရားက ဟောတော်မူတယ်၊ အဲဒီ ဝေဒနာ ၅ မျိုးက ဘာဝေဒနာတဲ့တုန်း၊ အစဉ်အတိုင်း ဖတ်လိုက်မယ်ဆိုရင်၊
(၁) သုခဝေဒနာ
(၂) သောမနဿဝေဒနာ
(၃) ဥပေက္ခာဝေဒနာ
(၄) ဒုက္ခဝေဒနာ
(၅) ဒေါမနဿဝေဒနာ
ဟို စာမှာဟောတဲ့ အစဉ်အတိုင်းဆိုရင်တော့ကို သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာနော်၊ အဲသလို သွားတယ်။

[စာမျက်နှာ-31] အဲဒီ ဝေဒနာ ၅-မျိုးက ဘာနည်းနဲ့ ခွဲတာလဲဆိုရင် (ဟိုအောက်မှာရှိတယ်) ဝေဒနာ ၅-ပါးသည် ဣန္ဒြိယဘေဒနည်းအရဖြစ်၏တဲ့၊ ဣန္ဒြိယဘေဒဆိုတာ နောင်အခါကျတော့ ဣန္ဒြေဆိုတာတွေကို ဟောတဲ့အခါမှာ ဣန္ဒြေ ၂၂-ပါးရှိတယ်၊ အဲဒီ ၂၂-ပါးထဲမှာ ဝေဒနာကို ၅-မျိုးခွဲပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဲဒီ ဣန္ဒြိယဘေဒနည်းအရ၊ ဝေဒနာ ၅-မျိုး၊

အဲဒီ ၅-မျိုးက ဘာလဲဆိုရင် သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတဲ့၊ အဲဒီလို ၅-မျိုးခွဲပြီး ဟောတော်မူတယ်။

သုခဝေဒနာဆိုတာ ကောင်းတဲ့အတွေ့အထိကို ခံစားတဲ့ ဝေဒနာကို သုခဝေဒနာ လို့ခေါ်တယ်၊ ကောင်းတဲ့အရာဝတ္ထုနှင့် တွေ့ထိရတယ်၊ ခန္ဓာကိုယ်နှင့် တွေ့ထိတာ ပြောတာ၊ စိတ်နှင့်တွေ့ထိတာ မဟုတ်ဘူး၊ အဲသလို ခန္ဓာကိုယ်နဲ့ တွေ့ထိပြီးတော့ ခံစားရတဲ့ ဝေဒနာကို သုခဝေဒနာတဲ့။

ဒုက္ခဝေဒနာဆိုတာ ဆင်းရဲတဲ့အတွေ့အထိနဲ့ တွေ့ထိပြီးခံစားရတဲ့ ဝေဒနာပေါ့။ တစ်စုံတစ်ခု ခိုက်မိလို့နာသွားတယ်၊ ကြမ်းကြမ်းထမ်းထမ်းကြီးနဲ့ ပွတ်တိုက်မိတယ် စသည်ပေါ့လေ၊ အဲဒီ ဝေဒနာကို ဒုက္ခဝေဒနာလို့ခေါ်တယ်။

ဒါဖြင့် သုခဝေဒနာက ကောင်းတဲ့အတွေ့အထိကို ခံစားတာပေါ့၊ ဒုက္ခဝေဒနာက မကောင်းတဲ့ အတွေ့အထိကို ခံစားတာ။

သောမနဿဝေဒနာဆိုတာက စိတ်ဆိုင်ရာ ခံစားမှု၊ ခုနဟာက ခန္ဓာကိုယ်နှင့် ပတ်သက်တယ်၊ အခုဟာက ခန္ဓာကိုယ်နှင့် မပတ်သက်ဘဲနဲ့ ရိုးရိုးကောင်းတဲ့ အာရုံကို ခံစားမှု၊ အလိုရှိအပ်တဲ့အာရုံ၊ ကောင်းတဲ့ အာရုံကို ခံစားမှု ကောင်းတာ တစ်ခုခု မြင်ရတယ်၊ ကြားရတယ်ဆိုရင်ဖြစ်တဲ့ ဝမ်းမြောက်မှုမျိုးကို သောမနဿဝေဒနာလို့ ခေါ်တယ်။

ဒေါမနဿဝေဒနာဆိုတာက မကောင်းတဲ့အာရုံ အလိုမရှိအပ်တဲ့ အာရုံကို ခံစားမှု၊ မမြင်ချင်တာ မြင်ရတယ်၊ မကြားချင်တာကြားရတဲ့ဟာမှာ ဖြစ်တဲ့ ဝေဒနာမျိုး၊ အဲဒါက ဒေါမနဿဝေဒနာတဲ့။

ဥပေက္ခာဝေဒနာဆိုတာကတော့ ဣဋ္ဌမဇ္ဈတ္တလို့ခေါ်တယ်၊ အကောင်းတော့ အကောင်းပဲ၊ ဒါပေမယ်လို့ သာမန်အကောင်းပေါ့၊ အကောင်းက ၂-မျိုးရှိတယ်။ အလွန်အကောင်းနှင့် သာမန်အကောင်း၊ သာမန်အကောင်းအာရုံမျိုးကို တွေ့ပြီးတော့ အလယ်အလတ် ခံစားမှုမျိုး၊ ဝမ်းသာတာလည်း မဟုတ်ဘူး၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ စိတ်ဆိုးတာလည်း မဟုတ်ဘဲနဲ့ အလယ်အလတ် ခံစားမှုမျိုး၊ ဒါကို

[စာမျက်နှာ-32] စာမှာကျတော့ လျစ်လျူရှုတယ်လို့ သုံးတယ်နော်၊ အဲဒီဝေဒနာမျိုးကို ဥပေက္ခာဝေဒနာလို့ခေါ်တယ်။

အဲဒီ ဝေဒနာ ၅-မျိုးရှိတယ်။ အမှန်ကတော့ ဒီ ၅-မျိုး တွေ့ဖူးပြီးသားပါနော်။ စိတ်ပိုင်းတုန်းက တွေ့ခဲ့ဖူးပြီ၊ ဒါက ဣန္ဒြိယဘေဒနည်းအရ ဝေဒနာ ၅-မျိုးတဲ့။

တစ်ခါတစ်ခါကျတော့ မြတ်စွာဘုရားက ဝေဒနာ ၃-မျိုးရှိတယ်ဆို ဟောတော်မူတယ်၊ ပါဠိတော်တွေမှာဖတ်ရင် တစ်နေရာကျတော့ ၅-မျိုးတွေ့မယ်။ တစ်နေရာကျတော့ ၃-မျိုးတွေ့မယ်၊ အဲဒီလို တွေ့တတ်တယ်။

အဲဒီတော့ ၃-မျိုးဆိုတော့ ဘာဖြစ်သွားသလဲ၊ ဘာတွေကို ၃-မျိုးလို့ခေါ်သလဲ။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ၊ တစ်ခါတစ်ခါကျတော့ မြတ်စွာဘုရားက ဝေဒနာ ၃-မျိုးရှိတယ်ဟေ့၊ ဘာလဲဆိုရင်၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့၊ အဲဒီလို ဟောတယ်၊ အဲဒီလိုဟောတဲ့အခါမှာ နားလည်ရမှာက အဲဒီ အခါကျတော့ သုခက သုခိန္ဒြေဆိုတဲ့ သုခဝေဒနာကိုသာ ဒီနေရာမှာ ဆိုလိုတာ မဟုတ်ဘူး၊ သောမနဿကိုပါ ဆိုလိုတာ။

ဒါကြောင့်မို့ ဣန္ဒြိယဘေဒနည်းအရ ၅-ပါးထဲက သုခနှင့် သောမနဿ ၂-ခုကိုပဲ တစ်ပေါင်းတည်း ပြုပြီးတော့ သုခလို့ မြတ်စွာဘုရားက ဟောတော်မူတယ်။ ဣန္ဒြိယဘေဒနည်းမှာ ဒုက္ခနှင့် ဒေါမနဿ ၂-ခုကို တစ်ပေါင်းတည်းပြုပြီးတော့ ဒုက္ခဝေဒနာလို့ ဟောတော်မူတယ်။

ဒါဖြင့် ဝေဒနာ ၃-ပါးကို ဟောပေမယ်လို့ အမှန်ကတော့ နားလည်ရမှာ ကတော့ ၅-ပါးပဲပေါ့နော်။

မြတ်စွာဘုရားက အမျိုးမျိုးဟောတာ၊ ဝေဒနာ ၃-ပါးရှိတယ်လို့ ပြောရင်လည်း အမှန်ကတော့ ဝေဒနာ ၅-ပါးနှင့် အတူတူပါပဲ၊ ဝေဒနာ ၃-ပါးအရမှာ သုခဟာ ဘာကို ဆိုလိုသလဲဆိုရင် သုခနှင့် သောမနဿကို ဆိုလိုတယ်၊ ဒုက္ခကကော ဒုက္ခနှင့် ဒေါမနဿကို ဆိုလိုတယ်၊ ဥပေက္ခာကတော့ ဥပေက္ခာပဲနော်။

အဲဒီလို ၅-ပါးနှင့် ၃-ပါး ၂-မျိုးက အဘိဓမ္မာမှာ တိုက်ရိုက်လာတယ်၊ အဘိဓမ္မာမှာ တိုက်ရိုက်လာတဲ့အတွက်ကြောင့်မိုလို့ ဒီ ၂-မျိုးကိုပဲ သင်္ဂြိုဟ်ကျမ်းရင်းမှာ ပြတယ်။

တစ်ခါတစ်ခါကျတော့ မြတ်စွာဘုရားက ဝေဒနာ ၂-မျိုးသာ ရှိတယ်လို့ ဟောတော်မူပြန်တယ်၊ အဲဒီ ၂-မျိုးသာ ရှိတယ် ဆိုပြန်တော့လည်းပဲ နားလည်ရမှာ ကတော့ အကုန်လုံးကိုပဲ နားလည်ရမှာပါပဲနော်၊ ဒီအခါကျတော့ ဥပေက္ခာကို

[စာမျက်နှာ-33] သုခထည့်ထားတယ်၊ ဘာကြောင့်လဲဆိုတော့ကို သုခကလည်းပဲ ငြိမ်းချမ်းတဲ့ သဘော ရှိတယ်၊ ဥပေက္ခာကလည်းပဲ ငြိမ်းချမ်းတဲ့သဘောရှိတယ်၊ ဒါကြောင့်မို့ ဥပေက္ခာဝေဒနာဟာ သုခဝေဒနာနှင့် အလားတူတယ်၊ ချွတ်စွတ်တူတယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ ဆင်တူတယ်လို့ ဆိုလိုတယ်၊ အဲဒီ ဆင်တူတဲ့အတွက်ကြောင့်မိုလို့ သုခနှင့် ဥပေက္ခာ ၂-ခုကိုပဲ သုခလို့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ ဒုက္ခကို ဒုက္ခလို့ ဟောတော်မူတယ်။

ဒါကြောင့်မို့ လောကမှာ ဝေဒနာ ၂-မျိုးထဲသာ ရှိတယ်၊ သုခနှင့် ဒုက္ခလို့ဟောရင် နားလည်ရမှာကတော့ ဝေဒနာ ၃-မျိုး (သို့မဟုတ်) ၅-မျိုးပဲ။ ဒါက ဝေဒနာ ၂-မျိုးလို့ ဟောထားတာတွေ့ရင်ပေါ့၊

တစ်ခါတစ်ခါကျတော့ မြတ်စွာဘုရားက လောကမှာ ဝေဒနာ တစ်မျိုးတည်းပဲ ရှိတယ်တဲ့။ အဲဒီတစ်မျိုးကကော ကောင်းတာ မဟုတ်ဘူး၊ ဒုက္ခဝေဒနာ တစ်မျိုးတည်းပဲ ရှိတယ်၊ ဒါကဘာလဲဆိုတော့ သင်္ခါရဒုက္ခဆိုတဲ့အနေနဲ့ ကြည့်မယ်ဆိုရင် လောကမှာ ရှိရှိသမျှ ဝေဒနာတွေဟာ ဒုက္ခဝေဒနာချည်းပဲနော်၊ သင်္ခါရဆိုတာ အကြောင်း တရားတို့ရဲ့ ပြုပြင်ခြင်း အကြောင်းတရားတို့က ပြုပြင်အပ်တာကို သင်္ခါရလို့ ခေါ်တယ်။

အဲဒီတော့ အကြောင်းတရားတို့က ပြုပြင်အပ်တယ်လို့ ဆိုသဖြင့် သူဟာ အဖြစ်ရှိတယ်၊ အပျက်ရှိတယ်၊ တစ်စုံတစ်ခုသော သူကဖြစ်စေ၊ ဒီတရားတစ်ခုခုက ဖြစ်စေ၊ ပြုလုပ်လိုက်တယ်ဆိုရင် အပြုလုပ်ခံရတဲ့ ပစ္စည်းဟာ ပထမဖြစ်လာရမယ်၊ အဖြစ်ရှိရင် အပျက်ရှိမယ်၊ အဲဒီလို အဖြစ်အပျက်နဲ့ အဖြစ်အပျက်ရဲ့ အနှိပ်စက် ခံနေရတာကို သင်္ခါရဒုက္ခလို့ ခေါ်တာ။

ဒါကြောင့်မို့ ရိုးရိုးအနေအားဖြင့် ကြည့်ရင် ကောင်းတဲ့ဝေဒနာတွေရှိတယ်၊ ကောင်းတာလေး မြင်နေရတယ်ဆိုရင် ချမ်းသာနေတယ်နော်၊ ကောင်းတာလေး ကြားနေရင်၊ ကောင်းတာလေး စားနေရင် ချမ်းသာလို့ လောကမှာဆိုရတယ်၊ အဲဒီ ချမ်းသာလို့ဆိုရတာသည်ပင် သင်္ခါရအနေနဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ ဆင်းရဲတယ်တဲ့ ဒုက္ခတဲ့၊ ဘာကြောင့်တုန်း၊ အဲဒီ ချမ်းသာတဲ့ ကောင်းတဲ့ခံစားမှု လေးဟာ အမြဲမတည်ဘူး၊ ဖြစ်ပေါ်လာမယ်၊ ဖြစ်ပေါ်လာပြီးရင် သူ ချုပ်ပျောက် သွားမယ်။

ဒါကြောင့်မို့ လောကမှာ ရှိရှိသမျှဟာ အဖြစ်အပျက်က လွတ်တာ ရယ်လို့ မရှိဘူး၊ အဲလို အဖြစ်အပျက်က လွတ်တာမရှိရင် အဲဒါဟာ ဒုက္ခပဲ၊ ဆင်းရဲတယ်။

[စာမျက်နှာ-34] ဘာကြောင့်တုန်း၊ အဖြစ်အပျက်ရှိရင်မမြဲဘူး၊ မမြဲရင်ဆင်းရဲတာပဲ၊ ဒါကြောင့်မို့ အဲဒီနည်းအရဆိုတော့ လောကမှာ ဝေဒနာ တစ်မျိုးတည်းပဲရှိတယ်၊ ဒုက္ခဝေဒနာ တစ်မျိုးပဲတဲ့။

ဒါကြောင့်မို့ အားလုံးပေါင်းလိုက်ရင် ဝေဒနာ ၁-မျိုး၊ ၂-မျိုး၊ ၃-မျိုး၊ ၅ မျိုး၊ ဒါ နောင်စာဖတ်တဲ့အခါတို့ ဘာတို့မှာ တွေ့ရင် နားလည်ဖို့ပေါ့နော်။

အဲဒီ ဝေဒနာ ၅-မျိုး နားလည်ပြီးတဲ့နောက် စိတ် ၈၉-သို့မဟုတ် အကျယ် ၁၂၁-ပါးကို ဝေဒနာ ၅-မျိုးနှင့် ခွဲခြားရလိမ့်မယ်၊ ဘယ်စိတ်က သုခဝေဒနာနဲ့ ယှဉ်တယ်၊ ဘယ်စိတ်က သောမနဿဝေဒနာနှင့် ယှဉ်တယ် စသည်ဖြင့် ခွဲခြား ရလိမ့်မယ်၊ အခု စာရွက်ထဲမှာ ပေးထားတဲ့ အတွက်ကြောင့်မို့လို့ သိပ်တောင်မှ လုပ်ဖို့မလိုတော့ပါဘူးနော်၊ သို့သော် ဒီ အစက်တွေကိုကြည့်ပြီးတော့ လုပ်ကြည့် စမ်းပါ။

သုခဝေဒနာနဲ့တကွ ဖြစ်တဲ့စိတ် (သို့မဟုတ်) သုခဝေဒနာနှင့်ယှဉ်တဲ့စိတ်ဟာ ဘယ်နှစ်ခုသာရှိသတုန်း၊ တစ်ခုတည်းပဲရှိတယ်တဲ့၊ သုခသဟဂတ ကာယဝိညာဏနော်၊ ဘယ်စိတ်တုန်း၊ ဒီမှာကြည့်ရင် ကြက်ခြေအနီပေါ့။

တစ်ခါ ဒုက္ခဝေဒနာနှင့် ယှဉ်တဲ့စိတ်၊ တစ်ခုတည်းပဲရှိတယ်၊ အဟိတ်စိတ်ထဲက ကြက်ခြေအစိမ်း။

သောမနဿဝေဒနာနှင့်ယှဉ်တာ ဘယ်လောက်ရှိသလဲတဲ့၊ ၆၂-ရှိတယ်နော်။ ဒီဟာ မြင်လိုက်ရင်တော့ လွယ်နေပြီနော်၊ ဒီ chartကို ကြည့်လိုက်ရင်တော့လွယ်နေပြီ၊ ဘာလဲ၊ အနီတွေ လျှောက်ရေးရုံပဲနော်။

ဒါဖြင့် လောဘမူသောမနဿ ဘယ်လောက်ရှိသလဲ၊ ၄-ခုရှိတယ်၊ ကာမာဝစရသောဘန၊ သောမနဿ ဘယ်လောက်ရှိသလဲ၊ ၁၂-ခုရှိတယ်နော်၊ ပြီးတော့ အဟိတ်စိတ်ထဲ ပြန်လာတဲ့ သောမနဿ သန္တီရဏရှိတယ်၊ ဟသိတုပ္ပါဒ် ရှိတယ် ဒါက သင်္ဂြိုဟ်လာတဲ့အတိုင်းရေးတာမို့ ဟိုရောက်ဒီရောက်ဖြစ်နေတာ၊ ဒါ မတတ် နိုင်ဘူး၊ အစဉ်အတိုင်း ရေချင်လဲရေပါ၊ အစဉ်အတိုင်း ရေမယ်ဆိုရင်
- လောဘမူသောမနဿ ၄
- သောမနဿ သန္တီရဏ ၁
- ဟသိတုပ္ပါဒ် ၁
- ကာမာဝစရသောဘန သောမနဿ ၁၂

တစ်ခါ မဟဂ္ဂုတ် လောကုတ္တရာ ပေါင်းလိုက်ကြစို့၊ မဟဂ္ဂုတ် လောကုတ္တရာ

[စာမျက်နှာ-35] ပထမဈာန် ဘယ်လောက်တုန်း၊ မဟဂ္ဂုတ် လောကုတ္တရာဆိုရင်အကုန်လုံး သွားရမယ်၊ ၁၁-ပါးနော်။
- မဟဂ္ဂုတ် လောကုတ္တရာ ပထမဈာန် ၁၁-ပါး
- ဒုတိယဈာန် ၁၁-ပါး
- တတိယဈာန် ၁၁-ပါး
- စတုတ္ထဈာန် ၁၁-ပါး
အားလုံးပေါင်းရင် ဘယ်လောက်ဖြစ်သလဲ ၆၂-ဖြစ်တယ်၊ အဲဒီ ၆၂-ဟာ သောမနဿဝေဒနာနှင့်ယှဉ်တာ၊ ဘာမှမခက်ပါဘူး၊ စိတ်ပိုင်းကျေပြီးရင် ပြောနေစရာတောင် မလိုဘူး၊

ဒေါမနဿဝေဒနာနှင့်ယှဉ်တဲ့စိတ် ဘယ်နှစ်ခုရှိသလဲ ၂-ပါးရှိတယ်၊ ဒေါသမူ ဒွေးပေါ့၊ သူက ဒေါမနဿဝေဒနာနှင့် ယှဉ်တာ။

ဥပေက္ခာဝေဒနာနှင့် ယှဉ်တဲ့စိတ် ၅၅-ပါး ရှိတယ်၊ စာရွက်ကြည့်ပြီးတော့ ပြောရင်လည်းရတယ်၊ ဇယားကွက်ကြည့်ပြီးတော့ ပြောရင်လည်းရတယ်၊ ဇယားကွက် ကြည့်ပြီးတော့ ပြောလိုက်စမ်းပါ၊ လောဘမူ ဥပေက္ခာ ၄-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပြီးတော့ အဟိတ်စိတ်ထဲက ဥပေက္ခာ ဘယ်နှစ်ခုတုန်း၊ ဘယ်လောက်ရှိသတုန်း ၁၄-ခု၊ ၁၄-ပါး။

ကာမာဝစရသောဘန ဥပေက္ခာ ၁၂-ပါး၊ ကိုင်း၊ ဒါတွေ အကုန်ပေါင်းလိုက် ကြစို့၊ မဟဂ္ဂုတ် လောကုတ္တရာ ပဉ္စမဈာန် ၂၃-ဟုတ်ရဲ့လား၊ မဟဂ္ဂုတ်လောကုတ္တရာ ပဉ္စမဈာန် ၂၃၊ အားလုံးပေါင်းလိုက်ရင် ၅၅-နော်၊ အဲဒါ ပေါင်းလိုက်ရင် သုခသဟဂုတ် ၁၊ ဒုက္ခသဟဂုတ် ၁၊ သောမနဿ-၆၂၊ ဒေါမနဿ-၂၊ ဥပေက္ခာ ၅၅၊ ပေါင်းလိုက်ရင် ဘယ်လောက် ဖြစ်သွားမလဲ၊ ၁၂၁-ပါး ဖြစ်သွားမယ်၊ ဒါပါပဲ။

ဝေဒနာအားဖြင့် စိတ်ကို ဝေဖန်တာဟာ ဘာမှမခဲယဉ်းပါဘူးနော်၊ စိတ်ပိုင်း ကျေပြီးရင် ပြောနေစရာတောင် မလိုဘူး၊ အလိုလိုကိစ္စပြီးတယ်၊ ထပ်ပြီးတော့ သတိရအောင် အနေနဲ့ ပြန်ပြောတာ။

ဒါကြောင့်မို့ ဝေဒနာ ၃-ပါးလို့ ဟောတာက ဘာနည်းတဲ့တုန်း၊ အာရမ္မဏာနုဘဝနနည်းအားဖြင့် ဖြစ်၏တဲ့၊ အာရမ္မဏက အာရုံ၊ အနုဘဝနက ခံစားတာနော်၊ အဲဒီတော့ အာရုံကို ခံစားတဲ့နည်းအားဖြင့် ပြောရင် ဝေဒနာ ၃-ပါးတဲ့။ ဣန္ဒြိယဘေဒနည်းအရအားဖြင့် ဣန္ဒြေ ၂၂-ထဲမှာ ဟောထားတဲ့ နည်းအားဖြင့်

[စာမျက်နှာ-36] ဆိုရင်တော့ ဝေဒနာ ၅-ပါး၊ အောက်က ဟာလေးကတော့ လင်္ကာလေးနော်၊ စာရွက်ထဲမှာ ကွက်လပ်ကလည်း ရှိနေတာနဲ့ လယ်တီဆရာတော်ရေးထားတဲ့ လင်္ကာထည့်မလို့ဆိုတော့ ဆရာတော် လင်္ကာက ပါဠိတွေချည်းဖြစ်နေတော့ ဘာမှ သိမှာမဟုတ်ဘူး၊

ဒါကြောင့်မို့ မြန်မာလို ပြန်ရေးလိုက်တယ်၊ ဒါတောင် ပါဠိကတော့ပါသင့်သလောက် ပါသေးတာပဲ၊ “တစ်စီသုဒု” ဒါဘာတုန်း၊ သုခသဟဂုတ် ၁-ခု၊ ဒုက္ခသဟဂုတ် ၁-ခု ၁-ခုစီ၊ “ဒေါနှစ်ခု” ဒေါမနဿသဟဂုတ် ၂-ခု၊ “သောရှု ခြောက်ဆယ့်နှစ်” သောမနဿ-၆၂၊ “ဥပေက္ခာမူငါး ငါးယူ”နော်၊ ဥပေက္ခာ ၅၅-ပါး၊ “ပေါင်းမှု တစ်နှစ်တစ်”နော် ၁၂၁-ပါး၊ ဟုတ်ပြီလား၊ ဒီလင်္ကာလေး ကျက်ထားရင်လည်း မြန်မြန်သိတယ်ပေါ့လေ၊ ဒီထက်တော့ပါဠိကို ရှောင်လို့ မရတော့ဘူး၊ ဟုတ်လား၊ လယ်တီဆရာတော် ဘုရားလင်္ကာ နားလည်ကြလား၊ ဘာမှ နားမလည်ဘူး၊ ဒါလည်း မြန်မာလင်္ကာအနေနဲ့ ရေးထားတာပဲနော်၊ ဒါကြောင့်မို့ ခက်တာ။

ဒါက ဝေဒနာသင်္ဂဟတဲ့ ဝေဒနာသင်္ဂဟက အလွန်လွယ်ပါတယ်၊ ဝေဒနာ ၃-ပါး၊ သို့မဟုတ် ဝေဒနာ ၅-ပါး၊ အခု ဒါ ဝေဒနာ ၅-ပါးနဲ့ ဝေဖန်တာ၊ ထပ်ပြီး ဝေဒနာ ၃-ပါး ဝေဖန်ကြဦးစို့။

ဝေဒနာ ၃-ပါးနှင့် ဝေဖန်တယ်ဆိုတော့ သုခနှင့် သောမနဿကို တစ်ပေါင်း တည်းပြောမယ်၊ ဒုက္ခနှင့် ဒေါမနဿကို တစ်ပေါင်းတည်းပြောမယ်နော်။

အဲသလိုဆိုရင် သုခဝေဒနာနှင့် ယှဉ်တဲ့စိတ် ဘယ်လောက်ရှိသလဲ၊ ၆၃ နော်၊ ဒုက္ခဝေဒနာနှင့် ယှဉ်တဲ့စိတ်၊ ဒုက္ခနှင့် ဒေါမနဿ ပေါင်းရမယ်လေ ၃-ပါး၊ ဥပေက္ခာတော့ ၅၅-ပဲ၊ ဟုတ်ပြီ၊ ပြန်ပြောပါဦး။
- သုခဝေဒနာနှင့် ယှဉ်တဲ့စိတ် ၆၃-ပါး
- ဒုက္ခဝေဒနာနှင့် ယှဉ်တဲ့စိတ် ၃-ပါး
- ဥပေက္ခာဝေဒနာနှင့် ယှဉ်တဲ့စိတ် ၅၅-ပါး
အဲသလိုလည်းခွဲလို့ ရသေးတယ်နော်၊ ဒီ ၂-မျိုးပဲ၊ ၃-ပါးနည်း၊ ၅-ပါးနည်း၊ အဲဒါနဲ့ ခွဲမယ်၊ ဝေဒနာသင်္ဂဟပြီးကြစို့။

ဟေတုသင်္ဂဟ

နောက်တစ်ခုကတော့ ဟေတုသင်္ဂဟတဲ့၊ ဟိတ် ၆-ပါး ရှိတယ်၊ အဲဒီ ဟိတ်တွေနဲ့ စိတ်ကို တစ်ခါ ဝေဖန်ပြီးတော့ ပြဦးမယ်၊ ဟေတုကိုပဲ မြန်မာလိုဟိတ်လို့ ခေါ်လိုက်တယ်၊ ဒါ မြန်မာစကားမှာ ဒီကောင် ဟိတ်ဟန်ကြီးတယ် ဆိုတာနဲ့ မဆိုင်ဘူးနော်၊ အဲဒါကတော့ မြန်မာစကားဖြစ်အောင် လုပ်ပြီးတော့ အဓိပ္ပါယ်

[စာမျက်နှာ-37] တစ်မျိုးနဲ့ သုံးထားတာ။

ဒီနေရာမှာ ဟိတ်ဆိုတာ ဟေတုပဲ၊ ဒါဖြင့် ဟေတုဆိုတာ လောဘ ဒေါသ စသည် ဟေတုပစ္စယော၊ အာရမ္မဏပစ္စယောနှင့် တချို့လူတွေရကြလိမ့်မယ်၊ အဲဒါသိချင်ရင် အောက်က လင်္ကာလေးကို ဖတ်ကြည့်လိုက်။
* လော၊ ဒေါ၊ မော သုံး၊ အနှင့်သုံး ခေါ်သုံး ဟိတ်ခြောက်ပါး (လယ်တီဆရာတော်ဘုရားကြီးလင်္ကာ)

အဓိပ္ပါယ်ကတော့ လောဘ၊ ဒေါသ၊ မောဟဟူ၍ ၃-ပါး၊ အနှင့်သုံးဆိုတာ အနှင့်တွဲလိုက်ဦးတဲ့ အလောဘ၊ အဒေါသ၊ အမောဟ ၃-ပါး၊ ဒါကြောင့်မို့ အားလုံးဟိတ် ၆-ပါးရှိတယ်၊ လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်။

ဒီဟိတ် ၆-ပါးကို ဘယ်မှာတွေ့ခဲ့ပြီလဲ၊ စေတသိက်ပိုင်းမှာ မတွေ့ခဲ့ဘူးလား စေတသိက် ၅၂-ပါးမှာ ဒါတွေပါပြီးသားမို့လား၊ အကုသိုလ်စေတသိက်ထဲမှာ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ် တွေ့တယ်နော်။

သောဘန စေတသိက်ထဲမှာ အလောဘရယ်၊ အဒေါသရယ်၊ အမောဟရယ် တွေ့ပြီးသား မဟုတ်ဘူးလား၊ ဒါဖြင့် ဟိတ် ၆-ပါးဆိုတာ အဆန်းမဟုတ်ပါဘူး၊ ကိုယ်သိပြီးသား၊ ကိုယ်နှင့် ရင်းနှီးဖူးပြီးသား နာမည်တစ်မျိုးဖြစ်နေတော့ ပေါင်းစု ပြီးတော့ သူတို့ကို ခေါ်ထားတယ်နော်၊ နာမည်တစ်မျိုးနဲ့ ခေါ်ထားတော့ ကိုယ်က မတွေ့သေးသလို ထင်သွားတယ်ဟုတ်လား။

မဟုတ်ဘူး၊ အကုသိုလ်စေတသိက်ထဲက ယူရမှာ၊ ပြီးတော့ သူနဲ့ယှဉ်လိမ့်မယ်၊ ဘာတုန်းဆိုတော့ စိတ်နှင့်စေတသိက်က တခြားစီပဲ၊ ဦးဇင်းတို့က နားလည်ရမှာ အခုက စေတသိက်တင်ကောက်တာနော်၊ အဲဒီတော့ လောဘစေတသိက်၊ ဒေါသစေတသိက်၊ မောဟစေတသိက်၊ အလောဘစေတသိက်၊ အဒေါသစေတသိက်၊ အမောဟစေတသိက်၊ ဒီ ၆-ပါးကိုပဲ ဟိတ်လို့ခေါ်တယ်တဲ့။

ဟိတ်ဆိုတာ ဘာတဲ့လဲ။
* ရေသောက်မြစ်နယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ၊
ရေသောက်မြစ်လို အတူတကွဖြစ်တဲ့ တရားတွေအပေါ်မှာ ကျေးဇူးများတဲ့ အကြောင်းတရားမျိုးကို ဟိတ်လို့ခေါ်တာ။

ဟိတ်ဆိုတာ ရှင်းရှင်းပြောရင် အကြောင်းကို ဟိတ်လို့ခေါ်တာ၊ အကြောင်း ဆိုတာ ဒီနေရာမှာ ရေသောက်မြစ်များ သစ်ပင်ကို ကျေးဇူးများသလို ယှဉ်ဘက်တရား

[စာမျက်နှာ-38] တွေအပေါ်မှာ ကျေးဇူးများတဲ့ သဘောတရားကို ဟိတ်လို့ခေါ်တာ။

လောဘရှိတဲ့အခါမှာ လောဘနှင့်ယှဉ်တဲ့အတွက်ကြောင့်မိုလို့ ဒီစိတ်ဟာ စည်ပင်ထွန်းကားတယ်ပေါ့လေ၊ အဲသလို အဓိပ္ပါယ်မျိုး၊ ကျမ်းဂန်တွေမှာ သစ်ပင်ရဲ့ ရေသောက်မြစ်နှင့်ဥပမာပေးတယ်။

အဲဒီတော့ အဲဒီဟိတ် ၆-ပါးမှာ အကောင်း ၃-ပါး၊ အဆိုး ၃-ပါး၊ ဆိုကြပါစို့၊ အကောင်းနဲ့ ဟို အလယ်အလတ် ၃-ပါး၊ အဆိုး ၃-ပါး၊ လောဘ၊ ဒေါသ၊ မောဟက အကုသိုလ်ဟိတ်၊ အလောဘ၊ အဒေါသ၊ အမောဟ၊ က ကုသိုလ်ဟိတ် ပြီးတော့ ဝိပါက်ဟိတ်၊ ကြိယာဟိတ်ပေါ့၊ ဝိပါက်မှာလည်းရှိတယ်၊ ကြိယာမှာလည်း ရှိတယ်၊ အဲဒါ ဟိတ် ၆-ပါး၊

အဲဒီ ဟိတ် ၆-ပါး သိပြီးတဲ့နောက် ဟိတ် ၆-ပါးနှင့် စိတ် ၈၉ (သို့မဟုတ်) ၁၂၁-ပါးကို ဒီအခါကျတော့ ၈၉-နှင့်ပဲသွားတော့တယ်၊ စိတ် ၈၉-ပါးကို ဝေဖန် ကြရဦးမယ်၊ အဲဒီတော့ လောဘဟိတ်နဲ့ယှဉ်တဲ့စိတ်၊ ဒေါသဟိတ်နဲ့ ယှဉ်တဲ့စိတ်၊ မောဟဟိတ်နဲ့ ယှဉ်တဲ့စိတ်၊ အလောဘ၊ အဒေါသ၊ အမောဟ၊ ဟိတ်နဲ့ယှဉ်တဲ့စိတ် ဘယ်လောက်ရှိသလဲနော်၊ အဲဒါ လယ်တီဆရာတော် ဘုရားကြီးက ဘာရေးထားသလဲ ဆိုတော့
* စိတ်နှင့် စေယှဉ်၊ ကျေလည်လျှင်၊ ဟိတ်မြင်မခက်သေး။

မင်းတို့ စိတ်ယှဉ်စေတသိက်ယှဉ် နားလည်ရင်ဟိတ်ယှဉ်တာ ဘာမှ မခက် တော့ဘူး၊ ပြောနေစရာတောင် မလိုပြန်ဘူး၊ သမ္ပယောဂနည်းတို့ သင်္ဂဟနည်းတို့ စေတသိက်ပိုင်း စိတ်နှင့် စေတသိက်နှင့် ယှဉ်တာ၊ အဲဒါ ယှဉ်တာ နားလည်ရင်တဲ့ နော်၊ “ဟိတ်မြင်မခက်သေး” အထူးသဖြင့်တော့ သမ္ပယောဂနည်းကျေရင် ဒါဘာမှ မခက်တော့ဘူး။

ကောင်းပြီ၊ သမ္ပယောဂနည်းမှာ မမှတ်မိရင် ဟိုအကွက် ပြန်ကြည့်နော်၊ ကိုင်း check လုပ်လိုက်စမ်းပါ၊ လောဘတဲ့ ကြည့်လိုက်စမ်း၊ လောဘနှင့် ယှဉ်တာ စိတ်ဘယ်လောက်ရှိသလဲ၊ လောဘဟိတ်နှင့်ယှဉ်တာ(သို့မဟုတ်) လောဘ စေတသိက်နှင့်ယှဉ်တာ စိတ်ဘယ်လောက်ရှိသလဲ၊ လောဘမူစိတ် ၈-ပါးပဲ မဟုတ်ဘူးလား၊ ဒေါသဟိတ်နှင့်ယှဉ်တာ ဒေါသမူစိတ် ၂-ပါး၊ မောဟဟိတ်နှင့် ယှဉ်တာ အကုသိုလ်စိတ် ၁၂-ပါး၊ သူက လွယ်ပါတယ်နော်၊ ပြန်ပြောစမ်း၊ လောဘဟိတ်နှင့်ယှဉ်တဲ့ လောဘမူစိတ် ၈-ပါး၊ ဒေါသဟိတ်နှင့်ယှဉ်တာ ဒေါသမူစိတ် ၂-ပါး၊ မောဟဟိတ်နှင့်ယှဉ်တာ အကုသိုလ်စိတ် ၁၂-ပါး။

[စာမျက်နှာ-39] ကောင်းပြီ၊ အလောဘတဲ့၊ အလောဘဆိုတာက သောဘနသာဓာရဏ ၁၉ ဆိုတာထဲမှ အကျုံးဝင်သွားပြီ၊ စိတ်ဘယ်လောက်နဲ့ ယှဉ်သလဲ၊ သောဘနသာဓာရဏ ဘယ်လောက်နဲ့ ယှဉ်တုန်း၊ ၅၉-မဟုတ်ဘူးလား၊ ဒါဖြင့် အလောဘ စေတသိက်ဟာ စိတ်ဘယ်လောက်နှင့် ယှဉ်သလဲ၊ သောဘနစိတ် ၅၉-နှင့် ယှဉ်တယ်နော်၊ အဒေါသလည်း အတူတူပဲ၊ သောဘန သာဓာရဏထဲပါသွားတယ်၊ ဒါကြောင့်မို့ အဒေါသ စေတသိက်ဟာလည်းပဲ စိတ်-၅၉ နှင့် ယှဉ်တယ်၊ ဒါ မခဲယဉ်းတော့ဘူးနော်။

အမောဟဆိုတာက ပညိန္ဒြေဆိုတာနဲ့အတူတူပေါ့၊ အဲဒီအမောဟက စိတ် ဘယ်လောက်နှင့် ယှဉ်သလဲ၊ ၄၇-နှင့် ယှဉ်တယ်နော်၊ ၄၇ နှင့် ယှဉ်တယ်၊ ဒါပါပဲ ဒါပေမယ့် chart နှင့် ပြန်ပြီးတော့ကိုင်ကြည့် ကြဦးစို့နော်၊ ကိုင်း chart ကြည့် လိုက်စမ်း၊ လောဘနှင့်ယှဉ်တဲ့စိတ်ဆိုရင် ဘယ်ဟာလဲ၊ လောဘမူစိတ် ၈-ပါးနော်၊ ဒေါသနှင့်ယှဉ်တာ ဒေါသမူစိတ် ၂-ပါး၊ မောဟနှင့်ယှဉ်တာ အကုသိုလ်စိတ် ၁၂-ပါး၊ အလောဘနှင့်ယှဉ်တာ သောဘနစိတ် ၅၉-ပါး၊ ဒါကြောင့်မို့ ကာမာဝစရသောဘနကစပြီးတော့ ဟိုဘက်အကုန် လောကုတ္တရာစိတ်ကို ၈-ပါးလို့ ယူမယ်။

အဒေါသနှင့်ယှဉ်တာအတူတူပဲ၊ ဒီကစပြီးတော့ ဟိုဘက်ကိုအကုန်၊ အမောဟ ကျတော့ ဒီဟာတွေနဲ့ ယှဉ်နိုင်ဦးမလား၊ ဒါ ဉာဏဝိပ္ပယုတ် မဟုတ်ဘူးလားနော်၊ အဲဒီတော့ ဉာဏဝိပ္ပယုတ်ဆိုရင် အမောဟမယှဉ်ဘူး၊ ဉာဏသမ္ပယုတ်သာ ယှဉ်မယ်၊ ဒါကြောင့်မို့ ဘယ်လောက်နုတ်သွားမလဲ၊ ဒီက ၆-ခု၊ ဒီက ၆-ခု၊ ၁၂-ခု နုတ်သွားမယ်၊ ၅၉-ထဲက ၁၂-နုတ်ကြည့်စမ်းပါ၊ ၄၇-ရတယ် မဟုတ်လား၊ အဲဒီ ၄၇-ပဲ။

ဒါကြောင့်မို့ ရူပါဝစရစိတ်တွေသည် ဉာဏသမ္ပယုတ်စိတ်တွေနော်၊ အရူပါဝစရစိတ်တွေသည် ဉာဏသမ္ပယုတ်စိတ်တွေ၊ လောကုတ္တရာစိတ်သည် ဉာဏသမ္ပယုတ်စိတ်၊ အဲဒီတော့ နောက်တစ်ခါကျတော့ ဘယ်လို ပြန်ပြီးတော့ လှည့်ရမလဲ ဆိုတော့ ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ်၊ ဟိတ် ၂-ပါးနှင့် ယှဉ်တဲ့စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ်၊ အကယ်၍များရှိသေးရင် ဟိတ် ၄-ပါး၊ ဟိတ် ၅-ပါး ဟိတ် ၆-ပါးနှင့် ယှဉ်တဲ့စိတ်ပေါ့၊ ရှာကြည့်ကြရအောင်နော်၊ ဒီမှာကြည့်လိုက်စမ်း၊ အခု ဒီစိတ်တွေမှာ ဘာဟိတ်ယှဉ်သလဲ၊ လောဘဟိတ် တစ်ခုတည်း ယှဉ်သလား လောဘနှင့်မောဟ ၂-ခုယှဉ်တယ်၊ လောဘမူစိတ် ၈-ခုနော်၊ ဒေါသမူစိတ် ၂-ခုမှ ဒေါသနှင့်မောဟ ၂-ခုယှဉ်တယ်၊ မောဟစိတ် ၂-ခုမှာ မောဟ ၁-ခု

[စာမျက်နှာ-40] တည်းသာ ယှဉ်တယ်။

ဒါဖြင့် ဟိတ် ၁-ပါးတည်းနှင့်သာ ယှဉ်တဲ့စိတ်ဆိုရင် မောဟမူဒွေးရမယ်။ ဒီလောဘမူစိတ် ၈-ပါးနှင့် ဒေါသမူစိတ် ၂-ပါးက ဟိတ် ၂-ပါးနှင့် ယှဉ်တယ်။ ဒါ မှတ်ထားနော်။

ဒါကြောင့်မို့ ဒါက ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ်၊ မောဟမူဒွေး၊ ဟိတ် ၂-ပါးနှင့် ယှဉ်တဲ့စိတ်က လောဘမူစိတ် ၈-ခုနှင့် ဒေါသမူဒွေး၊ ဟုတ်ပြီနော်။

နောက်လာတဲ့ ၁၈-ပါး၊ သူကတော့ သုညထဲကပဲ၊ ဟိတ်နှင့် မယှဉ်ဘူးနော်။ မည်သည့်ဟိတ်နှင့်မျှမယှဉ်၊ ဘယ်ဟိတ်နှင့်မှ သူမယှဉ်ဘူး၊ ဒါဖြင့် သူက အဟိတ်ပေါ့။

ကောင်းပြီ၊ ကာမာဝစရ ကုသိုလ်စိတ် ၈-ပါးရှိတယ်နော်၊ ပထမစိတ်၊ ဒုတိယစိတ် ဟိတ် ဘယ်လောက်နဲ့ ယှဉ်သလဲ၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ၃-ခုနှင့်မယှဉ်ဘူးလား၊ နောက် တတိယနှင့် စတုတ္ထစိတ်ကျတော့ အလောဘ၊ အဒေါသနှင့်သာ ယှဉ်မယ်၊ အမောဟနှင့် မယှဉ်ဘူး။

တစ်ခါ ဥပေက္ခာ ၄-ခုထဲက ပထမ ၂-ခုက အလောဘ၊ အဒေါသ၊ အမောဟနှင့် ယှဉ်မယ်၊ နောက် ၂-ခုက အလောဘ၊ အဒေါသနှင့်သာ ယှဉ်မယ်၊

ဒါဖြင့်ရင် ဒီ ကာမာဝစရ ကုသိုလ်စိတ် ၈-ပါးထဲတွင် ၁၊ ၂ = ၃-ပါး၊ ၃၊ ၄ = ၂-ပါး၊ ၅၊ ၆ = ၃-ပါး၊ ၇၊ ၈ = ၂-ပါး၊
ကာမာဝစရဝိပါက်စိတ် ၈-ပါးထဲတွင် ၁၊ ၂ = ၃-ပါး၊ ၃၊ ၄ = ၂-ပါး၊ ၅၊ ၆ = ၃-ပါး၊ ၇၊ ၈ = ၂-ပါး၊
ထို့အတူပဲ ကာမာဝစရကြိယာစိတ် ၁၊ ၂ = ၃-ပါး၊ ၃၊ ၄ = ၂-ပါး၊ ၅၊ ၆ = ၃-ပါး၊ ၇၊ ၈ = ၂-ပါး၊

ဒါဖြင့်ရင် ဒီကာမာဝစရသောဘနစိတ် ၂၄-ခုထဲမှာ ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ် ၁၂-ပါးနော်၊ ၁-၂၊ ၅-၆ ပေါ့၊ ဟိတ် ၂-ပါးနှင့်သာ ယှဉ်မိတဲ့စိတ် ၁၂-ပါးပဲ၊ ၃-၄- နော် ၃-၄ နှင့် ၇-၈ ပေါ့၊ ဟုတ်လား၊ အေး အဲဒီတော့ အကုသိုလ်စိတ်ထဲမှာ ဟိတ် ၂-ပါးနှင့် ယှဉ်တဲ့စိတ် ၁၀-ရှိခဲ့တယ်၊ အဲဒီ ၁၀ ရယ်၊ ကာမာဝစရသောဘန စိတ်ထဲက ၁၂-ပါးရယ်၊ ပေါင်းလိုက်ရင် ၂၂-ပါး၊ ဒါဖြင့် ဟိတ် ၂-ပါးနှင့်ယှဉ်တဲ့စိတ် ၂၂-ပါး ရှိတယ်လို့ ဖြေရလိမ့်မယ်နော်။

တချို့က လောဘ၊ ဒေါသနှင့်ယှဉ်တယ်၊ တချို့က အလောဘ၊ အဒေါသနှင့် ယှဉ်တယ်၊ သို့သော် ဟိတ် ၂-ပါးတော့ ၂-ပါးပဲ၊ ဒါကြောင့်မို့ ဟိတ် ၂-ပါးနှင့်

[စာမျက်နှာ-41] ယှဉ်တဲ့စိတ် ထုတ်လိုက်စမ်းပါဆိုရင် ဘယ်လောက်ရမလဲ၊ ၂၂-ပါးရမယ်။

ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ် ၂-ပါးရမယ်၊ ဟိတ် တစ်ခုနှင့်မျှ မယှဉ်တဲ့စိတ် ၁၈-ခုရမယ်။

ကောင်းပြီ ဒါဖြင့်ရင် ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ်တွေ ရွေးကြစို့၊ ကာမာဝစရသောဘနထဲမှ ဟိတ် ၃-ပါးနှင့် ယှဉ်တာ ၁၂-ပါးရှိတယ်၊ မဟဂ္ဂုတ်နှင့် လောကုတ္တရာမှာတော့ ၂-ပါးလို့ ၃-ပါးလို့ စဉ်းစားနေစရာလိုသေးလား၊ ၂-ပါးဖြစ်လေမလား၊ ၃-ပါးဖြစ်လေမလား စဉ်းစားမနေနဲ့ ၃-ပါး ဧကန်ပဲ၊ ဟုတ်တယ်မို့လား၊ တိဟိတ် စိတ်တွေ။

ဒါကြောင့် မဟဂ္ဂုတ် လောကုတ္တရာကို မဟဂ္ဂုတ်က-၂၇၊ လောကုတ္တရာက ၈-လို့ တွက်တော့ ၃၅-ရတယ်နော်၊ အဲဒီတော့ မဟဂ္ဂုတ် လောကုတ္တရာ ၃၅-က ဟိတ် ၃-ပါးနှင့် ယှဉ်တယ်။

တစ်ခါ ကာမာဝစရသောဘနထဲက ဉာဏသမ္ပယုတ်စိတ် ၁၂-ပါးက ဟိတ် ၃-ပါးနှင့် ယှဉ်တယ်၊ ဒါကြောင့်မို့ ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ် အားလုံး ပေါင်းလိုက်ရင် ဘယ်လောက်ရမလဲ၊ ၃၅ ရယ်၊ ၁၂ ရယ်၊ ၄၇ ရမယ်၊ အဲဒီ ၄၇-ပါးက ဟိတ် ၃-ပါးနှင့် ယှဉ်တယ်၊ ဘာဟိတ်တွေလဲဆိုရင် အလောဘ၊ အဒေါသ၊ အမောဟ၊ ဟုတ်ပြီလား။

ကိုင်း ပြန်ပြီးတော့ အားလုံးတွက်လိုက်ကြဦးစို့၊ ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ် ၂-ပါး ရှိတယ်၊ မောဟမူဒွေး၊ မောဟဟိတ်။

ဟိတ် ၂-ပါးနှင့် ယှဉ်တဲ့စိတ် ၂၂-ပါးရှိတယ်၊ လောဘမူစိတ် ၈-ပါး၊ ပြီးတော့ ကာမာဝစရသောဘနစိတ်ထဲက ဉာဏဝိပ္ပယုတ် ၁၂-ပါး၊ လောဘမူစိတ် ၈-ပါးသည် လောဘဟိတ်၊ မောဟဟိတ်နှင့်ယှဉ်တယ်၊ ဒေါသမူစိတ် ၂-ပါးသည် ဒေါသ၊ မောဟနှင့် ယှဉ်တယ်၊ ကာမာဝစရသောဘန စိတ်ထဲက ဉာဏဝိပ္ပယုတ် စိတ် ၁၂-ပါးသည် အလောဘ၊ အဒေါသနှင့် ယှဉ်တယ်၊ အဲသလိုပဲ သိသွားရမယ်။ ဟိတ် ၂-ပါးဆိုတာလည်း သိရမယ်၊ ဘာဟိတ်ဆိုတာလည်းသိရမယ်။

ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ်၊ အဲဒီတော့ အကုသိုလ်ထဲမှာ ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ် မရှိဘူး၊ လောဘရော၊ ဒေါသရော၊ မောဟရော ယှဉ်တာမရှိဘူး၊ ဘာကြောင့်တုန်းဆိုတော့ လောဘနှင့်ဒေါသက တစ်ပြိုင်နက်သော ခဏမှာ မဖြစ်နိုင်ဘဲ လောဘနှင့်ယှဉ်ရင် ဒေါသနှင့်မယှဉ်ဘူးပေါ့လေနော်၊ ဒါကြောင့်မို့ အကုသိုလ်ဟိတ်ထဲက ၃-ပါးလုံး ယှဉ်တယ်ဆိုတာ မရှိဘူး၊ ဟိတ် ၃-ပါးလုံးနှင့် ယှဉ်တဲ့စိတ်ဆိုတာ

[စာမျက်နှာ-42] မရှိဘူး။

ကောင်းတဲ့ဟိတ်ကျတော့ ကောင်းတဲ့ဟိတ်ထဲကတော့ (Neutral) ဟိတ်ကတော့ ရှိတယ်၊ အဲဒီဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ် ၄၇-ပါးရှိတယ်၊ ဘာတွေလဲ ကာမာဝစရသောဘနထဲက ဉာဏသမ္ပယုတ် ၁၂-ပါး၊ ပြီးတော့ မဟဂ္ဂုတ် လောကုတ္တရာစိတ် ၃၅-ပါး၊ အားလုံးပေါင်း ၄၇-ပါး၊ သူတို့က ဟိတ် ၃-ပါးနှင့် ယှဉ်တယ်၊ တိဟိတ်စိတ်၊ ဟိတ် ၃-ပါးဆိုတာ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်၊ ဒါကြောင့်မို့ ဆရာတော်ကြီးက ပြောတာပဲနော်၊ စိတ်၊ စေတသိက် ယှဉ်တာကျေရင် ဟိတ်အမြင်မခက်ပါဘူးတဲ့နော်။

ကောင်းပြီ၊ ဒါဖြင့်ရင် ဟိတ် ၄-ပါးနှင့် ယှဉ်တဲ့စိတ်များ ရှိနိုင်ပါ့မလား၊ ဒါတော့ ဘယ်ရှိနိုင်မလဲ၊ ဟိတ် ၅-ပါးနှင့်ကော၊ ဟိတ် ၆-ပါးနှင့်ကော မရှိဘူး၊ ဒါဖြင့်ရင် ဘာနဲ့သာရှိသလဲ၊ ဟိတ် ၁-ပါးနှင့် ရှိမယ်၊ ဟိတ် ၂-ပါးနှင့်ရှိမယ်။ ဟိတ် ၃-ပါးနှင့်ရှိမယ်။

အဲဒီတော့ အဲဒီဟာတွေသိချင်ရင် ဒီဇယားကွက်မှာ အောက်ကဟာတွေရှိတယ်၊ အောက်ကဟာတွေပေါင်းလိုက်ရင်ရတယ်၊ ဟိတ်-၁-ပါးနှင့်ဆိုရင်၊ ၁-မှာကြည့် ၁ ကိုရှာတွေ့လား၊ ဘာလဲ၊ မောဟမူ ၂။

ဒါဖြင့် ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ်ဟာ မောဟမူ ၂-ပေါ့၊ ဟိတ် ၂-ပါးနှင့် ယှဉ်တဲ့စိတ်ဆိုရင် ၂-ဘယ်နှစ်ခုတွေ့ရသလဲ၊ ၃-ခုတွေ့ရတယ်၊ လောဘမူစိတ် ၈၊ ဒေါသမူစိတ်-၂၊ ကာမာဝစရသောဘန ဉာဏဝိပ္ပယုတ် ၁၂-ပါး၊ ဟိတ် ၃-ပါးနှင့်ယှဉ်တဲ့စိတ်၊ ဒါလဲ ၃-ခုရှိတယ်နော်။
* ကာမာဝစရသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး
* မဟဂ္ဂုတ်စိတ် ၂၇- ပါး
* လောကုတ္တရာစိတ် ၈-ပါး

ဒါပဲပေါ့၊ ပြီးတော့ သုညဟိတ်နှင့် ဟိတ်နှင့်လုံးဝ မယှဉ်တဲ့စိတ် ၁၈-ပါး၊ အေး၊ အဲဒါဘယ်လိုပဲမေးမေး ဘယ်လိုပဲစဉ်းစားစဉ်းစား ပေါ်ရမယ်ပေါ့။

လောဘနှင့် ယှဉ်တဲ့စိတ်၊ ဒေါသနှင့်ယှဉ်တဲ့စိတ်၊ မောဟနှင့်ယှဉ်တဲ့စိတ်၊ အလောဘနှင့်ယှဉ်တဲ့စိတ်၊ အဒေါသနှင့် ယှဉ်တဲ့စိတ်၊ အမောဟနှင့် ယှဉ်တဲ့စိတ်၊ ဒီလိုဆိုရင်လည်းပဲ သိရမယ်၊ (သို့မဟုတ်) ဟိတ် ၁-ပါးနှင့် ယှဉ်တဲ့စိတ်၊ ဟိတ် ၂-ပါးနှင့်ယှဉ်တဲ့စိတ်၊ ဟိတ် ၃-ပါးနှင့်ယှဉ်တဲ့စိတ်၊ ဘယ်ဟိတ်နှင့်မှ မယှဉ်တဲ့စိတ်၊ ဒီလိုလည်း သိရမယ်။

[စာမျက်နှာ-43] တစ်ခါ လောဘမူစိတ်သည် ဟိတ်ဘယ်နှစ်ပါးနှင့်ယှဉ်သလဲ၊ ဒေါသမူစိတ်သည် ဟိတ်ဘယ်နှစ်ပါးနှင့်ယှဉ်သလဲ၊ မောဟမူစိတ်သည် ဟိတ်ဘယ်နှစ်ပါးနှင့် ယှဉ်သလဲ၊ အဟိတ်စိတ်သည် ဟိတ်ဘယ်နှစ်ပါးနှင့်ယှဉ်သလဲ၊ ကာမာဝစရသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး၊ ဟိတ် ဘယ်နှစ်ပါးနှင့် ယှဉ်သလဲစသည်ဖြင့်ပေါ့ အဲဒီလိုလည်းပဲ နားလည်ရမယ်ပေါ့နော်။

အဲဒီတော့ ဘယ်လိုပဲလှည့်မေးမေး၊ ဒါမြင်နေရင် ဟိတ်မြင်သွားပြီပေါ့နော်၊ ဒါကို ဟေတုသင်္ဂဟလို့ခေါ်တယ်၊ ဒါလည်းပဲ မခက်သေးပါဘူးနော်။

ဒါကြောင့်မို့ ပြောတာပေါ့၊ နောက်ကဟာတွေ ကျေပစေဆိုတာ နောက်က ဟာကျေရင် ရှေ့သွားရတာ ဘာမှမခက်ဘူးနော်။

ဦးဇင်းတို့ ဘုန်းကြီးလောကမှာ အဆိုရှိတယ်၊ သင်္ဂြိုဟ်မကျေရင် ညဝါဆိုဖို့ မလိုဘူးတဲ့၊ ညဝါဆိုတာက သင်္ဂြိုဟ်ကို အသုံးပြုပြီးတော့ ညမှာ စာပြန်သလို ပြန်ပြီးတော့ ဆရာ့ဆီ တက်ရတာ၊ သင်္ဂြိုဟ်မကျေရင် ညဝါဆိုဖို့ မလိုဘူးတဲ့၊ မဆိုနိုင်ဘူးပေါ့၊ သင်္ဂြိုဟ်မကျေတော့လည်းမဆိုတတ်လို့။

သင်္ဂြိုဟ်ကျေရင်လည်း ညဝါဆိုဖို့မလိုဘူးတဲ့၊ ဘာကြောင့်တုန်း ကျေနေပြီ သူ့အဖို့တော့ မထူးတော့ဘူး၊ စိတ်ယှဉ်စေတသိက်ယှဉ် မကျေရင်လည်းပဲ ဟိတ်ယှဉ်က မလွယ်တော့ဘူးနော်၊ စိတ်ယှဉ်စေတသိက်ယှဉ်ကျေနေရင်လည်း ဟိတ်ယှဉ်က ပြောဖို့တောင် မလိုတော့ဘူး၊ ဘာဟိတ် ညာဟိတ်ဆိုတာ အကုန်သိသွားပြီ။

ဒါကြောင့်မို့ ပါဠိလို ပြောရင် ဟိတ်နှင့်မယှဉ်တဲ့စိတ်ကို အဟိတ်စိတ်၊ ဟိတ်တစ်ခုတည်းနဲ့ ယှဉ်တဲ့စိတ်ကို ဧကဟိတ်စိတ်၊ ဟိတ် ၂-ခုနှင့် ယှဉ်တဲ့စိတ်ကို ဒွိဟိတ်စိတ်၊ ဟိတ် ၃-ခုနှင့် ယှဉ်တဲ့စိတ်ကို တိဟိတ်စိတ်၊ အဲဒီလို သုံးလိမ့်မယ်နော်။

ပါဠိမှာ ဧကဆိုတာ-၁၊ ဒွိဆိုတာ-၂၊ တိဆိုတာ-၃၊ ဒါကြောင့်မို့ ဧကဟိတ်စိတ်၊ ဒွိဟိတ်စိတ်၊ တိဟိတ်စိတ်လို့ အဲသလို သုံးလိမ့်မယ်နော်။

နောင်အခါကျတော့ ဘုံပိုင်းတို့ရောက်ရင် ပဋိသန္ဓေခန်းတို့ကျတော့ ဒီသတ္တဝါတွေကိုပဲ အဟိတ်သတ္တဝါ၊ ဒွိဟိတ်သတ္တဝါ၊ တိဟိတ်သတ္တဝါတို့ ခေါ်တာလို့လည်း ရှိသေးတယ်၊ ဒွိဟိတ်ပုဂ္ဂိုလ်၊ တိဟိတ်ပုဂ္ဂိုလ် စသည်ဖြင့် ခေါ်တာ၊ အဲဒါက သူတို့ ပဋိသန္ဓေနေတုန်းက နောက် ကိစ္စသင်္ဂဟကျတော့ တွေ့လိမ့်မယ်၊ သူတို့ ပဋိသန္ဓေ နေတုန်းက ဟိတ် ၂-ပါးတည်းသာယှဉ်တဲ့စိတ်နဲ့ ပဋိသန္ဓေနေခဲ့ရင် အဲဒီ ပုဂ္ဂိုလ်ကို ဒွိဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်တဲ့စိတ်နှင့် ပဋိသန္ဓေနေခဲ့ရင် တိဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်၊ အဲဒါကြောင့်မို့ အဲဒီအခေါ်အဝေါ်တွေ နားလည်အောင်

[စာမျက်နှာ-44] အခုတည်းက ပါဠိအသုံးလေးတွေကိုလဲ သိအောင်လုပ်ထားရမယ်နော်။

အဟိတ်၊ ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်၊ ကိုင်း ဒါက ဟေတုသင်္ဂဟတဲ့ ဟေတုသင်္ဂဟလည်း မခက်ပါဘူး။

ကိစ္စသင်္ဂဟ

နောက် သင်္ဂဟတစ်ခုက ကိစ္စသင်္ဂဟတဲ့၊ ကိစ္စဆိုတာ ပါဠိစကား၊ အခုတော့ မြန်မာစကားဖြစ်နေပြီ၊ ကိစ္စအားဖြင့် စိတ်တွေကို ဝေဖန်မယ်၊ ကိစ္စအားဖြင့် စိတ်တွေကိုခွဲခြားမယ်၊ ကိစ္စဆိုတာ (function) လို့ အင်္ဂလိပ်လို ပြန်တယ်။

အဲဒီတော့ လူတွေမှာလည်းပဲ လူတွေအလိုက် လုပ်ငန်းရှိသလို စိတ်တွေမှာလည်းပဲ လုပ်ငန်းရှိတယ်လို့ ဆိုရမယ်၊ ဒီလူဟာ (ဆိုပါတော့) စာရေးလုပ်ငန်း ရှိတယ်နော်၊ အင်ဂျင်နီယာလုပ်ငန်းရှိတယ်၊ ဘာလုပ်ငန်းရှိတယ်ပေါ့၊ သူ လုပ်ငန်း လုပ်တယ်၊ အဲဒီလုပ်ငန်းကို ပါဠိလို ကိစ္စလို့ခေါ်တယ်၊ ပြုစရာအမှုကို ကိစ္စလို့ ခေါ်တယ်၊ လုပ်စရာအလုပ်ပေါ့လေ၊ မြန်မာလိုရှင်းရှင်းပြောရင် အဲသလို လုပ်စရာ အလုပ်ကို ကိစ္စလို့ခေါ်တယ်။

စိတ်တွေမှာလည်းပဲ ထိုထိုကိစ္စတွေရှိတယ်နော်၊ အဲဒီတော့ လူ့လောကမှာ လူတစ်ယောက်ထဲက ကိစ္စ ၂-ခု ဆောင်ရွက်တာရှိတယ်၊ ၃-ခု ဆောင်ရွက်တာ ရှိသလိုပဲ၊ စိတ်တွေမှာလည်းပဲ စိတ် ၁-ခုတည်းက ၁-ကိစ္စ ဆောင်ရွက်တာရှိလိမ့်မယ်။ ၂-ကိစ္စ စသည်ဖြင့် ဆောင်ရွက်တာရှိလိမ့်မယ်နော်။

လူဟာ (ဆိုပါတော့) ကျောင်းလာတက်တဲ့အချိန်မှာ ကျောင်းသား၊ ကျောင်းသားကိစ္စ သူဆောင်ရွက်မှာပေါ့၊ အိမ်ပြန်သွားတော့ အိမ်ရဲ့ ဦးစီးဦးဆောင် အနေနဲ့ သူဒီကိစ္စ ဆောင်ရွက်ရမယ်၊ အလုပ်ကျတော့လည်း အလုပ်အလိုက်ပေါ့။ ကိုယ်ကဆရာဖြစ်ရင်လည်း ဆရာအလုပ်ကို ဆောင်ရွက်မယ်၊ အဲဒီလို မိမိဆောင်ရွက်တာပေါ်မှာ မူတည်ပြီးတော့ ကိစ္စပြုတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တစ်ခါတလေ ပုဂ္ဂိုလ်တစ်ယောက်ထဲက ၂-ကိစ္စ ဆောင်ရွက်တာ၊ ၃-ကိစ္စ ဆောင်ရွက်တာရှိသလိုပဲ စိတ် ၁ ခုက ၁ ကိစ္စ၊ ၃ ကိစ္စ စသည် ဆောင်ရွက်တာလည်း ရှိလိမ့်မယ်၊ အဲဒီ ကိစ္စပေါင်း (ကျမ်းဂန်မှာ ဆိုထားတာ) ဘယ်လောက်ရှိသလဲဆိုရင် ၁၄-ပါးရှိတယ်တဲ့။ စိတ်ကတော့ ၈၉-ပါး ရှိတယ်၊ သို့သော် ကိစ္စကတော့ ၁၄-ပါးသာရှိတယ်၊ အဲဒီ ၁၄-ပါး တစ်ခုစီ အေးအေးဆေးဆေး ပြောရမှာ။

ပထမကိစ္စက ဘာတဲ့တုန်း၊ ဟိုအောက်မှာကြည့်လိုက်၊ ကိစ္စ ၁၄-ပါးမှာ-

၁။ ပဋိသန္ဓေကိစ္စ ပါဠိလို ပဋိသန္ဓိနော်၊ မြန်မာကျတော့ ပဋိသန္ဓေလို့ခေါ်တယ်။ ပဋိသန္ဓေကိစ္စကို မြန်မာလို လျှော့ပေါ့ပေါ့နှင့်ပြောတော့ ပဒိတ်သဓေလို့ “ပဒိတ်သဓေ”

[စာမျက်နှာ-45] လို့ အသံထွက်တာပဲ၊ ဘုန်းကြီးကတော့ ပဋိသန္ဓေလို့ အဲသလိုထွက်တယ်နော်၊ ဘုန်းကြီးကတော့ပါဠိကို အရှိကို အရှိအတိုင်း ထွက်တာပေါ့။ မြန်မာကျတော့ မြန်မာတွေက ခပ်ပေါ့ပေါ့ထွက်သွားတာ၊ အဲသလို ခပ်ပေါ့ပေါ့ထွက်နေကျ နားထောင်နေကျဖြစ်တော့လည်း အဲသလို ခပ်ပေါ့ပေါ့ထွက်မှ မြန်မာပီသတယ်လို့ စိတ်က ထင်သွားတာနော်။

ဆိုပါတော့ finance minister ဘယ်လိုခေါ်လဲ၊ ဘဏ္ဍာရေးမို့လား ခေတ်လူတွေခေါ်တာ၊ တော်တော်ရှေးကျတဲ့ မြန်မာတွေက ဘယ်လိုခေါ်လဲ၊ ဘဏ္ဍာရေး ဝန်ကြီးမခေါ်ဘူး၊ သူက ဘဓာရေး၊ အမှန်ကတော့ ဘဏ္ဍာကမှန်တာပေါ့၊ ဒါမို့လို့ ရှေးဘုရင်တွေ လက်ထက်တုန်းကတည်းကိုက အဲသလိုခေါ်လာတာ၊ အဲဒီတော့ ထီးသုံးနန်းသုံးကျတော့ သူက တစ်မျိုးဖြစ်သွားတယ်။

ဒါကြောင့်မို့ ဒီမှာ ပဋိသန္ဓေကိစ္စနော်၊ ပဋိသန္ဓေဆိုတာဘာလဲ၊ ဆက်စပ်တာကို ပဋိသန္ဓေခေါ်တယ်၊ အင်္ဂလိပ်လိုပြန်တော့ relinking လို့ ပြန်တယ်၊ ပဋိက re ပဋိက တစ်ဖန်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ သန္ဓိက စပ်တယ်၊ တစ်ဖန်စပ်ပေးတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်လို ပြန်တဲ့အခါမှာ relinking လို့ ပြန်တယ်။

ပဋိသန္ဓေဆိုတာ ဘဝတစ်ခုမှာ ပထမဆုံးသော အခိုက်အတန့်ကို ပဋိသန္ဓေခေါ်တာ၊ အဲဒီ ပဋိသန္ဓေမရှိလိုက်ရင် ဘဝအဆက်ဟာ ပြတ်သွားမယ်၊ အဲဒီတော့ ဘဝအဆက်မပြတ်ရအောင် နောက်ထပ် ပဋိသန္ဓေက ဖြစ်ပေးတယ်၊ အဲဒီလိုပဲ ဘဝတစ်ခုတစ်ခုကို အဆက်မပြတ်အောင် ပဋိသန္ဓေက ဆက်ဆက်ပေးသွားတယ်၊ ဒါကြောင့်မို့ အဲဒီအခိုက်အတန့်မှာဖြစ်တဲ့စိတ်ကို ပဋိသန္ဓေစိတ်လို့ခေါ်တယ်။ သူရဲ့ (function) ဟာ ဘဝဟောင်းနဲ့ ဘဝသစ်နဲ့ ဆက်စပ်ပေးတဲ့ ကိစ္စ၊ အဲဒါကို ပဋိသန္ဓိ၊ ပဋိသန္ဓေကိစ္စလို့ ခေါ်တယ်။

ပဋိသန္ဓေဆိုတာ ဒီနေရာမှာ ဟိုတကယ့်အမိဝမ်းထဲမှာ တည်တဲ့ပြုတဲ့ (conception) ကိုဆိုလိုတယ်၊ လူသတ္တဝါတို့ တိရစ္ဆာန်တို့ အနေနဲ့ပြောမယ်ဆိုရင် အမိဝမ်းက ထွက်တဲ့ မွေးလာတာကို ဆိုလိုတာမဟုတ်ဘူး၊ အဲဒီတော့ ဘဝတစ်ခုမှာ ပထမဆုံးဖြစ်တဲ့စိတ်သည် ပဋိသန္ဓေစိတ်၊ အဲဒီ ပဋိသန္ဓေစိတ်ရဲ့ (function) ဟာ ဆက်စပ်ပေးတဲ့ (function) ရှိတယ်၊ သူသာမရှိဘူးဆိုရင် ဘဝပြတ်သွားမယ်၊ ဒါကြောင့်မို့ သူ့ကို ပဋိသန္ဓေစိတ် သို့မဟုတ် သူ့ရဲ့ function ပဋိသန္ဓေကိစ္စ။

၂။ ဒုတိယ နံပါတ် (၂) က ဘဝင်တဲ့၊ ပါဠိလိုတော့ ဘဝင်္ဂ၊ ဘဝင်ဆိုတာကော သိကြလား၊ ဘဝင်မြင့်တယ်ဆိုတာ စိတ်နေမြင့်တယ်၊ ဒါ သိပ်မဆိုး

[စာမျက်နှာ-46] သေးဘူးနော်၊ ပြီးတော့ ရင်ဘတ်ကို ဘဝင်ခေါ်တာလည်းရှိတယ်၊ လူမေ့ပြုနေရင် ဘဝင်ဖိပေး ပြောတယ်။

အမှန်က ဘဝင်ဆိုတာက ဘဝင်္ဂဆိုတဲ့ ပါဠိစကားက လာတယ်၊ ဘဝင်္ဂမှာ ဘဝဆိုတာက ဘဝပဲပေါ့၊ ဟုတ်လား၊ မြန်မာအများ နားလည်ထားတဲ့ဘဝ၊ အင်္ဂဆိုတာကအစိတ်အပိုင်းနော်၊ သို့မဟုတ်အကြောင်းဘဝရဲ့ အကြောင်း ဘဝရဲ့ အစိတ်အပိုင်း constituent အင်္ဂလိပ်လိုပြန်ရင်၊ အဲဒါကို ဘဝင်္ဂလို့ခေါ်တယ်။

အဲဒီတော့ ပဋိသန္ဓေတည်ပြီးတဲ့နောက်၊ အဲဒီပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်တွေဘဝတစ်ခုမှာ အထပ်ထပ်ဖြစ်တယ်၊ အဲဒီလို အထပ်ထပ်မဖြစ်ရင် ဒီဘဝဟာ ပျောက်သွားဖွယ်ရှိတယ်၊ ချုပ်ငြိမ်းသွားဖွယ်ရာရှိတယ်၊ အခုတော့ အဲဒီစိတ်တွေဟာ ထပ်ထပ်၊ ထပ်ထပ် ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ ဘဝဟာမပြတ်တော့ဘူး၊ ဘဝဟာတည်သွားတယ်။

ဒါကြောင့်မို့ ဒီနောက်ထပ်ဖြစ်တဲ့ စိတ်ကလေးတွေဟာ ဘဝရဲ့ အစိတ်အပိုင်းလေးတွေ ဘဝရဲ့ အကြောင်းလေးတွေ၊ ဒါကြောင့်မို့ အဲဒီစိတ်တွေကို ဘဝင်စိတ်လို့ ခေါ်တယ်၊ ပဋိသန္ဓေစိတ်နှင့် အလားတူစိတ်ပဲ၊ အမှန်ကတော့ အလားတူမဟုတ်ဘူး၊ တကယ့်ပဋိသန္ဓေစိတ်အတိုင်းပဲ၊ Identical.

ဒါပေမယ်လို့ သူက ပဋိသန္ဓေဖြစ်ပြီးတဲ့နောက်မှာ တစ်ဘဝလုံးမှာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူ့ကို ပဋိသန္ဓေလို့ မခေါ်တော့ဘဲနဲ့ ဘဝရဲ့ အကြောင်းဖြစ်တဲ့စိတ်၊ ဘဝအကြောင်းဆိုတာ သူမရှိရင် ဘဝပြတ်သွားမယ်၊ သူ့ကြောင့်ဘဝဟာ ဆက်တည်နေတယ်ပေါ့၊ သူက ဘဝကို ဖြစ်စေတာ၊ produce လုပ်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူမရှိရင် ဘဝပြတ်သွားမှာ၊ ဒါကြောင့်မို့ အဲသလို စိတ်မျိုးကို ဘဝင်စိတ်လို့ ခေါ်တယ်နော်။

အဲဒီဘဝင်စိတ်တွေဟာ ဘဝတစ်ခုမှာ ကုဋေနှင့်ချီပြီးတော့ ဖြစ်နေတာနော်။ ဒီအသိစိတ်တွေရဲ့ အကြား၊ အကြားမှာလည်း သူတို့ကဖြစ်တယ်၊ မြင်စိတ်ဆိုရင် မြင်တဲ့ ဝီထိရှိတယ်၊ ဟိုဝီထိဆိုတာ စိတ်အစဉ်အတန်း thought process၊ ဒီ one thought process, other thought process နှစ်ခုကြားမှာ သူတို့က buffer လိုပဲ။

ဝီထိတစ်ခု ဖြစ်လိုက်၊ ဘဝင်စိတ်တွေဖြစ်လိုက်၊ ဝီထိဖြစ်လိုက်၊ ဘဝင်ဖြစ်လိုက်၊ အဲသလို ဖြစ်နေတာ၊ ဒါပေမယ်လို့ သူတို့ အဖြစ်က မြန်လွန်းတော့ လောကလူတွေ ရိုးရိုးလူတွေမှာ ဘဝင်ကို သိနိုင်ဖို့ရာ အများကြီး ခဲယဉ်းတယ်၊ လက်ဖျစ်တစ်တွက်

[စာမျက်နှာ-47] မှာ ကုဋေတစ်သိန်းမက ဖြစ်နိုင်တယ်လို့ အဆိုရှိတာကို၊ အဲဒီတော့ ရိုးရိုးနေတဲ့အခါမှာ မသိနိုင်ဘူးပေါ့။

ဘယ်လိုအခါမျိုးမှာ ဘဝင်စိတ်ကို မှန်းဆပြီးတော့ သိနိုင်သလဲဆိုတော့ တရားထိုင်လာတဲ့အခါကျတော့ တော်တော်လေး သမာဓိအားကောင်းလာတဲ့အခါကျတော့ အဲဒီဘဝင်သဘောလေးတွေကို မြင်လာတတ်တယ်၊ မြင်လာတတ်တယ်ဆိုတာ ဟာတာတာကြီးဖြစ် ဖြစ်သွားတာ။

အဲဒီတော့ ဘဝင်ဆိုတာ သူက အာရုံအထူးကိုမယူဘူး၊ မြင်တယ် ကြားတယ် ဆိုတဲ့ အခုလောကဖြစ်နေတဲ့ နားလည်ထားတဲ့အာရုံအထူးကို မယူဘဲနဲ့ ဟိုနောက်နောက် ဘဝတွေက ယူခဲ့တဲ့ အာရုံတစ်မျိုးရှိသေးတယ်နော်၊ ဒါ ရှင်းရှင်းပြောရင်တော့ မထင်ရှားတဲ့ အာရုံဆိုကြပါစို့၊ အဲဒီလိုအာရုံကို သူက ယူတာ။

အဲဒါကြောင့်မိုလို့ လက်တွေ့လက်ရှိဖြစ်ပေါ်နေတဲ့ အာရုံကို မယူဘဲနဲ့ နောက်နောက်က မထင်မရှား အခုဘဝမှာ ဖြစ်နေတဲ့ အာရုံတွေကို ယူတဲ့အတွက်ကြောင့်မိုလို့ အဲဒီစိတ်တွေ ဖြစ်တဲ့အခါကျတော့ ဟာတာတာကြီးလို့ စိတ်ကထင်ရတယ်၊ ဒါတော်တော်သမာဓိကောင်းကောင်းရမှ၊ သာမညနှင့် မထင်ဘူး၊ အဲဒီလို စိတ်မျိုးကို ဘဝင်စိတ်လို့ခေါ်တယ်။

အဲဒီတော့ ဒီဘဝင်စိတ်ကို အခုခေတ် ဝေါဟာရနှင့် ပြောဖို့ဟာ အလွန်ခဲယဉ်းတယ်၊ အဲဒီတော့ sub-conscious တချို့ကလည်း ပြောတယ်။ အဲဒီ sub-conscious ဆိုတာဟာ အဘိဓမ္မာနှင့်ကျတော့ ဘယ်ဟာနဲ့ correspond ဖြစ်မှန်းကို မပြောနိုင်ဘူး၊ ဒါ သူ့ဟာသူ သီးခြားထားတာကောင်းတယ်၊ ဘဝင်ကို ပြန်လိုက်ရင် အသိလွဲသွားနိုင်တာတွေရှိတယ်၊ ဒါကြောင့်မို့ ဘဝင်ကို ဘဝင်ပဲထားရတယ်၊ အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ ဘဝင်္ဂကို life continuum ပြန်တယ်။

အဲဒီတော့ ဒီစိတ်တွေဟာ ဘဝတစ်ခုလုံးမှာ ဝီထိစိတ်ဖြစ်လိုက်၊ ဘဝင်္ဂ ဖြစ်လိုက် ဝီထိစိတ်ဖြစ်လိုက်နဲ့ အဲဒီလို သွားနေတာနော်၊ အဲဒီစိတ်ကို ဘဝင်စိတ်၊ အဲဒီစိတ်တွေရဲ့ function က ဘဝကိုတည်ရှိအောင် လုပ်ပေးနေတာ ဘဝရဲ့ အကြောင်းသဘောဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဘဝင်္ဂကိစ္စ၊ ဘဝင်ကိစ္စ။

လူနဲ့ လူလုပ်တဲ့ အလုပ်နဲ့ ခွဲခြားသလိုပေါ့ ဟုတ်လား၊ စိတ်နှင့် စိတ်ပြုတဲ့ ကိစ္စနဲ့ ခွဲခြားရမယ်၊ ကောင်းပြီ၊ ဒါက ဘဝင်ကိစ္စတဲ့။

၁၄။ ပြီးတော့ နောက်ဆုံးသွားလိုက် နံပါတ်-၁၄၊ စုတိ၊ အဲဒီဘဝင်စိတ်သည်ပင် ပဋိသန္ဓေစိတ်သည်ပင်လျှင် ဘဝင်စိတ်ဖြစ်တယ်။

[စာမျက်နှာ-48] အဲဒီဘဝင်စိတ်သည်ပင်လျှင် ဘဝရဲ့ နောက်ဆုံးကျတော့လည်း သူပဲဖြစ်တယ်၊ ဒီစိတ်ပဲ၊ ဒါ နောက်ဘဝကကံကြောင့်ဒီစိတ်တွေဖြစ်တာတွေ၊ အဲဒီတော့ ပထမဆုံး ပဋိသန္ဓေစိတ်အဖြစ်နဲ့ ဖြစ်လိုက်တယ်၊ ဖြစ်ပြီး တဘဝလုံးလည်းပဲ ခုလို ဝီထိစိတ်တွေ မဖြစ်ရင် သူပဲဖြစ်နေတယ်၊ ဘဝမှာနောက်ဆုံးဖြစ်တဲ့စိတ်ဟာလည်း ဒီစိတ်ပဲ၊ အဲဒီ နောက်ဆုံးပြီးတဲ့နောက်ကျတော့ တစ်ဘဝ မရှိတော့ဘူး၊ ဟိုနောက်ဘဝ အသစ်ဖြစ်သွားပြီ။

အဲဒါကြောင့်မို့လို့ ဘဝကနေ ရွေ့လျားသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ ပြောင်းသွားတယ်၊ ရွေ့လျော့သွားတယ်ဆိုပြီးတော့ စုတိနော်၊ စုတိဆိုတာ ရွေ့လျားသွားတယ်၊ လျောကျသွားတယ်ဆိုတဲ့ အဓိပ္ပါယ်၊ မြန်မာတွေကတော့ စုတေလို့ သုံးတယ်၊ နတ်တွေဘာတွေသေရင် စုတေတယ်လို့ သုံးတယ်၊ အမှန်ကတော့ စုတေတယ်ဆိုတာ စုတိ၊ ဘယ်သူဖြစ်ဖြစ် သုံးလို့ရတာပဲ။

ဒါကြောင့်မို့ သေတဲ့စိတ်ကို စုတိစိတ်လို့ခေါ်တယ်၊ အဲဒီ စုတိစိတ်ရဲ့ ကိစ္စက ဒီဘဝကနေပြီးတော့ လျောကျသွားခြင်းကိစ္စ၊ ရွေ့လျော့သွားခြင်း ကိစ္စ၊ အဲဒါကို စုတိကိစ္စ။

ဒါကြောင့်မို့ ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ် ဆိုတာဟာ အတူတူပဲ၊ identical ပဲ၊ ကာလမတူဘူး၊ function မတူဘူး။

ပဋိသန္ဓေ ကိစ္စက ပဋိသန္ဓေအခိုက်အတန့်လေးမှာသာဖြစ်တယ်၊ စုတိကလည်း တကယ့်သေတဲ့ အခိုက်အတန့်လေးမှာသာဖြစ်တယ်၊ ပဋိသန္ဓေနှင့် စုတိကြား တစ်ဘဝလုံးမှာကျတော့ ဘဝင်ဆိုတဲ့ နာမည်နဲ့ဖြစ်တယ်နော်။

အဲဒီတော့ function မတူတဲ့အတွက်ကြောင့်မို့ စိတ်တစ်ခုတည်းကိုပဲ ဒါကတော့ ပဋိသန္ဓေစိတ်၊ ဒါကတော့ ဘဝင်စိတ်၊ ဒါကတော့ စုတိစိတ်လို့ ခေါ်တယ်၊ အမှန်ကတော့ အတူတူပဲ၊ နောင် အာရမ္မဏသင်္ဂဟ ဆိုတာကျတော့လည်း ထပ်ပြီးတော့ တွေ့ဦးမယ်၊ ဘုံပိုင်းကျတော့လည်း ထပ်တွေ့လိမ့်ဦးမယ်၊ ဒါ စုတိ ကိစ္စ၊ ဒီ ၃-ခု တွဲပြီး ပြောလေ့ရှိတယ်၊ ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ။

၃။ ရှေ့ဆက်ဖတ်လိုက်စမ်း၊ ၂-ပြီးတော့ ၃-ကျတော့ အာဝဇ္ဇနကိစ္စ၊ အာဝဇ္ဇနဆိုတာကတော့ အဓိပ္ပါယ် ၂-မျိုးရှိတယ်နော်၊ ဆင်ခြင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိတယ်၊ ဆင်ခြင်တယ်ဆိုတာ အာရုံပြုပြီးတော့ တွေးတောတဲ့အဓိပ္ပါယ်မျိုး၊ ဆင်ဆင်ခြင်ခြင် ပြုလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ဘူး၊ အာရုံပေါ်ကို ရောက်သွားတဲ့ အဓိပ္ပါယ်မျိုး။

[စာမျက်နှာ-49] နောက်တစ်ခုကတော့ ပြန်ပြီးတော့ တွန်းတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြန်ပြီးတော့ လှည့်ပစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး၊ ဆိုလိုတာကတော့ ဝီထိဆိုတာ မရောက်သေးတော့ ပြောရတာ သိပ်မကောင်းဘူး၊ ဝီထိနှင့် ပတ်သက်ပြီး ပြောမယ်ဆိုရင် ခုနက ဘဝင်စိတ်တွေ ဖြစ်နေရာကနေပြီးတော့ အာရုံအသစ်တစ်ခုက ကိုယ့်ရဲ့ မျက်လုံးတို့ ဘာတို့ (ဆိုကြပါစို့) လာပြီးတော့ impact ဖြစ်လာတဲ့ အခါကျတော့ အဲဒီဘဝင်အစဉ်က ရပ်သွားတယ်၊ ဘဝင်အစဉ်ရပ်သွားပြီးတော့ အာဝဇ္ဇန်းဆိုတာ ပေါ်လာတယ်။

အဲသလိုပေါ်လာတော့ အဲဒီစိတ်ပေါ်တာနဲ့ တစ်ပြိုင်နက် ဘဝင်စိတ် တန့်မသွားဘူးလား၊ အဲဒီလို ဘဝင်ကို တန့်စေတတ်တဲ့ သဘောကိုလည်း အာဝဇ္ဇနလို့ သုံးတယ်၊ အဲဒီတော့ အဓိပ္ပါယ် ၂-မျိုးရှိတယ်၊ အဲဒီတော့ နောက်တုန်းက မထင်ရှားတဲ့ အာရုံကို အာရုံပြုလာရာကနေပြီးတော့ ဟော ဒီစိတ်အခိုက်ရောက်တဲ့အခါကျတော့ ပစ္စုပ္ပန်ထင်ရှားတဲ့ အာရုံပေါ့၊ အဲဒီ အာရုံကို အာရုံပြုလာတယ်၊ အဲဒါကြောင့်မို့လို့ active ဖြစ်တဲ့အပိုင်း ရောက်လာပြီ၊ အဲဒီဘက်သို့ လှည့်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်နော်၊ သို့မဟုတ် ခုနလို အဲဒီအာရုံကို ဆင်ခြင်တယ်၊ အာရုံကို အာရုံပြုတယ်ဆိုတဲ့ ယူတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်၊ ဒါကိုအာဝဇ္ဇန်းလို့ခေါ်တာ။

မြန်မာစကားမှာကတော့ အာဝဇ္ဇန်းကောင်းတယ်ဆိုတာ အပြောကောင်းတာကို အာဝဇ္ဇန်းကောင်းတယ်လို့သုံးတယ်နော်၊ အမှန်ကတော့ အာဝဇ္ဇန်း ကောင်းတယ်ဆိုတာ စိတ်ကူးကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ စိတ်ကူးကောင်းလို့ သူအပြောကောင်းတာပေါ့၊ ဟုတ်လား၊ အဲဒါ အာဝဇ္ဇန်းနော်။

ဒါကြောင့်မို့ အာဝဇ္ဇန်းဆိုတာ အာရုံကို ဆင်ခြင်တဲ့သဘော၊ သို့မဟုတ် ဘဝင်ကို တန့်စေတဲ့သဘော၊ စာစကားနဲ့သုံးရင် ပြန်လည်နစ်စေတယ်၊ မြန်မာလို ပြောလိုက်ရင်တော့ တန့်စေတယ်ပေါ့၊ ဘဝင်ကို တန့်စေတဲ့သဘော၊ ထင်ရှားတဲ့ ထထကြွကြွရှိတဲ့ စိတ်အစဉ်ဘက်သို့ လှည့်တဲ့သဘော၊ အဲဒါကိုအာဝဇ္ဇန်းလို့ခေါ်တယ်။ အဲဒါ အာဝဇ္ဇန်းကိစ္စတဲ့၊ ဒါက ဝီထိနဲ့ပြန်ပြီးတော့ ဟပ်ယူရင်ပိုပြီးတော့ နားလည်မယ်နော်၊ နောင်ဝီထိရောက်တဲ့အခါကျတော့ ပြန်ပြီးတော့ refer လုပ်မယ်ပေါ့၊ အာဝဇ္ဇန်းကိစ္စ၊ အဲဒီလိုဆင်ခြင်တဲ့ကိစ္စကို ပြုလုပ်တဲ့စိတ်ကို အာဝဇ္ဇန်းကိစ္စရှိတဲ့စိတ်၊ အာဝဇ္ဇန်းကိစ္စတပ်တဲ့စိတ်လို့ ခေါ်လိုက်မယ်နော်။

၄။ ပြီးတော့ နောက်တစ်ခုက ဒဿနကိစ္စ၊ ဒဿနဆိုတာ မြင်ခြင်း၊ မြင်ခြင်းကိစ္စ တစ်စုံတစ်ခုမြင်လိုက်တဲ့အခါမှာ မြင်တဲ့စိတ်ဖြစ်တယ်၊ အဲဒီစိတ်ရဲ့ function သည်

[စာမျက်နှာ-50] seeing ပေါ့၊ မြင်ခြင်းကိစ္စ၊ အာဝဇ္ဇန်းကိုအင်္ဂလိပ်လိုကျတော့ adverting လို့ ပြန်တယ်နော်။

၅။ နောက်တစ်ခုက နံပါတ် ၅၊ သဝနကျတော့ ကြားခြင်းကိစ္စ hearing ပေါ့ ဟုတ်လား၊ တစ်စုံတစ်ခုကြားရင် ကြားတဲ့စိတ်ဖြစ်တယ်၊ အဲဒီစိတ်ရဲ့ ကိစ္စ function က ကြားခြင်းပေါ့၊ သဝနကိစ္စ။

၆။ ပြီးတော့ နောက်တစ်ခုနံပါတ် ၆၊ ဃာယနကိစ္စ၊ ဃာယနဆိုတာ အနံ့ကို သိတာ၊ နမ်းရှူခြင်းကိစ္စ၊ smelling၊ ကောင်းတာရတယ် ဆိုးတာရတယ်၊ အဲဒီအနံ့ နမ်းရှူခြင်း၊ အဲဒီနံတဲ့အခါမှာ နံတဲ့စိတ်ဖြစ်တယ်နော်၊ အဲဒီစိတ်ရဲ့ လုပ်ငန်းက အနံ့ကိုသိခြင်းဆိုတဲ့ လုပ်ငန်းပေါ့၊ ဃာယန။

၇။ နံပါတ် (၇) က သာယနကိစ္စ၊ သာယနဆိုတာ အရသာသိတဲ့စိတ်၊ tasting သာယနကိစ္စ၊ တစ်စုံတစ်ခုစားတဲ့အခါမှာ အရသာသိတယ်၊ ကောင်းတယ်၊ ဆိုးတယ်၊ ပူတယ်၊ စပ်တယ်၊ ချိုတယ် သိတယ်၊ အဲဒီတော့ စားတဲ့ အခါမှာ စားသိစိတ်ဖြစ်တယ်၊ အဲဒီစိတ်ရဲ့ စားသိ သိတဲ့ဟာ ဘာလဲ၊ သူ့ (function) သူ့ကိစ္စပေါ့။

၈။ နောက်တစ်ခု နံပါတ် (၈) က ဖုသနကိစ္စ (touching) တွေ့ထိခြင်းကိစ္စ၊ အခု လက်နဲ့ ခဲတံနှင့်ထိနေတယ်၊ ဒါဖုသနကိစ္စတွေပေါ့၊ ထိုင်နေတယ်ဆိုရင် ကြမ်းတဲ့ကိုယ်ခန္ဓာ ကိုယ်နှင့်ထိနေတယ်၊ ဖုသနကိစ္စကတော့ အမြဲတမ်းရှိနေတယ်။ အဲဒီလို ထိသိ သိတဲ့စိတ်သည် ဖုသနကိစ္စရှိတဲ့ စိတ်ပေါ့နော်၊ အဲဒီ ထိသိ သိတာ၊ သိခြင်းက ဖုသနကိစ္စ။

၉။ နံပါတ် (၉) က သမ္ပဋိစ္ဆိုင်းကိစ္စ၊ လက်ခံခြင်းကိစ္စ (receiving) အာရုံ တစ်ခုကို ခုနအာဝဇ္ဇန်းက အာရုံဘက်သို့ လှည့်သွားပြီးတဲ့နောက် မြင်တဲ့စိတ်ဖြစ်ဖြစ်၊ ကြားတဲ့စိတ်ဖြစ်ဖြစ် စသည်ဖြစ်တယ်၊ မြင်ကြားတယ်ဆိုတာ သက်သက်မြင်ရုံလေး ကြားရုံလေး၊ ဘာမြင်တယ်၊ ဘာကြားတယ်ဆိုတာမသိသေးဘူး၊ အဲဒီ အခိုက်မှာအဲဒီလို မြင်ပြီးနောက် သူကတစ်ဆင့် နောက်စိတ်ကို ပစ်ပေးလိုက်သလို ပေါ့လေ၊ ပေးလိုက်တော့ နောက်စိတ်ကလက်ခံလိုက်တယ်၊ ဒါကြောင့်မို့ သမ္ပဋိစ္ဆိုင်း ဆိုတာ အာရုံကို လက်ခံတဲ့ကိစ္စ။

၁၀။ အဲလို အာရုံကို လက်ခံပြီးတဲ့နောက် (၁၀) သန္တီရဏကိစ္စဆိုတာကတော့ အာရုံကို စုံစမ်းတဲ့ကိစ္စ၊ ဒီအာရုံဟာ ကောင်းတဲ့အာရုံလေလား၊ ဆိုးတဲ့ အာရုံလေလား၊ အလိုရှိအပ်တဲ့အာရုံလေလား၊ အလိုမရှိအပ်တဲ့ အာရုံလေလားဆိုတာကို သူက စုံစမ်းတယ်၊ ဒါ သန္တီရဏကိစ္စ၊ အဲဒီကိစ္စရှိတဲ့စိတ်ကို သန္တီရဏစိတ်ပေါ့လေ။

[စာမျက်နှာ-51] နံပါတ် (၁၁) က ဘာတုန်း ဝေါဋ္ဌဗ္ဗနကိစ္စ နော်၊ deciding ဝေါဋ္ဌဗ္ဗန ဆိုတာ ဆုံးဖြတ်ခြင်း၊ ကောင်းလား မကောင်းလား စုံစမ်းပြီးတဲ့နောက်ကျတော့ သူက ဆုံးဖြတ်ပြီ၊ အဲဒီအခိုက်အတန့်ကျတော့ ဒါဟာဖြင့် အလိုရှိအပ်တဲ့ အာရုံပဲ၊ ဒါဟာဖြင့် အလိုမရှိအပ်တဲ့ အာရုံပဲ၊ ဝုဋ္ဌော အခိုက်အတန့်မှာ ဆုံးဖြတ်တဲ့ကိစ္စနော်၊ ဝေါဋ္ဌဗ္ဗန ကို မြန်မာစကားကျတော့ ဝုဋ္ဌော လို့ ခေါ်တယ်၊ ဇယားကွက်ထဲမှာ ၂-မျိုးလုံး ထည့်ထားတယ်။

နောက် (၁၂) က ဇဝန၊ ဇဝန ဆိုတာ ဇောနော်၊ မြန်မာလိုကျတော့ ဇောလို့ ခေါ်တယ်၊ ဇဝန ဆိုတာ ဘာအဓိပ္ပါယ်ရှိသလဲဆိုရင် အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ် နော်၊ speed, လျှင်မြန်ခြင်း၊ သို့သော် ဒီကျတော့ ဇဝန ကို အင်္ဂလိပ်လို ဘယ်လို အဓိပ္ပါယ်ပြန်သလဲဆိုတော့ impulsion လို့ ပြန်တယ်၊ ဒါတော်တော်နားလည်ခဲတဲ့ ဝေါဟာရပဲနော်၊ ပြီးတော့ apperception လို့လည်း ပြန်တယ်၊ အဲဒီတော့ သူ့မူလပုဒ်ရဲ့ အနက်ကတော့ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်။

အဲဒီတော့ အရှိန်အဟုန်ရှိရှိနဲ့ ဖြစ်တဲ့စိတ်မျိုးကို ဇောစိတ်လို့ ခေါ်တာနော်၊ သူတို့မှာ force ရှိတယ်၊ တစ်ကြိမ်တည်းဖြစ်သည်ဖြစ်စေ၊ အကြိမ်များစွာ ဖြစ်သည်ဖြစ်စေ၊ သူတို့မှာ force ရှိတယ်၊ အဲဒီလို အရှိန်အဟုန်နဲ့ဖြစ်တတ်တဲ့ စိတ်မျိုးကို ဇောစိတ်လို့ ခေါ်တယ်၊ အဲဒီအရှိန်အဟုန်နဲ့ ဖြစ်ခြင်းကို သူရဲ့ ကိစ္စလို့ဆိုတယ်။

အရှိန်အဟုန်နဲ့ ဖြစ်တယ်ဆိုတော့ အာရုံကို သူက ပိုင်ပိုင်နိုင်နိုင် experience လုပ်တယ်ပေါ့၊ အာရုံကို ပိုင်ပိုင်နိုင်နိုင် ခံစားတယ်ပဲ ပြောကြပါစို့၊ အရှိန်အဟုန်နဲ့ မဖြစ်တဲ့စိတ်တွေ ရှိသေးတယ်နော်၊ ဝိပါက်စိတ်တွေ၊ အဲဒါတွေကတော့ အာရုံကို ဇောတွေခံစားသလောက် မခံစားနိုင်ဘူး၊ ဇောတွေလို သူတို့က ပိုင်ပိုင်နိုင်နိုင် အာရုံကိုသိတာ မဟုတ်ဘူး၊ အဲဒါကြောင့်မို့ ဇောစိတ်ဆိုတာ အရှိန်အဟုန်ရှိတဲ့စိတ်ကို ဇောစိတ်ခေါ်တယ်။

အဲဒီတော့ တချို့က ရေးတာက အကြိမ်များစွာဖြစ်လို့ ဇောစိတ်ခေါ်တယ်ဆိုတာ မဟုတ်ဘူး၊ မဂ်စိတ်ဟာ အကြိမ်တစ်ကြိမ်တည်းဖြစ်တာ၊ ဒါပေမယ်လို့ မဂ်ဟာ ဇော၊ မဂ်ဟာ ဘယ်လောက်သတ္တိကောင်းသလဲ၊ တစ်ကြိမ်တည်းဖြစ်တာနဲ့ တစ်ခါတည်း ကိလေသာတွေ အကုန်ပယ်နိုင်တယ်၊ အဲဒါကြောင့်မို့ တစ်ကြိမ်တည်းဖြစ်တာ ၂ ကြိမ်ဖြစ်တာ မဆိုလိုဘူး၊ အရှိန်အဟုန်နဲ့ဖြစ်တာကို ဆိုလိုတယ်၊ အဲလိုစိတ်မျိုးကို ဇဝန၊ ဇောစိတ်နော်၊ အဲဒီကိစ္စကို ဇဝနကိစ္စ၊ ဇောကိစ္စ။

[စာမျက်နှာ-52] ဇယား

[စာမျက်နှာ-53]
အဘိဓမ္မာသင်တန်း

ကိစ္စသင်္ဂဟအဆက်

ဒီနေ့ ဒီဇင်ဘာလ ၅-ရက်နေ့ လွန်ခဲ့တဲ့ အပတ်က သင်တန်းမပို့ချဖြစ်ဖူး၊ အဲဒီအပတ် ဟိုဘက်က နောက်ဆုံးအပတ်ဆိုကြပါစို့၊ ကိစ္စသင်္ဂဟ ရောက်သွားပြီ ကိစ္စတွေအကြောင်းပြောခဲ့တာ ကိစ္စအားလုံး ဘယ်နှစ်ပါးရှိတုန်း၊ ၁၄-ပါး မဟုတ်ဘူးလား၊ အဲဒီတော့ စိတ် တစ်ခုယုတ်-၉၀၊ သို့မဟုတ် ၁၂၁-ပါးကို သူ့ကိစ္စတွေအလိုက် ခွဲခြမ်းကြရမှာ၊ အဲဒီတော့ ဘယ်စိတ်က ဘယ်ကိစ္စတွေ ဆောင်ရွက်တယ်ဆိုတာသိဖို့၊ အဲဒါမသိခင် ကိစ္စဘယ်နှစ်ပါးရှိတယ်ဆိုတာကို သိရမယ်။

ကိစ္စအားလုံးပေါင်း ၁၄-ပါးရှိတယ်။
၁။ ပဋိသန္ဓေကိစ္စ ၂။ ဘဝင်ကိစ္စ ၃။ အာဝဇ္ဇနကိစ္စ ၄။ ဒဿနကိစ္စ ၅။ သဝနကိစ္စ ၆။ ဃာယနကိစ္စ

[စာမျက်နှာ-54] ၇။ သာယနကိစ္စ ၈။ ဖုသနကိစ္စ ၉။ သမ္ပဋိစ္ဆနကိစ္စ ၁၀။ သန္တီရဏကိစ္စ ၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ ၁၂။ ဇဝနကိစ္စ ၁၃။ တဒါရမ္မဏကိစ္စ ၁၄။ စုတိကိစ္စ

အဲဒီမှာ ပဋိသန္ဓေ ဆိုတာက ဘဝဟောင်းနဲ့ ဘဝသစ်ဆက်စပ်ပေးတာ၊ ဘဝင် ဆိုတာကတော့ ဘဝရဲ့ အင်္ဂါ၊ ဘဝရဲ့ အစိတ်အပိုင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဒါက ပဋိသန္ဓေ စိတ်နှင့် အတူတူပဲ၊ စိတ်ကတော့ ပဋိသန္ဓေ ပြီးတဲ့နောက် တစ်ဘဝလုံးမှာ ဖြစ်တာ။

အာဝဇ္ဇန ဆိုတာက ဆင်ခြင်တာ (သို့မဟုတ်) လှည့်ပေးတာ၊ ရိုးရိုးဘဝင်စိတ်ကနေပြီးတော့ ဝီထိစိတ်အဖြစ်သို့ လှည့်ပေးတာ (သို့မဟုတ်) အာရုံဘက်သို့ စိတ်ကို လှည့်ပေးတာ။
- ဒဿန ဆိုတာက မြင်ခြင်းကိစ္စ
- သဝန ဆိုတာက ကြားခြင်းကိစ္စ
- ဃာယန ဆိုတာက နမ်းရှုခြင်းကိစ္စ
- သာယန ဆိုတာက အရသာသိခြင်းကိစ္စ
- ဖုသန ဆိုတာက တွေ့ထိတဲ့ကိစ္စ
- သမ္ပဋိစ္ဆန ဆိုတာက လက်ခံတဲ့ကိစ္စ
- သန္တီရဏ ဆိုတာက စုံစမ်းတဲ့ကိစ္စ
- ဝေါဋ္ဌဗ္ဗန ဆိုတာက ဆုံးဖြတ်တဲ့ကိစ္စ

အဲဒီတော့ သမ္ပဋိစ္ဆန၊ သန္တီရဏ၊ ဝေါဋ္ဌဗ္ဗန အကြောင်းကို စိတ်ပိုင်း အဟိတ်စိတ်တုန်းက ပြောပြခဲ့ပြီ။

အဟိတ်စိတ်တုံးက စိတ်ဝီထိလေးတစ်ခုနှင့် အဲဒါပြောပြခဲ့ပြီ၊ အဲဒီတော့ အာရုံနှင့် ပသာဒ (မျက်စိတို့ နားတို့ကို ပသာဒ လို့ခေါ်တယ်) အာရုံနဲ့ ပသာဒ တို့ တိုက်ဆိုင်မိတဲ့အခါမှာ ဝီထိစိတ်ဆိုတာတွေ ဖြစ်ပေါ်လာတယ်။

အဲဒီစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါကျတော့ အာဝဇ္ဇန်း စိတ်က စပြီးတော့

[စာမျက်နှာ-55] ဖြစ်လာတယ်၊ အဲဒီ အာဝဇ္ဇန်း စိတ်မတိုင်ခင်ကတော့ ဘဝင်စိတ်တွေ ဖြစ်လာတယ်၊ ဘဝင်စိတ် ၃-ချက်ရှိတယ်၊ အဲဒီ ၃-ချက်ပြီးတဲ့နောက် အာဝဇ္ဇန်း ကိစ္စတပ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ် ဖြစ်ပေါ်လာတယ်။

အာဝဇ္ဇန်း ဆိုတာက အာရုံကို ဆင်ခြင်တာ၊ သို့မဟုတ် ဝီထိစိတ်ဘက်သို့ လှည့်ပေးတဲ့ အခိုက်အတန့်ဆိုပါတော့၊ အဲသလို အာရုံသို့ လှည့်ပေးပြီးတဲ့နောက် မြင်စရာအာရုံဆိုရင် မြင်လာမယ်၊ ကြားစရာအာရုံဆိုရင် ကြားလာမယ်၊ နံစရာအာရုံဆိုရင် နံလာမယ်၊ အရသာသိစရာဆိုရင်လည်း အရသာသိလာမယ်၊ ထိစရာအာရုံဆိုရင်လည်း ထိတဲ့ကိစ္စ ဖြစ်လာမယ်။

ပြီးတဲ့နောက် အဲဒီအာရုံကို လက်ခံတဲ့ သမ္ပဋိစ္ဆန၊ အာရုံကို လက်ခံပြီးတဲ့နောက် သန္တီရဏ၊ အဲဒီအာရုံကို စုံစမ်းစစ်ဆေးတယ်၊ ဒီအာရုံဟာ အလိုရှိအပ်တဲ့ အာရုံလား၊ အလိုမရှိအပ်တဲ့ အာရုံလား၊ အလယ်အလတ်ဖြစ်တဲ့ အာရုံလား၊ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ လို့ ပါဠိလို ဒီလိုခေါ်တယ်၊ အဲသလို သူက စုံစမ်းတယ်။

သူက စုံစမ်းရုံ စုံစမ်းတယ်၊ နောက် ဝုဋ္ဌော အခိုက်အတန့်ကျမှ ဆုံးဖြတ်ချက် ကျသွားတယ်၊ အဲဒီကျတော့ ဝုဋ္ဌော က (ဝုဋ္ဌောအခိုက်အတန့်ကျတော့) ဒီအာရုံဟာ အလိုရှိအပ်တဲ့ အာရုံပဲ၊ သို့မဟုတ် အလိုမရှိအပ်တဲ့ အာရုံပဲ၊ သို့မဟုတ် အလယ်အလတ်ဖြစ်တဲ့ အာရုံပဲလို့ ဆုံးဖြတ်လိုက်တယ်။

ဝုဋ္ဌော က ဆုံးဖြတ်ပြီးတဲ့နောက် အာရုံ၏ အရသာကို ကျကျနန ခံစားတဲ့ ဇော ဆိုတဲ့ စိတ်တွေ သာမန်အားဖြင့်ဆိုရင် ၇-ကြိမ်ဖြစ်တယ်၊ အဲဒီဇောကျတော့ ကုသိုလ်သော်လည်းကောင်း၊ အကုသိုလ်သော်လည်းကောင်း ဖြစ်လာပြီ။

ခုနက အာဝဇ္ဇန်း ကစပြီး ဝုဋ္ဌော တိုင်အောင်သော စိတ်တွေက ဝိပါက်စိတ်တွေ မဟုတ်ဘူးလား၊ ဝိပါက်စိတ်တွေ ကြည့်လိုက်ရင် ကုသလဝိပါက်၊ အကုသလဝိပါက် ဆိုတဲ့ထဲက ဟာတွေချည်းပဲ။

ဒါပေမယ်လို့ ဇော ကျတော့ ကုသိုလ်ဇောဖြစ်ချင်ဖြစ်မယ်၊ အကုသိုလ်ဇော ဖြစ်ချင်ရင်ဖြစ်မယ်၊ ဇောဆိုတာ မြန်မာစကားမဟုတ်ဘူး၊ ပါဠိစကားနော်၊ ဇဝန ဆိုတဲ့ ပါဠိစကားကို ဇောလို့ပြန်ထားတာ၊ ဇောဆိုတာ အရှိန်အဟုန်နဲ့ ဖြစ်တာကို ဇောလို့ခေါ်တယ်၊ ဒီနေရာမှာ အရှိန်အဟုန်နဲ့ဖြစ်တာလို့ ဆိုတဲ့အတွက်ကြောင့်မို့လို့ အကြိမ်များစွာဖြစ်တာ မဖြစ်တာ ပဓာနမဟုတ်ဘူး၊ တစ်ကြိမ်တည်းလည်း ဖြစ်ပေမယ်လို့ သူက တကယ်အရှိန်အဟုန်ရှိတယ်၊ အစွမ်းသတ္တိရှိတယ်ဆိုရင် သူ့ကိုဇောလို့ ခေါ်ရတယ်။

[စာမျက်နှာ-56] ဥပမာအားဖြင့် မဂ်ဇော ဆိုတာ စတုတ္ထပိုင်းကျတော့တွေ့မယ်၊ မဂ်ဇော ဟာ တစ်ကြိမ်တည်းဖြစ်တယ်၊ တစ်ကြိမ်တည်းဖြစ်ပေမယ်လို့ သူက ကိလေသာကို အကုန်သတ်ပစ်နိုင်တယ်၊ ဒီလောက်အစွမ်းထက်တယ်၊ အဘိညာဉ်ဇော ဆိုတာ ရှိသေးတယ်၊ တစ်ကြိမ်ပဲဖြစ်တယ်၊ တစ်ကြိမ်ဖြစ်ရုံနဲ့ သူကလည်း တစ်ခါတည်း တန်ခိုးဖန်ဆင်းတာတွေ ဘာတွေ အကုန်လုံးဖြစ်စေနိုင်တယ်နော်၊ သိပ်အရှိန်အဟုန် ရှိတယ်။

ဒါကြောင့်မို့ တစ်ကြိမ်ပဲဖြစ်သည်ဖြစ်စေ၊ အကြိမ်များများဖြစ်သည်ဖြစ်စေ၊ အရှိန်အဟုန်နဲ့ ဖြစ်တတ်တဲ့ စိတ်မျိုးကို ဇောစိတ်၊ အဲသလို အရှိန်အဟုန်နဲ့ဖြစ်ခြင်းကို ဇော၊ အရှိန်အဟုန်နဲ့ ဖြစ်တယ်ဆိုတဲ့ နေရာမှာလည်းပဲ ဟို definition ပေးရမယ်ဆိုရင် အာရုံကို ကျကျနန ခံစားတာကို ဆိုလိုတယ်နော်၊ တခြားစိတ်တွေထက် သူက အာရုံကို ထိထိမိမိ ခံစားတာ၊ ဒါကြောင့်မို့ သူတို့ကို ဇောစိတ်တွေလို့ ခေါ်ရတယ်၊ အဲဒီစိတ်တွေထဲပဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒါပြီးတဲ့အခါကျတော့ တွက်မယ်။

အဲဒီဇောပြီးတဲ့နောက် တဒါရုံ တဲ့ တဒါရမ္မဏ၊ တဒါရုံ ဆိုတာက မြန်မာလို တိုက်ရိုက်ပြန်ရင် ထိုအာရုံရှိတဲ့စိတ်လို့ အဓိပ္ပါယ်ရတယ်၊ ထိုအာရုံရှိတဲ့စိတ် ဆိုတာ ဇောအာရုံအတိုင်း လိုက်ယူတယ်နော်၊ ဇော၏အာရုံကိုပဲ လိုက်ယူပြီးတော့ ဇောနောက်က ကပ်လိုက်တတ်တဲ့စိတ်မျိုးကို တဒါရုံ လို့ခေါ်တယ်။

ဟိုအပတ်တုန်းက လှေဥပမာလေးနဲ့ ပြောခဲ့တယ်၊ မှတ်မိသေးလား မသိဘူး၊ လှေဟာ ရေဆန်သွားတဲ့အခါကျတော့ ရေဟာ လှေနောက်က နည်းနည်းလေး ကပ်လိုက်သလိုတဲ့။

ကောင်းပြီ စိတ်ပိုင်းတုန်းက ပြောခဲ့တဲ့ ဒီသရက်ပင်အောက်မှာ လူတစ်ယောက် အိပ်တဲ့ ဥပမာနဲ့ ဝီထိကို ပြောခဲ့တယ်။

အဲဒီမှာတော့ တဒါရုံ က ဘာနဲ့တူလဲဆိုရင် စားပြီးတဲ့နောက်ကို ပါးစပ်ထဲ အကပ်အသတ်ကလေးပေါ့လေ၊ အဲဒါလေး မျိုးချတာနဲ့တူတယ်တဲ့၊ အဲဒါ တဒါရုံ တဲ့။

နောက်ဆုံးကိစ္စ စုတိကိစ္စ တဲ့၊ စုတိကိစ္စ ဆိုတာ သေတာကိုပြောတာ၊ သူ့ကို မြန်မာတိုက်ရိုက် အနက်ပြန်လိုက်ရင် ရွေ့လျောတာတဲ့ ဘဝတစ်ခုကနေ ရွေ့လျောကျသွားတယ်၊ ဘဝတစ်ခု ရွေ့လျောသွားတယ်၊ ဒါကို စုတိ၊ မြန်မာက ဣ ကို ဧ လေးလုပ်လိုက်ပြီး စုတေဆိုပြီးတော့ သုံးတယ်၊ နတ်တွေကျတော့ စုတေတယ်။ လူတွေကျတော့ သေတယ်၊ ရှင်ဘုရင်တွေကျတော့ နတ်ရွာစံတယ်တဲ့ စသည်ဖြင့်

[စာမျက်နှာ-57] ပြောကြတယ်၊ ဒါကတော့ ဘယ်သူဖြစ်ဖြစ် စုတေတယ်လို့ သုံးနိုင်တာချည်းပဲ။ သေတာကို စုတေတယ်ခေါ်တာ။

စုတိ ဟာ တစ်ဘဝမှာ နောက်ဆုံးစိတ်ပဲနော်၊ အဲဒီ စုတိ နောက် ဒီဘဝမှာ ဘာစိတ်မှ မရှိတော့ဘူး၊ တစ်ခါ ဟိုဘဝ ဆက်တိုက် ပဋိသန္ဓေ ဆိုတာ သွားဖြစ်တယ်၊ ဒါကြောင့်မို့ စုတိ နှင့် ပဋိသန္ဓေ နှင့်အကြားမှာ ဘာမှမရှိဘူး၊ စိတ်အနေနဲ့ ပြောရမယ်ဆိုရင် ကာလအားဖြင့် မခြားဘူးနော်။

ဒီဘဝ စုတိ ပြီးတော့နောက် တစ်ခါတည်း တစ်နာရီကြာမှ၊ နှစ်နာရီကြာမှ သို့မဟုတ် တစ်ရက်ကြာမှ နှစ်ရက်ကြာမှ ပဋိသန္ဓေ ဖြစ်တယ်လို့ ဒီလိုမဟုတ်ဘူး၊ ဒီဘဝ စုတိ ပြီးတာနဲ့ တစ်ပြိုင်နက် နောက်ဘဝ ပဋိသန္ဓေ ဆက်တိုက်ဖြစ်တာပဲ။

ဒါပေမယ်လို့ စိတ်အစဉ်အတိုင်းပြောမယ်ဆိုရင်တော့ ခဏတစ်ခုပဲ၊ စုတိ နှင့် ပဋိသန္ဓေ ဘာမှ သိပ်ကွာခြားတာမဟုတ်ဘူး၊ ဒါပေမယ်လို့ ဘဝအနေနဲ့ ပြောရင်တော့ သိပ်ကွာခြားသွားပြီ ဆိုပါတော့၊ လူဘဝကနေပြီးတော့ နတ်ဘဝ သွားဖြစ်မယ်ဆိုရင် ဒါ အဝေးကြီး သွားဖြစ်မယ်နော်၊ တိရစ္ဆာန်ဘဝ သွားဖြစ်မယ်၊ ငရဲကျသွားမယ်။ လူ့ပြည်ပြန်ဖြစ်ဦးမယ် စသည်ပေါ့လေ။

အဲဒီလို ခရီးအားဖြင့်ဝေးပေမယ်လို့ စိတ်ခဏအနေနဲ့ကတော့ လုံးဝ မဝေးဘူး၊ ဆက်တိုက်ဖြစ်တာပဲ၊ အဲဒီဟာကို မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ပေးထားတဲ့ ဥပမာတစ်ခုရှိတယ်၊ စိတ်အဖြစ်မြန်တာ၊ ဌာနနီးတာ ဝေးတာ ပဓာန မဟုတ်တာကို ဥပမာပေးတာ၊ အခုခေတ်အနေနဲ့ ပြောမယ်ဆိုရင် (ဆိုပါတော့) မင်းကြီး၊ ဆန်ဖရန်စ္စကို မြို့ကို စိတ်ထဲစိတ်ကူးကြည့်လိုက်စမ်းပါ။ နောက်တစ်ခါ ဝါရှင်တန်ဒီစီ စိတ်ကူးလိုက်စမ်းပါ။ ဘယ်သူက ပိုကြာလဲနော်၊ အတူတူပဲ၊ ဆန်ဖရန်စ္စကို စိတ်ကူးလိုက်ရင်လည်း ဒီလောက်ကြာတာပဲ၊ ဝါရှင်တန်ဒီစီ စိတ်ကူးလိုက်ရင်လည်း ဒီလောက် ကြာတာပဲ။

ထို့အတူပဲ၊ ဒီဘဝကနေပြီးတော့ ဟိုဘက်အိမ်သွား လူဖြစ်ရင်လည်း ဒီလောက် ကြာမှာပဲ၊ နတ်ပြည်သွားပြီး နတ်ဖြစ်ရင်လည်း ဒီလောက်ကြာမှာပဲ၊ ဒီလောက်ကြာမှာပဲဆိုတာ ဆက်တိုက်ဖြစ်တာပဲ၊ အဲဒီရွေ့လျောတဲ့ကိစ္စ၊ သေခြင်းကိစ္စကို စုတိကိစ္စ လို့ခေါ်တယ်၊ အားလုံးကိစ္စပေါင်း ၁၄-ပါးရှိတယ်။

ဌာန ၁၀-ပါးတဲ့နော်၊ ကိစ္စနှင့် ဌာန၊ ဌာန ၁၀-ပါးရှိတယ်လို့ တစ်ခါပြောပြန်တယ်၊ ဒါကတော့ ကိစ္စနှင့် ဌာနက ဘယ်လိုတူသလဲ၊ ဒါ လူ့လောကမှာ ထင်ရှားပါတယ်။

[စာမျက်နှာ-58] အရာရှိတစ်ယောက်ဆိုတော့ သူ့ကိစ္စက သူအလုပ်တစ်ခု လုပ်ရတာနော်၊ ညွှန်ကြားရေးဝန်ဆိုရင် ညွှန်ကြားရတာ သူ့အလုပ်ပေါ့၊ သူထိုင်တဲ့နေရာကို ဘာလို့ခေါ်မလဲ၊ ဌာန ပေါ့နော်၊ ထို့အတူပဲ ဒီမှာလည်းပဲ ဒီကိစ္စဆိုတာ သူရဲ့ function၊ သူရဲ့ ပြုလုပ်ခြင်း၊ သူ့ရဲ့ တစ်ခုခုဆောင်ရွက်တာကို ကိစ္စလို့ခေါ်ပြီးတော့ အဲဒီကိစ္စဖြစ်ရာ ခဏကလေးပေါ့၊ ကာလအားဖြင့်တော့ အလွန်တိုတောင်းတဲ့ ခဏကလေး၊ အဲဒီခဏကလေးကို ဘာလို့ခေါ်သလဲဆိုရင် ဌာန လို့ခေါ်တယ်နော်၊ ကိစ္စက function ဌာန က ကာလသဘောမျိုး function ပြုရာကာလကလေးကို ဌာန လို့ခေါ်မယ်နော်။

စိတ်ပိုင်းတုန်းက ဝီထိပုံလေးများ ချပြသေးလား၊ မမှတ်မိဘူးနော်၊ ထားပါတော့၊ အဲသလိုဆိုရင် ဝီထိပုံလေး ချပြတဲ့အခါမှာ ဒီစိတ်ပြီး ဒီစိတ် ဒီစိတ်ပြီး ဒီစိတ်လို့ ပြောတော့ (ဆိုပါတော့) နံပါတ် ၁-စိတ်နှင့် နံပါတ် ၃-စိတ်ကြားမှာ နံပါတ် ၂ စိတ်ရှိတယ်၊ အဲဒီစိတ်ရဲ့ ကိစ္စက (ဆိုပါတော့) ဒဿနကိစ္စ၊ မြင်ခြင်းကိစ္စဆိုရင် မြင်ခြင်းက သူရဲ့ ကိစ္စ၊ အဲဒီစိတ်ကလေး ဥပါဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ခဏငယ်လို့ခေါ်တဲ့ ခဏငယ်လေး ၃-ချက်ဖြစ်တဲ့ ဖြစ်ရာကာလလေးကို ဌာန လို့ခေါ်တယ်၊ အဲဒီတော့ များသောအားဖြင့်ကတော့ ကိစ္စနဲ့ပဲ စကားပြောပါလိမ့်မယ်၊ ဌာန ကို နောက်ကျတော့ ပြောနေမှာ မဟုတ်ဘူး။

ကောင်းပြီ၊ ကိစ္စက ၁၄-ပါးရှိတယ်၊ ဌာန က ၁၀-ပါးပဲရှိတယ်၊ ဘာကြောင့်လဲဆိုရင် အဲဒီဝီထိမှာ ကြည့်လိုက်ရင် အာဝဇ္ဇန်းကိစ္စ နော်၊ ပြီးရင် ဘာလာလဲ၊ ဒဿနကိစ္စ ဆိုတော့ ဒဿန၊ သဝန၊ ဃာယန၊ သာယန၊ ဖုသန၊ ဒီ ၅-မျိုးက နေရာနှင့်ပြောမယ်ဆိုရင် တစ်နေရာတည်းမှာပဲ ဖြစ်တယ်၊ တစ်ခါတလေ ဒဿန ဖြစ်မယ်၊ မြင်တဲ့အခါ ဒဿန ဖြစ်မယ်၊ ဒဿနကိစ္စ ဖြစ်တဲ့ စက္ခုဝိညာဏ် စိတ်ဖြစ်မယ်။

ကြားတဲ့အခါကျတော့ သဝနကိစ္စ နော်၊ သောတဝိညာဏ် စိတ်ဖြစ်မယ်၊ ဒီနေရာမှာပဲ ဖြစ်မှာ၊ ဒီကာလမှာပဲ ဖြစ်မှာပဲ၊ အဲဒါကြောင့်မို့ သူတို့က ကိစ္စ ၅-ခုပေမယ်လို့ ဌာန ကတော့ တစ်ခုတည်းရယ်။

အဲဒီတော့ သူတို့က ဌာန တစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကိစ္စ ၁၄-ပါးဟာ ဌာန အားဖြင့်တော့ ၁၀-ပါးပဲ ဖြစ်သွားတယ်နော်။

အဲဒါ အခု ဒီအကွက်တည်းမှာကြည့်လိုက်ရင် ပဉ္စဝိညာဏ် လို့ ပြထားတယ်၊ ဒါ တစ်ဌာနပေါ့နော်၊ ဌာန ၁၀-ပါးလို့ ဒီက ရှိတယ်မို့လား၊ အဲဒီတော့ ပဋိသန္ဓေဌာန၊ ဘဝင်ဌာန၊ စုတိဌာန၊ အာဝဇ္ဇန ပြီးတော့ ဒဿန၊ သဝန၊ ဃာယန၊ သာယန၊ ဖုသန ကို ဘာလို့ခေါ်မလဲ၊ ပဉ္စဝိညာဏ်ဌာန ပြီးတော့ သမ္ပဋိစ္ဆနဌာန၊ သန္တီရဏဌာန

[စာမျက်နှာ-59] စသည်ဖြင့် သွားတယ်။

ဒါကြောင့်မို့ ကိစ္စ ၁၄-ပါး ရှိပေမယ်လို့ ဌာန ကျတော့ ၁၀-ပါးသာ ရှိတော့တယ်၊ ဒါပါပဲ၊ သိပ်မခက်တော့ပါဘူးနော်၊ ကိစ္စ ၁၄-ပါး၊ ဌာန ၁၀-ပါးတဲ့။

ကောင်းပြီ၊ အခု ကိစ္စ ၁၄-ပါးနှင့် စိတ် ၈၉-ပါးကို ဝေဖန်ရမယ်နော်။ ဝေဖန်ရမယ်ဆိုတော့ ဘယ်စိတ်က ဘယ်ကိစ္စကို ဆောင်ရွက်သလဲ၊ ဒါလိုက်ပြီးတော့ ကြည့်ရမယ်၊ ပေးထားတဲ့ ဇယားကွက်ကိုကြည့်ရင် ရှင်းနေပြီနော်၊ ပြောစရာတောင် မလိုတော့ဘူးထင်တယ်။

ကောင်းပြီ ဘယ်စိတ်တွေဟာ ပဋိသန္ဓေကိစ္စ ကို ဆောင်ရွက်သလဲ၊ စာစကားနှင့်သုံးတော့ တပ်တယ်လို့သုံးတယ်၊ ကိစ္စတပ်တယ်နော်၊ ဒါ ဦးဇင်းတို့ စာအုပ်တွေမှာ သုံးတာ။

အဲဒီတော့ ပဋိသန္ဓေကိစ္စ တပ်တဲ့စိတ်ပေါင်း ဘယ်လောက်ရှိသလဲ၊ ဘဝင်ကိစ္စ တပ်တဲ့စိတ်ပေါင်း ဘယ်လောက်ရှိသလဲ၊ စုတိကိစ္စ တပ်တဲ့စိတ်ပေါင်း ဘယ်လောက်ရှိသလဲ၊ ဘာကြောင့်တုံးဆိုတော့ ဒီ ၃-ခုက အတူတူပဲ၊ ဒီစိတ် ၁-ခုတည်းကပဲ ပထမဖြစ်တော့ ပဋိသန္ဓေ နောက်တစ်ဘဝလုံးဖြစ်တော့ ဘဝင်၊ သေတဲ့အချိန်ကျတော့ စုတိ၊ အဲဒီတော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စ တပ်နိုင်တဲ့စိတ်ပေါင်းကြည့်လိုက်စမ်းပါ။ ဘယ်နှစ်ခုရှိလဲ၊ သန္တီရဏ ဥပေက္ခာ ၂-ခုနော်၊ ဒါဟာ အပြောက်အပြောက်တွေမှာ ထောက်နိုင်ရမယ်နော်၊ သန္တီရဏ ဥပေက္ခာ ၂-ခု ပြီးတော့ ကာမာဝစရသောဘန ဝိပါက်စိတ် ၈-ခုနော်၊

ဒါက ဟိုတုံးက ကာမာဝစရသောဘန နာမည်နှင့် သုံးခဲ့လို့ အလွယ်ခေါ်မယ်ဆိုရင် မဟာဝိပါက် လို့ ခေါ်လို့ရတယ်နော်၊ မဟာဝိပါက် စိတ် ၈-ခု။

ပြီးတော့ ရှေ့သွားလိုက်စမ်း၊ မဟဂ္ဂုတ် ဝိပါက်စိတ် ၉-ခု၊ စိတ် အားလုံး ပေါင်းလိုက်ရင် ၁၉-ပါးနော်၊ အဲဒီ ၁၉-ပါးကြည့်လိုက်ရင် ဝိပါက်စိတ်တွေချည်း မဟုတ်ဘူးလား၊ သန္တီရဏ ဥပေက္ခာ ၂-ခုကလည်း ဝိပါက်၊ အကုသလဝိပါက် ရယ်၊ ကုသလဝိပါက် ရယ်၊ ကာမာဝစရသောဘန ဝိပါက်-၈ ကလည်း ဝိပါက် မဟဂ္ဂုတ် ဝိပါက် ကလည်း ဝိပါက်၊ အဲဒီတော့ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်တဲ့ စိတ်ဆိုတာဟာ ဝိပါက်စိတ်တွေပဲ၊ ဒါ ကံရဲ့ အကျိုးကြောင့် ဒီဘဝ လာဖြစ်တာမဟုတ်ဘူးလား။

ဒါကြောင့်မို့ အဲဒီစိတ် ၁၉-ပါးသည် ဘာကိစ္စတပ်သလဲလို့ မေးရင် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ တပ်တယ်၊ ဒါဖြင့်ရင် ဘဝတစ်ခုမှာ ပဋိသန္ဓေ

[စာမျက်နှာ-60] နေပြီဆိုရင် ဒီစိတ် ၁၉-ပါးထဲက တစ်ပါးပါးနဲ့ နေခဲ့ကြတာချည်းပဲနော်၊ ဒါတွေဟာ ပဉ္စမပိုင်း ဘုံပိုင်းကျတော့လည်း ဒါတွေဟာ ပြန်ပြီးတော့ လာလိမ့်ဦးမယ်။

တိရစ္ဆာန်ဖြစ်မယ့်ကောင်ဆိုရင် အပါယ် ၄-ပါးဖြစ်တဲ့ သတ္တဝါဆိုရင် အကုသလ သန္တီရဏ ဥပေက္ခာ နှင့် ပဋိသန္ဓေ နေခဲ့တယ်၊ လူ့ဘုံမှာဖြစ်တဲ့ သတ္တဝါဆိုရင် ကုသလဝိပါက် သန္တီရဏ ဖြစ်စေ၊ မဟာဝိပါက် စိတ် ၈-ခုဖြစ်စေ၊ အဲဒါတွေနဲ့ ပဋိသန္ဓေ နေခဲ့ကြတာ။

ရူပါဝစရ ဗြဟ္မာဘုံမှာ သွားဖြစ်တော့မယ်ဆိုရင် မဟဂ္ဂုတ် ဝိပါက် ထဲက ရူပါဝစရ ဝိပါက် ၅-ခုနှင့် တစ်ခုခုနှင့်သွားပြီးတော့ ပဋိသန္ဓေ ဖြစ်တယ်၊ နေတယ်။ အရူပါဝစရ ဘုံမှာ သွားပြီးတော့ ဖြစ်တော့မယ်ဆိုရင်လည်းပဲ အရူပဝိပါက် ၄-ခု၊ တစ်ခုခုနှင့် ပဋိသန္ဓေ နေတယ်။

ဒါဖြင့်ရင် အခုလူတွေဆိုပါတော့၊ ဘာနဲ့ ပဋိသန္ဓေ နေခဲ့တယ်လို့ ထင်လဲ။ ဘယ်သူမှတော့ မပြောနိုင်ဘူးပေါ့လေ၊ သို့သော် ဒါက နောက်မှသိရမှာကို၊ အခုတည်းက နည်းနည်းလေး ကြိုတင်ပြောသလို ဖြစ်နေတယ်နော်။

အမေမွေးကတည်းက ကန်းမွေးလာတဲ့လူမျိုးနော်၊ နားပင်းလာတဲ့လူမျိုး ပေါ့လေ၊ အဲဒီလိုလူမျိုးတွေဟာလည်း ကုသလဝိပါက် ဥပေက္ခာသန္တီရဏ နှင့် ပဋိသန္ဓေ နေတယ်၊ အဲသလိုမဟုတ်ပဲနဲ့ တခြားလူတွေကျတော့ မဟာဝိပါက် စိတ် ၈-ခု၊ တစ်ခုခုနဲ့ ပဋိသန္ဓေ နေလာတယ်၊ ဟုတ်လား၊ ဉာဏသမ္ပယုတ် စိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်ရှိမယ်၊ ဉာဏဝိပ္ပယုတ် စိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်ရှိမယ်၊ သောမနဿ နှင့် ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်ရှိမယ်၊ ဥပေက္ခာ နဲ့ ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်ရှိမယ်၊ အသင်္ခါရိက နဲ့နေလာတဲ့ ပုဂ္ဂိုလ်ရှိမယ်၊ သသင်္ခါရိက နဲ့ နေလာတဲ့ ပုဂ္ဂိုလ်ရှိမယ်၊ အဲဒီလို အမျိုးမျိုးရှိတာ။

ရူပါဝစရ၊ အရူပါဝစရ ကျတော့ သူကတော့ ဉာဏသမ္ပယုတ် ချည်းပဲ။ ဉာဏဝိပ္ပယုတ် မရှိတော့ဘူး၊ ဒါကြောင့်မို့ ဒီစိတ် ၁၉-ပါးက ပဋိသန္ဓေကိစ္စ တပ်တယ်၊ ဘဝင်ကိစ္စ တပ်တယ်၊ စုတိကိစ္စ တပ်တယ်နော်။

ဆိုကြပါစို့ လူတစ်ယောက်ဟာ ကာမာဝစရသောဘနဝိပါက်၊ သို့မဟုတ် မဟာဝိပါက် ပထမစိတ်နဲ့ ပဋိသန္ဓေ နေခဲ့ပြီတဲ့၊ ပထမစိတ်ဆိုတာဘာတုန်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်၊ အဲဒီစိတ်နဲ့ ပဋိသန္ဓေ နေခဲ့ပြီဆိုရင် သူ့တစ်ဘဝလုံးမှာဖြစ်မယ့် ဘဝင် စိတ်တွေဟာလည်း အဲဒီ မဟာဝိပါက် ပထမစိတ်ပဲ။ နောင် သူသေတဲ့အခါမှာလည်းပဲ အဲဒီစိတ်နဲ့ပဲသေမယ်၊ ဒါကြောင့်မို့ in the

[စာမျက်နှာ-61] given life ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်ဟာ identical ဒီစိတ်ပဲ ပြန်ပြန်ဖြစ်နေတာ၊ နောက်ဘဝက ကံရဲ့ အရှိန်ဟာ ဘယ်လောက်မြင့်တယ်ဆိုတာ အဲဒါကြည့်။ ဒီကံက ပစ်ချလိုက်လို့ ဖြစ်လိုက်ရင် ဒီစိတ်ဟာ ဒီတစ်ကြိမ်တည်း ဖြစ်တာမဟုတ်ဘူး၊ တစ်ဘဝလုံး တစ်ခါတည်း ဖြစ်နေတော့တာ။ အချိန်လိုက်ပြီးတော့ သူပထမဆုံးဖြစ်တော့ ပဋိသန္ဓေလို့ခေါ်တယ်၊ ကြားမှာဖြစ်တော့ ဘဝင်လို့ခေါ်တယ်၊ အဆုံးစိတ်ကျတော့ စုတိ၊ အဲသလို သွားတယ်။ ဒါက ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်တဲ့စိတ်နော်။

နောက်တစ်ခုက အာဝဇ္ဇနကိစ္စတပ်တဲ့စိတ် ဘယ်နှစ်ပါးရှိတုန်း၊ ၂-ပါးရှိတယ်။ ပဉ္စဒွါရာဝဇ္ဇနစိတ်ရယ်၊ မနောဒွါရာဝဇ္ဇနစိတ်ရယ်။ ပဉ္စဒွါရာဝဇ္ဇနစိတ်က ၅-ဒွါရမှာ သူက ဆင်ခြင်တယ်၊ လှည့်ပေးမယ်။ မနောဒွါရာဝဇ္ဇနဆိုတာက မနောဒွါရမှာ လှည့်ပေးမယ်၊ ဆင်ခြင်မယ်။ ဒွါရဆိုတာက ရှေ့အပတ်ကျတော့ ဒွါရတွေလေ့လာတဲ့အခါ သိလိုက်မယ်။ အခုတည်းက နည်းနည်းကြိုတင်ပြောရမယ်ဆိုရင် မျက်လုံးအကြည်ဓာတ်ကို စက္ခုဒွါရလို့ခေါ်တယ်၊ နားကို သောတဒွါရလို့ ခေါ်တယ်။ ပြီးတော့ ဘဝင်စိတ်ကို မနောဒွါရလို့ခေါ်မယ်။

အဲဒီတော့ ပစ္စုပ္ပန်ရူပါရုံကို တိုက်ရိုက်မြင်တဲ့အခါမှာ ဟောဒီ မြင်တဲ့ဝီထိ ဖြစ်တယ်၊ မြင်တဲ့ thought process ဖြစ်တဲ့အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းပါတယ်။ ကြားတဲ့အခါမှာ အသံကို အခုလို တိုက်ရိုက်ကြားနေတဲ့အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းပါတယ်။ အဲဒီမြင်တဲ့ အာရုံပဲ အတိတ်တုန်းက မြင်တဲ့ဟာကို ကိုယ်ပြန်ပြီးတော့ အခုတည်းက စိတ်နဲ့ စဉ်းစားလိုက်တယ်၊ စိတ်နဲ့ မြင်လိုက်တယ်ဆိုပါတော့၊ အဲဒီကျတော့ မနောဒွါရဖြစ်သွားပြီ၊ ပဉ္စဒွါရာဝဇ္ဇန်း မဟုတ်တော့ဘူး၊ မနောဒွါရာဝဇ္ဇန်း။

ဘာတုန်းဆိုတော့ အခုတိုက်ရိုက်ဖြစ်နေတဲ့ အာရုံမဟုတ်ဘဲကိုနော်၊ အတိတ်အာရုံ သို့မဟုတ် အနာဂတ်အာရုံ ဒီကျတော့ ဒွါရ ၅-ပါးနှင့် အဲဒီ အာရုံတွေကို မယူနိုင်ဘူး၊ မနောစိတ်နှင့်သာ ယူနိုင်တယ်၊ အဲဒါကြောင့်မို့ အဲဒီကျတော့ မနောဒွါရ။

ဒါကြောင့်မို့ အဲဒီလို အာရုံကို ဆင်ခြင်တဲ့စိတ်၊ သို့မဟုတ် လှည့်ပေးတဲ့စိတ်၊ လှည့်ပေးတဲ့ကိစ္စတပ်တဲ့စိတ် ၂-ခုတည်းရှိတယ်၊ တစ်ခုက ပဉ္စဒွါရာဝဇ္ဇန်း၊ တစ်ခုက မနောဒွါရာဝဇ္ဇန်း။

ဒီနောက် ဒဿနကိစ္စ၊ မြင်ခြင်းကိစ္စ၊ မြင်ခြင်းကိစ္စတပ်တဲ့စိတ် ၂-ပါးပဲရှိတယ်၊ ဒီ ၂-ပါးမှာ ၁-ပါးပါးနှင့် မြင်ကြတာချည်းပဲနော်။ ကောင်းတာမြင်ရင် ကုသလဝိပါက်စိတ်နဲ့ မြင်တယ်၊ မကောင်းတာမြင်ရင်

[စာမျက်နှာ-62] အကုသလဝိပါက်စိတ်နဲ့ မြင်တယ်ဆိုရင် ဒီ ၂-ခု တစ်ခုခုပဲ၊ စက္ခုဝိညာဏ်ဒွေးလို့ ခေါ်တယ်နော်၊ စက္ခုဝိညာဏ်စိတ် ၂-ခု။

သဝနကိစ္စတပ်တဲ့စိတ် ဘယ်နှစ်ခုတုန်း ၂-ခုပဲ၊ ကြားခြင်းကိစ္စတပ်တဲ့စိတ်၊ သောတဝိညာဏ်စိတ် ၂-ခု။

ဃာယနကိစ္စတဲ့နော်၊ နံခြင်းကိစ္စတပ်တဲ့ စိတ် ၂-ခုပဲ၊ ဃာနဝိညာဏ်စိတ် ၂-ခု။

အရသာသိခြင်းကိစ္စတပ်တဲ့စိတ်ကကော ၂-ခုပဲနော်၊ ဇိဝှါဝိညာဏ် ၂-ခု။

ပြီးတော့ အထိအတွေ့တပ်တဲ့စိတ်ကကော ၂-ခု၊ ဒါ Physical contact ပေါ့၊ ထိတွေ့တာ စိတ်နဲ့ ထိတွေ့တာမဟုတ်ဘူး၊ သူက ဘာတုန်း၊ ကာယဝိညာဏ် ၂-ခုနော်၊ တစ်စုံတစ်ခုထိခိုက်လို့ ကိုယ်ကနာသွားတယ်၊ အဲသလိုဆိုရင် ဒုက္ခသဟဂတ ကာယဝိညာဏ အကုသိုလ်ရဲ့ အကျိုး။

ကောင်းတာလေးနဲ့ တွေ့ရထိရတယ်၊ အဝတ် နူးနူးညံ့ညံ့လေးနဲ့ ထိရတယ် စသည်ပေါ့၊ အဲဒီကျတော့ကော သုခသဟဂတ ကာယဝိညာဏ်၊ ဒါကျတော့ ကုသိုလ်ရဲ့ အကျိုးနော်၊ အဲသလို ၂-မျိုးတဲ့။

ဒါဖြင့် ဖုသနကိစ္စတပ်တဲ့စိတ် ၂-မျိုးပေါ့နော်၊ ကာယဝိညာဏ်စိတ် ၂-ခု။

သမ္ပဋိစ္ဆနကိစ္စတပ်တဲ့စိတ် ဘယ်နှစ်ခုရှိလဲ၊ ၂-ခုပဲရှိတယ်၊ သမ္ပဋိစ္ဆိုင်းစိတ် ၂-ခုပေါ့နော်။

သန္တီရဏကိစ္စတပ်တဲ့စိတ် ၃-ခု ရှိတယ်၊ ဒါကလည်းပဲ စိတ်ပိုင်းတုန်းက သန္တီရဏ ၃-ခုပေါ့၊ အကုသလဝိပါက်စိတ်ထဲက ၁-ခု၊ အဟိတ်ကုသလဝိပါက်စိတ်ထဲက ၂-ခုနော်၊ ဝေဒနာနှင့် ပြောမယ်ဆိုရင် ဥပေက္ခာက ၂-ခု၊ သောမနဿ ၁-ခု။

ဝေါဋ္ဌဗ္ဗန မြန်မာလိုခေါ်တော့ ဝုဋ္ဌောလို့ခေါ်တယ်နော်၊ ဝုဋ္ဌောကိစ္စတပ်တဲ့စိတ် ဘယ်နှစ်ခုရှိလဲ၊ ၁-ခုတည်းပဲ၊ ဘယ်စိတ်လဲ၊ မနောဒွါရာဝဇ္ဇန်း။

မနောဒွါရာဝဇ္ဇန်းဟာ ဒီအာရုံကို ဆင်ခြင်ပေးတဲ့အခါမှာ သူက အာဝဇ္ဇနကိစ္စ တပ်တယ်နော်၊ အာရုံကို ဆုံးဖြတ်ပေးတဲ့အခါကျတော့ ဝုဋ္ဌောကိစ္စ တပ်တယ်။

ကိစ္စမတူဘူး၊ အခုဒီမှာ ဝုဋ္ဌောလို့ဆိုတာကျတော့ အာရုံကို ဆုံးဖြတ်ပေးခြင်းကိစ္စ၊ အဲဒီလို အာရုံကို ဆုံးဖြတ်ပေးခြင်း ကိစ္စတပ်တဲ့အခါကျတော့ သူက ၅-ဒွါရ ဖြစ်တယ်နော်၊ မြင်ကြားစသည်မှာ ဖြစ်တယ်၊ အာရုံကို ဆင်ခြင်ပေးတဲ့ အခါကျတော့

[စာမျက်နှာ-63] သူက မနောဒွါရမှာဖြစ်တယ်။ ဘာတုန်းဆိုတော့ ပဉ္စဒွါရမှာ သူဆင်ခြင်ပေးစရာ မလိုဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်ပေးနေတယ်။

ဇောတွေကျတော့ အများကြီးပဲ၊ အဲဒါ တွက်ရလိမ့်မယ်နော်၊ ဇောကိစ္စတပ်တဲ့စိတ်တဲ့၊ အဲဒီတော့ ဇောကို နားလည်ထားဖို့က အာဝဇ္ဇန်း ၂-ခုမှ တစ်ပါး ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာ၊ အဲဒါလည်း မှတ်ထားနော်၊ အာဝဇ္ဇန်းစိတ် ၂-ခုမှတစ်ပါး ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာ၊ ဒီစိတ်တွေဟာ ဇောကိစ္စတပ်တဲ့စိတ်။ ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၂-ပါး ဇောကိစ္စတပ်တယ်၊ အဟိတ်ကြိယာ ၃-ပါးထဲက ဇောကိစ္စတပ်တာ ဘယ်နှစ်ခုပါလဲ၊ အာဝဇ္ဇန်း ၂-ခု မပါရဘူးဆိုတော့ ၁-ခုတည်း ကျန်တာပေါ့၊ ဟသိတုပ္ပါဒ်နော်။

ကောင်းပြီ၊ ဒါဖြင့် အဟိတ်စိတ်ထဲက ဇောကိစ္စတပ်တာ ဘယ်စိတ်တုန်း၊ ဟသိတုပ္ပါဒ်၊ နောက်ဆုံးစိတ်။

တစ်ခါ ကာမာဝစရကုသိုလ်စိတ် ၈-ပါး၊ ကာမာဝစရကြိယာစိတ် ၈-ပါးနော်၊ ပြီးတော့ ရူပါဝစရကုသိုလ်စိတ် ၅-ပါး၊ ရူပါဝစရကြိယာစိတ် ၅-ပါး၊ အရူပါဝစရကုသိုလ်စိတ် ၄-ပါး၊ အရူပါဝစရကြိယာစိတ် ၄-ပါး၊ ပြီးတော့ လောကုတ္တရာကုသိုလ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ အားလုံးပေါင်းလိုက်ရင် ၅၅-ပါး ဖြစ်ရမယ်နော်။

အဲဒီတော့ ပြန်ပြီးတော့မြင်အောင် ကြည့်လိုက်စမ်းပါ၊ ဒီ အစက်ကလေးတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကြည့်လိုက်ရင် ဘယ်လိုတွေ့မလဲ၊ ပထမအတန်းဟာ အကုသိုလ်စိတ် ၁၂-ပါး၊ အကုသိုလ်စိတ် ၁၂-ပါးလုံး ဇောကိစ္စတပ်တယ်။

အဟိတ်စိတ်ထဲက ဇောကိစ္စတပ်တဲ့စိတ်၊ တတိယအတန်းနော်၊ ဒေါင်လိုက်အတန်းပြောတာ၊ တတိယအတန်းမှာ နောက်ဆုံးစိတ်။

ကာမာဝစရသောဘနစိတ် ၂၄-ပါးထဲက ဇောကိစ္စတပ်တဲ့စိတ်တွေ ထုတ်လိုက်စမ်း၊ ပထမအတန်း ၈-ခုရယ်၊ တတိယအတန်း ၈-ခုရယ်။

ရူပါဝစရစိတ်ထဲက ထုတ်လိုက်စမ်း၊ ပထမအတန်း ၅-ခု၊ တတိယအတန်း ၅-ခု။

အရူပါဝစရစိတ်ထဲက ထုတ်လိုက်စမ်း၊ ပထမအတန်း ၄-ခု၊ တတိယအတန်း ၄-ခု။

လောကုတ္တရာကျတော့ အမှန်ကတော့ အကုန်လုံးပဲနော်၊ ၈-ခုလုံးပဲ၊ အဲဒါ

[စာမျက်နှာ-64] ကြောင့်မို့လို့ အားလုံးပေါင်းလိုက်ရင် ဇောကိစ္စတပ်တဲ့စိတ်ပေါင်း ၅၅-ခု ရှိတယ်။

အဲဒါကြောင့်မို့လို့ ခုန ဝီထိတွေမှာ ဇောဖြစ်ပြီဟေ့ဆိုရင် ဒီ ၅၅-ထဲက တစ်ခုခု ဖြစ်တော့မှာပေါ့နော်၊ မြင်စရာအာရုံတစ်ခုကို မြင်ပြီးတော့ ကိုယ်က အဲဒီမြင်စရာအာရုံကို နှစ်သက်သွားတယ်၊ စွဲလမ်းသွားတယ်၊ တွယ်တာသွားတယ်ဆိုရင် အကုသိုလ်စိတ်ထဲက လောဘမူစိတ် တစ်ခုခု ဇောကိစ္စတပ်လိမ့်မယ်၊ ၇ ကြိမ် ဖြစ်လိမ့်မယ်နော်။ ကိုယ်မမြင်ချင်တဲ့ အာရုံ မြင်လိုက်ရလို့ စိတ်ဆိုးသွားပြီတဲ့၊ ဒေါသမူ ၂-ခုထဲက တစ်ခုခု ဖြစ်လိမ့်မယ်နော်။

အဲဒီလို မဟုတ်ဘဲနဲ့ တွေဝေမှုတွေဖြစ်လာမယ်၊ သို့မဟုတ် သံသယဖြစ်မှုတွေ ဖြစ်လာမယ်ဆိုရင် မောဟမူစိတ် ၂-ခုထဲကတစ်ခုခုက ဇောကိစ္စတပ်လိမ့်မယ်။

ကိုယ်က တရားသဘော နားလည်ထားလို့ ဘယ်အာရုံမြင်လိုက် မြင်လိုက်၊ အော်... ဒီအာရုံဟာ ပျက်စီးတတ်တဲ့ သဘောတရားရှိတယ်၊ ဆင်းရဲတဲ့ သဘောတရားရှိတယ် စသည်ဖြင့် ဆင်ခြင်နိုင်ရင် ကုသိုလ်ဇော စောမယ်ပေါ့နော်၊ ကြိယာဇောကတော့ ကိုယ်နှင့် မဆိုင်ဘူး။

ကြိယာဇောက ဘယ်သူ့အတွက်တုန်း၊ ဘုရား၊ ရဟန္တာအတွက် ဟုတ်လား။ အကယ်၍ ကိုယ်က ကမ္မဋ္ဌာန်းအားထုတ်လို့ ဈာန်တွေ ရမယ်ဆိုရင် ရူပါဝစရစိတ် ၅-ပါး တစ်ခုခုစောလိမ့်မယ်၊ အရူပါဝစရစိတ် ၄-ပါး တစ်ခုခု စောလိမ့်မယ်။

ဝိပဿနာတရားထိုင်လို့ သောတာပန် ဖြစ်သွားပြီတဲ့၊ သကဒါဂါမ် ဖြစ်သွားပြီတဲ့၊ စသည်ဖြင့်ဆိုရင် လောကုတ္တရာစိတ်တွေ ဇောကိစ္စ တပ်လိမ့်မယ်၊ ဒါကြောင့်မို့ ဇောကိစ္စတပ်တဲ့စိတ်ပေါင်း ၅၅-ပါးရှိသည်။

အဲဒီ ကိစ္စတပ်တဲ့စိတ်တွေဟာ အမှန်ကတော့ စုတိမဖြစ်ခင် ဇောစိတ်ဖြစ်တယ်၊ မရဏာသန္နဇောလို့ခေါ်တယ်၊ သေခါနီးမှာစောတဲ့ ဇောကျတော့ ၅ ကြိမ်ပဲ စောတယ်၊ သူက ၇-ကြိမ် မစောနိုင်တော့ဘူး၊ အဲဒီအချိန်အခါမှာ သိပ်ပြီးတော့ အားနည်းနေပြီ၊ ဟဒယဝတ္ထုတို့က ဘာတို့က နှလုံးသိပ် weak ဖြစ်နေတဲ့အတွက်ကြောင့်မို့ ၇-ကြိမ် မစောနိုင်ဘူး၊ ၅-ကြိမ်စောတယ်၊ အဲဒီဇောရဲ့ အဆုံးမှာ စုတိဖြစ်တယ်၊ သို့မဟုတ် ဇော၊ နောင်တဒါရုံ ၂-ခုလိုက်ပြီးတော့မှ စုတိဖြစ်မယ်၊ သို့မဟုတ် ဇောနောင် ဘဝင်ဖြစ်ပြီးတော့ တစ်ခါစုတိဖြစ်တယ်၊ အဲသလို ဝီထိအမျိုးမျိုးရှိတယ်။

အဲဒီ စုတေတာနဲ့ ပတ်သက်တဲ့အကြောင်းကို ပဉ္စမပိုင်းကျတော့ တွေ့လိမ့်မယ်နော်၊ အဲဒီကျတော့ ဝီထိချပြီးတော့ သေချာပြောရမယ်။ ဘာတုန်းဆိုတော့ စုတိ

[စာမျက်နှာ-65] ပဋိသန္ဓေ အဆက်မှာ မျက်စိလည်တတ်တယ်၊ အမှားတွေ ပြောမိတတ်တယ်။

အဲဒါကြောင့်မို့လို့ စုတိစိတ်ဟာ ဇောမဟုတ်ဘူး၊ စုတိစိတ်ရှေ့က သေခါနီးစောတဲ့ဇော၊ မရဏာသန္နဇောပေါ့၊ အဲဒီဇောဟာ လူတိုင်းဖြစ်တာ၊ သတ္တဝါတိုင်း ဖြစ်တာ၊ အဲဒီဇောက နောက်ဘဝကို ဆုံးဖြတ်သွားမှာ၊ ဒါကြောင့်မို့ သိပ်ကြောက်စရာ ကောင်းတာနော်။

အရင်တုန်းက လုပ်ခဲ့တဲ့ကံတွေက အဲဒီအချိန်ကျတော့ ပြန်လာပေါ်တတ်တယ်၊ ပြန်လာပေါ်တဲ့အခါကျတော့လည်း ကိုယ်က အသစ်လုပ်နေရသလို စိတ်ထဲမှာ ထင်လာပြီးတော့ အဲဒီမှာ ကုသိုလ်ဇောဖြစ်နိုင်တယ်၊ အကုသိုလ်ဇော ဖြစ်နိုင်တယ်။

အကုသိုလ်ဇော စောပြီးသေရင်တော့ သွားပြီ၊ အပါယ်သွားတော့မှာပေါ့။ ဒါကတော့ သေချာတယ်၊ ကုသိုလ်ဇော စောပြီးတော့သေရင် လူ့ပြည်၊ နတ်ပြည် စသည်ပေါ့လေ၊ အဲသလို ရောက်မယ်။

အဲဒါကြောင့်မို့လို့ ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေမှာ သေခါနီးအလွန် အရေးကြီးတယ်ပြောတာ၊ မိတ်ဆွေကောင်း သိပ်လိုတယ်၊ ဆိုပါတော့ လူတစ်ယောက်ဟာ ရောဂါဖြစ်လို့ သေတော့မယ်လို့ ဘေးကလည်း ထင်နေကြပြီဆိုရင် သူ စိတ်အနှောင့်အယှက် မဖြစ်အောင် အလွန်ဂရုစိုက်ရမယ်၊ သူ ကုသိုလ်ရဖို့ ကြံဖန်ပြီးတော့ ဖန်တီးပေးရမယ်၊ ပရိတ်ရွတ်ပေးမယ်၊ ဘုရားကားတွေ ဘာတွေ သူမြင်အောင်ထားပေးမယ် စသည်ပေါ့လေ၊ အဲဒီလိုနဲ့ သူသေသွားရရင် သူ နောက်ဘဝတော့ ကောင်းရာမွန်ရာ ရောက်မယ်။

သားရေးပူ၊ သမီးရေးပူ၊ ပစ္စည်းရေး၊ ဘာပူနဲ့ အဲဒီလိုဟာတွေနဲ့သာ သေရမယ်ဆိုရင် မလွယ်ဘူးနော်၊ ဒါကတော့ အပါယ်သွားမှာပဲ၊ အဲဒါကြောင့်မို့ အဲဒီဇောဟာ အရေးကြီးတယ်၊ ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးဟာ အရေးကြီးတာ၊ အဲဒါကြောင့်မို့ အဲသလိုပုဂ္ဂိုလ်မျိုးမှာ ကိုယ်နေရတယ်ဆိုရင် ပြုစုနေရတယ်ဆိုရင် အလွန် သတိထားရတယ်။

တစ်ခါတလေ ကိုယ်က စကားလေး တစ်ခွန်းနှင့်နှစ်ခွန်း ပြောလိုက်မိတတ်တယ်၊ "သူလည်းသေတော့မှာပါ၊ သိလည်းသိတော့မှာမဟုတ်ပါဘူး" ဆိုပြီး ပြောမိတယ်။ ဟိုလူကကြားတယ်၊ သိတယ်၊ အဲဒါမျိုးတွေ သိနိုင်တဲ့ပုဂ္ဂိုလ်တွေက ပြန်ပြောထားဖူးတယ်။

ဦးဇင်းတို့ အဲဒါမျိုး ပုဂ္ဂိုလ်ကျတော့ ဇောကတော့ကျမယ်၊ အဲဒါတော့ မောဟမူဇော သွားလိမ့်မယ်၊ မောဟမူဇောနဲ့ သေရင်တော့ ဒါလည်းမကောင်းဘူး၊

[စာမျက်နှာ-66] အဲဒါကြောင့်မို့ တွေဝေပြီးတော့ သေရရင် မကောင်းဘူး၊ ဒါကြောင့်မို့ တချို့ ဆုတောင်းတဲ့အခါတို့မှာ "မတွေမဝေ သေရပါလို၏"၊ အဲဒါ အရေးကြီးတယ်။

ဒါဘာလဲဆို အသက်ရှင်နေတုန်းက၊ ကျန်းမာနေတုန်းက၊ တရားလေး ဘာလေးကို လေ့လာထားရတယ်၊ အားထုတ်ထားရတယ်၊ နှလုံးသွင်းထားရတယ်၊ ရောဂါဖြစ်လာတဲ့အခါကျတော့ နှလုံးသွင်းတတ်တယ်၊ သတိရှိသွားတတ်တယ်၊ တချို့ဆို သေခါနီးထိအောင် သတိရှိသွားတာတွေလည်းရှိတယ်၊ တချို့ကျတော့လည်း အစောကြီးထဲက ခုနလို သတိမေ့နေတာတွေလည်းရှိတယ်။

အဲဒါကြောင့်မို့လို့ ဇောဟာ ဦးဇင်းတို့အပေါ်မှာ အရေးအကြီးဆုံးပဲ၊ ကုသိုလ်ဇော များများ စောအောင်လုပ်မလား၊ အကုသိုလ်ဇောများများစောအောင်လုပ်မလား၊ နောက်ဘဝ ကောင်းချင်တယ်ဆိုရင် ကုသိုလ်ဇော များများစောအောင် လုပ်ရမယ်၊ နောက်ဘဝဂရုမစိုက်ဘူးဆိုရင်တော့ ကြိုက်သလိုလုပ်ရုံပေါ့၊ ဇောကိစ္စတဲ့ ကိစ္စ ၅၅-ပါး။

နောက် တဒါရုံကိစ္စတပ်တဲ့စိတ် ဘယ်နှစ်ပါးရှိသလဲ၊ ၁၁-ပါးနော်၊ ဘာတုန်း ကြည့်လိုက်၊ သန္တီရဏ ဥပေက္ခာ ၂-ခု၊ သန္တီရဏ သောမနဿ ၁-ခု၊ ကာမာဝစရသောဘန ဝိပါက် (သို့မဟုတ်) မဟာဝိပါက်စိတ် ၈-ခု၊ အဲဒီ ၁၁-ခုက တဒါရုံကိစ္စတပ်တယ်တဲ့။

ပဋိသန္ဓေကိစ္စတပ်တဲ့စိတ် ၁၉-ပါးက ဘာတွေလဲ၊ သန္တီရဏ ဥပေက္ခာ ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး၊ (မဟဂ္ဂုတ်ဝိပါက် ၉-ပါး ဆိုတာ သိတယ်မို့လား၊ ရူပါဝစရဝိပါက် ၅-ပါး၊ အရူပါဝစရဝိပါက် ၄-ပါး) ကောင်းပြီ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတပ်တဲ့စိတ်တွေလည်း ဒီစိတ်တွေပဲနော်။

အာဝဇ္ဇန်းကိစ္စတပ်တဲ့စိတ် ၂-ပါး၊ ပဉ္စဒွါရာဝဇ္ဇနစိတ် ၁-ပါး၊ မနောဒွါရာဝဇ္ဇနစိတ် ၁-ပါး။
ဒဿနကိစ္စတပ်တဲ့စိတ် ၂-ပါး၊ စက္ခုဝိညာဏ်စိတ် ၂-ပါး။
သဝနကိစ္စတပ်တဲ့စိတ် သောတဝိညာဏ်စိတ် ၂-ပါး။
ဃာယနကိစ္စတပ်တဲ့စိတ် ၂-ပါး၊ ဃာနဝိညာဏ်စိတ် ၂-ပါး။
သာယနကိစ္စတပ်တဲ့စိတ် ၂-ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂-ပါး။
ပြီးတော့ ဖုသနကိစ္စတပ်တဲ့စိတ် ၂-ပါး၊ ကာယဝိညာဏ်စိတ် ၂-ပါး။
သမ္ပဋိစ္ဆနကိစ္စတပ်တဲ့စိတ် ၂-ပါး၊ သမ္ပဋိစ္ဆိုင်းစိတ် ၂-ပါးပေါ့။
သန္တီရဏကိစ္စတပ်တဲ့စိတ် ၃-ပါး၊ သန္တီရဏ ဥပေက္ခာ ၂-ပါးနဲ့ သန္တီရဏ

[စာမျက်နှာ-67] သောမနဿ ၁-ပါး၊ ဘုန်းကြီးသုံးကျတော့ ဥပေက္ခာသန္တီရဏ၊ သောမနဿသန္တီရဏ၊ အဲသလိုခေါ်တယ်နော်၊ သန္တီရဏ ဥပေက္ခာလို့ မခေါ်ဘူး။

ဝုဋ္ဌောကိစ္စတပ်တဲ့စိတ် ၁-ပါးတည်းရယ်၊ မနောဒွါရာဝဇ္ဇန်းစိတ်။

ဇောကိစ္စတပ်တဲ့စိတ် ၅၅-ပါး ပြောစမ်း၊ အကုသိုလ်စိတ် ၁၂-ပါး၊ ဟသိတုပ္ပါဒ်စိတ် ၁-ပါး၊ ကာမာဝစရသောဘန ကုသိုလ်စိတ် ၈-ပါး၊ ကာမာဝစရသောဘန ကြိယာစိတ် ၈-ပါး၊ မဟဂ္ဂုတ် ကုသိုလ်စိတ် ၉-ပါး၊ မဟဂ္ဂုတ်ကြိယာစိတ် ၉-ပါး၊ လောကုတ္တရာစိတ် ၈-ပါး။

တဒါရုံကိစ္စတပ်တဲ့စိတ် ၁၁-ပါး၊ သန္တီရဏ ၃-ပါး၊ ကာမာဝစရသောဘန ဝိပါက်စိတ် ၈-ပါး၊ ၁၁-ပါး ရမယ်နော်။

ကိုင်း၊ ဒီတစ်ခါ ဒေါင်လိုက် သွားကြမယ်။
* အကုသိုလ်စိတ် ၁၂-ပါးသည် ဇောကိစ္စတပ်တယ်၊ ဇောကိစ္စတစ်ခုတည်းပဲတပ်တယ်။
* စက္ခုဝိညာဏ်စိတ် ဒဿနကိစ္စ။
* သောတဝိညာဏ်စိတ် သဝနကိစ္စ။
* ဃာနဝိညာဏ်စိတ် ဃာယနကိစ္စ။
* ဇိဝှါဝိညာဏ်စိတ် သာယနကိစ္စ။
* ကာယဝိညာဏ်စိတ် ဖုသနကိစ္စ။
* သမ္ပဋိစ္ဆိုင်းစိတ် ၂-ပါး၊ သမ္ပဋိစ္ဆိုင်းကိစ္စပဲ။
* သန္တီရဏဥပေက္ခာ ၂-ပါး၊ ၅-ကိစ္စတပ်တာ၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရုံ၊ သူက အများဆုံးတပ်တယ်။
* သန္တီရဏသောမနဿ ၂-ကိစ္စတပ်တယ်၊ သန္တီရဏနှင့် တဒါရုံကိစ္စ။
* ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ အာဝဇ္ဇနကိစ္စပဲတပ်တယ်။
* မနောဒွါရာဝဇ္ဇန်းစိတ် အာဝဇ္ဇန်းနှင့် ဝုဋ္ဌော ၂-ကိစ္စတပ်တယ်။
* ကာမာဝစရသောဘန ကုသိုလ်စိတ် ၈-ပါး၊ ဇောကိစ္စပဲတပ်တယ်။
* ကာမာဝစရ ဝိပါက်စိတ် ၈-ပါး၊ ၄-ကိစ္စတပ်တယ်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ တဒါရုံ။
* ကာမာဝစရသောဘန ကြိယာစိတ် ၈-ပါး၊ ဇောကိစ္စ ၁-ကိစ္စပဲ။
* မဟဂ္ဂုတ် ကုသိုလ်စိတ် ၉-ပါး၊ ဇောကိစ္စ ၁-ပါးပဲ။

[စာမျက်နှာ-68] * မဟဂ္ဂုတ် ကြိယာစိတ် ၉-ပါး၊ ဇောကိစ္စ ၁-ကိစ္စပဲ။
* လောကုတ္တရာစိတ် ၈-ပါး၊ ဇောကိစ္စပဲတပ်တယ်။

အဲဒီတော့ ဘာရှာရမှာတုန်းဆိုတော့ ၁-ကိစ္စတပ်တဲ့စိတ်၊ ၂-ကိစ္စတပ်တဲ့စိတ်၊ ၃-ကိစ္စတပ်တဲ့စိတ်၊ ၄-ကိစ္စတပ်တဲ့စိတ်၊ ၅-ကိစ္စတပ်တဲ့စိတ်။ ၁-ကိစ္စတပ်တဲ့စိတ် ဘယ်နှစ်ပါးရှိတုန်း၊ အောက်ကြည့်ပြောလိုက်ရင် လွယ်လွယ်လေးပဲ၊ ဟုတ်လား ၆၈-ရှိတယ်နော်။ ဘာကြောင့်တုန်း၊ ဇောက ၅၅-ပါး မရှိဘူးလား၊ ဒဿန၊ သဝန၊ ဃာယန၊ သာယန၊ ဖုသန ၅x၂ = ၁၀၊ သမ္ပဋိစ္ဆိုင်း ၂ ဆိုတော့ ၆၇ ဖြစ်မယ်၊ ဟသိတုပ္ပါဒ် ၁ ပေါင်းတော့ ၆၈ ပေါ့။

၁-ကိစ္စတပ်တဲ့စိတ် ၆၈။ ဒါကြောင့်မို့ တွက်မရတာ။
၂-ကိစ္စတပ်တဲ့စိတ် ၂-ပါးပဲရှိတယ်၊ သန္တီရဏ သောမနဿစိတ်ရယ်၊ မနောဒွါရာဝဇ္ဇန်းစိတ်ရယ်။
၃-ကိစ္စတပ်တဲ့စိတ် ၉-ပါးရှိတယ်၊ မဟဂ္ဂုတ် ဝိပါက်စိတ် ၉-ပါး။
၄-ကိစ္စတပ်တဲ့စိတ် ၈-ပါးရှိတယ်၊ ကာမာဝစရသောဘန ဝိပါက်စိတ် ၈-ပါး။
၅-ကိစ္စတပ်တဲ့စိတ် သန္တီရဏ ဥပေက္ခာ ၂-ပါး။

၁-ကိစ္စတပ်တဲ့စိတ်ကို ၆၂ ဖြစ်နေတာ ၆၈ လို့ ပြင်လိုက်ကြ။ ၁-ကိစ္စတပ်တဲ့စိတ် - ၆၈၊ ၂-ကိစ္စတပ်တဲ့စိတ် - ၂၊ ၃-ကိစ္စတပ်တဲ့စိတ် - ၉၊ ၄-ကိစ္စတပ်တဲ့စိတ် - ၈၊ ၅-ကိစ္စတပ်တဲ့စိတ် - ၂။ ဟုတ်ပြီ အားလုံးပေါင်းလိုက်ရင် စိတ် ၈၉-ပါး ရမှာပေါ့။ ကိုင်း ဒါဟာ စိတ် ၈၉-ပါးကို ကိစ္စအားဖြင့် ဝေဖန်ပုံတဲ့နော်။

ဒါကြောင့်မို့ လူတွေမှာလည်း ကိုယ့်ကိစ္စလေးကိုယ် ရှိသလိုပေါ့၊ ကိုယ်ဆောင်ရွက်တဲ့ အခုခေတ်နဲ့ ပြောရင် ရာထူးသဘောမျိုးပေါ့။ တာဝန်ဝတ္တရား ရာထူးလေးတွေက သူ့ဟာနဲ့သူ ရှိသလိုပဲ စိတ်မှာလည်းပဲ သူ့ကိစ္စလေးနဲ့သူရှိတယ်၊ သူ့ function နဲ့သူရှိတယ်၊ ဒါဟာ တစ်ခုနှင့်တစ်ခု မရောဘူးပေါ့။ လူတွေမှာလည်း တချို့တာဝန် ၂-ခု၊ ၃-ခု ဆောင်ရွက်တာရှိသလိုပဲ စိတ်မှာလည်းပဲ ၂-ကိစ္စ ဆောင်ရွက်တာရှိတယ်၊ ၃-ကိစ္စ ဆောင်ရွက်တာစသည်ဖြင့် ရှိတယ်။

အဲဒီတော့ ကိစ္စအများဆုံး ဆောင်ရွက်နိုင်တာကတော့ သန္တီရဏ ဥပေက္ခာ

[စာမျက်နှာ-69] စိတ်ပဲ၊ သူက တစ်ခါတလေ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ တစ်ခါတလေ သန္တီရဏကိစ္စ၊ တစ်ခါတလေ တဒါရုံကိစ္စ၊ သူက အများဆုံးကိစ္စ ဆောင်ရွက်တယ်၊ အနည်းဆုံးဆိုရင် တစ်ကိစ္စတပ်တဲ့စိတ်တွေပဲပေါ့။

အဲဒီတော့ ကုသိုလ်တို့ အကုသိုလ်တို့ ကြိယာတို့က ကြီးကျယ်ပြီးတော့ ကိစ္စကျတော့ တစ်ကိစ္စတည်း၊ ဒါပေမဲ့ သူတို့ကိစ္စက တကယ့်အရေးကြီးတဲ့ determine မှာ ဘဝတစ်ခုအတွက် ဆုံးဖြတ်ပေးနိုင်တဲ့ကိစ္စ၊ ဒီကိစ္စ သူတို့ကတပ်တယ်၊ ဒါကြောင့်မို့ အားလုံးပေါင်းလိုက်ရင် စိတ် ၈၉-ပါးနော်၊ ကိစ္စ ၁၄-ပါး၊ ဌာန ၁၀-ပါး။

အဲဒီကိစ္စတွေကို ဆောင်ရွက်ပြီး ဝီထိကျတော့ ဒါတွေပြန်ပြီးတော့ ဟပ်ယူရဦးမှာနော်၊ အဲဒီကျတော့ သာပြီးတော့ ဆောင်ရွက်တဲ့ကိစ္စတွေ ပိုပြီး ရှင်းသွားလိမ့်မယ်၊ အဲသလို ကိစ္စတွေ ဆောင်ရွက်ပြီးတော့ သွားတာတဲ့။ ဒီကိစ္စတွေ ဆောင်ရွက်တာကလည်း ဘယ်သူကမှ ခိုင်းရတာ မဟုတ်ဘူးနော်၊ ဒါ စိတ္တနိယာမတရားပဲနော် (natural order) ပေါ့၊ စိတ်ရဲ့သဘောတရားလေးက ဒီစိတ်ပြီး ဟိုစိတ်၊ ဟိုစိတ်ပြီးနောက်စိတ်၊ နောက်စိတ်ပြီးနောက်စိတ်ဖြစ်နေကြတာပဲ၊ ဒါ ဘယ်သူကမှ အဖြစ်ခိုင်းရတာလည်း မဟုတ်ဘူး။

အဲသလို ဖြစ်တဲ့အခါမှာ မိမိဆိုင်ရာကိစ္စကို ဆောင်ရွက်ပြီးတော့ ဒီစိတ်တွေဟာ ဖြစ်တာနော်၊ ဖြစ်ပြီးရင် တစ်ခါချုပ်၊ နောက်စိတ်တစ်ခုက သူ့နေရာမှာဖြစ်-ချုပ်လိုက်၊ နောက်စိတ်တစ်ခုကဖြစ်လိုက်-ချုပ်လိုက်၊ နောက်စိတ် ၁-ခုက ဖြစ်လိုက် အဲသလိုချည်း သွားနေတာပဲ။ အဲဒါ ဘယ်ထိအောင် သွားနေမှာလဲဆိုရင် ရဟန္တာဖြစ်ပြီးတော့ ပရိနိဗ္ဗာန်ပြုသည့်တိုင်အောင် တစ်သံသရာလုံးမှာ သွားနေမှာ၊ ဘဝတွေသာ ပြောင်းပြောင်းသွားမယ်၊ ဒီစိတ်တွေဖြစ်တာကတော့ တစ်ခုပြီး တစ်ခု ဆက်နေမှာပဲ။ ဒီဘဝပြီးနောက်ဘဝကြားမှာ ခြားနေဦးမယ်လို့ ဘာမှ မရှိဘူး၊ တစ်ဘဝပြီးတစ်ဘဝ၊ တစ်ဘဝပြီး တစ်ဘဝ၊ သူ့ဟာသူဆက်သွားမှာပဲ။

ဒါ ဒီဘက်အပိုင်းလေးကို ဒီဘဝလို့ခေါ်လိုက်တယ်၊ ဟိုဘက်အပိုင်းရောက်သွားတော့ နောက်ဘဝလို့ ခေါ်လိမ့်မယ်၊ နောက်တစ်ခါ ဟိုဘက်ကျတော့ နောက်ဘဝလို့ တစ်ခါခေါ်ဦးမယ်၊ ဒီလိုခေါ်သွားတာပဲ၊ အမှန်ကတော့ difference ခြားရတာပေါ့၊ ဘာမှ မရှိဘူး၊ စိတ္တက္ခဏ တစ်ချက်ကလေးပဲ ကွဲခြားမှုရှိတာ။

ဒါကြောင့်မို့ ဦးဇင်းက ဘာနဲ့ဥပမာပေးပြီး ပြောလေ့ရှိသလဲဆိုရင် ဟို Midnight December 31st အဲဒါနဲ့ ဥပမာပေးပြီး ပြောလေ့ရှိတယ်။ one

[စာမျက်နှာ-70] minute after mid-night December 31st ကျတော့ နှစ်သစ်၊ လသစ်၊ ရက်သစ် ဖြစ်သွားပြီ၊ ဘာထူးလဲ၊ တစ်စက္ကန့်လေး ၁-မိနစ်ကလေးထူးတာနော်၊ ဘာမှထူးတာ မဟုတ်ဘူး၊ အမှန်ကတော့ ဟိုဘက်ကျတော့ ဦးဇင်းတို့က လူတွေက သမုတ်ထားတာဟေ့ နှစ်သစ်ဟေ့၊ မကြာခင် ဒါက ဒီဇင်ဘာလကနေ ဇန်နဝါရီ ကူးသွားပြီဟေ့နော်၊ ဘာရက်ကနေ ဘာရက် ရောက်သွားပြီ ပြောနေကြတာ အမှန်ကတော့ တကယ်ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူး။

ဒီ one moment difference ပဲ၊ ဒါကြောင့်မို့ ဘဝတစ်ခုဆိုတာလည်း ဒီအတိုင်းသွားတာပဲ၊ လူတွေက သမုတ်ထားတယ်၊ ဒါက ဘဝတစ်ခု၊ ဟိုဘက်ကျတော့ ဘဝတစ်ခု၊ အဲသလို သမုတ်ထားတော့ အဲဒီအတိုင်းပဲ နားလည်နေကြတယ်။ အမှန်ကတော့ ဒီအစဉ်အတန်းကြီးဟာ သွားနေတာပဲ၊ တစ်ခုပြီးတစ်ခု တစ်ခုပြီး တစ်ခုပဲ။

အဲဒီသွားနေတဲ့ဟာကို ဖြတ်ဖို့ ဗုဒ္ဓဘာသာက ကြိုးစားတာ၊ ရပ်အောင်လုပ်ဖို့ ပျောက်သွားအောင်လုပ်ဖို့ ကြိုးစားတာ၊ အခုခေတ် လူတွေက အဲဒါကို ကြောက်နေတာ၊ အဲဒါပျောက်သွားမှာကြောက်နေတာ၊ ပြောင်းပြန်ဖြစ်နေတာနော်။

မေး - သူတို့ ကြောက်တာက လူ့ဘဝကနေ နောက်ဘဝကျရင် လူဖြစ်မယ်ထင်လို့ ကြောက်တာ၊ ဗုဒ္ဓဘာသာကကြောက်တာက နောက်ဘဝကျရင် ဘာဖြစ်မယ်မှန်းကို မသိတဲ့အတွက်ကြောင့်လား။

ဖြေ - သူတို့ကတော့ နောက်ဘဝမရှိဘူးလေ၊ နောက်ဘဝဆိုတာ တစ်ဘဝပဲရှိတယ်။ ခရစ်ယာန်မှာက သေပြီးရင် ငရဲလည်းသွားမယ်၊ Heaven နတ်ပြည်လည်း သွားမယ်ဆိုပါတော့ ဒီနှစ်ခုတစ်ခုခုပဲ၊ အဲဒီတစ်ဘဝပဲရှိတယ်၊ အဲဒီ ဟိုဘက် မရှိတော့ဘူး၊ အတိတ်တုန်းကလည်း ဘဝမရှိခဲ့ဘူး၊ ဒီဘဝဟာ သင့်ရဲ့ ပထမဆုံး ဘဝပဲဟုတ်လား၊ ဘုရားဖန်ဆင်းတဲ့ တစ်ဘဝပဲ၊ အဲဒီဘဝမှာ ကောင်းကောင်းမွန်မွန်လုပ်မယ်၊ ဘုရားကြည်ညို ယုံကြည်မယ်ဆိုရင် (ဆိုပါတော့) ဘုရားက Heaven ကို ခေါ်သွားမယ်၊ ငရဲပို့မယ်၊ ဒီဟာပဲရှိတယ်၊ ဗုဒ္ဓဘာသာကတော့ ဒီလိုမဟုတ်ဘူး၊ အမျိုးမျိုးဖြစ်နိုင်တယ်ဟုတ်လား၊ ပြီးတော့ ဒါက ကိုယ့်ကို မြှင့်တင်ပေးတာ မဟုတ်ဘူး၊ ကိုယ့်ကံကကိုယ့်ကို ဘယ်သူကမှ ပစ်ချပေးတာ မဟုတ်ဘူး၊ ကိုယ့်ကို အကျိုးပေးသွားတာ၊ ဗုဒ္ဓဘုရားက "မင်းတော့ ငါ သနားတယ်" ဆိုပြီးတော့ နတ်ပြည်ဆွဲတင်သွားလို့လည်း မရဘူး၊ "မင်း ငါ့ကို ကိုးရိုးကားယားလုပ်တဲ့ကောင်၊ ငရဲပြည်ကန်ချလိမ့်မယ်" ဆိုပြီးတော့လည်း...

[စာမျက်နှာ-71] လုပ်လို့မရဘူး၊ ဒါ သူ့ကံနဲ့ သူသွားမှာပဲ၊ ကိုယ့်ရဲ့ ကုသိုလ် အကုသိုလ်ပေါ့လေ၊ နောက်ဆုံးတော့ ကိုယ့်ရဲ့ လုပ်ငန်းပေါ့လေ၊ အဲဒီလို ကွာခြားတယ်၊ ဇောပေါ့။ ခုနကပြောတဲ့ ဇောတွေပဲ၊ ဒါကြောင့်မို့ ကုသိုလ်ဇောများများ ဖြစ်အောင် ကြိုးစားကြရတာပေါ့လေ၊

ကိုင်း, ဒါက ကိစ္စသင်္ဂဟတဲ့။

အဲဒီတော့ ဟိုအပြောက်အပြောက် ကလေးတွေနဲ့ စိတ်ထဲမှာ ကွဲအောင် လေ့လာရင် ပိုပြီးတော့ ရှင်းတယ်၊ ဒီဇယားကွက် အကူအညီနဲ့ပေါ့၊ ဒီဇယားကွက် အကူအညီနဲ့ ဟို အပြောက်အပြောက်ကလေးတွေမှာ ကိုယ်က တစ်ခုစီ ထိုးပြ သွားနိုင်ရင် ပိုကောင်းတယ်။

ဆိုပါတော့ ပထမအတန်းဆိုရင်ဘာလဲ၊ ဇောကိစ္စတပ်ပြီနော်၊ ဒုတိယအတန်း ပထမဆိုရင် ဒဿနကိစ္စ၊ နောက် သဝနကိစ္စ စသည်ဖြင့် သွား၊ ဃာယန, သာယန, ဖုသနကိစ္စ, သမ္ပဋိစ္ဆနကိစ္စ, သန္တီရဏကိစ္စ ဟုတ်ပြီလား၊ ဒုတိယအတန်း ဒီအတိုင်းသွား၊ သန္တီရဏကျတော့ ၂-ခုရမယ်၊ တတိယအတန်း ပထမ ၂-ခုက အာဝဇ္ဇန်းကိစ္စ၊ တတိယ ၁-ခုက ဇောကိစ္စ။

ကာမာဝစရသောဘနဆိုရင် ပထမအတန်းက ဇောကိစ္စ၊ ဒုတိယအတန်းက ၄-ကိစ္စတပ်တယ်၊ တတိယအတန်းက-ဇောကိစ္စ၊

ရူပါဝစရ ၁၅-ခု ပထမအတန်းက ဇောကိစ္စ၊ ဒုတိယအတန်းက ပဋိသန္ဓေ, ဘဝင်, စုတိ၊ တတိယအတန်းက ဇောကိစ္စ။

အရူပါဝစရ ၁၂-ခုမှာ ပထမ ၄-ခုက ဇောကိစ္စ၊ ဒုတိယ ၄-ခုက ပဋိသန္ဓေ, ဘဝင်, စုတိ၊ တတိယ ၄-ခုက ဇောကိစ္စ၊ အဲသလိုဆို ဘာခက်လဲ၊ မခက်ပါဘူး၊ အဲသလိုကျေအောင် လုပ်သွားမယ်၊ ဒါ ကိုယ့်ဟာကို ပြန်ကြည့်ရင် လွယ်တယ်။ ကိစ္စတပ်တဲ့ စိတ်တွေတင် အရောင်ခြယ်ပေးလိုက်၊ ဒါဆိုရင် ပဋိသန္ဓေ, ဘဝင်, စုတိ, ကိစ္စတပ်တဲ့စိတ် ၁၉-ပါး၊ အဲလို ဒါမျိုးလေးတွေ အများကြီးတော့ ထားရမှာ၊ ဒါက ကောင်းတယ်၊ အမြင်သန့်ရှင်းတယ်။

ပြီးတော့ ဒီနေ့နဲ့တော့ မဆိုင်ဘူး၊ ဒီဟာတစ်ခုရှိတယ်၊ ဒါက ဗီယက်နမ် မလေးက ထွင်ပြန်တာပေါ့လေ၊ ကိုယ့် (chart) ပေါ်မှာ သူကထွင်တယ်၊ ကြည့်လိုက်ရင် ကုသိုလ်, ဝိပါက်, ကြိယာ, အကုသိုလ်, ကွဲသွားအောင်ဆိုပြီးတော့ အကုသိုလ်ကို သူက Triangle လုပ်တယ်၊ ဝိပါက်ကို circle, ပြီးတော့ ကြိယာကို square၊ ပြီးတော့ ကုသိုလ်ကို Diamond အဲလို လုပ်ပေးထားတယ်၊

[စာမျက်နှာ-72] သူက ကြည့်လိုက်ရင် ကွဲသွားမှာပေါ့၊ သူ့နည်းလည်း မဆိုးပါဘူး။

ပြီးတော့ ဟိုထဲမှာ ဂဏန်းလေးတွေ ထည့်ထားတာက ယှဉ်တဲ့ စေတသိက်ရဲ့ အရေအတွက် ထည့်ထားတယ်၊ ၁၉-၂၁ ၁၉-၂၁ နဲ့ တွေ့တယ်မို့လား၊ အဲ သူကလဲ ဟိုလိုဂျပ်ပေါ်မှာ အကြီးကြီးလုပ်ထားတာ၊ အဲဒါလည်း လိုချင်ရင် ကူးယူကြ၊ ဒါဖြင့် ဒီနေ့ ကိစ္စ သင်္ဂဟပြီးပြီ။

မေး - အိပ်မက်မက်တဲ့အခါ ဘာစိတ်လဲ။
ဖြေ - အိပ်မက်ကလည်း အလွန်အားနည်းတဲ့ ဝီထိစိတ်ပဲ၊ အိပ်မက်ဝီထိ ဆိုတာ ရှိတယ်၊ ဝီထိပိုင်းကျတော့ လာလိမ့်မယ်နော်၊ အဲဒီကျတော့ ထည့်ပြောမယ်၊ အိပ်မက်ကို ဦးဇင်းတို့ အဘိဓမ္မာမှာကတော့ သိပ်ပြီးတော့ များများစားစား ပြောထားတာ မရှိဘူး၊ အခုခေတ်မှာကတော့ အိပ်မက်နှင့် ပတ်သက်ပြီး သိပ်ပြီးတော့ အလေးပေးပြီး လေ့လာကြတယ်၊ တကယ့် အိပ်မက်ထဲမှာ ဖြစ်တဲ့ဇောဟာ အကျိုးမပေးပါဘူးတဲ့။ ဘာလို့တုန်းဆို သူက အားနည်းလို့, အဲဒီတော့ အိပ်မက်ဆိုတာ မြင်လိုက်သလိုလို ကြားလိုက်သလိုလို၊ အဲဒီလို ဖြစ်တာကို မရေမရာသဘောတွေ များတာပေါ့လေ၊ အဲဒီလိုဆိုတယ်။

မေး - အိပ်မက်ဖြစ်တဲ့ reason ကကော ဘုရား။
ဖြေ - အိပ်မက်ဖြစ်တဲ့ reason တွေ အမျိုးမျိုးရှိတယ်၊ ခန္ဓာကိုယ်သွေးလေ ခြောက်ခြားလို့မက်တာရှိတယ်၊ နတ်တွေက မက်ခိုင်းလို့မက်တာရှိတယ်၊ အတိတ်တုန်းက ခံစားခဲ့ဖူးလို့ မက်တာရှိတယ်၊ ပြီးတော့ တစ်စုံတစ်ခု ဖြစ်မှာမိုလို့ ပုဗ္ဗနိမိတ်အနေနဲ့ မက်တာလည်းရှိတယ်၊ အဲသလောက်ကတော့ရှိတယ်။

မေး - အရင်ဘဝက အဖြစ်များခဲ့တာကို ပြန်မက်တာကော၊
ဖြေ - အရင်ဘဝကဟာလည်းဖြစ်တော့ ဖြစ်နိုင်တယ်၊ အနုဘူတပုဗ္ဗလို့ ခေါ်တယ်၊ ဟိုရှေးတုန်းက တွေ့ကြုံခံစားခဲ့ရဖူးလို့ ဒါကို ပြန်ပြီးတော့ memory သဘောပေါ့လေ၊ အဲသလိုလည်းဖြစ်တယ်၊ တချို့ကျတော့ နတ်တွေက အိပ်မက် ပေးတာရှိတယ်၊ တချို့ကျတော့လည်း နက်ဖြန်ဘာဖြစ်တော့မယ်ဆို ဒီည မက်တာတွေ ရှိတယ်၊ အဲဒါမျိုး အမျိုးမျိုးရှိတယ်ပေါ့လေ၊ ဟိုရောက် ဒီရောက် မက်တာတွေ ရှိသေးတယ်၊ ချောက်ထဲကျတာတို့ ဘာတို့ သွေးလေချောက်ခြားတဲ့အခါ မက်တယ်။ ဦးဇင်းတို့ ဘာဖြစ်တတ်လည်း ဆိုရင် အေးရင် ဖြစ်တတ်တယ်၊ အဲသလို မက်လို့ လန့်နိုးလာရင် ကြည့်လိုက်ရင် စောင်တွေဘာတွေ လပ်နေတာ၊ အေးလာပြီကိုး၊ ခန္ဓာကိုယ်က အေးလာတော့ ခြောက်ခြားလာတာ၊ ခြောက်ခြားတယ်ဆိုတာ

[စာမျက်နှာ-73] ဘာခေါ်လဲ၊ disturbance ဖြစ်လာတာပေါ့၊ အဲဒီအခါကျတော့ အိပ်မက်က ကိုးရိုးကားယားချည်းပဲ၊ အဆင်ပြေတာ ဘယ်တော့မှ မမက်ဘူး။

မေး - တိရစ္ဆာန်လေးတွေ သတ်လို့ သေသွားရင် ဝီထိဖြစ်တာပါပဲလား။
ဖြေ - နောက်ဆုံး ယင်ကောင်လေးကို တူနဲ့ထုသတ်လိုက်လို့ သေလည်းပဲတဲ့ အဲဒီဝီထိကတော့ ဖြစ်တာပဲ၊ မဖြစ်ပဲမနေဘူး၊

မေး - စိတ်ရဲ့ မြန်ဆန်မှု ခဏလေးမှာ အကျယ်ကြီးလို ဖြစ်သွားတာပါလား။
ဖြေ - မဟုတ်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ စိတ်အဖြစ်က မြန်လွန်းတယ်၊ စိတ်အဖြစ်က မြန်လွန်းတော့ ဘယ်နည်းနှင့်မှ မဖြစ်ပဲမနေဘူး၊ စိတ်က ဒီလို လက်ဖျစ်တစ်တီးမှာ ကုဋေနှင့်ချီပြီးတော့ ဖြစ်နိုင်တယ်၊ စိတ္တက္ခဏ လေးတွေ၊ ဦးဇင်းတို့ အခုပြောနေတဲ့ သမ္ပဋိစ္ဆိုင်းခဏ, သန္တီရဏခဏဆိုတာ အခုပြောတဲ့ အကျယ်ကြီးလို ဖြစ်နေတာ၊ တကယ်ကျတော့ ဟိုမှာဖြစ်သွားတာဟာ ဘယ်လိုမှကို စဉ်းစားလို့ မရနိုင်လောက်အောင်။

ဒါကြောင့်မို့ ဝီထိအကြောင်းပြောရင် ဦးဇင်းကတော့ပြောတယ်၊ အများကြီးတို့က ပုံကြီးချဲ့ပြီး ပြောရတယ်လို့၊ မင်းတို့ နျူကလီးယား (Structure of atom)ကို ပြောတဲ့အခါကျတော့ ဒီအတိုင်းပဲ မဟုတ်လား၊ အကြီးကြီးချဲ့မှရတာ၊ ဒါက ဘာတုန်း၊ တကယ့် တကယ်ကျတော့ မျက်စိနဲ့မြင်ရတာ မဟုတ်ပဲ၊ အဲဒီအတိုင်းပဲလို့ တို့ကလည်း စိတ်တွေကို ပုံကြီးချဲ့လိုက်ရတာလို့ Million Times လို ချဲ့ပြီး ပြောမှရတယ်လို့ အဲဒီကျမှ နားလည်နိုင်တယ်၊ သို့မဟုတ်ရင် မလွယ်ဘူးပေါ့။

အဲဒီတော့ တရားထိုင်တဲ့အခါမှာ နည်းနည်းတော့ဖြစ်မယ်၊ ဒါတွေနည်းနည်း (detect) လုပ်နိုင်တယ်၊ အကုန်လုံး တစ်ခုစီ မြင်ဖို့ကတော့ မြတ်စွာဘုရားမှ မြင်နိုင်တယ်၊ သို့သော် အသင့်အတင့်ကတော့ရတယ်။

ဒါကြောင့်မိုလို့ တရားထိုင်တဲ့အခါကျတော့ ဒိဋ္ဌေ ဒိဋ္ဌမတ္တံဆိုတာ ရှိတယ်မို့လား၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဆိုတာ တကယ် လုပ်လာပြီဆိုတော့ ရပ်နိုင်တယ်၊ ရပ်နိုင်တယ်ဆိုတာ စိတ်ရပ်သွားတာ မဟုတ်ဘူး၊ ရှေ့ဆက်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဇောစောမသွားအောင် ဒါနဲ့ပတ်သက်ပြီးတော့ နောက်ထပ် ဝီထိမဖြစ်အောင် ဒိဋ္ဌေ ဒိဋ္ဌမတ္တံဆိုတာ အဲဒါကို ပြောတာ၊ လွယ်လွယ်ကူကူလေးနဲ့တော့ မရဘူး။

မေး - ဝိပဿနာက ဇောကို ရပ်စေနိုင်လား။
ဖြေ - ဇောရပ်တာ မဟုတ်ဘူး၊ ဇော မဖြစ်အောင် မြင်တာကြားတာ မှန်သမျှမှာ,

[စာမျက်နှာ-74] သို့သော် ဇောမဖြစ်အောင်ဆိုတာ ဝိပဿနာဇောကတော့စောမှာပဲ၊ မနောဒွါရ ဇောကတော့ စောမှာ, မြင်လိုက်တယ်ဆိုရင် အဲဒီမြင်တဲ့ ဝီထိ တစ်ခုမှာ ဇောဝီထိကျအောင်မသွားစေပဲနဲ့ ဝုဋ္ဌောနဲ့တင်ရပ်အောင်၊ တကယ်ရဟန္တာတွေ ကျတော့ဖြစ်တယ်၊ တော်တော် ဝိပဿနာအဆင့်မြင့် သွားတဲ့အခါကျတော့ ဖြစ်နိုင်တယ်၊ အဲသလို ဇောမစောအောင် ထိန်းတာ၊

မေး - လောကုတ္တရာစိတ်ရောက်နေတာတောင် ဇောစိတ်က အမြဲတမ်းရှိနေတာပါပဲလား။
ဖြေ - လောကုတ္တရာမှာ ပထမဆုံး သောတာပန်ဖြစ်တယ် ပြောကြပါစို့၊ သောတာပန်ဖြစ်တဲ့အခိုက်အတန့်မှာ သောတာပတ္တိ မဂ်စိတ်ဖြစ်လိမ့်မယ်၊ ဒါလည်းဇောပဲ၊ အဲဒီနောက်မှာ ဖိုလ်စိတ်ဆိုတာ ဆက်ဖြစ်တယ်၊ ဆက်တိုက် ၂-ခါ ၃-ခါ ဖြစ်တယ်၊ ပြီးသွားတဲ့နောက်တစ်ခါ ဖိုလ်ဝင်စားတယ်ဆိုပြီးတော့ ဖိုလ်စိတ်ချည်း ပြန်ဖြစ်အောင် သူကြိုးစားလို့ရတယ်၊ အဲဒီ အခါကျတော့ မဂ်စိတ် မပါတော့ဘူး ဖိုလ်စိတ်ချည်း ဖြစ်နေတာ၊ ဈာန်ဝင်စားသလိုပေါ့၊ ဖိုလ်စိတ်က ဇောပဲ။

ကုသိုလ် အကုသိုလ် ဖိုလ်ကြိယာ အဲဒါတွေ နှုတ်တိုက်ရအောင်လုပ်ထား၊ ဇောတပ်တဲ့ခါ ဖိုလ်ထဲက ဘာနုတ်ရမလဲ၊ အာဝဇ္ဇန်း ၂-ခု နုတ်ရမယ်၊ အဲဒါလေး မှတ်ထား၊ ကုသိုလ်, အကုသိုလ်, ဖိုလ်, ကြိယာ ဆိုတာလေးရအောင် ကျက်ထား၊ ဇောကိစ္စတပ်တဲ့စိတ်တွေ၊ ဒါကြောင့် လောကုတ္တရာ စိတ်ဖြစ်တယ်ဆိုရင် ဇောချည်းပဲ, ဇောမဟုတ်တာကို မပါတော့ဘူး။

အဲဒီတော့ ဖိုလ်စိတ်ကို ဝိပါက်စိတ်လို့လည်းခေါ်တယ်၊ သူက ဝိပါက်ပေမယ်လို့ ဒီကျတော့ လောကုတ္တရာစိတ် ဇောကိစ္စတပ်တယ်၊ ထူးခြားတာ၊ လောကီဝိပါက်စိတ် ဘယ်တော့မှ ဇောကိစ္စမတပ်ဘူး။

စက္ခုဝိညာဏ်စိတ်, ဘယ်တော့မှ ဇောကိစ္စ မတပ်ဘူး၊ မဟာဝိပါက်စိတ် ဘယ်တော့မှ ဇောကိစ္စမတပ်ဘူး၊ လောကုတ္တရာစိတ်ကျတော့ ဖိုလ်စိတ်လို့လည်း ခေါ်တယ်၊ ဝိပါက်စိတ်လို့လည်း ခေါ်တယ်၊ သူ့ကျ ဇောကိစ္စတပ်တယ်။

မေး - သေပြီးသူကို ရည်ရွယ်ပြီး လှူဒါန်းတဲ့အခါ သူရပါသလား။
ဖြေ - အဲဒါကရတယ်၊ အဲဒါက ဘာလဲဆိုတော့ သေသူကို ရည်ရွယ်ပြီးတော့ ဒီဘဝက ကျန်ရစ်တဲ့ ပုဂ္ဂိုလ်တွေက သူ့ကို အမျှပေးတာ၊ အဲဒီအမျှပေးတဲ့အခါမှာ သူက သာဓုခေါ်ရမှာ၊ သူ သာဓုမခေါ်နိုင်ရင် ဒီကုသိုလ်ရဲ့ အကျိုး သူမရဘူး၊

[စာမျက်နှာ-75] ဒါကြောင့်မို့ ဦးဇင်း ရက်လည်တွေကျတော့ ပြောလေ့ရှိတယ်၊ ခဏခဏ အမျှပေးပါ။ ဒီတစ်ခါလေး အမျှပေးရုံမျှနဲ့ မတော်လိုက်နဲ့၊ ဘာကြောင့်လည်းဆိုရင် တစ်ခါတလေ မတိုက်ဆိုင်ဘူး ဖြစ်တတ်တယ်။

ဒွါရသင်္ဂဟ

ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော ဒွါရဝိမုတ်စိတ် ၁၉-ပါးသည် များသောအားဖြင့် အခြားမဲ့လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိကမရဏာ သန္နဇောသည် ယူပေးအပ်သော ပစ္စုပ္ပန်/အတိတ်/ပညတ်ဖြစ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု သမုတ်အပ်သော အာရုံ ၆-ပါးကို ထိုက်သည်အားလျော်စွာ အာရုံပြု ကြသည်။

[စာမျက်နှာ-76] *(မှတ်ချက်။ ။ ဤစာမျက်နှာသည် မူရင်းတွင် လပ်နေခြင်း သို့မဟုတ် အကြောင်းအရာ တစ်ဆက်တည်းဖြစ်စေရန် ဖြည့်စွက်ရမည့် စာမျက်နှာဖြစ်သည်။)*

[စာမျက်နှာ-77] *(မှတ်ချက်။ ။ ဤစာမျက်နှာသည် မူရင်းတွင် လပ်နေခြင်း သို့မဟုတ် အကြောင်းအရာ တစ်ဆက်တည်းဖြစ်စေရန် ဖြည့်စွက်ရမည့် စာမျက်နှာဖြစ်သည်။)*

[စာမျက်နှာ-78]
အဘိမ္မာသင်တန်း ၁၈

ပကိဏ်းပိုင်း

ဒွါရသင်္ဂဟ ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ လွန်ခဲ့တဲ့အပတ်က ကိစ္စသင်္ဂဟ အဆုံး သတ်ခဲ့ကြပြီ၊ ဒီနေ့ ဒွါရသင်္ဂဟကို သင်ကြရမယ်၊ လေ့လာကြရမယ်၊ အဲဒီတော့ ဒွါရဆိုတာ ဘာလဲ၊ ပထမ ဒါ သိဖို့ အရေးကြီးတယ်ပေါ့။

ဒွါရဆိုတာတံခါး တံခါးကို ဒွါရလို့ခေါ်တယ်၊ တံခါးဆိုတာ လူတွေဝင်တဲ့ ထွက်တဲ့ အပေါက်ကြီးပေါ့။ အဲဒါကို ဒွါရလို့ခေါ်တယ်၊ ပြီးတော့လည်း အပေါက်ကို ဒွါရလို့ ခေါ်တယ်၊ လူတွေအနေနဲ့ ကြားဖူးတာ ရှိလိမ့်မယ်၊ ဒွါရ ၉-ပါး၊ ဒွါရ ၉-ပေါက် ဆိုပြီးတော့ လူမှာ ဒီအညစ်အကြေးတွေ ထွက်တဲ့အပေါက် ၉-မျိုး ရှိတယ်ဆိုတာ အဲဒါလည်း ဒွါရပဲ၊ အခု ဒီမှာ ဒွါရကတော့ အဲသလို လူတွေထွက်ရာ ဝင်ရာဖြစ်တဲ့ တံခါးလိုနေတဲ့ ပစ္စည်းတွေဆိုကြပါစို့ အဲဒါတွေကိုဒွါရလို့ ခေါ်လိမ့်မယ်။

အဲဒါဘာလဲဆိုတော့ မျက်စိတို့ နားတို့ကို ဒွါရလို့ခေါ်မှာ၊ အဲဒီတော့ မျက်စိတို့ နားတို့ကို တံခါးပေါက်လို့ ဘာလို့ ခေါ်သလဲဆိုတော့ မြင်တဲ့စိတ် ကြားတဲ့စိတ် စသည်ဖြစ်တဲ့အခါမှာ ဒီအပေါက်တွေကနေပြီးတော့ ဝင်ထွက်ပြီးတော့ဖြစ်တယ်လို့ ဒီလို ယူဆပြီးတော့ သူတို့ကို ဒွါရလို့ခေါ်တာ။

[စာမျက်နှာ-79] မျက်လုံး မရှိရင် မြင်တဲ့စိတ် မဖြစ်ဘူး၊ အဲဒီတော့ မျက်လုံးနှင့် မြင်စရာ ရူပါရုံနှင့် တိုက်ဆိုင်လာတဲ့အခါမှာ မြင်တဲ့စိတ်ကဖြစ်လာတာ၊ အဲဒီတော့ အဲဒီမြင်တဲ့ စိတ်က စက္ခုဒွါရကို အမှီပြုပြီးတော့ ဖြစ်ရတာ၊ မျက်လုံးကို စက္ခုပသာဒခေါ်တယ်။ နောက်တော့လာလိမ့်မယ်၊ မျက်လုံးကိုအမှီပြုပြီးတော့ ဖြစ်ရတာဖြစ်တော့ မျက်လုံး တည်းဟူသော တံခါးကနေပြီးတော့ ဝင်လာတယ်, ထွက်သွားတယ်ပေါ့လေ၊ ဒီလို အဓိပ္ပါယ်ယူပြီးတော့ မျက်စိစသည်ကို ဒွါရလို့ ဒီလိုခေါ်တယ်။

အဲဒီဒွါရပေါင်း ဘယ်လောက်ရှိသလဲ လေ့လာမယ်ဆိုရင် ၆-ခုရှိတယ်၊ ဒွါရ ၆-ပါးရှိတယ်။

ဒွါရ ၆-ပါးမှာ ပထမဆုံးဒွါရက စက္ခုဒွါရနော်၊ စက္ခုဒွါရဆိုတာ မျက်စိတံခါး ပေါ့၊ သောတဒွါရဆိုရင် နားတံခါး၊ ဃာနဒွါရဆိုရင် နှာခေါင်းတံခါး, ဇိဝှါဒွါရဆိုရင် လျှာတံခါး, ကာယဒွါရဆိုရင် ကိုယ်တံခါး၊ မနောဒွါရဆိုတာကျတော စိတ်တံခါး, အားလုံး ဒီလိုပဲ မှတ်ထားလိုက်ကြရအောင်။

အဲဒီတော့ ဒွါရ ၆-ပါးရှိတယ်၊ ဒွါရ ၆-ပါးမှာ အခု ပထမဆုံး စက္ခုဒွါရ ဆိုတာ ဘယ်ဟာကို ခေါ်တာလဲ၊ အဲဒီတော့ မျက်လုံးကြီးတစ်ခုလုံးကို စက္ခုဒွါရလို့ ခေါ်တာလား၊ နားကြီးတစ်ခုလုံး, နှာခေါင်းကြီးတစ်ခုလုံးကို သောတဒွါရ၊ ဃာနဒွါရ ခေါ်တာလား ဆိုတော့ မဟုတ်ဘူး၊ ပါဠိလိုပြောရင် စက္ခုပသာဒလို့ ခေါ်တာပေါ့၊ အဲဒီ စက္ခုပသာဒဆိုတဲ့ မျက်လုံးအကြည်ဓာတ်ကို စက္ခုဒွါရလို့ခေါ်တယ်။ မျက်လုံးကြီး တစ်လုံးလုံးကို ခေါ်တာမဟုတ်ဘူး။

အဲဒီ မျက်လုံးထဲမှာ အရိပ်ထင်ရာ image ထင်ရာဖြစ်တဲ့ ဒီ အခုခေတ်စကားနဲ့ ပြောရင်တော့ retina ဖြစ်လိမ့်မယ်ထင်တယ်၊ အဲဒီအကြည်ဓာတ်ကို စက္ခုဒွါရ ခေါ်တယ်၊ အဲဒီ အကြည်ဓာတ်က သူငယ်အိမ်လို့ခေါ်တဲ့ မျက်လုံးမှာပေါ့လေ။ မျက်လုံးအနက်ထဲက အလယ်နားမှာ တည်တယ်လို့ ဒီလိုစာမှာတော့ဆိုတယ်။

ဒါပေမယ့် အခုခေတ် ဆေးပညာ သိပ္ပံ ပညာနဲ့ ကြည့်ပြောမယ်ဆိုရင်တော့ကို retina လို့ပဲ ဆိုရမှာ၊ retina ဆိုတာ eye ball, မျက်လုံးဘောလ် နောက်ဘက်မှာ ရှိတယ်၊ အဲဒီမှာသွားပြီး အရိပ်ထင်ပြီးတော့မှ အဲဒီကနေပြီးတော့မှ အခုခေတ်စကားနဲ့ပြောရင် ဦးဏှောက်ကို သတင်းပို့တာပေါ့လေ၊ အဲဒီ နေရာကို စက္ခုဒွါရ မျက်စိ အကြည်ဓာတ်။

သောတဒွါရ ဆိုတော့လည်းပဲ ဒီနားထဲမှာ အကြည်ဓာတ်ကလေးရှိတယ်ပေါ့၊ အသံလာပြီးတော့ ရိုက်လိုက်တဲ့အခါမှာ အဲဒီသောတဒွါရကို အမှီပြုပြီးတော့

[စာမျက်နှာ-80] ကြားတဲ့စိတ်ဖြစ်တယ်၊ ဒါကြောင့်မို့ သူ့ကို သောတပသာဒ နားအကြည်လို့ခေါ်တယ်။ စာမှာဆိုတာကတော့ လက်စွပ်ကွင်းလေးနဲ့ တူတယ်တဲ့၊ အဲဒါတော့ တော်တော်မှန် တယ်နော်၊ နား inner ear ပုံကြည့်ဖူးသလား မသိဘူး၊ အဲသလိုပဲ အကွင်းလေး နော်၊ အဲဒီမှာရှိတယ်၊ ear drum မှာရှိတယ်။

ပြီးတော့ ဃာနပသာဒဆိုတာကတော့ နှာခေါင်းထဲမှာရှိတယ်ပေါ့၊ နှာခေါင်း ထဲမှာရှိတဲ့ အကြည်ဓာတ်အနံ့က အဲဒီကိုထိတွေ့တဲ့အခါမှာ အနံ့ကိုသိတဲ့ စိတ်ဖြစ်တယ်၊ အဲဒါ ဃာနပသာဒလို့ ခေါ်တယ်၊ ကျမ်းဂန်မှာတော့ ဘာနဲ့ဥပမာတူလဲလို့ ပြောသလည်း ဆိုတော့ ဆိတ်ခွာနဲ့ တူတယ်လို့ ဆိုတာပဲ၊ ဘာကြောင့်တုန်း ဆိုတော့ နှာခေါင်းဟာ နှာပေါက်မို့လို့ ထင်ပါတယ်၊ နှာခေါင်းအရင်းနားကျတော့ ဆိတ်ခွာလို့ နေမှာပေါ့။ အဲဒီမှာ အနံ့နှင့်တွေ့ထိလာတဲ့ အခါမှာ အနံ့ကို သိတဲ့စိတ်ဖြစ်မယ်တဲ့၊ အဲဒါ၊ ဃာနဒွါရ။

ဇိဝှါဒွါရဆိုတာက လျှာပေါ့, အခုခေတ် စကားနဲ့ပြောရင်တော့ လွယ်ပါတယ်။ taste bud အရသာသိတဲ့ဟာပေါ့၊ ဟိုကျမ်းဂန်မှာဆိုထားတာတော့ ကြာဖတ်ဖျား လေးလိုပဲတဲ့၊ နေရာလေးတွေ ရှိပါလိမ့်မယ်၊ အရသာသိတဲ့ နေရာလေးတွေ၊ အဲဒီဟာကို ဇိဝှါပသာဒလို့ခေါ်တယ်၊ ဇိဝှါဒွါရပေါ့လေ။

နောက်ဆုံးက ကာယဒွါရဆိုတာက ကာယပသာဒကိုခေါ်တယ်၊ ကာယပသာဒ ဆိုတာကတော့ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီးတော့ တည်တယ်တဲ့၊ ဘယ်မှာသာ မရှိလဲ၊ လက်သည်းဖျားလေးတွေမှာ မရှိဘူး၊ ဆံပင်ဖျားတွေမှာမရှိဘူး၊ ဒါကြောင့်မို့ ဆံပင်ကို ကတ်ကြေးနဲ့ညှပ်တဲ့အခါတို့ လက်သည်းကိုက်တဲ့အခါတို့မှာ မနာတာပေါ့။ အဲဒီကလွဲရင်တော့ ကာယပသာဒက တစ်ကိုယ်လုံး ပျံ့နှံပြီးတော့တည်တယ်တဲ့၊ ဒါကြောင့်မို့ ထိတာကိုသိတဲ့စိတ်ကျတော့ တစ်ကိုယ်လုံးနဲ့ ဆိုင်နေတော့တာ။

ခြေထောက်နဲ့ တစ်ခုထိလိုက်ရင်လည်း ခြေထောက်ကိုမှီပြီးတော့ ထိသိစိတ် ဖြစ်မှာပေါ့၊ လက်နှင့်ထိရင်လည်း လက်အမှီပြုပြီးတော့ ထိသိစိတ်ဖြစ်မယ်၊ အဲဒါ ကတော့ ရုပ်ဒွါရ ၅-ခုပေါ့နော်၊ မျက်စိရယ်, နားရယ်, နှာခေါင်းရယ်, လျှာရယ် ကိုယ်ရယ်၊ ရုပ်ဒွါရ ၅-ခု။

နောက်ဆုံးတစ်ခုကတော့ နာမ်ဒွါရ၊ မနောဒွါရလို့ ခေါ်တယ်၊ အဲဒီတော့ ဘာကို မနောဒွါရလို့ ခေါ်သလဲဆိုတော့ ဘဝင်စိတ်ကို မနောဒွါရလို့ခေါ်တယ်တဲ့နော်၊ ဝီထိကို မရောက်သေးတော့ နည်းနည်းပြောရတာက သိပ်မလွယ်ဘူး၊ ဝီထိတွေနဲ့ လာတဲ့အခါကျတော့ ဘဝင်စိတ်ကနေပြီးတော့မှ ထပြီးတော့ ဝီထိစိတ်တွေ ဖြစ်တာကို

[စာမျက်နှာ-81] ဝီထိက စက္ခုဒွါရစသော ၅-ပါးကို အမှီပြုပြီးဖြစ်တဲ့ ဝီထိရှိတယ်၊ အဲဒီစက္ခုဒွါရစသည် ဘာမှ အမှီမပြုပဲနဲ့ စိတ်ထဲတင် ဖြစ်တဲ့ဝီထိရှိတယ်။

အခု တစ်စုံတစ်ခုကို စဉ်းစားလိုက်တယ်၊ အတိတ်တုန်းက တွေ့ဖူးတဲ့ အာရုံတစ်ခုခုကို စဉ်းစားလိုက်တယ်၊ အဲဒီအခါမှာ ဖြစ်လာတဲ့စိတ်ဟာ စက္ခုဒွါရက ဖြစ်တာလည်းမဟုတ်ဘူး၊ သောတဒွါရကဖြစ်တာလည်းမဟုတ်ဘူး၊ နဂိုတုန်းက မြင်ဖူးတာလေး စိတ်ထဲက ပြန်မြင်လိုက်တယ်၊ ဒါဟာ မျက်လုံးမြင်တာမဟုတ်ဘူး၊ စိတ်နဲ့မြင်တာ၊ အဲဒီလို သိတဲ့စိတ်ပေါ့၊ သိတဲ့ဝီထိက မနောဒွါရကနေ ထပြီးတော့ ဘဝင်စိတ်ကနေထပြီးတော့ ဖြစ်တယ်၊ ဘဝင်ပြီးရင် အာဝဇ္ဇန်းဆိုတာပေါ်လာတယ်။ အာဝဇ္ဇန်းပြီးရင် ဇောပေါ်လာမယ်။ အဲဒါကြောင့်မို့ ဘဝင်စိတ်ကို မနောဒွါရ၊

စိတ်တွေရဲ့ ဖြစ်ရာတံခါးဝဆိုတော့ တခြားစိတ်တွေပေါ့လေ၊ ဒွေးပဉ္စဝိညာဉ် ၁၀-ဆိုတဲ့ စိတ်တွေကတော့ သူ့ ပဉ္စဒွါရမှာ ဖြစ်ကြလိမ့်မယ်နော်၊ သမ္ပဋိစ္ဆိုင်းကလည်း ပဉ္စဒွါရမှာ ဖြစ်လိမ့်မယ်၊ ပဉ္စဒွါရာဝဇ္ဇန်းကလည်း ပဉ္စဒွါရမှာ ဖြစ်လိမ့်မယ်၊ ၅-ဒွါရမှာပဲ ဖြစ်လိမ့်မယ်၊ ကျန်တဲ့စိတ်တွေကျတော့ မနောဒွါရမှာတင်ဖြစ်တဲ့စိတ်တွေ ရှိမယ်၊ ဒွါရ ၆-ပါးလုံးမှာဖြစ်တဲ့စိတ်ရှိမယ်၊ အဲဒါကတော့ ဇယားကွက်မှာ ပေါ်လိမ့်မယ်။

ဒါကြောင့်မို့ မနောဒွါရဆိုတာ ဘာကိုခေါ်သလဲလို့မေးရင် ဘဝင်စိတ် ကိုပဲ မနောဒွါရလို့ ခေါ်တယ်။

အဲဒီစက္ခုစတဲ့ ဒွါရ ၅-ပါးကို အခုခေတ်မှာ ဘာလို့ခေါ်လဲ၊ sense လို့ခေါ်တယ်၊ five sense, သူတို့က six sense ၆-ခုမရှိဘူး၊ ၅-ခုပဲနော်၊ ဒါကြောင့်မို့ စကားပြောတဲ့အခါကျတော့ six sense ဆိုတဲ့ဟာကို အထူးပြောနေ ရတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ six sense က တစ်စုံတစ်ခုကို သိနေတာကို ဘယ်သူကမှ မပြောရပဲ ကြိုတင်ပြီးတော့ သိနေတာမျိုးကို six sense လို့ ခေါ်တယ်ပေါ့။

ဦးဇင်းတို့ အဘိဓမ္မာမှာလာမယ့် six sense က စိတ်ကို မယူဘူး၊ အဲဒါ မနောဒွါရ၊ အဲဒီတော့ မနောဒွါရဆိုတာ စိတ်အားလုံးကိုတော့ မယူရဘူး၊ ဘဝင် စိတ်က တခြားစိတ်တွေ ဝင်ရာ၊ ထွက်ရာ၊ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဘဝင်စိတ် ကိုပဲ မနောဒွါရလို့ခေါ်တယ်၊ မနော၏ဒွါရ၊ တခြားစိတ်တွေရဲ့ တံခါးဝ၊ အဲသလို သဘော၊ အဲဒီလို ဒွါရ ၆-ပါးရှိတယ်၊ အဲဒီ ဒွါရ ၆-ပါးနဲ့ စိတ်တစ်ခုယုတ်-၉၀၊ အကျယ် ၁၂၁-ပါးကို ဝေဖန်ကြရမှာနော်၊ ဇယားကွက်ကြည့်လိုက်ရင်တော့ အကုန်ရှင်းနေတာပါပဲ၊ ဇယားကွက်ကလေးတွေက အလွန်အသိဉာဏ်ကို ရှင်းအောင်

[စာမျက်နှာ-82] လုပ်ပေးတတ်တယ်၊ ဒါလေးမြင်ထားလိုက်ရင် အလွယ်နဲ့သိတယ်။

အခု ဇယားကွက်ကြည့်လိုက်ရင် အလျားလိုက်မျဉ်းကြောင်းတွေကို တစ်ခုစီ ဖတ်မယ်ဆိုရင် စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ၊ ပြီးတော့ ဒွါရဝိမုတ္တ၊ ဒွါရဝိမုတ္တကပြီးတော့မှ ပြောပြမယ်၊ ပြီးတော့မှ တစ်ဒွါရ၊ နှစ်ဒွါရ၊ သုံးဒွါရစသည်ပြီးတော့မှ အပေါင်း။

ကောင်းပြီ စက္ခုဒွါရမှာဘယ်စိတ်တွေဖြစ်သလဲ သိချင်တယ်၊ သိချင်ရင် ဒီဇယားကွက်ကို ဘယ်ဘက်ကနေ ညာဘက်ကို တန်းဖတ်ရုံပဲ၊ စက္ခုဒွါရမှာဖြစ်တဲ့ စိတ်ပေါင်း အားလုံးဘယ်လောက်ရှိသလဲ၊ ဟိုး နောက်ဆုံး သွားကြည့်လိုက်စမ်း၊ ၄၆ မတွေ့ဘူးလား၊ ဒါဖြင့် စက္ခုဒွါရမှာ စိတ်ပေါင်း ၄၆-ပါး ဖြစ်နိုင်တယ်။ တစ်ကြိမ်တည်းမှာ ၄၆-ပါး အကုန်စုပြုံဖြစ်နေတာလို့ မဆိုလိုဘူး၊ သို့သော် တစ်ဘုံတည်းမှာ စုပြုံဖြစ်နေတယ်လို့ မဆိုလိုဘူး။

သို့သော် possibility ပေါ့နော်၊ စက္ခုဒွါရမှာ စိတ်ပေါင်း ဘယ်လောက် ဖြစ်နိုင်လဲ၊ ၄၆-ပါး ဖြစ်နိုင်တယ်၊ အဲဒီ ၄၆-ပါး ဘယ်စိတ်တွေတုန်းတဲ့၊ ပဉ္စဒွါရာဝဇ္ဇန်း-၁၊ စက္ခုဝိညာဉ် ၂-ခု၊ စက္ခုဒွါရဆိုတော့ စက္ခုဝိညာဉ် ဖြစ်တော့မှာပေါ့။

သောတဝိညာဉ်ဆိုရင် မဖြစ်ဘူး၊ ဃာနဝိညာဉ် မဖြစ်ဘူး၊ ဇိဝှါဝိညာဉ်မဖြစ်ဘူး၊ ကာယဝိညာဉ် မဖြစ်ဘူး၊ သမ္ပဋိစ္ဆန ၂-ခုဖြစ်တယ်၊ သန္တီရဏဥပေက္ခာ ဖြစ်တယ်။ သန္တီရဏသောမနဿဖြစ်တယ်၊ နောက်တစ်ခုက ဝုဋ္ဌော(သို့မဟုတ်) မနောဒွါရာဝဇ္ဇန်း။

မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌောလို့လည်းခေါ်တယ်၊ မနောဒွါရာဝဇ္ဇန်းလို့လည်း ခေါ်တယ် နော်၊ နာမည် ၂-မျိုးနှင့်ခေါ်တယ်၊ အဲဒီနာမည် ၂-မျိုးနှင့် ခေါ်ရာမှာ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဆိုတဲ့ ဒွါရ ၅-ပါးမှာ ဖြစ်ခိုက် သူ့ကို ဝုဋ္ဌောလို့ ခေါ်လိမ့်မယ်၊

မနောဒွါရမှာဖြစ်တဲ့ အခါကျတော့ မနောဒွါရာဝဇ္ဇန်းလို့ခေါ်တယ်၊ အဲဒီလို နာမည်ကွာသွားတယ်၊ ဒါကြောင့်မို့ အခု စက္ခုဒွါရမှာ ဖြစ်တဲ့စိတ်အနေနဲ့ဆိုရင် ဝုဋ္ဌောလို့ပဲ စကားသုံးလိုက်ကြစို့၊ ဝုဋ္ဌောစိတ် ၁-ခု၊

ပြီးတော့ ကာမာဝစရ ဇော ၂၉-ခု၊ ဒါကို ဦးဇင်းတို့ သာသနာတော်အသုံးအားဖြင့် ကာမဇောတစ်ခုယုတ်-၃၀၊ ဒီလိုခေါ်တယ်။

ကာမဇောဆိုတာ ဘယ်ဟာတွေတုန်း ပြန်ကြည့်စမ်း၊ ကာမာဝစရစိတ်ထဲက အကုသိုလ်ရယ်၊ ကုသိုလ်ရယ်၊ ကြိယာရယ်၊ ဒါ ရှာရမယ်။

[စာမျက်နှာ-83] * အကုသိုလ်စိတ် ၁၂
* ဟသိတုပ္ပါဒ်စိတ် ၁
* ကာမာဝစရကုသိုလ် ၈
* ကာမာဝစရကြိယာ ၈
* အားလုံးပေါင်းလိုက်တော့ ၂၉

အဲဒါကို ကာမဇော ၂၉-သို့မဟုတ် ဘုန်းကြီးသုံးသုံး ကာမဇော တစ်ခုယုတ် ၃၀၊ အဲဒီ ကာမဇောတွေလည်း စက္ခုဒွါရမှာ ဖြစ်တယ်တဲ့၊ ပြီးတော့ ကာမဇောရဲ့ ညာဘက်မှာ အပ္ပနာဇောလို့ ရှိတယ်။

အပ္ပနာဇောဆိုတာ မဟဂ္ဂုတ် လောကုတ္တရာဇောကို ခေါ်တာ၊ ဒီအသုံးအနှုန်းလေးတွေကလည်း နားလည်သွားရမယ်၊ ဝီထိပိုင်းကျတော့ ပိုပြီးတော့ နားလည်မယ်။

အပ္ပနာဇော ၂၆-ခုရှိတယ်။ ဒါက လောကုတ္တရာစိတ် ၈-ခု အနေနဲ့ တွက်တာ၊ အဲဒီတော့ အပ္ပနာဇောဆိုတာ မဟဂ္ဂုတ် လောကုတ္တရာဆိုတော့၊ မဟဂ္ဂုတ်ဆိုတာ ဘာလဲ၊ ရူပါဝစရ၊ အရူပါဝစရ ကုသိုလ်၊ ကြိယာ၊ အရူပါဝစရကုသိုလ်၊ ကြိယာ၊ လောကုတ္တရာစိတ် မဂ် ဖိုလ်၊ ဒါတွေ ပေါင်းလိုက်ရင် အပ္ပနာဇော ၂၆ ဖြစ်လာမယ်နော်၊ ပေါင်းကြည့်စမ်းပါ။

* ရူပါဝစရ ကုသိုလ် ၅
* ရူပါဝစရ ကြိယာ ၅
* အရူပါဝစရ ကုသိုလ် ၄
* အရူပါဝစရ ကြိယာ ၄
* လောကုတ္တရာ ၈

ဒါကြောင့်မို့ အပ္ပနာဇော ၂၆-ကို ရေတွက်ပြထားတဲ့ နေရာမှာ သေချာကြည့်လိုက်၊

* မဟဂ္ဂုတ် ကုသိုလ် ၉
[မဟဂ္ဂုတ် ကုသိုလ်ဆိုတာ ရူပါဝစရကုသိုလ်-၅၊ အရူပါဝစရကုသိုလ် -၄]
* ပြီးတော့ မဟဂ္ဂုတ်ကြိယာ ၉
* လောကုတ္တရာစိတ် ၈-ခု အားလုံးပေါင်းလိုက်တော့ အပ္ပနာဇော ၂၆။ အဲဒီအပ္ပနာဇောတွေကတော့ စက္ခုဒွါရမှာလည်း မဖြစ်ဘူး။ သောတဒွါရမှာလည်း မဖြစ်ဘူး၊ သူက မနောဒွါရမှာသာ ဖြစ်လိမ့်မယ်၊ စိတ်ထဲမှာ ဖြစ်တာကို။

မျက်လုံးနှင့် မြင်ပြီးတော့ ဈာန်ရတာ မဟုတ်ဘူးနော်။ ဈာန်ကျတော့

[စာမျက်နှာ-84] မနောဒွါရကနေ ထဖြစ်တာ၊ ဒါကြောင့်မို့ သူတို့က မပါဘူး။

အဲဒီနောက်မှာ ကာမာဝစရ ဝိပါက်စိတ် ၈-ပါး၊ ကာမာဝစရ ဝိပါက်စိတ် ၈-ပါးကလည်း စက္ခုဒွါရမှာဖြစ်တယ်၊ ဒါကြောင့်မို့အားလုံးပေါင်းလိုက်ရင် စိတ်ပေါင်း ၄၆-ပါးရတယ်၊ ဒီ ၄၆-ပါးသည် စက္ခုဒွါရ၌ဖြစ်တဲ့စိတ်။

စက္ခုဒွါရ၌ဖြစ်တဲ့စိတ် ၄၆-ပါးရှိသလို သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဒွါရမှာ ဖြစ်တဲ့ စိတ်တွေကလဲ ၄၆-ပါးပဲ၊ ဘာလေးအပြောင်းအလဲ လုပ်သွားရမလဲ။ စက္ခုဝိညာဉ် ၂-ခု နေရာမှာ၊ သောတဝိညာဉ် ၂-ခု၊ ဃာနဝိညာဉ် ၂-ခု၊ ဇိဝှါဝိညာဉ် ၂-ခု၊ ကာယဝိညာဉ် ၂-ခု၊ ဒါပဲသွားရမယ်။

ဒါကြောင့်မို့ သောတဒွါရမှာဖြစ်တဲ့စိတ် ၄၆-ရေတွက်လိုက်စမ်းပါဆိုရင်၊

* ပဉ္စဒွါရာဝဇ္ဇန်း ၁
* သောတဝိညာဉ် ၂
* သမ္ပဋိစ္ဆိုင်း ၂
* သန္တီရဏ ဥပေက္ခာ ၂
* သန္တီရဏ သောမနဿ ၁
* ပြီးတော့ ဝုဋ္ဌော ၁
* ကာမာဝစရ ဇော ၂၉
* ကာမာဝစရ ဝိပါက် ၈
* အားလုံးပေါင်းလိုက်ရင် ၄၆ နော်

ဃာနဒွါရမှာဖြစ်တဲ့စိတ် ဆိုလိုက်ပါဦး

* ပဉ္စဒွါရာဝဇ္ဇန်း ၁
* ဃာနဝိညာဉ် ၂
* သမ္ပဋိစ္ဆိုင်း ၂
* သန္တီရဏ ဥပေက္ခာ ၂
* သန္တီရဏ သောမနဿ ၁
* ဝုဋ္ဌော ၁
* ကာမာဇော ၂၉
* ကာမာဝစရ ဝိပါက်စိတ် ၈
* အားလုံးပေါင်း ၄၆-ကာယလည်း အတူတူပဲ။

ပြီးတော့ နောက်ဆုံးဘာလာလဲ၊ မနောဒွါရ၊ မနောဒွါရမှာဖြစ်တဲ့စိတ်တွေ

[စာမျက်နှာ-85] ဘယ်လောက်ရှိသလဲကြည့်လိုက်မယ်၊ ၆၇-တောင် ရှိတယ်တဲ့။

ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရမှာ မဖြစ်ဘူး၊ ပဉ္စဒွါရမှာပဲဖြစ်မှာပေါ့၊ သူက နာမည်ကိုက ပဉ္စဒွါရလို့ ပါနေပြီနော်၊ စက္ခုဝိညာဉ်ကလည်း စက္ခုဒွါရမှာသာဖြစ်တာ ဆိုတော့မနောဒွါရမှာမဖြစ်ဘူး၊ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ် မဖြစ်ဘူး၊ သမ္ပဋိစ္ဆိုင်း ၂-ခုကလည်း၊ မနောဒွါရမှာ မဖြစ်ဘူး။

သန္တီရဏ ဥပေက္ခာကျတော့ မနောဒွါရမှာ ဖြစ်တယ်၊ သန္တီရဏ သောမနဿလည်း မနောဒွါရမှာဖြစ်တယ်၊ ပြီးတော့ ဝုဋ္ဌော၊ ဒီကျတော့ ဝုဋ္ဌောလို့ မခေါ်ကြတော့နဲ့၊ မနောဒွါရာဝဇ္ဇန်းလို့ ခေါ်ကြစို့၊ ဟုတ်ပြီလား။

မျက်စိနဲ့ တိုက်ရိုက်မြင်နေရင် စက္ခုဝိညာဉ်ဖြစ်လိမ့်မယ်နော်၊ နားနှင့်တိုက် ရိုက်ကြားနေရင် သောတဝိညာဉ် ဖြစ်လိမ့်မယ်၊ နဂိုတုန်းက မြင်ဖူးတာလေး၊ စိတ်ကူးနဲ့မြင်လိုက်တယ်၊ မနောဒွါရနှင့် မြင်လိမ့်မယ်၊ ဒါကြောင့်မို့ မနောဒွါရမှာ ဖြစ်တဲ့စိတ်ပေါင်း ၆၇-ခု ရှိတယ်၊ ဘာတွေလဲဆိုရင်

* သန္တီရဏ ဥပေက္ခာ ၂
* သန္တီရဏ သောမနဿ ၁
* မနောဒွါရာဝဇ္ဇန်း ၁
* ကာမဇောတစ်ခုယုတ် သုံးဆယ် ၂၉
* အပ္ပနာဇော ၂၆
* ကာမာဝစရဝိပါက်စိတ် ၈ ခုနော်

ပြီးတော့ ဒွါရဝိမုတ္တ။

ဒွါရဝိမုတ္တ ဆိုတာက ဒွါရမှလွတ်တာ၊ ဝိမုတ္တဆိုတာလွတ်တာ၊ လွတ်တယ် ဆိုတာ ဘယ်ဒွါရမှာမှ မဖြစ်တာ၊ ဘယ်ဒွါရမှာမှ မဖြစ်ပဲနဲ့ ဒွါရကို အမှီမပြုရပဲနဲ့ ဖြစ်တဲ့စိတ်၊ ဒွါရမလိုပဲနဲ့ ဖြစ်တဲ့စိတ်၊ အမှန်ကတော့ အဲဒီဒွါရ မလိုပဲနဲ့ ဖြစ်တဲ့ စိတ်ဆိုတာဟာဘာစိတ်တွေလဲ ရိပ်မိလားကြည့်လိုက်၊ ဘာစိတ်တွေတုန်း၊ သန္တီရဏ ဥပေက္ခာရယ်၊ ကာမာဝစရ ဝိပါက်စိတ် ၈-ပါးရယ်၊ မဟဂ္ဂုတ် ဝိပါက်စိတ် ၉-ပါးရယ်၊ အားလုံး ၁၉-ပါး၊ အဲဒီ ၁၉-ပါးဟာ ဘာစိတ်တွေတုန်း ကိစ္စသင်္ဂဟ ပြန်ကြည့်လိုက်။

သန္တီရဏ ဥပေက္ခာ ၂-ခုရယ်၊ မဟာဝိပါက်စိတ် ၈-ခုရယ် (သို့မဟုတ်) ဒီ ၁၁-ခုကို တဒါရုံ ၁၁-ခု ခေါ်တယ်၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခုရယ်၊ ပေါင်းလိုက်ရင် အဲဒီ ၁၉-ခုဟာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ကိစ္စတပ်တဲ့စိတ်တွေပဲ

[စာမျက်နှာ-86] မဟုတ်ဘူးလား၊ သူတို့ကိုယ်တိုင်က မနောဒွါရဖြစ်နေတာ။

မနောဒွါရဆိုတာ ဘဝင်စိတ်ကို ခေါ်တယ်လို့ စောစောတုန်းက ပြောခဲ့ပြီ၊ အဲဒါကြောင့်မို့လို့ သူတို့ကတော့ ဒွါရက အလွတ်တွေပေါ့၊ သူကိုယ်တိုင်က ဒွါရဖြစ်နေပြီ၊ အဲဒီတော့ တခြားဒွါရက ဖြစ်စရာမလိုတော့ဘူး။

ဒါကြောင့်မို့ အဲဒီ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ကိစ္စတပ်တဲ့ ၁၉-ပါးကိုပဲ ဒွါရဝိမုတ်စိတ်၊ အဲဒီတော့ သူတို့က ဘယ်ဒွါရကိုမှ အမှီပြုပြီးတော့ဖြစ်တာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင်က ဒွါရဖြစ်နေလို့၊ ဒါကြောင့်မို့ ဒွါရမှ လွတ်တဲ့စိတ်ဆိုရင် ၁၉-ပါးရှိတယ်၊ ဒါဆိုရင် ကုန်သွားပြီနော်။

တစ်ခေါက်ပြန်လိုက်ကြဦးစို့၊ ဒွါရ ၆-ပါးရှိတယ်နော်၊ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ၊ စက္ခုဒွါရဆိုတာ မျက်စိအကြည်ဓာတ်။

* သောတဒွါရဆိုတာ နားအကြည်ဓာတ်။
* ဃာနဒွါရဆိုတာ နှာခေါင်းအကြည်ဓာတ်။
* ဇိဝှါဒွါရဆိုတာ လျှာအကြည်ဓာတ်။
* ကာယဒွါရဆိုတာ တစ်ကိုယ်လုံးပေါ့ ကိုယ်အကြည်ဓာတ်ပေါ့၊ သူကတော့ တစ်ကိုယ်လုံး ပျံ့နှံ့ပြီးတော့ တည်တယ်နော်၊ သို့သော် လက်သည်းဖျားတို့ကတော့ မတည်ဘူးပေါ့။

ပြီးတော့ မနောဒွါရ၊ မနောဒွါရဆိုတာ ဘဝင်စိတ်တွေကိုပဲ ခေါ်တာတဲ့နော်၊ ဘဝင်စိတ်ပေါင်း ဘယ်လောက်ရှိလဲ၊ ဘဝင်ကိစ္စတပ်တဲ့စိတ်ပေါင်း ပဋိသန္ဓေ၊ ဘဝင်၊ စုတိ အတူတူပေါ့၊ ၁၉-ပေါ့၊ အဲဒီ ၁၉-ကို မနောဒွါရလို့ခေါ်တယ်ပေါ့။

အဲဒီလို သိပြီးတဲ့နောက်မှာ စက္ခုဒွါရမှာဖြစ်တဲ့စိတ်ပေါင်း ဘယ်လောက်ရှိသလဲ ဇယားကွက်ကြည့်ပြီးတော့ ပြောရရင်-၄၆၊ ကဲပြောလိုက်ပါအုံး ပဉ္စဒွါရာဝဇ္ဇန်း-၁၊ စက္ခုဝိညာဉ်-၂၊ သမ္ပဋိစ္ဆိုင်း-၂၊ သန္တီရဏ ဥပေက္ခာ-၂၊ သန္တီရဏ သောမနဿ-၁၊ ဝုဋ္ဌော-၁၊ ကာမာဝစရဇော-၂၉၊ ကာမာဝစရဝိပါက်စိတ်-၈၊ ပေါင်း ၄၆-ပါး။

* သောတဒွါရဖြစ်တဲ့စိတ်-၄၆ (Substitute) လုပ်ရုံပဲနော်။
* ဃာနဒွါရမှာဖြစ်တဲ့စိတ် ၄၆
* ဇိဝှါဒွါရမှာဖြစ်တဲ့စိတ် ၄၆
* ကာယဒွါရမှာဖြစ်တဲ့စိတ် ၄၆
* ကောင်းပြီ မနောဒွါရမှာဖြစ်တဲ့စိတ် ၆၇၊ ဘာတွေတုန်း
* သန္တီရဏ ဥပေက္ခာ ၂

[စာမျက်နှာ-87] * သန္တီရဏ သောမနဿ ၁
* မနောဒွါရာဝဇ္ဇန်း ၁
* ကာမာဝစရဇော ၂၉
* အပ္ပနာဇော ၂၆
* ကာမာဝစရဝိပါက်စိတ် ၈

အပ္ပနာဇောဆိုတာ မဟဂ္ဂုတ်လောကုတ္တရာဇော၊ မဟဂ္ဂုတ်လောကုတ္တရာဇော ဆိုတာ မဟဂ္ဂုတ်ကုသိုလ်-၉၊ မဟဂ္ဂုတ်ကြိယာ-၉၊ လောကုတ္တရာ-၈၊ အဲဒါကို အပ္ပနာဇောလို့ခေါ်တယ်။

ကာမာဝစရဇောဆိုတာ ကာမာဝစရစိတ်ထဲက ရှာရမယ်၊ အကုသိုလ်စိတ် ၁၂-ခု၊ ဟသိတုပ္ပါဒ်စိတ်၊ ကာမာဝစရကုသိုလ်စိတ်-၈၊ ကာမာဝစရကြိယာစိတ် ၈၊ အောက်မှာရှိတယ်၊ ကောင်းပြီ မနောဒွါရစိတ်-၆၇။

ဘယ်ဒွါရမဖြစ်ဖူးတဲ့၊ ဒွါရမှ အလွတ်ဖြစ်တဲ့စိတ် ၁၉-ခုရှိတယ်၊ ဥပေက္ခာ သန္တီရဏ ၂-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခု၊ သူတို့က ဘယ်ဒွါရမှ အမှီပြုပြီးတော့ မဖြစ်ဘူး၊ ဒွါရမှာ အလွတ်နော်၊ ဒွါရဝိမုတ်စိတ်တဲ့။

ကောင်းပြီ၊ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ အဲဒီဒွါရ ၅-ပါးမှာ ဖြစ်နိုင်တဲ့စိတ်တွေ အားလုံးဆိုရင် ဘယ်လောက်ရမလဲ။ ယူပြီးသားကို ထပ်မယူနဲ့၊ ဘယ်လောက်ရမယ် ထင်သလဲ၊ ၄၆-ထဲကို ဘာထပ်ထည့် မလဲ၊ ပထမ ၄၆-ထဲကို သောတဝိညာဉ်-၂၊ ဃာနဝိညာဉ်-၂၊ ဇိဝှါဝိညာဉ် - ၂၊ ကာယဝိညာဉ်-၂၊ ၈ -ခု ထပ်ထည့်ရမယ်၊ အခုပြောတာ နားလည်လား၊ ၅-ဒွါရလုံးမှာ ဖြစ်တဲ့စိတ်ကိုပြောတာ၊ ဟို ပထမဟာက စက္ခုဒွါရမှာ ၄၆ ဖြစ်တယ်၊ သောတဒွါရမှာ ၄၆ ဖြစ်တယ်၊ ကောင်းပြီ ဒွါရ ၅-ပါးလုံးမှာဖြစ်တဲ့စိတ်ကို ပေါင်းစမ်း၊ သို့သော် ယူပြီးသား ထပ်မယူနဲ့။

အဲသလိုယူပြီးသား ထပ်မယူနဲ့ဆိုတော့ စက္ခုဒွါရမှာဖြစ်တဲ့ ၄၆၊ ပထမ ကြည့်ထားလိုက်၊ ပြီးတော့မှ အဲဒီထဲကို ဘာထပ်တိုးမလဲ၊ သောတဝိညာဉ် ၂-ခု ထပ်တိုးမယ်၊ ပြီးတော့မှ ဃာနဝိညာဉ် ၂-ခု ထပ်တိုးမယ်၊ ဇိဝှါဝိညာဉ် ၂-ခု ထပ်တိုးမယ်၊ ကာယဝိညာဉ် ၂-ခု ထပ်တိုးမယ်၊ တခြားဟာ တိုးစရာ ရှိသေးလား၊ မရှိတော့ဘူး၊ ဒါဖြင့်ရင် ၄၆-ထဲကို ၈-ထည့် ၅၄-ရမယ်၊ အဲဒီ ၅၄-ဟာ ဘာလဲဆိုရင် ကာမစိတ်-၅၄ ပဲ၊ ကာမာဝစရစိတ် ၅၄-ဟာ ၅-ဒွါရမှာ ဖြစ်နိုင် တယ်နော်၊ ၅-ဒွါရတင် မကဘူးပေါ့၊ တချို့စိတ်တွေက ၆-ဒွါရဖြစ်တာလည်း

[စာမျက်နှာ-88] ပါလိမ့်ဦးမယ်။

သို့သော် ၅-ဒွါရလုံးမှာဖြစ်တဲ့စိတ်တွေကို ရေတွက်ပြစမ်းပါ၊ ယူပြီးသား ထပ်မယူနဲ့ဆိုရင် ကာမာဝစရစိတ် ၅၄-ခုနော်၊ ပြီးတော့မှ တစ်ခုစီမေးတဲ့အခါ ကျတော့မှ စက္ခုဒွါရမှကျတော့ ဘယ်လောက်လဲ-၄၆၊ သောတဒွါရ-၄၆၊ ကာယ ဒွါရမှာ ၄၆၊ အဲသလိုဖြေရမယ်၊ ကောင်းပြီ၊ ဒါက ဒွါရမှာဖြစ်တဲ့စိတ်၊ ဒွါရကနေ ကိုင်ပြီးတော့ စိတ်ကိုမေးတာ။

နောက်တစ်ခါ ကျတော့ သမ္ပယောဂနည်း၊ သင်္ဂဟနည်း၊ လုပ်သလိုပဲ စေတသိက်ကနေစိတ်မေး၊ စိတ်ကနေ စေတသိက်မေးသလို ဒီမှာအခုဒွါရ ကိုင်ပြီးတော့ စိတ်မေးပြီးပြီ၊ စိတ်ကကိုင်ပြီးတော့ ဒွါရပြန်ရှာကြမယ်။

အမှန်ကတော့ ဦးဇင်းတို့ စိတ်တစ်ခုယုတ်-၉၀ ကို အစဉ်အတိုင်း လုပ်ရင်လည်း ရတယ်၊ အဲသလို မလုပ်ခင် ဒီဇယားကွက်နဲ့ပဲ အရင်လုပ်ကြဦးစို့။

ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ ၅-ဒွါရမှာဖြစ်တယ်၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ စက္ခုဝိညာဉ် ၂-ခု ဘယ်ဒွါရမှာဖြစ်သလဲ။ စက္ခုဒွါရတစ်ခုတည်းမှာ ဖြစ်တယ်၊ သောတဝိညာဉ်ဒွေး၊ သောတဒွါရ တစ်ခုတည်းမှာ ဃာနဝိညာဉ်ဒွေး၊ ဃာနဒွါရတစ်ခုတည်းမှာ၊ ဇိဝှါဝိညာဉ်ဒွေး၊ ဇိဝှါဒွါရတစ်ခု တည်းမှာ၊ ကာယဝိညာဉ်ဒွေး၊ ကာယဒွါရတစ်ခုတည်းမှာ၊ သမ္ပဋိစ္ဆိုင်းဒွေး၊ ဘယ် ဒွါရမှာဖြစ်လဲ၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ၅-ဒွါရမှာဖြစ်တယ်၊ သမ္ပဋိစ္ဆိုင်းဒွေးက ၅-ဒွါရမှာ ဖြစ်တယ်။

သန္တီရဏဥပေက္ခာ ၂-ခု၊ ၆-ဒွါရမှာလည်းဖြစ်တယ်၊ ဒွါရဝိမုတ်လည်း ဖြစ်တယ်၊ သူ့ကျတော့ ရံခါ ၆-ဒွါရမှာ ဖြစ်တယ်၊ ရံခါ ဒွါရ ဝိမုတ်ဖြစ်တယ်။ ဒီလိုဆိုလိုတယ်၊ အခု အသာထားဦးနော်၊ သန္တီရဏ ဥပေက္ခာ ၂-ခုသည် ၆-ဒွါရ မှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှာ လွတ်တယ်။

သန္တီရဏ သောမနဿ ဘယ်ဒွါရတွေမှာဖြစ်သလဲ၊ ဒါဖြင့် သူလည်းပဲ ဒွါရ-၆-ပါးမှာဖြစ်တယ်နော်၊ ဒါကြောင့်မို့ အောက်မှာ ၆-ဂဏန်းရှိတာ ဟုတ်လား။ ပြီးတော့ ဝုဋ္ဌော သို့မဟုတ် မနောဒွါရာဝဇ္ဇန်း ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ ၆-ဒွါရမှာ ဖြစ်တယ်၊ ကာမာဝစရဇော ၂၉-ခု ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ ၆-ဒွါရမှာ ဖြစ်တယ်၊ အပ္ပနာဇော ၂၆၊ မနောဒွါရမှာသာဖြစ်တယ်၊ စက္ခုဒွါရမှာ မဖြစ်ဘူး သောတဒွါရမှာ မဖြစ်ဘူး စသည်ဖြင့်သွားနော်၊ ကာမာဝစရဝိပါက်စိတ် ၈-ခု၊ ၆-ဒွါရမှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှာ

[စာမျက်နှာ-89] လွတ်တယ်နော်၊ တစ်ခါတလေ ၆-ဒွါရမှာဖြစ်တယ်၊ တစ်ခါတလေ ၆-ဒွါရမှ လွတ်တယ်။

မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခု၊ ၆-ဒွါရမှ အမြဲလွတ်တယ်၊ ဘယ်သောအခါမှ သူက ဒွါရမှာ မဖြစ်ဘူး၊ အဲဒီတော့ ဒွါရဝိမုတ်စိတ် ၁၉-ပါးထဲက ကြည့်လိုက်ရင် သန္တီရဏဥပေက္ခာက တစ်ခါတလေ ၆-ဒွါရမှာဖြစ်တယ်၊ တစ်ခါတလေ ၆-ဒွါရမှလွတ်တယ် ဟုတ်လား၊ မဟာဝိပါက်စိတ် ၈-ခုလည်း တစ်ခါတလေ ၆-ဒွါရမှာဖြစ်တယ်၊ တစ်ခါတလေ ၆-ဒွါရမှ လွတ်တယ်၊ ရံခါဖြစ်တယ်၊ ရံခါလွတ်တယ်၊

မဟဂ္ဂုတ်ဝိပါက် ၉-ခု (သို့မဟုတ်) ရူပါဝစရဝိပါက်စိတ် ၅-ခုနှင့်အရူပါဝစရ ဝိပါက်စိတ် ၄-ခု၊ သူတို့ကျတော့ အမြဲတမ်း ၆-ဒွါရမှလွတ်တယ်၊ ဘယ်သောအခါမှ ဒွါရမှာ မဖြစ်ဘူး၊ အဲဒီလို မှတ်ထားရမယ်။

အဲဒါကြောင့်မို့ အောက်မှာ ၅-၁-၁ စသည်ပေးထားတယ်၊ ကောင်းပြီ အဲဒီတော့၊ သန္တီရဏဥပေက္ခာ ပြန်သွားလိုက်စမ်း၊ သန္တီရဏဥပေက္ခာ ကိစ္စသွား ကြည့်လိုက်၊ ကိစ္စသင်္ဂဟမှာကြည့်စမ်း၊ သန္တီရဏဥပေက္ခာ ဘယ်နှစ်ကိစ္စ တပ်သလဲ၊ ၅-ကိစ္စတပ်တယ်၊ ဘာကိစ္စတွေလဲ၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရုံ၊ အဲဒီတော့ ဒီ ၆-ဒွါရဖြစ်တာနဲ့ ဒွါရဝိမုတ်ဖြစ်တာကို အဲဒီကိစ္စနဲ့ လိုက်ပြီးတော့ ခွဲယူရမယ်။

သန္တီရဏကိစ္စတပ်ခိုက် တဒါရုံကိစ္စတပ်ခိုက် ၆-ဒွါရမှာဖြစ်တယ်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ကိစ္စတပ်ခိုက် ၆-ဒွါရမှလွတ်တယ်၊ အဲဒီလို သွားရမယ်၊ ဟုတ်ပြီ လား၊ ပြန်ပြောမယ်၊ သန္တီရဏ ဥပေက္ခာ ၂-ခုဟာ ဘယ်နှစ်ကိစ္စတပ်သလဲ၊ ၅ ကိစ္စ တပ်တယ်၊ အဲဒီ ၅-ကိစ္စအနက်မှာ အစဉ်အတိုင်း ပြောမယ်ဆိုရင် ပဋိသန္ဓေ၊ ဘဝင်ကိစ္စတပ်ခိုက် ၆-ဒွါရမှလွတ်တယ်၊ သန္တီရဏကိစ္စတပ်ခိုက် ၆-ဒွါရမှာ ဖြစ်တယ်၊ တဒါရုံ ကိစ္စတပ်ခိုက် ၆-ဒွါရမှာဖြစ်တယ်၊ ဟုတ်ပြီလား၊

မဟာဝိပါက်ကိစ္စ ကြည့်လိုက်၊ ပဋိသန္ဓေ၊ စုတိ၊ ဘဝင်၊ ကိစ္စတပ်ခိုက် ၆-ဒွါရမှလွတ်တယ်၊ တဒါရုံကိစ္စတပ်ခိုက်၊ ၆-ဒွါရမှာဖြစ်တယ်၊ အဲဒီလို ခွဲပြီးတော့ နားလည်ရမယ်၊ ရံခါ ၆-ဒွါရမှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှလွတ်တယ်လို့ ပြောတာဟာ ဒီ ၆-ဒွါရမှာဖြစ်တယ်ဆိုရင် သန္တီရဏ ကိစ္စတို့ တဒါရုံကိစ္စတို့ တပ်တဲ့အခိုက်မှာ ၆-ဒွါရမှ လွတ်တယ်လို့ပြောတာက ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စ တစ်ခုခုတပ်တဲ့ အခိုက်မှာပြောတာ။

မဟဂ္ဂုတ်ဝိပါက်ကျတော့ အဲသလိုက မရှိတော့ဘူး၊ ဟိုမှာကြည့်လိုက်ဦး၊

[စာမျက်နှာ-90] ဘယ်နှစ်ကိစ္စတပ်သလဲ၊ ၃-ကိစ္စတပ်တယ်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ သူက ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ကိစ္စသာတပ်တဲ့အတွက်ကြောင့်မို့လို့ ဒွါရဝိမုတ်ပဲ ဖြစ်ရတော့တယ်၊ ဒွါရမှာ မဖြစ်တော့ဘူး၊ အဲဒီလို ရံခါ ၆-ဒွါရမှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှာလွတ်တဲ့နေရာမှာ ကိစ္စနဲ့လိုက်ပြီးတော့ ခွဲခြားပြီးတော့ ယူပါနော်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ကိစ္စတပ်ခိုက် ၆-ဒွါရမှလွတ်သည်၊ တခြားကိစ္စတပ်ခိုက် ၆-ဒွါရဖြစ်သည်၊ အဲလို မှတ်သားလိုက်ရင် ရှင်းသွားပြီပေါ့နော်။

အဲဒီတော့ ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်း၊ ဒီစိတ် ၁-ခုတည်းကိုပဲ နာမည် ၂-မျိုးပေးထားတာ၊ ဝုဋ္ဌောလို့ခေါ်တဲ့အခါ ခေါ်တယ်၊ မနောဒွါရာဝဇ္ဇန်းလို့ ခေါ်တဲ့ အခါခေါ်တယ်၊ ဘယ်အခါမှာ ဝုဋ္ဌောလို့ခေါ်သလဲ၊ ၅-ဒွါရမှာ ဖြစ်ခိုက် ဝုဋ္ဌောလို့ ခေါ်တယ်၊ မနောဒွါရမှာ ဖြစ်တဲ့အခါကျတော့ မနောဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။ ဝီထိပိုင်းကျတော့ ဝီထိတွေ ချလိမ့်မယ်နော်၊ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ အဲဒီကျ တော့ ဝုဋ္ဌောလို့ ခေါ်လိုက်မယ်၊ မနောဒွါရာဝဇ္ဇန်းလို့မခေါ်ဘူး၊ အမှန်တော့ဒီစိတ်ပဲ၊ စိတ်ကတော့ မနောဒွါရာဝဇ္ဇန်းစိတ်ပဲ၊ သူ့ကို ဝုဋ္ဌောလို့ခေါ်တယ်။ ဝုဋ္ဌောပြီးတော့ ဇော၊ တဒါရုံ သွားရောဟုတ်လား။

မနောဒွါရဝီထိ ချလိုက်တဲ့အခါကျတော့ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ်၊ အဲဒီကျတော့ မနောဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်၊ ဒါကြောင့်မို့ မနောဒွါရာဝဇ္ဇန်းဟာ စိတ်တစ်ခုတည်းဖြစ်သော်လည်းပဲ ၅-ဒွါရမှာဖြစ်တဲ့အခါမှာ သူ့ကို ဝုဋ္ဌောလို့ခေါ်တယ်၊ မနောဒွါရမှာဖြစ်တဲ့အခါမှာ သူ့ကို မနောဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။ သူက ၆-ဒွါရမှာဖြစ်တဲ့ စိတ်ပေါ့။

ကောင်းပြီ ၁-ဒွါရမှာဖြစ်တဲ့စိတ်၊ ၂-ဒွါရမှာဖြစ်တဲ့စိတ် စသည် အဲဒီလို ကလည်းပဲ ခွဲခြားချင်သေးတယ်နော်၊ ၁-ဒွါရမှာဖြစ်တဲ့စိတ်ပေါင်း ဘယ်လောက် ရှိသလဲ၊ ၂-ဒွါရမှာ ဖြစ်တဲ့စိတ် ရှိရင်လည်းရှိပေါ့၊ ၃-ဒွါရမှာဖြစ်တဲ့စိတ်၊ ၄-ဒွါရမှာ ဖြစ်တဲ့စိတ်၊ ၅-ဒွါရမှာဖြစ်တဲ့စိတ် ၆-ဒွါရမှာဖြစ်တဲ့စိတ်၊ ၆-ဒွါရမှ ရံခါလွတ်တဲ့စိတ်၊ ၆-ဒွါရမှာ အမြဲလွတ်တဲ့စိတ် ရှာရလိမ့်မယ်။

အဲဒီတော့ ၁-ဒွါရမှာဖြစ်တဲ့စိတ် ဘယ်လောက်ရှိသလဲ ၃၆-ရှိတယ်တဲ့၊

ဟိုအောက်က ၁-တွေရှိပါလား၊ အဲဒီ ၁-တွေ အောက်က ဂဏန်းတွေပေါင်း ပေါ့၊ အဲဒါဖြင့် ၁-ဒွါရမှာဖြစ်တဲ့စိတ် ဘယ်လောက်ရှိသလဲ-၃၆၊ သူ့ဒွါရ ကတော့ သူ့ စိတ်အလိုက် ဖြစ်မှာပေါ့၊ စက္ခုဝိညာဉ်ဒွေးဆိုရင် စက္ခုဒွါရမှာဖြစ်မယ်၊

[စာမျက်နှာ-91] သောတဝိညာဏ်ဒွေးဆိုရင် သောတဒွါရမှာဖြစ်မယ်။
၂-ဒွါရမှာဖြစ်တဲ့စိတ် မရှိဘူးနော်၊ ၂-ဂဏန်းမတွေ့ဘူးမို့လား။
၃-ဒွါရမှာဖြစ်တဲ့စိတ် မရှိဘူး၊ ၄-ဒွါရမှာဖြစ်တဲ့စိတ် မရှိဘူး၊ ၅-ဒွါရမှာ ဖြစ်တဲ့စိတ် ရှိတယ်၊ ဘာတွေတဲ့လဲ၊ ပဉ္စဒွါရာဝဇ္ဇန်းရယ်၊ သမ္ပဋိစ္ဆန ၂-ခုရယ်နော်၊ အားလုံးပေါင်းလိုက်ရင် ၃-ခု၊ ဒီစိတ် ၃-ပါးက ၅-ဒွါရမှာဖြစ်တယ်၊ စက္ခုဒွါရမှာလည်း ဖြစ်တယ်၊ သောတဒွါရမှာလဲဖြစ်တယ် စသည်ဖြင့်သွား၊ ကာယဒွါရမှာလည်း ဖြစ်တယ်၊ ဒါကြောင့်မို့ ၅-ဒွါရမှာဖြစ်တဲ့စိတ်ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးနော်။

၆-ဒွါရမှာဖြစ်တဲ့စိတ် ဘယ်လောက်ရှိသလဲ၊ ၆-အောက်ကဟာတွေပေါင်းရမှာ ၆-ဒွါရမှာ ဖြစ်တဲ့စိတ်ဆိုတာ ပြန်နုတ်ယူရဦးမယ်၊ အမြဲဖြစ်တဲ့စိတ်နဲ့ ရံခါဖြစ်တဲ့စိတ်လို့ အဲသလို ၂-မျိုးခွဲရမယ်၊ ၆ ဒွါရမှာ အမြဲဖြစ်တဲ့စိတ် ပထမကြည့်လိုက်၊ အဲသလို ဆိုရင် ဝိမုတ်ပါတာကို မကောက်နဲ့ ပထမ ၆-အောက်ကဟာကို မကောက်နဲ့ အဲဒီတော့ ဒုတိယ ၆-အောက်က ဘယ်လောက်ရှိသလဲ၊ ၁-ရှိတယ်၊ တတိယ ၆-အောက်က ၁-ရှိတယ်၊ နောက် ၆-အောက်က ၂၉-ရှိတယ်။ ကာမာဝစရ ဝိပါက် မယူနဲ့၊ သူက ဒွါရဝိမုတ်လည်းဖြစ်နေသေးတယ်၊ ၆-ဒွါရမှာ အမြဲဖြစ်တဲ့စိတ် ဘယ်လောက်ရှိသလဲ၊ ၃၁-ပဲရှိမယ်။

၆-ဒွါရမှာ ရံခါဖြစ်တဲ့စိတ်ဆိုတော့မှ ရံခါဖြစ်တယ်ဆိုတာ ရံခါလွတ်တာနဲ့ အတူတူပဲ၊ ရံခါဖြစ်တယ်၊ ရံခါလွတ်တယ်၊ ဘယ်လောက်ရှိသလဲ၊ ပထမ ၆-အောက်က ၂-ရယ်၊ ဟိုး နောက်ဆုံး ၆-အောက်က ၈-ရယ်၊ ၁၀-ခု၊ အဲဒီ ၁၀-ခုက ရံခါ ၆-ဒွါရမှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှာလွတ်တယ်၊ ၁၀-ခု ရတယ်နော်။ ၆-ဒွါရမှ ရံခါလွတ်တဲ့စိတ် ဆိုရင် ခုနဟာပဲ ၁၀-ပဲ။

၆-ဒွါရမှ အမြဲလွတ်တဲ့စိတ် ၉-ခုပေါ့၊ ဘာလဲ၊ နောက်ဆုံး မဟဂ္ဂုတ်ဝိပါက် ၉-ခု၊ ဒါကြောင့်မို့ ပြန်ပြီးတော့ မှတ်လိုက်စမ်း၊
* ၁ ဒွါရမှာဖြစ်တဲ့စိတ် ဘယ်လောက်ရှိသလဲ - ၃၆၊
* ၂-၃-၄ ဒွါရမှာ ဖြစ်တဲ့စိတ် မရှိ။
* ၅-ဒွါရမှာဖြစ်တဲ့စိတ် ၃-ခု ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်း ၂-ခုနော်၊
* ၆-ဒွါရမှာ အမြဲဖြစ်တဲ့စိတ် ၃၁-ခု၊ ခုနကဟာ ပြန်တွက်ပေါ့၊ သန္တီရဏသောမနဿ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော တစ်ခုယုတ် - ၃၀၊
* ၆-ဒွါရမှ ရံခါဖြစ်တဲ့စိတ် - ၁၀၊

[စာမျက်နှာ-92] * ၆-ဒွါရမှ ရံခါလွတ်တဲ့စိတ်၊ အဲဒီ ၁၀-ပဲ၊
* ၆ ဒွါရမှ အမြဲလွတ်တဲ့စိတ် ၉-ခု ဘာလဲ။
မဟဂ္ဂုတ်ဝိပါက် ၉-ခု ဟုတ်ပြီလား၊

ဘာလေးတစ်ခု မှတ်စရာရှိသလဲဆိုတော့ ပဉ္စဒွါရာဝဇ္ဇန်း ၁-ခုနှင့် သမ္ပဋိစ္ဆိုင်း ၂-ခု၊ ဒီ ၃-ခုကို မနောဓာတ်လို့လည်းခေါ်တယ်၊ မမှတ်မိသေးရင် ထပ်မှတ်ထား မနောဓာတ်လို့ခေါ်တယ်၊ မနောဓာတ်လို့ ပြောလိုက်ရင် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်း ၂-ခုကို ဆိုလိုတယ်၊ ဒါကြောင့်မို့ မနောဓာတ် ၃-ခုဟာ ဘယ်ဒွါရမှာ ဖြစ်သလဲဆိုရင် ၅-ဒွါရမှာဖြစ်တယ်နော်၊ ၅-ဒွါရမှာဖြစ်တဲ့စိတ် ပြောပါဆိုရင် တိုတိုပြောချင်ရင် မနောဓာတ် ၃-ခုလို့ပဲပြောလိုက်၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေးလို့ ပြောမနေနဲ့တော့၊ မနောဓာတ် ၃-ခုလို့ ပြောလိုက်ရင် ကိစ္စပြီးတယ်။

စိတ်ပိုင်းအပြောက်တွေထုတ်၊ အဲဒီကနေ တစ်ခုချင်း ပြန်ချမယ်နော်၊ ကိုင်း အကုသိုလ်စိတ် ၁၂-ခု ဘယ်ဒွါရမှာ ဖြစ်သလဲ၊ အဲသလိုလာရမှာကို ရှာနိုင်လား၊ ဒီထဲမှာ အကုသိုလ်စိတ် ၁၂-ခု ရှာနိုင်လား၊ ပါတယ်လေ၊ ပါတော့ ပါရမယ်။ အကုသိုလ်စိတ် ၁၂-ခု ဘယ်မှာပါလဲ၊ လျှောက်ကြည့်၊ ကာမာဝစရဇဝန မဟုတ်ဘူးလား၊ ကာမာဝစရဇဝန ၂၉-အဲဒီထဲမှာ မပါဘူးလား၊ ကာမဇောဆိုတာ ဘာတုန်း အကုသိုလ်ရယ်၊ ဟသိတုပ္ပါဒ်ရယ်၊ ကာမာဝစရ ကုသိုလ်ရယ်၊ ကာမာဝစရကြိယာရယ်၊ ဟုတ်တယ်မို့လား၊ အဲဒီတော့ အကုသိုလ်စိတ် ၁၂-ပါး ဟာ ဒီဇယားကွက်ထဲမှာ ဘယ်ထဲဝင်သွားလဲ၊ ကာမာဝစရ ဇဝန ၂၉-ဆိုတဲ့ အထဲမှာ ပါသွားတယ်၊

ဒါကြောင့်မို့ အဲဒီစိတ်ပိုင်း chart ကို ကြည့်ပြီးတော့ ပထမဆုံး အတန်းဖြစ်တဲ့ အကုသိုလ်စိတ်ဟာ ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ ၆-ဒွါရမှာဖြစ်တယ်၊ ကိုင်း၊ အဟိတ်စိတ် သွားမယ်၊ ၂-ခု ၂-ခုကိုင်ရအောင် စက္ခုဝိညာဏ်ဒွေး ဘယ်ဒွါရမှာဖြစ်သလဲ။ မျက်စိမှိတ်ချပေါ့၊ စက္ခုဒွါရပေါ့။
* စက္ခုဝိညာဏ်ဒွေး - စက္ခုဒွါရ
* သောတဝိညာဏ်ဒွေး - သောတဒွါရ
* ဃာနဝိညာဏ်ဒွေး - ဃာနဒွါရ
* ဇိဝှါဝိညာဏ်ဒွေး - ဇိဝှါဒွါရ
* ကာယာဝိညာဏ်ဒွေး - ကာယဒွါရပေါ့
သမ္ပဋိစ္ဆိုင်းဒွေး သမ္ပဋိစ္ဆန ၂-ခု ဘယ်ဒွါရမှာဖြစ်သလဲ၊ ၅-ဒွါရမှာဖြစ်တယ်၊

[စာမျက်နှာ-93] သန္တီရဏ ၃-ခုကျတော့ ၂-ခု ခွဲရလိမ့်မယ်နော်၊ ဥပေက္ခာသန္တီရဏက ၂-ခု ဘယ်ဒွါရမှာဖြစ်သလဲဆိုရင် ရံခါ ၆-ဒွါရမှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှ လွတ်လိုက်သေးတယ်။

သောမနဿသန္တီရဏ ဘယ်မှာဖြစ်လဲ၊ ၆-ဒွါရမှာဖြစ်တယ်နော်၊ ပြီးရင် ဘာသွားမလဲ၊ ပဉ္စဒွါရာဝဇ္ဇန်း သွားကြစို့၊ စိတ်ပိုင်းမှာ ပဉ္စဒွါရာဝဇ္ဇန်း ဘယ်ဒွါရမှာ ဖြစ်သလဲ၊ ပဉ္စဒွါရဆိုတာသာကြည့်တော့၊ ၅-ဒွါရပေါ့၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနောဒွါရာဝဇ္ဇန်း ဘယ်ဒွါရမှာဖြစ်သလဲ၊ ၆-ဒွါရမှာ မဖြစ်ဘူးလား၊ မတွေ့ဘူးလား၊ ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်း၊ နောက်ဆုံး ဟသိတုပ္ပါဒ် ဘယ်နှစ်ဒွါရမှာ ဖြစ်သလဲ၊ ဟသိတုပ္ပါဒ် ဘယ်ထဲမှာရှာရမလဲ၊ ကာမဇောဆိုတဲ့ထဲမှာ ရှာရမယ်။ ဟုတ်လား၊ ကာမဇော ၂၉-ထဲမှာ ဟသိတုပ္ပါဒ်ပါတယ်၊ ဒါကြောင့်မို့ ဟသိတုပ္ပါဒ် ဘယ်နှစ်ဒွါရမှာဖြစ်သလဲဆိုရင် ၆-ဒွါရမှာ ဖြစ်တယ်။

ကိုင်း၊ ကာမာဝစရ ကုသိုလ်စိတ် ၈-ပါး ဘယ်နှစ်ဒွါရမှာဖြစ် သလဲ၊ ၆-ဒွါရ ဘယ်ထဲမှာကြည့်မလဲ၊ ကာမာဝစရဇောနော်။
ကာမာဝစရဝိပါက်စိတ် ၈-ပါး ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ ရံခါ ၆-ဒွါရမှာဖြစ်တယ်၊ ရံခါ ၆-ဒွါရမှ လွတ်တယ်။
ကာမာဝစရ ကြိယာစိတ် ၈-ပါး၊ ကာမာဝစရဇောထဲမှာကြည့် ၆-ဒွါရဖြစ်တယ်၊ ဟုတ်ပြီလား။

ရူပါဝစရ ကုသိုလ်စိတ် ၅-ပါး၊ အခု ဒွါရသင်္ဂဟ ဇယားထဲကျတော့ ဘယ်ထဲ ရောက်သွားလဲ၊ အပ္ပနာဇော ၂၆ ဆိုတဲ့ထဲမှာ သူပါသွားပြီ၊ ဒါကြောင့်မို့ ရူပါဝစရ ကုသိုလ်စိတ် ၅-ပါးသည် ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ ၁-ဒွါရ၊ ဘာဒွါရလဲဆိုရင် မနောဒွါရ၊
ရူပါဝစရ ဝိပါက်စိတ် ၅-ပါး ဘယ်ထဲပါသွားတုန်း၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါးထဲပါမသွားဘူးလား၊ နောက်ဆုံးအတန်းနော်၊

ဒါကြောင့်မို့ ရူပါဝစရဝိပါက်စိတ် ၅-ပါးသည် ဒွါရမှ အမြဲလွတ်တယ်။
ရူပါဝစရ ကြိယာစိတ် ၅-ပါး၊ အပ္ပနာဇောထဲမှာကြည့်၊ မနောဒွါရမှာဖြစ်တယ်။ အရူပါဝစရ ကုသိုလ်-၄၊ မနောဒွါရပေါ့ အပ္ပနာဇောထဲမှာ၊ အရူပါဝစရဝိပါက်-၄၊ မဟဂ္ဂုတ်ဝိပါက်-၉ ထဲမှာ ပါသွားပြီ၊ အဲဒီတော့ ဒွါရမှ လွတ်တယ်။
အရူပါဝစရကြိယာ-၄၊ အပ္ပနာဇောထဲမှာ ပါသွားပြီ။

[စာမျက်နှာ-94] လောကုတ္တရာစိတ် ၈-ခု ဘယ်ထဲပါသွားတုန်း၊ အပ္ပနာဇောထဲပါသွားပြီ၊ ဒါကြောင့်မို့ လောကုတ္တရာစိတ် ၈-ခုဟာ ဘယ်နှစ်ဒွါရမှာဖြစ်သလဲ၊ မနောဒွါရ ၁-ဒွါရမှာပဲဖြစ်တယ်၊ အဲသလို သွားရမယ်။

ဒါကြောင့်မို့ အခု ဒွါရသင်္ဂဟဇယားမှာ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်းဆိုတဲ့ လုပ်ထားတာတွေထဲမှာ ခုန chart အကြီးကြီးနဲ့ identify လုပ်တတ်ရမယ်နော်၊ ပြန်ပြီးတော့ အစဉ်အတိုင်း ဖတ်လိုက်ရင် ပဉ္စဒွါရာဝဇ္ဇန်းဆိုရင် ဟို အပြောက်တွေမှာ ထောက်ပြနိုင်ရမယ်။
ပဉ္စဒွါရာဝဇ္ဇန်းဆိုရင် (chart)ထဲမှာ ထောက်စမ်းပါ၊ စက္ခုဝိညာဏ်ဒွေးဆိုရင် ထောက်စမ်းပါရတယ်၊ သောတဝိညာဏ်ဒွေး၊ ဃာနဝိညာဏ်ဒွေး၊ ဇိဝှါဝိညာဏ်ဒွေး၊ ကာယဝိညာဏ်ဒွေး။
သမ္ပဋိစ္ဆိုင်းဒွေး၊ ထောက်လိုက်စမ်းပါ၊ ၂-ခုပေါ့နော်။
သန္တီရဏ ဥပေက္ခာ ၂-ခု ထောက်လိုက်စမ်းပါ၊ အပြာ ၂-ခုပေါ့၊ ဟုတ်ပြီ အောက်ဆုံးက၊
သန္တီရဏ သောမနဿ ထောက်လိုက်စမ်းပါ၊ အနီလေး။

ပြီးတော့ ဒီက အစဉ်အတိုင်းသွားအောင် ဝုဋ္ဌောထောက်လိုက်စမ်းပါ၊ ၃-လုံးထဲက ဒုတိယဟာ မနောဒွါရာဝဇ္ဇန်းလေ၊
ပြီးတော့ ကာမာဝစရ ၂၉-ထောက်လိုက်စမ်းပါ၊ အကုသိုလ်စိတ် ၁၂-ခု၊ ဟသိတုပ္ပါဒ် အနီလေး၊ ပြီးတော့ ကာမာဝစရ ကုသိုလ်စိတ် ၈-ခု၊ ကာမာဝစရကြိယာ စိတ် ၈-ခု၊ ဟုတ်ပြီလား၊ ဒါ ကာမာဝစရဇော-၂၉။
အပ္ပနာဇော ၂၆-ထောက်လိုက်စမ်းပါ၊ ရူပါဝစရကုသိုလ်-၅၊ ရူပါဝစရ ကြိယာ-၅၊ အရူပါဝစရ ကုသိုလ်-၄၊ အရူပါဝစရကြိယာ-၄၊ တစ်ကြောင်းကျော်ပေါ့ လောကုတ္တရာစိတ် ၈-ခု အပ္ပနာဇော-၂၆။

ကာမာဝစရ ဝိပါက်စိတ် ၈-ခုတဲ့၊ အလယ်တန်းပေါ့နော်၊ ရှစ်လုံး အလယ်တန်း။
မဟဂ္ဂုတ်ဝိပါက် ၉-ခုတဲ့၊ ရူပါဝစရအလယ်တန်းနဲ့ အရူပါဝစရအလယ်တန်း၊
အဲသလို လုပ်တတ်သွားရင် ဒီစိတ်ပိုင်း (chart)ကြီးကို ကြည့်ပြီးတော့ ဒွါရကို ပြောနိုင်သွားရင် ကျေပြီလို့ ဆိုရမယ်၊ ဒွါရသင်္ဂဟ အကွက်ကြည့်ရုံနှင့် မဟုတ်သေးဘူး၊ ဟိုမှာကို မြင်သွားမှ ဒါမှတကယ်ကျေတာ။
ဆိုပါတော့ အကုသိုလ်စိတ် ဒေါင်လိုက်ကြည့်လိုက်၊ မနောဒွါရလား၊ ၆-ဒွါရလား၊ စက္ခုဝိညာဏ်ဒွေး သောတဝိညာဏ်ဒွေး စသည်ပေါ့လေ၊ အဲသလို

[စာမျက်နှာ-95] တစ်ခါတည်း မြင်သွားအောင် လေ့လာရမယ်၊ အဲဒီလိုလုပ်မှ တကယ်ကျေမှာ၊ ဒွါရသင်္ဂဟ ဇယားကွက်တင်ကြည့်ပြီးတော့ အစဉ်အတိုင်း ပြောနေရင် ဟိုမှာကျတော့ ရုတ်တရက် မပြောနိုင်ပဲ ရှိတတ်တယ်၊ အဲဒီတော့ အမှန်ကတော့ ဟိုကို ပြန်ပြန်ပြီးတော့မူလ (chart)ကြီးပြန်ပြန်ပြီးတော့ ပြောနိုင်မှ ထောက်နိုင်မှ တကယ်ကျေမှာနော်၊ ကာမာဝစရ ဇော ၂၉-ဆိုရင် ဘာတွေဘာတွေဆိုတာ တစ်ခါတည်းမြင်သွားရမယ်။

ဇောကို တစ်နေ့က ဦးဇင်းပြောခဲ့ပြီနော်၊ ဘယ်လို မှတ်ရမလဲ၊ အတိုကောက် ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာ အဲဒါလေး၊ နုတ်တက်ရပါစေ၊ အဲဒါ ဇောပဲ၊ အဲဒီထဲမှာ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း ဒီ ၂-ခု ထုတ်လိုက်ရုံပဲ၊ ကျန်တာ အကုန်ဇောပဲ၊ အဲဒီတော့ ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာ အဲဒါလေး နုတ်တက်နေ ပေစေ၊ အဲဒါလေး နုတ်တက်နေရင် ဇော ၅၅-ရှာလို့ရပြီ။
အဲဒီတော့ ကာမာဝစရဇော-၂၉၊ အပ္ပနာ-၂၆၊ အပ္ပနာဇော-၂၆ က မဟဂ္ဂုတ်ကုသိုလ်-၉၊ မဟဂ္ဂုတ်ကြိယာ-၉၊ လောကုတ္တရာ-၈ နော်။

အဲဒီလို မူလအပြောက်အပြောက်တွေ (chart)ကို ကြည့်ပြီးတော့ ပြောနိုင်မှ တကယ်ကျေတယ်လို့ ဆိုရမယ်၊ အဲဒီတော့ ဟို အကွက်အကွက် အပြောက်ကလေးတွေကိုလည်း ဆိုပါတော့၊ စက္ခုဒွါရမှာဖြစ်တဲ့စိတ်၊ ဒါ တစ်ခုတစ်ရွက်၊ သောတဒွါရမှာ ဖြစ်တဲ့စိတ်တစ်ရွက်၊ ဃာနဒွါရမှာဖြစ်တဲ့စိတ် စသည်ဖြင့် သွားရမယ်နော်၊ ပြီးတော့မှ မနောဒွါရမှာ ဖြစ်တဲ့စိတ်ဆိုပြီးတော့ စိတ်တွေကို ခြယ်ပေါ့လေ၊ အဲဒီလို လုပ်ထားရင်သာပြီး ရှင်းတယ်ပေါ့၊ တစ်ခုစီ ကြည့်သွားရမယ်။

ဆိုပါတော့၊ ဒွါရသင်္ဂဟမှာတင် ဘယ်နှစ်ခုလောက် သုံးရမယ်၊ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ ၆-ဒွါရ ပြီးတော့ ဒွါရလွတ်၊ အဲဒီတော့ ၈-ခုလောက် လုပ်ရမယ်၊ အဲလို အချိန်ရလို့ လုပ်ထားနိုင်ရင် သူကတော့ အရှင်းဆုံးပဲ၊ အဲသလို လုပ်တာက ကိုယ်လည်း ပိုပြီးတော့ မှတ်မိတယ်၊ ဒါလေးတွေ ထည့်နေရတော့ ဒါလေးဟာ ဘာစိတ်လဲဆိုတာ အလိုလို သိသွားတယ်၊ ကြာရင် ကျေသွားတာပေါ့၊ အဲဒါ ဒွါရသင်္ဂဟတဲ့။

အဲဒီတော့ အဘိဓမ္မာမှာက တရားတွေကို နာမည်အမျိုးမျိုးနဲ့ ခေါ်ပြီးတော့ ဟောတာနော်၊ အခု ဆိုပါတော့ စက္ခုပသာဒ၊ သောတပသာဒ စသည်ကို ရုပ်ပိုင်းကျတော့ ဒီလိုပဲ စက္ခုပသာဒ သောတပသာဒလို့ခေါ်မှာပဲ၊ အခု ဒီကျတော့မြင်လား၊ ဒွါရသင်္ဂဟကျတော့ ဒွါရလို့ သုံးထားပြန်တယ်၊ ဒါ ဒီဟာပဲနော်၊ ဒီမှာတော့ သူ့ရဲ့ သဘောကို ကြည့်လိုက်တဲ့အခါကျတော့ တံခါးပေါက်လိုပဲ စိတ်တွေရဲ့

[စာမျက်နှာ-96] ဝင်ရာထွက်ရာဆိုပြီးတော့ စက္ခုအကြည်ဓာတ်စသည်ကို စက္ခုဒွါရ စသည် ခေါ်ထား တာ။
ဝတ္ထုသင်္ဂဟကျတော့ သူတို့ကို ဝတ္ထုလို့ခေါ်လိမ့်ဦးမယ်၊ စက္ခုဝတ္ထုဆိုတာလည်း ဒါပဲနော်၊ အဲဒီကျတော့လည်း မှီရာဆိုတဲ့ အမည်နဲ့ခေါ်လိမ့်မယ်၊ အဲဒီလို အမျိုးမျိုး ခေါ်ထားတယ်၊ အမျိုးမျိုးသုံးထားတယ်၊ အဲဒါတွေကို ကိုယ်က ဘယ်လိုပဲတွေ့ တွေ့ နားလည်တဲ့အခါကျတော့ တကယ့်အဓိပ္ပါယ်ကို နားလည်တယ်၊ သို့မဟုတ်ရင် ဒီလို အခေါ်အဝေါ်လေးမသိလိုက်ပဲနဲ့ စက္ခုဝတ္ထုဆိုတာလည်း စက္ခုပသာဒပဲ၊ စက္ခုဒွါရ ဆိုတာလည်း စက္ခုပသာဒဆိုတာ မသိလိုက်ရင် ဟိုကျတော့ အသိဉာဏ် မရှင်းတော့ဘူး၊ စက္ခုဝတ္ထုဆိုတာဘာပါလိမ့်၊ တခြားဟာတစ်ခုခုလေလား၊ စက္ခုဒွါရ ဆိုတာ ဘာပါလိမ့်ဆိုတာ၊ အဲဒီလို ဖြစ်တတ်တယ်၊ ဒါကြောင့်မို့ ဝေါဟာရလေးတွေကို သိထားရမယ်၊ စက္ခုပသာဒ တစ်ခုတည်းကိုပဲ aspect အမျိုးမျိုးနဲ့ ကြည့်ပြီးတော့ ဟောသလိုပေါ့၊ ဟို စိတ်တွေရဲ့ ဝင်ရာ ထွက်ရာဆိုတဲ့ အနေမျိုးကြည့်ပြီးတော့ သူ့ကို ဒွါရလို့ ခေါ်လိုက်တယ်၊

လူဟာ အိမ်ရှိမှ နေလို့ဖြစ်တယ်၊ လူဟာ အိမ်မှာ အမှီပြု နေရတာမျိုးလို မြင်တဲ့စိတ်ကလည်း ဒီမျက်လုံးပေါ်မှာ အမှီပြုနေရတယ်၊ အမှီပြုပြီး ဖြစ်ရတယ်၊ ဒါကြောင့်မို့ သူ့ကို ဝတ္ထု၊ ဝတ္ထုဆိုတာ မှီရာလို့ ဆိုလိုတယ်၊ အင်္ဂလိပ်လို အဲဒါ မျိုးကို base လို့ သုံးတယ်၊ အဲဒါကြောင့်မို့လို့ အမျိုးမျိုးသွားမှာ၊ ဒါလေးတွေဟာ အကုန်လုံး နားလည်ထားမှ နောင်အခါမှာ စာဖတ်တဲ့အခါကျတော့ နားလည်မှာ သို့မဟုတ်ရင် ဝေါဟာရလေးတစ်လုံး နားမလည်လိုက်ပဲနဲ့ လုပ်လို့ မရဘူးနော်၊ ဒါ ဘယ်စာဖတ်ဖတ် ဒီအတိုင်းပဲ၊ သူပြောထားတဲ့ ဝေါဟာရလေးတစ်လုံး နားမလည်ဘူးဆိုရင် ဘာလုပ်ရမှန်း မသိဘူး၊ ဘာဆိုလိုမှန်း မသိဘူး၊

ဒါကြောင့်မို့ ဒီဝေါဟာရလေးတွေကို နားလည်အောင် ကြိုးစားပြီးတော့ သွားရမယ်၊ ပြီးတော့တတ်နိုင်ရင် ကိုယ့်ဟာကိုယ် glossary လေးတွေ လုပ်ထားဖို့ ကောင်းတယ်။
စက္ခုဝိညာဏ်ဆိုပါတော့၊ ဒါ မြင်သိစိတ်မဟုတ်ဘူးလား၊ ပြီးတော့ ကိုယ့်ဟာကို reference ပေးချင်ရင်လည်းပေးပေါ့၊ (chart)ရဲ့ ဘယ်နားမှာစသည် သို့မဟုတ် အဲဒါမျိုးလေးတွေ မှတ်သွားရင် ပထမ ဒီဘက်က ပါဠိထားပြီးတော့ မြန်မာလို အဓိပ္ပါယ်လေးတွေ အဲဒီလို စုသွားရင် နောင်ခါကျတော့ ကိုယ်ဟာကို glossary လေး ဖြစ်သွားပြီ၊ ကိုယ်ပိုင် အဘိဓာန်လေး ဖြစ်သွားပြီ၊ ပြီးတော့ ပြန်ရှာချင်တဲ့အခါ

[စာမျက်နှာ-97] ကျတော့လည်း အလွယ်တကူတွေ့မယ်၊ ဟို ကဒ်လေးတွေနဲ့ ရေးထားရင်လေ၊ (index)ကဒ်ကလေးတွေနဲ့ အဲသလို လုပ်သွားရင် ကောင်းတယ်၊ နောင် တဖြည်းဖြည်း များလာလိမ့်မယ်။
အခုကို ပကိဏ်းပိုင်းဆိုတော့ အတော်များနေပြီ၊ ဝေဒနာတို့ သောမနဿတို့ ဒေါမနဿတို့ စသည်ပေါ့လေ၊ အဲဒါလေးတွေ လုပ်ထားရင် ကိုယ့်အတွက်လည်း ဖြစ်မယ်၊ သူများအတွက်လည်းဖြစ်မယ်၊ အဲသလို လုပ်သွားရင် ကောင်းတယ်။

စက္ခုဒွါရ ဆိုပါတော့ မျက်စိတံခါးပေါက်ပေါ့ ဟုတ်လား၊ မြန်မာလိုရေးမယ် ဆိုရင် သူ့ရဲ့ အတိအကျ တရားကိုယ်ကတော့ ဘာလဲဆိုရင် စက္ခုပသာဒ၊ စက္ခုအကြည်ဓာတ်၊ မျက်စိအကြည်ဓာတ်၊ တော်ကြာနေရင် စက္ခုဝတ္ထုဆိုတာလာလိမ့်ဦးမယ်၊ စက္ခုဝတ္ထုဆိုတာလဲ ဒါပဲ၊ စက္ခုတည်းဟူသော မှီရာ၊ မြန်မာလိုကျတော့ သူ့အရကောက်ကျတော့ စက္ခုပသာဒပဲ မျက်စိအကြည်ဓာတ်ပဲ စသည်ဖြင့် သွားမယ်၊ အဲလို Notes ကလေးတွေ လုပ်သွားရင် နောင်အခါမှာ လွယ်လွယ်ကူကူနဲ့ သိတာပေါ့၊ ဒါ ဒွါရသင်္ဂဟတဲ့နော်။

ရှေ့ အခုလာမယ့် အာရမ္မဏသင်္ဂဟကတော့ ခက်တယ်နော်၊ နည်းနည်း ရှုပ်တယ်၊ သို့သော် အရှုပ်တွေ အကုန်မသွားပါဘူးဟုတ်လား၊ အကုန်လုံးလုပ် လိုက်ရင် အူချာပေါက်သွားမှာ၊ အဲဒီတော့ သင်္ဂြိုဟ်ကျမ်းမှာ သူ့ပါသလောက်လေး အကုန်လုပ်သွားမယ်၊ သူကအာရုံလိုက်ရတာကျတော့ ဒွါရလောက် မလွယ်ဘူး၊ ကိစ္စသင်္ဂဟလောက် မလွယ်ဘူး၊ ဒါတွေကို တကယ်ကျေ သွားမှ အဘိဓမ္မာကျမ်း တွေကို ဖတ်တဲ့အခါမျိုး၊ ပဋ္ဌာန်းကျမ်းကို လေ့လာတဲ့ အခါမျိုးကျတော့ ရတာ၊ ဒါတွေ မကျပဲနဲ့ ပဋ္ဌာန်းလုပ်လို့ မရဘူး။

ဘာလို့တုန်းဆိုရင် ဒီအပေါ် အကုန်အခြေတည်ထားတာကို၊ ဟေတုပစ္စည်း အာရမ္မဏပစ္စည်း စသည်ဖြင့် ရှိနေတာကို။
ဟေတုပစ္စည်းဆိုတာ ဟိတ် ၆-ပါး၊ ဟိတ် ၆-ပါး ကိုယ်က မသိရင် ဘယ့်နှယ်လုပ်မလဲ၊ အာရမ္မဏပစ္စည်း အာရုံဆိုတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်အားလုံးမှ အာရုံခေါ်တယ်၊ ပြီးတော့ ရူပါရုံ၊ သဒ္ဒါရုံ စသည်ဖြင့် လာလိမ့်မယ်၊ ကိုယ်က ဒီကကိုင်ထားရင် မိထားရင် မပြေးနိုင်တော့ဘူး။

ဒါကြောင့်မို့ ပဋ္ဌာန်းဟာ အောက်ပိုင်းတွေ မကျေပဲနဲ့ ပဋ္ဌာန်းသွားလို့မရဘူး၊ အကုန်လုံး ပြန်မွှေထားတာ၊ ပဋ္ဌာန်းဟာ ဆက်သွယ်မှုကိုပြတာ၊ တစ်ခုနှင့် တစ်ခု ဘယ်လိုဆက်သွယ်တယ်၊ ဘယ်လိုကျေးဇူးပြုတယ်ဆိုတာကို ပြောပြတဲ့ကျမ်း

[စာမျက်နှာ-98] relation ပေါ့။ condition လို့လည်းသုံးတယ်၊ အဲဒီ relation အကြောင်း ပြောတဲ့ကျမ်းကို ပဋ္ဌာန်းကျမ်းလို့ခေါ်တာ။

ဒီစိတ်နဲ့ ဒီစေတသိက်နဲ့ဟာ ဘယ်လိုနည်းနဲ့ တစ်ဦး တစ်ဦး (support) လုပ်နေကြတယ်၊ သို့မဟုတ် (produce) လုပ်တာလား၊ သို့မဟုတ် (support) လုပ်တာလား၊ (support) လုပ်ရင်လည်း ဘယ်နည်းတုန်း၊ (produce) လုပ်ရင်လည်း ဘယ်နည်းနဲ့ (produce) လုပ်သလဲ၊ အဲဒီဆက်သွယ်မှုကို ပဋ္ဌာန်းက ပြောတာ၊

အာရုံရှိတယ်၊ ဒီက စိတ်ရှိတယ်၊ ဒီအာရုံနှင့် စိတ်နှစ်ခု တွေ့ဆုံတယ်ဆိုရင် ဒီအာရုံကစိတ်ကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြုနေသလဲ၊ အဲဒါမျိုးတွေ အဲဒီကျမှ (အမှန်ကတော့) သဘောတရားကုန်တာ၊ နားလည်မှု ကုန်တာပေါ့၊ ဒါကြောင့်မို့ ပဋ္ဌာန်းဟာ ကျယ်လည်းကျယ်တယ်၊ သိဖို့လည်းခက်တယ်၊ သိဖို့လည်း ခက်တယ် ဆိုတာက အမှန်ကတော့ အဲဒါကြောင့်၊ ဒီအောက်ပိုင်း မကျေပဲနဲ့ ပဋ္ဌာန်းသွားလုပ်ရင် ဘာမှ နားမလည်ဘူး၊ စိတ်၊ စေတသိက်၊ ရုပ် ဆိုတာတွေ ပြန်မွှေနေတာ၊ အဲဒါကြောင့်မို့ မှတ်မိအောင်တော့ အဲဒါလုပ်လုပ်သွားကြ၊ မှတ်မိလာရင် စာဖတ်ရတာလည်း အရသာပေါ်လာတာပဲ၊ မမှတ်မိဘူးဆိုရင် ခုနက ပြောသလိုပဲ၊ တစ်လုံးလေး နားမလည်လိုက်တာနဲ့ လယ်ချာလယ်ချာနဲ့ ဖြစ်နေတာပဲ၊ စိတ်ထဲကလည်း ဘဝင်က မကျနိုင်ဘူး။

ကိုင်း ဒီနေ့ ဒါပါပဲ၊ ဒွါရသင်္ဂဟတဲ့။

မေး - ဘုရားဖြစ်စက ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူတယ်ဆိုတာ ဘုရားရဲ့ ဉာဏ်ထဲမှာ ပေါ်လာပြီး ရောင်ခြည်တော်တွေ ထွက်တယ်ဆိုတာ ရှင်းပြပါဘုရား။

ဖြေ - မြတ်စွာဘုရား ဉာဏ်ထဲမှာ ပေါ်တာပေါ့၊ နောက်မှ ထုတ်ဟောတာပေါ့၊ အခုလို ဆက်သွယ်ပုံတွေ အမျိုးမျိုးကို ပဋ္ဌာန်းကျမ်းမှာ ပြောထားတာ၊ ဉာဏ်ကွန့်မြူးတာပေါ့၊ ဒါတွေ စဉ်းစားလိုက်ရင် ဒါတွေဟာ ပေါ်လာတာပေါ့။ စိတ်ထဲမှာ အဲဒီတော့ ဉာဏ်ကသိပ်ပြီး ကစားလို့ ကောင်းသွားတာပေါ့၊ အဲဒါကြောင့်မို့ စိတ်က ကြည်လာတဲ့အခါကျတော့ စိတ်ရဲ့ မှီရာဖြစ်တဲ့ ဟဒယဝတ္ထုနှလုံးဆိုတာ ကြည်၊ နှလုံးကြည်တော့ တခြားရုပ်တွေကလည်း ကြည်တော့ အဲဒီလို ကြည်တဲ့အတွက်ကြောင့်မိုလို့ ရောင်ခြည်တော်တွေ ထွက်တာ၊ ကိုယ် မကျက်စားလောက်တဲ့ဟာကျတော့ ကျဉ်းကျပ်နေတယ်ပေါ့။

[စာမျက်နှာ-99] ဟုတ်တယ်မို့လား။

အလွန်လွယ်တာလေးကျတော့ ကိုယ့်အဖို့ဟာ အလကားပဲ၊ ကိုယ် ကလည်း တကယ်နားလည်တယ်၊ ကျယ်လည်းကျယ်ဝန်းတယ်၊ ဒါကို လေ့လာစဉ်းစားရ တယ်ဆိုတဲ့အခါကျတော့ စိတ်က လိုက်လာတယ်။ စိတ်ဝင်စားမှု များလာတာပေါ့လေ၊ အမှန်ကတော့ အဲဒါပေါ့။

မြတ်စွာဘုရားအဖို့ တခြားကျမ်းတွေက သေးနေသေးတယ်ပေါ့၊ သဗ္ဗညုတဉာဏ်တော်ကြီးက သိပ်ကြီးနေတာကို၊ ပဋ္ဌာန်းကျမ်း ကျတော့ ပဋ္ဌာန်းကျမ်း ရှိသလောက် ဉာဏ်တော်က လိုက်နိုင်တယ်၊ ပဋ္ဌာန်းကျမ်းဆိုတာ ပဋ္ဌာန်းသဘောရှိသလောက် ဉာဏ်တော်က လိုက်နိုင်တယ်၊ ဉာဏ်တော် ရှိသလောက် သဘောတရားက လိုက်နိုင်တယ် ဆိုတော့ အဲဒီမှာ အခုခေတ် စကားနဲ့ ပြောရရင် ဝေလငါးကြီးတွေ ပင်လယ်ထဲမှာ ကွန့်မြူးသလိုပေါ့။ မြတ်စွာဘုရား ဉာဏ်တော်ကွန့်မြူးတာ၊ အဲဒါကြောင့်မိုလို့ ရောင်ခြည်တော် တွေက ထွက်တာ။

ရှေ့အပိုင်းတွေကျတုန်းကတော့ ဟိုဝေလငါးကြီးကို စည်ပိုင်းလိုဟာထဲ ထည့်ထားတော့ သိပ်မလွန့်သာဘူး၊ ရေကန်ထဲထည့်ထားတာ။

မေး - ပဋ္ဌာန်းကို ဆင်ခြင်တာ ဘယ်နှစ်ရက်ကြာပါသလဲ။

ဖြေ - ၇-ရက်၊ အမှန်ကတော့ အစအဆုံး ၇-ရက်ကြာမှာ မဟုတ်ပါဘူး၊ ထပ်ထပ်သုံးသပ်နေတာဖြစ်မှာပါပဲ၊ အတိအကျတော့ရှိတယ်နော်၊ အဲဒါက တာဝတိံသာမှာ အဘိဓမ္မာကို ဟောတာ ဓမ္မသင်္ဂဏီကျမ်း ဘယ်နှစ်ရက်ဘာနဲ့ ကျမ်းကြီးကျမ်းငယ်တွေမှာတော့ မရှိပါဘူး၊ ကျမ်းသေး လေးတွေမှာရှိတယ် ဦးဇင်းတော့ မမှတ်မိဘူး။

မေး - အခုခေတ်တွေ့နေရတာက ဘုရားပုံတော်တွေကို လည်ပင်းမှာ ဆွဲကြတယ်၊ အဲဒါဟာ သင့်တော်ပါသလား။

ဖြေ - အမှန်ကတော့ ဘုရားလည်ပင်းဆွဲတာ သိပ်မကြိုက်ဘူး၊ ဦးဇင်းတို့လည်း ယိုးဒယား ဘုရားလေးတွေ သူများပေးနေတာပဲ၊ ဒါပေမယ်လို့ ကောင်းတာ ကတော့ ဘုရားခန်းမှာထားတာ ကောင်းတာပေါ့၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ဘုရားနဲ့ တွဲနေတာဆိုတော့ သိပ်မကောင်းလှဘူး၊ သို့သော် အခုခေတ်ကတော့ တချို့ လက်စွပ်မှာတောင် ဘုရားပုံလေးတွေ ယိုးဒယားမှာ လုပ်တာရှိတယ်၊ အဲဒါမျိုးတွေကတော့ သိပ်မကောင်းဘူးထင်တယ်၊ ဦးဇင်းတို့အနေနဲ့က

[စာမျက်နှာ-100] ဘုရားဟာကြည်ညိုရမယ်၊ လေးစားရမယ်၊ ဘုရားဆင်းတုဟာ လေးစားရမယ့် ပစ္စည်း အလှထားတာမဟုတ်ဘူး၊ အဲဒီတော့ လေးစားထိုက်တဲ့ ပစ္စည်းဟာ လေးစားရတဲ့ နေရာမှာထားမှတော်တာ၊ ဆိုပါတော့၊ ဘုရားဆင်းတုကို လှေခါးအောက်ထားမယ်၊ ခြေရင်းသွားထားမယ်၊ ဒါမျိုးဟာ မြန်မာကတော့ စဉ်းစားလို့ကိုမရဘူး၊ သူတို့နိုင်ငံ ယိုးဒယားတို့ ဘာတို့တော့ မပြောတတ်ဘူးလေ၊ သူတို့ကတော့ အယူအဆတစ်မျိုးရှိမှာကို၊ အန္တရာယ်ကတော့ ကင်းချင်တာ။

[စာမျက်နှာ-101] ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ လွန်ခဲ့တဲ့အပတ်က ဒွါရသင်္ဂဟလေ့လာခဲ့ပြီ၊ ဒွါရ ၆-ပါးတဲ့, စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရဆိုပြီးတော့ ဒွါရ ၆-ပါးမှာဖြစ်တဲ့စိတ်တွေ၊ ပြီးတော့ ဒွါရမှ လွတ်တဲ့စိတ်တွေ စသည်ဖြင့် လေ့လာခဲ့ပြီးပြီ။

ဒီနေ့ နောက် သင်္ဂဟတစ်ခုပေါ့၊ အာရမ္မဏသင်္ဂဟဆိုတာကို လေ့လာကြရမယ်။ အာရမ္မဏဆိုတာ မြန်မာလိုပြန်လိုက်တော့ အာရုံပေါ့၊ ပါဠိစကား, အာရုံဆိုတာ ဘာလဲ?၊ တစ်ခါတစ်ခါကျတော့လည်း အင်္ဂလိပ်လိုလေး ပြန်ပေးတာက ရှင်းတယ်၊ အာရုံကို (object)။

အဲဒီတော့ မျက်စိနဲ့တစ်စုံတစ်ခုကို မြင်တယ်ဆိုရင် အဲဒီအမြင်ခံရတဲ့ ပစ္စည်းကို အာရုံလို့ခေါ်တယ်၊ နားနဲ့ကြားတယ်, အကြားခံရတဲ့ပစ္စည်း (အသံပေါ့လေ) သူ့ကို အာရုံလို့ခေါ်တယ် စသည်ဖြင့် စိတ်နဲ့ကြံလိုက်တယ်၊ စိတ်ထဲကတင် ကြံလိုက်တယ်။ အဲဒီအကြံခံရတဲ့ တခြားပစ္စည်းတစ်ခုခု, အဲဒါကို အာရုံလို့ခေါ်တယ်။ အာရမ္မဏဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတော့ နှစ်မျိုးရှိတယ်၊

[စာမျက်နှာ-102] ပထမ တစ်ခုကတော့ ဘာလဲဆိုတော့ စိတ်လာပြီးတော့ မွေ့လျော်ရာဌာနလို့ ဒီလို အဓိပ္ပါယ်ရှိတယ်၊ အခုခေတ် amusement park ဆိုတာမျိုးလိုပေါ့။ အဲဒီ park ဆီ သွားတာဟာ အပန်းဖြေဖို့သွားတာ၊ မွေ့လျော်ဖို့သွားတာ၊ ပျော်မွေ့ဖို့သွားတာ။

ထို့အတူပဲ, အာရုံဆိုတာစိတ်ရဲ့ ပျော်မွေ့ရာဖြစ်တယ်တဲ့၊ ဒီအဆင်းပဲ ကြည့်လေနော်၊ အဆင်းကြည့်လိုက်ရင် ဟိုဟာလေးကြည့်ချင်, ဒီဟာလေးကြည့်ချင်တယ်မို့လား၊ ကိုယ်ကြည့်ချင်တဲ့ အဆင်းလေးမှာဆိုရင် မွေ့လျော်နေတာပဲ။ ဒါကြောင့် စိတ်တို့လာပြီးတော့ ပျော်မွေ့ရာဖြစ်တဲ့ ဝတ္ထုပစ္စည်းကို အာရုံလို့ခေါ်တယ်။

နောက်တစ်နည်းကတော့ မှီတွယ်ရာလို့ အဓိပ္ပါယ်ရှိတယ်နော်၊ အကယ်၍ မသန်မစွမ်းတဲ့သူတစ်ယောက် ရှိမယ်ဆိုရင် သူဟာ တောင်ဝှေးထောက်ပြီးတော့ရင်လည်း သွားရမယ်နော်၊ ကြိုးတန်းထားပြီးတော့ ကြိုးကိုကိုင်ပြီးတော့ရင်လည်း လမ်းလျှောက်ရမယ်၊ အဲဒီလို တောင်ဝှေးတို့ ကြိုးတန်းတို့ဟာ ဒီမစွမ်းတဲ့ပုဂ္ဂိုလ်ကို ကူညီထောက်ပံ့သလိုပဲ ဒီအာရုံတွေက စိတ်ကို ကူညီထောက်ပံ့တယ်တဲ့။

ဆိုလိုတာကတော့ ဒီအာရုံတွေရှိနေလို့ စိတ်ကဖြစ်တာ၊ အာရုံမရှိဘူးဆိုရင် စိတ်ပေါ်နိုင်ပါ့မလား, မပေါ်ဘူး၊ ဒါကြောင့်မို့ စိတ်ဟာအမြဲတမ်း အာရုံရှိတယ်။ အာရုံနဲ့ကင်းပြီး ဘယ်တော့မှ မဖြစ်ဘူး၊ ဒါကြောင့် စိတ်၏ မှီတွယ်ရာဖြစ်သောကြောင့်လည်းပဲ ဒီပစ္စည်းတွေကို အာရုံလို့ခေါ်တယ်။

ဒါကြောင့်မို့ ဒီအာရုံဆိုတာနဲ့ မနက် နေထွက် အရုဏ်တက်တယ်ဆိုတာနဲ့ မရောကြနဲ့နော်၊ အဲဒါကတစ်မျိုး, အဲဒါက အာရုံမဟုတ်ဘူး၊ လူတွေက အာရုံလို့ ခေါ်နေလို့၊ အရုဏ်နော်၊ ဒါပေမယ်လို့ မြန်မာစကားကျတော့ အာရုဏ်တက်တယ်၊ အာရုဏ်တက်တယ်နဲ့ပဲ ခေါ်နေကြတယ်၊ အမှန်က ပါဠိစကားမှာ အ-မှာရေးချ မပါဘူး “အရုဏ်”။

အဲဒီတော့ အခုဟာက အာရုံ၊ ဒါကြောင့် အာရုံဆိုတာ စိတ်၏ မွေ့လျော် ရာဖြစ်တဲ့ပစ္စည်းနော်၊ သို့မဟုတ် စိတ်၏မှီတွယ်ရာဖြစ်တဲ့ပစ္စည်းလို့ ဒီလို အဓိပ္ပါယ် ရှိတယ်။

အဲဒီအာရုံပေါင်း ဘယ်လောက်ရှိသလဲတဲ့၊ အာရုံတွေကတော့ အများကြီးပေါ့ နော်၊ ဒါပေမယ်လို့ အမျိုးအစားအားဖြင့် အာရုံတွေကို ခွဲလိုက်တဲ့အခါကျတော့ အာရုံ ၆-ပါးရှိတယ်တဲ့နော်၊ ဒီနေ့ပေးထားတဲ့ စာရွက်မှာ ဇယားကွက်ရဲ့ အောက်မှာ ကြည့်လိုက်, အာရုံ ၆-ပါးဆိုတာ တွေ့လိမ့်မယ်။

ပထမ ရူပါရုံ, ရူပါရုံဆိုတာ အဆင်းကိုခေါ်တယ်တဲ့ မျက်စိနဲ့ မြင်နိုင်တဲ့

[စာမျက်နှာ-103] ဝတ္ထုကို အဆင်းလို့ခေါ်တယ်နော်။ အဆင်းဆိုတာ မြင်နိုင်တဲ့ ရုပ်တရားတစ်မျိုး၊ အင်္ဂလိပ်လိုပြန်တော့ ဒါကို (color) လို့လည်း ပြန်တယ်၊ အမှန်ကတော့ အရောင်ကိုမြင်တာ၊ မြင်တာက ပုံသဏ္ဌာန်တို့ ဘာတို့က အမှန်က မြင်တာမဟုတ်ဘူး၊ စိတ်နဲ့ကြံယူတာနော်၊ အခုနေ လူတစ်ယောက်မြင်တယ်လို့ပြောတော့ လူကိုမြင်တာမဟုတ်ဘူး၊ အမှန်ကတော့ လူမှာရှိတဲ့ အဆင်းကိုမြင်တာ၊ အဆင်းမြင်ပြီးတဲ့နောက် ဒီလူက ကိုယ်ကောင်ကြီးကို စိတ်ကပေါင်းစုပြီးတော့ “ဟာ ဒါဟာ လူပဲဟေ့, ဒါ မိန်းမပဲ, ဒါ ယောက်ျားပဲ” စသည်ဖြင့် အဲဒီလို သိရတာ၊ အမှန်ကတော့ အဲဒီလူပေါ်မှာရှိတဲ့ အဆင်းကို ပထမဆုံးစမြင်တာ၊ အဲလို မြင်အပ်တဲ့ ဝတ္ထုပစ္စည်းကို အဆင်းလို့ ခေါ်တယ်နော်၊ ရူပါရုံလို့လည်း ခေါ်တယ်။

လူတစ်ယောက်ကို မြင်လိုက်ပြီဆိုတော့ လူတစ်ယောက်ရဲ့ တည်ရာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးလည်း မြင်တယ်လို့ ဆိုရတာပေါ့နော်၊ အမှန်ကတော့ အဲဒါက ပညတ် ဖြစ်သွားပြီ၊ အဆင်းသက်သက်လေးတင်ဆိုရင် ပရမတ်။

နောက်တစ်ခုက သဒ္ဒါရုံ၊ သဒ္ဒါရုံဆိုတာ အသံ၊ နားနဲ့ ကြားနိုင်တဲ့အာရုံ နားနဲ့ကြားနိုင်တဲ့ဝတ္ထုပစ္စည်းကို သဒ္ဒါရုံလို့ခေါ်တယ်နော်၊ မြန်မာတွေကတော့ သဒါရုံလို့ပဲ အသံထွက်တယ်၊ ဦးဇင်းတို့ မြန်မာက အလွန်ပေါ့တယ်၊ လုံးဆင့်ကို လုံးဆင့်လို မဖတ်ချင်ကြဘူး၊ သဒ္ဒါရုံတဲ့အသံကို သဒ္ဒါရုံလို့ ခေါ်တယ်။

အသံအမျိုးမျိုးပဲရှိတယ်၊ ဗဟိဒ္ဓ အပြင်ပအသံရှိတယ်၊ မိမိ အခုစကားပြောတဲ့ ဝစီဘေဒဆိုတဲ့ အသံရှိတယ်၊ ဘယ်လိုအသံပဲဖြစ်ဖြစ် နားနဲ့ ကြားနိုင်တဲ့အသံမှန်ရင် သဒ္ဒါရုံပဲနော်။ မိုးခြိမ်းသံကြားတယ်၊ သဒ္ဒါရုံပဲ၊ လူစကားပြောသံကြားလည်း သဒ္ဒါရုံပဲ။ မော်တော်ကားသံကြားလည်း သဒ္ဒါရုံပဲ, လေယာဉ်ပျံသံကြားလည်း သဒ္ဒါရုံပဲ။

နောက်တစ်ခုကတော့ ဂန္ဓာရုံတဲ့နော်၊ ဂန္ဓဆိုတာအနံ့၊ ဂန္ဓာရုံဆိုတာ နှာခေါင်းနဲ့ သိနိုင်တဲ့ ဝတ္ထုပစ္စည်းပေါ့နော်၊ အဲဒီတော့ အနံ့ပေါ့, ကောင်းတဲ့အနံ့ ဆိုးတဲ့အနံ့, အဆင်းလည်းကောင်းတဲ့ အဆင်း၊ ဆိုးတဲ့အဆင်း၊ အသံလည်းအတူတူပဲရှိတာပေါ့၊ အနံ့ကို ဂန္ဓာရုံလို့ခေါ်တယ်။

နောက်တစ်ခုက ရသာရုံတဲ့၊ မြန်မာလို အရသာလို့ခေါ်တဲ့ဟာပေါ့၊ ချိုတယ် ချဉ်တယ်, ခါးတယ်, ဖန်တယ်, စပ်တယ်, ဒီလို အရသာမျိုးကို ရသာရုံတဲ့။

နောက်တစ်ခုကတော့ ဖောဋ္ဌဗ္ဗာရုံတဲ့, ဖောဋ္ဌဗ္ဗဆိုတာ အတွေ့အထိကိုခေါ်တာ၊

[စာမျက်နှာ-104] အဲဒီတော့ ခန္ဓာကိုယ်နှင့် တွေ့ထိလို့ရတဲ့ပစ္စည်းမျိုးကို ဖောဋ္ဌဗ္ဗာရုံ။ အခု မိမိကိုယ်နှင့်ကြမ်းနဲ့ ထိနေတယ်၊ ကော်ဇောနှင့်ထိနေတယ်၊ အဲဒီအထိ အတွေ့ဟာ ဖောဋ္ဌဗ္ဗာရုံနော်၊ အင်္ကျီနှင့်ကိုယ်နှင့် ထိနေတယ်၊ အဲဒီအင်္ကျီမှာ ရှိတဲ့ ဒီရုပ်တရားဟာ ဘာလဲ၊ ဖောဋ္ဌဗ္ဗာရုံပေါ့၊ အဲဒီဖောဋ္ဌဗ္ဗာရုံနှင့် ခန္ဓာကိုယ်နဲ့ တွဲလိုက်မယ်။ အဲလို အတွေ့အထိကို ဖောဋ္ဌဗ္ဗာရုံလို့ခေါ်တယ်၊ ဒါက မခဲယဉ်းသေးဘူး။

ဓမ္မာရုံကျတော့ ခက်တယ်၊ ဦးဇင်းတို့ မြန်မာကတော့ အရေးမကြီးဘူး၊ မြန်မာကတော့ပါဠိကို နောက်လိုက်ပြီးတော့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံနှင့် လုပ်ထားလိုက်တော့ အရေးမကြီးဘူး၊ အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ ဓမ္မာရုံဟာ အလွန်ခက်တယ်၊ ဦးဇင်းတို့ မပြန်ဘူးနော်။

အင်္ဂလိပ်လို ပြန်လိုက်ရင် ဘာဖြစ်သွားလဲဆိုတော့ အသိလွဲမှားသွားနိုင်တယ်။ သူတို့က (mental object) ဆိုတော့ စိတ်ရဲ့ အာရုံလား (သို့မဟုတ်) စိတ်ဖြစ်သော အာရုံလားနော်၊ စိတ်ရဲ့ အာရုံလို့ပြောရင် တခြားရူပါရုံတွေလည်း စိတ်ရဲ့ အာရုံပဲ။ အဲဒါကျတော့လည်း ကျယ်လွန်းသွားပြန်တယ်၊ စိတ်ဖြစ်တဲ့ အာရုံဆိုပြန်တော့လည်း စိတ်တင်မကဘူး, ဓမ္မာရုံထဲမှာ တခြားဟာတွေရော ပါသေးတယ်နော်။

အဲဒါကြောင့်မို့ ဒီဓမ္မာရမ္မဏဆိုတဲ့ ပါဠိပုဒ်ကို အင်္ဂလိပ်လို ပြန်နိုင်ဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ (Dhamma Object) ဒီလိုပဲပြန်တော့တယ်နော်၊ ရှေ့ကဟာတွေက visible object, audible object, odorous object, sapid object, tangible object အဲသလို ပြန်လို့ရတယ်။ ဓမ္မာရုံကတော့ မတတ်နိုင်ဘူး။

ကောင်းပြီ ဓမ္မာရုံဆိုတာ ဘာတွေလဲ၊ ဒါနားလည်ထားဖို့ အရေးကြီးတယ်။ ဓမ္မာရုံဆိုတာ ညာဘက်က ဖတ်လိုက်စမ်း၊ ပသာဒရုပ် ၅-ခုတဲ့, ဒါတွေ အခု နားမလည်သေးပေမယ်လို့ အသာမှတ်ထားနော်၊ နောင်ရုပ်ပိုင်းလေ့လာပြီးတဲ့ အခါကျတော့ နားလည်လိမ့်မယ်နော်။

ပသာဒရုပ် ၅-ပါးဆိုတာ အမှန်ကတော့ မျက်စိ အကြည်ဓာတ်, နားအကြည်ဓာတ်, နှာခေါင်းအကြည်ဓာတ်, လျှာအကြည်ဓာတ်, ကိုယ်အကြည်ဓာတ်, အဲဒါကို ပသာဒရုပ် ၅-ပါးလို့ ခေါ်တယ်၊ အဲဒီ ပသာဒရုပ် ၅-ပါးကိုလည်းပဲ ဓမ္မာရုံလို့ ခေါ်တယ်။

ဒါတင် မကသေးဘူး၊ သုခုမရုပ် ၁၆-ပါး၊ ဒါတွေဟာ နောက်မှ နားလည် လိမ့်မယ်၊ ဒါ အခုနားမလည်နိုင်ဘူး၊ ရုပ်ထဲမှာ သိမ်မွေ့တဲ့ရုပ်ရှိတယ်၊ ကြမ်းတမ်းတဲ့ရုပ်

[စာမျက်နှာ-105] ရှိတယ်နော်၊ အဲဒီသိမ်မွေ့တဲ့ရုပ်တွေကို သုခုမရုပ်လို့ခေါ်တယ်၊ သုခုမဆိုတာ သိမ်မွေ့တာကို ဆိုလိုတယ်နော်၊ သိမ်မွေ့တဲ့အတတ်ပညာလို့ ဆိုလိုတာပေါ့လေ။

အဲဒီသုခုမရုပ်က ၁၆-ပါးရှိတယ်တဲ့၊ အဲဒီ သုခုမရုပ်ကိုလည်းပဲ ဓမ္မာရုံလို့ခေါ်ရတယ်၊ ပြီးတော့ စိတ် ၈၉-ကိုလည်း ဓမ္မာရုံလို့ ခေါ်ရတယ်, စေတသိက် ၅၂-ကိုလည်းပဲ ဓမ္မာရုံလို့ခေါ်ရတယ်, နိဗ္ဗာန်ကိုလည်းပဲ ဓမ္မာရုံလို့ခေါ်ရတယ်၊ ပညတ်ကို လည်းပဲ ဓမ္မာရုံလို့ ခေါ်ရတယ်။

ပညတ်ဆိုတာကတော့ ဒီအပေါင်းအစု ဖြစ်သွားတဲ့အခါမှာ ပညတ်ဖြစ်သွား တာပဲ၊ ပြီးတော့ အခေါ်အဝေါ်ကိုလည်း ပညတ်လို့ခေါ်တယ်၊ လူလို့ ပြောလိုက်ရင် ပညတ်နော်၊ ရုပ်+နာမ်လို့ ပြောလိုက်ရင် ပရမတ်ဟုတ်လား၊ ပညတ်ဆိုတာလောကမှာ အလွန်ကိုများတယ်၊ ရှိရှိသမျှ မြင်ရသမျှ ပညတ်တွေချည်းပဲ၊ စကားနဲ့ပြောနေသမျှ စကားလုံးတွေဟာပညတ်၊ ဒီမှာကျတော့ ကသိုဏ်းပညတ် စသည်ဖြင့်လာလိမ့်မယ်နော်၊ ထားပါတော့၊ အဲဒီဟာ အားလုံးကို ဓမ္မာရုံလို့ခေါ်တယ်။

ဒါကြောင့်မို့ အာရုံ ၆-ပါး (သို့မဟုတ်) အာရုံ ၆-မျိုးရှိတယ်၊ ပြန်ပြီးတော့ ဆိုလိုက်စမ်းပါ၊ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ၊ ဓမ္မာရုံ ကျတော့ အကျယ်များသွားတယ်နော်။

အဲဒီလို ရူပါရုံ, သဒ္ဒါရုံ စသည်ဖြင့် ခွဲခြားသည့် အပြင် အခု အာရမ္မဏသင်္ဂဟမှာ ဘယ်လို ခွဲခြားဦးမလဲဆို အောက်မှာဖတ်လိုက်၊ ကာမအာရုံနော်။ ကာမအာရုံလို့ ပြောလိုက်ရင် ဘာလို နားလည်ရမလဲ၊ ကာမစိတ် ၅၄, စေတသိက်-၅၂၊ ရုပ်-၂၈၊ အဲဒီ ၃-မျိုးကို ကာမအာရုံလို့ ပြောလိမ့်မယ်, ခေါ်လိမ့်မယ်။

နောက်တစ်ခုကတော့ မဟဂ္ဂုတ်အာရုံတဲ့၊ မဟဂ္ဂုတ်အာရုံဆိုတာ မဟဂ္ဂုတ်စိတ်-၂၇-ပါးနှင့် စေတသိက်-၃၅-ပါး၊ ပညတ်အာရုံဆိုတာကတော့ ပညတ် ၂၈-ပါးရှိတယ်၊ ဒါကတော့ နောက်မှ နားလည်လိမ့်မယ်၊ ထားခဲ့ဦးတော့။

လောကုတ္တရာအာရုံဆိုတာက လောကုတ္တရာစိတ် ၈-ခုရယ်၊ စေတသိက် ၃၆-ခုရယ်၊ နိဗ္ဗာန်ရယ်။

နောက်တစ်ခုက ကာလဝိမုတ်တဲ့၊ ကာလဝိမုတ်ဆိုတာ ကာလ ၃-ပါးမှ လွတ်တယ်လို့ဆိုတယ်၊ ဒွါရဝိမုတ်ဆိုတာ ဒွါရမှလွတ်တာ။ ကာလ ၃-ပါးမှ လွတ်တယ်ဆိုရင် ပစ္စုပ္ပန်လည်းမဟုတ်ဘူး, အတိတ်လည်း မဟုတ်ဘူး, အနာဂတ်လည်းမဟုတ်ဘူး၊ အဲဒီပစ္စုပ္ပန်, အတိတ်, အနာဂတ်

[စာမျက်နှာ-106] မဟုတ်တဲ့ တရားတွေကို ကာလဝိမုတ်တရားလို့ခေါ်တယ်။

နိဗ္ဗာန်ဟာ ရှိတော့ရှိတယ်နော်၊ ပရမတ္ထအားဖြင့် ရှိတယ်၊ ဒါပေမယ်လို့ ဖြစ်, တည်, ပျက် ဆိုတဲ့ ၃-ချက်မရှိဘူး၊ သိပ်ဆန်းတယ်၊ နိဗ္ဗာန်ဟာ သတ္တဝါတွေအနေနဲ့က ရှိတယ်လို့ ပြောလိုက်ရင် အဲဒီ ဖြစ်တည်ပျက်နဲ့ချည်းပဲ သွားသွား ပြီးတော့ မြင်တတ်တယ်၊ ဒါနဲ့ သွားသွားကြည့်တတ်တယ်၊ အဖြစ်ရှိရင် အပျက်ရှိရမယ်။ ဒါရှောင်လို့ကို မရဘူး၊ လောကသဘာဝဟုတ်လား။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အဖြစ်ရှိရာ မဟုတ်ဘူး၊ သို့သော် သူ့သဘာဝအလိုက် အမြဲ တည်ရှိတယ်နော်၊ အဲဒါကြောင့် နိဗ္ဗာန်ဟာ အတိတ်က နိဗ္ဗာန်ပဲ, ပစ္စုပ္ပန်နိဗ္ဗာန်ပဲ, အနာဂတ် နိဗ္ဗာန်ပဲလို့ ပြောလို့မရဘူး၊ ဘယ်တုန်းကရှိတယ်, အခု မရှိဘူး၊ နောင်တော့ရှိလိမ့်မယ် စသည်ဖြင့် ပြောလို့မရဘူး၊ ကာလနဲ့ သုံးသပ်ပြီးတော့ ပြောလို့ မရဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်ကို ကာလဝိမုတ်လို့ ခေါ်တယ်။

ပညတ်ဆိုတာကလည်း ဒီအတိုင်းပဲ၊ အမှန်ကတော့ ပညတ်ဆိုတာဟာ ဥပါဒ်, ဌီ, ဘင်အားဖြင့် ဖြစ်, တည်, ပျက်အားဖြင့် အထင်အရှားရှိတာ မဟုတ်ဘူး လူတွေက ခေါ်ဝေါ်သုံးစွဲနေတုန်းမှာ သူရှိသလို ထင်ရတာ၊ လူတွေက မခေါ်ဝေါ်တော့ဘူး, မသုံးစွဲတော့ဘူးဆိုရင် သူပျောက်သလို ဖြစ်သွားတာ၊ အနှစ် တစ်ရာလောက် မြုပ်နေပြီးတော့ လူတွေက ပြန်သုံးလိုက်ပြီဆိုရင် ဝေါဟာရဆိုတာ ပြန်ပေါ်သလို ဖြစ်ပြန်ရော။

ဒါကြောင့်မို့ ပညတ်ဆိုတာဟာလည်းပဲ ရှိတယ်လို့ မဆိုရဘူးနော်၊ ဥပါဒ် ဌီ ဘင်အားဖြင့် ရှိတယ်လို့ မဆိုရဘူး၊ အဲသလို မဆိုရတဲ့အတွက်ကြောင့်မို့ ပညတ်ကိုလည်းအတိတ်ပဲ, ပစ္စုပ္ပန်ပဲ, အနာဂတ်ပဲလို့ မဆိုရဘူး၊ ဒါကြောင့်မို့ ပညတ်ကိုလည်းပဲ ကာလဝိမုတ်တဲ့နော်၊ ကာလ ၃-ပါးမှ အလွတ်၊ ဒါဖြင့် သူတို့က ကာလဝိမုတ်ဖြစ်ရင် ရှေ့က ကာမအာရုံ, မဟဂ္ဂုတ်အာရုံ ဆိုရင်တော့ ပစ္စုပ္ပန်အတိတ် အနာဂတ် ရှိလိမ့်မယ်နော်။

တစ်ခါတလေ စိတ်က ပစ္စုပ္ပန်အာရုံကို အာရုံပြုတယ်၊ တစ်ခါတလေအတိတ်ကို အာရုံပြုတယ်၊ တစ်ခါတလေ အနာဂတ်ကို အာရုံပြုတယ်၊ ကောင်းပြီး ဒါက အာရုံ အမျိုးမျိုးခွဲလိုက်တာ၊ နောက်ထပ် အများကြီး ခွဲတာတွေရှိသေးတယ်၊ သို့သော်တော်လောက်ပြီ ဒီလောက်ဆိုရင် အစတစ်ခေါက်မှာ အကုန်လုံး လျှောက်လုပ်နေရင် ရှုပ်ကုန်လိမ့်မယ်နော်၊ အဲဒါပြီးတော့မှ အာရုံနှင့် အာရမ္မဏိကဆိုတာကို လေ့လာရမယ်။

အာရုံနှင့် အာရမ္မဏိကဆိုတာ ဘာလဲဆိုတော့ အာရုံပြုတတ်တဲ့ တရားကို

[စာမျက်နှာ-107] အာရမ္မဏိကလို့ခေါ်တယ်၊ အာရုံအပြုခံရတဲ့တရားကို အာရုံလို့ခေါ်တယ်၊ ဘယ်ဘက်က အာရမ္မဏိက, ညာဘက်ကအာရုံ၊ အာရမ္မဏိကဆိုတာ အာရမ္မဏရှိတယ်၊ အာရုံရှိတယ်(ဝါ) အာရုံကို ယူတယ်၊ ဘယ်စိတ်က ဘယ်ကို အာရုံပြုတယ်ဆိုတာကို ခွဲခြားရလိမ့်မယ်နော်။

နောင်တုန်းကဝေဒနာဆိုရင်လည်း ဝေဒနာ ၅-ပါးကို သိပြီးတဲ့နောက် စိတ်နဲ့သွားပြီးတော့ ဟပ်တယ်နော်၊ ဟိတ် ၆-ပါးသိပြီးတဲ့နောက်စိတ်နဲ့ သွားပြီးတော့ ဟပ်ရတယ်နော်၊ ထို့အတူပဲ ဒီမှာလည်း အာရုံ ၆-ပါးကို သိပြီးတဲ့နောက် စိတ်နဲ့ ဟပ်ရလိမ့်မယ်၊ စိတ်နဲ့ဟပ်တော့ ဒါက သင်္ဂြိုဟ်ကျမ်းမှာလာတဲ့အတိုင်း ရေးထား တယ်နော်၊ ပြီးတော့မှ စိတ်တစ်ခုယုတ် ၉၀ဇယားကွက်နဲ့ ပြန်ပြီးတော့ သွားဦးမယ်။

အခုဖတ်လိုက်စမ်း, ဘာတဲ့တုန်း၊ စက္ခုဝိညာဏ်ဒွေး စက္ခုဝိညာဏ်စိတ် ၂-ခုသည် ဘယ်ကို အာရုံပြုသလဲ, ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်၊ စက္ခုဝိညာဏ်က အတိတ်ရူပါရုံကို အာရုံမပြုဘူး၊ အနာဂတ်ရူပါရုံကို အာရုံမပြုဘူး၊ ဘာကြောင့်လဲ ဆိုတော့ လက်တွေ့မြင်နေရတဲ့ဟာကို စက္ခုဝိညာဏ်က မြင်တာကိုး၊ လက်တွေ့ ရှိနေတဲ့ မျက်မှောက်မှာရှိနေတဲ့ အာရုံကို စက္ခုဝိညာဏ်က မြင်တာ။

လွန်သွားတဲ့ အတိတ်ကျတော့ စိတ်နဲ့မနောဝိညာဏ်နဲ့သိတယ်၊ အနာဂတ် မရှိသေးတဲ့ဟာကိုလည်း မနောဝိညာဏ်နဲ့သိတယ်၊ စက္ခုဝိညာဏ်နဲ့သိတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ စက္ခုဝိညာဏ်စိတ် ၂-ပါးသည် ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုသည်။

သောတဝိညာဏ်စိတ် ၂-ပါးသည် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုသည်၊ အခု ဦးဇင်း ပြောတဲ့စကားကြားနေတယ်၊ ကြားတဲ့စိတ်တွေဟာ သောတဝိညာဏ်စိတ်၊ တကယ့် ပစ္စုပ္ပန်ပြောနေတဲ့ အသံကိုကြားနေတာ၊ ဟိုအပတ်က ပြောခဲ့တဲ့အသံကို စိတ်ထဲကကြားတယ်၊ ဒါကျတော့ သောတဝိညာဏ် မဟုတ်တော့ဘူးနော်၊ မနောဓာတ်မဟုတ်ဘူး၊ တခြားကုသိုလ်စိတ် ဖြစ်လိမ့်မယ်၊

ပြီးတော့ ဃာနဝိညာဏ် ၂-ပါးတဲ့ ဃာနဝိညာဏ် ၂-ပါးက ပစ္စုပ္ပန်ဂန္ဓာရုံကို အာရုံပြုတယ်၊ အနံ့ပေါ့၊ ရေမွှေးနံ့လေးမွှေးတယ်၊ ပန်းနံ့မွှေးတယ်၊ သို့မဟုတ် မကောင်းတဲ့အနံ့ နံတယ်၊ အဲဒီလို အနံ့ထင်ရှားရှိနေတုန်းမှာ တွေ့သိရတဲ့စိတ်ကို ဃာနဝိညာဏ်၊ ဒါကြောင့်မို့ ဃာနဝိညာဏ်စိတ်က ပစ္စုပ္ပန်ဂန္ဓာရုံကို အာရုံပြုတယ်။

နောက် ၂-ခုက ဇိဝှါဝိညာဏ် ၂-ခု, ဘယ်ကို အာရုံပြုလဲ, ပစ္စုပ္ပန်ရသာရုံကို အာရုံပြုတယ်နော်၊ တစ်စုံတစ်ခု စားကြည့်လိုက်စမ်းနော်၊ ကောင်းရင်လည်း ကောင်းတယ်, မကောင်းရင်လည်း မကောင်းဘူး, ချိုရင်ချိုတယ်၊ ချဉ်ရင်ချဉ်တယ်

[စာမျက်နှာ-108] စပ်ရင် စပ်တယ်ပေါ့၊ လက်တွေ့ သိသွားတာ၊ အဲဒီလက်တွေ့ ရှိနေတုန်းကို သိတဲ့ စိတ်သည် ဇိဝှါဝိညာဏ်စိတ်၊ ဒါကြောင့်မို့ ဇိဝှါဝိညာဏ်စိတ်က လက်တွေ့ ရှိနေတဲ့ ပစ္စုပ္ပန်ရသာရုံကို အာရုံပြုတယ်၊ မနက်က စပ်ခဲ့တာပြန်ပြီး အာရုံပြုရင် ဒီစိတ် မဟုတ်ဘူး။

နောက် ကာယဝိညာဏ်စိတ် ၂-ခုနော်၊ ကာယဝိညာဏ်စိတ် ၂-ခုက ဘယ်ကို အာရုံပြုတုန်း၊ ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုတယ်၊ အခုလက်ရှိတွေ့ထိနေတဲ့ အာရုံကို အာရုံပြုတယ်ပေါ့နော်။ လက်နဲ့ စက္ကူနဲ့ ထိနေတယ်နော်၊ လက်နဲ့ခဲတံနဲ့ ထိနေတယ်, ခန္ဓာကိုယ် တစ်ခုနှင့်တစ်ခု ထိနေတယ်, အဲဒီလို လက်ရှိအတွေ့အထိကို အာရုံပြုတဲ့စိတ်, ကာယဝိညာဏ်စိတ်။

ဒါကြောင့်မို့ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်၊ ဤဝိညာဏ် ၅-ပါး သို့မဟုတ် ၁၀-ပါးက ပစ္စုပ္ပန်ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံနော်၊ ဒါကို အကျဉ်းခေါ်လိုက်တော့ ပဉ္စာရုံလို့ ခေါ်တယ်နော်၊ ပဉ္စက ၅၊ အာရုံက အာရုံဆိုတော့ အာရုံ ၅-ပါးပေါ့၊ ပစ္စုပ္ပန်အာရုံ ၅-ပါးကို အာရုံပြုတယ်။

မနောဓာတ် ၃-ခု၊ မနောဓာတ်ဆိုတဲ့အသုံး သုံးလာပြီ၊ နောက် ဟိုအပတ်တုန်း ကပြောခဲ့တယ်၊ မနောဓာတ်ဆိုတာ နားလည်အောင်လုပ်ထားကြဆိုတာ မှတ်မိသေးရဲ့လား။ ပဉ္စဒွါရာဝဇ္ဇန်းရယ်, သမ္ပဋိစ္ဆိုင်းဒွေးရယ်, အဲဒီ ၃-ခုကို မနောဓာတ်၊ အဲဒီ မနောဓာတ် ၃-ခုကလဲပဲ, ပစ္စုပ္ပန် အာရုံ ၅-ပါး, ပစ္စုပ္ပန် ပဉ္စာရုံကို အာရုံပြုတယ်။ ရံခါက ရူပါရုံကို အာရုံပြုမယ်၊ ရံခါက သဒ္ဒါရုံကို အာရုံပြုမယ်လို့ ဒီလိုသွားရမယ်။ ဒီအာရုံ ၅-ပါးကို တစ်ပြိုင်နက်ပြုတာ မဟုတ်ဘူးနော်၊ နောင် ဝီထိနှင့်ယှဉ်ပြီးပြောလာတဲ့ အခါကျတော့ ပိုပြီးတော့ ထင်ရှားလိမ့်မယ်၊ ဒီသင်္ဂြိုဟ်ကဒီလိုပဲ၊ ကုန်ပြီးမှ နောက်တစ်ခေါက်မှ ကောင်းကောင်းနားလည်တာ။

ပထမတစ်ခေါက်ကတော့ ဒီလိုပဲ နားလည်သလိုလို မလည်သလိုလိုနဲ့ သွားတာပေါ့၊ ဘာကြောင့်လဲဆိုတော့ မရောက်သေးတဲ့ဟာကို လှမ်းလှမ်းပြီးတော့ ပြောပြောနေရတာကို သင်နေရတာကို အဲဒါတွေ ဝီထိနဲ့ သွားတဲ့အခါကျတော့ ပိုပြီးတော့ ထင်ရှားလိမ့်မယ်။ ကောင်းပြီ, အဲဒီတော့ မနောဓာတ် ၃-ခုသည် ပစ္စုပ္ပန်အာရုံ ၅-ပါးကို

[စာမျက်နှာ-109] အာရုံပြုတယ်၊ မနောဓာတ် ၃-ပါး ဘယ်ဒွါရတွေမှာဖြစ်လဲ မှတ်မိသေးလား၊ လွန်ခဲ့တဲ့အပတ်က ဒွါရသင်္ဂဟ ဇယားကွက်ပြန်ကြည့်စမ်း၊ ပဉ္စဒွါရာဝဇ္ဇန်းက စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရမှာ မဖြစ်ဘူးလား၊ သမ္ပဋိစ္ဆိုင်းဒွေးကလည်း အဲဒါပဲ၊ ဒီ ၅-ဒွါရမှာဖြစ်တယ်။

ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးကို မနောဓာတ် ၃-ခုလို့ခေါ်တယ်။ ဒီမနောဓာတ် ၃-ခုသည် ဘယ်ဒွါရတွေမှာဖြစ်သလဲဆိုရင် ၅-ဒွါရမှာဖြစ်တယ်၊ ၅-ဒွါရမှာဖြစ်တယ်ဆိုရင်ဖြင့် ၅-အာရုံကို အာရုံပြုတယ်ပေါ့၊ တစ်ဒွါရ အာရုံတစ်ခုမှ စက္ခုဒွါရဆိုရင်ရူပါရုံ, သောတဒွါရဆိုရင် သဒ္ဒါရုံ စသည်ဖြင့် သွားရော။

ဒါကြောင့်မို့ ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်း ၂-ခုဆိုတဲ့ မနောဓာတ် ၃-ခုသည် ဘယ်အာရုံကို အာရုံပြုသလဲဆိုရင် ပစ္စုပ္ပန်အာရုံ ၅-ပါးကို အာရုံပြုတယ်နော်၊ ဒါကြောင့်မို့ ၅-ဒွါရမှာ ဖြစ်တယ်လို့ ဆိုရတယ်၊ သူတို့ကို စက္ခုဒွါရမှာလည်း ဖြစ်တယ်၊ သောတဒွါရမှာလည်း ဖြစ်တယ် စသည်ဖြင့် သွားရမယ်၊ စက္ခုဝိညာဏ်ဒွေးကတော့ စက္ခုဒွါရမှာသာဖြစ်တယ်၊ သောတဒွါရမှာ မဖြစ်ဘူး။

ရှေ့ဆက်သွားလိုက်, မနောဓာတ်ပြီးတော့ သန္တီရဏစိတ် ၃-ခု, ဟသိတုပ္ပါဒ် စိတ် ၁-ခုတဲ့နော်၊ ပြီးတော့ ကာမာဝစရဝိပါက်စိတ် ၈-ခု၊ အားလုံးပေါင်းလိုက်တော့ ၁၂-ခု၊ ဒီ ၁၂-ပါးသော စိတ်တို့က ဘယ်ကို အာရုံပြုသတဲ့တုန်း, ကာမစိတ် ၅၄, စေတသိက်-၅၂, ရုပ်-၂၈, ကာမတရားကို အာရုံပြုတယ်၊ အတိုကောက်ပြောချင်ရင် ကာမတရားကို အာရုံပြုတယ်၊ ကာမတရားကို အာရုံပြုတဲ့စိတ် ဘယ်လောက်ရှိသလဲ ၁၂-လို့ ပြောရမယ်နော်၊ အားလုံးပေါင်းရင် မကသေးဘူး၊ အဲဒီတော့ သန္တီရဏစိတ် ၃- ခုရယ်၊ ဟသိတုပ္ပါဒ်စိတ် ၁-ခုရယ်၊ မဟာဝိပါက်စိတ် ၈-ခုရယ်၊ ဒီ ၁၂ ခုသော စိတ်တို့က ကာမစိတ် ၅၄, စေတသိက် ၅၂, ရုပ်-၂၈တို့ကို အာရုံပြုတယ်။

နောက်တစ်ခုက အကုသိုလ်စိတ်-၁၂၊ ဉာဏဝိပ္ပယုတ် ကာမာဝစရကုသိုလ် ၄-ခု၊ ဉာဏဝိပ္ပယုတ် ကာမာဝစရကြိယာ ၄-ခု၊ ကာမာဝစရကုသိုလ်ထဲက ဉာဏ်နှင့် မယှဉ်တဲ့ ကုသိုလ် ၄-ခု၊ ကာမာဝစရကြိယာထဲက ဉာဏ်နဲ့မယှဉ်တဲ့ ကြိယာ ၄-ခု၊ အဲဒီတော့ အားလုံးပေါင်းလိုက်ရင် ၄+ ၄+၁၂=၂၀။

အဲဒီ ၂၀-သောစိတ်တို့က ဘယ်အာရုံတွေကို အာရုံပြုနိုင်သတဲ့တုန်း လောကီစိတ်-၈၁, စေတသိက်-၅၂, ရုပ်-၂၈, ပညတ်, လောကုတ္တရာချန်ပြီး အကုန်အာရုံပြုတယ်ပေါ့၊ လောကုတ္တရာကိုတော့ သူတို့ အာရုံမပြုနိုင်ဘူး၊ လောကီတော့ဖြင့် နယ်ကုန်အောင် အာရုံပြုနိုင်တယ်။

[စာမျက်နှာ-110] ဒါကြောင့်မိုလို့ အကုသိုလ်စိတ်ဟာ ဘယ်ကိုအာရုံပြုသလဲလို့မေးရင် ဘယ့်နှယ်လဲ၊ လောကီတရားတွေ အားလုံးအာရုံပြုတယ်နော်၊ ဒါကြောင့်မို့ အကုသိုလ်ရဲ့ နယ်ပယ်က လောကီမှ မလွတ်နိုင်ဘူး။ ဒါကြောင့်မို့လဲ လောကုတ္တရာလို့ခေါ်တာ၊ လောကုတ္တရာဆိုတာ လောကထဲက ထွက်သွားပြီ၊ အကုသိုလ်ရဲ့ နယ်ကနေပြီးတော့ လွန်သွားပြီလို့ ဆိုလိုတယ်၊ အကုသိုလ်ဟာ ဘယ်လောက်နယ်ကျယ်သလဲဆိုတာ ခန့်မှန်းနိုင်တယ်။ အဲဒါက လောကီစိတ်-၈၁၊ စေတသိက်-၅၂၊ ရုပ်-၂၈ ပညတ်။

နောက်တစ်ခုက ဉာဏသမ္ပယုတ်, ကာမာဝစရကုသိုလ်-၄၊ ခုန ဉာဏဝိပ္ပယုတ်ယူပြီးပြီ၊ အခု ဉာဏသမ္ပယုတ်ယူတယ်၊ ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်-၄, ကုသိုလ်အဘိဉာဉ် ၁၊ အဘိဉာဉ်ဆိုတာလဲ နားမလည် သေးဘူးနော်။

အဘိညာဏ်ဆိုတာဘာလဲဆိုရင် ပဉ္စမဈာန်နော်၊ ပဉ္စမဈာန် ရိုးရိုးမဟုတ်ပဲနဲ့ အထူးပွားများအပ်တဲ့ ပဉ္စမဈာန်ကို အဘိညာဏ်လို့ ခေါ်တယ်၊ အဲဒီ အဘိညာဏ်က ကုသိုလ်အဘိညာဏ်ရှိတယ်, ကြိယာအဘိညာဏ်ရှိတယ်, ရူပါဝစရကုသိုလ် ပဉ္စမဈာန်, ရူပါဝစရကြိယာ ပဉ္စမဈာန်, ကုသိုလ်အဘိညာဏ်။

ဈာန်နဲ့ အဘိညာဏ် နည်းနည်းကွာတယ်၊ ဈာန်ဆိုတာက ရိုးရိုး၊ အဘိညာဏ်ဆို တာက အဲဒီပဉ္စမဈာန်ပဲ၊ သို့သော် အဲဒီပဉ္စမဈာန်ကို အထူးတလည် အားထုတ်ရတာ၊ အထူးတလည် အားထုတ်တဲ့အတွက်ကြောင့်မိုလို့ အဲဒီအဘိညာဏ် ပေါက်သွားပြီ အဘိညာဏ် ရသွားပြီဆိုရင် နောက်ဘဝတွေ အများကြီး ပြန်မြင်နိုင်တာတို့ သူတစ်ပါးစိတ်သိတာတို့၊ ဟို အဝေးကြီး ကွယ်နေတာတွေ ဘာတွေပါ လှမ်းမြင် နိုင်တာတို့၊ အဝေးကြီး လှမ်းကြားနိုင်တာတို့ဆိုတဲ့ ဒီလို အစွမ်းသတ္တိတွေရတယ်၊ အဲဒီလို ကောင်းကင်ပျံနိုင်တာတို့ မြေလျှိုးနိုင်တာတို့ဟာ အဘိညာဏ်ရမှ လုပ်နိုင်တာ၊ ဈာန်ရရုံနှင့် မလုပ်နိုင်ဘူး။

အခုတော့ လူတွေက ဈာန်ပျံတယ်, ဈာန်ပျံတယ်နဲ့ သုံးသုံးနေတော့ ဈာန်ရ ရုံနှင့် ကောင်းကင်ပျံနိုင်တယ်ထင်နေတာ၊ ရေပေါ်လမ်းလျှောက်နိုင်တယ်ထင်နေတာ မဟုတ်ဘူး၊ အဲဒီအဘိညာဏ်ကိုရမှနော်၊ အဘိညာဏ်ဆိုတာ ပဉ္စမဈာန်ပဲ။

အဲဒီတော့ ဉာဏသမ္ပယုတ် ကုသိုလ် ၄-ခု၊ ကုသိုလ်အဘိညာဏ် ၁-ခု၊ ပေါင်း ၅-ခု၊ သူတို့က ဘယ်တရားတွေကို အာရုံပြုနိုင်သလဲ၊ စိတ်-၈၇၊ စိတ် ၈၉ ထဲက ဘာနုတ်ရမလဲ အရဟတ္တမဂ်ရယ်, အရဟတ္တဖိုလ်ရယ်, ရဟန္တာနှင့်ဆိုင်တဲ့ စိတ်နုတ်လိုက်တာ။

[စာမျက်နှာ-111] အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်စိတ် ၈၇-ခု၊ စေတသိက်-၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ်၊ သူတို့က နိဗ္ဗာန်ရော ပညတ်ရော အကုန် အာရုံပြုနိုင်တယ်နော်။ ဆိုးတော့ မဆိုးဘူး၊ နောက်တစ်ခုကကော ဉာဏသမ္ပယုတ် ကာမာဝစရ ကြိယာ ၄-ခု၊ ဒီကျတော့ ရဟန္တာနှင့်ဆိုင်လာပြီ ကြိယာ အဘိညာဏ် ၁-ခုနော်။

ကြိယာအဘိညာဏ်ဆိုတာ ဘာလဲ၊ ရူပါဝစရ ပဉ္စမဈာန်ကြိယာ၊ ပြီးတော့ ဝုဋ္ဌော ၁၊ ဝုဋ္ဌောဆိုတာ မနောဒွါရာဝဇ္ဇန်းနော်၊ ဒီစိတ် ၆-ပါးက စိတ်-၈၉၊ စေတသိက်-၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ် အာရုံအားလုံးလို့ ဆိုလိုတယ်နော်။ သူတို့မပြုနိုင်တဲ့ အာရုံရယ်လို့ မရှိဘူး။

ဉာဏသမ္ပယုတ် ကာမာဝစရ ကြိယာဆိုတော့ ဘုရားရဟန္တာ သန္တာန်မှာ ဖြစ်တဲ့စိတ်နော်၊ ကြိယာအဘိညာဏ်ဆိုတာလည်း ဘုရားရဟန္တာသန္တာန်မှာ ဖြစ်တယ်။

ဝုဋ္ဌောဆိုရာမှာလည်းပဲ ဒီနေရာမှာ မြတ်စွာဘုရား သန္တာန်မှာဖြစ်တဲ့ ဝုဋ္ဌော စိတ်ကို ယူရမယ်နော်၊ မြတ်စွာဘုရား သန္တာန်မှာဖြစ်တဲ့ ဝုဋ္ဌောစိတ်ကမှ ရှိရှိသမျှ အာရုံ အားလုံးကို အာရုံပြုနိုင်တာ။

ရဟန္တာတို့ ပစ္စေကဗုဒ္ဓါတို့ဆိုရင် အာရုံ အကုန်လုံးကို အာရုံမပြုနိုင်သေးဘူးနော်၊ ဘာကြောင့်တုန်းဆိုတော့ မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်တော်ကို ရတော်မူတယ်။ သဗ္ဗညုတဉာဏ်ဆိုတာ အကုန်လုံးကို သိတဲ့ဉာဏ်၊ အဲဒီလို အကုန်လုံးကိုသိတဲ့ ဉာဏ်ကိုရတာဟာ မြတ်စွာဘုရားသာရှိတယ်၊ ဒါကြောင့်မို့ ဒီမြတ်စွာဘုရား သန္တာန်မှာဖြစ်တဲ့ ဝုဋ္ဌောစိတ်ကသာ အမှန်ကတော့ အာရုံအားလုံးကို အာရုံပြုနိုင်တာ။

ရဟန္တာတို့ ပစ္စေကဗုဒ္ဓါတို့ သန္တာန်မှာဖြစ်ရင် အားလုံးကို အာရုံမပြုနိုင်သေးဘူး၊ နည်းနည်းကျန်နေတာရှိလိမ့်ဦးမယ်။

ဒီနေရာမှာတော့ တရားသဘောပြောတာဆိုတော့ အဲသလို မခွဲခြားတော့ပဲနဲ့ ဉာဏသမ္ပယုတ် ကာမာဝစရကြိယာစိတ် ၄-ခု၊ ကြိယာ အဘိညာဏ်-၁၊ ဝုဋ္ဌော-၁၊ ဒီ ၆-ပါးသည် စိတ်အားလုံး၊ စေတသိက်အားလုံး၊ ရုပ်အားလုံး၊ နိဗ္ဗာန်၊ ပညတ် ရှိသမျှ အာရုံတွေကို အာရုံပြုနိုင်တယ်၊ အစွမ်းအထက်ဆုံးစိတ်တွေပေါ့။

နောက်ဘာတဲ့တုန်း ဒုတိယနှင့် စတုတ္ထအရူပစိတ်၊ ဒုတိယဆိုတော့ ဝိညာဏဉ္စာယတနစိတ်၊ စတုတ္ထဆိုတော့ နေဝသညာနာသညာယတနစိတ်၊ အဲဒီ စိတ်တွေက မဟဂ္ဂုတ်တရားကို အာရုံပြုတယ်တဲ့။

ဒီနေရာမှာ မဟဂ္ဂုတ်တရားအရ ဘာကို ယူရမလဲ၊ ပထမနှင့် တတိယ အရူပစိတ်နော်၊ ဒီစိတ်ပိုင်းပြန်ပြီးတော့ သတိရရင် ရှင်းတယ် ပထမ အရူပါဝစရစိတ်က

[စာမျက်နှာ-112] ကောင်းကင်ပညတ်ကိုအာရုံပြုတယ်၊ ဒုတိယအရူပါဝစရစိတ်က ပထမ အရူပါဝစရစိတ်ကို အာရုံပြုတယ်၊ တတိယအရူပါဝစရစိတ်က နတ္ထိဘောပညတ်ကို အာရုံပြုတယ်။ စတုတ္ထအရူပါဝစရစိတ်က တတိယ အရူပါဝစရစိတ်ကို အာရုံပြုတယ်။

ဒါကြောင့်မို့ ဒုတိယအရူပါဝစရစိတ်နဲ့ စတုတ္ထအရူပါဝစရစိတ်က ဘယ်ကို အာရုံပြုသလဲမေးရင် မဟဂ္ဂုတ်တရားကို အာရုံပြုတယ်၊ ဘာကြောင့်တုန်း အာကာသာနဉ္စာယတနစိတ်နှင့် အာကိဉ္စညာယတနစိတ်ဆိုတာ မဟဂ္ဂုတ်တရားတွေနော်၊ ဒါကြောင့်မို့ မဟဂ္ဂုတ်တရားကို အာရုံပြုတယ်၊ ဒါဖြင့် မဟဂ္ဂုတ်တရားကို အာရုံပြုတဲ့စိတ် ၆-ပါးရှိတယ်ပေါ့။

နောက်တစ်တန်းက ရူပါဝစရစိတ် ၁၅-ခု၊ ပထမနှင့် တတိယ အရူပါဝစရစိတ် ၆-ခု အားလုံးပေါင်းလိုက်ရင်။

ပြန်ပြောကြဦးစို့၊ ရူပါဝစရစိတ် ၁၅-ခု၊ ပထမနှင့် တတိယ အရူပါဝစရစိတ် ၆-ခု၊ အားလုံးပေါင်း ၂၁-ပါး၊ ဒီ ၂၁-ပါးက ပညတ်တရားကို အာရုံပြုတယ်။

ပညတ်ဆိုရာမှာ ပညတ်ပေါင်း ၂၈-မျိုး ရှိတယ်၊ နောင် ကမ္မဋ္ဌာန်းပိုင်းကျမှ နားလည်လိမ့်မယ်၊ အခုတည်းက လျှောက်ပြောနေရင် ရှုပ်နေမှာစိုးလို့။

အဲဒီတော့ နည်းနည်းလေးတော့ ပြောပြမယ်၊ ဈာန်ရအောင် အားထုတ်တဲ့ အခါမှာ စိတ်ပိုင်းတုန်းကလည်း ပြောခဲ့ဖူးတယ်၊ ကမ္မဋ္ဌာန်းအမျိုးမျိုး ကိုယ်ကြိုက်တဲ့ ကမ္မဋ္ဌာန်းကို အားထုတ်လို့ရတယ်၊ အထူးဖြင့်တော့ ဈာန်ကို ရစေနိုင်တဲ့ ကမ္မဋ္ဌာန်းမျိုးပေါ့။ ကမ္မဋ္ဌာန်း ၄၀-ရှိပေမယ်လို့ ၄၀-လုံးက ဈာန်ကို ရစေနိုင်တာမဟုတ်ဘူး၊ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိတို့က ဈာန်ကို မရစေနိုင်ဘူး။

အဲဒီတော့ ဈာန်ရချင်တယ်ဆိုရင် ဈာန်ကို ရစေနိုင်တဲ့ ကမ္မဋ္ဌာန်းကို အားထုတ်ရမယ်၊ ကသိုဏ်းရှုတယ်၊ ကသိုဏ်း အားထုတ်တယ်ဆိုပါတော့၊ ကသိုဏ်းအားထုတ်တယ်ဆိုတော့ မြေကြီးကသိုဏ်းလုပ်ပြီးတော့ အဲဒီကသိုဏ်းကို ကြည့်ပြီးတော့ မြေကြီး မြေကြီးနဲ့ ဒီလိုပွားများရင်းကနေပြီးတော့ အဲဒီကသိုဏ်း နိမိတ်ဟာ စိတ်ထဲမှာ ထင်လာမယ်၊ မျက်စိမှိတ်ကြည့်လိုက်ပေမယ်လို့ စိတ်ထဲမှာ ထင်လာမယ်နော်၊ အဲဒီနိမိတ်ပေါ်မှာပဲ တစ်ခါထပ်ပြီးတော့ ပထဝီ၊ ပထဝီပေါ့လေ၊ မြေကြီး မြေကြီး၊ မြေကြီးနဲ့ ထပ်ပြီးတော့ ပွားများလိုက်တဲ့အခါကျတော့ အဲဒီ နိမိတ်ဟာ ပိုပြီးတော့ ကြည်လင်သန့်ရှင်းပြီးတော့ လာတယ်၊ အရောင်ရှိလာတယ်၊ အဲဒီနေရာက နေပြီးတော့ စိတ်ဟာ ငြိမ်ပြီးတော့ နီဝရဏဆိုတဲ့ တရားတွေ ကင်းသွားတဲ့အချိန်မှာ ပထမဈာန်စိတ်ဆိုတာဖြစ်တာ။

[စာမျက်နှာ-113] အဲဒီလိုဖြစ်တဲ့အခါကျတော့ အဲဒီဈာန်စိတ်က ဘယ်လို အာရုံပြုသလဲဆိုရင် ခုနက ကသိုဏ်းပညတ်ကို အာရုံပြုတယ်၊ အဲဒီဟာက ပညတ်ဖြစ်သွားပြီ၊ ပရမတ် မဟုတ်တော့ဘူး၊ စိတ်ထဲမှာဟို conjure လုပ်ပြီးတော့ ပေါ်လာတဲ့ဟာမျိုးပေါ့လေ၊ စိတ်ထဲမှာ ပေါ်လာတဲ့ အခြင်းအရာသဏ္ဌာန်ဆိုတော့ ပညတ်၊ အဲဒီ ကသိုဏ်းပညတ်ကို အာရုံပြုမယ်။

အဲဒီတော့ ရူပါဝစရကုသိုလ်စိတ်ဟာ ကုသိုလ်ဖြစ်ဖြစ်၊ ဝိပါက်ဖြစ်ဖြစ်၊ ကြိယာဖြစ်ဖြစ်ပေါ့လေနော်၊ ရူပါဝစရစိတ်ဟာ အဲဒီလို ကသိုဏ်းပညတ်ကိုလည်း အာရုံပြုတယ်၊ သို့မဟုတ် အသုဘကမ္မဋ္ဌာန်း ပွားများလို့ ပထမဈာန်ရတယ်ဆိုရင်လည်းပဲ ဒီအသုဘကောင်ကြီးကို အာရုံပြုတယ်ပေါ့နော်၊ သို့မဟုတ်လို့ ၃၂ ကောဋ္ဌာသ ကေသာ၊ လောမာ ပွားများပြီးတော့ ပထမဈာန်ရတယ် ဆိုရင်လည်းပဲ ဒီ ကေသာ၊ လောမာ စတဲ့ဟာကို အာရုံပြုတယ်ပေါ့ စသည်ဖြင့် ဒီလိုသွားတယ်။

ဒါကြောင့်မို့ အဲဒီလို ပညတ်အမျိုးမျိုးကို အာရုံပြုတာ၊ သူတို့က ပရမတ်ကို အာရုံမပြုဘူး၊ (ဈာန်စိတ်တွေဟာ)။

ထို့အတူပဲ၊ ပထမ အရူပါဝစရစိတ်က ကောင်းကင်ပညတ်ကို အာရုံပြုတယ်။ တတိယအရူပါဝစရစိတ်က နတ္ထိဘောပညတ်ကို အာရုံပြုတယ်၊ မရှိခြင်း၊ နတ္ထိဘော ဆိုတာလည်း ပညတ်ပဲ၊ ဒါကြောင့်မို့ ရူပါဝစရစိတ် ၁၅-ခုစလုံးနှင့် ပထမ အရူပါဝစရစိတ် ၃-ခု၊ တတိယ အရူပါဝစရစိတ် ၃-ခုပေါင်း ၂၁-ခုက ပညတ်ကို အာရုံပြုတယ်၊ ဒီလောက်ပဲ မှတ်ထားဦး။

ပညတ်တွေရဲ့ အကျယ်က ကမ္မဋ္ဌာန်းပိုင်းရောက်သွားမှ ပိုပြီးတော့ ရှင်းလိမ့်မယ်နော်၊ အခုတော့ ပညတ်ကို အာရုံပြုတယ်၊ ဒီလောက်ပဲမှတ်ထား။

နောက်တစ်ခါ လောကုတ္တရာစိတ် ၈-ခု၊ သူက နိဗ္ဗာန်ကိုအာရုံပြုတယ်၊ နိဗ္ဗာန်ကို တကယ်တိုက်ရိုက် အာရုံပြုနိုင်တာက ဒီ လောကုတ္တရာစိတ် ၈-ပါးပဲ။ ဒီ ကာမာဝစရ ကုသိုလ်စိတ်နဲ့ အာရုံပြုတယ်ဆိုတာက မှန်းဆပြီးတော့ အာရုံပြုတာ။

ကောင်းပြီ အဲဒီတော့ ဒါဟာ အာရုံနှင့် စိတ်နဲ့တွဲတာပေါ့နော်၊ အခု အာရုံနဲ့ စိတ်နဲ့ ဟပ်လိုက်ပြီ၊ အဲဒီတော့ အာရုံတွေကို တစ်ခေါက်ပြန်ကြည့်လိုက်စမ်း။

ပစ္စုပ္ပန် ရူပါရုံ၊ ပစ္စုပ္ပန် သဒ္ဒါရုံ၊ ပစ္စုပ္ပန် ဂန္ဓာရုံ၊ ပစ္စုပ္ပန် ရသာရုံ၊ ပစ္စုပ္ပန် ဖောဋ္ဌာဗ္ဗာရုံ၊ ပစ္စုပ္ပန်အာရုံ ၅-ပါး၊ အဲဒီလိုရှိတော့ ရူပါရုံဆိုတာ ရုပ်ပဲ မဟုတ်ဘူးလား၊ သဒ္ဒါရုံဆိုတာကော ရုပ်ပဲနော်၊ ရုပ်ဆိုတာ Matter ပြောတာ၊ ဂန္ဓာရုံဆိုတာလည်း ရုပ်ပဲ၊ ရသာရုံဆိုတာလည်း ရုပ်ပဲ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာလည်း ရုပ်ပဲ။

[စာမျက်နှာ-114] အဲဒီတော့ ရုပ်တရားဖြစ်ရင် ကာမအာရုံလား?၊ မဟဂ္ဂုတ်အာရုံလား?၊ နိဗ္ဗာန်လား?၊ ရုပ်တရားဟာ ဘယ်ထဲပါလဲ၊ ကာမထဲပါတယ်၊ သေသေချာချာ မှတ်ထားနော်။ အဲဒီတော့ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် စက္ခုဝိညာဏ်ဒွေးသည် ကာမတရားကို အာရုံပြုတယ်လို့ ပြောလို့ရတယ်၊ သောတဝိညာဏ်ဒွေး၊ ဃာနဝိညာဏ်ဒွေး၊ ဇိဝှါဝိညာဏ်ဒွေး၊ ကာယဝိညာဏ်ဒွေး၊ မနောဓာတ် ၃-ခု၊ ကာမတရားကို အာရုံပြုတယ်လို့ပြောရင် ရတယ်နော်။

ကောင်းပြီ၊ တစ်ခါ သန္တီရဏစိတ် ၃-ခုရယ်၊ ဟသိတုပ္ပါဒ်စိတ် ၁-ခုရယ်၊ ကာမဝိပါက်စိတ် ၈-ခုရယ်၊ ၁၁-ခု သူကလည်း ကာမစိတ်၊ စေတသိက်၊ ရုပ် ဆိုတော့ ကာမတရားကို အာရုံပြုတယ်ပေါ့။

ကောင်းပြီ၊ နောက်တစ်ခုကြည့်လိုက်စမ်း၊ အကုသိုလ်စိတ် ၁၂-ခု၊ ဉာဏဝိပ္ပယုတ် ကာမာဝစရဝိပါက်စိတ် ၄-ခု၊ ဉာဏဝိပ္ပယုတ် ကာမာဝစရကြိယာစိတ် ၄-ခု၊ ပေါင်း-၂၀၊ သူတို့က လောကီစိတ်၊ စေတသိက်၊ ရုပ်၊ ပညတ်၊ ဆိုတော့ကို ကာမတရားထဲပါတယ်၊ မဟဂ္ဂုတ်တရားရောပါတယ်နော်၊ လောကုတ္တရာမပါဘူး၊ အဲဒီတော့ ကာမတရားပါတယ်၊ မဟဂ္ဂုတ်တရားပါတယ်။

ကိုင်း- နောက်တစ်ခုကြည့်လိုက် ဉာဏသမ္ပယုတ် ကာမာဝစရ ကုသိုလ်စိတ် ၄-ခု၊ ကုသိုလ်အဘိညာဏ် ၁-ခု၊ ကုသိုလ်အဘိညာဏ်ဆိုတာ ကုသိုလ်ပဉ္စမဈာန်ကို ခေါ်တာ။

အဲဒီ ၅-ခုက အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ်တဲ့စိတ်-၈၇၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ဆိုတော့ ကာမတရားကိုလည်း အာရုံပြုတယ်၊ မဟဂ္ဂုတ်တရားကိုလည်း အာရုံပြုတယ်၊ လောကုတ္တရာ နိဗ္ဗာန်ကိုလည်း အာရုံပြုတယ်၊ ပညတ်ကိုလည်း အာရုံပြုတယ်။

နောက် အစုကို ကြည့်လိုက်စမ်း၊ ဉာဏသမ္ပယုတ် ကြိယာစိတ် ၄-ခု၊ ကြိယာအဘိညာဏ်-၁၊ ဝုဋ္ဌော-၁၊ အားလုံး ၆၊ သူတို့ကတော့ ရှိသမျှ အာရုံပြုတယ်။ ရှိသမျှ အာရုံပြုတယ်ဆိုသဖြင့် ကာမ၊ မဟဂ္ဂုတ်၊ နိဗ္ဗာန်၊ ပညတ် အားလုံး အာရုံပြုတာ။

ကောင်းပြီ၊ ဒုတိယနှင့် စတုတ္ထအရူပစိတ် ၃-ခုစီ ဆိုတော့ ၆-ခု၊ ဘယ်ကို အာရုံပြုလဲ၊ မဟဂ္ဂုတ်တရားကိုပဲ အာရုံပြုတယ်။

ရူပစိတ် ၁၅-ခု၊ ပထမ၊ တတိယ အရူပါဝစရစိတ် အားလုံး ၂၁-က ပညတ်

[စာမျက်နှာ-115] ကို အာရုံပြုတယ်နော်၊ လောကုတ္တရာစိတ် ၈-ခုက နိဗ္ဗာန်အာရုံပြုတယ်၊ ဟုတ်ပြီလား၊ ကောင်းပြီး နည်းနည်းလေး exercise လုပ်လိုက်ကြအောင်။

အဲဒီတော့ အခု အာရုံ ကြည့်လိုက်ရင် ကာမတရားသက်သက် အာရုံရှိတယ်၊ ကာမနှင့် မဟဂ္ဂုတ်ရောနေတာရှိတယ်၊ ကာမ၊ မဟဂ္ဂုတ်၊ လောကုတ္တရာ နိဗ္ဗာန် ရောနေတာတွေရှိတယ်။

အဲဒီတော့ မေးမယ်၊ ကာမတရားကိုသာ အာရုံပြုတဲ့စိတ်၊ မဟဂ္ဂုတ်ပါနေရင် မလိုချင်ဘူး၊ လောကုတ္တရာပါနေရင် မလိုချင်ဘူး၊ ပညတ်ပါနေရင် မလိုချင်ဘူး၊ အဲဒီတော့ ဘယ်လောက်လဲ၊ ကာမတရားကိုသာ အာရုံပြုတဲ့စိတ်၊ ၁၀-ရယ်၊ ၃-ရယ်၊ ၁၂-ရယ်၊ အားလုံးဘယ်လောက်လဲ၊ ၂၅-နော်၊ ကာမတရားကိုသာ အာရုံပြုတဲ့စိတ်၊ တခြားဟာ မပါဘူး။

ကောင်းပြီ၊ မဟဂ္ဂုတ်တရားသက်သက်ကိုသာ အာရုံပြုတဲ့စိတ် ၆-ခုပဲရှိတယ်။ နိဗ္ဗာန် သက်သက်ကိုသာ အာရုံပြုတဲ့စိတ် ၈-ခုပဲရှိတယ်။ ပညတ်သက်သက်ကိုသာ အာရုံပြုတဲ့စိတ် ၂၁-ပါးရှိတယ်။

ဒါဖြင့်ရင် ၂၀-ရယ်၊ ၅-ရယ်၊ ၆-ရယ်၊ ဒီ ၃-ခုကနော်၊ သူက အရောရော အနှောနှောဖြစ်မှာပေါ့၊ ကာမကို ရံခါ အာရုံပြုတယ်လို့ ဆိုနိုင်တာပေါ့။

မဟဂ္ဂုတ်ကို ရံခါအာရုံပြုတယ်နော်၊ ပြီးတော့ အဲဒီထဲမှာ ၅-နှင့် ၆-က နိဗ္ဗာန်ကို ရံခါအာရုံပြုတယ်၊ ကောင်းပြီ၊ အဲဒီတော့ ပြန်လုပ်ကြရအောင်၊ ကာမတရားကို ရံခါ အာရုံပြုတဲ့စိတ်၊ ကာမတရားကို ရံခါဆိုတော့ ကာမတရား သက်သက် မဟုတ်ဘူးလို့ ဆိုလိုတယ်နော်၊ ကာမတရားလည်းပါတယ်၊ တခြားဟာတွေလည်း အာရုံပြုတယ်ဆိုရင် ၂၀-ရယ်၊ ၅-ရယ်၊ ၆-ရယ်၊ ၃၁-ကောင်းပြီ၊ ကာမသက်သက်ကိုသာ အာရုံပြုတယ်ဆိုရင်-၂၅။

မဟဂ္ဂုတ်တရား သက်သက်ကို အာရုံပြုတဲ့စိတ် ၆-ခု၊ မဟဂ္ဂုတ်တရားကိုပါ အာရုံပြုတဲ့စိတ် မထူးဘူး၊ ၂၀-ရယ်၊ ၅-ရယ်၊ ၆-ရယ်၊ ၂၀-ထဲမှာ မဟဂ္ဂုတ်တရား မပါဘူးလား၊ လောကီစိတ် ၈၁-ထဲလည်းပါတာပဲ၊ စိတ် ၈၇-ထဲလည်းပါတာပဲ၊ စိတ် ၈၉-ထဲလည်းပါတာပဲ၊ ဒါဖြင့်ရင် မဟဂ္ဂုတ်တရားကိုသာ အာရုံပြုစိတ်ဆိုရင် ၂၀-၅-၆ ဟုတ်ပြီ၊ ကာမ မဟဂ္ဂုတ်။ (ပညတ်ကိုသာ အာရုံပြုတဲ့စိတ်၊ ဒါပဲ၊ ၂၀+၅+၆ ပဲ)။

နိဗ္ဗာန်သက်သက်ကိုသာ အာရုံပြုတဲ့စိတ် ၈-ပါး၊ နိဗ္ဗာန်ကိုပါ အာရုံပြုတဲ့စိတ် ၁၁-ပါး၊ ၂၀-ပါနိုင်သေးရဲ့လား၊ မပါနိုင်ဘူး၊ အဲဒီတော့ ၅+၆ ရယ် ၁၁-ပါး။

[စာမျက်နှာ-116] မေး - ဝုဋ္ဌောက ဘုရားမှာသာဖြစ်တယ်ဆိုတာ ထပ်ရှင်းပြပေးပါဘုရား။
ဖြေ - ဝုဋ္ဌောက ဘုရားမှာဖြစ်တယ် ဆိုတာက ဒီလို အာရုံအားလုံးကို အာရုံပြုတယ်ဆိုရင်တော့ ဘုရားမှာဖြစ်တာပဲ ဖြစ်ရမယ်၊ ဉာဏသမ္ပယုတ် ကာမာဝစရ ကြိယာကလည်း ဘုရားမှာဖြစ်တာပဲ၊ ကြိယာအဘိညာဏ်ကလည်း မြတ်စွာဘုရားမှာ ဖြစ်တာပဲ၊ အဲဒါမှသာ အာရုံအားလုံးကို အာရုံပြုနိုင်မှာ။

မေး - မြတ်စွာဘုရားမှာ လောကီစိတ် လုံးဝ ကင်းစင်သွားပါပြီလား။
ဖြေ - မြတ်စွာဘုရားရဲ့ သန္တာန်မှာလည်း လောကီစိတ်တွေ ဖြစ်သေးတာပဲ၊ တရားဟောနေတာတို့ ဘာတို့ဆိုတာ လောကီစိတ်ပဲ၊ လောကီစိတ်နဲ့ဟောတာ၊ လောကုတ္တရာစိတ်နဲ့ဟောတာ မဟုတ်ဘူး၊ မြတ်စွာဘုရားက အာရုံပြုတဲ့အခါကျတော့ အကုန်လုံးပေါ့လေ၊ ဘာမှ မကျန်အောင် ရှိရှိသမျှ အာရုံပြုနိုင်တယ်၊ ပြီးတော့ အဲဒီမှာလည်းပဲ ဒီလိုရှိသေးတယ်၊ အာရုံပြုတဲ့အခါမှာ သိတာကို ဆိုလိုတာ၊ အမြဲတမ်းသိနေတယ်လို့လည်း မဆိုလိုဘူး၊ အာရုံတွေ အကုန်လုံးချည်းကို တစ်ခါတည်း တစ်ပြိုင်နက်တည်း သိတယ်လို့လည်း မဆိုလိုဘူး၊ ပရမတ္ထသေဘာတရားအရက စိတ်တစ်ခု အာရုံတစ်ခုပဲရှိရမှာ။

ကာမရော မဟဂ္ဂုတ်ရော၊ လောကုတ္တရာရော အကုန်လုံးပြုပြီးတော့ ဒီစိတ် ၁-ခုထဲက အားလုံးအာရုံပြုတဲ့စိတ်ထဲက ဉာဏသမ္ပယုတ် ကာမာဝစရကြိယာစိတ် ၄-ခုရှိတယ်၊ အဲဒီထဲက စိတ် ၁-ခုက ခုနက ကာမ၊ မဟဂ္ဂုတ်၊ လောကုတ္တရာ အကုန်လုံးကို တစ်ပြိုင်နက် အာရုံပြုတာမဟုတ်ဘူး၊ တစ်ခုစီပေါ့၊ သဗ္ဗညုတဉာဏ် ဆိုတာလည်း အဲဒါပဲ၊ အကုန်လုံးကို သိနိုင်တယ်ဆိုတာ အကုန်လုံးကို အခု တစ်ခုတည်းမှာ သိနေတာကို ဆိုလိုတာမဟုတ်ဘူး၊ သိချင်တဲ့အခါမှာသိတာ၊ အဲသလို သိတဲ့အခါကျတော့ အကုန်သိတာ၊ သိနိုင်တာ၊ ဘယ်လိုဟာမှ မကျန်ဘူးဆိုပါတော့လေ၊ အဲဒီလို တစ်ပြိုင်နက်သော ခဏမှာ အားလုံးသိတယ်ဆိုတာ မဟုတ်နိုင်ဘူး။

အဲဒီတော့ ကာမကိုသာ အာရုံပြုတာကို ဦးဇင်းတို့ ဘုန်းကြီးအသုံးအနှုန်းဖြင့် ဧကန်အာရုံပြုတယ်လို့ ဆိုလိုတယ်။

ကာမလည်းပါတယ်၊ တခြားဟာလည်းပါတယ်၊ အာရုံပြုတာမျိုးကျတော့ အနေကန် အာရုံပြုတယ်လို့ခေါ်တယ်၊ အဲဒါကြောင့်မိုလို့ ကာမဧကန်၊ ကာမအနေကန် အဲဒီလို ဦးဇင်းတို့ သုံးလိမ့်မယ်၊ နောက်တစ်ခေါက်ဆိုရင်တော့ အဲဒါ အကျယ်အများကြီး သွားမယ်၊ ဒီတစ်ခေါက်တော့ မသွားသေးဘူး။

ကာမကို ဧကန် အာရုံပြုတဲ့စိတ် ဘယ်လောက်ရှိသလဲ-၂၅။

[စာမျက်နှာ-117] အနေကန် အာရုံပြုတဲ့စိတ် - ၃၁။
- မဟဂ္ဂုတ်ဧကန် - ၆၊ မဟဂ္ဂုတ်အနေကန် - ၃၁။
- ပညတ်ဧကန် - ၂၁၊ ပညတ်အနေကန် - ၃၁။
- နိဗ္ဗာန်ဧကန် - ၈၊ နိဗ္ဗာန်အနေကန် - ၁၁ အဲသလိုသွားရမယ်။

ဒါက ကာမ၊ မဟဂ္ဂုတ်၊ နိဗ္ဗာန်၊ ပညတ် ခွဲရုံရှိသေးတာနော်၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ခွဲတာ ရုပ်နာမ်ခွဲတာနဲ့ အများကြီးရှိသေးတယ်၊ နေပေစေဦး၊ အဲဒါရှုပ်ကုန်လိမ့်မယ်။

ဒီလောက်ဆိုရင် အာရုံ အာရမ္မဏိက တော်တော်လေး ခေါက်မိလောက်ပြီ၊ ဒါက အခု သင်္ဂြိုဟ်ကျမ်းမှာ ပြထားတဲ့ အစဉ်အတိုင်း ဇယားကွက်ကို ပြထားတာ အဲဒီ (chart) ကို ကြည့်ပြီး စိတ်တစ်ခုစီ တစ်ခုစီရဲ့ အာရုံကို ပြောကြစမ်း၊ အဲဒီတော့ ပထမအတန်း အကုသိုလ်စိတ်။

အကုသိုလ်စိတ် ဘယ်ကို အာရုံပြုသလဲ၊ လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ်၊ ပညတ်၊ လောကုတ္တရာမှတပါး အားလုံးပေါ့။

ဟုတ်ပြီ အဟိတ်စိတ်ထဲ သွားလိုက်စမ်း၊ စက္ခုဝိညာဏ်ဒွေး၊ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်။
- သောတဝိညာဏ်ဒွေး ပစ္စုပ္ပန် သဒ္ဒါရုံ
- ဃာနဝိညာဏ်ဒွေး ပစ္စုပ္ပန် ဂန္ဓာရုံ
- ဇိဝှါဝိညာဏ်ဒွေး ပစ္စုပ္ပန် ရသာရုံ
- ကာယဝိညာဏ်ဒွေး ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံ
- သမ္ပဋိစ္ဆိုင်းဒွေး ပစ္စုပ္ပန်အာရုံ ၅-ပါး
- သန္တီရဏ ၃-ခု ကာမစိတ်-၅၄၊ စေတသိက်-၅၂၊ ရုပ်-၂၈
- ပဉ္စဒွါရာဝဇ္ဇန်း ဘယ်ကို အာရုံပြုသလဲ၊ ပစ္စုပ္ပန် အာရုံ ၅-ပါး
- မနောဒွါရာဝဇ္ဇန်း ဘယ်ကိုအာရုံပြုသလဲ၊ အာရုံအားလုံးပေါ့ မနောဒွါရာဝဇ္ဇန်းဆိုတာနဲ့ ဝုဋ္ဌောဆိုတာနဲ့ အတူတူပဲ
- ဟသိတုပ္ပါဒ် ဘယ်အာရုံပြုသလဲ၊ ကာမတရားကို အာရုံပြုတယ်နော်

ကာမာဝစရသောဘန ၂၄ ထဲက ကုသိုလ်စိတ် ၈-ပါး၊ အဲဒီ ကုသိုလ်စိတ် ၈-ပါးထဲက ဉာဏသမ္ပယုတ် ၄-ပါး၊ ဉာဏဝိပ္ပယုတ် ၄-ပါး ခွဲကြစို့၊ ဉာဏသမ္ပယုတ် ၄-ပါး ဘယ်ကို အာရုံပြုသလဲ၊ စိတ် ၈၇၊ စေတသိက် ၅၂၊ ရုပ် ၂၈

[စာမျက်နှာ-118] နိဗ္ဗာန်၊ ပညတ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်တာ။
- ကာမာဝစရ ကုသိုလ်ဉာဏဝိပ္ပယုတ်စိတ် ၄-ပါး၊ လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ်-၂၈၊ ပညတ်။
- ကာမာဝစရဝိပါက်စိတ် ၈-ပါး ဘယ်ကို အာရုံပြုတုန်း၊ ဘယ်ထဲပါတုန်း၊ ၁၂-ထဲမပါဘူးလား၊ ကာမစိတ်၊ စေတသိက်၊ ရုပ်။

ကာမာဝစရ ကြိယာစိတ်သွားမယ်၊ ဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ ဘယ်ကို အာရုံပြုသလဲ၊ အာရုံအားလုံး အာရုံပြုတယ်နော်။
- ကာမကြိယာ ဉာဏဝိပ္ပယုတ်စိတ် ၄-ပါး၊ ဘယ်ကို အာရုံပြုတုန်း၊ လောကီစိတ်၊ စေတသိက်၊ ရုပ်၊ ပညတ်။
- ရူပါဝစရ ကုသိုလ်စိတ် ၅-ပါး-ပညတ်၊ ဝိပါက်စိတ် ၅-ပါး-ပညတ်၊ ကြိယာစိတ် ၅-ပါး-ပညတ်။

အရူပါဝစရစိတ် ပထမစိတ် ၃-ပါး၊ အာကာသာနဉ္စာယတနစိတ် ၃-ပါး ပညတ်အာရုံပြုတယ်၊ ဒုတိယစိတ် ၃-ပါး၊ မဟဂ္ဂုတ်အာရုံပြုတယ်၊ တတိယစိတ် ၃-ပါး၊ ပညတ်အာရုံပြုတယ်၊ စတုတ္ထစိတ် ၃-ပါး၊ မဟဂ္ဂုတ်အာရုံပြုတယ်။

လောကုတ္တရာစိတ် ၈-ပါး ပြောပြော ၄၀-ပြောပြော နိဗ္ဗာန်အာရုံပြုတယ်၊ အဲဒါကို အစက်အပြောက်တွေ ကြည့်ပြီးတော့ ပြောနိုင်အောင် ကြိုးစားရမယ်နော်။

အဲဒါက ဒွါရမှာဖြစ်တဲ့စိတ်နဲ့ ပတ်သက်ပြီးတော့ ပြောနေတာနော်၊ အခု ဒီ စိတ်တွေဟာ စက္ခုဝိညာဏ်ဒွေးဆိုရင် စက္ခုဒွါရမှာဖြစ်တယ်၊ သောတဝိညာဏ်ဒွေး ဆိုရင် သောတဒွါရမှာဖြစ်တယ် စသည်ဖြင့် သွားလိုက်တဲ့အခါမှာ ဒွါရမှာဖြစ်တဲ့ စိတ်တွေရဲ့ အာရုံကို သူပြောနေတာ။

ဒါပေမယ်လို့ တချို့စိတ်တွေက ဒွါရဝိမုတ် (ဒွါရမှ လွတ်တဲ့အခါ) လွတ်သေးတယ်။ အမြဲတမ်း လွတ်တဲ့စိတ်လည်းရှိတယ်၊ ရံခါလွတ်တဲ့စိတ်လည်းရှိတယ်၊ ဒွါရသင်္ဂဟတုန်းက ပြောခဲ့ပြီနော်၊ ရံခါလွတ်တဲ့စိတ်က ဘာစိတ်တဲ့တုန်း ၁၀-ခုရှိတယ်နော်၊ အမြဲတမ်းလွတ်တဲ့စိတ်က ၉-ခုရှိတယ်။

အဲဒီတော့ ရံခါလွတ်ပြီးတော့ ရံခါဖြစ်တဲ့စိတ်တွေနဲ့ ပြောမယ်ဆိုရင် အကုန် ရံခါလွတ်တာလည်းပါတယ်၊ အမြဲတမ်း လွတ်တာလည်းပါတယ်၊ ဒွါရဝိမုတ်စိတ်အားလုံး ဘယ်လောက်ရှိလဲ၊ ၁၉-ခု ရှိတယ်နော်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်စိတ်မှန်ရင် ဒွါရဝိမုတ်စိတ်တဲ့၊ အဲဒီတော့ ဒွါရမှာဖြစ်တဲ့အခါမှာ သူတို့က အာရုံတစ်မျိုးပြုတယ်၊ ဒွါရမှလွတ်တဲ့အခါမှာ သူတို့က အာရုံတစ်မျိုးပြုတယ်၊

[စာမျက်နှာ-119] အာရုံတစ်မျိုးဆိုတာ အခေါ်အဝေါ် တစ်မျိုးဖြစ်သွားတယ်၊ ဒွါရမှ လွတ်တဲ့အခါ (သို့မဟုတ်) ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်တဲ့အခါကျတော့ သူတို့ရဲ့ အာရုံကို တစ်မျိုးခေါ်တယ်နော်၊ အမှန်ကတော့ ဒီအာရုံ ၆-ပါးထဲကတော့ ၆-ပါးထဲကပဲ။

ဒါပေမယ်လို့ သူတို့ကို (technical) တစ်မျိုးနဲ့ ခေါ်တယ်၊ ကံတဲ့၊ သို့မဟုတ် ကမ္မနိမိတ်တဲ့ သို့မဟုတ် ဂတိနိမိတ်တဲ့ အဲဒီလိုခေါ်ပြီးတော့ ပဋိသန္ဓေ ဘဝင်တွေနဲ့ လုပ်ရလိမ့်ဦးမယ်နော်၊ အဲဒါကတော့ နည်းနည်းရှုပ်တယ်၊ ရှုပ်တာက ဘာကြောင့်လဲ ဆိုတော့ ဝီထိကိုလည်း နားလည်ဦးမှဖြစ်မှာနော်၊ ဒီဘဝနဲ့ ဟိုဘဝ နားလည်ဦးမှဖြစ်မှာ အဲဒီတော့ နည်းနည်းရှုပ်တယ်၊ သို့သော် ဒါလုပ်လိုက်ဦးမယ်ဆိုတာ ဒီအပတ်တုန်းက သိထားရင် နည်းနည်းလေး နွေးပြီးသား ဖြစ်သွားမယ်နော်။

အဲဒီတော့အခုပြောခဲ့တာတွေက ဒွါရမှာဖြစ်တဲ့အခိုက်မှာ သူတို့ပြုတဲ့ အာရုံကို ပြောခဲ့တယ်၊ ဒီစိတ်တွေထဲမှာ သန္တီရဏစိတ် ၃-ခု ဆိုပါတော့၊ သန္တီရဏစိတ် ၃-ခုထဲက ဥပေက္ခာသန္တီရဏ ၂-ခုဟာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်တယ် မဟုတ်ဘူးလား၊ အဲဒီလို ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်ရင် သူတို့က ဒွါရမှ လွတ်သွားပြီ။

မဟာဝိပါက်စိတ် ၈-ခု ဟုတ်လား၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်ရင် ဒွါရမှ လွတ်သွားပြီ။

မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခု အမြဲတမ်းကို ဒွါရမှ လွတ်နေပြီ၊ အဲဒီလို လွတ်တဲ့အချိန်အခါမှာ သူတို့ ဘာတွေကို အာရုံပြုသလဲ၊ အာရုံကတော့ ရှိကိုရှိရတယ်။ ဒွါရဝိမုတ် ပြောလိုက်တာနဲ့ သူတို့မှာ အာရုံမရှိဘူးလို့ ဒီလိုမမှတ်ရဘူး၊ အာရုံရှိတယ်။ အဲဒီ အာရုံကျတော့ ဘာလို့ ခေါ်သလဲ၊ ကံ သို့မဟုတ် ကမ္မနိမိတ် သို့မဟုတ် ဂတိနိမိတ်လို့ အဲသလို ခေါ်တယ်၊ ဒါ နောက်စာရွက်က အဲဒါပြတာ။

ဒါကြောင့်မို့ ဒွါရဝိမုတ်စိတ်တို့ရဲ့ အာရုံကို တကယ်နားလည်ချင်ရင် မရဏာသန္နနှင့် ပဋိသန္ဓေဝီထိကို နားလည်ရမယ်၊ ဝီထိပိုင်းမှ မရောက်သေးဘူး ဘုံပိုင်းမှ မရောက်သေးပဲ၊ ဒါကြီး လေ့လာနေမယ်ဆိုရင်တော့ အတော်တော့ခက်တယ်၊ ဒါပေမယ်လို့ ဒါနားလည်ရင် ဒီဘဝတစ်ခုနဲ့ တစ်ခုကူးတာတွေကိုလည်း နားလည်သွားမယ်၊ အယူအဆမမှားတော့ဘူး၊ သို့မဟုတ်ရင် ဒီနေရာမှာ အလွဲအမှားတွေ အလွန်ပြောမိတတ်တယ်။

ဒွါရမှ လွတ်နေတဲ့အခါမှာ ကျဉ်းကျဉ်းလေး မှတ်ထားဖို့ကတော့ အဲဒီစိတ်တွေသည် ကံဖြစ်စေ၊ ကမ္မနိမိတ်ဖြစ်စေ၊ ဂတိနိမိတ်ဖြစ်စေ၊ ဒီ ၃-မျိုးထဲက တစ်မျိုးမျိုးကို အာရုံပြုတယ်လို့ ဒီလို မှတ်ရမယ်။

[စာမျက်နှာ-120] အဲဒီတော့ ဟို အောက်မှာ ရေးထားတဲ့ဟာလေး ပထမဖတ်လိုက်စမ်းပါ။

ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်သော ဒွါရဝိမုတ်စိတ် ၁၉-ပါးသည် များသောအားဖြင့် အခြားမဲ့လွန်ခဲ့ပြီးသော ဘဝဟောင်းက (ဒီဘဝမရောက်ခင် ရှေ့နားက immediate first ပေါ့နော်၊ အဲဒီဘဝဟောင်းက) ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော (ဆဒွါရိက ဆိုတာ ဒွါရ ၆-ပါးမှာဖြစ်တဲ့ မရဏာသန္နဇောဆိုတာ ရှိတယ်၊ သေခါနီးမှာစောတဲ့ဇောကို မရဏာသန္နဇောလို့ ခေါ်တယ်) အဲဒီ မရဏာသန္နဇောသည် ယူပေးအပ်သော ပစ္စုပ္ပန်သော်လည်းကောင်း၊ အတိတ်သော်လည်းကောင်းဖြစ်သော ပညတ်ဖြစ်သော ကံ သို့မဟုတ် ကမ္မနိမိတ် သို့မဟုတ် ဂတိနိမိတ်။

[စာမျက်နှာ-121] (ဤစာမျက်နှာတွင် အကြောင်းအရာသစ် စတင်ခြင်း မရှိဘဲ စာမျက်နှာ အညွှန်းသာ ပါရှိပါသည်။)

[စာမျက်နှာ-122]
အဘိဓမ္မာသင်တန်း (၂)

ပကိဏ်းပိုင်း

အာရမ္မဏသင်္ဂဟအဆက်

ဒီနေ့ ၁၉၈၇-ခု ဖေဖော်ဝါရီလ ၂၇-ရက်နေ့ လွန်ခဲ့တဲ့အပတ်ကပြန်တော့ စပါရဲ့၊ ဒါပေမယ်လို့ နောက်ဟာပြန်ချေတာနဲ့ တိတ်ခွေမသွင်းတော့ဘူး။

နောက်ဆုံးအပတ်တုန်းက ဘာလေ့လာခဲ့သလဲဆိုတော့ အာရမ္မဏ သင်္ဂဟ, အာရုံတွေအကြောင်းကို လေ့လာခဲ့တာ, အာရုံ ၆-ပါးရယ်၊ ဘယ်စိတ်က ဘယ်ကို အာရုံပြုတယ်ဆိုတာတွေရယ်, ဒါ ဇယားကွက်နဲ့လုပ်ခဲ့ပြီး အခု ဒီနေ့ ဘာလေ့လာမှာလဲ ဆိုတော့ ဒွါရဝိမုတ်စိတ်တို့၏ အာရုံတဲ့၊ ဒီနေ့ အရေးကြီးတယ်နော်၊ ခက်လည်း ခက်လိမ့်မယ်။

နောက်ဆုံးအပတ်တုန်းက လေ့လာခဲ့တာက (ဆိုပါတော့) စက္ခုဝိညာဏ်က ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်၊ သောတဝိညာဏ်က ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြုတယ် စသည်ဖြင့် လေ့လာခဲ့တယ်၊ အဲဒီလေ့လာခဲ့တာတွေက ဒွါရမှာဖြစ်တဲ့စိတ်တွေ၊ အဲဒီ ဒွါရမှာဖြစ်တဲ့စိတ်တွေရဲ့ အာရုံကို လေ့လာခဲ့တာ၊ ဒီနေ့ လေ့လာမှာက ဒွါရဝိမုတ်ဖြစ်တဲ့စိတ်တွေရဲ့ အာရုံကို လေ့လာမှာ။

ဒွါရဝိမုတ်စိတ်ဆိုတာ ဘယ်စိတ်တွေတုန်း၊ ဒွါရသင်္ဂဟ ပြန်ကြည့်လိုက်စမ်း၊ ဒွါရဝိမုတ်စိတ်ဆိုတာ ၆-ဒွါရမှ လွတ်တဲ့စိတ်တွေ ၁၉-ခုရှိတယ်။

[စာမျက်နှာ-123] သန္တီရဏဥပေက္ခာ ၂-ခုရယ်၊ ကာမာဝစရဝိပါက်စိတ် ၈-ခုရယ်၊ မဟဂ္ဂုတ် ဝိပါက်စိတ် ၉-ခုရယ်၊ အဲဒါတွေဟာ ကိစ္စသင်္ဂဟ ပြန်ကြည့်လိုက်စမ်း၊ ဘာကိစ္စ တပ်တုန်း၊ အဲဒီစိတ် ၁၉-ခုဟာ ပဋိသန္ဓေ, ဘဝင်္ဂ, စုတိ၊ ဒီ ၃-ကိစ္စ မတပ်ဘူး လားနော်။

အဲဒီတော့ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ, ၃-ကိစ္စတပ်တဲ့စိတ်တွေဟာ ဒွါရမှ လွတ်တယ်, ဒွါရဝိမုတ်စိတ်တွေ၊ အခု ဒီဒွါရဝိမုတ်စိတ်တွေရဲ့ အာရုံကို လေ့လာရမယ်။

ဒီတော့ အခု ဒွါရဝိမုတ်စိတ်တို့ရဲ့ အာရုံဆိုတဲ့ စာရွက်ကိုကြည့်၊ အောက်ဆုံးက စာပိုဒ်ကို ဖတ်လိုက်စမ်းပါ၊ ဘာတဲ့တုန်း။

ပဋိသန္ဓေ၊ ဘဝင် စုတိ ကိစ္စတပ်သော ဒွါရဝိမုတ်စိတ် ၁၉-ပါးသည် များသောအားဖြင့် အခြားမဲ့လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော ပစ္စုပ္ပန်, အတိတ်, ပညတ်ဖြစ်သော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟု သမုတ်အပ်သော အာရုံ ၆-ပါးကို ထိုက်သည့်အားလျော်စွာ အာရုံပြု ကြသည်တဲ့။

အဲဒီအပိုဒ်ကလေးကို နားလည်အောင်လေ့လာရမှာ၊ ဒွါရဝိမုတ်ဆိုတာ ဘာတွေလဲဆိုရင် ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်တဲ့ ၁၉-ပါး၊ အဲဒီ ၁၉-ပါးဟာ ဘယ်ကို အာရုံပြုသလဲဆိုရင် ဟို ကျော်ဖတ်လိုက်ရင်၊ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟု သမုတ်အပ်သော အာရုံ ၆-ပါးကို ထိုက်သည့်အားလျော်စွာ အာရုံပြုတယ်တဲ့။

အာရုံ ၆-ပါးထိုက်သည့်အားလျော်စွာဆိုတော့ ရူပါရုံ အာရုံပြုချင်ပြုမယ်။ သဒ္ဒါရုံ အာရုံပြုချင်ပြုမယ်ပေါ့လေ။

ကံ, ကမ္မနိမိတ်, ဂတိနိမိတ်တဲ့ အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် လို့ခေါ်တဲ့ အာရုံကို အာရုံပြုတယ်တဲ့။

အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်က ဘယ်လိုဟာလဲ, သူက ပစ္စုပ္ပန်, အတိတ်, အနာဂတ် စသည်တို့တွင် ဘာလဲလို့ မေးလိုက်တော့ ပစ္စုပ္ပန်ရယ်, အတိတ်ရယ်, အနာဂတ် မရှိဘူးနော်၊ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်မှာ အနာဂတ် မရှိဘူး၊ ပစ္စုပ္ပန်ရှိမယ်, အတိတ်ရှိမယ်၊ တစ်ခါတစ်လေလည်းပဲ ပညတ်ရှိမယ်၊ ပညတ်က ကာလ ၃-ပါးမှ လွတ်တယ်နော်၊ ကာလဝိမုတ်လို့ခေါ်တယ်။

အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်က ဘယ်က လာတာလဲဆိုတော့ (အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော)တဲ့။

[စာမျက်နှာ-124] ဆဒွါရိက မရဏာသန္နဇောဆိုတာ ၆-ဒွါရမှာဖြစ်တဲ့ မရဏသန္နဇော။

ဇောကိစ္စတပ်တဲ့ စိတ်တွေရော မှတ်မိသေးလား၊ ကုသိုလ်စိတ်တွေ အကုသိုလ်စိတ်တွေ, ဖိုလ်စိတ်တွေ ကြိယာစိတ်တွေ၊ ဒီမှာ ကုသိုလ် အကုသိုလ်ပဲ ဆိုကြပါစို့၊ အဲဒီ ဘဝဟောင်းက ၆-ဒွါရမှာဖြစ်တဲ့ မရဏာသန္နဇောသည် ယူပေး အပ်တဲ့ သို့မဟုတ် ယူအပ်တဲ့ ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်တဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လို့ခေါ်တဲ့ အာရုံ ၆-ပါးကို ထိုက်သည့်အားလျော်စွာ အာရုံပြုတယ်တဲ့။

အဲဒီတော့ ဒီဟာကို နားလည်ဖို့ရာ မရဏာသန္နဝီထိကို နားလည်မှဖြစ်မယ်၊ ဒါကြောင့်မို့ အထက်ကပုံက မရဏာသန္နဝီထိရဲ့ ပုံလုပ်ထားတယ်၊ ဒါဟာ မရဏာ သန္နဝီထိတွေအများကြီးထဲက (အလွယ်ဆုံးဆိုပါတော့) အလွယ်ဆုံးတစ်ခု ထုတ်ထားတယ်။

အဲဒီ အလွယ်ဆုံး တစ်ခုမှာ သေသေချာချာ ကြည့်လိုက်ရင် ဘာတွေလဲ ပထမဆုံး ဝလုံးလေး ၃-လုံးဘာမှ မပါဘူးနော်၊ ပြီးတော့ပဋိသန္ဓေတဲ့, ဝလုံးဘာမှ မပါတာကထားတော့၊ ဋိ ဆိုတာက ပဋိသန္ဓေ၊ ဘ ဆိုတာ ဘဝင်၊ အစက်ကလေး ၃-ခု ပြထားတာက ဒီကြားမှာ ဘဝင်တွေများစွာပေါ့လေ၊ မရေ မတွက်နိုင်အောင် ဘဝင်တွေရှိခဲ့မယ်၊ ဘာလို့တုန်းဆိုရင် ပဋိသန္ဓေဆိုတာ ဘဝတစ်ခုရဲ့ အစမို့လား၊ ဘဝတစ်ခုအစကနေပြီးတော့လာခဲ့တာ အခု ဟိုဘက်မှာ ဘဝအဆုံးရဲ့ ဝီထိကိုပြတာ။

ဒါကြောင့်မို့ ဒီအစက်ကလေး ၃-စက်ဟာ တစ်ဘဝလုံးကို ဆိုလိုတယ်။ ပဋိသန္ဓေတည်ပြီးတဲ့နောက် ဘဝင်၊ ဘဝင်တွေ အများကြီးဖြစ်၊ အဲဒီကြားမှာ ရိုးရိုးဝီထိတွေဖြစ်၊ ဝီထိဆိုတာ နောက်တော့နားလည်လိမ့်မယ်၊ အခုတော့ နားလည်ချင်မှ လည်ဦးမှာ ဟုတ်လား၊ စတုတ္ထပိုင်းကျတော့ ဝီထိနားလည်လိမ့်မယ်။

နောက်ဆုံးတော့မယ်ဆိုတဲ့ အခါကျတော့ ဟောဒီ မရဏာသန္နဝီထိဆိုတာ ဖြစ်တယ်၊ အဲဒီ မရဏာသန္နဝီထိ အမျိုးမျိုးရှိရာတို့တွင် ဒီမှာ နားလည်လွယ်ရုံ လုပ်ထားတယ်။

ဘာတဲ့တုန်း, မရဏာသန္နဝီထိ ဖတ်လိုက်စမ်း၊ ဘဝင်, ဘဝင်ပြီးတော့ တီတဲ့။ ဒါက အတီတဘဝင်လို့ ဆိုလိုတယ်၊ အတီတ ဆိုတာ လွန်သွားတဲ့ဘဝင်။

န ငယ်ကျတော့ကို ဘဝင်္ဂစလန နော်၊ လှုပ်တဲ့ဘဝင်တဲ့၊ လွန်တဲ့ဘဝင်ရယ်၊ လှုပ်တဲ့ဘဝင်ရယ်။

ဒ ဒွေးကျတော့ကို ဘဝင်္ဂုပစ္ဆေဒလို့ခေါ်တယ်နော်၊ ပြတ်တဲ့ဘဝင်။

ပြီးတော့ ပစောက်က ပဉ္စဒွါရာဝဇ္ဇန်း၊

[စာမျက်နှာ-125] စ လုံးက စက္ခုဝိညာဏ်၊
သမ် မသတ်က သမ္ပဋိစ္ဆိုင်း သမ္ပဋိစ္ဆန၊
သ သေးသေးတင်က သန္တီရဏ၊
ဝ တချောင်းငင်က ဝုဋ္ဌော၊

ဇကွဲ ၅-ခုက ဇော ၅-ချက်နော်၊ မရဏာသန္နဝီထိမှာ ဇော ၇-ကြိမ် မစောဘူး, ၅ ကြိမ်ပဲ စောတယ်၊ ရိုးရိုးအခါမှာဆိုတော့ ဇော ၇-ကြိမ်စောတယ်။

ဇောပြီးတော့ဘာလာလဲ, စုတဲ့၊ စုတိဆိုတာသေတာပဲ၊ ဒီစိတ်ဟာ ဒီဘဝမှာ နောက်ဆုံးစိတ်ပဲ၊ ဒီဝီထိကို ဘာလို့ခေါ်လဲ, မရဏာသန္နဝီထိလို့ခေါ်တယ်၊ အဲဒီတော့ မရဏာသန္နဝီထိကို ပြတဲ့အခါမှာ နောက်ဘဝဆက်တဲ့ ပဋိသန္ဓေ ဝီထိပါပြမှ, ဒါမှ ပြည့်စုံတယ်။

ဒါကြောင့်မို့ ဆက်လိုက်ရင် နောက်တစ်ဘဝရောက်သွားပြီ၊ ဋိ ပဋိသန္ဓေ ပဋိသန္ဓေဖြစ်ပြီးရင် ဘဝင်ပေါင်း ဘယ်နှစ်ကြိမ်ဖြစ်ရမလဲ၊ ၁, ၂, ၃, ၄, ၅၊ တစ်ခါ အစက်ကလေးတွေပြထားတာက ၆, ၇, ၈, ၉, ၁၀, ၁၁, ၁၂, ၁၃, ၁၄, ၁၅ လို့ဆိုလိုတယ်၊ ၁၆-အဲဒါဖြင့်ရင် ဘဝင် ၁၆-ကြိမ်ဖြစ်တယ်နော်၊ ပဋိသန္ဓေဖြစ်ပြီး တဲ့နောက် ဘဝင် ဘယ်နှစ်ကြိမ်ဖြစ်လဲ ၁၆-ကြိမ်၊ တစ်ခါတစ်လေလည်း ၁၅ကြိမ် ဖြစ်နိုင်တယ်လို့ ဆိုတယ်နော်၊ အများဆုံး ဒီမှာယူလိုက်တယ် ၁၆-ကြိမ်။

အဲဒီဘဝင်စိတ်ဖြစ်ပြီးတဲ့နောက် မ၊ မဆိုတာ မနောဒွါရာဝဇ္ဇန်း၊ အဲဒီ မနောဒွါရာဝဇ္ဇန်းပြီးတဲ့နောက် ဇကွဲဘယ်နှစ်လုံးရှိသလဲ ကြည့်လိုက်စမ်း၊ ၇-လုံး ရှိတယ်၊ ဇော ၇-ကြိမ် စောတယ်တဲ့၊ အဲဒီ ဇော ၇-ကြိမ်စောပြီးတဲ့နောက် ဘဝင်ဖြစ်သွားတယ်နော်၊ အဲဒီဘဝင်တွေကလည်း မရေမတွက် နိုင်အောင် ဖြစ်ပေါ့လေ။

ဒါဟာ ပဋိသန္ဓေဝီထိ၊ ဘဝတစ်ခုမှာ ပဋိသန္ဓေနေရင် ဒီဝီထိအတိုင်း သွားလိမ့်မယ်၊ ပထမဆုံး ပဋိသန္ဓေစိတ်ဆိုတာဖြစ်မယ်၊ အဲဒီနောက် ဘဝင် ၁၅ကြိမ်, ၁၆-ကြိမ်ဖြစ်မယ်၊ ပြီးရင် မနောဒွါရာဝဇ္ဇန်းဖြစ်တယ်၊ ပြီးရင် ဇော ၇-ကြိမ် နော်၊ ပြီးတော့မှ ဘဝင်ကျသွားတယ်၊ ပြီးတော့မှ တခြားစိတ်တွေဖြစ်မယ်ပေါ့လေ။

ကောင်းပြီ, ဒါက မရဏာသန္နဝီထိနှင့် ပဋိသန္ဓေဝီထိ တစ်ဆက်ထဲလုပ်ထားတာ၊ ဒါကိုလည်း ကျမ်းဂန်မှာတော့ မရဏာသန္နဝီထိလို့ပဲ ခေါ်လိုက်တော့တယ်။ ပဋိသန္ဓေ ဝီထိ ဒီထဲပါသွားတာပေါ့လေ။

ကောင်းပြီ, အဲဒီတော့ ဝီထိဆိုတာနည်းနည်းလေးတော့ သိအောင် လုပ်ဦးမှ ဖြစ်မယ်၊ ဝီထိဆိုတာ စိတ်အစဉ်လို့ ဆိုလိုတယ်၊ စိတ်အစဉ်အတန်းကို ဝီထိ၊

[စာမျက်နှာ-126] လမ်းကို ဝီထိလို့ခေါ်တယ်၊ အစဉ်အတန်းကို ဝီထိလို့ခေါ်တယ်။

အဲဒီတော့ စိတ်တွေဟာ ဖြစ်တဲ့အခါမှာ အမှန်ကတော့ ခဏ ၁-ခုမှာ စိတ် ၁-ခုပဲ ဖြစ်တာပဲ၊ ဒီခဏ ၁-ခုထဲမှာ စိတ်တွေအများကြီး တန်းနေ တယ်လို့ မဆိုလိုဘူး၊ ဒါပေမယ်လို့ ဦးဇင်းတို့က လေ့လာတဲ့အခါမှာ နားလည် ရမှာကတော့ အစဉ်အတန်းသဘောမျိုးနဲ့ နားလည်ရမှာ။

ဆိုလိုတာကတော့ အပေါက်ကလေးဖေါက်ထားပေါ့၊ အဲဒီအပေါက် ကလေး ဖောက်ထားပြီးတော့ စိတ်တစ်ခုစီ ပြပြ, ပြပြသွားရင် တစ်ကြိမ်မှာ စိတ်တစ်ခုပဲ ဖြစ်တယ်၊ ဒါပေမယ်လို့ မြင်တဲ့ကိစ္စအတွက် စိတ်အစဉ်အတန်း တစ်ခုလို့ ဒီလိုပဲ အစဉ်အတန်းလို့ပဲ ဆိုရတယ်၊ တကယ်ကတော့ အစဉ်အတန်းကြီးတိုင်း ဖြစ်နေတာ မဟုတ်ဘူး၊ တစ်ခုပြီးတစ်ခု ဖြစ်နေတာ။

အဲဒီမှာ အခု ဒီ မရဏာသန္နဝီထိဆိုတာ သေတဲ့အခါမှာ ဖြစ်တဲ့စိတ်အစဉ် ပေါ့လေ၊ နောက်ဆုံး သေပြီဆိုရင် ပထမဆုံး ဘဝင်တွေဖြစ်လာပြီးတဲ့နောက် အတီတ ဘဝင်ဆိုတာက အာရုံတစ်ခုခုက ဒွါရမှာ လာပြီးတော့ ထိခိုက်လိုက်တဲ့ အခါမှာ နဂိုက အရှိန်နဲ့လာနေတဲ့ဘဝင်က တစ်ချက်လွန်သွားတယ်တဲ့၊ ဒါက ဘာနဲ့တူသလဲဆိုတော့ တအားပြေးလာတဲ့ လူဟာ ရပ်ချင်တဲ့နေရာမှာ မရပ်နိုင်ပဲနဲ့ ရှေ့လွန်သွားတာမျိုးလို ဘဝင်အရှိန်က သူ့အရှိန်နဲ့ လာနေတဲ့အခါကျတော့ အာရုံကဒွါရကို ထိခိုက်လိုက်တဲ့အခါမှာ ဘဝင်က ချက်ချင်းမရပ်နိုင်ဘူး, တစ်ချက် လွန်သွားတယ်။

တစ်ချက်လွန်သွားပြီးတော့ တစ်ခါမပြတ်သေးဘူးနော်၊ လွန်သွားပြီးတော့ ဒုတိယအကြိမ်ကျတော့ ဘဝင်လှုပ်သွားပြီတဲ့၊ လှုပ်ရှားသွားပြီး တတိယခဏကျမှ ဘဝင်ပြတ်သွားတယ်။

အဲဒီတော့ အတီတဘဝင်ဆိုတာလည်း ဘဝင်ပဲ၊ ဘဝင်္ဂစလနဆိုတာလည်း ဘဝင်ပဲ၊ ဘဝင်္ဂုပစ္ဆေဒဆိုတာလည်း ဘဝင်ပဲ၊ အဲဒီလို ဘဝင်စိတ် ၃-ခုပေါ့၊ လွန်သွား တာက တစ်ခု, လှုပ်ခါသွားတာကတစ်ခု ပြတ်သွားတာက တစ်ခုပေါ့၊ ဒါ သူ့တစ်ခဏ တစ်ခဏသွားတာပေါ့။

အဲဒီနောက်မှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပြီး တဲ့နောက် စက္ခုဝိညာဏ်တဲ့နော်၊ ရူပါရုံကိုမြင်တဲ့ စက္ခုဝိညာဏ်၊ နောက် သမ္ပဋိစ္ဆိုင်း လက်ခံတယ်၊ သန္တီရဏစုံစမ်းတယ်နော်၊ ဝုဋ္ဌောဆုံးဖြတ်တယ်၊ ပြီးတော့ ဇောကျတယ်။ စုတိဖြစ်တယ်၊ စုတိဆိုတာ သေတာ၊ အဲဒီလိုသွားတယ်။

[စာမျက်နှာ-127] အဲဒီလိုသွားတဲ့အခါကျတော့ ဘာအာရုံတွေကိုယူသလဲ၊ အဲဒီအချိန်အခါမှာ ဘာအာရုံတွေဖြစ်သလဲ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ၃-ပါးတို့တွင် ၁-ပါးပါး, အဲသလို လာတယ်နော်။

ကံ ဆိုတာဘာတဲ့တုန်း, ကံဆိုတာ ကံပဲပေါ့နော်၊ ကုသိုလ်ကံ, အကုသိုလ်ကံ ဆိုတာ ကံပဲ၊ ဒီလူဟာ သေခါနီးတဲ့ အခါကျတော့ကို ဟိုအတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေက အခုချက်ချင်း အသစ်လုပ်နေရသလို ပြန်ပြီးတော့ ပေါ်တတ်တယ်၊ နောက်တုန်းက ကုသိုလ်များများလုပ်လာရင်လည်း ဒီကုသိုလ်ကံ ပေါ်တတ်တယ်၊ အကုသိုလ်တွေ များများလုပ်လာရင်လည်း များသောအားဖြင့် အကုသိုလ်တွေ ပေါ်တတ်တယ်။

အဲဒီအတိတ်ကံဆိုတာ ဒီဘဝတင်မဆိုလိုဘူး၊ ဟိုးနောက်ဘဝတွေက ကံ ကလည်း ပေါ်ရင်ပေါ်တတ်တယ်၊ အဲဒီလို ပေါ်လာပြီးတော့ အဲဒီကံကို အာရုံပြုပြီးတော့လည်းပဲ ဒီလို ဝီထိမျိုးဖြစ်တတ်တယ်၊ ဒီဝီထိ အတိအကျ မဟုတ်ဘူး၊ ဒီလို ဝီထိပေါ့လေ၊ မရဏာသန္နဝီထိ ဖြစ်တတ်တယ်၊ ကံကို အာရုံပြုပြီးတော့လည်းပဲ ဖြစ်တတ်တယ်။

အဲဒီ ကံပြုတဲ့အခါမှာ အဆောက်အဦးလို့ခေါ်တဲ့ instrument ပေါ့။ ကံပြီးမြောက်အောင် အခြံအရံဖြစ်တဲ့ဟာတွေလည်းပဲ တစ်ခါတစ်လေ မြင်တတ်တယ်၊ ဘာလည်းဆိုတော့ ဆိုပါတော့ပါဏာတိပါတပြုတဲ့ မုဆိုးဆိုရင်လေးတွေ, မြှားတွေ အခုခေတ်ဆိုရင် သေနတ်တွေ၊ ဒါမျိုးတွေပေါ့နော်၊ တိရစ္ဆာန်တွေ သေတာတွေ ပေါ့လေ၊ အဲဒီလို အာရုံတွေလည်း ပေါ်တတ်တယ်၊ အဲဒါမျိုးကိုကျတော့ ကမ္မနိမိတ်လို့ ခေါ်တယ်၊ ကံရဲ့ အမှတ်အသား ကမ္မနိမိတ်လို့ခေါ်တယ်။

ကုသိုလ်ပြုတယ်ဆိုပါတော့၊ ဒါနပြုတယ်ဆိုရင် လှူတဲ့ဝတ္ထုပစ္စည်း အလှူခံတဲ့ ပုဂ္ဂိုလ် စသည်ဖြင့် ဒါတွေပေါ်တတ်တယ်၊ ဒါတွေကို ကမ္မနိမိတ်လို့ခေါ်တယ်။

အဲဒီကမ္မနိမိတ်သော်လည်းပဲ ပေါ်တတ်တယ်၊ အဲဒီကမ္မနိမိတ် မပေါ်ရင်လည်းပဲ ဂတိနိမိတ်မြင်တတ်တယ်။

ဂတိနိမိတ်ဆိုတာက ဟိုရှေ့ဖြစ်မယ့်ဘဝရဲ့ အမှတ်အသားနိမိတ် အဲဒါတွေ လည်းပဲ မြင်တတ်တယ်။

ဆိုပါတော့ လူဖြစ်မယ်၊ အမိဝမ်းမှာဖြစ်မယ့် သတ္တဝါမျိုးဆိုရင် အမိဝမ်းရေကို မြင်တတ်တယ်၊ ဟို အမိ သားအိမ်ရဲ့ အတွင်းဘက်ပေါ့ ဟုတ်လား၊ နတ်ပြည်မှာ ဖြစ်မယ်ဆိုရင်လည်း နတ်သမီးတို့မှ နတ်ဗိမာန်တို့ ပဒေသာပင်တို့ ဥယျာဉ်တို့

[စာမျက်နှာ-128] အဲဒါမျိုးတွေ မြင်တတ်တယ်။

ငရဲကျမယ့်သူဆိုရင်လည်း ငရဲသားကြီးတွေ၊ ငရဲမီးလျှံတွေ၊ အဲဒါမျိုးတွေ မြင်တယ်တယ်နော်၊ အဲဒီလို ဒါကြောင့်မို့ သေခါနီးပုဂ္ဂိုလ်မှာ ကံသော်လည်းကောင်း, ကမ္မနိမိတ်သော်လည်းကောင်း, ဂတိနိမိတ်သော်လည်းကောင်းမှု တစ်ခုခုဟာ ထင်လာစမြဲပဲ၊ ဒီ ၃-ခု တစ်ခုခုထင်ပြီးတော့ ဒီ ၃-ခုထဲက တစ်ခုခုကိုပဲ အာရုံ ပြုပြီးတော့ စုတိစိတ်ကျသွားတာနော်။

ကောင်းပြီ, အဲဒီတော့ ကံဆိုတာ ပစ္စုပ္ပန်လား, အတိတ်လား, အနာဂတ် လားတဲ့၊ စာရွက်ထဲမှာကြည့်, အတိတ်နော်၊ အဲဒီအတိတ်ကလည်းပဲ ဘယ်ဒွါရမှာ ထင်တာတုန်း၊ မနောဒွါရမှာထင်တာ၊ မျက်လုံးနဲ့မြင်တာမဟုတ်ဘူး နားနဲ့ကြားတာ မဟုတ်ဘူး။ စိတ်ထဲမှာပေါ်တာ၊ မနောဒွါရမှာ၊ ဒါကြောင့်မို့ အာရုံအားဖြင့် ပြောမယ်ဆိုရင် ဓမ္မာရုံလို့ခေါ်တယ်၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ မဟုတ်ဘူး၊ ဓမ္မာရုံ။

ကမ္မနိမိတ်ကျတော့ ကြည့်စမ်း၊ အတိတ်သော်လည်းကောင်း၊ ပစ္စုပ္ပန်သော်လည်းကောင်း ၂-မျိုးဖြစ်နိုင်တယ်တဲ့၊ အတိတ်တုန်းက ပြုခဲ့တဲ့ ကံရဲ့ အခြံအရံတွေ အခုပြန်ပေါ်နိုင်တယ်၊ အခုလောလောဆယ်ပြုတာတွေလည်း ရှိတယ်၊ အဲဒီလို ကမ္မနိမိတ်ကျတော့ အတိတ်ပစ္စုပ္ပန် ၂-မျိုးတဲ့။

ဒွါရအားဖြင့်လည်း ၆-ဒွါရမှာ တစ်ခုခုလာထင်နိုင်တယ်တဲ့ မျက်စိနဲ့ မြင်နိုင်တယ်၊ နားနဲ့ကြားနိုင်တယ်နော်၊ ၆-ဒွါရမှာ ထင်နိုင်တဲ့အတွက်ကြောင့်မို့လို့ အာရုံ အမျိုးအစား ၆-ပါးရှိမယ်ပေါ့နော်၊

ဝတ္ထုကြောင်းတော့ ပြောရအုံးတော့မှာပဲ၊ အချိန်ကုန်ချင်လည်းကုန်, မတတ်နိုင်ဘူး၊ ရှေးတုန်းက သောဏဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်ပေါ့လေ၊ မုဆိုးကြီး တဲ့နော်၊ သူက တစ်သက်ပတ်လုံး မုဆိုးလုပ်လာတာ၊ သူ့မှာ သားတစ်ယောက်ရှိတယ်၊ အဲဒီသားက ရဟန္တာဖြစ်နေတယ်။

ရဟန္တာဖြစ်နေတော့ အဖေကို ကယ်တင်တဲ့အနေနဲ့ပေါ့လေ၊ အသက်ကြီး လာတဲ့အခါကျတော့ ရဟန်းဝတ်ပေးထားတာ၊ ရဟန်းဝတ်နဲ့ပဲ သူနေတယ်။

ရောဂါဖြစ်ပြီးတော့ သေခါနီးကျတော့ ငရဲနိမိတ်တွေ ထင်လာတယ်၊ ဟို သားရဲ့ လုပ်ပါဦးတဲ့ ခွေးနက်ကြီး လိုက်လာပြီပေါ့လေ၊ ငရဲထိန်းတွေ လိုက်လာတယ်၊ သူ အဲဒီလို နိမိတ်တွေ ထင်လာတယ်၊ အဲဒါဘာလဲဆိုရင် အမှန်ကတော့ ဂတိနိမိတ်ပေါ့ နော်၊ အဲသလို နိမိတ် ထင်လာတယ်။

[စာမျက်နှာ-129] အဲဒီလို နိမိတ်ထင်တဲ့အခါကျတော့ ရဟန္တာဖြစ်နေတဲ့သားဖြစ်သူ ရှင်သောဏက သိပြီး ဦးဇင်းကြီးတော့ ငရဲနိမိတ်တွေထင်ပြီဆိုပြီး ဘယ်လိုလုပ်သလဲ ဆိုတော့ သူ့ကို သူ့တပည့်တွေကို ထမ်းခေါ်ခိုင်း စေတီဆီကိုယူသွားပြီးတော့ တချို့ ရဟန်းတွေကိုလည်း ပန်းရှာခိုင်းပေါ့၊ ဒါနဲ့ ပန်းတွေဘာတွေသွားရှာ ကိုရင်တွေ ဘာတွေက ခူးပေးနေမှာ ပေါ့လေ၊ ပြီးတော့မှ အဲဒီပန်းကို ဦးဇင်းကြီးကိုပေးပြီးတော့ ကိုင်း ဦးဇင်းကြီး ဘုရားကို ပန်းလှူ ဦးဇင်းကြီး ကုသိုလ်ဆိုပြီးတော့ သူကပန်းလှူတာ။

အဲဒီလို ပန်းလှူလိုက်တဲ့အခါကျတော့ ခုန နိမိတ်ပြောင်းသွားရော, ဂတိ နိမိတ်ဟာ နဂိုက ငရဲနိမိတ် ပေါ်ရာကနေပြီးတော့ အခု နတ်သမီးနိမိတ်တွေပေါ်လာတယ်၊ အဲဒီအခါကျတော့ ဦးဇင်းကြီးက ပြောတယ်တဲ့၊ ငါ့သား, မင်းမိထွေးတွေလာ ပြီတဲ့၊ အဲဒီလို နိမိတ်ထင်ရင်းနဲ့ သူ စုတိစိတ်ကျသွားတာနော်။

ဒီနတ်ပြည်နိမိတ် ထင်နေတုန်းမှာ သူ စုတိစိတ်ကျသွားတဲ့အတွက်ကြောင့်မို့ နတ်ပြည်မှာ သွားဖြစ်တယ်၊ နတ်ပြည်မှာ သွားဖြစ်တော့ သူက တစ်သက်လုံးက အကုသိုလ်တွေ လုပ်လာခဲ့တာ မဟုတ်လား၊ အဲဒီတော့ သားဖြစ်တဲ့ပုဂ္ဂိုလ်က စိတ်မချဘူး၊ ဟိုမှာနေလို့ ကြာကြာခံမှာမဟုတ်ဘူးပေါ့၊ အခုနေချက်ချင်း လုပ်လိုက်တဲ့ ကုသိုလ်လေးအရှိန်ကြောင့်သာ ကောင်းတဲ့ဘဝ ရောက်သွားတာကို၊ ဒီကုသိုလ်က အားကောင်းတာမဟုတ်တော့ ကြာကြာခံမှာ မဟုတ်ဘူးဆိုပြီးတော့ သူက နတ်ပြည် လိုက်သွားပြီးတော့ တရားဆက်ဟောတာ, တရားဆက်ဟောတော့ သူ သောတာပန် လား ဘာလဲမသိဘူး ဖြစ်သွားတယ်၊ အဲသလို ဖြစ်သွားမှ စိတ်အေး လက်အေးပေါ့လေ၊ စိတ်ချပြီးတော့ ပြန်လာတယ်။

ဒီလို သေခါနီးမှာ ကံသော်လည်းကောင်း, ကမ္မနိမိတ်သော်လည်းကောင်း, ဂတိနိမိတ်သော်လည်းကောင်း, ထင်လာတတ်တယ်နော်၊ ဒါကြောင့်မို့ အခုဒီဝီထိမှာ ပစ္စုပ္ပန်ရူပါရုံလို့ပြထားတယ်၊ ဒါကြောင့်မို့ ရူပါရုံလို့ဆိုသဖြင့် ဒီဝီထိမှာ ကံဟာ အာရုံမဟုတ်ဘူးနော်၊ ဒီ ဝီထိအတွက်မှာ ဘာသာဖြစ်မလဲ, ကမ္မနိမိတ်သော်လည်းကောင်း, ဂတိနိမိတ်သော်လည်းကောင်းဖြစ်မယ်၊ ဘာကြောင့်တုန်း, ကံဆိုရင် ပစ္စုပ္ပန်ရူပါရုံမဖြစ်နိုင်ဘူး၊ ပစ္စုပ္ပန်ရူပါရုံဆိုရင် ဘာဖြစ်မလဲ, ကမ္မနိမိတ် မဖြစ်နိုင်ဘူးလား၊ ကမ္မနိမိတ်အတန်းမှာကြည့်လိုက် အတိတ်ပစ္စုပ္ပန်တွေ့လား၊ ပစ္စုပ္ပန် အာရုံ ၆-ပါးဆိုတော့ ရူပါရုံ မပါဘူးလားပါတယ်။

အဲဒီတော့ ပစ္စုပ္ပန် ရူပါရုံလို့ပြောလိုက်ရင် ကမ္မနိမိတ်ဖြစ်နိုင်တယ်၊ ပြီးတော့ ဂတိနိမိတ် ဖြစ်နိုင်တယ် ဟုတ်လား၊ ဒီ ၂-ခု ၁-ခုခုထင်တယ်လို့ပဲ ယူဆကြစို့၊

[စာမျက်နှာ-130] ကောင်းပြီ, အဲဒီ ကမ္မနိမိတ်နှင့် ဂတိနိမိတ်။

ပစ္စုပ္ပန် ရူပါရုံဟာ ဘယ်အချိန်ကစပြီးတော့ ဖြစ်ပေါ်သလဲ, ဥပါဒ်သလဲဆိုရင် အတီတဘဝင် တီ ဆိုတဲ့ဟာနဲ့ ပြိုင်ပြီးတော့ ဖြစ်တယ်၊ အဲဒီ ပစ္စုပ္ပန် ရူပါရုံ အဲဒီ အချိန်မှာ ဖြစ်ပေါ်ပြီးတော့ ဒီစိတ်အစဉ်ကို လာပြီးတော့ ထိခိုက်တယ် ဆိုပါတော့၊ ထိခိုက်လိုက်တဲ့အခါမှာ ဘဝင်တစ်ချက် လွန်သွားတယ်၊ နောက် န ဆိုတာကဘာလဲ ဘဝင်လှုပ်ရှားသွားတယ်, ခါသွားတယ်၊ နောက် ဒ ဆိုတာက ဘဝင်ပြတ်သွားတယ်။ ဒီ ၃-ချက်ရှိတယ်နော်။

အဲဒီတော့ ပစ္စုပ္ပန်ရူပါရုံဟာ အတီတဘဝင်နဲ့ ပြိုင်ပြီးတော့ ဖြစ်တယ်။ ဖြစ်ပေမယ်လို့ အတီတဘဝင်, ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဆိုတဲ့ ၃-ခုက အဲဒီ ပစ္စုပ္ပန်အာရုံကို အာရုံမပြုဘူး၊ ဟို နောက်တုန်းက ယူလာခဲ့တဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်, ဒီဘဝ ပဋိသန္ဓေနှင့်တူတဲ့ဟာကိုပဲ အာရုံပြုတယ်။

အဲဒီတော့ အခု သေခါနီးတွေ့လာတဲ့ ပစ္စုပ္ပန်ရူပါရုံကို ဘယ်သူကအာရုံပြုမလဲ။ ပဉ္စဒွါရာဝဇ္ဇန်းကစပြီးတော့ စိတ်တွေက အာရုံပြုလိမ့်မယ်၊ ဟုတ်ပြီလား အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်းနဲ့သွားတယ်။

အဲဒီ ပစ္စုပ္ပန် ရူပါရုံဟာ စုတေပြီးတဲ့နောက်လည်း ရှိနေသေးတယ်၊ ဘယ်လောက်ထိအောင် ရှိနေလဲ၊ ပဋိသန္ဓေ ဘဝင်တစ်ကြိမ်, ဘဝင် ၂ ကြိမ်ထိအောင် ရှိနေတယ်၊ ဘာလို့တုန်းဆိုတော့ ပစ္စုပ္ပန်ရူပါရုံဆိုတာက စိတ္တက္ခဏ ၁၇-ချက် အသက် ရှိတယ်နော်၊ အတီတဘဝင်ကနေပြီး စရေကြည့် လိုက်စမ်း၊ ၁၇-ခု၊ ဘယ်မှာစေ့လဲ၊ ၁-၂-၃-၄-၅-၆-၇-၈-၉-၁၀-၁၁-၁၂-၁၃-၁၄- စုတိမှာ ၁၄ ရှိတယ်ဟုတ်လား၊ ၁၅-၁၆-၁၇- ဆိုတော့ ပဋိသန္ဓေနောင် နံပါတ်-၂ ဘဝင်နဲ့ အတူတူပြိုင်ပြီးတော့ သူချုပ်လိမ့်မယ်၊ အဲဒီတော့ ဘဝသစ် ရောက်သွားပေမယ်လို့ ရူပါရုံလေးက ဒီဘက်မှာရှိသေးတယ်၊ ကျန်ရစ်သေး တယ်နော်။

အဲဒီတော့ ဘဝသစ်မှာဖြစ်တဲ့ ပဋိသန္ဓေကလည်းပဲ အဲဒီရူပါရုံကိုပဲ အာရုံပြုတယ်။ သူက မကုန်သေးလို့အကယ်၍ ချုပ်သွားပြီးရင်လည်း အဲဒီ အတိတ်ကိုပဲ အာရုံပြုမှာပဲ။

အကယ်၍ စုတိနှင့် ပြိုင်ပြီးတော့ အဲဒီရူပါရုံက ချုပ်သွားတယ်ဆိုရင် ပဋိသန္ဓေက အဲဒီအတိတ်ရူပါရုံကို အာရုံပြုတယ်၊ အခုဟာကတော့ ရှိတုန်းဖြစ်နေတဲ့ အတွက်ကြောင့်မိုလို့ ပဋိသန္ဓေက ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုတယ်၊ ဒီလိုဆိုရတယ်။ ပဋိသန္ဓေတင် မကဘူး၊ ပထမဘဝင်, ဒုတိယဘဝင် ဒီဘဝင် ၂-ချက်ကလည်းပဲ ဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်။

[စာမျက်နှာ-131] အဲဒီလို ပြီးတဲ့နောက် ဟိုဘက်ကျတော့ အဲဒီရူပါရုံက ချုပ်သွားတော့ အတိတ်ဖြစ်မသွားဘူးလား၊ ဒါကြောင့်မို့ နံပါတ် ၃-ဘဝင်က စပြီးတော့ ဒီဘက် ဘဝမှာပေါ့လေနော်၊ ဘဝင်ဟူသမျှက အဲဒီ အတိတ်ရူပါရုံကိုပဲ အာုံပြုလိမ့်မယ်။ အဲသလို သွားမယ်။

မေး - အတိတ်က ခုနပြောခဲ့တဲ့ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်ဆိုတာ ရှင်းပြပါဘုရား။

ဖြေ - အဲဒီ ပစ္စုပ္ပန်ရူပါရုံက အတိတ်ဖြစ်သွားပြီ၊ ဟိုဘက်ကျတော့ သူရှိနေတုန်းပစ္စုပ္ပန်ပေါ့၊ သူချုပ်သွားပြီးတဲ့နောက်ကျတော့ သူပါအတိတ်ဖြစ်သွားပြီ၊ အဲဒီအတိတ်ကို အာရုံပြုလိမ့်မယ်၊ ဟုတ်ပြီလား။

အဲဒီတော့ အခုလေ့လာမှာက ဒွါရဝိမုတ်စိတ် ၁၉-ပါးကို လေ့လာမယ်။ ဆိုတော့ ဘဝသစ်ထဲမှာပဲကြည့်လိုက်၊ ဘဝသစ်ဆိုတာ ဘယ်မှာတုန်းသိလား၊ ဘယ်ဘက်က ပဋိသန္ဓေမဟုတ်ဘူး၊ ညာဘက်က ပဋိသန္ဓေ၊ အဲဒီဘဝသစ်မှာဖြစ်တဲ့ ပဋိသန္ဓေတို့ ဘဝင်တို့နောက် ဒီဘဝမှာလည်းပဲ အဆုံးကျရင် စုတေဦးမှာပဲ မဟုတ်လားနော်။

အဲဒီပဋိသန္ဓေရယ်၊ သူ့နောက်က ကပ်လိုက်တဲ့ဘဝင်ရယ်၊ နောက်ပြီးတော့ တစ်ဘဝလုံးမှာဖြစ်မယ့်ဘဝင်စိတ်တွေရယ်၊ တစ်ခါဘဝဆုံးတဲ့အခါကျတော့ဖြစ်မယ့် စုတိစိတ်ရယ်၊ အဲဒီစိတ်တွေဟာနော် အခြားမဲ့လွန်ခဲ့ပြီးသော ဘဝဟောင်းကဆိုတော့ဟော ဘယ်ဘက်က ဘဝပေါ့ဟုတ်လား၊ အခြားမဲ့ဆိုတော့ ဘာမှကြားမှာအခြားမရှိဘူး ကပ်လျက်လို့ ဆိုလိုတာပေါ့နော်၊ အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောဆိုတာ ဇဇဇဇ လို့ဆိုတဲ့ဟာကို ဆိုလိုတာ၊ အဲဒီဇောယူတဲ့ အာရုံပဲတဲ့၊ အဲဒီဇောယူတဲ့ အာရုံကိုပဲ ပဋိသန္ဓေနှင့်ဘဝင် စသည်က ယူတယ်တဲ့ ဟုတ်ပြီလားနော်။

အဲဒီလို ယူတဲ့အခါမှာ ပစ္စုပ္ပန်လည်းဖြစ်ချင်ဖြစ်နိုင်တယ်၊ အတိတ်ဖြစ်ချင်လည်း ဖြစ်နိုင်တယ်တဲ့၊ ပညတ်ဆိုတာကတော့ ရူပါဝစရဘုံမှာဖြစ်တဲ့အခါတို့ ဘာတို့ကျတော့ ပညတ်ရှိတယ်၊ အဲဒါကျတော့နော် ပညတ်ဖြစ်ချင်ဖြစ်မယ်တဲ့၊ အဲဒီအာရုံကိုပဲ technically ဘယ်လိုခေါ်မလဲ၊ ကံဟူ၍လည်းကောင်း၊ ကမ္မနိမိတ် ဟူ၍လည်းကောင်း၊ ဂတိနိမိတ်ဟူ၍လည်းကောင်း ခေါ်မယ်။

အဲဒီတော့ ဒီ (chart)မှာ ဒီဝီထိပုံမှာ ညာဘက်ပဋိသန္ဓေမရောက်ခင် စုတိ တိုင်အောင်က ဒါ တစ်ဘဝနော်၊ နောက်ညာဘက်ပဋိသန္ဓေကနေ သွားတာ၊ ဒါက တစ်ဘဝပေါ့၊ ၂-ဘဝ၊ အဲဒီမှာ စုတိနှင့် ပဋိသန္ဓေကြားမှာ ဘာမှ မခြားဘူးနော်၊

[စာမျက်နှာ-132] စုတိပြီးရင် ပဋိသန္ဓေဟာ ဆက်တိုက်ဖြစ်တာ၊ စုတိပြီးရင် တစ်ရက်နှစ်ရက် နေပြီးမှ ပဋိသန္ဓေဖြစ်တာ မဟုတ်ဘူး တစ်နာရီ နှစ်နာရီနေပြီးမှ ပဋိသန္ဓေဖြစ်တာ မဟုတ်ဘူး၊ စုတိပြီးတယ်ဟေ့ဆိုရင် ပဋိသန္ဓေဆက်ပြီးတော့ ဖြစ်တယ်။

ဒါကြောင့်မို့ ဒီဘဝနဲ့ နောက်လာမည့်ဘဝဟာ အမှန်က ကာလအားဖြင့် ပြောမယ်ဆိုရင် ဘာမှမခြားဘူးတဲ့၊ ဌာနအားဖြင့်တော့ အများကြီးခြားနိုင်တယ်။ နတ်ဖြစ်မယ်ဆိုရင် (ဆိုပါတော့) မိုင်ပေါင်းများစွာ ယူဇနာပေါင်းများစွာ ခြားသွား နိုင်တယ်၊ ဘယ်လောက်ခြားခြား စိတ်ခဏအနေနဲ့ကတော့ ဆက်တိုက်ပဲနော်။

အဲဒီမှာ ရှင်နာဂသိန်က အဖြေပေးထားတာရှိတယ်၊ သိပ်ကောင်းတယ်။ အဲသလိုအဝေးကြီးသွားဖြစ်တာ ဘယ်လိုလုပ်ပြီးတော့ ဒီခဏမခြားပဲ ဖြစ်နိုင်မလဲ၊ ဌာနအဝေးကြီးမဟုတ်ဘူးလား၊ အဝေးကြီးဆိုတော့ ရှင်နာဂသိန်က ဘယ်နှယ်ပြော သလဲဆိုတော့ “မင်းကြီး (မြို့တစ်မြို့နာမည်ကို ပြောလိုက်တယ်) အဲဒီ မြို့စိတ်ထဲ စဉ်းစားလိုက်စမ်းပါ။
“တင်ပါ၊ တပည့်တော်စဉ်းစားပြီးပြီ”

“နောက်တစ်ခါ ဒီထက်ဝေးတဲ့မြို့တစ်မြို့၊ (အဲဒီ မြို့နာမည်ပြောလိုက်ပြီး) အဲဒီ မြို့စဉ်းစားလိုက်စမ်းပါ။
“စဉ်းစားပြီးပြီ။”

“ဘယ်မြို့စဉ်းစားရတာ ပိုပြီးတော့ ကြာသလဲ”

အတူတူပဲပေါ့လေ၊ အခုနေဆိုပါတော့၊ Oakland စဉ်းစားလိုက်စမ်းနော်၊ Washington ဝါရှင်တန် စဉ်းစားလိုက်စမ်း၊ အတူတူပဲပေါ့၊ အဲဒါကြောင့် စိတ် အဖြစ်ကမြန်တော့ အတူတူပဲတဲ့၊ ဟို distant အနေနဲ့ ဝေးနေပေမယ်လို့ ကာလ အနေနဲ့ကတော့ တစ်ခါတည်း immediately follow ပေါ့လေနော်။

အဲဒါကြောင့်မိုလို့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ ကိစ္စတပ်တဲ့၊ ဒွါရဝိမုတ်စိတ်တွေရဲ့ အာရုံဟာ ဘာလဲဆိုရင် ပထမဆုံး ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်၊ ၃-ပါးတို့တွင် ၁-ပါးပါးလို့ ပြောရမယ်၊ အဲဒီ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃-ပါးတို့တွင် တစ်ပါးပါး ဆိုတာ အာရုံ အမျိုးစားအားဖြင့်ဆိုရင် အာရုံ ၆-ပါးပေါ့နော်၊ ဘာကြောင့်တုန်း ကမ္မနိမိတ်က အာရုံ ၆-ပါးဖြစ်တာကိုနော်၊ ကံက ဓမ္မာရုံ၊ ဂတိနိမိတ်က ရူပါရုံ၊ အားလုံးပေါင်းလိုက်တော့ အာရုံ ၆-ပါးလုံးဖြစ်တာပေါ့။ အဲဒီ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား၊ ကာလဝိမုတ်လား မေးရင် ဘယ်လိုပြောမလဲ၊ ပစ္စုပ္ပန်လည်းဖြစ်နိုင်တယ်။

[စာမျက်နှာ-133] အတိတ်လည်း ဖြစ်နိုင်တယ်၊ ကာလဝိမုတ်ပညတ်လည်းဖြစ်နိုင်တယ်၊ အနာဂတ်ဆိုတာတော့ မရှိဘူး။

အဲဒီ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်က ဘယ်သူက ယူထားတဲ့ အာရုံတုန်း ဆိုရင်ဒီဘဝပဋိသန္ဓေက ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃-ပါးယူတယ်လို့ ဆိုတယ်။ အဲဒီအာရုံက အဲဒီအခါကျမှ ပေါ်လာတဲ့ အာရုံလားဆိုတော့ (အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော) ရှေ့ကကပ်လျက် ဘဝမှာတုန်းက သေတဲ့အခါမှာ မရဏာသန္နဝီထိဆိုတာ ဖြစ်တယ်၊ ဖြစ်တဲ့အခါမှာ အဲဒီမှာ မရဏာသန္နဝီထိဇောရှိတယ်၊ အဲဒီဇောယူတဲ့ အာရုံကိုပဲ ပဋိသန္ဓေဘဝင်က ဆက်ပြီးတော့ ယူတယ်၊ အဲဒီယူတဲ့အခါမှာ ဟိုဇောယူတဲ့ အာရုံ ရှိတုန်းမှာ ပဋိသန္ဓေဖြစ်ရင် ဒါ ပစ္စုပ္ပန်အာရုံကိုပဲ ဆက်ယူတယ်ပေါ့ နော်၊ ဇောယူတဲ့ အာရုံက စုတိနှင့်ပြန်ပြီးတော့ ချုပ်သွားမယ်ဆိုရင်တော့ အတိတ်ကို ယူတယ်ပေါ့၊ ဒါဖြစ်နိုင်တယ်၊ ပစ္စုပ္ပန်သော်လည်းကောင်း အတိတ်သော်လည်းကောင်း ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ တစ်ဘဝနှင့် တစ်ဘဝမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ မတူဘူးနော်၊ အဲဒါ သတိထား၊ အဲဒါမှာ မျက်စိလည်တတ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ အခုဆိုပါတော့ ဘယ်ဘက်မှာရှိတဲ့ဘဝမှာ ကံစသည်ဆိုတာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်၊ ပဋိသန္ဓေကလည်း အဲဒီအာရုံကိုယူတယ်၊ ဘဝင်တွေကလည်း အဲဒီအာရုံကို ယူတယ်။

သို့သော် အဲဒီကံစသည်ကို ဇောကယူရဲ့လား၊ မယူဘူး၊ ဇောက ပစ္စုပ္ပန်ရူပါရုံကို ယူတာ၊ ကောင်းပြီ အဲဒီဘဝရဲ့ စုတိကတော့ ဘာကို ယူသလဲ၊ ကံစသည်ကိုပဲ ယူတယ်၊ ဘာလို့တုန်း တစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟာ အာရုံတူရတယ်နော်၊ ဒါကြောင့်မို့ စုတိယူတဲ့ကံစသည်နှင့် ဒီဘယ်ဘက်ဘဝမှာ၊ ဘဝင်၊ ပဋိသန္ဓေ ယူတဲ့ကံ စသည် အတူတူပဲ။

သို့သော် ဒီဘဝမှာသေတဲ့အခါမှာ အဲဒီကံစသည်ကို မယူဘူးနော်၊ တခြားကံ စသည်ကိုယူတယ်၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့တော့ နာမည်တော့ ခေါ်ရတယ်၊ ဆိုပါတော့၊ ဒီဘက်ဘဝတုန်းကပဋိသန္ဓေက ကုသိုလ်ကံကို အာရုံပြုခဲ့မယ် ဆိုပါတော့၊ ဖြစ်နိုင်တယ်ဟုတ်လား၊ ဒါပေမယ်လို့ ဇောကကျတော့ သေခါနီးမှာ အကုသိုလ် သတိရပြီး သေသွားရင် သူက အကုသိုလ်ကို အာရုံပြုလိမ့်မယ်။ ကံတော့ကံပဲ၊ အဲဒီတော့ နာမည်အနေအားဖြင့်တော့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကိုပဲ အာရုံပြုတယ်လို့ ပြောရတယ်၊ သို့သော် ဒီကံမဟုတ်ဘူး identical မဟုတ်ဘူး၊

[စာမျက်နှာ-134] အဲဒါ အရေးကြီးတယ်နော်၊ အဲသလိုမဟုတ်ရင် မျက်စိလည်သွားမယ်၊ မျက်စိ လည်သွားရင် တစ်သံသရာလုံးမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ တစ်ခုတည်းလို့ စိတ်ဟာ ထင်သွားလိမ့်မယ်၊ ဒီဘဝမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ယူတာကိုပဲ နောက်ဘဝကလည်းယူ နောက်ဘဝကလည်းယူ၊ နောက်ဘဝကလည်းယူဆိုရင် အဲသလိုသာ ဖြစ်နေမယ်ဆိုရင် လူတွေ ဟိုဘဝ ဒီဘဝလည်းဖြစ်။

မေး - မိန်းမောတဲ့အခါကျတော့ တစ်ခုခုကနေကြားဝင်လာတဲ့ ဇောပြင်းထန်ပြီး ရောက်သွားတဲ့ အာရုံကို ပစ္စုပ္ပန်ရူပါရုံလို့ခေါ်ရသလား။

ဖြေ - ပစ္စုပ္ပန်ရူပါရုံဆိုတာက ခုနကဝတ္ထုမှာမျိုးဆိုရင် ဒါ ပစ္စုပ္ပန်ရူပါရုံပြောလို့ရတယ်၊ ဘာလို့တုန်းဆို သူ နတ်သမီးတွေ မြင်လာပြီကိုး၊ နတ်သမီးတွေမြင်လာတဲ့ အခါကျတော့ သူ ဂတိနိမိတ်တွေ ထင်လာပြီ၊ အဲဒီနတ်သမီးအာရုံတွေ ထင်နေတုန်း၊ ရှိနေတုန်းမှာပဲ သူက သေသွားတာ။

အဲဒီတော့ သူ့ရဲ့ ပဋိသန္ဓေက အဲဒီနတ်သမီးနိမိတ်ကိုပဲ အာရုံပြုပြီးတော့ သူက နတ်သွားဖြစ်တာ၊ အဲဒါကြောင့်မို့နော်၊ ဒီဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိရဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်နဲ့ နောက်ဘဝ ပဋိသန္ဓေ၊ ဘဝင်၊ စုတိရဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ မတူဘူး၊ ဟုတ်ပြီလား၊ ဒီဘဝက ကုသိုလ်ကံဖြစ်ချင်ဖြစ်မယ်၊

နောက်ဘဝက အကုသိုလ်ကံ ဖြစ်ချင်ဖြစ်မယ်နော်၊ သို့မဟုတ် ဒီဘဝက ကုသိုလ်ကံ ဖြစ်မယ်၊ နောက်ဘဝက ကမ္မနိမိတ်ဖြစ်ချင်ဖြစ်မယ်၊ ဂတိနိမိတ်ဖြစ်ချင်ဖြစ်မယ်၊ အဲသလိုကွဲသွားနိုင်တယ်။

ဒါကြောင့်မို့ ဘယ်ဘက်ဘဝမှာ ပဋိသန္ဓေဘဝင်နောက်ဆုံးသွားလိုက် စုတိ အဲဒီ ၃-ခုရဲ့ အာရုံသည် identical ကံစသည် ကံဆိုလည်း ကံပဲ၊ ကမ္မနိမိတ်ဆိုလည်း ကမ္မနိမိတ်ပဲ၊ ဂတိနိမိတ်ဆိုလည်း ဂတိနိမိတ်ပဲ၊ စသည်ဆိုတာ ကမ္မနိမိတ်နှင့် ဂတိနိမိတ်ကိုပြောတာ၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ မရေးချင်လို့ ကံစသည်လို့ ပြောတာ (etc.) ဟုတ်လား၊

မေး - ပဋိသန္ဓေစဖြစ်တဲ့အချိန်နဲ့ စုတိဖြစ်တဲ့အချိန်မှာ ကံစသည်ချင်းကတော့ တူပါသလား။

ဖြေ - တူတယ်၊ တစ်ဘဝမှာ ပဋိသန္ဓေစိတ်ရှိတယ်၊ ဘဝင်စိတ်ရှိတယ်၊ စုတိစိတ် ရှိတယ်၊ သေတဲ့အခါမှာ အဲဒီ ၃-ခုဟာ အာရုံအတူတူပဲယူတယ်၊ ပဋိသန္ဓေ ယူတဲ့အာရုံကိုပဲ ဘဝင်ကယူတယ်၊ ပဋိသန္ဓေဘဝင်ယူတဲ့ အာရုံကိုပဲစုတိက ယူတယ်၊ အဲဒါကြောင့်မို့ တစ်ဘဝမှာဖြင့်ရင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်က

[စာမျက်နှာ-135] ဒါပဲ၊ ဒီ ပဋိသန္ဓေ၊ ဘဝင်၊ စုတိအတွက်ဟာ အာရုံအတူတူပဲ။

မေး - စုတိမတိုင်မီ ဇောတွေကျတော့ကော
ဖြေ - ဇောကျတော့ယူချင်တာ ယူလိမ့်မယ်၊ ဒါကြောင့်မို့ အခု ဝီထိကျတော့ ပစ္စုပ္ပန်ရူပါရုံကိုပြထားတာ၊

မေး - ဇောသွားနေတဲ့အခါမှာ စုတိဟာ ၁၆-မဟုတ်လား၊ ၁၆-ပြီးတော့ သူ့ရဲ့အဟောင်းကို ပြန်ကျပါသလား၊
ဖြေ - ဇောကလဲ ဒီဟာမှာ ၇-ကြိမ် မစောနိုင်ဘူးတဲ့နော်၊ ဇောဟာ သာမန်အားဖြင့် averageအားဖြင့်ဆိုရင် ၇-ကြိမ်စောတယ်၊ ဇောကလည်း ၅-ကြိမ်ပဲ စောတယ်၊ ဇောစောပြီးတဲ့နောက် တစ်ခါတစ်လေလည်း ဘဝင်ကျနိုင်တယ်နော်၊ တဒါရုံဖြစ်ချင် ဖြစ်သေးတယ်၊ ပြီးတော့ စုတိလာတယ်၊ ဒါတော့ အမျိုးမျိုးရှိတယ်၊ ဒီမှာတော့ ဒါ အသာမြုပ်ထားတယ်၊ နောင်ပဉ္စမပိုင်းကျတော့ ဒီဝီထိတွေ ပြန်လေ့လာမယ်။

အဲဒီတော့ ဇောပြီးရင် စုတိကျတယ်ပဲဆိုကြပါစို့၊ ဒီဝီထိအရ ဆိုတော့ တစ်ခါတည်း စုတိဆိုရင် ဒီဘဝပြတ်သွားပြီ။

ဒီအလုံးလေး ၃-လုံးပြထားတာက အဓိပ္ပါယ်ရှိတယ်နော်၊ ဟုတ်လား၊ ဒီခဏတစ်ခုမှာ ခဏငယ် ၃-ခုရှိတယ်နော်၊ one moment မှာ three submoments, အဲဒီတော့ ဟို exist လို့ ဦးဇင်းတို့ ပြောတဲ့အခါမှာ အဲဒီ existance ရဲ့ ၃-ပိုင်းရှိတယ်၊ ဖြစ်တဲ့အပိုင်းရယ် ဖြစ်လာပြီးတော့ ခဏလေး တည်တဲ့အပိုင်း (still) ပြီးတော့ ပျက်စီးတဲ့အပိုင်း၊ ချုပ်တဲ့အပိုင်း အဲဒါကို ပါဠိလိုခေါ်တော့ ဥပါဒ်၊ ဌီ၊ ဘင်လို့ခေါ်တယ်၊ ဒါ စတုတ္ထပိုင်းကျတော့ လေ့လာရမယ်၊ အဲဒီ ဥပါဒ်၊ ဌီ၊ ဘင် ၃-ခုကို ခဏကြီး တစ်ခုလို့ ခေါ်တယ်။ စိတ္တက္ခဏလို့ခေါ်တယ်၊ အမှန်ကတော့ အဲဒီဟာလေးတွေကျတော့ ခဏငယ်လို့ ခေါ်တယ်၊ small moment၊ ဒါကြောင့်မို့ အဲသလို သုံးနှုန်းတာ။

အဲဒီ စုတိမှာ အဲဒီ ၃-ခုရှိတဲ့အနက်က နောက်ဆုံးဟာကို စုတိရဲ့ ဘင်ပေါ့။ အဲဒီစုတိရဲ့ ဘင်ရောက်တာနဲ့ တစ်ပြိုင်တည်း ဒီဘဝပြီးပြီ၊ ပြီးရင် အဲဒီနောက် ဆက်တိုက် ပဋိသန္ဓေရဲ့ အစ ဥပါဒ်လာတယ်၊ ကြားမှာ အမှန်က ဘာမှ မခြားဘူး၊ အဲဒီတော့ ဒီဘဝနဲ့ ဟိုဘဝဟာ အမှန်အတိုင်းပြောရင် ဒီစိတ်အစဉ်အတိုင်း ပြောရ မယ်ဆိုရင် ဘာမှ မခြားဘူး၊ ဘဝကြီးကတော့ သိပ်ထူးခြားသွားတာပေါ့လေ။

မေး - ဘဝအသစ်ရောက်သွားလို့ ပဋိသန္ဓေရှိတဲ့အချိန်မှာ အခုလောလော

[စာမျက်နှာ-136] ဆယ်ရှိနေတဲ့အာရုံကို ပစ္စုပ္ပန်ရူပါရုံကို ဘယ်လိုဖြစ်စေပါသလဲ။

ဖြေ - ပစ္စုပ္ပန်ရူပါရုံမကဘူး၊ အမျိုးမျိုးဖြစ်နိုင်တယ်၊ ဒါက (just as a sample)၊ ဒီဝီထိပြတာက အဲဒီနေရာမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ပဲ ဖြစ်နိုင်တယ်ဆိုတဲ့ အတွက်ကြောင့်မိုလို့ အာရုံ ၆-ပါးပဲ ဖြစ်နိုင်တယ်၊ အကယ်၍ ကံထင်တဲ့ ဝီထိချမယ်ဆိုပါတော့၊ ကံထင်တဲ့ ဝီထိချမယ်ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏချလို့ မရတော့ဘူး၊ ဘာလို့တုန်းဆို သူက အတိတ်ဖြစ်သွားပြီ၊ မနောဒွါရမှာ ထင်မှာဟုတ်လား၊ အဲဒီတော့ အဲဒါတွေ ချန်ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်းအစား မနောဒွါရာဝဇ္ဇန်းလာခဲ့ ပြီးရင် ဇောလာခဲ့၊ အဲသလိုလုပ်ရမှာ။

အဲဒီအခါကျတော့ ပစ္စုပ္ပန်ရူပါရုံအစားအတိတ်ကံပေါ့၊ သို့မဟုတ် ကမ္မနိမိတ် ထင်မယ်၊ အတိတ်ကမ္မနိမိတ်ထင်ရင် အတိတ်ကမ္မနိမိတ်၊ ပစ္စုပ္ပန် ကမ္မနိမိတ် ထင်ရင်လည်း ပစ္စုပ္ပန် ကမ္မနိမိတ်၊ အဲဒီတော့ အမျိုးမျိုးဖြစ်နိုင်တယ်၊ ဒါကတော့ အဲဒီအများကြီးထဲက တစ်ခုခုတည်း ထုတ်ပြီးပြတားတာ၊ ပစ္စုပ္ပန် ရူပါရုံ တစ်ခုတည်းကိုသာ အာရုံပြုတယ်လို့တော့ မမှတ်မိစေနဲ့။

မေး - အဲဒါကို ဘယ်လိုလုပ် တွဲလို့ရမလဲ၊ ခုနမုဆိုးလိုပေါ့၊ အဲဒီ အလုံး အလုံးလေးတွေနဲ့

ဖြေ - ဒီဟာလေးတွေက တစ်ခုတစ်ခုကိုသိဖို့မလွယ်ဘူး၊ ဒါကတော့ မြတ်စွာဘုရားမှ သိတာကို ဒီသေတဲ့အခိုက်မှာ ဒီဝီထိနဲ့ သေလိမ့်မယ်၊ အဲဒီ ရဟန်းကြီးဟာ ဒီဝီထိနှင့် သေတဲ့အခါမှာ ပစ္စုပ္ပန်ရူပါရုံအရ နတ်သမီး ရူပါရုံလို့ ပြောကြစို့၊ ဂတိနိမိတ်၊ အဲဒီ ဂတိနိမိတ် မြင်နေတုန်းမှာ သူ စုတိစိတ်ကျသွားတာ၊ အဲဒါကြောင့်မို့ ပစ္စုပ္ပန်ရူပါရုံဟာ အတီတဘဝင်ကစပြီးတော့ သူရှိခဲ့တယ်၊ သူ့ကို အာရုံပြုတာကတော့ ပဉ္စဒွါရာဝဇ္ဇန်းကစပြီးတော့ အာရုံပြုမယ်၊ အဲဒီ ပစ္စုပ္ပန်ရူပါရုံက ရုပ်သက်က ၁၇-ချက်ရှိတယ်၊ စိတ်ထက် ၁၇-ချက်ပိုပြီးတော့ ရှည်တယ်လို့ဆိုတယ်။ အသက်ပိုရှည်တယ်၊ အဲဒီတော့ စိတ္တက္ခဏ ၁၇-ချက်ပြည့်တဲ့အခါမှာ ပစ္စုပ္ပန် ရူပါရုံက ချုပ်သွားပြီ၊ ချုပ်သွားတဲ့အခါမှာ သူ အတိတ်ဖြစ်သွားတဲ့အတွက်ကြောင့်မို့ နောက်ဘဝင်တွေက အဲဒီ အတိတ် အာရုံကိုပဲယူတယ်၊ ဒီအာရုံ ဒီအာရုံပဲ၊ သို့သော် ပစ္စုပ္ပန်နဲ့အတိတ်ပဲ ကွာသွားတာ၊ အဲဒီတော့ နောက်ဘဝဖြစ်တဲ့ ပဋိသန္ဓေဟာလည်းပဲ သူမြင်ခဲ့တဲ့ နတ်သမီးအာရုံကိုပဲ သူယူမှာပဲ၊ အဲဒီ ရူပါရုံပဲယူမယ်၊ ဒါကြောင့်မို့ နတ်တစ်ဘဝလုံးမှာလည်းပဲ အဲဒီရူပါရုံကိုပဲယူမှာပဲ၊ သူ အဲဒီနတ်ဘဝက စုတေလို့

[စာမျက်နှာ-137] သေရင်လည်း အဲဒီ အာရုံပဲ ယူပြီး သေမှာ၊ တစ်ခါ နောက်တစ်ဘဝ သွားဖြစ်ချင် ဖြစ်ဦးမယ်ဆိုပါတော့၊ သူက ဖြစ်ရင် ဟိုအာရုံအသစ် ဖြစ်သွားမှာပေါ့၊ အဲဒီလို သွားလိမ့်မယ်။

ဘဝသစ်ရောက်တဲ့အခါကျတော့ ဘဝသစ်ဟာလေးလည်း လေ့လာဖို့ ကောင်းလို့ ထည့်ထားတာ၊ ပဋိသန္ဓေပြီးတော့ ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ်ဖြစ်တယ်၊ အဲဒီ ဘဝင် ၁၅-ကြိမ်၊ ၁၆-ကြိမ်က အတိတ်ရူပါရုံကို အာရုံပြုတယ်။

အတိတ်ရူပါရုံဆိုတာ ဟိုဘက်တုန်းက အနေနဲ့ ပြောရင် ပစ္စုပ္ပန်ရူပါရုံပဲပေါ့။ ပြီးတဲ့နောက် မနောဒွါရာဝဇ္ဇန်းဖြစ်တယ်၊ မနောဒွါရာဝဇ္ဇန်းဖြစ်ပြီးနောက် ဇော ၇-ကြိမ်ဖြစ်တယ်၊ ပြီးတော့ ဘဝင်ဖြစ်တယ်၊ အဲဒီ မနောဒွါရာဝဇ္ဇန်းနှင့် ဇော ၇ကြိမ်က ဘယ်ကို အာရုံပြုသလဲဆိုတော့ ပဋိသန္ဓေ အသစ်ကို အာရုံပြုတယ်။

ပဋိသန္ဓေ အသစ်ဆိုတာ ပဋိသန္ဓေ စိတ်ရယ်၊ အဲဒီစိတ်နဲ့အတူတူဖြစ်တဲ့ ရုပ်ရှိသေးတယ်၊ ကမ္မဇရုပ်လို့ ခေါ်တယ်၊ အဲဒီဟာကို ပဋိသန္ဓေလို့ခေါ်တာ။

သာမညအားဖြင့် ပဋိသန္ဓေဆိုတော့ မှုန်မွှားမွှားပဲ စိတ်က သိလိမ့်မယ်။ ဘာရယ်လို့ အတိအကျ မသိဘူး၊ သေသေချာချာ အဘိဓမ္မာနဲ့ ပြောတဲ့အခါကျတော့ ပဋိသန္ဓေဆိုတာ ပဋိသန္ဓေစိတ်ရယ် (ပဋိသန္ဓေစိတ်ဆိုတာ ဒွါရဝိမုတ်စိတ် ၁၉-ပါးထဲက တစ်ပါးပါး) ပြီးတော့ အဲဒီစိတ်နဲ့ အတူတကွဖြစ်တဲ့ စေတသိက်ရယ်၊ ပြီးတော့ အဲဒီစိတ်နဲ့အတူတကွဖြစ်တဲ့ ကမ္မဇရုပ်ရယ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ရှိတယ်။ အဲဒါကို ပဋိသန္ဓေလို့ခေါ်တယ်၊ အဲဒီဟာကို မနောဒွါရာဝဇ္ဇန်းနဲ့ ဒီဘဝသစ်မှာဖြစ်တဲ့ ဇောတွေက အာရုံပြုတယ်၊ ဒါကြောင့်မို့ အဲဒီဟာတွေပါ ထည့်ပြထားတယ်။ ဒီမှာတော့ မလိုပါဘူး၊ မလိုပေမယ်လို့ ဒါလေးဟာ သဘောကျထားရင်ကောင်းတယ်၊ နောင်မရဏာသန္နဝီထိ လေ့လာတဲ့အခါကျတော့လည်း ဒီပုံကိုပဲ ပြန်ပြီးတော့ ကြည့်ဦးမယ်၊ ပဉ္စမပိုင်းအဆုံးကျရင် ပြန်ပြီးတော့ လုပ်ဦးမယ်၊ ဒါလေး သိထားစေ ချင်တယ်။

အဲဒီဇောနောင်မှာ ဘဝင်တွေရှိတယ်၊ အဲဒီဘဝင်က အတိတ်ရူပါရုံဆိုတော့ ဒါကတော့ ပဋိသန္ဓေယူတဲ့ အာရုံကိုပဲယူတော့တာကို၊ ပဋိသန္ဓေယူတာက ပစ္စုပ္ပန်၊ သို့သော် ဟိုဘက်ကျတော့ အတိတ်ဖြစ်သွားတဲ့အတွက်ကြောင့်မိုလို့ အတိတ်အာရုံ၊ အဲဒီအတိတ်အာရုံပဲယူတော့တာ။

မေး - အဲဒီအတိတ်အာရုံနဲ့ နောင်ဘဝသစ်ဖြစ်လာတဲ့အခါ ဘာအာရုံတွေ ဆက်လာဦးမှာလဲဘုရား။

[စာမျက်နှာ-138] ဖြေ - ဆက်လာရင်တော့ ဘဝင်တွေ အများကြီးလာဖို့ရှိတယ်၊ အမိဝမ်းထဲမှာ ရှိတုန်းဆိုရင်လေ၊ ဟို လူသတ္တဝါဆိုရင် ဆိုပါတော့၊ ဒါပေမယ်လို့ တခြားစိတ်တွေလည်း ဖြစ်နိုင်တယ်၊ ကုသိုလ်စိတ်ဖြစ်ချင်ဖြစ်မယ်၊ အကုသိုလ်စိတ် ဖြစ်ချင်ဖြစ်မယ်၊ သို့သော် အမိဝမ်းထဲရှိတုန်းတော့ စောစောပိုင်းမှာဆိုရင်တော့ ဘဝင်စိတ်တွေ များမှာပါပဲ၊ ဝီထိစိတ်ဆိုတာတွေတော့ နည်းလိမ့်မယ်၊ တစ်ဘဝလုံးဟာဘဝင်ဖြစ်လိုက်၊ မြင်စိတ်ဖြစ်လိုက်၊ ကြားစိတ်ဖြစ်လိုက်၊ စဉ်းစားတဲ့စိတ်ဖြစ်လိုက်၊ နံတဲ့စိတ်ဖြစ်လိုက် ဘဝင်ဖြစ်လိုက်၊ အဲသလိုပဲ သွားနေမှာပဲ၊ နောင်သေတဲ့အခါကျတော့ ဒီလိုပဲတစ်ခါ၊ မရဏာသန္နဝီထိ တစ်ခါလာပြန်၊ ဒီပုံစံအတိုင်း အတိအကျတော့ မဟုတ်ဘူးပေါ့။ သို့သော် ဒီလိုပဲ မရဏာသန္နဝီထိဆိုတာ လာပြီးတော့ ဒီလိုပဲသေမယ်၊ နောက်ဘဝဖြစ်၊ နောက်ဘဝဖြစ်၊ အဲဒီလို ဘဝတစ်ခုတစ်ခုဟာ အဲသလို ဆက်သွား တာ။

အဲဒီတော့ ဒီမရဏာသန္နဝီထိနှင့် ပတ်သက်ပြီးတော့ တစ်ခု သတိထားဖို့ အရေးကြီးတာက အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေမှာ စုတိက ပဋိသန္ဓေကို ဖြစ်စေ တယ်လို့ အဲသလို ရေးလေ့ရှိကြတယ်။ အဲဒါဟာ ချော်နေတာ၊ ဒီပဋိသန္ဓေစိတ်ဟာ ဘာကြောင့်ဖြစ်တာလဲလို့မေးရင် လွန်ခဲ့တဲ့ဘဝက ကံကြောင့်ဖြစ်တာ၊ ပဋိသန္ဓေစိတ် ဆိုတာ ဝိပါက်စိတ်မဟုတ်ဘူးလား၊ သန္တီရဏစိတ်ရယ်၊ မဟာဝိပါက်စိတ်ရယ်၊ ရူပဝိပါက်စိတ် ၅-ရယ်၊ အရူပဝိပါက်စိတ် ၄- ရယ်၊ ဟုတ်တယ်မို့လား၊ ဝိပါက် စိတ်တွေ၊ ဝိပါက်စိတ်ဆိုတာ ကံရဲ့ အကျိုးဖြစ်တဲ့စိတ်တွေ၊ ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ကို ဖြစ်စေတာသည် စုတိစိတ်ကဖြစ်စေတာ မဟုတ်ဘူး၊ အခု ဇောအခိုက်တုန်းက အာရုံပြုထားတဲ့ အခု ဇောအခိုက်တုန်းမှာဖြစ်တဲ့ ကံက ဖြစ်စေတာ၊ ကုသိုလ်ကံဖြစ်ဖြစ်၊ အကုသိုလ်ကံဖြစ်ဖြစ် သို့မဟုတ် ဟိုတုန်းက အဟောင်းကံကလည်း ဖြစ်စေနိုင်တယ်။ ဟို အဟောင်းကံက ကံကိုအာရုံပြုတဲ့အခါ ကျတော့ သူက အသစ်လို လာဖြစ်နေတယ်၊ အဲဒီကံက ဖြစ်စေတာ စုတိက ဖြစ်စေတာ မဟုတ်ဘူး။

အဲဒီတော့ စုတိကနေရာဖယ်ပေးတဲ့သဘောသာရှိတယ်၊ စုတိက ဇွတ်ပေ နေမယ်ဆိုရင် ပဋိသန္ဓေဖြစ်ခွင့် မရှိဘူးဆိုပါတော့၊ အဲဒါကြောင့်မို့ သူချုပ်ပေးတယ်။ ချုပ်ပေးတဲ့အတွက်ကြောင့်မို့ ပဋိသန္ဓေဖြစ်ခွင့်ရှိတယ်၊ အဲဒီနည်းနဲ့တော့ စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးတယ်လို့ ဆိုနိုင်တယ်၊ ဒါပေမယ်လို့ ဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး (produce)လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဘယ်တော့မှ မဖြစ်စေရဘူး၊ အဲဒါကို သတိထားမှတ်ကြ။

သူများတွေက ရေးရင် အဲဒီလိုရေးလေ့ရှိကြတယ်၊ give rise to

[စာမျက်နှာ-139] patisandhi, Cuti gives rise to patisandhi၊ အဲဒီ give rise to patisandhi ဆိုတာက အဓိပ္ပါယ်အမျိုးမျိုးယူလို့ရလိမ့်မယ် ဖြစ်စေတယ်၊ produce လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရမယ်၊ ခုနလို အခွင့်ပေးတာ ဒီနေရာ သူထိုင်ပါစေတော့ဆိုပြီး ကိုယ်က ဖယ်ပေးလိုက်တဲ့ဟာမျိုး၊ အဲဒီလိုနည်းနဲ့တော့ စုတိက ပဋိသန္ဓေကို ကျေးဇူးပြုတယ်။

ပဋ္ဌာန်းကျရင် အနန္တရသတ္တိဖြင့် ကျေးဇူးပြုတဲ့အခါကျရင် ဒါတွေလာလိမ့်မယ်၊ သို့သော် စုတိကြောင့် ပဋိသန္ဓေဖြစ်တာ မဟုတ်ဘူး၊ စုတိက ပဋိသန္ဓေကိုဖြစ်စေတာ မဟုတ်ဘူး၊ ပဋိသန္ဓေကို ဖြစ်စေတာက ဘဝဟောင်းက ကံကဖြစ်စေတာ၊ ဇောနဲ့ အတူတကွဖြစ်တဲ့ကံတွေ ရှိလိမ့်မယ်၊ ဟိုးနောက်နောက်တုန်းက လုပ်ကဲ့တဲ့ကံတွေ ရှိခဲ့မယ်၊ အခုပေါ်လာတာနော်၊ အဲဒီကံက ပဋိသန္ဓေကိုဖြစ်စေတာ။

ဒါကြောင့်မို့ဒီအာရမ္မဏသင်္ဂဟ အနေနဲ့ နားလည်ဖို့ကတော့ အဲဒီ ဒွါရဝိမုတ်စိတ်လို့ခေါ်တဲ့ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ် သို့မဟုတ် ပဋိသန္ဓေ ဘဝင်၊ စုတိ၊ ကိစ္စတပ်တဲ့စိတ် ၁၉-ပါး ရှိတယ်၊ ဒီ ၁၉-ပါးဟာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုတယ်၊ အဲဒီ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုတာ အာရုံအားဖြင့် ပြောမယ်ဆိုရင် အာရုံ ၆-ပါးပဲ၊ ရူပါရုံဖြစ်နိုင်တယ်။ သဒ္ဒါရုံဖြစ်နိုင်တယ် စသည်သွားနော်။

အဲဒီ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟာ ပစ္စုပ္ပန်လား၊ အတိတ်လား၊ ကာလဝိမုတ်လား၊ ပစ္စုပ္ပန်၊ အတိတ်၊ ပညတ်ဆိုတော့ ကာလဝိမုတ်ဖြစ်နိုင်တယ်၊ ဘယ်ကလာတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လဲ၊ မိုးပေါ်ကျပေါ်လာတာလားဆိုတော့အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောဆိုတာ ဒွါရ ၆-ပါးမှာ ဖြစ်တဲ့ ဇောလို့ ဆိုလိုတာ၊ မရဏာသန္နဇောပါပဲနော်၊ ဆဒွါရိကမရဏာသန္နဇောသည်ယူပေးအပ်သော၊ အဲဒီ ဆဒွါရိက မရဏာသန္နဇောယူတဲ့ အာရုံကိုပဲ ပဋိသန္ဓေကယူတယ်၊ ဘဝင်က ယူတယ်၊ ပဋိသန္ဓေကယူရင် ဘဝင်ကလည်းယူတာပဲ၊ စုတိကလည်းယူတော့တာပဲ၊ အဲဒီလို မှတ်ရမယ်၊ ဒါ ဒွါရဝိမုတ်စိတ်တို့ရဲ့ အာရုံ ရေးရေးရမယ်၊ ဘာကြောင့်တုန်း ဆိုတော့ ဒီမရဏာသန္န ဝီထိအကြောင်းကို ဒီထက်ကျယ်ကျယ်ပိုပြီးတော့ နားလည်ဖို့ လိုတယ်၊ ပြီးတော့ ဝီထိဆိုတာကိုက နားလည်ဖို့လိုသေးတယ်၊ အခုဟာက ဝီထိ ပိုင်းလည်း မရောက်သေးဘူး ဟုတ်လား၊ မရဏာသန္နဝီထိဆိုရင် ဘုံပိုင်းအဆုံးလည်း မရောက်သေးဘူး ဖြစ်နေတာကို သို့သော် အခုလောက် ရေးရေးနားလည်ရင်တော်ပြီ။

[စာမျက်နှာ-140] မေး - စုတိဟာ ပစ္စုပ္ပန် ရူပါရုံ အာရုံကို အာရုံပြုတာရှိပါသလား။
ဖြေ - ရှိတယ်၊ ဒါပေမယ်လို့ အဲဒါကို အာရုံမပြုဘူး၊ ဒီစုတိကို လွန်ခဲ့တာကိုပဲ ပြန် အာရုံပြုတာ၊ ပဋိသန္ဓေပြုတဲ့ အာရုံကိုပဲ သူက ပြုတယ်။

မေး - အဲဒီကြားထဲမှာ ခဏပြတ်သွားပါသေးလား။
ဖြေ - ပြတ်တော့မပြတ်ဘူး၊ ရူပါရုံကတော့ သူဟာသူရှိနေတာပဲပေါ့၊ သူ့ကို အာရုံမပြုဘူး၊ ဒီဘဝက ဒီအခိုက်အတန့်မှာ သူ့ကို အာရုံပြုတဲ့စိတ်မရှိဘူး၊

မေး - အာရုံကတော့ လာနေတယ်ပေါ့ဘုရား။
ဖြေ - အာရုံကတော့ ရှိနေတယ်၊ သူ့ကို အာရုံပြုမယ့်စိတ်မရှိဘူး၊ အဲဒီအချိန် အခါမှာ စုတိအခိုက်မှာ၊ ထို့အတူပဲ၊ အစမှာကြည့်လိုက်၊ အတီတဘဝင်အခိုက် ဘဝင်္ဂစလေန အခိုက်၊ ဘဝင်္ဂုပစ္ဆေဒ အခိုက်မှာ သူ့ကို အာရုံပြုတဲ့စိတ် မရှိဘူးဆိုတော့ သူကတော့ပေါ်နေပြီ၊ ဘာလို့တုန်းဆိုတော့ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒက ပဋိသန္ဓေနဲ့တူတဲ့ အာရုံကို ယူရမှာကို၊ ဒီပစ္စုပ္ပန်အာရုံကို မယူနိုင်ဘူး၊ အဲဒီတော့ အဲဒီမှာလည်းပဲ သူ့မှာ မရှိဘူး၊ အာရုံပြုတဲ့စိတ် မရှိဘူး၊ စုတိကျတော့လည်းပဲ သူ့ကို အာရုံပြုတဲ့စိတ် မရှိဘူး၊ အာရုံကတော့ ရှိနေတယ်။

မေး - ဒီလိုအောက်မေ့ရတယ်၊ အရှင်ဘုရားပြောသလို အဲဒီစုတိဖြစ်ခါနီး အချိန်မှာ အားကလည်းအလွန်နည်းနေတယ်၊ ဇောက ၅-ကြိမ်မဖြစ်ဘူး၊ normally ၇-ကြိမ်ဖြစ်မှာ မဟုတ်လား၊ အဲသလိုဖြစ်တုန်း စုတိဝင်လိုက်တဲ့အခါကျတော့ အဲဒီမှာ အာရုံက ပစ္စုပ္ပန်ရူပါရုံကို မမြင်နိုင်တော့ဘူး၊ အရင်ဟာကိုပဲ ပြန်မြင်တယ်။ ဒါပေမယ့် စုတိဖြစ်ပြီးနောက်ပိုင်း ဘဝသစ်ရောက်သွားတဲ့အခါ ခုနက အရှိန်နဲ့ သူက တက်သွားမယ်။

ဖြေ - စုတိကတော့ ဟုတ်တယ်၊ ဟို ရူပါရုံကတော့ ရှိနေသေးတာကို သူ့အနေနဲ့ကတော့ နတ်ဖြစ်တယ်ဆိုပါတော့ သူ့အနေနဲ့ နတ်ပြည်ရောက်သွားပြီ၊ ဒါပေမယ်လို့ ဒီရူပါရုံကတော့ ရှိတုန်းရှိတုန်းပဲကို၊ အဲဒါကိုပြန်ပြီးတော့ အာရုံပြုတာပေါ့။

မေး - တကယ်လို့ အဲဒီအခိုက်အတန့်မှာ သူက အားကြီးနေတယ်ဆိုရင် စုတိမဝင်ခင်က ဇောစိတ် ၂-ခု ဆက်သွားလို့ရှိရင်ကော။

ဖြေ - အဲဒီအခါကျတော့ သူ့ကို မရဏာသန္နဝီထိလို့ကို မခေါ်တော့ဘူး၊ အဲဒီကျတော့ (normal) ပဲ ဖြစ်သွားပြီ၊ ဘာကြောင့်တုန်းဆိုတော့ အဲဒီ သေခါနီး အချိန်ကျတော့ ရုပ်ကလည်းအားနည်းလာပြီပေါ့၊ ဟဒယဝတ္ထုတို့ ဘာတို့က အားနည်းလာတာ၊ အဲသလို အားနည်းလာတဲ့အခါကျတော့ ဇောက ၇-ကြိမ်ထိအောင်

[စာမျက်နှာ-141] မသွားနိုင်ဘူးတဲ့၊ အဲဒါကြောင့်မို့ ၅-ကြိမ်ပဲစောတယ်၊ ရိုးရိုးအခါကတော့ ၇-ကြိမ် စောမယ်၊ တစ်ခါတလေ ၆-ကြိမ်စောတာလည်း ရှိချင်ရှိမယ်၊ ၅-ကြိမ် ထိအောင် မလာဘူး၊ မရဏာသန္နအခါမှာတော့ ၅-ကြိမ်၊ မြန်မာစကား အလော သုံးဆယ်ဆိုတာ ဘာလဲသိလား၊ အလယ်သုံးဇော၊ အလယ် သုံးဇောကို အလော သုံးဆယ်လို့ ပြန်ပြောတယ်ဆိုတာပဲ။

ဟုတ်ချင်ဟုတ်မယ်၊ အင်း ဇော ၅-ကြိမ်ထဲက အလယ် ၃-ဇောပေါ့၊ ဟုတ်ဘူးလား၊ အလယ် ၃-ဇောဆိုတော့ ဇောကမှ ၅-ကြိမ်ရှိတာ၊ အဲဒီတော့ ၃-ဇောဆိုတော့ မြန်မြန်ဆန်ဆန်ဖြစ်တယ်ပေါ့၊ ဟုတ်လား၊ အဲဒါကြောင့်မို့ အလယ် ၃-ဇောကို အလောသုံးဆယ်လို့ ပြန်တယ်ဆိုတာပဲ၊ အဲဒီတော့ ဇောက စိမ်ပြေနပြေ ၇-ကြိမ်မစောနိုင်ဘူးပေါ့၊ ၅-ကြိမ်ပဲစောသွားတယ်၊ ပြီးရင် စုတိ၊ စုတိပြီးရင်တော့ ပဋိသန္ဓေဟာ တောက်လျှောက်လိုက်ပဲ၊ ဒီကြားကတော့ ဘာမှ ခြားလို့ မရဘူး။

ဇောနဲ့စုတိကြားမှာတော့ ခြားနိုင်တယ်နော်၊ ဇောနဲ့ စုတိကြားမှာ ဘဝင်ခြား နိုင်တယ်၊ ပြီးတော့ တဒါရုံခြားနိုင်တယ်၊ စုတိပြီးရင်တော့ ပဋိသန္ဓေပဲ၊ ပဋိသန္ဓေ ပြီးရင်လည်း ဘဝင် ၁၅-ကြိမ်၊ ၁၆-ကြိမ်ကတော့ ဖြစ်ရော၊ ပြီးတော့ မနောဒွါရာဝဇ္ဇန်းနှင့် ဇော ၇-ကြိမ်၊ ဒါကတော့ တန်းဖြစ်မှာပဲ၊ ဒါကတော့ ဘယ်လိုမှ တားလို့ မရဘူး။

ဘဝသစ်မှာ ဇော ၇-ကြိမ်ရှိတယ်၊ အဲဒီဇောဟာ ဘာဇောလဲဆိုတော့ ဘဝနိကန္တိကဇောလို့ခေါ်တယ်၊ ဘဝကို တွယ်တာလိုက်တဲ့ဇော၊ ဒါကြောင့်မို့ လူတွေဟာ သတ္တဝါတွေဟာ ဘဝကို မလွှတ်နိုင်တာ၊ စဖြစ်ထဲကိုက ဘဝတစ်ခုမှာ စဖြစ်လိုက်တယ်ဆိုရင်၊ ဒီဇောဟာ (နိကန္တိဆိုတာ လောဘပေါ့) လောဘဇောနဲ့ ဘဝကို အရင်းတည်လာကြတာ၊ လူတွေဟာ ဒါကြောင့်မို့ ကိုယ့်ဘဝကို တွယ်တာတာ။

မေး - အရှင်ဘုရားပြောတဲ့ မုဆိုးဇာတ်လမ်းထဲကလို နတ်ပြည်ကိုရောက်၊ ဒီဘဝက စုတိဖြစ်သွားတော့ စိတ်အားဖြင့် ချက်ချင်းရောက်သွားမယ်၊ ဟိုမှာကျတော့ သူ့ကံက အကျိုးပြုတာဆိုရင် သူက မကောင်းမှု ကံတွေလုပ်ခဲ့ဖူးတယ် မဟုတ်ပါလား။

ဖြေ - အဲဒီ ကံက မရဏာသန္နဇောနဲ့ အတူတူဖြစ်တဲ့ ကံပေါ့လေ၊ ဟုတ်လား၊ သို့မဟုတ် ဟိုးနောက်ဘဝကကံက ဟိုမှာလဲ ရုပ်ကိုလည်းဖြစ်စေတယ်၊ စိတ်ကိုလည်း ဖြစ်စေတယ်၊ အမှန်တော့ ပြိုင်ဖြစ်တာ (transfer) လုပ်တာကိုမဟုတ်ဘူး၊ ဒီက အကြောင်းကြောင့် ဟိုမှာ အကျိုးထပေါ်တာ၊ ဒီကအကြောင်းက ပြောင်း

[စာမျက်နှာ-142] သွားတာမဟုတ်ဘူး၊ အဲဒီဘဝအပြောင်းကလည်း အတော်အရေးကြီးတယ်၊ ဒီကဟာ တစ်ခုခုက ဟိုကို ပြောင်းသွားတာ မဟုတ်ဘူး၊ ဒီမှာပျောက်ပြီး ဟိုမှာပေါ်တာ၊ အဲဒီတော့ ဒီကဟာက ဟိုသွားပေါ်တာ မဟုတ်ဘူး၊ ဟိုမှာပေါ်တဲ့ဟာက ဒီကဟာနဲ့ လုံးဝမဆက်စပ်တာလည်း မဟုတ်ဘူး၊ အဲဒါတွေကြောင့် လောက်လမ်းသဖွယ် ဝိဉာဉ်တွယ် ဘာညာဆိုပြီးတော့ ယူကုန်ကြတာပေါ့၊ မျှော့တို့ဘာတို့ သွားတဲ့ အခါကျတော့ ဟိုဘက်မိပြီးမှ ဒီဘက်လွှတ်တယ်၊ အဲဒါမျိုးလို စိတ်တွေက ထင်သွားတတ်တယ်၊ အဘိဓမ္မာသဘောတရားကတော့ ဒီလိုမဟုတ်ဘူး၊ ဒီက ကံကြောင့် ဟိုမှာ အကျိုး ထဖြစ်တာ၊ အဲဒီထဖြစ်တဲ့အကျိုးနဲ့ ဒီကကံအကြောင်းနဲ့ဟာ ဟိုအကြောင်းအကျိုး အဖြစ်ဖြင့် ဆက်သွယ်မှုရှိတယ်၊ တွေ့ကရာကကြောင့်တွေ့ကရာ အကျိုးဖြစ်တာ မဟုတ်ဘူး၊ အဲဒီလို အကြောင်းအကျိုး ဆက်သွယ်မှုရှိတယ်၊ သို့သော် ဒီကံက ပြောင်းလဲပြီးတော့ အကျိုးဖြစ်သွားတာ မဟုတ်ဘူး၊ ဒီကံက တရွေ့ရွေ့ သွားပြီးတော့ ဟိုမှာ သွားအကျိုးဖြစ်တာလည်း မဟုတ်ဘူး၊ အဲဒီလို ဘဝကူးကို ယူတတ်ရမယ်။

ဦးဇင်းတို့ ပါဠိကျမ်းတွေမှာ “န စ သော န စ အညော” ဟူသော formula လေးရှိတယ်၊ သူလည်းမဟုတ်ဘူး၊ တခြားလူလည်း မဟုတ်ဘူး၊ ဒီဘဝက သေပြီးတော့ နောက်ဘဝရောက်သွားတယ် ဆိုပါတော့မှ အဲဒီပုဂ္ဂိုလ်ဟာ ဒီဘဝက သတ္တဝါလား ဆိုတော့ မဟုတ်ဘူး၊ ဒီဘဝ သတ္တဝါ ဒီမျှတင်ပြီးပြီ ချုပ်သွားပြီ၊ ဒါဖြင့် နောက်ဘဝဖြစ်တဲ့သတ္တဝါက ဒီဘဝလူနဲ့ လုံးဝ မပတ်သက်တော့ဘူးလား၊ လုံးဝ အသစ်ကြီးလား၊ ဒီလိုလည်း မဟုတ်ဘူး။

မေး - အရိပ်က ဒီအရာဝတ္ထုကြောင့်ဖြစ်တယ်၊ အရာဝတ္ထုကြောင့် အရိပ်ဖြစ်တယ်ဆိုရင် အရာဝတ္ထုကစပြီး ပေါ်တာလား၊ အရိပ်ကစပြီး ပေါ်တာလား၊ တစ်ခုခုက အရင်းတည်ရမယ်၊ တစ်ခုခုနဲ့တော့ ဆက်စပ်နေရမယ်၊ တစ်ပြိုင်နက် ဖြစ်ရမယ်လား။

ဖြေ - ဒီမှာကတော့ ကံ ကံရဲ့ အကျိုးအဖြစ်ဖြင့် ဆက်စပ်တယ်၊ ဆက်သွယ်မှု သူတို့မှာရှိတယ်၊ ဘာလို့တုန်းဆိုတော့ ဒီအကြောင်းကြောင့် ဟိုအကျိုးဖြစ်တာကို ဆိုတော့ အကြောင်းအကျိုး အနေအားဖြင့် ဆက်စပ်မှုရှိတယ်၊ ဒါပေမယ်လို့ အကြောင်းသည် အကျိုးမဟုတ်ဘူး၊ အကျိုးသည် အကြောင်းမဟုတ်ဘူး၊ အကြောင်းက ဒီမှာဖြစ်ပြီးတော့ချုပ်သွားပြီ၊ သို့သော် သူ့ ရဲ့ အရှိန်ကြောင့် (ဆိုပါတော့) သူရဲ့ အစွမ်းကြောင့် ဟိုမှာ အကျိုးထပေါ်တာ အဲဒါပဲ၊ အဲဒီလို ယူတတ်မှ ဟုတ်လား၊ ဒီဘဝက ဟို ဘဝပြောင်း (reincarnation) ဆိုတာ အဲဒါတွေသွားတာ။

[စာမျက်နှာ-143] ဒါကြောင့်မို့ ဦးဇင်းတို့ ဒီတရားဟောတဲ့ခါတို့ ဘာတို့ကျတော့ ဗုဒ္ဓဘာသာက အနတ္တလည်းဟောသေးတယ်၊ အတ္တမရှိဘူး၊ အမြဲတည်တဲ့ဟာ ဘာမှမရှိဘူးလည်း ဟောသေးတယ်၊ ပြီးတော့ နောင်ဘဝလည်း ကိုယ်တော်တို့က လက်ခံသေးတယ်။ အဲဒါ ဘယ်လိုလဲ၊ ဒါ အမြဲမေးတယ်၊ အဲဒီတော့ ဦးဇင်းက တစ်ခုမေးတယ်၊ မင်း အခု မင်းဟာ လွန်ခဲ့တဲ့ ၁၀-နှစ်က မင်းနဲ့ အတူတူလား မတူဘူးလား၊ အဲဒီတော့ Yes and No ဟုတ်တယ်မို့လား၊ ဟုတ်တယ်လည်း ပြောလို့ရတယ်၊ မဟုတ်ဘူးလည်း ပြောလို့ရတယ်၊ မတူဘူး ပြောရအောင်ကလည်း ဘယ့်နှယ်မတူလို့ ရမလဲ၊ လွန်ခဲ့တဲ့ ၁၀-နှစ်က ငါဆိုပါတော့ အခုလည်း ဖြစ်နေတာ။

ဒါကြောင့်မို့ တကယ်ဟုတ်ကဲ့လား၊ ဒါတကယ်ပဲ တူတာ၊ နောက်ဘဝ ပြောင်းသွားတယ်ဆိုတာ တစ်ယောက်ထဲလို့လည်း ပြောလို့မရဘူး၊ တခြားစီ ပါလို့လည်း ပြောလို့မရဘူး၊ အဲဒီအယူခက်လည်း ခက်တယ်၊ အတ္တစွဲသွား တတ်တယ်၊ ဟိုသူတို့ပြောလေ့ရှိတယ်၊ ခန္ဓာကိုယ်မှာရှိတဲ့ (cell) တွေဟာ အမြဲတမ်း ပြောင်းလဲ နေတယ်ဟုတ်လား၊ အဟောင်းတွေသေပြီးတော့ အသစ်တွေဖြစ်တယ်တဲ့ ဆိုတော့ ၇-နှစ်တစ်ခါ (totally new) သူတို့ပြောတယ်၊ ၇-နှစ်တစ်ခါ ဒီဟာ အကုန်ပြောင်းတာပဲတဲ့၊ အရင်လဲငါ၊ အခုလဲငါပဲ ဟုတ်လား၊ အဲဒါကြောင့်မို့ ဒီဘဝကို နားလည် နိုင်ရင် အခုလို ဖြစ်လာတာကို နားလည်နိုင်ရင် နောက်ဘဝလည်း နားလည်နိုင်တယ်၊ မှန်းဆပေါ့လေ၊ ဒါကတော့ scientifically ယူရင် ရတယ်။ ဘာကြောင့်တုန်းဆိုတော့ လွန်ခဲ့တဲ့ ၁၀-နှစ်က ငါနဲ့ အခုငါနဲ့ အတူတူဆိုရင်လည်း ဟုတ်တယ်၊ မတူဘူးဆိုလည်း ဟုတ်တယ်၊ ခုနလိုပဲ၊ biologically ကျတော့ အသစ်လို့ ပြောတယ်၊ အသစ်လို့သာပြောတယ် memory ကလဲရှိနေတာပဲ။

ရုပ်တွေကလည်း တူနေသေးတာပဲ၊ ဟုတ်တယ်မို့လား၊ ဒါကို ဦးဇင်းက ပြောလေ့ ရှိတယ်လေ၊ ဒီဇင်ဘာလ ၃၁-ရက်နေ့ည ၁၂-နာရီနှင့် နောက်တစ်မိနစ်နှင့် ဘာကွာသလဲ၊ မင်းတို့ ဘာပြောမလဲ၊ နေ့အသစ်ဖြစ်သွားပြီ၊ လအသစ်ဖြစ်သွားပြီ၊ နှစ်အသစ်ဖြစ်သွားပြီနှင့် ပြောတယ်၊ ဘာထူးလဲလို့ one moment's difference ဘာမှ မတူဘူး၊ အမှန်က လူတွေ သမုတ်ထားတာသာ နှစ်သစ်ဆိုပြီး ပျော်ကြ ပြုကြလုပ်ကြတယ်၊ အဲသလိုဟာမျိုးလိုပဲလို့ ဘဝတစ်ခုပြောင်းတယ်ဆိုတာလည်း ဘာမှထူးတာမဟုတ်ဘူးလို့ ခဏတစ်ခုပဲလို့ ဒီဘဝမှာ ခုနကလိုဟာမျိုး နားလည် နိုင်ရင် နောက်ဘဝဆိုတာလည်း နားလည်မှာပါ။

ကိုင်း၊ ကောင်းပြီဒါ ပြန်ပြီးတော့ နားလည်း ထောင်ကြည့်လည်းကြည့်ပေါ့လေ၊

[စာမျက်နှာ-144] စဉ်းစားလည်း စဉ်းစားပေါ့၊ ဒါက ခက်တယ်၊ နောက်ထပ်ရှိသေးတယ်၊ ဒီဟာတင် မကသေးဘူး၊ ဒီဟာထဲက သွားချင်ရင် ရသေးတယ်၊ ဒါပေမယ်လို့ အဲဒါတွေလုပ်ရင် ရှုပ်ကုန်လိမ့်မယ်၊ ထိုက်သည့်အားလျော်စွာနဲ့ပတ်သက်ပြီးတော့ အများကြီး အဓိပ္ပါယ် တွေရှိသေးတယ်။

အခြားမဲ့ဘဝက ဒီမရဏာသန္နဇောက ယူပေးအပ်သောလို့ဆိုတယ် မဟုတ် ဘူးလား ဆိုတော့ ဟို အသညသတ်သတ္တဝါတွေရှိတယ်၊ အသညသတ် ဗြဟ္မာဆိုတာ ရုပ်ချည်းသွားဖြစ်နေတာ နာမ်မရှိဘူး၊ အဲဒီကျတော့ ဘယ့်နှယ်လုပ်မလဲ၊ အဲဒီဘဝမှာ ကိုက မရဏာသန္နဇောကမရှိပဲ ရုပ်ကြီးချည်းသွားဖြစ်နေတာ၊ အဲဒီတော့ အဲဒီဘဝမှာက ဟိုဘက်ဘဝကဟာကိုယူရတယ်၊ အဲဒီကျတော့ အဲဒီလို ထိုက်သည့် အားလျော်စွာ ဆိုတာအဲလိုဟာတွေပါလာတာ၊ အခြားမဲ့ဘဝဆိုတာ အသညသတ်တွေကို ရည်ရွယ်တာ မဟုတ်ဘူး၊ အသညသတ်ကျတော့ မရှိဘူးလေ၊ ရုပ်ကြီးကမ္ဘာ ၅၀၀ သွားဖြစ်နေတာကို အဲသလိုရှိတယ်၊ ဒါနောက်တော့ တဖြည်းဖြည်း နားလည်ပါ လိမ့်မယ်။

သင်္ဂြိုဟ်က ဒီအတိုင်းပဲနော်၊ ပထမတစ်ခေါက်က ဒီလိုပဲ၊ လည်ချာလည်ချာပဲ။ နားလည်သလို မလည်သလိုလိုလေးနဲ့ သွားတာ၊ ဘာလိုတုန်းဆိုတော့ သိစရာက အကုန်မသိသေးပဲ၊ တချို့ဟာတွေက နောက်ကဟာပါ သိထားမှ ကောင်းကောင်း နားလည်တာ၊ အခုဟာက နောက်ကဟာတွေက ဘာမှ မသိရသေးဘူး၊ ဝီထိဆိုတာလည်း ကောင်းကောင်းမသိသေးဘူး၊ မရဏာသန္နသဘောလည်း မသိသေးဘူးဆိုတော့ အဲဒီမှာ ပိုင်ပိုင်နိုင်နိုင် ဟန်ကျပန်ကျ နားလည်ဖို့ မလွယ်သေးဘူး၊ သို့သော် အခုလောက် မှတ်မိရင် ကောင်းတယ်ပေါ့။

[စာမျက်နှာ-145] ဇယား

[စာမျက်နှာ-146]
အဘိဓမ္မာသင်တန်း ၂၁

ပကိဏ်းပိုင်း

ဝတ္ထုသင်္ဂဟ

ဒီနေ့ မတ်လ ၁၃-ရက် လွန်ခဲ့တဲ့အပတ် သောကြာနေ့က ကလပ်စ် မလုပ်ဖြစ်ဘူး၊ ဟိုတစ်ပတ်က ဘာကို လေ့လာခဲ့ကြတုန်း၊ အာရမ္မဏသင်္ဂဟ ဒုတိယပိုင်းလို့ ဆိုရတာပေါ့နော်၊ ဒွါရဝိမုတ်စိတ်တို့ရဲ့ အာရုံ၊ အဲဒါ လေ့လာခဲ့ပြီ၊ အဲဒါနဲ့ပဲ အာရမ္မဏသင်္ဂဟ အပြီးလို့ပဲ ထားရတော့မှာပေါ့လေ၊ နောက်ထပ်မှတ်စရာ သားစရာတွေတော့ ရှိသေးတယ်၊ ဒါပေမယ်လို့ တဖြည်းဖြည်းချင်းပဲ သွားကြစို့။

ဒီနေ့ ဘာကို လေ့လာမလဲဆိုရင် ဝတ္ထုသင်္ဂဟကို လေ့လာမယ်၊ အဲဒီတော့ ဝတ္ထုသင်္ဂဟမှာ ဝတ္ထုဆိုတဲ့စကားလုံးရှိတယ်နော်၊ ဝတ္ထုဆိုတဲ့ စကားလုံးက အဓိပ္ပါယ် အမျိုးမျိုးထွက်တယ်၊ လူတွေနားလည်မယ့် အဓိပ္ပါယ်ကတော့ ဝတ္ထုစာအုပ်ပေါ့။ ဒါက လူတွေနားလည်မယ့်ဟာ၊ ဒါပေမယ်လို့ ဘုန်းကြီး ကျတော့ ဝတ္ထုဆိုတာ ဘာလဲဆိုတော့ ငွေကိုလည်း ဝတ္ထုခေါ်တယ်၊ ဘုန်းကြီးဝတ္ထုကပ်တယ်၊ ဘာတယ် ဆိုတော့ ငွေခေါ်တာ။

ဒါပေမယ်လို့ အခုဒီမှာ ဝတ္ထုဆိုတာကတော့ မှီရာဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ တည်ရာမှီရာ အင်္ဂလိပ် သူ့ကို base လို့ ပြန်တယ်၊ ဒီအိမ်ဟာ လူရဲ့ မှီရာတည်ရာ

[စာမျက်နှာ-147] ဖြစ်သလိုပေါ့၊ အိမ်ရှိမှ လူနေလို့ရတယ်၊ ထို့အတူပဲ၊ စိတ်ရဲ့ မှီရာကို ဒီနေရာမှာ ဝတ္ထုလို့ခေါ်တယ်။

အဲဒီစိတ်မှီရာဝတ္ထုက ဘယ်နှစ်မျိုးရှိသလဲဆိုရင် ၆-မျိုး ရှိတယ်နော်၊ ဒီဝတ္ထု မရှိပဲနဲ့ စိတ်မပေါ်နိုင်ဘူးတဲ့နော်၊ ဒါပေမယ်လို့ ဝတ္ထုမရှိပဲနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ကလည်း ရှိသေးတယ်၊ ဒါက နောက် လေ့လာလာတော့ တွေ့လိမ့်မယ်နော်၊ သို့သော် လူ့ပြည်နတ်ပြည်ပေါ့လေ၊ ပြီးတော့ ရူပဗြဟ္မာပြည်မှာ စိတ်ဖြစ်ရင်တော့ အဲဒီစိတ်ဟာ မှီရာဝတ္ထုရှိရတယ်၊ မှီရာဝတ္ထုမရှိပဲနဲ့ စိတ်မဖြစ်ပေါ်လာနိုင်ဘူး။

အဲဒီဝတ္ထုက ၆-မျိုးရှိတယ်တဲ့နော်၊ ဇယားကွက်ကို အတန်းလိုက်ရှိတဲ့ဟာ တွေကို ဖတ်လိုက်ရင် စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု ဆိုပြီးတော့ ဝတ္ထုရုပ် ၆-မျိုးရှိတယ်။

စက္ခုဝတ္ထုဆိုတာဟာ စက္ခုဒွါရဆိုတာနဲ့ အတူတူပဲနော်၊ ဒါဖြင့် စက္ခုဒွါရဟာ ဘာကို ခေါ်တာတဲ့တုန်း၊ ဒါနောက်တုန်းက ပါပြီးသား ဟုတ်လား၊ စက္ခုဒွါရဟာ အကြည်ဓာတ်ကိုခေါ်တာနော်၊ စက္ခုပသာဒလို့ ခေါ်တဲ့အကြည်ဓာတ်၊ မျက်လုံးကြီး မဟုတ်ပဲနဲ့ မျက်လုံးထဲမှာရှိတဲ့ အရိပ်ထင်တဲ့ နေရာပေါ့ လေ၊ အကြည်ဓာတ်၊ အခုခေတ်စကားနဲ့ဆိုရင် (retina)တို့ ဘာတို့ ဖြစ်ချင်ဖြစ်မယ်ပေါ့၊ အဲဒီစက္ခုအကြည်ဓာတ်၊ သို့မဟုတ် ပါဠိလို့ခေါ်ရင် စက္ခုပသာဒကို စက္ခုဝတ္ထုလို့ခေါ်တယ်၊ ဒါကြောင့်မို့ စက္ခုဒွါရဆိုတာနဲ့ စက္ခုဝတ္ထုဆိုတာ အမှန်က အတူတူပဲ၊ ဒွါရ ၆-ပါး ရှိခဲ့တယ် မဟုတ်လား၊ စက္ခုဒွါရ၊ သောတဒွါရ၊ တစ်ခါတလေ သူတို့ကို ဒွါရလို့ခေါ်တယ်။ တစ်ခါတလေ ဝတ္ထုလို့ခေါ်တယ်နော်။

သောတဝတ္ထုဆိုရင်လည်းပဲ သောတပသာဒနော်၊ နားအကြည်ဓာတ်၊ သောတ ဒွါရနှင့် အတူတူပဲ။

ဃာနဝတ္ထုဆိုရင် နှာခေါင်းအကြည်ဓာတ်ပေါ့နော်၊ ဃာနပသာဒ နှာခေါင်း ထဲမှာ အနံ့သိတဲ့ နေရာလေးတွေပေါ့လေ ဃာနဝတ္ထု။

နောက်တစ်ခုက ဇိဝှါဝတ္ထု၊ ဇိဝှါဝတ္ထုဆိုတာက လျှာအကြည်ဓာတ်၊ ဟို taste bud ပေါ့လေ၊ လျှာမှာ အရသာသိတဲ့နေရာလေးတွေ။

ကာယဝတ္ထု ကိုယ်အကြည်ဓာတ်တဲ့၊ ဒါကတော့ တစ်ကိုယ်လုံးဆိုပါတော့ ဆံပင်ဖျားတို့ လက်သည်းဖျားတို့မှ လွဲရင် တစ်ကိုယ်လုံးနှံ ပြီးတော့ တည်တယ်တဲ့ နော်၊ ကာယပသာဒ၊ ကိုယ်အကြည်ဓာတ်၊ နောက်ဒွါရမှာတုန်းကတော့ ကာယဒွါရပြီးတော့ မနောဒွါရလာတယ်၊

[စာမျက်နှာ-148] ဒီကျတော့ ကာယဝတ္ထုပြီးတော့ ဟဒယဝတ္ထု၊ အဲဒါ တစ်ခုတော့ မတူတော့ဘူး။

ဟဒယဝတ္ထုဆိုတာ နှလုံးကို ဆိုလိုတယ်နော်၊ အမှန်အတိုင်းပြောမယ် ဆိုရင်တော့ အဲဒီ နှလုံးသားထဲမှာ သွေးရှိတယ်၊ သွေးအမြဲတမ်းကျနေတယ်၊ အဲဒီ သွေးကို အမှန်က ဟဒယဝတ္ထုလို့ခေါ်တာ၊ စကားလုံးရဲ့ အနက်အနေနဲ့ ပြောမယ်ဆိုရင် ဟဒယဆိုတာ heart ပဲ။

သို့သော် heart ချည်း တစ်ခုလုံးကို ဟဒယလို့ခေါ်တာ မဟုတ်ဘူး၊ အဲဒီ နှလုံးထဲမှာ သွေးရှိတယ်တဲ့နော်၊ အဆိုအတိုင်းပြောမယ်ဆိုရင် လက်တစ်ဆုပ်စာလောက် သွေးရှိတယ်တဲ့၊ အဲဒီသွေးကို အမှီပြုပြီးတော့ ဖြစ်တဲ့စိတ်တွေရှိသေးတယ်၊ အဲဒါကို ဟဒယဝတ္ထုလို့ခေါ်တယ်၊ ဒါကြောင့်မို့ ဝတ္ထုရုပ် ၆-မျိုးရှိတယ်နော်။

ဒီ ဟဒယဝတ္ထုနှင့် ပတ်သက်ပြီးတော့ အယူအဆမတူတာ၊ သို့မဟုတ် တစ်မျိုးတစ်မည် ယူဆလို့ဖြစ်တာမျိုးလေးတွေရှိတယ်၊ ဒါဘာလဲဆိုတော့ မြတ်စွာဘုရားကိုယ်တော်တိုင်က ဟဒယဝတ္ထုရယ်လို့ ထင်ထင်လင်းလင်း ထုတ်ဖော်ပြီးတော့ ဟောခဲ့တာ မရှိဘူး၊ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနံ စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ အကြင်ရုပ်ကို အမှီပြု၍ မနောဓာတ်၊ မနောဝိညာဏဓာတ် ဖြစ်တယ်၊ ထိုရုပ်က ထိုမနောဝိညာဏဓာတ်အား နိဿယသတ္တိဖြင့် ကျေးဇူးပြုတယ် စသည်ဖြင့် ဒီလို ပဋ္ဌာန်းပါဠိတော်မှာ ဟောထားတယ်။

အဲဒီတော့ ရုပ်တစ်မျိုးကို အမှီပြုပြီးတော့ မနောဓာတ်နဲ့ မနောဝိညာဏဓာတ် ဖြစ်တယ်၊ အဲဒီရုပ်က အဲဒီဝိညာဏဓာတ်အားကျေးဇူးပြုတယ်၊ ဒီလိုသာ မြတ်စွာဘုရားက ဟောခဲ့တယ်၊ အဲဒီရုပ်တစ်မျိုးဆိုတာကို မြတ်စွာဘုရားက ဟဒယဝတ္ထုပဲ၊ ဘာပဲလို့ ဒီလိုဟောခဲ့တာ မရှိဘူးနော်။

အဲဒီလို မရှိတဲ့အတွက်ကြောင့်မို့ အခုနောက်ဆရာများက ဒီစိတ်ရဲ့ မှီရာဟာ နှလုံးသားထဲက နှလုံးထဲက သွေးဆိုတာ ဟုတ်ချင်မှဟုတ်မယ်၊ ဦးနှောက်လဲပဲ ဆိုလိုနိုင်မှာပဲ၊ ဘာကြောင့်တုန်း၊ မြတ်စွာဘုရားက ဘာရယ်လို့မှ မဟောခဲ့ပဲကိုး၊ ဦးနှောက်လို့လည်း မပြောခဲ့ဘူး၊ နှလုံးလို့လည်း မပြောခဲ့ဘူး။

ဒီရုပ်တစ်ခုကို မှီပြီးတော့ စိတ်ဖြစ်တယ်၊ အဲဒီရုပ်က အဲဒီစိတ်ကို နိဿယ သတ္တိဖြင့် ကျေးဇူးပြုတယ်၊ ဒီလိုသာဟောတာကို၊ အဲဒီတော့ရုပ်တစ်ခု ဆိုတဲ့ဟာမှာ ယူချင်တာယူလို့ ရတယ်ပေါ့၊ အဲသလို ယူချင်တာ ယူလို့ရတော့ အဋ္ဌကထာ ဆရာများကစပြီးတော့ ရှေးကယူဆခဲ့ကြတာက အဲဒီ ရုပ်တစ်ခုဆိုတာဟာ ဟဒယ ဝတ္ထုကိုဆိုလိုတယ်၊ ဟဒယဝတ္ထုဆိုတာလည်းပဲ နှလုံးသွေး နှလုံးသားမှာရှိတဲ့ နှလုံးသွေးကို ဆိုလိုတယ်လို့ ဒီလိုပဲ အစဉ်အလာယူဆလာကြတယ်။

[စာမျက်နှာ-149] အထူးထူးအဆန်းဆန်း ယူချင်သေးရင်ပေါ့လေ၊ ဦးနှောက်ဘက်ကို လိုက်ချင် သေးရင်လည်း ခုနလို စကားကပ်လို့ရတာပေါ့လေ၊ ဪ၊ မြတ်စွာဘုရားက နှလုံးသားလို့ အတိအကျ ဟောခဲ့တာ မဟုတ်ဘူးနော်၊ ရုပ်တစ်ခုလို့ ဟောခဲ့တယ်။ အဲဒီတော့ ဒီ ရုပ်တစ်ခုဆိုတာဟာ ဦးနှောက်ကော မဖြစ်နိုင်ဘူးလား၊ ဒီလိုလည်းပဲဆိုကြတယ်၊ ဦးရွှေဇံအောင်တို့ ခေတ်တုန်းကိုက ဒီဟာတွေဆွေးနွေးတာရှိတယ်။

အဲဒီတော့ အစဉ်အလာအယူအဆအတိုင်းကတော့ နှလုံးသားလို့ပဲ မှတ်လိုက် ကြပါစို့၊ နောင် ရုပ်ပိုင်းကျတော့ ထပ်ပြီးလာဦးမယ်၊ အဲဒီကျတော့ ထပ်ပြီးသေသေ ချာချာ အကျယ်ဆွေးနွေးကြမယ်၊ ဟုတ်လားနော်။

ကောင်းပြီ၊ အဲဒီတော့ ဝတ္ထုရုပ် ၆-မျိုးရှိတယ်၊ အဲဒီဝတ္ထုရုပ် ၆-မျိုးကို အမှီပြုပြီးတော့ စိတ်တွေဟာ ဖြစ်ကြရတယ်နော်၊ ခုနကပြောသလိုပဲ စိတ်ဘယ်လောက် ရှိတုန်း၊ စိတ်-၈၉၊ သို့မဟုတ် ၁၂၁-ပါး၊ ၈၉-လို့ပဲ မှတ်လိုက်ကြပါစို့၊ စိတ် ၈၉ ရှိတယ်၊ အဲဒီစိတ် ၈၉-ခုဟာ ဟိုဝတ္ထုမှီဖြစ် ဒီဝတ္ထုမှီဖြစ်၊ အဲဒီလို သူ့ဆိုင်ရာဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ ဝတ္ထုရုပ် မမှီပဲနဲ့ ဖြစ်တဲ့စိတ်ဆိုလို့ ဟိုး ကန့်လန့်ဖြတ် အောက်ဆုံးအတန်းမှာ ဝတ္ထုမရှိဆိုတာမှာဘာလဲ၊ အရူပ ဝိပါက်စိတ် ၄-ခု ပဲ ရှိတယ်၊ တခြားဟာတွေက ဝတ္ထုရုပ်မှီရတာတွေ ချည်းပဲ။

ကောင်းပြီ၊ ဘယ်စိတ်သည် ဘယ်ဝတ္ထုကို မှီသလဲတဲ့နော်၊ ဪ၊ နေဦး၊ အဲဒီလို ဝတ္ထုရုပ် ၆-ပါးရှိတော့ အဲဒီဝတ္ထုရုပ် ၆-ပါးစလုံးကို ၃၁-ဘုံလုံးမှာ ရနိုင် သလားဆိုတော့ ဇယားကွက်အောက်က စာလေးတွေမှာ ကြည့်လိုက် ပထမ ၃၁-ဘုံ ဆိုတာ သိဖို့ အရေးကြီးတယ်နော်၊ မြန်မာစကားအနေနဲ့ ပြောပြောနေကြတယ် ဟုတ်လား၊ ၃၁-ဘုံ သတ္တဝါတွေ အမျှပေးတာတို့ ဘာတို့။

၃၁-ဘုံဆိုတာ ကာမ ၁၁-ဘုံရှိတယ်နော်၊ ရူပါဝစရက ၁၆-ဘုံရှိတယ်၊ အရူပါဝစရက ၄-ဘုံရှိတယ်၊ အားလုံး ၃၁-ဘုံတဲ့။

ကာမ ၁၁-ဘုံဆိုတာ နည်းနည်းလေး ချဲ့ပြောလိမ့်ဦးမယ်၊ အပါယ် ၄-ဘုံရယ်၊ လူ့ဘုံရယ်၊ နတ် ၆-ဘုံရယ်၊ အဲဒါကို ကာမ ၁၁-ဘုံလို့ခေါ်တယ်။ အပါယ် ၄-ဘုံ၊ လူ့ဘုံ၊ နတ် ၆-ဘုံ။

ရူပ ၁၆-ဘုံမှာ အသညသတ်ဆိုတာ ၁-ဘုံ၊ တခြားရူပ ၁၅-ဘုံ အဲသလိုပဲ ကျဉ်းကျဉ်းပဲမှတ်ဦးနော်၊ ဟိုအကျယ်ကတော့ ဘုံပိုင်းပဉ္စမပိုင်းကျမှ လာလိမ့်မယ်။

အသညသတ်ဆိုတာက ရုပ်ချည်းရှိတဲ့ဘုံတဲ့နော်၊ နာမ်မရှိဘူး၊ တစ်ခါတည်း အဲဒီ အသညသတ် ဗြဟ္မာဘုံမှာ သွားဖြစ်ရင် ဆင်းတုကြီးလို သွားပြီးတော့ ကမ္ဘာ

[စာမျက်နှာ-150] ၅၀၀-ဖြစ်နေတာ၊ နာမ်မရှိတဲ့ဘုံ ရုပ်ချည်းရှိတဲ့ဘုံ၊ တခြားရူပါဝစရ ၁၅-ဘုံ ကတော့ ရုပ်ရော နာမ်ရောရှိတယ်။

ပြီးတော့ အရူပ ၄-ဘုံနော်၊ အရူပ ၄-ဘုံကတော့ နာမ်ချည်းရှိတယ် ရုပ်မရှိဘူး၊ အဲဒီတော့ ခန္ဓာကိုယ်ကြီးတွေ ဘာကြီးတွေ မရှိဘူးပေါ့နော်၊ အဲဒီလို အားလုံး ၃၁- ဘုံရှိတယ်၊ အဲဒီ ၃၁-ဘုံမှာဝတ္ထုရုပ် ၆-ပါးက ဘယ်လို ရနိုင်တာတုန်း။

ကာမ ၁၁-ဘုံမှာဝတ္ထုရုပ် ၆-ပါးလုံးအကုန်ရှိတယ်တဲ့နော်၊ လူမှာဆိုရင် ဝတ္ထုရုပ် ၆-ပါး အကုန်ရှိတယ်၊ တိရစ္ဆာန်တွေမှာလည်း ၆-ပါး အကုန်ရှိတယ်။ နတ်တွေမှာလည်း ၆-ပါး အကုန်ရှိတယ်၊ ရူပ ၁၅-ဘုံကျတော့ အသညသတ် မပါဘူး၊ အသညသတ် ကြဉ်ထားတဲ့ ရူပ ၁၅-ဘုံမှာကျတော့ စက္ခု၊ သောတ၊ ဟဒယ၊ ဒီ ၃-ခုသာ ရှိတယ်တဲ့နော်၊ အဲဒီတော့ ဗြဟ္မာကြီးတွေမှာ စက္ခုဝတ္ထုသာရှိတယ်။ သောတဝတ္ထုသာရှိတယ်၊ ဟဒယဝတ္ထုသာရှိတယ်၊ ဒီ ၃-ခုသာရှိတယ်တဲ့နော်၊ ကျန်တာတွေမရှိဘူး၊ ကျန်တာက ဃာနရယ်၊ ဇိဝှါရယ်၊ ကာယရယ်၊ ဒီပသာဒ ၃-မျိုး ဗြဟ္မာတွေမှာ မရှိဘူး၊ အသညသတ်မပါတဲ့ ရူပ ၁၅-ဘုံမှာ။

အဲဒီတော့ ဒါဖြင့်ရင် ဗြဟ္မာတွေမှာ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု မရှိဘူးဆိုတော့ နှာခေါင်းမရှိဘူးလား၊ လျှာမရှိဘူးလား၊ ကိုယ်မရှိဘူးလား၊ ဘယ့်နှယ်တုန်း ဗြဟ္မာတွေ၊ ဗြဟ္မာပုံတွေ ဘာတွေ မြင်ဘူးလား၊ ဗြဟ္မာကြီးက မြတ်စွာဘုရား လာတောင်းပန်တဲ့ အခါတို့ဘာတို့ ဗြဟ္မာပုံတွေ ဘာတွေ ရေးထားတာ မြင်ဖူးလား၊ မြင်ဖူးတယ်နော်။

အဲဒီတော့ အမှန်ကတော့ ရှိတယ်တဲ့နော်၊ လူလိုပဲပေါ့၊ နှာခေါင်းလည်းရှိတယ် လျှာလည်းရှိတယ်၊ ကိုယ်လည်းရှိတယ်၊ သို့သော် အဲဒီ ပသာဒမရှိတာကိုဆိုလိုတာ၊ ဒါကြောင့်မို့ သူတို့ အနံ့မသိဘူး၊ လျှာမှာ ဇိဝှါပသာဒမပါတဲ့ အတွက်ကြောင့်မိုလို့ အရသာကို သူတို့မသိဘူး၊ စားမှ မစားပဲကို၊ အမှန်ကတော့ သူတို့က ပီတိနဲ့ နေတာကို၊ ခန္ဓာကိုယ်မှာ ခန္ဓာကိုယ်ကြီး ရှိပေမယ်လို့ ပသာဒမရှိတဲ့ အတွက်ကြောင့်မို့ အထိအတွေ့ကို သူတို့မသိဘူး၊ အဝတ်အစားတွေ ဘာတွေတော့ ရှိတယ်တဲ့၊ ဒါပေမယ်လို့ အထိအတွေ့ ကောင်းတယ်ဆိုးတယ် သူတို့ မသိဘူး၊ ဒါကြောင့်မို့ ဗြဟ္မာတွေမှာ နှာခေါင်းတို့ လျှာတို့ကိုယ်တို့ မရှိဘူးလားဆိုရင် ရှိတယ်၊ သို့သော် မရှိတာက အကြည်ဓာတ်ပေါ့၊ အဲဒီ ပသာဒကမရှိတာ၊ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ၊ ဒီ ၃-မျိုးမရှိဘူး။

[စာမျက်နှာ-151] ဘာကြောင့် ဒီ ၃-မျိုး မရှိတာတုန်းဆိုတော့ သူတို့က ဗြဟ္မာပြည်ရောက်အောင် ဈာန်ပွားများကတည်းကိုက ဒီ ပသာဒတွေကို မနှစ်သက်ဘူး၊ ဆိုလိုတာကတော့ ထိုထို အာရုံတွေရှိတယ်၊ အဲဒီအာရုံတွေ အကြောင်းပြုပြီးတော့ လူတွေမှာ လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ မောဟဖြစ်တယ်၊ ကောင်းတဲ့ အာရုံလေးမြင်ပြီးတော့ စွဲလမ်းတယ်၊ လောဘဖြစ်တယ်၊ မကောင်းတဲ့ အာရုံမြင်ပြီးတော့ ဒေါသဖြစ်တယ်။ အဲဒီတော့ လောဘ ဒေါသတွေ ဖြစ်နေရရင် ဒီလောဘဒေါသတွေက မကောင်းတဲ့ အကျိုးတွေ ပေးနေမယ်၊ အဲဒါကြောင့်မို့ ဒီအာရုံတွေ မရှိရင် အမှန်ကတော့ ကောင်းမှာပဲ၊ လိုချင်စရာအာရုံ လောကမှာ မရှိဘူး၊ စိတ်ဆိုးစရာ အာရုံမရှိဘူးဆိုရင် လောကဟာ သိပ်ကောင်းမှာပဲ၊ လုပ်လို့ရလား မရဘူး၊ အာရုံက သူ့ဟာသူ အာရုံကို ဖျောက်လို့ရတာမဟုတ်ဘူးနော်၊ ချစ်စရာ ပစ္စည်းလေးတစ်ခုကို ချစ်စရာ မဖြစ်ပါနဲ့ဆိုလို့ မရဘူး။

အဲဒီတော့ ကြွက်မနိုင်ကျည်မီးနဲ့ရှို့ ဆိုတာလိုပဲ အာရုံကိုမနိုင်ရင် ဒီကအခံကို ပျောက်အောင် လုပ်မယ်ကွနော်၊ အနံ့နဲ့ ပတ်သက်ပြီးတော့ အကုသိုလ် မဖြစ်အောင် နော်၊ ဘယ်လို လုပ်မလဲ၊ အနံ့ကိုတော့ ပယ်လို့ မရဘူး၊ အနံ့က သူ့ဟာသူ ရှိနေတာကို၊ ငါ့နှာခေါင်းပယ်မှပဲ၊ အဲဒီလိုပေါ့လေ။

ဒါဖြင့်ရင် စက္ခုနှင့် သောတဘာလို့ ကျန်နေတုန်း၊ ဒါကတော့ သူက နည်းနည်းအသုံးကျသေးတယ်တဲ့နော်၊ စက္ခုက ဘုရားဖူးရသေးတယ်၊ သောတက တရားနာရသေးတာကို အဲဒီအတွက် ချန်ထားတာတဲ့။

ဒါကြောင့်မို့ ဗြဟ္မာတွေဟာ မြတ်စွာဘုရား လာဖူးလို့ရတယ်၊ မြတ်စွာဘုရားနှင့် လာစကားပြောလို့ရတယ်၊ မြတ်စွာဘုရားက တရားဟောတာကို နာလို့ရတယ်။ စက္ခု၊ သောတ ရှိတယ်၊ အဲဒီအတွက် ချန်ထားတာတဲ့။

ဃာန၊ ဇိဝှါ၊ ကာယက အဲဒါမျိုး အကျိုးရှိစရာ မရှိတော့ဘူး၊ မရှိတဲ့အတွက်ကြောင့်မို့ ဒါတွေကို မဖြစ်အောင်ဆိုပြီးတော့ ဘာဝနာပွားများတော့ အဲဒီဘာဝနာရဲ့ အစွမ်းကြောင့် ဗြဟ္မာဖြစ်တဲ့ အခါကျတော့ သူတို့မှာ ဒီပသာဒတွေ မဖြစ်တော့ဘူး။

ဒါကြောင့်မို့ အသညသတ်ကြဉ်တဲ့ ရူပ ၁၅-ဘုံမှာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဟဒယဝတ္ထု ဒီ ၃-ခုသာ ရှိတယ်နော်၊ ကျန်တဲ့ ၃-ပါးမရှိဘူး။

ဒါဖြင့် အသညသတ်ဘုံမှာကျတော့ကော ဘာမှ မရှိဘူးနော်၊ အရူပဘုံမှာလည်း ရုပ်မှ မရှိဘဲ၊ ဘာမှ မရှိဘူး၊ ဒီဝတ္ထု ၆-မျိုးက အကုန်လုံး ရုပ်ချည်းပဲ။

အခု ဘယ်စိတ်က ဘယ်ဝတ္ထုကို မှီတယ်ဆိုတာ လေ့လာကြစို့နော်၊ ဒါ

[စာမျက်နှာ-152] သိပ်လွယ်တယ်၊ ဘာကြောင့်တုန်း၊ ဇယားကွက်ကြည့်လိုက်ရင် တန်းနေတာပဲ ဟုတ်လား၊ စက္ခုဝတ္ထုကိုမှီတဲ့စိတ် ဘယ်စိတ်လဲ၊ စက္ခုဝိညာဏ်စိတ် ၂-ခုနော်၊

ပြောင်းပြန် ပြန်လိုက်၊ စက္ခုဝိညာဏ်စိတ် ၂-ခုက ဘယ်ကို မှီသလဲ၊ စက္ခုဝတ္ထုကို မှီတယ်ပေါ့။

သောတဝတ္ထုကို မှီတဲ့စိတ် သောတဝိညာဏ် ၂-ခု၊ ဟုတ်ပြီ၊ ဃာနဝတ္ထုကို မှီတဲ့စိတ် ဃာနဝိညာဏ် ၂-ခု။

ဇိဝှါဝတ္ထုကို မှီတဲ့စိတ်၊ ဇိဝှါဝိညာဏ် ၂-ခု၊ ကာယဝတ္ထုကိုမှီတဲ့စိတ်၊ ကာယဝိညာဏ် ၂-ခု၊ ဒီထိအောင်ကတော့ လွယ်သည်။

ဟဒယဝတ္ထုကျတော့ကို အမြဲမှီတာရှိတယ်၊ ရံခါ မှီတာရှိတယ်၊ အဲဒီတော့ အဲဒါ ခွဲခြားရလိမ့်မယ်၊ သူတို့ဖြစ်တိုင်းဖြစ်တိုင်း ဟဒယဝတ္ထုကို မှီတဲ့စိတ် ရှိတယ်နော်၊ တချို့ စိတ်ကျတော့ တစ်ခါတလေ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်တယ်၊ တစ်ခါတလေ မမှီဘဲ ဖြစ်တယ်၊ ဒီလိုရှိတယ်၊ အဲဒီစိတ် ၂-မျိုးခွဲရမယ်။

ပထမ ဟဒယဝတ္ထု အမြဲမှီတဲ့စိတ်တွေက ဘယ်စိတ်တွေတဲ့လဲ၊ ဒေါသမူကစ ဟဒယဝတ္ထုကို အမြဲမှီတာ၊ ဒေါသမူဒွေး၊ ဒေါသမူ ၂-ခု၊ ပြီးတော့ မနောဓာတ် ၃-ခု၊ သန္တီရဏ ၃-ခု၊ ဟသိတုပ္ပါဒ် ၁-ခု၊ မဟာဝိပါက်စိတ် ၈-ခု (မဟာဝိပါက်ဆိုတာ ကာမာဝစရသောဘန ဝိပါက်နော်၊ မဟာဝိပါက်စိတ် ၈-ခု) ပြီးတော့ ရူပါဝစရစိတ် အကုန်လုံး ၁၅-ခု၊ ပြီးတော့ သောတာပတ္တိမဂ်စိတ် ၁-ခု၊ အားလုံးပေါင်းလိုက်စမ်း၊ ၃၃-တဲ့၊ သူတို့က ဟဒယဝတ္ထုကို အမြဲမှီတယ်တဲ့နော်။

ဟဒယဝတ္ထုကို အမြဲမှီတယ် ရံခါမှီတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိကြတုန်း၊ အရူပါဝစရဘုံမှာ မဖြစ်နိုင်ဘူးဆိုရင် အဲဒီစိတ်ဟာ ဟဒယဝတ္ထုကို အမြဲမှီတယ်။ စိတ်တစ်ခုဟာ ကာမဘုံ ရူပဘုံမှာသာဖြစ်တယ်၊ အရူပဘုံမှာ မဖြစ်ဘူးဆိုတဲ့ စိတ်မျိုးဆိုရင် ဟဒယဝတ္ထုကို အမြဲမှီမှာပေါ့။

စိတ်တစ်ခုဟာ ကာမဘုံ ရူပဘုံမှာလည်းဖြစ်တယ်၊ အရူပဘုံမှာလည်း ဖြစ်တယ်ဆိုရင် သူက ကာမဘုံ ရူပဘုံမှာ ဖြစ်တဲ့အခါမှာ ဟဒယဝတ္ထုကို မှီမယ်။ အရူပဘုံမှာဖြစ်တဲ့ အခါမှာ ဟဒယဝတ္ထုမှမရှိဘဲ၊ မမှီတော့ဘူးပေါ့။

အဲဒီတော့ အရူပဘုံမှာ ဘယ်တော့မှ မဖြစ်တဲ့စိတ်ဆိုရင် ဟဒယဝတ္ထုကို အမြဲမှီတယ်နော်၊ အရူပဘုံမှာလည်းဖြစ်တယ်၊ ကာမဘုံ ရူပဘုံမှာလည်း ဖြစ်တယ်ဆိုတဲ့ စိတ်မျိုးကျတော့ ရံခါ မှီတယ်ပေါ့။

[စာမျက်နှာ-153] ရံခါဆိုတာ ကာမဘုံ ရူပဘုံမှာဖြစ်တဲ့အခိုက် ဟဒယဝတ္ထုကိုမှီတယ်၊ အရူပဘုံမှာဖြစ်တဲ့အခိုက် ဟဒယဝတ္ထုကို မမှီဘူး၊ အဲဒီတော့ ဟဒယဝတ္ထုကို အမြဲမှီတဲ့စိတ် ကြည့်လိုက်စမ်း၊ ပထမ ဘာတွေ့လဲ၊ ဒေါသမူဒွေးတဲ့၊ ဒေါသမူဒွေးဟာ နောင်ကျတော့ သိလိမ့်မယ်နော်၊ ဗြဟ္မာဘုံမှာ ဖြစ်ကို မဖြစ်ဘူး၊ မဂ်နဲ့ ပယ်သလို ပယ်တာ မဟုတ်ပေမယ်လို့ ဘုံအနေအားဖြင့်ပယ်ထားတာ၊ ဒါကြောင့်မို့ ဗြဟ္မာပြည်မှာ ဒေါသမူဒွေး မရှိဘူး၊ ရူပဘုံမှာတောင် မရှိဘူး၊ အရူပဘုံဆိုတာတော့ ပြောစရာမရှိဘူး၊ အဲဒီတော့ သူက ကာမဘုံမှာသာ ဖြစ်မယ်ပေါ့၊ ကာမဘုံမှာသာဖြစ်ရင် ဟဒယဝတ္ထု အမြဲမှီတော့မှာပဲ၊ ရံခါမှီတာတွေ မရှိတော့ဘူးနော်။

နောက် တစ်ခုက မနောဓာတ် ၃-ခုတဲ့၊ မနောဓာတ် ၃-ခုဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်းဒွေးကို မနောဓာတ် ၃-ခုလို့ခေါ်တာ၊ သူတို့တွေကလည်းပဲ ဘယ်မှာသာဖြစ်သလဲ၊ ၅-ဒွါရမှာသာဖြစ်တယ်၊ မနောဒွါရမှာ မဖြစ်ဘူး၊ ၅-ဒွါရမှာသာဖြစ်တယ်နော်၊ အဲဒီတော့ သူတို့ကလည်းပဲ ကာမဘုံ ရူပဘုံမှာသာဖြစ်တယ်။ အရူပဘုံမှာမဖြစ်ဘူး၊ ဒါကြောင့်မို့ သူတို့ဟာလည်းပဲ ဟဒယဝတ္ထုကို အမြဲမှီတယ်။

နောက် တစ်ခုက သန္တီရဏ ၃-ခု၊ သန္တီရဏ ၃-ခုကလည်း အရူပဘုံမှာ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုရင် ဒွါရတို့ ကိစ္စတို့က အရူပဘုံမှာ သရဏနှင့် ပတ်သက်တဲ့ဟာ မရှိဘူးနော်၊ သန္တီရဏ ၃-ခုက ဘယ်ဒွါရမှာဖြစ်မလဲ၊ ပဉ္စဒွါရမှာ ဖြစ်မယ်၊ မနောဒွါရမှာဖြစ်မယ်၊ ဟုတ်လား၊ အထူးသဖြင့်တော့ ပဉ္စဒွါရမှာဖြစ်မယ်။ ဒါကြောင့်မို့ သန္တီရဏ ၃-ခုဟာ အရူပဘုံမှာ မဖြစ်ဘူး၊ အရူပဘုံမှာ မဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဟဒယဝတ္ထုကို အမြဲမှီတယ်။

ဟသိတုပ္ပါဒ်စိတ် အရူပဘုံမှာဖြစ်နိုင်ပါ့မလား၊ ရဟန္တာမှာတော့ ဖြစ်တယ် နော်၊ ဟုတ်လား၊ သို့သော် အရူပဘုံ ရဟန္တာမှာ ဟသိတုပ္ပါဒ်စိတ် ဖြစ်နိုင်ပါ့မလား၊ ပြုံးတဲ့စိတ်ပဲ၊ ဖြစ်နိုင်ပါ့မလဲ၊ အရူပဘုံက ရုပ်မှ မရှိဘဲနော်၊ ပြုံးတယ်ဆိုတာ ရုပ်ပဲ။ အဲဒါကြောင့်မို့ ပြုံးနိုင်တဲ့ ခန္ဓာကိုယ် မရှိတဲ့အတွက်ကြောင့်မို့ ဟသိတုပ္ပါဒ်စိတ်ဟာ အရူပဘုံမှာမဖြစ်ဘူး၊ ဒါကြောင့်မို့ သူဟာ ကာမဘုံ ရူပဘုံမှာသာဖြစ်တယ်၊ ဒါကြောင့်မို့ ဟဒယဝတ္ထုကိုအမြဲမှီတယ်။

ပြီးတော့ မဟာဝိပါက်စိတ်ဆိုတာကလည်းပဲ ကာမာဝစရဘုံမှာသာ ဖြစ်တာ နော်၊ ကာမာဝစရဘုံမှာသာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူဟာလည်း ဟဒယဝတ္ထုကို အမြဲမှီတယ်။

ရူပါဝစရစိတ် ၁၅-ခုကလည်းပဲ ရူပါဝစရဘုံနဲ့ ကာမာဝစရဘုံမှာ

[စာမျက်နှာ-154] ထိုက်သည့်အားလျော်စွာဖြစ်တယ်၊ အရူပါဝစရဘုံမှာ မဖြစ်ဘူး၊ အရူပဈာန်ကိုရ လိုက်ရင် ရူပဈာန် ပျောက်တာပဲနော်၊ အဲလေ၊ အရူပဘုံမှာ သွားဖြစ်လိုက်တယ်ဆိုရင် ရူပါဝစရဈာန်က မရှိတော့ဘူး၊ အရူပဈာန်ပဲရှိမယ်၊ ဒါကြောင့် အရူပါဝစရဘုံမှာ ဖြစ်ပြီးတဲ့နောက် ပထမဈာန်ဝင်စားဦးမယ်၊ ဒုတိယဈာန်ဝင်စားဦးမယ်ဆိုလို့ မရတော့ဘူး။

ဒါကြောင့်မို့ ရူပါဝစရစိတ် ၁၅-ခုလုံးဟာ အရူပါဝစရဘုံမှာ မဖြစ်ဘူး၊ အဲသလို မဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူဟာ ဟဒယဝတ္ထုကို အမြဲမှီတယ်။

နောက်ဆုံး သောတာပတ္တမဂ်တဲ့ သောတာပတ္တိမဂ်စိတ်ဟာ အရူပဘုံမှာ မဖြစ်နိုင်ဘူးတဲ့၊ အရူပဗြဟ္မာမှာဆိုပါတော့၊ ဒီဘဝက စတုတ္ထ ရူပါဝစရဈာန်ကို ရပြီးတော့ ပုထုဇဉ်အဖြစ်နဲ့ သေသွားပြီးတော့ ဟိုမှာ ဗြဟ္မာသွားဖြစ်မယ်၊ အရူပ ဗြဟ္မာဆိုတာ နာမ်တရားချည်းရှိတဲ့ ဗြဟ္မာသွားဖြစ်မယ်၊ အဲဒီ အရူပ ဗြဟ္မာဟာ သောတာပတ္တိမဂ် မရနိုင်ဘူး၊ ဒီတော့ အကျွတ်တရားကို မရနိုင်ဘူး၊ အရူပ ဗြဟ္မာဘုံမှာ သွားဖြစ်ရင် သောတာပတ္တိမဂ်စိတ် မဖြစ်နိုင်ဘူး။

အဲဒီတော့ အကြောင်းက ဘာကြောင့်လဲဆိုတော့ ဒီသောတာပတ္တိမဂ်ရဖို့ရာ အကြောင်းထဲမှာ အကြောင်းတစ်ခုက ဘာလဲဆိုရင် ပရတော ဃောသလို့ခေါ်တယ်။ သူတစ်ပါးဆီက တရားနာရမှ instruction ရမှ တရားအားထုတ်ပြီးတော့ သောတာပန် ဖြစ်နိုင်တာ၊ ကိုယ်ဟာကိုယ် သောတာပန်ဖြစ်တယ်လို့ မရှိဘူးနော်။

အဲဒီတော့ သောတာပန် ဖြစ်ရမယ်ဆိုရင် (ဘုရားမှလွဲရင်ပေါ့လေ) တရားတစ်ခုခုတော့နာရတယ်၊ အရူပါဝစရ ဗြဟ္မာမှာ တရားနာစရာနားမှမရှိဘဲ၊ အဲဒါကြောင့်မို့ အရူပဘုံမှာ ပုထုဇဉ်အဖြစ်နဲ့ ရောက်သွားရင် အဲဒီမှာ နေလေရော့ပဲ။ ဘုရားအဆူဆူပွင့်၊ မသိတော့ဘူး သူတို့အကျွတ်တရား မရနိုင်ဘူး၊ ဒါကြောင့်မို့ ရပ်ပြစ် ၈-ပါးဆိုတဲ့ အထဲမှာ အရူပါဝစရဘုံပါတယ်။

မေး - သူက ရူပါဝစရဘုံထက်တော့ မြင့်တယ် မဟုတ်ပါလား ဘုရား။

ဖြေ - ဟုတ်တယ်၊ အဆင့်အတန်းတော့ ပိုမြင့်တယ်၊ ခုနလိုလေ၊ သောတာပတ္တိ အစဆုံးဟာမို့လား၊ သောတာပတ္တိရပြီးမှ သကဒါဂါမိရတာ၊ သကဒါဂါမိရပြီးမှ အနာဂါမိရရမှာ၊ သောတာပတ္တိမဂ်ကို သူကမရနိုင်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ တရားမှ မနာနိုင်ဘဲကို။

ကောင်းပြီ၊ ဒါဖြင့်ရင် မြတ်စွာဘုရားတို့ ပစ္စေကဗုဒ္ဓါတို့ကျတော့ ဆရာမလိုဘူးနော်၊ သူများဆီက ကြားစရာမလိုဘူး၊ ကိုယ့်ဘာကိုယ် ထိုးထွင်းပြီးတော့

[စာမျက်နှာ-155] တရားသိတာ၊ ဒါကြောင့်မို့ သမ္ဗုဒ္ဓလို့ခေါ်တယ်၊ မြတ်စွာဘုရားကျတော့ သမ္မာသမ္ဗုဒ္ဓပေါ့ ဟုတ်လား၊ သမ္မာဗုဒ္ဓ ဆိုတာက အမှန်အကန်အတိုင်း သိတာကို သမ္မာဗုဒ္ဓလို့ခေါ်တယ်၊ သမ္ဗုဒ္ဓဆိုတာက ကိုယ်တိုင်သိတာသူများကို ဆရာမတင်ရဘဲ သူများ တရားမနာဘဲနဲ့ ကိုယ့်ဟာကိုယ် တရားအားထုတ်ပြီးသိတဲ့အသိကို သမ္ဗုဒ္ဓလို့ ခေါ်တယ်၊ အဲဒီသမ္ဗုဒ္ဓဆိုတာ ပစ္စေကဗုဒ္ဓါလည်းဟုတ်တယ်၊ ဘုရားလည်း ဟုတ်တယ် ပေါ့။

အဲဒီတော့ ဘုရားပစ္စေကဗုဒ္ဓါဆိုတာ ပရတောဃောသ မလိုဘူး၊ သူတစ်ပါးဆီက ကြားစရာ မလိုဘူး၊ သူတို့တော့ ဘယ့်နှယ်လုပ်မလဲဆိုတော့ ဘုရားတို့ ပစ္စေကဗုဒ္ဓါတို့က လူ့ပြည်မှာသာပွင့်တာ၊ နတ်ပြည်မှာ မပွင့်ဘူး၊ ဗြဟ္မာပြည်မှာ မပွင့်ဘူး၊ ဒါကြောင့်မို့ သောတာပတ္တိမဂ်စိတ်ဟာ အရူပါဝစရဘုံမှာ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့်မို့ သူ့ချန်ရတာ။

မေး - သောတာပတ္တိမဂ်စိတ် မဖြစ်နိုင်တော့ အရူပါဝစရဘုံရဲ့ အနေအထားကို မြင့်တယ် ဆိုနိုင်ပါ့မလား။

ဖြေ - ဟုတ်တယ်၊ ဒါပေမယ့် သောတာပတ္တိမဂ်ကိုမှ မဖြစ်တော့ဘူးဆိုပေမယ့် သကဒါဂါမိမဂ်စိတ်ကတော့ ဖြစ်နိုင်တယ်၊ ဘာကြောင့်တုန်းဆိုတော့ ဒီဘဝက သောတာပန်ဖြစ်ပြီးတော့ အရူပါဝစရဈာန်ရ၊ ဟိုသွားပြီးတော့ အရူပါဝစရ ဗြဟ္မာ ဖြစ်တော့ သောတာပန်အဖြစ်နဲ့ သွားဖြစ်မယ်၊ ဆက်ပြီး တရားအားထုတ်ရင် သူဟိုမှာ သကဒါဂါမိမဂ် ရနိုင်တယ် (အနာဂါမိမဂ် ရနိုင်တယ်) ရဟန္တာဖြစ်သွားနိုင်တယ်။

အဲဒီတော့ လူ့ပြည်က သောတာပန်ဖြစ်ပြီးမှ အရူပါဝစရ ဗြဟ္မာသွားဖြစ်ရင်တော့ ကိစ္စမရှိဘူး၊ အထက်မဂ် အထက်ဖိုလ်တွေ ရသွားနိုင်တယ်၊ လူ့ပြည်က ဘာမှမရဘဲ ပုထုဇဉ်ဘဝနဲ့ သေပြီးတော့ အရူပါဝစရဘုံမှာ ဖြစ်ရင်တော့ မျှော်လင့်ချက်မရှိဘူး၊ ကမ္ဘာပေါင်း ၈ သောင်း ၄ ထောင် ဒီအတိုင်းချည်းနေလေရော့ပဲ၊

မေး - လူ့ဘဝတုန်းက အရူပါဝစရဈာန်ရရင် ဗြဟ္မာဘုံမှာဘယ်ကို ဖြစ်သွားနိုင်ပါသလဲ။

ဖြေ - အရူပဈာန်ရရင် ဟို စိတ်ပိုင်းတုန်းက ဈာန်တွေလုပ်ခဲ့တယ် မဟုတ်လား၊ ရူပါဝစရဈာန် ၅-ခု၊ အရူပါဝစရဈာန် ၄-ခု၊ အဲဒီ အရူပါဝစရ အာကာသာနဉ္စ ပထမဆိုပါတော့၊ ပထမအရူပါဝစရဈာန်ရရင် ပထမအရူပါဝစရဘုံမှာသွားဖြစ်မယ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ အရူပဈာန်ရရင် အဲဒါနဲ့သေရင် စတုတ္ထ

[စာမျက်နှာ-156] အရူပါဝစရဘုံမှာ သွားဖြစ်မယ် အဲသလို၊ ပုထုဇဉ်ဘဝနဲ့သာ ရပြီးတော့ ဟို သွားဖြစ်ရင်တော့နေရော့ပဲ၊ ဒါကြောင့်မို့ ရပ်ပြစ် ၈-ပါးလို့ ခေါ်တဲ့ အထဲမှာ ဒီ အရူပါဝစရဗြဟ္မာတွေပါတယ်၊ အမှန်ကတော့ စွန့်ပစ်အပ်တဲ့ အရပ်လို့ ဆိုတာပေါ့၊ တရားမရနိုင်တဲ့ အရပ်ဆိုပေမယ့် ဟိုတကယ်အရပ်မဟုတ်ဘူး၊ အခြေအနေကိုပဲ ပြောတာ၊ ဘုရားပွင့်ရက်နဲ့ ကိုယ်က ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နေတယ်၊ ဒါလည်းပဲအက္ခဏလို့ ပါဠိခေါ်တယ်၊ မြန်မာလို ရပ်ပြစ် ၈-ပါးလို့ပဲခေါ်တယ်၊ ခုနလို အသက်သိပ်ရှည်တဲ့ ဗြဟ္မာဖြစ်နေတယ်၊ တရားထူးမရနိုင်တဲ့ ဗြဟ္မာ ဖြစ်နေတယ်၊ ကိုယ်က တိရစ္ဆာန် ဖြစ်နေတယ်၊ ငရဲကျနေတယ်၊ အဲဒါမျိုးတွေကို ရပ်ပြစ် ၈-ပါးလို့ခေါ်တယ်၊ ဟို တရားထူး မရနိုင်တဲ့ အခြေအနေတွေ၊ ပြီးတော့ မြတ်စွာဘုရားတော့ ပွင့်ပါရဲ့ ကိုယ်က ဘုရားပွင့်တဲ့ နေရာနဲ့ တစ်ခြားစီ ဖြစ်နေတယ်၊ မြတ်စွာဘုရားပွင့်တဲ့ နေရာမှာကိုယ်ကဖြစ်တယ်၊ ကိုယ်က တိဟိတ် မဟုတ်ဘဲ ဒွိဟိတ်ဖြစ်နေတယ်၊ အဲဒါမျိုးတွေ ဒါတွေဟာ တရားထူးမရနိုင်တဲ့ အခြေအနေတွေပါပဲ၊ အက္ခဏလို့ပါဠိလို ခေါ်တယ်၊ အခါအခွင့်မသင့်တဲ့ (inopportune) ပေါ့။

အဲဒီ သောတာပတ္တိမဂ်စိတ်သည် အရူပါဝစရဘုံမှာ မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ သို့မဟုတ် ကာမာဝစရဘုံ၊ ရူပါဝစရဘုံမှာသာဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဟဒယဝတ္ထုကို အမြဲမှီရတယ်၊ ဒါကြောင့်မို့ ဟဒယဝတ္ထုကို အမြဲမှီတာတွေ ပေါင်းလိုက်ရင် ၃၃-ပါးရှိတယ်တဲ့။

ရံခါမှီတယ်တဲ့၊ ရံခါမှီတယ်ဆိုတာကျတော့ ဒီစိတ်တွေဟာ ကာမာဝစရဘုံ၊ ရူပါဝစရဘုံမှာလည်းဖြစ်မယ်၊ အရူပါဝစရဘုံမှာလည်း ဖြစ်လိမ့်မယ်နော်၊ အဲဒါကျတော့ ရံခါမှီတယ်။

ဟဒယဝတ္ထုကို ရံခါမှီတဲ့စိတ်တွေကတော့ ကျန်တဲ့စိတ်တွေပါပဲ၊ လောဘမူလစိတ် ၈-ခု၊ မောဟမူလစိတ် ၂-ခု၊ မနောဒွါရာဝဇ္ဇန်းစိတ် ၁-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာစိတ် ၈-ခု၊ ရူပါဝစရကုသိုလ်စိတ် ၄-ခု၊ အရူပါဝစရကြိယာစိတ် ၄-ခု၊ သောတာပတ္တိဖိုလ်ကစပြီးတော့ အရဟတ္တဖိုလ်ထိအောင် ကြွင်းတဲ့ လောကုတ္တရာစိတ် ၇-ခု၊ ဒီ ၄၂-ပါးကတော့ ကာမာဝစရဘုံ၊ ရူပါဝစရဘုံမှာ ဖြစ်တဲ့အခါ ဟဒယဝတ္ထုကို မှီတယ်၊ အရူပါဝစရဘုံမှာ ဖြစ်တဲ့အခါ ဟဒယဝတ္ထုကို မမှီဘူး၊ ဘာမှ မမှီဘဲနဲ့ ဖြစ်တယ်၊ အဲဒီလို ခွဲခြားရမယ်။ အရူပါဝစရဝိပါက်စိတ် ၄-ခုကျတော့ အရူပါဝစရဘုံမှာသာ ဖြစ်တယ်နော်၊ ရူပါဝစရဘုံ ကာမာဝစရဘုံမှာ မဖြစ်ဘူး၊ အရူပါဝစရဘုံမှာသာ ဖြစ်တဲ့အတွက်

[စာမျက်နှာ-157] ကြောင့်မို့ သူကတော့ လုံးဝမှီရာမရှိဘူး၊ လုံးဝ မမှီဘူးလို့ ဆိုလိုတယ်၊ ဘယ်တော့မှ ဟဒယဝတ္ထုကို မမှီဘဲနဲ့ ဖြစ်တဲ့စိတ်၊ အရူပါဝစရဝိပါက်စိတ် ၄-ခု။

အဲဒီတော့ အရူပါဝစရစိတ် ၁၂-ခုရှိတဲ့ အနက်က အရူပါဝစရကုသိုလ်စိတ် ၄-ခု ဆိုပါတော့ လူ့ပြည်မှာ ရနိုင်တယ်၊ ဖြစ်နိုင်တယ်၊ အရူပါဝစရကြိယာစိတ် ၄-ခု၊ လူ့ပြည်မှာဖြစ်နိုင်တယ်၊ ဒါပေမယ်လို့ အရူပါဝစရဝိပါက်စိတ် ၄-ခုက လူ့ပြည်မှာ မဖြစ်နိုင်ဘူး၊ နတ်ပြည်မှာ မဖြစ်နိုင်ဘူး၊ ရူပါဝစရ ဗြဟ္မာပြည်မှာ မဖြစ်နိုင်ဘူး၊ ဘယ်မှသာ ဖြစ်နိုင်တုန်း၊ အရူပါဝစရ ဗြဟ္မာပြည်မှာသာ ဖြစ်နိုင်တယ်၊ အဲသလိုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ အဲဒီ ၄-ခုကတော့ ဝတ္ထုရုပ်ကို မရှိဘူး၊ ဘယ်တော့မှကို မမှီဘဲနဲ့ဖြစ်တယ်၊ အဲသလို ဘယ်စိတ်က ဘယ်ဝတ္ထုကို မှီတယ်၊ ဘယ်ဝတ္ထုကိုမှီတာ ဘယ်စိတ်တွေလဲ၊ (သို့မဟုတ်) ဘယ်ဝတ္ထုသည် ဘယ်စိတ်ရဲ့ မှီရာ ဖြစ်တယ်ဆိုတာကို ဒီဇယားကွက်ကိုကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

ဒါဖြင့် စက္ခုဝတ္ထုကို မှီတဲ့စိတ် ၂-ပါး၊ သောတဝတ္ထုကို မှီတဲ့စိတ် ၂-ပါး၊ ဃာနဝတ္ထုကို မှီတဲ့စိတ် ၂-ပါး၊ ဇိဝှါဝတ္ထုကို မှီတဲ့စိတ် ၂-ပါး၊ ကာယဝတ္ထုကို မှီတဲ့စိတ် ၂-ပါး၊ ဟဒယဝတ္ထုကို အမြဲမှီတဲ့စိတ် ၃၃-ပါး၊ ဟဒယဝတ္ထုကို ရံခါ မှီတဲ့စိတ် ၄၂-ပါး၊ ဝတ္ထုရုပ်ကို ဘယ်တော့မှ မမှီဘဲနဲ့ ဖြစ်တဲ့စိတ် ၄-ပါးနော်။

ကောင်းပြီ၊ ရူပါရုံကို မြင်တယ်ဆိုကြပါစို့၊ ရူပါရုံဆိုတာ မြင်စရာ တစ်ခုခု ပေါ့ဟုတ်လား၊ ပစ္စည်းတစ်ခုခုကို မြင်တယ်ဆိုတော့ မြင်စရာအာရုံရှိတယ်၊ အဲဒီ အာရုံထင်တဲ့ ပသာဒရှိတယ်၊ ပြီးတော့ ဘာရှိမလဲ မြင်တဲ့စိတ်ရှိတယ်နော်။

ပစ္စည်းတစ်ခုခုကို မြင်လိုက်တဲ့အခါမှာ မြင်စိတ်ကလေး ဖြစ်ပေါ်လာတယ်။ အဲဒီမြင်စိတ်ကလေးဟာ ဘယ်ကို အမှီပြုရသလဲဆိုရင် စက္ခုဝတ္ထုကို အမှီပြုရတယ်၊ စက္ခုပသာဒကို အမှီပြုရတယ်၊ ဒါက ဝတ္ထုအနေနဲ့ အမှီပြုရတာ၊ အာရုံအနေနဲ့ အမှီပြုရတာကျတော့ ရူပါရုံကို အာရုံအနေနဲ့တော့ အမှီပြုတယ်၊ ဒါကို ဝတ္ထုလို့တော့ မခေါ်ဘူး၊ အင်္ဂလိပ်လိုတော့ condition။

ဒါကြောင့်မို့ စက္ခုဝိညာဏ်စိတ် ဆိုတာလေးတစ်ခုဖြစ်ပေါ်ဖို့ရာ ဘယ်လို အကြောင်းတွေ လိုအပ်နေသလဲ၊ မြင်စရာ အာရုံရှိရမယ်၊ မြင်ကြောင်းဖြစ်တဲ့ စက္ခုဝတ္ထု စက္ခုပသာဒရှိရမယ်၊ ဒီ နှစ်ခု အမြဲတမ်းလိုတယ်၊ တခြားဘာလိုသေးသလဲ။ အလင်းရောင်လိုတယ်၊ မှောင်နေရင် မမြင်ရဘူး၊ အခန်းထဲမှာနော်၊ နောက်တစ်ခုကတော့ နှလုံးသွင်းမှု လိုတယ်၊ တစ်ခါတစ်လေ ကိုယ့်ရှေ့က ဖြတ်သွားပေမယ်လို့ မမြင်ရဘူး၊ ဒါ နှလုံးမသွင်းလို့ မနသိကာရလို့ ခေါ်တယ်။

[စာမျက်နှာ-158] အဲဒီလို စိတ်ဖြစ်တိုင်းဖြစ်တိုင်း အဲဒီစိတ်ဟာ မှီရာဝတ္ထုရှိရတယ်၊ လူ့ဘဝတို့ နတ်ဘဝတို့မှာ၊ တစ်စုံတစ်ခုကြားတယ်ဆိုရင်လည်းပဲ ဒီအတိုင်းပဲ၊ အသံရှိတယ်၊ နားပသာဒရှိရတယ်၊ ဒီနှစ်ခုအကြောင်းပြုပြီးတော့ နှလုံးသွင်းမှုလည်း ရှိရတယ်၊ ဟိုကျတော့ အလင်းရောင်မဟုတ်တော့ဘူး၊ နားကျတော့ space ပေါ့၊ အာကာသလို့ ခေါ်တယ်၊ အဲဒါရှိရတယ်၊ အာကာသ ပိတ်နေရင် မကြားဘူးပေါ့လေ၊ အဲဒီလို သူ့ ဝတ္ထုနှင့်သူ မှီရာရှိရတယ်။

အဲဒီ ဒွေးပဉ္စဝိညာဏ် ၁၀-က ဝတ္ထုရုပ် ၅-ပါးကို ထိုက်သည့် အားလျော်စွာ မှီတယ်ပေါ့၊ ကျန်တဲ့စိတ်တွေကတော့ ဟဒယဝတ္ထုကို ရံခါမှီတာရှိမယ်၊ အမြဲမှီတာ ရှိမယ်။ ဟဒယဝတ္ထုကို အမြဲမှီတာကို ဘယ်လိုလုပ်ပြီး သိနိုင်သလဲဆိုရင် အဲဒီစိတ်ဟာ အရူပဘုံမှာ မဖြစ်ဘူးလား၊ ဒါပဲပေါ့၊ အရူပဘုံမှာမဖြစ်ရင် ဟဒယဝတ္ထုကိုအမြဲမှီတယ်၊ အရူပဘုံမှာလည်း သူကဖြစ်သေးရင် သူရံခါ မှီမယ်၊ ပြီးတော့ အရူပဘုံမှာသာ ဖြစ်ရင်တော့ ဘယ်တော့မှ မမှီတော့ဘူး၊ အဲဒီလို ဒီဝတ္ထုရုပ် ၆-ပါးနှင့် စိတ် ၈၉-ပါးနဲ့ စပ်ဟပ်ပြီးတော့ သိပါစေပေါ့နော်။

မေး - အရှင်ဘုရား၊ တကယ်လို့ ဝတ္ထုကို မမြင်ဘဲနဲ့ အဆင်းကို မြင်တယ်ဆိုရင်ဘာကို မှီမလဲ။

ဖြေ- ဟဒယဝတ္ထု၊ အဲဒါဟဒယဝတ္ထုကို မှီတယ်၊ အဲဒီကျတော့ဆိုပါတော့ ဒီစက္ခုပသာဒနှင့် စက္ခုဝိညာဏ်နှင့် မြင်တယ်ဆိုတဲ့ရုပ်က ပစ္စုပ္ပန်ရူပါရုံကို မြင်တာ၊ ဒါ အာရမ္မဏသင်္ဂဟပြန်ပြီးတော့ refer လုပ်ရင် သိတယ်၊ အဲဒီတော့ အတိတ်ဖြစ်သွားပြီ၊ မြင်တော့မြင်သေးတာပဲဆိုတာဟာစိတ်နဲ့မြင်တာ၊ အဲဒီစိတ်ကျတော့ စက္ခုဝိညာဏ်စိတ်နဲ့ မြင်တာ မဟုတ်တော့ဘူး၊ တခြားစိတ်တွေနဲ့ မြင်တာပေါ့၊ အဲဒီစိတ်တွေ ဘယ်မှီလဲဆိုရင် ဟဒယကိုမှီတယ်။

မေး - အရှင်ဘုရားက စိတ်တွေအကြောင်း ပြောခဲ့တယ်၊ အဲဒီစိတ်တွေမှာ ဖိုလ်စိတ်ဆိုတာပါတယ်၊ အဲဒီဖိုလ်စိတ်တွေ ဘယ်ကလာပါသလဲ။

ဖြေ - ဟုတ်တယ်၊ သူက မနောဒွါရကနေလာမယ်၊ မနောဒွါရကနေ လာပြီးတော့ ဟဒယဝတ္ထုကိုမှီမယ်၊ ဝီထိပိုင်းကျတော့ တစ်ခါထပ်ပြီးတော့ ဒွါရတွေ အာရုံတွေ၊ ဝတ္ထုတွေ ပြန်လေ့လာရဦးမှာ၊ ဒါကြောင့်မို့ နောက်က ကျေပါစေပြောတာ၊ အကုန်လုံး လုံးလုံး၊ လုံးလုံးပြီးတော့ သိ၊ သိပြီးတော့ သွားရမှာနော်၊ အဲဒီတော့ အခု ဒီ chart လေး ကြည့်ပြီးတော့ ပြောနိုင်ပါ့မလား။

[စာမျက်နှာ-159] အကုသိုလ်စိတ် ၁၂-ခုရှိတယ်နော်၊ အကုသိုလ်စိတ် ၁၂-မှာ လောဘမူစိတ် ၈-ခု ပထမကြည့်လိုက်၊ လောဘမူစိတ် ၈-ခု ဘယ်ကိုမှီသလဲ၊ ဟဒယဝတ္ထု ရံခါမှီတယ်၊ အမြဲနဲ့ရံခါ ခွဲခြားပြောရမယ်ဟုတ်လား၊ ဒေါသမူစိတ် ၂-ခု၊ ဟဒယဝတ္ထုကို အမြဲမှီတယ် (ဒေါသမူဒွေးသည် အရူပဘုံမှာမရှိသောကြောင့် အမြဲမှီစာရင်းထဲပါသည်။)

ကောင်းပြီ၊ စက္ခုဝိညာဏ် ၂-ခုတွဲမယ်နော်၊ စက္ခုဝိညာဏ်စိတ် ၂-ခု၊ စက္ခုဝတ္ထုမှီတယ်၊ သောတဝိညာဏ်စိတ် ၂-ခု၊ သောတဝတ္ထု၊ ဃာနဝိညာဏ်စိတ် ၂-ခု၊ ဃာနဝတ္ထု၊ ဇိဝှါဝိညာဏ်စိတ် ၂-ခု၊ ဇိဝှါဝတ္ထု၊ ကာယဝိညာဏ်စိတ် ၂-ခု၊ ကာယဝတ္ထု၊ သမ္ပဋိစ္ဆိုင်းဒွေး၊ သမ္ပဋိစ္ဆိုင်း ၂-ခု၊ မနောဓာတ်ထဲပါသွားပြီ၊ မနောဓာတ် ၃-ခုဆိုတာ ဘာတုန်း၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးကို မနောဓာတ်လို့ခေါ်တယ် ဟုတ်လား၊ ဒါဖြင့် သမ္ပဋိစ္ဆိုင်းဒွေး ဘယ်ကို မှီသလဲဆိုရင် မနောဓာတ်ပဲကြည့် ဟဒယဝတ္ထု အမြဲမှီတယ်နော်၊ နောက် ၃-ခုက သန္တီရဏ၊ သန္တီရဏ ၃-ခု ဟဒယဝတ္ထုကို အမြဲမှီတယ်၊ နောက် တစ်ခု ပဉ္စဒွါရာဝဇ္ဇန်း မနောဓာတ်ထဲမှာပဲ။ အဲဒီတော့အမြဲမှီတယ်နော်၊ မနောဒွါရာဝဇ္ဇန်း ဒါ တိုက်ရိုက်ရှိတယ်၊ မနောဒွါရာဝဇ္ဇန ၁ ဆိုတာ ရံခါမှီနော်၊ ဟသိတုပ္ပါဒ် အမြဲမှီ။

ကောင်းပြီ၊ ကာမာဝစရ ကုသိုလ်စိတ် ၈-ပါး ရံခါမှီပဲ၊ ဝိပါက်စိတ် ၈-ပါး ဟဒယဝတ္ထု အမြဲမှီတယ်၊ ကြိယာစိတ် ၈-ပါး ရံခါမှီတယ်၊ ရူပါဝစရစိတ် ၁၅-ခု ဟဒယဝတ္ထုကို အမြဲမှီတယ်၊ အရူပါဝစရ ကုသိုလ် ၄-ခု ရံခါမှီတယ်၊ အရူပါဝစရဝိပါက် ၄-ခု၊ ဘယ်ဝတ္ထုမှမမှီဘူး၊ အရူပါဝစရကြိယာစိတ် ၄-ခုရံခါမှီတယ်။

ဟိုဘက်က လောကုတ္တရာတွေ ဒေါင်လိုက်ပထမအတန်းက သောတာပတ္တိမဂ် အတန်းနော်၊ အဲဒီ သောတာပတ္တိမဂ်စိတ် အမြဲမှီတယ်၊ ကျန်စိတ်တွေ ရံခါမှီတယ်၊ ရှင်းသွားပြီနော်၊ ကဲ- အဲဒီလို မြင်အောင်ကြည့်သွား၊ ဟုတ်လား။

ပထမဇယားကွက်ကြည့်၊ ဇယားကွက်ကြည့် ပြီးတော့ တစ်ခါ ဒီအပြောက် အပြောက်ကလေးတွေနဲ့ ပြန်ပြီးတော့ ကိုယ့်ဟာကိုယ်(check)လုပ်သွား၊ အဲဒီလို ဆိုရင် ကျေတာပဲ၊ ကောင်းပြီ၊ အဲဒီတော့ ဒီနေရာမှာ မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့ဆိုတဲ့ စကားလုံးလေးတွေ သင်္ဂြိုဟ်ကျမ်းမှာလည်းဆိုထားတာ ရှိတယ်နော်။

ဒါကြောင့်မို့ ဝိညာဏဓာတ် ၇-ပါးဆိုတာ ကိုယ်လည်းပဲ နားလည်အောင် မှတ်သားထားရမယ်၊ စိတ်တစ်ခုယုတ် ၉၀-ကို ဝိညာဏ ၇-ပါး ခွဲချလိုက်တာပါပဲ။ (စိတ်တစ်ခုယုတ် ၉၀ ကိုပဲ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ် စသည်ဖြင့်) အဲဒီတော့ ဝိညာဏဓာတ် ၇-ပါးမှာ ပထမက စက္ခုဝိညာဏဓာတ်၊ စက္ခုဝိညာဏဓာတ်

[စာမျက်နှာ-160] ဆိုတာ စက္ခုဝိညာဏ် ၂-ပါးကိုပဲဆိုလိုတာ၊ ဓာတ်လို့ ဆိုပေမယ်လို့ ဒီနေရာမှာ စိတ်ပါပဲ၊ ဝိညာဏ်ဆိုတာနဲ့ စိတ်ဆိုတာနဲ့ အတူတူပဲနော်၊ ဒီနေရာမှာ ဓာတ်လို့လည်း ခေါ်တယ်။

အဲဒီတော့ စက္ခုဝိညာဏဓာတ်ဆိုရင် စက္ခုဝိညာဏ် ၂-ပါး၊ သောတဝိညာဏဓာတ်ဆိုရင် သောတဝိညာဏ် ၂-ပါး၊ ဃာနဝိညာဏဓာတ်ဆိုရင် ဃာနဝိညာဏ် ၂-ပါး၊ ဇိဝှါဝိညာဏဓာတ်ဆိုရင် ဇိဝှါဝိညာဏ် ၂-ပါး၊ ကာယဝိညာဏဓာတ်ဆိုရင် ကာယဝိညာဏ် ၂-ပါး၊ ဒါကတော့ လွယ်ပြီ။

မနောဓာတ်ဆိုရင် ၃-ပါး၊ သမ္ပဋိစ္ဆိုင်းဒွေးနဲ့ ပဉ္စဒွါရာဝဇ္ဇန်း၊ ကျန်တာတွေ အားလုံးကတော့ မနောဝိညာဏဓာတ်တဲ့ ကြွင်းစိတ်များ ၇၆-ရှိတယ်နော်၊ အမှန်ကတော့ ဟိုအပေါ်က ၁၃-ခုရှိတာကို ၈၉-ထဲက ၁၃ နုတ်လိုက်ရင် ၇၆ ကျန်တယ်၊ အဲဒီ ၇၆-ကို မနောဝိညာဏဓာတ်လို့ခေါ်တယ်၊ ဒီအသုံးအနှုန်းလေး တွေလည်း နားလည်ထားမှ နောက်ကျတော့ ဒါတွေ သုံးသုံးပြီးတော့ သင်္ဂြိုဟ်ဆရာ ကလည်း ပြော၊ ပြော သွားတယ်၊ မနောဓာတ်ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေး တန်းသိထားရမယ်။

အဲဒီတော့ စက္ခုဝိညာဏဓာတ်ကနေပြီးတော့ ကာယဝိညာဏဓာတ် ထိအောင် ၅-ခုကို ပေါင်းပြီးတော့ ခေါ်တဲ့အခါကျတော့ ပဉ္စဝိညာဏဓာတ်လို့ ဒီလိုခေါ်တယ်။ ပဉ္စဆိုတာ ၅-နော်၊ ပဉ္စဝိညာဏဓာတ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀-နှင့် အတူတူပါပဲ။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိစိတ်ပေါ့ နော်။

မေး - အရှင်ဘုရား-အဘိဓမ္မာမှာ နာမည်တွေက ဟိုဘက်ဒီဘက် အမျိုးမျိုး လှည့်ခေါ်နေတာပဲ။

ဖြေ - ဟုတ်တယ်၊ ဒါကြောင့်မို့ တရားတစ်ခုတည်းကို အခေါ် အမျိုးမျိုး ရှိတယ်၊ အဲဒါဟာ ဘာလဲဆိုရင် မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရဲ့ တင့်တယ် ကွန့်မြူးပုံပေါ့လေ၊ သဗ္ဗညုတဉာဏ်တော် အစွမ်းဟာ ဒါပဲ၊ မြတ်စွာဘုရားဟာ သဗ္ဗညုတဉာဏ်တော် ရတဲ့အခါကျတော့ အာသယာနုသယဉာဏ်ဆိုတာနဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ် ဆိုတာလည်းရတယ်၊ အာသယာနုသယဆိုတာက သတ္တဝါတွေရဲ့ အတွင်းစိတ်ဓာတ်ပေါ့၊ အတွင်းကိန်းအောင်းနေတဲ့ အလိုတို့ စရိုက်ကိုသိတာကို အာသယာနုသယလို့ခေါ်တယ်။

ဒီပုဂ္ဂိုလ်ဟာ ဘယ်လိုစရိုက်ရှိတယ်၊ ဘယ်လိုအလိုရှိတယ်၊ အဲဒီ သူနဲ့ လိုက်အောင် မြတ်စွာဘုရားက တရားကို ဟောတာ၊ ဆိုပါတော့ တချို့မှာက

[စာမျက်နှာ-161] ခန္ဓာဆိုတဲ့ စကားလုံးများများကြီး ကြားထားရပြီးတော့ ခန္ဓာဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးနေတဲ့ လူအဖို့ကျတော့ ခန္ဓာဆိုတဲ့ အသုံးအနှုန်းနဲ့ ရင်းနှီးနေတဲ့ လူအဖို့ကျတော့ ခန္ဓာဆိုတဲ့ အသုံးအနှုန်းနဲ့ ဟောလိုက်ရင် သူက မြန်မြန်နားလည်သွားမယ်၊ တရားရသွားမယ်၊ အဲသလို ပုဂ္ဂိုလ်ကို အာယတနပဲ၊ ဓာတ်ပဲဟောနေရင် သူက နည်းနည်း ကြန့်ကြာနေဦးမယ်ဟုတ်လား။

အဲသလို ပုဂ္ဂိုလ်တွေအတွက် မြတ်စွာဘုရားက ခန္ဓာဆိုတဲ့စကားလုံးနဲ့ ဟောတယ်၊ တချို့ ပုဂ္ဂိုလ်တွေကျတော့လည်း အာယတနဆိုတာနဲ့ ရင်းနှီးနေမယ် ဆိုရင် အဲသလို ပုဂ္ဂိုလ်တွေအတွက်ကျတော့ အာယတနဆိုတဲ့ အသုံးအနှုန်းနဲ့ ဟောတယ်၊ ဒါကြောင့်မို့ ဒီအခေါ်အဝေါ်တွေဟာ အများကြီးဖြစ်နေတာ၊ အဲဒီတော့ ဒီသတ္တဝါတွေရဲ့ စရိုက်ကို ကြည့်ပြီးတော့ မြတ်စွာဘုရားက သင့်အောင်ဟောသွားတာ၊ အသုံးအနှုန်းတွေကို ဝေနေယျဇ္ဈာသယလို့ ဒီလိုခေါ်တယ်၊ ဝေနေယျဆိုတာ ကျွတ်ထိုက်တဲ့ သတ္တဝါပေါ့လေ၊ အဇ္ဈာသယဆိုတာ အလို၊ ဒီဉာဏ်က မြတ်စွာဘုရားမှာပဲ ရှိတယ်၊ သာဝကတွေမှာ မရှိနိုင်ဘူးနော်၊ အသာဓာရဏ ခေါ်တာပေါ့လေ။ သာဝကတွေနဲ့ မဆက်ဆံတဲ့ဉာဏ်၊ အဲဒီဉာဏ်ရှိတော်မူတဲ့ အတွက်ကြောင့်မို့လို့ မြတ်စွာဘုရားကတော့ ဘာပဲဖြစ်ဖြစ်တိုက်ရိုက်သိတော်မူတာပေါ့။

ဒီပုဂ္ဂိုလ်တော့ ငါ ဒီလို ဟောရင် အကျွတ်တရားရမှာ သေချာတယ်၊ ဟို ပုဂ္ဂိုလ်ကျတော့ ဟိုလိုဟောရင် အကျွတ်တရားရမှာ သေချာတယ်၊ ဒီလိုမသိရတဲ့ ပုဂ္ဂိုလ်တွေအတွက်ကျတော့ မှန်းဟောနေရတာပေါ့၊ ဒါတော့ဖြစ်လောက်ရဲ့ သူနဲ့တော့ သင့်တော်လောက်ရဲ့ ဆိုပြီးတော့ မှန်းသမ်းဟောရတာပေါ့၊ အဲသလိုကွာတာ။

ဒါကြောင့်မို့ မြတ်စွာဘုရားကတော့ ဒီလူနာကို ဘာဆေးပေးရမယ်ဆိုတာကို အတိအကျသိတာကို၊ ဒါကတော့ ပျောက်လောက်ရဲ့လို့ ဒီလိုစမ်းပေးတာမျိုး မဟုတ်တော့ဘူး၊ အတိအကျပဲ၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဘိဓမ္မာမှာ ဝေါဟာရတွေများနေတာ၊ နောက်တွေ့ဦးမယ်၊ သတ္တမပိုင်းကျတော့ အာသဝ၊ ဩဃ၊ ယောဂနှင့် ဆိုပြီးတော့ ဒါတွေပဲ။

လောဘ၊ ဒိဋ္ဌိ၊ မောဟပဲ၊ အာသဝဆိုတဲ့ နာမည်၊ ဩဃဆိုတဲ့ နာမည်၊ ယောဂဆိုတဲ့ နာမည်အမျိုးမျိုးတွေရှိတယ်၊ အဲဒါ ဝေနေယျတွေရဲ့ အဇ္ဈာသယ လိုက်ပြီးတော့ဟောတာ၊ ဒါကြောင့်မို့ ဒီမှာလည်းပဲ နာမည်တွေ အမျိုးမျိုးရှိတာ။

အဲသလို အမျိုးမျိုးရှိတော့ ကိုယ်ကလည်း လိုက်မှတ်မှရတာ၊ ဘာလို့တုန်း ဆိုတော့ ဒီဟာတွေသုံးပြီးတော့ နောင်ခါကျတော့ ကျမ်းစာတွေကရေးမှာကို၊ ဒါကြောင့်မို့ ဒီစိတ် ၈၉-ပါးကို ၇-မျိုးခွဲလိုက်ရင် ဝိညာဏဓာတ် ၇-ပါး။

[စာမျက်နှာ-162] ဆိုပြီးထွက်လာတာ၊ သတ္တမပိုင်းကျတော့လည်း ဒါတွေ ပြန်တွေ့ဦးမှာပဲ၊ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်ဆိုပြီးတော့။

အဲဒီတော့ မနောဝိညာဏဓာတ်က များတာပါပဲ၊ အကုသိုလ်စိတ် ၁၂-ပါးဟာ မနောဝိညာဏဓာတ်နော်၊ သမ္ပဋိစ္ဆိုင်းဒွေးဆိုရင် မနောဓာတ်၊ သန္တီရဏစိတ် ၃-ခုဆိုရင် မနောဝိညာဏဓာတ်၊ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်းဆိုရင် မနောဓာတ်၊ မနောဒွါရာဝဇ္ဇန်း မနောဝိညာဏဓာတ်၊ ဟသိတုပါဒ် မနောဝိညာဏဓာတ် ကျန်တာတွေ အားလုံး မနောဝိညာဏဓာတ်ချည်းပဲ၊ အဲသလိုလဲ ဇာတ်လည်း ကွဲနေပါစေနော်။

ကောင်းပြီ၊ ဒါဖြင့်ရင် ဝတ္ထုသင်္ဂဟသိစရာ ကုန်သွားပြီ၊ ဝိညာဏဓာတ်လို့ ခေါ်ပေမယ်လို့ နံပတ် ၆-ကို မနောဓာတ်လို့ခေါ်တယ်နော်၊ ဝိညာဏမထည့်ရဘူး၊ မနောဝိညာဏဆိုရင် နံပါတ် ၇-ဖြစ်သွားမယ်၊ အဲဒီတော့ မနောဓာတ်ဆိုတာကတော့ သူက သိရုံမျှကလေးလို့ဆိုလိုတယ်ပေါ့လေ။

ဒီနေရာမှာ အသိရဲ့ အင်အားကို ၃-မျိုးခွဲကြရမယ်နော်၊ တကယ့်ကို သာမန် သိရုံမျှကလေးသိတာ၊ ဒါကတစ်မျိုး၊ သူ့ထက်နည်းနည်းလေး ပိုသိတာ၊ ဒါကတစ်မျိုး၊ နောက်ဆုံး အသိဆုံးက တစ်မျိုး၊ ၃-မျိုးရှိတယ်၊ အဲဒီ ၃-မျိုးနဲ့ ခွဲမယ်ဆိုရင် မနောဓာတ်က သိရုံမျှကလေးနော်၊ ဘာကြောင့်လဲဆိုတော့ သူက အားအနည်းဆုံး၊ သူ့ထက်နည်းနည်း ပိုသိတာကတော့ စက္ခုဝိညာဏဓာတ် ဆိုတာတွေကျတော့ မနောဓာတ်ထက်ပိုပြီးတော့ အာရုံကို သိတဲ့နေရာမှာ အားပြည့်သွားပြီ၊ ဒါပေမယ်လို့ သူကလည်းပဲ အလွန်ကြီးရှိသေးတာ မဟုတ်ဘူး၊ ဘယ်ဟာကျမှ ရှိတာတုန်းဆိုရင် မနောဝိညာဏဓာတ်ကျမှ အားအရှိဆုံးနဲ့ သိတာ။

ဒါကြောင့်မို့ ဒီဝိညာဏဓာတ် ၇-ပါးကို အားနဲ့ခွဲမယ်ဆိုရင် ၃-မျိုးရမယ်နော်၊ မနောဓာတ်ရယ်၊ ပဉ္စဝိညာဏဓာတ်ရယ်၊ မနောဝိညာဏဓာတ်ရယ်၊ အဲဒီမှာ ဆရာတော် ဦးဇနက လင်္ကာလေး ရေးထားတာရှိတယ်။

* အာရုံပြုဟန် အတန်တန်ဝယ်၊ သာမန်သိသော ဓာတ်သဘောကို၊ မနောဟုမှတ်။

အာရုံပြုတဲ့အခါမှာ အာရုံကို သာမန်သိတဲ့ သဘောလေးကို မနောဓာတ်လို့ မှတ်ပါတဲ့။

* မနောဓာတ်ထက်၊ လွန်ဓာတ်သိပြန်ဝိညာဏ်တည်း။

မနောဓာတ်ထက် ပိုပြီးတော့ အာရုံကို သိတာကျတော့ ဝိညာဏဓာတ်ပေါ့လေ။

[စာမျက်နှာ-163] * တဖန်ထို့ထက်၊ ဆထက်ကဲချွန် အလွန်အကြူး၊ အထူးသိသော ဓာတ်သဘောကား၊ မနောဝိညာဉ် အမည်တွင်သည်၊ ဤတွင်မှတ်ဖွယ် အချုပ်တည်း။

ဝိညာဏဓာတ်ထက်ပိုပြီးတော့ သိတဲ့စိတ်တွေကိုကျတော့ မနောဝိညာဏဓာတ်၊ မနောဆိုတာလည်းပဲသိတာ၊ ဝိညာဏဆိုတာလည်းပဲ အထူးသိတာဆိုတော့ အလွန် အကြူး အထူးသိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဟုတ်လား။ intensive ဖြစ်သွားတာပေါ့၊ မနောကသိတာ၊ ဉာဏကသိတာ၊ ဝိညာဏကျတော့ နည်းနည်းလေးပိုပြီးတော့ ထူးပြီးတော့သိတာ၊ မနောဝိညာဏ အကုန်ပေါင်းလိုက်တဲ့အခါကျတော့ သိပ်သိတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်၊

ဒါကြောင့်မို့ မနောဝိညာဏဓာတ်တဲ့၊ ကျန်တဲ့စိတ်တွေအားလုံးက မနောဝိညာဏဓာတ်လို့ ဆိုတဲ့နာမည်ရသည်၊ အားလုံး ဝိညာဏဓာတ်တွေပေါင်းလိုက်ရင်လဲ စိတ် ၈၉-ပါးပဲ ဖြစ်တယ်နော်၊ ဒါဟာ ဝတ္ထုသင်္ဂဟနားလည်ဖို့ ကုန်သွားပါပြီ။

ဒီတိုင်အောင် အခု ဦးဇင်းတို့လေ့လာလာတာ စိတ်ပိုင်းရယ်၊ စေတသိက်ပိုင်းရယ်၊ ပကိဏ်းပိုင်းရယ်၊ ဒါ ပကိဏ်းပိုင်း အဆုံးပဲ၊ နောက်အပတ်ဆိုရင်ဝီထိပိုင်း သွားလိမ့်မယ်၊ အဲဒီတော့ ဒီ ၃-ပိုင်းကို ကျေဖို့ အရေးကြီးတယ်၊ ကျေဖို့အရေးကြီးတယ် ဆိုတော့ ဘာလုပ်စေချင်သလဲ၊ (home work) အနေနဲ့က ဒီ ၃-ပိုင်း သရုပ်ခွဲ တစ်ခုလုပ်ဖို့ လိုတယ်၊ တစ်ခုစီ သွားရလိမ့်မယ်၊ စိတ် ၈၉-ပါးဆိုရင် detail ကို သွားရလိမ့်မယ်။

အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတော့ စိတ်တစ်ခုကို ကိုင်လိုက်မယ်ဆိုပါတော့ လောဘမူ ပထမစိတ်၊ အဲဒီမှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ ဟော ဒါ စေတသိက်ပိုင်း ရောက်သွားပြီ၊ စိတ်တစ်ခုကို ကိုင်လိုက်၊ စေတသိက် ဘယ်လောက် ယှဉ်သလဲ၊ ပြီးရင် ဘာဝေဒနာနှင့် ယှဉ်သလဲ?၊ ပကိဏ်းပိုင်း ဝေဒနာသင်္ဂဟ၊ ဘယ်ဟိတ်နဲ့ယှဉ်သလဲ၊ ဟေတုသင်္ဂဟ၊ ဘယ်ကိစ္စတပ်သလဲ၊ ဘယ်ဒွါရမှာဖြစ်သလဲ။ ဘယ်အာရုံကို အာရုံပြုသလဲ၊ ဘယ်ဝတ္ထုကို မှီသလဲ၊ ဘယ့်နှယ်တုန်း၊ လုပ်နိုင်ပါ့မလား၊ လုပ်တော့ လုပ်နိုင်ပါတယ်၊ အချိန်နည်းနည်း ပေးရင် ရတယ်နော်၊ အဲဒီတော့ ဆိုပါတော့ ပထမဆုံး ဒီလို စာရွက်ကို အလျား လိုက်ဖြစ်ဖြစ် သုံးချင်သုံးရလိမ့်မယ် ဟုတ်လား၊ လောဘမူ ပထမစိတ် ဒီက၊ ကိုင်း၊ စမ်းရအောင်။

လောဘမူပထမစိတ်တဲ့၊ စေတသိက် ဘယ်လောက်ယှဉ်သလဲ၊ သင်္ချာလောက်ပဲ ပြော၊ number ပဲပြော၊ တစ်ခုစီမပြောနဲ့၊ ဘယ်လောက်လဲ၊ စေတသိက် ၁၉-ပါး ယှဉ်တယ်ဟုတ်လား၊ အကုသိုလ် ပထမစိတ်မှာ စေတသိက် ၁၉-ခုယှဉ်တယ်နော်၊

[စာမျက်နှာ-164] ကိုတင်မောင်ညွန့် လုပ်ထားတဲ့ chart ရှိပါလား၊ အဲဒီမှာ ကြည့်ရင်ပေါ်မယ်နော်၊ အဲဒီတော့ ပထမစိတ်မှာ စေတသိက် ဘယ်လောက်လဲ ၁၉-ပါးဆိုပါတော့ ၁၉ လို့ရေးလိုက် ၁၉-လို့ မှတ်လိုက်ပေါ့၊ ဒီက လောဘမူပထမစိတ်ပြီးရင် ဘာဝေဒနာနဲ့ ယှဉ်သလဲ၊ လောဘမူ ပထမစိတ်ဟာ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ ၅-မျိုးရှိတယ်၊ သောမနဿနှင့် ယှဉ်တယ်၊ ဝေဒနာပြီးတော့ ဘာလာမလဲ၊ ဟိတ်လာမယ်နော်။

ဟိတ် ဘယ်နှစ်ပါးနဲ့ယှဉ်မလဲ၊ ၁-ပါးလား၊ ၂-ပါးလား၊ ၃-ပါးလား၊ ၄-ပါးလား၊ ၅-ပါးလား၊ ၆-ပါးလား၊ ဟိတ် ၂-ပါးနှင့် ယှဉ်တယ်နော်၊ ဘာလဲ လောဘနဲ့မောဟ။ ဟိတ်ပြီးတော့ ဘာလာမလဲ၊ ကိစ္စ၊ ဘာကိစ္စတပ်သလဲ၊ ဇောကိစ္စတပ်တယ်။

ကောင်းပြီ၊ ဘယ်ဒွါရမှာဖြစ်သလဲ၊ အကုသိုလ်စိတ် ၆-ဒွါရ၊ အကုသိုလ်စိတ် တွေ့လား၊ အကုသိုလ်စိတ်က ဘယ်ထဲပါသွားလဲဆိုတော့ ကာမာဝစရ ဇောထဲ ပါသွားတယ်နော်၊ ကာမဇော ၂၉-ထဲမှာ အကုသိုလ်စိတ်ပါသွားတယ်၊ ၆-ဒွါရမှာ ဖြစ်တယ် နော်။

ဘယ်ကိုအာရုံပြုသလဲ၊ အကုသိုလ်စိတ်က ဘယ်ကို အာရုံပြုသလဲ၊ လောကီစိတ်၊ စေတသိက်၊ ရုပ်၊ ပညတ်၊ လောကီတရားကို အာရုံပြုတယ်ပေါ့။

ဘယ်ဝတ္ထုကို မှီသလဲ၊ ဟဒယဝတ္ထုကိုမှီတယ်၊ အဲဒီမှာ ကိုယ်က အညွန့်တက် လိုက်ချင်သေးရင် (ဆိုပါတော့) ဘယ်သူက ရံခါမှီတယ်၊ ဘယ်သူက အမြဲမှီတယ်တောင် ပြောနိုင်သေးတယ်၊ သို့သော် အဲသလောက်ထိအောင် မပြောချင်နေတော့ ဟဒယဝတ္ထုကို မှီတယ်လို့ ပြောနိုင်ရင်ပဲတော်ပြီ၊ အဲဒါ ၃-ပိုင်း သရုပ်ခွဲခေါ်တယ်နော်၊ အဲဒီအတိုင်း စိတ် ၈၉-ပြည့်အောင် လုပ်သွားရမယ်၊ လုပ်တတ်ပြီနော်၊

ပထမကော်လံက စိတ်နော်၊ ဒုတိယကော်လံက စေတသိက်၊ တတိယက ဝေဒနာ၊ နောက်ဘာတုန်း ဟိတ်၊ နောက်ကိစ္စ၊ နောက်ဒွါရ၊ နောက်အာရုံ၊ နောက်ဝတ္ထု အဲဒါလုပ်နိုင်ရင်တော့ ပထမတန်းပဲ၊ လုပ်ပြီးသားပေးရင်တော့ အလကား၊ ပေါ့သွားလိမ့်မယ်ထင်တယ်၊ ရပါတယ်နော်၊ အဲဒါလေးတွေ ကိုယ့်ဘာကိုယ် ဖြည့်ဖြည့်သွားရင် ပိုပြီးတော့ မှတ်မိတယ်၊ ဦးဇင်း အင်္ဂလိပ်လိုတော့ လုပ်ထားတာ ရှိတယ်၊ တပည့်တွေပေးတာ၊ ရှာရဦးမယ်၊ ကျောင်းကလဲ (carpet) လဲ လိုက်တာနဲ့ တစ်ခါတည်းကို ပစ္စည်းတွေ စာအုပ်တွေ ဟိုရောက် ဒီရောက်နဲ့ ကိုယ့်ဟာကိုယ် ရှာလို့ကို မတွေ့နိုင်ဘူး။

[စာမျက်နှာ-165] မေး - အရှင်ဘုရား၊ အဲဒါဆိုရင် စိတ် ၈၉ ကနေပြီး တစ်ခုစီ သွားရမှာလား။

ဖြေ - အေး တစ်ခုစီသွားရမှာ one by one, ၈၉-ခု ဟုတ်ပါဘူး၊ တကယ်လုပ်သွားရင် ပထမတစ်ခုကတော့ ကြာရင်ကြာမယ်၊ နောက်ဟာတွေကျတော့ ရသွားတာပါပဲ၊ ဒီလောက်မကြာပါဘူး။

ဆိုပါတော့ ဟိတ်ဆိုရင်လည်းပဲ၊ တိုတိုဆိုရင်တော့ ဟိတ်မှာ ဟိတ် ၁-ပါးဆိုရင် ၁-ပေါ့၊ ၂-ပါးဆိုရင် ၂-ပေါ့၊ ၃-ပါးဆိုရင် ၃၊ ဟုတ်လား၊ ဒီထက် ကိုယ်က ချဲ့ချင်သေးရင် လော၊ မော၊ လောဘ၊ မောဟ၊ မောဟ ဆိုရင် မောပေါ့လေ၊ အဲသလို အတိုကောက်ကလေးတွေ ရေးသွားရင်ရတယ်၊ ကိစ္စကျတော့ ဇောကိစ္စ၊ ဒါမှမဟုတ်၊ ဒဿနကိစ္စ စသည်ဖြင့် သွားမယ်၊ ဒွါရကျတော့လည်း စက္ခုဒွါရဖြစ်တယ်၊ မနောဒွါရဖြစ်တယ်၊ အာရုံကျတော့ ဘာအာရုံပြုတယ်၊ အာရုံကလည်း နည်းနည်းများတယ်၊ ပြီးတော့ဝတ္ထုကျတော့ ဘယ်ဝတ္ထုပေါ့၊ အဲဒါလေးတွေ ကိုယ့်ဟာကိုယ် လုပ်ထား၊ မြန်မာပြည်လိုဆိုရင်တော့ ဗလာစာအုပ် တစ်အုပ် ဝယ်ပြီးတော့ ၂-မျက်နှာကို ၁-မျက်နှာလုပ်လိုက်ရင် ရတာပဲ၊ အဲဒါမျိုးနဲ့ ကိုယ့်ဟာကိုယ်လုပ်ရင် ကောင်းတယ်နော်။

ဒါ ၃-ပိုင်းဆိုရင် မနည်းဘူးနော်၊ ၃-ပိုင်း ကုန်ရင် အခြေတော်တော်ကို ဖြစ်သွားပြီ၊ ဟုတ်လား၊ စိတ်၊ စေတသိက်၊ ပြီးတော့ စိတ်စေတသိက်နဲ့ ပတ်သက်ပြီးတော့ သိသင့်သိထိုက်တာလေးတွေတော်တော့ကို စုံသွားပြီ။

မေး - မှန်လားမှားလား ဘယ်လိုသိမလဲ၊ တပည့်တော်က လုပ်ခဲ့ပြီးမှမှားနေရင်ကော၊

ဖြေ - ပထမလုပ်ခဲ့လေ၊ ဟုတ်ဘူးလား၊ ဒီလိုဆိုပြီးသလောက် လုပ်ခဲ့၊ ပြီးသလောက်ဆို ဒီလိုလုပ်လေ၊ တစ်ယောက်က ပိုပြီးပြီ၊ တစ်ယောက်ကလျော့ပြီးရင် ပြီးနေလိမ့်မယ် ဆိုပါတော့ နောက်အပတ်ကို အကုသိုလ်စိတ် ၁၂-ပါး လုပ်ခဲ့ကြ ဟုတ်ဘူးလား၊ (chart) လုပ်ခဲ့ပေါ့၊ ၇၂ တောင် မကဘူး၊ ၈၇ စေတသိက်၊ ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထု၊ အာရမ္မဏပဲ၊ ခုနလို ဇယားကွက် ကြည့်တဲ့အခါမှာ ဆိုပါတော့၊ အကုသိုလ်ခုနဆို ဒွါရထဲ ရှာမတွေ့ပဲ ဖြစ်နေတယ်၊ ကာမဇောထဲ ထည့်နေတာကို အဲဒါမျိုးလေးတွေ ပထမပြန်ပြီးတော့သိအောင်လုပ်လိုက်။

[စာမျက်နှာ-166]
ဝီထိပိုင်း

ဝီထိ - စိတ်အစဉ်အတန်း။
စိတ္တက္ခဏ - စိတ်တစ်ခု အသက်ရှည်ရာကာလ၊ မျက်စိတစ်မှိတ်၌ စိတ္တက္ခဏပေါင်း ကုဋေများစွာ ဖြစ်နိုင်ချုပ်နိုင်သည်။

ခဏငယ် - စိတ္တက္ခဏတစ်ခု၌ ခဏငယ် ၃-ခုရှိသည်။
၁။ ဥပါဒ်ခဏ - ဖြစ်ဆဲအခိုက်အတန့် (ဖြစ်ခဏ)။
၂။ ဌီခဏ - တည်ဆဲခဏ (တည်ခဏ)။
၃။ ဘင်ခဏ - ချုပ်ဆဲခဏ (ချုပ်ခဏ)။

စိတ်အသက် - စိတ္တက္ခဏတစ်ချက်။
ရုပ်အသက် - စိတ္တက္ခဏ ၁၇-ချက်။

ဝီထိ ၂-မျိုး - ၁။ ပဉ္စဒွါရဝီထိ။ ၂။ မနောဒွါရဝီထိ။

ပဉ္စဒွါရဝီထိ ၅-မျိုး
၁။ စက္ခုဝိညာဏဝီထိ။
၂။ သောတဝိညာဏဝီထိ။
၃။ ဃာနဝိညာဏဝီထိ။
၄။ ဇိဝှါဝိညာဏဝီထိ။
၅။ ကာယဝိညာဏဝီထိ။

တစ်နည်း-
၁။ စက္ခုဒွါရဝီထိ။
၂။ သောတဒွါရဝီထိ။
၃။ ဃာနဒွါရဝီထိ။
၄။ ဇိဝှါဒွါရဝီထိ။
၅။ ကာယဒွါရဝီထိ။

မနောဒွါရဝီထိများ-
၁။ ကာမဇောမနောဒွါရဝီထိ
- (က) ဝိဘူတာရုံ ဝီထိ။
- (ခ) အဝိဘူတာရုံ ဝီထိ။
၂။ အပ္ပနာဇောဝါရဝီထိ။
- (က) ဈာနဝီထိ။
- (ခ) မဂ္ဂဝီထိ။
- (ဂ) ဖလသမာပတ္တိ ဝီထိ။
- (ဃ) နိရောဓသမာပတ္တိ ဝီထိ။

[စာမျက်နှာ-167] သောတဒွါရဝီထိစသည်လည်း နည်းတူ ၁၅ - ဝီထိစီ ဖြစ်သည်။ ထို့ကြောင့် ပဉ္စဒွါရ၌ ဝီထိပေါင်း ၇၅ ဖြစ်သည်။ (ဤ၌ တဒါရုံမကျသော အတိမဟန္တာရုံဝီထိနှင့် အာဂန္တုက ဘဝင်ကျသော ဝီထိတို့ မပါသေး။)

[စာမျက်နှာ-168] *(ဤစာမျက်နှာသည် မူရင်းတွင် အလွတ်ဖြစ်စေ သို့မဟုတ် ရုပ်ပုံဇယားရှိနိုင်သော်လည်း ပေးထားသော OCR တွင် စာသားမရှိပါ။)*

[စာမျက်နှာ-169]
အဘိဓမ္မာသင်တန်း ၂၂

ဝီထိပိုင်း

ပဉ္စဒွါရဝီထိ

ဒီနေ့ မတ် ၂၀-ရက်နေ့ လွန်ခဲ့တဲ့ အပတ်က ပကိဏ်းပိုင်းပြီးသွားခဲ့ပြီ။ စိတ်ပိုင်းရယ်၊ စေတသိက်ပိုင်းရယ်၊ ပကိဏ်းပိုင်းရယ်တို့ အခြေခံ ၃-ပိုင်းပြီးခဲ့ပြီး အဲဒီတုန်းက စိတ်ကို စေတသိက်နှင့် ပကိဏ်းတွဲပြီးတော့ ၃-ပိုင်း သရုပ်ခွဲလုပ်ခဲ့ဖို့ အလုပ်ပေးလိုက်တယ်နော်၊ လုပ်လာကြတယ်၊ ကောင်းပြီ။

ဒီနေ့ နောက်တစ်ပိုင်းသွားမယ်၊ စတုတ္ထအပိုင်း၊ အဲဒီစတုတ္ထအပိုင်းက ဝီထိပိုင်းလို့ခေါ်တယ်၊ ဝီထိပိုင်းကလဲ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့အပိုင်း၊ စိတ်ဖြစ်ပုံတွေ။

အဲဒီတော့ ပထမဆုံး ဝီထိဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို နားလည်ရမယ်၊ စိတ်အစဉ်အတန်းကို ဝီထိလို့ခေါ်တယ်၊ ဝီထိဆိုတာ အစဉ်အတန်းလည်းဟုတ်တယ်။ လမ်းကိုလည်း ဝီထိလို့ခေါ်တယ်နော်၊ အခု Wood road လမ်းတို့ ဘာတို့ဆိုရင် ဝီထိလို့ခေါ်နိုင်တယ်၊ လမ်းလိုအစဉ်ကြီး ဖြစ်နေတာနော်၊ အဲဒီလို အစဉ်အတန်းကို ဝီထိ၊ အဲဒီတော့ စိတ်အစဉ်အတန်းကို စိတ်ဝီထိလို့ ဒီလိုခေါ်မယ်။

အဲဒီတော့ အခု တစ်ခု သတိထားဖို့က စိတ်အစဉ်အတန်းလို့ ပြောပေမယ်

[စာမျက်နှာ-170] လို့ တကယ်ကတော့ သူ့ခဏ၊ ခဏမှာ အစဉ်အတန်းရယ်လို့ရှိတာ မဟုတ်ဘူး၊ တစ်ခုပြီးရင် ပျောက်သွားမှ နောက်တစ်ခုက သူနေရာဝင်ဖြစ်၊ နောက်တစ်ခုက သူ့နေရာမှာဝင်ဖြစ်၊ အဲဒီလိုသွားတာနော်။

ဒါပေမယ့် သူတို့က one unit, one group လိုနေတဲ့အတွက်ကြောင့်မို့ သူတို့ကိုတစ်စုသဘောထားပြီး လေ့လာရတယ်၊ ဒါကြောင့်မို့ စိတ်ဝီထိလို့ ခေါ်တာ၊ ဝီထိဆိုတော့ တစ်ခါတည်း မျက်စိထဲမှာ အတန်းကြီး မြင်ပြီးတော့ အတန်းကြီးအတိုင်း ဖြစ်နေတယ်လို့ ဒီလိုတော့ မယူဆရဘူးနော်။

ဘာနဲ့တူလဲဆိုတော့ အပေါက်ကလေးတစ်ခု ဖေါက်ထားပြီးတော့ အဲဒီမှာ ကားချပ်တွေထိုးပြတာလို တစ်ခုထိုးပြလိုက်၊ အဲဒီဟာ ဖယ်လိုက်၊ နောက်တစ်ခု ထိုးပြလိုက်၊ ဖယ်လိုက်၊ နောက်တစ်ခုထိုးပြလိုက်၊ အဲဒီလို အဓိပ္ပါယ်မျိုးဖြစ်တာ၊ သို့သော် ခုနပြောသလိုပဲ လေ့လာမှာက အဲဒီအစဉ်အတန်း တစ်ခု တစ်ခု group အနေနဲ့ လေ့လာမှာမို့ ဝီထိလို့ ဒီလိုခေါ်ရတာ။

အဲဒီတော့ စိတ်ဆိုတာဟာ ဖြစ်တဲ့အခါမှာ တစ်ခဏမှာ စိတ်တစ်ခုပဲဖြစ်တာပဲ။ ၂-ခုပြိုင်ဖြစ်ရိုး မရှိဘူး၊ ၃-ခုဆိုတာမရှိဘူး။

ဒါပေမယ်လို့ ခုနပြောသလိုပဲ မြင်လိုက်တယ်နော်၊ မြင်လိုက်တဲ့အခါမှာ မြင်စိတ်ဖြစ်တဲ့အခါမှာ မြင်စိတ်ကလေးတစ်ခုတည်းတင် ဖြစ်တာမဟုတ်ပဲနဲ့ သူတို့နဲ့တွဲပြီးတော့ ဖြစ်တဲ့စိတ်တွေ အများကြီးရှိသေးတယ်၊ အဲဒီဟာတွေပါ အားလုံး ပေါင်းပြီးတော့ လေ့လာရမယ်နော်။

ကြားစိတ်ဖြစ်တဲ့အခါမှာ ကြားတဲ့စိတ်ဆိုတာလေးက သောတဝိညာဏ်စိတ်ကလေး တစ်ခုတည်းရယ်၊ ဒါပေမယ်လို့ သူနဲ့အတူတူတွဲပြီးတော့ တစ်ခုတည်းဖြစ်ကြတဲ့ တခြားစိတ်တွေရှိတယ်၊ အဲဒီဟာတွေကိုပဲ ဝီထိလို့ခေါ်တယ်၊ အဲဒီဝီထိကို အခု ဒီအခန်းမှာ ဒီအပိုင်းမှာ လေ့လာကြရမယ်။

အဲဒီဝီထိမှာပါတဲ့ တစ်ခုတစ်ခုသော ဒီစိတ်ကလေးတွေကို စိတ်ကလေးတွေရဲ့ အသက်ကို စိတ္တက္ခဏလို့ ဒီလိုပါဠိလို ခေါ်တယ်၊ စိတ္တဆိုတာ စိတ်ပဲ၊ ခဏဆိုတာ ခဏပဲနော်၊ ခဏဆိုတာ moment၊ အဲဒီတော့ thought moment ကို စိတ္တက္ခဏ။

အဲဒီစိတ္တက္ခဏက ဘယ်လောက်ကြာသတဲ့တုန်း၊ မျက်စိတစ်မှိတ်၌ စိတ္တက္ခဏပေါင်း ကုဋေများစွာ ဖြစ်နိုင်ချုပ်နိုင်သည်လို့ အဋ္ဌကထာတွေမှာ ရေးထားတယ်နော်။

အဲဒီတော့ ခုနပြောတဲ့ စိတ်ကလေးပေါင်း တစ်ခုတစ်ခု moment ကလေး ပေါင်းဟာ လက်ဖျက်တစ်တွက် တစ်စက္ကန့်အတွင်းမှာ ကုဋေနဲ့ချီပြီးတော့ ဖြစ်နိုင်

[စာမျက်နှာ-171] တယ်၊ ပျက်နိုင်တယ်တဲ့နော်၊ သာမညစဉ်းစားကြည့်ရင် ဒီဟာ သိပ်လွန်သလားလို့ အောက်မေ့ရတယ်၊ တကယ်ကတော့မဟုတ်ဘူး၊ ကွန်ပျူတာခေတ်ကျတော့ သာတောင်မှ ထင်ရှားသေးတယ်နော်။

အခုအခါမှာ စက္ကန့်ကို millionth of the second ထင်တယ်၊ billionth of the second တောင် သူတို့ ခွဲခြားနိုင်ပြီထင်တယ်နော်၊ အဲဒီတော့ အဲသလို ခွဲနိုင်တယ်ဆိုတာဟာ တစ်စက္ကန့်မှာအစိတ်အပိုင်းပေါင်း one million ရှိတယ်, သို့မဟုတ် one billion ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ အဲဒီဟာလေး တွေကိုပါ စိတ်က အာရုံပြုနိုင်တယ်ဆိုရင် စိတ်ဟာ တကယ်ပဲတစ်စက္ကန့်အတွင်းမှာ ကုဋေပေါင်းများစွာ ဖြစ်နိုင် ချုပ်နိုင်တယ်ဆိုတာ ထင်ရှားတယ်။

နောက်တစ်ခု စိတ်မြန်ပုံ စဉ်းစားကြည့်ဖို့က ဒါကတော့ အကြမ်းဖျင်း စဉ်းစားတာ, အသံတစ်ခုကြားလိုက်တယ်၊ အသံသက်သက်တင်ထားတာ မဟုတ်ဘူး၊ အသံကြားပြီး ဘာတွေ သိလိုက်သေးတုန်း၊ ဒီအသံဘယ်က လာသလဲ, အရှေ့က လာတယ်, အနောက်ကလာတယ်, ဝေးဝေးကလာတယ်, နီးနီးကလာတယ်, ဒါလည်း မသိလိုက်ဘူးလား၊ ပြီးတော့ ဒီအသံဟာ မော်တော်ကားအသံပဲ, လေယာဉ်ပျံသံပဲ, ဒါတွေရော မသိလိုက်ဘူးလား၊ မော်တော်ကားတောင်မှ ကိုယ်က မော်တော်ကား ဘက်ကလေ့လာတဲ့သူဆိုရင် ဒါက တိုယိုတာ သံပဲ, ဒါက ဘောက်ဝက်ဂွန်သံပဲ။ ဒါက မာစီဒီ သံပဲနဲ့ ပြောနိုင်တယ်နော်။

အဲဒီတော့ အဲသလိုသိအောင်လုပ်တာဟာ ဘယ်လောက်ကြာသလဲ၊ ချက်ချင်း သိတာပဲမဟုတ်ဘူးလား၊ အသံကြားလိုက်တာနဲ့ ချက်ချင်းသိတာပဲ၊ အဲဒီတော့ စဉ်းစားကြည့်စမ်း၊ အသံကြားတယ်ဆိုတာက တစ်မျိုး၊ အဲဒီအသံ ဘယ်လောက် ဝေးတယ်နီးတယ်ဆိုတာ တွက်တဲ့သဘောလေးက တစ်မျိုးနော်၊ ပြီးတော့ ရှေးတုန်းက ကြားဖူးထားတဲ့ အသံနဲ့ အခုသံနဲ့ စပ်ဟပ်ပြီးတော့ ဒါက မော်တော်ကားသံပဲ။ ဒါမှမဟုတ် လူသံပဲ, လေယာဉ်ပျံသံပဲ, မော်တော်ကားဖြစ်ရင်လည်း၊ ဘာမော်တော်ကား, ညာမော်တော်ကား, မြန်မြန်မောင်းသွားတာ, နှေးနှေးမောင်းသွားတာ၊ ဒါတွေ အကုန်သိတယ်၊ ချက်ချင်းသိတာ။

ဒါကြောင့်မို့ အဲသလိုသိတဲ့ အခါကျတော့ စိတ်တစ်ခုဟာ အာရုံတစ်ခုကိုသာ သိတယ်၊ အာရုံ ၂-ခု ၃-ခုကို တစ်ခါတည်းတစ်ပြိုင်နက်ယူလို့ရတာ မဟုတ်ဘူး၊ အဲဒီတော့ တစ်ခုပြီးမှ တစ်ခုသိသွားတာ။ ဒါပေမယ်လို့ စိတ်အဖြစ်က မြန်လွန်းတော့ တစ်ပြိုင်နက်သိတယ်လို့ပဲ

[စာမျက်နှာ-172] ထင်သွားတာပဲနော်၊ ဒါကြောင့်မို့ မျက်စိတစ်မှိတ်မှာ သို့မဟုတ် လျှပ်တစ်ပြက် လို့လည်း သုံးတာပေါ့လေ၊ လျှပ်စီးတစ်ခါ လက်လိုက်တဲ့အခါမျိုး သို့မဟုတ်လက်ဖျစ် တစ်တွက်လို့လည်းသုံးတယ်၊ အဲသလို လက်ဖျက်တစ်တွက် အချိန်မှာ စိတ္တက္ခဏပေါင်း ကုဋေပေါင်းများစွာဖြစ်နိုင် ချုပ်နိုင်တယ်တဲ့။

ကောင်းပြီ, အဲဒီ စိတ္တက္ခဏမှာ ခဏအငယ်က ၃-ခု ၃-ခု အမြဲတမ်းရှိတယ်။ အဲဒီတော့ စိတ္တက္ခဏ ၁-ခုမှာ ခဏငယ် ၃-ခုရှိတယ်။ three stages ပါပဲ။ ဦးဇင်းတို့က ဒီ ၃-ခုစလုံး ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုလိုတယ်။

အဲဒီတော့ ပထမခဏကိုရေးတော့ ပစောက် ၂-လုံးဆင့်နဲ့ထဲရေးတယ်။ ဖတ်တဲ့အခါ ကျတော့ ပစောက် ၁-လုံး မပါသလိုပဲဖတ်တယ်၊ ဥပါဒ်လို့ပဲဖတ်တယ်။ ဥပါဒ်ခဏတဲ့နော်၊ ဥပါဒ်ခဏဆိုတာ ဖြစ်ဆဲအခိုက်အတန့် တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်လေးကို ဥပါဒ်လို့ခေါ်တယ်၊ ဒါကို မြန်မာလိုတိုတို ခေါ်ချင်ရင် ဖြစ်ခဏလို့ ခေါ်တယ်နော်၊ ဥပါဒ်ခဏဟူ၍ဖြစ်စေ၊ ဖြစ်ခဏဟူ၍ဖြစ်စေ ခေါ်ကြမယ်။

ဌီခဏတဲ့, ဌီဆိုတာက တန့်ရပ်နေတာလို့ ဆိုလိုတယ်၊ တည်နေတဲ့ခဏ တန့်နေတဲ့ခဏကို၊ ဖြစ်ပြီးတော့ နည်းနည်းလေး တန့်နေတယ်၊ ပြီးရင် သူပျက်မယ်၊ အေး အဲဒီအလယ်ခဏကို တည်ဆဲခဏနော်၊ ဒါကို တည်ခဏလို့ ခေါ်ချင်လဲ ခေါ်ပေါ့လေ၊ တည်နဲ့ ဌီနှင့်လည်း နီးနီးပါပဲ။

နောက်တစ်ခုကတော့ ဘင်ခဏတဲ့ ဘင်္ဂဆိုတာ ပျက်စီးတယ်ဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ပါဠိစကားမှာ, ဒါကြောင့်မို့ ချုပ်ဆဲခဏ ပျက်စီးတဲ့ ခဏကို ဘင်ခဏလို့ ခေါ်တယ်။

အဲဒီတော့ ဒီ ဆရာအများရဲ့ အယူအဆက အခုအတိုင်းပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ ဖြစ်, တည်, ချုပ် ဒီ ၃-မျိုးပါတယ်လို့ ဒီလို ယူဆကြတယ်။ ဘယ်လို ဥပမာပေးလဲဆိုတော့ ခဲလုံးလေးတစ်လုံးကို မြှောက်ပစ်လိုက်တဲ့အခါကျတော့ မြောက်တက်သွားတဲ့အချိန်ရှိတယ်၊ ပြီးတော့ သူ အဆုံးရောက်သွားတဲ့အခါကျတော့ တန့်သွားတဲ့အချိန်ရှိတယ်၊ ပြန်ကျလာတဲ့အချိန်ရှိတယ်။ အဲသလိုပဲ မြောက်တက်သွားတာက ဥပါဒ်ပေါ့လေ၊ ဟိုမှာ နည်းနည်းလေး တန့်တာက ဌီ, ပြန်ကျလာတာက ဘင်ပေါ့လေ။

ဒါကြောင့်မို့ တရားတိုင်း တရားတိုင်းမှာ ရုပ်နာမ်ဆိုတဲ့ တရားတိုင်းမှာ ဖြစ်တယ်ဟေ့ဆိုရင် ဒီခဏ ၃-ချက်ရှိတာချည်းပဲတဲ့နော်၊ ဒီ ၃-ဆင့်ရှိတာချည်းပဲ။

[စာမျက်နှာ-173] ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ, ဖြစ်တယ်ဆိုရင် ဒီ ၃-ခုရှိတယ်လို့ ဆိုလိုတာ၊ ဒီခဏ ၃-ခုမှာ ဖြစ်နေတယ်လို့ ဆိုလိုတယ်၊ အဲဒါက ခဏငယ်လို့ နောင်ခါကျတော့ ခေါ်ကြမယ်။

အဲဒီတော့ စိတ်အသက်ဟာ ဘယ်လောက်ရှည်သလဲဆိုရင် အဲဒီ စိတ္တက္ခဏ တစ်ချက်ပဲရှည်တယ်၊ ခဏငယ် ၃-ချက်၊ (ခဏကြီးလို့လည်းခေါ်နိုင်တယ်) ခဏကြီး ၁-ချက်၊ ခဏငယ် ၃-ချက်နော်၊ စိတ်အသက်ဟာ ဘယ်လောက်မြန်သလဲ ပြောမပြနိုင်လောက်အောင် စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် မြန်တယ်နော်။

အဲဒီတော့ ဝီထိပိုင်းကို လေ့လာတဲ့အခါကျတော့ အာရုံတွေ ဘာတွေကလည်း ပါလာလိမ့်မယ်၊ ဒီဝီထိက ဘယ်ကို အာရုံပြုတယ်တို့ ဘာတို့ပါလာတဲ့အခါကျတော့ ရုပ်သဘောနည်းနည်းပါတယ်၊ ဒါကြောင့်မို့ ရုပ်အသက်ဆိုတာကိုလည်း ဒီမှာ နားလည်ရမယ်၊တော်ကြာကျတော့ ဝီထိလုပ်တဲ့အခါကျတော့ ဒီရုပ်သက်နှင့် တစ်ခါညှိရလိမ့်ဦးမယ်။

ရုပ်ကျတော့ ဘယ်လောက် အသက်ရှည်သတဲ့တုန်း၊ စိတ္တက္ခဏ ၁၇-ချက် အသက်ရှည်တယ်တဲ့၊ ဒါဖြင့် ရုပ်က စိတ်ထက် အသက် ၁၇-ချက်ပိုပြီးတော့ အသက်ရှည်တယ်၊ သို့မဟုတ် အချုပ်နှေးတယ်လို့ ဆိုနိုင်တာပေါ့၊ စိတ်ကဖြစ်ပြီးချုပ်၊ ရုပ်ကဖြစ်ပြီး သူကနေလိုက်သေးတယ်။

အဲဒီတော့ စိတ္တက္ခဏ ၁၇-ချက်ဆိုရင် ခဏငယ် ဘယ်လောက်လဲ? ၁၇ x ၃ လီ = ၅၁ နော်၊ ခဏငယ် ၅၁-ချက်ပေါ့၊ ရုပ်က ခဏငယ် ၅၁-ချက် ရှည်တယ်၊ စိတ်က ခဏငယ် ၃-ချက်ပဲ ရှည်တယ်။

ဒါ စိတ်သက်နှင့် ရုပ်သက် ဒါမှတ်ထားရမယ်၊ စိတ်သက်နှင့် ရုပ်သက် သိပြီးတဲ့ နောက် ဝီထိ ၂-မျိုးကို တစ်ခါ သိရမယ်နော်။

ပထမ တစ်ခုက ပဉ္စဒွါရဝီထိတဲ့နော်၊ ဒုတိယတစ်ခုက မနောဒွါရဝီထိ။

ပဉ္စမဆိုတာ ငါး၊ ဒွါရဆိုတာ ဒွါရပေါ့၊ ၅-ဒွါရမှာ ဖြစ်တဲ့ဝီထိပေါ့။ မနောဒွါရဝီထိ ဆိုတာက မနောဒွါရမှာဖြစ်တာ၊ ဒွါရသင်္ဂဟတုန်းက စက္ခုဒွါရ၊ သောတဒွါရ ဆိုတာတွေ သိခဲ့ပြီ မဟုတ်ဘူးလား၊ ဒွါရ ၆-ပါးရှိတယ်၊ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ ပြီးတော့ မနောဒွါရ။

အဲဒီ ၆-ပါးရှိတဲ့အနက်မှာ ပထမ ၅-ဒွါရမှာဖြစ်တဲ့ဝီထိကို ပဉ္စဒွါရဝီထိ, ပဉ္စဒွါရ မဟုတ်ပဲနဲ့ မနောဒွါရမှာဖြစ်တဲ့ ဝီထိကို မနောဒွါရဝီထိ၊ ဒါကြောင့်မို့ ဝီထိ လေ့လာတယ်ဆိုပေမယ်လို့ နောက်ကဟာက ပါလာပြီ, အာရုံပါလာပြီ၊ အခု

[စာမျက်နှာ-174] ဒွါရပါလာပြီ၊တော်ကြာ ကိစ္စတို့ ဘာတို့ကလည်း အဲဒီမှာ ဝင်ပြောရသေးတာပဲ။ အဲဒီတော့ အကုန်လုံးက အကုန်ပြန်ပြန် ပါတာပဲ။

အဲဒီ ပဉ္စဒွါရဝီထိကလည်း ပဉ္စဒွါရဆိုကတည်းက ၅-မျိုးပေါ့၊ ဒါကတော့ စက္ခုဝိညာဏဝီထိနော်၊ မြင်စိတ်ဝီထိပေါ့၊ မြင်တဲ့အခါမှာ ဖြစ်တဲ့ဝီထိ၊ သောတ ဝိညာဏဝီထိ, ကြားတဲ့အခါမှာဖြစ်တဲ့ဝီထိ, ဃာနဝိညာဏဝီထိ, အနံ့ကိုသိတဲ့အခါမှာ ဖြစ်တဲ့ဝီထိ၊ ဇိဝှါဝိညာဏဝီထိ, အရသာကိုသိတဲ့အခါမှာဖြစ်တဲ့ဝီထိ ကာယ ဝိညာဏဝီထိ၊ အတွေ့အထိကိုသိတဲ့အခါမှာ ဖြစ်တဲ့ဝီထိလို့ ဒီလို ၅-မျိုး ဝိညာဉ်အနေနဲ့ နာမည်ပေးတာ ၅-မျိုး, သို့မဟုတ် ဒွါရအနေနဲ့လည်း နာမည်ပေးလို့ ရတယ်။

ဒါကြောင့်မို့ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ၊ အဲဒီတော့ စက္ခုဝိညာဏဝီထိလို့ဆိုတာနဲ့ စက္ခုဒွါရဝီထိလို့ဆိုတာ အတူတူပဲ၊ စက္ခုဝိညာဏဝီထိဆိုတာ စက္ခုဝိညာဉ်ပါတဲ့ ဝီထိပေါ့၊ စက္ခုဒွါရ ဝီထိဆိုတာ စက္ခုဒွါရကနေဖြစ်တဲ့ ဝီထိပေါ့၊ အမှန်ကတော့ အတူတူပဲ။

ဒါကြောင့်မို့ ပဉ္စဒွါရဝီထိဟာ ၅-မျိုးရှိတယ်၊ မြန်မာလို ရှင်းရှင်းပြောရင် မြင်တဲ့ဝီထိ, ကြားတဲ့ဝီထိ, နံတဲ့ဝီထိ, အရသာကိုသိတဲ့ဝီထိ, ထိတာကိုသိတဲ့ဝီထိလို့ ဒီလို ၅-မျိုးရှိတယ်။

မနောဒွါရဝီထိကျတော့ များတယ်နော်၊ အခု ဒီထဲပြထားတာက နည်းသေးတယ်၊ နောက်ထပ်ပြစရာတွေ ရှိသေးတယ်၊ ဒါပေမယ်လို့ အစမှာ အကုန်လုံး သွားလုပ်မိရင် ရှုပ်ကုန်မှာစိုးလို့ အမှတ်ရများတော့ မမှတ်နိုင်မှာစိုးလို့၊ အခု သင်္ဂြိုဟ်ကျမ်းမှာ ပြသလောက်ကလေးပဲ ဒီမှာပြမယ်၊ မနောဒွါရဝီထိက ၁-က ဘာတဲ့တုန်း၊ ကာမဇော မနောဒွါရဝီထိတဲ့ နော်၊ ကာမာဝစရဇော တွေဆိုတာ သိတယ်မို့လား၊ ခုနပဲဇောတွေ ဘာတွေနည်းနည်းပါးပါး ပြန်ကြည့်ပြီးပြီ နော်၊ ကာမာဝစရဇောပါတဲ့ ဝီထိကို ကာမဇောမနောဒွါရဝီထိ၊ ပဉ္စဒွါရဝီထိမှာလည်း ဇောကတော့ပါတာပါပဲဟုတ်လား၊ ကာမဇောပါတဲ့ မနောဒွါရဝီထိကို ကာမဇော မနောဒွါရဝီထိတဲ့။

အဲဒီကာမဇော မနောဒွါရဝီထိက ၂-မျိုးရှိတယ်တဲ့နော်၊ တစ်ခုက ဝိဘူတာရုံ ဝီထိ၊ နောက်တစ်ခုက အဝိဘူတာရုံ ဝီထိတဲ့၊ ဒီစကားဟာတော်ကြာကြာတော့ ပြန်လာလိမ့်ဦးမယ်။

ဝိဘူတာရုံဆိုတာက အာရုံထင်ရှားတာနော်၊ ထင်ရှားတဲ့အာရုံကို အာရုံပြုပြီးတော့ဖြစ်တဲ့ဝီထိ၊ အဝိဘူတာရုံဆိုတာက မထင်ရှားတဲ့အာရုံကို အာရုံပြုပြီးတော့

[စာမျက်နှာ-175] ဖြစ်တဲ့ထိ ၂-မျိုးရှိတယ်တဲ့၊ ဒါက ကာမဇော မနောဒွါရဝီထိ၊ ကာမဇောတွေပါတဲ့ မနောဒွါရဝီထိ။

နောက်တစ်ခုက အပ္ပနာဇောဝါရ ဝီထိတဲ့၊ ဒါကတော့ အပ္ပနာဇောတွေပါတဲ့ ဝီထိ၊ အပ္ပနာဆိုတဲ့ စကားလုံးလေးမှတ်ရလိမ့်မယ်၊ နောက်က အပ္ပနာတွေ့ဖူး လား၊ ရူပါဝစရ၊ အရူပါဝစရ၊ လောကုတ္တရာဇောတွေကို အပ္ပနာဇောလို့ ခေါ်တာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဈာန်, မဂ်, ဖိုလ် သူတို့ကို အပ္ပနာလို့ခေါ်တယ်။ ဒါဖြင့် အပ္ပနာဇော ဝါရဝီထိလို့ဆိုရင် ဈာန်ဝီထိတွေ မဂ်ဝီထိတွေ၊ ဖိုလ်ကတော့ မဂ်နဲ့တွဲနေလို့ ဖိုလ်ဝီထိလို့ သီးခြားမလာဘူး၊ သို့သော် ဖလသမာပတ္တိဝီထိကျတော့ သီးခြားလာလိမ့်မယ်။

ဒါကြောင့်မို့ အပ္ပနာဇောဒွါရဝီထိက-
* နံပါတ် ၁ က ဈာနဝီထိတဲ့နော်၊ ဈာန်ပထမရတဲ့အခါမှာ ဝင်စားတဲ့ဝီထိ, ဖြစ်တဲ့ဝီတိ၊
* မဂ္ဂဝီထိဆိုတာက မဂ်ဖြစ်တဲ့အခါမှာ မဂ်ရတဲ့အခါမှာဖြစ်တဲ့ဝီထိ၊
* ဖလသမာပတ္တိဝီထိဆိုတာက အဲဒီမှာ ဒီလိုလုပ်ရအောင် ဖလဆိုတာလေး ဖျက်ထားလိုက်ရအောင်နော်။

သမာပတ္တိဝီထိလို့ သာမညထားလိုက်ရအောင် သမာပတ္တိဝီထိလို့ သာမည ထားတဲ့အခါကျတော့ ဈာနသမာပတ္တိ, ဖလသမာပတ္တိလို့၊ သူက ၂-မျိုးသွားလိမ့်မယ်နော်၊ သမာပတ္တိဝီထိ။

အဲဒီတော့ ဈာန်ကိုပထမရတဲ့အခါမှာဖြစ်တဲ့ ဝီထိကတစ်မျိုး၊ နောင်ဒီဈာန်ကို ဝင်စားတဲ့အခါမှာဖြစ်တဲ့ ဝီထိက တစ်မျိုး၊ ဒါကြောင့်မို့ ဈာနဝီထိလို့ ပထမနံပါတ် ၁-အနေနဲ့ ပြောလိုက်တာက ပထမဆုံးရတဲ့အခါလို့ ဒီလိုဆိုလိုတယ်၊ မဂ္ဂဝီထိကလည်း ပထမမဂ်ရတဲ့အခါမှာ ဖြစ်တဲ့ဝီထိ၊ သမာပတ္တိဝီထိ ဆိုတာကျတော့ ခုနပြောသလို ရပြီးတဲ့ဈာန်ကို ပြန်ဝင်စားတဲ့အခါမှာ ဖြစ်တဲ့ဝီထိမျိုးနော်။

ဖလသမာပတ္တိဝီထိဆိုတော့လည်း ဖိုလ်ပြန်ပြီးတော့ဝင်စားတဲ့ ဝီထိမျိုး၊ နောက်ဆုံး တစ်ခုကတော့ နိရောဓသမာပတ္တိဝီထိ, အဲဒါကတော့ တကယ်ဆန်း တယ်နော်၊ ယုံနိုင်စရာမရှိဘူး၊ နိရောဓသမာပတ္တိဝီထိ ဆိုတာက အဲဒီ နိရောဓသမာပတ်ကို ဝင်စားရင်စိတ်တွေ စေတသိက်တွေ အကုန်ချုပ် သွားတာတဲ့၊ အဲဒီ အချိန်အခါမှာ အရုပ်ကြီးလိုဖြစ်နေတော့တာ, စိတ်မရှိတော့ဘူး, စေတသိက်မရှိတော့ဘူး၊ သို့သော် အသေကောင်ကြီးတော့လည်း မဟုတ်ဘူးနော်၊ ဇီဝိတိန္ဒြေဆိုတာကလည်း ရှိနေသေး

[စာမျက်နှာ-176] တော့ ခန္ဓာကိုယ်ကတော့ ရှင်နေလျက်ပဲ၊ ဒါပေမယ်လို့ အဲဒီအချိန်မှာ စိတ်လည်းမရှိဘူး၊ စေတသိက်လည်းမရှိဘူး၊ အဲလို ဝီထိမျိုးက နောင်တော့ အကျယ်လာပါလိမ့်မယ်။

အနာဂါမ် ရဟန္တာတွေမှာ ဝင်စားနိုင်တယ်၊ ပုထုဇဉ် ဆိုတာတော့ဝေးရော၊ သောတာပန်၊ သကဒါဂါမ်တောင် မဝင်စားနိုင်ဘူး၊ အနာဂါမ် ရဟန္တာလည်းဖြစ်မယ်, ဈာန်လည်းရမယ်ဆိုရင် အဲဒီသမာပတ် ဝင်စားနိုင်တယ်၊ အဲသလို သမာပတ်ဝင်စားပြီး ၇-ရက် အရုပ်ကြီးလိုနေပေါ့လေ၊ နိရောဓသမာပတ္တိဝီထိ၊ နိရောဓဆိုတာ ချုပ်တာ၊ ဒီနေရာမှာ စိတ်တို့ စေတသိက်တို့ စိတ္တဇရုပ်တို့ ချုပ်သွားတာကို နိရောဓလို့ ဒီလိုခေါ်မယ်၊ အဲဒါက နိရောဓသမာပတ္တိဝီထိတဲ့။

အကုန်လုံး ဒါတွေကတော့ table of contents သဘောမျိုးပဲ ရှိသေးတယ်။ နောက်ကျရင် တစ်ခုစီ တစ်ခုစီ သွားရလိမ့်မယ်နော်၊ မနောဒွါရဝီထိ ပြီးသွားပြီ။

နောက်တစ်ခုက ဝီထိပိုင်းမှာ အာရုံ ၆-မျိုး နားလည်ဖို့ လိုလာတယ်။ ပကိဏ်းပိုင်းတုန်းက နားလည်ခဲ့တဲ့ အာရုံတွေက ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတဲ့ အနေနဲ့ နားလည်ခဲ့တာ၊ အဲဒီနာမည်ကိုလဲပဲ အသုံးပြုပြီးတော့ ဝီထိမှာ စကားပြောရမယ်။

နောက်တစ်ခုကတော့ အခု ဒီမှာ ပြထားတဲ့ အတိမဟန္တာရုံစတဲ့ နာမည်ကို လည်းသုံးပြီးတော့ ဝီထိမှာ စကားပြောလိမ့်မယ်။

ဒါကြောင့်မို့ ဒါတွေကိုလည်း သိထားထိုက်တယ်၊ အတိမဟန္တာရုံဆိုတာ အလွန်များသော စိတ္တက္ခဏ အသက်ရှိသောအာရုံတဲ့၊ ရှင်းရှင်းလင်းလင်း နားမလည် သေးရင် စောင့်နေဟုတ်လား၊ နောက်ကျတော့ နားလည်သွားလိမ့်မယ်၊ အဲဒီတော့ အသက်အလွန်ရှည်တဲ့ အာရုံလို့ဆိုလိုတာပေါ့လေ။

ဒါက ဝီထိနဲ့ တပ်ပြီးပြောတဲ့အခါကျမှ ထင်ရှားသွားလိမ့်မယ်၊ အခုတော့ ဒီအတိုင်းလေးပဲမှတ်ထားဦး၊ အဲဒီတော့ အတိမဟန္တာရုံဆိုတာ အလွန်များသော စိတ္တက္ခဏ အသက်ရှိတဲ့ အာရုံတဲ့၊

နောက်တစ်ခုက မဟန္တာရုံတဲ့ သူလောက်မများဘူး၊ များသောစိတ္တက္ခဏ အသက်ရှိသော အာရုံ၊ ဟိုက အလွန်များတာ, သူက များရုံများတာ။

နံပါတ် ၃-က ပရိတ္တာရုံတဲ့၊ နည်းသောစိတ္တက္ခဏ အသက်ရှိတဲ့ အာရုံတဲ့။ အတိပရိတ္တာရုံဆိုတော့ အလွန်နည်းသောစိတ္တက္ခဏ အသက်ရှိတဲ့အာရုံ၊ တဖြည်းဖြည်းနဲ့ အာရုံတွေက နည်းသွားတာ၊ ဒီ ၄-မျိုးက ပဉ္စဒွါရအတွက်။ မြင်တယ် ကြားတယ် စသည်ဖြစ်ရင် ဒီအာရုံ ၄-မျိုး တစ်မျိုးမျိုးတွေ့

[စာမျက်နှာ-177] တော့တာပဲ၊ ဒီ ရူပါရုံလည်းပဲ အတိမဟန္တာရုံရှိတယ်၊ မဟန္တာရုံရှိတယ်၊ ပရိတ္တာရုံ ရှိတယ်၊ အတိပရိတ္တာရုံရှိတယ်ပေါ့လေ၊ အဲသလို သွားမယ်။

နောက် နံပါတ် ၅-ကတော့ ခုနတွေ့ခဲ့တဲ့ ဝိဘူတာရုံ၊ ထင်ရှားတဲ့ အာရုံ ကမ္မဋ္ဌာန်းထိုင်တဲ့အခါတို့ ဘာတို့ ဈာန်ဝင်စားတဲ့ အခါတို့ကျတော့ အဲဒီမြင်တဲ့ အာရုံတွေဟာ အလွန်ထင်ရှားတဲ့ အာရုံတွေပေါ့။

အဝိဘူတာရုံကျတော့ မထင်မရှားပြန်ပြီး သိတာနော်၊ အတိတ် အနာဂတ်တို့ ဘာတို့သိတာ၊ မထင်မရှား အာရုံပြုတာပေါ့လေ၊ အဲဒါ အဝိဘူတာရုံတဲ့၊ မထင်ရှားတဲ့ အာရုံ၊ အဲဒီလို အာရုံ၆-မျိုးကိုလည်းပဲ ဒီဝီထိနှင့် ဆက်သွယ်ပြီးတော့ လေ့လာရ လိမ့်မယ်။

ပြီးတော့ အောက်သွားလိုက်စမ်းပါ၊ အာရုံအလိုက် ဝီထိအမည်များဆိုတာနော်၊ အဲဒီမှာ အတိမဟန္တာရုံကို အာရုံပြုပြီးတော့ ဖြစ်တဲ့ဝီထိကို အတိမဟန္တာရုံ ဝီထိ၊ ဒီလိုခေါ်လိမ့်မယ်၊ စက္ခုဝိညာဏဝီထိ တစ်ခုတည်းက အတိမဟန္တ, မဟန္တ, ပရိတ္တ, အတိပရိတ္တ ရှိလိမ့်မယ်ဟုတ်လား၊ အဲသလို။

မဟန္တာရုံ ဝီထိဆိုတာက များသောစိတ္တက္ခဏ အသက်ရှိတဲ့အာရုံကို အာရုံ ပြုပြီးတော့ ဖြစ်တဲ့ဝီထိ၊

ပရိတ္တာရုံ ဝီထိဆိုရင် နည်းတဲ့အသက်ရှိတဲ့ အာရုံကို အာရုံပြုပြီးတော့ ဖြစ်တဲ့ဝီထိ။

အတိပရိတ္တာရုံ ဝီထိဆိုရင် အလွန်နည်းတဲ့ အသက်ရှိတဲ့ အာရုံကို အာရုံ ပြုပြီးတော့ဖြစ်တဲ့ဝီထိ။

ဝိဘူတာရုံ ဝီထိကျတော့ ထင်ရှားတဲ့ အာရုံကို အာရုံပြုပြီးတော့ ဖြစ်တဲ့ဝီထိ၊ အဝိဘူတာရုံက မထင်ရှားတဲ့အာရုံကို အာရုံပြုပြီးတော့ ဖြစ်တဲ့ဝီထိ။

အဲဒီလို အတိမဟန္တာရုံ စသည်ဖြင့်လည်းပဲ ခေါ်လိမ့်မယ်၊ နောင်ခါကျတော့ စက္ခုဒွါရဝီထိမှာ ဝီထိပေါင်း ဘယ်နှစ်ခုဖြစ်နိုင်သလဲဆိုတာ ပေါ်လာလိမ့်မယ်။ အဲဒီ ဝီထိတွေကို ဒီက ဝါရဆိုတဲ့ နာမည်နဲ့တွဲပြီးတော့တစ်ခါ တဒါရမ္မဏဝါရ စသည်ဖြင့် ခေါ်ပြန်သေးတယ်နော်၊ ဝါရဆိုတာကတော့ အလှည့်အကြိမ်လို့ဆိုလိုတယ်။ (one round) ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့လေနော်။

တဒါရမ္မဏဝါရ ဆိုတာက တဒါရုံပါတဲ့ ဝီထိလို့ဆိုလိုတယ်နော်။

ဇဝနဝါရဆိုတာက တဒါရုံ မပါတော့ဘူး၊ ဇောသာပါတဲ့ဝီထိ။

ဝေါဋ္ဌဗ္ဗနဝါရကျတော့ တဒါရုံလည်းမပါဘူး၊ ဇောလည်းမပါဘူး၊ ဝုဋ္ဌောသာ

[စာမျက်နှာ-178] ပါတဲ့ဝီထိ။

မောဃဝါရကျတော့ ဝုဋ္ဌောတောင် မပါတော့ဘူး၊ ဘဝင်လှုပ်ရုံလေး လုပ်ပြီးတော့ပြန်ဘဝင်ကျသွားတာ၊ မောဃဆိုတာ အချည်းနှီး, အလကားဆိုတဲ့ အဓိပ္ပါယ် ရှိတယ်။

ဝိဘူတာရုံ ဝီထိကျတော့ တဒါရမ္မဏဝါရလည်း ရှိလိမ့်မယ်၊ ဇဝနဝါရလည်း ရှိလိမ့်မယ်။

အဝိဘူတာရုံကျတော့ ဇဝနဝါရပဲရှိလိမ့်မယ်၊ အဲဒါတွေ အားလုံးဟာ နောင်ဝီထိတွေ အသေးစိပ် လေ့လာတဲ့အခါကျတော့ အကုန်လုံး ပြန်ပြီး ပေါ်လာ လိမ့်မယ်။

အဲဒါကြောင့်မို့ ဝီထိပိုင်းမှာ သိသင့်သိထိုက်တဲ့ ဒီအချက်အလက်ကလေး တွေကို ပထမသိထားရမယ်၊ ဒိပြင် သိသင့်သိထိုက်တာက ခုနကပြောတဲ့ ဒွါရတို့ အာရုံတို့တွေကိုလည်းပဲ ပြီးတော့ ဝတ္ထုဘယ်ဝတ္ထုမှီတယ်ဆိုတာလည်းပဲ သိသင့် သိထိုက်တယ်။

ဦးဇင်းတို့ ပထမဆုံး ဝီထိတစ်ခုကို စုံအောင်လေ့လာမယ်၊ နောက်ဟာတွေတော့ အကုန် မလုပ်နိုင်ဘူး၊ တစ်ခုချင်း တစ်ခုချင်းဆိုရင် အကြာကြီးလုပ်ရမှာ၊ ပထမ တစ်ခုကိုတော့ စုံအောင်လေ့လာကြမယ်၊ အဲသလိုလေ့လာမှ ဝီထိတစ်ခုမှာအဓိပ္ပါယ်တွေ ဘယ်လောက်ပါတယ်၊ မြင်တယ်လို့ ပြောလိုက်တာဘယ်လောက် နက်နဲတာတွေပါတယ်ဆိုတာသိမယ်၊ နေ့တိုင်းကြုံတွေ့နေတာဆိုတော့ ဘယ်သူမှသိပ်ပြီး ဂရုမစိုက်ဘူး၊ အဲဒီတော့ ပေါ့ပေါ့ဆဆလေးပဲ၊ မလေးနက်ဘူးလို့ ထင်တာပဲ များလိမ့်မယ်၊ တကယ် အခုလို သိလာတဲ့အခါကျတော့မှ မြင်တာလေးတစ်ခုတည်းကလည်း အများကြီး ပါလား၊ မြင်တာနဲ့ ပတ်သက်ပြီးတော့ကို အဘိဓမ္မာအနေနဲ့ သိစရာတွေက မနည်း ပါဘူးလားဆိုတာ တစ်ခါပေါ်လာလိမ့်မယ်နော်။

ကောင်းပြီ၊ ဒါက ဝီထိခန်းမှာ သိသင့် သိထိုက်တဲ့ဟာ အကျဉ်းချုပ် လာတယ်နော်၊ အဲသလို အကျဉ်းချုပ်လာပြီးတဲ့နောက်မှာ ဘာလာရမလဲဆိုတော့ ဝီထိတွေကို တစ်ခုပြီးတစ်ခု လေ့လာမယ်။

အဲဒီတော့ ခုနပြောတဲ့အတိုင်း ပထမအစ ဝီထိဘယ်နှစ်မျိုးရှိသလဲ၊ ပဉ္စဒွါရဝီထိ, မနောဒွါရဝီထိ။

အဲဒီ ပဉ္စဒွါရဝီထိမှာ ဝီထိကလည်း ၅-မျိုးရှိတယ်၊ ဒွါရနဲ့ပဲ ပြောကြစို့နော်၊ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ။

[စာမျက်နှာ-179] အဲဒီတော့ ပကိဏ်းပိုင်းတုန်းက ကိစ္စသင်္ဂဟမှာ ဘဝင်စိတ်ဆိုတာ တွေ့ခဲ့ပြီး ပြီ၊ တခြားစိတ် အထူးမဖြစ်တဲ့အခါမှာ ဘဝင်စိတ်တွေဖြစ်နေတာနော်၊ အဲဒီတော့ အဲဒီလို ဘဝင်စိတ်ဖြစ်နေတဲ့အခါမှာ ဘာနဲ့ တူသလဲဆိုတော့ အိပ်နေတဲ့အခါမျိုးနဲ့ တူတယ်၊ နိုးနေတဲ့အခါမှာလည်း အမှန်ကတော့ ဘဝင်စိတ်တွေ ဖြစ်နေတာပဲ။ တစ်စုံတစ်ခု မြင်လိုက်တယ် ကြားလိုက်တယ်ဆိုတဲ့ အခါကျတော့ ဘဝင်ပြတ် သွားပြီးတော့မြင်တဲ့စိတ် ဝီထိအစဉ်အတန်း ဖြစ်တယ်၊ ပြီးရင် သူက ဘဝင်ပြန်ကျတယ်။ တစ်ခါ ကြားပြန်တယ်ဆိုရင် ကြားတဲ့စိတ် ဝီထိအစဉ်အတန်းဖြစ်တယ်။

အဲဒီလို ဝီထိစိတ်တွေဖြစ်နေတဲ့အခါမှာ ဘဝင်စိတ်တွေက တန့်နေတယ်။ ပြောကြပါစို့၊ သူတို့မရှိဘူး၊ ဝီထိစိတ်တွေ ချုပ်သွားတဲ့အခါကျတော့ သူတို့က ပြန်ဖြစ်ပြီ၊ ဘဝင်စိတ်ဆိုတာ ဘာလဲဆိုရင် ပဋိသန္ဓေစိတ်နဲ့အတူတူ မျိုးတူစိတ်ပဲ ကံကြောင့်ဖြစ်တဲ့စိတ်တွေ၊

ဒါကြောင့်မို့ သူတို့ကတစ်ဘဝလုံး ဖြစ်နေတာ၊ တစ်ဘဝလုံး သူတို့ချည်း ဖြစ်နေရာကနေပြီးတော့ အာရုံအသစ်နဲ့ တွေ့လိုက်တဲ့အခါ ကျတော့ သူတို့က အသာလေးဖယ်ပေးတဲ့ သဘောပေါ့၊ မင်းတို့ ဖြစ်ကြဦးကွာ၊ မင်းတို့က ငါ့ထက် active ဖြစ်တဲ့ ကောင်တွေပေါ့ဟုတ်လား၊ ဖြစ်လိုက်ကြဦး၊ မင်းတို့ပြီးပြီဆိုရင် ပြန်ဝင်မယ်ဆိုတဲ့ အဓိပ္ပါယ်။

အဲဒီတော့ ဘဝင်ဆိုတာဟာ ခုနပြောသလိုပဲ အစဉ်အတန်းကြီး၊ ဖြစ်နေရာက နေပြီးတော့ အာရုံတစ်ခုခုက ဒွါရတစ်ခုခုကို တွေ့လိုက်တဲ့အခါမှာ ရိုက်လိုက်တဲ့အခါမှာ အဲဒီဘဝင်ဟာ ဘာဖြစ်သွားသလဲဆိုတော့ ပထမ တစ်ချက် လွန်သွားတယ်တဲ့နော်၊ တစ်ချက်လွန်သွားပြီးမှ သူ့မှာ ထူးခြားမှုတွေဖြစ်မယ်၊ ပထမ တစ်ချက်လွန်သွားတယ်။

အဲဒီတော့ အာရုံက ဒီဒွါရကို တွေ့တွေ့ချင်း ဘဝင်ကဘာမှ မထူးခြားသေးဘူး၊ တစ်ချက်လွန်သွားတယ်၊ ဒါက ဘယ်လိုလဲဆိုတော့ ဟို တအား ပြေးလာတဲ့လူဟာ ချက်ချင်းမရပ်နိုင်သလို, နည်းနည်းနှစ်လှမ်း, သုံးလှမ်း, လေးလှမ်းစသည်တော့ လွန်သွားသေးတာပဲ၊ အဲသလို လျှင်မြန်စွာပြေးလာတဲ့ လူဟာ ချက်ချင်း မရပ်နိုင်သလိုပဲ ဘဝင်ကလည်း အရှိန်နဲ့လာနေတာ ဆိုတော့ အာရုံနဲ့ တွေ့လိုက်သည်နဲ့ တစ်ပြိုင်နက် ချက်ချင်းမရပ်နိုင်ဘူး၊ တစ်ချက် လွန်သွားတယ်၊ အဲဒီလို တစ်ချက် လွန်သွားပြီးတဲ့ နောက်ကျတော့ ခုနကအာရုံရဲ့ ရိုက်ခတ်မှုကြောင့် သူက ဘဝင်က လှုပ်သွားတယ်၊ လှုပ်ရာကနေ အာရုံက အားကောင်းတယ်၊ ပြင်းထန်တယ်ဆိုတော့ နောက်တစ်ကြိမ် ကျတော့ ပြတ်သွားတယ်။

အဲဒါကြောင့်မို့ ဘဝင်အကြိမ် ဘယ်နှစ်ကြိမ်လာလဲ, ၃-ကြိမ်လာတယ်နော်၊

[စာမျက်နှာ-180] ပထမ လွန်သွားတဲ့ ဘဝင်တစ်ကြိမ်, နောက်လှုပ်တဲ့ ဘဝင်တစ်ကြိမ်, ပြတ်သွားတဲ့ ဘဝင်တစ်ကြိမ် ၃-ကြိမ်နော်၊ (notes) ထဲမှာ ရေးထားတယ်၊ ဝီထိများ၌ တွေ့ရမည့်ဘဝင် ၃-မျိုးဆိုပြီးတော့။

ပထမလွန်သွားတဲ့ဘဝင်ကို အတီတဘဝင်ခေါ်တယ်၊ နောက်ပြီးတော့ လှုပ်တဲ့ဘဝင်ကို ဘဝင်္ဂစလန၊ ပြတ်သွားတဲ့ဘဝင်ကို ဘဝင်္ဂုပစ္ဆေဒ၊ ဒီနာမည်လေးတွေ မှတ်ဖြစ်အောင်မှတ်ရလိမ့်မယ်နော်၊ အတီတဘဝင်, ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ။

ဒါကြောင့်မို့ အာရုံတစ်ခုက ဒွါရတစ်ခုကိုလာပြီးတော့ တွေ့လိုက်တဲ့အခါမှာ ဘဝင်က ချက်ချင်း ပြတ်သွားတာ မဟုတ်ဘူးနော်၊ ပထမ စိတ္တက္ခဏတစ်ချက် လွန်သွားတယ်၊ လွန်သွားပြီးတဲ့နောက် လှုပ်ရှားသွားတယ်၊ လှုပ်ရှားသွားပြီးနောက် တတိယခဏကျမှ သူကပြတ်သွားတယ်၊ ဒါဟာ အားကောင်းတဲ့အာရုံကို ဆိုလိုတာ၊ အတိမဟန္တ အာရုံမျိုးကို ဆိုလိုတာ။

အာရုံက ဒီလောက် အားမကောင်းဘူးဆိုရင် အတီတဘဝင်က ဒီထက် ၂-ကြိမ်၊ ၃-ကြိမ် သွားဦးမှာနော်၊ အခု ဒီမှာတော့ အားကောင်းတဲ့ အာရုံဖြစ်တဲ့ အတွက်ကြောင့်မို့ တစ်ချက်ပဲ လွန်ပြီးတော့ သွားမယ်။

ဘဝင် ၃-ချက် လွန်သွားပြီးတဲ့နောက် စိတ်ဟာ အာရုံဘက်သို့ လှည့်သွားပြီ၊ နဂိုတုန်းက ဘဝင်, အာရုံကနေပြီးတော့ အခုပစ္စုပ္ပန်ဖြစ်တဲ့ အာရုံဘက်သို့လှည့်သွားပြီ၊ စိတ်ကိုလှည့်ပေးတဲ့ဟာ အဲဒီမှာ မဖြစ်ပေဘူးလား၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဒါ ပဉ္စဒွါရမှာမို့ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရ ဝီထိကျတော့ မနောဒွါရဝဇ္ဇန်း ဖြစ်လိမ့်မယ်နော်။

ဒါကြောင့်မို့ ဒီအတီတဘဝင်တစ်ချက်, ဘဝင်္ဂစလနတစ်ချက်, ဘဝင်္ဂုပစ္ဆေဒ တစ်ချက်ပြီးရင် ဘာလာလဲ, ပဉ္စဒွါရာဝဇ္ဇန်းနော်၊ ဒီအချိန်ကစပြီးတော့ ဝီထိစိတ်ဘက်သို့ လှည့်သွားပြီ၊ ဒီလိုပဲ ပြောလို့ရတယ်၊ ဟို inactive စိတ်အစဉ်ကနေပြီးတော့ active စိတ်အစဉ်သို့ ပြောင်းသွားပြီ၊ စပြီးတော့ ပြောင်းတဲ့ဟာ အဲဒါ အာရုံဘက်သို့ လှည့်တဲ့ဟာ ပဉ္စဒွါရာဝဇ္ဇန်း။

အဲဒီလို ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်ပြီးတဲ့နောက်ကျတော့ မြင်စိတ်ဖြစ်တယ်နော်။ အခု ရူပါရုံနှင့် ပတ်သက်ပြီးတော့ ပြောကြစို့၊ မြင်စိတ်ဖြစ်တယ်၊ စက္ခုဝိညာဏ်စိတ် တစ်ကြိမ်တည်း ဖြစ်တာနော်၊ အဲဒီမြင်စိတ်ကလေးက တစ်ကြိမ်တည်းဖြစ်ပြီးတော့ သူကလည်းချုပ်သွားပြန်ပြီ၊ ခုနဟာတွေလည်းဒီလိုပဲ အတီတဘဝင်ဖြစ်, ချုပ်၊ ဘဝင်္ဂ စလန ဖြစ်ချုပ်၊ ဘဝင်္ဂုပစ္ဆေဒဖြစ်, ချုပ် ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်, ချုပ် စက္ခုဝိညာဏ်ဖြစ်တယ်။

စက္ခုဝိညာဏ်ဖြစ်ပြီးတဲ့နောက်, အာရုံကိုမြင်ပြီးတဲ့နောက်, အာရုံကို တွေ့ကြုံ

[စာမျက်နှာ-181] ပြီးတဲ့နောက်မှ ဒီအာရုံကို လက်ခံတဲ့စိတ်ဖြစ်မယ်၊ တစ်စုံတစ်ယောက်က ကိုယ့်ပေးတော့ ကိုယ်က လက်ခံတာမျိုးပေါ့လေ၊ သမ္ပဋိစ္ဆိုင်းစိတ် တစ်ကြိမ်ဖြစ်ပြီးတော့ ချုပ်ပြန်ပြီ၊ ရပြီးတဲ့အာရုံကို သူက စုံစမ်းတယ်နော်၊ ဒီအာရုံ အကောင်းလား, အဆိုးလား အလိုရှိအပ်တဲ့ အာရုံလား, အလိုမရှိအပ်တဲ့ အာရုံလား, စုံစမ်းတဲ့စိတ်ဖြစ်ပြန်ပြီ။

စုံစမ်းတဲ့အခိုက်အတန့်နော်၊ အဲဒါ သန္တီရဏစိတ် စုံစမ်းပြီးတဲ့ နောက်ကျတော့ ဆုံးဖြတ်ချလိုက်ပြီ၊ ဝုဋ္ဌောက ဆုံးဖြတ်ပြီးတဲ့နောက် ဇောက ခံစားတော့တယ်၊ ဇောခံစားတာ ဘယ်နှစ်ကြိမ်တုန်း normal အားဖြင့် ဆိုရင် ၇-ကြိမ်တဲ့၊ အလွန်ရှားရှားပါးပါး ၆-ကြိမ်ဖြစ်ဦးမယ်၊ ဒီလိုအာရုံမှာဟုတ်လား၊ ဒီထက် အာရုံအားနည်းသွားရင် သို့မဟုတ် မေ့နေတဲ့အခါ သေငယ်ဇော မျောနေတဲ့ အခါမျိုး ဘာမျိုးကျတော့ ၆-ကြိမ် ၅-ကြိမ် စသည်သွားလိမ့်မယ်၊ ဒါနောက်တော့ လေ့လာလိမ့်မယ်နော်၊ ဒါ အခု ၇-ကြိမ်ပဲ မှတ်လိုက်ကြဦးစို့ ဇော ၇-ကြိမ် ဖြစ်တယ်။

ဇော ၇-ကြိမ်ဖြစ်ပြီးတဲ့နောက် ဇောနောက်လိုက်တဲ့ တဒါရုံဆိုတာက ဖြစ်ပြန်တယ်နော်၊ တဒါရုံဆိုတာ ဇောယူတဲ့အာရုံကို ယူတယ်တဲ့၊ ဆိုလိုတာကတော့ ဇောနောက်လိုက်ပါပဲ၊ အဲဒီနောက်လိုက်ကတော့ သူက ၂-ကြိမ်ရင်လည်းဖြစ်ရမယ် လုံးဝရင်လည်း မဖြစ်ချင်နေမယ်တဲ့၊ ဖြစ်ရင်လည်းပဲ ၂-ကြိမ်ပဲတဲ့၊ တစ်ကြိမ်တည်း ကတော့ မဖြစ်ဘူး၊ ဘာပြုလို့မှန်းတော့မသိဘူး၊ ဒါ စိတ္တနိယာမ, စိတ်ရဲ့သဘော ပေါ့လေနော်။

အဲဒီတော့ တဒါရုံမှာဖြစ်ရင် ၂-ကြိမ်ပဲဖြစ်မယ်၊ ၁-ကြိမ်တော့ ဘယ်တော့မှ မဖြစ်ဘူး၊ လုံးဝမဖြစ်ပဲနေမယ်၊ ဒါပဲဟုတ်လား၊ တစ်ကြိမ်တည်းတော့ မဖြစ်ဘူး၊ တဒါရုံ ၂-ကြိမ်ဖြစ်မယ်နော်၊ အဲဒီ တဒါရုံကို ဘာနဲ့ ဥပမာပေးလဲဆိုတော့ ရေဆန် လှော်သွားတဲ့လှေနောက်က ရေလေးနည်းနည်း ကပ်ပါသွားတာမျိုးလိုပေါ့ လေနော်။

အဲဒီလို တဒါရုံ ၂-ကြိမ်ဖြစ်ပြီးတဲ့နောက်ကျတော့ ခုန ရူပါရုံက ရုပ်သက် ၁၇-ချက် စေ့သွားပြီ, ပြည့်သွားပြီဆိုတော့ ရူပါရုံလည်း ချုပ်သွားရော၊ ဒီကလည်း ဘဝင်ပြန်ကျသွားပြီ၊ အဲဒါ ဘာလဲဆိုရင် စက္ခုဒွါရဝီထိဖြစ်ပုံ။

ဒီဟာမှာ ရေးရမယ် ဒီစာရွက်တွေမှာ ကိုယ့်ဟာကိုယ် ရေးရမယ်၊ ဒါကြောင့်မို့ ပေးတာဟုတ်လား၊ အဲဒီတော့ကို ၂-ရွက်ပေးတယ်၊ တစ်ရွက်ကတော့ ကိုယ့်ဟာကိုယ်၊ နောက်ထပ်ကူးရဦးမယ်၊ ဒါ (diagram) တွေ၊ ကိုယ့်ဟာကိုယ်ဖြည့်မှ ပိုပြီးတော့ ကျေမှာမို့လို့ပြောတာနော်၊ အဲဒီတော့ လက်ဝဲဘက်က နေပြီးတော့ ဆိုပါတော့၊ စက္ခုဒွါရဝီထိလို့ နာမည်လေးတပ်, နာမည်လေးတပ်ပြီးတော့မှ အဲဒီမယ် ဟို

[စာမျက်နှာ-182] ဝလုံးလေးတွေပေါ့လေ ဟုတ်လား၊ အဲဒီ ဝလုံးလေးတွေပေါ်က စာလေးတွေ ရေးရဦးမယ်နော်၊ အဲဒီတော့ ဝလုံး ၃-လုံးလုပ်တဲ့ သဘောတော့ သဘောပေါက်ပါပြီ ဥပါဒ်, ဌီ, ဘင်, နော် စိတ္တက္ခဏ အငယ်လေးတွေအတွက်၊ ဒါကို represent လုပ်ထားတယ်၊

ဝလုံးလုပ်တဲ့သဘောက ဘာတုန်းတဲ့၊ ဒါကလည်းပဲ ကြံဖန်ပြောတာလား မသိဘူး၊ ဝလုံးလုပ်တဲ့သဘောက သုညလို့ ပြောတာတဲ့၊ သုညဆိုတာ သုဉ်းနေ တယ်ပေါ့၊ တကယ် ဒီသဘောတရားတွေဟာ တကယ်ကတော့ ဘာမှဟုတ်တာ မဟုတ်ဘူးပေါ့၊ အနှစ်အမာခံရယ်လို့ရှိတာ မဟုတ်ဘူး၊ ဖြစ်ပြီးပျက်တာ၊ ဖြစ်ပြီး ချုပ်တာတဲ့ဆိုတဲ့ သုညသဘောထားကို ပြချင်လို့ ဝလုံးလုပ်တယ်တဲ့။

ဝလုံး ၃-လုံး၊ ၃-လုံးဟာ စိတ္တက္ခဏ ၁-ချက်ဟုတ်လား၊ ဥပါဒ်, ဌီ, ဘင်, ပဲ၊ ကောင်းပြီ၊ အဲဒီတော့ ပထမအကြောင်းနော်၊ ဒါ စက္ခုဒွါရဝီထိလုပ်မယ်၊ လုပ်ရင် ခုနပြောတဲ့အတိုင်း ပထမဆုံးဘာရှိသလဲ၊ ဘဝင် ပထမပေးလိုက်၊ ဒါ ရှေ့ဘဝင်ခေါ်မယ်နော်၊ ဝီထိဆိုတဲ့ စကားလုံးထဲမှာ သူ့ကို ပထမဆုံးဘဝင်မပါ သေးဘူး၊ သို့သော် ဝီထိပုံစံကို ပြတဲ့အခါကျတော့ ရှေ့ဘဝင်နောက်ဘဝင်ထည့်ပြမှ အဲဒါမှ ကောင်းတယ်။

ဒါကြောင့်မို့ နံပါတ် ၁-ဟာကို ဘကုန်းလေးရေးထားလိုက် ဘလို့နော်၊ သို့သော် အဲဒီဘက ဝီထိအပြင်ဘက်က ဘပေါ့၊ နောက်တစ်ခုကျတော့ တီလို့ရေးလိုက်၊ အတီတဘဝင်နော်၊ အတီတဘဝင်ပြီးတော့ တတိယဟာကို နငယ်လေးရေးလိုက် ဘဝင်္ဂစလနနော်၊ နောက်တစ်ခုကို ဒဒွေးရေး ဘဝင်္ဂုပစ္ဆေဒ၊ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း, ပစောက်ရေးလိုက်၊ ပြီးတော့ စက္ခုဝိဉာဉ် စ-လုံးရေး၊ သမ္ပဋိစ္ဆိုင်း သ သေးသေး တင်လိုက်၊ သန္တီရဏကျတော့ ဏကြီးရေးလိုက် တီလို့ရေးရင် အတီတဘဝင်နဲ့ ရောသွားဦးမယ် ဟုတ်လား, သန္တီရဏ၊ သန္တီရဏ ပြီးတော့ ဝုဋ္ဌော ဝုလို့ရေး၊ ဇော ၇-ကြိမ်ကျတော့ ဇပ်ရေးလိုက်ပေါ့၊ ဇဇဇဇ ၇-ကြိမ်ပြီးတော့ တဒါရုံ ၂-ကြိမ်ကျတော့ တပေါ့၊ တနောက်ထပ် ၁-ခု ကျန်သေးတယ်မို့လား၊ အဲဒါ ဘ-လို့ရေးလိုက်။

အဲဒီ ပထမဆုံးဘဝင်နဲ့ နောက်ဆုံးဘဝင်က ဝီထိဆိုတဲ့အထဲမှာ မပါဘူးနော်၊ တွက်ကြည့်လိုက်စမ်း၊ ပထမဆုံးဟာနဲ့ နောက်ဆုံးဟာ မပါပဲနဲ့ ဘယ်နှစ်ကြိမ် ရှိသလဲ၊ အတီတဘဝင်ကနေစပြီးတော့ တွက်ကြည့်လိုက်စမ်း၊ ၁၇-ကြိမ် ဒါဖြင့် ရူပါရုံဟာ အတီတဘဝင်နဲ့ အတူတူဖြစ်တဲ့၊ (ဒါကို ဦးဇင်းတို့က အတူတူဥပါဒ်တယ်လို့ သုံးတယ်နော်- အတီတဘဝင်နဲ့ အတူတူဥပါဒ်တဲ့) ရူပါရုံဟာ ဒုတိယ တဒါရုံနှင့်

[စာမျက်နှာ-183] ပြိုင်ပြီးတော့ မချုပ်ပေဘူးလား၊ ချုပ်သွားတယ်နော်၊ အဲဒီ အာရုံဟာ ၁၇-ချက်တိတိ ရှိတယ်၊ အဲဒီ ၁၇-ချက်လုံးမှာ ဒီကဝီထိရှိတဲ့အတွက်ကြောင့်မို့လို့ သူ့ကို အတိမဟန္တာရုံလို့ ခေါ်တယ်နော်၊ အသက်ရှည်တဲ့အာရုံ, အမှန်ကတော့ ရုပ်ဆိုတာ ကတော့ ၁၇-ချက်ရှည်မှာချည်းပဲဟုတ်လား၊ သူရှိနေတုန်း ဝီထိကလည်း ရှိနေတယ်လို့ ဆိုလိုတယ်။

တချို့အာရုံကျတော့ သူရှိနေပေမယ်လို့ ဝီထိက ပြတ်သွားပြီ၊ အဲသလို ဖြစ်လိမ့်မယ်၊ အဲဒါကျတော့ အတိမဟန္တာရုံ မခေါ်တော့ဘူးနော်။

အခု ဒီ အတိမဟန္တာရုံဆိုတာက အတီတဘဝင်နဲ့ ပြိုင်ပြီးတော့ ဥပါဒ်တယ်နော်၊ ပြီးတော့ ဒုတိယ တဒါရုံနှင့် ပြိုင်ပြီးတော့ ဒုတိယ တဒါရုံက ဘင်နှင့် ပြိုင်ပြီးတော့ ချုပ်တယ်၊ အဲဒီတော့ ဒါကို မြင်တဲ့ဝီထိသဘောအနေနဲ့ ပြောတာနော်။

ဒါကြောင့်မို့ မြင်တဲ့ဝီထိအနေနဲ့ပြောမယ်ဆိုရင် အဲဒီထိလေးချလိုက်စမ်းပါ၊ အတီတဘဝင်နော်၊ ပြီးတော့ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, ဇော ၇-ကြိမ်, တဒါရုံ ၂-ကြိမ်၊ ထို့နောင် ဘဝင်နော်၊ ထိုနောင်ဘဝင်ဆိုတာက ဒီနောင်ဘဝင်တွေ အများကြီးရှိလိမ့်ဦးမယ်လို့ ဆိုလိုတယ်၊ ရှေးကလည်းပဲဆိုပါတော့ ပထမဆုံးဘဝင်ရဲ့ ဘယ်ဘက်မှာလည်း အများကြီး ရှိလိမ့်ဦးမယ်လို့ ဆိုလိုတယ်၊ ဒါကို ဘာလို့ခေါ်လဲ, စက္ခုဒွါရဝီထိ။

စက္ခုဒွါရဝီထိနဲ့ မြင်တာဟာ ပစ္စုပ္ပန်ရူပါရုံကိုမြင်တာ၊ ရှိနေတုန်း မြင်တာ၊ အတိတ်ရူပါရုံကို မြင်တဲ့အခါကျတော့ စက္ခုဒွါရဝီထိနဲ့ မြင်တာမဟုတ်ဘူး၊ မနောဒွါရဝီထိနှင့် မြင်လိမ့်မယ်နော်၊ အနာဂတ်လှမ်းပြီးတော့ စဉ်းစားတာမျိုး ဘာမျိုးဟာ စက္ခုဒွါရဝီထိမဟုတ်ဘူး၊ အခု တိုက်ရိုက်ရှိနေတဲ့ ရူပါရုံကို မြင်တာ၊ တိုက်ရိုက်ရှိနေတဲ့ သဒ္ဒါရုံ အသံကို ကြားနေတာ၊ အဲဒီလို ဝီထိ၊ ပဉ္စဒွါရဝီထိဆိုတာ။

အာရမ္မဏသင်္ဂဟ ပြန်ကြည့်ရင်လည်း ဒီအတိုင်းပဲ တွေ့လိမ့်မယ်၊ စက္ခုဒွါရိက စိတ်တွေရဲ့ အာရုံသည် ပစ္စုပ္ပန်ဖြစ်တယ်နော်၊ ရူပါရုံဖြစ်တယ်၊ ရူပါရုံဆိုတာ ပစ္စုပ္ပန်ဖြစ်တယ်ဆိုတာ ပြောထားခဲ့ပြီ။

အဲဒီတော့ ဒီဝီထိ တစ်ခုမှာ ဘာတွေ သိစရာတွေ ရှိနေသလဲ၊ ပြန်ကြည့်ကြ မယ်နော်၊ အဲဒီတော့ ဒီဝီထိဟာ ဘယ်အာရုံကို အာရုံပြုသလဲမေးရင် ဘယ့်နှယ်ဖြေမလဲ။ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်၊ အဲဒီပစ္စုပ္ပန် ရူပါရုံဟာ ဒီဝီထိကုန်သည့်တိုင်အောင် ရှည်တယ်နော်၊ သို့မဟုတ် ဒီဝီထိဟာ ပစ္စုပ္ပန်ရူပါရုံ ကုန်သည်တိုင်အောင်ရှည်တယ်၊ ဒါကြောင့်မို့ ဒီဝီထိကို အတိမဟန္တာရုံ၊ စက္ခုဒွါရတော့ဟုတ်တယ်၊ စက္ခုဒွါရအပြင်

[စာမျက်နှာ-184] သူ့ကိုနာမည်ထပ်ပေးရဦးမယ်၊ အတိမဟန္တာရုံ၊ စက္ခုဒွါရ တစ်ခုတည်းမှာ အတိမဟန္တာရုံရှိမယ်၊ မဟန္တာရုံရှိမယ် စသည်ဖြင့် ရှိလိမ့်မယ်နော်။

ကောင်းပြီ, ဒီဝီထိထဲမှာ ဘာတွေလေ့လာရမလဲတဲ့ဆိုတော့ ပထမ၊ အဲဒီ တစ်ခုတစ်ခုက စိတ်တွေဟာ ဘယ်စိတ်တွေလဲ ထောက်ပြနိုင်ပါ့မလား (ဆိုပါတော့) ဘဝင်စိတ် ၃-ခုရှိတယ်၊ ဒီဘဝင်စိတ်တွေက ဘယ်စိတ်တွေလဲဆိုရင် ဟို ဘဝင်စိတ် ၁၉-ခုထဲက တစ်ခုခုလို့ ဆိုရတာပေါ့။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာမြင်ပြီလား, ဘယ်စိတ်တုန်း၊ ဟို အပြောက်အပြောက် တွေ(chart)ထဲမှာမြင်ပြီလား၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ၃-ခုအတန်းမှာ ထိပ်ကဟာ, အဟိတ်စိတ်ထဲက ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်ဆိုရင် ဘယ်မြင်မလဲ, သူဘယ်ဘက် က ၂-ခု၊ တစ်ခုခု မြင်ရမယ်၊ နောက်တော့ပြောဦးမယ်၊ ကုသလဝိပါက်နှင့် အကုသလ ဝိပါက်, စက္ခုဝိညာဉ်ပဲ, အသာထားကြဦးစို့၊ စက္ခုဝိညာဉ်ဆိုရင် ဒီ ၂-ခုလို့ဆိုရမယ်၊ သမ္ပဋိစ္ဆိုင်းဆိုရင် သမ္ပဋိစ္ဆိုင်းစိတ် ၂-ခုမြင်ရမယ်၊ သန္တီရဏဆိုရင် သန္တီရဏ ၃-ခုမြင်ရမယ်၊ ဝုဋ္ဌော ဆိုရင် မနောဒွါရာဝဇ္ဇန်းကို မြင်ရမယ်၊ ဟို ၃-ခု အတန်းမှာ ဒုတိယဟာ, ဇောဆိုရင် ကာမာဝစရဇောကို မြင်ရမယ်။

ကာမာဝစရဇောဆိုတာ အကုသိုလ်စိတ် ၁၂-ခု, ဟသိတုပ္ပါဒ်စိတ် ၁-ခု, မဟာကုသိုလ်စိတ် ၈-ခု၊ ကာမဇော ၂၉-ရှိတယ်နော်၊ အဲဒီ ၂၉-ထဲက တစ်ခုခုလို့ ဆိုလိုတယ်။

တဒါရုံတဲ့, တဒါရုံဆိုရင် ဘာတွေတုန်း၊ မဟာဝိပါက်စိတ် ၈-ခုရယ်, သန္တီရဏစိတ် ၃-ခုရယ်၊ သန္တီရဏက အဲဒီခဏမှာဖြစ်ရင် တဒါရုံဆိုတဲ့နာမည်နဲ့ ဖြစ်မယ်နော်၊ ဟိုရှေ့မှာဖြစ်ရင် သန္တီရဏဆိုတဲ့ နာမည်နဲ့ ဖြစ်မယ်၊ ကိစ္စမတူဘူး၊ သန္တီရဏစိတ်ဟာ သန္တီရဏကိစ္စတပ်တယ်၊ တဒါရုံကိစ္စတပ်တယ်၊ အဲဒီတော့ ကြည့်စမ်းနောက်ကဟာတွေ ပြန်ပါမလာဘူးလား။

ဒါကြောင့်မို့ ဒီ (chart)ထဲက အရေးကြီးတယ်ဟုတ်ပြီလား၊ အဲဒီလိုကို ကိုယ်က နားလည်ရမှာနော်၊ ဒီစိတ်က ဘယ်ဟာကို represent လုပ်တယ်၊ ဒီခဏက ဘယ်ဟာကို represent လုပ်တယ်၊ ဇောလို့ ပြောလိုက်ရင် ခုနပြောလိုက်တဲ့ ကာမဇောတွေထဲက တစ်ခုခုပဲဟေ့ ဆိုတာ သိရမယ်နော်။

အာရုံကတော့ ဘဝင်စိတ် ၃-ခုကတော့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ပေါ့။ ဒီပစ္စုပ္ပန် အာရုံကို အာရုံမပြုဘူးနော်၊ သူတို့ကတော့ သူတို့ရှိတုန်းကို ဒီအာရုံက လာရိုက်တာတော့မှန်တယ်၊ ကိုယ့်ကို လာတွေ့တာတော့မှန်တယ်၊ ဒါပေမယ်လို့

[စာမျက်နှာ-185] ပစ္စုပ္ပန်ရူပါရုံကို ဘဝင်စိတ် ၃-ခုက အာရုံမပြုဘူး၊ ကျန်တဲ့စိတ်တွေ အာရုံကတော့ ဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်၊ အဲဒီလို နားလည်ရမှာနော်။

အတီတဘဝင်, ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ သူတို့က ပစ္စုပ္ပန် ရူပါရုံကို အာရုံမပြုဘူး၊ ဒါလည်းမှန်အောင်လုပ်ထား, မျက်စိလည်သွားဦးမယ်၊ သူက တိုက်တော့ တိုက်ဆိုင်နေတယ်၊ တိုက်ဆိုင်ပြီးတော့ အာရုံမပြုဘူး၊ ဘာကြောင့်တုန်း သူတို့က ကံ, ကမ္မနိမိတ်, ဂတိနိမိတ်, ပဋိသန္ဓေယူတဲ့ အာရုံကိုပဲ သူတို့က အာရုံ ပြုရမှာကို၊ အဲဒီတော့ အာရုံသစ်တွေ ဘာတွေနားမလည်ဘူး၊ အဲဒီအချိန်မှာ ရှိတော့ရှိနေတယ်။

မေး - တဒါရုံက ဘယ်စေတသိက်တွေပါသလဲ၊
ဖြေ - အကုန်ယူရမယ်၊ တဒါရုံကိစ္စတပ်တဲ့စိတ်ဘယ်လောက်ရှိသလဲ၊ ၁၁-ခုရှိတယ် မဟုတ်ဘူးလား၊ ဒါ ပကိဏ်းပိုင်း ပြန်ရောက်သွားပြီ၊ မဟာဝိပါက် စိတ် ၈-ခုနှင့် သန္တီရဏစိတ် ၃-ခုကို တဒါရုံလို့ခေါ်တယ်၊ အဲဒီထဲကတစ်ခုခု ဖြစ်မယ်ပေါ့။ အဲဒီလို အသေးစိတ်သိသိ သွားရမယ်၊ ဝီထိဟာ အလွန်ကျယ်တယ်နော်၊ စိတ်တော့ စိတ်ဝင်စားစရာ သို့သော်ကျယ်တယ်။

ကောင်းပြီ၊ ဘာ တစ်ခုရှိသေးသလဲဆိုတော့ အခု ဒီဝီထိဟာ ဘယ်ဒွါရမှာဖြစ်တဲ့ ဝီထိတုန်း၊ ဒါကတော့ စက္ခုဒွါရပဲ, မေးနေစရာမလိုဘူး၊ မြင်တဲ့စိတ်ကို စက္ခုဒွါရက နေပြီးတော့ ဖြစ်တယ်နော်၊ ဘာဝိညာဏဝီထိလို့ ပြောမလဲ၊ စက္ခုဝိညာဏဝီထိပေါ့၊ မြင်သိစိတ်ပါတဲ့ ဝီထိပေါ့၊ ဒါလည်း မခက်သေးပါဘူးနော်။

နောက် တစ်ခုကတော့ ဘာ မှတ်သားစရာရှိသလဲဆိုတော့ ဘယ်စိတ်က ဘယ်ကို မှီသလဲဆိုတာ ပါသေးတယ်၊ အဲဒီကျတော့ ဝတ္ထုသင်္ဂဟ ရောက်သွားပြန်ပြီ။ ဒါလည်းပဲ မင်းတို့ လုပ်ရမယ်၊ အဲဒီတော့ ဘဝင်စိတ်တွေက ဘယ်ကို မှီသလဲ, တစ်ခါ ပဉ္စဒွါရာဝဇ္ဇန်းက ဘယ်မှီသလဲ, စက္ခုဝိညာဏ်က ဘယ်ကို မှီသလဲ, ဒါလည်းပဲ သိရဦးမယ်တဲ့၊ ဟဒယဝတ္ထုကို မှီသလား၊ စက္ခု, သောတ, ဃာန, ဝတ္ထုကို မှီသလားပေါ့။

အဲဒီတော့ ဒီနေရာမှာ ဦးဇင်းတို့ မြန်မာပြည်မှာ အယူအဆ ဘယ်လို ရှိသလဲ ဆိုတော့ ဘဝင်စိတ်က စပြီး စက္ခုဝိညာဏ်ကလွဲရင် တခြားစိတ်တွေက မိမိတို့က ရှေးကစိတ်နဲ့ အတူတူဥပါဒ်တဲ့ ဟဒယဝတ္ထုကို မှီတယ်။

စက္ခုဝိညာဏ်စိတ်ကတော့ ဘယ်သူ့ကို မှီမလဲ, စက္ခုဝတ္ထုကိုပေါ့၊ သောတဝိဉာဉ် စိတ်ဖြစ်ရင် သောတဝတ္ထုကိုမှီမယ်၊ တခြားစိတ်တွေကတော့ ဘာမှီမလဲ၊ ဟဒယဝတ္ထု

[စာမျက်နှာ-186] မှီတယ်၊ ဘယ်ဟဒယဝတ္ထုကို မှီမလဲ လာသေးတာကို၊ အဲဒီအခါကျတော့ မိမိရှေးက စိတ်နဲ့ အတူတူဥပါဒ်တဲ့ ဟဒယဝတ္ထု အဲဒီဟဒယဝတ္ထုက မိမိဖြစ်တဲ့အခါကျတော့ သူက ကောင်းကောင်း (establish) ဖြစ်နေပြီ၊ တည်တန့်နေပြီ၊ အဲဒီအချိန်မှာ သူက သူနဲ့လာပြီးတော့ တိုက်ရိုက်တေ့ဆိုင်တဲ့ ဟဒယဝတ္ထုကို မှီတယ်တဲ့။

ဒါကြောင့်မို့ဆိုပါတော့ ပဉ္စဒွါရာဝဇ္ဇန်းက သူ့ရှေ့က ဘဝင်နှင့် အတူတူဖြစ်တဲ့ ဟဒယဝတ္ထုကိုမှီတယ်၊ စက္ခုဝိညာဏ်က ပဉ္စဒွါရာဝဇ္ဇန်းနဲ့ အတူဥပါဒ်တဲ့ ဟဒယဝတ္ထုကို မှီတယ်၊ အဲသလို သွားရမယ်၊ ဒါက အမှီကို ဆိုလိုတယ်၊ ဒါလည်းပဲ နားလည် ရမယ်။

နောက်ထပ် နားလည်စရာရှိသေးတယ်၊ ဒါကတော့ အခု မဖြစ်နိုင်သေးဘူး၊ ဘယ်ဘုံတွေမှာ ဖြစ်နိုင်သလဲဆိုတာလည်းသိရဦးမယ်၊ ဘယ်ပုဂ္ဂိုလ်တွေမှာ ဖြစ်နိုင်သလဲ ဆိုတာလည်းသိရဦးမယ်၊ ဒါကတော့ အခုမတတ်နိုင်သေးဘူးနော်၊ နောက် တစ်ခေါက် ဆိုရင်တော့ တတ်နိုင်ပြီ ဟုတ်လား၊ ဒီတစ်ခေါက်တော့ မတတ် နိုင်သေးဘူး။

အဲဒီလို ဝီထိတစ်ခုတစ်ခုမှာ အသေးစိတ် သိသိ, သိသိ သွားရမှာနော်။

အဲဒီတော့ ဒီဝီထိထဲမှာ ဝီထိစိတ်အမျိုးအစား ဘယ်နှစ်ခုပါသလဲ၊ ပြီးတော့ စိတ်အခိုက်အတန့် ဘယ်နှစ်ခုပါသလဲ၊ ဒါလည်းပဲ ရွေးရဦးမယ်တဲ့၊ ဝီထိစိတ်လို့ ပြောတဲ့အခါကျတော့ ဦးဇင်းတို့ ဘဝင်စိတ်ကို မလိုချင်ဘူး။

ဒါဖြင့် ဝီထိစိတ် အမျိုးအစား ဒီထဲမှာ ဘယ်နှစ်ခုပါသလဲ၊ ရေကြည့်စမ်း၊ ပဉ္စဒွါရာဝဇ္ဇန်းက စရေလိုက်၊ ပဉ္စဒွါရာဝဇ္ဇန်း ၁-ခု၊ စက္ခုဝိညာဏ် ၁-ခု, ပြီးတော့ သမ္ပဋိစ္ဆိုင်း ၁-ခု, သန္တီရဏ, ဝုဋ္ဌော, ဇောကိုလည်း တစ်ခုထဲလို့ယူမှု ပြီးတော့ တဒါရုံကိုတစ်ခုထဲယူမှု ဘယ်နှစ်ခုရတုန်း ၇-ခု, ဝီထိစိတ် အမျိုးအစား ဘယ်လောက် ရှိသလဲ, ၇-ခုရှိတယ်နော်။

ဝီထိစိတ် ခဏပေါင်းတွက်လိုက်စမ်း၊ အဲဒီ ၇-ခုဟာ ခဏပေါင်းတွက် ကြည့်ရင် ၁၄-ခုရှိတယ်၊ စိတ်အကြိမ် ၁၄-ခုနော်၊ စိတ်အမျိုးအစား ၇-ခု။

စိတ်အကျယ် ၁၄-ခုကတော့ အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, နုတ်လိုက်ရင် ၁၄-ခုပေါ့၊ အဲသလောက်သိရင်တော်တော်လေး စုံသွားပါပြီနော်၊ အာရုံသိပြီ၊ အဲဒီတော့ ဝီထိစိတ်တွေ (represent) လုပ်ပုံ, အသီးအသီးသော ခဏတွေ represent လုပ်ပုံသိပြီ၊ ဘယ်မှီတယ်ဆိုတာလည်းပဲသိပြီ၊ အဲဒီလောက် ဆိုရင် မဆိုးတော့ပါဘူးနော်။ ဒါဟာ မြင်တဲ့အခါမှာ ဖြစ်တဲ့ဝီထိ, မြင်တဲ့အခါမှာလည်းပဲ အာရုံက

[စာမျက်နှာ-187] အားကောင်းတဲ့ အာရုံကိုမြင်တဲ့အခါမှာ ဖြစ်တဲ့ဝီထိ။

ကောင်းပြီ, တစ်ခါတစ်လေကျတော့ အဲဒီရူပါရုံမယ် ဒီလောက် အားမကောင်း တဲ့ ခုနအာရုံလောက် အားမကောင်းတဲ့ အာရုံမျိုးလည်း ရှိတတ်သေးတယ်၊ အဲဒီလို သူက အားနည်းသွားတဲ့အခါကျတော့ အတီတဘဝင်တစ်ချက် လွန်ရုံနဲ့ သူက ဘဝင်ကိုမလှုပ်နိုင်သေးဘူး၊ ၂-ချက်လွန်မှ သူကလှုပ်လိမ့်မယ်၊ ဘဝင်လှုပ်စေ လိမ့်မယ်၊ ဘဝင်ကတော့ လှုပ်လိုက်ရင်ပြတ်တော့မှာပဲ။

အဲဒီလို အာရုံမျိုးနဲ့ တွေ့တဲ့အခါကျတော့ ဘယ်လိုဝီထိဖြစ်မလဲ၊ ကြည့်လိုက် စမ်းနော်၊ နောက်တစ်ခုရေးပေါ့, အဲဒီတော့ ရှေ့ဆုံးကတော့ ဘဝင်ပဲထားဦးနော်၊ ပြီးရင် အတီတဘဝင်, ဒီတစ်ခါကျတော့ ၂-ခါရေးရလိမ့်မယ်၊ ရှေ့ဆက်ပြီး ရေးသွားစမ်းပါ၊ နောက်ဟာတွေတော့ အတူတူပဲ၊ အတီတဘဝင် ၂-ခါပြီးတော့ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ် ဆန့်လား မဆန့်လား မဆန့်ရင် တစ်ကြိမ်တည်းလည်း မဖြစ်ရဘူး၊ ဒါဖြင့်ရင် အဲဒီဝီထိ ဘယ်မှာတင်ပြီး သွားမလဲ။ ဇောပြီးတာနဲ့ ဝီထိပြီးသွားပြီ။

အာရုံကတော့ ရှိသေးတယ်၊ အာရုံကတော့ ၁၇-ချက်ပြည့်မှ သူက ချုပ်မှာ၊ အဲဒီတော့ အာရုံရဲ့ သက်တမ်းက ဟို အတီတဘဝင်ကနေပြီး တွက်ကြည့်လိုက် ၁၇-ခု ပထမ အတီတဘဝင်ကနေ တွက်ကြည့်လိုက် အဲဒီတော့ အာရုံ မချုပ်ခင် ဝီထိက ဆုံးသွားတယ်နော်၊ အေး အဲဒါပဲ, အဲဒါကျတော့ မဟန္တာရုံလို့ခေါ်တယ်။ အဲဒီအာရုံက အတိမဟန္တာရုံလောက် အားမကောင်းတဲ့အာရုံလို့ ဆိုလို တယ်နော်။

မေး - ဘဝင်က ၁၇-ချက် အပြည့်ထည့်ရမလား။
ဖြေ - ၁၇-ချက်ပြည့်အောင်တော့ ဘဝင်ထည့်ပေး, ဟုတ်ပြီလား, အမှန်ကတော့ ဝီထိစိတ်ကတော့ အာရုံမချုပ်ခင် ကုန်တာ၊ သို့သော် ၁၇-ချက် ပြည့်အောင် ဘဝင်တစ်ကြိမ်နော်၊ ဒါဖြင့်ရင် ဘာတုန်း၊ ဇော ၇-ကြိမ်၊ နောင် ဘဝင်တစ်ကြိမ် ထိအောင် ယူရမယ်၊ ဟုတ်ပြီလား၊

မေး - တဒါရုံမပါဘူးလား။
ဖြေ - တဒါရုံက ၂-ကြိမ် မဖြစ်လောက်ဘူး၊ မဖြစ်လောက်ရင် တစ်ကြိမ် ထဲလည်းမဖြစ်ရဘူးတဲ့၊ တဒါရုံ လုံးဝမရှိတော့ဘူး အဲဒီမှာနော်၊ တဒါရုံအစား ဘဝင်ပဲထည့်လိုက်၊ ဟုတ်ပြီလား၊ အဲဒီဝီထိကို မဟန္တာရုံဝီထိလို့ ခေါ်တယ်၊ နာမည်ရော မှတ်ထားနော်၊ မဟန္တာရုံဝီထိ၊ ပထမဟာက အတိမဟန္တာရုံဝီထိ၊ စက္ခုဒွါရိကဝီထိ

[စာမျက်နှာ-188] ကတော့ စက္ခုဒွါရိကဝီထိပဲ၊ အတိမဟန္တာရုံဝီထိရယ်၊ မဟန္တာရုံဝီထိရယ်၊ အဲဒီ မဟန္တာရုံဝီထိက ပထမတစ်ခုရှိသေးတယ်။

သူ့ထက်နည်းနည်းလေး အာရုံက တစ်ခါအားနည်းပြန်ပြီတဲ့။ အဲဒီတော့ အတီတဘဝင် ၂-ချက်နဲ့ မရပြန်ဘူးနော်၊ ၃-ချက်လွန်ပြီးမှ ဘဝင်လှုပ်လိမ့်မယ်။ အတီတဘဝင် ၃-ချက် နောက်တစ်ကြောင်းနောက်ရေးသွား၊ ဒီကျတော့ ဘဝင်တစ်ခု မလိုတော့ဘူး၊ ဇောဆုံးရင် ဝီထိဆုံးတယ်၊ အဲဒီတော့ သူ့အထက်က ဝီထိမှာတုန်း ကလည်း ဇောပါတယ်၊ အခု ဒီဝီထိမှာလည်း ဇောပါတယ်၊ ဟုတ်တယ်မဟုတ်လား၊ ဒါကြောင့်မို့ ဒီ ဝီထိဟာလည်း မဟန္တာရုံပဲနော်၊ မဟန္တာရုံဝီထိပဲ။

အဲဒါကြောင့်မို့ မဟန္တာရုံဝီထိက ပထမ မဟန္တာရုံဝီထိ၊ ဒုတိယ မဟန္တာရုံ ဝီထိလို့ ၂-ဝီထိရှိတယ်။

အဲဒီတော့ ပထမ မဟန္တာရုံဝီထိက ဇော၊ နောင် ဘဝင်တစ်ကြိမ်ထိအောင် သွားတယ်၊ ဒုတိယ မဟန္တာရုံ ဝီထိကတော့ ဇောနဲ့ပဲ ပြီးသွားတော့တယ်။

ရှေ့နည်းနည်းသွားလိုက်ကြဦးစို့နော်၊ ကာမာဝစရဇောဆိုတာ ၇-ကြိမ် စောလိမ့်မယ်နော်, ၇-ကြိမ်မစောရင် သူစောမှာ မဟုတ်ဘူး, ကောင်းပြီ။

အဲဒီတော့ အာရုံက ဒိထက်ကို အားနည်းသွားပြန်ပြီနော်၊ သူ့ကိုပရိတ္တာရုံလို့ ခေါ်လိုက်မယ်၊ အာရုံက အားနည်းသွားပြန်တော့ ၃-ကြိမ်နဲ့တင် သူက မရပြန်ဘူး၊ ၄-ကြိမ်ပြီးမှ သူကဘဝင်လှုပ်လိမ့်မယ်၊ ကိုင်း အဲဒီတော့ ရေးစမ်း၊ အတီတဘဝင် ၄-ကြိမ်၊ ဟို ပထမဆုံးဟာတော့ ချန်ထားပေါ့၊ ပထမဘဝင် လျှောက်ရေးသွားစမ်း၊ ဇော ၇-ခု မလောက်ရင် မရေးနဲ့၊ အခု ဇော ၇-ချက်ရရဲ့ လား၊ မရဘူး ပရိတ္တာရုံမှာ မရဘူး၊ ၁၇-ကြိမ်လေ၊ ပထမဟာနဲ့ နောက် ဆုံးဟာက မပါရဘူး၊ သူက အပိုထည့်ပေးထားတာ၊

အဲဒီတော့ အဲဒီပရိတ္တာရုံမှာ သန္တီရဏနောက် ဘယ်နှစ်ချက် ကျန်နေတုန်း၊ ၁, ၂, ၃, ၄, ၅, ၆, ၇-ကြိမ် မကျန်ဘူးလား၊ ကျန်တယ်နော်၊ အဲဒီတော့ ဒီမှာကျတော့ ဝုဋ္ဌောဖြစ်ပြီးမှ ဇောကဖြစ်ရမှာဟုတ်လား၊ အဲဒီတော့ ဇောဖြစ်ဖို့ အချိန်မရှိဘူးနော်၊ မရှိတဲ့အခါကျတော့ ဒီမှာ ဝုဋ္ဌော ၂-ကြိမ်သော်လည်းကောင်း ၃-ကြိမ်သော်လည်းကောင်း ဖြစ်နိုင်တယ်တဲ့၊ အဲဒီတော့ ၃-ကြိမ်ပဲ လုပ်လိုက်, များတဲ့ဘက် လိုက်လိုက်ကြစို့၊ ၂-ကြိမ်လည်းလုပ်ချင်ရင် ရတယ်၊ ၃-ကြိမ်နဲ့ပဲ သွားရအောင်။

ဝုဋ္ဌော ၃-ကြိမ်လုပ်လိုက်တော့ နောက်ထပ် ဘယ်နှစ်ကြိမ် ကျန်သေးတုန်း,

[စာမျက်နှာ-189] ၄-ကြိမ်ကျန်တယ်၊ အဲဒီ ၄-ကြိမ်ကတော့ဘဝင်ချည်းပဲ၊ ဒီဝီထိမှာ ဇောမရှိဘူး၊

ပြန်ပြီးတော့ လုပ်လိုက်ရင် အတီတဘဝင် ဘယ်နှစ်ကြိမ်တုန်း ၄-ကြိမ်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော ၃-ကြိမ်, ဘဝင် ၄-ကြိမ် ပြီးပြီ။

နောက်တစ်ခု သွား, ဝုဋ္ဌောက ဒီအခါကျတော့ ဝုဋ္ဌောပဲ ဖြစ်တော့တာကို၊ ဇောသဘောဖြစ်တာပေါ့။ ဇောကတော့ ၇-ကြိမ်ပေါ့လေ၊ ဇော မဖြစ်တဲ့ နေရာကျတော့ ဝုဋ္ဌောက ၂-ကြိမ် ၃-ကြိမ်ဖြစ်လိုက်တာပေါ့၊ နံပါတ် ၁-ပရိတ္တာရုံ၊ ပရိတ္တာရုံက ၆-ဝီထိ ရှိမယ်။

နောက် တစ်ဝီထိသွား အတီတဘဝင်တစ်ချက် တိုးလိုက် တစ်နှစ်သုံးလေး ငါး, ဟုတ်ပြီ၊ ပြီးရင် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် သွားရော့ပေါ့လေနော်၊ အဲဒီ ကျတော့ ဘဝင် ၃-ကြိမ်ပဲ ဖြစ်တော့မှာပေါ့ ဝုဋ္ဌောက ၃-ကြိမ် ဘဝင် ၃-ကြိမ်၊ ဒါက နံပါတ် ၂ ပရိတ္တာရုံ ဝီထိနော်။

မျဉ်းကြောင်းတွေ ရှိသေးတယ် မဟုတ်လား၊ နောက်တစ်ခု သွားလိုက်ဦး, အတီတဘဝင် တစ်ချက်တိုးလိုက်၊ ဒါ တတိယပေါ့လေ, နံပါတ်-၃၊ ပရိတ္တာရုံ ဝီထိ, အတီတဘဝင် တစ်ကြိမ်၊ နှစ်ကြိမ် သုံးကြိမ်, လေးကြိမ်, ငါးကြိမ်, ခြောက်ကြိမ် ဘဝင်ဘယ်နှစ်ကြိမ်ကျန်တုန်း, နှစ်ကြိမ်ကျန်တယ်၊ နောင် ပရိတ္တာရုံ နံပါတ် ၄၊ နောက်ထပ်ဘဝင် ၁-ကြိမ် တိုးလိုက်ဦး အတီတဘဝင်ပြောတာနော်။ ဘယ်လောက်ရှိ သွားတုန်း ၇-ကြိမ်လား, ဘဝင်ဘယ်နှစ်ကြိမ်ကျန်တုန်း၊ တစ်ကြိမ်ပဲ ကျန်တယ်။

မျဉ်းကြောင်းရှိသေးလား, ရှိသေးတယ်၊ ကိုင်း လာခဲ့ ပဉ္စမနံပါတ်-၅၊ အတီတဘဝင် တစ်ကြိမ်တိုးလိုက်ဦး၊ ဘယ်မှာတင် ဆုံးသွားတုန်း၊ ဝုဋ္ဌော ၃-ကြိမ်မှာ တင်ဆုံးသွားတယ်။

ကိုင်း နံပါတ် ၆-ဒီနေရာမှာ ဝုဋ္ဌောက နှစ်ကြိမ်သော်လည်းကောင်း, သုံးကြိမ်သော်လည်းကောင်း ဖြစ်မယ်လို့ ဒီလိုစာမှာ ဆိုထားတယ်၊ တစ်ကြိမ်မဟုတ်ဘူး၊ နှစ်ကြိမ်သော်လည်းကောင်း, သုံးကြိမ်သော်လည်းကောင်း၊ ကိုင်း, နောက်ဆုံးဟာ လုပ်စမ်း၊ အတီတဘဝင် တစ်ကြိမ်ထပ်ထည့် ၉-ကြိမ်၊ ဒုတိယ ဝုဋ္ဌောနဲ့ ပြိုင်ပြီးတော့ ပြီးလိမ့်မယ်၊ ဒီအခါကျတော့ ဝုဋ္ဌော နှစ်ကြိမ်ပဲရမယ်၊ ဝုဋ္ဌောက ၂-ကြိမ်၊ ၃-ကြိမ်လို့ ဆိုတဲ့အတွက်ကြောင့်မို့လို့ ဝုဋ္ဌော တစ်ကြိမ်တော့ ဒီမှာ မရှိတော့ဘူး။

ဒါဖြင့် ပရိတ္တာရုံဝီထိ ဘယ်နှစ်ခု ရလဲ၊ ၆-ခု ရတယ်၊ နံပါတ် ၁, ၂, ၃,

[စာမျက်နှာ-190] ၄, ၅, ၆ ပဲ ထားကြပါစို့ အဲဒီ ပရိတ္တာရုံ ဝီထိမှာ ဇော လုံးဝ မရှိဘူး၊ ဘာသာ ရှိတုန်း၊ ဝုဋ္ဌောပဲရှိတယ်၊

ကိုင်း, အတိပရိတ္တာရုံ ဝီထိကတော့ နောက်တစ်ပတ်ကျမှသွားကြစို့၊ ခုနက ပေးထားတဲ့ ဒုတိယစာရွက်မှာ ဟို အောက်ဆုံးက အာရုံအလိုက် ဝီထိ အမည်များနဲ့ အခြားအမည်များလို့ ပေးထားတယ် မဟုတ်ဘူးလား၊ အဲဒီတော့ အခြားအမည်များ အောက်မှာ ကြည့်လိုက်ရင် အတိမဟန္တာရုံဝီထိကို ဘာဝါရလို့ခေါ်လဲ တဒါရမ္မဏဝါရ ခေါ်တယ်။

တဒါရမ္မဏဝါရဆိုတာ တဒါရုံပါတဲ့ဝါရပေါ့၊ တဒါရုံပါတဲ့ဝီထိပေါ့၊ အတိမဟန္တာရုံမှာ တဒါရုံမပါဘူးလား၊ ပါတယ်၊ မဟန္တာရုံကျတော့ တဒါရုံပါသေး လား, မပါတော့ဘူး၊ သူ့ကိုဘာခေါ်လဲ, ဇဝနဝါရ, ဇောပါတဲ့ ဝီထိ။

ပရိတ္တာရုံကျတော့ ဇောတောင်မပါတော့ဘူး၊ ဝုဋ္ဌောပဲပါတော့တယ်၊ ဒါကြောင့်မို့ အဲဒီဟာကျတော့ ဝေါဋ္ဌဗ္ဗနဝါရလို့ခေါ်လိမ့်မယ်။

အဲဒီတော့ ထပ်ပြီးတော့ ကူးထားဦး၊ ဒါကြောင့်မို့ ၂-ခု ၂-ခုပေးတာ နော်၊ ကောင်းတယ်၊ အဲသလို ကိုယ်တိုင်လုပ်တာကောင်းတယ်။

အာရုံရဲ့ အားကိုလိုက်ပြီးတော့ ခုနလို တဒါရမ္မဏ တဒါရုံဖြစ်တယ်, ဇောဖြစ်တယ်, ဇောတောင် မဖြစ်နိုင်တဲ့ အာရုံမျိုးတွေရှိသေးတယ်၊ တစ်ခါတလေ ကျတော့ မြင်လိုက်သလိုလို မမြင်လိုက်သလိုလိုဟာမျိုးတွေမရှိဘူးလား၊ အဲသလိုပေါ့ မှုန်မှုန် မွှားမွှားအဝေးကို ကောင်းကောင်းမမြင်နိုင်တဲ့ဟာတို့ ဘာတို့ကျတော့ ဇောထိအောင် မတတ်နိုင်ဘူး, တဒါရုံထိအောင် မတတ်နိုင်ဘူး, အဲဒါတွေရှိတာပေါ့။

[စာမျက်နှာ-191] ၁။ အတိမဟန္တာရုံ - အလွန်များသော စိတ္တက္ခဏအသက်ရှိသောအာရုံ။
၂။ မဟန္တာရုံ - များသောစိတ္တက္ခဏအသက်ရှိသောအာရုံ။
၃။ ပရိတ္တာရုံ - နည်းသောစိတ္တက္ခဏအသက်ရှိသောအာရုံ။
၄။ အတိပရိတ္တာရုံ - အလွန်နည်းသောစိတ္တက္ခဏအသက်ရှိသော အာရုံ။
၅။ ဝိဘူတာရုံ - ထင်ရှားသောအာရုံ။
၆။ အဝိဘူတာရုံ - မထင်ရှားသောအာရုံ။

ထိုတွင်
၁၊ ၂၊ ၃၊ ၄ တို့သည် ပဉ္စဒွါရအတွက်ဖြစ်၍
၅၊ ၆ တို့သည် မနောဒွါရအတွက်ဖြစ်သည်။

ဝီထိများ၌တွေ့ရမည့် ဘဝင် ၃-မျိုး
၁။ အတီတဘဝင် - လွန်သွားသောဘဝင်။
၂။ ဘဝင်္ဂစလန - လှုပ်သောဘဝင်။
၃။ ဘဝင်္ဂုပစ္ဆေဒ - ပြတ်သောဘဝင်။

| အာရုံအလိုက် ဝီထိအမည်များ | အခြားအမည်များ |

| ၁။ အတိမဟန္တာရုံဝီထိ | တဒါရမ္မဏဝါရ။ |
| ၂။ မဟန္တာရုံဝီထိ | ဇဝနဝါရ။ |
| ၃။ ပရိတ္တာရုံဝီထိ | ဝေါဋ္ဌဗ္ဗနဝါရ။ |
| ၄။ အတိပရိတ္တာရုံဝီထိ | မောဃဝါရ။ |
| ၅။ ဝိဘူတာရုံဝီထိ | တဒါရမ္မဏဝါရ၊ ဇဝနဝါရ။ |
| ၆။ အဝိဘူတာရုံဝီထိ | ဇဝနဝါရ။ |

[စာမျက်နှာ-192] အဘိဓမ္မာသင်တန်း ၂၃
[ဝီထိပိုင်း]

အတိပရိတ္တာရုံဝီထိ, ကာမဇောဝါရဝီထိ, ဈာနဝီထိ
ဒီနေ့ မတ်လ-၂၇ ရက် လွန်ခဲ့တဲ့အပတ်က ဝီထိပိုင်းစပြီးတော့ လေ့လာခဲ့ကြတယ်၊ အဲဒီဝီထိတွေမှာ ဒွါရ ငါးပါးကဖြစ်တဲ့ ပဉ္စဒွါရဝီထိ, မနောဒွါရမှာဖြစ်တဲ့ မနောဒွါရဝီထိလို့ နှစ်မျိုးရှိရာမှာ ပဉ္စဒွါရဝီထိ အချို့ လေ့လာခဲ့ပြီးပြီ။

အဲဒီတော့ ငါးဒွါရဆိုသဖြင့် စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိလို့ အဲဒီလို ၅-မျိုးပေါ့၊ အဲဒီ ၅-မျိုးမှာ စက္ခုဒွါရဝီထိမှာ ဝီထိပေါင်း ဘယ်နှစ်ခုရှိနိုင်သလဲ၊ သောတဒွါရဝီထိမှာ ဝီထိပေါင်း ဘယ်နှစ်ခုရှိနိုင်သလဲ။ လွန်ခဲ့တဲ့အပတ်က အဲဒီ စက္ခုဒွါရမှာ အတိမဟန္တာရုံဝီထိဆိုတာ ချပြီးပြီ၊ မဟန္တာရုံ ၂-ဝီထိ ချပြီးပြီ၊ ပရိတ္တာရုံ ၆-ဝီထိ ချခဲ့ပြီ။

အတိမဟန္တာရုံဆိုတာ အလွန်အသက်ရှည်တယ်ဆိုကြပါစို့၊ ရှည်တဲ့အာရုံ, မဟန္တာရုံက များသောအသက်ရှိတဲ့အာရုံ, ပရိတ္တာရုံက နည်းသောအသက်ရှိတဲ့အာရုံ, ပရိတ္တာရုံ ၆-ဝီထိချခဲ့ပြီ။

ဒီနေ့ အတိပရိတ္တာရုံတဲ့၊ အလွန့်ကို အားနည်းတဲ့အာရုံ, သူ့ကျတော့ အာရုံက အားနည်းလွန်းလို့ ဝုဋ္ဌောတောင်မဖြစ်နိုင်တော့ဘူးတဲ့နော်၊ လွန်ခဲ့တဲ့

[စာမျက်နှာ-193] အပတ်ကဟာ ပြန်ကောက်လိုက်မယ်ဆိုရင် အတိမဟန္တာရုံမှာ တဒါရုံကျတယ်၊ တဒါရုံကျတယ်ဆိုတာ တဒါရုံပါတယ်လို့ဆိုလိုတယ်၊ မဟန္တာရုံကျတော့ တဒါရုံမပါတော့ဘူး, ဇောပဲပါတော့တယ်၊ ပရိတ္တာရုံကျတော့ ဇောတောင်မပါတော့ဘူး၊ ဝုဋ္ဌောပဲပါတော့တယ်။

အဲဒီ ဝုဋ္ဌောက ၂ ကြိမ် ၃-ကြိမ် ဒါနဲ့ပဲ ချခဲ့ကြတယ်၊ အခု ဒီ အတိပရိတ္တာရုံ ကျတော့ ဝုဋ္ဌောထိအောင်တောင် သူက မရောက်နိုင်တော့ဘူး၊ အားနည်းလွန်းလို့ ဝုဋ္ဌောတောင် မဖြစ်နိုင်တော့ဘူးတဲ့။

အားနည်းလွန်းတဲ့အတွက်ကြောင့်မို့ ဘဝင်လှုပ်ရုံပဲ လှုပ်ပြီးတော့ ပြန်ဘဝင်ကျသွားပြီ၊ ဘဝင်လှုပ်ရုံပဲ လှုပ်ပြီးတော့ ပြန်ဘဝင်ကျသွားမှာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီဒွါရကို ဒီဟာကို ဘာလဲဆိုတော့ အလကား ဝါရဆိုတဲ့ အဓိပ္ပါယ်ပေါ့။

အဲဒီ အတိပရိတ္တာရုံမှာဘာဖြစ်သလဲ ဘယ်လိုချမလဲ, ပရိတ္တာရုံဝီထိကို ပြန်ကြည့်နော်၊ ပရိတ္တာရုံဝီထိ နံပါတ် ၆-မှာ အတီတဘဝင် ဘယ်နှစ်ကြိမ် ကျခဲ့ပြီလဲ၊ ပရိတ္တာရုံ နံပါတ် ၆၊ ဝီထိမှာ ၁ ကြိမ်, ၂ ကြိမ် ၃ ကြိမ်, ၄ ကြိမ်၊ ၅ ကြိမ်, ၆ ကြိမ်, ၇ ကြိမ်, ၈ ကြိမ်, ၉ ကြိမ် ကျခဲ့ပြီနော်၊ ပရိတ္တာရုံ ဆဋ္ဌမဝီထိမှာ အတီတဘဝင်-၉ ကြိမ်, ပြီးတော့ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ပြီးတော့ ဘဝင် ပြန်ကျသွားတယ်။

ဟုတ်ပြီ အဲဒီတော့ အတိပရိတ္တာရုံဝီထိမှာ ဆက်မယ်နော်၊ အဲဒီတော့ ပရိတ္တာရုံ ဆဋ္ဌမဝီထိတုန်းက အတီတဘဝင် ၉ ကြိမ် ကျတယ်ဆိုတော့ အခု ဘယ်နှစ်ကြိမ် ကျမလဲ၊ ၁၀-ကြိမ် ကျကြစို့။

ကိုင်း, လုပ်လိုက်စမ်း၊ အတီတဘဝင် ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၁၀ ဟုတ်လား အတီတဘဝင် ၁၀-ကြိမ် ကျပြီးတဲ့နောက် ဘဝင်္ဂစလန တစ်ခါ, ဘဝင်္ဂစလနပဲနော်၊ ဘဝင်္ဂုပစ္ဆေဒဖြစ်ရင် ပဉ္စဒွါရာဝဇ္ဇန်း ဘာညာကဆက်ဖြစ်လာရမှာကို၊ အဲဒီတော့ ဒီမှာ ဘဝင်္ဂစလနပဲ ဖြစ်တယ်တဲ့နော်၊ ဘဝင်လှုပ်ရုံပဲ လှုပ်ပြီးတော့ ပြန်ပြီးဘဝင်ပဲကျတာပဲ၊ ဘဝင်ကို ပြတ်မသွားတော့ဘူး၊ နည်းနည်းလေးလှုပ်ရုံ လှုပ်သွားတယ်။

ဒါကြောင့်မို့ ဘဝင်္ဂစလန ၂-ကြိမ် ပြီးတဲ့နောက် ဘဝင်တွေချလိုက်ဦး၊ ဘဝင် ၁-ကြိမ် ၂ ကြိမ်, ၃ ကြိမ်, ၄ ကြိမ်, ၅ ကြိမ်။

အတိပရိတ္တာရုံ ပထမဝီထိမှာ အတီတဘဝင် ၁၀-ကြိမ်ချတယ်၊ အတီတဘဝင် ၁၀-ကြိမ်ပြီးတဲ့နောက် ဘဝင်္ဂစလနတင် ၂-ကြိမ် ချပါ၊ ဒီမှာ ဘဝင်မပြတ်ဘူး၊

[စာမျက်နှာ-194] အဲဒီ ဘဝင်္ဂစလနပြီးတဲ့နောက် ဘဝင်တွေပဲ ပြန်ကျသွားတယ်။

မေး - အစဘဝင်ကရှိသေးလား။
ဖြေ - အစဘဝင်ကတော့ သူ့ဟာသူနေပစေ၊ အစဘဝင်က ဝီထိအပြင်ဘက်ကဘဝင်၊ ဒါကြောင့်မို့ အထက်က လက္ခဏာလေးပြထားတာ၊ အဲဒီလက္ခဏာလေးအတွင်းရှိတဲ့ ၁၇-ချက်။

အတိပရိတ္တာရုံဆိုတာ အလွန်အားနည်းတဲ့အာရုံဖြစ်တဲ့အတွက်ကြောင့်မို့ မြင်လိုက်သလိုလို ကြားလိုက်သလိုလို အဲသလောက်ကလေးတင် ဘဝင်လှုပ်ရုံ လှုပ်ပြီးတော့ ပြန်ပြီးတော့ ဘဝင်ပြန်ကျသွားတာ၊ ၂-ကြိမ်ချပြီးရင် ဘဝင်ထဲထပ်ကျ ဘဝင် ၅-ကြိမ် ချရလိမ့်မယ်၊ ဟုတ်ပြီလား၊ ကောင်းပြီ။

ဒုတိယ သွားစမ်းပါ၊ နံပါတ် ၂ အတိပရိတ္တာရုံ ဒုတိယဝီထိ, အတီတဘဝင် တစ်ချက်တိုးလိုက် ၁၁-ကြိမ်ဖြစ်သွားရော့ ဘဝင်္ဂစလန ၂-ကြိမ်ပဲ၊ ပြီးရင် နောက်ဘဝင် ဘယ်နှစ်ကြိမ်တုန်း ၄-ကြိမ်ပေါ့နော်၊ ကျန်တဲ့ဘဝင် ၄-ကြိမ်။

အတိပရိတ္တာရုံ နံပါတ် ၃၊ အတီတဘဝင် ဘယ်နှစ်ကြိမ်တုန်း ၁၂-ကြိမ်လား၊ ဟုတ်ပြီ နောက်တစ်ခုကျတော့ ၁၂-ကြိမ်ချ၊ ၁၂-ကြိမ်ပြီး ဘဝင်္ဂစလနကတော့ ၂-ကြိမ်ပဲ၊ ဘဝင်္ဂစလန ၂-ကြိမ် ချပြီးတဲ့နောက် ဘဝင် ဘယ်နှစ်ကြိမ် ကျန်လဲ ၃-ကြိမ်၊ ဒါ အတိပရိတ္တာရုံ တတိယဝီထိပေါ့။

ကိုင်း နောက်တစ်ခုသွားလိုက်စမ်း၊ အတိပရိတ္တာရုံ စတုတ္ထဝီထိ၊ အတီတဘဝင် ၁-ကြိမ်, ၂ ကြိမ်, ၃ ကြိမ်, ၄ ကြိမ်, ၅ ကြိမ်, ၆ ကြိမ်, ၇ ကြိမ်, ၈ ကြိမ်၊ ၉ ကြိမ်, ၁၀ ကြိမ်, ၁၁ ကြိမ်မှ ၁၂ ကြိမ် ၁၃ ကြိမ်, ဘဝင်္ဂစလန ၂ ကြိမ်, ဘဝင် ဘယ်နှစ်ကြိမ် ကျန်တုန်း ၂-ကြိမ်ပဲကျန်တယ်။

နံပါတ် ၅-ပဉ္စမ အတိပရိတ္တာရုံ အတီတဘဝင် ၁၄-ကြိမ် ဘဝင်္ဂစလန ၂-ကြိမ် ဘဝင် ၁-ကြိမ်ပဲကျန်တော့တယ်၊

ကိုင်း- ဆဋ္ဌမ အတီတဘဝင် ၁၅-ကြိမ်, ဘဝင်္ဂစလန ၂-ကြိမ်, ပြီးရောပေါ့၊ နောက်ထပ် ဝီထိအတွင်း ဘဝင်မရှိတော့ဘူး၊ ဝီထိအပြင် ပ ဂ ဘဝင်ပဲ ရှိတော့တယ်၊ အဲဒီလို အာရုံအားနည်းတဲ့အတွက်ကြောင့်မိုလို့ သူက ဘဝင်လှုပ်ရုံပဲ လှုပ်ပြီးတော့ ဘဝင်က ကျတယ်နော်။

အဲဒီတော့ ပရိတ္တာရုံ ဆဋ္ဌမဝီထိက အတီတဘဝင် ၉-ကြိမ် လွန်ခဲ့တော့ ဒီမှာ ၁၀-ကြိမ်က စပြီးတော့ လွန်ရတယ်နော်။

တစ်ခါ ၁၇-ချက် ရုပ်သက်အစေ့ထိအောင် သွားလိုက်တဲ့အခါကျတော့

[စာမျက်နှာ-195] ဘဝင်္ဂစလနလည်းရရမယ်ဆိုတော့ ၆-ခုပဲ ရတာပေါ့၊ ဒီထက်မရဘူးနော်၊ ဒါကြောင့်မို့ ဘဝင်္ဂစလန ၂-ကြိမ်ပြီးတဲ့နောက် ဘဝင်ပြန်ကျသွားတယ်၊ အားလုံးပေါင်းလိုက်ရင် စက္ခုဒွါရမှာ ဝီထိပေါင်း ဘယ်နှစ်ဝီထိ ရမလဲ၊ ၁၅-ဝီထိ ရမယ်နော်။

အတိမဟန္တာရုံက တစ်ဝီထိ, မဟန္တာရုံက နှစ်ဝီထိ, ပရိတ္တာရုံ ခြောက်ဝီထိ, အတိပရိတ္တာရုံက ခြောက်ဝီထိနော်။

အဲဒီ ၁၅-ဝီထိဟာ စက္ခုဒွါရမှာဖြစ်တဲ့ ဝီထိနော်၊ စက္ခုဒွါရမှာ ၁၅ ဝီထိဖြစ်တယ်, သို့မဟုတ် စက္ခုဝိညာဏဝီထိပေါင်း ၁၅-ဝီထိ ရှိတယ်။

အဲဒီတော့ စက္ခုဒွါရကို နားလည်ရင် သောတဒွါရဒီအတိုင်းပဲနော်၊ ထပ်ပြမနေတော့ဘူး၊ ဃာနဒွါရ ဒီအတိုင်းပဲ, ဇိဝှါဒွါရ ဒီအတိုင်းပဲ၊ ကာယဒွါရ ဒီအတိုင်းပဲ အဲသလို သွားလိုက်ရင် ဟို တစ်ဒွါရမှာ ၁၅-ဝီထိ၊ ၅-ဒွါရမှာ ၇၅ - ဝီထိနော်၊ အဲဒီလို ပဉ္စဒွါရမှာ ဝီထိပေါင်း ၇၅-ဝီထိရှိတယ်။

အဲဒီမှာလည်းပဲ တဒါရုံမကျတဲ့ အတိမဟန္တာရုံဝီထိနဲ့ အာဂန္တုကဘဝင်ကျတဲ့ ဝီထိတွေ မပါသေးဘူးတဲ့၊ ဒါတွေကနောက်မှ လုပ်တန်လုပ်ကြစို့နော်၊ အစမှာတော့ ရိုးရိုးလေး ရှင်းရှင်းလေး စတာကောင်းတယ်၊ ဟိုရှိသမျှ အကုန်လိုက်နေရင်အစထဲက အကုန်ရှုပ်ကုန်မှာစိုးရတယ်၊ နည်းနည်းနားလည်ပြီးမှ ထပ်ပြီးတော့လေ့လာ, ပိုပြီးတော့ လေ့လာ, အဲဒါဟာ ကောင်းတယ်၊ တစ်ခါတလေကျတော့ ပြည့်စုံချင်တာနဲ့ သိပ်ပြီးတော့ ကိုယ်က အသေးစိပ်လုပ်လိုက်ရော၊ အဲဒါ ဟုန်ကုန်ရော၊ အဲဒါ ဖြစ်တတ်တယ်၊ ဘာလိုတုန်းဆိုတော့ ဝီထိတွေအများကြီး ရှိသေးတယ်၊ ဒါကြောင့်မို့ စက္ခုဒွါရမှာ ၁၅-ဝီထိ ရှိတယ်၊ အဲဒီ ၁၅-ဝီထိ ရှိတဲ့အနက်က ဟိုနေ့က ဝါရဆိုတာတွေရှိပါလား၊ တဒါရမ္မဏဝါရ ဆိုတာတွေနော်၊ အတိမဟန္တာရုံဝီထိကို ဘာလို့ခေါ်လဲ၊ တဒါရမ္မဏဝါရတဲ့၊ တဒါရုံကျတဲ့ ဝီထိပေါ့၊ မဟန္တာရုံ ၂-ဝီထိကို ဇဝနဝါရ ဇောပဲကျတယ်၊ တဒါရုံမကျဘူး၊

နောက် ပရိတ္တာရုံ ၆-ဝီထိ ကျတော့ကော ဝေါဋ္ဌဗ္ဗနဝါရတဲ့, ဝုဋ္ဌောကျတယ်၊ ဇောထိအောင် မသွားဘူး။

ဒီနေ့ လုပ်တဲ့ အတိပရိတ္တာရုံ ၆-ဝီထိကျတော့ မောဃဝါရ, မောဃဆိုတာ အလကား အချည်းနှီး ဘာမှ မပါဘူးလို့ဆိုလိုတယ်၊ ဗလာဝါရ, သုညဝါရပေါ့၊ ဒီလိုဝါရဆိုတဲ့ နာမည်နဲ့ခေါ်ရင် အဲသလို ခေါ်ရတယ်၊ တဒါရမ္မဏဝါရ၊ ဇဝနဝါရ၊ ဝေါဋ္ဌဗ္ဗနဝါရ, မောဃဝါရ။ တဒါရမ္မဏဝါရ ၁-ဝီထိ၊ ဇဝနဝါရ ၂-ဝီထိ၊ ဝေါဋ္ဌဗ္ဗနဝါရ ၆-ဝီထိ၊

[စာမျက်နှာ-196] မောဃဝါရ ၆-ဝီထိနော်၊ ဒီနေ့ လုပ်တဲ့ အတိပရိတ္တာရုံဝီထိဆိုတာက အာရုံက အားနည်းလွန်းလို့ ဘဝင်လှုပ်ရုံပဲလှုပ်တယ်၊ ဘာမှ ဝီထိစိတ်တွေမဖြစ်ဘူး၊ ဘဝင်လှုပ်ပြီး ဘဝင်ပြန်ကျတာ၊ ဒါကြောင့် သူ့မှာ ဝီထိစိတ် လုံးဝမပါတဲ့အတွက် ကြောင့်မို့လို့ အလကားဝီထိ, ဗလာဝီထိ, မောဃဝါရလို့ ဒီလိုခေါ်တယ်။

အဲဒီလိုသိပြီးတဲ့နောက် ဟိုရှေးဆရာတော်တွေ လုပ်ထားတာရှိတယ်၊ လုပ်ခဲ့တာတွေဟာ သိပ်သေချာတယ်၊ ဒီဝီထိထဲမှာ စိတ်သရုပ်ခွဲရတယ်, အတီတဘဝင်ဆိုတာက ဘယ်စိတ်ကို ယူရတယ်, ဘဝင်္ဂစလနဆိုတာက ဘယ်စိတ်ကို ယူရတယ်, ဘယ်အာရုံပြုတယ်, ဘယ်ကိုမှီတယ်, ဒါတွေ အသေးစိပ် လုပ်ရမယ်၊ ဟိုနေ့ကလည်း နည်းနည်းလုပ်ခဲ့တယ်ထင်တယ်။

အဲဒီတော့ လင်္ကာတစ်ခုရှိတယ်နော်၊
* ပဉ္စသတ္တရိ ဝီထိပဉ္စဒွါ, ချရာစိတ်စု, စတုပညာ, ကာမသာချည်း။ ပဉ္စသတ္တရိ ဆိုတာ ၇၅-လို့ ဆိုလိုတယ်၊ ဒါ ပါဠိစကား၊ ဝီထိပဉ္စဒွါ။ ပဉ္စဒွါရဝီထိ, ချရာစိတ်စုဆိုတာ ဒီထဲမှာ ပါဝင်နိုင်တဲ့ စိတ်စုလို့ ဆိုလိုတယ်၊ စတုပညာ, ကာမသာချည်းတဲ့ ဒီထဲမှာ ပါတဲ့စိတ်ဟာ ကာမစိတ် ၅၄-ချည်းပဲတဲ့ ကာမစိတ်-၅၄ အပြင်ဘက် မထွက်ဘူးတဲ့၊ ဘဝင်စိတ်တွေဟာလည်း ကာမစိတ် ၅၄ ထဲကပဲ ဖြစ်ရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်း အစရှိတဲ့ ဟာတွေဟာလည်း ကာမစိတ်ထဲကပဲ ဖြစ်ရမယ်၊ ဇောလည်းပဲ ကာမစိတ်ထဲက ဖြစ်ရမယ်နော်။

ဒါကြောင့်မို့ ဒီဝီထိတွေမှာ ပါဝင်တဲ့စိတ်တွေဟာ ကာမာဝစရစိတ်-၅၄ ခုထဲက ဖြစ်မယ်၊ ရူပါဝစရစိတ်မပါဘူး၊ အရူပါဝစရစိတ် မပါဘူး၊ လောကုတ္တရာစိတ်မပါဘူးလို့ ဆိုလိုတယ်၊ ဒါ စိတ်သရုပ်နားလည်ရမယ်တဲ့ နော်၊ ဒါကြောင့်မို့
* ဝီထိပဉ္စဒွါ, ချရာစိတ်စု, စတုပညာ, ကာမသာချည်း။ အာရုံကြည့်လိုက်စမ်းတဲ့။
* အာရုံမှာ၊ ဘဝင်ဟူသမျှ သုံးဝအတိတ်, ကံနိမိတ်တည်း
ဒီထဲမှာ ဘဝင်တွေ မပါဘူးလား၊ အတီတဘဝင်ပါတယ်၊ အတီတဘဝင်, ရှေးက ဘဝင်တွေ၊ ရှေ့က ဘဝင်ထားပါတော့၊ အတီတဘဝင်ပါတယ်၊ ပြီးတော့ နောက်မှာလည်းပဲ တချို့ ဝီထိတွေမှာ ဘဝင်တွေ ပါသေးတယ်၊ မဟုတ်ဘူးလားနော်၊ တဒါရုံ မကျလောက်လို့ ဘဝင်ထည့်ပေးရတာတွေ၊ အဲဒီတော့
* အာရုံမှာမူ, ဘဝင်ဟူသမျှ သုံးဝအတိတ်, ကံနိမိတ်တည်း ဆိုလိုတာကတော့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ၃-မျိုးတဲ့၊ အဲဒီ ၃ မျိုးထဲက

[စာမျက်နှာ-197] တစ်မျိုးမျိုးကို အာရုံပြုတယ်၊ တတိယပိုင်းတုန်းကလည်း လေ့လာခဲ့ပြီးပြီ၊ အာရုံမှာမူ ဘဝင်ဟူသမျှ၊ သုံးဝအတိတ် ကံနိမိတ်တည်း။ * ကြွင်းစိတ်ရုံငါး တဲ့နော်၊ အဲဒီဘဝင်တွေက ကြွင်းတဲ့စိတ်ဆိုတော့ ပဉ္စဒွါရာဝဇ္ဇန်းကနေပြီးတော့တဒါရုံထိအောင်ပေါ့၊ ကြွင်းစိတ်ရုံငါး ဆိုတော့ အာရုံငါးပါးကို အာရုံပြုတယ်တဲ့၊ ဆိုလိုတာက သူ့အလိုက်ပေါ့၊ စက္ခုဒွါရဝီထိဖြစ်ရင် ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုမယ်၊ သောတဒွါရဝီထိဖြစ်ရင် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုမယ်။

* ကြွင်းစိတ်ရုံငါး,
ဘယ်မှီသလဲတဲ့ ဟုတ်လား၊ ဝတ္ထုသင်္ဂဟနဲ့ စပ်တာ ဘယ်မှီသလဲတဲ့၊ မှီကားသူပင်၊ သူ့ဝိညာဉ်သာ ဆိုလိုတာကတော့ သူ့ဝိညာဏ်က သူ့ဝတ္ထုကို မှီတယ်လို့ ဆိုလိုတယ်၊ စက္ခုဝိညာဏ်က ဘယ်လိုမှီသလဲ၊ စက္ခုဝတ္ထု, သောတဝိညာဏ်က သောတဝတ္ထု, ဃာနဝိညာဏ်က ဃာနဝတ္ထု, ဇိဝှါဝိညာဏ်က ဇိဝှါဝတ္ထု, ကာယဝိညာဏ်က ကာယဝတ္ထု မှီတယ်နော်။

* မှီကားသူပင်, သူ့ဝိညာဉ်သာ, ကြွင်းလျှင်စိတ်စု--
ပဉ္စဝိညာဏ်ပြီးတော့ တခြားဟာတွေ မပါဘူးလား၊ ပဉ္စဒွါရာဝဇ္ဇန်းပါတယ်၊ စက္ခုဝိညာဏ်ပြီးတော့လေ၊ ပဉ္စဒွါရာဝဇ္ဇန်းပါတယ်၊ သမ္ပဋိစ္ဆိုင်း, သန္တီရဏစသည်ပါတယ်မို့လား၊ ကြွင်းလျှင်စိတ်စု ရှေးရှေးဥသည့် ဥဆိုတာ ဥပါဒ်လို့ဆိုလိုတယ်။ ရှေးရှေးသော စိတ်နဲ့အတူဥပါဒ်တဲ့၊ ရှေးရှေးဥသည့်, ဝတ္ထုဟဒယ, စွဲမှီကြသည်။ ဒွိဟလွတ်ကင်း, ရှင်းလေတည်း၊ ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ရေးထားတာ သိပ်ကောင်းတယ်၊ အဲဒီလောက်လေးရရင် သရုပ်ဟာ ကျေနေတာပဲ၊ မြင်နေတာပဲနော်၊ အေး ဒါကြောင့်မို့။

* ကြွင်းလျှင်စိတ်စုရှေးရှေးဥသည့် ဝတ္ထုဟဒယ, စွဲမှီကြသည် ဆိုတာက တခြားစိတ်တွေက ဟဒယဝတ္ထုကို မှီတယ်၊ ဒါပေမယ်လို့ အတူတူဖြစ်တဲ့ ဟဒယဝတ္ထုကို မှီတာမဟုတ်ဘူးတဲ့၊ သူရဲ့ ရှေ့က စိတ်နဲ့အတူဥပါဒ်ပြီးတော့ သူဖြစ်တဲ့အချိန်ကျတော့ ရုပ်ရဲ့ ဌီခဏသို့ ရောက်နေတဲ့ ဟဒယဝတ္ထုကိုမှီတာ။

ဆိုလိုတာကတော့ အဲဒီအချိန်မှာရှိနေတဲ့ ဟဒယဝတ္ထုအတူတူဖြစ်တဲ့ ဟဒယဝတ္ထုကိုမှီတာ မဟုတ်ဘူး၊ သူ့ရှေ့ကဖြစ်နှင့်ပြီးသား ဟဒယဝတ္ထု၊ ရုပ်သက်က ၁၇- ချက်မဟုတ်လား၊ အဲဒီတော့ သူ့ရှေ့ကဖြစ်ခဲ့တဲ့ ဟဒယဝတ္ထုက သူဖြစ်နေတုန်းမှာ ရှိသေးတယ်၊ ချုပ်မသွားသေးဘူး၊ ၁၇-ချက်နေမှာကိုး၊ အဲဒီ ဟဒယဝတ္ထုကို သူက မှီတယ်။

[စာမျက်နှာ-198] ဒါကြောင့်မို့ ကြွင်းလျှင်စိတ်စု, ရှေးရှေးဥသည့်, ဝတ္ထုဟဒယ, စွဲမှီကြသည်, ဒွိဟလွတ်ကင်း ရှင်းလေတည်း။ ဒါတင်မကသေးဘူး နောက်ထပ်ရှိသေးတယ်၊ အဲဒါကတော့ အခုပြောလို့ မဖြစ်သေးဘူး၊ ပုဂ္ဂိုလ်တွေ ဘုံတွေနဲ့ ခွဲလိုက်သေးတယ်နော်၊ ပုထုဇဉ်မှာ ဘယ်ဝီထိတွေ ဖြစ်နိုင်တယ်၊ အရိယာမှာ ဘယ်ဝီထိတွေဖြစ်နိုင်တယ်၊ ကာမသတ္တဝါမှာ ဘယ်ဝီထိတွေ ဖြစ်နိုင်တယ်၊ ရူပသတ္တဝါမှာ ဖြစ်ဦးမယ်နော်၊ ဘယ်ဘုံမှာရနိုင်တယ်၊ ဒါတွေရှိသေးတယ်။

ဒါတွေက မလေ့လာရသေးပဲနဲ့ ပုဂ္ဂိုလ်စိတ်ရတို့, ဘုံစိတ်ရတို့, ဘုံဆိုတာ တောင်မသိသေးရတဲ့အချိန်မှာ ဒါတွေ မလေ့လာသေးဘူး၊ အခု စိတ်သရုပ်ကလေးကတော့ လေ့လာလို့ ကောင်းတယ်၊ အဲဒီလို သိသိသွားရမှာ။

ဒါကြောင့်မို့ အတီတဘဝင်ဆိုရင် ဘယ်စိတ် ဖြစ်နိုင်လဲ ပြောစမ်း၊ ကာမစိတ်ထဲတင်ရှာရမှာ, ဘဝင်စိတ်က ၁၉-ခုရှိတယ်၊ ဒါပေမယ်လို့ အဲဒီ ၁၉-ထဲက ရူပါဝစရဝိပါက် ၅-ခု၊ ထုတ်လိုက်၊ အရူပါဝစရဝိပါက် ၄-ခု ထုတ်လိုက်, ၉-ခု ထုတ်လိုက်, ဘယ်လောက် ကျန်သလဲ, ကာမဘဝင် ၁၀-ခုပဲ ကျန်တယ်။ မဟာဝိပါက်စိတ် ၈-ခု သန္တီရဏ ၂-ခု ဟုတ်တယ်မို့လား၊ အဲဒီထဲက တစ်ခုခုဖြစ်မှာပေါ့။

အတီတဘဝင်အရ ဘာကောက်မလဲ၊ အဲဒီ ၁၀-ခုကထဲက တစ်ခုခုပေါ့။ ပြီးတော့ ဘဝင်္ဂစလန အတူတူပဲ၊ ဘဝင်္ဂုပစ္ဆေဒ အတူတူပဲ၊ ပဉ္စဒွါရာဝဇ္ဇန်းဆိုရင် ဒီတစ်ခုရှိတယ်၊ စက္ခုဝိညာဏ်ဆိုရင် ကုသလဝိပါက်သော်လည်းကောင်း အကုသလဝိပါက်သော်လည်းကောင်း၊ သမ္ပဋိစ္ဆိုင်းလည်းအတူတူပဲ၊ သန္တီရဏလည်းအတူတူပဲ။ ဝုဋ္ဌောဆိုရင် မနောဒွါရာဝဇ္ဇန်းည ဇောဆိုရင် ကာမာဝစရဇောထဲက တစ်ခုခုပေါ့, ဟုတ်လား။

အဲဒီတော့ နောင်ကျတော့အာရုံကို လေ့လာကြရလိမ့်ဦးမယ်၊ အာရုံက အလိုရှိအပ်တဲ့အာရုံ အလိုမရှိအပ်တဲ့အာရုံ ပထမ ၂ မျိုးကွဲတယ်၊ ဣဋ္ဌဖြစ်တဲ့အာရုံ, အနိဋ္ဌဖြစ်တဲ့အာရုံ။

ပြီးတော့ အလိုရှိအပ်တာလည်း မဟုတ်ဘူး၊ အလိုမရှိအပ်တာလည်း မဟုတ်ပဲနဲ့ သာမန်၊ အလိုရှိအပ်တာ ဣဋ္ဌမဇ္ဈတ္တဆိုတာရှိတယ်၊ ထားပါတော့ နောက်မှခွဲကြစို့။

အခု အလိုရှိအပ်တဲ့ အာရုံနဲ့တွေ့ရင် ကုသလဝိပါက် စက္ခုဝိညာဏ်ချရမယ်

[စာမျက်နှာ-199] အလိုမရှိအပ်တဲ့ အာရုံတွေ့ရင် အကုသလဝိပါက် စက္ခုဝိညာဏ်ချရမယ်၊ အမှန်က အဲသလို လာရဦးမှာ။

ရူပါရုံကတစ်ခါတလေ အရုပ်ဆိုးတာ မြင်တယ်, အညစ်အကြေးတွေမြင်တယ်, ခွေးသေကောင်ပုပ်မြင်တယ်, လူသေကောင်မြင်တယ်, အဲဒီလို အခါမျိုးကျတော့ အကုသလဝိပါက်ချ၊ ကောင်းတာ လှတာ လေးမြင်တယ်, မြတ်စွာဘုရားဖူးရတယ်, ကုသလဝိပါက်ချ၊ အဲဒီလိုပဲ ခွဲတာ ရှိသေးတယ်နော်။

အဲဒီတော့ ဘယ်လို အာရုံမျိုးဖြစ်ရင် ဘယ်လို တဒါရုံမျိုး, ဘာမျိုး ညာမျိုး ဆိုတာ နောင်လာလိမ့်မယ်၊ နောင်ဆိုတာ မကြာဘူး၊ တစ်ပတ် နှစ်ပတ် ဆိုရင် ရောက်မှာ။

အဲဒါကြောင့်မို့ ပဉ္စဒွါရမှာ ဝီထိပေါင်း-၇၅၊ ဝီထိရှိတယ်၊ စက္ခုဒွါရ ၁၅ ဝီထိ စသည်ဖြင့် ရှိတယ်၊ အဲဒီဝီထိမှာ ဝီထိတွေ ဘယ်လို ချရမယ်ဆိုတာ သိပြီ၊ ပြီးတော့ ဝီထိစိတ်သရုပ်ခေါ်တာပေါ့လေ၊ ဘယ်စိတ်တွေကို ကောက်ရမယ်ဆိုတာ သိပြီ၊ ဘယ်ကို အာရုံပြုတယ်ဆိုတာသိပြီ၊ ဘယ်ကို မှီတယ်ဆိုတာသိပြီ။

အဲဒီတော့ ပကိဏ်းပိုင်းတုန်းက လေ့လာခဲ့တာတွေကို ဒီမှာလာပြီး apply လုပ်တယ်ဟုတ်လား၊ ပကိဏ်းပိုင်းတုန်းက အာရုံတွေ လေ့လာခဲ့ပြီ, ဒွါရလေ့လာခဲ့ပြီ ဝတ္ထုလေ့လာခဲ့ပြီ, ဟုတ်တယ်မို့လား၊ ဒါတွေကို ဒီမှာပြန်ပြီး apply လုပ်တယ်။ တစ်ခါ စိတ်ပိုင်းက စိတ်တွေ ဒီမှာပြန်ပြီး apply လုပ်တယ်နော်၊ စေတသိက်ပဲ တိုက်ရိုက်မပါဘူး၊ အမှန်တော့ စိတ်ကို ယူလိုက်ရင် စေတသိက်လည်း ပါသွားတာပဲ။

ဒီဝီထိကို ကျမ်းဂန်တွေမှာ ဥပမာလေးနဲ့သင်ကြားတယ်၊ အဲဒီဥပမာ အရင်ပြောခဲ့ဘူးတယ် မှတ်မိကြလား၊ စိတ်ပိုင်းတုန်းက ဦးဇင်းပြောခဲ့ဖူးတယ် ထင်တယ်။ သရက်ပင်အောက်မှာ လူတစ်ယောက် အိပ်နေတာနော်၊ အဲဒါလေး ထပ်ပြောဦးမယ် လင်္ကာရှိတယ်၊ တောင်မြို့ဆရာတော်ရေးထားတဲ့ လင်္ကာလေးကောင်းတယ်နော်။ ဒါက အဋ္ဌသာလိနီ ဆိုတဲ့ ကျမ်းမှာပါတာ၊ တခြားဥပမာတွေရှိသေးတယ်။ သို့သော် ဒီဥပမာက ကောင်းတော့ ဒီဥပမာကိုပဲ အများသုံးတယ်၊

* “မှတ်လော့မျက်မြင်, ကွက်ကွက်ထင်စိမ့် သရက်ပင်အောက်, လူတစ်ယောက်၏, ရှေ့နောက်ခေါင်းမြီးခြုံ၍ ပြီးသော်, သရက်ပင်အောက်မှာ လူတစ်ယောက်က ခေါင်းမြီးခြုံပြီးတော့ “အိပ်ပျော်လေငြား, ခေါင်းမြီးခြုံပြီး အိပ်ပျော်နေတယ်ဆိုပါတော့၊ ကြွေသံအားကြောင့်, နိုးကြားသဖြင့်, ခေါင်းခြံဖွင့်၍, ကြည့်လစ်မြင်ရာ, ယူကာနှိပ်စမ်း, ရှုကာနမ်းလျက်, မှည့်မှန်းသိသော်, ရွှင်ပျော်သုံးစား

[စာမျက်နှာ-200] ရသာသွား၍, မျိုငြားလေပြီး, ရှေးနည်းအိပ်ပင်, ပမာဆင်လော့” ဒါ ဥပမာပေးတာနော် ပြန်ပြီးတော့ အိပ်ပျော်သွားတယ်တဲ့၊ အခု အဲဒါနဲ့ ဝီထိနဲ့ ပြန်ပြီးတော့ ဟပ်ပြလိမ့်မယ်။

“ဘဝင်သည်ကား အိပ်သောလားသို့”အိပ်နေတာနဲ့ ဘာနဲ့ တူလဲ၊ မူလဘဝင် ဖြစ်နေတာနဲ့ တူတယ်၊ နီးပါးကြွေပုံ အာရုံထိခိုက်၊ ဒီကြွေလိုက်တဲ့ဟာလေးဟာ ဟို ရူပါရုံက စက္ခုပသာဒကို လာထိခိုက်တာနဲ့ တူတယ်။

“နိုးလိုက်သည့်ဟန်၊ အာဝဇ္ဇန်တည်း” သူနိုးလာတာ ဘာနဲ့တူလဲ, ပဉ္စဒွါရာဝဇ္ဇန်း နှင့် တူတယ်။

ဖွင့်လှန်ကြည့်မှု, စက္ခုဝိညာဏ်၊ ဖွင့်ကြည့်လိုက်တာဟာ၊ ဒါ စက္ခုဝိညာဏ်ဖြစ်တာနဲ့ တူတယ်။

ယူငင်တစ်ခန်း, ပဋိစ္ဆန်းနဲ့ လှမ်းယူလိုက်တာဟာ သမ္ပဋိစ္ဆိုင်းတဲ့၊ သူလက်ခံလိုက်တာပေါ့။

နှိပ်စမ်း သန္တီ, ရဏမည်၏။ နှိပ်စမ်းကြည့်တာ မှည့်မှန်း မမှည့်မှန်းသိအောင် နှိပ်စမ်းကြည့်တာ၊ အဲဒါက သန္တီရဏနဲ့တူတယ်။

မှတ်ပြီဝုဋ္ဌော ဝုဋ္ဌောက မှတ်လိုက်ပြီ၊ အေး, မှည့်တယ်ပေါ့၊

* သုံးစားသောအား, ဇောအလားရှင့်။ စားတာဟာ ဇောနဲ့ တူတယ်တဲ့၊ စားတာဟာ အာရုံရော အရသာပါ သူကမှ ခံစားတာနော်၊

မျိုငြားလေပုံ, တဒါရုံမှတ် အကျန်အကြွင်းလေး, တံတွေးလေး, အဖတ်ကလေး ဟုတ်လား၊ အကျန်အကြွင်းလေး နောက်ဆုံး မျိုချလိုက်တာ, ဒါ တဒါရုံတဲ့။

မျိုငြားလေပုံ, တဒါရုံမှတ်, နောက်ထပ်အိပ်ပြန်, ဘဝင်ဟန်, ပြီးတော့ ပြန်ပြီးတော့ အိပ်ပျော်သွားတယ်၊ ဘဝင်ပြန်ကျသွားတယ်။

ပြင်ရန်ပြုသူ, မရှိမူလည်း ဒါဟာ ပဉ္စဒွါရာဝဇ္ဇန်းပြီးရင်၊ စက္ခုဝိညာဏ်ဖြစ် စက္ခုဝိညာဏ်ပြီးရင် သမ္ပဋိစ္ဆိုင်းဖြစ်လို့ ဘယ်သူကမှ ပြင်ပေးနေတာ မဟုတ်ဘူး၊ ဘယ်သူကမှ အမိန့်ပေးနေတာ မဟုတ်ဘူး၊ ပြင်ရန်ပြုသူ မရှိမူလည်းတဲ့။

မတူရှေ့နောင်, ကိစ္စဆောင်လျက်, ဖြစ်တိုင်းပျက်၍ ရှေ့နောက်ဖြစ်နေတဲ့အခါမှာ တစ်ခုနဲ့တစ်ခု မတူဘူး၊ ကိုယ့်ကိစ္စလေးကို ဆောင်ရွက်ပြီးတော့ သွားကြတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်ပေးတယ်၊ စက္ခုဝိညာဏ်က မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိုင်းက လက်ခံလိုက်တယ်၊ သန္တီရဏက စုံစမ်းလိုက်တယ် စသည်ဖြင့် ကိုယ့်ကိစ္စလေးကိုယ် လုပ်သွားကြတာတဲ့၊ ဒါ ဘယ်သူကမှ ခိုင်းနေရတာ မဟုတ်ဘူး၊ သူ့သဘာဝအတိုင်း

[စာမျက်နှာ-201] ဓမ္မသဘာဝအတိုင်း။
ဒါကြောင့်မို့ ပြင်ရန်ပြုသူ, မရှိမူလည်း, မတူရှေ့နောင်, ကိစ္စဆောင်လျက်, ဖြစ်တိုင်းပျက်၍, ဆက်ဆက်စဉ်သာ, မမြင်ပါလည်း, ထင်စွာသဘော, စဉ်ကာ နှောသည်, အဟော နိယာမ ပေတကားတဲ့။

စိတ္တနိယာမဆိုတာ ဒါကို ခေါ်တာနော်၊ စိတ္တနိယာမဆိုတာ အခုလိုစိတ်တွေ တစ်ခုပြီးတစ်ခုပြီး ဖြစ်နေတာ၊ ရှေ့က ပဉ္စဒွါရာဝဇ္ဇန်းဖြစ်သွားလိုက်, ချုပ်သွားလိုက်, စက္ခုဝိညာဏ်ဖြစ်လိုက်, ချုပ်သွားလိုက်, သမ္ပဋိစ္ဆိုင်းဖြစ်လိုက် အဲသလို ဖြစ်နေတာ၊ ဒါဟာ သူ့စိတ်သဘောတရားအရ ဖြစ်နေတာဆိုပါတော့၊ ဖန်ဆင်းရှင်ကြီးက ဖန်ဆင်းပြီးတော့ အမိန့်ပေးထားလို့ စက္ခုဝိညာဏ်နောက်က သမ္ပဋိစ္ဆိုင်းကလိုက်တာ မဟုတ်ဘူး၊ သမ္ပဋိစ္ဆိုင်းနောက်က သန္တီရဏက လိုက်တာ မဟုတ်ဘူး၊ ဘယ်သူကမှ အမိန့်ပေး စီစဉ်ပြုပြင်ပေးနေတာ မဟုတ်ဘူး၊ သူ့သဘော အရကိုက ဒီအတိုင်းပဲ ဖြစ်တာ၊ ကျော်လည်းမဖြစ်ဘူး၊ ဒါ နိယာမတရား တစ်ခုပဲနော်၊ နိယာမတရား ၅-မျိုးရှိတယ်နော်။

လောကကြီးရဲ့ ဖြစ်ပျက်နေပုံကို explain လုပ်တဲ့အခါမှာ ဒီ နိယာမ ၅-ပါးနဲ့ ဟပ်ပြီးတော့ လုပ်လေ့ရှိတယ်၊ အဲဒီမှာ စိတ္တနိယာမ ဆိုတာ ဒါကို ခေါ်တာ၊ တစ်ခုပြီးတစ်ခု သူ့အစဉ်အတိုင်း သူ့သဘာဝအတိုင်း ဖြစ်နေကြတာ၊ ဘယ်သူကမှ အမိန့်ပေးရတာလည်း မဟုတ်ဘူး၊ ဒါကို လွဲချော်ပြီးတော့ သန္တီရဏက အရင်ဖြစ်မယ်, ဝုဋ္ဌောက အရင်ဖြစ်မယ်, ဒီလိုလည်း မဖြစ်ဘူး၊ ဒါ သူ့ အစဉ်လေးနဲ့ ဖြစ်နေတာ၊ ဒါ သူ့နိယာမပဲ၊ အဲဒီ ဥပမာလေးတော့ မှတ်မိအောင် မှတ်ထားပေါ့ နော်။

ကောင်းပြီ, ဒါ ပဉ္စဒွါရဝီထိတွေနော်၊ အဲဒီပဉ္စဒွါရဝီထိတွေမှာ ဟိုနေ့က ခွဲခဲ့ပြီ, ထပ်နည်းနည်း ခွဲလိုက်ကြဦးစို့၊ ဝီထိစိတ်အမျိုး ဘယ်လောက်ရှိသလဲ၊ ၇-မျိုးရှိတယ်၊ ၇-မျိုး ပြန်ဆိုလိုက်ပါဦး ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ် (အာဝဇ္ဇန်း ဝိညာဏ်) သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, ဟုတ်ပြီ၊ တစ်ခုတစ်ခုစီ ရေတွက်မယ်ဆိုရင်ကော ၁၄-ခုရှိတယ်နော်၊ ဇောက ၇-ခု မဟုတ်လား၊ တဒါရုံက ၂-ခု၊

ပဉ္စဒွါရဝီထိမှာ အားလုံးပေါင်းပြီးပြောလိုက်စမ်း၊ ဒီဝီထိတွေထဲမှာ စိတ်ဘယ် လောက် ပါနိုင်သလဲဆိုရင် ကာမာဝစရစိတ် ၅၄-ခု။

အကျယ်အားဖြင့်ပြောစမ်းပါ၊ သို့မဟုတ် ရနိုင်သမျှအားလုံးကို ပြောစမ်းပါ ဆိုရင် ကာမာဝစရစိတ်-၅၄-ခုပဲ, အပြင် မထွက်သေးဘူး၊ ဒါဟာ ပဉ္စဒွါရဝီထိ၊ ၅

[စာမျက်နှာ-202] ဒွါရမှာဖြစ်တဲ့ဝီထိ၊ ၅-ဒွါရကနေဖြစ်တဲ့ ဝီထိ၊ သို့မဟုတ် ပဉ္စဝိညာဏဝီထိလို့ ခေါ်ရင်လည်းရတာပေါ့၊ ဝီထိတစ်ခုမှာတော့ ဝိညာဏ်တစ်မျိုး တစ်မျိုးပေါ့လေ။ ဒီမှာ ဝိညာဏ် ၅-မျိုး ဝီထိတဲ့။

ပစ္စုပ္ပန် ရူပါရုံကို မြင်တဲ့အခါ ကြားတဲ့အခါ၊ နံတဲ့အခါ, အရသာသိတဲ့အခါ, ထိသိတဲ့အခါမှာ ဒီဝီထိတွေနဲ့သိတယ်၊ ပြီးတဲ့နောက်မှ အတိတ်ကို ပြန်ပြီးတော့ စဉ်းစားလို့ သိတာမျိုးကျတော့ မနောဒွါရဝီထိဆိုတာ လာလိမ့်မယ်နော်။

တစ်ခါ ဒီတစ်ခုတစ်ခုကို မြင်လိုက်လို့ နွားမြင်တယ်, လူမြင်တယ်လို့ ဆိုတာမှာ ဒီဝီထိနဲ့ သိသေးတာ မဟုတ်ဘူး၊ အခုပြခဲ့တဲ့ ဝီထိဆိုရင် ပဉ္စဒွါရဝီထိ ဆိုပါတော့, အတိမဟန္တာရုံကျလိုက်ရင် ဒီဝီထိကျပြီးပြီးချင်း သိတာမဟုတ်ဘူး၊ သူ့နောက်က လိုက်တဲ့ နောက်လိုက် မနောဒွါရဝီထိတွေ ရှိသေးတယ်၊ အဲဒီလို ဝီထိအမျိုးအစား ၄-ခုလောက်ကျပြီးမှ နွား, လူ ဆိုတာ ဖော်နိုင်တာ။

အသံကြားရင်လည်း ဒီအသံဟာ ဂေါဆိုတဲ့ အသံပဲ၊ cowဆိုတဲ့ အသံပဲဆိုတာ သိတာ, cow လို့ ကြားပြီးတော့ ဒီ cow ဆိုတဲ့ အသံက သူ့ရဲ့ အဓိပ္ပါယ်က နွားကောင်ကြီးဆိုတာလိုပေါ့လေ၊ အဲဒီလို သိတာ။

ချက်ချင်း ဒီဝီထိနဲ့တင် မသိသေးဘူး၊ အမှန်အတိုင်းက ပဉ္စဒွါရဝီထိဆိုတာ အလွန် အားနည်းသေးတယ်၊ မြင်ရုံလေး မြင်လိုက်တာရှိသေးတယ်၊ ဒီပရမတ် သဘောကို မြင်ရုံလေး မြင်လိုက်သေးတယ်၊ ပညတ်ထိအောင် မသွားသေးဘူးလို့ ဆိုလိုတယ်။

ပညတ်ဆိုတာ လူဆိုရင်ပညတ်ဖြစ်သွားပြီနော်၊ မြင်စရာအာရုံဆိုရင် ပရမတ်, ကြားစရာအာရုံဆိုရင်ပရမတ်, လူကောင်ကြီး မြင်လိုက်တယ်၊ နွားကောင်ကြီး မြင်လိုက်တယ်, ပညတ်ဖြစ်သွားပြီ၊ လူသံကြားလိုက်တယ်, တိရစ္ဆာန်သံ ကြားလိုက်တယ်, ပညတ်ဖြစ်သွားပြီနော်၊ အဲဒီတော့ ဒါနဲ့က ပရမတ်ကိုပဲ မြင်သေးတယ် နောက်လိုက်တွေရှိသေးတယ်၊ အဲဒါကတော့ သင်္ဂြိုဟ်ကျမ်းမှာကတော့ နောက်လိုက် တွေကို အထူးမပြောတော့ဘူး၊ သို့သော် အမှန်က ရှိသေးတယ်၊ ကောင်းပြီ, အဲဒါက ပဉ္စဒွါရဝီထိနော်၊ နောက်ထပ် မနောဒွါရဝီထိတွေ သွားလိုက်ကြ ဦးစို့။

မေး - ဝီထိတစ်ခုနှင့်တစ်ခုကြားမှာ ဆက်နေပါသလား။
ဖြေ - ဝီထိ တစ်ခုနဲ့တစ်ခုကြားမှာ ဘဝင်တွေ ရှိတယ်, မဆက်ဘူး၊ ဆက်လို့ မရဘူး၊ ဝီထိပြီးရင် ဘဝင်ကတော့ လာရမယ်၊ အဲဒီ ဘဝင်မှာလည်းပဲ အဲဒါက အဆိုရှိတယ်၊ ဦးဇင်းဘယ်က ရထားတဲ့ ဂါထာလည်းမသိဘူး၊ ဘယ်ကျမ်းကမှန်း

[စာမျက်နှာ-203] မမှတ်မိဘူး၊ ဂါထာလေးရှိတယ်၊ အဲဒီ ဂါထာလေးအရဆိုရင် မြတ်စွာဘုရားကျရင် ဝီထိတစ်ခုနဲ့တစ်ခုကြားမှာ ဘဝင် ၂-ကြိမ်ပဲခြားသတဲ့၊ အရှင်သာရိပုတြာကျတော့ ဘဝင် ၁၆-ကြိမ် ခြားတယ်၊ ကွာသွားပုံပြောတယ်၊ ကျန်တဲ့ သတ္တဝါတွေကျတော့ အများကြီးခြားတယ်တဲ့၊ ဘယ်လောက်ရယ်လို့ကို မပြောနိုင်ဘူး၊ အဲသလို အဆိုရှိတယ်၊ မြတ်စွာဘုရားကတော့ ဉာဏ်အကြီးဆုံး အထက်ဆုံး ပုဂ္ဂိုလ်ဆိုတော့ ၂-ကြိမ်ခြားတယ်၊ ရှင်သာရိပုတြာကျတော့ ၁၆-ကြိမ်တဲ့၊ တခြားသတ္တဝါတွေ ကျတော့ အကြိမ်ပေါင်းများစွာ ခြားတယ်တဲ့။

လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းလောက်ဖြစ်နိုင်တယ်ဆိုတော့ အများကြီးခြားတာပေါ့၊ အဲဒီဘဝင်ခြားတာကို တရားထိုင်တဲ့အခါကျတော့ မှန်းမိ နိုင်တယ်၊ တစ်ခါတစ်ခါ blank လို ဖြစ်ဖြစ်သွားတာမျိုးရှိတတ်တယ်၊ ဟို ပျောက်သွားတာမျိုးလို အဲသလိုဟာမျိုးဖြစ်တာ အမှန် ဘဝင်ကိုသိတာ၊ နဂိုက နားလည်မထားရင် ငါ ဘဝင်သိတယ်လို့ ဘယ်ယောဂီမှ မသိဘူး၊ အဲသလိုဟာမျိုးတွေ ရှိတတ်တယ်, မှတ်နေရင်းကနေပြီးတော့ အစပျောက်ပျောက် သွားသလို ဖြစ်တာမျိုး။

မနောဒွါရဝီထိတဲ့, မနောဒွါရဝီထိဆိုတာကတော့ ပဉ္စဒွါရနဲ့ မဆိုင်တော့ပဲနဲ့ စိတ်သက်သက်နဲ့ သိတဲ့ ဝီထိပေါ့လေ၊ မနောဒွါရကနေ သိတဲ့ဝီထိတဲ့၊ အဲဒီ မနောဒွါရဝီထိက ကာမဇောဝါရ, အပ္ပနာဇောဝါရတဲ့ နောက်တုန်းကလည်းခွဲခဲ့တယ်။

ကာမဇောဝါရဆိုတာ ကာမဇောတွေပါတဲ့ ဝီထိပေါ့လေ၊ ကာမဇောဝါရက ဝီထိ ဘယ်နှစ်မျိုးရှိလဲ၊ အခု ဒီမှာတင် ဟို အကျဉ်းအားဖြင့်ဆိုရင် ဝိဘူတာရုံ ဝီထိရယ်, အဝိဘူတာရုံ ဝီထိရယ်လို့ ၂-မျိုးရှိတယ်နော်။

ဝိဘူတာရုံဆိုတာ ထင်ရှားတဲ့ အာရုံ၊ ထင်ရှားတဲ့အာရုံကို အာရုံပြုပြီးတော့ ဖြစ်ရင် ဝိဘူတာရုံနော်။

မထင်မရှား အာရုံကို အာရုံပြုပြီးဖြစ်ရင် အဝိဘူတာရုံတဲ့၊ အဲဒီဝိဘူတာရုံ အဝိဘူတာရုံ ဝီထိကျတော့ မနောဒွါရဝီထိကျတော့ ပစ္စုပ္ပန်ရယ်လို့ မဟုတ်တော့ဘူး၊ စိတ်, စေတသိက်တွေ၊ ရုပ်တွေ အတိတ်တရားတွေ, အနာဂတ်တရားတွေ ပညတ်တွေ, နိဗ္ဗာန်တွေ အားလုံး ဒီမှာလာပြီးတော့ ထင်နိုင်တယ်။

အဲဒီတော့ ပဉ္စဒွါရာဝီထိတွေရဲ့ အာရုံဟာ ပစ္စုပ္ပန် ပဉ္စာရုံလို့ ဆိုကြပေါ့နော်၊ ပစ္စုပ္ပန် ရူပါရုံ သဒ္ဒါရုံ စသည်။

အခု မနောဒွါရာဝီထိရဲ့ အာရုံကျတော့ အကုန်လုံး ဖြစ်နိုင်တယ်နော်၊ ပစ္စုပ္ပန်တင် မဟုတ်ဘူး၊ အတိတ် အနာဂတ်လည်း ဖြစ်နိုင်တယ်၊ ပြီးတော့

[စာမျက်နှာ-204] ရုပ်တင် မဟုတ်ဘူး၊ စိတ်တွေ စေတသိက်တွေနော်၊ ဓမ္မာရုံလို့ ခေါ်တဲ့ဟာတွေ ဓမ္မာရုံ မှတ်မိသေးလား နိဗ္ဗာန်, ပညတ်, နိဗ္ဗာန်နှင့်ပညတ်က အတိတ်လည်းမဟုတ်ဘူး၊ အနာဂတ်လည်းမဟုတ်ဘူး၊ ပစ္စုပ္ပန်လည်းမဟုတ်ဘူး၊ ကာလဝိမုတ်လို့ခေါ်တယ်။ ကာလမှ အလွတ်၊ အားလုံးဟာ မနောဒွါရဝီထိရဲ့ အာရုံဖြစ်နိုင်တယ်။

အဲဒီ မနောဒွါရဝီထိဟာ ဝိဘူတာရုံရယ်, အဝိဘူတာရုံရယ်, ဒီလိုပဲပထမ ၂-မျိုးထားရမယ်၊ ဝိဘူတာရုံ ဝီထိ ဘယ်လိုချကြမလဲတဲ့၊ ဒါ သင်္ဂြိုဟ်ကျမ်းမှာ လာတဲ့အတိုင်းပဲ ချကြဦးစို့။

အဲဒီတော့ သင်္ဂြိုဟ်ကျမ်းမှာက ဘာကို ရည်ရွယ်ပြီးတော့ ဝိဘူတာရုံကို ပြောသလဲဆိုတော့ အတိတ်အာရုံတို့၊ အနာဂတ်အာရုံတို့ကို ပြောလိမ့်မယ်၊ အဲဒီတော့ အတိတ်, အနာဂတ်, အာရုံပြောတဲ့အခါကျတော့ ၁၇-ချက် ရုပ်သက်ပြောလို့ ရဦးမလား, လွန်ခဲ့တဲ့ အာရုံကို အာရုံပြုမှာကိုနော်၊ အနာဂတ် မရောက်သေးတဲ့ အာရုံကို အာရုံပြုမှာကို ၁၇-ချက် ရုပ်သက်တည်တယ် ဘာတယ် လုပ်လို့မရဘူး။ ဒါကြောင့်မို့ သွားမသတ်မှတ်နဲ့။

ဒါကြောင့်မို့ ကော်မာလေး ထည့်မထားတာနော်၊ တခြားဟာလေးတွေ ထည့်ပေးထားတယ်၊ သတိထားမိကြလား၊ တခြားဝီထိတွေတုန်းက အဲဒါလေး ထည့်ပေးထားတယ်၊ ဟုတ်လား၊ ဒီကျတော့ မပါတော့ဘူး။

အဲဒီတော့ ဒီမှာ အခု ပစ္စုပ္ပန်အာရုံမဟုတ်တဲ့ အတွက်ကြောင့်မိုလို့ ဘဝင် တစ်ချက် လွန်သွားတယ်, နှစ်ချက်လွန်သွားတယ်လို့ မရဘူးနော်၊ ဒါကြောင့်မို့ မနောဒွါရဝီထိမှာ အတီတဘဝင်ချလို့ ရမလား၊ ချစရာလိုသေးလား၊ အတီတဘဝင် မလိုတော့ဘူး၊ သို့သော် ဘဝင်တော့ လှုပ်ရလိမ့်မယ်။ ဘာလို့တုန်းဆိုတော့ ဘဝင်တော့ ဖြစ်ဦးမှာကိုနော်၊ ဒါဖြင့်ရင် ပထမဟာကတော့ အပြင်ဘက် ဘဝင်ပဲ ထားချင်ထားပေါ့လေ။

နောက်တစ်ခုက ဘာဖြစ်မလဲ၊ အတီတဘဝင် မပါတော့ပဲနဲ့ ဘဝင်္ဂစလန, နောက်တစ်ခုက ဘဝင်္ဂုပစ္ဆေဒ, ဒီ ၂- ခုကတော့ပါရမယ်။

ကောင်းပြီ, ပြီးတော့ ဘာလာမလဲ၊ ကဲ, စဉ်းစားစမ်း၊ မနောဒွါရာဝဇ္ဇန်း, ဝုဋ္ဌောမဟုတ်ဘူးနော်၊ ဒီစိတ်တော့ ဒီစိတ်ပဲ၊ ဒီမှာ မနောဒွါရာဝဇ္ဇန်း အနေနဲ့ ဖြစ်မယ်၊ ဝုဋ္ဌောအနေနဲ့ မဖြစ်ဘူး၊ သူက လှည့်ပေးမယ်၊ ဒီအာရုံကို အာရုံပြုပေးမယ်၊ အဲဒီလို ဆုံးဖြတ်တာ မဟုတ်ဘူး၊ ဒီက မနောဒွါရာဝဇ္ဇန်း။

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်းပြီးရင် သမ္ပဋိစ္ဆိုင်းတို့ သန္တီရဏ

[စာမျက်နှာ-205] တို့က ပဉ္စဒွါရမှာသာဖြစ်တာ၊ ဒွါရသင်္ဂဟနှင့် ပြန်ပြီးတော့ တိုက်ဆိုင်ကြည့်၊ ၅-ဒွါရမှာသာဖြစ်တယ်၊ မနောဒွါရမှာ မဖြစ်ဘူး၊ ဒါကြောင့်မို့ ဒီမှာ သမ္ပဋိစ္ဆိုင်း မလာနိုင်ဘူး၊ သန္တီရဏ မလာနိုင်ဘူးနော်၊ ဝုဋ္ဌောလည်း မလာနိုင်ဘူး၊ ဝုဋ္ဌောက မနောဒွါရာဝဇ္ဇန်းက ၅-ဒွါရမှာဖြစ်ရင် ဝုဋ္ဌောကိစ္စ တပ်ပြီးတော့ဖြစ်တာ။

မနောဒွါရမှာဖြစ်ရင် အာဝဇ္ဇန်း-ကိစ္စတပ်ပြီးတော့ဖြစ်တာ၊ ဒါကြောင့်မို့ သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော မလာနိုင်တော့ဘူး၊ ဘာသာကျန်တော့လဲ၊ ဇော ၇-ကြိမ်, တဒါရုံ ၂-ကြိမ် ကျန်တယ်နော်၊ ဒါကြောင့်မို့ ပြန်ချလိုက်စမ်း၊ ဘယ်လိုဖြစ်မလဲ။ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ဒါပဲ၊ ၁၇-ချက် စေ့တာတွေ ဘာတွေတွက်နေဖို့လည်း မလိုတော့ဘူး၊ ဇောကတော့ ၇-ကြိမ်ပဲ၊ မနောဒွါရမှာဖြစ်တယ်၊ တဒါရုံ ၂-ကြိမ်၊ တဒါရုံက ဝိဘူတာရုံ ဝီထိမှာ တဒါရုံဖြစ်တယ်၊

မေး - အဲဒါတွေပြီးရင် ဘာဆက်လာမလဲ၊
ဖြေ - ဘဝင်တွေပဲပေါ့၊ ဒါကတော့ နောက်လိုက် ဘဝင်တွေဖြစ်ပြီ။

အဝိဘူတာရုံတဲ့ မထင်မရှားဖြစ်နေပြီတဲ့နော်၊ အာရုံက မထင်ရှားတဲ့အတွက် ကြောင့်မိုလို့ ဒီမှာ တဒါရုံ မကျတော့ဘူး၊ တခြားဟာတော့ အတူတူပဲတဲ့ ဆိုတော့ ဘယ်လိုဖြစ်မလဲ၊ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဇော ၇-ကြိမ် ဘဝင်၊ ဇော ၇-ကြိမ်ဆိုရင် ဒီဝီထိဆုံးပြီ၊ ၁၇-ချက်ပြည့်အောင် တွက်နေဖို့မလိုဘူး၊ အဲဒါဖြင့် ဝိဘူတာရုံဝီထိနှင့် အဝိဘူတာရုံ ဝီထိချတာ မခဲယဉ်းပါဘူးနော်၊ ကဲ ပြန်ချလိုက်စမ်းပါဦး၊ ဝိဘူတာရုံ ဝီထိချရင် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဇော ၇-ကြိမ်, တဒါရုံ ၂-ကြိမ်, ဘဝင်။

အဝိဘူတာရုံဆိုရင် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဇော ၇- ကြိမ်, ဘဝင်၊ ဒီ ၂-ခုပဲ သင်္ဂြိုဟ်ကျမ်းမှာပြတယ်၊ တခြားဟာတွေကတော့ နောင်ခါကျမှ လုပ်ကြစို့။

ဒါက ကာမဇော မနောဒွါရဝီထိလို့ ခေါ်တာပေါ့၊ ထင်ရှားတဲ့ အာရုံရယ်၊ မထင်ရှားတဲ့ အာရုံရယ်, အဲသလို ၂-မျိုး။

ဒီမှာလည်းပဲ ဘယ်လိုစိတ်တွေ ချမလဲ၊ ကာမာဝစရ စိတ်ထဲကပဲ ချရမှာ ပေါ့နော်၊ ဘဝင်ဆိုရင်လည်းပဲ ဘဝင်စိတ် ၁၀-ခုထဲက တစ်ခုခုပေါ့ ဟုတ်လား၊ မနောဒွါရာဝဇ္ဇန်း ဆိုရင်မနောဒွါရာဝဇ္ဇန်းပေါ့၊ ဇောဆိုရင်လည်းကာမဇောပေါ့၊ တဒါရုံ ဆိုလည်း ကာမ တဒါရုံပေါ့၊ တဒါရုံကတော့ ကာမတဒါရုံပဲရှိတယ်၊ တခြားဟာ

[စာမျက်နှာ-206] မရှိဘူး၊ အဲဒီလိုပဲ၊ ဒါလဲမခဲယဉ်းပါဘူး။

အာရုံကျတော့ ဒီမှာက ပစ္စုပ္ပန်ရယ် မဟုတ်တော့ဘူး၊ အတိတ်လည်း ဖြစ်နိုင်တယ်၊ အနာဂတ်လည်းဖြစ်နိုင်တယ်၊ ပြီးတော့ အဲဒီအာရုံဟာ စိတ်လည်း ဖြစ်နိုင်တယ်၊ စေတသိက်လည်းဖြစ်နိုင်တယ် စသည်နော်၊ ကိုယ့်စိတ်ကို ပြန်ပြီးတော့ အာရုံပြုတာ မရှိဘူးလား၊ ရှိတာပေါ့၊ အထူးသဖြင့် တရားအားထုတ်တဲ့အခါ သိတယ်, ရှိတယ်။

ကောင်းပြီ, အဲဒါကြောင့်မို့ ဝိဘူတာရုံဝီထိမှာ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဇော ၇-ကြိမ်, တဒါရုံ ၂-ကြိမ်။

အဝိဘူတာရုံဝီထိမှာ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း ဇော ၇-ကြိမ်၊ ဒါပဲနော်။

ဒီနေ့ပေးတဲ့ စာရွက် တတိယအရွက်မှာ အောက်က လင်္ကာလေး ဖတ်စမ်းပါ။
* စိတ်စေတသိက်၊ ရုပ် တိတ် နာဂတ်, ပညတ်နိဗ္ဗာန်, ထင်လာမှန်လျှင်, ဘဝင်တီတ, ချဖွယ်မဟုတ်။

အခု မနောဒွါရမှာ အာရုံအမျိုးမျိုး ထင်လာတယ်နော်၊ ပစ္စုပ္ပန်လည်း ထင်နိုင်တယ်၊ အတိတ်လည်းထင်နိုင်တယ်၊ အနာဂတ်လည်းထင်နိုင်တယ်၊ ပစ္စုပ္ပန် အာရုံထင်ရင်တော့ ထုံးစံအတိုင်းပေါ့၊ အတီတဘဝင်ချနိုင်တယ်၊ ပစ္စုပ္ပန် အာရုံ မဟုတ်ဘူး၊ အတိတ်အာရုံ ဖြစ်နေပြီ၊ ရုပ်တော့ရုပ်ပဲ, အနာဂတ် အာရုံဖြစ်နေပြီဆိုရင်လည်း အတီတဘဝင်ချဖို့ မလိုဘူးတဲ့၊ စိတ်ကို အာရုံပြုပြီးဖြစ်ရင်လည်း အတီတဘဝင်ချဖို့ မလိုဘူး၊ စေတသိက် အာရုံပြုပြီးဖြစ်ရင်လည်း အတီတဘဝင်ချဖို့ မလိုဘူး၊ အတိတ် ရုပ်, အနာဂတ်ရုပ်ကို အာရုံပြုပြီးဖြစ်ရင်လည်းပဲ အတီတဘဝင်ချဖို့ မလိုဘူး၊ ပညတ် အာရုံပြုရင်လည်းပဲ အတီတဘဝင် မလိုဘူး၊ နိဗ္ဗာန် အာရုံပြုရင်လည်းပဲ အတီတဘဝင် မလိုဘူးတဲ့၊ ဒါကြောင့်မို့

* စိတ် စေတသိက်, ရုပ် တိတ် နာဂတ်, ပညတ် နိဗ္ဗာန်, ထင်လာမှန်လျှင် ဘဝင်တီတ, ချဖွယ်မဟုတ်၊ ပစ္စုပ်ရုပ်သာ, ထင်သောခါဝယ်, လျှော်စွာနှိုင်းညှိ ချခွင့်ရှိသည်, ယုတ္တိ ယုတ္တာ စမ်းလေလော့။

ပစ္စုပ္ပန်ရုပ်တရားမှာသာ၊ လျော်စွာနှိုင်းညှိ ချခွင့်ရှိသည်၊ အတီတဘဝင် ချခွင့် ရှိတယ်တဲ့၊ သို့မဟုတ်ရင် ချခွင့်မရှိဘူး။

ဒါဖြင့်ရင် အတီတဘဝင်ကျတဲ့, အတီတဘဝင်ပါတဲ့, ဝိဘူတာရုံ ဝီထိရော အမှန်ကတော့ မရှိနိုင်ဘူးလား၊ ရှိနိုင်တယ်၊ ပစ္စုပ္ပန်ရုပ်ကိုပဲ မနောဒွါရနှင့်

[စာမျက်နှာ-207] အာရုံပြုပြီးတော့ဖြစ်ရင် အတီတဘဝင် ကျနိုင်တယ်ပေါ့၊ သို့သော် အဲဒါတွေ အကုန်လုံး လျှောက်များသွားရင် ရှုပ်ကုန်မှာစိုးလို့ အခု သင်္ဂြိုဟ်ကျမ်းပြသလောက် ကလေးပဲ မှတ်ကြဦးစို့။

ကောင်းပြီ ဝိဘူတာရုံနှင့် အဝိဘူတာရုံ, ဒါဟာကာမဇော မနောဒွါရ ၂-ဝီထိ၊ ဝီထိ ၂-မျိုးရှိတယ်၊ ဒါလောက်ပဲ မှတ်ထားကြဦးစို့၊ နောက်ထပ် ပဉ္စဒွါရာ ဝီထိနောက်လိုက်တဲ့ သုဒ္ဓ တဒနုဝတ္တကမနောဒွါရတဲ့၊ ဒါတွေရှိသေးတယ်၊ နေပေစေဦး။

ရှေ့သွားကြစို့, အပ္ပနာဇောဝါရတဲ့၊ အပ္ပနာဆိုတာ မဟဂ္ဂုတ်နဲ့ လောကုတ္တရာ ဇောတွေကို ခေါ်တာ၊ အပ္ပနာဇော ဘယ်လောက်ရှိလဲ, ပြန်တွက်လိုက်စမ်း ၂၆၊ ဘာတွေတုန်း ရူပါဝစရကုသိုလ်-၅, ကြိယာ-၅, အရူပါဝစရကုသိုလ်-၄, ကြိယာ၄, လောကုတ္တရာ- ၈၊ ဟုတ်ပြီလား၊ အပ္ပနာဇော-၂၆ ရှိတယ်။

အဲဒီ အပ္ပနာဇောတွေပါတဲ့ ဝီထိကို ဘာလို့ခေါ်မလဲ၊ အပ္ပနာဇောဝါရဝီထိ၊ ဒါဖြင့်ရင် ဒီဝီထိတွေမှာ ကာမာဝစရဇောမလာတော့ဘူးပေါ့၊ လာတော့ လာဦးမှာနော် လုံးဝ မလာတာမဟုတ်ဘူး, သို့သော် ပဓာနက ဘာတွေပါမလဲ၊ ဈာန်စိတ်တွေ မဂ်စိတ်တွေ, ဖိုလ်စိတ်တွေ စသည်ဖြင့် လလာလိမ့်မယ်၊ ကောင်းပြီ, သင်္ဂြိုဟ်ကျမ်းမှာတော့ အပ္ပနာဇောနောက်နားမှာပြတယ်၊ ဒီမှာတော့ တစ်ခါတည်း တန်းသွားပြီးတော့ နောက်မှ တစ်ခါတည်း ပြန်ခွဲကြမယ်။

ကောင်းပြီ, အပ္ပနာဇောဝါရမှာ ဈာနဝီထိ၊ မဂ္ဂဝီထိလို့ ပထမ ဒီလို ၂-မျိုး အကြမ်းဖျဉ်း ခွဲလိမ့်မယ်နော်၊ ဈာန်ရတဲ့အခါ ဖြစ်တဲ့ဝီထိကိုဈာနဝီထိပေါ့၊ မဂ်ရတဲ့ အခါဖြစ်တဲ့ ဝီထိကို မဂ္ဂဝီထိနော်။

ကောင်းပြီ, ဈာနဝီထိဖြစ်တာလေး ကြည့်ကြရအောင်။

သော်, ဈာနဝီထိနောက်က စလုံးလေးပါတယ်၊ စဆိုတာ ဘာလဲဆိုတော့ အစဆုံးရတဲ့အခါမှာဖြစ်တဲ့ ဝီထိလို့ ဆိုလိုတယ်၊ ဘာကြောင့်မို့ ဒီလိုပြောရသလဲဆိုတော့ ဈာနဝီထိက ၂-မျိုးရှိတယ်၊ ပထမ စရတဲ့ အကြိမ်မှာဖြစ်တဲ့ ဝီထိရယ်၊ နောင် ဈာန်ဝင်စားတဲ့အခါမှာ ဖြစ်တဲ့ဝီထိရယ်, ဝီထိ ၂-မျိုး ရှိတယ်နော်။

ဈာနဝီထိ စ ဆိုရင် ဒါ အစစွာရတဲ့ဈာနဝီထိ၊ အဲဒီ ဈာနဝီထိကျတော့ ဘယ်လိုလည်း ဆိုတော့နော်၊ ယောဂီတစ်ယောက်က ကသိုဏ်းဝန်းရှုတယ်နော်၊ ပထဝီကသိုဏ်းပဲ ပြောကြပါစို့, မြေကြီးကသိုဏ်းရှုတယ်၊ ကသိုဏ်းရှုတယ်ဆိုတာ မြေကြီးအဝိုင်းလေးလုပ်ပြီးတော့ အဲဒါလေးကြည့်ပြီးတော့ မြေကြီး, မြေကြီး မြေကြီးနဲ့ အကြိမ်ပေါင်းများစွာဆိုနေရတာ၊ မျက်လုံးနဲ့ကြည့်လိုက် မှိတ်ပြီးတော့

[စာမျက်နှာ-208] အဲဒီ အာရုံ ယူနိုင်လားကြည့်လိုက်, မှိတ်ကြည့်လို့ မမြင်သေးဘူးဆိုရင် တစ်ခါပြန်ဖွင့် ကြည့်လိုက်၊ ပထဝီ ပထဝီ ပေါ့လေ ပါဠိလိုဆိုချင်ရင်၊ အဲသလိုနဲ့ ကြာလာတဲ့အခါ ကျတော့ မျက်လုံးမှိတ်လိုက်ပေမယ်လို့ သူက မျက်လုံးဖွင့်ကြည့် သလိုပဲ မြင်လာတယ်။ အဲဒီကျတော့ ဥဂ္ဂဟနိမိတ်လို့ခေါ်တယ်၊ ဒီနိမိတ်ကို သူ အာရုံကို သူယူမိပြီပေါ့။

အဲဒီလို ယူမိလာတဲ့အခါကျတော့ ဟိုကသိုဏ်း ဝန်းအစစ်ကိုကြည့်ဖို့ မလိုတော့ဘူး၊ အဲဒီ ဥဂ္ဂဟနိမိတ်ကိုပဲ အာရုံပြုပြီးတော့ တစ်ခါထပ်ပြီးတော့ ပထဝီ ပထဝီနဲ့ပဲ လုပ်နေတာ၊ တစ်ခါတလေ အဲသလိုလုပ်ရင်းကနေ ပျောက်သွားတာ၊ ပျောက်သွားရင် ပြန်သွား၊ အဲဒီ မြေအစစ်ကသိုဏ်း ပြန်ကြည့်ပေါ့လေ၊ ပြန်ရ အောင်လုပ်၊ အဲဒီလိုရပြီးတော့ အဲဒါကိုပဲ ထပ်ပြီးတော့ ထပ်ခါထပ်ခါ ရှုလာတဲ့အခါ ကျတော့ တစ်ချိန်ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ အဲဒီ ကသိုဏ်းနိမိတ်ဟာပိုပြီးတော့ ကြည်လင်သန့်ရှင်း လာတယ်နော်၊ နဂိုတုန်းက ဥဂ္ဂဟနိမိတ်အခိုက် အတန့်တုန်းက ကသိုဏ်းဝန်းကတော့ ဟိုကသိုဏ်းဝန်းအတိုင်း မြင်တာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ လက်ရာတွေ ဘာတွေပါနေရင်လည်း ဒါကသိုဏ်းရဲ့ အပြစ်လို့ဆိုရတယ်၊ ချို့ယွင်း ချက်တွေ ပါနေရတယ်။

နောက်တစ်ဆင့် ပဋိဘာဂနိမိတ် အဆင့်ရောက်တဲ့အခါကျတော့ အဲဒါတွေ အကုန်မရှိတော့ဘူးတဲ့၊ လုံးဝဖြူစင်သန့်စင်းပြီးတော့ တိမ်စင်တဲ့လလို သို့မဟုတ် ပွတ်တိုက်ထားတဲ့ ကြေးမုံမှန်ကို ကြည်လင်လာတယ်။

အဲသလို ကြည်လင်လာရင် ပဋိဘာဂနိမိတ်လို့ ခေါ်တယ်နော်၊ အဲဒီကြည်လင်တာလည်းပဲ ထပ်ပြီးတော့ရှုပဲ၊ ပထဝီ ပထဝီ ပထဝီ ပထဝီ ထပ်ရှု, ရှုရှု စိတ်တကယ် တည်ကြည်သထက် တည်ကြည်ပြီးလာရင် အဲဒီမှာ ဈာန်ဆိုတာ ဖြစ်တော့တာ၊ အဲဒီတော့ ဈာန်ဆိုတာ မဖြစ်ခင် ဘာဖြစ်သလဲ ဆိုတော့ ကာမာဝစရ ဇောတွေ ဖြစ်ရတယ်၊ ကာမာဝစရဇောတွေနဲ့သူ့ကို သုံးသပ်ကြည့်ရှုနေတာပေါ့လေ၊ စိတ်နဲ့ ကြည်နေတာပေါ့။

အဲလို ကာမာဝစရ ဇောတွေနဲ့ သုံးသပ်ရာကနေ ပြီးတော့မှ ဖျတ်ဆို ဈာန်စိတ်ပေါ်တာ၊ ဈာန်စိတ်က တစ်ကြိမ်ပေါ်ပြီး တစ်ခါတည်း ဘဝင်ပြန်ကျသွားတာ၊ အဲဒီလို ပထမဆုံးရတဲ့ဝီထိကို အစဆုံးရတဲ့ ဈာနဝီထိလို့ ခေါ်ကြစို့, ပါဠိလို အာဒိကမ္မိကလို့သုံးတယ်၊ ပထမဆုံးရတဲ့ ဈာနဝီထိ။

အဲဒီလို ဈာန်ရအောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ ဉာဏ်နဲ့ယှဉ်မလား၊ မယှဉ်ဘူးလား, ယှဉ်ရတော့မှာပေါ့၊ ဉာဏ်မယှဉ်တဲ့စိတ်နဲ့ ရှုနေရင် ဈာန်ရဖို့

[စာမျက်နှာ-209] မလွယ်ဘူး။

ဒါဖြင့်ရင် အဲဒီဈာန်ဇောရဲ့ ရှေ့ကဖြစ်မယ့် ကာမာဝစရဇောဟာ ဘာဇော ဖြစ်ရမလဲ၊ ဉာဏသမ္ပယုတ်ဇော ဖြစ်ရမှာပေါ့။

အဲဒီတော့ ပုထုဇဉ် ပုဂ္ဂိုလ်က ဈာန်ရအောင် အားထုတ်တဲ့အခါကျတော့ အဲဒီ ရှေ့ကနေတဲ့ ဇောတွေက ဉာဏသမ္ပယုတ် ကာမကုသိုလ်ဇော ဖြစ်မှာပေါ့၊ အကယ်၍ ရဟန္တာဖြစ်ပြီးမှ ဈာန်ရအောင် အားထုတ်ရင်ကော ကြိယာဇောဖြစ်မှာပေါ့။ ကာမကြိယာ ဉာဏသမ္ပယုတ်ဇောဖြစ်မှာပေါ့၊ အဲဒီတော့ ဈာနဝီထိချကြစို့နော်၊

ဈာနဝီထိချတဲ့အခါကျတော့ အတီတဘဝင်လိုသေးလား၊ မလိုဘူးနော်၊ ဈာန်ကျတော့ မနောဒွါရ ဖြစ်သွားပြီး မျက်လုံးနဲ့ကြည့်နေတာ မဟုတ်တော့ဘူး။

ကောင်းပြီ, ဒါဖြင့်ရင် ဘယ်လိုနေမလဲ, ဈာနဝီထိမှာ ရှေ့က ဘဝင်တစ်ခုတော့ အမြဲတမ်းထားပေါ့လေ၊ နောက်ဘာလာမလဲ, ဘဝင်္ဂစလနတော့ လာရလိမ့်မယ်။ ဘဝင်ကတော့ မလှုပ်လို့ မရဘူး၊ လှုပ်မှပြတ်မှာကို ဟုတ်ကဲ့လား။

ဪ-နေဦး, မန္ဒဆိုတာလေး ရှိသေးတယ်နော်၊ မန္ဒဆိုတာက အဲဒီဈာန်ရတဲ့ ပုဂ္ဂိုလ်မှာလည်း ဉာဏ်နည်းနည်းနုံ့တဲ့ ပုဂ္ဂိုလ်ရှိသေးတယ်၊ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ရှိသေးတယ်၊ ဈာန်ရတာတော့ ဉာဏ်ထက်လို့ရတာပဲ၊ သို့သော် အဲဒီ အထက်ထဲမှာပဲ အနုံ့နဲ့အထက် ၂-မျိုး၊ မန္ဒဆိုတာ ဆိုတာက နည်းနည်းနုံ့တာ၊ နုံ့တယ်ဆိုတာ နည်းနည်းညံ့သေးတာပေါ့လေ၊

အဲဒီပုဂ္ဂိုလ်အတွက်က ဝီထိတစ်မျိုးချရတယ်၊ တိက္ခပုဂ္ဂိုလ်အတွက်က ဝီထိ တစ်မျိုးချရတယ်၊ တိက္ခဆိုတာ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်, အသိဉာဏ် လျှင်မြန်တဲ့ပုဂ္ဂိုလ်, သူ့ အကွက်က တစ်မျိုးချ၊ အဲဒါကြောင့်မို့ ၂-မျိုး လုပ်ထားတယ်။ ပထမဆုံး မန္ဒပုဂ္ဂိုလ်အတွက်, မန္ဒပညာ ပုဂ္ဂိုလ်လို့ ပြောရင်လည်းရတယ်။

ကိုင်း ချလိုက်စမ်း, ပထမဆုံးကတော့ ဘဝင် တစ်ခါထားပြီးရင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ, ကာမာဝစရဇော ဒီကျတော့ ၄-ကြိမ်စောလိမ့်မယ်နော်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရဝဇ္ဇန်း၊ အဲဒီနောက်ကို ကာမာဝစရဇော ၄-ကြိမ်လာလိမ့်မယ်။

အဲဒီ ၄-ကြိမ်မှာ နာမည်လေးတွေရှိလိမ့်မယ်၊ ပထမဟာကို ပရိကံလို့ခေါ်တယ် နော်၊ အဲဒါလေး သေချာရေးထားကြ၊ ပရိကံ နောက်ဟာကို ဥပစာ၊ နောက်ဟာကို အနုလုံ, နောက်ဟာကို ဂေါတြဘူ, အဲဒီလို ကာမာဝစရဇော ၄-ခု စောပြီးမှ ဈာန်ပြီးရင် ဘဝင်ပြန်ကျသွားတာပဲ၊ ဘဝင်တစ်ချက်ထဲဖြစ်တာနော်၊ ဒါ ပထမဆုံး ဈာန်ရတဲ့ အခါမှာဖြစ်တဲ့ ဝီထိတဲ့၊ ပြန်ပြီးတော့ ချလိုက်စမ်းပါ၊ ဘဝင်္ဂစလန၊

[စာမျက်နှာ-210] ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, ဈာန်, ထို့နောက် ဘဝင်နော်၊ ဒါက မန္ဒပုဂ္ဂိုလ်ရဲ့ အစဆုံး ဈာန်ရတဲ့ ဝီထိ။

တိက္ခ ပုဂ္ဂိုလ်ကျတော့ တစ်ခုလျော့ရုံပါပဲ၊ ဒါကတော့ အရေးမကြီးပါဘူး၊ တိက္ခပုဂ္ဂိုလ်ကျတော့ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ပရိကံ မပါတော့ဘူး၊ သူက ကျော်ချလိုက်ပြီ၊ သူက နည်းနည်းဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကို၊ အဲဒီတော့ ဘာလဲ၊ ဥပစာ အနုလုံ ဂေါတြဘူ၊ ဒါပဲထူးတယ်။

မန္ဒပညာ ပုဂ္ဂိုလ်မှာ ပရိကံ, ဥပစာ, အနုလုံ ဂေါတြဘူ,

တိက္ခပညာပုဂ္ဂိုလ်ကျတော့ ဥပစာ, အနုလုံ, ဂေါတြဘူ ၃-ကြိမ်ပဲကျမယ်၊ ကာမာဝစရဇော, ဟုတ်ပြီလား၊ အဲသလိုကျပြီးရင် ဈာန်တစ်ကြိမ်ဖြစ်, ဈာန် တစ်ကြိမ်ဖြစ်ပြီးရင် ဘဝင်ဖြစ်၊ ဒါက အစဆုံးရတဲ့အခါမှာဖြစ်တဲ့ဝီထိ။

ကာမာဝစရဇောက မန္ဒပုဂ္ဂိုလ်ကျတော့ ၄-ကြိမ်နော်၊ ပြီးတော့ တိက္ခပုဂ္ဂိုလ် ကျတော့ ၃-ကြိမ်, ကာမဇောပြီးရင် ဈာန်ဇောလာတော့တယ်၊ ဟုတ်ပြီလား၊ သူက စိတ်တည်တာပဲ၊ စိတ်တည်ပြီးတော့ ဝိတက်, ဝိစာရဆိုတဲ့ ဟို ဈာန်အင်္ဂါတွေ ရှိပါလား၊ အဲဒီ ဈာန်အင်္ဂါတွေ သိပ်ပြီးတော့ ထင်ရှားလာတာပေါ့၊ ဝိတက်, ဝိစာရ ဆိုတာ ရိုးရိုးစိတ်တွေနဲ့လည်းယှဉ်နေတာပဲ၊ အဲဒီဈာန်ရတဲ့ အချိန်မှာ ဖြစ်တဲ့ဝိတက်, ဝိစာရကတော့ အားကောင်းတဲ့ဝိတက်, ဝိစာရတွေပဲ၊ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ, ဈာန် အင်္ဂါ ၅-ပါးနဲ့တကွဖြစ်သော ပထမဈာန် စိတ် စသည်ဖြင့် ရှိတယ်။

မေး - ဈာန်အင်္ဂါတွေက ထင်ထင်ရှားရှားဖြစ်တာလား။
ဖြေ - ထင်ထင်ရှားရှားအဲဒီမှာ ဖြစ်တာပေါ့၊ အခါတိုင်းလည်း ဖြစ်တော့ ဖြစ်နေ တာပေါ့ ။

အဲဒီတော့ အဲဒီအာရုံမှာတည်ပြီးတော့ ပြီးရင် ပထမ တစ်ကြိမ်ရတာကတော့ ဒါပဲ။

ဈာန်ဝီထိ ဝင်စားတဲ့, အဲသလို ပထမတစ်ကြိမ်ရပြီးတဲ့နောက် မိနစ် အနည်းငယ်ခြား၍ဖြစ်စေ, သို့မဟုတ် နာရီ အနည်းငယ်ခြား၍ဖြစ်စေ, သို့မဟုတ် ရက်လခြား၍ဖြစ်စေ, ပြန်ပြီးတော့ ဒီဈာန်ကို ဝင်စားချင်တယ်၊ ပထမ တစ်ကြိမ်တော့ ရောက်ရုံရောက်လိုက်တာ၊ ရောက်ပြီးတော့ တစ်ခါထပ်ပြီးတော့ ဝင်စားချင်တယ်၊ အဲဒီလို ဝင်စားချင်တဲ့ အခါကျတော့ ထပ်ပြီးတော့ ဒီလိုပဲ ကသိုဏ်းရှုရတယ်နော်။ ရှုပြီးတော့ အဲဒီလိုဖြစ်တဲ့အခါကျတော့ အဲဒီဝင်စားတဲ့ ဝီထိကျတော့ ပထမဆုံးရတဲ့

[စာမျက်နှာ-211] ဝီထိနဲ့ မတူဘူး၊ သူက ဈာန်ထဲမှာ အကြာကြီးနေချင်ပြီ၊ အဲဒီကျတော့ ဈာန်နဲ့နေရတာ ချမ်းသာတယ်ပေါ့၊ စိတ်ချမ်းသာမှု ရနေတာဆိုတော့ ဈာန်နဲ့ အကြာကြီးနေချင်တယ်။ အဲဒီလို ဈာန်နဲ့ အကြာကြီးနေချင်တဲ့အတွက်ကြောင့်မို့ ဈာန်စိတ်ပဲ အကြိမ်ဘယ်လောက်လောက် ဖြစ်မလဲ၊ တစ်နာရီနေချင်တယ်ဆိုရင် ကုဋေပေါင်း များစွာ ဖြစ်မယ်ပေါ့။

ဒါဖြင့်ရင် ဝင်စားတဲ့ ဈာနဝီထိ ချလိုက်စမ်း၊ မန္ဒပုဂ္ဂိုလ်အတွက် ပထမချလိုက်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ၊ ဒါကတော့ လာရတယ်နော်၊ ပြီးရင် ဈာန်အကြိမ်များစွာသွားပြီ, infinity ပေါ့ လေ၊ ဘယ်နှစ်ကြိမ်တုန်း မပြောနိုင်ဘူး၊ ဟုတ်ရဲ့လား။

မေး - အဲဒီအခါမှာ ဈာန်တွေ ဆက်ဆက်ပြီး သွားနေတာပဲ ဘဝင်မရှိတော့ဘူး ပေါ့၊
ဖြေ - နောက်ဆုံးဈာန်က ထခါနီးကျမှ ဘဝင်ကျမှာပေါ့၊ အဲဒါကြောင့်မို့ မနောဒွါရာဝဇ္ဇန်းပြီးရင် ဈာန်ဟာ ၂-ကြိမ်, ၃-ကြိမ် ၄-ကြိမ်၊ ၅-ကြိမ် သွားရော ပေါ့၊ ဟုတ်လား၊ ကိုယ်လိုချင်သလောက်ပေါ့၊ ဆိုပါတော့, တစ်စက္ကန့်ပဲ ကိုယ်က ဈာန်ဝင်စားချင်တယ်ဆိုရင် ၂-ကြိမ်, ၃-ကြိမ်ပဲ ဖြစ်မယ်ပေါ့၊ ဟုတ်လား၊ တစ်နာရီ ဝင်စားချင်တယ်ဆိုရင် အကြိမ်များစွာဖြစ်တော့မယ်၊ တစ်ရက်ဝင်စားချင် တယ်ဆိုရင် များစွာဖြစ်တော့မှာပေါ့ နော်၊ ဒါက မန္ဒပုဂ္ဂိုလ်။

မေး - ဈာန်ဝင်နေတဲ့အချိန်မှာ ဘယ်အချိန်ကျမှ သူကရပ်ပါသလဲ။
ဖြေ - ဒါက သူ အဓိဋ္ဌာန်ရတယ်ပေါ့။

မေး - ဇောတော့ ရှိတာပေါ့နော်။
ဖြေ - ရှိတာပေါ့၊ ကာမဇောတော့ လာရမယ်၊ ဆိုပါတော့, တစ်နာရီ ပတ်လုံး ဈာန်စိတ်ချည်းပဲ ဖြစ်နေပါစေဆိုတာ ဒီ ဈာန်ထဲမရောက်ခင်က အဓိဋ္ဌာန်လို့ ခေါ်တာလုပ်ရတယ်၊ အချိန်ရှိတယ် ဆိုပါတော့၊ တစ်ရက်ဖြစ်ရင်လည်း တစ်ရက် ပေါ့လေ၊ ဘာခေါ်လဲ maximum limit ကတော့ ၇-ရက်ပေါ့၊ ဘာလို့တုန်းဆိုတော့ ဈာန်ဝင်စားနေတဲ့အချိန် ဘာမှထလုပ်မှာ မဟုတ်ဘူး၊ အစားလည်းစားမှာ မဟုတ်ဘူး၊ ရေလည်းသောက်မှာ မဟုတ်ဘူးဆိုတော့ လူ့ခန္ဓာကိုယ်က အစာစားထားပြီးရင် ၇-ရက်ပဲ ခံတယ်ဆိုတာကို၊ ဒါကြောင့် ၇-ရက်ရှိတယ်။

တိက္ခပုဂ္ဂိုလ်ရဲ့ ဈာန်ဝင်စားမှာ လုပ်လိုက်စမ်း၊ ပရိကံဖြုတ်လိုက်ရုံပါပဲ။ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ဥပစာ, အနုလုံ, ဂေါတြဘူ, ဈာန်၊

[စာမျက်နှာ-212] ၂ ကြိမ်, ၃ ကြိမ်က စပြီးတော့ များစွာ။

ကောင်းပြီ, အဲဒီဈာနဝီထိမှာ အခု ကာမာဝစရဇော ဘယ်နှစ်ကြိမ် စောလဲ၊ ၄-ကြိမ်စောတယ်ဆိုပါတော့နော်၊ အများဆုံးအားဖြင့် အဲဒီ၄-ကြိမ်က အမှန်ကတော့ ဒီတစ်ခုတည်း ထပ်ထပ်ဖြစ်တာနော်၊ ဒါပေမယ်လို့ နာမည်ကတော့ တစ်မျိုးစီ မှည့်လိုက်တယ်၊ ပထမဟာကို ပရိကံ။

ပရိကံဆိုတာ Preliminary ပေါ့ နော်၊ ဥပမာဆိုတော့ သူက နီးနေပြီနော်၊ အနုလုံဆိုတာက ဟိုဘက်နဲ့လည်းပျော်တယ်၊ ဒီဘက်နဲ့လည်း ပျော်တယ်ဟုတ်လား၊ ဂေါတြဘူဆိုတာကတော့ ဒီ limit အနွယ်ကို ဖြတ်တော့မယ်၊ ဒီကာမာဝစရ အနွယ်ကို ဖြတ်ပြီးတော့ မဟဂ္ဂုတ်အနွယ်ဘက်ကို ရောက်တော့မယ်၊ ဒါကြောင့်မို့ သူ့ကို ဂေါတြဘူလို့ခေါ်တာ။

ဂေါတြဘူဆိုတဲ့ အဓိပ္ပါယ်မှာ အဓိပ္ပါယ် ၂-မျိုးရှိတယ်၊ ဘူဆိုတဲ့ အဲဒီစကား လုံးရဲ့ အဓိပ္ပါယ်က လွှမ်းမိုးတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်၊ လွှမ်းမိုးဖြတ်တောက် လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ပျော်ဝင်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်၊ ရောက်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်။

အဲဒီတော့ လွှမ်းမိုးတယ်လို့ ပြောရင်တော့ ကာမအနွယ်ကို လွှမ်းမိုးတယ်ပေါ့။ ကာမအနွယ်ကို ဖိနှိပ်ချလိုက်တယ်၊ ရောက်တယ်လို့ပြောရင် မဟဂ္ဂုတ်အနွယ်ထဲကို ရောက်သွားတာ၊ ဒါ ဂေါတြဘူ၊ အမှန်ကတော့ ကာမာဝစရဇောချည်း ၄-ကြိမ်ထပ်ဖြစ်တာ၊ အဲဒီ ၄-ကြိမ်ကို ဒီလို အသီးအသီးနာမည်ပေးထားတာ။

ကောင်းပြီ အဲဒီကာမာဝစရဇောတွေက ခုနပြောသလို ဘာဇောတွေဖြစ်ရမလဲ။ ဉာဏသမ္ပယုတ်ဖြစ်ရမယ်နော်၊ ဉာဏသမ္ပယုတ် ကာမာဝစရဇောဆိုရင် ကုသိုလ်ထဲက ဘယ်နှစ်ခုရှိတုန်း၊ ကာမာဝစရကုသိုလ်ထဲက ၄-ခုရှိတယ်၊ ကာမာဝစရကြိယာထဲက ၄-ခုရှိတယ်၊ အဲဒီ ၈-ခုထဲက တစ်ခုခုပေါ့၊ ရဟန္တာဖြစ်ရင်တော့ ကြိယာပေါ့၊ တခြားပုဂ္ဂိုလ်ဆိုရင် ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်ရော ဆိုရင် ကုသိုလ်ပေါ့။

ကာမာဝစရဇော ၄-ကြိမ် ပြီးတော့မှ ဈာန်ဇောတစ်ကြိမ်, ဈာန်ဇောကျတော့ ပထမဈာန်လည်းဖြစ်နိုင်တယ်, ဒုတိယဈာန်လည်း ဖြစ်နိုင်တယ်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်, အရူပါဝစရ ပထမ, ဒုတိယ, တတိယ, စတုတ္ထပေါ့၊ ဟုတ်တယ်မို့လား ဒီဈာန်တွေထဲက တစ်ခုခုဖြစ်မယ်၊ ဒါဟာ ဈာနဝီထိ။

အဲဒီဈာနဝီထိရဲ့ အာရုံဟာ ဘာလဲဆိုတော့ ကသိုဏ်း ပညတ်လို့ခေါ်တယ်နော်။

[စာမျက်နှာ-213] ကသိုဏ်းပညတ်, ကသိုဏ်းအစစ်မဟုတ်ဘူး၊ စိတ်ထဲမှာ မှန်းဆထားပြီးတော့ မြင်တဲ့ပညတ်, မြင်တဲ့အာရုံမို့လို့ ကသိုဏ်းပညတ်၊ ဒါက ကသိုဏ်းအားထုတ်ရင်လို့ ဆိုလိုတယ်၊ တခြားနည်းနဲ့လည်း ရှိသေးတယ်နော်၊ ကသိုဏ်းပညတ်စသည်လို့ အဲဒီလို မှတ်ထားတာ ကောင်းတယ်၊ ဘာပြုတုန်းဆိုတော့ ကသိုဏ်းတင် မဟုတ်ဘူး၊ ဒါက ကမ္မဋ္ဌာန်းပိုင်းကျတော့ ပိုပြီးတော့ ပေါ်လိမ့်မယ်၊ ဘယ်ကမ္မဋ္ဌာန်း အားထုတ်ရင် ဘယ်ဈာန်ရတယ်ဆိုတာ စိတ်ပိုင်းတုန်းကလည်း ပြောခဲ့တယ်ဟုတ်လား၊ အဲဒီ chart လေးနဲ့ ပြန်ကြည့်ပြီးတော့ ဟပ်ယူရမယ်နော်၊ အဲဒါကြောင့်မို့ ပထမဈာန်ဆိုရင် ကသိုဏ်းလည်းဖြစ်နိုင်တယ်၊ အသုဘလည်းဖြစ်နိုင်တယ်၊ တခြားမေတ္တာကရုဏာ မုဒိတာ ဖြစ်နိုင်တယ်၊ အဲသလိုပေါ့၊ ဒါတော့ အဲဒါနဲ့ ဟပ်ယူရမှာ၊ ကောင်းပြီ, အဲဒါက ဈာနဝီထိ။

မဂ္ဂဝီထိတော့ ထားလိုက်ကြဦးစို့ ဟုတ်လား၊ နောက်လာလိမ့်မယ်၊ နောက်ကျမှ သွားကြစို့နော်။

အဲဒီတော့ ဒီဈာနဝီထိမှာ ဈာန်ဇောအနေနဲ့ဆိုရင် ပထမဈာန်, ဒုတိယဈာန် စသည်နော်၊ မဟဂ္ဂုတ်ဈာန်တွေကို ချနိုင်တယ်၊ မနောဒွါရာဝဇ္ဇန်းကတော့ မနောဒွါရာဝဇ္ဇန်းပဲ၊ သူ့ ရိုးရိုးအတိုင်းပဲ၊ ဘာမှ ထူးခြားမှု မရှိဘူး၊ ပြီးတော့ ဘဝင်ကျတော့လည်း ကာမသတ္တဝါဆိုရင် ကာမဘဝင်ပဲပေါ့၊ ရူပါဝစရသတ္တဝါဆိုရင် ရူပါဝစရဘဝင် ချရမယ်, အရူပါဝစရ သတ္တဝါဆိုရင် အရူပါဝစရ ဘဝင်ချရမှာပေါ့၊ အာရုံ အနေနဲ့ကတော့ ကသိုဏ်းစသည်လို့ ဒီလိုပဲ မှတ်လိုက်ပေတော့၊ မှီရာကတော့ မထူးဘူး၊ ဟို ရှေးရှေးစိတ်နဲ့ အတူဥပါဒ်တဲ့ ဟဒယဝတ္ထု၊ အဲဒါပဲ မှီကြလိမ့်မယ်။ အဲဒါ ဈာနဝီထိတဲ့၊ ဈာနဝီထိ အားလုံးဆိုရင် ၄-မျိုးဖြစ်သွားမှာပေါ့၊ အစရတဲ့ ဈာနဝီထိ, မန္ဒအတွက် တစ်မျိုး, တိက္ခအတွက်တစ်မျိုး, ဝင်စားတဲ့ ဈာနဝီထိ၊ မန္ဒအတွက်တစ်မျိုး, တိက္ခအတွက်တစ်မျိုးမှ အားလုံးဒီမှာ ဒါ ၄-မျိုးလောက်ပဲ မှတ်ဦးပေါ့နော်။

ဒါပေမယ်လို့ ဈာန်ရပေမယ်လို့ ကောင်းကင်ပျံနိုင်ပြီလို့ မထင်နဲ့ဦးနော်၊ ဈာန်ရတာ ရရုံပဲရှိသေးတယ်၊ ခုနက ဝိတက်, ဝိစာရတွေ ထင်ထင်ရှားရှားဖြစ်ပြီးတော့ စိတ်ချမ်းသာနေတာပဲ ရှိသေးတယ်ပေါ့၊ ချမ်းသာ ခံစားနေတာပဲရှိသေးတယ်။ ကောင်းကင်ပျံဖို့ ဘာဖို့ မရှိသေးဘူး၊ အဲဒါက အဘိညာဏ်ဆိုတာ ရောက်မှဖြစ်မှာနော်၊ အဘိညာဏ် မရောက်ပဲနဲ့ ဈာန်သက်သက်နဲ့က ဣဒ္ဓိဝိဓလို့ ခေါ်တဲ့ ကောင်းကင် တာတွေ ဘာတွေမဖြစ်သေးဘူး၊ ဒါက အပ္ပနာဇောဝါရမှာ, ဈာနဝီထိ လေ့လာ

[စာမျက်နှာ-214] လိုက်ပြီ။

အဲဒီတော့ ဒီဈာနဝီထိမှာ ကြည့်လိုက်ရင် ရှေ့က ကာမာဝစရဇောရှိတယ်။ အဲဒီကာမာဝစရဇောနောက်က ဈာန်ဇော လိုက်တယ်၊ အဲသလို ဈာန်ဇောလိုက်တော့ အဲဒီရှေ့က ကာမာဝစရဇောက သောမနဿလည်း ဖြစ်နိုင်တယ်၊ ဥပေက္ခာလည်း ဖြစ်နိုင်တယ်၊ ဉာဏသမ္ပယုတ်ဇော ၄-ခုဆိုတော့ သောမနဿ ၂-ခု, ဥပေက္ခာ ၂-ခု မဟုတ်ဘူးလား၊ ကုသိုလ်ထဲက ၄-ခုဆိုရင် ကြိယာထဲက ၄-ခုဆိုရင်လည်း ဟုတ်တယ်။

ဒါကြောင့်မို့ သောမနဿဆိုပါတော့ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူက ကာမာဝစရသောမနဿဇောဖြစ်ရင် နောက်က ဘာဈာန်ဇောတွေ လိုက်နိုင်သလဲ။ မဂ်ဖြစ်ရင်လည်း ဘာမဂ်ဇောတွေ လိုက်နိုင်သလဲ?၊ ဥပေက္ခာဖြစ်ရင်ဘာဈာန်ဇောတွေ လိုက်နိုင်သလဲ, ဘာမဂ်ဇောတွေ လိုက်နိုင်သလဲ, ကုသိုလ်ဖြစ်ရင် ဘာဈာန် ဘာမဂ်တွေလိုက်နိုင်သလဲ, ကြိယာဖြစ်ရင် နောက်က ဘာဈာန်ဘာမဂ်တွေ လိုက်နိုင်သလဲ ဒါ ရှာရလိမ့်ဦးမယ်နော်၊ အဲဒါရှာဖို့ကျတော့ နောက်တစ်ရွက်ပေါ့။ နောက်တစ်ရွက်မှာ ရေးထားတာက အဲဒါရှာဖို့ပေးထားတာ ဟုတ်လား၊ ကာမဇော နောင် အပ္ပနာဇောတဲ့။

ဘယ်ကာမဇော နောင်ဘယ်အပ္ပနာဇောလိုက်သလဲ၊ ဒါ အသေးစိတ် မပေးဘူးနော်၊ အသေးစိတ် ဦးဇင်းကကိုယ့်ဟာကို လုပ်ခိုင်းမလို့၊ အဲဒီတော့ သောမနဿ သဟဂုတ်ဇောဆိုရင် ဒါကာမဇော ပြောတာ၊ ခုနက ပရိကံ, ဥပစာ, အနုလုံ၊ ဂေါတြဘူ ၄-ခု။

သောမနဿ သဟဂုတ်ဇော နောင်မှာ ဘာအပ္ပနာဇောတွေ စောနိုင်သလဲ။ သောမနဿ သဟဂုတ် အပ္ပနာဇောတွေ, သောမနဿသဟဂုတ် အပ္ပနာဇောတွေ ဆိုရင် ရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဟုတ်ပြီလား၊ အရူပါဝစရပါသေးလား၊ မပါဘူးပေါ့နော်၊ ဒါဖြင့်ရင် ရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်။

ပြီးတော့ လောကုတ္တရာစိတ်ဈာန် ပွားလိုက်မယ်ဆိုရင် လောကုတ္တရာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်။

ဥပေက္ခာသဟဂုတ်ဇော နောင် ဒါ ကာမာဝစရဇော, ဥပေက္ခာသဟဂုတ် ကာမာဝစရဇော နောင် ဥပေက္ခာသဟဂုတ် အပ္ပနာဇောပဲစောမယ်။

ဒါကြောင့် ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ က ဥပေက္ခာဖြစ်ရင် ဟော

[စာမျက်နှာ-215] ဟိုဘက်ကလည်း ဥပေက္ခာဇောတဲ့၊ ဥပေက္ခာဇောဆိုတော့ ဘာရှိမလဲ၊ ပဉ္စမဈာန်ရယ်, အရူပါဝစရရယ်, နောက်ပြီးတော့ မဂ်ဖိုလ်, ပဉ္စမဈာန်ရယ်, ဟုတ်တယ်မဟုတ်လား၊

တစ်ခါ ကာမာဝစရဇောက မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄-ခုနော်၊ ဒီကျတော့ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ်နဲ့ ခွဲတယ်၊ ခုနတုန်းက သောမနဿနဲ့ ဥပေက္ခာခွဲတယ်၊ အဲဒီတော့ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄-ခု ဖြစ်ခဲ့မယ်ဆိုရင် အပ္ပနာဇောတွေက ဘာတွေစောနိုင်တုန်း၊ အပ္ပနာထဲက ကုသိုလ်ဇောရယ်, အောက်ဖိုလ် ၃-ခုရယ်, သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်နော်၊ ကုသိုလ်ဇော ဆိုတော့ ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, မဂ်ပြီးတော့ အောက်ဖိုလ် ၃-ခု။

အကယ်၍ ကာမာဝစရဇောက မဟာကြိယာဉာဏသမ္ပယုတ်ဇောဖြစ်နေ ပါပြီတဲ့နော်၊ ရဟန္တာသန္တာန်မှာဖြစ်လို့ဆိုရင် ဇောတွေက ဘာဖြစ်မလဲ၊ အပ္ပနာကြိယာ ဇောဆိုတော့ ရူပါဝစရကြိယာ, အရူပါဝစရကြိယာနော်၊ ပြီးတော့ အရဟတ္တဖိုလ်ဇော, မဂ်ဇောပါနိုင်သေးလား၊ မပါနိုင်ဘူးပေါ့၊ မဂ်ဇောက ကုသိုလ်ဇောပဲ၊ အဲဒီလိုဖြစ်မယ်။

ဒါကြောင့်မို့ အဲဒါကို run လုပ်လိုက်ရင် အောက်မှာ မဟာကုသိုလ် သောမနဿ သဟဂုတ်၊ ဉာဏသမ္ပယုတ်ဇော ၂-ခုနောင်၊ အပ္ပနာဇော ၃၂-ခု၊ စောနိုင်တယ်။

မဟာကုသိုလ် ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခုမှ နောင် အပ္ပနာဇော ၁၂-ခု စောနိုင်တယ်၊ အပ္ပနာဇောထဲမှာ လောကုတ္တရာပါတယ်ဆိုတာလည်းမှတ်ထား။

မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ်ဇော ၂-ခု၊ နောင်မှာ အပ္ပနာဇော ၈-ခု စောနိုင်တယ်၊ မဟာကြိယာ ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင်မှာ အပ္ပနာဇော ၆-ခု စောနိုင်တယ်၊ ဒါသင်္ဂြိုဟ်ကျမ်းမှာ ရေးတဲ့အတိုင်း မြန်မာလို ရှင်းအောင် ပြန်ပေးထားတာ။

အဲဒီတော့ ဦးဇင်းတို့ ရှေးတုန်းကအဆိုရှိတယ်၊ ဒီဟာတွက်တာမလွယ်ဘူးတဲ့၊ အမှန်ကတော့ မခက်ပါဘူး၊ ကိုရင်တို့ ဦးဇင်းငယ်တို့ သင်ပေးတာကို၊ အဲဒီတော့ ၃၂-တို့ ၁၂-တို့ကို ၈-တို့ ၆-တို့ကို ဆရာက အထူးမပြောရပဲနဲ့ တပည့်က ကိုယ်ဟာကို ရှာတတ်ရင် ဒီတပည့်ဆုပေးတယ်တဲ့။

ကောင်းပြီ- ဟုတ်ကဲ့လား, နောက်အပတ်ကျရင် မေးမယ်။

[စာမျက်နှာ-216] သောမနဿသဟဂုတ် ကာမဇော နောင် သောမနဿသဟဂုတ် အပ္ပနာဇော
ဥပေက္ခာသဟဂုတ် ကာမဇော နောင် ဥပေက္ခာသဟဂုတ် အပ္ပနာဇော
မဟာကု ဉာဏသံ ဇော ၄ နောင် အပ္ပနာ ကုဇော၊ အောက်ဖိုလ် ၃-ခုဇော
မဟာကြိ ဉာဏသံ ဇော ၄ နောင် အပ္ပနာကြိဇော၊ အရဟတ္တဖိုလ်ဇော

ထို့ကြောင့်
မဟာကု သော ဉာဏသံဇော ၂ နောင် အပ္ပနာဇော ၃၂
မဟာကု ဥ ဉာဏသံဇော ၂ နောင် အပ္ပနာဇော ၁၂
မဟာကြိ သော ဉာဏသံဇော ၂ နောင် အပ္ပနာဇော ၈
မဟာကြိ ဥ ဉာဏသံဇော ၂ နောင် အပ္ပနာဇော ၆

* စိတ် စေတသိက်, ရုပ်-တိတ်-နာဂတ်, ပညတ်- နိဗ္ဗာန်, ထင်လာမှန်လျှင်, ဘဝင်္ဂတီတ, ချဖွယ်မဟုတ်, ပစ္စုပ်ရုပ်သာ, ထင်သောခါဝယ်, လျော်စွာနှိုင်းညှိ၊ ချခွင့် ရှိသည်၊ ယုတ္တိယုတ္တာ စမ်းလေလော။

[စာမျက်နှာ-217]
တဒါရုံကို သတ်မှတ်ခြင်း အာရုံ
အနိဋ္ဌာရုံ --- အကု-ဝိ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆန္န၊ သန္တီရဏ၊ တဒါရုံ ဣဋ္ဌမဇ္ဈတ္တာရုံ --- ကု-ဝိ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆန္န၊ သန္တီရဏ၊ တဒါရုံ အတိဣဋ္ဌာရုံ --- ကု-ဝိ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆန္န၊ သောမနဿသန္တီရဏ နှင့် တဒါရုံတို့ သောမနဿ-ချည်း
ဝိပါက်အမှန်၊ ဇောအပြန်။

လောဘ ၈၊ မောဟ ၂ ဇောနောင် - တဒါရုံ ၁၁
ဒေါသ ၂ ဇောနောင် - ဥပေက္ခာတဒါရုံ ၆၊ ဥပေက္ခာ ဘဝင် မဟာကုသိုလ်ဇော ၈ ဇောနောင် - တဒါရုံ ၁၁
သောမနဿ-မဟာကြိယာ ၄+ဟသိတုပ္ပါဒ် ဇောနောင် - သောမနဿ တဒါရုံ ၅
ဥပေက္ခာ မဟာကြိယာ ၄ ဇောနောင် - ဥပေက္ခာတဒါရုံ ၆

အာဂန္တုက ဘဝင်
ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ တို့ တစ်မျိုးတည်း တစ်ခုတည်းသာ ဖြစ်ရသည်။ ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ ၃-ပါးဆုံမှသာ တဒါရုံကျနိုင်သည်။ အတိမဟန္တာရုံ၊ ဝိဘူတာရုံ၌သာ တဒါရုံ ကျနိုင်သည်။
သောမနဿပဋိသန္ဓေ --- အတိဣဋ္ဌ၊ အတိမဟန္တ၊ ဝိဘူတ၊ မဟန္တာရုံ၊ အဝိဘူတာရုံ၊ မဟဂ္ဂုတ်၊ ပညတ် -- ဒေါသဇော --(တဒါရုံ)မကျ-- ဥပေက္ခာသန္တီရဏ(အာဂန္တုကဘဝင်ကိစ္စတပ်)

[စာမျက်နှာ-218]
ဣဋ္ဌ အနိဋ္ဌ ခွဲနည်း
အလတ်စားတန်း၊ ပုဂ္ဂိုလ်မှန်းလျက်၊ ဝိပါက် ဒွါရ၊ ချိန်ကာလနှင့်၊ ရူပ ဂန္ဓာ၊ နှိုင်းချင့်ကာဖြင့်၊ အနိဋ္ဌာလော၊ ဣဋ္ဌာလော, စစ်ကြောတွေ့တိုင်းပင်။

အာဂန္တုက (ဧည့်သည်)ဘဝင်
သောမနဿသန္ဓေ၊ စွဲကပ်နေ၍၊
ယူလေ မိစ္ဆာ၊ ရှိသူမှာလျှင်၊ လွန်စွာတင့်ဘိ၊ အတိဣဋ္ဌံ၊ အတိမဟန္တ၊ ဝိဘူတဟု၊ ဗုဒ္ဓအာရုံ၊ ကြုံသော်လည်းကောင်း၊
တစ်ကြောင်းကမူ၊ အဝိဘူတ၊ မဟန္တဟု၊ ကာမအာရုံ၊ ဆုံလေကရပ်၊ သမာပတ်ကို၊ ရလတ်ပြီးမှ ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း၊ မယွင်းတစ်ခု၊ ပညတ်စုကို၊ ရှုလေတလော။
ဒေါသတို့၊ စော၍ပြီးတုံ၊ တဒါရုံကား၊ အာရုံနှင့်သော်၊ မသင့်တော်ခဲ့။
ချင့်မျှော်တခင်း၊ ဘဝင်ဆင်းလည်း၊ မူရင်းသန္ဓေ၊ မလျော်ပေတည့်၊ သို့နေခက်ခဲ၊ အချက်ထဲဝယ်၊ ဆက်တွဲဟန်ပြု၊ အာဂန္တုဟု၊ တစ်ခုဘဝင်၊ စပ်ကြား ဝင်သည်၊ အရှင့်ဆရာ မိန့်ခွန်းတည်း။
အာဂန္တုကဘဝင်ကျသော အတိမဟန္တာရုံ ဝီထိ။

[စာမျက်နှာ-219]
အဘိဓမ္မာသင်တန်း ၂၄

ဝီထိပိုင်း

ကာမဇော နောင် အပ္ပနာဇော မဂ္ဂဝီထိ
တဒါရုံသတ်မှတ်ခြင်း

ဒီနေ့ ဧပြီလ ၃-ရက်၊ ဒီနေ့ ရှေ့မသွားခင် လွန်ခဲ့တဲ့အပတ်က ခိုင်းလိုက်တာ ပြန်ပြီးတော့ ကြည့်ကြဦးစို့၊ လွန်ခဲ့တဲ့အပတ်က ပထမ ကာမဇော နောင်, အပ္ပနာဇောနှောင်းတာတွေ၊ သောမနဿ သဟဂုတ်ဇော နောင်, သောမနဿ အပ္ပနာနှောင်းတယ်၊ ဥပေက္ခာသဟဂုတ်ဇော နောင်, ဥပေက္ခာသဟဂုတ် နှောင်းတယ်၊ တစ်ခါ ကုသိုလ် နောင်, ကုသိုလ်နဲ့အောက် ဖိုလ် ၃-ခုနှောင်းတယ်၊ ကြိယာနောင် ကြိယာနဲ့ အရဟတ္တဖိုလ်နှောင်းတယ်၊ ဒါပါပဲနော်, အဲဒီဟာ မှတ်ထားပြီးရင် ဟိုနေ့က ပေးလိုက်တဲ့ ၃၂-၁၂-၈-၆ ဖော်လို့ ရသွားပြီ။

အဲဒီတော့ မဟာကုသိုလ် သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု၊ မဟာကုသိုလ် ၈-ခုထဲက ပထမ ၂-ခုပေါ့၊ အဲဒီနောင် အပ္ပနာဇော ၃၂-ခု နှောင်းနိုင်တယ်ဆိုတော့ ဘာတွေနှောင်းနိုင်တုန်း၊ ရူပါဝစရကုသိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်နော်, သောတာပတ္တိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, သကဒါဂါမိမဂ် ထို့အတူ အနာဂါမိမဂ်

[စာမျက်နှာ-220] ထို့အတူ၊ အရဟတ္တမဂ်, ထို့အတူ၊ သောတာပတ္တိဖိုလ် ထို့အတူ၊ သကဒါဂါမိဖိုလ်, ထို့အတူ၊ အနာဂါမိဖိုလ်, ထို့အတူ အားလုံးပေါင်းလိုက်တော့ ၃၂- ရတယ်။

မဟာကုသိုလ် ဥပေက္ခာတဲ့နော်, ဥပေက္ခာသဟဂုတ် မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၂-ခု, ဒါက အပြာထဲရောက်သွားပြီ၊ သူ့ နောင်ဆိုတော့ ဘာ နှောင်းနိုင်တုန်း၊ ဥပေက္ခာတွေ ကြည့်လိုက်ပေါ့နော်၊ ဥပေက္ခာသဟဂုတ်၊ ပြီးတော့ အောက်ဖိုလ် ၃-ခုရယ် ကြည့်လိုက်တော့ ရူပါဝစရ ဥပေက္ခာက ပဉ္စမဈာန်ရရော, ပြီးတော့ အရူပါဝစရ ဥပေက္ခာကတော့ လေးခုစလုံးရရော၊ ပြီးတော့ သောတာပတ္တိမဂ် ပဉ္စမဈာန်၊ သကဒါဂါမိမဂ်, ပဉ္စမဈာန်၊ အနာဂါမိမဂ် ပဉ္စမဈာန်၊ အဲဒီတော့ အားလုံး ၁၂-ခု။

ပြီးတော့ တစ်ခါ မဟာကြိယာ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု, ကြိယာဇော နောင်ဆိုတော့ ကြိယာနဲ့ အရဟတ္တဖိုလ် နှောင်းတော့မှာ အဲဒီတော့ ကြိယာဆိုရင် ရူပါဝစရ ကြိယာထဲက သောမနဿ ယူလိုက်ရင် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပြီးတော့ မဂ်ကမရှိ၊ ဖိုလ်ထဲက အရဟတ္တဖိုလ်ရှိတယ်၊ အရဟတ္တဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် အားလုံးပေါင်းလိုက်ရင် ၈-ခု။

တစ်ခါ မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၂-ခုနောင် ဆိုတော့ ဥပေက္ခာတွေပဲကြည့်လိုက်စမ်း၊ ရူပါဝစရကြိယာထဲက ပဉ္စမဈာန် ၁-ခု၊ အရူပါဝစရက ၄- ခု၊ ဟိုနောက်ဆုံး အရဟတ္တဖိုလ် ပဉ္စမဈာန်က ၁-ခု၊ အားလုံး ၆-ခုရတယ်၊ ဒါပါပဲနော် ခဲယဉ်းတာတော့ မဟုတ်ပါဘူး၊ ရှေးတုန်းက ဆရာက မပြောပဲ ကိုယ့်ဟာကိုဖော်ခိုင်းရင် ဆုပေးတယ် ပြောတာပဲ၊ ကောင်းပြီ, ဒါက ကာမာဝစရဇော နောင် အပ္ပနာဇော နှောင်းပုံတွေ။

ဝီထိတွေမှာ ကြည့်လိုက်တဲ့အခါမှာ ဈာနဝီထိကို ကြည့်လိုက်တဲ့ အခါကျတော့ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, ဆိုတာ တွေ့ခဲ့တယ် မဟုတ်လား၊ ပြီးတော့ ဈာန်, ပြီးတော့ ဘဝင် ကျသွားရော၊ အဲဒီမှာ ဈာန်ဆိုရင် ဘယ်ဈာန်ကောက်ရမယ်။ အကယ်၍သူက ပထမဈာန်ဖြစ်ခဲ့ရင် ရှေးက ကာမာဝစရ ဇောက ဘာတွေကောက်ရ မယ်ဆိုတာ ကာမဇော နောင်အပ္ပနာဇော နှောင်းတာနဲ့ ညှိပြီးတော့ ကောက်ယူရမယ်။

အဲဒီတော့ ဟိုအရင်တုန်းက ပေးထားတဲ့ မနောဒွါရဝီထိများဆိုတဲ့ ပုံထဲမှာ အောက်ဆုံး မဂ္ဂဝီထိဆိုတာကို မလုပ်ရသေးဘူး၊ အရင်အပတ်တုန်းက ပေးတဲ့ စာရွက်ထဲမှာ မနောဒွါရဝီထိများဆိုတာမှာ ကာမဇော မနောဒွါရဝီထိတွေ ချခဲ့ပြီ။

[စာမျက်နှာ-221] အပ္ပနာဇောထဲကလည်းပဲ ဈာနဝီထိနော်၊ မန္ဒ၊ တိက္ခ ပြီးတော့ တစ်ခါ မဂ္ဂဝီထိ မချရသေးဘူး၊ အဲဒီ မဂ္ဂဝီထိလေး ချကြဦးစို့နော်၊ ဘာလို့လဲဆိုတော့ ဒီစာမျက်နှာ ကုန်သွားအောင်။

မဂ္ဂဝီထိကလည်းပဲ ဈာနဝီထိနဲ့ ခပ်ဆင်ဆင်သွားတာပါပဲ၊ သူကလည်းပဲ မနောဒွါရဝီထိပဲကိုး၊ မဂ္ဂဝီထိက ဘယ်အချိန်မှာကျသလဲဆိုရင် ဝိပဿနာကမ္မဋ္ဌာန်း တရားအားထုတ်လို့ ဉာဏ်စဉ်အဆင့်ဆင့် တက်သွားလို့ တရားထူးရတယ်ဆိုတဲ့ အချိန်မှာ ဖြစ်ပေါ်တဲ့ဝီထိ။

ပထမဆုံးကတော့ ဝီထိအပြင်ဘက်က ဘဝင်ထားလိုက်နော်၊ နောက် ဘဝင်္ဂစလန၊ နောက် ဘဝင်္ဂုပစ္ဆေဒပြီးရင် ဘာလာမလဲ၊ သူက မနောဒွါရဝီထိ၊ မနောဒွါရာဝဇ္ဇန်းဆို ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်းပြီးတော့ ကာမာဝစရ ဇောလေးကြိမ် လာခဲ့၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ ဂေါတြဘူပြီးတာနဲ့ တပြိုင်နက် မဂ်စိတ် တစ်ကြိမ်ဖြစ်။

မဂ်စိတ်တစ်ကြိမ်ဖြစ်ပြီးတဲ့နောက် ဖိုလ်စိတ် ၂-ကြိမ်ဖြစ်ပြီးရင် ဘဝင် ပြန်ကျသွား၊ ဒါက မန္ဒပညာပုဂ္ဂိုလ်ရဲ့ မဂ္ဂဝီထိ၊ မန္ဒပညာဆိုတာ ဉာဏ်သိပ်မထက်ဘူးလို့ ဆိုလိုတယ်၊ ဉာဏ်သိပ်မထက်တဲ့ ပုဂ္ဂိုလ်ရဲ့ မဂ္ဂဝီထိတဲ့။

ကိုင်း၊ ပြန်ဆိုလိုက်စမ်းပါဦး၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဖိုလ်က ၂-ကြိမ် ဘဝင် ကျသွားပြီနော်။

တိက္ခပညာ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ရဲ့ မဂ္ဂဝီထိ ချလိုက်စမ်းပါတဲ့၊ ခုနလိုပဲ ရှေ့က ဘဝင်တစ်ခုထား၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဘာလာမလဲ။ ဥပစာ (ပရိကံကျော်လိုက်၊ ပရိကံမပါဘူး) ဥပစာ၊ အနုလုံ၊ ဂေါတြဘူမှ မဂ်၊ ဖိုလ် ဘယ်နှစ်ကြိမ်ချမလဲ၊ ဒီနေရာမှာ ဖိုလ် ၃-ကြိမ် ချလိုက်၊ ပြီးတော့ ဘဝင် သွားပြန်ရော၊ ဟုတ်ပြီလား၊ အဲဒါ မဂ္ဂဝီထိ၊ အဲဒီ မဂ္ဂဝီထိမှာ မဂ်ဇောဟာ ဘယ်နှစ်ကြိမ်စောသလဲ၊ ၁-ကြိမ်ပဲ စောတယ်နော်၊ ဖိုလ်ဇောက ဘယ်နှစ်ကြိမ် စောသလဲ၊ ၂-ကြိမ်လည်းစောတယ်၊ ၃-ကြိမ်လည်းစောတယ်။

အဲဒီတော့ ကာမာဝစရဇောက ဘယ်နှစ်ကြိမ်စောသလဲ၊ ၄-ကြိမ်စောတာလည်းရှိတယ်၊ ၃-ကြိမ်စောတာလည်းရှိတယ်၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဆိုတာတွေဟာ ဉာဏသမ္ပယုတ်ကာမာဝစရဇောတွေ။

ကောင်းပြီ၊ ဒါက မဂ်ပထမစရတဲ့အခါမှာ ဖြစ်တဲ့ဝီထိ၊ နောက်ပိုင်း

[စာမျက်နှာ-222] ကျတော့ ဖလသမာပတ်ဝီထိဆိုတာလာလိမ့်မယ်၊ အဲဒါကတော့ အသာထားလိုက်ကြဦးစို့။

အဲဒီမဂ္ဂဝီထိမှာ တစ်ခုထူးတာရှိတယ်၊ ဘာထူးတာတုန်းဆိုတော့ ရိုးရိုးအနေအားဖြင့် ပြောမယ်ဆိုရင် ဝီထိတစ်ခုထဲမှာပါတဲ့စိတ်တွေဟာ အာရုံအတူတူချည်းပဲ။ ပစ္စုပ္ပန်ရူပါရုံကိုအာရုံပြုပြီး ဝီထိကျတယ်ဆိုရင် ဒီဝီထိမှာပါတဲ့စိတ်တွေဟာ ဒီပစ္စုပ္ပန် ရူပါရုံကိုချည်း အာရုံပြုကြတာ၊ အဲဒီတော့ ဝီထိမှာပါတဲ့စိတ်တွေဟာ တူသောအာရုံကို ယူကြတယ်ပေါ့။

အခု မဂ္ဂဝီထိမှာကျတော့ အဲဒီလို မဟုတ်ဘူး၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဆိုတဲ့ ဒီကာမာဝစရဇောတွေက ဘယ်အာရုံယူသလဲဆိုတော့ တေဘူမကသင်္ခါရဆိုတဲ့ အာရုံကိုယူတာ၊ ရုပ်နာမ်ကိုအနိစ္စ၊ ဒုက္ခ၊ အနတ္တရှုတာ၊ ဒါ ဝိပဿနာ ခေါ်တာကို၊ အဲဒီဝိပဿနာဇောတွေဟာ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဆိုတာ၊ အဲဒီတော့ ဝိပဿနာဇောမှန်ရင် တေဘူမကသင်္ခါရနော်၊ ရုပ်နာမ်ကို အာရုံပြုရတယ်၊ ဝိပဿနာက နိဗ္ဗာန်အာရုံပြု မဂ်ဖြစ်သွား။

ဪ၊ နေဦး ဂေါတြဘူချန်ထားနော်၊ ပရိကံ၊ ဥပစာ၊ အနုလုံ ဒီ ၃-ခုပြောမယ်၊ ဒီ ၃-ခုက သင်္ခါရကို အာရုံပြုတယ်၊ တေဘူမကသင်္ခါရ၊ ဆိုလိုတာကတော့ အဖြစ်အပျက်ရှိနေတဲ့ ရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုတယ်။

ဂေါတြဘူကျတော့ နိဗ္ဗာန်ကို အာရုံပြုတယ်၊ ဂေါတြဘူနောက်က မဂ်ကလည်း နိဗ္ဗာန်ကို အာရုံပြုတယ်၊ ဖိုလ်ကလည်း နိဗ္ဗာန်ကို အာရုံပြုတယ်၊ အဲဒီကို ကွာသွားတယ်၊ ဂေါတြဘူကစပြီးတော့ နိဗ္ဗာန်ကို အာရုံပြုသွားတယ်၊ ဒါကြောင့် ဝိပဿနာကင်းပြီးတော့ မဂ်ဖိုလ်ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ မဟုတ်နိုင်ဘူး၊ ဝိပဿနာမရှုပဲနဲ့ မဂ်ဖိုလ်မရနိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ မဂ်ဖိုလ်ရတယ်ဆိုရင် ဒီဝီထိကျကို ကျရမယ်၊ ဒီဝီထိမကျပဲနဲ့ မဂ်ဖိုလ်ရတယ်လို့မရှိဘူး၊ အကျွတ်တရားရတယ်ဆိုတာ ဒါကို ခေါ်တာ၊ ဒီဝီထိကျမယ်ဆိုရင် ဒီဝီထိထဲမှာ ကာမာဝစရဇောတွေပါနေတယ်၊ အဲဒီကာမာဝစရဇောတွေဟာ ဘာတွေလဲဆိုရင် ဝိပဿနာဇောတွေ၊ ဝိပဿနာဇော ဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာရှေ့သွားမရှိပဲနဲ့ မဂ်ဖိုလ်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။

အဲဒီတော့ မြတ်စွာဘုရားက ဂါထာတစ်ပုဒ်ဟောလိုက်လို့ ဂါထာနာရသည်၏အဆုံး၌ သောတာပန်တည်သွားတယ် စသည်ဖြင့် ဒီဝတ္ထုကြောင်းတွေ အများကြီးရှိတယ်၊ အထူးသဖြင့် ဓမ္မပဒဝတ္ထုကြောင်းတွေ ဖတ်ရင် တွေ့ရလိမ့်မယ်၊

[စာမျက်နှာ-223] အဲဒီလို အခါမှာလည်းပဲ ဝိပဿနာလုံးဝ မရှုပဲနဲ့ကတော့ အကျွတ်တရားရသွားတာ မဟုတ်ဘူး၊ သောတာပန်၊ သကဒါဂါမ် စသည်ဖြစ်သွားတာမဟုတ်ဘူး၊ ဝိပဿနာတော့ ရှုရသေးတာပဲ၊ ဒါပေမယ်လို့ အလွန်လျှင်မြန်တဲ့အတွက်ကြောင့်မို့ ချက်ချင်း ရသွားသလို စိတ်က ထင်ရတယ်၊ တရားနာရင်းပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တကတော့ ရှုရတာနော်၊ ရှုမိသွားတာပေါ့လေ၊ ဒါကြောင့်မို့ ဒီဝိပဿနာ မပါပဲနဲ့ မဂ်ဖိုလ်ကိုတော့ ဘယ်တော့မှ မရနိုင်ဘူးဆိုတာကိုတော့ သေချာကို မှတ်ထားကြ၊ အဘိဓမ္မာနည်းနဲ့ ပြောမယ်ဆိုရင် ဒီဝီထိနဲ့ ကိုင်ပြောဖို့ပဲနော်၊ ကောင်းပြီ ဒါ မဂ္ဂဝီထိ၊ နောက်တော့ ဖိုလ်ဝင်စားတဲ့ ဖလသမာပတ်ဝီထိရယ်၊ ပြီးတော့ စိတ် စေတသိက် စိတ္တဇရုပ်တွေချုပ်တဲ့ နိရောဓသမာပတ္တိဝီထိရယ်၊ လာလိမ့်မယ်၊ ဒါ နောက်နားကျမှ တွေ့ရလိမ့်မယ်၊ ကောင်းပြီ၊ ဒါက မဂ္ဂဝီထိချပြီးသွားပြီ။

ဒီနေ့ ရှေ့သွားကြမယ်။

ရှေ့က တဒါရုံကို သတ်မှတ်ခြင်း၊ အဲဒီတော့ အခု ဝီထိတွေ တွေ့ခဲ့ပြီနော်၊ ဝီထိတွေ တွေ့ခဲ့တော့ အတိမဟန္တာရုံမှာ တဒါရုံ ကျတယ်နော်၊ မဟန္တာရုံဝီထိမှာ တဒါရုံမကျဘူး၊ ဝိဘူတာရုံဝီထိမှာ တဒါရုံကျတယ်၊ အဝိဘူတာရုံဝီထိမှာ တဒါရုံ မကျဘူး။

ကောင်းပြီ၊ အဲဒီမှာ တဒါရုံသတ်မှတ်ထားတာ ကြည့်ကြရအောင်၊ တဒါရုံ မသတ်မှတ်ခင် အာရုံရဲ့ အမျိုးအစားကို သိဖို့လိုသည်၊ အာရုံက အခုဒီစာရွက်ထဲမှာ ပြထားတဲ့အတိုင်း ဘယ်နှစ်ခုရှိသလဲ၊ အနိဋ္ဌာရုံရယ်၊ ဣဋ္ဌမဇ္ဈတ္တာရုံရယ်၊ အတိဣဋ္ဌာရုံရယ်၊ သုံးမျိုးရှိတယ်။

အနိဋ္ဌာရုံဆိုတာ အလိုမရှိအပ်တဲ့အာရုံ၊ မနှစ်သက်အပ်တဲ့အာရုံ၊ ရိုးရိုးပြောရင် မကောင်းတဲ့အာရုံပေါ့နော်၊ အဲဒီမကောင်းတဲ့ အာရုံကို ဘာလို့ခေါ်သလဲ၊ အနိဋ္ဌာရုံလို့ခေါ်တယ်။

လောကမှာအရုပ်ဆိုးတာတွေမြင်ရတယ်၊ မကြားချင်တဲ့ အသံတွေကြားရတယ်၊ အနံ့တွေ နံစော်နေတာတွေ တွေ့ရတယ်၊ ဒါတွေဟာ အနိဋ္ဌာရုံတွေပေါ့နော်၊ မော်တော်ကားတိုက်တာတွေ တွေ့နေရ မြင်နေရတာ အနိဋ္ဌာရုံတွေပေါ့နော်၊ အဲဒါက အလိုမရှိအပ်တဲ့ အာရုံကို အနိဋ္ဌာရုံလို့ခေါ်တယ်။

ဣဋ္ဌမဇ္ဈတ္တာရုံဆိုတာကတော့ အလိုရှိအပ်တဲ့ အာရုံသာမန်ပေါ့လေ၊ အလိုရှိအပ်တာကို နှစ်မျိုးခွဲတာ၊ ရိုးရိုးအလိုရှိအပ်တာရယ်၊ အလွန်အလိုရှိအပ်တာရယ်၊ ရိုးရိုးအလိုရှိအပ်တာကို ဣဋ္ဌမဇ္ဈတ္တာရုံလို့ ဒီလိုခွဲတယ်၊ မဇ္ဈတ္တဆိုတာက အလယ်လို့

[စာမျက်နှာ-224] ဆိုလိုတယ်၊ အဲဒီတော့ တချို့နေရာကျတော့ အဲဒီဣဋ္ဌမဇ္ဈတ္တာရုံကိုပဲ ဣဋ္ဌာရုံလို့ ခေါ်တယ်နော်။

အဲဒါကတော့ အလွန် အလိုမရှိအပ်တဲ့ အာရုံလည်း မဟုတ်ဘူး၊ အလွန်အလိုရှိအပ်တဲ့ အာရုံလည်းမဟုတ်ဘူး၊ သာမန်အလိုရှိအပ်တဲ့ အာရုံပေါ့၊ အဲဒီလို အာရုံမျိုးကို ဣဋ္ဌမဇ္ဈတ္တာရုံလို့ ခေါ်တယ်။

အတိဣဋ္ဌာရုံတဲ့၊ အတိဆိုတာက အလွန်၊ အတိဣဋ္ဌာရုံဆိုတာက အလွန် အလိုရှိအပ်တဲ့အာရုံ၊ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ဆိုရင် မြတ်စွာဘုရား အာရုံမျိုးပေါ့။ အလွန်အလိုရှိအပ်တဲ့အာရုံ၊ တစ်ခါ ငယ်ရွယ်သူတွေအနေနဲ့ ပြောမယ်ဆိုရင် မိန်းကလေးအဖို့ ယောက်ျားလေးက အလွန်အလိုရှိအပ်တဲ့ အာရုံ ဖြစ်နိုင်တယ်၊ ကိုယ် သူ့ကြိုက်နေတယ်နော်၊ ယောက်ျားလေးအဖို့ မိန်းကလေးက အလွန် အလိုရှိအပ်တဲ့ အာရုံ၊ အတိဣဋ္ဌာရုံ ဖြစ်နိုင်တယ်၊ အဲဒီလို ပထမ အာရုံသဘောကို နားလည်ရမယ်၊ အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၊ အတိဣဋ္ဌာရုံ။

ကောင်းပြီ၊ အဲဒီ ဣဋ္ဌာရုံ အနိဋ္ဌာရုံစသည် ဘယ်လိုခွဲကြမလဲ၊ အဲဒီတော့ ကျမ်းဂန်မှာဆိုတာကတော့ အလတ်တန်းစား ပုဂ္ဂိုလ်နဲ့ ညှိနှိုင်းပြီးတော့ အလိုရှိအပ်တယ်၊ အလိုမရှိအပ်ဘူး ခွဲပါတဲ့။

ဘာကြောင့်လဲဆိုတော့ သိပ်ပိုက်ဆံချမ်းသာတဲ့ သူဌေးကြီးအဖို့ကျတော့ တော်တော့်ဟာ သူ့အဖို့ အလိုရှိအပ်တဲ့ အာရုံမဖြစ်ပေဘူးနော်၊ သိပ်မျှော်နေတဲ့ လူကျတော့လည်းပဲ နည်းနည်းလေးဟာ အလိုရှိအပ်တဲ့ အာရုံဖြစ်နေတယ်၊ အဲဒါကြောင့်မို့ အလိုရှိအပ်တာ အလိုမရှိအပ်တာ ခွဲတဲ့အခါမှာ အလတ်တန်းစား ပုဂ္ဂိုလ်နဲ့ ညှိနှိုင်းပြီးတော့ ခွဲပါတဲ့နော်။

လောကမှာ ယေဘူယျအားဖြင့် average အားဖြင့် ဒါက အလိုရှိအပ်တဲ့ အာရုံ ဒါက အလိုမရှိအပ်တဲ့ အာရုံလို့ သတ်မှတ်ထားတာ ရှိတယ် ဆိုပါတော့၊ ခုနက ပြောတဲ့ အပုပ်နံ့တို့ မစင်တို့ ဘာတို့ဆိုရင် ဒါ အလိုမရှိအပ်တဲ့ အာရုံပဲ၊ ဒါ ပျမ်းမျှ လူအနေနဲ့ သတ်မှတ်ထားတာနော်၊ ရုပ်ပုံလှလှလေးတို့ ဘာတို့ဆိုရင် အလိုရှိအပ်တဲ့ အာရုံပေါ့၊ ပစ္စည်းလှလှလေးဆိုရင် အလိုရှိအပ်တဲ့အာရုံပေါ့၊ ဣဋ္ဌ၊ အနိဋ္ဌ ဘယ်လိုခွဲသလဲ၊ အလတ်တန်းစား ပုဂ္ဂိုလ်နဲ့ ညှိပြီးတော့ ခွဲရမယ်တဲ့၊ အဲဒီတော့ ဒီနေ့ပေးတဲ့ ဒုတိယစာရွက်မှာကြည့် ဟုတ်လား၊ လင်္ကာကလေးရှိတယ်၊ အဲဒီမှာ

* အလတ်စားတန်း၊ ပုဂ္ဂိုလ်မှန်းလျက်၊ ဝိပါက်ဒွါရ၊ ချိန်ကာလနှင့်။

[စာမျက်နှာ-225] အဲဒီတော့ ရှေးဆရာတွေက ဘာပြောလဲ၊ ဝိပါက်နှင့်လည်းပဲ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ ခွဲတယ်တဲ့၊ ဆိုပါတော့ အကုသလဝိပါက်စိတ်တွေဖြစ်ရင် အနိဋ္ဌာရုံနဲ့ တွေ့လို့၊ ကုသလဝိပါက်စိတ်တွေဖြစ်ရင် ဣဋ္ဌာရုံနဲ့တွေ့လို့၊ ဒီလိုပဲ ဝိပါက်နဲ့လည်း ခွဲတယ်တဲ့။

ဒွါရနဲ့လည်းပဲ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ခွဲလို့ရတယ်တဲ့နော်၊ ဒွါရဆိုတာ စက္ခုဒွါရ၊ သောတဒွါရစသည်ဆိုလိုတာ။

ပတ္တမြားဆိုပါတော့ စက္ခုဒွါရမှာ ပတ္တမြားဟာ ဣဋ္ဌာရုံပဲ၊ အလိုရှိအပ်တဲ့ပစ္စည်း တစ်ခုပဲ၊ အဲဒီပတ္တမြားနဲ့ ခေါင်းပေါက်လို့ ခေါင်းကွဲတာကော အတွေ့အားဖြင့်တော့ သူက အနိဋ္ဌာရုံဖြစ်သွားတာပေါ့။

ထို့အတူ မစင်ပဲပြောကြပါစို့ ဟုတ်လား၊ လက်နဲ့ကိုင် မကြည့်ကောင်းလို့သာ၊ လက်နဲ့ကိုင်ကြည့်ရင် သူကပျော့ပျော့ဆိုတော့ သူက အတွေ့အားဖြင့် ဣဋ္ဌာရုံဖြစ်နိုင်တယ်၊ အဆင်းအားဖြင့် အနံ့အားဖြင့်တော့ အနိဋ္ဌာရုံပေါ့လေ၊ အဲဒီလို ဒွါရလိုက်ပြီးတော့လည်း ဣဋ္ဌာရုံ အနိဋ္ဌာရုံ ကွဲသွားနိုင်တယ်။

တချို့က အမြင်မကောင်းဘူး၊ အတွေ့ ကောင်းတယ်၊ တချို့က အတွေ့ မကောင်းဘူး၊ အမြင်ကောင်းတယ်၊ အမျိုးမျိုးပေါ့လေ။

ချိန်ကာလနှင့် တဲ့ အချိန်လိုက်ပြီးတော့လည်း ဣဋ္ဌာရုံ အနိဋ္ဌာရုံ ခွဲလို့ရတယ်၊ နွေအခါမှာ မီးအပူဟာအနိဋ္ဌာရုံပဲနော်၊ မြန်မာပြည်အနေနဲ့ ပြောရင်ပေါ့လေ။ ဒီမှာတော့ နွေလို့တယ် မရှိလှဘူး ဟုတ်လား၊ ဆောင်းအခါကျတော့ အအေးဟာ အနိဋ္ဌာရုံပေါ့၊ နွေအခါကျတော့ ဣဋ္ဌာရုံပေါ့၊ ဆောင်းအခါကျ ပူတာ နွေးတာက ဣဋ္ဌာရုံ၊ အဲဒီလိုအချိန်ကာလနှင့်လိုက်ပြီးတော့လည်းပဲ ဣဋ္ဌ အနိဋ္ဌပြောင်းလဲသွားနိုင်တာ တွေရှိတယ်တဲ့၊

ရူပ ဂန္ဓာ၊ အဆင်းအားဖြင့် ဣဋ္ဌာရုံဖြစ်တယ်၊ အနံ့အားဖြင့် ဣဋ္ဌာရုံဖြစ်တယ် စသည်ဖြင့် အဲဒီလို နှိုင်းချင့်ကာဖြင့် အနိဋ္ဌာလော၊ ဣဋ္ဌာလောစစ်ကြောတွေ့တိုင်းပင်။

အာရုံတွေ တွေ့တိုင်းတွေ့တိုင်း ဒီလိုဣဋ္ဌာရုံလား အနိဋ္ဌာရုံလား ဆိုတာကို ဒီနည်းတွေနဲ့ ခွဲခြားပါ၊ ပဓာန မှတ်ထားဖို့ကတော့ အလတ်စားတန်း၊ ပုဂ္ဂိုလ်မှန်းလျက်၊ အဲဒါ မှတ်ထား၊ အလတ်တန်းစား ပုဂ္ဂိုလ်နဲ့ ညှိနှိုင်းပြီးတော့ ဣဋ္ဌလား၊ အနိဋ္ဌလား ဆိုတာကို ခွဲခြားရမယ်တဲ့၊ ကောင်းပြီ၊ ပထမစာရွက်ပြန်သွား၊

အဲဒီလို အာရုံနားလည်ပြီးတဲ့နောက်မှ ဝိပါက် သို့မဟုတ် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ၊ ဝီထိထဲမှာပါတဲ့စိတ်တွေ သတ်မှတ်တာ။

[စာမျက်နှာ-226] အဲဒီတော့ အကယ်၍ အနိဋ္ဌာရုံကို အာရုံပြုပြီးတော့ ဝီထိကျမယ် ဆိုပါတော့နော်၊ အဲသလို ဝီထိကျရင် အဲဒီဝီထိထဲမှာပဲ ပဉ္စဝိညာဏ် (စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်) သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံတို့ဟာ အကုသလဝိပါက်ဖြစ်ရမယ်၊ အဲဒီတော့ အကုသလဝိပါက် မမြင်ချင်တာမြင်ရတာ၊ မကြားချင်တာ ကြားရတာဟာ အကုသိုလ်ရဲ့ အကျိုး။

ဒါကြောင့် အနိဋ္ဌာရုံကို အာရုံပြုပြီးတော့ ဝီထိဖြစ်ရင် အဲဒီဝီထိမှာပါတဲ့ စက္ခုဝိညာဏ်ဟာ အကုသလဝိပါက်၊ သမ္ပဋိစ္ဆိုင်းဟာ အကုသလဝိပါက်၊ သန္တီရဏဟာ အကုသလဝိပါက်၊ တဒါရုံဆိုတာကလည်း သန္တီရဏကပဲ တဒါရုံကိစ္စတပ်ပြီးဖြစ်သွားတာ၊ သူလည်း အကုသလဝိပါက်၊ အဲဒီလို ချရမယ်၊ အဲဒီလိုယူရမယ်။

အကယ်၍ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်မယ်ဆိုရင် ခုန ပဉ္စဝိညာဏ်စသည်ကို ဘာချရမလဲ ဘာယူရမလဲ ကုသလဝိပါက်၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ၊ ဒါဖြင့် ကိုယ်မြင်ချင်တာ မြင်ရတာ ကိုယ်ကြားချင်တာကြားရတာ ကုသိုလ်ရဲ့ အကျိုး၊ နောက်ဘဝက ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ရဲ့ အကျိုး၊ ဒါကြောင့်မို့ မြင်ချင်တာလေး မြင်ရတယ်ဆိုရင် စက္ခုဝိညာဏ်သည် ကုသလဝိပါက်၊ သမ္ပဋိစ္ဆိုင်း ကုသလဝိပါက်၊ သန္တီရဏ ကုသလဝိပါက်၊ တဒါရုံ ကုသလဝိပါက်ပဲ။

အတိဣဋ္ဌာရုံ အလွန်ကို အလိုရှိအပ်တဲ့ ဘုရားအစရှိတဲ့ အာရုံကို တွေ့လာပြီတဲ့။

အဲသလို ဘုရားအစရှိသော အာရုံကို တွေ့လာလို့ဝီထိကျတဲ့ အခါကျတော့ ပဉ္စဝိညာဏ်စသည် ဘာချရမလဲ၊ ကုသလဝိပါက်ပဲ၊ ကောင်းတဲ့အာရုံတွေ့တာကို၊ ကုသလဝိပါက်၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ။

သို့သော် ဒီမှာ ထူးခြားချက်ရှိတယ်၊ သန္တီရဏနဲ့ တဒါရုံတို့ကို သောမနဿချည်းပဲ ချရမယ်တဲ့နော်၊ သန္တီရဏမှာ ကုသလဝိပါက်၊ သန္တီရဏမှာ သောမနဿတစ်ခု ဥပေက္ခာတစ်ခုပါတယ် မဟုတ်လား၊ အဲဒီမှာ သောမနဿကိုချည်းချပါတဲ့၊ ပြီးတော့ မဟာဝိပါက် တဒါရုံလည်းရှိတယ် မဟုတ်လား၊ အဲဒီ မဟာဝိပါက်ထဲကလည်း သောမနဿကိုပဲ ယူပြီး ချပါတဲ့။

ဒါက အာရုံအလိုက် ဝိပါက်စိတ်တွေကို သတ်မှတ်တာ၊ ပြန်ပြီးတော့ လေ့လာလိုက်ရင် အနိဋ္ဌာရုံနဲ့တွေ့ရင် အကုသလဝိပါက်နော်၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ၊

[စာမျက်နှာ-227] ပဉ္စဝိညာဏ်နဲ့ သမ္ပဋိစ္ဆိုင်းကတော့ သောမနဿ ဥပေက္ခာရယ်လို့ ကွဲပြားမှု မရှိဘူး၊ ဥပေက္ခာပဲ၊ သန္တီရဏကျတော့ သောမနဿလည်းရှိတယ်၊ ဥပေက္ခာလည်းရှိတယ်၊ တဒါရုံ သောမနဿရှိတယ်၊ ဥပေက္ခာရှိတယ်။

ကောင်းပြီ၊ အနိဋ္ဌာရုံတွေ့ရင် အကုသလဝိပါက်ချ၊ ဣဋ္ဌမဇ္ဈတ္တာရုံ သာမန် အလိုရှိအပ်တဲ့ အာရုံတွေ့ရင် ကုသလဝိပါက်ချ၊ အတိဣဋ္ဌာရုံတွေ့ရင် ကုသလဝိပါက်ချ၊ သန္တီရဏနဲ့ တဒါရုံတို့ဟာ သောမနဿ ဖြစ်ရမယ်၊ ပဉ္စဝိညာဏ်ကတော့ မတတ်နိုင်ဘူး၊ သောမနဿလုပ်လို့ မရဘူး၊ ရှိမှ မရှိပဲကိုးနော်။

အဲဒီတော့ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ၊ စိတ်တွေဟာ ကုသိုလ်တွေလား၊ အကုသိုလ်တွေလား၊ ကြိယာတွေလား၊ ဝိပါက်တွေလားဆိုရင် ဝိပါက်စိတ်တွေ၊ အဲဒီတော့ အဲဒီဝိပါက်စိတ်တွေဟာ ဘယ်အခါမှာဖြစ်ဖြစ် အာရုံ အလိုက် ဒါချည်းပဲဖြစ်ရမယ်။ regular ဖြစ်တယ်လို့ ဆိုတယ်၊ အနိဋ္ဌာရုံတွေ့ရင် အကုသလဝိပါက် သေချာတယ်၊ ဣဋ္ဌာရုံတွေ့ရင် ဣဋ္ဌမဇ္ဈတ္တာရုံတွေ့ရင် ကုသလဝိပါက်၊ အတိဣဋ္ဌာရုံတွေ့ရင် ကုသလဝိပါက်၊ သောမနဿဖြစ်နိုင်တဲ့ဟာ ဆိုရင် သောမနဿ၊ ဒီလို သူက မှန်တယ်၊ မှန်တယ်ဆိုတာက correct ဆိုတဲ့ အမှန်မျိုး မဟုတ်ဘူး၊ regular ဆိုတဲ့ အမှန်မျိုး။

ဒါကြောင့်မို့ ရှေးက အဆိုရှိတယ်၊ "ဝိပါက်အမှန်"တဲ့၊ ဝိပါက်ကတော့ ဒါပဲ သေချာနေတယ်၊ "ဇောအပြန်"တဲ့၊ ဇောကျတော့ ဖောက်ပြန်ပြောင်းလဲသွားနိုင်တယ်လို့ ဆိုလိုတယ်ပေါ့လေ၊ ဇောကျတော့ မမှန်ဘူးလို့ ဆိုလိုတယ်။

ဘာကြောင့်လဲ၊ အနိဋ္ဌာရုံကို တွေ့ပေမယ်လို့ ကိုယ်က အသင့်အတင့် နှလုံးသွင်းတတ်ရင် ကုသိုလ်ဇောတာပဲ၊ အနိဋ္ဌာရုံတွေ့လို့ ကိုယ်က အသင့်အတင့် နှလုံးမသွင်းတတ်ဘူးဆိုရင် အကုသိုလ်ဇောစောမယ်၊ အဲဒီတော့ အနိဋ္ဌာရုံ တွေ့လို့မို့ အကုသိုလ်ဇော စောရမယ်လို့ သတ်မှတ်ချက် မရှိဘူး၊ ကုသိုလ်ဇော စောရမယ်လို့ သတ်မှတ်ချက် မရှိဘူး၊ ဒါ ပုဂ္ဂိုလ်အပေါ် မူတည်တယ်။

ဆိုပါတော့၊ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တစ်ယောက်အဖို့ ဘုရားမြင်ရရင် သူ အကုသိုလ် ဇော စောမယ်၊ ဘုရားဟာ အတိဣဋ္ဌာရုံ၊ သို့မဟုတ် ကိုယ် အလွန်နှစ်သက်တဲ့ မိန်းကလေး ယောက်ျားလေး အာရုံပြုပြီးတော့ ကိုယ်နဲ့ မကြိုက်လို့ ကွဲသွားတဲ့ အခါမှာ ဒေါမနဿဖြစ်တဲ့အခါမှာ အကုသိုလ်ဇော စောမယ်၊ သိပ်ကြိုက်နေတဲ့ အခါ အကုသိုလ်ဇောပဲ၊ လောဘဇောပဲစောမယ်၊ သို့မဟုတ် အသင့်အတင့် နှလုံးသွင်းနိုင်တဲ့အခါမှာ ကုသိုလ်ဇောစောမယ်။

[စာမျက်နှာ-228] အဲဒါကြောင့်မို့ ဇောကတော့ ဒီဇောသာစောရမယ်၊ ကုသိုလ်ဇောသာစောရမယ်၊ သို့မဟုတ် အကုသိုလ်ဇောသာ စောရမယ်လို့ သတ်မှတ်ထားချက် မရှိဘူး။

ဒါကြောင့်မို့ "ဝိပါက်အမှန် ဇောအပြန်" ဆိုတဲ့ ရှေးစကားရှိတယ်၊ ဝိပါက်ကတော့ ဒါပဲ၊ တခြားဟာကို ပြောင်းလဲလို့မရဘူး၊ ဇောကျတော့ အပြန်အလှန် လုပ်လို့ရတယ်ပေါ့၊ ကုသိုလ်နဲ့ အကုသိုလ်၊ ဝိပါက်အမှန် ဇောအပြန်တဲ့။

ယောနိသောမနသိကာရ အသင့်အတင့် နှလုံးသွင်းတတ်ရင် ကုသိုလ်ဇော ဖြစ်တယ်၊ အယောနိသောမနသိကာရ အသင့်အတင့် နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇောဖြစ်တယ်။

အနိဋ္ဌာရုံတွေ့ပေမယ်လို့ ကုသိုလ်ဇောဖြစ်နိုင်တာပဲ၊ အသုဘကောင်ကြီးကို ကြည့်ပြီး ကမ္မဋ္ဌာန်းစီးဖြန်းနေရင် ကုသိုလ်ဇောဖြစ်တာပဲ၊ အသုဘကောင်ကြည့်ပြီး အကုသိုလ်ဖြစ်ရင် ကမ္မဋ္ဌာန်းကို မဟုတ်တော့ဘူး၊ ဣဋ္ဌာရုံတွေ့နေပေမယ်လို့ တစ်ခါတလေ ကိုယ်က မကြိုက်ရင် အကုသိုလ်ဇော စောနိုင်တာပဲ၊ ကြိုက်တော့လည်း ကြိုက်လို့ တစ်ခါလောဘဇောဖြစ်နိုင်တာပဲ၊ အသင့်အတင့် နှလုံးသွင်းခိုင်းပြန်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောရှုနိုင်တော့ ကုသိုလ်ဇောစောတယ်၊ အဲဒီလို ဇောကတော့ မမှန်ဘူးမသေချာဘူး၊ မရေရာဘူးနော်၊ ဒါကြောင့် ဝိပါက်အမှန်၊ ဇောအပြန်တဲ့။

ဒါကြောင့်မို့ ဝီထိတစ်ခု တွေ့လာပြီဆိုရင် ပထမအာရုံကို ကြည့်လိုက်၊ ဣဋ္ဌာရုံလား၊ အနိဋ္ဌာရုံလား၊ အနိဋ္ဌာရုံဖြစ်ပြီဆိုရင် ဝိပါက်စိတ်တွေအတွက်က အကုသလဝိပါက်ပဲ ချရတော့မယ်၊ မျက်စိမှိတ်ချရော့၊ ဒါမှန်ပြီ၊ ဇောကျတော့ မသိနိုင်ဘူး၊ ကုသိုလ်ဇောလည်းဖြစ်နိုင်တယ်၊ အကုသိုလ်ဇောလည်းဖြစ်နိုင်တယ်။ ဝိပါက်အမှန်ဇောအပြန်တဲ့။

ကိုင်း နောက်တစ်ခုက ဇော နောင်၊ တဒါရုံ သတ်မှတ်ချက်ကိုလဲ နားလည်ရဦးမယ်တဲ့၊ အတိမဟန္တာရုံဆိုရင် ဇော နောင် တဒါရုံနှောင်းတယ် မဟုတ်လား၊ မဟန္တာရုံမှာတော့ တဒါရုံ မပါဘူးနော်၊ အတိမဟန္တာရုံ ဝီထိမျိုးဆိုရင်၊ ပြီးတော့ ဝိဘူတာရုံဝီထိမျိုးဆိုရင် ဇော နောင်၊ တဒါရုံ လိုက်တာ၊ အဲဒီလို လိုက်တဲ့အခါမှာ အမှတ်မရှိ ဇော နောင်၊ အမှတ်မရှိ တဒါရုံလိုက်လို့ မရဘူး၊ ဘယ်လို သတ်မှတ်ထားတုန်း၊ လောဘမူစိတ် ၈-ခု၊ မောဟမူစိတ် ၂-ခုဆိုတဲ့ အကုသိုလ်ဇော၊ ဒီဇောတို့ နောင် တဒါရုံ ၁၁-ခု အကုန်လုံး နှောင်းနိုင်တယ်၊ အကုန်လုံးဆိုတာက one of them ပေါ့လေ၊ တစ်ခါတလေ မဟာဝိပါက်

[စာမျက်နှာ-229] ပထမဖြစ်မယ်၊ တစ်ခါတလေ မဟာဝိပါက်ဒုတိယဖြစ်မယ် စသည်ပေါ့လေ၊ တဒါရုံ ၁၁-ခုလုံး နှောင်းနိုင်တယ်။

ဒေါသဇော ၂-ခုနောင်ကျတော့ ဥပေက္ခာတဒါရုံ ၆-ခုပဲ နှောင်းနိုင်တယ်။ သောမနဿမနှောင်းနိုင်ဘူး၊ ဘာပြုလို့လဲဆိုတော့ သူတို့ချင်းသောမနဿနဲ့ ဒေါမနဿက သိပ်ကို ဆန့်ကျင်လွန်းတယ်၊ ဒါကြောင့်မို့ ဒေါမနဿဇော နောင် သောမနဿ တဒါရုံကပ်ပြီးတော့ မလိုက်နိုင်ဘူး၊ ဥပေက္ခာဆိုတာကတော့ သူကတော့ ဟိုဘက်လည်းမျှ ဒီဘက်လည်းမျှ bumper လို ဖြစ်နေတယ်၊ ဒါကြောင့်မို့ ဥပေက္ခာတဒါရုံ ၆-ပါး နှောင်းနိုင်တယ်။

မေး - ဥပေက္ခာတဒါရုံ ၆-ပါးဆိုတာက ဘယ်ဟာတွေပါလဲဘုရား။
ဖြေ - (ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက် ဥပေက္ခာ ၄-ပါး၊ ပေါင်း ၆-ပါး)

ပြီးတော့ ဘဝင်လိုက်ရင်လည်းပဲ ဥပေက္ခာဘဝင် လိုက်ရမယ်၊ ဒေါသဇော နှောင်းဖို့ သောမနဿဘဝင် မကျနိုင်ဘူးလို့ဆိုတယ်၊ ဒေါသဇော နောင် ဥပေက္ခာဘဝင်ကျတယ်၊ သောမနဿဘဝင်မကျရဘူး၊ ဒါလည်းမှတ်ထားနော်၊ တော်ကြာကျ လာလိမ့်မယ်၊ အခက်ခဲလေးပေးလိမ့်မယ်။

မဟာကုသိုလ်ဇော ၈-ခု နောင် တဒါရုံ ၁၁-ပါးလုံး နှောင်းနိုင်တယ်တဲ့။ သောမနဿသဟဂုတ် မဟာကြိယာဇော ၄-ခု၊ ဟသိတုပ္ပါဒ်၊ ၎င်းတို့နောင်တဲ့ သောမနဿတဒါရုံငါးပါးနှောင်းနိုင်တယ်တဲ့၊ သောမနဿ နောင် သောမနဿပေါ့၊ သောမနဿ မဟာကြိယာဇော ၄-ခုရှိတယ်၊ ပြီးတော့ ဟသိတုပ္ပါဒ် ၁-ခုရှိတယ်။ ဒီ ၅-ခုနှောင်း သောမနဿတဒါရုံ ငါးခု၊ သောမနဿတဒါရုံ ၅-ခုဆိုတော့ သန္တီရဏ ၁-ခုနဲ့ မဟာဝိပါက်ထဲက ၄-ခု။

ဥပေက္ခာ မဟာကြိယာဇော ၄-ခု နောင် ဥပေက္ခာတဒါရုံ ၆-ခု နှောင်းနိုင်တယ်၊ အဲဒီတော့ အတိမဟန္တာရုံ ဝိဘူတာရုံမှာ ဝီထိချလိုက်တဲ့အခါမှာ ဇော ၇-ကြိမ် တဒါရုံ ၂-ကြိမ်ဆိုရင် ပထမဇောကိုကြည့်ရမယ်၊ ပထမဇောက ဘာဇောလဲ၊ လောဘဇောဆိုရင် တဒါရုံ ၁၁-ကြိုက်ရာချ ရပြီ၊ မောဟမူဇောဆိုရင်လည်း ကိစ္စမရှိဘူး၊ ဒေါသဇောဟေ့ ဆိုရင်တော့ သောမနဿတဒါရုံမလာခဲ့နဲ့၊ ဥပေက္ခာတဒါရုံချ၊ အကယ်၍ ဘဝင်ချရဦးမယ်ဆိုရင်လည်းပဲ ဥပေက္ခာဘဝင်ပဲချ၊ မဟာကုသိုလ်ဇော နောင်ဆိုရင်ကော တဒါရုံ ၁၁-လုံးရမယ်၊ မဟာကြိယာ သောမနဿနဲ့ ဟသိတုပ္ပါဒ် နောင်ဆိုရင် သောမနဿတဒါရုံချ၊ ဥပေက္ခာမဟာကြိယာ နောင်မှာဆိုရင်

[စာမျက်နှာ-230] ဥပေက္ခာတဒါရုံချ၊ ကောင်းပြီ။

ပြီးတော့ နောက်တစ်ခု နားလည်ရမှာက ဘဝတစ်ခုမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့ဟာ တစ်မျိုးတည်း၊ တစ်ခုတည်းသာ ဖြစ်ရတယ်တဲ့၊ ဆိုလိုတာကတော့ မဟာဝိပါက်ပထမစိတ်နဲ့ ပဋိသန္ဓေနေခဲ့တယ်ဆိုရင် တစ်သက်လုံးမှာဖြစ်တဲ့ ဘဝင်စိတ်ဟာ မဟာဝိပါက်ပထမစိတ်ပဲ၊ စုတိစိတ်ဟာလည်း မဟာဝိပါက်ပထမစိတ်ပဲ။ အဲဒီလို တစ်ခုထဲဖြစ်ရမယ်။

ကာမာဝစရ၊ ရူပါဝစရ၊ အရူပါဝစရ ဘုံအားဖြင့်ဖြစ်စေ၊ ဇာတ်အားဖြင့်ဖြစ်စေ၊ သမ္ပယုတ်အားဖြင့်ဖြစ်စေ၊ သင်္ခါရအားဖြင့်ဖြစ်စေ၊ တူရမယ်တဲ့၊ ဒီမှာကတော့ ကာမဝိပါက်စိတ်နဲ့ ပတ်သက်ပြီးတော့သာ ပြောနေတာ၊ အမှန်ကတော့ ရူပါဝစရ အရူပါဝစရကော ထည့်ပြောမယ်ဆိုရင်တော့ အကုန်လုံးပါသွားတာပေါ့။

အဲဒီတော့ ကာမဝိပါက်နဲ့ ပဋိသန္ဓေနေတယ်ဆိုပါတော့၊ ဘဝင်ကလည်း ကာမဝိပါက်ပဲ၊ စုတိကလည်း ကာမဝိပါက်ပဲနော်။

အသင်္ခါရိကနဲ့ ပဋိသန္ဓေနေတယ်ဆိုရင် ဘဝင်ကလည်း အသင်္ခါရိကစိတ်၊ စုတိကလည်း အသင်္ခါရိကစိတ်ပဲ၊ ဘဝတစ်ခုမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟာ အမှန်ကတော့ တစ်ခုထဲ တစ်မျိုးတည်းပေါ့လေ၊ ပထမဆုံးဖြစ်တဲ့စိတ်ကို ဆက်စပ်ပေးလိုက်တဲ့ အတွက်ကြောင့် ပဋိသန္ဓေလို့ခေါ်လိုက်တယ်၊ နောက်ဆုံးဖြစ်တဲ့စိတ်ကျတော့လည်းပဲ ရွေ့လျော့သွားတဲ့အတွက်ကြောင့်မို့ စုတိစိတ်လို့ခေါ်လိုက်တယ်၊ ကြားမှာဖြစ်တဲ့ စိတ်တွေကျတော့လဲ ဘဝပြတ်မသွားအောင် ထောက်ပံ့ပေးတဲ့အတွက် ကြောင့်မို့ ဘဝင်စိတ်လို့ခေါ်တယ်နော်၊ ကောင်းပြီ။

ဘဝတစ်ခုမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့ဟာ တစ်မျိုးတည်း တစ်ခုတည်း ဖြစ်ရမယ်နော်၊ နောက်တစ်ခု ထပ်သိဖို့က ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ၃-ပါးစုံမှသာ တဒါရုံ ကျနိုင်တယ်တဲ့၊ အတိမဟန္တာရုံ ဝီထိဆိုပါတော့ အဲဒီအတိမဟန္တာရုံဝီထိမှာ အာရုံကလည်းပဲ ကာမာဝစရအာရုံဖြစ်ရမယ်တဲ့၊ ကာမစိတ် ၅၄-ပါး၊ စေတသိက်-၅၂၊ ရုပ်-၂၈၊ အဲဒါကို ကာမအာရုံလို့ခေါ်တယ်၊ ပြီးတော့ ကာမသတ္တဝါလည်း ဖြစ်ရမယ်၊ ဇောကလည်း ကာမဇော နောင်ဖြစ်ရမယ်၊ အဲဒီ ၃-ပါးစုံမှ တဒါရုံကျတယ်တဲ့၊

ဒါကြောင့်မို့ တဒါရုံက ဗြဟ္မာတွေမှာ မကျနိုင်ဘူးနော်၊ ဒီကာမာဝစရမှာပဲ ကာမတရားကို အာရုံပြုတာ မဟုတ်ပဲနဲ့ မဟဂ္ဂုတ်တရား အာရုံပြုတယ်၊ လောကုတ္တရာတရား အာရုံပြုမယ်ဆိုရင်လည်းပဲ တဒါရုံမကျနိုင်ဘူး၊ ဒါကြောင့်မို့ ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ၃-ပါးစုံမှ။

[စာမျက်နှာ-231] ဈာန်နောင်မှာ တဒါရုံကျခဲ့လား၊ မကျဘူး၊ မဂ်နောင်လည်း မကျဘူး၊ သူတို့က ကာမဇောမှ မဟုတ်ဘဲ။

ဒါကြောင့်မို့ ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ၃-ပါးစုံမှသာ တဒါရုံ ကျနိုင်တယ်၊ တစ်ခါ ဘယ်လိုဝီထိမျိုးမှာမှ တဒါရုံ ကျနိုင်သလဲ၊ အတိမဟန္တာရုံနဲ့ ဝိဘူတာရုံ၊ ဒါ နောက်ကတွေ့ခဲ့ပြီးပါပြီ၊ ဒီ အာရုံများမှာသာ တဒါရုံ ကျနိုင်တယ်။

ဒါ အခြေပြုပြီး ပြောနေတာနော်၊ တော်ကြာကျ ပြဿနာဖော်တော့မှာမို့၊ အဲဒီပြဿနာဖြေရှင်းဖို့က ဒီအခြေခံကို နားလည်မှ ပထမပြဿနာကို နားလည်မယ်၊ ဖြေရှင်းတာကတော့ သူစာရှိတဲ့အတိုင်း ပြောလိုက်ရင် လွယ်ပါတယ်၊ ဘာကြောင့် ပြဿနာဖြစ်ရသလဲဆိုတာက ဒီအခြေခံ နားလည်မှဖြစ်မယ်။

ကောင်းပြီတဲ့နော်၊ အခုပြဿနာတစ်ခု ဖော်တော့မယ်။

အဲဒီတော့ တစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ တူတယ်နော်၊ သောမနဿဖြင့်လည်း သောမနဿ၊ ဥပေက္ခာဖြင့်လည်း ဥပေက္ခာ၊ ကောင်းပြီ၊ ဒီတော့ ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ၃-ပါးစုံမှ တဒါရုံကျတယ်နော်၊ ပြီးတော့ အတိမဟန္တာရုံ၊ ဝိဘူတာရုံမှာသာ တဒါရုံကျတယ်။

လူတစ်ယောက် သောမနဿဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေခဲ့တယ်။ အဲဒီ သောမနဿ ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် အဲဒီသူဟာ မိစ္ဆာဒိဋ္ဌိပဲ ဆိုကြပါစို့၊

အဲဒီတော့ မြတ်စွာဘုရားတည်းဟူသော အတိမဟန္တာရုံကို တွေ့ပြီးတော့ ဒေါသဖြစ်တယ်၊ ဒေါသဇော စောပါပြီတဲ့ တဒါရုံကျမလား၊ မကျဘူးလား၊ သောမနဿ ပဋိသန္ဓေ၊ အာရုံက အတိဣဋ္ဌာရုံ၊ ဇောက ဒေါသဇော၊ ဘာ တဒါရုံ ကျမလဲ၊ သောမနဿ တဒါရုံချမလား၊ ဒေါသဇောနောင် သောမနဿ တဒါရုံ လိုက်နိုင်လား မလိုက်နိုင်ဘူးနော်၊ ဥပေက္ခာတဒါရုံ ချမလား၊ အာရုံနဲ့ ပြန်ညှိစမ်း၊ အတိဣဋ္ဌာရုံမှာ ဥပေက္ခာ ရှိရဲ့လား၊ အတိဣဋ္ဌာရုံဆိုရင် သောမနဿ တဒါရုံသာချရမှာ မဟုတ်လား၊ အခက်အခဲတွေ့နေပြီ၊ သောမနဿ တဒါရုံ မချနိုင်ဘူး၊ ဘာကြောင့်တုန်း ဇောနဲ့ မလျော်ဘူး၊ ကပ်လျက်ဇောနဲ့ မလျော်နိုင်ဘူး။

ဥပေက္ခာတဒါရုံမချနိုင်ဘူး၊ ဘာကြောင့်တုန်း၊ အာရုံနဲ့ မလျော်ဘူး၊ အဲဒါကြောင့်မို့ ဒီဝီထိမှာ တဒါရုံ မဖြစ်ဘူးဆိုပါတော့၊ ကိုင်း၊ ထားဦး၊

မင်း တဒါရုံတော့ မဖြစ်ချင်နေကွာ၊ ဘဝင်ကတော့ လာကို လာရမယ်၊ မလာလို့မရဘူး၊ အဲဒီဘဝင်ကော ဘာချမလဲ၊ ဥပေက္ခာဘဝင်ချရမယ်၊ ဒါပေမယ့်

[စာမျက်နှာ-232] သူက မူရင်း ပဋိသန္ဓေနေတုန်းက သောမနဿနဲ့ နေခဲ့တယ်၊ သောမနဿဘဝင် ချမယ်ဆိုရင်တော့လည်း ဇောနဲ့မလျော်ဘူး၊ ဥပေက္ခာဘဝင်ချမယ်ဆိုတော့လည်း ပဋိသန္ဓေနဲ့ မလျော်ဘူး၊ ဘယ့်နှယ်လုပ်ကြမလဲ၊ ဒီအတိုင်း တိုးလို့တန်းလန်းကြီးနဲ့ ဒီဝီထိဟာ ပြီးရော့လားတဲ့ဆိုတော့ အာဂန္တုက ဘဝင်ဆိုပြီးတော့ ဧည့်သည်ဘဝင် ခေတ္တဘဝင် အငှားချပေးပါတဲ့။

အဲဒီ ခေတ္တ အငှားဘဝင်က ဘယ်စိတ်ဖြစ်ရမလဲဆိုရင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ဖြစ်ရမယ်တဲ့၊ မူလကျနေကျ ဘဝင်မျိုးမဟုတ်ဘူး၊ သူက အခက်အခဲ တွေ့လို့ ဖြေရှင်းပေးတဲ့ဘဝင်မျိုး၊ ခေတ္တခဏလာတဲ့ ဧည့်သည်မျိုးမို့ သူ့ကိုအာဂန္တုက ဘဝင်လို့ ခေါ်တယ်၊ အဲဒီ အာဂန္တုက ဘဝင်ကိစ္စတပ်ပြီးတော့ ဥပေက္ခာသန္တီရဏ၊ ဘဝင်အနေနဲ့ပဲ ကျပေးရတယ်။

အဲဒီတော့ မူလ သောမနဿဘဝင်လည်း မချနိုင်ဘူး၊ ဒေါသဇောနဲ့ ဧကန် လိုက်လျောတဲ့ ဥပေက္ခာလည်း မဟုတ်ဘူး၊ ကြားလူတစ်ယောက်က ဝင်ပြီးတော့ ဒီနေရာမှာ ဘဝင်ကိစ္စ ဆောင်ရွက်ပေးရတယ်။

အဲဒါ ချတော့ ဥပေက္ခာပဲ ချရတယ်၊ ဒါပေမယ့် ဥပေက္ခာက ရိုးရာချတဲ့ ဥပေက္ခာဘဝင် မဟုတ်ဘဲနဲ့ အာဂန္တုကဘဝင်တဲ့၊ အဲဒီလိုရှိတယ်၊ ဒါဟာ အခက်အခဲ ကြုံတဲ့အခါမှာ ကျရတဲ့ဘဝင်မျိုး။

ဒါမျိုးကလည်း ခဏခဏဖြစ်နိုင်တယ်၊ အလွန် အလိုရှိအပ်တဲ့ အာရုံမျိုး မြင်ပြီးတော့ စိတ်ဆိုးတာတွေဖြစ်နိုင်တာပဲ၊ ပြီးတော့ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ မျိုးပေါ့၊ သောမနဿတွေမျိုး များခဲ့တယ်ဆိုရင် ဒီလူပဋိသန္ဓေဟာ သောမနဿနဲ့ နေခဲ့တာလို့တော့ မှန်းရတာပေါ့လေ၊ အဲဒီလို ပုဂ္ဂိုလ်မျိုးဆိုရင် အဲဒီလို ခဏခဏ တွေ့မှာပဲ။

အဲဒီလိုတွေ့ရင် အခု ပြဿနာကို နားလည်ပြီ မဟုတ်လား၊ ပထမတဒါရုံကို ကြည့်လိုက် ဒေါသဇောနောင် တဒါရုံ မချနိုင်ဘူး၊ ဥပေက္ခာတဒါရုံချမယ်ဆိုရင်လည်း အာရုံနဲ့မပျော်ဘူး၊ အာရုံက အတိဣဋ္ဌာရုံဖြစ်နေလို့၊ သောမနဿတဒါရုံ ချမယ် ဆိုရင်လည်းပဲ ဒေါသဇောနဲ့ မလျော်ဘူး၊ ဒါကြောင့် တဒါရုံဖြစ်ခွင့် မရှိဘူး။

ကောင်းပြီ၊ တဒါရုံဖြစ်ခွင့် မရှိရင် ဘဝင်ဖြစ်ရမယ်၊ ဘဝင်ကျတော့ကော ရိုးရိုးဥပေက္ခာဘဝင်ချရင်ချလို့ကို မရဘူး၊ သူ့ရဲ့ ပဋိသန္ဓေက သောမနဿဘဝင်ကိုး၊ ဟုတ်တယ် မဟုတ်လား။

အဲဒီတော့ ပဋိသန္ဓေတုန်းက ဖြစ်ခဲ့တဲ့ဘဝင်ကို ဒီမှာလာချလို့ မရဘူး၊

[စာမျက်နှာ-233] သောမနဿလည်း ချလို့မရဘူး၊ ဥပေက္ခာလည်းချလို့မရဘူး၊ အဲဒီတော့ ရိုးရိုးဘဝင် regular ဘဝင်ချမရတော့ အာဂန္တုက ဘဝင်ဆိုပြီးတော့ ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်ဖြစ်ပေးရတယ်၊ သူဟာ ဒီနေရာမှာ ဘာကိစ္စကို ဆောင်ရွက်ရသလဲ ဆိုရင် ပဋိသန္ဓေလည်း မဟုတ်ဘူး၊ စုတိလည်း မဟုတ်ဘူး၊ ပြီးတော့ ဒီနေရာက သန္တီရဏနေရာမဟုတ်တဲ့ အတွက်ကြောင့်မို့ သန္တီရဏကိစ္စလည်း မတပ်ဘူး၊ တဒါရုံနေရာ မဟုတ်တဲ့အတွက်ကြောင့်မို့ တဒါရုံကိစ္စလည်း မတပ်ဘူး၊ သူ့မှာ ၅ ကိစ္စရှိတာ မဟုတ်လား၊ ကိစ္စသင်္ဂဟ ပြန်ကြည့်ရင် သန္တီရဏဟာ ၅-ကိစ္စ တပ်တယ်၊ အဲဒီငါးကိစ္စတပ်တဲ့အထဲက တစ်ခုစီ ဖယ်ထုတ်လိုက်၊ ပဋိသန္ဓေတော့ မဖြစ်နိုင်ဘူး၊ စုတိလည်းမဖြစ်နိုင်ဘူး၊ သန္တီရဏလည်း မဖြစ်နိုင်ဘူး၊ တဒါရုံလည်း မဖြစ်နိုင်ဘူး ဆိုတော့ ဘာကျန်တော့သလဲ၊ ဘဝင်ပဲ ကျန်တော့တယ်၊ ဘဝင် ကိစ္စတပ်တယ်၊ ဒါကြောင့်မို့ အာဂန္တုက ဘဝင်ဖြစ်တယ်တဲ့နော်၊ ဒါဟာ တဒါရုံနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ့တဲ့အခါမှာနော်။

ကောင်းပြီ၊ ဒါက သင်္ဂြိုဟ်ကျမ်းမှာ လာသလောက်ကတော့ ရိုးရိုးလေး ဒါလေးပဲ၊ ဒါပေမယ်လို့ အဖွင့်ကျမ်းတွေမှာတော့ ဒီထက် ကျယ်ကျယ်ဝန်းဝန်း ဆိုထားတာတွေရှိတယ်၊ ဒါနောက် စာရွက်မှာ အာဂန္တုက ဧည့်သည် ဘဝင်ဆိုပြီးတော့ လင်္ကာကျက်ထားလို့ ရရင်တော့ သိပ်ကောင်းတယ်၊ ပြီးတော့မှ အာဂန္တုက ဘဝင် ကျတဲ့ အတိမဟန္တာရုံ ဝီထိ ချကြဦးမယ်။

လင်္ကာ “သောမနသ်သန္ဓေ၊ စွဲကပ်နေ၍၊ ယူလေမိစ္ဆာ၊ ရှိသူမှာလျှင်၊ လွန်စွာတင့်ဘိ၊ အတိဣဋ္ဌာန်၊ တိမဟန္တ၊ ဝိဘူတဟု၊ ဗုဒ္ဓအာရုံ၊ ကြုံသော်လည်းကောင်း”

နဂိုတုန်းက သောမနဿနှင့် ပဋိသန္ဓေနေခဲ့တယ်တဲ့နော်၊ ဒါပေမယ့် သူက မိစ္ဆာအယူရှိတယ်၊ ရှိတော့ အလွန်ကို တင့်တယ်တဲ့ အတိဣဋ္ဌာရုံလည်း ဖြစ်၊ အတိမဟန္တ သို့မဟုတ် ဝိဘူတလည်းဖြစ်တဲ့ ဘုရားအာရုံကြုံပြီတဲ့၊ ဟိုးနောက်ကို သွားစပ်ရမယ်၊ ကြုံသော်လည်းကောင်းကို “ဒေါသဇောသို့ စော၍ပြီးတုံ” အဲဒီချည်း သွားသွားစပ်ရမယ်၊ ဒါက ဝီထိတစ်မျိုးပေါ့၊ ပြဿနာတစ်ခု။

တစ်ခါ “တစ်ကြောင်းကမူ၊ အဝိဘူတ၊ မဟန္တ၊ ကာမအာရုံ ဆုံလေတစ်ရပ်”

ဒါကလည်းပဲ သောမနဿ သန္ဓေစွဲကပ်နေ၍ကတော့ လာလာပြီးတော့ စပ်ရမယ်။

[စာမျက်နှာ-234] သောမနဿနဲ့ ပဋိသန္ဓေနေခဲ့တယ်၊ အဲဒီပုဂ္ဂိုလ်မှာ အဝိဘူတအာရုံ မဟန္တအာရုံ ဆိုတဲ့ ကာမအာရုံနဲ့ တွေ့တယ်၊ တွေ့ပြီးတော့ ဒေါသဇော စောတယ်။

* သမာပတ်ကို ရလတ်ပြီးမှ ကွယ်ပသည့်ဈာန် အာရုံခံလျှင်း၊ မယွင်းတစ်ခု။

ဈာန်ရပြီးသား ပုဂ္ဂိုလ်တစ်ယောက် ဈာန်ရပြီးတဲ့နောက်မှာ သမာပတ်ဆိုတာ ဈာန်နဲ့တူတယ်၊ ကွယ်ပသည့်ဈာန်ဆိုတာ ဈာန်လျော့သွားတာပေါ့၊ ဈာန်လျော သွားတယ်၊ ဈာန်ကွယ်သွားတဲ့ အခါကျတော့ အဲဒီဈာန်ကို အာရုံပြုပြီး ဪ- ငါ ဒီဈာန်မှ ဆုံးရှုံးရလေခြင်း ဆိုပြီးတော့ ဒေါမနဿ နှလုံးမသာမယာဖြစ်တယ်၊ ဒေါသဇောပေါ့။

* သမာပတ်ကို ရလတ်ပြီးမှ ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း၊ မယွင်းတစ်ခု။ ဒါကလဲ ဒေါသဇောတို့ စော၍ပြီးတုံ သွားသွားစပ်ရမယ်။

နောက်တစ်ခုက “ပညတ်စုကို ရှုလေတလော” ပညတ်တစ်ခုခုကို စုပြီးတော့ ဒေါသဇောဖြစ်မယ်တဲ့၊ ဒါကလည်းပဲ သောမနဿ ပဋိသန္ဓေစွဲကပ်နေတာ အကုန်လိုက်၊ ဒါကြောင့် အခု ဒီမှာ ၄-မျိုးပေးထားတယ်၊ သောမနဿ ပဋိသန္ဓေနေခဲ့တယ်။ မိစ္ဆာအယူရှိပြီးတော့ အတိမဟန္တာရုံ၊ ဝိဘူတာရုံဆိုပြီးတော့ မြတ်စွာဘုရား အာရုံကြုံ ပြီးတော့ ဒေါသဇောဖြစ်တယ်။

နောက်တစ်ယောက် သောမနဿ ပဋိသန္ဓေနေခဲ့တယ်၊ အဝိဘူတအာရုံ မဟန္တာရုံ၊ ကာမအာရုံတွေ့ပြီးတော့ ဒေါသဇောစောတယ်။

နောက်တစ်ယောက် သောမနဿ ပဋိသန္ဓေနေခဲ့တယ်၊ ဈာန်တွေရတယ်။ ဈာန်လျောကျတယ်၊ အဲဒီဈာန်တွေကို အာရုံပြုပြီးတော့ ဒေါသဇောစောတယ်။

နောက်တစ်ယောက် သောမနဿ ပဋိသန္ဓေနေခဲ့တယ်၊ ပညတ်တစ်ခုခုကို ရှုပြီးတော့ အာရုံပြုပြီးတော့၊ ဒေါသဇောပဲ စောပြန်တယ်။

ကောင်းပြီ အဲဒီလိုဖြစ်လို့ “ဒေါသဇောတို့ စော၍ပြီးတဲ့” ဒေါသဇောကတော့ စောပြီးပြီတဲ့၊ စောပြီးရင် တဒါရုံချရမလား၊ မချရဘူးလားတဲ့ ဆိုတော့ ပထမဟာဆိုရင် တဒါရုံချခွင့်ရှိတဲ့ ဝီထိဖြစ်နေတယ်၊ အတိမဟန္တ၊ ဝိဘူတ၊ သို့သော် ဘာတဲ့တုန်း၊ “တဒါရုံကား၊ အာရုံနှင့်သော် မသင့်တော်ခဲ့” ဆိုလိုတာကတော့ တဒါရုံချရင် ဇောနောင်ဆိုတော့ သူက ဥပေက္ခာတဒါရုံချရမှာကို၊ အာရုံက အတိဣဋ္ဌာရုံ ဖြစ်နေတော့ ချလို့မရဘူးနော်။

“တဒါရုံကား၊ အာရုံနှင့်သော်၊ မသင့်တော်ခဲ့” အဲဒီတော့ တခြားဘာတွေကျ တဒါရုံချဦးမလားမချဘူးလားလို့ မေးဖို့တောင်

[စာမျက်နှာ-235] မလိုဘူး၊ ဘာလို့လည်းဆိုတော့ တဒါရုံမဖြစ်တဲ့ ဝီထိတွေမို့၊ အဝိဘူတ မဟန္တ အာရုံတို့ ဈာန်အာရုံတို့ ပညတ်အာရုံတို့ကျတော့ နဂိုကတည်းကိုက တဒါရုံကျတဲ့ ဝီထိတွေ မဟုတ်ဘူးနော်၊ ဒါကြောင့်မို့ တဒါရုံနဲ့ ပတ်သက်ပြီးတော့ စကားပြောရင် ပထမ အတွက်နဲ့ပဲ စကားပြောရမယ်။

“တဒါရုံကား၊ အာရုံနှင့်သော်၊ မသင့်တော်ခဲ့၊ ချင့်မျှော်တခင်း၊ ဘဝင်ဆင်းလည်း” တဲ့။

ကိုင်း ဒါဖြင့်ရင် တဒါရုံမကျနိုင်ရင် တဒါရုံဖယ်ထား၊ ဘဝင်ချကြစို့၊ ချင့်မျှော်တခင်း၊ ဘဝင်ဆင်းလည်း၊ မူရင်းသန္ဓေ၊ မလျော်ပေတည့်။

ဘဝင်ချမယ်ဆိုရင်လည်းပဲ သူက ဥပေက္ခာဘဝင်ချရမှာကိုး၊ မူရင်းက သောမနဿ ပဋိသန္ဓေဖြစ်နေတယ်နော်။

ဒါကြောင့် ချင့်မျှော်တခင်း၊ ဘဝင်ဆင်းလည်း၊ မူရင်းသန္ဓေ၊ မလျော်ပေတည့်၊ သို့နေခက်ခဲ၊ အချက်ထဲဝယ်၊ တဲ့ အခက်အခဲတွေ့နေပြီတဲ့၊

ဆက်တွဲဟန်ပြု၊ အာဂန္တုဟု၊ တစ်ခုဘဝင်၊ စပ်ကြားဝင်သည်၊ အရှင်ဆရာ့ မိန့်ခွန်းတည်း။

ဒါ-ဆရာတွေ ဒီလိုပဲ ပြောကြတယ်လို့ ဆိုလိုတယ်ပေါ့။ ဒီအလင်္ကာလေး သိပ်ကောင်းတယ်၊ အာဂန္တုက ဘဝင်ကျတာနဲ့ ပတ်သက်ပြီးတော့ ဝီထိလေးမျိုး ဒီမှာရှိတယ်ပေါ့။

အတိဣဋ္ဌာရုံ၊ အတိမဟန္တ၊ ဝိဘူတ၊ ဒီမှာတွေ့ပြီးတော့ အာဂန္တုက ကျတယ်နော်၊ တစ်ခုက အဝိဘူတအာရုံ၊ မဟန္တ အာရုံ ကာမအာရုံတွေ့ပြီးတော့ အာဂန္တုကဘဝင် ချရတယ်။

နောက်တစ်ခုက မဟဂ္ဂုတ်အာရုံ၊ ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း၊ မယွင်းတစ်ခုဆိုတော့ ဈာန်ဆိုတာဘာလဲ၊ မဟဂ္ဂုတ် အာရုံ မဟုတ်လား၊ မဟဂ္ဂုတ် အာရုံ။

နောက်တစ်ခု “ပညတ်စုကို ရှုလေတလော” ဆိုတော့ ပညတ်အာရုံ၊ ဒါတွေကို အာရုံပြုပြီးတော့ ဒေါသဇော စောမယ်တဲ့နော်၊ ဒေါသဇောစောလာရင် တဒါရုံတချို့ ဝီထိမှာ တဒါရုံချခွင့်တော့ ရှိပါရဲ့၊ ဒါပေမယ်လို့ ချလို့မဖြစ်၊ “အာရုံနှင့်သော် မသင့်တော်ခဲ့” ဥပေက္ခာတဒါရုံချရင် အတိဣဋ္ဌာရုံနဲ့ မလျော်ဘူးတဲ့။

ချင့်မျှော်တစ်ခင်း၊ ဘဝင်ဆင်းလည်း၊ မူရင်းသန္ဓေ၊ မလျော်ပေတည့် ဘဝင် ချပြန်တော့လည်း၊ ဥပေက္ခာဘဝင်ချရမှာဆိုတော့ မူလပဋိသန္ဓေနဲ့က မလျော်ပြန်

[စာမျက်နှာ-236] ဘူးတဲ့၊ “သို့နေခက်ခဲ၊ အချက်ထဲဝယ်၊ ဆက်တွဲဟန်ပြု၊ အာဂန္တုဟု၊ တစ်ခုဘဝင် စပ်ကြားဝင်သည်၊ အရှင်ဆရာ့ မိန့်ခွန်းတည်း”

ဒါကြောင့်မို့ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က ဒီနေရာမှာ ဧည့်သည် ဘဝင်အဖြစ်နဲ့ ဖြစ်ပေးတယ်၊ ဘဝင်ကိစ္စတပ်ပြီးတော့ပဲ သူက ဒီနေရာမှာ ဝင်ပေး ရတယ်၊ သူမှ ဒီလိုမဝင်လိုက်ရင် ဝီထိကြီး ကိုးယိုးကားယားနဲ့ ဘဝကြီးပြတ်သွား ဖွယ်ရာ ရှိတယ်ပေါ့လေ၊ ဒါကြောင့် သူက ဘဝင်ကိစ္စ ဆောင်ရွက်ပြီးတော့ ကူညီပေးတယ်တဲ့၊ ဒါဟာ အာဂန္တုကဘဝင်လို့ ဆိုရတယ်။

ကောင်းပြီ၊ အဲဒီအာဂန္တုက ဘဝင်ကျတဲ့ဝီထိ တစ်ခုပဲလုပ်ကြပါ၊ ဝိဘူတ အတွက်လည်း လုပ်ရင်ရပါတယ်နော်၊ အာဂန္တုက ဘဝင်ကျတဲ့ အတိမဟန္တာရုံဝီထိ ဆိုတော့ အတိမဟန္တာရုံဖြစ်ပေမယ်လို့ တဒါရုံချဖို့ မလိုဘူး၊ ချလို့ကို မရဘူး။

ဒါဖြင့်ရင်ဘယ်လိုလဲ လုပ်လိုက်စမ်း၊ ပထမဆုံးက ဘဝင်ပေါ့လေ၊ ဟုတ်လား၊ နောက်ဘာလဲ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်ပဲ ထားကြပါဦး၊ စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇-ကြိမ်၊ ဇော ၇-ကြိမ်နောက်မှာ တဒါရုံ မလာနဲ့တော့၊ ဇော ၇-ကြိမ်နောက်က ကပ်လျက်တစ်ခုက အာဂန္တုက ဘဝင်နော်၊ အဲဒီ အာဂန္တုက ဘဝင်ဖြစ်ပြီးတဲ့နောက် ကျတော့ မိမိမူလရိုးရာဘဝင်ပေါ့၊ သောမနဿ ဘဝင်ပဲ ကျသွား၊ ပြီးတော့လည်း သောမနဿဘဝင်တွေ လိုက်ရော့ပဲ၊ ဟုတ်ပြီလား။

ပြန်ချလိုက်ကြဦးစို့၊ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇွန်း၊ စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇-ကြိမ် အာဂန္တုကဘဝင်၊ မူလဘဝင်။

မူလဘဝင်ဆိုတော့ ဒီနေရာမှာ သောမနဿဘဝင်ပေါ့၊ အာဂန္တုကဘဝင်က ဥပေက္ခာသဟဂုတ် သန္တီရဏ၊ သူ ပဋိသန္ဓေနေခဲ့တာက မဟာဝိပါက်စိတ်နဲ့ပဲ ပဋိသန္ဓေနေခဲ့တာ ဆိုပါတော့၊ ဒါပေမယ်လို့ အာဂန္တုက ဘဝင်ကျတော့ ဥပေက္ခာ သဟဂုတ် သန္တီရဏ တစ်ကြိမ်ဖြစ်တယ်၊ ဒါ ဆရာအများရဲ့ အယူအဆပေါ့လေ။

အဲဒီလို တစ်ကြိမ်ဖြစ်ပြီးတော့ နောက်ကျတော့ မူလ သောမနဿဘဝင်ပဲ ချတော့၊ ဒါ အာဂန္တုကဘဝင်ကျတဲ့ အတိမဟန္တာရုံ ဝီထိတဲ့၊ အဲဒီတော့ အာဂန္တုက ဘဝင်စိတ်ဟာ ဘယ်ကို အာရုံပြုသလဲ၊ ဟော-လာပြန်ပြီ၊ ဘယ် အာရုံပြုသလဲ ဆိုတာလေးက ရှိသေးတယ်။

ဆိုပါတော့ ဒီဝီထိဟာ မြတ်စွာဘုရားကို မြင်ပြီးတော့ ဒေါသဖြစ်တဲ့ မိစ္ဆာ

[စာမျက်နှာ-237] ဒိဋ္ဌိမှာကျတဲ့ ဝီထိလို့ ဆိုကြစို့၊ အဲဒီတော့ နဂိုက မှတ်ထားတဲ့ အတိုင်းဆိုရင် ဒီဘဝင်ဟာ ဝီထိအတွင်းမှာပဲ ရှိသေးတယ် မဟုတ်လား၊ ဘယ်သူ့ကို အာရုံပြုရမလဲ။ မြတ်စွာဘုရားကို အာရုံပြုရမယ်လို့ အဓိပ္ပါယ်မရှိဘူးလား၊ ဒါပေမယ်လို့ မဟုတ်ဘူးတဲ့ ဝီထိတစ်ခုထဲမှာ အာရုံမတူတာလေးတွေ တွေ့နေရပြီ၊ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် ဝီထိတစ်ခုထဲမှာ ပါတဲ့စိတ်တွေဟာ တူသောအာရုံယူရမယ်ဟုတ်လား၊ အခု ဒီမှာကြည့် ဒီ အာဂန္တုကဘဝင်ဟာ ပစ္စုပ္ပန်အာရုံကို မယူဘူး တဲ့နော်၊ ဘာကို ယူသလဲဆိုတော့ သူ အလေ့အကျင့်များတဲ့ ကာမအာရုံ တစ်ခုခုကို ယူတယ်တဲ့။

အကယ်၍ ဒီပုဂ္ဂိုလ်က ကြည့်ရှုတာနဲ့ ပတ်သက်ပြီး အလေ့အကျက်များ ခဲ့တယ်ဆိုရင် ရူပါရုံတစ်ခုခုပေါ့နော်၊ နားထောင်တာနဲ့ ပတ်သက်တဲ့ အလေ့အကျက် များခဲ့ရင် နားထောင်တဲ့အသံတစ်ခုခုနဲ့ပတ်သက်တဲ့အာရုံပေါ့၊ အဲဒီလို အာရုံကို ယူပြီးတော့ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့ တစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ တစ်ခုတည်း တစ်မျိုး တည်းဖြစ်ရမယ်ဆိုတာကလည်းပဲ ဒီအာဂန္တုကဘဝင်မှာတော့ မဟုတ်ဘူးပေါ့၊ ချွင်းချက်ကလေးလာဖြစ်တယ်၊ တစ်ခါ ဝီထိ တစ်ခုထဲမှာဖြစ်တဲ့ စိတ်တွေဟာ တူသောအာရုံ ယူရမယ်ဆိုတဲ့စကားမှာ ဒီဟာကလေးကလည်းပဲ ချွင်းချက်လာဖြစ်တယ်၊ ခုနကလည်းပဲ မဂ်ဝီထိမှာလဲ ချွင်းချက်ပြောခဲ့တယ်၊ ဒါကြောင့်မို့ ဒီ အာဂန္တုကဘဝင်အဖြစ်နဲ့ဖြစ်တဲ့ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဟာ ဒီဝီထိထဲမှာ ဖြစ်သော်လည်း အာရုံကျတော့ ဒီဝီထိရဲ့ အာရုံကို မယူဘူး၊ မိမိနဂို နောက်က အလေ့အကျက်များခဲ့တဲ့ အာရုံကိုပဲ ယူပြီးတော့ ဖြစ်တယ်တဲ့။

ကောင်းပြီ၊ ဒီနေ့ တဒါရုံကိုသတ်မှတ်ခြင်းဆိုတဲ့အခန်း ပြီးသွားပြီ၊ အဲဒီတော့ ပထမစာရွက် အောက်ဆုံးနားမှာ ပြန်ပြီးတော့ ကြည့်လိုက်စမ်းပါဦး၊ အာဂန္တုကဘဝင် ဆိုပြီးတော့ ပြောထားတာမှာ ပဋိနောက်က သောဆိုတာ သောမနဿ ပဋိသန္ဓေ ပေါ့ နော်၊ အာရုံအောက်မှာဖြစ်နိုင်တဲ့ အာရုံတွေ ပေးထားတယ်၊ အတိဣဋ္ဌာရုံ၊ အတိမဟန္တ၊ ဝိဘူတ၊ ပြီးတော့ မဟန္တာရုံ၊ ဝိဘူတာရုံ ဖြစ်နိုင်တယ်၊ မဟဂ္ဂုတ်အာရုံ ဖြစ်နိုင်တယ်၊ ပညတ်အာရုံဖြစ်နိုင်တယ်၊ ဇောကဒီနေရာမှာ ဒေါသဇော စောရမယ်၊ တခြားဇောစောရင် အာဂန္တုကဘဝင်နဲ့ ဘာမှ မပတ်သက်တော့ဘူး၊ အဲဒီနောက် တဒါရုံမကျဘူး၊ ကြက်ခြေခတ်ထားတာက မကျဘူးလို့ ဆိုလိုတယ်၊ ဒေါသဇော နောင် တဒါရုံ မကျနိုင်ဘူး။ ဒါကြောင့်မို့ ဒေါသဇော နောင် အာဂန္တုကဘဝင်ကျတယ်၊ အဲဒီ အာဂန္တုက

[စာမျက်နှာ-238] ဘဝင်ဟာ ဘယ်စိတ်လဲ၊ ဥပေက္ခာသဟဂုတ် သန္တီရဏ၊ ဘယ်ကိစ္စတပ်သလဲ အာဂန္တုကဘဝင် ကိစ္စတပ်တယ်။

အာရုံလေးတော့ရေးဖို့ ကောင်းပါသေးတယ်၊ ဘာအာရုံပြုသလဲ၊ နောက်က အလေ့အကျက်များခဲ့သော ကာမအာရုံ။

ဒါကြောင့်မို့ တဒါရုံနဲ့ပတ်သက်လို့ ယေဘုယျမှတ်သားထားစရာက ဘာရှိသလဲ၊ သောမနဿဇော နောင်၊ သောမနဿတဒါရုံ၊ ဥပေက္ခာဇော နောင်၊ ဥပေက္ခာတဒါရုံ၊ ဟုတ်လား၊ ကြိယာဇောနဲ့ ပတ်သက်လာရင် တခြားဇောကျ သူ့ အရှိအတိုင်းပေါ့။ စာရွက်မှာ ရေးထားတဲ့အတိုင်း ဒေါသဇော နောင်ဆိုရင် ဥပေက္ခာတဒါရုံနဲ့ ဘဝင်ဆိုလည်း ဥပေက္ခာဘဝင်ကျတယ်။

ပြီးတော့တစ်ခါ ဒီအာရုံနဲ့ ဝိပါက်ညှိတဲ့အခါမှာ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါက် ချ၊ ဣဋ္ဌမဇ္ဈတ္တာရုံဆိုရင် ကုသလဝိပါက်ချ၊ အတိဣဋ္ဌာရုံဆိုရင် ကုသလဝိပါက်ချ၊ ပြီးတော့မှ အဲဒီထဲက သန္တီရဏနဲ့ တဒါရုံကို သောမနဿချ။

ပြီးတော့ တစ်ဘဝမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ တစ်မျိုးတည်းဖြစ်တယ်။ ဒီအခြေခံနားလည်ထားရမယ်၊ အမှန်ကတော့ ဒီစကားက ပဉ္စမပိုင်းကျမှ ပြောတဲ့ စကား၊ ဒါပေမယ်လို့ အဲဒါလေးက ဒီမှာ နားလည်ထားမှ အာဂန္တုက ဘဝင်ပြောတဲ့ အခါ ရှင်းမှာနော်။

ပြီးတော့ ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ၃-ပါးစုံမှ တဒါရုံကျ နိုင်တယ်၊ ပြီးတော့ ဘယ်ဝီထိမျိုးမှ တဒါရုံကျနိုင်သလဲ၊ အတိမဟန္တာရုံ၊ ဝိဘူတာရုံ တို့မှသာ တဒါရုံကျနိုင်တယ်၊

အဲဒီ အခြေခံကို မှတ်မိပြီဆိုရင် အာဂန္တုကဘဝင်ကို ပြန်စဉ်းစားကြည့်ရင် ရှင်းတယ်၊ ဒီအခြေခံကို မမှတ်မိဘူး၊ နားမလည်ဘူးဆိုရင် အာဂန္တုကဘဝင်က ရှုပ်နေမှာပဲ၊ ဘာကြောင့် အာဂန္တုကဘဝင်က ဒီမှာ ဖြစ်ရတာလဲ၊ ဘာကြောင့် တဒါရုံက မကျနိုင်ရတာလဲ၊ ဘာကြောင့် ရိုးရိုးဘဝင်က မကျနိုင်ရတာလဲဆိုတာ ဒီမှာ ဆက်စပ်ပြီး သိရတာ၊ အထက်ကဟာလေးသိပြီးရင် ဒါနားလည်ဖို့ရှိပါတယ်။

ဒါကြောင့်မို့ အာဂန္တုကဘဝင်ကျတဲ့ ဝီထိဆိုတာ ဘယ်သူ့မှာသာ ဖြစ်နိုင်သလဲ။ သောမနဿ ပဋိသန္ဓေနေခဲ့တဲ့ လူမှာသာဖြစ်နိုင်တယ်၊ သူဟာ ဘယ်လို အာရုံနဲ့ တွေ့တဲ့အခါဖြစ်နိုင်သလဲ၊ အတိဣဋ္ဌာရုံ အတိမဟန္တ၊ ဝိဘူတ၊ မဟန္တာရုံ၊ အဝိဘူတာရုံ၊ မဟဂ္ဂုတ်အာရုံ၊ ပညတ်အာရုံ။

သို့သော် ဇောကျတော့ ဒေါသဇောစောတာ၊ ဇောအရေးကြီးတာပါပဲ။

[စာမျက်နှာ-239] ဒေါသဇောစောတာနောက် တဒါရုံ ချမရတော့ တဒါရုံလည်း ချမရဘူး၊ ဘဝင်လည်းပဲ ရိုးရိုးဘဝင်ချမရဘူး၊ အာဂန္တုကဘဝင်ချ။

တော်တော်တော့ဆန်းတယ်၊ ရိုးရိုးဘဝင်ချမရလို့ အငှားဘဝင်ချရတာ၊ သင်္ဂြိုဟ်ကျမ်းကတော့ သာမညလေး ပြောတာကိုး၊ အဖွင့်ကျမ်းတွေကျ အခုလင်္ကာမှာ လာသလို ခွဲခြမ်းစိတ်ဖြာပြီးတော့ရေးတာ၊ ဒီလင်္ကာဟာ ဂန္ဓာရုံဆရာတော်လို့ခေါ်တဲ့ ဆရာတော် ဦးဇနကာဘိဝံသတောင်မြို့ ဆရာတော်လို့လည်းခေါ်တယ်၊ အဲဒီဆရာတော် ရေးတဲ့ ကျမ်းလာပေါ့၊ ဒီဟာလေး ရထားရင်တော့ ပြောလို့လည်း ကောင်းတယ်၊ စဉ်းစားလို့လည်းကောင်းတယ်နော်၊ မမေ့နိုင်ဘူး၊ ပြန်ဖတ်လိုက်စမ်းပါ

သောမနသ် သန္ဓေ၊ စွဲကပ်နေ၍၊ ယူလေမိစ္ဆာ၊ ရှိသူမှာလျှင်၊ လွန်စွာတင့်ဘိ၊ အတိဣဋ္ဌာန်၊ တိမဟန္တ၊ ဝိဘူတဟု၊ ဗုဒ္ဓအာရုံ၊ ကြုံသော်လည်းကောင်း၊ တစ်ကြောင်း ကမူ၊ အဝိဘူတ မဟန္တဟု၊ ကာမအာရုံ၊ ဆုံလေတစ်ရပ်။

သမာပတ်ကို၊ ရလတ်ပြီးမှ၊ ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း၊ မယွင်းတစ်ခု၊ ပညတ်စုကို၊ ရှုလေတလော၊ ဒေါသဇောတို့၊ စော၍ပြီးတုံ၊ တဒါရုံကား၊ အာရုံနှင့်သော်၊ မသင့်တော်ခဲ့၊ ချင့်မျှော်တစ်ခင်း၊ ဘဝင်ဆင်းလည်း၊ မူရင်းသန္ဓေ၊ မလျော်ပေတည့်၊ သို့နေခက်ခဲ၊ အချက်ထဲဝယ်၊ ဆက်တွဲဟန်ပြု၊ အာဂန္တုဟု၊ တစ်ခုဘဝင်၊ စပ်ကြားဝင်သည်၊ အရှင်ဆရာ့ မိန့်ခွန်းတည်း။

အာဂန္တုကဘဝင်တဲ့၊ ဒီမှာကိုယ်က ပြောနိုင်ဖို့က “တဒါရုံကား၊ အာရုံနှင့်သော် မသင့်တော်ခဲ့” ဒါ ဘယ်လိုလဲ၊ ဘာကြောင့် အာရုံနဲ့မသင့်တော်တာလဲ၊ ဘာတဒါရုံချမှာ မို့လို့လဲ၊ ဒါကိုယ်က ပြောနိုင်ရမယ်၊ ဇောလိုက်ပြီးတော့ တဒါရုံက ဥပေက္ခာတဒါရုံချ ရမှာ၊ အာရုံက အတိဣဋ္ဌာရုံ ဖြစ်နေတော့ ချလို့မရဘူး။

“ချင့်မျှော်တခင်း၊ ဘဝင်ဆင်းလည်း၊ မူရင်းသန္ဓေ၊ မလျော်ပေတည့်” ဘာကြောင့် မူရင်းသန္ဓေက မလျော်ရတာတုန်း၊ ဒေါမနဿဇော နောင် ဖြစ်နေလို့၊ မူရင်းသန္ဓေက သောမနဿ ပဋိသန္ဓေဆိုတော့သောမနဿဘဝင်ချရမှာကိုး၊ ဒါလေးကို ရှင်းပြတတ် ရမယ်။

“ချင့်မျှော်တခင်း၊ ဘဝင်ဆင်းလည်း မူရင်းသန္ဓေ၊ မလျော်ပေတည့်၊ သို့နေ ခက်ခဲ၊ အချက်ထဲဝယ်၊ ဆက်တွဲဟန်ပြု၊ အာဂန္တုဟု၊ တစ်ခုဘဝင်၊ စပ်ကြားဝင်သည်၊ အရှင်ဆရာ့ မိန့်ခွန်းတည်း။

ဦးဇင်းတို့ နောက်တုန်းက ပဉ္စဒွါရမှာ ဝီထိပေါင်း ၇၅-ဝီထိလို့ပြောခဲ့တယ်။ အာဂန္တုကဘဝင်ချတဲ့ ဝီထိထည့်မယ်ဆိုရင် ၇၅-မကတော့ဘူး၊ အတိမဟန္တာရုံမှာ

[စာမျက်နှာ-240] ၂-ဝီထိဖြစ်နေတယ်၊ မဟန္တာရုံမှာလည်း ဝီထိချလို့ရတာ ရှိသေးတယ်၊ အဲဒီလိုသာ တွက်မယ်ဆိုရင် ဝီထိတွေ အများကြီးဖြစ်သွားပြီ၊ ကဲ- ထားပါတော့၊ ယူရိုးယူစဉ် အတိုင်း ၇၅-ပဲ မနည်းမှတ်ရမှာနော်။

ကောင်းပြီ၊ အဲဒါဟာ တဒါရုံနဲ့ ပတ်သက်လို့ မှတ်သားဖွယ်ပေါ့နော်၊ တဒါရမ္မဏနိယာမလို့ ပါဠိလိုတော့ ခေါ်တယ်၊ တဒါရုံကို သတ်မှတ်ခြင်းတဲ့။

ဝီထိကို လေ့လာတဲ့အခါ ဒါတွေပါ အကုန်လုံးပါအောင် လေ့လာရတာ၊ ဒါကြောင့်မို့ ဝီထိတစ်ခုတည်းနဲ့ အများကြီးလေ့လာနိုင်တယ်၊ ပဋ္ဌာန်းနားလည်လာပြီ ဆိုရင် ဒီမှာ ပဋ္ဌာန်းနည်းတွေက ဝင်ဦးမှာ။

အခုဆိုရင် စိတ်တစ်ခုခုကို ဒီစိတ်က ဘယ်ဟာကို ယူရမယ်၊ သန္တီရဏဆို ဘယ်သန္တီရဏယူရမယ်၊ ဇောဆို ဘယ်ဇောယူရမယ်၊ တဒါရုံကို ဘာယူရမယ်။ အကုန်လုံး ဒါ အသေအချာ အတိအကျ သတ်မှတ်ထားပြီးသားတွေ၊ အဲဒီထဲကမှ အခု regular မဟုတ်တဲ့ အခက်အခဲတွေ့တဲ့အခါလည်း ဥပေက္ခာ သန္တီရဏက အငှားဘဝင်ပေါ့ လေ၊ အဲဒီလို ဝီထိတွေ အလွန်စိတ်ဝင်စားဖို့သိပ်ကောင်းတယ်။

အခု အာရုံရယ်၊ စိတ်သရုပ်လို့ခေါ်တဲ့ ဘာစိတ်ဘာစိတ်တွေရတယ်ဆိုတာရယ်၊ မှီရာရယ်၊ နောင်အခါကျ ဘယ်ပုဂ္ဂိုလ်ဖြစ်တယ်၊ ဘယ်ဘုံဖြစ်တယ်ဆိုတာတောင် လာလိမ့်ဦးမယ်၊ ထားပါတော့၊ ဒါဟာ ဒီနေ့ တဒါရုံ သတ်မှတ်ခြင်း ပြီးသွားပြီပေါ့။

နောက် အပတ်ဆိုရင် ဇောသတ်မှတ်ခြင်း လာလိမ့်မယ်၊ နောက်က ဝီထိ တွေကို ကြည့်ပြီးတော့ တစ်ကြိမ်သာ စောသည့်ဇော၊ နှစ်ကြိမ်သာ စောသည့်ဇော၊ ၃-ကြိမ်စောသည့်ဇော၊ ပြီးတော့ ၇-ကြိမ်စောတဲ့ဇော၊ အဲဒါတွေ နည်းနည်းရှာခဲ့စမ်းပါ၊ နောက်အပတ်ကျတော့ အကုန်လုံးသွားရမှာဟုတ်လား၊ ၁-ကြိမ်၊ ၂-ကြိမ်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်၊ ၆-ကြိမ်၊ ၇-ကြိမ် စောသည့် ဇောတွေရှာရမှာ၊ အခုတွေ့ပြီးသားက ၇-ကြိမ် တွေ့ပြီးပြီ၊ ပြီးတော့ ၆-ကြိမ်လည်း တွေ့ပြီးပြီ။ ဆိုကြပါစို့၊ ၆-ကြိမ်၊ ၇-ကြိမ်၊ စောနိုင်တယ်၊ ၁-ကြိမ်လည်းတွေ့ပြီးပြီ။ အကြိမ် များစွာလည်း တွေ့ပြီးပြီ၊ ဟုတ်လား၊ သမာပတ္တိဝီထိကျတော့ ဈာန်ပြန်ဝင်စားတဲ့ ဟာကျတော့ အကြိမ်များစွာ နောက်ထပ်လည်း လာလိမ့်ဦးမယ်။

[စာမျက်နှာ-241] ကာမဇောဝီထိ၌ ရိုးရာအခါ၌ ကာမဇောတို့ ၇-ကြိမ်သာ သို့မဟုတ် ၆-ကြိမ်သာ။
သေခါနီးအခါ, တွေဝေမိန်းမော မျောနေသောအခါ, သတိမေ့နေသောအခါ, မွေးခါစ အခါ စသည်တို့၌ ၅-ကြိမ်သာ။
မြတ်စွာဘုရား ရေမီးအစုံ ထွက်သောတန်ခိုး ပြသောအခါ စသည်တို့၌ ၄-ကြိမ် သို့မဟုတ် ၅-ကြိမ်။ (ပစ္စဝေက္ခဏာဇော)

ရှေးဦးစွာရသောအခါ မဟဂ္ဂုတ်ဇောတို့ ၁-ကြိမ်သာ။ အဘိညာဏ်ဇောတို့ အခါခပ်သိမ်း ၁-ကြိမ်သာ။ မဂ်ဇောတို့ ၁-ကြိမ်သာ။ မဂ်နောင် ဖိုလ်ဇောတို့ ၂-ကြိမ် သို့မဟုတ် ၃-ကြိမ်။

နိရောဓသမာပတ် ဝင်စားသောအခါ၌ စတုတ္ထအရူပါဝစရဇော ၂-ကြိမ်။ ထို့နောင် စိတ်, စေတသိက်, စိတ္တဇရုပ်တို့ ချုပ်ကြသည်။
နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇော ၁-ကြိမ် သို့မဟုတ် အရဟတ္တဖိုလ်ဇော ၁-ကြိမ်။

ဈာနသမာပတ္တိဝီထိ၊ ဖလသမာပတ္တိဝီထိ၌ ဈာန်ဇော, ဖိုလ်ဇောများ မည်မျှဟု မသတ်မှတ်နိုင်၊ အကြိမ်များစွာပင်ဖြစ်။
မရဏာသန္နဝီထိ (သေခါနီးဇောဝီထိ)ကို ပဉ္စမပိုင်း၌ တွေ့ရလတ္တံ့။

[စာမျက်နှာ-242]
ပုဂ္ဂိုလ်စိတ်ရ
ပုဂ္ဂိုလ် ၁၂-ယောက် ပုထုဇဉ် ၄-ယောက် ၁။ ဒုဂ္ဂတိအဟိတ် ၂။ သုဂတိအဟိတ် ၃။ ဒွိဟိတ် ၄။ တိဟိတ် အရိယာ ၈-ယောက် ၁။ မဂ္ဂဋ္ဌ ၄-ယောက် ၂။ ဖလဋ္ဌ ၄-ယောက် မှတ်ချက်။ အရိယာပုဂ္ဂိုလ်တို့သည် တိဟိတ်ချည်းသာ။

ပုဂ္ဂိုလ် ... မရသောစိတ် ဒုဂ္ဂတိအဟိတ် ... ကြိယာဇော၊ အပ္ပနာဇော၊ မဟာဝိ ၈။
သုဂတိအဟိတ် ... ကြိယာဇော၊ အပ္ပနာဇော၊ မဟာဝိ ဉာဏသံ ၄။
ဒွိဟိတ် ... ကြိယာဇော၊ အပ္ပနာဇော၊ မဟာဝိ ဉာဏသံ ၄။
တိဟိတ်ပုထုဇဉ် ... ကြိယာဇော။
မဂ္ဂဋ္ဌ ၄-ယောက် ... မိမိမဂ်မှတစ်ပါး အခြားစိတ်အားလုံး။
သောတာပတ္တိဖလဋ္ဌ ... ကြိယာဇော၊ ဒိဋ္ဌိသံ၊ ဝိစိသဟဂုတ်စိတ်။
သကဒါဂါမိဖလဋ္ဌ ... ကြိယာဇော၊ ဒိဋ္ဌိသံ၊ ဝိစိသဟဂုတ်စိတ်။
အနာဂါမိဖလဋ္ဌ ... ကြိယာဇော၊ ဒိဋ္ဌိသံ၊ ဝိစိသဟဂုတ်စိတ်၊ ဒေါသမူ ၂။
အရဟတ္တဖလဋ္ဌ (ရဟန္တာ) ... ကုသိုလ်ဇော၊ အကုသိုလ်ဇော။

ထို့ကြောင့် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ အကု ၁၂ + ဟသိကြဉ်အဟိတ် ၁၇ + မဟာကု ၈ = ၃၇ ရသည်။ ကြွင်းပုဂ္ဂိုလ်များ၏စိတ်ကို ရေတွက်ပါ။ သင်္ချာမျှပြအံ့။
သုဂတိအဟိတ် ၄၁
ဒွိဟိတ် ၄၁
တိဟိတ်ပုထုဇဉ် ၅၄
မဂ္ဂဋ္ဌ ၄-ယောက် ၁
သောတာဖလဋ္ဌ ၅၀
သကဒါဖလဋ္ဌ ၅၀
အနာဂါဖလဋ္ဌ ၄၈
အရဟတ္တဖလဋ္ဌ ၄၄

[စာမျက်နှာ-243]
အဘိဓမ္မာသင်တန်း ၂၅

ဝီထိပိုင်း

ဇောသတ်မှတ်ခြင်း ပုဂ္ဂိုလ်စိတ်ရ

ဒီနေ့ ဧပြီလ ၁၀-ရက်နေ့။ လွန်ခဲ့တဲ့ အပတ်တုန်းက တဒါရုံကို သတ်မှတ်ခြင်းကို လေ့လာခဲ့ပြီးပြီ။ အခုဒီအပတ်မှာ ဇောကို သတ်မှတ်ခြင်းဆိုတာကို လေ့လာကြရမယ်။

ဝီထိချတဲ့အခါ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်နဲ့ ချတယ်မဟုတ်လား၊ အဲဒီတော့ ဇောတွေအကြောင်းကိုလည်း နားလည်ရမယ်၊ ဇောဟာ ၇-ကြိမ်သာ စောသလား၊ ဘယ်နှစ်ကြိမ်များစောသေးသလဲ စသဖြင့်ပေါ့လေ။

အဲဒီတော့ ပထမဇောကိစ္စ တပ်တဲ့စိတ်တွေ ပြန်ပြီး စဉ်းစားလိုက်စမ်းပါ။ ဘယ်စိတ်တွေဟာ ဇောကိစ္စတပ်သလဲ၊ ဇောကိစ္စတပ်တဲ့စိတ်ပေါင်း ၅၅-ခု ရှိတယ်နော်။

ဇော အတိုကောက် မှတ်ထား၊ ဘယ်လို မှတ်သလဲ၊ ကုသိုလ်, အကုသိုလ်, ဖိုလ်, ကြိယာ၊ အာဝဇ္ဇန်း ၂-ခု မပါဘူးလေ၊ အာဝဇ္ဇန်း ၂-ခုကြဉ်သောကြိယာ၊ အဲဒီစိတ် ၅၅-ပါးကို ဇောကိစ္စတပ်တဲ့စိတ်လို့ခေါ်တယ်၊ အဲဒီဇောတွေပဲ ဘယ်နှစ်ကြိမ် စောသလဲဆိုတာ လေ့လာကြရမယ်။

ဒီနေ့ပေးထားတဲ့ စာရွက်ကို ကြည့်လိုက်ရင် ပထမဆုံး ကာမဇောဝီထိ၌ ရိုးရာအခါ၌ကာမဇောတို့ ၇-ကြိမ်သာ သို့မဟုတ် ၆-ကြိမ်သာစောတယ်, ဖြစ်တယ် ပေါ့လေ။

[စာမျက်နှာ-244] ဇောကျတော့ ကျမ်းဂန်မှာ စောတယ်လို့သုံးတယ်၊ ဒါဖြစ်တာပေါ့လေ။

ပကတိအခါမှာ normal, under normal condition ဆိုရင် ၇-ကြိမ်ဟာ များသောအားဖြင့် ဇောတယ်၊ ၆-ကြိမ်လည်း စောတယ်လို့ အဆိုရှိတယ်။ ဒါကြောင့်မို့ ၇-ကြိမ်သာ ၇-ကြိမ်ထက် မပိုဘူးလို့ ဆိုလိုတယ်၊ သို့မဟုတ် ၆-ကြိမ်သာ၊ ၆-ကြိမ်အောက် မဟုတ်ဘူးလို့ဆိုတယ်၊ ပကတိရိုးရာအခါမှာ ဇောတွေချတဲ့ အခါမှာ ၇-ကြိမ်, သို့မဟုတ် ဇော ၆-ကြိမ်လည်းပဲ ချချင်ရင် ချနိုင်တယ်။

ကောင်းပြီ, ရိုးရာအခါမှာ ၇-ကြိမ် သို့မဟုတ် ၆-ကြိမ်၊ သေခါနီးအခါတွေဝေ မိန်းမောမျောနေသောအခါ, သတိမေ့နေသောအခါ, မွေးခါစအခါ စသည်တို့၌ ၅-ကြိမ် သာစောတယ်တဲ့၊ ကာမဇောတွေနော်၊ သေခါနီးအခါမှာ မရဏာသန္နဝီထိ ချရတယ်။

အဲဒီ မရဏာသန္နဝီထိချတဲ့ အခါမှာ ဇော ၇-ကြိမ် မချနိုင်တော့ဘူး၊ ၅-ကြိမ်သာချရတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအခါမှာ မှီရာဟဒယဝတ္ထုဟာ အားနည်းနေပြီ၊ ဟဒယဝတ္ထုပဲဖြစ်ဖြစ်, အခြားဝတ္ထုရုပ်တွေပဲဖြစ်ဖြစ် မှီရာဝတ္ထု တွေဟာ အားနည်းနေလို့ ၇-ကြိမ် စိမ်ပြေနပြေ မစောနိုင်ပဲနဲ့ ၅-ကြိမ်သာစောရတယ်။

တွေဝေမိန်းမောမျောနေတဲ့အခါမျိုး, သစ်ပင်ပေါ်က လိမ့်ကျတယ်၊ ရေနစ်တယ် စသဖြင့်ပေါ့လေ အဲဒီလို တွေဝေမိန်းမော မျောနေတဲ့အခါမျိုးတွေမှာ ဇော ၅-ကြိမ်ပဲကျတယ်၊ သတိလွတ်ကင်းတဲ့ အခါမျိုးမှာလည်း ၅-ကြိမ်၊ မွေးခါစအခါမှာ လည်းပဲ ရုပ်ကလေးဟာ သိပ်နုနယ်သေးတယ်၊ မှီရာဝတ္ထုရုပ်တွေက အားမကောင်း သေးတဲ့ အတွက်ကြောင့် ၅-ကြိမ်ပဲစောတယ်တဲ့။

အဲဒီတော့ ရိုးရာအခါမှာ ၇-ကြိမ်၊ ၆-ကြိမ်၊ အထူးအခါလို့ ဆိုကြပါစို့နော်၊ သေခါနီးအခါမျိုး တွေဝေမိန်းမောနေတဲ့အခါမျိုး, သတိမေ့နေတဲ့အခါမျိုး, မွေးခါစ အခါမျိုးတွေမှာ ၅-ကြိမ်စောတယ်။

မြတ်စွာဘုရား ရေမီးအစုံထွက်သော တန်ခိုးပြသောအခါ စသည်တို့၌ ၄-ကြိမ် သို့မဟုတ် ၅-ကြိမ်စောသည်။

ဒါက ဒီလိုရှိတယ်၊ တန်ခိုးပြတယ်ဆိုတာ ဈာန်ရိုးရိုးနဲ့ မရဘူး၊ အဘိညာဏ် ဆိုတာအထိ ရောက်အောင်လုပ်ရတယ်၊ အဘိညာဏ်ဆိုတာနောက်တုန်းက ကြားတော့ကြားခဲ့ ဖူးပြီးသား၊ တတိယပိုင်းတုန်းက အာရုံတွေနဲ့ပတ်သက်ပြီးတော့ ပြောတုန်းက အဘိညာဏ်, အဘိညာဏ်နဲ့ ပြောခဲ့ပြီ။

မြတ်စွာဘုရားဟာ ဆွေတော်မျိုးတော်တွေဆီ ပြန်တုန်းက ရေမီးအစုံထွက်တဲ့

[စာမျက်နှာ-245] တန်ခိုးပြာဋိဟာတွေ ပြခဲ့တယ်၊ သာကီဝင် မင်းသားတွေက အလွန်မာနကြီးတယ်။ မာနကြီးတော့ မြတ်စွာဘုရားထက် အသက်အရွယ်ကြီးတဲ့ သာကီဝင်မင်းသားတွေက မြတ်စွာဘုရားကို ရှိမခိုးကြဘူး၊ ငယ်တဲ့ကလေးတွေ ရှေ့က ထားပြီး သူတို့က နောက်ကနေပြီးတော့ ရှိမခိုးဘူး၊ ငယ်တဲ့ကလေးတွေကိုပဲ ရှိခိုးစေတယ်၊ အဲဒါကို သိတော့ မြတ်စွာဘုရားက တန်ခိုးပြတယ်၊ နောင်လည်းပဲ တိတ္ထိတွေနဲ့ တန်ခိုးပြိုင်တဲ့ အခါ ရှိသေးတယ်၊ အဲဒီအခါမှာလည်း ရေမီးအစုံ တန်ခိုးပြာဋိဟာပြတယ်။

ရေမီးအစုံတန်ခိုးပြာဋိဟာ ပြတယ်ဆိုတာဟာ မျက်လုံးတစ်ဖက်က ရေထွက်၊ မျက်လုံးတစ်ဖက်က မီးထွက်, လက်ျာဘက်ကိုယ်က ရေထွက်၊ လက်ဝဲဘက် ကိုယ်က မီးထွက်စသည်ပေါ့လေ၊ နောက်ဆုံး မွေးညင်းပေါက်တစ်ခုက ရေထွက် မွေးညှင်းပေါက်တစ်ခုက မီးထွက်, အဲဒီလိုဖြစ်အောင် တန်ခိုးဖန်ဆင်းရတာ။

ဒီလို တန်ခိုးဖန်ဆင်းတဲ့အခါကျတော့ ဒီအဘိညာဏ်ဝီထိရောက်အောင်ရှေ့က ဝီထိတွေရှိသေးတယ်၊ ပထမဆုံးကို စတုတ္ထဈာန် သို့မဟုတ် ပဉ္စမဈာန်ရောက်အောင် ဝင်စားလိုက်ရတယ်၊ ဈာန်လေးမျိုး ရှိတဲ့အနေနဲ့ပြောရင် စတုတ္ထဈာန်ပေါ့၊ ဈာန်ငါးမျိုးရှိတဲ့ အနေနဲ့ပြောရင်တော့ ပဉ္စမဈာန်ပေါ့၊ အဲဒီ ဈာန်ကို ဝင်စားလိုက်ရတယ်၊ ဝင်စားပြီးတဲ့နောက် အဲဒီဈာန်အင်္ဂါတွေကို ပြန်ပြီးတော့ ဆင်ခြင်တဲ့ ကာမာဝစရ ဝီထိဖြစ်တယ်၊ ဆင်ခြင်တဲ့ဝီထိဖြစ်တယ်၊ ပြီးတော့မှ တစ်ခါ အဓိဋ္ဌာန်တဲ့ဝီထိဖြစ်တယ်။ ဆိုပါတော့ ငါ့လက်ျာဘက် မျက်လုံးက မီးထွက်စေသတည်း၊ ငါ့လက်ျာဘက် မျက်လုံးက ရေထွက်စေသတည်း စသဖြင့်ပေါ့လေ၊ အဲဒီလို အဓိဋ္ဌာန်ပြီးတဲ့နောက်မှာ ဆင်ခြင်တဲ့ဝီထိတစ်ခု ဖြစ်ပြန်တယ်၊ ပြီးတော့မှ အဘိညာဏ်။

ဒီတော့ အဘိညာဏ် ဝီထိမရောက်ခင်ကြားမှာ ကသိုဏ်းဈာန် မီးထွက်စေ ချင်ရင် မီးကသိုဏ်းကိုရှာပြီးတော့ ပဉ္စမဈာန်ရောက်အောင်ဝင်စား၊ ပြီးတော့မှ အဲဒီ ပဉ္စမဈာန် ထဲကဟာတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုဆင်ခြင်၊ ပြီးတော့ အဓိဋ္ဌာန်ပြုတဲ့၊ ညာဘက်မျက်လုံးက မီးထွက်စေချင်ရင် ညာဘက်မျက်လုံးက မီးထွက်စေသတည်းဟု အဓိဋ္ဌာန်တဲ့ ဝီထိတစ်ခုပြု၊ ပြီးတော့တစ်ခါ ခုနက ပဉ္စမဈာန်ကို ဝင်စားရပြန်တယ်။ပြီးမှ အဘိညာဏ်ဝီထိကျတယ်၊ ပါဒကဈာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန်ပါဒက ဖြစ်ပြီးမှ၊ ကျတဲ့အဘိညာလို့ ဒီလိုလင်္ကာလေးတွေရှိတယ်၊ ပထမပါဒကဈာန်ဆိုတာ အခြေခံ ဖြစ်တဲ့ ဈာန်ဝင်စားရတယ်၊ ပြီးတော့ကြားထဲပစ္စဝေက္ခဏဝီထိကတော့အဲဒီထဲ ထည့် မထားပါဘူး။

ပါဒကဈာန် ပြီးတော့မှ အဓိဋ္ဌာန်နှင့် အဓိဋ္ဌာန်ပြုတဲ့၊ ဝီထိတစ်ခါကျတယ်၊

[စာမျက်နှာ-246] တစ်ဖန် ပါဒက၊ ဖြစ်ပြီးမှ၊ ကျတုံအဘိညာ, တစ်ခါပါဒကဈာန် ခုနအခြေခံဝင်စားခဲ့တဲ့ ဈာန်ကိုပဲတစ်ခါ ပြန်ဝင်စားရတယ်၊ ဒီလို လုပ်ရတယ်ဆိုတော့ ဒီ ဝီထိ ၃-ခုပြီးမှ အဘိညာဏ်သို့ရောက်တယ်။

အဲဒီတော့ ကြည့်နေတဲ့ပရိသတ်တွေက ဘယ်လိုထင်သလဲဆိုတော့ ရေမီး တစ်ပြိုင်တည်း ထွက်နေတာလို့ ထင်ရတယ်၊ အဲဒီလောက် မြန်အောင် အမှန်ကတော့ ရေထွက်ပြီးမှ မီးထွက်တာ မီးထွက်ပြီးမှ ရေထွက်တာပဲ၊ ဒါပေမယ်လို့ စိတ်က မြန်လွန်းတော့ စိတ်ကြောင့်ဖြစ်တဲ့ မီးရေကလည်း မြန်တော့ ကြည့်ရတဲ့ ပုဂ္ဂိုလ်တွေ မှာတော့ တစ်ပြိုင်တည်း ထွက်သလို ထင်ရတယ်ဆိုတော့ ဒီ ပစ္စဝေက္ခဏာဇောတွေဟာ အေးအေးဆေးဆေး စောဖို့ဟာ အခွင့်မရတော့ဘူး၊ မြန်မြန်ဆန်ဆန်ပြီးအောင်ပဲ လုပ်ရတော့တယ်။

အဲဒါကြောင့်မို့ အဲဒီလို အချိန်အခါမျိုးမှာ ဈာန်အင်္ဂါကို ပြန်ပြီးတော့ဆင်ခြင်တဲ့ ပစ္စဝေက္ခဏ ဝီထိတွေမှာ ၄-ကြိမ် သို့မဟုတ် ၅-ကြိမ်ပဲစောတော့တယ်။

ရှေးဆရာတွေဆိုတာက မြတ်စွာဘုရားအဖို့ ၄-ကြိမ်နော်၊ သာဝကတွေ အဖို့ ၅-ကြိမ်ပေါ့လေ၊ အဲဒီလိုစောမယ်၊ ဒါက အလျင်အမြန် တက်သုတ်ရိုက်ပြီး လုပ်ရတဲ့ တန်ခိုးပြတာမျိုး၊ ရှင်မောဂ္ဂလာန် နန္ဒောပနန္ဒနဲ့ တန်ခိုးပြိုင်တဲ့အခါမျိုးလည်း ဒီလိုပဲ၊ ဒါကြောင့်မို့ အဲဒီလို တန်ခိုးပြတဲ့အချိန် အခါမျိုးမှာ အဲဒီအလျင်အမြန် ဝင်စားတဲ့ကြားတွေမှာဖြစ်တဲ့ ဒီ ပစ္စဝေက္ခဏာဇောတွေ ဟာ ကာမာဝစရဇောတွေဟာ ၄-ကြိမ် သို့မဟုတ် ၅-ကြိမ်ပဲစောတယ်၊ ရိုးရာအခါမှာလို ၇-ကြိမ် မစောနိုင်ဘူး။

နောက် မဟဂ္ဂုတ်ဇောတွေ သွားကြစို့၊ ရှေးဦးစွာ ရသောအခါ မဟဂ္ဂုတ်ဇောတို့ တစ်ကြိမ်သာတဲ့၊ ဟိုတစ်နေ့က ဈာနဝီထိချခဲ့ပြီမဟုတ်လား၊ ဈာနဝီထိမှာ ပထမဆုံး ဈာန်ရတဲ့ဝီထိမှာ ဈာန်ဇောတစ်ကြိမ်ပဲ ချရတယ်နော်မှတ်မိတယ်မဟုတ်လား၊ အဲဒါကြောင့်မို့ မဟဂ္ဂုတ်ဇောဆိုရင် ရူပါဝစရပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ဒီမဟဂ္ဂုတ်ဇောတွေဟာ ပထမဆုံးရတဲ့အချိန်မှာဆိုရင် တစ်ကြိမ်ပဲစောတယ်။

ဘာလို့လည်းဆိုတော့ အဲဒီအချိန်မှာ အားနည်းသေးတယ်တဲ့၊ ဒီတော့ နောက်ထပ်တစ်ကြိမ်ဖြစ်ဖို့ရန် အားပေးနိုင်လောက်တဲ့ အစွမ်းမရှိဘူး၊ ဒါကြောင့်မို့ တစ်ကြိမ် ဖြစ်ပြီးရင် သူတို့က ချုပ်သွားတယ်၊ နောင်အခါ ဈာနသမာပတ် ဝင်စားတဲ့အခါ ကျမှသာ ဈာန်စိတ်တွေအကြိမ်များစွာ ဖြစ်လိမ့်မယ်နော်၊ ပထမဆုံးရတဲ့ အကြိမ်မှာတော့ တစ်ကြိမ်ပဲဖြစ်မယ်။

ဆိုကြပါစို့. ပထမဈာန်ကို ပထမရတယ်၊ တစ်ကြိမ်ပဲဖြစ်မယ်၊ နောက်ပြန်ဝင်

[စာမျက်နှာ-247] တယ်၊ အကြိမ်များစွာဖြစ်နိုင်တယ်၊ တစ်ခါပထမဈာန်ကနေပြီးတော့ ဒုတိယဈာန်ရတယ်၊ အဲဒီအကြိမ်မှာလည်းပဲ ဒုတိယဈာန်ဇောဟာ တစ်ကြိမ်ပဲဖြစ်မယ်၊ နောက်ဝင်စားတဲ့အခါကျတော့ အကြိမ်များစွာဖြစ်မယ် စသည်ဖြင့်တက်သွားနော်၊ အရူပါဝစရဇောအထိအောင် အဲဒီအတိုင်းသွားရမယ်၊ ဟုတ်ပြီလား ဒါကြောင့် ရှေးဦးစွာရတဲ့အခါမှာ မဟဂ္ဂုတ်ဇောတွေဟာ တစ်ကြိမ်သာစောတယ်။

အဘိညာဏ်ဇောတဲ့, အဘိညာဏ်ဆိုတာ ပဉ္စမဈာန်ကိုပဲ ခေါ်တာနော်၊ ပဉ္စမဈာန်ကိုပဲ အထူးတလည်ဝင်စားရတယ်၊ အထူးတလည် ပွားများရတယ်၊ အဲဒီလိုပွားများလို့ရလာတဲ့ဈာန်ကို အဘိညာဏ်လို့ခေါ်တယ်၊ အမှန်ကတော့ ပဉ္စမဈာန်ပါပဲ။

အဲဒီ အဘိညာဏ်ဇောတွေဟာလည်းပဲ အခါခပ်သိမ်း သူတို့ကတော့ တစ်ကြိမ်ပဲ စောတယ်တဲ့၊ ပထမအကြိမ်လုပ်လို့ရတဲ့ အဘိညာဏ်လည်း တစ်ကြိမ်ပဲ စောတယ်၊ နောက်ထပ်လုပ်လို့လည်းပဲ တစ်ကြိမ်ပဲစောတယ်တဲ့၊ အဘိညာဏ်ကတော့ ၂-ကြိမ်၊ ၃-ကြိမ် ထပ်စောရိုး ထုံးစံမရှိဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီတစ်ကြိမ်နဲ့ပဲ သူတို့လုပ်ချင်တဲ့ ကိစ္စပေါ့လေ တန်ခိုးပြတာတို့ ဘာတို့တွေပြီးအောင် ဆောင်ရွက် နိုင်တယ်၊ တစ်ကြိမ်တည်းနဲ့ ဆောင်ရွက်နိုင်ရင် နောက်ထပ်ပြီးတော့ ဖြစ်စရာ မလိုတော့ဘူး၊ ဒါကြောင့် အဘိညာဏ်ဇောများဟာ အခါခပ်သိမ်း တစ်ကြိမ်ပဲ ဖြစ်တယ်တဲ့။

မဂ်ဇောတို့ တစ်ကြိမ်သာတဲ့၊ မဂ်ဇောလည်းပဲ တစ်ကြိမ်ပဲတဲ့၊ သောတာပတ္တိမဂ်ရပြီးသောတာပတ္တိမဂ် တစ်ကြိမ်ဖြစ်ပြီးရင် ဖိုလ် ၂-ကြိမ် သို့မဟုတ် ၃-ကြိမ် ဟုတ်တယ် မဟုတ်လား၊ မဂ္ဂဝီထိချခဲ့တုန်းကသိပြီးပြီနော်၊ သကဒါဂါမိမဂ်ရတယ်။ အနာဂါမိမဂ်ရတယ်, အရဟတ္တမဂ်ရတယ်၊ တစ်ကြိမ်ပဲတဲ့၊ မဂ်ဇောဟာ တစ်ကြိမ်ပဲ စောတယ်၊ မဂ်ဇောဟာ အကြိမ်များစွာ စောနေရင် လောကုတ္တရာ ကြိယာစိတ် ရှိနိုင်ကောင်းတယ်လို့ စိတ်ပိုင်းတုန်းက ပြောခဲ့ပြီးပြီ၊ အခုတော့ မဂ်ဇောဟာ တစ်ကြိမ်တည်းနဲ့ ကိလေသာသတ်တဲ့ကိစ္စကို သူက ဆောင်ရွက်နိုင်တယ်၊ ဒါကြောင့်မို့ ထပ်ပြီးတော့ ဖြစ်စရာမလိုဘူး၊ ဒါကြောင့် တစ်ကြိမ်သာစောတယ်။

မဂ် နောင် ဖိုလ်ဇောတဲ့၊ ဘယ်နှစ်ကြိမ် စောသလဲ၊ ၂-ကြိမ် သို့မဟုတ် ၃-ကြိမ်နော်၊ ၂-ကြိမ်က ဘယ်လိုပုဂ္ဂိုလ်အတွက်တုန်း၊ ၂-ကြိမ်က ပညာသိပ်မထက်တဲ့ မန္ဒပုဂ္ဂိုလ်အတွက်၊ ၃-ကြိမ်က ပညာထက်တဲ့ တိက္ခပုဂ္ဂိုလ်အတွက်။

ကောင်းပြီးမှ နောက်ထပ်ဘာလာလဲ၊ နိရောဓသမာပတ် ဝင်စားသောအခါ၌

[စာမျက်နှာ-248] စတုတ္ထအရူပါဝစရဇော သို့မဟုတ် နေဝသညာ နာသညာယတနဇော ၂-ကြိမ် ကျတယ်တဲ့၊ ၂-ကြိမ်ကျပြီးတဲ့နောက် စိတ်, စေတသိက်, စိတ္တဇရုပ်တွေ မရှိတော့ဘူး၊ ချုပ်သွားကြတယ်၊ ခန္ဓာကိုယ်ကြီးပဲရှိတော့တယ်၊ စိတ်လည်းမရှိတော့ဘူး၊ စေတသိက် လည်းမရှိတော့ဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်လည်း မရှိတော့ဘူး၊ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇောတစ်ကြိမ် သို့မဟုတ် အရဟတ္တဖိုလ်ဇောတစ်ကြိမ်၊ ဒီလောက်နဲ့ မထင်ရှားသေးဘူးနော်၊ ကမ္မဋ္ဌာန်းပိုင်းကျရင် နိရောဓသမာပတ် အကြောင်းကို ဒီထက်ကျယ်ကျယ် ပြောလိမ့်မယ်၊ ဟုတ်ပြီလား၊ ဒါပေမယ်လို့ ခုကတည်းက သိထားရင် ကောင်းတယ်, နည်းနည်းလေး အကျယ်ပြောပြမယ်။

နိရောဓသမာပတ်ဆိုတာ နိရောဓဆိုတာ ချုပ်တယ်, ချုပ်ခြင်းလို့ အဓိပ္ပါယ် ရှိတယ်၊ နိရောဓသမာပတ်ဆိုတာ ချုပ်ခြင်းသို့ရောက်တာ၊ ဘာချုပ်တာလည်း ဆိုရင် စိတ်ရယ်, စေတသိက်ရယ်, စိတ္တဇရုပ်ရယ်, အဲဒီစိတ်, စေတသိက်, စိတ္တဇ ရုပ်တွေ ချုပ်နေတဲ့အဖြစ်သို့ ရောက်နေတာကိုပဲ နိရောဓသမာပတ်သို့ရောက်တယ်၊ အဲဒီထဲ ဝင်သလိုဖြစ်တဲ့အတွက်ကြောင့်မို့ နိရောဓသမာပတ် ဝင်စားတယ်လို့ ဆိုတယ်နော်။

နိရောဓသမာပတ်ကို အနာဂါမ်နဲ့ ရဟန္တာတို့သာ ဝင်စားနိုင်တယ်၊ ပုထုဇဉ် မဝင်စားနိုင်ဘူး၊ သောတာပန်, သကဒါဂါမ် မဝင်စားနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သမာဓိအားကောင်းမှ၊ သောတာပန် သကဒါဂါမ်တောင်မှ သမာဓိကအားက ပြည့်ပြည့်ဝဝ မကောင်းသေးဘူး၊ အနာဂါမ်ကျမှ ကာမာရာဂကို အကြွင်းမဲ့ပယ်နိုင်တော့ အနာဂါမ်ကျမှ သမာဓိက တကယ်အားကောင်းတာ။

ဒါကြောင့်မို့ အနာဂါမ် ရဟန္တာသာ နိရောဓသမာပတ် ဝင်စားနိုင်တယ်၊ အဲဒီ အနာဂါမ် ရဟန္တာကလည်းပဲ ဝိပဿနာသက်သက် အနာဂါမ် ရဟန္တာ၊ ဈာန်မရတဲ့ အနာဂါမ် ရဟန္တာ မဝင်စားနိုင်ဘူးတဲ့၊ နိရောဓ သမာပတ်ကတော်တော် အထက်တန်းကျတယ်၊ လောကီသမာပတ်မှာတော့ သူထိပ်တန်းအကျဆုံးပဲ၊ အဲဒီတော့ ရူပဈာန်, အရူပဈာန်အားလုံးကိုရတဲ့ အနာဂါမ် ရဟန္တာမှသာလျှင် ဝင်စားနိုင်တယ်။

အနာဂါမ် ရဟန္တာဖြစ်သော်လည်းပဲ ဈာန်မရဘူးဆိုရင် မဝင်စားနိုင်သေးဘူး၊ ပထမဈာန် လောက်ရရင်လည်းပဲ မဝင်စားနိုင်ဘူး၊ ရူပဈာန်ငါးခု အကုန်ရထားရမယ်။ အရူပဈာန်လေးခု အကုန်ရထားရမယ်၊ ဈာန် ၉-မျိုးပေါ့လေ၊ ကျမ်းဂန်ထဲမှာဆိုရင်တော့ သမာပတ် ၈-ပါးလို့ ခေါ်တယ်၊ အဲဒီဈာန် ၉-မျိုးစလုံးရထားတဲ့ အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တွေမှသာ ဝင်စားနိုင်တယ်။

[စာမျက်နှာ-249] အဲဒီပုဂ္ဂိုလ်တွေက ဘာကြောင့် နိရောဓသမာပတ် ဝင်စားတာတုန်း ဆိုတော့ ဆင်းရဲက ကင်းလွတ်နိုင်သမျှ ကင်းလွတ်အောင်, တစ်နည်းအားဖြင့် ပြောရရင်တော့ လောကုတ္တရာချမ်းသာကို ခံစားဖို့ရန် ဝင်စားကြတယ်၊ စိတ်, စေတသိက်ရော, စိတ္တဇရုပ်ကော ချုပ်နေမယ်ဆိုရင် စိတ်ကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဆင်းရဲမှုတွေ ဘာမှမခံစားရတော့ဘူး၊ အဲဒီတော့ အဲဒါဝင်စားတဲ့အခါမှာ ဆင်းတုကြီး လိုဖြစ်နေမှာပေါ့လေ၊ သို့သော် အေးစက်စက်တော့ ဖြစ်မနေဘူး၊ ဇီဝိတရုပ်က ရှိနေသေးတော့ ပူပူနွေးနွေးတော့ ဖြစ်နေမှာပေါ့လေ၊ စိတ် စေတသိက် စိတ္တဇရုပ် ချုပ်နေတဲ့အချိန်မှာ ငြိမ်းနေတာပေါ့၊ အဲဒီလို ငြိမ်းနေတော့ ချမ်းသာမှာပေါ့၊ ဒါကိုပဲ ချမ်းသာတာဆိုပြီး ချမ်းသာကို အလိုရှိလို့ ဒီ သမာပတ်ကို ဝင်စားတာ။

အဲဒီတော့ လူ့ပြည်မှာဆိုရင် ဒီသမာပတ်ကို ၇-ရက်ပဲ ဝင်စားနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အစာကို တစ်ခါစားထားရင် ခန္ဓာကိုယ်က ၇-ရက်ပဲ ခံနိုင်တယ်၊ ဒါကြောင့် ၇-ရက်ပဲတဲ့နော်။

အဲဒီနိရောဓသမာပတ် ဝင်စားတဲ့အခါကျတော့ ပထမဈာန်စသည်ကို အစဉ်တိုင်း ဝင်စားရတယ်၊ ပထမဈာန်ဝင်စား၊ ပထမဈာန်မှာရှိတဲ့ ဈာန်အင်္ဂါတွေ ကိုဖြစ်ဖြစ်, သင်္ခါရတရားတွေကိုဖြစ်ဖြစ် ဝိပဿနာရှု၊ ဒုတိယဈာန်ဝင်စား၊ တစ်ခါ ဈာန်အင်္ဂါဖြစ်ဖြစ်, သင်္ခါရတရားတွေဖြစ် ဝိပဿနာရှု၊ တတိယဈာန်ဝင်စား ရှု၊ စတုတ္ထဈာန်ဝင်စား ရှု၊ ပဉ္စမဈာန်ဝင်စား ရှု၊ အာကာသာနဉ္စာယတန ဈာန်ဝင်စား ရှု၊ အစဉ်အတိုင်း သွားရမယ်၊ အာကိဉ္စာညာယတနဈာန်ဝင်စား၊ ရှုပြီးတော့ နေဝသညာ နာသညာယတနကို မသွားသေးပဲနဲ့ အဲဒီမှာ ရှေးဦးပြုဖွယ်ပေါ့နော်၊ preliminary ပြုဖွယ်ကိစ္စလေးမျိုးရှိတယ်၊ အဲဒါကို တစ်ခါပြုရတယ်။

ဒါကဘာလဲဆိုတော့ ငါ့ခန္ဓာကိုယ်နဲ့ ဆက်စပ်မနေတဲ့ ပစ္စည်းတွေ မှန်သမျှ မီးမလောင်ပါစေနဲ့။ ရေမျောမပါပါစေနဲ့၊ ခြမကိုက်ပါစေနဲ့ပေါ့လေ၊ အဲဒီလို ခန္ဓာကိုယ်နဲ့ဆက်စပ်မနေတဲ့ သူ့ရဲ့ ပစ္စည်းတွေပေါ့လေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ ပစ္စည်းတွေ မပျက်စီးနိုင်အောင် အဓိဋ္ဌာန်တစ်ခု လုပ်ရတယ်။

ပြီးတဲ့နောက် မြတ်စွာဘုရားအလိုရှိလို့ ခေါ်တော်မူရင် နိရောဓသမာပတ် အတွင်းပင် ဖြစ်ပေမယ်လို့ ထပါစေသတည်းလို့ဆိုတဲ့ အဓိဋ္ဌာန်တစ်ခုလုပ်ရမယ်။ မြတ်စွာဘုရားအာဏာတော်ဆိုတာ ပြင်းတယ်ပေါ့၊ မြတ်စွာဘုရားက အလိုရှိ တယ်ဆိုရင် အလိုလို နိရောဓသမာပတ်က ထပြီးသားဖြစ်ရမယ်။

နောက်တစ်ခုက သံဃာတော်က အလိုရှိတယ်ဆိုရင်လည်းပဲ သံဃာတော်က

[စာမျက်နှာ-250] သူ့ကို ခေါ်လိုက်တဲ့အခါမှာ နိရောဓသမာပတ်က ထပြီးသား ဖြစ်ရမယ်၊ အဲဒီလို မဆင်ခြင်ပဲနဲ့ အဓိဋ္ဌာန်မပြုပဲနဲ့ နိရောဓသမာပတ် ဝင်စားရင် ၇-ရက်အတွင်း ဘာမှလုပ်လို့မရတော့ဘူး၊ အဲဒီအချိန်အခါမှာ စိတ်, စေတသိက်, စိတ္တဇရုပ်တွေ ဘာမှ မရှိတော့သွားအော်လည်း မသိတော့ဘူး၊ သံဃာက အလိုရှိလို့ ခေါ်ရင်လည်းပဲ, သံဃာက တောင့်တရင်လည်းပဲ, သမာပတ်အတွင်း ဖြစ်ပေမယ်လို့ ထနိုင်ပါစေလို့ အဓိဋ္ဌာန်ပြုရမယ်။

နောက်ဆုံးတစ်ခုက မိမိအသက်ဟာ ၇-ရက်ရှည်ပါ့မလား ဆိုတာကိုလည်း ကြည့်ရမယ်၊ ငါ့အသက်ဟာ ၇-ရက်မရှည်ဘူးဆိုရင် မဝင်စားနဲ့၊ ဘာကြောင့်လဲ ဆိုတော့ အခက်အခဲတွေ့မှာစိုးလို့၊ သမာပတ်အတွင်းမှာလည်း သေလို့မရဘူး၊ သမာပတ် အတွင်း သေလို့ မရပေမယ်လို့ ကိုယ်ရဲ့ အာယုသင်္ခါရဆိုတာကလည်းပဲ ၇-ရက်အတွင်း နေလို့မရဘူးဆိုရင် ဘယ့်နှယ်လုပ်မလဲ၊ အကြပ်အတည်းရှိလို့ပေါ့။ ဒါကြောင့် မိမိအသက် ၇-ရက် သို့မဟုတ် ၇-ရက်ထက်ပိုပြီး အသက်ရှည်မယ်ဆိုတာ သိမှ ဝင်စားရတယ်။

အဲဒီ ၄-မျိုးကို လုပ်ပြီးတဲ့နောက်မှ နေဝသညာနာသညာယတနဈာန်ကို ဝင်စားရမယ်၊ အဲဒီလို ဝင်စားတဲ့အခါကျတော့ စတုတ္ထအရူပါဝစရဇော ၂-ကြိမ် စောတယ်နော်၊ အဲဒီလို နှစ်ကြိမ်စောပြီးတဲ့နောက်၊ စိတ်, စေတသိက်, စိတ္တဇရုပ် ပြတ်သွားပြီ၊ blank ဖြစ်သွားပြီ၊ စိတ်မရှိတဲ့အတွက်ကြောင့်မို့ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လည်း မရှိတော့ဘူး၊ အဲဒီအချိန်မှာ ဒါကြောင့်မို့ စိတ်, စေတသိက်, စိတ္တဇရုပ် အကုန်ချုပ်သွားပြီ၊ အဲဒီမှာ စတုတ္ထအရူပါဝစရဇော ဘယ်နှစ်ကြိမ်စေသလဲ, ၂-ကြိမ်စောတယ်၊ အဲဒါမှတ်ထား။

နိရောဓသမာပတ်မှ ထသောအခါ, ထတဲ့အခါဆိုတာ အဲဒီနိရောဓသမာပတ် ဆုံးသွားတာကိုဆိုတာပေါ့၊ ဒီအတိုင်း မတ်တပ်ထလာတာကို မဆိုလိုဘူး၊ နိရောဓသမာပတ်မှထတဲ့အခါကျတော့ ပထမဆုံး ဘာဇောစောသလဲ၊ အနာဂါမ် ပုဂ္ဂိုလ်ဖြစ်ရင် အနာဂါမိဖိုလ်ဇော တစ်ကြိမ်စောမယ်နော်၊ ရဟန္တာဖြစ်ရင် အရဟတ္တဖိုလ်ဇော တစ်ကြိမ်စောမယ်၊ အဲဒီလို တစ်ကြိမ်စောပြီးတဲ့နောက် ဘဝင်ကျသွားမယ်၊ပြီးမှ နောက်ထပ် ဝီထိတွေ့ဖြစ်ချင်ဖြစ်ပေါ့လေ၊ အဲဒီလိုရှိတယ်၊ ဒါဘာလဲ၊ နိရောဓသမာပတ်နဲ့ ပတ်သက်ပြီးတော့ ကမ္မဋ္ဌာန်းပိုင်းကျတော့လည်း ထပ်တွေ့ဦးမယ်။

နိရောဓသမာပတ် ဝင်စားတဲ့အခါ ဒီဝိထိပိုင်းအနေနဲ့ အရေးကြီးတဲ့ အချက်က စတုတ္ထအရူပါဝစရဇော (နိရောဓရဲ့ရှေ့က) ဇောဟာ ၂-ကြိမ်စောတယ်၊ နိရောဓက

[စာမျက်နှာ-251] ထလို့ နိရောဓနောက်က ကပ်လိုက်တဲ့ဇောက တစ်ကြိမ်ပဲစောတယ်၊ ဒါအရေးကြီးတယ် နော်၊ အဲဒီနိရောဓသမာပတ်မှထတော့ အနာဂါမ်ဖြစ်ရင် အနာဂါမိဖိုလ်ဇော၊ ရဟန္တာ ဖြစ်ရင် အရဟတ္တဖိုလ်ဇော။

ဈာနသမာပတ္တိဝီထိ၊ ဖလသမာပတ္တိဝီထိ၌ ဈာန်ဝင်စားတဲ့ ဝီထိကို ဈာနသမာပတ္တိဝီထိ၊ ဖိုလ်ဝင်စားတဲ့ဝီထိကို ဖလသမာပတ္တိဝီထိ၊ အဲဒီဝီထိတွေမှာတော့ ဈာန်ဇော, ဖိုလ်ဇောများ မည်မျှဟု မသတ်မှတ်နိုင်၊ ဘယ်လောက်များများစောတယ်၊ ဘယ်နှစ်ကြိမ်စောတယ်လို့ ပြောလို့မရတော့ဘူး၊ အကြိမ်ပေါင်း ကုဋေကုဋာချီပြီး ဖြစ်မှာပေါ့။ အကြိမ်များစွာပင်ဖြစ်သည်။ အဲဒီလို ဇောစောပုံတွေကို သတ်မှတ်ချက် တွေကို နားလည်သဘောပေါက်ရမယ်၊

အဲဒီတော့ သေခါနီးအခါဆိုတော့ မရဏာသန္နဝီထိနားလည်ဖို့ လိုလာပြီ။ ဒါပေမယ်လို့ မရဏာသန္နဝီထိကို ပဉ္စမပိုင်းကျမှပဲ အကျယ်လေ့လာကြစို့၊ အဲဒီတော့ သာမညပဲမှတ်ထား၊ သေခါနီး ဇောငါးကြိမ်စောတယ်၊ ဒါပဲမှတ်ထားလိုက်၊

ဖလသမာပတ္တိဝီထိချလိုက်စမ်းပါ၊ ဈာနသမာပတ္တိဝီထိ ဟိုနေ့က ချခဲ့ပြီးပြီနော်၊ ဖလသမာပတ္တိဝီထိချလိုက်စမ်းပါ၊ ဖလသမာပတ္တိဝီထိချတဲ့အခါမှာ ရှေ့ကတော့ ဘဝင်ပေါ့၊ ပြီးရင် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်းပြီးရင် အနုလုံချည်း လေးကြိမ်ချလိုက်၊ ဒါက မန္ဒပုဂ္ဂိုလ်အတွက်၊ ပြီးရင် ဖိုလ်စိတ်များစွာသွားရော့၊ ဒါကြောင့် အစက်ကလေးတွေ လုပ်ထားတာ နောက်ဆုံးဘဝင် ပြန်ထတဲ့အခါ, မန္ဒပုဂ္ဂိုလ်ရဲ့ ဖလသမာပတ္တိဝီထိ၊

ဆိုကြပါစို့, သောတာပတ္တိကမဂ်ရပြီးတဲ့နောက် သောတာပတ္တိဖိုလ်ကို ပြန်ပြီးဝင်စားချင်တယ်ဆိုတော့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ နေရတဲ့အတွက်ကြောင့် အချမ်းသာကြီးချမ်းသာတယ်ပေါ့၊ ဝင်စားချင်တဲ့အခါကျတော့ ဒီဝီထိဖြစ်မယ်တဲ့၊ ဒီမှာတော့ အနုလုံ ၄-ကြိမ်၊ ဟိုမှာတုန်းက ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ မဟုတ်ဘူးလား၊ သူ့အစားပါပဲ၊ ဒါအမှန်ကတော့ ကာမာဝစရလေးကြိမ် ဖြစ်တာကို ဆိုလိုတာပါပဲ၊ နာမည်မှည့်လိုက်တော့ သူ့ကို အနုလုံချည်း လေးကြိမ်မှည့်လိုက်တယ်။ ဒါက မန္ဒပုဂ္ဂိုလ်အတွက်၊

ကောင်းပြီ, တိက္ခပုဂ္ဂိုလ်အတွက်ကျ အနုလုံ ဘယ်နှစ်ကြိမ်ချမလဲ၊ တစ်ကြိမ် လျော့လိုက်, ၃-ကြိမ်ပဲချတော့၊ ဒါကြောင့်မို့ အပြင်ဘက်က ဘဝင်၊ ဝီထိအတွင်း မှာက ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း အနုလုံ ၃-ကြိမ်၊ ဖိုလ်များစွာ ပြန်ပြီးဘဝင်ဖြစ်၊

[စာမျက်နှာ-252] နိရောဓသမာပတ္တိဝီထိတဲ့, နိရောဓသမာပတ္တိဝီထိကတော့ ကွက်လပ်ကြီး ကျန်လိမ့်မယ်၊ ပထမဆုံးဘဝင်ပေါ့၊ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, ဈာန် ၂-ကြိမ် ရရဲ့လား၊ ၂-ကြိမ် ဈာန်ရှိရဲ့ လား၊ အဲဒီဈာန် ၂-ကြိမ်က ဘာဈာန်လဲ၊ စတုတ္ထအရူပါဝစရဈာန် သို့မဟုတ် နေဝသညာနာသညာယတနဈာန်, အဲဒါ ဂရုစိုက်ပြီးမှတ်ရမယ်။

နေဝသညာနာသညာယတနဈာန် ၂-ကြိမ်ဖြစ်ပြီးတဲ့နောက် နိရောဓ ချုပ်သွားပြီ၊ စိတ်, စေတသိက်, စိတ္တဇရုပ်တွေချုပ်သွားပြီ၊ နောက် ပြန်ထတဲ့ အခါကျတော့ ဖိုလ်ဇောတစ်ကြိမ်, အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ရင် အနာဂါမိဖိုလ်ဇောတစ်ကြိမ် ရဟန္တာဖြစ်ရင် အရဟတ္တဖိုလ်ဇောတစ်ကြိမ်၊ ပြီးတဲ့နောက် ဘဝင်ပြန်ကျ၊ အဲဒါ ဖလသမာပတ္တိဝီထိရယ်၊ နိရောဓသမာပတ္တိဝီထိရယ်။

ဖလသမာပတ္တိဝီထိဆိုတာ ဖိုလ်ဇောတွေချည်း အကြိမ်များစွာဖြစ်နေတာ၊ နိရောဓသမာပတ္တိဝီထိဆိုတာက စိတ်, စေတသိက်, စိတ္တဇရုပ်တို့ ခေတ္တချုပ်ငြိမ်း နေတာပါပဲ၊ အမြဲတမ်းချုပ်ငြိမ်းသွားရင်လည်း နိဗ္ဗာန်ဖြစ်သွားမှာပေါ့၊ ခေတ္တချုပ်ငြိမ်းတာ အရိယာတွေ ချမ်းသာခံစားတဲ့နည်းက အဲဒါပဲ၊ ဖိုလ်ဝင်စားပြီး ချမ်းသာကိုခံစားတယ်၊ နိရောဓသမာပတ် ဝင်စားပြီး ချမ်းသာကို ခံစားတယ်နော်၊ ကောင်းပြီ ဒါဘာလဲ၊ ဇောကိုသတ်မှတ်တာ။

အဲဒီတော့ အထက်ပါစာသားကိုကြည့်၍ တစ်ကြိမ်သာစောသည့်ဇောကို ရေတွက်ပါလေတဲ့၊ အဲဒါရေတွက်ရလိမ့်မယ်၊ တစ်ကြိမ်သာစောသည့်ဇော, နှစ်ကြိမ်သာ စောသည့်ဇော, သုံး-လေး-ငါး-ခြောက်-ခုနစ်ကြိမ်စောသည့်ဇော, အထက်ကဟာကို ကြည့်ပြီး ကောက်ရလိမ့်မယ်၊ ကိုင်း-အဲဒါကတော့ (exercises)လုပ်ရလိမ့်မယ်။

တစ်ကြိမ်သာစောသည့်ဇောသည် ဇောကို တွက်လိုက်စမ်း၊ ရှေးဦးစွာရတဲ့ မဟဂ္ဂုတ်ဇော၊ ဟုတ်ပြီ, မဟဂ္ဂုတ်ဇော ရိုးရိုးပြောလို့ မရဘူးနော်၊ ရှေးဦးစွာရတဲ့ မဟဂ္ဂုတ်ဇောလို့ ပြောရမယ်။

ကဲ-နောက်တစ်ခုက အဘိညာဏ်ဇော၊ အဘိညာဏ်ဇောဆိုတာ ပဉ္စမဈာန်ပဲ။ ပြီးတော့ မဂ်ဇော၊ နောက်ထပ် ဘာရှိသေးတုန်း၊ နိရောဓသမာပတ်မှ ထသောအခါ ဖိုလ်ဇော၊ အနာဂါမိဖိုလ် သို့မဟုတ် အရဟတ္တဖိုလ်ဇော။

ကိုင်း, ပြန်ပြောစမ်း၊ တစ်ကြိမ်သာစောသည့်ဇော ရှေးဦးစွာရတဲ့ မဟဂ္ဂုတ်ဇော၊ အဘိညာဏ်ဇော, မဂ်ဇော၊ နိရောဓသမာပတ်မှ ထသောအခါ ဖိုလ်ဇော၊ ဟုတ်ပြီ။

လယ်တီဆရာတော်ဘုရားကြီးက အဲဒါနဲ့ပတ်သက်ပြီး လင်္ကာလေး ရေးထား

[စာမျက်နှာ-253] တာရှိတယ်။

“အာဒိကမ္မ၊ မဂ်ဘိည၊ ရောဓဆုံးဧကာ”တဲ့နော်၊ ဒီထဲမှာထည့်ရေးမထားဘူး၊ မှတ်ချင်လည်း မှတ်ကြ။

အာဒိကမ္မဆိုတာ အစကိုပြောတာ၊ အာဒိကမ္မ, မဂ်ဘိည, ရောဓဆုံးဧကာတဲ့၊ နိရောဓသမာပတ်မှ အဆုံး နိရောဓသမာပတ်မှ ထတဲ့အခါကိုဆိုတာ၊ အဲဒါလေး တွေဟာ ကျက်ထားရင်ကောင်းတယ်၊ မှတ်မိတယ်၊ ဒါမှမဟုတ်ရင် ဒီအတိုင်း မှတ်ထားရင်တော်တော်ကြာရောပြီး ပျောက်ချင်ပျောက်သွားမှာ၊တော်တော်လေးကြာ (memory)ဟာ မှုန်ဝါးဝါးဖြစ်သွားတတ်တယ်၊ လင်္ကာလေးနဲ့ဆိုတော့ ခဏချင်း စွဲသွားတယ်။

ကောင်းပြီ၊ နှစ်ကြိမ်စောသည့်ဇော ရှာကြဦးစို့၊ ဘယ်ဇောတွေလဲ၊ မဂ်နောင် ဖိုလ်ဇော၊ ပြီးတော့၊ နိရောဓသမာပတ် ဝင်စားသောအခါ စတုတ္ထ အရူပါဝစရဇော၊ သို့မဟုတ် နေဝသညာနာသညာယတနဇောပေါ့လေ။

အဲဒါကျတော့ ဆရာတော်ကြီးကရော ရေးထားတယ်၊ မဂ်နောင်ဖိုလ်လေး၊ နှစ်သုံးရေးတဲ့၊ မဂ်လေးပါးနောင်မှကျတဲ့ ဖိုလ်ဇောလေးမျိုးပေါ့၊ မဂ်နောင်ဖိုလ်လေး၊ နှစ်သုံးရေး ၂-ကြိမ်သော်လည်းကောင်း, သုံးကြိမ်သော်လည်းကောင်း, နိရှေးနေနှစ်သာ၊ နိရှေးဆိုတာ နိရောဓသမာပတ်ရဲ့ ရှေး၊ နေဆိုတာ နေဝသညာနာသညာယတန၊ နှစ်က ဂဏန်း-၂၊ မဂ်နောင်ဖိုလ်လေး၊ နှစ်သုံးရေး၊ နိရှေးနေနှစ်သာ၊ ဒါလေး ရထားရင် အဲဒါမှတ်နိုင်ပြီ။

အာဒိကမ္မ, မဂ်ဘိည, ရောဓဆုံးဧကာ၊ မဂ်နောင်ဖိုလ်လေး၊ နှစ်သုံးရေး၊ နိရှေးနေနှစ်သာ၊

ဒါပဲ, တခြားဟာကတော့ “ဆိုပြီးသည်မှ ကြွင်းသမျှ များလှကြိမ်ပဏာ” ဒါကတော့ မှတ်ဖို့မလိုတော့ပါဘူး၊ ကောင်းပြီ၊ ဒါက ၂-ကြိမ်ပြီးပြီနော်။

သုံးကြိမ်စောသည့်ဇော ရှာလိုက်ကြစမ်း၊ မဂ်နောင်ဖိုလ်ဇော ၃-ကြိမ်, တိက္ခပုဂ္ဂိုလ်အတွက်၊

လေးကြိမ်စောသည့်ဇော ရှိလား, ရှိတယ်၊ ဘယ်ဇောတုန်း ပစ္စဝေက္ခဏာဇော ၄-ကြိမ်နော်၊ ဘယ်လို အခါမျိုးမှာတုန်း မြတ်စွာဘုရားတန်ခိုးပြသည့် အခါမျိုးမှာ လေးကြိမ်စောသည်။

ပစ္စဝေက္ခဏာဇောဆိုတာ ကာမာဝစရဇောလား, ရူပါဝစရဇောလား၊ ကာမာဝစရဇော၊ ဆင်ခြင်တယ်ဆိုတာ ကာမာဝစရဇောနဲ့ ဆင်ခြင်ရတာ၊ ရူပါဝစရဇောနဲ့

[စာမျက်နှာ-254] ဆင်ခြင်လို့မရဘူး၊ အရူပါဝစရဇောနဲ့ ဆင်ခြင်လို့မရဘူး။

ငါးကြိမ်စောသည့်ဇော ရှာလိုက်စမ်း၊ သေခါနီးအခါ စသည်လိုပဲ လုပ်လိုက် ကြစို့၊ သေခါနီးအခါ စသည်မှာ ကာမာဝစရဇော ငါးကြိမ်ပြီးတော့ မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြတဲ့အခါမျိုးမှာ ပစ္စဝေက္ခဏာဇော ငါးကြိမ်၊ သင်္ဂြိုဟ်ကျမ်းမှာတော့ ဘယ်ပုဂ္ဂိုလ် ဘယ်နှစ်ကြိမ်လို့ ခွဲပြီး ပြဆိုမလားဘူး၊ ဒါပေမယ်လို့ ရှေးဆရာတို့က ခွဲပြီးပြဆိုထားတယ်၊ မြတ်စွာဘုရားအတွက်လေးကြိမ်၊ သာဝကတွေအတွက် ငါးကြိမ်၊ အဲဒီလို ယူကြတယ်။

ငါးကြိမ်ပြီးတော့ နောက် ခြောက်ကြိမ်၊ ၆-ကြိမ်စောသည့်ဇော၊ ရိုးရာအခါ ကာမာဝစရဇော၊ ၇-ကြိမ်စောသည့်ဇော၊ ရိုးရာအခါကာမာဝစရဇော။

ဪ- နောက်တစ်ခုလို သွားသေးတယ်၊ အကြိမ်များစွာစောသည့်ဇော၊ သမာပတ္တိဝီထိမှာဖြစ်တဲ့ ဈာန်ဇော, ဖိုလ်ဇော၊ ဒါတွေက အကြိမ်များစွာဖြစ်တယ်။

ဒီနေ့ ဘာခက်သလဲ၊ ဒီနေ့ ရှင်းပါတယ်နော်၊ အဲဒါဇောပဲ၊ ကာမာဝစရဇော ဆိုရင် ၇-ကြိမ်ချတယ်၊ တစ်ခါတလေ ၆-ကြိမ် ကျနိုင်တယ်တဲ့နော်၊ သေခါနီး အခါမျိုးမှာဆိုရင် ငါးကြိမ်, မြတ်စွာဘုရား တန်ခိုးပြသည့် အခါမျိုးမှာဆိုရင် ၄-ကြိမ်, ၅-ကြိမ်, မဟဂ္ဂုတ်ဇောတွေမှာ ပထမရတဲ့အခါမှ တစ်ကြိမ်၊ နောက်ထပ် ဝင်စားတဲ့အခါမှာ အကြိမ်များစွာ, အဘိဉာဉ်ဇောကတော့ ဘယ်အခါပဲဖြစ်ဖြစ် တစ်ကြိမ်ပဲကျတယ်နော်၊ မဂ်ဇော အမြဲတမ်းတစ်ကြိမ်ပဲ၊ ၂-ကြိမ်၊ ၃-ကြိမ်မကျ၊ ဖိုလ်ဇော ၂-ကြိမ်သော်လည်းကောင်း၊ ၃-ကြိမ်သော်လည်းကောင်း (သို့မဟုတ်) အကြိမ်များစွာ ကျနိုင်တယ်။

နိရောဓသမာပတ် ဝင်စားတဲ့အခါမှာ နေဝသညာနာသညာယတန ဇော ၂-ကြိမ်ကျ၊ ထတဲ့အခါမှာ ဖိုလ်ဇော တစ်ကြိမ်ကျ၊ သမာပတ္တိဝီထိတွေမှာတော့ ဈာန်ဇောတွေ၊ ဖိုလ်ဇောတွေ မရေမတွက်နိုင်အောင် အကြိမ်များစွာကျတယ်၊ ဒါဇောကို သတ်မှတ်ခြင်း, တစ်ကြိမ်စောသည့်ဇော, နှစ်ကြိမ်စောသည့်ဇော စသည်ဖြင့် ဒါတွေမှတ်မိအောင်တော့ မှတ်ရမှာနော်၊ သို့သော် အခု အထက်ကဟာကြည့်ပြီး ရွေးလိုက်ရင်ရပြီ၊ အဲဒီလို ကိုယ့်ဟာကို ရွေးတတ်ရင်တော်ပြီ၊ ရေးပေးထားရင် ဝီရိယနည်းသွားမှာစိုးလို့ ကိုယ့်ဟာကိုယ် ရွေးရတော့ ထုတ်ရတော့ ပိုပြီးတော့ မှတ်မိတယ်၊ ဒါကြောင့် ကွက်လပ်ချန်ထားတာ၊ အဲဒါဇောကို သတ်မှတ်ခြင်းတဲ့။

ဒီနေ့ နောက်တစ်ခုသွားဦးမယ်၊ နောက်တစ်ခုက ပုဂ္ဂိုလ်စိတ်ရတဲ့၊ ဘယ်ပုဂ္ဂိုလ်မှာ ဘယ်စိတ်တွေ ရနိုင်တယ်, ဖြစ်နိုင်တယ်ဆိုတာ ခွဲခြားရမယ်။

[စာမျက်နှာ-255] ပထမဆုံး ပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိရမယ်၊ ပုဂ္ဂိုလ်ဘယ်နှစ် ယောက်ရှိမလဲ၊ ပုဂ္ဂိုလ် ၁၂-ယောက်ရှိတယ်၊ အဲဒီ ၁၂-ယောက်က ပုထုဇဉ် ၄-ယောက်, အရိယာ ၈-ယောက်၊ ပုထုဇဉ်လေးယောက်က ဘယ်သူတွေလဲ၊ ဒုဂ္ဂတိ အဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်၊ အမှန်ကတော့ အဲဒီလို အရှည်ရေးရမှာပေါ့နော်၊

၁။ ဒုဂ္ဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်
၂။ သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်၊
၃။ ဒွိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်
၄။ တိဟိတ်ပုထုဇဉ် ပုဂ္ဂိုလ်

အရိယာရှစ်ယောက်ကဘာလဲ၊ မဂ္ဂဋ္ဌ ၄-ယောက်၊ ဖလဋ္ဌ ၄-ယောက်။ လောကုတ္တရာရှစ်ပါး ပြန်သတိရလိုက်ကြ၊ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သောတာပတ္တိမဂ်စိတ်အခိုက်တန့်မှာ အဲဒီပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂဋ္ဌနော်၊ အဲဒီလို ခေါ်တာ၊ သောတာပတ္တိဖိုလ်စိတ်ကနေ ဟိုဘက် သကဒါဂါမိမဂ် မရောက်မချင်း သူ့ကို သောတာပတ္တိဖလဋ္ဌလို့ ခေါ်တယ်။

တစ်ခါ သကဒါဂါမိမဂ်ဖြစ်ပေါ်တဲ့အခါမှာ သူ့ကို အဲဒီစိတ် အခိုက်အတန့် လေးကို အဲဒီစိတ္တက္ခဏတစ်ချက် အခိုက်တန့်လေးကို သကဒါဂါမိမဂ္ဂဋ္ဌ၊ သကဒါဂါ မိဖိုလ်ကနေပြီးတော့ အနာဂါမိမဂ် မဖြစ်မချင်းကို သကဒါဂါမိဖလဋ္ဌ၊ အနာဂါမိမဂ်ကို ရတဲ့အခိုက်တန့်မှာ အနာဂါမိမဂ္ဂဋ္ဌ၊ အနာဂါမိဖိုလ်ဇော ဖြစ်သည်မှစ၍ ရဟန္တာ မဖြစ်မချင်းဆိုပါတော့ သူ့ကို အနာဂါမိဖလဋ္ဌ၊ အရဟတ္တမဂ်ကို ရတဲ့အခိုက်တန့်မှာ အရဟတ္တမဂ္ဂဋ္ဌ၊ အဲဒီနောက် ပရိနိဗ္ဗာန်ပြုသည့်တိုင်အောင် အရဟတ္တဖလဋ္ဌ၊ ပုဂ္ဂိုလ် ၈-ယောက်လို့တွက်တယ်၊ အမှန်ကတော့ လေးယောက်ပါပဲ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ် ဆိုတာက စိတ္တက္ခဏတစ်ချက်သာရှိတယ်၊ ဘယ်အချိန်ဆိုတာ ဘယ်သူမှလည်းသိတာ မဟုတ်ဘူး၊ ဒါပေမယ်လို့ အရိယာရှစ်ယောက်ဆိုတာ အဲဒါကိုခေါ်တာ။

အဲဒီအရိယာရှစ်ယောက်ဟာ ဟိတ်နဲ့ခွဲရင် တိဟိတ်ပုဂ္ဂိုလ်မှ အရိယာဖြစ်နိုင် တာပေါ့၊ အဲဒါလေး နည်းနည်းပြောကြဦးစို့၊ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်ဆိုတာသိလား ဘယ်လိုဟာတုန်း၊ ဘယ်သိဦးမလဲနော်၊ ပထမဆုံး ဘာသိရမလဲ၊ ပဋိသန္ဓေနေတယ်၊ ဘဝတစ်ခုမှာ ပဋိသန္ဓေနေတဲ့အခါမှာ ဘယ်လိုစိတ်တွေနဲ့ ပဋိသန္ဓေနေနိုင်လဲ။ ပဋိသန္ဓေ ဘယ်နှစ်ခုရှိသလဲ၊ စိတ်ပေါင်း ၁၉-ခုရှိတယ်နော်၊ ဒွါရဝိမုတ်စိတ် ၁၉-ခု သို့မဟုတ် ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်တဲ့စိတ် ၁၉-ခုပေါ့၊ အဲဒီ ၁၉-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေရတယ်။

[စာမျက်နှာ-256] ကောင်းပြီး အဲဒီအခါမှာ ဟိတ်မပါတဲ့ အဟိတ်စိတ်ထဲက ပဋိသန္ဓေကိစ္စ တပ်တဲ့စိတ် ရှိတယ်၊ အဟိတ်စိတ်တွေထဲက ဥပေက္ခာသဟဂုတ်သန္တီရဏဟာ ပဋိသန္ဓေကိစ္စတပ်တယ်၊ သူကအဟိတ်၊ အဲဒီ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေယူတဲ့ ပုဂ္ဂိုလ်တွေကို ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်။ ဒုဂ္ဂတိအဟိတ်ဆိုတာ ငရဲ, တိရိစ္ဆာန်, ပြိတ္တာ, အသူရကာယ်, အပါယ်လေးဘုံမှာဖြစ်တဲ့ သတ္တဝါတွေ ငရဲကျရင် အဲဒီ အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတယ်၊ တိရစ္ဆာန်ဖြစ်ရင်လည်း ဒီအတိုင်းပဲ၊ ပြိတ္တာဖြစ်ရင်လည်း ဒီအတိုင်းပဲ၊ အသူရကာယ်ဖြစ်ရင်လည်း ဒီအတိုင်းပဲ၊ ဒါကြောင့်မို့ ဒုဂ္ဂတိဆိုတာ ဘာကို ခေါ်တာလဲ, ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံကို ခေါ်တာ၊ အဲဒီ အပါယ် လေးဘုံမှာ ပဋိသန္ဓေအားဖြင့်ဖြစ်တဲ့ သတ္တဝါတွေကို ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်လို့ ခေါ်တယ်။

သူတို့ယူတဲ့ ပဋိသန္ဓေစိတ်တွေမှာ ဟိတ်မပါဘူး၊ အဟိတ်စိတ်နဲ့ ပဋိသန္ဓေ ယူခဲ့တာ၊ ဒါကြောင့်မို့ သူတို့ကို ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်လို့ခေါ်တာ။

သုဂတိအဟိတ်ပုဂ္ဂိုလ်တဲ့, ဒါကတော့ လူ့ဘုံနဲ့ စတုမဟာရာဇ်ဘုံပေါ့လေ။ အဲဒီဘုံကျတော့ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်နဲ့ ပဋိသန္ဓေ နေနိုင်တယ် မဟုတ်ဘူးလား၊ သုဂတိအဟိတ်နော်၊ နေနိုင်တယ်၊ ဒါက လူ့ဘဝ ဖြစ်ပေမယ်လို့ မွေးကတည်းက ကန်းလာတာတို့၊ နားမကြားလာတာတို့ဆိုတဲ့ ဟာမျိုးတွေပေါ့၊ အခုခေတ်လိုပြောရင် (defect) ဖြစ်လာတာတွေပေါ့၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ဘာနဲ့ ပဋိသန္ဓေနေလာသလဲ၊ ကုသလဝိပါက်၊ ကုသိုလ်အကျိုးကြောင့်တော့ သူတို့ဟာ လူ့ဘုံတော့ရောက်တာ၊ ဒါပေမယ်လို့လည်းပဲ သူတို့ ကုသိုလ်က အားနည်းတော့ မကောင်းတဲ့ အကုသိုလ်ရဲ့ အကျိုးကလည်း ပါလာတယ်၊ ဒါကြောင့်မို့ ကုသိုလ်ရဲ့ အကျိုး ပြည့်ပြည့်ဝဝ မရတဲ့သူတွေလို့ ဆိုရတာပေါ့လေ။ အဲဒီပုဂ္ဂိုလ်တွေကို သုဂတိအဟိတ် ပုဂ္ဂိုလ်တွေလို့ ဆိုရတာပေါ့နော်၊ စကားပြောတဲ့အခါ မန်းစွဲသလို ဖြစ်နေတာရှိတယ်၊ ပီအောင်မပြောနိုင်တာ၊ အတတ ဖြစ်နေတာ မွေးကတည်းက ကန်းလာတာမျိုးပေါ့လေနော်၊ မွေးကတည်းက ကန်းလာတယ်ဆိုတာ အမှန်ကတော့ ဒါ နောင်ကျမှပိုပြီးတော့ သိလိမ့်မယ်၊ စက္ခုပသာဒ ဖြစ်ရမယ့်အချိန်မှာ မဖြစ်ခဲ့တာကို ဆိုလိုတာ၊ တချို့ကျတော့ ဖြစ်တုန်းကတော့ ဖြစ်ခဲ့မှာပဲ၊ နောက်ကျမှ ဒီကိုယ်ဝန် အဲဒီအချိန်ပိုင်းလွန်ပြီးတဲ့ အခါကျမှ တစ်စုံတစ်ခုကြောင့် ပျက်သွားရင် မဆိုင်ဘူး၊ ဒါနောက်ကျမှ ဖြစ်သွားတာလို့ဆိုရမှာ၊ စက္ခုပသာဒပေါ်ချိန်မှာ မပေါ်ဘူး၊

[စာမျက်နှာ-257] သောတပသာဒပေါ်ချိန်မှာ မပေါ်ဘူး၊ အဲဒီလို ပုဂ္ဂိုလ်တွေကို မွေးကတည်းက ကန်းလာတာ၊ မွေးကတည်းက နားပင်းလာတဲ့သူ။

နောက်ကျမှ ဆိုပါတော့ အမိမလိမ္မာလို့ စသည်ဖြင့်ပေါ့လေ၊ သို့မဟုတ် တခြားကံတစ်ခုခုကြောင့် စက္ခုပသာဒပေါ်ချိန်, သောတပသာဒပေါ်ချိန် ဆိုတာ ရုပ်ပိုင်းကျတော့ သိလိမ့်မယ် ဟုတ်လား၊ အဲဒီလို ပုဂ္ဂိုလ်ကို ဘာလို့ခေါ်သလဲ သုဂတိအဟိတ်တဲ့၊ သူတို့ ပဋိသန္ဓေနေတဲ့စိတ်က အဟိတ်စိတ်နဲ့ နေခဲ့တယ်။ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏနော်။

ဒွိဟိတ်ပုဂ္ဂိုလ်၊ ဒါကတော့ လူတွေနတ်တွေ ဖြစ်နိုင်တယ်၊ ဒွိဟိတ်ပုဂ္ဂိုလ် ဆိုတာ လူ့ဘဝ ရောက်လာတဲ့သူ မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေခဲ့တာ၊ ဟို ခုနမွေးကတည်းက ကန်းတာတို့ဘာတို့ မဟုတ်ရင်ပေါ့လေ။ မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေတော့ အဲဒီအထဲက ဉာဏဝိပ္ပယုတ် စိတ်နဲ့ ပဋိသန္ဓေ ယူတဲ့သူတွေကို ဒွိဟိတ်လို့ခေါ်တယ်၊ အဲဒီဉာဏဝိပ္ပယုတ်စိတ်တွေဟာ ဒွိဟိတ်စိတ်တွေ၊ တိဟိတ်စိတ်တွေ မဟုတ်ဘူး၊ ဒွိဟိတ်စိတ်နဲ့ ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်ကို ဒွိဟိတ်ပုဂ္ဂိုလ်၊ ဒါဖြင့် မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တွေကို တိဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်။

အဲဒီတိဟိတ်ပုဂ္ဂိုလ်မှသာလျှင် ဒီဘဝမှာ ဈာန်, မဂ်, ဖိုလ်, ရနိုင်တယ်။ အဟိတ်ပုဂ္ဂိုလ်မရနိုင်ဘူး၊ ဒွိဟိတ်ပုဂ္ဂိုလ် ဒီဘဝမှာ ဈာန် မဂ်, ဖိုလ် မရနိုင်ဘူး၊ ဘယ်သူကဒွိဟိတ်၊ ဘယ်သူက တိဟိတ်ဆိုတာလည်း ဘယ်သူမှမသိဘူး၊ မြတ်စွာဘုရားပဲ သိတယ်နော်၊ အဲဒီလို ပုထုဇဉ်ပုဂ္ဂိုလ်လေးမျိုးရှိတယ်။

အရိယာပုဂ္ဂိုလ် ၈-ယောက် ခုနက ပြောပြီးပြီ ဟုတ်လား၊ ဒါဆို နားလည် ပြီပေါ့။ မြန်မာစကား ပြောတဲ့အခါ ဒီကောင် အဟိတ်တိရစ္ဆာန် ဘာညာနဲ့ စကားလုံး မသုံးဘူးလား၊ အဟိတ်တိရစ္ဆာန် ပုဂ္ဂိုလ်ဆိုတာ အလွန် အောက်တန်း ကျတဲ့ပုဂ္ဂိုလ်ပဲ။ ပဋိသန္ဓေနေတုန်းက တစ်ခါတည်း အားကောင်းတဲ့ဟိတ် တစ်ခုမှမပါတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီတော့ ဟိတ် ၃-ခုနဲ့ ပဋိသန္ဓေနေမှသာ အဲဒီဘဝမှာ ဈာန်, မဂ်, ဖိုလ် ရနိုင်တယ်၊ သို့မဟုတ်ရင် မရနိုင်ဘူးတဲ့။

ကောင်းပြီ, အဲဒီလိုရှိပြီးတဲ့နောက် ဘယ်ပုဂ္ဂိုလ်တွေမှာ ဘယ်စိတ်တွေ ရသင့်တယ်, ဘယ်စိတ်တွေ မရနိုင်ဘူးဆိုတာကို သတ်မှတ်ရမယ်နော်၊ အဲဒီတော့ အောက်မှာ ပုဂ္ဂိုလ်ရယ်, မရတဲ့စိတ် ပြောလိုက်ရင် ရတဲ့စိတ်တွေကို ကိုယ့်ဟာကို ရှာရလိမ့်မယ်။

[စာမျက်နှာ-258] ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်မှာ ဘယ်စိတ်တွေ မရနိုင်ဘူးတုန်း၊ ကြိယာဇောတွေ မရနိုင်ဘူးတဲ့၊ ဒါကတော့ သေချာတာပေါ့၊ သူက ရဟန္တာမှ မဖြစ်နိုင်ပဲဟုတ်လားနော်၊ အပ္ပနာဇောတွေလည်း မရနိုင်ဘူးတဲ့၊ ဈာန်ဇောတွေလည်း မရနိုင်ဘူးတဲ့၊ မဟာဝိပါက် စိတ် ၈-ခုလုံးလည်း သူ့မှာ မဖြစ်နိုင်ဘူးတဲ့၊ ဒါတွေ ချန်ထားရလိမ့်မယ်။ အဲဒီတော့ မဟဂ္ဂုတ်ဝိပါက်တို့ ဘာတို့ကတော့ အထူးပြောစရာမလိုဘူး၊ သူတို့ ကတော့မဖြစ်ဘူး။

ဒါကြောင့် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်မှာ စိတ်ဘယ်လောက်ဖြစ်နိုင်သလဲဆိုရင် ဟိုး အောက်ကျတော့ ၃၇-ခုလို့ ပထမတစ်ခုတော့ ဖော်ပေးထားတယ်၊ နောက်ဟာ တွေတော့ ကိုယ့်ဟာကို တွက်ရလိမ့်မယ်၊ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်မှာ အကုသိုလ်စိတ် ၁၂-ပါးလုံး ရနိုင်လိမ့်မယ်၊ ဟိုအစက်ကလေးတွေ အစက်ကလေးတွေ ဟုတ်လား၊ အကုသိုလ်စိတ် ၁၂-ပါးလုံး ရလိမ့်မယ်၊ အဟိတ်စိတ်ထဲက ဟသိတုပ္ပါဒ်စိတ် ချန်ရလိမ့်မယ်၊ အဟိတ်စိတ် ၁၇-ပါးရလိမ့်မယ်၊ အဲဒီတော့ မဟာကုသိုလ်စိတ် ၈-ပါးရနိုင်တယ်၊ ငရဲဖြစ်ပေမယ်လို့ ကုသိုလ်စိတ် ဖြစ်နိုင်တယ်၊ တိရစ္ဆာန်ဖြစ်ပေမယ့် ကုသိုလ်စိတ် ရနိုင်တယ်၊ ဖြစ်ရင် များသောအားဖြင့်တော့ ဉာဏဝိပ္ပယုတ်စိတ် ဖြစ်မှာပေါ့လေ၊ သို့သော် ဉာဏသမ္ပယုတ်တော့ မဖြစ်ဘူး မပြောနိုင်ဘူး၊ မဟာ ကုသိုလ်စိတ် ၈-ခုဖြစ်နိုင်တယ်ဆိုတော့ အားလုံး ၃၇-ခုဖြစ်နိုင်တယ်။

ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်မှာ စိတ်ဘယ်နှစ်ခု ရနိုင်သလဲဆိုတော့ (ကျမ်းဂန်မှာ ရတယ်လို့ပဲသုံးတယ်)၊ စိတ် ၃၇-ပါးရတယ်၊ ဘာတွေရတုန်း၊ အကုသိုလ်စိတ် ၁၂-ခု၊ ဟသိတုပ္ပါဒ်ကြဉ်တဲ့ အဟိတ်စိတ် ၁၇-ခု၊ မဟာကုသိုလ်စိတ် ၈-ခု ဟုတ်ပြီလား။

သုဂတိအဟိတ်ပုဂ္ဂိုလ်မှာ ကြိယာဇော မရနိုင်ဘူး၊ အပ္ပနာဇော မရနိုင်ဘူး၊ မဟာဝိပါက်စိတ် ၈-ခုထဲက ၄-ခုမရဘူး၊ ၄-ခုရတယ်၊ မရတာက ဉာဏသမ္ပယုတ် စိတ် ၄-ခုမရဘူးဆိုတော့ ဉာဏဝိပ္ပယုတ်စိတ် ၄-ခုရတယ်၊ သူ့ကို ပြန်ကြည့် လိုက်ဦး၊ သူ့မှာ ဘယ်လောက်ရမလဲ၊ ၄၁-ပါးရမယ်လို့တော့ သင်္ချာလေးပေးထားတယ်၊ အဲဒီ ၄၁-ပါးကို လိုက်ရှာ၊ အကုသိုလ်စိတ် ၁၂-ခု၊ အဟိတ်စိတ် ၁၇-ခု၊ မဟာကုသိုလ် ၈-ခု၊ မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄-ခု ပေါင်း ၄၁-ပါး။

ဒွိဟိတ် ပုဂ္ဂိုလ်, ဒွိဟိတ်ပုဂ္ဂိုလ် အတူတူပဲ၊ ဒွိဟိတ်ပုဂ္ဂိုလ်လည်းပဲ ၄၁-ပဲ တဲ့၊ အဲဒီစိတ်တွေပဲ။

တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်တဲ့, သူ့ကျတော့ အပ္ပနာဇောတွေတောင် ရနိုင်တယ်

[စာမျက်နှာ-259] နော်၊ ကြိယာဇောတွေသာမရနိုင်ရတာ၊ တိဟိတ်ပုထုဇဉ်မှာ ၅၄-တောင် ရှိတယ်တဲ့၊ တွက်ကြစမ်းပါဦး၊ အကုသိုလ်စိတ် ၁၂-ပါး ရနိုင်တယ်၊ အဟိတ်စိတ် ၁၇-ပါး ရမယ်၊ မဟာကုသိုလ်စိတ် ၈-ပါး ရမယ်၊ တိဟိတ်ပုထုဇဉ် နော်၊ မဟာဝိပါက်စိတ် ၈-ပါးရမယ်၊ မဟာဝိပါက်စိတ် ၈-ပါးရမယ်၊ ရူပါဝစရကုသိုလ် ၅-ခု ရနိုင်တယ်။ ဝိပါက်ကြိယာ မရနိုင်ဘူးနော်၊ အရူပါဝစရ ကုသိုလ် ၄-ခု ရနိုင်တယ်၊ ကုသိုလ် ဆိုရင် ဝိပါက်ကြိယာ မရနိုင်ဘူး၊ ကိုင်း ၅၄-ပါးဟုတ်ရဲ့လား၊ ပြန်တွက်ဦး ပထမ အကုသိုလ် ၁၂-ခု, ပြီးတော့ အဟိတ်စိတ် ၁၇-ခု, မဟာကုသိုလ်စိတ် ၈-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ ရူပါဝစရကုသိုလ် ၅-ခု၊ အရူပါဝစရကုသိုလ် ၄-ခု ပေါင်း ၅၄-ဟုတ်ရဲ့လား၊ (မဂ်ရတယ်ဘုရား) မဂ်ရရင် သူက မဂ္ဂဋ္ဌပုဂ္ဂိုလ်ဖြစ်သွားပြီ၊ ၅၄-ပဲ တိဟိတ်ပုထုဇဉ်။

ကောင်းပြီ မဂ္ဂဋ္ဌလေးယောက်မှာ မိမိမဂ်စိတ်မှတစ်ပါး အခြားစိတ်အားလုံး မရဘူး၊ မဂ္ဂဋ္ဌပုဂ္ဂိုလ်မှာတော့ အဲဒီမဂ်စိတ်ပဲရတယ်၊ သိပ်ရှင်းတယ်၊ သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှာ စိတ်ဘယ်လောက် ရနိုင်တုန်း, သောတာပတ္တိမဂ်စိတ် ၁ ခုပေါ့နော်၊ သကဒါဂါမိမဂ္ဂဋ္ဌမှာ သကဒါဂါမိမဂ်စိတ် ၁-ခု စသည်ဖြင့် သွား, အဲဒါ လွယ်ပြီ။

သောတာပတ္တိဖလဋ္ဌ ပုဂ္ဂိုလ်မှာ ဖိုလ်ဖြစ်သွားပြီ။ သောတာပန်ဖြစ်သွားရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်တယ်၊ သောတာပတ္တိမဂ်ရတာနဲ့ တစ်ပြိုင်တည်း ဒိဋ္ဌိမရှိတော့ဘူး၊ ဝိစိကိစ္ဆာမရှိတော့ဘူး၊ ဒိဋ္ဌိမရှိတော့ဘူးဆိုရင် အကုသိုလ်စိတ် ၁၂-ခုထဲက ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု မရှိတော့ဘူး၊ လောဘမူစိတ် ၈-ခုထဲမှာ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၊ ပြီးတော့ မောဟမူဒွေးထဲက ဝိစိကိစ္ဆာလည်း မရှိတော့ဘူးဆိုတော့ အကုသိုလ်စိတ် ထဲက ၅-ခုလျော့ရလိမ့်မယ်၊ ဒါကြောင့်မို့ သောတာပတ္တိဖလဋ္ဌ ပုဂ္ဂိုလ်မှာ စိတ် ၅၀ ရတယ်တဲ့၊ တွက်ကြစမ်း၊ အကုသိုလ်ထဲက ဘယ်လောက်ရမလဲ၊ လောဘမူ ထဲက ၄-ခု၊ ဒေါသမူ ၂-ခု၊ မောဟမူထဲက ဥဒ္ဓစ္စသဟဂုတ် ၁-ခုဆိုတော့ ဘယ်နှစ်ခုလဲ ၇-ခု၊ ပြီးတော့အဟိတ်စိတ်ကတော့ ၁၇-ပဲနော်၊ ပြီးတော့ မဟာကုသိုလ် စိတ် ၈-ခုရတယ်၊ မဟာဝိပါက်စိတ် ၈-ခုရတယ်၊ ပြီးတော့ ရူပါဝစရကုသိုလ်စိတ် ၅-ခု ရတယ်၊ အရူပါဝစရ ၄-ခု ရတယ်၊ သောတာပတ္တိဖိုလ်စိတ် ၁-ခု ရတယ်၊ ၅- ဟုတ်ရဲ့လား ၅၀။

သကဒါဂါမိဖလဋ္ဌ ၅၀-ပဲတဲ့၊ အကုသိုလ်ထဲက ဘယ်လောက်တုန်း ၇-ပဲပေါ့၊ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်ဝိစိကိစ္ဆာမရဘူး, ကျန်တဲ့စိတ် ၇-ခုရတယ်၊ အဟိတ်စိတ်

[စာမျက်နှာ-260] ၁၇-ခု, မဟာကုသိုလ် စိတ် ၈-ခု, မဟာဝိပါက်စိတ် ၈-ခု, ရူပါဝစရ ကုသိုလ် ၅-ခု, အရူပါဝစရကုသိုလ် ၄ ခု, သကဒါဂါမိဖိုလ်စိတ် ၁-ခု။

အနာဂါမ်ကြည့်လိုက်စမ်း၊ အနာဂါမိဖလဋ္ဌ ကြိယာဇော မရဘူး၊ ဒိဋ္ဌိဂတသမ္ပယုတ်ဇော မရဘူး၊ ဝိစိကိစ္ဆာသဟဂုတ်ဇောမရဘူး၊ ဒေါသမူဒွေးလည်း မရဘူး၊ အမှန်ကတော့ ၅၀-ထဲက ၂-နှုတ်လိုက်တာပါပဲ၊ အကုသိုလ်ထဲက ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၊ ဥဒ္ဓစ္စသဟဂုတ်စိတ် ၁-ခုရယ်, ၅ ခု ဟုတ်ပြီလား၊ အဟိတ်စိတ်ထဲက ၁၇-ခု၊ မဟာကုသိုလ် ၈-ခု၊ မဟာဝိပါက် ၈-ခု၊ ရူပကုသိုလ် ၅-ခု၊ အရူပကုသိုလ် ၄-ခု၊ အနာဂါမိဖိုလ် ၁-ခု၊ အားလုံး ဘယ်လောက်တုန်း ၄၈။

အရဟတ္တဖိုလ်ကျတော့ ၄၄-တဲ့နော်၊ အရဟတ္တဖိုလ်ကျတော့ ဘာတဲ့လဲ အောက်နားဖတ်လိုက်စမ်းပါ၊ အရဟတ္တဖလဋ္ဌ, သို့မဟုတ် ရဟန္တာ၊ ကုသိုလ်ဇောလည်း မရဘူး၊ အကုသိုလ်ဇောလည်းမရဘူး၊ အကုသိုလ်အားလုံးထဲက တစ်ခုမှ မရတော့ဘူး၊ ဒါဖြင့် အဟိတ်စိတ်ကျတော့ အဟိတ်စိတ် ၁၈-ခုလုံးရမှာပေါ့၊ ကောင်းပြီ တွက်ကြစို့၊ အဟိတ်စိတ် ၁၈-ခု၊ မဟာကုသိုလ်စိတ် ရမလား၊ ရဟန္တာမရတော့ဘူး၊ မဟာဝိပါက်စိတ် ၈-ခု၊ မဟာကြိယာစိတ် ၈-ခု၊ ရတယ်၊ ရူပါဝစရကုသိုလ် ဝိပါက်မရဘူးနော်၊ ရူပါဝစရကြိယာ ၅-ခု၊ အရူပါဝစရကြိယာ ၄-ခု၊ အရဟတ္တဖိုလ်စိတ် ၁-ခု၊ ရတယ် ဟုတ်ပြီလား၊ ဘယ်လောက်တုန်း ၄၄။

ပြန်ပြောလိုက်စမ်းပါဦး၊ အကုသိုလ်စိတ် သုည မရဘူး၊ အဟိတ်စိတ် ၁၈၊ မဟာကုသိုလ် မရဘူး၊ မဟာဝိပါက ၈-ခု၊ မဟာကြိယာ ၈-ခု၊ ရူပကြိယာ ၅-ခု၊ အရူပကြိယာ ၄-ခု၊ အရဟတ္တဖိုလ်စိတ် ၁-ခု၊ ၄၄။

ရဟန္တာဖြစ်သွားတဲ့အခါကျတော့ ကုသိုလ်မဖြစ်တော့ဘူး၊ အကုသိုလ်လည်း မဖြစ်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ ဝဋ်မြစ်လို့ဆိုတဲ့ အဝိဇ္ဇာနဲ့တဏှာ မရှိတော့ပဲ ကိုး၊ အဝိဇ္ဇာနဲ့တဏှာရှိမှ အထူးသဖြင့် အဝိဇ္ဇာရှိမှ သင်္ခါရဆိုတာဖြစ်တာ၊ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့ဆိုတာ မဟုတ်ဘူးလား၊ သင်္ခါရဆိုတာ ကုသိုလ်, အကုသိုလ်ကိုခေါ်တာ၊ သင်္ခါရဆိုတဲ့ ကုသိုလ် အကုသိုလ်က ဘာရှိမှ ဖြစ်တာလည်းဆိုတော့ အဝိဇ္ဇာရှိမှဖြစ်တာ။

အဲဒီတော့ ပုထုဇဉ်ပုဂ္ဂိုလ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်ထိအောင် အဝိဇ္ဇာကရှိသေးတာ၊ အဝိဇ္ဇာရှိသေးသည့်အတွက်ကြောင့်မို့ ကုသိုလ်ဆိုတာတွေ ဖြစ်နေတာ, အကုသိုလ်ဆိုတာတွေ ဖြစ်နေတာ၊ ရဟန္တာကျတော့ အဝိဇ္ဇာနဲ့တဏှာ လုံဝပြတ်သွားပြီ၊ လုံးဝပြတ်သွားပြီဆိုတော့ အကြောင်းမရှိတော့ဘူးဆိုတော့

[စာမျက်နှာ-261] အကျိုးမရှိတော့ဘူး၊ အကျိုးဖြစ်တဲ့ကုသိုလ် အကုသိုလ် မရှိတော့ဘူး။
ဒါဖြင့် ရဟန္တာတွေက ကုသိုလ်မလုပ်ဘူးလား၊ ရဟန္တာတွေက ဘုရားမရှိခိုးဘူးလား၊ တရားမဟောဘူးလား၊ သူများမကူညီဘူးလား၊ မလှူမတန်းဘူးလား သဘောပြောတယ်၊ လုပ်တာပေါ့၊ ဒါပေမယ့် အဲဒီကျတော့ ဘာဖြစ်သွားတုန်း၊ ကြိယာ ဖြစ်သွားပြီ၊ ဝဋ်မြစ်မပါတဲ့အတွက်ကြောင့်မို့ အဝိဇ္ဇာနဲ့တဏှာ အခြေခံ မပါတဲ့အတွက်ကြောင့်မို့ သူတို့ပြုတဲ့ကုသိုလ်ဟာ ပြရုံမျှသာ ရှိတော့တယ်၊
ဒါကြောင့် ပြုရုံမျှကို ပါဠိလိုခေါ်တော့ ကြိယာ လို့ခေါ်တယ်၊ ဒါကြောင့်မို့ ရဟန္တာမှာကုသိုလ်လည်း မရှိတော့ဘူး၊ အကုသိုလ်လည်း မရှိတော့ဘူး၊ ကုသလာကုသလံ ဇဟံ ဆိုပြီးတော့ မြတ်စွာဘုရားကို ချီးကျူးတဲ့အခါမှာ ဒီဂုဏ်ပုဒ်နဲ့ ချီးကျူးတယ်၊ ရဟန္တာလည်း ဒီအတိုင်းပဲ၊ ကုသိုလ်ကော အကုသိုလ်ကော မရှိဘူး၊ အဲဒီလို ကုသိုလ်ကော အကုသိုလ်ကော မရှိမှသာ လမ်းဆုံးရောက်တာနော်။

လမ်းဆုံးမရောက်ခင်တော့ ကုသိုလ်များရှိအောင်လုပ်ရမှာနော်၊ ကုသိုလ်မရှိရင် အကုသိုလ်ကလာတော့မှာကိုး၊ သိပ်ကြောက်စရာကောင်းတယ်နော်၊ စဉ်းစားကြည့် တစ်နေ့တစ်နေ့ကို ငါ့သန္တာန်မှာ ကုသိုလ်စိတ်များများဖြစ်နေလား၊ အကုသိုလ်စိတ် များများဖြစ်နေလား၊ အကုသိုလ်အသေးစားနဲ့ အကြီးစားသူတို့ပဲ များများဖြစ်နေတာ၊ တစ်ခါတလေ အပျော့စားတော့ အပျော့စားပေါ့လေ၊ အကုသိုလ်တော့ အကုသိုလ်ပဲ တစ်ခါတစ်လေလည်း ပြင်းပြင်းထန်ထန် ဖြစ်တယ်၊ ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန်နည်းတယ်၊ ဒါကြောင့် အထူးဂရုစိုက်ရတယ်၊ ဒါဟာ အရဟတ္တဖလဋ္ဌ ပြီးသွားပြီ၊ ဒါကြောင့်မို့ ပုဂ္ဂိုလ်စိတ်ရလို့ခေါ်တယ်။

ဘယ်ပုဂ္ဂိုလ်တွေမှာ ဘယ်စိတ်ဖြစ်နိုင်တယ်၊ အခုစဉ်းစားကြည့်လိုက်ရင် လူတွေမှာဆိုရင် ဘယ်စိတ်တွေဖြစ်နိုင်တုန်း၊ တိဟိတ်ဖြစ်ရင် သူ ၅၄-ထဲက တစ်ခုခုဖြစ်မှာပဲ၊ ဒွိဟိတ်ဖြစ်မယ်ဆိုရင် ၄၁-ထဲက တစ်ခုခုဖြစ်မှာပဲ၊ အဟိတ် တိရစ္ဆာန်ဆိုတဲ့ တိရစ္ဆာန်တွေဘာတွေဆိုရင်တော့ ၃၇-ခုထဲက တစ်ခုခုပဲ ဖြစ်နေမှာပဲ၊ အဲဒီလို ဘယ်ပုဂ္ဂိုလ်မှာ ဘယ်စိတ်ဖြစ်နိုင်တယ်ဆိုတာ ခွဲခြမ်းဝေဖန်တာကို ပုဂ္ဂိုလ်စိတ်ရလို့ ဒီလိုခေါ်တယ်၊ ဒါကြောင့် စိတ် ၈၉-အကျယ် ၁၂၁-ဆိုပေမယ်လို့ အကုန်လုံး ကိုယ်ရနိုင်တာ မဟုတ်ဘူး၊ ခု ဒါ အကြမ်းဖျဉ်း ခွဲသေးတာနော်၊ ထပ်ခွဲစရာ ရှိသေးတယ်။
ဈာန်ရတိဟိတ်၊ ဈာန်မရတိဟိတ်ရှိသေးတယ်၊ အခုတိဟိတ်က ဈာန်ရတိဟိတ် အနေနဲ့ခွဲထားတာ၊ တိဟိတ်ပုထုဇဉ်မှာ ၅၄-ပါးရတယ်ဆိုတာ အကယ်၍ ဈာန်မရဘူး

[စာမျက်နှာ-262] ဆိုရင် ဈာန်စိတ်တွေ လျှော့ရလိမ့်မယ်နော်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေလည်း ဒီအတိုင်းပဲ၊ ဈာန်ရသောတာပန်၊ ဈာန်မရသောတာပန်နဲ့၊ ဈာန်မရဘူးဆိုရင် ဈာန်စိတ်တွေ လျှော့ပစ်ရလိမ့်မယ်၊ အဲဒီလိုလာလိမ့်မယ်၊ နောင်တစ်ခါ ဘုံနဲ့ခွဲလိုက်တဲ့အခါ တစ်မျိုးထူးသွားတာ ဖြစ်လိမ့်ဦးမယ်။

တိဟိတ်ပုထုဇဉ်က ဗြဟ္မာဘုံဖြစ်တယ်၊ အဲဒီအခါကျတော့ ဒေါသမူမရဘူး၊ ဒါကဘုံနဲ့ပယ်ထားတာ၊ အကြွင်းမဲ့ပယ်တာတော့ မဟုတ်ဘူး၊ အဲဒီဘုံဖြစ်ခိုက်မှာ ဒေါသမူမရှိဘူး စသည်ဖြင့် လာလိမ့်ဦးမယ်။ အဲဒါ အသေးစိတ်ရှိသေးတယ်။ ဘုံနားမလည်ခင် ဘုံကော ဘာကော ခွဲလိုက်ရင် ရှုပ်ကုန်မှာ၊ ဒါကြောင့်မို့ အသာ ထားဦး၊ ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ်ရတယ်ဆိုတာ နောက်တစ်ခါ လေ့လာရဦးမှာ။

အဲဒီလို ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ်ရတယ်၊ ပြီးတော့ ခုနကလို ဘယ်ဘုံမှာ ဘယ်ပုဂ္ဂိုလ်၊ တိဟိတ်ဖြစ်ရင် ဈာန်ရတိဟိတ်၊ ဈာန်မရတိဟိတ်ပေါ့လေ၊ အရိယာဖြစ် ရင်လည်း ဈာန်ရ၊ ဈာန်မရ၊ ရဟန္တာလည်း ကာမရဟန္တာ၊ ရူပရဟန္တာ၊ အရူပရဟန္တာ စသည်ဖြင့် ခွဲရဦးမှာ၊ အဲဒီတော့ အရာတော်တော်ကျယ်သွားပြီ၊ ခုဟာကတော့ ရိုးရိုးလေး၊ ပုဂ္ဂိုလ် ၁၂-ယောက်မှာ ရနိုင်တာ အများဆုံးကို တွက်ထားတာနော်၊ ဒီလို သိရင်ကိုပဲ မနည်းဘူး။

အဲဒီတော့ ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေးပြောချင်တယ်၊ အလွန်သတိထားဖို့ကောင်းတဲ့ အချက်အလက်တွေ ရှိတယ်၊ အဟိတ်ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင် အဲဒီဘဝမှာ ဈာန် မဂ်ဖိုလ် မရနိုင်တော့ဘူး၊ ပြီးတော့ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ရင်လည်းပဲ ဈာန်မဂ်ဖိုလ် မရနိုင်ဘူး၊ အဲဒီလို ဘဝမျိုးရောက် သွားမှာ သိပ်ကြောက်စရာကောင်းတယ်။

အဲဒီလို ဘဝမျိုးရောက်သွားတဲ့အခါကျတော့ ဘာကြောင့် ဈာန် မဂ်ဖိုလ် မရတာလဲ ဆိုတော့ (ဝိပါက၊ ဝိပါကန္တရာယ် လို့ ပါဠိလိုခေါ်တယ်) သူဖြစ်တဲ့ဘုံ အကျိုးပေးရာဘုံမှာကိုက ဒီလိုမဖြစ်နိုင်တဲ့ ဘုံမှာ သွားပြီးတော့ အကျိုးပေးထားတာ၊ ဒါကြောင့်မို့ အဟိတ်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေတယ်၊ ဒွိဟိတ်စိတ်နဲ့ ပဋိသန္ဓေနေတဲ့ အခါကျတော့ အဲဒီဘဝမှာ ဒီပုဂ္ဂိုလ်ဟာ ဈာန်မဂ်ဖိုလ်မရနိုင်တော့ဘူး၊ ဒါ ဝိပါက၊ ဝိပါက်ကပဲ သူက တားမြစ်ထားတာလို့ဆိုတယ်၊ အကျိုးပေးတာကကိုပဲ သူကမရနိုင် တဲ့ အကျိုးပေးထားတော့ မရနိုင်ဘူး။

မေး - သူကတရားနာနိုင်ပါသလား။
ဖြေ - သူတော့ တရားတော့နာနိုင်တယ်၊ ကုသိုလ်တွေ ရနိုင်တယ်၊

[စာမျက်နှာ-263] ကာမာဝစရ ကုသိုလ်တော့ ကောင်းကောင်းရနိုင်တယ်၊ တရားအားထုတ်ရင်လည်း (ဆိုပါတော့) အရိယာဖြစ်သည့်တိုင်အောင် မရနိုင်ဘူး၊ သို့သော် ဝိပဿနာတရား အားထုတ်လည်း ဝိပဿနာဉာဏ်တော့ ဖြစ်နိုင်လောက်တယ်၊ သို့သော် သောတာပန်ထိအောင် မဖြစ်နိုင်ဘူး၊ ဈာန်တရားအားထုတ်ရင်လည်း ဈာန်ထိအောင် မရောက်နိုင်ဘူး၊ အဲသလိုပုဂ္ဂိုလ်တွေ။

နိယတမိစ္ဆာဒိဋ္ဌိ ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီလို ပုဂ္ဂိုလ်တွေလည်းပဲ ဒီဘဝမှာ ဈာန်မဂ်ဖိုလ် မရနိုင်တဲ့အပြင် နောက်ဘဝမှာလည်း ကောင်းရာမွန်ရာသို့ရောက်ဖို့ အများကြီး ခဲယဉ်းသွားပြီ၊ မရောက်ဘူးလို့ပဲ ပြောကြပါစို့၊ အဇာတသတ်ဟာ အဖကို သတ်ထားတဲ့အတွက်ကြောင့် မြတ်စွာဘုရားနဲ့တွေ့လို့ တရားနာရလို့ ဘယ်လောက်တရားကိုသိသိ ဘယ်လောက်မြတ်စွာဘုရားကို ကြည်ညို ကြည်ညိုသူသေတော့ အပါယ်ငရဲသွားရတယ်၊ ဒါ ရှောင်မရနိုင်တဲ့ဟာတွေ၊ အမိ သတ်တာ၊ အဖသတ်တာ၊ ရဟန္တာသတ်တာ၊ မြတ်စွာဘုရားကို သွေးခြည်ဥအောင် လုပ်တာ၊ သံဃာအသင်းခွဲတာ၊ ဒီကံမျိုးတွေဟာ သိပ်ကြောက်စရာကောင်းတယ်။ ဒီကံမျိုးတွေပြုမိရင် နောက်ဘဝသွားပြီပဲ၊ အဟိတ်ပုဂ္ဂိုလ်ဖြစ်တော့မှာ၊ အဟိတ်ပုဂ္ဂိုလ် ဖြစ်ရင် မရတော့ဘူး။

ပြီးတော့ ခုနကပြောတဲ့ နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်ရင် ကိလေသာအလွန်ထူပြောတဲ့ ပုဂ္ဂိုလ်ရှိသေးတယ်၊ နပုံပဏ္ဍုတ်တို့ဘာတို့ အဲဒီလို ပုဂ္ဂိုလ်တွေဟာလည်းပဲ သုဂတိ ရဖို့ အလွန်ခဲယဉ်းတယ်။

ပြီးတော့ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ၊ အရိယာဟူ၍ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အဲဒီပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးတော့ ကိုယ်က မကောင်းတဲ့စိတ်နဲ့ မတော်မတရားပြောမိရင်၊ စွပ်စွဲမိရင် ဒီပုဂ္ဂိုလ်ဟာလည်းပဲ နောက်ဘဝကောင်းရာမွန်ရာ မရောက်နိုင်တော့ဘူး၊ အပါယ်ငရဲသွားရမှာ၊ အကယ်၍ကိုယ်က လုပ်မိပြီဆိုပါတော့ အဲဒီပုဂ္ဂိုလ်ရှိရင် အဲဒီပုဂ္ဂိုလ်ရှိတုန်း သွားပြီးတောင်းပန်၊ အဲဒီပုဂ္ဂိုလ်မရှိတော့ဘူး၊ သေသွားပြီဆိုရင် တခြားပုဂ္ဂိုလ်ရှေ့ ဆရာသမားရှေ့၊ ဘာရှေ့မှာ သို့မဟုတ် အဲဒီပုဂ္ဂိုလ် သေတဲ့နေရာသွားပြီး တောင်းပန်ရင် ပျောက်နိုင်တယ်။

ဒါကြောင့် အဲဒါ သိပ်အရေးကြီးတယ်၊ သူများအပြစ်မပြောနဲ့၊ အပြစ် မပြောနဲ့ဆိုတာ အဲဒါပါတယ်၊ ကိုယ်က အပြစ်ပြောမိတယ်၊ အဲဒီပုဂ္ဂိုလ် အရိယာ ဖြစ်နေမလား ဖြစ်မနေဘူးလား ဘယ်သူမှ မသိနိုင်ဘူး၊ တစ်ခါတလေ ကိုယ်က မထင်ပေမယ့် လည်းပေါက်ရောက်ပြီး ဖြစ်ချင်ဖြစ်နေတာ၊ ဒါကြောင့်မို့ အလွန်

[စာမျက်နှာ-264] ဆင်ခြင်သင့်တယ်၊ အထူးသဖြင့် ကမ္မဋ္ဌာန်းတရား ဆရာတွေနဲ့ ပတ်သက်ပြီး ဘာမှ အပြစ်မပြောကြနဲ့ မကြိုက်ရင်အသာနေ၊ ကိုယ်ကြိုက်တာလိုက်နာ၊ အဲဒီလို ပြောမိထားရင် ခုနကလို မတောင်းပန်မချင်းမရဘူး၊ တရားအားထုတ်လို့ မလွယ်ဘူး၊ မဖြစ်ဘူး။

ထို့အတူပဲ၊ အရိယာမဟုတ်သည့်တိုင်အောင် အရိယာဖြစ်အောင် (ဆိုပါတော့) ရည်ရွယ်ချက်နဲ့ကျင့်နေတဲ့ပုဂ္ဂိုလ် ပုထုဇဉ်ဆိုပေမယ်လို့ အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ် တွေလည်းပဲရှိသေးတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေကို ပြစ်မှားမိရင်လည်းပဲ အရိယူပဝါဒကံ နီးပါး ကြီးတဲ့အပြစ်ရှိတယ်၊ ဒါကြောင့်မို့ အဲဒါတွေကိုတော်တော် ဂရုစိုက်ဖို့ ကောင်းတယ်။

အဲဒီ အန္တရာယ် ယခုပြောခဲ့တာ ဘယ်နှစ်မျိုးရှိသွားပြီလဲ၊ ၄-မျိုးရှိသွားပြီ၊ ကမ္မ၊ ကိလေသ၊ ဝိပါက၊ ဝါဒတိက္ကမာ၊ ဝါဒတိက္ကမာ ဆိုတာကတော့ ဘုန်းကြီးတွေနဲ့ ဆိုင်တယ်၊ သိက္ခာပုဒ်ကို လွန်ကျူးချင်တဲ့စိတ်နဲ့ လွန်ကျူးထားတာ၊ မတော်တဆ လွန်ကျူးမိတာမျိုး မဟုတ်ပဲနဲ့ လွန်ကျူးချင်တဲ့စိတ်နဲ့ လွန်ကျူးတာလည်းပဲ ဒီအာပတ်ကို ဒီအပြစ်ကို ပျောက်အောင်မလုပ်မချင်း ဒီအန္တရာယ်ရှိတယ်၊ ဒေသနာကြားပြီးတော့ ပျောက်အောင်လုပ်ရမယ်၊ ပရိဝါသ်မာနတ်ဆောက်တည်ပြီးတော့ ဒါတွေက လူတွေနားလည်မှာ မဟုတ်ပါဘူး၊ ထားပါတော့ လုပ်သင့်တာလုပ်ပြီး ပျောက်အောင် လုပ်ရမယ်၊ ပျောက်အောင်မလုပ်ရင် ရဟန်းမှာ အန္တရာယ်ရှိတယ်၊ နတ်ရွာ နိဗ္ဗာန် မရောက်နိုင်ဘူး။

[စာမျက်နှာ-265]
ဘုံစိတ်ရ

| အမျိုးအစား | အသေးစိတ် |

| စိတ် | စိတ် ၈၉ အကုန် |
| ဝီထိစိတ် | ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စသုံးတပ်သောစိတ်များ ကြဉ်သောစိတ် ၈၀။ (ကာမဝိပါက် ၈-ပါးကို ပဋိဘဝင်စုတိကိစ္စ တပ်ခိုက်သာ ကြဉ်ရသောကြောင့် ဝီထိစိတ် ၈၀ ဖြစ်သည်။) |
| ကာမာဝစရဘုံ၌ | ဝီထိစိတ် ၈၀ အကုန်ရ။ |
| အသညသတ်ဘုံမှတစ်ပါး ရူပါဝစရ ၁၅ ဘုံ၌ | ဒေါသ-၂၊ ဃာန-၂၊ ဇိဝှာ-၂၊ ကာယ-၂၊ မဟာဝိ-၈ ကြဉ် ဝီထိစိတ် ၆၄-ပါးရ။ |
| အသညသတ်ဘုံ၌ | စိတ်လုံးဝမရ။ |
| အရူပါဝစရဘုံ၌ | ဒေါ-၂၊ ပဉ္စဝိညာဏ်-၁၀၊ သမ်-၂၊ သန္တီ-၃၊ ပဉ္စဒွါရာဝဇ္ဇန်း-၁၊ ဟသိ-၁၊ မဟာဝိ-၈၊ ရူပ ကုကြိ-၁၀၊ သောတာပတ္တိမဂ် ၁ ကြဉ် ဝီထိစိတ် ၄၂-ပါးရ။ |

အထူး - အထက်အထက် အရူပါဝစရဘုံ၌ အောက်အောက် အရူပါဝစရစိတ်များမရ။ အသေးစိတ်ကို ဇယားကွက်မှာကြည့်ပါ။

အန္တရာယ် ၅-ပါး
* ကမ္မန္တရာယ် - ပဉ္စာနန္တရိယကံ ၅-ပါးနှင့် ဘိက္ခုနီမ၌ ကျူးလွန်မှု။
* ကိလေသန္တရာယ် - နိယတမိစ္ဆာဒိဋ္ဌိ။
* ဝိပါကန္တရာယ် - အဟိတ်၊ ဒွိဟိတ်၊ ပဋိသန္ဓေဝိပါက်စိတ်။
* အရိယူပဝါဒန္တရာယ် - အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာသောစိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကိုစွပ်စွဲကဲ့ရဲ့ခြင်း။
* အာဏာဝီတိက္ကမန္တရာယ် - လွန်ကျူးလိုသော စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်။

> ကမ္မံ ကိလေသံ ဝိပါကံ၊ ဝါဒံ တိက္ကမံ။
> နတ်ရွာ နိဗ္ဗာန် မဂ်ဖိုလ်ဈာန်၊ ငါးတန် အန္တရာ။

[စာမျက်နှာ-266] (ဤစာမျက်နှာသည် မူရင်းတွင် အလွတ်ဖြစ်ခြင်း သို့မဟုတ် မှတ်စုမျက်နှာစာ ဖြစ်နိုင်ပါသည်။)

[စာမျက်နှာ-267]
အဘိဓမ္မာသင်တန်း ၂၆

ဝီထိပိုင်း

အန္တရာယ် ၅-ပါး

ဘုံစိတ်ရ

ဒီနေ့ မေလ ၈-ရက်နေ့၊ ဒီနေ့ ဘာပြန်ပြီးတော့ ဆက်ချင်သလဲဆိုရင် အဲဒီ နောက်ဆုံးအပတ်တုန်းက ပြောခဲ့တဲ့အထဲမှာ အန္တရာယ်ငါးပါးအကြောင်းကို အကျဉ်းကလေးတော့ ပြောခဲ့တယ်။ ပုဂ္ဂိုလ်စိတ်ရနဲ့ ပတ်သက်ပြီးတော့ အကျယ်ကလေးနည်းနည်းပြောချင်တယ်၊ ဘာပြု လို့လည်းဆိုတော့ အန္တရာယ်ငါးပါးက သိထားဖို့ကောင်းတယ်၊ လက်တွေ့ကို ကျင့်သုံးရမှာကလည်းပဲ ဒီအန္တရာယ်ငါးပါးကို သိထားရင် ရှောင်နိုင်တာတွေရှိတယ် ပေါ့လေ၊ အရေးလည်းကြီးတယ်၊ ဒါကြောင့်မို့ အဲဒီအန္တရာယ်ငါးပါးကို ထပ်ပြောမယ်။

ဒီနေ့ပေးထားတဲ့ စာရွက်အောက်ခြေမှာ အန္တရာယ်ငါးပါးဆိုတာရှိမယ်။ အဲဒါကို ကြည့်ထား၊ ဒီမှာ အန္တရာယ်ငါးပါးဆိုတာဘာလဲဆိုတော့ နတ်ပြည်ကို မရောက်နိုင်အောင် တားမြစ်တဲ့အန္တရာယ်မျိုး၊ ဈာန်မရအောင်၊ မဂ်မရအောင်၊ ဖိုလ် မရအောင် တားမြစ်တတ်တဲ့ အန္တရာယ်မျိုးကို ဒီမှာ အန္တရာယ်လို့ခေါ်မှာ၊ အဲဒီ အန္တရာယ်ပြုနိုင်တဲ့ တရားတွေ အန္တရာယ်ပြုနိုင်တဲ့ကံတွေရှိတယ်၊ ဒီအန္တရာယ်တွေ တားမြစ်ရင် ကံအလိုက်ပဲ နောက်ဘဝမှာ ဘယ်နည်းနှင့်မှကောင်းတဲ့ဘုံကို

[စာမျက်နှာ-268] မရောက်နိုင်တဲ့ ကံမျိုးရှိတယ်နော်၊ ဒီဘဝမှာလည်း မဂ်ဖိုလ်မရဘူး၊ နောက်ဘဝမှာလည်း ကောင်းရာမရောက်နိုင်ဘူး၊ ဒီလိုကံမျိုးတွေလည်းရှိတယ်၊ အဲဒီကံတွေဟာ အဲဒီ အန္တရာယ်ဟာ ဘာတွေလဲဆိုတာကို ကိုယ်ရှောင်လို့ရတာရှိတယ်၊ ရှောင်လို့မရတာ ရှိတယ်။

အဲဒီတော့ ပထမဆုံးက ကမ္မန္တရာယ် တဲ့နော်၊ ကမ္မန္တရာယ် ဆိုတာ ဘာကို ခေါ်တာလဲဆိုရင် ပဉ္စာနန္တရိယကံငါးပါးနှင့် ဘိက္ခုနီမ၌ ကျူးလွန်မှုတဲ့၊ ဒီဟာကို ကမ္မန္တရာယ် လို့ခေါ်တယ်၊ အကုသိုလ်ကံတည်းဟူသော အန္တရာယ်ပေါ့၊ ဒီကံတွေကို လွန်ကျူးမိထားရင် ဘာဖြစ်မလဲ ကြည့်ရအောင်။

အဲဒီတော့ ပထမ ပဉ္စာနန္တရိယကံ၊ ပဉ္စာနန္တရိယကံ ဆိုတာ ကြားဖူးမှာပဲနော်၊ ကံကြီးလို့လည်း ခေါ်တာပေါ့၊ ပဉ္စာနန္တရိယကံ တစ်ပါးပါးထိုက်ရင် ကံကြီးထိုက် တယ်လို့ဒီလိုဆိုတာ၊ အဲဒီ ပဉ္စာနန္တရိယကံ ဆိုတာ အမေကိုသတ်တာ၊ အဖေကို သတ်တာ၊ ရဟန္တာကိုသတ်တာ၊ နောက်တစ်ခုက မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုတာ၊ နံပါတ်ငါးက သံဃာသင်းခွဲတာ၊ ကံငါးပါးရှိတယ်၊ ဒီငါးပါး အရေးကြီးတယ်။

အဲဒီတော့ အမေကို သတ်တယ်၊ အဖေကိုသတ်တယ်တဲ့၊ အမေမှန်း သိသိ၊ မသိသိ သတ်မိလို့သေရင် ဒီကံထိုက်တော့တာပဲနော်၊ သိပ်ကြောက်စရာ ကောင်းတယ်။ တခြားလူမှတ်လို့ သတ်လိုက်တယ်၊ အမေဖြစ်နေတယ်၊ ဒါလည်း ဒီကံထိုက်တာပဲ။ သိပ်ကြောက်စရာ ကောင်းတယ်၊ အမိသတ်တဲ့ကံ၊ အဖသတ်တဲ့ကံ၊ ရဟန္တာသတ်တဲ့ ကံ၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုတယ်တဲ့။

သွေးစိမ်းတည်အောင်ပြုတယ်ဆိုတာ သွေးခြည်ဥသွားတာကို ဆိုလိုတယ်။ ရှင်းရှင်းကတော့ မြတ်စွာဘုရားကို ဒဏ်ရာရအောင်လုပ်တာပဲ၊ ခုတ်လိုက် ထစ်လိုက် လုပ်ချင်တာပဲ၊ သတ်ချင်တာပဲဆိုပါတော့၊ ဒါပေမယ့် မြတ်စွာဘုရားက ဒီဘဝမှာ သူများသတ်လို့ မသေနိုင်ဘူး၊ ပြီးတော့ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်ကို ကွဲအောင် ပြဲအောင် လုပ်လို့မရဘူးတဲ့၊ မကွဲမပြဲနိုင်ဘူး၊ ဒါကြောင့်မို့ ဓားနဲ့ခုတ်လည်း ကွဲမှာ မဟုတ်ဘူး၊ လှံနဲ့ထိုးလည်း စူးမှာမဟုတ်ဘူး၊ သို့သော် သွေးခြည်ဥသွားတဲ့အနေတော့ ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ သွေးခြည်ဥသွားတာကို ဒီနေရာမှာဆိုလိုတယ်၊ ဒဏ်ရာ အနာတရဖြစ်သွားတာ၊ ပေါက်ကွဲသွားတာ၊ ရသွားတာမျိုးကို မဆိုလိုဘူး။ အဲဒီတော့ ဒေဝဒတ်က မြတ်စွာဘုရားကို သတ်ဖို့က ဂိဇ္ဈကုဋ်တောင်ကနေ ကျောက်တုံးကြီး လှိမ့်ချတယ်မဟုတ်လား၊ ကျောက်တုံးကြီးလှိမ့်ချတဲ့အခါ ကျတော့

[စာမျက်နှာ-269] ကျောက်စွန်း ၂-ခုက ခံထားလိုက်တယ်၊ အဲဒီလို ခံထားလိုက်တဲ့ အတွက်ကြောင့်မို့ အဲဒီကျောက်ချင်းတိုက်ပြီးတော့မှ အဲဒီကျောက်ကပဲ့တဲ့ အပိုင်းအစ ကလေးက မြတ်စွာဘုရားရဲ့ ခြေမတော်ကို သွားမှန်တယ်၊ သွားမှန်တဲ့အခါကျတော့ သွေးခြည်ဥ သွားတယ်၊ ဒါ ရိုးရိုးပုဂ္ဂိုလ်ဆိုရင်တော့ ခြေထောက်တွေ ဘာတွေ ရှ-ကွဲသွားမှာ ပေါ့လေ၊ အဲဒီသွေးခြည် ဥသွားတာကို ဇီဝကက ကုသပေးရတယ်။

နောက်ဆုံးတစ်ခုက သံဃာသင်းခွဲတာ၊ သံဃာသင်းခွဲတယ်ဆိုတာက ဒါ နားလည်ထားဖို့ အရေးကြီးတယ်၊ သံဃာသင်းခွဲတယ်ဆိုတာ သိမ်တစ်ခုတည်းမှာ တစ်ပြိုင်နက်သောခဏမှာ ၂-စုခွဲပြီးတော့ ကံပြုလောက်အောင်ကိုလုပ်မှ သံဃာသင်းခွဲ တဲ့ကံထိုက်တာနော်၊ ဒီသိမ်တစ်ခုထဲမှာ သံဃာ ၂ စု ကံမပြုရဘူး၊ တစ်ချိန်ထဲမှာ သံဃာတစ်ခုတည်းစုပြီးတော့ ကံပြုရတယ်၊ သံဃာ ၂-စုခွဲပြီးတော့ ကံပြုရင် အဲဒါ ကျမှ သံဃာကွဲသွားအောင်လုပ်တာ၊ သံဃာအသင်းခွဲတာလို့ဆိုရတာ၊ ဒါကြောင့် သံဃဘေဒကကံ ဆိုတာ အမှန်အတိုင်းပြောရင် ရဟန်းမှာသာ ဖြစ်နိုင်တယ်၊ လူမှာ ဒီသံဃဘေဒကကံ မထိုက်နိုင်ဘူး၊ သာမဏေမှာ သံဃဘေဒကကံ မထိုက်နိုင်ဘူး၊ ရဟန်းမှာသာ သံဃဘေဒကကံ ထိုက်နိုင်တယ်။

ဆိုပါတော့ ရဟန်းက ရဟန်းအချင်းချင်းတွေ့ လိုက်ပြီ၊ လျှောက်ပြီးကွဲအောင် လုပ်ပြီးတော့ ဒီတစ်သိမ်ထဲမှာပဲ တစ်ပြိုင်တည်း သူတို့က ဟိုဘက်က ကံပြု၊ ငါတို့က ဒီနားက ကံပြုမယ်၊ အဲဒီလို တစ်ပြိုင်တည်း စုနေတဲ့အခါမှာ ဒါ သံဃဘေဒကကံ ထိုက်တယ်၊ ရှင်ဒေဝဒတ် သံဃဘေဒကကံ ထိုက်တာ အဲဒါမျိုး၊ သာမညသံဃာတွေ ကွဲသွားအောင်လုပ်ရုံနဲ့ သံဃဘေဒကကံ မထိုက်သေးဘူး၊ သံဃဘေဒကကံ အစစ်က အဲဒီလို ကံခွဲပြုအောင် လုပ်မှ သံဃဘေဒကကံ ထိုက်တယ်၊ သို့သော် ဆိုပါတော့ သံဃာချင်းကွဲသွားအောင် လုပ်ရင်လည်းပဲ သံဃဘေဒကကံ လိုပဲ ကြီးလေးတဲ့ အပြစ်တော့ ဖြစ်တယ်ပေါ့၊ အပြစ်ကြီးတယ်၊ သို့သော် သံဃဘေဒကကံ လောက် အပြစ်မကြီးဘူး၊ သံဃဘေဒကကံ လိုလည်းပဲ မဆိုးဘူး၊ အဲဒါလဲမှတ်ထား၊ သံဃဘေဒကကံ အစစ်မဖြစ်ဘူး၊ အစစ်မဖြစ်ရင် နတ်ရွာနိဗ္ဗာန်ဈာန်မဂ်ဖိုလ် အန္တရာယ် မဖြစ်ဘူးလို့ဆိုလိုတယ်၊။

အဲဒီတော့ ပဉ္စာနန္တရိယကံ ငါးပါးကိုလွန်ကျူးမိရင် ဒီပုဂ္ဂိုလ်ဟာ ဒီဘဝမှာ ဈာန်လည်းမရနိုင်ဘူး၊ မဂ်လည်းမရနိုင်ဘူး၊ ဖိုလ်လည်းမရနိုင်ဘူး၊ နောက်ပြီးတော့ နောက်ဘဝမှာလည်း သုဂတိမရောက်နိုင်တော့ဘူး၊ ဧကန် အပါယ်လေးပါးလားရ တော့မယ်၊ ဧကန်ငရဲသွားရတော့မယ်။

[စာမျက်နှာ-270] အဇာတသတ်ဟာ သူ့ခမည်းတော်ကို ပြန်သတ်တယ်၊ ပိတုဃာတကကံ ဆိုတာ ထိုက်ထားတယ်၊ အဲဒီကံထိုက်ထားတဲ့အတွက်ကြောင့်မို့ နောင်အခါမှာ သူ နောင်တရပြီးတော့ မြတ်စွာဘုရားကိုကိုးကွယ်ဆည်းကပ်တယ်၊ တစ်ခါမှာ မြတ်စွာဘုရားဆီသွားပြီးတော့ တရားဟောဖို့တောင်းပန်လို့ မြတ်စွာဘုရားက သာမညဖလသုတ် ကို ဟောတယ်၊ အဲဒီသာမညဖလသုတ်ဟောပြီးတဲ့အခါမှာ သူလည်း မြတ်စွာဘုရားကို တကယ့်ကို ကြည်ညိုသွားတယ်၊ အသက်စွန့် ပြီးတော့ ကြည်ညိုနိုင်လောက်တဲ့ ကြည်ညိုမှုမျိုးနဲ့ ကြည်ညိုသွားတယ်၊ ဒါပေမယ်လို့ သူ့မှာ အဖသတ်ထားတဲ့ကံက ရှိထားတဲ့အတွက်ကြောင့်မို့ အဲဒီတရားနာပြီးနောက် နောင် ဘာမှ တရားထူးတွေ ဘာတွေ မရဘူး။

မြတ်စွာဘုရားက သူပြန်ပြီးနောက်ကျတော့ပြောတယ်၊ ဒီမင်းဟာ အကယ်၍သာ သူ့အဖေသာ မသတ်ခဲ့ရင် အခု တစ်ထိုင်ထဲမှာ တရားထူးရသွားနိုင်တယ်၊ အခု ဒီလိုမဟုတ်ပဲနဲ့ အဖေကိုသတ်ထားတဲ့အတွက်ကြောင့်မို့ တရားထူးမရရုံတင် မကဘူး၊ ငရဲကလည်း မလွတ်ဘူးဆိုပြီးတော့ အဝီစိငရဲတော့ အစစ်မဟုတ်ဘူး၊ အဝီစိငရဲရဲ့ အခြံအရံဖြစ်တဲ့ ငရဲငယ်တစ်ခုမှာ သွားဖြစ်ရတယ်၊ ဒါကြောင့်မို့ ဒီ ပဉ္စာနန္တရိယကံ ငါးပါးထဲက တစ်ပါးပါးကို ကျူးလွန်မိထားရင် ဒီဘဝမှာလည်း ဈာန်တို့မဂ်တို့ ဖိုလ်တို့မရဘူး၊ နောင်ဘဝမှာလည်း သုဂတိမရောက်တော့ဘူး၊ လူတောင် ပြန်မဖြစ်နိုင်တော့ဘူး။

ကောင်းပြီ၊ ဘိက္ခုနီမ၌ ကျူးလွန်တာရှိသေးတယ်၊ ဒါ ဘိက္ခုနီမကို မုဒိန်း ကျင့်တာပေါ့လေနော်၊ မြတ်စွာဘုရား လက်ထက်ကရှိခဲ့ဖူးတယ်၊ နန္ဒဆိုတဲ့ လုလင် တစ်ယောက်က ရှင်ဥပ္ပလဝဏ်ဆိုတာ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ဘိက္ခုနီမ၊ အဲဒီတန်ခိုးအရာမှာ ဧတဒဂ်ရလျက်နဲ့တောင်မှ မုဒိန်းကျင့်တာကျတော့ ခံလိုက်ရတာ၊ အလင်းထဲ နေပူထဲကပြန်လာပြီးတော့ ကျောင်းလေးထဲဝင်လာတဲ့ အခါမှာ အလင်းနဲ့ အမှောင်ကြောင့် ကျောင်းထဲလူဝင်နေတာ မသိလိုက်ဘူး၊ ဟိုကောင်က သူ့ကို ကြိုက်နေတဲ့ ကောင်ဆိုတော့ ကျောင်းထဲကချောင်းနေပြီးတော့ အဲဒီအချိန်မှာ မုဒိန်းကျင့်တာ၊ အဲဒီလို ကျင့်တာမျိုးကို ဘိက္ခုနီမ၌ ကျူးလွန်မှုလို့ခေါ်တယ်၊ ဒီအမှုကလည်းပဲ အပြစ်ကြီးတာပါပဲပေါ့၊ ကမ္မန္တရာယ် ပဲ၊ သို့သော် သူ့ကျတော့ ဘာထူးခြားချက် ရှိသလဲ၊ ဒီဘဝမှာ ဈာန်၊ မဂ်၊ ဖိုလ် မရနိုင်တာပဲ ရှိနိုင်တယ်၊ အကယ်၍ နောင်တတရားရပြီး ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင်သွားမယ်ဆိုရင် သုဂတိဘဝတော့ ရနိုင်သေးတယ်၊ ဘိက္ခုနီမကို ကျူးလွန်တဲ့အပြစ်က သုဂတိဘဝ

[စာမျက်နှာ-271] ကိုတော့ မတားမြစ်နိုင်ဘူးပေါ့၊ သို့သော် ဒီဘဝမှာ ဒီကောင်ဟာ ဈာန်, မဂ်, ဖိုလ် မရနိုင်တော့ဘူး၊ ရှင်ဥပ္ပလဝဏ်ကို ကျူးလွန်တဲ့ကောင်ကတော့ ရဟန္တာမကို ကျူးလွန်တာ ဆိုတော့ မြေမျိုခံရတော့တာပဲ၊ ဒါက ကမ္မန္တရာယ်လို့ ခေါ်တယ်။

မေး - ခုနကကောင် ငရဲက လွတ်ရင် မဂ်ရနိုင်သလား။
ဖြေ - ရနိုင်တယ်၊ သူက မဂ်ဖိုလ်ရနိုင်တယ်။
မေး - တရားနာတဲ့အကျိုးကြောင့်လား။
ဖြေ - ဟုတ်တယ်၊ အခုလောလောဆယ်ကတော့ ငရဲက မလွတ်တော့ဘူး၊ အဲဒါခံပြီးတဲ့ အခါကျတော့ သူထောင်ကလွတ်သလိုပေါ့လေ၊ အပြစ်ကျေသွားပြီ ပေါ့၊ အဝီစိတော့အကြာကြီးပေါ့၊ အဲဒီက ကျွတ်မှပဲ ဖြစ်နိုင်တော့မယ်၊ ဒေဝဒတ်လည်း အဝီစိပဲ၊ ဒါပေမယ့် တစ်နေ့ပြန်လွတ်ပြီး ပစ္စေကဗုဒ္ဓါ ဖြစ်မှာ။

ဒေဝဒတ်ကတော့ ဒီပဉ္စာနန္တရိယကံထဲက ၂-ခု ကျူးလွန်တာ၊ ဘုရားရှင် သွေးစိမ်းတည်အောင် ပြုတဲ့ကံရယ်၊ သံဃာသင်းခွဲတဲ့ကံရယ် ၂-ခုကျူးလွန်တာ၊ အဲဒီတော့ သူက (ဒါမလွယ်ဘူး ပဉ္စာနန္တရိယကံပဲ) ဒါပေမယ်လို့ သူလည်း တစ်နေ့ ကျွတ်ပြီး အဋ္ဌိသာရဆိုတဲ့ ပစ္စေကဗုဒ္ဓဖြစ်ဦးမှာပဲ။

ဘာလို့လဲဆိုတော့ သူလည်း သေခါနီးတော့ ဘုရားကိုတောင်းပန်သွားတယ်။ မြတ်စွာဘုရားကိုတောင်းပန်မလို့လာတာ၊ ပြန်လာတော့ သူနေမကောင်း၊ သူ့နောက်က တပည့်တွေက အရှင်သာရိပုတြာနဲ့ အရှင်မဟာမောဂ္ဂလာန် ပြန်ခေါ်သွားတဲ့အခါမှာ ကောကာလိကဆိုတဲ့ သူ့တပည့်က “မင်းကို ငါ နဂိုကတည်းက မပြောလား” ပေါ့လေ၊ အရှင်သာရိပုတြာနဲ့ ရှင်မောဂ္ဂလာန်က လူယုတ်မာတွေ မင်း သတိထား ငါပြောတာ၊ မင်း သတိမထားလို့ပေါ့ဆိုပြီးတော့ ခြေထောက်နဲ့ ပိတ်ကန်လိုက်တာ၊ ဆရာ့ကို ခြေထောက်နဲ့ ပိတ်ကန်လိုက်တာ၊ ရင်ဘတ် အကန်ခံရတော့ သွေးအံတာ။

အဲဒီရောဂါနဲ့ သူဖြစ်ပြီးတော့ နောက်တော့ သူသေမယ်ဆိုတာ သူသိတယ် ထင်ပါရဲ့၊ ငါ့နောင်တော် ဘုရားဆီ ပို့ကြကွာ ပြောတာကိုး၊ ပြောတော့ ထမ်းစင်နဲ့ ထမ်းပြီးခေါ်သွားတာ၊ ခေါ်သွားတော့ လာနေတဲ့အခါကျတော့ ရဟန်းတွေက မြတ်စွာဘုရားကို လျှောက်ကြတယ်၊ ဒေဝဒတ်မြတ်စွာဘုရားထံလာနေပြီ၊ မြတ်စွာဘုရားကို ကန်တော့မလို့ဆိုတော့ မြတ်စွာဘုရားက ပြောတယ်၊ သူငါ့ဆီမရောက်ဘူး၊ ငါ့ကို ဒီလိုပြစ်မှားပြီးတဲ့ သူဟာ ငါ့ဆီတစ်ခါ ပြန်မရောက်နိုင်ဘူး၊ မဟုတ်ဘူး လာနေပြီဘုရား၊ အခုပဲ ကျောင်းပေါက်ဝရောက်နေပြီပေါ့၊ ကျောင်းပေါက်ဝရောက်

[စာမျက်နှာ-272] လည်း သူ့ကို မတွေ့နိုင်ဘူး၊ မြတ်စွာဘုရားက ပြောတာ၊ အဲဒီတော့ ကျောင်းထဲဝင် လိုက်တဲ့အခါကျတော့ ရေကန်မြင်တော့ ရေချိုးချင်တာ၊ ဟာ ငါ့ကို ခဏချစမ်းကွာ၊ ငါ ဘုရားဆီသွားမှာ သန့်သန့် ရှင်းရှင်း ရေချိုးချင် တယ်ဆိုပြီး ရေချိုးဖို့အဆင်းမှာ မြေမျိုသွားတာ၊ အဲဒီမြေအမျိုမှာ သူက ဘုရားရှင်ကိုကန်တော့ သွားတာ၊ အဲသလို သူကန်တော့တဲ့ ဂါထာလေး မိလိန္ဒပဉှာမှာရှိတယ်။

အဲဒါကြောင့် ခု သူကတော့ ပစ္စေကဗုဒ္ဓါဖြစ်မှာ၊ သို့သော် အခု အခြားမဲ့ တမလွန်ဘဝကတော့ မရဘူး၊ ငရဲမှာကျမှာ၊ အဲဒါကမ္မန္တရာယ်။

နောက်တစ်ခုက ကိလေသန္တရာယ်တဲ့၊ ကိလေသန္တရာယ်ဆိုတော့ ကိလေသာလား အောက်မေ့ရတယ်၊ မဟုတ်ဘူး၊ နိယတမိစ္ဆာဒိဋ္ဌိကို ကိလေသန္တရာယ်လို့ ခေါ်တယ်။ နိယတမိစ္ဆာဒိဋ္ဌိဆိုတာ ဘာလဲဆိုတော့ ရှင်းရှင်းကတော့ ကံမရှိဘူး၊ ကံရဲ့ အကျိုးမရှိဘူး ယူဆတာပါပဲ။

မိစ္ဆာဒိဋ္ဌိ ၃-မျိုးရှိတယ်နော်၊ နတ္ထိကဒိဋ္ဌိရယ်၊ အကိရိယဒိဋ္ဌိရယ်၊ အဟေတုကဒိဋ္ဌိရယ်လို့ ခွဲလိုက်ရင်တော့ ၃-မျိုးရှိတယ်၊ အဲဒီတော့ ပဓာနအားဖြင့်တော့ နတ္ထိကဒိဋ္ဌိ ဆိုတာက အကျိုးမရှိဘူးလို့ ယူဆတာ၊ အကိရိယဒိဋ္ဌိဆိုတာက ကံ မရှိဘူးလို့ယူဆတာ၊ အကြောင်းမရှိဘူးလို့ ယူဆတာ၊ အဟေတုကဒိဋ္ဌိဆိုတာက ကံရော ကံ၏အကျိုးရော မရှိဘူးလို့ ယူဆတာ၊ ဒါပေမယ့် အကျိုးမရှိဘူးလို့ ယူဆရင် အကြောင်းမရှိဘူးလို့ ယူဆရာရောက်တာပဲ၊ အကြောင်းမရှိဘူးလို့ ယူဆရင်လည်းပဲ အကျိုးမရှိဘူးလို့ ယူဆရာရောက်တာပဲဆိုတော့ ဒီ ၃-ခုဟာ သိပ်မထူးဘူး။

အဲဒီ ၃-ခုကို ဘာလို့ခေါ်လဲဆိုရင် နိယတမိစ္ဆာဒိဋ္ဌိ၊ နိယတဆိုတာက မြဲတာနော်၊ သိပ်ကိုခိုင်ခိုင်မြဲမြဲ စွဲစွဲမြဲမြဲကြီး ယူသွားတာမျိုးကို နိယတမိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်၊ သာမညမိစ္ဆာဒိဋ္ဌိလည်းပဲ ရှိသေးတယ်၊ သာမညဒိဋ္ဌိက ချွတ်လို့ရသေးတယ်။ ဘုရားနဲ့တွေ့ရင် ကျွတ်မယ်။ နိယတမိစ္ဆာဒိဋ္ဌိကျတော့ ဘုရားနဲ့ တွေ့လည်း မကျွတ်တော့ဘူး၊ အဲဒီလောက် ခိုင်ခိုင်မြဲမြဲ ဖြစ်သွားတဲ့ ဒိဋ္ဌိမျိုးကို နိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။

မြတ်စွာဘုရားလက်ထက်က မိစ္ဆာဒိဋ္ဌိကြီးတွေရှိတယ်၊ သူတို့တပည့်ကျတော့ အဲဒီဆရာကို ကြည်ညိုတယ်၊ အဲဒီဆရာဟောတဲ့ တရားကြိုက်တော့ အဲဒီဆရာ ဟောတဲ့ တရားပဲအကြိမ်များစွာ နာရတဲ့အခါမှာ တစ်ချိန်လောက်မှာ ဘယ်သူမှ

[စာမျက်နှာ-273] ချွတ်မရလောက်အောင် မြဲတဲ့အခိုက်အတန့် ရှိသွားလိမ့်မယ်၊ သာသနာတော်မှာ အနေနဲ့ပြောရင် တရားထူး ရသွားတဲ့သူလိုပေါ့၊ မြတ်စွာဘုရား တရားနာပြီးလို့ တရားထူးရသွားရင် သူဟာ ဘယ်တော့မှ ပြန်မဖောက်ပြန်တော့သလိုပဲ သူတို့လည်းပဲ တရားထူး ရတာတော့ မဟုတ်ဘူးပေါ့နော်၊ တစ်ခါတည်း မိစ္ဆာသမာဓိအခိုင်အမြဲ ဖြစ်သွားပြီးတော့ စွဲမြဲသွားတယ်၊ အဲဒီလိုဖြစ်သွားရင် နိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ အဲဒီလို နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သွားရင်လည်းပဲ ကိလေသန္တရာယ်တဲ့နော်၊ သူတို့လည်းပဲ တမလွန် သုဂတိဘဝရနိုင်ဖို့ဟာ မရှိတော့ဘူးတဲ့၊ ဒီဘဝ ဈာန်မဂ်ဖိုလ် မရတာကတော့ ပြောစရာမလိုတော့ဘူး၊ အဲဒါ နိယတမိစ္ဆာဒိဋ္ဌိတဲ့။

နောက်တစ်ခုက ဝိပါကန္တရာယ်တဲ့ နော်၊ ဝိပါကဆိုတာ ဝိပါက်ပေါ့ဟုတ်လား၊ ဝိပါက်က အန္တရာယ်ဖြစ်နေတာ၊ အဲဒါ အဟိတ် ဒွိဟိတ် ပဋိသန္ဓေဝိပါက်စိတ် အဟိတ်ပဋိသန္ဓေ၊ ပဋိသန္ဓေအကြောင်း နည်းနည်းပါးပါး သိပြီးပြီ မဟုတ်လား၊ နောင် ဘုံပိုင်း ပဉ္စမပိုင်းကျတော့လည်း ပြန်လာလိမ့်ဦးမယ်။

အဟိတ်ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်များမှ ဈာန်မဂ်ဖိုလ်မရနိုင်တော့ဘူး၊ ပုဂ္ဂိုလ်စိတ်ရ ပြန်စစ်ကြည့်ရင်သိပြီ၊ အဟိတ်ပုဂ္ဂိုလ်, သုဂတိအဟိတ်ပုဂ္ဂိုလ်, ဒွိဟိတ် ပုဂ္ဂိုလ်တွေမှာ စိတ် ၃၇-၄၁၊ ဒီလောက်ပဲရနိုင်တယ်၊ အဲဒီအထဲမှာ ရူပါဝစရစိတ် မပါဘူး၊ အရူပါဝစရစိတ်မပါဘူး၊ လောကုတ္တရာစိတ် မပါဘူး။

ဒါကြောင့်မို့ အဟိတ်ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်၊ ဒွိဟိတ်ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ် တွေကို ဝိပါကန္တရာယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုရတယ်၊ အမှန်ကတော့ ဒီဘဝမှာ သူတို့ ဘာမှ မကောင်းတာလုပ်လို့ ဘာလို့မဟုတ်ဘူး၊ ဒါက နောက် ဘဝကပြုခဲ့တဲ့ ကံက ညံ့ဖျင်းလွန်းတော့ အဲဒီကံ အကျိုးပေးတဲ့အခါမှာ သုဂတိ အဟိတ် အကျိုးပေးမယ်၊ ဒွိဟိတ်အကျိုးပေးမယ်၊ သို့မဟုတ် နောက်ဘဝက လုပ်ခဲ့တဲ့ မကောင်းတဲ့ အတွက်ကြောင့်မို့ ဒုဂ္ဂတိအဟိတ် အကျိုးပေးမယ်ဆိုတော့ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံမှာ ဖြစ်နေတဲ့ကောင်တွေပေါ့၊ အဲသလိုကောင်တွေဟာ အဲဒီဘဝမှာ ဈာန် မဂ်ဖိုလ် မရနိုင်ဘူး။

ပြီးတော့ သုဂတိအဟိတ်ဆိုတဲ့ မွေးကတည်းက ကန်းလာတဲ့ကောင်တွေ ဘာတွေ ပြီးတော့ နပုံးပဏ္ဍုတ်တွေနော်၊ အခုခေတ် Gay လို့ဆိုတဲ့ ကောင်တွေ အဲဒါလွတ်ဖို့သိပ်မရှိဘူး၊ မလွတ်တဲ့ကောင်များလိမ့်မယ်လို့ ယူဆရတာပဲ၊ ပြီးတော့ ဒွိဟိတ်နဲ့ ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီလို ပုဂ္ဂိုလ်တွေ ဒီဝိပါကန္တရာယ်ရှိတဲ့ အတွက်ကြောင့်မို့ ဈာန်မဂ်ဖိုလ်မရနိုင်ဘူးတဲ့။

[စာမျက်နှာ-274] မေး - နတ်ရွာတော့ကောဘုရား
ဖြေ - ရနိုင်တယ်၊ အင်း ကောင်းကောင်းမွန်မွန်ကျင့်ကြံမယ်ဆိုရင် သုဂတိဘုံတော့ သူတို့ရောက်နိုင်တယ်၊ အဟိတ်လည်း ရောက်နိုင်တာပဲ၊ တိရစ္ဆာန်ကနေ လူဖြစ်လို့ရတာပဲကိုး၊ လူ့ဘဝပြန်ရလို့ ရတာပဲကိုး၊ ကောင်းကောင်းမွန်မွန်နေထိုင် ကျင့်ကြံမယ် သို့မဟုတ် နောက်က အပရာပရိယဆိုတဲ့ အပရာပရိယဝေဒနိယကံဆိုတဲ့ ကံတွေရှိတယ်နော်၊ အဲဒီကံတွေအကျိုးပေးတဲ့ အကျိုးပေးဖို့အခွင့်ရလို့ အကျိုးပေးခံရ ရင်လည်းပဲ သုဂတိဘဝကို ရနိုင်သေးတယ်၊ ဒါဟာ ဝိပါကန္တရာယ်တဲ့။

နောက်တစ်ခုက အရိယူပဝါဒန္တရာယ်တဲ့၊ ဒါက အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာတဲ့စိတ်ထားနဲ့ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲကဲ့ရဲ့ခြင်းတဲ့၊ ဒါတော်တော်ကြောက် စရာကောင်းတယ်၊ အဲဒီတော့ အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ သိသိမသိသိ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲကဲ့ရဲ့ မိရင် ဒီပုဂ္ဂိုလ်ဟာ ရဟန်းဖြစ်ရင်လည်းပဲ ရဟန်းမဟုတ်ဘူး၊ ရဟန်းတရားမရှိဘူး၊ ရဟန်း မဟုတ်ဘူးလို့ စွပ်စွဲရင် လူ အရိယာ ဖြစ်မယ်၊ သို့မဟုတ် ရဟန်းအရိယာကိုပဲ သူတို့မှာ မဂ်မရှိဘူး၊ ဖိုလ်မရှိဘူး၊ မဂ်ဖိုလ်ရှိတယ်ဆိုတာ မဟုတ်ဘူး၊ ဒီလိုစွပ်စွဲပြောဆိုမိရင် အရိယူပဝါဒန္တရာယ်လို့ ခေါ်တယ်။

အဲဒီလို ပြောမိတဲ့အခါမှာ ဟိုတစ်ဘက်ပုဂ္ဂိုလ် အရိယာမှန်းသိသိ၊ မသိသိ ကိုယ့်မှာ ဒီကံထိုက်သွားတာပဲ (နှုတ်ပေါ့)၊ ဒီကံ သိပ်ကြောက်စရာကောင်းတယ်၊ အရိယူပဝါဒကံဆိုတာ လူ တွေကိုသာ များများပြောချင်တယ်၊ လူတွေ တင်သာ မဟုတ်ပါဘူး၊ လူရော ဘုန်းကြီးရော ဘယ်သူဖြစ်ဖြစ် ဂရုစိုက်ရမှာပဲ၊ အဲဒီတော့ အရိယာပုဂ္ဂိုလ်မှန်းသိသိ မသိသိ၊ အဲဒီလို စွပ်စွဲကဲ့ရဲ့မိရင် စိတ်ထဲက ပြစ်မှားမိရင် တောင်မှ ဖြစ်သွားနိုင်တယ်၊ အဲဒါ အလွန်ဂရုစိုက်ရမယ်။

ဒါကြောင့်မိုလို့ သူများဆိုရင် အပြစ်မပြောကြတာ အကောင်းဆုံးပဲ၊ လူပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးပဲဖြစ်ဖြစ် ဖြစ်ဖူးတဲ့ ဝတ္ထုတစ်ခုပြောပြမယ်၊ ရှေးတုန်းက ရဟန်း ၂-ပါးဆိုပါတော့ ရွာထဲကို ဆွမ်းခံဝင်ကြတယ်၊ တစ်ပါးကကြီးကြီး၊ တစ်ပါးက ငယ်ငယ်ပေါ့လေ၊ အဲဒီကြီးကြီးတစ်ပါးက ဆာတတ်တယ်ပေါ့လေ။ လေနာလိုဟာမျိုး ရှိတယ်ဆိုတော့ ဆွမ်းခံလို့သူတို့ ယာဂု (ဆန်ပြုတ်) လေးရတော့ ကြီးကြီးပုဂ္ဂိုလ်က ငါ့ဗိုက်ကလည်း နာတယ်ပေါ့လေ၊ အဲဒီတော့ မအေးခင် ပူပူနွေးနွေးလေး သောက်လိုက်မှပဲဆိုပြီးတော့ လူတွေတံခါးတိုင်လုပ်ဖို့ ခုက်ထားတဲ့ ထင်းတုံးပေါ် ထိုင်ပြီးတော့ သပိတ်မော့သောက်မှာပေါ့၊ သပိတ်ထဲကဟာဆိုတော့

[စာမျက်နှာ-275] ခွက်တွေဘာ တွေပါမှာ မဟုတ်ဘဲသောက်မှာပေါ့။

အဲသလို သောက်တာကိုမြင်တော့ ဟိုငယ်ငယ်ရဟန်းက ခုခေတ်စကားနဲ့ ပြောရင် တယ်ငတ်တဲ့ ကိုယ်တော်ကြီးပဲ၊ ဣန္ဒြေမှ မထိန်းနိုင်ဘူးပေါ့လေ၊ ဒို့ အရှက်ခွဲတဲ့ ကိုယ်တော်ကြီးပဲလို့ သူကစိတ်ထဲက ပြစ်မှားတယ်။

ညနေပိုင်းကျတော့ အဲဒီကိုယ်တော်ကြီးက ကိုယ်တော်အငယ်ဆီ သွား တွေ့တယ်၊ သွားတွေ့ပြီးတော့ မေးတယ်တဲ့၊ “ငါ့ရှင်၊ မင်း ရဟန်းတရားအားထုတ်လို့ ဘာတွေများရထားပြီလဲ” ဆိုတော့ ရဟန်းအချင်းချင်းတော့ ပြောကောင်းတာကိုး၊ “တပည့်တော် သောတာပန်ပဲရှိပါသေးတယ်ဘုရား” ဆိုတော့ “ဒါဖြင့်ရင် ငါ့ရှင် ဆက်ပြီးတော့ တရားအားမထုတ်နဲ့တော့၊ ငါ့ရှင် ရဟန္တာကို ပြစ်မှားထားတာ” ဆိုတော့ ငယ်ငယ်ပုဂ္ဂိုလ်ကသိသွားပြီ “ငါသူ့ကို ပြစ်မှားခဲ့မိတာ၊ ဒီပုဂ္ဂိုလ်ကြီးဟာ ရဟန္တာ ကြီးပါလား” ဆိုတာ၊ အဲဒီတင် ဝန်ချတောင်းပန်တာ၊ အဲဒီလို ဝန်ချတောင်းပန်လိုက် တော့လည်းပဲ ကျေသွားတာ၊ ဒါကတော့ ဝန်ချ တောင်းပန်ရင်ရတယ်။

အရိယူပဝါဒန္တရာယ်ဆိုတာ ပြစ်မှားခံရတဲ့ပုဂ္ဂိုလ်ရှိရင်ရှိတဲ့နေရာလိုက် တောင်း ပန်ပေါ့၊ အဲဒီလို မဖြစ်နိုင်ဘူးဆိုရင် လူလွှတ်တောင်းပန်တဲ့၊ တပည့်တွေ ဘာတွေလွှတ် တစ်ဆင့်တောင်းပန်တဲ့၊ တစ်ခါတလေကျတော့လည်း ဒီပုဂ္ဂိုလ်ရှာမရတော့ဘူးဆိုရင် လည်းပဲ တခြားပုဂ္ဂိုလ်တွေ ရှေ့မှာပေါ့လေ “ဒီလိုဒီလိုပဲ၊ တပည့်တော်ဟာ ဘယ် ပုဂ္ဂိုလ်ကို ပြစ်မှားမိထားပါတယ်၊ အဲဒါ ဘယ်လိုများလုပ်ရပါ့မလဲ” ဆိုတော့ တခြား ပုဂ္ဂိုလ်တွေက “မင်း ဒီကနေပြီးတော့ပဲ တောင်းပန်ပေါ့၊ ဟိုက ပုဂ္ဂိုလ်က ခွင့် လွှတ်မှာပါပေါ့”၊ အဲဒီလို တောင်းပန်။

နောက်ဆုံးသေသွားပြီ၊ ပရိနိဗ္ဗာန်စံသွားပြီဆိုရင်လည်းပဲ အဲဒီနေရာလိုက်ပြီး တောင်းပန်ပေါ့လေ၊ အဲဒီလို လိုက်ပြီး တောင်းပန်ရင်တော့ ကျေတယ်တဲ့၊ အဲဒီလို မတောင်းပန်ဘူးဆိုရင် အရိယူပဝါဒန္တရာယ်ကလည်းပဲ အန္တရာယ်ပြုတတ် တာပဲနော်၊ ဒါကြောင့်မို့ သိပ်ကြောက်ဖို့ကောင်းတယ်၊ အရိယူပဝါဒန္တရာယ်ကလည်းပဲ နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်တယ်ဆိုတော့ တကယ် သင့်ထားရင်၊ အရိယာအစစ်ကို ပြစ်မှားမိထားရင် နတ်ပြည်မရောက်နိုင်ဘူး၊ မဂ်ဖိုလ်မရနိုင်ဘူး၊ ဈာန်မရနိုင်ဘူး။

ဒီဘဝမှာ ခုနလိုတိုက်ရိုက်တောင်းပန်သည်ဖြစ်စေ၊ ဆရာသမားရှေ့ ဆရာ သမားကနေတစ်ဆင့် ရှေ့မှာတောင်းပန်သည်ဖြစ်စေ၊ စသည်ဖြင့် အဲဒီလို လုပ်ရင်တော့ ဒါကကျေနိုင်တယ်၊ ဒါကြောင့်မို့ ဒီအရိယူပဝါဒကံကိုလည်းပဲ ကြောက်ရတယ်၊ အရိယာမဟုတ်သည်တိုင်အောင် အဲဒီပုဂ္ဂိုလ်က ကောင်းကောင်းမွန်မွန်နေနေတဲ့

[စာမျက်နှာ-276] ပုဂ္ဂိုလ်ဖြစ်ရင်လည်းပဲ အရိယူပဝါဒကံ နီးပါး အပြစ်ကြီးတယ်လို့ ဆိုတယ်။

ဒါကြောင့်မို့ အကောင်းဆုံးကတော့ သူများကို ဘာမှကဲ့ရဲ့ပြစ်တင်တာမလုပ်နဲ့၊ ဘာလို့လဲဆိုတော့ မတော်လို့ သူက အရိယာဖြစ်နေခဲ့ရင် မခက်လား၊ အရိယာ မဟုတ်လည်း သူက ကောင်းကောင်းမွန်မွန် ကျင့်ကြံနေရင် ဒါကတော်တော်အပြစ် ကြီးတယ်၊ အဲဒါကြောင့်မို့ အလွန်သတိထားမှ၊ လွှတ်ကနဲလွှတ်ကနဲ ပြောမိတတ် ကြတယ်။

လူတွေအနေနဲ့က တစ်ခုသတိထားဖို့ရှိတယ်၊ အဲဒါလည်းပြောချင်တယ်၊ လူဆိုတာ ဝိနည်းကို တကယ်နားလည်တာမဟုတ်ဘူး၊ ကြားဖူးနားဝရှိတယ်။ ဆိုပါတော့ ဘုန်းကြီးတစ်ပါး ညစာစားနေတာကို ကိုယ်က မြင်တယ်၊ ပွဲကြည့်နေတာ မြင်တယ်၊ ပါးစပ်က လွှတ်ကနဲပြောမိတတ်တယ်။ ဆိုပါတော့ ညစာစားနေတာ ပါကွာ၊ ဘယ်ဘုန်းကြီးဟုတ်တော့မလဲ၊ ပွဲကြည့်နေတယ်ကွာ၊ ဘယ်ဘုန်းကြီးဟုတ်တော့မလဲ မပြောနဲ့၊ ပွဲကြည့်ပေမယ်လို့ သူကတော့ ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ ဘုန်းကြီးကောင်းမဟုတ်ဘူးပေါ့လေ ဟုတ်လား၊ ညစာစားနေရင်လည်း ဘုန်းကြီး ကတော့ ဘုန်းကြီးပဲ၊ အရက်သောက်ဦးတော့ ဘုန်းကြီးက ဘုန်းကြီးတော့ ဘုန်းကြီးပဲ၊ ဘုန်းကြီးမဟုတ်ဘူးလို့ သွားပြီးမပြောမိစေနဲ့၊ မကောင်းတဲ့ ဘုန်းကြီး တော့ဟုတ်တယ် ပေါ့လေ။

သို့သော် ဘုန်းကြီးမဟုတ်ဘူးဆိုတာက ဘာကျမှလဲဆိုတော့ ပါရာဇိကကျမှ ဘုန်းကြီးမဟုတ်တာ၊ မေထုန်မှီဝဲတယ်၊ သူများဥစ္စာခိုးတယ်၊ လူသတ်တယ်၊ ကိုယ့်မှာ ဈာန် မဂ်၊ ဖိုလ် မရှိဘဲနဲ့ ဈာန်မဂ်ဖိုလ်ရှိတယ်လို့ လိမ်ပြောတယ်၊ အဲဒီလို ဖြစ်မှ ပါရာဇိကကျတယ်၊ အဲဒီလို ပါရာဇိကကျမှသာ သူဟာ ရဟန်းမဟုတ်တော့တာ၊ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် သူက ရဟန်းတော့ ရဟန်းပဲ၊ အဲဒီအပြစ်တွေကို ကုစားရင်ရသေးတယ်၊ ဒေသနာကြားတယ် သို့မဟုတ် ဒဏ်ထမ်းတယ်ပဲ ပြောကြပါစို့၊ အဲဒီလို နေသွားရင်ကုစားရင် ရသေးတယ်၊ အဲဒါကြောင့်မို့ ရဟန်းမဟုတ်ဘူး၊ ဒီလိုလုပ်နေရင်တော့ ရဟန်း မဟုတ်တော့ဘူး၊ လွှတ်ခနဲ လွှတ်ခနဲ ပြောမိတတ်တယ်။ အဲဒါ သိပ်အပြစ်ကြီးတာ။

ရဟန်းဟုတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရဟန်းမဟုတ်ဘူးလို့ ပြောမိတာဟာ ဒီဟာနီးပါးအပြစ်ကြီးတယ် နော်၊ ဟိုပုဂ္ဂိုလ်က အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ၊ အရိယာမဟုတ်လည်း အဲဒီအပြစ်ဟာကြီးတယ်၊ ဒါကြောင့်မို့ ဒါတော့ သတိထားကြ၊ “ဘုန်းကြီးက မကောင်းတဲ့ဘုန်းကြီးပဲ” ဒါကတော့ နည်းနည်းပါးပါး

[စာမျက်နှာ-277] ပြောရင် ဖြစ်သေးတယ်၊ ဒါကလည်း မပြောရင် အကောင်းဆုံးပဲ၊ အအေးဆုံးပဲ။ ခုနလို ရဟန်းမဟုတ်ဘူးလို့ လွှတ်ကနဲထွက်ထွက်သွားတတ်တာ၊ အဲဒါတွေသတိထား။

တစ်နေရာမှာ ကြားဖူးတာ ဘုန်းကြီးက လိမ်ပြောတယ်တဲ့၊ တကယ်လိမ် သလား ဘာလားတော့ မသိဘူး၊ သူကတော့ ဘုန်းကြီးလိမ်ပြောတာထင်ပြီးတော့ လိမ်ပြောရင်ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီးတော့ အဲဒီ ဘုန်းကြီးကို တိုက်ရိုက်သူက မင်းနဲ့ငါနဲ့ ပြန်ချတာတဲ့၊ အဲဒါမျိုးတော့ မလုပ်ထိုက်ဘူး၊ လိမ်ပြောရင်လည်းပဲ သူလိမ်ပြောလို့ ဘုန်းကြီးက ဘုန်းကြီးဆိုးပေါ့လေ၊ လိမ်ပြောတဲ့အတွက်လည်း ပါစိတ်အာပတ် သင့်တယ်ပေါ့၊ ပါစိတ်အာပတ်သင့်ရင်လည်း အာပတ် ဖြေလိုက် ရင်ရတာပဲ၊ အဲဒီတော့ လိမ်ပြောတာကို ကိုယ်က မကြိုက်ရင် ဒီဘုန်းကြီးဟာ လိမ်ပြောတတ်တဲ့ဘုန်းကြီးပဲ၊ ဘုန်းကြီးဆိုးပဲဆိုတာလောက်ကတော့ ပြောချင်ပြော ပေါ့လေ၊ အဲဒါဟာ လိမ်ပြောတာနဲ့ ဘုန်းကြီးမဟုတ်တော့ဘူး၊ ဘုန်းကြီးမဟုတ်တာနဲ့ သူ့ကို မင်းနဲ့ငါနဲ့ ဒါမျိုးကတော့ မလုပ်ထိုက်ဘူး၊ အဲဒါကလည်း လူတွေအနေနဲ့ သတိထားသင့်တယ်။

ဘာပြုလို့လဲဆိုတော့ အဆိုတစ်ခုရှိတယ်၊ ဆူးပေါ်ဖက်ကျလဲ ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်ဆိုတဲ့ စကားရှိတယ်၊ ဘာလို့လဲဆိုတော့ လူအနေ နဲ့ကြည့်မယ်ဆိုရင် အလွန်ဆုံးဆောက်တည်နိုင်ရင် ၁၀-ပါးသီလနော်၊ ဒီထက်အောက် လိုက်ရင် ၈-ပါးသီလ၊ ဒီထက်အောက်လိုက်ရင် ၅-ပါးသီလ၊ ငါးပါးသီလတောင် အခုအခါမှာ အနိုင်နိုင်ထိန်းကြရတယ်၊ ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦး သူ့မှာ အများကြီးကျန်သေးတယ်ဆိုတော့ ကိုယ့်ထက်တော့ များများရှိသေးတယ် ပေါ့လေ၊ အဲဒါကို သတိထားရမယ်၊ ဒါကြောင့်မို့ မပြောမိအောင်သာ ဂရုစိုက်ကြ။

လူကနေ ဘုန်းကြီးပြောတာပဲ ဂရုစိုက်ရမှာလားဆိုတော့ ဘုန်းကြီးအချင်း ချင်းလည်းမပြောမိအောင် ဂရုစိုက်ရမှာပဲ၊ ဘာပြုလို့လည်းဆိုတော့ ဒါမျိုးက ဘုန်းကြီးကပြောတော့ အပြစ်မရှိဘူးလို့ ဒီဘုန်းကြီးက ဟိုဘုန်းကြီးကို ပြောမိမယ်၊ သို့မဟုတ် ခုနကလို ဈာန်မဂ်၊ ဖိုလ်မရတာတို့ ပြောမိမယ်၊ အကယ်၍ အထူးသဖြင့် ဟိုဘုန်းကြီးက ဈာန်မဂ်ဖိုလ်ရပြီးသား ဘုန်းကြီးဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲနော်၊ အဲဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာကို အလွန်သတိထားလိုက်တယ်၊ လူတွေက လွှတ်ကနဲ လွှတ်ကနဲပြောလေ့ရှိတယ်။

ဟိုဘက်ဆီက ဒကာမကြီး တစ်ယောက်ရှိတယ်၊ သူပြောတတ်တယ်၊ ဒီလို လုပ်ရင်ဘုန်းကြီး မဟုတ်တော့ပါဘူး၊ ဆွမ်းကိုသပိတ်နဲ့မစားရင် ဘုန်းကြီး မဟုတ်တော့

[စာမျက်နှာ-278] ပါဘူးဆိုတာတောင် သူတို့ပြောတာ၊ အဲဒီတော့ အတော်ကိုဆိုးသွားတယ်၊ ဆရာတော်ကြီးက ကိစ္စမရှိပါဘူးကွာလို့ ပြောသွားတယ်ဆိုတယ်၊ အဲဒီတော့ ဒါမျိုးတွေက မပြောမိစေနဲ့၊ အဲဒီလိုပုဂ္ဂိုလ်တွေ တရားအားထုတ်ရင် ဘယ့်နှယ်လုပ်မလဲ၊ ဘယ်လို လုပ်ပြီးတော့ သူတို့မျှော်လင့်ချက်ရှိမလဲ၊ သူတို့ မသိဘူးနော်၊ သိပ်သနားဖို့ကောင်းတယ်၊ သူတို့ပဲ သနားဖို့ကောင်းတယ်၊ အပြောခံရတဲ့ ပုဂ္ဂိုလ်က ဘာမှကိစ္စရှိတာမဟုတ်ဘူး၊ ဘာမှထိခိုက်တာ မဟုတ်ဘူး၊ သူတို့မှာဒီကံရှိသွားပြီ၊ တရားအားထုတ်ရင် မလွယ် တော့ဘူး၊ တရားထူးရဖို့ဆိုတာ မလွယ်တော့ဘူး၊ ဒါကြောင့် အရိယူပဝါဒန္တရာယ် ဆိုတာ အလွန်ကြောက်စရာ ကောင်းတယ်၊ ဒါသတိအလွန်ထားရတယ်။

နောက်ဆုံးတစ်ခု အာဏာဝီတိက္ကမန္တရာယ်၊ ဒါတော့ ဘုန်းကြီးနဲ့ပဲ ဆိုင်တယ်၊ လူနဲ့မဆိုင်ဘူး၊ လွန်ကျူးလိုသော စိတ်စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်တဲ့နော်၊ အဲဒီတော့ ဦးဇင်းတို့မှာ သိက္ခာပုဒ်ဆိုတာ ရှိတယ်မဟုတ်လား၊ သိက္ခာပုဒ်ဆိုတာ တစ်ခါတလေလည်း ချိုးမိတာပဲနော်၊ အမှတ်တမဲ့ ကျိုးမိတာလည်း ရှိတယ်၊ လွန်ကျူးချင်လို့ကို မရိုသေလို့ ချိုးမိတာလည်းရှိတယ်။

အဲဒီတော့ အမှတ်တမဲ့ သင့်ထားတာကတော့ ကိစ္စမရှိဘူး၊ ချိုးချင်လို့ ချိုးထားတယ် ဆိုပါတော့ အဲဒီအာပတ်ကို ဖြေရမယ်၊ အဲဒီ အာပတ်မဖြေဘဲနဲ့ ဆိုရင် တရားအားထုတ်ရင်လည်း တရားထူးမရနိုင်ဘူး၊ နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလ်လည်း မရောက်နိုင်ဘူး၊ ဒါကြောင့်မို့ ဘုန်းကြီးတွေမှာ ခဏခဏ အာပတ်ဖြေရတာ၊ တော်ကြာ ဒီအာပတ်တန်းလန်းကြီးနဲ့သေသွားရင် အတော်ကြောက်စရာ ကောင်းတယ် နော်၊ တစ်သက်လုံး ကောင်းကောင်းမွန်မွန် နေလာပါလျက်နဲ့ မတတ်သာလို့ သင့်လိုက်တဲ့ အာပတ်တစ်ခု၊ အဲဒီအာပတ်စိတ်နဲ့ သေသွားလို့ ဒီသီလရှိတဲ့ ဘုန်းကြီးတစ်ပါးပဲ၊ မြွေကြီးသွားဖြစ်တယ်ဆိုတော့ ခဏပေါ့လေ၊ ဒါကြာကြာတော့ မဟုတ်ဘူး၊ လှေနဲ့သွားရင်းနဲ့ လှေက ယိမ်းသွားတဲ့အခါကျတော့ သစ်ပင်ကို လှမ်းဆွဲလိုက်တော့ သစ်ပင်ပြတ်သွားတာပေါ့၊ အဲဒီတော့ ဘုန်းကြီးဆိုတော့ သစ်ပင်မဖြတ်ကောင်းဘူး၊ မကောင်းဘူး မဟုတ်လား၊ အဲဒီ အာပတ်ရှိတယ်၊ အဲဒီဟာ နောင်တရပြီး အဲဒီစိတ်နဲ့ သေသွားတော့ မြွေသွားဖြစ်တယ်နော်၊

မေး - သစ်ပင်မဖြတ်ရဘူးလားဘုရား။
ဖြေ - ဘုန်းကြီးဟာ သစ်ပင်မဖြတ်ရဘူး၊ ပန်းမခူးရဘူး၊ ဒါတွေက လူတွေ ကဲ့ရဲ့မှာစိုးလို့ပါပဲ၊ အဲဒီခေတ်က လူတွေက သစ်ပင်တွေဘာတွေမှာ အသက်ရှိတယ်လို့ ယူဆကြတယ်ပေါ့လေ၊ အဲဒီတော့ လူတွေကဲ့ရဲ့စရာ ဖြစ်နေလိမ့်မယ်၊ မလုပ်ကြနဲ့

[စာမျက်နှာ-279] ဆိုပြီးတော့ အဲဒီလိုရှိတယ်။

အဲဒါကြောင့်မို့ အာဏာဝီတိက္ကမန္တရာယ်ဆိုတာကတော့ ဘုန်းကြီးနဲ့သာ ဆိုင်တာ၊ အဲဒီ အာပတ်သင့်ထားရင် ဒီအာပတ်ကို ဖြေကိုဖြေရမယ်၊ ဖြေနည်း အမျိုးမျိုးရှိတယ်၊ အပြစ်အလိုက်ပေါ့လေ၊ ပါရာဇိကကျရင် လူထွက်တာ၊ ကိုရင် အဖြစ်နဲ့နေတာ၊ ဒါအပြစ်ဖြေတာပေါ့၊ အဲဒီတော့ တခြား အာပတ်သင့်ထားရင်လည်း၊ တခြားအာပတ်အလိုက် သူ့နည်းတွေရှိတယ်၊ သူ့နည်း တွေနဲ့ အာပတ်ဖြေရတယ်၊ အဲဒီလိုမဖြေရင် ဒီအန္တရာယ်ရှိနေတယ်ပေါ့၊ အာဏာကျူးလွန်တာကို လောက အပြစ် မရှိပေမယ်လို့ ဘုရားအာဏာ ကျူးလွန်တာနဲ့ကို အပြစ်ရှိတာ၊ အဲဒါကြောင့်မို့ တချို့သိက္ခာပုဒ်တွေမှာ ဘုန်းကြီးကတစ်ချက် လွန်ကျူးလိုက်တာနဲ့ အပြစ်က ၂ချက်ပြိုင်သင့်တယ်၊ ဘုန်းကြီးက တိရစ္ဆာန်တစ်ကောင် သတ်တယ်ဆိုပါတော့၊ လူကလည်း တိရစ္ဆာန်တစ်ကောင် သတ်တယ်၊ လူက ပါဏာတိပါတအပြစ်ပဲ သင့်တယ်၊ ဘုန်းကြီးကျတော့ ပါဏာတိပါတလည်း သင့်တယ်၊ ဘုရား ဥပဒေ ကျူးလွန်တဲ့ အပြစ်ကလည်းသင့်တယ်၊ ၂-ထပ်သင့်တာ၊ အဲဒီလိုကွာတယ်၊ လူအနေနဲ့ အပြစ်မရှိပေမယ်လို့ ဘုန်းကြီးကျတော့ အပြစ်ရှိတယ်ဆိုပြီးတော့ ပညတ်တယ်။

အဲဒါကြောင့်မို့ ဘုန်းကြီးနဲ့လူနဲ့ ကွာတာဒါပဲ၊ သိက္ခာပုဒ်တွေမှာ ဘာရှိသလဲ ဆိုတော့ လောကဝဇ္ဇသိက္ခာပုဒ်၊ ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်ဆိုပြီးတော့ ဒီလိုရှိတယ်။ လောကဝဇ္ဇဆိုတာ လောကမှာကို အပြစ်ရှိတယ်၊ ဒီဟာကျူးလွန်ရင် ခုနလို သူများအသက်သတ်တာဆိုပါတော့ လူမှတစ်ပါး တခြားဟာ သတ်မိရင် ပါစိတ် အာပတ်သင့်တယ်၊ လူသတ်မိရင် ပါရာဇိကကျတယ်၊ အဲဒီတော့ ပါစိတ်အာပတ်သင့်ရုံ ပါရာဇိကကျရုံတင် မဟုတ်ဘူး၊ ပါဏာတိပါတကလည်းပဲမလွတ်ဘူး၊ ဒါ အဘိဓမ္မာ အပြစ်က ရှောင်လို့ရတာမှ မဟုတ်ဘဲ၊ ဝိနည်းအပြစ်ရော၊ အဘိဓမ္မာအပြစ်ရော ၂-မျိုးလာတယ်။

ခုနလို သစ်ပင်ခုတ်တာမျိုးဆိုပါတော့ ဆွမ်းတို့ဘာတို့ကိုယ့်ဟာကို ယူစားတာမျိုး၊ ဒါက လောကအပြစ်မရှိဘူး၊ လူတွေလုပ်နေတာပဲ၊ လူတွေမှာ ဘာမှ အပြစ်မရှိဘူး၊ သို့သော် ဘုန်းကြီးတွေကျတော့ မြတ်စွာဘုရားက သိက္ခာပုဒ်တွေ ပညတ်ထားတဲ့အတွက်ကြောင့်မို့ ပညတ်တဲ့ အပြစ်ပေါ့လေ၊ ပညတ်တော်အပြစ်ရှိတယ်၊ အဲဒီလိုအပြစ်မျိုးကတော့ ခုနဟိုဘက်က အပြစ်လောက်မကြီးဘူးပေါ့လေ၊ ဒါပေမယ်လို့ လည်းပဲလူအနေနဲ့ အပြစ်မရှိပေမယ်လို့ ဒီသိက္ခာပုဒ်ရှိပြီးတော့ ကိုယ်က ဒီသိက္ခာပုဒ် ကျူးလွန်တာဖြစ်တော့ ဘုရားမရိုသေရာရောက်တယ်၊ ဘုရားအာဏာကို

[စာမျက်နှာ-280] လွန်ဆန်တယ်၊ အဲဒါကြောင့်မို့ အပြစ်သင့်တာပဲ၊ ဒီအပြစ်ရှိထားရင် ဈာန် မဂ်၊ ဖိုလ် နတ်ရွာ နိဗ္ဗာန် မရနိုင်ဘူးတဲ့။

ဒါကြောင့်မို့ ဒီအပြစ်တွေကင်းအောင် လုပ်ရတယ်၊ အထူးသဖြင့် တရား အားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် ကိုယ့်ကိုသန့်ရှင်းအောင် လုပ်သွားရတယ်။ ဒါကြောင့်မို့ များသောအားဖြင့်တော့ နေ့တိုင်းဒေသနာကြားတာများတယ်၊ တစ်ရက် ခြားကြားတယ်၊ နေ့တိုင်းကြားတယ်၊ တချို့ပဲ တစ်ပတ်တစ်ခါကြားတယ်၊ ခဏခဏ ဆေးပေးရတယ်ပေါ့လေ။

အဲဒီတော့ အန္တရာယ်ငါးပါးရှိတယ်၊ ဒါ ဟိုနေ့က ပုဂ္ဂိုလ်စိတ်ရနဲ့ပတ်သက် ပြီးတော့ နည်းနည်းလေးပြောလိုက်တယ်၊ နောက်တော့ ပြန်စဉ်းစားလိုက်တယ်၊ ငါ အကျယ်ပြောမှကောင်းမယ်လို့၊ ဘာပြုလို့လည်းဆိုတော့ လူတွေအနေနဲ့ ဘုန်းကြီးတွေ အနေနဲ့ကော သိထိုက်တယ်၊ သိပြီးတော့ သိထားရင် ရှောင်နိုင်တယ်၊ မသိဘဲနဲ့ လုပ်မိရင်တော့ မရှောင်နိုင်ဘူးဆိုရင် ဟိုလွန်ပြီးမှဆိုရင် ပြန်နုတ်လို့ ရတော့တာ မဟုတ်ဘူး၊ ဒီမှာဆိုရင် အရိယူပဝါဒန္တရာယ် တစ်ခုသာ တောင်းပန်လို့ရတယ်။ တခြားဟာတွေက သူ့ဟာနဲ့သူသွားမှာ၊

ဒါကြောင့်မို့ အန္တရာယ်ငါးပါးတဲ့၊ ဒါဟာ ဘုံပိုင်းကျမှပြောရင် ဖြစ်ပါတယ်၊ ဘုံပိုင်းကျတော့လည်း တခြားပြောစရာတွေရှိရင် ရှိဦးမယ်၊ လင်္ကာလေးရှိပါတယ်၊ အဲဒီလင်္ကာလေးကျက် ထားကြ။

* ကံ၊ ကိလေသ၊ ဝိပါက၊ ဝါဒတိက္ကမာ။
ကံက ကမ္မန္တရာယ်၊ ကိလေသက ကိလေသန္တရာယ်၊ ဝိပါကက ဝိပါကန္တရာယ်၊ ဝါဒဆိုတာက အရိယူပဝါဒန္တရာယ်၊ တိက္ကမာဆိုတာက အာဏာဝီတိက္ကမန္တရာယ်၊ ဒါ ရှေးဆရာတော်တွေက ရေးထားတဲ့လင်္ကာ။

* ကံ၊ ကိလေသ၊ ဝိပါက၊ ဝါဒတိက္ကမာ
* နတ်ရွာ နိဗ္ဗာန် မဂ်ဖိုလ်ဈာန်၊ ငါးတန်အန္တရာတဲ့။

နတ်ပြည်မရောက်အောင် တားမြစ်တတ်တယ်၊ နိဗ္ဗာန်မရောက်အောင် တားမြစ် တတ်တယ်၊ မဂ်မရအောင်၊ ဖိုလ်မရအောင်၊ ဈာန်မရအောင် တားမြစ်တတ်တဲ့ အန္တရာယ်ငါးပါး၊ ဒီအန္တရာယ်ငါးပါး အထူးသတိထားထိုက်သည်တဲ့၊ ဒကာဒကာမ တွေအနေနဲ့ရော ဘုန်းကြီးတွေ အနေနဲ့ရော။

ပုဂ္ဂိုလ်စိတ်ရပြီးတဲ့နောက် နောက်တစ်ခန်းက ဘုံစိတ်ရတဲ့၊ ဘုံစိတ်ရကတော့ အသေးစိတ်သွားဖို့ မလွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုံမှမသိသေးဘဲ၊ ၃၁-ဘုံမှ မသိသေးဘဲနဲ့ ဘုံစိတ်ရ အသေးစိတ်လုပ်နေရင် ခက်ခဲလိမ့်မယ်နော်၊

[စာမျက်နှာ-281] အဲဒါကြောင့်မို့ ၃၁-ဘုံက ပဉ္စမပိုင်းကျမှလာမယ်၊ အခု ဒီနေ့ပြီးနောက်တစ်ပတ်ဆိုရင် ပဉ္စမပိုင်းစမယ်၊ ပဉ္စမပိုင်းကျတော့ ၃၁-ဘုံ အသေးစိတ် လေ့လာရလိမ့်မယ်၊ ၁-၂-၃-၄ သွားလိမ့်မယ်၊ အဲဒီဟာပြီးမှ လေ့လာရင် ပိုလွယ်မယ်၊ ဒီနေ့ အသေးစိတ် ပြောနေရင်လည်းပဲ သိပ်ပြီးတော့ မှတ်မိမှာမဟုတ်သေးဘူး။

ကောင်းပြီ၊ ဘုံစိတ်ရနှင့် ပတ်သက်ပြီးတော့ ပြောတော့မယ်ဆိုရင် အခုသင်္ဂြိုဟ် ကျမ်းမှာက ဝီထိစိတ်နဲ့ကိုင်ကိုင် ပြောထားတယ်၊ ဒါကြောင့်မို့ စိတ်နဲ့ဝီထိစိတ် ဒီ ၂-မျိုးကို ပထမခွဲခြားပြီးတော့ နားလည်ရမယ်။

စိတ်လို့ပြောလိုက်ရင် သာမညဆိုတော့ စိတ်တစ်ခုယုတ်-၉၀၊ အကျယ်ပါ ပါသွားပြီပေါ့၊ အကျယ်ဆိုရင်လည်း ၁၂၁-ပါးပေါ့။

ဝီထိစိတ် ပြောလိုက်ရင်တော့ ဝီထိစိတ်ကိုသာ ယူလိုတယ်၊ ဝီထိထဲမှာ ပါတဲ့စိတ်ကိုသာ ယူလိုတယ်၊ ဝီထိမုတ်စိတ် မလိုချင်ဘူး၊ ဝီထိမုတ်ဆိုတာသိလား၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်တဲ့ စိတ်တွေကို ဝီထိမုတ်စိတ်လို့ခေါ်တယ်၊ အဲဒီတော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်တဲ့စိတ် မပါပဲနဲ့ သူတို့မှတစ်ပါး အခြားစိတ်တွေဟာ ဝီထိစိတ်။

ဒါကြောင့်မို့ စိတ်လို့ပြောတာနဲ့ ဝီထိစိတ်လို့ပြောတာမတူဘူးလို့ဆိုရမယ်။ စိတ်ဆိုရင် ဘယ်လောက်ရှိသလဲ၊ တစ်ခုယုတ် ၉၀၊ ၈၉-ရှိတယ်၊ ဝီထိစိတ်လို့ ဆိုလိုက်ရင် ၈၀-ပဲရှိတယ်၊ အဲဒီတော့ အဲဒီမှာ ဘာပြောစရာလိုလာသလဲဆိုတော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်တဲ့စိတ် ၁၉-ပါးရှိတယ်၊ အဲဒီ ၁၉-ပါးက ဥပေက္ခာ သန္တီရဏစိတ် ၂-ခုရယ်၊ မဟာဝိပါက်စိတ် ၈-ခုရယ်၊ ရူပါဝစရဝိပါက်စိတ် ၅-ခုရယ်၊ အရူပါဝစရဝိပါက်စိတ် ၄-ခုရယ်၊ သူတို့ကို ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်တဲ့ စိတ်လို့ ဆိုရမယ်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စ တပ်တဲ့စိတ်ဖြစ်ရင် ဝီထိထဲမှာ သူတို့မဖြစ်ဘူး၊ ဘာပြုလို့လည်းဆိုတော့ ပဋိသန္ဓေဘဝင်ကိုး၊ ဒီတော့ သူတို့က ဘဝင်သာဖြစ်မယ်၊ ဝီထိလည်းမပါဘူး။

သို့သော် အဲဒီထဲမှာ ဘာကိုဂရုစိုက်ရမလည်းဆိုရင် မဟာဝိပါက်စိတ် ၈-ခု ဂရုစိုက်ရမယ်၊ မဟာဝိပါက်စိတ် ၈-ပါးက ဘယ်နှစ်ကိစ္စတပ်လဲ၊ မှတ်မိကြလား၊ ကိစ္စသင်္ဂဟ ပြန်ကြည့်မှရမယ်၊ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ တဒါရုံနော်၊ တဒါရုံကိစ္စပါ တပ်တယ်။

တဒါရုံကိစ္စပါတပ်ရင် တဒါရုံကိစ္စတပ်တဲ့အခိုက်မှာ သူကဝီထိထဲမှာ မဖြစ်ပေဘူးလား၊ ဖြစ်ပြီလေ၊ တဒါရုံဆိုမှတော့ ဝီထိထဲပဲ၊ ဒါကြောင့်မို့ မဟာဝိပါက်စိတ်

[စာမျက်နှာ-282] ၈-ခုက ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်ခိုက် ဝီထိမှလွတ်တယ်၊ ဒွါရတွေကလွတ်တယ်၊ တဒါရုံကိစ္စတပ်ခိုက်မှာ ဝီထိစိတ်လို့ပဲခေါ်ရတယ်၊ ဒါကြောင့်မို့ ဝီထိစိတ်လို့ ပြောလိုက်ရင် သူ့ကိုကြဉ်ထားလို့မရဘူး၊ အခိုက်အတန့်နဲ့ ပြောမယ်ဆိုရင်တော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်တဲ့အခိုက် သူဝီထိမုတ်စိတ်၊ တဒါရုံကိစ္စတပ်ခိုက် ဝီထိစိတ်ဆိုတော့ ဝီထိစိတ် ဘယ်လောက်ရှိသလဲဟေ့ဟုပြောရင် သူလည်းပြောရလိမ့်မယ်၊ ဒါကြောင့် ဝီထိစိတ်ဟာ ၈၀ ပဲရှိတယ်၊ ဘာနုတ်ထားသလဲ၊ ရူပါဝစရ ဝိပါက် ၅-နဲ့ အရူပါဝစရဝိပါက်စိတ် ၄-ခုနော်၊ ဒွါရဝိမုတ်စိတ်ပါပဲ၊ ဒွါရမှ အမြဲလွတ်တဲ့စိတ် နုတ်ထားတယ်၊ မဟဂ္ဂုတ်ဝိပါက် ၉-ခုက ဒွါရမှ အမြဲလွတ်တယ် မဟုတ်လား၊ အဲဒီစိတ်တွေ နုတ်ထားတယ်။

ဒါကြောင့်မို့ ရူပါဝစရဝိပါက်စိတ် ၅-ခုနဲ့ အရူပါဝစရစိတ် ၄-ခု သူတို့က အမြဲတမ်း ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စသာ တပ်တယ်မဟုတ်လား၊ ၃-ကိစ္စသာ တပ်တဲ့စိတ်တွေဖြစ်တော့ ဒါကြောင့် သူတို့က ဒွါရမှ အမြဲတမ်းလွတ်တယ်၊ ဝီထိထဲမှာ မဖြစ်ဘူး၊ သူတို့ကတော့ အမြဲတမ်းကို နုတ်ထားရမယ်။

ဝီထိစိတ်လို့ ပြောရင် မဟာဝိပါက်စိတ် ၈-ခုကတော့ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်ရင် ဝီထိကလွတ်မယ်၊ တဒါရုံကိစ္စတပ်တဲ့အခိုက်မှာ ဝီထိက မလွတ်ဘူး၊ ဒါကြောင့် ဝီထိစိတ်ဘယ်လောက် ရှိသလဲလို့မေးရင် ၈၀-ပဲရှိတယ်၊ မဟာဝိပါက်စိတ် ၈-ခုကို မနုတ်ရဘူး၊ ဝီထိမုတ်စိတ်ဆိုရင် ခုနကပြောသလိုပဲ အမြဲတမ်းလွတ်တာဆိုရင် ၉-ခုပေါ့နော်၊ သာမညပြောမယ်ဆိုရင် ၁၉-ခုပေါ့။

ကောင်းပြီ၊ ကာမာဝစရဘုံမှာ ဝီထိစိတ် ၈၀-စလုံးရတယ်တဲ့၊ ကာမာဝစရ ဘုံမှာ ဝီထိစိတ် ၈၀ စလုံးဖြစ်နိုင်တယ်၊ ရတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ဆိုလိုတာပါပဲ၊ အဲဒီတော့ ကာမာဝစရဘုံမှာ ဒီလိုဆိုရင် ရူပါဝစရဝိပါက် ၅-ခု မဖြစ်နိုင်ဘူးပေါ့၊ အရူပါဝစရဝိပါက် ၄-ခုမဖြစ်နိုင်ဘူးပေါ့၊ ရူပါဝစရကုသိုလ် ဖြစ်နိုင်တယ် ကြိယာဖြစ်နိုင်တယ်၊ အရူပါဝစရကုသိုလ် ဖြစ်နိုင်တယ်၊ ကြိယာဖြစ်နိုင်တယ်၊ ဝိပါက်သာ မဖြစ်နိုင်တာ၊ ကာမာဝစရဘုံမှာ ဝီထိစိတ် ၈၀- အကုန်ရတယ်။

အသညသတ်ဘုံမှတပါး ရူပါဝစရ ၁၅-ဘုံ၌တဲ့၊ ကာမာဝစရဘုံဆိုတော့ ငရဲဘုံ၊ လူ့ဘုံ နတ်ဘုံနော်၊ သာမညပြောမယ်ဆိုရင် ငရဲဘုံ လူ့ဘုံ နတ်ဘုံဟာ ကာမာဝစရဘုံ၊ ရူပါဝစရဆိုတာက ဗြဟ္မာဘုံ၊ ဗြဟ္မာဘုံဆိုတာက ရူပါဝစရဘုံရှိတယ်၊ အရူပါဝစရဘုံရှိတယ်၊ ရူပါဝစရဘုံဆိုတာက ရုပ်ရှိသေးတယ်ပေါ့နော်၊ အရူပါဝစရဘုံ ဆိုတာကတော့ ရုပ်မရှိတော့ဘူး၊ နာမ်ချည်းပဲရှိတယ်။

[စာမျက်နှာ-283] ကောင်းပြီးမှ အဲဒီရူပါဝစရဘုံ ဘယ်လောက်ရှိသလဲဆိုရင် ၁၆-ဘုံရှိတယ်။ အဲဒီ ၁၆-ဘုံမှာ တစ်ဘုံကို အသညသတ်ဘုံလို့ ခေါ်တယ်၊ ဘုံပိုင်းကျတော့ တွေ့လိမ့်မယ်၊ ကျန်တာတွေတော့ ရူပါဝစရလို့ပဲခေါ်ကြပါစို့၊ အသညသတ်ဘုံ ဆိုတာက ရုပ်ချည်းပဲရှိတဲ့ဘုံ၊ ဒီဘဝက ပဉ္စမဈာန်ကို အထူးပွားများပြီးတော့ နာမ်ကိုမုန်းအောင် ပွားများပြီးတော့ သူက သေတဲ့အခါ ကျတော့ အသညသတ်ဘုံမှာ သွားဖြစ်တယ်၊ အဲဒီ အသညသတ်ဘုံမှာသွားဖြစ်တဲ့ အခါကျတော့ ရွှေရုပ်ကြီးလိုပဲလို့ ဆိုတာပဲနော်၊ ရုပ်ထုကြီးလိုပဲ သွားပြီးတော့ ဖြစ်နေတယ်၊ ခုနကပြောတဲ့ ဇီဝိတတော့ ရှိတယ်၊ သူက အဲဒါကွာတယ်၊ ရိုးရိုးရုပ်ထုနဲ့ သူနဲ့ကွာတာ၊ အဲဒီမှာ ကမ္ဘာ ၅၀၀ သွားဖြစ်မယ်။

အဲဒီ အသညသတ်ဘုံမှတပါး ရူပါဝစရ ၁၅-ဘုံမှာ ဘယ်စိတ်တွေ မရနိုင်ဘူးလဲ၊ ဘယ်စိတ်တွေ ရနိုင်သလဲတဲ့၊ ဒေါသမူဒွေးမရဘူး၊ ဘာကြောင့်လည်း ဆိုတော့ ဒေါသဖြစ်ရင် ဈာန်ပျောက်တယ်၊ ဒေါသဆိုတာ နီဝရဏတရားခေါ်တယ်။ နီဝရဏ ဆိုတာ အတားအဆီး၊ အင်္ဂလိပ်လိုပြန်ရင် (hindrance) လို့ခေါ်တယ်၊ နီဝရဏရှိနေရင် ဈာန်မရနိုင်ဘူး၊ နီဝရဏဖြစ်လာရင် ဈာန်ပျောက်သွားမယ်။

ရူပါဝစရ ဗြဟ္မာဆိုတာ ဈာန်နဲ့ နေတာ၊ ဒါကြောင့်မို့ ရူပါဝစရဘုံမှာဘုံအားဖြင့်ကို ဒေါသမူဒွေးကို ပယ်ထားတယ်၊ မဂ်နဲ့ပယ်တာ မဟုတ်ဘူးနော်၊ ဘုံအနေနဲ့ ပယ်တာ၊ ဒါကြောင့်မို့ အဲဒီဘုံမှာ ဒေါသမူဒွေး ဘယ်တော့မှမဖြစ်နိုင်ဘူး၊ ပြီးတော့ ပကိဏ်းပိုင်းတုန်းက ဝတ္ထုသင်္ဂဟတုန်းက ဘာတွေ့ခဲ့သလဲ၊ ရူပါဝစရဘုံမှာ ဃာနပသာဒမရှိဘူး၊ ဇိဝှါပသာဒမရှိဘူး၊ ကာယပသာဒမရှိဘူး၊ ဃာနပသာဒ မရှိဘူးဆိုရင် ဃာနဝိညာဏ်ဒွေး ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ ဇိဝှါပသာဒမရှိဘူး ဆိုရင် ဇိဝှါဝိညာဏ်ဒွေး မဖြစ်နိုင်ဘူး၊ ကာယပသာဒမရှိဘူးဆိုရင် ကာယဝိညာဏ်ဒွေး မဖြစ်နိုင်ဘူးပေါ့၊ ဟုတ်တယ်မဟုတ်လား၊ ဒါ သူ့ဟာသူ ရှင်းနေတာ။

ဒါကြောင့်မို့ ဃာနဝိညာဏ်ဒွေး ၂-ခု၊ ဇိဝှါဝိညာဏ်ဒွေး ၂-ခု၊ ကာယဝိညာဏ်ဒွေး ၂-ခု၊ သူတို့လည်း မဖြစ်နိုင်ဘူး။

မဟာဝိပါက်စိတ် ၈ ဆိုတာကလည်း ကာမာဝစရဘုံမှာသာ ဖြစ်တာနော်၊ ကာမာဝစရဘုံမှာဖြစ်လို့ ကာမာဝစရဝိပါက်လို့ ခေါ်ရတာပေါ့နော်၊ သူက ရူပါဝစရ ဘုံမှာ မဖြစ်နိုင်ဘူး၊ အရူပါဝစရဘုံမှာလည်း မဖြစ်နိုင်ဘူး။

အဲဒီစိတ်တွေမှတစ်ပါး တခြားဝီထိစိတ်တွေ ဖြစ်နိုင်တယ်၊ ဒါဖြင့် အကုသိုလ် စိတ်ထဲက ဘာတွေဖြစ်နိုင်သလဲ၊ ဒေါသမူဒွေးမှ တစ်ပါးဆိုရင် လောဘမူစိတ် ၈-

[စာမျက်နှာ-284] ခုဖြစ်နိုင်တယ်၊ မောဟမူစိတ် ၂-ခုဖြစ်နိုင်တယ်၊ ပြီးတော့ အဟိတ်စိတ်ထဲ စက္ခုဝိညာဏ်ဒွေးဖြစ်မယ်၊ သောတဝိညာဏ်ဒွေးဖြစ်မယ်၊ ဃာန ဇိဝှါ ကာယ ကျော်လိုက် သမ္ပဋိစ္ဆိုင်း ၂-ခုဖြစ်မယ်၊ သန္တီရဏ ၃-ခုဖြစ်မယ်၊ ဟိုဘက် ကြိယာသွားရင် ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်ဖြစ်မယ်၊ ဟုတ်ပြီလား၊ မဟာကုသိုလ်စိတ် ၈-ခုဖြစ်မယ်၊ မဟာဝိပါက်စိတ် မဖြစ်နိုင်ဘူး၊ မဟာကြိယာစိတ် ဖြစ်နိုင်မယ်၊ ရူပါဝစရစိတ်ကျတော့ ကုသိုလ်ရော ဝိပါက်ရော ကြိယာရော ဖြစ်လိမ့်မယ်၊ အရူပါဝစရဆိုရင် ကုသိုလ်ဖြစ်မယ်၊ ကြိယာဖြစ်မယ်၊ ဝိပါက်မဖြစ်နိုင်ဘူး၊ ပြီးတော့ မဂ်စိတ် ဖိုလ်စိတ်တွေ ဖြစ်မယ်။

ဒါကြောင့်မို့ အသညသတ်ကြဉ်သော ရူပါဝစရ ၁၅ ဘုံမှာ ဝီထိစိတ် ၈၀ ထဲက ဒေါသမူဒွေးမဖြစ်ဘူး၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ် ၆-ခု မဖြစ်ဘူး၊ မဟာဝိပါက်စိတ် ၈-ခုမဖြစ်ဘူးဆိုတော့ ၆ ရယ်၊ ၂ ရယ်၊ ၈-ရယ် ဆိုတော့ ၁၆၊ ၈၀-ထဲက ၁၆-နုတ် ၆၄၊ သာမညအားဖြင့်သွားတာ၊ အကယ်၍ ဘုံတွေကို နားလည်ပြီးတော့ နောက်ကျတော့ ပထမဈာန်ဘုံမှာ ဒုတိယဈာန်ဘုံမှာ စသည်ဖြင့် လုပ်လိုက်ရင် တစ်မျိုးလာဦးမယ်။

အသညသတ်ဘုံကျတော့ စိတ်လုံးဝမရဘူး၊ သူကျတော့ ဘာမှကို ပြောစရာ မလိုဘူး၊ အရူပါဝစရဘုံ သွားကြစို့၊ အရူပါဝစရဘုံမှာ ထပ်နုတ်ရလိမ့်ဦးမယ်နော်၊ အဲဒီတော့ အရူပါဝစရဘုံမှာ ဒေါသမူဒွေး မဖြစ်နိုင်ဘူး၊ စက္ခုဝိညာဏ်ဒွေး၊ သောတဝိညာဏ်ဒွေးလည်း ဖြစ်နိုင်ပါ့မလား၊ အရူပါဝစရက နာမ်ချည်းရှိတာပဲ၊ ရုပ်မှမရှိတာ၊ မျက်လုံးမရှိဘူး၊ စက္ခုပသာဒမရှိဘူး၊ သောတပသာဒမရှိဘူး၊ ဃာနပသာဒမရှိဘူး၊ ဇိဝှါ၊ ကာယပသာဒမရှိဘူး၊ ဒွေးပဉ္စဝိညာဏ် ၁၀-မဖြစ်နိုင်ဘူး၊ သမ္ပဋိစ္ဆိုင်း ၂-ခုရော သူတို့က ပဉ္စဒွါရမှာသာ ဖြစ်တာဆိုတော့ မဖြစ်နိုင်ဘူး၊ သန္တီရဏ ၃-ခုကော မဖြစ်နိုင်ဘူး၊ အတူတူပဲ၊ ပဉ္စဒွါရာဝဇ္ဇန်းလည်း မဖြစ်နိုင်ဘူး၊ ဟသိတုပ္ပါဒ်ကတော့လည်းပဲ သူတို့က ကာယခန္ဓာကိုယ်မရှိတော့ မပြုံးနိုင်ဘူး၊ အဲဒီတော့ ဟသိတုပ္ပါဒ်လည်း မဖြစ်နိုင်ဘူး။

မဟာဝိပါက် ၈-ခုကတော့ ကာမာဝစရဘုံမှာသာဖြစ်လို့ မဖြစ်နိုင်ဘူး၊ ရူပါဝစရကုသိုလ် မဖြစ်နိုင်ဘူး၊ ရူပါဝစရကြိယာ မဖြစ်နိုင်ဘူး၊ ရူပါဝစရဝိပါက်လည်း မဖြစ်နိုင်ဘူး၊ အမှန်ကတော့ ဝိပါက်က ဝီထိစိတ် မဟုတ်လို့ ဒီထဲထည့်မရေးတာ၊ ဝီထိစိတ်ဆိုတာနဲ့ ရူပါဝစရဝိပါက် စိတ်ကကြဉ်ပြီးသား ဖြစ်နေပြီ၊ ဒါကြောင့် ထည့်မရေးတာ၊ ရူပါဝစရကုသိုလ် ဝိပါက် ကြိယာ ၃-ခုစလုံး မဖြစ်ဘူး၊ ပြီးတော့

[စာမျက်နှာ-285] အရူပါဝစရကျတော့ အကုန်လုံး ဖြစ်နိုင်တယ်ပေါ့၊ ပြီးတော့ သောတာပတ္တိမဂ်စိတ် မဖြစ်နိုင်ဘူး၊ ဒါကတော့ ဝတ္ထုသင်္ဂဟတုန်းက ဝတ္ထုမမှီတဲ့ စိတ်တွေနဲ့ ဝတ္ထုမှီတဲ့ စိတ်တွေ ခွဲတုန်းက ပြောပြီးပြီနော်၊ သောတာပတ္တိမဂ်စိတ် တစ်ခုမဖြစ်နိုင်ဘူး။

ဒါဖြင့်ရင် မဖြစ်နိုင်တာတွေကြည့်လိုက်စမ်း၊ ဒေါသမူဒွေး၊ ပဉ္စဝိညာဏ် ၁၀ ဆိုတော့-၁၂၊ သမ္ပဋိစ္ဆိုင်း-၂ ဆိုတော့ ၁၄၊ သန္တီရဏ ၃ ဆိုတော့ ၁၇၊ ပဉ္စဒွါရာဝဇ္ဇန်း ၁ ဆိုတော့ ၁၈၊ ဟသိတုပ္ပါဒ် ၁ ဆိုတော့ ၁၉၊ မဟာဝိပါက်စိတ် ၈-ဆိုတော့ ၁၉-ရယ်၊ ၈ ရယ်၊ ၂၇၊ ရူပါဝစရကုသိုလ် ကြိယာ ၁၀-ရယ် ၃၇၊ သောတာပတ္တိမဂ် ၁ ရယ် ၃၈၊ နှုတ်လိုက်စမ်း ၄၂-ပဲ ကျန်တယ်၊ အဲဒီ ၄၂-ပါးဟာ ဟိုတုန်းက ပြောခဲ့တဲ့ ဝတ္ထုသင်္ဂဟတုန်းက ပြောခဲ့တဲ့ ဝတ္ထုရုပ်ကို ဘယ်တော့မှ မမှီဘူးဆိုတဲ့ စိတ် ၄၂ နှင့် အတူတူပဲ၊ ဝတ္ထုရုပ်ကို ဘယ်တော့မှမမှီဘူးဆိုကတည်းက သူတို့က အရူပဘုံ၌ ဖြစ်တာပေါ့၊ အရူပဘုံမှာ ဝတ္ထုမရှိပဲနော်။

ဒါကြောင့်မို့ အရူပါဝစရဘုံမှာဖြစ်နိုင်တဲ့ ဝီထိစိတ်ပေါင်း ဘယ်လောက် ရှိသလဲ ၄၂-ပါး၊ အဲဒီ ၄၂-ပါးက ဘယ်ဟာတွေလဲဆိုရင် ဒေါသမူဒွေး စသည် ကြဉ်သောလို့ ပြောချင်ပြော၊ မကြဉ်ပဲနဲ့ ရတာတွေ လျှောက်ကြည့်လိုက်ရအောင် အကုသိုလ်စိတ်ထဲက ဘယ်နှစ်ခုရမလဲ၊ လောဘမူစိတ်ရမယ်၊ မောဟမူဒွေးရမယ်၊ အဟိတ်စိတ်ထဲက ဘယ်ဟာတွေရမှာလဲ၊ စက္ခုဝိညာဏ်ဒွေးရမလား၊ မရဘူး၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယမရဘူး၊ သမ္ပဋိစ္ဆိုင်းဒွေး မရဘူး၊ သန္တီရဏ ၃-ခုမရဘူး၊ ပဉ္စဒွါရာဝဇ္ဇန်း မရဘူး၊ မနောဒွါရာဝဇ္ဇန်းရမယ်၊ ဟသိတုပ္ပါဒ်မရဘူး။

ဒါဖြင့် မနောဒွါရာဝဇ္ဇန်း ၁-ခုတည်းရတယ်၊ ကာမာဝစရကုသိုလ်၊ မဟာကုသိုလ်စိတ် ၈-ခု ရမယ်၊ အရူပဗြဟ္မာမှာ ဖြစ်နိုင်တယ်၊ ဒါပေမယ်လို့ မဟာဝိပါက်စိတ် ၈-ခုမဖြစ်ဘူး၊ မဟာကြိယာစိတ် ၈-ခုဖြစ်နိုင်တယ်၊ ရူပါဝစရ စိတ်တော့ ၁-ခုမှ မဖြစ်နိုင်ဘူး၊ ဘာပြုလို့လည်းဆိုတော့ အထက်တန်းဈာန်ရမှတော့ အောက်တန်းဈာန်ကို မသွားတော့ဘူး။

ဒါကြောင့်မို့ ရူပါဝစရကျတော့ ကုသိုလ်လည်းမရဘူး၊ ဝိပါက်လည်းမရဘူး၊ ကြိယာလည်းမရဘူး၊ အရူပါဝစရကျတော့ ရမှာပေါ့၊ ကုသိုလ် ဝိပါက် ကြိယာနော်၊ မဂ်စိတ်ထဲက ပြောမယ်ဆိုရင် သောတာပတ္တိမဂ်စိတ် မရဘူး၊ ပြီးရင် လောကုတ္တရာစိတ် ၇-ခုရမယ်၊ ဒါဖြင့် ပေါင်းလိုက်ရင် ၄၂-ပါး အဲဒီ ဝီထိစိတ် ၄၂-ပါးရမယ်။

အထူးမှတ်စရာရှိသေးတယ်၊ အထက်အထက် အရူပါဝစရဘုံ၌ အောက်အောက် အရူပါဝစရစိတ်များမရ၊ အဲဒီတော့ သူတို့က အထက်ဟာရောက်ရင်

[စာမျက်နှာ-286] အောက်ဟာပျောက်တာပဲ၊ ဘုံကလည်း လေးဘုံရှိတယ်၊ စိတ် ၄-မျိုးရှိသလိုပဲ။ အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စာညာယတနဘုံ၊ နေဝသညာ နာသညာယတနဘုံ။

အဲဒီတော့ အာကာသာနဉ္စာယတနဘုံမှာဆိုရင်တော့ ၄-ခုလုံးရမှာပေါ့။ ဝိညာဏဉ္စာယတနဘုံမှာ ဆိုရင်တော့ ၃-ခုပဲရလိမ့်မယ်၊ အောက်တစ်ခု ပြုတ်ကျသွားပြီ၊ အာကိဉ္စာညာယတနဘုံဆိုရင် ၂-ခုပဲရမယ်၊ အောက် ၂-ခု ပြတ်သွားပြီ၊ နေဝသညာနသညာယတနဘုံဆိုရင် ၁-ခုပဲရမယ်၊ အောက် ၃-ခု ပြုတ်သွားပြီ။ အဲသလိုလည်း ထူးခြားချက်ရှိသေးတယ်။

အဲဒီတော့ တစ်ဘုံစီစီစစ်မယ် လေ့လာမယ်ဆိုရင် ဒါကို ထည့်တွက်ရမယ်။ အရူပါဝစရဘုံဆိုတဲ့အနေနဲ့ ပြောရင် ပေါင်းပြောထားတာမိုလို့ ၄၂-ပါးရတာ၊ တစ်ခုစီသွားမယ်ဆိုရင် ၄၂-ပါးရချင်မှရမှာ၊ ဒါက ဘုံမှာဖြစ်နိုင်တဲ့ ဝီထိစိတ်တွေ။

အဲဒီတော့ သာမညအားဖြင့် မေးမယ်ဆိုရင်တော့ ဝီထိမုတ်စိတ်ကိုပါ ထည့်ရမယ်၊ အရူပါဝစရဘုံမှာ စိတ်ဘယ်လောက်ဖြစ်နိုင်သလဲ၊ စိတ်ကိုသာမည ပြောမယ်ဆိုရင် အရူပါဝစရဝိပါက် ၄-ခုကိုပါ ထည့်ရမယ်၊ ရူပါဝစရဘုံမှာ စိတ်ဘယ်လောက် ဖြစ်နိုင်သလဲမေးရင် ရူပါဝစရဝိပါက် ၅-ခုလည်း ထည့်ရမယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ပုစ္ဆာမေးတဲ့အခါမှာ အဲဒါတွေ လှည့်လှည့်မေးတတ်တယ်၊ ရူပါဝစရဘုံမှာဖြစ်တဲ့စိတ်မေးရင် တချို့က ဝီထိစိတ်ထင်ပြီး ရင်လွဲပြီပေါ့။ အဲဒါ အရေးကြီးတယ်၊ ဝီထိစိတ်လို့ ပြောရင်တစ်မျိုး၊ စိတ်ဆိုရင် တစ်မျိုး။

ကာမာဝစရဘုံကျတော့ မထူးဘူး၊ ဘာကြောင့်လဲဆိုတော့ မဟာဝိပါက်စိတ် ၈-ခုက ဝီထိစိတ်လည်းဖြစ်နိုင်တယ်၊ ဝီထိမုတ်လည်းဖြစ်နိုင်တယ်၊ ကာမာဝစရဘုံ အနေနဲ့ ပြောရရင် ဝီထိစိတ် ၈၀-ပဲ၊ ဝီထိမုတ်စိတ်လည်း ၈၀ ပဲ၊ ကာမာဝစရဘုံမှာ စိတ် ဘယ်လောက်ရနိုင်သလဲမေးရင်လဲ ၈၀-ပဲ၊ ဘာကြောင့်လဲဆိုတော့ ရူပါဝစရဝိပါက် ၅-ခုနဲ့၊ အရူပါဝစရဝိပါက် ၄-ခုက မရပဲကိုး၊ ဒါကြောင့်မို့ သူ့ကျတော့ (ကာမာဝစရဘုံကျတော့) စိတ်လို့ပြောပြော၊ ဝီထိစိတ်လို့ပြောပြော၊ ဒါပဲလာလိမ့်မယ်။

ရူပါဝစရဘုံဆိုရင်ထူးသွားမယ်၊ အရူပါဝစရဘုံဆိုရင် ထူးသွားမယ်၊ အဲဒါဟာ ဘုံစိတ်ရ အကြမ်းဖျဉ်းပဲ၊ နောင်အခါမှာ ၃၁-ဘုံကို နားလည်ပြီးတဲ့နောက် အသေးစိတ် ကြည့်ကြမယ်ဆိုရင် ဇယားကွက်ရှိတယ်၊ အဲဒီဇယားကွက်ဟာ အသေးစိတ် ပြထားတာ၊ အခုအတိုင်း ဘုံမှ မသိသေးပဲနဲ့ လျှောက်ပြောနေရင် ဒုက္ခများမယ်။ အဲဒီတော့ ဘုံကို လေ့လာပြီးတဲ့နောက်မှ ဒီဇယားကွက်နဲ့ တိုက်ဆိုင်လေ့-

[စာမျက်နှာ-287] လာမယ်၊ အခုကတည်းက ကြည့်ချင်ကြည့်ထားကြပေါ့၊ ဒီထဲကျတော့ ဝီထိစိတ်တင် မကဘူး၊ စိတ်တွေ အကုန်ရတာ ရေးလိမ့်မယ်၊ ဒါကြောင့်မို့ ဟိုနောက်ဆုံးမှာ သင်္ချာမတူတာတွေ တွေ့လိမ့်မယ်၊ ပထမဈာန်ဘုံမှာ ၆၅-ဆိုတာတွေ့လိမ့်မယ်၊ ဝီထိစိတ် ၆၄၊ ဒီမှာ ၆၅ ဖြစ်နေတာက ဝီထိမုတ်စိတ်ပါ ထည့်ထားတာ။

မေး - ဘုံ ၃၀-လား ဘုရား။
ဖြေ - ၃၁-ဘုံပါ။

မေး - တပည့်တော်က ဘုံ ၃၀-ထင်လို့ ဒီမှာ ၃၀-ပဲ ရေးထားတယ်၊
ဖြေ - ဘုံ ၃၀-က အသညသတ်ဘုံကို ထည့်မထားဘူး၊ အသညသတ်က ရှိမှ မရှိပဲကိုး၊ စိတ်မဖြစ်တဲ့ဘုံကို သူ မထည့်လို့၊ အဲဒါကြောင့်မို့ ၃၀၊ အဲဒီဘုံပါထည့်ရင် ၃၁-ဘုံ၊ နောက်အပတ်ကျတော့ ၃၁-ဘုံအတွက်နဲ့ သီးခြားလာလိမ့်မယ်၊ အဲသလို ၃၁-ဘုံ အသေးစိတ်သိပြီးမှ ဘာစိတ်ညာစိတ်နဲ့ အသေးစိတ်တွက်ရင် ပိုကောင်းတယ်။ အခုနေတွက်ရင် မလွယ်ဘူး၊ ပြီးတော့ ခက်နေလိမ့်မယ်၊ ဟိုကျတော့ လုပ်ရဦးမယ်။

ဒါဟာ ဘုံစိတ်ရတဲ့၊ ဒီနေ့ဒါဟာ ဝီထိပိုင်းအကုန်ပဲ၊ ဒါဖြင့် ဝီထိပိုင်းနောက် ဟာတွေ ပြန်စဉ်းစားကြည့်စမ်း၊ ဘာတွေလုပ်ခဲ့ကြရလဲ။

ပဉ္စဒွါရဝီထိရှိတယ်၊ မနောဒွါရဝီထိရှိတယ်၊ အဲဒီမနောဒွါရဝီထိမှာလည်းပဲ ရိုးရိုး ကာမာဝစရမနောဒွါရဝီထိရှိတယ်၊ ဈာန် မနောဒွါရဝီထိရှိတယ်၊ မဂ်ဖိုလ် မနောဒွါရ ဝီထိရှိတယ်။

ဈာန်ဝီထိမှာလည်းပဲ ပထမရတဲ့ဈာန်ဝီထိရှိတယ်၊ နောက်ဈာန်ဝင်စားတဲ့ ဝီထိရှိတယ်၊ မဂ်ဝီထိကျတော့ ဒီဝီထိတစ်ခုထဲပဲ၊ ဒါပေမယ့် ဖိုလ်ဝီထိကျတော့ နောင်အခါ ဖိုလ်ပြန်ဝင်စားတဲ့အခါမှာ လုပ်တဲ့ဝီထိပဲ၊ ဒါတွေကို သမာပတ္တိဝီထိလို့ ခေါ်တယ်၊ ပြီးတော့ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တွေရော ချုပ်သွားတဲ့ ဝီထိရှိသေးတယ်၊ နိရောဓသမာပတ္တိဝီထိ၊ ဒါတွေ လေ့လာပြီးပြီ။

ပြီးတော့ ဘယ်အာရုံနဲ့တွေ့ရင် ဘယ်ဝိပါက်စိတ်တွေ၊ ဘယ်တဒါရုံတွေ ဖြစ်ရမယ်၊ ဣဋ္ဌာရုံနဲ့တွေ့ရင် သောမနဿဖြစ်မယ်၊ အနိဋ္ဌာရုံနဲ့တွေ့ရင် ဥပေက္ခာ ဖြစ်မယ် စသည်ဖြင့် ဒါတွေလည်း လေ့လာခဲ့ပြီးပြီ။

ပြီးတော့ ဇောတွေအနေနဲ့ ၁-ကြိမ်သာ စောသည့်ဇော၊ ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ်၊ ၅ ကြိမ်၊ ၇ ကြိမ် စောတဲ့ ဇော၊ ဒါတွေလည်း လေ့လာခဲ့ပြီ၊ အဲဒါပြီး တဲ့နောက် ဘယ်ပုဂ္ဂိုလ်တွေမှာ ဘယ်စိတ်တွေ ရနိုင်တယ်၊ ပုဂ္ဂိုလ် ၁၂-မျိုးနဲ့ စိတ်တွေနဲ့ လေ့လာခဲ့ပြီ။

[စာမျက်နှာ-288] ဘုံနဲ့စိတ်ကို ခုနပြောတဲ့အတိုင်း အသေးစိတ် မလေ့လာရသေးတော့ ကာမာဝစရဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ၊ အဲဒီလို အများနဲ့ခြုံပြီးတော့ လေ့လာသင့် တာတွေ လေ့လာခဲ့ပြီးပြီ၊ အပိုလေးဖြစ်တဲ့ အန္တရာယ် ၅-ပါးကတော့ ဒီမှာဒီလောက် အကျယ်မသိလည်း ဖြစ်တာပါပဲ၊ ဒါပေမယ့်လို့ ဒါကလည်း အရေးကြီးတဲ့ သိစရာ ဖြစ်တဲ့အတွက်ကြောင့် အန္တရာယ် ၅-ပါးလည်း အကျယ်ပြောလိုက်ပြီ၊ အဲဒီ လင်္ကာလေးရအောင်သာ ကျက်ထား။

* ကံ၊ ကိလေသ၊ ဝိပါက၊ ဝါဒတိက္ကမာ၊
* နတ်ရွာနိဗ္ဗာန် မဂ်ဖိုလ်ဈာန်၊ ငါးတန်အန္တရာ။

သိပ်ကောင်းတယ်၊ ဒါကတော့ ကိုယ်ကိုယ်တိုင်လည်းပဲ သတိထားစရာ၊ ဂရုစိုက်စရာပဲ။
mp6lk6m2iz7qja8u8ljkjuoxwfe4hu2
အဘိဓမ္မာသင်တန်းပို့ချချက်များ (စတုတ္ထတွဲ)
0
6166
21774
2026-03-31T20:11:05Z
Tejinda
173
"{{header | title = အဘိဓမ္မာသင်တန်းပို့ချချက်များ (စတုတ္ထတွဲ) | author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.) | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21774
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (စတုတ္ထတွဲ)
| author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)]]
| previous2 =
| next = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (ပဉ္စမတွဲ)]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

[စာမျက်နှာ-1] (စတုတ္ထတွဲ)
အဘိဓမ္မာသင်တန်း (၃၇)
ရုပ်ပိုင်း
ရုပ် ၂၈-ပါး
မဟာဘုတ် ၄-ပါး ၁။ ပထဝီဓာတ် ၂။ အာပေါဓာတ် ၃။ တေဇောဓာတ် ၄။ ဝါယောဓာတ်

ပသာဒရုပ် ၅-ပါး ၅။ စက္ခုပသာဒ ၆။ သောတပသာဒ ၇။ ဃာနပသာဒ ၈။ ဇိဝှါပသာဒ ၉။ ကာယပသာဒ

ဝိသယရုပ် ၇-ပါး ၁၀။ ရူပါရုံ ၁၁။ သဒ္ဒါရုံ ၁၂။ ဂန္ဓာရုံ ၁၃။ ရသာရုံ
၁၄။ ဖောဋ္ဌဗ္ဗာရုံ (ပ, တေ, ဝါ)

ဘာဝရုပ် ၂-ပါး ၁၄။ ဣတ္ထိဘာဝရုပ် ၁၅။ ပုမ္ဘာဝရုပ် ၁၆။ ဟဒယရုပ် ၁၇။ ဇီဝိတရုပ် ၁၈။ အာဟာရရုပ် ၁၉။ အာကာသရုပ်

[စာမျက်နှာ-2] ဝိညတ်ရုပ် ၂-ပါး
၂၀။ ကာယဝိညတ် ၂၁။ ဝစီဝိညတ်

ဝိကာရရုပ် ၅-ပါး
၂၂။ ကာယဿ လဟုတာ ၂၃။ ကာယဿ မုဒုတာ ၂၄။ ကာယဿ ကမ္မညတာ - ကာယဝိညတ် - ဝစီဝိညတ်

လက္ခဏရုပ် ၄-ပါး
၂၅။ ဥပစယ ၂၆။ သန္တတိ ၂၇။ ဇရတာ ၂၈။ အနိစ္စတာ

ထို ရုပ် ၂၈-ပါးတို့တွင် ၁ မှ ၁၈ အထိ ရုပ်များကို သဘာဝရုပ်၊ သလက္ခဏရုပ်၊ နိပ္ဖန္နရုပ်၊ ရူပရုပ်၊ သမ္မသနရုပ် ဟူ၍လည်း ခေါ်သည်။

သုတ္တန်ပါဠိတော်တို့၌ ဟောအပ်သော “ဇာတိ” ရုပ်ကိုပင် အဘိဓမ္မာ၌ “ဥပစယ, သန္တတိ” ဟု အမည်နှစ်မျိုးခွဲ၍ တရားနာဝေနေယျတို့၏ အလိုကျလေအောင် ဟောတော်မူသည်။

[စာမျက်နှာ-3] ဇယား

[စာမျက်နှာ-4]
အဘိဓမ္မာသင်တန်း (၃၇)

[ရုပ်ပိုင်း] ရုပ် - ၂၈-ပါး
ဒီနေ့ ဩဂုတ်လ ၂၁-ရက်နေ့။
လွန်ခဲ့တဲ့ အပတ်တုန်းက homework ပေးခဲ့တယ်၊ အဲဒါအသေးစိတ် ရနိုင်သမျှဆက်ပြီး လုပ်ကြရအောင်။

စုတိနောင် ပဋိသန္ဓေနှောင်းပုံမှာ အဲဒီလို အသေးစိတ်သာလုပ်ထားရင်တော့ တကယ်ကျတော့မှာပဲ၊ အဲဒီတော့ ပုထုဇဉ်အတွက်က ဇယားကွက်တစ်စုံ, အရိယာ အတွက်က ဇယားကွက်တစ်စုံ, အဲသလိုသွားလိမ့်မယ်။ အဲဒီတော့ ပုဂ္ဂိုလ် ၁၂-ယောက်စိတ်ထဲကမှတ်မိနေမယ်၊ ဘုံ ၃၁-မှတ်မိနေရမယ်၊ ပဋိသန္ဓေစိတ် ၁၉-ခု မှတ်မိနေရမယ်။

ဘယ်စုတိနောင်မှာ ဘယ်လိုပဋိသန္ဓေနှောင်းတယ်ဆိုတာနဲ့ တိုက်ဆိုင်ပြီး လုပ်သွားရင်လည်းရပါတယ်၊ ခဲယဉ်းတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လုပ်ရတာများတော့ တာဝန်များတာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။

ကောင်းပြီ၊ ဘုံပိုင်းပဉ္စမပိုင်းဟာ အဲဒါနဲ့ပဲအဆုံးသတ်ကြမယ်၊ ဒီနေ့ ရုပ်ပိုင်းသွားကြမယ်။

[စာမျက်နှာ-5] ပရမတ္ထတရား ၄-ပါးရှိတယ်၊ စိတ်ရယ်, စေတသိက်ရယ်, ရုပ်ရယ်, နိဗ္ဗာန်ရယ်၊ စိတ်ကို စိတ်ပိုင်းနဲ့ပြခဲ့ပြီ၊ စေတသိက်ကို စေတသိက်ပိုင်းနဲ့ ပြခဲ့ပြီ၊ စေတသိက်ပိုင်းမှာလည်း စိတ်ကောပြတာပဲ၊ စိတ်နဲ့ စေတသိက်နဲ့ ယှဉ်တာပဲ၊ ပကိဏ်းပိုင်းမှာလည်း စိတ်ကို ပဓာနထားပြီးတော့ ဝေဒနာအစရှိသည်ဖြင့် ခွဲခြားပြခဲ့ပြီ၊ ဝီထိပိုင်းဆိုင်ရာမှာလည်း စိတ်သာပဓာနပါပဲ။

ဘုံပိုင်းကျတော့ စိတ်လည်းဟုတ်တယ်၊ ကံဆိုတဲ့အတွက် စေတသိက်လည်း ဟုတ်တယ်၊ ဒါတွေပြခဲ့ပြီ၊ အဲဒီတော့ စိတ်နဲ့စေတသိက်ကို အမျိုးမျိုးခွဲခြားဝေဖန်ပြီးတော့ ပြုပြီးပြီပေါ့။ အဲဒီတော့ တတိယဖြစ်တဲ့ ပရမတ္ထတရားဖြစ်တဲ့ရုပ်ပိုင်းကို အခုဒီနေ့လေ့လာရမယ်၊ အဲဒီတော့ ရုပ်ဆိုတာဘာလဲ, သင်တန်းအစတုန်းက ပြောခဲ့တယ်၊ ၁-နှစ်ကျော်ပြီ၊ မှတ်မိကြသေးလားမသိဘူး၊ ရုပ်ရဲ့ (definition) က ဖောက်ပြန်တတ်သောကြောင့်ရုပ်တဲ့။

ဖောက်ပြန်တတ်တယ်ဆိုတာဘာလဲ၊ အပူကြောင့် အအေးကြောင့် ဆာလောင် မွတ်သိပ်မှုကြောင့်, ရေငတ်လို့ ပိုးမွှားကိုက်လို့ အစရှိသည်ဖြင့် ရှေ့ရုပ်အစဉ်နဲ့ မတူတဲ့ နောက်ရုပ်အစဉ် ဖြစ်သွားတာကို ဖောက်ပြန်တယ်လို့ခေါ်တယ်။

အေးတဲ့အခါ ရုပ်အစဉ်က တစ်မျိုးမနေဘူးလား၊ ပူတဲ့အခါကျတော့ရုပ်အစဉ်က တစ်မျိုးနေတယ်၊ ဆာတဲ့အခါကျတော့ တစ်မျိုး၊ ရေငတ်နေတဲ့အခါကျတော့တစ်မျိုး၊ ပိုးကောင်တွေ အကိုက်ခံရတဲ့အခါ တစ်မျိုးနေတယ်၊ အဲဒီလို ရှေ့ရုပ်အစဉ်နဲ့မတူတဲ့ နောက်ရုပ်အစဉ်ဖြစ်တာ၊ အဲသလို ဖြစ်တာကိုပဲ ဖောက်ပြန်တယ်လို့ခေါ်တယ်။ ဒါကြောင့် ရုပ်ဆိုတာဖောက်ပြန်တတ်တဲ့သဘောတရားလို့ မှတ်ရမယ်။

ရုပ်ဟာဖောက်ပြန်တတ်တဲ့ သဘောတရားဆိုရင် စိတ်ကောမဖောက်ပြန်ဘူးလား၊ ရှေ့စိတ်အစဉ်နဲ့ မတူတဲ့ နောက်စိတ်အစဉ်တွေဖြစ်နေတာပဲ၊ ဝီထိတွေ ဖြစ်နေတာပဲ။ ဒါပေမယ်လို့ ဒီနေရာမှာ မျက်မြင်ထင်ထင်ရှားရှားဖောက်ပြန်တာကို ဆိုလိုတယ်၊ စိတ်က လူသိတာမှ မဟုတ်ဘဲ၊ တစ်ထိုင်ထဲ အမျိုးမျိုးဖြစ်နေတာ ဘယ်သူသိကြလဲ၊ ရုပ်ကျတော့ သိတယ်။

သူများက ကြည့်လိုက်ရင် ဒီပုဂ္ဂိုလ်ဟာ ဆာလောင်နေတယ်, ချမ်းနေတယ်, အိုက်နေတယ်စသည်ဖြင့် အမျိုးမျိုးသိကြတယ်၊ ဒါကြောင့်မို့ ထင်ရှားတဲ့ ဖောက်ပြန်မှုမျိုးကို ရည်ရွယ်ပြီးတော့ ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ ဒီလိုခေါ်ရတယ်၊ အဲဒီရုပ်ဟာ ဘယ်လိုဘာညာဆိုတာ ရုပ်ပိုင်းထဲမှာ အကုန်ပါလိမ့်မယ်။

[စာမျက်နှာ-6] အဲဒီရုပ်ဟာ အဘိဓမ္မာသဘောတရားအရ, အဘိဓမ္မာမှာ သင်ကြားထားတာအရ, ရုပ်ပေါင်း ၂၈-ပါးရှိတယ်၊ ရုပ်အမျိုးပေါင်း ၂၈-မျိုးရှိတယ်၊ ဒါဟာ chemistry မှာ element နဲ့ တူတူပဲ၊ ဟိုမှာတော့ element က ၁၀၀-ကျော်နေတယ်၊ ရုပ်ပိုင်းမှာတော့ ၂၈-မျိုးရှိတယ်လို့ အဘိဓမ္မာမှာဟောတယ်။

အဲဒီ ၂၈-မျိုးမှာ အမျိုးမျိုးပေါင်းစုပြီးတော့ သတ္တဝါတွေဖြစ်နေတယ်။ သစ်ပင်တောတောင် ရေမြေတွေဖြစ်နေတယ်၊ ဒါတွေအကုန်လုံးဟာ ရုပ် ၂၈-မျိုးကို အမျိုးမျိုးအထွေးလိုက် စုပေါင်းပြီးတော့ဖြစ်နေတာ၊ အဲဒီရုပ် ၂၈-ပါးကိုလည်း အစုလေးတွေ ခွဲခွဲပြီးနားလည်ရမယ်၊ လေ့လာရမယ်။

အဲဒီမယ် ပထမဆုံး မဟာဘုတ် ၄-ပါးတဲ့၊ သူက အခြေခံအကျဆုံးပေါ့လေ၊ primary လို့လည်း အင်္ဂလိပ်လို ခေါ်တယ်၊ essential လို့လည်း ခေါ်တယ်။ သူက အခြေခံကျတယ်၊ ရုပ်လေးမျိုးကိုပဲ ဓာတ်ကြီး ၄-ပါးလို့လည်းခေါ်တယ်။

ဓာတ် ၆-ပါး ကြားဖူးကြလားမသိဘူး၊ တရားထိုင်ဖူးတဲ့သူက သိလိမ့်မယ်။ ဓာတ် ၆-ပါးကျတော့ အာကာသဓာတ်နဲ့ ဝိညာဏဓာတ်ထည့်ရမယ်၊ ဒီမှာတော့ ရုပ်ဓာတ်ပဲ၊ ထားဦးတော့ ဒါက အခြေခံ။

အဲဒီဓာတ်ကြီး ၄-ပါးကို အမှီပြုပြီးတော့ဖြစ်တဲ့ရုပ်ကို ဥပါဒါရုပ်လို့ခေါ်တယ်။ ဒီထဲမှာ ထည့်ရေးမထားဘူး၊ ဒီတော့ မဟာဘုတ် ၄-ပါး၊ ဥပါဒါရုပ် ၂၄-ပါး အဲသလို ပထမခွဲရမယ်။

ဥပါဒါရုပ်က မဟာဘုတ်ကို အမှီပြုပြီးဖြစ်တာ၊ မဟာဘုတ်မရှိရင် ဥပါဒါရုပ် မဖြစ်ဘူး၊ အဲဒီတော့ ဇယားကွက်လုပ်နေတာ မပြီးသေးဘူး၊ အဲဒီတော့ မဟာဘုတ်ရယ်၊ ဥပါဒါရုပ်ရယ်၊ အဲသလို ပထမနှစ်မျိုးခွဲလိုက်၊ မဟာဘုတ်က အခြေခံ, ဥပါဒါရုပ်က မဟာဘုတ်ကို အမှီပြုပြီးဖြစ်တဲ့ရုပ်တွေ။

မဟာဘုတ် ၄-ပါးက ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, ဒီအစဉ်အတိုင်းသွားတယ်၊ မြန်မာလိုဆိုရင်တော့ ပထဝီဆိုတာ မြေ, အာပေါဆိုတာရေ, တေဇောဆိုတာမီး, ဝါယောဆိုတာလေ, မြန်မာလိုဆိုရင်တော့ မြေ, ရေ, လေ, မီးလို့ နှုတ်တက်တတ်ကြတယ်၊ ပါဠိအစဉ်အတိုင်းကတော့ မြေ, ရေ, မီး, လေ အဲသလို ဓာတ်ကြီး ၄-ပါးတဲ့။

ဒီဓာတ်ကြီး ၄-ပါးကို အနောက်နိုင်ငံ philosophy မှာလည်း တွေ့ရတယ်။ ဂရိတ် philosophy မှာလည်းရှိတယ်၊ အဲဒီတော့ ဒီဓာတ် ၄-ပါးက ဗုဒ္ဓဘာသာ တစ်ခုထဲမှာသာ တွေ့နိုင်တဲ့တရားမဟုတ်ဘူး၊ ဟိန္ဒူမှာလည်း ရှိမှာပဲ။

[စာမျက်နှာ-7] ဒါပေမယ်လို့ အဘိဓမ္မာမှာကျတော့ ဒီဓာတ်ကြီး ၄-ပါးက နက်နဲသွားတယ်, သိမ်မွေ့သွားတယ်၊ ဘာကြောင့်လဲဆိုတော့ ပထဝီဓာတ်ဆိုတာ ဘာလဲ၊ မြေကြီးလား၊ ပထဝီဓာတ်ရဲ့ လက္ခဏာကဘာလဲ၊ မာတဲ့လက္ခဏာ, သို့မဟုတ် နူးညံ့တဲ့ လက္ခဏာတို့ကို ပထဝီဓာတ်လို့ခေါ်တယ်၊ ပါဠိလို ကက္ခဠတ္တလို့ခေါ်တယ်။

ကက္ခဠတ္တဆိုတာ မာတဲ့သဘောပေါ့၊ မာတယ်ဆိုတာ relative ပေါ့။ တစ်ခုခုထောက်လိုက်ရင် သူကပျော့သွားတာပဲ၊ အဲသလို ပျော့မှုမာမှုသဘောကို ပထဝီဓာတ်လို့ခေါ်တယ်၊ မြေကြီးကို (အဘိဓမ္မာမှာ) ပထဝီဓာတ်လို့ ခေါ်တာ မဟုတ်ဘူး၊ အဲသလို နက်နဲသွားတယ်။

သာမန်အမြင်အားဖြင့်တော့ မြေကြီးဟာ ပထဝီဓာတ်ပဲ၊ ရေဟာအာပေါဓာတ်ပဲ။ ဒါပေမယ့် တကယ်ဒီမှာဆိုလိုတဲ့ ရုပ် ၂၈-ပါးမှာပါတဲ့ပထဝီဓာတ်ဟာ ဘာလဲဆိုရင် ခက်မာတယ်လို့ စာမှာသုံးတယ်၊ မာတဲ့သဘော, ပျော့တဲ့သဘော, ကြမ်းတမ်းတဲ့ သဘော, နူးညံ့တဲ့သဘော၊ အဲဒါကို ပထဝီဓာတ်လို့ခေါ်တယ်။

ဒါကြောင့်မို့ ရေမှာကော ပထဝီဓာတ်မရှိဘူးလား, ရှိတာပဲ၊ မီးမှာကော ပထဝီဓာတ် မရှိဘူးလား, ရှိတာပဲ၊ လေမှာကော ပထဝီဓာတ် မရှိဘူးလား, ရှိတာပဲ။ ဒီဓာတ်ကြီး ၄-ပါးဟာ နေရာတကာတိုင်းမှာရှိတယ်၊ အဲဒီလို နက်နဲသွားတယ်။ အမှန်က မြေကြီးကို ပထဝီဓာတ်ခေါ်တာ မဟုတ်ဘူး၊ မြေကြီးမှာရှိတဲ့ သဘောတရား, ခက်မာမှု၊ နူးညံ့မှုကို ပထဝီလို့ခေါ်တာ။

အာပေါဓာတ်တဲ့၊ ရေကို အာပေါလို့ခေါ်တယ်၊ ဒါပေမယ့် အာပေါဓာတ်ဆိုတာ ရေလား၊ not necessarily ရေမဟုတ်ဘူး၊ ဘာလဲဆိုရင် ရေမှာရှိတဲ့ သဘောတရား၊ ယိုစီးတတ်တဲ့သဘောတရား၊ ထွက်စီးတတ်တဲ့သဘောတရား။

ဂျုံမှုန့်မှာ ရေထည့်လိုက်တယ်၊ ဂျုံမှုန့်လေးတွေတစ်ခုနဲ့တစ်ခု ဖွဲ့စည်းသွားတယ်၊ ဘာဖြစ်သွားလဲ၊ ဂျုံမှုန့်ထဲရေထည့်နယ်လိုက်ရင် အင်္ဂလိပ်လို fluidity လို့လည်း ပြန်တယ်၊ cohesiveness လို့လည်းပြန်တယ်။

ကောင်းပြီ, အာပေါဓာတ်ဟာမြေကြီးထဲမှာကော မရှိနိုင်ဘူးလား၊ သစ်သား ထဲမှာကော မရှိနိုင်ဘူးလား၊ ရှိတာပေါ့၊ အာပေါဓာတ်ရှိလို့သာ တစ်ခုနဲ့တစ်ခု တွယ်ကပ်နေတာ၊ အာပေါဓာတ် လုံးဝမရှိဘူးဆိုရင် ကွာသွားတော့မှာပဲ။

တေဇောဓာတ်တဲ့၊ တေဇောဆိုတာ အရှိန်အဟုန်လို့လည်း ဆိုတယ်၊ မီးလို့လည်း ဆိုတယ်ပေါ့၊ အမှန်က ဒီမှာတော့ ပူမှုအေးမှုကို ပြောတာ၊ အေးတာလည်းတေဇောပဲ နော်၊ များသောအားဖြင့် ထင်နေကြတာက ပူတာကိုပဲတေဇောလို့ထင်နေတယ်၊

[စာမျက်နှာ-8] တကယ်တော့ အပူနဲ့အအေးဆိုတာလည်း relatively ပဲ မဟုတ်လား၊ ၇၀ ဒီဂရီ သမားက ၈၀ ဒီဂရီကို ပူတယ် ပြောမယ်၊ ၉၀ ဒီဂရီသမားက ၈၀ ဒီဂရီကို အေးတယ်ပြောမယ်၊ အဲသလိုပေါ့၊ ဒီနေ့နည်းနည်းအိုက်တယ်၊ ကိုယ်က ၇၀ ဒီဂရီ ၆၀ ဒီဂရီ နေနေကျ ဖြစ်တော့ ၈၀ ဒီဂရီဆိုရင် ပူလာပြီ၊ မြန်မာပြည်က လူတွေ ၈၀ ဒီဂရီဆိုရင် ဘာမှ မဖြစ်ဘူး၊ ဒါကြောင့်မို့ တေဇောဆိုတာ temperature ကိုဆိုလိုတယ်။ အဲဒီတေဇော သဘောဟာလည်း အရာဝတ္ထုတိုင်းမှာရှိတယ်။

ဝါယောဆိုတာက လေဓာတ်, လေမှာဘယ်လိုသတ္တိရှိသလဲ, ဘယ်လိုလက္ခဏာ ရှိသလဲဆိုတော့ တွန်းကန်တတ်တဲ့ လက္ခဏာ, ထောက်ထားတတ်တဲ့ သဘောရှိတယ်။ ဘောလုံးထဲလေထိုးထည့်ထားတော့ လေကတွန်းကန်ထားလို့ ဘောလုံးက ပြန်ပိန်မသွားတာ။

ထို့အတူပဲ လေဆိုတဲ့ ဝါယောဓာတ်က ထောက်ပံ့ထားတဲ့အတွက်ကြောင့်မို့ သတ္တဝါတွေ ထိုင်နေနိုင်တယ်၊ မားမားမတ်မတ် နေနိုင်တာ၊ လေလုံးဝမရှိရင်လည်း သွားမယ် ပေါ့လေ၊ ဒါကြောင့်မို့ “ထောက်ကန်တတ်တဲ့ သဘောတရားမျိုးကို ဝါယောဓာတ်လို့ခေါ်တာ။

အဲဒီဝါယောဓာတ်ဟာ နေရာတကာတိုင်းမှာရှိတာပဲ၊ မြေကြီးထဲမှာလည်း ရှိတာပဲ၊ သစ်သားထဲမှာလဲ ရှိတာပဲ၊ သံထဲမှာလည်း ရှိတာပဲ။

အဲသလို အခြေခံကျတဲ့ဓာတ်တွေကို မဟာဘုတ်လို့ခေါ်တယ်၊ မဟာဘုတ် ၄-ပါးလို့ ခေါ်ရင်လည်း ဟုတ်တယ်၊ ဓာတ်ကြီး ၄-ပါးလို့ပြောရင်လည်းဟုတ်တယ်၊ ဒါက ရုပ်ဝတ္ထုအားလုံးရဲ့ အခြေခံကျတဲ့ သဘောတရား ၄-ခု။

ဒါကြောင့်မို့ ရုပ်, ရုပ်လို့ခေါ်ပေမယ့် အမှန်က သဘောတရားကိုခေါ်တာ၊ substance ရှိတာမဟုတ်ဘူး၊ အမှန်ကတော့ natural science မှာလို တကယ် လိုက်လိုက်တော့ ဘာမှရှာမတွေ့တော့ဘူး၊ electrical charge ထဲ energy ထဲမှာ မတွေ့တော့ဘူး။

အဲသလိုပဲ၊ ရုပ်ဆိုတာလည်း ဘုရားဟော အဘိဓမ္မာသဘောတရားအရ အကောင် အထည်ရှိတယ် မဆိုလိုဘူး၊ သဘောတရားကိုပဲ ရုပ်လို့ခေါ်တာ၊ ဒါကြောင့်မို ပထဝီဓာတ်လို့ဆိုရင် ပထဝီရဲ့ သဘောတရား၊ မြေကြီးမှာရှိတဲ့ သဘောတရား characteristics တွေပါတယ်၊ ခုနပြောတဲ့ခက်မာမှု၊ နူးညံ့မှု အဲဒါဆိုတာမျိုးပေါ့။ ဒါကြောင့်မို့ သဘောတရားထိအောင်သွားရမယ်၊ ရုပ်ကြမ်းကြီးမှာတင် ဦးဇင်းတို့က ရပ်မနေရဘူး၊ ဒါပဲ၊ ဒါမဟာဘုတ် ၄-ပါးတဲ့။

[စာမျက်နှာ-9] အဲဒီ မဟာဘုတ် ၄-ပါးကို အမှီပြုပြီးတော့ ကြွင်းတဲ့ဥပါဒါရုပ် ၂၄-ပါး ဖြစ်ပေါ်တယ်၊ စိတ်နဲ့ စေတသိက်လိုပေါ့၊ စိတ်မဖြစ်ဘဲနဲ့ စေတသိက် မဖြစ်ပေါ်နိုင်ဘူး၊ စိတ်က ရှေ့သွားခေါင်းဆောင်၊ ဒါကြောင့် စိတ်၌ဖြစ်တတ်သောတရားလို့ ဒီလိုစေတသိက်ကို define လုပ်တယ်။

ထို့အတူပဲ, ဒီမှာလည်း မဟာဘုတ်တွေက ဥပါဒါရုပ်တွေကို produce လုပ်တာတော့ မဟုတ်ဘူး၊ သို့သော် မဟာဘုတ်ရှိမှ ဥပါဒါရုပ်ဖြစ်နိုင်တယ်။ အမှီသဘောမျိုးပေါ့၊ အိမ်ရှိမှ လူနေနိုင်တာမျိုးလိုပေါ့၊ ယဉ်ရှိမှ အဲဒီပေါ်လူက တက်ပြီးသွားလို့ရသလိုမျိုးပေါ့၊ ဒါကြောင့်မို့ သူတို့ကို ဥပါဒါရုပ်လို့ ခေါ်တယ်။ အင်္ဂလိပ်လို ပြန်တဲ့နေရာမှာ derivative material လို့ပြန်တယ်၊ အဲဒါကို ဦးဇင်းတော့ မကြိုက်ဘူး။

derivative ဆိုတော့ မဟာဘုတ်တွေက လုပ်လိုက်လို့ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်၊ ဒါကြောင့်မို့ ဦးဇင်းတော့ dependent material ဆိုတာမျိုးကြိုက်တယ်။ များသောအားဖြင့် derivative လို့ ပြန်နေတယ်။

အမှန်က မဟာဘုတ် ၄-ပါးက ဆင်းသက်လာတာမဟုတ်ဘူး၊ မဟာဘုတ် ၄-ပါးက ပြောင်းပြီးဖြစ်လာတာမဟုတ်ဘူး၊ သူတို့က သီးခြားရုပ်တွေ၊ စိတ်နဲ့ စေတသိက်လိုပဲ၊ သို့သော် သူတို့က မဟာဘုတ်ရှိမှ မဟာဘုတ်ကို အမှီပြုပြီးဖြစ်တာ။

ကောင်းပြီ၊ အဲဒီဥပါဒါရုပ် ၂၄-ပါးမှာ ပထမဆုံးဘာတဲ့တုန်း၊ ပသာဒရုပ် ၅-ပါးတဲ့၊ ပသာဒရုပ် ၅-ပါးက (၁) စက္ခုပသာဒ (၂) သောတပသာဒ (၃) ဃာနပသာဒ (၄) ဇိဝှါပသာဒ (၅) ကာယပသာဒတဲ့။

ဒီနေရာမှာ ပသာဒဆိုတာဘာလဲ၊ ပါဠိကိုတိုက်ရိုက်ပြန်လိုက်ရင်ပသာဒဆိုတာ ကြည်လင်တာကိုခေါ်တာ၊ ဒါကြောင့်မို့ စက္ခုပသာဒဆိုရင် မျက်စိအကြည်တဲ့၊ သောတပသာဒနားအကြည်, ဃာနပသာဒ, နှာခေါင်းအကြည်, ဇိဝှါပသာဒ လျှာအကြည်, ကာယပသာဒ, ကိုယ်အကြည်တဲ့။

အဲဒီအကြည်ဓာတ် (စက္ခုပသာဒ) ဘယ်နေရာမှာရှိသလဲ၊ မျက်လုံးထဲမှာရှိတာတော့ သေချာတာပေါ့၊ မျက်လုံးကြီးတစ်ခုလုံးကို စက္ခုပသာဒလို့ခေါ်တာ မဟုတ်ဘူး၊ စာမှာလာတဲ့အတိုင်း ပြောရမယ်ဆိုရင် ဒီမျက်လုံးထဲမှာ မျက်နက်ဝန်း ရှိတယ်၊ အဲဒီမျက်နက်ဝန်း အလည်လောက်မှာ ရုပ်တစ်မျိုးရှိတယ်၊ ရူပါရုံတွေဘာတွေ ထင်တဲ့ရုပ်ပေါ့၊ အဲဒီနေရာမှာရှိတဲ့ရုပ်တွေကို စက္ခုပသာဒလို့ခေါ်တယ်၊ ဒါကြောင့်မို့ မျက်လုံးတစ်လုံးလုံးကို စက္ခုပသာဒခေါ်တာမဟုတ်ဘူး၊ material မျက်လုံးတစ်လုံး

[စာမျက်နှာ-10] လုံးကိုကျတော့ မံသစက္ခု, သသမ္ဘာရစက္ခုလို့ ခေါ်တယ်၊ အခုဟာက ပသာဒစက္ခု၊ အခု ခေတ်နည်းနဲ့ ပြောမယ်ဆိုရင်တော့ retina ဖြစ်လိမ့်မယ်၊ retina မှာ သွားပြီး image ထင်တာ။

သောတပသာဒ, ထို့အတူပဲ, နားထဲမှာရှိတဲ့ နားအကြည်ဓာတ်လေး inner ear အဲဒီသာမန်ဆိုရင်တော့ လက်စွပ်ကလေးနဲ့တူတယ်ဆိုတာဟုတ်မယ်၊ နားထဲမှာ အခွေလေးရှိတယ်၊ အဲဒီရှိတဲ့ အကြည်ဓာတ်ကို အသံလှိုင်းရိုက်တဲ့နေရာဆိုကြပါစို့၊ အသံလှိုင်း receive လုပ်တဲ့နေရာကို သောတပသာဒလို့ခေါ်တယ်၊ နားရွက်ကြီးကို သောတပသာဒခေါ်တာ မဟုတ်ဘူး။

ဃာနပသာဒဆိုတာ နှာခေါင်း၊ ဒါလည်းပဲ အနံ့ကိုသိတဲ့နေရာ၊ နှာခေါင်းထဲမှာ ရှိတဲ့ အကြည်ဓာတ်ပေါ့၊ ကျမ်းဂန်ထဲတွေမှာတော့ ဆိတ်ခွာသဏ္ဌာန်ရှိတယ်လို့ဆိုတယ်။ ဘာလို့လဲဆိုတော့ နှာခေါင်းကနှစ်ပေါက်ကိုး၊ အနံ့နဲ့ထိတွေ့တဲ့အခါမှာ နံတဲ့စိတ် ဖြစ်ပေါ်စေနိုင်တယ်၊ အဲဒီနေရာကို ဃာနပသာဒလို့ခေါ်တယ်။

ဇိဝှါပသာဒဆိုတာကတော့ taste buds တွေပေါ့၊ လျှာမှာရှိတယ်၊ လျှာမှာရှိတဲ့ အရသာသိတဲ့ အကြည်ဓာတ်ပဲ၊ အခုခေတ်လူတွေကတော့ ခွဲလိုက်သေးတယ်နော်၊ ငန်တဲ့အရသာကို သိတဲ့နေရာက ဘယ်နားမှာရှိတယ်၊ ချိုတဲ့အရသာသိတဲ့ နေရာက ဘယ်နားမှာရှိတယ်နဲ့ လျှာတစ်ခုလုံးကို သူတို့က ခွဲတယ်၊ လျှာကြီးတစ်ခုလုံးကို ဇိဝှါပသာဒလို့ ခေါ်တာမဟုတ်ဘူး။

ကောင်းပြီ, ကာယပသာဒတဲ့၊ ကာယပသာဒကျတော့ ဘယ်မှာရှိသလဲ။ ကိုယ်အကြည်ဓာတ်ဟာ တစ်ကိုယ်လုံးမှာတည်တယ်၊ ခုန စက္ခုပသာဒက မျက်လုံး ထဲမှာတည်တယ်၊ သောတပသာဒက နားထဲမှာတည်တယ်၊ ဃာနပသာဒက နှာခေါင်းထဲမှာ တည်တယ်၊ ဇိဝှါပသာဒက လျှာထဲမှာတည်တယ်၊ ကာယပသာဒကျတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျံ့နှံ့ပြီးတော့တည်တယ်။

အဲဒီတော့ ကာယပသာဒမရှိတဲ့ နေရာမျိုးက လက်သည်းပေါ့၊ ရှည်သွားတဲ့ ဆံပင်၊ အသားမာတို့မှာ ကာယပသာဒမရှိဘူး၊ ဒါကြောင့်အသားမာကို ဓားနဲ့လှီးရင် မနာတော့တာပေါ့၊ ဖောဋ္ဌဗ္ဗမရှိတာပေါ့၊ ဒါကြောင့် ကာယပသာဒက တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီးတော့တည်တယ်၊ ဒီလိုမှတ်ရမယ်၊ ဒါက အကြည်ဓာတ်ငါးပါး၊ အဲဒီ အကြည်ဓာတ် ၅-ပါးကို ပသာဒရုပ် ၅-ပါးလို့ ခေါ်တယ်။

ဒီပသာဒရုပ် ၅-ပါးကို နောက်တုန်းကတွေ့ခဲ့ဖူးပြီ၊ ပကိဏ်းပိုင်းတုန်းကလေ, စက္ခုဒွါရဆိုတာဘာလဲ, စက္ခုပသာဒပဲ၊ စက္ခုဝတ္ထုဆိုတာဘာလဲ, စက္ခုပသာဒပဲ။

[စာမျက်နှာ-11] ဒါကြောင့်မို့ လုံးဝမကြားဖူးတာမဟုတ်ဘူး၊ နောက်က တွေ့ခဲ့ပြီးသား။
အဲဒီစက္ခုပသာဒကိုပဲ စက္ခုဝိညာဏ်စတဲ့ စိတ်တွေဝင်ရာ ထွက်ရာဖြစ်လို့ သူ့ကို ဒွါရလို့ခေါ်တယ်၊ တစ်နည်းအားဖြင့် စိတ်တွေရဲ့ တည်ရာဖြစ်လို့ သူ့ကို အမှီပြုပြီး ဒီစိတ်တွေပေါ်တဲ့အတွက်ကြောင့်မို့ ဝတ္ထုလို့ခေါ်တယ်၊ စက္ခုဒွါရ စက္ခုဝတ္ထုဆိုတာ စက္ခုပသာဒကိုပဲခေါ်တာ၊ ထို့အတူပဲ သောတပသာဒ စသည်တို့ကိုသိ။

ကောင်းပြီ၊ သတိထားနော်၊ စက္ခုပသာဒ, သောတပသာဒ, ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒဆိုပြီး ပသာဒရုပ် ၅-မျိုးရှိတယ်၊ ဘာကြောင့်သတိထားလို့ ပြောရတာလဲဆိုတော့ တစ်နေ့ကတော့ ဦးဇင်းတပည့်မ Sarah က စာအုပ်လေး ကပ်တယ်၊ တော်တော်လေး attractive ဖြစ်တဲ့ စာအုပ်ပါပဲ၊ ဒီမှာရိုက်တာတော့ မဟုတ်ဘူး၊ စင်္ကာပူမှာရိုက်တာထင်တယ်၊ ဒီတိုင်းပြည်မှာရောင်းတယ်၊ အဲဒါနဲ့ သူက အဲဒီစာအုပ်လေး ဝယ်လာပြီး အရှင်ဘုရား စိတ်ဝင်စားလိမ့်မယ်ထင်လို့တဲ့ ကပ်တယ်၊ အဲဒါနဲ့ စာအုပ်ကလေးက အမြင်လှတော့ ဖတ်လိုက်တော့ စိတ်ပျက်သွားတယ်။

စာအုပ်က ဟဒယဝတ္ထုကို ပသာဒရေးလိုရေး၊ ဟဒယဝတ္ထုနဲ့ မနာယတနကို အတူတူလို့ထင်ပြီး မဟုတ်တာတွေ လျှောက်ရေးထားတယ်။ ပသာဒရုပ် ၆-ပါးမရှိဘူးနော်၊ ၅-ပါးပဲ၊ ရုပ်အနေနဲ့ ပသာဒရုပ် ၅-ပါးပဲ ရှိတယ်၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ။

ပသာဒရုပ် ၅-ပါးပြီးတဲ့နောက် ဝိသယရုပ် ၇-ပါး၊ ဝိသယက အာရုံကို ခေါ်တာ၊ ဝိသယတဲ့ အာရမ္မဏတဲ့ ဂေါစရတဲ့ ပါဠိမှာသုံးတာ၊ အတူတူပဲ၊ အာရုံကို ခေါ်တာချည်းပဲ။

အာရုံဖြစ်တဲ့ရုပ် (အာရုံဆိုတာ မျက်စိရဲ့ အာရုံ၊ နားရဲ့ အာရုံ စသည်ဖြင့် ပေါ့လေ) ၇-ပါးရှိတယ်၊ ပထမရူပါရုံ, ဒုတိယသဒ္ဒါရုံ, တတိယက ဂန္ဓာရုံ, စတုတ္ထက ရသာရုံ၊ ပဉ္စမက ဆဋ္ဌမ၊ သတ္တမ ဖောဋ္ဌဗ္ဗာရုံ။

ကောင်းပြီ၊ ရူပါရုံဆိုတာ ဘာတုန်း၊ မြင်ရတာကို ရူပါရုံလို့ခေါ်တယ်။ မြင်နိုင်တဲ့ရုပ်ကို ရူပါရုံလို့ခေါ်တယ်၊ တော်ကြာကျတော့ လာလိမ့်မယ်၊ ဒီရုပ် ၂၈-ပါးထဲမှာ မြင်နိုင်တာ ဒီတစ်ခုပဲရှိတယ်၊ စက္ခုပသာဒကို မမြင်နိုင်ဘူး၊ ပထဝီဓာတ်ကို မမြင်နိုင်ဘူး၊ မြင်တာက မြေကြီးပဲ၊ မြေကြီးမှာဖြစ်တဲ့ ရူပါရုံကို မြင်တာ၊ ဒါကြောင့်မို့ မြင်နိုင်တဲ့ရုပ် (စာစကားနဲ့ ပြောတော့) မြင်အပ်တဲ့ရုပ်ကို ရူပါရုံ၊ ကြားအပ်တဲ့ရုပ်ကို သဒ္ဒါရုံ၊ နံအပ်တဲ့ရုပ်ကို ဂန္ဓာရုံ၊ အရသာသိတဲ့ရုပ်ကို ရသာရုံ။

[စာမျက်နှာ-12] ဖောဋ္ဌဗ္ဗာရုံဆိုတာက အတွေ့အထိကို ဆိုလိုတာ၊ အဲဒီ ဖောဋ္ဌဗ္ဗာရုံဆိုတာ အမှန်ကတော့ သီးခြားမဟုတ်ဘူးတဲ့၊ နံပတ်ဂဏန်းထိုးပြီး သီးခြားတွက်ဖို့ရာ မလွယ်ဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ ပထဝီ, တေဇော, ဝါယော, ဒီ ၃-မျိုးပေါင်းတာကို ဖောဋ္ဌဗ္ဗာရုံလို့ခေါ်တာ။

ဘာကြောင့်လဲဆိုတော့ အဘိဓမ္မာသဘောတရားအရ အာပေါဓာတ်ကို တွေ့ထိလို့မရဘူး၊ ရေကိုလက်နဲ့နှိုက်လိုက်လို့ အေးတာက တေဇောသွားတွေ့တာ၊ အာပေါရဲ့ ဖွဲ့စည်းမှုကို ထိလို့တွေ့လို့ မရဘူးလို့ ဒီလိုယူဆထားတယ်၊ ဒါကြောင့်မို့ ပထဝီ, တေဇော, ဝါယော, ဒီ ၃-မျိုးပေါင်းကို ဖောဋ္ဌဗ္ဗာရုံလို့ခေါ်တယ်။

အဲဒီတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ သီးခြားရှိတယ်လို့ မဆိုနိုင်ဘူး၊ မဟာဘုတ် ၃-ပါး အပေါင်းပဲ။ ဒါကြောင့်မို့ အဲဒီမဟာဘုတ် ၃-ပါး အပေါင်းသည်ပင်လျှင် ဖောဋ္ဌဗ္ဗာရုံဖြစ်တဲ့အတွက်ကြောင့် ဝိသယရုပ် ၇-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ၊ ၄-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ၊ ၅-ပါးလို့ ပြောရင်လည်းဟုတ်တယ်၊ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ အဲဒါတော်တော်ကြာကျတော့ သတိမေ့ပြီး ပေါင်းတာ နှုတ်တာတွေမှာ လွဲကုန်တယ်၊ ဒါထည့်ပေါင်းပြီး သင်္ချာက မကိုက်ဘူး၊ မနုတ်မိလို့ သင်္ချာမကိုက်ဘူး စသည်ဖြင့် အလွန်သတိထားရမယ်၊ ဖောဋ္ဌဗ္ဗာရုံပါလာရင် သတိထားရမယ်။

ရူပါရုံဆိုတာ မြင်နိုင်တာ၊ သဒ္ဒါရုံဆိုတာ ကြားနိုင်တာ၊ ဂန္ဓာရုံဆိုတာ နံနိုင်တာ၊ ရသာရုံ, အရသာခံနိုင်တာ၊ ဖောဋ္ဌဗ္ဗာရုံ တွေ့ထိနိုင်တာ၊ The corresponding five pasada ပသာဒ ၅-ခုနဲ့ နှပ်လိုက်ရင် ရူပါရုံက ဘယ်သူ့အတွက်တုန်း၊ စက္ခုပသာဒအတွက်၊ သဒ္ဒါရုံက သောတပသာဒအတွက်၊ ဂန္ဓာရုံက ဃာနပသာဒအတွက်၊ ရသာရုံက ဇိဝှါပသာဒအတွက်၊ ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒအတွက်။

အခုလက်ထဲမှာ ခဲတံကိုင်ထားတယ်၊ အဲဒါအတွေ့အထိရှိတယ်၊ အဲဒီအတွေ့အထိက ကာယပသာဒနဲ့ တိုက်ဆိုင်တယ်၊ အဲသလို တိုက်ဆိုင်တွေ့ထိမှုကိုသိတဲ့ ကာယဝိညာဏ်စိတ်ဖြစ်တယ်။ အဲဒီတော့ ဒီနေရာမှာ ပြောဖို့ကောင်းတာတွေရှိတယ်၊ ဒါပေမယ်လို့ ဘေးထွက်သွားသလိုဖြစ်မယ်။ စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဏ် ဒီ ၃-ခုရှိတယ်၊ စက္ခုပသာဒနဲ့ ရူပါရုံ...

[စာမျက်နှာ-13] တွေ့တာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ်ပေါ်တယ်၊ နဂိုတုန်းက စက္ခုဝိညာဏ် ဘယ်မှာ နေသလဲ ဘယ်သူမှမသိဘူး၊ ဘယ်နားသိမ်းထားလဲ မသိဘူး၊ သို့သော် ဒီနှစ်ခုလာပြီး တိုက်ဆိုင်လာတာနဲ့တပြိုင်နက် စက္ခုဝိညာဏ်ပေါ်လာတယ်၊ အဲသလိုပဲ ဒီ ၃-ခုပေါင်းလိုက်ရော၊ ဖဿဆိုတာတစ်ခါပေါ်လာတယ်၊ နောက်တော့ ဝေဒနာ, သညာဆိုတာတွေပါ တစ်ခါထဲပေါ်တာပေါ့။

အဲဒီလို ဗုဒ္ဓအဘိဓမ္မာမှာက စိတ်ဟာ စက္ခုဝတ္ထုကို အမှီပြုပြီး ဖြစ်တာတော့ မှန်တယ်၊ သို့သော် စက္ခုဝတ္ထုပေါ်မှာ သွားနေတာမဟုတ်ဘူး၊ ကိန်းအောင်းနေတာ မဟုတ်ဘူး၊ ဘယ်မှာနေတယ် ဘယ်မှာကိန်းအောင်းတယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး၊ သို့သော် အကြောင်းတိုက်ဆိုင်လာတဲ့အခါကျတော့ ထပြီးပေါ်တာပဲ။

ကျမ်းဂန်မှာ ဥပမာပေးတာကတော့ အခုခေတ်နဲ့ ပြောရရင် မှန်ဘီလူးပေါ့၊ နေရောင်ရယ်၊ မှန်ဘီလူးရယ်၊ လောင်စာရယ်၊ ဒီ ၃-ခုဆုံလိုက်တဲ့အခါကျတော့ မီးထတောက်တာပဲ၊ အဲဒီမီးကို ဘယ်မှာသိမ်းထားလဲ၊ မှန်ထဲမှာရှိလား၊ လောင်စာထဲမှာရှိလား၊ နေထဲမှာရှိလား၊ ဘယ်မှာရှိတယ်လို့ မပြောနိုင်ဘူး၊ ဒီ ၃-ခုဆုံရင် မီးထတောက်တယ်။

အဲဒါမျိုးလိုပဲ၊ ဒီမှာလဲ စက္ခုပသာဒနဲ့ ရူပါရုံနဲ့ တွေ့လိုက်တဲ့အခါမှာ စက္ခုဝိညာဏ်ဆိုတာဖြစ်တာပဲ၊ ဒါကြောင့်မို့ ရူပါရုံကို အာရုံပြုပြီးတော့ စက္ခုပသာဒကို မှီပြီးတော့ စက္ခုဝိညာဏ်ဖြစ်တာ၊ ဝီထိတွေမှာဆိုရင် အမှီက တစ်မျိုး၊ အာရုံကတစ်မျိုး မဟုတ်ဘူးလား၊ စက္ခုဝိညာဏဝီထိဆိုရင် မှီတာက စက္ခုပသာဒနဲ့ တခြားစိတ်တွေက ဟဒယဝတ္ထုမှီတယ်၊ အာရုံက ရူပါရုံ၊ အဲသလို သွားတယ်။

ဒါကြောင့်မို့ ဝိသယရုပ်, ဂေါစရရုပ်လို့လည်းခေါ်တယ်၊ ဝိသယရုပ်နဲ့ ဂေါစရရုပ် လို့ခေါ်တာအတူတူပဲ၊ အဲဒါလည်းမှတ်ထားဦး၊ တော်ကြာကျတော့ နှစ်ခုမတူဘူး ထင်နေဦးမယ်။

ကိုင်း၊ ဝိသယရုပ် ၇-ပါး၊ သို့မဟုတ် ၄-ပါး၊ ၅-ပါး ပြီးသွားပြီ၊ အဲဒီ ဝိသယရုပ် ပြီးတဲ့နောက်ကျတော့ ဘာဝရုပ် ၂-ပါးတဲ့၊ ဘာဝရုပ်ဆိုတာ sex ကို ပြောတာ၊ ဣတ္ထိဘာဝရုပ်ဆိုတာ မိန်းမသဘော၊ ပုမ္ဘာဝရုပ်ဆိုတာ ယောက်ျားလိင်သဘော။ ဒီရုပ်ကို အကြောင်းပြုပြီးတော့ ဒီပုဂ္ဂိုလ်ကို မိန်းမလို့သိတာ၊ ဒီရုပ်ကို အကြောင်းပြုပြီးတော့ ဒီပုဂ္ဂိုလ်ကို ယောက်ျားလို့ သိတာ၊ အဲဒီရုပ်မျိုးကို ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်လို့ခေါ်တယ်၊ not necessarily the sex organs.

[စာမျက်နှာ-14] ဒါကြောင့်မို့ ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်ဟာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီးတော့ တည်တယ်၊ လူကို မျက်နှာမမြင်ရပေမယ်လို့ (ဆိုပါတော့) ပြန်ကြည့်တဲ့အခါမှာ လူကိုမြင်ရမယ်ဆိုရင် မိန်းမယောက်ျားမသိပေမယ်လို့ မြင်လိုက်တာနဲ့ သွားတာ လာတာ ကြည့်လိုက်တာနဲ့ ဒီဟာမိန်းမပဲ၊ ဒီဟာယောက်ျားပဲ သိနိုင်တယ်၊ အဲဒီ သိနိုင်တဲ့ဟာမျိုးကို ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်လို့ခေါ်တယ်။

မိန်းမမှာ မိန်းမအလိုက် အသွင်သန္တာန်က ယောက်ျားနဲ့မတူဘူး၊ လက်ခြေက အစပေါ့၊ ယောက်ျားက တောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာ ကြမ်းကြမ်းတမ်းတမ်း ရှိတယ်၊ မိန်းမကျတော့ နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်းရှိတယ်၊ ဒါမျိုးတွေပေါ့။ ပြီးတော့ပြုံးတာရယ်တာကစပြီး ယောက်ျားနဲ့မိန်းမ မတူဘူး၊ ကလေးဘဝမှာလည်း ကစားတာချင်းမတူဘူး (အခုခေတ်တော့ တူချင်တူနေမှာ) မိန်းကလေးတွေက အိုးပုတ်ချိုးရုပ်နဲ့ ကစားတယ်၊ ယောက်ျားလေးတွေက ပြေးလွှားခုန်ပေါက်ကစားတယ်၊ သွားတာလာတာလည်းပဲ မတူဘူး၊ ယောက်ျားလေးသွားတာက တစ်မျိုး၊ မိန်းကလေးသွားတာကတစ်မျိုးပေါ့လေ၊ ဒါဟာ ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်က ဖြစ်လာတဲ့အခြင်းအရာမတူမှုလေးတွေပေါ့လေ၊ အဲဒါတွေရဲ့ မှီရာဖြစ်တဲ့ရုပ်ကို ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်လို့ခေါ်တယ်။

အဲဒီဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်ဟာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီးတည်တယ်။ လိင်အင်္ဂါမှာသာ တည်သည်မဟုတ်၊ အဲဒါက ဘာဝရုပ် ၂-ပါး။

နံပတ် ၁၆၊ ဟဒယရုပ်တဲ့၊ သူက သီးခြားတစ်ခုထဲ မဟုတ်ဘူး၊ ခုနလို common နာမည်မရှိတော့ဘူး၊ ဟဒယရုပ်ဟာ ဟဒယရုပ်ပဲ၊ ဟဒယဝတ္ထုလို့ ခေါ်တယ်။ ဓမ္မသင်္ဂဏီပါဠိတော်မှာ ရုပ်ပိုင်းရှိတယ်၊ အဲဒီရုပ်ပိုင်းမှာ ဟဒယဝတ္ထုမပါဘူး၊ အကြောင်းပြတာတွေတော့ရှိတယ်၊ ဒါတွေက ပါဠိနားလည်မှ ပါဠိတော်စာအုပ်လည်း ကြည့်ပြီး ပြောမှကောင်းတယ်။

ဆိုလိုတာက မြတ်စွာဘုရားက အစုံအစုံလုပ်၊ လုပ်ပြီး ဟောသွားတဲ့အခါကျတော့ သူက အဲဒီအစုံထဲမှာ ဘယ်ထဲမှ ဝင်မရဖြစ်နေတယ်၊ အဲဒီတော့ ဒါကို ချန်ထားခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရဲ့ ရည်ရွယ်ချက်က သတ္တဝါတွေ ဒီတရားကို နာပြီးတော့ အကျွတ်တရားရစေချင်တယ်၊ ဒါကြောင့်မို့ အဲဒီလို ဟဒယဝတ္ထုကို ထည့်ဟောလိုက်ရင် အစုံက အစဉ်ပျက်သွားမယ်၊ ဟောလာတဲ့ course ဟာ ပျက်သွားမယ်၊ အဲဒါကြောင့် ချန်ထားခဲ့တယ်။

[စာမျက်နှာ-15] ဓမ္မသင်္ဂဏီပါဠိတော်မှာ ဟဒယဝတ္ထုကို မဟောဘူး၊ သေချာတယ်။ ဒါဖြင့် ဘယ်မှာဟောသလဲဆိုတော့ ပဋ္ဌာန်းပါဠိတော်ကျတော့ ဟောထားတာ ရှိတယ်၊ သို့သော် ဟဒယဝတ္ထုဆိုတဲ့ နာမည်ကို ထည့်ပြီးမြတ်စွာဘုရားကမဟောဘူး၊ နာမရူပနိဿယ အကြင်ရုပ်ကို အမှီပြု၍ မနောဓာတ်တွေ မနောဝိညာဏဓာတ်တွေ ဖြစ်တယ်၊ ထိုရုပ်ကထိုဓာတ်တို့အား နိဿယဓာတ်ပင်ဖြစ်ပေ၏ စသည်ဖြင့် ဒီလို ဟောသွားတယ်။

အဲဒီတော့ ပဋ္ဌာန်းမှာတောင်မှ မြတ်စွာဘုရားက ဟဒယဝတ္ထုဆိုတဲ့ နာမည်နဲ့ မဟောဘဲနဲ့ a certain material အကြင်ရုပ်တစ်ခုကို အမှီပြုပြီးတော့ မနောဓာတ်, မနောဝိညာဏဓာတ်ဖြစ်တယ်၊ ထိုရုပ်က မနောဓာတ်, မနောဝိညာဏဓာတ်တို့ကို နိဿယအားဖြင့် ကျေးဇူးပြုတယ် စသည်ဖြင့် ဒီလို ဟောသွားတယ်။

ဒီလိုဟောသွားတော့ အဋ္ဌကထာဆရာများက ဘယ်လိုအကြောင်းပြပြီး ယူဆသလဲဆိုတော့ ဒါဟာ ဟဒယဝတ္ထုကိုပဲ မြတ်စွာဘုရားက ဟောတော်မူတာ၊ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ တခြားရုပ်တွေ မဖြစ်နိုင်ဘူး၊ ဒီရုပ်သာဖြစ်နိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟဒယဝတ္ထုကိုသာ ဆိုလိုတယ်လို့ ဆိုပြီးတော့ အဲဒီလို အကြောင်းပြပြီး အဋ္ဌကထာတွေက ဟဒယဝတ္ထုကိုပဲကောက် (indirect) ချက်ချတယ်၊ တိုက်ရိုက်ကတော့ ဟဒယဝတ္ထုပဲလို့ ဟောထားတာ မရှိဘူး၊ ခုနပြောတဲ့ အများဆိုင် စကားလုံးဖြစ်တဲ့ “အကြင်ရုပ်တစ်ခုကိုအမှီပြု၍” ဒီလိုသာ ဟောသွားတယ်။

ဒါကြောင့်မို့ အဲဒီခေတ်က ဟဒယဝတ္ထုမှာ စိတ်မှီတယ်ဆိုတာက အများက လက်ခံထားတဲ့ သဘောရှိတယ်၊ အဲဒါကြောင့်မို့ အဋ္ဌကထာဆရာများကလည်း တခြားစိတ်တွေ စက္ခုဝိညာဏ်, သောတဝိညာဏ်ကလွဲတဲ့ တခြားစိတ်တွေဟာ ဟဒယကို မှီတယ်၊ အရင်တုန်းက ဦးဇင်းတို့လည်း ဟဒယကိုမှီတယ် မမှီဘူးပြောခဲ့ပြီ မဟုတ်လား၊ အဲဒါကြောင့် ဟဒယဝတ္ထု (ဝါ) နှလုံးထဲမှာရှိတဲ့ဟာကိုပဲ ဟဒယဝတ္ထုလို့ ယူဆကြတယ်၊ အဲဒီအများအယူအဆအတိုင်းပဲ အစဉ်အလာယူဆလာကြတယ်။

အခုခေတ်မှာ စိတ်ဟာ ဦးနှောက်မှာတည်တယ်၊ ဦးနှောက်ကိုမှီတယ်ဆိုပြီး ပြောလာကြတဲ့အခါကျတော့ လူတွေက အဲသလိုပေါ့လေ၊ ဘုရားက ဟဒယဝတ္ထုလို့ အတိအကျဟောခဲ့တာ မဟုတ်ပါဘူး၊ အဲဒီတော့ အဲဒီရုပ်ဟာ ဦးနှောက်လည်းဖြစ်နိုင်ပါတယ်ပေါ့၊ စိတ်ဟာ ဦးနှောက်မှီတယ်ဆိုတာလည်း မြတ်စွာဘုရားအလို...

[စာမျက်နှာ-16] မဆန့်ကျင်ပါဘူးလို့ ဘာတို့လုပ်လာကြတယ်။ ဒါတော့ မပြောတတ်ဘူး၊ ဦးနှောက်မှီတယ်ဆိုတာက နောက်ပေါ် အယူအဆပေါ့၊ ဒါပေမယ့် တကယ်ပဲ ဦးနှောက်ကို လေ့လာတဲ့အခါကျတော့ သူတို့လည်း တိတိကျကျကြီး ဧကန်ကြီး မဟုတ်ပြန်ဘူးတဲ့၊ သူတို့လည်းလိုက်လေ ဝေးလေဖြစ်နေတယ်။

ဦးဇင်းတို့ကတော့ ဟဒယဝတ္ထုမှီတယ်ဆိုတာမပြင်နိုင်ဘူး၊ သူတို့တွေက မှားတယ် ပြောချင်ပြောတော့ပဲ၊ ခုနလို ဟဒယဝတ္ထုဟာနှလုံးပဲဖြစ်မလား၊ ဦးနှောက်ပဲ ဖြစ်မလားဆိုတာကတော့ မသိနိုင်ဘူးပေါ့လေ။

အဲဒီတော့ နှလုံးသားကြီးဟာ ဟဒယဝတ္ထုလားဆိုတာ တစ်ခါထပ်လာပြန်တယ်၊ နှလုံးသားဟာအကြီးကြီးမဟုတ်လား၊ အကြီးကြီးလို့ပဲပြောကြပါစို့၊ လက်တစ်ဆုပ်စာ လောက်ရှိမယ်ပြောတာပဲ၊ အဲဒီတစ်ခုလုံးဟာ ဟဒယဝတ္ထုလားဆိုတော့ မဟုတ်ဘူးတဲ့၊ အဲဒီနှလုံးအိမ်မှာ သွေးက သွားလာနေတယ်၊ ကံကြောင့်ဖြစ်တဲ့ သွေးတစ်မျိုးရှိတယ်၊ အဲဒီသွေးကို ဟဒယဝတ္ထုလို့ခေါ်တာ။ စာထဲအဆိုအတိုင်းပြောရမယ်ဆိုရင် လက်တစ်ဆုပ်စာလောက် ရှိတယ်တဲ့။ အမှန်ကတော့ အခုခေတ်ဆေးပညာအရ ပြောရမယ်ဆိုရင် သွေးဟာ အမြဲတမ်း ပြောင်းလဲနေတဲ့ သွေးရှိတယ် မဟုတ်လား၊ အဲဒီသွေးကို ဟဒယဝတ္ထုလို့ ဒီလို ယူရမယ်တဲ့၊ နှလုံးသားကြီး တစ်ခုလုံးကို ဟဒယဝတ္ထုလို့ ယူတာမဟုတ်ဘူး။

ဟဒယဝတ္ထုဟာတော်တော်အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ များစွာသောစိတ်တွေဟာ ဟဒယဝတ္ထုကိုမှီရတယ် မဟုတ်လား၊ အဲဒီ ဓမ္မသင်္ဂဏီမှာ မဟောတာကတော့ ဟောနေတဲ့ အစဉ်ပျက်သွားမှာစိုးလို့ ဒုက်လို့ ခေါ်တာပေါ့လေ၊ ဒုက်ဟာ နှစ်ခုတွဲ၊ နှစ်ခုတွဲအစဉ်ပျက်မှာစိုးလို့။ အဲဒီအကြောင်းအကျယ်ဆိုရင် နောက်အပတ်ကျမှ ပြောကြစို့၊ နားထောင်ဖို့တော့ကောင်းတယ်၊ သိဖို့တော့ကောင်းတယ်၊ ရှေ့ပဲသွားလိုက်ကြဦးစို့၊ ဒီနေ့သင်တန်းက ရုပ် ၂၈-ပါးဖြစ်တယ်။

ဟဒယရုပ်ပြီးတော့ ဇီဝိတရုပ်၊ ဇီဝိတရုပ်ဆိုတာ အသက်ပေါ့၊ ဇီဝိတိန္ဒြေ စေတသိက်ဆိုတာ တွေ့ခဲ့ပြီမဟုတ်လား၊ အဲဒါက နာမ်ဇီဝိတ၊ အခုဟာက ရုပ်ဇီဝိတ။ အဲဒီ ဇီဝိတရှိတဲ့အတွက်ကြောင့်မို့ လူ့ခန္ဓာကိုယ် မပုပ်မသိုးဖြစ်တာ၊ သေတဲ့အခါကျတော့ ဇီဝိတကင်းသွားတယ်၊ ဒါကြောင့်မို့ သေတဲ့အခါကျတော့ ပုပ်သိုးသွားတယ်၊ ဆွေးမြေ့သွားတယ်၊ အဲဒီလို မပုပ်သိုးအောင် မဆွေးမြေ့အောင်...

[စာမျက်နှာ-17] စောင့်ရှောက်တတ်တဲ့ သဘောတရား၊ ရုပ်တရားတစ်ခုကို ဇီဝိတရုပ်လို့ခေါ်တယ်။ အဲဒီတော့ နာမ်ဇီဝိတက နာမ်တရားတွေကို စောင့်ရှောက်တယ်၊ ရုပ်ဇီဝိတက ရုပ်တရားတွေကို စောင့်ရှောက်တယ်။

အဲဒီ ဇီဝိတရှိတာနဲ့ မရှိတာ အမှီပြုပြီး သတ္တဝါဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသွားတာပဲ၊ အသညသတ်ဗြဟ္မာတွေ အသညသတ်ဘုံမှာ သွားဖြစ်တဲ့အခါကျတော့ ဆင်းတုကြီးလို သွားဖြစ်တယ်ဆိုတယ်၊ ဒါဖြင့်ရင် အဲဒီမှာသွားဖြစ်တဲ့ (နာမ်လုံးဝမရှိတဲ့) အသညသတ်ဗြဟ္မာတစ်ပါးနဲ့ တကယ့်သစ်သားကို ထုထားတဲ့ ဆင်းတုနဲ့ ဘာကွာသလဲဆိုတော့ သစ်သားဆင်းတုက ဇီဝိတမရှိဘူး၊ အသညသတ်ဗြဟ္မာက ဇီဝိတရှိတယ်၊ အဲဒါကွာတယ်။

ဇီဝိတရှိတဲ့အတွက်ကြောင့် သူ့ကို (စိတ်မရှိပေမယ်လို့) သတ္တဝါလို့ပဲခေါ်ရတယ်၊ သစ်သားရုပ်တုကျတော့ ဇီဝိတမရှိတဲ့အတွက်ကြောင့် သတ္တဝါလို့ ဦးဇင်းတို့က မခေါ်ဘူး၊ အသက်ရှိတယ်လို့ လက်မခံဘူး၊ သစ်ပင်တွေလည်း ဒီအတိုင်းပဲ၊ ဒါကြောင့်မို့ ဇီဝိတက အရေးကြီးတယ်။ ဒီဇီဝိတရုပ်က သက်ရှိသတ္တဝါသန္တာန်မှာသာ ဖြစ်နိုင်တယ်တဲ့၊ ပြင်ပဗဟိဒ္ဓမှာမဖြစ်နိုင်ဘူး၊ နောင်တော့ဒီကိစ္စအဖြေ ပေါ်လာလိမ့်မယ်၊ အဲဒါလည်း မှတ်ထားကြဖို့ အရေးကြီးတယ်။

ဘာကြောင့်လဲဆိုတော့ အခုခေတ်မှာက သစ်ပင်တွေမှာ အသက်ရှိတယ်လို့ ယူဆနေကြတယ်၊ သူတို့က သေသေချာချာလေ့လာတယ်တဲ့၊ လူတစ်ယောက်က သစ်ပင်ကို သွားပြီး ဆိတ်ထားရင်နောက်တစ်ခါ ဒီလူလာရင် အဲဒီသစ်ပင်က တစ်မျိုးတစ်မည် ပြောင်းလဲတယ်လို့ဆိုတာပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး၊ သူ(သစ်ပင်)က ကြောက်တတ်တဲ့စိတ် ရှိသလိုလို ဘာလိုလိုပေါ့လေ။

ဘာပဲပြောပြော ဦးဇင်းတို့ အနေနဲ့ကတော့ ဇီဝိတဆိုတဲ့ အသက်မရှိဘူးကွာ၊ ဒါကတော့ အဘိဓမ္မာအခြေခံပြီးတော့ ဧကန်ပြောရမှာပဲ၊ ဒါပေမယ်လို့ တခြားနည်းနဲ့ react လုပ်တာတွေဘာတွေတော့ဖြစ်ချင် ဖြစ်နိုင်တယ်၊ ရုပ်တရားအချင်းချင်းလဲ react လုပ်နိုင်တာပဲ။ ဆိုပါတော့၊ ကိုယ့်ခန္ဓာကိုယ်က vibration ရှိတယ်၊ vibration ထိပြီးတော့ ဟိုရုပ်တရားမှာ တစ်မျိုးတစ်မည် ပြောင်းလဲတာမျိုး ဖြစ်ချင်ဖြစ်နိုင်တယ်၊ သို့သော် အဲဒီသစ်ပင်မှာ စိတ်စေတနာရှိတယ်ဆိုတာကို ဦးဇင်းတို့ အဘိဓမ္မာအနေနဲ့ လက်မခံနိုင်ဘူး၊ ဇီဝိတမရှိဘူးလို့ ယူရမယ်၊ တခြားတစ်နည်းနဲ့ ဇီဝိတမဟုတ်တဲ့...

[စာမျက်နှာ-18] အသက်မျိုးရှိချင်ရှိမယ်၊ ဒါတော့ မသိဘူးပေါ့၊ အသက်ဆိုတာ လူတွေသမုတ်ထားတဲ့ သစ်ပင်အသက်ဆိုတာမျိုး ရှိချင်ရှိမယ်ပေါ့၊ သစ်ပင်ရှင်တယ် သေတယ်လို့ ပြောဆိုနေကြသေးတာပဲ။

တစ်ခါတုန်းက ဒကာမတစ်ယောက်နဲ့ ဘုန်းကြီးတစ်ပါး အဲဒီကိစ္စငြင်းတာ၊ ဦးဇင်းက ဘေးကထိုင်ပြီး ရယ်ချင်တယ်၊ ဘာကြောင့်လဲဆိုတော့ အသက်ဆိုတာကို define မလုပ်ဘဲနဲ့ ပြောနေကြတာ၊ အဲဒီတော့ သူကလည်းဟုတ်တယ်၊ ဟိုကလည်း ဟုတ်တယ်နဲ့လေ၊ သူတို့ပြောနေတဲ့ အသက်ဆိုတာဘာလဲလို့ ပထမ define လုပ်ရမယ်၊ ဒီဟာမလုပ်ရင် ဘယ်တော့မှ မရဘူး၊ အဲဒီတော့ တစ်မျိုးစီ ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေကြတာ။

ဦးဇင်းတို့ကတော့ အသက်ဆိုတာ ဟုတ်ပြီ၊ အသက်ဆိုတာ ဘာလဲ၊ ဒို့က အသက်ကို ဇီဝိတလို့ခေါ်တယ်၊ ရုပ်ဇီဝိတ, နာမ်ဇီဝိတ, ဒီဇီဝိတက သတ္တဝါရဲ့ အဇ္ဈတ္တသန္တာန်မှာသာရနိုင်တယ်လို့ ဘုရားဟောတယ်၊ အပမှာ မရနိုင်ဘူးမရှိနိုင်ဘူးလို့ ဆိုတယ်၊ ဒါကြောင့် အပမှာ အသက်မရှိနိုင်ဘူး။ ဒါပေမယ်လို့ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း လူတွေဟာ အသက်ရှိတယ်လို့ ယူဆတတ်တယ်ဆိုတာ သိတာပဲ၊ ဒါပေမယ်လို့ ဇီဝိတဆိုတဲ့ အသက်မရှိဘူး။

ကောင်းပြီ၊ ဒီဇီဝိတဟာ ရုပ်တရားထဲမှာ ဦးဇင်းတို့ရုပ်တွေ မပုပ်မသိုးအောင် (သူတို့တည်နေတုန်း) စောင့်ရှောက်တာပေါ့၊ တစ်သက်လုံး အမြဲတမ်းကြီး တည်နေဖို့က သူကိုယ်တိုင်တောင်တည်မှာမှမဟုတ်ဘဲ၊ ဒါကြောင့် သူတည်နေတုန်း တခြား ရုပ်တွေ တည်နေတုန်းမှာ စောင့်ရှောက်တာကိုပဲ ဆိုလိုတယ်။

နောက်တစ်ခုက အာဟာရရုပ်တဲ့၊ အာဟာရဆိုတာ အစားအစာကိုဆိုလိုတယ်။ အဟာရမဟုတ်ဘူးနော်၊ အာဟာရ၊ လူတွေက အဟာရချည်းခေါ်နေကြတယ်။ မြန်မာစကားကလည်း အဟာရ၊ အဟာရနဲ့ အမှန်တော့ အာဟာရ။ အာဟာရဆိုတာ သာမညအားဖြင့် ပြောရင်တော့ အစာပေါ့။ သို့သော် အခု ဒီမှာဆိုလိုတဲ့ အာဟာရရုပ်က အဲဒီအစာမှာပါတဲ့ ဩဇာလို့ခေါ်တယ်၊ အစာမှာ ပါတဲ့ဩဇာဓာတ် (nutriment) အစေးလို့လည်းသုံးတယ်၊ အဲဒီဩဇာဓာတ်ကို အာဟာရလို့ခေါ်တာ၊ တစ်ခါတစ်လေ ဩဇာဆိုတဲ့ စကားလုံးကို ပါဠိမှာသုံးတယ်။ အဲဒီဩဇာကို အာဟာရလို့ခေါ်တာ၊ စားစရာကြီးတစ်ခုလုံးကို အာဟာရခေါ်တာ မဟုတ်ဘူး၊ အဲဒီစားစရာထဲမှာပါတဲ့ အာဟာရဓာတ်, ဩဇာဓာတ်ကို...

[စာမျက်နှာ-19] အာဟာရရုပ်လို့ ခေါ်တယ်။

နောက်တစ်ခုက အာကာသရုပ်တဲ့၊ ဒါကတော့ space ပဲ၊ ဟင်းလင်းဖြစ်နေတာ၊ ဒါကို ရုပ်လို့ပဲ ဒီနေရာမှာခေါ်တယ်၊ အမှန်ကတော့ ဘာမှ မရနိုင်တဲ့ဟာ၊ သဘာဝအားဖြင့် မရနိုင်တဲ့ဟာပဲ၊ အာကာသရုပ်တဲ့။ အထူးသဖြင့်တော့ နောင်အခါကျတော့ ကလာပ်ဆိုတာတွေ လာလိမ့်မယ် group တွေဖွဲ့တဲ့အခါကျတော့ group တွေတစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့ရုပ်ကို အာကာသရုပ်လို့ခေါ်တာ။ ဆိုပါတော့ ရုပ် ၈-ခုကို group တစ်ခုဖွဲ့ထားမယ်၊ ရုပ် ၉-ခုကို group တစ်ခုဖွဲ့ထားမယ်၊ ဒီ group တစ်ခုနဲ့ ဟို group တစ်ခုကြားမှာ အာကာသ ရှိတယ်၊ အဲဒီကွက်လပ် space ကို အာကာသလို့ခေါ်တယ်။

အာကာသရုပ်ပြီးတဲ့နောက် ဝိညာတ်ရုပ် ၂-ပါးတဲ့၊ ဝိညတ်ဆိုတာ သိစေတာကို ဝိညတ်လို့ခေါ်တယ်၊ ဝိညတ္တိဆိုတဲ့ ပါဠိစကားကလာတာ။ ကာယဝိညတ်ဆိုတာ ကိုယ်ဖြင့်သိစေမှု ကိုယ်ဖြင့်သိစေတတ်တဲ့ သဘောတရား၊ ဝစီဝိညတ်ဆိုတာက နှုတ်ဖြင့်သိစေတတ်တဲ့ သဘောတရား။

လက်ကလေး ဒီလိုလုပ်လိုက်တယ်ဆိုရင် ဒီနိုင်ငံ (အမေရိကန်)မှာဆိုရင် ငါ့ဆီလာခဲ့ခေါ်တာမဟုတ်လား၊ ဦးဇင်းတို့ မြန်မာမှာက ခေါ်ချင်ရင် လက်ယပ်ခေါ်တာ၊ အဲဒီတော့ ဝိညတ်က သူ့နိုင်ငံနဲ့သူပဲ၊ ဘာပဲပြောပြော ဒီခန္ဓာကိုယ်နဲ့ ကိုယ့်ရဲ့ အလိုဆန္ဒကို သူတစ်ပါးကို သိစေတာ၊ အဲဒါကို ကာယဝိညတ်လို့ခေါ်တယ်၊ အဲဒီတော့ ဝိညတ်ဆိုတာ အမှန်အတိုင်းပြောရရင် လှုပ်ရှားမှုသဘောတစ်မျိုးပဲ၊ ခန္ဓာကိုယ်ထဲမှာ ဖြစ်လာတဲ့ ရုပ်တစ်မျိုးပဲ၊ အဲဒီရုပ်က လှုပ်ရှားတဲ့သဘောပါတယ်၊ အဲဒါကို ကာယဝိညတ်လို့ခေါ်တယ်။

ဝစီဝိညတ်ဆိုတာက စကားပဲ၊ အခုစကားပြောတော့ စကားသံကို နားထောင်ပြီးတော့ကြားတဲ့သူက အဓိပ္ပါယ်သိတယ်၊ ကိုယ့်ဘာသာနဲ့ ပြောတော့လည်း အဓိပ္ပါယ် သိတယ်၊ သူများဘာသာနဲ့ ပြောတော့လည်း သူများဘာသာကိုယ်က တတ်နေရင် အဓိပ္ပါယ်သိတယ်၊ အဲဒီလို ဝစီဝိညတ်ဆိုတာ အဲသလို တစ်မျိုးပဲ၊ အဲဒါကို ဝစီဝိညတ်လို့ခေါ်တယ်၊ အမှန်ကတော့ သူတို့ကလည်း ရုပ်တို့ရဲ့ ထူးခြားတဲ့အမူအရာတစ်မျိုးပဲ၊ ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့အမူအရာ၊ စကားသံရဲ့ ထူးခြားတဲ့အမူအရာတစ်မျိုး၊ အသံလှိုင်းက သိစေတာမဟုတ်ဘူး၊ လေတိုက်တဲ့သံက ဘာမှ သိစေတာမဟုတ်ဘူး၊ လူလုပ်တဲ့အသံက သိစေတယ်၊ အဲဒါမျိုးပေါ့ အဲဒါကြောင့်မို့...

[စာမျက်နှာ-20] ကာယဝိညတ်, ဝစီဝိညတ်, ဝိညတ်ရုပ် ၂-ပါးလို့ဆိုတယ်။

အဲဒီ ဝိညတ်ဆိုတဲ့ စကားလုံးကိုကော နောက်တုန်းကတွေ့ခဲ့ပြီလား၊ ဘုံပိုင်းတုန်းက တွေ့တော့တွေ့ခဲ့ပြီ၊ ကာယဝိညတ်ကို ကာယဒွါရလို့ခေါ်တယ်၊ ဝစီဝိညတ်ကို ဝစီဒွါရလို့ခေါ်တယ်လို့ နောက်ပိုင်း (ကံပိုင်း)တုန်းက လာခဲ့ပြီ၊ အခုဒီမှာပြန်တွေ့တာ။

ဝိကာရရုပ် ၅-ပါးတဲ့၊ ဝိကာရဆိုတာ ဖောက်ပြန်တယ်လို့တော့ သုံးလေ့ရှိတယ်။ သို့သော် အခြေအနေသဘောပါပဲ၊ အခြင်းအရာတစ်မျိုးပါ။ ကာယဿ လဟုတာတဲ့ သူကတော့ ပေါ့ပါးတဲ့သဘောတဲ့၊ ရုပ်မှာပေါ့တဲ့အခါ ပေါ့တယ် မဟုတ်လား၊ ကျန်းမာတဲ့အခါ၊ အစားအသောက်ကောင်းကောင်း စားရတဲ့အခါ၊ ရာသီဥတုကောင်းတဲ့အခါ ရုပ်ရဲ့ ပေါ့ပါးမှုထင်ရှားတယ်။ ကာယဿ မုဒုတာ ဆိုတာက နူးညံ့တာ၊ နူးညံ့တယ်ဆိုတာက ဟိုလိုဆွဲယူလို့ရ ဒီလိုဆွဲယူလို့လည်းရ၊ နူးညံ့တယ်ဆိုတာက တစ်မျိုးလေ။ ကမ္မညတာဆိုတာက အမှုနဲ့ခန့်တယ်လို့သုံးတယ်၊ မြန်မာစကားပဲ၊ ကာယကမ္မညတာတုန်းကလည်းပါခဲ့ပြီ၊ စေတသိက်တုန်းကတော့ (adaptability) လို့ ခေါ်တယ်၊ အဲသလို နူးညံ့တာမျိုး၊ ဟိုဟိုဒီလို ဘယ်လိုလုပ်လုပ်ဆဲတိုင်းပါကမျိုးကို ကမ္မညတာ။

ဟိုတုန်းက စိတ်စေတသိက်တို့ရဲ့ လဟုတာ, ကမ္မညတာ၊ ဒီနေရာမှာ ကာယဆိုတော့ ရုပ်ပေါ့၊ ရုပ်ရဲ့ ပေါ့တာ နူးညံ့တာ၊ အမှုနဲ့ခန့်တာ၊ ဒီ ၃-မျိုးပေါ့၊ ဒီ ၃-မျိုးနဲ့ ခုနပြောတဲ့ကာယဝိညတ်, ဝစီဝိညတ် စုစုပေါင်း ၅-ခုကို ဝိကာရရုပ်လို့ ခေါ်တယ်၊ အခြင်းအရာတစ်မျိုးပါပဲ။ အမှန်ကတော့ ရုပ်အစစ်တော့မဟုတ်ဘူး၊ သို့သော် ရုပ်အစစ်ရဲ့ အခြင်းအရာတစ်မျိုးကိုပဲရုပ်လို့ ဒီနေရာမှာ တင်စားပြီးတော့သုံးထားတယ်၊ ဝိကာရရုပ်တဲ့။

လက္ခဏရုပ် ၄-ပါးတဲ့ လက္ခဏဆိုတာ sign အမှတ်အသားကို လက္ခဏလို့ခေါ်တယ်၊ အခြားရုပ်တွေရဲ့ အမှတ်အသားဖြစ်တဲ့ ရုပ်ပါပဲ။ ဥပစယတဲ့၊ သန္တတိတဲ့၊ အမှန်ကတော့ ပထမဖြစ်တာ၊ သန္တတိကလည်း ဖြစ်တာပဲ၊ ဒါကြောင့်မို့ အောက်နားကျတော့ သုတ္တန်ပါဠိတော်တို့မှာ ဟောထားတဲ့ ဇာတိရုပ်တစ်ခုကိုပဲ အဘိဓမ္မာကျတော့ ဥပစယ, သန္တတိလို့ ၂-မျိုးခွဲပြီး ဟောတယ်တဲ့၊ အဲဒီလို။ အဲဒီတော့ စာမှာဆိုတာကတော့ ဘဝတစ်ခုမှာ ပဋိသန္ဓေနေတယ်ဆိုတဲ့...

[စာမျက်နှာ-21] အခါကျတော့ စိတ်, စေတသိက်, ပြီးတော့ ရုပ်အချို့ ဖြစ်တယ်၊ သို့သော် ဘဝ တစ်ခုမှာ ရတတ်တဲ့ ရုပ်အကုန်လုံးက ပဋိသန္ဓေ အခိုက်အတံ့မှာ မဖြစ်သေးဘူး၊
ဆိုပါတော့, ပဋိသန္ဓေ အခိုက်အတန့်မှာ စက္ခုပသာဒမှာဖြစ်တယ်၊ သောတ ပသာဒမှာဖြစ်နိုင်တယ် စသည်ဖြင့်ပေါ့၊ အဲဒီတော့ အဲဒီဘဝတစ်ခုမှာ ရတတ်သမျှ ရုပ်များပြည့်စုံသည်ကစ၍ အစဉ်မပြတ်ထပ်ကာထပ်ကာဖြစ်တာကို သန္တတိလို့ ခေါ်တယ်။

ဒါဖြင့် ဥပစယဆိုတာက ဘာလဲ၊ ပဋိသန္ဓေတည်စ ပထမဖြစ်ခြင်း၊ အဲဒီ နောက် တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်တွေပြည့်စုံသည်တိုင်အောင် ဆက်, ဆက် ဖြစ်တာကို ဥပစယလို့ခေါ်တယ်၊ အဲဒီတော့ ခုနပြောသလိုပဲ၊ ဘဝတစ်ခု လူ့ဘဝဆို ပါတော့၊ နတ်ဘဝတို့ ဗြဟ္မာဘဝတို့က ဘွားခနဲဖြစ်တာကိုး၊ လူတို့ တိရစ္ဆာန်တို့ ကျတော့ အမိဝမ်းမှာ ပဋိသန္ဓေနေရတယ်၊ သို့မဟုတ် ဥခွံထဲမှာ ပဋိသန္ဓေနေရတယ်။

အဲဒီတော့ဖြစ်သည်ကစ၍ ဘဝတစ်ခုမှာရထိုက်သည့်ရုပ်တွေ ပြည့်စုံသည်တိုင် အောင်ဖြစ်နေတာကို ဥပစယ, အဲဒီပြည့်စုံသည်ကစပြီး အစဉ်မပြတ် ထပ်ကာ, ထပ်ကာဖြစ်တာကို သန္တတိလို့ခေါ်တယ်။

ဒါပေမယ်လို့ အမှန်အတိုင်းပြောရင် ဥပစယနဲ့ သန္တတိဟာ ဇာတိကိုပဲခေါ်တာ၊ အစဆိုတာဖြစ်ပေါ်မှု၊ ဒါကိုပဲ ဥပစယနဲ့သန္တတိလို့ အဘိဓမ္မာမှာ ဒီလိုခွဲဟောတယ်။

ဘာကြောင့် ဒီလိုခွဲဟောတာတုန်း၊ သုတ္တန်မှာတစ်ခုထဲ၊ အဘိဓမ္မာကျတော့ ဘာကြောင့်နှစ်ခုခွဲ ဟောတာတုန်းဆိုတော့ တရားနာဝေနေယျတို့၏ အလိုကျလေ အောင် ဟောတော်မူတယ်။

အဲဒီတော့မြတ်စွာဘုရား တရားဟောတဲ့အခါမှာ ဝေနေယျတွေရဲ့ အလိုကို လည်းကြည့်ပြီးဟောတာ၊ အဘိဓမ္မာဟာ တကယ်တိကျတဲ့ဒေသနာလို့ ဆိုရပေမယ်လို့ မြတ်စွာဘုရားက ဝေနေယျတွေရဲ့ အလို အကြိုက်ကိုလိုက်ပြီး ဟောတဲ့နေရာတွေ ရှိတယ်၊ ဒီလိုဟောမှ ဝေနေယျတွေ အကျွတ်တရားရမှာဆိုတော့ ဒီလိုအကြိုက် လိုက်ဟောတာ မှားလည်းမမှားဘူးလေ။

ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရား တရားရဲ့ ရည်ရွယ်ချက်က သတ္တဝါတွေ အကျွတ်တရားရဖို့ ရည်ရွယ်ချက်ကိုး၊ မိမိရဲ့ သဗ္ဗညုတဉာဏ်ကို ထုတ်ဖော်ကြွားဝါဖို့ ရည်ရွယ်ချက်မှမဟုတ်ပဲ၊

ဒါကြောင့်မို့သတ္တဝါတွေက ဒီလိုဟောမှပဲ အကျွတ်တရား ရမယ်ဆိုရင် ဒီလိုဟောလိုက်တာပဲ။ ဒါကြောင့်မို့ အစစဖြစ်ပေါ်မှုကိုပဲ အဘိဓမ္မာကျတော့ ဥပစယဟေ့, သန္တတိ

[စာမျက်နှာ-22] ဟေ့လို့ ဒီလိုဟောတော်မူတယ်၊ ဒါကြောင့်မို့ ၂-ခုကွဲသွားတယ်၊ ဒါပေမယ်လို့ ဇာတိကိုပဲခေါ်တယ်။

နံပတ် ၂၇-က ဇရတာတဲ့၊ ဇရတာဆိုတာ အိုမင်းရင့်ရော်ခြင်းကိုဆိုလိုတယ်။ ဇရာဆိုတာကြားဖူးတယ် မဟုတ်လား၊ ဇရာ, ဇရာနဲ့ခေါ်တယ်၊ ဇရာဆိုတာအိုတာ၊ ရင့်ရော်တာ, ဆွေးမြေ့တာပေါ့။

အနိစ္စတာဆိုတာက မမြဲခြင်း, ဆိုလိုတာက သေခြင်းပေါ့၊ သေခြင်းဆိုတာဒီနေ ရာမှာ ချုပ်သွားတာ။

စိတ်တစ်ခုဖြစ်သွားတဲ့အခါမှာ ခဏငယ် ၃-ခုရှိတယ် မဟုတ်လား၊ ဥပါဒ်ရယ်, ဌီရယ်, ဘင်ရယ်, ဒီမှာလည်းပဲ ဥပစယနဲ့ သန္တတိကရုပ်ရဲ့ ဥပါဒ်ပဲ၊ ဇရတာဆိုတာ ဌီပဲ၊ အနိစ္စတာဆိုတာဘင်ပဲ၊ အဲဒီလို ဖြစ်, တည်, ပျက်ပါပဲ။

သူတို့က ရုပ်သီးခြားရယ်လို့မဟုတ်ပါဘူး၊ တကယ်ရှိတဲ့ရုပ်တွေရဲ့ အခိုက် အတန့် ပါပဲ၊ သူတို့ကို မှတ်သားကြောင်းဖြစ်တဲ့အတွက်ကြောင့် လက္ခဏရုပ်လို့ ဒီမှာ ခေါ်တယ်။ ဖြစ်တဲ့အခိုက်အတန့်မှာ ဥပစယနဲ့ သန္တတိ, ရင့်ရော်နေတဲ့ အခိုက်အတန့်မှာ ဇရတာ, ချုပ်သွားတဲ့အခိုက်အတန့်မှာ အနိစ္စတာလို့ဒီလိုခေါ်တယ်။ ဒါက လက္ခဏရုပ် ၄-ပါးတဲ့။

အဲဒီတော့ အားလုံးပေါင်းလိုက်ရင် ရုပ် ၂၈-ပါး၊ အဲဒီမှာ ဝိသယရုပ် ၇-ပါးထဲမှာ သတိထားရမယ်၊ ဝိကာရရုပ် ၅-ပါးကိုမှာ သတိထားရမယ်၊ ဝိကာရရုပ် ၅-ပါးထဲမှာ ကာယဝိညတ်, ဝစီဝိညတ်က ထပ်ပါနေတယ်၊ ဒါကြောင်မို့သူ့မှာ ဂဏန်းမထိုးထားဘူး၊ နောက်ထပ်လာတဲ့ ကာယဝိညတ် ဝစီဝိညတ် မထိုးဘူး၊ အဲဒါတွေ ထိုးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့။

ရုပ်ကို တကယ်ရေတွက်လိုက်တဲ့အခါကျတော့ ရုပ် ၂၈-ပါးရှိတယ်လို့ ဒီလိုပဲ ယူဆရတယ်၊ ဒီလိုပဲ ကျမ်းဂန်မှာလာတယ်။

အဲဒီရုပ် ၂၈-ပါးမှ နံပတ် ၁-မှ နံပတ် ၁၈-ထိ ရုပ်များကို သဘာဝရုပ်လို့လည်း ခေါ်တယ်၊ သလက္ခဏရုပ်လို့လည်းခေါ်တယ်၊ နိပ္ဖန္နရုပ်လို့လည်းခေါ်တယ်၊ ရူပရုပ်လို့လည်း ခေါ်တယ်၊ သမ္မသနရုပ်လို့လည်းခေါ်တယ်။

ဆိုလိုတာကတော့ အဲဒီရုပ်တွေဟာ ရုပ်အစစ်တွေ၊ တကယ့်ပရမတ္ထအားဖြင့် တကယ့်ကို ထင်ရှားရှိတဲ့ရုပ်တွေ၊ ကျန်တဲ့ဟာတွေကတော့ တကယ်ထင်ရှားရှိတာ မဟုတ်ဘူး၊ ထင်ရှားရှိတဲ့ရုပ်တွေရဲ့ အမူအရာအခြေအနေတွေပဲ၊ ဒါကြောင့်မို့ သမ္မသနကျတော့ ပေါ်လိမ့်မယ်။

[စာမျက်နှာ-23] ပထမက သဘာဝရုပ်တဲ့ သဘာဝဆိုတာ တကယ့်သဘောဟုတ်တဲ့ရုပ်ပေါ့။ သဘာဝရုပ်။

သလက္ခဏရုပ်ဆိုတာ လက္ခဏဆိုတာက အမှတ်အသား၊ အဲဒီတော့ သဘာဝရုပ်ဆိုတာက သူတို့သဘောက တကယ်ရှိတယ်၊ ပထဝီဓာတ်ဆိုပါတော့ ခက်မာတဲ့သဘောရှိတယ်၊ အဲဒီ ခက်မာတဲ့သဘော ကိုယ်ပိုင်ရှိတဲ့ရုပ်တွေလို့ဆိုလိုတယ်။ သူ့သဘောလက္ခဏာအကုန်ရှိတယ်၊ နောက်ရုပ်တွေကတော့ သူ့သဘောလက္ခဏာ အကုန်ရှိတာမဟုတ်ဘူး၊ ဒါပေမယ်လို့ ရှေ့က ရုပ်တွေရဲ့ အမူအရာ တစ်မျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ကိုလည်း ရုပ်လို့ခေါ်ရတာ။

အဲဒီတော့ ပထဝီဓာတ်မှာဆိုရင် လက္ခဏာသဘောရှိတယ်၊ အဲဒီလိုကိုယ့် လက္ခဏာကိုယ်စီပါတဲ့ ရုပ်တွေကို သဘာဝရုပ်လို့ခေါ်တယ်။

သလက္ခဏရုပ်ဆိုရာမှာ လက္ခဏဆိုတာ ဒီနေရာမှာ မှတ်သားကြောင်း၊ မှတ်သားကြောင်းဆိုတာ ဒီနေရာမှာ အနိစ္စ ဒုက္ခ, အနတ္တ၊ အဲသလိုအများဆိုင်ရာ လက္ခဏာ၊ ရုပ်တွေမှာ အနိစ္စ, ဒုက္ခ, အနတ္တမရှိဘူးလား၊ ရှိတာပေါ့ ဒါကြောင့်မို့ ရုပ် ၁၈-ပါးကို သလက္ခဏလို့ခေါ်တယ်၊ လက္ခဏာရေး ၃-ပါးဆိုတာ ကြားဖူး တယ်မဟုတ်လား၊ အဲဒါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

နိပ္ဖန္နရုပ်တဲ့၊ နိပ္ဖန္နရုပ်ဆိုတာဘာလဲဆိုတော့ ကံ, စိတ်, ဥတု, အာဟာရဆိုတဲ့ အကြောင်းတရား ၄-ပါး, နောက်တော့ လာလိမ့်မယ်, အဲဒီကံ, စိတ်, ဥတု, အာဟာရတို့က ဖြစ်စေအပ်တဲ့ ရုပ်ကို နိပ္ဖန္နရုပ်၊ သူတို့ကြောင့်ဖြစ်လာတဲ့ရုပ်ကို နိပ္ဖန္နရုပ်လို့ ခေါ်တယ်၊ နိပ္ဖန္နဆိုတာပြီးစီးတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ သူတို့က လုပ်လိုက်လို့အပြီးအစီးပေါ်လာတယ်ပေါ့လေ၊ နိပ္ဖန္နရုပ်လို့ခေါ်တယ်၊ နောက်ပိုင်းကျတော့ နိပ္ဖန္နရုပ်ဆိုတဲ့ နာမည်ကို ခဏခဏသုံးလိမ့်မယ်၊ သဘာဝရုပ်ဆိုတဲ့ နာမည် သိပ်မသုံးဘူး၊ သလက္ခဏရုပ်ဆိုတဲ့ နာမည်သိပ်မသုံးဘူး၊ ဒီ ၁၈-ပါးကို refer လုပ်ချင်ရင် နိပ္ဖန္နရုပ် ၁၈-ပါးလို့ ဒီလိုသုံးလိမ့်မယ်။

အဲဒါကြောင့်မို့ နိပ္ဖန္နရုပ် ၁၈-ပါးဟာ ဘာလဲလို့မေးရင် ပထမ ၁၈-ခုပဲ အဲဒါလေးမှတ်ထား၊ နိပ္ဖန္နရုပ်လို့လည်းခေါ်တယ်၊ ရူပရုပ်လို့လည်းခေါ်တယ်၊ ဆိုလိုတာ ကတော့ နှစ်ခါထပ်ဆိုရင် လေးနက်စေချင်တယ်ပေါ့။

အဲဒီတော့ လူဟုတ်တဲ့လူပဲ၊ လူအစစ်ပဲ, ဆိုသလိုပဲ၊ ရုပ်တကယ်စစ်တဲ့ရုပ်ကို ရူပရုပ်, ရူပရုပ်ဆိုတာ ပါဠိလို မြန်မာလိုဆိုတော့ ရူပဆိုတာ ရုပ်ပဲ, ရုပ်ဆိုတာ ဘာလည်းဆိုတော့ တကယ့်ကို ဖောက်ပြန်တတ်တဲ့ သဘောရှိပါတယ်၊ တကယ့်ရုပ်

[စာမျက်နှာ-24] အစစ်ပါလို့ဆိုလိုတယ်၊ ဒါကြောင့်မို့ ရူပ, ရူပရုပ်။

နောက်ဆုံးက သမ္မသနရုပ်တဲ့ သမ္မသနဆိုတာ တရားထိုင်ရင် သိလိမ့်မယ်။ ဝိပဿနာတရားထိုင်တဲ့အခါကျတော့ လက္ခဏာရေး ၃-ပါးတင်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တလို့ဆင်ခြင်သုံးသပ်ရတယ်၊ အဲသလို အနိစ္စ, ဒုက္ခ, အနတ္တလို့ လက္ခဏာရေး ၃-ပါးဆင်ခြင်သုံးသပ်လို့ရတဲ့ရုပ်က ဟောဒီ ၁၈-ပါး၊ ဝိညတ်ရုပ်ကို သွားပြီး အနိစ္စ, ဒုက္ခ, အနတ္တလုပ်လို့ မရဘူး၊ အာကာသသွားလုပ်လို့ မရဘူး၊ တခြားရုပ်တွေ သွားလုပ်လို့မရဘူး။

ဝိပဿနာရှုကောင်းတဲ့ ရုပ်တွေဟာ ဘယ်ရုပ်တွေလဲဆိုရင် နိပ္ဖန္နရုပ် ၁၈-ပါး ပဲ၊ ဒါကြောင့်မို့သူတို့ကို သမ္မသနရုပ်လို့ခေါ်တယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး ၃-ပါးတင်ပြီးတော့ သုံးသပ်လို့ရတဲ့ ရှုလို့ရတဲ့ စီးဖြန်းလို့ရတဲ့ရုပ်မျိုးကို သမ္မသနလို့ခေါ်တယ်၊ ဝိပဿနာဉာဏ်တွေထဲမှာ သမ္မသနဉာဏ်ဆိုတာပါတယ် မမဟုတ်လား၊ ဉာဏ် ၁၀-ပါးဆိုရင် သူက ပထမဆုံးဉာဏ်ပေါ့လေ၊ ဒါပေမယ့် သူ့ရှေ့က ရှိတော့ရှိသေးတယ်၊ နာမရူပပရိစ္ဆေဒတို့ ဘာတို့ပေါ့။ ထားပါတော့။

ဒါကြောင့်မို့ ရုပ် ၂၈-ပါးထဲက ပထမ ၁၈-ပါးဟာ ပိုပြီး အရေးကြီးတယ်လို့ မှတ်ရမယ်၊ တကယ့်ကို အထည်ကိုယ်ရှိတယ်ဆိုရင်ဒီရုပ် ၁၈-ပါးကိုပဲဆိုလိုလိမ့်မယ်။ နောင် သတ္တမပိုင်းတွေ ဘာတွေကျတော့ အထည်ကိုယ်ရှိတဲ့ သဘောတရားကောက် လိုက်တဲ့အခါကျတော့ အဲဒီ ၁၈-ပါးသာကောက်တော့တယ်၊ ကျန်တာ မကောက် တော့ပဲထားခဲ့တယ်၊ ကျန်တဲ့ဟာတွေကတော့ ဒီ ၁၈-ပါးရဲ့ အမူအရာတွေ အခြင်းအရာလေးတွေပဲ။

ဒါကြောင့်မို့ ပထမ ၁၈-ပါးကို သဘာဝရုပ် တကယ့်ကို သူ့သဘောလက္ခဏာ တကယ်ရှိတဲ့ရုပ်, သလက္ခဏရုပ်, အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာနှင့်တကွဖြစ်တဲ့ ရုပ်, နိပ္ဖန္နရုပ်ဆိုရင် ကံ, စိတ်, ဥတု, အာဟာရကြောင့်ဖြစ်တဲ့ရုပ်၊ ရူပရုပ်ဆိုရင် တကယ့်ကို ဖောက်ပြန်တတ်တဲ့ရုပ်၊ သမ္မသနရုပ်ဆိုရင် ဝိပဿနာ စီးဖြန်းရတဲ့ရုပ်၊ ဒီလိုခေါ်ရတယ်၊ ဒါဟာရုပ် ၂၈-ပါး။

သုတ္တန်ပါဠိတော်တို့၌ ဟောအပ်သော ဇာတိရုပ်ကို အဘိဓမ္မာ၌ ဥပစယ, သန္တတိဟု အမည် ၂-မျိုးခွဲ၍ တရားနာဝေနေယျတို့၏ အလိုကျလေအောင် ဟောတော်မူသည်။

ဒါဟာရုပ် ၂၈-ပါး၊ အစတုန်းကပြောခဲ့သလိုပဲ ဒီရုပ် ၂၈-ပါးဟာ chemistry အနေနဲ့ ပြောမယ်ဆိုရင် element တွေပဲ၊ အဲဒီတော့ သတ္တဝါတွေမှာလည်း

[စာမျက်နှာ-25] ဒီရုပ် ၂၈-ပါးရှိတာပဲ၊ အပြင်မှာဆိုရင်တော့ ရုပ် ၂၈-ပါးလုံးတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် အပြင်မှာလည်း အပြင်အလိုက် ရုပ်တွေရှိတာပဲ။

ဒါလည်းပဲ စေတသိက် ၅၂-ပါးကို မှတ်သလို ရုပ် ၂၈-ပါးကိုလည်းကျေအောင် မှတ်ရမှာပဲ၊

ဒါကြောင့်မို့စိတ်တစ်ခုယုတ်ကိုးဆယ် ကျေအောင်မှတ်ရတယ်၊ စေတသိက် ၅၂-ပါးကျေအောင် မှတ်ရတယ်၊ ရုပ် ၂၈-ပါးလည်းကျေအောင် မှတ်ရတယ်။

ဒါမှ နောင်ခါကျတော့ ကံကြောင့်ဖြစ်တာက ရုပ်ဘယ်နှစ်မျိုး၊ စိတ်ကြောင့် ဖြစ်တာကရုပ်ဘယ်နှစ်မျိုး စသည်ဖြင့် ခွဲလာတဲ့အခါကျတော့ မကျေရင် မျက်စိလည် တတ်တယ်၊ ဒါကြောင့်မို့ရုပ် ၂၈-ပါးကိုလည်းကျေအောင် မှတ်ထားရမယ်။

ကိုင်း, ပြန်ပြီးတော့ လုပ်လိုက်စမ်းပါဦး။

မဟာဘုတ် ၄-ပါး, အဲဒီမဟာဘုတ် မှီတဲ့ ဥပါဒါရုပ် ၂၄-ပါး, အဲဒီ ဥပါဒါရုပ် ၂၄-ပါးက ဘာတွေတုန်းဆိုရင် ပသာဒရုပ် ၅-ပါး, ဝိသယရုပ် ၇-ပါး, ဘာဝရုပ် ၂-ပါး, ဟဒယရုပ်, ဇီဝိတရုပ်, အာဟာရရုပ်, အာကာသရုပ်, ဝိညတ်ရုပ် ၂-ပါး, ဝိကာရရုပ် ၅-ပါး, လက္ခဏရုပ် ၄-ပါး, အဲဒါတွေပြီးတော့မှ တစ်ခုစီတစ်ခုစီသွား၊ အစဉ်အတိုင်း ဂဏန်းထိုးထားတဲ့အတိုင်း ၂၈-ထိ သွား၊ ခုနပြောခဲ့တဲ့အတိုင်း ဂဏန်းမထိုးတာ ပါလာရင် သတိထားပေတော့၊ တွက်ရင် သူတို့ကို အမြဲသတိထားပြီး လျော့တန်လျော့ရမယ်၊ တိုးတန်တိုးရမယ်။

ဒါဟာ အချမ်းအပူစသည်တို့ကြောင့် ဖောက်ပြန်တတ်တဲ့သဘောတရား(ဝါ) ရုပ်တရား, ရုပ်ရဲ့ အပြား၊ ရုပ်အမျိုးအစား ၂၈-ပါးရှိတယ်၊ နောက်လာမယ့်အပတ် တွေကျရင် ဒါတွေကိုပဲ ဒီလိုဟိုလိုဝေဖန်ပြီးတော့လာမယ်။

ဘာကြောင့် ဘယ်လိုရုပ်တွေဖြစ်တယ်၊ အဲဒီရုပ်တွေဟာ ဘယ်လိုဖွဲ့စည်းတယ်။ တစ်ဘဝမှာ ဘယ်ရုပ်က ဘယ်အချိန်စဖြစ်တယ်၊ နောက်ဆုံး ဘယ်အချိန်စဖြစ်တယ် စသည်ဖြင့် ဒါတွေလာမယ်၊ ပြီးတော့ နောက်ဆုံးကျမှ နိဗ္ဗာန်လာမယ်။

ဒါဟာ တတိယပရမတ္ထတရားပေါ့။

[စာမျက်နှာ-26]
ဓမ္မသင်္ဂဏီပါဠိတော် ဝတ္ထုဒုက်နှင့် အာရမ္မဏဒုက်

ဝတ္ထုဒုက်
၁။ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။
၂။ စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။
၁။ သောတဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။
၂။ သောတဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။
၁။ ဃာနဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။
၂။ ဃာနဝိညာဏ်၏ မှီရာ မဟုတ်သော ရုပ်သည် ရှိ၏။
၁။ ဇိဝှါဝိညာဏ်၏ မှီရာ ဖြစ်သော ရုပ်သည် ရှိ၏။
၂။ ဇိဝှါဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။
၁။ ကာယဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည်ရှိ၏။
၂။ ကာယဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။
အာရမ္မဏဒုက်
၁။ စက္ခုဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။
၂။ စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။
၁။ သောတဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။
၂။ သောတဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။
၁။ ဃာနဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။
၂။ ဃာနဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။
၁။ ဇိဝှါဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။
၂။ ဇိဝှါဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။
၁။ ကာယဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။
၂။ ကာယဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။
ဖြစ်သင့်သောဆဋ္ဌ ဝတ္ထုဒုက်
၁။ မနောဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။
၂။ မနောဝိညာဏ်၏ မှီရာ မဟုတ်သောရုပ်သည် ရှိ၏။
ဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်
၁။ မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည်ရှိ၏။
၂။ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည်ရှိ၏။

[စာမျက်နှာ-27]
ရုပ် ၂၈-ပါးကို အမျိုးမျိုးခွဲခြင်း

ရုပ် ၂၈-ပါးလုံးသည် အဟေတုကသာ ဖြစ်သည်၊ သဟေတုက ဟု မရှိ။
သပ္ပစ္စယသာ ဖြစ်သည်၊ အပ္ပစ္စယ ဟု မရှိ။
သာသဝသာ ဖြစ်သည်၊ အနာသဝ ဟု မရှိ။
သင်္ခတသာ ဖြစ်သည်၊ အသင်္ခတ ဟု မရှိ။
လောကိယသာ ဖြစ်သည်၊ လောကုတ္တရ ဟု မရှိ။
ကာမာဝစရသာ ဖြစ်သည်၊ ရူပါဝစရစသည် ဟု မရှိ။
အနာရမ္မဏသာ ဖြစ်သည်၊ သာရမ္မဏ ဟု မရှိ။
အပ္ပဟာတဗ္ဗသာ ဖြစ်သည်၊ ပဟာတဗ္ဗ ဟုမရှိ။
ဤနည်းအားဖြင့် စိစစ်လျှင် ရုပ်သည် တစ်မျိုးသာ ရှိသည်။

* အဟေတုက - လောဘစသောဟိတ်များနှင့် မယှဉ်။
* သပ္ပစ္စယ - ကံစိတ်ဥတုအာဟာရဟူသော အကြောင်းရှိသည်။
* သာသဝ - အာသဝေါတရားတို့၏ အာရုံဖြစ်သည်။
* သင်္ခတ - ကံစသောအကြောင်းတစ်ခုခုက ပြုစီမံအပ်သည်။
* လောကိယ - သင်္ခါရလောက၌ ပါဝင်သည်။ လောကီတရားဖြစ်သည်။
* ကာမာဝစရ - ကာမတဏှာ၏ ကျင်လည်ရာ(အာရုံပြုရာ) ဖြစ်သည်။
* အနာရမ္မဏ - စိတ်စေတသိက်တို့ကဲ့သို့ အာရုံကို ယူတတ်သည် မဟုတ်၊ မယူတတ်။
* အပ္ပဟာတဗ္ဗ - အကုသိုလ်ကိလေသာကဲ့သို့ ပယ်လို့ ရသည်မဟုတ်၊ ပယ်လို့မရ။

ထိုတစ်မျိုးတည်းသာ ရုပ်သည်ပင် အောက်ပါအတိုင်း အမျိုးမျိုး ဖြစ်နိုင်သည်။
* အဇ္ဈတ္တိကရုပ် - အတွင်းဖြစ်သောရုပ်။ ပသာဒရုပ် ၅-ပါး။
* ဗာဟိရရုပ် - ပြင်ပဖြစ်သောရုပ်။ ကြွင်းရုပ် ၂၃-ပါး။
* ဝတ္ထုရုပ် - မှီရာဖြစ်သော ရုပ်။ ပသာဒရုပ် ၅, ဟဒယ ၁။
* အဝတ္ထုရုပ် - မှီရာမဖြစ်သော ရုပ်။ ကြွင်းရုပ် ၂၂-ပါး။
* ဒွါရရုပ် - ဒွါရဖြစ်သောရုပ်။ ပသာဒ ၅ (ဥပပတ္တိဒွါရ) ဝိညတ် ၂ (ကမ္မဒွါရ)။
* အဒွါရရုပ် - ဒွါရမဖြစ်သောရုပ်။ ကြွင်းရုပ် ၂၁-ပါး။

[စာမျက်နှာ-28] * ဣန္ဒြိယရုပ် - အစိုးရသောရုပ်၊ ပသာဒ ၅, ဘာဝ ၂, ဇီဝိတ။
* အနိန္ဒြိယရုပ် - အစိုးမရသောရုပ်၊ ကြွင်းရုပ် ၂၀။
* ဩဠာရိကရုပ် - ကြမ်းသောရုပ်၊ ပသာဒ ၅, ဝိသယ ၇။
* သုခုမရုပ် - သိမ်မွေ့သောရုပ်၊ ကြွင်းရုပ် ၁၆-ပါး။
* သန္တိကေရုပ် - နီးသောရုပ်၊ ဩဠာရိကနှင့်တူ။
* ဒူရေရုပ် - ဝေးသောရုပ်၊ သုခုမနှင့်တူ။
* သပ္ပဋိဃရုပ် - ထိခိုက်တတ်သောရုပ်၊ ဩဠာရိကနှင့်တူ။
* အပ္ပဋိဃရုပ် - မထိခိုက်တတ်သောရုပ် သုခုမနှင့်တူ။
* ဥပါဒိန္နရုပ် - ကံ၏အကျိုးဖြစ်သောရုပ်၊ ကမ္မဇရုပ် ၁၈-ပါး။
* အနုပါဒိန္နရုပ် - ကံ၏အကျိုးမဟုတ်သောရုပ်၊ တိဇရုပ် ၁၅-ပါး (နောက်၌ထင်ရှားလတ္တံ့)။
* သနိဒဿနရုပ် - မြင်ကောင်းသောရုပ်၊ ရူပါရုံ။
* အနိဒဿနရုပ် - မမြင်ကောင်းသောရုပ်၊ ကြွင်းရုပ် ၂၇ -ပါး။
* ဂေါစရဂ္ဂါဟကရုပ် - အာရုံယူတတ်သောရုပ်၊ ပသာဒရုပ်-၅။
* အဂေါစရဂ္ဂါဟကရုပ် - အာရုံမယူတတ်သောရုပ်၊ ကြွင်းရုပ် ၂၃-ပါး။

> (ထိုတွင် စက္ခုနှင့် သောတသည် မိမိသို့ မရောက်မထိသော အာရုံကို ယူသည်။ ဃာန, ဇိဝှါ, ကာယသည် မိမိသို့ ရောက်ထိသော အာရုံကို ယူသည်။)

* အဝိနိဗ္ဗာဂရုပ် - တစ်ခုစီခွဲ၍ မရသောရုပ်၊ ရူပ, ဂန္ဓ, ရသ, ဩဇာ, မဟာဘုတ် ၄။
* ဝိနိဗ္ဗာဂရုပ် - ခွဲခြား၍ ရကောင်းသောရုပ်၊ ကြွင်းရုပ် ၂၀။

[စာမျက်နှာ-29]
အဘိဓမ္မာသင်တန်း
ရုပ်ပိုင်း
ဟဒယဝတ္ထုနှင့် ရူပဝိဘာဂ
ဒီနေ့ ဩဂုတ်လ ၂၈-ရက်၊ လွန်ခဲ့တဲ့အပတ်က ရုပ်ပိုင်းစခဲ့ပြီ၊ ရုပ်ပိုင်းမှာ အခန်းလေးတွေရှိတဲ့အနက် ပထမအခန်း, ရုပ် ၂၈-ပါးကို အကျဉ်းပြုခြင်းဆိုတဲ့ အကြောင်းပြောခဲ့ပြီ။

ရုပ် ၂၈-ပါးရှိတယ်၊ မဟာဘုတ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ သို့မဟုတ် ၄-ပါးပေါ့၊ (ခရေပွင့်ပြထားတာ ထည့်တွက်လို့ မရဘူး)
ဘာဝရုပ် ၂-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ ဝိကာရရုပ် ၅-ပါး၊ လက္ခဏရုပ်-၄-ပါး၊ ရုပ် ၂၈-ပါး ပြောခဲ့ပြီ။

အဲဒီရုပ် ၂၈-ပါးမှာ ဟဒယဝတ္ထုရုပ်တဲ့ နံပတ်-၁၆ ဟဒယဝတ္ထုအကြောင်းလည်း ဟိုနေ့က ပြောခဲ့ပြီမဟုတ်လား၊ ဟဒယဝတ္ထုဟာ ဓမ္မသင်္ဂဏီပါဠိတော်မှာ မရှိဘူးတို့ ဘာတို့လေ၊တော်တော်လေးတော့ ပြောခဲ့ပြီ၊ ဒီနေ့ အဲဒါကိုပဲ ထပ်ပြီး အကျယ် ပြောမယ်။

ဟိုနေ့ကပြောခဲ့သလိုပဲ၊ အဘိဓမ္မာမှာ ဟဒယဝတ္ထုဆိုတဲ့ နာမည်နဲ့ တိုက်ရိုက် ဟောထားတာမရှိဘူး၊ မရှိတော့ ရှေးတုန်းကိုကပဲ ဆရာတွေဟာ အမျိုးမျိုး အကြောင်းပြပြီးတော့ ဖြေရှင်းနေရတာပေါ့။

[စာမျက်နှာ-30] ဒါကြောင့်မို့ ဟဒယဝတ္ထုအကြောင်းကို အဲဒီနေ့ထပ်ပြီးတော့ ရှင်းဦးမယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီ course က ပထမ beginners course ဖြစ်ပေမယ်လို့ လူကြီးတွေဆိုတော့ နားလည်ထားရင်ကောင်းတယ်။

စာမျက်နှာ-၃၉၇ မှာရှိတော့ ဒုတိယစာပိုဒ် ၄ ကြောင်းလောက်မှာကြည့်လိုက် စမ်းပါ၊ ဘာတွေ့လဲ။
“ဤနှလုံးသားတည်းဟူသော ရုပ်ပါသည့်အတွက် ထိုထိုကောင်းကျိုး ဆိုးကျိုး ပြည့်စုံစေနိုင်ကြ၏၊ ထို့ကြောင့် နှလုံးသားတည်းဟူသောရုပ်ကို ဟဒယဟုခေါ်သည်။

ဤနေရာ၌ကားထိုနှလုံးသား၏ အလယ်မှာ ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်ရှိ၏။
(Medical sciences: Ventricle)

“ထိုတွင်းငယ်၌ သွေးများတည်ရှိ၏။ ထိုသွေးများပျံ့နှံ့လျက်တည်သော ဝတ္ထုရုပ်တစ်မျိုးကို ဟဒယဟုဆိုသည်”

ဟဒယဆိုတာ တကယ့်နှလုံးသားကြီးကို ဆိုတာမဟုတ်ဘူးတဲ့၊ ဟဒယဆိုတာ နှလုံးကို ဟောတာတော့မှန်တယ်၊ ဒါပေမယ့် ဒီနေရာမှာ ပထဝီလို့ ဆိုပေမယ့် မြေကြီးကို ယူရတာမဟုတ်ဘူး၊ ခက်မာမှုကို ယူရတာမျိုးလိုပဲ၊ ဒီမှာလည်းပဲ ဟဒယနှလုံးလို့ ပြောပေမယ့် နှလုံးသားကြီး တစ်ခုလုံးကို ယူရတာမဟုတ်ဘူး၊ ဘာကိုယူရမှာတုန်းဆိုရင် နှလုံးထဲမှာ တွင်းငယ်လေးရှိတယ်၊ အဲဒီထဲမှာ သွေးရှိတယ်။ အဲဒီသွေးတွေပေါ်မှာ ပျံ့နှံ့ပြီးတည်တဲ့ရုပ်ကို ဟဒယဝတ္ထုလို့ ခေါ်တာ။

“ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော ပါဠိတော်မရှိ” ပါဠိတော်မှာ ဟဒယဝတ္ထုဆိုတဲ့ နာမည်နဲ့ ဟောထားတဲ့နေရာမရှိဘူးတဲ့။

“ဓမ္မသင်္ဂဏီရူပကဏ္ဍပါဠိတော်သည် ရုပ်ဟူသမျှကို ထုတ်ပြသောပါဠိတော်ပင် ဖြစ်၏” ဓမ္မသင်္ဂဏီမှာ စိတ်တွေ အကုန်ပြရတယ်၊ စေတသိက်တွေ အကုန်ပြရတယ်၊ ရုပ်တွေ အကုန်ပြရတယ်။

“ထိုပါဠိတော်၌သော်မှ ထုတ်ပြခြင်းမရှိ” ရုပ် ၂၈-ပါး ထုတ်ပြရမှာကို ၂၈-ပါးလုံး ထုတ်မပြခဲ့ဘူး၊ ၂၇-ပါးပဲ ပြခဲ့တယ်တဲ့။

“သို့သော် ထိုထိုပါဠိတော်များကို သဲလွန်စပြု၍ ဤဝတ္ထုရုပ်ရှိထိုက်ကြောင်းကို အဋ္ဌကထာ, ဋီကာတို့ယူဆကြလေသည်”

ဒါပေမယ်လို့ ပဋ္ဌာန်းပါဠိတော်မှာကျတော့ ဟောထားတာရှိတယ်၊ ဟဒယဝတ္ထု...

[စာမျက်နှာ-31] ဆိုတဲ့နာမည်နဲ့တော့ မဟုတ်ဘူးနော်၊ သို့သော် ဟောထားတဲ့ အဲဒီရုပ်ဟာ ဟဒယဝတ္ထုရုပ်ပဲ ဖြစ်ရမယ်ဆိုပြီးတော့ ရှေးဆရာများ ဆုံးဖြတ်ထားကြတယ်။ method of elimination ပေါ့၊ တစ်ခုမဖြစ်ထိုက်ဘူး, ဟိုဟာမဖြစ်ထိုက်ဘူး, ဒီဟာမဖြစ်ထိုက်ဘူးနဲ့ အကုန်ပယ်, ပယ်သွားလိုက်တာ သူတစ်ခုထဲကျန်တော့ သူ့ကိုပဲယူလိုက်ရတယ်။

သဲနွံစပါဠိတော်တဲ့၊ လူတွေသုံးတာတော့ သဲလွန်စလို့သုံးတယ်၊ ဒီဆရာတော် (အရှင်ဇနကာဘိဝံသ)ကတော့ သဲနွံစလို့သုံးတယ်၊ ထားပါတော့၊ ဒီဟာလေး အကြောင်းပြုပြီး ပါဠိတော်မှာ အစလေးရတယ်ပေါ့၊ အဲဒီပါဠိတော်က ပဋ္ဌာန်းမှာ လာတယ်။

ယံ ရူပံ နိဿာယ မနောဓာတုစ၊ မနောဝိညာဏဓာတုစ ပဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာစ မနောဝိညာဏဓာတုယာစ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ပဋ္ဌာန်းပါဠိတော်ကြီးရှိတယ်၊ ပဋ္ဌာန်းပစ္စယနိဒ္ဒေသထဲမှာပါတယ်၊ မြန်မာပြန်ထားတာ ဒီမှာရှိတယ်၊ ဘာတဲ့တုန်း။

“အကြင်ရုပ်ကိုမှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ကြကုန်၏။ ထိုမနောဓာတ်, မနောဝိညာဏဓာတ်နှင့် စေတသိက်တို့အား ထိုရုပ်က နိဿယသတ္တိဖြင့် ကျေးဇူးပြုသည်”

အဲဒီတော့ ရုပ်တစ်ခုရှိတယ်၊ အဲဒီရုပ်ကိုအမှီပြုပြီးတော့ မနောဓာတ်နဲ့ မနောဝိညာဏဓာတ်ဖြစ်တယ်၊ အဲဒီရုပ်က အဲဒီမနောဓာတ်နဲ့ မနောဝိညာဏဓာတ်ကို မှီရာသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့။ အဲဒီတော့ အဲဒီမသွားခင် ပထမ ဘာနားလည်ရမလဲ၊ ဝိညာဏဓာတ် ၇-ပါးကို နားလည်ရမယ်၊ ဝိညာဏဓာတ် ၇-ပါး မှတ်မိရဲ့လား၊ ပကိဏ်းပိုင်း ပြန်ရလိမ့်မယ်။

စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်။

စက္ခုဝိညာဏဓာတ်ဆိုတာ စက္ခုဝိညာဏ်ဒွေး ၂-ခု၊ ကာယဝိညာဏဓာတ်ဆိုတာ ကာယဝိညာဏ်စိတ် ၂-ခု၊ မနောဓာတ်ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်းဒွေး၊ ကျန်တဲ့စိတ်တွေက မနောဝိညာဏဓာတ်၊ နားလည်ပြီနော်။

ကောင်းပြီ၊ ရှေ့ဆက်ဖတ်လိုက်စမ်း။ “ဤပါဠိတော်ကို ထောက်ထားလျှင် စက္ခုဝိညာဏ်တို့၏ မှီရာစက္ခုဝတ္ထု၊ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့၏ မှီရာ

[စာမျက်နှာ-32] သောတ, ဃာန, ဇိဝှါ, ကာယဝတ္ထုများ ရှိသကဲ့သို့ ထို့အတူ မနောဓာတ်, မနောဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုရုပ်တစ်မျိုးရှိသည်ဟု ယူဆရပေမည်။”

ဟုတ်တာပေါ့၊ စက္ခုဝိညာဏ်ရဲ့ မှီရာစက္ခုဝတ္ထုရှိတယ်၊ သောတဝိညာဏ်ရဲ့ မှီရာသောတဝတ္ထုရှိရင် မနောဓာတ်, မနောဝိညာဏဓာတ်တို့ရဲ့ မှီရာလည်း ဝတ္ထုရုပ်တစ်မျိုး ရှိရလိမ့်မယ်၊ အဲဒါဘယ်ဟာလဲဆိုတာ စိစစ်ရလိမ့်မယ်၊ စိစစ်ပြလိမ့်မယ်။

“ဤဝတ္ထုရုပ်ဟူသည် မဟာဘုတ်ကြီး ၄-ပါးလည်း မဟုတ်ရာ” (မနောဓာတ် မနောဝိညာဏဓာတ်တို့ရဲ့ မှီရာဟာ မဟာဘုတ် ၄-ပါးလဲ မဖြစ်နိုင်ဘူးတဲ့၊ ဘာကြောင့်လည်းဆိုရင် မဟာဘုတ်တို့ကို ဥပါဒါရုပ်တွေကမှီနေတယ် မဟုတ်လား၊ အဲဒီတော့ တစ်ခုအမှီခံရပြီးရင် နောက်တစ်ခု အမှီမခံနိုင်ဘူးပေါ့၊ အလုပ်နှစ်ခုကို မလုပ်နိုင်ဘူး ဆိုပါတော့၊ ဒါကြောင့်မို့ ဥပါဒါရုပ်တွေက မဟာဘုတ်တွေကို မှီပြီးသားဖြစ်နေပြီ၊ အဲဒါကြောင့် မဟာဘုတ် ၄-ပါးတော့ မဖြစ်နိုင်ဘူးတဲ့။ အဲဒီတော့ ရုပ် ၂၈-ပါး ကြည့်ထားပေါ့၊ ရုပ် ၂၈-ပါးထဲက တစ်ခုစီ ထုတ်သွားလိမ့်မယ်၊ အခု မဟာဘုတ် ၄-ပါးထုတ်လိုက်ပြီ၊ မဟာဘုတ် ၄-ပါးမဖြစ်နိုင်ရင် ကျန်တဲ့ ဥပါဒါရုပ်တွေထဲက တစ်ခုခုဖြစ်ရမယ်၊ ဒီလိုဆိုလိုတယ်။

“ဥပါဒါရုပ် ၂၄-ပါးတွင်လည်း အနိပ္ဖန္နရုပ်တို့မှာ အထည်ကိုယ်ထင်ရှားသော ရုပ်များ မဟုတ်ကြ”

အနိပ္ဖန္နရုပ်ဆိုတာ ဘယ်ကစလဲ၊ ၁၉-ကစတယ်၊ ၁၉-ကစတဲ့ရုပ်တွေကို အနိပ္ဖန္နရုပ်လို့ခေါ်တယ်။

ထိုရုပ် ၂၈-ပါးတို့တွင် ၁-မှ ၁၈-အထိ ရုပ်များကို သဘာဝရုပ်၊ သလက္ခဏရုပ်၊ နိပ္ဖန္နရုပ်၊ ဒါဖြင့်ရင် ၁၉-ကနေပြီး ၂၈-အထိ အနိပ္ဖန္နရုပ်ပေါ့၊ ၁၉-က ၂၈-အထိရုပ်တွေက အမှန်က ရုပ်အစစ်မဟုတ်ဘူး၊ ပရမတ္ထအစစ်မဟုတ်တဲ့ အတွက်ကြောင့်မို့ အဲဒီရုပ်တွေကို စိစစ်စရာ မလိုဘူးဆိုတော့ နိပ္ဖန္နရုပ်တွေထဲကပဲ စိစစ်ရမယ်ပေါ့၊ အဲဒါကြောင့်။

“နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါး၌သာ စဉ်းစားဖွယ်ရှိတော့သည်” ကိုင်း နောက်မျက်နှာသွား၊ ပါဠိဂါထာနဲ့ အနက်ကိုကျော်လိုက်။

“နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးတွင် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ပသာဒရုပ် ၅-ပါးမှာ စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် ၅-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်, မနောဝိညာဏဓာတ်တို့က ပသာဒရုပ် ၅-ပါးကို မမှီနိုင်” စက္ခုဝတ္ထုကို ဘယ်သူကမှီသလဲ၊ စက္ခုဝိညာဏ်က မှီတယ်၊ ဒီလို အမှီခံရတာဖြစ်

[စာမျက်နှာ-33] တဲ့အတွက်ကြောင့် သူတို့တွေဟာ မနောဓာတ်, မနောဝိညာဏဓာတ်ရဲ့ မှီရာမဖြစ်နိုင်ဘူး၊ ကိုင်း ဒီ ၅-ခု ပြုတ်သွားပြန်ပြီ၊ တစ်ခုချင်း ဖြုတ်သွားလိမ့်မယ်။

“ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ နှင့် ဩဇာ ကိုလည်း မမှီနိုင်” ရူပါရုံကိုလည်း မမှီနိုင်ဘူး၊ သဒ္ဒါရုံကိုလည်း မမှီနိုင်ဘူး၊ ဂန္ဓာရုံကိုလည်းမမှီနိုင်ဘူး၊ ရသာရုံကိုလည်း မမှီနိုင်ဘူး၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း မမှီနိုင်ဘူးလို့တော့ ပြောရမှာပဲ။ သို့သော် ဖောဋ္ဌဗ္ဗာရုံနဲ့ ပထဝီ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ် ၃-မျိုးနဲ့ အတူတူပဲ၊ ဒါကြောင့်မို့ ဒီမှာထည့်မပြောတာ။

ဘာကြောင့် ရူပါရုံကို မနောဓာတ်, မနောဝိညာဏဓာတ်က မမှီနိုင်တာတုန်း ဆိုတော့ ဘယ်လိုအကြောင်းပြထားသလဲဆိုရင် “ထိုရုပ်တို့က ခန္ဓာကိုယ်မှ အပြင်ပ၌လည်း ဖြစ်ကြသောကြောင့်တည်း”

ရူပါရုံဆိုတာ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်တာမဟုတ်ဘူး၊ ခန္ဓာကိုယ်အပြင်ဘက်မှာလည်း မဖြစ်ဘူးလား၊ စာအုပ်တွေ, သစ်ပင်တွေ အိမ်တွေမြင်နေရတာပဲဟုတ်လား၊ အဲဒီတော့ ရူပါရုံကိုမှီတယ်ဆိုရင် မနောဓာတ်, မနောဝိညာဏဓာတ်က အဲသလို အပြင်ပကြီးမှာ သွားပြီး မှီနေရလိမ့်မယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ်အပြင်ပမှာ သူတို့တွေက ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကိုမှီတယ်လို့လည်း မဆိုနိုင်ဘူး။

ဩဇာဆိုတာက နံပါတ် ၁၈-အာဟာရရုပ်ကိုပြောတာ၊ ဒါဖြင့်တော်တော်ကို ပြုတ်သွားပြီပေါ့၊ ပသာဒရုပ် ၅-ပါး ပြုတ်သွားပြီ၊ ဝိသယရုပ် ၇-ပါးပြုတ်သွားပြီ၊ အာဟာရရုပ် ပြုတ်သွားပြီ၊ နောက်ထပ် ဘာစိစစ်ဦးမလဲ၊ နောက်စာပိုဒ်ဂါထာရယ်၊ အနက်ရယ် ကျော်လိုက်၊ ဘာတဲ့တုန်း။

“ဤဓာတ် ၂-ပါးသည် ဇီဝိတိန္ဒြေကိုလည်း မမှီ” ကောင်းပြီ၊ ဒါဖြင့် ဇီဝိတရုပ်ကိုများ မှီသလားလို့ ဒီလိုမေးမယ်ဆိုပါတော့၊ ဇီဝိတရုပ်ကိုလည်း မမှီနိုင်ဘူးတဲ့၊ ဘာကြောင့်တုန်း။

“ဇီဝိတိန္ဒြေမှာ တကွဖြစ်ဘက်ရုပ်တွေကို စောင့်ရှောက်ရခြင်း ကိစ္စတစ်မျိုးရှိပြီး ဖြစ်သောကြောင့်တည်း” သူ့မှာ အတူဖြစ်ဘက်ရုပ်တွေကို စောင့်ရှောက်ရတဲ့ ကိစ္စ ရှိနေတယ်၊ ဒီကိစ္စလုပ်နေရတဲ့ အတွက်ကြောင့်မို့ မနောဓာတ်, မနောဝိညာဏဓာတ်တွေရဲ့ မှီရာကိစ္စကို သူမဆောင်ရွက်နိုင်ဘူးတဲ့။

“အလုပ်ကိစ္စတစ်ခုရှိနေသူသည် အခြားကိစ္စကို မရွက်ဆောင်နိုင်သကဲ့သို့ ဇီဝိတရုပ်မှာ မလွှဲမရှောင်သာသော ကိစ္စကရှိပြီးဖြစ်၍ သူတစ်ပါးအမှီကို မခံနိုင်တော့ပြီ” ဒါဖြင့် မနောဓာတ် မနောဝိညာဏဓာတ်ရဲ့ မှီရာဟာ ဇီဝိတလည်း မဟုတ်နိုင်

[စာမျက်နှာ-34] ဘူးပေါ့၊ ကောင်းပြီ၊ ဘာဝရုပ် ၂-ပါးကို မှီတယ်လို့ပြောရင်တော့ ဘာဝရုပ်ဆိုတာ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ မိန်းမအဖြစ်, ယောက်ျားအဖြစ်ဆိုတဲ့ရုပ်၊ အဲဒီရုပ်နှစ်ပါးကို မှီတယ်ဆိုရင်ကောတဲ့။

“ဘာဝရုပ် ၂-ပါးမရှိသော နပုံးပဏ္ဍဏ်သန္တာန်မှာလည်း ဤမနောဓာတ် မနောဝိညာဏဓာတ်များ ဖြစ်နေသောကြောင့် ဘာဝရုပ် ၂-ပါးကို မမှီကြောင်းမှာ သိသာပြီ”

ယောက်ျားလည်းမဟုတ်, မိန်းမလည်းမဟုတ်တဲ့ လူတွေမှာ ဒီစိတ်တွေရှိမနေဘူးလား၊ ရှိနေတာပေါ့၊ ဒါကြောင့်မို့ ဘာဝရုပ်ကို မှီတယ်ဆိုရင် ဒီစိတ်တွေ အဲဒီပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ မဖြစ်ရပဲနေလိမ့်မယ်၊ အခုတော့ဖြစ်တယ်၊ ဒါကြောင့်မို့ ဘာဝရုပ် ၂-ပါးကိုလည်း မမှီဘူးတဲ့၊ ဘာကျန်တော့လဲ၊ သူပဲကျန်တော့တယ်။

“ထို့ကြောင့် ထိုဆိုအပ်ပြီးသော နိပ္ဖန္နရုပ်များအပြင် ဤဓာတ် ၂-ပါး၏ မှီရာဝတ္ထုရုပ်သည် ဥပါဒါရုပ်တစ်မျိုးပဲဟု သိလိုက်၏” ဒါဖြင့်ရင် ဒီဓာတ်တွေရဲ့ မှီရာဟာ ဥပါဒါရုပ်တစ်မျိုး ဖြစ်ရမယ်ပေါ့။

“ထို ဥပါဒါရုပ်တစ်မျိုးကား ဤ ဟဒယဝတ္ထု ဖြစ်သည်ဟူလို”တဲ့၊ ဒါကျတော့ arbitrary အဲဒီ ရုပ်ဝတ္ထုဟာ ဟဒယပဲဖြစ်ရမယ်၊ အဲဒါကျတော့ သူကအနိုင်ယူပြီး ဆုံးဖြတ်သွားပြီ၊ အကြောင်းပြငြင်းလို့ မရဘူး။

အဲဒီလို Law of Elimination ပေါ့၊ မဖြစ်နိုင်တာတွေ တစ်ခုပြီးတစ်ခု ဖြုတ်, ဖြုတ်သွားလိုက်တာ ဘာမှ မကျန်တော့ဘူး၊ ဘာမှ မကျန်တော့သူတို့ရဲ့ မှီရာရုပ်တစ်ခုကလည်း ရှိရမယ်ဆိုတော့ အဲဒီရုပ်တစ်ခုတော့ ရှိရလိမ့်မယ်၊ အဲဒီရုပ်ဟာ ဥပါဒါရုပ်ပဲ၊ အဲဒီ ဥပါဒါရုပ်ဟာ ဘာလဲဆိုရင် ဟဒယပဲ၊ ဒီလို အဋ္ဌကထာ, ဋီကာဆရာတော်တွေ, ရှေးဆရာတော်တွေ interpret လုပ်တယ်၊ ယူဆတယ်ပေါ့။

ကောင်းပြီ၊ ဒါကတော့ လက်ခံပါတယ်ဆိုကြပါစို့၊ လက်မခံလို့လဲ တခြား အကြောင်းပြဖို့လမ်းမရှိဘူး၊ ဦးနှောက်မှီတယ်ပြောပြန်ရင် ပြဿနာတွေက လာလိမ့်ဦးမယ်။

အဲဒီတော့ ဒါဖြင့်ရင် ဓမ္မသင်္ဂဏီပါဠိတော်မှာ ဘာကြောင့်မဟောတာလဲ၊ မခံချင်စရာမကောင်းဘူးလား၊ အဘိဓမ္မာဆိုတာ ဆိုင်ရာအကြောင်းအရာကို အပြည့်အစုံဟောရမယ် မဟုတ်ဘူးလား၊ ဘာကြောင့် အဘိဓမ္မာပါဠိတော်ကြီးမှာ ဟဒယဝတ္ထုကို မဟောခဲ့တာတုန်းဆိုတော့ အကြောင်းပြချက်က ဘာလဲဆိုရင် “ထိုဆိုခဲ့သည့်အတိုင်း ဝတ္ထုရုပ်တစ်မျိုးရှိသင့်လျှင် ဓမ္မသင်္ဂဏီပါဠိ ရူပကဏ္ဍ

[စာမျက်နှာ-35] ပါဠိတော်၌ ဘာကြောင့် မဟောပါသနည်းဟု မေး” အဲဒါက တစ်ယောက်ယောက် ကမေးမယ်ပေါ့၊ အဖြေက ဘာတဲ့တုန်း။

“ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ကား အာရမ္မဏဒုကဒေသနာ ပျက်မည်စိုးသောကြောင့် ဝတ္ထုဒုက်ကိုလည်း မဟောဘဲ ချန်ထားတော်မူသည်” ဒုက်ဆိုတာ နှစ်ခုတွဲကို ဒုက်လို့ခေါ်တယ်၊ ရိုက်တဲ့တုတ်မဟုတ်ဘူးနော်၊ ဒုက ဆိုတဲ့ ပါဠိ စကားကလာတာ၊ ဓမ္မသင်္ဂဏီပါဠိတော်မှာ ၁-ခု၊ ၂-ခု၊ ၃-ခု၊ ၄-ခု စသည်ဖြင့် အဲသလို ရုပ်တွေကို အမျိုးမျိုးခွဲပြီး ဟောသွားတာ။ ဟောသွားတဲ့အခါကျတော့ ဒုကဒေသနာရောက်တဲ့အခါကျတော့ ဘယ်လိုလဲတဲ့၊ ဖတ်ကြည့်လိုက်ကြဦးစို့။

“ရူပကဏ္ဍပါဠိတော်၌ ဧကက (ဧကကဆိုတာ တစ်မျိုးကိုချည်း ဟောသွားတာ ဒုကဆိုတာက နှစ်မျိုးဟောသွားတာ၊ တိကဆိုတာ သုံးမျိုးတွေချည်း ဟောသွားတာ၊ စတုက္ကဆိုတာ လေးမျိုးဟောသွားမယ်ပေါ့) ဒုက၊ တိက မှစ၍ ဧကာဒသက တိုင်အောင် (၁၁-ခုထိအောင်) ဟောတော်မူလျက်ရှိ၏၊ ထို ဒုကဒေသနာတော်၌ “အတ္ထိ ရူပံ စက္ခုဝိညာဏဿ ဝတ္ထု (စက္ခုဝိညာဏ်၏ မှီရာဝတ္ထုရုပ်ရှိ၏၊ စက္ခုဝတ္ထုကို ပြတော်မူလိုသည်) အတ္ထိ ရူပံ စက္ခုဝိညာဏဿ နဝတ္ထု (စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်များလည်းရှိ၏၊ ဒါကျတော့ စက္ခုမှ ကျန်တဲ့ ရုပ်တွေအားလုံးပေါ့ အဲဒီလိုဟောတာ)

“ဤသို့စသည်ဖြင့် သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်တို့၏ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု ဟုတ်-မဟုတ်သောရုပ်များကို ခွဲခြားပြတော်မူပြီးလျှင် (စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ ပြီးရင် ဘာလာမလဲ၊ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ် ပြီးရင် မနောဝိညာဏ် လာဖို့ ကောင်းတာပေါ့၊ ဒါကြောင့်မို့ ဟောချင်းဟောရင် ဘယ်လို ဟောရမလဲ။ အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု” မနောဝိညာဏ်၏ မှီရာဖြစ်တဲ့ရုပ် ရှိတယ်။ အတ္ထိ ရူပံ မနောဝိညာဏဿ နဝတ္ထု မနောဝိညာဏ်၏မှီရာမဟုတ်တဲ့ရုပ် ရှိတယ်လို့ ဒီလိုခြောက်ခုမြောက်ဒုက်ကို ဟောရလိမ့်မယ်။

ဟောခဲ့တော့ ဘာဖြစ်လဲ၊ ဘာဖြစ်လို့ ဘုရားကမဟောခဲ့တာလဲ၊ အဲဒီတော့ ဒီနေရာမှာ စဉ်းစားကြည့်လိုက်စမ်း၊ မနောဝိညာဏ်၏မှီရာဝတ္ထုရုပ်ဆိုရင် ဟဒယဝတ္ထုလို့ပဲ ပြောကြပါစို့၊ ဟဒယဝတ္ထုလို့ပဲပြောနိုင်တယ် မဟုတ်လား။ မနောဝိညာဏ်၏မှီရာ မဟုတ်ဘူးဆိုရင် စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, အဖြေပေးလို့ရတယ်မဟုတ်လား။

[စာမျက်နှာ-36] အဲဒီတော့ မနောဝိညာဏ်၏မှီရာဖြစ်သော ဝတ္ထုရုပ်လို့ပြောရင်လည်းပဲ အဖြေပေးလို့ရတယ်၊ မနောဝိညာဏ်၏မှီရာမဟုတ်တဲ့ ဝတ္ထုရုပ်လို့ ပြောရင်လည်းပဲ အဖြေပေးလို့ရတယ်။ ဒါကြောင့် အမှန်ကတော့ ဒီဒုက်မှာ ပြဿနာမရှိဘူး၊ ဘယ်ကျတော့ ပြဿနာပေါ်မလဲတဲ့။

“အကယ်၍ ဟောတော်မူလျှင် “အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု” အရ ဟဒယဝတ္ထုကို ကောက်၍ “အတ္ထိ ရူပံ မနောဝိညာဏဿ နဝတ္ထု” အရ ဟဒယဝတ္ထုမှ ကြွင်းသမျှ ကောက်ရလိမ့်မည်၊ ဤသို့ ကောက်ဖွယ်ရာ ရုပ်ရှိသော်လည်း ဒီဒုက်နဲ့ ပတ်သက်လို့ကတော့ ကိစ္စမရှိဘူး ဆိုလိုတယ်။

“၎င်း ဝတ္ထုဒုက်နှင့် တစ်ဆက်တည်း ဟောရမည့် အာရမ္မဏဒုက်၌” (အဲဒီကျတော့ ဘာတဲ့တုန်း၊ အတ္ထိ ရူပံ စက္ခုဝိညာဏဿ အာရမ္မဏံ စက္ခုဝိညာဏ်၏အာရုံ ဖြစ်သောရုပ်ရှိသည်၊ အတ္ထိ ရူပံ စက္ခုဝိညာဏဿ န အာရမ္မဏံ စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်ရှိသည်။

ကိုင်း- အဖြေပေးကြစမ်း၊ စက္ခုဝိညာဏ်၏ အာရုံဖြစ်သောရုပ်ရှိတယ် ဆိုရင်၊ ရူပါရုံပေါ့၊ ဟုတ်တယ်နော်၊ စက္ခုဝိညာဏ်၏အာရုံမဟုတ်တဲ့ ရုပ်ဆိုရင် ရူပါရုံမှတပါး ကျန်တာအားလုံးပေါ့၊ ဒီလိုဆို အဖြေပေးလို့မရဘူးလား၊ ရတယ်နော်။

ကောင်းပြီ၊ သောတဝိညာဏ်နော်၊ မရဘူးလား၊ ရတယ်၊ ဃာနဝိညာဏ် မရဘူးလား၊ ရတယ်၊ ဇိဝှါဝိညာဏ်ရတယ်၊ ကာယဝိညာဏ်ရတယ်၊ ကိုင်း၊ မနောဝိညာဏ် စမ်းကြည့်ကြစို့။

“ထိုအတူ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ နှင့် ကြွင်းသမျှရုပ်များကို ထောက်ဖို့ရာ ဒုက် ၅-မျိုးကို ဟောတော်မူပြီးနောက် (ဆဋ္ဌမဒုက် အတ္ထိ ရူပံ မနောဝိညာဏဿ အာရမ္မဏံ ဟောမယ်ဆိုရင်) မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်ကား ရုပ်အားလုံးပင်ဖြစ်၍ (မနောဝိညာဏ်၏ အာရုံက ရုပ်အားလုံးမဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်နော်၊ အာရမ္မဏသင်္ဂဟပြန်ကြည့်ရင်) အတ္ထိ ရူပံ မနောဝိညာဏဿ န အာရမ္မဏံ ကျတော့ ဘယ့်နှယ်လုပ်မလဲ၊ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်ဆိုတော့ Zero ပေးရလိမ့်မယ်၊ အဖြေပေးစရာ မရှိတော့ ဒါကို ဒုက်ကျိုးတယ် ခေါ်တယ်။

ဒုက်ကျိုးတယ်ဆိုတာ တစ်ခြမ်းဖြစ်သွားတာ၊ တစ်ဖက်သာရတယ်၊ တစ်ဖက်မရဘူးဖြစ်သွားတယ်၊ ဒီ ၂-ခုတွဲဟောလာရာမှာ တစ်ခုအတွက်သာ အဖြေရှိတယ်၊

[စာမျက်နှာ-37] နောက်တစ်ခုအတွက်ကျတော့ အဖြေမရှိဘူး၊ ဒုက်ပျက်သွားတယ်။

အဲဒီလိုဒုက်ပျက်သွားရင် ဘာဖြစ်မလဲ၊ ဒီဒုက်ပျက်မှာစိုးလို့ ဒီဒုက်ကိုဟောလို့ မဖြစ်ဘူး၊ ဒီဒုက်ကို ဟောလို့မဖြစ်တဲ့အတွက်ကြောင့် ဝတ္ထုဒုက်ကိုလည်းပဲ ဘုရားကထည့်မဟောခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ ဝတ္ထုဒုက်ပြီးတဲ့နောက် တစ်ဆက်တည်း အာရမ္မဏဒုက်ကို ဟောရတယ်၊ ဟောတဲ့အခါကျတော့ ဝတ္ထုဒုက်တုန်းက ၆-မျိုး ဟောခဲ့ပြီးတော့ အာရမ္မဏဒုက်ကျမှ ၅-မျိုးထဲဟောရင် ဒုက်ချင်း မညီမညွတ်ဖြစ်တယ်။

အဲဒီတော့ ဆဋ္ဌမဒုက်ကို အာရမ္မဏဒုက်တွေမှာလည်းဟောလို့ရလား၊ မရဘူး၊ ခုနပြောသလိုပဲ၊ တစ်ခုအတွက်တော့ အဖြေရှိတယ်၊ နောက်တစ်ခုအတွက်ကျတော့ အဖြေမရှိဘူး၊ အဲဒီလို ဒုက်ပျက်သွားမှာစိုးလို့ ဒုကဒေသနာရှေ့နောက် ပျက်သွားမှာ စိုးလို့ အာရမ္မဏဒုက်မှာ ဟောလို့မရတဲ့ အတူတူ ဝတ္ထုဒုက်မှာလည်းမဟောဘူးဆိုပြီး မြတ်စွာဘုရားက ချန်ထားခဲ့တာ၊ အဲဒါကြောင့်မို့ ဝတ္ထုဒုက်မှာလည်း ငါးမျိုးသာဟောတယ်။

စက္ခုဝိညာဏ်၏မှီရာ သောတ, ဃာန, ဇိဝှါ, ကာယတို့၏မှီရာပဲဟောတယ်။ မနောဝိညာဏ်၏ မှီရာမဟောဘူး၊ အာရမ္မဏဒုက်မှာလည်း မဟောဘူး၊ ဒါကြောင့်မို့ ဒုကဒေသနာပျက်မှာ စိုးလို့မဟောတာ၊ မရှိလို့ မဟောတာ မဟုတ်ဘူး၊ ဒီလိုဆိုလိုတယ်။

ဒုက်ပျက်လည်း ဘာဖြစ်လဲ၊ ဟောပါလား၊ မရှိတာ မရှိတာပေါ့၊ ရှိတာ ရှိတာပေါ့၊ ဒုက်ပျက်လည်းဟောပါလားဆိုတော့၊ ရှေ့ဆက်ဖတ်ကြည့်စမ်း။

“ထို့ကြောင့် ဤဆဋ္ဌအာရမ္မဏဒုက်အတွက် တစ်ဘက်ပျက်ဖွယ်ရာရှိသည်။ ဤ အာရမ္မဏဒုက်တစ်ဘက် ပျက်မည့်အရေးကို မြင်တော်မူသောကြောင့် ဝတ္ထုဒေသနာ နှင့် အာရမ္မဏဒေသနာကို အသွားအလာတူထား၍ ဟောပြတော်မူမှ ဝေနေယျတို့ နားလည်ဖွယ်ရှိရကား”

အဲဒါသော့ချက်ပဲ၊ မြတ်စွာဘုရား တရားဟောတယ်ဆိုတာ သဗ္ဗညုတဉာဏ် အစွမ်းပြဖို့ဟောတာမဟုတ်ဘူး၊ တရားနာတဲ့ ဝေနေယျပုဂ္ဂိုလ်တွေ တရားထူးရဖို့ ဟောတာ၊ အဲဒီတော့ တရားနာသူတွေ တရားထူးမရနိုင်တဲ့ တရားမျိုးဆိုရင် မြတ်စွာဘုရားက မဟောဘူး။

ဒါကြောင့်မို့ ဝေနေယျတွေအနေနဲ့ နားထောင်သူတွေ အနေနဲ့ ဒီလိုဖြစ်သွားရင် သူတို့စိတ်တစ်မျိုးတစ်မည်ဖြစ်သွားမယ်၊ သူ့ဟာသူ နဂိုတုန်းကတော့ အချိုးကျကျလေး

[စာမျက်နှာ-38] တစ်စုံ, တစ်စုံလာပြီးတော့ ဒီကျတော့ တစ်ခြမ်းပျက်ကျန်ရစ်ရောဆိုတော့ သူတို့မှာ စိတ်တစ်မျိုးတစ်မည်ဖြစ်ပြီးတော့ တရားထူးရဖို့မှာ စိတ်အနှောင့်အယှက်ဖြစ်သွားမယ်။ ဒါကို ဝေနေယျအလိုကို လိုက်တယ်လို့ ဦးဇင်းတို့ ပါဠိကျမ်းဂန်တွေမှာသုံးတယ်။ ဝေနေယျဇ္ဈာသယလို့သုံးတယ်။

အဲဒါကြောင့်မို့ ဒီလိုအသွားအလာတူဟောပြမှသာ ဝေနေယျတွေက နားလည်ဖွယ်ရှိတယ်၊ နားလည်ရုံတင်မကဘူး၊ နားလည်ပြီးတော့ တရားထူးရဖို့ရှိတယ်။ အကယ်၍ ဒုက်တစ်ခုနဲ့တစ်ခု မတူပေမယ်လို့ဟောမယ်ဆိုရင် သူတို့အဖို့ အနှောင့်အယှက်ဖြစ်သွားပြီးတော့ တရားထူးရဖို့ရာ မဖြစ်နိုင်ဘူး ဖြစ်လိမ့်မယ်။

အဲဒါကြောင့်မို့ ဝတ္ထုဒေသနာမှာ ဝတ္ထုဒုက်တွေဟောတဲ့နေရာမှာ ဆဋ္ဌမဒုက်ကို ရသင့်လျက်နဲ့ မဟောပဲထားခဲ့တယ်၊ အာရမ္မဏဒုက်မှာတော့ ဟောမဖြစ်လို့ မဟောတာ၊ ဝတ္ထုဒုက်မှာတော့ ဟောလို့တော့ဖြစ်တယ်၊ ဒါပေမယ့် အာရမ္မဏဒုက်နဲ့ မကိုက်ညီမှာစိုးလို့၊ ရှေ့သွားနောက်လိုက် မညီမှာစိုးလို့ မဟောဘဲ ချန်ထားခဲ့တယ်။

ကောင်းပြီ၊ လက်နှိပ်စက်နဲ့ရိုက်ထားတဲ့ စာရွက်လေးကြည့်လိုက်၊ ဒါက ဝတ္ထုဒုက်နဲ့ အာရမ္မဏဒုက်ကို ရှင်းရှင်းလင်းလင်းမြင်အောင် ထုတ်နုတ်ပြီး ရိုက်ထားတာ။

ဝတ္ထုဒုက်မှာ ဒုက် ၅-မျိုးရှိတယ်၊ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏၊ စက္ခုဝိညာဏ်၏မှီရာမဟုတ်သော ရုပ်သည်ရှိ၏၊ အဖြေထွက်နိုင်တယ်နော်။ သောတဝိညာဏ်၏ မှီရာဖြစ်သောရုပ်သည်ရှိ၏၊ သောတဝိညာဏ်၏ မှီရာမဟုတ်သောရုပ်သည်ရှိ၏၊ ဒီနှစ်ခုကို ဒုက်တစ်ခုလို့ခေါ်တယ်။ ဃာနဝိညာဏ်၏ မှီရာဖြစ်သောရုပ်သည် ရှိ၏။ ဃာနဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည်ရှိ၏၊ ဒါ တစ်ဒုက်။ ဇိဝှါဝိညာဏ်၏ မှီရာဖြစ်သောရုပ်သည်ရှိ၏။ ဇိဝှါဝိညာဏ်၏ မှီရာမဟုတ်သောရုပ်သည်ရှိ၏။ ဒါလည်းတစ်ဒုတ်။ ကာယဝိညာဏ်၏ မှီရာဖြစ်သောရုပ်သည်ရှိ၏၊ ကာယဝိညာဏ်၏ မှီရာမဟုတ်သောရုပ်သည်ရှိ၏၊ တစ်ဒုက်။

အဲဒီဒုက် ၅-မျိုးကို ဟောပြီးတဲ့နောက်မြတ်စွာဘုရားက အာရမ္မဏဒုက်ကို ဟောတယ်၊ ဒီကျတော့ မှီရာနေရာမှာ အာရုံပေါ့။

စက္ခုဝိညာဏ်၏ အာရုံဖြစ်သောရုပ်သည်ရှိ၏၊ စက္ခုဝိညာဏ်၏ အာရုံမဟုတ်သောရုပ်သည်ရှိ၏၊ ဖြေလို့ရတယ်နော်၊ ထိုနည်းတူ သောတဝိညာဏ်, ဃာနဝိညာဏ်,

[စာမျက်နှာ-39] ဇိဝှါဝိညာဏ်, ကာယဝိညာဏ် ဖြေလို့မရဘူးလား၊ ဖြေလို့ရတယ်နော်။

ဖြစ်သင့်သော ဆဋ္ဌဝတ္ထုဒုက်တဲ့၊ ဒါဟာဖြစ်တော့ဖြစ်သင့်တယ်၊ မြတ်စွာဘုရားက မဟောခဲ့ဘူး၊ ဒါကဘာတုန်း၊ မနောဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည်ရှိ၏။ မနောဝိညာဏ်၏မှီရာမဟုတ်သော ရုပ်သည်ရှိ၏၊ ဒါက ရနိုင်တယ်၊ နှစ်ခုစလုံးအတွက် အဖြေပေးနိုင်တယ်။

သို့သော် ဖြစ်သင့်သောဆဋ္ဌ အာရမ္မဏဒုက်ကျတော့ မနောဝိညာဏ်၏ အာရုံဖြစ်တတ်သော ရုပ်သည်ရှိ၏၊ ဟုတ်ပြီ ရုပ် ၂၈-ပါးရပြီ၊ မနောဝိညာဏ်၏ အာရုံမဟုတ်သောရုပ်သည်ရှိ၏၊ ဘယ်လိုမှ ဖြေမရတော့ဘူး၊ ဘာကြောင့်တုန်းဆိုတော့ မနောဝိညာဏ်ရဲ့ အာရုံမဟုတ်တဲ့ ရုပ်ရယ်လို့ ရှိကိုမရှိဘူး၊ အဲဒီတော့ ဒုက်က ပျက်သွားပြီ၊ ကျိုးသွားပြီ။

ဒါကြောင့်မို့ ဝတ္ထုဒုက်မှာရော အာရမ္မဏဒုက်မှာရော ခြောက်ခုမြောက်ဖြစ်တဲ့ ဒုက်ကို မဟောဘူး၊ အဲသလို မဟောတဲ့အတွက်ကြောင့်မို့ ဟဒယဝတ္ထု ပါမသွားနိုင်တော့ဘူး၊ ရုပ်တွေအကုန်လုံး ပြတဲ့ ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်မှာ ရုပ်က ၂၇-ပါးပဲရှိတော့တယ်၊ ၂၈-ပါးမရှိတော့ဘူး။

နောက်စာရွက် ၂ ရွက်ကလည်း ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်ကကူးထားတာ၊ ဒါလည်းပဲ ကိုယ့်ဟာကိုယ် ပါဠိတော်မှာ တကယ်ရှိတာမရှိတာသိအောင်လို့ ပေးထားတယ်၊ အဲဒီမှာ ဖတ်ရတာ နည်းနည်းရှုပ်တယ်၊ ဒါကြောင့်မို့ လက်နှိပ်စက်နဲ့ ရိုက်ပြီးတော့ ရှင်းအောင်လုပ်ထားတယ်၊ ဟိုမှာကျတော့ ရှုပ်နေတာဖတ်ကြည့်ပါလား၊ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှုဖဿ၏ မှီရာတည်ရာမဟုတ်သောရုပ်သည်ရှိ၏။ မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ဖဿကြောင့်ဖြစ်သော ခံစားမှုဝေဒနာ၏၊ ပ၊ ဖြစ်သွားတယ်။

ပ ဆိုတာ သိလား၊ ပြုတ်သွားပြီလို့ ပြောတာ၊ ဒီမှာ ပ တို့ ပေ တို့ တစ်ခါတလေ လ တို့တွေ့တတ်တယ်၊ အဲသလို တွေ့ရင် ကြားမှာပြုတ်သွားပြီလို့ ဆိုလိုတယ်။ ပေယျာလ လို့ခေါ်တယ်။

“မှတ်သားမှု သညာ၏ စေ့ဆော်မှုစေတနာ၏ မြင်သိစိတ်၏ မှီရာတည်ရာ ရုပ်သည်ရှိ၏” ဒါက စက္ခုဝိညာဏဿ ဝတ္ထု။

မြင်သိစိတ်၏ မှီရာတည်ရာမဟုတ်သော ရုပ်သည်ရှိ၏၊ ဒါက စက္ခုဝိညာဏဿ နဝတ္ထု၊ တစ်ခါကြားသိစိတ်သွားတယ်၊ အတူတူပါပဲ၊ ဒီမှာကြည့်ရတာ ရှုပ်မှာစိုးလို့ ရှင်းအောင်ဆိုပြီးတော့ လက်နှိပ်စက်နဲ့ ရိုက်လိုက်တယ်၊ လက်နှိပ်စက်နဲ့ ရိုက်ပြီးတော့

[စာမျက်နှာ-40] တစ်ခါ ပါဠိတော် တကယ်ကို မရှိတာဟုတ်ပါလားဆိုပြီးတော့ သိအောင်ဆိုပြီးတော့ ပါဠိတော် မြန်မာပြန်မှာ ပေးထားတယ်၊ ဒါတွေအကုန်လုံး ညှပ်လိုက်ရင် ဟဒယဝတ္ထုအကြောင်းတော့ တော်တော်ပြည့်ပြည့်ဝဝ နားလည်သွားပြီ။

အဲဒါကြောင့်မို့ အဋ္ဌကထာဋီကာဆရာများရဲ့ အယူအဆအရ သို့မဟုတ် ရှေးဆရာတော်တို့ရဲ့ အယူအဆအရ မြတ်စွာဘုရားက သာမညအကျဉ်းချုပ်လို့ ဟောခဲ့ပေမယ့် အဲဒါသည် ဟဒယဝတ္ထုဟူ၍ မှတ်ရမယ်၊ ဒါဟာ တစ်ချက်လွှတ်တော့ကျတယ်၊ ကျပေမယ်လို့ ဒီလိုပဲမှတ်ရမယ်၊ ဒါကြောင့်မို့ ဟဒယဝတ္ထုရုပ်ဆိုတာ ရှိပါတယ်။

ဒါဖြင့် ဓမ္မသင်္ဂဏီမှာ ဘာကြောင့် မဟောတာတုန်းဆိုရင် ဝတ္ထုဒုက်၊ အာရမ္မဏဒုက် ပျက်မှာစိုးလို့၊ ပျက်မှာဆိုတာ ရှေ့နောက်မညီတာ, မလိုက်လျောမှာစိုးလို့ မဟောတာပါ၊ မရှိလို့ မဟောတာ မဟုတ်ပါဘူး။

ဘာကြောင့် ဝတ္ထုဒုက်ပျက်မှာ ကြောက်ရတာတုန်း, စိုးရိမ်ရတာတုန်း၊ ဝေနေယျတွေ နားမလည်မှာစိုးလို့၊ နားမလည်ရင် တရားမရမှာစိုးလို့၊ တစ်ခါတလေ ဝေနေယျတွေ အလိုလိုက်ပြီး ဟောရတာတွေရှိတယ်၊ အဘိဓမ္မာမှာတောင်မှရှိတယ်။ သုတ္တန်မှာဆို ပြောစရာမလိုတော့ဘူး။

ဒါကြောင့်မို့ ဒီတရားတွေကိုပဲ ခန္ဓာဆိုတဲ့ နာမည်နဲ့ဟောထားတယ်၊ တော်တော်ကြာ အာယတနဆိုတဲ့နာမည်နဲ့ ဟောထားတယ်၊ ဒါတွေပဲ၊ အာယတန ၁၂-ပါး ဆိုတာလည်း ခန္ဓာ ၅-ပါးပဲ၊ ခန္ဓာ ၅-ပါးထဲကဟာတွေကို အာယတနနဲ့ တစ်မျိုး လှည့်ဟောလိုက်တာ။

ဓာတ် ၁၈-ပါးဆိုတာလည်း ဒီ ခန္ဓာ ၅-ပါပဲ၊ နိဗ္ဗာန်တော့ပါတယ်ပေါ့လေ။ ဒါတွေပဲ၊ ဣန္ဒြေ ၂၂-ပါးဆိုလည်း ဒါတွေပဲ၊ အဲဒီလို အမည်အမျိုးမျိုးနဲ့ မြတ်စွာဘုရားက ဟောတော်မူတယ်။

တချို့က ခန္ဓာဆိုတဲ့ နာမည်နဲ့ ရင်းနှီးပြီးသားဖြစ်ရင် ခန္ဓာဆိုတဲ့စကားလုံးလေး ကြားလိုက်ရင် သူတို့မှာ တရားနားလည်သွားမယ်၊ တရားထူးရမယ်။

တချို့က အာယတနဆိုတဲ့ နာမည်နဲ့ ရင်းနှီးထားတဲ့သူတွေကျတော့ အာယတနဆိုတဲ့ အသံလေးကြားလိုက်ရရင် (ကိုယ်ရင်းနှီးထားတဲ့အသံလေး ကြားလိုက်ရရင်) နားလည်တာပေါ့၊ အဲဒီလို ဝေနေယျအလိုလိုက်ပြီးတော့ ဟောရတာတွေ အဘိဓမ္မာမှာတောင်ရှိတယ်၊ အဲသလို မှတ်ရမယ်။

ယေဘုယျအတိုင်း ပြောရမယ်ဆိုရင် အဘိဓမ္မာမှာ အရှိကို အရှိအတိုင်းဟောတာ။

[စာမျက်နှာ-41] ဝေနေယျအလိုကို လိုက်နေတာမဟုတ်ဘူးလို့ ယေဘူယျ ပြောမယ်ဆိုရင်ရတယ်။ သို့သော် ဒီတစ်နေရာမှာတော့မရဘူး။ ဒီနေရာမှာ တကယ့်ကို ဝေနေယျရဲ့ အလိုလိုက်ပြီးတော့ နားထောင်တဲ့ပုဂ္ဂိုလ်တွေ တရားထူးမရမှာစိုးလို့၊ ဒုက်အပျက်မခံပဲနဲ့ လုံးဝဒီဒုက်ကို ချန်ထားခဲ့တယ်။

ဒီဒုက်ချန်ထားလိုက်တော့ ဟဒယဝတ္ထုကလည်း ဓမ္မသင်္ဂဏီပါဠိတော်မှာ ဖော်ပြခြင်း မခံရတော့ဘူးပေါ့။ သို့သော် ခုနထောက်ထားတဲ့ အထောက်အထားတွေအရ ဝတ္ထုရုပ်တစ်ခုကတော့ ရှိထိုက်တယ်၊ အဲဒီဝတ္ထုရုပ်တစ်ခုဟာ ဘာလည်းဆိုရင် ဟဒယရုပ်ပဲ။

အခုခေတ်လူတွေကတော့ ဘာပြောသလဲ၊ မြတ်စွာဘုရားက ဟဒယဆိုတဲ့ နာမည်နဲ့ ဟောခဲ့တာမှမဟုတ်ပဲ၊ အဲဒီတော့ ဟဒယဝတ္ထုမဟုတ်ပဲနဲ့ ဦးနှောက်ကော မဖြစ်နိုင်ဘူးလားပေါ့လေ၊ ဒါတော့တိကျပြတ်သားတဲ့အဖြေ ထွက်မယ့် အရာမျိုးတော့ မဟုတ်ဘူးပေါ့၊ သူကြိုက်တာ သူလက်ခံ၊ ငါကြိုက်တာ ငါလက်ခံပေါ့။

ဘာသာဋီကာမှာတော့ အဲဒါလေးနဲ့ ပတ်သက်ပြီးပြောထားတာရှိသေးတယ်၊ စာမျက်နှာ ၄၀၀- မှာထင်တယ်။ “ဤပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်းကား ထင်ရှားလေသည်၊ ထိုဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိကြောင်းကိုလည်း ဤသို့သိရာ၏”တဲ့၊ ဒါက ဆရာတော်ရဲ့ အကြောင်းပြချက်ပေါ့လေ။

“တစ်စုံတစ်ခုသော အကြံကို စူးစူးစိုက်စိုက် ကြံစည်သည့်အခါ တစ်စုံတစ်ခု စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည့် အခါတို့၌ စိတ်မှ အပူဓာတ်သည် မှီရာဝတ္ထုသို့ ကူးစက်၍ ထိုဝတ္ထုရုပ်မှ အပူဓာတ်လည်း ဝတ္ထုရုပ်တည်ရာသွေးများနှင့် တကွ နှလုံးအိမ်မှာ ကူးစက်သဖြင့် ရင်ပူလာပုံကိုလည်းကောင်း - ထို့ပြင် ပြင်းထန်သော အမြောက်သံ စသည်ကို ကြားရာ၊ တစ်စုံတစ်ယောက်က ခြောက်လှန့်သည့်အခါတို့၌ စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များခုန်နေပုံကိုလည်းကောင်း - အပြင်းအထန် သောကနှိပ်စက်သည့်အတွက် နှလုံးကွဲ(ရင်ကွဲ)ပုံကို လည်းကောင်း - အလွန်ပျော်ရွှင်သည့်အခါ ရင်ထဲမှာ တစ်မျိုးတစ်ဖုံဖြစ်နေပုံကိုလည်းကောင်း ထောက်၍ စိတ်၏မှီရာ ဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပြီ၊ ဤသို့ နှလုံးအိမ်ဟဒယအတွင်းမှာတည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထု

[စာမျက်နှာ-42] ရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်ရလေသည်။

ယခုခေတ် လောကဓာတ်ဆရာအချို့တို့ကား နှလုံးအိမ်မှ သွေးပူလေပူတို့ အထက်သို့ ပြန်တက်သဖြင့် ဦးခေါင်း၌ နောက်ကျုရှုပ်ထွေးလျက်ရှိသည်ကို အထောက်အထားပြုပြီးလျှင် စိတ်ဝိညာဏ်သည် ဦးနှောက်မှာတည်ရှိ၏ဟု ပြောဆိုမိကြလေသည်။

ပရိသတ် - အရှင်ဘုရား၊ သိပ်မှန်တယ်ဘုရား။
မေး - ခုနက အရှင်ဘုရားပြောခဲ့တယ်၊ နှလုံးထဲမှာရှိတဲ့ သွေးလို့ပြောခဲ့တယ်။ အဲဒီသွေးများကို ပျံ့နှံ့လျက် တည်နေတဲ့ ဝတ္ထုရုပ်တစ်မျိုးဆိုတော့ အဲဒီသွေးထဲက ဟာက အရေးကြီးဆုံးပဲ၊ အဲဒီသွေးက ဦးနှောက်ထိလဲရောက်တယ်။
ဆရာတော် - ရောက်နိုင်တာပေါ့။
မေး - အဲဒီသွေးက ဦးနှောက်ထိ မရောက်နိုင်ခဲ့ရင် လူသေတာပဲ၊ ခန္ဓာကိုယ်အနေနဲ့ မြဲနေပေမယ့် ဦးနှောက်ကမရှိဘူးဆိုရင် ဘာမှခံစားမှုမရှိဘူး၊ အဲဒီသွေးကို ပြောတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်၊ အဲဒီသွေးက ပျံ့နှံ့နေတာလို့ ပြောလိမ့်မယ်ထင်ပါတယ်။
ဆရာတော် - ဖြစ်နိုင်ပါတယ်။
ပရိသတ် - သိပ်ယုတ္တိတန်ပါတယ်ဘုရား။

ကိုင်း ဒါကရုပ် ၂၈-ပါးပြီးသွားပြီ၊ ရှေ့ဆက်လိုက်ကြဦးစို့၊ ရုပ် ၂၈-ပါး ပြီးတဲ့နောက် တစ်ရွက်မှာ ဘာရှိသလဲ၊ ရုပ် ၂၈-ပါးကို အမျိုးမျိုးခွဲခြင်းတဲ့၊ အဲဒီမှာ ဇယားကွက်ပေးထားတယ်၊ ဇယားကွက်နဲ့ ကြည့်လိုက်ရင် ရှင်းနေတာပဲ။

ကောင်းပြီ ပထမအပိုင်းက ရုပ် ၂၈-ပါးကို list လုပ်ပြတဲ့ အပိုင်းပေါ့၊ ဒီအပိုင်းကျတော့ ရုပ် ၂၈-ပါးကိုပဲ အမျိုးမျိုးခွဲခြားပြီးတော့ပြမယ်၊ အမျိုးမျိုးခွဲခြား ပြမယ်ဆိုတော့ ခုနပြောသလို ဓမ္မသင်္ဂဏီပါဠိတော်မှာ ခွဲတာမျိုးလို တစ်မျိုးထဲရုပ် နှစ်မျိုးရုပ် စသည်ဖြင့် ခွဲခြားပြလိမ့်မယ်။

“ရုပ် ၂၈- ပါးလုံးသည် အဟေတုကသာဖြစ်သည်၊ သဟေတုကဟုမရှိ”တဲ့ ရုပ်မှန်ရင် အဟေတုကချည်းပဲတဲ့၊ သဟေတုကရယ်လို့ မရှိဘူး၊ ဒါတွေအောက်ပိုင်း ကျတော့ ရှင်းလိမ့်မယ်။

သပ္ပစ္စယသာ၊ အပ္ပစ္စယဟု မရှိ။ သာသဝသာ၊ အနာသဝဟုမရှိ။ သင်္ခတသာ၊ အသင်္ခတဟု မရှိ။ လောကိယသာ၊ လောကုတ္တရဟု မရှိ။ ကာမာဝစရသာ၊ ရူပါဝစရစသည်မရှိ။

[စာမျက်နှာ-43] အနာရမ္မဏသာ၊ သာရမ္မဏဟုမရှိ။ အပ္ပဟာတဗ္ဗသာ ပဟာတဗ္ဗဟု မရှိတဲ့၊ ပါဠိစကားချည်း ဖြစ်နေတယ်။

ကောင်းပြီ၊ အဟေတုကဆိုတာဘာတုန်း၊ အဟေတုကဆိုတာ လွယ်ပါတယ်။ လောဘစသော ဟိတ်များနှင့်မယှဉ်၊ ပါဠိတည်တာမှာကတော့ အလောဘစတဲ့ ဟိတ်များနဲ့ မယှဉ်ဘူးလို့ ဒီလိုပြောတယ်။

ဘာကြောင့် ဒီလိုပြောတာလဲဆိုတော့ ရုပ်ဆိုတာက ကုသိုလ်လည်းမဟုတ်ဘူး၊ အကုသိုလ်လည်းမဟုတ်ဘူး၊ အဗျာကတ တရားဖြစ်တယ်၊ အဗျာကတဆိုတာ လောဘ၊ ဒေါသ၊ မောဟနဲ့ မယှဉ်ဘူး၊ အလောဘ၊ အဒေါသ၊ အမောဟနဲ့သာ ယှဉ်တာ၊ ဒါကြောင့် အလောဘစသော ဟိတ်များနဲ့ မယှဉ်ဘူးလို့ဆိုတာ၊ ဒါပေမယ်လို့ အကုသိုလ်စိတ်ကြောင့်လည်းပဲ ရုပ်ကဖြစ်နိုင်သေးတယ်၊ အဲဒီတော့ အကုသိုလ်စိတ်ကြောင့် ဖြစ်တဲ့ရုပ်ဟာ အကုသိုလ်ဟိတ်နဲ့ယှဉ်လေသလားလို့ သံသယဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ သမညအားဖြင့် လောဘစသော ဟိတ်လို့ သုံးလိုက်တာက ပိုကောင်းတယ်၊ ဟိတ် ၆-ပါးလုံး ဆိုကြပါစို့၊ အဲသလို ရုပ် ၂၈ -ပါးဟာဟိတ်နဲ့ မယှဉ်ဘူး၊ ဒါဖြင့် ဟိတ်နဲ့ယှဉ်တဲ့ရုပ်ဟာ ဘယ်တော့မှ မရှိနိုင်ဘူးပေါ့။

နောက်တစ်ခုက သပ္ပစ္စယ၊ သပ္ပစ္စယဟာ အကြောင်းနဲ့တကွ ဖြစ်တယ်လို့ အဓိပ္ပါယ်ရှိတယ်၊ အကြောင်းနဲ့တကွဖြစ်တယ်ဆိုတာ အကြောင်းကြောင့်ဖြစ်တယ်လို့ ဆိုတယ်၊ အကြောင်းနဲ့အတူတူဖြစ်တယ် ပြောတာမဟုတ်ဘူး၊ အကြောင်းရှိတယ်ဆိုတာဟာ သူ့ကို အကြောင်းတစ်ခုခုကဖြစ်စေတယ်လို့ ဆိုလိုတာ၊ အတူတူဖြစ်တယ် ဆိုလိုတာ မဟုတ်ဘူး။

ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းရှိသည်။ မြန်မာလိုအဓိပ္ပါယ်က ကံစိတ်ဥတု အာဟာရဟူသောအကြောင်းတို့ကြောင့် ဖြစ်ပေါ်သည်။ ရုပ်ဆိုတာ (နောက်တစ်ခန်းကျတော့ လလာလိမ့်မယ်) ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်၊ ဒီလို ကံ၊ စိတ်၊ ဥတု အာဟာရဆိုတဲ့ အကြောင်းမရှိပဲနဲ့ ရုပ်ဟာဖြစ်ကိုမဖြစ်ဘူး၊ ဒါကြောင့် ဧကန်အကြောင်းရှိတယ်လို့ ယူရတယ်၊ အကြောင်းကြောင့်ဖြစ်တယ်။

သာသဝချည်းပဲ အနာသဝမရှိဘူးဆိုတာ ဘာပြောတာလဲဆိုရင် အာသဝေါတရားတို့ရဲ့ အာရုံဖြစ်တာချည်းပဲ၊ အာသဝေါတရားတို့ရဲ့ အာရုံမဖြစ်တဲ့ ရုပ်ရယ်လို့ မရှိဘူး၊ အာသဝေါတရားဆိုတာက ဘယ့်နှယ်တုန်း၊ ဘာတွေတုန်းဆိုတာ မသိသေးပါဘူး၊ ဒါက သတ္တမပိုင်းကျမှ လာလိမ့်မယ်။

[စာမျက်နှာ-44] လောဘရယ်၊ ဒိဋ္ဌိရယ်၊ မောဟရယ် ဒီ ၃-ပါးကို အာသဝလို့ခေါ်တယ်။ ဒကာမကြီးတို့ အာသဝေါတရားဆိုတဲ့ စကား ခဏခဏကြားနေတာပဲမဟုတ်လား၊ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တယ်၊ အာသဝေါတရား ၄-ပါးတို့၏ ကုန်ရာ နိဗ္ဗာန်ရောက်ရပါလို၏နဲ့ ရေစက်ချနေကြတာနော်။

အဲဒီတော့ အာသဝေါတရားဆိုတာ လောဘ၊ ဒိဋ္ဌိ၊ မောဟတို့ပဲဆိုလိုတယ်၊ လောဘ၊ ဒိဋ္ဌိ၊ မောဟကကုသိုလ်လား၊ အကုသိုလ်လားဆိုရင်အကုသိုလ်၊ အကုသိုလ်စိတ်ရဲ့ အာရုံက ဘာတွေလဲမှတ်မိလား၊ အာရမ္မဏသင်္ဂဟ ပြန်သွားလိုက်စမ်း၊

လောကီတရားအားလုံးပဲ၊ လောကီတရားအားလုံးထဲမှာ ရုပ်မပါဘူးလား၊ ပါတာပေါ့။ ဒါကြောင့်မို့ ရုပ်မှန်ရင် လောဘရဲ့ အာရုံဖြစ်တယ်၊ ဒိဋ္ဌိရဲ့ အာရုံဖြစ်တယ်၊ မောဟရဲ့ အာရုံဖြစ်တာချည်းပဲ။

နောက်ဆုံး ရဟန္တာရဲ့ ရုပ်တောင်မှ လောဘရဲ့ အာရုံဖြစ်တယ်၊ သောရေယျ သူဌေးသားဟာ အဆင်းလှတဲ့ ရဟန္တာပြစ်မှားမိလို့ ယောက်ျားကနေ ချက်ချင်း မိန်းမဖြစ်သွားတယ်၊ အဲဒါကြောင့်မို့ ဘုရားရဟန္တာတွေရဲ့ ရုပ်ဟာလည်း တခြားပုဂ္ဂိုလ်တွေရဲ့ လောဘရဲ့ အာရုံဖြစ်နိုင်တယ်၊ ဒေါသရဲ့ အာရုံဖြစ်နိုင်တယ်၊ ဘုရားကို စိတ်ဆိုးတယ်၊ ဒေါသရဲ့ အာရုံမဖြစ်ဘူးလား၊ တွေဝေတယ်ဆိုရင် မောဟရဲ့ အာရုံဖြစ်နိုင်တယ်။

ဒါကြောင့်မို့ ရုပ်တရားဆိုတာ အမြဲတမ်း အာသဝရဲ့ အာရုံဖြစ်တာချည်းပဲ။ အာသဝရဲ့ အာရုံမဖြစ်တဲ့ ရုပ်တရားရယ်လို့ မရှိဘူး။ အနာသဝဆိုရင်တော့ အာသဝေါတရားရဲ့ အာရုံမဟုတ်ဘူးလို့ဆိုလိုတယ်။ သူကတော့ သာသဝ။

သင်္ခတတဲ့၊ သင်္ခတတဲ့ အဓိပ္ပါယ်က ကံ စသောအကြောင်း တစ်ခုခုက ပြုစီမံအပ်တယ်လို့ဆိုလိုတယ် (condition) အကြောင်းတစ်ခုခုက ထုတ်လုပ်အပ်တယ်၊ ပြုအပ်တယ်ပေါ့လေ၊ ဒါကို သင်္ခတလို့ခေါ်တယ်။ ဒီစကားလုံးလည်း ဗုဒ္ဓဘာသာလောကမှာ အများကြီးသုံးတယ်၊ သင်္ခတ၊ အသင်္ခတနဲ့။

သင်္ခတလို့ သုံးလိုက်ရင် ကံစတဲ့အကြောင်းတစ်ခုခုက ပြုလုပ်ထားတယ်။ ကံစတဲ့အကြောင်းတစ်ခုခုက ဖြစ်တဲ့တရားဆိုလိုတယ်၊ ကံစသည်ကြောင့် မဖြစ်တဲ့ ရုပ်ရယ်လို့ရှိလား၊ မရှိဘူးပေါ့၊ ကံကြောင့်ဖြစ်မယ်၊ စိတ်ကြောင့်ဖြစ်မယ်၊ ဥတုကြောင့် ဖြစ်မယ်၊ အာဟာရကြောင့်ဖြစ်မယ်။

ဒါဖြင့် အသင်္ခတဖြစ်တဲ့ရုပ်လို့ မရှိနိုင်ဘူးပေါ့၊ နိဗ္ဗာန်ကို အသင်္ခတလို့ခေါ်တယ်

[စာမျက်နှာ-45] မဟုတ်လား၊ နိဗ္ဗာန်ဟာ ဘယ်အကြောင်းကမှ ပြုလုပ်စီမံအပ်တာ မဟုတ်ဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ရုပ်မဟုတ်ဘူး။

လောကိယတဲ့၊ ဒါကတော့ လောကီစိတ်ဆိုတာ သိခဲ့ပြီ၊ လောကီတရားပဲ။ သင်္ခါရလောက၌ ပါဝင်တဲ့တရားမျိုးကို လောကီတရားလို့ခေါ်တယ်၊ အာရုံတွေခွဲတုန်းက လောကီအာရုံ လောကုတ္တရာအာရုံခွဲရင် လောကီအာရုံတွေထဲမှာ ဘာပါလဲ။

လောကီစိတ်-၈၁၊ စေတသိက်-၅၂၊ ရုပ်-၂၈၊ ဒါလောကီတရားပဲ၊ ဒါကြောင့်မို့ ရုပ်ဆိုတာ လောကီသာရှိတယ်၊ လောကုတ္တရာ ရုပ်ရယ်လို့မရှိဘူး။

ကာမာဝစရတဲ့၊ ကာမတဏှာ၏ ကျင်လည်ရာ (အာရုံပြုရာ)ဖြစ်သည်၊ ရူပတဏှာနဲ့ ရုပ်ကို မတပ်မက်ဘူး၊ အရူပတဏှာနဲ့ရုပ်ကို မတပ်မက်ဘူးတဲ့၊ ဒီရုပ် ၂၈-ပါးဟာ ကာမတဏှာရဲ့ ကျင်လည်ရာ၊ ကာမတဏှာရဲ့ အာရုံပြုရာဖြစ်တယ်တဲ့။ ဒါကြောင့်မို့ သူ့ကို ကာမာဝစရတရားလို့ခေါ်တယ်။

ပကိဏ်းပိုင်းတုန်းကဟာ ပြန်သတိရကြလား၊ စိတ် ၂၅-ပါးဟာ ကာမတရားကို အာရုံပြုတယ်လို့ ပြောခဲ့ပြီ၊ ကာမတရားကို အာရုံပြုတယ်ဆိုရင် ကာမစိတ်-၅၄၊ စေတသိက်-၅၂၊ ရုပ် ၂၈-ကို အာရုံပြုတယ်ဆိုတာပဲ။

အဲဒီတော့ ကာမာဝစရလို့ဆိုလိုက်ရင် ရုတ်တရက်ကျတော့ စိတ်လို့ပဲ ထင်နေတယ်၊ ကာမာဝစရဆိုတဲ့ တရားထဲမှာ ရုပ်လည်းပါတယ်၊ ဒါကြောင့်မို့ ပကိဏ်းပိုင်းတုန်းက အာရုံပြုတဲ့ အပိုင်းမှာ ကာမအာရုံပြုတဲ့တရားတွေ ဘယ်ဟာတွေလဲ လျှောက်ကြည့်လိုက်ရင် ၂၅-ပါးတွေ့လိမ့်မယ်၊ အဲဒီတော့ ၁၀ ရယ်၊ ၃ ရယ်၊ ၁၂-ရယ်၊ အာရမ္မဏသင်္ဂဟထဲမှာ ဒွေးပဉ္စဝိညာဏ် ၁၀ ရယ်၊ မနောဓာတ် ၃-ခုရယ်၊ ကာမာဝစရဝိပါက်စိတ် ၈-ခုရယ်၊ ၁၀ + ၃ + ၈ = ၂၁ အဲဒီ ၂၅-ပါးသော စိတ်တို့က ကာမာဝစရတရားကို အာရုံပြုတယ်။

ဒါကြောင့်မို့ ရုပ်ဆိုရင် ကာမတဏှာရဲ့ အာရုံဖြစ်တဲ့ဟာချည်းပဲ၊ ကာမတဏှာရဲ့ အာရုံမဟုတ်တာ၊ ကာမတဏှာရဲ့ ကျင်လည်ရာ မဟုတ်တာရယ်လို့မရှိ၊ ကာမာဝစရချည်းပဲ။

အနာရမ္မဏဆိုတာ ဘာလဲဆိုရင် အာရုံကို မယူတတ်ဘူးတဲ့၊ စိတ်က အာရုံကို ယူတတ်တယ်၊ ရုပ်က အာရုံကို မယူတတ်ဘူးတဲ့၊ ဒါကြောင့်မို့ ရုပ်ကို အနာရမ္မဏတရားတဲ့ သစ်ပင်က တခြားတစ်ခုခု အာရုံမပြုနိုင်သလိုပေါ့။ ရုပ်ဆိုတာက သူတို့ကိုယ်တိုင်က အာရုံဖြစ်တယ်၊ ဒါကြောင့်မို့ သူက သူများကို အာရုံအဖြစ်နဲ့ မယူနိုင်ဘူးတဲ့ သိတဲ့ (cognition) မှမရှိပဲ၊ (cognition) ရှိမှ အာရုံယူလို့ရတာ၊

[စာမျက်နှာ-46] ဒါကြောင့် အနာရမ္မဏဆိုတာ စိတ်၊ စေတသိက်တို့ကဲ့သို့ အာရုံကို ယူတတ်သည် မဟုတ် အာရုံကို မယူတတ်တဲ့တရားပါ။

အပ္ပဟာတဗ္ဗတဲ့၊ အကုသိုလ်ကိလေသာကဲ့သို့ ပယ်လို့ရသည် မဟုတ်တဲ့ အကုသိုလ်တွေကျတော့ မဂ်နဲ့ပယ်လို့မရဘူးလား၊ မဂ်နဲ့တောင်မဟုတ်ဘူး၊ ကာမာဝစရကုသိုလ်နဲ့လည်း တစ်ဒင်္ဂပယ်လို့ရတယ်၊ မဟဂ္ဂုတ်ကုသိုလ်နဲ့ ဝိက္ခမ္ဘနလို့ခေါ်တဲ့တော်တော်ကြာကြာပယ်လို့ရတယ်၊ မဂ်ကုသိုလ်နဲ့ အကုန်လုံး ပယ်လို့ရတယ်။

အဲဒီလို အကုသိုလ်တွေကို ပယ်လို့ရသလို ရုပ်ကို ပယ်လို့မရဘူး၊ ဒါကြောင့် ရုပ်ဟာ အပ္ပဟာတဗ္ဗ၊ ပယ်လို့မရဘူး၊ ပဟာတဗ္ဗဆိုရင် ပယ်လို့ရတယ်၊ အပ္ပဟာတဗ္ဗဆိုတော့ ပယ်လို့မရဘူး။

အဲဒီလိုအနေနဲ့ ပြောမယ်ဆိုရင် ရုပ်ဟာတစ်မျိုးထဲရှိတယ်၊ အဟေတုက သို့မဟုတ် သပ္ပစ္စယ၊ သို့မဟုတ် သာသဝ - စသည်ဖြင့်သွား၊ တချို့ရုပ်က အဟေတုက၊ တချို့ရုပ်က သဟေတုက၊ ဒီလိုမရှိဘူးပေါ့၊ ရုပ်မှန်ရင် အဟေတုကချည်းပဲ စသည်ဖြင့် သွား၊ ဒီနည်းနဲ့ ပြောမယ်ဆိုရင် ရုပ်ဟာ တစ်မျိုးထဲသာရှိတယ်။

အဲဒီတစ်မျိုးထဲသောရုပ်ဟာ တခြားနည်းအားဖြင့် ကြည့်မယ်ဆိုရင် ၂-မျိုး ဖြစ်နိုင်တယ်၊ ၃-မျိုးဖြစ်နိုင်တယ် စသည်ဖြင့် သွားတယ်၊ အဲဒီမှာ ၂-မျိုးတွေပါတယ်၊ ဘာတဲ့တုန်း။

အဇ္ဈတ္တိကရုပ်၊ ဗာဟိရရုပ်အနေနဲ့ ပြောမယ်ဆိုရင် ၂-မျိုးဖြစ်နိုင်တယ်။ ဝတ္ထုရုပ်၊ အဝတ္ထုရုပ်အနေနဲ့ပြောမယ်ဆိုရင် ၂-မျိုးဖြစ်နိုင်တယ်၊ ဒွါရရုပ်၊ အဒွါရရုပ် စသည်ဖြင့်ဆိုရင် ၂-မျိုးဖြစ်နိုင်တယ်။

ကောင်းပြီ၊ အဇ္ဈတ္တိကရုပ်ဆိုတာ ဘာကိုဆိုတာတုန်း၊ အတွင်းကျတဲ့ရုပ်လို့ ဆိုလိုတယ်၊ အတွင်းဘယ်ဆိုတာ ခန္ဓာကိုယ်ထဲ ဝင်နေတာလို့ဆိုလိုတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်အတွက် တကယ်ကျေးဇူးများတာကိုပဲ အတွင်းကျတယ်လို့ သုံးတယ်။ ခန္ဓာကိုယ်အတွက် အလွန်ကြီး ကျေးဇူးမများဘူးဆိုရင် အပြင်အပဖြစ်တဲ့ ရုပ်လို့ ဒီလိုဆိုလိုတယ်။

အတွင်းကျတဲ့ ရုပ်တွေဆိုတာ ဘယ်ရုပ်တွေတုန်းဆိုရင် ပသာဒရုပ် ၅-ပါး၊ လူအနေနဲ့မျက်စိမရှိရင် ဘယ့်နှယ်နေတုန်း၊ နားမရှိရင်၊ နှာခေါင်းမရှိရင် ဘယ့်နှယ်တုန်း၊ အဲဒီတော့ သူတို့က တကယ့်ကို သတ္တဝါတွေအတွက် ကျေးဇူးများတဲ့ ရုပ်တွေ၊ သူတို့မရှိရင် function မလုပ်နိုင်ဘူးပေါ့။ ဒါကြောင့်မို့ သူတို့ကို အဇ္ဈတ္တိကရုပ်၊ အတွင်းကျတဲ့ရုပ်တွေပေါ့။

[စာမျက်နှာ-47] ကြွင်းတဲ့ရုပ် ၂၃-ပါးကတော့ ဒီလိုအတွင်းကျတာမဟုတ်တဲ့ အတွက်ကြောင့် ဗာဟိရ (external) အပြင်အပရုပ်။

နောက်တစ်နည်းကတော့ ဝတ္ထုရုပ်၊ အဝတ္ထုရုပ်၊ မှီရာဖြစ်တဲ့ရုပ်ကို ဝတ္ထုရုပ်၊ မှီရာမဟုတ်တဲ့ရုပ်ကို အဝတ္ထုရုပ်တဲ့။ မှီရာဖြစ်တဲ့ရုပ်ဆိုရင် ပသာဒရုပ် ၅-ပါးရယ်၊ ဟဒယရုပ်တစ်ခုရယ်ပေါ့၊ ဝတ္ထုရုပ် ၆-ပါးတွေ့ခဲ့ပြီမဟုတ်လား၊ ကျန်တဲ့ရုပ် ၂၂-ပါးက မှီရာမဟုတ်တဲ့ရုပ်တွေ၊ စိတ်ရဲ့ မှီရာမဟုတ်ကြဘူး။

ဒွါရရုပ်၊ အဒွါရရုပ်၊ ဒွါရဖြစ်တဲ့ရုပ်ကို ဒွါရရုပ်၊ ဒွါရမဖြစ်နိုင်တဲ့ရုပ်ကို အဒွါရရုပ်၊ ဒွါရသင်္ဂဟတုန်းက ၆-ပါးတွေ့ခဲ့တယ်မဟုတ်လား၊ ဒါပေမယ့် မနောဒွါရဆိုတာက ရုပ်မဟုတ်ဘူး နာမ်၊ ဒါကြောင့်မို့ ပသာဒရုပ် ၅-ပါးကို ဒွါရရုပ်လို့ ခေါ်မယ်၊ ဝိညတ် ၂-ပါးကိုလည်း ဒွါရရုပ်လို့ခေါ်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ကံဖြစ်ကြောင်း (ဘုံပိုင်းပြန်ကြည့်ရင် တွေ့လိမ့်မယ်) ကာယဝိညတ်လို့ ခေါ်တဲ့ ကာယဒွါရမှာ ဖြစ်တာကြောင့် ကာယကံ၊ ဝစီဝိညတ်ခေါ်တဲ့ ဝစီဒွါရမှာ ဖြစ်တာကြောင့် ဝစီကံလို့ ဟိုတုန်းကသုံးခဲ့တယ်၊ ဒါကြောင့်မို့ ဝိညတ် ၂-ပါး ဖြစ်တဲ့ ကာယဝိညတ် ဝစီဝိညတ် ၂-ပါးကိုလည်းဒွါရရုပ်လို့ခေါ်ရတယ်။

သူ့ကျတော့ ဘာရဲ့ အကြောင်းလဲ၊ ဘာနဲ့ တံခါးဝဖြစ်တဲ့ရုပ်လဲဆိုရင် ကံ (ကာယကံ၊ ဝစီကံ)ရဲ့ အကြောင်း ဒွါရဖြစ်တဲ့ရုပ်၊ တခြားပသာဒရုပ် ၅-ပါး ကတော့ ဥပပတ္တိဒွါရလို့ခေါ်တယ်၊ စိတ်ဖြစ်ကြောင်းပေါ့လေ၊ စိတ်ဖြစ်ဖို့ရန် တံခါးဝတွေ။ ဒါကြောင့်မို့ ဒွါရရုပ်လို့ဆိုရင် ပသာဒရုပ် ၅-ပါးနဲ့ ဝိညတ်ရုပ် ၂-ပါး၊ ၇-ခု၊ ကျန်တဲ့ ၂၁-ပါးက ဒွါရရုပ်မဟုတ်တဲ့ အဒွါရရုပ်။

ဣန္ဒြိယရုပ်၊ အနိန္ဒြိယရုပ်၊ ဣန္ဒြိယဆိုတာ အစိုးရတဲ့ရုပ်၊ လူတွေက ဣန္ဒြေဆိုရင် ရှုတည်တည်ကြီးနေတာကို ဣန္ဒြေလို့ထင်တယ်၊ ဣန္ဒြေလုပ်တယ်လို့ ပြောတယ်၊ ဒီနေရာမှာ ဣန္ဒြေဆိုတာ (technical term) အစိုးရတဲ့ ရုပ်ကို ဣန္ဒြေလို့ခေါ်တယ်။

ကိုင်း၊ စက္ခုပသာဒက မြင်ခြင်းမှာ အစိုးမရဘူးလား၊ စက္ခုပသာဒပျက်နေရင် မမြင်ဘူးပေါ့၊ သောတပသာဒပျက်နေရင် မကြားဘူး စသည်ဖြင့်ပေါ့။ ဒါကြောင့် ထိုထိုဆိုင်ရာကိစ္စတွေမှာ အစိုးရတဲ့ရုပ်တွေကို ဣန္ဒြိယရုပ်လို့ခေါ်တယ်။ ဘာဝရုပ် ၂-ပါးကတော့ မိန်းမအဖြစ် ယောက်ျားအဖြစ်ဆိုတာ သူက

[စာမျက်နှာ-48] လွှမ်းမိုး အုပ်ချုပ်ထားတဲ့အတွက်ကြောင့် မိန်းမကျတော့ မိန်းမအလိုက် အမူအရာဟာ တစ်မျိုးဖြစ်သွားတယ်၊ ယောက်ျားကျတော့ ယောက်ျားအမူအရာ ပြောပုံဆိုပုံ၊ သွားပုံလာပုံ ကစားပုံဟာ မတူကြဘူးဟုတ်လား။ ဘယ်လောက်ပဲ ဘာပြောနေနေ၊ ဒီနိုင်ငံ(အမေရိကန်)မှာ မိန်းမတွေဟာ ယောက်ျားတွေနဲ့ တန်းတူတို့ ဘာလုပ်နေနေ၊ တကယ်ကတော့ မတူဘူးပဲ၊ biologically မတူဘူး၊ ဒါကို ဒီနိုင်ငံ ဒကာမတွေက အဲဒါကို ဖယ်ထားပြီး ဘာဖြစ်ဖြစ် အတူတူချည်း လုပ်ချင်တယ်၊ နေရာတကာမှာ မဖြစ်နိုင်ဘူးလေ။

ဆိုပါတော့ အခွင့်အရေး တန်းတူဆိုတာတော့ ဟုတ်နိုင်တယ်၊ ပညာအတူတူ တတ်တယ်၊ အလုပ်အတူတူလုပ်တယ်၊ လခတန်းတူရဖို့ဘာတို့ဆိုတာ ဒါတွေကတော့ ဟုတ်ပါတယ်၊ ဒါပေမယ်လို့ တချို့နေရာတွေမှာ မိန်းမတွေအနေနဲ့ တကယ်မတတ်နိုင်ဘူး၊ အဲသလို နေရာမျိုးတွေလည်း ရှိတယ်၊ အဲဒီတော့ မိန်းမတစ်ထောင်၊ တစ်သောင်းမှာ တစ်ယောက်က ယောက်ျားလို ထလုပ်တာမျိုးကို အကြောင်းပြလို့ မရဘူး။

ဆိုပါတော့ မိန်းမတွေထရပ်ကားမောင်းနေတာလဲရှိတာပဲ၊ မိန်းမတွေနပမ်းသတ်နေတာလည်းရှိတာပဲ၊ ပြောတော့ ပြောနိုင်တယ်၊ ဒါပေမယ့် ဒါဟာ တစ်ထောင်တစ်ယောက်မရှိဘူး၊ တစ်သောင်းတစ်ယောက်မရှိဘူး၊ ဒါဟာ exception တွေပဲ။

တစ်ခါတုန်းက တီဗွီမှာရုပ်ရှင်တစ်ခုပြဖူးတယ်၊ အစအဆုံးကြည့်တာ မဟုတ်တော့ ရုပ်ရှင်နာမည်လည်း မသိဘူး၊ လေယာဉ်ပျံနဲ့သွားတဲ့အခါမှာ လေယာဉ်ပျံမောင်းတဲ့သူတွေ ဘာကြောင့်မှန်းမသိဘူး၊ သေကုန်ကြတယ်၊ သေနေတော့ လေယာဉ်မောင်းခန်းဝင်ပြီး လုပ်ရတယ်ဆိုတော့ အောက်က controller တွေက မြေကြီးပေါ်ကနေပြီး သူ့ကို ဘာလုပ်ညာလုပ်လိုက်နဲ့ လှမ်းလှမ်းပြောတယ်၊ သူကလည်း ပြောသလို ဟိုဟာလေးလုပ်၊ ဒီဟာလေးလုပ်နဲ့ အချို့ကျကျကလည်း မလုပ်နိုင်တော့ တစ်ခါတလေ လွဲချော်လိုက်နဲ့ပေါ့၊ အဲဒီအခါမှာ ဒီမိန်းမဟာ ငိုနေတယ်၊ ငိုလျက်ကြီးနဲ့ လုပ်နေတယ်ပေါ့။

အဲဒါကို ဦးဇင်းက အမေရိကန် တပည့်တွေကို ပြောပြတယ်၊ ငါ ရုပ်ရှင်ကြည့်တော့ အဲသလိုတွေ့တယ်၊ အဲဒီတော့ ငါစဉ်းစားမိတယ်၊ ယောက်ျားသာဆိုရင် ဒီလိုငိုနေမှာမဟုတ်ဘူးကွလို့ ပြောရတယ်။

ပရိသတ်တစ်ဦး - ချန်းကပြောတယ်၊ မိန်းမကို ချန်ပီယံလို့ပြောတယ်၊ ယောက်ျားကို

[စာမျက်နှာ-49] ယှဉ်လို့မရဘူးဆိုတာ သူသိတယ်၊ ဒို့ကနံပတ် ၁၀၀-ကို မပြောခဲ့တဲ့၊ ယောကျာ်းအဆင့် ၁-ကနေပြီး ၁၀၀-နိုင်ဖို့မပြောနဲ့၊ ကောလိပ်ကချန်ပီယံကိုနိုင်ဖို့မလွယ်ပါဘူးတဲ့ (မိန်းမချန်ပီယံချင်း)။

ဆရာတော် - ဟုတ်တာပေါ့၊ မတူနိုင်တာကိုတော့ လက်ခံနိုင်ဖို့ကောင်းတယ်ပေါ့။ ပညာရေးကျတော့ ဟုတ်တယ်လေ၊ မိန်းမကတောင် ယောက်ျားထက်သာချင်သာဦးမယ်၊ သာကိုသာဦးမယ် မဟုတ်ဘူး၊ သာနေတဲ့မိန်းမတွေအများကြီး ရှိတာပဲ။ ကျောင်းခန်းထဲမှာ မိန်းမကလေးက ယောက်ျားလေးထက် သာတာပဲ၊ အဲသလို ဦးဇင်းကပြောတော့ တပည့်တစ်ယောက်က ပြောတယ်။

အရှင်ဘုရား အဲဒီနေရာ လေယာဉ်ပျံမှာ ယောက်ျားသာဆိုရင် ဘာလုပ်နေမလဲ သိလားတဲ့၊ မသိဘူးကွာဆိုတော့ ဆဲနေမှာပေါ့တဲ့၊ ဒါလည်းဟုတ်တာပဲ၊ နောက်တော့လဲ လေယာဉ်ပျံက ကောင်းကောင်းမွန်မွန်ဆင်းနိုင်သွားတာပေါ့လေ၊ ဇာတ်ကားနာမည် ဘာမှန်း မသိလိုက်ဘူး၊ ယောက်ျားမိန်းမ မတူနိုင်ဘူးပေါ့လေ။

တရားထူးဖို့ရာ၊ ကမ္မဋ္ဌာန်း အားထုတ်တဲ့နေရာကျတော့ ဘာမှမဆိုင်ဘူး၊ ယောက်ျားမို့ပိုပြီး ဖြစ်ရမယ်၊ မိန်းမမို့ မဖြစ်ရဘူးဆိုတာ ရှိကို မရှိဘူး၊ အဲဒါကျတော့ မိန်းမလည်းသာချင်သာမှာပဲ၊ ယောက်ျားလည်း သာချင်သာမှာပဲ။

ကောင်းပြီ၊ ဇီဝိတတဲ့၊ ဇီဝိတဆိုတာ ဖြစ်ဘက်ရုပ်တရားတွေကို မပုပ်မသိုးအောင် စောင့်ရှောက်တဲ့နေရာမှာ သူပြဋ္ဌာန်းတယ်၊ သူအစိုးရတယ်၊ ဒါကြောင့် သူ့ကိုလဲ ဣန္ဒြိယရုပ်လို့ခေါ်တယ်၊ ဒါဖြင့် ဣန္ဒြိယရုပ် ဘယ်နှစ်ခုရှိလဲ၊ ပသာဒရုပ်-၅၊ ဘာဝရုပ် ၂၊ ဇီဝိတရုပ် ၁၊ ၅ ရယ်၊ ၂ ရယ်၊ ၁ ရယ် ပေါင်းတော့ ၈-ခု၊ ဣန္ဒြိယရုပ် ၈-ပါး၊ ဣန္ဒြိယရုပ်မဟုတ်တဲ့ အနိန္ဒြိယ ၂၀-ပေါ့။

ဩဠာရိကရုပ်၊ ကြမ်းတဲ့ရုပ်လို့ခေါ်တယ်၊ ကြမ်းတယ်ဆိုတာ ဒီနေရာမှာ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းကြီးကို ကြမ်းတယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ မြင်လွယ်တာ၊ တရားရှုလိုက်တဲ့အခါမှာတို့ ဘာတို့မှာ မြင်လွယ်တဲ့ရုပ်ကို ဩဠာရိကရုပ် လို့ ခေါ်တာ၊ တကယ်ကြမ်းကြမ်းတမ်းတမ်းကြီးကို ဆိုလိုတာမဟုတ်ဘူး။

ပသာဒရုပ် ၅-ပါးဆိုတော့ သိလွယ်တယ်၊ မြင်လွယ်တယ်၊ ဝိသယရုပ် ၇-ပါးတို့ရူပါရုံ၊ သဒ္ဒါရုံ စသည်ကျတော့ မြင်လွယ်တယ်၊ သိလွယ်တယ်၊ အဲဒီလို ဉာဏ်မှာ သိလွယ်မြင်လွယ်တဲ့ တရားမျိုးကို ရုပ်ကြမ်းလို့ခေါ်တယ်။

အဲသလို ဉာဏ်မှာသိလွယ်မြင်လွယ် မဟုတ်တဲ့ ရုပ်တွေကို သုခုမရုပ်လို့ ခေါ်တယ်၊ သုခုမဆိုတာ သိမ်မွေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။

[စာမျက်နှာ-50] ဩဠာရိကရုပ် ဘယ်နှစ်ခုရှိလဲ၊ ပသာဒ ၅ + ဝိသယ ၇ = ၁၂ ရုပ်ရှိတယ်၊ ဩဠာရိကရုပ် ၁၂-ရုပ်ရှိတဲ့အတွက်ကြောင့် ကျန်တဲ့ သုခုမရုပ် ၁၆-ရုပ်ရှိတယ်၊ သုခုမရုပ် ၁၆-ပါး၊ ဩဠာရိကရုပ် ၁၂-ပါး။

သန္တိကေရုပ်၊ ဒူရေရုပ်တဲ့၊ သန္တိကေရုပ်ဆိုတာ နီးတဲ့ရုပ်၊ ဒူရေဆိုတာ ဝေးတဲ့ရုပ်၊ ဒီနေရာမှာ နီးတယ်ဆိုတာ ခုနပြောသလိုပဲ မြင်လွယ် သိလွယ်တာကို နီးတယ်လို့ သုံးတယ်၊ နီးရင် လွယ်တဲ့သဘောရှိတာပေါ့၊ ဝေးရင် မြင်ခဲ့တယ်။ သိခဲ့တယ်။

ဒါကြောင့်မို့ သန္တိကေရုပ်လို့ဆိုတာနဲ့ ဩဠာရိကရုပ်နဲ့ အတူတူပဲ၊ ဒူရေရုပ်နဲ့ သုခုမရုပ်နဲ့ အတူတူပဲ၊ နောင်အခါကျရင်တော့ဩဠာရိကနဲ့ သုခုမကိုပဲ များများသုံးလိမ့်မယ်၊ သန္တိကေရုပ်၊ ဒူရေရုပ်ဆိုတဲ့ စကားလုံးတွေ သုံးမှာမဟုတ်ဘူး၊ ဩဠာရိကနဲ့ သုခုမကတော့ အဘိဓမ္မာ မာတိကာတို့ဘာတို့မှာ အများကြီးသုံးတယ်။

သပ္ပဋိဃရုပ်နဲ့ အပ္ပဋိဃရုပ်တဲ့၊ သပ္ပဋိဃဆိုတာ ထိခိုက်မှုရှိတဲ့ရုပ်၊ အပ္ပဋိဃဆိုတာ ထိခိုက်မှုမရှိတဲ့ရုပ်၊ ဒါမှာလည်းပဲ ဩဠာရိက၊ သုခုမနဲ့အတူတူပဲ၊ ထိခိုက်တယ်ဆိုတာ တကယ်လာပြီး ထိခိုက်တာမဟုတ်ဘူးပေါ့၊ အာရုံနဲ့ပသာဒနဲ့ထိတွေ့တာ ဆုံစည်းမိတာမျိုးကို ထိခိုက်တဲ့သဘောရှိတယ်လို့ ဆိုရတယ်၊ သုခုမရုပ်ဖြစ်တာတွေကျတော့ မျက်လုံးနဲ့ကြည့်လို့ ရတာတွေမှ မဟုတ်ပဲ၊ ရူပါရုံနဲ့ စက္ခုပသာဒကျတော့ တွေ့လို့ရတယ်၊ ဆုံလို့ရတယ်၊ တခြားရုပ်တွေကျတော့ မျက်စိနဲ့ မြင်နိုင်တာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်နဲ့ မြင်နိုင်တာမဟုတ်ဘူး၊ ဒါကြောင့်မို့ သူတို့ကျတော့ ထိခိုက်မှုမရှိဘူးလို့ ဒီလိုဆိုရတယ်၊ အပ္ပဋိဃရုပ်တဲ့။

နောက်တစ်ခုကတော့ ဥပါဒိန္နရုပ်တဲ့၊ ကံ၏ အကျိုးဖြစ်တဲ့ရုပ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်၊ အဲဒါက ကမ္မဇရုပ် ၁၈-ပါး၊ အဲဒါမသိချင်နဲ့အုံး၊ နောက်တစ်ခန်းကျမှ သိလိမ့်မယ်။

ကမ္မဇရုပ် ၁၈-ပါးရှိတယ်တဲ့၊ ကံကြောင့်ဖြစ်တဲ့ရုပ်၊ အနုပါဒိန္နရုပ်ဆိုတာ ကံရဲ့ အကျိုးမဟုတ်တဲ့ရုပ်၊ ကံကြောင့်မဖြစ်တဲ့ရုပ်၊ ဒါကို တိဇရုပ်လို့ခေါ်တယ်။ တိဆိုတာ ၃-ခုပေါ့ ကံမှတစ်ပါးဖြစ်တဲ့အကြောင်း ၃-ခုပေါ့၊ စိတ်၊ ဥတု၊ အာဟာရ အဲဒီအကြောင်း ၃-မျိုးကြောင့်ဖြစ်တာကို စာပေကျမ်းဂန်မှာ တိဇရုပ်ခေါ်တယ်၊ ဇဆိုတာ ဖြစ်တာ၊ တိက ၃၊ အကြောင်း ၃-ခုကြောင့်ဖြစ်တာ၊ ကမ္မဇဆိုတာ ကံကြောင့်ဖြစ်တာ၊ အဲဒီကံကြောင့်ဖြစ်တဲ့ရုပ်ကို ဥပါဒိန္နရုပ်၊ ကံကြောင့်မဖြစ်တဲ့ရုပ်ကို အနုပါဒိန္နရုပ်လို့ ဒီလိုခေါ်တယ်။

[စာမျက်နှာ-51] ဒါက အဘိဓမ္မာမှာ တိတိကျကျ သုံးလာပြီဆိုရင် ဒီလိုခေါ်တယ်၊ တချို့နေရာတွေမှာတော့ သက်ရှိသတ္တဝါ, သက်ရှိရုပ်ကို ဥပါဒိလို့ ဒီလိုသုံးတဲ့ နေရာတွေလည်း ရှိတယ်၊ အဲဒီနေရာတွေကျတော့ ကံကြောင့်ဖြစ်တဲ့ရုပ်ကို မဆိုလိုတော့ဘူး၊ သက်ရှိကို ဥပါဒိန္န သက်မဲ့ကို အနုပါဒိန္နလို့ ဒီလိုသုံးတဲ့နေရာတွေလည်းရှိတယ်၊ ဒါတော့ အဘိဓမ္မာနည်းနဲ့ သုံးတာမဟုတ်ဘူး၊ သုတ္တန်နည်းပေါ့။

သနိဒဿနရုပ်တဲ့၊ ဒါက မြင်ကောင်းတဲ့ရုပ်ပေါ့၊ မမြင်ကောင်းတဲ့ရုပ်ကို အနိဒဿနရုပ်တဲ့၊ ရုပ် ၂၈-ပါးထဲမှာ မျက်လုံးနဲ့ မြင်နိုင်တာဆိုလို ရူပါရုံ တစ်ခုပဲ ရှိတယ်၊ တခြားရုပ်တွေက မျက်စိနဲ့မမြင်နိုင်ဘူး၊ စိတ်နဲ့သာမြင်နိုင်တာ၊ ဒါကြောင့်မို့ မြင်မြင်သမျှတွေဟာ ရူပါရုံတွေချည်းပဲ၊ ဟိုက ရူပါရုံတစ်မျိုး၊ ဒီက ရူပါရုံတစ်မျိုးနဲ့ ရူပါရုံ အမျိုးမျိုးကို မြင်နိုင်တာ။

သဒ္ဒါရုံဆိုတဲ့ အသံကို မြင်လို့မရဘူး၊ အနံ့ကို မြင်လို့ မရဘူး စသည်ဖြင့်ပေါ့, ဒါကြောင့်မို့ ရုပ် ၂၈-ပါးမှာ မြင်နိုင်တာဟာ တစ်ခုပဲရှိတယ်။

ဂေါစရဂ္ဂါဟကရုပ်၊ အာရုံကို ယူတတ်သောရုပ်၊ ပသာဒရုပ် ၅-ပါးတဲ့၊ အဂေါစရဂ္ဂါဟကရုပ်၊ အာရုံကို မယူတတ်သောရုပ်၊ ကြွင်းတဲ့ရုပ် ၂၃-ပါး။

ဒီနေရာမှာ မေးစရာရှိတယ်၊ ခုန အနာရမ္မဏတုန်းက ဘယ့်နှယ်ပြောခဲ့တုန်း၊ ရုပ်အားလုံးဟာ အာရုံမယူတတ်ဘူးလို့ ပြောခဲ့တယ်၊ ဒီကျတော့ ပသာဒရုပ် ၅-ပါးက အာရုံယူတတ်တဲ့ရုပ်တဲ့၊ ကျန်တဲ့ ၂၃-ပါးက အာရုံမယူတတ်တဲ့ရုပ်လို့ ဆိုပြန်တယ်၊ ဒါက ဘာသဘောလဲ။

ဒါက တင်စားပြီးတော့သုံးတာ၊ ဥပစာလို့ခေါ်တယ်၊ အမှန်ကတော့ ဒီရုပ်တွေက အာရုံကိုယူတတ်တာမဟုတ်ဘူး၊ ဒီရုပ်တွေကို အမှီပြုပြီးဖြစ်တဲ့စိတ်တွေက အာရုံ ယူတာကိုပဲ ဒီရုပ်တွေက အာရုံယူတယ်လို့ ဒီလိုတင်စားပြီးတော့ သုံးတာ။

ပသာဒရုပ် ၅-ပါးဆိုတော့ စက္ခုဝိညာဏ်က စက္ခုပသာဒကို မမှီဘူးလား၊ အဲဒီ စက္ခုဝိညာဏ်က ရူပါရုံကို မယူဘူးလား၊ အဲဒီလို သူတို့ကို အမှီပြုပြီး ဖြစ်တဲ့ ဝိညာဏ်တွေက အာရုံကိုယူတတ်တဲ့အတွက်ကြောင့် သူတို့ကို အာရုံယူတတ်တဲ့ရုပ်, ပါဠိလို ဂေါစရဂ္ဂါဟကရုပ်လို့ဒီလိုခေါ်တယ်၊ တကယ်ကတော့ သူတို့မှာ အာရုံယူနိုင်တဲ့ အစွမ်းသတ္တိမရှိဘူး။

အဂေါစရဂ္ဂါဟကရုပ်ဆိုတာက အာရုံကိုမယူတတ်တဲ့ရုပ်၊ ဒါကတော့ ကြွင်းတဲ့ရုပ် ၂၃-ပါးတဲ့၊ အဲဒီမှာလည်းပဲ စက္ခုနဲ့ သောတက မိမိထံသို့ မရောက်မထိသေးတဲ့ အာရုံကိုယူတယ်တဲ့၊ ဃာန, ဇိဝှါ, ကာယတို့ကတော့ မိမိဆီရောက်ထိမှ,

[စာမျက်နှာ-52] မိမိနဲ့ လာပြီး အာရုံကထိမှပဲအာရုံကို ယူနိုင်တယ်တဲ့၊ အဲသလို ၂-မျိုးခွဲသေးတယ်တဲ့ အဲဒါအသာလေးထားခဲ့ဦး၊ ရှေ့သွားကြစို့။

အဝိနိဗ္ဗာဂရုပ်၊ တစ်ခုစီ ခွဲ၍မရတဲ့ရုပ်၊ ဘယ်တော့မှ မခွဲနိုင်ပဲ, ဒီရုပ် ၈-ပါးက အမြဲတမ်းတွဲနေတော့တယ်တဲ့ ဉာဏ်နဲ့တော့ခွဲလို့ ရမယ်ပေါ့၊ lab ထဲမှာ သွားပြီး ခွဲတာမျိုးလို ခွဲဖို့ ဘယ်လိုမှ မရနိုင်တဲ့ရုပ်၊ အဲဒီရုပ်ဟာ ၈-မျိုးရှိတယ်။

ဒါကြောင့်မို့ ရုပ်ကို ဘယ်လောက်သေးအောင်စိပ်, စိပ်၊ အဲဒီအသေးဆုံး sub-atomic particle အဲဒီထဲမှာ ဒီရုပ် ၈-မျိုးရှိတယ်လို့ ဦးဇင်းတို့ကပြောတယ်။ အဲဒီ ၈-မျိုးက ရူပ, ဂန္ဓ, ရသ, အာဟာရ (ဩဇာ) မဟာဘုတ် ၄-ပါး၊ ဒီရုပ် ၈-မျိုးကို အဝိနိဗ္ဗာဂရုပ်လို့ ဒီလိုခေါ်တယ်၊ နောင်အခါကလာပ်စည်းတွေ လေ့လာတဲ့ အခါကျတော့ အဋ္ဌကလာပ်ရုပ် ၈-ပါးလို့ ဒီလိုသူ့ကိုခေါ်လိမ့်မယ်၊ ခွဲလို့မရဘူး။

ကြွင်းတဲ့ရုပ်တွေကတော့ ခွဲလို့ရတဲ့အတွက်ကြောင့် ဝိနိဗ္ဗာဂရုပ်၊ ဝိနိဗ္ဗောဂဆိုတာ ခွဲခြားလို့ရတယ်၊ အဝိနိဗ္ဗောဂဆိုတာ ခွဲခြားလို့မရဘူး၊ ခွဲခြားလို့မရတဲ့ ရုပ်က ၈-မျိုး၊ ခွဲခြားလို့ရတဲ့ရုပ်က ၂၀။

ခွဲခြားလို့မရတဲ့ ရုပ် ၈-မျိုးဟာ နောင်အခါမှာ ကလာပ်စည်းလုပ်တဲ့အခါမှ basic ဖြစ်လိမ့်မယ်၊ သူ့အပေါ်အခြေခံပြီးတော့ နောက်ထပ် တစ်ခုတိုးလိုက်, နှစ်ခုတိုးလိုက်စသည်ဖြင့် လုပ်ပြီးတော့ ကလာပ်အမျိုးမျိုး ဖြစ်လိမ့်မယ်၊ ၈-ခုပေါင်းကလာပ်၊ ၉-ခုပေါင်းကလာပ်၊ ၁၀-ခုပေါင်းကလာပ်စသည်ဖြင့် လုပ်လိမ့်မယ်။

မေး - အရှင်ဘုရား, တစ်ခုစီခွဲမရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊
ဖြေ - lab ထဲမှာ ခွဲတာမျိုးလို မရတာ၊ ဉာဏ်နဲ့တော့ ခွဲလို့ရတာပေါ့။ ဉာဏ်ထဲမှာတော့ ရူပါရုံပဲ, ဂန္ဓာရုံပဲလို့ ခွဲလို့ရတယ်၊ ဒါပေမယ်လို့ ရုပ်မြုံလေး တစ်ခုထဲမှာ ဒီ ၈-ခုက အမြဲတမ်းတွဲတွဲနေတော့ ရူပါရုံတစ်ခုထဲခွဲထုတ်မယ် ဂန္ဓာရုံတစ်ခုထဲ ခွဲထုတ်မယ်လို့ အဲသလို ခွဲထုတ်လို့မရဘူး၊ disect လုပ်လို့ မရဘူး၊ ဘယ်လောက်သေးတာလေးဖြစ်အောင် ခွဲထုတ်ထုတ်, အဲဒီရုပ် ၈-ခု ပါလာမှာပဲ၊ နောက်ဆုံး atom လောက်သေးသေး, အဲဒီထက် အပုံတစ်ရာသေး သွားလည်းအဲဒီ ၈-ခုက ပါနေမှာပဲ၊ ဒီ ၈-ခုကတော့ ဘယ်လိုမှ ခွဲလို့မရတဲ့ ၈-ပါး။

ကိုင်း, ဒါကရုပ်ကို အမျိုးမျိုးခွဲခြင်း၊ ဇယားကွက်ပြန်ကြည့်လိုက်၊ ရူပဝိဘာဂဆိုတဲ့ အောက်မှာကြည့်လိုက်၊ အဇ္ဈတ္တိကရုပ် ၅-ခု ဟုတ်ရဲ့လား၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ ဟုတ်တယ်နော်၊ ဗာဟိရရုပ်ဆိုရင် ကျန်တာတွေ အကုန်ပေါ့။

[စာမျက်နှာ-53] ပြီးတော့ ဝတ္ထုရုပ် ၆-ခု၊ အဝတ္ထုရုပ်ကျန်တာ ၂၂-ပါး၊

ဒွါရရုပ်တဲ့၊ စက္ခု, သောတ, ဃာန၊ ဇိဝှါ, ကာယ, ကာယဝိညတ်, ဝစီဝိညတ် ၇-ခု, အဒွါရရုပ် ၂၁-ခု။

ဣန္ဒြိယရုပ် ၈-ခု၊ ပသာဒရုပ်-၅၊ ဘာဝရုပ်-၂၊ ဇီဝိတ, ပေါင်း ၈-ခု၊ ကျန်တာ ၂၀။

ဩဠာရိကရုပ်, သန္တိကေရုပ်, သပ္ပဋိဃရုပ်, အဲဒီ ၃-ခုက တစ်တွဲသွားတယ်။ ၁၂-ခု။

သုခုမရုပ်၊ ဒူရေရုပ်၊ အပ္ပဋိဃရုပ် ၁၆။

[စာမျက်နှာ-54]
စက္ခုနှင့်သောတတို့ အသမ္ပတ္တဂ္ဂါဟကဖြစ်ပုံ

ပသာဒရုပ် ၅-ပါးတို့တွင် စက္ခုပသာဒနှင့် သောတပသာဒတို့သည် အခြား အကွယ်ရှိသောအာရုံ, ကြီးမားသောအာရုံတို့၌ စက္ခုဝိညာဏ်, သောတဝိညာဏ်ဖြစ်ကြောင်း ဖြစ်သောကြောင့် မိမိထံမှောက်သို့ မရောက်မထိသောအာရုံကို ယူတတ်သည်ဟု သိအပ်၏။

ချဲ့ဦးအံ့၊ စက္ခုပသာဒသည် ဝေးသောအရပ်၌တည်သော အဆင်းကိုလည်းကောင်း, ဖလ်မှန်စသည် ခြားကွယ်အပ်သော အဆင်းကိုလည်းကောင်း တောင်စသည်တို့၏ ကြီးမားသောအဆင်းကိုလည်းကောင်း မြင်နိုင်၏။

သောတပသာဒသည်လည်း ကောင်းကင်စသော အရပ်၌တည်သောအသံကို လည်းကောင်း, ဝမ်းရေခြားနေသော အသံကိုလည်းကောင်း, ခေါင်းလောင်းသံ စသည်တို့၏ ကျယ်လောင်ကြီးမားသောအသံကိုလည်းကောင်း ကြားနိုင်၏။

ရူပါရုံ, သဒ္ဒါရုံ ၂-ပါးသည် မဟာဘုတ်အဆက်ဆက်ဖြင့် စက္ခု, သောတ, ပသာဒတို့၏ တည်နေရာအရပ်သို့ ရောက်လာသည် ဆိုငြားအံ့၊ ထိုသို့ ဆိုတိုင်း ဖြစ်ခဲ့သော် ကံ, စိတ်, အာဟာရကြောင့်ဖြစ်သော အဆင်းသည်လည်းကောင်း, စိတ်ကြောင့်ဖြစ်သော အသံသည်လည်းကောင်း, စက္ခု, သောတတို့၏ အာရုံမဖြစ်ကုန်ရာ၊ အကြောင်းကား ထိုကံ, စိတ်, အာဟာရတို့ကြောင့် ဖြစ်သောအဆင်းနှင့် စိတ်ကြောင့်ဖြစ်သောအသံတို့သည် ခန္ဓာကိုယ်မှ ပြင်ပ၌ မဖြစ်ကြသောကြောင့်တည်း၊ ပဋ္ဌာန်းပါဠိတော်၌လည်း ထိုရူပါရုံ, သဒ္ဒါရုံတို့ကို စက္ခု, သောတတို့၏ အာရုံ တို့ချည်းဟူ၍ သာမညအားဖြင့်သာ ဟောထား၏။

စက္ခု, သောတ ၂-ပါးသည် မိမိအနီးရှိ အာရုံကိုသာ ယူနိုင်သည် ဆိုအံ့၊ ထိုသို့ဖြစ်လျှင် စက္ခုသည် မျက်လုံး၏အဆင်းကိုလည်းကောင်း, မျက်ခုံး၏ အရင်းကို လည်းကောင်း မြင်ရာသည်၊ အသံ၏ ဖြစ်ရာအရပ်မျက်နှာတည်ရာဒေသကို ကျနစွာ ပိုင်းခြားနိုင်ခြင်းသည်လည်း မဖြစ်ရာ၊ ထိုသို့ ဖြစ်လျှင် အသံကို မှန်း၍ပစ်သော လေးသမားသည် မိမိနားတွင်းသို့ မြှားကို ပစ်ချမိလေရာ၏။

စက္ခု, သောတ ၂-ပါးသည် ရူပါရုံ, သဒ္ဒါရုံရှိရာအရပ်သို့သွား၍ အာရုံပေါ်၌ ဖြန့်အုပ်၍ ယူသည်ဟု ဆိုငြားအံ့၊ ထိုသို့ဆိုတိုင်းမှန်လျှင် ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ အဘိညာဏ်တို့၏ရှေ့ အဓိဋ္ဌာန်ကို စီမံရာ၌လည်း ရူပါရုံ, သဒ္ဒါရုံ ၂-ပါးသည် စက္ခု, သောတ ၂-ပါး၏ အာရုံဖြစ်ရာ၏။

[စာမျက်နှာ-55]
ရုပ်ဖြစ်ခြင်း၏ အကြောင်း ၄-ပါး

ကံ
အကုသိုလ်-၁၂, မဟာကုသိုလ်-၈, ရူပကုသိုလ်-၅ နှင့် ယှဉ်သော စေတနာ ၂၅-ပါးသည် အဇ္ဈတ္တိကသန္တာန်၌ ကမ္မဇရုပ်ကို ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ စိတ်၏ ခဏတိုင်း ခဏတိုင်း ဖြစ်စေသည်။

စိတ်
အရူပဝိပါက်-၄၊ ဒွေပဉ္စဝိညာဏ်-၁၀ ကြဉ်သော-၇၅-ပါးသော စိတ်သည် ပဋိသန္ဓေ နောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့ ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌ စိတ္တဇရုပ်ကို ဖြစ်စေသည်။
ထိုစိတ်တို့တွင်
အပ္ပနာဇော-၂၆ သည် ရုပ်သာမညအပြင် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်၏။ ဝုဋ္ဌော, ကာမဇော-၂၉၊ အဘိညာဉ် ၂ ဤ ၃၂-ပါးသော စိတ်တို့သည် ရုပ်သာမညနှင့် ဣရိယာပုတ်အပြင် ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးကိုလည်း ဖြစ်စေနိုင်ကုန်၏။
ထို ၃၂-ပါးသော စိတ်တို့တွင် လောဘမူသောမနဿဇော-၄, ဟသိတုပ္ပါဒ်ဇော-၁၊ မဟာကု-ကြိ သောမနဿဇော-၈, ဤ ၁၃-ပါးသော စိတ်တို့သည် ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏။

ရှစ် ပုထုဇန်၊ ခြောက် သေက္ခ၊ ငါးတန် ရဟန္တာ။
ဟာသအကြောင်း၊ ထူးပြားရှောင်း၊ စိတ်ပေါင်း တေရသာ။

ဥတု
သီတဥတု, ဥဏှဥတုဟု သမုတ်အပ်သော တေဇောဓာတ်သည် ဌီသို့ ရောက်မှသာလျှင် အဇ္ဈတ္တသန္တာန်၌လည်းကောင်း, ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ ဥတုဇရုပ်ကို ထိုက်သည်အားလျော်စွာ ဖြစ်စေသည်။

အာဟာရ
ဩဇာဟုဆိုအပ်သော အာဟာရသည် စားဖွယ်ကို မျိုလိုက်သော အခါဝယ် ရောက်လေရာအရပ်၌ အသစ်အသစ် ဥပါဒ်ပြီးနောက်သို့ အရောက်မှာ အာဟာရဇရုပ်ကို ဖြစ်စေသည်။

[စာမျက်နှာ-56]
အဘိဓမ္မာသင်တန်း ၃၉

ရုပ်ပိုင်း- ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာန

ဒီနေ့ စက်တင်ဘာ ၁၈ ရက်၊ ၂-ပတ်ပျက်သွားတယ်၊ မနေ့က ရူပဝိဘာဂ ဇယားကွက်ကြည့်နေတုန်း အချိန်ကုန်သွားတာ၊
ရူပဝိဘာဂမှာ ရုပ်တွေအမျိုးမျိုးခွဲတာ၊ အဇ္ဈတ္တိကရုပ်ရယ် ဗာဟိရရုပ်ရယ် တစ်တွဲ၊ ဝတ္ထုရုပ်, အဝတ္ထုရုပ်တစ်တွဲ၊ ဒွါရရုပ်, အဒွါရရုပ်တစ်တွဲ၊ ဣန္ဒြိယရုပ်, အနိန္ဒြိယရုပ်တစ်တွဲ၊ ပြီးတော့ ဩဠာရိကရုပ်၊ သန္တိကေရုပ်, သပ္ပဋိဃရုပ်, သုခုမရုပ်, ဒူရေရုပ်, အပ္ပဋိဃရုပ်တစ်တွဲသွားခဲ့တယ်။

အဲဒီတော့ သပ္ပဋိဃရုပ်ဆိုတာ ထိခိုက်တတ်တဲ့ရုပ်၊ ထိခိုက်ခြင်းရှိတဲ့ရုပ်, ဩဠာရိကရုပ်နဲ့ အတူတူပဲ၊ အပ္ပဋိဃရုပ်ဆိုတာ မထိခိုက်တတ်တဲ့ရုပ်, သုခုမရုပ်နဲ့ အတူတူပဲ။

ဩဠာရိကရုပ် ၁၂-ပါးရှိတယ်၊ သုခုမရုပ် ၁၆-ခုရှိတယ်၊ ဒူရေရုပ်က ၁၆-ခု၊ အပ္ပဋိဃရုပ်ကလည်း ၁၆-ခုပဲ၊ ရှေ့ဆက်သွားကြစို့။

ဥပါဒိန္နရုပ်ဆိုတာ ကံရဲ့ အကျိုးဖြစ်တဲ့ရုပ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကို ဥပါဒိန္နလို့

[စာမျက်နှာ-57] ခေါ်တယ်၊ ကံရဲ့ အကျိုးမဟုတ်ဘူး, ကံကြောင့်မဖြစ်ဘဲနဲ့ စိတ် ဥတု အာဟာရကြောင့် ဖြစ်တဲ့ရုပ်ကို အနုပါဒိန္နရုပ်လို့ခေါ်တယ်။

အဲဒီ ဥပါဒိန္နရုပ်ဟာ ဘာတွေလဲဆိုရင် ကမ္မဇရုပ် ၁၈-ပါး၊ အနုပါဒိန္နရုပ်ဟာ ဘာတွေလဲဆိုရင် ကမ္မဇရုပ်မဟုတ်တဲ့ တိဇရုပ်လို့ခေါ်တယ်၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်, ၁၅-ပါးလို့ စာမှာပြောထားတယ်။ အခုဒီဇယားကွက်မှာ ကြည့်လိုက်ရင် ဥပါဒိန္နရုပ်က ၁၈-ခု၊ အနုပါဒိန္နရုပ်က-၁၀ ဆိုတော့ ၁၈+၁၀= ၂၈ ဆိုတော့ ကိုက်နေတယ်။

ဟိုနေ့တုန်းကမေးတယ်မဟုတ်လား၊ ၁၈-နဲ့ ၁၅-ဆိုတော့ ၂၈-မကဘူး ဖြစ်နေပြီ၊ ဒါကဘာလဲဆိုတော့ အခုဇယားကွက်မှာ ပြထားတာက ယူပြီးသားကို မယူတဲ့နည်း။

ယူပြီးသားကို မယူတဲ့နည်းနဲ့ဆိုရင် ၁၈-နဲ့ ၁၀-ပဲရှိတယ်၊ ယူပြီးသားပါထပ် ယူမယ်ဆိုရင်တော့ ၁၈ နဲ့ ၁၅ ဖြစ်မယ်၊ ဘာကြောင့်လည်းဆိုတော့ ရူပသမုဋ္ဌာနပိုင်းမှာ ကြည့်လိုက်ရင် တချို့ စိတ်တွေက ကံကြောင့်လည်းဖြစ်တယ်၊ စိတ်ကြောင့်လည်း ဖြစ်တယ်၊ ဥတုကြောင့်လည်းဖြစ်တယ်၊ အာဟာရကြောင့်လည်းဖြစ်တယ်၊ အကြောင်း တစ်ပါးတည်းကြောင့် ဖြစ်တာတွေရှိသလို ၂-ပါး, ၃-ပါး, ၄-ပါးကြောင့် ဖြစ်တာတွေ လည်းရှိတယ်၊ အဲဒါတွေပါနေတော့ ယူပြီးသားကိုထပ်ယူတဲ့နည်းနဲ့ဆိုရင် ဥပါဒိန္နရုပ် က ၁၈-ပါး အနုပါဒိန္နရုပ်က ၁၅-ပါးဖြစ်မယ်၊ နောက်ကျတော့ ထင်ရှားလိမ့်မယ်။

ယူပြီးသားကို ထပ်မယူဘူးဆိုရင် ဥပါဒိန္နရုပ်က ကမ္မဇရုပ် ၁၈-ပါး, အနုပါဒိန္နရုပ်က ကျန်တဲ့ ၁၂-ပါး။ (ပြင်ဆင်ချက်- ၁၈+၁၀=၂၈ ကိုမူတည်၍)

နောက်တစ်ခုက သနိဒဿနရုပ်, ရူပါရုံတစ်ခုတည်းမဟုတ်လား၊ မြင်နိုင်တဲ့ရုပ်, မြင်ကောင်းတဲ့ရုပ်ဆိုတာက ရူပါရုံတစ်ခုတည်း၊ အနိဒဿနရုပ်ဆိုတာက ကျန်တဲ့အားလုံး ၂၇-ပါး။

ပြီးတော့ ဂေါစရဂ္ဂါဟကရုပ်တဲ့၊ ဂေါစရဂ္ဂါဟကရုပ်က ဘယ်လောက် ရှိသလဲဆိုရင်-၅၊ အဂေါစရဂ္ဂါဟကရုပ်က ကျန်တဲ့-၂၃၊ ပသာဒရုပ် ၅-ခုက အာရုံကို ယူတတ်တော့ သူ့ကို ဂေါစရဂ္ဂါဟကခေါ်တယ်၊ ကျန်တဲ့ရုပ်တွေက အာရုံကို မယူတတ်တော့ အဂေါစရဂ္ဂါဟကခေါ်တယ်။

အဲဒီမှာ စက္ခုနဲ့သောတက မိမိသို့မရောက်မထိသော အာရုံကို ယူတယ်၊ ဃာန၊ ဇိဝှါ, ကာယက မိမိသို့ရောက်ထိတဲ့ အာရုံကိုယူတယ်၊ ဒါကို ဟိုနေ့တုန်းက နောက်မှ ပြောမယ်ဆိုပြီး ချန်ထားခဲ့တာ။

[စာမျက်နှာ-58] အဝိနိဗ္ဗာဂရုပ် ၈-ပါး၊ တစ်ခုစီခွဲ၍ မရတဲ့ ရုပ်တွေပေါ့၊ မဟာဘုတ် ၄-ပါးရယ်, ပြီးတော့ ရူပါရုံ, ဂန္ဓာရုံ, ရသာရုံ, အာဟာရ (သို့မဟုတ်) ဩဇာ ၄ + ၄ ဆိုတော့ အဝိနိဗ္ဗာဂရုပ် ၈-ခု၊ နောင်ကလာပ်စည်းလုပ်ရင် ခဏခဏသုံးလိမ့်မယ်၊ အဋ္ဌကလာပ်ရုပ် ၈-ခုလို့လည်းခေါ်လိမ့်မယ်၊ ခွဲခြားလို့မရဘူးတဲ့၊ ဉာဏ်နဲ့ ခွဲခြား ရင်တော့ ရတာပေါ့လေ။

ခွဲခြားလို့ရကောင်းတဲ့ ရုပ်ကကျန်တဲ့ရုပ်-၂၀၊ ခွဲခြားလို့ မရကောင်းတဲ့ရုပ်က ၈-ပါးဆိုတော့ ရုပ်ကိုဘယ်လိုပဲ သေးငယ်အောင် ခွဲခြားစိတ်ဖြာ ပါစေ၊ အသေးဆုံး ရုပ်ထဲမှာပဲ ဒီ ၈-မျိုးရှိနေတယ်၊ အဆင်းရှိတယ်၊ အနံ့ရှိတယ်၊ အရသာရှိတယ်။ ဩဇာဆိုတဲ့ အဆီဓာတ်ရှိတယ်၊ ပြီးတော့ ပထဝီ, တေဇော, အာပေါ, ဝါယောဆိုတဲ့ ဓာတ်ကြီး ၄-ပါးရှိတယ်၊ ဘယ်လောက်ပဲစိပ်စိပ် ဒီ ၈-ခုက ရှိနေတာချည်းပဲ။ ဒါကြောင့်မို့ သူတို့ကို အဝိနိဗ္ဗောဂရုပ်ခေါ်ပြီးတော့ ကျန်တာကို ဝိနိဗ္ဗောဂရုပ်လို့ ခေါ်တယ်၊ ဒါက ဇယားကွက်နဲ့ကြည့်ပြီး ခွဲတတ်အောင် ပြောတာ၊ မမှတ်မိဘူးဆိုရင် ဇယားကွက်ကြည့်လိုက်ရုံပဲ၊ ဇယားကွက်ကြည့်လိုက်ရင် အားလုံးပေါ်လွင် ထင်ရှားပါ လိမ့်မယ်။

မေး - အရှင်ဘုရား lab မှာရှိထဲက အဝိနိဗ္ဗာဂရုပ်တွေက ရှိနေတာပဲလား။
ဖြေ - အကုန်ပါတယ်၊ အဝိနိဗ္ဗောဂရုပ် ၈-ခုဟာ အပြင်မှာလည်းပါတယ်။ သက်ရှိမှာသာ မဟုတ်ဘူး၊ သက်မဲ့မှာလည်းပါတယ်၊ သစ်ပင်မှာလည်း အတူတူပဲ။ ရုပ်နှံလေးတွေထဲမှာလည်း အဝိနိဗ္ဗာဂရုပ်က မပါလို့ကို မဖြစ်ဘူး၊ ရုပ်ဖွဲ့စည်းမှုမှာ သူကအခြေခံပေါ့။

မေး - ဂန္ဓနဲ့ ရသကတော့ စဉ်းစားရကြပ်တယ်၊ ရူပရယ်, အာဟာရရယ်၊ မဟာဘုတ်ရယ်ကတော့ ရှင်းတယ်၊ ကျန်တဲ့ဟာတွေက စဉ်းစားလို့မရတာ။
ဖြေ - သေးလွန်းတော့ မသိတာပေါ့လေ၊ ရုပ်ဝတ္ထုလေးကသေးလွန်းတော့ အနံ့တို့ အရသာတို့က မထင်ရှားတာဖြစ်မယ်၊ ရှိတော့ရှိတယ်၊ စိတ်ကမြန်လွန်းတော့ သိဖို့ မလွယ်တာလိုပေါ့။

ကောင်းပြီ၊ ဒီနေ့ ဘာလုပ်ကြမလဲဆိုရင် စက္ခုနဲ့ သောတတို့ အသမ္ပတ္တဂ္ဂါဟက ဖြစ်ပုံ, အသမ္ပတ္တဆိုတာက မရောက်သေးတာ၊ ဂါဟကဆိုတာ ယူတတ်တာ၊ စက္ခုနဲ့ သောတတို့က မရောက်သေးတဲ့ အာရုံကို ယူတတ်တယ်တဲ့၊ စက္ခုနဲ့ သောတတို့က မိမိထံမရောက်မထိတဲ့ အာရုံကို ယူတယ်တဲ့၊ ဃာန၊ ဇိဝှါ, ကာယတို့က မိမိထံ ရောက်ထိတဲ့ အာရုံကို ယူတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့

[စာမျက်နှာ-59] ရှေးတုန်းကတည်းက အယူအဆမတူတာတွေ ရှိခဲ့ကြတယ်။

တချို့ကလည်း ရောက်တဲ့အာရုံပဲယူတယ်၊ စက္ခု, သောတလည်း ရောက်တဲ့ အာရုံကိုပဲ ယူတယ်၊ ဃာန၊ ဇိဝှါ, ကာယလည်းရောက်တဲ့ အာရုံပဲယူတယ်လို့ အဲသလို ယူဆတာတွေရှိတယ်။

အဲဒီတော့ အရှင်မဟာဗုဒ္ဓဃောသကို အဋ္ဌကထာသစ်ရဲ့ ဆရာလို့ခေါ်တယ်၊ ဘာကြောင့်လည်းဆိုတော့ သူ့ရှေ့က အဋ္ဌကထာဟောင်းတွေ ရှိခဲ့လို့။

အဋ္ဌကထာသစ်တွေရဲ့ ဆရာဖြစ်တဲ့ အရှင်မဟာဗုဒ္ဓဃောသက စက္ခုနဲ့ သောတဟာ အသမ္ပတ္တဂ္ဂါဟက, မရောက်သေးတဲ့အာရုံကို ယူတယ်လို့ ဒီလို ဆုံးဖြတ်တယ်၊ ရှင်မဟာဗုဒ္ဓဃောသရဲ့ အဆုံးအဖြတ်အတိုင်းပဲ၊ နောက်ပုဂ္ဂိုလ်များကလည်း လိုက်ကြတာပေါ့လေ၊ ဋီကာတို့ကလည်း အဲဒီအတိုင်းပဲ ရှင်မဟာဗုဒ္ဓဃောသရဲ့ အလိုကို ဋီကာကျော်ဆိုတဲ့ ကျမ်းက ရေးတယ်၊ အဲဒီရေးတဲ့အတိုင်း မြန်မာပြန်ထားတာ၊ သူတို့ဘယ်လိုအကြောင်းပြတယ် ဘာတယ်ပေါ့လေ၊ စိတ်ဝင်စားစရာ အလွန် ကောင်းတယ်။

ရှေးတုန်းကလည်း ကိုယ့်အချင်းချင်းပဲဖြစ်ပါစေ၊ အယူအဆမတူတာလေးတွေ ရှိတော့ ငြင်းကြတာပဲ၊ ဘယ်သူကမှန်တယ်၊ ဘယ်သူကမှားတယ်လို့ မဆိုနိုင်ဘူးပေါ့။ ကိုယ့်ဘက်ကနေ ကြည့်ရင် ကိုယ်က အမှန်ပဲ၊ အဲသလိုရှိတယ်။

ရှေးဆရာတွေက ဘာပြောလဲဆိုတော့ အဆင်းတို့ အသံတို့မှာ အဆင်းဟာ မျက်စိရောက်မှမြင်တယ်၊ အသံဟာ နားရောက်မှကြားတယ်၊ ဒီလိုပဲယူဆတယ်။

အဲဒီဟာကို အရှင်မဟာဗုဒ္ဓဃောသတို့က မရောက်ခင်ယူတယ်၊ အဲသလို ယူဆတယ်၊ ဒီနေရာမှာ မရောက်ခင်ယူတယ်ဆိုတာကို အဲဒီအဆင်းတို့အသံတို့က လာတယ်, မလာဘူးဆိုတဲ့ ပြဿနာနဲ့ မဆိုင်ဘူးနော်၊ အဲဒါ သတိထား၊ လာတာ မလာတာက တခြား၊ မရောက်ခင်ယူတာ ရောက်မှယူတာက တခြား။

အဆင်းကတော့လာမယ်၊ အသံကတော့လာမယ်၊ ဒါပေမယ်လို့ စက္ခုက အဆင်းကိုယူတဲ့အခါမှာ သောတက အသံကိုယူတဲ့အခါမှာ သူ့ကိုမရောက်ခင် မထိခင်ကို ယူနေတယ်၊ အဲဒီလိုပဲ၊ အဲဒါကို အဓိပ္ပါယ်အကျယ်ပြောပြလိမ့်မယ်။

“ပသာဒရုပ် ၅-ပါးတို့တွင် စက္ခုပသာဒနှင့် သောတပသာဒတို့သည် အခြား အကွယ်မရှိသော အာရုံကြီးမားသော အာရုံတို့၌ စက္ခုဝိညာဏ်, သောတဝိညာဏ်ဖြစ်ကြောင်း ဖြစ်သောကြောင့် မိမိထံမှောက်သို့မရောက်မထိသော အာရုံကို ယူတတ်သည်ဟု သိအပ်၏” တဲ့။

[စာမျက်နှာ-60] အဲဒီတော့ စက္ခုနဲ့သောတတို့ဟာ မိမိထံမှောက် မရောက်မထိတဲ့ အာရုံကို ယူတတ်တယ်တဲ့၊ ဘာကြောင့်လဲဆိုပြီး အကြောင်းပြပုံက အခြားအကွယ်ရှိသောအာရုံ ကြီးမားတဲ့အာရုံတို့မှာလည်း စက္ခုဝိညာဏ်, သောတဝိညာဏ်ဖြစ်ကြောင်း ဖြစ်သောကြောင့်တဲ့။

ရှင်းရှင်းပြောရရင် အခြားအကွယ်ရှိတဲ့အာရုံ ကြီးမားတဲ့ အာရုံကို အာရုံပြု ပြီးတော့ စက္ခုဝိညာဏ်မဖြစ်နိုင်ဘူးလား၊ သိပ်ထင်ရှားတာပေါ့၊ အခြားအကွယ်ရှိတဲ့ အသံ, ကြီးမားတဲ့အသံကို နားကမကြားနိုင်ဘူးလား၊ ကြားနိုင်တယ်၊ အဲဒါကို ဝိညာဏ်၏ ဖြစ်ကြောင်း ဖြစ်သောကြောင့်လို့ဆိုတာ၊ ဒါကိုအကျယ်ချဲ့ပြီးတော့ ပြမယ်တဲ့။

“စက္ခုပသာဒသည် ဝေးသောအရပ်၌ တည်သောအဆင်းကိုလည်းကောင်း၊ ဖလ်မှန်စသည် အခြားကွယ်အပ်သော အဆင်းကိုလည်းကောင်း, တောင် စသည်တို့၏ ကြီးမားသော အဆင်းကိုလည်းကောင်း မြင်နိုင်၏”

အဲဒီတော့ အဝေးကြီးမှာ တည်တဲ့အဆင်းကိုပဲ စက္ခုကမြင်နိုင်တယ်တဲ့၊ လတို့ နေတို့ဆိုရင် ကျမ်းဂန်အတိုင်း ပြောရင် ယူဇနာ ၄ သောင်း ၂ ထောင်ဝေးတဲ့နေရာကို စက္ခုက လှမ်းမြင်နိုင်တယ်တဲ့။

ဖလ်မှန်စသည် ခြားကွယ်အပ်သော အဆင်းကိုလည်းကောင်း၊ ဖလ်တို့မှန်တို့ ခြားကွယ်ထားပေမယ့် မြင်ရတာပဲ၊ အဲဒီတော့ သူ့ဆီမရောက်ခင် မြင်တယ်ပေါ့။ မလာမရောက်ဘူးပေါ့။

တောင်စသည်တို့၏ ကြီးမားသောအဆင်းကိုလည်းကောင်း၊ စက္ခုကို ထိမှသာ မြင်မယ်ဆိုရင် ဒီတောင်ကြီးလာပြီးတော့ထိရင် ဘယ့်နှယ်လုပ်မလဲ၊ တောင်ကြီးတစ်ခုလုံးကလည်းလာပြီး မျက်စိကို ထိနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အဝေးက လှမ်းကြည့်လိုက်တဲ့အခါကျတော့ တောင်ကြီးတစ်ခုလုံးကို မျက်စိက မြင်နိုင်တယ်။

အဲဒါကြောင့်မို့ စက္ခုဟာ ဝေးတဲ့အရပ်မှာ ရှိတဲ့အဆင်းကိုလည်း မြင်နိုင်တယ်။ အခြားအကွယ်ရှိတဲ့ အဆင်းကိုလည်း မြင်နိုင်တယ်၊ ကြီးမားတဲ့အဆင်းကိုလည်း မြင်နိုင်တာကိုထောက်ရင် စက္ခုဟာ အာရုံကိုယူတဲ့နေရာမှာ သူ့ကို မထိခင် မရောက်ခင်ကိုလှမ်းပြီးတော့ ယူတယ်၊ သူ့ကို ထိရောက်မှ ယူတာမဟုတ်ဘူး၊

ဝီထိပိုင်းတုန်းက စက္ခုဒွါရဝီထိဖြစ်ဖို့ရာ စက္ခုဝိညာဏ်ဖြစ်ဖို့ရာ အကြောင်း ၄-ပါးပြောခဲ့ဖူးတယ်၊ စက္ခုပသာဒရှိရမယ်၊ ရူပါရုံရှိရမယ်၊ အာလောက အရောင်အလင်းရှိရမယ်၊ အာရုံစိုက်မှု မနသိကာရ (နှလုံးသွင်းမှု) ရှိရမယ် မဟုတ်လား။

[စာမျက်နှာ-61] အဲဒီတော့ အကယ်၍ ထိမှယူတယ်ဆိုရင် ရူပါရုံက မျက်စိကို လာထိရင် အလောက အရောင်အလင်းဆိုတဲ့ အင်္ဂါချို့တဲ့သွားလိမ့်မယ်၊ အဲသလိုဆိုရင် စက္ခုဝိညာဏ် မဖြစ်နိုင်ဘူးပေါ့။ ဒါကြောင့်မို့ စက္ခုပသာဒဟာ သူ့ထိမှယူတာ မဟုတ်ဘူး၊ သူ့မထိခင်ယူတာ။

ရူပါရုံကတော့လာတဲ့ ရူပါရုံလည်းရှိမယ်၊ မလာတဲ့ ရူပါရုံလည်းရှိမယ်၊ အခုခေတ်လည်း Image ဆိုတာရှိတယ်၊ အဲဒီတော့ လာတာ မလာတာကို ဆိုလိုတာမဟုတ်ဘူး၊ လာတာလည်းရှိမယ်။ မလာတာလည်းရှိမယ်၊ သို့သော် အာရုံယူတဲ့အခါ မထိခင်ယူတယ်၊ မရောက်ခင်ယူတယ်၊ ဒီလိုဆိုတယ်။

အကြောင်းပြတာကတော့ အဝေးကြီးမှာ တည်တဲ့နေလတို့ကို မြင်နိုင်တယ်။ အခြားအကွယ်ရှိတဲ့ အာရုံတွေကိုလည်းမြင်လို့ရတယ်၊ ကြီးမားတဲ့ အာရုံတွေကိုလည်း မြင်လို့ရတယ်၊ အကယ်၍ ကြီးမားတဲ့တောင်ကြီးတွေဟာ စက္ခုနဲ့ထိမှသာ ဆိုရင်တောင် တစ်ခုလုံး ဘယ်တော့မှ မြင်မှာမဟုတ်ဘူး။

“သောတပသာဒသည်လည်း ကောင်းကင်စသော အရပ်ဝေး၌ တည်သော အသံကိုလည်းကောင်း (အဝေးကြီးက အသံလည်း ကြားနိုင်တယ်)၊ “ဝမ်းရေခြား နေသော အသံကိုလည်းကောင်း” (ဒါက အခြားအကွယ်ရှိတဲ့ အသံဆိုတော့ လွယ်လွယ်ပြောတော့ ဗိုက်ထဲကအသံကို ပြောတာပေါ့၊ ဘယ်လိုဖြစ်ဖြစ် အခြား အကွယ်ရှိတဲ့ အသံမှန်ရင် အကုန်လုံး ရတာပေါ့၊ ဗိုက်ထဲက တစ်ချက်တစ်ချက် မြည်တဲ့အသံ အပြင်က ကြားနေရသလိုပဲ)။

“ခေါင်းလောင်းသံစသည်တို့၏ ကျယ်လောင်ကြီးမားသော အသံကိုလည်း ကောင်း” (ခေါင်းလောင်းကြီးတဲ့အခါကျတော့ အသံက တအားကြီး မြည်လာတယ်။ အဲဒီမြည်လာတဲ့အသံကိုပဲ သောတပသာဒက ကြားနိုင်တယ်တဲ့၊ သောတပသာဒက အချိန်ညီနဲ့ သောတဝိညာဏ် ဖြစ်နိုင်တယ်လို့ဆိုလိုတာပေါ့၊ ဒါလည်းပဲ အကယ်၍သာ နားကိုထိမှကြားတယ်ဆိုရင်, ယူတယ်ဆိုရင် ဟိုဝေးကြီးကအသံဘယ်လို လုပ်ယူ နိုင်မလဲ၊ ဝမ်းရေပိုင်းခြားနေတဲ့အသံ ဘယ်လိုလုပ်ယူနိုင်မလဲ၊ ခေါင်းလောင်းအကြီးကြီး ဆိုရင်လဲ ခေါင်းလောင်းသံကြီးတစ်ခုလုံး ကြားနိုင်မှာ မဟုတ်ဘူးပေါ့။

ဒါကြောင့်မို့ သောတပသာဒဟာလဲ မိမိထံမှောက်သို့မရောက်ခင် အာရုံကို ယူတယ်လို့ ဒီလိုမှတ်ရမယ်။

ဒီနေရာမှာလည်း သောတဝိညာဏ်ဖြစ်ဖို့ အကြောင်းထဲမှာ အာကာသဆိုတာပါတယ်၊ သောတပသာဒလည်းရှိစေ, သဒ္ဒါရုံလည်းရှိစေ, အာကာသလည်းရှိစေ,

[စာမျက်နှာ-62] ပြီးတော့ မနသိကာရလည်းရှိစေ။ အဲဒီမှာ အကယ်၍ ထိမှဆိုရင် အာကာသမရှိပဲဖြစ်လိမ့်မယ်၊ အာကာသ (space) မရှိရင် ကြားခြင်းမဖြစ်နိုင်ဘူးပေါ့။ ဒါကြောင့်မို့ သောတပသာဒဟာလည်း မိမိသို့ မရောက်မထိမီ အာရုံကိုယူတယ်လို့ ဒီလိုမှတ်ရမယ်။

ကောင်းပြီ, ရှေးတုန်းကလည်း အပြန်အလှန် မပြောပေမယ်လို့ ပြောသကဲ့သို့ ရေးထားတာတွေရှိတယ်၊ အဲဒီတော့ တစ်ဖက်လူက ပြောမယ်ဆိုပါတော့၊ “ရူပါရုံ သဒ္ဒါရုံ ၂-ပါးသည် မဟာဘုတ်အဆက်ဆက်ဖြင့် စက္ခုသောတ ပသာဒတို့၏ တည်နေရာ အရပ်သို့ရောက်လာသည် ဆိုငြားအံ့”။

အဝေးကြီးက အာရုံတွေက ဘုတ်အဆက်ဆက် ရောက်လာတယ်၊ ဘုတ် အဆက်ဆက်နဲ့လာပြီးတော့ စက္ခုပသာဒကို ထိတယ်၊ သောတပသာဒကိုထိတယ်၊ အဝေးကြီးက ရူပါရုံက ဘုတ်အဆက်ဆက်နဲ့လာပြီး (ဘုတ်ဆိုတာ မဟာဘုတ်ကိုပြောတာ) ထိတယ်, မဟာဘုတ် အဆက်ဆက်နဲ့ အဲသလိုလာပြီး စက္ခုပသာဒ, သောတပသာဒကို ထိမှသာ ယူတယ်လို့ ဒီလိုဆိုမယ် ဆိုပါတော့တဲ့၊ ဒီလိုဆိုရင် ဘယ်လိုပြန်ဖြေမလဲ၊ ဘယ်လို အပြစ်ရှိမလဲ။

“ထိုသို့ဆိုတိုင်းဖြစ်ခဲ့သော်” ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း ဟိုက လူ တစ်ယောက်က အော်လိုက်တဲ့အသံကြီးဆိုပါတော့၊ ဘုတ်အဆက်ဆက်လာပြီး နားထိမှ ကြားတယ်၊ ရူပါရုံတစ်ခုခုကလည်း ဘုတ်အဆက်ဆက်လာပြီး မျက်လုံးထိမှ မြင်တယ် ဆိုရင် “ထိုသို့ ဆိုတိုင်းဖြစ်ခဲ့သော် ကံ, စိတ်, အာဟာရကြောင့်ဖြစ်သော အဆင်းသည်လည်းကောင်း, စိတ်ကြောင့်ဖြစ်သော အသံသည်လည်းကောင်း, စက္ခုသောတတို့၏ အာရုံမဖြစ်ကုန်ရာ”။

ဒါနားလည်ဖို့က ဘာကိုသိရမလဲဆိုတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်ဆိုတာဟာ အဇ္ဈတ္တသန္တာန်မှာသာရှိတယ်။ ဗဟိဒ္ဓကို နည်းနည်းမှ မထွက်ဘူး၊ ရုပ်တွေဟာ သက်ရှိသန္တာန်မှာ ဖြစ်နိုင်တဲ့ရုပ်, သက်မဲ့သန္တာန်မှာ ဖြစ်နိုင်တဲ့ရုပ် (အဇ္ဈတ္တ, ဗဟိဒ္ဓဆိုတာ အဲဒါပြောတာ)ဆိုတဲ့ နေရာမှာ ကံကြောင့်ဖြစ်တဲ့ရုပ်, စိတ်ကြောင့်ဖြစ်တဲ့ရုပ်, အာဟာရကြောင့်ဖြစ်တဲ့ရုပ် တွေဟာ သက်ရှိသန္တာန်မှာသာ ဖြစ်တယ်၊ သက်ရှိသန္တာန်မှာတောင် ကိုယ့်သန္တာန်မှာ သာဖြစ်တယ်၊ ကိုယ့်သန္တာန်ကနေပြီး တခြားကို နည်းနည်းလေးမှ ထွက်မသွားဘူး။ အခု ဦးဇင်းပြောလိုက်တဲ့အသံဟာ အပြင်ထွက်မသွားဘူးလား၊ ထွက်သွား...

[စာမျက်နှာ-63] တယ်၊ အဲဒါဘယ်လိုလဲဆိုတော့ ပထမစိတ်ကြောင့် ဖြစ်တဲ့အသံကနေပြီး တစ်ဆင့် ဥတုကြောင့်ဖြစ်တဲ့အသံ အဆက်ဆက်ဖြစ်သွားတယ်၊ အဲဒီတော့ အပြင်ဘက်ထွက်တဲ့ အသံဟာ စိတ်ကြောင့်ဖြစ်တဲ့ အသံမဟုတ်တော့ဘူး၊ စိတ္တပစ္စယဥတုဇလို့ ခေါ်တယ်။ စိတ်ကြောင့်ဖြစ်ပြီးတော့ နောက်ဆက်ဖြစ်တော့ ဥတုကြောင့်ဖြစ်သွားတာ၊ အပြင်ရောက်သွားရင် စိတ်မပါတော့ဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ် မပါတော့ဘူး၊ အဲသလို အဆက်ဆက်သွားတယ်။

အဲဒီတော့ အကယ်၍သာ မဟာဘုတ်အဆက်ဆက်နဲ့လာတယ်ဆိုရင် ကမ္မဇရုပ် မလာနိုင်ဘူး၊ စိတ္တဇရုပ် မလာနိုင်ဘူး၊ အာဟာရဇရုပ် မလာနိုင်ဘူး။ မလာနိုင်ရင် ကမ္မဇ၊ စိတ္တဇ, အာဟာရဇရုပ်တို့ကို မျက်လုံးက မမြင်နိုင်ပေဘူး၊ ဒါပေမယ့် အခုမြင်နေရတယ်၊ မြင်နိုင်တယ်၊ နောင်ကျတော့ ပဋ္ဌာန်းပါဠိတော်မှာ သာမညအားဖြင့် ဟောထားတာရှိတယ်။

ရူပါရုံသည် စက္ခုဝိညာဏ်ကို အာရမ္မဏပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ မြန်မာလို ရှင်းရှင်းပြောရင် ရူပါရုံသည် စက္ခုဝိညာဏ်ရဲ့ အာရုံဖြစ်တယ်၊ သဒ္ဒါရုံသည် သောတဝိညာဏ်ရဲ့ အာရုံဖြစ်တယ်၊ သို့မဟုတ် စက္ခုဝိညာဏ်သည် ရူပါရုံကို သိတယ်၊ သောတဝိညာဏ်သည် သဒ္ဒါရုံကို သိတယ် ယူတယ်ပေါ့၊ အဲသလို သာမည ဟောထားတယ်။

ဥတုဇမှသာယူတယ်၊ ကမ္မဇ, စိတ္တဇ, အာဟာရတွေကို မယူဘူးလို့ ဒီလို သီးခြားခွဲဟောထားတာမရှိဘူး၊ သာမညအားဖြင့်ဟောထားရင် အကုန်လုံး ယူရတယ်၊ ဒါဟာ ထုံးစံပဲ။

ဒါကြောင့် ဒီမှာ အကယ်၍ မဟာဘုတ်အဆက်ဆက်နဲ့ ရောက်လာတာကို ယူတယ်လို့ဆိုမယ်ဆိုရင် ကံကြောင့်ဖြစ်တဲ့ရုပ်, စိတ်ကြောင့်ဖြစ်တဲ့ရုပ်, အာဟာရကြောင့် ဖြစ်တဲ့ရုပ် အဆင်းကို မြင်ရမှာ မဟုတ်တော့ဘူး၊ ဘာကြောင့်တုန်းဆိုရင် သူတို့က သက်ရှိသန္တာန်မှ အပြင်ကို နည်းနည်းလေးမှမထွက်လို့။

မြတ်စွာဘုရား ရောင်ခြည်တော်တွေ လွှတ်တဲ့အခါကျတော့ ရောင်ခြည်တော် တွေကို လူတွေက မမြင်ရဘူးလား၊ အဲဒီမှာ ပထမဘာလဲဆိုတော့ မြတ်စွာဘုရားရဲ့ စိတ်ဓာတ်ကြည်လင်တဲ့အတွက်ကြောင့် စိတ်ကြောင့်ဖြစ်တဲ့ ရောင်ခြည်၊ အဲဒီရောင်ခြည် ကမှတဆင့် ဆက်ပြီးတော့ဖြစ်တာ ဥတုဇပေါ့၊ ခုပြောတဲ့ စိတ္တပစ္စယ ဥတုဇလို့ ခေါ်တယ်၊ စိတ်အရင်းခံတဲ့ ဥတုကြောင့် ဖြစ်တဲ့ရုပ်လို့ခေါ်တယ်။

အဲဒါကြောင့်မို့ အသံဟာ အကြောင်းဘယ်နှစ်မျိုးကြောင့်ဖြစ်သလဲ၊ ဇယားမှာ...

[စာမျက်နှာ-64] ကြည့်လိုက်စမ်း၊ ၄-မျိုးစလုံးကြောင့်ဖြစ်တယ် မဟုတ်ဘူးလား၊ ရူပသမုဋ္ဌာနဆိုတာ မှာကြည့်၊ သဒ္ဒဆိုတဲ့နေရာမှာ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ၄-မျိုး မတွေ့ ဘူးလား။

ဒါကြောင့်မို့ ရူပါရုံဆိုတာ ကံကြောင့်လည်းဖြစ်တယ်၊ စိတ်ကြောင့်လည်း ဖြစ်တယ်၊ ဥတုကြောင့်လည်းဖြစ်တယ်၊ အာဟာရကြောင့်လည်းဖြစ်တယ်၊ အဲဒီတော့ ဘုတ်အဆက်ဆက်နဲ့လာပြီးထိမှသာ စက္ခုပသာဒ ရူပါရုံကို ယူတယ် သိတယ်ဆိုရင် ကမ္မဇရုပ်ကို မြင်မှာမဟုတ်တော့ဘူး၊ စိတ္တဇရုပ်ကိုမြင်မှာ မဟုတ်တော့ဘူး၊ အာဟာရဇရုပ်ကို မြင်မှာမဟုတ်တော့ဘူး၊ ဥတုဇရုပ်ကိုသာ မြင်တယ်ဆိုရမယ်။

ဘုရားကလည်း ဒီလို ဟောမထားဘူး၊ မြတ်စွာဘုရားကလည်း သာမညပဲ, ရုပ်ကို မြင်တယ်၊ ဒီလိုဟောထားတယ်၊ အဲဒါကြောင့် တခြားဆရာတွေဆိုတိုင်း မဟုတ်ဘူးလို့ဆိုတယ်။ “အကြောင်းကား ထိုကံ စိတ် အာဟာရတို့ကြောင့် ဖြစ်သောအဆင်းနှင့် စိတ်ကြောင့်ဖြစ်သော အသံတို့သည် ခန္ဓာကိုယ်မှ ပြင်ပ၌ မဖြစ်ကြသောကြောင့်တည်း”။

ခုနပြောသလို အသံကြားတဲ့အခါမှာလည်း ဒီအတိုင်းပဲ၊ ပထမဖြစ်ပေါ်တဲ့ အသံက စိတ္တဇသံ၊ နောက်အဆက်ဆက်ဖြစ်ပေါ်တဲ့ သူများတွေကြားရတဲ့အသံက စိတ္တပစ္စယ ဥတုဇလို့ခေါ်တဲ့အသံ။

အဲသလို ကမ္မဇ, စိတ္တဇ, အာဟာရဇတို့ဟာ ခန္ဓာကိုယ်မှ အပြင်ဘက်ကို တစ်ဆံခြည်မှ ထွက်တာမဟုတ်တဲ့ အတွက်ကြောင့်မို့ အကယ်၍သာ လာရောက်ပြီးတော့ထိမှသာ ယူမယ်ဆိုရင် အဲဒီကံ စိတ် အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေကို စက္ခုသောတတွေက ယူနိုင်မှာ မဟုတ်ဘူး၊ မြတ်စွာဘုရားကလည်း သာမညအားဖြင့်သာ ဟောထားတယ်၊ အဲသလို ဟောထားတဲ့အတွက်ကြောင့် အကုန်လုံးကိုပဲ ယူနိုင်တယ်လို့ ယူရမယ်၊ ဒါကြောင့် ရောက်မှထိမှ ယူတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒီလိုအဋ္ဌကထာ ဆရာများက ဆိုလိုတယ်။

ပြီးတော့မှ ဆက်ပြီးတော့ အကြောင်းပြတယ်၊ ရှေးကလည်းကုပ်ကပ်ပြီးတော့ ကြံတာပဲ။ “စက္ခုသောတ ၂-ပါးသည် မိမိအနီးရှိ အာရုံကိုသာ ယူနိုင်သည်ဆိုအံ့” တဲ့။ အနီးဆိုတာ ထိမှရောက်မှ ကပ်မှယူနိုင်တယ်ဆိုရင် ဘယ်လိုအပြစ် ဖြစ်နိုင်သေးလဲ။ “ထိုသို့ဖြစ်လျှင် စက္ခုသည် မျက်လုံး၏အဆင်းကို မြင်ရာ၏” ပေါ့၊ အနီးဆုံး ဖြစ်လို့ မျက်လုံးက သူ့ကိုယ်သူ ပြန်မြင်မယ်ပေါ့၊ “မျက်ခုံး၏အရင်းကိုလည်းကောင်း မြင်ရာသည်” တဲ့၊ ဒီမျက်လုံးအရင်းကို မြင်မှ မမြင်ရပဲ၊ နီးကပ်တဲ့ အာရုံကိုသာ...

[စာမျက်နှာ-65] မြင်မယ်ဆိုရင် အဲဒါတွေ မြင်မှာပေါ့တဲ့။ “အသံဖြစ်ရာအရပ်မျက်နှာတည်ရာဒေသကို” အရှေ့ကလာတယ်၊ အနောက်က လာတယ်လို့ ဒီလိုပိုင်းခြားမှုမျိုးရယ်၊ နီးနီးကလာတယ်, ဝေးဝေးကလာ တယ်ဆိုတဲ့ ပိုင်းခြားမှုမျိုးရယ်၊ ဒါကိုပြောတာ။

“အသံ၏ဖြစ်ရာ အရပ်မျက်နှာတည်ရာဒေသကို ကျနစွာ ပိုင်းခြားနိုင်ခြင်းသည်လည်း မဖြစ်ရာ” ဘာကြောင့်တုန်းဆိုတော့ အနီးကလာလာ, အဝေးကလာလာ, ရောက်မှသိတယ်ဆိုရင် ဒီအသံဟာ အဝေးကလာတယ်, အနီးကလာတယ်လို့ သူသိမှာမဟုတ်ဘူးတဲ့၊ ပြီးတော့ အရှေ့ကလာတယ်၊ အနောက်ကလာတယ်လို့ သူ သိမှာမဟုတ်ဘူးတဲ့၊ ဘာကြောင့်တုန်း၊ ဒီရောက်မှသိမှာကိုး၊ ဒီရောက်မှ သိမှာဆိုတော့ မထူးတော့ဘူး၊ အရှေ့ကလာလည်း ဒီရောက်မှသိမှာပဲ၊ အနောက်ကလာလည်း ဒီရောက်မှ သိမှာပဲ။

ဒါဖြင့် ကောင်းပြီ ဆက်ပြီး ငြင်းနေတယ်ဆိုပါတော့၊ အပြစ်က ဘာဖြစ်နိုင်လဲ။ အဲသလိုဆိုမယ်ဆိုရင် “အသံကို မှန်း၍ပစ်သော လေးသမားသည် ကိုယ့်နားထဲကို ပြန်ပြီး မြှားနဲ့ပစ်ချမိမှာပေါ့”။

ရှေးတုန်းက သရဝေဓိဆိုတဲ့ လေးသမားတွေရှိတယ်၊ အသံကြားရင် အဲဒီ အသံကိုမှန်းပြီးပစ်ရင် မှန်တယ်၊ မျက်လုံးနဲ့ မမြင်ရပေမယ့် ကိစ္စမရှိဘူး၊ အသံကြားရာကို မှန်းပြီးပစ်ရင် ဟိုမှာထိတယ်၊ အဲဒီ သရဝေဓိဆိုတဲ့ လေးသမားတွေဟာ နားထဲရောက်မှ ကြားတယ်ဆိုရင် သူ့မှာသူပြန်ပြီး မြှားနဲ့ပစ်မိမှာပေါ့၊ ကြံကြံဖန်ဖန် အကြောင်းပြတာ။

ဒါကြောင့်မို့ အကယ်၍သာ ထိမှကပ်နေတဲ့အာရုံကို ယူတယ်ဆိုရင် ဒီအပြစ်ကို ဖြစ်နိုင်တယ်တဲ့၊ မျက်လုံးကလည်း ကိုယ့်မျက်လုံး ပြန်မြင်နိုင်တယ်။ မျက်ခုံးရဲ့ အရင်းကိုလည်း ပြန်မြင်မယ်၊ သရဝေဓိဆိုတဲ့ အသံကိုမှန်းပစ်တဲ့ လေးသမားတွေ ဟာ ကိုယ့်နားကိုယ်ပြန်ပစ်မိမယ်၊ ဘာကြောင့်တုန်းဆိုတော့ ဘယ်ကလာတယ်, ဘယ်လောက်ဝေးတယ် သူတို့မသိနိုင်တော့ဘူး၊ ဒီရောက်မှပဲသိမှာဆိုတော့ နီးတာ ဝေးတာ အရှေ့အရပ်အနောက်အရပ်စသည် မသိနိုင်တော့ဘူး။

ဒါကြောင့်မို့ စက္ခုနဲ့သောတတို့ဟာ မရောက်ခင်ယူတယ်လို့သာ မှတ်ရမယ်။ ဒီလိုဆိုလိုတယ်။ “စက္ခုသောတ ၂-ပါးသည် ရူပါရုံ, သဒ္ဒါရုံရှိရာအရပ်သို့ သွား၍၊ အာရုံ အပေါ်၌ ဖြန့်အုပ်၍ ယူသည်ဟုဆိုငြားအံ့” တဲ့၊ ဒါကလည်းပဲ တချို့အယူအဆတွေက...

[စာမျက်နှာ-66] အဲသလိုရှိသေးတာကိုး၊ အခုခေတ် အပြင်ထွက်သွားတာရှိပါရော၊ အဲသလိုယူမယ်တဲ့၊ အဲသလိုဆိုတိုင်းမှန်ရင် ဘာဖြစ်နိုင်သလဲ။ “ထိုသို့ ဆိုတိုင်းမှန်လျှင် ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, အဘိညာဏ်တို့၏ ရှေ့ အဓိဋ္ဌာန်ကို စီမံရာ၌လည်း ရူပါရုံ သဒ္ဒါရုံ ၂-ပါးသည် စက္ခုသောတ ၂-ပါး၏ အာရုံဖြစ်ရာ၏”။

ဒါက ဘာလဲဆိုတော့ ဒိဗ္ဗစက္ခုဆိုတာ အဝေးမှာရှိတဲ့ အာရုံကို မြင်နိုင်တဲ့ဉာဏ်၊ သို့မဟုတ် အခြားအကွယ်ရှိသော, သိမ်မွေ့သေးငယ်သော ရူပါရုံကို မြင်နိုင်တဲ့ ဉာဏ်ကို ဒိဗ္ဗစက္ခုဉာဏ်လို့ခေါ်တယ်၊ အဘိညာဏ်ပေါ့။

အဲဒီ ဒိဗ္ဗစက္ခု အဘိညာဏ်ရအောင်လုပ်တဲ့အခါကျတော့ အဲဒီအဘိညာဏ် မရောက်ခင် ဈာန်ဝင်စားရတယ်၊ ရူပဈာန်, အရူပဈာန်ဝင်စားရတယ်၊ ဝင်စားပြီးမှ ပဉ္စမဈာန် အဘိညာဏ်ဖြစ်အောင်လုပ်ရတယ်၊ အဲဒီ အဘိညာဏ်မရောက်ခင်ဘာလုပ် ရသလဲဆိုတော့ အဓိဋ္ဌာန်လုပ်ရတယ်၊ ခုနဈာန် ၈-ပါး၊ ၉-ပါးလုံး ဝင်စားပြီးနောက် အဘိညာဏ် မရောက်ခင်ပေါ့။

အဲဒီအခါ ဒိဗ္ဗစက္ခုအဘိညာဏ် ဝင်စားတော့မယ်ဆိုရင် အဲဒီရူပါရုံကို မြင်လို တယ်ဆိုတဲ့ စိတ်ပြဋ္ဌာန်းမှု အဓိဋ္ဌာန်ပြုရမယ်၊ အဲဒီအချိန်မှာ ရူပါရုံကို မမြင်သေးဘူး။ ထို့အတူပဲ ဒိဗ္ဗသောတဆိုတာလည်း အဝေးမှာရှိတဲ့ အာရုံကို ကြားရတယ်။ အခြားအကွယ်ရှိတဲ့ အာရုံကိုကြားနေရတယ်ဆိုပါတော့၊ အဲဒီမှာလည်း ခုနလို ဈာန်ဝင်စားပြီးတဲ့နောက် အဘိညာဏ်တက်တော့မယ်ဆိုတော့ အဓိဋ္ဌာန်လုပ်ရတယ်။ သူ့အသံကို ကြားလိုတယ်လို့ပေါ့။

အဲဒီတော့ အကယ်၍သာ ရူပါရုံ, သဒ္ဒါရုံရှိရာကို သွားပြီးတော့ စက္ခုသောတ ၂-ပါးက ယူတယ်ဆိုရင်အဲဒီ အဓိဋ္ဌာန်ပြုတဲ့အချိန်မှာပဲ မြင်နေပြီ၊ မြင်တော့မှာပေါ့တဲ့၊ အဘိညာဏ်ထိအောင်တောင် သွားစရာမလိုတော့ဘူးပေါ့၊ အဓိဋ္ဌာန်လုပ်လိုက်တာနဲ့ မြင်ပြီဆိုရင် အဘိညာဏ်လုပ်စရာမလိုတော့ဘူး။

တကယ်တော့ အဘိညာဏ်ဝီထိကျမှသာ အဘိညာဏ်ရောက်မှသာ ဝေးတဲ့ နေရာက ရူပါရုံတို့ကို မြင်နိုင်တယ်၊ ဝေးတဲ့ နေရာက သဒ္ဒါရုံတို့ကို ကြားနိုင်တယ်။ ဒါကြောင့်မို့ ဒီလို ရူပါရုံသဒ္ဒါရုံရှိရာကို သွားပြီးတော့ ယူတယ်ဆိုတာလည်းပဲ မဖြစ်နိုင်ဘူးတဲ့။

ဒါကြောင့်မို့ အားလုံးချုပ်လိုက်တဲ့အခါမှာ စက္ခုနဲ့သောတတို့ဟာ အသမ္ပတ္တဂါဟက မိမိထံမှောက်သို့ မရောက်သေးသောအာရုံကို ယူတတ်တယ်၊ ဒီလိုပဲ...

[စာမျက်နှာ-67] ရှင်မဟာ ဗုဒ္ဓဃောသအယူအဆအတိုင်းပဲ နောက်ဆရာများ လက်ခံတယ်၊ ဒီအတိုင်းပဲ ယူဆကြတယ်။

မေး - အရှင်ဘုရား၊ မျက်လုံးထဲက အကြည်ဓာတ်က သူ့ကို လာထိတယ်ဆိုတဲ့ ကိစ္စဟာ စောစောပိုင်းက သိထားတာနဲ့ ဘာကြောင့်မတူတော့သလဲ၊ အဲဒီအကြည် ဓာတ်နဲ့ အဲဒီရုပ်နဲ့ ဘယ်လို စပ်ဟပ်ပါသလဲ၊ အဲဒီ အကြည်ဓာတ်က ထွက်ပြီးတော့ သွားတာ မဟုတ်ဘူးဆိုတော့။

ဖြေ - ထွက်ပြီးသွားတာလည်းမဟုတ်ဘူး၊ သူ့ကိုထိမှာလည်းမဟုတ်ဘူး၊ မထိခင် လေးတင်ကပ်ပြီးတော့ ယူတယ်ပေါ့၊ တော်တော်နီးနီးကိုရောက်မှ မထိခင်ယူ တယ်ဆိုရမှာပေါ့၊ ထိသွားတဲ့အခါကျတော့ အလောက အရောင်မရှိတော့ဘူး၊ အာကာသမရှိတော့ဘူးဆိုတော့ ဝိညာဏ်မပေါ်နိုင်တော့ဘူး၊ မထိမီလေး (ထိတော့ ထိမှာပဲ၊ ရူပါရုံ သဒ္ဒါရုံတို့ကလာမှာပဲ) ကို ယူတယ်လို့ အဓိပ္ပါယ်ရှိတယ်၊

ဒါကြောင့်မို့ ရှေးတုန်းက ရောက်မရောက်နဲ့ပတ်သက်ပြီးတော့ စကားပြောတဲ့အခါ လာ, မလာနဲ့ ပတ်သက်ပြီးတော့ ငြင်းကြတာလဲရှိတယ်တဲ့၊ ရူပါရုံ သဒ္ဒါရုံကလာတယ် မလာဘူး ပေါ့ လေ၊ ဒါလည်းမလာဘူးလို့တော့ ငြင်းစရာမလိုဘူး၊ ခုနလို ဘုတ် အဆက် ဆက်နဲ့ တော့လာမှာပဲ၊ လာပေမယ်လို့ မရောက်မထိမီကိုယူတယ်၊ ဒီလို အဓိပ္ပါယ် ပေါက်တယ်။

ပြီးတော့ တချို့ဟာကျတော့ လူတစ်ယောက်က အဝေးမှာ အဝတ်ကိုရိုက်ပြီး လျှော်ဖွပ်နေတယ်၊ အဝေးမှာ ခဝါဖွပ်နေတဲ့သူကို ကြည့်တဲ့အခါ အဝတ်ရိုက်နေတာကို မြင်ရတယ်၊ မြင်ပြီးခဏနေမှ ရိုက်သံကြားတယ်၊ အဲဒါဟာ အသံလာလို့ကြားတာ မဟုတ်ဘူးလား ဆိုတာမေးကြတော့ အမှန်ကတော့ ကြားတာက နောက်ကျတာ မဟုတ်ဘူး၊ ဆင်ခြင်တာက နောက်ကျတာ၊ အဲသလို အကြောင်းပြတယ်။

ကြားတာကတော့ ရိုက်တုန်းကကြားတာပဲ ဒါပေမယ်လို့ ပြန်ဆင်ခြင်ပြီးမှသာ ကြားတယ်လို့သိတာကိုး၊ ဦးဇင်းတို့ ဝီထိမှာ ပထမဝီထိမှာ ကြားမှုသက်သက်လေးပဲ ဖြစ်လိုက်သေးတယ်၊ နောက်တစ်ခါ အတိတ်အသံကို အာရုံပြုတယ်၊ နောက်တစ်ခါ အပေါင်းကို အာရုံပြုတယ်၊ ပြီးတော့မှကြားတယ်၊ ဒီလိုရှိတယ်မဟုတ်လား၊ ထို့အတူပဲ မြင်ရင်လည်း ဒီလိုပဲရှိပါတယ်။ အဲဒီတော့ကြားတာကတော့ တစ်ချိန်ထဲမှာပဲ ကြားတာပဲ၊ ဒါပေမယ့်သိတာက နောက်ကျတော့ ကြားတာလည်းနောက်ကျတယ်လို့ ထင်တာတဲ့၊ အဲသလို အကြောင်း ပြတယ်။

[စာမျက်နှာ-68] မေး - မိုးခြိမ်းလည်းမြင်တာပဲ၊ ပြီးတော့မှ အသံကကြားတာ။
ဖြေ - ဟုတ်တယ်၊ လျှပ်စီးလက်တာအရင်မြင်တယ်၊ နောက်မှ အသံကိုကြားရတာ။
မေး - ဒီဟာကို သိပ္ပံနည်းနဲ့ ပြောတဲ့အခါ အသံ၏ သွားနှုန်းက အလင်းရောင်ရဲ့ သွားနှုန်းထက် နှေးတယ်လို့ပြောကြတယ်၊ အဲဒီလို ပြောတဲ့ဟာကို science မှာ ဆိုရင် ဟုတ်တယ်၊ ဒီအဘိဓမ္မာဘက်ကြည့်ရင် အတူတူလာတယ်ပဲထား၊ နားထောင် တာနောက်ကျရင် နောက်ကျတာပဲ၊ အဲဒီတော့ response time ကို ပြန် ကြည့်တဲ့အခါကျတော့ နားထောင်တဲ့အာရုံက ယူရမယ့်အာရုံထက် နည်းနည်းအချိန် ပိုကြာတဲ့အတွက်ကြောင့် ဒီလာတဲ့နှုန်းချင်း အတူတူ response က နှေးတဲ့အတွက် ကြောင့် ကြာတာပဲဖြစ်သွားတယ်၊ အဲဒီတော့ that is a relative term ဖြစ်သွားတယ်၊ ခုနဟာက အမြင်နှုန်းကို တွက်လိုက်တယ်၊ အခုဟာကျတော့ response process ကတော့ quite something to think about။
ဖြေ - ဟုတ်တယ်၊ ရှေးအယူအဆတွေက ဆင်ခြင်တဲ့ အသိကနောက်ကျတာ၊ ကြားတာနောက်ကျတာ မဟုတ်ဘူးတဲ့၊ ဘယ်လောက်ကောင်းသလဲ၊ တောင်မြို့ဆရာတော်ရေးတဲ့ ဘာသာဋီကာထဲမှာပါတယ်၊ မဆိုးဘူး၊ ရှေးဆရာတော်တွေက တကယ်အတွေးအခေါ်ရှိတယ်လို့ မှတ်ရမယ်။

အဲသလို ရှေးတုန်းထဲကိုက စက္ခုသောတနဲ့ ပတ်သက်ပြီး အယူအဆမတူတာ ရှိတယ်လို့ ၂-မျိုးနားလည်ထားရမယ်၊ ဃာန, ဇိဝှါ, ကာယနဲ့ပတ်သက်လို့တော့ မရှိပါဘူး၊ ဒါကတော့ အနံ့ဆိုတာ အဝေးကြီးကနေပြီး နှာခေါင်းမထိပဲနဲ့ ဃာနဝိညာဏ် မဖြစ်ဘူးပေါ့။ ကောင်းပြီ၊ ဒါဟာဘာလဲဆိုရင် ရူပဝိဘာဂမှာ သိသင့်သိထိုက်တာတွေပဲ၊ ရှေ့ဆက်သွားကြဦးစို့။

ရူပသမုဋ္ဌာန

ရူပဝိဘာဂပြီးတဲ့နောက် ရူပသမုဋ္ဌာနလို့ ပါဠိလိုခေါ်တယ်၊ ဇယားကွက်ထဲမှာ ရူပသမုဋ္ဌာနလို့တွေ့လိမ့်မယ်၊ အဲဒါကို ဒီနေ့ လေ့လာကြမယ်။ သမုဋ္ဌာနဆိုတာ မြန်မာလိုဖြစ်ကြောင်းလို့ အဓိပ္ပါယ်ရတယ် ဖြစ်ကြောင်းဆိုတာ ဖြစ်ခြင်းရဲ့ အကြောင်း၊ ရုပ်ဟာ အလိုလိုဖြစ်လာတာလည်းမဟုတ်ဘူး၊ ဘုရားသခင် ဖန်ဆင်းလို့ ဖြစ်လာတာလည်း မဟုတ်ဘူး၊ ရုပ်ဖြစ်ခြင်းရဲ့ အကြောင်းတွေရှိတယ်။ အဲဒီ အကြောင်းတွေကို ပါဠိလို သမုဋ္ဌာနလို့ခေါ်တယ်။

ရူပသမုဋ္ဌာနခေါ်တဲ့ ရုပ်ဖြစ်ခြင်းရဲ့ အကြောင်းက ၄-ပါးရှိတယ်၊ အဲဒါ နားလည်ရမယ်၊ မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့ ဒါကို ကြားဖူးပြီး သားပါ၊ ကံ,

[စာမျက်နှာ-69] စိတ်, ဥတု, အာဟာရဆိုတာ မကြားဖူးဘူးလား၊ ကြားဖူးတာပေါ့၊ အဲဒီ ကံ, စိတ်, ဥတု, အာဟာရ ၄-မျိုးဟာ ရုပ်ဖြစ်ခြင်းရဲ့ အကြောင်းတဲ့။ တချို့ရုပ်က ကံကြောင့်ဖြစ်မယ်၊ တချို့ရုပ်ကစိတ်ကြောင့်ဖြစ်မယ်၊ တချို့ရုပ်က ဥတုကြောင့်ဖြစ်မယ်၊ တချို့က အာဟာရကြောင့်ဖြစ်မယ်၊ တချို့က ၂-ခုကြောင့်ဖြစ် မယ်၊ တချို့လည်း ၃- ခုကြောင့် ဖြစ်မယ်၊ ၄-ခုကြောင့်ဖြစ်မယ်၊ အဲဒီလို ရှိမယ်၊ အဲဒီအပိုင်း ကိုလဲ ဒီနေ့ လေ့လာရမယ်။

လေ့လာတော့ ကံဆိုတာဘာလဲ၊ ဒီနေရာမှာ ကံဆိုတာ ရုပ်ကိုဖြစ်စေ နိုင်တဲ့ ကံကိုသာယူမှာ၊ ရှိသမျှ ကံကိုယူမှာမဟုတ်ဘူး၊ ဒါကို နားလည်ထားရမယ်၊ ဒါကြောင့်မို့ ဒီနေရာ ဒီအပိုင်းမှာ ကံဆိုတာ ဘာကိုဆိုလိုသလဲ၊ အကုသိုလ်စိတ် ၁၂- ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ ရူပကုသိုလ်စိတ် ၅-ခု အားလုံးပေါင်း ၂၅ - ခု၊ ဒီစိတ်၂၅-ခုမှာ ယှဉ်တဲ့ စေတနာစေတသိက်၊ အဲဒီစေတနာ စေတသိက်ကို ဒီမှာကံလို့ ခေါ်မယ်။

သာမညအားဖြင့် ပြောမယ်ဆိုရင်တော့ အရူပါဝစရမထည့်ရပေဘူးလား၊ ကံဆိုရင် အရူပါဝစရနဲ့ ယှဉ်တဲ့စေတနာ၊ နောက်ဆုံးမှာ မဂ်နဲ့ယှဉ်တဲ့ စေတနာတောင် ထည့်ရတယ်၊ ကမ္မပစ္စည်းထဲမှာပါတယ်။ သို့သော် အခုဟာက ရုပ်ကိုဖြစ်စေနိုင်တဲ့ကံကို ယူမှာဖြစ်တဲ့အတွက်ကြောင့်မို့ အရူပချန်ရတယ်၊ အဲဒါကြောင့်မို့ ကံဆိုတာ ဒီနေရာမှာ အကုသိုလ်စိတ် ၁၂, မဟာကုသိုလ်စိတ် ၈, ရူပကုသိုလ်စိတ် ၅-ပါး၊ ဆိုတဲ့ စိတ် ၂၅-ပါးပဲ၊ အဲဒီစိတ် ၂၅-ပါးနဲ့ ယှဉ်တဲ့စေတနာ၊ အဲဒါကို ကံလို့ ခေါ်တယ်။

အဲဒီကံက ဘယ်မှာ ကမ္မဇ (ကမ္မဇဆိုတာ ကံကြောင့်ဖြစ်တဲ့ရုပ်) ရုပ်ကို ဘယ်သန္တာန်မှာ ဖြစ်စေသလဲဆိုရင် အဇ္ဈတ္တသန္တာန်၌ ဖြစ်စေတယ်။ အဇ္ဈတ္တိကသန္တာန်ဆိုတာ ကိုယ့်သန္တာန်လို့ ဆိုလိုတယ်၊ အတွင်းသန္တာန်ဆိုတော့ (အမှန်အတိုင်းပြောရင်) သက်ရှိသန္တာန်ပါပဲ၊ ကိုယ့်အဇ္ဈတ္တကဒီလူအဇ္ဈတ္တကဟိုလူ့ အဇ္ဈတ္တကစသည်ဖြစ်နိုင်တာပေါ့၊ ရှင်းရှင်းကတော့ သက်မဲ့မှာ မရှိဘူးလို့ ဆိုလိုတာ၊ အဇ္ဈတ္တိကသန္တာန်ဆိုတာ သက်ရှိသန္တာန်ကိုသာ ဆိုလိုတယ်။

ဒါကြောင့် ကမ္မဇရုပ်ဆိုတာဟာ သက်ရှိသန္တာန်မှာသာ ဖြစ်နိုင်တယ်၊ သက်မဲ့ သစ်ပင်တို့ တောတောင်ရေမြေတို့မှာ ကမ္မဇရုပ်မရှိနိုင်ဘူး၊ ဒါကို သေသေချာချာ မှတ်ထားရမယ်။ အဇ္ဈတ္တိကသန္တာန်မှာ ကမ္မဇရုပ်ကိုဖြစ်စေတော့ ဘယ်အချိန်ကစပြီး ဖြစ်စေ...

[စာမျက်နှာ-70] သလဲ “ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍”၊ ပဋိသန္ဓေစိတ်ဖြစ်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကမ္မဇရုပ်ကလည်း လူတို့လို တိရစ္ဆာန်တို့ ဂဗ္ဘသေယျဆိုတဲ့ အမိဝမ်းကိန်းရတာမျိုး ဆိုရင် ပဋိသန္ဓေစိတ်ရယ်, ကလာပ်သုံးစည်းရယ်၊ ကမ္မဇရုပ် ၃၀-တစ်ခါထဲဖြစ်တယ်။ အဲသလို ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကစပြီးဖြစ်တာ၊ အဲဒီတော့ ဘဝစစချင်း ကမ္မဇရုပ်ဖြစ်တာပဲ။

နောက်ဘဝက ပြုခဲ့တဲ့ကံရှိတယ်၊ အဲဒီကံကြောင့် ဝိပါက်စိတ်ဖြစ်တယ်။ ပြီးတော့ ကမ္မဇရုပ်ဖြစ်တယ်၊ ဒါကြောင့် ဝိပါက်နာမက္ခန္ဓာရုပ်ဆိုပြီးတော့ ပဋ္ဌာန်းမှာ အဲဒီအခေါ်အဝေါ်နဲ့ သုံးသွားတယ်။
မေး - အဲဒီရုပ်က စိတ်ကြောင့်ဖြစ်တာလား
ဖြေ - ကံကြောင့်ဖြစ်တာ, စိတ်ကြောင့်ဖြစ်တာ မလာသေးဘူး, နောက်တော့ လာလိမ့်မယ်။

အဲဒါကြောင့် ပဋိသန္ဓေမှာ ခဏ ၃-ချက်ရှိတယ်၊ ဥပါဒ်, ဌီ, ဘင်, အဲဒီ ပဋိသန္ဓေစိတ်၏ ဥပါဒ်, ဌီ, ဘင် ၃-ချက်လုံးမှာ စိတ္တဇရုပ်မပေါ်သေးဘူးတဲ့၊ ကမ္မဇရုပ်ပဲ ရှိသေးတယ်၊ နောက်တော့ ဥတုဇတော့ ရှိလိမ့်ဦးမယ်၊ ဒီမှာပထမကမ္မဇရုပ်နဲ့ ၂-ပါးပဲ ပြောမယ်ဆိုရင် ကမ္မဇရုပ်ပဲ ရှိသေးတယ်၊ စိတ္တဇရုပ်မရှိသေးဘူး။

ကောင်းပြီ, အဲဒီပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကစပြီးတော့ နောက် ဘယ်အချိန် တွေမှာဖြစ်စေတာလည်းဆိုတော့ စိတ်၏ခဏတိုင်း ခဏတိုင်းဖြစ်စေသည်၊ ခဏတိုင်း ခဏတိုင်းဆိုတာ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ, အဲသလိုယူရမယ်၊ ခဏငယ်လေးတွေပါယူရမှာ။

ဒါကြောင့်မို့ တစ်ဘဝလုံးမှာ ကမ္မဇရုပ် မဖြစ်တဲ့အခိုက်အတန့်ရယ်လို့များ ရှိသေးလား၊ မရှိနိုင်ဘူး, အမြဲဖြစ်နေတာပဲ၊ ကံဟာ ဘယ်လောက်အားရှိသလဲဆိုတာ အဲဒါသာကြည့်၊ တစ်ဘဝလုံး တစ်ခါထဲဖြစ်အောင် သူလုပ်ပစ်လိုက်တာ၊ အမှန်ကတော့ စိတ်လည်း ဖြစ်နေတာပဲ၊ အာရုံသစ်ပေါ်လာတဲ့အခါ ဝီထိစိတ်ဝင် ဖြစ်တော့ သူက ဖြစ်ခွင့်မရဘူး၊ ဝီထိစိတ်မဖြစ်တဲ့အခါကျ ဒီဝိပါက်စိတ်တွေဖြစ်နေတာကို ဘဝင်လို့ခေါ်တယ်မဟုတ်လား၊ ဒါ တစ်ဘဝလုံးသွားတာပဲ၊ ပဋိသန္ဓေစိတ်တွေပင်လျှင် ထပ်ဖြစ်နေရတော့ သူ့ကို ပဋိသန္ဓေလို့ မခေါ်တော့ဘူး၊ ဘဝင်လို့ခေါ်တော့တယ်၊ နောက်ဆုံး သေတဲ့အခါကျ ဒီစိတ်နဲ့ပဲ သေတော့ သူ့ကို စုတိစိတ်ခေါ်တော့တယ်။ ကြားမှာ အခုလို အာရုံသစ်တွေ့လို့ မြင်တာကြားတာတွေ့တဲ့အခါမှာ ပဉ္စဒွါရဝီထိတွေ ဖြစ်တယ်၊ မနောဒွါရဝီထိတွေဖြစ်တယ်ဆိုရင် သူက အသာကွယ်သွားတယ်။

[စာမျက်နှာ-71] ပြီးတော့ ပြန်ပေါ်လာတယ်။
ရုပ်တွေလဲ ဒီလိုပဲ၊ ကမ္မဇရုပ်ဟာ ခဏတိုင်း ခဏတိုင်းဖြစ်တာ၊ နောက်ဆုံး ရူပပဝတ္တိက္ကမဆိုတဲ့အပိုင်း ရောက်တော့ သေခါနီး ဘယ်ထိအောင်ဖြစ်တယ်။ ဘယ်အချိန်မှာ အပြီးသတ်ချုပ်တယ်ဆိုတာတွေ လုပ်ရလိမ့်ဦးမယ်၊ ဒါက အဖြစ်ပဲ ရှိသေးတယ်၊ အစပဲရှိသေးတယ်။

ဒါကြောင့်မို့ မှတ်သားရမှာက ကံဟာရုပ်ကို ဖြစ်စေတယ်၊ ရုပ်ကိုဖြစ်စေတဲ့ အဇ္ဈတ္တိကခေါ်တဲ့သက်ရှိသန္တာန်မှာသာ ဖြစ်စေတယ်လို့ ဆိုလိုတယ်၊ ဘယ်အချိန်က စပြီး ဖြစ်စေသလဲဆိုရင် ပဋိသန္ဓေရဲ့ ဥပါဒ်ခဏကစပြီး ဖြစ်စေတယ်။

ဘယ်အခြေအနေမှာ ဖြစ်စေတာတုန်း၊ ခဏတိုင်းခဏတိုင်းမှာ ဖြစ်စေတာ၊ ဆိုပါတော့, ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာ ရုပ်-၃၀ ဖြစ်တယ်ဆိုပါတော့၊ ဌီခဏမှာ ထပ်ပြီးတော့ရုပ်-၃၀ ဖြစ်မယ်၊ ဘင်ခဏမှာ ထပ်ပြီးတော့ ရုပ်-၃၀ ဖြစ်မယ်ဆိုတော့ ဘင်ခဏမှာ ရုပ်ပေါင်း ၉၀-ဖြစ်မသွားဘူးလား၊ အဲသလို တိုး, တိုးသွားမယ်။

နောက်အခါကျတော့ ရုပ်ဝီထိဆိုတာရှိတယ်၊ နာမ်ဝီထိတင်မဟုတ်ဘူး၊ ရုပ်ဝီထိဆိုတာရှိတယ်၊ အကုန်လုံး မလုပ်နိုင်ပေမယ်လို့ နည်းနည်းတော့ အမြည်း သဘော လုပ်ရလိမ့်ဦးမယ်။

ရုပ်လဲဒီလိုပဲ၊ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာ ရုပ်ဘယ်လောက်ရတယ်, ဌီမှာ ဘယ်လောက်ရတယ်, ဘင်မှာဘယ်လောက်ရတယ်, ပထမဘဝင်မှာ ဘယ်လောက်ရတယ်၊ အဲသလို တွက်တာတွေ ရှိသေးတယ်၊ အဲဒါလဲ ဦးဇင်းတို့ မြန်မာဆရာတော်တွေ ထွင်ထားတာနော်၊ အဋ္ဌကထာတွေထဲမှာ ဒီလောက် အသေးစိပ် မရှိဘူး၊ ရှေးဆရာတော်ကြီးတွေ အတော့်ကိုထွင်နိုင်တယ်၊ အတော့်ကို ဉာဏ် နက်နဲတယ်။

သင်္ဂြိုဟ်မှာ နာမ်ဝီထိရှိတာကို ရုပ်ဝီထိလည်းရှိတယ်လို့ဆိုပြီး ရုပ်ကိုလုပ်ပြ ထားတာ ရှိတယ်၊ ရုပ်ပိုင်းဆုံးတဲ့အခါကျတော့ လေ့လာရလိမ့်မယ်။

မေး - ရုပ်လဲ ဥပါဒ်, ဌီ, ဘင်ပဲ မဟုတ်ပါလား၊ ဖြစ်ကြ, တည်ကြ, ပျက်ကြတာပဲ ထင်တယ်။
ဖြေ - သူ့ကျတော့ ခဏငယ် ၅၁-ချက်ကြာမယ် မဟုတ်လား၊ duration က သူက နာမ်ထက်ကြာတယ်လေ၊ စိတ်ကတော့ ဥပါဒ်, ဌီ, ဘင်ဆို ပျောက်သွားပြီ၊ ရုပ်ကျတော့ စိတ်ရဲ့ ဥပါဒ်, ဌီ, ဘင်နဲ့ မပျောက်သေးဘူး၊ ဥပါဒ်, ဌီ, ဘင်နဲ့ သွားနေပြီး ၁၇ ချက်ကျမှ ချုပ်မှာ၊ သူ့ duration ကရှည်တယ်၊ အဲဒါနဲ့

[စာမျက်နှာ-72] တွက်ပြီးသွားတာပေါ့၊ ၁၇-ချက် ထိအောင်တော့ ဥပါဒ်မှာတိုးမယ်၊ ဌီမှာတိုးမယ်။ ဘင်မှာတိုးမယ်၊ တိုးတိုး သွားတာ၊ ၁၇-ချက် ဟိုဘက်ခဏ ငယ်နဲ့ ပြောရင် ၅၁ ချက်ဟိုဘက်မှာ လျော့တာလျော့, တိုးတာတိုးဆိုတော့ အဲဒီကျတော့ သင်္ချာ တူဖြစ်သွားလိမ့်မယ်။

ဆိုပါတော့, ၁၈-ခုမြောက်စိတ်ရဲ့ ဥပါဒ်ခဏမှာဆိုရင် ၁၇-ခုမြောက်ရဲ့ ဘင်နဲ့ အတူတူလိုဖြစ်သွားလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီကျတော့ ၃-ခု လျော့ ၃-ခုတိုး ဖြစ်သွားလိမ့်မယ်၊ အဲသလိုသွားမှာ၊ နောက်ရုပ်ဝီထိကျတော့ အဲဒါ လာလိမ့်မယ်၊ စိတ်ဝင်စားစရာကောင်းတယ်။

ဒါကြောင့်မို့ ခဏတိုင်းခဏတိုင်းမှာ ကမ္မဇရုပ်တွေဖြစ်တယ်၊ ကမ္မဇရုပ်ဆိုတာ ဘာတွေလဲဆိုတာ မသိသေးဘူးနော်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကို ကမ္မဇရုပ်လို့တော်ကြာ ကျရင် ခွဲလိမ့်မယ်။

နောက်တစ်ခုက စိတ်ကြောင့်ဖြစ်တဲ့ရုပ်တဲ့၊ ဒါကြောင့် စိတ်ဟာလည်းရုပ်ရဲ့ ဖြစ်ကြောင်းတစ်ခုပဲ၊ ဘယ်စိတ်တွေယူရမှာတဲ့လဲ၊ အရူပဝိပါက် ၄-ခုရယ်၊ ဒွေးပဉ္စဝိညာဏ် ၁၀-ကြဉ်ရမယ်၊ အရူပဝိပါက်ကတော့ ရုပ်မုန်းတဲ့ဗြဟ္မာတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့စိတ်ဆိုတော့ သူက ရုပ်မဖြစ်စေနိုင်ဘူး၊ ဒွေးပဉ္စဝိညာဏ် ၁၀ ကလည်း ရုပ်မဖြစ်စေနိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ ဒွေးပဉ္စဝိညာဏ်-၁၀မှာ ယှဉ်တဲ့စေတသိက်တွေ ကြည့်လိုက်စမ်း၊ အခုတော့ သိပ်နားလည်မှာ မဟုတ်သေးဘူး၊ သမုစ္စည်းပိုင်းရောက်မှ နားလည်လိမ့်မယ်ဆိုပါတော့၊ အားကောင်းတဲ့စေတသိက်တွေ တစ်ခုမှမပါဘူးလို့ ဆိုလိုတယ်၊ ဈာန်အင်္ဂါဖြစ်ထိုက်တဲ့ စေတသိက်တို့ မဂ္ဂင်ဖြစ်ထိုက်တဲ့ စေတသိက်တို့ ဘာမှ မပါဘူး။

ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ဘာစေတသိက်တွေ ယှဉ်သလဲ မှတ်မိကြလား၊ ပြန်ကြည့်စမ်းပါ၊ သဗ္ဗစိတ္တသာဓာရဏပေါ့၊ အဲဒီထဲမှာ ဟိတ်ဖြစ်တဲ့စေတသိက်တို့ မဂ္ဂင်ဖြစ်တဲ့ စေတသိက်တို့, ဈာန်အင်္ဂါဖြစ်တဲ့ စေတသိက်တွေ မပါဘူး။

အဲသလို ထက်မြက်တဲ့ စေတသိက်တွေ မပါတော့ ဒွေးပဉ္စဝိညာဏ် ၁၀ဟာ ရုပ်ကို မဖြစ်စေနိုင်ဘူးတဲ့၊ ဒါကြောင့် ရုပ်ဖြစ်စေနိုင်တဲ့ စိတ်ဆိုရင် အရူပဝိပါက် ၄-ခုနဲ့ ဒွေးပဉ္စဝိညာဏ်-၁၀ ကြဉ်ရတယ်၊ ကျန်တာ ၈၉-ထဲက ၁၄-နှုတ် လိုက်တော့ ၇၅-ကျန်တယ်၊ အဲဒီ ၇၅-ပါးသော စိတ်တွေဟာ ရုပ်ကို ဖြစ်စေ နိုင်တယ်။

[စာမျက်နှာ-73] ကောင်းပြီ, ရုပ်ကိုဖြစ်စေနိုင်တော့ ဘယ်အချိန်ကစပြီးတော့ ဖြစ်စေနိုင်သလဲ။ ပဋိသန္ဓေမှာ ဖြစ်စေနိုင်သလားတဲ့။

ပဋိသန္ဓေမှာတော့ မဖြစ်စေနိုင်ဘူးတဲ့၊ ဘာကြောင့်တုန်း ကံက သူ့တာဝန် ယူလိုက်ပြီပဲ၊ ရုပ်ဖြစ်စေနိုင်တဲ့ လုပ်ငန်းကို ကံက ယူလိုက်ပြီ၊ ဒါကြောင့်မို့ ပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေဘူး၊ ပြီးတော့လည်းပဲ ဘဝတစ်ခုမှာ ရောက်သစ်စလည်း ဖြစ်နေတယ်၊ ဘွားကနဲ ရောက်လာတာလည်း ဖြစ်တော့ သူက မခိုင်မြဲသေးဘူးပေါ့၊ သူများကို ဖြစ်စေနိုင်ဖို့ နေသာသာ၊ ကိုယ့်ကိုကိုယ်တောင် ရပ်နေနိုင်ဖို့ ကြိုးစားနေရ သေးတယ်၊ တစ်စုံတစ်ခု ပစ်ချလိုက်ရင် ဟိုမှာကျသွားတဲ့အခါ တခြားဘာမှ မလုပ်နိုင်သေးသလိုပေါ့။

ဒါကြောင့်မို့ ပဋိသန္ဓေစိတ် အခိုက်အတန့်မှာ စိတ္တဇရုပ် မဖြစ်ပေါ်သေးဘူး၊ ကမ္မဇရုပ်သာ ဖြစ်ပေါ်သေးတယ်၊ ပြီးတော့ ပဋ္ဌာန်းနည်းနဲ့ပြောမယ်ဆိုရင် ဘာပစ္စည်းမှ သူ့မှာ အထောက်အပံ့ခံရတာမရှိသေးဘူး၊ သူက ဒီတစ်ဘဝမှာ ပထမဆုံးစိတ်ဆိုတော့ ပုရေဇာတတို့ဆိုတာတွေ မရှိပဲကိုး၊ ဒါကိုလည်းပဋ္ဌာန်းကျမှ သိလိမ့်မယ်။

အဲသလို အားနည်းလို့ပဲ မှတ်ထားလိုက်ပါ၊ အားနည်းတဲ့အတွက်ကြောင့် သူမဖြစ်တော့ ဘယ်အချိန်ကစပြီး ဖြစ်မလဲ “ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍”တဲ့။

ပဋိသန္ဓေပြီးရင် ပထမဘဝင်ရှိတယ်၊ (ပထမ ဒုတိယ, တတိယ စသည် ရှိတော့) ပထမဘဝင်ရဲ့ ဥပါဒ်မှစပြီးတော့ ဖြစ်တယ်, ဖြစ်တဲ့အခါမှာ ဥပါဒ်, ဌီ, ဘင် ခဏငယ် ၃-ချက်စလုံးမှာ ဖြစ်သလားတဲ့, ဘယ့်နှယ်တုန်း။

“မိမိတို့ ဥပါဒ်ခိုက်၌သာ စိတ္တဇရုပ်ကို ဖြစ်စေသည်တဲ့” ဥပါဒ် အခိုက်မှာသာ စိတ်က စိတ္တဇရုပ်ကို ဖြစ်စေတယ်။ ဌီ, ဘင် အခိုက်မှာ မဖြစ်စေ နိုင်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ သူတို့ကတော့ ဥပါဒ်အခိုက်မှာ အားရှိတယ်။ ဌီကျတော့ ဇရာဖြစ်သွားပြီလေ၊ အိုမင်းရင့်ရော်သွားပြီ၊ ဘင်ကျတော့ ပျောက်သွားပြီ ဆိုတော့ အဲဒီအချိန်မှာ အားမရှိတော့ဘူး။

ရုပ်နဲ့စိတ်နဲ့ အဲဒါကွာတာ၊ စိတ်က ဥပါဒ် အခိုက်မှာ အားရှိတယ်၊ ရုပ်က ဌီအခိုက်ကျမှ အားရှိတယ်။

ဒါကြောင့်မို့ ပထမဘဝင်၏ ဥပါဒ်မှစ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်ဖြစ် လိမ့်မယ်၊ အဲဒီတော့ ပဋိသန္ဓေစိတ်ရဲ့ ခဏငယ် ၃-ချက်မှာ စိတ္တဇရုပ် လုံးဝ မရှိသေးဘူး၊ ပထမဘဝင်ရဲ့ဥပါဒ်မှာ စိတ္တဇရုပ် တစ်ခုပဲ ပြောကြပါစို့။

[စာမျက်နှာ-74] ဌီမှာ စိတ္တဇရုပ် တစ်ခုပဲ၊ မတိုးသေးဘူး၊ ပထမဘဝင်ရဲ့ ဘင်မှာ မတိုးသေးဘူး။

ဒုတိယဘဝင်ရဲ့ ဥပါဒ်ကျတော့ တစ်ခု တိုးသွားပြီ၊ တစ်ခါ ဌီနဲ့ဘင်မှာ မတိုးသေးဘူး၊ ၂-ပဲသွားဦးမယ်။

တတိယဘဝင်ရဲ့ ဥပါဒ်မှာ တစ်ခုတိုးတော့ ၃-ဖြစ်မသွားဘူးလား၊ အဲသလို သူက ဥပါဒ်, ဥပါဒ်မှာသာတိုးတိုးသွားမယ်၊ ရုပ်ဝီထိကျတော့ ဒါပြန်လာမယ်။

အဲဒီလို စိတ္တဇရုပ်များဟာ ဥပါဒ်, ဌီ, ဘင် ခဏငယ် ၃-ချက်ရှိရာမှာ ဥပါဒ်အခိုက်အတန့်မှာသာ ဖြစ်တယ်၊ ဌီ, ဘင် အခိုက်အတန့်မှာ မဖြစ်ဘူး။ အဲဒါမှတ်ထားကြ။

မေး - ကာလလရုပ်နဲ့ စိတ္တဇရုပ်ဟာ မတူဘူးလား။
- မတူဘူး၊ မတူဘူးဆိုတာက တချို့ရုပ်က ကံကြောင့်လည်းဖြစ်မယ်, စိတ်ကြောင့်လည်းဖြစ်မယ်၊ တချို့ရုပ်ကတော့ ကံကြောင့်သာဖြစ်တယ်၊ စိတ်ကြောင့်သာဖြစ်တယ်၊ ဒါလည်းရှိတယ်၊ လာလိမ့်မယ်။

ဒါကစိတ်၊ အဲဒီစိတ်ကို ဖြစ်စေနိုင်တဲ့ ရုပ်တွေထဲမှာ နည်းနည်း (particular) အထူးအခြားလေးတွေ ရှိသေးတယ်၊ အဲဒါကိုမှတ်မိအောင် မှတ်ရလိမ့်မယ်။

“အဲဒီစိတ်တွေထဲမှာ အပ္ပနာဇော ၂၆-ဟာ ရုပ်သာမညအပြင် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်တယ်တဲ့”၊ ထောက်ပံ့နိုင်တယ်ဆိုတာ ဖြစ်စေနိုင်တာမဟုတ်ဘူး ပေါ့၊ တခြားစိတ်က ဖြစ်စေတဲ့ ဣရိယာပုတ်တွေကို သူက (maintain)လုပ်ထား တယ်ပေါ့၊ ခံနိုင်အောင်လုပ်ထားတယ်၊ ထောက်ပံ့ထားတယ်ပေါ့၊ ဘယ်ဇောတွေတုန်း၊ အပ္ပနာဇော ၂၆ တဲ့။

အပ္ပနာဇော ၂၆-ဆိုတာ ရူပါဝစရဇော၊ အရူပါဝစရဇော၊ လောကုတ္တရာဇော၊ ရူပါဝစရက ကုသိုလ်-၅၊ ကြိယာ-၅၊ အရူပါဝစရက ကုသိုလ်-၄၊ ကြိယာ-၄၊ လောကုတ္တရာစိတ် ၈-ခု၊ အားလုံးပေါင်း-၂၆၊ အဲဒါကို အပ္ပနာဇော-၂၆ လို့ ခေါ်တယ်။

အဲဒီအပ္ပနာဇော ၂၆-ဟာ သူ့ စိတ်သဘောအတိုင်း ရုပ်သာမညကိုလည်း ဖြစ်စေတယ်၊ ပြီးတော့ ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်တယ်တဲ့၊ ဒါကြောင့်မို့ ဈာန်ဝင်စားနေတဲ့အခါကျတော့ တင်ပျဉ်ခွေလျက်ကြီးနဲ့ ၇-ရက် လုံးနေတာ၊ အဲဒီ အချိန်အခါမှာ သူ့ကို တွန်းလှဲလိုက်ရင်တင်ပျဉ်ခွေလျက်ကြီး လဲသွားမှာပဲ၊ တင်ပျဉ်ခွေ ပျက်မှာ မဟုတ်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ ဣရိယာပုတ်ကို ဈာန်ဇောတွေက သူ့အတိုင်း ထောက်ပံ့ထားနိုင်တယ် (သို့မဟုတ်) ဖိုလ်ဝင်စားနေရင်လည်း ဖိုလ်ဇောတွေ

[စာမျက်နှာ-75] ကပေါ့။

အဲဒီတော့ အပ္ပနာဇော မဟုတ်တဲ့ ကာမာဝစရဇောတောင်မှ တရားထိုင်လို့တော်တော်သမာဓိကောင်းလာပြီး ဉာဏ်စဉ်အထက် ရောက်သွားပြီဆိုတော့ နေနိုင်လာတယ်၊ သူတို့လည်း အပ္ပနာဇောလောက် ခိုင်ခိုင်ခန့်ခန့် မထောက်ပံ့နိုင်ပေ မယ်လို့ သူ့ အနေအထားနဲ့သူ ထောက်ပံ့နိုင်တယ်၊ ဒါကြောင့်မို့ အဲဒီအခါကျတော့ ၂-နာရီ ၃-နာရီကြာ တရားထိုင်လာနိုင်တယ်၊ ညောင်းတာတွေဘာတွေ မရှိဘူး၊ တချို့ညလုံးပေါက် မအိပ်ပဲနဲ့ နေနိုင်တယ်ဆိုတာ အဲဒါကြောင့်။

အဲဒါ အပ္ပနာဇောတောင် မရောက်သေးဘူး၊ ကာမာဝစရဇောပဲ ရှိသေးတယ်၊ ဒါပေမယ်လို့ သမာဓိအားကောင်းလာတဲ့အချိန်အခါမှာ ဖြစ်တယ်၊ အပ္ပနာဇောတို့ ကျတော့ ပိုပြီး အားကောင်းတာပေါ့၊ ဒါကြောင့်မို့ အပ္ပနာဇော ၂၆-ခုတို့သည် ရုပ်သာမညအပြင် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်သည်။

ပြီးတော့ “ဝုဋ္ဌော၊ ကာမဇော-၂၉, အဘိညာဏ်-၂, အဲဒီ ၃၂-ပါးသော စိတ်တွေကတော့ ရုပ်သာမညနှင့် ဣရိယာပုတ်အပြင်၊ ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးကိုလည်း ဖြစ်စေနိုင်တယ်”တဲ့၊ ၃-မျိုးလုံး ဖြစ်စေနိုင်တယ်လို့ ဆိုလိုတာပေါ့။

ဒါဖြင့်ရင် မနောဒွါရာဝဇ္ဇန်းရယ်, ကာမာဝစရဇောတွေရယ်, အဘိညာဏ် ၂-ပါးရယ်က ရုပ်သာမညကိုလည်းဖြစ်စေနိုင်တယ်၊ ဣရိယာပုတ်ကိုလည်း ထောက်ပံ့ နိုင်တယ်၊ ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးကိုလည်းဖြစ်စေနိုင်တယ်။

ကာယဝိညတ်ဆိုတာ ကိုယ်လှုပ်ရှားမှုနဲ့ မိမိအလိုကို သိစေတာ၊ ဝစီဝိညတ် ဆိုတာ နှုတ်က ဖြစ်ပေါ်တဲ့စကားလုံးနဲ့ မိမိအလိုကို သိစေတာ။

တစ်ခါ အဲဒီစိတ် ၃၂-ပါးမှာ လောဘမူသောမနဿဇော-၄, ဟသိတုပ္ပါဒ် ဇော-၁, မဟာကုသိုလ်, မဟာကြိယာ သောမနဿဇော ၈-ခု (မဟာကုသိုလ်ထဲက ၄-ခု, မဟာကြိယာထဲက ၄-ခု) ဤ ၁၃-ပါးသော စိတ်တို့သည် ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏။

အခုပြုံးတယ် ရယ်တယ်ဆိုတာ ဒီစိတ်တွေနဲ့ ပြုံးရယ်ကြတယ်တဲ့၊ ဘယ် စိတ်တွေတုန်း၊ တစ်ခါတလေ လောဘနဲ့ရယ်တယ်၊ တစ်ခါတလေ ကာမာဝစရ ကုသိုလ်နဲ့ ရယ်တယ်၊ ရဟန္တာတွေပြုံးကြရယ်ကြတဲ့အခါမှာဆိုရင် ကာမာဝစရကြိယာ နဲ့ပေါ့၊ ပြီးတော့ ဟသိတုပ္ပါဒ်ပေါ့။

ဒါကြောင့်မို့ ရယ်ရွှင်ခြင်းကို ဖြစ်စေတတ်တဲ့စိတ် ၁၃-ပါးရှိတယ်၊ လောဘမူသောမနဿ-၄၊ ဟသိတုပ္ပါဒ်-၁၊ မဟာကုသိုလ် သောမနဿ-၄, မဟာ ကြိယာ သောမနဿ-၄။

[စာမျက်နှာ-76] အဲဒီမှာ တစ်ခါခွဲလိုက်သေးတယ်၊ ပုထုဇဉ်တွေက ဘယ်စိတ်တွေနဲ့ ရယ်နိုင် သလဲ၊ သေက္ခတွေက ဘယ်စိတ်တွေနဲ့ ရယ်နိုင်သလဲ၊ ဘုရားရဟန္တာက ဘယ်စိတ် တွေနဲ့ ရယ်နိုင်သလဲ၊ အဲဒီတော့ လင်္ကာလေးက ဘယ်လိုတဲ့လဲ။

* ရှစ်ပုထုဇန် ခြောက် သေကွန်၊ ငါးတန် ရဟန္တာ, ပုထုဇဉ်တွေက စိတ် ၈-မျိုးနဲ့ ရယ်တယ်တဲ့၊ သေက္ခဆိုတာ အရိယာတော့ အရိယာပဲ၊ သို့သော် ရဟန္တာမဟုတ်သေးဘူး၊ သောတာပန်, သကဒါဂမ်, အနာဂါမ်ပဲ ပြောကြပါစို့၊ သူတို့ကို သေက္ခလို့ခေါ်တယ်၊ သေက္ခပုဂ္ဂိုလ်တွေက စိတ် ၆-မျိုးနဲ့ ရယ်တယ်၊ ရဟန္တာကျတော့ စိတ် ၅-မျိုးနဲ့ ရယ်တယ်တဲ့။

* ဟာသအကြောင်း၊ ထူးပြားရှောင်း၊ စိတ်ပေါင်း တေရသာ၊ တေရသာဆိုတာ ပါဠိစကား၊ ၁၃-လို့ ဆိုလိုတယ်၊ လင်္ကာလေးတွေက စာသင်သားတွေ သင်ပေးတဲ့အခါ သိပ်ကောင်းတယ်၊ လင်္ကာလေးရထားရင်မေ့လည်း မမေ့ဘူး၊ လင်္ကာလေးရလိုက်ရင် သိတော့တာပဲ။

ကိုင်း ၈, ၆, ၅ တို့ကို ကိုယ့်ဟာကိုယ် ရှာရလိမ့်မယ်၊ လွယ်ပါတယ်။

ပုထုဇဉ်အနေနဲ့ ပြောစမ်း၊ လောဘမူသောမနဿနဲ့ မရယ်ပေဘူးလား, ရယ်မယ်၊ ဟသိတုပ္ပါဒ်နဲ့ မရယ်ဘူး၊ မဟာကုသိုလ်သောမနဿ ၄-ခုနဲ့ ရယ်နိုင်တယ်၊ မဟာကြိယာသောမနဿ ၄-နဲ့ မရယ်နိုင်ဘူး၊ ဒါဖြင့် ပုထုဇဉ်ရဲ့ ရယ်နိုင်တဲ့စိတ် ၈-ခုဆိုတာ လောဘမူသောမနဿ ၄, မဟာကုသိုလ်သောမနဿ ၄-ပေါ့။

ကောင်းပြီ, သေက္ခပုဂ္ဂိုလ်တွေကျတော့ စိတ် ၆-မျိုးနဲ့ ရယ်နိုင်တယ်၊ လောဘမူသောမနဿ ၄ နဲ့ ရယ်မလား၊ မရယ်လား၊ အရိယာဖြစ်သွားရင် ဒိဋ္ဌိ ရှိသေးလား၊ မရှိဘူး၊ ဝိစိကိစ္ဆာရှိသေးလား၊ မရှိဘူး။

ဒါဖြင့်ရင် လောဘမူသောမနဿထဲမှာ ဒိဋ္ဌိဂတသမ္ပယုတ်မပါဘူးလား၊ ၂-ခုပါတယ်၊ ဒိဋ္ဌိဂတသမ္ပယုတ် ၂-ခုနဲ့လည်းမရယ်ဘူး၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်ဟာ ဒိဋ္ဌိဂတသမ္ပယုတ်နဲ့ မရယ်ဘူး။

ဒါကြောင့်မို့ သေက္ခပုဂ္ဂိုလ်များဟာ စိတ် ၆-ပါးနဲ့ ရယ်တယ်ဆိုရင် လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿဇော ၂-ခုနဲ့ မဟာကုသိုလ်သောမနဿဇော ၄-ခုနဲ့ ရယ်လိမ့်မယ်။

ဘုရားရဟန္တာတွေကျတော့ စိတ် ၅-မျိုးနဲ့ ရယ်နိုင်တယ်တဲ့၊ လောဘမူသောမနဿဇော ၄-ခုထဲက တစ်ခုခုနဲ့ ရယ်မလား၊ ဘယ်ရယ်မလဲ၊ ရှိမှမရှိတော့ပဲ၊ ဟသိတုပ္ပါဒ်နဲ့ ရယ်မယ်၊ မဟာကုသိုလ်နဲ့ မရယ်ဘူး၊ မဟာကြိယာနဲ့ ရယ်မယ်ဆိုတော့ ဟသိတုပ္ပါဒ်, မဟာကြိယာ သောမနဿဇော-၄၊ ပေါင်းရင် ၅-မျိုး၊ ဒီ ၅-မျိုးနဲ့ ရယ်မယ်။

[စာမျက်နှာ-77] ဒါကြောင့်မို့ * ရှစ်ပုထုဇန်၊ ခြောက်သေကွန်၊ ငါးတန် ရဟန္တာ၊ * ဟာသအကြောင်း၊ ထူးပြားရှောင်း၊ စိတ်ပေါင်းတေရသာ၊ ဒီနေရာမှာ တချို့က ဘယ်လိုယူဆလဲဆိုတော့ မြတ်စွာဘုရားသည် ဟသိတုပ္ပါဒ်နဲ့ မရယ်ထိုက်ပါဘူး၊ ဟသိတုပ္ပါဒ်စိတ်ဟာ မြတ်စွာဘုရား သန္တာန်မှာ မဖြစ်ထိုက်ပါဘူးလို့ဒီလိုယူဆတဲ့ ပုဂ္ဂိုလ်တွေ ရှေးကရှိခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ဟသိတုပ္ပါဒ်စိတ်က အဟိတ်စိတ်ဖြစ်နေတယ်၊ အဟိတ်စိတ်ဆိုတော့ ဉာဏ်တွေနဲ့ မယှဉ်ဘူး၊ အဲဒီတော့ အာဝေနိကဂုဏ်တော်ထဲမှာ “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ”လို့ ဟောထားတာရှိတယ်၊ မြတ်စွာဘုရားရဲ့ အလုံးစုံသော ကာယကံ, ဝစီကံ, မနောကံတို့ဟာ ဉာဏ်ရှေ့သွား ရှိတယ်၊ ဉာဏ်နောက်ကလိုက်တယ် (မထူးပါဘူး၊ ဉာဏ်ကရှေ့ကသွားတာနဲ့၊ ဉာဏ်ရဲ့ နောက်က လိုက်တာနဲ့ အတူတူပါပဲ၊ အဓိပ္ပါယ်ကတော့ ဉာဏ်နဲ့ယှဉ်တယ်လို့ ဆိုလိုတယ်) အဲဒါကြောင့်မို့ အခုလို ဉာဏ်မယှဉ်တဲ့ အဟိတ်စိတ် မြတ်စွာဘုရား သန္တာန်မှာ မဖြစ်ထိုက်ပါဘူးလို့ ဒီလိုယူဆပြီးတော့ မြတ်စွာဘုရားဟာ မဟာကြိယာ သောမနဿနဲ့ပဲ ရယ်ချင်ရယ်မယ်၊ ဟသိတုပ္ပါဒ်နဲ့ မရယ်ထိုက်ပါဘူးလို့ ဒီလိုဆိုတယ်။

ဒါပေမယ်လို့ အများရဲ့ အယူအဆကတော့ မြတ်စွာဘုရားဟာ ဟသိတုပ္ပါဒ် စိတ်နဲ့ ပြုံးတော်မူတဲ့အခါမျိုးလည်း ရှိနိုင်တယ်၊ တစ်စုံတစ်ခုမြင်ပြီးတော့ ပြုံးတော် မူတာမျိုးရှိတယ်၊ ဝက်မငယ်မြင်ပြီး ပြုံးတဲ့အခါမျိုးတို့မှာ ပထမတော့ဉာဏ်ယှဉ်တဲ့ စိတ်ဖြစ်မယ်ပေါ့။ ပြီးတော့မှ ဟသိတုပ္ပါဒ်နဲ့ မပြီးဘူးလို့လည်း မဆိုနိုင်ဘူးပေါ့လေ။

ဒါကြောင့်မို့ မြတ်စွာဘုရားလည်းပဲ ရဟန္တာတွေလို စိတ် ၅-မျိုးနဲ့ ရယ်တယ် ဆိုတာကို အားလုံး သမာနဝါဒ ဆရာများက လက်ခံတယ်။

အဲဒါဘာကြောင့် ဦးဇင်းကပြောရတာလဲဆိုတော့ အရှင်နရဒရေးတဲ့ အင်္ဂလိပ်လို စာအုပ်ထဲမှာကျတော့ စာဖတ်တဲ့အခါမှာ စာဆုံးအောင် မဖတ်ပဲနဲ့ တစ်ဝက်တပျက် ဖတ်ပြီး ရေးပုံရတယ်၊ သူက အများအယူအဆအတိုင်း မဟုတ်ပဲ ဟသိတုပ္ပါဒ်နဲ့ မရယ်ထိုက်ဘူးဆိုပြီးတော့ ရေးတယ်၊ အမှန်ကတော့ မဟုတ်ဘူး။

ဦးဇင်းတို့က အများနောက်ပဲလိုက်ရမယ်၊ အဋ္ဌကထာဆရာတို့ ဋီကာဆရာတို့ နောက်ပဲလိုက်ရမယ်။

[စာမျက်နှာ-78] အဲဒီဆရာတွေရဲ့ အယူအဆက ဟသိတုပ္ပါဒ်နဲ့လည်း မြတ်စွာဘုရား ရယ်နိုင်တာပဲဆိုတာရှိတယ်၊ အဲဒါကြောင့်မို့ အဲဒီစာအုပ်ဖတ်မိပြီးတော့ ဦးဇင်းပြော တာနဲ့ မကိုက်ပဲဖြစ်နေတယ်ဆိုရင် သံသယဖြစ်မှာစိုးလို့ ပြောတာ။

မေး - အရှင်ဘုရား၊ ဟသိတုပ္ပါဒ်က ကြိယာစိတ်ဖြစ်ပါသလား။
ဖြေ - ဖြစ်နိုင်တယ်၊ မြတ်စွာဘုရားဟာ ဝက်မငယ်မြင်လို့ ပြုံးတော်မူတယ်ဆိုတော့ ပုဗ္ဗေနိဝါသဉာဏ်တို့ အကယ်၍ ဒီပုဂ္ဂိုလ်ရှေ့ ဘာဖြစ်မယ်ဆိုတာကြည့်ရင် အနာဂတံသဉာဏ်ဆိုတာရှိတယ်၊ အဲသလိုဉာဏ်တွေနဲ့ကြည့်ပြီးမှ ပြုံးတော်မူတယ်ဆိုတာ ဉာဏ်နောက်လိုက်တယ်လို့ ဆိုနိုင်တာပေါ့လေ၊ ဉာဏ်နဲ့ယှဉ်ရမယ် မဆိုလိုဘူး၊ ဉာဏ်ယှဉ်တဲ့ စိတ်နောက် သူကလိုက်တယ်။

ဝက်မငယ်မြင်ပြီး ပြုံးတော်မူတဲ့အခါကျတော့ ပထမဒီဝက်မငယ်ဟာ နဂိုက ဗြဟ္မာဖြစ်ခဲ့ဖူးတယ်၊ ဗြဟ္မာဖြစ်, လူဖြစ်ခဲ့ပြီးမှ ဝက်ဖြစ်တယ်ပေါ့။ အဲဒီတော့ ဘဝကံရဲ့ ဆန်းကြယ်ပုံတွေမြင်ပြီးတော့ မြတ်စွာဘုရားပြုံးတော်မူတယ် ဆိုတော့ ပထမဆုံး ပုဗ္ဗေနိဝါသဉာဏ်နဲ့ သူရဲ့ အတိတ်ကို ပြန်ကြည့်ရဦးမယ်ပေါ့၊ အဲဒါ ဉာဏ်ပဲလေ၊ အဲဒီဉာဏ်နဲ့ သိပြီးနောက်မှ ပြုံးတော်မူတာဟာ၊ ဉာဏ်နောက်လိုက်တဲ့ ဉာဏာနုပရိဝတ္တိလို့ပဲ ဆိုနိုင်တယ်။

ထို့အတူပဲ အကယ်၍ အနာဂတ်မှာ ဖြစ်မှာကိုကြည့်ပြီး ပြုံးတော်မူတယ်ဆိုရင်လည်း ဒီအတိုင်းပေါ့၊ ဒါကြောင့်မို့ ဟသိတုပ္ပါဒ်ဟာ မြတ်စွာဘုရားသန္တာန်မှာ မဖြစ်ထိုက်ဘူး ဆိုတဲ့ဝါဒကို ဆရာအများက လက်မခံဘူး။

သူကတော့ စာတစ်ဝက်တင်ဖတ်လိုက်မိရင် မြတ်စွာဘုရားဟာ ဟသိတုပ္ပါဒ်နဲ့ မပြီးသင့်ပါဘူး မဟုတ်လားဆိုတဲ့ စကားနားတင်ရပ်ပြီး ရှေ့ဆက်မဖတ်ဖြစ်ပုံရတယ်။ အခုဟာက အမေးပုစ္ဆာတင် ပြောသေးတာ၊ အဖြေကို သူမဖတ်မိတာ၊ အဲသလိုဖြစ်မယ်၊ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အပြစ်တင် စကားတစ်ခြမ်းကိုသာ ဖတ်မိပြီးတော့ ကျမ်းဆရာရဲ့ စကားကို မဖတ်မိဘူး၊ အဲသလို ဖြစ်သွားတယ်။

ဒါကြောင့် ငါးတန်ရဟန္တာဆိုတဲ့ နေရာမှာ ရဟန္တာတင်မကဘူး၊ ဘုရားကိုလည်း ထည့်ယူပါ။

ကောင်းပြီ, နည်းနည်းတော့ သွားလိုက်ကြဦးစို့။ ဥတုတဲ့၊ ဥတုဆိုတာဘာလဲ “သီတဥတု, ဥဏှဥတုဟုသမုတ်အပ်သော တေဇောဓာတ်သည်” ဥတုဆိုတာ တေဇောဓာတ်ပဲ၊ မြန်မာလို ရှင်းရှင်းပြောတော့ အပူအအေးပဲ၊ အင်္ဂလိပ်လိုကျတော့ (temperature) ပေါ့။

[စာမျက်နှာ-79] ဒါကြောင့်မို့ သီတဥတုဆိုတာ အေးတဲ့ဥတု၊ အေးတဲ့တေဇောဓာတ်၊ ဥဏှ ဥတုဆိုတာ၊ ပူတဲ့ဥတု၊ ပူတဲ့တေဇောဓာတ်။

တေဇောဓာတ်တုန်းက ပြောခဲ့တယ်မဟုတ်လား၊ တေဇောဆိုတာ အပူလည်း ရှိတယ်, အအေးလည်းရှိတယ်လို့လေ၊ တေဇောဓာတ်အအေးကြောင့် ကြေမွသွားတာ၊ လောကန္တရိတ်ငရဲတို့မှာ သီတတေဇောကြောင့် အေးလွန်းလို့ ကြေမွသွားတာ။

အဲဒီ သီတဥဏှလို့ခေါ်တဲ့ တေဇောဓာတ်က ဌီသို့ရောက်မှသာလျှင် အဇ္ဈတ္တ သန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း (ဒါကတော့သက်ရှိရော, သက်မဲ့ရောပေါ့၊ သက်ရှိမှာလည်းဖြစ်မယ်၊ သက်မဲ့မှာလည်းဖြစ်မယ်) ဥတုဇရုပ်ကို ထိုက်သည့် အားလျော်စွာ ဖြစ်စေသည်။

ဒီရုပ် တစ်ခုကပဲ နောက်ရုပ်တစ်ခုကို ထပ်ဖြစ်စေတယ်။ နောက်ရုပ်တစ်ခုကို ထပ်ဖြစ်စေတယ်ပေါ့၊ အဲသလိုဖြစ်စေတဲ့အခါမှာ ဦးဇင်းတို့သန္တာန်မှာလည်း ဥတုဇရုပ်တွေ ဖြစ်တယ်၊ အပူနဲ့တွေ့တဲ့အခါ ရုပ်တစ်မျိုးနေတယ်၊ အအေးနဲ့တွေ့တဲ့ အခါ ရုပ်တစ်မျိုး နေတယ်၊ အပြင်မှာလည်းဖြစ်နိုင်တာ သိပ်ထင်ရှားတယ်။

ဒါကြောင့်မို့ ဥတုဇရုပ်ကျတော့ သက်ရှိသန္တာန်မှာလည်းဖြစ်မယ်၊ သက်မဲ့ သန္တာန်မှာလည်းဖြစ်မယ်၊ သို့သော် ဘယ်အချိန်ရောက်မှ ဖြစ်မှာတုန်း “ဌီသို့ရောက်မှ သာလျှင်”တဲ့။

ဥပါဒ်အခိုက်မှာ သူကမဖြစ်စေနိုင်ဘူး၊ ဌီကျမှ ဖြစ်စေမယ်ဆိုတော့။

[စာမျက်နှာ-80]
ကမ္မဇရုပ်စသည် ခွဲပုံ

| ရုပ်ဖြစ်ကြောင်း | ဧကန် (သီးသန့်) | အနေကန် (ရောရာ) | ပေါင်း |

| ကမ္မဇ | ၉ | ၉ | ၁၈ |
| စိတ္တဇ | ၂ | ၁၃ | ၁၅ |
| ဥတုဇ | - | ၁၃ | ၁၃ |
| အာဟာရဇ | - | ၁၂ | ၁၂ |

> ၄-ပါးမှအလွတ် လက္ခဏရုပ် ၄-ပါး။

လက္ခဏရုပ် ၄-ခုတို့သည် ဖြစ်ဆဲ ရင့်ဆဲ ပျက်ဆဲရုပ်တို့၏ ဓမ္မတာသဘော ဖြစ်သောကြောင့် မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ကုန်၊ ထို့ကြောင့် လက္ခဏရုပ် ၄-ခုတို့ကို ကမ္မဇစသည် ခွဲရာ၌ ချန်ထားရသည်။

စိတ်နှင့် ဖြစ်စေအပ်သော ရုပ်များ

* လောဘမူသောမနဿ: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်၊ ရယ်ရွှင်ခြင်းတို့ကို ဖြစ်စေသည်။
* လောဘမူဥပေက္ခာ, ဒေါသမူ, မောဟမူ: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်တို့ကို ဖြစ်စေသည်။ (ရယ်ရွှင်ခြင်းမပါ)
* ဒွေပဉ္စဝိညာဏ်: ဘာကိုမျှ မဖြစ်စေ။
* သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ပဉ္စဒွါရာဝဇ္ဇန်း: ရုပ်သာမညကိုသာ ဖြစ်စေသည်။
* မနောဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်၊ ရယ်ရွှင်ခြင်းတို့ကို ဖြစ်စေသည်။
* မဟာကုသိုလ် သောမနဿ: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်၊ ရယ်ရွှင်ခြင်းတို့ကို ဖြစ်စေသည်။
* မဟာကုသိုလ် ဥပေက္ခာ: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်တို့ကို ဖြစ်စေသည်။
* မဟာဝိပါက်: ဘာရုပ်မျှ မဖြစ်စေ (ပဋိသန္ဓေစိတ်ဖြစ်၍)။
* မဟာကြိယာ သောမနဿ: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်၊ ရယ်ရွှင်ခြင်းတို့ကို ဖြစ်စေသည်။
* မဟာကြိယာ ဥပေက္ခာ: ရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်တို့ကို ဖြစ်စေသည်။
* ရူပါဝစရကုသိုလ်: ရုပ်သာမညနှင့် ဣရိယာပုထ်ကို ဖြစ်စေ/ထောက်ပံ့စေသည်။

[စာမျက်နှာ-81]
ရူပသမုဋ္ဌာနဝိဘာဂ

ရူပ၊ ရုပ်သည်။ ဝိ၊ ဝိပါက်သည်။ ရူပ၊ ရုပ်သည်။ ကြိ၊ ကြိယာသည်။ အရူ ကု၊ အရူပကုသိုလ်သည်။ အရူ ဝိ၊ အရူပဝိပါက်သည်။ အရူ ကြိ၊ အရူပကြိယာသည်။
လောကုတ္တရ၊ လောကုတ္တရာစိတ်သည်။ အဘိညာဏ်၊ အဘိညာဏ်စိတ်သည်။
ဘာကိုမျှမဖြစ်စေ၊ ရုပ်ကို တစ်စုံတစ်ရာမျှ မဖြစ်စေနိုင်။

[စာမျက်နှာ-82]
ရုပ်ကလာပ်များ
တူသောဖြစ်ခြင်း၊ တူသောချုပ်ခြင်း၊ တူသောမှီရာမဟာဘုတ်ရှိ၍ အတူတကွဖြစ်သော ရုပ်အပေါင်းကို ကလာပ်ဟု ခေါ်သည်။

ကလာပ် ၂၁ စည်း
ကမ္မဇကလာပ် ၉ စည်း
၁။ စက္ခုဒသကကလာပ်
၂။ သောတဒသကကလာပ်
၃။ ဃာနဒသကကလာပ်
၄။ ဇိဝှါဒသကကလာပ်
၅။ ကာယဒသကကလာပ်
၆။ ဣတ္ထိဘာဝဒသကကလာပ်
၇။ ပုမ္ဘာဝဒသကကလာပ်
၈။ ဝတ္ထုဒသကကလာပ်
၉။ ဇီဝိတနဝကကလာပ်

စိတ္တဇကလာပ် ၆ စည်း
၁။ သုဒ္ဓဋ္ဌကကလာပ်
၂။ ကာယဝိညတ္တိနဝကကလာပ်
၃။ ဝစီဝိညတ္တိဒသကကလာပ်
၄။ လဟုတာဒိဧကာဒသကကလာပ်
၅။ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်

ဥတုဇကလာပ် ၄ စည်း
၁။ သုဒ္ဓဋ္ဌကကလာပ်
၂။ သဒ္ဒနဝကကလာပ်
၃။ လဟုတာဒိဧကာဒသကကလာပ်
၄။ သဒ္ဒလဟုတာဒိဒွါဒသကကလာပ်

အာဟာရဇကလာပ် ၂ စည်း
၁။ သုဒ္ဓဋ္ဌကကလာပ်
၂။ လဟုတာဒိဧကာဒသကကလာပ်

> ကလာပ် ၂၁ စည်းတို့တွင် ဥတုဇဖြစ်သော သုဒ္ဓဋ္ဌကကလာပ်နှင့် သဒ္ဒနဝကကလာပ်တို့ကို အဇ္ဈတ္တ၊ ဗဟိဒ္ဓ သန္တာန်၌ ၂ ပါးလုံးတို့၌ ရနိုင်သည်။ ကြွင်းကလာပ် ၁၉ စည်းကိုကား အဇ္ဈတ္တသန္တာန်၌သာ ရနိုင်သည်။
> အာကာသသရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှဖြစ်၍လည်းကောင်း၊ လက္ခဏရုပ် ၄ ခုတို့သည် ရုပ်ကလာပ်တို့၏ အမှတ်အသားမျှဖြစ်၍လည်းကောင်း ကလာပ်ဖွဲ့ရာ၌ မပါဝင်နိုင်။

[စာမျက်နှာ-83]
အဘိဓမ္မာသင်ခန်းစာ (၄) - ရုပ်ပိုင်း

ရူပသမုဋ္ဌာနနှင့် ရူပကလာပ

လွန်ခဲ့တဲ့ အပတ်က ဥတုဇရုပ်အကြောင်း ပြောနေရတာ တစ်ဝက်တစ်ပျက်နဲ့ အချိန်ကုန်သွားတယ်ဆိုပါတော့၊ အဲဒါကြောင့်မို့ ဒီနေ့ ဥတုဇရုပ်က ပြန်စရမယ်။

အဲဒီတော့ ဥတုက ဥတုဇရုပ် ဖြစ်စေတဲ့ စာပိုဒ်လေး ဖတ်ကြည့်ရင် ဘာတွေတုန်း၊ "သီတဥတု၊ ဥဏှဥတုဟု သမုတ်အပ်သော တေဇောဓာတ်သည်" တဲ့။ ဥတုဆိုတာ ဘာလဲလို့မေးရင် တေဇောဓာတ်ပဲပေါ့၊ ဓာတ်ကြီး ၄ ပါးထဲက တေဇောကိုပဲ ဥတုလို့ ခေါ်တယ်။

အဲဒီဥတု သီတဥတု၊ ဥဏှဥတု၊ သီတဆိုတာ အအေး၊ ဥဏှဆိုတာ အပူ၊ အအေးအပူကိုပဲ ဥတုလို့ခေါ်တယ်၊ အင်္ဂလိပ်လို Temperature ပဲပေါ့။ အဲဒီအအေးအပူဆိုတဲ့ တေဇောဓာတ်ဟာ ဌီ သို့ရောက်မှသာလျှင် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ သူက ရုပ်ကို သက်ရှိသန္တာန်မှာလည်း ဖြစ်စေတယ်၊ သက်မဲ့သန္တာန်မှာလည်း ဖြစ်စေတယ်။ ဒါကြောင့်မို့ အပြင်ပမှာလည်း ရုပ်တွေဖြစ်နေတာပေါ့၊ ပြင်ပမှာရှိတဲ့ ရုပ်တွေဟာ ဥတုဇရုပ်တွေချည်းပဲ၊ ကမ္မဇရုပ် မရှိဘူး၊ စိတ္တဇရုပ် မရှိဘူး၊ အာဟာရဇရုပ် မရှိဘူး။

[စာမျက်နှာ-84] အဲဒါကြောင့် ရုပ်ဟာ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်ဆိုတဲ့ သန္တာန် ၂ မျိုးလုံးမှာ ဖြစ်စေတယ်။ ဘယ်အချိန်အခါမှာ ဖြစ်စေသလဲဆိုရင် ဌီ သို့ရောက်မှသာလျှင်တဲ့။

ဟိုနေ့ကလည်း ပြောခဲ့ပြီထင်တယ်၊ စိတ်ဟာ ဥပါဒ်အခိုက်မှာ အားရှိတယ်။ ရုပ်ဟာ ဌီ အခိုက်မှာ အားရှိတယ်။ ဒါကြောင့်မို့ ဌီ အခိုက်ရောက်မှသာ ရုပ်က ဥတုဇရုပ်ကို ဖြစ်စေတာ။ အဲဒီတော့ ပဋိသန္ဓေစိတ်မှာ ဥပါဒ်၊ ဌီ၊ ဘင်လို့ ၃ ပါးရှိတယ်။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာ ဘာရုပ်ဖြစ်နေပြီလဲ မှတ်မိလား၊ ကမ္မဇရုပ်ဖြစ်ပြီ၊ စိတ္တဇရုပ်မဖြစ်သေးဘူး။ ပဋိသန္ဓေရဲ့ ဥပါဒ်မှာရော၊ ဌီမှာရော၊ ဘင်မှာရော စိတ္တဇရုပ် မဖြစ်သေးဘူး။ ပထမဘဝင်ရဲ့ ဥပါဒ်ကျမှ စိတ္တဇရုပ်ဖြစ်တယ်။

ကံက ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှစပြီး ခဏတိုင်းခဏတိုင်း ခဏငယ်တိုင်း ခဏငယ်တိုင်း ရုပ်ကိုဖြစ်စေတယ်။ စိတ်က ပဋိသန္ဓေနောင် ပထမဘဝင်ရဲ့ ဥပါဒ်မှစ ဥပါဒ်တိုင်းဥပါဒ်တိုင်းမှာသာ ဖြစ်စေတယ်၊ ဌီ၊ ဘင်မှာ မဖြစ်စေဘူး။

ကောင်းပြီ၊ အဲဒီတော့ ပဋိသန္ဓေရဲ့ ဥပါဒ်အခိုက်မှာ ကမ္မဇရုပ်သာရှိသေးတယ်။ စိတ္တဇရုပ်မရှိသေးဘူး။ အဲဒီကမ္မဇရုပ်ထဲမှာ တေဇောဓာတ်မပါဘူးလား၊ ကမ္မဇရုပ် ကလာပ် ၃ စည်း ရုပ် ၃၀ လို့ ဂဗ္ဘသေယျကခေါ်တဲ့ အမိဝမ်းကိန်းတဲ့သူတွေမှာ ဖြစ်တာ၊ ဒါက လာမယ့်အခန်းကျမှ ဆိုလိမ့်မယ်။ အဲဒီကလာပ် ၃ စည်း၊ ရုပ် ၃၀ ထဲမှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီး ၄ ပါးပါတာပေါ့၊ သူတို့က အမြဲတမ်းပါရတယ်။

အဲဒီဓာတ်ကြီး ၄ ပါးထဲမှာ တေဇောဓာတ်ပါတယ်၊ အဲဒီတေဇောဓာတ်ဟာ ပဋိသန္ဓေရဲ့ ဥပါဒ်တုန်းက သူက ဥပါဒ်၊ ပဋိသန္ဓေရဲ့ ဌီရောက်သွားတဲ့အခါ သူလည်းဌီ၊ ပဋိသန္ဓေရဲ့ ဘင်ကျတော့ သူလည်းဌီ၊ သူက ဌီ၊ ဌီ၊ ဌီနဲ့ ၁၇ ချက်သွားမယ်။ ၁၇ ချက်သွားတော့ ပဋိသန္ဓေရဲ့ ဥပါဒ်က သူ့ရဲ့ ဥပါဒ်၊ ပဋိသန္ဓေရဲ့ ဌီကစပြီးနောက်စိတ်တွေ ဆက်သွားတာက သူ့ရဲ့ ဌီ၊ နောက်ဆုံး ၁၇ ချက်မြောက် စိတ်ဘင်ထဲပြန်ရောက်သွားတဲ့အခါမှာ သူ့ရဲ့ ဘင်။ အဲဒီတော့ ရုပ်ရဲ့ ဥပါဒ်၊ ဌီ၊ ဘင်မှာ ရုပ်ရဲ့ ဌီဟာ အရှည်ကြီးပေါ့၊ စိတ်ခဏ ၄၉ ချက်ရှိတယ်၊ ခံနိုင်တယ်။

အဲဒါကြောင့်မို့ ပဋိသန္ဓေရဲ့ ဌီ သို့ရောက်တဲ့အခါကျတော့ အဲဒီတေဇောဓာတ်ကလည်း ဌီ သို့ရောက်သွားပြီ၊ ဌီ သို့ရောက်သွားတဲ့အတွက်ကြောင့် သူက ရုပ်ကိုဖြစ်စေတယ်၊ အဲဒီတော့ ပဋိသန္ဓေရဲ့ ဥပါဒ်အခိုက်မှာ ကမ္မဇရုပ်သာ ရှိသေးတယ်၊ ပဋိသန္ဓေရဲ့ ဌီ အခိုက်ကျတော့ ကမ္မဇရုပ်လည်းရှိနေပြီ၊ ဥတုဇရုပ်လည်း ဖြစ်ပေါ်လာပြီ။

[စာမျက်နှာ-85] စိတ္တဇရုပ် မဖြစ်သေးဘူး။ ဒါဖြင့် ပဋိသန္ဓေရဲ့ ဘင်အခိုက်မှာ ကမ္မဇရုပ်ရှိတယ်၊ ဥတုဇရုပ်ရှိတယ်။ ပဋိသန္ဓေနောင် ပထမဘဝင်ရဲ့ ဥပါဒ်အခိုက်မှာ ကမ္မဇရှိတယ်၊ ဥတုဇရှိတယ်၊ စိတ္တဇလည်း ရှိလာပြီ၊ အဲဒီလို သွားလိမ့်မယ်။

ဒါကြောင့်မို့ တေဇောဓာတ်ဟာ မိမိ ဌီ သို့ရောက်တဲ့အခါမှသာ ဥတုဇရုပ်ကို ဖြစ်စေနိုင်တယ်၊ ဥပါဒ်အခိုက်အတန့်တုန်းက မဖြစ်စေနိုင်သေးဘူး။ ဒါက ဥတုဇရုပ်နဲ့ပတ်သက်ပြီး မှတ်ဖို့ပဲ၊ ထိုက်သည့်အားလျော်စွာ အဇ္ဈတ္တသန္တာန်မှာ ဖြစ်စေတဲ့အခါ ဖြစ်စေတယ်၊ ဗဟိဒ္ဓသန္တာန်မှာ ဖြစ်တဲ့အခါ ဖြစ်စေတယ်။

ကောင်းပြီ အာဟာရသွားကြစို့။ "ဩဇာဟုဆိုအပ်သော အာဟာရသည်" တဲ့။ အာဟာရခေါ်တာ ဩဇာပါပဲ။ ဩဇာဆိုတာ အဆီအစေးပေါ့၊ အင်္ဂလိပ်လိုကျတော့ Nutrition ပေါ့။ အစာကို ဩဇာလို့ခေါ်တာမဟုတ်ဘူး၊ အစာထဲက အဆီအစေးကို ဩဇာလို့ခေါ်တယ်၊ အဲဒီ ဩဇာအဆီအစေးကို အာဟာရလို့ ဒီနေရာမှာ ခေါ်ရတယ်။

သာမညအားဖြင့် ပြောမယ်ဆိုရင်တော့ အာဟာရဆိုတာ အစာပဲ Food ပဲ၊ ဒါပေမဲ့လို့ အဘိဓမ္မာသဘောအရ အာဟာရရုပ်ကို ပြောပါဆိုရင်တော့ ထမင်းအစားအစာကို အာဟာရခေါ်တာမဟုတ်ဘူး၊ ထမင်းအစားအစာထဲမှာရှိတဲ့ ဩဇာအဆီအစေးကို အာဟာရလို့ခေါ်တယ်။

အဲဒီဩဇာလို့ခေါ်တဲ့ အာဟာရက ရုပ်ကို ဘယ်အချိန်မှာဖြစ်စေသလဲဆိုရင် "စားဖွယ်ကို မျိုလိုက်သောအခါဝယ် ရောက်လေရာအရပ်၌ အသစ်အသစ်ဥပါဒ်ပြီးနောက် ဌီသို့အရောက်မှာ အာဟာရဇရုပ်ကို ဖြစ်စေသည်" တဲ့။

ဒါကျတော့ ဘယ်အချိန်အခါမှာ ဖြစ်စေတယ်လို့ ပြောလို့မရဘူး၊ ဘယ်တော့မှ အာဟာရဇရုပ် ဒီအတိုင်းပဲဖြစ်စေတယ်လို့ အတိအကျ သတ်မှတ်လို့မရဘူး၊ ဒါကြောင့်မို့ တစ်ချိန်ချိန်ပဲလို့ သာမညအားဖြင့် မှတ်ထားရမယ်။ ဘာကြောင့်လဲဆိုတော့ သူက တစ်စုံတစ်ခုကို စားလိုက်တဲ့အခါမှ ဖြစ်မယ်လို့ဆိုတာကိုး။ အဲဒီတော့ ကိုယ်ဝန်ထဲမှာ ဖြစ်နေတဲ့ ကလေးဟာ မိခင်ဝမ်းဗိုက်ထဲမှာရှိတုန်းက မျိုသလားဘာလား မသိဘူး၊ သူ့တံတွေးတွေ ဘာတွေ ပြန်မျိုနိုင်သလား။ biological အရ ပြောရရင် မမျိုနိုင်ဘူး၊ အမိဝမ်းထဲမှာရှိတဲ့ ချက်တိုင်ကနေတစ်ဆင့် အစာရတာ၊ ပါးစပ်က မမျိုနိုင်သေးဘူး။

[စာမျက်နှာ-86] ဒါကြောင့်မို့ ဘယ်အချိန်မှာ အာဟာရဇရုပ် စပြီးဖြစ်တယ်လို့ မသတ်မှတ်နဲ့ဦး၊ စားဖွယ်ကို မျိုလိုက်သည့်အခါဝယ် ရောက်လေရာအရပ်၌ အသစ်အသစ်ဥပါဒ်ပြီးနောက် ဌီ သို့ရောက်တဲ့အခါမှာ အာဟာရဇရုပ်ကို ဖြစ်စေတယ်။

အဲဒီတော့ ထမင်းစားလိုက်တယ်ဆိုပါတော့၊ အဲဒီထဲမှာပါတဲ့ ဩဇာက မျိုချလိုက်ပြီးတဲ့နောက် အသစ်အသစ်ဖြစ်တယ်၊ သူဖြစ်ပြီးတဲ့နောက် ဌီ သို့ရောက်တဲ့အခါကျ သူကတစ်ခါတစ်ဆင့် အာဟာရဇရုပ် ဖြစ်စေတယ်။ အဲဒီတော့ အာဟာရကလည်း ရုပ်ပဲ၊ အာဟာရဇကလည်း ရုပ်ပဲ၊ ရုပ်ကရုပ်ကို ဖြစ်စေတာ။ ခုန ဥတုဇရုပ်လည်း အတူတူပဲနော်၊ ဥတုလည်းရုပ်ပဲ၊ ဥတုဇရုပ်လည်းရုပ်ပဲ။

ကမ္မဇရုပ်ကျတော့ ကံကနာမ်၊ ကမ္မဇရုပ်ကရုပ်။ စိတ္တဇရုပ်ကျတော့ စိတ်ကနာမ်၊ စိတ္တဇရုပ်ကရုပ်ပဲ။ အဲဒီတော့ စိတ်ကြောင့်ရုပ်ဖြစ်တယ်၊ ရုပ်ကြောင့်ရုပ်ဖြစ်တယ်ပေါ့။ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်၊ ဒီလို ၄ မျိုးရှိတယ်။

ကမ္မဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်၊ စိတ္တဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်၊ ဥတုဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်၊ အာဟာရဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်ပေါ့လေ၊ အဲဒါ နားလည်ပြီးနောက် ရုပ် ၂၈ ပါးကို ကမ္မဇ၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ ခွဲဝေရမယ်။ ခွဲဝေတော့ ဒီမှာ သာမညပဲပြထားတယ်၊ ဇယားကွက်ကြည့်ရလိမ့်မယ်။

ကမ္မဇရုပ်က အားလုံး ၁၈ ပါးရှိတယ်၊ ၁၈ ပါးထဲမှာ ဧကန် ၉ ပါး၊ အနေကန် ၉ ပါး။ ဧကန် ၉ ပါး ဆိုတာ ကံကြောင့်သက်သက်သာဖြစ်တာ၊ စိတ်ကြောင့်ဖြစ်တာ မပါဘူး၊ ဥတု၊ အာဟာရကြောင့်ဖြစ်တာ မပါဘူး။ ကံကြောင့်သာဖြစ်တဲ့ရုပ် ၉ ပါးရှိတယ်။

ကံကြောင့်လည်းဖြစ်တယ်၊ တခြားအကြောင်းကြောင့်လည်း ဖြစ်တဲ့ရုပ်က ၉ ပါးဆိုရင် အားလုံးပေါင်း ၁၈ ပါးဖြစ်တယ်။ အဲဒီ ၁၈ ပါးကို ရှာစမ်းပါ၊ ကမ္မဇရုပ် ကြည့်လိုက်စမ်း၊ ပထမဧကန် ၉ ခုရှာလိုက်စမ်းပါ၊ ကံကြောင့်သာဖြစ်တယ်၊ စိတ်၊ ဥတု၊ အာဟာရကြောင့် မဖြစ်တဲ့ ၉ ပါးပေါ့။ ဘာတွေ့တုန်း၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဒီ ၅ ခုဟာ ကံကြောင့်ပဲဖြစ်တယ်၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ မရှိဘူး။ ကောင်းပြီ ၅ ခုရပြီ။

ပြီးတော့ အောက်ကိုသွားလိုက်၊ ဣတ္ထိဘာဝ ကံကြောင့်သာဖြစ်တယ်၊

[စာမျက်နှာ-87] ပုမ္ဘာဝ ကံကြောင့်သာဖြစ်တယ်၊ ဟဒယဝတ္ထု ကံကြောင့်သာဖြစ်တယ်၊ ဇီဝိတ ကံကြောင့်သာဖြစ်တယ်၊ အားလုံး ၄ ခု။ ဒီ ၄ ခုရယ်၊ ခုန ၅ ခုရယ် ပေါင်းရင် ၉ ခု၊ အဲဒီ ၉ ခုက ကမ္မဇဧကန်လို့ ခေါ်တယ်၊ ဧကန်ဆိုတာ ကံတစ်ခုတည်းကြောင့်ဖြစ်တယ်လို့ ဆိုလိုတယ်။

အဲဒီတော့ ကံကြောင့်ဖြစ်တဲ့ တခြားရုပ်တွေလည်းရှိသေးတယ်၊ ဘာလဲဆိုရင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ပြီးတော့ ရူပ၊ ဂန္ဓ၊ ရသ (ဖောဋ္ဌဗ္ဗ)၊ ပြီးတော့ အာဟာရ၊ အာကာသ။ ဒီရုပ်တွေက ကံကြောင့်လည်းဖြစ်တယ်၊ တခြားအကြောင်းကြောင့်လည်းဖြစ်တယ်၊ ဒါကြောင့်မို့ သူတို့ကို ကမ္မဇအနေကန်လို့ခေါ်တယ်၊ ၂ ခုပေါင်းလိုက်တဲ့အခါကျတော့ ကမ္မဇရုပ် ၁၈ ပါးရတယ်။

စိတ္တဇရုပ် ဘယ်လောက်ရှိသလဲ၊ ဧကန် ၂ ခု၊ အနေကန် ၁၃ ခုတဲ့။ ဧကန် ၂ ခု ရှာလိုက်စမ်းပါ စိတ်ကြောင့်သာဖြစ်တာ၊ တခြားဟာကြောင့် မဖြစ်တာ။ ရူပသမုဋ္ဌာနကော်လံကိုကြည့်ပါ၊ အဲဒီအတန်းထဲ စိတ္တဇတန်းကို ကြည့်လိုက်၊ စိတ်ကြောင့်ချည်းဖြစ်တာ ဘာတွေလဲ၊ ကာယဝိညတ် မတွေ့ဘူးလား၊ ဝစီဝိညတ်ကော တွေ့လား၊ ဒီ ၂ ခုဟာ စိတ်ကြောင့်သာဖြစ်တယ်။

အနေကန်ဆိုတော့ တခြားဟာတွေ ပြန်ကောက်လိုက်၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ပြီးတော့ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ (ဖောဋ္ဌဗ္ဗ)၊ ပြီးတော့ အာဟာရ၊ အာကာသ၊ ပြီးတော့ အောက်သွားလိုက်ဦး လဟုတာ၊ မုဒုတာ၊ ကမ္ပညတာ အားလုံး ၁၃ ခု။ ၁၃ ခုမှာ ဖောဋ္ဌဗ္ဗပါလာရင် သတိထားဦးနော်၊ ဖောဋ္ဌဗ္ဗပါပေမဲ့လို့ မတိုးတော့ဘူး၊ ဟိုမှာ မဟာဘုတ် ၃ ခုက ဖောဋ္ဌဗ္ဗနဲ့ အတူတူပဲ၊ ဒါကြောင့်မို့ ဖောဋ္ဌဗ္ဗကို ဂဏန်းမထိုးဘဲနဲ့ ခရေပွင့်ပြထားတာ။ အားလုံးပေါင်းလိုက်ရင် ၁၃၊ ဝိညတ် ၂ ခု ကျော်ပြီးတော့ ရေရမယ်၊ အဲဒီတော့ စိတ္တဇရုပ် ၁၅ ခုရှိတယ်။

ဥတုဇရုပ်တဲ့၊ ဥတုဇရုပ်တန်းပြီး ကြည့်လိုက်ပါဦး၊ ဘယ်နှစ်ခုရသလဲ။

[စာမျက်နှာ-88] ၁၃ ခုရှိတယ်၊ ဘာတွေတွေ့လဲ၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ (ဖောဋ္ဌဗ္ဗ) ပြီးတော့ အာဟာရ၊ အာကာသ။ လဟုတာ၊ မုဒုတာ၊ ကမ္ပညတာ၊ အဲဒီကျတော့ ဥတုကြောင့်သာဖြစ်တဲ့ ရုပ်မရှိဘူး၊ ဒါကြောင့် ဥတုဇဧကန်မရှိဘူး၊ အနေကန်ကတော့ ၁၃ ခုပဲ။

အာဟာရဇတဲ့ အာဟာရဇရုပ်က ၁၂ ခုရှိတယ်၊ ဧကန်မရှိဘူး၊ အနေကန် ၁၂ ခုတဲ့။ ဘာလျော့သွားပါလိမ့်၊ သဒ္ဒ လျော့သွားတယ်၊ ဒီတော့ မဟာဘုတ် ၄ ပါးရယ်၊ ရူပ၊ ဂန္ဓ၊ ရသ (ဖောဋ္ဌဗ္ဗ) ရယ်၊ အာဟာရရယ်၊ အာကာသရယ်၊ လဟုတာ၊ မုဒုတာ၊ ကမ္ပညတာရယ်၊ အာဟာရဇရုပ် ၁၂ ပါး။

ပြန်လုပ်လိုက်ကြဦးစို့၊ ကမ္မဇရုပ် ၁၈၊ စိတ္တဇရုပ် ၁၅၊ ဥတုဇရုပ် ၁၃၊ အာဟာရဇရုပ် ၁၂။

၄ ပါးမှအလွတ်၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်တာလို့ မဆိုထိုက်တဲ့ရုပ်ကလည်း ရှိသေးသတဲ့၊ အဲဒါကတော့ လက္ခဏရုပ် ၄ ပါးတဲ့။ လက္ခဏရုပ် ၄ ပါးကိုတော့ ဘာကြောင့်မှဖြစ်တယ်လို့ မဆိုထိုက်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူက ရုပ်အစစ်မှ မဟုတ်ဘဲကိုး၊ ဖြစ်ပြီးသားရုပ်တွေရဲ့ ဖြစ်ပေါ်လာမှုကို ဥပစယ၊ သန္တတိလို့ခေါ်တယ်၊ ရင့်ယော်သွားတာကို ဇရတာလို့ ခေါ်တယ်၊ ပျောက်သွားတာကို အနိစ္စတာလို့ ခေါ်တယ်ဆိုတော့ သူက သီးခြားရုပ်ရယ်လို့ မဟုတ်တော့ဘူး။

ဒါကြောင့်မို့ လက္ခဏရုပ် ၄ ပါးကတော့ ဘယ်အကြောင်းကြောင့်ဖြစ်တယ်လို့ မဆိုနိုင်ဘူး၊ ကံကြောင့်ဖြစ်တယ်လို့လည်း မဆိုနိုင်ဘူး၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်တယ်လည်း မဆိုနိုင်ဘူး။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကံကြောင့်ဖြစ်တယ်လည်းဆိုနိုင်တယ်၊ စိတ်ကြောင့်ဖြစ်တယ်လည်းဆိုနိုင်တယ်၊ ဥတုကြောင့်ဖြစ်တယ်လည်းဆိုနိုင်တယ်၊ အာဟာရကြောင့်ဖြစ်တယ်လည်းဆိုနိုင်တယ်၊ သို့သော် ဒါကို အလွတ်ထဲမှာ ထည့်ထားတယ်၊ လက္ခဏရုပ် ၄ ပါးကို ကမ္မဇထဲလည်းမထည့်ဘူး၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇထဲလည်း မထည့်ဘူး၊ သူ့ကိုတော့ အလွတ်ထားတယ်။

[စာမျက်နှာ-89] ဒါကတော့ ခုနပြောသလိုပါပဲ၊ သူက ရုပ်အစစ်မဟုတ်ဘူး၊ ဖြစ်ပေါ်ရင် ရင့်ရော်ပျက်တဲ့ရုပ်တဲ့၊ ရုပ်တွေရဲ့ အခိုက်အတန့်ကိုပဲ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာလို့ ခေါ်တဲ့အတွက်ကြောင့်မို့ လက္ခဏရုပ် ၄ ပါးကတော့ ကမ္မဇစသည်မှ အလွတ်ဖြစ်သည်လို့ ဒီလိုမှတ်ရမယ်။

ဒါဟာ ရုပ်ဖြစ်ခြင်းအကြောင်း ရူပသမုဋ္ဌာန ကုန်သွားပြီ၊ ဒါပေမဲ့လို့ ဘာလေးလုပ်စေချင်သလဲဆိုတော့ စိတ္တဇရုပ်တွေထဲမှာ တချို့က ရုပ်သက်သက်သာ ဖြစ်စေတယ်၊ တချို့က ဣရိယာပုတ်ကို ခိုင်စေတယ်၊ တချို့က ရုပ်သက်သက်လည်း ဖြစ်စေတယ်၊ ဣရိယာပုတ်လည်း ခိုင်စေတယ်၊ ကာယဝိညတ် ဝစီဝိညတ်လည်း ဖြစ်စေတယ်။ တချို့က ဒါတွေအပြင် ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေတယ်လို့ ခွဲခြားခဲ့ပြီ။

အဲဒီတော့ ရုပ်သက်သက်သာ ဖြစ်စေတဲ့စိတ်ဆိုရင် ဘယ်လောက်ရှိမလဲ။ အရူပဝိပါက် ၄ ခုနဲ့ ဒွေးပဉ္စဝိညာဏ် ၁၀ မပါရဘူး၊ သူတို့က ရုပ်ကို မဖြစ်စေနိုင်ဘူး၊ ကျန်တဲ့ ၇၅ ပါးက ရုပ်ကို ဖြစ်စေတယ်။

ကျန်တဲ့ ၇၅ ထဲမှာ တချို့က ရုပ်သက်သက်ကိုသာ ဖြစ်စေတယ်၊ အဲဒါ ဘယ်စိတ်တွေတုန်း၊ အပ္ပနာဇော ၂၆ ပါး ပြောထားတာက ကျန်တဲ့စိတ်တွေပေါ့။ လောဘမူသောမနဿ ၄ ခု၊ သူက ရုပ်သာမညကိုလည်း ဖြစ်စေတယ်၊ ဣရိယာပုတ်ကိုလည်း ခိုင်စေတယ်၊ ဝိညတ်ကိုလည်းဖြစ်စေတယ်၊ ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေတယ်။ လောဘမူဥပေက္ခာ ၄ ခုကျတော့ ရယ်ရွှင်ခြင်း မပါဘူး၊ တခြား ၃ ခုပဲ။ ဒေါသ၊ မောဟမူတို့ကျတော့ ရုပ်၊ ဣရိယာပုတ်၊ ဝိညတ်တို့ပါတယ်၊ မရယ်ရွှင်ဘူး။

[စာမျက်နှာ-90] ဒွေးပဉ္စဝိညာဏ် ၁၀ ကျတော့ ဘာမှမဖြစ်စေနိုင်ဘူး။ သမ္ပဋိစ္ဆိုင်း ရုပ်သာမညကိုသာ ဖြစ်စေတယ်၊ သန္တီရဏ ၃ ခု ရုပ်သာမညကိုသာ ဖြစ်စေတယ်၊ ပဉ္စဒွါရဝဇ္ဇန်း ရုပ်သာမညကိုသာ ဖြစ်စေနိုင်တယ်၊ မနောဒွါရဝဇ္ဇန်းကျတော့ ရုပ်လည်းဖြစ်စေတယ်၊ ဣရိယာပုတ်လည်း ခိုင်စေတယ်၊ ဝိညတ်လည်းဖြစ်စေတယ်။

ဟသိတုပ္ပါဒ်ကျတော့ ရုပ်ဖြစ်စေတယ်၊ ဣရိယာပုတ်ခိုင်စေတယ်၊ ဝိညတ်ဖြစ်စေတယ်၊ ရယ်ရွှင်စေတယ်၊ ၄ ခုလုံး သွားတယ်။ မဟာကုသိုလ် သောမနဿ၊ ၄ ခုလုံးဖြစ်စေတယ်၊ မဟာကြိယာ ဥပေက္ခာ ဆိုရင် ၃ ခုဖြစ်စေတယ်။

ရူပါဝစရကုသိုလ် ၅ ခု၊ ၂ ခုတည်း၊ သူက အပ္ပနာဇောကိုး၊ အပ္ပနာဇော ၂၆ ထဲ သူပါတာကိုး၊ သူက ရုပ်သာမညရယ်၊ ဣရိယာပုတ် ခိုင်စေတာရယ်။ ရူပါဝစရဝိပါက် ၅ ခု၊ သူကတော့ ရုပ်သက်သက်ပဲ။ ရူပါဝစရကြိယာ ရုပ်နဲ့ ဣရိယာပုတ်။

အရူပါဝစရကုသိုလ်၊ ရုပ်နဲ့ ဣရိယာပုတ်။ အရူပါဝစရဝိပါက်၊ ဘာကိုမျှ မဖြစ်စေဘူး။ အရူပါဝစရကြိယာ၊ ရုပ်နဲ့ ဣရိယာပုတ်၊ သူက အပ္ပနာဇောထဲမှာပါတယ်။ လောကုတ္တရာ ၈ ခု၊ အပ္ပနာဇောထဲမှာပါတယ်၊ ဒါကြောင့် ရုပ်နဲ့ ဣရိယာပုတ်။ အဘိညာဏ် ၂ ခု၊ ဒါကတော့ သင်္ဂြိုဟ်ကျမ်းထဲမှာမပါဘူး၊ ဒါပေမဲ့ တခြားကျမ်းတွေမှာပါလို့ ထည့်ထားတာ၊ အဘိညာဏ်က ရုပ်ဖြစ်စေတယ်၊ ဣရိယာပုတ် ခိုင်စေတယ်၊ ဝိညတ်ကိုလည်း ဖြစ်စေတယ်တဲ့။

မေး - အဲဒီအခါကျတော့ အဘိညာဏ်ကို ဘယ်လိုပြန်မလဲ။
ဖြေ - အဘိညာဏ်ဆိုတာ ပဉ္စမဈာန်ကိုပဲ ခေါ်တယ်၊ ပဉ္စမဈာန် ကုသိုလ်၊ ကြိယာ (ဝိပါက်မပါဘူး)၊ အဲဒါကို အဘိညာဏ်လို့ခေါ်တယ်။

[စာမျက်နှာ-91] ကိုင်း, ဒါဖြင့် ရူပသမုဋ္ဌာန ရုပ်ဖြစ်ကြောင်းနဲ့ပတ်သက်လို့ သိစရာကုန်သွားပြီ ဆိုပါတော့၊ အဲဒါပြီးတဲ့နောက် ဒီနေ့ရုပ်ကလာပ်များတဲ့၊ ရုပ်တွေဖြစ်တဲ့ အခါကျတော့ အမှန်ကတော့ အစုအစုနဲ့ဖြစ်တာ၊ သီးခြားပြီးဖြစ်တာ မဟုတ်ဘူး၊ စိတ်နဲ့စေတသိက် တွဲဖြစ်တာမျိုးလိုပေါ့၊ ရုပ်ကလည်း အစုနဲ့အစုနဲ့ ဖြစ်တယ်။

အဲဒီတော့ ရုပ်တွေအစုအစုကို ပါဠိလိုကလာပ၊ မြန်မာလိုကလာပ်လို့ခေါ်တယ်။ မြန်မာစကားကလပ်ကတော့ တစ်ခုခုတင်တဲ့ဟာကို ကလပ်လို့ခေါ်တယ်။ ဒီနေရာမှာတော့ ကလာပ်ဆိုတာ အစုအပေါင်းလို့ ဆိုလိုတယ်၊ အင်္ဂလိပ်စကား club နဲ့ ခပ်ဆင်ဆင်လာတူနေတယ်။

ရုပ်တွေဟာ အစုအစုနဲ့ ဖြစ်လေ့ရှိတယ်၊ သူ့အစုနဲ့သူ ဖြစ်တယ်၊ ဘယ်နှစ်ခုရှိမလဲ ကြည့်ရမယ်။ ဧကုပ္ပါဒ (တူသောဖြစ်ခြင်း)၊ ဧကနိရောဓ (တူသောချုပ်ခြင်း)၊ ဧကနိဿယ (တူသောမှီရာမဟာဘုတ်ရှိခြင်း)၊ ဒီ ၃-ခု လက္ခဏာနဲ့ ပြည့်စုံရင် ရုပ်ကလာပ်ဖြစ်တော့တာပဲ။ ရုပ်ကလာပ်တစ်ခုထဲမှာ ဖြစ်တဲ့ရုပ် (ဆိုပါတော့) ဒီကလာပ်ထဲမှာ ရုပ် ၈-ခုပါတယ်ဆိုရင် ဒီရုပ် ၈-ခုဟာ အတူတကွဖြစ်ရမယ်၊ တစ်ပြိုင်နက်ဖြစ်ရမယ်။ အတူတကွချုပ်ရမယ်၊ တစ်ပြိုင်နက် ချုပ်ရမယ်၊ မှီရာတူရမယ်၊ မှီရာတူရမယ်ဆိုတာ ဥပါဒါရုပ်က မဟာဘုတ်ကို မှီရတယ်မဟုတ်လား၊ ဒါကြောင့်မို့ မှီရာမဟာဘုတ် တူရမယ်။

အဲဒီလို တူသောဖြစ်ခြင်း၊ တူသောချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ်ရှိခြင်း၊ ဒီလက္ခဏာတွေနဲ့ ပြည့်စုံရင် ဒီရုပ်တွေကို ကလာပ်လို့ခေါ်တယ်၊ အဲဒါကြောင့် အတူတကွဖြစ်တဲ့ရုပ်အပေါင်းကို ကလာပ၊ ကလာပ်လို့ခေါ်တယ်။

အဲဒီတော့ ရူပသမုဋ္ဌာနတုန်းက ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ် လုပ်ခဲ့တော့ ဒီမှာလည်းပဲ ကမ္မဇရုပ်ကလာပ်၊ စိတ္တဇရုပ်ကလာပ်၊ ဥတုဇရုပ်ကလာပ်၊ အာဟာရဇရုပ်ကလာပ်လို့ ဒီလိုခွဲရမှာပဲ။

အဲဒီတော့ ကမ္မဇရုပ်ကလာပ်ဆိုရင် ကမ္မဇရုပ် ၁၈-ခုထဲကပဲ ထုတ်ပြီးတော့ အစုအစုလေးတွေ group လေးတွေဖြစ်သွားမှာ၊ တစ်ခုမှတ်ထားရမှာက ကလာပ်စည်းဖွဲ့တဲ့အခါမှာ ဘာဟာ basic ဖြစ်သလဲ၊ ဘာဟာ အခြေခံဖြစ်သလဲဆိုတော့ အဝိနိဗ္ဘောဂရုပ် ၈-ခုဆိုတာ မှတ်မိလား၊ ရူပဝိဘာဂဆိုတဲ့ထဲမှာ ကြည့်လိုက်၊ အဝိနိဗ္ဘောဂရုပ် ၈-ခုရှိတယ်၊ ဘာတွေလဲ၊ ဓာတ်ကြီး ၄-ပါးရယ် ပြီးတော့ ရူပ၊ ဂန္ဓ၊ ရသ၊ ဩဇာ (အာဟာရလို့လည်းခေါ်တယ်)။

[စာမျက်နှာ-92] ဒါဖြင့်ရင် ဓာတ်ကြီး ၄-ပါးရယ်၊ ရူပ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ အဲဒီ ၈-ခုကို အဝိနိဗ္ဘောဂရုပ်၊ အဝိနိဗ္ဘောဂဆိုတာ ခွဲမရဘူး၊ ခွဲမရတဲ့အတွက်ကြောင့် အသင်းအဖွဲ့တွေ ဆိုရင် သူက အခြေခံကျရတော့မှာပဲ၊ သူ့ကို ထပ်ခွဲလို့မှမရဘဲ၊ သူ့အပေါ်ကိုမှ နောက်ထပ်တစ်ခုတိုးရင် ကလာပ်တစ်မျိုး ဖြစ်သွားမယ် ၂-ခု၊ ၃-ခု၊ ၄-ခုတိုးရင် ထပ်တစ်မျိုးဖြစ်မယ်၊ ဒီ ၈-ခုက ကလာပ်ရဲ့ အခြေခံလို့ ပထမ မှတ်ထားရမယ်။

အဲဒီ ၈-ခုကို နောင် စိတ္တဇကလာပ်ရောက်တဲ့အခါတွေ့လိမ့်မယ်၊ သုဒ္ဓဋ္ဌကကလာပ်လို့ခေါ်တယ်၊ သုဒ္ဓဆိုတာ သက်သက်၊ ဘာမှ မရောဘူး၊ အဋ္ဌကဆိုတာ ၈-ခု၊ ရုပ် ၈-မျိုး၊ တခြားရုပ်တွေနဲ့ မရောတဲ့ဒီရုပ် ၈-မျိုးကို သုဒ္ဓဋ္ဌကကလာပ်၊ သို့မဟုတ် ရူပဝိဘာဂမှာ ပြောတဲ့အတိုင်းဆိုရင် အဝိနိဗ္ဘောဂရုပ်။

အဲဒီ အဝိနိဗ္ဘောဂရုပ် (သို့) သုဒ္ဓဋ္ဌကကလာပ် (သို့) ရုပ် ၈-ပါးသည် ကလာပ်ဖွဲ့စည်းရာမှာ အခြေခံဖြစ်မယ်။ ကောင်းပြီ၊ ကမ္မဇကလာပ် ၉-စည်းရှိတယ်၊ နံပတ်တစ်ကလာပ် နာမည်က စက္ခုဒသကကလာပ်။

ဒသကဆိုတာ ဆယ်ခုပေါင်းလို့ခေါ်တယ်၊ (a group of ten) ကို ဒသကခေါ်တယ်၊ အဲဒီတော့ စက္ခုဒသကလို့ ပြောလိုက်ရင် စက္ခုပါတဲ့ရုပ် ၁၀-ခုပေါင်းလို့ဆိုလိုတယ်၊ စက္ခုရယ်၊ အခြားရုပ် ၉-ခုရယ်၊ ဒီလိုနေရမယ်။

အဲဒီတော့ အဝိနိဗ္ဘောဂရုပ် ၈-ခုအပြင် ဘာတစ်ခုလိုသလဲဆိုတော့ ဇီဝိတဆိုတဲ့ ရုပ်လည်းပါရမယ်၊ သက်ရှိသန္တာန်မှာ ဇီဝိတရုပ်က ဖြစ်ကို ဖြစ်ရမယ်၊ ဒါကြောင့်မို့ ကမ္မဇရုပ်မှာ အဝိနိဗ္ဘောဂရုပ်နဲ့ ဇီဝိတရုပ်ကို အခြေခံထားလိုက်ကြစို့။

ဇီဝိတရုပ်ဟာ ကံကြောင့်ဖြစ်တဲ့ရုပ် မဟုတ်ဘူးလား၊ ကမ္မဇဧကန် မဟုတ်ဘူးလား၊ ဒါကြောင့်မို့ အဝိနိဗ္ဘောဂရုပ် ၈-ခုနဲ့ ဇီဝိတကို ကိုင်လိုက်ကြစို့၊ ဒီ ၉-ခုမှာ စက္ခုထည့်လိုက်တော့ ၁၀-ခုဖြစ်သွားတယ်၊ အဲဒီ ၁၀-ခုကို စက္ခုဒသကကလာပ်။

ဇယားကွက်မှာ တန်းကြည့်လိုက်ပါလား၊ စက္ခုပသာဒဆိုရင် ဘာတွေ့လဲ၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ ခုနပါပြီးသား၊ စက္ခုနဲ့ ဇီဝိတ အဲဒီရုပ် ၁၀-ခုကို စက္ခုဒသကကလာပ်လို့ ခေါ်တယ်။ အဲဒီဟာကို ဦးဇင်းတပည့်မက ဘာနဲ့လုပ်ထားသလဲဆိုတော့ biology

[စာမျက်နှာ-93]
ကမ္မဇကလာပ် ၉-စည်း

လုပ်သလိုပဲ၊ စက်ဝိုင်းလေးတွေလုပ်၊ အဲဒီထဲမှာ ရုပ်လေးတွေ ရေးထားပြီးတော့ ၈-ခု၊ ၉-ခု၊ ၁၀-ခု စသည်ဖြင့် လုပ်ထားတယ်၊ မဆိုးဘူး၊ ပုံများများတော့ ရေးရတယ်၊ circle များများရေး၊ အဲဒီထဲမှာ ၈-ခု၊ ၉-ခု ၁၀-ခု ထည့်ပြီးတော့ ဒါက ကမ္မဇကလာပ် ၉-စည်း၊ စိတ္တဇကလာပ် ၆-စည်း၊ စသည်ဖြင့် လုပ်တယ်။ အဲဒါကြည့်လိုက်တော့တော်တော်ကောင်းသား၊ ပိုရှင်းတယ်။

သောတဒသကကလာပ်ဆိုရင် သောတပသာဒပါတဲ့ ရုပ် ၁၀-ခုပေါင်းပေါ့၊ စက္ခုနေရာ သောတထည့်လိုက်ရုံပဲ၊ ခုန ၉-ခု မူရင်း ထားရမယ်၊ အဝိနိဗ္ဘောဂရုပ် ၈-ခုရယ်၊ ဇီဝိတရုပ်ရယ်၊ သောတပသာဒရယ်၊ သူ့ကို သောတဒသကကလာပ်လို့ခေါ်တယ်။ ဃာနဒသကကလာပ်၊ အဲဒီကျတော့ ခုနအတိုင်းပဲ၊ ၉-ခုမှာ ဃာနပသာဒ ထည့်လိုက်ရင် ဃာနဒသကကလာပ်။

ဇိဝှါဒသကကလာပ်၊ ဒါလည်း ဃာန နေရာ ဇိဝှါထည့်၊ ဟို ၉-ခုက ၉-ခုပဲ၊ ကာယဒသကကလာပ်၊ ဒါလည်း ဇိဝှါနေရာ ကာယထည့်။

ဣတ္ထိဘာဝဒသကကလာပ်၊ ဒါက သူတို့နေရာမှာ ဣတ္ထိဘာဝရုပ်ကို ထည့်လိုက်၊ ပုမ္ဘာဝဒသကကလာပ်ကျတော့လည်းပဲ ဣတ္ထိဘာဝနေရာမှာ ပုမ္ဘာဝရုပ်ကို ထည့်လိုက်။

ဝတ္ထုဒသကကလာပ်ဆိုတာ ဟဒယဝတ္ထုကိုပြောတာ၊ ဒါဖြင့် ရုပ် ၉-ခုနဲ့ ဟဒယဝတ္ထုနဲ့ ပေါင်းလိုက်ရင် ၁၀-ခု၊ အဲဒါကို ဝတ္ထုဒသကကလာပ်၊ ပြီးတော့မှ ဇီဝိတနဝကကလာပ်၊ အားလုံး ကမ္မဇကလာပ် ၉-စည်း။

ကမ္မဇကလာပ် ၉ စည်းဖွဲ့တော့ ကမ္မဇရုပ် ၁၈-ခုထဲကပဲ ဖွဲ့တာပဲ၊ ဒီအပြင် မထွက်ဘူး၊ ဒါကြောင့်မို့ သူတို့ကို ကမ္မဇကလာပ်လို့ ခေါ်တာပဲ။

စိတ္တဇကလာပ် ၆-စည်း

စိတ္တဇရုပ် ၁၅-ခုထဲက ကလာပ်ဖွဲ့ကြဦးစို့။ စိတ္တဇကလာပ် ၆-စည်းရှိတယ်၊ ပထမဆုံး သုဒ္ဓဋ္ဌကကလာပ်တဲ့၊ ဒါဟာ ခုနပြောခဲ့တဲ့ အဝိနိဗ္ဘောဂရုပ် ၈-ခု သက်သက်ပဲ။ အဲဒီသုဒ္ဓဋ္ဌကကလာပ်ထဲမှာ ကာယဝိညတ် ထည့်လိုက်ရင် ကာယဝိညတ္တိနဝကကလာပ်၊ ကာယဝိညတ်ဖြစ်တဲ့အခါ ဝစီဝိညတ် ဖြစ်တဲ့အခါ၊ လာမှာပေါ့။

ဝစီဝိညတ်ဖြစ်တဲ့အခါ ဝစီဝိညတ်နဲ့ တွဲတဲ့အခါတော့ နဝက မဟုတ်ဘဲ ဘယ့်နှယ် ဒသကဖြစ်သွားပါလား၊ ဘာပိုဝင်လာသလဲ၊ သဒ္ဒဝင်လာတယ်။ ဝစီဝိညတ်နဲ့ သဒ္ဒက ခွဲမရဘူး၊ ဝစီဝိညတ်ဆိုတာ နှုတ်နဲ့ သူတစ်ပါးကို ကိုယ့်အလိုကို

[စာမျက်နှာ-94] သိစေတာဆိုတော့ ပြောမှသိမှာပေါ့၊ ပြောရင် အသံမထွက်ဘူးပေလား၊ ဒါကြောင့်မို့ ဝစီဝိညတ်ကို ယူလိုက်ရင် သဒ္ဒကိုလည်း ယူရတော့မယ်၊ ဒါကြောင့်မို့ ဒီမှာ နဝက မဟုတ်ဘဲ ဒသကလို့ခေါ်တာ၊ ပိုပြီးတော့ ရှင်းချင်ရင် ဝစီဝိညတ္တိသဒ္ဒဒသကလို့တောင် ခေါ်ဖို့ကောင်းသေးတယ်၊ ဒါပေမယ့် ကျမ်းဂန်တွေမှာ ဒီလိုမခေါ်ဘူး၊ ဝစီဝိညတ္တိဒသကလို့ပဲခေါ်တယ်၊ အဲဒီတော့ ဝစီဝိညတ်လို့ ပြောလိုက်ရင် သဒ္ဒပါပြီဆိုတာ သိပေတော့။

ပြီးတော့ လဟုတာဒိဧကာဒသကတဲ့၊ ဆိုလိုတာကတော့ လဟုတာအစရှိတာတွေပါတဲ့ (ဧကာဒသကဆိုတာ ၁၁၊ ဒသဆိုတာ ၁၀၊ ဧက ဆိုတာ တစ်၊ ဧကာဒသ ဆိုတော့ ၁၁) ရုပ် ၁၁-ခု ရှိလိမ့်မယ်၊ ၁၁-ခုရှိတော့ သုဒ္ဓဋ္ဌကကလာပ်မှာ ပါတဲ့ ၈-ခုကို မူရင်းထားပြီးတော့ ၁၁-ဖြစ်အောင် ၃-ခုထည့်ရမယ်၊ ဘာ ၃-ခုလဲ ဆိုတော့ လဟုတာ၊ မုဒုတာ၊ ကမ္မညတာပေါ့၊ ဒီ ၃-ခုက တွဲနေတာပဲ။ တစ်ခုယူလိုက်ရင် အကုန်ပါသွားပြီ။

ဒါကြောင့်မို့ သုဒ္ဓဋ္ဌကကလာပ် ၈-ပါး သို့မဟုတ် အဋ္ဌကလာပ် ရုပ် ၈-ပါးလို့လည်းခေါ်တယ်၊ အဝိနိဗ္ဘောဂရုပ်၊ ဒါကြောင့် အဋ္ဌကလာပ် ၈-ပါးနဲ့ လဟုတာ၊ မုဒုတာ၊ ကမ္မညတာနဲ့ ပေါင်းလိုက်ရင် ၁၁-ခုရတယ်၊ အဲဒီ ၁၁-ခုကို လဟုတာဒိဧကာဒသက။

နောက်တစ်ခုက ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်၊ ဒွါဒသကဆိုတာ ၁၂၊ ကာယဝိညတ်ရယ်၊ လဟုတာစတဲ့ ၃-ခုရယ်ပါတဲ့ ရုပ် ၁၂-ခု အပေါင်းဆိုတော့ အဋ္ဌကလာပ်ရုပ် ၈-ခုရယ်၊ ကာယဝိညတ်ရယ်ဆိုတော့ ၉-ခု၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃-ခုပေါင်းလိုက်တော့ ၁၂-ခု၊ အဲဒီ ၁၂-ခု အပေါင်းကို ကာယဝိညတ္တိလဟုတာဒိဒွါဒသက။

ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်၊ တေရသဆိုတာ ၁၃၊ ဒီကလာပ်မှာ ရုပ် ၁၃-ခု ရှိလိမ့်မယ်တဲ့၊ အဋ္ဌကလာပ်ရုပ် ၈-ခုအပေါင်း ဝစီဝိညတ်၊ သဒ္ဒ၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ၈ နဲ့ ၅ ပေါင်းရင် ၁၃-ခု။

အဲဒီတော့ စိတ္တဇရုပ်တွေမှာ ကလာပ်စည်း စည်းလိုက်တော့ ၆-စည်းရတယ်၊ သူတို့ရဲ့ basic က အဋ္ဌကလာပ်ရုပ် ၈-ပါး သို့မဟုတ် အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ အဲဒီထဲကို ကာယဝိညတ်ထည့်လိုက်တဲ့ အခါမှာ ကာယဝိညတ္တိနဝကဖြစ်တယ်။ ဝစီဝိညတ်နဲ့ သဒ္ဒထည့်လိုက်တဲ့အခါမှာ ဝစီဝိညတ္တိဒသကဖြစ်တယ်၊ လဟုတာထိထည့်လိုက်တော့ လဟုတာဒိဧကာဒသကဖြစ်တယ်၊ ကာယဝိညတ်နဲ့ လဟုတာနဲ့

[စာမျက်နှာ-95] တွဲလိုက်တော့ ဒွါဒသက ဖြစ်သွားတယ်။ ဝစီဝိညတ်နဲ့ သဒ္ဒ၊ လဟုတာနဲ့ တွဲလိုက်တော့ တေရသက ၁၃-ဖြစ်သွားတယ်၊ ဒါကြောင့်မို့ စိတ္တဇကလာပ် ၆-စည်းရှိတယ်။

ဥတုဇကလာပ် ၄ စည်း

ဥတုဇကလာပ် ၄ စည်းရှိတယ် (၁) သုဒ္ဓဋ္ဌကကလာပ်တဲ့၊ ဒါကတော့ အဋ္ဌကလာပ်ရုပ် ၈-ခုပဲ။

(၂) သဒ္ဒနဝကကလာပ်တဲ့၊ ဒါကတော့ သဒ္ဒထည့်လိုက်တာပဲ၊ ပြင်ပမှာ အသံမြည်တဲ့အခါကျတော့ အဲဒီ သဒ္ဒနဝကကလာပ်တွေဖြစ်တာပေါ့၊ သက်ရှိပုဂ္ဂိုလ်ကပြောတဲ့အခါ ဝစီဝိညတ်ပါဟယ်၊ သဒ္ဒသက်သက်မဟုတ်ဘူး။ ပြင်ပမှာ သူ့ဟာသူ ခဲချင်းတိုက်မိသံလို ပြင်ပသံတွေကျတော့ သဒ္ဒနဝက သက်သက်ပဲ၊ ဒါကြောင့်မို့ အဲဒီအခါကျတော့ သဒ္ဒတစ်ခုပဲတိုးရတယ်၊ ဝစီဝိညတ်မပါနိုင်ဘူး၊ ဝစီဝိညတ်က ပြင်ပမှာ မဖြစ်ဘူး၊ သတ္တဝါသန္တာန်မှာသာဖြစ်တယ်။

(၃) လဟုတာဒိဧကာဒသကကလာပ်တဲ့ လဟုတာ၊ မုဒုတာ၊ ကမ္မညတာရယ်၊ အဋ္ဌကလာပ်ရုပ် ၈-ခုရယ်။

(၄) သဒ္ဒလဟုတာဒိဒွါဒသကကလာပ်တဲ့၊ ဒါက လဟုတာ စသည် ၃-ခုနဲ့ သဒ္ဒနဲ့ ထပ်ထည့်လိုက်တဲ့အခါကျတော့ ၁၂-ခု ဖြစ်သွားတယ်။

ဒါဖြင့် ပထမ ကလာပ်က ရုပ် ၈-ခု၊ ဒုတိယရုပ် ၉-ခု၊ တတိယက ၁၁-ခု၊ စတုတ္ထက ၁၂-ခုတဲ့၊ ဥတုဇရုပ်ကလာပ် ၄- စည်းရှိတယ်။

အာဟာရဇကလာပ် ၂ စည်း

အာဟာရဇကလာပ်ကျတော့ ၂-စည်းပဲရှိတယ်၊ သုဒ္ဓဋ္ဌကကလာပ်ရယ်၊ လဟုတာဒိဧကာဒသကကလာပ်ရယ်၊ အဲဒီတော့ သုဒ္ဓဋ္ဌကဆိုတဲ့ ၈-ခုထဲမှာ လဟုတာစတဲ့ ၃-ခုထည့်လိုက်ရင် လဟုတာဒိဧကာဒသကကလာပ်ဖြစ်သွားတယ်။

ဒါဖြင့် လဟုတာဒိဧကာဒသကက စိတ္တဇထဲလည်းပါတယ်၊ ဥတုဇထဲလည်းပါတယ်၊ အာဟာရဇထဲလည်းပါတယ်။ အားလုံးပေါင်းလိုက်ရင် ကလာပ်ဘယ်လောက်ရှိသလဲ၊ ၉ ရယ်၊ ၆ ရယ်၊ ၄ ရယ်၊ ၂ ရယ် ပေါင်းလိုက်တော့ ကလာပ် ၂၁-စည်းရှိတယ်၊ ကမ္မဇကလာပ်၊ စိတ္တဇကလာပ်၊ ဥတုဇကလာပ်၊ အာဟာရဇကလာပ်၊ အဲဒီလို အားလုံးပေါင်း ၂၁ စည်း။

ကမ္မဇကလာပ် ၉-စည်း၊ စိတ္တဇကလာပ် ၆-စည်း၊ ဥတုဇကလာပ် ၄-စည်း၊ အာဟာရဇကလာပ် ၂-စည်း၊ ဒါဟာ ဇယားကွက်ကို ကြည့်ရင်ရှင်းတယ်။ ကောင်းပြီ၊ ညာဘက်ကစာကြည့် “ကလာပ် ၂၁-စည်းတို့တွင် ဥတုဇဖြစ်သော

[စာမျက်နှာ-96] သုဒ္ဓဋ္ဌကကလာပ်နှင့် သဒ္ဒနဝကကလာပ်တို့ကို အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန် ၂-ပါးတို့၌ ရနိုင်သည်”တဲ့။

ဥတုဇထဲက သုဒ္ဓဋ္ဌကဆိုတာ နံပတ်တစ်၊ သဒ္ဒနဝကဆိုတာ နံပတ်နှစ်၊ ဥတုဇကလာပ်ထဲက နံပတ်တစ်နဲ့ နံပတ်နှစ်က အပသန္တာန်မှာလည်းဖြစ်နိုင်တယ်။ သက်ရှိသန္တာန်မှာလည်း ဖြစ်နိုင်တယ်၊ ဒီလိုဆိုလိုတယ်။

အဇ္ဈတ္တသန္တာန်ဆိုတာ သက်ရှိပေါ့၊ အတွင်းသန္တာန်၊ ဗဟိဒ္ဓဆိုတာ အပသန္တာန် ရှင်းရှင်းနားလည်အောင်ပြောရရင် အဇ္ဈတ္တသန္တာန်ဆိုတာ သက်ရှိသန္တာန်ပဲ၊ ဗဟိဒ္ဓသန္တာန်က သက်မဲ့သန္တာန်ပေါ့။ အဲဒီတော့ သုဒ္ဓဋ္ဌကကလာပ်နဲ့ သဒ္ဒနဝကကလာပ် ၂-ခုကိုတော့ သတ္တဝါသန္တာန်မှာလည်း ရနိုင်တယ်၊ ပြင်ပသန္တာန်မှာလည်း ရနိုင်တယ်တဲ့။

“ကြွင်းကလာပ် ၁၉ စည်းကိုကား၊ အဇ္ဈတ္တသန္တာန်၌သာ ရနိုင်သည်”တဲ့။ အဲဒါ အလွန်အရေးကြီးတယ်၊ သေသေချာချာမှတ်ပါ။ အခြားကလာပ်တွေကို အပမှာမရနိုင်ဘူးတဲ့၊ သတ္တဝါသန္တာန်မှာသာ ရနိုင်တယ်တဲ့။

ဒါကြောင့် (အပသန္တာန်) သက်မဲ့သန္တာန်မှာ ဘာသာရှိနိုင်သလဲဆိုတော့ သုဒ္ဓဋ္ဌကကလာပ်နဲ့ သဒ္ဒနဝကကလာပ်သာရှိနိုင်တယ်၊ တခြားရုပ်တွေ မရှိနိုင်ဘူး၊ စက္ခုမရှိနိုင်ဘူး၊ သောတမရှိနိုင်ဘူး စသည်ဖြင့် အစဉ်အတိုင်းသွားပေါ့၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝမရှိနိုင်ဘူး၊ ဟဒယမရှိနိုင်ဘူး၊ ဇီဝိတမရှိနိုင်ဘူး၊ အာဟာရတောင် မရှိနိုင်ဘူးနော်၊ အဲဒါသတိထား။

အာဟာရဇရုပ်ဟာ သက်ရှိသန္တာန်မှာသာဖြစ်တယ်၊ အာဟာရရုပ်က သက်ရှိရော သက်မဲ့မှာပါဖြစ်တယ်၊ အဲဒါကွဲရဲ့လား၊ သုဒ္ဓဋ္ဌကကလာပ် ၈-ခုထဲမှာ ဩဇာပါတယ်၊ ဒါကြောင့်မို့ အာဟာရရုပ် (ဩဇာ) သက်သက်ကတော့ အပမှာလည်း ရှိနိုင်တယ်၊ အပမှာရှိလို့လည်းပဲ ထမင်းစားတော့ ဩဇာတွေတွေ့နေတာပေါ့။ အစားအစာထဲမှာ ဩဇာတွေပါနေတာပေါ့။

သို့သော် အာဟာရကြောင့်ဖြစ်တဲ့ ရုပ်ကျတော့ သက်ရှိသန္တာန်မှာသာဖြစ်တယ်။ အဲဒါလေး သတိထားရမယ်၊ အခုခေတ် biologically ကဘာပဲပြောနေနေပေါ့။ ဇီဝိတဆိုတာ အပသန္တာန်မှာ မရနိုင်ဘူး၊ အပသန္တာန်မှာ ဇီဝိတနဝကကလာပ်ရတယ်လို့ မဆိုဘူး၊ အပသန္တာန်မှာ ရနိုင်တာက ဥတုဇကလာပ်ထဲက နံပတ်တစ်နဲ့ နံပတ်နှစ်ပဲ ရနိုင်တယ်လို့ ပြောတယ်မဟုတ်လား၊ အဲဒီထဲမှာ ဇီဝိတမပါဘူး။ ဒါကြောင့်မို့ အဘိဓမ္မာအလိုအရပြောရရင် ဇီဝိတဆိုတဲ့သဘောမျိုး သစ်ပင်

[စာမျက်နှာ-97] တွေမှာမရှိဘူး၊ ခေတ်အပြောအရ အသက်ရှိတယ်လို့ ပြောချင်ပြောပေါ့၊ အသက်တစ်မျိုး တစ်နည်းတစ်ဖုံရှိတယ်ပေါ့၊ ဝေါဟာရမှာလည်း သုံးနေတာပဲ၊ သစ်ပင်ရှင်လာတယ်၊ သစ်ပင်သေသွားတယ်၊ ညှိုးသွားတယ်နဲ့ စသည်ဖြင့် သုံးနေတယ်၊ ဒါပေမယ်လို့ ရုပ်သက်လို့ခေါ်တဲ့ ဇီဝိတရုပ်မျိုးကတော့မရှိဘူး၊ အဲသလို မှတ်ရမယ်။

တစ်ခါပြောဖူးတယ်မဟုတ်လား၊ ဒကာမတစ်ယောက်နဲ့ ဘုန်းကြီးတစ်ပါး ငြင်းကြတာလေ၊ ဘုန်းကြီးကလည်း ဇီဝိတရုပ်မရှိဘူးဆိုတဲ့အနေနဲ့ မရှိဘူးပြော၊ ဒကာမကလည်း မဟုတ်ဘူး၊ သစ်ပင်မှာလဲသိတတ်တဲ့ အသက်ရှိတယ်လို့ ငြင်းနေကြရော၊ သို့သော် ဘာပဲဖြစ်ဖြစ် အဘိဓမ္မာသဘောအနေနဲ့ ပြောမယ်ဆိုရင် ဇီဝိတဆိုတာ မရှိရဘူး၊ ဒီမှာ အတိအကျဆိုပြီးသားပဲ၊ တခြားနည်းနဲ့ သူ့ဟာသူ ရှိတာတော့ လက်ခံရမှာပေါ့။

ဒါကြောင့်မို့ရုပ် ၂၈-ပါးရှိပေမယ်လို့ အပသန္တာန်မှာရနိုင်တဲ့ ရုပ်က ဘာမှ မရှိဘူး၊ အဇ္ဈတ္တသန္တာန်မှာရနိုင်တဲ့ ရုပ်တွေက ပိုပြီးများတယ်။ အပသန္တာန်မှာရနိုင်တဲ့ ရုပ်ကို ဥတုဇကလာပ် ၄-စည်းထဲမှာ ကြည့်လိုက်စမ်းပါ၊ သုဒ္ဓဋ္ဌကကလာပ်နဲ့ သဒ္ဒနဝကကလာပ် ဒါပဲရှိတယ်၊ ဒါပဲရှိတယ်ဆိုတော့ (အမှန်ကတော့) ရုပ် ၉-ခုပဲရှိတယ်ပေါ့၊ တခြားရုပ်တွေက အပသန္တာန်မှာ မဖြစ်နိုင်ဘူး၊ အတွင်းသန္တာန် (သို့မဟုတ်) သက်ရှိသန္တာန်မှာသာ ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ “ကြွင်းကလာပ် ၁၉-စည်းကိုကား အဇ္ဈတ္တသန္တာန်၌သာ ရနိုင်သည်”။

ကောင်းပြီ၊ အခုကလာပ်တွေ ဖွဲ့သွားခဲ့တယ်၊ ဘာတွေ ကျန်နေလဲ၊ ဇယားကွက်ကြည့်လိုက်ရင် ဟိုအောက်မှာ ကွက်လပ်တွေကျန်မနေဘူးလား၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ အဲဒါကျန်နေတယ်၊ ကလာပ်ထဲမပါဘူး၊ အာကာသကလာပ်ထဲပါရဲ့လား၊ အာကာသတစ်တန်းလုံး ကြည့်လိုက်စမ်း၊ ကလာပ်ဖွဲ့တဲ့ကော်လံတွေမှာ ကြယ်လေးတွေ မရှိဘူးနော်၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာမှာလည်းမရှိဘူး။

အဲဒီတော့ ကလာပ်ဖွဲ့ရာမှာ အာကာသရုပ်လည်းမပါဘူး၊ လက္ခဏရုပ် ၄-ပါးလည်း မပါဘူး၊ ဒါလည်းမှတ်ရမယ်၊ ဒါဘာကြောင့်လဲ။

“အာကာသရုပ်သည် ရုပ်ကလာပ်တို့၏အပိုင်းအခြားဖြစ်၍လည်းကောင်း” ဆိုလိုတာကတော့ အာကာသရုပ်ဟာ ရုပ်ကလာပ်တွေရဲ့ အပြင်ဘက်ကနေတာ၊ ဒီရုပ် ၈-ခုပေါင်းနေတယ်၊ ဒီရုပ် ၉-ခုပေါင်းနေတယ်၊ အဲဒီရုပ်ကလေးတွေက တစ်ခုနဲ့တစ်ခု ဖွဲ့စည်းနေတော့ သူတို့ကြားမှာ အာကာသဆိုတာရှိတယ်၊ ရုပ်ကလာပ်

[စာမျက်နှာ-98] ကြားမှာ အာကာသရှိတယ်၊ ရုပ်ကလာပ်အတွင်းမှာ အာကာသမရှိဘူး။

ဆိုပါတော့၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောရယ်၊ ရူပ၊ ဂန္ဓ၊ ရသ၊ ဩဇာရယ်၊ သူတို့ပေါင်းနေတဲ့ အခါမှာတော့ သူတို့တစ်ခုနဲ့တစ်ခုကြားမှာ အာကာသမရှိဘူး။ ဒါပေမယ်လို့ သူတို့တစ်စုနဲ့ နောက်တစ်စု (သူတို့ကလည်းပေါင်းကပ်နေတာပဲ) အဲဒီကျတော့ ကလာပ်တစ်ခုနဲ့တစ်ခုကြားမှာသာ အာကာသရှိတယ်၊ ဒါကြောင့်မို့ အာကာသဆိုတာ ကလာပ်တွေကို ပိုင်းခြားတာဖြစ်တဲ့အတွက်ကြောင့်မို့ ကလာပ်တွင်းမှာ သူမပါနိုင်ဘူး၊ ကလာပ်ရဲ့ အပြင်ဘက်မှာနေတယ်၊ ဒါကြောင့်မို့ ကလာပ်ဖွဲ့တဲ့ အခါကျတော့ အာကာသရုပ် ဘယ်မှာမှ မပါနိုင်တော့ဘူး။

အာကာသဟာတော်တော် မြတ်စွာဘုရားဟောခဲ့တာမှာ advance ဖြစ်တယ်နော်၊ အခုမှလူတွေ ဒါကိုလက်ခံတာ၊ nuclear science ပေါ်လာမှ ကြည့်လိုက်ရင် လောကမှာ space က ပိုပြီး များနေတယ်ဆိုတာ သူတို့ပြောလာတာ။ တစ်ခါတုန်းက Reader’s Digest article တစ်ခု ဖတ်ဖူးတယ်၊ နှစ် ၂၀-၃၀ လောက်ရှိရော့မယ်၊ အဲဒီထဲမှာပါတာက ကမ္ဘာမြေကြီးထဲမှာရှိတဲ့ space တွေကို အကုန်ထုတ်ပစ်လိုက်မယ်ဆိုရင် ကမ္ဘာမြေကြီးဟာ ဂေါက်သီးလောက်ပဲ ရှိမယ်တဲ့။

ရှေးတုန်းက ပြောတာဆိုရင် လူတွေက ယုံချင်မှယုံမယ်၊ သစ်သားကြီးမှာ အာကာသရှိတယ် ပြောရင် ဒီလောက်ထူပိန်းနေတာကြီး အာကာသရှိတာ မဟုတ်နိုင်ပါဘူး ပြောမှာပဲ၊ သံတုံးကြီးတွေ ခဲတုံးကြီးတွေ ဘယ်လိုလုပ် အာကာသရှိနိုင်မလဲ။ မှုတ်ကြည့်လို့ရှိရင် ဟိုဘက်ကို လေထွက်သွားမှာ မဟုတ်ဘူးဆိုပြီး ဒီလိုငြင်းမှာပဲ။

အခု nuclear ပေါ်လာတဲ့အခါကျတော့ သူတို့ကပြောတော့ ယုံသွားကြပြီ၊ ဒီအခါကျတော့ လူတွေက မမေးမမြန်းတော့ဘူး၊ အဲဒါ အာကာသ၊
ပရိသတ် - လက်တွေ့ ရှိနေတာကို ဘုရား၊
ဆရာတော် - ဟုတ်တယ်၊ လက်တွေ့ ပြောနေတော့ ယုံတာပေါ့။
ပရိသတ် - သူတို့ science နဲ့ ရှင်းလင်းချက် ရှိထားပြီးသားဆိုတော့ အပြီးယုံတော့တာပေါ့။
ပရိသတ် - သူတို့ကလက်တွေ့နဲ့မှ ယုံတယ်၊ မြတ်စွာဘုရားကတော့ နှုတ်နဲ့ဟောခဲ့တာကိုး။
ဆရာတော် - မြတ်စွာဘုရားကတော့ တိုက်ရိုက်သိပြီးတော့ သူ့ရဲ့ သဗ္ဗညုတဉာဏ်နဲ့

[စာမျက်နှာ-99] ဟောခဲ့တာကိုး၊ နောက်ပိုင်းကျတော့ ဦးဇင်းတို့က ဘုရားဟောခဲ့တာကို proof လုပ်ဖို့ကျတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး၊ ဒီသစ်သားတုံးကြီး မြင်ပါလျက်နဲ့ အာကာသရှိပါတယ်လို့ ပြောရတာ အတော်ခက်တယ်၊ မင်းရူးနေသလားလို့ ရှေးခေတ်တုန်းကဆိုရင် ပြောလိမ့်မယ်၊ ဒါပေမယ်လို့ အခုကျတော့ လက်ခံလာတယ်။ ခုနပြောသလိုလည်း ကမ္ဘာလုံးကြီးထဲက အာကာသထုတ်ပစ်လိုက်ရင် ကမ္ဘာကြီးဟာ ဂေါက်သီးလုံးလေးလောက်ရှိမယ် ပြောတာယုံနိုင်စရာ မရှိဘူး၊ ဟုတ်မှာပါပဲ။

ဒါကြောင့်မို့ အာကာသရုပ်ဟာ ကလာပ်ဖွဲ့စည်းတာမှာ မပါဘူး၊ ကလာပ်အပြင်ဘက်မှာ ဖြစ်နေတဲ့အတွက်ကြောင့် ကလာပ်ထဲမှာ သူမပါဘူး။

လက္ခဏရုပ် ၄-ခုကလည်းပဲ ခုနပြောတဲ့ ရုပ်ကလာပ်တွေရဲ့ အမှတ်အသားမျှပဲ ဖြစ်တယ်ဆိုတော့ အခိုက်အတန့်ပဲပေါ့၊ ဒီရုပ်တွေဖြစ်နေတာကို ဥပစယ၊ သန္တတိလို့ ခေါ်တယ်၊ ရင့်ရော်သွားတဲ့အခိုက်ကို ဇရတာလို့ခေါ်တယ်၊ ကွယ်ချုပ်သွားတဲ့အခါ ကျတော့ အနိစ္စတာလို့ခေါ်တယ်ဆိုတော့ သူတို့ကလည်းပဲ ရုပ်သီးခြားမဟုတ်ဘူး။

အဲသလို ရုပ်သီးခြားမဟုတ်တဲ့အတွက်ကြောင့်မို့ different stages of material properties အဲဒါကြောင့်မို့ သူတို့ကို ကလာပ်ထည့်ဖွဲ့စည်းတဲ့ထဲမှာ သူလည်းမပါဘူး၊ လက္ခဏရုပ် ၄-ပါးဟာတော်တော်မျက်နှာငယ်တယ်၊ ရူပသမုဋ္ဌာနတုန်းကလည်း သူတို့ကို ချန်ထားခဲ့တယ်၊ ကလာပ်ဖွဲ့စည်းတော့လည်း သူတို့ကိုချန်ထားခဲ့တယ်၊ အမှန်ကတော့ ရုပ်အစစ်မဟုတ်လို့ပါပဲ။

ဒါကြောင့်မို့ ဝိပဿနာရှုတဲ့အခါကျတော့ အနိပ္ဖန္နရုပ်ကို မရှုဘူး၊ နိပ္ဖန္နရုပ်သာ ရှုရတယ်ဆိုတာပေါ့၊ ဘာကြောင့်တုန်းဆိုတော့ နိပ္ဖန္နရုပ်က တကယ်ကိုရှိတဲ့ရုပ်ကိုး၊ အနိပ္ဖန္နရုပ်ကတော့ နိပ္ဖန္နရုပ်ရဲ့ အမူအရာအထူးလေးတွေ အခိုက်အတန့် အထူးလေးတွေကို ခေါ်တာ။

ဒါကြောင့်မို့ အာကာသရုပ်နဲ့ လက္ခဏရုပ် ၄-ခုတို့ဟာ ကလာပ်ဖွဲ့စည်းရာမှာ မပါဝင်နိုင်ဘူး၊ ဘာကြောင့် မပါဝင်နိုင်သလဲ၊ အာကာသကလည်း ကလာပ်တစ်ခုနဲ့တစ်ခုကို ပိုင်းခြားပေးတာသာဖြစ်တယ် space၊ အဲဒါကြောင့်မို့ ကလာပ်ထဲမပါဘူး။ လက္ခဏရုပ်ကလည်း ကလာပ်ထဲပါတဲ့ရုပ်တွေရဲ့ အခိုက်အတန့်မျှသာဖြစ်တဲ့ အတွက်ကြောင့်မို့ (စာစကားနဲ့ပြောရင် အမှတ်အသားပေါ့) အမှတ်အသားမျှသာဖြစ်တဲ့ အတွက်ကြောင့်မို့ မပါဝင်နိုင်ဘူး၊ ဒါကြောင့်မို့ သူတို့ကိုတော့ ဘယ်ကလာပ်ထဲမှာပါတယ်လို့ မဆိုရ။ အဲဒါကလာပ်အားလုံး ၂၁-စည်း၊ ရုပ်ကလာပ် အစုအစုလေးတွေနဲ့ဖြစ်တာ၊

[စာမျက်နှာ-100] အဲဒါကြောင့်မို့ တစ်လောက လူတစ်ယောက်ကမေးတယ်၊ လောကဓာတ်ပညာကို လိုက်ပြီးတော့ ဗုဒ္ဓဘာသာကကော ပြင်သေးလားတဲ့။ ဦးဇင်းက ပြန်ပြောလိုက်တယ်၊ ဗုဒ္ဓဘာသာက အဲသလို မဟုတ်ဘူးကွာ၊ လောကဓာတ်ပညာဟာ ဗုဒ္ဓဘာသာနဲ့ မညီသေးရင် အသာစောင့်နေတယ်၊ ဒို့က မပြင်သေးဘူး၊ လောကဓာတ်ပညာတွေ တစ်နေ့ ညည်းလာလိမ့်မယ်၊ ညည်းလာတဲ့အချိန်ကျမှ ဒို့က လက်ခံပြီး ဒို့ရဲ့ ပင်ရင်းအယူအဆကို ပြောမယ်၊ လောကဓာတ်ပညာပြောင်းတိုင်း ဗုဒ္ဓဘာသာက လိုက်မပြောင်းဘူး၊ ဘာကြောင့်တုန်း ဆိုတော့ ဘုရားဟောပြီးသား ဒါဟာ ဒါပဲ၊ ပြင်လို့မရဘူး၊ ဘယ်သူမှလည်း မပြင်နိုင်ဘူး၊ ဆိုပါတော့ မင်းတို့က မှားတယ်ပြောချင်လဲပြောတော့၊ ဒို့ကတော့ ဒုံးပေခံရမှာပဲဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောလိုက်တယ်။

ဟုတ်တယ်လေ၊ သူတို့က ဒီနေ့ဒါတွေရှိပါတယ်ဆိုရင် ဒီ (ဗုဒ္ဓဘာသာ) ကလိုက်ပြီး ပြင်ဦးမှာပဲဆိုရင် နောက်တစ်နေ့ကျတော့ သူတို့က ဒီနေ့တစ်မျိုးတွေ့ပြန်ပြီ၊ မနေ့ကတွေ့တာမဟုတ်ဘူးဆိုတော့ ပြင်ရပြန်ပြီ နောက်တစ်ခါပြင်ရပြန်ပြီ ဆိုတော့ မဖြစ်နိုင်ဘူး။ Science ဆိုတာ (ultimate truth) မဟုတ်ဘူး၊ (relative truth)၊ နေ့ရှိသည်နှင့်အမျှ ပြောင်းလဲနိုင်တယ်၊ atom ကိစ္စမှာဆိုရင် ပြောင်းလာတာပဲမဟုတ်လား။

ဒါကြောင့်မို့ ဒို့ (ဗုဒ္ဓဘာသာ) က science ဟာ တစ်နေ့ကျတော့ ဒို့ (ဗုဒ္ဓဘာသာ) နဲ့ တူလာလိမ့်မယ်၊ ဒို့ (ဗုဒ္ဓဘာသာ) ကို ထောက်ခံလာလိမ့်မယ်လို့ အဲသလိုပဲစောင့်ပြီးနေတယ်၊ science နောက်လိုက်ပြီး ဟိုပြောင်း ဒီပြောင်း မပြောင်းဘူး၊ ဒို့က ပြောသာပြောတတ်တယ်၊ ဘာမှမလုပ်တတ်ဘူး၊ မင်းတို့က ထလုပ်ပြီး မင်းတို့က ထောက်ခံပေးတော့ ဒို့ (ဗုဒ္ဓဘာသာ) က ဟန်ကျနေတယ်။

တစ်နေ့ကတော့လည်း စိတ်ဖြစ်ပုံတွေပြောတော့ ကွန်ပျူတာပေါ်တော့ ပြောရတာ လွယ်သွားပြီ၊ မျက်စိတစ်မှိတ် ကုဋေတစ်သိန်းတို့ဘာတို့ဟာလေ၊ အခု ကွန်ပျူတာက ၁ စက္ကန့်အတွင်းမှာသန်းနဲ့ချီပြီး လုပ်နိုင်တာဆိုတော့ မဖြစ်နိုင်ဘူးလို့ ပြောစရာမလိုတော့ဘူး။ အဲဒီတော့ လောကဓာတ်ပညာထွန်းကားတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာအတွက်ကတော့ အမှန်တကယ်ကောင်းတယ်၊ သူကဝင်ဝင်ပြီး ထောက်ခံပေးသွားတာ၊ ကိုယ်က ဘာမှ မလုပ်တတ်ဘူး။
ပရိသတ် - ဒါပေမယ့် သူတို့က တစ်ခွန်းပိုပဲ။

[စာမျက်နှာ-101] ဆရာတော် - သူတို့ကတော့ အမြဲတမ်း ပြင်နေရမှာပဲ၊ တစ်ခါပြင်ပြီးနောက်ပြင်နေရမှာပဲ။ ပရိသတ် - အဲဒီတော့ ပုပ်ဂျွန်ပေါလ်ကပြောတာပေါ့၊ ရာဇဝင်နဲ့ကိုလာတာ always change ဆိုတာမျိုး၊ အစဉ်အလာအတိုင်း တောင်မှ လူတွေက ပြင်ချင်သေးတယ်၊ အဲဒါကြောင့် သူတို့က မပြင်ဘူး။ ဆရာတော် - အဲဒါတော့ ဦးဇင်းသဘောကျတယ်၊ ဘယ့်နှယ်သူတို့က နိုင်ငံရေးတောင်းဆိုသလို တောင်းဆိုနေတာ၊ ဘာသာရေးမှာ နိုင်ငံရေးလိုလုပ်နေတာ၊ ဟိုဟာပေးရမယ်၊ ဒီဟာပေးရမယ်နဲ့ ပုပ်ဂျွန်ပေါလ်ပြောသွားတော့ သဘောကျတယ်။ ချိုချိုသာသာ အေးအေးဆေးဆေးနဲ့ သူပြောသွားတာ၊ ဒေါနဲ့မောနဲ့ ပြောသွားတာ မဟုတ်ဘူး၊ တော်တော်ကို ကောင်းတယ်။

ဒီလိုပဲဖြစ်ရမှာပဲ၊ ဒီလိုတောင်းတိုင်း ထပေးနေရင် နောင်တစ်ချိန်ကျတော့ ဒီ Society က တစ်မျိုးပြောင်းလိမ့်ဦးမယ်၊ အခုအချိန်ဆိုတစ်မျိုး နောင်အနှစ် ၂၀/ ၃၀ ဆို တစ်မျိုးပြောင်းချင်ပြောင်းလိမ့်မယ်၊ အဲဒီအခါကျ တစ်မျိုးတောင်းရင် ပေးရဦးမှာလား။

ဗုဒ္ဓဘာသာကတော့ အဲဒါမျိုး လက်မခံဘူးလေ၊ မြတ်စွာဘုရားကတော့ သဗ္ဗညုတဉာဏ်တော်နဲ့ မြင်ပြီးဟောခဲ့တာကိုး၊ ဒီအတိုင်း ဦးဇင်းတို့ကတော့ ယုံကြည်ပြီးတော့ လိုက်ရတာကို၊ အခုတဖြည်းဖြည်းနဲ့ သူတို့ကပဲ ကိုယ့် (ဗုဒ္ဓဘာသာ) ကို ထောက်ခံရတာ၊ ကိုယ်က ဘယ်လိုမှ မလုပ်တတ်ဘူး။ ပရိသတ် - ကိုယ်ကဘုရားဟောအတိုင်း ဟောရုံပဲ ဟောနိုင်တယ်။ ဆရာတော် - သူတို့က ဘာလေးတွေ့ရှိလိုက်၊ ညာလေးတွေ့ရှိလိုက်၊ ထလုပ်လိုက်တော့ ကိုယ့် (ဗုဒ္ဓဘာသာ) နဲ့လာပြီး အံဝင်ခွင်ကျလာဖြစ်နေတယ်။ ပရိသတ် - အမှန်ဒီဥစ္စာက အဘိဓမ္မာကို လေးလေးနက်နက် လေ့လာလိုက်တဲ့ အခါကျတော့ ထင်ထင်ရှားရှားပေါ်နေတယ်၊ အဲဒီအခါကျတော့ ဘာသာရေးမှာ story မဟုတ်တော့ဘူး၊ သေသေချာချာခွဲခြားပြီး ပြနိုင်တယ်။

ပရိသတ် - ဒါကြောင့်မို့ မြတ်စွာဘုရားဟာ ငါပြောတာနဲ့လည်း မယုံနဲ့ဦးလို့ ကာလာမသုတ် မှာ ဟောထားတယ်၊ ကိုယ်တိုင်လေ့လာဦးလို့။ ဆရာတော် - အဲဒီကာလာမသုတ်မှာ မြတ်စွာဘုရားဟောထားတာ သိပ်မျှတတယ်နော်၊ ၁၀-ခုရှိတယ်၊ အစဉ်အလာက ယူလာလို့လည်းဟုတ်ပြီလို့ မယူနဲ့ဦး၊ မဆုံးဖြတ်နဲ့ဦးတဲ့၊ ဒီဘုန်းကြီးကတော့ ဒို့ဆရာတော်ပဲ၊ သူပြောရင် မှန်ရမှာပဲဆိုပြီး

[စာမျက်နှာ-102] မယုံလိုက်နဲ့ဦး၊ ဒို့ဘာသာရေးစာအုပ်တွေနဲ့ ကိုက်ညီတယ်ဆိုပြီး မယုံလိုက်နဲ့ဦးလို့ အဲသလိုတောင်ပါတာ၊ ကိုယ်တိုင်လေ့လာလုပ်ကြည့်၊ ကိုယ်တိုင်စမ်းကြည့်လို့ အကျိုးရှိလား မရှိလား၊ အဲဒီလိုဟောတာ။ ပရိသတ် - အဲဒီသုတ်ဘာသာပြန်ထားတာရှိပါသလား။ ဆရာတော် - ရှိတယ်၊ မြန်မာလိုလည်းရှိတယ်၊ အင်္ဂလိပ်လိုလဲရှိတယ်၊ ကာလာမသုတ် ဆိုတာ နာမည်ကျော်ပဲ၊ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ သိပ်နာမည်မကျော်ဘူး၊ ဒီသုတ်က တခြားနိုင်ငံတွေမှာ နာမည်ကျော်တယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဗုဒ္ဓဘာသာဖြစ်နေတော့ ဒီသုတ်က သိပ်အရေးမကြီးသလိုထင်တာပေါ့၊ ဒီဘက် (အနောက်နိုင်ငံ) က လူတွေကျတော့ အဲဒီသုတ်တွေ့လိုက်ရင် ဟာကနဲဖြစ်သွားတာ၊ ဒီကျတော့ မင်းတို့ဘုရားသခင်ကို ယုံရမယ်၊ faith ရှိရမယ်၊ ဒါပဲမဟုတ်လား၊ ကာလာမသုတ် ကတော့ ဒီလိုမဟုတ်ဘူး၊ မင်းတို့ဘာမှ အရမ်းမယုံနဲ့၊ စဉ်းစားတွေးခေါ်ပြီးမှ ကိုယ်ကိုယ်တိုင်သိပြီးမှ ဟုတ်ရင်ဟုတ်သလို လက်ခံ၊ မဟုတ်ရင် မဟုတ်သလို ပယ်ဆိုတော့ သိပ်မျှတတာပဲ။

ဒါကြောင့်မို့ အစစ်အဆေးခံနိုင်တယ်ဆိုပြီးတော့ မျောက်ပင်မင်းပေးတဲ့ ဥပမာနဲ့ မြတ်စွာဘုရား ဟောထားတာရှိတယ်။

လင်မယား ၂-ယောက်ရှိတယ်၊ မျောက်ကလေးမွေးထားတယ်၊ အဲဒီတော့ ပုဏ္ဏမက ပုဏ္ဏားကိုပြောတယ်၊ ဒီမျောက်ကို ဆေးဆိုးပေးပါပြောတော့ ပုဏ္ဏားက မျောက်ကိုဆေးဆိုးပေးလို့မဖြစ်ဘူး၊ အထုအရိုက်မခံနိုင်ဘူးပေါ့၊ အဲသလိုပဲ၊ တစ်ပါးသော အယူတွေက အထုအရိုက်မခံနိုင်ဘူး၊ အနှိပ်အနယ် မခံနိုင်ဘူး၊ ဗုဒ္ဓဘာသာကတော့ ခံနိုင်တယ်။

ဒါကြောင့်ပဲ၊ ဧဟိပဿိကော ဆိုတာဒါပဲ၊ လာပြီးကြည့်လှည့်ပါလို့ ခေါ်နိုင်တာ၊ come and see. You don't have to take for granted, come and see for yourself. ကိုယ်တိုင်လေ့လာကြည့်၊ အားထုတ်ကြည့်၊ ဟုတ်သလား မဟုတ်သလား စမ်းသပ်ကြည့်၊ ကိုယ့်အတွေ့အကြုံနဲ့ အမှန်ကို အဆုံးအဖြတ်ယူရမယ်၊ မြတ်စွာဘုရား တရားက အဲသလို တရားမျိုး။

ဒါကြောင့်မို့ အဘိဓမ္မာသဘောဟာ စိတ်ဝင်စားဖို့သိပ်ကောင်းတယ်၊ ကိုယ်ဉာဏ်မမီတာတွေလည်းရှိတာပေါ့၊ ဒါပေမယ်လို့ ဒီလောက်နက်နဲတဲ့ တရားမျိုးကို ဟောထားနိုင်တာကတော့ တကယ့်ကို အံ့ဩလောက်တယ်၊ ရှေးတုန်းက ဘာ instrument တွေ၊ လက်နက်ကိရိယာ အထောက်အကူပစ္စည်းတွေ ဘာမှမရှိဘဲနဲ့

[စာမျက်နှာ-103] သဗ္ဗညုတဉာဏ် နဲ့ ထိုးထွင်းသိမြင်ပြီး ဟောထားခဲ့တာ၊ ဒါက အခုလာပြီး science က advance ဖြစ်နေတာတောင်မှ မမီသေးဘူးနော်၊ အမှန်ပြောရရင် science က နောက်ကပဲ ရှိသေးတယ်၊ အဲသလောက် နက်နဲတဲ့ တရားကို ဦးဇင်းတို့ အနေနဲ့ သိရတာ၊ နားလည်ရတာ၊ ယုံကြည်ရတာဟာ သာမညကံမဟုတ်ဘူး၊ နောက်ဘဝကတော်တော်ကံကောင်းခဲ့လို့။

ဒီလို ကံမကောင်းဘူးဆိုရင် သူတို့လို နေမှာပဲ၊ သူတို့ဟာသူတို့ ယုံနေမှာပဲ။ ဦးဇင်း တစ်ခါတလေစဉ်းစားမိတယ်၊ ကံကောင်းလွန်းလို့ ဗုဒ္ဓဘာသာဖြစ်ရတာလို့။ စဉ်းစားကြည့်ရင် ဗုဒ္ဓဘာသာ ဖြစ်ရတာ တကယ့်ကို တန်ဖိုးရှိတယ်နော်၊ သူတို့သွားပြောလို့ ဘယ်ရမလဲ။

ဗုဒ္ဓဘာသာဖြစ်တော့ ဒါတွေအတွက် သိပ်ကောင်းတယ်၊ ဗုဒ္ဓဘာသာကမျှတတဲ့ စိတ်ရှိတယ်၊ ဗုဒ္ဓဘာသာက မင်းတို့ ဘယ်သူ့မှအားကိုးစရာမလိုဘူး၊ ကိုယ့်ကိုကိုယ် အားကိုးရမယ်၊ အားကိုးလို့လည်းမရဘူး၊ ဗုဒ္ဓက မင်းကိုရော့ဆိုပြီးပေးတာမျိုးလည်း မပေးနိုင်ဘူး၊ အဲဒီလို။ ပရိသတ် - ဗုဒ္ဓဘာသာမှာကျတော့ ကိုးကွယ်ရာလို့ပဲ ယူဆတယ်၊ တကယ့်တကယ် ultimate sin ကို ပယ်ဖျောက်နိုင်တာမျိုး မဟုတ်ဘူး။ ဆရာတော် - ကိုးကွယ်တယ်ဆိုတာလည်း ဆရာအနေနဲ့ အားကိုးတာကိုပဲ ကိုးကွယ်တာ ခေါ်တာ၊ တပည့်တော်မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်၊ ပြီးရင် တပည့်တော် ဘာမှ မလုပ်ဘူး၊ အိပ်နေမယ်၊ ဘုရားကကြည့်လုပ်ပေးပါဆိုတာမျိုး၊ မဟုတ်ဘူး။

ဘုရားကို ကိုးကွယ်တယ်၊ ဘုရားတပည့်ဖြစ်ပြီ၊ ဘုရားညွှန်ကြားတာလိုက်နာ ကျင့်ကြံ၊ ဒါပဲ၊ အဲသလို မကျင့်ကြံရင် ငါပြောတဲ့ အကျိုးတရား မရဘူးပေါ့၊ သိပ်ပြီးတော့မျှတတယ်၊ သိပ်ပြီးတော့လည်း သဘာဝကျတယ်။

ဦးဇင်းက ဘုရားတရားတော်ကို ပြောရင် အခုခေတ်နဲ့ ပြန်လှည့်ပြောလေ့ရှိတယ်၊ fitness programme လိုပေါ့၊ fitness programme ဘယ်လောက်ဖတ်နေနေ ဘယ်လောက်ကြည့်နေနေ မလုပ်ရင် မရဘူး။

ပရိသတ် - စားစရာတွေ တစ်ပုံကြီးထားပေမယ့် ကိုယ်မစားဘဲနဲ့ ဝတယ်လို့ ဖြစ်နိုင်မလား၊ စားမှ ဝမှာ၊ လုပ်မှရမှာ။ ဆရာတော် - အဲဒါမှာ ကွာသွားတယ်။

[စာမျက်နှာ-104] ပရိသတ် - စားမှရမှာဆိုပေမယ့် ဒီမှာက မစားမှရမှာ၊ ပိန်ချင်နေကြတာကိုး။ (ရယ်ကြသည်)

ကိုင်း၊ ရုပ်ကလာပ်ပြီးသွားပြီ၊ နောက်အပတ်ဆိုရင် ဘဝတစ်ခုမှာ ရုပ်စဖြစ်ပုံတို့ ဘာတို့လာမယ်၊ စဉ်းစားကြည့်ခဲ့ကြစမ်း၊ ကမ္မဇကလာပ်ထဲက ဘယ်ကလာပ်တွေက ပဋိသန္ဓေအခိုက်အတန့်မှာ ဘယ်ကလာပ်တွေများ ဖြစ်နိုင်မလဲဆိုတာ စဉ်းစားခဲ့ကြ၊ mental exercise ပေါ့၊ စက္ခုဒဿကကလာပ် များ ဖြစ်နိုင်သလား၊ သောတဒဿကကလာပ် များ ဖြစ်နိုင်သလား။

[စာမျက်နှာ-105]
ရုပ်ဖြစ်စဉ် ချုပ်စဉ် သတ္တဝါ ၃ မျိုး ၄ မျိုး

၁။ သံသေဒဇ သတ္တဝါ - ပန်းသစ်ပင်အညစ်အကြေးတို့၌ သန္ဓေတည်သော သတ္တဝါ။ ပုံစံ - ပဒုမဝတီ၊ ဝေဠုဝတီ၊ ပိုးလောက်။
၂။ ဩပပါတိက သတ္တဝါ - ခုန်လွှား၍ ဘွားကနဲ ကျလာသကဲ့သို့ ခန္ဓာကိုယ်အထင်အရှားဖြစ်သူ။ ပုံစံ - ကမ္ဘာဦးလူသတ္တဝါ၊ နတ်၊ ဗြဟ္မာ။
၃။ ဂမ္ဘသေယျက သတ္တဝါ - အမိဝမ်း၌ ကိန်းအောင်း၍ ပဋိသန္ဓေနေသူ။
(က) ဇလာဗုဇ - လူ စသူတို့ကဲ့သို့ သားအိမ်၌ ဖြစ်သူ။ (ခ) အဏ္ဍဇ - ငှက်စသည်တို့ကဲ့သို့ ဥခွံတွင်း၌ ဖြစ်သူ။

ကာမဘုံ ၌ ရုပ် ၂၈-ပါးလုံး ပဝတ္တိ အခါ၌ ထိုက်သလို ရနိုင်သည်။
ပဋိသန္ဓေအခါ - ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ။
ပဝတ္တိအခါ - ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ စုတိစိတ်မကျမီအတွင်း။

ပဋိသန္ဓေအခါ၌ သံသေဒဇ နှင့် ဩပပါတိက သတ္တဝါတို့ သန္တာန်၌ အများဆုံးအားဖြင့် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ နှင့် ဝတ္ထု ဒဿက ပေါင်း ခုနစ်ဒဿက ဖြစ်နိုင်သည်။ ယင်းတို့တွင် ရံခါ စက္ခု၊ သောတ၊ ဃာန၊ ဘာဝ ဒဿက တို့ကို မရအပ်ကုန်။

ဂမ္ဘသေယျက သတ္တဝါ ၂-မျိုးတို့ သန္တာန်၌ ကာယ၊ ဘာဝ၊ ဝတ္ထု ဒဿက ၃-မျိုးဖြစ်သည်၊ ထိုတွင်လည်း ရံခါ ဘာဝဒဿက ကို မရအပ်၊ ထိုမှနောက်ပဝတ္တိအခါ အစဉ်အတိုင်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ ဒဿက တို့ ဖြစ်ကုန်သည်။

| အမိဝမ်းတွင်းကိန်းစဉ် | ရုပ်ကြီးပွားပုံ |

| ၁-သတ္တာဟ | ကလလ (ရေကြည်) |
| ၂-သတ္တာဟ | အဗ္ဗုဒ (အမြှုပ်) |
| ၃-သတ္တာဟ | ပေသိ (သားတစ်) |
| ၄-သတ္တာဟ | ဃန (တစ်ခဲနက်) |
| ၅-သတ္တာဟ | ပဉ္စာခ (ခက်မငါးဖြာ) |
| ၁၁-သတ္တာဟ | စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ ဒဿက |
| ၄၂-သတ္တာဟ | ဆံပင်၊ မွေးညင်း၊ လက်သည်းခြေသည်း |

[စာမျက်နှာ-106] ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။
အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ ဇာယတေ ဃနော။
ဃနာ ပသာခါ ဇာယန္တိ၊ ကေသာ လောမာ နခါပိ စ။

အို-ဘီလူး၊ ရှေးဦးစွာ ကလလရေကြည်ဖြစ်၏၊ ကလလရေကြည်မှ အမြှုပ်ဖြစ်၏၊ အမြှုပ်မှ သားတစ်ဖြစ်၏၊ သားတစ်မှ အခဲဖြစ်၏၊ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏၊ ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်းတို့လည်း ဖြစ်ကုန်၏။ (ယက္ခသံယုတ် ပါဠိတော်)

ဤသို့လျှင် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို အစပြု၍ ခဏငယ်တိုင်း၌ ကမ္မဇရုပ် များ ဖြစ်ကြသည်၊ ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်၏ ဥပါဒ်ခဏတိုင်း၌ စိတ္တဇရုပ် များဖြစ်ကြသည်၊ ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ဥတုဇရုပ် များ ဖြစ်ကြသည်၊ ဩဇာပျံ့နှံ့ရာအခါမှစ၍ အာဟာရဇရုပ် များ ဖြစ်ကြသည်။ ဤသို့ အကြောင်း ၄-ပါးကြောင့်ဖြစ်သော ရုပ်ကလာပ်အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း အသက်ရှင်သမျှ မပြတ်ဖြစ်သည်။

စုတေခါနီးအခါ၌ကား စုတိစိတ်မှ ပြန်၍ ရေသည်ရှိသော် ၁၇-ချက်မြောက် စိတ်၏ ဌီကာလကို အစပြု၍ ကမ္မဇရုပ် တို့ မဖြစ်တော့ကုန်၊ ရှေးကဖြစ်နှင့်ကုန်ပြီးသော ကမ္မဇရုပ် တို့သည်လည်း စုတိစိတ်၏ ဘင်ကာလတိုင်အောင်ဖြစ်တည်၍ ချုပ်ကုန်၏။ ကမ္မဇရုပ် တို့ ချုပ်ပြီးနောက်၌ စိတ္တဇရုပ်၊ အာဟာရဇရုပ် တို့လည်း ပြတ်ကုန်၏။ ထို တိဇရုပ် တို့ ချုပ်ပြီးနောက် ဥတုဇရုပ် တို့သည် စုတေပြီးနောက် အလောင်းကောင်ဟု ခေါ်ဆိုအပ်သည့်တိုင်အောင် ဖြစ်ကုန်၏။

စုတေပြီးနောက် တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ၏ ဥပါဒ်ကို အစပြု၍ ဆိုခဲ့သည့်အတိုင်း ရုပ်တို့သည် ဖြစ်ကုန်၏။

ရူပါဝစရဘုံ ၌ကား ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ ဒဿက တို့ကိုလည်းကောင်း၊ အာဟာရဇကလာပ် တို့ကိုလည်းကောင်း မရအပ်ကုန်၊ ထို့ကြောင့် ထိုရူပဗြဟ္မာတို့၏-
- ပဋိသန္ဓေအခါ၌- စက္ခု၊ သောတ၊ ဝတ္ထုဒဿက နှင့် ဇီဝိတနဝက ကလာပ်ပေါင်း ကမ္မဇကလာပ် ၄ စည်းတို့ ဖြစ်ကုန်၏။
- ပဝတ္တိအခါ၌ကား- စိတ္တဇ၊ ဥတုဇ ကလာပ် တို့ကိုလည်း ရအပ်ကုန်၏။

အသညသတ်ဗြဟ္မာ တို့ သန္တာန်၌ကား စက္ခု၊ သောတ၊ ဝတ္ထု ဒဿက နှင့် သဒ္ဒနဝက ကလာပ်တို့ကိုလည်း မရအပ်ကုန်၊ အလုံးစုံသော စိတ္တဇရုပ် တို့လည်း မရအပ်ကုန်၊ ထို့ကြောင့် ထိုအသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေအခါ၌ ဇီဝိတနဝက ကလာပ်သည်သာ ဖြစ်၏၊ ပဝတ္တိအခါ၌လည်း သဒ္ဒရုပ်သည် ကြဉ်အပ်သော ဥတုဇရုပ် သာ ရအပ်၏၊ (ဥတုဇကလာပ် ၄-စည်းတွင် သုဒ္ဓဋ္ဌကကလာပ် နှင့်

[စာမျက်နှာ-107] လဟုတာဒိ ဒေကာဒသကကလာပ် ၂-စည်းသာ ရသည်ဟူလို။)

ဘုံနှင့်ရသောရုပ်

* ကာမဘုံ - ရုပ် ၂၈-ပါးလုံး။
* ရူပဘုံ (အသညသတ်ကြဉ် ၁၅ ဘုံ) - ၂၃-ပါး။ (ဃာန၊ ဇိဝှါ၊ ကာယပသာဒ နှင့် ဘာဝရုပ် ၂-ပါး ကြဉ်။)
* အသညသတ်ဘုံ - ၁၇-ပါး။ (အဝိနိဗ္ဗာဂရုပ် ၈၊ ဇီဝိတ၊ လဟုတာဒိ ၃၊ အာကာသ၊ လက္ခဏရုပ် ၄။)
* အရူပဘုံ - ရုပ် လုံးဝမရှိ။

[စာမျက်နှာ-108]
အဘိဓမ္မာသင်တန်း (၄)
[ရုပ်ပိုင်း ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်ရုပ်ဝီထိ] ဒီနေ့ အောက်တိုဘာ ၂-ရက်နေ့

လွန်ခဲ့တဲ့ အပတ်က ကမ္မဇရုပ်ကလာပ်၊ စိတ္တဇရုပ်ကလာပ်၊ ဥတုဇရုပ်ကလာပ်၊ အာဟာရဇရုပ်ကလာပ် ဆိုပြီး ရုပ်ကလာပ်တွေ ဖွဲ့စည်းပုံ လေ့လာပြီးပြီ၊ ဒီနေ့တော့ ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်တဲ့။

တစ်ဘဝမှာ ဘယ်အချိန်မှာစပြီး ရုပ်တွေ ဖြစ်တယ်၊ ဘယ်လို တိုးပွားတယ်၊ ဘယ်လို ကြီးပွားတယ်၊ ဘယ်အချိန်မှာ နောက်ဆုံးဖြစ်ပြီးနောက်ဆုံးချုပ်တယ်၊ ဒါတွေ လေ့လာရလိမ့်မယ်။

ပထမရုပ်ဖြစ်စဉ်ချုပ်စဉ် မလေ့လာခင် သတ္တဝါ ၃-မျိုး၊ ၄-မျိုးကို နားလည်ရမယ်၊ သတ္တဝါ ၃-မျိုးဆိုရင်လည်းဟုတ်တယ်၊ ၄-မျိုးဆိုရင်လည်းဟုတ်တယ်။

(၁) သံသေဒဇသတ္တဝါ - သံသေဒ၊ ဇ၊ သံသေဒ ဆိုတာ အညီအဟောက်တို့ အညစ်အကြေးတို့ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ သေဒဆိုတာ ချွေးကိုခေါ်တယ်၊ ၃၂ ကောဋ္ဌာသများ ရကြလား၊ ကေသာ၊ လောမာ၊ စသည်လေ၊ အဲဒီမှာ ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ ဆိုတာရှိတယ်။

[စာမျက်နှာ-109] သံသေဒ ဆိုတာ ချွေးတို့ဘာတို့စတဲ့ အညစ်အကြေးကို အမှီပြုပြီးတော့ သန္ဓေတည်တဲ့သတ္တဝါမျိုးကို သံသေဒဇသတ္တဝါ ခေါ်တယ်၊ အညစ်အကြေးဆိုပေမယ့်လို့ ပန်းတို့သစ်ပင်တို့ကို အမှီပြုပြီးတော့ သန္ဓေတည်ခဲ့ကြတာလည်း နောက်တုန်းက ရှိခဲ့ဖူးတယ်။

ပဒုမဝတီ ဆိုတဲ့ မိဖုရားဟာ ပဒုမ္မာကြာမှာ သန္ဓေတည်တယ်လို့ဆိုတယ်။ ဝေဠုဝတီ က ဝါးပင်မှာ သန္ဓေတည်တယ်လို့ဆိုတယ်၊ ပိုးလောက်၊ ယင်ကောင်တို့ကတော့ သံသေဒဇ တွေပေါ့၊ အညစ်အကြေးစိုစိုစွတ်စွတ် အမှီပြုပြီးတော့ ပဋိသန္ဓေတည်နေတဲ့သတ္တဝါတွေကို သံသေဒဇသတ္တဝါ လို့ခေါ်တယ်။

(၂) ဩပပါတိကသတ္တဝါ - ဩပပါတိက ဆိုတာ ဥပပါတ ကလာတာ၊ ဥပပါတဆိုတာကျတာ၊ တစ်ခါတည်း ကောင်းကင်က ကျလာသလို ဘွားကနဲဖြစ်တဲ့ ပဋိသန္ဓေမျိုး ခန္ဓာကိုယ်အထင်အရှားဖြစ်တာ။

လူမှာဆိုရင် ပဋိသန္ဓေနေ တဖြည်းဖြည်းကြီးပွားပြီးမှ လူကောင်ကြီးဖြစ်တာ၊ သူတို့ကဒီလိုမဟုတ်ဘူး၊ ဖွားတယ်ဆိုကတည်းက ကြီးပွားပြီးသားအတိုင်း ဖွားတာ၊ အဲဒါကို ဩပပါတိကသတ္တဝါ လို့ ခေါ်တယ်၊ ဒါကြောင့်မို့ ခုန်လွှား၍ ဘွားခနဲကျလာသကဲ့သို့ ခန္ဓာကိုယ်အထင်အရှားဖြစ်သူ၊ ပုံစံက ဘာတဲ့တုန်း၊ ကမ္ဘာဦးလူသတ္တဝါတဲ့။

ကမ္ဘာဦးက ဖြစ်ပေါ်ခဲ့တဲ့ လူတွေဟာ အဲသလိုဖြစ်တာတဲ့၊ စဖြစ်တယ်ဆိုတော့ အမေအဖေကမွေးလို့ မရသေးဘဲကိုး၊ ဗြဟ္မာပြည်ကစုတေပြီးတော့ လူ့ပြည်ကို လာဖြစ်တာ၊ အဲသလို လာဖြစ်တော့ ဘာပဋိသန္ဓေနဲ့ လာဖြစ်သလဲဆိုရင် ကမ္ဘာဦးလူသတ္တဝါတွေမှာ ဩပပါတိက ပဋိသန္ဓေနဲ့လာဖြစ်တယ်၊ သူတို့နောက်ကျတော့ ဩပပါတိက ပဋိသန္ဓေ မဟုတ်တော့ဘူး ရိုးရိုးကိုယ်ဝန်ဆောင်ပြီးတော့ ဖြစ်တဲ့ ဂဗ္ဘသေယျကသတ္တဝါ ဆိုတာ နောက်တော့ လာလိမ့်မယ်။

ဒါကြောင့်မို့ ကမ္ဘာဦးလူသတ္တဝါတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ ငရဲသတ္တဝါတွေလဲ ဩပပါတိက ပဲ၊ ဒါကပုံစံပြတာ၊ အကုန်မဟုတ်ဘူး၊ ငရဲကျတဲ့အခါ ဝုန်းကနဲကျသွားရင် ကလေးကနေကြီးပွားတာ မဟုတ်ဘူး၊ ကြီးပွားပြီးသားဆိုတဲ့အရွယ်၊ နတ်ပြည်မှာဆိုရင် ၁၆-နှစ်အရွယ်ဖြစ်တယ်လို့ ဆိုလိုတယ်။ အဲသလို ဩပပါတိက ဆိုတာ ဘွားကနဲကျလာသလို ကိုယ်အထင်အရှားနဲ့ မွေးဖွားတယ်ပဲ ပြောကြပါစို့။

(၃) ဂမ္ဘသေယျကသတ္တဝါ - ဂမ္ဘ ဆိုတာ ကိုယ်ဝန်ပေါ့၊ အမိဝမ်း၊ သေယျက ဆိုတာက ကိန်းအောင်းတာ၊ အမိဝမ်းမှာ ကိန်းအောင်းတဲ့သတ္တဝါ၊ အမိဝမ်းမှာ

[စာမျက်နှာ-110] ကိန်းအောင်းပြီး ပဋိသန္ဓေနေတဲ့ သတ္တဝါမျိုးကို ဂဗ္ဘသေယျကသတ္တဝါ လို့ခေါ်တယ်။ အဲဒီ ဂမ္ဘသေယျကသတ္တဝါ က ၂-မျိုးရှိတယ်၊

ပထမက ဇလာဗုဇ တဲ့၊ ဇလာဗုဇ ဆိုတာ ဘယ်လိုသတ္တဝါမျိုးလဲဆိုတော့ လူစသူတို့ကဲ့သို့ အမိဝမ်းရှိ သားအိမ်မှာ ပဋိသန္ဓေနေပြီးဖြစ်ရတဲ့ သတ္တဝါမျိုးကို ဇလာဗုဇ တဲ့၊ လူတွေ၊ နွားတွေ၊ ခွေးတွေ အစရှိသည်ဟာ ဇလာဗုဇ တွေပေါ့။ သားအိမ်မှာ ဖြစ်တည်ပြီး မွေးရတာ။

နောက်တစ်ခုကတော့ အဏ္ဍဇ တဲ့၊ ကြက်ဥ၊ ငှက်ဥ အစရှိသည်ပေါ့၊ ငှက်စသည်တို့ကဲ့သို့ ဥခွံတွင်း၌ဖြစ်သူတဲ့၊ အမှန်ကတော့ သူတို့က နှစ်ခါမွေးရတာ၊ အမိဝမ်းထဲလည်း ပထမတော့ နေသေးတယ်၊ ပြီးတော့မှ ဥခွံကနေတစ်ခါ ပေါက်ရတယ်၊ ဒါကြောင့်မို့ သူတို့ကို နှစ်ခါ မွေးတဲ့သတ္တဝါတွေလို့ခေါ်တယ်။ ပါဠိလို ဒွိဇ လို့ခေါ်တယ်။

ဒီလို ဂမ္ဘသေယျကသတ္တဝါ က နှစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့ သတ္တဝါ ၄-မျိုးဖြစ်သွားတယ်၊ သံသေဒဇသတ္တဝါ၊ ဩပပါတိကသတ္တဝါ၊ ဇလာဗုဇသတ္တဝါ၊ အဏ္ဍဇသတ္တဝါ၊ အဲသလို ၄-မျိုးကို ပထမမှတ်ထားရမယ်၊ ဘာကြောင့်လဲဆိုတော့ ရုပ်ကလာပ်ဖြစ်တာတွေကို သူတို့နဲ့ ဟပ်ပြီးတော့ ပြောလိမ့်မယ်။

ကောင်းပြီ ကာမဘုံ ၌ ရုပ် ၂၈-ပါးလုံး ပဝတ္တိ အခါ၌ ထိုက်သလို ရနိုင်သည်၊ ပဝတ္တိအခါ ဆိုတာ သိလား၊ မှတ်စုမှာ ဆက်ကြည့်လိုက်၊ ပဋိသန္ဓေအခါ ဆိုတာ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကို ဆိုလိုတယ်၊ အဲဒီပဋိသန္ဓေစိတ်ရဲ့ ဌီခဏမှ စပြီးတော့ စုတိတိုင်အောင်ဆိုကြပါစို့ စုတိစိတ် မကျမီအတွင်းကို ပဝတ္တိအခါ လို့ခေါ်တယ်။

လူတွေမှာလည်း ဇာတိ နဲ့ ပဝတ္တိ လို့ အသုံးရှိတယ်၊ မွေးဖွားတာကတစ်နေရာ၊ ကြီးပွားတာက တစ်နေရာဆိုပါတော့၊ တချို့တွေ မြို့ကလေးတောရွာကလေးမှာ မွေးတယ်၊ ရန်ကုန်မှာလာပြီးတော့ကြီးတယ်၊ ဒါဖြင့် ဇာတိ ကမြို့လေး၊ ပဝတ္တိ ကရန်ကုန် အဲသလိုလည်းသုံးတယ်၊ ဒါကတော့ လောကဝေါဟာရမှာ သုံးတာ။

အဘိဓမ္မာမှာ သုံးလာပြီဆိုရင်တော့ တိတိကျကျ သွားရတော့မယ်၊ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို ပဋိသန္ဓေအခါ လို့ခေါ်ပြီးတော့ ကျန်တဲ့အခါကို ပဝတ္တိအခါ လို့ခေါ်တယ်။ အဲဒီတော့ ပဝတ္တိအခါ ရုပ် ၂၈-ပါးလုံး ထိုက်သလိုရနိုင်တယ်ဆိုတော့ ပဋိသန္ဓေအခါ မှာတော့ ၂၈-ပါးလုံး မရနိုင်ဘူးပေါ့။

[စာမျက်နှာ-111] ကောင်းပြီ “ပဋိသန္ဓေအခါ၌ သံသေဒဇနှင့် ဩပပါတိက သတ္တဝါတို့သန္တာန်၌ အများဆုံးအားဖြင့် စက္ခုဒသက, သောတဒဿက, ဃာနဒဿက, ဇိဝှါဒဿက, ကာယဒဿက, ဘာဝဒဿကနှင့် ဝတ္ထုဒဿက ပေါင်းခုနစ် ဒဿကဖြစ်နိုင်သည်” တဲ့။

။ ဆိုပါတော့၊ နတ်ဖြစ်မယ်၊ ဗြဟ္မာဖြစ်မယ်၊ ဘွားကနဲသွားဖြစ်တယ်၊ ဖြစ်ဖြစ်ချင်း ပဋိသန္ဓေအခိုက်အတန့်မှာပဲ ဘယ်လိုရုပ်တွေ ဖြစ်နိုင်သတုန်း။ စက္ခုဒသကဆိုရင် စက္ခုပါတဲ့ ရုပ် ၁၀-ခုအပေါင်း (အဋ္ဌကလာပ်ရုပ် ၈-ခုရယ်၊ ဇီဝိတရုပ်ရယ်၊ စက္ခုရယ်ပေါ့)။

ထို့အတူ သောတ, ဃာန, ဇိဝှါ, ကာယ, ဘာဝ (ဘာဝဆိုတာ ဣတ္ထိဘာဝ သို့မဟုတ် ပုမ္ဘာဝပေါ့၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် sex ကို ခေါ်တာ)၊ ပြီးတော့ ဝတ္ထုဆိုတာ ဟဒယဝတ္ထုကိုခေါ်တာ။ ဒဿကဆိုတာ ၁၀-ခုပေါင်းဆိုတော့ ၇-ဒဿကဆိုရင် ရုပ်အမျိုးပေါင်း ၇၀ လို့ ဆိုလိုတာပေါ့။ တကယ့်ကို ရုပ်အမှုန့်လေး ၇၀ ဖြစ်တယ်လို့ မဆိုလိုဘူး၊ ဘာကြောင့်လဲဆိုရင် လူကောင်ကြီးလို အကောင်ကြီးသွားဖြစ်မှာပေါ့။ ရုပ်မှု ၇၀-ဆိုရင် အပ်ဖျားပေါ် တင်ထားတာလောက်လေးရှိမှာ၊ ရုပ်အမျိုးအစားပေါင်း ၇၀ သွားဖြစ်မှာ။ ဒါက ပဋိသန္ဓေအခါမှာတဲ့။

“ယင်းတို့တွင် ရံခါ စက္ခု, သောတ, ဃာနဒဿကတို့ မရအပ်ကုန်”။ မရအပ်ကုန်ဆိုတာ မဖြစ်ဘူးလို့ ပြောတာ၊ ပါဠိလာတဲ့အတိုင်း မြန်မာပြန်ထားတာ။ အဲဒီတော့ ရံခါ စက္ခုချို့နိုင်တယ်၊ ရံခါ သောတချို့နိုင်တယ်၊ ရံခါ ဃာနချို့နိုင်တယ်၊ ရံခါ ဘာဝ (ဣတ္ထိဘာဝ, ပုမ္ဘာဝ) ချို့နိုင်တယ်၊ ဒါကြောင့်မို့ တစ်ခါတစ်ခါ သူတို့တွေမပါတဲ့အတွက်ကြောင့် လျော့သွားဦးမယ်ပေါ့၊ ၇-ခုမဟုတ်တော့ဘူး၊ ၆-ခု၊ ၅-ခု၊ ၄-ခု စသည်ဖြင့် ဖြစ်နိုင်တယ်တဲ့။

ဒါကြောင့်မို့ နတ်ပြည်သွားဖြစ်မယ်၊ ငရဲပြည်သွားဖြစ်ပေမယ်လို့ တစ်ခါတလေ စက္ခုချို့ချင်ချို့နေမယ်၊ သောတချို့ချင်ချို့နေမယ်။ ဃာနချို့မယ်ဆိုတာက ဗြဟ္မာပြည် သွားဖြစ်ရင် ဘယ့်နှယ်တုန်း၊ ဃာနမချို့ပေဘူးလား၊ ချို့တာပေါ့။ သံသေဒဇနဲ့ ဩပပါတိကဆိုရင် နတ်ပြည်ဗြဟ္မာပြည်ပါနေပြီ။ ဘာဝဒဿကတဲ့၊ ဒါက ပဋိသန္ဓေအခါကိုပြောတာ၊ ဗြဟ္မာတွေမှာ ဘာဝဒဿက မရှိဘူး။ ဗြဟ္မာတွေဟာ ယောက်ျားလည်းမဟုတ်ဘူး၊ မိန်းမလည်းမဟုတ်ဘူး၊ သို့သော် ယောက်ျားပုံသဏ္ဍာန်မျိုးတော့ ပုံသဏ္ဍာန်မျိုးပဲ၊ ဘာဝရုပ်မပါဘူး။ အဲဒီဒဿကတွေကို ရံခါမရအပ်ဘူးတဲ့။

[စာမျက်နှာ-112] “ဂဗ္ဘသေယျက သတ္တဝါ ၂-မျိုးတို့ သန္တာန်၌ (ဇလာဗုဇ, အဏ္ဍဇ ၂-မျိုးတို့) ကာယ, ဘာဝ, ဝတ္ထုဒသက ၃-မျိုးဖြစ်သည်” (ဒါက ပဋိသန္ဓေအခါကို ဆိုလိုတယ် နော်)။ အဲဒီတော့ ပဋိသန္ဓေစိတ်ဖြစ်ဖြစ်ချင်း ဒီရုပ်ကလာပ် ၃-ခုလည်းဖြစ်တယ်။ ကာယဒဿက, ဘာဝဒဿက, ဝတ္ထုဒဿက၊ ဒါကြောင့်မို့ ကလာပ် ၃-စည်း ရုပ် ၃၀ လို့ အဆိုရှိတယ်။ အမိဝမ်းမှာ ပဋိသန္ဓေနေလိုက်တယ်ဆိုလိုက်ရင် ကလာပ် ၃-စည်း ရုပ် ၃၀ ဖြစ်ပြီ၊ အဲဒါတွေဟာ အကုန်လုံး ကမ္မဇချည်းပဲ။

“ထိုတွင်လည်း ရံခါဘာဝဒဿကကို မရအပ်”တဲ့၊ နပုံးတို့ဆိုတဲ့ ယောက်ျားမဟုတ်၊ မိန်းမမဟုတ် သတ္တဝါမျိုးဆိုတာတွေ ရှိသေးတယ်၊ သူတို့တွေဆိုရင် ဘာဝဒဿက မရဘူးဆိုရင် ကာယနဲ့ ဝတ္ထု ၂-ခုပဲရတော့မှာပေါ့။

“ထိုမှနောက်ပဝတ္တိအခါ၌ အစဉ်အတိုင်း စက္ခု, သောတ, ဃာန, ဇိဝှါဒသကတို့ ဖြစ်ကုန်သည်”။ ဒီအခါကျတော့ သင်္ဂြိုဟ်ကျမ်းက တိတိကျကျ မရေးတော့ဘူး၊ အဲဒီနောက်တော့ အစဉ်အတိုင်းပဲ စက္ခု, သောတ, ဃာန, ဇိဝှါတွေ ဖြစ်တယ်လို့ ဆိုတယ်။

ပထမ ပြန်စလိုက်ဦးမယ်။ ပဋိသန္ဓေအခါ၌ သံသေဒဇနှင့် ဩပပါတိကဆိုတာ (အမှန်က) ဒီမှာ ကာမာဝစရ သတ္တဝါကိုသာ ရည်ရွယ်တာနော်၊ ရူပါဝစရသတ္တဝါကို မရည်ရွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ရူပါဝစရအတွက် သီးခြားပြောလိမ့်မယ်။ ဒါကြောင့်မို့ ကာမာဝစရ သံသေဒဇ, ဩပပါတိကတို့မှာ အများဆုံးအားဖြင့် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဘာဝ, ဝတ္ထုဒဿက ၇-ခု၊ အဲဒီထဲမှာ စက္ခုချို့နိုင်တယ်၊ သောတချို့နိုင်တယ်၊ ဃာနချို့နိုင်တယ်၊ ဘာဝချို့နိုင်တယ်၊ ကာမာဝစရမှာ ဇိဝှါမချို့နိုင်ဘူးလို့ဆိုတယ်။

ပြီးတော့ ပဋိသန္ဓေအခါမှာပဲ ဂဗ္ဘသေယျက သတ္တဝါနှစ်မျိုးတို့မှာတော့ ကာယ, ဘာဝ, ဝတ္ထု ဒီ ၃-မျိုးပဲဖြစ်သည်၊ ကလာပ် ၃-စည်း ရုပ် ၃၀၊ အဲဒီ ၃-မျိုးထဲကလည်း ဘာဝဒဿကကို တစ်ခါတလေ မရအပ်ဘူးတဲ့၊ ထိုမှနောက် ပဝတ္တိအခါ၌ အစဉ်အတိုင်း စက္ခု, သောတ, ဃာန, ဇိဝှါဒဿကတို့ဖြစ်သည်။ သူကတော့ ဒီလောက်ပဲပြောတယ်၊ ဋီကာဆရာတွေကျတော့ နည်းနည်းလေး ချဲ့ပြောတယ်၊ စာရွက်မှာ အမိဝမ်းတွင်း ကိန်းစဉ်ရုပ်ကြီးပွားပုံဆိုတာတွေ့လိမ့်မယ်။ ကျမ်းဂန်မှာ ဆိုထားတာတွေ ရှိတယ်၊ အခုခေတ် ဆေးပညာနဲ့ ကိုက်တာလည်းရှိမယ်၊

[စာမျက်နှာ-113] မကိုက်တာလည်းရှိမယ်၊ သို့သော် ဒါကတော့ မတတ်နိုင်ဘူး၊ စာမှာရှိတဲ့အတိုင်း သိထားနားလည်ထားဖို့ကောင်းတာပေါ့။

“ဘီလူး၊ ရှေးဦးစွာ ကလလရေကြည်ဖြစ်၏၊ ကလလရေကြည်မှ အဗ္ဗုဒ (အမြှုပ်) ဖြစ်၏၊ အမြှုပ်မှ ပေသိ (သားတစ်) ဖြစ်၏၊ သားတစ်မှ ဃန (အခဲ) ဖြစ်၏၊ အခဲမှ ပသာခ (ခက်မငါးဖြာ) တို့ ဖြစ်ကုန်၏။ ဆံ၊ အမွေး၊ ခြေသည်းလက်သည်းတို့လည်း ဖြစ်ကုန်၏။” (ယက္ခသံယုတ် ပါဠိတော်)

မြတ်စွာဘုရားက ဘီလူးကိုဟောတာ၊ ပါဠိတော်မှာ တိုက်ရိုက်ရှိတဲ့စကား။ အဲဒီပါဠိတော်မှာ တိုက်ရိုက်ရှိတဲ့စကားကို အဋ္ဌကထာတွေက ဖွင့်လိုက်တဲ့အခါကျတော့ ကလလရေကြည်မှ အမြှုပ်ဖြစ်တယ်ဆိုတာဟာ ပထမဆုံး ကလလရေကြည် one week ၁-သတ္တာဟ၊ သတ္တာဟဆိုတာ ၇-ရက်၊ တစ်ပတ်ဆိုလိုတယ်။

ကလလရေကြည် ၁-ပတ်ဖြစ်ပြီးရင် အမြှုပ် ၁-ပတ်၊ ပြီးတော့ သားတစ် ၁-ပတ်၊ ပြီးတော့ တစ်ခဲနက်တစ်ပတ်၊ ပြီးတော့ ခက်မငါးဖြာတစ်ပတ်၊ အဲဒီလို ဖြစ်တယ်လို့ အဋ္ဌကထာတွေမှာဆိုတယ်။ အဲဒီတော့ အမိဝမ်းမှာ ပဋိသန္ဓေနေတဲ့အခါမှာ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်နဲ့ ပြိုင်ပြီးတော့ ကလာပ် ၃-စည်း ရုပ် ၃၀ ဖြစ်တယ်၊ အဲဒီကလာပ် ၃-စည်း ရုပ် ၃၀ ကလည်း ရုပ်အမျိုးပေါင်း ၃၀-လို့ ဆိုလိုတာပေါ့။ ရုပ်တွေကတော့ ၃၀-မက အများကြီးဖြစ်မယ်။

အဲဒီပထမဆုံးဖြစ်ပေါ်တဲ့ ကလာပ် ၃-စည်း ရုပ် ၃၀-ကို ကလလရေကြည် လို့ခေါ်တယ်၊ အခုခေတ်စကားနဲ့ဆိုရင် fertilizer လို့ခေါ်တယ်။ fertilize ဖြစ်တဲ့အခါမျိုးမှာ ဖြစ်ပေါ်တာ၊ ရေကြည်လေးလိုပဲတဲ့၊ အလွန့်ကို နည်းနည်းလေးပေါ့။ စာမှာဆိုထားတာက အပ်ဖျားနဲ့ ဆီကိုတို့လိုက်၊ အဲဒီမှာ ကပ်ပါလာသလောက်လေး၊ သိုးငယ်လေးရဲ့ အလွန်နူးညံ့တဲ့ မွေးညင်းလေးနဲ့ ဆီထဲနှစ်လိုက်ရင် မွေးညင်းမှာ ကပ်ပါလာသလောက် သေးသေးလေးကို ကလလရေကြည်လို့ ဆိုတယ်၊ ဒါကတော့ ခေတ်ပေါ်ဆေးပညာရဲ့ အဆိုနဲ့ဆိုရင် မဆိုးလှသေးဘူး၊ ဆေးပညာကလည်း အဲဒီအခါမှာ သေးသေးလေးလို့ဆိုတယ်။

အဲသလို ကလလရေကြည် ၇-ရက်ဖြစ်ပြီးတော့ နည်းနည်းပြစ်လာတာပေါ့လေ၊ အမြှုပ်ကလေးလို ဖြစ်လာတယ်၊ သတ္တဝါကတော့ ဖြစ်နေပြီနော်၊ ပဋိသန္ဓေနေတာနဲ့တစ်ပြိုင်နက် ပဋိသန္ဓေစိတ်က ပါလာပြီမဟုတ်လား၊ ပါလာတော့ ဇီဝိတလည်း ပါလာပြီ၊ နာမ်ဇီဝိတလည်း ပါလာတယ်၊ ရုပ်ဇီဝိတလည်း ကာယ,

[စာမျက်နှာ-114] ဘာဝ, ဝတ္ထုဆိုတဲ့ ဒဿက သုံးမျိုးထဲမှာပါတယ်။

ဒါကြောင့်မို့ အသက်ဟာ ဗုဒ္ဓဘာသာအလိုအရ ပဋိသန္ဓေတည်ကတည်းက ရှိတာ၊ အခု သူတို့ပြောတဲ့ ၄-လနေမှ အသက်ဝင်တယ် ဘာတယ်ဆိုတာဟာ လှုပ်လာတဲ့အခါကို ပြောတာနဲ့ တူပါတယ်၊ ကိုယ်ဝန်က နည်းနည်းရင့်လာတော့ လှုပ်လာတဲ့အခါ သိတာတွေဘာတွေကို ရည်ရွယ်ပြီး ပြောတာနဲ့တူတယ်၊ အမှန်ကတော့ ဗုဒ္ဓအဘိဓမ္မာအရ၊ စစချင်း ပဋိသန္ဓေတည်နေသည်က စပြီးတော့ အသက်ဝင်တယ်၊ ဒါကြောင့်မို့ abortion လုပ်ရင် ဘယ်အချိန်ကလုပ်လုပ် ပါဏာတိပါတပဲ၊ မလွတ်ဘူး။

ကလလရေကြည် ၁-သတ္တာဟ နေပြီးနောက် အမြှုပ် ၁-သတ္တာဟဆိုတော့ နည်းနည်းဖြစ်လာပြီပေါ့။ အဲဒီလို ၇-ရက်နေပြီးနောက် သားတစ်လေးလိုဖြစ်လာတယ်၊ ပိုပြီး မာလာပြီပေါ့၊ အတုံးအခဲ (solid) ဖြစ်လာတယ်။ အဲဒီသားတစ်ကနေပြီးတော့ တစ်ခါ နောက် ၁-သတ္တာဟ တစ်ခဲနက် ဆိုတော့ ပိုပြီးမာသွားပြန်တယ်၊ ပါဠိလို ဃနလို့ခေါ်တယ်၊ ဘေးမှာပါဠိလို နာမည်လေးတွေ ထည့်ပေးထားတယ်၊ ပေသိဆိုတာက သားတစ်ကို ခေါ်တယ်၊ ဃနက တစ်ခဲနက်ဆိုတော့ ပေသိထက်ပိုပြီး မာသွားပြီ၊ ပေသိတုန်းက သိပ်မမာသေးဘူး။

တစ်ခဲနက် ၁-သတ္တာဟနေပြီးနောက် ခက်မငါးဖြာတဲ့၊ ခက်မငါးဖြာဆိုတာ လက်နှစ်ဖက်ထွက်စရာအဖုလေး၊ ခြေထောက်နှစ်ဖက်ထွက်စရာအဖုလေး၊ ခေါင်းထွက်စရာ အဖုလေး၊ အဲဒီအဖုလေး ၅-ခုပေါ်လာတာကို ခက်မငါးဖြာလို့ စာမှာ ဒီလိုသုံးတယ်။ အဲဒီခက်မငါးဖြာရဲ့ နောက်မှာ ပါဠိတော်မှာကျတော့ ဆံ၊ အမွေး၊ လက်သည်း၊ ခြေသည်းတို့ ဖြစ်ကုန်၏လို့ ဒီလိုပဲ ပြောသွားတယ်။

အဲဒါကို အဋ္ဌကထာက ဘာပြောသလဲဆိုတော့ ဒါဟာ ခက်မငါးဖြာဖြစ်ပြီး ပြီးချင်း ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်း ဆက်ဖြစ်တာမဟုတ်ဘူး၊ ကြားမှာ သတ္တာဟတွေရှိသေးတယ်၊ အဲဒါတွေကို မြှုပ်ထားခဲ့ပြီးတော့မှ ပြောတာလို့ ဒီလို အဋ္ဌကထာတွေမှာ ဆိုတယ်။ အဲဒီတော့ အဋ္ဌကထာ၊ ဋီကာဆရာတွေရဲ့ အယူအဆတိုင်းဆိုရင် ၁၁-သတ္တာဟ eleventh week မှာ စက္ခု, သောတ, ဃာန, ဇိဝှါဒဿကတွေ ဖြစ်ကြတယ်တဲ့၊ ဘယ်သူက အရင်ဖြစ်တယ်၊ ဘယ်သူက နောက်ဖြစ်တယ် ဘာညာတော့ မပြောနိုင်ဘူး၊ ၁၁-သတ္တာဟကျမှ စက္ခုဒဿကကလာပ်၊

[စာမျက်နှာ-115] သောတဒဿကကလာပ်၊ ဃာနဒဿကကလာပ်၊ ဇိဝှါဒဿကကလာပ်တွေ ဖြစ်တယ်တဲ့။

အဲဒီနောက်ကို ဘယ်သတ္တာဟမှာ ဘာဖြစ်တယ်လို့ အဆိုမရှိဘူး၊ မရှိတော့ ကိုယ်ဝန် သိမ်ငယ်လေးဟာ တဖြည်းဖြည်းနဲ့ ကြီးပွား၊ ကြီးပွားပြီးနေတယ် ဆိုရမှာပေါ့။ ဘယ်အချိန်ကျမှ ဆံပင်၊ မွေးညင်း၊ ခြေသည်းလက်သည်းဖြစ်သလဲဆိုတော့ အဋ္ဌကထာ အလိုအရ ၄၂-သတ္တာဟကျမှတဲ့၊ ၄၂-သတ္တာဟဆိုရင် (42nd week) ဆိုတော့ ၉-လကျော်သွားပြီ၊ အဲဒီအခါကျမှ ဆံပင်မွေးညင်း ခြေသည်း လက်သည်းဖြစ်တယ်လို့ ဒီလို အဋ္ဌကထာတွေမှာဆိုတယ်၊ ဒါဟာ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။

အခုခေတ်အနေနဲ့ ပြောရရင်တော့ ဒီထက်စောပြီးတော့ ဆံပင်တို့မွေးညင်းတို့ဖြစ်တယ်လို့ ဆိုရမယ်၊ *A Child is Born* ဆိုတဲ့ စာအုပ်မှာပါတယ်၊ သူက ၁၀ လအကုန်လုံး မပြဘူး၊ ရှေ့ပိုင်းကိုပြတယ်။ ဒီစာအုပ်ကိုကြည့်လိုက်တော့ ၅ လ (Four and half months) ဆံပင်ပေါက်နေပြီ၊ အဲဒီပုံတွေမှာ ဗိုက်ထဲဝင်ရိုက်သွားတာ။

ပရိသတ် - တစ်ခါတလေကျတော့ မမွေးခင်ကဆုံးသွားတဲ့ ကလေးကိုယူ ဆေးရည်စိမ်ထားပြီး အထောက်အထားလုပ်တာလည်းရှိတယ်။
ဆရာတော် - အဲဒါမျိုးလည်းရှိမယ်၊ အခုခေတ်မှာ ဓာတ်ပုံက ဗိုက်ထဲထိသွင်းပြီး ရိုက်နိုင်တာလည်းရှိတယ်၊ တော်တော်စွမ်းဆောင်တယ်။ အဲဒီတော့ သူတို့နဲ့ ဦးဇင်းတို့နဲ့ အကုန်လုံး ကိုက်ချင်မှကိုက်မယ်၊ ၂-ခုလုံး ဘယ်ဟာမှ မတိကျဘူးဆိုရမှာပဲ။ ဆေးပညာအရလည်း တိကျတာမဟုတ်ဘူး၊ သတ္တဝါတစ်ယောက်နဲ့တစ်ယောက်ဟာ ကွာခြားမှုရှိမှာပဲ၊ ဦးဇင်းတို့ကျမ်းဂန်မှာလည်းပဲ ဒီအတိုင်းပဲ၊ ခန့်မှန်းခြေ ယေဘုယျအနေနဲ့ပြောတယ်လို့ပဲ ယူရမှာပဲ။

အဲဒါကြောင့်မို့ သတ္တာဟအနေနဲ့ ပြောရရင် ကာလလရေကြည် ၁-ပတ်၊ အမြှုပ် ၁-ပတ်၊ သားတစ် ၁-ပတ်၊ တစ်ခဲနက် ၁-ပတ်၊ ခက်မငါးဖြာ ၁-ပတ် ပြီးရင်သွား၊ သွားပြီး ၁၁-ပတ်ကျတော့ စက္ခု, သောတ, ဃာန, ဇိဝှါတွေဖြစ်မယ်။ အဲဒီကနေ ဆက်သွားပြီး တဖြည်းဖြည်းကြီးပွားသွားပြန်ပြီ၊ ၄၂-သတ္တာဟကျမှ ဆံပင်မွေးညင်း လက်သည်းခြေသည်းတွေ ဖြစ်မယ်တဲ့။ အဲဒီဆံပင်မွေးညင်းဖြစ်တဲ့ အချိန်ကစပြီး ကိုယ်ဝန်ဟာ ပြည့်စုံပြီလို့ ဒီလိုယူရ

[စာမျက်နှာ-116] မယ်တဲ့၊ ကိုယ်ဝန်ဟာရင့်ကျက်ပြီး မကြာခင်မွေးတော့မှာပဲ။

၁၀-လ မွေးတယ်ဆိုပေမယ့် ၁၀-လအတိအကျ မဟုတ်ပါဘူးနဲ့တူတယ်၊ ၉-လကျော်ရင် မွေးတာပဲ မဟုတ်လား။
ပရိသတ် - တချို့က ၇-လနဲ့ မွေးတာလည်းရှိတယ်။
ဆရာတော် - ဟုတ်တယ်၊ ၇-လ ၈-လနဲ့ မွေးတာလည်းရှိတယ်၊ ရိုးရိုး normal ဆိုရင် ၉-လနဲ့ ၁၀ လကြားမှာမွေးတယ် ထင်တယ်၊ ဆရာဝန်တွေ တွက်တတ်တယ်နော်။ The last day of menstruation ကတွက်ရင် ၁၀ ရက် ၁၅ ရက်လောက်လွဲချင်လွဲမယ်။

ဆိုပါတော့ ၉-လ နဲ့ ၁၀-လအတွင်းမှာ ဖွားတယ်၊ ဘုရားလောင်းတို့ကျတော့ ၁၀-လတိတိလို့ အဲသလိုဆိုတာကိုး၊ တခြားသတ္တဝါတွေကတော့ အမျိုးမျိုးပေါ့။ အဲဒီတော့ ကျမ်းဂန်မှာ ဆိုတာရှိသေးတယ်၊ ၇-လဖွား၊ ၁၀-လဖွားမှာ ၇-လဖွားလည်းရှင်တတ်တယ်၊ ၁၀-လဖွားကတော့ ရှင်ပြီပေါ့လေ၊ ၈-လဖွားတို့ကျတော့ မရှင်တတ်ဘူးလို့ ဆိုတာပဲ။

အဲဒါက ဘာလဲဆိုတော့ friction ပေါ့လေ၊ ၇-လဆိုတော့ သိပ်သေးသေးတော့ မွေးတဲ့အခါမှာ friction သိပ်မခံရဘူးပေါ့လေ၊ ၁၀-လကျတော့လည်း ခံနိုင်သွားပြီပေါ့၊ ၈-လကျတော့ အကောင်ကလည်းကြီးနေပြီ friction လည်း မခံနိုင်တော့ဘူး၊ မရှင်ဘူးလို့ ကျမ်းဂန်မှာဆိုတာပဲ၊ ဒီကြားထဲက ရှင်တာတွေလည်း ရှိချင်ရှိမယ်၊ သေတာတွေလည်းရှိမှာပေါ့။ ဒါက အမိဝမ်းတွင်းမှာ ကိန်းစဉ်ရုပ်ဖြစ်ပုံကို ပါဠိတော် အဋ္ဌကထာတွေမှာ ဆိုတဲ့အတိုင်း ပြောပြတာ၊ ဒါက ဗုဒ္ဓဘာသာနည်းပေါ့။

ဝိသုဒ္ဓိမဂ်မှာ ဒုက္ခသစ္စာကိုဖွင့်တဲ့အခါကျတော့ ကိုယ်ဝန်ဟာ အမိဝမ်းတွင်းမှာ ဘယ်လိုဆင်းဆင်းရဲရဲနေရတယ်ဆိုတာကိုတော်တော်သရုပ်ပေါ်အောင်ရေးတယ်၊ အဲဒီစာထဲမှာပါတာကတော့ အမိဝမ်းကို မျက်နှာပြုနေတယ်၊ “ဒူးနှစ်ခုကြား ဦးခေါင်းထား၍ မေးကြားလက်ဆုပ်၊ သစ်ခွတို့မှာ မျောက်အိုကုပ်သည့်နှယ် အလမ္ပာယ်မိ၊ မြွေငယ်ချိသို့ အမိစပ်ခါး၊ ပူအေးစားလည်း ကိုယ်ဖျားဆတ်ဆတ် သက်ပြတ်တစေ”။ အမေက အပူတွေစားလိုက်ရင်လည်း သူပူတယ်၊ အအေးတွေ စားရင် သူအေးတယ်ပေါ့လေ၊ ပဋိသန္ဓေနေတယ်ဆိုတာ ဒီလိုဒုက္ခတွေ အများကြီး ခံရတယ်တဲ့။ ဒါကြောင့်မို့ အခုပြောရင် လူတွေက ကြောက်မှာမဟုတ်ဘူး၊ ဘာကြောင့်လည်းဆိုတော့ သိမှမသိခဲ့ဘဲကိုး။

[စာမျက်နှာ-117] ဒါပေမယ်လို့ တချို့တွေကျတော့ ဒီနိုင်ငံ (အမေရိကန်) မှာရှိတယ်နော်၊ မွေးတုန်းက ဒုက္ခဖြစ်ခဲ့တာကြီးသည့်တိုင်အောင် စိတ်ထဲမှာပါနေတာ၊ အဲဒါတွေရှိတယ်၊ သူတို့ပြောကြတယ်။ အေး၊ ၁၀-လ ပြည့်ရင် ဖွားတယ်ပဲ ပြောကြပါစို့၊ ဒါက ဂဗ္ဘသေယျက သတ္တဝါကို ပြောတာ၊ ပြီးတော့ လူတွေကို ရည်ရွယ်ပြီးပြောတာ၊ ခွေးတွေမွေးဖွားတာ ဒီလောက်ကြာမလား၊ ကြွက်စတဲ့ သတ္တဝါတွေလည်း ဒီလောက်မကြာဘူး၊ ဒါကတော့ လူကိုရည်ရွယ်ပြီးဟောတဲ့ တရားပေါ့။

ကောင်းပြီ၊ ဒါက ပဋိသန္ဓေအခိုက်နဲ့ ပဋိသန္ဓေနောင် ပဝတ္တိအခိုက်မှာ ရုပ်တွေဖြစ်ပုံကို ပြောပြတာ။ “ဤသို့လျှင် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို အစပြု၍ ခဏငယ်တိုင်း၌ ကမ္မဇရုပ်များ ဖြစ်ကြသည်”။ ဒါက ရုပ်ဖြစ်ခြင်းအကြောင်းတုန်းက ပါခဲ့ပြီမဟုတ်လား၊ ကမ္မဇရုပ်ဟာ ဘယ်ခဏမှာဖြစ်သလဲ၊ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်မှစပြီးတော့ ခဏတိုင်းမှာ ခဏငယ်တိုင်း၊ ခဏငယ်တိုင်းမှာ ဖြစ်တယ်၊ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်မှာ ဖြစ်တယ်၊ ဌီမှာဖြစ်တယ်၊ ဘင်မှာဖြစ်တယ်၊ တစ်ခါ ပဋိသန္ဓေရဲ့ နောင် ပထမ ဘဝင်၊ ဘဝင်ရဲ့ ဥပါဒ်မှာ ဖြစ်တယ်၊ ဌီမှာဖြစ်တယ်၊ ဘင်မှာဖြစ်တယ်၊ အဲဒီလို ခဏတိုင်း ခဏတိုင်းမှာ ကမ္မဇရုပ်တွေ ဖြစ်တယ်။

ကံရဲ့ အစွမ်းသတ္တိ ဘယ်လောက်အားကြီးသလဲဆိုတာ အဲဒါကြည့်၊ အရင် ရှေးဘဝက ပြုခဲ့တဲ့ ကံဟာ ဒီဘဝလာပြီး အကျိုးပေးတဲ့အခါကျတော့ တစ်ဘဝလုံး တောက်လျှောက်တန်းပြီး အကုန်အကျိုးပေးတာပဲ။ “ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှ စ၍ စိတ်၏ ဥပါဒ်ခဏတိုင်း၌ စိတ္တဇရုပ်များဖြစ်ကြသည်”။ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ဟာ ပဋိသန္ဓေရဲ့ ဥပါဒ်အခိုက်အတန့်တုန်းက မဖြစ်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ကံကဖြစ်စေနေပြီကိုး၊ ဌီမှာ မဖြစ်သေးဘူး၊ ဘင်မှာ မဖြစ်သေးဘူး၊ ပထမဘဝင်ရဲ့ ဥပါဒ်ကျမှ စဖြစ်တယ်၊ အဲဒီတော့ စိတ်က ဥပါဒ်ရဲ့ အခိုက်အတန့်မှာ အားရှိတဲ့အတွက်ကြောင့်မို့ ဥပါဒ်ခိုက်မှာသာ ရုပ်ကို ဖြစ်စေတယ်၊ ဌီခဏ၊ ဘင်ခဏမှာ ရုပ်ကို မဖြစ်စေဘူး။ ကောင်းပြီ၊ ဒါက စိတ္တဇရုပ်နဲ့ ပတ်သက်ပြီးတော့ ပြောတာ။

“ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ဥတုဇရုပ်များ ဖြစ်ကြသည်”။ ရုပ်၏ ဌီသို့ရောက်တဲ့အခါကျတော့၊ သီတဥဏှလို့ခေါ်တဲ့ တေဇောဓာတ်က ဥတုဇရုပ်ကို ဖြစ်စေတယ် မဟုတ်လား၊ ဒါဟာ နောက်ကပါပြီးပြီ၊ ဒါကြောင့်မို့ ပဋိသန္ဓေရဲ့

[စာမျက်နှာ-118] ဌီခဏမှာ ဥတုဇရုပ်တွေ ဖြစ်ပြီ။

ကောင်းပြီ၊ အာဟာရဇရုပ်ကျတော့ကော “ဩဇာပျံ့နှံ့ရာ အခါမှစ၍” တဲ့။ အာဟာရဇရုပ်ကတော့ ဘယ်အချိန်မှာ စဖြစ်တယ် ပြောလို့မရ၊ အမိဝမ်းမှာရှိစဉ်ကလည်း အမိထံက nutrition ကြောင့်ဖြစ်မယ်ပေါ့။

“ဤသို့ အကြောင်း ၄-ပါးကြောင့်ဖြစ်သော ရုပ်ကလာပ် အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း အသက်ရှင်သမျှ မပြတ်ဖြစ်သည်”။ ဆီမီးများကြည့်စမ်း၊ ဒီမီးတစ်ခုထဲလို့ ထင်ရပေမယ့် တဖြည်းဖြည်းသွားနေတာပဲမဟုတ်လား၊ စိတ်က ထင်နေတာကတော့ ခုနကြည့်တုန်းကလည်း ဒီမီးလျှံပဲ၊ အခုကြည့်တော့လည်း ဒီမီးလျှံပဲ၊ ဘယ်ဟုတ်ပါ့မလဲ၊ တဖြည်းဖြည်းပြောင်းလဲနေတာပဲ၊ ဆီကုန်သွားရင် မီးငြိမ်းတယ်၊ ဖရောင်းတိုင်ဆိုရင် တဖြည်းဖြည်း တိုသွားတာပဲ။

မြစ်ရေအယဉ်ဆိုရင်လည်း ဒီလိုပဲ၊ ထိုင်ကြည့်နေရင် ရေဟာ ဒီတစ်ခုထဲလို့ ထင်ရတယ်၊ ဘယ်ဟုတ်မလဲ၊ ရှေ့ရေကသွားပြီ၊ နောက်ရေက သူ့နေရာဝင်ယူတာ။ ဒီအတိုင်းပဲ၊ ဦးဇင်းတို့သန္တာန်မှာ ဖြစ်နေတဲ့ ရုပ်တွေဟာလည်းပဲ အဟောင်းဖြစ်တဲ့ရုပ်တွေကချုပ်၊ သူတို့နေရာမှာ အသစ်ဖြစ်တဲ့ ရုပ်တွေကဖြစ်၊ အဲဒီလို အဟောင်းနေရာမှာ အသစ်တွေကဝင်၊ ဝင်နေတော့ အစဉ်အတန်းကြီးသွားနေတယ်လို့ ဒီလိုပဲ ထင်ကြတယ်။

မနေ့က ငါ့ရုပ်နဲ့ ဒီနေ့ ငါ့ရုပ် အတူတူပဲ၊ လွန်ခဲ့တဲ့ ၁-နာရီကငါ့ရုပ်နဲ့ အခု ငါ့ရုပ်အတူတူပဲ၊ ဒီလိုပဲထင်နေရတယ်၊ မြစ်ကြီးကိုကြည့်လိုက်တော့ ရေဟာ တစ်ခုထဲ ထင်ရသလို ဖရောင်းတိုင် မီးလျှံကြည့်လိုက်ရင် ဒီတစ်ခုထဲ ထင်ရတယ်။ ဒါပေမယ်လို့ ဖရောင်းတိုင်ပြောင်းနေတာလည်း စဉ်းစားကြည့်ရင် သိတယ်။ မြစ်ရေစီးဆင်းနေတာ စဉ်းစားကြည့်ရင်သိတယ်၊ ထို့အတူပဲ၊ မိမိတို့ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ရုပ်တွေဟာ ခဏတိုင်းခဏတိုင်းမှာ ဖြစ်လိုက်ပျက်လိုက်မှု ဖြစ်လိုက်ပျက်လိုက် (သို့မဟုတ်) ရှေ့ကပျက်လိုက် ရှေ့ကပျက်တဲ့နေရာကို နောက်ထပ် အသစ်တွေက ဖြစ်လိုက်၊ အဲသလို ဆက်၊ ဆက်သွားတာကြောင့် အစဉ်အတန်းကြီးလို့ ထင်နေတာ။

ဒါကြောင့်မို့ ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း၊ အသက်ရှင်သမျှ မပြတ်ဖြစ်နေတယ်တဲ့၊ သူတို့ဖြစ်မှု ရပ်သွားတယ်ဆိုတဲ့ အချိန်မျိုး မရှိဘူးတဲ့။

[စာမျက်နှာ-119] ဒါကတော့ ချွင်းချက်တော့ရှိတယ်ပေါ့၊ အဲဒီချွင်းချက်ဘာလဲဆိုတာ သိလား၊ နိရောဓသမာပတ် ဝင်စားတဲ့အခါကျတော့ စိတ်ရယ်၊ စေတသိက်ရယ်၊ စိတ္တဇရုပ်ရယ် ချုပ်တယ်မဟုတ်လား၊ အဲဒီအခါကျတော့ ကမ္မဇရယ်၊ ဥတုဇရယ်၊ အာဟာရဇရယ်၊ ဒါပဲရှိတယ်၊ စိတ္တဇရုပ်မရှိဘူး၊ ဒါတော့ ချွင်းချက်ပေါ့။

ကောင်းပြီ၊ ဤသို့ အကြောင်း ၄-ပါးကြောင့်ဖြစ်သော ရုပ်ကလာပ်အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း၊ အသက်ရှင်သမျှ မပြတ်ဖြစ်နေသည်။ ပဋိသန္ဓေ တည်နေသည်ကစ၍ ဖြစ်လိုက် ပျက်လိုက်မှု ဖြစ်လိုက်ပျက်လိုက်နဲ့ သွားနေတာ၊ စဉ်းစားကြည့်ရင် ငြီးငွေ့စရာ ပျင်းစရာကြီးပါ၊ ခဏတိုင်းဖြစ်လိုက်ပျက်လိုက်နဲ့၊ သေမှပြီးတယ်ဆိုပေမယ့် အမှန်က ပြီးတာလည်း မဟုတ်ဘူး၊ နောက်တစ်ဘဝဆက်ပြန်ရော၊ ဒီဘဝအနေနဲ့သာ ကြည့်လို့သာ ဒီဘဝဆုံးသွားပေမယ့်၊ တကယ်ဆုံးသွားတာမဟုတ်ဘူး၊ ဆက်နေတာပဲ။ စိတ်အစဉ်ကလည်း ဆက်သွားနေတာပဲ၊ ရုပ်အစဉ်ကလည်း ဆက်သွားနေတာပဲ။ ဒီက ရုပ်ကသွားတာတော့ မဟုတ်ဘူး၊ သို့သော် အခိုက်အတန့်မှာ အသစ်အသစ်က ဖြစ်နေတာပဲ။

ကောင်းပြီ၊ ဒါက တစ်ဘဝမှာ ရုပ်တွေဖြစ်တာကို ဒီစာပိုဒ်ကပြောတာ၊ နောက်စာပိုဒ်မှာက ရုပ်တွေနောက်ဆုံးဘယ်မှာဖြစ်သလဲ၊ ဘယ်အချိန်မှာ ချုပ်သလဲ ဆိုတာ လာလိမ့်မယ်။

“စုတေခါနီးအခါ၌ကား စုတိစိတ်မှ ပြန်၍ ရေသည်ရှိသော် ၁၇-ချက်မြောက်သောစိတ်၏ ဌီကာလကို အစပြု၍ ကမ္မဇရုပ်တို့ မဖြစ်တော့ကုန်”။ စုတိစိတ်ရှိတယ်၊ စုတိစိတ်က နောက်ကို ပြန်ရေလိုက်၊ စုတိစိတ်ပါထည့်ရမယ်၊ စုတိစိတ်ကနေစပြီး ၁၇ ခု မြောက်ရဲ့ ဌီကာလကစပြီး မဖြစ်တော့ဘူးတဲ့၊ ဥပါဒ်တုန်းက ဖြစ်လိုက်သေးတယ်၊ အဲဒါ ဘာလဲဆိုတော့ ရုပ်သက် ၁၇-ချက်ရှိတယ် မဟုတ်လား၊ အဲဒါကို ပြောင်းပြန်ပြန်ကြည့်လိုက်တာ၊ ခုန ၁၇-ခုမြောက်စိတ်ရဲ့ ဥပါဒ်မှာ ဖြစ်တဲ့ရုပ်က စုတိ၊ ဘင်ကျတော့ ၅၁-ချက်ပြည့်သွားပြီ။

စိတ္တဇရုပ်က ဒီဘဝဟိုဘက်ကို နည်းနည်းမှ မလွန်ဘူး၊ ဒီဘဝ အပြီးသတ် တစ်ခါတည်း စုတိစိတ်ရဲ့ ဘင်နဲ့ အတူတူချုပ်ရမယ်၊ ကမ္မဇရုပ်ဟာ ဒီဘဝမှာ အပြီးသတ် ချုပ်ရမယ်၊ စုတိပြီးတဲ့နောက် ကမ္မဇကျန်ရစ်သေးတယ်လို့ မရှိတော့ဘူး။ အဲဒါကြောင့် ကမ္မဇရုပ်တွေရဲ့ စုတိစိတ်ရဲ့ ဘင်နဲ့ ပြိုင်ချုပ်ရမှာဖြစ်တော့ နောက်ဆုံးဘယ်အချိန်မှာ ဖြစ်သလဲ၊ ဘယ်ခဏမှာ ဖြစ်သလဲဆိုတာ ပြန်ရေလိုက်ရင်

[စာမျက်နှာ-120] ပြောင်းပြန်ပြန်ရေလိုက်ရင် ၁၇-ခုမြောက်စိတ်ရဲ့ ဥပါဒ်ဟာ နောက်ဆုံးဖြစ်တာပဲ။ အဲဒီနောက် ဌီကျတော့ မဖြစ်တော့ဘူး၊ ဘင်ကျတော့ မဖြစ်တော့ဘူး၊ သွားရော။ ၁၇-ချက်မြောက်စိတ်ရဲ့ ဥပါဒ်နဲ့ ပြိုင်ပြီးဖြစ်ခဲ့တဲ့ ကမ္မဇရုပ်က ဘယ်ကျတော့ သွားချုပ်မလဲ၊ စုတိစိတ်ရဲ့ ဘင်နဲ့ပြိုင်ပြီး ချုပ်တော့မယ်။

“ရှေးကဖြစ်နှင့်ကုန်ပြီးသော ကမ္မဇရုပ်တို့သည်လည်း စုတိစိတ်၏ ဘင်ကာလတိုင်အောင် ဖြစ်တည်၍ ချုပ်ကုန်၏”။ စုတိစိတ်ရဲ့ ဘင်ကာလတိုင်အောင် တည်တယ်၊ နောက်ထပ်ပြီး produce အလုပ်ခံရတာမဟုတ်ဘူး၊ ဖြစ်တည်ပြီးတော့ ဘင်နဲ့ပြိုင်ပြီးတော့ချုပ်တယ်၊ ဒါက ကမ္မဇရုပ်။

“ကမ္မဇရုပ်တို့ ချုပ်ပြီးနောက်၌ စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့လည်း ပြတ်ကုန်၏”။ စိတ္တဇရုပ်ကတော့ ကမ္မဇရုပ်ချုပ်ပြီးရင် သူက နောက်ထပ်နေသေးတယ် လို့ ဆိုတယ်၊ တည်နေသေးတယ်၊ ခုန ကမ္မဇရုပ်ကတော့ တည်ကိုမနေတော့ဘူး ၁၇-ချက်မြောက်စိတ်က ဖြစ်ခဲ့တဲ့ ကမ္မဇရုပ်က စုတိစိတ်တို့ရဲ့ ဘင်ကျတော့ ပြတ်သွားပြီ။ ကမ္မဇရုပ်တို့ ချုပ်ပြီးနောက်၌ စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့လည်း ပြတ်ကုန်တယ် ဆိုတာဟာ စုတိစိတ်ပြီးတဲ့နောက် နည်းနည်းသွားနေသေးတယ်လို့ ဆိုတယ်၊ ပြီးတော့မှ ဘယ်လောက်လောက် သွားနိုင်တယ်ဆိုတာ တွက်ကြည့်ရမယ်။

“ထို တိဇရုပ်တို့ ချုပ်ပြီးနောက် (တိဇဆိုတာ ကမ္မဇ, စိတ္တဇ, အာဟာရဇရုပ်တို့ကို ခေါ်တာ၊ တိဆိုတာ သုံးခုပေါ့၊ အကြောင်း ၃-ပါးကြောင့်ဖြစ်တဲ့ရုပ်) ဥတုဇရုပ်တို့သည် စုတေပြီးနောက် အလောင်းကောင်ဟု ခေါ်ဆိုအပ်သည့်တိုင်အောင် ဖြစ်ကုန်၏”။

ဒါလည်း လောက ဝေါဟာရအနေအားဖြင့်သာ ပြောတာပါ၊ အလောင်းကောင်ကြီး မြေမြှုပ်လိုက်လို့ ပိုးလောက်တွေစားလို့ မြေကြီးဖြစ်သွားလည်း ဥတုဇရုပ်ကရှိသေးတာပဲ၊ အမှန်ကတော့ ဥတုဇရုပ်က ဆက်၊ ဆက်သွားနေမှာပဲ၊ သို့သော် ဒီလူတစ်ယောက်ရဲ့ ရုပ်ဆိုတဲ့ အနေနဲ့ ပညတ်နယ်က ကြည့်လိုက်တဲ့အခါကျတော့ သေလို့အလောင်းကောင်ကြီး ဖြစ်သည့်တိုင်အောင် ဥတုဇရုပ်ဆိုတာ ရှိနေဦးမယ်ပေါ့လေ၊ အမှန်ကတော့ အလောင်းဖြစ်ပြီးတဲ့နောက် အလောင်းကောင်ကို မြေမြှုပ်သည်ဖြစ်စေ၊ မီးရှို့သည်ဖြစ်စေ၊ အဲဒီပြာဟာ ဥတုဇရုပ်ပဲ၊ အဲဒီပြာကတဆင့် ဥတုဇရုပ်တွေဟာ ဆက်သွားမှာပဲ။ “စုတေပြီးနောက် တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ၏ ဥပါဒ်ကို အစပြု၍”

[စာမျက်နှာ-121] ဆိုခဲ့သည့်အတိုင်း ရုပ်တို့သည် ဖြစ်ကုန်၏” ဆိုတော့ စက်ရဟတ်ကြီး လည်သလို လည်မသွားပေဘူးလား။

ပဋိသန္ဓေ အခိုက်အတန့်ဖြစ်လိုက်၊ ချုပ်လိုက်၊ စုတိဖြစ်လိုက်၊ နောက် ပဋိသန္ဓေတစ်ခါလာပြန်ပြီ၊ စက်ကြီးလိုသွားနေတာပဲ၊ မြစ်ရေအယဉ်ကဲ့သို့ မပြတ် သွားနေတော့တာပဲ။

ကောင်းပြီ၊ အဲဒီတော့ စိတ္တဇရုပ်တွေ ဘယ်လောက်ထိအောင် တည်သလဲ။ စဉ်းစားကြည့်စမ်းပါ၊ စိတ္တဇရုပ်တွေဟာ ဘယ်ကာလထိအောင် ဖြစ်နိုင်သလဲ။ အဲဒီတော့ စိတ်ရဲ့ ဥပါဒ်၊ ဥပါဒ်ခဏမှာ စိတ္တဇရုပ်တွေ ဖြစ်မယ်မဟုတ်လား၊ စိတ္တဇရုပ်ကို မဖြစ်စေနိုင်တဲ့စိတ်တွေ ပြန်ကြည့်လိုက်စမ်း၊ ဒွေးပဉ္စဝိညာဏ်-၁၀ ရယ်၊ အရူပဝိပါက် ၄-ခုရယ်၊ သူတို့က စိတ္တဇရုပ်ကို မဖြစ်စေဘူး၊ တခြားစိတ်တွေက စိတ္တဇရုပ်ကို ဖြစ်စေတယ်။

ဒါဖြင့် ကာမာဝစရ စုတိစိတ်ဆိုတာ ဒွေးပဉ္စဝိညာဏ် ၁၀-နဲ့ အရူပဝိပါက် ၄-ခုထဲမပါဘူးပေါ့၊ ဒါဖြင့် စုတိစိတ်ရဲ့ ဥပါဒ်မှာ စိတ္တဇရုပ်ဖြစ်ဦးမယ်ပေါ့။ ရဟန္တာတို့ရဲ့ စုတိစိတ်ကတော့ စိတ္တဇရုပ်ကို မဖြစ်စေဘူး၊ တခြားသတ္တဝါတွေရဲ့ စုတိစိတ်ကတော့ စိတ္တဇရုပ်ကို ဖြစ်စေသေးတယ်။ တစ်နေရာမှာ ရဟန္တာစုတိက စိတ္တဇရုပ် မဖြစ်ဘူးဆိုတာပါတယ်။

ကောင်းပြီ၊ ဒါဖြင့်ရင် စုတိစိတ်ရဲ့ ဥပါဒ် အခိုက်အတန့်မှာ စိတ္တဇရုပ်ဖြစ် သေးတယ်ပေါ့၊ အဲဒီဖြစ်တဲ့ စိတ္တဇရုပ်ဟာ ခဏငယ် ဘယ်လောက်နေရမလဲ (၅၁) ချက် မတည်ရပေဘူးလား၊ စုတိလွန်သွားပြီ၊ လွန်သွားပေမယ်လို့ တည်နေမှာပဲ။ သေတာတော့ သေသွားပြီ၊ ဒါပေမယ်လို့ စိတ္တဇရုပ်ကတော့ ကျန်နေသေးတယ်။

အဲဒီတော့ စုတိစိတ်ရဲ့ ဥပါဒ်၊ ဌ၊ ဘင်ပြီးတဲ့နောက် ခဏငယ် ဘယ်နှစ်ချက် ဟိုဘက်ပြန်ဆက်သွားမလဲ၊ စုတိက ၃ ချက် ဆိုတော့ ဟိုဘက်မှာ ၅၁-ထဲက ၃နုတ်လိုက်၊ ၄၈-ကျန်တယ်၊ စုတိစိတ်တင်ပြီးတဲ့နောက် ဟိုဘက်မှာ သတ္တဝါအနေနဲ့က ပဋိသန္ဓေတွေ ဘာတွေဖြစ်သွားပြီပေါ့လေ၊ ဒီမှာကျန်ရစ်တဲ့ စိတ္တဇရုပ်က ခဏငယ် ၄၈-ချက်တိုင်အောင် နေလိမ့်မယ်၊ အဲဒီကျမှ သူက ကုန်လိမ့်မယ်၊ ချုပ်လိမ့်မယ်။

ကောင်းပြီ၊ အာဟာရဇရုပ်ကြည့်ရအောင်။

အာဟာရဇရုပ်က ဗဟိဒ္ဓက မျိုအပ်တဲ့ အာဟာရလည်းရှိမှ၊ ဗဟိဒ္ဓကမျိုအပ်တဲ့ အာဟာရနဲ့ အဇ္ဈတ္တအာဟာရနဲ့ပေါင်းပြီးတော့မှ အာဟာရဇရုပ်ကို ဖြစ်စေနိုင်တာကိုး၊ အဲသလို ဖြစ်စေနိုင်တဲ့အခါမှာ ဝိညာဉ်အထောက်အပံ့ရရင် အာဟာရဇရုပ်ကို သော

[စာမျက်နှာ-122] ဖြစ်စေနိုင်တယ်လို့ ဆိုတယ်၊ ဝိညာဉ်ဆိုတာ စိတ်၊ စုတိစိတ်တိုင်အောင် စိတ်က မရှိဘူးလား၊ ရှိတယ်။

အဲသလိုရှိတဲ့အတွက်ကြောင့် စုတိစိတ်ရဲ့ ဘင်ခဏတစ်ချက်ကို နှုတ်လိုက်၊ စုတိစိတ်ရဲ့ ဌီမှာဖြစ်ဦးမယ်ပေါ့၊ အဲဒီဌီမှာဖြစ်တဲ့စိတ်ဟာ ဘယ်လောက်ထိအောင် သွားမလဲ၊ ခဏငယ် ၅၀-ကြာမှ စုတိစိတ်ဘင်တိုင်အောင် အာဟာရဇရုပ်တွေ ဖြစ်နိုင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ စုတိစိတ်ရဲ့ ဥပါဒ်၊ ဌ၊ ဘင်မှာ ဥပါဒ်မှာလည်း စိတ်ရှိသေးတယ်၊ ဌီမှာလည်းစိတ်ရှိသေးတယ်၊ ဘင်မှာလည်း စိတ်ရှိသေးတယ်၊ ဒါကြောင့်မို့ စုတိစိတ်ရဲ့ ဘင်ခဏမှာ အာဟာရဇရုပ် ဖြစ်လိမ့်မယ်။

အဲဒီစုတိစိတ်ရဲ့ ဘင်ခဏမှာဖြစ်တဲ့ အာဟာရဇရုပ်ဟာ ခဏငယ်ဘယ်လောက် ကြာမှာ သူကုန်မလဲ၊ ချုပ်မလဲ၊ ၅၀-ပေါ့၊ အဲဒီတော့ စုတိရဲ့ဘင်ရဲ့ နောက်မှာ ခဏငယ် ၅၀-ကြာမှ ချုပ်လိမ့်မယ်။

ဒါဟာ သင်္ဂြိုဟ်ကျမ်းမှာတော့မပါဘူး၊ ဒါပေမယ့် နောက်ဆရာတွေက တွက်တာ၊ ဥတုဇရုပ်နဲ့ ပတ်သက်လို့ကတော့ ဘာမှပြောမနေနဲ့၊ ကမ္ဘာဆုံးသည် တိုင်အောင် (ဆိုပါတော့) တည်သွားမှာပါပဲ၊ ကိုယ်ကောင်ကြီးတင် မဟုတ်ပါဘူး။

ကိုင်း၊ အဲဒါ ပြန်ပြီးတွက်ကြဦးစို့၊ အခုပြောတာ ရှင်းရဲ့လား၊ မရှင်းတရှင်း ဖြစ်နေပုံရတယ်။

ပထမ မရဏာသန္နဝီထိကို စိတ်ထဲမှာ မြင်အောင်ကြည့်လိုက်၊ စုတိစိတ် တွေ့တယ်၊ အဲဒီစုတိစိတ်ကနေပြီးတော့ ဘယ်ဘက်ကို ပြောင်းပြန်ပြန်လိုက်၊ ၁၇ ချက်မြောက်တွေ့တယ်၊ အဲဒီ ၁၇-ချက်မြောက် ဥပါဒ်မှာ ဖြစ်ခဲ့တဲ့ ကမ္မဇရုပ်ဟာ နောက်ဆုံးဖြစ်တာ၊ အဲဒီနောက်ကို ကမ္မဇရုပ် မဖြစ်တော့ဘူး။

အဲဒီဖြစ်ခဲ့တဲ့ ကမ္မဇရုပ်ဟာ ဘယ်လောက်ကြာကြာတည်နေမလဲဆိုရင် စုတိစိတ်ရဲ့ဘင်တိုင်အောင် တည်နေမယ်၊ ဘာကြောင့်တုန်း၊ ကမ္မဇရုပ်ဆိုတာ ဒီဘဝမှာပဲ အပြီးသတ်ရတယ်၊ နည်းနည်းမှ လွန်မသွားရဘူး၊ ကံကြောင့်ဖြစ်တဲ့ရုပ်ပဲ။ ပြီးပြီနော်။

စိတ္တဇရုပ်ကျတော့ဘယ်လိုလဲ၊ စိတ်တိုင်းစိတ်တိုင်းသည် စိတ္တဇရုပ်ကို ဖြစ်စေ သည်ဆိုကြပါစို့၊ စိတ္တဇရုပ်ကို မဖြစ်စေတာက စက္ခုဝိညာဏ်၊ သောတဝိညာဏ် ဆိုတာတွေ၊ စုတိစိတ်ဟာ စက္ခုဝိညာဏ်လား သောတဝိညာဏ်လား မေးနေစရာ မလိုဘူး၊ အဲဒီတော့ စုတိစိတ်ဟာ ရုပ်ကိုဖြစ်စေနိုင်သေးတယ်။

ရုပ်ကို မဖြစ်စေနိုင်တဲ့ စုတိစိတ်ဟာ ရဟန္တာရဲ့ စုတိစိတ်ပဲ၊ ရဟန္တာ မဟုတ်သေးရင် စုတိစိတ်ဟာ ရုပ်ကို ဖြစ်စေဦးမှာပဲ။ ရုပ်ကို

[စာမျက်နှာ-123] မဖြစ်စေနိုင်တဲ့ စုတိစိတ်ဟာ ရဟန္တာရဲ့ စုတိစိတ်ပဲ၊ ရဟန္တာ မဟုတ်သေးရင် စုတိစိတ်ဟာ ရုပ်ကို ဖြစ်စေဦးမှာပဲ။

ဖြစ်စေနိုင်တော့ စိတ္တဇရုပ်ကို ဖြစ်စေနိုင်တာက ဘယ်အခိုက်အတန့်မှာ ဖြစ်စေနိုင်သလဲဆိုရင် ဥပါဒ်အခိုက်အတန့်မှာသာ ဖြစ်စေနိုင်တယ်၊ ဌီမှာ မဖြစ်စေနိုင်ဘူး၊ ဘင်မှာမဖြစ်စေနိုင်ဘူး၊ အဲဒီတော့ စုတိစိတ်၏ ဥပါဒ်နဲ့ ပြိုင်ပြီးတော့ စိတ္တဇရုပ် ဖြစ်တယ်၊ ဒီစိတ္တဇရုပ်ဟာ ဘယ်လောက်ကြာမှ ချုပ်မလဲ၊ သူက ၅၁ ချက်နေရမှာကိုး၊ စုတိစိတ်ရဲ့ ၃-ချက်နှုတ်လိုက်ရင် ဟိုဘက်ကို ၄၈-ချက်တိုင်အောင် သွားမယ်၊ အဲဒီကျမှ နောက်ဆုံးချုပ်သွားမယ်။

သေလို့ တစ်ဘဝရောက်သွားပြီ၊ သို့သော် ရုပ်ကတော့ နည်းနည်းကျန်ခဲ့သေး တာပေါ့၊ ဒါလည်းပဲ ခဏငယ် ၄၈-ချက်ဆိုတော့ ဘာမှ များတာတော့မဟုတ်ပါဘူး၊ နားလည်ပြီနော်။

အာဟာရဇရုပ်တဲ့၊ အာဟာရဇရုပ်က ခုနပြောသလို ဗဟိဒ္ဓကလည်း အာဟာရရ မယ်၊ ခန္ဓာကိုယ်တွင်းကလည်း အာဟာရရှိတယ်၊ ဝိညာဉ်အထောက်အပံ့ကလည်း ရှိတယ်ဆိုရင် အာဟာရဇရုပ်တွေက ဖြစ်နိုင်သေးတယ်၊ ဗဟိဒ္ဓအာဟာရဆိုတာ ကိုယ့်တံတွေး ကိုယ်မျိုးလည်းဖြစ်တာပဲပေါ့။

အဲဒါကြောင့်မို့ဆရာအများ ယူဆကြတာက စုတိစိတ်ရဲ့ ဘင်ထိအောင်၊ ဘင်အခိုက်အတန့်မှာကိုပဲ အာဟာရဇရုပ်ဖြစ်နိုင်သေးတယ်၊ ဒါဖြင့်ရင် စုတိရဲ့ဘင်မှာ အာဟာရဇရုပ်ဖြစ်ရင် အဲဒီမှာ ခဏငယ် တစ်ချက်မိသွားပြီ။

ခဏငယ် တစ်ချက်မိသွားတဲ့အခါ သူက ခဏငယ် ၅၁-ချက်ကြာမှချုပ်မှာ ဆိုတော့ စုတိရဲ့ ဘင်နောက်ကို ခဏငယ် ၅၀-ပေါ့၊ အဲဒီ ၅၀-တိုင်အောင်နေပြီးမှ အာဟာရဇရုပ်က ချုပ်သွားမယ်။

ဒါကြောင့်မို့ ကမ္မဇရုပ်က စုတိစိတ်ရဲ့ ဘင်နဲ့ ပြိုင်ပြီးချုပ်တယ်၊ စိတ္တဇရုပ်က စုတိစိတ် နောင် ခဏငယ် ၄၈-ချက်ကျမှ ချုပ်တယ်၊ အာဟာရဇရုပ်က စုတိစိတ် နောင် ခဏငယ် ၅၀-ကျမှချုပ်တယ်၊ ဥတုဇရုပ်ကတော့ သွားရော။ မေး - ဥတုဇရုပ်ကတော့ တစ်ချိန်မှာ ပြောင်းသွားမယ် ထင်တယ်။ ဖြေ - ဟုတ်တယ်၊ ပြောင်းပြောင်းသွားမယ်လေ၊ ခန္ဓာကိုယ်ကြီး မီးရှို့လိုက်လို့ ပြာဖြစ်သွားလည်း အဲဒီပြာဟာဥတုဇရုပ်ပဲ၊ ဒီပြာကမြေကြီးဖြစ်သွားရင် မြေကြီးလည်း ဥတုဇရုပ်ပဲ၊ အဲသလို ကမ္ဘာဆုံးတိုင် အဆင့်ဆင့်သွားနေမှာ၊ ဒါက ကာမာဝစရဘုံနဲ့ ပတ်သက်ပြီးတော့ ပြောတာ။

[စာမျက်နှာ-124] အလိုဆိုတာ အရှက်မရှိတဲ့ ပုဂ္ဂိုလ်ကိုပြောတာ၊ အဲသလို ဒုဿီလနဲ့ အလိုကို ခွဲခြားသိဖို့ လိုအပ်တယ်။

ဒုဿီလဆိုရင် သီလမရှိတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုတယ်၊ အလိုဆိုတာကတော့ သီလတော့ရှိတယ်၊ သီလကို ကောင်းကောင်း မစောင့်ဘူးဆိုပါတော့၊ သိက္ခာပုဒ် ကျူးလွန်ရမှာကို မရှက်တဲ့သူကို အလိုလို့ခေါ်တယ်၊ အရှက်မရှိတဲ့ပုဂ္ဂိုလ်။

ခုနကဒုဿီလဆိုတာက ရဟန်းအစစ်မဟုတ်ဘူး၊ အလိုဆိုတာက ရဟန်းတော့ ရဟန်းပဲ၊ သို့သော် သိက္ခာပုဒ်လွန်ကျူးတယ်၊ ဒါပဲရှိတယ်၊ အဲဒါ ၂-ခုကိုမှတ်ထား။

သာမဏေတွေမှာ ဆယ်ပါးသီလ၊ လိင် ၁၀-ပါး၊ ဒဏ် ၁၀-ပါးတို့ကို အမှန်ကတော့ အထူးဆောက်တည်စရာမလိုဘူး၊ သို့သော်သာမဏေတွေမှာ ပါဏာတိ ပါတ လွန်ကျူးမိတယ်၊ အဒိန္နာဒါနလွန်ကျူးမိတယ်ဆိုရင် သာမဏေဘဝက လျောကျတာပဲ၊ ရဟန်းမှာ ပါရာဇိက ကျသလိုပဲ၊ သို့သော် ရဟန်းက ပါရာဇိက ကျမိရင် နောက်တစ်ခါ ရဟန်းပြန်လုပ်လို့ မရတော့ဘူး၊ ဒီဘဝမှာတော့ ပြီးရောပဲ။

သာမဏေကတော့ ဒီလိုမဟုတ်ဘူး၊ ပါဏာတိပါတ ကျူးလွန်မိသွားတယ်။ ပြန်ပြီးတော့ သရဏဂုံ ဆောက်တည်ရတယ်၊ ရဟန်းဆီမှာ ပြန်ပြီးတော့ သရဏဂုံ ယူရတယ်၊ အဲသလို သရဏဂုံ ပြန်ယူလိုက်ရင် ပြန်ပြီးတော့ ဟန်ကျသွားတယ်၊ အဲဒါ ၁၀-ပါးသီလ။

ရဟန်းတွေကျင့်တဲ့ထဲက တချို့သီလတွေကို ပျက်သွားရင်လည်း သရဏဂုံ ထပ်ယူ၊ အဲဒါကြောင့်မို့ ဦးဇင်းတို့ ဘုန်းကြီးကျောင်းတွေမှာ ကိုရင်တွေကို နေ့တိုင်း သရဏဂုံပေးရတယ်၊ ဘာကြောင့်လည်းဆိုတော့ ကလေးတွေ မဟုတ်လား၊ သူတို့ တစ်ခုခု ဘာကျူးလွန်မိထားသလဲ မသိနိုင်ဘူးလေ၊ အဲသလို ကျူးလွန်ထားရင် သူတို့ကိုရင်မဟုတ်ဘူး ဖြစ်နေပြီ၊ ကိုရင်မဟုတ်ပဲနဲ့ ကိုရင်လို လုပ်နေရင် သူတို့မှာ အပြစ်ရှိတယ်။ ဒါကြောင့် နေ့တိုင်း သီလပေးရတာ။

သီလပေးရတယ်ဆိုတော့ သရဏဂုံ အရင်ယူရတာပေါ့၊ သရဏဂုံပေးချင်လို့ သီလယူခိုင်းရတာ၊ အမှန်ကတော့ သာမဏေမှာ သီလမယူရင်လည်း မပြီးဘူး၊ သရဏဂုံ ယူလိုက်တာနဲ့ သီလသူ့ဆီရောက်သွားရော၊ အဲဒီသီလတွေဟာ အမြဲ စောင့်ထိန်း ရမယ့်သီလ။

ကောင်းပြီ၊ လူဝတ်ကြောင်သီလကျတော့ ဘယ်လိုလဲတဲ့၊ လူဝတ်ကြောင် သီလကျတော့ ပထမသီလ မလာခင် လူဝတ်ကြောင်မှာ သရဏဂုံ တည်ရမယ်၊ သရဏဂုံတည်တဲ့ ပုဂ္ဂိုလ်ဆိုတာ မြတ်စွာဘုရားကို ဆည်းကပ်တဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။

[စာမျက်နှာ-125] ဥတုဇကလာပ် ၄-စည်းမှာ သုဒ္ဓဋ္ဌကကလာပ်နဲ့ လဟုတာဒိဧကာဒသက ကလာပ် ၂-မျိုးသာရတယ်၊ သဒ္ဒနဝကရယ်၊ သဒ္ဒလဟုတာဒိဒွါဒသကဆိုတဲ့ သဒ္ဒပါတဲ့ ကလာပ် ၂-မျိုးမရဘူးပေါ့၊ ဒါပဲရမယ်တဲ့။

ဒါဖြင့် ရူပါဝစရမှတ်ရတာက သိပ်မခဲယဉ်းပါဘူး၊ ကာမာဝစရက နည်းနည်း ရှုပ်တယ်၊ ရူပဘုံပဋိသန္ဓေအခါမှာ စက္ခု၊ သောတ၊ ဝတ္ထု၊ ပြီးတော့ ဇီဝိတနဝက၊ စက္ခုဒဿက၊ သောတဒဿက၊ ဝတ္ထုဒဿက၊ ဇီဝိတနဝက၊ ကလာပ် ၄-စည်း၊ ပဝတ္တိအခါမှာတော့ စိတ္တဇ၊ ဥတုဇရတယ်။

အသညသတ်ကျတော့ လွယ်လိုက်တာ၊ စိတ္တဇလည်း လုံးဝမရဘူး၊ စက္ခု၊ သောတ၊ ဝတ္ထုနဲ့သဒ္ဒနဝကလည်း မရဘူး၊ ဒါကြောင့်မို့ ပဋိသန္ဓေအခါမှာ ဇီဝိတနဝက ကလာပ်တစ်ခုထဲသာရှိတယ်။

ဇီဝိတနဝက ကလာပ်သာရှိတဲ့အတွက်ကြောင့်မို့ ရုပ်ထုနဲ့ သူတို့နဲ့ အဲဒါကွာတာပေါ့၊ သစ်သားရုပ်ကြီးနဲ့ အသညသတ် ဗြဟ္မာနဲ့ ဘာကွာသလဲမေးရင် အသညသတ် ဗြဟ္မာမှာ ဇီဝိတရုပ်ရှိတယ်။ ဆိုလိုတာကတော့ ဇီဝိတရုပ်ရှိတဲ့အတွက်ကြောင့်မို့ အသညသတ်ဗြဟ္မာရဲ့ ခန္ဓာကိုယ်ကြီးဟာမဆွေးဘူးပေါ့၊ ကမ္ဘာငါးရာနေလည်း နေတာပဲ၊ သစ်သားရုပ်ကြီးကတော့ ဆွေးသွားမှာ။

ကောင်းပြီ၊ ဘုံနှင့်ရသောရုပ်တဲ့၊ စမ်းကြည့်ရအောင်။ ကာမဘုံမှာ ရုပ်ဘယ်လောက်ရနိုင်သလဲ၊ ရုပ် ၂၈-ပါး ရနိုင်တယ်၊ ဒါက ပုဂ္ဂိုလ်တစ်ယောက်ထဲမှာ ရုပ် ၂၈-ပါး ရနိုင်ပါ့မလား၊ ဘယ့်နှယ်တုန်း ကာမဘုံအနေနဲ့ ပြောလိုက်ရင်တော့ ဟုတ်တယ်ပေါ့၊ ကာမဘုံမှာ ရုပ် ၂၈-ပါးရမယ်၊ ပုဂ္ဂိုလ်တစ်ယောက်မှာ ရုပ်အများဆုံး ဘယ်လောက်ပဲ ရနိုင်သလဲ၊ You can be man or woman ၂၇-ပါးပဲ အများဆုံးရမယ်၊ ၂၈-ပါး မရနိုင်ဘူး၊ သို့သော် ကာမဘုံမှာ ခြုံပြီးပြော လိုက်တော့ ရုပ် ၂၈-ပါးလုံး ရနိုင်တယ်ပေါ့။

အသညသတ် ကြဉ်တဲ့ ရူပ ၁၅-ဘုံမှာ ရုပ် ၂၃-ပါးပဲရတယ်၊ ရုပ် ၂၈-ပါးထဲက ဘာတွေကြဉ်ရမလဲဆိုရင် ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ၊ ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်၊ ဒီ ၅-ခုနှုတ်လိုက်၊ အဲဒီတော့ ၂၃-ပါးရတယ်။

အသညသတ် ဘုံမှာကျတော့ ၁၇-ပါးပဲရတယ်၊ အဝိနိဗ္ဗာဂရုပ် ၈-ခုရယ်၊ ဇီဝိတရယ် လဟုတာ၊ မုဒုတာ၊ ကမ္မညတာဆိုတဲ့ ၃-ခုရယ်၊ လက္ခဏာရုပ် ၄-ခုရယ်၊ အာကာသရယ်။

အာကာသကတော့ ရုပ်ကလာပ် ၂-ခု ကြားမှာရှိတာပါ၊ ဒါကြောင့်မို့

[စာမျက်နှာ-126] အသညသတ်ဘုံမှာ ရုပ် ၁၇-ပါးပဲရတယ်။

အရူပဘုံမှာ ရုပ် လုံးဝ မရှိဘူး၊ ဒါဟာ ဘာလဲဆိုတော့ ရုပ်ဖြစ်စဉ် ချုပ်စဉ်၊ ဘဝတစ်ခု အစမှာ ဘယ်လိုရုပ်တွေ ဖြစ်လာတယ်၊ ပဝတ္တိအခါမှာတော့ ဖြစ်လိုက် ချုပ်လိုက်သွားတာပေါ့၊ နောက်ဆုံး ဘယ်လိုဖြစ်တယ်ချုပ်တယ်ဆိုတာကို ရုပ်ဖြစ်ပုံ ချုပ်ပုံကိုပြတဲ့ အပိုင်း အခန်းတဲ့။

ဒီအပိုင်းအခန်းမှာ ဘုံတွေနဲ့ ရုပ်တွေနဲ့ ဘယ်ဘုံမှာ ရုပ်ဘယ်လောက် ရသင့်တယ်၊ ရုပ်ဘယ်လောက်ရနိုင်တယ်ဆိုတာလည်း ကွဲပြားသွားရမယ်၊ အမိဝမ်းမှာ ကိန်းစဉ်ဆိုတာလေးတွေလည်း ကျမ်းဂန်အလိုအရပေါ့လေ၊ ဗဟုသုတအဖြစ်နဲ့ သိထားရမယ်။

ကောင်းပြီ၊ ဟိုနေ့က ဦးဇင်းရုပ်ဝီထိဆိုတာ ပြောလိုက်တယ်၊ စိတ်မှာ ဝီထိရှိသလို ရုပ်မှာလည်း ဝီထိရှိတယ်၊ ဒီအဆိုနဲ့ ပတ်သက်ပြီး ပါဠိကျမ်းဂန်တွေမှာ တော့တိုက်ရိုက်မတွေ့ဘူး၊ ဒါပေမယ်လို့ ရှေးမြန်မာဆရာတော်တွေက တီထွင် စိတ်အစဉ်ဖြစ်သလို ရုပ်မှာလည်းပဲ ဒီအခိုက်အတန့်မှာ ရုပ်ဘယ်လောက် ရှိသင့်တယ်၊ ဟိုအခိုက်အတန့်မှာ ရုပ်ဘယ်လောက်ရှိသင့်တယ်လို့ အဲဒီလို ရုပ်ဝီထိ ဆိုပြီးတော့ ပြတယ်၊ ဒါကြောင့်မို့ ရှေးဆရာတော်တွေကို အလွန်ကျေးဇူးတင်ဖို့ ကောင်းတယ်။

အဲဒါကြောင့်လည်း မြန်မာဟာ သူများထက် (တခြားလူမျိုးထက်) အဘိဓမ္မာ သာတာဟာ ရှေးကဆရာတော်ကြီးတွေ လုပ်ပြသွားတာကို ဦးဇင်းတို့က နောက်က လိုက်ရုံပဲ။

အဲဒီတော့ ဂဗ္ဘသေယျကကို ကြည့်လိုက်တဲ့အခါကျတော့ ပထမ နာမ်ဝီထိကို မြင်ထားရမယ်၊ နာမ်ဝီထိကို မူတည်ပြီးတော့ ရုပ်ဝီထိက သွားရမှာ၊ အဲဒီတော့ ပဋိသန္ဓေစိတ်ရှိတယ်၊ ပဋိသန္ဓေစိတ်ရဲ့ နောက်ကို ဘဝင် ၁၅-ကြိမ်၊ ၁၆-ကြိမ် ရှိတယ် မဟုတ်လား၊ မရဏာသန္နဝီထိ ချလိုက်တဲ့အခါကျတော့ ပဋိသန္ဓေရဲ့ နောက်ကို ဘဝင် ၁၆-ကြိမ်ပဲထားကြပါစို့၊ အဲဒါကို ပထမကြည့်ထား။

ကောင်းပြီ၊ ပဋိသန္ဓေစိတ်ဖြစ်ပြီ၊ ခဏငယ် ၃-ချက်၊ ဥပါဒ်၊ ဌ၊ ဘင်၊ ဂဗ္ဘသေယျက သတ္တဝါဖြစ်တဲ့အတွက်ကြောင့်မို့ ကလာပ် ၃-စည်းရမယ်၊ အဲဒီတော့ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်အခိုက်အတန့်မှာ ကလာပ် ၃-စည်းရတယ်၊ ဘာကြောင့်ဖြစ်တဲ့ ကလာပ်လည်းဆိုရင် ကမ္မဇပေါ့၊ ဒါဖြင့်ရင် ပဋိသန္ဓေရဲ့ဥပါဒ်မှာ ကမ္မဇကလာပ် ၃-စည်း။

[စာမျက်နှာ-127] ပဋိသန္ဓေ၏ ဌီမှာ ဘာဖြစ်နိုင်သလဲဆိုရင် စိတ်၏ခဏတိုင်း ခဏတိုင်းမှာ ကမ္မဇရုပ်တွေ ဖြစ်စေတယ်ဆိုသဖြင့် ဌီကျတော့ ကမ္မဇကလာပ် ၆-စည်းဖြစ်သွားတယ်၊ ၃-စည်းတိုးသွားတယ်။

တစ်ခါ ဥပါဒ်အခိုက်အတန့်မှာတုန်းကဖြစ်ခဲ့တဲ့ ကမ္မဇကလာပ်က ဌီအခိုက် အတန့်ရောက်တဲ့အခါကျတော့ သူက ဌီသို့ရောက်သွားပြီ မဟုတ်လား၊ ဌီသို့ရောက်တဲ့ အခါကျတော့ ဥတုဇကလာပ်မဖြစ်စေပေဘူးလား။

အဲဒါကြောင့်မို့ ဥပါဒ်တုန်းက ဖြစ်ခဲ့တဲ့ ကမ္မဇကလာပ် ၃-စည်းက ဌီ အခိုက်ကျတော့ ဥတုဇကလာပ် ၃-စည်းဖြစ်စေပြန်တယ်၊ အဲဒီတော့ ဌီအခိုက်မှာ ပထမ ၃-စည်းရှိတယ်၊ နောက်ထပ် ၃-စည်းရှိတယ်၊ ပြီးတော့ ဌီအခိုက်ရောက်တော့ ဥတုဇ ၃-စည်းဖြစ်စေတယ်ဆိုတော့ ကမ္မဇကလာပ် ၆-စည်း ဥတုဇကလာပ် ၃ စည်း အားလုံး ၉-စည်း မနေဘူးလား။

ဘင်ကျတော့ ကမ္မဇကလာပ် ၉-စည်း၊ စိတ္တဇကလာပ် မရှိသေးဘူး၊ ဥတု ဇကလာပ်ကတော့ ဌီတုန်းက ၃-စည်းက ဘင်ကျတော့ ဌီသို့မရောက်ပေဘူးလား၊ ဌီတုန်းကဖြစ်ခဲ့တဲ့ ကမ္မဇကလာပ် ၃-စည်းရှိတယ်မဟုတ်လား၊ အဲဒီဌီဟာ သူရဲ့ ဥပါဒ်ပေါ့၊ ဘင်ဟာ သူရဲ့ ဌီမဖြစ်ပေဘူးလား။

အဲဒီတော့ ဌီတုန်းက ဖြစ်ခဲ့တဲ့ ၃-စည်းက ဘင်သို့ရောက်တဲ့အခါကျတော့ ဥတုဇကလာပ် ၃- စည်းထပ်မဖြစ်စေဘူးလား၊ ၃-စည်းတိုးမသွားဘူးလား၊ တိုးရင်ဘယ်လောက်လဲ၊ ၆- စည်း၊ ဒါဖြင့် ကမ္မဇကလာပ် ၉-စည်း၊ စိတ္တဇကလာပ် မရှိ၊ ဥတုဇကလာပ် ၆-စည်း၊ ပေါင်းလိုက်စမ်း၊ ၁၅-ဖြစ်သွားတယ်။

ရှေ့ဆက်သွားကြဦးစို့၊ စိတ္တဇရုပ်လာဦးမှာ။

ခုနကမ္မဇကလာပ် ၉ စည်း၊ ပထမဘဝင်ရဲ့ ဥပါဒ်မှာ ကမ္မဇကလာပ် ၃စည်းထပ်တိုးလိုက် ၁၂-စည်း၊ ဒီကျတော့ စိတ္တဇကလာပ် ၁-စည်းလာခဲ့။

ဥတုဇကလာပ်ကျတော့ကော စောစောက ၆-စည်း၊ အခု ၃-စည်းတိုးရင် ၉-စည်းဖြစ်မှာပဲ၊ ဘာကြောင့်တုန်း၊ ပဋိသန္ဓေရဲ့ ဘင်မှာဖြစ်တဲ့ ကမ္မဇကလာပ် ၃-စည်းက ပထမဘဝင်ရဲ့ ဥပါဒ်ကျတော့ ဌီသို့ရောက်သွားပြီ၊ ဌီသို့ရောက်သွားတဲ့ အတွက်ကြောင့် သူက ၃-စည်း ဖြစ်စေတယ်။

အဲဒီတော့ ပြန်ပြောမယ်ဆိုရင် ပထမဘဝင်ရဲ့ ဥပါဒ်မှာ ကမ္မဇကလာပ် ၁၂-စည်း၊ စိတ္တဇကလာပ် ၁-စည်း၊ ဥတုဇကလာပ် ၉-စည်း။

ရှေ့ဆက်သွားစမ်း၊ ပထမဘဝင်ရဲ့ ဌီမှာ ကမ္မဇကလာပ်ကတော့ ၃- ခုစီတိုးသွား

[စာမျက်နှာ-128] မှာပဲ၊ ကိစ္စမရှိဘူး၊ ဥပါဒ်တုန်းက ၁၂-မဟုတ်လား၊ ၁၂-ထဲ ၃-ထည့်လိုက် ၁၅၊ စိတ္တဇကလာပ်ကတော့ ၁-စည်းဟာ ၁-စည်းပဲ၊ မတိုးသေးဘူး၊ သူက ဥပါဒ်မှာသာ တိုးမှာကိုး။

ကောင်းပြီ၊ ဒီကျတော့ ကမ္မဇကလာပ် ၃-စည်းက ဥတုဇကလာပ် ၃စည်း ဖြစ်စေမယ်၊ စိတ္တဇကလာပ် ၁-စည်းက ဥတုဇကလာပ် ၁- စည်းဖြစ်စေမယ်။ ဒီကျတော့ ၄-စည်းတိုးရလိမ့်မယ်၊ ၃-စည်းမဟုတ်တော့ဘူး၊ အဲဒီတော့ ၉-ထဲ ၄ ထည့် ပေါင်းရင်-၁၃၊ ထပ်ရှင်းပြမယ်။

ပထမဘဝင်ရဲ့ ဥပါဒ်အခိုက်အတန့်ကို ကြည့်လိုက်၊ ပထမဘဝင်ရဲ့ ဥပါဒ်မှာ ဖြစ်တဲ့ရုပ်ဟာ ဌီသို့ရောက်တဲ့အခါကျတော့ သူက ဥတုဇကလာပ် ၃- စည်း ထပ် မဖြစ်စေပေဘူးလား၊ အဲဒီတော့ သူက ဥတုဇကလာပ် ၃-စည်းဖြစ်စေပြီ၊ ပြီးတော့ ပထမဘဝင်ရဲ့ ဥပါဒ်မှာ စိတ္တဇကလာပ် ၁-စည်းဥပါဒ်ခဲ့တယ်၊ အဲဒီဥပါဒ်က ဌီသို့ရောက်တဲ့အခါကျတော့ သူက ၁-စည်းမဖြစ်စေပေဘူးလား၊ အဲဒီတော့ ကမ္မဇကလာပ် ၃-စည်းက ဖြစ်စေတဲ့ ဥတုဇကလာပ်က ၃-စည်း၊ စိတ္တဇကလာပ် ၁- စည်းပဲ၊ မတိုးသေးဘူး၊ သို့သော် သူက ဌီရောက်တဲ့အခါကျတော့ ၁-စည်း ဖြစ်စေတယ်လေ။

ဒါကြောင့်မို့ ပထမဘဝင်ရဲ့ ဥပါဒ်အခိုက်တုန်းက သူ့အနေနဲ့ ဘာမှမတိုး သေးဘူး၊ ဌီကျတော့ သူက ၁-ခု ဖြစ်စေပြီဆိုတော့ သူ့အတွက် ၁-ခုထည့်၊ ကမ္မဇကလာပ် ၃-စည်းအတွက် ၃-ခု ထည့်ရတော့ အားလုံး ၄-ခု ထည့်ရတယ်။

ကောင်းပြီ၊ ပထမဘဝင်ရဲ့ဘင်ကျတော့ ကမ္မဇကလာပ် ၃-စည်းပဲတိုးတယ်။ စိတ္တဇကလာပ်ကတော့ ဒါဟာဒါပဲ၊ အဲဒီတော့ စိတ္တဇကလာပ်က ဒီမှာမတိုးတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ ပထမဘဝင်ရဲ့ ဌီမှာ စိတ္တဇရုပ်ကဖြစ်တော့တာ မဟုတ်ဘူး၊ ဥပါဒ်တုန်းကသာ ဖြစ်ခဲ့တာကိုး၊ ဒါကြောင့်မို့ ပထမဘဝင်ရဲ့ ဘင်မှာကျတော့ သူက မဖြစ်စေနိုင်တော့ဘူး၊ ဒါကြောင့်မို့ အဲဒီကျတော့ ၃- စည်းပဲထပ်တိုးတော့တယ်၊ အဲဒီတော့ ၁၆-စည်းပဲ။

ဒုတိယဘဝင်၊ ဥပါဒ်၊ ကမ္မဇကလာပ် ဘယ်လောက်လဲ၊ ၃-ခုထည့်လိုက် ၂၁၊ စိတ္တဇကလာပ် ၂-စည်း ဖြစ်သွားပြီ၊ ဟိုတုန်းက ၁-စည်း၊ အခု ဒီမှာ ၁-ခုထပ်တိုးတယ်၊ ၂-စည်းဖြစ်သွားပြီ၊ ဥတုဇကလာပ် ၃-စည်းပဲတိုးတယ်၊ ဘာကြောင့် တုန်း ဒီ ၂-က အသစ်ရှိသေးတယ်၊ သူက ဌီမရောက်သေးဘူး၊ သူက ဌီရောက်မှ ဖြစ်စေမှာ။

[စာမျက်နှာ-129] ဒုတိယဘဝင်ရဲ့ ဌီကျတော့ ကမ္မဇကလာပ်က ၃-ခုတိုးလာပြီ၊ စိတ္တဇ ကလာပ်ကတော့ ၂-စည်းဟာ ၂-စည်းပဲ၊ ဥတုဇကလာပ်ကျတော့ ကမ္မဇအတွက်က ၃-စည်းရယ်၊ စိတ္တဇအတွက်က ၁-စည်းရယ် ၄-စည်းထပ်တိုးလိုက် ၂၃-ခု၊ ဟုတ်ပြီလား။

ဒုတိယ ဘဝင်ရဲ့ဘင်၊ ကမ္မဇကလာပ် ၃-စည်းပဲတိုး၊ စိတ္တဇကလာပ်ကတော့ ၂-စည်းပဲ၊ ဒါကြောင့်မို့ ဥတုဇကလာပ်ကျတော့

[စာမျက်နှာ-130] ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရနိုင်သောရုပ်များ သဒ္ဒရုပ် ၁၊ ဝိညတ် ၂၊ လဟုတာ စသည် ၃၊ ဇရတာ ၁၊ အနိစ္စတာ ၁ ပေါင်း ရုပ် ၈-ပါး။

ပဝတ္တိအခါ၌ကား ရုပ် ၂၈-ပါးလုံး ရနိုင်သည်။

နိဗ္ဗာန်

နိဗ္ဗာန = နိ + ဝါန။ နိ = ထွက်မြောက်။ ဝါန = တဏှာ။

ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်၊ ထွက်မြောက်ဟူသည် အာရုံပြုမခံရခြင်းကို ဆိုလိုသည်။

ထိုနိဗ္ဗာန်သည် မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရားဖြစ်သည်၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်။

နိဗ္ဗာန် ၂-မျိုး
၁။ သဥပါဒိသေသနိဗ္ဗာန် - (သေသ = ကိလေသာတို့မှ ကြွင်းကျန်ရစ်သော + ဥပါဒိ = ဝိပါက်နာမ် ခန္ဓာ၊ ကမ္မဇရုပ်ခန္ဓာ + သ = ရှိသည်။) ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်တို့ မချုပ်သေးခင် (ပရိနိဗ္ဗာန်မစံခင်) အာရုံပြုအပ်သော နိဗ္ဗာန်။
၂။ အနုပါဒိသေသနိဗ္ဗာန် - (န + ဥပါဒိသေသ )။ ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်။

နိဗ္ဗာန် ၃-မျိုး
၁။ သုညတနိဗ္ဗာန် - ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံး ကင်းဆိတ်သောနိဗ္ဗာန်။
၂။ အနိမိတ္တနိဗ္ဗာန် - ပုံသဏ္ဍာန် မရှိသော နိဗ္ဗာန်၊ ရာဂဒေါသမောဟနှင့်တကွ ရုပ်နာမ်အားလုံးဟူသော နိမိတ်အမှတ်အသားမရှိသော နိဗ္ဗာန်။
၃။ အပ္ပဏိဟိတနိဗ္ဗာန် - ရာဂ ဒေါသ မောဟဟူသော တောင့်တခြင်းမရှိသော နိဗ္ဗာန်။

[စာမျက်နှာ-131] နိဗ္ဗာန်ဟူသည်
၁။ တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်းကုန်ခြင်း။ တဏှာယ အသေသ ဝိရာဂ နိရောဓ။
၂။ တဏှာ ကုန်ရာကုန်ကြောင်းကုန်ခြင်း။ တဏှက္ခယ။
၃။ ရာဂ ဒေါသ မောဟ ကုန်ရာကုန်ကြောင်းကုန်ခြင်း။ ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယ။
၄။ ဘဝချုပ်ရာချုပ်ကြောင်း ချုပ်ခြင်း။ ဘဝနိရောဓ။
၅။ ဆင်းရဲချုပ်ရာချုပ်ကြောင်း ချုပ်ခြင်း။ ဒုက္ခနိရောဓ။
၆။ မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သောတရား။ အသင်္ခတ။
၇။ ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လွတ်မြောက်ခြင်း။ မုတ္တိ၊ ဝိမုတ္တိ။
၈။ ကျွန်းသဖွယ် ဖြစ်သောတရား။ ဒီပ။
၉။ လည်းလျောင်းရာဖြစ်သောတရား။ တာဏ။
၁၀။ ပုန်းအောင်းရာဖြစ်သောတရား။ လေဏ။
၁၁။ မှီခိုရာဖြစ်သောတရား။ ပရာယဏ။
၁၂။ အမှန်တရား။ သစ္စ။
၁၃။ ချမ်းသာခြင်းတရား။ သုခ။
၁၄။ ငြိမ်းချမ်းခြင်းတရား။ သန္တိ။
၁၅။ မွန်မြတ်သောတရား။ ပဏီတ။
၁၆။ မြဲသောတရား။ ဓုဝ။
၁၇။ မသေတရား။ အမတ၊ အစ္စုတ။
၁၈။ မိမိထက်သာသောတရားမရှိသောတရား။ အနုတ္တရ။
၁၉။ နက်နဲသောတရား။ ဂမ္ဘီရ။
၂၀။ မြင်နိုင်ခဲသောတရား။ ဒုဒ္ဒသ။
၂၁။ သိမ်မွေ့သောတရား။ အဏု၊ သုခုမ။

[စာမျက်နှာ-132]
အရှင်နာဂသိန် မိန့်ကြားချက်များ
(မိလိန္ဒပဉှာပါဠိတော် မြန်မာပြန်မှ။)

ချုပ်ခြင်းသည် နိဗ္ဗာန် မည်၏။ (၇၇)

အလုံးစုံသောသူတို့ နိဗ္ဗာန်ကို မရကုန်၊ ကောင်းစွာကျင့်၍ သစ္စာ ၄-ပါး သိသူသာ နိဗ္ဗာန်ကို ရနိုင်သည်။ (၇၈)

နိဗ္ဗာန်ကို မရသူသည်လည်း နိဗ္ဗာန်သည် ချမ်းသာသည်ဟု သိနိုင်သည်။ (၇၈)

နိဗ္ဗာန်သည် ချမ်းသာအတိဖြစ်သည်၊ ဆင်းရဲနှင့် မရောပြွမ်း။ (၃၂၂)

နိဗ္ဗာန်၏ အဆင်းသဏ္ဌာန် အရွယ်အစား အရှည်ကို ဆောင်ပြခြင်းငှာ မတတ်နိုင်။ (၃၂၅)

နိဗ္ဗာန်သည် ကာလသုံးပါးမှ အလွတ်ဖြစ်သော်လည်း အရှိတရားဖြစ်သည်။ (၃၃၀)

နိဗ္ဗာန်၏တည်ရာအရပ် မရှိ။ (၃၃၃)

[စာမျက်နှာ-133]
အဘိဓမ္မာသင်တန်း ၂

[ရုပ်ပိုင်း]
နိဗ္ဗာန်အကြောင်း
ဒီနေ့ အောက်တိုဘာလ ၉ ရက်။

ဟိုနေ့တုန်းက ရုပ်ဝီထိအကြောင်းပြောနေတာ နည်းနည်းလေး ကျန်သွားတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီနေ့ပေးတဲ့ စာရွက်ထိပ်မှာရှိတဲ့ “ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရနိုင်သောရုပ်များ” ဆိုတာပဲ၊ မရနိုင်တာ မဖြစ်နိုင်တာကို ဆိုလိုတာပဲ၊ ဒီရုပ်တွေဟာ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်အခိုက်အတန့်မှာ မဖြစ်တဲ့ ရုပ်တွေတဲ့။

သဒ္ဒရုပ်ရယ်၊ ဝိညတ်ရုပ် ၂-ခုရယ် (ကာယဝိညတ်၊ ဝစီဝိညတ် )၊ လဟုတာ စသည် ၃-ခု (လဟုတာ၊ မုဒုတာ၊ ကမ္မညတာ )၊ ဇရတာ (အိုတဲ့ရုပ်)၊ အနိစ္စတာ (သေတဲ့ရုပ် ပျောက်ပျက်တဲ့ရုပ်) ဖြစ်တဲ့အချိန်မှာ ဘယ်အိုဦးမလဲ၊ အိုတာသေတာ မရှိဘူးပေါ့။

ဒါကြောင့်မို့ အားလုံးပေါင်းလိုက်ရင် ဒီရုပ် ၈-ပါးဟာ ပဋိသန္ဓေ၏ ဥပါဒ်ခဏမှာ မရနိုင်ဘူး မဖြစ်ဘူးတဲ့၊ ပဝတ္တိအခါ (အဲဒီနောက်မှာ) သေသည်တိုင်အောင် ရုပ် ၂၈-ပါးလုံး မရနိုင်တာမရှိဘူး၊ အားလုံးရနိုင်တယ်တဲ့။

အဲဒီတော့ သင်္ဂြိုဟ်ကျမ်းမှာ အဲဒီစကားလေးနဲ့ ရုပ်ဖြစ်စဉ် ပျက်စဉ် အခန်းလေးကို အဆုံးသတ်လိုက်တာပဲ၊ ပဋိသန္ဓေ၏ ဥပါဒ်ခဏမှာ မရနိုင်တဲ့ ရုပ်ရယ်၊ ပဝတ္တိအခါမှာ မရနိုင်တဲ့ ရုပ်ရယ်လို့ မရှိဘူး၊ အကုန်လုံးရတယ်။

[စာမျက်နှာ-134] အဲဒါပြီးတဲ့နောက် သင်္ဂြိုဟ်မှာ နိဗ္ဗာန်ကိုပြတယ်၊ ပရမတ္ထတရား ၄-ပါးမှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ရယ်လို့ရှိတယ်၊ စိတ်ကို စိတ်ပိုင်းနဲ့ပြခဲ့ပြီ၊ စေတသိက်ကို စေတသိက်ပိုင်းနဲ့ ပြခဲ့ပြီ၊ ပကိဏ်းပိုင်း၊ ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်းနဲ့ စိတ်နဲ့ စေတသိက်ကိုပဲပြခဲ့ပြီ၊ ရုပ်ပိုင်းကိုလည်းပြခဲ့ပြီ။

ဒါကြောင့်မို့ စိတ်၊ စေတသိက်၊ ရုပ်။

ဒီနေ့ ပရမတ္ထတရား ၃-ပါးရဲ့ အကျယ်ကိုပြပြီးတဲ့နောက် နိဗ္ဗာန်ရဲ့ အကျယ်ကို ပြဖို့ရာ နိဗ္ဗာန်အခန်းကို ရုပ်ပိုင်းနောက်ဆက်တွဲလိုအနေနဲ့ထားရင် နိဗ္ဗာန်သီးခြား တစ်ခန်းအနေနဲ့ မရေးတော့ဘူး၊ ဒီနေ့ နိဗ္ဗာန်ရောက်ကြမယ်။

နိဗ္ဗာန်နဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် နားလည်ထားဖို့လည်း အရေးကြီးတယ်။ ဒါကြောင့် ဒီနေ့မှာ ကျမ်းဂန်တွေထဲက ရှာကြံထားတာလေးတွေရော၊ မိလိန္ဒပဉှာမှာ လာတဲ့ စကားလေးတွေရော စုထားလိုက်တာ။

အဲဒီတော့ နိဗ္ဗာန်ဆိုတာဘာလဲ၊ ဖတ်ကြည့်လိုက်စမ်းပါ၊ နိဗ္ဗာန်ဆိုတဲ့ စကားက နိဗ္ဗာနဆိုတဲ့ ပါဠိစကားကလာတာ၊ နိဗ္ဗာနဆိုတဲ့ ပါဠိစကားကလည်း နိဆိုတာနဲ့ ဝါနဆိုတဲ့စကားနှစ်ခုပေါင်းစပ်ထားတာ၊ ပေါင်းစပ်လိုက်တော့ ပါဠိစကား နိအရ နိဗ္ဗာနဖြစ်သွားတယ်။

နိက ထွက်မြောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ဝါနက တဏှာဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ အမှန်က ဝါနက ဘာလဲဆိုတော့ ဆက်စပ်တတ်တဲ့သဘောလို့ ဆိုလိုတယ်။

ခုနက သင်္ကန်းချုပ်တဲ့အကြောင်း ပြောနေရသေးတယ်၊ အဝတ်စ ၂-ခု တွဲပြီး အပ်ချည်လေးနဲ့ ချုပ်လိုက်တဲ့အခါ အဝတ်စ ၂-ခုဟာ စပ်သွားတယ်၊ ထို့အတူပဲ တဏှာရှိနေတဲ့အတွက်ကြောင့် တဏှာက ဘဝတစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု စက်နဲ့ချုပ်သွားသလိုပဲ၊ အဲဒီလို ဘဝတစ်ခုကို ဘဝတစ်ခုနဲ့ ဆက်စပ်ပေးတတ်တဲ့ အတွက်ကြောင့် တဏှာကို ဝါနလို့ခေါ်တယ်။

အဲဒီတဏှာမှ ထွက်မြောက်တတ်တဲ့သဘောတရားကို နိဗ္ဗာန၊ ဝါနမရှိတဲ့ တရားပေါ့၊ အဲဒီနိဝါနကနေပြီးတော့ ပါဠိသဒ္ဒါနည်းအရ နိဗ္ဗာနဖြစ်လာတယ်။ ဒါကြောင့်မို့ “ဝါနဟုဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်”တဲ့၊ ဘာကို နိဗ္ဗာန်ဟု ခေါ်သည်ဆိုတာ မပါသေးဘူးနော်။

အဲဒီတော့ တဏှာမှ ထွက်မြောက်တယ်ဆိုတာဘာလဲတဲ့၊ နဂိုက နိဗ္ဗာန်က တဏှာထဲမှာရှိပြီး တဏှာထဲက ထွက်မြောက်သွားတာလား၊ ဒီလိုမဟုတ်ဘူး။

[စာမျက်နှာ-135] ထွက်မြောက်တယ်ဆိုတာ အာရုံပြုမခံရတာကို ဆိုလိုတယ်။

တဏှာက နိဗ္ဗာန်ကို အာရုံမပြုနိုင်ဘူး၊ ပကိဏ်းပိုင်း ပြန်ကြည့်လိုက်ရင် အကုသိုလ်စိတ်တွေဟာ လောကီတရားကိုသာ အာရုံပြုတယ်၊ လောကုတ္တရာတရားကို အာရုံမပြုဘူး၊ ဒါကြောင့်မို့ တဏှာရဲ့ အာရုံပြုရာ နယ်ပယ်မှ အပြင်ဘက်ရောက်တာကိုပဲ တဏှာမှ ထွက်မြောက်တယ်လို့ ဒီလိုသုံးတယ်၊ တဏှာရဲ့ ကျက်စားရာ မဟုတ်တော့ဘူး၊ တဏှာရဲ့ စားကျက်မဟုတ်တော့ဘူး၊ တဏှာ အာရုံပြုနယ်ပယ်မှ ထွက်သွားတဲ့အတွက်ကြောင့်မို့ ဒီတရားကို နိဗ္ဗာန (နိဗ္ဗာန်)လို့ ခေါ်တယ်။

အဲဒီ နိဗ္ဗာန်ဟာ “မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရား ဖြစ်သည်”တဲ့၊ ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ မဂ်စိတ်ဖြစ်တဲ့အခါမှာ နိဗ္ဗာန်ကို အာရုံပြုပြီး ဖြစ်တယ်မဟုတ်လား၊ အဲသလိုဖြစ်တဲ့အခါကျတော့ မဂ်ဉာဏ် ၄-ပါးနဲ့ (သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်) တိုက်ရိုက် မြင်ထိုက်တဲ့ တရားလို့ဆိုတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ တိုက်ရိုက်သိ၊ တိုက်ရိုက် မြင်တာကိုပြောတာ။

မဂ်ဉာဏ်ကမှ နိဗ္ဗာန်ကိုတိုက်ရိုက်သိ တိုက်ရိုက်မျက်မှောက်ပြုတာ၊ လောကီ စိတ်နဲ့ နိဗ္ဗာန်ရရပါလို၏လို့ ဆုတောင်းကြတာတွေဟာ နိဗ္ဗာန်အစစ်ကို မြင်တာ မဟုတ်ဘူး၊ နိဗ္ဗာန်ကို အာရုံပြုနိုင်တာ မဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတဲ့ စကားလုံး ပညတ်၊ အဲဒါကို အာရုံပြုပြီးတော့ နိဗ္ဗာန်ကို ရရပါလို၏၊ နိဗ္ဗာန်ကို ရောက်ချင်တယ်နဲ့ အဲသလိုပြောကြတာ၊ နိဗ္ဗာန်ကိုတော့ တကယ့်မဂ်ဉာဏ်နဲ့သာ မျက်မှောက်ပြုလို့ရတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ မဂ်ဖိုလ်တို့ရဲ့ အာရုံဖြစ်တယ်၊ ဒါဟာ ဘာလဲဆိုတော့ နိဗ္ဗာန်ဆိုတာ မရှိတဲ့တရားကြီးလို့ ထင်သွားမှာစိုးလို့၊ မရှိတဲ့တရားဆိုရင် အာရုံပြုလို့ မရဘူးပေါ့၊ ဒီနိဗ္ဗာန်ဟာ ရှိကိုရှိနေတယ်၊ အဲဒီအရှိဖြစ်တဲ့ နိဗ္ဗာန်တရားကို မဂ်ဉာဏ် ၄-ပါးဖြင့် အာရုံပြုနိုင်သည်၊ မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်တဲ့ တရား၊ မဂ်ဖိုလ်တို့ရဲ့ အာရုံဖြစ်တဲ့တရားလို့ ဆိုလိုတယ်။

မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုထိုက်တဲ့တရားဆိုတော့ ကိုယ်ကိုယ်တိုင် သိနိုင်တဲ့ တရားလို့ ဆိုလိုတာပေါ့၊ မိမိသန္တာန်မှာ မဂ်ဉာဏ်ဖြစ်၊ အဲဒီမဂ်ဉာဏ်နဲ့ သိနိုင်တဲ့တရား။

ကောင်းပြီ၊ အဲဒီနိဗ္ဗာန်ဟာ ဘာလဲဆိုတော့ နိဗ္ဗာန်ဟူသည် ဆိုပြီး ထုတ်နုတ်ပေးထားတာကို ကြည့်လိုက်။

၁။ တဏှာ၏အကြွင်းမဲ့ကုန်ရာကုန်ကြောင်းကုန်ခြင်း၊ ကုန်ရာကုန်ကြောင်း သို့မဟုတ် ကုန်ခြင်းဆိုတဲ့ အဓိပ္ပာယ် ၂-မျိုးရှိတယ်။

[စာမျက်နှာ-136] ကုန်ရာကုန်ကြောင်းဆိုတာက နိဗ္ဗာန်က တကယ်ဌာနမဟုတ်ပေမယ်လို့ ဌာနလို သဘောထားပြီးတော့ ကုန်ရာလို့ဆိုလိုတယ်။

ကုန်ကြောင်းဆိုတာကတော့ တဏှာကုန်ရာမှာသူက instrumental ဖြစ်တယ်လို့ ဆိုလိုတာ၊ အဲဒီတော့ နိဗ္ဗာန်ကို အာရုံပြုရမှ မဂ်ဉာဏ်ဖြစ်တယ်၊ မဂ်ဉာဏ်ဖြစ်မှ တဏှာကိုအကြွင်းမဲ့ ပယ်နိုင်တယ်၊ ရဟန္တာဖြစ်တော့မှ အရဟတ္တမဂ်ဉာဏ်ဖြစ်တယ်၊ အဲဒီ အရဟတ္တမဂ်ဖြစ်မှ တဏှာကို ပယ်နိုင်တယ်။

အဲဒီတော့ နိဗ္ဗာန်ကို အာရုံမပြုရရင် မဂ်ဉာဏ်က ဖြစ်ကို မဖြစ်ဘူး၊ မဂ်ဉာဏ် မဖြစ်ရင် တဏှာမပယ်နိုင်ဘူး၊ ဒါကြောင့်မို့ တဏှာရဲ့ အကြွင်းမဲ့ကုန်ရာ ကုန်ကြောင်း ဖြစ်တယ်၊ တစ်နည်းအားဖြင့်တော့ တဏှာ၏ အကြွင်းမဲ့ကုန်ခြင်းကိုပဲ နိဗ္ဗာန်လို့ ခေါ်တယ်၊ အဓိပ္ပာယ် ၂-မျိုး၊ ၂-မျိုး သွားလိမ့်မယ်။

မဟာစည်ဆရာတော်ကတော့ ကုန်ရာကုန်ကြောင်းဆိုတာထက် ကုန်ခြင်းဆိုတာမျိုးကို ပိုပြီးနှစ်သက်တယ်၊ အဲဒီတော့ တဏှာအကြွင်းမဲ့ချုပ်တယ်ဆိုတာ အမှန်တော့ နောက်ထပ်မဖြစ်တာကို ဆိုလိုတာ၊ အကြွင်းမဲ့ချုပ်တယ်ဆိုတာကိုလဲ နားလည်ရမယ်၊ ဖြစ်ပေါ်တဲ့ တဏှာကတော့ချုပ်မှာချည်းပဲ။

ကိုင်း၊ အခု တစ်ခုခုလိုချင်လို့ တဏှာဖြစ်နေပါပြီတဲ့၊ တော်တော်ကြာ ဘုရားရှိခိုးလိုက်မယ်၊ မေတ္တာပို့လိုက်မယ်၊ ပုတီးစိပ်လိုက်မယ်၊ တဏှာပျောက်မသွားဘူးလား၊ ပျောက်သွားတာပဲ။

အဲသလိုပျောက်သွားတာကို မဆိုလိုဘူး၊ နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်သွားတာ၊ နောက်တစ်ခါ မဖြစ်တော့တာ၊ အဲဒါကို ကုန်ခြင်းလို့ ဒီနေရာမှာ ခေါ်တယ်။

အကြွင်းမဲ့ဆိုတာ ဘာမှကို နည်းနည်းလေးလောက်မှ အကျန်မရှိတော့တာ၊ ဒါကြောင့်မို့ တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း သဘောတရားတစ်ခု၊ အဲဒီ သဘောတရားကို နိဗ္ဗာန်လို့ ခေါ်တယ်၊ တစ်နည်းအားဖြင့်တော့ ကုန်ခြင်းသဘော ပေါ့လေ၊ ပါဠိလိုကျတော့ ယော တဿာယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓောဆိုပြီး ဓမ္မစကြာပါဠိများ အလွတ်ရရင် သိလိမ့်မယ်။

ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယောဆိုပြီး အထပ်ထပ်ဟောတယ်၊ တခြားပုဒ်တွေက ဒီပုဒ်အဓိပ္ပာယ်နဲ့ သိပ်မကွာပါဘူး၊ အနာလယောတို့၊ စာဂေါတို့၊ ပဋိနိဿဂ္ဂေါတို့။

ဒါဟာ မြတ်စွာဘုရား ကိုယ်တော်တိုင် define လုပ်တဲ့ ဓမ္မစကြာသုတ်ထဲမှာ

[စာမျက်နှာ-137] ဒုက္ခနိရောဓသစ္စာဆိုတာ ဘာပါလဲဆိုတော့ ဒုက္ခနိရောဓဆိုတာ တဏှာရဲ့ နိရောဓပဲ၊ အဲသလိုဟောတာ၊ အကြောင်းချုပ်တာနဲ့ အကျိုးချုပ်တာကို define လုပ်သွားတာ၊ အမှန်တော့ တဏှာကုန်မှ ဒုက္ခကုန်တယ်၊ တဏှာမကုန်သေးရင် ဒုက္ခမကုန်သေးဘူး။ အကြွင်းမဲ့ကုန်ရာကုန်ကြောင်းကို နိဗ္ဗာန်ဟုခေါ်သည်။

၂။ တဏှာကုန်ရာကုန်ကြောင်း၊ တဏှာကုန်ခြင်းတဲ့ တဏှက္ခယဆိုတဲ့ ပါဠိပုဒ်လေးက ရှိတာကိုး၊ မြန်မာလို အဓိပ္ပာယ်က အတူတူပါပဲ။

၃။ ရာဂ၊ ဒေါသ၊ မောဟ၊ ကုန်ရာကုန်ကြောင်း
ဒါက ကိလေသာကုန်ရာကုန်ကြောင်း ဖြစ်သွားပြီ၊ ရာဂ ဒေါသ မောဟ ကုန်ခြင်းဆိုတာ နောင်တစ်ဖန် မဖြစ်ခြင်းပဲ၊ ပါဠိတော်တွေကျတော့ ရာဂက္ခယသည် နိဗ္ဗာန်၊ ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်လို့ ဟောထားတာရှိတယ်။

၄။ ဘဝချုပ်ရာချုပ်ကြောင်း၊ ဘဝချုပ်ခြင်း၊ ဘဝနိရောဓ ဖြစ်ပျက် ဖြစ်ပျက်နေတဲ့ ဘဝတွေရှိတယ်၊ အဲဒီဘဝမရှိတော့တာ၊ နောက်ထပ်မဖြစ်တော့တာ ချုပ်တာ၊ ဒါကိုလည်း နိဗ္ဗာန်လို့ခေါ်တယ်၊ သို့မဟုတ် နိဗ္ဗာန်ကို အာရုံပြု မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်တယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်ရင် နောက်ထပ် ဘဝမဖြစ်တော့ဘူး (အရဟတ္တမဂ်ဉာဏ်ဖြစ်ရင်) ဒါကြောင့်မို့ ဘဝ၏ ချုပ်ရာချုပ်ကြောင်း၊ ဘဝ၏ ချုပ်ခြင်းကို နိဗ္ဗာန်လို့ခေါ်တယ်။

၅။ ဆင်းရဲချုပ်ရာချုပ်ကြောင်း၊ ဆင်းရဲချုပ်ခြင်း၊ ဒုက္ခနိရောဓ သစ္စာလေးပါးမှာ တတိယသစ္စာကို ဒုက္ခနိရောဓလို့ခေါ်တယ်။

အဲဒီတော့ အဋ္ဌကထာတွေမှာ ဖွင့်တဲ့အခါကျတော့ ကုန်ရာကုန်ကြောင်း ချုပ်ရာချုပ်ကြောင်းဆိုတဲ့ အနေမျိုးနဲ့ဖွင့်တယ်၊ အဲဒီတော့ ခုနပြောသလိုပဲ သူက ဒုက္ခကုန်ရာ နေရာတစ်မျိုး သဘောလိုထားပြီး ဥပမာတင်စားပြီးသုံးတယ်၊ အမှန် ကတော့ နိဗ္ဗာန်ကို ဌာနတစ်ခု၊ ဘုံတစ်ခုအနေမျိုးနဲ့ စဉ်းစားလို့မရဘူး၊ သဘော တရားတစ်ခုပဲ၊ ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာကုန်ငြိမ်းတဲ့ သဘောကိုပဲ နိဗ္ဗာန်လို့ခေါ်တယ်။

အဲဒီ နိဗ္ဗာန်ကို အမျိုးမျိုးဟောထားတာတွေရှိတယ်၊ ဒီမှာပေးထားတာက အကုန်မဟုတ်သေးဘူးနော်၊ အများကြီးရှိသေးတယ်၊ နည်းနည်းပိုပြီး ထင်ရှားအတွေ့ များတာလေးတွေကို ထုတ်ထားတာ။

၆။ မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သောတရား

[စာမျက်နှာ-138] ဘယ်အကြောင်းကမှ လုပ်အပ်တာမဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတာ သူ့ဟာသူအလိုလို ကိလေသာကင်းငြိမ်းခြင်းအားဖြင့် ထင်ရှားရှိနေသော တရား၊ ဘယ်သူ့ကြောင့် နိဗ္ဗာန်ဖြစ်တယ်၊ ဒီလိုမရှိဘူး၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့အကြောင်းတရား ၄-ပါးက ရုပ်ကို ပြုပြင်တယ်၊ အဲဒါမျိုးလိုများ နိဗ္ဗာန်မှာ အကြောင်းတရား မရှိဘူး၊ နိဗ္ဗာန်ဟာ ဘယ်လိုအကြောင်းကမှ ပြုလုပ်အပ်တာမဟုတ်ဘူး၊ ဒါကြောင့်မို့ သူ့ကို အသင်္ခတလို့ခေါ်တယ်။

သင်္ခတဆိုရင် အကြောင်းကပြုလုပ်အပ်တဲ့တရား၊ အကြောင်းကြောင့် ဖြစ်ပေါ် တတ်တဲ့ အကျိုးတရားတွေကို သင်္ခတလို့ခေါ်တယ်၊ အကြောင်းတစ်ခုခုကို အမှီပြုပြီး ဖြစ်ပေါ်တာ၊ နိဗ္ဗာန်ကတော့ ဘယ်အကြောင်းကိုမှ အမှီပြုပြီး ဖြစ်တာမဟုတ်တဲ့ အတွက်ကြောင့် အသင်္ခတလို့ ဒီလိုခေါ်တယ်။

နိဗ္ဗာန်ဟာ တရားအားထုတ်ခြင်းရဲ့ အကျိုးလားဆိုရင် မဟုတ်ဘူး၊ မဂ်ဉာဏ်ရဲ့ အကျိုးလည်း မဟုတ်ဘူး၊ နိဗ္ဗာန်ဟာ နိဗ္ဗာန်ပဲ၊ တကယ်တမ်းကျတော့ နိဗ္ဗာန်ကို အကြောင်းလို့လည်း ပြောလို့မရဘူး၊ အကျိုးလို့လည်း ပြောလို့မရဘူး၊ ဒါပေမယ်လို့ အာရုံကို အကြောင်းလို့ဆိုတာရှိတယ်၊ အာရုံကို အကြောင်းဆိုတဲ့ အနေနဲ့ ပါဠိလို ပစ္စယသဒ္ဒါဆိုတဲ့ အနေနဲ့သုံးတာရှိတယ်၊ အဲသလိုအနေနဲ့ ပြောရင်တော့ နိဗ္ဗာန်ဟာ အကြောင်းထဲပါနိုင်တယ်၊ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ မဂ်ဉာဏ်ဖြစ်တယ် မဟုတ်လား၊ အဲဒီတော့ မဂ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုရင် နိဗ္ဗာန်က အာရုံအကြောင်းအဖြစ်ဖြင့် မဂ်ဉာဏ်ကို ကျေးဇူးပြုတယ်၊ ဒီလိုအနေနဲ့တော့ အကြောင်းလို့ ပြောလို့ရတယ်။ ကံ၊ ကံ၏ အကျိုး သဘောတရားမျိုးလို အကြောင်း အနေမျိုးနဲ့ ပြောလို့မရဘူး။

အထူးသဖြင့်တော့ နိဗ္ဗာန်ဟာ အကျိုးမဟုတ်ဘူး၊ ဘယ်သူ့ရဲ့ ဘာရဲ့ အကျိုးမှ မဟုတ်ဘူး၊ နိဗ္ဗာန်ဟာ သူ့ဟာသူ ထင်ရှားရှိနေတာပဲ၊ တရားအကျင့်ကျင့်လို့ တရားအားထုတ်လိုက်လို့ မဂ်ဉာဏ်ဖြစ်ပေါ်လာတဲ့အခါမှာ သူ့ကို ထင်ရှားတွေ့မြင်သွားတာပဲ၊ ဒါပဲရှိတယ်။

သင်္ခတ၊ အသင်္ခတလို့ပြောလေ့ရှိတယ်၊ ဘုန်းကြီးတွေ တရားဟောရင် ဒီစကားလုံးသုံးလေ့ရှိတယ်၊ သင်္ခတတရားဆိုတာ သင်္ခါရတရားဆိုတာနဲ့ အတူတူပါပဲ။ အကြောင်းတရားက ပြုပြင်အပ် ပြုလုပ်အပ်တဲ့ တရားကို သင်္ခတ၊ အဲသလို ပြုလုပ်မခံရတဲ့ တရားမျိုးကို အသင်္ခတ။

၇။ ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း သို့မဟုတ် လွတ်မြောက်ခြင်း၊ မုတ္တိလို့လည်းသုံးတယ်၊ ဝိမုတ္တိလို့လည်း

[စာမျက်နှာ-139] သုံးတယ်။

ကိလေသာမှ လွတ်တယ်ဆိုတာ ကိလေသာ၏ အာရုံပြုမခံရတော့တာ၊ ကိလေသာ အာရုံနယ်ပယ်အပြင်ဘက် ရောက်နေတာ၊ ဒါကိုပဲ ကိလေသာမှ လွတ်မြောက်တယ်၊ ကိလေသာမှ ထွက်မြောက်တယ်၊ ထွက်မြောက်ရာထွက်မြောက်ကြောင်း၊ သို့မဟုတ် ထွက်မြောက်ခြင်း ဒီလိုခေါ်တယ်။

ဒါတွေက ဘာနဲ့တူသလဲဆိုတော့ (negative definition) တွေ ဖြစ်နေတယ်၊ ကုန်တယ်ပျောက်တယ် ဆိုတော့လေ၊ အခု positive definition လေးတွေ လာလိမ့်ဦးမယ်၊ ဘာတဲ့တုန်း။

၈။ ကျွန်းသဖွယ်ဖြစ်သောတရား
မှီခိုရာလို့ဆိုလိုတာပေါ့၊ သမုဒ္ဒရာပင်လယ်မြစ်ထဲ ဒီအတိုင်း မျောနေရင် ဒုက္ခရောက်မယ်၊ ကျွန်းတွေ့လိုက်ရင် ကျွန်းကိုမှီခိုပြီး အသက်ရှင်ရတယ်၊ အဲသလိုပဲ သံသရာဆိုတဲ့ သမုဒ္ဒရာကြီးထဲမှာ နိဗ္ဗာန်ဟာ ကျွန်းသဖွယ်လို့ တင်စားတာ၊ ကျွန်းသဖွယ်ဖြစ်တဲ့တရား၊ ဒီပတဲ့။

၉။ လည်းလျောင်းရာဖြစ်သော တရား၊ တာဏ
လည်းလျောင်းရာဆိုတာ အားကိုးတာကို ဆိုလိုတာပဲ၊ မှီပြီးတော့ သူ့အပေါ် အိပ်မနေတဲ့သဘောမျိုး၊ လည်းလျောင်းရာတဲ့။

၁၀။ ပုန်းအောင်းရာဖြစ်သောတရား၊ လေဏ
ဂူထဲမှာ သွားပုန်းနေရင် ဘေးအန္တရာယ် လွတ်တယ်ပေါ့၊ အဲသလိုပဲ နိဗ္ဗာန်ဆိုတဲ့ ပုန်းအောင်းရာကို ရသွားရင် သံသရာ ဘေးဒုက္ခတွေ လွတ်တယ်၊ ဒါကြောင့်မို့ ပုန်းအောင်းရာဖြစ်တဲ့ တရားလို့ ဒီလိုလည်းသုံးတယ်။

၁၁။ မှီခိုရာဖြစ်သောတရား၊ ပရာယဏ
နိဗ္ဗာန်ကို တကယ်တွေ့မှ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ စိတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်မှ တကယ့်အားထား မှီခိုရာရတာ၊ အပါယ်ဘေးမှ လွတ်တော့တာ၊ ဒီလို မဟုတ်သေးဘူးဆိုရင် အပါယ်ဘေးမှ မလွတ်သေးဘူးဆိုရင် အားထားမှီခိုရာအစစ် မရသေးဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်ကို ပရာယဏ၊ ဒီလိုလည်း ခေါ်တယ်။

၁၂။ အမှန်တရား၊ သစ္စ
နိဗ္ဗာန်ကို သစ္စာတရားလို့လည်းခေါ်တယ်၊ အမှန်တရားပေါ့၊ အမှန်တရား ၄-မျိုး ရှိတယ်မဟုတ်လား။

ဆင်းရဲအမှန်တရား၊ ဆင်းရဲအကြောင်းအမှန်တရား၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်

[စာမျက်နှာ-140] အမှန်တရား၊ ဆင်းရဲချုပ်ရာ ရောက်ကြောင်းဖြစ်တဲ့ အကျင့်အမှန်တရားလို့ ၄-မျိုး ရှိတယ်၊ နိဗ္ဗာန်ဟာ အမှန်တရားတစ်ခုပဲ။

၁၃။ ချမ်းသာခြင်း တရား၊ သုခ
နိဗ္ဗာန်ကို ချမ်းသာလို့လည်းခေါ်တယ်၊ ဓမ္မပဒမှာ ဟောထားတယ်၊ နိဗ္ဗာနံ ပရမံ သုခံ၊ နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာ၊ နိဗ္ဗာန်ထက်သာတဲ့ ချမ်းသာရယ်လို့ မရှိတော့ဘူး၊ အဲဒီချမ်းသာဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား လက်ထက် တုန်းကလည်း အမေးအဖြေ ရှိခဲ့ဖူးတယ်။

နိဗ္ဗာန်ဟာ ခံစားမှုရှိသလား၊ ခံစားမှုမရှိရင် ဘယ်လိုလုပ် ချမ်းသာမလဲ၊ ရှင်သာရိပုတ္တရာ၏ အဖြေကတော့ ခံစားမှုမရှိတာကိုက ချမ်းသာတဲ့၊ “ခံစားမှုရှိရင် ဒီခံစားမှုက ချုပ်ဦးမယ်မဟုတ်လား” အကောင်းခံစားမှုပဲ ပြောကြပါစို့၊ အကောင်း ခံစားမှုရှိရင် ခံစားမှုဟာ ဥပါဒ်၊ ဌီ၊ ဘင်လာရဦးမယ် မဟုတ်လား၊ ချုပ်ရဦးမယ်ဆိုရင် သူက အစစ်မဟုတ်သေးဘူး၊ ဒါကြောင့်မို့ ခံစားမှု မရှိတာသည်ပင်လျှင် သုခတဲ့၊ ချမ်းသာတဲ့၊ သိပ်မှန်တယ်။

ဒါကြောင့် မြတ်စွာဘုရားဟောတဲ့ သုခချမ်းသာဆိုတာ အမြင့်ဆုံးအနေနဲ့ ပြောရရင် ခံစားမှုမရှိတဲ့ အေးချမ်းတဲ့ သုခကို ဆိုလိုတယ်၊ သူ့အောက်ဆင်းလိုက် မယ်ဆိုရင် သမာပတ်ချမ်းသာတွေ ဈာန်ချမ်းသာတွေရှိသေးတယ်။

သုတ်တစ်သုတ်မှာ မြတ်စွာဘုရားဟောထားတာ သိပ်ကောင်းတယ်၊ အောက်ဆုံးတန်းချမ်းသာကနေပြီး တဖြည်းဖြည်း တက်၊ တက်သွားတာ၊ ဆိုပါတော့ လောကလူတွေ ပြောနေကြတဲ့ ကာမဂုဏ်ချမ်းသာ မြင်ချင်တာ မြင်ရတယ်၊ စားချင်တာ စားရတယ် စသည်ဖြင့် ဒါကိုလည်း ချမ်းသာတယ်လို့ ဆိုရတယ်ပေါ့လေ။

မြတ်စွာဘုရားက အဲဒီချမ်းသာထက် ဈာန်ချမ်းသာကသာတယ်၊ ပထမဈာန်ထက် ဒုတိယဈာန်ကသာတယ်၊ ဒုတိယဈာန်ထက် တတိယဈာန်က သာတယ်နဲ့ တဖြည်းဖြည်းသာ၊ သာသွားလိုက်တာဟာ နေဝသညာနာသညာယတန ကျတော့ ချမ်းသာမှာဖြင့် ထိပ်တန်းလောက်ပဲ၊ လောကီချမ်းသာမှာဖြင့် ထိပ်တန်းရောက်သွားတယ်။

အဲဒီချမ်းသာကိုတောင်မှ မြတ်စွာဘုရားက ဒုက္ခသဘောတရား မကင်းသေးဘူးလို့ ဟောတာ၊ သူကလည်း ဥပါဒ်၊ ဌီ၊ ဘင်ရှိသေးတယ်၊ ဖြစ်၊ တည်၊ ချုပ် ရှိသေးတယ်။ အဲဒီတော့ ချုပ်သေးတာပဲ၊ ချုပ်သေးရင် အဖြစ်အပျက်၏ အနှိပ်စက်ကို ခံရသေးတာပဲ၊ အဖြစ်အပျက်၏ အနှိပ်စက်ခံရရင် ဒုက္ခပဲ၊ ဒုက္ခတရားပဲ။

[စာမျက်နှာ-141] အဲဒီထက် ချမ်းသာတာရှိသေးတယ်၊ နိရောဓသမာပတ် ဝင်စားတဲ့အခါပေါ့၊ နေဝသညာနာသညာယတနထက် သာသွားပြန်ပြီ။ နောက်ဆုံး အဆင့်အမြင့်ဆုံး ချမ်းသာကတော့ အနုပါဒိသေသ နိဗ္ဗာန်ခေါ်တဲ့ ဘုရားရဟန္တာတွေ ပရိနိဗ္ဗာန်ပြုသွားတဲ့အခါမှာ ဖြစ်ပေါ်တဲ့ နိဗ္ဗာန်ချမ်းသာမျိုးပေါ့။

အဲဒါကြောင့် ချမ်းသာဆိုတာ လောကီအနေနဲ့ ပြောရင်ကောင်းတာတွေ မြင်ရတာ စားရတာကို ချမ်းသာလို့ ဆိုတာကိုး၊ လောကုတ္တရာအမြင်နဲ့ကတော့ အေးချမ်းနေတာကို ချမ်းသာလို့ ခေါ်တယ်။ အဲဒီတော့ လောကမှာ လူတွေက ပြောတယ်၊ ဗုဒ္ဓဘာသာတွေက ဒုက္ခပဲ၊ ငါတို့ဖြင့် မကြိုက်ဘူးလို့ ပြောနေတယ်၊ လောကမှာ ချမ်းသာတွေလည်းရှိတာပဲ။ ဗုဒ္ဓဘာသာက ဆင်းရဲတာကိုပဲ ပြောနေတယ်၊ ဒါကြောင့် မကြိုက်ဘူးလို့ ပြောနေတာတွေရှိတယ်။

ဦးဇင်းကတော့ ပြန်ပြောရတယ်၊ မြတ်စွာဘုရားက ချမ်းသာအမျိုးမျိုးကို ခံစားခဲ့ဖူးပြီးသား၊ အောက်တန်းစား ကာမဂုဏ်ချမ်းသာကနေပြီး နိဗ္ဗာန်ချမ်းသာအထိ မြတ်စွာဘုရားက ခံစားဖူးခဲ့တယ်၊ ခံစားဖူးခဲ့တော့ ဘယ်ချမ်းသာဟာ ဘယ်လောက် တန်ဖိုးရှိတယ် မရှိဘူးဆိုတာ ကိုယ်တိုင်သိတယ်၊ မြတ်စွာဘုရားအဖို့က ကာမဂုဏ် ချမ်းသာကို ကောင်းပါတယ်လို့ ဘယ်နည်းနဲ့မှ မဟောနိုင်ဘူး၊ ဒီထက်အဆင့် အတန်းမြင့်တဲ့ ချမ်းသာတွေကို သိထားပြီးပြီ၊ ကိုယ်တိုင်လည်း ခံစားဖူးထားပြီးပြီ၊ ပထမဈာန်ချမ်းသာကိုလည်း ချမ်းသာအစစ်လို့ မပြောရဲသေးဘူး၊ ဒုတိယဈာန် တတိယဈာန် စသည်လည်း ဒီအတိုင်းပေါ့၊ နိဗ္ဗာန်ချမ်းသာကျမှ ချမ်းသာအစစ်လို့ မြတ်စွာဘုရား ဟောတော်မူတာ။

ကိုယ်က ကိုယ့်အသိဉာဏ်လေးနဲ့ ကြည့်ပြီးတော့ ဘုရားကို မကြိုက်နိုင်ဘူး၊ ဒုက္ခချည်း ဟောနေတာပဲလို့ ပြောရင် ကိုယ်ရဲ့ spiritual level ကို ဖော်ပြရာ ရောက်တယ်၊ ကာမဂုဏ်ချမ်းသာကိုပဲ ချမ်းသာထင်နေတဲ့ အဆင့်အတန်းပဲရှိသေးတယ်၊ ဒီထက်ပိုပြီး မရောက်သေးဘူးလို့ ထင်ရမယ်။

ဆိုပါတော့၊ လူတစ်ယောက်ဟာ မွဲနေတယ်၊ စားစရာမရှိဘူး၊ ညနေစာ အတွက်တောင် မရှိဘူး၊ သူ့ကို ငွေတစ်ရာသွားပေးလိုက်စမ်း၊ သူ့ အဖို့တော့ အများကြီး ဖြစ်သွားပြီ၊ သူဝမ်းသာသွားပြီ၊ သဘောကျသွားပြီ၊ နောင် အခါ သူက အလုပ်လေး ဘာလေးရသွားတဲ့အခါကျတော့ ငွေတစ်ရာဟာ သူ့ အဖို့မများ တော့ဘူး၊

[စာမျက်နှာ-142] ထို့အတူပဲ သူဟာ တဖြည်းဖြည်းနဲ့ တိုးတက်သွားလို့ ကြီးပွားသွားတဲ့အခါ ကျတော့ တစ်ထောင်လည်း မများတော့ဘူး၊ တစ်သောင်းလည်း မများတော့ဘူး၊ သိန်းသိန်း ကုဋေလည်း မများတော့ဘူးဆိုတဲ့ အဖြစ်ရောက်နိုင်မှာပဲ၊ ဘီလျံနာလောက် ဖြစ်သွားပြီးတဲ့ လူတစ်ယောက်က ငွေတစ်ရာဟာ အလကားပါကွာလို့ ပြောမှာပဲ။ ငွေတစ်ရာမဖြစ်လောက်ပါဘူးလို့ ပြောမယ်။ အဲဒါ ကိုယ်က သွားပြီးတော့ ဒီလူဟာ ငွေတစ်ရာကို မဖြစ်လောက်ပါဘူးလို့ ပြောနေတယ်၊ ငွေတစ်ရာဟာ တကယ် ဖြစ်လောက်ပါတယ်လို့ ပြောမိရင်ကိုယ်က အောက်ဆုံးလူအဆင့်အတန်းလောက်ပဲ ရှိသေးလို့ပေါ့။

အဲသလိုပဲ ခုခေတ်လူတွေက ချမ်းသာကို တယ်ကြိုက်တာကိုး၊ လောကီချမ်းသာ သိပ်ကြိုက်ကြတော့ ဗုဒ္ဓဘာသာက ဒုက္ခဟောရင် သူတို့မကြိုက်တော့ဘူး။ ဗုဒ္ဓဘာသာက ဒုက္ခတင်ဟောပြီးတော့ စိတ်ညစ်လက်မှိုင်ချနေတာ မဟုတ်ဘူး၊ ဒါဟာ အလွန်အရေးကြီးတယ်၊ အမှန်ကို အမှန်အတိုင်း မြင်အောင်ကြည့်တာ၊ ဒါကို လက်ခံရမယ်၊ မကောင်းဘူးဆိုတာ လက်ခံပြီး မကောင်းတာကို လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လွတ်မြောက်ရေး လမ်းစဉ်ကို မြတ်စွာဘုရားက ဟောထားတာ၊ လောကကြီးဟာ ဒုက္ခဆင်းရဲပဲ၊ ဒီဒုက္ခဆင်းရဲကို မင်းတို့ ဘယ်လိုမှ ပြန်လှန် လုပ်နိုင်စွမ်း မရှိဘူး၊ ဒီအတိုင်းပဲနေကြတော့ ဒီအတိုင်းပေခံနေတော့လို့ ဒီလိုဟောထားတာ မဟုတ်ဘူး။

လူတစ်ယောက်မှာ ရောဂါရှိလို့ diagnosis လုပ်ရင် မင်းမှာ ရောဂါရှိနေပြီလို့ ရှိတဲ့အကြောင်းကို ဆရာဝန်က ပြောရမှာပဲ၊ ဆရာဝန်က ဒီလို မပြောရင် သူဟာ သမားကောင်းမဟုတ်တော့ဘူး၊ သူဟာ ဆေးရှာကြံပြီး ကုရမယ်။ အဲဒီအတိုင်းပဲ၊ အဲသလို မမြင်ဘူး၊ ဆရာဝန်က မမြင်ချင်ယောင်ဆောင်နေမယ်၊ ဆိုရင် ဘယ်လိုလုပ်ဆေးကုတော့မလဲ၊ ဒီလူနာဘယ်လိုလုပ် ပျောက်တော့မလဲ။

အဲသလိုပဲ၊ ဗုဒ္ဓဘာသာက အရှိကို အရှိအတိုင်း သေသေချာချာမြင်အောင် ကြည့်တယ်၊ အမှန်ကို အမှန်အတိုင်း လက်ခံတယ်၊ လက်ခံပြီးတော့မှ ဒါလွတ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လွတ်မြောက်ရေးအထိပါ ဟောထားတာ။ ဒါကြောင့်မို့ နိဗ္ဗာန်ချမ်းသာဆိုတာ တကယ့်အဆင့်အတန်း အမြင့်ဆုံးချမ်းသာ appreciate မလုပ်နိုင်သေးတာ ကိုယ်အဆင့်အတန်း နိမ့်သေးလို့ပဲ၊ တရားကို သွားပြီး အပြစ်ပြောလို့မရဘူး၊ ကိုယ့်ကိုကိုယ် အပြစ်ပြောရမယ်။

၁၄။ ငြိမ်းချမ်းခြင်းတရား၊ သန္တိ၊

[စာမျက်နှာ-143] ငြိမ်းချမ်းတယ်၊ ငြိမ်းအေးတယ်၊ ခံစားမှုမပါတဲ့ ငြိမ်းအေးတယ်ဆိုတာ (ဆိုပါတော့) အိပ်တဲ့အခါ ခံစားမှုမရှိသလောက်ပဲမဟုတ်လား၊ အဲဒီအိပ်ရတဲ့ချမ်းသာကို အမှန်အတိုင်းဆိုရင် တခြားချမ်းသာနဲ့ မလဲနိုင်ဘူး၊ အိပ်ရာက သွားနှိုးရင် ဘယ်သူမှ မကြိုက်ဘူး၊ ထမင်းစားရတာထက်ဆိုရင် အိပ်ရတာကို ပိုကြိုက်တယ်။ အိပ်နေရတဲ့ချမ်းသာဟာ နိဗ္ဗာန်ချမ်းသာလိုမျိုးပေါ့လေ၊ အဲဒါနဲ့ ခပ်ဆင်ဆင်ပဲ၊ စားသောက်လုပ်ကိုင်ပြီး နေရတဲ့ချမ်းသာမျိုး မဟုတ်ဘူး၊ ငြိမ်ငြိမ်သက်သက်လေးနေ ပြီးတော့ ချမ်းသာတဲ့ ချမ်းသာမျိုး၊ အဲဒါကို သန္တိ၊ ငြိမ်းချမ်းတယ်။

၁၅။ မွန်မြတ်သောတရား၊ ပဏီတ၊ နိဗ္ဗာန်ကို မွန်မြတ်တဲ့ တရားလို့ ဟောတယ်။
၁၆။ မြဲသောတရား၊ ဓုဝ၊ နိဗ္ဗာန်ကို မြဲသောတရားလို့လည်း ဟောတယ်၊ တရားတွေထဲမှာ မြဲတယ်ဆိုတာ နိဗ္ဗာန်ပဲရှိတယ်၊ နိဗ္ဗာန်ဟာ အမြဲရှိတယ်။
၁၇။ မသေရာ တရား၊ အမတ၊ သေခြင်းကင်းတဲ့တရား၊ ဆိုလိုတာကတော့ ဥပါဒ်ဆိုတဲ့ အဖြစ်မှ မရှိဘဲ၊ ဘင်ဆိုတဲ့ အပျက်လည်း မရှိဘူး၊ ဒါပဲ၊ ဥပါဒ်ရှိတယ်ဆိုရင် ဘင်ဟာ ဧကန်လာမှာပဲ။ ဒီသဘောတရားဟာ ဥပါဒ်သာရှိချင်တယ်၊ ဘင်မရှိချင်ပါဆိုလို့ မရဘူး။

ဦးဇင်းတို့ အခု သတ္တဝါတွေက ဥပါဒ်တော့ကြိုက်တယ်၊ ဘင်တော့ မလို ချင်ဘူး၊ ဥပါဒ်ပဲ လိုချင်တယ်ဆိုလို့ ဘယ်ရမလဲ၊ ဖြစ်ပြီးတော့ တည်နေချင်တာကိုး၊ မပျက်ချင်ဘူး၊ ဒီလိုတော့ မရှိနိုင်ဘူး။ ဒါကြောင့်မို့ မသေတဲ့တရားဆိုတာ အမှန်ကတော့ ဖြစ်ကိုမဖြစ်လို့ မသေတာ၊ မမွေးလို့ကို မသေတာ၊ လူအဖြစ်နဲ့ မွေးမလာရင် လူအဖြစ်နဲ့ သေခြင်းမျိုး မရှိနိုင် ဘူးပေါ့၊ အဲဒီလိုမျိုး မသေခြင်းတရား၊ သေခြင်းကင်းတဲ့ တရားဆိုတာ သေခြင်းပါ ကင်းတာ မဟုတ်ဘူး၊ ဖြစ်ခြင်းပါကင်းတာ။

၁၈။ မိမိထက်သာသောတရား မရှိသောတရား၊ အနုတ္တရ၊ ဒါကတော့ အမြတ်ဆုံးတရားလို့ ဆိုလိုတာပါပဲ၊ နိဗ္ဗာန်ထက်သာတဲ့တရား မရှိဘူးတဲ့။
၁၉။ နက်နဲသောတရား၊ ဂမ္ဘီရ၊ နက်နဲတယ်ဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် တကယ်ရမှာပဲ မြင်နိုင်တာကိုး၊ အမှန်းအဆနဲ့သာ မြင်နိုင်တယ်။

[စာမျက်နှာ-144] ၂၀။ မြင်နိုင်ခဲသောတရား၊ ဒုဒ္ဒသ၊ နက်နဲရင် မြင်နိုင်ခဲတော့တာပဲပေါ့။
၂၁။ သိမ်မွေ့သောတရား၊ အဏု၊ သုခုမ၊ ပါဠိလို အဏုလို့လည်းခေါ်တယ်၊ သုခုမလို့လည်းခေါ်တယ်၊ သိမ်မွေ့လို့ မြင်နိုင်ခဲတာပေါ့၊ နက်နဲတယ် နက်နဲတော့ မြင်နိုင်ခဲတယ်၊ သိမ်မွေ့တယ်၊ နိဗ္ဗာန်ကို ဟောထားတာ တခြားအချက်အလက်တွေလဲ အများကြီးရှိပါသေးတယ်၊ ဒါကတော့ negative side ရော positive side ရော ၂-မျိုးလုံး ပြောထားတာ။

ဘာဖြစ်လို့လဲဆိုတော့ positive side ကို သိပ်ကြိုက်ကြတယ်၊ ဘာပဲပြော လိုက်ပြောလိုက် positive မပါရင် မကြိုက်ကြဘဲကိုး၊ နိဗ္ဗာန်ကို negative term အနေနဲ့ ဟောထားတာလည်းရှိတယ်ဆိုတာ သိရမယ်။ နောက်ကဟာတွေကတော့ နိဗ္ဗာန်ရဲ့ ဂုဏ်တွေလို့ ပြောရင်ရပါတယ်၊ နိဗ္ဗာန်ရဲ့ သဘောကတော့ တဏှာရဲ့ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း ကုန်ခြင်းပါပဲ နောက်က ဟာတွေက နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေပါပဲ။

ကောင်းပြီ၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ မိလိန္ဒပဉှာမှာ ရှင်နာဂသိန်နဲ့ မိလိန္ဒမင်းကြီး အမေးအဖြေလုပ်ထားတာရှိတယ်၊ ဒါလည်း ဖတ်ကြဖို့တော့ ကောင်းတယ် စာလည်းတော်တော်များတယ်၊ ကူးလည်း မကူးနိုင်ဘူး၊ ဒီမှာတော့ အနှစ်ချုပ်လေးပဲ ပြထားတယ်။

ချုပ်ခြင်းသည် နိဗ္ဗာန်မည်၏၊ နိဗ္ဗာန်ဆိုတာ ချုပ်တဲ့သဘောတရားပဲတဲ့ အဲဒီချုပ်တဲ့ သဘောတရားကို နိဗ္ဗာန်လို့ ခေါ်ပါတယ်လို့ မိလိန္ဒမင်းကြီးကမေးလို့ ရှင်နာဂသိန်က ဖြေတာ၊ မိလိန္ဒပဉှာမြန်မာပြန် စာမျက်နှာ ၇၇ မှာပါတယ် မြန်မာပြန်ဖတ်ရင် ဒီလောက် လွယ်ကူနားမလည်ဘူး၊ ပါဠိမြန်မာပြန် ဖတ်ရတာကလဲ ရိုးရိုးစကားပြေ ဖတ်ရတာနဲ့ မတူဘူး၊ အင်္ဂလိပ်လို ပြန်လည်း ဒီလိုပဲ၊ အဲဒီ အင်္ဂလိပ် ဘာသာပြန်ဟာ ရိုးရိုးအင်္ဂလိပ်နဲ့မတူပြန်ဘူး၊ ဒီလိုချည်းသွားမှာပဲ။

အလုံးစုံသော သူတို့သည် နိဗ္ဗာန်ကို မရကုန်၊ ကောင်းစွာကျင့်၍ သစ္စာလေးပါး သိသူသာ နိဗ္ဗာန်ကို ရနိုင်သည်။ မိလိန္ဒမင်းကြီးက စကားသိပ်ကပ်တယ်၊ သတ္တဝါတိုင်း နိဗ္ဗာန်ရနိုင်သလားလို့ မေးတော့ ရှင်နာဂသိန်ဖြေတာက သတ္တဝါတိုင်း နိဗ္ဗာန်မရနိုင်ဘူးတဲ့၊ မြတ်စွာဘုရား ဟောတော်မူထားတဲ့အတိုင်း ကောင်းစွာမှန်ကန်စွာကျင့်ပြီးတော့ သစ္စာလေးပါးကို သိမြင်တဲ့ ပုဂ္ဂိုလ်မှသာ နိဗ္ဗာန်ရနိုင်တယ်တဲ့။

[စာမျက်နှာ-145] ပြီးတော့ တစ်ခုရှိသေးတယ်၊ အခြားသုတ်တစ်သုတ်မှာ ပုဏ္ဏားတစ်ယောက်က မေးတာ၊ ဂဏကမောဂ္ဂလာန်ထင်တယ်၊ မြတ်စွာဘုရားတဲ့၊ အရှင်ဘုရား တပည့်တွေ အကုန်လုံး နိဗ္ဗာန်ရောက်နိုင်သလားတဲ့၊ အဲဒီတော့ မြတ်စွာဘုရားက ရောက်တဲ့ သူလည်းရှိတယ်၊ မရောက်တဲ့သူလည်းရှိတယ်၊ အဲဒီတော့ ပုဏ္ဏားကလည်း စကား ကပ်တယ်။

အရှင်ဘုရား၊ နိဗ္ဗာန်ဆိုတာလည်းရှိတယ်၊ နိဗ္ဗာန်ရောက်ကြောင်း တရားလို့လည်း အရှင်ဘုရားကဟောထားတယ်၊ ဒါဖြင့် ဘာကြောင့် နိဗ္ဗာန်မရောက်ကြတာလဲ။ နိဗ္ဗာန်မရောက်တဲ့သူတွေ ရှိနေတာလဲတဲ့။

အဲဒီတော့ မြတ်စွာဘုရားက “မင်းဘယ်မြို့သိလား၊ (နာမည်မေ့နေတယ်) အဲဒီမြို့ကို ဘယ်လိုသွားရလဲလို့ လူတစ်ယောက်က မင်းကို လာမေးတယ်၊ ဘယ် လမ်းကိုသွား၊ ဟိုဘက်ချိုး၊ ဒီဘက်ကွေ့ စသည်ဖြင့် မင်းက ညွှန်ကြားလိုက်မယ်။ မင်းညွှန်ကြားလိုက်တဲ့လူတွေက လူတိုင်း လူတိုင်း အဲဒီမြို့ကို ရောက်သလားတဲ့။ ပုဏ္ဏားက ရောက်တဲ့သူလည်းရှိမယ်ဘုရား၊ မရောက်တဲ့သူလည်းရှိမယ်တဲ့၊ သူ ညွှန်ကြားတာ တကယ်လိုက်နာနားထောင်ရင်တော့ တကယ်ရောက်မှာပေါ့၊ သူ ညွှန်ကြားတဲ့အတိုင်း မဟုတ်ဘဲနဲ့ ညာဘက်ချိုးပါ ဆိုတာကို ဘယ်ဘက်ချိုးရင် မရောက်ဘူးပေါ့။ ဒါကြောင့် ရောက်တဲ့သူလည်းရှိမယ် မရောက်တဲ့သူလည်းရှိတယ်လို့ ပြောတာ။

“ဒါဖြင့် မြို့ကြီးကလည်း ဟိုမှာ အထင်အရှားရှိနေတယ်၊ မင်းကလဲ အတိ အကျ ညွှန်ကြားနေတယ်၊ ဒါတောင် မရောက်တဲ့သူ ရှိသေးလားတဲ့” ဘုရားက ပြန်မေးသတဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားဟောတဲ့ တရားရှိတိုင်းလဲ သတ္တဝါတိုင်း နိဗ္ဗာန်ကို ဘယ်ရောက်မလဲ၊ မြတ်စွာဘုရား ဟောထားတော်မူတဲ့အတိုင်း ကျင့်ဦးမှ၊ မှန်မှန် ကန်ကန်လည်း ကျင့်မှပေါ့။ အဲသလို ကောင်းစွာဆိုတာ မှန်ကန်စွာလို့ဆိုတယ်၊ မှန်ကန်စွာ ကျင့်ပြီးတော့ သစ္စာလေးပါး သိသူသာ နိဗ္ဗာန်ကို ရနိုင်တယ်။

ဒါဖြင့် နိဗ္ဗာန်မရဘဲနဲ့ နိဗ္ဗာန်ဟာ ချမ်းသာတယ်လို့ ဘယ်လိုလုပ် သိမလဲ။ “နိဗ္ဗာန်ကို မရသူသည်လည်း နိဗ္ဗာန်သည် ချမ်းသာသည်ဟု သိနိုင်သည်”တဲ့။ နိဗ္ဗာန်မရပေမယ့်လို့ မှန်းဆပြီးတော့ နိဗ္ဗာန်ဟာ ချမ်းသာတယ်လို့ သိနိုင်ပါ တယ်တဲ့၊ ကိုယ့်လက်မီး မလောင်ဖူးပေမယ့်လို့ မီးမလောင်တာဟာ ချမ်းသာလို့ သူသိတာပေါ့။

[စာမျက်နှာ-146] နိဗ္ဗာန်သည် ချမ်းသာအတိဖြစ်သည်၊ ဆင်းရဲနှင့် မရောနှောဘူးတဲ့၊ ဒါလည်း မိလိန္ဒမင်းကြီးက မေးတာ၊ နိဗ္ဗာန်ဟာ ချမ်းသာချည်းပဲလား၊ ဆင်းရဲနဲ့ နည်းနည်းလေးမှ မရောနှောဘူးလားတဲ့၊ မရောဘူးကွတဲ့၊ ဒါနဲ့ ထပ်လာသေးတယ်၊ တရားကျင့်တော့ ဒုက္ခမရောက်ဘူးလားတဲ့၊ မိလိန္ဒပဉှာကိုဖတ်ကြ၊ ဖတ်ဖို့ကောင်းတယ်၊ အခုတော့ အကျယ်မပြောအားဘူး။

အဲဒါကြောင့်မို့ နိဗ္ဗာန်ဟာ ချမ်းသာပဲ၊ ဆင်းရဲနဲ့ မရောဘူး၊ အကျင့်ကတော့ ဟုတ်မှာပေါ့၊ ကျင့်ရတုန်းကတော့ ဆင်းရဲမှုပါတာပေါ့၊ ဒါပေမယ့် နိဗ္ဗာန်ကို တကယ့်အာရုံပြုပြီး မျက်မှောက်ပြုတဲ့အခါ နိဗ္ဗာန်ကျတော့ ဆင်းရဲလုံးဝ မပါတော့ဘူး၊ ချမ်းသာချည်းပါပဲတဲ့။

တစ်နေရာကျတော့ တစ်ခါမေးပြန်ရော၊ နိဗ္ဗာန်ဟာ ဘယ်လိုအဆင်း သဏ္ဌာန်ရှိတယ်၊ ဘယ်လောက်အရွယ်ရှိတယ်၊ ဘယ်လိုအတိုင်းအရှည်ရှိတယ်ဆိုတာ ကိုကော ပြောပြလို့ ဖြစ်ပါသလား ဘုရားတဲ့။ မဖြစ်ဘူး၊ နိဗ္ဗာန်ဟာ အဆင်းသဏ္ဌာန် အရွယ်အတိုင်းအရှည်ဘာမှမရှိ နိဗ္ဗာန်ဟာ ပြောင်ပြောင်ဝင်းဝင်း လင်းလင်းကြီးပဲလို့လည်း ပြောလို့မရဘူး၊ ပြောရင် သူ အလွဲပြောတာပဲ။

နိဗ္ဗာန်ဟာ အဝိုင်းပဲ၊ လေးထောင့်ပဲ၊ ဘယ်လိုပုံသဏ္ဌာန်ရှိတယ်လို့ ဒီလိုလည်း ပြောလို့မရဘူး၊ နိဗ္ဗာန်ဟာ သက်တမ်းဘယ်လောက်ရှိပြီ၊ အရွယ်အားဖြင့် ဘယ်လောက် ရှိပြီလည်း ပြောလို့မရဘူး၊ နိဗ္ဗာန်ဟာ ဘယ်လောက်ကြီးပါတယ်၊ ဘယ်လောက်သေးပါတယ် စသည်ဖြင့် နိဗ္ဗာန်ရဲ့ အတိုင်းအရှည်ကို ပြောလို့မရဘူး၊ ဒါကြောင့်မို့ ဘယ်လိုနည်းနဲ့မှ နိဗ္ဗာန်ရဲ့ အဆင်းသဏ္ဌာန်အရွယ်အတိုင်း အရှည်ကို ပြောပြခြင်းငှာ မတတ်ကောင်းဘူးတဲ့။

အမှန်ကတော့ နိဗ္ဗာန်ကို မဆိုထားနဲ့၊ နာမ်တရားရဲ့ အသွင် သဏ္ဌာန်တို့ကို တောင် ပြောလို့မရတာ၊ နိဗ္ဗာန်ကပိုပြီး သိမ်မွေ့ နူးညံ့တဲ့တရားပဲ၊ အဲဒါကြောင့် နိဗ္ဗာန်မှာ အဆင်းမရှိဘူး၊ သဏ္ဌာန်မရှိဘူး။ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ဝင်းဝင်းလင်းလင်းကြီးပဲလို့ စာထဲမှာတော့ ဟောထား တာရှိတယ်နော်၊ ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတောပဘံလို့ ပါဠိတော်မှာ ဟောထားတာရှိတယ်၊ ဒါပေမယ့်လို့ အဲဒါက တင်စားပြီး ဟောထားတာ၊ တကယ် အရောင်အဆင်းရှိလို့ ဟောထားတာမဟုတ်ဘူး၊ နိဗ္ဗာန်ရဲ့ ပစ္စုပဋ္ဌာန်ဟာ

[စာမျက်နှာ-147] ဘာလည်းဆိုရင် ပုံသဏ္ဌာန် နိမိတ်မရှိဘူး ဆိုတာနိဗ္ဗာန်ရဲ့ ပစ္စုပဋ္ဌာန်ပဲ။ ဒါကြောင့်မို့ နိဗ္ဗာန်ကို ပုံသဏ္ဌာန်နဲ့ ပြောလာရင် ဒါဟာ တင်စားပြောတယ် လို့သာ မှတ်ပေတော့၊ မုချစကားမဟုတ်ဘူး၊ တိုက်ရိုက်ပြောတဲ့စကားမဟုတ်ဘူး တချို့ပါဠိတော်တွေမှာ အထူးသဖြင့် မိလိန္ဒပဉှာပါဠိတော်မှာ တချို့နေရာကျ နိဗ္ဗာန်ကို မြို့ကြီးသဖွယ် ပြောထားတာတွေရှိတယ်၊ ဒါလည်းနားလည်အောင် တင်စား ပြောတာ၊ တကယ့်မြို့ကြီးမဟုတ်ဘူး၊ မြို့ရယ် ဘာရယ်လို့ မရှိဘူး။

ဒါကြောင့်မို့ နိဗ္ဗာန်ကို အဆင်းဘယ်လိုရှိပါတယ်ပြောရင် မဟုတ်နိုင်ဘူး ဘယ်လို သဏ္ဌာန်မျိုး ရှိပါတယ်ပြောရင်လည်း မဟုတ်ဘူး၊ နိဗ္ဗာန်ရဲ့ အဆင်းသဏ္ဌာန် အရွယ်အတိုင်းအရှည်ကို ဆောင်ပြခြင်းငှာ မတတ်နိုင်ဘူး။ အဲဒီတော့ မိလိန္ဒမင်းကြီးက မေးပြန်တယ်၊ နိဗ္ဗာန်မျက်မှောက်ပြုတယ်လို့ ပြောတယ်၊ အဲဒီမျက်မှောက်ပြုတဲ့ နိဗ္ဗာန်ဟာ ဖြစ်ပြီးတဲ့နိဗ္ဗာန်လား၊ ဖြစ်လတ္တံ နိဗ္ဗာန်လား၊ ပစ္စုပ္ပန်နိဗ္ဗာန်လားတဲ့။

အဲဒီတော့ အရှင်နာဂသိန်ဖြေတာက ဘာတစ်ခုမှ မဟုတ်ဘူး၊ နိဗ္ဗာန်ဟာ နိဗ္ဗာန်ပဲတဲ့၊ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ အလွတ်ဖြစ်သော်လည်း ပစ္စုပ္ပန်လည်း မဟုတ်ဘူး၊ အတိတ်လည်းမဟုတ်ဘူး၊ အနာဂတ်လည်းမဟုတ်ဘူး၊ အရှိတရားဖြစ်တယ်။

အဖြစ်တရားနဲ့ အရှိတရားကို ခွဲခြားနားလည်ရမယ်၊ ရုပ်နာမ်က အဖြစ်တရား၊ ဖြစ်ပြီးတော့ ရှိတယ်ပေါ့လေ၊ ရှိလည်းရှိတယ်၊ အဖြစ်တရား၊ နိဗ္ဗာန်က အရှိတရား သက်သက်၊ အဖြစ်တရားမဟုတ်ဘူး။ ဒါကြောင့်မို့ နိဗ္ဗာန်ရှိသလား မရှိဘူးလားမေးရင် ရှိတယ်လို့ဖြေရမယ်။ ရှိလို့ပဲ သူ့ကို အာရုံပြုပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေဖြစ်ပြီးတော့ အရိယာတွေ ဘုရားရဟန္တာတွေ ဖြစ်ကြတာပေါ့။

နိဗ္ဗာန်မရှိဘူးလို့ပြောလိုက်ရင် ဘုရားရဟန္တာလည်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ် ရောက် သွားမယ်၊ ဘာကြောင့်လည်းဆိုရင် ဘုရားရဟန္တာဖြစ်တာဟာ သူတို့သန္တာန်မှာ မဂ်ဖိုလ်ဖြစ်လို့၊ အဲသလို မဂ်ဖိုလ်ဟာ နိဗ္ဗာန်မရှိဘဲနဲ့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်မရှိဘူးလို့ ပြောလိုက်ရင် မဂ်ဖိုလ်မရှိနိုင်ဘူးပြောတဲ့ အဓိပ္ပါယ်ရောက်တယ်။ မဂ်ဖိုလ်မရှိနိုင်ဘူးပြောရင် အရိယာပုဂ္ဂိုလ် ဘုရားရဟန္တာလည်း မရှိနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှိတရား၊ အဖြစ်တရားမဟုတ်ဘူး။

[စာမျက်နှာ-148] မဟုတ်တဲ့အတွက်ကြောင့် အပျက်မရှိဘူး၊ အဲဒီတော့ သိဖို့ကတော့ အလွန်ခဲယဉ်းတယ် ပေါ့ လေ၊ စကားလုံးအနေနဲ့လဲ နိဗ္ဗာန်ကို actually describe လုပ်လို့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ ဦးဇင်းတို့သုံးနေတဲ့ စကားလုံးတွေက ပညတ်နယ်၊ ဘဝနယ် ထဲက သုံးနေတာကိုး၊ ဟိုကဒီဟာနဲ့ ဆန့်ကျင်ဘက်ဖြစ်တာနဲ့ ပြောနေရတာဆိုတော့ ဘယ်လိုစကားလုံးနဲ့ ပြောလို့မှ တိတိကျကျ မရဘူး၊ အရှိတရားလို့ ပြောတာတောင်မှ ဒါဖြင့် ဖြစ်ပြီးသားတရားလည်းရှိသလားမရှိဘူးလားလို့ အဲသလို စကားကပ်လာရင် ရဦးမယ်၊ သို့သော် ဒီမှာ အရှိတရားဆိုတာ အရှိသက်သက်၊ အဖြစ်မပါတဲ့တရား။

အဲဒီလို ကိလေသာငြိမ်းအေးမှု၊ ကိလေသာကုန်ခမ်းမှု၊ ကိလေသာ နောက်ထပ် မဖြစ်ဘူးဆိုတာဟာ ဘယ်လိုလုပ်ပြီး သူ့ကို အတိတ်လို့ ပြောမလဲ၊ ပစ္စုပ္ပန်လို့ပြောမလဲ၊ အနာဂတ်လို့ပြောမလဲ၊ ကင်းငြိမ်းခြင်းသဘောတရား တစ်ခုအနေနဲ့သူ (နိဗ္ဗာန်) ရှိနေတာပဲ၊ ဒါပဲ၊ ဘယ်တုန်းကဖြစ်တယ် ဘယ်တော့ကွယ်ပျောက်သွားမယ်၊ ဒီလိုလည်း ပြောလို့မရဘူး၊ ဒါကြောင့် ကာလသုံးပါးမှ အလွတ်ဖြစ်ပေမယ့်လို့ အရှိတရား။

ဦးဇင်းတို့ တတိယပိုင်း အာရမ္မဏသင်္ဂဟမှာတုန်းက ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် စသည်ဖြင့် အာရုံတွေကို ခွဲတဲ့အခါကျတော့ နိဗ္ဗာန်နဲ့ ပညတ်ကို ကာလဝိမုတ်လို့ခေါ်ခဲ့တယ်၊ ကာလသုံးပါးမှ အလွတ်၊ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ပစ္စုပ္ပန်လည်း မဟုတ်ဘူး၊ အတိတ်လည်းမဟုတ်ဘူး၊ အနာဂတ်လည်းမဟုတ်ဘူး။ ဒါဖြင့် အဘာဝ၊ လုံးဝဘာမှမရှိတဲ့ ဗလာဟင်းလင်းကြီးလားဆိုရင် ဒီလိုလဲ မဟုတ်ဘူး၊ အရှိတရားပဲ၊ ဒါကြောင့် ကာလသုံးပါးမှ အလွတ်ဖြစ်ပေမယ့်လို့ အရှိတရားဖြစ်တယ်။

နိဗ္ဗာန်၏တည်ရာအရပ်မရှိ ဒီစကားက သိပ်ကောင်းတယ်၊ အခုပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ် လို့လည်း ပြောလေ့ရှိကြတယ်၊ ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု၊ ဘုံတစ်ခု၊ ဌာနတစ်ခုလို့ စိတ်ကထင်၊ ထင်နေ တတ်တယ်၊ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်၊ ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်၊ နိဗ္ဗာန်ရဲ့ တည်ရာအရပ်ရှိပါသလားတဲ့၊ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာရှိတယ်၊ အနောက်မှာရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာရှိတယ်၊ အထက်မှာရှိတယ်၊ အောက်မှာရှိတယ်၊ ဘယ်လိုမှ

[စာမျက်နှာ-149] ပြောလို့မရဘူး၊ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့မရဘူး၊ ကိလေသာ ချုပ်ငြိမ်းခြင်းသဘောကို ဘယ်နေရာမှာ ရှိတယ်လို့ ပြောလို့မရဘူး၊ ညွှန်ကြားလို့ မရဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်ရဲ့ တည်ရာအရပ်ရယ်လို့ မရှိဘူး။

နိဗ္ဗာန်အကြောင်းနဲ့ ပတ်သက်ပြီးတော့ အဲသလောက်တော့ နားလည်ထားရမယ်၊ ဒီထက် အကျယ်သိချင်သေးရင် မဟာစည်ဆရာတော်ရေးထားတဲ့ “နိဗ္ဗာန် ဆိုင်ရာတရားတော်”ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်၊ အဲဒီမှာ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး မဟာစည်ဆရာတော် အကျယ်ဟောထားတာရှိတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်လို့ ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုး မမြင်မိစေနဲ့၊ ရောက်စရာဌာနအနေ မမြင်မိစေနဲ့၊ အဲဒါအရေးကြီးတယ်၊ နိဗ္ဗာန်ဟာ သဘောတရား တစ်ခုပဲ။ ပရိနိဗ္ဗာန်စံတယ်ဆိုတာလဲ အဲဒီအတိုင်းပဲ၊ အင်္ဂလိပ်လို enter into Nibbana တို့ ဘာတို့တွေဟာ တင်စားသုံးတယ်လို့သာ နားလည်ရမယ်၊ သို့မဟုတ်ရင် ပရိနိဗ္ဗာန်စံတယ်ဆိုတာ အိမ်ကြီးထဲဝင်သွားသလိုလို ဘုံတစ်ခုထဲရောက်သွား သလိုလို စိတ်ကမထင်ပေဘူးလား၊ ဘုရားပရိနိဗ္ဗာန်စံတယ်ဆိုတာ ဘုရားက တစ်နေရာရောက် သွားသလိုလို စိတ်ကထင်၊ ထင်နေတတ်တယ်။ အမှန်ကတော့ ချုပ်သွားတာပဲ၊ ဘုရားဆိုတဲ့ ရုပ်နာမ်ချုပ်သွားတာပဲ၊ ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။

မေး - အဲဒါဟာ state လို့ ခေါ်လို့ရသလား။ ဖြေ - အဲဒါ ဦးဇင်းက စကားလုံး မရှိလို့ကွာ၊ ဒါကိုငါက state လို့ သုံးမယ်လို့။ ဒါပေမယ့် ဒါကို state ခေါ်ထိုက်မခေါ်ထိုက် သေသေချာချာမသိဘူး၊ ဘာကြောင့်လဲ ဆိုတော့ state လို့ ပြောလိုက်ရင် အဖြစ်တရားဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်သွား ပြန်တာကိုး၊ သို့သော် state ဆိုတဲ့စကားလုံး မသုံးဘူးဆိုရင် ဘယ်လို သုံးရမှန်း မသိဘူး၊ အဲဒီတော့ define လုပ်ပြီး အဓိပ္ပါယ်ဖွင့်ပြီး ပြောရရင် state ဆိုတဲ့ စကားလုံးကို သုံးမယ်၊ ဒါပေမယ့်လို့ ဥပါဒ်, ဌီ, ဘင်ရှိတဲ့သဘော တရားလို့တော့ မယူဆနဲ့ပေါ့။

နိဗ္ဗာန်ဟာ နားလည်ဖို့ သိပ်ခဲယဉ်းတာ၊ ကိုယ်ကမှ မမြင်ဖူး၊ မသိဖူး၊ မတွေ့ကြုံဖူးတော့ နားလည်ဖို့ သိပ်ခဲယဉ်းတယ်၊ ပြီးတော့ ကိုယ်က ဘဝအပေါ်မှာ တွယ်တာမှုရှိနေသေးတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘာပဲစဉ်းစားစဉ်းစား ဒီ background နဲ့ချည်း စဉ်းစားလိုက်တာပဲ။ ဒါကြောင့်မို့ လူတွေဟာ နိဗ္ဗာန်မကြိုက်ဘူးပြောတာ၊ နိဗ္ဗာန်မှာ ဘာရှိလဲ

[စာမျက်နှာ-150] မေးတယ်၊ ဘာရှိလဲမေးတဲ့ အမေးကိုကမှားနေတယ်၊ ဘာရှိလဲမေးတာကိုက နိဗ္ဗာန် ဟာ နေရာတစ်ခု ဌာနတစ်ခု၊ ဘုံတစ်ခုလို့ ယူဆပြီး မေးနေတာကိုး၊ ဒါကြောင့်မို့ သိပ်ခက်တယ်။

ဥပမာလေးတစ်ခုပေးထားတာရှိတယ်၊ ဝါပိုလာရဲ့ စာအုပ်တစ်အုပ်ထဲမှာပေါ့။ လိပ်နဲ့ငါးနဲ့ လေ၊ တစ်နေ့တော့ လိပ်ကကုန်းပေါ်တက် လမ်းလျှောက်ပြီး ရေထဲ ပြန်ဆင်းသွားတော့ ငါးနဲ့ တွေ့တယ်၊ ငါးကလိပ်ကို မင်းဘယ်သွားလဲမေးတော့ ငါက ကုန်းပေါ်သွား လမ်းလျှောက်တာဆိုတော့ ငါးက နားမလည်နိုင်ဘူးလေ၊ မင်း ရေကူးတာလားကွတဲ့၊ ရေကူးတာမဟုတ်ဘူး၊ လမ်းလျှောက်တာလို့ လိပ်က ပြန်ပြောတယ်၊ ငါးကနားမလည်နိုင်ပြန်ဘူးတဲ့၊ ကုန်းဆိုတာကိုသူမှမသိဘဲ၊ ကုန်းဆိုတာ ရှိမှန်းမသိဘူးလေ။

လိပ်ကတော့ ကုန်းပေါ်လည်းတက်နိုင်တယ်၊ ရေထဲလည်းနေနိုင်တော့ ၂-မျိုးလုံး သိတယ်လေ၊ ငါးကတော့ ကုန်းပေါ်တက်တယ်ဆိုတာကို စဉ်းစားလို့မရဘူး၊ အဲဒါမျိုးပေါ့၊ ဒီမှာလဲ နိဗ္ဗာန်လို့ ပြောလိုက်ရင် နားမလည်နိုင်ကြဘူး။

ကောင်းပြီ၊ ပထမစာရွက် ပြန်ကြည့် နိဗ္ဗာန် ၂- မျိုးတဲ့။ ပထမတစ်မျိုးကို သဥပါဒိသေသနိဗ္ဗာန်တဲ့ ဥပါဒိဆိုတာ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ကိုခေါ်တယ်၊ သေသဆိုတာက ကြွင်းတာ၊ ကြွင်းတယ်ဆိုတာ ကိလေသာတို့မှ ကြွင်းတာ၊ သဆိုတာက ရှိတာ၊ ဒါကြောင့်မို့ သဥပါဒိသေသဆိုတာ ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တွေရှိတဲ့ နိဗ္ဗာန်၊ ရှိတဲ့နိဗ္ဗာန်ဆိုတာ အဲဒါတွေရှိနေစဉ် အာရုံပြုရတဲ့ နိဗ္ဗာန်၊ တွေ့ရတဲ့နိဗ္ဗာန်လို့ ဆိုလိုတယ်၊ အဲဒီနိဗ္ဗာန်မှာ ဒီဟာတွေရှိနေတယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ အဲသလိုဆိုရင် နိဗ္ဗာန်ကို ပစ္စည်းတစ်ခုလို့ ထင်သွားလိမ့်ဦးမယ်။

အမှန်ကတော့ ဝိပါက်နာမက္ခန္ဓာနဲ့ ကမ္မဇရုပ်တွေ မချုပ်သေးခင် တွေ့မြင်အပ် တဲ့ အာရုံပြုအပ်တဲ့ နိဗ္ဗာန်ကို သဥပါဒိသေသ နိဗ္ဗာန်လို့ခေါ်တယ်၊ အဲဒီတော့ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်တို့ မချုပ်သေးခင်ဆိုတာ ရဟန္တာကို ရည်ရွယ်ပြီး ပြောလိုက်တာ၊ ရဟန္တာဖြစ်သွားတဲ့အခါကျတော့ ကိလေသာကုန်သွားတယ်၊ ကုန်သွား တယ်ဆိုတာ နောက်ထပ်မဖြစ်တာကိုပြောတာ။ အဲဒီ ကိလေသာ ကုန်သွားပေမယ့် ရဟန္တာမှာ ခန္ဓာကြီးရှိတုန်းပဲ မဟုတ် ဘူးလား၊ စိတ်တွေကော ရှိတုန်းပဲမဟုတ်လား၊ ဒါကြောင့်မို့ ခန္ဓာဆိုလည်း အထူးသဖြင့် ကမ္မဇရုပ်ပေါ့။ အမှန်ကတော့ ရုပ်အားလုံးပါပဲ၊ အဲဒီ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ် အကြွင်းရှိနေစဉ်မှာ ရှိနေသေးတုန်းမှာ တွေ့ကြုံရတဲ့ အာရုံပြုရတဲ့နိဗ္ဗာန်ကို

[စာမျက်နှာ-151] သဥပါဒိသေသ နိဗ္ဗာန်လို့ခေါ်တယ်၊ မြန်မာလိုရှင်းရှင်းပြောရရင် ရဟန္တာတွေ ရဟန္တာဖြစ်ပြီးတဲ့နောက် ပရိနိဗ္ဗာန်မစံခင် တွေ့ကြုံရတဲ့ နိဗ္ဗာန်ကို သဥပါဒိသေသ နိဗ္ဗာန်လို့ခေါ်တယ်။

အမှန်ကတော့ နိဗ္ဗာန်ဆိုတာ တစ်မျိုးထဲပဲ၊ ၂-မျိုး ၃-မျိုး အနေနဲ့ရှိတယ်ရယ်လို့ မဟုတ်ဘူး၊ တင်စားပြီး သုံးတဲ့အနေနဲ့ကျတော့ မသေခင် တွေ့ကြုံရတဲ့ နိဗ္ဗာန်၊ သေပြီးဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ၊ သဥပါဒိသေသနိဗ္ဗာန်၊ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်တွေမချုပ်သေးခင်၊ ပရိနိဗ္ဗာန်မစံသေးခင် အာရုံပြုအပ်တဲ့နိဗ္ဗာန်ကို သဥပါဒိသေသ နိဗ္ဗာန်။

အနုပါဒိသေသနိဗ္ဗာန်ဆိုတာ နဥပါဒိသေသ၊ နဆိုတာ မရှိတာ၊ ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ်တို့ ချုပ်ပြီးနောက်မရှိတဲ့အခါမှာဖြစ်တဲ့ နိဗ္ဗာန်၊ ရအပ်တဲ့နိဗ္ဗာန်လို့ ဆိုလိုတယ်၊ သို့မဟုတ် ဘယ်စကားလုံးပြောရမလဲဆိုတော့ ဖြစ်ပေါ်တဲ့ နိဗ္ဗာန် စသည်ဖြင့် ပြောချင်ပြောရမယ်။

အဲဒါကတော့ ဘုရားရဟန္တာတွေ ပရိနိဗ္ဗာန်စံသွားတဲ့အခါမှာ ဖြစ်တဲ့နိဗ္ဗာန် အမှန်ကတော့ နိဗ္ဗာန်ဆိုတာ သူ့ဟာသူ တစ်မျိုးထဲပါပဲ၊ ဒီမှာ အချိန်အခါလိုက်ပြီး ပြောနေတာ၊ သူတို့ပရိနိဗ္ဗာန်မစံသေးခင်ကျတော့ အဲဒီနိဗ္ဗာန်ကို သဥပါဒိသေသ နိဗ္ဗာန်လို့ ခေါ်လိုက်တယ်၊ ပရိနိဗ္ဗာန်စံပြီးတဲ့အခါကျတော့ အနုပါဒိသေသနိဗ္ဗာန်၊ အဲဒီတော့ ပရိနိဗ္ဗာန် မစံသေးခင်ကို အနုပါဒိသေသလို့ သုံးလို့မရဘူး။

အဲဒီ ၂-မျိုးမှာ သဥပါဒိသေသနိဗ္ဗာန်ကို ကိလေသပရိနိဗ္ဗာန်လို့လည်း ခေါ်တယ်၊ ကိလေသာတွေ ချုပ်ငြိမ်းသွားတာပေါ့၊ အနုပါဒိသေသ နိဗ္ဗာန်ကိုတော့ ခန္ဓပရိနိဗ္ဗာန်လို့ ဒီလိုလည်းခေါ်တယ်။

ဘုရားရဟန္တာတွေ ပရိနိဗ္ဗာန် စံတဲ့အခါကျတော့ ရုပ်ခန္ဓာနာမ်ခန္ဓာတွေ ပျောက်သွားတယ် (ကျန်တဲ့ခန္ဓာကို ဆိုလိုတာ ကိလေသာက ဟိုတုန်းက ပျောက်ခဲ့ပြီ) ဒါကြောင့် ဘုရားရဟန္တာတွေ ပရိနိဗ္ဗာန်ပြုတဲ့အခါမှာဖြစ်တဲ့ နိဗ္ဗာန်ကို ခန္ဓပရိနိဗ္ဗာန်လို့ သုံးတယ်။

ကိလေသ ပရိနိဗ္ဗာန်ဆိုရင် ဘုရားရဟန္တာတွေ အသက်ရှင်တုန်းပေါ့၊ ခန္ဓ ပရိနိဗ္ဗာန်ဆိုတာက ပရိနိဗ္ဗာန်ပြုတဲ့အချိန်။
မေး - ဘုရားရဟန္တာတွေ ပရိနိဗ္ဗာန်စံပြီးသွားပြီဆိုရင် ဘာမှ မရှိတော့ဘူးဆိုတော့ နိဗ္ဗာန်ဆိုတဲ့ တရားတွေပါ ကွယ်ပျောက်သွားတာလား ဘုရား။
ဖြေ - နိဗ္ဗာန်ကတော့ သူ့ဟာသူနေမှာပဲ၊ အဲဒီ ပုဂ္ဂိုလ်ကတော့ ပျောက်သွားပြီ။

[စာမျက်နှာ-152] နောက်ထပ်မဖြစ်ဘူးပေါ့။

အဲဒီ အမေးပုစ္ဆာ ပြဿနာက အလွန်ခက်တယ်၊ ရဟန္တာတွေ ပရိနိဗ္ဗာန်စံပြီးနောက်ထပ် ဖြစ်သေးလား၊ မဖြစ်ဘူးလားဆိုတဲ့ အမေးကို ဘုရားက မဖြေဘူး၊ ဖြစ်တယ်လည်းမဖြေဘူး၊ မဖြစ်ဘူးလည်းမဖြေဘူး၊ ဘုရားသာမဟုတ်ဘူး၊ ရဟန္တာတွေကို လျှောက်ထားမေးမြန်းလဲမဖြေဘူး။

ဘာကြောင့်လဲဆိုတော့ ရဟန္တာပရိနိဗ္ဗာန် ပြုပြီးဖြစ်သေးလား မဖြစ်ဘူးလား မေးတာကိုက ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ယူဆပြီးတော့မေးတာကိုး။

အဲဒီတော့ အမှန်သဘောတရားအရ ပြောရရင် အသက်ရှိထင်ရှားဖြစ်နေတုန်း တောင် သတ္တဝါမှမရှိတာ၊ ရုပ်နာမ်မျှသာရှိတာ၊ အဲဒါကြောင့် ရဟန္တာ ပရိနိဗ္ဗာန်ပြုရင် ထပ်မဖြစ်ဘူးလို့ ဘုရားက မဖြေဘူး၊ ဖြစ်တယ်လို့သာပြီး မဖြေသေးတာပေါ့။ သို့သော် ဘယ်လိုဘယ်လို ဖြေသွားသလဲဆိုတော့ ရုပ်နာမ် ခန္ဓာဆိုတဲ့ ဒုက္ခတွေ ရှိတယ်၊ အဲဒီ ရုပ်နာမ်ခန္ဓာဆိုတဲ့ ဒုက္ခတွေချုပ်ငြိမ်းသွားတာပဲ၊ ဒါပဲ၊ အဲဒီတော့ မဖြစ်ဘူးဆိုတာနဲ့ အတူတူပဲ၊ အဲဒီနိဗ္ဗာန်ဟာ ဆီမီးများ ငြိမ်းသလို ပျောက်သွားပြီ။

ဒါကြောင့်မို့ သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို နာမည်တစ်မျိုးနဲ့ ကိလေသပရိနိဗ္ဗာန်လို့ခေါ်တယ်၊ အနုပါဒိသေသ နိဗ္ဗာန်ကို ခန္ဓပရိနိဗ္ဗာန်လို့ခေါ်တယ်၊ ဒီ ၂-မျိုးကို သေသေချာချာ နားလည်ထားသင့်တယ်။

ဒါကြောင့်မို့ နိဗ္ဗာန်မှာ ဘာရှိတယ် ညာရှိတယ် ပြောနေတာကိုက မဟုတ်တော့ဘူး၊ နိဗ္ဗာန်မှာ ချမ်းသာရှိတယ်လို့ ပြောနေတာမဟုတ်ဘူး၊ နိဗ္ဗာန်ကိုက ချမ်းသာ၊ သူကတော့ ချမ်းသာပဲ၊ သူ့မှာ ရှိနေတာရယ်လို့ မဟုတ်ဘူး၊ သူ(နိဗ္ဗာန်) က ဌာနလည်းမဟုတ်ဘူး၊ ဘာမှလည်းမဟုတ်ဘူး၊ အဲဒါမှတ်ထား။

မေး - အရှင်ဘုရား ရဟန္တာဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ တကယ်လို့ သူဖျားနာတယ်ဆိုရင် သူ့အနေနဲ့ အဲဒီဖျားနာတာကို ဝေဒနာအနေနဲ့တော့ feel မလုပ်တတ်ဘူးလား။
ဖြေ - feeling တော့ရှိတယ်၊ သို့သော် သူ့စိတ်ကို ဒုက္ခမပေးဘူး၊ နာတာတော့ အနာကရှိတာပဲ၊ ပုထုဇဉ်တွေ အနေနဲ့တော့ နာရင်စိတ်ညစ်မယ်၊ စိတ်ပျက်မယ်၊ စိတ်ဆိုးမယ်၊ ငိုကျွေးမယ်စသည်ဖြင့်ရှိတယ်၊ ဘုရားရဟန္တာအနေနဲ့ကျတော့ ဒါဟာ မခံသာတဲ့ ဝေဒနာအနေနဲ့ ရှုပြီး ဥပေက္ခာဖြစ်တာပေါ့၊ အဲဒါမှာ ကွာသွားတယ်။

နာတာကတော့ ဘုရားရဟန္တာလည်းနာတာပဲ၊ ဦးဇင်းတို့လို ပုထုဇဉ်လည်းနာတာပဲ၊ ဒါပေမယ့် ပုထုဇဉ်မှာတော့ ခံနိုင်ခဲတယ်လေ၊ ဒေါသမူစိတ်တစ်ခုခု ဖြစ်တတ်တယ်။

[စာမျက်နှာ-153] ဘုရားရဟန္တာကတော့ ဒေါသမူစိတ်မဖြစ်အောင် ထိန်းသိမ်းထားနိုင်တယ်။
မေး - တပည့်တော်ထင်တာကတော့ လုံးဝတောင် နာမယ်မထင်ဘူး။
ဖြေ - နာတာတော့နာတယ်။
မေး - နာတယ်လို့မြင်လိုက်ရင် ဝေဒနာ ဆက်ဝင်သွားမယ်၊ feel back က ဆက်ဝင်သွားမယ်၊ နာတယ်လို့ မြင်ပေမယ့် at the same time မှာသူ့အာရုံက အများကြီးရှိပြီးတော့ မြင်နိုင်တဲ့ အာရုံဖြစ်ပါသလား။
ဖြေ - ဒီဒုက္ခနဲ့ ပတ်သက်ပြီးတော့ ကာယဝိညာဏ်ဖြစ်တယ်၊ မနောဝိညာဏ်မဖြစ်ဘူး၊ ဒုက္ခဝေဒနာ ခံစားနေရတော့ ဒုက္ခသဟဂုတ် ကာယဝိညာဏ် စိတ်ဖြစ်မယ် မဟုတ်လား၊ အဲဒါက ဘယ်သူမဆိုဖြစ်မှာ၊ ရှောင်လို့ မရဘူး၊ ဝိပါက်စိတ်ကိုး၊ အဲဒီ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ဖြစ်ပြီးတဲ့နောက် ဇောစောတဲ့ အချိန်ကျတော့ ရိုးရိုး လူကျတော့ အကုသိုလ်ဇောစောနိုင်တယ်၊ များသောအားဖြင့် အကုသိုလ်ဇောပဲ စောတယ်၊ ဘုရားရဟန္တာကျတော့ အကုသိုလ်ဇောမစောဘူး၊ အဲဒါပဲ၊ ကာယဝိညာဏ်ကတော့ ဘယ်သူမှ ရှောင်လို့မရဘူး။

ဒါကြောင့်မို့ နာတာကတော့နာမှာပဲ။
မေး - သူ့ဟာသူ နာနေတာပဲလား၊ စိတ်က ဒီထဲမရောက်ဘူး ထင်ပါတယ်။
ဖြေ - စိတ်ကို မထိခိုက်တော့ဘူးလေ၊ ဒါကြောင့်မို့ စိတ်ဟာ ဒေါမနဿဇော မစောတော့ဘူး၊ လောဘဇောတော့ မစောနိုင်ဘူးပဲထားပါတော့၊ ထင်ရှားပါတယ်။ ဒေါသမူဇော မစောနိုင်တော့ဘူး၊ အဲဒါမှာ ကွာသွားတယ်၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ရှင်အနုရုဒ္ဓါနေမကောင်းဖြစ်နေတော့ အခြားရဟန်းတွေက မေးတယ်။

“အရှင်ဘုရားတော်တော်နေမကောင်းဖြစ်နေတယ်၊ ဘယ်လိုလုပ်ပြီးတော့ ဒီဒုက္ခဝေဒနာတွေက အရှင်ဘုရားရဲ့ စိတ်ကို မလွှမ်းမိုးနိုင်ပါသလဲ၊ သိမ်းကျုံးပြီး မယူနိုင်ပါသလဲ” မေးတော့ ဖြေတာက “ငါ သတိပဋ္ဌာန်တရားအမြဲပွားများတဲ့အတွက်ကြောင့် ဒုက္ခဝေဒနာတွေက ငါ့စိတ်ကို ဒုက္ခမပေးနိုင်ဘူး”လို့ အဲသလိုဖြေတယ်။

နောက်ထပ် နိဗ္ဗာန် ၃- မျိုးရှိသေးတယ်၊ ဒါလည်းပဲပရိယာယ် တစ်မျိုးပေါ့။
၁။ သုညတနိဗ္ဗာန်တဲ့၊ ရာဂ၊ ဒေါသ၊ မောဟနှင့်တကွ ရုပ်နာမ်ခန္ဓာ အားလုံးကင်းဆိတ်တယ်တဲ့၊ နိဗ္ဗာန်မှာ ရာဂမရှိဘူး၊ ဒေါသမရှိဘူး၊ မောဟမရှိဘူး၊ ရုပ်မရှိဘူး၊ နာမ်မရှိဘူး၊ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဘာမှမရှိဘူးပေါ့လေ။ အဲဒါတွေအားလုံး ဆိတ်သုဉ်းတဲ့အတွက်ကြောင့် နိဗ္ဗာန်ကို သုညတနိဗ္ဗာန်လို့ခေါ်တယ်။

၂။ အနိမိတ္တနိဗ္ဗာန်ဆိုတာ ပုံသဏ္ဍာန်မရှိတာကိုခေါ်တယ်၊ ပုံသဏ္ဍာန်မရှိတာ...

[စာမျက်နှာ-154] ဆိုတာ တကယ့်ပုံသဏ္ဍာန်ကိုလည်း ပုံသဏ္ဍာန်လို့ခေါ်တယ်၊ ရာဂ၊ ဒေါသ၊ မောဟနှင့်တကွ ရုပ်နာမ် အားလုံးကိုလဲ ဒီနေရာမှာတော့ နိမိတ် အမှတ်အသား ပုံသဏ္ဍာန် လို့ခေါ်တယ်၊ အဲဒါတွေ ဘာမှမရှိတဲ့ အတွက်ကြောင့် အနိမိတ္တနိဗ္ဗာန်။

၃။ အပ္ပဏိဟိတနိဗ္ဗာန်၊ ပဏိဓိဆိုတာ တောင့်တတာ၊ တဏှာနဲ့ တောင့်တတာ၊ ဒါကြောင့်မို့ အပ္ပဏိဟိတနိဗ္ဗာန်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသော တောင့်တခြင်း မရှိသော နိဗ္ဗာန်၊ ဒီလိုဆိုလိုတယ်၊ အဲသလို နိဗ္ဗာန် ၃-မျိုးလည်းရှိတယ်။

အဲဒီတော့ အနိမိတ္တနိဗ္ဗာန်ဆိုတာလေး မှတ်ထား၊ နိဗ္ဗာန်ကို ပုံသဏ္ဍာန်နဲ့ နေရာဌာနနဲ့ ပြောလာရင်ဒါနဲ့ check လုပ်ရုံပဲ။

သုညတဆိုတဲ့ ပုဒ်လေးလဲမှတ်ရမယ်၊ မဟာယာနမှာ သုညတဆိုတာ အလွန်အရေးကြီးတယ်၊ သူတို့ သုညတနဲ့ ဦးဇင်းတို့ ထေရဝါဒသုညတနဲ့ မတူဘူးဆိုတာ မှတ်ထား။

သူတို့ သုညတက တကယ့် void၊ သူတို့ဟာက ချာလပတ်လည်သွားတယ်၊ နောက်ဆုံး ဘာမှမရှိတော့ဘူး၊ ရုပ်လည်းမရှိတော့ဘူး၊ နာမ်လည်းမရှိတော့ဘူး၊ ရုပ်လည်းသုညပဲ၊ နာမ်လည်းသုညပဲ၊ ဘာမှမရှိတော့ဘူး၊ မွမွကြေသွားတာ၊ အဲဒါမျိုးကို သူတို့က သုညတလို့ခေါ်တာ။

ဦးဇင်းတို့ ထေရဝါဒမှာ သုညတလို့ခေါ်တာက ရုပ်ဟာရှိတယ်၊ နာမ်ဟာ ရှိတယ်၊ ရုပ်ဟာအဖြစ်အရှိတရား၊ နာမ်ဟာအဖြစ်အရှိတရား၊ ဒါဟာ လက်ခံရမယ်။

ဒါပေမယ်လို့ ဒီရုပ်နာမ်မှာလည်း သုညသဘောရှိတယ်၊ ဘာကြောင့်တုန်း၊ အတ္တသဘောမရှိဘူး၊ နိစ္စသဘောမရှိဘူး၊ အဲဒါမျိုးကို ထေရဝါဒ သုညလို့လက်ခံတာ။

နိဗ္ဗာန်ကို သုညလို့ ပြောတာကျတော့ အခုလို ရာဂ၊ ဒေါသ၊ မောဟကင်းတာ၊ ရုပ်နာမ်အားလုံးကင်းဆိတ်တာ၊ ဒါကို ဒီအဓိပ္ပါယ်နဲ့ နိဗ္ဗာန်ကို သုညတနိဗ္ဗာန်လို့ဆိုတာ၊ လုံးဝ ဘာမှမရှိတော့တာ void ဖြစ်နေတာမျိုးကိုသုညတလို့ ထေရဝါဒမှာ ခေါ်တာမဟုတ်ဘူး။

သူတို့ မဟာယာနမှာ ဟောထားတာရှိတယ်၊ ရုပ်သည် သုညဖြစ်သည်။ သုညသည် ရုပ်ဖြစ်သည်၊ ဝေဒနာသည်သုညဖြစ်သည်၊ သုညသည် ဝေဒနာဖြစ်သည်နဲ့ အဲသလို အပြန်ပြန်အလှန်လှန်ဟောထားတာ၊ အဲဒီတော့ ရုပ်ဟာ သုညဖြစ်တယ်ဆိုတာမှာ အတ္တကင်းဆိတ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး၊ နိစ္စသဘော ကင်းဆိတ်တယ်ဆိုတာမျိုး၊ ချမ်းသာသဘော ကင်းဆိတ်တယ်ဆိုတာမျိုးဆိုရင် ဦးဇင်းတို့...

[စာမျက်နှာ-155] လက်ခံတယ်။

ရုပ်ဟာ သုည၊ တကယ့်ကို သုညအစစ်၊ ဘာမှမရှိဘူးဆိုရင် ဒါကိုတော့ လက်မခံနိုင်ဘူး၊ ပရမတ္ထသဘောတရား အနေနဲ့ ဥပါဒ်၊ ဌီ၊ ဘင် ရှိကိုရှိနေတယ်။ ဒါမရှိဘူးလို့ ပြောလို့ကို မရဘူး။

နိဗ္ဗာန် ၃-မျိုး သုညတနိဗ္ဗာန်၊ အနိမိတ္တနိဗ္ဗာန်၊ အပ္ပဏိဟိတနိဗ္ဗာန်၊ ဒါတွေလည်းဥပစာနဲ့ တင်စားပြီး ပြောတာတွေပါပဲ။ နောက်ဆုံးတော့ နိဗ္ဗာန်ဟာ တစ်မျိုးထဲမှ တစ်ခုထဲပါပဲ၊ ခုနပြောတဲ့ ရာဂ၊ ဒေါသ၊ မောဟ (သို့မဟုတ်) ကိလေသာ (သို့မဟုတ်) ဒုက္ခချုပ်ငြိမ်းခြင်း၊ ကုန်ဆုံးခြင်း သဘောတရားအနေနဲ့ ရှိတဲ့ နိဗ္ဗာန် အဲဒါကို နိဗ္ဗာန်လို့ ခေါ်သည်တဲ့။

မေး - ရုပ် ၂၈-ပါးထဲက တစ်ခုခုဟာ နိဗ္ဗာန်မှာ ရှိပါသလား။
ဖြေ - ဘာမှမရှိဘူး၊ နိဗ္ဗာန်ဟာ ရုပ်လည်းမရှိဘူး၊ နာမ်လည်းမရှိဘူး၊ နာမ်ဆိုတာ စိတ်စေတသိက်၊ အဲဒီတော့ ပစ္စည်းပိုင်း အဆုံးကျရင် လာလိမ့်ဦးမယ်၊ စိတ်ပိုင်းတုန်းက ဦးဇင်းပြောခဲ့ပြီးပြီထင်တယ်၊ နာမ်ဆိုတဲ့ စကားထဲမှာ စိတ်၊ စေတသိက်၊ နိဗ္ဗာန် ၃-မျိုးကိုခေါ်တယ်၊ နာမ်လို့ဆိုရင် စိတ်ရော၊ စေတသိက်ရော နိဗ္ဗာန်ကိုရော ဆိုလိုတယ်။

ဒါပေမယ်လို့ ဦးဇင်းတို့ အခုပြောနေတဲ့ ရုပ်၊ နာမ်ထဲမှာ နိဗ္ဗာန်မပါဘူး၊ အဲဒီအခါကျတော့ ရုပ်က ရုပ် ၂၈-ပါးထဲကပါမယ်ပေါ့၊ နာမ်ဟာ စိတ်စေတသိက် ကိုပဲဆိုလိုတယ်။

ဆိုပါတော့၊ ဝိပဿနာရှုတယ်၊ ရုပ်နာမ်ကိုရှုရတယ်၊ အဲဒီနာမ်ထဲမှာ နိဗ္ဗာန် မပါဘူး၊ ဒါပေမယ်လို့ နာမ်ဆိုတဲ့ နာမည်ရထားတဲ့ တရားတွေပြောပြစမ်းပါဆိုရင် အဲဒါကျတော့ နိဗ္ဗာန်ပါတယ်။ ဘာလို့တုန်းဆိုတော့ နိဗ္ဗာန်ဟာ မိမိတို့ စိတ်စေတသိက်တွေကို ညွတ်စေတဲ့ အတွက်ကြောင့် သူ့ကို နာမ်လို့ခေါ်တယ်။

ယမိုက်ပါဠိတော်မှာ နာမ်တရားတွေဟာ ဘယ်ဟာတွေလဲမေးတဲ့အခါ အဖြေကျတော့ နိဗ္ဗာန်ပါတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ နာမ်တရားတော့ ဟုတ်တယ်၊ but it is not mental၊ အင်္ဂလိပ်လိုကျတော့ သိပ်ပြောရခက်တယ်၊ ဘာလို့လဲဆိုတော့ နာမ်ဆိုတဲ့ စကားလုံး သူတို့မှာမှ မရှိပဲ၊ မရှိတော့ mental လို့ပဲ သုံးထားတယ်၊ အဲဒီတော့ နိဗ္ဗာန်ကို နာမ်တရားလို့ပြန်ရင် နိဗ္ဗာန်ကို mental လို့ ပြန်လို့မရဘူး၊ နိဗ္ဗာန်ဟာ စေတသိက်တရားမဟုတ်ဘူး၊ သူက သီးခြားပရမတ္ထတရားတစ်ခု၊ သူ့ကို အာရုံပြုလို့...

[စာမျက်နှာ-156] ရတယ်၊ သူက ပြန်ပြီး အာရုံမပြုနိုင်ဘူး၊

ဒါကြောင့် နိဗ္ဗာန်မှာရုပ်လည်းမရှိဘူး၊ နာမ်လည်းမရှိဘူး၊ ရုပ်လည်း မဟုတ်ဘူး၊ စိတ် စေတသိက် နာမ်လည်းမဟုတ်ဘူး။

[စာမျက်နှာ-157]
သမုစ္စည်းပိုင်း
စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး၊ နိပ္ဖန္နရုပ် ၁၈-ပါး၊ နိဗ္ဗာန် ပေါင်း ၇၂-ပါး အပြားရှိကုန်သော သဘောတရားများကို ပေါင်းစု၍ ရသင့်သည်အားလျှော်စွာ ပြဆိုခြင်းသည် သမုစ္စယ = သမုစ္စည်းမည်၏။

(အာကာသစသော အနိပ္ဖန္နရုပ်တို့သည် အထည်ကိုယ်ဝတ္ထုရကောင်းသော ဝတ္ထုဓမ္မအစစ်ပရမတ္ထအစစ် မဟုတ်ကြသောကြောင့် ဒေသတ္တတိအရ၌ မပါဝင်နိုင်ချေ။)

သမုစ္စည်းပိုင်း၌
(၁) အကုသလ သင်္ဂဟ = အကုသိုလ်ဇာတ်အားဖြင့်တူသော သဘောရှိကုန်သော အာသဝေါစသောတရားတို့ကို တစ်ပေါင်းတည်းပြု၍ ပြဆိုရာဖြစ်သော သင်္ဂဟ။
(၂) မိဿကသင်္ဂဟ = ကုသိုလ်အကုသိုလ် အဗျာကတဖြစ်သော တရားတို့ကို ရောနှောသိမ်းယူပြဆိုရာဖြစ်သော သင်္ဂဟ။
(၃) ဗောဓိပက္ခိယသင်္ဂဟ = ဗောဓိဉာဏ်ကိုရခြင်း၏ အကြောင်းဖြစ်ကုန်သော သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်စသော တရားတို့ကို တစ်ပေါင်းတည်းသိမ်းယူရာဖြစ်သော သင်္ဂဟ။
(၄) သဗ္ဗသင်္ဂဟ = အလုံးစုံသော ပရမတ္ထတရားမှန်သမျှတို့ကို တပေါင်းတည်းသိမ်းယူပြဆိုရာဖြစ်သော သင်္ဂဟ ဟူ၍ ၄-ပါးရှိ၏။

ထိုတွင် အကုသလသင်္ဂဟ၌ -
(၁) အာသဝ ၄-ပါး။
(၂) ဩဃ ၄-ပါး။
(၃) ယောဂ ၄-ပါး။
(၄) ဂန္ထ ၄-ပါး။
(၅) ဥပါဒါန် ၄-ပါး။
(၆) နီဝရဏ ၆-ပါး။
(၇) အနုသယ ၇-ပါး။
(၈) သုတ္တန်၌လာသော သံယောဇဉ် ၁၀-ပါး၊ အဘိဓမ္မာ၌လာသော သံယောဇဉ် ၁၀-ပါး။
(၉) ကိလေသာ ၁၀-ပါး အားဖြင့် ဝေဖန်ပြဆို၏။

[စာမျက်နှာ-158] အာသဝ။ ။ အိုးဟောင်းမှယိုသော သောက်ရေကြည်ကဲ့သို့ စက္ခုဒွါရစသည်တို့မှ ရူပါရုံစသည်တို့၌ ယိုတတ်သောကြောင့် အာသဝ။ ကြာမြင့်စွာ ထုံအပ် စိမ်ထားအပ်သော စိမ်ရည် အရက်သည် သောက်သုံးသူ သတ္တဝါတို့ကို မူးယစ်စေသကဲ့သို့ လောဘစသော တရားတို့သည်လည်း သတ္တဝါတို့ကို အမြဲမူးယစ်စေကုန်သောကြောင့် အာသဝ။

ဩဃ။ ။ မဟာသမုဒ္ဒရာအတွင်း၌ရှိသော ဝဲဩဃကြီးများသည် မိမိဝဲဩဃအတွင်းသို့ ကျရောက်သမျှသော သတ္တဝါတို့ကို အတင်းနှစ်၍ သတ်တတ်သကဲ့သို့ ကာမောဃ စသော ဩဃကြီး ၄-ပါးတို့သည် မိမိတို့နှင့်ဆက်ဆံသမျှသော သတ္တဝါတို့ကို သံသရာထဲ၌ အတင်းနှစ်၍ သတ်တတ်ကုန်၏၊ ကူးမြောက်ခြင်းငှာ ခဲယဉ်းကုန်၏။ ထို့ကြောင့် ကာမောဃစသောတရားတို့သည် ဩဃမည်၏။

ယောဂ။ ။ ထမ်းပိုးခွင်၌မြင်းတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း၊ တပ်၍က၍ ထားကုန်ဘိသကဲ့သို့ ယောဂ ၄-ပါးတို့သည် သတ္တဝါတို့ကို ဝဋ်ဒုက္ခဘဝစက်ယန္တရားကြီး၌ တပ်၍ က၍ ထားတတ်ကုန်သောကြောင့် ယောဂမည်၏၊ ယောဂသဒ္ဒါသည် အစေးဖြင့် ကပ်၍ စပ်ထားသကဲ့သို့ ယှဉ်စပ်ခြင်းအနက်ကိုဟော၏၊ သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ကပ်ထားတတ်သော တရားဆိုလို၏။
(၁) အာသဝ ၄-ပါး
(၁) ကာမာသဝ = ကာမဘုံ၌ တပ်တတ်ကုန်သော ကာမဂုဏ် ၅-ပါးနှင့်စပ်သော ရာဂဟုဆိုအပ်သော လောဘစေတသိက်သည် ကာမာသဝ။
(၂) ဘဝါသဝ = ရူပအရူပဘုံ၌ကပ်တတ်သော လောဘစေတသိက်သည် ဘဝါသဝ။
(၃) ဒိဋ္ဌာသဝ = ၆၂-ပါးသော မိစ္စာဒိဋ္ဌိသည် ဒိဋ္ဌာသဝ။
(၄) အဝိဇ္ဇာသဝ = သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဤရှစ်ရပ်သော တရားတို့ကို ဖုံးလွှမ်းတတ်သော မောဟသည် အဝိဇ္ဇာသဝ။

(က) ကာမောဃ (ခ) ဘဝေါဃ (ဂ) ဒိဋ္ဌောဃ (ဃ) အဝိဇ္ဇောဃ ဟု ဆိုအပ်သော ဩဃလေးပါး။
(က) ကာမယောဂ (ခ) ဘဝယောဂ (ဂ) ဒိဋ္ဌိယောဂ (ဃ) အဝိဇ္ဇာယောဂ ဟု ဆိုအပ်သော ယောဂလေးပါး။

[စာမျက်နှာ-159] ယောဂလေးပါးတို့ကိုလည်း အာသဝလေးပါးနှင့် တရားကိုယ်အားဖြင့်လည်းကောင်း သရုပ်အားဖြင့်လည်းကောင်း နည်းတူမှတ်။

ရစ်ပတ်ချည်နှောင်တတ်သောကြောင့် ဂန္ထ ခေါ်သည်၊ လက်ထိပ်စသော အနှောင်အဖွဲ့ ကဲ့သို့ နာမကာယနှင့် ရူပကာယကို မကွဲမပြားရအောင် ဖွဲ့တတ်ခြင်း၊ ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို ဘဝအဆက်မပြတ်ရအောင် ဖွဲ့တတ်ခြင်း၊ ဘဝတပါး၏ စုတိနှင့် ဘဝတပါး၏ ပဋိသန္ဓေကို ဘဝအဆက်မပြတ်ရစေခြင်းငှာ ဖွဲ့တတ်စပ်တတ်သောကြောင့် လောဘစသော တရားတို့သည် ကာယဂန္ထ မည်၏။
(၄) ဂန္ထ လေးပါး
(၁) အဘိဇ္ဈာကာယဂန္ထ = အလုံးစုံသောတဏှာ။
(၂) ဗျာပါဒကာယဂန္ထ = အလုံးစုံသောဒေါသ။
(၃) သီလဗ္ဗတပရာမာသကာယဂန္ထ = အကြောင်းမဟုတ်သော နွားအလေ့အကျင့် ခွေးအလေ့အကျင့်စသည်တို့သည် ဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြောင်း မဂ်ပင်တည်း ဟု မှားယွင်းသော အလေ့ဆိုး အကျင့်ဆိုးကိုပင် အမှန်ဟု ထင်မှတ်သုံးသပ်တတ်သော ဒိဋ္ဌိစေတသိက်။
(၄) ဣဒံသစ္စာဘိနိဝေသကာယဂန္ထ = မိမိယူထားပြီးသောမိစ္ဆာအယူကို ငါ၏ အယူသာမှန်၏။ အခြားတပါးသော အယူများသည် အမှားတို့သာတည်းဟူ၍ ပြင်းပြင်းထန်ထန် အယူသန်မှု။

ဥပါဒါန်။ ။ ဖားကိုမြွေဖမ်းသောအခါ မလွှတ်ပဲစွဲစွဲမြဲမြဲ ဖမ်းယူထားသကဲ့သို့ မိမိဆိုင်ရာ အာရုံ၌ စွဲစွဲမြဲမြဲယူတတ်သော (စွဲလမ်းတတ်သော) တရားကို ဥပါဒါန်မည်၏။

[စာမျက်နှာ-160]
(၅) ဥပါဒါန်လေးပါး
(၁) ကာမုပါဒါန် = ဝတ္ထုကာမတို့၌ ပြင်းပြစွာ စွဲလမ်း၍ တပ်မက်သောတဏှာ။
(၂) ဒိဋ္ဌုပါဒါန် = အလုံးစုံသောဒိဋ္ဌိ။
(၃) သီလဗ္ဗတုပါဒါန် = နွားတို့၏သီလ နွားတို့၏အကျင့်များသည် သံသရာမှ စင်ကြယ်ကြောင်းပင်တည်းဟု စွဲမြဲ၍ယူသောဒိဋ္ဌိ။
(၄) အတ္တဝါဒုပါဒါန် = ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး ယောက်ျား မိန်းမစသောအားဖြင့် မှောက်မှောက်မှားမှား အထင်မှားတတ်သော သက္ကာယဒိဋ္ဌိ။

နီဝရဏ။ ။ ဈာန်၊ ဝိပဿနာ၊ မဂ် စသည်တို့၏ အစွမ်းဖြင့်ဖြစ်သော ကုသိုလ်စိတ်ကို တားမြစ်တတ်သောကြောင့် လောဘစသောတရားတို့သည် နီဝရဏမည်၏။
(၆) နီဝရဏ ၆-ပါး
(၁) ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ်ငါးပါး၌ လွန်လွန်ကဲကဲသာယာ တပ်မက်သောရာဂ။
(၂) ဗျာပါဒနီဝရဏ = အလုံးစုံသောဒေါသ။
(၃) ထိနမိဒ္ဓနီဝရဏ = ထိနမိဒ္ဓနှစ်ပါးစုံ။
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = ဥဒ္ဓစ္စကုက္ကုစ္စနှစ်ပါးစုံ။
(၅) ဝိစိကိစ္ဆာနီဝရဏ = ဝိစိကိစ္ဆာစေတသိက်။
(၆) အဝိဇ္ဇာနီဝရဏ = မောဟစေတသိက်။

အနုသယ။ ။ လျှောက်ပတ်သောအကြောင်းကို မရလျှင် မဖြစ်ပေါ်ကြကုန်ပဲ လျှောက်ပတ်သော အကြောင်းကိုရလျှင် ဖြစ်လတ္တံ့သော သဘောတရားရှိကုန်သော တရားတို့သည် အနုသယမည်၏၊ သတ္တဝါတို့သန္တန်၌အစဉ်ကိန်းဝပ်၍နေသော ငုတ်ဓာတ်၊ ဝပ်ဓာတ်၊ မျိုးစေ့ဓာတ်တို့ပေတည်း။

[စာမျက်နှာ-161]
အကုသလသင်္ဂဟ

(၇) အနုသယ ၇-ပါး
(၁) ကာမရာဂါနုသယ = ကာမတရားတို့၌ သာယာနှစ်သက်တတ်သော လောဘစေတသိက်။
(၂) ဘဝရာဂါနုသယ = မဟဂ္ဂုတ်ကုသိုလ်ဝိပါက်တို့၌ တပ်နှစ်သက်သော လောဘစေတသိက်။
(၃) ပဋိဃာနုသယ = ဒေါသစေတသိက်။
(၄) မာနာနုသယ = မာနစေတသိက်။
(၅) ဒိဋ္ဌာနုသယ = ဒိဋ္ဌိစေတသိက်။
(၆) ဝိစိကိစ္ဆာနုသယ = ဝိစိကိစ္ဆာစေတသိက်။
(၇) အဝိဇ္ဇာနုသယ = မောဟစေတသိက်။

ဝဋ်ဆင်းရဲ၌ ဖွဲ့တတ်သော သဘောတရားတို့သည် သံယောဇဉ်မည်၏။ လောက၌ရှိသော နှောင်အိမ်အမျိုးမျိုး နှောင်ကြိုးအမျိုးမျိုးနှင့်တူသော တရားတို့တည်း။
ယောဂ၊ ဂန္ထ၊ သံယောဇဉ်
ဤ ၃-မျိုးသည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ်ဖွဲ့နှောင်တတ်ကြသဖြင့် သဘောတူသကဲ့သို့ရှိသော်လည်း အဝေးဘုံဘဝသို့ ရောက်စေကာမူ မိမိဘုံသို့ ပြန်ရောက်လာအောင် ကြိုးဖြင့်ဆွဲထားဘိသကဲ့သို့ ဆွဲချည်ဖွဲ့နှောင်တတ်သော သဘောသည် သံယောဇဉ်။ သံကွင်းချင်းဖွဲ့ဆက်သကဲ့သို့ စုတိပဋိသန္ဓေ၊ ပဋိသန္ဓေစုတိအားဖြင့် ရုပ်နာမ်အပေါင်းကို ဖွဲ့ဆက်တတ်သော သဘောသည် ဂန္ထ။ သစ်စေးဖြင့် ကပ်သကဲ့သို့ ဝဋ်ဒုက္ခ၌ မိမိကိန်းရာ သတ္တဝါကို ယှဉ်စပ်ကပ်ထားတတ်သော သဘောသည် ယောဂ။

(ဂ) သံယောဇဉ် ၁၀ ပါး (သုတ္တန်နည်း နှင့် အဘိဓမ္မာနည်း)

| အဘိဓမ္မာနည်း | သုတ္တန်နည်း |

| (၁) ကာမရာဂသံယောဇဉ် | (၁) ကာမရာဂသံယောဇဉ် |
| (၂) ဘဝရာဂသံယောဇဉ် | (၂) ရူပရာဂသံယောဇဉ် |
| (၃) ပဋိဃသံယောဇဉ် | (၃) အရူပရာဂသံယောဇဉ် |

[စာမျက်နှာ-162] | အဘိဓမ္မာနည်း (ဆက်) | သုတ္တန်နည်း (ဆက်) |

| (၄) မာနသံယောဇဉ် | (၄) ပဋိဃသံယောဇဉ် |
| (၅) ဒိဋ္ဌိသံယောဇဉ် | (၅) မာနသံယောဇဉ် |
| (၆) သီလဗ္ဗတပရာမာသသံယောဇဉ် | (၆) ဒိဋ္ဌိသံယောဇဉ် |
| (၇) ဝိစိကိစ္ဆာသံယောဇဉ် | (၇) သီလဗ္ဗတပရာမာသသံယောဇဉ် |
| (၈) ဣဿာသံယောဇဉ် | (၈) ဝိစိကိစ္ဆာသံယောဇဉ် |
| (၉) မစ္ဆရိယသံယောဇဉ် | (၉) ဥဒ္ဓစ္စသံယောဇဉ် |
| (၁၀) အဝိဇ္ဇာသံယောဇဉ် | (၁၀) အဝိဇ္ဇာသံယောဇဉ် |

စိတ်၏ပူပန်ကြောင်း ညစ်ညူးကြောင်းဖြစ်သောကြောင့် ကိလေသာမည်၏။
(၉) ကိလေသာ ၁၀ ပါး။
(၁) လောဘ (၂) ဒေါသ (၃) မောဟ (၄) မာန (၅) ဒိဋ္ဌိ (၆) ဝိစိကိစ္ဆာ (၇) ထိန (၈) ဥဒ္ဓစ္စ (၉) အဟိရိက (၁၀) အနောတ္တပ္ပ။

သံယောဇဉ်ကို သုတ္တန်အလို၊ အဘိဓမ္မာအလိုဟု နှစ်မျိုးညွှန်ပြရာ သုတ္တန္တဟုဆိုသည်မှာ ဒီဃနိကာယ်အပါအဝင် သင်္ဂီတိသုတ်၌ လာသည်ကိုဆိုသည်၊ အဘိဓမ္မဟုဆိုသည်မှာ ဓမ္မသင်္ဂဏီပါဠိတော်၌ လာသည်ကိုဆိုသည်။

တရားကိုယ်ကောက်နည်း
အကုသလသင်္ဂဟတစ်ခုလုံးအတွက် တရားကိုယ်ကောက်ပုံ အတိုချုပ်မှာ ကာမသဒ္ဒါ၊ ဘဝသဒ္ဒါ၊ အဘိဇ္ဈာသဒ္ဒါတို့ကို တွေ့လျှင် တရားကိုယ် လောဘကို ကောက်ပါ။ သီလဗ္ဗတပရာမာသ၊ ဣဒံသစ္စာဘိနိဝေသ၊ အတ္တဝါဒုပါဒါန် သဒ္ဒါတို့ကို တွေ့လျှင် တရားကိုယ် ဒိဋ္ဌိကို ကောက်ပါ။ ဗျာပါဒ သဒ္ဒါကိုတွေ့လျှင် တရားကိုယ် ဒေါသကို ကောက်ပါ။ ကျန်တရားကိုယ်များမှာ အမည်အတိုင်းပင်ဖြစ်ကြ၏။

[စာမျက်နှာ-163] ဝဋ်ဆင်းရဲ၌ ဖွဲ့တတ်သော သဘောတရားတို့သည် သံယောဇဉ်မည်၏။ လောက၌ရှိသော နှောင်အိမ်အမျိုးမျိုး နှောင်ကြိုးအမျိုးမျိုးနှင့်တူသော တရားတို့တည်း။

ယောဂ၊ ဂန္ထ၊ သံယောဇဉ် ဤ ၃-မျိုးသည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ်ဖွဲ့နှောင်တတ်ကြသဖြင့် သဘောတူသကဲ့သို့ရှိသော်လည်း အဝေးဘုံဘဝသို့ ရောက်စေကာမူ မိမိဘုံသို့ ပြန်ရောက်လာအောင် ကြိုးဖြင့်ဆွဲထားဘိသကဲ့သို့ ဆွဲချည်ဖွဲ့နှောင်တတ်သော သဘောသည် သံယောဇဉ်။ သံကွင်းချင်းဖွဲ့ဆက်သကဲ့သို့ စုတိပဋိသန္ဓေ၊ ပဋိသန္ဓေစုတိအားဖြင့် ရုပ်နာမ်အပေါင်းကို ဖွဲ့ဆက်တတ်သော သဘောသည် ဂန္ထ။ သစ်စေးဖြင့် ကပ်သကဲ့သို့ ဝဋ်ဒုက္ခ၌ မိမိကိန်းရာ သတ္တဝါကို ယှဉ်စပ်ကပ်ထားတတ်သော သဘောသည် ယောဂ။
(ဂ) သံယောဇဉ် ၁၀ ပါး (သုတ္တန်နည်း နှင့် အဘိဓမ္မာနည်း)
| အဘိဓမ္မာနည်း | သုတ္တန်နည်း |

| (၁) ကာမရာဂသံယောဇဉ် | (၁) ကာမရာဂသံယောဇဉ် |
| (၂) ဘဝရာဂသံယောဇဉ် | (၂) ရူပရာဂသံယောဇဉ် |
| (၃) ပဋိဃသံယောဇဉ် | (၃) အရူပရာဂသံယောဇဉ် |
| (၄) မာနသံယောဇဉ် | (၄) ပဋိဃသံယောဇဉ် |
| (၅) ဒိဋ္ဌိသံယောဇဉ် | (၅) မာနသံယောဇဉ် |

[စာမျက်နှာ-164]
သဗ္ဗသင်္ဂဟဇယား (အကျဉ်း)

| ခန္ဓာ | ဥပါဒါနက္ခန္ဓာ | အာယတန | ဓာတ် | သစ္စာ |

| ရူပက္ခန္ဓာ | ရူပုပါဒါနက္ခန္ဓာ | စက္ခာယတန စသည် | စက္ခုဓာတ် စသည် | ဒုက္ခသစ္စာ |
| ဝေဒနာက္ခန္ဓာ | ဝေဒနုပါဒါနက္ခန္ဓာ | မနာယတန | ဝိညာဏဓာတ် ၇ | ဒုက္ခသစ္စာ |
| သညာက္ခန္ဓာ | သညုပါဒါနက္ခန္ဓာ | ဓမ္မာယတန | ဓမ္မဓာတ် | ဒုက္ခသစ္စာ |
| သင်္ခါရက္ခန္ဓာ | သင်္ခါရုပါဒါနက္ခန္ဓာ | - | - | သမုဒယသစ္စာ |
| ဝိညာဏက္ခန္ဓာ | ဝိညာဏုပါဒါနက္ခန္ဓာ | - | - | နိရောဓသစ္စာ |

ဒုက္ခသစ္စာ - လောကုတ္တရာမဂ္ဂင် ၈-ပါးမှတစ်ပါး လောကီစိတ် ၈၁၊ စေတသိက် ၅၁၊ ရုပ် ၂၈ တို့သည် ဒုက္ခသစ္စာမည်၏။
သမုဒယသစ္စာ - တဏှာ (လောဘ) စေတသိက်သည် သမုဒယသစ္စာမည်၏။
နိရောဓသစ္စာ - နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
မဂ္ဂသစ္စာ - လောကုတ္တရာမဂ်၌ရှိသော မဂ္ဂင် ၈-ပါးသည် မဂ္ဂသစ္စာမည်၏။

[စာမျက်နှာ-165]
အကုသလသင်္ဂဟတရားကိုယ်နှင့် ဌာနယူပုံဇယား

အကုသိုလ်စေတသိက် ၁၄ ခု တရားကိုယ်ယူပုံ-
၁။ လောဘ - အာသဝ၊ ဩဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ ဌာနများ၌ ပါဝင်သည်။
၂။ ဒိဋ္ဌိ - အာသဝ (ဒိဋ္ဌာသဝ)၊ ဩဃ၊ ယောဂ၊ ဥပါဒါန်၊ သံယောဇဉ်၊ ကိလေသာ ဌာနများ၌ ပါဝင်သည်။
၃။ မောဟ (အဝိဇ္ဇာ) - အာသဝ (အဝိဇ္ဇာသဝ)၊ ဩဃ၊ ယောဂ၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ ဌာနများ၌ ပါဝင်သည်။
၄။ ဒေါသ - ဂန္ထ (ဗျာပါဒ)၊ နီဝရဏ၊ အနုသယ (ပဋိဃ)၊ သံယောဇဉ်၊ ကိလေသာ ဌာနများ၌ ပါဝင်သည်။

ဌာနယူပုံ အကျဉ်းချုပ်-
လောဘစေတသိက်သည် အာသဝဌာန၊ ဩဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ ဌာနအားဖြင့် ၉-ဌာနတိုင်အောင် ပါဝင်သည်။

[စာမျက်နှာ-166]
အဘိဓမ္မာသင်တန်း (၃)

သမုစ္စည်းပိုင်း

အကုသလသင်္ဂဟ ဒီနေ့ ၁၉၈၈ ခု ဩဂုတ်လ ၁၉ ရက်နေ့။ အဘိဓမ္မာသင်တန်း ပြတ်သွားတာကို ၂-နှစ်နီးပါးရှိပြီ၊ မနှစ်အောက်တိုဘာတုန်းက ပြတ်သွားတာ။ လွန်ခဲ့တဲ့ အချိန်က လေ့လာခဲ့တာ ၆-ပိုင်း ကုန်သွားတယ်၊ ရုပ်ပိုင်းကုန်သွားပြီ၊ နောက်ထပ် ၃-ပိုင်း ကျန်သေးတယ်၊ အဲဒီ ၃ ပိုင်းကို ဒီနှစ်ထဲပြီးမယ်ထင်တာပဲ။

ဒီနေ့စမှာကတော့ သတ္တမမြောက်အပိုင်းပေါ့၊ သမုစ္စည်းပိုင်းလို့ခေါ်တယ်။ ပေးထားတဲ့စာရွက်ထဲမှာ ဖတ်လိုက်ရင် အကုန်လုံး သိသွားမှာပါ။ လွယ်ပါတယ်။ အဲဒီတော့ သမုစ္စည်းပိုင်းမှာ ဘယ်တရားတွေကို ပြမလဲ၊ သမုစ္စည်းဆိုတာ ပေါင်းစုပြီးတော့ ပြတာကိုခေါ်တယ်၊ အဲဒီတော့ ဘယ်တရားတွေကို ပေါင်းစုပြီးတော့ ပြမလဲဆိုတော့ အထည်ကိုယ်ရှိတဲ့ မိမိဆိုင်ရာ လက္ခဏာရှိတဲ့ တရား ၇၂-ပါးကို ပြမယ်လို့ ဒီလိုဆိုတယ်။

အဲဒီတရား ၇၂-ပါးကို ရေလိုက်မယ်ဆိုရင် စိတ်ကို ၁-ခုထဲယူရတယ်၊ ဘာလို့တုန်းဆိုရင် စိတ်မှာ ဘယ်စိတ်ဖြစ်ဖြစ် အာရုံတည်ခြင်း လက္ခဏာ ၁-ခုထဲပဲရှိတယ်။ အဲဒီတော့ လက္ခဏာအနေနဲ့ ပြောရင် စိတ်က ၁-ခု၊ စေတသိက်ကတော့ သူ့ဟာသူ ဖဿလက္ခဏာတစ်မျိုး၊ ဝေဒနာလက္ခဏာတစ်မျိုးရှိတော့ ၅၂-ပါး၊ ပြီးတော့ နိပ္ဖန္နရုပ် ၁၈-ပါး။

[စာမျက်နှာ-167] ရုပ် ၂၈-ပါးထဲက ပထမ ၁၈-ခုကို နိပ္ဖန္နရုပ်လို့ခေါ်တယ်၊ အမှန်တော့ အဲဒီနိပ္ဖန္နရုပ်တွေကမှ အထည်ကိုယ်ရကောင်းတဲ့ တကယ့်ရုပ်အစစ်တွေ၊ အနိပ္ဖန္နရုပ် လို့ခေါ်တဲ့ အာကာသဓာတ်က စတဲ့ရုပ်တွေကတော့ ရုပ်အစစ်လို့ မဆိုလိုဘူး၊ ဒါကြောင့်မို့ တကယ့်အထည်ကိုယ်ရနိုင်တဲ့ ပရမတ္ထတရားအစစ်ကို ထုတ်မယ်ဆိုရင် သူတို့ကို ချန်ထားရမယ်။

ဒါကြောင့်မို့ အနိပ္ဖန္နရုပ်တွေချန်ပြီးတော့ နိပ္ဖန္နရုပ် ၁၈-ပါးရယ်၊ နိဗ္ဗာန်ရယ် ထည့်လိုက်တော့ ၇၂-ပါးရတယ်၊ အမှန်ကတော့ ပရမတ္ထတရား ၄-ပါးပါပဲ။ ပရမတ္ထတရား ၄-ပါး (ရုပ် ၂၈-ပါး) ထဲက အနိပ္ဖန္နရုပ် ၁၀-ခုချန်ထားတာပါပဲ။ ဒီတရား ၇၂-ပါးကို သဘောတူရာပေါင်းစုပြီးတော့ ရသင့်သလို ပြသွားမယ့် အပိုင်းကို သမုစ္စည်းပိုင်းလို့ခေါ်တယ်။ သမုစ္စည်းဆိုတာ အပေါင်းအစုလို့ ဆိုလိုတယ်။ သမုစ္စယဆိုတဲ့ ပါဠိစကားက လာတာ။

အဲဒီသမုစ္စည်းပိုင်းမှာ သင်္ဂဟလို့ခေါ်မယ့် အပိုင်းငယ် ၄-ပိုင်းထားတယ် -
(၁) အကုသလသင်္ဂဟ - အကုသိုလ်တရားတွေကို ပေါင်းစုပြမယ်။
(၂) မိဿကသင်္ဂဟ - ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ရောနှောပြမယ်။
(၃) ဗောဓိပက္ခိယသင်္ဂဟ - ဗောဓိဉာဏ်ရခြင်း၏ အကြောင်းတရားများကို ပြမယ်။
(၄) သဗ္ဗသင်္ဂဟ - ပရမတ္ထတရား အကုန်လုံးကို ပေါင်းစုပြမယ်။

ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်က ဗောဓိဉာဏ်ကိုရခြင်း၏ အကြောင်းတဲ့။ ဗောဓိဆိုတာ ဗောဓိဉာဏ်၊ ပက္ခဆိုတာ အသင်းအပင်း၊ အိယ ဆိုတာ အသင်းအပင်းမှာဖြစ်တယ်လို့ဆိုတယ်၊ ဗောဓိဉာဏ်ရဲ့ အသင်းအပင်းမှာ ဖြစ်တဲ့တရားတွေ၊ ဆိုလိုတာကတော့ ဗောဓိဉာဏ်နှင့်တကွဖြစ်တဲ့တရားတွေ၊ ဗောဓိဉာဏ်သို့ရောက်အောင် ပို့ဆောင်ပေးတဲ့တရားတွေ။

[စာမျက်နှာ-168] သင်္ဂဟကို ဗောဓိပက္ခိယသင်္ဂဟလို့ခေါ်တယ်။ ဗောဓိပက္ခိယဆိုတော့ အကုသိုလ်မပါနိုင်ဘူး၊ ကုသိုလ်တွေပါလိမ့်မယ်။ ကုသိုလ်ပဲ များပါတယ်။

စတုတ္ထသင်္ဂဟကတော့ (၄) သဗ္ဗသင်္ဂဟတဲ့၊ သဗ္ဗဆိုတာ အလုံးစုံ၊ သင်္ဂဟဆိုတာပေါင်းစုပြထားတာ၊ ပရမတ္ထတရားတွေ အကုန်လုံး ပေါင်းစုပြထားလိမ့်မယ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဆိုတာတွေပေါ့။

အဲဒီလို သင်္ဂဟ ၄-မျိုးကို သမုစ္စည်းမှာပြလိမ့်မယ်၊ ရှေးဦးစွာ အကုသလသင်္ဂဟကို လေ့လာရမယ်၊ အဲဒီအကုသလသင်္ဂဟမှာ -
(၁) အာသဝ ၄-ပါး (၂) ဩဃ ၄-ပါး (၃) ယောဂ ၄-ပါး (၄) ဂန္ထ ၄-ပါး (၅) ဥပါဒါန် ၄-ပါး (၆) နီဝရဏ ၆-ပါး (၇) အနုသယ ၇-ပါး (၈) သံယောဇဉ် ၁၀-ပါး (၉) ကိလေသာ ၁၀-ပါး၊ အဲဒီတရားတွေကို ဝေဖန်ခွဲခြမ်းပြလိမ့်မယ်။

အမှန်ကတော့ သမုစ္စည်းပိုင်းဟာ နောက်တုန်းက လေ့လာခဲ့ပြီးတဲ့တရားတွေကို တစ်မျိုးနာမည် ထပ်ပေးတာပါပဲ၊ ဒါတွေဟာ သုတ္တန်ထဲမှာ ဟောပြီးသားတွေလည်း ရှိတယ်။ အာသဝဆိုတဲ့ နာမည်နဲ့ ဟောထားတာရှိမယ်၊ ဩဃဆိုတဲ့နာမည်နဲ့ ဟောထားတာရှိမယ် စသည်ဖြင့်ပေါ့။ ဒီအပိုင်းကို ကျေထားရင် သုတ္တန်တွေဖတ်တဲ့အခါ သံယောဇဉ်၊ ကိလေသာ၊ အာသဝ၊ အနုသယတို့ဆိုတာတွေ ပါလာရင် ကိုယ်က နားလည်ပြီးသားဖြစ်တာပေါ့။

အာသဝတရား ၄-ပါးတဲ့၊ အာသဝကို မြန်မာတွေကတော့ အာသဝေါတရား ၄-ပါးလို့ခေါ်တယ်၊ အမှန်ပါဠိစကားကတော့ အာသဝ။ အာသဝဆိုတဲ့ပုဒ်ရဲ့ အဓိပ္ပါယ်က အနာမှယိုသော သနံရည်ကဲ့သို့ (အနာတွေပေါက်ပြီး အနာကနေအရည်၊ သွေးပြည်တွေယိုတာ) စက္ခုဒွါရစသည်တို့မှ ရူပါရုံစသည်တို့၌ ယိုတတ်သောကြောင့် အာသဝလို့ခေါ်တယ်။

[စာမျက်နှာ-169] ယိုစီးတတ်တဲ့ သဘောတရားလို့ ဆိုလိုတယ်ပေါ့။ အဲဒီတော့ သနံရည်ကတော့ ပကတိအနာက ယိုတယ်ပေါ့၊ အာသဝတရားတွေကတော့ မျက်စိကယိုမယ်၊ နားကယိုမယ်ပေါ့လေ၊ ဆိုလိုတာကတော့ စက္ခုဒွါရကဖြစ်တယ်၊ သောတဒွါရကနေဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒီလိုဖြစ်တာကိုပဲ ယိုစီးတယ်လို့ ဒီနေရာမှာသုံးတယ်။

တစ်နည်းအားဖြင့်တော့ “ကြာမြင့်စွာ ထုံအပ်စိမ်ထားအပ်သော စိမ်ရည်အရက်သည် သောက်သုံးသူ သတ္တဝါတို့ကို မူးယစ်စေသကဲ့သို့ လောဘစသော တရားတို့သည်လည်း သတ္တဝါတို့ကို အမြဲမူးယစ်စေကုန်သောကြောင့် အာသဝ။” ရှင်းရှင်းကတော့ အရက်နဲ့တူလို့ အာသဝ။ အချိန်ကြာတဲ့အခါ အချဉ်ပေါက်ပြီးတော့ အရက်ဖြစ်သွားသလို၊ သံသရာကြီးမှာ ကြာမြင့်စွာ ထုံထားအပ်တဲ့ အရက်နဲ့တူတဲ့အတွက်ကြောင့် ဒီတရားတွေကို အာသဝလို့ခေါ်တယ်။

နောက်တစ်နည်းရှိသေးတယ်၊ ဘုံအားဖြင့် ဘဝဂ်တိုင်အောင်၊ ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ယိုစီးတတ်သောကြောင့် အာသဝ။ အဲသလိုဆိုတာလည်းရှိသေးတယ်၊ ယိုစီးတာပဲ။ ဒီနေရာကျတော့ ယိုစီးတာကိုနယ်နဲ့ သတ်မှတ်လိုက်တယ်၊ ဘုံအားဖြင့် ဘဝဂ်တိုင်အောင်ဆိုတော့ ကုန်နေပြီ၊ ၃၁-ဘုံလုံးမှာ အာသဝတရားတွေ အာရုံမပြုနိုင်တဲ့တရားရယ်လို့မရှိဘူး။

ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ယိုစီးနိုင်တယ်ဆိုတော့ ဂေါတြဘူတိုင်အောင် အာရုံပြုနိုင်တယ်လို့ ဆိုတယ်၊ သူတို့က အကုသိုလ်တရားတွေဆိုတော့ အကုသိုလ်တရားတွေက ဘယ်ကို အာရုံပြုသလဲ၊ အာရမ္မဏသင်္ဂဟပြန်ကြည့်ရလိမ့်မယ်။

[စာမျက်နှာ-170] အကုသိုလ်စိတ်ရဲ့ အာရုံကဘာလဲဆိုရင် လောကီတရားတွေပေါ့၊ လောကီစိတ်၊ စေတသိက်၊ ရုပ်။ လောကုတ္တရာစိတ်ကို အကုသိုလ်က အာရုံမပြုနိုင်ဘူး၊ နိဗ္ဗာန်ကိုလည်း အကုသိုလ်က အာရုံမပြုနိုင်ဘူး။

ဒါကြောင့်မို့ ဓမ္မအားဖြင့် ကြည့်လိုက်မယ်ဆိုရင် ဝီထိမှာ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်။ အဲဒီမှာ ဂေါတြဘူတိုင်အောင် သူက အာရုံပြုနိုင်တယ်၊ ဒါကိုပဲ ဂေါတြဘူတိုင်အောင် ယိုစီးတယ်လို့ ဒီလိုဆိုတယ်။ ဂေါတြဘူတိုင်အောင် အာရုံပြုနိုင်တဲ့တရားတွေကို အာသဝလို့ခေါ်တယ်။

အဲဒီ အာသဝ ၄-ပါးရှိတယ်၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ လို့ အာသဝတရား ၄-ပါးရှိတယ်။

ကာမာသဝဆိုတာ ကာမဘုံ၌ တပ်ကုန်သော ကာမဂုဏ် ၅-ပါးနှင့်စပ်သော ရာဂဟုဆိုအပ်သော လောဘစေတသိက်သည် ကာမာသဝ။ ကာမဂုဏ်အာရုံတွေကို လိုချင်တောင့်တတဲ့ လောဘကို ခေါ်တယ်။
ဘဝါသဝဆိုတော့ ဒီနေရာမှာ ကာမဘဝကို မယူတော့ဘူး၊ ရူပဘဝ၊ အရူပဘဝကိုယူပြီးတော့ ရူပဘုံ အရူပဘုံမှာ ကပ်ငြိတတ်တဲ့ လောဘစေတသိက်ကို ဘဝါသဝလို့ခေါ်တယ်။
ဒိဋ္ဌာသဝဆိုတာ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိသည် ဒိဋ္ဌာသဝ၊ မှားတဲ့အယူတွေပေါ့။ မြဲတယ်လို့ယူတဲ့ သဿတဒိဋ္ဌိ၊ သေရင်ပြီးတာပဲလို့ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိ စသည်တို့တည်း။

[စာမျက်နှာ-171] ပြတ်သွားပြီ ယူတာကို ဥစ္ဆေဒဒိဋ္ဌိ၊ အဲဒီလို ဒိဋ္ဌိမျိုးတွေ၊ အတ္တယုံကြည်တဲ့သူတွေ၊ ကမ္ဘာကြီးကို ဖန်ဆင်းရှင်က ဖန်ဆင်းတယ်လို့ ယူတဲ့အယူတွေ အားလုံးပေါ့လေ။ ဒါတွေအားလုံးဟာ မိစ္ဆာဒိဋ္ဌိတွေ၊ ဒိဋ္ဌိစေတသိက်၊ အဲဒါတွေက ဒိဋ္ဌာသဝ။

နောက်ဆုံးက အဝိဇ္ဇာသဝ၊ အဝိဇ္ဇာဆိုတာ မောဟစေတသိက်, မောဟဆိုတာ သစ္စာ ၄-ပါးကို ဖုံးလွှမ်းတတ်တယ်၊ ပုဗ္ဗန္တ ဆိုတာ သံသရာ၏ ရှေ့အစွန်း လွန်ခဲ့တဲ့ ဘဝတွေက ဖြစ်ခဲ့တဲ့ ခန္ဓာတွေကိုဆိုလိုတယ်၊ အပရန္တ ဆိုတာက နောက်အစွန်း၊ အနာဂတ်မှာဖြစ်မယ့်ခန္ဓာတွေကို ဆိုလိုတယ်၊ ပုဗ္ဗန္တာပရန္တ ဆိုတာက ရှေ့ရော နောက်ရော၊ ပြီးတော့ ပဋိစ္စသမုပ္ပါဒ်၊ ဤ ၈-မျိုးသော တရားတို့ကို ဖုံးလွှမ်းတတ်တဲ့ မောဟကို အဝိဇ္ဇာသဝလို့ခေါ်တယ်။

အာသဝတရား ၄-ပါးရှိတယ်၊ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝ၊ ဒါပြီးရင် ဩဃ ၄-ပါးကြည့်လိုက်ကြစို့၊ အာသဝတရား ၄-ပါးနဲ့ ဩဃ ၄-ပါး အမှန်တော့ အတူတူပဲ၊ နာမည်ပဲကွဲတာ၊ ဒီ ၄-ပါးကိုပဲ ဩဃလို့ ခေါ်တာ။

ဝဲဩဃဆိုတာ ကြားဖူးကြတယ်မဟုတ်လား— “မဟာသမုဒ္ဒရာအတွင်း၌ ရှိသော ဝဲဩဃကြီးများသည် မိမိဝဲဩဃအတွင်း ကျရောက်တတ်သော သတ္တဝါများကို အတင်းနှစ်၍ သတ်တတ်သကဲ့သို့ ကာမောဃစသော ဩဃကြီး ၄-ပါးတို့သည် မိမိတို့နှင့် ဆက်ဆံသမျှသော သတ္တဝါတို့ကို သံသရာထဲ၌ အတင်းနှစ်၍ သတ်တတ်ကုန်၏၊ ကူးမြောက်ခြင်းငှာ ခဲယဉ်းကုန်၏၊ ထို့ကြောင့် ကာမောဃစသော တရားတို့သည် ဩဃမည်၏။”

ဝဲဩဃရေအလျင်ဆိုတာ အင်္ဂလိပ်လို flood ပေါ့၊ ရေကြီးလာတဲ့အခါ ကျတော့ တဝုန်းဝုန်းနဲ့လာလိုက်တာ ဘယ်သူမှ မခံနိုင်ဘူး၊ အကုန်လုံးပါသွားတာပဲ။ အဲသလိုပဲ သတ္တဝါတွေကို အပါယ်ငရဲထဲ, သံသရာထဲဆွဲဆောင်သွားတတ်တဲ့ သဘောတရားတွေကို ဩဃလို့ခေါ်တယ်၊ အဲဒီဩဃက ၄-ပါး။

(၁) ကာမဩဃ (ပေါင်းလိုက်ရင်) ကာမောဃ (၂) ဘဝေါဃ (၃) ဒိဋ္ဌောဃ (၄) အဝိဇ္ဇောဃ၊ ဒါဟာ တရားကိုယ်ကောက်ရင် အာသဝတရား ၄-ပါး တရားကိုယ်နဲ့ အတူတူပဲ၊ ပထမ ၂-ခုက လောဘ၊ တတိယက ဒိဋ္ဌိ, စတုတ္ထက မောဟ။

ဩဃပြီးတော့ ယောဂဆိုတဲ့ တရားရှိတယ်၊ ယောဂကလည်း အာသဝ ၄-ပါးကိုပဲ ယောဂလို့ခေါ်တာ။

ယောဂဆိုတာ ထမ်းပိုးခွင်၌ မြင်းတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း တပ်၍က၍ ထားကုန်ဘိသကဲ့သို့ (ထမ်းပိုးခွင်မှာ တပ်ထားတော့ ဘယ်မှမထွက်နိုင်

[စာမျက်နှာ-172] တော့ဘူးပေါ့) ယောဂ ၄-ပါးတို့ကလည်း သတ္တဝါတို့ကို ဝဋ်ဒုက္ခဘဝစက်ယန္တရားကြီး၌ တပ်၍က၍ ထားတတ်ကုန်သောကြောင့် ယောဂလို့ခေါ်တယ်တဲ့။

ဟိန္ဒူဘာသာမှာ ပြောနေတဲ့ ယောဂနဲ့ မတူဘူးနော်၊ အဲဒီယောဂကတော့ ကမ္မဋ္ဌာန်းအားထုတ်မှုလို့ဆိုလိုတယ်၊ ယောဂက အဓိပ္ပါယ် အမျိုးမျိုးရှိတယ်။

အဘိဓမ္မာမှာပြောတဲ့ ယောဂက ယှဉ်စပ်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်။ ယောဂဆိုတာ အစေးဖြင့်ကပ်၍စပ်ထားသကဲ့သို့ ယှဉ်စပ်ခြင်းအနက်ကိုဟော၏။ သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ကပ်ထားတတ်သော တရားကို ဆိုလိုသည်။

ယောဂကလည်း ၄-ပါးပဲ, အတူတူပဲ— (၁) ကာမယောဂ (၂) ဘဝယောဂ (၃) ဒိဋ္ဌိယောဂ (၄) အဝိဇ္ဇာယောဂ ၄-ပါးပဲ။

ဒါဖြင့် ကာမယောဂဆိုရင် လောဘ၊ ကာမဂုဏ်ကို တွယ်တာတဲ့ လောဘစေတသိက်, ဘဝယောဂဆိုရင် ရူပဘုံ၊ အရူပဘုံကို တွယ်တာတဲ့ လောဘစေတသိက်၊ ဒိဋ္ဌိယောဂဆိုရင် ဒိဋ္ဌိစေတသိက်၊ အဝိဇ္ဇာယောဂဆိုရင် မောဟစေတသိက် နောက်ကျတော့ပြန်ပြီး တရားကိုယ်တွေ ကောက်လိမ့်မယ်နော်၊

ဒါကြောင့် အခုထဲကလုပ်ရမယ်။ နောက်တစ်ခုက ဂန္ထတရား ၄-ပါးတဲ့, ဂန္ထဆိုတာ အထုံးအဖွဲ့ ဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ရစ်ပတ်ချည်နှောင်တတ်သောကြောင့် ဂန္ထခေါ်သည်တဲ့၊ ကြိုးနဲ့အထုံးအဖွဲ့ လုပ်ပြီးချည်ထားလိုက်တာ မလွတ်တော့ဘူးပေါ့။

လက်ထိပ်စသော အနှောင်အဖွဲ့ ကဲ့သို့ နာမကာယနှင့် ရူပကာယကို မကွဲမပြား ရအောင် ဖွဲ့တတ်ခြင်း၊ တော်တော်ကြာ ကာယဂန္ထဆိုတဲ့ ကာယတွေကလာမှာမို့ ထည့်ပြောရတာ၊ ဒီမှာ ကာယ အရ နာမကာယရော, ရူပကာယရော ယူရတယ်၊ နာမ်ရောရုပ်ရော ယူရတယ်၊ နာမ်နဲ့ ရုပ်ကို ကွဲမသွားရအောင် ချုပ်စပ်ထားတတ်တဲ့ သဘောမျိုးပေါ့၊ ပစ္စုပ္ပန်ကာယနဲ့ အနာဂတ်ကာယဘဝ အဆက်မပြတ်ရအောင် ဆက်စပ်ထားခြင်းပေါ့။

ဒီတရားတွေရှိနေသမျှ လောဘတရားတွေရှိနေသမျှ, ဒိဋ္ဌိတရားတွေ ရှိနေသမျှ ဘဝတွေ ဆက်ကာ ဆက်ကာ ဖြစ်နေဦးမှာပေါ့၊ အဲဒီတော့ ဒီဘဝနဲ့ ဟိုဘဝ စပ်တယ်။ ဟိုဘဝနဲ့ ဟိုဘဝစပ်တယ်၊ အဲဒီလို မပြတ်အောင်ဖွဲ့ ထားတတ်တယ်။

ဘဝတစ်ပါး၏ စုတိနှင့် ဘဝတစ်ပါး၏ ပဋိသန္ဓေကို ဘဝအဆက်မပြတ်ရစေခြင်းငှာ ဖွဲ့တတ်စပ်တတ်သောကြောင့် လောဘစသော တရားတို့သည် ကာယဂန္ထမည်၏။

အဲဒီ ဂန္ထတရား ၄-ပါးရှိတယ်၊ သူကတော့ နည်းနည်းထူးလာတယ်။

[စာမျက်နှာ-173] (၁) အဘိဇ္ဈာကာယဂန္ထ — အလုံးစုံသော တဏှာဆိုတာ လောဘကို ပြောတာ၊ အဲဒီတော့ အကုသလကမ္မပထတရား ၁၀-ပါးတုန်းက အဘိဇ္ဈာပါခဲ့တယ်၊ မှတ်မိလား။ အဲဒီမှာတုန်းက သူများစည်းစိမ် မတရားလိုချင်မှုကို အဘိဇ္ဈာလို့ ခေါ်ခဲ့တယ်။ စိတ်ထဲက သူ့ ပစ္စည်းကို ငါ့ပစ္စည်းဖြစ်ရင် ကောင်းမှာပဲလို့ ဖြစ်တဲ့ လောဘမျိုးကို အဘိဇ္ဈာလို့ခေါ်တယ်၊ ဒီမှာကတော့ လောဘမှန်သမျှကို အဘိဇ္ဈာကာယဂန္ထလို့ ခေါ်တယ်၊ သူတပါး ပစ္စည်းမတရားလိုချင်တာကိုမှ မဆိုလိုဘူး။

(၂) ဗျာပါဒကာယဂန္ထ၊ ဗျာပါဒဆိုတာ ဒေါသကိုခေါ်တာ၊ ဒေါသစေတသိက်ပေါ့၊ အလုံးစုံသော ဒေါသ။

(၃) သီလဗ္ဗတပရာမာသကာယဂန္ထ, ဒါကနည်းနည်း အရေးကြီးတယ်။

အကြောင်းမဟုတ်သော နွားအလေ့အကျင့် ခွေးအလေ့အကျင့် စသည်များသည် ဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြောင်း မဂ်ပင်တည်းဟု မှားယွင်းသော အလေ့ဆိုး အကျင့်ဆိုးကိုပင် အမှန်ဟု ထင်မှတ် သုံးသပ်တတ်သော ဒိဋ္ဌိစေတသိက်။

နွားအကျင့် ကျင့်ရင် ကိလေသာကုန်တယ်, ခွေးအကျင့်ကျင့်ရင် ကိလေသာကုန်တယ်လို့ ဒီလိုစွဲမြဲစွာယုံကြည်ပြီးတော့ ဒီအကျင့်တွေကို ကျင့်နေတာ၊ အဲသလို စွဲမြဲစွာ ယုံကြည်တဲ့ အယူမှားကို သီလဗ္ဗတပရာမာသကာယဂန္ထလို့ခေါ်တယ်။

ရှေးတုန်းက ဒီလိုအကျင့်ကျင့်ဖူးသူတွေရှိတယ်၊ နွားလိုအိပ်တယ်၊ နွားလို စားတယ်, နွားလိုနေတယ်, နွားလိုအော်တယ်၊ တချို့ကလည်း ခွေးလိုကျင့်တယ်, ဒီလိုကျင့်ရင် ကိလေသာကုန်မှာပဲထင်ပြီး ဒီလိုကျင့်တာ၊ ခွေးစားသလို မြေကြီးပေါ်ချစား, ခွေးအိပ်သလို ပြာပုံထဲအိပ်တာတို့ လုပ်တဲ့သူတွေရှိတယ်။ အဲသလို အကျင့်တွေကို ဝဋ်မှ ထွက်မြောက်ကြောင်း အကျင့်လို့ ယုံကြည်တာ၊ အဲဒါကို သီလဗ္ဗတပရာမာသကာယဂန္ထလို့ခေါ်တယ်။

အဲဒီ သီလဗ္ဗတပရာမာသကာယဂန္ထက အရေးကြီးတယ်၊ ဘာကြောင့်လည်း ဆိုတော့ အခုခေတ်ဘယ်လိုဖြစ်နေသလဲဆိုတော့ သီလဆိုတာ အလေ့အကျင့်ပဲ, ဝတဆိုတာ အလေ့အကျင့်ပဲ ဆိုပြီးတော့ အကုန်လုံး ရေစက်ချရင်လည်း သီလဗ္ဗတပရာမာသပဲ၊ ပရိတ်ရွတ်တာလည်း သီလဗ္ဗတပရာမာသပဲဆိုပြီး အဲသလို လျှောက်ပြောကုန်ကြတယ်။

သီလဗ္ဗတပရာမာသဆိုတဲ့ အဓိပ္ပါယ်က အဲသလိုအကျင့်ဟာ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်တယ်လို့ ယူတာ၊ ရေစက်ချရုံချပြီး အမျှဝေတာ, ဒါဟာကောင်းတဲ့အလုပ် လုပ်တာပဲ၊ ဒါဟာ သီလဗ္ဗတပရာမာသ မဖြစ်ဘူး။

[စာမျက်နှာ-174] ဒါပေမယ်လို့ ရေစက်ချရုံလေးနဲ့ ငါမဂ်ဖိုလ်ရလိမ့်မယ် ယူဆရင် ဖြစ်နိုင်တယ်၊ သီလစောင့်ရုံလေးနဲ့ မဂ်ဖိုလ်ရလိမ့်မယ်ယူဆရင် အယူမှားဖြစ်နိုင်တယ်၊ ဒါပေမယ့် သီလဟာ ကျင့်သင့်ကျင့်ထိုက်တဲ့ တရားဖြစ်တယ်၊ သီလကို အခြေခံပြီးတော့မှ သမာဓိ, ပညာ တက်ရမှာ၊ အဲဒီတော့ သီလလဲ ကျင့်ရမယ်၊ သမာဓိပညာလဲ တက်ရမယ်၊ ဒီလိုယူဆရင်တော့ အယူမှန်ပဲ။

ဒီလိုမဟုတ်ဘဲ သီလသက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်တယ်၊ ဒါနသက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်တယ်၊ ဒီလိုယူရင်တော့ သီလဗ္ဗတပရာမာသဖြစ်နိုင်တယ်။

ရေစက်ချတာကို သီလဗ္ဗတပရာမာသ သွားပြောလို့ မဖြစ်ဘူး၊ ရေစက်ချတာက ရေစက်ချရုံ လှူရုံတန်းရုံနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ရည်စူးပြီး လုပ်ကြတာ မဟုတ်ဘူး၊ ကောင်းမှုကုသိုလ်ပြုပြီး အမျှအတန်းပေးဝေတာကို ရေစက်ချတယ်လို့ ခေါ်တယ်။ အယူတွေ လွဲလွဲသွားတတ်တယ်၊ အဲဒါတွေ သတိထားရမှာ။

(၄) ဣဒံသစ္စာဘိနိဝေသကာယဂန္ထ၊ ဣဒံဆိုတာ ဒီအရာ၊ သစ္စဆိုတာ မှန်တယ်။ ဒါသာမှန်တယ်၊ တခြားဟာတွေက အမှားချည်းပဲလို့ ယူတာ။

“မိမိယူထားပြီးသော မိစ္ဆာအယူကို ငါ၏အယူသာမှန်၏ အခြားတစ်ပါးသော အယူများသည် အမှားတို့သာတည်းဟု ပြင်းပြင်းထန်ထန် အယူသန်မှု” ကို ဣဒံသစ္စာဘိနိဝေသကာယဂန္ထလို့ခေါ်တယ်။

ဒီနေရာမှာ ကိုယ်က ဗုဒ္ဓဘာသာ ယုံကြည်ပြီး ဗုဒ္ဓဘာသာမှန်တယ်။ တခြားအယူတွေ မမှန်ဘူးလို့ဆိုရင်တော့ အဲဒါကတော့ ဣဒံသစ္စာဘိနိဝေသ မဖြစ်ဘူးတဲ့၊ ကိုယ်က ကုသိုလ်ကံတွေ ပြောရတာကိုး၊ အမှန်တရားကို အမှန်အတိုင်း ယူဆထားပြီးသားကိုး။

ဒီလိုမဟုတ်ဘဲနဲ့ အယူမှားကြီးကိုပဲ ဒါသာမှန်တယ်၊ တခြားဟာမှားတယ်လို့ ယူရင် ဣဒံသစ္စာဘိနိဝေသဖြစ်တယ်၊ ဒါဟာ ဦးဇင်းတို့ ဗုဒ္ဓဘာသာအနေနဲ့ interpret လုပ်တာ၊ ဘေးလူကလာပြီး ဒါကိုကြည့်ပြီး interpret လုပ်မယ်ဆိုရင်တော့ ဘယ်ဟာပဲ ဖြစ်ဖြစ် ဒီဟာသာမှန်တယ်၊ တခြားဟာမှားတယ်လို့ ယူရင် မိစ္ဆာဒိဋ္ဌိလိုဖြစ်မယ်လို့ ဆိုရမလို ရှိနေပြီ။

ဒါပေမယ်လို့ ဒီလိုဆိုတော့လဲ ဗုဒ္ဓဘာသာအနေနဲ့ လက်မခံနိုင်ပြန်ဘူး။ ကိုယ့်အယူမှန်တယ်လို့ ယူဆတာကို ဘယ်လိုလုပ်ပြီး မိစ္ဆာဒိဋ္ဌိဖြစ်မလဲ၊ ဒီလိုသာ မိစ္ဆာဒိဋ္ဌိဖြစ်မယ်ဆိုရင် ဘုရားရဟန္တာတောင် မိစ္ဆာဒိဋ္ဌိက မကင်းတော့ဘူးဖြစ်မှာပေါ့။

[စာမျက်နှာ-175] ဒါကြောင့်မို့ မိစ္ဆာအယူကိုယူပြီးတော့ ဒါသာမှန်တယ်၊ တခြားအယူတွေ အမှားချည်းပဲလို့ ယူဆတာမျိုးကို ဣဒံသစ္စာဘိနိဝေသကာယဂန္ထလို့ ခေါ်တယ်။ သုတ္တန်တွေဖတ်ရင် ဒါကို ခဏခဏတွေ့မယ်၊ ဣဒမေဝ သစ္စံ, မောဃမညံ ဆိုပြီးတော့ အဲဒီစကားတွေရှိတယ်၊ ဒါသာမှန်တယ်၊ တခြားဟာတွေက အလကားချည်းပဲလို့ ယူဆတာမျိုး။

ဂန္ထ ၄-ပါးမှာ နံပတ်တစ်ဂန္ထက လောဘ, နံပတ်နှစ်ဂန္ထက ဒေါသ, နံပတ်သုံးနဲ့ လေးက ဒိဋ္ဌိ။ နံပတ်သုံး သီလဗ္ဗတပရာမာသကလည်း ဒိဋ္ဌိပဲ၊ ဣဒံသစ္စာဘိနိဝေသကလည်း ဒိဋ္ဌိပဲ။

နောက်တစ်ခုသွားရအောင်၊ ဂန္ထပြီးတော့ ဥပါဒါန်တဲ့, ဥပါဒါန် ၄-ပါး ရှိတယ်။

“ဥပါဒါန်ဆိုတာ ဘာကိုခေါ်တာတုန်း၊ ဖားကိုမြွေဖမ်းစားသောအခါ စွဲစွဲမြဲမြဲ ဖမ်းယူထားသကဲ့သို့ မိမိဆိုင်ရာ အာရုံ၌ စွဲစွဲမြဲမြဲယူတတ်သော စွဲလမ်းတတ်သော တရားကို ဥပါဒါန်ဟု ခေါ်သည်။”

ဥပါဒါန်ဆိုတာ စွဲလမ်းတာကို ခေါ်တယ်၊ ရိုးရိုးလိုချင်တာထက်ပိုပြီးတော့ ပြင်းထန်တယ်၊ ရိုးရိုးလိုချင်ရင် တဏှာလို့ခေါ်တယ်၊ မလွှတ်နိုင်အောင်လိုချင်လာပြီ၊ စွဲစွဲလမ်းလမ်း ဖြစ်လာပြီဆိုရင် ဥပါဒါန် အဆင့်အတန်း ရောက်လာပြီ၊ တဏှာပစ္စယ ဥပါဒါနံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်မှာလည်း အဲဒါပဲ, ဒီလို အဓိပ္ပါယ်မျိုးပြောရတယ်။

ဖားကိုမြွေက မျိုထားတော့ ဘယ်ကိုမှ မပြေးနိုင်ဘူး၊ မလွှတ်တော့ဘူး၊ စွဲစွဲမြဲမြဲကြီးကို ဖမ်းထားတော့တာပဲ၊ အဲသလို တရားမျိုးကို ဥပါဒါန်လို့ ခေါ်တယ်။

အဲဒီဥပါဒါန် ၄-ပါးရှိတယ်။ ၁။ ကာမုပါဒါန် ၂။ ဒိဋ္ဌုပါဒါန် ၃။ သီလဗ္ဗတုပါဒါန် ၄။ အတ္တဝါဒုပါဒါန်လို့ ဥပါဒါန် ၄-ပါးရှိတယ်။

(၁) ကာမုပါဒါန်ဆိုတာ ဝတ္ထုကာမတို့၌ ပြင်းပြစွာ စွဲလမ်း၍ တပ်မက်သော တဏှာလောဘကို ကာမုပါဒါန်လို့ခေါ်တယ်၊ ကာမုပါဒါန်ဆိုတာ လောဘပဲ။ ဝတ္ထုကာမဆိုတာ လိုချင်စရာကောင်းတဲ့ အာရုံတွေကို ဝတ္ထုကာမလို့ခေါ်တယ်။

ကာမဆိုတဲ့ စကားလုံးက အဓိပ္ပါယ် ၂-မျိုးရှိတယ်၊ ဝတ္ထုကာမ, ကိလေသာကာမလို့ ဒီလို ၂-မျိုးရှိတယ်၊ အဲဒါတွေမှာ အခုခေတ်လူတွေ ဘာသာပြန်တဲ့အခါမှာ ရှုပ်ထွေးပြီးတော့ ရှင်းလင်းအောင် ဘာသာမပြန်နိုင်ဘူး။

ကာမတွေ့ရင် desire သက်သက်ပြန်လို့ မရဘူး၊ တစ်ခါတလေမှာ ကာမက ဝတ္ထုကိုခေါ်တာ၊ နှစ်သက်စရာကောင်းတဲ့ အာရုံတွေကိုခေါ်တာ၊ တစ်ခါ

[စာမျက်နှာ-176] တလေမှာ ကာမက အာရုံတွေကို နှစ်သက်တဲ့လောဘကိုခေါ်တာ၊ ဒါကြောင့်မို့ ဝတ္ထုကာမ, ကိလေသာကာမလို့ ဒီလို ၂-မျိုးခွဲတယ်။

ဝတ္ထုကာမဆိုတာက အာရုံတွေပေါ့လေ၊ ကိလေသာကာမဆိုတာက အဲဒီအာရုံတွေကို စွဲလမ်းတတ်တဲ့ လိုချင်တတ်တဲ့ လောဘကိုခေါ်တာ၊ ဒီမှာတော့ ဝတ္ထုကာမတို့၌ ပြင်းပြစွာ စွဲလမ်းတပ်မက်သော လောဘကို ကာမုပါဒါန်။

(၂) ဒိဋ္ဌုပါဒါန်ဆိုတာက အလုံးစုံသော ဒိဋ္ဌိကိုခေါ်တာ၊ အယူမှားမှန်သမျှကို ခေါ်တာ၊ ဗုဒ္ဓဘာသာအနေနဲ့ ပြောရင် အယူမှားဆိုတာ အတ္တရှိတယ်လို့ယူတာ၊ မြဲတယ်လို့ယူတာ၊ ကံကံ၏အကျိုး မရှိဘူးလို့ယူတာ၊ ဖန်ဆင်းရှင်ရှိတယ်လို့ယူတာ အားလုံးတွေဟာ ဒိဋ္ဌိပေါ့။

(၃) သီလဗ္ဗတုပါဒါန် ဆိုတာ ခုနအတိုင်းပဲ, နွားအကျင့်ကျင့်ရင် သံသရာမှ စင်ကြယ်ကြောင်းဖြစ်တယ်၊ ခွေးလိုကျင့်ရင် သံသရာစင်ကြယ်ကြောင်းဖြစ်တယ် စသည်ဖြင့် ယူတဲ့မိစ္ဆာဒိဋ္ဌိ, ဒိဋ္ဌိစေတသိက်တွေပေါ့၊ အဲဒါကို သီလဗ္ဗတုပါဒါန်။

ဒါဖြင့် သီလဗ္ဗတုပါဒါန်နဲ့ သီလဗ္ဗတပရာမာသနဲ့ အတူတူပဲ၊ နာမည်သာ ကွဲတာ။

(၄) အတ္တဝါဒုပါဒါန်တဲ့ ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး ယောက်ျား မိန်းမစသောအားဖြင့် မှောက်မှောက်မှားမှား အထင်မှားတတ်သော သက္ကာယဒိဋ္ဌိ၊ အဲဒီတော့ ဒိဋ္ဌိ ၂-မျိုးတွေ့နေတော့ ဒိဋ္ဌိ ၃-မျိုးဖြစ်နေပြီး၊ ဒိဋ္ဌုပါဒါန်နဲ့ အတ္တဝါဒုပါဒါန် ခွဲရလိမ့်မယ်။

အတ္တဝါဒုပါဒါန်က အတ္တလို့ စွဲလမ်းတာ, ပုဂ္ဂိုလ်ပဲ, သတ္တဝါပဲ, အသက်ပဲ, ဝိညာဏ်ပဲ၊ လိပ်ပြာပဲ စသည်ဖြင့် အဲသလိုစွဲလမ်းတာကို အတ္တဝါဒုပါဒါန်ခေါ်ပြီးတော့ ကျန်တဲ့မိစ္ဆာအယူမှန်သမျှကို ဒိဋ္ဌုပါဒါန်လို့ အဲသလို ခွဲရလိမ့်မယ်။

အဲဒီတော့ အတ္တဝါဒုပါဒါန်က တော်တော်အရေးကြီးတယ်၊ တော်တော်နဲ့လည်း မပျောက်ဘူး၊ တရားတွေ ဘယ်လောက်သိသိ, ဒါတွေက ရှိနေသေးတာပဲ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေလည်း ရှိနေတာပဲ၊ လိပ်ပြာထွက်သွားတယ်၊ သေရင် လိပ်ပြာခွဲတယ်၊ အဲဒါ အယူအဆမျိုးတွေရှိနေသေးတာပဲ။

အဲဒီလို ဒီမှာဆိုလိုတဲ့ အတ္တကဒီလိုပေါ့လေ၊ ခန္ဓာငါးပါးမှအလွတ် အမြဲတမ်း တည်နေတဲ့ အနှစ်သာရအခိုင်အမာနဲ့ တည်နေတဲ့တရားတစ်စုံတစ်ခုရှိတယ်၊ အဲသလိုယူတာ၊ အဲဒီအတ္တဟာ ဒီခန္ဓာကနေပြီး နောက်ခန္ဓာတစ်ခု ပြောင်းသွားမယ်။ နောက်ခန္ဓာတစ်ခုထပ်ပြောင်းသွားမယ် စသည်ဖြင့် တစ်ဘဝမှ တစ်ဘဝ ပြောင်းပြောင်း

[စာမျက်နှာ-177] ပြီးတော့ နည်းနည်းချင်း စင်ကြယ်အောင်, တိုးတက်အောင် လုပ်သွားရမယ်။

အဲသလို သတ္တဝါတွေမှာ ခန္ဓာငါးပါးမှ အလွတ် အတ္တဆိုတာရှိတယ်လို့ ယူတာရယ်, ခန္ဓာငါးပါးကိုပဲ အတ္တလို့ယူတာရယ်ပေါ့၊ တချို့က ရုပ်ကို အတ္တလို့ ယူတာရှိတယ်၊ နာမ်ကို အတ္တလို့ယူတာရှိတယ်၊ အမျိုးမျိုးပဲ၊ အဲဒါက ဒိဋ္ဌိ ၆၂-ပါးဆိုတဲ့ ဗြဟ္မဇာလသုတ်ထဲမှာပါတယ်၊ နောက်ပြီးတော့ သက္ကာယဒိဋ္ဌိ ၂၀ ဆိုတာထဲမှာလည်းပါတယ်။

အဲဒီလို အနှစ်သာရအတ္တသဘောလေး ရှိတယ်လို့ ယူဆတာမျိုး၊ ဦးဇင်းတို့ စာထဲမှာတော့ ဘယ်လိုသုံးသလဲဆိုတော့ “တိတ္ထိတို့ကြံဆအပ်သော” လို့သုံးတယ်။ အစစ်တကယ်ရှိတာမဟုတ်ပဲနဲ့ မှားယွင်းစွာကြံဆပြီးတော့ ယူထားတဲ့ အရာပေါ့၊ စကားလုံး အနေနဲ့တော့ရှိတယ်၊ တကယ့်အနက်အနေနဲ့ မရှိဘူး၊ ယုန်ချိုလို့ပြောတာ မျိုးပေါ့၊ ယုန်ချိုဟာ စကားလုံးအနေနဲ့တော့ရှိတယ်၊ ဒါပေမယ့် တကယ်ကတော့ ယုန်ချိုဟာ ဝတ္ထုပစ္စည်းအနေနဲ့မရှိဘူး၊ အဲဒါမျိုးပေါ့။

ဟိန္ဒူတို့က အတ္တ ၂-မျိုးရှိတယ်တဲ့၊ ဇီဝအတ္တရယ် ပရမတ်အတ္တရယ်လို့ ၂-မျိုးရှိတယ်တဲ့။

ဇီဝအတ္တဆိုတာ ပုဂ္ဂိုလ်တစ်ဦးစီမှာ သီးခြားရှိတဲ့ အတ္တတွေ, အငယ်စားအတ္တတွေ ဒါကို ဇီဝအတ္တလို့ခေါ်တယ်၊ အဲဒီဇီဝအတ္တကိုလည်း မြဲတယ်လို့ ယူဆတယ်။ အဲဒီမြဲတဲ့ ဇီဝအတ္တလေးဟာ ခန္ဓာကိုယ်တစ်ခု ဟောင်းသွားရင် ခန္ဓာကိုယ်အဟောင်းကို စွန့်ခဲ့ပြီးတော့ ခန္ဓာကိုယ်အသစ် သွားယူတယ်၊ အဲသလို တစ်ဘဝပြီး တစ်ဘဝယူတယ်။ ဗုဒ္ဓဘာသာမှာလည်း အဲဒါမျိုးလေးတွေ ရှိတယ်နော်၊ မပြောတတ်ရင်, ရှင်းလင်းမပြတတ်ရင် ဒီဘဝကနေ နောက်ဘဝ ဝင်စားသွားတယ်ဆိုတာမျိုးတွေပေါ့၊ ထားပါတော့။

အဲသလို ဇီဝအတ္တလေးဟာ တစ်ဘဝကနေ တစ်ဘဝ သူ့ကိုယ်သူ ပိုမို စင်ကြယ်အောင်လုပ်သွားတာ နောင်တစ်နေ့ကျတော့ universal mind ဆိုတဲ့ ပရမတ်အတ္တဆိုတာကြီးနဲ့ သွားပေါင်းတယ်၊ အဲသလို သွားပေါင်းတာကို သူတို့က mokkha လွတ်မြောက်မှု, တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ပြောရရင် နိဗ္ဗာန်ရတယ်ဆိုတာ သူတို့က အဲဒါကိုဆိုလိုတာ။

အဲဒီတော့ ဇီဝအတ္တဟာ ပရမတ်အတ္တကြီးရဲ့ အစိတ်အပိုင်း၊ အဲဒီပရမတ်အတ္တကြီးရဲ့ အစိတ်အပိုင်းလေးတွေ ခွဲထွက်လာတာ၊ အဲဒီပရမတ်အတ္တကြီးနဲ့ ပြန်ပေါင်းသွားတာဟာ နိဗ္ဗာန်ပဲ၊ ဒါက သူတို့ရဲ့ အယူအဆ။

ဒါကြောင့်မို့ ဇီဝအတ္တဖြစ်တဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အတ္တကို ဖြူစင်အောင်

[စာမျက်နှာ-178] တရားထိုင်တာတို့ ဟိန္ဒူဆိုင်ရာ ယောဂကျင့်တာတို့မျိုးလို ကျင့်ပြီးတော့ တဖြည်းဖြည်းနဲ့ စင်ကြယ်အောင်လုပ်သွားရမယ်၊ တစ်နေ့မှာ အဲဒီပရမတ်အတ္တကြီးနဲ့ သွားပေါင်းမယ်။ အဲဒီပေါင်းတဲ့အချိန်ဟာ မောက္ခပဲ၊ ဒီလိုသူတို့က ယူဆတယ်။

အဲဒီ universal အတ္တကလည်းပဲ မြဲတာပဲ၊ ဇီဝအတ္တကလည်း မြဲတာပဲ။ အဲသလို မြဲတဲ့အတ္တကို လက်ခံတဲ့ အယူဝါဒကို အတ္တဝါဒလို့ခေါ်တယ်။

မြတ်စွာဘုရားကတော့ အတ္တဆိုတာ ရှိကိုမရှိဘူးလို့ ပြောတယ်၊ ခန္ဓာငါးပါးမှ အပ မြဲတဲ့သဘောတရားမရှိဘူး၊ ခန္ဓာငါးပါးဟာလည်းမြဲတဲ့သဘောတရား မဟုတ်လို့ အတ္တမဟုတ်ဘူး၊ ခန္ဓာငါးပါးကိုပဲ အတ္တလို့ သမုတ်ချင် သမုတ်နေကြမယ်ပေါ့လေ၊ ဒါပေမယ်လို့ အမြဲတည်နေတဲ့ (ever lasting) အတ္တမျိုးကတော့ ဘယ်တော့မှ မရှိဘူး၊ အနတ္တတရားကိုပဲ မြတ်စွာဘုရားက ဟောတော်မူတယ်။

ဒီနေရာမှာ ဟိန္ဒူဝါဒစွဲထားတဲ့ သူကလည်း အတ္တမရှိဘူး ပြောရင်မကြိုက်ဘူး၊ ဗုဒ္ဓဘာသာစွဲထားတဲ့သူကလည်း အတ္တရှိတယ် ပြောရင် မကြိုက်ဘူး၊ အဲသလို သွားကြမှာပေါ့။

အဲဒီတော့ မိမိတို့အနေနဲ့ကတော့ ဘာလဲဆိုရင် တစ်နေ့တော့ ဖလော်ရီဒါမှာ တရားပြတယ်၊ နောက်တစ်နေ့ တရားစစ်တဲ့အခါကျတော့ မိန်းမတစ်ယောက်က ပြောတယ်၊ “တပည့်တော် ညက တရားဆက်မထိုင်နိုင်ဘူး၊ သိပ်စိတ်ဆိုးလို့”တဲ့၊ ဘာလို့ စိတ်ဆိုးတာတုန်းဆိုတော့ အတ္တမရှိဘူးပြောလို့တဲ့၊ သူက ဟိန္ဒူဆရာတွေဆီမှာ တပည့်ခံပြီးတော့ ကမ္မဋ္ဌာန်းထိုင်လာတဲ့မိန်းမကိုး၊ သူတို့မှာ အတ္တက သိပ်အရေးကြီးတာ၊ အတ္တမရှိဘူးပြောရမလားလို့ စိတ်ဆိုးတာ။

ဒါနဲ့ ပြောရတယ်၊ “ငါလည်းဗုဒ္ဓဘာသာဘုန်းကြီး, ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက အတ္တရှိပါတယ်လို့ ဘယ်တော့မှ မပြောဘူး၊ ပြီးတော့ ငါ့စကားကိုလည်း ယုံရမယ်လို့ နင့်ကိုလည်း မပြောဘူး၊ နင်တရားထိုင်တဲ့အခါကျတော့ အဲဒီအတ္တလေးကိုရှာကြည့်၊ တွေ့ရင်ယူပေါ့၊ မတွေ့ရင်လည်း နင့်သဘောပဲ, ဘာမှ သူများကို စိတ်ဆိုးမနေနဲ့ ငါ့စကားလည်းမယုံနဲ့၊ ဘယ်သူ့စကားမှလည်း မယုံနဲ့၊ ကိုယ့်ဘာသာ တရားထိုင်တဲ့အခါ အဲဒီအတ္တလေး အမြဲတည်တယ်ဆိုတဲ့ အနှစ်သာရ အမာခံဆိုတာလေးများ ရှာတွေ့လား၊ ကိုယ့်ဟာကိုယ်ကြည့်၊ တွေ့ရင်တော့ယူပေါ့” လို့ အဲသလို ပြောလိုက်တယ်။

သူတို့က အဲသလို မခံနိုင်တတ်ဘူး၊ အဲဒါကြောင့်မို့ အဲဒီအတ္တဝါဒကို အလွန် သတိထားရမယ်၊ ဘာကြောင့် သတိထားရမလဲဆိုရင် မဟာယာနတွေ

[စာမျက်နှာ-179] ကိုယ်တိုင် ခုနပြောတဲ့ဟာမျိုးလို ဆန်ဆန်တွေပြောတတ်တယ်၊ ဒီက အတ္တလေးနဲ့ ဟိုက အတ္တကြီးပေါင်းသွားတယ်ဆိုတာပေါ့၊ သူတို့ (မဟာယာန) က အတ္တမသုံးဘူး၊ စိတ်ပေါ့၊ သူတို့က Buddha Nature လို့ သုံးလေ့ရှိတယ်၊ universal individual soul တို့၊ cosmic mind တို့ ပေါင်းစည်းသွားတာတို့ဆိုတာ (အမေရိကန်) ကလူတွေ အလွန်ပြောလေ့ရှိတယ်။

ဦးဇင်းက ပြောရတယ်၊ ဒို့ကတော့ ဒီလိုမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်ပဲ၊ ပြန်ပေါင်းတာတွေ cosmic mind တွေ ဘာမှမရှိဘူးလို့၊ သတ္တဝါတစ်ယောက်တစ်ယောက်မှာ သူ့ဟာသူ ရုပ်နဲ့ နာမ်နဲ့ ရှိတာပဲ၊ ဒီနိုင်ငံမှာ အဲဒါတွေ သိပ်လုပ်တယ်။ ပြီးတော့ to be one with nature အဲဒါမျိုးတွေ သိပ်ကြိုက်တယ်။

ဒို့ကတော့ မဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်ပဲရှုပြီးတော့ သဘောမှန် မြင်အောင် ကြည့်ရတယ်၊ သူများနဲ့ ပေါင်းစပ်ချင်တယ်ဘာတယ် အဲဒီလို ဆက်သွယ်ရတာကို ကောင်းလှပြီထင်နေတာဟာ ဒါဟာ attachment ပဲ sense of belonging, ဒါကိုက အမှန် attachment ပဲ၊ ဒါတွေကို တကယ် တရား အားထုတ်လာပြီဆိုရင် ဖြတ်ရမှာလို့ ပြောခဲ့တယ်။

တစ်နေ့က တရားပြတုန်းကလည်း ထည့်ပြောခဲ့တယ်၊ ဒါတော့မဟုတ်ဘူး၊ အခြားကိစ္စပါ။

တရားထိုင်တဲ့အချိန်မှာ enjoy ဘာမှမလုပ်ရဘူး၊ nature လည်း enjoy မလုပ်ရဘူး၊ beauty လည်း enjoy မလုပ်ရဘူး၊ ကိုယ့်ဟာကိုယ် တရားထိုင်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ရောက်သွားရင် လုပ်ချင်ရာလုပ်ကြ၊ တရားထိုင်နေတဲ့အချိန်မှာတော့ နှင်းဆီပန်းလှလှလေးမြင်လို့ enjoy လုပ်မယ်၊ ငှက်ကလေးသာသာယာယာနဲ့ သီချင်းဆိုနေလို့ enjoy မလုပ်ရဘူး၊ အဲသလို enjoy လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်နယ်ကထွက်ပြီး သူများနယ်ထဲကျူးလွန်လိုက်ပြီ၊ မြတ်စွာဘုရားက သတိပဋ္ဌာန်တရား ၄-ပါးဟာ ကိုယ့်ဘိုးဘွားပိုင် နယ်ပယ်လို့ ဟောထားတယ်။ ကာမဂုဏ်ဘက်ကို သွားလိုက်တာနဲ့ တစ်ပြိုင်နက် ဘိုးဘွားပိုင်နယ်ပယ်က အပြင် ထွက်သွားပြီ၊ အပြင်ထွက်သွားရင် fraught with danger အမျိုးမျိုးဒုက္ခတွေ တွေ့မယ်၊ မာရ်နတ်အခွင့်အလမ်း ရမယ်ပေါ့၊ ဒါကြောင့်မို့ တရားထိုင်နေတုန်းမှာ မင်းတို့ဘာမှ enjoy မလုပ်နဲ့၊ ပြီးရင် ကိုယ့်သဘောပဲလို့ ပြောခဲ့တယ်။

အဲသလိုပြောခဲ့တာကို တချို့လည်းကြိုက်မယ်၊ တချို့လည်း မကြိုက်ဘူး ပေါ့လေ။ ထားပါတော့။

[စာမျက်နှာ-180] သူတို့က sense of belonging တို့, one with nature တို့, one with universal mind တို့ကို သိပ်ကြိုက်တယ်၊ မဟာယာနမှာ အဲဒါတွေပြောတော့ သူတို့သဘောကျတယ်။

ထေရဝါဒမှာတော့ ဒါတွေမရဘူး၊ ကိုယ့်စိတ်ဟာ ကိုယ့်စိတ်ပဲ၊ ကိုယ့်နာမ်ဟာ ကိုယ့်နာမ်ပဲ၊ ကိုယ့်နာမ်ဟာ နာမ်ကြီးရဲ့ အစိတ်အပိုင်းမဟုတ်ဘူး၊ နာမ်ကြီးဆိုတာရှိကို မရှိဘူး၊ အဲသလို ယူဆတာတွေမှန်သမျှဟာ အတ္တဝါဒထဲပါလိမ့်မယ်၊ ပုဂ္ဂိုလ်သတ္တဝါ သူတစ်ပါး ယောက်ျားမိန်းမ ရှိတယ်လို့ ယူတာလည်း အတ္တဝါဒပဲ။

စကားလုံးအနေနဲ့တော့ ငါဆိုတဲ့စကားလုံး မသုံးလို့ကို မရဘူး၊ မြတ်စွာဘုရားတောင်မှသုံးတယ်၊ ဒါပေမယ်လို့ ဒါကတော့ လောကဝေါဟာရကို ကျော်လွန်လို့ မရတဲ့အတွက်ကြောင့်သုံးတာ၊ တကယ်အယူမှားပြီးသုံးတာ မဟုတ်လို့ ကိစ္စမရှိဘူး။

နီဝရဏတဲ့၊ နီဝရဏက ဘာတဲ့တုန်း— “ဈာန်, ဝိပဿနာ, မဂ် စသည်တို့၏ အစွမ်းဖြင့်ဖြစ်သော ကုသိုလ်စိတ်ကို တားမြစ်တတ်သောကြောင့် လောဘစသော တရားတို့သည် နီဝရဏမည်၏။”

ကုသိုလ်စိတ်ကိုတားမြစ်တတ်တယ်၊ ကုသိုလ်ကို ဖြစ်ခွင့်မရအောင် တားမြစ်တတ်တဲ့သဘောတရားတွေကို နီဝရဏလို့ခေါ်တယ်၊ hindrance လို့ အင်္ဂလိပ်လို ပြန်တယ်၊ ဈာန်တို့ဘာတို့ ရဖို့အတွက် တရားအားထုတ်ပြီဆိုရင် နီဝရဏဟာ အလွန်အရေးကြီးတယ်။

ဈာန်မရအောင် သူက တားမြစ်ထားတတ်တယ်၊ ဝိပဿနာ ထိုင်ရင်လည်း ထိုင်လို့ မဖြစ်အောင် တားမြစ်တယ်၊ ဝိပဿနာမဖြစ်ရင် မဂ်ဆိုတာ ဘယ်ရတော့မှာလဲ။ ဒါတွင်မကဘူး၊ နီဝရဏတွေရှိနေရင် ရိုးရိုးကုသိုလ်တောင်မရနိုင်ဘူး၊ အဲဒီလို ကုသိုလ်တရားတွေ ဈာန် ဝိပဿနာ မဂ်စတဲ့ တရားတွေကို မဖြစ်အောင် တားမြစ်တတ်တဲ့သဘောတရားတွေကို နီဝရဏလို့ခေါ်တယ်။

တရားထိုင်ဖူးတဲ့သူဆိုရင် နီဝရဏဆိုတဲ့ စကားလုံးကြားဖူးတယ်၊ နီဝရဏဟာ ကိုယ်တိုင်လည်း ခဏခဏတွေ့ ကြုံဖူးတယ်၊ အခုထိုင်ကြည့်, အခုတွေ့မှာပဲ။

ကောင်းပြီ အဲဒီနီဝရဏဟာ ၆-ပါးရှိတယ်။ (၁) ကာမစ္ဆန္ဒနီဝရဏတဲ့၊ ကာမဂုဏ်ငါးပါး၌ လွန်လွန်ကဲကဲ သာယာ တပ်မက်သောတရား၊ အမှန်တော့ လွန်လွန်ကဲကဲ မဟုတ်ပဲနဲ့ ရိုးရိုးတပ်မက်တာလည်း ကာမစ္ဆန္ဒပါပဲ၊ လောဘမှန်ရင် ဒီနေရာမှာ ကာမစ္ဆန္ဒပါပဲ။

[စာမျက်နှာ-181] ဒါကြောင့်မို့ တရားထိုင်လို့ကောင်းတာလေးကြိုက်သွားရင်လည်း နီဝရဏ ဖြစ်သွားတာပဲ၊ ကာမစ္ဆန္ဒဟာ အလွန်သိမ်မွေ့တယ်။

(၂) ဗျာပါဒနီဝရဏ, ဒါကဒေါသ, စိတ်ဆိုးတာ စိတ်တိုတာ စိတ်ညစ်တာ, စိတ်ပျက်တာ၊ ဒါတွေဟာ ဗျာပါဒတွေပေါ့။

(၃) ထိနမိဒ္ဓနီဝရဏတဲ့၊ ဒါက ထိနမိဒ္ဓနှစ်ပါးကိုခေါ်တယ်၊

(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏတဲ့၊ ဒါက ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စနှစ်ပါး၊ ဥဒ္ဓစ္စဆိုတာ စိတ်ပျံ့လွင့်တာ, စိတ်မတည်ငြိမ်တာ၊ ကုက္ကုစ္စဆိုတာက နောင်တတစ်ဖန် ပူပန်တာ။

(၅) ဝိစိကိစ္ဆာ နီဝရဏ ဒါကယုံမှားတာ၊ ဘုရား၌ ယုံမှားတယ်၊ တရား၌ ယုံမှားတယ်၊ သံဃာ၌ ယုံမှားတယ်၊ သိက္ခာသုံးပါး၌ ယုံမှားတယ်၊ ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားတယ် စသည်ဖြင့်ပေါ့လေ။

(၆) အဝိဇ္ဇာနီဝရဏဆိုတာက အမှန်တရားကို ဖုံးကွယ်တတ်တဲ့ တရား, မောဟပေါ့၊ အဝိဇ္ဇာဆိုတာ မောဟနဲ့ အတူတူပဲ၊ အဲသလို နီဝရဏတရား ၆-ပါးရှိတယ်။

အမှန်အတိုင်းကြည့်မယ်ဆိုရင် အမှတ် ၃ နီဝရဏမှာ ထိနနဲ့ မိဒ္ဓ ၂-ခုကို နီဝရဏတစ်ခုလို့ ဒီမှာဟောထားတယ်၊ အမှန်ကတော့ ထိနက စေတသိက် တစ်ခု၊ မိဒ္ဓက စေတသိက်တစ်ခု၊ ၂-ခုနော်။

ပြီးတော့ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စကြည့်လိုက်ဦး၊ ဥဒ္ဓစ္စက စေတသိက်တစ်ခု၊ ကုက္ကုစ္စက စေတသိက်တစ်ခု၊ တခြားစီပဲ၊ ဒါကြောင့်မို့ နီဝရဏတရားကိုယ်ကောက်ပြီဆိုရင် ၈-ခုဖြစ်လိမ့်မယ်၊ နီဝရဏနာမည်နဲ့ သုံးရင် ၆-ခုပဲ။

ဒါဖြင့် ထိနနဲ့ မိဒ္ဓကို ဘာကြောင့် နီဝရဏတစ်ခုထဲလုပ်သလဲ၊ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စကို ဘာကြောင့် နီဝရဏတစ်ခု လုပ်သလဲဆိုတော့ သူတို့က ကိစ္စအားဖြင့် တူတယ်၊ အကြောင်းအားဖြင့်တူတယ်၊ ဆန့်ကျင်ဘက်အားဖြင့်တူတယ်၊ အဲသလိုတူလို့ ၂-ခု, ၂-ခုကို တစ်ခုလုပ်ပြီး နီဝရဏတစ်ခုအနေနဲ့ ဒီမှာ သုံးထားတယ်။

ဆိုပါတော့, ထိနမိဒ္ဓရဲ့ ကိစ္စသဘောက ထိုင်းမှိုင်းတာပေါ့၊ တွန့်တာပေါ့။ ထိနမိဒ္ဓဖြစ်လာရင် ဟိုဟာမလုပ်ချင်ဘူး၊ ဒီဟာမလုပ်ချင်ဘူးဖြစ်လာတယ်၊ အဲဒီတော့ စိတ်တွန့်ဆုတ်တာ ထိုင်းမှိုင်းတာကို ထိနမိဒ္ဓလို့ခေါ်တယ်၊ ထိနကလည်း ဒီကိစ္စရှိတယ်။ မိဒ္ဓကလည်းကိစ္စရှိတယ်၊ တူတဲ့ကိစ္စရှိတယ်၊ ထိနမိဒ္ဓဆိုတာ အမှန်ကတော့ ပျင်းတာက စတာပဲ၊ ပျင်းရင် ထိနမိဒ္ဓဝင်လာတာပဲ၊ ဒါကြောင့်ပျင်းရိမှုဟာ သူတို့အကြောင်း၊ ဒီ၂-ခုလုံးရဲ့ ဆန့်ကျင်ဘက်က ဝီရိယ၊ အဲဒီလိုကိစ္စအားဖြင့်လည်းကောင်း အကြောင်း

[စာမျက်နှာ-182] အားဖြင့်လည်းကောင်း, ဆန့်ကျင်ဘက်အားဖြင့်လည်းကောင်း တူတဲ့အတွက်ကြောင့် ထိနမိဒ္ဓကို တစ်ခုထဲလုပ်ထားတယ်။

ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စမှာ ဥဒ္ဓစ္စက ဘယ်စိတ်နဲ့ယှဉ်သလဲ ဆိုရင် မောဟမူစိတ်မှာ နောက်ဆုံးစိတ် (အကုသိုလ်စိတ်မှာ နောက်ဆုံးစိတ်လို့ခေါ်နိုင်တယ်) အဲဒီစိတ်နဲ့ ယှဉ်တယ်။

ကုက္ကုစ္စက ဘယ်စိတ်နဲ့ ယှဉ်သလဲဆိုရင် ဒေါသမူဒွေးနဲ့ယှဉ်တယ်၊ ကြည့်စမ်း, တခြားစီပဲ, ဒါပေမယ့် ဒီမှာ ၂-ခုကို တစ်ခုထဲလုပ်ထားတာလည်းပဲ အဲဒါပဲ။ မငြိမ်သက် မအေးချမ်းတဲ့ကိစ္စအားဖြင့်လည်းတူတယ်၊ ဥဒ္ဓစ္စကလည်း အာရုံတစ်ခု ပေါ်မှာ တည်တည် ငြိမ်ငြိမ်မနေနိုင်ဘူး၊ ကုက္ကုစ္စဖြစ်တော့လဲ မတည်မငြိမ်ဖြစ်တယ်။ အဲသလို မတည်ငြိမ်မှု ကိစ္စအားဖြင့်တူတယ်။

အကြောင်းအားဖြင့်လည်း တူတယ်တဲ့၊ ဘာလဲဆိုရင် ဆွေမျိုးပျက်စီးတာ၊ စီးပွားဥစ္စာပျက်စီးတာ ဘာညာပေါ့လေ၊ ဆွေမျိုးအကြောင်းကြံစည်တာ၊ စီးပွားဥစ္စာ အကြောင်းကြံစည်တာ၊ အဲဒါကနေပြီး ဥဒ္ဓစ္စ ကုက္ကုစ္စဖြစ်တတ်တယ်တဲ့၊ အဲဒါကြောင့်မို့ အကြောင်းအားဖြင့်လည်းတူတယ်တဲ့။

ဆန့်ကျင်ဘက်အားဖြင့် တူတယ်ဆိုတာက သမာဓိရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ သမထရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ဥဒ္ဓစ္စဖြစ်ရင် ဘယ်နည်းနဲ့မှ သမာဓိမရဘူး၊ ကုက္ကုစ္စဖြစ်ရင် ဘယ်နည်းနဲ့မှသမာဓိမရဘူး၊ ငြိမ်းချမ်းမှုမရဘူး၊ အဲသလို ငြိမ်းချမ်းမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ အဲသလို ဆန့်ကျင်ဘက်ချင်းလည်း တူတဲ့အတွက်ကြောင့်မို့ လက္ခဏာအားဖြင့် ကွဲပြားနေတဲ့သီးခြားဒီ တရား ၂-ပါးကို ဒီနေရာမှာ နီဝရဏ ၁-ပါးထဲလို့ ဒီလိုဟောထားတယ်၊ တကယ်အားဖြင့်ဆိုရင် နီဝရဏ ၈-ပါးဖြစ်မယ်။

နောက်တစ်ခုက အနုသယတဲ့, အနုသယက ၇-ပါးရှိတယ်၊ “လျှောက်ပတ်သောအကြောင်းကို မရလျှင် မဖြစ်ပေါ်ကြကုန်ဘဲ လျှောက်ပတ်သောအကြောင်းကိုရလျှင် ဖြစ်လတ္တံ့သော သဘောတရားရှိသောတရားတို့သည် အနုသယမည်၏၊ သတ္တဝါတို့ သန္တာန်၌အစဉ်ကိန်းဝပ်၍ နေသော ငုတ်ဓာတ်, ဝပ်ဓာတ်မျိုးစေ့ဓာတ်တို့ ပေတည်း။”

အနုသယဆိုတာ ကိလေသာထက် နည်းနည်းထူးတယ်၊ အနုသယဆိုတာ ကိန်းဝပ်နေတတ်တဲ့သဘောတရားလို့ ဆိုလိုတယ်၊ အကြောင်းဆုံလာရင် ဖြစ်နိုင်တဲ့ သဘောတရားမျိုးကို အနုသယလို့ခေါ်တယ်၊ potential တကယ်ဖြစ်လာပြီဆိုရင် သူက ကိလေသာလို့ခေါ်ရတော့တယ်၊ ဥပါဒ်, ဌ, ဘင် အနေအားဖြင့် ဖြစ်လာရင် ကိလေသာ ဖြစ်သွားတယ်၊ အဲဒီအချိန်အခါမှာ အနုသယလို့ မခေါ်တော့ဘူး။

[စာမျက်နှာ-183] အနုသယဆိုတာက liability၊ အနုသယက သတ္တဝါတွေ သန္တာန်မှာ ဝပ်နေတယ်၊ ကိန်းနေတယ်၊ တကယ်တော့ ရှိနေတာတော့ မဟုတ်ဘူးနော်၊ ဥပါဒ်, ဌ, ဘင်အားဖြင့် ရှိတယ်ပြောရင် ဖြစ်လာပြီ၊ ဖြစ်လာရင် သူက ကိလေသာလို့ ခေါ်ရတော့တယ်၊ ဒါပေမယ်လို့ ဖြစ်နိုင်တဲ့ သဘောကို အနုသယလို့ခေါ်တယ်။

ဆိုပါတော့ အခု စာသင်နေတဲ့အချိန် တရားဟောနေတဲ့အချိန်မှာ လောဘ ဒေါသမရှိဘူး ဆိုပါတော့၊ အဲဒီတော့ ဘုန်းကြီးသန္တာန်မှာ အခုအခိုက်အတန့်မှာ လောဘ, ဒေါသ, ကိလေသာ မရှိဘူး ပြောနိုင်တယ်၊ ဒါပေမယ်လို့ လောဘဖြစ်စရာ အာရုံတစ်ခုနဲ့တွေ့ရင် လောဘဖြစ်လိမ့်မယ်၊ တရားဟောနေရင်းနဲ့ လိုချင်တာလေး တစ်ခုမြင်လိုက်တယ်၊ လိုချင်လာပြီဆိုရင် လောဘဖြစ်မယ်၊ တစ်စုံတစ်ယောက်က ဘာညာလုပ်လို့ စိတ်ဆိုးလိုက်တယ်၊ ဒေါသဖြစ်မယ်၊ အကြောင်းပေါ်လာရင်ဖြစ်မယ်။

ဒါကြောင့် လောဘ, ဒေါသဆိုတဲ့ အနုသယကျတော့ ဒီဘုန်းကြီးမှာ အမြဲတမ်းရှိနေတယ်၊ အိပ်နေလည်းရှိနေတာပဲ၊ တရားထိုင်နေလည်းရှိနေတာပဲ၊ ဘုရားရှိခိုးနေလည်း ရှိနေတာပဲ၊ သူ (အနုသယ)က ချောင်ထဲကနေ ချောင်းနေတာ မျိုးပေါ့၊ အကြောင်းမတိုက်ဆိုင်လိုက်နဲ့ တိုက်ဆိုင်လိုက်ရင် ဝုန်းကနဲထဖြစ်မယ်ဆိုတာမျိုးကို အနုသယလို့ခေါ်တယ်၊ အဲဒါအရေးကြီးတယ် မှတ်ထားကြ၊ အနုသယနဲ့ ကိလေသာကို အဲသလို ခွဲခြားပြီးတော့ နားလည်ရမယ်။

ကိလေသာဆိုတာကျတော့ ဥပါဒ်, ဌ, ဘင်အားဖြင့် ဖြစ်လာပြီ၊ အနုသယက ဥပါဒ်, ဌ, ဘင်အားဖြင့် မဖြစ်သေးဘူး၊ အကြောင်းညီညွတ်ရင်ဖြစ်မယ့် သဘောတရားတွေ၊ အဲသလို ကိန်းတတ်တဲ့ သဘောတရားတွေဟာ ၇-ပါးရှိတယ်။

ကိလေသာ ၁၀-ပါးရှိပေမယ်လို့ အားကောင်းပြီးကိန်းနိုင်တဲ့တရား (အနုသယတရား)က ၇-ပါးပဲရှိတယ်။

(၁) ကာမရာဂါနုသယ-ကာမတရားတို့၌ သာယာနှစ်သက်တတ်သော လောဘ၊

(၂) ဘဝရာဂါနုသယ- မဟဂ္ဂုတ်ကုသိုလ်ဝိပါက်တို့၌ တပ်နှစ်သက်သော လောဘ၊ ရူပဘဝ အရူပဘဝပါပဲ။

(၃) ပဋိဃာနုသယဆိုတာ ဒေါသ၊ (၄) မာနာနုသယဆိုတာမာန၊ (၅) ဒိဋ္ဌာနုသယဆိုတာ ဒိဋ္ဌိ၊ (၆) ဝိစိကိစ္ဆာနုသယဆိုတာ ယုံမှားမှုဝိစိကိစ္ဆာစေတသိက်၊

[စာမျက်နှာ-184] (၇) အဝိဇ္ဇာနုသယဆိုတာ မောဟ၊ ဒီ ၇-ပါးကို အနုသယလို့ခေါ်တယ်။ ဒီတရားတွေဟာ သတ္တဝါတွေ သန္တာန်မှာ အမြဲတမ်းကိန်းနေတယ်၊ မဂ်နဲ့ကျမှသူ့ကို ပယ်သတ်နိုင်တယ်၊ ရိုးရိုးကုသိုလ်နဲ့ သူ့ကိုမပယ်သတ်နိုင်ဘူး။

တရားအားထုတ်ရုံနေလေးနဲ့ ဝိပဿနာနဲ့ သူ့ကို မပယ်သတ်နိုင်သေးဘူး၊ ဝိပဿနာအားထုတ်လို့ ဝိပဿနာပြည့်စုံလို့ မဂ်ရပြီဆိုတဲ့ အချိန်အခါကျမှ သူ့ကို ပယ်သတ်နိုင်တယ်၊ အဲဒါ အနုသယတဲ့။

ဒါကြောင့်မို့ အနုသယကိလေသာဆိုတာ အနာဂတ်ကိလေသာကိုခေါ်တာလို့ တချို့ကျမ်းဂန်တွေမှာဆိုတယ်၊ ဆိုလိုတာကတော့ အခုရှိနေတာမဟုတ်ဘူး၊ နောင် ပေါ်လာမယ့်ဟာပေါ့။ အခုရှိနေတာက ကိလေသာမဟုတ်ဘူး၊ အနုသယပဲရှိသေးတယ်။ အကြောင်းညီညွတ်လာရင် ပေါ်ချင်ပေါ်မှာ၊ အဲဒါကို အနုသယလို့ခေါ်တယ်။ အဲဒါက သိပ်ခဲယဉ်းတယ်၊ အနုသယကို သတ်ဖို့က အလွန်ခဲယဉ်းတယ်၊ ပေါ်လာတဲ့ ကိလေသာကို တရားမှတ်ပြီး ပျောက်ပစ်လို့ရတယ်၊ မပေါ်အောင်လုပ်ဖို့ကျတော့ ဘယ်လောက်ခဲယဉ်းသလဲ၊ လိုချင်စရာ အာရုံတွေပါလျက်နဲ့ မလိုချင်ဘူးလို့ဖြစ်နိုင်ဖို့၊ ဒေါသထွက်စရာတွေ့ပါလျက်နဲ့ ဒေါသမထွက်ဘဲနေနိုင်အောင် အဲဒါကျတော့ အလွန် ခဲယဉ်းတယ်။

ဒါကြောင့်မို့ အနုသယဓာတ်ကို ပယ်ထားဖို့ရာမှာ ဘုရားရဟန္တာတို့လို ပယ်ထားမှသာ ဖြစ်နိုင်တယ်၊ အနုသယဓာတ်ကို မပယ်နိုင်သေးသမျှ လောဘဖြစ်စရာ အာရုံတွေ့ရင် ထဖြစ်နေဦးမှာပဲ။

သံယောဇဉ်တဲ့, ဒီစကားတွေက မြန်မာတွေအဖို့ ရိုးနေပါပြီ၊ သံယောဇဉ်ဆိုတာ ဘုန်းကြီးလည်း ရှိတာပဲ၊ လူလည်းရှိတာပဲ၊ ဒါပေမယ့် လူကပိုများတာပေါ့၊ လူမှာ သံယောဇဉ်ကြိုး ပိုတင်းတယ်, ပိုပြီးတော့ အားကောင်းတယ်။

“ဝဋ်ဆင်းရဲတို့၌ ဖွဲ့တတ်သောသဘောတရားတို့သည် သံယောဇဉ်မည်၏” ဝဋ်ထဲက မထွက်နိုင်အောင် ကြိုးနဲ့ ချည်ထားလိုက်တာ, ကြိုးရှည်ရှည်နဲ့ လွှတ်ထားလိုက်တာ၊ ဒီကြိုးကြီး တန်းလန်းပါနေသမျှ ဘယ်သွားသွား ဒီပြန်ရောက်ရတာပဲ၊ ထွက်မပြေးနိုင်ဘူး၊ လွတ်အောင် မသွားနိုင်ဘူး, အဲဒါကို သံယောဇဉ်တဲ့၊ ကြိုးနဲ့ တူတယ်လေ။

“လောက၌ရှိသော နှောင်အိမ်အမျိုးမျိုး နှောင်ကြိုးအမျိုးမျိုးတို့နှင့်တူသော တရားတို့တည်း” ပြီးတော့မှ ယောဂရယ်, ဂန္ထရယ်, သံယောဇဉ်ရယ်, သူကချည်တတ်တဲ့

[စာမျက်နှာ-185] တရား ၃-မျိုးပဲ၊ သူက ဘယ်လို ထူးသလဲဆိုတာ အထူးလေးပြောမယ်။

“ဤ ၃-မျိုးသည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ်ဖွဲ့နှောင်တတ်ကြသဖြင့် သဘောတူသကဲ့သို့ရှိသော်လည်း၊ အဝေးဘုံဘဝသို့ ရောက်စေကာမူ၊ မိမိဘုံသို့ ပြန်ရောက်လာအောင် ကြိုးဖြင့် ဆွဲထားဘိသကဲ့သို့ ဆွဲချည်ဖွဲ့နှောင်တတ်သော သဘောသည် သံယောဇဉ်မည်၏။”

“သံကွင်းချင်း ဖွဲ့ဆက်သကဲ့သို့ စုတိ, ပဋိသန္ဓေ၊ ပဋိသန္ဓေ စုတိအားဖြင့် နာမ်ရုပ်အပေါင်းကို ဖွဲ့ဆက်တတ်သော သဘောသည် ဂန္ထ (ချိန်းကြိုးလေး စပ်တာမျိုးလိုပေါ့)။”

“သစ်စေးဖြင့် ကပ်သကဲ့သို့ ဝဋ်ဒုက္ခ၌ မိမိကိန်းရာ သတ္တဝါကို ယှဉ်စပ်ကပ်ထားတတ်သော သဘောသည် ယောဂ၊ အဲဒီလို aspect ထူးတာပေါ့လေ၊ အမှန်ကတော့ ဒီတရား, ဒီတရားပါပဲ။”

ဒီလိုအနေနဲ့ကြည့်တော့ သံယောဇဉ်ခေါ်တယ်၊ ဒီလိုအနေနဲ့ကြည့်တော့ ယောဂခေါ်တယ်၊ ဒီလိုအနေနဲ့ကြည့်တော့ ဂန္ထ ခေါ်တယ်၊ ဒါပဲ။

သံယောဇဉ် ၁၀-ပါးတဲ့၊ သုတ္တန်နည်း အဘိဓမ္မာနည်း ၂-မျိုးရှိတယ်၊ နံပတ်(၁) သုတ္တန်နည်းက ကာမရာဂသံယောဇဉ်တဲ့၊ ဒါဆိုရင် ကာမဂုဏ်မှာတပ်မက်နှစ်သက်တတ်တဲ့လောဘ။

(၂) ရူပရာဂသံယောဇဉ်၊ ရူပဘဝတပ်နှစ်သက်တာ လောဘ (၃) အရူပရာဂသံယောဇဉ်၊ အရူပဘဝကိုတပ်နှစ်သက်တာ (၄) ပဋိဃသံယောဇဉ်ဆိုတာ ဒေါသပေါ့။

(၅) မာနသံယောဇဉ်ဆိုတာ မာန (၆) ဒိဋ္ဌိသံယောဇဉ်ဆိုတာ ဒိဋ္ဌိ၊ (၇) သီလဗ္ဗတပရာမာသသံယောဇဉ်၊ ခွေးအကျင့်နွားအကျင့်ကို ဟုတ်တယ်လို့ထင်တာဒိဋ္ဌိ၊ (၈) ဝိစိကိစ္ဆာသံယောဇဉ်- ဝိစိကိစ္ဆာ (၉) ဥဒ္ဓစ္စသံယောဇဉ် ဥဒ္ဓစ္စ၊ (၁၀) အဝိဇ္ဇာသံယောဇဉ် မောဟပေါ့။

အဘိဓမ္မာနည်းကြည့်လိုက်ဦး၊ (၁) ကာမရာဂသံယောဇဉ်, ကာမဘဝနဲ့ ဆိုင်တယ် (၂) ဘဝရာဂသံယောဇဉ်၊ ဒါက ရူပနဲ့ အရူပကိုပေါင်းပြီး ဘဝလုပ်ထားတာ၊ ဘဝရာဂသံယောဇဉ်ဆိုတာ ရူပဘဝနဲ့ အရူပဘဝကို တပ်နှစ်သက်တာ၊ (၃) ပဋိဃ (၄) မာန (၅) ဒိဋ္ဌိ (၆) သီလဗ္ဗတပရာမာသ (၇) ဝိစိကိစ္ဆာသံယောဇဉ်တို့ဆိုတာ သုတ္တန်ဘက်ကအတိုင်းပဲ။

ဣဿာ မစ္ဆရိယ ဒီမှာပိုလာတယ် (၈) ဣဿာသံယောဇဉ် ငြူစူတာ (၉) မစ္ဆရိယသံယောဇဉ်, ဝန်တိုတာ (သို့မဟုတ်) ကိုယ့်ပစ္စည်းသူများနဲ့ ဆက်ဆံတာကို

[စာမျက်နှာ-186] မခံနိုင်တာ၊ အဝိဇ္ဇာသံယောဇဉ်က အတူတူပဲ။

အဲသလို သုတ္တန်အားဖြင့် သံယောဇဉ် ၁၀-ပါး၊ အဘိဓမ္မာနည်းအားဖြင့် သံယောဇဉ် ၁၀-ပါး၊ အဲသလို သံယောဇဉ် ၁၀-ပါး ၂-မျိုးရှိတယ်၊ ၂-မျိုးလုံးကိုပဲ မှတ်ရမယ်။

သုတ္တန်တွေဖတ်ရင် သုတ္တန်နည်းသံယောဇဉ်တွေ များများတွေ့မယ်၊ အဘိဓမ္မာ မှာတော့ အဘိဓမ္မာသံယောဇဉ်တွေ့မယ်။

ကောင်းပြီ, အဲဒီသံယောဇဉ်မှာ ကာမဘုံနဲ့ဆိုင်တဲ့သံယောဇဉ်, ရူပဘုံနဲ့ဆိုင်တဲ့သံယောဇဉ်ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပါဠိစကားမှာ ဥဒ္ဓမ္ဘာဂိယ ဩရမ္ဘာဂိယရယ်လို့ သုံးတာရှိတယ်၊ သုတ္တန်တွေဖတ်ရင် ခဏခဏတွေ့တတ်တယ်။

ဩရမ္ဘာဂိယဆိုတာ အောက်ဘက်ဆွဲတတ်တယ်လို့ ဆိုပါတယ်၊ ဥဒ္ဓမ္ဘာဂိယဆိုတာ အထက်ဖက်ကို ဆွဲတတ်တယ် ချည်နှောင်တတ်တယ်လို့ဆိုတယ်။

အောက်ဘက်ကို ချည်နှောင်တတ်တဲ့တရားဆိုတာက ကာမရာဂသံယောဇဉ်ရယ်, ပဋိဃသံယောဇဉ်ရယ်, ဒိဋ္ဌိသံယောဇဉ်ရယ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်ရယ်၊ ဝိစိကိစ္ဆာသံယောဇဉ်ရယ်, ဒီ ၅-ခုကို ဩရမ္ဘာဂိယအောက်ဖက် ချည်နှောင်တတ်တယ်လို့ ဆိုတယ်။

ရူပရာဂရယ်, အရူပရာဂရယ်, မာနရယ်, ဥဒ္ဓစ္စရယ်, အဝိဇ္ဇာရယ်, သူတို့က အထက်ဘက် ချည်နှောင်တတ်တယ်၊ မာနကရဟန္တာဖြစ်မှပြုတ်တာ၊ အနာဂါမ်ထိအောင် မာနရှိသေးတယ်၊ ဥဒ္ဓစ္စကလည်း မောဟမူစိတ် ဖြစ်တော့ ရဟန္တာဖြစ်မှပြုတ်တာ၊ ဒါကြောင့်မို့ အဲဒီ ၅-ပါးကို ဥဒ္ဓမ္ဘာဂိယ ခေါ်တယ်။ ပါဠိတွေဖတ်ရင်တွေ့လိမ့်မယ်။

သံယောဇဉ် ၁၀-ပါးရှိတယ်၊ သုတ္တန်နည်းအားဖြင့် သံယောဇဉ် တရားကိုယ် ဘယ်နှစ်ပါးရှိသလဲ၊ ကာမရာဂသံယောဇဉ်, ရူပရာဂသံယောဇဉ်, အရူပရာဂသံယောဇဉ်တို့ဟာ လောဘဖြစ်တဲ့အတွက်ကြောင့် ဒီ ၃-ခုဟာ တရားကိုယ်တစ်ခုထဲပဲ၊ လောဘ။

ပဋိဃက ဒေါသ, မာနက မာန, ဒိဋ္ဌိက ဒိဋ္ဌိ, သီလဗ္ဗတပရာမာသက ဒိဋ္ဌိ, ဝိစိကိစ္ဆာက ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စက ဥဒ္ဓစ္စ, အဝိဇ္ဇာက အဝိဇ္ဇာ, အဲဒီတော့ သံယောဇဉ် တရားကိုယ် ၇-ခုရှိတယ်။

အဘိဓမ္မာနည်းကျတော့ လောဘ, ဒေါသ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဣဿာ, မစ္ဆရိယ, အဝိဇ္ဇာဆိုတော့ ၈-ခု၊ အဲဒီ ၇-နဲ့ ၈ မှာ တူတာမယူဘဲနဲ့ မတူတာ ထပ်ထည့်လိုက်ရင် ၉-ခုဖြစ်သွားမယ်။

[စာမျက်နှာ-187] ကိလေသာတဲ့၊ စိတ်၏ ပူပန်ကြောင်း ညစ်ညူးကြောင်း ကျဉ်နာကြောင်း၊ သနားကြင်နာတာမဟုတ်ဘူး၊ ကျဉ်နာဆိုတာ နာအောင်ကျဉ်အောင် ပြုတာမျိုး ဖြစ်သောကြောင့် ကိလေသာမည်၏၊ ကိလေသာဆိုတာ စိတ်ကို ညစ်ပေအောင်, ပူပန်အောင် လုပ်တတ်တဲ့တရားမျိုး၊ ကိလေသာ ၁၀-ပါးရှိတယ်။

(၁) လောဘ (၂) ဒေါသ (၃) မောဟ (၄) မာန (၅) ဒိဋ္ဌိ (၆) ဝိစိကိစ္ဆာ (၇) ထိန (၈) မိဒ္ဓ (၉) ဥဒ္ဓစ္စ (၁၀) အဟိရိက (၁၁) အနောတ္တပ္ပ (မှတ်ချက်။ ။ ကိလေသာ ၁၀-ပါး ရေတွက်ရာ၌ ထိနမိဒ္ဓကို တစ်ပါး၊ ဥဒ္ဓစ္စကို တစ်ပါးယူလေ့ရှိသော်လည်း ဤနေရာ၌ အကုသိုလ်တရားများကို ဖော်ပြနေခြင်းဖြစ်သည်)။ အားလုံး အကုသိုလ်ချည်းပဲ။ ကိလေသာ ၁၀-ပါးဆိုတာ ဒါတွေကိုပြောတာ၊ ဒါလေးတွေကိုမှတ်မိရင်ကောင်းတယ်။

ကောင်းပြီ, တရားကိုယ်ကောက်နည်းမှာလဲ ဘာတဲ့တုန်း၊ ကာမသဒ္ဒါ, ဘဝသဒ္ဒါ, အဘိဇ္ဈာသဒ္ဒါတို့ကိုတွေ့ရင် လောဘကို ကောက်ပါ၊ သီလဗ္ဗတပရာမာသ, ဣဒံသစ္စာဘိနိဝေသ, အတ္တဝါဒုသဒ္ဒါတို့ကိုတွေ့ရင် ဒိဋ္ဌိကို ကောက်ပါ၊ ဗျာပါဒ သဒ္ဒါကိုတွေ့ရင် ဒေါသကို ကောက်ပါ၊ ကျန်တရားကိုယ်တွေကတော့ သူ့အမည် အတိုင်းပဲ။

ကိလေသာနဲ့ ပတ်သက်ပြီးတော့ (တစ်ထောင့်ငါးရာကိလေသာဆိုတာ မြန်မာစကားတောင် ဖြစ်နေပါတယ်) ဘာမှန်းလဲမသိကြဘဲနဲ့ တစ်ထောင့်ငါးရာ ပြောနေကြတာ၊ မကောင်းမှု တွယ်တာမှုမျိုးလို, သားမယားအပေါ် တွယ်တာမှုမျိုးလို, တစ်ထောင့်ငါးရာ တစ်ထောင့်ငါးရာနဲ့ သုံးနေကြတော့၊ အမှန်က (အဘိဓမ္မာသဘော မှာတော့) လောဘမှန်ရင် တစ်ထောင့်ငါးရာထဲပါတယ်။

အဲဒီကိလေသာတစ်ထောင့်ငါးရာဖြစ်အောင် ဘယ်လိုတွက်မလဲ တွက်နည်း ဒီမှာပေးထားတယ်။

* နာမ် တေပညာ၊ နိပ္ပန္နာ၊ တည်ပါလက္ခဏ။

နာမ် ၅၃-ပါးဆိုတာက စိတ်ကို တစ်ခုထဲက ယူတာ၊ စိတ်တစ်ခု၊ စေတသိက် ၅၂-ခုဆိုတော့ ၅၃-ပါးဖြစ်ရော၊ နိပ္ဖန္နရုပ်က ၁၈-ခုရှိတယ်၊ လက္ခဏရုပ်က ၄-ပါးရှိတယ်၊ အဲဒါ ပေါင်းလိုက်ရင် အားလုံး ၇၅-ပါးရတယ်တဲ့။

အောက်မှာ အဓိပ္ပါယ်ရေးထားပြီးသား၊ စေတသိက် ၅၂-ပါး၊ စိတ်က အာရမ္မဏဝိဇာနာန လက္ခဏာအားဖြင့် ၁-ပါးဟု ဆိုအပ်သော နာမ်တေပညာသနှင့် နိပ္ဖန္နရုပ် ၁၈-ပါး၊ လက္ခဏာရုပ် ၄-ပါးအားဖြင့် ရုပ်နာမ်ပေါင်း ၇၅-ပါး၊ အဲဒါကိုမှ သန္တာန်နှစ်ဖြာဆိုတာက မိမိသန္တာန် သူတစ်ပါးသန္တာန် အဇ္ဈတ္တ, ဗဟိဒ္ဓအတွင်းအပြင် ဆိုလိုတယ်၊ သန္တာန် ၂-ခုနဲ့ မြှောက်လိုက်ပါတဲ့။

* သန္တာန်နှစ်ဖြာ၊ မြှောက်ပွားကာ၊ တစ်ရာ့ငါးဆယ်ရ။

[စာမျက်နှာ-188] ၇၅ ကို ၂ နဲ့မြှောက်တော့ တစ်ရာ့ငါးဆယ်ရရောတဲ့။

# ယင်းကိုတစ်ခါ၊ ကိလေသာ၊ ဆယ်ဖြာမြှောက်ပြန်ချ။

ကိလေသာ ၁၀-ပါးနဲ့ အဲဒါကို မြှောက်လိုက်, ၁၅၀၀ ရရော, ၎င်း ၁၅၀ ကို ကိလေသာ ၁၀-ပါးနဲ့ မြှောက်သော် ၁၅၀၀ ကိလေသာဖြစ်တယ်။

# ယင်းကိုတစ်ခါ၊ ကိလေသာ၊ ဆယ်ဖြာမြှောက်ပြန်ချ။
* တစ်ထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါဖြစ်သည်။

ပြီးတော့ တဏှာအစစ် တစ်ရာ့ရှစ်တဲ့၊ တဏှာ ၁၀၈-ပါးကိုဟောတာတွေလည်း ရှိသေးတယ်၊ ရတနသုတ်ထဲမှာတောင် ပါသေးတယ်၊ ယေပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာမှာ အဋ္ဌသတံကို ၁၀၈-ပါးလို့ ယူတာရှိတယ်၊ တဏှာ ၁၀၈-ပါးကို ကော ဘယ်လိုလုပ်ပြီး တွက်သလဲ။

* တဏှာသုံးတန်၊ တည်ထားခံ၊ အာ ကာ သံ နှင့်မြှောက်။

တဏှာသုံးပါးက ကာမတဏှာရယ်, ဘဝတဏှာရယ်, ဝိဘဝတဏှာရယ်လို့ ရှိတယ်၊ ဓမ္မစကြာရရင်ဖြစ်စေ, ဖတ်ဖူးရင်ဖြစ်စေ သိတယ်။

အဲဒီတဏှာ ၃-တန်ကို တည်ထားပါ၊ အာဆိုတာ အာရုံ၊ ပြီးတော့ အာရုံ ၆-ပါး၊ ကာဆိုတာ ကာလ, ပစ္စုပ္ပန်, အတိတ်, အနာဂတ် ၃-ပါး, သံဆိုတာက သန္တာန်, မိမိသန္တာန် သူတစ်ပါးသန္တာန် အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်, အတွင်းအပြင်။

* တဏှာသုံးတန်၊ တည်ထားခံ၊ အာ ကာ သံ နှင့်မြှောက်။

အာကာသံဆိုတော့ အာကာသနဲ့ရောပြီး ကောင်းကင်ကြီးလို့ မထင်နဲ့၊ အာက အာရုံ၊ ကာက ကာလ, သံက သန္တာန်ကို ဆိုလိုတယ်။

* တဏှာအစစ်၊ တစ်ရာ့ရှစ်၊ ဖြစ်၏မှတ်လေဘိ။

အမှန်တော့ ဦးဇင်းတို့ ရထားတာက ဖြစ်၏ လူမှာရောက်၊ အဲဒါက ပိုပြီး ကာရံလိုက်လျောမှုရှိတယ်။

တဏှာ ၁၀၈-ပါးဆိုတာကလည်း သံယုတ်ပါဠိတော်မှာဟောခဲ့တာ အလွန်ပေါတယ်၊ ဟိုဟာနဲ့ မြှောက် ဒီဟာနဲ့ မြှောက်နဲ့ ဖြစ်ကုန်တာပဲ၊ သိပ်မခဲယဉ်းပါဘူး၊ မသိတော့လည်း အခက်ကြီး ထင်ရတာပဲ။

၁၅၀၀-ကိလေသာလို့ ပြောနေကြပေမယ့် ၁၅၀၀ ကိလေသာ သိလားမေးရင် ဖြေနိုင်ဖို့ခက်တယ်၊ အမှန်တော့ ကိလေသာ ၁၀-ပါးပါပဲ၊ ဟိုဟာနဲ့ မြှောက်၊ ဒီဟာနဲ့ မြှောက်ရင်း ဖြစ်သွားတာပဲ။

အကုသလသင်္ဂဟအတွက် ဇယားကွက်ရှိတယ်၊ အဲဒီဇယားကွက်က

[စာမျက်နှာ-189] ကျေအောင် ပြန်ချေတဲ့သဘောပဲ၊ ဒီဇယားကွက်ဟာ ကောင်းတယ်။

အဲဒီဇယားကွက်ကို ကြည့်လိုက်ရင် အာသဝတရား ၄-ပါးရှိတယ်တဲ့။ ကာမာသဝရယ်, ဘဝါသဝရယ်, ဒိဋ္ဌာသဝရယ်, အဝိဇ္ဇာသဝရယ်။

ကာမာသဝနဲ့ ဘဝါသဝရဲ့ တရားကိုယ်က လောဘ, ဒိဋ္ဌာသဝရဲ့ တရားကိုယ်က ဒိဋ္ဌိ, အဝိဇ္ဇာသဝရဲ့ တရားကိုယ်က မောဟ။

အာသဝတရား ၄-ပါးရှိပေမယ်လို့ တရားကိုယ်က ၃-ပါးပဲရှိတယ်။ လောဘ, ဒိဋ္ဌိ, မောဟ, အဲသလိုသွားမယ်၊ ဩဃ ၄-ပါး, ယောဂ ၄-ပါး ဒီအတိုင်းပဲ။

ဂန္ထ ၄-ပါးရှိတယ်, အဘိဇ္ဈာကာယဂန္ထရဲ့ တရားကိုယ်ကလောဘ၊ ဗျာပါဒကာယဂန္ထရဲ့ တရားကိုယ်က ဒေါသ, သီလဗ္ဗတပရာမာသနဲ့ ဣဒံသစ္စာဘိနိဝေသရဲ့ တရားကိုယ်က ဒိဋ္ဌိ၊ ဒါကြောင့် ဂန္ထ ၄-ပါးမှာ တရားကိုယ် ၃-ပါးပဲရှိတယ်။

ဥပါဒါန် ၄-ပါးရှိတယ်၊ ကာမုပါဒါန်ရဲ့ တရားကိုယ်ကလောဘ၊ ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်ရဲ့ တရားကိုယ်က ဒိဋ္ဌိ, ဥပါဒါန်ကျတော့ တရားကိုယ်အားဖြင့် ၂-ပါးပဲရှိတော့တယ်။

နီဝရဏ ၆-ပါးရှိတယ်၊ ကာမစ္ဆန္ဒနီဝရဏက လောဘ, ဗျာပါဒက ဒေါသ, ထိနနဲ့ မိဒ္ဓက ထိနနဲ့မိဒ္ဓ ၂-ခု, ဝိစိကိစ္ဆာက ဝိစိကိစ္ဆာ, ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စက ဥဒ္ဓစ္စ, ကုက္ကုစ္စ ၂-ခု၊ အဝိဇ္ဇာက မောဟ၊ အားလုံး နီဝရဏ ၆-ပါး၊ တရားကိုယ် ၈-ပါး။ တရားအားထုတ်တဲ့အခါကျတော့ အဝိဇ္ဇာ ချန်ထားပြီးတော့ နီဝရဏ ၅-ပါးလို့ သုံးတယ်၊ ဘာကြောင့်လဲဆိုတော့ အဝိဇ္ဇာကို ပယ်လို့မှ မရတာကိုး။

အနုသယ ၇-ပါးရှိတယ်၊ တရားကိုယ်က ၆-ပါး၊ ဘာကြောင့်တုန်း ကာမရာဂါနုသယနဲ့ ဘဝရာဂါနုသယက လောဘတစ်ခုထဲ၊ ပဋိဃာနုသယက ဒေါသ, မာနာနုသယက မာန, ဒိဋ္ဌာနုသယက ဒိဋ္ဌိ၊ ဝိစိကိစ္ဆာနုသယက ဝိစိကိစ္ဆာ၊ အဝိဇ္ဇာနုသယက မောဟ။

[စာမျက်နှာ-190]
မိဿကသင်္ဂဟ
မိဿကသင်္ဂဟ၌ (၁) ဟိတ် ၆-ပါး၊ (၂)ဈာနင် ၇-ပါး (၃) မဂ္ဂင် ၁၂-ပါး (၄) ဣန္ဒြေ ၂၂-ပါး (၅) ဗိုလ် ၉-ပါး (၆) အဓိပတိ ၄-ပါး (၇) အာဟာရ ၄-ပါးအားဖြင့် ဝေဖန်ပြဆို၏။

(၁) ဟိတ် အာရုံ၌ မိမိနှင့်ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော ပစ္စယုပ္ပန် အကျိုးတရားတို့ကို ကောင်းစွာတည်တံ့စေတတ်သော အကြောင်းတရားသည် ဟိတ်မည်၏၊ ၎င်းဟိတ် တရားတို့သည် သစ်မြစ်နှင့်တူကုန်၏။ သစ်မြစ်တို့သည် ပင်စည်ကို ကြီးပွားခိုင်ခံ့ တည်တံ့စေကုန်သကဲ့သို့ ဟိတ် ၆-ပါးသည် မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော စိတ်စေတသိက် တရားတို့ကို အာရုံ၌ မြဲစွဲတည်တံ့ခိုင်ခံ့ ကြီးပွားစေကုန်၏။ ထို့ကြောင့်

“ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”

ဟုဆို၏၊ ဟိတ်တရားတို့သည် လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ဟူ၍ ၆-ပါးအပြားရှိကုန်၏။

(၂) ဈာနင် ကောင်းသောအာရုံ၌ဖြစ်စေ၊ မကောင်းသောအာရုံ၌ဖြစ်စေ၊ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲကပ်၍ ရှုတတ်သောကြောင့် ဈာန်မည်၏။ ထို့ကြောင့်

“စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟု ခေါ်သတတ်” ဟုဆို၏၊ ထိုဈာန်၏အစိတ်အစိတ်ဖြစ်သော အင်္ဂါတို့သည် ဈာနင်မည်၏။

ဈာနင်တို့သည် ဝိတက်ဈာနင်၊ ဝိစာရဈာနင်၊ ပီတိဈာနင်၊ ဧကဂ္ဂတာဈာနင်၊ သောမနဿဈာနင်၊ ဒေါမနဿဈာနင်၊ ဥပေက္ခာဈာနင်ဟူ၍ (၇)ပါးအပြား ရှိကုန်၏။

(၃) မဂ္ဂင် ခရီးလမ်းကို မဂ္ဂဟူ၍ ဆိုအပ်၏၊ စိတ်၏ဖြောင့်ဖြောင့်သွားရန် ကောက်ကောက်ကွေ့ကွေ့သွားရန် ခရီးစဉ်လည်းမဂ်မည်၏၊ အကုသိုလ်မဂ္ဂင်သည် အပါယ်သို့ လားကြောင်းဖြစ်၍ ကုသိုလ်မဂ္ဂင်သည် နတ်ရွာသုဂတိ နိဗ္ဗာန်ချမ်းသာသို့ရောက်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ခရီးကောက် ခရီးဖြောင့် နှစ်ပါးတို့၏ အင်္ဂါအဆောက်အဦးတို့သည် မဂ္ဂင်မည်ကုန်၏။

မဂ္ဂင်တို့သည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊

[စာမျက်နှာ-191] သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိဟူ၍ ၁၂-ပါး အပြားရှိကုန်၏။

(၄) ဣန္ဒြေ။ သမ္ပယုတ်တရားတို့ကို အစိုးရသောကြောင့် ဣန္ဒြေမည်၏၊ အစိုးရဟူသည်ကား မိမိတို့၏ဆိုင်ရာဆိုင်ရာ ဌာနကိစ္စတို့၌ သမ္ပယုတ်တရားတို့ကို မိမိအလိုသို့လိုက်စေခြင်း မိမိသဘောအတိုင်း ဖြစ်ရခြင်းကို ဆိုလိုသည်။

ဣန္ဒြေတို့သည်—
(၁) စက္ခုပသာဒရုပ်သည် စက္ခုန္ဒြေ။
(၂) သောတပသာဒရုပ်သည် သောတိန္ဒြေ။
(၃) ဃာနပသာဒရုပ်သည် ဃာနိန္ဒြေ။
(၄) ဇိဝှါပသာဒရုပ်သည် ဇိဝှိန္ဒြေ။
(၅) ကာယပသာဒရုပ်သည် ကာယိန္ဒြေ။
(၆) ဣတ္ထိဘာဝရုပ်သည် ဣတ္ထိန္ဒြေ။
(၇) ပုမ္ဘာဝရုပ်သည် ပုရိသိန္ဒြေ။
(၈) ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ ၂-ပါးသည် ဇီဝိတိန္ဒြေ။
(၉) စိတ်တစ်ခုယုတ်ကိုးဆယ်သည် မနိန္ဒြေ။
(၁၀) သုခဝေဒနာသည် သုခိန္ဒြေ။
(၁၁) ဒုက္ခဝေဒနာသည် ဒုက္ခိန္ဒြေ။
(၁၂) သောမနဿဝေဒနာသည် သောမနဿိန္ဒြေ။
(၁၃) ဒေါမနဿဝေဒနာသည် ဒေါမနဿိန္ဒြေ။
(၁၄) ဥပေက္ခာဝေဒနာသည် ဥပေက္ခိန္ဒြေ။
(၁၅) သဒ္ဓါစေတသိက်သည် သဒ္ဓိန္ဒြေ။
(၁၆) ဝီရိယစေတသိက်သည် ဝီရိယိန္ဒြေ။
(၁၇) သတိစေတသိက်သည် သတိန္ဒြေ။
(၁၈) ဧကဂ္ဂတာ စေတသိက်သည် သမာဓိန္ဒြေ။
(၁၉) လောကီဉာဏသမ္ပယုတ်စိတ် ၄၇-ခု၌ယှဉ်သော အမောဟစေတသိက်သည် ပညိန္ဒြေ။
(၂၀) သောတာပတ္တိမဂ်၌ယှဉ်သော အမောဟစေတသိက်သည် အနညာတညဿာမီတိန္ဒြေ။

[စာမျက်နှာ-192] (၂၁) အထက်မဂ် ၃-ခု၊ အောက်ဖိုလ် ၃-ခု ၌ယှဉ်သော အမောဟစေတသိက်သည် အညိန္ဒြေ။
(၂၂) အရဟတ္တဖိုလ်၌ယှဉ်သော အမောဟစေတသိက်သည် အညာတာဝိန္ဒြေ။

ဤဣန္ဒြေ ၂၂-ပါးတို့တွင် သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ ၅-ပါးတို့သည် တရားကိုယ်အားဖြင့် ဝေဒနာစေတသိက် ၁-ပါးသာ ဖြစ်၏။ ပညိန္ဒြေ၊ အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ ၄-ပါးတို့သည် တရားကိုယ်အားဖြင့် ပညာစေတသိက် တစ်ခုသာတည်း။ နာမ်ဣန္ဒြေ ၈-ပါး၊ ရုပ်ဣန္ဒြေ ၈-ပါး ဖြစ်၏။

အနညာတညဿာမီတိန္ဒြေစသော ဣန္ဒြေ ၃-ပါးအထူး။
အနညာတံ ညဿာမီတိ ပဋိပန္နဿ ဣန္ဒြိယံ။
အနညာတံ၊ မသိအပ်ဖူးသော နိဗ္ဗာန် (ဝါ) သစ္စာ ၄-ပါးတရားကို။
ညဿာမီတိ၊ သိအောင်အားထုတ်အံ့ဟူ၍။
ပဋိပန္နဿ၊ ကျင့်သောပုဂ္ဂိုလ်၏။
ဣန္ဒြိယံ၊ ဣန္ဒြေသည်။
အနညာတညဿာမီတိန္ဒြိယံ၊ အနညာတညဿာမီတိန္ဒြေမည်၏။

အဓိပ္ပါယ်ကား ရှေးဦးစွာ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးပါးသို့တင်၍ နှလုံးသွင်းသည်မှစ၍ မသိအပ်သေးသော သစ္စာလေးပါးတရားတို့ကို မသိလျှင် ငါမနေ၊ သိအောင်ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်အား ထိုကြိုးစားမှု မငြိမ်းမစဲမီပင်လျှင် သောတာပတ္တိမဂ်ကို ရဆဲဖြစ်သော သောတာပန်ပုဂ္ဂိုလ်၏ ပညိန္ဒြေသည် အနညာတညဿာမီတိန္ဒြေမည်၏။

အာဇာနာတီတိ အညံ။
အာဇာနာတိ၊ ထင်ရှားစွာထပ်၍ သိတတ်၏။
ဣတိ၊ ထို့ကြောင့်။
အညံ၊ အညမည်၏။
အညံ ဧဝ ဣန္ဒြိယံ။
အညံ ဧဝ၊ ထင်ရှားစွာထပ်၍ သိတတ်သော တရားသည်ပင်လျှင်။
ဣန္ဒြိယံ၊ ဣန္ဒြေတည်း။
ဣတိ၊ ထို့ကြောင့်။
အညိန္ဒြိယံ၊ အညိန္ဒြေမည်၏။

အဓိပ္ပါယ်ကား သောတာပတ္တိမဂ်ဖြင့် သိအပ်ပြီးသော သစ္စာလေးပါးနိဗ္ဗာန် တရားတို့ကို အဖန်ဖန် အဆင့်ဆင့်ထပ်၍ သိသောကြောင့် အထက်မဂ် ၃-ပါး အောက်ဖိုလ် ၃-ပါး၌ရှိသော ပညိန္ဒြေသည် အညိန္ဒြေမည်၏။

အညာယိတ္ထာတိ အညာတာဝီ။
အညာယိတ္ထ၊ အလုံးစုံသိပြီ။
ဣတိ၊ ထို့ကြောင့်။
အညာတာဝီ၊ အညာတာဝီမည်၏။ သိသင့်သိအပ်သော တရားများကို သိရှိပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ရ၏။
အညာတာဝီနော ဣန္ဒြိယံ အညာတာဝိန္ဒြိယံ။

[စာမျက်နှာ-193] အညာတာဝီနော၊ သစ္စာ ၄-ပါး နိဗ္ဗာန်တရားကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၏။
ဣန္ဒြိယံ၊ ဣန္ဒြေတည်း။
ဣတိ၊ ထို့ကြောင့်။
အညာတာဝိန္ဒြိယံ၊ အညာတာဝိန္ဒြေမည်၏။

အဓိပ္ပါယ်ကား သိမှုကိစ္စအပြီးသို့ ရောက်သောရဟန္တာပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်၌ တည်ရှိသော ပညိန္ဒြေသည် အညာတာဝိန္ဒြေမည်၏။

ဣန္ဒြေ ၂၂ -ပါးကို ဘုံအားဖြင့် ဝေဖန်ခြင်း
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ သုခ၊ ဒုက္ခ၊ ဒေါမနဿိန္ဒြေ၊ ဤဣန္ဒြေ ၁၀ ပါးတို့သည် ကာမဘုံ၌ဖြစ်ကုန်၏။ မနိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ၊ ဝိရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ ဤဣန္ဒြေ ရှစ်ပါးတို့သည် စတုဘူမိကဘုံ ၄-ပါး၌ဖြစ်ကုန်၏။ သောမနဿိန္ဒြေသည် ကာမရူပ လောကုတ္တရာ တေဘူမိကဘုံ ၃-ပါး၌ဖြစ်ကုန်၏။ အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ ဤဣန္ဒြေ ၃-ပါးတို့သည်ကား လောကုတ္တရာဘုံ၌သာ အကျုံးဝင်၏။

(၅) ဗိုလ်။ ကြံ့ခိုင်မြဲမြဲသောကြောင့် ဗိုလ်မည်၏၊ လောက၌ ဗိုလ်အခေါ်ခံသော လူတို့သည် ထိုထိုကိစ္စကို ပြုလုပ်ရာ၌ မယိမ်းမယိုင် မြဲခိုင်ကြသကဲ့သို့၊ ထို့အတူ သဒ္ဓါအစရှိသော တရားများသည် ယုံကြည်ခြင်းစသော ကိစ္စ၌ မယိမ်းမယိုင် မြဲခိုင်ကြသဖြင့် ဗလဟူသော အမည်ကိုရ၏။

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ဟိရိဗိုလ်၊ ဩတ္တပ္ပဗိုလ်၊ အဟိရိကဗိုလ်၊ အနောတ္တပ္ပဗိုလ်ဟူ၍ ၉-ပါးအပြား ရှိကုန်၏။

(၆) အဓိပတိ။ အတူပြိုင်ဘက်မရှိ စိုးမိုးကြီးကဲသောတရား။ မိမိနှင့် ဆက်သွယ်လျက်တကွ ဖြစ်ဘက်တရားတို့ကို လွှမ်းမိုးအုပ်ချုပ် အရှင်သခင်လုပ်ပြီးလျှင် တကွဖြစ်ဘက် တရားစုကို ထိုထိုကိစ္စ၌ မိမိအလိုကျအောင် လိုက်ပါစေနိုင်သော တရားကို အဓိပတိခေါ်သည်။

အဓိပတိတို့သည်—
(၁) ဆန္ဒာဓိပတိ = သာဓိပတိဇော ၅၂-ခု၌ ရှိသော ဆန္ဒစေတသိက်။
(၂) ဝီရိယာဓိပတိ = သာဓိပတိဇော ၅၂-ခု၌ရှိသော ဝီရိယစေတသိက်။
(၃) စိတ္တာဓိပတိ = သာဓိပတိဇောစိတ် ၅၂-ခု။

[စာမျက်နှာ-194] (၄) ဝီမံသာဓိပတိ = တိဟိတ်ဇော ၃၄-ခု၌ရှိသော ပညာစေတသိက်။

အဓိပတိနှင့် ဣန္ဒြေအထူး။ တစ်ပါးကုန်သောတရားတို့၏ အစိုးရသည်၏ အဖြစ်ကို တားမြစ်၍ မိမိတစ်ပါးသည်သာ အစိုးရခြင်းသည် အဓိပတိမည်၏။ တစ်ပါးကုန်သော ဣန္ဒြေတို့သည် ရှိကုန်သော်လည်း သက်သက်မြင်ခြင်း အစရှိသည်တို့၌ စက္ခုဝိညာဏ်အစရှိသည်တို့သည် မိမိအလိုသို့လိုက်စေခါမျှကို ဣန္ဒြေမည်၏၊ အဓိပတိသည် စကြဝတေးမင်းကြီးနှင့်တူ၏၊ ဣန္ဒြေသည် ပဒေသရာဇ်မင်းငယ်တို့နှင့်တူကုန်၏။

(၇) အာဟာရ။ မိမိဆိုင်ရာအကျိုးတရားများကို ဆောင်တတ်သောတရားကို အာဟာရခေါ်၏။ ဆောင်ဟူသည် ဖြစ်စေခြင်းထောက်ပံ့ခြင်းတည်း။

ဆောင်ပုံ—
(၁) ကဗဠိကာရအာဟာရသည် ဩဇဋ္ဌမရုပ်ကိုဆောင်၏။
(၂) ဖဿာဟာရသည် ဝေဒနာ ၃-ပါးကို ဆောင်၏။
(၃) မနောသဉ္စတနာဟာရသည် သုံးပါးသောဘဝ၌ ပဋိသန္ဓေကိုဆောင်၏။
(၄) ဝိညာဏာဟာရသည် မိမိနှင့်အတူတကွဖြစ်သော နာမ်ရုပ်တို့ကိုဆောင်၏။

အာဟာရလေးပါးကား—
(၁) ဩဇာရုပ်သည် ကဗဠိကာရအာဟာရမည်၏။
(၂) ဖဿစေတသိက်သည် ဖဿအာဟာရမည်၏။
(၃) စေတနာစေတသိက်သည် မနောသဉ္စတနာဟာရမည်၏။
(၄) စိတ်တစ်ခုယုတ်ကိုးဆယ်သည် ဝိညာဏာဟာရမည်၏။

အာဟာရလေးပါးကို ဘုံပုဂ္ဂိုလ်အားဖြင့် ဝေဖန်ပြခြင်း
ကာမဘုံ၌ အာဟာရ ၄-ပါးလုံးကိုရ၏၊ အသညသတ်ကြဉ်သော ရူပဘုံ အရူပဘုံတို့၌ အာဟာရ ၃-ပါးကိုသာရ၏၊ အသညသတ်ဘုံ၌ ပစ္စယာဟာရကို ရသည်။ အသညသတ်ဗြဟ္မာတို့အား မိမိရအပ်ပြီးသော ပဉ္စမဈာန်သည်ပင်လျှင် အာဟာရဖြစ်၍ ပစ္စယာဟာရကို ရသည်ဟုဆို၏။ ပုဂ္ဂိုလ်အားဖြင့် "သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ" ဆိုခြင်းကြောင့် အလုံးစုံသော ပုထုဇဉ် အရိယာတို့မှာရကြသည်။

[စာမျက်နှာ-195]
ဈာနင်, ဗိုလ်, မဂ္ဂင်, ဣန္ဒြေကိစ္စမတတ်သော တရားများ
ဒွေးပဉ္စဝိညာဏ် ၁၀-တို့၌ ဈာနင်တို့ကို မရအပ်ကုန်။ ဝီရိယမယှဉ်သော စိတ် ၁၆-ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်၊ ထို့အတူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဧကဂ္ဂတာ စေတသိက်သည် မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့မရောက်။

ဒွေးပဉ္စဝိညာဏ် ၁၀ ၌ယှဉ်သော ဥပေက္ခာဝေဒနာနှင့် ဧကဂ္ဂတာတို့သည် ဈာနင်မျိုး ဖြစ်သော်လည်း ဝိတက်ကင်းသောကြောင့် အာရုံ၌ ရှေးရှုကာမျှဖြစ်၍ အားနည်းသောကြောင့် ဈာနင်ကိစ္စမတတ်။

ဝီရိယမယှဉ်သောစိတ် ၁၆ ခု၌ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုးဖြစ်သော်လည်း ဝီရိယကင်းသောကြောင့် အားနည်းသဖြင့် ဗိုလ်ကိစ္စမတတ်။

အဟိတ်စိတ် ၁၈ ခုတို့၌ရှိသော ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာတို့သည် မဂ္ဂင်မျိုးဖြစ်သော်လည်း ဟိတ်ကင်းသောကြောင့် အားနည်းသဖြင့် မဂ္ဂင်ကိစ္စမတတ်။

ဝိစိကိစ္ဆာ၌ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုး ဣန္ဒြေမျိုး၊ မဂ္ဂင်မျိုး ဖြစ်သော်လည်း အဓိမောက္ခကင်းသောကြောင့် ဆုံးဖြတ်ခြင်းမရှိသဖြင့် ဗိုလ်ကိစ္စ၊ ဣန္ဒြေကိစ္စ၊ မဂ္ဂင်ကိစ္စ မတတ်။

သမ္ပယုတ်ဟိတ်အားဖြင့်လည်းကောင်း၊ ဇောတည်းဟူသော ကိစ္စအားဖြင့်လည်းကောင်း၊ လွန်စွာအားရှိကြကုန်သော ဒွိဟိတ်ဇော ၁၈-ခု၊ တိဟိတ်ဇော ၃၄-ခုတို့သည်သာလျှင် အဓိပတိကိစ္စကိုတစ်ခုစီ တစ်ခုစီရအပ်၏။

ဧကဟိတ်ဇော မောဟမူဒွေး၊ အဟိတ်ဇော ဟသိတုပ္ပါဒ်၊ လောကီဝိပါက် ၃၂-တို့၌ အချင်းခပ်သိမ်း အဓိပတိမဖြစ်။

ဤမိဿကသင်္ဂဟရှိ ဟိတ်၊ ဈာနင်၊ မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ်၊ အဓိပတိ၊ အာဟာရတို့၏ သရုပ်တရားကိုယ်များကို မိဿကသင်္ဂဟဇယားတွင် ကြည့်လေ။

[စာမျက်နှာ-196]
သမုစ္စည်းပိုင်း - မိဿကသင်္ဂဟ တရားကိုယ်နှင့် ဌာနယူပုံဇယား

| တရားကိုယ် | ဟိတ် (၆) | ဈာနင် (၇) | မဂ္ဂင် (၁၂) | ဣန္ဒြေ (၂၂) | ဗိုလ် (၉) | အဓိပတိ (၄) | အာဟာရ (၄) | တရားကိုယ်ပေါင်း |

| လောဘ၊ ဒေါသ၊ မောဟ | ၃ | - | ၃ | - | - | - | - | ၃ |
| အလောဘ၊ အဒေါသ | ၂ | - | ၂ | - | - | - | - | ၂ |
| ပညာ (အမောဟ) | ၁ | - | ၁ | ၄* | ၁ | ၁ | - | ၁ |
| ဝိတက် | - | ၁ | ၂ | - | - | - | - | ၁ |
| ဝိစာရ | - | ၁ | - | - | - | - | - | ၁ |
| ဝိရတီ ၃ | - | - | ၃ | - | - | - | - | ၃ |
| ဧကဂ္ဂတာ | - | ၁ | ၂ | ၁ | ၁ | - | - | ၁ |
| ပီတိ | - | ၁ | - | - | - | - | - | ၁ |
| ဝေဒနာ | - | ၂* | ၁ | ၅* | - | - | - | ၁ |
| သဒ္ဓါ | - | - | - | ၁ | ၁ | - | - | ၁ |
| ဝီရိယ | - | - | ၁ | ၁ | ၁ | ၁ | - | ၁ |
| သတိ | - | - | - | ၁ | ၁ | - | - | ၁ |
| စိတ် | - | - | - | ၁ | - | ၁ | ၁ | ၁ |
| ဆန္ဒ | - | - | - | - | - | ၁ | - | ၁ |
| ဖဿ၊ စေတနာ | - | - | - | - | - | - | ၂ | ၂ |
| ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ | - | - | - | ၁* | - | - | - | ၁ |
| ပသာဒရုပ် ၅၊ ဘာဝရုပ် ၂ | - | - | - | ၇ | - | - | - | ၇ |
| ကဗဠိကာရအာဟာရ (ဩဇာ) | - | - | - | - | - | - | ၁ | ၁ |
| ဟိရိ၊ ဩတ္တပ္ပ | - | - | - | - | ၂ | - | - | ၂ |
| အဟိရိက၊ အနောတ္တပ္ပ | - | - | - | - | ၂ | - | - | ၂ |

* ခရေပွင့်ပြအကွက်များတွင် သဘောသရုပ်တစ်ခုစီဖြစ်၍ ခွဲပြီးရေတွက်၏။ အချို့အကွက်များသည် သဘောချင်းတူ၍ ပေါင်းပြီးရေတွက်ရ၏။ ပညာကို ၅ ဌာန၊ ဝီရိယနှင့် ဧကဂ္ဂတာကို ၄ ဌာနစီ၊ စိတ်နှင့် သတိကို ၃ ဌာနစီ၊ ဝိတက်, သဒ္ဓါ, ဝေဒနာကို ၂ ဌာနစီ၊ ကျန် ၂၈-ပါးကို ၁ ဌာနစီယူလေ။

[စာမျက်နှာ-197] အဘိဓမ္မာသင်တန်း (၄)
[သမုစ္စည်းပိုင်း] မိဿကသင်္ဂဟ

ဒီနေ့ ၁၉၈၈ ခု၊ ဩဂုတ်လ ၂၆-ရက်။

လွန်ခဲ့တဲ့အပတ်က သမုစ္စည်းပိုင်း အကုသလသင်္ဂဟကို လေ့လာခဲ့ကြတယ်။ အဲဒီမှာ ဇယားကွက် ပြောနေတုန်း အချိန်ကုန်သွားတယ်၊ ဇယားကွက် ပြန်ကြည့်လိုက်ကြဦးစို့။

ဇယားကွက်ကြည့်လိုက်တဲ့အခါကျတော့ ဒီဇယားကွက်က အကုသလသင်္ဂဟရဲ့ အကျဉ်းချုပ်ပါပဲ၊ ကန့်လန့်ဖြတ်ပြီး ဖတ်လိုက်မယ်ဆိုရင် အာသဝတရား၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝဆိုပြီးတော့ တွေ့တယ်၊ ထိပ်က ဇယားကွက်ကို ကြည့်လိုက်ရင် ကာမာသဝနဲ့ ဘဝါသဝရဲ့ တရားကိုယ်က လောဘ၊ ဒိဋ္ဌာသဝရဲ့ တရားကိုယ်က ဒိဋ္ဌိ၊ အဝိဇ္ဇာသဝရဲ့ တရားကိုယ်က မောဟ။

ပြီးတော့နောက်ဆုံးဂဏန်း တရားကိုယ်ပေါင်းရဲ့ အကွက်မှာက ၃-ဆိုတော့ အာသဝတရား ၄-ပါးရှိတယ်၊ တရားကိုယ်ပေါင်းက ၃-ပါးရှိတယ်၊ အဲဒီလို သွားမယ်။

ဩဃ ၄-ပါးရှိတယ်၊ တရားကိုယ်က ၃-ပါး၊ ယောဂ ၄-ပါးရှိတယ်။ တရားကိုယ် ၃-ပါး၊ အာသဝတရားမှာ ဩဃ၊ ယောဂတို့က အကုန် အတူတူချည်းပဲ။

[စာမျက်နှာ-198] ဂန္ထ ၄-ပါးရှိတယ်၊ တရားကိုယ်ကျတော့ ၃-ပါး၊ ဘာတွေတုန်း အဘိဇ္ဈာကာယဂန္ထက လောဘ၊ ဗျာပါဒကာယဂန္ထက ဒေါသ၊ သီလဗ္ဗတပရာမာသနဲ့ ဣဒံသစ္စာဘိနိဝေသရဲ့ တရားကိုယ်က ဒိဋ္ဌိ။ ဂန္ထ ၄-ပါး၊ တရားကိုယ် ၃-ပါး။

ဥပါဒါန် ၄-ပါး တရားကိုယ်ကျတော့ ၂-ပါးပဲဖြစ်တော့တယ်၊ ကာမုပါဒါန်ရဲ့ တရားကိုယ်က လောဘ၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ရဲ့ တရားကိုယ်က ဒိဋ္ဌိ။ ဥပါဒါန် ၄-ပါး၊ တရားကိုယ် ၂-ပါး။

နီဝရဏ ၆-ပါးရှိတယ်၊ တရားကိုယ်ကျတော့ ၈-ပါးရှိတယ်၊ သူကပြောင်းပြန်၊ အခြားသူတွေက တရားကိုယ်နည်းတယ်၊ သူ့ကျတော့ များသွားတယ်၊ ဘာကြောင့်တုန်း၊ ထိနနဲ့ မိဒ္ဓကို ၂-ခုယူရတယ်၊ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စကို ၂-ခုယူရတယ်၊ အဲဒီမှာလည်း သူ့တရားကိုယ်နဲ့သူပဲ၊ ဒေါင်လိုက်ကြည့်သွားရင်ရပြီ။

အနုသယ ၇-ပါးမှာ တရားကိုယ် ၆-ပါး၊ ကာမရာဂါနုသယနဲ့ ဘဝရာဂါနုသယက လောဘဖြစ်တာကြောင့် ၆-ပါး။

သံယောဇဉ်ကျတော့ သုတ္တန်နည်းအားဖြင့် သံယောဇဉ် ၁၀-ပါး၊ တရားကိုယ် ၇-ပါး၊ အဘိဓမ္မာနည်းမှာ သံယောဇဉ် ၁၀-ပါး၊ တရားကိုယ် ၈-ပါး၊ သုတ္တန်နည်း အဘိဓမ္မာနည်းရောလိုက်မယ်ဆိုရင် တရားကိုယ် ၉-ပါး။

ကိလေသာ ၁၀-ပါး၊ သူကတော့ သီးခြားပဲ၊ တရားကိုယ်လည်း ၁၀ ပါးပဲ၊ ကိလေသာလည်း ၁၀-ပါးပဲ၊ ဒါက ကန့်လန့်ဖြတ်ဖတ်သွားရင် သိတယ်။

ဒေါင်လိုက်ဖတ်လိုက်မယ်ဆိုရင် အကုသလသင်္ဂဟမှာ လောဘသည် အမည် ဘယ်နှစ်မျိုးရသလဲ ဆိုရင် ပထမဆုံး ၉-မျိုး ရတယ်လို့ဆိုတယ်၊ အဲဒီ ၉-မျိုးက အာသဝ၊ ဩဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ၊ သူက အားလုံးရတယ်၊ အကုသလသင်္ဂဟမှာ ပြထားတဲ့ အမျိုးအမည် ပေါင်း ၉-ခုရှိတယ်၊ အမည် ၉-ခုစလုံး လောဘကရတယ်။

ဒေါသကျတော့ အမည် ၅-မျိုးရတယ်။ ဂန္ထ၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ။

မာနကျတော့ အမည် ၃-မျိုးရတယ်၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ။

ဒိဋ္ဌိကျတော့ အမည် ၈-မျိုးရတယ်၊ အာသဝ၊ ဩဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ။

ထိနကျတော့ အမည် ၂-မျိုးရတယ်၊ နီဝရဏနဲ့ ကိလေသာ။ မိဒ္ဓကျတော့ အမည် ၁-မျိုး၊ နီဝရဏ။

[စာမျက်နှာ-199] ဝိစိကိစ္ဆာကျတော့ အမည် ၄-မျိုး၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ။

ဥဒ္ဓစ္စက အမည် ၃-မျိုးရတယ်၊ နီဝရဏ၊ သံယောဇဉ်၊ ကိလေသာ၊ ကုက္ကုစ္စကျတော့ အမည် ၁-မျိုး နီဝရဏ၊ ဣဿာ-အမည်တစ်မျိုး၊ မစ္ဆရိယ-အမည်တစ်မျိုး။

မောဟကျတော့ အမည် ၇-မျိုးရတယ်၊ သူက ဘာကျန်သလဲဆိုတော့ ဂန္ထကျန်တယ်၊ ဥပါဒါန်ကျန်တယ်၊ အာသဝ၊ ဩဃ၊ ယောဂ၊ နီဝရဏ၊ အနုသယ၊ သံယောဇဉ်၊ ကိလေသာ။

အဟိရိကကလည်းအမည်တစ်မျိုး၊ အနောတ္တပ္ပကလည်း အမည်တစ်မျိုးပဲ။ အဲဒီ အကုသလသင်္ဂဟမှာ သင်ကြားထားတဲ့ အကျဉ်းချုပ်လေး သိရအောင် မှတ်လိုက်ကြ။

“အာ၊ ဩ၊ ယော၊ ဂန်၊ ဥ၊ နီ၊ မှန်၊ နု၊ သံ၊ ကိ ၉-ပါးတဲ့” ဒါလေး ရထားရင် အကုသလသင်္ဂဟမှာ ဘာတွေပြထားသလဲဆိုတော့ သိတယ်၊ ဒီလောက်သိရင်တော်ပြီ၊ ဒီထက်ပိုသိချင်ရင် လင်္ကာတွေရှိသေးတယ်၊ လေ့လာတဲ့သူတွေအဖို့ ဒီလောက်မလိုပါဘူး။

ကောင်းပြီ၊ အကုသလသင်္ဂဟမှာ ပြထားတဲ့ တရားတွေကို တရားကိုယ် စုလိုက်ရင် ဘာရသလဲသိလား၊ ဒီတရားကိုယ်တွေဟာ အကုသိုလ် စေတသိက် ၁၄-ပါးပဲ၊ အကုသိုလ် စေတသိက် ၁၄-ပါးကို နာမည်တွေ အမျိုးမျိုးပြောပြနေတာ၊ ဒါပေမယ်လို့ ဒီနာမည်တွေ သိထားရင် စာဖတ်တဲ့အခါမှာ သိပ်အသုံးကျတယ်။

ဒီနေ့ မိဿကသင်္ဂဟသွားကြစို့၊ မိဿကသင်္ဂဟဆိုတော့ ကုသိုလ် အကုသိုလ် အဗျာကတ ရောလိမ့်မယ်။

မိဿကသင်္ဂဟမှာ ဟိတ်၊ ဈာနင်၊ မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ်၊ အဓိပတိ၊ အာဟာရ၊ အားလုံးဝေဖန်ပြောပြလိမ့်မယ်။

ပထမဆုံး ဟိတ်၊ ဟိတ်ဆိုတာ ရေသောက်မြစ်နဲ့တူတဲ့ တရားကို ဟိတ်လို့ ခေါ်တယ်။ ဒါဟာ ဟေတုသင်္ဂဟ ပကိဏ်းပိုင်းတုန်းက ပါခဲ့ပြီ။

ဟိတ်ဆိုတာ “အာရုံ၌ မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက်ဖြစ်ကုန်သော ပစ္စယုပ္ပန် အကျိုးတရားတို့ကို ကောင်းစွာတည်တံ့စေတတ်သော အကြောင်းတရားသည် ဟိတ်မည်၏၊ ၎င်းဟိတ်တရားတို့သည် သစ်မြစ်နှင့် တူကုန်၏” “ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေထ၊ ထောက်ပံ့မသို့” စသည်ဖြင့် လင်္ကာတွေရှိတယ်။

[စာမျက်နှာ-200] “သစ်မြစ်တို့သည် ပင်စည်ကို ကြီးပွားခိုင်ခံ့တည်တံ့စေကုန်သကဲ့သို့ ဟိတ် ၆-ပါးသည် မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက်ဖြစ်ကုန်သောစိတ် စေတသိက်တရားတို့ကို အာရုံ၌ မြဲစွဲတည်တံ့ခိုင်ခံ့ ကြီးပွားစေကုန်၏၊ ထို့ကြောင့်
* ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ” ဟုဆို၏။ ဒါက လယ်တီဆရာတော်ဘုရားကြီး ရေးထားတဲ့ လင်္ကာ။

ဟိတ် ၆-ပါးရှိတယ်၊ လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်၊ စေတသိက် ၆-ပါးပါပဲ။

အဲဒီမှာ လောဘ၊ ဒေါသ၊ မောဟက အကုသိုလ်၊ အလောဘ၊ အဒေါသ၊ အမောဟက ကုသိုလ်အဗျာကတ။

ဈာနင်တဲ့၊ ဈာနင်္ဂကို ဈာနင်လို့ခေါ်တယ်၊ ဈာန်အင်္ဂါလို့ဆိုလိုတယ်။ နောက်တုန်းက ဈာန်အင်္ဂါ ဘယ်နှစ်ပါးသိခဲ့သလဲ၊ ၅-ပါးပဲ ပြောကြစို့၊ ဈာန်အင်္ဂါ ၅-ပါးလို့ နဂိုကသိခဲ့တယ်၊ ဒီကျတော့ ဈာန်အင်္ဂါ ၇-ပါးပြလိမ့်မယ်၊ ဈာန်ဆိုတာ ဘာလဲ။

“ကောင်းသောအာရုံ၌ဖြစ်စေ၊ မကောင်းသော အာရုံ၌ဖြစ်စေ၊ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲကပ်၍ ရှုတတ်သောကြောင့် ဈာန်မည်၏။”

ဈာန်ဆိုတာ အာရုံကိုကပ်၍ ရှုတတ်သောကြောင့် ဈာန်ခေါ်တယ်၊ ပြီးတော့ ရူပဈာန်အရူပဈာန်တို့ကျတော့ ဒီဟာတင်မကဘူး၊ ဘာပါသေးလဲဆိုတော့ နီဝရဏ တရားတွေကို ရှို့တတ်တယ်၊ လောင်ကျွမ်းတတ်တယ်၊ ရှို့မြိုက်တတ်တဲ့အတွက်ကြောင့် ဈာန်လို့ခေါ်တယ်၊ ဈာန်ရဲ့ အနက်က ၂-မျိုးရှိတယ်၊ ကပ်၍ ရှုတတ်တယ်။ လောင်ကျွမ်းရှို့မြိုက်တတ်တယ်။

* စိုက်စိုက်စူးစူး၊ အထူးမြဲမြဲ ရှုအားသန်၊ ဈာန်ဟုခေါ်သတတ်။

ဒါလည်း လယ်တီဆရာတော်ဘုရားကြီးရေးခဲ့တာ၊ အဲဒီဈာန်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တစ်ခုစီ၊ တစ်ခုစီကို ဈာန်အင်္ဂါလို့ခေါ်တယ်၊ အင်္ဂါတွေပေါင်းစု လိုက်တော့ အပေါင်း ဖြစ်သွားတာပေါ့၊ ဈာန်ဆိုတာက အင်္ဂါအပေါင်းရဲ့ နာမည်၊ ဈာန်အင်္ဂါဆိုတာက တစ်ခုစီ၊ တစ်ခုစီရဲ့ နာမည်၊ နောက်တုန်းကလည်း ပြောခဲ့ပါပြီ။

ပထမဈာန်ဆိုရင် ဈာန်အင်္ဂါ ၅-ပါးအပေါင်းလို့ခေါ်တယ်။ အဲဒီထဲက ဝိတက်ကို ဈာနင်လို့ခေါ်တယ်၊ ဝိစာရကို ဈာနင်လို့ခေါ်တယ်၊ အခု ဒီမှာ ဈာနင် ၇-ပါးပြလိမ့်မယ်။

ဈာနင်တွေက ဝိတက်ဈာနင်၊ ဝိစာရဈာနင်၊ ပီတိဈာနင်၊ ဧကဂ္ဂတာဈာနင်

[စာမျက်နှာ-201] သောမနဿဈာနင်၊ ဒေါမနဿဈာနင်၊ ဥပေက္ခာဈာနင်၊ အမှန်ကတော့ သောမနဿ, ဒေါမနဿ, ဥပေက္ခာ ၃-ခုဟာ ဝေဒနာပါပဲ၊ ဝေဒနာစေတသိက်ပဲ၊ ဝေဒနာစေတသိက်ကိုပဲ သောမနဿ, ဒေါမနဿ, ဥပေက္ခာလို့ခေါ်တာ၊ သူတို့ကို ဈာနင် (ဈာန်ရဲ့ အစိတ်အပိုင်း)တဲ့၊ နောက်နားကျတော့ ဒါတွေ တရားကိုယ်ကောက်နည်းတွေ လာလိမ့်ဦးမယ်၊ အခုတော့ သူ့မှာရှိတဲ့ ဈာနင်ဘယ်နှစ်မျိုး ဆိုတာကိုပဲ နားလည်အောင် လုပ်ရလိမ့်မယ်။

မဂ္ဂင်တဲ့၊ မဂ္ဂင်ကို သိထားတာက မဂ္ဂင် ၈-ပါး၊ ဒီမှာက ၁၂-ပါး ပြလိမ့်မယ်။

“ခရီးလမ်းကို မဂ္ဂဟုဆိုအပ်၏၊ စိတ်ကိုဖြောင့်ဖြောင့်သွားရန်, ကောက်ကောက်ကွေ့ကွေ့သွားရန် ခရီးစဉ်သည် မဂ်လမ်းမည်၏၊” လမ်းနဲ့တူတယ်, လမ်းကြောင်းနဲ့ တူတယ်၊ လူ့ပြည်နတ်ပြည် ဗြဟ္မာပြည် သုဂတိသွားရာလမ်းကြောင်း အပါယ် ၄ ဘုံ ဒုဂ္ဂတိ သွားရာ လမ်းကြောင်းကို ဆိုလိုတယ်။

“အကုသိုလ် မဂ္ဂင်သည် အပါယ်သို့လားကြောင်းဖြစ်၍ ကုသိုလ်မဂ္ဂင်သည် နတ်ရွာသုဂတိ နိဗ္ဗာန်ချမ်းသာသို့ ရောက်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ခရီးကောက်, ခရီးဖြောင့် နှစ်ပါးတို့၏ အင်္ဂါအဆောက်အဦးတို့သည် မဂ္ဂင်မည်ကုန်၏။

တစ်ခါတလေကျတော့ စာထဲရှိတဲ့အတိုင်း ဖော်ပြရတာတစ်မျိုးကြီး ဖြစ်နေတယ်၊ အဆောက်အဦးလို့ ဆိုလိုက်ရင်လူတွေက building ကြီး စိတ်ထဲ ထင်သွားတတ်တယ်။ ဘုန်းကြီးသုံးမှာတော့ အဆောက်အဦးဆိုတာ parts ကိုလည်း ခေါ်တာပဲ၊ အစိတ်အပိုင်းကိုလည်း ခေါ်တာပဲ၊ ဒီနေရာမှာတော့ အဆောက်အဦးဆိုတာ အစိတ်အပိုင်းကို ပြောတာ၊

မဂ္ဂင်တွေရဲ့ အပေါင်းကို မဂ်လို့ခေါ်တယ်၊ တစ်ခုတစ်ခုစီကိုလည်း မဂ္ဂင်ခေါ်တယ်လို့ နောက်တုန်းက ပြောခဲ့ပြီးပြီ၊ မေ့ချင်လဲမေ့နေလိမ့်မယ်၊ လောကုတ္တရာ စိတ်တုန်းက ပြောခဲ့ပြီးပြီထင်တယ်။

အဲသလို မဂ္ဂင်အမည်ရတဲ့ တရား ၁၂-ပါးရှိတယ်၊ တရားကိုယ်ကျတော့ ဘယ်နှစ်ပါးလာမလဲ ကြည့်ကြရအောင်။

မဂ္ဂင် ၁၂-ပါးမှာ ရိုးရိုး နားလည်ပြီးသားက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, နောက်ထပ် ၄-မျိုးက မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါယာမ, မိစ္ဆာသမာဓိ, ၄-မျိုးထပ်တိုးတယ်၊ မိစ္ဆာဆိုတဲ့အတွက် သူက အကုသိုလ်နဲ့ ယှဉ်တာဖြစ်မှာပေါ့။

[စာမျက်နှာ-202] သမ္မာဒိဋ္ဌိစသည်က ကုသိုလ်အဗျာကတနဲ့ ယှဉ်တာဖြစ်မယ်၊ မိစ္ဆာဒိဋ္ဌိစသည်က အကုသိုလ်နဲ့ယှဉ်တာဖြစ်မယ်၊ အားလုံး မဂ္ဂင် ၁၂-ပါး။

ဣန္ဒြေ ၂၂-ပါးရှိတယ် “သမ္ပယုတ်တရားတို့ကို အစိုးရသောကြောင့် ဣန္ဒြေ မည်၏” ဆိုလိုတာကတော့ သမ္ပယုတ်တရားတွေကို သူ့ဆိုင်ရာကိစ္စမှာ သူ့နောက် လိုက်စေတာပေါ့လေ၊ သူက ပြဋ္ဌာန်းတယ်၊ ဒါကိုပဲ အစိုးရတယ်လို့ သုံးတယ်။

အစိုးရတယ်ဆိုတာ “မိမိတို့၏ဆိုင်ရာဆိုင်ရာဌာနကိစ္စတို့၌ သမ္ပယုတ်တရားတို့ကို မိမိအလိုသို့လိုက်စေခြင်း၊ မိမိသဘောအတိုင်းဖြစ်ရခြင်းဆိုလိုသည်” နောက်နားကျတော့ အဓိပတိနဲ့ ဣန္ဒြေအထူးပြောတဲ့အခါ လာလိမ့်ဦးမယ်။ အဓိပတိက ဘာနဲ့တူသလဲဆိုရင် Prime Minister နဲ့ တူတယ်၊ ဣန္ဒြေက ဌာနဆိုင်ရာ Minister နဲ့တူတယ်၊ ဆိုပါတော့ ပြည်ထဲရေးဝန်ကြီး၊ သာသနာရေး ဝန်ကြီး စသည်ဖြင့်က ဣန္ဒြေ, သူတို့အပေါ် အားလုံးချုပ်ထားတဲ့ ဝန်ကြီးချုပ်က အဓိပတိ။

အဲသလို မိမိဆိုင်ရာကိစ္စမှာအစိုးရတယ်၊ တစ်နည်းအားဖြင့် ပြောရင် သမ္ပယုတ်တရားတွေကို မိမိအလိုသို့ လိုက်ပါစေနိုင်တဲ့ သဘောတရားကို ဣန္ဒြေလို့ ခေါ်တယ်၊ အဲဒီဣန္ဒြေဟာရုပ်လည်းရှိတယ်၊ နာမ်လည်းရှိတယ်၊ ဣန္ဒြေ ၂၂-ပါး တဲ့, ဒီမှာတော့ တရားကိုယ်ပါထည့်ပေးထားတယ်။

စက္ခုန္ဒြေဆိုတာက စက္ခုပသာဒကိုခေါ်တာ၊ ရုပ် ၂၈-ပါးထဲက စက္ခုပသာဒ ရုပ်ရှိတယ်၊ စက္ခုအကြည်ဓာတ်။

သောတိန္ဒြေဆိုတာက သောတပသာဒရုပ်၊ ဃာနိန္ဒြေဆိုတာ ဃာနပသာဒရုပ်၊ ဇိဝှိန္ဒြေဆိုတာ ဇီဝှာပသာဒရုပ်၊ ကာယိန္ဒြေဆိုတာ ကာယပသာဒရုပ်, ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျံ့နှံ့ပြီးတော့တည်တယ်။

ဣတ္ထိန္ဒြေဆိုတာ ဣတ္ထိဘာဝရုပ်၊ ပုရိသိန္ဒြေက ပုရိသဘာဝရုပ်၊ ဒါက ဘာဝရုပ် ၂-ပါး, ရုပ် ၂၈-ပါးထဲပါတယ်။

ဇီဝိတိန္ဒြေကို နာမည်နဲ့ ပြောတော့ ဣန္ဒြေတစ်ပါးလို့ပြောတယ်၊ ဒါပေမယ့် တရားကိုယ်ကျတော့ ၂-ပါးဖြစ်လိမ့်မယ်၊ ဘာကြောင့်တုန်း, စေတသိက်ထဲမှာ ဇီဝိတိန္ဒြေ စေတသိက်မတွေ့ခဲ့ဘူးလား၊ ရုပ် ၂၈-ပါးထဲမှာကော ဇီဝိတရုပ် မတွေ့ခဲ့ဘူးလား၊ တွေ့ခဲ့တယ်၊ ဒါကြောင့်မို့ ရုပ်ဇီဝိတ, နာမ်ဇီဝိတ ၂-မျိုးရှိတယ်။ ဒါကြောင့် ဇီဝိတိန္ဒြေဆိုပေမယ်လို့ တရားကိုယ်ကျတော့ ၂-ခုသွားလိမ့်မယ်။

မနိန္ဒြေဆိုတာက ဘာတဲ့တုန်း၊ စိတ်တစ်ခုယုတ် ၉၀, စိတ်အားလုံးကို

[စာမျက်နှာ-203] မနိန္ဒြေလို့ခေါ်တယ်။

သုခိန္ဒြေ, သုခဝေဒနာ, ဒုက္ခိန္ဒြေ, ဒုက္ခဝေဒနာ, သောမနဿိန္ဒြေ, သောမနဿဝေဒနာ၊ ဒေါမနဿိန္ဒြေ, ဒေါမနဿဝေဒနာ၊ ဥပေက္ခိန္ဒြေ, ဥပေက္ခာ ဝေဒနာ၊ ဝေဒနာတစ်ခုထဲကို ၅-မျိုးခွဲတယ်၊ ပကိဏ်းပိုင်း အစတုန်းက ၃-မျိုး ခွဲတာ, ၅-မျိုးခွဲတာရှိခဲ့တယ် မဟုတ်လား။

ပြီးတော့ သဒ္ဓိန္ဒြေ, သဒ္ဓါစေတသိက်၊ ရတနာသုံးပါး ကံကံ၏အကျိုး ဆုံးဖြတ် ယုံကြည်တဲ့ သဒ္ဓါ, ဝီရိယိန္ဒြေ, ဝီရိယစေတသိက်, သတိန္ဒြေ, သတိ စေတသိက်, သမာဓိန္ဒြေ, ဧကဂ္ဂတာ စေတသိက်, ဒါတွေက အထူးသဖြင့် တရားထိုင်တဲ့အခါ တရားအားထုတ်တဲ့အခါ အရေးကြီးတဲ့ စေတသိက်တွေပေါ့ ။

ပြီးတော့ ပညိန္ဒြေကို ၄-ခုတောင် ခွဲထားတယ်၊ လောကီညာဏသမ္ပယုတ်စိတ် ၃၉-ခု၌ ယှဉ်သော အမောဟစေတသိက်သည် ပညိန္ဒြေမည်၏၊ ပြီးတော့မှ အနညာတညဿာမီတိန္ဒြေဆိုတာ သောတာပတ္တိ မဂ်မှာယှဉ်တဲ့ အမောဟစေတသိက် ကိုခေါ်တယ်၊ အဲဒီတော့ လောကီ အမောဟစေတသိက်ကို ပညိန္ဒြေလို့ခေါ်တယ်ပေါ့။

လောကုတ္တရာစိတ်နဲ့ယှဉ်တဲ့ အမောဟစေတသိက်ကို ၃-မျိုးခွဲသေးတယ်။ ပထမဘာတုန်း၊ သောတာပတ္တိမဂ်၌ ယှဉ်သောအမောဟစေတသိက်ကို အနညာတညဿာမီတိန္ဒြေ, အောက်နားကျတော့ အဓိပ္ပါယ်လာလိမ့်မယ်။

အထက်မဂ် ၃-ခု၊ အောက်ဖိုလ် ၃-ခု၌ယှဉ်သော အမောဟ စေတသိက်သည် အညိန္ဒြေ, သောတာပတ္တိဖိုလ်ကစ သောတာပတ္တိဖိုလ်, သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ်, အနာဂါမိမဂ်, အနာဂါမိဖိုလ်, အရဟတ္တမဂ်၊ အဲဒီအထက်မဂ် ၃-ခု၊ အောက်ဖိုလ် ၃-ခုနဲ့ ယှဉ်တဲ့အမောဟ စေတသိက်ကို အညိန္ဒြေလို့ ခေါ်တယ်။

အရဟတ္တဖိုလ်၌ယှဉ်သော အမောဟစေတသိက်ကို အညာတာဝိန္ဒြေလို့ ခေါ်တယ်၊ ပညာကိုပါ ဒီမှာ ၄-မျိုးခွဲလိုက်တယ်၊ လောကီပညာ ၁-မျိုး၊ လောကုတ္တရာ ပညာ ၃-မျိုး၊

လောကုတ္တရာ ၃-မျိုးမှာ ပထမက သောတာပတ္တိမဂ်နဲ့ ယှဉ်တယ်၊ ဒုတိယက သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ် အနာဂါမိမဂ် အနာဂါမိဖိုလ်, အရဟတ္တမဂ်, ဒီစိတ်တွေနဲ့ယှဉ်တယ်။

တတိယက အရဟတ္တဖိုလ်စိတ်နဲ့ယှဉ်တယ်၊ အနညာတညဿာမီတိန္ဒြေ, အညိန္ဒြေ, အညာတာဝိန္ဒြေ, အားလုံး ဣန္ဒြေ ၂၂-ပါး။

“ဤဣန္ဒြေ ၂၂-ပါးတို့တွင် သုခိန္ဒြေ, ဒုက္ခိန္ဒြေ, သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေ,

[စာမျက်နှာ-204] ဥပေက္ခိန္ဒြေ ၅-ပါးတို့သည် တရားကိုယ်အားဖြင့် ဝေဒနာ စေတသိက် ၁-ပါးသာ ဖြစ်၏” နောင်ကျတော့ တရားကိုယ်လုပ်ရလိမ့်မယ်၊ ဣန္ဒြေ ဘယ်လောက်ရှိသလဲ။ တရားကိုယ်အားဖြင့် ဘယ်လောက်လဲဆိုရင် သူတို့ ၅-ခုကို ၁-ခုပဲယူရတယ်။

“ပညိန္ဒြေ, အနညာတညဿာမီတိန္ဒြေ, အညိန္ဒြေ, အညာတာဝိန္ဒြေ ၄-ပါးတို့သည် တရားကိုယ်အားဖြင့် ပညာစေတသိက် တစ်ခုသာတည်း၊ နာမ်ဣန္ဒြေ ၈-ပါး၊ ရုပ်ဣန္ဒြေ ၈-ပါးဖြစ်၏”၊ တရားကိုယ်ကောက်လိုက်တဲ့အခါကျတော့ ၁၆-ပါးဖြစ်သွားလိမ့်မယ်၊

ကောင်းပြီ၊ အဓိပ္ပါယ်ကို ပြောမယ်။

အနညာတညဿာမီတိန္ဒြေဆိုတာဘာလဲ၊ ဒီနေရာမှာ လူတွေအတွက် ရေးတဲ့ စာအုပ်ပဲ၊ ဒါပေမယ်လို့ ဒီမှာ ဝိဂြိုဟ်တွေ ဘာတွေနဲ့ ပါဠိထည့်ထားတယ်။ အနညာတံ၊ မသိအပ်ဖူး သေးသောနိဗ္ဗာန် သို့မဟုတ် သစ္စာ ၄-ပါးတရားကို (သံသရာမှာ တစ်ခါမှ မသိခဲ့ဖူးသေးတဲ့ သစ္စာ ၄-ပါးတရားကို နိဗ္ဗာန် တရားကို)။ ညဿာမီတိ၊ သိအောင် အားထုတ်အံ့ဟူ၍။ ပဋိပန္နဿ၊ ကျင့်သော ပုဂ္ဂိုလ်၏။ ဣန္ဒြိယံ၊ ဣန္ဒြေသည်။ အနညာတညဿာမီတိန္ဒြိယံ။ အနညာတညဿာမီတိန္ဒြေမည်၏။

ဒါက အနညာတညဿာမီတိန္ဒြေဆိုတာ ဘယ်လိုဟာလဲဆိုတာ ပြောပြတာ၊ တစ်ခါမှ (ပုထုဇဉ်အနေနဲ့ဆိုရင်) သစ္စာ ၄-ပါးကို တကယ် မသိခဲ့သေးဖူးပေါ့။ သစ္စာ ၄-ပါးသိတာနဲ့တစ်ပြိုင်နက် အရิယာဖြစ်သွားပြီ၊ အဲဒီတော့ သစ္စာ ၄-ပါးကိုသိအောင် အားထုတ်မယ်ဆိုပြီးတော့ ကျင့်တဲ့ပုဂ္ဂိုလ် ဆိုပေမယ်လို့ ဒီနေရာမှာ ဝိပဿနာ ထိုင်တဲ့ပုဂ္ဂိုလ်ရဲ့ ပညာကိုပြောတာ မဟုတ်ဘူး၊ ဒီနေရာမှာ မဂ်ရောက်သွားတဲ့ ပုဂ္ဂိုလ်ကိုပြောတာ၊ ဒါကြောင့်မို့ သောတာပတ္တိမဂ်နဲ့ ယှဉ်တာလို့ဆိုတာ၊ အဲဒီဣန္ဒြေကို အနညာတညဿာမီတိန္ဒြေတဲ့။

အဓိပ္ပါယ်ပါသေးတယ် “ရှေးဦးစွာ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးပါး သို့တင်၍ နှလုံးသွင်းသည်မှစ၍ မသိအပ်သေးသော သစ္စာလေးပါး တရားတို့ကို မသိလျှင် ငါမနေ, သိအောင်ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်အား ထိုကြိုးစားမှု မငြိမ်းမစဲမှီပင်လျှင်၊ သောတာပတ္တိမဂ်ကို ရဆဲဖြစ်သော သောတာပန်ပုဂ္ဂိုလ်၏ ပညိန္ဒြေသည် အနညာတညဿာမီတိန္ဒြေမည်၏”

“အညိန္ဒြေကျတော့ အာဇာနာတီတိ အညံ, အာဇာနာတိ, ထင်ရှားစွာထပ်၍ သိတတ်၏” ဆိုလိုတာကတော့ သောတာပတ္တိမဂ်သိထားတဲ့အပိုင်းအခြားအတိုင်းပဲ၊

[စာမျက်နှာ-205] အထက်မဂ် ၃-ပါးနဲ့ အောက်ဖိုလ် ၃-ပါးကို သိတတ်တယ်၊ သောတာပတ္တိ (သစ္စာလေးပါးသိထားတာဆိုတာပါ) မြင်ထားတဲ့ နိဗ္ဗာန်ကိုပဲထပ်မြင်တယ်၊ သောတာပတ္တိမဂ် သိထားတဲ့ သစ္စာလေးပါးကို ထပ်ပြီးတော့ ဒီအပိုင်းအခြားအတိုင်းပဲသိတယ်။

အဲသလို သိတတ်တဲ့အတွက်ကြောင့် အညလို့ခေါ်တယ်၊ အညသည်ပင်လျှင် ဣန္ဒြိယဖြစ်တဲ့အတွက်ကြောင့် အညမေဝ ဣန္ဒြိယံ, အညံဧဝ, ထင်ရှားစွာထပ်၍ သိတတ်သော တရားသည်ပင်လျှင်။ ဣန္ဒြိယံ, ဣန္ဒြေတည်း။ ဣတိ, ထို့ကြောင့်။ အညိန္ဒြိယံ, အညိန္ဒြေမည်၏။

သောတာပတ္တိမဂ်သိထားတဲ့ အပိုင်းအခြားအတိုင်း သိတတ်တဲ့ ဣန္ဒြေဆိုတော့ အဲဒါ အလယ်စိတ် ၆-ခုနဲ့ ယှဉ်တဲ့ အမောဟစေတသိက်၊ အဓိပ္ပါယ်ကား သောတာပတ္တိမဂ်ဖြင့် သိအပ်ပြီးသော သစ္စာလေးပါး နိဗ္ဗာန်တရားတို့ကို အဖန်ဖန် အဆင့်ဆင့် ထပ်၍သိသောကြောင့် အထက်မဂ် ၃-ပါး, အောက်ဖိုလ် ၃-ပါးတို့၌ ရှိသော ပညိန္ဒြေသည် အညိန္ဒြေမည်၏။

နောက်တစ်ခုက အညာယိတ္ထာတိ အညာတာဝီ, အညာယိတ္ထ, အလုံးစုံသိပြီ။ ဣတိ, ထို့ကြောင့်။ အညာတာဝီ, အညာတာဝီမည်၏၊ သိစရာကမ်းကုန်သွားပြီ။ ပြည့်စုံအောင် သိသွားပြီလို့ ဆိုလိုတာ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတုန်း “သိသင့်သိအပ်သော တရားများကို သိရှိပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ရ၏” အညာတာဝီလို့ ပြောလိုက်ရင် ရဟန္တာပုဂ္ဂိုလ်ကို ဆိုလိုတယ်၊ သူ့မှာသိစရာ မရှိတော့ဘူး၊ သိစရာ ကုန်သွားပြီ၊ သိပြီးနေပြီ။

အညာတာဝိနော ဣန္ဒြိယန္တိ အညာတာဝိန္ဒြိယံ, အညာတာဝိနော, သစ္စာလေးပါး နိဗ္ဗာန်တရားကိုသိပြီးသော ရဟန္တာပုဂ္ဂိုလ်၏။ ဣန္ဒြိယံ, ဣန္ဒြေတည်း။ ဣတိ, ထို့ကြောင့်။ အညာတာဝိန္ဒြိယံ, အညာတာဝိန္ဒြေမည်၏။

အဲဒီ ရဟန္တာပုဂ္ဂိုလ် (အရဟတ္တဖိုလ်ရပြီးသား ပုဂ္ဂိုလ်)၏ အရဟတ္တဖိုလ်စိတ်နဲ့ ယှဉ်တဲ့ အမောဟ စေတသိက်သည်၊ အညာတာဝိန္ဒြေမည်၏။

အဓိပ္ပါယ်က သိမှုကိစ္စအပြီးသို့ ရောက်သောရဟန္တာပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်၌ တည်ရှိသော၊ အရဟတ္တဖိုလ်နှင့်ယှဉ်သော ပညိန္ဒြေသည် အညာတာဝိန္ဒြေမည်၏။

ဣန္ဒြေ ၂၂-ပါးကို ဘုံအားဖြင့် ဝေဖန်ခြင်းတဲ့၊ ဒါက သင်္ဂြိုဟ်ထဲမှာတိုက်ရိုက် မပါဘူး၊ တခြားကျမ်းကယူပြီးတော့ ထည့်ထားတာ၊ ဒီလောက် မသိရင်လည်း သိပ်ပြီးတော့ အရေးမကြီးပါဘူး၊ ဒါပေမယ့် သိရင်လည်းကောင်းတယ်၊

“စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဣတ္ထိဘာဝ, ပုမ္ဘာဝ, သုခ, ဒုက္ခ

[စာမျက်နှာ-206] ဖောဋ္ဌဗ္ဗာရုံဆိုတာက အတွေ့အထိကို ဆိုလိုတာ၊ အဲဒီ ဖောဋ္ဌဗ္ဗာရုံဆိုတာ အမှန်ကတော့ သီးခြားမဟုတ်ဘူးတဲ့၊ နံပတ်ဂဏန်းထိုးပြီး သီးခြားတွက်ဖို့ရာ မလွယ်ဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ ပထဝီ, တေဇော, ဝါယော, ဒီ ၃-မျိုးပေါင်းတာကို ဖောဋ္ဌဗ္ဗာရုံလို့ခေါ်တာ။

ဘာကြောင့်လဲဆိုတော့ အဘိဓမ္မာသဘောတရားအရ အာပေါဓာတ်ကို တွေ့ထိလို့မရဘူး၊ ရေကိုလက်နဲ့နှိုက်လိုက်လို့ အေးတာက တေဇောသွားတွေ့တာ၊ အာပေါရဲ့ ဖွဲ့စည်းမှုကို ထိလို့တွေ့လို့ မရဘူးလို့ ဒီလိုယူဆထားတယ်၊

ဒါကြောင့်မို့ ပထဝီ, တေဇော, ဝါယော, ဒီ ၃-မျိုးပေါင်းကို ဖောဋ္ဌဗ္ဗာရုံလို့ခေါ်တယ်။

အဲဒီတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ သီးခြားရှိတယ်လို့ မဆိုနိုင်ဘူး၊ မဟာဘုတ် ၃-ပါး အပေါင်းပဲ။

ဒါကြောင့်မို့ အဲဒီမဟာဘုတ် ၃-ပါး အပေါင်းသည်ပင်လျှင် ဖောဋ္ဌဗ္ဗာရုံဖြစ်တဲ့အတွက်ကြောင့် ဝိသယရုပ် ၇-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ၊ ၄-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ၊ ၅-ပါးလို့ ပြောရင်လည်းဟုတ်တယ်၊ ရူပါရုံ၊ သဒ္ဒါရုံ ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ အဲဒါတော်တော်ကြာကျတော့ သတိမေ့ပြီး ပေါင်းတာ နှုတ်တာတွေမှာ လွဲကုန်တယ်၊ ဒါထည့်ပေါင်းပြီး သင်္ချာက မကိုက်ဘူး၊ မနုတ်မိလို့ သင်္ချာမကိုက်ဘူး စသည်ဖြင့်အလွန်သတိထားရမယ်၊ ဖောဋ္ဌဗ္ဗာရုံပါလာရင် သတိထားရမယ်။

ရူပါရုံဆိုတာ မြင်နိုင်တာ၊ သဒ္ဒါရုံဆိုတာ ကြားနိုင်တာ၊ ဂန္ဓာရုံဆိုတာ နံနိုင်တာ၊ ရသာရုံ, အရသာခံနိုင်တာ၊ ဖောဋ္ဌဗ္ဗာရုံ တွေ့ထိနိုင်တာ၊ The corresponding five pasada ပသာဒ ၅-ခုနဲ့ဟပ်လိုက်ရင် ရူပါရုံက ဘယ်သူ့အတွက်တုန်း၊ စက္ခုပသာဒအတွက်, သဒ္ဒါရုံက သောတပသာဒအတွက်, ဂန္ဓာရုံက ဃာနပသာဒအတွက်, ရသာရုံက ဇိဝှါပသာဒအတွက်, ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒ အတွက်။

အခုလက်ထဲမှာ ခဲတံကိုင်ထားတယ်၊ အဲဒါအတွေ့အထိရှိတယ်၊ အဲဒီအတွေ့အထိက ကာယပသာဒနဲ့ တိုက်ဆိုင်တယ်၊ အဲသလို တိုက်ဆိုင်တွေ့ထိမှုကိုသိတဲ့ ကာယဝိညာဏ်စိတ်ဖြစ်တယ်။

အဲဒီတော့ ဒီနေရာမှာ ပြောဖို့ကောင်းတာတွေရှိတယ်၊ ဒါပေမယ်လို့ ဘေးထွက် သွားသလိုဖြစ်မယ်။

စက္ခုပသာဒ, ရူပါရုံ၊ စက္ခုဝိညာဏ် ဒီ ၃-ခုရှိတယ်၊ စက္ခုပသာဒနဲ့ ရူပါရုံ

[စာမျက်နှာ-207] သမာဓိဗိုလ်, ပညာဗိုလ်, ဟိရိဗိုလ်, ဩတ္တပ္ပဗိုလ်, အဟိရိကဗိုလ်, အနောတ္တပ္ပဗိုလ်ဆိုပြီး ၉-ပါးရှိတယ်။

အဟိရိကဝဲလာရင် ဟိရိမကပ်နိုင်ဘူး၊ အနောတ္တပ္ပဝဲလာရင် ဩတ္တပ္ပမကပ်နိုင်ဘူး၊ ဟိရိရှိပြန်တော့လည်း အဟိရိကမလာနိုင်ဘူး၊ ဩတ္တပ္ပရှိပြန်တော့လည်း အနောတ္တပ္ပမလာနိုင်ဘူး၊ အဲဒီလိုဗိုလ် ၉-ပါးရှိတယ်၊ ဗောဓိပက္ခိယ သင်္ဂဟကျတော့ ဒီထဲက ၅-ပါးပဲ ထုတ်ပြောလိမ့်မယ်၊ ဒီမှာတော့ မိဿက သင်္ဂဟဖြစ်နေတော့ ကုသိုလ် အကုသိုလ်အဗျာကတအားလုံးနဲ့ ဆိုင်တာကို ပြောတာဖြစ်တဲ့အတွက်ကြောင့် အကုသိုလ်ဗိုလ်တွေလည်းပါနေတယ်။

ဒီမှာ အကုသိုလ်ဗိုလ် ၂-ခုပါတယ် အဟိရိကနဲ့ အနောတ္တပ္ပ၊ ဟိရိနဲ့ ဩတ္တပ္ပကတော့ ကုသိုလ်အဗျာကတပေါ့။

“အဓိပတိ, အတူပြိုင်ဘက်မရှိ စိုးမိုးကြီးကဲသောတရား၊ မိမိနှင့် ဆက်သွယ် လျက်တကွဖြစ်ဘက်တရားတို့ကို လွှမ်းမိုးအုပ်ချုပ် အရှင်သခင်လုပ်ပြီးလျှင် တကွဖြစ်ဘက်တရားစုကို ထိုထိုကိစ္စ၌ မိမိအလိုကျအောင် လိုက်ပါစေနိုင်သော တရားကို အဓိပတိခေါ်သည်”

အဓိပတိက ခေါင်ချုပ်ပဲ၊ အမှန်ကတော့ president ပဲ၊ ဣန္ဒြေကတော့ အောက်က ရုံးအမှုထမ်းလေးပဲ၊ ကုမ္ပဏီကြီးတစ်ခုမှာ ဟိုထိပ်ကလူသာ အဓိပတိပေါ့၊ သူ့အောက်ဌာန အသီးသီး အုပ်ချုပ်တဲ့သူက ဣန္ဒြေပေါ့။

အဲဒီအဓိပတိ အမည်ရတဲ့ တရားမျိုး ၄-ခုရှိတယ်၊ ပထမက ဆန္ဒာဓိပတိတဲ့၊ စိုးမိုးလွန်ကဲတဲ့ဆန္ဒပေါ့၊ ဆန္ဒ အဓိပတိတပ်ပြီး လုပ်ရင် အလုပ်တွေ အောင်မြင်တယ် မဟုတ်လား၊ မြတ်စွာဘုရားအလောင်းဟာ အလွန်ဆန္ဒပြင်းထန်တယ်ဆိုတာပဲ။

ဘယ်လောက်ထိအောင်ဆန္ဒပြင်းထန်သလဲဆိုရင် စကြာဝဠာဒီဘက်တံတိုင်းနဲ့ ဟိုဘက်တံတိုင်း မီးကျီးခဲတွေနဲ့ ပြည့်နေတာကို လျှောက်သွားလို့ ဟိုဘက်တံတိုင်း ရောက်ရင် ဘုရားဖြစ်မယ်ဆိုရင် ဒီအတိုင်းခြေလျင်လျှောက်သွားမယ်ပေါ့လေ။ အဲသလိုပြင်းထန်တဲ့ ဆန္ဒမျိုးရှိတယ်၊ အဲသလို ဆန္ဒကို အဓိပတိတပ်ပြီး အလုပ်လုပ်ရင် လုပ်ငန်းတွေအောင်မြင်တယ်ပေါ့လေ၊ ဆန္ဒစေတသိက်ပါပဲ။

သာဓိပတိဇော ၅၂-ခု၌ရှိသော ဆန္ဒစေတသိက်တဲ့၊ သာဓိပတိ ဇောဆိုတာ ဘာမှန်းမသိသေးဘူး၊ ခဏနေဦး။

ဝီရိယာဓိပတိ, ဝီရိယကို အဓိပတိတပ်ပြီး လုပ်ငန်းတွေ ဆောင်ရွက်ရင် အောင်မြင်တယ်၊ ဝီရိယဟာ အဓိပတိတပ်နိုင်တဲ့ တရားမျိုးလို့ဆိုတယ်၊ ကောက်

[စာမျက်နှာ-208] လိုက်တဲ့အခါကျတော့ ဘာရသလဲ၊ သာဓိပတိဇော ၅၂-၌ရှိသော ဝီရိယစေတသိက် ရ၏၊ သာဓိပတိဇောဆိုတာ မသိသေးဘူး အသာနေကြဦးစို့။

စိတ္တာဓိပတိ, စိတ်အဓိပတိဖြစ်နိုင်တယ်၊ သာဓိပတိ ဇောစိတ် ၅၂-ခု ရတယ်။

ဝီမံသာဓိပတိ, တိဟိတ်ဇော ၃၄-ခု၌ရှိသောပညာစေတသိက်၊ ဒါဖြင့် အဓိပတိ တပ်နိုင်တဲ့တရား ၄-မျိုးရှိတယ်၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ၊ ဝီမံသာဆိုတာ(ဒီနေရာမှာ) ပညာကိုခေါ်တာ၊ ဝီမံသာဆိုတဲ့ အနက်က စုံစမ်းတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ဒါပေမယ်လို့ အမှန်အတိုင်းကတော့ ဒီနေရာမှာ ဝီမံသာဆိုတာ မသိလို့ စုံစမ်းတာမျိုး မဟုတ်ဘူး၊ ပိုင်းပိုင်းခြားခြားသိတာမျိုးကိုခေါ်တယ်။

အဲဒီမှာ အဓိပတိတရားကိုယ်ကောက်တဲ့အခါ ဘယ်လိုကောက်ရမလဲ လာလိမ့်မယ် ထင်တယ်၊ သူကဒီမှာ အခုထဲက ကောက်ပြထားတယ်။

အဲဒီတော့ ဇော ၅၅-ကို ပထမသိထားရမယ်၊ ဇော ၅၅-ထဲက ၃-ခု ထုတ်ပစ်ရမယ်ဆိုတော့ ၅၂-ခုပဲရှိတယ်၊ အဲဒီ ၃-ခုက ဘယ် ၃-ခုလဲ၊ တော်ကြာကျတော့ တွေ့ပါလိမ့်မယ်။

စိတ်ဟာ အဓိပတိ တပ်နိုင်တဲ့တရား၊ ဝီမံသာဟာ အဓိပတိ တပ်နိုင်တဲ့တရား၊ ဒါပေမယ်လို့ အဓိပတိဟာ တစ်ဦးပဲရှိတယ်၊ တစ်ယောက်ပဲရှိရတယ်၊ နှစ်ယောက် ပြိုင်ပြီးတော့ အဓိပတိ မဖြစ်နိုင်ဘူး၊ President နှစ်ယောက် မရှိရဘူး၊ ဘုရင် ၂-ပါး မရှိရဘူး။

ဒါကြောင့်မို့ အဓိပတိ ၄-ပါး ဆိုပေမယ်လို့ တစ်ချိန်မှာတော့ အဓိပတိဟာ ၁-ခုပဲရမယ်၊ အကယ်၍ ဆန္ဒသာ အဓိပတိ တတ်နေတယ်ဆိုရင် ဝီရိယတွေ ဘာတွေက နောက်လိုက်ဖြစ်သွားပြီ၊ ဝီရိယ အဓိပတိ ဖြစ်ရင်လည်း ဆန္ဒစသည်က နောက်လိုက်ဖြစ်သွားပြီ, အဲသလိုမျိုး၊ အဓိပတိကတော့တစ်ခုပဲတတ်နိုင်တယ်။ ဣန္ဒြေတွေကတော့ သူ့ဟာနဲ့သူရတယ်၊ တရား ၅-ခုရှိရင် ၅-ခုလုံး ဣန္ဒြေခေါ်လို့ ရတယ်။

အဓိပတိကျတော့ ဒီလိုမဟုတ်ဘူး၊ အဓိပတိဆိုတဲ့နာမည်ရပြီဆိုတာနဲ့ သူဟာ တစ်ခုပဲ၊ အဓိပတိဆိုတာ ၂-ခု ၃-ခုပြိုင်ပြီးတော့ မရှိရဘူး။

အဓိပတိနှင့် ဣန္ဒြေအထူးတဲ့၊ သူတို့ကတော့ အစိုးရတာချည်းပေါ့လေ၊ ဘယ်လိုထူးသလဲ။

“တစ်ပါးကုန်သော တရားတို့၏အစိုးရသည် အဖြစ်ကိုတားမြစ်၍ မိမိတစ်ပါး

[စာမျက်နှာ-209] သည်သာ အစိုးရခြင်းသည် အဓိပတိမည်၏”

သူများ အစိုးမရရဘူး၊ သူသာ အစိုးရရမယ်, သူများတွေအပေါ်က လွှမ်းမိုး ပြီးတော့ သူက အုပ်ချုပ်စိုးမိုးတဲ့ တရားမျိုးကို အဓိပတိလို့ခေါ်တယ်။

“တစ်ပါးကုန်သော ဣန္ဒြေတို့သည် ရှိကုန်သော်လည်း သက်သက်မြင်ခြင်း အစရှိသည်တို့၌ စက္ခုဝိညာဏ် အစရှိသည်တို့ကို မိမိအလိုသို့ လိုက်စေခါမျှသည် ဣန္ဒြေမည်၏”

ဆိုလိုတာကတော့ ဣန္ဒြေတို့ဟာ ကိုယ့်ဆိုင်ရာမှာ ကိုယ့်အစိုးရတယ်။ သူများအပေါ်လွှမ်းမိုးပြီးတော့ အစိုးမရဘူး၊ မြင်ခြင်းကိစ္စကို စက္ခုန္ဒြေကအစိုးရတယ်၊ စက္ခုပသာဒက အစိုးရတယ်၊ ကြားခြင်းကိစ္စမှာ သွားပြီးလူတွင်ကျယ်လုပ်လို့ မရဘူး၊ ကြားခြင်းကိစ္စမှာ သောတပသာဒက အစိုးရမယ်၊ အဲသလို သူ့ဌာနနဲ့သူ အစိုးရသွားတာ၊ အဲဒါကို ဣန္ဒြေလို့ခေါ်တယ်။

ခုနလို သူများအပေါ် လွှမ်းမိုးပြီး အကြီးအကဲ မဖြစ်နိုင်ဘူး၊ ကိုယ့်ဆိုင်ရာ ဌာနမှ ကိုယ့်ဆိုင်ရာကိစ္စမှာတော့ ကိုယ့်အကြီးအကဲပဲ၊ ဒါကြောင့်မို့ department တစ်ခု ကုမ္ပဏီတစ်ခုမှာဆိုရင် ထိပ်ဆုံးကလူကအဓိပတိပဲ၊ သူ့အောက်က ဌာနမှူး တွေက ဣန္ဒြေနဲ့တူတယ်။

“အဓိပတိသည် စကြဝတေးမင်းကြီးနှင့် တူ၏၊ ဣန္ဒြေသည် ပဒေသရာဇ်မင်း ငယ်တို့နှင့် တူကုန်၏”

အဲသလို အဓိပတိနဲ့ ဣန္ဒြေထူးတယ်၊ ပြီးတော့ ခုနပြောသလို ဣန္ဒြေဆိုတာ ကတော့ တစ်ခုသော အခိုက်မှာ အများရနိုင်တယ်၊ အဓိပတိကတော့ တစ်ခုသော အခိုက်မှာ တစ်ခုပဲရနိုင်တယ်၊ တစ်ခုပဲ အဓိပတိ တတ်နိုင်တယ်၊ ဒါလေးမှတ်ထားကြ။

အဓိပတိပြီးတော့ အာဟာရ၊ မြန်မာစကားက အဟာရလိုဖြစ်နေတယ်။ မြန်မာစကားဆိုရင်တော့ ပြောချင်သလို ပြောပေါ့လေ၊ ပါဠိစကားလုံး သုံးပြီဆိုရင်တော့ သေသေချာချာ ပီပီသသနဲ့ အာဟာရလို့ ဖတ်ရမယ်။

“မိမိဆိုင်ရာ အကျိုးတရားများကိုဆောင်တတ်သော တရားကို အာဟာရ ဟုခေါ်၏၊ ဆောင်ဟူသည်ဖြစ်စေခြင်း ထောက်ပံ့ခြင်းတည်း”

အကျိုးကို ဖြစ်စေတတ်တယ်၊ တစ်စုံတစ်ခုကိုဖြစ်စေတယ်၊ ထောက်ပံ့တယ်။ အဲသလို တရားမျိုးကို အာဟာရလို့ ပါဠိလိုခေါ်တယ်။

အများနားလည်ထားတာက အာဟာရဆိုတာအစာ, ရုပ်ပိုင်းမှာ အာဟာရရုပ်ကို တွေ့ခဲ့ပြီ၊ ဩဇာဆိုတဲ့ရုပ်ကို အာဟာရရုပ်လို့ခေါ်ခဲ့ပြီ။

[စာမျက်နှာ-210] ဒီမှာကျတော့ အာဟာရဆိုတဲ့ တရားက ရုပ်တင်မဟုတ်ဘူး၊ နာမ်တွေပါ ရှိတယ်လို့ မြတ်စွာဘုရားက အာဟာရ ၄-မျိုးကို ဟောထားတယ်။

အာဟာရဆောင်ပုံက ဘယ်လိုဆောင်သလဲ၊ ဆောင်ပုံကစပြီး ပြမယ်။

(၁) ကဗဠိကာရအာဟာရ, ကဗဠိကာရအာဟာရဆိုတာ ရုပ် ၂၈-ပါး မှာပါတဲ့ အာဟာရကိုပဲဆိုလိုတယ်၊ အဲဒီ အာဟာရက ဩဇာဋ္ဌမကရုပ်ကို ဆောင်၏တဲ့၊ ဩဇာဋ္ဌမကရုပ်ဆိုတာ အာဟာရဇအဋ္ဌကလာပ်ရုပ်ကို ခေါ်တာ၊ ရုပ်ပိုင်းကို ပြန်သွားလိုက်စမ်း၊ ရုပ်ပိုင်းမှာ ကလာပ်တွေ မလုပ်ခဲ့ဘူးလား၊ ကလာပ်တွေ ရှိခဲ့တယ်၊ ရုပ်တွေဟာ အစုအစုနဲ့ ဖြစ်ကြတယ်၊ အဲဒီမှာ အကြမ်းစား ခွဲလိုက်မယ်ဆိုရင် ကမ္မဇကလာပ်၊ စိတ္တဇကလာပ်, ဥတုဇကလာပ်, အာဟာရဇ ကလာပ်လို့ရှိတယ်။ အာဟာရဇကလာပ်ထဲမှာ သုဒ္ဓဋ္ဌကလာပ်ဆိုတာရှိတယ်။

အဲဒီ အာဟာရဇ, သုဒ္ဓဋ္ဌကလာပ်ကို ကဗဠိကာရက ထောက်ပံ့နိုင်တယ်။ ခိုင်စေတယ်၊ ဒါကိုပဲ ဆောင်တယ်လို့သုံးတယ်၊ ဒါကြောင့်မို့ ကဗဠိကာရအာဟာရကို အာဟာရလို့ခေါ်တယ်။

(၂) ဖဿာဟာရ, ဖဿကိုလည်း အာဟာရလို့ခေါ်ပြန်တယ်၊ ဘာကြောင့် ဖဿကို အာဟာရလို့ခေါ်သလဲဆိုရင် သုခ, ဒုက္ခ, ဥပေက္ခာဆိုတဲ့ ဝေဒနာ ၃-ပါးကိုဆောင်လို့၊ သို့မဟုတ်ရင် ဝေဒနာ ၅-ပါးလို့လည်းပြောရင်ရပါတယ်။ သို့ပေမယ့် ဒီနေရာမှာ ပါဠိမှာဝေဒနာ ၃-ပါးဆိုတော့ ၃-ပါးပေါ့။

ဖဿပစ္စယာ ဝေဒနာလို့ ပဋိစ္စသမုပ္ပါဒ်မှာ မရှိဘူးလား၊ ဖဿကို အကြောင်းပြုပြီး အမှီပြုပြီးတော့ ဝေဒနာဖြစ်တယ်လို့ဆိုတဲ့ တရားတော်အရ ဖဿသည် ဝေဒနာကိုဆောင်တယ်၊ ဝေဒနာဆောင်တတ်တဲ့အတွက်ကြောင့် ဝေဒနာကို ထောက်ပံ့စေတတ်တဲ့အတွက်ကြောင့် ဖဿကို အာဟာရလို့ခေါ်တယ်။

(၃) မနောသဉ္စတနာဟာရသည် သုံးပါးသောဘဝ၌ ပဋိသန္ဓေကိုဆောင်၏ တဲ့၊ မနောသဉ္စတနာဟာရဆိုတာ စေတသိက် ၅၂-ပါးထဲက စေတနာစေတသိက်ပဲ၊ နာမည်ကြီးရှည်နေတော့ အထူးအခြားကြီးလို့ ထင်ရပေမယ့် စေတနာစေတသိက်ကို ခေါ်တာပါပဲ။

အဲဒီ မနောသဉ္စတနာဟာရက ကာမဘဝ, ရူပဘဝ, အရူပဘဝတို့မှာ ပဋိသန္ဓေကို ဖြစ်စေတာ၊ ဒီကျတော့ ထောက်ပံ့တာ မဟုတ်ဘူး၊ ဖြစ်စေတာ produce လုပ်တာ။

အဲဒီတော့ ပဋိသန္ဓေကို ဖြစ်စေတယ်ဆိုကတည်းက စဉ်းစားကြည့်လိုက်၊

[စာမျက်နှာ-211] ကံဆိုတဲ့ စေတနာ မဟုတ်ပေဘူးလား၊ ပဋိသန္ဓေကို ဖြစ်စေတာက ကံကဖြစ်စေတာ မဟုတ်ဘူးလား၊ ကံခေါ်တဲ့ စေတနာက ဘယ်စိတ်တွေနဲ့ ယှဉ်တဲ့စေတနာလဲ၊ စေတနာဆိုတာက စိတ်တစ်ခုယုတ်ကိုးဆယ် အားလုံး ယှဉ်တယ်မဟုတ်ဘူးလား၊ ဒါပေမယ့် စိတ်တစ်ခုယုတ် ကိုးဆယ်နဲ့ ယှဉ်တဲ့စေတနာကို ကံလို့မခေါ်ဘူး၊ ကံလို့ခေါ်တဲ့စေတနာက ကုသိုလ် အကုသိုလ်နဲ့ယှဉ်တဲ့ စေတနာကိုခေါ်တာ။

ဒါကြောင့်မို့ အကုသိုလ် ၁၂-ပါး၊ မဟာကုသိုလ်စိတ် ၈-ပါး၊ ရူပကုသိုလ် ၅-ပါး၊ အရူပကုသိုလ် ၄-ပါး၊ ၂၉၊ ဒီစိတ်တွေနဲ့ ယှဉ်တဲ့ စေတနာကို ဒီနေရာမှာ မနောသဉ္စေတနာလို့ တိတိကျကျပြောတယ်၊ ဒီလိုမပြောချင်ရင်လည်း ကုသိုလ် အကုသိုလ်စေတနာ။ အဲဒီကုသိုလ် အကုသိုလ်စေတနာသည် ပဋိသန္ဓေကို ဆောင်တတ်တဲ့အတွက်ကြောင့် အာဟာရဆိုသော အမည်ကိုရသည်။

(၄) ဝိညာဏာဟာရသည် မိမိနှင့် အတူတကွဖြစ်သော နာမ်ရုပ်တို့ကို ဆောင်၏တဲ့၊ ဒါက နာမ်ရုပ်တို့ကို ထောက်ပံ့တယ်လို့ ဆိုတယ်၊ ဝိညာဏာဟာရဆိုတာ စိတ်ကိုခေါ်တာပေါ့။ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ဝိညာဏပစ္စယာ နာမရူပံ မဟုတ်လား၊ ဒါကြောင့် နာမ်ရုပ်ကို ဆောင်တယ်လို့ ပြောထားတာ။

ပဋိစ္စသမုပ္ပါဒ်ကိုကြည့်ပြီးတော့ အဓိပ္ပါယ် ယူရတာ၊ ဖဿနဲ့ပတ်သက်တုန်းကလည်း ဖဿပစ္စယာ ဝေဒနာ၊ ပြီးတော့ မနောသဉ္စေတနာဟာရဆိုရင် သင်္ခါရပစ္စယာ ဝိညာဏံပေါ့၊ ဒီမှာလည်း ဝိညာဏပစ္စယာ နာမရူပံ၊ အဲဒါကိုကြည့်ပြီးတော့ ဝိညာဏ်သည် နာမ်ရုပ်ကို ဆောင်တတ်သည်၊ နာမ်ရုပ်ကို ထောက်ပံ့ခိုင်စေတတ်သည်လို့ ဆိုလိုတယ်။

ကောင်းပြီ၊ အဲဒီ အာဟာရ ၄-ပါးသည် ဘာတွေလဲ၊
(၁) ကဗဠီကာရအာဟာရဆိုတာ ဩဇာရုပ်ကိုခေါ်ပါတယ်၊ အာဟာရရုပ်၊ ဩဇာရုပ်။
(၂) ဖဿာဟာရဆိုတာ ဖဿစေတသိက်၊ ဒါကျတော့ စိတ်တစ်ခုယုတ် ကိုးဆယ် အကုန်ယှဉ်တဲ့ဖဿပေါ့။
(၃) မနောသဉ္စေတနာဟာရဆိုတာ စေတနာစေတသိက်ကို ခေါ်ပါတယ်။ စေတနာစေတသိက်ဆိုတာ ကုသိုလ်အကုသိုလ် စေတနာလို့ ဆိုလိုတယ်။
(၄) ဝိညာဏာဟာရဆိုတာ စိတ်တစ်ခုယုတ်ကိုးဆယ်တဲ့၊ ဋီကာမှာတော့ ဝိညာဏာဟာရအရ ပဋိသန္ဓေဝိညာဏ်လို့တောင်ပြောတယ်၊ ပဋိသန္ဓေဝိညာဏ်ဆိုတာ ဝိညာဏပစ္စယာ နာမရူပံကျတော့ ပဋိသန္ဓေ ဝိညာဏ်ကို ယူရတာလည်းရှိတယ်။

[စာမျက်နှာ-212] ပဝတ္တိ ဝိညာဏ်ကို ယူရတာလည်းရှိတယ်၊ အဲဒီတော့ အထူးသဖြင့် ဝိပါက်ဝိညာဏ်ပေါ့။ ဝိပါက် ဝိညာဏ်တွေကို ဝိညာဏာဟာရလို့ခေါ်တယ်၊ အဲသလို မှတ်ထားကြရမယ်။

အာဟာရလေးပါးကို ဘုံပုဂ္ဂိုလ်အားဖြင့် ဝေဖန်ပြခြင်း
ဒါလည်းသင်္ဂြိုဟ်မှာ တိုက်ရိုက်မပါဘူး။ “ကာမဘုံ၌ အာဟာရလေးပါးလုံးကို ရ၏”တဲ့၊ ဟုတ်တာပေါ့၊ ကဗဠီကာရအာဟာရ၊ ဖဿာဟာရ၊ မနောသဉ္စေတနာဟာရ၊ ဝိညာဏာဟာရ။

“အသညသတ်ကြဉ်သော ရူပဘုံ အရူပဘုံတို့၌ အာဟာရ ၃-ပါးကိုသာရ၏” ဘာတွေတုန်း၊ ကဗဠီကာရမရဘူးလို့ဆိုတယ်။ “အသညသတ်ဘုံ၌ ပစ္စယာဟာရကိုရသည်၊ အသညသတ်ဗြဟ္မာတို့ကား မိမိရအပ်ပြီးသော ပဉ္စမဈာန်သည်ပင်လျှင် အာဟာရဖြစ်၏၊ ပစ္စယာဟာရကို ရသည်ဟုဆို၏” ဒါဖြင့် ကဗဠီကာရလည်းမရှိဘူး၊ ဖဿလည်းမရှိဘူး၊ မနောသဉ္စေတနာလည်းမရှိဘူး၊ ဝိညာဏလည်းမရှိဘူး၊ သူက အရုပ်ကြီးလို ဖြစ်နေတာ မဟုတ်လား။

“ပုဂ္ဂိုလ်အားဖြင့် သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာဟုဆိုခြင်းကြောင့် အလုံးစုံသော ပုထုဇဉ် အရိယာတို့မှာ ရကြသည်” အားလုံးသော သတ္တဝါတွေ အာဟာရသာ တည်ကြောင်းရှိတယ်၊ အာဟာရကိုအမှီပြုပြီး တည်ကြတယ်လို့ မြတ်စွာဘုရား ဟောထားတာရှိတယ်၊ အဲဒါကိုထောက်ပြီးတော့ ပုဂ္ဂိုလ်အားဖြင့်တော့အားလုံးရတယ်၊ ပုထုဇဉ် သန္တာန်မှာရောရတယ်၊ အရိယာသန္တာန်မှာလဲရတယ်၊ ဒီ ၄-မျိုးကို အာဟာရ ၄-မျိုးလို့ခေါ်တယ်။

ဒါဖြင့် သမုစ္စည်းမှာ သင်ကြားတဲ့ သဘောတရားတွေ ကုန်သွားပြီ၊ နောက်ကနေ ပြန်ကြည့်လိုက်စမ်းပါ။ ဟိတ်၊ ဈာန်၊ မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ်၊ အဓိပတိ၊ အာဟာရ၊ ဒီတရား ၇ မျိုးကို မိဿက သင်္ဂဟမှာ သင်ကြားထားတယ်။

* ဟိတ်၊ ဈာ၊ မဂ္ဂ၊ ဣ၊ ဗလ၊ ဓိ၊ အာ ခုနစ်မည် တရား ၇-မျိုးကို မိဿက သင်္ဂဟမှာ ပြထားသည်။

တစ်ခေါက်ပြန်လိုက်စမ်း၊ ဟိတ် ၆-ပါး၊ ဈာန် ၇-ပါး၊ မဂ္ဂင် ၁၂-ပါး၊ ဣန္ဒြေ ၂၂-ပါး၊ ဗိုလ် ၉-ပါး၊ အဓိပတိ ၄-ပါး၊ အာဟာရ ၄-ပါး။

ကောင်းပြီ၊ အခုဘာလာမလဲဆိုတော့ တရားကိုယ်ကောက်နည်းပေါ့လေ။

ဈာန်၊ ဗိုလ်၊ မဂ္ဂင်၊ ဣန္ဒြေ ကိစ္စမတတ်သော တရားများ
ဒါက အရေးကြီးတယ်။ သာမညအားဖြင့် ပြောမယ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀ မှာ စေတသိက် ၇-ပါးပဲယှဉ်တယ်။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးပေါ့။

[စာမျက်နှာ-213] အဲဒီ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးကို သေသေချာချာ ကြည့်လိုက်စမ်း၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ မနသိကာရ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ ၇။

အဲဒီ စေတသိက် ၇-ခုထဲမှာ ဈာနင် ဧကန်ဖြစ်တဲ့ စေတသိက်များပါသလား၊ ဖဿဟာ ဈာန်အင်္ဂါ မဟုတ်ဘူး၊ ဝေဒနာဟာ ဈာန်အင်္ဂါ၊ သညာ၊ စေတနာ မပါဘူး၊ ဧကဂ္ဂတာ ဈာန်အင်္ဂါပါတယ်၊ မနသိကာရ ဈာန်အင်္ဂါမပါဘူး၊ ဇီဝိတိန္ဒြေ မပါဘူး၊ ဒါကြောင့် ဒွေးပဉ္စဝိညာဏ် ၁၀-ထဲမှာ ဝေဒနာယှဉ်တယ်၊ ဧကဂ္ဂတာ ယှဉ်တယ်။

အဲဒီဒွေးပဉ္စဝိညာဏ် ၁၀-ထဲမှာ ယှဉ်တဲ့ ဝေဒနာသည် ဈာနင်အမည်ရသလား၊ ဧကဂ္ဂတာသည် ဈာနင် အမည်ရသလား၊ ဒီမှာထားတယ်။ ဒွေးပဉ္စဝိညာဏ် ၁၀-တို့၌ ဈာန်တို့ကို မရအပ်ကုန်တဲ့၊ ဈာန်တို့ကို မရဘူးဆိုတာ ဒွေးပဉ္စဝိညာဏ် ၁၀-နဲ့ ယှဉ်တဲ့ စေတသိက်ထဲမှာ သာမညအားဖြင့်ပြောမယ်ဆိုရင် ဈာန်အင်္ဂါပါတယ်၊ ဒါပေမယ့် သူတို့ကို အဲဒီအခါကျ ဈာန်အင်္ဂါလို့ မခေါ်နိုင်ဘူး၊ ဈာန်အင်္ဂါကောက်ပါဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ယှဉ်တဲ့ဝေဒနာ မထည့်နဲ့၊ ဧကဂ္ဂတာ မထည့်နဲ့လို့ဆိုတယ်၊ ဒါကြောင့် ဒွေးပဉ္စဝိညာဏ် ၁၀-တို့၌ ဈာန်တို့ကို မရအပ်ကုန်လို့ဆိုတာ။

ဘာကြောင့်တုန်း၊ ဝီရိယ မယှဉ်သောစိတ် စသည်ဖြင့်လာတယ်၊ အမှန်ကတော့ ဝိတက်မပါလို့၊ ဝိတက်ပါမှ၊ ဝိတက်က အာရုံကို ပို့ပေးမှ၊ အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုရမှာကိုး၊ အခုတော့ဝိတက်မပါဘူး၊ ဒါကြောင့်မို့ ဈာန်အင်္ဂါ မထိုက်ဘူး။ အဲဒီတော့ ဝေဒနာနဲ့ ဧကဂ္ဂတာဟာ ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ယှဉ်ပေမယ်လို့ ဈာန်ကို အရကောက်တဲ့အခါမှာ သူတို့ကို ချန်ကောက်ရမယ်။

“ဝီရိယမယှဉ်သောစိတ် ၁၆-ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်”တဲ့၊ ဗိုလ်ဆိုတာ ကြံ့ကြံ့ခံရမယ်၊ အားရှိရမယ်၊ ဝီရိယမရှိတဲ့သူ ဗိုလ်မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ ဝီရိယနဲ့ မယှဉ်တဲ့စိတ်မှာ ဗိုလ်အမည်ရတဲ့ တရားတွေပါပေမယ်လို့ အဲဒီအခါကျတော့ သူတို့ ဗိုလ်မထိုက်ဘူး။

ဝီရိယမယှဉ်တဲ့စိတ်ဆိုတာ ဇယားမှာပြန်ကြည့်ရင် ဘာတွေတွေ့လဲ၊ ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ဝီရိယမယှဉ်ဘူး၊ သမ္ပဋိစ္ဆိုင်းမှာ ဝီရိယမယှဉ်ဘူး၊ သန္တီရဏမှာ ဝီရိယမယှဉ်ဘူး၊ ပဉ္စဒွါရဝဇ္ဇန်းမှာ ဝီရိယမယှဉ်ဘူး။

[စာမျက်နှာ-214] အဲဒီ ဝီရိယမယှဉ်တဲ့ စိတ်တွေမှာ စေတသိက်တွေယှဉ်လိမ့်ဦးမယ်၊ အဲဒီ စေတသိက်တွေထဲမှာ သာမညအားဖြင့် ပြောမယ်ဆိုရင် ဗိုလ်ဆိုတဲ့တရားတွေပါချင် ပါလိမ့်မယ်၊ ဒါပေမယ်လို့ ဗိုလ်ကိုအရကောက်တဲ့အခါကျတော့ အဲဒီစိတ်တွေမှာ ယှဉ်တဲ့ဗိုလ်တရားတွေကို ထည့်ကောက်လို့ မရဘူး၊ ဝီရိယမယှဉ်လို့ကို ဗိုလ်မထိုက်တော့ဘူး။

ဒါက တရားကိုယ်ကောက်နည်းတွေကို ပြောနေတာဆိုပါတော့၊ “ဗိုလ်တို့မှာ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်ဆိုပြီး ရှိတယ်မဟုတ်လား၊ အဲဒီမှာ သမာဓိဗိုလ်ကိုကြည့်လိုက်၊ သမာဓိဆိုတာ ဧကဂ္ဂတာ။

အဲဒီတော့ ဝီရိယနဲ့ မယှဉ်တဲ့စိတ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀-ပဲ ပြန်သွားကြစို့၊ ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ဝီရိယမယှဉ်ဘူး၊ အဲဒီ ဒွေးပဉ္စဝိညာဏ် ၁၀-မှာ ဧကဂ္ဂတာယှဉ်တယ်၊ ဧကဂ္ဂတာက သဗ္ဗစိတ္တသာဓာရဏ စေတသိက်ထဲပါလို့ ယှဉ်တယ်၊ အဲဒီ ဧကဂ္ဂတာကို သမာဓိဗိုလ်လို့ ခေါ်ရမလား၊ မခေါ်ရဘူး၊ ဝီရိယနဲ့ မယှဉ်တဲ့စိတ်မှာယှဉ်တဲ့ ဧကဂ္ဂတာကို သမာဓိဗိုလ်လို့မခေါ်ရဘူး၊ အဲသလို နားလည်ရမယ် “ဝီရိယ မယှဉ်သောစိတ် ၁၆- ခုတို့၌ ဗိုလ်တို့ကို မရအပ်ကုန်”ဆိုတာ အဲဒါ ပြောတာ။

ပြန်ပြောဦးမယ်၊ ပထမဦးဆုံး ဝီရိယမယှဉ်တဲ့စိတ်တွေကို ဇယားမှာကြည့်လိုက်ရင် အလွယ်ပြောမယ်ဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀-တွေ့တယ်၊ အဲဒီ ဒွေးပဉ္စဝိညာဏ် ၁၀-ဟာ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခုနဲ့ ယှဉ်တယ်၊ အဲဒီ ၇-ခုမှာ ဧကဂ္ဂတာပါတယ်။

အဲဒီ ဧကဂ္ဂတာသည် သမာဓိဗိုလ် အမည်ရမလား၊ မရဘူး၊ အဲဒါကြောင့် သမာဓိဗိုလ် အရကောက်လိုက်စမ်းပါဆိုရင် ဒွေးပဉ္စဝိညာဏ် ၁၀-မှာယှဉ်တဲ့ ဧကဂ္ဂတာကို ချန်ကောက်ရလိမ့်မယ်၊ ဒါတင်မကဘူး၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ပဉ္စဒွါရဝဇ္ဇန်းတို့မှာ ယှဉ်တဲ့ဧကဂ္ဂတာကိုချန်ပြီး ကောက်ရလိမ့်မယ်၊ ဒါကို ဆိုလိုတယ်။

“အဟိတ်စိတ် ၁၈-ခုတို့၌ မဂ္ဂင်တို့ကို မရအပ်ကုန်” ခုနက မဂ္ဂင် ၁၂-ပါး တွေ့ခဲ့ပြီ၊ အဟိတ်စိတ်မှာ ယှဉ်တဲ့အဲဒါတွေကို မဂ္ဂင်လို့မခေါ်နဲ့တော့၊ အဲဒီတော့ မဂ္ဂင်တွေကြည့်လိုက်စမ်း။

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတဲ့ အဟိတ်စိတ် ၁၈-ခုထဲမှာ မနောဒွါရဝဇ္ဇန်းကို ကြည့်လိုက်စမ်းပါ၊ မနောဒွါရဝဇ္ဇန်းဟာ ဝီရိယယှဉ်တယ်။

[စာမျက်နှာ-215] အဲဒီမနောဒွါရဝဇ္ဇန်းမှာယှဉ်တဲ့ ဝီရိယကို သမ္မာဝါယာမမဂ္ဂင်လို့ ခေါ်ရမလား၊ မခေါ်ရဘူး၊ အဟိတ်စိတ်မှာယှဉ်နေလို့၊ ဘာလို့တုန်းဆိုတော့ မခိုင်မြဲလို့ပေါ့။ အမြစ်တွယ်ပြီး စွဲနေမှ ဒီလမ်းဖြောင့်ဖြောင့်သွားလို့ရမှာ၊ ခိုင်ခိုင်ခံ့ခံ့ဖြစ်နေမှ သူက လမ်းအဖြစ်နဲ့ အသုံးခံနိုင်မှာ၊ နိဗ္ဗာန်ပို့နိုင်မှာ။

ဒီလိုမဟုတ်ဘဲနဲ့ သူ့မှာ အမြစ်မရှိတော့ မခိုင်မြဲဘူးပေါ့၊ ဒါကြောင့်မို့ မနောဒွါရဝဇ္ဇန်းစိတ်မှာ ဝီရိယယှဉ်သော်လည်းပဲ ထိုဝီရိယကို သမ္မာဝါယာမလို့ မခေါ်ရ၊ သမ္မာဝါယာမ မဂ္ဂင်မဟုတ်ဘူး၊ မဂ္ဂင်မထိုက်ဘူးလို့ ဆိုလိုတယ်။

“ထို့အတူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဧကဂ္ဂတာ စေတသိက်သည် မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့ မရောက်”
ဝိစိကိစ္ဆာစိတ်နဲ့ ဧကဂ္ဂတာ မယှဉ်ဘူးလား၊ ဧကဂ္ဂတာကတော့ စိတ်တစ်ခုယုတ် ကိုးဆယ် အကုန်ယှဉ်နေတာပဲ၊ ဒါပေမယ်လို့ အဲဒီ ဝိစိကိစ္စာစိတ်မှာရှိတဲ့ ဧကဂ္ဂတာ စေတသိက်ကို သမာဓိမဂ္ဂင်လို့လည်းမခေါ်ရဘူး၊ သမာဓိန္ဒြေလို့လည်း မခေါ်ရဘူး၊ သမာဓိဗိုလ်လို့လည်း မခေါ်ရဘူး။

ဒါကြောင့်မို့ သမာဓိမဂ္ဂင် အရကောက်ပါ၊ သမာဓိန္ဒြေအရကောက်ပါ၊ သမာဓိဗိုလ် အရကောက်ပါဆိုရင် ဝိစိကိစ္ဆာသဟဂုတ်မှာ ယှဉ်တဲ့ဧကဂ္ဂတာကို ချန်ရလိမ့်မယ်၊ ဒါက တကယ်လုပ်ရင်အတော်ရှုပ်တယ်၊ ဘာကြောင့်လဲဆို အကုန်ကြည့်ရမှာကိုး၊ ဝီရိယနဲ့ မယှဉ်တဲ့စိတ် ၁၆-ခုမှာဗိုလ်မရဘူး၊ အဟိတ်စိတ် ၁၈-ခုမှာ မဂ္ဂင်မရဘူးဆိုတာရှိသေးတယ်၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်မှာ ဧကဂ္ဂတာ စေတသိက်ဟာ မဂ္ဂင်၊ ဗိုလ်၊ ဣန္ဒြေတို့ မရဘူးတဲ့။

အောက်မှာ အဓိပ္ပါယ်လေးတွေ ပြထားတယ်။
၁။ ဒွေးပဉ္စဝိညာဏ် ၁၀-၌ ယှဉ်သော ဥပေက္ခာဝေဒနာနှင့် ဧကဂ္ဂတာတို့သည် ဈာန်မျိုးဖြစ်သော်လည်း ဝိတက်ကင်းသောကြောင့် အာရုံ၌ ရှေ့ရှုကာမျှဖြစ်၍ အားနည်းသောကြောင့် ဈာန်ကိစ္စမတတ်။
၂။ ဝီရိယမယှဉ်သော စိတ် ၁၆-ခု၌ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုးဖြစ်သော်လည်း ဝီရိယကင်းသောကြောင့် အားနည်းသဖြင့် ဗိုလ်ကိစ္စမတတ်။
၃။ အဟိတ်စိတ် ၁၈-ခုတို့၌ရှိသော ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာတို့သည် မဂ္ဂင် မျိုးဖြစ်သော်လည်း ဟိတ်ကင်းသောကြောင့် အားနည်းသဖြင့် မဂ္ဂင်ကိစ္စမတတ်။
၄။ ဝိစိကိစ္ဆာ၌ရှိသော ဧကဂ္ဂတာသည် ဗိုလ်မျိုး ဣန္ဒြေမျိုး မဂ္ဂင်မျိုးဖြစ်သော်လည်း အဓိမောက္ခကင်းသောကြောင့် ဆုံးဖြတ်ခြင်းမရှိသဖြင့် ဗိုလ်ကိစ္စ၊ ဣန္ဒြေကိစ္စ၊

[စာမျက်နှာ-216] မဂ္ဂင်ကိစ္စမတတ်။

ဒါကြောင့်မို့ ဗိုလ်အရကောက်မယ်၊ ဣန္ဒြေအရကောက်မယ်၊ မဂ္ဂင်အရကောက်မယ်ဆိုရင် ဒီဟာကို သတိရရမယ်၊ ဒီဟာကိုကြည့်ပြီး ကောက်ရမယ်၊ အရမ်းသွားကောက်လို့မရဘူး၊ ဒီစေတသိက်ဟာ ဒီစိတ်မှာ ယှဉ်နေတာပဲ၊ ငါတော့ ကောက်လိုက်မယ်ဆိုလို့ မရဘူး၊ ခုနလို ဝိတက်မယှဉ်တဲ့စိတ်က ဖြစ်တဲ့အတွက်ကြောင့် ဈာန်မရဘူးဆိုတာမျိုးတွေရှိတယ်။

ကောင်းပြီ၊ ဘာလာသလဲ။ “သမ္ပယုတ်ဟိတ်အားဖြင့်လည်းကောင်း၊ ဇောတည်းဟူသော ကိစ္စအားဖြင့် လည်းကောင်း၊ လွန်စွာအားရှိကြကုန်သော ဒွိဟိတ်ဇော ၁၈-ခု၊ တိဟိတ်ဇော ၃၄-ခုတို့သည်သာလျှင် အဓိပတိကိစ္စကိုတစ်ခုစီ၊ တစ်ခုစီ ရအပ်၏”

ဒါက သာဓိပတိဇော ၅၂-ကို အဓိပ္ပါယ်တစ်မျိုးနဲ့ ပြောနေတာ၊ ဇော ၅၅ ရှိတဲ့အနက်က ဒွိဟိတ်ဇောနဲ့ တိဟိတ်ဇောသာ အဓိပတိထိုက်တယ်၊ အဲဒီတော့ ဒွိဟိတ်ဇော၊ တိဟိတ်ဇောပြီးရင် အခြားဘာဇောတွေရှိသေးသလဲ။

ဇောဆိုတာ ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာ၊ ဇယားမှာမြင်ရဲ့လား၊ အဲဒီထဲက ဒွိဟိတ်နဲ့ တိဟိတ်သာ ဇောကိစ္စတတ်တယ်ဆိုတော့ ဟိတ်နဲ့ယှဉ်တဲ့အခါမှာ ဒွိဟိတ်စိတ်၊ တိဟိတ်စိတ်၊ ဟိတ် ၃-ပါးနဲ့ ယှဉ်တဲ့စိတ်၊ ဟိတ် ၂-ပါးနဲ့ယှဉ်တဲ့စိတ်၊ ဟိတ် ၁-ပါးနဲ့ ယှဉ်တဲ့စိတ် မရှိဘူးလား၊ ဟိတ်နဲ့မယှဉ်တဲ့စိတ်လည်းရှိတယ်။

ဒါဖြင့် ဇောထဲမှာ ဟိတ် ၁-ပါးနဲ့ ယှဉ်တဲ့ဇောရှိတယ်၊ အကုသိုလ်ထဲကြည့်၊ မောဟမူဒွေး မဟုတ်ဘူးလား၊ မောဟမူဒွေးဟာ မောဟနဲ့သာယှဉ်တယ်၊ လောဘနဲ့ မယှဉ်ဘူး၊ ဒေါသနဲ့ မယှဉ်ဘူး၊ သူ့ကို ဧကဟိတ်ဇောလို့ ခေါ်တယ်၊ ဟိတ်တစ်ခုထဲနဲ့သာယှဉ်တယ်။

ပြီးတော့ ဟသိတုပ္ပါဒ်ကြည့်လိုက်စမ်း၊ ဟသိတုပ္ပါဒ်ဟာ ဇောပဲ၊ သူက ဟိတ်နဲ့ လုံးဝမယှဉ်ဘူး၊ အဟိတ်စိတ်ပဲ၊ ဒါကြောင့်မို့ ဒွိဟိတ်ဇော၊ တိဟိတ်ဇောလို့ ပြောလိုက်ရင် အဲဒီ ၃-ခု ကျန်ရစ်တယ်၊ ၅၅-ထဲက ၃-ခု နုတ်လိုက် ၅၂ ကျန်တယ်၊ အဲဒီ ၅၂-ကို အဓိပတိတတ်တဲ့ဇောဖြစ်တဲ့အတွက်ကြောင့် ပါဠိလို သာဓိပတိဇောလို့ ခေါ်တယ်။

ဒါကြောင့်မို့ “သမ္ပယုတ်ဟိတ်အားဖြင့်လည်းကောင်း၊ ဇောတည်းဟူသော ကိစ္စအားဖြင့်လည်းကောင်း လွန်အားရှိကြကုန်သော ဒွိဟိတ်ဇော ၁၈-ခု၊ တိဟိတ်ဇော ၃၄-ခုတို့သည်သာလျှင် အဓိပတိကိစ္စကို တစ်ခုစီ တစ်ခုစီ (တစ်ကြိမ်မှာတစ်ခုသာ)

[စာမျက်နှာ-217] အဓိပတိတတ်တယ်၊ ခုနပြောခဲ့တာ ဒါပဲဆိုပါတော့၊ လောဘမူပထမစိတ်က အဓိပတိတတ်တယ်ဆိုရင် ဆန္ဒကအဓိပတိ မတတ်နိုင်တော့ဘူး၊ ဝီရိယက အဓိပတိ မတတ်နိုင်တော့ဘူး၊ အကယ်၍ ဆန္ဒက အဓိပတိတတ်တယ်ဆိုရင် အခြား ၃-ပါးက မတတ်နိုင်တော့ဘူး၊ တစ်ကြိမ်မှာတစ်ခုပဲ အဓိပတိတတ်မယ်၊ ဒါကိုပြောတာ။

“ဧကဟိတ်ဇော မောဟမူဒွေး၊ အဟိတ်ဇော ဟသိတုပ္ပါဒ်၊ လောကီဝိပါက် ၃၂-တို့၌ အချင်းခပ်သိမ်း အဓိပတိမဖြစ်။ ဤမိဿက သင်္ဂဟရှိ ဟိတ်၊ ဈာနင်၊ မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ်၊ အဓိပတိ၊ အာဟာရတို့၏ သရုပ်တရားကိုယ်များကို မိဿကသင်္ဂဟ ဇယားတွင် ကြည့်လေ” တဲ့။

ကိုင်း ဇယားကြည့်ရဦးမယ်၊ ဇယားကြည့်ပြီးတော့မှ ဘယ်နှစ်မည်ရတယ်ဆိုတာ လုပ်ရဦးမယ်။ ဇယားကြည့်လိုက်၊ ဟိတ် ၆-ပါး၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ ဟိုကျတော့ ပညာဖြစ်နေပြီ၊ ဒါက အမောဟလို့ ဆိုရမှာ၊ ဟိတ် ၆-ပါး၊ တရားကိုယ် ၆-ပါးပဲ။

ဈာန် ၇-ပါးရှိတယ်၊ တရားကိုယ် ၅-ပါး၊ သောမနဿ ဒေါမနဿက ဝေဒနာဖြစ်သွားရော၊ တရားကိုယ်ကျတော့ ၅-ပါးပဲဖြစ်သွားတယ်။

မဂ္ဂင် ၁၂-ပါးရှိတယ်၊ တရားကိုယ်ကျတော့ ၉-ပါးပဲ၊ ရိုးရိုးမဂ္ဂင်က ၈-ပါး၊ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိလို့ မပါဘူးလား၊ မိစ္ဆာဒိဋ္ဌိ ဆိုတာ ဒိဋ္ဌိစေတသိက်၊ အဲဒါပိုလာတယ်၊ မိစ္ဆာသင်္ကပ္ပကလည်း ဝိတက်စေတသိက်ပဲ၊ သမ္မာသင်္ကပ္ပကလည်း ဝိတက်စေတသိက်ပဲ၊ အဲဒီတော့ တရားကိုယ်မှာ အထူးပိုမလာတော့ဘူး။

မိစ္ဆာဝါယာမကလည်း ဝီရိယပဲ၊ သမ္မာဝါယာမကလည်း ဝီရိယပဲ၊ မိစ္ဆာသမာဓိက ဧကဂ္ဂတာ၊ သမ္မာသမာဓိကလည်း ဧကဂ္ဂတာ၊ ဒါဖြင့်ရင် အမှန်အတိုင်းကတော့ ရိုးရိုး မဂ္ဂင် ၈-ပါးထဲမှာ ဒိဋ္ဌိစေတသိက်ထပ်တိုးလာတယ်၊ အဲဒါ ၉-ပါး ဖြစ်သွားရော။

ဣန္ဒြေ ၂၂-ပါးရှိတယ်၊ တရားကိုယ်ကျတော့ ၁၆-ပါးပဲရှိတယ်။ ဘာကြောင့်တုန်း၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ ဥပေက္ခိန္ဒြေ ဆိုတာက ဝေဒနာဆိုတော့ တစ်ခုထဲ ယူရတယ်၊ ဇီဝိတကတော့ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ ၂-ခုယူရတယ်၊ ဣန္ဒြေ ၁-ခုကို ၂-ခုယူရတယ်၊ ဝေဒနာဣန္ဒြေငါးခုကို တစ်ခုယူရတယ်။ ဒါကြောင့်မို့ သေသေချာချာ စစ်ဆေးကြည့်လိုက်ရင် ဣန္ဒြေတရားကိုယ် ၁၆-ပါးပဲယူရတယ်။

[စာမျက်နှာ-218] ဗိုလ် ၉-ပါးတဲ့၊ တရားကိုယ်ကလည်း ၉-ပါးပဲ၊ ထပ်တာမရှိဘူး။
အဓိပတိ ၄-ပါးတဲ့၊ တရားကိုယ် ၄-ပါးပဲ။
အာဟာရ ၄-ပါးလည်း တရားကိုယ် ၄-ပါးပဲ၊ ဒါတွေကတော့ မထပ်ဘူး။

[စာမျက်နှာ-219]
ဗောဓိပက္ခိယသင်္ဂဟ
သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး။

ဗောဓိ = သစ္စာလေးပါး တရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယာမဂ်ဉာဏ်၏၊ ပက္ခ = အသင်းအပင်း၌၊ အိယ = ဖြစ်သောတရား။ သစ္စာလေးပါး တရားတို့ကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယာမဂ်ဉာဏ်၏ အသင်းအပင်း၌ဖြစ်ကုန်သော သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင် တရားတို့သည် ဗောဓိပက္ခိယတရားမည်ကုန်၏၊ ထိုဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာသိမ်းယူကြောင်း စကားအပေါင်းသည် ဗောဓိပက္ခိယသင်္ဂဟမည်၏။

သတိပဋ္ဌာန်
အခြားတစ်ပါးများစွာသော အာရုံတို့၌ စိတ်ပျံ့နှံ့ပြေးဝင်ခြင်းကို တားမြစ်၍ ကိုယ်စသော ကမ္မဋ္ဌာန်း အာရုံ၌သာလျှင် အစဉ်ဝင်လျက် တည်တံ့စွာဖြစ်တတ်သော မဟာကုသိုလ် မဟာကြိယာ အပ္ပနာဇော ဤ ၄၂-ပါးတို့၌ရှိသော (ဝါ) လောကုတ္တရာ စိတ် ၈-ခု၌ရှိသော သတိစေတသိက်။

သတိပဋ္ဌာန် ၄-ပါး
(၁) ကာယာနုပဿနာ သတိပဋ္ဌာန် = ရူပကာယ၌ (ဝါ) ကိုယ်၌ အဖန်ဖန် ရှုဆင်ခြင်ခြင်း။
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ဝေဒနာတို့၌ အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန် = သရာဂစိတ်အစရှိသော ထိုထိုဖြစ်ပေါ်လာသောစိတ်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာသင်္ခါရဖြစ်သော နီဝရဏစသော တရားတို့ကို ထိုထိုဓမ္မဟုလည်းကောင်း၊ အနိစ္စဝိပဿနာအားဖြင့်လည်းကောင်း၊ အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။

[စာမျက်နှာ-220]
သမ္မပ္ပဓာန်
သမ္မပ္ပဓာနဟူသော အမည်သည် ဝီရိယ၏ အမည်တည်း၊ အကြောအခြင် အရိုးအရေကြွင်းစေ၊ အသွေးအသားကုန်ခန်းစေ၊ အသက်ပင်သေစေဟူ၍ ရဲရဲဝံ့ဝံ့ ဆိုခဲ့ပြီးသောစိတ် ၄၂-ပါး၌ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ရှိသော ဝီရိယစေတသိက်သည် သမ္မပ္ပဓာန်မည်၏။

သမ္မပ္ပဓာန် ၄-ပါး
(၁) ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော = ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်မှုဝီရိယ။
(၂) အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယာမော = မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်မှုဝီရိယ။
(၃) အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော = မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်မှုဝီရိယ။
(၄) ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော = ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို အလွန်ပွားများစေခြင်းငှာ အားထုတ်မှုဝီရိယ။

ဣဒ္ဓိပါဒ်
ဈာန်မဂ်ဖိုလ်ရအောင် အားထုတ်သဖြင့် ထိုဈာန်မဂ်ဖိုလ်များ ထမြောက်လာမှု၊ ပြီးစီးပြည့်စုံမှု (ဈာန်မဂ်ဖိုလ်ရမှု)ကို ဣဒ္ဓိဟုခေါ်၏၊ ထိုဈာန်မဂ်ဖိုလ်ကိုရဖို့ရန် အခြေခံဖြစ်သော ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသဟူသော အဓိပတိတရား ၄-ပါးတို့သည် ဣဒ္ဓိပါဒ် မည်၏။

[စာမျက်နှာ-221] (၁) ဆန္ဒိဒ္ဓိပါဒ် (၂) ဝီရိယ္ဒ္ဓိပါဒ် (၃) စိတ္တိဒ္ဓိပါဒ် (၄) ဝီမံသိဒ္ဓိပါဒ်
ဣဒ္ဓိပါဒ် ၄-ပါး = လောကုတ္တရာစိတ် ၈-ခု၌ရှိသော ဆန္ဒစေတသိက်။ = လောကုတ္တရာစိတ် ၈-ခု၌ရှိသော ဝီရိယစေတသိက်။ = လောကုတ္တရာစိတ် ၈-ခု။ = ကုသိုလ်စိတ် ၂၁-ခု၌ရှိသော ပညာစေတသိက်။

ဣန္ဒြေ ၅-ပါး = ဗိုလ် ၅-ပါး (၁) သဒ္ဓိန္ဒြေ = သဒ္ဓါဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါ စေတသိက်။ (၂) ဝီရိယိန္ဒြေ = ဝီရိယဗိုလ် = စိတ် ၄၂- ခု၌ရှိသော ဝီရိယစေတသိက်။ (၃) သတိန္ဒြေ = သတိဗိုလ် = စိတ် ၄၂-ခု၌ရှိသော သတိစေတသိက်။ (၄) သမာဓိန္ဒြေ = သမာဓိဗိုလ် = စိတ် ၄၂-ခု၌ရှိသော ဧကဂ္ဂတာစေတသိက်။ (၅) ပညိန္ဒြေ = ပညာဗိုလ် = စိတ် ၄၂-ခု၌ရှိသော အမောဟစေတသိက်။

ဣန္ဒြေနှင့် ဗိုလ်အထူး။ စိတ်ကို အစိုးတရ ပိုင်နိုင်သောကြောင့် ဣန္ဒြေမည်၏။ တစ်စုံတစ်ခုသောတရားဖြင့် မလှုပ်မရှားနိုင်ခန့်ခိုင်သောကြောင့် ဗိုလ်မည်၏။ တရားကိုယ်တစ်ပါးတည်းပင် ဖြစ်လင့်ကစား သတ္တိဂုဏ်ကွဲပြားသောကြောင့် ဣန္ဒြေ, ဗိုလ်ဟု ၂-ပါး ကွဲပြား၏။

ဗောဇ္ဈင် (ဗောဓိ+အင်္ဂ) သတိ, ပညာစသော တရား(၇)ပါးသည် လေးပါးကုန်သော အရိယသစ္စာတို့ကို ထိုးထွင်း၍ သိတတ်၏။ ထိုတရားအပေါင်းသည် ဗောဓိမည်၏။ ထိုတရားအပေါင်းဟု ဆိုအပ်သော ဗောဓိ၏ အကြောင်း အင်္ဂါအစိတ်တို့သည် ဗောဇ္ဈင်မည်၏။

ဗောဇ္ဈင် ၇-ပါး (၁) သတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ရှိသော ကမ္မဋ္ဌာန်းအာရုံ ပမာဒတရားကို ဖျက်ဆီး၍ မမေ့မလျော့သော အပ္ပမာဒတရားကို ပြည့်စုံစေတတ်သော သတိစေတသိက်။ (၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ရှိသော ကမ္မဋ္ဌာန်း၏အာရုံဖြစ်သော သင်္ခါရတရားတို့၌ အနိစ္စတာစသော အထူးထူးသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်တတ်သော အမောဟ စေတသိက်။

[စာမျက်နှာ-222] (၃) ဝီရိယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ရှိသော သမ္မပ္ပဓာန်အာရုံတို့၌ ဘာဝနာကိစ္စ၏အစွမ်းဖြင့် ကောင်းစွာ ကြီးပွား၍ အစဉ်အတိုင်း ကုသိုလ်တရားတို့၌ တွန့်တိုဆုတ်နစ်ခြင်း ကိလေသာတရားအပေါင်းကိုပယ်ဖျက်တတ်သော ဝီရိယစေတသိက်။ (၄) ပီတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ဘာဝနာ၏ အာရုံတွင် မမွေ့ မလျော် ပျင်းရိမှုတရားတို့ကို ဖျက်ဆီးမှုတ်လွှင့်တတ်သော ပီတိစေတသိက်။ (၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ရှိသော ဘာဝနာ၏အာရုံ၌ စိတ်ပူပန်မှု တောင့်တမှုကို ပယ်ဖျောက်တတ်သော ပဿဒ္ဓိစေတသိက်။ (၆) သမာဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ရှိသော ဘာဝနာ၏အာရုံ၌ စိတ်၏မတည်ကြည်မှုလှုပ်ရှားမှုများကို ပယ်ဖျောက်တတ်သော ဧကဂ္ဂတာစေတသိက်။ (၇) ဥပေက္ခာသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ရှိသော ဘာဝနာအာရုံ၌ စိတ်၏နုံ့လွန်းခြင်း, ထက်လွန်းခြင်းကို ပယ်ဖျောက်တတ်သော တတြမဇ္ဈတ္တတာ စေတသိက်။

မဂ္ဂင်ရှစ်ပါး (၁) သမ္မာဒိဋ္ဌိ = အမောဟစေတသိက် (၂) သမ္မာသင်္ကပ္ပ = ဝိတက်စေတသိက် (၃) သမ္မာဝါစာ = သမ္မာဝါစာစေတသိက် (၄) သမ္မာကမ္မန္တ = သမ္မာကမ္မန္တ စေတသိက် (၅) သမ္မာအာဇီဝ = သမ္မာအာဇီဝစေတသိက် (၆) သမ္မာဝါယာမ = ဝီရိယစေတသိက် (၇) သမ္မာသတိ = သတိစေတသိက် (၈) သမ္မာသမာဓိ = ဧကဂ္ဂတာစေတသိက်။

(လောကုတ္တရာစိတ် ၈-ခု၌ရှိသော(ဝါ)ဆိုအပ်ပြီးသော စိတ် ၄၂-ခု၌ရှိသော အမောဟစေတသိက်စသည်တို့ကိုကောက်။) သရုပ်တရားကိုယ်များနှင့် ဌာနအားဖြင့် ဝေဖန်ပုံကို ဇယားတွင်ယူလေ။

ဗောဓိပက္ခိယသင်္ဂဟပြီး၏။

[စာမျက်နှာ-223]
ဗောဓိပက္ခိယသင်္ဂဟ တရားကိုယ်နှင့်ဌာနဇယား

| အမည် | တရားကိုယ် ၁၄ | လောကုတ် | ဝီရိယ | သတိ | ပီတိ | ပဿဒ္ဓိ | ဧကဂ္ဂတာ | ပညာ | ဝိတက် | ဆန္ဒ | သဒ္ဓါ | ဝိရတိ ၃ | တတြ၊ |

| သတိပဋ္ဌာန် ၄ | ကာယာ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ | | | ၄ | | | | | | | | | |
| သမ္မပ္ပဓာန် ၄ | ဥပ္ပန္နပါပ၊ အနုပ္ပန္နပါပ၊ အနုပ္ပန္နကုသလ၊ ဥပ္ပန္နကုသလ | | ၄ | | | | | | | | | | |
| ဣဒ္ဓိပါဒ် ၄ | ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ | ဣ | ဣ | | | | ဣ | | ဣ | | | | |
| ဣန္ဒြေ ၅ | သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ | | ၁ | ၁ | | | ၁ | ၁ | | | ၁ | | |
| ဗိုလ် ၅ | သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ | | ၁ | ၁ | | | ၁ | ၁ | | | ၁ | | |
| ဗောဇ္ဈင် ၇ | သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ | | ၁ | ၁ | ၁ | ၁ | ၁ | ၁ | | | | | ၁ |
| မဂ္ဂင် ၈ | သမ္မာဒိဋ္ဌိ၊ သင်္ကပ္ပ၊ ဝါစာ၊ ကမ္မန္တ၊ အာဇီဝ၊ ဝါယာမ၊ သတိ၊ သမာဓိ | | ၁ | ၁ | | | ၁ | ၁ | ၁ | | | ၃ | |

ဌာနယူပုံ = ၁၄

[စာမျက်နှာ-224] အဘိဓမ္မာသင်တန်း ၄၅
သမုစ္စည်းပိုင်း

ဗောဓိပက္ခိယသင်္ဂဟ
ဒီနေ့ စက်တင်ဘာ ၂-ရက်၊ ၁၉၈၈ ခု။

လွန်ခဲ့တဲ့အပတ်က မိဿကသင်္ဂဟ ဇယားကွက်ကြည့်ဖို့ပြောတယ်။ မိဿကသင်္ဂဟမှာ ပြထားတဲ့ တရားတွေက ဟိတ်, ဈာနင်, မဂ္ဂင်, ဣန္ဒြေ, ဗိုလ်, အဓိပတိ, အာဟာရတို့ဖြစ်တယ်၊ “ဟိတ်ဈာမဂ္ဂ, ဣဗလ, ဓိအာ ခုနစ်မည်” ဆိုပြီးတော့ လင်္ကာလေး ဟိုနေ့က ပြောခဲ့ပြီ။

ဒီဇယားကွက်က ဘာပြောတာလဲဆိုရင် နာမည်ဘယ်နှစ်ခုရတယ်၊ ဌာန ဘယ်နှစ်ခုတတ်တယ်ဆိုတာ ပြောတာပါ၊ ဇယားကွက်အစဉ်အတိုင်း ကြည့်မယ်ဆိုရင် လောဘ တစ်ဌာနတတ်တယ်၊ နာမည်တစ်ခုရတယ် နာမည်က“ဟိတ်” ဒေါသလည်း ဟိတ်၊ အလောဘလည်း ဟိတ်၊ အဒေါသလည်း ဟိတ်။

ပသာဒရုပ် ၅-ပါးဆိုတာ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ၊ ဘာဝရုပ် ၂-ပါးဆိုတာ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ, ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်၊ အဲဒီ ၇-ခုက ဘာနာမည်ရသလဲဆိုရင် ဣန္ဒြေဆိုတဲ့ တစ်နာမည်ထဲရတယ်။

ပြီးတော့ ဇီဝိတက ရုပ်ဇီဝိတရယ်, နာမ်ဇီဝိတဆိုပြီး ၂-မျိုးရှိတယ်၊ ဇီဝိတိန္ဒြေအရကောက်တဲ့အခါမှာ ရုပ်ဇီဝိတရယ်, နာမ်ဇီဝိတရယ် ၂-မျိုးကောက်ရမယ်။

[စာမျက်နှာ-225] ရုပ်ဇီဝိတနာမည် ဘယ်နှစ်မျိုးရသလဲဆိုတော့ ဣန္ဒြေတစ်ခုပဲ၊ နာမ်ဇီဝိတ ကလည်း ဣန္ဒြေတစ်ခုပဲရတယ်။

ပြီးတော့ ဆန္ဒနာမည်က အဓိပတိ၊ ကဗဠီကာရအာဟာရ (ဩဇာရုပ်ပေါ့)။ ဖဿစေတသိက်ရယ်၊ စေတနာစေတသိက်တို့က အာဟာရဆိုတဲ့ တစ်နာမည်ပဲ ရတယ်။

ဟိတ်ကျတော့ ဣန္ဒြေ, မနိန္ဒြေ, အဓိပတိ, အာဟာရရတယ်၊ ပညာကနာမည်၊ အများဆုံးပဲ၊ ၅-နာမည်တောင်ရတယ်၊ ဟိတ်, မဂ္ဂင်, ဣန္ဒြေ, ဗိုလ်, အဓိပတိ။

နာမည်တွေဖော်တတ်ရင် သိပ်ကောင်းမှာပဲ၊ ဟိတ်ဆိုရင် ဘာတုန်း, ပညာ ဆိုတော့ ဘာဟိတ်လဲ အမောဟဟိတ်, မဂ္ဂင်ဆိုတော့ ဘာမဂ္ဂင်လဲ, သမ္မာဒိဋ္ဌိမဂ္ဂင်, ဣန္ဒြေဆိုတော့ရော၊ ပညိန္ဒြေ, အနညာတညဿာမီတိန္ဒြေ, အညိန္ဒြေ, အညာတာဝိန္ဒြေ ၄-ခု၊ ဗိုလ်ဆိုတော့ ပညာဗိုလ်, အဓိပတိဆိုတော့ ဝီမံသာအဓိပတိ, အဲသလိုလေး ပါဖော်သွားနိုင်ရင် ပိုကောင်းတယ်၊ ဖော်နိုင်ဖို့က နောက်ကဟာကျမှရမယ်။

ဒိဋ္ဌိက မဂ္ဂင်ဆိုတဲ့ တစ်နာမည်ပဲရတယ်၊ မိစ္ဆာဒိဋ္ဌိ။ ပြီးတော့ ဝိတက်က ဈာနင်, မဂ္ဂင်ရတယ်၊ မဂ္ဂင်မှာ သမ္မာသင်္ကပ္ပရယ်, မိစ္ဆာသင်္ကပ္ပရယ်လို့ ၂-မျိုး ရှိတယ်၊ ဝိရတိစေတသိက် ၃-ခုကလည်း မဂ္ဂင်ဆိုတဲ့ နာမည်ပဲရတယ်၊ ဝိစာရ စေတသိက်လည်း ဈာနင်ပဲ၊ ပီတိစေတသိက်လည်း ဈာနင်ပဲ၊ သဒ္ဓါစေတသိက်ကျတော့ သဒ္ဓိန္ဒြေ, သဒ္ဓါဗိုလ်, ၂-ခုရတယ်၊ ဝီရိယကျတော့ သမ္မာဝါယာမ, မိစ္ဆာဝါယာမဆိုတော့ မဂ္ဂင် ၂ ခု, ဣန္ဒြေကျတော့ ဝီရိယိန္ဒြေ, ဗိုလ်ကျတော့ ဝီရိယဗိုလ်, အဓိပတိကျတော့ ဝီရိယာဓိပတိ။

သတိမှာ မဂ္ဂင်ရယ်, သမ္မာသတိရယ်, ဣန္ဒြေက သတိန္ဒြေ, ဗိုလ်က သတိဗိုလ်၊ ဧကဂ္ဂတာက ၄-မည်ရတယ်, ဈာန်, မဂ္ဂင်က ၂ ခု (မိစ္ဆာသမာဓိနဲ့ သမ္မာသမာဓိ) ဣန္ဒြေက သမာဓိန္ဒြေ, ဗိုလ်က သမာဓိဗိုလ်။

ဝေဒနာမှာ ၂-မည်ရတယ်, ဈာန်, သောမနဿ, ဒေါမနဿ, ဥပေက္ခာဆိုတာ ၃-ခု၊ ဣန္ဒြေက ၅-ခု၊ သုခိန္ဒြေ, ဒုက္ခိန္ဒြေ, သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ။

ဟိရိ, ဩတ္တပ္ပ, အဟိရိက, အနောတ္တပ္ပ, ဒီ ၄-ခုက ဗိုလ်ဆိုတဲ့ နာမည်ပဲ ရတယ်၊ ဒါပါပဲ၊ အဲသလို ပညာက ၅-မည်ရတယ်၊ ဝီရိယက ၄-မည်ရတယ် စသည်ဖြင့် လျှောက်တွက်ပြီး သရုပ်ကျေအောင်ဆိုရင် အမျိုးမျိုး အပြန်ပြန်အလှန်လှန် တွက်ရတယ်။

[စာမျက်နှာ-226]
ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာန
ဒီနေ့ စက်တင်ဘာ ၁၈ ရက်၊ ၂-ပတ်ပျက်သွားတယ်၊ မနေ့က ရူပဝိဘာဂ ဇယားကွက်ကြည့်နေတုန်း အချိန်ကုန်သွားတာ၊

ရူပဝိဘာဂမှာ ရုပ်တွေအမျိုးမျိုးခွဲတာ၊ အဇ္ဈတ္တိကရုပ်ရယ် ဗာဟိရရုပ်ရယ် တစ်တွဲ၊ ဝတ္ထုရုပ်, အဝတ္ထုရုပ်တစ်တွဲ၊ ဒွါရရုပ်, အဒွါရရုပ်တစ်တွဲ၊ ဣန္ဒြိယရုပ်, အနိန္ဒြိယရုပ်တစ်တွဲ၊ ပြီးတော့ ဩဠာရိကရုပ်၊ သန္တိကေရုပ်, သပ္ပဋိဃရုပ်, သုခုမရုပ်, ဒူရေရုပ်, အပ္ပဋိဃရုပ် တစ်တွဲသွားခဲ့တယ်။

အဲဒီတော့ သပ္ပဋိဃရုပ်ဆိုတာ ထိခိုက်တတ်တဲ့ရုပ်၊ ထိခိုက်ခြင်းရှိတဲ့ရုပ်, ဩဠာရိကရုပ်နဲ့ အတူတူပဲ၊ အပ္ပဋိဃရုပ်ဆိုတာ မထိခိုက်တတ်တဲ့ရုပ်, သုခုမရုပ်နဲ့ အတူတူပဲ။

ဩဠာရိကရုပ် ၁၂-ပါးရှိတယ်၊ သုခုမရုပ် ၁၆-ခုရှိတယ်၊ ဒူရေရုပ်က ၁၆-ခု၊ အပ္ပဋိဃရုပ်ကလည်း ၁၆-ခုပဲ၊ ရှေ့ဆက်သွားကြစို့။

ဥပါဒိန္နရုပ်ဆိုတာ ကံရဲ့ အကျိုးဖြစ်တဲ့ရုပ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကို ဥပါဒိန္နလို့...

[စာမျက်နှာ-227] (လောကုတ္တရာ ၈) အဲဒီစိတ်တွေနဲ့ ယှဉ်တဲ့သတိလို့ဆိုလိုတယ်၊ တစ်နည်းအားဖြင့် အမြတ်ဆုံးယူမယ်ဆိုရင် လောကုတ္တရာစိတ် ၈-ခုမှာရှိတဲ့ သတိစေတသိက်။

ကောင်းပြီ, သတိပဋ္ဌာန် ၄-ပါးက ဘာတဲ့တုန်း၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်။

(၁) ကာယာနုပဿနာသတိပဋ္ဌာန်ဆိုတာ ရူပကာယ၌ (ဝါ) ကိုယ်၌ အဖန်ဖန်ရှုဆင်ခြင်ခြင်း၊ ကိုယ်ဆိုတာ မိမိရဲ့ ခန္ဓာကိုယ်ကြီးပေါ့၊ ခန္ဓာကိုယ် တစ်ခုလုံးဆိုလည်းရတယ်၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းဆိုရင်လည်းရတယ်၊ ခန္ဓာ ကိုယ်ရဲ့ လှုပ်ရှားသွားလာမှုတွေလည်း ရတယ်၊ သတိပဋ္ဌာန်သုတ် ဖတ်ဖူးရင် ဒါတွေ သိလိမ့်မယ်၊ ထွက်သက်ဝင်သက် ရှုတာလည်း ကာယာနုပဿနာ သတိပဋ္ဌာန်ပဲ၊ ဣရိယာပုတ် ထိုင်တယ်မှတ်တယ် ဆိုတာလည်း ကာယာနုပဿနာ သတိပဋ္ဌာန်ပဲ၊ သွားတယ် လာတယ် စားတယ်သောက်တယ် မှတ်တာလည်း ကာယာနုပဿနာ သတိပဋ္ဌာန်ပဲ၊ ဒီအပြင် အသုဘရှုတာလည်း ကာယာနုပဿနာ သတိပဋ္ဌာန်ပဲ၊ ကေသာလောမာ ရှုတာလည်း ကာယာနုပဿနာသတိပဋ္ဌာန်ပဲ စသည်ဖြင့် အများကြီး ရှိတယ်၊ ခန္ဓာကိုယ်မှာ ရှုတာ။

(၂) ဝေဒနာနုပဿနာကတော့ ဝေဒနာတို့၌ အဖန်ဖန်တလဲလဲရှုဆင်ခြင် ခြင်းတဲ့၊ ကောင်းတဲ့ဝေဒနာရှိတယ်၊ မကောင်းတဲ့ဝေဒနာရှိတယ်၊ အလယ်အလတ် ဝေဒနာရှိတယ်၊ အဲဒီဝေဒနာတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ကောင်းရင်လည်းကောင်းတဲ့ ဝေဒနာပေါ့၊ ဆိုးရင်လည်း ဆိုးတဲ့ဝေဒနာပေါ့၊ အလယ်အလတ်ဖြစ်ရင်လည်း အလယ်အလတ် ဝေဒနာကို သိမှတ်ရှုနေတာကို ဝေဒနာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်တယ်။

(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်က စိတ်ကိုရှုတာ၊ စာမှာလာတဲ့အတိုင်း ဆိုရင် “သရာဂစိတ် အစရှိသော” ဆိုတာ ရာဂနဲ့တကွဖြစ်တဲ့ စိတ်, ဒေါသနှင့်တကွ ဖြစ်တဲ့စိတ်, မောဟနဲ့တကွဖြစ်တဲ့စိတ် စသည်ဖြင့် မိမိသန္တာန်မှာ ရာဂဖြစ်နေရင်လည်း ငါ့စိတ်ဟာ ရာဂနှင့်တကွ ဖြစ်နေတယ်၊ ဒါကို သိအောင်ရှုတာ။ ဒေါသနှင့်တကွဖြစ်ရင် ဒေါသနဲ့တကွဖြစ်တယ်၊ မောဟနှင့်တကွဖြစ်ရင် မောဟနှင့်တကွ ဖြစ်တယ်စသည်ဖြင့် အဲသလိုရှုမှတ်တာကို စိတ္တာနုပဿနာ သတိပဋ္ဌာန်လို့ခေါ်တယ်။ ရိုးရိုးပြောရင်တော့စိတ်ကို ရှုမှတ်တာပေါ့လေ၊ စိတ်တွေ ပြေးသွားနေတာကို ရှုမှတ်ရင်လည်း စိတ္တာနုပဿနာ သတိပဋ္ဌာန်ပဲ၊ ဘာကြောင့်လဲ...

[စာမျက်နှာ-228] ဆိုတော့ ဝိက္ခိတ္တစိတ်ဆိုတာ ပျံ့လွင့်နေတဲ့စိတ်ပဲ။

(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန်ရဲ့ အဓိပ္ပါယ်က သညာသင်္ခါရဖြစ်သော နီဝရဏစသော တရားတို့ကို ထိုထိုဓမ္မဟုလည်းကောင်း, အနိစ္စဝိပဿနာအားဖြင့် လည်းကောင်း အဖန်တလဲလဲရှုဆင်ခြင်ခြင်းတဲ့။

ကာယာနုပဿနာသတိပဋ္ဌာန်က ရူပက္ခန္ဓာက ယူသွားပြီ၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်က ဝေဒနက္ခန္ဓာက ယူသွားပြီ, စိတ္တာနုပဿနာသတိပဋ္ဌာန်က ဝိညာဏက္ခန္ဓာက ယူသွားပြီဆိုတော့ ခန္ဓာ ၅-ပါးထဲမှာ ဘာကျန်တုန်း, သညာ, သင်္ခါရ ကျန်တယ်၊ အဲဒါကို ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကယူတယ်တဲ့။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်မှာ ဓမ္မအရ ဘာတွေယူတာလဲဆိုတာ သိချင်ရင် သတိပဋ္ဌာန်သုတ် ဖတ်မှပဲ သိမယ်, နီဝရဏ ၅-ပါး, ဥပါဒါနက္ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး စသည်ဖြင့်ပေါ့လေ၊ အဲဒီဟာတွေကို ဒီနေရာမှာ ဓမ္မလို့ခေါ်တယ်။ ပါဠိစကားဓမ္မဆိုတဲ့ စကားလုံးဟာ အလွန် အဓိပ္ပါယ်များတယ်၊ သူ့နေရာအလိုက် ကွဲပြားခြားနားတယ်၊ အဓိပ္ပါယ်မတူဘူး၊ ဟိုနေရာကျတော့ ဓမ္မရဲ့ အဓိပ္ပါယ်က တစ်မျိုး၊ ဒီနေရာကျတော့ ဓမ္မရဲ့ အဓိပ္ပါယ်က တစ်မျိုးနဲ့ ရှိတယ်၊ ဒါကို နားလည်ဖို့အရေးကြီးတယ်။

အဲဒီတော့ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုတာ (အမှန်ကတော့) နီဝရဏစတဲ့ တရားတွေကိုရှုတာ၊ ဒေါသဖြစ်ရင် ဒေါသ, ဒေါသလို့ရှုတယ်၊ လောဘဖြစ်ရင် လောဘ, လောဘလို့ရှုတယ်၊ ဒါကဓမ္မာနုပဿနာဖြစ်သွားပြီ၊ စိတ်ဆိုးတယ်, စိတ်ဆိုးတယ်ဆိုပြီးရှုတော့ စိတ်ကိုရှုတာဖြစ်လို့ စိတ္တာနုပဿနာဖြစ်လိမ့်မယ်။ တကယ်တရားထိုင်တဲ့အခါကျတော့ ငါဟာ စိတ္တာနုပဿနာ ရှုနေသလား၊ ဓမ္မာနုပဿနာရှုနေသလား စဉ်းစားနေစရာမလိုပါဘူး၊ မျက်မှောက်ပစ္စုပ္ပန် အခိုက် အတုံမှာ ထင်ရှားလာတဲ့တရားကို ရှုလိုက်ရင်သတိပဋ္ဌာန် တစ်ခုခုတော့ ဖြစ်သွားတာပဲ။

အဲဒီလို သတိပဋ္ဌာန် ၄-ပါးရှိတယ်၊ အဲဒီမှာ ကာယာနုပဿနာသတိပဋ္ဌာန်က အမှန်အတိုင်းကတော့ ခန္ဓာကိုယ်မှာ တင့်တယ်တယ်လို့ ယူဆတဲ့အယူအဆကို ပယ်စွန့်ဖို့ရာ, မတင့်တယ်ဘူးလို့ ရှုဖို့ရာ ပွားများရတာ။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်က ဘာလဲဆိုတော့ ချမ်းသာတယ်လို့ မှတ်တဲ့ အမှတ်ကို ပယ်ဖို့ရာ ဆင်းရဲတယ်လို့ အသိအမှတ်ဖြစ်ဖို့ရာ (ဝေဒနာနုပဿနာက) ရှုတာ။

စိတ္တာနုပဿနာကျတော့ မြဲတယ်ဆိုတာပျောက်အောင်ရှုတာ၊ စိတ္တာနုပဿနာကို မှတ်ကြည့်...

[စာမျက်နှာ-229] စိတ်ဟာ ဘယ်လောက်ကြာကြာခံသလဲ၊ ကိုယ်တိုင်ရှုမှတ် ကြည့်ရင်သိတယ်၊ စိတ်ကလေး တစ်ခုပြီးတစ်ခု ဖြစ်နေတာ၊ နောက်တစ်ခုပြီးတစ်ခု ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတာ၊ မြဲတယ်ဆိုတဲ့ သဘောတရား လက်ခံနိုင်စရာကို မရှိဘူး၊ ဒါကြောင့် စိတ္တာနုပဿနာသတိပဋ္ဌာန်က နိစ္စသညာလို့ခေါ်တယ်၊ မြဲတယ်ဆိုတဲ့ အမှတ်အသားကို ဖျောက်ပြီးတော့ မမြဲဘူးဆိုတဲ့ အမှတ်အသားရအောင် သူက လုပ်ပေးတယ်။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကျတော့ နီဝရဏစတဲ့ တရားတွေကို ရှုလိုက်တဲ့အခါ ကျတော့ ဒါတွေဟာ တရားသဘောမျှပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး၊ အတ္တဆိုတာ မရှိဘူးလို့ဒီလိုမြင်လာတယ်၊ ဒါကြောင့်မို့ဓမ္မာနုပဿနာက အတ္တအစွဲအလမ်း, အတ္တလို့ ထင်မှတ်မှားမှုကိုပယ်ပြီးတော့ အနတ္တလို့ သိမှတ်ခြင်းကို ဖြစ်စေတယ်၊ အဲသလို သူ့ကိစ္စနဲ့သူ၊ သူ့ပယ်တာနဲ့သူ ၄-မျိုးရှိတယ်၊ ဝိပလ္လာသ ၄-ပါးလို့ခေါ်တယ်။

တင့်တယ်တယ်လို့ မှတ်တာ၊ ချမ်းသာတယ်လို့မှတ်တာ၊ မြဲတယ်လို့မှတ်တာ၊ အတ္တလို့မှတ်တာ၊ အဲဒါကို ဝိပလ္လာသ ၄-ပါး၊ ဖောက်ဖောက်ပြန်ပြန် ယူဆတဲ့သဘောမျိုး၊ အဲဒါတွေကို ပြောင်းပြန်လှန်ပြီးတော့ မတင့်တယ်ဘူး၊ ဆင်းရဲတယ်၊ မမြဲဘူး၊ အတ္တမဟုတ်ဘူးလို့ယူတာ၊ အဲသလိုမြင်အောင်ရှုတာ၊ အဲဒါကို ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ဒီလိုခေါ်တယ်။

သတိတစ်ခုထဲဖြစ်ပေမယ်လို့ အာရုံက ၄-မျိုးရှိတယ်၊ သူတို့ရှုတဲ့အခြင်းအရာက ၄-မျိုးရှိတယ်၊ သူတို့ပယ်တဲ့ အမှတ်သညာက ၄-မျိုးရှိတယ်၊ ဒါကြောင့်မို့ သတိပဋ္ဌာန် ၄-ပါးဖြစ်သည်တဲ့။

သမ္မပ္ပဓာန်တဲ့, သမ္မပ္ပဓာန်ဆိုတာ ဝီရိယကိုခေါ်တာ၊ အဲဒီ သမ္မပ္ပဓာန်က ဘယ်လောက်ထိအောင် ခိုင်ခိုင်မြဲမြဲ ဆောက်တည်ရမှာလဲဆိုတော့ “အကြောအခြင် အရိုးအရေကြွင်းစေ, အသွေးအသား ကုန်ခန်းစေ, အသက်ပင်သေစေဟူ၍ ရဲရဲဝံ့ဝံ့ ဆိုခဲ့ပြီးသော စိတ် ၄၂-ခု၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ရှိသော ဝီရိယ စေတသိက်သည် သမ္မပ္ပဓာန်မည်၏”

ဒါက ကျမ်းစာတစ်ခုရဲ့ အလိုပေါ့လေ၊ တောင်မြို့ဆရာတော် အရှင်ဇနကာ ဘိဝံသကတော့ ကုသိုလ်စိတ်မှာရှိတဲ့ ဝီရိယကိုသာ သမ္မပ္ပဓာန်လို့ခေါ်ရမယ်တဲ့။ ကြိယာစိတ်နဲ့ မဆိုင်ဘူးတဲ့၊ ဒါဟာ နောက်တော့ ထင်ရှားလိမ့်မယ်။

သမ္မပ္ပဓာန် ၄-ပါးက (၁) ဥပ္ပန္နာနံ ပါပကာနံ ဓမ္မာနံ ပဟာနာယ ဝါယာမော, ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်မှု၊ ဒါလည်းဝီရိယပဲ။

[စာမျက်နှာ-230] (၂) အနုပ္ပန္နာနံ ပါပကာနံ ဓမ္မာနံ အနုပ္ပါဒါယ ဝါယာမော, မဖြစ်သေးတဲ့ အကုသိုလ် တရားတွေကို မဖြစ်အောင် အားထုတ်မှု၊

(၃) အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဝါယာမော, မဖြစ်သေးတဲ့ ကုသိုလ် တရားတွေဖြစ်အောင် အားထုတ်တာ။

(၄) ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဘိယျောဘာဝါယ ဝါယာမော, ဖြစ်ပြီးတဲ့ ကုသိုလ် တရားတွေ ပွားများအောင်လုပ်တာ၊ အဲသလို ၄-မျိုးရှိတဲ့အတွက်ကြောင့် သမ္မပ္ပဓာန် ၄-မျိုးပြားတယ်။

ဒီနေရာမှာ ဖြစ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်ခြင်းငှာ အားထုတ်မှု ဝီရိယဆိုတော့ ဘယ်လိုလုပ်ပြီး ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်မလဲ၊ ခပ်လွယ်လွယ် ပြောကြစို့၊ မနေ့က အကုသိုလ်တစ်ခုပြုခဲ့ပြီ၊ အဲဒီအကုသိုလ်က ကံမဟုတ်လား၊ အဲဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်ပြီးအကုသိုလ်ကိုပယ်မှာလဲ၊ အကုသိုလ်က မရှိတော့ဘူးလေ၊ ချုပ်သွားပြီပဲ။

အမှန်ကတော့ ဖြစ်ပြီးအကုသိုလ်ကိုပယ်တယ်ဆိုတာ အဲဒီအကုသိုလ်ရဲ့ အကျိုးမပေးနိုင်အောင်လုပ်တာကို ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်တယ်လို့ ဆိုရတယ်။ အကုသိုလ်က ကံဖြစ်နေတော့ ကံကအကျိုးပေးမှာပေါ့။ သို့သော် ဒီလို အားထုတ် လိုက်လို့ ရဟန္တာဖြစ်သွားတဲ့အခါကျတော့ အဲဒီ အကုသိုလ်ကံက အကျိုးပေးရန် အခွင့်မရှိတော့ဘူးလေ၊ ဘာကြောင့်လဲဆိုတော့ ရဟန္တာဆိုတာက ဒီဘဝပြီးရင် ဘဝက ပြတ်သွားပြီကိုး။

နောက်တစ်ခုကတော့ ရှေးကပြုခဲ့ဖူးတဲ့ အကုသိုလ်ရယ်၊ အဲဒီအကုသိုလ်နဲ့တူတဲ့ မပြုဖူးသေးတဲ့ အကုသိုလ်ကိုလည်းဖြစ်ပြီးသော အကုသိုလ်လို့ပဲဆိုရတယ်၊ နောက်တုန်းက ပါဏာတိပါတ ပြုခဲ့ဖူးတယ်၊ ဒါက ဖြစ်ပြီး အကုသိုလ်ပေါ့၊ ပါဏာတိပါတဟာ နောက်ထပ်လည်း ကိုယ်ကပြုချင်ပြုဦးမယ်လေ၊ အဲဒီလို နောက်ထပ်ပြုမယ့် ပါဏာတိပါတမျိုးလည်းဖြစ်ပြီး အကုသိုလ်လို့ပဲ ဆိုရတယ်။

အဲဒီတော့ ဖြစ်ပြီး အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ဘာလုပ်သင့်သလဲ။ အဲဒါ အရေးကြီးတယ်၊ ဖြစ်ပြီး အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ နောင်တတရား ရနေမယ်, စိတ်ညစ်နေမယ်၊ ဒီလိုနေရမှာလား၊ မြတ်စွာဘုရားဟောထားတာ သုတ်တစ်သုတ်မှာရှိတယ်။

ဆိုပါတော့, “ငါဟာ ပါဏာတိပါတ ကျူးလွန်ခဲ့မိတယ်၊ ပါဏာတိပါတဟာ ကောင်းတာမဟုတ်ဘူး၊ အဲသလို တွေးပြီးတော့ စိတ်ဆင်းရဲနေမယ်ဆိုရင် ငါ့မှာ...

[စာမျက်နှာ-231] အကုသိုလ်ပဲတိုးပွားမယ်၊ ပြုပြီးသားအကုသိုလ်ကို ဖျက်ဆီးလို့ မရတော့ဘူး၊ ပြုပြီးသား အကုသိုလ်ဟာ ဒီလိုနောင်တရနေလို့ ပျက်သွားမှာလည်းမဟုတ်ဘူး၊ နောင်တရတဲ့ အတွက်ကြောင့် ပြုပြီးသား အကုသိုလ်ကို ပြန်ပြီး သတိရနေတဲ့ အတွက်ကြောင့် ကိုယ့်မှာ ထပ်ပြီး အကုသိုလ်သာပွားတယ်။

ဒါကြောင့်မို့ ဖြစ်ပြီးသား အကုသိုလ်နဲ့ ပတ်သက်လာရင် မေ့နိုင်အောင် ကြိုးစားရမယ်၊ သူ့ကို နှလုံးမသွင်းနဲ့၊ အာရုံမပြုနဲ့၊ သတိမရနဲ့၊ ပြီးတော့နောက်လည်းပဲ ဒီအကုသိုလ်မျိုး မလုပ်နဲ့၊ ကုသိုလ်တွေ ပွားများ၊ အဲသလိုနည်းနဲ့ ဖြစ်ပြီး အကုသိုလ်တွေကို ပယ်ရမယ်။

တကယ်ကတော့ ဖြစ်ပြီးသား အကုသိုလ်ဆိုတာ ဖြစ်ပြီး ချုပ်သွားတာပါပဲ။ ဒါပေမယ်လို့ သူနဲ့တူတဲ့ အကုသိုလ်လည်း မဖြစ်အောင်၊ နောက်ထပ်သူနဲ့ ပတ်သက်ပြီး အကုသိုလ် မပွားအောင် လုပ်ရမယ်၊ ဖြစ်ပြီး အကုသိုလ် ပယ်ဖို့ဆိုတာ အဲသလို ဆိုလိုတယ်။

မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင် ဒါနပြုတယ်၊ သီလ ဆောက်တည်တယ်၊ ကမ္မဋ္ဌာန်းထိုင်တယ် စသည်ဖြင့်ပေါ့လေ၊ အကြောင်းတိုက်ဆိုင် လာတဲ့အခါမှာ ဖြစ်ပေါ်မယ့် အကုသိုလ်တွေရှိတယ်၊ အဲဒီအကုသိုလ်တွေမဖြစ်အောင် ကာကွယ်စောင့်ရှောက်တာ၊ ဒါကို မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်တာလို့ ခေါ်တယ်။

ဒါဟာ ဝီရိယရှိမှနော်၊ ဝီရိယ မရှိတဲ့လူဟာ ဒါလုပ်ဖို့ မတတ်နိုင်ဘူး၊ အကုသိုလ်ကို ကိုယ်က resist မလုပ်နိုင်ဘူးပေါ့၊ အဲဒီမှာ စိတ်ဓာတ်အားလိုတာ၊ ဝီရိယဆိုတာ အမှန်တော့ စိတ်ဓာတ်အားပေါ့။

မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်မှု၊ ဒါကတော့ မလုပ်ဖူးသေးတဲ့ ကုသိုလ်တွေလုပ်ပေါ့၊ ဝိပဿနာမထိုင်ဖူးသေးရင် ထိုင်၊ မဂ်ကုသိုလ် မဖြစ်ဖူးသေးဘူး၊ ဖြစ်အောင်လုပ်၊ အဲဒါက မဖြစ်ဖူးသေးတဲ့ ကုသိုလ်တရားတွေဖြစ်အောင် ကြိုးစားအားထုတ်မှုပဲ။

ဖြစ်ပြီးတဲ့ ကုသိုလ်တရားတွေကို ပွားများစေဖို့ဆိုတာ နောက်တုန်းက လုပ်ဖူးတဲ့ ကုသိုလ်တွေထပ်ပွားတာ၊ ဝိပဿနာ တစ်ခါထိုင်ဖူးတာပဲ၊ တော်ပါပြီဆိုပြီး ဒီလိုမနေနဲ့၊ နောက်တစ်ခါ ထပ်ပွား ထပ်ပွားပေါ့၊ အဲသလို အမျိုးမျိုး အထပ်ထပ် ပွားအောင် လုပ်ရမယ်တဲ့၊ ဒါဟာ ဝီရိယ ၄-မျိုး၊ သမ္မပ္ပဓာန် ၄-ပါးတဲ့။

ကောင်းပြီ၊ ဒီ သမ္မပ္ပဓာန် ၄-ပါးကို ကြည့်လိုက်တဲ့အခါမှာ ကုသိုလ်၊

[စာမျက်နှာ-232] အကုသိုလ်နဲ့ ဆိုင်နေတယ် မဟုတ်လား၊ ကုသိုလ်၊ အကုသိုလ်နဲ့ ဆိုင်နေရင် ဒီဝီရိယဟာ ရဟန္တာအတွက် ဟုတ်ပါ့မလား၊ ရဟန္တာက သူ့ကိစ္စပြီးပြီးသား၊ ပြုပြီးသား အကုသိုလ် ပယ်စရာ မလိုဘူး၊ ပယ်ကိုပြီးနေပြီ၊ ပယ်ဖို့ကြိုးစားစရာတောင် မလိုတော့ဘူး၊ ကုသိုလ်ဖြစ်အောင် ကြိုးစားစရာလည်း မလိုဘူး၊ ကုသိုလ်မဖြစ်ဘူး၊ ရဟန္တာမှာ ကြိယာသာဖြစ်တယ်။

ဒါကြောင့်မို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ် ၂၁-ခုမှာရှိတဲ့ ဝီရိယကိုသာ သမ္မပ္ပဓာန်အရကောက်ပါတဲ့၊ အထက်က သတိပဋ္ဌာန်တို့လို မဟာကုသိုလ် မဟာကြိယာ အပ္ပနာဇော အဲဒီမှာရှိတဲ့ သတိကောက် သလို ဒီမှာ မကောက်ပါနဲ့လို့ အဲသလိုမှာတယ်၊ ရဟန္တာအတွက် ဒါတွေမလိုဘူး၊ ဒါဟာ သမ္မပ္ပဓာန် ၄-ပါး။

ဣဒ္ဓိပါဒ်

ဣဒ္ဓိပါဒ်တဲ့ “ဈာန်မဂ်ဖိုလ်ရအောင် အားထုတ်သဖြင့် ထိုဈာန်မဂ်ဖိုလ်များ ထမြောက်လာမှု ပြီးစီးပြည့်စုံမှုကို (ဈာန်မဂ်ဖိုလ်ရမှု)ကို ဣဒ္ဓိဟုခေါ်၏” ဒီနေရာမှာ ဣဒ္ဓိဟာ ဖော်ပြခဲ့တဲ့အဓိပ္ပါယ်ပဲ၊ သာမညအားဖြင့်ဆိုရင် ဣဒ္ဓိကိုတန်ခိုးလို့ခေါ်ကြတယ်။ ဒီနေရာမှာ တန်ခိုးဆိုပေမယ်လို့ ဈာန်တို့ မဂ်၊ ဖိုလ်တို့ကိုခေါ်တယ်။

“ထိုဈာန် မဂ်ဖိုလ်ကိုရဖို့ရန် အခြေခံဖြစ်သော ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဟူသော အဓိပတိတရား ၄-ပါးတို့သည် ဣဒ္ဓိပါဒ်မည်၏” အဓိပတိ ၄-ပါးကို လွန်ခဲ့တဲ့အပတ်တုန်းက ပြောခဲ့ပြီ၊ အဲဒီအဓိပတိ ၄-ပါးကိုပဲ ဒီနေရာမှာ ဣဒ္ဓိပါဒ လို့ခေါ်တယ်၊ ဣဒ္ဓိရဲ့ အခြေခံ။

ဣဒ္ဓိပါဒ် ၄-ပါးက၊ ဆန္ဒိဒ္ဓိပါဒ်-ဆန္ဒပေါ့၊ ဝီရိယိဒ္ဓိပါဒ်-ဝီရိယစေတသိက်ပေါ့။ စိတ္တဒ္ဓိပါဒ်ဆိုရင် စိတ်၊ ဝီမံသိဒ္ဓိပါဒ်ဆိုရင် ပညာ။

ဒီမှာလည်းပဲ မဟာဂန္ဓာရုံဆရာတော်က ကုသိုလ်စိတ်မှာရှိတဲ့ ဆန္ဒ၊ ဝီရိယ၊ ကုသိုလ်စိတ်ရယ်၊ ပညာစေတသိက်ရယ်ကို ဣဒ္ဓိပါဒ် အရကောက်ပါတဲ့၊ ဘာကြောင့်လဲဆိုတော့ ဈာန်မဂ်ဖိုလ်ရအောင် အားထုတ်သဖြင့် ဈာန်မဂ်ဖိုလ်ရဖို့ရန် အခြေခံ၊ ရဟန္တာက ဈာန်မဂ်ဖိုလ်ရဖို့ရန် လုပ်စရာမလိုတော့ဘူး၊ လုပ်ပြီးနေပြီလေ၊ ဒါကြောင့် သူနဲ့မဆိုင်တော့ဘူး။

ဒါကြောင့်မို့ လောကုတ္တရာစိတ် ၈-ခုမဟုတ်ဘဲနဲ့ ကုသိုလ်စိတ် ၂၁-ခု၌ရှိသော ဆန္ဒစေတသိက်၊ ကုသိုလ်စိတ် ၂၁-ခု၌ရှိသော ဝီရိယစေတသိက်၊ စိတ္တဒ္ဓိပါဒ်အရ ကျတော့ ကုသိုလ်စိတ် ၂၁-ခု၊ ဝီမံသိဒ္ဓိပါဒ်ကျတော့ ကုသိုလ်စိတ် ၂၁-ခု၌ရှိသော ပညာစေတသိက်လို့ အဲသလို မှတ်ထား။

[စာမျက်နှာ-233] လောကုတ္တရာစိတ် ၈-ခုမှာရှိတဲ့ ဆန္ဒစေတသိက်ကို ဆန္ဒိဒ္ဓိပါဒ်လို့ခေါ်ရင် ပုထုဇဉ်မှာ ဆန္ဒိဒ္ဓိပါဒ် မရနိုင်တော့ဘူး၊ အမှန်တော့ ပုထုဇဉ်မှာလည်း ဆန္ဒိဒ္ဓိပါဒ် ဝီရိယိဒ္ဓိပါဒ် ဖြစ်တာပဲ၊ ဒါကြောင့်မို့ ကုသိုလ်စိတ်မှာရှိတဲ့ ဆန္ဒစေတသိက်စသည်ကို ဆန္ဒိဒ္ဓိပါဒ် စသည်ကောက်ပါတဲ့၊ အဓိပတိတတ်မှ ပြီးစီးမှုရဲ့ အခြေခံဖြစ်တာကိုး၊ ဒါကြောင့် အဓိပတိတတ်တဲ့ ၄-ပါးကိုပဲ ဣဒ္ဓိပါဒ် ၄-ပါးလို့ခေါ်တယ်။

ဣန္ဒြေ ၅-ပါး

ဣန္ဒြေ ၅-ပါးတဲ့၊ မိဿက သင်္ဂဟမှာတုန်းက ဣန္ဒြေ ၂၂-ပါးတွေ့ခဲ့ပြီ။ အဲဒီ ဣန္ဒြေ ၂၂-ပါးထဲက ဣန္ဒြေ ၅-ပါးထုတ်မယ်၊ ဒီဣန္ဒြေ ၅-ပါးက ဗောဓိပက္ခိယ၊ အရိယာမဂ်ဉာဏ်ကိုရခြင်းရဲ့ အကြောင်းဖြစ်လို့ပေါ့၊ အရိယာမဂ်ဉာဏ်ရဲ့ အသင်းအပင်း ဖြစ်လို့ဆိုပြီးတော့ ဒီ ၅-ခုကိုပဲ ဗောဓိပက္ခိယသင်္ဂဟမှာ ထုတ်တယ်။

(၁) သဒ္ဓိန္ဒြေ (၂) ဝီရိယိန္ဒြေ (၃) သတိန္ဒြေ (၄) သမာဓိန္ဒြေ (၅) ပညိန္ဒြေ

ဒီမှာလည်း သဒ္ဓါအရ စိတ် ၄၂-ခု၌ရှိသော သဒ္ဓါ စေတသိက်၊ ဝီရိယ စေတသိက်၊ သတိစေတသိက်၊ ဧကဂ္ဂတာစေတသိက်၊ အမောဟစေတသိက် (သို့မဟုတ်) ပညာစေတသိက်။

ဗိုလ် ၅-ပါးလည်းဒါပဲ၊ မထူးပါဘူး၊ သူ့ကိစ္စမှာ ဣန္ဒြေက အစိုးရတယ်၊ ဗိုလ်က ကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နာမည် ၂-မျိုးပေးထားတာ၊ လူတစ်ယောက်တည်းကို နာမည် ၂-မျိုး ၃-မျိုးပေးထားသလိုပေါ့၊ အိမ်မှာနေတော့ အိမ်ထောင်ရှင် ယောက်ျား၊ အလုပ်သွားတော့ အရာရှိ၊ အခုလို class လာတက်တော့ ကျောင်းသားပေါ့၊ အဲသလိုပဲ တရားတစ်ခုတည်းကိုပဲ အစိုးရတဲ့အနေနဲ့ပြောရင် သဒ္ဓိန္ဒြေ၊ ဆန့်ကျင်ဘက်တရားတွေလာတဲ့အခါမှာ ကြံ့ကြံ့ခံနိုင်တယ်၊ အဲဒီသဘော ကိုကြည့်ပြီးပြောရင် သဒ္ဓါဗိုလ် စသည်ဖြင့် သွားပေါ့။

တရားအားထုတ်တဲ့သူတွေအဖို့ ဣန္ဒြေ ၅-ပါးကို သိဖို့လိုပြီး အရေးကြီးတယ်။ ဣန္ဒြေ ၅-ပါးဟာ အညီအမျှ အလုပ်လုပ်နေမှ တရားတိုးတက်တယ်၊ ဣန္ဒြေ ၅-ပါးထဲက တစ်ပါးပါးက လွန်သွားရင် တရားပျက်တယ်ခေါ်ရတယ်၊ သမာဓိပျက်သွားတယ်၊ တရားထိုင်လို့ မကောင်းတော့ဘူး ဖြစ်သွားတယ်၊ ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးကို မျှအောင်ထိန်းဖို့ အရေးကြီးတယ်။

အထူးသဖြင့် အရေးကြီးတာကတော့ ဝီရိယနဲ့ သမာဓိပဲ၊ ဒီ ၂-ခုက ပိုပြီး အရေးကြီးတယ်၊ သဒ္ဓါကတော့ နဂိုကရှိခဲ့ပြီးသား တရားအားထုတ်နေပြီကိုး၊ တရားအားမထုတ်ဘဲနဲ့ အပြင်မှာနေတဲ့အခါကျတော့ သဒ္ဓါနဲ့ ပညိန္ဒြေမျှဖို့ အရေးကြီးတယ်၊ သဒ္ဓါတရား သိပ်ထက်သန်ပြီးတော့ ပညာနည်းရင် တွေ့ကရာ

[စာမျက်နှာ-234] ယုံတတ်တယ်၊ ဟိုကပြောရင်ယုံ ဒီကပြောရင် ယုံနဲ့ အလိမ်အညာခံရတတ်တယ် (သဒ္ဓါလွန်ရင်)။

ပညာလွန်ရင် စဉ်းလဲတတ်တယ်၊ သိပ်ပညာတတ်လာရင် ဟိုကပ် ဒီကပ်နဲ့ မဟုတ်တရုတ်တွေ လုပ်လာတတ်တယ်၊ ဒါကြောင့်မို့ သဒ္ဓါနဲ့ ပညာမျှရမယ်။

ပညာလွန်တာနဲ့ ပတ်သက်ပြီး ကျမ်းဂန်မှာ ပြောထားတာကတော့ ဒါနဆိုတဲ့ ပုဒ်ကို ကျကျနန define လုပ်တဲ့အခါကျတော့ စေတနာကို ဒါနခေါ်တယ်။ လှူတယ်ဆိုတာ စေတနာကိုခေါ်တာ၊ အဲဒီတော့ စာသိပ်တတ်တဲ့ ပုဂ္ဂိုလ်က ဘာပြောသလဲဆိုရင် စေတနာလေးဖြစ်နေရင် ဒါနဖြစ်နေတာပဲကွာ၊ စိတ်ထဲမှာ စေတနာရှိနေရင် မလှူလည်းကိစ္စမရှိဘူး၊ လှူဖို့မလိုဘူး၊ စေတနာဖြစ်ရင် ဒါနဖြစ်တာပဲ။ အဲသလို မတော်တရော် ပြောတတ်တယ်။

တကယ်ကတော့ ပစ္စည်းတစ်ခု မပေးဘဲနဲ့ ပေးတဲ့ စေတနာ ဘယ်လိုလုပ် ဖြစ်မှာလဲ၊ ဒါနကို အတိအကျ အရကောက်ရင် စေတနာကို ကောက်ရတာမှန်တယ်၊ ဒါပေမယ်လို့ အဲဒီစေတနာဟာ ပစ္စည်းတစ်ခုပေးမှ ပေးတဲ့စေတနာ ဖြစ်တော့မှာပေါ့။ စာသိပ်တတ်တော့ အဲသလိုဖြစ်တတ်တယ်၊ အခုခေတ် လူတွေလည်းပဲ တချို့လူတွေ ပညာလွန်တဲ့လူတွေရှိတယ်။

ပရိတ်ရွတ်တာ ဘုရားဟောထားတာမှဟုတ်ရဲ့လား၊ ရေစက်ချတာရော ဟုတ်မှဟုတ်ရဲ့လား၊ အဲသလိုဟိုဟာဝေဖန် ဒီဟာဝေဖန်နဲ့ အဲဒီလို လူတွေဟာ အဲဒါနဲ့ ပတ်သက်တဲ့ ကုသိုလ် (သူတို့မှာ) မရဘူးဖြစ်ကုန်တယ်။

ဝေဖန်ရင်မလုပ်ချင်တော့ဘူး၊ မလုပ်ရင် ကုသိုလ်မရဘူး၊ အဲဒီတော့ ချင့်ချိန်ပြီး ဒါလုပ်ရင် ကုသိုလ်ဖြစ်သလား၊ အကုသိုလ်ဖြစ်သလား ကြည့်ပေါ့၊ မကောင်းတာ ဖြစ်တယ် အကုသိုလ်ဖြစ်တယ်ဆိုရင် မလုပ်နဲ့ပေါ့။

တချို့တွေပြောလေ့ရှိတယ်၊ ရေစက်ချဖို့မလိုပါဘူးတဲ့၊ မှန်ပါတယ်၊ ပစ္စည်း တစ်ခုကို လှူလိုက်တဲ့အခါ ဒီအတိုင်းပေးလိုက်လဲ အလှူမြောက်တာပါပဲ၊ ရေစက်ချမှ အလှူမြောက်တာ မဟုတ်ဘူး၊ ဒါတော့မှန်တယ်။

ဒါပေမယ့် ရေစက်ချတာ အပြစ်ရှိသလား၊ ရေစက်ချတဲ့အတွက် အကုသိုလ် ဖြစ်သလား၊ ရေစက်ချတဲ့အတွက် အကျိုးကျေးဇူးမဲ့သလား။

တချို့လူတွေက အဲသလို ပြောတတ်တယ်၊ ဆရာတော်ကြီးတွေကတော့ သဘောမှန်ကို ဟောပြောသွားတာမျိုး ဖြစ်နိုင်တယ်၊ ရေစက်ချဖို့ မလိုပါဘူးကွာ စသည်ဖြင့် ပြောတယ်။

[စာမျက်နှာ-235] ဒါပေမယ့် ဆရာတော်တွေပြောတာက သူတို့အသိနဲ့ သူတို့အမှန်အကန် ပြောတာ၊ ကျန်ရစ်တဲ့ တပည့်တွေက ဆရာတော်ရဲ့ အာဘော်ကို အကုန်မသိဘဲ အဖျားဆွတ် စကားကိုယူပြီး ရေစက်ချဖို့ မလိုဘူးတဲ့ဟေ့၊ ရေစက်ချတာ အလကားပဲ။ အဲသလိုလုပ်တဲ့သူတွေရှိတယ်။

အဲဒီတော့ ရေတစ်စက်တစ်စက်ချမှ အလှူမြောက်တာ မဟုတ်ဘူး၊ ဆိုတာ တကယ်မှန်တယ်၊ ပေးတာဟာ လှူတာပဲပေါ့၊ ပေးပြီးရင် ပြီးတာပဲပေါ့။

ရေစက်ချတယ်ဆိုတာ ဆုတောင်းတယ်၊ အမျှဝေတယ်၊ အမျှဝေတယ်ဆိုတာ ဒါနတစ်ခု ထပ်လုပ်တာ၊ ဘုံပိုင်းတုန်းက ပတ္တိဒါနဆိုတာကို ပြောခဲ့ပြီ။

အဲဒါကြောင့်မို့ ရေစက်ချသဖြင့် ကုသိုလ်ပိုရတယ်၊ ကိုယ်ရထားပြီးသား ကုသိုလ် သူများကို အမျှပေးတယ်၊ အမျှယူတော် မူကြပါဆိုလိုက်တဲ့ အတွက်ကြောင့် ဒါနကုသိုလ်တစ်ခါ ထပ်ရတဲ့အတွက်ကြောင့် ကုသိုလ်တိုးတယ်ပေါ့။

အဲဒါကြောင့်မို့ ဝေဖန်တာလွန်ရင် ကိုယ်ရသင့်ရထိုက်တဲ့ကုသိုလ်ကို မရဘဲ ရှိတတ်တယ်၊ ဒါကို အလွန်သတိထားရမယ်။

ပရိတ်ရွတ်တယ်၊ နာတယ်၊ ပရိတ်ရွတ်နေ နာနေတဲ့အချိန်မှာ ကိုယ့်မှာ ကုသိုလ်စိတ်ဖြစ်နေသလား၊ အကုသိုလ်စိတ်ဖြစ်နေသလား စဉ်းစားကြည့်ပေါ့။ အကုသိုလ်စိတ်ဖြစ်နေတယ်ဆိုရင် မလုပ်သင့်ဘူးပေါ့၊ ကုသိုလ်စိတ် ဖြစ်နေတယ်ဆိုရင် မလုပ်သင့်စရာ အကြောင်း မရှိဘူး၊ အဲသလို မျှတစဉ်းစားတွေးခေါ်ရမယ်၊ ပညာ မလွန်စေရဘူးလို့ဆိုတယ်၊ သဒ္ဓါတရားက တစ်ဖက်က ပြန်ထိန်းထားရတယ်။

ပြီးတော့ ဝီရိယနဲ့ သမာဓိမျှရမယ်၊ ဒါဟာ တရားအားထုတ်တဲ့အခါမှာ အလွန်အရေးကြီးတယ်၊ ဝီရိယလွန်သွားရင် ဥဒ္ဓစ္စ၊ စိတ်ပျံ့လွင့်သွားတယ်၊ ဒီကိစ္စဟာ balance ဖြစ်နေမှ တရားမှန်မှန်လေး အားထုတ်လို့ကောင်းတာ၊ အဲဒီအခါမှာ ကိုယ်က လောဘ ဝင်လာပြီးတော့ ပိုကောင်းချင်တာ၊ တရားမှတ်လို့ သိပ်ကောင်းနေတာပဲဆိုပြီး ပိုပြီး စိတ်က ဝီရိယတိုးလိုက်တယ်၊ အဲသလိုတိုးလိုက်တဲ့အချိန်မှာ ကောင်းတာလေးပျောက်တာပဲ။ အဲဒါဟာ ဝီရိယလွန်တာ။

ဝီရိယလွန်လာရင် စိတ်ဥဒ္ဓစ္စဖြစ်တယ်၊ စိတ်ဟာ အာရုံနဲ့ စွဲကပ်မှု မရှိဘူး၊ စိတ်နဲ့ အာရုံ ကွာတာတာ ဖြစ်လာတယ်၊ ဝီရိယမလွန်စေရဘူး၊ ဝီရိယလွန်ရင် ဥဒ္ဓစ္စဖြစ်တယ်၊ ဝီရိယနည်းရင် ထိနမိဒ္ဓဝင်တယ်၊ ပျင်းလာတာပေါ့။

သမာဓိလွန်တဲ့အခါကျတော့ အပျင်းရောက်သွားတယ်၊ ဝီရိယလျော့သွားပြီး သမာဓိများသွားတဲ့အခါကျတော့ အားမထုတ်ချင်တဲ့ သဘောဘက်ရောက်သွားတယ်၊

[စာမျက်နှာ-236] အဲဒါ ဘယ်အခါမျိုးဖြစ်တတ်သလဲဆိုရင် တရားမှတ်လို့ အလေ့အကျင့်လေးရလာတော့ လွယ်လာပြီ၊ လွယ်လာတော့ ဝီရိယ လျော့သွားပြီ၊ သမာဓိပိုသွားတယ်၊ အဲဒီအခါမျိုး ကျတော့ အိပ်ချင်တာမဟုတ်ဘဲနဲ့ ငိုက်ငိုက်ကျတာမျိုးတွေ ဖြစ်တယ်၊ ပြီးတော့ ပျင်းရိမှုတွေ ဝင်လာတတ်တယ်၊ အဲဒါကြောင့်မို့ သမာဓိပိုလာရင်လည်း အဲသလို ဖြစ်တတ်တယ်၊ အဲဒါ သတိထားရမယ်။

ဝီရိယပိုနေရင် ဝီရိယကိုလျှော့ပေးရမယ်၊ သမာဓိပိုနေရင် သမာဓိကိုလျှော့ပေးရမယ်။

အဲဒီတော့ ဝီရိယလိုနေပြီ၊ ဝီရိယကို တိုးပေး၊ ပိုဂရုစိုက်ပြီး တရားကိုမှတ်ပေး၊ မှတ်စရာတိုးပြီး မှတ်ပေး၊ ဖောင်းတယ် ပိန်တယ်မှတ်ရာကနေပြီး ထိုင်တယ်ဆိုတာ ထည့်မှတ်တယ်၊ ဒီ ၃-ခုတင် အားမရသေးဘူး၊ ထိတယ်ပါ ထည့်မှတ်တယ် စသည်ဖြင့် စိတ်ကို အလုပ်တိုးပေးလိုက်တဲ့အခါကျတော့ စိတ်က ပြန်ပြီးတည်ငြိမ်သွားတယ်၊ အဲသလို ဝီရိယနဲ့ သမာဓိမျှအောင် လုပ်ရတယ်။

ရှေးတုန်းက သောဏဆိုတဲ့ သူဌေးသားတစ်ယောက်ရှိတယ်၊ သူက အလွန် သိမ်မွေ့နူးညံ့တယ်၊ ခြေဖဝါးမှာတောင် အမွေးပေါက်တယ်၊ နောင်တစ်နေ့ကျတော့ သူကမြတ်စွာဘုရားရဲ့ တရားကိုနာပြီး ရဟန်းဝတ်တယ်၊ ရဟန်းဖြစ်တဲ့အခါကျတော့ သူက စဉ်းစားတယ်။

ငါဟာ သူဌေးသား ဘဝကလာခဲ့တာ (ဘော်ကြော့နေလာခဲ့တယ်ဆိုကြပါစို့) ရဟန်းဖြစ်လာရင်တော့ ဘော်ကြော့နေလို့မရဘူး၊ ကြိုးကြိုးစားစား အားထုတ်မှ ဖြစ်မယ်ဆိုပြီးတော့ ညဘက်ပါ စင်္ကြံလျှောက်ပြီးတော့ တရားအားထုတ်တာ။

စင်္ကြံလျှောက်ပြီး တရားအားထုတ်တာ ဘယ်လောက်တောင် အားထုတ် သလဲဆိုရင် ခြေထောက်တွေ ပေါက်ပြဲကုန်ရော၊ နဂိုက နူးညံ့တဲ့ ပုဂ္ဂိုလ်ဆိုတော့ ခြေထောက်တွေပေါက်ကုန် သွေးထွက်ကုန်ရော၊ အဲသလို အားထုတ်တာတောင် တရားမရတော့ သူ စိတ်ပျက်ပြီး ထိုင်ပြီး စဉ်းစားတယ်။

“ဒီလောက်အားထုတ်တာတောင် ငါ့မှာဘာမှဖြစ်မလာဘူး၊ ငါ့မှာလည်း စည်းစိမ်ချမ်းသာတွေ ရှိတယ်၊ လူပြန်ထွက်ပြီး ဒါနသီလလေးပြုနေရရင် ကောင်းမလား”ပေါ့၊ အဲသလို စိတ်ထဲဖြစ်ပေါ်တာကို မြတ်စွာဘုရားကသိရော၊ မြတ်စွာဘုရားက သောဏထံကြွပြီး “မင်း ဒီလိုအကြံတွေ ကြံနေတယ်မဟုတ်လား” မေးတော်မူတယ်၊ ဟုတ်ပါတယ် ဝန်ခံတော့ မြတ်စွာဘုရားက စောင်းတီးတာနဲ့ ဥပမာပေးပြီးတော့ တရားဟောတယ်။

[စာမျက်နှာ-237] သင်ဟာ လူ့ဘဝတုန်းက စောင်းတီးတတ်ကျွမ်းတယ်မဟုတ်လား၊ တတ်ပါတယ်ဘုရား၊ ကြိုးသိပ်လျော့နေရင် အသံကောင်းကောင်း ထွက်သလား မထွက်ပါဘူး။ ကြိုးသိပ်တင်းနေရင်ကော၊ အသံကောင်းကောင်း မထွက်ပါဘူး၊ ဘယ်လိုအနေအထားမှ အသံကောင်းထွက်သလဲ၊ မလျော့မတင်းလေးမှ အသံကောင်းကောင်း ထွက်ပါတယ်၊ အဲသလိုပဲ ဝီရိယကို လွန်အောင်လည်း မလုပ်နဲ့၊ လျော့အောင်လည်း မလုပ်နဲ့၊ မယုတ်မပို့စေဘဲ ဝီရိယကို ကြိုးစားအားထုတ်ပါတဲ့။

ဒါကြောင့်မို့ တရားအားထုတ်တဲ့အခါမှာ သမာဓိနဲ့ ဝီရိယကို အဲသလို ထိန်း၊ ထိန်းပြီး ပေးရတယ်၊ လွန်သွားရင် ထိန်းပေးရတယ်၊ ယောဂီမသိရင်လည်း တရားပြ ဆရာက ထိန်းပေးရတာပေါ့။

သတိကတော့ကောတဲ့ဆိုတော့ စာမှာဆိုထားတာက သတိကတော့ ဘယ်တော့မှလွန်တယ်မရှိဘူး၊ ဘယ်တော့မှ သတိပိုတယ်မရှိဘူး၊ သတိဟာ နေရာတကာမှာ အလိုရှိအပ်တယ်၊ ဒါကြောင့်မို့ သတိကတော့ အမြဲတမ်း ဂရုစိုက် ရမယ့်တရားပေါ့၊ အဲသလို ဣန္ဒြေ ၅-ပါး ရှိတယ်။

အဲဒီ ဣန္ဒြေ ၅-ပါးမျှနေတဲ့အခါမှာ တရားအားထုတ်လို့ ကောင်းနေတာပဲ။ တရားသားကျနေတာပဲ၊ ဣန္ဒြေ ၅-ပါးထဲက အထူးသဖြင့် ဝီရိယနဲ့ သမာဓိ တစ်မျိုးတစ်မည် ဖြစ်သွားရင် တရားထိုင်လို့ အချိုးမကျတော့ဘူး၊ ပျက်သွားပြီ၊ ပြန်ပြီးတော့ ထိန်းယူရပြန်တာပေါ့၊ ဣန္ဒြေ ၅-ပါးဆိုတာလည်း ဗိုလ် ၅-ပါးနဲ့ အတူတူပါပဲ။

ဣန္ဒြေနှင့် ဗိုလ်အထူး

ဣန္ဒြေနှင့် ဗိုလ်အထူးက “စိတ်ကို အစိုးတရပိုင်နိုင်သောကြောင့် ဣန္ဒြေမည်၏။ တစ်စုံတစ်ခုသောတရားဖြင့် မလှုပ်မရှားနိုင် ခန့်ခိုင်သောကြောင့် ဗိုလ်မည်၏။ တရားကိုယ်တစ်ပါးတည်းပင် ဖြစ်လင့်ကစား သတ္တိဂုဏ်ကွဲပြားသောကြောင့် ဣန္ဒြေ ဗိုလ်ဟု ၂-ပါးကွဲပြား၏”တဲ့။

ဗောဇ္ဈင်

ဗောဇ္ဈင်တဲ့၊ ဗောဇ္ဈင်ဆိုတာ “သတိပညာစသော တရား ၇-ပါးသည် လေးပါးကုန်သော အရိယာသစ္စာတို့ကို ထိုးထွင်း၍ သိတတ်၏၊ ထိုတရားအပေါင်းသည် ဗောဓိမည်၏၊ ထိုတရားအပေါင်းဟုဆိုအပ်သော ဗောဓိ၏အကြောင်းအင်္ဂါ အစိတ်တို့သည် ဗောဇ္ဈင်မည်၏။

ဗောဇ္ဈင်ဆိုတာ ဗောဓိ+အင်္ဂကလာတယ်၊ ဗောဓိက သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းကို ဗောဓိလို့ခေါ်တယ်၊ သစ္စာလေးပါးတရားကို ထိုးထွင်းသိခြင်းရဲ့ အကြောင်းအင်္ဂါအစိတ်အပိုင်းကို ဗောဇ္ဈင်လို့ခေါ်ပါတယ်။

[စာမျက်နှာ-238] ရှင်းရှင်းကတော့ အရိယာမဂ်ရောက်အောင် ပို့ဆောင်ပေးတတ်တဲ့ တရားမျိုး၊ အရိယာမဂ်နှင့် အတူတကွဖြစ်တဲ့ တရားမျိုးကို ဗောဇ္ဈင်လို့ခေါ်တာပေါ့၊ မြန်မာလူမျိုးတွေအနေနဲ့ ဗောဇ္ဈင်ဆိုတဲ့စကား ကြားလိုက်ရင် ဖျားတဲ့အခါ ရွတ်တဲ့ ဗောဇ္ဈင်သုတ်ဘက်စိတ်ရောက်သွားလေ့ရှိကြတယ်။

ဗောဇ္ဈင် ၇-ပါးရှိတယ် (၁) သတိသမ္ဗောဇ္ဈင်တဲ့၊ ဒါလည်း စိတ် ၄၂ ၌ရှိသော ကမ္မဋ္ဌာန်း အာရုံ၌ အပ္ပမာဒတရားကို ဖျက်ဆီး၍ မမေ့မလျော့သော အပ္ပမာဒတရားကို ပြည့်စုံစေသော သတိစေတသိက်ပဲ။

(၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဆိုတာ ပညာကိုခေါ်တာ၊ အမောဟစေတသိက်ပဲ။ အဲဒီမှာ “ကမ္မဋ္ဌာန်းအာရုံဖြစ်သော သင်္ခါရတရားတို့၌ အနိစ္စတာစသော အထူးထူးသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်တတ်သော အမောဟစေတသိက်”ကို ဆိုလိုတယ်။

စူးစမ်းဆင်ခြင်တယ်ဆိုပေမယ်လို့ အမှန်ကတော့ သိမြင်တာကို ဆိုလိုတယ်။ အင်္ဂလိပ်လိုပြန်တော့ Investigation of Dhamma လို့ပြန်တယ်၊ တကယ်ကတော့ investigation လို့ မဟုတ်တော့ဘူး၊ သိမှု အမောဟစေတသိက် ပညာကိုပဲ ဓမ္မဝိစယ သမ္ဗောဇ္ဈင်လို့ခေါ်တယ်၊ စူးစမ်းဆင်ခြင်တယ်ဆိုတော့ ဝိတက် ဝိစာရ သဘောမျိုး စိတ်ကထင်သွားမှာစိုးရတယ်၊ အဲဒါမျိုး မဟုတ်ဘူး၊ တကယ်တော့ အမှန်အတိုင်း သိမြင်တာကိုပဲ ဒီနေရာမှာ ဓမ္မဝိစယလို့ခေါ်တယ်။

(၃) ဝီရိယ သမ္ဗောဇ္ဈင်တဲ့၊ ဒါက ဝီရိယစေတသိက်ပေါ့၊ “စိတ် ၄၂-ခု၌ ရှိသော သမ္မပ္ပဓာန် အာရုံတို့၌ ဘာဝနာကိစ္စ၏ အစွမ်းဖြင့် ကောင်းစွာကြီးပွား၍ အစဉ်အတိုင်း ကုသိုလ်တရားတို့၌ တွန့်တိုဆုတ်နစ်ခြင်း ကိလေသာ တရားအပေါင်းကို ပယ်ဖျက်တတ်သော ဝီရိယ စေတသိက်”။

(၄) ပီတိ သမ္ဗောဇ္ဈင်ဆိုတာ ပီတိစေတသိက်ပေါ့၊ (၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်ဆိုတာက ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ စေတသိက်။ (၆) သမာဓိ သမ္ဗောဇ္ဈင်-ဧကဂ္ဂတာ စေတသိက်။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင်-အဲဒါ သတိထား၊ ဥပေက္ခာဟာ စေတနာ မဟုတ်ဘူး၊ တတြမဇ္ဈတ္တတာ စေတသိက်၊ ဒါကြောင့်မို့ ဥပေက္ခာဆိုတဲ့စကားလုံးတွေ့ လာရင် သတိထား၊ တွေ့ရတဲ့ ဥပေက္ခာဟာ ဝေဒနာလား၊ တတြမဇ္ဈတ္တတာလား၊ တခြားဥပေက္ခာတွေလည်းရှိသေးတယ်၊ ဥပေက္ခာ ၁၀-မျိုးတောင် ရှိတယ်၊ ဒါပေမယ့် ရှုပ်နေလိမ့်မယ်၊ အသာထား။

ဥပေက္ခာတွေ့တိုင်းတွေ့တိုင်း ဝေဒနာဥပေက္ခာလား၊ ခံစားမှုကို ဆိုလိုတာလား၊

[စာမျက်နှာ-239] သို့မဟုတ် တတြမဇ္ဈတ္တတာဆိုတဲ့ လစ်လျူရှုတတ်တဲ့ သဘောကို ဆိုလိုတာလား၊ အမြဲတမ်း သတိထားရမယ်။

ဒီနေရာမှာ တွေ့တဲ့ဥပေက္ခာ သမ္ဗောဇ္ဈင်မှာ ပါတဲ့ ဥပေက္ခာက တတြမဇ္ဈတ္တတာ စေတသိက်ကို ဆိုလိုတယ်၊ ဝေဒနာ စေတသိက်ကို မဆိုလိုဘူး။

ဗောဇ္ဈင် ၇-ပါးကလည်း တရားအားထုတ်လို့ တရားသား တက်နေတဲ့အခါမှာ ဆိုရင် ဒီ ၇-ပါး စလုံး ဖြစ်နေတာပဲ၊ မှတ်တဲ့အာရုံရဲ့ သဘောလေးကို သိ၊ သိနေရင် အမှတ်နဲ့အာရုံကပ်၊ ကပ်သွားရင် သတိသမ္ဗောဇ္ဈင်ပဲ၊ မှတ်အပ်တဲ့သဘော လေးတွေ သိသွားတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောလေးတွေကို သိသိသွားတယ်၊ ဖြစ်ပြီးရင် ချုပ်သွားတဲ့ သဘောလေးတွေကို သိသွားရင် ဓမ္မဝိစယပဲ။

ဝီရိယကလည်း မပါလို့ မရဘူး၊ ဝီရိယပါမှဖြစ်တော့ ဝီရိယ ကလည်း အဲဒီမှာ ရှိနေတယ်၊ ပီတိသမ္ဗောဇ္ဈင်-ပီတိကလည်း တရားအားထုတ်တဲ့အခါကျတော့ ခံစားကြရတယ်၊ အမျိုးမျိုးရှိတယ်၊ ကြက်သီးထလာတဲ့ ပီတိမျိုးရှိတယ်၊ ခန္ဓာကိုယ် လှုပ်လာတာမျိုးရှိတယ်၊ ရှေ့သွားတာမျိုးရှိတယ်၊ တစ်ကိုယ်လုံး စိမ့်နေသလိုမျိုး ဖြစ်တဲ့ ပီတိမျိုး စသည်ဖြင့်ပေါ့လေ။

ပီတိဖြစ်ပြီဆိုရင် ပဿဒ္ဓိခေါ်တဲ့ ကိုယ်စိတ် ငြိမ်းချမ်းမှုကလည်းဖြစ်တော့တာပဲ။

သမာဓိဆိုတာ ဧကဂ္ဂတာ စေတသိက်၊ သမာဓိမပါရင် အာရုံမှာ စိတ်က တည်ကို မတည်နိုင်တော့ဘူး၊ ဥပေက္ခာ သမ္ဗောဇ္ဈင်ကတော့ အညီအမျှ လုပ်ပေးတာပေါ့ လေ၊ “အာရုံ၌ စိတ်၏တွန့်လွန်းခြင်း ထက်လွန်းခြင်း” (တွန့်တိုတဲ့စိတ်လည်း မဖြစ်အောင် အလွန်အကျွံကြီးလဲ Over eager မဖြစ်အောင်) ထိန်းပေးတာ၊ ဥပေက္ခာ သမ္ဗောဇ္ဈင်ပဲ။

အဲသလို ဥပေက္ခာသမ္ဗောဇ္ဈင်က ထိန်းပေးတဲ့အတွက်ကြောင့်မို့ တခြား ဗောဇ္ဈင်တွေဟာ မိမိတို့ အလုပ်ကို မိမိတို့ မှန်ကန်စွာ လုပ်သွားတယ်၊ အဲဒီလို လုပ်တဲ့အခါကျတော့ စက်တစ်ခုမှာ စက်မှာပါတဲ့ ကိရိယာတွေဟာ သူ့အလုပ်သူ လုပ်နေတဲ့အခါကျတော့ စက်ဟာ ပုံမှန်လည်ပတ်နေတာပေါ့၊ စက်ကိရိယာတွေထဲက အစိတ်အပိုင်းလေး တစ်ခုက အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုရင် စက်ကြီး တစ်ခုလုံး ကိုးရိုးကားရား ဖြစ်တော့တာပဲ။

ဒီလိုပဲ၊ ဒီမှာလည်း တရားတစ်ခုက အလုပ်လွန်သွားသည်ဖြစ်စေ၊ လျော့သွားသည်ဖြစ်စေ၊ တရားအားထုတ်တဲ့စက်ကြီးဟာ ကောင်းကောင်းမလည်တော့ဘူးပေါ့။

ဒါကြောင့်မို့ ဗောဇ္ဈင် ၇-ပါးဟာ ပြန်ကြည့်လိုက်ရင် ဣန္ဒြေ ၅-ပါးနဲ့

[စာမျက်နှာ-240] တူတာတွေ ပါနေတယ်၊ အဲဒီဗောဇ္ဈင် ၇-ပါးကို ဘုရားရဟန္တာ ပုဂ္ဂိုလ်တွေက အဆင့်အတန်း အမြင့်ဆုံးရောက်အောင် တွေ့ကြုံပြီးသား ခံစားပြီးသား ဖြစ်နေတယ်။

ဒါကြောင့်မို့ ဗောဇ္ဈင်သုတ်ကိုရွတ်ပြီး၊ ဗောဇ္ဈင်သုတ်ကိုနာပြီးတော့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဗောဇ္ဈင်တရားတွေ အဲဒီပုဂ္ဂိုလ်တွေ သန္တာန်မှာ အားကြီးစွာ ဖြစ်လာတယ်၊ အဲဒီလို ဖြစ်လာတဲ့အတွက်ကြောင့် ရောဂါ ဝေဒနာတွေ ကင်းဝေး သွားနိုင်တယ်။

အဲဒီတော့ တရားအားထုတ်ဖူးသူတွေအနေနဲ့လည်း ဒီဗောဇ္ဈင် ၇-ပါးကို အထိုက်အလျောက် တွေ့ကြုံခံစားဖူးတာပဲ၊ ဒါကြောင့်မို့ မိမိတို့ အနေနဲ့လည်း နေမကောင်းတဲ့အခါတွေမှာ ဗောဇ္ဈင် ၇-ပါးကို နှလုံးသွင်းနေတယ်၊ အာရုံပြုနေတယ် ဆိုရင် ချမ်းသာမှုရတာပဲ။

အမှန်ကတော့ မြတ်စွာဘုရား နေမကောင်းလို့ စုန္ဒမထေရ်က ရွတ်တယ်။ ပြီးတော့ ရှင်မောဂ္ဂလာန်နဲ့ ရှင်မဟာကဿပနေမကောင်းတဲ့အခါ မြတ်စွာဘုရားက သွားရွတ်ပေးတယ်ဆိုတာ အမှန်ကတော့ အခုခေတ်ရွတ်တဲ့နာတဲ့ သဘောထက် အဲဒီလို နာနေတဲ့အချိန်မှာ ဒီတရားတွေဟာ အဲဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဖြစ်နေတာ၊ အဲသလိုဖြစ်နေတာကြောင့် ဒီတရားတွေရဲ့ အရှိန်ကြောင့် အစွမ်းသတ္တိကြောင့် ရောဂါရုပ်တွေဟာ ချုပ်သွားတာပေါ့၊ ရောဂါရုပ်တွေကို ဗောဇ္ဈင် ၇-ပါး ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေက တိုက်ဖျက်ပစ်လိုက်တဲ့သဘော ဖြစ်နိုင်တယ်၊ healing ဖြစ်နိုင်တယ်။ self healing က ဗုဒ္ဓဘာသာအလိုက ဖြစ်နိုင်တယ်။

ကိုယ်က သူများကို heal လုပ်လို့ မဖြစ်တာ၊ ကိုယ့်ဟာကိုယ် heal လုပ်လို့ ဖြစ်နိုင်တယ်၊ နေမကောင်းတဲ့အခါတို့ ဘာတို့မှာ ဒီလိုကုသိုလ် တရားတွေကို အာရုံပြုနေတယ်၊ ပွားများနေတယ်၊ တရားမှတ်နေတယ်ဆိုရင် self healing ဖြစ်တာပဲ၊ ဘာကြောင့်တုန်းဆိုတော့ အဲဒီအချိန်မှာ စိတ်ဟာ အညစ်အကြေးကင်းနေတဲ့ စိတ်၊ သန့်ရှင်းတဲ့စိတ်ပဲ။

ဒီစိတ်တွေကြောင့်ဖြစ်တဲ့ရုပ်ဟာ ကောင်းတဲ့ရုပ်တွေဖြစ်မယ်၊ ကောင်းတဲ့ရုပ်တွေ များများဖြစ်ရင် မကောင်းတဲ့ရုပ် (ရောဂါရုပ်)ကို တိုက်ဖျက်နိုင်တယ်၊ အဲဒါကြောင့်မို့ ဗောဇ္ဈင်သုတ်ကိုနာပြီးတော့ ရောဂါပျောက်တယ်ဆိုတာ အမှန်ကတော့ အဲဒီလို ဖြစ်တာနဲ့ တူတယ်။

အခုခေတ်မှာတော့ လူနာက ဗောဇ္ဈင်ဆိုတာ ဘာမှန်းတောင်သိကြမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဘုန်းကြီးတွေလာပြီး ပရိတ်ရွတ်ကြတယ်၊ ဒါကဗောဇ္ဈင်သုတ်ပဲ။

[စာမျက်နှာ-241] ရောဂါပျောက်သတဲ့ဆိုရင် ယုံကြည်မှုနဲ့ နာကြတော့တာပဲ၊ အထိုက်အလျောက်တော့လည်း အကျိုးရှိမှာပေါ့လေ။ ဒါပေမယ့် အဲသလို လေးနက်တဲ့ အဓိပ္ပါယ်ကို နားလည်ရင် ပိုပြီးတော့ ကောင်းတယ်။

မဂ္ဂင်ရှစ်ပါးတဲ့၊ ပြောဖို့တောင် မလိုဘူးထင်တယ်၊ ခဏခဏ အထပ်ထပ်တွေ့နေတာ။ သမ္မာဒိဋ္ဌိဆိုတာဘာလဲဆိုရင် အမောဟစေတသိက်, ပညာစေတသိက်၊ သမ္မာသင်္ကပ္ပ၊ ဝိတက်စေတသိက်၊ သမ္မာဝါစာ, သမ္မာဝါစာစေတသိက်, သမ္မာကမ္မန္တ၊ သမ္မာကမ္မန္တစေတသိက်။ သမ္မာအာဇီဝ, သမ္မာအာဇီဝစေတသိက်, သမ္မာဝါယာမ, ဝီရိယစေတသိက်, သမ္မာသတိ, သတိစေတသိက်, သမ္မာသမာဓိ, ဧကဂ္ဂတာစေတသိက်။

အဲဒီမဂ္ဂင်ရှစ်ပါးမှာလည်း လောကုတ္တရာစိတ် ၈-ခု၌ ရှိတဲ့ စိတ် ၄၂ ခုမှာရှိတဲ့ အမောဟစေတသိက် စသည်ကိုယူပါတဲ့၊ မိဿကသင်္ဂဟမှာတုန်းက မဂ္ဂင် ၁၂-ပါးကို တွေ့ခဲ့တယ်၊ ဒီမှာကျတော့ ၈-ပါး၊ ဒီမှာကတော့ အရိယာမဂ်၊ နိဗ္ဗာန်သို့ သွားရာလမ်းပေါ့လေ၊ ဟိုမှာကတော့ သုဂတိ ဒုဂ္ဂတိ နှစ်မျိုးစလုံး သွားရာလမ်း၊ ဒီမှာကတော့ ကောင်းတဲ့ဘက်သွားတဲ့လမ်း၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ စသည်ဖြင့်ရှိတယ်။

အဲဒီ မဂ္ဂင် ၈-ပါးမှာ (အရင်လည်းပြောဖူးပါတယ်) သီလ, သမာဓိ, ပညာနဲ့ မဂ္ဂင် ၈-ပါးကို ခွဲခြားတတ်ရမယ်၊ မြတ်စွာဘုရားက သီလ, သမာဓိ, ပညာလို့ blue print ချပေးခဲ့တယ်။ အဲဒီ သီလ၊ သမာဓိ၊ ပညာနဲ့ မဂ္ဂင် ၈-ပါးနဲ့ ဟပ်ထားရမယ်၊ မဂ္ဂင် ၈-ပါး ကျင့်ကြတယ်ဆိုရင် သီလ, သမာဓိ, ပညာ ကျင့်ကြံနေတာပဲ။

အဲဒီမှာ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ၃-ပါးဟာ သီလမဂ္ဂင်လို့ ခေါ်တယ်၊ သမ္မာဝါစာဆိုတာ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်တာ၊ သမ္မာကမ္မန္တဆိုတာ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်တာ၊ သမ္မာအာဇီဝ ဆိုတာမှားယွင်းတဲ့ အသက်မွေးမှုမှ ရှောင်ကြဉ်တာ၊ အဲဒီလို ရှောင်ကြဉ်တာဟာ သီလပဲ၊ ဒါကြောင့်မို့ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ တို့ဟာ သီလမဂ္ဂင် ၃-ပါး။

သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဒီ ၃-ပါးကိုတော့ သမာဓိမဂ္ဂင်လို့ ခေါ်တယ်၊ သမာဓိက အရေးကြီးတာပေါ့လေ၊ သတိမပါပဲ သမာဓိမဖြစ်ဘူး၊ ဒီတော့ ဝီရိယမပါပဲနဲ့ သတိမဖြစ်ဘူး၊ ဝီရိယရှိမှ သတိဖြစ်တယ်၊ သတိရှိမှ—

[စာမျက်နှာ-242] ဒါကြောင့်မို့ ဘယ်အချိန်မှာ အာဟာရဇရုပ် စပြီးဖြစ်တယ်လို့ မသတ်မှတ်နဲ့ဦး၊ စားဖွယ်ကို မျိုလိုက်သည့်အခါဝယ် ရောက်လေရာအရပ်၌ အသစ်, အသစ်ဥပါဒ်ပြီးနောက် ဌီသို့ရောက်တဲ့အခါမှာ အာဟာရဇရုပ်ကို ဖြစ်စေတယ်။

အဲဒီတော့ ထမင်းစားလိုက်တယ်ဆိုပါတော့၊ အဲဒီထဲမှာပါတဲ့ ဩဇာက မျိုချလိုက်ပြီးတဲ့နောက် အသစ်အသစ်ဖြစ်တယ်၊ သူဖြစ်ပြီးတဲ့နောက် ဌီသို့ရောက်တဲ့ အခါကျ သူကတစ်ခါတစ်ဆင့် အာဟာရဇရုပ် ဖြစ်စေတယ်၊ အဲဒီတော့ အာဟာရကလည်း ရုပ်ပဲ၊ အာဟာရဇကလည်းရုပ်ပဲ၊ ရုပ်ကရုပ်ကို ဖြစ်စေတာ၊ ခုန ဥတုဇရုပ်လည်း အတူတူပဲနော်၊ ဥတုလည်းရုပ်ပဲ၊ ဥတုဇရုပ်လည်းရုပ်ပဲ။

ကမ္မဇရုပ်ကျတော့ ကံကနာမ်, ကမ္မဇရုပ်ကရုပ်၊ စိတ္တဇရုပ်ကျတော့ စိတ်က နာမ်၊ စိတ္တဇရုပ်ကရုပ်ပဲ၊ အဲဒီတော့ စိတ်ကြောင့်ရုပ်ဖြစ်တယ်၊ ရုပ်ကြောင့်ရုပ် ဖြစ်တယ်ပေါ့၊ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်, ဒီလို ၄-မျိုး ရှိတယ်။

ကမ္မဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်၊ စိတ္တဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်၊ ဥတုဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ်၊ အာဟာရဇရုပ် ဘယ်အချိန်မှာ စဖြစ်တယ် ပေါ့လေ၊ အဲဒါ နားလည်ပြီးနောက် ရုပ် ၂၈-ပါးကို ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ခွဲဝေရမယ်။ ခွဲဝေတော့ ဒီမှာ သာမညပဲပြထားတယ်၊ ဇယားကွက်ကြည့်ပါဆိုတော့ ဇယားကွက် ကြည့်ရလိမ့်မယ်။

ကမ္မဇရုပ်က အားလုံး ၁၈-ပါးရှိတယ်၊ ၁၈-ပါးထဲမှာ ဧကန် ၉-ပါး၊ အနေကန် ၉-ပါး၊ ဧကန် ၉-ပါး ဆိုတာ ကံကြောင့်သက်သက်သာဖြစ်တာ၊ စိတ်ကြောင့်ဖြစ်တာ မပါဘူး, ဥတု, အာဟာရကြောင့်ဖြစ်တာ မပါဘူး၊ ကံကြောင့် သာဖြစ်တဲ့ရုပ် ၉-ပါးရှိတယ်။ ကံကြောင့်လည်းဖြစ်တယ်၊ တခြားအကြောင်းကြောင့်လည်း ဖြစ်တဲ့ရုပ်က ၉-ပါးဆိုရင် အားလုံးပေါင်း ၁၈-ပါးဖြစ်တယ်၊ အဲဒီ ၁၈-ပါးကို ရှာစမ်းပါ၊ ကမ္မဇရုပ် ကြည့်လိုက်စမ်း၊ ပထမဧကန် ၉-ခုရှာလိုက်စမ်းပါ၊ ကံကြောင့်သာဖြစ်တယ်၊ စိတ်, ဥတု, အာဟာရကြောင့် မဖြစ်တဲ့ ၉-ပါးပေါ့။

ဘာတွေ့တုန်း၊ စက္ခု, သောတ, ဃာန၊ ဇိဝှါ, ကာယ၊ ဒီ ၅-ခုဟာ ကံကြောင့်ပဲဖြစ်တယ်၊ စိတ္တဇ, ဥတုဇ, အာဟာရဇ, မရှိဘူး၊ ကောင်းပြီ ၅-ခုရပြီ။ ပြီးတော့ အောက်ကိုသွားလိုက်, ဣတ္ထိဘာဝ, ကံကြောင့်သာဖြစ်တယ်၊

[စာမျက်နှာ-243] သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝကတော့ အမှန်အတိုင်းပြောရင် တရားအားထုတ်တဲ့အချိန်မှာ စိတ်ထဲမှာမယှဉ်ဘူး၊ သူတို့က ရှောင်စရာရှိမှ ယှဉ်တာကိုး၊ ရှောင်စရာတွေ့တာကိုရှောင်မှ ယှဉ်တာမဟုတ်လား၊ (ဝိရတိစေတသိက်ဆိုတာ)။ တရားအားထုတ်တဲ့အခါမှာ သူ့အသက်သတ်စရာ ကိစ္စလည်းမပေါ်ဘူး ဆိုတော့ ရှောင်စရာလည်း မရှိဘူး၊ ဒါကြောင့်မို့ အမှန်အတိုင်းပြောရင် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝက တရားအားထုတ်တဲ့အချိန်မှာ စိတ်နဲ့ယှဉ်နေတာ မဟုတ်ဘူး။

ဒါပေမယ်လို့ တရားစထိုင်ကတည်းကိုက ဒါတွေအားလုံး ရှောင်ကြဉ်မယ်၊ သို့မဟုတ် မြန်မာလိုပြောရင် သီလဆောက်တည်ပြီးမှ တရားထိုင်ကြတာဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ဟာလည်း ပြီးပြီးသားပေါ့လေ၊ ရှိနေသလိုပဲ ယူဆရတယ်။ တကယ်ကတော့ သူတို့ဟာ စိတ်နဲ့ယှဉ်မနေဘူး၊ သူတို့က ရှောင်ကြဉ်တဲ့အခါမှသာ ယှဉ်မှာကိုး၊ မရှောင်ကြဉ်တဲ့အခါမှာ မယှဉ်ဘူး၊ သို့သော် သူတို့လည်းပဲ ပါသွားတယ်လို့ ဆိုရတယ်၊ အရေးကြီးတာကတော့ မဂ္ဂင် ၅-ပါး တကယ်အလုပ်လုပ်နေဖို့ အရေးကြီးတယ်။

အဲသလို တကယ်အလုပ်လုပ်နေအောင် အားထုတ်နိုင်ရင် ဒီပုဂ္ဂိုလ်ရဲ့ အားထုတ်မှုဟာ မှန်တာပဲ၊ မဂ္ဂင် ၅-ပါး ထင်ထင်ရှားရှား မဖြစ်ပေါ်သေးဘူးဆိုရင် တရားအားထုတ်တာ အချိုးမကျသေးဘူးလို့ ဆိုရမှာပေါ့လေ။ ဒါကြောင့်မို့ ဒီ ၅-ပါးဖြစ်ပေါ်အောင် အထူးဂရုစိုက်ပြီးတော့မှတ်ပေးရမယ်။ ဒါကြောင့် တရားထိုင်တဲ့ပုဂ္ဂိုလ်တွေကို အမှတ်ကို ဂရုစိုက်ဖို့ပြောရတယ်၊ ပေါ့ပေါ့ဆဆလေး လုပ်သွားတတ်ကြတယ်၊ အမှတ်ကျဲအောင် လုပ်တတ်ကြတယ်၊ အမှတ်ကျဲရင် မရဘူး၊ အမှတ်စိပ်မှရတယ်။

အမှတ်စိပ်မှ သမာဓိဖြစ်တာ၊ သမာဓိဖြစ်မှ အမောဟဆိုတဲ့ ပညာပေါ်တာ၊ ဒါကြောင့်မို့ တရားထိုင်တဲ့အခါမှာ အထူးဂရုစိုက်ပြီးတော့ ထင်ရှားပေါ်လာတဲ့ အာရုံကို မှတ်ရတယ်၊ ပေါ့ပေါ့ဆဆလေး မှတ်ရင် မရဘူး၊ ဒါကမဂ္ဂင် ၈-ပါးတဲ့။

မဂ္ဂင် ၈-ပါးကလည်း ဘယ်မှာရှိတဲ့ စေတသိက်တွေလည်းဆိုရင် ဒီမှာတော့ မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇော ၂၆-မှာရှိတဲ့ အမောဟ စေတသိက် စသည်ကို မဂ္ဂင် ၈-ပါးလို့ ဒီလိုခေါ်ရတယ်။ တကယ့်အထွတ် အထိပ်ရောက်တဲ့မဂ္ဂင် ၈-ပါးပါလို့ပြောရင် လောကုတ္တရာစိတ် ၈-ခုမှာ ယှဉ်တဲ့ ၈-ပါးပေါ့၊ အဲဒါကို မဂ္ဂင်လို့ခေါ်တယ်။

[စာမျက်နှာ-244] ကောင်းပြီ, ဒါက သရုပ်နဲ့ တရားကိုယ်နဲ့ပြီးပြီ, နာမည်ဘယ်နှစ်ခုရသလဲ ဆိုတာ ဇယားကွက်ကြည့်ကြဦးစို့။

သတိပဋ္ဌာန် ၄-ပါး, သမ္မပ္ပဓာန် ၄-ပါး, ဣဒ္ဓိပါဒ် ၄-ပါး, ဣန္ဒြေ ၅-ပါး, ဗိုလ် ၅-ပါး, ဗောဇ္ဈင် ၇-ပါး, မဂ္ဂင် ၈-ပါး, ရှိတယ်၊ တရားကိုယ်က ၁၄-ပါးရှိတယ်၊ မိဿကသင်္ဂဟတုန်းက တရားကိုယ် အားလုံး ၃၆-ပါး ရှိတယ်။ ရုပ်က ၉-ပါး၊ နာမ်က ၂၇-ပါး။

ဗောဓိပက္ခိယသင်္ဂဟမှာတော့ တရားကိုယ် ၁၄-ပါးရှိတယ်၊ အဲဒီမှာ စေတသိက်ပါတယ်၊ ဆန္ဒက ဘယ်နှစ်ဌာနတက်သလဲ သို့မဟုတ် နာမည်ဘယ်နှစ်ခု ရသလဲဆိုရင် တစ်ခုပဲရတယ်၊ ဣဒ္ဓိပါဒ်။

သဒ္ဓါစေတသိက်ကျတော့ သဒ္ဓိန္ဒြေရယ်, သဒ္ဓါဗိုလ်ရယ်, ၂-မည်ရတယ်။ ဝီရိယကျတော့ ၉-မည်ရတယ်၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်။ ဝီရိယက ဝီရိယိန္ဒြေ, ဝီရိယဗိုလ်, သမ္မာဝါယာမ။ သတိကျတော့ ၈-မည်ရတယ်, သတိပဋ္ဌာန် ၄-ပါး, သတိန္ဒြေ, သတိဗိုလ် သတိသမ္ဗောဇ္ဈင်, သမ္မာသတိ။

စိတ်ကျတော့ သာမညထားလိုက်ကြစို့၊ လောကုတ္တရာသာ ထည့်ထားလိုက်တော့၊ စိတ်ဆိုတာ ကုသိုလ်စိတ်၊ ကြိယာစိတ် စသည်ပေါ့၊ လောကုတ္တရာစိတ် သက်သက်ဆိုရင် မဟုတ်နိုင်ဘူး။ စိတ်ကျတော့ တစ်မည်ထဲရတယ်၊ ဣဒ္ဓိပါဒ်။ ပီတိလည်း တစ်မည်ပဲရတယ်၊ ပီတိသမ္ဗောဇ္ဈင်။ ပဿဒ္ဓိလည်းပဲ တစ်မည်ပဲရတယ်၊ ကာယပဿဒ္ဓိသမ္ဗောဇ္ဈင်၊ စိတ္တပဿဒ္ဓိသမ္ဗောဇ္ဈင်။

ဧကဂ္ဂတာကျတော့ သမာဓိန္ဒြေ၊ သမာဓိဗိုလ် သမာဓိသမ္ဗောဇ္ဈင်, သမ္မာသမာဓိ။ ပညာကျတော့ ဝီမံသဒ္ဓိပါဒ်, ပညိန္ဒြေ, ပညာဗိုလ်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, သမ္မာဒိဋ္ဌိ, ပညာက ၅-မည်။

ဝိတက်က တစ်မည်ပဲရတယ်၊ သမ္မာသင်္ကပ္ပမဂ္ဂင်၊ သမ္မာဝါစာ တစ်မည်၊ သမ္မာကမ္မန္တ တစ်မည်၊ သမ္မာအာဇီဝ တစ်မည်၊ တတြမဇ္ဈတ္တတာ၊ ဥပေက္ခာသမ္ဗောဇ္ဈင် ဆိုတဲ့ တစ်မည်၊ အားလုံး တရားကိုယ် ၁၄-ပါး၊ ဒါက ဗောဓိပက္ခိယသင်္ဂဟပဲ။ ဗောဓိပက္ခိယတရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်အောင် ကြိုးစားအားထုတ်ပြီး နေရတာ၊ ဒါတွေများများဖြစ်မှ ဗောဓိဘက်နီးမှာကိုး၊ ဗောဓိဆိုတာ အရိယာမဂ်ဉာဏ်။

[စာမျက်နှာ-245] ဒီသင်္ဂဟကတော့ အကောင်းချည်းပါတဲ့ သင်္ဂဟပေါ့၊ မိဿကသင်္ဂဟဆိုတာကတော့ ကုသိုလ်, အကုသိုလ်, ကောင်းတာရော, မကောင်းတာရော ရောထားတာ၊ ပထမသင်္ဂဟကတော့ မကောင်းတာချည်းပဲ။ နောက်ဆုံးသင်္ဂဟကတော့ သဗ္ဗသင်္ဂဟ, အကုန်လုံးခြုံပြီးတော့လာလိမ့်ဦးမယ်။

နာမည်တွေအကုန်လုံး အလွတ်မရနိုင်တောင် ပြန်ရှာနိုင်ပြန်ကြည့်နိုင်ရင်တော်ပါပြီ၊ ဗောဓိပက္ခိယတရား ၃၇-ပါးကို ချက်ချင်းဘယ်အလွတ်ရမလဲ၊ စာအုပ် ကြည့်ပြီး ပြောတတ်ရင် ပြီးတယ်၊ အလွတ်မသိလည်းရတယ်၊ ဒါပေမယ်လို့ ဗောဓိပက္ခိယတရား ၃၇-ပါးဆိုတာကို သိရမယ်၊ ပြီးတော့ ဒီထက်ပို သိချင်သေးရင် သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ဆိုတာ သိရမယ်၊ တစ်ခုစီ တစ်ခုစီရဲ့ နာမည်တော့ မှတ်မိချင်မှ မှတ်မိမယ်။

အရကောက်တဲ့အခါမှာ သတိပဋ္ဌာန် ၄-ပါးအရကောက်တော့ စိတ် ၄၂-ပါးမှာရှိတဲ့ သတိ၊ သမ္မပ္ပဓာန်ကျတော့ ကုသိုလ်စိတ်မှာရှိတဲ့ ဝီရိယ၊ ဣဒ္ဓိပါဒ်ကျတော့ ကုသိုလ်စိတ်မှာရှိတဲ့ ဆန္ဒစသည်ပေါ့။ ဣန္ဒြေ, စိတ် ၄၂-ပါးမှာရှိတာ၊ ဗိုလ်, စိတ် ၄၂ -ပါးမှာရှိတာ၊ ဗောဇ္ဈင်, စိတ် ၄၂-ပါးမှာရှိတာ၊ မဂ္ဂင်, စိတ် ၄၂-ပါးမှာရှိတာ၊ ဒါဖြင့်ရင် သတိပဋ္ဌာန်ရယ်, ဣန္ဒြေရယ်, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်တို့ဟာ စိတ် ၄၂-ပါးမှာရှိတာ။ သမ္မပ္ပဓာန်နဲ့ ဣဒ္ဓိပါဒ်တို့ကတော့ ကုသိုလ်စိတ်မှာရှိတာ၊ အဲဒါပါပဲ။

[စာမျက်နှာ-246]
သဗ္ဗသင်္ဂဟ
ခန္ဓာ ၅-ပါး၊ ဥပါဒါနက္ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါး။
ခန္ဓာ ၅-ပါး
(၁) ရုပ်အဋ္ဌဝီသသည် ရူပက္ခန္ဓာ။ (၂) ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ။ (၃) သညာစေတသိက်သည် သညာက္ခန္ဓာ။ (၄) ဝေဒနာ၊ သညာမှ ကြွင်းသော စေတသိက် ၅၀ သည် သင်္ခါရက္ခန္ဓာ။ (၅) စိတ် တစ်ခုယုတ်ကိုးဆယ်သည် ဝိညာဏက္ခန္ဓာ။ အပေါင်းအစုဟူသော အနက်ကြောင့် ခန္ဓာမည်၏။

ရုပ်, သင်္ခါရ၊ ဝိညာဏ်တို့သည် အပေါင်းအစုရှိကြ၍ ရူပက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာဟု ဆိုသင့်သော်လည်း တစ်ပါးတည်းသာဖြစ်သော ဝေဒနာ, သညာကို အဘယ့်ကြောင့် ခန္ဓာဟုခေါ်ဆိုအပ်ပါသနည်းဟူမူ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍လည်းကောင်း, စက္ခုသမ္ဖဿဇာသညာ (ပ) မနောသမ္ဖဿဇာသညာဟူ၍လည်းကောင်း, အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဒူရ အာသန္န ဟီန ပဏီတ ဩဠာရိက သုခုမဟုဆိုအပ်သော ၁၁-ဌာန၌ ဖြစ်ကုန်သော ဝေဒနာအချင်းချင်း သညာအချင်းချင်းပေါင်း၍ ယူအပ်သောကြောင့် ခန္ဓာဟု ဆိုအပ်ပါသည်။
ဥပါဒါနက္ခန္ဓာ
(၁) ရူပုပါဒါနက္ခန္ဓာ (၂) ဝေဒနုပါဒါနက္ခန္ဓာ (၃) သညုပါဒါနက္ခန္ဓာ (၄) သင်္ခါရုပါဒါနက္ခန္ဓာ (၅) ဝိညာဏုပါဒါနက္ခန္ဓာဟူ၍ ၅-ပါးအပြားရှိ၏။ ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာမည်၏။ တရားကိုယ်မှာ ဝိညာဏုပါဒါနက္ခန္ဓာ၌ လောကီစိတ် ၈၁ ကို ကောက်သည်သာ ထူး၏။ ထို့ကြောင့် လောကုတ္တရာစိတ် ရှစ်ခု၊ စေတသိက် ဆတ္တိံသသည် ခန္ဓာသာမည်၍ ဥပါဒါနက္ခန္ဓာမမည်၏။
အာယတန ၁၂-ပါး
၁။ စက္ခုပသာဒရုပ်သည် စက္ခာယတန ၂။ သောတပသာဒရုပ်သည် သောတာယတန ၃။ ဃာနပသာဒရုပ်သည် ဃာနာယတန

[စာမျက်နှာ-247] ၄။ ဇိဝှါပသာဒရုပ်သည် ဇိဝှါယတန ၅။ ကာယပသာဒရုပ်သည် ကာယာယတန ၆။ စိတ်တစ်ခုယုတ်ကိုးဆယ်သည် မနာယတန ၇။ ရူပါရုံသည် ရူပါယတန ၈။ သဒ္ဒါရုံသည် သဒ္ဒါယတန ၉။ ဂန္ဓာရုံသည် ဂန္ဓာယတန ၁၀။ ရသာရုံသည် ရသာယတန ၁၁။ ပထဝီ တေဇော ဝါယောဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန ၁၂။ စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်သည် ဓမ္မာယတန။

ထိုအာယတန ၁၂-ပါးတို့တွင် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန ဤ ၆-ပါးသည် အဇ္ဈတ္တိကာယတနမည်၏။ ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတန ဤ ၆-ပါးသည် ဗာဟိရာယတနမည်၏။ ရှည်လျားလှစွာသော ဝဋ်ဆင်းရဲကိုဖြစ်စေတတ်သောကြောင့် အာယတနမည်၏။
ဓာတ် ၁၈-ပါး
| အခံဓာတ် | အတိုက်ဓာတ် | အပွင့်ဓာတ် |

| စက္ခုဓာတ် | ရူပဓာတ် | စက္ခုဝိညာဏဓာတ် |
| သောတဓာတ် | သဒ္ဒဓာတ် | သောတဝိညာဏဓာတ် |
| ဃာနဓာတ် | ဂန္ဓဓာတ် | ဃာနဝိညာဏဓာတ် |
| ဇိဝှါဓာတ် | ရသဓာတ် | ဇိဝှါဝိညာဏဓာတ် |
| ကာယဓာတ် | ဖောဋ္ဌဗ္ဗဓာတ် | ကာယဝိညာဏဓာတ် |
| မနောဓာတ် | ဓမ္မဓာတ် | မနောဝိညာဏဓာတ် |

တစ်စုံတစ်ယောက်သောသတ္တဝါတို့၏အလိုသို့မလိုက်ပါမူ၍ မိမိ၏သဘောကို သာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ်မည်၏။ (တရားကိုယ်များကို ဇယားတွင် ကြည့်ပါ)

(အာယတန-ဓာတ်အပြားဖြစ်ပုံ) ဒွါရခြောက်ပါး အာရုံခြောက်ပါး ပြားသောကြောင့် အာယတန ၁၂-ပါး

[စာမျက်နှာ-248] ပြားကုန်၏။ ဒွါရခြောက်ပါး အာရုံခြောက်ပါး ထိုဒွါရအာရုံကိုမှီ၍ဖြစ်သော ဝိညာဏ် ခြောက်ပါး အစဉ်ပြားသောကြောင့် ဓာတ် ၁၈-ပါး ပြားကုန်၏။
သစ္စာလေးပါး
၁။ လောကီစိတ် ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ ဤ တေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာမည်၏။
၂။ ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယသစ္စာမည်၏။
၃။ ဒုက္ခသမုဒယနှစ်ပါးတို့၏ ချုပ်ရာချုပ်ကြောင်းဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
၄။ နိရောဓသို့ရောက်ကြောင်း မဂ်စိတ် ၄-ခု၌သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။
သစ္စဝိမုတ်
မဂ်စိတ္တုပ္ပါဒ်-၂၉၊ ဖိုလ်စိတ္တုပ္ပါဒ်-၃၇ တို့သည် သစ္စာ ၄-ပါး၌ မပါဝင်သဖြင့် သစ္စဝိမုတ်မည်၏။ မဂ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်းပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၂၈-ပါးကို ပေါင်းသော် မဂ်စိတ္တုပ္ပါဒ် ၂၉ ဖြစ်၏။ (မဂ္ဂင်တရားကိုယ် ၈-ပါးကို မဂ္ဂသစ္စာယူ၍ စေတသိက် ၂၈-ဖြစ်သည်)။ ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်းပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၃၆ ကို ပေါင်းသော် ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ဖြစ်၏။

[စာမျက်နှာ-249]
သဗ္ဗသင်္ဂဟ (အဘိဓမ္မာသင်တန်း ၄၆ သမုစ္စည်းပိုင်း)

ဒီကနေ့ စက်တင်ဘာ ၉-ရက် ၁၉၈၈ ခု၊ လွန်ခဲ့တဲ့အပတ်က ဗောဓိပက္ခိယသင်္ဂဟ ပြီးသွားခဲ့တယ်၊ ဒီအပတ် နောက်ဆုံးဖြစ်တဲ့ သဗ္ဗသင်္ဂဟကို လေ့လာကြရမယ်။

သဗ္ဗသင်္ဂဟဆိုတော့ သဗ္ဗဆိုတာ အကုန်လုံးပေါ့, အလုံးစုံပေါ့၊ အဲဒီတော့ အားလုံးပါတာကို သဗ္ဗသင်္ဂဟဆိုတယ်၊ ခန္ဓာဆိုရင်လည်းရှိသမျှ တရားတွေ ကုန်သွားမယ်၊ အာယတနဆိုရင် ရှိသမျှ တရားတွေကုန်သွားမယ်၊ ဓာတ်ဆိုရင်ရှိသမျှ တရားတွေ ကုန်သွားမယ်၊ သစ္စာဆိုရင်ရှိသမျှ တရားတွေကုန်သွားမယ်။

အဲဒီတော့ အားလုံးစုံ သိမ်းခြုံနိုင်တဲ့ တရားအစု၊ အဲဒီတရားအစုတွေကို ပြရာဖြစ်တဲ့ ဒီအပိုင်းကို သဗ္ဗသင်္ဂဟလို့ ခေါ်မယ်နော်၊ ဒါပေမယ်လို့ ခန္ဓာနဲ့ ခွဲတဲ့အခါကျတော့ နိဗ္ဗာန် မပါဘူးဖြစ်နေတယ်၊ နိဗ္ဗာန်က ခန္ဓာက အလွတ်ဖြစ်နေတယ်။ ဒါကတော့ မတတ်နိုင်ဘူး။

ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါးကို ဒီသင်္ဂဟမှာပြမယ်နော်၊ ခန္ဓာကိုလည်း နှစ်မျိုးခွဲပြီးတော့ပြမယ်၊ ပထမခန္ဓာ ရိုးရိုးရယ်, ဥပါဒါနက္ခန္ဓာရယ်လို့ ဒီလိုနှစ်မျိုး ခွဲပြီးတော့ ပြမယ်။

[စာမျက်နှာ-250] ပထမဆုံး ခန္ဓာငါးပါးတဲ့, ဒီသင်္ဂဟ ပိုတောင်အရေးကြီးသေးတယ်၊ ဘာလို့တုန်းဆိုတော့ အပြောများတာ ခန္ဓာ, အာယတန, ဓာတ်, သစ္စာဖြစ်လို့ပဲ။ အဲဒီတော့ ခန္ဓာငါးပါးက -
(၁) ရူပက္ခန္ဓာ, (၂) ဝေဒနက္ခန္ဓာ, (၃) သညက္ခန္ဓာ, (၄) သင်္ခါရက္ခန္ဓာ, (၅) ဝိညာဏက္ခန္ဓာလို့ ဒီလို ခန္ဓာငါးပါးရှိတယ်။

ကောင်းပြီ, ခန္ဓဆိုတဲ့ ပါဠိစကားလုံးကို မြန်မာလို ခန္ဓာလို့ လုပ်ထားတာ, ခန္ဓာဆိုတော့ မြန်မာတွေအနေနဲ့ ကိုယ်ခန္ဓာလို့ နားလည်ကြတယ်။ အမှန်ကတော့ ခန္ဓာဆိုတာ ဘယ်လိုအနက်ရှိတုန်း ဘယ်လိုအနက်ကို ဟောသတုန်းဆိုရင် group, အပေါင်းအစုရှိတဲ့ တရားမျိုး အပေါင်းအစုဖြစ်တဲ့ တရားမျိုးမှ မြတ်စွာဘုရားက ခန္ဓာလို့ ဒီလိုဟောတော်မူတယ်။

အဲဒီတော့ ရုပ်, သင်္ခါရ, ဝိညာဏ်တို့သည် အပေါင်းအစုရှိကြ၍၊ ရူပက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာဟု ဆိုသင့်သော်လည်း တစ်ပါးတည်းသာဖြစ်သော ဝေဒနာကို အဘယ်ကြောင့် ခန္ဓာဟု ခေါ်ဆိုအပ်ပါသနည်းဟူမူ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍လည်းကောင်း၊ စက္ခုသမ္ဖဿဇာသညာ (ပ)၊ ပ ဆိုတာက မြှုပ်ထားတာကို ဆိုတယ်၊ စက္ခုပြီးသောတသမ္ဖဿ စသည် ဆိုရမယ်လို့ ဆိုလိုတယ်၊ မနောသမ္ဖဿဇာသညာဟူ၍လည်းကောင်း (ဒါကဘယ်သူက ယူရေးလဲ မသိဘူး၊ စာထဲမှာ ပါတာကတော့ အတိတ်အနာဂတ်တရားပဲပါတယ်)၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္န၊ ဟီန, ပဏီတ, ဩဠာရိက, သုခုမ ဟုဆိုအပ်သော ၁၁-ဌာန၌ဖြစ်ကုန်သော ဝေဒနာအချင်းချင်း, သညာအချင်းချင်း ပေါင်း၍ ယူအပ်သောကြောင့် ခန္ဓာဟု ဆိုအပ်ပါသည်။

ဆိုလိုတာကတော့ ဒီခန္ဓာ အပေါင်းဆိုတာဟာ တကယ်အပေါင်းအစုတွေ ခဲနေတာကြီးကို ဆိုလိုတာမဟုတ်ဘူး၊ ဒါကို နားလည်ရမယ်၊ အဲဒီတော့ ဒီနေရာမှာ ဘယ်လိုတရားမျိုးကို ခန္ဓာလို့ ခေါ်ရသလဲ၊ ခန္ဓာဖွဲ့ရသလဲလို့ ဆိုရင် အဲဒီတရားမှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်လို့ ကွဲပြားမှု ရှိသလား၊ ရုပ်ဆိုတာ အတိတ်မှာ ဖြစ်ခဲ့တဲ့ရုပ်၊ ပစ္စုပ္ပန်မှာ ဖြစ်တဲ့ရုပ်, အနာဂတ်မှာ ဖြစ်မယ့်ရုပ် ဒီလိုကို ကွဲပြားမှုဖြစ်တဲ့ရုပ်ကို ခန္ဓာလို့ဆိုရတယ်။ အဲဒီတော့ တကယ်ပေါင်းစုနေတာ မဟုတ်ဘူး၊ ပြီးတော့ တစ်ခုသော အခိုက်အတန့်မှာ အတိတ်ရော, အနာဂတ်ရော, ပစ္စုပ္ပန်ရော သုံးပါးလုံးရော ရနိုင်ပါ့မလား၊ သုံးပါးလုံး ရနိုင်မှာ မဟုတ်ဘူး။

[စာမျက်နှာ-251] အခုလက်တွေ့ ဖြစ်ပေါ်နေတဲ့ ရုပ်တရားဟာ အတိတ်ရုပ်တရား မဟုတ်ဘူး၊ အနာဂတ် ရုပ်တရား မဟုတ်ဘူး၊ ပစ္စုပ္ပန်။

ဒါပေမယ်လို့ သူ့ရဲ့ သဘောက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်လို့ သုံးမျိုး ရှိနိုင်တယ်၊ သုံးမျိုး ကွဲပြားနိုင်တဲ့အတွက်ကြောင့်မို့ အဲဒီသုံးမျိုး ကွဲပြားနိုင်တာကို အကြောင်းပြုပြီးတော့ ရုပ်တစ်ခုတည်းကိုပဲ ရုပ်အစုလို့ခေါ်တယ်၊ ခန္ဓာလို့ခေါ်တယ်နော်၊ အဲဒါကို သဘောကျအောင် မှတ်ရမယ်။

ရုပ်ကတော့ နှစ်ဆယ့်ရှစ်ပါးရှိလို့ ခန္ဓာခေါ်တာတော့ ဟုတ်ပါပြီ ဘာညာနဲ့ ပြောတာ သိပ်ပြီးတော့ သဘာဝ မကျဘူး။

ဘာကြောင့်တုန်းဆိုတော့ အမှန်က ရုပ် နှစ်ဆယ့်ရှစ်ပါးလုံးကို ရူပက္ခန္ဓာလို့ ခေါ်ရတာ မဟုတ်ဘူး၊ ရုပ်တစ်ခုထဲကိုလည်းပဲ ရူပက္ခန္ဓာလို့ ခေါ်ရတာပဲ၊ စိတ် တစ်ခုထဲကို လည်းပဲ ဝိညာဏက္ခန္ဓာလို့ခေါ်ရတာပဲ၊ အဲဒီတော့ ခန္ဓာ ဖွဲ့တော့မယ်၊ ခန္ဓာလို့ ခေါ်တော့မယ်ဆိုရင် ဒီတရားမှာ ဘယ်လိုကွဲပြားမှု ရှိရမလဲ၊ ဘယ်လိုအစု ရှိရမလဲဆိုရင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဒီလိုကွဲပြားမှုရှိသလား၊ မရှိဘူးလားကြည့်၊ ရှိရင် သူ့ကို ခန္ဓာဖွဲ့မယ်။

တစ်ခါ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဒီနှစ်ခု တစ်တွဲမှတ်၊ အဇ္ဈတ္တဆိုတာ မိမိသဏ္ဍာန်မှာ ဖြစ်တာ ဗဟိဒ္ဓဆိုတာက အပသဏ္ဍာန် သူတစ်ပါးသဏ္ဍာန်မှာ ဖြစ်တာရယ်၊ သက်မဲ့သဏ္ဍာန်မှာ ဖြစ်တာရယ်၊ အဲဒီလို အဇ္ဈတ္တမှာ ဖြစ်တဲ့တရား၊ ဗဟိဒ္ဓမှာဖြစ်တဲ့ တရားလို့ ခွဲခြားလို့ ရသလား၊ ရရင် အဲဒီတရားကို ခန္ဓာဖွဲ့နိုင်တယ်။

ရုပ်ဆိုတာ မိမိသဏ္ဍာန်မှာဖြစ်တဲ့ ရုပ်ရှိတယ်၊ သူတစ်ပါး သဏ္ဍာန်မှာဖြစ်တဲ့ ရုပ်ရှိတယ်၊ အဲဒီလို အဇ္ဈတ္တမှာ ဖြစ်တဲ့ရုပ်၊ ဗဟိဒ္ဓမှာ ဖြစ်တဲ့ရုပ် ကွဲပြားနိုင်တယ်။ ကွဲပြားနိုင်ရင် ဒီရုပ်ကို တစ်ခုထဲပင် ဖြစ်သော်လည်း သူ့ကို ခန္ဓာလို့ပဲ ခေါ်ရတယ်။ အဲဒီလို သွားရမယ်၊ ဟို ဝေဒနာ၊ သညာ၊ စသည်လည်း ဒီအတိုင်းပဲသိရမယ်။

ဒူရ၊ အာသန္န။ ဒူရဆိုတာက ဝေးတာ၊ အာသန္နဆိုတာက နီးတာ၊ ဒီနေရာမှာ နီးတဲ့ရုပ်၊ ဝေးတဲ့ရုပ်ဆိုတာ အသိခက်တဲ့ရုပ်ကို ဝေးတဲ့ရုပ်လို့ခေါ်တယ်။ သိလွယ်တဲ့ ရုပ်ကို နီးတဲ့ရုပ်ကို ခေါ်တယ်၊ အတိုင်းအတာအားဖြင့် ခရီးအားဖြင့် နီးတာ၊ ဝေးတာကို ပြောတာမဟုတ်ဘူးနော်၊ ဒူရ၊ အာသန္န နောက်ကျတော့ သုခုမ၊ ဩဠာရိကတို့ကလည်း လာလိမ့်ဦးမယ်နော်၊ ဒူရ-အာသန္န နီးတဲ့ရုပ်၊ ဝေးတဲ့ရုပ်။ ဒါတော့ နှစ်မျိုးရလိမ့်မယ်လို့ ထင်တယ်။ distance အားဖြင့်လည်းပဲ ဝေးတဲ့ရုပ်ကို ဒူရခေါ်မယ်၊ နီးတဲ့ရုပ်ကို အာသန္နခေါ်မယ်၊ ဉာဏ်အားတဲ့ရုပ်ကို၊

[စာမျက်နှာ-252] အသိခက်တဲ့ရုပ်ကို ဒူရခေါ်မယ်၊ သိလွယ်တဲ့ရုပ်ကို အာသန္န-နီးတဲ့ရုပ်လို့ ခေါ်မယ်နော်၊ အဲဒီလိုမှတ်ပါ၊ အဲသလို ဒူရအာသန္နကွဲပြားသလား၊ ကွဲပြားရင် သူ့ကို ခန္ဓာဖွဲ့မယ်။

သိမ်မွေ့တာရှိတယ်၊ မသိမ်မွေ့တာရှိမယ်၊ နီးတာရှိတယ်၊ ဝေးတာရှိတယ်။ သိလွယ်တာရှိတယ်၊ မသိလွယ်တာရှိမယ်၊ အဲသလို ၂-မျိုးကွဲရင်လည်း သူတို့ကို ခန္ဓာဖွဲ့မယ်။

ပြီးတော့ ဟီန ပဏီတတဲ့၊ ဟီနဆိုတာ ယုတ်ညံ့တာ၊ ပဏီတဆိုတာ မြတ်တာ၊ အဲသလို မြတ်တဲ့ရုပ်၊ ကောင်းတဲ့ရုပ်၊ ညံ့တဲ့ရုပ် ကွဲပြားမှုရှိသလား၊ ဟီနပဏီတကွဲပြားမှုရှိသလား၊ ရှိရင် သူ့ကိုလည်း ခန္ဓာဖွဲ့မယ်။

ဩဠာရိက၊ သုခုမ၊ ဩဠာရိကဆိုတာ ကြမ်းတမ်းတာ၊ သိလွယ်တာ၊ သုခုမ ဆိုတာက သိမ်မွေ့တာ၊ အသိခက်တာ၊ သိနိုင်ခဲတယ်၊ အဲသလို ကွဲပြားမှုရှိရင်လည်း သူ့ကို ခန္ဓာဖွဲ့ရမယ်။

အဲသလို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကွဲရင်လည်း ခန္ဓာဖွဲ့နိုင်မယ်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ကွဲရင်လည်းခန္ဓာဖွဲ့ရမယ်၊ ဒူရ၊ အာသန္နကွဲရင်လည်း ဖွဲ့နိုင်တယ်၊ ဟီန ပဏီတကွဲရင်လည်း ခန္ဓာဖွဲ့နိုင်တယ်၊ ဩဠာရိက သုခုမကွဲရင်လည်း ခန္ဓာဖွဲ့နိုင်တယ်။

ဒါကြောင့်မို့ ဝေဒနာဆိုတာဟာ စေတသိက် တစ်ခုထဲမဟုတ်လား၊ ဝေဒနာ စေတသိက် တစ်ခုထဲကို ဝေဒနာ အစုလို့ခေါ်တာ၊ သုခ ဒုက္ခဝေဒနာတွေများလို့ ခေါ်တာမဟုတ်ဘူး၊ သုခ ဝေဒနာတစ်ခုထဲကိုပဲ ဝေဒနက္ခန္ဓာလို့ခေါ်မှာ၊ ဒုက္ခဝေဒနာ တစ်ခုထဲကိုပဲ ဝေဒနက္ခန္ဓာလို့ ခေါ်မှာ။

ဒါကြောင့်မို့ တကယ့်တကယ် ပြောရရင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် စသည်ကွဲပြားမှုရှိ၊ မရှိ ကြည့်ပြီးတော့ ခန္ဓာဖွဲ့တာ၊ ဒါကြောင့် တစ်ခုတစ်ခု individually ခန္ဓာခေါ်လို့ရတယ်။

ရုပ် ၂၈-ပါးထဲက စက္ခုပသာဒ တစ်ခုထဲကို ခန္ဓာခေါ်လို့ရတယ်၊ သောတပသာဒတစ်ခုထဲကို ခန္ဓာခေါ်လို့ရတယ်၊ ဦးဇင်းတို့ ညဝါဆိုလို့ ခန္ဓာအာယတနဓာတ်၊ သစ္စာဖွဲ့တဲ့အခါကျတော့ အဲဒီအတိုင်း ဖွဲ့ဖွဲ့သွားရတယ်။

ကောင်းပြီ၊ ရူပက္ခန္ဓာဆိုတာ ဘာကိုခေါ်သလဲ၊ ရူပက္ခန္ဓာအရ တရားကိုယ် ဘာတွေကောက်ရသလဲ၊ ရုပ် အဋ္ဌဝီသ (အဋ္ဌဝီသဆိုတာ-၂၈) ရုပ် ၂၈-ခုသည် ရူပက္ခန္ဓာ၊ အဲဒါရုပ် ၂၈-ခုလုံးပေါင်းပြီးမှ မဟုတ်ဘူး၊ ခုနပြောသလို တစ်ခု တစ်ခုစီလည်း ရူပက္ခန္ဓာ။

ဝေဒနက္ခန္ဓာဆိုတာ ဝေဒနာစေတသိက်၊ သညက္ခန္ဓာဆိုတာ သညာ

[စာမျက်နှာ-253] စေတသိက်၊ သင်္ခါရက္ခန္ဓာဆိုတာက ဝေဒနာသညာမှ ကြွင်းတဲ့စေတသိက်-၅၀။

အဲဒီစေတသိက်-၅၀ မှာ သင်္ခါရလို့ခေါ်တဲ့ စေတနာက ဦးစီးဦးဆောင် ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို သင်္ခါရက္ခန္ဓာလို့ခေါ်တယ်၊ အမှန်တော့ သင်္ခါရဆိုတဲ့ စကားဟာ စေတနာရဲ့ နာမည်၊ စေတနာကိုပဲ သင်္ခါရလို့ ခေါ်တယ်။

အဲဒီစေတနာ ဦးဆောင်တဲ့ စေတသိက်ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကို သင်္ခါရက္ခန္ဓာ၊ သင်္ခါရအစုလို့ခေါ်တယ်။

ဝိညာဏက္ခန္ဓာဆိုတာ စိတ်တစ်ခုယုတ်-၉၀ သို့မဟုတ် အကျယ်-၁၂၁-ပါးပေါ့၊ စိတ် တစ်ခုယုတ်-၉၀ ကို ဝိညာဏက္ခန္ဓာလို့ခေါ်တယ်၊ ကောင်းပြီ ရုပ်ကို ရူပက္ခန္ဓာခေါ်တာလည်းပဲမကျေနပ်စရာ မရှိဘူး၊ စိတ်ကို ဝိညာဏက္ခန္ဓာခေါ်တာလည်း မကျေနပ်စရာမရှိဘူး။

စေတသိက်-၅၂ ခုကို ဘာကြောင့် ၃-မျိုးခွဲသလဲ၊ ဝေဒနာကို ခန္ဓာသီးခြား တစ်ခုဖွဲ့တယ်၊ သညာကို ခန္ဓာသီးခြား တစ်ခုဖွဲ့တယ်၊ ကျန်တဲ့-၅၀ ကျတော့မှ ခန္ဓာတစ်ခုဖွဲ့တယ်၊ မတရားသလိုကြီး ဖြစ်မနေဘူးလား၊ ဝေဒနာနဲ့ သညာကျတော့ ဦးစားပေးထားတယ်။

ဘာကြောင့် ဝေဒနာနဲ့ သညာကို ဦးစားပေးပြီး ခန္ဓာဖွဲ့ရတာလဲဆိုတော့ ဝေဒနာက ဝဋ်တရားမှာ သာယာဖို့ရန်အကြောင်းဖြစ်တယ်၊ ဝေဒနာခံစားမှုရှိပြီး တဲ့နောက်မှာ တဏှာက သာယာတာ၊ တဏှာက တွယ်တာတာ။

ပထမဝေဒနာနဲ့ခံစားတယ်၊ အထူးသဖြင့်တော့ ကောင်းတဲ့ ဝေဒနာကို ခံစားတယ်၊ မကောင်းတဲ့ဝေဒနာနဲ့ တွေ့ပြန်တော့လည်း ကောင်းတဲ့ ဝေဒနာကို တောင့်တတယ်ပေါ့လေ၊ အဲသလို ဝေဒနာက ခံစားမှုစွဲလမ်းမှုရဲ့ အကြောင်းခံ ဖြစ်စေတယ်။

ဝေဒနာက အဲသလိုဖြစ်ပြီးတော့ သညာက အဲဒီဝေဒနာခံစားလို့ ကောင်းအောင် သူက ပြုပြင်စီမံပေးရတယ်၊ ထမင်းချည်းစားရင် မကောင်းတော့ ဟင်းနဲ့စားရတယ်။ အဲသလိုပဲ ဝေဒနာက ထမင်းနဲ့တူပြီးတော့ သညာကဟင်းနဲ့ တူလိမ့်မယ်။

သညာက အမှတ်အသား (ဦးဇင်းတို့ကို) လုပ်ပေးတဲ့အတိုင်း ဝေဒနာခံစားတာ၊ ဒါကြောင့်မို့ သညာနောက်လိုက်ပြီးတော့ ဝေဒနာကခံစားတာ၊ သညာက ဒါကောင်းတယ်ဟေ့လို့ အမှတ်ခိုင်းထားရင် ကိုယ်က အကောင်းအဖြစ်ခံစားလိုက်တာပဲ။ ဒါမကောင်းဘူးပေါ့လို့ သညာက ပြောထားတော့ မကောင်းတဲ့ အနေနဲ့ ခံစားလိုက်တာပဲ၊ အဲဒါရှင်းရဲ့လား၊ ပုံရိုင်းရိုင်း ပြောရရင် ခွေးတွေအဖို့ မစင်ဟာ ကောင်းတယ်လို့

[စာမျက်နှာ-254] ဣဋ္ဌာရုံအနေနဲ့ သူတို့က မှတ်သားမထားဘူးလား၊ မှတ်သား ထားတော့ အဲဒီသညာက ပြုပြင်ပေးထားတဲ့အတိုင်း သညာက စီမံပေးထားတဲ့အတိုင်း ဝေဒနာက ကောင်းတယ် ဆိုတဲ့ အနေနဲ့ ခံစားလိုက်တယ်။

လူသတ္တဝါကျတော့ (မစင်ကို) မကောင်းတဲ့အာရုံ အနိဋ္ဌာရုံဆိုတော့ မကောင်းတဲ့ အနေနဲ့ ခံစားလိုက်တယ်၊ အဲဒါ သညာကပြုပြင်ပေးတာ၊ အဲသလို သညာက စီမံပေးတယ်ဆိုပါတော့ (ဟင်းလိုပဲ)၊ ဝေဒနာက ခံစားပေးတယ်။

အဲဒီသညာက အပေါ်က ဆားဖြူးပေးသလို သညာက လုပ်ပေးတဲ့အတိုင်း ဝေဒနာ ခံစားပြီးတော့ တဏှာကစွဲလမ်းတာဖြစ်တဲ့အတွက်ကြောင့် ဝေဒနာနဲ့ သညာကို သီးခြားခန္ဓာဖွဲ့တယ်၊ ဝဋ်တရားအတွက် အရေးကြီးတယ်ပေါ့လေ။

မြတ်စွာဘုရားဟောတဲ့ တရားတွေဆိုတာ ဝဋ်တရားမှလွတ်မြောက်ဖို့ အရေး တကြီးရည်ရွယ်ချက်နဲ့ ဟောတာ၊ မြတ်စွာဘုရားဟောတဲ့ တရားတွေဆိုတာ ငါ သိတယ်၊ ငါတတ်တယ် ပြချင်လို့ဟောတာ မဟုတ်ဘူး၊ အမှန်တော့ ဒီတရားကို နာပြီးတော့ ဝဋ်ဆင်းရဲမှ ကျွတ်လွတ်ကြဖို့ ရည်ရွယ်ချက်နဲ့ မြတ်စွာဘုရားဟောတော်မူတယ်။

ဝဋ်တရားအနေနဲ့ကြည့်မယ်ဆိုရင် ဝေဒနာနဲ့ သညာဟာ အရေးကြီးတဲ့ တရားတွေ ဖြစ်တယ်၊ အဲဒါကြောင့်မို့ သူတို့ကို သီးခြားထုတ်ပြီးတော့ ဝေဒနာကို ဝေဒနက္ခန္ဓာ၊ သညာကို သညက္ခန္ဓာလို့ ဒီလိုခန္ဓာဖွဲ့တယ်၊ ပြီးတော့ကျန်တဲ့ စေတသိက်တွေကို အားလုံးပေါင်းပြီးတော့ သင်္ခါရက္ခန္ဓာလို့ ဒီလိုဖွဲ့ လိုက်တယ်၊ ဒါကြောင့်မို့ ၅-ပါးဖြစ်သွားတယ်၊ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ ဒါ ရှင်းပြီနော်။

ဥပါဒါနက္ခန္ဓာတဲ့၊ ဥပါဒါနက္ခန္ဓာကလည်း မထူးပါဘူး၊ ရူပနဲ့ ဥပါဒါနက္ခန္ဓာနဲ့ တွဲလိုက်ရင် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာလို့ ဥပါဒါနက္ခန္ဓာ ၅-ပါးအပြားရှိတယ်။

ဥပါဒါနဆိုတာ ဥပါဒါန်၊ ဥပါဒါန်ကိုလေ့လာပြီးပြီလား၊ ဥပါဒါန် ဘယ်မှာ ပါခဲ့သလဲ၊ အကုသလသင်္ဂဟမှာ ပါခဲ့ပြီ၊ ဥပါဒါန် ၄-ပါးရှိတယ် မဟုတ်လား၊ အဲဒီဥပါဒါန်နဲ့ စွဲလမ်းလို့ရတဲ့ ခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်၊ ရှင်းရှင်းပြောရ ရင်တော့ ဥပါဒါန်နဲ့ အာရုံပြုခံရတဲ့ ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ ဥပါဒါန်ကဘာတွေတုန်း၊ ဥပါဒါန်ရဲ့ တရားကိုယ်က ဘာတွေလဲ ပြန်ကြည့်စမ်းပါဦး။ ဥပါဒါန်ရဲ့ တရားကိုယ်က လောဘနဲ့ ဒိဋ္ဌိ၊ ကောင်းပြီ၊ ပကိဏ်းပိုင်း

[စာမျက်နှာ-255] ပြန်လိုက်စမ်း၊ အာရမ္မဏသင်္ဂဟ ပြန်ကြည့်လိုက်စမ်း၊ လောဘကဘယ်အထိ အောင် အာရုံပြုနိုင်သလဲ၊ လောကီတရားအားလုံးကို အာရုံပြုနိုင်တယ်၊ လောဘက လောကုတ္တရာကို အာရုံမပြုနိုင်ဘူး၊ အကုသိုလ်စိတ်ကြည့်လိုက်၊ အကုသိုလ်စိတ်က ဘယ်ကို အာရုံပြုသလဲ၊ လောဘရဲ့ အာရုံပြုနိုင်ရာနယ်ပယ်က လောကီသာဖြစ်တယ်။

ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာလို့ပြောရင် လောကီတရားထဲမှာပဲ ကောက်ရ လိမ့်မယ်၊ လောကုတ္တရာထဲကောက်လို့ မရဘူး။

ကောင်းပြီ ရူပုပါဒါနက္ခန္ဓာတဲ့၊ ဥပါဒါန်ရဲ့ အာရုံဖြစ်တဲ့ ခန္ဓာ၊ ရူပက္ခန္ဓာဆိုတာ ဘာတုန်း၊ ရုပ် ၂၈-ပါးလုံးပဲ၊ မထူးဘူး၊ ရူပက္ခန္ဓာဆိုလည်း ရုပ် ၂၈-ပါးလုံးပဲ၊ ရူပုပါဒါနက္ခန္ဓာဆိုရင်လည်းရုပ် ၂၈-ပါးပဲ။

ဒီရုပ် ၂၈-ပါးကိုလောဘနဲ့ အာရုံပြုလို့ရတယ်၊ တွယ်တာလို့ရတယ်၊ ဒိဋ္ဌိနဲ့ အယူမှားလုပ် လို့ရတယ်၊ ရူပုပါဒါနက္ခန္ဓာတဲ့။

ဝေဒနုပါဒါနက္ခန္ဓာတဲ့၊ ဝေဒနာစေတသိက်ပဲ၊ သေသေချာချာ ပြောမယ်ဆို ရင်တော့ အဲဒီဝေဒနာစေတသိက်က လောကီဝေဒနာစေတသိက်ပဲ၊ လောကီစိတ်နဲ့ ယှဉ်တဲ့ဝေဒနာ စေတသိက်ပဲ ဖြစ်ရမယ်၊ လောကုတ္တရာစိတ်နဲ့ယှဉ်တဲ့ ဝေဒနာ စေတသိက်ကို မကောက်ဘူး၊ ဒါလေးကွာသွားတာ၊ လောကီနဲ့ လောကုတ္တရာ ကွာသွားတာ။

သညုပါဒါနက္ခန္ဓာဆိုရင် သညာစေတသိက်၊ ထို့အတူပဲ လောကီစိတ်မှာယှဉ်တဲ့ သညာစေတသိက်။

သင်္ခါရုပါဒါနက္ခန္ဓာ၊ ထို့အတူပဲ၊ လောကီမှာယှဉ်တဲ့ စေတသိက် ၅၀။ ဝိညာဏုပါဒါနက္ခန္ဓာ၊ ဘာကောက်မလဲ၊ လောကုတ္တရာစိတ် ချန်ရမယ်၊ လောကီစိတ် ၈၁-ကိုသာ ကောက်ရမယ်၊ အဲဒါနည်းနည်းလေး ထူးတယ်။

ရူပက္ခန္ဓာဆိုရင် ရုပ်-၂၈ ခု၊ ရူပုပါဒါနက္ခန္ဓာဆိုရင် ရုပ်-၂၈ ခု၊ ဒါကတော့ အတူတူပဲ၊ ရုပ်မှန်ရင် ဥပါဒါန်ရဲ့ အာရုံမဟုတ်တာလို့ မရဘူး။

ဝေဒနက္ခန္ဓာဆိုရင် စိတ်တစ်ခုယုတ်-၉၀ မှာ ယှဉ်တဲ့စေတသိက်၊ သူကတော့ သာမညကောက်ရတယ်၊ ဝေဒနုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်မှာယှဉ်တဲ့ ဝေဒနာ စေတသိက်။

သညက္ခန္ဓာဆိုရင် စိတ်အားလုံးမှာယှဉ်တဲ့ သညာစေတသိက်၊ သညုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်မှာ ယှဉ်တဲ့သညာစေတသိက်။

သင်္ခါရက္ခန္ဓာဆိုရင် စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက်-၅၀၊ သင်္ခါရုပါဒါ

[စာမျက်နှာ-256] နက္ခန္ဓာဆိုရင် လောကီစိတ်မှာ ယှဉ်တဲ့စေတသိက်-၅၀။

ဝိညာဏက္ခန္ဓာဆိုရင် စိတ်တစ်ခုယုတ်-၉၀၊ ဝိညာဏုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်-၈၁၊ အဲသလောက်လေးပဲထူးတယ်၊ သိပ်မထူးပါဘူး။

အဲဒီတော့ ဥပါဒါနက္ခန္ဓာဆိုတဲ့ စကားလုံးကိုတော့ ကောင်းကောင်း နားလည် အောင်လုပ်ထားရမယ်၊ တရားထိုင်တဲ့အခါ၊ တရားအားထုတ်တဲ့အခါ၊ တရားစကား ပြောတဲ့အခါ ဥပါဒါနက္ခန္ဓာဆိုတဲ့စကား ခဏခဏ ပြောရတယ်၊ ဥပါဒါန်တွေရဲ့ အာရုံဖြစ်တဲ့ ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်၊ တရားကိုယ်က လောကီစိတ်မှာ ကောက်ပေတော့။

လောကုတ္တရာစိတ် ၈-ခုနဲ့ အဲဒီမှာယှဉ်တဲ့ စေတသိက်ဟာ ခန္ဓာသာမည်တယ်။ ဥပါဒါနက္ခန္ဓာ မမည်ဘူးပေါ့။

ဘာကြောင့် ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာ ၂-မျိုးခွဲပြီး ဘုရားက ဟောရတာတုန်း၊ ခန္ဓာထဲမှာ ဥပါဒါနက္ခန္ဓာ အကုန်လုံးပါမသွားဘူးလား၊ ပါနေတာပဲ၊ ခန္ဓာက အရာကျယ်တယ်၊ ဥပါဒါနက္ခန္ဓာက အရာကျဉ်းတယ် မဟုတ်ဘူးလား။

ဆိုပါတော့၊ ဝေဒနက္ခန္ဓာဆိုရင် စိတ်-၈၉ မှာ အကုန်လုံးယှဉ်တဲ့ဝေဒနာ၊ ဝေဒနုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်မှာယှဉ်တဲ့ ဝေဒနာဆိုတော့ ဥပါဒါနက္ခန္ဓာဟာ ခန္ဓာထဲပါပြီးသားပဲ၊ ဘာကြောင့် ၂-ခုခွဲဟောရတာတုန်း။

ခန္ဓာကတော့ လောကီလောကုတ္တရာ အကုန်လုံးပေါင်းပြီးတော့ ခန္ဓာအနေနဲ့ ပြချင်လို့ မြတ်စွာဘုရားက ခန္ဓာဒေသနာကို ဟောတော်မူတယ်၊ အဲဒါကြောင့် ခန္ဓာမှာဆိုရင်တော့ လောကီလောကုတ္တရာအကုန်လုံး ကောက်ရမယ်။

ဥပါဒါနက္ခန္ဓာကို ဘာကြောင့်ဟောရတာလဲဆိုတော့၊ ဝိပဿနာထိုင်တဲ့အခါမှာ ဝိပဿနာပုဂ္ဂိုလ်တွေ ဝိပဿနာရှုဖို့ လောကီတရား သက်သက်ကို ဟောချင်လို့ ဥပါဒါနက္ခန္ဓာကိုဟောတာ။

အဲဒီတော့ ဝိပဿနာထိုင်ရင် ဘာကိုရှုရသလဲဆိုတော့ “ဝိပဿနာဉာဏ် ဆိုတာ၊ ဘယ်ဟာရှုထိုက်သနည်း”လို့ မဟာစည် ဆရာတော်ကြီးရေးတဲ့ အမေးရှိတယ်။ စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာတဲ့၊ ငါးခန္ဓာဆိုတာ ဥပါဒါနက္ခန္ဓာကိုပြောတာ၊ ဥပါဒါနက္ခန္ဓာ ၅-ပါးကိုရှုရတယ်၊ လောကုတ္တရာခန္ဓာကို မရှုရဘူး၊ လောကုတ္တရာစိတ်ကို ဝိပဿနာ ရှုလို့မရဘူး၊ ဘာကြောင့်တုန်းဆိုတော့ ကိုယ်ကိုယ်တိုင်ကရကိုမရသေးလို့၊ နိဗ္ဗာန်ဆိုတာလည်း ဝိပဿနာရှုစရာအာရုံမဟုတ်ဘူး။

ဒါကြောင့်မို့ ဝိပဿနာရှုစရာအာရုံအနေနဲ့ ဖော်ပြချင်လို့ ဥပါဒါနက္ခန္ဓာကို

[စာမျက်နှာ-257] မြတ်စွာဘုရားက ဟောတော်မူတာ။

အဲဒီအခါမှာ ဝိပဿနာရဲ့ အာရုံဆိုတာဟာ လောကီတရားသာ ဖြစ်တယ်၊ လောကုတ္တရာမဖြစ်ဘူး၊ ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာ အရကောက်ရင် လောကီတွေပဲ ကောက်ရတယ်။

ဒါဟာ သဘာဝကျကျ စဉ်းစားကြည့်ရင် ခုနက ပြောသလို လောဘနဲ့ဒိဋ္ဌိရဲ့ အာရုံဖြစ်နိုင်တဲ့ တရားဆိုရင် လောကီတရားပဲရှိတယ်၊ လောကုတ္တရာတရားမှာ လောဘဒိဋ္ဌိရဲ့ အာရုံဖြစ်နိုင်တဲ့တရားမရှိဘူး၊ ရဲရဲပူနေတဲ့ သံခဲကြီးမှာ ယင်ကောင် မဝံ့သလို လောဘဒိဋ္ဌိတွေရော၊ အခြားကုသိုလ်တွေရော နိဗ္ဗာန်ကျတော့ အာရုံ မပြုနိုင်ဘူး၊ လောကုတ္တရာကျတော့ အာရုံမပြုနိုင်ဘူး၊

ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာကို ခွဲ၍ ဟောပါသည်။

ဒါကြောင့်မို့ တရားထိုင်နေတဲ့သူ၊ တရားဝါသနာပါသူတွေအနေနဲ့ ဥပါဒါနက္ခန္ဓာကို သိကိုသိရမယ်။

ကောင်းပြီမှ လက်တွေ့အားဖြင့် ပြောကြစို့၊ ဥပါဒါနက္ခန္ဓာ ၅-ပါးဆိုတာ ဘာတွေလဲ၊ အခုပြောနေတာက စာစကားနဲ့ ပြောနေတာ၊ လူစိမ်းတစ်ယောက်က လာပြီး တရားထိုင်တယ်၊ မင်းဥပါဒါနက္ခန္ဓာကို ရှုဟေ့ဆိုရင် အဲဒီလူ နားလည် မလား၊ အဲဒီတော့ ဥပါဒါနက္ခန္ဓာဆိုတာ အမှန်ကတော့ နားမလည်ဘူး။

ဥပါဒါနက္ခန္ဓာ ၅-ပါးဆိုတာ အကုန်လုံးပဲ၊ ပစ္စုပ္ပန်အခိုက်အတံ့မှာ ထင်ရှားတာ မှန်သမျှ ဥပါဒါနက္ခန္ဓာပဲ၊ အဲဒီတော့ ဥပါဒါနက္ခန္ဓာ ၅-ပါးရှုရမယ်ဆိုတာ ပစ္စုပ္ပန် အခိုက်အတံ့မှာ ထင်ရှားတာ၊ မြင်စရာ၊ ကြားစရာ၊ နံစရာ စသည် အားလုံးဟာ ဥပါဒါနက္ခန္ဓာပဲ။

ဒါကြောင့် စာစကားနဲ့ ပြောမယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာ ၅-ပါးကို ရှု၊ ရိုးရိုးစကားနဲ့ ပြောမယ်ဆိုရင် တွေ့ကြုံသမျှ အားလုံး ပစ္စုပ္ပန် အခိုက်အတံ့မှာ ထင်ရှားတဲ့ အာရုံမှန်သမျှဟာ ဥပါဒါနက္ခန္ဓာပဲ။

တစ်ခါတလေ ရုပ်ရှုမိမယ်၊ တစ်ခါတလေ ဝေဒနာကိုရှုမိမယ်၊ တစ်ခါတလေ သညာကို ရှုချင်ရှုမိမယ်၊ တစ်ခါတလေ စိတ်ကို ရှုချင်ရှုမိမယ် စသည်ဖြင့်ပေါ့၊ အဲသလိုအမျိုးမျိုး ရှုမိတယ်၊ တစ်ခါတလေ သင်္ခါရုပါဒါနက္ခန္ဓာ ရှုမိတဲ့အခါ ရှိတယ်။

လောဘရှုမိတဲ့အခါရှိတယ်၊ ဒေါသရှုမိတဲ့အခါ မရှိဘူးလား၊ အဲဒီအခါကျတော့ သင်္ခါရုပါဒါနက္ခန္ဓာကို ရှုနေတာပေါ့၊ ဝေဒနာရှုတာမရှိဘူးလား ရှိတာပေါ့၊ အဲဒါကျတော့ ဝေဒနုပါဒါနက္ခန္ဓာကို ရှုနေတာပေါ့။

[စာမျက်နှာ-258] သညုပါဒါနက္ခန္ဓာကို ရှုတာကတော့ နည်းလိမ့်မယ်၊ မှတ်သားတဲ့ဟာကျတော့ ရုတ်တရက် အာရုံပြုချင်မှ ပြုမိမယ်။

စိတ်ကိုရှုပြီတဲ့၊ စိတ်ပြေးတယ်၊ ပြေးတယ် ရှုတယ်၊ ဒါဆိုရင် ဝိညာဏုပါဒါနက္ခန္ဓာရှုတာပေါ့၊ အဲဒီလို ဝိပဿနာရှုဖို့ လောကီတရားသက်သက်ကို ကွက်ပြီး ဟောချင်တဲ့အတွက်ကြောင့်မို့ ဥပါဒါနက္ခန္ဓာ ဒေသနာကို မြတ်စွာဘုရား ဟောတော် မူတယ်။

ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာကိုသာ ဝိပဿနာရှုရသည်၊ ဒါကို သေသေချာချာ မှတ်ထားရမယ်။

ဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်တာရှိလဲဆိုတော့ “သဗ္ဗေ သင်္ခါရာ အနိစ္စာတိ ယဒါ ပညာယ ပဿတိ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ ယဒါ ပညာယ ပဿတိ၊ သဗ္ဗေ ဓမ္မာ အနတ္တာတိ ယဒါ ပညာယ ပဿတိ” ဆိုပြီး ဓမ္မပဒမှာ ဂါထာ ၃-ပုဒ် ရှိတယ်။

သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သင်္ခါရတရားမှန်သမျှ အနိစ္စပဲ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သင်္ခါရတရားမှန်သမျှ ဆင်းရဲချည်းပဲ၊ သဗ္ဗေ ဓမ္မာ အနတ္တာ၊ အလုံးစုံသော တရားမှန်သမျှ အနတ္တချည်းပဲလို့ဟောတဲ့ နေရာမှာ ဝိပဿနာနဲ့ ပတ်သက်တဲ့နေရာ မဟုတ်ပဲနဲ့၊ ရိုးရိုး statement အနေနဲ့ ဟောတာဖြစ်ရင် သဗ္ဗေ သင်္ခါရာ အနိစ္စာ အရ ခန္ဓာ ၅-ပါးကို ယူရတယ်၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ အရ ခန္ဓာ ၅-ပါးကို ယူရတယ်၊ သဗ္ဗေ ဓမ္မာ အနတ္တာ အရ ခန္ဓာငါးပါးရော၊ နိဗ္ဗာန်ရောယူရတယ်။

နိဗ္ဗာန်ဟာ အတ္တ မဟုတ်ဘူးနော်၊ နိဗ္ဗာန်ဟာ နိစ္စ၊ သုခ၊ ဒါပေမယ်လို့ အတ္တမဟုတ်ဘူး၊ အနတ္တပဲ၊ အဲသလို ယူရတယ်။

ဒါပေမယ်လို့ ဓမ္မပဒမှာကျတော့ သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ၊ သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ၊ အထ နိဗ္ဗိန္ဒတိ ဒုက္ခေလို့ အဲသလို ဆက်ဟောတယ်။

နိဗ္ဗိဒါဉာဏ်ဖြစ်တယ်၊ ဆင်းရဲတရားမှ ငြီးငွေ့တယ်ဆိုတာ ဝိပဿနာရှုမှ ဖြစ်တာ၊ ဒါကြောင့် အဲဒီဂါထာမှာကျတော့ ဝိပဿနာကို ဆိုလိုတယ်။

ဝိပဿနာနဲ့ ပတ်သက်ပြီး ဟောနေတာဖြစ်တဲ့အတွက်ကြောင့်မို့ အဋ္ဌကထာ ဆရာက ဒီနေရာမှာ သဗ္ဗဓမ္မာအရ ခန္ဓာ ၅-ပါးပဲလို့ ဖွင့်တယ်၊ ဝိပဿနာကို ရည်ရွယ်ပြီးဖွင့်တာပဲဆိုတာကိုမသိရင် အဋ္ဌကထာဆရာကို မှားတယ်လို့ ပြောမိ တတ်တယ်၊ ဒါလေး သတိပေးချင်တယ်။

[စာမျက်နှာ-259] သီရိလင်္ကာဆရာတော်ဦးနာရဒက အဲသလိုသူက မှားတယ်လို့လည်း တိုက်ရိုက် မပြောဝံ့ဘူး၊ ဒါပေမယ်လို့ သူမကြိုက်ဘူး သဘောမျိုးမှတ်ချက်လေး ရေးထားတယ်၊ သဗ္ဗေ ဓမ္မာ အနတ္တာအရ နိဗ္ဗာန်ဟာ အနတ္တပဲ၊ နိဗ္ဗာန်ပါပါရမယ်နဲ့ သူ့ရဲ့ ဓမ္မပဒမှာ ရေးတယ်၊ ဒါကြောင့်မို့ သူလွဲတယ်။

ဓမ္မပဒက ဟောတာမျိုးမဟုတ်ပဲနဲ့ ရိုးရိုး statement အနေနဲ့ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ လို့ဟောတဲ့ နေရာမျိုးမှာဆိုရင် သဗ္ဗေ ဓမ္မာ အရ နိဗ္ဗာန်ပါထည့်ယူရမယ်။

ဒါပေမယ့် ဝိပဿနာအရာမှာ ဟောတာကျတော့ ဝိပဿနာနဲ့ ညှိပြီးတော့ ရှုရမယ်၊ ဝိပဿနာနဲ့ ကိုက်အောင်ယူရမယ်၊ ဝိပဿနာအရာမှာ နိဗ္ဗာန်ကို ဝိပဿနာရှုတယ်လို့ ဘယ်တော့မှ မရှိဘူး၊ လောကုတ္တရာ တရားကို ဝိပဿနာ ရှုတယ်လို့ ဘယ်တော့မှ မရှိဘူး၊ ဒါကြောင့်မို့ သဗ္ဗဓမ္မာလို့ ဟောထားပေမယ့်လည်း ဓမ္မပဒဂါထာမှာကျတော့ ခန္ဓာငါးပါးကိုပဲယူရတယ်၊ နိဗ္ဗာန်ကို မယူရဘူး၊ ဒါလေး နားလည်ထားဖို့ကောင်းတယ်။

တော်တော်ကြာ အဲဒီ အရှင်နာရဒရေးတဲ့ ဓမ္မပဒ သွားဖတ်မိရင် သူ့မှတ်ချက် လေးတွေ့ရင် သူ့ဘက်ပါသွားမှာစိုးလို့ သတိပေးတာ။

အာယတန ၁၂-ပါးတဲ့၊ အာယတနရဲ့ အဓိပ္ပါယ်က ဘာတဲ့တုန်း၊ ပေးထားတဲ့ စာရွက်ထဲမှာ အာယတနရဲ့ အဓိပ္ပါယ်က “ရှည်လျားလှစွာသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကြောင့် အာယတန မည်၏”တဲ့။

အာယတနဆိုတဲ့ ပုဒ်ရဲ့ အနက်က အမျိုးမျိုးရှိတယ်နော်၊ အကြောင်းဆိုတဲ့ အနက်လည်းရှိတယ်၊ တည်ရာဆိုတဲ့ အနက်လည်းရှိတယ်၊ တည်ရာနေရာ အခုလို နတ်ကွန်းတို့ ဘာတို့ဆိုတဲ့နေရာမှာ တည်ရာနေရာ ဝတ္ထုပေါ့၊ အဲသလိုလဲပဲ ရှိတယ်၊ အမျိုးမျိုး အကုန်လုံးရတယ်၊ သံသရာကို ဝဋ်ဆင်းရဲကို ဖြစ်စေတတ် တယ်ဆိုတာလည်း ရတယ်၊ အမျိုးမျိုးဖွင့်ကြတယ်၊ စိတ်ဖြစ်ပေါ်ဖို့ရာအကြောင်း စိတ် စေတသိက် ဖြစ်ပေါ်ဖို့ရာအကြောင်း ဒီလိုလဲဆိုလို့ရတယ်။

အာယတန ၁၂-ပါးရှိတယ်၊ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတန ဒီ ၆-ခုက တစ်စု။

ပြီးတော့ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန၊ သူက တစ်စု၊ နှစ်ခုရှိတယ်၊ အားလုံးပေါင်းလိုက်ရင် အာယတန ၁၂-ပါး။

[စာမျက်နှာ-260] ကောင်းပြီ၊ စက္ခာယတနဆိုတာ ဘာတုန်း၊ ဘယ်သူ့ကို ဆိုလိုတာတုန်း စက္ခာယတနရဲ့ တရားကိုယ်က ဘာတုန်း၊ စက္ခုပသာဒရုပ်တဲ့။

ရုပ် ၂၈-ပါးထဲမှာ စက္ခုပသာဒရုပ်ကို စက္ခာယတန၊ သောတာပသာဒရုပ်ကို သောတာယတန၊ ဃာနပသာဒရုပ်ကို ဃာနာယတန၊ ဇိဝှါပသာဒရုပ်ကို ဇိဝှါယတန၊ ကာယပသာဒရုပ်ကို ကာယာယတန၊ စိတ်တစ်ခုယုတ် ကိုးဆယ်ကို မနာယတနလို့ ခေါ်တယ်၊ သူတို့က အတွင်း အာယတန ၆-ပါး (အဇ္ဈတ္တ ဗဟိဒ္ဓကွဲတာကို တွေ့လိမ့်မယ်)။

အပြင် အာယတန ၆-ပါးက ရူပါယတနဆိုတာ ရူပါရုံကိုခေါ်တာ၊ ဒါလည်း ရုပ် ၂၈-ပါးထဲကပဲ၊ သဒ္ဒါယတနကို သဒ္ဒါရုံ၊ ဂန္ဓာယတနကို ဂန္ဓာရုံ၊ ရသာယတနကို ရသာရုံ၊ ဖောဋ္ဌဗ္ဗာယတနဆိုတာ ပထဝီ၊ တေဇော၊ ဝါယောဆိုတဲ့ ဘုတ်ကြီး ၃-ပါး၊ ဒီထဲမှာ အာပေါမပါဘူးနော်၊ အဲဒါကို သတိရကြလား၊ ဖောဋ္ဌဗ္ဗာရုံဆိုရင် အာပေါမပါဘူး။

ပြီးတော့ စေတသိက်-၅၂၊ သုခုမရုပ်-၁၆၊ နိဗ္ဗာန်အားလုံး ပေါင်းတော့ - ၆၉၊ ဒီ-၆၉-ပါးကို ဓမ္မာယတနလို့ ခေါ်တယ်။

အဲဒါကြောင့် ဒီပုဒ်တွေကို အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ခက်တာ၊ ဓမ္မာယတနကိုပြန်ဖို့ အများကြီး ခက်တယ်၊ ဒီနေရာမှာ ဓမ္မဆိုတဲ့ပုဒ်ကို ဘာသာ ပြန်ဖို့ခက်တယ်၊ တချို့ကလည်း mental တို့ ဘာတို့ လျှောက်ပြန်သွားတယ်။ ဒီအဓိပ္ပါယ်ဟာ အားလုံးမခြုံမိဘူး၊ ဓမ္မဟာဒီနေရာမှာ ဓမ္မအတိုင်းပဲထားရမှာ၊ ပြောင်းလို့ မရဘူး။

ဓမ္မာယတနဆိုတာ၊ စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်၊ သူတို့ကို ဓမ္မာယတန ခေါ်တယ်၊ အဲဒီတော့ ပထမ ၆-ခုကအတွင်း၊ နောက် ၆-ခုကအပြင်။

အပြင်ဆိုပေမယ်လို့ အမှန်ကတော့ ကိုယ့်သန္တာန်မှာကော ရှိတာပါပဲ။ ဒါပေမယ်လို့ ပိုပြီးတော့ ခန္ဓာကိုယ်ကို ကျေးဇူးများတာကို အတွင်းလို့ ခေါ်တာပဲ။ ရုပ်ပိုင်းတုန်းက ဒီအကြောင်းအရာကို ပြောခဲ့ပြီနော်။

ဒါကြောင့်မို့ ပထမ ၆-ခုကို အဇ္ဈတ္တိကာယတန၊ နောက် ၆ ခု (အပ အာယတန)ကို ဗာဟိရာယတန။

သူ့ဟာနဲ့သူ ဟပ်ထားရင် စက္ခာယတနနဲ့ ရူပါရုံ၊ သောတာယတနနဲ့ သဒ္ဒါရုံနဲ့ စသည်ဖြင့် ဒီလို ဟပ်ထားရမယ်။ ဓာတ် ၁၈-ပါးတဲ့၊ ဓာတ်ဆိုတာဘာလဲဆိုရင် မိမိရဲ့ သဘောအတိုင်း

[စာမျက်နှာ-261] ဖြစ်နေတဲ့ တရားမျိုးကို ဓာတ်လို့ခေါ်တယ်၊ ပါဠိလိုတိုက်ရိုက်ပြောရင် မိမိရဲ့ ပင်ကိုယ်သဘောကို ဆောင်တတ်တယ်လို့ အဓိပ္ပါယ်ရတယ်။ မိမိရဲ့ ပင်ကိုယ်သဘောဆောင်တတ်တယ်ဆိုတာ မိမိရဲ့ ပင်ကိုယ်သဘောအတိုင်းဖြစ်တယ်၊ အခြားသဘောကို ပြောင်းလဲမသွားတတ်ဘူး၊ အဲဒီလို တရားမျိုးကို ဓာတုလို့ ပါဠိလိုခေါ်တယ်။

ဓာတ်ဆိုရင် အာရုံကိုသိခြင်း လက္ခဏာသဘောရှိတယ်၊ ဒီသဘောမှ ဖောက်ပြန်မသွားဘူး၊ ဒီသဘောကို ထိန်းသိမ်းထားတယ်၊ ဆောင်ထားတယ်၊ ဒီသဘောအတိုင်း ဖြစ်တယ်၊ သူ့ကိုဓာတ်လို့ခေါ်တယ်၊ ထို့အတူပဲ တခြားဓာတ်တွေလည်း ဒီအတိုင်းပဲ သွားလိမ့်မယ်၊ အဲဒါကြောင့်မို့ သူတို့ကို ဓာတုလို့ ဒီနေရာမှာ ခေါ်တယ်။ ဓာတုဆိုတာ မိမိရဲ့ သဘောကိုဆောင်ထားတတ်တယ်၊ မိမိရဲ့ သဘောအတိုင်း ဖြစ်တယ်၊ မိမိသဘောမှ ရွေ့လျောပြီးတော့ အခြားသဘောနဲ့ ဖြစ်တာမဟုတ်ဘူး၊ အဲဒီလို ဖြစ်တတ်တဲ့တရားမျိုးကို ဓာတုလို့ခေါ်တယ်။

သဗ္ဗသင်္ဂဟမှာ ဓာတုလို့ ပြောလိုက်ရင် ဒီ ၁၈-ပါးကို ဆိုလိုတယ်၊ တခြား နေရာမှာတော့ ဓာတုဟာ တခြားတရားတွေကိုလည်း ဟောနိုင်တာပဲ။ အဲဒီတော့ ဓာတ် ၁၈-ပါး ဘယ်လိုကွဲပြားသွားသလဲ၊ အာယတန ၁၂-ပါးနဲ့ ဓာတ် ၁၈-ပါးနဲ့ ပြန်ဟပ်ရဦးမှာ၊ သို့သော် ဓာတ် ၁၈-ပါး သရုပ် အရေအတွက် လုပ်ကြည့်လိုက်ကြဦးစို့။

ဓာတ်ကို ၃-မျိုး ခွဲထားတယ်၊ အခံဓာတ်၊ အတိုက်ဓာတ်၊ အပွင့်ဓာတ် ဒီ ၃-ခုကိုလည်း တွဲရမယ်နော်။ စက္ခုဓာတ်ဆိုရင် တရားကိုယ် ဘာကောက်ရမလဲ၊ စက္ခာယတန အတိုင်းပဲ ကောက်ပေတော့၊ စက္ခုပသာဒဓာတ်၊ သောတပသာဒဓာတ်၊ ဃာနပသာဒဓာတ်၊ ဇိဝှါပသာဒဓာတ်။

မနောဓာတ်ကျတော့ စိတ်တစ်ခုယုတ်ကိုးဆယ် မဟုတ်တော့ဘူး၊ မနောဓာတ် မှတ်မိကြလား၊ ပကိဏ်းပိုင်းပြန်ကြည့်၊ မနောဓာတ်က ၃-ခုပဲရှိတယ်၊ ပဉ္စဒွါရဝဇ္ဇန်းရယ်၊ သမ္ပဋိစ္ဆိုင်း ၂-ခုရယ်၊ ဒီ ၃-ခုကို မနောဓာတ်လို့ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက် ဝိညာဏဓာတ်ထဲမှာ စိတ်တွေကပါသွားမှာ ဒါကြောင့်မို့ မနောဓာတ်အရ ဘာကိုယူရမလဲဆိုရင် ပဉ္စဒွါရဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း ၂။

ကောင်းပြီ၊ အပွင့်ဓာတ်ကြည့်လိုက်ကြရအောင်၊ စက္ခုဝိညာဏဓာတ်၊

[စာမျက်နှာ-262] စက္ခုဝိညာဏ် ၂-ခုပေါ့၊ သောတဝိညာဏဓာတ်၊ သောတဝိညာဏ် ၂-ခု၊ ဃာနဝိညာဏဓာတ်၊ ဃာနဝိညာဏ် ၂-ခု၊ ဇိဝှါဝိညာဏဓာတ်၊ ဇိဝှါဝိညာဏ် ၂-ခု၊ ကာယဝိညာဏဓာတ်၊ ကာယဝိညာဏ် ၂-ခု။

မနောဝိညာဏဓာတ်၊ စိတ် ၈၉-ထဲက စက္ခုဝိညာဏ်စတဲ့ ၁၀-ခုရယ်၊ မနောဓာတ် ၃-ခုရယ်၊ ၁၃-နှုတ်လိုက် ၇၆-ကျန်တယ်၊ ကျန်တဲ့စိတ် ၇၆-ကို မနောဝိညာဏဓာတ်လို့ ခေါ်တယ်၊ ကောက်တတ်ပြီနော်။ အဲဒီတော့ မနောဓာတ်၊ မနောဝိညာဏဓာတ် ခွဲကောက်တတ်ရမယ်၊ မနောဓာတ်ဆိုရင် ပဉ္စဒွါရဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်း ၂ ခု၊ မနောဝိညာဏဓာတ်ဆိုရင် အဲဒီ မနောဓာတ် ၃-ခုရယ်၊ ဒွေးပဉ္စဝိညာဏ် ၁၀-ရယ်၊ အဲဒါတွေမှ ကျန်တဲ့စိတ် ၇၆။

ဒါဖြင့် အကုသိုလ်စိတ် ၁၂ ခု၊ ဘယ်ဓာတ်ထဲသွားမလဲ၊ မနောဓာတ်လား၊ မနောဝိညာဏဓာတ်လား၊ ပဉ္စဝိညာဏဓာတ်လား။ အကုသိုလ်စိတ် ၁၂-ခုက မနောဝိညာဏဓာတ်ထဲပါတာပေါ့၊ မဟာကုသိုလ်စိတ် ၈-ခုဆိုရင် မနောဝိညာဏဓာတ်ထဲပါတယ် စသည်ဖြင့် သွားရော။

အဲဒီတော့ အခံဓာတ်၊ အပွင့်ဓာတ်၊ အတိုက်ဓာတ်ဟာ အမှန်ပဲ၊ စက္ခုဓာတ်က အခံဓာတ်၊ အတိုက်ဓာတ်က ရူပါရုံ၊ စက္ခုပသာဒသို့ ရူပါရုံကလာပြီးတော့ တိုက်လိုက်တဲ့ အခါမှာ စက္ခုဝိညာဏ်ပွင့်ပြီး အပွင့်ဓာတ် ဖြစ်ပေါ်လာတယ်၊ ဒါကို မြတ်စွာဘုရား ဟောထားတာက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” တဲ့။

စက္ခုပသာဒကိုလည်းကောင်း၊ ရူပါရုံကိုလည်းကောင်း အစွဲပြုပြီးတော့ စက္ခုဝိညာဏ်ဖြစ်ပေါ်လာတယ်၊ ဒါကြောင့်မို့ စိတ်ဘာကြောင့် ဖြစ်သလဲမေးရင် အတိုက်နဲ့ အခံနဲ့ ဒီနှစ်ခုတွေ့လို့ ဖြစ်ပေါ်တာ။ အဲဒီတော့ စက္ခုဝိညာဏ်စိတ်ဟာ အမှန်တော့ ဝိပါက်စိတ် မဟုတ်ဘူးလား၊ ကံကြောင့် ဖြစ်တာပဲ၊ ကံကြောင့် ဖြစ်တယ်ဆိုပေမယ်လို့ ဒီ condition နှစ်ခု ကလည်း ရှိရဦးမယ်။ ဒီ condition နှစ်ခု မရှိရင် ကံက ဘယ်လောက်ပဲ အားကောင်းကောင်း မဖြစ်ဘူး၊ အဲဒါကြောင့်မို့ ကံကြောင့်ဖြစ်တာလည်းမှန်တယ်၊ သို့သော် ကံကတော့ efficient cause ဖြစ်စေတတ်တဲ့အကြောင်း။ ဒါပေမယ်လို့ ဖြစ်စေတတ်တဲ့ အကြောင်းရှိရုံနဲ့ မပြီးသေးဘူး၊ အကူအညီ အထောက်အပံ့အကြောင်းဆိုတဲ့ စက္ခုပသာဒနဲ့ ရူပါရုံကလည်း ရှိရဦးမယ်။

[စာမျက်နှာ-263] စက္ခုပသာဒနဲ့ ရူပါရုံ တွေ့လိုက်တဲ့ အခါမှာ စက္ခုဝိညာဏ် ဆိုတာ ထဖြစ်တယ်။ အဲဒီတော့ စက္ခုဝိညာဏ်ဟာ ဘယ်မှာပုန်းအောင်းနေသလဲ ဒီလိုပြောလို့ ဘယ်လိုမှ မရဘူး၊ ဒီနှစ်ခုတွေ့တဲ့အခါမှာ ထဖြစ်တာပဲ၊ ဖဿလည်း ဒီ ၃-ခုတွေ့တဲ့ အခါမှာ ဖဿဖြစ်တာ၊ အဲဒီလို။

တချို့က မေးတယ်၊ စိတ်က ဘာကြောင့်ဖြစ်သလဲ၊ စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းက ဘာလဲတဲ့။ ဒါကြောင့် စိတ်ဖြစ်ရခြင်းအကြောင်းက အများကြီးရှိတယ်၊ အထူးသဖြင့်တော့ condition အနေနဲ့ ပြောရင် ဒီလိုအခံဓာတ်နဲ့ အတိုက်ဓာတ်ခေါ်တဲ့ ပသာဒနဲ့ အာရုံ တွေ့တဲ့အခါမှာ၊ မနောကျတော့ ဘဝင်စိတ်ပေါ့လေ၊ မနောနဲ့အာရုံတွေ့တဲ့ အခါမှာ ဖြစ်ပေါ်လာတယ်။
မေး။ ။ အတိုက်ဓာတ်ကို အာရုံခေါ်ပါသလား။
ဆရာတော်။ ။ ဟုတ်တယ်၊ အတိုက်ဓာတ်ကို အာရုံခေါ်တယ်။

ကောင်းပြီ၊ အဲဒီတော့ စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏဓာတ်၊ ဒါကတော့ သူ့ဟာသူ သွားတာရတယ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ကာယဝိညာဏဓာတ်ထိအောင် သွားလို့ရတယ်၊ မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ်၊ ဒါကတော့ မဟုတ်ဘူး၊ အဲဒါကျတော့ ဒီလိုတွဲလို့ မရဘူး။ “တစ်စုံတစ်ယောက်သော သတ္တဝါတို့၏ အလိုသို့ မလိုက်ပါမူ၍ မိမိကိုယ် သဘောကိုသာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ်မည်၏” တဲ့။

ကောင်းပြီ၊ အာယတန ၆-ပါးပြားပြီးတော့ ဓာတ်က ၁၈-ပါးပြားတာ ဘာကြောင့်လဲဆိုတော့ အာယတနမှာ ကြည့်လိုက်ရင် စက္ခာယတနတို့ ဘာတို့ဟာ စက္ခုပသာဒကို ကောက်တာမဟုတ်လား၊ စက္ခုဒွါရ၊ သောတဒွါရ၊ အဲသလို ဒွါရ ၆-ပါး၊ အာရုံ ၆-ပါးဖြစ်တဲ့အတွက်ကြောင့်မို့ အာယတနကျတော့ ၁၂-ပါးဖြစ်တယ်။ အဲဒီဒွါရ ၆-ပါး အာရုံ ၆-ပါးကို မှီပြီးတော့ ဝိညာဏ် ၆-ပါးကဖြစ်တဲ့ အတွက်ကြောင့်မို့ ဓာတ်ကျတော့ ၁၈-ပါး ဖြစ်သွားတယ်။

အမှန်ကတော့ အာယတန ၁၂-ပါးနဲ့ ဓာတ် ၁၈-ပါးနဲ့ တရားကိုယ် အတူတူပဲ၊ အမှန်အတိုင်းဆိုရင် အာယတန ၁၂-ပါးဆိုတာလည်း စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ကုန်သွားတာပဲ။ အဲဒီတော့ အာယတနမှာတုန်းက မနာယတနရှိတယ်မဟုတ်လား။

[စာမျက်နှာ-264] မနာယတနတစ်ခုတည်းက ဓာတ်ကျတော့ ဘယ်နှစ်မျိုး လာဖြစ်သလဲ၊ မနာယတန ဓာတ်က မနောဓာတ်နော်။ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှာဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ ဒီလို လာမဖြစ်ဘူးလား၊ ဝိညာဏဓာတ် အားလုံး ၇-ပါး၊ အဲဒီလို အဆိုရှိတယ်။

တကယ်ကတော့ မနောဓာတ်ဟာ ဝိညာဏဓာတ်တော့ မဟုတ်ဘူး၊ ဒါပေမယ်လို့ သူကလည်း စိတ်ဖြစ်နေတဲ့အတွက်ကြောင့် တခြားဝိညာဏဓာတ်တွေနဲ့ ပေါင်းပြီးတော့ သူ့ကိုလည်း ဝိညာဏဓာတ်လို့ခေါ်တယ်။ တိတိကျကျပြောမယ် ဆိုရင်တော့ မနောဓာတ်ဟာ မနောဓာတ်ပဲ၊ မနောဝိညာဏဓာတ်လို့ သူ့ကို မခေါ်ရဘူး။ ဒါကြောင့်မို့ မနာယတန တစ်ခုတည်းက ဓာတ်အဖြစ်ကျတော့ ၇-ပါး ပြားသွားတယ်၊ ဒွါရ ၆-ခု၊ အာရုံ ၆-ခု အလိုက် ဝိညာဏ် ၆-မျိုး အဲဒီလို ပြားသွားတယ်။

သစ္စာဝိဘင်း

သစ္စာ ၄-ပါးရောက်ပြီ၊ သစ္စာကို ဒီအထဲသိတာနဲ့ ငါသစ္စာ ၄-ပါးသိပြီ သောတာပန် ဖြစ်ပြီလို့တော့ သွားမပြောကြနဲ့ဦး၊ တချို့တွေ အဲဒါမျိုးတွေ လုပ်နေကြလို့ ခက်နေတာ၊ တစ်ထိုင်တည်းနဲ့ သူတို့က သောတာပန် ဖြစ်ဖြစ်သွားတယ်။ သစ္စာ ၄-ပါးက အကြမ်းဖျင်းတော့ သိပြီးသားပါပဲ၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။

ဒုက္ခဆိုတာ ဆင်းရဲပေါ့၊ သစ္စာဆိုတာ အမှန်တရားကိုဆိုတာ၊ မှန်တယ်ဆိုတာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြောတဲ့အတိုင်း ဟုတ်တာကို ဆိုတယ်။ အဲဒီတော့ သစ္စာဆိုတာ အကောင်းမှ သစ္စာဖြစ်ရမယ်လို့ မထင်နဲ့၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြောတဲ့အတိုင်း မှန်နေတာကို သစ္စာလို့ ခေါ်တယ်။ ဒါကြောင့်မို့ သစ္စာထဲမှာ တဏှာကြီးမပါဘူးလား၊ လောဘစေတသိက်ကြီး မပါဘူးလား၊ ပါနေတာပဲ၊ လောဘကြဉ်တဲ့ စေတသိက်တွေ ဒုက္ခသစ္စာထဲပါနေတာပဲ။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာမှာ သစ္စာဆိုတာ အကောင်းကိုသာ ခေါ်တာမဟုတ်ဘူး၊ အဲဒါမှတ်ထား truth။ တခြားဘာသာတွေမှာတော့ truth ဆိုတာ အကောင်းလောက်ပဲယူတာ၊ ဗုဒ္ဓဘာသာမှာတော့ truth ဆိုတာ သူ့ဟာသူ မှန်နေတာကို truth ခေါ်တာပဲ။

[စာမျက်နှာ-265] ဆိုပါတော့၊ ကျောက်ခဲကမာတယ်၊ မာတယ်ဆိုတာ truth ပဲ။ အဲဒီသစ္စာမှာလည်း ဒီသစ္စာက ဘာလဲဆိုတော့ အရိယသစ္စာလို့ ခေါ်တဲ့သစ္စာ၊ လောကီသစ္စာ၊ သမ္မုတိသစ္စာ မဟုတ်ဘူး၊ ပရမတ္ထသစ္စာပေါ့။ သမ္မုတိသစ္စာအနေနဲ့ ပြောမယ်ဆိုရင် လူ၊ ယောက်ျားလို့ ပြောလိုက်ရင် သမ္မုတိသစ္စာအနေနဲ့ ပြောတယ်။

လူတစ်ယောက် ထိုင်နေတယ်၊ ယောက်ျားတစ်ယောက် ထိုင်နေတယ်လို့ ပြောရင် ဒါဟာ အမှန်ပဲ၊ မမှားဘူး၊ လောကက သမုတ်ထားတဲ့ လောကက လက်ခံထားတဲ့ အခေါ်အဝေါ်အရ ဒီလူကို ယောက်ျားမခေါ်လို့ ဘာသွားခေါ်မတုန်း၊ ဒါကြောင့်မို့ ယောက်ျားတစ်ယောက် ထိုင်နေတယ်လို့ ပြောရင် ဒါဟာ သမ္မုတိသစ္စာ အရမှန်တယ်၊ ဒါကြောင့်မို့ အဲဒါကို ဒီနေရာမှာမဆိုလိုဘူး။ ဒီမှာကတော့ အရိယသစ္စာဟာ တကယ်ကို ဟုတ်တဲ့တရား၊ ဒါကြောင့်မို့ လူတစ်ယောက် ယောက်ျားတစ်ယောက် ထိုင်နေတာကို အရိယသစ္စာအနေနဲ့ ပြောမယ်ဆိုရင် ရုပ်၊ နာမ်ပေါ့၊ ပရမတ္ထသစ္စာအနေနဲ့ ပြောမယ်ဆိုရင် ရုပ်၊ နာမ်၊ အဲဒီလို သစ္စာကို ဒီမှာ ဆိုလိုတယ်။

မြတ်စွာဘုရားက လောကကြီးကိုကြည့်လိုက်တဲ့အခါမှာ ဒုက္ခဆိုတဲ့ သဘောတရားကိုပဲ မြင်တော်မူတယ်၊ ဒါကြောင့်မို့ လောကကြီးကို ဒုက္ခလို့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ ဒါဟာ သမားတော်ကြီးက လူနာကို စစ်ဆေးလိုက်တဲ့အခါမှာ ရောဂါရှာတွေ့သလိုပေါ့၊ မင်းမှာ ဒီရောဂါရှိပြီလို့ ပြောလိုက်တာမျိုးကို မြတ်စွာဘုရားကလည်း လောကကြီးကို ရှုလိုက်တဲ့အခါမှာ ဒုက္ခဆိုတာကို သွားတွေ့တယ်။

ဒါကြောင့်မို့ အထူးသဖြင့်တော့ လောကမှာရှိသမျှဟာ ဒုက္ခ၊ အဲဒီဒုက္ခသစ္စာ အခေါ်ခံရတဲ့ တရားတွေဟာ ပရမတ္ထတရားကိုယ်အားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် တရားကိုယ်အားဖြင့် ဘာတွေလဲ၊ ဒုက္ခသစ္စာဆိုတာ ဘာတဲ့တုန်း။ လောကီစိတ် ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈၊ ဤတေဘူမိကဖြစ်သော ဘုံမှာ အကျုံးဝင်တာပေါ့။ ဘုံ ၃-ပါးက ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ၊ အဲဒီဘုံ ၃-ပါးမှာ အကျုံးဝင်တဲ့ လောကီတရားတွေကို ဒုက္ခသစ္စာလို့ ခေါ်တယ်။ ဒါဖြင့်ရင် အဘိဓမ္မာသင်နေတာလည်း ဒုက္ခသစ္စာပဲ၊ ဘုရားရှိခိုးနေရင်လည်း ဒုက္ခသစ္စာပဲ၊ တရားထိုင်နေရင်လည်း ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာကလွတ်ကို

[စာမျက်နှာ-266] မလွတ်နိုင်ဘူး။ ဒီနေရာမှာ ဒုက္ခဆိုတဲ့ သဘောကို နားလည်ဖို့ အရေးကြီးတယ်၊ ဒုက္ခလို့ပဲ ပြောပြော၊ အင်္ဂလိပ်လို (suffering) ပြောပြော၊ လူတွေထင်ကြတာက တကယ့်ကို နာကျင်ကိုက်ခဲ ဆင်းရဲနေတာမျိုးကို ဒုက္ခလို့ ဆိုတာကို။

မြတ်စွာဘုရားရဲ့ အဓိပ္ပါယ်ဖွင့်ပြချက်က ဒုက္ခဆိုတာ “ယဒနိစ္စံ တံ ဒုက္ခံ” တဲ့နော်၊ အကြင်တရားသည် မမြဲဘူး၊ ထိုတရားသည် ဒုက္ခပဲ၊ အဲဒီတော့ မမြဲတဲ့ တရားမှန်သမျှ ဒုက္ခပဲ။ အဲဒီတော့ ဒီတရားတစ်ခုက ဒုက္ခဟုတ်သလား၊ မဟုတ်လား ဆိုတာကို အဲဒီနည်းနဲ့ စစ်ဆေးကြည့်ရမယ်၊ သူဟာမြဲသလား၊ မမြဲဘူးလား၊ မမြဲရင် ဒုက္ခထဲ သွင်းရမယ်၊ မြဲရင်ဒုက္ခထဲမသွင်းနဲ့။

ဘယ်လိုတရားကို မြဲတယ်လို့ ခေါ်တာတုန်း၊ ဘယ်လိုတရားကို မမြဲဘူးလို့ ခေါ်တာတုန်း။ အဖြစ်အပျက်ရှိတဲ့ တရားကို မမြဲဘူးလို့ခေါ်တာ၊ အဲဒီတော့ ပစ္စည်းတစ်ခု (သို့မဟုတ်) တရားတစ်ခုကို ကြည့်လိုက်တဲ့အခါမှာ သူ့မှာအစရှိသလား၊ အဆုံးရှိသလား၊ အဖြစ်ရှိသလား အပျက်ရှိသလား။ အစရှိတယ်၊ အဆုံးရှိတယ်၊ အဖြစ်ရှိတယ်၊ အပျက်ရှိတယ်ဆိုရင် သူဟာ အနိစ္စပဲ၊ အနိစ္စဖြစ်ရင် ခုနက criterion အရ ဒုက္ခပဲ၊ အဲဒီနည်းနဲ့ မြတ်စွာဘုရားက ရှုမြင်ပြီးတော့ လောကကြီးကို ဒုက္ခလို့ ဟောတော်မူတာ၊ အဲဒီ Philosophical understanding ထိအောင် ဒုက္ခကို နားလည်တဲ့နေရာမှာ သွားရမယ်။

ကိုယ့်လက်တူထုမိလို့ ဆင်းရဲပြီး ဒုက္ခပဲဆိုတာ လူတိုင်းသိတယ်၊ ဆူးစူးလို့ နာလိုက်တာဆိုတာ ဒုက္ခပဲ၊ လူတစ်ယောက် သေသွားတယ်၊ ဆင်းရဲပဲ၊ ဒီလိုသိတာမျိုးက အပေါ်ယံသိတာ။ မြတ်စွာဘုရားကတော့ ဒီလိုမဟုတ်ဘူး၊ မင်းတို့ ကောင်းတာတွေ ထိုင်စားနေ ကောင်းတဲ့အာရုံတွေ ခံစားနေလည်း အဲဒီဟာတွေ ကိုယ်တိုင်က ဒုက္ခပဲ၊ ဘာကြောင့်တုန်း ဆိုရင် အဲဒီခံစားမှုဟာ ခဏလေးပဲ တည်ပြီးတော့ ပျောက်သွားတယ်၊ အစရှိတယ်၊ အဆုံးရှိတယ်၊ အဖြစ်ရှိတယ်၊ အပျက်ရှိတယ်ဆိုတော့ ဒုက္ခဆိုတဲ့ definition က မလွတ်ဘူး၊ အဲဒီအနေနဲ့ ဒုက္ခကို မြတ်စွာဘုရားက ဟောတော်မူတာ။

အဖြစ်အပျက်နဲ့ အနှိပ်စက်ခံရတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ တကယ် တရားထိုင်လာပြီဆိုတော့ ဖြစ်တာပျက်တာတွေ့မြင်လာရပြီး အလိုလို စိတ်ပျက်

[စာမျက်နှာ-267] လာတယ်၊ ဒုက္ခသဘောက တကယ်ပေါ်လာတာ၊ အဲဒါကြောင့် လောကီစိတ်၊ စေတသိက်ဟာ ဒုက္ခသစ္စာ။ အဲဒီဒုက္ခသစ္စာဟာ ဘုရားဖန်ဆင်းလို့ ဖြစ်လာတာလား၊ အကြောင်းမရှိပဲနဲ့ ဖြစ်တာလားဆိုတော့ မြတ်စွာဘုရားက တစ်ဆင့်တက်ပြီးတော့ စစ်ဆေးလိုက်တဲ့အခါ ကျတော့ သူ့မှာ အကြောင်းရှိတယ်၊ အကြောင်းကြောင့်ဖြစ်လာတာ၊ အကြောင်းမရှိပဲနဲ့ မဖြစ်ဘူး၊ အကြောင်းမရှိပဲနဲ့ ဘာမှ လောကမှာ မဖြစ်ဘူးဆိုတာ ပေါ်လာတယ်။

အဲဒီဒုက္ခသစ္စာရဲ့ အကြောင်းဟာ ဘာလဲဆိုတော့ မြတ်စွာဘုရားက သမုဒယသစ္စာတဲ့၊ သမုဒယသစ္စာဆိုတာ တဏှာဟူသော လောဘစေတသိက်။ တွယ်တာမှု တဏှာလောဘရှိတဲ့ အတွက်ကြောင့် ဆင်းရဲမှုတွေ ဖြစ်နေတာ၊ တွယ်တာမှု မရှိတော့ဘူးဆိုရင် ဆင်းရဲမှုလည်းမဖြစ်ဘူး၊ တွယ်တာမှုမရှိတော့ဘူးဆိုရင် ဘဝဖြစ်ပါဦးမလား၊ မဖြစ်ဘူး၊ ဘဝမဖြစ်တော့ဘူးဆိုရင် ဘဝနဲ့ဆင်းရဲက အတူတူပဲ equation ပဲ၊ အဲဒီတော့ ဘဝမရှိတော့ဘူးဆိုရင် ဆင်းရဲလည်း မရှိတော့ဘူး။

တွယ်တာမှုရှိနေသဖြင့် ဘဝရှိတယ်၊ ဘဝရှိတော့ ဆင်းရဲရှိတယ်၊ ဒါကြောင့်မို့ ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းဟာ ဘာလဲဆိုရင် လောဘစေတသိက် သမုဒယတဏှာ၊ ဒါကို ကောက်လိုက်တယ်။ အမှန်ကတော့ ဒါက ပဓာနကျတဲ့အကြောင်းကို ကောက်တာပဲ၊ လောဘကို ကောက်လိုက်တယ်ဆိုရင် မောဟရော မပါပေဘူးလား၊ လောဘသက်သက်ဆွဲထုတ်လို့ မရဘူးနော်၊ လောဘနဲ့ မောဟဟာ အမြဲတမ်းဖက်ထားတာ။ အဲဒီတော့ မောဟကဖုံးလွှမ်းပေးတယ်၊ လောဘကတွယ်တာတယ်၊ မောဟက မျက်စိပိတ်ပေးထားတယ်၊ လောဘက တစ်ခုခုကို ယူအောင် ကိုင်အောင် လုပ်တယ်၊ အဲဒီလို။ ဒါပေမယ်လို့ လောဘက တွယ်တာတာဆိုတော့ ပဓာနကျလို့ ဒီမှာ လောဘကို ထုတ်ထားတာ၊ အမှန်ကတော့ မောဟလည်းပါတာပဲ။

အဲဒီတော့ သမုဒယသစ္စာဆိုတာဘာလဲ၊ ဒုက္ခရဲ့ အကြောင်းတရား၊ ခုန သမားတော်ကြီးက ရောဂါကိုတွေ့ပြီးတဲ့နောက် ဒီရောဂါ ဘာကြောင့်ဖြစ်သလဲဆိုတာ စစ်ဆေးရတယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်တာလဲ၊ ဆေးပညာနည်းနဲ့ ပြောမယ်ဆိုရင် သွေးဖောက်ပြန်လို့လား၊ လေဖောက်ပြန်လို့လား၊ သလိပ်ဖောက်ပြန်လို့လား၊ သည်းခြေ ဖောက်ပြန်လို့လား၊ အဲဒီလို သိအောင်လုပ်ရသလိုပဲ မြတ်စွာဘုရားကလဲ ဒုက္ခရဲ့

[စာမျက်နှာ-268] အကြောင်းတရားကို ရှာတဲ့အခါမှာ သမုဒယသစ္စာကိုသွားတွေ့တယ်။ တဏှာလောဘကို သမုဒယသစ္စာလို့ ဟောနိုင်တာဟာ ဗုဒ္ဓဘာသာမှာသာ ရှိတယ်၊ တခြားဘာသာတွေမှာ ဒုက္ခရဲ့ အကြောင်း ရှာလိုက်စမ်းဆိုရင် ဖန်ဆင်းရှင်နဲ့ပဲ သွားပြီးတော့ အဆုံးသတ်တော့တာပဲ၊ ဒါက ပြောလို့ သိပ်လွယ်တယ်၊ သိပ်လည်း မစဉ်းစားရဘူး။ မြတ်စွာဘုရားကတော့ ဒီလို မဟုတ်ဘူး၊ ဒုက္ခဖြစ်ရခြင်းဟာ လောဘကြောင့် ဖြစ်တာ၊ လောဘသည်သာလျှင် တကယ့် လက်သည်အစစ်ပဲ၊ ဒီလို မြတ်စွာဘုရားက တွေ့တော်မူတယ်။

ကောင်းပြီ၊ ရောဂါရှိတယ်လည်းပြောပြီ၊ ဒီရောဂါဘာကြောင့် ဖြစ်တယ်လည်း ပြောပြီ၊ ရောဂါပျောက်ပါမလား၊ ပျောက်နိုင်ပါ့မလားဆိုတော့ မြတ်စွာဘုရားက ပျောက်ကင်းနိုင်တယ်တဲ့၊ သတ္တဝါတွေ အားငယ်နေမှာစိုးလို့ အားပေးတယ်။ မင်းတို့မှာ ဒီရောဂါရှိတယ်ဆိုတာတော့မှန်တယ်၊ ဒါပေမယ်လို့ မင်းတို့မှာရှိနေတဲ့ ရောဂါပျောက်ပါတယ်ပေါ့။ ကိုယ်လည်း ဆရာဝန်တစ်ယောက်က ပြောမယ်၊ ခင်ဗျားမှာရောဂါရှိတယ်။ ဒါပေမယ့် ကုလို့ရပါတယ်ဆိုရင် စိတ်ချမ်းသာသွားတယ် မဟုတ်လား၊ အားရှိသွားတာပေါ့။ အဲဒီလို ရောဂါပျောက်မှုလည်းရှိပါတယ်ဆိုတာ ပြချင်လို့ တတိယ နိရောဓသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ်။

နိရောဓသစ္စာဆိုတာ ဒုက္ခသမုဒယနှစ်ပါးတို့ရဲ့ ချုပ်ရာချုပ်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်၊ ဒုက္ခအားလုံး ချုပ်ငြိမ်းမှု ဒုက္ခအားလုံး ချုပ်ငြိမ်းခြင်းရဲ့ အကြောင်းပေါ့လေ။ အကြောင်းဆိုတာ ဖြစ်စေတတ်တဲ့အကြောင်း မဟုတ်ဘူး၊ အာရုံအနေနဲ့ ဖြစ်တတ်တဲ့အကြောင်း၊ အဲဒါကြောင့်မို့ နိဗ္ဗာန်ကို ချုပ်ငြိမ်းမှု (သို့မဟုတ်) ချုပ်ငြိမ်းကြောင်း နိရောဓသစ္စာလို့ ခေါ်တယ်။

ဓမ္မစကြာသုတ်မှာ ဘယ်လိုဟောထားသလဲ “ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော” တဏှာရဲ့ အကြွင်းမဲ့ချုပ်ခြင်းကို နိရောဓသစ္စာလို့ မြတ်စွာဘုရားဟောတော်မူတာ။ ဘာကြောင့် အဲသလို ဟောသလဲဆိုတော့ အကြောင်းချုပ်ရင် အကျိုးချုပ်တာကိုး၊ တဏှာချုပ်ရင် ဒုက္ခချုပ်တာပေါ့။ ဒါကြောင့် မြတ်စွာဘုရားက အကြောင်းကို ကိုင်တာ၊ အကျိုးကို မကိုင်ဘူး၊ ဒါကြောင့် အဲဒီကျတော့ တဏှာချုပ်ခြင်းသည်

[စာမျက်နှာ-269] နိရောဓသစ္စာ၊ ယော တဿာယေဝ တဏှာယလို့ ဟောတော်မူတယ်နော်။ တဏှာ အကြွင်းမဲ့ချုပ်တယ်ဆိုတာလည်း နိဗ္ဗာန်ကို အာရုံပြုပြီး မဂ်စိတ်ဖြစ်တဲ့ အခါမှာ အကြွင်းမဲ့ချုပ်တယ်၊ နိဗ္ဗာန် အာရုံမပြုရရင် မဂ်စိတ် မဖြစ်ပေါ်နိုင်ဘူး၊ မဂ်စိတ် မဖြစ်ပေါ်နိုင်ရင် တဏှာအကြွင်းမဲ့ မချုပ်နိုင်ဘူး။ ဒါကြောင့်မို့ နိဗ္ဗာန်သည် တဏှာအကြွင်းမဲ့ ချုပ်ခြင်းရဲ့ အကြောင်းဖြစ်တယ်။

ကောင်းပြီ၊ ရောဂါရှိတာလည်းသိပြီ၊ ဘာကြောင့် ဒီရောဂါဖြစ်တာလည်းသိပြီ၊ ရောဂါပျောက်နိုင်တယ်ဆိုတာလည်းသိပြီ၊ ဒါဖြင့် ဘာဆေးလေးများ သောက်ရမှာတုန်း၊ ဆေးမပေးနိုင်ဘူးလား မေးတော့ မြတ်စွာဘုရားက စတုတ္ထသစ္စာ၊ မဂ္ဂသစ္စာကို ဟောတော်မူသည်။ မဂ္ဂသစ္စာဆိုတာ နိရောဓသို့ ရောက်ကြောင်းတဲ့၊ ရောဂါပျောက်ငြိမ်းမှုသို့ ပို့ဆောင်ပေးမယ့် တရားပေါ့။

ဒုက္ခတည်းဟူသော ရောဂါများပျောက်ငြိမ်းမယ့် အဖြစ်သို့ ပို့ဆောင်ပေးမယ့် တရားက မဂ္ဂင်တရားကိုယ် ၈-ပါး၊ မဂ္ဂင်တရားကိုယ် ၈-ပါးက အတိအကျ ကောက်လိုက်ပြီဆိုတော့ မဂ်စိတ် ၄-မှာရှိတဲ့ မဂ္ဂင်တရားကိုယ် ၈-ပါး၊ ဒါကမှ အသေအချာကိုး၊ မဂ်စိတ်မှာပါတဲ့ မဂ္ဂင်ကမှ အသေအချာ နိဗ္ဗာန်ကို ပို့မှာ၊ ဝိပဿနာရှုတဲ့အခါပါတဲ့ မဂ္ဂင်က နိဗ္ဗာန်ကို အတိအကျမပို့သေးဘူးလေ။ ဘာကြောင့်တုန်းဆိုတော့ မဂ်မရောက်သေးခင် နိဗ္ဗာန်က ပျက်သွားနိုင်တယ်၊ ပြန်လန်ကျသွားနိုင်တယ်၊ မဂ်ရောက်ပြီးမှသာ သေချာသွားတာ။

ဒါကြောင့်မို့ အတိအကျကောက်ကြစို့ဆိုရင် မဂ်စိတ် ၄-ခုမှာရှိတဲ့ မဂ္ဂင်တရားကိုယ် ၈-ပါးကို မဂ္ဂသစ္စာအရကောက်ရမယ်၊ ဒါဖြင့် အဲဒီမဂ္ဂင်တရားကိုယ် ၈-ပါးဟာ ပုဗ္ဗဘာဂပဋိပဒါလို့ခေါ်တဲ့ သူ့ရောက်အောင်ကျင့်တဲ့ ရှေ့ပြေးအကျင့်မပါပဲနဲ့ မဂ်စိတ် ဖြစ်နိုင်ပါ့မလားဆိုတော့ ရှင်းရှင်းပြောမယ်၊ ဝိပဿနာမရှုပဲနဲ့ မဂ်စိတ် မဖြစ်နိုင်ဘူး။ ဒါဖြင့် ဝိပဿနာရှုနေတဲ့ အခိုက်အတံ့မှာကော မဂ္ဂင် ၈-ပါးတွေ ဖြစ်နေတာပဲ။ အဲဒါတွေကျတော့ မဂ္ဂသစ္စာလို့ မုချအတိအကျခေါ်လို့ မရဘူးပေါ့။ ဘာကြောင့်တုန်းဆိုရင် မဂ္ဂသစ္စာဆိုတာ ဒီနေရာမှာ တကယ့်ကို မလွဲမသွေ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ တရားမျိုးဆိုတော့ သောတာပတ္တိမဂ်ရတဲ့ ပုဂ္ဂိုလ်မှသာလျှင် နိဗ္ဗာန်ဟာ သေချာတော့တယ် မဟုတ်ဘူးလား၊ သောတာပတ္တိမဂ်မရောက်သေးဘူး ဆိုရင် မသေချာသေးဘူးနော်၊ ပုထုဇဉ်ဘဝမှာရှိသေးတယ်၊ ဒါကြောင့်မို့ အတိအကျ

[စာမျက်နှာ-270] ကောက်ကြစို့ဆိုရင် မဂ်စိတ် ၄-ခုမှာရှိတဲ့ မဂ္ဂင်တရားကိုယ် ၈-ပါးကို မဂ္ဂသစ္စာလို့ ကောက်။ ဒါပေမယ်လို့ ဝိပဿနာအားထုတ်နေတဲ့ အခိုက်အတံ့ တခြားကုသိုလ်ပြုနေတဲ့ အခိုက်အတံ့မှာ ဖြစ်တဲ့တရားတွေကိုလည်း လောကီမဂ္ဂသစ္စာခေါ်မယ်ဆိုရင်လည်း ခေါ်နိုင်တယ်။ သို့သော် မဂ္ဂသစ္စာအနေနဲ့ ပြောပြီဆိုရင်တော့ လောကုတ္တရာစိတ်မှာရှိတဲ့ မဂ်စိတ် ၄-ပါးမှာ ရှိတဲ့ လောကုတ္တရာစိတ်ကို မဂ္ဂသစ္စာလို့ခေါ်တယ်။

ကောင်းပြီ၊ သစ္စာ ၄-ပါးစုံသွားပြီ။ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာက မကောင်းတဲ့ သစ္စာနှစ်ခု၊ နိရောဓနဲ့ မဂ္ဂက ကောင်းတဲ့ သစ္စာနှစ်ခု၊ ဒုက္ခနဲ့ နိရောဓက အကျိုးသစ္စာ၊ သမုဒယနဲ့ မဂ္ဂက အကြောင်းသစ္စာ၊ နိရောဓနဲ့မဂ္ဂက ဖြစ်စေတတ်တဲ့အကြောင်းတော့ မဟုတ်ဘူး၊ သို့သော် သူ့ကို အာရုံပြုပြီးတော့ ဖြစ်ရတာမို့ အကြောင်းလို့ ခေါ်ရတယ်ဆိုတော့ ဒုက္ခနဲ့ သမုဒယက အဖြစ်လောကမှာရှိတဲ့ သစ္စာ၊ နိရောဓနဲ့ မဂ္ဂက အချုပ်လောကမှာရှိတဲ့ မဖြစ်လောကမှာရှိတဲ့သစ္စာ၊ အဲဒီလိုသစ္စာ ၄-ပါးဟာ အကြောင်းအကျိုးခွဲယူလို့ ရသေးတယ်။

ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတွေမှာ အဋ္ဌကထာတွေဋီကာတွေက ဖွင့်တဲ့အခါကျတော့ ဘာကြောင့် ခန္ဓာတွေကို ဒီလိုအစဉ်အတိုင်း ဟောသလဲ ဘာပြီးမှဘာ ဟောသလဲဆိုတဲ့ ကိစ္စတွေရှိတယ်၊ ဒါကြောင့်မို့ ဒါတွေက သိပ်အရေးမကြီးလို့ မပြောခဲ့ဘူး။ သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမဒုက္ခလာသလဲ။ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ ဆိုတာကိုတော့ နားလည်ဖို့ကောင်းတယ်။ ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်၊ အဲဒီတော့ လင်္ကာလေးဖတ်ပြမယ်နော်။

* လောကီဘုံဝယ်၊ သာယာဖွယ်ဟု၊ တာတွယ်လေငြား၊ ဝေနေများကို၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ ဦးစွာပြ၏။

လောကီမှာ သာယာစရာတွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။ ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ်တဲ့။

[စာမျက်နှာ-271] ဒုက္ခသောင်းပြောင်း, တရားပေါင်းလည်း အကြောင်းမဲ့စွာ မဖြစ်ရာရှင့်။ ဒီ ဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာမဟုတ်ဘူးတဲ့။ မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ မဖန်ဆင်းတည့်၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ပရမ်းပတာ၊ ဖြစ်ကြရာဟော၊ သမုဒယော တဲ့။

တဏှာကြောင့်ဖြစ်တဲ့အကြောင်းကို မြတ်စွာဘုရား ဟောတော်မူတယ်တဲ့။ * သုံးလောကတွင် ဒုက္ခထင်၍ လွတ်ခွင်ထွက်ရာ, ရတက်ဖြာသော်။

ကောင်းပြီ၊ ဒုက္ခတော့ သိပါပြီ၊ ဒုက္ခလွတ်တာများ မရှိဘူးလားလို့ ရတက် ဖြာတဲ့ အခါမှာ။

သက်သာစေရန်၊ အနေဖန်လျက်၊ ခေမံနိရောဓ၊ သုံးကြိမ် ပြ၏။

ဒါဟာ consolation ဖြစ်အောင်ပေါ့။ စိတ်သက်သာရာရအောင် ဆိုပြီးတော့ နိရောဓ သစ္စာကို တတိယမြောက် ဟောတော်မူတယ်။ * နိဗ္ဗာနနန်း၊ ရောက်ဖို့မှန်းက၊ ဤလမ်းဖြင့်တက်၊ ဤမဂ်ကိုပွား၊ မိန့်သည့် လားသို့၊ လေးပါးမြောက်တွင်၊ မဂ်လမ်းထွင်သည်၊ ဟောစဉ်လက်ရိုး ဆူဆူတည်း”တဲ့။

နိရောဓသစ္စာပြီးတော့ နိဗ္ဗာန်ရောက်ချင်ရင် ဒါတွေကျင့်ကြ၊ ဒီလမ်းလိုက်ကြ ပါလို့ ပြောဖို့ရန် မဂ္ဂသစ္စာကို ဟောတော်မူသည်၊ ဒါက သစ္စာ ၄-ပါး။

သစ္စ ဝိမုတ်ဆိုတာလေး ပြောကြဦးစို့၊ သစ္စဝိမုတ်ဖတ်စမ်းပါ။

“မဂ် စိတ္တုပါဒ်-၂၉၊ ဖိုလ်စိတ္တုပါဒ်-၃၇ တို့သည် သစ္စာ ၄-ပါး၌ မပါဝင်သဖြင့် သစ္စဝိမုတ်မည်၏”

ကြည့်စမ်း, စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ၄-ခုထဲမှာ သစ္စာလေးပါးထဲ မပါတဲ့ တရားတွေ ရှိသေးသတဲ့၊ ဘာတွေလဲ။

မဂ်စိတ္တုပါဒ်-၂၉၊ ဖိုလ်စိတ္တုပါဒ်-၃၇၊ သူတို့ဟာ ဒုက္ခ သစ္စာထဲလည်း မပါဘူး၊ သမုဒယသစ္စာထဲလည်း မပါဘူး၊ နိရောဓသစ္စာထဲလည်း မပါဘူး မဂ္ဂသစ္စာထဲလည်း မပါဘူးတဲ့။

“မဂ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်းပြု၍၊၎င်းနှင့်ယှဉ်သော စေတသိက် ၂၈-ပါးကို ပေါင်းသော် မဂ်စိတ္တုပါဒ်-၂၉ ဖြစ်၏”

လောကုတ္တရာစိတ်မှာ စေတသိက် ၃၆-ယှဉ်တယ်၊ အဲဒီ ၃၆-ထဲက မဂ္ဂင်တရားကိုယ်ပေါ့၊ နှုတ်လိုက် ၂၈-ကျန်တယ်၊ အဲဒီစေတသိက် ၂၈-ရယ်၊ မဂ်စိတ်ကိုတော့ ၁-ဆိုပြီးတော့ ယူရတယ်၊ မဂ်စိတ် ၄-ခုပေမယ်လို့ ၁-ပဲ ယူလိုက်တော့ ၂၉-မဖြစ်ဘူးလား။

[စာမျက်နှာ-272] အဲဒီတော့ မဂ်စိတ် ၄-ပါးရယ်၊ အဲဒီ မဂ်စိတ် ၄-ပါးမှာ ယှဉ်တဲ့စေတသိက်ထဲ က မဂ္ဂင် ၈-ပါး ချုပ်လိုက်လို့ ကျန်တဲ့ ၂၈-ပါးရယ် ပေါင်း-၂၉၊ အဲဒါကို မဂ်စိတ္တုပါဒ် ၂၉-လို့ ခေါ်တယ်။

မဂ်စိတ္တုပါဒ် ၂၉-ဆိုတာ မဂ်စိတ်တစ်ခု (တစ်ခုဆိုတာ ၄-ခုကို တစ်ခု ဆိုပြီး ပေါင်းယူတာ) ပြီးတော့ အဲဒီမှာယှဉ်တဲ့ စေတသိက် ၂၈-ခု၊ (မဂ္ဂင် ၈-ပါးကြဉ်တဲ့ ၂၈ ခု) ပေါင်း-၂၉၊ အဲဒီ-၂၉ ကို မဂ်စိတ္တုပါဒ်-၂၉ လို့ ခေါ်တယ်။

ဖိုလ်စိတ္တုပါဒ်-၃၇ ဆိုတာကတော့ ဖိုလ်စိတ် ၄-ခုကို ၁-ခုထဲယူ၊ အဲဒီမှာ ယှဉ်တဲ့ စေတသိက် ၃၆-နဲ့ ပေါင်း၊ ၃၇-ဖြစ်၊ ဟုတ်ပြီလား။

ဒါကြောင့်မို့ မဂ်စိတ္တုပါဒ်-၂၉၊ ဖိုလ် စိတ္တုပါဒ်-၃၇ တို့ဟာ သစ္စာ ၄-ပါးမှ လွတ်တယ်၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာထဲမှာ မပါဘူး၊ တကယ်စစ်ကြည့် မပါဘူး။

ဒုက္ခသစ္စာထဲမှာ လောကီစိတ်သာပါတယ်၊ လောကုတ္တရာစိတ်မပါဘူး၊ သမုဒယသစ္စာဆိုတာက လောဘ, နိရောဓ သစ္စာဆိုတာက နိဗ္ဗာန်, မဂ္ဂသစ္စာဆိုတာက မဂ်စိတ် ၄-ပါးမှာရှိတဲ့ မဂ္ဂင် ၈-ပါး။

အဲဒီတော့ မဂ်စိတ် ၄-ပါးမှာရှိတဲ့ မဂ္ဂင် ၈-ပါးမှ ကျန်တဲ့စေတသိက်တွေ သစ္စာ ၄-ပါးမှ လွတ်တယ်၊ ဖိုလ်စိတ်ရယ်, ဖိုလ်စိတ်နဲ့ယှဉ်တဲ့ စေတသိက်တွေရယ်၊ သစ္စာ ၄-ပါးမှ လွတ်တဲ့အတွက်ကြောင့်မို့ သစ္စဝိမုတ်။

သစ္စဝိမုတ်တရားရှိသလားဆိုရင် ရှိတယ်ပေါ့၊ မဂ်စိတ္တုပါဒ်-၂၉ ရယ်၊ ဖိုလ် စိတ္တုပါဒ်-၃၇ ရယ်၊ ၂၉ နဲ့ ၃၇, ဖော်တတ်ပြီနော်၊ အဲဒါ သစ္စဝိမုတ်၊ သစ္စာ ၄-ပါးမှ လွတ်တယ်တဲ့၊ ဒါက အဘိဓမ္မာနည်းအရ၊ အတိအကျတွက်တာ။

သုတ္တန်နည်းအလို သုတ္တန်မှာ ဟောထားတာ အဋ္ဌကထာမှာ ပြောထားတာက သစ္စာ ၄-ပါးမှ လွတ်တဲ့တရား လောကမှာ မရှိဘူးတဲ့။

အဲသလို အဆိုအရ သွင်းယူမယ်ဆိုရင် ဖိုလ်စိတ်မှာယှဉ်တဲ့မဂ္ဂင် တရားတွေကို မဂ္ဂင်ချင်းတူလို့ မဂ္ဂသစ္စာထဲသွင်းလိုက်၊ (တကယ်ဧကန်မုချတော့ မဟုတ်ဘူး) ကြွင်းတဲ့ဟာတွေကို သင်္ခါရဒုက္ခဖြစ်လို့ ဒုက္ခသစ္စာထဲသွင်းလိုက်လို့ရတယ်။

ဖိုလ်စိတ်နဲ့ ယှဉ်တဲ့ စေတသိက်-၃၆ ခုထဲက မဂ္ဂင်တရားကိုယ် ၈-ပါးကို မဂ်စိတ်မှာယှဉ်တဲ့ မဂ္ဂင်တရားကိုယ် ၈-ပါးနဲ့ အမျိုးအစားတူလို့ သူတို့ကို မဂ္ဂသစ္စာထဲသွင်းလိုက်၊ ဒါဟာ ပရိယာယ်အားဖြင့် သွင်းယူရတယ်။

မဂ်စိတ် ဖိုလ်စိတ်တွေရယ်, တခြားစေတသိက်တွေကျတော့ သူတို့က သင်္ခါရ

[စာမျက်နှာ-273] ၁၀၅ ရုပ်ဖြစ်စဉ် ချုပ်စဉ် သတ္တဝါ ၃ မျိုး ၄ မျိုး။ ၁။ သံသေဒဇ သတ္တဝါ - ပန်းသစ်ပင်အညစ်အကြေးတို့၌ သန္ဓေတည်သော သတ္တဝါ။ ပုံစံ -ပဒုမဝတီ, ဝေဠုဝတီ, ပိုးလောက်။ ၂။ ဩပပါတိက သတ္တဝါ- ခုန်လွှား၍ ဘွားကနဲ ကျလာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှားဖြစ်သူ။ ပုံစံ-ကမ္ဘာဦးလူသတ္တဝါ၊ နတ်၊ ဗြဟ္မာ။ ၃။ ဂဗ္ဘသေယျက သတ္တဝါ- အမိဝမ်း၌ ကိန်းအောင်း၍ ပဋိသန္ဓေနေသူ။

(က) ဇလာဗုဇ - (က) လူ စသည်တို့ကဲ့သို့ သားအိမ်၌ ဖြစ်သူ။ (ခ) အဏ္ဍဇ - (ခ) ငှက်စသည်တို့ကဲ့သို့ ဥခွံတွင်း၌ ဖြစ်သူ။

ကာမဘုံ၌ ရုပ် ၂၈-ပါးလုံး ပဝတ္တိအခါ၌ ထိုက်သလို ရနိုင်သည်။ ပဋိသန္ဓေအခါ - ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ။ ပဝတ္တိအခါ - ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ စုတိစိတ်မကျမီအတွင်း။

ပဋိသန္ဓေအခါ၌ သံသေဒဇနှင့် ဩပပါတိက သတ္တဝါတို့ သန္တာန်၌ အများ ဆုံးအားဖြင့် စက္ခု သောတ ဃာန ဇိဝှါ ကာယ ဘာဝနှင့် ဝတ္ထု ဒသကပေါင်း ခုနစ်ဒသက ဖြစ်နိုင်သည်။ ယင်းတို့တွင် ရံခါ စက္ခု သောတ ဃာန ဘာဝ ဒသကတို့ကို မရအပ်ကုန်။

ဂဗ္ဘသေယျက သတ္တဝါ ၂-မျိုးတို့ သန္တာန်၌ ကာယ ဘာဝ ဝတ္ထု ဒသက ၃-မျိုးဖြစ်သည်၊ ထိုတွင်လည်း ရံခါ ဘာဝဒသကကို မရအပ်၊ ထိုမှနောက်ပဝတ္တိအခါ အစဉ်အတိုင်း စက္ခု သောတ ဃာန ဇိဝှါ ဒသကတို့ ဖြစ်ကုန်သည်။
o7oudypowz2utpbdi8epbsk32chg9lw
အဘိဓမ္မာသင်တန်းပို့ချချက်များ (ပဉ္စမတွဲ)
0
6167
21775
2026-03-31T23:32:31Z
Tejinda
173
"{{header | title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ပဉ္စမတွဲ) | author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.) | override_author = | editor = | translator = | contribuor = | override_contributor = | section = မူရင်းကျမ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21775
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာသင်တန်းပို့ချချက်များ (ပဉ္စမတွဲ)
| author = အရှင်သီလာန္ဒာဘိဝံသ(D.Iitt.)
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မူရင်းကျမ်းစာနဲ့ တိုက်ဆိုင်စစ်ဆေးရန်လိုသည်
| previous = [[အဘိဓမ္မာသင်တန်းပို့ချချက်များ (စတုတ္ထတွဲ)]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

ဤအဘိဓမ္မာသင်တန်းကို အမေရိကန်နိုင်ငံရောက် မြန်မာအမျိုးသား အမျိုးသမီးများအတွက် ပို့ချခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ထုတ်ဝေရန် ရည်ရွယ်ချက် မရှိခဲ့ပါ၊ အကြောင်းကား မြန်မာနိုင်ငံ၌ မိမိထက် အဘိဓမ္မာအရာ၌ ကျွမ်းကျင်သော ဆရာတော်များ ရှိနေ၍တစ်ကြောင်း၊ မြန်မာလို ရေးသားထားသော အဘိဓမ္မာစာအုပ်များ များစွာရှိနေ၍ တစ်ကြောင်း ဖြစ်ပါသည်။

တစ်ပတ်တစ်ခါ၊ တစ်ခါလျှင် တစ်နာရီပို့ချခဲ့ပါသည်။ အားလုံးပေါင်း ၅၆ ကြိမ်၊ တိတ်ခွေ ၅၆ ခွေစာ ပို့ချခဲ့ပါသည်၊ နဂိုက မြန်မာနိုင်ငံ၌ ထုတ်ဝေရန် ရည်ရွယ်ချက် မရှိသော်လည်း တစ်နေ့သ၌ Fremont မြို့ မေတ္တာနန္ဒဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးဓမ္မပိယနှင့် စကားစပ်မိရာ သူက မြန်မာနိုင်ငံ၌ ထုတ်ဝေလိုကြောင်း၊ မြန်မာအမျိုးသား အမျိုးသမီးများအဖို့လည်း ကျေးဇူးများနိုင်ကြောင်းနှင့် မိမိတို့အနေနှင့်လည်း နည်းယူစရာရနိုင်မည်ဖြစ်ကြောင်းများကို ပြောသဖြင့် မြန်မာပြည်၌ ထုတ်ဝေရန် သဘောတူခဲ့ပါသည်။ တစ်ဖန်တုံ ဤသို့ စာအုပ်ရိုက်မည့်အကြောင်းကို ဒေါ်သီရိ တို့က သိရှိသွား၍ သူတို့ကပင် တာဝန်ယူရိုက်၍ ဖြန့်ချိရန် တောင်းပန်သဖြင့် ဤစာအုပ်မှာ ပို၍ လျှင်မြန်စွာ ထွက်ပေါ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤသင်တန်းမှာ အမေရိကန်ပြည်ရောက် မြန်မာများအတွက် ပို့ချခဲ့ခြင်း ဖြစ်၍ ၎င်းတို့မှာ အင်္ဂလိပ်လို တတ်သူများဖြစ်ကြ၍ အချို့နေရာ၌ အင်္ဂလိပ်စကားလုံးကို ညှပ်၍ သုံးထားသည်တို့ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ သုံးထားခြင်းမှာ အချို့အရာ၌ အင်္ဂလိပ်လို ပြောခြင်းက သူတို့အဖို့ ပိုမိုလွယ်ကူစွာ နားလည်နိုင်မည်ဖြစ်သောကြောင့် ဖြစ်ပြီး အခြားအကြောင်းတစ်ခုမှာမူ အကျင့်ပါနေသောကြောင့်ဟု ဆိုရပါမည်။ ထိုအင်္ဂလိပ် အသုံးအနှုန်းများကိုလည်း ပင်ကိုယ်အတိုင်းပင် ထားခဲ့ပါသည်။ မြန်မာပြန်ဆိုခြင်း မပြုခဲ့ပါ၊ ထို့ပြင် အားလုံးလိုလိုပင် သူ့အတိုင်း ထားခဲ့ပါသည်။ အချို့ စကားမချောသော နေရာများတွင်သာ ရွှေစန္ဒာထွန်းစာပေ မှ ဆရာမ ဒေါ်သီရိက ဒိုင်ခံ၍ ပြင်ပေးပါသည်။

စာတစ်အုပ်လုံးကို ဒိုင်ခံ၍ တည်းဖြတ်ပေးသူကား အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိ မဟာဌာနမှူး၊ ဒေါက်တာဘွဲ့ရ ဦးဥတ္တရဉာဏ ဖြစ်ပါသည်။ သူက မြန်မာမှုဆိုင်ရာ၌ လည်းကောင်း၊ အင်္ဂလိပ်စာဆိုင်ရာ အပိုင်း၌လည်းကောင်း တတ်စွမ်းသလောက် ပြင်ဆင်ပေးပါသည်။ အင်္ဂလိပ်စာပိုင်းဆိုင်ရာ၌ ဤစာရေးသူလည်း အထူးဂရုစိုက်၍ ပြင်ပေးပါသည်၊ ထို့ပြင်ချက်အားလုံးကိုမူ ပုံနှိပ်တိုက်မှ ပြင်၍ ရိုက်နှိပ်ခဲ့ပါသည်။ ဤသို့ ကြိုးပမ်းကြပါသော်လည်း အမှားကတော့ ကင်းချင်မှ ကင်းမည်၊ အမှားတွေ့ရှိပါက ဖြန့်ချိသူတို့ထံသို့ စာဖြင့် အကြောင်းကြားပါလျှင် ထို့ပြင်ချက်များ မှတ်ထားပြီး နောက်တစ်ကြိမ် ရိုက်သောအခါ ထည့်သွင်းပြင်ဆင်ပါမည်။

လင်္ကာများကို များသောအားဖြင့် လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ် နှင့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ ဘာသာဋီကာ မှ ရယူပါသည်။ ပစ္စည်းပိုင်းလာ အခန်းများကို ဆူးလေအဘိဓမ္မာပြန့်ပွားရေးအသင်းမှ ထုတ်ဝေသော စာအုပ်မှ ရယူပါသည်။

အရှင်သီလာနန္ဒာဘိဝံသ
၁၃၆၅ ခု၊ နယုန်လဆန်း ၄ ရက် အင်္ဂါနေ့ (၃-၆-၂၀၀၃)
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ကျေးဇူးမှတ်တမ်း
ဤစာအုပ် ထုတ်ဝေနိုင်ရေးအတွက် တိတ်ခွေမှ စာသားအဆင့်သို့ ရောက်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြသော အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Fremont မြို့ မြန်မာကျောင်း ပဓာန နာယကနှင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ထားဝယ်ငါးကျမ်းပြန် သာသနာ့ရိပ်သာ ဆရာတော် အရှင်ဓမ္မပိယ (M.A, Ph.D.)၊ စာမူအဆင့်တွင် အမှားကင်းစင်အောင် ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးသော ဒေါက်တာအရှင်ဥတ္တရဉာဏ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဌာနမှူး၊ ပဋိပတ္တိမဟာဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်) နှင့် အဘိဓမ္မာသင်တန်းကို အစမှအဆုံးတိုင် ကြည်ညိုသဒ္ဓါစိတ်ဖြင့် တက်ရောက်ကြသော အမေရိကန်နိုင်ငံရောက် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် သူတော်စင် ဒါယကာ ဒါယိကာမတို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သီရိ
ရွှေစန္ဒာထွန်းစာပေ၏ စီစဉ်သူ

[စာမျက်နှာ-1] ပစ္စည်းပိုင်း ပရမတ္ထတရား လေးပါးတို့ကို သဘောတူချင်းပေါင်းစု၍ သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီးနောက် ထိုသဘာဝဓမ္မတို့သည် ဣဿရနိမ္မာနစသော တန်ခိုးရှင်တို့ ဖန်ဆင်း၍ ပေါ်လာသည်မဟုတ်၊ အကြောင်းကင်း၍ ပေါ်လာသည်လည်း မဟုတ်။ အကြောင်းအကျိုး ဆက်သွယ်နေပုံကိုလည်းကောင်း၊ အကျိုးတရားများ ဖြစ်လောက်အောင် အကြောင်းတရားတို့၌ သတ္တိစွမ်းပကားရှိပုံကိုလည်းကောင်း၊ ဤပစ္စည်းပိုင်း၌ ထိုက်သည်အားလျော်စွာ ပြဆို၏။

ဤပစ္စယသင်္ဂဟ၌ (၁) ပဋိစ္စသမုပ္ပါဒ်နည်း (၂) ပဋ္ဌာန်းနည်းဟူ၍ ၂-ပါး အပြားရှိ၏။ အကြောင်းတရားကိုစွဲ၍ အကျိုးတရားသည် ကောင်းစွာဖြစ်ပေါ်တတ်သောကြောင့် ပဋိစ္စသမုပ္ပါဒ်မည်၏၊ အထူးထူးအပြားပြားရှိသော ဟေတုစသော ပစ္စည်းတို့၏ အစွမ်းဖြင့် ပြအပ်သောကြောင့် ပဋ္ဌာန်းမည်၏။

ပဋိစ္စသမုပ္ပါဒ်နည်း၌ ဟေတုသတ္တိ အာရမ္မဏသတ္တိစသော သတ္တိထူးမပါ၊ ပစ္စည်းပစ္စယုပ္ပန်တို့၏ ဖြစ်ပုံလောက်ကိုသာ ပြသည်။ ပဋ္ဌာန်းနည်း၌ကား ပစ္စည်း ပစ္စယုပ္ပန်အပြင် ပစ္စယသတ္တိကိုလည်း ပြသည်။ ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်း၌ ပစ္စယသတ္တိမပါခြင်း၊ ပဋ္ဌာန်းနည်း၌ ပစ္စယသတ္တိပါရှိခြင်းသည် နည်း ၂-ပါး၏ ထူးခြားချက်တည်း။

ပဋိစ္စသမုပ္ပါဒ်နည်း

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (ပဋိစ္စသမုပ္ပါဒ် အနုလောမ ပါဠိတော်)

| ပစ္စည်း | ပစ္စယုပ္ပန် |

| ၁။ အဝိဇ္ဇာ | သင်္ခါရ |
| ၂။ သင်္ခါရ | ဝိညာဏ |
| ၃။ ဝိညာဏ | နာမရူပ |
| ၄။ နာမရူပ | သဠာယတန |
| ၅။ သဠာယတန | ဖဿ |

[စာမျက်နှာ-2] | ပစ္စည်း | ပစ္စယုပ္ပန် |

| ၆။ ဖဿ | ဝေဒနာ |
| ၇။ ဝေဒနာ | တဏှာ |
| ၈။ တဏှာ | ဥပါဒါန |
| ၉။ ဥပါဒါန | ဘဝ |
| ၁၀။ ဘဝ | ဇာတိ |
| ၁၁။ ဇာတိ | ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ။ |

အဝိဇ္ဇာပစ္စယာ သင်္ခါရာ- သစ္စာလေးပါးတို့၌လည်းကောင်း၊ ရှေ့အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တ၊ နောက်အစွန်းဟု ဆိုအပ်သော အပရန္တ၊ ရှေ့နောက်အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်တို့၏ အကျိုးအကြောင်းဟု ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ် ဤရှစ်ရပ်သော တရားတို့၌ ဖုံးလွှမ်းတတ်သော မောဟစေတသိက်သည် အဝိဇ္ဇာ မည်၏။

၁။ ကာမကုသိုလ်စေတနာ ၈ ခု၊ ရူပကုသိုလ်စေတနာ ၅ ခု၊ ဤကုသိုလ်စေတနာ ၁၃ ခုသည် ကောင်းသော ဝိပါက်နာမက္ခန္ဓာကဋတ္တာရုပ်တို့ကို ဖြစ်စေတတ် ပြုပြင်စီရင်တတ်သောကြောင့် ပုညာဘိသင်္ခါရ။
၂။ အကုသိုလ်စေတနာ ၁၂ ခုသည် မကောင်းသော ဝိပါက်နာမက္ခန္ဓာကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အပုညာဘိသင်္ခါရ။
၃။ အရူပကုသိုလ်စေတနာ ၄ ခုသည် မတုန်လှုပ်တတ်သော အရူပဘဝကို ပြုပြင်စီရင်တတ်သောကြောင့် အာနေဉ္စာဘိသင်္ခါရ မည်၏။

တစ်နည်း-
၁။ ကာယဝိညာတ်ဟု ဆိုအပ်သော ကာယဒွါရကြောင့် ဖြစ်ကုန်သော ကာမကုသိုလ်စေတနာ ၈ ခု၊ အကုသိုလ်စေတနာ ၁၂ ခု၊ ဤ ၂၀ သော ကာယကံစေတနာအပေါင်းသည် ကာယသင်္ခါရ။
၂။ ဝစီဝိညတ်ဟု ဆိုအပ်သော ဝစီဒွါရကြောင့် ဖြစ်ကုန်သော ဆိုအပ်ပြီးသော ၂၀ သော ဝစီကံစေတနာအပေါင်းသည် ဝစီသင်္ခါရ။
၃။ ဝိညတ် ၂-ပါးကို မဖြစ်စေမူ၍ မနောဒွါရ၌သာ ဖြစ်သော အကုသိုလ်စေတနာ ၁၂ ခု၊ မဟာကုသိုလ်စေတနာ ၈ ခု၊ မဟဂ္ဂုတ်ကုသိုလ်...

[စာမျက်နှာ-3] စေတနာ ၉ ခု၊ ဤစေတနာ ၂၉ ခုသည် စိတ္တသင်္ခါရ မည်၏။ ဤပြဆိုခဲ့ပြီးသော သင်္ခါရ ၆-ပါး၊ တရားကိုယ်အားဖြင့် လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးတို့သည် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပုဒ်၌ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရတရားတို့ဟူ၍ မှတ်ပါ။ လောကုတ္တရာစေတနာသည် ဝဋ္ဋကထာ (ဝဋ်လည်ပုံကိုပြသောစကား) ၌ မဟောသင့်သောကြောင့် သင်္ခါရဟု မဆိုရ။

အဝိဇ္ဇာသည် သင်္ခါရအား ကျေးဇူးပြုပုံ- အဝိဇ္ဇာသည် သစ္စာလေးပါးကို မသိမမြင်သောကြောင့် မျက်စိကန်းသော သူနှင့်တူ၏၊ သံသရာလမ်းခရီး၌ ကျင်လည်ကြရာ တစ်ခါတရံ ပုညာဘိသင်္ခါရ၊ အာနဉ္စာဘိသင်္ခါရ တည်းဟူသော ဖာလ်မြေမှန်မြေကို နင်းမိ၏၊ တစ်ခါတရံ အပုညာဘိသင်္ခါရ တည်းဟူသော ဆူးငြောင့်ခလုတ်ကို နင်းမိ၏။ ထို့ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရ ၃-ပါး ဖြစ်သည်ဟု ဆိုသည်။

အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရ ဖြစ်သည်ဆိုရာ၌ ကျေနပ်ဖွယ်ရှိ၏။ အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရ ဖြစ်ပုံမှာ ရုပ်နာမ်ခန္ဓာကို ရရှိနေသမျှ ဇာတိ ဇရာ မရဏ မကင်း၊ ဝိပရိဏာမဒုက္ခနှင့် မုချတစ်နေ့ တွေ့ရမည်။ ထိုဒုက္ခတွေကို သတိရသော်လည်း ပြောပလောက်သော ဒုက္ခဟု မထင်ဘဲ အဝိဇ္ဇာက ထိုဒုက္ခတွေကို ကာကွယ်ထားသဖြင့် ပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရ တို့ကို အားပါးတရ ပြုမိကြ၏။ အဝိဇ္ဇာကင်း၍ ရဟန္တာဖြစ်သည့်အခါ ပြုသမျှကောင်းမှုတို့သည် ပုညာဘိသင်္ခါရအမည်မရဘဲ ကြိယာမျှသာ ဖြစ်ရတော့၏။ အဝိဇ္ဇာမကင်းသေးခင် (ရဟန္တာမဖြစ်ခင်) ပြုသမျှ ကောင်းမှုကား (ဝဋနိဿိတဖြစ်ဖြစ်၊ ဝိဝဋ္ဋနိဿိတဖြစ်ဖြစ်) ကြိယာအမည်မရနိုင်၊ အဝိဇ္ဇာနယ်က မလွတ်သေးသမျှ ပုညာဘိသင်္ခါရ မည်ရလေ၏။

အဝိဇ္ဇာမှာ အကြောင်းမရှိသောကြောင့် အစထားသည်မဟုတ်၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တည်းဟူသော ဝဋ်သုံးပါး၏ ပြဋ္ဌာန်းသော အကြောင်းရင်း ဖြစ်သောကြောင့် အဝိဇ္ဇာကို အစထား၍ မြတ်စွာဘုရား ဟောတော်မူအပ်၏။ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော။ အာသဝသမုဒယာ၊ အာသဝေါတရား လေးပါးဖြစ်ခြင်းကြောင့်။ အဝိဇ္ဇာသမုဒယော၊ အဝိဇ္ဇာဖြစ်ပေါ်လာရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဟု ဟောတော်မူသောကြောင့် အဝိဇ္ဇာ၏ အကြောင်းကား ဘဝတဏှာဟူသော အာသဝေါတရားပင်ဖြစ်၏ ဟုမှတ်။ ထိုသို့ဖြစ်ပါက ဘဝတဏှာကို...

[စာမျက်နှာ-4] အစထား၍ ဟောကြားအပ်သည် မဟုတ်ပါလောဟူမူ၊ ၎င်းဘဝတဏှာကား အဝိဇ္ဇာ၏ အကြောင်းသာဖြစ်၏၊ စင်စစ်အကြောင်းရင်းမဟုတ်။ ၎င်းဘဝတဏှာ၏ အကြောင်းသည်လည်း အဝိဇ္ဇာပင်ဖြစ်၍ အဝိဇ္ဇာသည်သာလျှင် အကြောင်းရင်း ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာကိုသာ အစထား၍ ဟောကြားအပ်ပါသည်။

သင်္ခါရပစ္စယာ ဝိညာဏံ- အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပုဒ်၌ သင်္ခါရအရ အလုံးစုံသော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉ ကို အကုန်လုံးယူ၏။ သင်္ခါရပစ္စယာ ဝိညာဏံ ပုဒ်၌ သင်္ခါရအရကို ပဋိသန္ဓေအခါ ဥဒ္ဓစ္စစေတနာ၊ ပဝတ္တိအခါ၌ အဘိညာဏ်စေတနာကို ကြဉ်၍ ကြွင်းသော လောကီကုသိုလ် အကုသိုလ်စေတနာများကိုသာ ယူရမည်။ ဝိညာဏ ပုဒ်အရကို ဘုံသုံးပါး၌ဖြစ်သော ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂-ကိုသာ ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ယူရမည်။

ပဋိသန္ဓေအစွမ်းဖြင့် ကျေးဇူးပြုပုံ- ပုညာဘိသင်္ခါရ ကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ ပါး၊ မဟာဝိပါက် ၈ ပါး၊ ရူပဝိပါက် ၅ ပါး ဤ ၁၄-ပါးသော ဝိညာဏ်ဖြစ်၏။ ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရ ကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ ခုသာ ဖြစ်၏။ ဥဒ္ဓစ္စကား ပဝတ္တိဝိညာဏ်ကိုသာ ဖြစ်စေနိုင်၏။ အာနေဉ္စာဘိသင်္ခါရ ကြောင့် အရူပဝိပါက် ဝိညာဏ် ၄ ခုသာ ဖြစ်၏။ ပေါင်းသော် သင်္ခါရသုံးပါးကြောင့် (၁၄+၁+၄) ပဋိသန္ဓေဝိညာဏ် ၁၉ ဖြစ်၏။

ပဝတ္တိအစွမ်းဖြင့် ကျေးဇူးပြုပုံ- ကာမာဝစရကုသိုလ် ပုညာဘိသင်္ခါရ ၈ ခုကြောင့် အဟိတ်ကုသလဝိပါက် ၈ ပါး၊ မဟာဝိပါက် ၈ ပါး ပေါင်း ၁၆ ပါး ဖြစ်၏။ ရူပါဝစရကုသိုလ် ပုညာဘိသင်္ခါရ ၅ ခုကြောင့် ရူပါဝစရဝိပါက် ၅ ခု ဖြစ်၏။ အပုညာဘိသင်္ခါရ ကြောင့် အကုသလဝိပါက် ၇ ခု ဖြစ်၏။ အာနေဉ္စာဘိသင်္ခါရ ကြောင့် အရူပါဝစရဝိပါက် ၄ ခု ဖြစ်၏။

[စာမျက်နှာ-5] ဝိညာဏပစ္စယာ နာမရူပံ- သင်္ခါရပစ္စယာ ဝိညာဏံ ပုဒ်၌ ဝိညာဏအရကို ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကိုယူ၏။ ကံ၏ အကျိုးတရားဖြစ်သောကြောင့် ဝိပါက်ဝိညာဏ်ကိုသာ ယူရသည်။ ဝိညာဏပစ္စယာ နာမရူပံ ပုဒ်၌ ဝိညာဏအရကို အလုံးစုံသောစိတ် ၈၉ ပါး (သို့မဟုတ်) ၁၂၁ ပါးကို ယူ၏။ နာမရူပံ ပုဒ်၌ နာမ အရကို ဝေဒနာအစရှိသော ခန္ဓာ ၃ ပါး၊ စေတသိက် ၅၂ ပါးကို ယူအပ်၏။ ရူပံ အရကိုကား ကမ္မဇရုပ် (တစ်နည်း) စတုသမုဋ္ဌာနိကရုပ်ကို ယူအပ်၏။

ဝိညာဏ်သည် နာမ်ရုပ်အား ကျေးဇူးပြုပုံ- ပဋိသန္ဓေဝိညာဏ်သည် ပဋိသန္ဓေနာမ်ရုပ်အား ကျေးဇူးပြု၏၊ ပဝတ္တိဝိညာဏ်သည် ပဝတ္တိနာမ်ရုပ်အား ကျေးဇူးပြု၏။ ပြုပုံကား ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ပဋိသန္ဓေဝိပါက်စိတ် ၁၅၊ စေတသိက် ၃၅၊ ကာယဒသက၊ ဝတ္ထုဒသက၊ ဘာဝဒသကဟု ဆိုအပ်သော ကမ္မဇကလာပ် ၃ စည်း (သို့မဟုတ် ၇ စည်း၊ ၄ စည်း) တို့သည် တစ်ပြိုင်နက်ဖြစ်၏။ ပဋိသန္ဓေဝိညာဏ်စိတ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက်နာမ်နှင့် ကမ္မရုပ်တို့အား ကျေးဇူးပြု၏ဟု ဆိုလိုသည်။ ပဝတ္တိအခါ ကုသိုလ်စိတ်စသည် ဖြစ်ရာ၌ ၎င်းကုသိုလ်စိတ်နှင့်အတူတကွ စေတသိက် ၃၈ ပါး၊ စိတ္တဇရုပ်ဖြစ်၏။ ကုသိုလ်စိတ်ဝိညာဏ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက်နာမ်နှင့် စိတ္တဇရုပ်တို့အား ကျေးဇူးပြု၏။

စတုဝေါကာရဘုံ၌ ပဋိသန္ဓေပဝတ္တိ ၂-ပါးလုံးပင် လေးပါးသော အရူပဝိပါက်ဝိညာဏ်သည် စေတသိက် ၃၀ တည်းဟူသော နာမ်တရားအား ကျေးဇူးပြု၏။

နာမရူပပစ္စယာ သဠာယတနံ- နာမ ၏ အရကို ဝေဒနာအစရှိသော ခန္ဓာ ၃ ပါးအပေါင်းကိုပင် ယူအပ်၏။ ရူပ ၏ အရကို မဟာဘုတ်လေးပါး၊ ဆဝတ္ထုရုပ်၊ ဇီဝိတရုပ်တို့ကို ယူအပ်၏။ သဠာယတန ၏ အရကို အဇ္ဈတ္တိကာယတန ၆ ပါးကို ယူအပ်၏။

သဠာယတနပစ္စယာ ဖဿော- ဤ၌ သဠာယတန အရကို အဇ္ဈတ္တိကာယတန ၆ ပါး၊ ဗာဟိရာယတန ၆ ပါး ပေါင်း အာယတန ၁၂ ပါးစလုံးကိုပင် ယူအပ်၏။

[စာမျက်နှာ-6] ဖဿ၏ အရကို လောကီဝိပါက် ၃၂ ခုနှင့်ယှဉ်သော ဖဿစေတသိက် ၃၂ ပါးသည် ဖဿ မည်၏။ ထိုတွင် စက္ခုဝိညာဏ်ဒွေး၌ယှဉ်သော ဖဿစေတသိက်သည် စက္ခုသမ္ဖဿ၊ သောတဝိညာဏ်ဒွေး၌ယှဉ်သော ဖဿစေတသိက်သည် သောတသမ္ဖဿ၊ ဃာနဝိညာဏ်ဒွေး၌ယှဉ်သော ဖဿစေတသိက်သည် ဃာနသမ္ဖဿ၊ ဇိဝှာဝိညာဏ်ဒွေး၌ယှဉ်သော ဖဿစေတသိက်သည် ဇိဝှာသမ္ဖဿ၊ ကာယဝိညာဏ်ဒွေး၌ယှဉ်သော ဖဿစေတသိက်သည် ကာယသမ္ဖဿ၊ ကြွင်းသောလောကီဝိပါက် ၂၂ ခုနှင့်ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿ မည်၏။ ဒွေးပဉ္စဝိညာဏ် ၁၀ မှ ကြွင်းသော စိတ် ၇၉ ခု၌ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿဟုလည်း ယူသေး၏။ ဤ၌ ဝဋ္ဋကထာဖြစ်၍ လောကီဝိပါက် ၃၂ ခု၌ရှိသော ဖဿကိုသာ ကောက်ယူသင့်၏။

ဖဿပစ္စယာ ဝေဒနာ- လောကီဝိပါက် ၃၂ ပါးနှင့်ယှဉ်သော စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှာသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာတို့ကို ယူအပ်၏။

ဝေဒနာပစ္စယာ တဏှာ- ဖဿပစ္စယာ ဝေဒနာ ၌ ဝေဒနာ၏ အရကို လောကီဝိပါက် ၃၂ ခု၌ရှိသော အကျိုးဝေဒနာကိုသာ ကောက်ခဲ့၏။ ဝေဒနာပစ္စယာ တဏှာ ၌ကား အကြောင်းဝေဒနာဖြစ်၍ တဏှာကိုဖြစ်စေနိုင်သော ဝေဒနာတို့ကို ကောက်ယူသင့်သောကြောင့် လောကီစိတ် ၈၁ ခု၌ရှိသော ဝေဒနာ ၈၁ ခုကိုယူ၏။ တဏှာ၏ အရကိုကား ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာအားဖြင့် ၆-ပါးဖြစ်၏။ တဏှာအရကား လောဘစေတသိက်ပင်တည်း။ ရူပါရုံ၌တပ်သော လောဘသည် ရူပတဏှာ (ပ) ဓမ္မာရုံ၌တပ်သော တဏှာသည် ဓမ္မတဏှာမည်၏။

တစ်နည်း- ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ အားဖြင့် ၃-ပါးဖြစ်၏။

တဏှာပစ္စယာ ဥပါဒါနံ- တဏှာ၏ အရအားနည်းသောလောဘသည် တဏှာ၊ အားကြီးသောလောဘ...

[စာမျက်နှာ-7] သည် ဥပါဒါန် မည်၏။ ဥပါဒါန် ၄-ပါးကို သမုစ္စည်းပိုင်း၌ ဆိုခဲ့ပြီးဖြစ်၏။ ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး၊ တစ္ဆေကြီးလျှင် သူရဲ၊ သူရဲကြီးလျှင် သဘက်ဆိုသကဲ့သို့ တဏှာဓာတ်အဆင့်ဆင့် ရင့်သန်၍ အပြင်းအထန် စွဲလမ်းမှုကြီး ဖြစ်ပေါ်၍လာ၏။ ထိုသို့ အပြင်းအထန်စွဲလမ်းမှုကိုပင် ဥပါဒါန် မည်၏။

ဥပါဒါနပစ္စယာ ဘဝေါ- ဤ၌ ဥပါဒါန်၏ အရကို ဆိုခဲ့ပြီးသော ဥပါဒါန်တရား ၄-ပါးတို့ပင်တည်း။ ဘဝ၏ အရကား ကမ္မဘဝ၊ ဥပပတ္တိဘဝ ၂-ပါးရ၏။ ဖြစ်ပေါ်တတ် ကြီးပွားတတ်သောကြောင့် ဘဝ မည်၏။

ချမ်းသာအမျိုးမျိုး ဆင်းရဲအမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်း ကြီးပွားခြင်း၏ အကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်တို့နှင့်ယှဉ်သော စေတနာ ၂၉ ခုသည် ကမ္မဘဝ မည်၏။ ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက် ၃၂၊ စေတသိက် ၃၅၊ ကမ္မဇရုပ် ၂၀ တို့သည် ဥပပတ္တိဘဝ မည်၏။

သင်္ခါရနှင့် ဘဝအထူး- အတိတ်ဘဝ၌ဖြစ်သော စေတနာသည် သင်္ခါရ မည်၏၊ ယခုပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာသည် ကမ္မဘဝ မည်၏။ တစ်နည်း စေတနာသက်သက်သည် သင်္ခါရ မည်၏၊ စေတနာသည်လည်းကောင်း၊ စေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ကျင်လည်တတ်သော အဘိဇ္ဈာစသော တရားအပေါင်းသည်လည်းကောင်း ဘဝ မည်၏။

ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ- ကာမုပါဒါန် ကြောင့် ဒုစရိုက်ကို ပြု၏၊ ထိုဒုစရိုက်စေတနာသည် ကမ္မဘဝ မည်၏။ ထိုအကုသိုလ်ကမ္မဘဝကြောင့် ငရဲဘုံစသည်တို့၌ လားရရောက်ရ၏။ ထိုဒုဂ္ဂတိဘဝ၌ ပဋိသန္ဓေဝိပါက်ဖြစ်မှုသည် ဥပပတ္တိဘဝ မည်၏။ ဤသို့ အကုသိုလ်ကံဟူသော ကမ္မဘဝနှင့် ဒုဂ္ဂတိဘဝဟူသော ဥပပတ္တိဘဝသည် ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမှုကြောင့် ဖြစ်သောကြောင့် ဘဝဖြစ်၏ဟု ဆိုရ၏။

လူ့ဘုံနတ်ဘုံ၌ သာယာစွဲလမ်းခြင်းကြောင့် သုစရိုက်ကုသိုလ်ကံကို ပြုလုပ်အားထုတ်၏၊ ထိုကုသိုလ်ကံသည် ကမ္မဘဝ မည်၏။ ထိုကံသည် ဖြစ်စေအပ်သော...

[စာမျက်နှာ-8] နတ်ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘဝ မည်၏။

အကုသိုလ်ကမ္မဘဝ ပြုမိလေသောကြောင့် အပါယ် ၄-ဘုံ၌ အပါယ်ခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝ အမျိုးမျိုးတို့သည် ဖြစ်ပေါ်ပြန်ကုန်၏။ ကုသိုလ်ကမ္မဘဝကို ပြုမိလေသောကြောင့် ကာမသုဂတိ ၇-ဘုံ၌ ကာမသုဂတိခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝ အမျိုးမျိုးတို့သည် ဖြစ်ပေါ်ရပြန်ကုန်၏။ ရူပါဝစရဘုံ၌ ဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝ အမျိုးမျိုးသည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။ အရူပ ၄-ဘုံတို့၌ အရူပဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝ အမျိုးမျိုးတို့သည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။ ဤသို့ ဘဝ ၂-ပါး၏ ဖြစ်ပွားဆက်လက်နေမှုသည်လည်း အပြင်းအထန်စွဲလမ်းသော ဥပါဒါန်အတွက်ကြောင့်သာ ဖြစ်ရ၏၊ ထို့ကြောင့် ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ဟု ဆိုရလေသည်။

ဘဝပစ္စယာ ဇာတိ- ကမ္မဘဝအတွက် ဥပပတ္တိဘဝ ဖြစ်ပေါ်ရ၏။ ထိုဥပပတ္တိဘဝ၏ ရှေးဦးပထမ ဖြစ်ပေါ်မှုသဘောကို ဇာတိ ဆိုရ၏။

ဇာတိကြောင့် ဇရာ (ရင့်ရော်အိုမင်းမှု)၊ မရဏ (သေခြင်း)၊ သောက (စိုးရိမ်ပူဆွေးခြင်း)၊ ပရိဒေဝ (ငိုကြွေးမြည်တမ်းခြင်း)၊ ဒုက္ခ (ကာယိကဒုက္ခ)၊ ဒေါမနဿ (စေတသိကဒုက္ခ)၊ ဥပါယာသ (စိုးရိမ်ပူဆွေးငိုကြွေးမြည်တမ်းရုံမျှမက ရှိုက်ကြီးငင်ကြီး ဖြစ်မှု၊ မြော၍သွားမှု၊ နစ်၍သွားမှု) သည် ဖြစ်၏။ ဥပါယာသ ၏ တရားကိုယ်မှာ ဒေါသစေတသိက်ပင်တည်း။

ကာလစသည်ဖြင့် ဝေဖန်ခြင်း- ဤပဋိစ္စသမုပ္ပါဒ်နည်း၌ ကာလ ၃-ပါး၊ အင်္ဂါ ၁၂-ပါး၊ အခြင်းအရာ-၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ ဝဋ် ၃-ပါး၊ မူလ ၂-ပါးတို့ကို သိအပ်ကုန်၏။

ကာလ ၃-ပါး- အဝိဇ္ဇာ နှင့် သင်္ခါရ ၂-ပါးတို့သည် လွန်ခဲ့ပြီးသော အတိတ်ဘဝ၌ ဖြစ်ခဲ့သော အကြောင်းတရားများဖြစ်သောကြောင့် အတိတ်ကာလတရားများ မည်ကုန်၏။ ဇာတိ၊ ဇရာ၊ မရဏ ဤ ၃-ပါးတို့သည် နောက်လာလတံ့သောဘဝ၌ ဖြစ်မည့်တရားမျိုးများဖြစ်သောကြောင့် အနာဂတ်ကာလတရားမျိုး မည်ကုန်၏။ အလယ်၌ရှိသော...

[စာမျက်နှာ-9] ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ဟူသော တရား ၈-ပါးတို့သည် ယခု ပစ္စုပ္ပန်ကာလ၌ ဖြစ်ပေါ်သော တရားများဖြစ်သောကြောင့် ပစ္စုပ္ပန်တရားမည်၏။

အင်္ဂါ ၁၂-ပါး- အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏ အားဖြင့် အင်္ဂါ ၁၂-ပါး အပြားရှိ၏။

အခြင်းအရာ-၂၀-
၁။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ဟူသော အတိတ်အကြောင်း ၅-ပါး။
၂။ ဝိညာဏ၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုး ၅-ပါး။
၃။ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ဟူသော ပစ္စုပ္ပန်အကြောင်း ၅-ပါး။
၄။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော အနာဂတ်အကျိုး ၅-ပါး။
ဤသို့အားဖြင့် အခြင်းအရာ ၂၀-ဖြစ်၏။

အဝိဇ္ဇာကို အတိတ်ကာလ၌ ဖြစ်သောတရားဟု ယူသဖြင့် တဏှာ၊ ဥပါဒါန် ၂-ပါးကိုလည်း အတိတ်ကာလ၌ ဖြစ်သော တရားဟု ယူအပ်၏၊ အဘယ့်ကြောင့်ဆိုသော် ကိလေသဝဋ်ချင်း တူသောကြောင့်တည်း။ သင်္ခါရကို အတိတ်ကာလ၌ ဖြစ်သော တရားဟု ယူသဖြင့် ကမ္မဘဝကို အတိတ်ကာလ၌ ဖြစ်သော တရားဟု ယူအပ်၏၊ အဘယ့်ကြောင့်ဆိုသော် ကမ္မဝဋ်ချင်း တူသောကြောင့်တည်း။ တဏှာ၊ ဥပါဒါန်ကို ပစ္စုပ္ပန်ကာလ၌ ဖြစ်သောတရားဟု ယူသဖြင့် အဝိဇ္ဇာကိုလည်း ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားဟု ယူအပ်၏။ အဘယ့်ကြောင့်ဆိုသော် ကိလေသဝဋ်ချင်း တူသောကြောင့်တည်း။ ကမ္မဘဝကို ပစ္စုပ္ပန်၌ ဖြစ်သော တရားဟု ယူသဖြင့် သင်္ခါရကိုလည်း ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားဟု ယူအပ်၏၊ အဘယ့်ကြောင့်ဆိုသော် ကမ္မဝဋ်ချင်း တူသောကြောင့်တည်း။ ဇာတိ၊ ဇရာ၊ မရဏ ၃-ပါးကို အနာဂတ်ဖြစ်သော တရားဟု ယူသဖြင့် ရုပ်နာမ်တို့၏ တည်ရင့်မှု ပျက်မှုများ၏ တရားကိုယ်ကို စစ်သော် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာများသာ ဖြစ်၍ ၎င်း ၅-ပါးကိုလည်း အနာဂတ်အကျိုး၌ ယူအပ်၏။

[စာမျက်နှာ-10]
ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်

(အင်္ဂါ ၁၂-ပါး၊ မူလ ၂-ပါး၊ ကာလ ၃-ပါး၊ အလွှာ ၄-ပါး၊ အစပ် ၃-ပါး)

* မူလ ၂-ပါး: အဝိဇ္ဇာ နှင့် တဏှာ။
* ကာလ ၃-ပါး: အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။
* အင်္ဂါ ၁၂-ပါး: အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ။
* အစပ် ၃-ပါး: 1. သင်္ခါရ နှင့် ဝိညာဏ် အစပ် (အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး)။
2. ဝေဒနာ နှင့် တဏှာ အစပ် (ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း)။
3. ဘဝ နှင့် ဇာတိ အစပ် (ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး)။
* ဝဋ် ၃-ပါး: 1. ကိလေသဝဋ် (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်)။
2. ကမ္မဝဋ် (သင်္ခါရ၊ ကမ္မဘဝ)။
3. ဝိပါကဝဋ် (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာမရဏ)။

အခြင်းအရာ ၂၀
* အတိတ်အကြောင်း ၅-ပါး: အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
* ပစ္စုပ္ပန်အကျိုး ၅-ပါး: ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
* ပစ္စုပ္ပန်အကြောင်း ၅-ပါး: တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ။
* အနာဂတ်အကျိုး ၅-ပါး: ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။

[စာမျက်နှာ-11] ဝဋ် ၃-ပါး တပြောင်းပြန်ပြန်လည်အောင် လှည့်တတ်သောကြောင့် ဝဋ်မည်၏။ ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟု ၃-ပါး။ သရုပ်ကို စက်ရဟတ်ပုံစံတွင် ကြည့်လေ။

မူလ ၂-ပါး အဝိဇ္ဇာနှင့်တဏှာ ၂-ပါးကို မူလတရားဟူ၍ သိအပ်၏၊ အဝိဇ္ဇာအစ ဝေဒနာအဆုံးသည် ပုဗ္ဗန္တ မူလမည်၏။ တဏှာအစ ဇရာမရဏအဆုံးသည် အပရန္တ မူလမည်၏။ ၎င်း ၂-ပါးကို အကြွင်းမဲ့ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ပါမှ သံသရာစက်ရဟတ်သည် အဆက်ပြတ်၍ ချုပ်ငြိမ်းကင်းပျောက်လွတ်ခြင်းသို့ ရောက်တော့သည်။

[စာမျက်နှာ-12]
အဘိဓမ္မာသင်တန်း ၄၅

ပစ္စည်းပိုင်း ပဋိစ္စသမုပ္ပါဒ်နည်း

ဒီနေ့စက်တင်ဘာလ ၂၃-ရက်၊ လွန်ခဲ့တဲ့ အပတ်က သင်တန်းမပို့ချနိုင်ဘူး၊ အဲဒီမတိုင်ခင် တစ်ပတ်က သတ္တမပိုင်း သမုစ္စည်းပိုင်း ပြီးခဲ့ပြီ၊ ဒီနေ့ အဋ္ဌမပိုင်းပေါ့။ ရှစ်ခုမြောက်အပိုင်းဖြစ်တဲ့ ပစ္စည်းပိုင်းကို လေ့လာကြရအောင်။

ဒီပစ္စည်းပိုင်းမှာ ဘာကိုသင်ကြားထားသလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်း ဒီနှစ်မျိုးကို ဒီအပိုင်းမှာ ဖော်ပြထားတယ်။ ပဋိစ္စသမုပ္ပါဒ်ဆိုတာနဲ့ ပဋ္ဌာန်းဆိုတာက နှစ်ခုစလုံး အကြောင်းအကျိုး ဆက်သွယ်ပုံတွေကို ပြတဲ့ တရားတော်တွေဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ်ကလည်း သူ့နည်းနဲ့သူ အကြောင်းအကျိုးဆက်စပ်ပုံကိုပြတယ်၊ ပဋ္ဌာန်းဒေသနာတော်ကလည်း သူ့နည်းနဲ့သူ အကြောင်းအကျိုး ဆက်စပ်ပုံကိုပြတယ်။

ဒါပေမယ်လို့ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ထူးခြားတာရှိတယ်၊ အဲဒီ ထူးခြားတာက ဘာလဲဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှာ မည်သည့်တရားကိုစွဲ၍ အကြောင်းပြု၍ မည်သည့်တရားဖြစ်ပေါ်တယ်၊ မည်သည့်တရားကိုစွဲ၍ မည်သည့် တရား ဖြစ်ပေါ်တယ်၊ ဒီလို အကြောင်းအကျိုး ဖြစ်ပုံကိုသာ ပြတယ်။

[စာမျက်နှာ-13] သူတို့ဟာ ဘယ်နည်းနဲ့ ဆက်သွယ်နေတယ်၊ ဘယ်လို ကျေးဇူးပြုတယ်ဆိုတဲ့ ကျေးဇူးပြုပုံကို ပဋိစ္စသမုပ္ပါဒ်မှာ မဟောဘူး။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ အဝိဇ္ဇာက သင်္ခါရကို ကျေးဇူးပြုတယ်။ ဒါကြောင့်မို့ အဝိဇ္ဇာနဲ့ သင်္ခါရဟာ အကြောင်းအကျိုးအဖြစ်ဖြင့် ဆက်စပ်တယ်။ ပစ္စည်းပစ္စုပ္ပန်အားဖြင့် ဆက်စပ်တယ်။ အဲဒီလို ဆက်စပ်တဲ့နေရာမှာ ဘယ်လိုနည်းတွေနဲ့ ဆက်စပ်နေတယ်၊ ဆက်စပ်ပုံကို ပဋိစ္စသမုပ္ပါဒ်မှာ မဟောဘူး။

ပဋ္ဌာန်းဒေသနာတော်ကျတော့ အကြောင်းအကျိုးလည်း ပြောပြတယ်၊ သူတို့ရဲ့ ဆက်သွယ်ပုံကိုလည်း ဟောပြတယ်။ ဆိုပါတော့၊ ပဋ္ဌာန်းကျတော့ ဟိတ် ၆-ပါး ပစ္စည်းတရားက သဟိတ်စိတ်နဲ့ သဟိတ်စိတ္တဇရုပ်တွေကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီလိုကျေးဇူးပြုတဲ့ သတ္တိပါထည့်ပြီးတော့ ဟောထားတယ်၊ အဲဒါကွာသွားတာ။ ဟိတ် ၆-ပါးက သဟိတ်စိတ်တွေကို ကျေးဇူးပြုတယ်။ ဒါလောက်တင် မဟုတ်ဘူး၊ ဟိတ် ၆-ပါးက သဟိတ်စိတ်တွေကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်။ ဘယ်နည်းဘယ်ပုံ ကျေးဇူးပြုတယ်ဆိုတဲ့ ကျေးဇူးပြုပုံအခြင်းအရာကို အဲဒါ သတ္တိလို့ ခေါ်တယ်။ အဲဒါကို ပဋ္ဌာန်းမှာ ဟောပြတယ်။

ပဋိစ္စသမုပ္ပါဒ်မှာတော့ ဒီလိုမဟောဘူး၊ သာမညပဲဆိုပါတော့၊ အဝိဇ္ဇာကို အကြောင်းပြုပြီးတော့ သင်္ခါရဖြစ်တယ်၊ သင်္ခါရကိုအကြောင်းပြုပြီးတော့ ဝိညာဏ်ဖြစ်တယ် စသည်ဖြင့် ဒီလိုပဲ အကြောင်းအကျိုးဖြစ်ပုံလောက်ကိုပဲ ဟောပြတယ်။ ဘယ်လိုအကြောင်းအကျိုးဖြစ်တယ်၊ ဘယ်နည်းနဲ့ဆက်စပ်နေတယ်ဆိုတာ ပြောမပြဘူး၊ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း နည်းနှစ်ခု ကွာခြားမှုဟာ ဒါပဲ။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်နည်းမှာ ပစ္စယသတ္တိကို မပြောပြဘူးနော်၊ မဟောဘူး၊ ပဋ္ဌာန်းနည်းကျတော့ ပစ္စယသတ္တိကိုပါ ဟောပြတယ်၊ ဒါ ကွာသွားတယ်။ အခုဒီအပိုင်းမှာ ပဋိစ္စသမုပ္ပါဒ်နည်းရော ပဋ္ဌာန်းနည်းကိုရော မူလကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါက ပြောပြမယ်၊ အဲဒီတော့ အဲဒီကျမ်းပြုဆရာက မူလသင်္ဂြိုဟ်မှာ ဘာလေးပြောလိုက်သလဲဆိုတော့ အဋ္ဌကထာ ဆရာတွေကတော့ ပဋိစ္စသမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနဲ့ရောပြီးတော့ အဓိပ္ပါယ်ဖွင့်ပြသွားတယ်တဲ့၊ အဲဒီလို ပြောတယ်။

ဆိုလိုတာကတော့ ငါကတော့ အဲသလိုမပြောဘူး၊ ပဋိစ္စသမုပ္ပါဒ် နည်းသီးသန့် ပဋ္ဌာန်းနည်းသီးသန့်၊ ဒီလိုပဲ ရှင်းလင်းပြောပြသွားမယ်လို့ ဆိုလိုတယ်၊ ဒါဟာ သူက ဘာကိုပြောလိုက်တာလဲဆိုတော့ ဝိသုဒ္ဓိမဂ်ကို ပြောလိုက်တာ။

[စာမျက်နှာ-14] စောင်းလိုက်တာ၊ ဝိသုဒ္ဓိမဂ်မှာ ပဋ္ဌာန်း ဒေသနာတော်ကိုပါထည့်ပြီးတော့ ဖွင့်သွားတယ်၊ ပဋ္ဌာန်းနည်းနဲ့ ဆက်စပ်ပုံတွေကိုပါ ပြသွားတယ်။ အမှန်ကတော့ ပဋိစ္စသမုပ္ပါဒ်ကို အဲဒီပဋ္ဌာန်းနည်းနဲ့ နားလည်မှ တကယ်နားလည်ရာရောက်တယ်။ ပဋ္ဌာန်းနည်းမပါပဲနဲ့ ပဋိစ္စသမုပ္ပါဒ်သက်သက်ကို နားလည်တယ်ဆိုရင် ပြည့်ပြည့်ဝဝ နားမလည်နိုင်သေးဘူး၊ ဒါလေးကို သတိထားရမယ်။

ဒါကြောင့်မို့ ပဋ္ဌာန်းနည်းကို လေ့လာပြီးရင် ပဋိစ္စသမုပ္ပါဒ်ကို တစ်ခေါက်ပြန်ပြီးတော့ သွားရလိမ့်အုံးမယ်၊ အခု ပဋ္ဌာန်းနည်း မသွားခင် ပဋိစ္စသမုပ္ပါဒ်မှာ ပဋ္ဌာန်းနည်းတွေ ဝင်ပြောနေရင် အလကားပဲ၊ နားလည်မှာလည်း မဟုတ်ဘူး၊ ရှုပ်ကုန်လိမ့်မယ်၊ ပဋ္ဌာန်းနည်းကို သွားပြီးတော့ ပဋိစ္စသမုပ္ပါဒ်နည်းကို တစ်ခေါက်ပြန်ပြီး ကြည့်၊ အဲဒီလို လုပ်ကြမယ်။

အင်္ဂလိပ်လိုလည်းပဲ ပဋိစ္စသမုပ္ပါဒ် အကြောင်းကိုရေးတဲ့ ပုဂ္ဂိုလ်တွေလည်း အတော်ရှိပါတယ်၊ သူတို့တတွေလည်း ပဋ္ဌာန်းနည်း ကိုင်ပြီးတော့ရေးတဲ့ ပုဂ္ဂိုလ်က အလွန့်ကို ရှားတယ်၊ ဘုန်းကြီးသိသလောက်ကိုပင် အရှင်ဉာဏတိလောကဆိုတဲ့ ဂျာမန်ဘုန်းကြီး တစ်ပါးပဲ၊ ပဋ္ဌာန်းနည်းနဲ့ နှီးနှောပြီးတော့ ပဋိစ္စသမုပ္ပါဒ်ကို ရေးတာတွေ့ဖူးတယ်။ တခြားလူတွေကတော့ ဒီလိုကို မရေးနိုင်ဘူး၊ မရေးတာကလည်းပဲ ပဋိစ္စသမုပ္ပါဒ်ကိုတောင်မှ တကယ်ပြည့်ပြည့်ဝဝ နားလည်ဖို့ မလွယ်ဘူး၊ ပဋ္ဌာန်းကို နားလည်ဖို့ဆိုတာကတော့ ပိုခက်တာပေါ့၊ သူတို့အနေနဲ့လည်း ပဋ္ဌာန်းကို နားလည်တာ မဟုတ်တော့ ပဋိစ္စသမုပ္ပါဒ်ကလေးပဲ ကြည့်ပြီးတော့ ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ်ရေးတာပဲ၊ ရေးပြန်တော့လည်း သမားရိုးကျနည်းမျိုးနဲ့ ရေးတာမဟုတ်တော့လည်း တစ်မျိုးပေါ့လေ၊ သူ့ကို သမားရိုးကျ သင်ထားတဲ့ပုဂ္ဂိုလ် အနေနဲ့ကတော့ ဖတ်လိုက်ရင် ပေါ့ရွှန်းရွှန်းကြီးဖြစ်နေတာပေါ့၊ ခေတ်အမြင်နဲ့ ခေတ်နည်းနဲ့တော့ သူတို့ရေးတော့ ရေးတာပဲ။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းလို့ နည်းနှစ်မျိုးရှိတယ်။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဟာ မြတ်စွာဘုရား တရားဒေသနာတော်တွေထဲမှာ အရေးကြီးတဲ့ တရားတော်ဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် ပဋိစ္စသမုပ္ပါဒ် ဒေသနာက လောကမှာ ဖန်ဆင်းရှင်မရှိဘူး၊ အကြောင်းအကျိုး ဆက်စပ်ပြီးတော့သာ ဖြစ်နေတာပဲ။ ဒီလိုဟောတော်မူတယ်၊ ဒီလို ဟောတော်မူသဖြင့် ဒီ ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ အယူမှားကို ပဋိစ္စသမုပ္ပါဒ်က ပယ်ပေးတာပဲ။

ဒီတော့ အဝိဇ္ဇာကိုအကြောင်းပြုပြီးတော့ သင်္ခါရဖြစ်တယ်၊ သင်္ခါရကို

[စာမျက်နှာ-15] အကြောင်းပြုပြီးတော့ ဝိညာဏ်ဖြစ်တယ် စသည်ဖြင့် ဟောတော်မူလိုက်တဲ့အခါ ကျတော့ ဒီတရားတွေအားလုံးဟာ အကြောင်းကို အမှီပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေဖြစ်တယ်၊ ဒါကြောင့်မို့ ဒီတရားတွေဟာ မြဲတဲ့သဘောတရားမရှိဘူး။ အနှစ်သာရရှိတဲ့ သဘောတရားတွေမဟုတ်ဘူးလို့ ဒါကိုလည်းပဲ ဟောပြီးသား ဖြစ်သွားတယ်။

ပြီးတော့ ရှေ့ဘဝ နောက်ဘဝဆိုတာကိုလည်း ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတယ်၊ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်ဟာ အရေးကြီးတဲ့ တရားတော်တစ်ခုအနေနဲ့ မှတ်သားထားရမယ်။ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားဟာ ဘုရားဖြစ်မယ့်ည ဘုရားမဖြစ်ခင်ပေါ့၊ ဘုရားအလောင်း ဘဝကတည်းက ဆင်ခြင်သုံးသပ်တော်မူခဲ့တယ်။

မြတ်စွာဘုရားအလောင်းဟာ သုဇာတာလှူတဲ့ ဆွမ်းဘုဉ်းပေးပြီးတဲ့နောက် အဲဒီနေ့ ညနေဗောဓိပင်ကြွပြီးတော့ ဗောဓိပင်အောက်မှာထိုင်တယ်၊ ဗောဓိပင် အောက်မှာ တင်ပလ္လင်ခွေထိုင်ပြီးတော့ ဘုရားမဖြစ်သမျှ ငါဒီတင်ပလ္လင်ခွေကို မဖျက်ဘူးလို့ ဓိဋ္ဌာန်ပြီးတော့ တရားကျင့်တယ်၊ အဲဒီလို တရားကျင့်တဲ့အခါကျတော့ ပထမဆုံး အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တယ်၊ အဲဒီအာနာပါန ကမ္မဋ္ဌာန်းကို အမှီပြုပြီးတော့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဟိုသင်္ဂြိုဟ်နည်းနဲ့ပြောမယ်ဆိုရင် ပဉ္စမဈာန်၊ သုတ္တန်တွေမှာဟောတဲ့ အတိုင်းဆိုရင် စတုတ္ထဈာန်ပေါ့၊ အဲဒီဈာန်ကို ရတယ်။

အဲဒီဈာန်ကို ရပြီးတဲ့နောက် အဘိဉာဏ်တွေကို တစ်ခါရပြန်တယ်၊ ရှေးဘဝကို ပြန်ပြီးတော့ သိနိုင်တဲ့ အဘိညာဏ်၊ သတ္တဝါတွေ တစ်ဘဝက သေပြီး တစ်ဘဝ ဖြစ်နေတဲ့ဟာကို သိနိုင်တဲ့ အသိဉာဏ်၊ နောက်ဆုံးကျရင်တော့ အာသဝက္ခယဉာဏ် ဆိုတဲ့ အရဟတ္တမဂ် ပေါ့လေ၊ အဲသလို အဘိညာဏ်တွေကိုရတယ်။

အဲဒီ အဘိညာဏ်တွေကို မရခင်ပဲလား သို့မဟုတ် ရှေ့အဘိညာဏ် တစ်ခု ရပြီးပဲလား၊ ဘုန်းကြီးတို့ ထင်တာကတော့ ရှေ့အဘိညာဏ်တစ်ခုကို ရပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်ကိုလည်းပဲ ဆင်ခြင်တော်မူတယ်၊ ပဋိစ္စသမုပ္ပါဒ်သို့ ဉာဏ်ကို ကျက်စားပြီးတော့ အနုလုံ ပဋိလုံ ဆင်ခြင်တော်မူတယ်တဲ့။

အဲဒီလို အနုလုံ ပဋိလုံ ဆင်ခြင်ရင်း ဝိပဿနာပွားတော်မူတာ သို့မဟုတ် ဝိပဿနာပွားတော်မူရင်း ပဋိစ္စသမုပ္ပါဒ်ကို အပြန်ပြန် အလှန်လှန် ဆင်ခြင်တော်မူတာ၊ ဒီပဋိစ္စသမုပ္ပါဒ် ပွားများတာကို ဆင်ခြင်တာကိုပဲ ဗုဒ္ဓဝိပဿနာလို့ ဒီလိုလည်းခေါ်တယ်။

[စာမျက်နှာ-16] ဘုရားသို့မဟုတ် ဘုရားအပေါင်းတွေ ကျင့်ရိုးကျင့်စဉ်ဖြစ်တဲ့ ဝိပဿနာပေါ့လေ။

အဲဒီလို ဒီပဋိစ္စသမုပ္ပါဒ်မှာဝိညာဏ်ကို ချထားပြီးတော့ အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးတော့ ဝိပဿနာလည်း တစ်ခါထဲပွားများပြီးတော့ ဘုရားအဖြစ်သို့ ရောက်သွားတယ်၊ ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက် ခုနစ်ရက်ပတ်လုံး ဗောဓိပင်ရင်းမှာပဲ တင်ပလ္လင်ခွေပြီးတော့ ထိုင်နေတော်မူတယ်၊ တင်ပလ္လင်ခွေမဖျက်ပဲနဲ့ ခုနစ်ရက်ပတ်လုံး ထိုင်နေတော်မူတယ်၊ မြတ်စွာဘုရား ဘုရားဖြစ်ပြီးတဲ့နောက် ဗောဓိပင်နားမှာ ဘယ်နှစ်ရက်နေသလဲဆိုရင် ၄၉-ရက်နော်။

ဟို သတ္တ သတ္တာဟ ခေါ်တာပေါ့၊ မြန်မာလို ပြောရင်တော့ ခုနစ်ပတ် ပေါ့။ အမှန်ကတော့ ခုနစ်ပတ်တောင် မကဘူး၊ ရှစ်ပတ်နီးပါးလောက်နေတာ။ ပထမခုနစ်ရက်မှာ မြတ်စွာဘုရားဟာ တင်ပလ္လင်ခွေထိုင်နေတာပဲ၊ မထဘူး၊ အဲဒီ တင်ပလ္လင်ခွေထိုင်နေတဲ့ အတောအတွင်းမှာ ညကျရင် ပထမယာမ်မှာလည်းပဲ ဒီပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တယ်၊ ဘုရားဖြစ်ပြီးတဲ့နောက် အပြန်ပြန်အလှန်လှန် အနုလုံပဋိလုံဆင်ခြင်တယ်၊ မဇ္ဈိမယာမ်အလယ်မှာလည်းပဲ ဆင်ခြင်တယ်၊ ပစ္ဆိမယာမ် လို့ခေါ်တဲ့ မိုးသောက်ယံကျတော့လည်း ဆင်ခြင်တော်မူတယ်။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဟာ မြတ်စွာဘုရား ဘုရားမဖြစ်ခင် ဘုရားအလောင်း ဘဝတုန်းကလည်းပဲ ဆင်ခြင်တော်မူခဲ့တယ်၊ ဒါကို ဆင်ခြင်ရင်းပဲ ဘုရားဖြစ်တယ်ပဲ ပြောကြပါစို့၊ ဘုရားဖြစ်တော်မူပြီးတဲ့နောက်လည်းပဲ ဦးဆုံးဆိုပါတော့ လက်ဦးဆင်ခြင် တဲ့ တရားဟာ ဒါပဲ၊ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တော်မူတယ်။

အဲဒီလို ဆင်ခြင်တော်မူပြီးတဲ့နောက် ဆိုပါတော့ သတ္တသတ္တာဟက နေပြီးတော့ ဓမ္မစကြာတရားဟောတာတွေလုပ်ပြီးနောက်လည်းပဲ မြတ်စွာဘုရားဟာ ၄၅-ဝါ အတွင်းမှာ ပဋိစ္စသမုပ္ပါဒ်ကို အကြိမ်ကြိမ်ဟောတော်မူခဲ့တယ်၊ အကြိမ်ကြိမ် ဟောတာတွေကို ပါဠိတော်တွေထဲမှာ ဟိုနားတစ်ခု ဒီနားတစ်ခုတွေ့နိုင်တယ်၊ အထူးသဖြင့် များများတွေ့နိုင်တာကတော့ သံယုတ်ပါဠိတော်ဆိုတာ နိဒါနသံယုတ်ဆိုတာမှာ ရှိတယ်နော်။

အဲဒီတော့ မြတ်စွာဘုရားက ဒီပဋိစ္စသမုပ္ပါဒ်ကို သတ္တဝါတွေကို ဟောတဲ့ အခါကျတော့ နည်းအမျိုးမျိုးနဲ့ ဟောတော်မူတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ စသည်ဖြင့် ဒီအစဉ် ရှိတယ်မဟုတ်လား၊ ဒီကွင်းဆက်ခေါ်တာပေါ့လေ။ ဒီတော့ မြတ်စွာဘုရားက အလွန်ကျွမ်းကျင်တော်မူတဲ့ အတွက်ကြောင့်မို့ အစနေကိုင်ပြီးတော့ အဆုံးကို

[စာမျက်နှာ-17] ဟောတဲ့အခါမျိုးလည်းရှိတယ်၊ အဝိဇ္ဇာကနေကိုင်ပြီးတော့ ဇာတိဇရာမရဏ ရောက်အောင် ဟောတဲ့အခါလည်းရှိတယ်၊ တစ်ခါတစ်လေကျတော့ အလယ်ကကိုင်ပြီးတော့ အဆုံးဘက်ကိုဆွဲသွားတာ၊ တစ်ခါတလေကျတော့ အဆုံးကကိုင်ပြီး အစနောက်ပြန်ဟောသွားတာ၊ တစ်ခါတစ်လေ အလယ်ကကိုင်ပြီးတော့ နောက်ပြန်ဟောသွားတာ။

နည်း ၄-မျိုးနဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကို ဟောတော်မူတယ်နော်၊ အစကနေအဆုံး၊ အလယ်ကနေအဆုံး၊ အဆုံးကနေ အစ၊ အလယ်ကနေ အစ၊ အဲဒီလို နည်းအမျိုးမျိုးနဲ့ မြတ်စွာဘုရား ဟောတော်မူတယ်၊ အလွန်ကို မြတ်စွာဘုရားအဖို့တော့ ဒါက ကျက်နေရတာမဟုတ်ပဲကို ကျွမ်းကျင်ပြီးသား ကိုယ်ကိုယ်တိုင် မြင်တော်မူထားပြီးသား ဆိုတော့ ဘယ်နေရာက ကောက်ကိုင်ကိုင်၊ ဟောဟောမှ ဖြစ်တော့တာပေါ့။

အခုပဋိစ္စသမုပ္ပါဒ်ကို အမျိုးမျိုး မြတ်စွာဘုရားက ဟောတော်မူတယ်၊ ဒီပဋိစ္စသမုပ္ပါဒ်ဟာ မြတ်စွာဘုရားကိုယ်တိုင်က ရှင်အာနန္ဒာကို သတိပေးခဲ့ဖူးတယ်။ ရှင်အာနန္ဒာက သူက သောတာပန်တင် ရှိသေးတယ်နော်၊ ဒါပေမယ်လို့ ပဋိစ္စသမုပ္ပါဒ်တရားကို နာပြီးတဲ့နောက် သူက “ပဋိစ္စသမုပ္ပါဒ်က မနက်နဲပါဘူး” လို့ သူက အဲဒီလိုပြောတာကိုနော်၊ ပဋိစ္စသမုပ္ပါဒ်ဟာ ပေါ်လွင်ပါတယ်၊ သိဖို့ရာ လွယ်ပါတယ်လို့ အဲဒီလိုပြောတော့၊ မြတ်စွာဘုရားက “အာနန္ဒာ ဒီလို မပြောနဲ့နော်၊ ပဋိစ္စသမုပ္ပါဒ်ဟာ နက်လည်းနက်နဲတယ်၊ ပြီးတော့ နက်နဲယောင်လည်းထင်တယ်၊ နက်နဲတယ်လို့လည်း ထင်ရတယ် နက်လည်း နက်နဲတယ်ပေါ့။ ဒီလို မြတ်စွာဘုရားက သတိပေးတော်မူတယ်။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်တရားဆိုတာ မလွယ်ဘူးနော်၊ အဲဒီတော့ သရုပ်သကန် မှတ်ဖို့တောင်မှ မလွယ်လှဘူးဟုတ်လား၊ ကိုယ်တိုင်ထိုးထွင်းသိဖို့ ဆိုတာကတော့ အဝေးကြီးပဲ၊ သရုပ်ကလေး မှတ်ပြီးတော့ စာသင်သလိုသင်ပြီးတော့ နားလည်တယ်ဆိုတောင်မှ ပဋိစ္စသမုပ္ပါဒ်က လွယ်တာမဟုတ်ဘူး၊ ဘာကြောင့် မလွယ်တာတုန်းဆိုတော့ အခြေခံ အဘိဓမ္မာတွေက ပါနေတာကို၊ အဲဒါတွေ အဘိဓမ္မာတွေ မပါပဲနဲ့ ပဋိစ္စသမုပ္ပါဒ်ကြည့်ရင် ဆားပေါ့နေတာ။

အဲဒါကြောင့်မိုလို့ အဲသလောက်ဟာတောင်မှ မလွယ်တော့ ကိုယ်တိုင် ထိုးထွင်းပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့ သိဆိုတာတော့ပိုပြီးတော့ မလွယ်ဘူး၊ ဒါကြောင့်မို့ နက်နဲတယ်လို့ အဲဒီလို သတိပေးတော်မူရတာ၊ အဲဒီလို နက်နဲတဲ့ တရားဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီပဋိစ္စသမုပ္ပါဒ်ကို အကျယ် အဓိပ္ပါယ်ဖွင့်ဆို ရေးသားတဲ့အခါမှာ အရှင်မဟာဗုဒ္ဓဃောသ ကိုယ်တိုင်ကလည်းပဲ ငြီးတဲ့ စာကလေးတွေ ဂါထာလေးတွေ

[စာမျက်နှာ-18] ရေးထားခဲ့တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်မယ်လို့ သူအားထုတ်တဲ့အခါမှာ သမုဒ္ဒရာထဲမှာ ထောက်မမီသလိုပဲ၊ တရားတော်က နက်နဲလွန်းလို့ သူဟာလည်းပဲ ထောက်မမှီလောက်အောင်ရှိတယ်တဲ့၊ အဲဒီလို သမုဒ္ဒရာထဲမှာ ထောက်မမှီဘူးဆိုတာ ရှင်မဟာဗုဒ္ဓဃောသ သူကိုယ်တိုင်ရေးတဲ့ စာထဲမှာပါတယ်။

ဒါပေမယ်လို့ မြတ်စွာဘုရား အဆုံးအမတွေ ဒေသနာနည်းတွေ အမျိုးမျိုးနဲ့ ဟောထားတဲ့ သာသနာတော်မှာလည်းရှိတယ်၊ ရှေးဆရာအဆက်ဆက်ကလည်းပဲ အခုလို အဓိပ္ပါယ်အကျယ်ဖွင့်ပြထားတဲ့ tradition ဒါလည်းရှိတယ်၊ ဒါတွေကို အမှီပြုပြီးတော့ အဓိပ္ပါယ် အကျယ်ရေးမယ်ဆိုပြီး အဓိပ္ပါယ်အကျယ်ရေးရတယ်။

ဝိသုဒ္ဓိမဂ်မှာ ဒီအပိုင်းဟာ နားလည်ဖို့ရန် အခက်ဆုံးအပိုင်းပဲ၊ ဘာကြောင့်တုန်းဆိုတော့ အဘိဓမ္မာတွေက အကျယ်ကြီးပါနေတာ၊ တခြားအပိုင်းတွေကမှ တော်သေးတယ်။ ဒီအပိုင်းကျတော့ အဘိဓမ္မာ သရုပ်တွေထိအောင်ပါလာပြီ။ ပြီးတော့ တစ်ခါ ပဋ္ဌာန်းနည်းနဲ့ ဝင်ပြီးတော့ ဖွင့်လိုက်သေးတယ်။ အဲဒါကြောင့်မို့ ဒီပဋိစ္စသမုပ္ပါဒ်နည်းဟာ ခက်တယ်၊ မလွယ်ဘူး၊ ဒါမှတ်ထားရမယ်၊ သာမညလေး သရုပ်သကန် သိဖို့တောင်မှ အတော်လုပ်ယူရမယ်နော်၊ ပဋိစ္စသမုပ္ပါဒ်ကိုကြည့် ပါဠိလေးမရသေးရင် ရအောင် ကျက်ထားရင် ကောင်းတာပေါ့လေ၊ ပြီးရင်လည်း သာကောင်းတာပေါ့။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ---

[စာမျက်နှာ-19] ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဒါပဋိစ္စသမုပ္ပါဒ် အနုလောမလို့ခေါ်တယ်၊ အနုလုံပေါ့၊ အပြန်မဟုတ်သေးဘူး။ ဒါကိုပဲ ပထမနားလည်ဖို့ အရေးကြီးတယ်၊ ဒါနားလည်ရင် ပဋိလုံလည်းနားလည် တော့တာပဲ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာတဲ့။

မြတ်စွာဘုရားဟာ ပစ္စယဆိုတဲ့ ပုဒ်နဲ့ ဟောထားတယ်၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတရားတို့ ဖြစ်တယ်တဲ့၊ ဒီလိုဆိုတယ်၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ အဝိဇ္ဇာကို အမှီပြုပြီးတော့ သင်္ခါရဖြစ်တယ်၊ အဝိဇ္ဇာက ထုတ်လုပ်တယ်လို့ မဆိုလိုဘူး၊ ဒါပေမယ်လို့ အဝိဇ္ဇာရှိတဲ့ အတွက်ကြောင့်မို့ သင်္ခါရဖြစ်တယ်၊ ဒီလိုဆိုလိုတယ်၊ အဲဒီလို ပစ္စည်းနဲ့ ပစ္စယုပ္ပန် (ပစ္စယုပ္ပန်ဆိုတာ အကျိုး၊ ပစ္စည်းဆိုတာ အကြောင်း) ဆက်သွယ်ပုံကိုတော့ ပဋ္ဌာန်းနည်းနဲ့ယှဉ်မှသာ နားလည်တယ်နော်။

တချို့က productive၊ တချို့က သူ့ကို အမှီပြုပြီးတော့ ဖြစ်တဲ့ အတွက်ကြောင့်မို့ ပစ္စယအကြောင်းကို ခေါ်ထားတယ်၊ အချို့ကျတော့ အတူတူဖြစ်ပြီးတော့ အချင်းချင်း အားပေးသွားတာ၊ ထောက်ပံ့သွားတာကိုပဲ အကြောင်းလို့ခေါ်တယ်။ ဒါရှိတယ်၊ အဲဒါတွေပါနားလည်မှ ပဋိစ္စသမုပ္ပါဒ်ကို ပိုင်ပိုင်နိုင်နိုင် နားလည်မယ်၊ သို့မဟုတ်ရင် မလည်ဘူး။

ကောင်းပြီ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပြောရလွယ်အောင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ပဲ သုံးကြစို့နော်၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ ကောင်းပြီ အဝိဇ္ဇာဆိုတာ ဘာလို့ အဝိဇ္ဇာခေါ်သလဲ၊ အဝိဇ္ဇာဆိုတာ ရှင်းရှင်းကတော့ မောဟ စေတသိက်နော်၊ မောဟဆိုတာ အမှန်ကို မသိအောင်ဖုံးလွှမ်းတတ်တဲ့ သဘောတရားကို မောဟခေါ်တယ်၊ ရုပ်နာမ်တို့ရဲ့ သဘောမှန်ကို မသိအောင် ဖုံးလွှမ်းတတ်တယ်။

မောဟ ဖုံးလွှမ်းမှုကြောင့် ရုပ်နာမ်တို့ရဲ့ သဘောကို ပိုင်းပိုင်းခြားခြား မှန်မှန်ကန်ကန် မသိဘဲ ရှိကြတယ်၊ တကယ် ဝိပဿနာ တရားအားထုတ်ပြီး မှတ်ချက်ကောင်းလို့ မြင်မှသာ ဒီ အဝိဇ္ဇာ မဖုံးနိုင်တာ။ သို့မဟုတ်ရင်တော့ သူလိုက်ဖုံးနေတာပဲ၊ အဲဒီတော့ သူဖုံးပေးတဲ့အတွက်ကြောင့်မို့ အရှိကို အရှိတိုင်း မသိဘူးနော်၊ တစ်မျိုးတစ်မည် အလွဲအမှားတွေ သိကုန်တယ်၊ ဒါကြောင့်မို့ အမှန်အတိုင်းမသိတာလည်းပဲ အဝိဇ္ဇာရဲ့ သတ္တိပဲ။ အလွဲအမှား သိတာလည်း အဝိဇ္ဇာရဲ့ သတ္တိပဲ၊ အဝိဇ္ဇာဆိုတာ မသိတဲ့ မောဟတရား၊ အဲဒီမသိတဲ့ မောဟတရား မောဟစေတသိက်ကို အဝိဇ္ဇာလို့ ခေါ်မယ်တဲ့။

အဲဒီအဝိဇ္ဇာရှိတဲ့အတွက်ကြောင့်မို့၊ သင်္ခါရဆိုတဲ့သဘောတရားတွေ ဖြစ်တယ်

[စာမျက်နှာ-20] တဲ့၊ သင်္ခါရဆိုတာ ဘာတွေလဲတဲ့၊ သင်္ခါရဆိုတာ ရှင်းရှင်းပြောရင် ဒီနေရာမှာ ကံကိုဆိုလိုတာ၊ ကံဆိုတာ ဘာကိုခေါ်တာတုန်း မှတ်မိကြလား၊ ကံဆိုတာစေတနာ မဟုတ်ဘူးလား၊ စေတနာ စေတသိက်နော်၊ စေတနာလည်းပဲ စိတ် ၈၉-ပါးလုံးမှာ ယှဉ်တဲ့စေတနာမဟုတ်ဘူး၊ ကုသိုလ် အကုသိုလ်မှာယှဉ်တဲ့ စေတနာ၊ လောကီ ကုသိုလ်၊ အကုသိုလ်၊ အဲဒီစေတနာကို ဒီနေရာမှာ သင်္ခါရလို့ ဆိုတယ်။

သင်္ခါရဆိုတဲ့ စကားတွေ့ရင် သတိထားရမယ်၊ တစ်ခါတစ်လေ သင်္ခါရဆိုတာ ရှိသမျှ ရုပ်နာမ်တွေ အားလုံးကို ဆိုတယ်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သင်္ခါရတရားတွေဟာ အနိစ္စပဲလို့ ပြောတဲ့အခါကျတော့ စိတ်၊ စေတသိက်၊ ရုပ်၊ အကုန်လုံးကို ဆိုလိုတယ်၊ ခန္ဓာငါးပါးကို ဆိုလိုတယ်၊ အခုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတဲ့ နေရာကျတော့ သင်္ခါရ အရဟာ ကံ (သို့မဟုတ်) စေတနာ။

စေတနာဆိုတာ ဒီနေရာမှာ လောကီကုသိုလ်၊ အကုသိုလ်နဲ့ယှဉ်တဲ့ စေတနာ၊ အကုသိုလ် ၁၂-ရှိတယ်နော်၊ မဟာကုသိုလ်စိတ် ၈- ရှိတယ်၊ ရူပါဝစရစိတ် ၅ ရှိတယ်၊ အရူပါဝစရစိတ် ၄-ရှိတယ်။ အားလုံး ၂၉-ပေါ့၊ အဲဒီ ၂၉-နဲ့ ယှဉ်တဲ့ စေတနာကို သင်္ခါရလို့ ခေါ်တယ်နော်။

ကောင်းပြီ၊ အဝိဇ္ဇာက ဖုံးလွှမ်းပေးတဲ့ အတွက်ကြောင့်မို့ သင်္ခါရဆိုတာတွေ ဖြစ်တယ်တဲ့၊ အဝိဇ္ဇာက သဘောမှန်ကို မသိအောင် ဖုံးလွှမ်းထားတော့ ကောင်းတဲ့ဘဝ ရောက်ချင်လာတယ်၊ ဘဝဆိုတာ မတပ်မက်ရဘူး မတွယ်တာရဘူး ဆိုပေမယ်လို့ အဝိဇ္ဇာကဖုံးထားတော့ အမြင်ကိုက တွယ်တာစရာ အနေနဲ့မြင်တယ်နော်၊ ပုထုဇဉ်တွေ အနေနဲ့ အဲဒီလို မြင်တဲ့အတွက်ကြောင့်မို့ ဘဝချမ်းသာမှုကို လိုလားကြတယ်။

ဘဝချမ်းသာမှုကို လိုလားတဲ့အခါကျတော့ ဘဝချမ်းသာမှု ရအောင်ဆိုပြီးတော့ အမျိုးမျိုးလုပ်ကြတယ်၊ ကြံဆောင်ကြတယ်၊ လုပ်တဲ့အခါမှာ ဆရာကောင်း သမားကောင်းတွေ့ပြီးတော့ ညွှန်ကြားတာ မှန်မှန်ကန်ကန် ရရင်လည်း ကုသိုလ်တွေ လုပ်ဖြစ်တာပေါ့နော်၊ ဆရာကောင်း သမားကောင်း မတွေ့ဘူး၊ အယူအဆအမှားတွေ သွားတွေ့ပြီးတော့ အကုသိုလ်တွေလည်း လုပ်မိကြတယ်။

နွားသတ်ပြီးတော့ ယဇ်ပူဇော်တာတို့၊ သိုးသတ်ပြီးတော့ ယဇ်ပူဇော်တာတို့ပေါ့၊ ဒါပေမယ့် သူတို့လုပ်တာကတော့ ကောင်းအောင်လုပ်တာပဲ၊ သူတို့ ကောင်းချင်လို့ လုပ်တာပဲ။ ဒါပေမဲ့ လုပ်တဲ့လုပ်ငန်းက အဲဒီကျတော့ အကုသိုလ် ဖြစ်နေတယ်၊ အဲဒီလိုပေါ့လေ အမျိုးမျိုး နောက်ဆုံး ကုသိုလ်လုပ်တာတွေလည်း အတူတူပဲ။ နတ်ပြည်ရောက်ချင်လို့ ကုသိုလ်လုပ်တယ်ဆိုတာလည်း အဝိဇ္ဇာရှိလို့ လုပ်ကြတာပဲ။

[စာမျက်နှာ-21] အဝိဇ္ဇာသာမရှိဘူး ကင်းနေပြီဆိုရင် နတ်ပြည်ရောက်ချင်တဲ့စိတ်လဲ မရှိတော့ဘူး၊ ကုသိုလ်ဆိုတာလည်း မလုပ်တော့ဘူး၊ ရဟန္တာဆိုရင် ကြိယာဆိုတာသာ ဖြစ်တော့မယ်။

ဒါကြောင့်မို့ အဝိဇ္ဇာရှိတဲ့အတွက်ကြောင့်မို့ သင်္ခါရဆိုတဲ့ သဘောတရားတွေ ဖြစ်တာနော်၊ ဒီသင်္ခါရတွေ မဖြစ်စေနိုင်ဘူးဆိုရင် အဝိဇ္ဇာမရှိအောင် လုပ်ရမယ်။

အဲဒီသင်္ခါရကို စာမှာကျတော့ သုံးမျိုးခွဲတယ်၊ ပုညာဘိသင်္ခါရ၊ ဒါက ကုသိုလ်စေတနာတွေပေါ့၊ မဟာကုသိုလ်စိတ် ၈-ခု၊ ရူပါဝစရကုသိုလ် ၅-ခု၊ ဒါကို ခေါ်တယ်၊ အရူပကို သီးခြားထုတ်တယ်။

ပြီးတော့ အပုညာဘိသင်္ခါရတဲ့၊ ဒါက အကုသိုလ် စေတနာ ၁၂-ခု။

ပြီးတော့ တတိယကိုတော့ အာနဉ္စာဘိသင်္ခါရလို့ခေါ်တယ်၊ အရူပကုသိုလ် အရူပဈာန်က သိပ်ပြီးတော့ အထက်တန်းကျတော့ သူက မတုန်မလှုပ် ခိုင်မြဲတဲ့ သဘောရှိတယ်၊ ရူပါဝစရဈာန်ထက် ပိုပြီးတော့ သန်မာတယ်ပေါ့၊ Strong ဖြစ်တယ်၊ ဒါကြောင့်မို့ သူ့ကို သီးခြားထုတ်လိုက်တယ်၊ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနဉ္စာဘိသင်္ခါရ။

ဈာန်ရအောင် အားထုတ်တာလည်း အဝိဇ္ဇာရှိလို့ အားထုတ်တာပဲ၊ အရူပဘုံ ရောက်ချင်တာလည်း အဝိဇ္ဇာရှိလို့ပဲ၊ အဲဒီတော့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ အဝိဇ္ဇာကို အကြောင်းပြု၍ သင်္ခါရဖြစ်တယ်၊ အဲဒီလိုပဲ မှတ်ကြဦးစို့။

နောက်နံပါတ် ၂-က ဘာတဲ့တုန်း၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။ ဇစ်ဇက်သွားတာပေါ့၊ အဝိဇ္ဇာကြောင့် သင်္ခါရ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတဲ့အခါ ကျတော့ ဒီကံတွေကို လုပ်ရင် ဘာဖြစ်မှာတုန်း၊ ဒီကံတွေက နောက်ဘဝတွေမှာ အကျိုးမပေးပေဘူးလား၊ ကံက အကျိုးပေးလိုက်တယ်ဆိုတာကလည်း ပဋိသန္ဓေစိတ်တွေ သွားမဖြစ်ပေဘူးလား၊ ပဝတ္တိအခါမှာ ဝိပါက်စိတ်တွေ မဖြစ်ပေဘူးလား၊ ဒါတွေဟာ ကံကြောင့်ဖြစ်တာတွေ မဟုတ်ဘူးလားနော်၊ ဒါ မရှင်းရင် ပဉ္စမပိုင်း ပြန်သွား၊ ကုသိုလ်ကံ အကုသိုလ်ကံအကျိုးပေးတာတွေ အဲဒီမှာရှိတယ် မဟုတ်လား၊ အဲဒါနဲ့ ပြန်ဟပ်ပြီးတော့ နားလည်ရမှာ၊ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ် ခက်တယ် ပြောတာ၊ ဒါကြောင့်မို့ ဝိညာဏ်အရ ဘာတွေ ယူရမလဲ၊ ဝိပါက်ဝိညာဏ်တွေ ယူရမယ်ပေါ့။ လောကီဝိပါက် ဘယ်လောက်ရှိတုန်း ၃၂-ပါး ရှိတယ် မဟုတ်လားနော်။

လောကီဝိပါက် ၃၂-ပါး၊ အဲဒီဝိပါက် ဝိညာဏ်တွေကိုယူ၊ အဲဒီတော့ သင်္ခါရဆိုတဲ့ အကုသိုလ်စေတနာ အကုသိုလ်ကံကို ပြုမိတဲ့ အတွက်ကြောင့်မို့လို့ အပါယ်ဘုံမှာ သွားပြီးတော့ ပဋိသန္ဓေသွားမနေပေဘူးလားနော်၊ ပဋိသန္ဓေနေတယ်ဆိုရင် အဲဒီ

[စာမျက်နှာ-22] ပဋိသန္ဓေနေတဲ့ အခိုက်အတန့်မှာ ပဋိသန္ဓေစိတ် မဖြစ်ပေဘူးလား၊ ဖြစ်တယ်၊ စေတသိက်တွေမပါဘူးလား၊ ပါတယ်၊ ကမ္မဇရုပ် မပါဘူးလား၊ ပါတယ်နော်။

ဒါကြောင့်မို့လို့ အဲဒီပါတဲ့ အထဲမှာ ဝိညာဏ်လို့ဆိုတဲ့ အတွက်ကြောင့်မိုလို့ ဒီနေရာမှာတော့ စိတ်ပဲယူရမယ်နော်၊ လောကီဝိပါက်စိတ်တွေပဲ ယူရမယ်၊ ကောင်းတာလေးမြင်တယ်၊ မကောင်းတာလေးမြင်တယ်၊ စက္ခုဝိညာဏ်စိတ် မဖြစ်ပေဘူးလား၊ ဒီစက္ခုဝိညာဏ်စိတ်ဟာ ဘာကြောင့်ဖြစ်တာတုန်း၊ ရှေးကံကြောင့်ပဲ မဟုတ်ဘူးလား၊ ကုသလဝိပါက် အကုသလဝိပါက်ဆိုပြီး ၂- မျိုးရှိတယ် မဟုတ်ဘူးလား၊ အေး အဲဒါကြောင့်မို့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတဲ့ နေရာမှာ လောကီဝိပါက် အကျိုးဖြစ်တဲ့ ဝိညာဏ်တွေကို ယူပါ။

နံပါတ် ၃ က ဝိညာဏပစ္စယာ နာမရူပံ, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်၊ သတိထားနော်၊ ဒီနေရာမှာ နာမ်ရုပ်ဟာ တခြားမှာတွေ့တဲ့ နာမ်ရုပ်နဲ့ မတူဘူးနော်၊ ဝိညာဏအရ ဒီနေရာမှာ ဒီအတိုင်းပဲယူလိုက်ကြပါစို့၊ လောကီဝိပါက် ၃၂- ပါး ပေါ့လေ၊ နောင် တချို့ ကျမ်းဂန်တွေကျတော့လည်း စိတ်အကုန်လုံးကိုယူတာလည်း ရှိတယ်။ ထားပါတော့၊ နာမရူပံ နာမ်ရုပ်အရ ဘာတွေ ယူရမလဲ၊ နာမအရ ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ရှင်းရှင်းပြောရင် နာမအရ စေတသိက် ၅၂-ပါးကိုယူရမယ်နော်၊ ရူပအရလည်း ဒီနေရာမှာ ကမ္မဇရုပ်ကိုယူပါတဲ့၊ သို့မဟုတ် အဘိဓမ္မာနည်းမှာတော့ ရုပ် ၂၈-ပါးလုံးကိုလည်း ယူတာရှိတယ်၊ ဝိညာဏပစ္စယာ နာမရူပံ။

ဝိညာဏ်ကြောင့်နာမ်ရုပ်ဖြစ်တယ်ဆိုရာမှာ ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတယ်၊ ဒီလိုဆိုလိုတယ်နော်၊ ဝိညာဏပစ္စယာ နာမရူပံ၊ ဒါကြောင့်မို့ နာမအရ နာမ အကုန်မယူရဘူးနော်၊ စေတသိက်ကိုသာယူတယ်၊ ဒီနေရာမှာ စိတ်ကို မယူဘူး၊ ဒါကြောင့်မို့ ဒါတွေနားလည်ဖို့ သိပ်အရေးကြီးတယ်၊ နာမရူပတွေ စိတ်စေတသိက်တွေ အကုန်ယူတယ် ချည်းမှတ်ထားမိရင် ဒီမှာလာပြီးတော့ လွဲမယ်နော်။

ကောင်းပြီ, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတဲ့ နေရာမှာ တစ်ခါတလေ နာမ်သာဖြစ်တယ်၊ တစ်ခါတလေ ရုပ်သာဖြစ်တယ်။ တခါတလေ နာမ်ရုပ်ဖြစ်တယ်နော်၊ ဒီလိုမှတ်ရဦးမယ်၊ ဘယ်မှာကျ နာမ်သာဖြစ်တုန်း၊ အရူပဘုံဖြစ်တဲ့အခါ ကျတော့ ဝိညာဏ်နဲ့ ယှဉ်တွဲပြီးတော့ နာမ်ပဲရှိတယ်၊ ရုပ်မရှိတော့ဘူး၊ တစ်ခါတလေ ရုပ်သာရှိတယ်၊ နာမ်မရှိဘူး၊ အသညသတ် ဗြဟ္မာပေါ့၊ ရုပ်ရော, နာမ်ရော ရှိတယ်ဆိုတာကျတော့ လူတို့နတ်တို့ပေါ့၊ ပဉ္စဝေါကာရဘုံဆိုတာပေါ့၊ အဲဒါကြောင့်မို့

[စာမျက်နှာ-23] တစ်ခါတလေနာမ်၊ တစ်ခါတလေ ရုပ်၊ ဒီလိုမှတ်ယူရမယ်နော်။

နောက်တစ်ခုက နာမရူပပစ္စယာ သဠာယတနံ, နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်တယ်တဲ့နော်၊ နာမအရ ဒီနေရာမှာ ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာကိုပဲ ယူတယ်နော်၊ ရူပအရ ဒီကျတော့ မဟာဘုတ်လေးပါးတဲ့နော်၊ ဆဝတ္ထုရုပ်ဆိုတော့ ဆဆိုတာခြောက်၊ ဝတ္ထုရုပ် ၆-ပါး ဆိုတာဘာတုန်း၊ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု ဒါတွေကိုယူပါတဲ့၊ သဠာယတနံ သဆိုတာ ဒီနေရာမှာ ဆနှင့် အဓိပ္ပါယ်အတူတူပဲ၊ အာယတန ၆-ပါး၊ အာယတန ဆယ့်နှစ်ပါးတွေ့ခဲ့တယ် မှတ်မိကြသေးလား၊ အာယတန ၁၂-ပါး၊ အတွင်း ၆-ပါး၊ အပြင် ၆-ပါး၊ ဟုတ်တယ်မဟုတ်လား၊ ဒီနေရာမှာ နာမရူပပစ္စယာ သဠာယတနံမှာ အဲဒီအတွင်းအပြင် ၂-မျိုးမှာ ဘယ်ဟာကို ယူသတဲ့တုန်း၊ အဇ္ဈတ္တိကာယတန အတွင်း ၆-ပါး၊ စက္ခု၊ သောတ, ဃာန၊ ဇိဝှါ, ကာယ၊ မနာယတန၊ အဲဒီ အာယတန ၆-ပါးယူပါတဲ့၊ နာမ်ရုပ်ကို အမှီပြုပြီးတော့ သဠာယတနဖြစ်တယ်၊ အဇ္ဈတ္တိကာယတန ၆-ပါးဖြစ်ပုံ၊

ဒီနေရာမှာလည်းပဲ နာမ်ရုပ်က ခုနကလိုပဲ နာမ်သက်သက်က အာယတနကို ကျေးဇူးပြုမယ်၊ ရုပ်သက်သက်က အာယတနကိုကျေးဇူးပြုမယ်၊ နာမ်ရုပ်က အာယတနကိုကျေးဇူးပြုတယ်နော်၊ တစ်ခါ သဠာယတနကတော့ မြန်မာစကားပြောရင် အာယတန ၆-ပါးလို့ အဓိပ္ပါယ်ကျတယ်၊ ဒါပေမယ့် တစ်ခါတလေ ၆-ခုမြောက် အာယတနကိုသာလည်း ကျေးဇူးပြုတာလည်းရှိတယ်၊ အရူပဘုံဖြစ်တဲ့ အခါကျတော့ ၆-ခုမြောက်ဆိုတော့ မနာယတနစိတ်၊ စက္ခာယတနကို အရူပဘုံမှာဖြစ်တဲ့အခါ စက္ခာယတနကို ကျေးဇူးပြုပါ့မလား၊ စက္ခာယတနဆိုတာက ရုပ်ကြီးနော်၊ သောတ, ဃာန၊ ဇိဝှါ, ကာယာတန, ကျေးဇူးပြုပါ့မလား၊ မပြုဘူး။

နာမရူပပစ္စယာ သဠာယတနံ ထပ်ပြောလိုက်စမ်း၊ နာမရူပပစ္စယာ သဠာယတနံ နာမအရ ဘာကိုယူသလဲ၊ စေတသိက် ၅၂-ပါးပဲနော်၊ ဝေဒနာ, သညာ, သင်္ခါရလို့ ပြောလည်းဒါပဲ၊ စေတသိက် ၅၂-ပါးကို ပြောလည်း ဒါပဲ, အတူတူပဲနော်၊ ရူပအရ ဘာကို ယူသတဲ့တုန်း၊ မဟာဘုတ် ၄-ပါးတဲ့၊ ဝတ္ထုရုပ် ၆-ပါးတဲ့၊ ဇီဝိတရုပ်ကို ယူတယ်တဲ့၊ သဠာယတန အရဘာယူလဲ၊ အာယတန ၆-ပါး။

အတွင်းအာယတန ၆-ပါးဆိုတာ စက္ခာယတန၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနာယတန၊ အဲဒီမှာ ကာယာတနထိအောင်က ရုပ်မဟုတ်ဘူးလား၊ စက္ခုပသာဒ စက္ခာယတနခေါ်တာပဲနော်၊ မနာယတနဆိုတာက စိတ်အကုန်လုံး။

[စာမျက်နှာ-24] အဲဒီတော့ ခုနကပြောသလို နာမရူပအရလည်း တစ်ခါတလေ နာမ်ကိုယူရမယ်၊ တစ်ခါတလေ ရုပ်တင် ယူရမယ်၊ တစ်ခါတလေ နာမ်ရုပ်ယူရမယ်၊ သဠာယတန အရလည်း တစ်ခါတလေ ၆-ခုမြောက် အာယတနလည်း ယူရမယ်၊ တစ်ခါတလေ လည်းပဲ ရှေ့က အာယတနတွေပါယူရတယ်၊ ဒါကြောင့်မို့ သူ့ကိုလည်းပဲ သဠာယတန၊ အာယတန ၆-ပါးလို့ ဆိုပေမယ်လို့ အမြဲတမ်း ၆-ပါး မဟုတ်ဘူး၊ တစ်ခါတလေ တစ်ပါးတည်းရယ်၊ နော် မနာယတန တစ်ပါးတည်းရယ်၊ တစ်ခါတလေလည်း ၆-ပါး ဖြစ်ချင်ဖြစ်မယ်၊ ထိုက်သင့်သည့် အားလျော်စွာ အခြေအနေကြည့်ပြီးတော့ အဓိပ္ပါယ်ကောက်ယူရမယ်၊ မူသေကြီး သဠာယတနလို့ ပြောတယ်ကွ၊ ၆-ပါးလို့ အမြဲတမ်း ဖြစ်ရမယ်လို့ ပြောလို့မရဘူး၊ ၆-ပါးဖြစ်တာနဲ့ တစ်ပါးဖြစ်တာဟာ ခုနကလို ဘယ်ဘုံမှာ ဖြစ်တာလဲဆိုတာ ကြည့်ရမယ်၊ အရူပဘုံမှာ ဖြစ်တာလား၊ ရူပဘုံမှာဖြစ်တာလား၊ ကာမဘုံမှာ ဖြစ်တာလား၊ အသညသတ် ဘုံမှာ ဖြစ်သလား ပေါ့ လေ၊ အဲဒီလို ကြည့်ရမယ်၊ ထိုက်သည့်အားလျော်စွာ ယူရမယ်။

နာမရူပပစ္စယာ သဠာယတနံ၊ ဒါတွေ ကျေးဇူးပြုပုံကိုတော့ ပဋ္ဌာန်းနည်းနဲ့ ပြန်ပြီးတော့ စပ်ဟပ်မှ ပိုပြီးတော့ ကောင်းကောင်းမြင်လိမ့်မယ်၊ ပဋ္ဌာန်းနည်း အခုမပြောသေးဘူး၊ ပဋ္ဌာန်းဘာမှ မသိသေးခင် ပဋ္ဌာန်းနည်းပြောရင် အလကား ဖြစ်နေလိမ့်မယ်။

ကောင်းပြီးနောက်တစ်ဆင့်ကဘာတုန်း၊ သဠာယတနပစ္စယာ ဖဿ, သဠာယတနကြောင့် ဖဿဖြစ်တယ်၊ ဆိုလိုတာကတော့ သဠာယတနကို အမှီပြုပြီး ဖဿဖြစ်တယ်လို့ ဆိုလိုတယ်နော်၊ သဠာယတနက ဖဿကို produce လုပ်လိုက်တာ မဟုတ်ဘူး၊ ထုတ်လုပ်လိုက်တာ မဟုတ်ဘူး၊ ဒါပေမယ်လို့ သူ့ကို အမှီပြုပြီးတော့ ဖဿဖြစ်တာ။

ကောင်းပြီ၊ အဲဒီဖဿဆိုတာ ဘာတွေတဲ့လဲ၊ ဖဿစေတသိက်ပဲ ကောက်တယ် တဲ့နော်၊ စာမှာဆိုတာကတော့ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ, စသည်ဖြင့် ဆိုတယ် ဟုတ်လား၊ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ၊ စက္ခုသမ္ဖဿဆိုတာ စက္ခုပသာဒကို အမှီပြုပြီးတော့ဖြစ်တဲ့ ဖဿ စေတသိက်ပေါ့။

ဒါဖြင့် စက္ခုဖဿကို အမှီပြုပြီးတော့ ဘာစိတ်ဖြစ်သလဲ၊ ပထမပြောစမ်း၊ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်ပေါ့။ ဒါဖြင့် စက္ခုသမ္ဖဿဆိုတာ အဲဒီ စက္ခုဝိညာဏ်စိတ်နဲ့

[စာမျက်နှာ-25] ယှဉ်တဲ့ ဖဿစေတသိက်ပဲ အဲသလိုသွားရမယ်၊ သောတသမ္ဖဿ ဆိုရင် သောတဝိညာဏ်နှစ်ခုမှာယှဉ်တဲ့ ဖဿစေတသိက်ပဲ စသည်ဖြင့်သွားရမယ်နော်၊ အဲဒီလို ဖဿ ၆-မျိုးရတယ်ပေါ့။ အဲဒီမှာ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ။

မနောသမ္ဖဿကျတော့ လောကီဝိပါက် ၃၂-ပါးမှာရှိတဲ့ ယှဉ်တဲ့ဖဿ စေတသိက်ကိုယူ၊ အဲဒီတော့ သဠာယတနပစ္စယာ ဖဿမှာ သဠာယတနက ဖဿကို ဖြစ်အောင်လုပ်လိုက်တာ မဟုတ်ဘူး၊ ထုတ်လုပ်လိုက်တာ မဟုတ်ဘူး၊ ကျေးဇူးပြုလိုက်တာ၊ ဒီစက္ခုပသာဒ အမှီရလို့ စက္ခုဝိညာဏ်ဖြစ်တာ မဟုတ်ဘူးလား၊ စက္ခုဝိညာဏ်ဖြစ်လို့ ဖဿကလည်း တွဲဖြစ်တာ၊ ဖဿဖြစ်ရာမှာ စက္ခုပသာဒက base အနေနဲ့ပေါ့၊ ဝတ္ထုရုပ်အနေနဲ့ ကျေးဇူးပြုတယ်၊ သူ့ကို အမှီပြုပြီးတော့ ဖဿက ဖြစ်ရတာ, သူက ထုတ်လုပ်လိုက်လို့ ဖဿက ဖြစ်တာမဟုတ်ဘူး၊ အဲဒါနားလည်ရမယ်၊ သဠာယတနပစ္စယာ ဖဿ။

အဲဒီတော့ အာယတနရှိလို့ ဖဿဖြစ်နိုင်တာနော်၊ အကယ်၍ အာယတနတွေ အကုန်ချုပ်သွားပြီး မရှိတော့ဘူးဆိုရင် ဖဿရော ပေါ်နိုင်ပါဦးမလား၊ ဘယ်ပေါ်တော့ မလဲနော်၊ စက္ခုပသာဒ မရှိရင် မြင်စိတ် မရှိနိုင်ဘူး၊ မြင်စိတ် မရှိရင် မြင်စိတ်နဲ့ ယှဉ်တဲ့ ဖဿ ဘယ်ရှိမလဲ၊ သောတပသာဒ နားလုံးကန်းနေတဲ့လူ၊ ဒါဆိုရင် ကြားစိတ် မရှိနိုင်ဘူး၊ ကြားစိတ် မရှိနိုင်ရင် ကြားစိတ်နှင့်အတူဖြစ်တဲ့ ဖဿ မရှိနိုင်ဘူး စသဖြင့်သွားတာ။

နောက်တစ်ဆင့်က ဖဿပစ္စယာ ဝေဒနာတဲ့၊ ဖဿရှိလို့ ဝေဒနာကလည်း ပေါ်လာတာ၊ အဲဒီတော့ ဒီနေရာမှာ ဘုရားဟောထားတဲ့ တရားလေးရှိသေးတယ်။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော ဆိုပြီး ဟောထားတာရှိတယ်၊ စက္ခုပသာဒကိုလည်းကောင်း, ရူပါရုံကိုလည်းကောင်း၊ စွဲပြီးတော့ အမှီပြုပြီးတော့ စက္ခုဝိညာဏ်ဖြစ်တယ်၊ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်တယ်။ အဲဒီတော့ သုံးခုမရှိဘူးလား၊ စက္ခုပသာဒရယ်၊ ရူပါရုံရယ်၊ စက္ခုဝိညာဏ်ရယ် ဒီသုံးခုတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿကလည်းဖြစ်တယ်၊ အဲဒီတော့ ဖဿဖြစ်တာဟာ စက္ခုပသာဒ မပါဘဲနဲ့ မဖြစ်ဘူးပေါ့၊ အဲဒီ ဖဿဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဝေဒနာမပါဘူးလား၊ ပါတယ်၊ ဝေဒနာက အတူလည်းဖြစ် နောက်ကျမှလည်းဖြစ်တယ်နော်၊ အဲဒီ ဝေဒနာက အဲဒီကျမှ ပေါ်တယ်နော်။

ခုနက ဖဿပေါ်တာလေးပြန်ပြီးတော့ ပြောဦးမယ်နော်၊ တစ်ပြိုင်နက်ပေါ်တာ၊

[စာမျက်နှာ-26] တစ်ပြိုင်နက်ပေါ်ပေမယ်လို့ ဒီသုံးခုဆုံမိလို့ပေါ်တာ ဒီသုံးခုမဆုံမိရင် ဖဿက မပေါ်ဘူး၊ အဲဒါလေး နားလည်ဖို့ အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ ပါဠိမှာက တိဏ္ဏံ သင်္ဂတိ ဖဿောလို့ ဟောထားတာဆိုတော့- သင်္ဂတိဆိုတဲ့ပုဒ်က အဓိပ္ပါယ် ဘယ်လိုယူလို့ရလဲ ပေါင်းဆုံမိခြင်းသည် ဖဿလို့ ဒီလိုပဲယူလို့ရတယ်။ ယူချင်ရင် ယူလို့ရတယ်၊ သုံးခုပေါင်းဆုံမိခြင်းဟာဖဿ၊ ဖဿဟာ အထူး အခြားမဟုတ်ဘူး၊ ဒီလိုပြောရင် ဖြစ်နိုင်တယ်။

ဒါပေမယ်လို့ အမှန်က ဒီလိုမဟုတ်ဘူး၊ သူတို့ရဲ့ ပေါင်းဆုံမိခြင်းမျှသည် ဖဿမဟုတ်ဘူး၊ အဲဒီလိုသာဆိုရင် ဖဿ သီးခြားမရှိတော့ဘူးပေါ့၊ စေတသိက် တစ်ခုအနေနဲ့ကို ဆိုလို့မရတော့ဘူး၊ သူတို့၏သုံးခုပေါင်းဆုံမိခြင်းကြောင့် ပေါ်တဲ့ တရားကို ဖဿဆိုလိုက်တယ်၊ တစ်ပြိုင်နက်ပေါ်တာပဲ၊ ဖြစ်တာကတော့ တစ်ပြိုင်နက်ပဲ။ ဒါပေမယ်လို့ ပေါင်းဆုံလို့ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူ့ကို တိဏ္ဏံ သင်္ဂတိ ဖဿောလို့ သုံးခုတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿဖြစ်တယ်လို့ မြတ်စွာဘုရားဟောတယ်။

မီးထွန်းလိုက်တာနဲ့ တပြိုင်နက် အလင်းရောင်ပေါ်ရတယ် မဟုတ်လား၊ အဲဒီတော့ ဆီမီးထွန်းလိုက်တာနဲ့ အလင်းရောင်နဲ့ တစ်ပြိုင်နက်လာတာပဲ။ ဒါပေမယ်လို့ မီးထွန်းလို့ အလင်းရောင်က ပေါ်တာ၊ အဲဒီလိုလည်း ဒီသုံးခု ဆုံမိလို့ ဖဿကပေါ်တာ၊ ဒီသုံးခု မဆုံမိရင် ဖဿက မပေါ်ဘူး။

ဖဿဖြစ်ပြီဟေ့ဆိုရင် ဝေဒနာလည်းပါလာပြီ၊ ဒါ အတူတူပဲ၊ ဖြစ်တာပဲနော်။ ဖဿမရှိဘူးဆိုရင် ဝေဒနာလည်း မရှိနိုင်ဘူးပေါ့။

ဝေဒနာပစ္စယာ တဏှာ, ဝေဒနာဆိုတာ ဟိုစာတွေမှာတော့ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာဆိုတာတွေရှိတယ်၊ ရှင်းရှင်းကတော့ စက္ခုဝိညာဏ်နဲ့ ယှဉ်တဲ့ ဝေဒနာ၊ သောတဝိညာဏ်နဲ့ ယှဉ်တဲ့ဝေဒနာပဲ၊ စက္ခုဝိညာဏ်နဲ့ ယှဉ်တဲ့ ဝေဒနာ, အဲဒီဝေဒနာနဲ့ ယှဉ်တဲ့ဖဿဆိုတော့ မထူးပါဘူး၊ စက္ခုဝိညာဏ်နဲ့ယှဉ်တဲ့ ဝေဒနာ စသည်ဖြင့် လောကီဝိပါက် ၃၂-ပါးမှာယှဉ်တဲ့ ဝေဒနာကို ဒီနေရာမှာ ဝေဒနာလို့ခေါ်တယ်နော်။

ဝေဒနာပစ္စယာ တဏှာတဲ့ ဝေဒနာကို အကြောင်းပြုပြီးတော့ တဏှာ ဖြစ်တယ်တဲ့၊ အဲဒီဝေဒနာက နောက်တုန်းက နားလည်ခဲ့တာ ဘယ်နှစ်မျိုးရှိလဲ။ ၅-မျိုးရှိတယ်နော်၊ သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ, အဲဒီ ၅-မျိုး, တစ်မျိုးမျိုးကို အမှီပြုပြီးတော့ တဏှာဖြစ်တယ်။

[စာမျက်နှာ-27] အဲဒီနေရာမှာ သုခတို့ သောမနဿတို့ကို အမှီပြုပြီးတော့ တဏှာဖြစ်တာ ကတော့ လွယ်လွယ်ကူကူနဲ့ လက်ခံနိုင်ပါတယ်၊ ဒုက္ခဝေဒနာက ဘယ်လိုလုပ်ပြီးတော့ တဏှာကို ဖြစ်စေမလဲ၊ ဒုက္ခဝေဒနာကို အကြောင်းပြုပြီး ဘယ်လိုလုပ် တဏှာကို ဖြစ်စေသလဲဆိုတော့ ဝိသုဒ္ဓိမဂ်မှာ ဖွင့်ထားတာကတော့ ဒုက္ခဝေဒနာဖြစ်တော့ သုခဝေဒနာကို တောင့်တတယ်တဲ့၊ ဆင်းရဲနေတော့ ချမ်းသာကို တောင့်တတယ် ပေါ့ နော်၊ အဲဒါကြောင့်မို့ သူက သွယ်ဝိုက်သောနည်းနဲ့ တဏှာကိုဖြစ်စေတာ သူ့အပေါ် ပြန်ဖြစ်တာမဟုတ်ဘူး၊ ဒုက္ခဝေဒနာကိုပြန် တဏှာဖြစ်တာတော့မဟုတ်ဘူး၊ ဒါပေမယ်လို့ ဒုက္ခဝေဒနာကို အကြောင်းပြုပြီးတော့ ဒုက္ခဝေဒနာကင်း ပြီးတော့ သုခဝေဒနာဖြစ်ချင်တာ၊ အဲဒီတဏှာကို ပြောတာ၊ သူက ပဋ္ဌာန်းနည်းနဲ့ ပြောရင်တော့ ဥပနိဿယ ပစ္စည်းပေါ့လေ၊ နောက် သိလိမ့်မယ်နော်၊ အဲဒီနည်းနဲ့ ကျေးဇူးပြုသွားတယ်။

ဒါဖြင့် ဥပေက္ခာရော, ဥပေက္ခာဆိုတာက သုခဝေဒနာလိုပဲ အေးချမ်းတဲ့ သဘောရှိတော့ သူ့ကို တွယ်တာနိုင်တယ်ပေါ့၊ အဲဒါကြောင့်မို့ ဝေဒနာကြောင့် တဏှာဖြစ်တယ် ဝေဒနာကို အစွဲပြုပြီးတော့ တဏှာဖြစ်တယ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့ ဒီလိုဆိုတယ်တဲ့။

အဲဒီမှာလည်းပဲ ဝေဒနာနဲ့ အတူတူလည်းပဲ တဏှာမဖြစ်နိုင်ဘူးပေါ့၊ စိတ် စေတသိက်ယှဉ်တာနဲ့ ပြန်ကြည့်နော်၊ ဖြစ်နိုင်တယ်၊ ဝေဒနာက စိတ္တက္ခဏမှာ ဖြစ်ပြီးတော့ နောက် စိတ္တက္ခဏမှာဖြစ်ဖြစ်, နောက်ဝီထိမှာဖြစ်ဖြစ်, တဏှာမဖြစ်နိုင်ဘူးလား၊ ဒါလည်း ဖြစ်နိုင်တာပဲ၊ အတူတူဖြစ်ရင် နည်းတစ်မျိုးနဲ့ ကျေးဇူးပြုမယ်။ (ပဋ္ဌာန်းနည်းအရ) ခွဲဖြစ်တဲ့အခါကျတော့ တဏှာပစ္စယသတ္တိ တစ်မျိုးနဲ့ ကျေးဇူးပြုမယ်။

ကျေးဇူးပြုပုံနော်၊ အဲဒါ ပဋ္ဌာန်းပြီးမှ ပြန်ပြီးတော့ ဟန်ကျပန်ကျ နားလည်မယ်၊ ဝေဒနာပစ္စယာ တဏှာ။

တဏှာပစ္စယာ ဥပါဒါနံ, တဏှာကြောင့်(ဝါ) တဏှာကိုအစွဲပြု၍ ဥပါဒါန် ဖြစ်တယ်၊ တဏှာဆိုတာက လိုချင်မှု တွယ်တာမှု, သူ့ပုဒ်အရကတော့ တဏှာဆိုတာ ငတ်တာ ရေငတ်တာပေါ့၊ thirstyကို တဏှာလို့ ခေါ်တယ်၊ လိုချင်မှုကို တဏှာ, တဏှာကြောင့် တဏှာကို အစွဲပြုပြီးတော့ ဥပါဒါန်ဖြစ်တယ်, ဥပါဒါန်ကလည်းပဲ လောဘမပါဘူးလား၊ တဏှာကလည်းပဲ လောဘပဲနော်၊ ဥပါဒါန် ၄-ပါးထဲမှာ ကာမုပါဒါန်တစ်ပါးက လောဘပဲ မဟုတ်ဘူးလား၊ တခြားဥပါဒါန် ၃-ပါးက ဒိဋ္ဌိ။

အဲဒီတော့ တဏှာနဲ့ ဥပါဒါန်က လောဘချင်းတူရင် ဘယ်လို ထူးသလဲ

[စာမျက်နှာ-28] မေးစရာရှိတယ်၊ ဘယ်လိုဖြေထားတုန်း၊ အားနည်းတဲ့ လောဘကို တဏှာလို့ ခေါ်တယ်တဲ့၊ အားကြီးတဲ့ လောဘကို ဥပါဒါန်လို့ခေါ်တယ်၊ ဥပါဒါန်ဆိုတာ စွဲလမ်းမှု၊ သူက တကယ့်ကို မလွှတ်နိုင်လောက်အောင် စွဲသွားပြီ၊ စွဲလမ်းသွားပြီ။ အဲဒီ အခါကျတော့ ဥပါဒါန်၊ လိုချင်မှုသာမညကို တဏှာလို့ခေါ်တယ်၊ အဲဒီတဏှာနဲ့ ဥပါဒါန် အထူးကို ဝိသုဒ္ဓိမဂ်မှာ ရေးထားတာရှိတယ်။

အားနည်းတဲ့ လောဘကို (သို့မဟုတ်)တဏှာပေါ့လေ၊ အားကြီးတဲ့ တဏှာကို ဥပါဒါန် ခေါ်လိုက်တာနော်၊ ဥပါဒါန်ကို ဘယ်လို ဥပမာပေးတုန်း မှတ်မိသေးလား၊ မြွေ ဖားမျိုသလိုပေါ့၊ ဖားကို မြွေက ကိုက်မိပြီဆိုရင် မလွှတ်တော့ဘူး၊ ဘယ်တော့မှ မရတော့ဘူး ဟုတ်လား၊ နောက် တဖြည်းဖြည်း ဗိုက်ထဲဝင်သွားမယ်၊ ပြန်မထွက်တော့ဘူး၊ အဲဒီလို မလွှတ်နိုင်လောက်အောင် စွဲစွဲမြဲမြဲ တွယ်တာစွဲလမ်း နေတာကို ဥပါဒါန်လို့ခေါ်တယ်။ ဒါကြောင့်မို့ “ချင်းချင်းထောက်ဆ၊ ရှေးရှေးကျသည်။ ဒုဗ္ဗလဟု၊ လိုချင်မှုကို တဏှာဆိုလော့”တဲ့၊ အချင်းချင်းထောက်ဆပြီးတော့ရှေးကျတဲ့ အားနည်းတဲ့ လိုချင်မှုကို တဏှာဟု ဆိုပါတဲ့။

“ထိုထိုနောက်မှ၊ ဗလဝဖြစ်ပြန်၊ ဥပါဒါန်တည်း” အဲဒီရောက်မှ အားကြီးလာတဲ့ အခါကျတော့ သူက ဥပါဒါန်ဖြစ်သွားတယ်၊ သူက လောဘ တစ်ခုတည်းပဲ၊ သူက အားသေးတုန်းက တဏှာလို့ခေါ်တယ်၊ အားကြီးလာတော့ ဥပါဒါန်လို့ ခေါ်တယ်။ ပစ္စည်းကလေးတစ်ခုလဲ ပထမတော့ သာမညလိုချင်တာပဲ၊ နောက်တော့ တကယ်ကို စွဲလမ်းတာပဲ၊ သူ့ကို မလွှတ်နိုင်အောင် မခွဲနိုင် မခွာရက်ပေါ့ လေ၊ အဲဒီလို ဖြစ်လာတယ်။

“တဖန်ဆိုကြ၊ ကေစနကား၊ မရသေးခင်၊ တောင့်တအင်ကို ခေါ်တွင် တဏှာ”တဲ့ တချို့ဆရာတွေကတော့ ဘယ်လို ပြောသလဲဆိုရင် မရသေးခင် တောင့်တတာကို တဏှာလို့ခေါ်တယ်တဲ့။

“ရခဲ့ပါတုံ၊ စုံစုံမက်မက်၊ နှစ်သက်သမှု၊ ပါဒန်ပြု၏။ ရပြီးတဲ့နောက် တကယ့်ကို ငါ့ဟာ ငါ့ဟာပဲ စွဲလမ်းသွားပြီးနောက် အဲဒီကျတော့ ဥပါဒါန်ဖြစ်သွား ပြီလို့ ဒီလိုလည်းပဲ တချို့ဆရာများက ဆိုကြတယ်တဲ့။

“နှစ်ခုခွဲကြိပ်၊ ဆန့်ကျင်ရိပ်ကား၊ အပ္ပိစ္ဆတာ၊ သန္တာတည်း”တဲ့ အဲဒီ နှစ်မျိုးရဲ့ ဆန့်ကျင်ဘက်တရားတွေဟာ ဘာတွေလည်းဆိုရင် တဏှာရဲ့ ဆန့်ကျင်ဘက် တရားက အလိုနည်းမှုအပ္ပိစ္ဆတာ, ဟိုဟာလည်း မလိုချင်ပါဘူး၊ ဒီဟာလည်း မလိုချင်ပါဘူးနော်၊ ဥပါဒါန်ရဲ့ ဆန့်ကျင်ဘက်ကတော့ ဘာလဲဆိုရင် သန္တုဋ္ဌိဆိုတဲ့

[စာမျက်နှာ-29] ရောင့်ရဲမှု၊ ကျေနပ်နေတယ် ရောင့်ရဲနေတယ်နော်၊ အဲဒီလိုလည်းပဲ ဆန့်ကျင်ဘက် ခြင်းကွာခြားတယ်၊ တဏှာရဲ့ ဆန့်ကျင်ဘက်က အလိုနည်းမှုနော်၊ ဥပါဒါန်ရဲ့ ဆန့်ကျင်ဘက်ကရောင့်ရဲမှု၊ ရောင့်ရဲတယ်ဆိုတာရှိတာနဲ့ ရောင့်ရဲတာနော်၊ နောက်ထပ်အပိုမရှာဘူး၊

“ဒုက္ခကျိုးတွေ၊ ရေတွက်လေသော်၊ ရှာဖွေတောင့်တ၊ တစ်ကြောင့်ကြဟု၊ စောင့်ရှောက်မှုသည်၊ တကုပါဒါန်အခွဲတည်း”တဲ့။ တဏှာကြောင့်ဖြစ်တဲ့ဒုက္ခ ဥပါဒါန်ကြောင့်ဖြစ်တဲ့ဒုက္ခနဲ့ စဉ်းစားကြည့်မယ်ဆိုရင် တဏှာကြောင့်ဖြစ်တဲ့ ဒုက္ခက ရှာဖွေရတဲ့ဒုက္ခ၊ လိုချင်တာကိုး၊ လိုချင်တာရအောင်လုပ်တာရှာဖွေရတဲ့ ဒုက္ခဟာ တဏှာရဲ့ အကျိုး ဒုက္ခပဲ၊ ဥပါဒါန်ရဲ့ ဒုက္ခက ဘာလဲဆိုတော့ စောင့်ရှောက်ရတဲ့ဒုက္ခ။

ဒါကြောင့်မို့ ဘုန်းကြီးက အမြဲပြောလေ့ရှိတယ်၊ ပစ္စည်းဆိုတာ မရခင်လည်း ဒုက္ခရှိတယ်၊ ရပြီးလည်း ဒုက္ခရှိတယ်၊ ရလို့ အေးပြီမထင်နဲ့၊ ကားအသစ်ကလေး လိုချင်တယ်၊ မရခင်လည်းလိုချင်တယ်၊ လိုချင်တော့ ရှာဖွေရတဲ့ ဒုက္ခရှိတယ်။ ကားကို ရအောင်ရှာရတယ်၊ သို့မဟုတ် ကားဖိုး ပိုက်ဆံရအောင် ရှာရတယ်။ ပိုက်ဆံရအောင် ရှာတဲ့အခါမှာ အမျိုးမျိုး ဆင်းရဲဒုက္ခတွေ့နိုင်တယ်နော်၊ ကိုင်း ရပြီ၊ သွားဝယ်ပြီ၊ ကိုယ့်ပစ္စည်းဖြစ်လာပြီ၊ စောင့်ရှောက်ရတဲ့ဒုက္ခ ရောက်လာပြန်ပြီ။ ကားကို သူများကခြစ်သွားမလား, တိုက်သွားမလား၊ ခိုးသွားမလားနော် စသည်ဖြင့် စောင့်ရှောက်ရတဲ့ဒုက္ခ၊ ဒါကြောင့်မို့ ပစ္စည်းဆိုတာ မရခင်ရှာရတဲ့ဒုက္ခ၊ ရပြီးတော့လည်းပဲ စောင့်ရှောက်ရတဲ့ဒုက္ခနော်၊ ဒီဒုက္ခ နှစ်မျိုး ဘယ်တော့မှ မလွတ်ဘူး၊ အဲဒီလို တဏှာရဲ့အကျိုး ဒုက္ခက ရှာဖွေရတဲ့ဒုက္ခပဲ၊ ဥပါဒါန်ရဲ့ အကျိုး ဒုက္ခက စောင့်ရှောက်ရတဲ့ ဒုက္ခ၊ အဲဒီလို ဒါ တဏှာနဲ့ဥပါဒါန်ရဲ့ ကွာခြားပုံနော်။ intensity ကွာတာပေါ့၊ တရားကိုယ်ကတော့ တစ်ခုတည်းပဲ၊ တဏှာလည်း လောဘပဲ၊ ဥပါဒါန်လည်း လောဘပဲ၊ ကာမုပါဒါန်ဆိုရင်ပေါ့လေ၊ တခြား ဥပါဒါန်ဆိုရင်တော့ ဒိဋ္ဌိဖြစ်မှာပေါ့လေ။

ဒါဖြင့် တဏှာမဖြစ်ရင် ဥပါဒါန်မဖြစ်ဘူးပေါ့၊ နည်းနည်းလိုချင်မှု မဖြစ်ရင် များများလိုချင်မှု မဖြစ်ဘူးပေါ့နော်။

ဥပါဒါနပစ္စယာ ဘဝေါ, ဘဝတဲ့၊ ဒီနေရာမှာ သတိထားပေတော့၊ ဘဝ အရကို ဒီနေရာမှာ နှစ်မျိုးယူရတယ်၊ ကမ္မဘဝရယ်, ဥပပတ္တိဘဝရယ်နော်၊ ဒီလို နှစ်မျိုးရှိတယ်။

ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုတဲ့ နေရာမှာ အဲဒီနှစ်မျိုးလုံးကို ယူနိုင်တယ်၊ ကမ္မဘဝဆိုတာ ရှင်းရှင်းပြောရင် ကံပဲ၊ စေတနာပဲ၊ သင်္ခါရအရနဲ့ အတူတူပဲ။

[စာမျက်နှာ-30] သင်္ခါရတုန်းက လောကီ ကုသိုလ် အကုသိုလ် စေတနာအရကောက်ခဲ့တယ်။ ထို့အတူပဲ ကမ္မဘဝ ဆိုတာလည်းဒါပဲ၊ ဒါပေမယ့် ကာလကွာခြားသွားတယ်။ နောက် ကာလခွဲတဲ့အခါကျတော့ ပေါ်လိမ့်မယ်၊ အဲဒီတော့ ကမ္မဘဝကိုလည်း ယူရမယ်။

ပြီးတော့ ဥပပတ္တိဘဝဆိုတာကတော့ ဒီကံကြောင့်ဖြစ်တဲ့ ခန္ဓာတွေနော်၊ ခန္ဓာတွေဆိုတော့ ဝိပါက်စိတ် စေတသိက်နဲ့ ကမ္မဇရုပ်တွေပေါ့။ ဒါကို ဥပပတ္တိဘဝလို့ ခေါ်တယ်၊ ဥပပတ္တိဘဝဆိုတာ ရှင်းရှင်းကတော့ ဇာတိကိုခေါ်တာပဲ၊ ဟိုဘဝ ဖြစ်တယ်၊ ဒီဘဝဖြစ်တယ်၊ ဟိုဘဝဖြစ်တဲ့ ဒီဘဝဖြစ်တဲ့ အစဆိုတာ ဖြစ်တာကို ဥပပတ္တိဘဝလို့ခေါ်တယ်။

ဒီက အကုသိုလ်ကံကြောင့် အပါယ်ဘုံမှာပဋိသန္ဓေနေတယ်၊ အဲဒီ ပဋိသန္ဓေစိတ်, စေတသိက်, ရုပ် သွားမဖြစ်ဘူးလား၊ အဲဒါကိုပဲ ဥပပတ္တိဘဝလို့ ခေါ်တယ်။ အဲဒီ ဥပပတ္တိဘဝက စာတွေမှာကျတော့ ၉- မျိုးတောင်ရှိတယ်၊ အဲဒီတော့ ဥပပတ္တိဘဝဆိုတာ ထိုထိုဘဝမှာ ဖြစ်တာပဲ၊ သို့မဟုတ် ထိုထိုဘဝ၊ ဒီလိုပဲအကြမ်းဖျင်း မှတ်ထားလိုက်တော့။

ဥပါဒါန်ကြောင့် ဘဝဖြစ်ရာမှာ ကမ္မဘဝကိုလည်း ယူလို့ရတယ်၊ ဥပပတ္တိဘဝကိုလည်း ယူလို့ရတယ်၊ ဥပါဒါန်ရှိလို့ စွဲလမ်းမိပြီးတဲ့နောက် စွဲလမ်းတယ်ဆိုတာလည်း သူက အဝိဇ္ဇာက သူနဲ့တွဲ မဖြစ်ပေဘူးလား၊ ဥပါဒါန်ဖြစ်ရင် အဝိဇ္ဇာရော မပါပေဘူးလား၊ ပါတာပေါ့နော်၊ အဲဒီလို အဝိဇ္ဇာက ဖုံးလွှမ်းပြီးတော့ ဥပါဒါန်ကစွဲလမ်းတဲ့ အတွက်ကြောင့်မို့ ခုနကလိုပဲ တစ်ခါ ဒီအကျင့်ကျင့်ရင် အကျိုးရှိလိမ့်မယ်၊ ဟို အကျင့်ကျင့်ရင် အကျိုးရှိလိမ့်မယ် ဆိုပြီးတော့ ထင်ရာတွေ လျှောက်ကျင့်ရော၊ ကျင့်တဲ့အခါမှာ အကောင်းကျင့်မိရင်လည်း ကုသိုလ်ရပြီးတော့ ကုသိုလ် ကမ္မဘဝ ဖြစ်ရော၊ မကောင်းကျင့်မိတယ်ဆိုရင်လည်းပဲ အကုသိုလ် ကမ္မဘဝဖြစ်မယ်။ တစ်ခါ အဲဒီကမ္မဘဝကြောင့် တစ်ခါဥပပတ္တိဘဝကလည်း ဖြစ်လိမ့်မယ်၊ ထပ်လုပ်မိရင် ကံရဲ့ အကျိုးကလည်း ရှိတော့မှာပဲ။

ဒါကြောင့်မို့ ဥပါဒါန ပစ္စယာ ဘဝေါ, ဘဝေါမှာ ဘဝအရ ကမ္မဘဝကိုလည်း ယူနိုင်တယ်၊ ဥပပတ္တိဘဝကိုလည်း ယူနိုင်တယ်၊ ဒါကြောင့်မို့ ဥပါဒါန်ကြောင့် (ဆိုပါတော့) ကုသိုလ်ကံအကုသိုလ်ကံဖြစ်တယ်။ ဒီလိုလည်း ပြောလို့ရတယ်။ ဥပါဒါန်ကြောင့် ဥပပတ္တိဘဝ ထိုထိုဘဝမှာရောက်တယ်၊ ထိုထိုဘဝမှာ ပဋိသန္ဓေနေတယ်လို့ ဒီလိုပဲဆိုလိုရတယ်။

[စာမျက်နှာ-31] နောက်တစ်ခုက ဘဝပစ္စယာ ဇာတိ၊ ဘဝပစ္စယာ ဇာတိကျတော့ ကမ္မဘဝရော ဥပပတ္တိဘဝရော နှစ်ခုလုံး ယူလို့မရဘူး၊ ဘာကြောင့်တုန်းဆိုရင် ဥပပတ္တိဘဝနဲ့ ဇာတိက အမှန်မှာ အတူတူပဲ၊ ဇာတိဆိုတာပဲ။ ဘဝတစ်ခုမှာ ပဋိသန္ဓေနေတာပဲနော်။ ဥပပတ္တိဘဝဆိုတာလည်း အဲဒါကိုပဲ ခေါ်တာပဲ၊ ဒါကြောင့်မို့ ဇာတိနဲ့ ဥပပတ္တိဘဝက တူတဲ့အတွက်ကြောင့်မို့ ဇာတိကြောင့် ဇာတိဖြစ်တယ်လို့ ဘယ်လိုပြောလို့ရမလဲနော်။

ဒါကြောင့်မို့ ဘဝပစ္စယာ ဇာတိဆိုတဲ့ ကွင်းဆက်မှာကျတော့ ဘဝအရ ကမ္မဘဝကိုသာယူရတော့မယ်၊ ဒါလေး အရေးကြီးတယ်နော်၊ ဘဝနှစ်ခု တူတယ်ပေါ့ ဟုတ်လား။ ဥပါဒါနပစ္စယာ ဘဝေါတုန်းက ကမ္မဘဝရော ဥပပတ္တိဘဝကိုရော ယူရတယ်။ အခု ဘဝပစ္စယာ ဇာတိကျတော့ ကမ္မဘဝကိုသာယူ၊ ဥပပတ္တိဘဝယူရင် ဥပပတ္တိဘဝနဲ့ ဇာတိနဲ့ အတူတူဖြစ်နေမယ်နော်၊ အဲဒီလိုဖြစ်ရင် ဒီဇာတိကြောင့် ဇာတိဖြစ်တယ် လို့ပြောရာ ရောက်နေလိမ့်မယ်၊ ဒါ မဖြစ်နိုင်ဘူး။

ကမ္မဘဝ ကုသိုလ်ကံ အကုသိုလ်ကံတွေရှိတဲ့အတွက်ကြောင့်မို့ အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုး၏အဖြစ်ဖြင့် ဇာတိပဋိသန္ဓေနေခြင်း ဖြစ်တယ်၊ ထိုထို ဘုံဘဝမှာ ပဋိသန္ဓေနေတယ်၊ ပဋိသန္ဓေနေတယ်ဆိုရင် ဘာကို ဆိုလိုသလဲ၊ ဒါ အထပ်ထပ်ပြောနေပြီနော်၊ အထပ်ထပ်ပြောတာကတော့ မှတ်မိအောင်, ကြားပါများရင် မှတ်မိသွားအောင်ဆိုပြီးတော့ပြောတာ၊ ပဋိသန္ဓေနေတယ်ဆိုရင် ပဋိသန္ဓေစိတ် အဲဒီစိတ်နဲ့ယှဉ်တဲ့ စေတသိက် ပြီးတော့အတူတကွဖြစ်တဲ့ ကမ္မဇရုပ်နော်၊ ဒါကို ဆိုလိုတယ်။ အဲဒါတွေ ဖြစ်တယ်၊ နောက်တစ်ခု။

ဇာတိပစ္စယာ ဇရာမရဏံ၊ အဲဒီတွင် တစ်ပိုဒ်ခွဲရမယ်နော်၊ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်၊ ဇာတိကြောင့် သောကပရိဒေဝဒုက္ခ ဒေါမနဿ ဥပါယာသာ ဖြစ်တယ်၊ အဲဒီမှာ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်ဆိုတာကတော့ ရှောင်လွှဲလို့ မရတဲ့ အကျိုးတရား၊ ဇာတိရှိလာပြီဆိုရင် ဘဝတစ်ခုမှာ ပဋိသန္ဓေနေပြီ ဆိုကတည်းက ဇရာအိုခြင်းက မလာပေဘူးလား၊ ဇာတိခဏပြီးရင် ရှိသမျှဟာ ဇရာခဏတွေချည်းပဲ။ ပဋိသန္ဓေခဏလာပြီးရင် နောက် ဘဝင်စိတ်တွေကနေ စပြီးတော့ တစ်ခါတည်း သေသည်တိုင်အောင် ဇရာပဲ မဟုတ်ဘူးလားနော်။

ဒါကြောင့်မို့ ဇာတိရှိရင် ဇရာက မလွဲမသွေရနိုင်တယ်, ရှောင်လို့မရဘူး၊ တစ်ခါ ဇာတိရှိရင် မရဏကရော ရှောင်လို့မရမလား၊ အဖြစ်ရှိပြီဆိုရင် အပျက်ရှိပြီ၊ ရှောင်လို့မရဘူးနော်၊ ဒါကြောင့်မို့ ဇာတိကြောင့် ဇရာ မရဏ ဖြစ်တယ် ဒီဟာကို

[စာမျက်နှာ-32] တစ်ကန့်ထားပြီးတော့ နားလည်ရမယ်၊ ရှောင်လို့လွဲလို့ကို မရဘူး၊ ဧကန်ကိုဖြစ်မယ့် အကျိုးတရားပဲနော်၊ ဇာတိရှိတဲ့ အတွက်ကြောင့်မို့ ဇရာမရဏကတော့ ဧကန် ဖြစ်မယ်။

နောက် ၅-ခု သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသာ ဒီ ၅-ခုကတော့ များသောအားဖြင့်ကတော့ ဖြစ်ပေလိမ့်မယ်၊ ဒါပေမယ်လို့ တစ်ချို့ကျတော့ မဖြစ်ဘူးလည်း ရှိနိုင်တယ်၊ သူက အကျိုးဆက်သာဖြစ်တယ်။ တိုက်ရိုက်အကျိုး မဟုတ်ဘူး၊ ဒါ နားလည်ရမယ်၊ ဒါကြောင့်မို့ ပါဠိတော်မှာကျတော့ အခုခေတ် ပါဠိတော်တွေမှာဆိုရင် ဇာတိပစ္စယာ ဇရာမရဏံ ဆိုပြီးတော့ အဲဒီမှာ တစ်ပိုဒ်ထားတယ်၊ ပြီးတော့မှ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိဒီလိုရှိတယ်။

ကောင်းပြီ ဒါဖြင့် သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသဆိုတာကိုလည်း နားလည်ဖို့ အရေးကြီးတယ်၊ အဘိဓမ္မာ တရားကိုယ်နဲ့ ထပ်ပြီးတော့ နားလည်ဖို့ အရေးကြီးတယ်နော်၊ သာမည စကားအနေနဲ့ အများသုံးစကားအနေနဲ့တော့ နားလည်သလိုလိုရှိတယ်။ ဒါပေမယ်လို့ အဘိဓမ္မာဆန်ဆန် အခြေခံနဲ့ နားလည်ရမယ်။

ကောင်းပြီ ဒါဖြင့် ဇာတိကြောင့် သောက ဖြစ်နိုင်တယ်နော်၊ ပရိဒေဝဖြစ်နိုင်တယ်၊ ဒုက္ခဖြစ်နိုင်တယ်, ဒေါမနဿ ဖြစ်နိုင်တယ်၊ ဥပါယာသာ ဖြစ်နိုင်တယ်၊ ဒါတွေ မဖြစ်နိုင် မဖြစ်ဘဲလည်း ရတယ်၊ စဉ်းစားကြည့်လိုက်စမ်း၊ ဘယ်ဘဝတွေမှာ မဖြစ်ဘဲ ရှိမလဲ၊ ဇာတိကတော့ ဘယ်ဘဝဖြစ်ဖြစ် ရှိတယ်မဟုတ်လား၊ ကိုင်း, လူဖြစ်တယ်ဆိုပါတော့၊ လူဖြစ်တယ်ဆို သောက ပရိဒေဝ လာမှာပဲ, ဒါကတော့ တစ်ခုမတွေ့ တစ်ခုတွေ့မှာပဲ၊ ရှောင်လို့ရမလား၊ မရဘူးပဲ၊ နတ်ဖြစ်တယ်တဲ့ ရှိသလောက် ရှိလိမ့်မယ်နော်၊ အကုန်ကော မရှိပေဘူး၊ နတ်က သူသေမှာ သိပြီးတော့ တစ်ခါတည်း စိတ်ညစ်ပြီးတော့ စိတ်ဒုက္ခရောက်ပြီး မြတ်စွာဘုရားဆီ ပြေးတာတွေ ဘာတွေရှိတယ်နော်။

ဒါပေမယ်လို့ ဒုက္ခဆိုတာတော့ သူ့မှာ ရှိမယ်မထင်ဘူး၊ ဒုက္ခက ဒီနေရာမှာ နတ်ဆိုတော့ ကာယိကဒုက္ခကို ယူရမှာကိုး၊ အဲဒီ ၅-ခုလုံး မရှိတဲ့ ဘဝတွေလည်း ရှိလိမ့်ဦးမယ်၊ ဘယ်သူတွေတုန်း၊ ဗြဟ္မာတွေပေါ့။ ဒါကြောင့်မို့ သောက ပရိဒေဝ စသည်တို့ကတော့ ဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်း မဖြစ်ဘူး၊ အကျိုးဆက် မျှသာဖြစ်တယ်၊ ဇာတိရဲ့ ပဓာန အကျိုးမဟုတ်ဘူးနော်၊ secondary ပေါ့၊ အကျိုးဆက်မျှသာ ဖြစ်တယ်တဲ့။

သောကဆိုတာ စိုးရိမ်ကြောင့်ကြမှုကို သောကလို့ခေါ်တယ်နော်၊ ကိုယ့်ဆွေ

[စာမျက်နှာ-33] မျိုးထဲက တစ်ယောက်ယောက် ပျက်စီးသွားတယ်, သေသွားတယ်ဆိုရင် စိုးရိမ်မှု ဖြစ်တယ်နော်၊ စီးပွားဥစ္စာပျက်စီးတယ်, စိုးရိမ်မှုဖြစ်တယ်, သီလပျက်စီးတယ်။ ဒါလည်း စိုးရိမ်မှုဖြစ်တယ်နော်၊ ရောဂါ ကျန်းမာရေး ပျက်စီးတယ်၊ သောကဖြစ်တယ် စသည်ဖြင့်ပေါ့။ ကောင်းပြီ, သောကဆိုတာ ဘာကိုခေါ်တာတုန်း၊ သောကအရ ဘာကို ယူရမှာတုန်း, အဘိဓမ္မာမှာ တရားကိုယ်အရ ဘာယူရမှာတုန်း၊ ဒေါမနဿကို ယူရမှာတဲ့နော်၊ ဒေါမနဿဆိုတာ ဝေဒနာပေါ့၊ ဒေါမနဿ ဝေဒနာကို သောကလို့ ယူရတယ်နော်၊ သောကဖြစ်တယ်ဆိုရင် ဒီမှာ ဒေါမနဿဖြစ်နေပြီ၊ ဒေါမနဿ ဖြစ်နေရင် ဒေါသမူဒွေး ဖြစ်နေပြီ၊ တစ်ခုခု ဖြစ်နေပြီပေါ့၊ ဟုတ်လား။

ဒါကြောင့်မို့ သောကဖြစ်တယ်ဆိုရင် ဒါ ကုသိုလ်လား၊ အကုသိုလ်လား၊ အကုသိုလ်ပဲနော်၊ worry ဖြစ်လာတယ်ဆိုရင် အကုသိုလ်ပဲ၊ အကုသိုလ်ဖြစ်လာရင် stress ရှိတာပဲ။ အကုသိုလ်မရှိဘူးဆိုရင် စိတ်ပေါ့နေတယ်၊ ချမ်းသာနေတယ်ဆိုရင် ဒါ stress မရှိဘူး၊ stress နဲ့ အကုသိုလ်နဲ့ဟာ အဘိဓမ္မာ သဘောတရား အတူတူလိုပဲ။ ကောင်းပြီ, သောကဖြစ်နေတယ်ဆိုရင် ဒေါမနဿ အကုသိုလ်ဖြစ်နေတာ။

နောက်တစ်ခုက ဘာတုန်း, ပရိဒေဝ၊ ငိုကြွေးတာကို ဆိုလိုတယ်နော်။ ပရိဒေဝဆိုတာ အရကောက်တဲ့အခါကျတော့ ခုနကလို ဆွေမျိုးပျက်စီးမှုတွေ့ပြီးတော့ ငိုတာ ငိုတော့ အသံမထွက်ပေဘူးလား၊ အဲဒီအသံကို ပရိဒေဝလို့ဆိုတာ အမှန်အတိုင်းက ဒါကို စိတ်ကြောင့်ဖြစ်တဲ့ ဖောက်ပြန်တဲ့ အသံလို့ စာမှာဆိုတယ်။ စိတ္တဇဝိပ္ဖါရသဒ္ဒလို့နော်၊ ဒီလိုဆိုတယ်။

ဒါကြောင့်မို့ ပရိဒေဝအရကောက်ပါ ဆိုရင်တော့ ရုပ် ၂၈-ပါးထဲက သဒ္ဒရုပ်ကို ကောက်ရလိမ့်မယ်နော်၊ အသံပေါ့လေ၊ ရှင်းရှင်းကတော့ ကလေးတွေ ငိုတယ်, လူကြီးတွေ ငိုတယ်, ငိုတော့ ထွက်လာတဲ့ အသံကို ပရိဒေဝ၊ သူကလည်းပဲ စိတ်မချမ်းသာမှုကြောင့်ပေါ့လေ၊ ခုနကလို ဆွေမျိုးတို့ရဲ့ ပျက်စီးမှုစသည် တွေ့ပြီးတော့ဖြစ်တာ၊ ငိုကြွေးတာ သောကပရိဒေဝ။

နောက်တစ်ခုက ဘာတုန်း, ဒုက္ခ၊ ဒုက္ခအရကို ကာယိကဒုက္ခကို ယူရမယ်တဲ့၊ ကာယဝိညာဉ်စိတ်နဲ့ ယှဉ်တဲ့ဝေဒနာပေါ့၊ ကာယဝိညာဉ်စိတ်နဲ့ ယှဉ်တဲ့ဝေဒနာ၊ ဒါကို ဒုက္ခ၊ ကာယိကဒုက္ခဆိုတာလည်း ဒါကိုခေါ်တာပဲနော်၊ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်တဲ့ခံစားမှု ဒုက္ခ။

ဒေါမနဿကတော့ ရှင်းတယ်နော်၊ ဒေါမနဿကတော့ စိတ်ဆင်းရဲပေါ့နော်၊ ဒုက္ခက ကိုယ်ဆင်းရဲ ဒီလိုဆိုလိုရတယ်၊ ဒေါမနဿက စိတ်ဆင်းရဲ၊ ခန္ဓာကိုယ်

[စာမျက်နှာ-34] ချမ်းသာနေရက်နဲ့ စိတ်ဆင်းရဲတာမျိုးလည်း ရှိသေးတာနော်၊ ဒေါသစိတ်ဖြစ်နေရင် ဒေါမနဿ ပါတာပေါ့၊ ဒေါမနဿသဟဂတ ပဋိဃသမ္ပယုတ္တံနဲ့ လာတာနော်။

နောက်ဆုံးက ဥပါယာသ၊ ဥပါယာသကို မြန်မာလို ဘယ်လို အနက်ပေးထားတုန်း၊ စိုးရိမ်ပူဆွေးငိုကြွေးမည်တမ်းရုံမက ရှိုက်ကြီးငင်ကြီးဖြစ်မှု၊ မျော၍သွားမှု၊ နစ်၍သွားမှု စသည်နော်၊ စကားကတော့ ပြင်းစွာပင်ပန်းမှုကို ဒီလိုခေါ်တယ်။ ပြင်းစွာပင်ပန်းမှုဆိုတာ အဲဒီသောကတင်မရပ်ဘဲနဲ့တက်သွားတာ မေ့မျောသွားတာတို့ ဘာတို့ပေါ့၊ အဲသလောက် ထိအောင်မဖြစ်ဘဲနဲ့ အကြီးအကျယ် ဖြစ်နေရင်လည်းပဲ ဒါ ဥပါယာသပါပဲနော်။

အဲဒီဥပါယာသ အရကောက်တဲ့ အခါကျတော့ ဒေါသ စေတသိက်ကို အရကောက်ရတယ်တဲ့၊ တရားကိုယ်လေးတွေကလည်း သတိထား, မတူဘူးနော်၊ သိမ်မွေ့တယ်၊ သာမညဆိုရင်တော့ ဒေါမနဿ ကောက်တယ်လို့ ပြောချင်မှာပါ။ မဟုတ်ဘူး၊ ဒီမှာတော့ ဒေါသစေတသိက်ကို ဥပါယာသအရကောက်ရမယ်။

ဒါကြောင့်မို့ ပြန်ပြောလိုက်ရင် သောကအရ ဒေါမနဿဝေဒနာ, ပရိဒေဝအရ သဒ္ဒရုပ်, ဒုက္ခအရ ကာယဝိညာဏ်မှာရှိတဲ့ ဝေဒနာ, ဒေါမနဿအရ ဒေါသမူမှာရှိတဲ့ ဝေဒနာ, ဥပါယာသအရ ဒေါသ စေတသိက်။

ဒီတရားတွေဟာ များသောအားဖြင့်ကတော့ ဇာတိရှိလာရင် များသောအားဖြင့် ဖြစ်တယ်၊ သို့သော် မဖြစ်နိုင်တဲ့ ဘဝမျိုးတွေလည်းရှိတယ်၊ ဒါကြောင့်မို့ သူတို့က အကျိုးဆက်, အကျိုးရင်း မဟုတ်ဘူး၊ ဒီလိုဆိုလိုတယ်။

အဲဒီလို ဇာတိကြောင့် ဇရာမရဏ စသည်ဖြစ်တဲ့ အခါကျတော့ ပါဠိတော်မှာ ဘာရှိတုန်း၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ချမ်းသာနဲ့ လုံးဝ မဖက်တဲ့ ချမ်းသာ လုံးဝမပါတဲ့ မရောနှောတဲ့ ဒုက္ခအစုကြီး ဖြစ်တယ်တဲ့၊ ဒီလို မြတ်စွာဘုရားက ဟောတော်မူတယ်၊ ဒါ ပဋိစ္စသမုပ္ပါဒ် အနုလုံ ဒေသနာလို့ ခေါ်တယ်နော်၊ သူက အစဉ်အတိုင်း သွားတယ်ဆိုကြပါစို့၊ ပဋိလုံကျတော့ ပြောင်းပြန်သွားတယ်၊ အဲဒီလို လောကကြီးကို ကြည့်လိုက်မယ်ဆိုရင် ဒီနည်းအတိုင်းပဲ သွားနေတာပဲနော်၊ လောကဆိုတာသက်ရှိကို ဆိုလိုတာပေါ့၊ အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ် စသည်ဖြင့်သွားတယ်။

ကောင်းပြီ ဒါဖြင့်ရင် ပြောင်းပြန်ပြန်ပြီးတော့ တက်လိုက်ရင် အဝိဇ္ဇာကျတော့ လမ်းဆုံးသွားပြီ၊ ဒါဖြင့် အဝိဇ္ဇာဟာ first cause လား၊ အဝိဇ္ဇာက ပထမဆုံး အကြောင်း

[စာမျက်နှာ-35] လား။ သူက first cause ဖြစ်ရင် သူ့မှာတော့ အကြောင်းမရှိဘူး၊ ဒုတိယ စာရွက်မှာလား မသိဘူး၊ အဲဒါပါတယ်နော်၊ အဝိဇ္ဇာကို အစထားခြင်း ဆိုတာ ဟုတ်လား၊ အဝိဇ္ဇာမှာ အကြောင်းမရှိလို့ အစမှာ ထားတာမဟုတ်ဘူးတဲ့ အဝိဇ္ဇာ ဒီမှာ အစထားတာက ဒေသနာတော် အနေနဲ့ထားတာ၊ စာရေးတဲ့အခါကျတော့ ထိပ်က မရေးလို့မရတဲ့ သဘောပေါ့။ တကယ်အဖြစ်ကျတော့ အဝိဇ္ဇာက စတာရယ်လို့ မဆိုလိုဘူး၊ ဘီးလို ကြည့်ရ မြင်ရမှာကိုး၊ သူက ပြီးတော့ ဒီလိုပဲ လည်နေတာကိုး၊ ကရွတ်ကင်းလျှောက်လို့ မြန်မာစကားမှာရှိတယ်။

ဘာကြောင့်လဲဆိုရင် အဝိဇ္ဇာဟာ ဝဋ်တရားရဲ့ အစမဟုတ်ဘူး၊ ဝဋ်တရားမှာ ဘုရားကိုက ဟောထားတယ် အစမရှိဘူး၊ အစကို မမြင်နိုင်ဘူးတဲ့၊ မသိအပ်သော အစရှိတယ်ဆိုတာ အစကို မသိနိုင်တာ၊ အဲဒီ အာသဝဖြစ်ရင် အဝိဇ္ဇာကလည်း ဖြစ်တာပဲတဲ့၊ အာသဝကြောင့် အဝိဇ္ဇာက ဖြစ်နိုင်တယ်၊ အာသဝဆိုတာ လောဘ, ဒိဋ္ဌိ, မောဟ, လောဘဖြစ်ရင်လည်း အဝိဇ္ဇာပါတာပဲ၊ ဒေါသဖြစ်ရင်လည်း အဝိဇ္ဇာ ပါတာပဲ၊ အဲဒီတော့ အာသဝကြောင့်လည်း အဝိဇ္ဇာကဖြစ်နိုင်တယ်ဆိုတော့ ဒီဟာက လည်မနေဘူးလား၊ အဝိဇ္ဇာမှာလည်းပဲ အကြောင်းရှိတာနော်။

အာသဝဖြစ်တယ်ဆိုတော့ အာသဝဆိုတာ လောဘ ဒိဋ္ဌိ မောဟ၊ အခု ပဋိစ္စသမုပ္ပါဒ်ထဲမှာ ဟိုနေရာ ဒီနေရာ မပါဘူးလား၊ ပါတာပေါ့၊ စေတသိက်တွေ ကောက်တဲ့အခါဆို သူတို့ပါတာပဲ၊ သူကလည်းပဲ သူ့အကြောင်းရှိတယ်၊ သူကလည်း အကြောင်းရှိတယ်ဆိုတော့ ချာလပတ်လည်သွားတာကိုးနော်၊ ဒါကြောင့်မို့ အဝိဇ္ဇာကို အစထားတာဟာ ဒေသနာအနေနဲ့ အစထားတာ၊ တကယ့်ဖြစ်ရပ်အနေနဲ့ အစထားတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ အဝိဇ္ဇာဟာ အကြောင်းမရှိဘူး၊ အဝိဇ္ဇာမှာ ပထမဆုံး အကြောင်းပဲလို့ ဒီလိုမမှတ်ရဘူး၊

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်တဲ့အခါကျတော့ ဘီး (wheel) လို ကြည့်ရမယ်လို့ ဆိုတယ်နော်၊ အဲဒီ ဘီးပုံနောက်ဆုံးကျတော့ ပါမယ်၊ အဲဒီလို ကြည့်ရမယ်။

[စာမျက်နှာ-36]
နည်း ၄-ပါး

ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ၄-ရပ်သောနည်းဖြင့် အသီးအသီး ဆင်ခြင်လိုက်သောအခါ ပုဂ္ဂိုလ်သတ္တဝါ သူတစ်ပါး ယောက်ျားမိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင်လျက် သဿတ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း၊ နာနတ္တနည်း, အဗျာပါရနည်း, ဧဝံဓမ္မတာနည်း ဟူသော နည်း ၄-တန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။

ဧကတ္တနည်း “သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း”ဟု သိရသောနည်းသည် “ဧကတ္တနည်း” မည်၏၊ ဧကတ္တနည်းအရ “မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။ ရှေးရှေး သင်္ခါရကြောင့် ယခုဘဝ ဝိညာဉ်သစ်ဖြစ်၏” စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ “ဤဘဝ ဤသတ္တဝါ ဤခန္ဓာ အစဉ်သည် ဤဘဝဆုံးလျှင်ပြတ်၏၊ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာမျိုး ဖြစ်ပြန်၏”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

နာနတ္တနည်း “သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏ သဘောက တစ်မျိုး၊ သင်္ခါရသဘောက တစ်မျိုး၊ ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်”ဟု သိရသောနည်းသည် နာနတ္တနည်းမည်၏၊ ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ, သင်္ခါရနှင့် ဝိညာဉ်တို့ မတူပုံ, အသစ်အသစ် အကြောင်းနှင့် အသစ်အသစ် အကျိုးတို့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောအခါ “မပျက်မစီး အမြဲတည်သည်”ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

အဗျာပါရနည်း အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ “ငါသည် သင်္ခါရကို ဖြစ်စေမည်”ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရမရှိ၊ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း “ငါသည် ဝိညာဉ်ကို ဖြစ်စေမည်”ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ၊ ဤသို့စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့ အရေး၌ အကြောင်းတရားစုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏၊ ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာသာ ဖြစ်နေပုံကို

[စာမျက်နှာ-37] သိမြင်ရသဖြင့် “ဤ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးနေသည်”ဟူသော ဣဿရနိမ္မာနဝါဒသည်လည်းကောင်း “မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏”ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလိုအလျောက် ကင်းပျောက်တော့၏။

ဧဝံဓမ္မတာနည်း “ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံဓမ္မတာပင်တည်း”ဟု သိရသောနည်းသည် ဧဝံဓမ္မတာနည်း မည်၏။ ဤဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သောနို့ဓမ်း ဖြစ်ရခြင်း, နှမ်းကြောင့် ဆီဖြစ်ရခြင်း, ကြံကြောင့် ကြံရည် ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင်ဖြစ်၍၊ သဲမှ ဆီမထွက်နိုင်, ကြံမှ နို့ရည် မထွက်နိုင်ခြင်းများသည် ဓမ္မတာပင်ဖြစ်သကဲ့သို့ ထို့အတူ “အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ခြင်း, သင်္ခါရလည်း အဝိဇ္ဇာကြောင့်သာဖြစ်ခြင်း တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း, မဆိုင်သောအကြောင်းကြောင့်လည်း မဆိုင်သော အကျိုးမဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား”ဟု စဉ်းစားလိုက်သောအခါ “အားလုံးတရားမှာ ဆိုင်ရာအကြောင်းမကင်း”ဟု သိတတ်သော သဟေတုကအယူ ပေါ်လာရကား “အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်”ဟု ယူမှားသောအဟေတုကဒိဋ္ဌိနှင့် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်, အကျိုးမရ နိရတ္တကသာ”ဟု ယူမှားသော အကြိယဒိဋ္ဌိများသည် အလိုအလျောက် ကင်းပျောက်တော့၏။

တိုက်တွန်းချက် ဗုဒ္ဓဘာသာဝင်ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် “ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏၊ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်ကစ၍ တစ်ဖန် ဖြစ်ပေါ်လာ၏” ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း “ဘယ်တုန်းကစ၍ ဖြစ်ခဲ့ပါလိမ့်မည်နည်း”ဟု တစ်ဆင့် စဉ်းစားလေ့ရှိကြပြန်၏။ သတ္တဝါများအတွက် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ” စသည်ကို ယုံကြည်နိုင်သော်လည်း “ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း”ဟူ၍ကား

[စာမျက်နှာ-38] စဉ်းစားကြလျက်ပင်တည်း၊ ထိုကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ “ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏၊ ဖြစ်ဖို့ရန် အစမှာအကြောင်းမရှိ” ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့ သက်ဆင်းကြလေသည်၊ တချို့ကား “ဖန်ဆင်းတတ်သူ တစ်ယောက်ယောက်တော့ ဧကန် ရှိဦးမှာပဲ”ဟူသော ဣဿရနိမ္မာနဝါဒကို သဘောတူသလို ရှိပြန်၏။

ဗုဒ္ဓဘာသာ ကျမ်းစာများ၌ “မိမိဉာဏ်မပိုင်၍ မကြံနိုင်သော လောကအကြောင်းအရာ ကမ္ဘာ၏ ဖြစ်ပုံကို မကြံလေနဲ့ ကြံဖန်များလျှင် အသိဉာဏ်အမှန် မရက ရူးသွပ်တတ်သည်”ဟု မိန့်မှာတော်မူ၏၊ ထို့ကြောင့် ဤ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာ အစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်းရှင်းလင်းပါလိမ့်မည်၊ ထိုပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမှာပင် မရှိခဲ့ဖူးပါချေ။ သို့အတွက် သံသရာမှမြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှုဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

[စာမျက်နှာ-39]
အဘိဓမ္မာသင်တန်း ၄၈

ပစ္စည်းပိုင်း ပဋိစ္စသမုပ္ပါဒ်နည်း

ဒီနေ့ စက်တင်ဘာလ (၃၀)ရက်နေ့။

လွန်ခဲ့တဲ့ အပတ်က ပဋိစ္စသမုပ္ပါဒ် လေ့လာခဲ့ကြတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာကို အစထားတဲ့အကြောင်း အဲဒါပြောရင်းနဲ့ ပြီးသွားခဲ့တယ်ထင်တယ်၊ အဲဒီတော့ အဝိဇ္ဇာကို အစမှာထားတာဟာ ဖြစ်စဉ်အရ ထားတာမဟုတ်ဘူး၊ ဟောစဉ်မျှသာဖြစ်တယ်။

အဲဒီတော့ ဒီဝဋ်လို့ဆိုတဲ့ သံသရာကြီးလည်နေတဲ့အခါမှာ အစမရှိဘူး အစကို မသိနိုင်ဘူးလို့ မြတ်စွာဘုရားဟောထားတယ်၊ အဲဒါကြောင့်မို့ အဝိဇ္ဇာဟာ အစဆုံးပဲလို့ ဒီလို မယူရဘူး၊ သို့သော် ဟောတဲ့အခါမှာတော့ အဝိဇ္ဇာက စဟောတယ်၊ ဒါကြောင့်မို့ ဟောစဉ်အရ အဝိဇ္ဇာက ပထမနေရာ ဖြစ်စဉ်အရကတော့ ဘီးများလည်နေသလိုပဲ ဘယ်သူက စဖြစ်တယ်လို့ ပြောဖို့ရာ မဖြစ်နိုင်ဘူးပေါ့လေ။

ကောင်းပြီ၊ အဲဒီတော့ ဒီနေ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့သိစရာလေးတွေ ရှိသေးတယ်၊ အဲဒီ သိစရာလေးတွေကို လေ့လာရမယ်၊ လွန်ခဲ့တဲ့အပတ်က ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတာတွေ လေ့လာခဲ့တယ်။

[စာမျက်နှာ-40] အခု ဒီ ပဋိစ္စသမုပ္ပါဒ်မှာ ပဋိစ္စသမုပ္ပါဒ်ကို ကာလအားဖြင့် ဝေဖန်ရမယ်။ အင်္ဂါတဲ့, အခြင်းအရာတဲ့၊ ပြီးတော့ အစပ်တဲ့, ဝဋ်တဲ့, မူလတဲ့, ဒါတွေနဲ့ ဝေဖန်ရမယ်၊ အဲဒီအခါမှာ စက်ဝိုင်းကိုကြည့်၊ စက်ဝိုင်းကြည့်မှရှင်းမယ်။

အဲဒီတော့ ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ကို ကာလနဲ့ ဝေဖန်တယ်၊ ကာလ ၃ မျိုး ပေါ့လေ၊ အတိတ်ရယ်, ပစ္စုပ္ပန်ရယ်, အနာဂတ်ရယ်၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝတည်းကို ရည်ရွယ်ပြီးတော့ ဟောတာမဟုတ်ဘူး၊ ဘဝ ၃ ခုလို့ဆိုလိုတယ်။ အတိတ်ဘဝ, ပစ္စုပ္ပန်ဘဝ, အနာဂတ်ဘဝ, အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘဝ ၃-ခုကို ခြုံမိတယ်။

အဲဒီလို ခြုံတဲ့အခါမှာ အတိတ်ကာလနဲ့ဆိုင်တာ, ပစ္စုပ္ပန်ကာလနဲ့ဆိုင်တာ, အနာဂတ်ကာလနဲ့ ဆိုင်တာရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့အခါမှာ အတိတ်နဲ့ဆိုင်တာက ဘယ်အင်္ဂါတွေတုန်း၊ ဘယ်ဟာတွေတုန်း, စက်ဝိုင်းမှာ ကြည့်လိုက်ရင် အတိတ်ကာလ ၂-ခုလို့ တွေ့လိမ့်မယ်၊ အဲဒီတော့ အဲဒီအတိတ်ကာလမှာဖြစ်တဲ့ အင်္ဂါက အဝိဇ္ဇာရယ်, သင်္ခါရရယ်နော်၊ အဝိဇ္ဇာနဲ့ သင်္ခါရက အတိတ်မှာဖြစ်တယ်၊ အတိတ်ဘဝမှာဖြစ်တယ်။

ပစ္စုပ္ပန်တဲ့ ပစ္စုပ္ပန်ကာလကတော့ ဘယ်လောက်ရှိသတဲ့တုန်း၊ သူက ၈ ခုတောင် ပေးထားတယ်နော်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝဆိုတာ ကမ္မဘဝပေါ့နော်၊ အဲဒါက ပစ္စုပ္ပန်ကာလနဲ့ဆိုင်တယ်။ ပြီးတော့ အနာဂတ်အတွက်က ၂-ခု ဇာတိ, ဇရာမရဏ၊ ဇရာမရဏကို ၁-ခုတည်းပဲ ယူရတယ်နော်၊ ဇာတိက ၁-ခု ဇရာမရဏက တစ်ခု၊ အဲဒီလို အတိတ်ကာလနဲ့ဆိုင်တာ၊ ပစ္စုပ္ပန်ကာလနဲ့ဆိုင်တာ၊ အနာဂတ်ကာလနဲ့ဆိုင်တာလို့ ဒီလို ပထမ ခွဲခြားရမယ်။ အဲဒါ ကာလ ၃-ပါး ပြီးရောပေါ့လေ။

အဲဒီတော့ ဒီဘဝမှာ အဝိဇ္ဇာမဖြစ်ဘူးလား, သင်္ခါရမဖြစ်ဘူးလား, ဖြစ်တာပေါ့။ ဒီဘဝဖြစ်တဲ့ အဝိဇ္ဇာ သင်္ခါရက နောက်ဘဝ ဝိညာဏ်ကို ကျေးဇူးပြုသွားမှာပေါ့၊ အဲဒီလိုကတော့ ထပ်ထပ်သွားလို့ကတော့ ရတာပေါ့၊ အဲဒီတော့ ဒါကို အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ, အနာဂတ်ဘဝလို့ ပြောလိုက်တော့ အခု တပည့်တော်တို့က ပစ္စုပ္ပန်ဘဝမှာ ဖြစ်နေတယ်၊ ဒီ ပစ္စုပ္ပန်ဘဝမှာ အဝိဇ္ဇာသင်္ခါရက လုံးဝမဖြစ်ရတော့ဘူးလား၊ ဒီလို မဟုတ်ဘူးပေါ့၊ အဝိဇ္ဇာသင်္ခါရကို ဒီဘဝမှာ ဖြစ်တဲ့ဟာလို့ ယူဆလိုက်ရင် ဝိညာဏ် နာမ်ရုပ်က လာမယ့်ဘဝမှာ ဖြစ်တာ ဖြစ်သွားတော့မှာပေါ့၊ ဇာတိဆိုတာ အဲဒီထက် ဟိုဘက်ဘဝမှာ ဖြစ်သွားတော့မှာပေါ့၊ ဒီလိုသွားရမယ်။

ကောင်းပြီ, ဒါက ကာလ ၃-ပါး, ကာလ ၃-ပါး ပြီးတဲ့နောက် အင်္ဂါ ၁၂ ခု—

[စာမျက်နှာ-41] ပါးတဲ့၊ ဒါကတော့ အဝိဇ္ဇာ၊ သင်္ခါရ လျှောက်ရေလိုက်ရင် ၁၂-ပါးတွေ့တာပဲ။ ဒါကို အင်္ဂါလို့ ခေါ်တယ်နော်၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ၊ အဲဒီ ၁၂-ခုကို အင်္ဂါ ၁၂-ပါးလို့ ခေါ်တယ်နော်၊ အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာဆိုတာဘာလဲ၊ သင်္ခါရ ဆိုတာဘာလဲ၊ နောက်က လေ့လာခဲ့ပြီ။

အဲဒီ အင်္ဂါ ၁၂-ပါးပြီးတဲ့နောက် အခြင်းအရာ ၂၀-တဲ့ အခြင်းအရာ ၂၀ အသာထားကြဦးစို့၊ ဟိုအောက် စက်ဝိုင်းအသေးလေးမှာ ဝဋ် သုံးပါးကို ကြည့်လိုက်၊ ဝဋ် ၃-ပါး နားလည်ပြီးမှ အခြင်းအရာ ၂၀-နားလည်မှာ၊ သို့မဟုတ်ရင် ဝဋ် သုံးပါး မသိသေးခင် အခြင်းအရာ ၂၀-ပြောရတာ သိပ် နားလည်ဖို့ မလွယ်ဘူးနော်။

အဲဒီတော့ ဝဋ်ဆိုတာဘာလဲ၊ ဇူသတ်နဲ့ရှိတဲ့ ဝဋ်ဆိုတာဘာတုန်း၊ မြန်မာကတော့ ဝဋ်ပါတာ၊ ဝဋ်လည်တာ၊ ဝဋ်လို့ခေါ်နေတာ၊ ဝဋ်ဆိုတာလည်တာ ချာချာလည်နေတာကို ဝဋ်လို့ခေါ်တာပေါ့၊ ပါဠိလို ဝဋ္ဋ ဆိုတာ အဲဒီတော့ ဒီ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီးက တစ်ခါတည်း မပြတ်လည်နေတာပေါ့ နော်။

အဲဒီ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတွေထဲမှာ ဝဋ်ဆိုတာကို ခွဲရတယ်၊ ဝဋ်ခွဲတဲ့အခါမှာ ကိလေသဝဋ်ရယ်၊ ကမ္မဝဋ်ရယ်၊ ဝိပါကဝဋ်ရယ်လို့ ဒီလို ၃-မျိုး ခွဲတယ်နော်။

အဲဒီတော့ ကိလေသဝဋ်ဆိုတာ ဘယ်အင်္ဂါတွေလည်းဆိုရင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ အဲဒီ ၃ ခုကို ကိလေသဝဋ်လို့ခေါ်တယ်။

ကမ္မဝဋ်ဆိုတာက ကမ္မဘဝနဲ့ သင်္ခါရ၊ ဘဝက နှစ်မျိုး ရှိတယ်မဟုတ်လား၊ ကမ္မဘဝရယ်၊ နောက်တစ်ခုက ဥပပတ္တိဘဝရယ်၊ ဥပပတ္တိဘဝကတော့ နောက်မှ လာမယ်၊ အဲတော့ ကမ္မဘဝနဲ့ သင်္ခါရဟာ ကမ္မဝဋ်နော်။

ပြီးတော့ ဝိပါကဝဋ်ဆိုတာကတော့ ဥပပတ္တိဘဝရယ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာမရဏ ဒါတွေအားလုံးကို ဝိပါကဝဋ်လို့ ခေါ်တယ်။

ကိလေသဝဋ်ဆိုတော့ အဝိဇ္ဇာတို့ တဏှာတို့ ဥပါဒါန်တို့က ကိလေသာ ၁၀-ပါးထဲ မပါဘူးလား၊ ပါတာပေါ့၊ အဝိဇ္ဇာဆိုတာ မောဟ၊ တဏှာဆိုတာ လောဘ၊ ဥပါဒါန် ဆိုတာ လောဘနဲ့ ဒိဋ္ဌိ၊ ဥပါဒါန် ၄-ပါးကို တရားကိုယ် ကောက်လိုက်တဲ့အခါကျတော့ လောဘနဲ့ ဒိဋ္ဌိရတယ်နော်၊ ဒါကြောင့်မို့ ဒီအင်္ဂါတွေကို ကိလေသဝဋ်လို့ ခေါ်တယ်။

ကမ္မဝဋ်တဲ့၊ ကမ္မဘဝနဲ့ သင်္ခါရ၊ သင်္ခါရအရ ဘာကောက်ခဲ့ရတုန်း။

[စာမျက်နှာ-42] ကုသိုလ် အကုသိုလ်စေတနာကို မကောက်ခဲ့ရဘူးလား၊ ကမ္မဘဝဆိုတာလည်း အဲဒါပဲ၊ ကုသိုလ် အကုသိုလ် စေတနာပဲ၊ ဒါကြောင့်မို့ ကမ္မဘဝနဲ့ သင်္ခါရကို ကမ္မဝဋ်လို့ခေါ်တယ်နော်၊ အဲဒီတော့ ကမ္မဘဝဟာလည်း စေတနာပဲ၊ သင်္ခါရဟာလည်း စေတနာပဲ ဘာထူးသလဲဆို၊ ကာလချင်းတူလား ကြည့်လိုက်၊ သင်္ခါရက ဘယ် ကာလမှာတုန်း အတိတ်မှာ၊ ကမ္မဘဝက ဘယ်ကာလမှာတုန်း၊ ပစ္စုပ္ပာန်မှာ ဟုတ်တယ် မဟုတ်လား၊ အဲဒီလို အမှန်ကတော့ အရ အတူတူပဲ၊ ကမ္မဘဝနဲ့ သင်္ခါရဟာ အရ အတူတူပဲ၊ သင်္ခါရလည်းပဲ ကုသိုလ် အကုသိုလ် စေတနာကံပဲ၊ ကမ္မဘဝလည်း ကုသိုလ် အကုသိုလ် စေတနာကံပဲ။

ဒါပေမယ်လို့ အတိတ်မှာ ဖြစ်ခဲ့တဲ့ ကုသိုလ် အကုသိုလ် စေတနာကို သင်္ခါရလို့ခေါ်တယ်၊ ပစ္စုပ္ပန်မှာဖြစ်တဲ့ ကုသိုလ်အကုသိုလ် စေတနာကို ကမ္မဘဝလို့ ခေါ်တယ်၊ ဒါထူးတာပဲနော်။

ကောင်းပြီ၊ အဲဒီတော့ ကမ္မဘဝနဲ့ သင်္ခါရကို ကမ္မဝဋ်လို့ခေါ်တယ်၊ ကျန်တာ တွေပေါ့လေ၊ ဥပပတ္တိဘဝရယ်၊ ပြီးတော့ ကျန်တာတွေ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာမရဏ သူတို့ကို ဝိပါကဝဋ်၊ သူတို့ဟာ အကျိုးတရားတွေပဲ၊ ဥပပတ္တိဘဝဆိုတာ ဇာတိနဲ့အတူတူပဲ၊ အဲဒီတော့ သူကလည်းပဲ အကျိုးပဲ၊ ဝိညာဏ်တို့ နာမ်ရုပ်တို့ကလည်းပဲ နောက်ဘဝသွားဖြစ်တဲ့ အကျိုးတွေဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ကို ဝိပါကဝဋ်လို့ခေါ်တယ်။

ကောင်းပြီ၊ အဲဒီလို ဝဋ် ၃-ပါးကို နားလည်ပြီးတဲ့နောက်မှာ အခြင်းအရာ ၂၀-နားလည်လိမ့်မယ်၊ သို့မဟုတ်ရင် ရှိတာက ၁၂-ပဲ ရှိလိမ့်မယ်။ အင်္ဂါ ၁၂ ရှိပြီးတော့ အခြင်းအရာက ၂၀-ဖြစ်နေတယ်၊ ၂၀-ဖြစ်နေပြီးတော့ ထပ်နေတာတွေ ပါတော့ ဘာကြောင့် ထပ်ပါလိမ့်မလဲ၊ ဒီလိုတွေးချင်စရာ ဖြစ်နေမယ်နော်၊ ဝဋ် ၃-ပါးကို နားလည်ပြီး အခြင်းအရာ ၂၀-ကို ပြန်သွား။

ကောင်းပြီ အခြင်းအရာ ၂၀-ဆိုတာဟာ အလွှာ ၄-ပါးက ပြန်ကိုင်ရလိမ့်မယ်၊ ဒါကြောင့်မို့ အလွှာ ၄-ပါးကို ကြည့်လိုက်စမ်း၊ အလွှာ ၄-ပါးမှာ ဘာတွေ့တုန်း၊ အတိတ်အကြောင်း တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊ အနာဂတ်အကျိုးတစ်လွှာ ၄-ခု၊ အတိတ်အကြောင်း ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်အကြောင်း အနာဂတ်အကျိုး၊ အဲဒီလို လာခဲ့တာ။

အဲဒီတော့ အတိတ်အကြောင်းဆိုတာက အတိတ်ကာလမှာ ဖြစ်တဲ့ အထဲက အကြောင်းတရားတွေကို ထုတ်ယူရမှာ၊ အဲဒီတော့ အခု အတိတ်မှာ ဘာတွေ့လဲ။

[စာမျက်နှာ-43] အဝိဇ္ဇာနဲ့ သင်္ခါရတွေ့တယ်မဟုတ်လား၊ ဒီနှစ်ခုဟာ အတိတ်အကြောင်း၊ အဲဒီတော့ ကျမ်းဂန်မှာက တစ်ခါတစ်လေ ယူရတာက ပြောတော့ အဝိဇ္ဇာလို့ ပြောလိုက်တာပဲ။ ဒါပေမဲ့ သူနဲ့တူတဲ့ဟာကိုလည်း ယူရတယ်၊ ဒီလိုနည်းတွေရှိတယ်၊ မကင်းရာ မကင်းကြောင်းဖြစ်လို့ ယူရတာတွေရှိတယ်။

အဲဒီတော့ အဝိဇ္ဇာလို့ ဆိုလိုက်တော့ အဝိဇ္ဇာကဘယ်ဝဋ်မှာပါနေတုန်း၊ ဝဋ် ၃-ပါးထဲမှာ ကိလေသဝဋ်မှာ၊ အဝိဇ္ဇာလို့ ပြောလိုက်ရင် တဏှာနဲ့ ဥပါဒါန်ကိုလည်း ယူရတော့မယ်တဲ့၊ ဘာကြောင့်တုန်း၊ ကိလေသဝဋ်ချင်း တူနေလို့၊ ကိလေသဝဋ်ချင်း တူတဲ့အတွက်ကြောင့်မို့ အဝိဇ္ဇာဆွဲလိုက်ရင် တဏှာနဲ့ ဥပါဒါန်ကလည်း ပါလာ မယ်နော်။

အဲဒါကြောင့်မို့ အတိတ်အကြောင်းအလွှာမှာ အဝိဇ္ဇာနဲ့ သင်္ခါရ နှစ်ခုသာ ရှိပေမယ်လို့ အခြင်းအရာအနေနဲ့ ထုတ်လိုက်တဲ့ အခါကျတော့ ၅-ခု ဖြစ်လာတယ်။ အဝိဇ္ဇာကို ယူလိုက်သဖြင့် တဏှာနဲ့ ဥပါဒါန်ကို ယူရမယ်၊ သင်္ခါရကြည့်လိုက်၊ သင်္ခါရ ဘယ်ဝဋ်ထဲပါတုန်း ကမ္မဝဋ်ထဲပါတယ်၊ ဒါဖြင့် ကမ္မဝဋ်ချင်းတူတဲ့ ကမ္မဘဝကိုလည်း သင်္ခါရကိုယူရင် ယူရမယ်ဆိုတော့ အတိတ် အကြောင်း ၂-ပါးက ၅-ပါးဖြစ်သွားတယ်ပေါ့၊ အတိတ်အကြောင်း ၂-ပါးက အဝိဇ္ဇာနဲ့ သင်္ခါရ၊ အဝိဇ္ဇာကို ယူသဖြင့် တဏှာနဲ့ ဥပါဒါန်ကိုလည်း ယူလိုက်တော့ ၃-ပါးဖြစ်ရော၊ သင်္ခါရယူသဖြင့် ကမ္မဘဝကိုလည်း ယူလိုက်ရော၊ သူက ၂-ခုဖြစ်တော့ ၃ နဲ့ ၂ နဲ့ ပေါင်းတော့ ၅၊ ဒါကြောင့်မို့ အတိတ်အကြောင်း ဘယ်လောက်ရှိသလဲ၊ ၅-ပါး၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။

ပစ္စုပ္ပန်အကျိုးတဲ့ ပစ္စုပ္ပန်အကျိုး ၅-ပါးကတော့ ဒီအတိုင်းပဲထင်တယ်နော်၊ ပစ္စုပ္ပန်အကျိုး ၅-ပါးက ဝိညာဏ်၊ ၁ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒါပဲ၊ သူ့မှာကတော့ ဝဋ်ချင်းတူလို့ ဟိုဟာယူတာ ဒီဟာယူတာ မရှိဘူးနော်၊ ပြီးတော့ ပစ္စုပ္ပန်အကြောင်းဆိုတော့ ပစ္စုပ္ပန်အကြောင်းအလွှာမှာ ကြည့်လိုက်ရင် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ၃-ခု မတွေ့ဘူးလား၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ၊ အဲဒီမှာ တဏှာကိုယူရင် ဘာကို ယူရမလဲပြန်ကြည့်လိုက်၊ ကိလေသဝဋ်ချင်းတူတဲ့ တဏှာနဲ့ ဥပါဒါန်ကိုယူရင် အဝိဇ္ဇာကိုလည်း ယူရမယ်နော်၊ ဘဝဆိုတာ ဒီမှာ ကမ္မဘဝပေါ့၊ ကမ္မဘဝကို ယူလိုက်သဖြင့် ဘာကိုလည်းယူရဦးမလဲ၊ သင်္ခါရကိုလည်း ယူရမယ်နော်။ ဒါကြောင့်မို့ ပစ္စုပ္ပန်အကြောင်း ဒီမှာ တိုက်ရိုက်ပြတာ ၃-ပါး၊ ယူရမှာက ၅-ပါး။

[စာမျက်နှာ-44] ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ပစ္စုပ္ပန်အကြောင်း ၅-ပါး။

အဲဒီ ပစ္စုပ္ပန်အကြောင်းကြောင့်ဖြစ်မယ့် အနာဂတ်အကျိုးတဲ့နော်၊ အနာဂတ် အကျိုးက အင်္ဂါထဲမှာတော့ ဇာတိ၊ ဇရာမရဏ၊ ဒီနှစ်ခုသာရှိတယ်၊ ဒါပေမယ်လို့ အနာဂတ်အကျိုးကို ရေတွက်တဲ့အခါကျတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီ ၅-မျိုးကိုပဲ ယူရတယ်၊ ဘာကြောင့်လဲဆိုရင် ဇာတိ၊ ဇရာမရဏဆိုတာ အမှန်ကတော့ အဲဒီ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ရဲ့ ဖြစ်ခြင်း၊ ရင့်ခြင်း၊ ပျက်ခြင်းကိုပဲခေါ်တာ၊ ဇာတိဆိုတာ ဖြစ်တာ၊ ဇရာဆိုတာ ရင့်တာ၊ မရဏဆိုတာ ပျက်စီးတာ သေတာ။

ဒါကြောင့်မို့ ဇာတိ၊ ဇရာ၊ မရဏလို့ဆိုလိုရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာလို့ဆိုတာနဲ့ အတူတူပဲတဲ့၊ ဒါကြောင့်မို့ ပစ္စုပ္ပန်အကျိုး ၅-ပါးနဲ့ အနာဂတ်အကျိုး ၅-ပါး အတူတူပဲလို့ ဆိုရတယ်၊ ဒါကြောင့်မို့ အတိတ်အကြောင်း ၅-ပါး၊ ပစ္စုပ္ပန်အကျိုး ၅-ပါး၊ နောက် ပစ္စုပ္ပန်အကြောင်း ၅-ပါး၊ အနာဂတ်အကျိုး ၅-ပါးအားဖြင့် ဒါကို အခြင်းအရာလို့ခေါ်တယ်၊ အခြင်းအရာ ၂၀-ဖြစ်သွားတယ်၊ အဲဒီတော့ ဝဋ်သိရင် ဒါယူတာ လွယ်သွားတာပဲ၊ ကိလေသဝဋ်ချင်း တူလို့ ယူတယ်၊ ကမ္မဝဋ်ချင်းတူလို့ ယူတယ်၊ ဒါပဲ၊ အဲဒီတော့ အဝိဇ္ဇာ၊ သင်္ခါရ တိုက်ရိုက်ဆိုထား၊ ဘယ်သူတို့ကို ယူသဖြင့် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝကိုလည်းယူမှု တစ်ခါ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝကို ဆိုရင် သူတို့နဲ့ ဝဋ်ချင်းတူတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရကိုလည်းယူ၊ ဒါကြောင့်မို့ ၅-ပါး ၅-ပါးဖြစ်တော့ အင်္ဂါ ၁၂-ပါးက အခြင်းအရာ ၂၀-သွားဖြစ်တယ်၊ ဒါပါပဲ၊ မရှုပ်ပါဘူး။

ကောင်းပြီ အခြင်းအရာ ၂၀-ပြီးတော့ အစပ် ၃-ပါးတဲ့နော်၊ အစပ် ၃-ပါးက ဘယ်မှာတဲ့တုန်း ကြည့်လိုက်စမ်း၊ သင်္ခါရနဲ့ ဝိညာဏ်ကြားမှာ တစ်စပ်၊ ဝေဒနာနဲ့ တဏှာကြားမှာတစ်စပ်၊ ဘဝနဲ့ (ကမ္မဘဝပါနော်) ကမ္မဘဝနဲ့ ဇာတိကြားမှာ တစ်စပ်၊ အဲဒါ အစပ် ၃-ပါးတဲ့၊ အစပ် ၃-ပါးဆိုတာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်စပ်တာပဲ။

အဲဒီ အစပ် ၃-ပါးမှာ သင်္ခါရနဲ့ ဝိညာဏ်ကြား အစပ်ကို ဘာမှလုပ်လို့မရဘူး၊ သင်္ခါရဖြစ်ရင် ဝိညာဏ်ဖြစ်တော့မှာပဲ၊ ဘယ်သူမှ တားမြစ်လို့ မရဘူးနော်၊ ပဋိစ္စသမုပ္ပါဒ်ဟာ သင်္ခါရဟေ့လို့ ဆိုလိုက်ရင် ဝိညာဏ်ကတော့လာတော့မှာသေချာပြီ၊ ဘယ်လိုမှရှောင်လို့မရတော့ဘူး၊ ကမ္မဘဝနဲ့ ဇာတိအစပ်ကလည်း ဘာမှ ပြုပြင်လို့ မရဘူး။

[စာမျက်နှာ-45] ကမ္မဘဝဖြစ်ပြီဟေ့ဆိုရင် ဇာတိလာတော့မှာပဲ၊ ခုနက သင်္ခါရဖြစ်ရင် ဝိညာဏ်ဖြစ်သလိုပဲ၊ ကမ္မဘဝဖြစ်ရင် ဇာတိဖြစ်တာပဲ၊ ဘာမှ မထူးဘူး၊ တရားကိုယ်ကအတူတူပဲကို၊ ဒါပေမယ်လို့ ဝေဒနာနဲ့ တဏှာကြားအစပ်ကျတော့ ကိုယ်က ဝင်ပြီးတော့ အနှောင့်အယှက်လုပ်လို့ရတယ်၊ ဝေဒနာဖြစ်တိုင်း တဏှာ ဖြစ်ရမယ်လို့ မဆိုလိုဘူး၊ ဒါ အရေးကြီးတယ်နော်။

ဒါကြောင့်မို့ ဒီ ပဋိစ္စသမုပ္ပါဒ် စက်ထဲမှာ ကိုယ်က ပဋိစ္စသမုပ္ပါဒ်စက်ကြီးကို ပြတ်အောင် လုပ်ချင်တယ်ဆိုရင် ဘယ်အစပ်ကို ဝင်ဖျက်ရမှာတုန်း၊ ဝေဒနာနဲ့ တဏှာကြား အစပ်ကို ဝင်ဖျက်ရမယ်နော်၊ သင်္ခါရနဲ့ ဝိညာဏ်ကြား အစပ်ကို ဖျက်လို့မရဘူး၊ ကမ္မဘဝနဲ့ ဇာတိကြားဖျက်လို့ မရဘူး။

အဲတော့ ဝေဒနာနဲ့ တဏှာကြားမှာ ဒီအစပ်ကိုတော့ ဖျက်လို့ရတယ် ပျက်လိုက်လို့ ဝေဒနာသာဖြစ်တယ် တဏှာမဖြစ်ဘူးဆိုရင် ဥပါဒါန်၊ ကမ္မဘဝတွေရော ဖြစ်ပါဦးမလား၊ မဖြစ်တော့ဘူးပေါ့၊ ဒါ ပဋိစ္စသမုပ္ပါဒ်စက် ဖြတ်တယ်ခေါ်တာပဲနော်။ ဒီ ပဋိစ္စသမုပ္ပါဒ်စက်ကြီးကို ဝင်ပြီးတော့ အနှောင့်အယှက်လုပ်ချင်တယ် ဖြတ်ချင် တယ်ဆိုရင် ဘယ်အစပ်မှာ ဝင်ပြီးတော့ ဖြတ်ရမှာတုန်း ဝေဒနာနဲ့ တဏှာကြားမှာ ဝင်ပြီးတော့ဖြတ်ရမယ်နော်၊ ဝေဒနာဖြစ်သော်လည်းပဲ တဏှာမဖြစ်အောင် ကိုယ်က လုပ်ရလိမ့်မယ်၊ အဲဒီလို ဝေဒနာဖြစ်ပါလျက်နဲ့ တဏှာ မဖြစ်အောင် လုပ်နိုင်ရင် ပဋိစ္စသမုပ္ပါဒ်စက်ကို အဲဒီမှာတင် ဖြတ်လိုက်တာပဲ၊ ရှေ့မဆက်တော့ဘူး၊ ဒီဟာနဲ့ ပတ်သက်လို့ပေါ့။ ဒီဝေဒနာနဲ့ ပတ်သက်လို့ကတော့ ရှေ့ပဋိစ္စသမုပ္ပါဒ် မလည်တော့ဘူး၊ ဒီတွင် ပြတ်သွားပြီ။

တရားထိုင်တာ အဲဒါပဲ၊ တရားထိုင်တဲ့အခါကျတော့ ဝေဒနာပေါ်တယ်။ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာပေါ့လေ၊ ဝေဒနာပေါ်တဲ့အခါမှာ ဒီဝေဒနာကို ရှုမှတ်လို့ ဒီဝေဒနာနဲ့ ပတ်သက်ပြီးတော့ နှစ်သက်ခြင်း မဖြစ်ဘူးဆိုရင် ဝေဒနာနဲ့ တဏှာကြားအစပ်ကို ဖျက်လိုက်တာပဲ၊ ဝေဒနာကို ရှုတဲ့ အခါကျတော့ ရှုတဲ့စိတ်ဆိုတာ ကုသိုလ်စိတ်ပဲဟုတ်လား၊ ရှုတဲ့စိတ်က ကုသိုလ် ဖြစ်တဲ့အတွက်ကြောင့်မို့ ဝေဒနာရှိနေပေမယ်လို့ တဏှာထိအောင် မသွားတော့ဘူး၊ နာရင် နာတယ်မှတ်မယ်၊ ကောင်းရင် ကောင်းတယ်မှတ်မယ်နော်၊ ဥပေက္ခာဝေဒနာတော့ အမှတ်ရခက်တယ်။

အဲဒီလို အမှတ်တရားနဲ့နေတဲ့အတွက်ကြောင့်မို့ ဝေဒနာရှိသော်လည်းပဲ တဏှာဘက်ကို မကူးဘူးဆိုရင် ဒါ ဒီသံသရာစက် ပြတ်တာပဲ၊ ဒါကြောင့်မို့...

[စာမျက်နှာ-46] တရားထိုင်တဲ့ လူတွေဟာ အမှတ်ကောင်းနေပြီဆိုရင် သူတို့ဟာ သံသရာစက်ကို ဖြတ်နေကြတာပဲ၊ ဒီတစ်နေရာပဲရှိတယ်၊ ဝင်ပြီးတော့ဖြတ်နိုင်တာ၊ တခြားအစပ် တွေကတော့မရဘူး၊ တစ်ခုဖြစ် တစ်ခုဖြစ်မှာပဲ၊ ဘယ်သူမှ ဝင်ပြီးတော့ အနှောင့်အယှက်လုပ်လို့ မရဘူးနော်၊ အစပ် ၃-ပါး။

အစပ် ၃-ပါးပြီးတော့ အလွှာ ၄-ပါး၊ ဒါ ခုနက ပြီးသွားပြီ။ အတိတ် အကြောင်း၊ ပစ္စုပ္ပန်အကျိုး၊ ပစ္စုပ္ပန်အကြောင်း၊ အနာဂတ်အကျိုး၊ ဝဋ် ၃-ပါး ပြီးသွားပြီ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။

မူလ ၂-ပါးတဲ့နော်၊ အရင်းကျတဲ့ ပဋိစ္စသမုပ္ပါဒ်စက်မှာ အင်္ဂါ ၁၂-ပါး ရှိပေမယ်လို့ ပဓာနကျတဲ့ အင်္ဂါက ၂-ပါးရှိတယ်၊ အဲဒါကို မူလ ၂-ပါးလို့ ခေါ်တယ်၊ အဲဒီ မူလ ၂-ပါးက အဝိဇ္ဇာနဲ့ တဏှာ၊ ရှေ့ပိုင်းမှာ အဝိဇ္ဇာက ဦးစီးတယ်။ နောက်ပိုင်းမှာ တဏှာဦးစီးတယ်၊ အဲဒီ နှစ်ခုကို မူလ သူတို့ရှိလို့ တစ်ခြား ဟာတွေဖြစ်တာ၊ သူတို့မရှိရင် တစ်ခြားဟာတွေမဖြစ်ဘူးနော်၊ အဝိဇ္ဇာရှိတဲ့ အတွက်ကြောင့်မို့ အဝိဇ္ဇာက မောဟ၊ ဒီမောဟက ဖုံးလွှမ်းထားတယ်၊ မောဟက သဘော အမှန် သဘောတရားတွေကို အမှန်အတိုင်း မသိအောင် ဖုံးလွှမ်းထားတဲ့ အတွက်ကြောင့်မို့ သတ္တဝါတွေမှာ သင်္ခါရစသည် ကုသိုလ်ကံ အကုသိုလ်ကံတွေ ဖြစ်ကြတာပေါ့နော်၊ အဝိဇ္ဇာက ဖုံးလွှမ်းပေးတယ်။

အဝိဇ္ဇာ ဖုံးလွှမ်းမပေးရင် တဏှာဆိုတာ ဖြစ်ဖို့ မရှိဘူးနော်၊ အခုတော့ အဝိဇ္ဇာက ဖုံးလွှမ်းပေးတဲ့ အတွက်ကြောင့် ဘဝကို ကောင်းတယ်ထင်ပြီးတော့ လူ့ဘဝဖြစ်ချင်တယ်၊ နတ်ဘဝ ဖြစ်ချင်တယ် စသည်ဖြင့် အဲဒီလို ဖြစ်ချင်တဲ့ အလိုက် ကုသိုလ်ကောင်းမှုပြုတယ်၊ တရားထိုင်တယ်၊ တရားထိုင်တာလည်း ဗြဟ္မာပြည် ရောက်ချင်လို့ထိုင်ရင်ပေါ့လေ ဟုတ်လား၊ သမထ ကမ္မဋ္ဌာန်းလုပ်ရင် ဒီအတိုင်းပဲနော်၊ အဲဒီလို ဒီအဝိဇ္ဇာနဲ့ တဏှာဟာ အရေးကြီးတဲ့ ပဓာနကျတဲ့အကြောင်း ၂-ပါး ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကို မူလ ၂-ပါးလို့ခေါ်တယ်၊ ဝဋ်ရဲ့အမြစ်ဖြစ်တဲ့ တရားတွေ၊ အမြစ်နဲ့တူတဲ့ တရားတွေ၊ ဒါဆိုရင် ပဋိစ္စသမုပ္ပါဒ်မှာ သိသင့်သိထိုက်တာ ကုန်သွားပြီပေါ့ နော်။

ပြန်ပြီးတော့လုပ်လိုက်ရင် အင်္ဂါ ၁၂-ပါး၊ ပြီးတော့ ကာလသုံးပါးဆိုရင် အဝိဇ္ဇာနဲ့ သင်္ခါရက အတိတ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ သူက ပစ္စုပ္ပန်၊ အမှန်က ကြားရှစ်ခုက ပစ္စုပ္ပန်၊ ဇာတိ၊ ဇရာ၊ မရဏက အနာဂတ်၊ ဒါ ခုနက ပြောသလိုပဲနော်၊ အဝိဇ္ဇာနဲ့...

[စာမျက်နှာ-47] သင်္ခါရကို ဒီဘဝယူရင် ဝိညာဏ် စသည်က ရှေ့ လာမယ့်ဘဝ၊ တစ်ခါ ဇာတိ၊ ဇရာ၊ မရဏက သူ့ရဲ့ ရှေ့တစ်ခါသွား၊ အဲဒီလိုသွား။

ပြီးတော့ ဝဋ်သုံးပါး နားလည်ပြီ၊ ဝဋ် သုံးပါး သိပြီးရင် အခြင်းအရာ-၂၀၊ အခြင်းအရာ-၂၀ ဆိုတာ အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကျိုး၊ ပစ္စုပ္ပန်အကြောင်း၊ အနာဂတ်အကျိုး-၅-ပါးစီ၊ ၅-ပါးစီ သွားတယ်။

အစပ် ၃-ပါးနော်၊ သင်္ခါရနဲ့ ဝိညာဏ်ကြားတစ်စပ်၊ ဝေဒနာနဲ့ တဏှာကြား တစ်စပ်၊ ကမ္မဘဝနဲ့ ဇာတိကြားတစ်စပ်။

အလွှာ ၄-ပါးဆိုတာ အတိတ်အကြောင်း၊ ခုနက အတိုင်းပေါ့လေနော်။ ဒီအတိတ်အကြောင်းမှာ ၅ ခု ၅ ခု မို့လို့ အခြင်းအရာက ၂၀-ဖြစ်သွားတာ။

မူလ ၂-ပါးဆိုတာ အဝိဇ္ဇာနဲ့ တဏှာ၊ ကောင်းပြီ ဒါက ပဋိစ္စသမုပ္ပါဒ်အနုလုံလို့ ခေါ်တာပေါ့။

ဒီမှာ တစ်ခုရှိတယ်နော်၊ အနုလုံပဋိလုံဆိုလေ့ ရှိတယ်မဟုတ်လား၊ သာမည နားလည်ကြတာကတော့ အနုလုံ ဆိုတာက အစဉ်အတိုင်းသွားတာ၊ ပဋိလုံဆိုတာက ပြောင်းပြန် အဆုံးကနေ ပြန်လာတာ၊ ဒါကို ပဋိလုံလို့ဆိုတယ်၊ ဒီမှာ အဲဒါကို ပြောတာမဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် ပဋိလောမ ဆိုတာက အဲဒီလို အဆုံးကနေအစ သွားတာကို ဆိုလိုတာ မဟုတ်ဘူး၊ အခု ဦးဇင်းတို့ လေ့လာခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်က အဖြစ်ကို ပြောပြတယ်၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိညာဏ်ကို ပြောပြတယ်။

မဖြစ်ကို ပြောပြတာကို ပဋိလောမလို့ခေါ်တယ်၊ အဝိဇ္ဇာချုပ်လို့ သင်္ခါရချုပ်၊ သင်္ခါရချုပ်လို့ ဝိညာဏ်ချုပ်၊ အဲဒါကို ပဋိလောမလို့ခေါ်တယ်၊ အဲဒါကို သတိထားမှတ်။

တစ်ခြားနေရာမှာ အနုလုံ ပဋိလုံ ဆိုတာတော့ ဟုတ်တယ်၊ တစ်ကနေသွား တစ် နှစ် သုံး လေး၊ ၁၂ ရောက် ၁၂ ကနေ ၁၁၊ ၁၀၊ ၉ နဲ့ ပြန်လာတာကို ပဋိလုံခေါ်တယ်၊ လမ်းလျှောက်တဲ့အခါ စင်္ကြံလျှောက်တဲ့အခါ ခေါက်တုံ့ ခေါက်ပြန် လျှောက်တာပဲ။

ဒါပေမယ်လို့ ပဋိစ္စသမုပ္ပါဒ်မှာ ပဋိလုံဆိုတာ အဲဒါကို ခေါ်တာ မဟုတ်ဘူး၊ အဖြစ်ကို အနုလုံလို့ခေါ်တယ်၊ အချုပ်ကို ပဋိလုံလို့ ခေါ်တယ်နော်။

ကောင်းပြီ အဲဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ ပဋိလုံကို အကျယ်မရေး တော့ပဲနဲ့ သင်္ဂြိုဟ်ကျမ်းမှာက ဂါထာလေးတစ်ပုဒ်ထဲနဲ့ ပြောသွားတော့တာ၊ အဲဒီ ပဋိလုံကိုလည်းပဲ နားလည်ဖို့ကောင်းတာ၊ ခဲယဉ်းတာတော့ မဟုတ်ပါဘူး၊ ဘာလို့...

[စာမျက်နှာ-48] တုန်းဆိုတော့ အဝိဇ္ဇာဖြစ် သင်္ခါရဖြစ်ဆိုရင် ဒါက အနုလုံ၊ အဝိဇ္ဇာချုပ်လို့ သင်္ခါရချုပ်ရင် ဒါက ပဋိလုံ၊ ပဋိလုံမှာလည်း ပါဠိရှိတယ်။

အခု သံသရာစက်ကြီး လည်နေတယ် သွားနေတယ်ဆိုပါတော့၊ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ်စသည်ဖြင့် သွားနေတယ်၊ အဆက်မပြတ်တော့ ဘူးနော်၊ ဘာကြောင့်တုန်း ဇရာ၊ မရဏလို့ ဖြစ်လိုက်ရင် ဇရာမရဏနဲ့ ပတ်သက်ပြီးတော့ အဲဒီ ဇရာမရဏနှိပ်စက်တဲ့ သတ္တဝါတွေမှာ တွေဝေမှုဖြစ်တယ်နော်၊ အဲဒီ တွေဝေမှုတွေ ဖြစ်တဲ့အထဲမှာ အဝိဇ္ဇာပါတယ်၊ တစ်ခါတလေ အဝိဇ္ဇာက ဘာကြောင့်ဖြစ် သလဲ၊ အာသဝတရားတွေကြောင့်လည်း အဝိဇ္ဇာက ဖြစ်ပြန်တယ် စသည်ဖြင့်လာတော့ ချာလပတ် လည်နေတယ်၊ အဲဒီ လည်နေတဲ့ ဝဋ်ကြီးကို ဖြတ်တယ်ပေါ့။

အဲဒီလို ဖြတ်တဲ့အခါမှာ တကယ်အပြီးသတ်ဖြတ်ရမှာကတော့ ရဟန္တာဖြစ်မှ ရမယ်နော်၊ ခုနကပြောတဲ့ ဒီဝေဒနာနဲ့ တဏှာကြား အစပ်ဖြတ်လို့ ပဋိစ္စသမုပ္ပါဒ် ဖြတ်တာကတော့ ဒီဟာလေးတစ်ခုနဲ့ ပတ်သက်ပြီးတော့ ဖြတ်တာသာရှိတယ်။ အကြွင်းမဲ့ ဖြတ်တာမဟုတ်ဘူး၊ အခုတော့ အကြွင်းမဲ့ ဖြတ်တဲ့နည်းကို မြတ်စွာဘုရား ဟောတော်မူတယ်ပေါ့လေနော်၊ အဲဒီမှာ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓောတဲ့နော်၊ အဝိဇ္ဇာ အကြွင်းမဲ့ ချုပ်သွားတဲ့ အတွက်ကြောင့်မို့တဲ့ သင်္ခါရတွေ ချုပ်တယ်တဲ့၊ ဆိုလိုတာက အဝိဇ္ဇာမရှိတော့ဘူးဆိုရင် သင်္ခါရမရှိတော့ ဘူးပေါ့၊ အဝိဇ္ဇာရှိလို့ အဝိဇ္ဇာကို အကြောင်းပြုပြီးတော့ အဝိဇ္ဇာက ဖုံးလွှမ်းပေးလို့ တဏှာက စွဲလမ်းပြီးတော့ ကုသိုလ်ကံ အကုသိုလ်ကံတွေ ပြုကြတယ်ပေါ့။

အဲဒီလို မဟုတ်ဘူး၊ အရဟတ္တမဂ် ရလို့ ရဟန္တာဖြစ်လို့ အဝိဇ္ဇာမရှိတော့ဘူး ဆိုရင် အကြောင်းမရှိတော့ဘူးဆိုရင် ဘယ်အကျိုးရှိနိုင်တော့မလဲ၊ ဒါကြောင့် သင်္ခါရချုပ်ရင် ဝိညာဏ်ချုပ်နော်၊ သင်္ခါရမှ မဖြစ်ဘူးဆိုရင် ဝိညာဏ်လည်း ဘယ်ဖြစ်တော့မလဲ၊ ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်သွားရောပေါ့လေ၊ နောက်ဆုံး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသွားပြီတဲ့။

အဲဒီတော့ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်က နိဗ္ဗာန်ကို ဟောတာ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသွားတယ်၊ အနုလောမက အဖြစ်ကိုဟောတယ်၊ ပဋိလောမက အချုပ်ကို ဟောတယ်။

အဲဒီမယ် အဝိဇ္ဇာရဲ့ အကြောင်း မနေ့ကလည်း ပြောခဲ့ပါပြီ၊ အဝိဇ္ဇာကို ထိပ်မှာထားတော့ အဝိဇ္ဇာက ပထမအကြောင်းလို ဖြစ်နေတယ်၊ မဟုတ်ဘူးတဲ့၊ အိုခြင်း၊ သေခြင်း တွေဝေ မိန်းမောကြောင်း သောက စသော တရားအပေါင်းသည်...

[စာမျက်နှာ-49] မပြတ်မလပ် နှိပ်စက်အပ်သော သတ္တဝါတို့၏ သန္တာန်၌ အာသဝေါ တရားတို့၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏၊ ဇာတိပစ္စယာ ဇရာမရဏံ လို့ဆိုတော့ ဇရာမရဏ အိုခြင်း၊ နာခြင်းကတော့ ထည့်ပေါ့လေနော်၊ အိုခြင်း၊ သေခြင်း ပေါ့လေ၊ အဲဒီလို အိုခြင်းသေခြင်း တွေဝေ မိန်းမောကြောင်း သောက စသော တရားအပေါင်း၊ အဲဒီလို အိုတာ နာတာ၊ သေတာတွေနဲ့ ပတ်သက်ပြီးတော့ သောကဆိုတာရော မဖြစ်ဘူးလား၊ ဖြစ်တာပေါ့၊ သောက ပရိဒေဝ ဒုက္ခသည် ဖြစ်တယ်၊ အဲဒီလို ဖြစ်တဲ့ အခါမှာတဲ့ အာသဝါနံ= အာသဝေါတရားတို့၏ သမုဒယာ=ဖြစ်ခြင်းကြောင့် အဲဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီအထဲမှာ အာသဝ တရားတွေ မပါဘူးလား၊ မောဟကိုယ်တိုင် အဝိဇ္ဇာကိုယ်တိုင်ကလည်း အာသဝပဲ။

လောဘကလည်း အာသဝ၊ ဒိဋ္ဌိကလည်း အာသဝ၊ အဲသလို အာသဝတွေ ဖြစ်တယ်၊ ဖြစ်ပြန်တော့ အဝိဇ္ဇာကလည်းတစ်ခါ ဖြစ်ပြန်တာပဲတဲ့။

အဲဒီတော့ အိုခြင်း နာခြင်းတို့ဖြင့် နှိပ်စက်အပ်တဲ့ အတွက်ကြောင့်မို့ သောကစသည်ဖြစ်တယ်၊ သောကစသည်ဖြစ်တဲ့ အတွက်ကြောင့်မို့ အဝိဇ္ဇာကလည်း ဖြစ်ပြန်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအထဲမှာ အဝိဇ္ဇာရှိတဲ့ အတွက်ကြောင့်မို့ စိုးရိမ်ခြင်း၊ ပူဆွေးခြင်းဖြစ်ကြတာကိုး။

အဲဒီ သောကစသည်ကရော ဘာကြောင့် ဖြစ်သလဲ၊ လောဘကြောင့်ဖြစ် တာ၊ ပေမဆိုတဲ့ တွယ်တာမှု ချစ်ခင်မှုကြောင့်ဖြစ်တာ၊ တွယ်တာမှု ချစ်ခင်မှု မရှိရင် သောကမဖြစ်ဘူး၊ တွယ်တာမှု ချစ်ခင်မှုရှိရင် သောကဖြစ်တာပဲ၊ လူတွေ သေနေကြတာပဲ၊ ဟုတ်တယ်မဟုတ်လား၊ ကိုယ်နဲ့မသိဘူး၊ ကိုယ်က သူတို့အပေါ်မှာ တွယ်တာမှု ချစ်ခင်မှု မရှိဘူးဆိုရင် ကိုယ့်အပေါ်မှာ သိပ် စိတ်ဒုက္ခ မဖြစ်ဘူး၊ ကိုယ်နဲ့ ရင်းနှီးတဲ့လူ ကိုယ့်မိတ်ဆွေပဲဆိုရင် နည်းနည်း ဖြစ်လာပြီ၊ ကိုယ့်ဆွေမျိုး ဆိုရင် ပိုဖြစ်လာပြီ၊ ကိုယ့်သားသမီးပဲ၊ လင်ပဲ၊ မယားပဲဆိုရင် အကြီးအကျယ်ဖြစ်ပြီ၊ ဒါဟာ တွယ်တာမှုကြောင့် သောကစသည် ဖြစ်တာနော်၊ ငိုကြွေးတာတို့ ဘာတို့လည်း ဒီအတိုင်းပေါ့။

အဲဒီလို သောကစသည် ဖြစ်လိုက်တယ်ဆိုရင် သောကထဲမှာဘာပါတုန်း အဲဒီ အာသဝဆိုတဲ့ တရားတွေကြောင့်ဖြစ်တာ၊ အာသဝဆိုတဲ့ တရားတွေဖြစ်ရင် အာသဝထဲမှာ ဘာပါလာပြန်တုန်း၊ အဝိဇ္ဇာကပါလာပြန်ပြီ၊ သွားပြန်ပြီ၊ အဝိဇ္ဇာဖြစ်ရင် သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်နဲ့ ဒီပဋိစ္စသမုပ္ပါဒ် စက်ကြီးဟာ လည်နေတော့တာပေါ့လေ။ ဒါကြောင့်မို့ ဘယ်ဟာက အစလို့ ပြောဖို့ရန် မဖြစ်ဘူးနော် ချာလပတ်လည်နေတယ်။

[စာမျက်နှာ-50] ကောင်းပြီ။ အဲဒီ အစမရှိဘူးတဲ့ ဒီဝဋ်တရားကြီးလည်နေတာ ဘယ်ဟာ အစပါလို့ ပြောလို့ မရဘူးတဲ့၊ အဆုံးကတော့ ရှိတာပေါ့နော်၊ ရဟန္တာဖြစ်သွားလို့ ပရိနိဗ္ဗာန် ပြုသွားတော့ ဆုံးတာပေါ့၊ အစကတော့ ဘယ်လို ဘယ်တုန်းက စခဲ့တယ်ဆိုတာ မပြောနိုင်ဘူး၊ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဝဋ်တရား အဆက်မပြတ် လည်စေတယ်၊ အဲဒီဝဋ်တရားကိုပဲ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်လို့ ဟောတယ် တဲ့နော်၊ ဒါက အနုလုံ ပဋိစ္စသမုပ္ပါဒ်ကို ဆိုလိုတာပေါ့။

ပဋိလုံ ပဋိစ္စသမုပ္ပါဒ်ဆိုရင် ပြောင်းပြန်ပဲနော်၊ အရဟတ္တမဂ်ရလို့ အဝိဇ္ဇာ အကြွင်းမဲ့ ချုပ်သွားရင် သင်္ခါရချုပ်၊ ဝိညာဏ်ချုပ် စသည်ဖြင့် သွားရော။

ကောင်းပြီ၊ ဒါနဲ့တင် ပဋိစ္စသမုပ္ပါဒ်အတွက်တော်လောက်ပြီလို့ ပြောရင်လည်း ဖြစ်တယ်၊ ဒါပေမယ်လို့ သိစရာလေးတွေ ရှိသေးတယ်၊ ဒါကြောင့်မို့ နောက်ထပ်ပေးထားတဲ့ စာရွက်တွေ ရှိသေးတယ်၊ ဒီ ပဋိစ္စသမုပ္ပါဒ်ကို လေ့လာတဲ့ အခါမှာ ဒီပဋိစ္စသမုပ္ပါဒ်ကို ဟောထားတာဟာ အမှန်ကတော့ လောက ဖြစ်ပျက်နေ တာတွေနဲ့ ပတ်သက်ပြီးတော့ အမြင်မှန်ရဖို့ ဟောထားတာပဲ၊ လောက လူတွေက သဿတဒိဋ္ဌိ= မြဲတယ်လို့လည်း ယူသွားတတ်တယ်၊ သို့မဟုတ်ရင်လည်း ပြတ်တယ် လို့လဲ ယူသွားတတ်တယ် (ဥစ္ဆေဒဒိဋ္ဌိ) ကုသိုလ်ကောင်းမှုဆိုတာ မရှိပါဘူး၊ လုပ်လည်း ကုသိုလ်ကောင်းမှုဆိုတာ ပြုရာမရောက်ပါဘူးဆိုပြီးဒီလိုယူတတ်တဲ့ လူတွေလည်း ရှိတယ်၊ အဲဒီ အယူတွေ အားလုံးဟာ မြတ်စွာဘုရား အလိုတော်အရ မမှန်ကန်တဲ့ အယူတွေ၊ မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်၊ အဲဒီမမှန်ကန်တဲ့ အယူတွေ မရောက်ဖို့ရန် ပဋိစ္စသမုပ္ပါဒ်ကို ဟောတယ်။

ပဋိစ္စသမုပ္ပါဒ်ကို နားလည်ရင် မမှန်ကန်တဲ့ အယူတွေကို မယူမိဘူးတဲ့၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် တရားတော်ဟာ အရေးကြီးတဲ့ တရားတော်အနေနဲ့ ဗုဒ္ဓဘာသာမှာ ရှိနေတာ။

အဲဒီတော့ အခု အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်တယ် စသည်ဖြင့် အကြမ်းဖျင်း နားလည်ပြီဆိုပါတော့ ဒီထက် အနုစိတ် နားလည်ဖို့ကတော့ ပဋ္ဌာန်းနည်းကို နားလည်ပြီးတဲ့နောက် တစ်ခေါက် ပြန်ကြည့်မှ အနုစိတ် တစ်ခါနားလည်မှာ၊ သူတို့ချင်း ဆက်သွယ်ပုံ၊ ဘယ်လိုနည်းနဲ့ ဆက်သွယ်တယ်၊ အတူတူဖြစ်တာလား၊ ရှေ့ နောက်ဖြစ်တာလားပေါ့လေ၊ အဲဒါတွေကတော့ နောက်တော့ သိလိမ့်မယ်။ အဲဒီလို ပဋိစ္စသမုပ္ပါဒ် သဘောကို အကြမ်းဖျင်း နားလည်ပြီးတဲ့နောက်...

[စာမျက်နှာ-51] ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်ပြီးတော့ အယူအဆ မှန်ကန်ဖို့ နည်း ၄-မျိုးနဲ့ နားလည်ရမယ်လို့ ကျမ်းဂန်များမှာဆိုတယ်၊ ပစ္စည်းပိုင်း ဘာသာဋီကာဆိုတဲ့ ဟာမှာရှိတယ်။ စာမျက်နှာ ၆၂၄၊ နည်း ၄-ပါး ဆိုတာ အဲဒီ ပဋိစ္စသမုပ္ပါဒ်ကို နည်း ၄-မျိုးနဲ့ နားလည်ရမယ်၊ ဒီနည်း ၄-မျိုးနဲ့ နားလည်မှ ပဋိစ္စသမုပ္ပါဒ် ပိုင်ပိုင်နိုင်နိုင် နားလည်အုံးမယ်၊ ဒါ အတော်အရေးကြီးတယ်နော်၊ အဲဒီ နည်း ၄-မျိုးကဘာတဲ့တုန်း၊ ကောင်းကောင်းသိမြင်ရင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသည် ကင်းနိုင်တယ်တဲ့။

အဲဒီနည်း ၄-မျိုးက ဧကတ္ထနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံဓမ္မတာနည်း ဒီ ၄-မျိုးရှိတယ်နော်။ ဧကတ္ထဆိုတာက ဧကဆိုတာ တစ်မဟုတ်လား၊ ဧကတ္ထဆိုတာ တူတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ၊ တူတယ်ဆိုတာ တစ်ဆက်ထဲ အစဉ်မပြတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ၊ အဲတော့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်တဲ့အခါမှာ အဲဒီနည်းနဲ့ နားလည်ရမယ်တဲ့၊ သန္တာန်အစဉ်အမျှင်မပြတ်၊ တစ်စပ်ထဲဟု သိရသောနည်းသည် ဧကတ္ထနည်း မည်၏။

ဆိုလိုတာက ဒီပဋိစ္စသမုပ္ပါဒ်ဟောထားတော့ ဒီပုဂ္ဂိုလ်အတွက် ဒီပဋိစ္စသမုပ္ပါဒ်ပေါ့၊ ဟိုပုဂ္ဂိုလ်အတွက် ဟိုပဋိစ္စသမုပ္ပါဒ်ပေါ့ ဟုတ်လား၊ ဒီပုဂ္ဂိုလ်အတွက်မှာ ဒီဟာ အစဉ်ရှိတယ်ပေါ့နော်၊ အဝိဇ္ဇာကနေ သင်္ခါရ၊ သင်္ခါရကနေ ဝိညာဏ် ကျေးဇူးပြသွားတဲ့အခါမှာ ဒီတစ်ခုနဲ့ တစ်ခု ဆက်သွယ်မှု ဒါကိုပဲ အစဉ်လို့ ခေါ်တာပဲ။ အဆက်အသွယ်ရှိတယ်၊ တစ်ခုက အကျိုး၊ တစ်ခုက အကြောင်း၊ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်၊ ဒီအကြောင်းကြောင့် တစ်ခြား အကျိုးဖြစ်တာ မဟုတ်ဘူး၊ အဲဒီဟာ အဲဒီလို continually ရှိတယ်လို့ ဒီလိုသိတဲ့နည်းကို ဧကတ္ထနည်းလို့ ခေါ်တယ်။

အဝိဇ္ဇာက သူ့ဟာသူ သီးခြား၊ သင်္ခါရက သူ့ဟာသူ သီးခြား၊ အဝိဇ္ဇာနဲ့ သင်္ခါရက ဘယ်လိုမှစပ်တာ မဟုတ်ဘူးဆိုတဲ့ အသိမဟုတ်ဘူး၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ် စသည်ဖြင့် ရှိနေတဲ့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတွေဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှု ရှိတယ်ပေါ့လေ၊ အဲဒီလို အဆက်အသွယ် ရှိတာကိုပဲ သန္တာန်အစဉ် အမျှင်မပြတ်ဘူးလို့ ဒီလိုဆိုတယ်။ အဲဒီနည်းအရ မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ ပထမမျိုးစေ့လေး စိုက်လိုက်တယ်၊ မျိုးစေ့လေးကနေ အညှောက်လေးထွက်သွား၊ တဖြည်းဖြည်းနဲ့ အပင်ကလေးဖြစ် အပင်လေးကနေ

[စာမျက်နှာ-52] အကြီးကြီးဖြစ်တော့ တဖြည်းဖြည်းနဲ့ ဒီအစဉ်ရှိတယ်ပေါ့၊ သူ့မှာ တဖြည်းဖြည်း ကြီးကြီးလာတာဆိုပါတော့၊ သစ်ပင်ဖြစ်လာတော့ မျိုးစေ့မဟုတ်တော့ဘူး၊ သစ်ပင် အငယ်လေး အသောက်လေး မဟုတ်တော့ဘူး၊ သို့သော် သူကနေမှ ကြီးပွားလာတာ၊ အဲဒီလိုပဲ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ ရှေးရှေးသင်္ခါရကြောင့် ယခုဘဝ ဝိညာဏ်သစ်ဖြစ် စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်တဲ့အခါမှာ ဤဘဝ ဤသတ္တဝါ ဤခန္ဓာ အစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာ တစ်မျိုးဖြစ်ပြန်၏ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

ဥစ္ဆေဒဒိဋ္ဌိ ဆိုတာက ဒီတစ်ဘဝထဲသာရှိတယ်လို့ ယူတဲ့အယူပဲ၊ ဒီဘဝပြီးရင် ပြီးတာပဲ၊ နောက်ဘဝတွေ ဘာတွေမရှိဘူးလို့ ယူတဲ့ အယူကို ဥစ္ဆေဒ၊ ဥစ္ဆေဒဆိုတာ ပြတ်တယ်ပေါ့၊ ပုဒ်ရဲ့ တိုက်ရိုက်အနက်က ပြတ်တယ်၊ အဲဒီတော့ ဒီဘဝသာရှိတယ်။ နောက်ဘဝဆိုတာ မရှိဘူး၊ ဒီဘဝပြီးရင် ပြီးတာပဲ၊ ပြတ်သွားပြီ ပေါ့လေ၊ အဲဒီလို ယူတဲ့အယူကို ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်တယ်၊ အဲဒီတော့ အခု ပဋိစ္စသမုပ္ပါဒ်ကို လေ့လာ လိုက်ကြတဲ့အခါကျတော့ တစ်ခုနဲ့ တစ်ခုဟာ ဆက်သွယ်မှု ရှိနေတယ် ဆိုတာကို နားလည်လာပြီ၊ တစ်သန္တာန်တည်း သွားတာနော်၊ အဲဒီလို နားလည်လာတဲ့အခါ ကျတော့ ဒီဘဝမှာ သင်္ခါရ ပြုမိတယ်ဆိုရင် ဝိညာဏ်ဟာ ဒီသင်္ခါရကြောင့် ဖြစ်ရတော့မှာ၊ မဖြစ်ပဲမနေဘူး၊ ဝိညာဏ်ဆိုတာ ပဋိသန္ဓေ ဝိညာဏ် ဝိပါက်ဝိညာဏ် ဆိုတော့ နောက်ထပ် ဘဝဟာ ရှိရအုံးမယ်၊ ရှိရအုံးမယ်ဆိုရင် ဒီဘဝတွင် ပြီးတယ် ပြတ်တယ်ဆိုတဲ့အယူ ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူးနော်၊ ဒါ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်နိုင်ဘူး၊ (ဧကတ္ထနည်းကို ကောင်းကောင်း နားလည်ရင်)။

ဒါပေမယ်လို့ ဧကတ္ထနည်းကို ကောင်းကောင်း နားမလည်ပဲနဲ့ အလွဲအမှား နားလည်သွားရင် သူက သဿတဒိဋ္ဌိ ဖြစ်လာတယ်၊ တစ်သန္တာန်တည်းဖြစ်နေတဲ့ သန္တာန်အစဉ်ရှိတယ်လို့ ပြောလိုက်တော့ တစ်ခုတည်းလို့ ယူဆလိုက်ရင် သူက သဿတဒိဋ္ဌိ ဖြစ်သွားရောပေါ့၊ အဲဒါကြောင့်မို့ အမှန်အကန်ယူဖို့ အလွန်အရေးကြီးတယ်၊ ဧကတ္ထနည်းအရ အင်္ဂလိပ်လိုတော့ Law of Identity သုံးတယ် ထင်တယ်နော်။

တစ်ခါ နာနတ္တနည်းတဲ့၊ နာနတ္တဆိုတာကတော့ ရှင်းရှင်းကတော့ မတူဘူးဆိုတာပါပဲ၊ ကွဲပြားတယ်ဆိုတဲ့နည်း၊ သန္တာန်အစဉ်အမျှင်မပြတ်သော်လည်း ဒါတော့ တစ်သန္တာန်တည်း သွားတာတော့မှန်ပြီ၊ တစ်စဉ်တည်း တစ်တန်းတည်း သွားတာတော့

[စာမျက်နှာ-53] မှန်ပြီ၊ ဆိုလိုတာကတော့ ဘဝပေါင်းဆက်စပ်ပြီး သွားနေတာ ဟုတ်လား၊ ကိုယ့်ဘဝက တစ်ခု၊ သူ့ဘဝကတစ်ခု၊ သတ္တဝါ အသီးသီး ဘဝအသီးသီးမှာ သွားနေကြတာ၊ အဲဒီတော့ သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာရဲ့ သဘောက တစ်မျိုး၊ သင်္ခါရရဲ့ သဘောကတစ်မျိုး၊ အဝိဇ္ဇာသည် သင်္ခါရမဟုတ်၊ သင်္ခါရသည် အဝိဇ္ဇာမဟုတ်၊ အဝိဇ္ဇာကနေပြီး တဖြည်းဖြည်းနဲ့ သင်္ခါရဖြစ်သွားတာ မဟုတ်ဘူး၊ သင်္ခါရကနေ တဖြည်းဖြည်းနဲ့ ဝိညာဏ်အဖြစ် ပြောင်းသွားတာမဟုတ်ဘူး၊ အဲဒီလို တစ်ခုနဲ့တစ်ခုဟာ ကွဲပြားခြားနားတယ်ဆိုတဲ့ “အသိ” ဒါကို နာနတ္တနည်းလို့ ခေါ်တယ်။

အဲဒီလို နာနတ္တနည်းသိတဲ့အခါကျတော့ အဝိဇ္ဇာနဲ့ သင်္ခါရမတူပုံ၊ သင်္ခါရနဲ့ ဝိညာဏ်နဲ့ မတူပုံ အသစ်အသစ်အကြောင်းနှင့် အသစ်အသစ်အကျိုးတို့ တစ်မျိုးပြီး တစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောအခါ မပြတ်မစဲ အမြဲတည်သည်ဟု ယူမှားသော သဿတဒိဋ္ဌိ အလိုအလျှောက် ကင်းပျောက်သွားတယ်။

အစဉ်ရှိပေမယ်လို့ အစဉ်မပြတ်ပေမယ်လို့ တစ်ခုနဲ့ တစ်ခုဟာ သီးခြားစီ၊ အဝိဇ္ဇာသည် သင်္ခါရမဟုတ်ဘူး၊ သင်္ခါရသည် အဝိဇ္ဇာမဟုတ်ဘူး၊ အဝိဇ္ဇာကနေပြီး ပြောင်းလဲပြီးတော့ သင်္ခါရဖြစ်သွားတာ မဟုတ်ဘူး၊ သင်္ခါရက ပြောင်းလဲပြီး ဝိညာဏ်ဖြစ်သွားတာမဟုတ်ဘူး၊ အဝိဇ္ဇာကအကြောင်း၊ သင်္ခါရကအကျိုး၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဟူသော အကျိုးဖြစ်တယ်၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်ဟူသော အကျိုးဖြစ်တယ်၊ အဲဒီလို သူ့အဆင့်အဆင့် တိုင်းမှာ အသစ်အသစ်ဖြစ်တာ၊ သို့သော် အသစ်အသစ်ဖြစ်တာက လုံးဝအသစ် မိုးပေါ်ကျ အသစ်မျိုးမဟုတ်ပဲနဲ့ လွန်ခဲ့တဲ့ဟာကို အကြောင်းပြုပြီးတော့ အဲဒီရဲ့ အကြောင်းကြောင့်လာပြီး ဒီမှာ အသစ်ဖြစ်တာ၊ အဲတော့ နှစ်ခုစလုံးကို မျှယူရတဲ့နည်း၊ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကို ရှောင်ရမှာ။

အကယ်၍ ပဋိစ္စသမုပ္ပါဒ်ကို မမြင်ဘူးဆိုရင် အစဉ်မပြတ်တာလည်းမှန်တယ်၊ သို့သော် အဲဒီ အစဉ်မပြတ်တဲ့ အထဲမှာ တစ်ခုစီ တစ်ခုစီကတော့ သီးခြားပဲ Aသည် B မဟုတ်၊ Bသည် C မဟုတ်၊ A ကနေ B ဖြစ်သွားတာမဟုတ်ဘူး၊ သို့သော် Aကို အကြောင်းပြုပြီးတော့ B ဖြစ်တယ်၊ Bကို အကြောင်းပြုပြီးတော့ C ဖြစ်တယ်၊ အဲဒီလို မြင်တဲ့အခါကျတော့ အစဉ်အမြဲတည်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ ပျောက်သွားတယ်။ အဘိဓမ္မာ သဘောအရ ပြောရရင် အဝိဇ္ဇာဟာ ဘယ်လောက်ကြာအောင်

[စာမျက်နှာ-54] တည်မလဲ၊ ခဏငယ် ၃-ချက်ရှိတာ၊ ဥပါဒ်၊ ဌီ၊ ဘင်၊ ပြီးရင် သူလည်းချုပ်သွားတာ၊ အဲဒီလို ခဏတိုင်း ခဏတိုင်းပဲနော်၊ အဲဒီ နှစ်ခုကို ပထမ နားလည်အောင် စဉ်းစားနော်၊ ဧကတ္ထနည်းရယ်၊ နာနတ္တနည်းရယ် အစဉ်ရှိလို့ တူတယ်ဆိုရင်လဲပဲ ဟုတ်တယ်၊ နာနတ္တနည်းအရ သူတို့ဟာ တစ်ခုနဲ့တစ်ခု မတူဘူးဆိုလည်း ဟုတ်တယ်။ အဲဒီ နှစ်ခုကိုတည့်အောင် ယူဖို့အရေးကြီးတယ်၊ အဲဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်ကို ရိုးရိုးနားလည်ပြီးတဲ့နောက် ဒီနည်း ၄-ပါးကိုနားလည်ဖို့ ကောင်းတယ်၊ ဧကတ္ထနည်းရယ်၊ နာနတ္တနည်းရယ်။

အစဉ်ကို လက်ခံတဲ့ အတွက်ကြောင့် ပရမ်းပတာ မဖြစ်ဘူး၊ အစဉ်မရှိပါဘူး ပြောမယ်ဆိုရင် မောင်ကကြီးရဲ့ကံကြောင့် မောင်ခကွေးမှာ သွားအကျိုးရနေလိမ့်မယ်၊ ရချင်ရနေလိမ့်မယ်၊ ပရမ်းပတာ သွားဖြစ်တာ မောင်ခကွေးက ပြုပြီးတဲ့ ကံဟာ မောင်ဂငယ်အတွက် သွားဖြစ်ရင်ဖြစ်မယ်၊ အစဉ်မရှိဘူး၊ အဲဒါကို လက်ခံရင် လုံးဝဖြစ်တယ်လို့ လက်ခံရင်။ အဲဒီလို အခု အစဉ်ရှိတဲ့အတွက်ကြောင့်မို့ ဒီလူပြုတဲ့ကံက ဒီလူပဲ အကျိုးရတယ်။ ဟိုလူပြုတဲ့ကံက ဟိုလူပဲအကျိုးရတယ်၊ အဲဒီတော့ ပရမ်းပတာမဖြစ်ဘူး၊ သို့မဟုတ်ရင် ကံ ကံရဲ့ အကျိုး သဘောတရားကို ကို့ရို့ကားယား ဖြစ်သွားမယ်၊ ဒီ ဧကတ္ထနည်းနဲ့ နာနတ္တနည်းကို နှစ်ခုမျှ ပြုပြီးတော့ ယူရတယ်နော်။

ပြီးတော့ နောက်တစ်ခုကတော့ အဗျာပါရနည်းတဲ့၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ ငါသည် သင်္ခါရကို ဖြစ်စေမည်ဟု အဝိဇ္ဇာဝယ် ကြောင့်ကြ ဗျာပါရမရှိ။ ဗျာပါရဆိုတာ ကြောင့်ကြစိုက်တာကို ဆိုလိုတယ်၊ အဲဒီတော့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတဲ့ နေရာမှာ အဝိဇ္ဇာက သင်္ခါရကို ဖြစ်အောင် လုပ်မဟဲ့ဆိုတဲ့ အားထုတ်မှုမျိုး ကြောင့်ကြမှုမျိုး သူ့မှာ ရှိတာ မဟုတ်ဘူးတဲ့၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တဲ့ အခါမှာလည်းပဲ သင်္ခါရက ငါတော့ ဝိညာဏ်တွေကို ဖြစ်အောင် လုပ်မယ်ဟဆိုတဲ့ ကြောင့်ကြစိုက်မှု သူ့မှာရှိတာ မဟုတ်ဘူးတဲ့နော်၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တာသာရှိတယ်၊ သူက ဗျာပါရ အားထုတ်ပြီးတော့ ကြောင့်ကြစိုက်ပြီးတော့ ဖြစ်စေရတာ မဟုတ်ဘူးတဲ့၊ အဲဒီနည်းကို ဆင်ခြင်လိုက်တဲ့အခါမှာ အကြောင်းတရား အကျိုးတရားတို့ ဖာသိဖာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့်၊ ဖာသိဖာသာ ဖြစ်တယ်ဆိုတာ အကြောင်းကြောင့် အကျိုးဖြစ်နေတာ၊ တစ်စုံတစ်ယောက်က စီမံလို့ ကြောင့်ကြစိုက်လို့ ဖြစ်တာမဟုတ်ဘူး၊ သူတို့ သဘာဝ in terms of nature ပေါ့၊ သူ့သဘာဝအတိုင်း၊ ဒီအကြောင်းကြောင့်

[စာမျက်နှာ-55] ဒီအကျိုးဖြစ်နေတာ၊ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်နေတာကို မြင်ရင် ဤကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်း ပေးနေသည်ဟူသော ဣဿရနိမ္မာနဝါဒသည်လည်းကောင်း၊ (ဣဿရနိမ္မာနဝါဒဆိုတာ ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ ဝါဒပေါ့) ဒီဝါဒ ကင်းပျောက်သွားနိုင်တယ်တဲ့။ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာ၊ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာ၊ ဘယ်သူကမှ လုပ်လို့ ဖြစ်တာမဟုတ်ဘူးနော်၊ သူ့သဘာဝအရ ဒီအကြောင်းလုပ်တဲ့ အတွက်ကြောင့်မို့ ဒီအကြောင်းဆိုင်ရာ အကျိုးဖြစ်တာ၊ အဲဒီလို မယူဘူးဆိုရင် ခုနက စဉ်းစားပြီးတော့ တစ်ယောက်ယောက်က ဖန်ဆင်းတာ ဖြစ်မှာပါပဲဆိုတဲ့ဟာကို ဆိုက်ဆိုက်သွားတတ်တယ်။

ဒါကြောင့်မို့ အဗျာပါရနည်းအရ အဝိဇ္ဇာ၊ သင်္ခါရစတဲ့ တရားတွေဟာ ကြောင့်ကြ ဗျာပါရ မစိုက်ပဲနဲ့ သူ့ကြောင်းကျိုး ဆက်သွယ်ပုံ သဘာဝ နိယာမ သဘောတရားအရ ဖြစ်နေကြတာ၊ ဘယ်သူမှဝင်ပြီး ဖန်ဆင်းရတာ မဟုတ်ဘူး၊ ဘယ်သူမှ ဝင်ပြီးတော့ ဖြစ်စေကွာလို့ လုပ်ရတာ မဟုတ်ဘူးပေါ့နော်။ အဲဒီလို နားလည်တဲ့အခါကျတော့ သတ္တဝါတွေကို ထာဝရဘုရား ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆမျိုး မဖြစ်နိုင်တော့ဘူးတဲ့၊ ပြီးတော့ မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း၊ အလိုအလျောက် ကင်းပျောက်တော့၏။

တချို့ဘာသာတွေမှာ အယူရှိတယ်ပေါ့လေနော်၊ ငါတို့လုပ်တာဟာ ငါတို့က လုပ်တာမဟုတ်ဘူး၊ ငါတို့အထဲမှာရှိတဲ့ အတ္တကလေးက လုပ်တာ၊ ငါတို့ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ခံစားတာလည်း ငါတို့က ခံစားတာမဟုတ်ဘူး၊ အတ္တကလေးက ခံစားတာ၊ ဘာမဆို အတ္တ စေစားချက်အရ ဒို့က လုပ်နေတာဆိုတဲ့ အယူရှိတယ်၊ အဲဒီ အယူအဆ အတ္တဝါဒ ဟာလည်းပဲ ပြုတ်သွားတယ်တဲ့၊ ဒီ အဗျာပါရနည်းကို နှလုံးသွင်းကြည့်လိုက်မယ်ဆိုရင် ပြတ်သွားတယ်၊ ဘယ်သူကမှ ခိုင်းလို့ အဝိဇ္ဇာက သင်္ခါရကို အဖြစ်ခိုင်းတာ မဟုတ်ဘူး၊ သင်္ခါရက ဝိညာဏ်ကို အဖြစ်ခိုင်းတာ မဟုတ်ဘူး၊ သူ့ဟာသူ ဖြစ်နေတာပဲ၊ အကြောင်းအကျိုး ဆက်စပ်မှုအရ ဖြစ်နေတာပဲဆိုတာကို နားလည်ရင် တစ်ယောက်ယောက်က လုပ်ခိုင်းလို့ တစ်ခုခုဖြစ်တယ်ဆိုတာမျိုးပေါ့လေ၊ ဣဿရနိမ္မာန်၊ ဗြဟ္မာကြီးက ဖန်ဆင်းလို့ ထာဝရဘုရားက ဖန်ဆင်းလို့ ဒါမျိုး မရှိနိုင်တော့ဘူးပေါ့လေ၊ သတ္တဝါတွေ ဖြစ်လာတယ်ဆိုတာ မရှိနိုင်ဘူးပေါ့လေ၊ ဒါကြောင့်မို့ အဗျာပါရနည်းနဲ့လည်းပဲ

[စာမျက်နှာ-56] ပဋိစ္စသမုပ္ပါဒ်ကို နားလည်ရမယ်တဲ့။

နောက်ဆုံးတစ်ခုကတော့၊ ဧဝံဓမ္မတာနည်းတဲ့။ ဧဝံဓမ္မတာနည်းဆိုတာ လည်းပဲ ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံဓမ္မတာပဲတဲ့၊ ဒါဟာ လောကသဘာဝပဲပေါ့၊ အဲဒီလို သိရတဲ့ နည်းကို ဧဝံဓမ္မတာနည်းလို့ခေါ်တယ်တဲ့၊ အဲဒီနည်းအရ ဆင်ခြင်ကြည့်လိုက်တဲ့ အခါကျတော့ ချိုဆိမ့်သော နို့ရေကြောင့် ချဉ်သော နို့ဓမ်းဖြစ်ရခြင်း၊ နို့ကနေပြီးတော့ ဒိန်ချဉ်ဖြစ်တယ်၊ နို့ဓမ်းလို့ စာမှာတော့သုံးတယ်၊ နှမ်းကြောင့် ဆီဖြစ်ရခြင်း၊ ကြံကြောင့် ကြံရည် ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပဲတဲ့နော်၊ သဲက ဆီမဖြစ်ဘူးတဲ့၊ ကြံက နို့ရည်မထွက်နိုင်ဘူးတဲ့၊ ဒါလည်းဓမ္မတာပဲတဲ့။

အဲဒီလို သဘောတရားကို ဆင်ခြင်လိုက်တဲ့အခါမှာ အဝိဇ္ဇာကြောင့်သာဖြစ်တယ်၊ တစ်ခြားမဆိုင်တဲ့ အကြောင်းကြောင့် မဆိုင်တဲ့ အကျိုးမဖြစ်ဘူး၊ သူ့ဆိုင်ရာ သူ့ဓမ္မတာအတိုင်းသာဖြစ်တယ်တဲ့။ အဲဒီလို ဆင်ခြင်လိုက်တဲ့အခါမှာ အားလုံးတရားဟာ ဆိုင်ရာအကြောင်းမကင်းဟု သိတတ်သော သဟေတုက အယူပေါ်လာရကားတဲ့။ အကြောင်းမဲ့သက်သက်ဖြစ်သည်ဟု အယူမှားတဲ့ အဟေတုကဒိဋ္ဌိတဲ့ အကြောင်းမရှိပဲ ဖြစ်တယ်လို့ ယူတဲ့ အဟေတုကဒိဋ္ဌိ၊ ကုသိုလ်၊ အကုသိုလ်ပြုလည်း ပြုရာမရောက်ဘူး၊ အကျိုးမရ၊ နိရတ္တကဆိုတာ အကျိုးမရှိဘူးလို့ ပြောတာ၊ အယူမှားတဲ့ အကိရိယဒိဋ္ဌိ၊ ဒါလည်းပဲ အလိုအလျောက် ပျောက်သွားတယ်နော်၊ ဧဝံဓမ္မတာနည်း ဆိုတာ အဲဒါပဲ။

အဲဒီတော့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ အဝိဇ္ဇာတည်းဟူသော အကြောင်းကြောင့် သင်္ခါရဖြစ်တယ်၊ အဝိဇ္ဇာတည်းဟူသော အကြောင်းကြောင့် သင်္ခါရတည်းဟူသော အကျိုးဖြစ်တာဟာ ထုံးစံ ဓမ္မတာ သူ့သဘာဝအတိုင်း ဖြစ်တယ်ဆိုတာကို သိတဲ့အခါမှာ ဒါဟာ အဟေတုကဒိဋ္ဌိနဲ့နော်၊ အကိရိယဒိဋ္ဌိများလည်း ကင်းပျောက်သွားနိုင်တယ်။ အဲဒီတော့ မိစ္ဆာဒိဋ္ဌိ ကင်းပျောက်အောင်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကို မှန်မှန်ကန်ကန် နားလည်ရင် ပျောက်နိုင်တယ်၊ ပျောက်နိုင်တယ်ဆိုတာက ပုထုဇဉ် ပျောက်ပျောက်တာပေါ့လေနော်၊ တကယ်အကြွင်းအကျန် မရှိအောင် ပျောက်မှာ ကတော့ အရိယာဖြစ်မှ ပျောက်မှာ။ သို့သော်လည်းပဲ ကလျာဏပုထုဇဉ်ဖြစ်ပြီးတော့ ဒိဋ္ဌိတွေ ပျောက်သလောက်

[စာမျက်နှာ-57] နီးပါးဖြစ်နိုင်တယ်၊ အခု အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် စသည်ကို လေ့လာလိုက်တဲ့အခါမှာ အခုလို နည်း ၄-ပါးနဲ့လည်း စပ်ဟပ်ပြီးတော့ နားလည်မယ်ဆိုရင် ဗုဒ္ဓဘာသာမှာ မိစ္ဆာဒိဋ္ဌိလို့ ခေါ်ထားတဲ့ မြဲတယ်လို့ယူတာတွေ၊ ပြတ်တယ်လို့ ယူတာတွေ၊ အကြောင်းမရှိဘူး ဖြစ်ချင်ရာ ဖြစ်တယ်၊ သို့မဟုတ် ဖန်ဆင်းရှင်ရှိတယ်လို့ ယူတာတွေ အကုန်လုံး ပျောက်နိုင်တယ်။ ဒီတရားတစ်ခုထဲကတော်တော်အရေးကြီးတာ၊ အဲဒါပဲ၊ ဗုဒ္ဓဘာသာ အမြင်မှန်ရှိဖို့ဟာ အလွန် အရေးကြီးတယ်။

ကိုင်းတိုက်တွန်းချက်တဲ့ ဖတ်လိုက်ကြရအောင်၊ အဲဒါက “ဗုဒ္ဓဘာသာဝင် ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏၊ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာပြီးနောက် တစ်ဖန်ဖြစ်ပေါ်လာ၏ဟူသော ကျမ်းစာအရ ဖြစ်ချည်၊ ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း” ဒါကတော့ ငယ်ငယ်ထဲက လူကြီးသူမတွေက ပြောထားမယ်၊ စာပေသင်ကြား ထားမယ်ဆိုရင် ယုံကြည်နိုင်တယ်၊ ယုံကြည်နိုင်ကြပေမယ်လို့ ဘယ်တုန်းကစ၍ ဖြစ်ခဲ့ပါလိမ့်တုန်းဟု တစ်ဆင့်စဉ်းစားလေ့ရှိကြ ပြန်၏တဲ့။

လူမှာစဉ်းစားတတ်တဲ့ဉာဏ်လေးနဲ့ကတော့ စဉ်းစားမှာပေါ့နော်၊ တစ်ချို့က ပြောတယ်၊ မြင့်မိုရ်တောင်နဲ့ ဆီးစေ့နဲ့ မချိန်နဲ့လို့ပြောတော့၊ ဒါကတော့ မရဘူးကွ၊ ငါ ဆီးစေ့လောက် ဉာဏ်ရှိရင် ဆီးစေ့လောက်ဉာဏ်နဲ့တော့ တိုင်းမှာပဲ။ သမုဒ္ဒရာထဲ ကိုယ်က ယုန်လေးဖြစ်နေလို့ သမုဒ္ဒရာ ဘယ်လောက်နက်နေနေ ကိုယ့်ခြေထောက်လေး မှီသလောက်တော့ ထောက်ကြည့်ချင်သေးတာပဲ၊ ဟုတ်တယ် မဟုတ်လား၊ ဒါကတော့ စဉ်းစားမှာပဲ၊ အဲဒီတော့ ဘယ်လို စဖြစ်ခဲ့ပါလိမ့်မလဲလို့ စဉ်းစားပြန်တယ်တဲ့နော်၊ သတ္တဝါတွေအတွက် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ စသည်ကို ယုံကြည်နိုင်သော်လည်းတဲ့ ဘယ်တုန်းက စခဲ့ပါလိမ့်နည်းဟုကား စဉ်းစားလျှက်ပင်တည်းတဲ့၊ ဟုတ်လား? ဒါ အမြဲတမ်း လူတွေကလည်းမေးတယ် ပြီးတော့ logically စဉ်းစားကြည့်ရင် အစကရှိဖို့ တကယ်ကောင်းတယ် ဟုတ်တယ်မဟုတ်လား?

မှန်တယ်လို့ သူတို့မေးရင်လည်း ပြောရတယ်၊ ဒီမှာဒါရှိရင် သူ့ရဲ့ အစကလည်း ရှိရမယ်ဆိုတာတော့ မှန်တယ်၊ ဒါပေမယ်လို့ အဲဒီအစက သိကို မသိနိုင်တာ၊ မသိနိုင်တာကိုပြောတာ၊ မရှိဘူးလို့ပြောတာ မဟုတ်ဘူး၊ ဒါပေမယ်လို့ မသိနိုင်ဘူး။ ဆိုပါတော့၊ သရက်သီးဆိုပါတော့ သရက်သီးရဲ့ အစ ပထမစပေါ်တာ

[စာမျက်နှာ-58] ရှိခဲ့ရမှာပဲ၊ ဘယ်သူမှ မသိခဲ့ရလို့ဟာကို၊ သရက်သီးက စဖြစ်သလား၊ သရက်ပင်က စဖြစ်သလား?၊ သို့မဟုတ် ကြက်ဥနဲ့ ကြက်မလို ဘယ်သူက စဖြစ်တယ်ဆိုတာ မသိနိုင်ဘူး၊ သို့သော် အမှန်အတိုင်း ကတော့ တစ်ခုခုကတော့ စဖြစ်ခဲ့ရမှာကတော့ သေချာတယ်၊ စဉ်းစားကြည့်ရင်ပေါ့။

ထို့အတူပဲ၊ ဒီမှာလည်းအစဆိုတာတော့ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတော့ ရှိမှာပဲ။ ဒါပေမယ်လို့ ဘယ်လိုမှ သိလို့မရဘူး၊ လျှောက်လိုက်ရင် တစ်ခါတည်း သွားမှာပဲ၊ ဘယ်လိုမှ မဆုံးနိုင်ဘူး၊ ဒီအကျိုးကနေ ဟိုအကြောင်းရောက်၊ ဟိုအကြောင်း ကနေ ဟိုအကြောင်းရောက်၊ ဟိုအကြောင်းကနေ ဟိုအကြောင်းရောက် ဒီလို တစ်ခုကနေ တစ်ခု သွားနေရင် ဒါလည်း infinity ရောက်သွားမယ်၊ အဲဒါကြောင့်မို့ အစမရှိဘူး၊ အခုအဲသလိုပဲ စဉ်းစားတယ်တဲ့၊ စဉ်းစားလို့ မဆုံးဖြတ်နိုင်တဲ့ အခါကျတော့ ဘယ်လိုမှ စိတ်ထဲမရတဲ့အခါကျတော့ ဘာလုပ်လိုက်သလဲ၊ ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ အကြောင်းအကျိုး ဆက်စပ်ဖြစ်တာ မဟုတ်ဘူး၊ ဖြစ်ချင်သလိုဖြစ်တာပါ။ အကြောင်းမဲ့ သက်သက် ဖြစ်ပါတယ်လို့ အဲသလိုလည်းပဲ တွေးတတ်တယ်တဲ့၊ ဖြစ်ဖို့ရန်အစမှာ အကြောင်းမရှိလို့ ဒီလိုအဟေတုက ဒီထဲလည်း ရောက်သွားတတ်တယ်။

သို့မဟုတ်ရင်လည်း ဖန်ဆင်းတာပေါ့၊ ဒါက လွယ်တဲ့နည်းပဲ၊ ဗြဟ္မာကြီး ဖန်ဆင်းတယ်၊ ဘုရားသခင် ဖန်ဆင်းတယ် ပြောလိုက်တာပဲ။ “ဖန်ဆင်းတတ်သူ တစ်ယောက်တော့ ဧကန်ရှိဦးမှာပဲဟူသော ဣဿရနိမ္မာနဝါဒကို သဘောကျသလို ရှိပြန်၏” တစ်ခုခုကိုရောက်သွားတတ်တယ်၊ စဉ်းစားလိုက်တဲ့ အခါကျတော့ လူတွေဟာ အကြောင်းမရှိပဲနဲ့ ဖြစ်လာတာပါလို့ တွေးချင်လည်းတွေးမယ်၊ သို့မဟုတ်ရင်လည်း ဘုရားသခင် ဖန်ဆင်းတယ်၊ ဗြဟ္မာဖန်ဆင်းတယ်၊ အဲသလို ဖန်ဆင်းတယ်ဆိုတာက ပိုပြီးတော့ လက်ခံဖို့ရှိတယ်။

ဒီနိုင်ငံ (အမေရိကန်)ကလူတွေ အဲဒါအလွန်မေးတတ်တယ်၊ ဦးဇင်းတို့က ဖန်ဆင်းသူ မရှိဘူးပြောရင် သူတို့မှာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်တော့တာပဲ။ ဒီလောက်ဖြစ်တည်နေတဲ့ လောကကြီးဟာ ပြုလုပ်သူရှိရမယ်၊ ဖန်ဆင်းသူရှိရမှာပေါ့။ ရာသီဥတုတွေမှန်မှန်သွားနေတယ်၊ နေတွေလတွေ မှန်မှန်ထွက် ဝင်နေတယ်။ ဒါတွေကို အပေါ်စီးက ကြည့်ရှုပြီး ထိန်းနေတဲ့သူ ရှိရမှာပေါ့၊ လုပ်ထားတဲ့သူ ရှိရမှာပေါ့လို့ အဲသလိုချည်းတွေးတော့တာပဲ။

[စာမျက်နှာ-59] ဒီကလည်း ဗုဒ္ဓဘာသာအနေနဲ့ “မဟုတ်ဘူးကွ၊ ဒါဟာ သဘာဝအရ သူ့ အကြောင်းနဲ့သူ အကျိုးဆက်စပ်ပြီးတော့ ဖြစ်နေတာ၊ ဘယ်သူကမှ လုပ်ရတာမဟုတ်ဘူး၊ Law of Kamma ပေါ့၊ It is law but there is no law-giver” အဲသလို ပြောလိုက်ရင် သူတို့ စိတ်ထဲမှာ တစ်မျိုးမျိုးဖြစ်သွားတယ်။

ဒါဟာ အရေးကြီးတယ်၊ အစဆိုတဲ့ ကိစ္စတွေးမိရင် အဟေတုကဒိဋ္ဌိထဲလဲ ရောက်သွားနိုင်တယ်၊ ဣဿရနိမ္မာနဝါဒဘက်လည်း ရောက်သွားနိုင်တယ်။ “ဗုဒ္ဓဘာသာကျမ်းစာများ၌ မိမိဉာဏ် မပိုင်၍ မကြံနိုင်သော လောကအကြောင်းအရာ ကမ္ဘာ၏ ဖြစ်ပုံကို မကြံလေနဲ့၊ ကြံဖန်များလျှင် အသိဉာဏ် အမှန်မရက ရူးသွပ်တတ်သည်ဟု မိန့်မှာတော်မူ၏” ဒါက ဘုရားဟောရှိတယ်။ ကိုယ်က ဉာဏ်မမှီပဲနဲ့ သိပ်ကြံနေရင် ရူးလိမ့်မယ်၊ ဒါဟာ အမှန်ပဲ။

“ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ် လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ်စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏အစ မရှိကြောင်းကို ကောင်းကောင်း ရှင်းပါလိမ့်မည်။ ဤပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးပဲ သံသရာမှ ထွက်မြောက် နိုင်သူကား အိပ်မက်ထဲမျှ မရှိခဲ့ကြဖူးပါချေ။ သို့အတွက် သံသရာမှ မြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ်ကြည့်ရှုဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်”

အမှန်ကတော့ ဒါကို စာသိ သိနေရုံနဲ့ မရသေးပါဘူး၊ တရားအားထုတ်ပြီးတော့ ဝိပဿနာတော့ ရောက်အောင်သွားရမှာပဲ၊ ဝိပဿနာမရောက်ခင် ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာ နားလည်ထားရင်လဲ ကောင်းပါတယ်။ ဒါပေမယ်လို့ ပဋိစ္စသမုပ္ပါဒ်နားလည်မှ တရားအားထုတ်ရမယ်လို့ ဒီလိုမှတ်သားလို့ မရဘူး၊ မြတ်စွာဘုရား လက်ထက်က ဘုရားဟောတဲ့ တရားနာယူပြီး ရဟန္တာဖြစ်သွားသူတွေအချို့ဟာ ပဋိစ္စသမုပ္ပါဒ်တွေ ဘာတွေ ဘယ်သိလိမ့်မလဲ၊ မိစ္ဆာဒိဋ္ဌိ ဘဝကလာပြီးတော့ အခုချက်ခြင်း တရားနာ တရားထိုင်ပြီး ဖြစ်သွားသူတွေလည်း ရှိတယ်၊ သို့သော် ဒါတွေနားလည်ထားရင် တရားအားထုတ်တဲ့အခါ ပိုပြီး အားထုတ်လို့ ကောင်းတယ်၊ ပိုပြီးတော့ အသိဉာဏ် ရှင်းတယ်၊ ဒါပါပဲ။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားအလောင်းတော် ကိုယ်တိုင် ဘုရားမဖြစ်ခင်ကိုက နှလုံးသွင်းခဲ့တယ်၊ ဆင်ခြင်စဉ်းစားသုံးသပ်ခဲ့တယ်၊ ဘုရား ဖြစ်ခါနီး အချိန်ကပ်ပြီးတော့လဲ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တယ်၊ ဘုရားဖြစ်ပြီးတဲ့နောက်

[စာမျက်နှာ-60] လည်းပဲ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တယ်၊ ပြီးတော့လည်းပဲ သက်တမ်းတစ်လျှောက်လို့ ပြောကြပါစို့၊ ၄၅-ဝါပတ်လုံး သက်တမ်းတစ်လျှောက်မှာလည်း အကြိမ်ကြိမ် ပဋိစ္စသမုပ္ပါဒ်တရားကို ဟောတော်မူခဲ့တယ်။

ကောင်းပြီ၊ တစ်ခုပြောစရာလိုသေးတယ်၊ အဲဒါကတော့ အကျဉ်းပဲပြောပြမယ်။ ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်၊ ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့ အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်မနေဘူးလား၊ ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ဝါဒ၊ အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊ အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ဝါဒ၊ ဒီ ၃-ခုကို လက်မခံဘူး၊ Multiplicity of cause and effect ပေါ့၊ အကြောင်းအများကြီးကြောင့် အကျိုးအများကြီးဖြစ်တယ်၊ ဒါကို လက်ခံတယ်၊ အဲဒါလေး မှတ်ထားရမယ်၊ အကြောင်း တစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာ လက်မခံဘူး၊ အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာဖြစ်တယ်၊ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။

ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တယ်၊ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ်စသည်ကိုပြောတာ။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ စဉ်းစားကြည့်လေ၊ သင်္ခါရဆိုတာကံ မဟုတ်လား၊ ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စေတသိက်၊ အဲဒီစေတသိက်ဟာ စိတ်မဖြစ်ရင် မဖြစ်နိုင်ဘူး၊ အဲဒီတော့ စိတ်ကလဲ condition အနေနဲ့ပါတာပဲ။

တစ်ခါ ဒီစိတ်ကလည်း အာရုံမရှိပဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ အာရုံရှိပြီ ဆိုပါတော့၊ မှီရာဝတ္ထုရုပ် မရှိပဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ အဲသလို အာရုံအကြောင်းတို့ မှီရာဝတ္ထုအကြောင်းတို့ သမ္ပယုတ်အကြောင်းတို့ ဒါတွေအားလုံးစုံမှ သင်္ခါရကဖြစ်တာ၊ အဝိဇ္ဇာဆိုတဲ့ condition တစ်ခုထဲကြောင့် သင်္ခါရဖြစ်တာမဟုတ်ဘူး။ ဒါပေမယ်လို့ သူ (အဝိဇ္ဇာ)က ပြဋ္ဌာန်းတဲ့အတွက်ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒီလိုဟောတော်မူတယ်။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာဟာ အဲဒီလို ထင်ရှားရာကို ယူပြီးတော့ ဟောထားတာဖြစ်သည်၊ အဝိဇ္ဇာတစ်ခုထဲကြောင့် သင်္ခါရတစ်ခုထဲ ဖြစ်တယ်၊ သင်္ခါရတစ်ခုထဲကြောင့် ဝိညာဏ်တစ်ခုထဲဖြစ်တယ်၊ ဝိညာဏ်ကြောင့်...

[စာမျက်နှာ-61] (သူ့ချည်းသက်သက်ပေါ့) နာမ်ရုပ်ဖြစ်တယ်လို့ ဒီလိုမမှတ်ရဘူး၊ တခြား အကြောင်းတွေလည်းပဲရှိသေးတယ်။ ဆိုင်ရာအာရုံတို့၊ ဝတ္ထုတို့၊ ယောနိသော မနသိကာရ တို့ ဘာတို့ပေါ့လေ၊ အဲဒီအကြောင်းတွေကြောင့် အကျိုးဖြစ်တယ်လို့ အဲဒါကိုလည်း မှတ်ရမယ်။

ဒါဟာ ပဋိစ္စသမုပ္ပါဒ်၊ ဒါဟာလည်း အကြမ်းဖျင်းပဲရှိသေးတယ်၊ ဒါတောင် ၂-ပတ် ပြောယူရတယ်၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း ထပ်ပြီး ဖတ်ကြလေ့လာကြဦးပေါ့လေ။

ပဋိစ္စသမုပ္ပါဒ်ကို တကယ် အကျယ်၊ ပဋ္ဌာန်းနည်းရော ဘာရော စုပေါင်းပြီး ရေးထားတာကတော့ ဝိသုဒ္ဓိမဂ်မှာရှိတယ်၊ ဝိသုဒ္ဓိမဂ်မှာ အခန်းတစ်ခန်း ဖွဲ့ပြီးတော့ ရေးထားတာရှိတယ်၊ အဲဒီအခန်းဟာ အမှန်အတိုင်း ပြောရရင် စာဖတ်သူတွေအတွက် အခက်ဆုံးအခန်းပဲ၊ ဘာကြောင့်လဲဆိုတော့ ဒီမှာ သင်္ဂြိုဟ်အဘိဓမ္မာစကားတွေက မပါလို့ မဖြစ်ဘူး၊ သိပ်ပါတယ်။

တခြားအခန်းတွေကမှ ဝတ္ထုကြောင်းတွေပါသေးတယ်၊ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကျိုးအကြောင်းတွေ ပါသေးတယ်။ ဒီကျတော့ စိတ်၊ စေတသိက်တွေ၊ ဝိညာဏ် နာမ်ရုပ်၊ ဖဿတွေပါတော့ အဘိဓမ္မာအခြေခံ မရှိတဲ့သူဆိုရင် အဲဒါတွေ ဖတ်ရတော့ နားမလည်နိုင်ဘူး၊ အဲဒီတော့ တကယ်အကျယ် ဖတ်ချင်တယ်ဆိုရင် ဝိသုဒ္ဓိမဂ်ကို ဖတ်ဖို့ပဲ။

မြန်မာလိုထဲကတော့ လယ်တီဆရာတော်ဘုရားကြီး ရေးထားတဲ့ “ပဋိစ္စသမုပ္ပါဒ် ဒီပနီ” ဆိုတာ ရှိသေးတယ်၊ အဲဒါလည်းပဲ ဘုန်းကြီးရေးတဲ့ မြန်မာစာမို့လို့ အခုခေတ် လူဝတ်ကြောင်တွေဖတ်ရင် သိပ်လွယ်ဦးမှာ မဟုတ်ဘူး၊ ဒါပေမယ်လို့ သူ့ခေတ်နဲ့သူတော့ လယ်တီဆရာတော်ရေးတဲ့ စာတွေဟာ အလွန်ကောင်းတယ်။ လူဝတ်ကြောင်တွေအတွက် ကျေးဇူးများတယ်လို့ ပြောခဲ့ကြတာပဲ၊ ဒါပေမယ်လို့ အခုခေတ် လူဝတ်ကြောင်တွေနဲ့ဆိုရင် ခက်ဦးမှာပဲ၊ ဒါပေမယ့် မြန်မာလိုရှိတယ် ဆိုပါတော့။

အဲဒီ (ပဋိစ္စသမုပ္ပါဒ်) ဒီပနီကို လယ်တီဆရာတော်ကြီးက လင်္ကာကြီးတွေနဲ့ ရေးသွားတာ၊ အဲဒီလင်္ကာကို မန္တလေးက ရန်ကုန်အသွားလား မသိဘူး၊ မီးရထား ပေါ်မှာ ရေးသွားတာတဲ့၊ ပဋိစ္စသမုပ္ပါဒ်နဲ့ဆိုင်တဲ့ တခြားစာအုပ်တွေလည်းရှိပါတယ်။ ပဋိစ္စသမုပ္ပါဒ်အရသာဆိုတဲ့ စာအုပ်မျိုးတွေ တွေ့ချင်လည်းတွေ့ပါလိမ့်မယ်၊ အဲဒါတွေ မတွေ့ရင်လည်း ကိုယ်သိသလောက်လေး ပြန်နှလုံးသွင်းပြီးတော့ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်အောင် လုပ်ထားဖို့ အရေးကြီးတယ်။

[စာမျက်နှာ-62] သုဒ္ဓါဝါသဘုံကျန်တယ်။

အဲဒီတော့ သုဒ္ဓါဝါသဘုံဟာ အနာဂါမ် ပုဂ္ဂိုလ်တွေသာဖြစ်တယ်၊ အဲဒီအနာဂါမ် ပုဂ္ဂိုလ်တွေဟာ သုဒ္ဓါဝါသဘုံမှာဖြစ်တယ်ဆိုရင် သူတို့ဟာ ဈာန်ရပြီးမှသာဖြစ်ရမယ်၊ ဒါကြောင့်မို့ အနာဂါမ်ပုဂ္ဂိုလ်ဟာ အနာဂါမ်ဖြစ်တုန်းက ဈာန်မပါပဲနဲ့ ဖြစ်သော်လည်းပဲ (ဖြစ်ချင်ဖြစ်ခဲ့မယ်) သုဒ္ဓဝိပဿကဆိုတာရှိတယ်၊ ဝိပဿနာသက်သက်ကိုသာ အားထုတ်တဲ့အတွက် ဈာန်မရဘူး။

အဲဒီလို ဈာန်မရသော်လည်းပဲ သူတို့ဟာ သမာဓိအားကောင်းတဲ့အတွက်ကြောင့် မို့ သေခါနီးမှာ ဖြစ်ပေမယ်လို့ တစ်ချိန်ချိန်မှာ ဧကန်ပဉ္စမ ဈာန်ထိအောင်ရမယ်။

ကျမ်းဂန်တွေမှာ ဘယ်လောက်ထိ ပြောထားသလဲဆိုတော့ အိပ်နေတုန်း သွားသတ်ဦး၊ မသေခင်မှာ ပဉ္စမဈာန် ရသွားပြီးတော့ သူဟာ သုဒ္ဓါဝါသဘုံမှာ သွားဖြစ်မယ်၊ အဲဒီလောက် သူတို့ရဲ့ သမာဓိကအားကောင်းတယ်။

ဘာကြောင့် သမာဓိအားကောင်းသလဲဆိုတော့ အနာဂါမ်က ကာမရာဂကို ပယ်တယ်၊ ကာမဂုဏ်နဲ့ ပတ်သက်တဲ့ လိုချင်မှု တွယ်တာမှုမရှိတော့ဘူး၊ ကာမဘုံနဲ့ ပတ်သက်တဲ့ လိုချင်မှု တွယ်တာမှု သူ့မှာမရှိတော့ဘူး၊ ရူပါဝစရဘုံရောက်ချင်တဲ့ တွယ်တာမှုလေး သူ့မှာရှိသေးတယ်၊ အရူပါဝစရဘုံရောက်ချင်တဲ့ တွယ်တာမှုလေး သူ့မှာရှိဦးမယ်ပေါ့လေ၊ ကာမဝစရနဲ့ ပတ်သက်တာ သူ့မှာ မရှိတော့ဘူး။

အဲဒီတော့ ကာမဂုဏ်ကို လိုချင်တွယ်တာတဲ့ လောဘဟာ သမာဓိရဲ့ ဆန့်ကျင် ဘက်၊ ဒါကြောင့်မို့ ကာမဂုဏ်ကိစ္စများနေရင် သမာဓိမရနိုင်တော့ဘူး၊ သမာဓိမပွား နိုင်ဘူး၊ ပထမဈာန်စတဲ့ ဈာန်ပွားများတဲ့အခါမှာ မြတ်စွာဘုရားဟောကြားတဲ့အခါမှာ ကာမဂုဏ်တို့မှ ကင်းရှင်း၍ အကုသိုလ်တရားတို့မှ ကင်းရှင်း၍ဆိုပြီး အဲသလို ဟောတာ။ ကာမဂုဏ်ကို မစွန့်ပဲနဲ့ ကာမဂုဏ်တို့မှ ကင်းပြီးမနေနိုင်ပဲနဲ့ ဈာန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ အနာဂါမ်ပုဂ္ဂိုလ်တွေက ကာမရာဂကို အပြီးသတ်ပယ်ပြီးသား ဖြစ်တာကြောင့်မို့ သမာဓိရဲ့ဘေးရန်ဟာ သူတို့မှာ မရှိတော့ဘူး၊ သမာဓိရဲ့ ဘေးရန် မရှိတော့တဲ့အတွက်ကြောင့်မို့ သူတို့ဟာ သမာဓိကောင်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။

သောတာပန် သကဒါဂါမ်တွေမှာ သမာဓိ ကောင်းတယ် မဆိုလိုဘူးနော်၊ သီလပြည့်စုံ တယ်သာဆိုတယ်၊ သမာဓိမှာ အပြည့် အဝ ရသွားပြီလို့ မဆိုလိုဘူး၊ အနာဂါမ်ကျမှ သမာဓိပြည့်ဝသွားတယ်။ ဘာကြောင့်လဲဆိုတော့ ခုနပြောသလို ကာမစ္ဆန္ဒကို သူတို့က အပြီးသတ်ပယ်ပြီး—

[စာမျက်နှာ-63]
ပဋ္ဌာန်းနည်းအဓိပ္ပါယ်များ

ပဋ္ဌာနဟူသော ပုဒ်ကိုစွဲ၍ ပဋ္ဌာန်းဟု ခေါ်ဆိုကြသည်၊ အထူးထူးအပြားပြား များစွာကုန်သော ပစ္စည်းတို့၏ ဖြစ်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏၊ တစ်နည်း၊ ကုသိုလ်စသော သင်္ခတတရားတို့ကို ဟေတုပစ္စည်း အစရှိသည်တို့၏အစွမ်းဖြင့် ဝေဖန်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။

ပစ္စည်း။ အကျိုးတရားများ ဖြစ်ပေါ်အောင် ဖြစ်ပြီးတရားကို တည်တံ့ခိုင်မြဲ အောင် ကျေးဇူးပြုတတ်သော စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်ဟုဆိုအပ်သော အကြောင်းတရားများ။

ပစ္စယုပ္ပန်။ အကြောင်းကြောင့်ဖြစ်ရသော စိတ် စေတသိက် ရုပ်ဟူသော အကျိုးသင်္ခတတရားများ။

ပစ္စနိုက်။ ပစ္စည်းတရားပင်ဖြစ်သော်လည်း ပစ္စယုပ္ပန်၌ မပါဝင်သော တရားမျိုး။

ဟေတုပစ္စည်း။ အမြစ်သဖွယ် ကျေးဇူးပြုသောတရား၊ ရေသောက်မြစ်သည် သစ်ပင်အား အစဉ်ကြီးပွား၍ စည်ကားအောင် ကျေးဇူးပြုဘိသကဲ့သို့ ဟိတ် ၆-ပါးတို့သည် အတူတကွဖြစ်သော စိတ် စေတသိက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား ကြီးပွားခိုင်မြဲစေရန် အကြောင်းမူလသတ္တိဖြင့် ကျေးဇူးပြုတတ်ကြ၏။
“ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”

သတ္တိ။ ထင်ရှားမဖြစ်ပေါ်သေးသော်လည်း ဖြစ်စွမ်းနိုင်၏၊ စွမ်းနိုင်၏ဟူသော သဘော။

ဗျတ္တိ။ သတ္တိအားလျော်စွာ ထင်ရှားဖြစ်ပေါ်လာ၊ ပြုလာသောသဘော။

ပစ္စယ။ ပစ္စယသဒ္ဒါသည် ဥပကာရကအနက်ရှိ၏၊ ဥပကာရကဆိုသည်ကား ကျေးဇူးပြုတတ်သည်၊ ထောက်ပံ့ချီးမြှောက်တတ်သည်ဟု ဆိုလိုသည်၊ ကျေးဇူးပြု ဆိုသည်မှာ မိမိထင်ရှားရှိနေခဲ့လျှင် မိမိနှင့်စပ်ဆိုင်သော တရားတို့သည် မဖြစ်ပေါ် သေးလျှင်လည်း ဖြစ်ပေါ်ကြကုန်၏၊ ဖြစ်ပေါ်ပြီးရှိလျှင်လည်း တည်တံ့နိုင်ကြကုန်၏။ တည်ပြီးသော တရားတို့သည်လည်း အဆင့်ဆင့်ကြီးပွားစည်ပင်ရန် အခြေအနေသို့ ရောက်ကြကုန်၏၊ ထိုသဘောမျိုးကို ကျေးဇူးပြုမှုဆိုသည်။

အာရမ္မဏပစ္စည်း။ အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ ကြိုးတန်း တောင်ဝှေးတို့သည် အားအင်ချိနဲ့သော သူတို့အား ဆွဲကိုင်ရာအဖြစ်ဖြင့် ကျေးဇူးပြုဘိ သကဲ့သို့ အာရုံ ၆-ပါးတို့သည် စိတ် စေတသိက်တို့အား ဆွဲကိုင်မှီတွယ်ရာအဖြစ်ဖြင့်—

[စာမျက်နှာ-64] ကျေးဇူးပြုတတ်ကြ၏။
“ဆွဲကိုင်မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ်ခေါ် အာရုံ”

အဓိပတိပစ္စည်း။ အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းသည် တစ်ပါးသောသူတို့၏ ကြီးမှူးသော သတ္တိကို မြစ်၍ တိုင်း နိုင်ငံသားတို့အား အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရားသည် အဓိပတိ ပစ္စည်းမည်၏၊ အဓိပတိပစ္စည်းသည် (၁) အာရမ္မဏာဓိပတိ (၂) သဟဇာတာ ဓိပတိဟု ၂-ပါးအပြားရှိ၏။
“စကြာဘုန်းလူ၊ အုပ်စိုးမူသို့၊ ပြိုင်တူမရှိ၊ အုပ်စိုးဘိ၊ အဓိပတိ ခေါ်သတည်း”

အနန္တရပစ္စည်း။ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ စကြာဝတေးမင်းကြီး၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား အဘိသိက်သွင်းခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မိမိချုပ်ဆုံးပြီးနောက် အခြားမဲ့၌ စိတ်စေတသိက် တရားတို့ ဖြစ်ပွားအောင် ရွက်ဆောင်သဖြင့် ကျေးဇူးပြုသောတရားသည် အနန္တရပစ္စည်းမည်၏။
“ခြားမဲ့နာမ်တွေ၊ ဖြစ်ပေါ်စေ၊ မှတ်လေအနန္တရ”

သမနန္တရပစ္စည်း။ ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းကြီး၏ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်စိတ်အား ကောင်းစွာအခြားမရှိသောအားဖြင့် ကျေးဇူးပြုသောတရားသည် သမနန္တရပစ္စည်းမည်၏။

အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် သံသဒ္ဒါမျှသာထူး၏၊ သဘော အနက်အားဖြင့်ကား အထူးမရှိ၊ သို့သော် ဝေနေယျသတ္တဝါတို့၏ အလိုအားလျော်စွာ ၂-မျိုးခွဲ၍ ဟောတော်မူ၏။

သဟာဇာတပစ္စည်း။ ဆီမီးသည် မိမိနှင့်အတူတကွဖြစ်သော အလင်းဓာတ် အား တကွဖြစ်၍ ကျေးဇူးပြုသကဲ့သို့ မိမိနှင့်တကွဖြစ်ကုန်သော ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် သဟဇာတပစ္စည်း မည်၏။
“အတူဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန်သဟဇ”

အညမညပစ္စည်း။ အချင်းချင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ သစ်သား ၃-ခုကို ထောင်၍ထားရာ မလဲမပြိုအောင် အချင်းချင်းကျေးဇူးပြုသကဲ့သို့ ရုပ်နာမ် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောကြောင့် အညမည ပစ္စည်းမည်၏။
“အချင်းချင်းပြန်လှန်၊ ပြုလေပြန်၊ မှတ်ရန်အညမညတည်း”

[စာမျက်နှာ-65] အတူတကွဖြစ်၍သာ ကျေးဇူးပြုလျှင် သဟာဇာတမည်၏၊ အတူတကွလည်း ဖြစ် အချင်းချင်းအပြန်အလှန်လည်းဖြစ်၍ ကျေးဇူးပြုလျှင် အညမညပစ္စည်းမည်၏။ ဤကား သဟဇာတနှင့် အညမညပစ္စည်း ၂-ပါးတို့၏ အထူးတည်း။

နိဿယပစ္စည်း။ မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ မြေကြီးသည် သစ်ပင်စသည်တို့၏ တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကားဘောင် ရှိအဝတ်ပုဆိုးသည် ပန်းချီဆေး၏မှီရာဖြစ်သကဲ့သို့လည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့၏ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် နိဿယပစ္စည်းမည်၏။

နိဿယပစ္စည်းသည် သဟဇာတနိဿယ၊ ပုရေဇာတနိဿယဟူ၍ ၂-ပါးအပြားရှိ၏၊ ထို ၂-ပါးတို့တွင် သဟဇာတနိဿယသည် သဟဇာတနှင့်တူ၏။ ပုရေဇာတနိဿယသည် ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယအားဖြင့် ၂-ပါးအပြားရှိ၏။
“မှီရာဖြစ်စေ ဖြစ်တုံပေ၊ မှတ်လေနိဿယ”

ဥပနိဿယပစ္စည်း။ အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ မိုးသည် သတ္တဝါဟူသမျှနှင့် ၎င်းကိုမှီကာ ကြီးပွားပေါက်ရောက်ကြသော သစ်ပင်တို့၏ အားကြီးသော မှီရာဖြစ်သလို သာမညမှီရာဖြစ်သော နိဿယထက် အားကြီးသော မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဥပနိဿယမည်၏။

ဥပနိဿယပစ္စည်းသည် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယအားဖြင့် ၃-ပါးရှိ၏။ ထိုတွင် အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့်တူ၏။ အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏။

အာရုံ အနန္တရတို့နှင့် မရေရာသည်တိုင်အောင် ပင်ကိုယ်ပကတိ သဘော သက်သက်ဖြင့်ပင် အားကြီးလှသော မှီရာအကြောင်းဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပကတူပနိဿယမည်၏။
“အားကြီးမှီရာ၊ ပြုတုံပါ၊ မှတ်ပါဥပနိဿယ”

ပုရေဇာတပစ္စည်း။ ရှေး၌ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ ကမ္ဘာဦးက ပေါ်ပေါက်ခဲ့သော နေလတို့သည် ယခုတိုင်ထင်ရှားရှိကာ ၎င်းတို့နောက်မှဖြစ်ပေါ် သော သတ္တဝါတို့အား အလင်းအအေးအပူရောင်ပေးကာ ကျေးဇူးပြုသလို ပစ္စယုပ္ပန် တရားမှ ရှေးဦးစွာဖြစ်နှင့်၍ တည်လင့်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပုရေဇာတပစ္စည်းမည်၏။ ပုရေဇာတပစ္စည်းသည် အာရမ္မဏပုရေဇာတ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတဟု ၃-ပါးရှိ၏။

[စာမျက်နှာ-66] “ရှေး၌ပုံသေ၊ ဖြစ်ခဲ့ပေ၊ မှတ်လေပုရေဇ”

ပစ္ဆာဇာတပစ္စည်း။ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ရှေးက ပေါက်နှင့်ကာ ကြီးပွားနေသောသစ်ပင်အား နောက်မှ သွန်းလောင်းအပ် ရွာအပ်သော မိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ သတ္တဝါတို့၏သန္တာန်မှာ နောက်နောက်၌ဖြစ်သော စိတ်တို့သည် ရှေးရှေး၌ဖြစ်၍ ဌီအနေအားဖြင့် ထင်ရှား ရှိသောရုပ်တို့အား တည်ခိုင်သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သော သဘောသည် ပစ္ဆာဇာတပစ္စည်းမည်၏။
“သတ္တိရှိနေ၊ ဌီရုပ်တွေအား၊ စိတ်စေနှစ်ဖြာ၊ နောက်နောက်လာ၊ တည်ငှာပစ္ဆာဇ”

အာသေဝနပစ္စည်း။ အဖန်တလဲလဲမှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သော နံ့သာအား အဆင်းအနံ့ကို လွန်စွာပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေး၌ သင်အံသော ကျမ်းဂန်သည် နောက်နောက်၌ သင်အံသော ကျမ်းဂန်အား သင်ကြားလေ့ကျက် ဆောင်ရွက်လွယ်ကူစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးဖြစ်သော ဇောတို့သည် အခြားမဲ့ဖြစ်သော နောက်နောက်ဇောတို့အား ကျေးဇူးပြုတတ်သောကြောင့် အာသေဝနပစ္စည်းမည်၏။
“ရှေ့ဇောအစု၊ ဇာတ်တူမှုကြောင့်၊ ကုအကုပါ၊ ကြိယာတစ်ဖန်၊ နန္တရံ၊ ပွားဟန်သေဝန”

ကမ္မပစ္စည်း။ မိမိကြောင့်ဖြစ်ကုန်သော ရုပ်နာမ်တရားတို့ကို ပြုပြင်စီရင်တတ်သော စေတနာသည် ကမ္မပစ္စည်းမည်၏၊ သစ်ပင်၏အမြစ်သည် သစ်ပင်နှင့် တကွဖြစ်၍ ထိုသစ်ပင်အား မြဲမြံခိုင်ခန့်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူ စေတနာသည် သဟဇာတ်ဖြစ်သော နာမ်ရုပ်တို့အား ကျေးဇူးပြု၏။ (ဤကား သဟဇာတကမ္မအဖို့)။ ကောင်းစွာလှမ်း၍ ကောင်းစွာစီရင်အပ်သော မျိုးစေ့သည် အညွန့်ကိုဖြစ်စေခြင်းငှာ အမူအရာလုံ့လ၏အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့၊ ထို့အတူ အတိတ်ဖြစ်သော ကုသိုလ်အကုသိုလ်စေတနာသည် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား အမူအရာလုံ့လ၏အဖြစ်ဖြင့် ကျေးဇူးပြု၏။ (ဤကား နာနာက္ခဏိကကမ္မအဖို့)

ဝိပါကပစ္စည်း။ အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မှည့်ရင့်မှုသို့—

[စာမျက်နှာ-67] ရောက်သော သစ်သီးသစ်ပွင့်တို့သည် အရှိန်အစွမ်းကုန်ခမ်းကာ ဗျာပါရလုံးဝ မရှိတော့ပဲ သိမ်မွေ့နှံ့နှေးသော သဘောသို့ ရောက်ကြသလို နာနာက္ခဏိကကမ္မ ပစ္စည်းမှ ရင့်ကျက်မှုသဘောဖြစ်ကုန်သော ဝိပါက်တို့သည် မိမိကိုယ်တိုင်က ကံကျိုးဖြစ်ခြင်းကြောင့် ဗျာပါရလုံးဝမရှိ ငြိမ်းအေးကာ တကွဖြစ်ဘက် တရားတို့ကိုလည်း အဟုန်အရှိန် ဗျာပါရကင်းလျက် ငြိမ်းအေးဖို့ရာ ကျေးဇူးပြုသောတရားသည် ဝိပါကပစ္စည်းမည်၏။

အာဟာရပစ္စည်း။ ထောက်ပံ့ခိုင်စေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ပစ္စယုပ္ပန်ဖြစ်ကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ခိုင်စေတတ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အာဟာရလေးပါးသည် အာဟာရပစ္စည်းမည်၏။
“ထောက်ပံ့ခိုင်တွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ် အာဟာရ”
အာဟာရပစ္စည်းသည် ရုပ်အာဟာရ၊ နာမ်အာဟာရအားဖြင့် ၂-ပါးအပြား ရှိ၏။

ဣန္ဒြိယပစ္စည်း။ အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တစ်ပြည်တည်း၌ အထူးထူးသော တာဝန်ကို ဆောင်ရွက်ကြသောမင်းတို့သည်။ တစ်ပါးသောမင်းတို့၏ ကြီးကဲသော သတ္တိကို မမြစ်မူ၍ အသီးအသီး မိမိတို့၏ အရာ၌သာ အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ နာမ်ဣန္ဒြေတရား ကိုယ်ရှစ်ပါး အစရှိသည်တို့သည်လည်း တစ်ပါးသည် တစ်ပါး၏သတ္တိကို မမြစ်မူ၍ မိမိတို့၏ အရာ၌သာ အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသောတရား။
ဣန္ဒြိယပစ္စည်းသည် သဟဇာတိန္ဒြိယ၊ ပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယအားဖြင့် ၃-ပါးရှိ၏။

ဈာနပစ္စည်း။ ကပ်၍ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ကသိုဏ်းစသော အာရုံသို့ ကပ်၍ကြံခြင်း၊ လက္ခဏာရေးသုံးပါးသို့ ကပ်၍ ကြံခြင်း အစွမ်းအားဖြင့် ကပ်၍ အာရုံကို ကြံတတ်ကုန်သောအားဖြင့် ဝိတက်အစရှိသည်တို့သည် ဈာနပစ္စည်းမည်၏။

မဂ္ဂပစ္စည်း။ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံ၊ နိဗ္ဗာန်ဘုံသို့ ဆိုက်ရောက်စေနိုင်သော လမ်းခရီးသဘောသတ္တိအားဖြင့် ကျေးဇူးပြုတတ်ကုန်သော သမ္မာဒိဋ္ဌိစသော တရားတို့သည် မဂ္ဂပစ္စည်းမည်၏။

သမ္ပယုတ္တပစ္စည်း။ နို့ရေထောပတ် ပျားသကာဟူသော စတုမဓုအရသာသည် အချင်းချင်းနှီးနှောသည်ဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမ်ခန္ဓာလေးပါးသည်လည်း—

[စာမျက်နှာ-68] အချင်းချင်းမသွေမကွာယှဉ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောသဘောတရား။

ဝိပ္ပယုတ္တပစ္စည်း။ အချိုအချဉ်အစပ် အငံ အဖန် အခါးဟူသော အရသာ ၆-ပါးသည် အချင်းချင်းမနှီးနှော မယှဉ်သောအားဖြင့် ကျေးဇူးပြုသကဲ့သို့ နာမ်နှင့် ရုပ်တို့၏ အချင်းချင်းမယှဉ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသောတရား။
ဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်အားဖြင့် ၃-ပါး အပြားရှိ၏။

အတ္ထိပစ္စည်း။ ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မြေကြီး ဟိမဝန္တာတောင်တို့သည် မိမိထင်ရှားရှိခိုက် မိမိအပေါ် ပေါက်ရောက်ကြသော ထိုထိုသစ်ပင် ဆေးပင်စသည်တို့အား ဩဇာထက်မြက်အောင် စိမ်းရွှင်အောင် ထောက်ပံ့သလို မိမိထင်ရှားရှိခိုက် ထင်ရှားရှိနေသော တရားတို့အား ထောက်ပံ့မှုဖြင့် ကျေးဇူးပြုသောတရား။
အတ္ထိပစ္စည်းသည် (၁) သဟဇာတတ္ထိ (၂) ပုရေဇာတတ္ထိ (၃) ပစ္ဆာဇာတတ္ထိ (၄) အာဟာရတ္ထိ (၅) ဣန္ဒြိယတ္ထိအားဖြင့် ၅-ပါးအပြားရှိ၏။

နတ္ထိပစ္စည်း။ မီးရောင်၏ ချုပ်ငြိမ်းမှုသည် အမှောင်ဖြစ်ရန် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ညဉ့်ကုန်မှုသည် နေထွက်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း မိမိတို့ချုပ်မှုဖြင့် နောက်စိတ်များ ဥပါဒ်ဖြစ်ပေါ်ရန် ထင်ရှားမရှိပဲ ကျေးဇူးပြုသော တရား။

ဝိဂတပစ္စည်း။ နေဝင်ခြင်းသည် လထွက်ရန် ကျေးဇူးပြုသကဲ့လည်းကောင်း၊ နေဝင်ခြင်းသည် အမှောင်ဖြစ်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိမိတို့ ကင်းချုပ် မှုဖြင့် နောက်နောက်တရားဖြစ်ပေါ်ရန် ကင်း၍ ကျေးဇူးပြုသောတရား။

အဝိဂတပစ္စည်း။ မဟာသမုဒ္ဒရာသည် မိမိကိုမှီ၍နေကုန်သော ငါးလိပ်မကန်း စသည်တို့အား ပီတိသောမနဿကို ပွားစေခြင်းငှာ မကင်းသောအဖြစ်ဖြင့် ကျေးဇူးပြု သကဲ့သို့ မိမိမကင်းမချုပ်သေးပဲ ပစ္စုပ္ပန်ရှိဆဲအနေအားဖြင့် ကျေးဇူးပြုသောတရား။

နတ္ထိနှင့် ဝိဂတအထူး။ ဥပါဒ်ဌီဘင်ချုပ်ပြီး၍ ကင်းဆိတ်မှုသဘောသည် နတ္ထိသဘော။ ချုပ်ခါမျှဖြစ်သော သဘောသည် ဝိဂတသဘော။

အတ္ထိနှင့် အဝိဂတအထူး။ ပရမတ္ထသဘာဝ ခဏိကပစ္စုပ္ပန် မဖောက်မပြန် မိမိသဘော ထင်ရှားရှိနေသည်အဖြစ်ဖြင့် ကျေးဇူးပြုမှုသည် အတ္ထိသဘော။ ပရမတ္ထ သဘောမကင်း၊ ချုပ်ခြင်းသို့ မရောက်သေးသော သဘောဖြင့် ကျေးဇူးပြုမှုသည် အဝိဂတသဘော။

[စာမျက်နှာ-69] အာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယအထူး အလေးမြတ်ပြုအပ်သည်၏ အဖြစ်မျှဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏာဓိပတိ ပစ္စည်းမည်၏။ အလေးအမြတ်ပြုအပ်သည်၏အဖြစ်တွင် လွန်ကဲအားကြီးသော အကြောင်း၏အဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏူပနိဿယပစ္စည်းမည်၏။

အနန္တရနှင့် အနန္တရူပနိဿယအထူး မိမိတို့၏အခြားမဲ့၌ လျောက်ပတ်သော စိတ္တုပ္ပါဒ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော သတ္တိရှိသောတရားသည် အနန္တရပစ္စည်းမည်၏။ အားကြီးသော အကြောင်း၏ အစွမ်းဖြင့် ကျေးဇူးပြုခြင်းငှာ စွမ်းနိုင်သောသတ္တိသည် အနန္တရူပနိဿယ ပစ္စည်းမည်၏။

နိဿယနှင့် ဥပနိဿယအထူး သာမညဖြစ်သော မှီရာအကြောင်းသည် နိဿယပစ္စည်း။ ဝိသေသဖြစ်သော အားကြီးသော မှီရာဖြစ်သောအကြောင်းတရားသည် ဥပနိဿယပစ္စည်းမည်၏။ ဥပမာ-သလေးထမင်းဖြစ်ရန် အကြောင်းများတို့တွင် ထမင်းချက်သမား ထမင်းအိုး ထင်းမီးစသော အကြောင်းတို့သည် နိဿယပစ္စည်းမျှသာဖြစ်ကုန်၏။ သလေးမျိုးစေ့ သလေးစပါး လယ်ခင်း မိုးရေတို့သည်သာလျှင် ထမင်း၏ ဥပနိဿယပစ္စည်း ဖြစ်နိုင်ကြကုန်၏၊ သလေးမျိုးစေ့ စသည်တို့ကြောင့်သာ ထမင်းချက်သမားနှင့် ထမင်းအိုးစသည်တို့သည် သလေးထမင်းဖြစ်အောင် အစွမ်းထုတ်နိုင်ကြကုန်၏။

ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ ပဋိသန္ဓေစိတ်၏ ဥပ္ပါဒက္ခဏ၌ဖြစ်သော ကမ္မဇရုပ်သည် ဧကဇကာယမည်၏။ ပဋိသန္ဓေစိတ်၏ ဌီကာလ၌ဖြစ်သော ကမ္မဇ၊ ဥတုဇရုပ်သည် ဒွိဇကာယမည်၏။ ပဋိသန္ဓေနောင် ပဌမဘဝင်စိတ်၏ ဥပ္ပါဒက္ခဏ၌ဖြစ်သော ကမ္မဇ၊ ဥတုဇ၊ စိတ္တဇရုပ်သည် တိဇကာယမည်၏။ အာဟာရဇရုပ် ဖြစ်ပေါ်သောအခါ ကမ္မဇ၊ ဥတုဇ၊ စိတ္တဇ၊ အာဟာရဇရုပ်သည် စတုဇမည်၏။

[စာမျက်နှာ-70]
ပဋ္ဌာန်းပစ္စယနိဒ္ဒေသအတွက် ပစ္စည်းပစ္စယုပ္ပန်များ

| အမည် | ပစ္စည်းတရား | ပစ္စယုပ္ပန်တရား |

| ဟေတု | ဟိတ် ၆-ပါး | သဟိတ်စိတ် ၇၁၊ မောဟမူဒွေး၌ မောဟကြဉ်သော စေတသိက် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။ |
| အာရမ္မဏ | ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညတ်။ | စိတ် ၈၉၊ စေတသိက် ၅၂။ |
| အာရမ္မဏာဓိပတိ | အလေးအမြတ် ပြုအပ်သော နိပ္ဖန္နရုပ် ၁၈၊ လောကုတ္တရာစိတ် ၈၊ စေတသိက် ၄၅ (ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ အပ္ပမညာကြဉ်)၊ နိဗ္ဗာန်။ | အလေးအမြတ် ပြုတတ်သော လောဘမူစိတ် ၈၊ မဟာကုသိုလ်စိတ် ၈၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄၊ လောကုတ္တရာစိတ် ၈၊ စေတသိက် ၄၅။ |
| သဟဇာတာဓိပတိ | သာဓိပတိဇော ၅၂ ခု၌ရှိသော ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ (တစ်ပါးစီ)။ | သာဓိပတိဇော ၅၂၊ စေတသိက် ၅၁ (တရားကိုယ်ကြဉ်)၊ သာဓိပတိစိတ္တဇရုပ်။ |
| အနန္တရ / သမနန္တရ / အနန္တရူပနိဿယ / နတ္ထိ / ဝိဂတ | ရဟန္တာတို့ စုတိကြဉ်သော ရှေးရှေးသော စိတ် ၈၉၊ စေတသိက် ၅၂။ | ရဟန္တာတို့ စုတိနှင့်တကွသော နောက်နောက်သော စိတ် ၈၉၊ စေတသိက် ၅၂။ |
| သဟဇာတ / သဟဇာတနိဿယ / သဟဇာတတ္ထိ / သဟဇာတအဝိဂတ | (၁) နာမက္ခန္ဓာ (၂) မဟာဘုတ် ၄ (၃) ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။ | (၁) နာမက္ခန္ဓာ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် (၂) ဥပါဒါရုပ်၊ မဟာဘုတ် ၄ (၃) ဟဒယဝတ္ထုနှင့် နာမက္ခန္ဓာ။ |

[စာမျက်နှာ-71] | အမည် | ပစ္စည်းတရား | ပစ္စယုပ္ပန်တရား |

| သဟဇာတနိဿယ | အချင်းချင်းအား ကျေးဇူးပြုအပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ အချင်းချင်းအား ကျေးဇူးပြုအပ်သော မဟာဘုတ် ၄-ပါး။ အချင်းချင်းအား ကျေးဇူးပြုအပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။ | အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ အချင်းချင်းမှ ထောက်အပ်သော မဟာဘုတ်လေးပါး။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။ |
| ဝတ္ထုပုရေဇာတနိဿယ | သဟဇာတနိဿယသည် သဟဇာတနှင့်တူ၏။ ပဝတ္တိအခါ ပဉ္စဝတ္ထု။ ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။ နိရောဓသမာပတ်မှ ထသောအခါ ရှေ့စိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ဖြစ်သော ဟဒယဝတ္ထု။ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေသော် ၁၇ ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။ | ပဝတ္တိအခါ ဆဝတ္ထုရုပ်။ တစ်နည်းကား မဇ္ဈိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ၄ ခုကြဉ်သော သတ္တဝိညာဏဓာတ် ၈၅ ခု၊ စေတသိက် ၅၂။ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေသော် ၇ ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။ မရဏာသန္နအခါ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉၊ တဒါရုံ ၁၁၊ အဘိညာဉ် ၂။ ဣဿာ မစ္ဆရိယ ကုက္ကစ္စ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် ၄၄။ |
| ဝတ္ထာရမ္မဏပုရေဇာတနိဿယ | အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့်တူ၏။ အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏။ ဗလဝဖြစ်သော ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ အချို့သော ပညတ်။ ဝတ္ထုပုရေဇာတသည် ဝတ္ထုပုရေဇာတနိဿယနှင့်တူ၏။ | ပစ္စုပ္ပန်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂။ ပစ္စည်းလိုက်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် ၁၈။ ပဉ္စဝေါကာရဘုံ၌ အာရမ္မဏပုရေဇာတ ပစ္စည်းကို ရအပ်သော ကာမစိတ် ၅၄၊ အဘိညာဉ် ၂၊ အပ္ပမညာကြဉ်သော စေတသိက် ၅၀။ |
| ပကတူပနိဿယ | | |

[စာမျက်နှာ-72] | အမည် | ပစ္စည်း | ပစ္စယုပ္ပန် |

| ပစ္ဆာဇာတ | ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ခုကြဉ်သော ပထမဘဝင်အစရှိသော နောက်နောက်သော စိတ် ၈၅ ခု၊ စေတသိက် ၅၂။ | ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ဌီသို့ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ။ |
| အာသေဝန | ဇာတ်တူ အဆုံးဇောကြဉ်သော ရှေးရှေးသော လောကီဇော ၄၇ ခု၊ စေတသိက် ၅၂။ | ပထမဇော ဖိုလ်ဇောကြဉ်သော နောက်နောက်သော ဇော ၅၁ ခု၊ စေတသိက် ၅၂။ |
| နာနာက္ခဏိကကမ္မ | အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ ၃၃ ခု။ | ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဋိသန္ဓေကမ္မဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်။ |
| ဝိပါက | စိတ် ၈၉ ၌ရှိသော စေတနာ။ အချင်းချင်းအားလည်းကောင်း၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း ကျေးဇူးပြုတတ်သော ဝိပါက် ၃၆၊ စေတသိက် ၃၈။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာလေးပါး။ | စိတ် ၈၉၊ စေတနာကြဉ်သော စေတသိက် ၅၁၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။ အချင်းချင်းမှ ထောက်အပ်သော ဝိပါက်နာမက္ခန္ဓာ ၃၆၊ စေတသိက် ၃၈။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာလေးပါး။ ဝိပါက်နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။ |
| အာဟာရ | ဟဒယဝတ္ထုအား ကျေးဇူးပြုတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယဝတ္ထု၊ စတုသမုဋ္ဌာနိက ဩဇာ။ ဖဿ၊ စေတနာ၊ ဝိညာဏ်ဟု ဆိုအပ်သော နာမ်အာဟာရ တရားကိုယ် ၃-ပါး။ | ကလာပ်တူ ဩဇာကြဉ်သော ကလာပ်တူ၊ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်။ နာမ်အာဟာရသည် စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။ |
| ဣန္ဒြိယ | ဝတ္ထုပုရေဇာတဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော စက္ခုဝတ္ထု (ပ) ကာယဝတ္ထု။ ရုပ်ဇီဝိတိန္ဒြေ။ ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဟု ဆိုအပ်သော နာမ်ဣန္ဒြေ တရားကိုယ် ၈ ပါး။ | ဒွေးပဉ္စဝိညာဏ် ၁၀၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ခု။ ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူ ကမ္မဇရုပ် ၉ ခု။ စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။ |
| ဈာန | ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ ဟုဆိုအပ်သော ဈာန်တရားကိုယ် ၅ ပါး။ | ဒွေးပဉ္စဝိညာဏ် ၁၀ ကြဉ်သော စိတ် ၇၉ ခု၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။ |
| မဂ္ဂ | ပညာ၊ ဝိတက်၊ ဝိရတီ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ၉ ပါး။ | သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။ |

[စာမျက်နှာ-73] | အမည် | ပစ္စည်း | ပစ္စယုပ္ပန် |

| သမ္ပယုတ္တ | အချင်းချင်းအား ကျေးဇူးပြုတတ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ | အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ |
| ဝိပ္ပယုတ္တ | ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ခု၊ ဒွေးပဉ္စဝိညာဏ် ၁၀၊ ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော စိတ် ၇၅ ခု၊ စေတသိက် ၅၂။ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး။ အချင်းချင်းအား ကျေးဇူးပြုတတ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။ | စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။ |
| ပုရေဝိပ္ပ | ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတနိဿယ နှစ်ပါးနှင့်တူ၏။ | |
| ပစ္ဆာဝိပ္ပ | ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတနှင့်တူ၏။ | |

အတ္ထိပစ္စည်း သည် သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိ အားဖြင့် ၅-ပါး အပြားရှိ၏။ ထို ၅-ပါးတို့တွင် သဟဇာတတို့သည် သဟဇာတ ၃-ပါးနှင့်တူ၏။ ပုရေဇာတတို့သည် ပုရေဇာတ ၂-ပါးနှင့် တူ၏။ ပစ္ဆာဇာတတို့သည် ပစ္ဆာဇာတနှင့်တူ၏။ အာဟာရတို့သည် ရုပ်အာဟာရနှင့်တူ၏။ ဣန္ဒြိယတို့သည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။

နတ္ထိ နှင့် ဝိဂတ ပစ္စည်းတို့သည် အနန္တရနှင့်တူ၏။ အဝိဂတ သည် အတ္ထိနှင့်တူ၏။

[စာမျက်နှာ-74]
အဘိဓမ္မာသင်တန်း ၄၉

[ပစ္စည်းပိုင်း] ပဋ္ဌာန်းနည်း (၁)

ဒီနေ့ အောက်တိုဘာလ ၇ ရက်။

လွန်ခဲ့တဲ့အပတ်က ပဋိစ္စသမုပ္ပါဒ်ကို လေ့လာပြီးသွားပြီ၊ ဒီနေ့ ပဋ္ဌာန်းနည်းကို သွားရမယ်၊ ပဋ္ဌာန်းဆိုတာ ပစ္စည်းပိုင်းအစမှာ ပြောခဲ့သလိုပဲ ဒီတရားက ဒီတရားကို ကျေးဇူးပြုတယ်ဆိုတာကိုလည်း ပြောပြတယ်၊ ဘယ်နည်းနဲ့ ကျေးဇူးပြုတယ်ဆိုတာကိုလည်း ပြောပြတယ်။

စာစကားနဲ့ ပြောရရင်တော့ ပစ္စယသတ္တိကိုပါထည့်ပြီး ပြောပြတယ်၊ အဲဒီ နည်းကို ပဋ္ဌာန်းနည်းလို့ သုံးတယ်။

ပဋ္ဌာန်းဟာ အဘိဓမ္မာ ၇-ကျမ်းမှာ နောက်ဆုံး သတ္တမမြောက်ကျမ်းဖြစ်တယ်၊ ပဋ္ဌာန်းကျမ်းဟာ အကျယ်ဆုံးပဲ၊ အဘိဓမ္မာ ၇-ကျမ်းရှိတဲ့အနက်မှာ ပဋ္ဌာန်းကျမ်းဟာ ဆဋ္ဌသင်္ဂါယနာမူနဲ့ အဘိဓမ္မာ ၇-ကျမ်း၊ စာအုပ်ပေါင်း ၁၂-အုပ် ရှိတယ်။ ပါးပါးလည်းပါတယ်၊ ထူထူလည်းပါတယ်။

အဲဒီ ၁၂-အုပ် အနက်မှာ ပဋ္ဌာန်းကျမ်းက ၅-အုပ်ရှိတယ်၊ အဲဒီ ၅-အုပ်က စာမျက်နှာ ၃၀၀-ကျော် ၄၀၀-ရှိတဲ့ အဲဒါမျိုး ၅-အုပ်၊ အဲသလောက် သူက ကျယ်ဝန်းတယ်၊ ဒါတောင်မှ ပါဠိလို ပေယျာလလို့ခေါ်တဲ့ မြှုပ်ထားတာတွေ အများကြီးပါသေးတယ်။

[စာမျက်နှာ-75] ဒီတော့ ပဋ္ဌာန်းကျမ်းဟာ အဘိဓမ္မာ ၇-ကျမ်းမှာ အကျယ်ဝန်းဆုံးလည်း ဖြစ်တယ်၊ အနက်နဲဆုံးလည်းဖြစ်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီးတဲ့နောက် ဗောဓိပင်အောက်မှာ စတုတ္ထသတ္တဟ ရတနာဃရသတ္တဟမှာ နေပြီးတော့ သုံးသပ်ဆင်ခြင်တဲ့အခါမှာ ဓမ္မသင်္ဂဏီ၊ ဝိဘင်း စတဲ့ ကျမ်းတွေသုံးသပ် ဆင်ခြင်တုန်းက ရောင်ခြည်တော် မထွက်သေးဘူး။ ပဋ္ဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တဲ့ အခါကျမှ ရောင်ခြည်တော်တွေ ထွက်လာတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ဓမ္မသင်္ဂဏီစတဲ့ကျမ်းတွေက ပဋ္ဌာန်းကျမ်းလောက် မနက်နဲတော့ မြတ်စွာဘုရားရဲ့ ဉာဏ်တော် (သဗ္ဗညုတဉာဏ်တော်) က အားရပါးရ မကွန့်မြူးနိုင်ဘူး၊ အားရပါးရ မကျက်စားနိုင်ဘူး၊ အခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ဝေလငါးကြီး တစ်ကောင် ဖမ်းပြီးတော့ ရေကန်လေးထဲ ထည့်ထားသလိုမျိုးပေါ့၊ မလူးမလွန့်သာဘူး၊ သိပ်မရွှင်သာဘူးပေါ့။

ပဋ္ဌာန်းကျမ်းရောက်တဲ့ အခါကျတော့ ပဋ္ဌာန်းကျမ်းကလည်း ကျယ်ကျယ်ဝန်းတယ်၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကလည်း ကြီးကျယ်တယ်၊ ပဋ္ဌာန်းကျမ်း ကျယ်ဝန်းသလောက် ဉာဏ်တော်က သွားတယ်၊ ဉာဏ်တော်သွားနိုင်သလောက် ပဋ္ဌာန်းကျမ်းကလည်း ကျယ်ဝန်းတယ်၊ အဲဒီလိုဖြစ်တော့ ဝေလငါးကို သမုဒ္ဒရာထဲ ချလိုက်သလို ဉာဏ်တော်ကလည်း အလွန်ရွှင်တယ်ပေါ့။

အဲသလို ဉာဏ်တော်ရွှင်တဲ့အတွက်ကြောင့် စိတ်လည်းရွှင်လာတယ်၊ စိတ်ရွှင်တဲ့ အတွက်ကြောင့် စိတ်ရဲ့ မှီရာ ဟဒယဝတ္ထုရုပ်ကလည်း ရွှင်လာတယ်၊ ဟဒယရုပ် ရွှင်လာတဲ့အတွက်ကြောင့် မြတ်စွာဘုရားရဲ့သန္တာန်ကနေပြီး နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ အစရှိတဲ့ ရောင်ခြည်တော်တွေ ထွက်တယ်။

ပထမဆုံးရောင်ခြည်တော်တွေ ထွက်လာတာက အဘိဓမ္မာကို (အထူးသဖြင့်) ပဋ္ဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တဲ့အခါမှာ ထွက်တာ၊ ဒါကြောင့်မို့ ရောင်ခြည်တော် ဘုရားရှိခိုးမှာ အဲဒါတွေပါတယ်။

“ပဋ္ဌာန်းဒေသနာတော်ကို သုံးသပ်ဆင်ခြင်တော်မူသည့် နေ့ကစ၍ ယခုနေ့ ယခုညတိုင်အောင် အရောင်တကြွကြွ အိမ်လုံးတောင်လုံးခန့် ပမာဏဖြင့် မြန်းကြွ ယှက်ကူး၍ ကွန့်မြူးတော်မူကြလေကုန်ပြီ” လို့ ဘုရားရှိခိုးတွေမှာပါတယ်။

အဲဒီရောင်ခြည်တော်တွေဟာ စကြာဝဠာတံတိုင်းထိအောင် ပျံ့နှံ့သွားတယ်လို့ အဆိုရှိတယ်၊ အဲဒီရောင်ခြည်တော်တွေမှာ မြတ်စွာဘုရားရဲ့ ညိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ညိုတဲ့ရောင်ခြည်တော်တွေ ထွက်တယ်၊ အထူးသဖြင့် ဆံပင်တို့ မျက်ဝန်းတို့ပေါ့လေ။

[စာမျက်နှာ-76] ပြီးတော့ မြတ်စွာဘုရားရဲ့ ကိုယ်က ဝါရွှေရောင်ရှိတဲ့ ရောင်ခြည်တော်တွေ ထွက်တယ်၊ သွေးက နီတဲ့ ရောင်ခြည်တော်တွေ ထွက်တယ်၊ သွား၊ အရိုး၊ မျက်ဖြူတို့က ဖြူတဲ့ရောင်ခြည်တော်တွေထွက်တယ်၊ ဒါဟာ ပဋ္ဌာန်းကျမ်းက နက်နဲသောကြောင့်ထွက်တာ။

အဲဒီပဋ္ဌာန်းကျမ်းကို လေ့လာတဲ့အခါမှာ ရှေးဦးစွာ ၂၄-ပစ္စည်းဆိုတာကို သိကြလိမ့်မယ်၊ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယောဆိုတာလေ၊ ဒါကို မရလို့မဖြစ်ဘူး၊ ရကို ရရမယ်။

အဲဒီ ၂၄-ပစ္စည်းကို သိရုံနဲ့ (ပဋ္ဌာန်းကျမ်းမှာ) မပြီးသေးဘူး၊ ပစ္စယုပ္ပန်ဆိုတာလည်း သိရလိမ့်မယ်၊ ပစ္စယုပ္ပန်ဆိုတာ အကျိုးကိုပြောတာ၊ ပစ္စည်းဆိုတာက အကြောင်းကို ပြောတာ၊ ကျေးဇူးပြုတတ်တဲ့သဘောတရားကို ပစ္စည်းလို့ခေါ်ပြီးတော့ ကျေးဇူးအပြုခံရတဲ့ သဘောတရားကို ပစ္စယုပ္ပန်လို့ခေါ်တယ်။

အဲသလို အကြောင်းတရားကို ပစ္စည်းလို့ခေါ်ရာမှာ ထုတ်လုပ်တဲ့အနေနဲ့ အကြောင်းဖြစ်တဲ့ အကြောင်းတရားလည်း ပါလိမ့်မယ်၊ ထုတ်လုပ်တဲ့ အနေနဲ့ မဟုတ်ပဲ အတူတကွဖြစ်ပြီးတော့ အချင်းချင်း support လုပ်သွားတာ၊ ထောက်ပံ့သွားတာ မျိုးကိုလည်းပဲ ဒီနေရာမှာတော့ ပစ္စည်းလို့ပဲ ခေါ်လိမ့်မယ်၊ ဒီနှစ်ခုကို နားလည်ရင် ပဋ္ဌာန်းကျမ်းသွားလို့ရပြီ။

ပစ္စနိက်ဆိုတာရှိသေးတယ်၊ ဒါကတော့ ပစ္စည်း၊ ပစ္စယုပ္ပန်ထဲမပါတဲ့ တရားမှန်သမျှကို ပစ္စနိက်လို့သုံးတယ်၊ အဲဒါတော့ အသာထားကြစို့၊ ပစ္စည်းနဲ့ ပစ္စယုပ္ပန် ၂-ခုကိုပဲ နားလည်အောင် လုပ်ရမယ်။

ပစ္စည်း ၂၄-ပစ္စည်းရှိပေမယ်လို့ အမှန်အတိုင်းကတော့ ထပ်တူတူတဲ့ ပစ္စည်းတွေရှိသေးတယ်၊ ၂၄-ပစ္စည်းထဲလျှောက်သွားရင် ဒါတွေ တွေ့လိမ့်မယ်။ ထပ်တူတူတဲ့ပစ္စည်းတွေပါတဲ့အတွက်ကြောင့် တကယ့်တကယ်ဆိုရင် ၂၄-မရှိတော့ဘူးပေါ့။

ပထမဆုံးပစ္စည်းက ဟေတုပစ္စည်း တဲ့၊ ရေသောက်မြစ်က သစ်ပင်ကို ကျေးဇူးပြုသလိုပေါ့၊ အတူတကွဖြစ်တဲ့ သမ္ပယုတ်တရားတွေ၊ သို့မဟုတ် သဟဇာတ်တရားလို့ သုံးတယ်၊ သဟဇာတတရားဆိုတာ အတူတကွဖြစ်တဲ့ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်ကို ခေါ်တာ။

[စာမျက်နှာ-77] အဲဒီ သဟဇာတ်ဖြစ်တဲ့ တရားတွေကို သူက ရေသောက်မြစ်သဖွယ် ကျေးဇူးပြုတတ်တဲ့သဘောတရားတွေကို ဟေတုပစ္စည်း လို့ခေါ်တယ်။

> ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ။

အဲဒီတော့ ဟေတုပစ္စည်းလို့ ပြောလိုက်ရင် ဘယ်တရားတွေက ဟေတုပစ္စည်းဖြစ်သလဲ၊ ဘယ်တရားတွေက ဟေတုပစ္စယုပ္ပန်ဖြစ်သလဲ၊ ဒါကို နားလည်ရမယ်။ အဲဒါ နားလည်ဖို့က နောက်နားက ဇယားကွက်ကိုလှမ်းကြည့်၊ အဲဒါနဲ့ တိုက်တိုက်သွားရမယ်။

အဲဒီတော့ ဟေတုပစ္စည်းဆိုတာ အမြစ်သဖွယ်ဖြစ်ပြီး ကျေးဇူးပြုတဲ့ သဘောတရားဖြစ်တာကြောင့် ဟေတုပစ္စည်း၊ အဲဒီမှာ ဟေတုပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ဘာသိရမလဲဆိုတော့ ပစ္စည်းတရားသိရမယ်၊ ပစ္စယုပ္ပန်တရား သိရမယ်။

အဲဒီတော့ ဟေတုပစ္စည်းတတ်တယ်လို့ ဒီလိုသုံးတယ်နော်၊ ဟေတုပစ္စည်းတတ်တဲ့တရားတွေဟာ ဘယ်တရားတွေတုန်း၊ ဇယားကွက်ကြည့်လိုက်၊ ဟိတ် ၆-ပါး တဲ့၊ ဟိတ် ၆-ပါးက ဘာတွေတဲ့လဲ၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ ဒီဟိတ် ၆-ပါးက ဟေတုပစ္စည်းတတ်တဲ့ တရားတွေ။

ဟေတုပစ္စယုပ္ပန်ဖြစ်တဲ့ တရားတွေက အဲဒီဟိတ် ၆-ပါးနဲ့ ယှဉ်တဲ့စိတ်တွေ၊ စေတသိက်တွေ ပြီးတော့ စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေ၊ ပဋိသန္ဓေကမ္မဇရုပ်တွေ ဆိုတာလာလိမ့်မယ်၊ အဲဒီတော့ ပစ္စယုပ္ပန်တရားတွေဆိုတာ ဘာတွေလဲ၊ သဟိတ်စိတ် ဧကသတ္တတိ၊ ဧကသတ္တတိဆိုတာ ၇၁-လို့ပြောတာ၊ ဟိတ်နဲ့တကွ ဖြစ်တဲ့စိတ် ဘယ်လောက်ရှိသတုန်း၊ ၈၉-ထဲက အဟိတ်စိတ် ၁၈-ကို နှုတ်ရမှာပေါ့၊ အဟိတ်စိတ် မဟုတ်တဲ့ စိတ်တွေကို သဟိတ်စိတ်လို့ခေါ်တယ်၊ သဟိတ်စိတ် ၇၁ ရှိတယ်၊ ဒါက ဘုန်းကြီးတွေကျက်ဖို့ လုပ်ထားတာဆိုတော့ ပါဠိလိုချည်း သုံးထားတယ်၊ ပါဠိနားမလည်ရင် ခက်လိမ့်မယ်။

“မောဟမူဒွေး၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ (ဒွေပညာသ ဆိုတာ ၅၂)၊ သဟိတ်စိတ္တဇရုပ်၊ (သဟိတ်စိတ်နှင့် အတူတကွဖြစ်တဲ့ရုပ်ကို သဟိတ်စိတ်က ဖြစ်စေအပ်တဲ့ရုပ်ကို သဟိတ်စိတ္တဇရုပ်)၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ် (သဟိတ် ပဋိသန္ဓေနှင့် အတူတကွဖြစ်တဲ့ ကမ္မဇရုပ်)။

ပဋိသန္ဓေအခိုက်အတံ့မှာ ဝိပါက်စိတ် မဖြစ်ဘူးလား၊ အဟိတ်ပဋိသန္ဓေ ရှိတယ်၊ သဟိတ်ပဋိသန္ဓေရှိတယ်၊ ဥပေက္ခာသန္တီရဏနဲ့ ပဋိသန္ဓေနေရင် အဟိတ်ပဋိသန္ဓေ၊ မဟာဝိပါက်စိတ် ၈-ခုနဲ့ ပဋိသန္ဓေနေရင် သဟိတ်ပဋိသန္ဓေ၊ အဲဒီမှာ...

[စာမျက်နှာ-78] အခု သဟိတ်ပဋိသန္ဓေနဲ့ အတူတကွဖြစ်တဲ့ ကမ္မဇရုပ်၊ အဲဒီတရားတွေကို ဟိတ် ၆-ပါးက ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုသွားလိမ့်မယ်၊ အသေးစိတ် ကျေးဇူးပြုပုံကို နောက်မှ သွားကြရအောင်၊ အခု ပထမအရေးကြီးတာက ဟေတုမှာ ပစ္စည်းကဘာလဲ၊ ပစ္စယုပ္ပန်က ဘာလဲဆိုတာ သဘောပေါက်ဖို့ အရေးကြီးတယ်၊ အလွတ်လည်း ကျက်နိုင်ကြမှာ မဟုတ်ဘူး၊ ဇယားကွက်ကို ပြန်ကြည့်ပြီးသိရင်တော်ပြီ၊ အဲဒါ ဟေတုပစ္စည်းနဲ့ ဟေတုပစ္စယုပ္ပန်။

ကိုင်း၊ ပုံစံလေးတစ်ခုပြောပြမယ်။

လောဘမူပထမစိတ်တဲ့၊ ပဋ္ဌာန်း ဒါကြောင့် ခက်တယ်ပြောတာ၊ နောက်တော့ အကုန်ပြန်ရတယ်။ လောဘမူ ပထမစိတ်မှာ စေတသိက် ၁၉-ခု ယှဉ်တာတွေ့လိမ့်မယ်၊ အဲဒီ စေတသိက် ၁၉-ခုထဲမှာ လောဘပါတယ်၊ မောဟပါတယ်၊ ဟိတ် ၆-ပါးထဲက ဟိတ် ၂-ပါး (လောဘနဲ့ မောဟ) ပါတယ်။

အဲဒီလိုဖြစ်တဲ့အခါမှာ လောဘမူစိတ်က ဖြစ်စေတဲ့ စိတ္တဇရုပ်ကလည်း အတူတကွ ဖြစ်သေးတယ်၊ အဲဒီတော့ လောဘမူစိတ်ဖြစ်တယ်ဆိုရင် လောဘမူစိတ်ရယ်၊ စေတသိက် ၁၉ ခုရယ်၊ လောဘမူသဟိတ် စိတ္တဇရုပ်ရယ် ဖြစ်တယ်။

အဲသလိုဖြစ်တဲ့အခါမှာ လောဘကိုပစ္စည်းတရားလို့ပြောလိုက်ရင် လောဘမူစိတ်ရယ်၊ ကျန်တဲ့စေတသိက် ၁၈-ရယ်၊ သဟိတ်စိတ္တဇရုပ်ရယ်က ပစ္စယုပ္ပန် မဖြစ်ပေဘူးလား၊ လောဘကို ပစ္စည်းယူလိုက်ရင် ကျန်တာတွေ ပစ္စယုပ္ပန် ဖြစ်တာပေါ့၊ မောဟကို ပစ္စည်းယူလိုက်မယ်၊ ကျန်တာတွေ ပစ္စယုပ္ပန် ဖြစ်မယ်။ အဲသလို သွားရမယ်။

မောဟမူဒွေးမှာ မောဟကြဉ်သောဆိုတာက မောဟမူဒွေးမှာ မောဟက တခြားယှဉ်ဘက်စိတ် မရှိဘူး၊ ဒါကြောင့်မို့ မောဟမူဒွေးမှာ မောဟကြဉ်ရတယ်။ မောဟမူဒွေးမှာ မောဟက ဘယ်ဟိတ်ကမှ သူ့ကို ကျေးဇူးမပြုဘူး၊ သူကိုယ်တိုင်က ဟိတ်ဖြစ်နေတယ်၊ လောဘမူမှာဆိုရင် လောဘမူမှာရှိတဲ့ မောဟက ပစ္စယုပ္ပန်ဖြစ်နိုင်တယ်၊ ဘာကြောင့်တုန်း လောဘက ပစ္စည်းဖြစ်တဲ့အခါမှာ သူက ပစ္စယုပ္ပန် ဖြစ်တယ်။

မောဟမူဒွေးကျတော့ မောဟ တစ်ခုထဲယှဉ်တယ်၊ လောဘလည်းမယှဉ်ဘူး၊ ဒေါသလည်းမယှဉ်ဘူး ဆိုတော့ သူတစ်ခုထဲဆိုတော့ ဘယ့်နှယ်လုပ်ပြီး သူသည်ပင်လျှင် ပစ္စည်း၊ သူသည်ပင်လျှင် ပစ္စယုပ္ပန်ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့...

[စာမျက်နှာ-79] မောဟမူဒွေးနှင့် မောဟကြဉ်သော စေတသိက်-၅၂ (စေတသိက်ကတော့ ၅၂ ပဲ)။

စေတသိက်-၅၂ ထဲက မောဟမူဒွေးနှင့် မောဟ ထုတ်လိုက်ပေမယ်လို့ လောဘမူမှာရှိတဲ့ မောဟ၊ ဒေါသမူမှာရှိတဲ့ မောဟက ရှိသေးတာကိုး၊ ဒါကြောင့် မောဟမူဒွေးနဲ့ မောဟကြဉ်တယ်ဆိုပေမယ်လို့ စေတသိက် အရေအတွက်ကတော့ ၅၂ ဟာ ၅၂-ပဲ၊ လျော့မသွားဘူး။

အဲသလို ရှေးကဆရာတော်တွေက သေချာတာ၊ အလွန်အံ့ဩစရာ ကောင်းတယ်၊ ဘာလေးတစ်ခုမှ ချွတ်ချော်နေတယ်၊ လိုနေတယ်ဆိုတာ မရှိဘူး၊ တကယ့်ကို သေချာတယ်။

အာရမ္မဏပစ္စည်း တဲ့၊ အာရမ္မဏဆိုတာ အာရုံကို အာရမ္မဏခေါ်တယ်။ တောင်ဝှေးတို့ ကြိုးတန်းတို့ကို မသန်မစွမ်းတဲ့ သူတွေက မှီသွားရသလို စိတ်၊ စေတသိက်တို့၏မှီရာကို အာရမ္မဏလို့ခေါ်တယ်။

> ဆွဲကိုင်မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ်ခေါ်အာရုံ။

အာရုံ ၆-ပါးကို ပကိဏ်းပိုင်းအရ အာရမ္မဏသင်္ဂဟမှာတွေ့ခဲ့ပြီ မဟုတ်လား။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ။

ကောင်းပြီ၊ အာရမ္မဏပစ္စည်းရဲ့ ပစ္စည်းတရားတွေက ဘာတဲ့တုန်း၊ ဇယားကွက်ကြည့်လိုက်စမ်း။

ပစ္စုပ္ပန် အတိတ် အနာဂတ်ဖြစ်သော စိတ် ၈၉၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ (ရုပ်-၂၈)၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်နှင့် ပညတ်၊ နိဗ္ဗာန်နဲ့ ပညတ်က ပစ္စုပ္ပန်လည်း မဟုတ်ဘူး၊ အတိတ်လည်းမဟုတ်ဘူး၊ အနာဂတ်လည်းမဟုတ်ဘူး။

အဲဒီတော့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ရှိသမျှ အကုန်လုံး ကုန်သွားပြီ၊ လောကမှာ အာရုံမဟုတ်တဲ့ တရားတွေ ရှိမှမရှိပဲ၊ သူတို့ကို အာရုံပြုတဲ့ တရားတွေကို ပစ္စယုပ္ပန်လို့ခေါ်တယ်။

ပစ္စယုပ္ပန်ဘက်ကျတော့ ဘာတွေရှိသလဲ ကြည့်လိုက်၊ စိတ် ၈၉၊ စေတသိက် ဒွေပညာသ ဆိုတော့ စိတ်-၈၉၊ စေတသိက်-၅၂ ဒါပဲ ရုပ်မပါဘူး၊ ရုပ်က အာရုံကိုမယူတတ်ဘူး။

ဒါကြောင့်မို့ အာရမ္မဏပစ္စည်းရဲ့ ပစ္စည်းတရားဆိုရင် စိတ်လည်းပါတယ်။ စေတသိက်လည်းပါတယ်၊ ရုပ်လည်းပါတယ်၊ နိဗ္ဗာန်လည်းပါတယ်၊ ပညတ်လည်းပါတယ်၊ အာရမ္မဏပစ္စယုပ္ပန်တရားဆိုရင် စိတ် စေတသိက်သာပါတယ်။

[စာမျက်နှာ-80] အဓိပတိပစ္စည်း တဲ့၊ အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

“စကြဝတေးမင်းသည် တစ်ပါးသောသူတို့၏ကြီးမှူးသော သတ္တိကိုမြင်၍ တိုင်းနိုင်ငံသားတို့အား အစိုးရသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရားသည် အဓိပတိပစ္စည်းမည်၏။”

အဓိပတိကို သမုစ္စည်းပိုင်း မိဿကသင်္ဂဟမှာ တွေ့ခဲ့ပြီ၊ အဓိပတိ ၄-ပါးရှိတယ်၊ အဓိပတိ ၄-ပါးက ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ ဆိုပြီး အဓိပတိ ၄-ပါး။

ဒီမှာကျတော့ အဓိပတိကို ၂-မျိုးခွဲလိမ့်မယ်၊ အာရမ္မဏာဓိပတိ ရယ်၊ သဟဇာတာဓိပတိ ရယ်လို့ ၂-မျိုးခွဲလိမ့်မယ်၊ ဒီကျတော့ နည်းနည်းရှုပ်သွားပြီ။

အာရမ္မဏာဓိပတိဟာ ဘာလဲဆိုတော့ အာရုံတွေက အမျိုးမျိုးရှိတယ်၊ အလေးအမြတ် အာရုံပြုတယ်ဆိုတာက စွဲစွဲမြဲမြဲပေါ့လေ၊ intently အာရုံပြုခံရတဲ့ အာရုံက တစ်မျိုး၊ သာမန်အာရုံပြုခံရတဲ့ အာရုံက တစ်မျိုး၊ ဒါကြောင့်မို့ ဒီနေရာမှာ လေးလေးမြတ်မြတ် အာရုံပြုခံရတဲ့တရားတွေကို အာရမ္မဏာဓိပတိပစ္စည်း တရားတွေလို့ ခေါ်လိမ့်မယ်၊ အဲဒီတော့ ဒါက နည်းနည်းရှုပ်လိမ့်မယ်။

အဲဒီတော့ အာရမ္မဏပစ္စည်းတရားတွေက ဘာတဲ့တုန်း၊ “အလေးအမြတ်ပြုအပ်သော (အလေးအမြတ်ဆိုတာ ရိုရိုသေသေရယ်လို့ မဆိုလိုဘူးနော်၊ စွဲစွဲမြဲမြဲ ကျကျနန အာရုံပြုတာကို ဆိုလိုတယ်) ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈။

ရုပ်ပိုင်းမှာ နိပ္ဖန္နရုပ် ၁၈-ခု တွေ့ခဲ့ပြီ၊ အဋ္ဌာရသဆိုတာ ၁၈-ခု၊ ဣဋ္ဌဆိုတာ အလိုရှိအပ်သော၊ အလိုရှိအပ်တဲ့ နိပ္ဖန္နရုပ် ၁၈-ခု၊ ဒေါသမူဒွေး၊ မောဟမူဒွေး၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကြဉ်သော စိတ် ၈၄-ခု။

အဲဒီတော့ ဒေါသမူဒွေးရယ်၊ မောဟမူဒွေးရယ်၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ရယ် ဆိုတော့ ၅-ခုမဟုတ်လား၊ အဲဒီ ၅-ခုကို စိတ် ၈၉-ထဲက နှုတ်လိုက်ရင် စိတ် ၈၄-ကျန်တယ်၊ စိတ် ၈၄-ခုဆိုတာ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၄၇၊ (သတ္တစတ္တာလီသဆိုတာ ၄၇ ကိုခေါ်တာ)၊ နိဗ္ဗာန်၊ ဒီတရားတွေဟာ အလေးအမြတ်အပြုခံရတဲ့ တရားတွေ၊ ဒါကြောင့်မို့ အာရမ္မဏာဓိပတိ ပစ္စည်းတတ်တဲ့ တရားတွေလို့ ဒီလိုဆိုရတယ်။

သူ့ကို အလေးအမြတ် အာရုံပြုရတဲ့ တရားတွေကို ပစ္စယုပ္ပန်လို့ ခေါ်လိမ့်မယ်။ အဲဒီပစ္စယုပ္ပန်က ဘာလဲဆိုရင် အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ခု၊ လောကုတ္တရာစိတ်...

[စာမျက်နှာ-81] ၈-ခု၊ ဒီစိတ်တွေကသာ ဆိုင်ရာအာရုံကို အလေးအမြတ်ပြုတတ်တယ်၊ တခြားစိတ်တွေက အလေးအမြတ် မပြုတတ်ဘူး၊ သာမန်သာပြုတယ်။

ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ အပ္ပမညာကြဉ်သော စေတသိက်, ပဉ္စစတ္တာလီ (၄၅)၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ၊ ဝိစိကိစ္ဆာဆိုတော့ ၅-ခု၊ အပ္ပမညာက ၂-ခုဆိုတော့ ၇-ခု၊ ၅၂-ထဲက ၇-ခု နုတ်လိုက်ရင် ၄၅၊ အဲဒါဟာ အာရမ္မဏာဓိပတိ ပစ္စယုပ္ပန် တရားလို့ခေါ်တယ်။

အလေးအမြတ်ပြုတတ်တဲ့လောဘမူစိတ် ၈-ခုက ဆိုင်ရာအာရုံကို အလေးအမြတ်ပြုတတ်တယ်။ စွဲစွဲမြဲမြဲ ပြုတတ်တယ်၊ မဟာကုသိုလ်စိတ် ၈-ခုက အလေးအမြတ် စွဲစွဲမြဲမြဲပြုတတ်တယ် စသည်ဖြင့်ပေါ့၊ ဒါကို အသေးစိတ်ခွဲရင် ရသေးတယ်၊ နေပစေ၊ မခွဲနဲ့ဦး, ရှုပ်သွားလိမ့်မယ်။

သဟဇာတာဓိပတိ ဆိုတာကတော့ နားလည်ပြီးသားဖြစ်တဲ့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ, ဝီမံသာကိုပဲ ခေါ်လိမ့်မယ်။

“သာဓိပတိဇော ၅၂-ခု၌ရှိသော (သာဓိပတိဇောဆိုတာလည်း မိဿကသင်္ဂဟတုန်းက ပြောခဲ့ပြီ၊ သာဓိပတိဇော ၅၂-ဆိုတာ ဇော ၅၅-ထဲက မောဟမူဒွေးရယ် ဟသိတုပ္ပါဒ်ရယ် ကြဉ်ထားတာ) ဆန္ဒ, ဝီရိယ, သာဓိပတိ တီဟိတ်ဇော ၃၄-ခု၌ ရှိသော ဝီမံသ (ဝီမံသဆိုတာ ပညာကိုခေါ်တာ) ပြီးတော့ သာဓိပတိဇော ၅၂-ခု ဆိုတဲ့ စိတ် ဆန္ဒ၊ ဝီရိယ, ဝီမံသစိတ်အားဖြင့် အဓိပတိ တရားကိုယ် ၃-ပါး, ၄-ပါးတို့တွင် တစ်ပါးပါးတဲ့။

၃-ပါး ၄-ပါးလို့ ပြောတာက ဉာဏသမ္ပယုတ်စိတ်မှာဆိုရင် ၄-ပါးလုံး မရပေဘူးလား၊ ပညာပါလို့၊ ဉာဏဝိပ္ပယုတ်စိတ်ဆိုရင် ပညာမပါဘူး။ ဒါကြောင့်မို့ တစ်ခါတလေ ၃-ပါး ဖြစ်မယ်၊ တစ်ခါတလေ ၄-ပါး ဖြစ်မယ်။ ၃-ပါးဆိုတာက ဉာဏ်နဲ့ မယှဉ်တဲ့စိတ်ကို ရည်ရွယ်တယ်၊ ၄-ပါး ဆိုတာက ဉာဏ်နဲ့ ယှဉ်တဲ့စိတ်ကို ရည်ရွယ်တယ်၊ အဲဒီတော့ အဲဒီ ၄-ပါးမှာ တစ်ပါးပါးဆိုတော့ အဓိပတိက ၁-ပါးသာတတ်တာ၊ ၃-ပါး ၄-ပါးလုံး ပြိုင်ပြီးတော့ အဓိပတိ မတတ်နိုင်ဘူး၊ တစ်နိုင်ငံမှာ သမ္မတတစ်ယောက်ထဲသာ ရှိသလိုပေါ့။

သူ့ရဲ့ ပစ္စယုပ္ပန်တရားတွေက ဘာတဲ့တုန်း၊ အဓိပတိပစ္စည်းကိုရသောအခါ အဓိပတိ တရားကိုယ်ကြဉ်သော သာဓိပတိဇော ၅၂-ပါး (ဇော-၅၅ ထဲက ၅၂)၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၅၁၊ သာဓိပတိစိတ္တဇရုပ် (သာဓိပတိစိတ္တဇရုပ်ဆိုတာ သာဓိပတိဇောနှင့်တကွဖြစ်တဲ့ စိတ္တဇရုပ်ကိုခေါ်တာ) အဲဒါတွေဟာ ပစ္စယုပ္ပန်တရားတွေ။

[စာမျက်နှာ-82] အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ နတ္ထိ၊ ဝိဂတတို့ကို တွဲထားတယ်။

အနန္တရပစ္စည်းဆိုတာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရားတဲ့၊ ရှင်းရှင်းကတော့ နေရာဖယ်ပေးတာ၊ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရားဆိုရင် မြန်မာတွေ နားလည်ပါ့မလား, မလည်သေးဘူး၊ နေရာဖယ်ပေးတာဆိုရင် နားလည်တယ်၊ စကြာဝတေးမင်းကြီး နတ်ရွာစံတာ သားတော်ကြီး မင်းဖြစ်ဖို့ ဖြစ်သလိုပဲတဲ့။ မိမိဖယ်ပေးချုပ်ပေးလိုက်တော့ အဲဒီနေရာမှာ နောက်ထပ် သဘောတရားတစ်ခု ပေါ်ပေါက်နိုင်တယ်၊ အဲသလို ကျေးဇူးပြုတာကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတယ်လို့ သုံးတယ်။

> ခြားမဲ့နာမ်တွေ၊ ဖြစ်ပေါ်စေ၊ မှတ်လေ အနန္တရ။

ဖြစ်ပေါ်စေတယ်ဆိုတာ အမှန်တော့ produce လုပ်တာ မဟုတ်ဘူးနော်၊ ခုနလိုပဲ နေရာပေးတာကိုပဲ ဆိုလိုတယ်၊ အဲဒါကတော့ အဓိပ္ပါယ်လေး နည်းနည်း ပြောလို့ဖြစ်တယ်၊ ခုနဟာတွေကတော့ ရှုပ်မှာစိုးလို့ မပြောတော့ဘူး၊ ရှုပ်တာ ပြောရင် နားထောင်သူက နားမလည်ရင် အလကားပဲ၊ စိတ်ပျက်တတ်တယ်။ အဲဒီတော့ မပြောသေးရင် ရှုပ်သွားမှာစိုးလို့ မပြောတာလို့ မှတ်ထား။

အနန္တရပစ္စည်းကတော့ လွယ်တယ်၊ ဝီထိတစ်ခုကို စိတ်ထဲမှာ စဉ်းစားကြည့်လိုက်စမ်း၊ ဝီထိပုံမျက်စိထဲမြင်သလား၊ မြင်တာမှ တန်းနေတာပဲ မဟုတ်လား။ အဲဒီတော့ စိတ်တစ်ခုတစ်ခုရှိရာမှာ ရှေ့စိတ်ချုပ်ပြီးမှ နောက်စိတ်ဖြစ်တာနော်၊ ဝီထိဟာ ပြတဲ့အခါကျတော့ အတန်းကြီးပြထားပေမယ်လို့ တကယ်ဖြစ်တဲ့ အခါကျတော့ အတန်းလိုက်ကြီး ဖြစ်နေတာမဟုတ်ဘူး၊ တစ်ခုပြီးမှ တစ်ခု ဖြစ်နေတာ၊ အဲဒီတော့ နံပတ်တစ်စိတ်ဖြစ်ပြီးတော့ နံပတ်တစ်စိတ် ချုပ်ပြီးမှ နံပတ်နှစ်စိတ်က ပေါ်နိုင်တယ်၊ နံပတ်နှစ်စိတ် ဖြစ်ပြီး သူချုပ်မှ နံပတ်သုံးစိတ် ပေါ်နိုင်တယ်။

အဲဒီတော့ နံပတ်တစ်စိတ်က နံပတ်နှစ်စိတ်အား အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်၊ နံပတ်နှစ်စိတ်က နံပတ်သုံးစိတ်အား အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်။ အဲသလိုသွားရမယ်၊ အနန္တရပစ္စည်း နားလည်ချင်ရင် ဝီထိကို မျက်စိထဲ မြင်လာပါစေ၊ အဲဒီဝီထိမှာ ရှေ့စိတ်က နောက်စိတ်ကို ဒီနည်းနဲ့ချည်း ကျေးဇူးပြုသွားတာပဲ။ အဲသလို ကျေးဇူးပြုတဲ့အတွက်ကြောင့် စုတိစိတ်ဖြစ်ပြီးတဲ့နောက် ပဋိသန္ဓေစိတ် ဖြစ်တယ်မဟုတ်လား၊ တရားသဘောအနေနဲ့ အခြားမရှိဘူးနော်။

[စာမျက်နှာ-83] ဒါကြောင့်မို့ အဲဒီမှာလည်း ဒီဘဝစုတိစိတ်က နောက်ဘဝပဋိသန္ဓေစိတ်ကို ဒီနည်းနဲ့ (နေရာဖယ်ပေးတဲ့အနေနဲ့) စာစကားနဲ့ပြောရင် အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်။

အဲဒီမှာ ပစ္စည်းတရားက “ရဟန္တာတို့ စုတိကြဉ်သော ရှေးရှေးသော စိတ်တစ်ခုယုတ်ကိုးဆယ်”။ ရဟန္တာစုတိကျတော့ ရဟန္တာစုတိပြီးရင် ဘာရှိတုန်း၊ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ရဲ့ စုတိနောက်မှာ ပဋိသန္ဓေရှိသေးတယ် မဟုတ်လား၊ ရဟန္တာရဲ့ စုတိနောက်မှာ ပဋိသန္ဓေ မရှိတော့ဘူး။

ဒါကြောင့်မို့ ပစ္စည်းဘက်မှာ ရဟန္တာစုတိကြဉ်ရတယ်၊ ဘယ်လောက်သေချာတယ်ဆိုတာ အဲဒါသာကြည့်၊ သာမညစိတ်တစ်ခုယုတ်ကိုးဆယ်လို့ မပြောလိုက်ဘူး၊ ရဟန္တာတို့ စုတိကြဉ်သော ရှေးရှေးသောစိတ်တစ်ခုယုတ်ကိုးဆယ်တဲ့။

စိတ်တစ်ခုယုတ်ကိုးဆယ် ယူလိုက်ရင် စေတသိက်-၅၂၊ ဒွေးပညာသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါးဆိုတာ ဒါကို ခေါ်တာပဲ၊ အဆန်းမဟုတ်တော့ဘူး၊ စိတ်တစ်ခုယုတ်ကိုးဆယ် ဒွေးပညာသကိုပဲ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါးသုံးတယ်။

ပဝတ္တိဆိုတာ ပဋိသန္ဓေရဲ့နောက်ကို ပဝတ္တိခေါ်တယ်၊ ပဋိသန္ဓေ အခိုက်အတံ့ကို ပဋိသန္ဓေခေါ်တယ်။ မြန်မာစကားကတော့ ဇာတိနဲ့ ပဝတ္တိခွဲတဲ့အခါကျတော့ မွေးဖွားတဲ့နေရာကို ဇာတိခေါ်ပြီးတော့ ကြီးပွားတဲ့နေရာကို ပဝတ္တိခေါ်တယ်။ ဆိုပါတော့ ရန်ကုန်မှာ ကြီးပွားပေမယ့် ရန်ကုန်မှာ မွေးခဲ့တာ ဟုတ်ချင်မှဟုတ်မယ်၊ ဖျာပုံမှာမွေးတယ်။ ကျိုက်လတ်မှာမွေးတယ် စသည်ဖြင့် မွေးဖွားခဲ့ကြပြီး ရန်ကုန်မှာလာပြီး ကြီးပွားကြတာတော့ ကျွန်တော်က ကျိုက်လတ်ဇာတိ, ရန်ကုန်က ပဝတ္တိလို့ အဲသလို သုံးတယ်။ စာစကားမှာတော့ ဇာတိဆိုတာ ပဋိသန္ဓေ၊ ပဝတ္တိဆိုတာ ပဋိသန္ဓေနောက် တစ်ဘဝလုံးပေါ့၊ အဲဒါ ပဝတ္တိခေါ်တယ်။

အနန္တရပစ္စယုပ္ပန်၊ ကျေးဇူးပြုခံရတဲ့တရားတွေထဲကျတော့ ရဟန္တာတို့ရဲ့ စုတိမပါပေဘူးလား၊ ရဟန္တာစုတိဘက်ဘက်ရှေ့မှာစိတ်ရှိသေးတယ် မဟုတ်လား၊ ဇောနောင်စုတိရှိမယ်၊ ဘဝင်နောင်စုတိရှိမယ် စသည်ဖြင့် စုတိစိတ်ရှေ့မှာ ရှိသေးတယ်။ ဒါကြောင့်မို့ ကျေးဇူးပြုခံရတဲ့ဘက်ကျတော့ ရဟန္တာစုတိ စိတ်ပြန်ပါလာတယ်၊

[စာမျက်နှာ-84] သူက ကျေးဇူးတော့ မပြုတတ်ဘူး၊ သူကတော့ ချုပ်သွားတယ်၊ ဒါပေမယ့် နောက်ဟာမပေါ်တော့တာကို ပြောတာ၊ သူပေါ်ဖို့ရာကျတော့ ရှေ့စိတ်ကချုပ်ပေးရဦးမယ်၊ ဒါကြောင့်မို့ သူက ပစ္စယုပ္ပန်အနေနဲ့ကျတော့ သူပါတယ်။

ဒါကြောင့်မို့ ရဟန္တာတို့ စုတိနှင့်တကွ နောက်နောက်သောစိတ်တစ်ခုယုတ်ကိုးဆယ်၊ စေတသိက် ဒွေးပညာသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ-၄-ပါး။ ဒါကြောင့်မို့ အနန္တရကို နားလည်ရင် သမနန္တရကိုလည်းနားလည်သည်။ ဘာမှ မထူးပါဘူး၊ ပါဠိစကားမှာ သံဆိုတဲ့စကားလေး ပိုတာပဲ ရှိတယ်၊ အဲဒါကို ဘယ်လိုထူးတယ်လို့ ကြံဖန်ပြောတာဟာ အပိုပဲ၊ နားရှုပ်တာပဲ ရှိတယ်၊ အတူတူပဲ လို့သာ မှတ်ထားလိုက်။

တစ်ခါတလေကျတော့ ကျမ်းဂန်တွေမှာက သိပ်ပြီးတော့ အဲသလိုလုပ်ကြတယ်၊ ထူးပါတယ်ဆိုပြီးတော့ ကြံဖန်ပြီး ပြောတယ်၊ ကြံဖန်ပြောတော့အမှတ်ရခက်တယ်၊ အတူတူပဲကွာဆိုပြီးရော၊ ရှင်းနေတာပဲ။ ဘာကြောင့် တူပါလျက်နဲ့ ၂-ခုဟောထားသလဲဆိုတော့ ဖြေထားတဲ့ အဖြေက- ဝေနေယျသတ္တဝါတို့၏ အလိုအားလျော်စွာ ၂-မျိုးခွဲခြားပြီး ဟောတယ်တဲ့။

ဝေနေယျတို့အကြိုက် ဝေနေယျတို့ရဲ့ အတွင်းစိတ်သဘောထားကိုကြည့်ပြီး ဒီဝေနေယျတွေကို အနန္တရဆိုတဲ့အသုံးနဲ့ သုံးစွဲပြီးဟောရင် နားလည်မယ်၊ တရားရမယ်၊ ဟိုဝေနေယျတွေက သမနန္တရသုံးစွဲပြီးဟောမှ သဘောကျမယ်၊ အဲသလိုဆို သမနန္တရနဲ့ ဟောတယ်။ ဟိုနောက်မှာ နတ္ထိ ဝိဂတဆိုတာတွေ့လိမ့်မယ်။ ဒါဟာလည်းပဲ ဒါနဲ့ အတူတူမို့ ဇယားကွက်ထဲမှာ ပေါင်းထားတယ်။

သဟဇာတပစ္စည်း၊ သဟဇာတဆိုတာ သဟအတူတကွ၊ ဇာတဆိုတာ ဖြစ်တာ၊ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတတ်တဲ့ပစ္စည်းကို သဟဇာတပစ္စည်းတဲ့။ “ဆီမီးသည် မိမိနှင့်အတူတကွဖြစ်သော အလင်းဓာတ်အားတကွဖြစ်၍ ကျေးဇူးပြုသကဲ့သို့”။ ဆီမီးထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်ပေါ်မလာဘူးလား၊ ဆီမီးဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်ပေါ်လာတယ်၊ အလင်းရောင်က နောက်ကျနေတယ်ရယ်လို့ မရှိဘူး၊ အဲဒီလို အတူတူဖြစ်ပြီး ကျေးဇူးပြုတာနော်၊ ဒီဥပမာလေးက သိပ်ကောင်းတယ်။ အဲဒီတော့ ဆီမီးကအလင်းရောင်ကို ပြုလုပ်လိုက်တာ မဟုတ်ဘူး၊ ဒါပေမယ့်

[စာမျက်နှာ-85] သူဖြစ်သည်နှင့် တစ်ပြိုင်နက် အလင်းရောင် ပေါ်လာတဲ့အတွက်ကြောင့် အတူတကွ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊

> အတူဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန်သဟဇာ။

အဲဒီ သဟဇာတပစ္စည်းကို ပစ္စယုပ္ပန်တို့ကျတော့ ကျမ်းဂန်သုံးက ပြောရခက်တယ်။ “အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမက္ခန္ဓာ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်အားလည်းကောင်း တပ်သော (တပ်သောဆိုတာ ကျေးဇူးပြုသော ဆိုလိုတယ်) အလုံးစုံသော စိတ်တစ်ခုယုတ် ကိုးဆယ် စေတသိက်ဒွေးပညာသ ပဝတ္တိ ပဋိသန္ဓေနာမက္ခန္ဓာ ၄-ပါး။

“အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တပ်သော စိတ္တဇမဟာဘုတ်၊ ပဋိသန္ဓေကမ္မဇမဟာဘုတ် ဗာဟိရမဟာဘုတ်၊ အာဟာရဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အသညသတ် ကမ္မဇမဟာဘုတ်၊ ပဝတ္တိ ကမ္မဇမဟာဘုတ်အားဖြင့် မဟာဘုတ် ၄-ပါး”။ မဟာဘုတ် ၄-ပါးသာ သာမည မှတ်ထားလိုက်၊ မဟာဘုတ် ၄-ပါး ဆိုတာ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီး ၄-ပါးကို ပြောတာ။ အဲဒီ ဓာတ်ကြီး ၄-ပါးက အချင်းချင်းကိုလည်း ကျေးဇူးပြုတယ်၊ ဥပါဒါရုပ်ကိုလည်း ကျေးဇူးပြုတယ်။

ပဉ္စဝေါကာရ ပဋိသန္ဓေဆိုတော့ ပဉ္စဝေါကာရဘုံဆိုတာ နားလည်သလား ခန္ဓာ ၅-ပါးရှိတဲ့ ဘုံကို ပဉ္စဝေါကာရဘုံလို့ ခေါ်တယ်၊ အပါယ်ဘုံ, လူ့ဘုံ၊ နတ်ဘုံ, တချို့သော ဗြဟ္မာဘုံ၊ အဲဒီဘုံတွေမှာ ပဋိသန္ဓေစိတ်ဖြစ်တဲ့အခါ ကျတော့ ပဋိသန္ဓေစိတ်ရယ်၊ ကမ္မဇရုပ်ထဲမှာ ဟဒယဝတ္ထုပါတယ်၊ အဲဒီ ပဋိသန္ဓေစိတ်နဲ့ ဟဒယဝတ္ထုဟာ အတူတက္ခဖြစ်ပြီးတော့ ပဋိသန္ဓေစိတ်က ဟဒယဝတ္ထုကို ကျေးဇူးပြုတယ်၊ ဟဒယဝတ္ထုကလည်း ပဋိသန္ဓေစိတ်ကို ကျေးဇူးပြုတယ်။

ပစ္စယုပ္ပန်တရားဘက်ကျတော့ ဘာတွေရှိလဲ။ “အချင်းချင်းမှ ထောက်အပ်သော”ဆိုတာ အချင်းချင်းက ကျေးဇူးပြုတာ ခံရသောလို့ ဆိုတယ်။ “အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ်တစ်ခုယုတ် ကိုးဆယ်, စေတသိက် ဒွေးပညာသ ပဝတ္တိ ပဋိသန္ဓေနာမက္ခန္ဓာ ၄-ပါး, အချင်းချင်းမှထောက်အပ်သော ဥပါဒါရုပ်နှင့်တကွသော အလုံးစုံသော မဟာဘုတ် ၄-ပါး, အချင်းချင်းမှ

[စာမျက်နှာ-86] ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု” သူတို့အချင်းချင်း ပြန်ကျေးဇူးပြုလိမ့်မယ်။

အဲဒါကြောင့်မို့ ပြောကြစို့ဆိုရင် လူ့ဘဝပဋိသန္ဓေ နေပြီဆိုပါတော့ မဟာဝိပါက် ပထမစိတ်နဲ့ ပဋိသန္ဓေနေပါပြီတဲ့၊ မဟာဝိပါက်စိတ် ၁-ခုရယ်။ စေတသိက် ၃၃-ခုရယ်၊ ပြီးတော့ ကမ္မဇရုပ်ထဲမှာ ဘာပါမလဲ၊ ဟဒယဝတ္ထုမပါပေဘူးလား။ လူ့ဘုံ ပဋိသန္ဓေနေတဲ့အခါကျတော့ ပဋိသန္ဓေအခိုက်အတံ့မှာ ကလာပ် ၃ စည်း မဖြစ်ဘူးလား၊ ကာယ, ဘာဝ, ဝတ္ထုဆိုတဲ့ ကလာပ် ၃-စည်းမှာ၊ ဒသကဆိုတာ ဟဒယဝတ္ထုပါတယ်။

အဲဒီလိုဖြစ်တဲ့အခါမှာ စိတ် စေတသိက် အချင်းချင်းကလည်း ကျေးဇူးပြုတယ်၊ စိတ်က စေတသိက်ကို ကျေးဇူးပြုတယ် စေတသိက်က စိတ်ကို ကျေးဇူးပြုတယ်။ ပြီးတော့ အတူတကွဖြစ်ပြီးတော့ စိတ် စေတသိက်က ဟဒယဝတ္ထုကို ကျေးဇူးပြုတယ်။ ဟဒယဝတ္ထုက စိတ် စေတသိက်ကို ကျေးဇူးပြုတယ်၊ ဟုတ်ပြီလား၊ အဲဒါ သဟဇာတပစ္စည်း၊ သဟဇာတပစ္စည်းဆိုတာ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတတ်တဲ့ ပစ္စည်း။

အညမညပစ္စည်းတဲ့, အညမညဆိုတာကို နားလည်ကြလိမ့်မယ် ထင်တယ်။ ဒါပေမယ့် လူအများသိတဲ့ အညမညပစ္စည်းနဲ့ ပဋ္ဌာန်းအညမညနဲ့ မတူဘူးနော်။ အညမညပစ္စည်းကို ကြည့်လိုက်၊ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား၊ သစ်သား ၃-ခုထောက်ထားတယ်။ တစ်ခုက တစ်ခုကို ကျေးဇူးပြနေတယ်။ တစ်ခုဖယ်လိုက်ရင် နောက် ၂-ခုကလဲသွားမယ်၊ အဲဒီလို အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတဲ့ တရားကို အညမညပစ္စည်းတပ်တဲ့ တရားလို့ အဲသလိုခေါ်တယ်။

များသောအားဖြင့်ကတော့ အညမညပစ္စည်းဆိုတာ နာမ်နာမ်ချင်း ကျေးဇူးပြုတာများတယ်၊ ရုပ်ဟာ ပဋိသန္ဓေအခိုက်အတံ့မှာသာပါတယ်၊ ပဝတ္တိအခါမှာ ရုပ်နဲ့နာမ်ဘယ်တော့မှ အညမညမဖြစ်ဘူး၊ ပဋိသန္ဓေအခိုက်အတံ့မှာသာ ခုန ဟဒယဝတ္ထုနဲ့ ကျန်တဲ့စိတ် စေတသိက်နဲ့က အပြန်အလှန်ကျေးဇူးပြုတယ်၊ ပဋိသန္ဓေ အခိုက်အတံ့မှာရတယ်၊ ပဝတ္တိအခါမှာ ရုပ်နဲ့နာမ်ဟာ အညမညမရဘူး၊ သဟဇာတတော့ဖြစ်တယ်၊ အညမညမဖြစ်ဘူး။ ဒါကြောင့်မို့ လူတွေသုံးလေ့ရှိတဲ့ အညမည သဘောတရားဟာ ပဋ္ဌာန်းအညမည မဟုတ်ဘူး၊ ဒီစကားလုံးရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ အချင်းချင်းဆိုတာကို

[စာမျက်နှာ-87] ယူသုံးထားတာ၊ ပဋ္ဌာန်းမှာ ဆိုလိုတာက ရုပ်ကနာမ်ကို ကျေးဇူးပြုတယ်၊ နာမ်ကလည်း ရုပ်ကို ကျေးဇူးပြုတယ်။ ပဋ္ဌာန်းမှာက ပဋိသန္ဓေအခိုက်အတံ့မှာဆိုရင်တော့ ဟုတ်တယ်၊ တခြားအခိုက်အတံ့မှာ ဆိုရင်တော့ မဟုတ်ဘူး၊ အဲဒါ အညမညတဲ့။

အညမညဟာ အမှန်တော့ သဟဇာတထဲ ဝင်နေတာပဲ၊ အညမညဖြစ်ရင် သဟဇာတဖြစ်တော့တာပဲ၊ သဟဇာတဖြစ်တိုင်း အညမညမဖြစ်ဘူး၊ သဟဇာတက ကျယ်တယ်၊ အညမညကကျဉ်းတယ်၊ ဒါပါပဲ၊ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတာ အညမညပစ္စည်းတဲ့။

အညမညပစ္စည်းကို ဇယားကွက်မှာကြည့်လိုက်ရင် စိတ်တစ်ခုယုတ် ကိုးဆယ်၊ စေတသိက် ဒွေးပညာသ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး, မဟာဘုတ် ၄-ပါး, ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယဝတ္ထု၊ သူတို့အချင်းချင်း ကျေးဇူးပြုမယ်။ ပစ္စယုပ္ပန်ကျတော့လည်း ဒီအတိုင်းပါပဲ၊ အချင်းချင်းမှ ထောက်အပ်သောဆိုတာ အချင်းချင်း ကျေးဇူးပြုခံရတဲ့စိတ်-၈၉၊ စေတသိက် ၅၂- ပြီးတော့ မဟာဘုတ် ၄-ပါးရယ်၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပဋိသန္ဓေ နာမက္ခန္ဓာဆိုတာ သိတယ်မဟုတ်လား၊ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ကို ပဋိသန္ဓေ နာမက္ခန္ဓာလို့ခေါ်တယ်၊ ဟဒယဝတ္ထုကတော့ ကမ္မဇရုပ်ထဲမှာပါတဲ့ ဟဒယဝတ္ထု အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတယ်။

> အချင်းချင်းပြန်လှန်၊ ပြုလေပြန်၊ မှတ်ရန် အညမညတည်း။

အဲဒီတော့ အတူတကွဖြစ်တိုင်း အပြန်အလှန်မဖြစ်ဘူး၊ အဲဒါ မှတ်ထားရမယ်။

နိဿယပစ္စည်းဆိုတာ မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ “မြေကြီးသည် သစ်ပင်စသည်တို့၏ တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကားဘောင်ရှိ အဝတ်ပုဆိုးသည် ပန်းချီဆေး၏မှီရာဖြစ်သကဲ့သို့လည်းကောင်း” ထိုသို့ မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်တဲ့တရားကို နိဿယပစ္စည်းတပ်တဲ့ တရားလို့ ခေါ်တယ်။

နိဿယကျတော့ ထပ်ခွဲပြန်တယ်၊ သဟဇာတနိဿယ၊ ပုရေဇာတနိဿယတဲ့၊ ပုရေဇာတနိဿယကလည်း ဝတ္ထုပုရေဇာတနိဿယ, ဝတ္ထာရမ္မဏ ပုရေဇာတနိဿယ ဆိုပြီး အမျိုးမျိုးကွဲသွားတယ်။ ဒါတွေ ဒီတစ်ခေါက်အကုန် နားလည်ရင်လည်း အရေးမကြီးဘူး။

[စာမျက်နှာ-88] နိဿယပစ္စည်းဆိုတာ မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်တဲ့ သဘောတရားကို ခေါ်တယ်၊ ဒီလောက်လေး နားလည်ထားရင် ပထမတစ်ခေါက်မှာတော်လောက်ပြီ။

အဲဒီမှာ သဟဇာတနိဿယကျတော့ သဟဇာတလိုပဲ အတူတူပဲဆိုတော့ အတူတကွဖြစ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မှီတာကိုး၊ တစ်ယောက်ကိုတစ်ယောက်က အမှီအဖြစ် ကျေးဇူးပြုတာကိုး၊ အလုပ်တူတူလုပ်တဲ့အခါကျတော့ တစ်ယောက်ကိုတစ်ယောက် ကူညီကြတာမျိုးပေါ့။ ဝတ္ထုပုရေဇာတနိဿယ, ဝတ္ထာရမ္မဏပုရေဇာတနိဿယတို့ကို အသာထားကြဦးစို့၊ ဒါတွေက အခုနားမလည်နိုင်သေးဘူး။

အဲဒီတော့ မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်တဲ့ တရားသည် နိဿယပစ္စည်း၊ ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယတို့နဲ့ ပတ်သက်ပြီးတော့ (ဆိုပါတော့) စက္ခုပသာဒရှိတယ်၊ စက္ခုပသာဒကို အမှီပြုပြီးတော့ စက္ခုဝိညာဏ်ခေါ်တဲ့ မြင်စိတ်ဖြစ်မယ်၊ ဒါဖြင့်ရင် စက္ခုဝိညာဏ်စိတ်ကို စက္ခုပသာဒက မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတယ်၊ စက္ခုပသာဒမရှိရင် (မျက်လုံးမရှိရင် မျက်စိအကြည်ဓာတ် မရှိရင်) မြင်စိတ်ကို မဖြစ်ပေါ်နိုင်ဘူး၊ နားအကြည်ဓာတ်မရှိရင် သောတပသာဒ ပျက်နေရင် ကြားတဲ့စိတ်ကို မဖြစ်ပေါ်နိုင်ဘူး။

အဲသလို ကြားတဲ့စိတ်ကို (သောတပသာဒ) သူက ထုတ်လုပ်ပေးတာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို အမှီပြုပြီးမှ ဖြစ်ရတာ၊ ဒါကြောင့် သူက နိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။ ပဉ္စဝတ္ထုဆိုတာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထုပေါ့လေ၊ ဆိုပါတော့ လျှာမှာ taste bud တွေ အကုန်လုံး ပျက်နေပြီဆိုရင် ဘာအရသာမှ သိမှာမဟုတ်ဘူး၊ နှာခေါင်းလည်းအတူတူပေါ့၊ အဲဒီလိုမှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်တဲ့ တရားတွေ၊ ဒီလောက်လေး နားလည်ရင်တော်လောက်ပြီ။

ဥပနိဿယပစ္စည်းတဲ့၊ ဥပဆိုတာအားကြီးတာ၊ အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရားတဲ့၊ “မိုးဟာ သတ္တဝါဟူသမျှနှင့်၎င်းကိုမှီကာ ကြီးပွားပေါက်ရောက်ကြသော သစ်ပင်တို့၏ အားကြီးသော မှီရာဖြစ်သလို” အားကြီးသော မှီရာဖြစ်တဲ့တရားကို ဥပနိဿယပစ္စည်းတပ်တဲ့တရားလို့ ခေါ်တယ်။ အဲဒီတော့ ပဋ္ဌာန်းပစ္စည်းမှာ အကျယ်ဝန်းဆုံးလို့ ဆိုရလိမ့်မယ်၊ ဘယ်နည်းနဲ့မှ ကျေးဇူးပြုတာမဟုတ်ဘူးဆိုရင် ဥပနိဿယနဲ့ကတော့ ဖြစ်တော့တာပဲ။ ဆိုပါတော့ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်တာတွေ ရှိတယ်။

[စာမျက်နှာ-89] ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာတွေရှိတယ်၊ နောက်ဘဝကောင်းကောင်းလေးရောက်ချင်တယ်၊ ဒါဟာ လောဘမဟုတ်လား၊ နောက်ဘဝကောင်းကောင်းလေးရောက်ချင်တော့ ဒီဘဝဘာလုပ်တုန်း၊ အလှူပေးတယ်၊ သီလဆောက်တည်တယ်၊ ကုသိုလ်တွေပြုတယ်။

အဲဒီတော့ နောက်ဘဝကောင်းရောက်ချင်တဲ့ အကုသိုလ်က အလှူပေးတယ်၊ သီလဆောက်တည်တယ် စတဲ့ကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။ ဒါကြောင့်မို့ ကုသိုလ်ကို အမှီပြုပြီးတော့ ကုသိုလ်ဖြစ်တယ်၊ ကုသိုလ်ကို အမှီပြုပြီးတော့ အကုသိုလ်ဖြစ်တယ်၊ အဲသလိုရှိတယ်၊ အဲဒါကျတော့ တခြားနည်းနဲ့မရဘူး၊ ဥပနိဿယလာခဲ့၊ ဥပနိဿယ အကျယ်ဆုံးပစ္စည်းလို့သာ မှတ်ထားပေတော့။ သူ (ဥပနိဿယ)ကလည်းအမျိုးမျိုးရှိတယ်၊ အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယတဲ့၊ ဒါတွေနေပစေဦး။

ပုရေဇာတပစ္စည်းတဲ့၊ ပုရေဆိုတာ ရှေ့၊ ဇာတဆိုတာဖြစ်တာ၊ ရှေးဖြစ်နှင့်ပြီးတော့ သတ္တဝါတွေ ကျေးဇူးပြုသလိုပဲ၊ ပုရေဇာတပစ္စည်းဆိုတာ ရှေးတုန်းကဖြစ်ခဲ့တယ်၊ အခုအခိုက်အတံ့မှာလည်းရှိနေတယ်၊ ရှိနေပြီးတော့ သူက တခြားတရားတစ်ခုခုကို ကျေးဇူးပြုနေတယ်၊ အဲဒါကို ပုရေဇာတပစ္စည်းလို့ ခေါ်တယ်။

ခုန စက္ခုပသာဒနဲ့ စက္ခုဝိညာဏ်ကို နမူနာအဖြစ် ပြောကြစို့၊ စက္ခုဝိညာဏ်စိတ် မဖြစ်ခင်ကတည်းက စက္ခုပသာဒ ရှိနေတယ်၊ ဝီထိမှာ သေသေချာချာသွားရင် စက္ခုဝိညာဏ်စိတ်က အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရဝဇ္ဇန်း, စက္ခုဝိညာဏ် စသည်ဖြင့် ဝီထိတန်းရှိတယ်မဟုတ်လား၊ ဝီထိတန်းမှာ စက္ခုဝိညာဏ်က စက္ခုဝတ္ထု စက္ခုပသာဒကို မှီတယ်။

အဲဒီစက္ခုဝတ္ထုဟာ အတီတဘဝင်နဲ့အတူဥပါဒ်တဲ့ စက္ခုပသာဒ၊ အဲဒီတုန်းက သူကဖြစ်ခဲ့ပြီ၊ ပုရေဇာတ ရှေးတုန်းက ဖြစ်ခဲ့ပြီ၊ အဲဒီဖြစ်ခဲ့တဲ့ စက္ခုပသာဒက ရုပ်သက် ဘယ်လောက်ကြာကြာနေမလဲ၊ စိတ်နဲ့ရုပ်က ဘယ်သူကပိုပြီး အသက်ရှည်မလဲ၊ ရုပ်က ရှည်တယ်၊ ဘယ်နှစ်ဆလဲ၊ ၁၇-ဆ။ အဲဒီတော့ စက္ခုဝိညာဏ်ဖြစ်တဲ့အခါမှာ စက္ခုဝတ္ထုက ထင်ရှားရှိနေတယ်၊ ရှေးတုန်းက ဖြစ်ခဲ့ပြီးတော့ စက္ခုဝိညာဏ်ပေါ်လာတဲ့အခါမှာ သူက စက္ခုဝတ္ထုကို မှီရာအဖြစ်နဲ့ ကျေးဇူးပြုတယ်၊ အဲဒါကို ပုရေဇာတပစ္စည်းလို့ ခေါ်တယ်။

ပုရေဇာတပစ္စည်းမှန်ရင် ရှေးတုန်းက ဖြစ်ခဲ့ရမယ်၊ ပြီးတော့ အခုကျေးဇူးပြုတဲ့ အခိုက်အတံ့မှာလည်း ထင်ရှားရှိနေရမယ်၊ အဲဒီလို ပစ္စည်းမျိုးကို ပုရေဇာတပစ္စည်းလို့ ခေါ်တယ်။

[စာမျက်နှာ-90] ပုရေဇာတပစ္စည်းက လွယ်တယ်၊ ပစ္ဆာဇာတပစ္စည်းက ခက်တယ်။

ပစ္ဆာဇာတပစ္စည်းဆိုတာ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရားတဲ့၊ “ရှေးကပေါက်နှင့်ကာ ကြီးပွားနေသော သစ်ပင်အား နောက်မှ သွန်းလောင်းအပ် ရွာအပ်သော မိုးရေက စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသလိုပဲတဲ့၊ သူက နောက်မှပေါ်ပြီး ကျေးဇူးပြုတယ်၊ နဂိုတုန်းက ရှိခဲ့ပြီးသားဟာကို သူပေါ်လာတော့ ကျေးဇူးပြုတာ၊ ဒါကို ဆိုလိုတယ်၊ အဲဒါ ပစ္ဆာဇာတတဲ့။

ပစ္ဆာဇာတပစ္စည်းက နောက်မှပေါ်လာပြီး ကျေးဇူးပြုတဲ့အချိန်အခါမှာ ကျေးဇူးအပြုခံရတဲ့ တရားဟာလည်း ထင်ရှားရှိရမယ်၊ သူလည်းထင်ရှားရှိရမယ်၊ ကျေးဇူးအပြုခံရတဲ့ တရားလည်း ထင်ရှားရှိရမယ်။ ဟိုကအရင်ဖြစ်ခဲ့ပြီ၊ သူက အခုမှ စဖြစ်ပြီး အရင်ဖြစ်ခဲ့ပြီးသားကို ကျေးဇူးပြုတာ၊ ခုဟာနဲ့ ပြောင်းပြန်။

ခုဟာက သူက နဂိုဖြစ်ခဲ့ပြီးတော့ အခုဖြစ်ခဲ့တဲ့ဟာက ထပြီး ကျေးဇူးပြုတာ၊ အခုပစ္ဆာဇာတကျတော့ သူက အခုဖြစ်ပြီးတော့ နဂိုကဖြစ်ပြီး ရှိခဲ့တဲ့ တရားကို ကျေးဇူးပြုတာ၊ သူကနောက်မှပေါ်ပြီး ကျေးဇူးပြုလို့ ပစ္ဆာဇာတပစ္စည်းလို့ သုံးတာ၊ ဒါကြောင့်မို့ ဒီမှာ နောက်နောက်သောစိတ် ၈၅-ခု၊ စေတသိက် ဒွေးပညာသလို့ဆိုတာ၊ ပစ္စယုပ္ပန်တရားဘက်ကျတော့ ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယနဲ့ ပြောတာ။

အဲဒီပစ္ဆာဇာတပစ္စည်းက အယူနည်းနည်းချော်တတ်တယ်၊ မှားတတ်တယ်။ ပစ္ဆာဇာတပစ္စည်းဟာ သူမဖြစ်ခင်ကတည်းက သူက နောက်မှဖြစ်မှာ၊ အခုထဲက ကျေးဇူးပြုတယ်လို့ တချို့က အဲသလို ယူတာတွေလည်းရှိတယ်၊ ဒါပေမယ်လို့ ပဋ္ဌာန်းသဘောတရားနဲ့ စဉ်းစားလိုက်တဲ့အခါကျတော့ ပစ္ဆာဇာတပစ္စည်းဟာ အမျိုးအစား ခွဲလိုက်ရင် အတ္ထိအမျိုးအစားထဲမှာပါတယ်တဲ့၊ အတ္ထိဆိုတာ ထင်ရှားရှိနေရမယ်၊ သူဟာ ထင်ရှားရှိနေပြီးတော့ ကျေးဇူးပြုရမှာ၊ သူထင်ရှားမရှိသေးရင် ကျေးဇူးမပြုနိုင်ဘူး။

အဲဒါကြောင့်မို့ ပစ္ဆာဇာတပစ္စည်းဟာ သူဖြစ်ပေါ်လာပြီးနောက် သူရှိနေတဲ့ခိုက် ကျေးဇူးပြုခံရတဲ့ တရားလည်း ရှိနေခိုက်မှာ ကျေးဇူးပြုတာ၊ သူက မပေါ်ခင်ထဲက ကျေးဇူးပြုတယ်ဆိုရင်တော့တော်တော် နားလည်ဖို့ လက်ခံဖို့ မလွယ်ဘူး။ ဒါကြောင့်မို့ ကြိုတင်ပြီး ကျေးဇူးပြုတာ မဟုတ်ဘူး၊ သူဖြစ်လာမှ ကျေးဇူးပြုတာ၊ ဒါပေမယ်လို့ ကျေးဇူးအပြုခံရတဲ့ တရားက ရှေးတုန်းက ဖြစ်ခဲ့ပြီး သူက နောက်မှဖြစ်တာ။

[စာမျက်နှာ-91] နောက်မှဖြစ်တယ်ပေါ့လေ၊ ဒါကြောင့်မို့ သူ့ကို ပစ္ဆာဇာတပစ္စည်း လို့ သုံးတယ်။
> သတ္တိရှိနေ၊ ရုပ်တွေ အား၊ စိတ်နှစ်ဖြာ၊ နောက်နောက်လာ၊ တည်ပစ္ဆာဇ။

အာသေဝနပစ္စည်း၊ ဒါကတော့ လွယ်ပါတယ်၊ အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊ repetition လို့ အာသေဝနကို အင်္ဂလိပ်လို ပြန်တယ်၊ စာတစ်ခုကျက်တဲ့အခါ အထပ်ထပ် ရွတ်ရင် ကြာတော့ ရသွားရော၊ နံ့သာထည့်တဲ့ခွက်ဟာ နံ့သာထည့်ဖန်များတော့ နံ့သာနဲ့ ထုံနေတယ်၊ အဲသလို ထုံတာကို အာသေဝနလို့ ခေါ်တယ်။
“ရှေးရှေး၌ သင်အံသော ကျမ်းဂန်သည် နောက်နောက်၌ သင်အံသော ကျမ်းဂန်အား သင်ကြားလေ့ကျက်ဆောင်ရွက်လွယ်ကူစေခြင်းငှာ”
ရှေးတုန်းက သင်ထားတာဟာ နောက်သင်မယ့်ဟာကို ကျေးဇူးပြုတာပေါ့။ အလီကျက်ထားမှ သင်္ချာတွက်ရလွယ်မယ်၊ အပေါင်းအနှုတ်အမြှောက်အစား လုပ်လို့ရမယ်၊ အဲသလို ကျေးဇူးပြုတာ။

အဲသလို ကျေးဇူးပြုတဲ့ တရားတွေကျတော့ သဘောတူမှ ဇာတ်တူမှ ဒီနည်းနဲ့ ကျေးဇူးပြုလို့ရတယ်၊ repeat လုပ်တယ်ဆိုတာ repeat ဆိုကတည်းက “ရှေးရှေးဖြစ်သော ဇောတို့သည် အခြားမဲ့ဖြစ်သော နောက်နောက်ဇောတို့အား ကျေးဇူးပြုတတ်သောကြောင့် အာသေဝနပစ္စည်းလို့ခေါ်တယ်”။

အဲဒီတော့ အနန္တရပစ္စည်း ပြန်ကြည့်လိုက်စမ်း၊ ဝီထိမှာ ပဉ္စဒွါရဝဇ္ဇန်းက စက္ခုဝိညာဏ်ကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ စက္ခုဝိညာဏ်က သမ္ပဋိစ္ဆိုင်းကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတယ် စသည်ဖြင့်သွားတယ်၊ ကိုင်း၊ ဝုဋ္ဌောက ဇောကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ နံပတ်တစ်ဇောက နံပတ်နှစ်ဇောကို အနန္တရနဲ့လည်း ကျေးဇူးပြုတယ်၊ အာသေဝနနဲ့လည်း ကျေးဇူးပြုတယ်၊ ဘာကြောင့်လည်းဆိုတော့ ဇာတ်တူလို့၊ ကုသိုလ်ချင်း ကုသိုလ်ချင်း၊ အကုသိုလ်ချင်း အကုသိုလ်ချင်း၊ ကြိယာချင်း ကြိယာချင်း ဇာတ်တူတယ်၊ ဇာတ်တူဖြစ်တဲ့အတွက်ကြောင့် အဲဒီအခါကျတော့ အာသေဝနပါ ပါသွားပြီ။

အဲဒီတော့ သန္တီရဏက ဝုဋ္ဌောကို ကျေးဇူးပြုတဲ့အခါမှာ အနန္တရနဲ့ပဲ ကျေးဇူးပြုတယ်၊ အာသေဝနနဲ့ ကျေးဇူးမပြုဘူး၊ ကုသိုလ်၊ အကုသိုလ် မဟုတ်လို့၊ ဇောဆိုတာ ဘယ်ဟာတွေတုန်း၊ ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာတွေကို

[စာမျက်နှာ-92] ဇောခေါ်တယ် မဟုတ်လား၊ အဲဒီဇောတွေမှာ ကျေးဇူးပြုမယ်။
ပထမဇောက ဒုတိယဇော၊ ဒုတိယဇောက တတိယဇော စသည်ဖြင့်သွား၊ ဆဋ္ဌမဇောက သတ္တမဇောကို အနန္တရနဲ့လည်း ကျေးဇူးပြုမယ်၊ အာသေဝနနဲ့လည်း ကျေးဇူးပြုမယ်။

သတ္တမဇောက ရောက်လာတဲ့ တဒါရုံကိုကျတော့ အာသေဝနမပါတော့ဘူး၊ ဇာတ်မတူတော့ဘူး၊ ကွဲသွားပြီ၊ နားလည်ပြီနော်၊ ဒါကြောင့်မို့ အာသေဝနပစ္စည်း ဆိုတာ ဇာတ်တူမှ ကျေးဇူးပြုတယ်၊ ဒါကြောင့်။
* ရှေ့ဇောအစု၊ ဇာတ်တူမှုကြောင့်၊ ကုအကုပါ၊ ကြိယာတစ်ဖန်၊ နန္တရီ၊ ပွားဟန်သေဝနတဲ့။
အကုသိုလ် အကုသိုလ်၊ ကြိယာ ဇောတွေ ရှိလိမ့်မယ်။

ကမ္မပစ္စည်း။ ဒါကတော့ ဗုဒ္ဓဘာသာမှန်ရင် ကံနားလည်တယ်၊ မိမိကြောင့် ဖြစ်ကုန်သော ရုပ်နာမ်တရားတို့ကို ပြုပြင်စီရင်တတ်သော စေတနာသည် ကမ္မပစ္စည်းမည်၏။ ကမ္မပစ္စည်းတပ်တဲ့တရားတွေဟာ ဘယ်တရားတွေတုန်း၊ စေတသိက် ၅၂-ခုတွင် စေတနာ စေတသိက်။

အဲဒီ ကမ္မပစ္စည်းက ၂-မျိုးရှိတယ်၊ သဟဇာတကမ္မရယ် နာနက္ခဏိကကမ္မရယ်လို့ ၂-မျိုးရှိတယ်။
အခု ပြောပြောနေတဲ့ကံ၊ ကံ၏အကျိုးတရားဆိုတာက နာနက္ခဏိကကမ္မ ဆိုတာကို ရည်ရွယ်ပြီးပြောတာ၊ သဟဇာတကမ္မဆိုတာက အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ နာနက္ခဏိကကမ္မဆိုတာက different moment၊ နာနာဆိုတာ different ပဲ၊ ခဏဆိုတာ moment ပဲ၊ အချိန်မတူဘူး။

ကုသိုလ်ကံကို အခုပြုလိုက်တယ်၊ အဲဒီကုသိုလ်ကံရဲ့ အကျိုးကြောင့် နောက်ဘဝမှာ နတ်ဖြစ်မယ်၊ လူဖြစ်မယ်၊ အကြောင်းနဲ့အကျိုးနဲ့ မကွာဘူးလား၊ ခဏချင်း မတူဘူးမဟုတ်လား၊ အဲသလို ကျေးဇူးပြုတဲ့ စေတနာကို နာနက္ခဏိကကမ္မပစ္စည်းလို့ခေါ်တယ်။

စေတနာစေတသိက်ဟာ စိတ်တိုင်းနဲ့ယှဉ်တယ်၊ လောဘမူ ပထမစိတ်မှာလဲ စေတနာယှဉ်တယ်၊ အဲဒီ စေတနာဟာ အကျိုးပေးမယ်ဆိုရင် နောက်ဘဝတွေကို အကျိုးပေးနိုင်တယ်၊ နောက်ဘဝတွေကို အကျိုးပေးရင် နာနက္ခဏိကကမ္မဖြစ်မယ်။
တစ်ခါ အတူတကွဖြစ်တဲ့တရားတွေကို သဟဇာတသတ္တိနဲ့ ကျေးဇူးမပြုပေဘူးလား၊ ပြုတယ် အဲသလို ကျေးဇူးပြုရင် သဟဇာတကမ္မ၊ အဲဒီလို ကမ္မပစ္စည်း

[စာမျက်နှာ-93] ၂-မျိုးရှိတယ်၊ နာနက္ခဏိကကမ္မနဲ့ သဟဇာတကမ္မ၊ ဒါလေးကို နားလည်ဖို့ ကောင်းတယ်။
အခု ကံကံ၏ အကျိုးလို့ပြောနေတာဟာ နာနက္ခဏိကကမ္မကို ရည်ရွယ်ပြီး ပြောနေတာ၊ သဟဇာတကမ္မဆိုတာက စိတ်တိုင်းမှာပါတဲ့ စေတနာပဲ၊ အဲဒီစေတနာက အတူတကွဖြစ်တဲ့စေတသိက်တွေ ရုပ်တွေကို ကျေးဇူးပြုတယ်၊ အဲဒါက သဟဇာတကမ္မလို့ ဒီလိုခေါ်တယ်။

ဝိပါကပစ္စည်းတဲ့၊ ဝိပါကဆိုတာ အကျိုးမဟုတ်လား၊ အဲဒီတော့ ဝိပါက်စိတ် စေတသိက်တွေပဲ ဖြစ်မှာပေါ့၊ အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရားတဲ့။
အမှန်တော့ သူက နောက်ထပ် အကျိုးဖြစ်စေတာကို ဆိုလိုတာ မဟုတ်ဘူးနော်၊ သူတို့ကိုယ်တိုင်က အကျိုးဖြစ်ပြီးတော့ အချင်းချင်း ကျေးဇူးပြုတာကိုပဲ ဝိပါက လို့ဆိုတာ၊ သူက ဖြစ်စေရင် ကမ္မပစ္စည်းဖြစ်သွားလိမ့်မယ်၊ အဲဒါနည်းနည်းလွဲသွားတတ်တယ်။

ဝိပါကပစ္စည်းဆိုတာက သူတို့ကိုယ်၌က တစ်ပါးသောကံက ပစ်ချလိုက်လို့ (ဆိုပါတော့) ဖြစ်ပေါ်လာတဲ့ တရားတွေ၊ ဒါကြောင့်မို့ ဝိပါက်စိတ် စေတသိက်၊ အဲဒါတွေကို ဝိပါကပစ္စည်းတပ်တဲ့ တရားလို့ဆိုရတယ်။

မဟာဝိပါက်စိတ် ၈-ခုဆိုပါစို့၊ စေတသိက် ၃၃-ယှဉ်တယ်၊ အဲဒီမှာ ဝိပါက်စိတ်သည် ဝိပါကပစ္စည်း၊ သူနဲ့အတူတကွဖြစ်တဲ့ စေတသိက် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့ရှိတယ်၊ စိတ္တဇရုပ်ပဲထားပါတော့၊ စိတ္တဇရုပ်သည် ပစ္စယုပ္ပန် အဲသလို သွားရော၊ ဝိပါကပစ္စည်းဆိုတာ အမှန်ကတော့ ပစ္စည်းတပ်တဲ့တရား ကိုယ်တိုင်က ဝိပါက်ဖြစ်ရမယ်လို့ ဒါလေး မှတ်ထားလိုက်ရင် ပြီးတာပဲ။

အဲဒီတော့ ဝိပါက်က ၂-မျိုးရှိတယ် မဟုတ်လား၊ ပဋိသန္ဓေအခါမှာ ဝိပါက်၊ ပဝတ္တိအခါမှာ ဝိပါက် ၂-မျိုးလုံး ဒီမှာရတယ်။
ဝိပါက်စိတ်တို့ရဲ့ သဘောက အရှိန်အဟုန် ဗျာပါရ မရှိဘူး၊ ဘာကြောင့်လဲ ဆိုတော့ သူများကြောင့် ဖြစ်လာရတဲ့ တရားကိုး၊ သူတို့မှာ ထထကြွကြွ လုံ့လ ပြတဲ့သဘောမျိုး မရှိဘူး၊ ဝိပါက်ဆိုတဲ့သဘောက ဗျာပါရကင်းတဲ့ သဘော၊ အေးငြိမ်းတဲ့သဘောရှိတယ်။
ဒါကြောင့်မို့ သူတို့က ဝိပါက်ဖြစ်တယ်၊ ထထကြွကြွမရှိတဲ့ အတွက်ကြောင့် နောက်ထပ်အကျိုးတစ်ခုမဖြစ်စေနိုင်ဘူး၊ သူများအကျိုးပဲ ဖြစ်စေနိုင်တယ်၊ ဝိပါကပစ္စည်းတဲ့။

[စာမျက်နှာ-94] အာဟာရပစ္စည်းတဲ့၊ အာဟာရဘယ်နှစ်မျိုးရှိသလဲ၊ အာဟာရ ၄-မျိုးရှိတယ်။ ကဗဠီကာရအာဟာရ၊ ဖဿအာဟာရ၊ မနောသဉ္စတနာဟာရ၊ ဝိညာဏာဟာရလို့ ၄-မျိုးရှိတယ်၊ အဲဒီ ၄-မျိုးကိုပဲ ဒီမှာ အာဟာရပစ္စည်းခေါ်တယ်။
> ထောက်ပံ့ခိုင်တွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ်အာဟာရ။

အာဟာရပစ္စည်းသည် ရုပ်အာဟာရ နာမ်အာဟာရအားဖြင့် ၂-ပါးအပြားရှိ၏၊ ကဗဠီကာရအာဟာရက ရုပ်ပေါ့၊ ဖဿရယ်၊ စေတနာရယ်၊ ဝိညာဏ်ရယ်က နာမ်ပေါ့။ ဒါကြောင့်မို့ ရုပ်အာဟာရ နာမ်အာဟာရရယ်လို့ အာဟာရ ၂-မျိုး ရှိတယ်။

ဣန္ဒြိယပစ္စည်းတဲ့၊ အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ဒါလည်းပဲ သမုစ္စည်းပိုင်း ပြန်ရမှာချည်းပဲ၊ ဣန္ဒြေ ၂၂-ပါးတွေ့ခဲ့တယ် မဟုတ်လား၊ ဒါပေမယ့် ဒီမှာတော့ ဣန္ဒြေ တရားကိုယ် ၈-ပါး ၉-ပါး ဒီလို လုပ်လိမ့်မယ်။
အဲဒီတော့ ဣန္ဒြိယပစ္စည်းမှာ ရုပ်ဣန္ဒြေ၊ နာမ်ဣန္ဒြေလို့ ၂-မျိုးရှိတယ်လို့ ဒီလိုပဲမှတ်ထား၊ နာမ်ဣမှာ ဘာတွေရှိသလဲ၊ ဇီဝိတစေတသိက်ရယ်၊ ဧကဂ္ဂတာရယ်၊ ပညာရယ်၊ ဒါတွေကို နာမ်ဣန္ဒြေ ၈-ပါးလို့ ခေါ်တယ်၊ ဣန္ဒြေ ၂၂-ပါးထဲ ပြန်ကြည့်ရင် တွေ့လိမ့်မယ်၊ ဒါက နာမ်ဣ။

ရုပ်ဣကတော့ ရူပဇီဝိတိန္ဒြိယ၊ ရုပ်ဇီဝိတဟာ ရုပ်ဣန္ဒြေပေါ့၊ နာမ်ဇီဝိတရယ်၊ တခြားစိတ်စေတသိက်တွေက နာမ်ဣန္ဒြေပေါ့၊ သေသေချာချာ ပြန်စစ်ကြည့်ရင်ရမယ်၊ အဲသလို ဣန္ဒြိယ နာမည်ရပြီး ကျေးဇူးပြုတတ်တဲ့ တရားတွေကို ဣန္ဒြိယပစ္စည်းလို့ ခေါ်တယ်၊ ဒါဟာလည်း အတူတကွဖြစ်ပြီး ကျေးဇူးပြုတဲ့ သဘောတရားတွေပဲ။
စိတ်ရှိမယ်၊ စိတ်က ဝေဒနာကို ကျေးဇူးပြုမယ်၊ သဒ္ဓါကို ကျေးဇူးပြုမယ်၊ ဝီရိယကို ကျေးဇူးပြုမယ်၊ ဝေဒနာက စိတ်ကို ကျေးဇူးပြုမယ်၊ တခြားဟာတွေကို ကျေးဇူးပြုမယ် စသည်ဖြင့် သွားမယ်။

ဈာနပစ္စည်းတဲ့၊ ဈာန်လို့ခေါ်ရတဲ့ တရားတွေက ဘယ်တရားတွေတုန်း၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာလို့ ဈာနင် တရားကိုယ် ၅-ပါး ရှိတယ် မဟုတ်လား၊ သုခဆိုတာ ဝေဒနာပဲ၊ ဥပေက္ခာဆိုတာ ဝေဒနာပဲ၊ ဒါကြောင့်မို့ ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ၊ တရားကိုယ် ၅-ပါး သူတို့ကို ဈာနပစ္စည်းလို့ ခေါ်တယ်။
ဝိတက် စေတသိက်ဟာ ဈာနပစ္စည်း၊ သူနဲ့ယှဉ်တဲ့စိတ် စေတသိက်တွေဟာ

[စာမျက်နှာ-95] ဈာနပစ္စည်းရဲ့ ပစ္စယုပ္ပန်၊ စိတ္တဇရုပ်တွေလည်း ပါလိမ့်မယ်၊ အဲသလို သွားရမယ်။

မဂ္ဂပစ္စည်းတဲ့၊ မဂ္ဂင်တရားကိုယ် ဘယ်နှစ်ပါးရှိခဲ့လဲ၊ ၉-ပါး ရှိတယ်။ ရိုးရိုးမဂ္ဂင် ၈-ပါးရယ်၊ မိစ္ဆာဒိဋ္ဌိရယ်၊ ဒါပေါ့၊ အဲဒါကို တရားကိုယ်ပြောတဲ့ အခါကျတော့ ပညာ (သမ္မာဒိဋ္ဌိ )၊ ဝိတက် (သမ္မာသင်္ကပ္ပ )၊ ဝိရတိ ၃-ခုဆိုတာက (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ)၊ ဝီရိယ (သမ္မာဝါယာမ)၊ သတိ (သမ္မာသတိ)၊ ဧကဂ္ဂတာ (သမ္မာသမာဓိ )၊ ဒိဋ္ဌိ (မိစ္ဆာဒိဋ္ဌိ)၊ ဝိတက် (မိစ္ဆာသင်္ကပ္ပ) သို့သော် ဝိတက်ချင်းတူလို့ တစ်ခုပဲ ပြန်ရတယ်၊ မိစ္ဆာဝါယာမဆိုရင် ဝီရိယ၊ အဲဒီလို မဂ္ဂင် တရားကိုယ် ၉-ပါး၊ မဂ္ဂပစ္စည်းတပ်တဲ့တရား၊ သူတို့နဲ့ယှဉ်တဲ့စိတ်၊ စေတသိက် စိတ္တဇရုပ်တို့သည် ပစ္စယုပ္ပန် တရားတွေ။

သမ္ပယုတ္တပစ္စည်းတဲ့၊ သမ္ပယုတ်ဆိုတာ ယှဉ်တယ်၊ သမ္ပယုတ်ဆိုတာ စိတ်၊ စေတသိက်မှာသာရနိုင်တယ်၊ ရုပ်မှာ မရနိုင်ဘူး၊ ဒါကြောင့်မို့ ပစ္စည်းကလည်း စိတ်၊ စေတသိက်ပဲ၊ ပစ္စယုပ္ပန်ကလည်း စိတ်၊ စေတသိက်ပဲဖြစ်လိမ့်မယ်၊ ဇယားကွက်ကြည့်လိုက်စမ်း၊ သမ္ပယုတ်ပစ္စည်း ဘာတွေပြောထားလဲ။
“အချင်းချင်းအား ထောက်အပ်သော အလုံးစုံသော စိတ်ဧကူနဝုတိ (၈၉)၊ စေတသိက် ဒွေးပညာသ (၅၂) ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး၊ ရှင်းရှင်းပြောရရင် စိတ်-၈၉၊ စေတသိက်-၅၂။

ပစ္စယုပ္ပန်ကြည့်လိုက်ဦး၊ “အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ်ဧကူနဝုတိ (၈၉)၊ စေတသိက် ဒွေးပညာသ (၅၂) ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး၊ အတူတူပဲ။
အဲဒီတော့ စိတ် စေတသိက်တို့ဟာ သမ္ပယုတ်မဖြစ်ဘူးလား၊ စိတ်ပိုင်းတုန်းက ဉာဏသမ္ပယုတ်တို့ ဒိဋ္ဌိဂတသမ္ပယုတ်တို့ ဆိုခဲ့တယ်မဟုတ်လား၊ စိတ်နဲ့ စေတသိက် သမ္ပယုတ်ဖြစ်နိုင်တယ်၊ စိတ်နဲ့ရုပ်၊ စေတသိက်နဲ့ရုပ် သမ္ပယုတ် မဖြစ်ဘူး၊ သူတို့ကျတော့ ဝိပ္ပယုတ်ဖြစ်နိုင်တယ်။

သမ္ပယုတ်ဆိုတာ ရောနှောသွားလောက်အောင်ကို ဖြစ်တာဆိုတယ်၊ ဥပမာ များထည့်ပေးထားသေးတယ်၊ “နို့၊ ရေ၊ ထောပတ်၊ ပျားသကာဟူသော စတုမဓု အရသာသည် အချင်းချင်း နှီးနှောသည်ဖြစ်၍”တဲ့။
စတုမဓုကျိုတဲ့အခါကျတော့ ၄-မျိုး ရောရတယ် မဟုတ်လား၊ အဲသလို စတုမဓု ရောသလို ရောနိုင်တဲ့ သဘောတရားမျိုးကို သမ္ပယုတ်လို့ ခေါ်ရတယ်၊ ရုပ်နဲ့နာမ်တရားက အဲသလိုရောလို့ မရဘူး၊ နာမ်တရားအချင်းချင်းသာ ရောလို့

[စာမျက်နှာ-96] ရတယ်၊ ဒါကြောင့်မို့ ရုပ်နဲ့နာမ်ဟာ အတူတူဖြစ်ပေမယ်လို့ သမ္ပယုတ် မဟုတ်ဘူး၊ ဝိပ္ပယုတ်လို့ ခေါ်ရတယ်။

အရသာ ၂-မျိုး အချဉ်နဲ့ အစပ်ကို ဟင်းတစ်မျိုးထဲမှာ ထည့်ချက်မယ်ဆိုရင် ချဉ်တာက ချဉ်တာပဲ၊ စပ်တာက စပ်တာပဲ၊ အချဉ်နဲ့အစပ်က ရောသွားပြီး နောက်ထပ် ဘာဖြစ်တယ်ဆိုတာ မရှိဘူး၊ ဒါဟာကိုယ်တွေ့ပဲ၊ ကိုယ်က ငရုတ်သီး မကြိုက်တော့ အစပ်ကလေးပါလာရင် ချက်ခြင်းသိတာပဲ၊ သူများတွေက မစပ်ဘူး ထင်ပေမယ့်၊ ကိုယ့်ကျတော့ စပ်နေတယ်၊ အဲသလိုပဲ၊ မရောနိုင်တာက ဝိပ္ပယုတ္တ၊ ရောနိုင်ပြီးတော့ စတုမဓုလို ဒါကထောပတ်၊ ဒါကပျားရည်နဲ့ အရသာမရှိဘူး ရောသွားပြီ။ အဲဒါက သမ္ပယုတ္တ၊ ရှေးကဆရာတော်ကြီးတွေ ဥပမာပေးတာ သိပ်ကောင်းတယ်။

ဝိပ္ပယုတ္တကျတော့ ခုနပြောသလို ရောစပ်လို့ အတူတူဖြစ်ပေမယ်လို့ မယှဉ်ဘူး၊ ဒါတွေဟာ တော်တော်ဆန်းတယ်နော်၊ မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်နဲ့ မြင်ပြီး ဟောခဲ့လို့သာပဲ၊ နောက်လူတွေက ဘုရားဟောပြီးသားကိုတောင် မနည်းလိုက်ရတယ်၊ စပြီးမြင်ဖို့ဆိုတာတော့ အတော်ခဲယဉ်းတယ်။

ဒါကြောင့်မို့ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ပြောခဲ့တာပေါ့၊ မြတ်စွာဘုရားဟာ ပြုနိုင်ခဲတဲ့အလုပ်ကို ပြုလုပ်ခဲ့တယ်၊ အတူတူဖြစ်တဲ့ အာရုံတစ်ခုထဲယူတဲ့ အတူတကွဖြစ်တဲ့ တရားတွေကိုပဲ ဒါက စိတ်၊ နာမ် သဘောတရား၊ ဒါက ဖဿ သဘောတရား၊ ဒါက ဝေဒနာသဘောတရား စသည်ဖြင့် သီးခြားတစ်ခုစီ တစ်ခုစီ ခွဲပြနိုင်တယ်၊ ခွဲပြရုံတင် မကဘူး၊ အခုလို သူတို့အချင်းချင်းက ဘယ်လိုနည်းနဲ့ ကျေးဇူးပြုပြီး အတူတကွဖြစ်တယ်ဆိုတာကိုပါ ပြောပြခဲ့တာ။

အားလုံးနားလည်ပြီးတဲ့အခါကျတော့ စဉ်းစားကြည့်လိုက်ရင် ကောက်ချင်တာကောက်ယူလိုက်၊ အဲဒါကို အဘိဓမ္မာနည်းနဲ့ explain လုပ်မယ်ဆိုရင် အများကြီး explain လုပ်လို့ရတယ်၊ အခုလို ပဋ္ဌာန်းနည်းနဲ့ လာမလား၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ လာမလား၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် စသည်ဖြင့် အများကြီး ပြောလို့ရတယ်၊ ဝိပ္ပယုတ္တပစ္စည်းကတော့ မယှဉ်တာကို ဆိုလိုတယ်။ ဒါကြောင့်မို့ ဝိပ္ပယုတ္တပစ္စည်းမှာ ရုပ်နဲ့နာမ်ဟာ ဝိပ္ပယုတ္တ၊ ဘယ်တော့မှ သမ္ပယုတ္တမဖြစ်ဘူး၊ အဲသလောက်ပဲ မှတ်ထားဦးပေါ့။

အဲဒီတော့ ရုပ်၊ ရုပ်ချင်း ဝိပ္ပယုတ္တဖြစ်သလားတဲ့၊ အဲဒါကျတော့ ရုပ်ရုပ်ချင်း ဝိပ္ပယုတ္တဖြစ်တယ်လို့ မဟောပြန်ဘူး၊ ဘာလဲဆိုတော့ အတူတကွဖြစ်ပြီးတော့ သမ္ပယုတ္တ ဖြစ်လေသလားလို့ သံသယဖြစ်ရတဲ့ဟာမျိုးမှသာ ဒါဟာ ဝိပ္ပယုတ်လို့

[စာမျက်နှာ-97] ပြောရတာ၊ ရုပ်ရုပ်ချင်း ဝိပ္ပယုတ် ထင်ရှားနေတာ သံသယဖြစ်စရာမရှိဘူး၊ အထူးပြောစရာ မလိုဘူး။
ဒါကြောင့်မို့ ဝိပ္ပယုတ္တပစ္စည်း ပစ္စယုပ္ပန်တတ်တဲ့အခါကျတော့ ဒီရုပ်က ဟိုရုပ်ကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ မပြောတော့ဘူး၊ နာမ်က ရုပ်ကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ ရုပ်က နာမ်ကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ ရုပ်က ရုပ်ကို ဝိပ္ပယုတ္တနဲ့ ကျေးဇူးပြုတယ်လို့ မဟောတော့ဘူး။

ခုနလို နာမ်နဲ့ရုပ်ဟာ အတူတကွဖြစ်တဲ့အခါ စိတ္တဇရုပ် (စိတ်)နဲ့ နာမ်နဲ့ အတူတူဖြစ်တဲ့အခါ သမ္ပယုတ်များ ဖြစ်နေလေသလားလို့ အဲဒီလို ယုံမှားရလောက်တဲ့ နေရာမှ ဝိပ္ပယုတ္တလို့ခေါ်တာ။

အတ္ထိပစ္စည်းတဲ့၊ အတ္ထိဆိုတာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ထင်ရှားရှိပြီးတော့ ကျေးဇူးပြုတတ်တဲ့ သဘောတရားကို အတ္ထိပစ္စည်းလို့ခေါ်တယ်၊ ဒါကြောင့်မို့ အတ္ထိပစ္စည်းလို့ဆိုရင် ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ရှိနေရမယ်၊ ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ရှိနေမှ သူက အတ္ထိပစ္စည်းတပ်တဲ့တရား ဖြစ်မယ်၊ ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ရှိမနေဘူးဆိုရင် အတ္ထိပစ္စည်း မတတ်နိုင်ဘူး။

ဒါကြောင့်မို့ သဟဇာတထဲလည်း အတ္ထိပါတာပဲ၊ ပုရေဇာတထဲလည်း ပါတာပဲ၊ ပစ္ဆာဇာတထဲလည်း ပါတာပဲ၊ အာဟာရ၊ ဣန္ဒြိယထဲလည်း ပါတာပဲ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က ထင်ရှားရှိပြီး ကျေးဇူးပြုတဲ့ တရားတွေမို့လို့။

နတ္ထိပစ္စည်းတဲ့၊ နတ္ထိပစ္စည်းဟာ ရှင်းရှင်းပြောရရင် အနန္တရနဲ့ အတူတူပဲ။ မရှိသောအားဖြင့် ကျေးဇူးပြုတာ။
ဝိဂတပစ္စည်းတဲ့၊ ဝိဂတဆိုတာ ကင်းသွားတယ်၊ ကင်းသွားတော့ နတ္ထိနဲ့ အတူတူပဲ၊ နတ္ထိနဲ့ ဝိဂတအတူတူပဲ၊ ကင်းတယ်ဆိုတာ မရှိတာပဲ။
အဝိဂတပစ္စည်းကျတော့ မကင်းတာ၊ မကင်းတာဆိုတော့ ရှိတယ်၊ အတ္ထိနဲ့ တူတယ်၊ အဲဒီ ၄-ခု သေသေချာချာ မှတ်နော်၊ အတ္ထိနဲ့ အဝိဂတနဲ့ တူတယ်။ နတ္ထိနဲ့ ဝိဂတနဲ့ တူတယ်။

တစ်ခါ နတ္ထိနဲ့ အနန္တရနဲ့တူတယ်၊ အနန္တရမှ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ ဒီ ၄-ခုဟာ အတူတူပဲ၊ ပြန်ပြောပြမယ်။
နတ္ထိနဲ့ ဝိဂတနဲ့ တူတယ်၊ နတ္ထိလို့ ပြောလိုက်ရင် ဝိဂတလို့ ပြောရာရောက်တယ်။ အဲဒီ နတ္ထိဟာ အနန္တရနဲ့ တူပြန်တယ်၊ အနန္တရနဲ့ သမနန္တရကလည်း အတူတူပဲဆိုတော့ ဒီ ၄-ခုဟာ တစ်ခုပြောလိုက်ရင် ဒီ ၄-ခုကို ပြောပြီးသားပဲ။

[စာမျက်နှာ-98] အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ပြောလိုက်ရင် နားလည်ရမှာက သမနန္တရနဲ့လည်း ကျေးဇူးပြုတယ်၊ နတ္ထိနဲ့လည်း ကျေးဇူးပြုတယ်၊ ဝိဂတနဲ့လည်း ကျေးဇူးပြုတယ်၊ အဲဒီလို နားလည်ရမယ်၊ ဒါဟာ ၂၄-ပစ္စည်း အကြမ်းဖျင်းပဲ။

မဟာဂန္ဓာရုံ ဆရာတော် ဟောထားတဲ့ အခြေပြုပဋ္ဌာန်းဆိုတာရှိတယ်နော်၊ တိတ်ခွေလည်း တချို့ ဒကာဒကာမတွေဆီမှာ ရှိတယ်၊ စာအုပ်လည်း ရိုက်ထားတယ်။ အတော်ထူတယ်၊ အဲဒီစာအုပ်များရှိလို့ ဖတ်ရင်ကောင်းတယ်၊ အဲဒါ အကျယ်ဟောထားတာဆိုတော့ ဥပမာတွေဘာတွေနဲ့ ဆိုတော့ ပိုပြီးတော့ နားလည်မယ်၊ ဖြည်းဖြည်းလည်း ဖတ်ရမယ်၊ ၂၄-ပစ္စည်းအတွက် ဒီလောက်ထူတဲ့ စာအုပ်ကြီး လုပ်ထားတာကိုး၊ အဲဒါ အချိန်ရှိလို့ ဖတ်ရင် ကောင်းတယ်၊ ဒီမှာတော့ သင်္ဂြိုဟ်က အကျယ်မသွားနိုင်ဘူး၊ လိုရင်းချုပ်ပြီး ပြောရတာ၊ ပစ္စည်း ပစ္စယုပ္ပန်ဆိုလည်း ပစ္စည်း ပစ္စယုပ္ပန်ပဲပြောမယ်။

[စာမျက်နှာ-99]
ပစ္စည်းတူပေါင်း၍ ပြချက်

(၁) ဤ ၂၄ ပစ္စည်းတို့တွင် နာမ်သည် နာမ်အား ပစ္စည်းပစ္စယုပ္ပန်၏ အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန၊ သမ္ပယုတ္တအားဖြင့် ၆-ပစ္စည်း။
(၂) နာမ်သည် နာမ်ရုပ်အား ပစ္စည်းပစ္စယုပ္ပန်အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ဟေတု၊ ဈာန၊ မဂ္ဂ၊ ကမ္မ၊ ဝိပါကအားဖြင့် ၅-ပစ္စည်း။
(၃) နာမ်သည် ရုပ်အား ကျေးဇူးပြုရာ၌ ပစ္ဆာဇာတပစ္စည်း။
(၄) ရုပ်သည် နာမ်အား ကျေးဇူးပြုရာ၌ ပုရေဇာတပစ္စည်း။
(၅) ပညတ်နာမ်ရုပ်တို့သည် နာမ်အား ကျေးဇူးပြုရာ၌ အာရမ္မဏ၊ ဥပနိဿယ ၂-ပစ္စည်း။
(၆) နာမ်ရုပ် ၂-ပါးသည် နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုရာ၌ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတအားဖြင့် ၉-ပစ္စည်းဖြင့် ကျေးဇူးပြုကုန်၏။

ပစ္စည်းအကျဉ်းချုပ်

၂၄ ပစ္စည်းတို့ကို အကျဉ်းချုံး၍ သိမ်းရုံးပေါင်းစည်းအပ်သည်ရှိသော် (၁) အာရမ္မဏ (၂) ဥပနိဿယ (၃) ကမ္မ (၄) အတ္ထိ ၄-ပစ္စည်းသို့သာ ဝင်ကုန်၏။

(၁) အာရမ္မဏပစ္စည်း၌ အာရမ္မဏာဓိပတိ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ အာရမ္မဏူပနိဿယ၊ အာရမ္မဏပုရေဇာတ၊ ဝတ္တာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတအဝိဂတ၊ ဤ ၇ ပစ္စည်းနှင့် အာရမ္မဏပါ ပေါင်း ၈-ပစ္စည်းတို့သည် အာရမ္မဏ ရှစ်မျိုးဟု မည်ကုန်၏။ (အာ၊ ဓိ၊ နီ၊ ဥ၊ ပု၊ ဝိပ်၊ အတ်၊ အဝိ တို့တည်း။)

(၂) ဥပနိဿယ၌ အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ၊ အာသေဝန၊ အနန္တရကမ္မ၊ ဗလဝနာနာက္ခဏိကကမ္မ၊ နတ္ထိ၊ ဝိဂတဤ ၉-ပစ္စည်းတို့သည် ဥပနိဿယ ၉-မျိုး၊ ပစ္စည်းအားဖြင့် ၇-ပါးမည်ကုန်၏။ (အနံ၊ သနံ၊ ဥ၊ အာသေ၊ ကံ၊ နတ်၊ ဝိဂတတို့တည်း။)

(၃) ကမ္မမှာ ကာမဝိပါက်အား တပ်သော ဒုဗ္ဗလကမ္မ၊ ကဋတ္တာရုပ်အား တပ်သော ပဉ္စဝေါကာရကုသိုလ်၊ အကုသိုလ်စေတနာဟုဆိုအပ်သော ဗလဝဒုဗ္ဗလကမ္မ တစ်ပါးသာတည်း၊ ဤကား နာနာက္ခဏိကကမ္မမျိုးတည်း။

[စာမျက်နှာ-100] (၄) အတ္ထိ၌ (က) သဟဇာတမျိုး (ခ) ဝတ္ထုပုရေဇာတတ္ထိ (ဂ) ပစ္စာဇာတတ္ထိ (ဃ) ရူပအာဟာရတ္ထိ (င) ရူပဇီဝိတိန္ဒြိယတ္ထိဟူ၍ ၅-ပါး အပြားရှိ၏။

(က) သဟဇာတတ္ထိ၌ ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတအညမည၊ သဟဇာတနိဿယ၊ သဟဇာတကမ္မ၊ ဝိပါက၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတတ္ထိ၊ သဟဇာတအဝိဂတ ပေါင်း သဟဇာတမျိုး ၁၅-ပါး။

(ခ) ဝတ္ထုပုရေဇာတတို့၌ ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတအဝိဂတ၊ ပေါင်း ဝတ္ထုပုရေဇာတမျိုး ၆-ပါး။

(ဂ) ပစ္ဆာဇာတတ္ထိ၌ ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတအဝိဂတ ပေါင်း ပစ္ဆာဇာတမျိုး ၄-ပါး။

(ဃ) ရူပအာဟာရတ္ထိ၌ ရုပ်အာဟာရ၊ ရုပ်အာဟာရတ္ထိ၊ ရူပါဟာရအဝိဂတ ပေါင်း ရုပ်အာဟာရမျိုး ၃-ပါး။

(င) ရူပဇီဝိတိန္ဒြိယတ္ထိ၌ ရုပ်ဇီဝိတိန္ဒြေ၊ ရူပဇီဝိတိန္ဒြိယတ္တိ၊ အဝိဂတ ပေါင်း ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါးဟူလို။

ကာလသုံးပါး စသည်ဖြင့် ဝေဖန်ပြခြင်း

ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဤ ၁၅ ပစ္စည်းတို့သည် ပစ္စုပ္ပန်ကာလ တစ်ပါး၌ဖြစ်၏။ အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတ ဤ ၅-ပစ္စည်းတို့သည် အတိတ်ကာလ တစ်ပါးတည်း၌သာ ဖြစ်၏။ ဤ ၂၀-သော ပစ္စည်းတို့သည် ကာလတစ်ပါးတည်း၌သာ ဖြစ်သော ပစ္စည်းမည်၏။

သဟဇာတကမ္မပစ္စည်းသည် ပစ္စုပ္ပန်ကာလ၌ဖြစ်၍၊ နာနာက္ခဏိကကမ္မပစ္စည်းသည် အတိတ်ကာလ၌ ဖြစ်သောကြောင့် ကမ္မပစ္စည်းသည် ကာလ ၂-ပါး၌ဖြစ်သော ဒူကာလိကပစ္စည်းမည်၏။

အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿယဤ ၃-ပစ္စည်းတို့သည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလ ၃-ပါး၌ဖြစ်ကုန်သောကြောင့် တေကာလိကပစ္စည်း မည်ကုန်၏။
နိဗ္ဗာန်ပညတ် ၂-ပါးတို့သည် ကာလ ၃-ပါးမှ လွတ်သော တရားတို့ ဖြစ်ကုန်၏။

[စာမျက်နှာ-101] မည်ကုန်၏။
အာရမ္မဏ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ ပုရေဇာတ၊ အာဟာရ၊ အတ္ထိ၊ အဝိဂတ ဤ ၁၀-ပါးသော ပစ္စည်းတို့သည် အဇ္ဈတ္တ ဗဟိဒ္ဓ ၂-ပါးလုံး၌ဖြစ်သော တရားတို့ မည်ကုန်၏၊ ကြွင်းသော (၁၄) ပစ္စည်းတို့သည် အဇ္ဈတ္တဖြစ်သော ပစ္စည်းတို့မည်ကုန်၏။
အမျိုးအားဖြင့်ခွဲဟန်

သဟဇာတမျိုး ၁၅-ပါး
ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတ၊ အညမည၊ သဟဇာတနိဿယ၊ ဝိပါက၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတတ္ထိ၊ သဟဇာတနတ္ထိ၊ သဟဇာတဝိဂတ၊ သဟဇာတအဝိဂတ၊ သဟဇာတကမ္မ၊ သဟဇာတိန္ဒြိယ၊ နာမ်အာဟာရ။
အာရမ္မဏမျိုး ၈-ပါး
အာရမ္မဏ၊ အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယ၊ အာရမ္မဏပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတအဝိဂတ။

(အချို့စာအုပ်များ၌ ဝတ္ထာရမ္မဏပုရေဇာတတ္ထိ၊ ဝတ္ထာရမ္မဏပုရေဇာတအဝိဂတ ဟု ဆို၏၊ ဝတ္ထာရမ္မဏပုရေဇာတ ဆိုလျှင် ဝတ္ထုမဟုတ်သော အာရမ္မဏပုရေဇာတ တို့ မပါဝင်နိုင်၊ အာရမ္မဏပုရေဇာတ ဆိုမှ ဝတ္ထာရမ္မဏပုရေဇာတ၊ အာရမ္မဏပုရေဇာတ အားလုံး ပါဝင်နိုင်သည်။ ထို့ကြောင့် အချို့စာအုပ်များ၌ ခွဲခြားပုံမှာ မစုံလင်။)

[စာမျက်နှာ-102]
အနန္တရမျိုး ၇-ပါး
အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေဝန၊ နာနက္ခဏိကကမ္မ (တစိတ်)၊ နတ္ထိ၊ ဝိဂတ။
[ဖိုလ်အား ကျေးဇူးပြုသော မဂ္ဂစေတနာကို ပကတူပနိဿယ၊ နာနက္ခဏိကကမ္မ တစိတ်ဟု ဆိုထားသည်။ ထိုစေတနာသည် နောက်နောက်စိတ် စေတသိက်အား ကျေးဇူးပြုသော ဗလဝရှေ့စိတ္တုပါဒ်တွင် ပါဝင်သောကြောင့် ပကတူပနိဿယ တစိတ်လည်း ဟုတ်၏၊ စေတနာတရားဖြစ်၍ နာနက္ခဏိကကမ္မ တစိတ်လည်း ဟုတ်၏၊ အခြားမဲ့ဖိုလ်အား ကျေးဇူးပြုသောကြောင့် အနန္တရမျိုး တွင်လည်း ပါဝင်ရသည်။ ဤ အနန္တရမျိုး ၇-ပါးကို အချို့စာအုပ်၌ “အနန္တရူပနိဿယ ပကတူပမျိုး” ဟုလည်း နာမည်ပေး၏၊ ထိုသို့ပေးခြင်းသည် “အာရမ္မဏူပနိဿယ၊ ပေ၊ သမောဓာနံ ဂစ္ဆန္တိ” ဟူသော သင်္ဂြိုဟ်၌ပြသည့် ပစ္စည်း ၄-မျိုးတွင် ဥပနိဿယမျိုး ၌ ဤ အနန္တရ ၇-ပါးလုံး ဝင်ကြရသောကြောင့် ကောင်းလှပေ၏။]
ဝတ္ထုပုရေဇာတမျိုး ၆-ပါး
ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတအဝိဂတ။
[အချို့စာအုပ်၌ “ပုရေဇာတမျိုး” ဟု နာမည်တပ်၏။ ပုရေဇာတ ဟု သာမန်ဆိုလျှင် အာရမ္မဏပုရေဇာတ တွေပါ ပါဝင်ဖွယ်ရှိ၏။ ထို အာရမ္မဏပုရေဇာတ စုကား အာရမ္မဏမျိုး ၌ ပါဝင်ခဲ့ပြီ၊ ထို့ကြောင့် များစွာသော ဆရာမြတ်တို့က “ဝတ္ထုပုရေဇာတမျိုး” ဟု နာမည်တပ်ကြသည်။]
ပစ္ဆာဇာတမျိုး ၄-ပါး
ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတအဝိဂတ။

အာဟာရမျိုး ၃-ပါး
ရုပ်အာဟာရ (ကဗဠီကာရာဟာရ)၊ အာဟာရတ္ထိ၊ အာဟာရအဝိဂတ။

[စာမျက်နှာ-103]
ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါး
ရူပဇီဝိတိန္ဒြိယ၊ ဣန္ဒြိယတ္ထိ၊ ဣန္ဒြိယအဝိဂတ။
(“ရူပဇီဝိတိန္ဒြိယတ္ထိ” ဟုလည်း အချို့စာရှိ၏၊ ပစ္စည်း ၄-မျိုးဖြင့် ခွဲလျှင် အတ္ထိမျိုး တွင် ပါဝင်ရမည်ဖြစ်၍ ကောင်း၏။)
ပကတူပနိဿယမျိုး ၂-ပါး
၁။ နောက်နောက်စိတ် စေတသိက်အား ကျေးဇူးပြုသော ဗလဝဖြစ်သော ရှေးရှေး စိတ္တုပ္ပါဒ် ရုပ် ပညတ်ဟူသော သုဒ္ဓပကတူပနိဿယ။
၂။ ဝိပါက်နာမက္ခန္ဓာအား ကျေးဇူးပြုသော ဗလဝကံဟူသော မိဿကပကတူပနိဿယ နာနက္ခဏိကကမ္မ။
[(၁) သည် “ရာဂါဒယော ပန၊ ပေ၊ ကုသလာဒီနံ ဓမ္မာနံ” နှင့် ညီ၏။ (၂) ကား “ကမ္မံ ဝိပါကာနံ” နှင့် ညီသည်၊ ဗလဝကံကို ကောက်ရာ၌ အနန္တရမျိုး တွင် ပါဝင်ပြီးသော မဂ္ဂစေတနာကိုကြဉ်၊ ဤ ပကတူပ ၂-မျိုးသည် ၃-ချက်စုဆိုရိုးစာအုပ်များ၌ မရှိသော်လည်း သင်္ဂြိုဟ်မှာပင် တိုက်ရိုက်ရှိပေသည်။]
နာနက္ခဏိကကမ္မမျိုး တစ်ပါး
ကာမဝိပါက်အား ကျေးဇူးပြုသော ဒုဗ္ဗလကမ္မ၊ ကဋတ္တာရုပ်အား ကျေးဇူးပြုသော ဗလာဒုဗ္ဗလကမ္မ။
[ကာမဝိပါက်အား ကျေးဇူးပြုသော ဗလဝကံမှာ ပကတူပနိဿယ တွင် ပါဝင်ပြီ။ မဟဂ္ဂုတ် လောကုတ္တရာ ကံဟူသော စေတနာတို့ကား ဒုဗ္ဗလဟုမရှိ ဗလဝချည်းသာ ဖြစ်၍ ပကတူပနိဿယ နှင့် အနန္တရမျိုး တွင် အသီးအသီးပါဝင်လေပြီ၊ ပကတူပနိဿယ ပစ္စယုပ္ပန်တွင် ကမ္မဇရုပ်များ မပါဝင်သောကြောင့် ထိုရုပ်တို့အား ကျေးဇူးပြုသော (ထိုရုပ်တို့ကို ဖြစ်စေတတ်သော) ကံဟူသမျှ ဗလဝဖြစ်ဖြစ်၊ ဒုဗ္ဗလဖြစ်ဖြစ် နာနက္ခဏိကကမ္မ သက်သက်သာတည်း။]

ဆောင်။ ဆဲ့ငါး သဟ၊ ရှစ်ဝအာနှင့် ခုနစ်ဖြာနန်၊ ခြောက်တန်ဝတ္ထု လေးခုပစ္စာ၊ သုံးဖြာဟာရော၊ တယောဣန္ဒြေ ဒိပကတူ တစ်ခုယူကံ၊ မျိုးကိုးတန်ဟု မှတ်ရန်အပြား ဝေဖန်ခြားသည်၊ ဤကား အမျိုးအခွဲတည်း။

[စာမျက်နှာ-104]
အဘိဓမ္မာသင်တန်း - ၅

ပစ္စည်းပိုင်း
ပဋ္ဌာန်းနည်း (၂)
ဒီနေ့ အောက်တိုဘာလ ၁၄-ရက်။

လွန်ခဲ့တဲ့ အပတ်က ပဋ္ဌာန်းပစ္စည်းနဲ့ ပစ္စယုပ္ပန် သဘောတရားတွေကို လေ့လာခဲ့ကြပြီ၊ အဲဒီပစ္စည်းနဲ့ ပစ္စယုပ္ပန်ကို ၂-ချက်စုလို့ခေါ်တယ်၊ ပဋ္ဌာန်းကို ကျကျနန လေ့လာချင်ပြီဆိုရင် ဒီ ၂-ချက်စုကို ကျအောင် ကျက်ရမယ်၊ ဒီ ၂-ချက်စု (အနည်းဆုံး) ကျေမှ ပဋ္ဌာန်းကို သွားလို့ရမယ်။

အဲဒီတော့ ဒီဇယားကွက်ကို ကြည့်လိုက်ရင် ပစ္စည်းတပ်တဲ့ တရားတွေက ဘယ်တရားတွေ၊ ပစ္စယုပ္ပန်ဖြစ်တဲ့ တရားတွေက ဘယ်တရားတွေဆိုတာ အလွယ်တကူ သိနိုင်တယ်၊ အလွတ်မရတောင်မှ ဒီဇယားကွက်ကို ပြန်ကြည့်ပြီး နားလည်ရင် ကိစ္စပြီးတာပေါ့လေ။

အဲဒီတော့ သင်္ဂြိုဟ်ကျမ်းပစ္စည်းပိုင်းမှာ ပဋ္ဌာန်းနဲ့ ပတ်သက်ပြီး ဘာကို ပြောထားတာ ရှိသလဲဆိုတော့ ပစ္စည်းက နာမ်၊ ပစ္စယုပ္ပန်က နာမ်ဖြစ်တဲ့ ပစ္စည်းတွေ၊ ပစ္စည်းက နာမ်၊ ပစ္စယုပ္ပန်က နာမ်ရုပ်၊ ပစ္စည်းက နာမ်၊ ပစ္စယုပ္ပန်က ရုပ်၊ ပစ္စည်းက ရုပ်၊ ပစ္စယုပ္ပန်က နာမ်၊ ပစ္စည်းက ပညတ် နာမ်ရုပ်၊ ပစ္စယုပ္ပန်က နာမ်၊ ပစ္စည်းက...

[စာမျက်နှာ-105] နာမ်ရုပ် ၂-ပါး၊ ပစ္စယုပ္ပန်ကလည်း နာမ်ရုပ် ၂-ပါးဆိုပြီးတော့ အဲသလို ၆-မျိုး ခွဲပြီးတော့ ပြထားတယ်။

အဲဒီ ၆-မျိုးကို နားလည်ဖို့ဆိုရင် ၂၄-ပစ္စည်းမှာ ပစ္စည်းနဲ့ ပစ္စယုပ္ပန်တွေကို ကြည့်ပြီးတော့ ဘယ်ဟာတွေက နာမ်တရားတွေ၊ ဘယ်ဟာတွေက ရုပ်တရားတွေဆိုတာ ပထမ ကွဲထားဖို့ အရေးကြီးတယ်။

ဒီတော့ ဟေတုပစ္စည်း ပဲ ကြည့်လိုက်ပါ၊ ဟေတုပစ္စည်း မှာ ဟိတ် ၆-ပါးဆိုတော့ သူက နာမ်လား၊ ရုပ်လား၊ နာမ်။ ပစ္စယုပ္ပန်ဘက် ကြည့်လိုက်ပါဦး၊ သဟိတ်စိတ် ၇၁၊ မောဟမူဒွေး၌ မောဟကြဉ်သော စေတသိက် ၅၂၊ ဒါက နာမ်။ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်ဆိုတော့ သူက ရုပ်မဟုတ်လား၊ ဒါဖြင့် ဟေတု မှာ ပစ္စည်းက နာမ်၊ ပစ္စယုပ္ပန်က နာမ်ရုပ်၊ ရပြီနော်။

အာရမ္မဏ ကြည့်လိုက်၊ အာရမ္မဏ မှာ ပစ္စည်းက စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညတ်ဆိုတော့ အကုန်ပါနေတယ်၊ ဒါဖြင့်ရင် နာမ်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ် ၄-ခုပါတယ်။ ပစ္စယုပ္ပန်ဘက် ကြည့်လိုက်စမ်း၊ စိတ် ၈၉၊ စေတသိက် ၅၂ ဆိုတော့ နာမ်ပေါ့၊ ဒါဖြင့် အာရမ္မဏပစ္စည်း မှာ ပစ္စည်းဘက်က နာမ်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ရှိတယ်၊ ပစ္စယုပ္ပန်ဘက်မှာ နာမ်ပဲရှိတယ်။

မေး- နာမ်နဲ့ စေတသိက်ဟာ ပေါင်းသွားတာလား။
ဖြေ- စိတ်နဲ့ စေတသိက်ဟာ နာမ်ပဲ၊ စိတ်လည်း နာမ်၊ စေတသိက်လည်း နာမ်ပဲ။ အမှန်အတိုင်း ပြောရရင် နိဗ္ဗာန်လည်း နာမ်ပဲ၊ ဒါပေမယ်လို့ ဒီမှာကျတော့ နာမ်ဆိုရင် စိတ်နဲ့ စေတသိက်ကိုပဲ ရည်ရွယ်တယ်၊ နိဗ္ဗာန်ကို သီးခြားထားတယ်။

အဓိပတိ ကျတော့ အာရမ္မဏာဓိပတိ နဲ့ သဟဇာတာဓိပတိ လို့ ၂-မျိုးရှိတယ်။ ဒါက ၂-ချက်စုကျမှ ကွဲတယ်၊ သင်္ဂြိုဟ်မှာလည်း ခွဲတယ်။

ကောင်းပြီ အဲဒီတော့ အာရမ္မဏာဓိပတိ ကြည့်လိုက်ရင် ဘာတွေ တွေ့ရသလဲဆိုတော့ နိပ္ဖန္နရုပ် ၁၈ ဆိုတော့ ရုပ်တွေ့ရတယ်၊ ဒေါသမူဒွေး၊ မောဟမူဒွေး၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကြဉ်သော စိတ် ၈၄ ခုဆိုတော့ နာမ်။ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၄၇ ဆိုတော့ ဒါလည်း နာမ်ပဲ၊ အဲဒီတော့ အာရမ္မဏာဓိပတိ မှာ နာမ်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ် ၃-မျိုးပေါ့။ ပစ္စယုပ္ပန်ကြည့်လိုက်ရင် ဘာတွေ တွေ့ရသလဲ၊ အလေးအမြတ် ပြုတတ်သော...

[စာမျက်နှာ-106] လောဘမူစိတ် ၈-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ခု၊ လောကုတ္တရာစိတ် ၈-ခု၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ အပ္ပမညာကြဉ်သော စေတသိက် ၄၅ ဆိုတော့ စိတ်နဲ့ စေတသိက်ပဲပေါ့၊ ဒါဖြင့်ရင် သူ နာမ်ပေါ့။

ဒါဖြင့် အာရမ္မဏာဓိပတိ မှာ ပစ္စည်းဘက်က နာမ်၊ ရုပ်၊ နိဗ္ဗာန်၊ ပစ္စယုပ္ပန်ဘက်က နာမ်။

သဟဇာတာဓိပတိ ကြည့်လိုက်ဦး၊ ကြည့်တဲ့အခါကျတော့ သာဓိပတိဇော ၅၂ ခု၌ရှိသော ဆန္ဒ၊ ဝီရိယ၊ သာဓိပတိ တိဟိတ်ဇော ၃၄ ခု၌ ရှိသော ဝီမံသ၊ သာဓိပတိဇော ၅၂ ခုဟု ဆိုအပ်သော စိတ္တာဓိပတိအားဖြင့် အဓိပတိတရားကိုယ် ၄-ပါးတို့တွင် တစ်ပါးပါးဆိုတော့ ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ဝီမံသ၊ သူက နာမ်ပေါ့၊ ဒါဖြင့် သဟဇာတာဓိပတိ မှာ ပစ္စည်းက နာမ်။ ပစ္စယုပ္ပန်ဘက် ကြည့်လိုက်ရင် ဘာတွေ့ရလဲ၊ သာဓိပတိဇော ၅၂၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၅၁၊ သာဓိပတိ စိတ္တဇရုပ်ပါတယ်၊ ဒါဖြင့် သူက နာမ်ရုပ်ပေါ့။

အဲဒါလေးတွေ မှတ်ထားမှနော်၊ သီးခြားစာရွက်လေးတွေနဲ့ မှတ်နိုင်ရင် ပိုကောင်းတယ်၊ ပိုပြီးရှင်းရှင်းလင်းလင်း မြင်တယ်၊ အဲဒါကျမှ ကြည့်တဲ့အခါကျရင် ရှင်းမှာ။

အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ နတ္ထိ၊ ဝိဂတ ပစ္စည်း ပစ္စယုပ္ပန် တရားတွေ ကြည့်ကြရအောင်။ ကိုင်း၊ အနန္တရ၊ သမနန္တရ စသည်မှာ ပစ္စည်းဘက်မှာ စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါးဆိုတော့ နာမ်ပေါ့၊ ဒါဖြင့် အနန္တရ၊ သမနန္တရ စသည်မှာ ပစ္စည်းဘက်က နာမ်။

ပစ္စယုပ္ပန်ဘက် ကြည့်လိုက်ဦး၊ စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါးဆိုတော့ နာမ်ပဲ၊ ဒါဖြင့် ပစ္စည်းနာမ် ပစ္စယုပ္ပန်နာမ်ပဲ။

သဟဇာတ တဲ့၊ သဟဇာတနိဿယ၊ သဟဇာတအတ္ထိ၊ သဟဇာတအဝိဂတ တဲ့ ဘာတွေ တွေ့ရလဲ၊ စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါးဆိုတော့ နာမ်ဖြစ်ရော။ အချင်းချင်းအားလည်းကောင်း၊

[စာမျက်နှာ-107] ဥပါဒါရုပ်အားလည်းကောင်း ကျေးဇူးပြုသော စိတ္တဇမဟာဘုတ် စသည်ဖြင့်သွားတော့ ရုပ်ဖြစ်ရော၊ ဒါဖြင့်ရင် နာမ်ရော ရုပ်ရော ရှိတယ်ပေါ့၊ သဟဇာတ မှာ ပစ္စည်းဘက်က နာမ်နဲ့ ရုပ် နှစ်မျိုးပါတယ်။ ပစ္စယုပ္ပန်ကျတော့ရော အတူတူပဲ၊ သေသေချာချာကြည့်၊ နာမ်ရော ရုပ်ရော နှစ်မျိုးလုံးပါတယ်၊ ၁-က နာမ်၊ ၂-က ရုပ်၊ ၃-က နာမ်ရုပ်။

အညမည ကြည့်လိုက်စမ်း၊ ပစ္စည်းဘက်ကျတော့ စိတ်၊ စေတသိက်ဆိုတော့ နာမ်ရှိတယ်၊ မဟာဘုတ် ၄-ပါးဆိုတော့ ရုပ်ရှိတယ်၊ ဟဒယဝတ္ထုဆိုတော့ ရုပ်ရှိတယ်၊ ဒါဖြင့်ရင် နာမ်ရုပ် နှစ်ခုပေါ့။ ပစ္စယုပ္ပန်ဘက်ကကော အတူတူပဲ၊ ဒါပဲပါတယ်၊ နာမ်ရုပ်ပဲ၊ ဒါဖြင့်ရင် အညမည က ပစ္စည်းနာမ်ရုပ်၊ ပစ္စယုပ္ပန်နာမ်ရုပ်။

နိဿယ ကြည့်လိုက်စမ်း၊ သဟန်ဆိုတာက သဟဇာတနိဿယ ပေါ့၊ သူက သဟဇာတ နဲ့ တူတယ်ဆိုတော့ သဟဇာတ အတိုင်းသွားရင် နာမ်ရုပ် ဖြစ်တော့မယ်။

ပုရေဇာတနိဿယ က ဒီမှာ ၂-မျိုး ခွဲတယ်၊ ဝတ္ထုပုရေဇာတနိဿယ နဲ့ ဝတ္ထာရမ္မဏပုရေဇာတနိဿယ။
ဝတ္ထုပုရေဇာတနိဿယ ကြည့်လိုက်စမ်းပါ၊ ဆဝတ္ထုရုပ်ဆိုကတည်းက ရုပ်တွေ့နေပြီ၊ တစ်နည်းဆိုပြီး သွားတာကလည်း ဒါပဲ၊ ဆဝတ္ထုကို ပြန်ပြောနေတာပဲ၊ နောက်ဆုံးမှာလည်း ဟဒယဝတ္ထုပါတယ်၊ ဒါဖြင့်ရင် သူက ပစ္စည်းဘက်မှာ ရုပ်ပဲရှိတယ်။ ပစ္စယုပ္ပန်ဘက်ကျတော့ရော၊ သတ္တဝိညာဏဓာတ်ဆိုတာ စိတ် ၈၅ ခုကို ပြောတာ၊ စေတသိက် ၅၂ ဆိုတော့ နာမ်ပဲ၊ ဒါဖြင့် ပစ္စည်းဘက်က ရုပ်၊ ပစ္စယုပ္ပန်ကျတော့ နာမ် ဟုတ်ပြီ။

ဝတ္ထာရမ္မဏပုရေဇာတနိဿယ ကြည့်လိုက်၊ ပစ္စည်းဘက်မှာ အချုပ်ကြည့်လိုက်ရင် ဟဒယဝတ္ထုတွေ့တယ်၊ ဒါဆိုရင် ရုပ်ပေါ့။ ပစ္စယုပ္ပန်ဘက်ကျတော့ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉၊ တဒါရုံ ၁၁၊ အဘိညာဉ် ၂၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိရတီ၊ အပ္ပမညာကြဉ်သော စေတသိက် ၄၄ ဆိုတော့ နာမ်ပေါ့၊ ဒါဖြင့်ရင် ပစ္စည်းရုပ်၊ ပစ္စယုပ္ပန်နာမ်၊ ဟုတ်ပြီ။

ဥပနိဿယ သွားလိုက်စမ်း၊ အာရမ္မဏူပနိဿယ တဲ့၊ သူက အာရမ္မဏာဓိပတိ နဲ့ တူတယ်တဲ့၊ အာရမ္မဏာဓိပတိ နဲ့ တူတယ်ဆိုရင် ပစ္စည်းဘက်က နာမ်၊ ရုပ်၊ နိဗ္ဗာန် ၃-ခုပါတယ်၊ ပစ္စယုပ္ပန်ဘက်က နာမ်သာပါတယ်။

[စာမျက်နှာ-108] အနန္တရူပနိဿယ က အနန္တရ နဲ့ တူတယ်ဆိုတော့ ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ်။

ပကတူပနိဿယ ကြည့်လိုက်စမ်း၊ စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈ ဆိုတော့ နာမ်ပါတယ်၊ ရုပ်ပါတယ်၊ ပစ္စည်းထိုက်သော အချို့သော ပညတ်ဆိုတော့ နာမ်၊ ရုပ်၊ ပညတ်။ ပစ္စယုပ္ပန်ကျတော့ စိတ် ၈၉၊ စေတသိက် ၅၂ ဆိုတော့ နာမ်၊ ဒါဖြင့်ရင် ပကတူပနိဿယ မှာ ပစ္စည်းဘက်က နာမ်၊ ရုပ်၊ ပညတ်၊ ပစ္စယုပ္ပန်ဘက်က နာမ်။

ပုရေဇာတ ကလည်း ဝတ္ထုပုရေဇာတ၊ အာရမ္မဏပုရေဇာတ တဲ့။ ဝတ္ထုပုရေဇာတ က ဝတ္ထုပုရေဇာတနိဿယ နဲ့ တူတယ်လို့ ဆိုတယ်၊ ဝတ္ထုပုရေဇာတနိဿယ ဆိုတော့ နိဿယက ပြန်ကြည့်ရမယ်၊ ပစ္စည်းရုပ်၊ ပစ္စယုပ္ပန်နာမ်။ အာရမ္မဏပုရေဇာတ က ပစ္စုပ္ပန် နိပ္ပန္နရုပ် ၁၈ ဆိုတော့ ရုပ်ပေါ့။ ပစ္စယုပ္ပန်ဘက်မှာကျတော့ ကာမစိတ် ၅၄၊ အဘိညာဉ် ၂၊ အပ္ပမညာကြဉ်သော စေတသိက် ၅၀ ဆိုတော့ နာမ်၊ ဒါဖြင့် ပစ္စည်းရုပ်၊ ပစ္စယုပ္ပန်နာမ်။

ပစ္ဆာဇာတပစ္စည်း ဘက်မှာ အကျဉ်းချုပ်လိုက်ရင် စိတ်၊ စေတသိက် ၂-ခုပဲ၊ ဒါဖြင့်ရင် နာမ်ပေါ့။ ပစ္စယုပ္ပန်ကရော၊ ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယဆိုတော့ ရုပ်ပေါ့၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ၄-ပါးရှိတဲ့ အထဲမှာ အကြောင်းတစ်ပါးကြောင့်ဖြစ်တာ၊ ၂-ပါးကြောင့်ဖြစ်တာ၊ ၃-ပါးကြောင့်ဖြစ်တာ၊ ၄-ပါးကြောင့်ဖြစ်တာ၊ အဲဒီတော့ ဘာပဲပြောပြော ရုပ်ပဲ၊ ဒါကြောင့် ပစ္စည်းဘက်က နာမ်၊ ပစ္စယုပ္ပန်ကျတော့ ရုပ်။

အာသေဝန ကြည့်လိုက်ပါ၊ ပစ္စည်းဘက်မှာ စိတ်နဲ့ စေတသိက်ရှိတယ်၊ ပစ္စယုပ္ပန်ဘက်မှာရော စိတ်နဲ့ စေတသိက်ပဲ၊ ဒါဖြင့်ရင် ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ်။

ကမ္မ တဲ့၊ နာနက္ခဏိကကမ္မ ဆိုတော့ ပစ္စည်းဘက်က ကုသိုလ်၊ အကုသိုလ် စေတနာဆိုတော့ နာမ်ပေါ့၊ ပစ္စယုပ္ပန်ဘက်မှာတော့ ဝိပါက်စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ် ဆိုတော့ နာမ်ရုပ်၊ အဲဒီတော့ ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ်ရုပ်။
သဟဇာတကမ္မ ကြည့်လိုက်ဦး၊ ပစ္စည်းနာမ်၊ ပစ္စယုပ္ပန် နာမ်ရုပ် ၂-မျိုးလုံးပါတယ်။

ဝိပါက တဲ့၊ ဝိပါကပစ္စည်း ကြည့်လိုက်ဦး၊ ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး၊ ဟဒယဝတ္ထုအား ကျေးဇူးပြုသော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာဆိုတော့ နာမ်ချည်းပဲ၊ အဲဒီတော့ ဝိပါက မှာ...

[စာမျက်နှာ-109] ပစ္စည်းက နာမ်။ ပစ္စယုပ္ပန်ဘက်ကြည့်လိုက်ဦး၊ အချင်းချင်းမှ ထောက်အပ်သော ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါးဆိုတော့ နာမ်။ ဝိပါက်နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယဝတ္ထုဆိုတော့ ရုပ်၊ ဒါဖြင့် နာမ်ရုပ် ၂-မျိုးပေါ့၊ ဒီလိုဆိုရင် ဝိပါကပစ္စည်း မှာ ပစ္စည်းက နာမ်၊ ပစ္စယုပ္ပန်က နာမ်ရုပ်။

အာဟာရ သွားကြရအောင်၊ အာဟာရ မှာ ရုပ်အာဟာရရယ် နာမ်အာဟာရရယ်လို့ ၂-မျိုး ရှိတယ်၊ ရုပ်အာဟာရမှာ ပစ္စည်းက ဩဇာဆိုတဲ့ အာဟာရရုပ်၊ ပစ္စယုပ္ပန်ကျတော့လည်း ရုပ်ပဲ။ နာမ်အာဟာရကျတော့ ပစ္စည်းက နာမ်၊ ပစ္စယုပ္ပန်က နာမ်ရုပ်။

ဣန္ဒြိယ သွားကြရအောင်၊ ဝတ္ထုပုရေဇာတိန္ဒြိယ တဲ့၊ အဲဒီမှာ စက္ခုဝတ္ထု၊ အဲဒီမှာ လက်သည်းကွင်းနဲ့ (ပ) ဆိုတာသိလား၊ (ပ) ဆိုတာ မြှုပ်ထားတယ်ပြောတာ၊ ပါဠိလို ပေယျာလလို့ခေါ်တယ်၊ ဒါက ရိုးရိုးလူတွေ နားမလည်ဘူး၊ ဘုန်းကြီးတွေမှ နားလည်တယ်၊ (ပ) ဆိုတာ ပေယျာလ၊ ပေယျာလဆိုတာ မြှုပ်ထားတယ်၊ မြှုပ်ထားတယ်ဆိုရင် စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထုလို့ဆိုတယ်။ အင်္ဂလိပ်စာမှာ အစက်ကလေးသုံးခု ထည့်တာမျိုးပေါ့။ ပစ္စည်းဘက်မှာ ဝတ္ထုဆိုတော့ ရုပ်ပေါ့၊ ပစ္စယုပ္ပန်ကျတော့ စိတ်ရယ်၊ စေတသိက်ရယ်၊ နာမ်။

နောက်တစ်ခုက ရူပဇီဝိတိန္ဒြိယ တဲ့၊ ပစ္စည်းဘက်မှာ ရုပ်ဇီဝိတိန္ဒြေဆိုတော့ ရုပ်ပေါ့၊ သိပ်ရှင်းတယ်၊ ပစ္စယုပ္ပန်ဘက်ကျတော့ ရုပ်ပဲ၊ ဒါဖြင့်ရင် ပစ္စည်းရုပ်၊ ပစ္စယုပ္ပန်ရုပ်ပဲ။

သဟဇာတိန္ဒြိယ တဲ့၊ အဲဒါကျတော့ နာမ်ဣန္ဒြေတရားကိုယ် ၈-ပါးဆိုတော့ နာမ်ပေါ့၊ ပစ္စယုပ္ပန်ဘက်ကျတော့ စိတ်၊ စေတသိက်၊ ရုပ် ဆိုတော့ နာမ်ရုပ် ဟုတ်ပြီ။

ဈာနပစ္စည်း တဲ့၊ ဈာနင်တရားကိုယ် ၅-ပါးဆိုတော့ နာမ်ပေါ့၊ ပစ္စယုပ္ပန်ကျတော့ နာမ်ရော ရုပ်ရောပါတဲ့အတွက် နာမ်ရုပ်။

မဂ္ဂပစ္စည်း တဲ့၊ မဂ္ဂပစ္စည်း မှာ ပစ္စည်းက မဂ္ဂင်တရားကိုယ် ၉-ပါးဆိုတော့ နာမ်၊ ပစ္စယုပ္ပန်ဘက်မှာ နာမ်ရုပ်ပဲ။

သမ္ပယုတ္တပစ္စည်း ကြည့်လိုက်စမ်း၊ ပစ္စည်းဘက်မှာ စိတ်ရယ် စေတသိက်ရယ်...

[စာမျက်နှာ-110] ဆိုတော့ နာမ်၊ ပစ္စယုပ္ပန်ဘက်မှာ စိတ်ရယ်၊ စေတသိက်ရယ်ပဲ၊ နာမ်၊ ဒါဖြင့်ရင် ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ်။

ဝိပ္ပယုတ္တပစ္စည်း တဲ့၊ ဝိပ္ပယုတ် က သဟဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ် လို့ ၃-မျိုးရှိတယ်၊ သဟဇာတဝိပ္ပယုတ် ကျတော့ သဟဇာတ နဲ့ ဆင်ဆင်တူသွားတော့မှာပေါ့၊ အဲဒီတော့ စိတ် ၇၅ ခု၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး၊ အချင်းချင်းအား ကျေးဇူးပြုသော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထုဆိုတော့ နာမ်နဲ့ ရုပ် ၂-မျိုး၊ နာမ်၊ ရုပ်။ ပစ္စယုပ္ပန်ကျတော့ရော စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်ဆိုတော့ ရုပ်၊ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာဆိုတော့ နာမ်၊ ဟဒယဝတ္ထုဆိုတော့ ရုပ်၊ ဒါဖြင့် နာမ်ရုပ်ပဲပေါ့။

ကောင်းပြီ၊ ပုရေဇာတဝိပ္ပယုတ် တဲ့၊ ဝတ္ထုပုရေဇာတနိဿယ နှစ်ပါးနဲ့ တူတယ်တဲ့၊ နောက်ကအတိုင်း ပြန်သွားရုံပဲ။

ပစ္ဆာဇာတဝိပ္ပယုတ် ဟာ ပစ္ဆာဇာတ နဲ့ တူတယ်ဆိုတော့ ပစ္ဆာဇာတ ပြန်ကြည့်လိုက်ရင် ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်ရုပ်။

အတ္ထိ၊ နတ္ထိ၊ ဝိဂတ၊ အဝိဂတ တို့ဟာ နောက်ကပါသွားကုန်ပြီ၊ သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိ နဲ့ အဲဒါတွေ အကုန်လုံး အတ္ထိ ရဲ့ အကွဲအပြားတွေ၊ အဲဒါကြောင့်မို့ အဲဒီထဲပါသွားပြီ။

နတ္ထိ နဲ့ ဝိဂတ က အနန္တရ နဲ့ တူတယ်၊ အနန္တရ ထဲ ပါသွားပြီ။ ကောင်းပြီ၊ ဒါဆိုရင် ၂၄-ပစ္စည်း ကုန်သွားပြီဆိုပါတော့၊ ပစ္စည်း နာမ်လား ရုပ်လား၊ နိဗ္ဗာန်၊ ပညတ်ရော ပါသေးလား၊ ပစ္စယုပ္ပန်ရော နာမ်လား၊ ရုပ်လား စသည်ဖြင့် အဲသလို လုပ်ပြီးတဲ့နောက် သင်္ဂြိုဟ်ကျမ်းက ဘာပြောလဲဆိုတော့ ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ်တဲ့။ အဲသလိုဖြစ်တဲ့ ပစ္စည်းတွေတဲ့၊ သင်္ဂြိုဟ်ပြတာနဲ့တော့ ကိုက်ချင်မှကိုက်မယ်၊ ကိုက်လား မကိုက်လားကြည့်ရအောင်၊ ရှာနိုင်ပါ့မလား၊ ရှာကြည့်ရအောင် ဇယားကွက်လေး လုပ်လာရင်တော့ ကြည့်လို့လွယ်ပြီ။

အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန၊ သမ္ပယုတ္တ တို့ဟာ ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ် ၆-မျိုး သူပြထားတယ်၊ အဲဒီ ပစ္စည်းပစ္စယုပ္ပန် ဖြစ်ပုံကို အဓိပ္ပါယ် နားလည်ချင်ရင် အနန္တရ မှာဆိုရင် ဝီထိနဲ့ ကြည့်ရမယ်၊ ဝီထိတစ်ခုခုကို မျက်စိထဲမှာ မြင်အောင်ကြည့်လိုက်။

ပထမဆုံး စက္ခုဒွါရဝီထိဆိုရင် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ...

[စာမျက်နှာ-111] ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ် ဒီလို သွားတာ၊ အဲဒီမှာ ရှေ့စိတ်က နောက်စိတ်ကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုသွားတာပဲ။

အတီတဘဝင်ရှိတယ် (ဘဝင်စိတ်)၊ အဲဒီ ဘဝင် ချုပ်သွားတဲ့အခါကျတော့ ဘဝင်္ဂစလန ဖြစ်တယ်၊ ဘဝင်္ဂစလန ချုပ်သွားပြီးတဲ့နောက် ဘဝင်္ဂုပစ္ဆေဒ ဖြစ်တယ်၊ ဘဝင်္ဂုပစ္ဆေဒ ချုပ်သွားပြီးတဲ့နောက် ပဉ္စဒွါရာဝဇ္ဇန်းဖြစ်တယ် စသည်ဖြင့်သွားတော့ နောက်စိတ်ဖြစ်နိုင်အောင် ရှေ့စိတ်က ချုပ်ချုပ်ပေးတယ်၊ အဲဒါကြောင့်မို့ ရှေ့စိတ်က နောက်စိတ်ကို အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ နောက်စိတ်က ရှေ့စိတ်ရဲ့ အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတာကိုခံရတယ်၊ စာစကားနဲ့ ပြောမယ်ဆိုရင် ရှေ့စိတ်က အနန္တရပစ္စည်း၊ နောက်စိတ်က အနန္တရပစ္စယုပ္ပန်၊ ရှေ့စိတ်လို့ ပြောလိုက်ရင် စေတသိက်ထဲပါသွားပြီ၊ အဲသလို ယူသွားရမယ်။

အဲဒါက အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတနဲ့ ပတ်သက်ပြီးတော့ ပြောရင်ရတာ။

အာသေဝနကျတော့ ရှေ့စိတ် နောက်စိတ်ဖြစ်တိုင်း မရဘူး၊ အာသေဝနက ဇာတ်တူရမယ်၊ ကုသိုလ်ဖြစ်ရင် ကုသိုလ်ချင်း တူရမယ်၊ အကုသိုလ်ဖြစ်ရင် အကုသိုလ်ချင်း တူရမယ်၊ ကြိယာဖြစ်ရင် ကြိယာချင်း တူရမယ်။ ကုသိုလ်စိတ် တစ်ခုက ကုသိုလ်စိတ် တစ်ခုကို အာသေဝနနဲ့ ကျေးဇူးပြုလိမ့်မယ် (ရှေ့နောက်လိုက်တဲ့အခါမှာ)။

အဲဒီတော့ ဇောတွေမှာ ကြည့်လိုက်၊ ဇော ၇-ကြိမ်ကျတဲ့အခါမှာ ပထမဇောက ဒုတိယဇောကို အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတအပြင် အာသေဝနပါ ကျေးဇူးပြုလိမ့်မယ်၊ ဘာကြောင့်တုန်းဆိုရင် ပထမဇောက ကုသိုလ်ဆိုရင် ကုသိုလ်ပဲ၊ ဒုတိယဇောက ကုသိုလ်ဆိုရင် ကုသိုလ်ပဲ၊ အဲသလို ကုသိုလ်ဇော ၇-ကြိမ် စောတယ်၊ အကုသိုလ်ဇော ၇-ကြိမ်စောတယ်ဆိုရင် ပထမဇောက ဒုတိယဇောကို အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတအပြင် အာသေဝနပါ ကျေးဇူးပြုလိမ့်မယ်။

ဒုတိယဇောက တတိယဇောကို အာသေဝနပါတယ်၊ တတိယက စတုတ္ထ၊ စတုတ္ထက ပဉ္စမ၊ ပဉ္စမက ဆဋ္ဌမ၊ ဆဋ္ဌမက သတ္တမထိအောင်ကို အာသေဝနလည်း ပါလာတယ်။ သတ္တမဇောနောက်မှ တဒါရုံလိုက်တယ် (ဇောပြီးတော့ တဒါရုံ)၊ အဲဒီ သတ္တမဇောဟာ တဒါရုံကျတော့ အာသေဝန မတပ်တော့ဘူး၊ ဘာကြောင့်တုန်း—

[စာမျက်နှာ-112] ဆိုတော့ တဒါရုံဆိုတာက မဟာဝိပါက်စိတ် သို့မဟုတ် သန္တီရဏစိတ်၊ ဇာတ်မတူတော့ဘူး၊ ဒါကြောင့်မို့ သူ့ကျတော့ အာသေဝန မပါတော့ဘူး၊ ဟို ၄-မျိုးကတော့ အမြဲတမ်းပါမယ်၊ ဘယ်ဝီထိ ကြည့်လိုက်ကြည့်လိုက် အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတကတော့ မရတာမရှိဘူး၊ ရှေ့စိတ် နောက်စိတ်ဆိုရင် ရတော့တာပဲ။

သို့သော် အာသေဝနကျတော့ ဇာတ်တူမှရမယ်၊ ဇာတ်မတူရင် မရဘူး၊ ကုသိုလ်ဇာတ်၊ အကုသိုလ်ဇာတ်၊ ကြိယာဇာတ် တူမှရမယ်၊ ဇာတ်ဆိုတာ အမျိုးအစားကို ပြောတာ။

သမ္ပယုတ္တတဲ့၊ သမ္ပယုတ္တကျတော့ စိတ်နဲ့စေတသိက် သွားရလိမ့်မယ်။ ဘယ်စိတ်ပဲ ယူယူရတယ်၊ လွယ်တာကတော့ လောဘမူ ပထမစိတ်ဆိုပါတော့၊ လောဘမူ ပထမစိတ်မှာ စေတသိက် ၁၉-ခု ယှဉ်တယ်ဆိုရင် စိတ်နဲ့ စေတသိက်တို့ဟာ သမ္ပယုတ်ဖြစ်ကြတယ်၊ ဒါဖြင့် စိတ်ကို သမ္ပယုတ်ပစ္စည်းလို့ ပြောလိုက်မယ်ဆိုရင် စေတသိက်တွေကို သမ္ပယုတ်ပစ္စည်းရဲ့ ပစ္စယုပ္ပန်၊ သူတို့ဟာ အချင်းချင်းယှဉ်တယ်၊ ဟိုနေ့က ပြောသလို စတုမဓုရောသလို ရောနှောတာ။

စေတသိက်တွေထဲမှာလည်း ဖဿကိုပဲ ပစ္စည်းအနေနဲ့ ပြောမယ်ဆိုပါတော့၊ ဖဿကိုပစ္စည်းလို့ ပြောလိုက်ရင် စိတ်ရယ်၊ ကျန်တဲ့စေတသိက်တွေရယ်က ပစ္စယုပ္ပန်ဖြစ်မယ်၊ အဲသလိုသွားမယ်၊ အဲဒီကျတော့ အနန္တရတွေ ဘာတွေမလိုဘူး၊ ဘာကြောင့်တုန်းဆိုတော့ သမ္ပယုတ်တရားဆိုတာက အတူတကွဖြစ်မှရမှာကိုး၊ တစ်အချိန်ထဲဖြစ်တာ၊ ဒါကြောင့်မို့ သမ္ပယုတ်ပစ္စည်းက အနန္တရ၊ သမနန္တရနဲ့တော့ မတူဘူး၊ ဒီနေရာမှာ ထည့်ထားတာကတော့ ပစ္စည်းလည်းနာမ်၊ ပစ္စယုပ္ပန်လည်းနာမ် ဖြစ်လို့ ထည့်ထားတာ။

ဒါဖြင့် ဒီ ၆-ပစ္စည်းရပြီပေါ့၊ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန သူတို့က နည်းနည်း အမျိုးတူတယ်လို့ ခေါ်ရတယ်၊ သမ္ပယုတ်ကတော့ အမျိုးမတူဘူး။ အဲဒီတော့ အနန္တရ၊ သမနန္တရတပ်တာက ရှေ့စိတ်က နောက်စိတ်ကို ကျေးဇူးပြုပြုသွားတယ်၊ ဒါက အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတရယ်။

တစ်ခါ ကုသိုလ်၊ အကုသိုလ်ဇောတွေ တွေ့လာပြီဆိုရင် ရှေ့ဇောက နောက်ဇောကို အာသေဝန ပါပိုလာတယ်၊ သမ္ပယုတ်ပစ္စည်းကို ပြောတော့မယ်ဆိုရင် စိတ်နဲ့ စေတသိက်ကို ကြည့်ပြီးပြောပါ၊ စိတ်တစ်ခုကို ကောက်လိုက်ပြီးတော့၊ အဲဒီစိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်သလဲ ကြည့်လိုက်၊ ကြည့်ပြီးရင် အဲဒီ စိတ်ကို ပစ္စည်းလို့ပြောထားရင် ပစ္စည်းလို့ယူတဲ့အခါမှာ အတူတကွဖြစ်တဲ့ စေတသိက်—

[စာမျက်နှာ-113] တွေဟာ သမ္ပယုတ်ပစ္စယုပ္ပန်ဖြစ်မယ်။ စေတသိက်ထဲမှာ စေတသိက်တစ်ခုကို ပစ္စည်းလို့ဆိုလိုက်ရင် စိတ်ရယ်၊ ကျန်တဲ့စေတသိက်တွေရယ်ဟာ ပစ္စယုပ္ပန်ဖြစ်မယ်၊ အဲဒီလို သူတို့ဟာ သမ္ပယုတ်တွေယှဉ်တဲ့အနေနဲ့ ခွဲခြားမရအောင် ရောတဲ့အနေနဲ့ ကျေးဇူးပြုတယ်။ ဒါကြောင့်မို့ နာမ်က နာမ်ကို ကျေးဇူးပြုတာဟာ ပစ္စည်း ၆-မျိုး ရှိတယ်လို့ ဆိုတယ်။

နာမ်သည် နာမ်ရုပ်အား ပစ္စည်းပစ္စယုပ္ပန်အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ဟေတု၊ ဈာန၊ မဂ္ဂ၊ ကမ္မ၊ ဝိပါကအားဖြင့် ၅-ပစ္စည်းလို့ ပြောထားတယ်။

ဟေတုကိုကြည့်လိုက်စမ်းပါ။ သူပြောတာ မှန်ရဲ့လားလို့၊ ဟေတုပစ္စည်းမှာ ပစ္စည်းဘက်က နာမ်ရှိတယ်၊ ပစ္စယုပ္ပန်ဘက်က နာမ်ရုပ်ရှိတယ်၊ ဒါဖြင့် ဟေတုပစ္စည်းကို example ထုတ်ပြီး ပြောချင်ရင် ဘယ်စိတ်ကို ပုံစံထုတ်ပြီး ပြောမယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟပါတဲ့စိတ်ကို ပြောရမှာ၊ အဟိတ်စိတ်ကိုသွားပြီး ပြောလို့မရဘူး။

ကိုင်း- ပထမစိတ်ကိုပဲ ပြောလိုက်ကြစို့၊ လောဘမူပထမစိတ်၊ စေတသိက် ၁၉-ခုယှဉ်တယ်၊ အဲဒီ ၁၉-ခုထဲမှာ လောဘပါတယ်၊ မောဟပါတယ်၊ ဒေါသမပါဘူး၊ အဲဒီတော့ လောဘမူစိတ် စေတသိက် ၁၉-ခုမှ လောဘကို ပစ္စည်းလို့ ယူတဲ့အခိုက် (ဟေတုပစ္စည်းလို့ ယူတဲ့အခိုက်) စိတ်နဲ့ ကျန် စေတသိက်တွေက ပစ္စယုပ္ပန်ဖြစ်တယ်။

မောဟကို ပစ္စည်းလို့ ယူတဲ့အခိုက် စိတ်ရယ်၊ လောဘရယ်၊ တခြားစေတသိက်တွေက ပစ္စယုပ္ပန်ဖြစ်တယ်၊ တစ်ခုကို ပစ္စည်း ယူလိုက်ရင် ကျန်တာ ပစ္စယုပ္ပန်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တိုင်းက သူတို့အချင်းချင်းလည်း ကျေးဇူးပြုနေသေးတာကိုး၊ ဒီတစ်ခုကိုပစ္စည်းယူလိုက်ရင် နောက်တစ်ခုကပစ္စယုပ္ပန်ဖြစ်တာပဲ၊ ဒါက ဟေတုပစ္စည်းကို ပြောချင်တဲ့အခါပေါ့။

ဈာနပစ္စည်းကို ပြောချင်ပြီတဲ့၊ ဈာနပစ္စည်းကို ပြောချင်ရင် ဈာန်တရားကိုယ် ၅-ပါးပါတဲ့ စိတ်တစ်ခုခုကိုထုတ်ပြီး ပြောရလိမ့်မယ်၊ ဈာန်တရားကိုယ် ၅-ပါးက ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတော့ လောဘမူ ပထမစိတ်ကို ထုတ်ပြီး ပြောရင် ရတယ်နော်၊ ဘာကြောင့် တကယ့်ဈာန်စိတ်မှာမှ မဟုတ်ဘူး၊ ဈာန်စိတ်နဲ့ မယှဉ်ပေမယ်လို့ ဝိတက်တို့ ဘာတို့ကို ဈာန်အင်္ဂါလို့ ခေါ်နိုင်တယ်။ ဒါကြောင့် ဈာနပစ္စည်း အနေနဲ့ဆိုရင် အကုသိုလ်စိတ်မှာလည်းပဲ ပြောလို့ရတယ်။

ဒါကြောင့်မို့ အကုသိုလ်စိတ်နဲ့ စေတသိက် ၁၉-ခု ယှဉ်တဲ့နေရာမှာ အဲဒီ—

[စာမျက်နှာ-114] စေတသိက်တွေထဲမှာ ဝိတက်ပါတယ်၊ အညသမန်း စေတသိက် ၁၃-ခုဆိုရင် ဝိတက်ပါတယ်၊ ဒါကြောင့် ဝိတက်ကို ဈာနပစ္စည်းလို့ဆိုရင် စိတ်နဲ့ ကျန်တဲ့ စေတသိက်တွေက ဈာနပစ္စယုပ္ပန်။

အဲဒီစိတ်နဲ့ အတူတကွ စိတ္တဇရုပ် မဖြစ်ပေဘူးလား၊ စိတ်သည် ရုပ်ကို မဖြစ်စေဘူးလား၊ အဲဒီစိတ်တွေနှင့် အတူတကွ စိတ္တဇရုပ်တွေ ဖြစ်တယ်၊ အဲဒီစိတ္တဇရုပ်တွေကိုလည်းပဲ ဟေတုပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဈာနပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ မဂ္ဂပစ္စည်းနဲ့ ကျေးဇူးပြုတယ် စသည်ဖြင့် သွားရမယ်။

ဒါကြောင့်မို့ စိတ်၊ စေတသိက်၊ ရုပ် အဲသလို ထုတ်ရမယ်၊ ဒါကြောင့်မို့ လောဘမူပထမစိတ်၊ စေတသိက် ၁၉ ခု၊ စိတ္တဇရုပ် (လောဘမူ ပထမစိတ်ကြောင့် ဖြစ်တဲ့စိတ္တဇရုပ်) အဲဒီ ၃-ခုထားပြီးတော့ အဲဒီ ၃-ခုထဲက ဟေတုဖြစ်တဲ့ စေတသိက်ရှာလိုက်၊ တွေ့ရင် သူ့ကို ကောက်ကပ်လိုက်၊ သူ့ကို ပစ္စည်းလုပ်လိုက်ရင် ကျန်တဲ့ စေတသိက်ရုပ်က ပစ္စယုပ္ပန်ဖြစ်သွားမယ်။

ဈာနပစ္စည်းပြောချင်ပြီဆိုရင် ဈာန်အင်္ဂါ ထိုက်တဲ့တရား အဲဒီထဲမှာပါလား ကြည့်လိုက်၊ ဝိတက်ပါသလား၊ ဝိစာရပါသလား၊ ဝိတက်ကိုထုတ်ပြီး ပြောနိုင်တယ်။ ဝိစာရထုတ်ပြီး ပြောနိုင်တယ်။ သောမနဿဆိုရင် ပီတိထုတ်ပြီး ပြောနိုင်တယ်၊ ဝေဒနာထုတ်ပြီး ပြောနိုင်တယ်၊ ဧကဂ္ဂတာထုတ်ပြီး ပြောနိုင်တယ်၊ အဲဒါ ဈာနပစ္စည်းအတွက်။

သို့မဟုတ် အဲသလို ပြောရတာမရဲဘူးဆိုရင် ရူပါဝစရဈာန်စိတ် ကောက်လိုက်ပေါ့၊ ဈာန်စိတ်ကျတော့လည်း ရူပါဝစရ ပထမဈာန်စိတ်၊ စေတသိက်၊ ဈာန်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ် အဲသလိုကောက်ပြီး သွားရမယ်။

မဂ္ဂပစ္စည်းတဲ့၊ မဂ္ဂပစ္စည်းမှာ မဂ္ဂင်တရားကိုယ်တွေက ဘာတဲ့တုန်း၊ ပညာ၊ ဝိတက်၊ ဝိရတိ စေတသိက် ၃-ခု၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ။

ဒါဖြင့်ရင် လောဘမူစိတ်ကို ပုံစံထုတ်ပြီး မဂ္ဂပစ္စည်း ပြောလို့မဖြစ်ဘူးလား၊ လောဘမူ ပထမစိတ်ပဲ ပြောကြပါစို့။ အဲဒီပထမစိတ်နဲ့ ဝိတက်ယှဉ်တယ်၊ ဝီရိယ ယှဉ်တယ်၊ ဧကဂ္ဂတာယှဉ်တယ်၊ ဒိဋ္ဌိယှဉ်တာပဲ။

ဒါဖြင့် လောဘမူ ပထမစိတ်မှာ ဒိဋ္ဌိကို ကောက်လိုက်စမ်း၊ ဒိဋ္ဌိသည် မဂ္ဂပစ္စည်းဆိုရင် လောဘမူစိတ်ရယ်၊ တခြားစေတသိက် ၁၈-ခုရယ်၊ အဲဒီစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ရယ်က ပစ္စယုပ္ပန်ဖြစ်တယ်၊ ဒိဋ္ဌိပစ္စည်းက တခြားတရားတွေကို မဂ္ဂပစ္စည်းနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောရတယ်။

[စာမျက်နှာ-115] အဲဒီမှာ ကျေးဇူးပြုတာဟာ အမှန်ကတော့ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတာနော်၊ ဒါကြောင့်မို့ အမျိုးခွဲရင် သဟဇာတမျိုး ဆိုတာသွားလိမ့်မယ်။

ကမ္မပစ္စည်းတဲ့၊ ကမ္မပစ္စည်းမှာ သဟဇာတကမ္မရယ်၊ နာနက္ခဏိကကမ္မရယ်လို့ ၂-မျိုးရှိတယ်၊ သဟဇာတကမ္မမှာ ဟေတု၊ မဂ္ဂ၊ ဈာနတို့ ပြောသလိုပဲ ပြောလို့ ရတယ်၊ ဒါဖြင့် လောဘမူ ပထမစိတ်ပဲထုတ်မယ်၊ အဲဒီမှာ စေတသိက်တွေထဲမှာ စေတနာ မပါဘူးလား၊ အဲဒီစေတနာကို ပစ္စည်းထားမယ်၊ ပစ္စည်းယူမယ်၊ ကျန်တဲ့ တရားတွေကို ပစ္စယုပ္ပန်ယူမယ်၊ ဒါက သဟဇာတကမ္မသတ္တိ ပြောတာ။

ဦးဇင်းတို့ ပြောပြောနေတဲ့ ကံ၊ ကံ၏ အကျိုးဆိုတာက သဟဇာတကမ္မမဟုတ်ဘူး၊ အဲဒါက နာနက္ခဏိကကမ္မ၊ အခုပြောတာက သဟဇာတကမ္မ ပြောနေတာ။

သဟဇာတကမ္မ ပုံစံထုတ်ချင်ရင် လောဘမူ ပထမစိတ်ကိုပဲ ပုံစံထုတ်လို့ ရတယ်၊ ဘာကြောင့်လဲဆိုရင် လောဘမူ ပထမစိတ်မှာ စေတနာစေတသိက်ပါနေလို့။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခုထဲမှာ စေတနာ ပါမနေဘူးလား၊ ဒါကြောင့်မို့ အဲဒီစေတနာသည် ကမ္မပစ္စည်း၊ လောဘမူ ပထမစိတ်ရယ်၊ ကျန်တဲ့ စေတသိက်တွေရယ်၊ စိတ္တဇရုပ်ရယ်က ကမ္မပစ္စယုပ္ပန်၊ ဒါဖြင့် ပစ္စယုပ္ပန်ထဲမှာ နာမ်ရုပ် ၂ ခုလုံး ပါတာပေါ့။

ကောင်းပြီ နာနက္ခဏိကကမ္မတဲ့၊ ဒါက ကံ ကံ၏ အကျိုးဆိုတဲ့ ဟာပေါ့။ ဒီဘဝက ကံပြုလိုက်တယ်၊ အဲဒီကံက နောက်ဘဝသွားပြီး အကျိုးပေးမယ်။ နာနက္ခဏိကကမ္မပစ္စည်းကတော့ တစ်ပြိုင်နက်ဖြစ်တဲ့ တရားတွေနဲ့မဆိုင်ဘူး။ ပါဠိလို နာနာခဏဆိုတာ ဟိုနေ့ကလည်းပြောခဲ့ပြီး ခဏမတူဘူး၊ moment မတူဘူး၊ အချိန်မတူဘူး၊ ဒါကြောင့်မို့ နာနက္ခဏိကကမ္မပစ္စည်းကို ပုံစံထုတ်ပြီး ပြောချင်ရင် ပထမကုသိုလ်ကံ အကုသိုလ်ကံ။

အဲဒီ ကုသိုလ်ကံ၊ အကုသိုလ်ကံက ရှေးဘဝကပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံလို့ ပြောချင်ရင်လည်းပြော၊ ရှေးဘဝက ကုသိုလ်ကံ အကုသိုလ်ကံဆိုရင် ဒီဘဝ ပဋိသန္ဓေဟာ အကျိုးပေါ့၊ ဒီဘဝပြုတဲ့ကုသိုလ်ကံ အကုသိုလ်ကံဆိုရင် လာလတံ့ဘဝ ပဋိသန္ဓေဟာ အကျိုးပေါ့။

ကောင်းပြီ အဲဒီကံနဲ့ ကံရဲ့အကျိုးဟာ တစ်ချိန်စီဖြစ်တယ် မဟုတ်လား၊ ကံက အခုဖြစ်တယ်၊ ကံရဲ့အကျိုးက နောက်ဘဝကျမှ ဖြစ်တယ်၊ အဲသလိုဖြစ်တဲ့ အတွက်ကြောင့် နာနက္ခဏိက၊ မတူတဲ့ ကာလရှိကြတယ်ပေါ့။

[စာမျက်နှာ-116] ဒါကြောင့်မို့ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ စေတနာပေါ့၊ စေတနာဖြစ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တစ်ခုခုကို နာနက္ခဏိကကမ္မ ပစ္စည်းလို့ပြောရင် သူ့ရဲ့ အကျိုးကြောင့်ဖြစ်တဲ့ ပဋိသန္ဓေအခိုက်အတံ့မှာ ပဋိသန္ဓေစိတ် ဖြစ်မယ်၊ သူနဲ့ အတူတူ စေတသိက်ပါမယ်၊ သူနဲ့အတူတူ ကမ္မဇရုပ်ပါမယ်၊ အဲဒါက ပစ္စယုပ္ပန်ဖြစ်မယ်။

ကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံမှာ ပဋိသန္ဓေဖြစ်တဲ့ အခါမှာ မဟာဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေမယ်၊ မဟာဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေရင် မဟာဝိပါက်စိတ်ရယ်၊ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ်ဟာ (ပဋိသန္ဓေ အခိုက်အတံ့မှာ) သွား မဖြစ်ပေဘူးလား၊ ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ရယ်၊ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ်က ပစ္စယုပ္ပန်၊ ရှေးဘဝမှာ ပြထားတဲ့ ကံ (စေတနာ)က ပစ္စည်း၊ ကံ ကံရဲ့ အကျိုးသဘောတရားက ဒါပဲ၊ ဒါက နာနက္ခဏိကကမ္မပစ္စည်း။

ဒါကြောင့်မို့ သဟဇာတကမ္မပစ္စည်းလို့ ပြောရင်လည်း ပစ္စယုပ္ပန်ထဲမှာ နာမ်ရော၊ ရုပ်ရောပါတယ်၊ နာနက္ခဏိကကမ္မပစ္စည်းလို့ပြောရင်လည်း ပစ္စယုပ္ပန်ထဲမှာ နာမ်ရော ရုပ်ရောပါတယ်။

ကောင်းပြီ၊ ရှေ့သွားလိုက်စမ်း၊ နာမ်သည်ရုပ်အား ကျေးဇူးပြုရာ၌ ပစ္ဆာဇာတပစ္စည်းတဲ့၊ ၁-ပစ္စည်းထဲရှိတယ်။ ဒါကတော့ ကောင်းပြီ၊ ပစ္ဆာဇာတ ကြည့်လိုက်စမ်း နာမ်သည် ရုပ်အား ကျေးဇူးပြုတာပဲ။

အဲဒီတော့ နောက်နောက်သော စိတ် ၈၅-ခု စေတသိက် ဒွပညာသတဲ့၊ အဲဒီတော့ နောက်ဖြစ်တဲ့စိတ်နဲ့ စေတသိက်က ပစ္စည်းတဲ့၊ နောက်မှဖြစ်တာကိုး၊ ပစ္စယုပ္ပန်က ဘာတဲ့တုန်း။

“ပဋိသန္ဓေအစရှိသော ရှေးရှေးသောစိတ်နှင့်အတူဥပါဒ် ရုပ်၏ ဌီသို့ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ” ဆိုလိုတာကတော့ ရုပ်ပါပဲ။ ရှေးစိတ်နဲ့ အတူတကွ ဥပါဒ်ပြီးတော့ အခုပစ္စည်းဖြစ်တဲ့စိတ်ဖြစ်တဲ့ အခါကျတော့ သူတို့က ဌီ အခိုက် ရောက်နေပြီ၊ ဒါကို ဆိုလိုတာ။

စိတ်မှာ ခဏတစ်ခုမှ တစ်ခုရှိတယ် မဟုတ်လား၊ ရုပ်သက်က စိတ်ခဏပေါင်း ဘယ်လောက်ကြာအောင် ခံသလဲ၊ စိတ်ခဏပေါင်း ၁၇-ချက်ရှိတယ် မဟုတ်လား၊ အဲဒီတော့ ရုပ်တစ်ခုဟာ ဖြစ်ပြီးရင် စိတ်တစ်ခဏ ၁၇-ချက် အသက်ရှည်နေတယ်။

အဲဒီတော့ (ဆိုပါတော့) ရုပ်ဖြစ်ပြီးတဲ့နောက် စိတ် တစ်ခဏ ၅-ချက် လောက်မှာ စိတ်တစ်ခုဖြစ်တယ်၊ အဲဒီစိတ်က အဲဒီရုပ်ကို ကျေးဇူးပြုတယ်၊ ကျေးဇူးပြုတော့ စိတ်ဟာနောက်မှဖြစ်ပြီးတော့ အရင်ဖြစ်နှင့်နေတဲ့ ရုပ်ကို ကျေးဇူးပြုတဲ့—

[စာမျက်နှာ-117] အတွက်ကြောင့် ပစ္ဆာဇာတလို့ ခေါ်တယ်၊ နောက်မှဖြစ်ပြီးတော့ ကျေးဇူးပြုလို့။

ကျေးဇူးအပြုခံရမယ့် တရားက သူမဖြစ်ပေါ်ခင် သူမဥပါဒ်ခင်ထဲက ဥပါဒ်ခဲ့ပြီ။ ဥပါဒ်ပြီးတော့ ဌီအဖြစ်သို့ရောက်နေပြီ၊ အဲဒီတော့ ရုပ်သက် ၁၇-ချက်မှာ ရုပ်ရဲ့ ဥပါဒ် ဌီ ဘင် ခွဲတဲ့အခါကျတော့ ရုပ်ရဲ့ ပထမဆုံးဥပါဒ်ကို ဥပါဒ်လို့ ယူရတယ်။ ဟိုနောက်ဆုံး (၁၇-ချက်ရဲ့ နောက်ဆုံးကိုတော့) ရုပ်ရဲ့ ဘင်လို့ယူပြီးတော့ ကြားရှိတဲ့ ခဏငယ် ၄၉-ချက်ကို ရုပ်ရဲ့ ဌီလို့ ခေါ်ရတယ်။

ရုပ်ရဲ့ ဥပါဒ် ဌီ ဘင် ခွဲစမ်းပါဆိုရင် ရုပ်မှာက ခဏငယ် ၅၁-ချက်ရှိတဲ့ အတွက်ကြောင့် ပထမဆုံးဖြစ်တာက ရုပ်ရဲ့ ဥပါဒ်၊ နောက်ဆုံး စုတိက ရုပ်ရဲ့ ဘင်၊ အတွင်းမှာရှိတဲ့ ၄၉-ချက်က ရုပ်ရဲ့ ဌီ။

အဲသလိုဖြစ်တော့ ရုပ်က သူ့ဟာသူဖြစ်ခဲ့ပြီ၊ ဖြစ်ခဲ့ပြီးတော့ ခဏငယ် ၄၉ ချက်မှာ တစ်ချက်ချက်လောက် ရောက်နေတဲ့အခါမှာ စိတ်က ထဖြစ်တယ်၊ အဲဒီစိတ်က အဲဒီစိတ်နဲ့အတူတကွဖြစ်တဲ့စေတသိက်၊ အဲဒီစေတသိက်က ဖြစ်လာတဲ့ရုပ်ကို (ဖြစ်ခဲ့ပြီးတော့ ထင်ရှားရှိနေတဲ့ ရုပ်ကို) ပစ္ဆာဇာတပစ္စည်းနဲ့ ကျေးဇူးပြုတယ်။

ဒါကြောင့်မို့ ပစ္ဆာဇာတပစ္စည်းမှာ ပစ္စည်းဘက်က နာမ်၊ ပစ္စယုပ္ပန်ဘက်က ရုပ်။

ရုပ်သည် နာမ်အား ကျေးဇူးပြုရာ၌ ပုရေဇာတပစ္စည်းတဲ့၊ ပုရေဇာတမှာ အာရမ္မဏပုရေဇာတနဲ့ ဝတ္ထုပုရေဇာတရှိတယ်၊ ဝတ္ထုပုရေဇာတ ကြည့်လိုက်ရင် ဝတ္ထုပုရေဇာတဟာ ဝတ္ထုပုရေဇာတနိဿယနဲ့တူ၏တဲ့ဆိုတော့ ဝတ္ထုရုပ်ပေါ့၊ ဝတ္ထုရုပ် ၆-မျိုးက စိတ် စေတသိက်ကို ကျေးဇူးပြုမယ်။

ကိုင်း၊ စက္ခုဒွါရ ဝီထိစိတ်ထဲမှာစဉ်းစားလိုက်စမ်း၊ စက္ခုဒွါရဝီထိမှာ အတီတဘဝင်နဲ့ အတူတူဖြစ်ခဲ့တဲ့ စက္ခုဝတ္ထုရှိတယ်၊ စက္ခုပသာဒရှိတယ်။

အတီတဘဝင်ပြီးတော့ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ေဆဒ၊ ပဉ္စဒွါရာဝဇ္ဇန်းပြီးတော့ စက္ခုဝိညာဏ်စိတ်ဖြစ်တယ်၊ အဲဒီစက္ခုဝိညာဏ်စိတ်ဟာ ခုန အတီတဘဝင်နဲ့ ဥပါဒ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ စက္ခုဝတ္ထုအပေါ်ကို အမှီပြုရတယ်။

အတီတဘဝင်နဲ့ အတူတကွ ဥပါဒ်တဲ့စက္ခုဝတ္ထုဟာ ၁၇-ချက်ကြာအောင် သူမနေပေဘူးလား၊ နေမယ်၊ ဒါကြောင့် အဲဒီစက္ခုဝတ္ထုက အရင်ဖြစ်ခဲ့တယ်။ စက္ခုဝိညာဏ်စိတ်က သူ့နောက်မှ စိတ်တစ်ခဏ ၄-၅ ချက်ကြာမှ ဖြစ်တယ်။ အဲဒီတော့ အတီတဘဝင်ရဲ့ဥပါဒ်နဲ့ အတူတကွပြိုင်ပြီးတော့ ဖြစ်ခဲ့တဲ့ စက္ခုဝတ္ထုဟာ စက္ခုဝိညာဏ်ကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတယ်။

[စာမျက်နှာ-118] တစ်ခါ အရင်ဖြစ်နှင့်နေတဲ့အနေနဲ့ သူက ကျေးဇူးပြုတယ်၊ သူက အရင်ဖြစ်နှင့်တယ်၊ စက္ခုဝိညာဏ်စိတ်က နောက်မှပေါ်တယ်၊ နောက်မှပေါ်တဲ့ စက္ခုဝိညာဏ်စိတ်က သူဖြစ်ပေါ်တဲ့ အခိုက်မှာရှိနေတဲ့ စက္ခုဝတ္ထုကို အမှီပြုတယ်။

ဒါကြောင့်မို့ စက္ခုဝတ္ထုက (သို့မဟုတ်) စက္ခုပသာဒက စက္ခုဝိညာဏ်ကို ကျေးဇူးပြုတဲ့အခါမှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အရင်ဖြစ်နှင့်နေတဲ့ သဘောနဲ့ ကျေးဇူးပြုတယ်၊ သူက အရင်ဖြစ်နှင့်တယ်၊ စိတ်က နောက်မှဖြစ်တယ်၊ တခြားပစ္စယသတ္တိဖြစ်တဲ့ နိဿယတို့ ဘာတို့တွေလဲ ပါသေးတယ်၊ ဒီမှာတော့ ပုရေဇာတမို့ ပုရေဇာတ ပြောတာ။

ဒါကြောင့်မို့ ပုရေဇာတမှာ ရုပ်သည်နာမ်အား ကျေးဇူးပြုတယ်၊ တစ်စုံတစ်ခု ကြားတယ်ဆိုပါတော့၊ ကြားရင် သောတပသာဒရှိရမယ် မဟုတ်လား၊ အဲဒီတော့ ကြားတဲ့စိတ် သောတဝိညာဏ်စိတ်က သောတပသာဒကို မှီတယ်၊ အဲဒီသောတပသာဒဟာ သောတဝိညာဏ်စိတ်နဲ့အတူဥပါဒ်တာ မဟုတ်ဘူး၊ သောတဝိညာဏ်စိတ် မဖြစ်ခင်က ဥပါဒ်ခဲ့တာ ၄ ချက် ၅ ချက်လောက်စောပြီး ဥပါဒ်ခဲ့တာ။

အဲဒီ ၄ ချက် ၅ ချက်လောက် စောဥပါဒ်ခဲ့ပြီးတော့ သောတဝိညာဏ်စိတ် ဖြစ်တဲ့အချိန်မှာလည်း သူရှိနေတုန်းပဲ၊ အဲဒီရှိနေတုန်း ဖြစ်တဲ့ သောတပသာဒက (သောတဝတ္ထုက) သောတဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။ နောင်အခါမှာ အားလုံးရနိုင်သမျှ ခြုံကြည့်လိုက်မယ်ဆိုရင် နိဿယသတ္တိနဲ့ ကျေးဇူးပြုတာတွေ ပေါ်လာလိမ့်ဦးမယ်၊ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုတာ၊ အဝိဂတသတ္တိနဲ့ ကျေးဇူးပြုတာပေါ်လာမယ်၊ ဒါက ရုပ်သည်နာမ်အား ကျေးဇူးပြုတာ၊ ပုရေဇာတ။

ပညတ်နာမ်ရုပ်တို့သည် နာမ်အား ကျေးဇူးပြုရာ၌ အာရမ္မဏ၊ ဥပနိဿယ ၂-ပစ္စည်းတဲ့၊ အာရမ္မဏပစ္စည်းမှာ နာမ်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ပါတယ်မဟုတ်လား၊ အဲဒီတော့ ပညတ်၊ နာမ်၊ ရုပ်ပေါ့၊ ပညတ်နာမ်ရုပ်က နာမ်အား ကျေးဇူးပြုတယ်တဲ့။

ဥပနိဿယတဲ့၊ ဥပနိဿယပစ္စည်းကြည့်လိုက်ရင်လည်း ပကတူပနိဿယ ကျရင် ပညတ်ရယ်၊ နာမ်ရယ်၊ ရုပ်ရယ်ပါတယ်။ ပစ္စယုပ္ပန်ကျတော့ နာမ်ပဲပါတယ်။

ဒါဖြင့် ခုနစက္ခုဝိညာဏ်စိတ်နဲ့ ရူပါရုံနဲ့ကြည့်လိုက်စမ်း၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံကိုမြင်တယ်၊ ရူပါရုံက စက္ခုဝိညာဏ်စိတ်ကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်ပေါ့၊ ဟုတ်ပြီလား၊ ဒါကရုပ်က နာမ်ကို ကျေးဇူးပြုတာ။

တရားထိုင်တဲ့အခါကျတော့ ကိုယ့်စိတ်ကိုယ် ပြန်ရှုတယ်၊ အဲဒီအခါကျတော့ နာမ်ကနာမ်ကို ကျေးဇူးမပြုဘူးလား၊ အာရုံကလည်းနာမ်ပဲ၊ အာရုံယူတတ်တဲ့ သဘော—

[စာမျက်နှာ-119] တရားကလည်း နာမ်ပဲ၊ အဲသလို။ အခုပြောတဲ့အခါ ဖဿပဲ၊ ဝေဒနာပဲ၊ သညာပဲလို့ ပြောလိုက်တဲ့အခါကျတော့ ဖဿဆိုတဲ့နာမ် သဘောတရားကို စိတ်က ရောက်ရောက်သွားတယ်၊ ဝေဒနာဆိုတဲ့ နာမ်သဘောတရားကို စိတ်က ရောက်ရောက်သွားတယ်၊ အဲဒါကြောင့်မို့ နာမ်က နာမ်ကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတာ။

လူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲပြောလိုက်လို့ စိတ်ထဲကယောက်ျားပဲ မိန်းမပဲ ဆိုတာကို သိသွားရင် အဲဒါကျတော့ ပညတ်ကို အာရုံပြုတာ၊ ပညတ်ကိုအာရုံပြုတော့ ပညတ်က ရုပ်လည်းမဟုတ်ဘူး၊ နာမ်လည်းမဟုတ်ဘူး၊ သူက သီးခြားနယ်၊ ပညတ်က ပစ္စည်း၊ စိတ်က ပစ္စယုပ္ပန်။

ဒီထက် ထင်ရှားတာ ပြောမယ်ဆိုရင် ဈာန်စိတ်ကြည့်လိုက်၊ ပထမဈာန်စိတ်တွင် ကသိုဏ်းပညတ်စသည်ကို အာရုံပြုရတယ်၊ ကသိုဏ်းနဲ့ ပထမဈာန်ရခဲ့ရင် ကသိုဏ်းပညတ်ပေါ့၊ အဲဒီပညတ်သည် ပစ္စည်း၊ ဈာန်စိတ်သည် ပစ္စယုပ္ပန်။

ဒါကြောင့်မို့ အာရမ္မဏပစ္စည်းမှာ တစ်ခါတလေ နာမ်၊ တစ်ခါတလေ ရုပ်၊ တစ်ခါတလေ ပညတ်၊ ပစ္စယုပ္ပန်ဘက်ကတော့ စိတ်နဲ့ စေတသိက်ချည်းပဲမို့ နာမ်ချည်းပဲ။

ပြီးတော့ ဥပနိဿယပစ္စည်းဆိုတာက အလွန်ကျယ်ဝန်းတဲ့ ပစ္စည်းပဲ။ ဒီမှာလည်းပဲ နာမ်ရယ်၊ ပညတ်ရယ်က နာမ်ကို ကျေးဇူးပြုတယ်တဲ့၊ ဒါဖြင့်ရင် အဲဒီမှာ ဥပနိဿယဆိုတာ ပကတူပနိဿယကို ဆိုလိုတာ (ဥပနိဿယ ၃-မျိုးထဲက ပကတူပနိဿယ )။

အဲဒီတော့ ပကတူပနိဿယမှာ ကြည့်လိုက်ရင် စိတ်၊ စေတသိက်၊ ရုပ်၊ ပညတ်ပါတယ်၊ ပစ္စယုပ္ပန်ဘက်ကျတော့ စိတ်နဲ့ စေတသိက်ပဲပါတယ်၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်လို နေရာမှာ ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာကြောင့် တဏှာဖြစ်တယ်။ ဝေဒနာက တဏှာကို ကျေးဇူးပြုတယ်ဆိုရင် တဏှာပစ္စယာ ဥပါဒါနံ၊ တဏှာက ဥပါဒါနံကို ကျေးဇူးပြုတယ်ဆိုရင် ပကတူပသတ္တိနဲ့ လာလိမ့်မယ်။

ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာ ရှိတယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်တာရှိတယ်၊ ဒါတွေကျတော့ တခြားနည်းနဲ့ ကျေးဇူးပြုတာ မဟုတ်ဘူး၊ ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုတာ။

နတ်ပြည်ရောက်ချင်တယ်ဆိုပါတော့ နတ်ပြည်ရောက်ချင်တာဟာ အမှန်ကတော့ လောဘပဲ၊ တဏှာပဲ၊ ဘဝတဏှာပေါ့၊ နတ်ပြည်ရောက်ချင်တဲ့ အတွက်ကြောင့်—

[စာမျက်နှာ-120] ကုသိုလ်ပြုတယ်၊ နတ်ပြည်ရောက်ချင်တဲ့ တဏှာဆိုတဲ့ အကုသိုလ်က ကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။

အဲဒါကြောင့်မို့ ဥပနိဿယသတ္တိကျတော့ နာမ်လည်းပါတယ်၊ ရုပ်လည်းပါတယ်၊ ပညတ်လည်းပါတယ်၊ ပညတ်ကလည်းနာမ်ကို ကျေးဇူးပြုတဲ့အခါ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုနိုင်တယ်။ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်စိတ်ဖြစ်တယ်၊ အကုသိုလ်စိတ် ဖြစ်တယ်၊ တစ်ခါတလေ ကိုယ်ကြိုက်တဲ့အစာလေးစားရလို့ သင့်တော်တဲ့ အစာ စားရလို့ ကျေနပ်ပြီးတော့ ကုသိုလ်စိတ်ဖြစ်တယ်၊ ဒါတွေဟာလည်း ဥပနိဿယပစ္စည်းတွေပဲ။

နောက်ဆုံးက နာမ်ရုပ် ၂-ပါးသည် နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုတာကျတော့ အများကြီးပဲ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ၉-ပစ္စည်းရှိတယ်။

အဓိပတိမှာကြည့်လိုက်ရင် အာရမ္မဏာဓိပတိမှာ ဘာတွေ့လဲ၊ နာမ်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ် တွေ့တယ်၊ ပစ္စယုပ္ပန်ဘက်မှာ နာမ်တွေ့တယ်။ သဟဇာတာဓိပတိကျတော့ ပစ္စည်းဘက်က နာမ်တွေ့တယ်၊ ပစ္စယုပ္ပန်ဘက်က နာမ်ရုပ်တွေ့တယ်၊ အဲဒီ ၂-ခု ပေါင်းယူလိုက်မယ်ဆိုရင် ပစ္စည်းလည်း နာမ်ရုပ်၊ ပစ္စယုပ္ပန်လည်း နာမ်ရုပ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။

အဓိပတိပစ္စည်းကို ပြောချင်ရင်တော့ အဓိပတိထိုက်တဲ့ တရားတစ်ခုခုကြည့်ပြီး ပြောရလိမ့်မယ်၊ အဓိပတိထိုက်တဲ့ တရားတွေက ဆန္ဒရှိတယ်၊ ဝီရိယရှိတယ်၊ စိတ်ရှိတယ်၊ ဝီမံသာရှိတယ်။

ဆန္ဒနဲ့ယှဉ်တဲ့စိတ် ဘယ်စိတ်ရှိသလဲ ကြည့်စမ်းပါ၊ လောဘမူ ပထမစိတ်မှာ ဆန္ဒ ယှဉ်တယ်၊ ဆန္ဒမယှဉ်တာက အဟိတ်စိတ်နဲ့ မောဟမူစိတ်မှာ ဆန္ဒမယှဉ်ဘူး၊ တခြားစိတ်တွေမှာ ဆန္ဒယှဉ်တယ်၊ ဒါဖြင့်ရင် လောဘမူ ပထမစိတ်ကို ဥဒါဟရုဏ် ထုတ်ကြစို့၊ ပုံစံထုတ်ကြစို့။

လောဘမူ ပထမစိတ်၊ စေတသိက် ၁၉-ခု၊ စိတ္တဇရုပ် ရှိတယ်ဆိုရင် အဲဒီမှာ ဆန္ဒ အဓိပတိ တပ်တယ်ဆိုပါတော့၊ အဲဒါဆိုရင် ဆန္ဒသည် အဓိပတိပစ္စည်း၊ ကျန်တဲ့စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တွေက ပစ္စယုပ္ပန်။

သို့မဟုတ် လောဘမူစိတ် ကိုယ်တိုင်က အဓိပတိတပ်တယ်ဆိုရင် လောဘမူ စိတ်သည် အဓိပတိပစ္စည်း၊ ကျန်တာတွေက အဓိပတိရဲ့ ပစ္စယုပ္ပန်၊ အဲသလို—

[စာမျက်နှာ-121] သွားရမယ်။
ဝီရိယထုတ်ရင်လည်းရတယ်၊ ဝီမံသာကတော့ ဒီမှာ မရဘူး၊ လောဘမူစိတ်မှာ ပညာမယှဉ်ဘူး။
ကောင်းပြီ၊ သဟဇာတသွားလိုက်စမ်း၊ သဟဇာတဆိုတာ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတာ၊ produce လုပ်တဲ့ အနေနဲ့ ကျေးဇူးပြုတာ မဟုတ်ဘူး၊ support လုပ်တဲ့ အနေနဲ့ ကျေးဇူးပြုတာ၊ အချင်းချင်း ထောက်ပံ့သွားတာ။
သဟဇာတပစ္စည်းကတော့ လွယ်တယ်၊ ထုတ်ချင်တဲ့ စိတ်ထုတ်လို့ရတာပဲ။ အတူတကွဖြစ်တယ်ဆိုရင် ရတာပဲ၊ အဲဒီတော့ လောဘမူ ပထမစိတ်ပဲ ထုတ်စမ်းပါ။
လောဘမူ ပထမစိတ်သည် ပစ္စည်း၊ စေတသိက်နဲ့စိတ္တဇရုပ်သည် ပစ္စယုပ္ပန်၊ ဇယားကွက်ထဲကျတော့ စကားသုံးတွေက များနေတယ်၊ အချင်းချင်းအားလည်းကောင်း ဘာညာနဲ့ ဆိုတော့ နားရှုပ်တယ်၊ အတူတကွဖြစ်တဲ့တရားကို ကြည့်ပြီး ထုတ်လိုက်ရင် ပုံစံထုတ်လို့ ရတာပဲ၊ လောဘမူပထမစိတ် ထုတ်လိုက်ရင်ရတယ်။

တစ်ခါ စိတ်ကနေ ဟဒယဝတ္ထု၊ ဟဒယဝတ္ထုကနေ စိတ်ပြန်ပြီး ကျေးဇူးပြုတာလည်း ထုတ်လို့ရတာပဲ၊ အဲသလိုဆိုရင်တော့ ပဋိသန္ဓေစိတ် တစ်ခုခုကိုထုတ်ရလိမ့်မယ်၊ ပဋိသန္ဓေစိတ်နဲ့ အတူတကွ ကလာပ် ၃-စည်း၊ ရုပ် ၃၀ ဖြစ်တယ် မဟုတ်လား၊ အဲဒီကလာပ် ၃-စည်းထဲမှာ ဟဒယဝတ္ထုပါတယ်၊ အဲသလိုထုတ်ရင်လည်းရတယ်။

အညမညပစ္စည်းကျတော့ အညမညဆိုတာ နာမ်ချင်းသာ အပြန်အလှန်ရတယ်၊ ဟိုနေ့ကလည်းပြောခဲ့ပြီ၊ သဟဇာတက ပိုပြီးအရာကျယ်တယ်၊ အညမညက အရာကျဉ်းတယ်၊ အညမညဖြစ်ရင် သဟဇာတဖြစ်တော့တာပဲ၊ ဒါပေမယ်လို့ သဟဇာတဖြစ်တိုင်း အညမညမဖြစ်ဘူး၊ အဲဒီတော့ စိတ်နဲ့ စေတသိက်တင်ဆိုတော့ ဒါလည်းပဲ လောဘမူ ပထမစိတ် ထုတ်လိုက်ရင် ရတယ်။
လောဘမူ ပထမစိတ်ကို ပစ္စည်းထား၊ စေတသိက်တွေကို ပစ္စယုပ္ပန်ထား၊ တစ်ခါ စေတသိက်တွေထဲက တစ်ခုကို ပစ္စည်းထား၊ ကျန်တာတွေ ပစ္စယုပ္ပန်ထား၊ ဒါဟာ အပြန်အလှန် သွားမှာပဲ။
ပြီးတော့ ပဋိသန္ဓေအခိုက်အတံ့မှာဆိုရင် အဲဒီပဋိသန္ဓေစိတ် စေတသိက်နဲ့ ဟဒယဝတ္ထုနဲ့ အပြန်အလှန် ကျေးဇူးပြုပြန်တယ်၊ အဲသလို ထုတ်လို့ရတယ်။

နိဿယပစ္စည်း၊ နိဿယကျတော့ ဘာတွေ ထုတ်ရမတုန်း၊ လွယ်လွယ် ထုတ်ရင်တော့ စက္ခုဝိညာဏ်စိတ်မျိုးကို ထုတ်လိုက်၊ မြင်တဲ့စိတ်မျိုး၊ နိဿယပစ္စည်း

[စာမျက်နှာ-122] ဆိုတော့ မြင်တဲ့စိတ်က ဘယ်သူ့မှီသလဲ၊ စက္ခုပသာဒကို မှီတယ်၊ စက္ခုပသာဒက စက္ခုဝိညာဏ်စိတ်ကို နိဿယပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ စိတ်နဲ့ စေတသိက်တွေကိုပေါ့။

အာဟာရပစ္စည်းတဲ့ အာဟာရ ၄-ပါးရှိတယ်၊ ရုပ်က ၁-ပါး၊ နာမ်က ၃-ပါး၊ ကဗဠီကာရာဟာရ၊ ဖဿ၊ စေတနာ၊ ဝိညာဏ၊ အဲသလိုဆိုတော့ နာမ်အာဟာရအနေနဲ့ ထုတ်မယ်ဆိုရင် လောဘမူပထမစိတ်ပဲ ထုတ်ကြည့်လိုက်စမ်းပါ။
စေတသိက်တွေထဲမှာ ဖဿမပါဘူးလား၊ ဖဿကို အာဟာရပစ္စည်းထားရင် စိတ္တဇရုပ်ပါတဲ့ ကျန်တာတွေ ပစ္စယုပ္ပန်ဖြစ်တယ်၊ စိတ်ကို အာဟာရပစ္စည်းထားရင် ကျန်တာတွေ ပစ္စယုပ္ပန်ဖြစ်သွားရော။

ရုပ်အာဟာရကျတော့ ရုပ်က ရုပ်ကျေးဇူးပြုမယ်၊ ဒါကတော့ ရုပ်တစ်ခုခုကို ထုတ်ပြီး အစားအသောက် စားလိုက်လို့ အာဟာရဇရုပ်ဖြစ်တဲ့အခါမှာ အာဟာရဇရုပ်က ပစ္စည်း၊ ကျန်တဲ့ရုပ်တွေက ပစ္စယုပ္ပန်ဖြစ်မယ်။

ဣန္ဒြိယတဲ့၊ ဣန္ဒြိယမှာလည်း ရုပ်ဣန္ဒြိယ၊ နာမ်ဣန္ဒြိယလို့ အမျိုးမျိုးရှိတယ်၊ ဆိုပါတော့ ရူပဇီဝိတိန္ဒြိယဆိုရင် ရုပ်ဇီဝိတိန္ဒြေက ပစ္စည်း၊ သူနဲ့ အတူတကွဖြစ်တဲ့ ကမ္မဇရုပ်တွေက ပစ္စယုပ္ပန်၊ ဒါကရုပ် ရုပ်ချင်းသွားတာ။
ရုပ်နဲ့နာမ်ကျတော့ ဇီဝိတ၊ စိတ်၊ ဝေဒနာဆိုတဲ့ထဲက တစ်ခုခုထုတ်ရုံပဲ။ အဲဒီတော့မှ ဇီဝိတိန္ဒြေ စေတသိက်ဆိုတော့ သူက သဗ္ဗစိတ္တသာဓာရဏစေတသိက်ထဲပါတဲ့အတွက်ကြောင့်မို့ ဘယ်စိတ်ကိုပဲ ပုံစံထုတ်ထုတ်၊ ရတယ်။
လောဘမူ ပထမစိတ် ထုတ်ကြည့်လိုက်၊ အဲဒီထဲမှာ ဇီဝိတမပါဘူးလားပါတယ်၊ ဒါဖြင့် လောဘမူပထမစိတ်မှာ ဇီဝိတကို ဣန္ဒြိယပစ္စည်းလို့ဆိုရင် ကျန်တာတွေ ပစ္စယုပ္ပန်ဖြစ်တယ်၊ အဲသလို ပစ္စည်း ပစ္စယုပ္ပန်ဟာ အချင်းချင်း ကျေးဇူးပြုသွားကြတယ်။

ဝိပ္ပယုတ္တပစ္စည်းတဲ့၊ ဝိပ္ပယုတ္တကျတော့နာမ်နဲ့ရုပ်ပေါ့လေ (စိတ်၊ စေတသိက်၊ ရုပ်) ဝိပ္ပယုတ္တကလည်း သဟဇာတဝိပ္ပယုတ္တ၊ ပုရေဇာတဝိပ္ပယုတ္တဆိုပြီး ရှိတယ်။ ဘာပဲဖြစ်ဖြစ် အတူတကွဖြစ်ပြီးတော့ ဝိပ္ပယုတ်ဖြစ်တာ၊ ဆန်းလည်းဆန်းတယ်။ တစ်ပြိုင်နက်သော ခဏမှာဖြစ်ကြပြီးတော့ တစ်ခုနဲ့တစ်ခု မရောဘူး၊ အတူတူတော့ ဖြစ်တယ်၊ မရောဘူး။
ဟိုနေ့က ပြောတဲ့အရသာတွေ ပေါင်းလိုက်တဲ့အခါကျတော့ အတူတူတော့ ဖြစ်သွားတယ်၊ ဒါပေမယ့် စပ်တဲ့အရသာနဲ့ ချဉ်တဲ့အရသာဟာ တခြားစီနေသလိုမျိုး။

အဲဒီတော့ သဟဇာတဝိပ္ပယုတ်မှာ ကြည့်လိုက်ရင် ဘာတွေတဲ့တုန်း စိတ်

[စာမျက်နှာ-123] စေတသိက်ရယ် ရုပ်ရယ် မပါဘူးလား၊ ဟဒယဝတ္ထုတောင်ပါသေးတယ်၊ အဲဒီတော့ ပဋိသန္ဓေအခါတစ်ခုကိုကြည့်လိုက်၊ ပဋိသန္ဓေအခါမှာ ပဋိသန္ဓေစိတ်ရယ်၊ စေတသိက်ရယ်၊ ကမ္မဇရုပ်ရယ် မဖြစ်ဘူးလား၊ အဲဒီကမ္မဇရုပ်ထဲမှာ ဟဒယဝတ္ထုပါတယ်။
အဲဒီမှာအတူတကွဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဟာ သမ္ပယုတ်များ ဖြစ်လေသလားလို့ ဒီလို သံသယဖြစ်စရာရှိတယ်၊ တစ်ပြိုင်နက်သောခဏမှာ အတူတကွ ဖြစ်နေကြပြီး အဲသလိုဖြစ်တဲ့အတွက်ကြောင့် ရုပ်နဲ့နာမ်သာ သမ္ပယုတ်မဟုတ်ဘူးလို့ ပြောဖို့ရန် ဒီနေရာမှာ ဝိပ္ပယုတ်ဆိုပြီးတော့ ဟောရတာ။

အဲဒါကြောင့်မို့ ပဋိသန္ဓေစိတ် စေတသိက်နဲ့ ကမ္မဇရုပ် ဟဒယဝတ္ထုအတူ ဖြစ်တဲ့အခါမှာ အဲဒီ ပဋိသန္ဓေစိတ်၊ စေတသိက်က ဟဒယဝတ္ထုကို ဝိပ္ပယုတ္တပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဟဒယဝတ္ထုက ပဋိသန္ဓေစိတ် စေတသိက်ကို ဝိပ္ပယုတ္တပစ္စည်းကျေးဇူးပြုတော့ အပြန်အလှန်သွားတယ်၊ တစ်ခုကို ပစ္စည်းယူတဲ့အခိုက်မှာ အခြားတစ်ခုကို ပစ္စယုပ္ပန်ယူရတယ်၊ ဒါကြောင့်မို့ သူတို့ကျတော့ အညမညပါဝင်ပြီးတော့ရတယ်။

ဒါကြောင့်မို့ ရုပ်နဲ့နာမ် အညမညဖြစ်တာဟာ ပဋိသန္ဓေအခိုက်မှာပဲရှိတယ်။ ပဝတ္တိအခိုက်၊ တခြားအခိုက်မှာဆိုရင် ရုပ်နဲ့နာမ်ဟာ အပြန်အလှန်မရဘူး၊ သို့သော် ပဋိသန္ဓေအခိုက်အတံ့မှာတော့ ရတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန် ပဋိသန္ဓေ ဥပါဒ်တဲ့အချိန်အခါမှာ တခြားရုပ်မရှိသေးဘူး၊ ကမ္မဇရုပ်ပဲရှိသေးတယ်၊ ဥပါဒ်ခဏမှာနော်၊ ဌီဘင်တောင် မရှိသေးဘူး၊ စိတ္တဇရုပ်က ပဋိသန္ဓေနောင် ပထမဘဝင်ကမှ စဖြစ်တာ။

ဒါကြောင့်မို့ အဲဒီအချိန်အခါမှာ တခြားရုပ် မရှိသေးတော့ ကမ္မဇရုပ်ပဲရှိတယ်။ အဲဒီကမ္မဇရုပ်ကို စိတ်က ကျေးဇူးပြုတဲ့အခါမှာ ဝိပ္ပယုတ္တပစ္စည်းနဲ့ ကျေးဇူးပြုတယ်။ ဒီနေရာမှာ အညမညလည်းရတယ်၊ သဟဇာတလည်းရတယ်။

အတ္ထိ၊ အဝိဂတကတော့ မထူးပါဘူး၊ ဝိပ္ပယုတ္တရရင် သဟဇာတရရင်၊ အညမညရရင်၊ အတ္ထိရတာပဲ၊ အဝိဂတရတာပဲ၊ ဘာကြောင့်လဲဆိုတော့ ထင်ရှားရှိနေတဲ့ အခိုက်အတံ့မှာ ကျေးဇူးပြုတာကိုး၊ အတ္ထိပစ္စည်းလို့ ပြောလိုက်ရင် ထင်ရှားရှိနေတဲ့ အခိုက်အတံ့မှာကျေးဇူးပြုရမယ်၊ အဝိဂတပစ္စည်းလို့ ပြောလိုက်ရင် ထင်ရှားရှိနေတဲ့ အခိုက်အတံ့မှာ ကျေးဇူးပြုရမယ်။

အဲသလို ပစ္စည်းတွေကို ခွဲလိုက်မယ်ဆိုရင် ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ်က ၆-ပစ္စည်း၊ ပစ္စည်းနာမ်၊ ပစ္စယုပ္ပန်နာမ် ရုပ်က ၅-ပစ္စည်း စသည်ဖြင့် ဒီလိုလဲ

[စာမျက်နှာ-124] ခွဲသွားလို့ရသေးတယ်၊ ဒါတွေကတော့ အသေးစိတ်သွားပြီ။ ဒီထက် အသေးစိတ်လို့ရသေးတယ်၊ ဒါပေမယ်လို့ ပထမတစ်ခေါက်မှာ ဒီလောက်ဆိုရင်တောင် တော်တော်မှတ်ရမှာ။

ကောင်းပြီ နောက်တစ်ခုပြောချင်တာက ပစ္စည်းတွေမှာပြောထားတာလေးတွေ ရှိသေးတယ်၊ ဒါတွေက သိပ်အရေးမကြီးဘူး၊ ဘာအရေးကြီးသလဲဆိုတော့ ဟိုနေ့က ပေးတဲ့စာရွက်ထဲမှာ အမျိုးခွဲတာပါတယ်၊ အဲဒါ အရေးကြီးတယ်၊ အမျိုးအားဖြင့် ခွဲဟန်ဆိုတာပေါ့၊ အမျိုးသိလိုက်ရင် ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံက သိ၊ သိသွားတယ်။ အဲဒီ သဟဇာတမျိုး၊ အာရမ္မဏမျိုး၊ အနန္တရမျိုး စသည်ဖြင့် group လေးတွေ လုပ်ထားတယ်။

အဲဒီတော့ သဟဇာတမျိုးတဲ့ပါတဲ့ ပစ္စည်းမှန်ရင် အဲဒီပစ္စည်း ပစ္စယုပ္ပန်ဟာ အတူတကွဖြစ်ရမှာ၊ ပစ္စည်းပစ္စယုပ္ပန် အတူတကွ မဖြစ်ရင် ဒီသဟဇာတမျိုးထဲ မပါဘူး။
ဒီပစ္စည်းဟာ သဟဇာတမျိုးထဲပါတယ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ပစ္စည်းနဲ့ပစ္စယုပ္ပန်ဟာ အတူတကွဖြစ်တယ်လို့ တန်းပြောနိုင်တယ်၊ အဲဒါ သိပ်ကောင်းတယ်။

သဟဇာတမျိုး ပစ္စည်း ၁၅-မျိုး ရှိတယ်တဲ့၊ ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတ၊ အညမည၊ သဟဇာတနိဿယ၊ သဟဇာတကမ္မ၊ ဝိပါက၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတတ္ထိ၊ သဟဇာတအဝိဂတ၊ အဲဒါ သဟဇာတ ၁၅-မျိုးတဲ့၊ ဒီပစ္စည်းတွေမှာပါတဲ့ ပစ္စည်း ပစ္စယုပ္ပန်တွေဟာ အတူတကွဖြစ်ရမယ်။

နောက်တစ်ခုက အာရမ္မဏမျိုးတဲ့ ဒါကျတော့ အာရုံနဲ့ အာရမ္မဏိကနဲ့ ဖြစ်သွားပြီ၊ အာရမ္မဏ၊ အာရမ္မဏာဓိပတိ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ အာရမ္မဏူပနိဿယ၊ အာရမ္မဏပုရေဇာတ၊ ဝတ္တာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတအဝိဂတ၊ ဆိုပြီး ၈-ပါးရှိတယ်။

ဒါက အာရမ္မဏမျိုးဟေ့လို့ ပြောလိုက်ရင် အတူတကွဖြစ်တာ မဟုတ်ဘူး၊ တခြားစီဖြစ်တာ တစ်နေရာစီဖြစ်တာ၊ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်ဆိုရင် ရူပါရုံက တခြားမှာ၊ စက္ခုဝိညာဏ်နဲ့ အတူတူဖြစ်တာမဟုတ်ဘူး၊ သို့သော် အာရုံ၊ အာရမ္မဏိကအဖြစ်ဖြင့် ဆက်သွယ်မှုရှိတယ်၊ relation ပေါ့လေ၊ ကျေးဇူးပြုတယ်လို့ ဆိုတယ်။

အနန္တရမျိုးလို့ ပြောလိုက်ရင် တစ်ခုပြီးမှတစ်ခု ဖြစ်တာ၊ ဒါဟာ သိပ်ထင်ရှား

[စာမျက်နှာ-125] တယ်၊ အနန္တရ ၇-မျိုးက အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေဝန၊ ကမ္မ၊ နတ္ထိ၊ ဝိဂတတဲ့။
အဲဒါတွေကျတော့ ဒီပစ္စည်းဟာ အနန္တရမျိုးလို့ ပြောလိုက်ရင် ပစ္စည်းက ပထမဖြစ်၊ ပျောက်ပြီးတော့မှ ပစ္စယုပ္ပန်ကနောက်ပေါ်၊ အဲဒီလို သွားမယ်။

ဝတ္ထုပုရေဇာတမျိုး ၆-ပါးတဲ့၊ ဒါကျတော့ ဝတ္ထုလည်းဟုတ်ရမယ်၊ ပုရေဇာတလည်း ဟုတ်ရမယ်၊ နိဿယလည်းဟုတ်ရမယ်၊ ဝတ္ထုရုပ် ၆-ပါးလည်း ဖြစ်ရမယ်၊ ရှေးဖြစ်နှင့်တာလည်း ဖြစ်ရမယ်၊ မှီရာလည်းဖြစ်ရမယ်၊ အဲသလို တရားမျိုးတွေပေါ့လေ၊ ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတအဝိဂတ။

ပစ္ဆာဇာတမျိုး ၄-ပါးတဲ့၊ ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတအဝိဂတ ဒါတွေဟာ နှစ်ချက်စုပြန်ကြည့်ရင် သိတယ်။

အာဟာရမျိုး ၃-မျိုးတဲ့ ရုပ်အာဟာရရယ်၊ အာဟာရတ္ထိရယ်၊ အာဟာရအဝိဂတရယ်၊ အာဟာရတ္ထိနဲ့၊ အာဟာရအဝိဂတဆိုတာ နာမ်အာဟာရကို ပြောတာ။

ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါးတဲ့၊ ရူပဇီဝိတိန္ဒြိယရယ်၊ ဣန္ဒြိယတ္ထိရယ်၊ ဣန္ဒြိယအဝိဂတရယ်။

ပကတူပနိဿယမျိုး ၂-ပါးတဲ့၊ (၁) နောက်နောက် စေတသိက်အားတတ်သော ဗလဝဖြစ်သော ရှေးရှေးစိတ္တုပါဒ်ရုပ်၊ ပညတ်ဟူသော သုဒ္ဓပကတူပနိဿယရယ် (၂) ဝိပါက်နာမက္ခန္ဓာအားတတ်သော ဗလဝကံဟူသော မိဿကပကတူပနိဿယ (နာနက္ခဏိကကမ္မ) လို့ ၂-မျိုးရှိတယ်။

နောက်ဆုံးကျတော့ နာနက္ခဏိကကမ္မမျိုး ၃-ပါးတဲ့၊ ကာမဝိပါက်အား တတ်သော ဒုဗ္ဗလကမ္မ၊ ကဋတ္တာရုပ်အားတတ်သော ဗလဝဒုဗ္ဗလကမ္မ၊ ဒါကကံ၊ ကံ၏အကျိုးပေါ့လေ။

အဲဒါကြောင့်မို့ အဲဒီအမျိုးလေးတွေကိုလည်း အသင့်အတင့် ကွဲထားရင်ကောင်းတယ်၊ သဟဇာတမျိုး သိလိုက်ရင် ပစ္စည်းနဲ့ ပစ္စယုပ္ပန်ဟာ အတူတကွဖြစ်ပြီ၊ အာရမ္မဏမျိုးလို့ ပြောလိုက်ရင် သူက အာရုံအာရမ္မဏိကအနေနဲ့ ဆက်သွယ်မှု ရှိလိမ့်မယ်။

အနန္တရမျိုးလို့ ပြောလိုက်ရင် အခြားမဲ့ဖြစ်ပြီးတော့ တစ်ခုဖြစ်တုန်း တစ်ခု မဖြစ်ဘူး၊ အဲသလိုသိထားရင် ပဋိစ္စသမုပ္ပါဒ်ပြန်သွားပြီးတော့ အဝိဇ္ဇာက သင်္ခါရကို ဘယ်သတ္တိတွေနဲ့ ကျေးဇူးပြုတယ်၊ သင်္ခါရကဝိညာဏ်ကို ဘယ်သတ္တိတွေနဲ့

[စာမျက်နှာ-126] ကျေးဇူးပြုတယ်ဆိုတာပါတယ်၊ လေ့လာလိုက်တဲ့အခါကျတော့မှ အဝိဇ္ဇာပစ္စယာ သင်္ခါရ (နိဒါနလို့ခေါ်တာပေါ့) အကြောင်းအကျိုး ဆက်စပ်ပုံဟာ ပုံသေမှတ်ထားလို့ မရဘူးဆိုတာပေါ်လာလိမ့်မယ်။
အဝိဇ္ဇာက သင်္ခါရကို ထုတ်လုပ်တယ်၊ သင်္ခါရက ဝိညာဏ်ကို ထုတ်လုပ်တယ်။ ဝိညာဏ်က နာမ်ရုပ်ကို ထုတ်လုပ်တယ်လို့ ဒီလိုပဲ ထင်နေကြတာ။

ဘာကြောင်တုန်းဆိုတော့ စာမှာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်။ ဝိညာဏ်ကြောင့်နာမ်ရုပ်ဖြစ်သည်ဆိုတော့ ဝိညာဏ်က နာမ်ရုပ်ကို ထုတ်လုပ်လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ထင်သွားတတ်တယ်။
အခုတော့ ပဋ္ဌာန်းနဲ့တိုက်ဆိုင်ကြည့်လိုက်၊ ပဋ္ဌာန်းပြောပါလိမ့်မယ်၊ ဝိညာဏ်က နာမ်ရုပ်ကို ဘယ်ပစ္စည်းတွေနဲ့ ကျေးဇူးပြုတယ်ဆိုတာ၊ အဲဒီပစ္စည်းတွေ ကြည့်လိုက်တဲ့ အခါကျတော့ သဟဇာတပါသလား၊ နာနက္ခဏိကကမ္မပါသလား၊ ဒါမျိုးတွေ ပေါ့လေ၊ ကြည့်ပြီးတော့ ယူဆသွားရမယ်။

အဲဒါကြောင့်မို့ ပဋ္ဌာန်းနည်းနဲ့ ထပ်ပြီးတော့ လေ့လာမှ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်ဝဝ နားလည်မယ်၊ ဒီလိုမဟုတ်သေးဘူးဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို တကယ် ပြည့်ပြည့်ဝဝ နားမလည်သေးဘူး။
ပဋ္ဌာန်းနည်းပြီးရင် နောက်အပတ် ပဋိစ္စသမုပ္ပါဒ် ပြန်သွားဦးမယ်၊ ပဋ္ဌာန်းနည်းမှာ အသက်ဟာ ၂-ချက်စုမှာရှိတယ်၊ ပဋ္ဌာန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဟာ ၂-ချက်စု၊ ၂-ချက်စုကိုကျေရင် ပဋ္ဌာန်းနည်းနဲ့ ပြောတဲ့အခါမှာ လွယ်လွယ်ကူကူ နားလည်တယ်၊ အလွတ်မကျက်နိုင်သည့်တိုင်အောင် ကြည့်ပြီးတော့ နားလည်သွားရင်တော်ပါပြီ။

ကိုင်း၊ စမ်းကြည့်စမ်း၊ လောဘမူပထမစိတ်ဖြစ်တယ်တဲ့၊ လောဘမူပထမစိတ်နဲ့ စေတသိက် ၁၉-ခုရယ်၊ စိတ္တဇရုပ်ရယ် ဖြစ်တယ်နော်၊ ဘာပစ္စည်းတွေ ရနိုင်သလဲ ကြည့်လိုက်ပါ၊ ဟေတုပစ္စည်း ရနိုင်တယ်၊ အာရမ္မဏပစ္စည်းကျတော့ ရနိုင်တယ် ဆိုတာက အဲဒီလောဘမူစိတ်က ရူပါရုံကို အာရုံပြုရင် အဲဒီရူပါရုံက လောဘမူစိတ်ကို အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုတယ်။

[စာမျက်နှာ-127] တရားအားထုတ်ပြီဆိုရင် သီလဆောက်တည်ပြီးတော့ တကယ့်ကို ရိုးရိုးသားသား စိတ်နဲ့ ရှောင်ကြဉ်မယ်ဆိုတဲ့စိတ်နဲ့ အားထုတ်သွားရင် အဲဒီအခါကျရင် သီလစင်ကြယ်တယ်လို့ပဲ ဆိုရတယ်။

[စာမျက်နှာ-128]
ပညတ္တိဝိဘာဂ
ပညတ်ဆိုသည်မှာ ပရမတ်အားဖြင့် ထင်ရှားရှိသော နာမ်တရားရုပ်တရားကို ဖယ်ထား၍ ပရမတ်အားဖြင့် ထင်ရှားမရှိသော ပရမတ်၏ အတုအယောင် သဘောမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲခြင်းမျိုးကို ပညတ်ဟု ခေါ်ဆိုသည်။

၎င်းပညတ်သည် ခေါ်ဝေါ်အပ်သော အနက်ဒြပ်ဟုဆိုအပ်သော အတ္ထပညတ်၊ ခေါ်ဝေါ်ကြောင်းဖြစ်သော အမည်သညာ သဒ္ဒါ ဝေါဟာရဟုဆိုအပ်သော သဒ္ဒပညတ် ဟု ၂-မျိုးပြား၏။

အဓိပ္ပါယ်။ ပုရိသော ဟူသော သဒ္ဒါအသံဓာတ်သည် ယောက်ျားဒြပ်အကောင်အထည်တည်းဟူသော အနက်ကို သိစေတတ်သောကြောင့် သဒ္ဒပညတ်မည်၏။ ၎င်းသဒ္ဒါသည် သိစေအပ်သောကြောင့် ယောက်ျားဒြပ်အနက်သည် အတ္ထပညတ် မည်၏။ ပဗ္ဗတသဒ္ဒါသည် သဒ္ဒပညတ်၊ တောင်ဒြပ်သည် အတ္ထပညတ်မည်၏ဟုသိ။
အတ္ထပညတ်အပြား
(၁) ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သောအခြင်းအရာကိုစွဲ၍ ထိုထိုသို့သော အခြင်းအရာပုံဟန် သန္တာန်ကိုစွဲ၍ ပညတ်သမုတ်အပ်သော မြေတောင်အစရှိသော သဏ္ဌာနပညတ်။
(၂) သစ်၊ မြေစိုင် ချည်အစရှိသော အဆောက်အဦးတို့၏ ပေါင်းစည်းစုဝေးသောအခြင်းအရာကို အစွဲပြု၍ ပညတ်သမုတ်အပ်သော အိမ်၊ ရထား၊ လှည်း၊ အိုး၊ ပုဆိုး စသော သမူဟပညတ်။
(၃) ခန္ဓာ ၅-ပါးအပေါင်းကိုစွဲ၍ ပညတ်သမုတ်အပ်သော ယောက်ျားပုဂ္ဂိုလ်စသော ဇာတိပညတ်။
(၄) လ နေ နက္ခတ်တို့၏ မြင့်မိုရ်တောင်ကို လက်ျာရစ်လည့်၍သွားခြင်းအစရှိသော အခြင်းအရာကိုစွဲ၍ ပညတ်သမုတ်အပ်သော အရှေ့အရပ်စသော ဒိသာပညတ်။
(၅) နံနက်စသော ကာလပညတ်။
(၆) ကဆုန်လစသော မာသပညတ်။
(၇) ထိုထိုသို့သော ရုပ်ကလာပ်တို့သည် မတွေ့ထိအပ်သော အခေါင်းစသော အခြင်းအရာကိုစွဲ၍ ပညတ်သမုတ်အပ်သော တွင်းဂူလိုဏ်ပေါက်စသော အာကာသပညတ်။
(၈) ထိုထိုသို့သော အခြင်းအရာအားဖြင့် ထင်သော ပထဝီကသိုဏ်း အစရှိသော

[စာမျက်နှာ-129] နိမိတ်ကိုလည်းကောင်း၊ ပရိကမ္မ စသည်ဖြင့်ပြားသော ဘာဝနာ၏ အစဉ်ဟူသော အထူးကိုလည်းကောင်း စွဲ၍ သမုတ်အပ်သော ကသိုဏ်းနိမိတ် အသုဘနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်စသော နိမိတ္တပညတ်။

ဤ အတ္ထပညတ်များသည် ပရမတ္ထအားဖြင့် ဒြပ်အကောင်အထည် ထင်ရှားမရှိသော်လည်း သဘောဆတ်ဆတ်ပရမတ်ကို စွဲမြှောင်၍ အရိပ်အရောင်အတုဟူသော အခြင်းအရာအားဖြင့် စိတ်စေတသိက် ပရမတ်တရားတို့၏ အခြံအရံအဖြစ်သို့ ရောက်၏။ ထိုအတ္ထပညတ်ကို နာမပညတ်ဖြင့် သိစေအပ်၏။

ဝါစ္စပညတ်၊ ဝစနီယပညတ်၊ အတ္ထပညတ်ဟူသည် အတူတူ။ ဝါစကပညတ်၊ နာမပညတ်၊ သဒ္ဒပညတ် ဟူသည် အတူတူ။ အမည်သာကွဲပြားသည်။

အဝိဇ္ဇာပစ္စယာ သင်္ခါရာပုဒ်၌ အကျယ်ပြဆိုချက်
ဤဆိုခဲ့သည့်အတိုင်း ဤ ၂၄-ပါးသော ပစ္စည်းတို့တွင် ဤအဝိဇ္ဇာသည် ပုည (အဘိသင်္ခါရ)တို့အား ၂-ပါးသော အပြားအားဖြင့် ကျေးဇူးပြု၏။ တစ်ပါးကုန်သော (အပုည) အဘိသင်္ခါရတို့အားမူကား များသောအပြားအားဖြင့် ကျေးဇူးပြု၏။ နောက်ဆုံး ဖြစ်ကုန်သော (အာနေဉ္စ) အဘိသင်္ခါရတို့အား ထိုအဝိဇ္ဇာသည် တစ်ပါးတည်းသော အပြားအားဖြင့် ကျေးဇူးပြု၏ဟု သိအပ်၏။

ထိုဂါထာ၌ ပုညတို့အား ၂-ပါးအပြားအားဖြင့် ဟူသည်ကား (ပုညာဘိသင်္ခါရတို့အား) အာရမ္မဏပစ္စည်းဖြင့်လည်းကောင်း၊ ဥပနိဿယပစ္စည်းဖြင့်လည်းကောင်း၊ ဤသို့ ၂-ပါးအပြားအားဖြင့် ကျေးဇူးပြု၏။ ချဲ့၍ပြအံ့၊ ထိုအဝိဇ္ဇာသည် အဝိဇ္ဇာကို ကုန်တတ်သောအားဖြင့် ပျက်တတ်သောအားဖြင့် ဝါ-ကုန်သွားသည် ပျက်သွားသည်ဟု သုံးသပ်သောကာလ၌ ကာမာဝစရပုညာဘိသင်္ခါရတို့အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။

(စေတောပရိယ ပုဗ္ဗေနိဝါသ အနာဂတံသဉာဏ်ဟု ဆိုအပ်သော) အဘိညာဏ်တို့နှင့် ယှဉ်သောစိတ်ဖြင့် (မိမိ၏ လည်းကောင်း၊ သူတပါး၏လည်းကောင်း) မောဟနှင့်တကွဖြစ်သော စိတ်ကို သိသောကာလ၌ ရူပါဝစရ (ပုညာဘိသင်္ခါရ)တို့အား (အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။) ထိုမှတပါး (အဝိဇ္ဇာ၏ အပြစ်ကို မြင်ခြင်းကြောင့်) အဝိဇ္ဇာကို လွန်မြောက်ခြင်းအကျိုးငှာ (ဝဋ်ကင်းရာနိဗ္ဗာန်ကို တောင့်တသဖြင့်) ပေးလှူခြင်းအစရှိသော ကာမာဝစရ ပုညကြိယဝတ္ထုတို့ကို ဖြည့်ကျင့် ဆည်းပူးသောသူအားလည်းကောင်း၊ ရူပါဝစရဈာန်တို့ကို ဖြစ်စေသော သူအားလည်းကောင်း၊ ၂-ပါးလည်း ဖြစ်ကုန်သော ထို (ကာမ ရူပ) ပုညာဘိသင်္ခါရ

[စာမျက်နှာ-130] တို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ ထို့အတူပင် (ဘဝ၏အပြစ်ကို ဖုံးကွယ်တတ်သော) အဝိဇ္ဇာဖြင့်ပြင်းစွာ တွေဝေသောကြောင့် ကာမဘဝစည်းစိမ်ချမ်းသာ ရူပဘဝစည်းစိမ်ချမ်းသာတို့ကို တောင့်တ၍ ထိုပုညာဘိသင်္ခါရ ၂-မျိုးတို့ကိုပင်လျှင် ပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။

တစ်ပါးကုန်သော အဘိသင်္ခါရတို့အားမူကား များသောအပြားအားဖြင့် ဟူသည်ကား အပုညာဘိသင်္ခါရတို့အား များသော အပြားအားဖြင့် ကျေးဇူးပြု၏။ အဘယ်သို့နည်းဟူမူ ဤအဝိဇ္ဇာသည် အဝိဇ္ဇာကို အာရုံပြု၍ ရာဂ စသည်ဖြစ်သော ကာလ၌ အာရမ္မဏပစ္စည်းဖြင့် (ကျေးဇူးပြု၏)၊ အလေးအမြတ်ပြု၍ သာယာသော ကာလ၌ အာရမ္မဏာဓိပတိပစ္စည်း၊ အာရမ္မဏူပနိဿယပစ္စည်းတို့ဖြင့် (ကျေးဇူးပြု၏)။ အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေလျက် အပြစ်မမြင်သည်ဖြစ်၍ ပါဏာတိပါတ သူ့အသက်ကိုသတ်ခြင်း စသည်တို့ကိုပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် (ကျေးဇူးပြု၏)။ ဒုတိယဇော စသည်တို့အား အနန္တရ၊ သမနန္တရမှ အနန္တရူပနိဿယ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းတို့ဖြင့် (ကျေးဇူးပြု၏)၊ အမှတ်မရှိသော တစ်စုံတစ်ခုသော အကုသိုလ်ကိုပြုသော သူအား ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့် (ကျေးဇူးပြု၏)။ ဤသို့များသော အပြားအားဖြင့် ကျေးဇူးပြု၏။

နောက်ဆုံးဖြစ်သော အဘိသင်္ခါရတို့အား ထိုအဝိဇ္ဇာသည် တစ်ပါးတည်းသော အပြားအားဖြင့် ကျေးဇူးပြု၏ဟု သိအပ်၏ ဟူသည်ကား အာနေဉ္စာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့်သာလျှင် တစ်ပါးတည်းသော အပြားအားဖြင့် ကျေးဇူးပြု၏ဟု သိအပ်၏။ ဤအဝိဇ္ဇာ၏ ထိုဥပနိဿယအဖြစ်ကိုမူ ပုညာဘိသင်္ခါရ၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်ပေ၏။
သဒ္ဒပညတ်အပြား
၁။ ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်ဝေဒနာစသော သဒ္ဒပညတ်မျိုး။
၂။ အဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေတောင်စသော အနက်ကို သိကြောင်းဖြစ်သော သဒ္ဒပညတ်မျိုး။

[စာမျက်နှာ-131] ၃။ ဝိဇ္ဇမာနေန = ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပရမတ္ထ အဝိဇ္ဇမာနပညတ်အားဖြင့် ထင်ရှားမရှိသောအနက်ကို သိစေသော ဆဠဘိညာ (အဘိညာဉ်ရသောပုဂ္ဂိုလ်) စသော သဒ္ဒပညတ်။

၄။ အဝိဇ္ဇမာနေန = ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအနက်နှင့် ဝိဇ္ဇမာနပညတ် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကိုသိစေတတ်သော ဣတ္ထိသဒ္ဒါ (မိန်းအသံ) စသော သဒ္ဒပညတ်မျိုး။

၅။ ဝိဇ္ဇမာနေန = ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက်နှင့် ပရမတ္ထ ဝိဇ္ဇမာနပညတ်အားဖြင့် ထင်ရှားရှိသော အနက်ကိုပင်သိစေသော စက္ခုဝိညာဏ်စသော သဒ္ဒပညတ်မျိုး။

၆။ အဝိဇ္ဇမာနေန = ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအနက်နှင့် အဝိဇ္ဇမာနပညတ် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် ၂ ပါးကိုသိစေသော ရာဇပုတ္တာ စသောသဒ္ဒပညတ်။

အနက်နှင့် သဒ္ဒါကို ခြားနားစွာသတိပြု။ ပုတ္တာကားပါဠိသဒ္ဒါ၊ သားကား မြန်မာသဒ္ဒါ၊ အထည်ကိုယ်ဒြပ်သာ အနက်ဖြစ်၏။ ဤသို့သဒ္ဒါနှင့် အနက်တို့၏ ခြားနားမှုကို သတိပြု။ သို့မှ အတ္ထပညတ်နှင့် သဒ္ဒပညတ် ကွဲမည်။

[စာမျက်နှာ-132]
အဘိဓမ္မာသင်တန်း ၅၁

[ပစ္စည်းပိုင်း]

ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း
ဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့။

လွန်ခဲ့တဲ့ အပတ်က ပဋ္ဌာန်းနည်း ၂-ချက်စုတို့ ဘာတို့ပြီးသွားပြီ ဆိုကြပါစို့၊ သဟဇာတမျိုး၊ အာရမ္မဏမျိုးစသည်ဖြင့် အစုခွဲတယ်၊ အဲဒါတွေ နားလည်ပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်ကို ပြန်သွားပြီးတော့ ပဋ္ဌာန်းနည်းနဲ့ စပ်ဟပ်ပြီးတော့ နားလည်ဖို့ ကြည့်ဖို့ စီမံထားတယ်။

ပထမဆုံးလွန်ခဲ့တဲ့အပတ်က ပြောတဲ့ ကျေးဇူးပြုပုံ၊ ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ နားလည်တယ် မဟုတ်လား၊ ဆိုပါတော့ ဟေတုပစ္စည်း ကျေးဇူးပြုပုံကို ပုံစံထုတ်ပြီး ပြောပြပါဆိုရင် ပြောနိုင်မလား၊ ဟေတုပစ္စည်း ကျေးဇူးပြုပုံကို ပုံစံထုတ်ပါဆိုရင် ဘယ်ဟာကို ထုတ်မလဲ၊ ပထမဆုံး လောဘမူစိတ် ထုတ်လို့ရတယ်။

ဒါကြောင့်မို့ ဟိတ် ၆-ပါးထဲမှာ လောဘနဲ့ မောဟပါတော့ လောဘမူစိတ်မှာလည်း လောဘနဲ့ မောဟပါတယ်၊ ဒါကြောင့် ပထမလောဘမူစိတ်ကို ပုံစံထုတ်ပြီးတော့ ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ ရှင်းပြရင် ရှင်းပြနိုင်တယ်။

အဲဒီတော့ ပဋ္ဌာန်းနည်းဆိုတာ စိတ် စေတသိက်တွင်မကဘူး၊ ရုပ်လည်းပါတယ်၊ ဒါကြောင့်မို့ ရုပ်ကိုင်ရတော့၊ လောဘမူစိတ်ရယ်၊ အဲဒီစိတ်နဲ့ ယှဉ်တဲ့ ထွန်းစာပေ

[စာမျက်နှာ-133] စေတသိက်ရယ် ပြီးတော့ အဲဒီစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ရယ်၊ ဒီ ၃-ခု စိတ်ထဲက မြင်ထားပြီးတော့မှ လောဘမူ ပထမစိတ်ရယ်၊ စေတသိက် ၁၉-ခု ရယ်၊ စိတ္တဇရုပ်ရယ် တစ်ပြိုင်နက် ဖြစ်ကြရာမှာ စေတသိက်တွေထဲမှာပါတဲ့ လောဘ စေတသိက်ကို ပစ္စည်းယူထားရင် ကျန်တဲ့ လောဘမူစိတ်ရယ်၊ စေတသိက် ၁၈-ခုရယ်၊ စိတ္တဇရုပ်ရယ်က ပစ္စယုပ္ပန် ဖြစ်သွားရော။

မောဟကို ပစ္စည်းယူထားမယ်ဆိုရင်၊ မောဟရယ်၊ ကျန်တဲ့စေတသိက် ၁၈-ပါးရယ်၊ စိတ္တဇရုပ်ရယ်က ပစ္စယုပ္ပန်ဖြစ်ရော၊ အဲသလိုသွားရမယ်။ ပစ္စည်းဘက်မှာ လောဘသော်လည်းကောင်း၊ မောဟသော်လည်းကောင်း၊ ဒေါသသော်လည်းကောင်း၊ အလောဘ၊ အဒေါသ၊ အမောဟသော်လည်းကောင်း ရှိရမယ်၊ ပစ္စယုပ္ပန်ဘက်မှာ စိတ်ရှိရမယ်၊ အခြားစေတသိက်တွေ (လောဘ၊ ဒေါသ၊ မောဟ ပြန်ပါနိုင်ပါတယ်) ပါရမယ်၊ စိတ္တဇရုပ်ပါရမယ်။

ဒီတော့ ဟေတုပစ္စည်းဟာ ဘယ်မျိုးထဲမှာပါတုန်း၊ သဟဇာတမျိုးထဲမှာပါတယ်၊ ဟုတ်ပြီ၊ သဟဇာတမျိုးထဲမှာပါရင် ပစ္စည်းနဲ့ ပစ္စယုပ္ပန်ဟာ အတူတကွ ဖြစ်ရမယ်ပေါ့၊ အဲဒီသဟဇာတမျိုးထဲမှာပါတဲ့ ပစ္စည်း ၁၅-မျိုးလား ရှိတယ်။ အဲဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံကို ရှင်းပြချင်တယ် ပြောပြချင်တယ်ဆိုရင် အတူတကွဖြစ်တဲ့ ပစ္စည်းတွေ ရှာရမယ်။

ဒါကြောင့်မို့ ဟေတုပစ္စည်းလို့ဆိုလိုက်ရင် သဟဇာတမျိုးထဲမှာပါတဲ့ အတွက်ကြောင့်မို့ ပစ္စည်းနဲ့ ပစ္စယုပ္ပန်ဟာ အတူတကွဖြစ်တယ်လို့ တန်းတန်းမတ်မတ် သိတယ်၊ အမျိုးသိရင် အဲဒါတန်းသိတော့တာပဲ၊ အဲဒါ သိပ်ကောင်းတယ်။

အကယ်၍ အာရမ္မဏမျိုးဆိုရင် အတူတကွဖြစ်တာ မဟုတ်ဘူး၊ အာရုံက တခြားမှာဖြစ်မယ်၊ အာရမ္မဏိကက တခြားမှာဖြစ်မယ်၊ အဲဒီလို အမျိုးမတူတဲ့ အတွက်ကြောင့် ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံချင်း ကျေးဇူးပြုပုံချင်းလည်း အဲသလို ကွဲပြားသွားတယ်၊ ဒါလေးတွေ နားလည်ထားရမယ်။

တစ်ပြိုင်နက်သော ခဏမှာတော့ ဖြစ်ချင်ဖြစ်မယ်နော်၊ သို့သော် အတူမဖြစ်ဘူးလို့ဆိုတယ်။ ဆိုပါတော့ ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်ပြောရင် ဟိုမှာ ပစ္စုပ္ပန်ရူပါရုံဆိုတဲ့ ရုပ်ကလည်းရှိနေတယ်။ ဒီမှာလည်း စက္ခုဝိညာဏ် စိတ်တင်မကဘူး၊ ဆိုပါတော့စက္ခုဝိညာဏဝီထိဖြစ်တယ်၊ တစ်ပြိုင်နက်သော ခဏမှာဖြစ်တယ်၊ သို့သော် သူတို့ကို အတူဖြစ်တယ်လို့ မပြောနိုင်ဘူး။

သဟဇာတမျိုးကျတော့ အတူတကွဖြစ်တယ်၊ စိတ်ရယ်၊ စေတသိက်ရယ်၊

[စာမျက်နှာ-134] ရုပ်ရယ်ပဲပေါ့၊ ဒါကြောင့်မို့ အဲသလို ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံကို သဘောပေါက်ရမယ်။ နားလည်ရမယ်။

အကယ်၍ အလောဘ၊ အဒေါသ၊ အမောဟနဲ့ ပတ်သက်ပြီး ပုံစံထုတ် ရှင်းလင်းချင်တယ်ဆိုရင် ဘယ်စိတ်ကို ကိုင်မလဲ၊ ဘယ်စိတ်ကိုထုတ်မလဲ၊ ခုနလောဘမူ စိတ်နဲ့ ရှင်းတာက လောဘဟိတ် မောဟဟိတ်နဲ့ ပတ်သက်ပြီးတော့ ပြောခဲ့ပြီ၊ အဲဒီတော့ အလောဘ၊ အဒေါသ၊ အမောဟထဲက (ဆိုပါတော့) အလောဘနဲ့ အဒေါသ နှစ်ခု သို့မဟုတ်လဲ ၃-ခုပေါ့လေ၊ အဲဒါကို ပုံစံထုတ်ပြီး ပြောချင်ရင် ဘယ်စိတ်ကို ထုတ်မလဲ၊ အလောဘ၊ အဒေါသ၊ အမောဟယှဉ်တဲ့စိတ်ဟာ ဘယ်စိတ်လဲ၊ မှတ်မိလား၊ အလောဘ၊ အဒေါသ၊ အမောဟစိတ်ဟာ ဘယ်ထဲပါလဲ။

သောဘနစေတသိက်ထဲမှာပါတယ်၊ ဒါဖြင့်ရင် သောဘနစိတ်ထဲက တစ်ခုခုထုတ်ရင် ရရမယ်ပေါ့။ ဒါဖြင့်ရင် မဟာကုသိုလ် ပထမစိတ်ပဲထုတ်လိုက်၊ မရပေဘူးလား ရတယ်။

မဟာကုသိုလ် ပထမစိတ်ထဲမှာ စေတသိက် ၃၈-ပါး ယှဉ်တယ်၊ အဲဒီ ၃၈-ပါးမှာ အလောဘပါတယ်၊ အဒေါသပါတယ်၊ အမောဟပါတယ်၊ ဒါကြောင့်မို့ မဟာကုသိုလ်ပထမစိတ်၊ စေတသိက်-၃၈၊ စိတ္တဇရုပ်၊ အဲဒီထဲမှာ အလောဘကို ပစ္စည်းလို့ယူရင် မဟာကုသိုလ်စိတ်ရယ်၊ ကြွင်းတဲ့စေတသိက် ၃၇-ခုရယ်၊ စိတ္တဇရုပ်ရယ်က ပစ္စယုပ္ပန်။

အဒေါသကို ပစ္စည်းယူရင် ကျန်တာတွေ ပစ္စယုပ္ပန်၊ အမောဟကို ပစ္စည်းယူရင် ကျန်တာတွေ ပစ္စယုပ္ပန်၊ အဲဒီလို သွားရမယ်၊ ဒါဟာ ဟေတုနဲ့ ပတ်သက်ပြီးတော့ ပစ္စည်း ပစ္စယုပ္ပန် ပြောချင်ရင်ပေါ့။

ပါဠိတော်နဲ့ကျတော့ ပြောရတာခက်တယ်၊ ပစ္စယနိဒ္ဒေသရကြလား၊ ရရင်လည်း အနက်မသိတော့ မထူးပါဘူး၊ ဘုရားစာအနေနဲ့တော့ ရမှာပေါ့။

ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ။

ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့ တရားတွေဆိုတော့ ဟိတ်နဲ့ယှဉ်တဲ့စိတ်ရယ် စေတသိက်ရယ်ကို ဆိုလိုတယ်။

တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဆိုတာ အဲဒီစိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေတဲ့၊ ဒါဟာ ဟေတုပစ္စယေန ပစ္စယော၊ ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုတယ်တဲ့၊ ဟိတ်များက ဟိတ်နဲ့အတူတကွဖြစ်တဲ့ တရားတွေရယ်၊ ဟိတ်နဲ့ယှဉ်တဲ့စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေရယ်ကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလို ရှင်းလင်းပြောပြလို့ရတယ်။

[စာမျက်နှာ-135] ထို့အတူပဲ အာရမ္မဏပစ္စည်း၊ အဓိပတိပစ္စည်း စသည်လည်း သွားရမယ်။ ဒါတွေကို ရှင်းလင်းပြောပြဖို့ဆိုရင် သို့မဟုတ် ကိုယ်တိုင်နားမလည်ရင် နောက်ကို ပြန်ပြန်ပြီး သွားရလိမ့်မယ်၊ အဲဒါ မပျင်းနဲ့ပေါ့၊ နောက်ပြန်သွားလို့ မြင်ပြီးမှ ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ ပြောမှ ရှင်းရှင်းလင်းလင်း မြင်တာ၊ အဲသလို နောက်ပြန် မမြင်သေးပဲ ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံပြောနေရင် အလကားပဲ။

(ဆိုပါတော့) အဲဒီတော့ အဓိပတိပစ္စည်းနဲ့ ပတ်သက်ပြီး ပြောချင်ပြီဆိုရင် ပထမ ဘာ နားလည်ရမတုန်း၊ အဓိပတိပစ္စည်းရဲ့ ပစ္စည်းရယ်၊ ပစ္စယုပ္ပန်ရယ် နားလည်ရမယ်၊ ပြီးတော့မှ အဓိပတိတပ်တဲ့ တရား ၄-ပါး ရှိတယ်၊ အဲဒီထဲက ဆန္ဒကိုပြောချင်တယ်၊ သို့မဟုတ် ဝီရိယကို ပြောချင်တယ်ဆိုရင် ဆန္ဒယှဉ်တဲ့စိတ် ဝီရိယယှဉ်တဲ့စိတ် လိုက်ကြည့် လိုက်ကြည့်ပြီး အဲဒီစိတ် ပုံစံထုတ်ပြီး ပြောရတယ်၊ အဲဒီလို သွားရတယ်။

ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ လွန်ခဲ့တဲ့အပတ်က ပြောပြခဲ့တာကို ထပ်ပြောပြတာ၊ ဒါဟာ နူးတဲ့သဘောပဲ။

ဒီနေ့ ပဋိစ္စသမုပ္ပါဒ်ကိုသွားမှာ၊ ပဋိစ္စသမုပ္ပါဒ်က အလွန်ကျယ်ဝန်းတယ်။ အဋ္ဌကထာဖွဲ့တာဆိုရင် ကြာတော့များလွန်းလို့ စိတ်ပျက်ရတယ်၊ အဲဒီတော့ အဲသလောက် အကုန်လုံးကို ပြောမယ်ဆိုရင် ကိုယ်လည်းတော်တော် စာပြန်ကြည့်ရမယ်၊ နားထောင်သူတွေလည်း မလွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ အသေးစိတ်လွန်းလို့။

ဒါကြောင့်မို့ ဒီနေ့အကျဉ်းအားဖြင့်တော့ ကုန်အောင်သွားမယ်ပေါ့လေ၊ အသေးစိတ်အားဖြင့်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ တစ်ခုထဲကို ကြည့်နိုင်မယ်။

အရင်တုန်းက ပြောခဲ့ဖူးတယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းမှာသာ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်၊ သို့မဟုတ် ဒီအကြောင်းကို အကြောင်းပြုပြီး ဒီအကျိုးဖြစ်တယ်လို့ ဒီလိုအကြောင်း အကျိုးကိုသာ ပြောပြတယ် သို့မဟုတ် ပစ္စည်းနဲ့ ပစ္စယုပ္ပန်ကိုသာ ပြောပြတယ်။

သူတို့ဟာ အကြောင်းက အကျိုးကို ဘယ်လိုသတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတာ မပြောခဲ့ဘူး၊ ပဋ္ဌာန်းကျတော့ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော ဆိုတော့ ပစ္စည်းလည်းပါတယ်၊ ပစ္စယုပ္ပန်လည်းပါတယ်၊ ပစ္စယသတ္တိလည်းပါတယ်၊ ပဋ္ဌာန်းက အဲသလို သွားတယ်။

ပဋိစ္စသမုပ္ပါဒ်ကိုလည်းပဲ အဲဒီပဋ္ဌာန်းနည်းနဲ့ဟပ်ပြီး နားလည်မှ ပဋိစ္စသမုပ္ပါဒ်ကို

[စာမျက်နှာ-136] ပြည့်ပြည့်စုံစုံ ပိုင်ပိုင်နိုင်နိုင် နားလည်တယ်။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်ကို အကျယ်ဖွင့်ပြတဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ၂၄-ပစ္စည်းကို ဒီနေရာမှာ ချဲ့ပြီးတော့ဖွင့်ထားတယ်၊ ပဋ္ဌာန်းကို အဝိဇ္ဇာပစ္စယာ သင်္ခါရာအတွက် ပုဒ်ဖွင့်တဲ့အခါမှာ ၂၄-ပစ္စည်း အကျဉ်းရေးပြတယ်၊ ပြီးမှ ကျေးဇူးပြုပုံတွေ ပြောတယ်၊ အဲဒီတော့ ရောဖွင့်တယ်ဆိုပါတော့။

သင်္ဂြိုဟ်ကျမ်းကတော့ ကျမ်းကလည်း ကျမ်းငယ်လေ၊ အစသင်တဲ့ သူတွေအတွက် ရေးတာဆိုတော့ ဒါတွေမထည့်တော့ဘူး၊ ရိုးရိုးလေးပဲသွားတယ်၊ ကိုယ်ကတော့ ကြားလိုက်မယ်ပေါ့လေ။

သင်္ဂြိုဟ်ကျမ်းအတိုင်း ရိုးရိုးလေးသွားမယ်ဆိုရင် ကောင်းတော့ကောင်းပါတယ်လေ၊ ဒါပေမယ်လို့ အခုသင်တန်း တက်သူတွေက လူကြီးတွေ ဖြစ်နေတယ်။ နားလည်ဖို့မှာ ဒီလိုပဋ္ဌာန်းနည်းလေးနဲ့ ဟပ်ပြီး နားလည်ရသကိုးလို့ သိစေချင်လို့၊ အဲသလို သိပြီးတဲ့ နောက်အသေးစိတ် သိချင်ရင် တဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။

ကောင်းပြီ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာစသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ရှိတယ်၊ အဲဒီတော့ အဝိဇ္ဇာက သင်္ခါရကို ဘယ်လို ကျေးဇူးပြုသလဲ၊ အဝိဇ္ဇာဆိုတာ မောဟနော်၊ သင်္ခါရဆိုတာကလည်း ပဋိစ္စသမုပ္ပါဒ်မှာ သင်္ခါရအရကောက်တော့ ၃-မျိုးရှိတယ်၊ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္စာဘိသင်္ခါရ ၃-မျိုးရှိတယ်၊ ဆိုလိုတာကတော့ ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်ကို ပုညာဘိသင်္ခါရလို့ ခေါ်တယ်။

အကုသိုလ်ကို အပုညာဘိသင်္ခါရ၊ အရူပါဝစရကို အာနဉ္စာဘိသင်္ခါရ၊ အဲဒီတော့ သင်္ခါရဆိုတာ စေတနာကိုကောက်တယ်၊

ကောင်းပြီ အဝိဇ္ဇာသည် သင်္ခါရအား ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို အကြောင်းပြုပြီး သင်္ခါရဖြစ်တယ်ဆိုတဲ့နေရာမှာ အဝိဇ္ဇာက (သို့မဟုတ်) မောဟက သင်္ခါရဆိုတဲ့ ကံကို ဘယ်လိုသတ္တိနဲ့ ကျေးဇူးပြုသလဲဆိုတော့ စာရွက်ကြည့်လိုက်ပါ။

မြန်မာဘုန်းကြီး ပြန်ထားတဲ့ မြန်မာစာပဲ၊ မြန်မာတွေ နားလည်အောင် ဖတ်ပြမယ်၊ ဒါတောင် မဟာစည်ဆရာတော်ဟာ ရှေးက ပြန်ထားတဲ့ စာအုပ်တွေထက် အများကြီး နားလည်အောင် ပြန်ထားတာ၊ ရှေးကဒီထက်ခက်သေးတယ်၊ စာမျက်နှာ အလယ်လောက်မှာကြည့်လိုက်—

“ထိုဂါထာ၌ ပုညတို့အား ၂-ပါးအပြားအားဖြင့် ဟူသည်ကား” ဒါက ဘာလဲဆိုတော့ အဝိဇ္ဇာက ပုညာဘိသင်္ခါရတို့အား ကျေးဇူးပြုတယ်၊ ၂-ပစ္စည်းဆိုတာ အာရမ္မဏဖြင့်လည်းကောင်း၊ ဥပနိဿယပစ္စည်းဖြင့်လည်းကောင်း၊ ဤသို့ ၂-ပါး

[စာမျက်နှာ-137] အပြားအားဖြင့် ကျေးဇူးပြု၏။

အဲဒီတော့ အဝိဇ္ဇာက သင်္ခါရကို ကျေးဇူးပြုတဲ့အခါမှာ ခွဲရလိမ့်မယ်၊ ပုညာဘိသင်္ခါရကို ကျေးဇူးပြုတာက ဘယ်လို၊ အပုညာဘိသင်္ခါရကို ကျေးဇူးပြုတာက ဘယ်လို၊ အာနဉ္စာဘိသင်္ခါရကိုကျေးဇူးပြုတာကဘယ်လို စသည်ဖြင့် တစ်ခုနဲ့ တစ်ခု မတူဘူး။

အခု ပထမဆုံးက အဝိဇ္ဇာ - ပုညာဘိသင်္ခါရ၊ အဝိဇ္ဇာက ပုညာဘိသင်္ခါရကို ဘယ်လိုကျေးဇူးပြုသလဲ (ပုညာဘိသင်္ခါရဆိုတာ ကုသိုလ်နော်) အဝိဇ္ဇာဆိုတာ မောဟ၊ ဒါဖြင့် မောဟနဲ့ ကုသိုလ်နဲ့ အတူတကွဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ ကိုင်း ကြည့်ရအောင် ချဲ့ပြဦးမယ်။

“အဝိဇ္ဇာသည် အဝိဇ္ဇာကို ကုန်တတ်သောအားဖြင့် ပျက်တတ်သောအားဖြင့် (တ) ကုန်သွားသည် ပျက်သွားသည်ဟု သုံးသပ်သော ကာလ၌ ကာမာဝစရ ပုညာဘိသင်္ခါရတို့အား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။”

အဝိဇ္ဇာက ပုညာဘိသင်္ခါရကို ကျေးဇူးပြုတဲ့အခါမှာ (ကာမာဝစရ ပုညာဘိသင်္ခါရကို ကျေးဇူးပြုတာကိုပြောတာ) ဘယ်လို အခါမျိုးမှာ အဝိဇ္ဇာက ကာမာဝစရ ပုညာဘိသင်္ခါရကို ကျေးဇူးပြုသလဲ၊ ကာမာဝစရကုသိုလ်စိတ်ကို ကျေးဇူးပြုသလဲဆိုရင် အဝိဇ္ဇာကို သုံးသပ်သော ကာလတဲ့၊ အဝိဇ္ဇာကို အာရုံပြုပြီးသော (အဝိဇ္ဇာကို reflect လုပ်တာ) ကုန်တတ်သောအားဖြင့်လည်းကောင်း၊ ပျက်တတ်သောအားဖြင့်လည်းကောင်း၊ အဝိဇ္ဇာဆိုတာ ကုန်သွားတတ်တဲ့ တရားပဲ၊ ပျက်သွားတတ်တဲ့ တရားပဲ၊ မမြဲတဲ့ သဘောတရားပဲလို့ အဲသလို ရှုတာကို ဆိုလိုတယ်၊ သုံးသပ်တယ် ဆိုတာ ဒီနေရာမှာ ရှုတာကို ဆိုလိုတယ်။ ကမ္မဋ္ဌာန်းရှုသလို ရှုတာ။

အဲသလို အဝိဇ္ဇာဟာ ကုန်တတ်တဲ့ သဘောတရား၊ ပျက်တတ်တဲ့ သဘောတရားပဲလို့ ဒီလိုရှုတဲ့အခါမှာ ရှုတဲ့လူပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကာမာဝစရ ကုသိုလ်စိတ် ဖြစ်တယ်၊ အဲသလို ကုသိုလ်စိတ်မဖြစ်ရင် တရားထိုင်ရတာ အလကား ဖြစ်တော့မှာပေါ့။

အဲသလို ဖြစ်တဲ့အခါမှာ အဝိဇ္ဇာက အဲဒီကာမာဝစရကုသိုလ်စိတ်နဲ့ အတူဖြစ်တဲ့ သင်္ခါရဆိုတော့ (ကံကိုပေါ့လေ) ကံကို ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲဆိုတော့ အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာက အာရုံ၊ ကုသိုလ်သင်္ခါရက အာရမ္မဏိကလို့ ခေါ်တဲ့အာရုံကို ယူတဲ့တရား။

ဒါကြောင့်မို့ အဝိဇ္ဇာဆိုတဲ့ မောဟက သူ့ကိုရှုတဲ့ ကာမာဝစရ ပုညာဘိသင်္ခါရကို

[စာမျက်နှာ-138] အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အာရုံအဖြစ်ဖြင့် ကျေးဇူးပြုတယ်။

တစ်ခါ စေတောပရိယ၊ ပုဗ္ဗေနိဝါသ၊ အနာဂတံသဉာဏ်ဟုဆိုအပ်သော အဘိညာဏ်တို့နှင့်ယှဉ်သောစိတ်ဖြင့် မိမိ၏လည်းကောင်း၊ သူတပါး၏လည်းကောင်း၊ မောဟနှင့်တကွဖြစ်သော စိတ်ကို သိသောကာလ၌ ရူပါဝစရ (ပုညာဘိသင်္ခါရ)တို့အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏၊ ဒါလည်းအဝိဇ္ဇာက ကျေးဇူးပြုတာပဲ ဒီကျတော့ ရူပါဝစရ ပုညာဘိသင်္ခါရကို ကျေးဇူးပြုပုံကို ပြောပြတာ။

အဲဒီတော့ ဈာန်စိတ်က ဘယ်လို ကျေးဇူးပြုသလဲ၊ ရူပါဝစရ ပထမဈာန်ဆို ဘယ်ကို အာရုံပြုသလဲ၊ ပညတ်ကိုအာရုံပြုတယ်၊ အဝိဇ္ဇာကို အာရုံမပြုဘူးလေ၊ အဝိဇ္ဇာက ပရမတ္ထတရားပဲ၊ ဒါကြောင့်မို့ အဘိညာဏ်ကိုထုတ်တာ၊ အဘိညာဏ်ဆိုတာ ပဉ္စမဈာန်ရဲ့ အထူးကို အဘိညာဏ်ခေါ်တယ်၊ အဲဒီ အဘိညာဏ်ကျတော့ ပညတ်လဲ အာရုံပြုတယ်၊ နာမ်ရုပ်လည်းအာရုံပြုတယ်၊ နောက်ဆုံးတော့ နိဗ္ဗာန်လည်း အာရုံပြုတယ်၊ (အာသဝက္ခယအဘိညာဏ်ဆိုရင်) ဒါကြောင့်မို့ အဘိညာဏ်ကိုထုတ်တယ်။

အဲဒီမှာ စေတောပရိယအဘိညာဏ်ဆိုတာ သူတပါးစိတ်ကိုသိနိုင်တဲ့ အဘိညာဏ် ဖြစ်တယ်၊ အဲဒီဉာဏ်ရထားရင် အဲဒီအဘိညာဏ်ရထားရင် သူတပါး စိတ်ကို သိနိုင်တယ်။

ပုဗ္ဗေနိဝါသဆိုတာ ရှေးဘဝတွေပြန်ပြီးတော့ သိနိုင်တယ်၊ အောက်မေ့နိုင်တဲ့ ဉာဏ်၊ အနာဂတံသဆိုတာ အနာဂတ်ကို မြင်နိုင်တဲ့ဉာဏ်၊ ဒါက ပဉ္စမဈာန်မှာ ရူပါဝစရဈာန် အရူပါဝစရဈာန် အားလုံးရပြီးတဲ့နောက် ရူပါဝစရပဉ္စမဈာန်ကို အထူး အားထုတ်ရတယ်၊ ဒါကို ကမ္မဋ္ဌာန်းပိုင်းကျတော့ လာလိမ့်မယ်။

အဲသလို အားထုတ်တဲ့အခါမှာ စေတောပရိယတို့၊ ပုဗ္ဗေနိဝါသတို့၊ အနာဂတံသတို့၊ ဣဒ္ဓိဝိဓတို့ဆိုတဲ့ အဘိညာဏ်တွေ ရလာတယ်၊ အဲသလို ရလာတော့ တကယ်တိုက်ရိုက်မြင်သွားတယ်။ မှန်းပြီးတော့ မြင်တာမဟုတ်ဘူး။

လူတစ်ယောက် စိတ်ဆိုးနေမယ်ဆိုတာကို သူ့မျက်နှာနီနေတာတို့ မျက်လုံး ကျယ်သွားတာတို့ ကြည့်ပြီးတော့ ဒီလူစိတ်ဆိုးနေပြီလို့ မှန်းပြီးသိတာ၊ အဘိညာဏ်နဲ့ သိတာကျတော့ တိုက်ရိုက်မြင်ပြီးတော့သိတာ။

အဲသလိုသိတဲ့ အခါမျိုးမှာ အဘိညာဏ်နဲ့ယှဉ်သော စိတ်ဖြင့် ကိုယ်စိတ်ကိုပဲ ဖြစ်ဖြစ်၊ သူတပါးစိတ်ကိုပဲဖြစ်ဖြစ်၊ မောဟနှင့်တကွဖြစ်သော စိတ်ကိုသိတဲ့အခါမှာ ကိုယ်ကအခု အဘိညာဏ်ဝင်စားလို့ အဘိညာဏ်ရပြီဆိုပါတော့၊ လွန်ခဲ့တဲ့ အဘိညာဏ်ကို မဝင်စားခင်က အကုသိုလ်စိတ်မျိုး ဖြစ်ချင်လည်းဖြစ်ခဲ့မိလိမ့်မယ်၊ အဲဒီလို

[စာမျက်နှာ-139] စိတ်မှာ မောဟနှင့် အတူတကွဖြစ်တဲ့စိတ်လည်းပါတယ်၊ အဲဒီစိတ်ကို ပြန်ကြည့်တဲ့အခါ အတိတ်ကိုလည်းကြည့်လို့ရတယ်၊ အနာဂတ်လည်း ပြန်ကြည့်လို့ရတယ်၊ အဲသလို မြင်တဲ့အခါ အခု သူတပါးသန္တာန်မှာ လောလောဆယ် မောဟစိတ် ဖြစ်နေတယ်။ အဲဒီစိတ်ကို ကိုယ်က ရှုတဲ့အခါမျိုးမှာ မောဟက အဝိဇ္ဇာက အဘိညာဏ်အား (အဘိညာဏ်ဆိုတာ ရူပါဝစရ ပုညာဘိသင်္ခါရ) အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်။ အာရုံပြုရတာကိုး။

မောဟနဲ့တကွဖြစ်တဲ့စိတ် (သို့မဟုတ်) မောဟကို အာရုံပြုတယ်၊ အဘိညာဏ်နဲ့ အာရုံပြုတယ်ဆိုတော့ တိုက်ရိုက်သိပြီး အာရုံပြုတယ်၊ အဲသလို အာရုံပြုတဲ့အခါမှာ မောဟက အဘိညာဏ်အား အာရမ္မဏ သတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါဟာ ရူပါဝစရ ပုညာဘိသင်္ခါရတို့ ကျေးဇူးပြုတာ။

“ထိုမှတပါး အဝိဇ္ဇာ၏အပြစ်ကို မြင်ခြင်းကြောင့်” တဲ့၊ အဝိဇ္ဇာဆိုတာ မကောင်းဘူး၊ အမှန်တရားကိုဖုံးကွယ်ထားပြီး အမှားတွေသိအောင် လုပ်ပေးတယ်ပေါ့လေ၊ ဒါကြောင့်မို့ ဒီအဝိဇ္ဇာရှိလို့ သံသရာကြီးမှာ ကျင်လည်နေရတယ်။ ဒီလိုအဝိဇ္ဇာ၏ အပြစ်ကိုမြင်တဲ့အတွက်ကြောင့် “အဝိဇ္ဇာကို လွန်မြောက်ခြင်းအကျိုးငှာ” အဝိဇ္ဇာ ကင်းဖို့ရာပေါ့လေ “ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသဖြင့် ပေးလှူခြင်း အစရှိသော ကာမာဝစရ ပုညကြိယဝတ္ထုတို့ဖြည့်ကျင့် ဆည်းပူးသူအားလည်းကောင်း၊ ရူပါဝစရ ဈာန်တို့ကို ဖြစ်စေသောသူအားလည်းကောင်း၊ ၂-ပါးလည်း ဖြစ်ကုန်သော ထို(ကာမ၊ ရူပ) ပုညာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။” ဒါကျတော့ ဥပနိဿယကို သွားပြီး ကျေးဇူးပြုတယ်။

ဒီနေရာမှာ မောဟက ပုညာဘိသင်္ခါရအား ကျေးဇူးပြုတယ်၊ အဲဒီတော့ ပုညာဘိသင်္ခါရကလည်း ကာမာဝစရပုညာဘိသင်္ခါရ၊ ရူပါဝစရ ပုညာဘိသင်္ခါရလို့ ကွဲတယ်၊ ဘယ်လိုအခါမျိုးမှာတဲ့လဲ၊ အဝိဇ္ဇာ၏ အပြစ်ကို မြင်ပြီးတော့ အဝိဇ္ဇာကို လွန်မြောက်ခြင်း အကျိုးငှာ ဝဋ်ကင်းရာနိဗ္ဗာန်ကို တောင့်တပြီးတော့ ပေးလှူခြင်း အစရှိသော ကာမာဝစရ ပုညကြိယဝတ္ထုတို့ကို ဖြည့်ကျင့်ဆည်းပူးသောသူအားလည်းကောင်းတဲ့။

အလှူအတန်းလုပ်တယ် ဆိုပါတော့၊ အလှူအတန်း လုပ်တာဟာ တကယ် နားလည်ပြီးတော့ အဝိဇ္ဇာစတဲ့ ကိလေသာကင်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုသိုလ်ကောင်းမှုပြုတယ်၊ အဲသလို ကုသိုလ်ကောင်းမှု ပြုတဲ့အခါမျိုးကျတော့ အဝိဇ္ဇာကို ပယ်ချင်တာ၊ ကိုယ်က အဝိဇ္ဇာကင်းတဲ့ အဖြစ်မျိုးကို

[စာမျက်နှာ-140] ရောက်ချင်တာ၊ အဝိဇ္ဇာ၏ အပြစ်ကိုမြင်ပြီးတော့ အဝိဇ္ဇာကင်းတဲ့ နိဗ္ဗာန်ကို တောင့်တပြီး အလှူအတန်း ပြုလုပ်တယ်၊ သို့မဟုတ် သီလ ဆောက်တည်တယ်။

အဲသလိုပြုတဲ့အခါမှာဖြစ်တဲ့ကုသိုလ်စိတ်ရှိတယ်၊ အဲဒီကုသိုလ်စိတ်ကို အဝိဇ္ဇာက အဲဒီအချိန်ကျတော့ အာရုံအနေနဲ့ ကျေးဇူးပြုတာ မဟုတ်ဘူး၊ သူ့ကို အာရုံပြုတာ မဟုတ်ဘူး။

အလှူအတန်း ပြုတာဆိုရင်လည်း အလှူပစ္စည်း သို့မဟုတ် အလှူခံပုဂ္ဂိုလ်တို့ကို အာရုံပြုလိမ့်မယ်၊ သို့မဟုတ်ရင် အလှူ၏ အကျိုးကို စိတ်ထဲက သိအောင် လုပ်လိမ့်မယ်။ အဲဒီအချိန်အခါမျိုးမှာ အဝိဇ္ဇာ(မောဟ)က ကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုလိမ့်မယ်။

ဥပနိဿယဆိုတာကကျယ်ဝန်းတယ်၊ ပကတူပနိဿယလို့ခေါ်တယ်။ ပကတူပနိဿယဆိုတာ တခြားပစ္စည်းနဲ့ မရရင် ပကတူပနိဿယနဲ့ကတော့ ရတာချည်းပဲ များတယ်။

အဲဒီတော့ အာရုံအဖြစ်နဲ့ ကျေးဇူးပြုတာလည်း မဟုတ်ဘူး၊ အတူတကွဖြစ်တဲ့ အနေနဲ့လည်း ကျေးဇူးပြုတာလည်း မဟုတ်ဘူး၊ သို့သော် မောဟကို အမှီပြုပြီး မောဟ ပယ်ချင်လို့ ကုသိုလ်ကောင်းမှု လုပ်တာဆိုတော့ မောဟက ကုသိုလ်ကောင်းမှု ဖြစ်အောင် လုပ်ပေးတဲ့ သဘောရှိတယ်။

ထို့အတူပဲ၊ နိဗ္ဗာန် လိုချင်တယ်ဆိုတာလည်း လောဘတစ်မျိုးပဲ၊ ပုထုဇဉ်အနေနဲ့ နိဗ္ဗာန်လိုချင်တာပဲ၊ အဲဒီနိဗ္ဗာန်လိုချင်တာနဲ့ တရားထိုင် တရားကျင့်တယ်၊ တရားထိုင် တရားကျင့်ရင် ကုသိုလ်စိတ် ပုညာဘိသင်္ခါရတွေဖြစ်တယ်၊ အဲဒီအခါကျတော့ လောဘက (ဒါနဲ့တော့ မဆိုင်ဘူးနော်) ကုသိုလ်ကိုကျေးဇူးပြုတာပြောတာ၊ ဒီမှာတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတော့ လောဘကို ပြောလို့မရဘူး၊ မောဟတစ်ခုထဲကိုပဲ ပြောရတယ်။

ကောင်းပြီ အဲဒါကြောင့်မို့ မောဟကို လွန်မြောက်ခြင်းအကျိုးငှာ မောဟကို ပယ်ဖို့ရာ နိဗ္ဗာန်ကိုတောင့်တပြီးတော့ ဒါနစတဲ့ ကုသိုလ်ကောင်းမှုကိုပြုတယ်။ ပုညကြိယဝတ္ထု ၁၀-ပါးရှိတယ် မဟုတ်လား၊ “ပုညကြိယဝတ္ထုကို ဖြည့်ကျင့်ဆည်းပူးသောသူအားလည်းကောင်း၊ ရူပါဝစရဈာန်တို့ကိုဖြစ်စေသော သူအားလည်းကောင်း” တဲ့။

သို့မဟုတ် မောဟပယ်ဖို့ရာ ငါတော့ ဈာန်ဝင်စားမယ်၊ ဈာန်ရအောင် အားထုတ်မယ်ဆိုပြီး အဲသလို အားထုတ်လို့ ဈာန်ရရင် အဲဒီဈာန်ကို မောဟက ...

[စာမျက်နှာ-141] ၁၁ (မြန်မာလိုပြောရင်) သွယ်ဝိုက်သောနည်းနဲ့ ကျေးဇူးပြုတယ်၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အာရုံအနေနဲ့ ကျေးဇူးပြုတာလည်း မဟုတ်ဘူး၊ ဖြစ်စေသောအားဖြင့် ကျေးဇူးပြုတာလည်းမဟုတ်ဘူး၊ အတူတကွဖြစ်တဲ့ အနေနဲ့ကျေးဇူးပြုတာလည်း မဟုတ်ဘူး၊ တခြားစီပဲ၊ သို့သော် ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူးပြုတယ်။

“ကာမရူပ ပုညာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ ထို့အတူပင် ဘဝ၏အပြစ်ကို ဖုံးကွယ်တတ်သောအဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေသောကြောင့်“တဲ့။

အဝိဇ္ဇာရှိလို့ သတ္တဝါတွေမှာ ဘဝအဖြစ်ကို (အမှန်က) တကယ်မမြင်ဘူး၊ သာမညမြင်တယ်ဆိုပေမယ်လို့ အဝိဇ္ဇာက ဖုံးဖုံးထားတာ။

အဲသလို ဘဝအဖြစ်ကို တကယ်မမြင်တဲ့အတွက်ကြောင့် “ကာမဘဝ စည်းစိမ် ချမ်းသာ ရူပဘဝစည်းစိမ်ချမ်းသာတို့ကို တောင့်တ၍”တဲ့။ လူ့ပြည်နတ်ပြည်ဖြစ်ချင်တယ်၊ ဗြဟ္မာပြည်ဖြစ်ချင်တယ် တောင့်တတာပဲ။

တောင့်တပြီးတော့ “ထိုပုညာဘိသင်္ခါရ ၂-မျိုးတို့ကိုပင်လျှင် ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။

အဲဒီတော့ အဝိဇ္ဇာဖုံးလွှမ်းထားတဲ့အတွက်ကြောင့် သတ္တဝါတွေဟာ ကုသိုလ် ကောင်းမှုပြုဖြစ်ကြတယ်၊ အဝိဇ္ဇာရှိနေတဲ့အတွက်ကြောင့် ပြင်းစွာတွေဝေတဲ့အခါ အဝိဇ္ဇာလွှမ်းမိုးခံရလို့ ကာမဘဝ စည်းစိမ်ချမ်းသာလိုချင်တယ်၊ ရူပဘဝ စည်းစိမ် ချမ်းသာ လိုချင်တယ်၊ လိုချင်တော့ ကာမာဝစရကုသိုလ်ပြုတယ်၊ ဈာန်ရအောင် အားထုတ်တယ်၊ ရူပါဝစရ ကုသိုလ်ဖြစ်တယ်ဆိုရင်လည်းပဲ အဝိဇ္ဇာက ကာမာဝစရ ပုညာဘိသင်္ခါရ၊ ရူပါဝစရ ပုညာဘိသင်္ခါရတို့ကို ဥပနိဿယ သတ္တိနဲ့ ကျေးဇူးပြု ပြန်တယ်၊ ကာမာဝစရ မကျယ်ဝန်းဘူးလား၊ ဒါဟာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပဲ ရှိသေးတယ်၊ သင်္ခါရာ ပစ္စယာ ဝိညာဏံဆိုရင် ဒီထက်အများကြီးကျယ်ဝန်းတယ်။ အဲဒါတော့ ပြောလို့ မဖြစ်ဘူး။

ဒါဟာ မပြီးသေးဘူး၊ ပုညာဘိသင်္ခါရပဲရှိသေးတယ်၊ ဆက်ဖတ်စမ်း။

“တစ်ပါးကုန်သော အဘိသင်္ခါရတို့အားမူကား များသောအပြားအားဖြင့်” အဲဒါကျတော့ ခုနဂါထာမှာကို အကျဉ်းချုပ်ရေးတဲ့ နေရာမှာကျတော့ (များသောအပြားအားဖြင့်) အများကြီးလို့သာ ပြောသွားတယ်၊ အခုဒီမှာ ကျတော့ အကျယ် ပြောပြ လိမ့်မယ်။

“အပုညာဘိသင်္ခါရတို့အား များသောအပြားဖြင့် ကျေးဇူးပြု၏”

[စာမျက်နှာ-142] အပုညာဘိသင်္ခါရဆိုတာ ဘာကိုပြောတာလဲဆိုရင် အကုသိုလ်ကို ပြောတာပေါ့၊ အကုသိုလ်နှင့် တက္ခဖြစ်တဲ့ စေတနာကို အပုညာဘိသင်္ခါရခေါ်တယ်။

ခုနတုန်းကမောဟက ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်ကို ကျေးဇူး ပြုတာ၊ အခုမောဟက အကုသိုလ်ကို ကျေးဇူးပြုမယ်။

မောဟက အကုသိုလ်ကို ကျေးဇူးပြုတဲ့အခါကျတော့ ကုသိုလ်ကို ကျေးဇူး ပြုတာနဲ့ မတူပေဘူး၊ အကြမ်းဖျင်း စဉ်းစားကြည့်လိုက်စမ်း ပစ္စယသတ္တိထဲမှာ ဘာတွေပါလာမယ် ထင်သလဲ၊ မောဟနဲ့ အကုသိုလ်ကို စဉ်းစားကြည့်လိုက်စမ်း၊ ကုသိုလ်တုန်းကပြောသလို အာရမ္မဏမရပေဘူးလား၊ ရမှာပဲ၊ ဥပနိဿယ မရ ပေဘူးလား၊ ရမှာပဲ၊ နောက်ပြီးတော့ ဘာရနိုင်သေးလဲ။

မောဟနဲ့ အကုသိုလ်စိတ်နဲ့က အတူတူမဖြစ်ပေဘူးလား၊ ဖြစ်တယ်၊ အတူတူ ဖြစ်ရင် ဘာတွေရဦးမလဲ၊ သဟဇာတတွေ ဘာတွေမရပေဘူးလား၊ ရမယ်။ ဟုတ်ပြီလား။

ပြီးတော့ ဝီထိမှာ ကြည့်လိုက်စမ်း၊ ဇော ၇-ချက်ရှိတယ်၊ အကုသိုလ်ဇောတွေ ဆိုပါတော့ အဲဒီအကုသိုလ်ဇောနဲ့ အတူတကွမောဟမပါပေဘူးလားပါတယ်။ အဲဒီတော့ ရှေ့နဲ့ယှဉ်တဲ့ မောဟက နောက်စိတ်ကို ဘာနဲ့ကျေးဇူးပြုမလဲ အနန္တရတို့ ဘာတို့နဲ့ ကျေးဇူးပြုမယ်၊ ဒါတွေလာလိမ့်မယ်၊ ကြည့်ကြရအောင်။

“အဘယ်သို့နည်းဟူမူ အဝိဇ္ဇာသည် အဝိဇ္ဇာကို အာရုံပြု၍ ရာဂစသည်ဖြစ်သော ကာလ၌ အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏” အဝိဇ္ဇာကို အာရုံပြုပြီး ရာဂဖြစ်နိုင်တယ်။ အဝိဇ္ဇာကို နှစ်သက်သွားနိုင်တယ်၊ အဲသလို ဖြစ်တဲ့အခါမှာ အဝိဇ္ဇာ (မောဟ)က လောဘနဲ့အတူတကွဖြစ်တဲ့ သင်္ခါရကို အာရမ္မဏနဲ့ ကျေးဇူးပြုတယ်၊ ဒါကတော့ အာရုံပြုတာကိုး။

“အလေးအမြတ် ပြု၍ သာယာသောကာလ၌” အလေးအမြတ် ပြုတယ်ဆိုတာ အမှန်ကတော့ intensively အာရုံပြုတာကို ဆိုလိုတာ၊ ရိုရိုသေသေရယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ ဒီနေရာမှာ အလေးအမြတ်ဆိုတာ ပြင်းပြင်းပြပြ အာရုံပြုတာပေါ့။ သာမညအာရုံပြုတာမျိုး မဟုတ်ဘူး၊ အကုသိုလ် အကုသိုလ်ချင်း အဲသလို လုပ်လို့ ရတယ်။

ဒါကြောင့်မို့ “အလေးအမြတ်ပြု၍ သာယာသော ကာလ၌ အာရမ္မဏာဓိပတိ ပစ္စည်း, အာရမ္မဏူပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏” အဓိပတိပစ္စည်းမှာ အာရမ္မဏာဓိပတိ၊ သဟဇာတဓိပတိလို့ အဓိပတိ ၂ မျိုးရှိတယ်၊

[စာမျက်နှာ-143] ဥပနိဿယမှာလည်း အာရမ္မဏူပနိဿယ, အနန္တရူပနိဿယ, ပကတူပနိဿယ, လို့ ၃-မျိုးရှိတယ်၊ အဲဒီဟာတွေကိုပြောတာ။

အဲဒီတော့ အလေးအမြတ်ပြုပြီးတော့ အဝိဇ္ဇာကို သာယာတဲ့အခါမျိုးမှာ အဲဒီအဝိဇ္ဇာက လောဘနဲ့တကွဖြစ်တဲ့ အကုသိုလ်သင်္ခါရအား အာရမ္မဏာဓိပတိ ပစ္စည်း၊ အာရမ္မဏူပနိဿယပစ္စည်းတို့နဲ့ ကျေးဇူးပြုတယ်။

“အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေလျက် အပြစ်မမြင်သည်ဖြစ်၍ ပါဏာတိပါတ သူ့အသက်ကိုသတ်ခြင်း စသည်တို့ကို ပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏”

အဝိဇ္ဇာဖုံးလွှမ်းထားတဲ့အတွက်ကြောင့်မို့ အပြစ်မမြင်နိုင်ဘူးဆိုပါတော့၊ ဒီနိုင်ငံ (အမေရိကန်)မှာ သူတို့အဖို့ သတ္တဝါသတ်တာလောက်များ ဘာမှမဖြစ်လောက်ဘူးပေါ့။

ကြောက်စရာပဲ၊ စားသောက်ဆိုင်တွေကြော်ငြာတာကို တီဗွီမှာတွေ့ရတယ်၊ စားသောက် ဆိုင်ကြော်ငြာတဲ့အခါ ဖားအရှင်တွေ ဘာတွေနဲ့ ပါဏာတိပါတလုပ်နေတာ အပြစ် မမြင်လို့ပေါ့၊ အဝိဇ္ဇာနဲ့ တွေဝေပြီးတော့လေ အဲသလို အဝိဇ္ဇာက ပါဏာတိပါတကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုတယ်။

ပါဏာတိပါတ သူ့အသက်ကို သတ်တယ်ဆိုတော့ ဘာ အကုသိုလ်စိတ်လဲ။ ဒေါသမူစိတ်ပေါ့၊ ဒါဖြင့် မောဟက ဒေါသမူစိတ်မှာ ယှဉ်တဲ့စေတနာကို ဥပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုတယ်။

“ဒုတိယဇော စသည်တို့အား အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ, အာသေဝန, နတ္ထိ, ဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏” ဒါကတော့ ဘယ်အကုသိုလ် ဇောပဲဖြစ်ဖြစ်ပေါ့၊ လောဘဇောပဲဖြစ်ဖြစ်, ဒေါသဇောပဲဖြစ်ဖြစ်, မောဟဇောပဲဖြစ်ဖြစ် ဇောစောတဲ့အခါ ဇော ၇-ချက်ရှိတယ်၊ ရှိတဲ့အနက်က ပထမဇောက ဒုတိယဇောကို ဒုတိယဇောက တတိယဇောကို ကျေးဇူးပြမှာ။

ကျေးဇူးပြုတဲ့အခါကျတော့ (ဒီမှာဆိုရင်တော့) ပထမဇောမှာရှိတဲ့ မောဟက ဒုတိယဇောနဲ့အတူတကွဖြစ်တဲ့ အကုသိုလ်သင်္ခါရကို ဘယ်ပစ္စည်းတွေနဲ့ ကျေးဇူးပြုမလဲ ဆိုရင် အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, အာသေဝန, နတ္ထိ, ဝိဂတပစ္စည်းတွေနဲ့ ကျေးဇူးပြုတယ်။

အာသေဝနရတာကတော့ ဇာတ်တူလို့ အကုသိုလ်ချင်းတူလို့ ဇောမှာဆိုရင် အာသေဝနရတာချည်းပဲ၊ အာသေဝန, နတ္ထိ, ဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

ထို့အတူပဲ ဒုတိယဇောမှာရှိတဲ့ အဝိဇ္ဇာက တတိယဇောမှာရှိတဲ့ အကုသိုလ်

[စာမျက်နှာ-144] သင်္ခါရအား ဒီအတိုင်းပဲသွားမယ်၊ ဆဋ္ဌမဇောမှာရှိတဲ့ အဝိဇ္ဇာက သတ္တမဇောနဲ့ အတူတကွဖြစ်ဖြစ်တဲ့ သင်္ခါရအား ဒီအတိုင်းပဲ ကျေးဇူးပြုမယ်။

အဲဒီနောက်ကျတော့ အကုသိုလ်မဟုတ်တော့ဘူး၊ ဇောပြီးတဲ့နောက် တဒါရုံ တို့ ဘဝင်တို့ကျတော့ အကုသိုလ်မဟုတ်တော့ပြောလို့ မဖြစ်ဘူး၊ ဒါဖြင့်ရင် ဇော ၇-ချက်မှာ ပထမဇောက ဒုတိယဇောကို ဒုတိယဇောက တတိယဇောကို စသည်ဖြင့် အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, အာသေဝန, နတ္ထိ, ဝိဂတပစ္စည်းတွေနဲ့ ကျေးဇူးပြုတယ်။

“အမှတ်မရှိ တစ်စုံတစ်ခုသော အကုသိုလ်ကို ပြုသောသူအားတဲ့ ဘယ်ဟာ ရယ်လို့ မဆိုလိုဘူး၊ တစ်ခုခုပဲပေါ့လေ, ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။"

အကုသိုလ်စိတ် တစ်ခုဖြစ်တယ်ဆိုပါတော့၊ ပထမအကုသိုလ်စိတ်ဖြစ်တယ်။ အဲဒီမှာ မောဟပါတယ်၊ မောဟက အဲဒီစိတ်နဲ့ အတူတကွဖြစ်တဲ့သင်္ခါရ (စေတနာ)အား ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ ပစ္စည်း တွေနဲ့ ကျေးဇူးပြုတယ်၊ နားလည်တယ်နော်။

အတူတကွဖြစ်လာရင် သဟဇာတ, အညမည, နိဿယ, အတ္ထိ, အဝိဂတ အဲဒါကတော့ ရကိုရမှာ သေချာတယ်၊ သမ္ပယုတ္တကတော့ နာမ်နာမ်ချင်းဆိုရင် ရမယ်၊ နာမ်နဲ့ရုပ်ဆိုရင်တော့ သမ္ပယုတ္တမရဘူး၊ ဒီတော့ ဟေတု, အဓိပတိ စသည် ထဲကလည်း ဖြစ်သင့်တာပေါ့။ ရသွားမယ်။

ဒီမှာကတော့ အဝိဇ္ဇာဆိုတော့ ဟိတ် ၆-ပါးထဲပါနေတာဖြစ်တဲ့အတွက်ကြောင့် မို့ ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတပစ္စည်းတို့နဲ့ ကျေးဇူးပြုတယ်တဲ့။

“ဤသို့ များသောအပြားဖြင့် ကျေးဇူးပြု၏” အခုလို အဝိဇ္ဇာက အကုသိုလ် သင်္ခါရအား ဒီနည်း ဒီပုံ ကျေးဇူးပြုတယ်။

“နောက်ဆုံးဖြစ်ကုန်သော အဘိသင်္ခါရတို့အား” ဒါက အာနေဉ္စာဘိသင်္ခါရ ဆိုတဲ့ အရူပါဝစရကုသိုလ်နဲ့ အတူဖြစ်တဲ့ စေတနာ သင်္ခါရအား အဝိဇ္ဇာကတစ်မျိုး တည်းဖြင့်ကျေးဇူးပြုတယ်၊ ဘာလဲဆိုတော့ ဥပနိဿယပစ္စည်းဖြင့်သာလျှင် တစ်ပါး တည်းသောအပြားဖြင့် ကျေးဇူးပြု၏ ဟုသိအပ်၏။ ဤအဝိဇ္ဇာ၏ ထို ဥပနိဿယ အဖြစ်ကိုမူ ပုညာဘိသင်္ခါရ၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိအပ်ပေ၏”

အဝိဇ္ဇာက လွတ်မြောက်ချင်လို့ ဈာန်အား ထုတ်တယ်၊ ဈာန်အားထုတ်တော့

[စာမျက်နှာ-145] အရူပဈာန်ရရော၊ အဲဒီတော့ အဝိဇ္ဇာက အရူပဈာန်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူး ပြုတယ်။

သို့မဟုတ် အရူပါဝစရဘုံဖြစ်ချင်လား၊ အရူပါဝစရဘုံ ဖြစ်ချင်တာကလည်း အဝိဇ္ဇာဖုံးလွှမ်းထားလို့ အဲဒီဘုံဘဝတွယ်တာတာ၊ အရူပါဝစရဘုံဖြစ်ချင်လို့ ဈာန် အားထုတ်တော့ အရူပါဝစရဈာန်ရတယ်၊ အဲဒါဟာ အဝိဇ္ဇာက အရူပါဝစရကုသိုလ် သင်္ါရအား ဥပနိဿယ သတ္တိတစ်ခုထဲနဲ့ ကျေးဇူးပြုတယ်။

အရူပါဝစရဈာန်ဖြစ်သွားတဲ့အခါကျတော့ အဲဒီဈာန်က အဝိဇ္ဇာကို အာရုံပြုတာမှ မဟုတ်ပဲကိုး၊ အဲဒီလို အဝိဇ္ဇာက သင်္ခါရကို ကျေးဇူးပြုတာကို ပဋ္ဌာန်းနည်းနဲ့ ယှဉ်ပြီး နားလည်မှသာ တကယ်ပြည့်ပြည့်ဝဝ နားလည်တယ်လို့ ဆိုရတယ်။

အခုပဋ္ဌာန်းနည်းနဲ့ ရှင်းပြတာကို ကြည့်လိုက်ရင် အဝိဇ္ဇာကို အကြောင်းပြုပြီး သင်္ခါရဖြစ်တယ်ဆိုရာမှာ တစ်ခါတလေ အတူတကွဖြစ်တာကိုဆိုလိုတယ်။ တစ်ခါတလေ အတူတကွဖြစ်တာကို မဆိုလိုဘူး၊ အဝိဇ္ဇာက တစ်ချိန်မှာဖြစ်တယ်။ သင်္ခါရက တစ်ချိန်မှာ ဖြစ်တယ်၊ အဲသလို အကြောင်း အကျိုးဖြစ်ပုံက အမျိုးမျိုးရတယ်။

ဒီဟာတွေ နားမလည်ပဲ တစ်ခါထဲ ပုံသေကားကျကြီး ယူထားရင် လွဲကုန်တယ်၊ အဝိဇ္ဇာက အရင်ဖြစ်ရမယ်၊ သင်္ခါရက နောက်မှ ဖြစ်ရမယ်၊ သင်္ခါရက အရင်ဖြစ်ရမယ်၊ ဝိညာဏ်က နောက်မှ ဖြစ်ရမယ်စသည်ဖြင့် ယူသွားရင် တချို့ နေရာတွေတော့ ဟုတ်မယ်၊ သို့သော် များသောအားဖြင့်က မဟုတ်ဘူး။

အခုလို ပဋ္ဌာန်းနည်းနဲ့ယှဉ်ပြီး နားလည်တဲ့အခါကျတော့မှ သော်-အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာဟာ အဝိဇ္ဇာက သင်္ခါရကို ကျေးဇူးပြုရာမှာ တစ်ခါ တလေ အတူတူပြုပြီးတော့ ကျေးဇူးပြုတယ်၊ တစ်ခါတလေ အတူတူမဟုတ်ဘူး၊ အတူတူမဟုတ်တဲ့အခါလည်း အာရုံပြုခံရတဲ့ အနေနဲ့ အဝိဇ္ဇာက ကျေးဇူးပြုတယ်။ တစ်ခါတလေ သူ့ကို အာရုံပြုတာ မဟုတ်ဘူး၊ ဒါပေမယ်လို့ သူ့ရဲ့ influence အရ သင်္ခါရဖြစ်တာပဲလို့ အဲသလို ကွင်းဆက်ကို ကောင်းကောင်းနားလည်တယ်။

ဒီပဋ္ဌာန်းပစ္စည်းနဲ့ မကိုင်ရင် ဒီကွင်းဆက် မသိဘူး၊ ဒီကွင်းဆက်မသိရင် အမြဲတမ်း တစ်ခုက တစ်ခုကို ဖြစ်စေတယ်၊ တစ်ခုက တစ်ခုကို ဖြစ်နေတယ်ချည်း ထင်နေမယ်၊ တစ်ခုပြီးမှ တစ်ခုဖြစ်တယ်ချည်း ထင်နေကြတယ်၊ ဒီလိုမရဘူး။

အဲသလိုဆို သိပ်ရှင်းတာပေါ့၊ မှတ်လို့သိပ်လွယ်တာပေါ့၊ ဒါပေမယ့် တရား သဘောက အဲသလိုလုပ်လို့ မရဘူး၊ ဒါဟာ တစ်ခုထဲကို ပြောပြတာနော်၊ သင်္ခါရက ဝိညာဏ်၊ ဝိညာဏ်က နာမ်ရုပ်မှာလည်း ဝိသုဒ္ဓိမဂ်မှာတော့ အကျယ်ကြီးပဲ။

[စာမျက်နှာ-146] သင်္ခါရ ဝိညာဏ်ဖြစ်စေတာကို သိချင်တယ်ဆိုရင် ဘယ်ကို ပြန်ရမလဲ ဆိုတော့ ဘုံပိုင်းပြန်ရဦးမှာ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေက အကျိုးပေးတာ ရှိပါရောလား၊ ဘယ်ဘုံမှာ ဘယ်ဝိပါက်စိတ်ဖြစ်တယ်ဆိုတာတွေ ရှိတယ်၊ အဲဒါတွေကို နားလည်ပြီးမှ သူက သူ့ကို ကျေးဇူးပြုတဲ့အခါမှာ များသောအားဖြင့် အဲဒီဟာက နာနာက္ခဏိကကမ္မ ပါပဲ၊ ဘာလို့လဲဆိုတော့ သင်္ခါရနဲ့ ဝိညာဏ်ဆိုတော့ တခြားစီဖြစ်သွားတာ၊ နာနာက္ခဏိက ကမ္မများတယ်၊ သို့သော် သူက အသေးစိပ်သွားတယ်။ ထားပါတော့၊ အဲဒီလို သွားကြမယ်တဲ့။

ကိုင်း, အကုန်မသွားနိုင်ပေမယ်လို့ ပစ္စည်းလေးတော့ သိအောင်လုပ်ရမယ်။

သင်္ခါရဝိညာဏ်ကို ကျေးဇူးပြုတဲ့အခါမှာ ဘယ်နှစ်ပစ္စည်းနဲ့ ကျေးဇူးပြုသလဲ၊ နာနာက္ခဏိက ကမ္မရယ်၊ ဥပနိဿယရယ်၊ ဒီ ၂-မျိုးနဲ့ ကျေးဇူးပြုတယ်၊ ဥပနိဿယဆိုတာလည်း နာနာက္ခဏိက ကမ္မနဲ့ဆိုင်တဲ့ဥပနိဿယပေါ့၊ ဒီကျတော့သင်္ခါရနဲ့ ဝိညာဏ်ဟာ အတူတကွဖြစ်သေးလား၊ အတူတကွဖြစ်ပြီး ကျေးဇူးပြုတာ ရှိသေးလား။ နာနာက္ခဏိက ကမ္မဆိုတာ နာနာခဏတဲ့၊ ခဏမတူဘူးဆိုကတည်းက အတူတကွ ဘယ်ဖြစ်တော့မယ်၊ ဥပနိဿယဆိုတာလည်း အတူတကွဖြစ်တာ မဟုတ်ဘူး။

ဒါကြောင့်မို့ သင်္ခါရက ဝိညာဏ်ကို ဖြစ်စေတယ်ဆိုတဲ့ အခါကျတော့ သင်္ခါရကဝိညာဏ်ကို တကယ့်ကိုဖြစ်စေတာ၊ ပြီးတော့ သူတို့ဟာကလည်း မတူဘူး၊ သင်္ခါရက အတိတ်ဘဝမှာဖြစ်ခဲ့တာ၊ ဝိညာဏ်က ဒီဘဝ ပဋိသန္ဓေဝိညာဏ်, ဝိပါက် ဝိညာဏ်ဖြစ်တယ်။

ဒါကြောင့်မို့ ဒီဘဝပြုတဲ့သင်္ခါရက အနာဂတ်ဘဝမှာ ဝိပါက်ဝိညာဏ်တွေကို ဖြစ်စေလိမ့်မယ်၊ အဲသလိုဖြစ်စေတဲ့အခါမှာ နာနာက္ခဏိက ကမ္မသတ္တိ ဥပနိဿယ သတ္တိ၊ ဒီသတ္တိတွေနဲ့ ကျေးဇူးပြုလိမ့်မယ်။

ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတဲ့ အခါကျတော့ ဘာတွေပါလာသလဲ၊ သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, ဝိပါက, အာဟာရ, ဣန္ဒြိယ, အတ္ထိ, အဝိဂတ, ဒါဖြင့် ဖြစ်စေတဲ့ဟာမျိုး ပါသေးလား၊ productive ဖြစ်တာမျိုး ပါသေးလားမှ မပါဘူး၊ သဟဇာတလို့ ပြောထားကတည်းက ဒီမှာ ဝိညာဏ်နဲ့နာမ်ရုပ် ဟာ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုကြတာပဲဆိုတာ မသိရပေဘူးလား။

ဒါကြောင့်မို့ ဝိညာဏ်ကနာမ်ရုပ်ကို ထုတ်လုပ်လိုက်တာ မဟုတ်ဘူး၊ ဝိညာဏ်နဲ့နာမ်ရုပ် အတူတကွဖြစ်ပြီးတော့ သူက နာမ်ရုပ်ကို သဟဇာတသတ္တိ အညမညသတ္တိ, နိဿယ, သမ္ပယုတ္တ, ဝိပါက, အာဟာရ, ဣန္ဒြိယ, အတ္ထိ,

[စာမျက်နှာ-147] အဝိဂတ သတ္တိတွေနဲ့ ကျေးဇူးပြုတာ။

ဒါတွေသိထားရင် ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတာဟာ သို့မဟုတ် ဝိညာဏ်နဲ့ နာမ်ရုပ်ဟာ အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတာလို့ သိသွားတယ်။

နာမ်ရုပ်ကြောင့် သဠာယတနံဖြစ်တယ်၊ နာမရူပံ ပစ္စယာ သဠာယတနာ၊ ဘာပစ္စည်းတွေပေးထားတုန်း၊ သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, ဝိပါက, အတ္ထိ, အဝိဂတ, ဟေတု, အာဟာရ, ပစ္ဆာဇာတ, ဝိပ္ပယုတ္တ, ဣန္ဒြိယ။

အဲဒါကျတော့ သဟဇာတ, အညမည, နိဿယ စသည်က အတူတကွ ဖြစ်တယ်ဆိုတာ မထင်ရှားဘူးလား၊ ဟေတုလည်း အတူတကွဖြစ်တာပဲ၊ အာဟာရလည်း အတူတကွဖြစ်တာပဲ။

ပစ္ဆာဇာတကျတော့ကော သူက နောက်မှဖြစ်လိမ့်မယ်၊ နောက်မှဖြစ်ပြီးတော့ ရှေ့ရှိနှင့်တာကို ကျေးဇူးပြုတာ၊ အဲဒါကို ပစ္ဆာဇာတခေါ်တယ် မဟုတ်လား။

သဠာယတနဆိုဟာ ဘာတွေလဲ၊ သိကြလား၊ အာယတန ၆-ပါးရှိတယ်၊ စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာယတန, အဲဒီမှာ စက္ခုပသာဒ သောတပသာဒ စသည်ပါတယ်၊ ဒါကြောင့်မို့ နာမ်ရုပ်က သဠာယတနကို ကျေးဇူးပြုတယ်ဆိုတော့ ရှိနှင့်ပြီးကို သူက ဖြစ်လာတဲ့အခါ ကျေးဇူးပြုတာဆိုတော့ ပစ္ဆာဇာတဖြစ်တာပေါ့။ ဒါလည်းဖြစ်စေတဲ့ အနေနဲ့ မဟုတ်ဘူး၊ မှီရာသဘောမျိုးနဲ့ ကျေးဇူးပြုတာ။

ဝိပ္ပယုတ္တတဲ့, နာမ်နဲ့ရုပ်ဆိုရင် ဝိပ္ပယုတ္တကရသွားပြီ၊ ဣန္ဒြိယကတော့ ပုရေဇာတ ဣန္ဒြိယတို့ရှိတယ်။

သဠာယတနက ဖဿကိုကျေးဇူးပြုတယ်တဲ့၊ သဠာယတနကြောင့် ဖဿ ဖြစ်တယ်၊ အာယတန ၆-ပါးကြောင့် ဖဿဖြစ်တယ်၊ နိဿယသတ္တိနဲ့ ကျေးဇူး ပြုတယ်၊ ပုရေဇာတ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ, တစ်ခါ သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ။

ဒါဖြင့်ရင် အတူတကွဖြစ်ပြီးတော့လည်း ကျေးဇူးပြုတယ်၊ အတူတကွ မဟုတ်ပဲနဲ့လည်း ကျေးဇူးပြုတယ်။

ဖဿပစ္စယာ ဝေဒနာ, ဖဿကြောင့် ဝေဒနာဖြစ်တယ်တဲ့၊ သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ, ဒါတွေက အတူဖြစ်တာ၊ ဥပနိဿယကျတော့ အတူမဟုတ်ဘူး၊ ဖဿက အရင်ဖြစ်မယ်။ ဝေဒနာက နောက်မှဖြစ်မယ်ပေါ့။

[စာမျက်နှာ-148] ဝေဒနာ ပစ္စယာ တဏှာ, ဒီမှာတော့ ဥပနိဿယ-တစ်ခုထဲပဲ၊ ဘာကြောင့်လဲ ဆိုတော့ ဝေဒနာအကြောင်းပြုပြီးတော့ တဏှာဖြစ်မှာကိုး၊ သုခဝေဒနာရှိတယ်ဆိုပါ
တော့၊ သုခဝေဒနာနဲ့ တွေ့ရင် သူ့ကိုတပ်မက်တဲ့လောဘ, တွယ်တာမှု တဏှာဖြစ်နိုင်တယ်၊ ဒုက္ခဝေဒနာနဲ့တွေ့ပြန်တော့လည်း ဆင်းရဲတဲ့ သုခဝေဒနာကို တောင့်တ ပြန်တယ်။

အဲဒါကြောင့်မို့ ဒုက္ခကြောင့်လည်းတဏှာဖြစ်တယ်ပြောတာ၊ ဥပေက္ခာကျတော့ ငြိမ်သက်အေးချမ်းတော့ ကြိုက်နေပြန်ရော၊ ဒါကြောင့်မို့ ဝေဒနာ ပစ္စယာ တဏှာမှာတော့ ဥပနိဿယတစ်မျိုးပဲရတယ်။

တဏှာ ပစ္စယာ ဥပါဒါနံ, တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်တဲ့၊ ဥပါဒါန် ၄- ပါးရှိတယ်၊ တရားကိုယ်အားဖြင့် ၂-ပါး၊ လောဘနဲ့ ဒိဋ္ဌိ။

အဲဒီတော့ တဏှာကလောဘပဲ၊ အားသေးတဲ့လောဘ, ဥပါဒါန်က အားကြီးတဲ့ လောဘ, ဒါကြောင့်မို့ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။

ပြီးတော့ အတူတကွဖြစ်ပြီးတော့လည်း ကျေးဇူးပြုတယ်တဲ့၊ ဒါကြောင့်မို့ သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ။

ဒီတဏှာကို အကြောင်းပြုပြီးတော့ ဥပါဒါန် ဖြစ်တယ်။ ဖြစ်တဲ့အခါမှာ ဥပနိဿယ သတ္တိနဲ့ ကျေးဇူးပြုတယ်၊ အတူတကွဖြစ်ပြီးတော့လည်း ကျေးဇူးပြုတယ်။

ဥပါဒါန ပစ္စယာ ဘဝေါ, ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်၊ ဘဝအရ၊ ကမ္မဘဝ, ဥပပတ္တိဘဝလို့ ၂-မျိုးရှိတယ် မဟုတ်လား၊ ဒီနေရာမှာ ကမ္မဘဝကို ယူတာပေါ့၊ ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါကတော့ ထင်ရှားတယ်၊ ပြီးတော့သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ, ဟေတု, ဥပါဒါန်ဆိုတော့ လောဘ (တဏှာ) မဟုတ်လား၊ အဲဒီတော့ ဟေတုနဲ့လည်း ကျေးဇူးပြုတယ်။

ဒါဖြင့် အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတာပေါ့၊ ဥပနိဿယကျတော့ အတူတကွမဖြစ်ပဲ ကျေးဇူးပြုတယ်၊ ၂-မျိုးလုံးရတယ်။

ဘဝ ပစ္စယာ ဇာတိ, ဒီမှာလည်း ဘဝအရကမ္မဘဝကိုယူ၊ အဲဒါကျတော့ ကမ္မသတ္တိ (နာနာက္ခဏိက ကမ္မ) ခုနသင်္ခါရ ပစ္စယာ ဝိညာဏ်နဲ့ ဘာမှ မထူးဘူး၊ ဘဝ ပစ္စယာ ဇာတိမှာ နာနာက္ခဏိက ကမ္မသတ္တိ, ဥပနိဿယ သတ္တိတို့နဲ့ ကျေးဇူး ပြုတယ်။

ဇာတိ ပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ

[စာမျက်နှာ-149] သမ္ဘဝန္တိ, ဒါကတော့ ဥပနိဿယ သတ္တိနဲ့ပဲ ကျေးဇူးပြုတယ်။

ဇာတိရှိလို့ (ဖြစ်ခြင်းရှိလို့) ရင့်ခြင်း ပျက်ခြင်းရှိတယ်၊ သေခြင်းရှိတယ်။ သောကပရိဒေဝ စသည်ဖြစ်နိုင်ခွင့်ရှိတယ်၊ အဲဒါကျတော့ တခြားပစ္စည်းနဲ့ကျေးဇူးပြုလို့ မဖြစ်ဘူး၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။

အဲဒီလို ပဋိစ္စသမုပ္ပါဒ် (အင်္ဂါလို့ခေါ်တာပေါ့) ကွင်းဆက်တွေမှာ ဘယ်လိုသတ္တိ မျိုးနဲ့ ကျေးဇူးပြုတယ်၊ ပဋ္ဌာန်းနည်းနဲ့ ဘယ်လိုကျေးဇူးပြုတယ် ဆိုတာကိုမြင်မှ တကယ်သူတို့ရဲ့ ဆက်သွယ်မှုကို နားလည်တယ်၊ သို့မဟုတ်ရင် နားမလည်ဘူး။

အဲသလို ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ယှဉ်စပ်ပြီးရေးတဲ့ကျမ်းစာကလည်း အလွန်နည်းတယ်၊ မြန်မာလိုရေးတဲ့ကျမ်းစာလည်း နည်းတာပဲ၊ အင်္ဂလိပ်လိုရေးတဲ့ ကျမ်းစာမှာတော့ အရှင်ဉာဏတိလောကဆိုတဲ့ ဂျာမန်ဆရာတော်ရေးတာကလွဲရင် တခြားပုဂ္ဂိုလ်တွေ မကပ်နိုင်ဘူး။

ဘာကြောင့်တုန်းဆိုတော့ အဲဒါတွေရေးနိုင်ဖို့မှာ ကိုယ်ကပဋ္ဌာန်းကို နားလည် ရဦးမှာကိုး၊ ပဋ္ဌာန်းနားမလည်ပဲနဲ့မရေးနိုင်ဘူး၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ရေးတဲ့အခါ ပဋ္ဌာန်းနဲ့ ယှဉ်စပ်ပြီး ရေးနိုင်တဲ့ ပုဂ္ဂိုလ်အလွန်ရှားတယ်။

အဲဒီလို ပဋ္ဌာန်းနဲ့ မယှဉ်ပြန်ရင် ပဋိစ္စသမုပ္ပါဒ်နားလည်မှုဟာ ဘယ်နည်းနဲ့မှ မပြည့်စုံနိုင်ဘူး၊ အဲသလို နားလည်ပြီးရင်တော့ ပဋိစ္စသမုပ္ပါဒ်ကိုတော်တော်လေး ပြည့်ပြည့်စုံစုံ နားလည်ပြီလို့ ဆိုရတယ်။

ခုနပြောခဲ့သလိုပဲ အသေးစိတ် သိချင်ရင် ဖြည်းဖြည်းလုပ်တာပေါ့၊ ဒီတစ်ကြိမ်မှာ ဒီလောက်နဲ့တော်လောက်ပြီ၊ ဘာဖြစ်လို့တုန်းဆိုတော့ မှတ်ရတာများလွန်းရင် စိတ်မဝင်စားပဲ ဖြစ်သွားတတ်တယ်၊ နည်းနည်းလောက်မှတ်ထား၊ နောက်တစ်ခါ နည်းနည်းတိုးမှတ်။

ကိုင်း, ရှေ့သွားလိုက်ကြဦးစို့-ရှေ့သွားတဲ့အခါကျတော့ ပညတ်ပိုင်းရှိတယ်၊ အဲဒါကျမှ ပစ္စည်းပိုင်းကုန်မှာ။

ပညတ္တိဝိဘာဂ

ပညတ္တိဝိဘာဂ ဆိုတာတွေ့တယ်မဟုတ်လား၊ ပညတ်ဆိုတာဘာလဲ၊ ပညတ် ရယ် ပရမတ်ရယ်လို့တော့ ပြောပြောနေကြတယ်၊ ပညတ်ဆိုတာဘာလဲ။

ပညတ်ဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားရှိတာမဟုတ်ဘူး၊ အဲဒီပရမတ္ထ တရားရဲ့ အတုအယောင်သဘောမျိုးနဲ့ ခေါ်ဝေါ်သုံးစွဲတာ၊ အဲဒါကို ပညတ်လို့ ခေါ်တယ်။

အဲဒီပညတ်မှာ ၂-မျိုးရှိတယ်၊ အတ္ထပညတ်ရယ်, သဒ္ဒပညတ်ရယ်, အဲဒါ

[စာမျက်နှာ-150] လေးနားလည်ရမယ်။

“၎င်း ပညတ်သည် ခေါ်ဝေါ်အပ်သော အနက်ဒြပ်ဟုဆိုအပ်သော အတ္ထပညတ်, ခေါ်ဝေါ်ကြောင်းဖြစ်သော အမည် သညာသဒ္ဒါဝေါဟာရဟု ဆိုအပ်သော သဒ္ဒပညတ်”ဟု နှစ်မျိုးရှိတယ်တဲ့၊ အဲဒါ နားလည်ရမယ်။

အတ္ထပညတ်မှာ အနက်ဒြပ်ဆိုတာဘာလဲ၊ မြန်မာစကားပဲ၊ မြန်မာလို အပြောခက်နေတယ်၊ အင်္ဂလိပ်လိုပြောမှ၊ ဦးဇင်းကတော့ ဒါကို thing concept လို့ပြန်ထားတယ်၊ concept ၂-မျိုး ရှိတယ်၊ ဒါက thing concept နဲ့ name concept,

အဲဒီတော့ ဆိုပါတော့- စာအုပ်လို့ပဲ ပြောကြပါစို့၊ စာအုပ်ဆိုတဲ့ စကားလုံး ရှိတယ်၊ စာအုပ်ဆိုတဲ့ စကားလုံးဟာ ပစ္စည်းကို နာမည်တပ်ထားတာပဲ မဟုတ်လား၊ စာအုပ်လို့ ခေါ်ကြစို့ဟေ့လို့ အများသဘောတူသတ်မှတ်ပြီးတော့ စာအုပ်လို့ခေါ်လိုက်ရင် အားလုံး သိတယ်။

အဲဒီတော့ စာအုပ်ဆိုတဲ့ အသံ, အမည်, အဲဒါကို နာမပညတ်လို့ခေါ်တယ်။ name concept၊ အဲဒီ အမည်အရဖြစ်တဲ့ တကယ့်ဝတ္ထုပစ္စည်းကို အတ္ထပညတ်လို့ ခေါ်တယ်၊ အနက်ဒြပ်ဆိုတာ ဒါကို ဆိုလိုတယ်။

အနက်ကို ခါတိုင်းယူနေတာက အဓိပ္ပာယ်ကို အနက်၊ translationကို အနက်လို့ သုံးလေ့ရှိတယ်၊ အဲဒါကြောင့် လူတွေ မျက်စိလည်ကုန်တာ၊ အတ္ထဆိုတဲ့ ပါဠိဟာ အတော်ခက်တယ်။

ဒီနေရာမှာ အတ္ထဟာပစ္စည်းဆိုတဲ့ အဓိပ္ပာယ်မျိုးရှိတယ်၊ လူလို့ ပြောလိုက်တယ်၊ လူဆိုတဲ့အသံ, လူဆိုတဲ့နာမည်က သဒ္ဒပညတ်၊ လူကောင်ကြီးက အတ္ထပညတ်၊ နားလည်ပြီနော်။

ကျောင်းဆိုပါတော့၊ ကျောင်းဆိုတဲ့စကားလုံးက သဒ္ဒပညတ်၊ ကျောင်း အဆောက်အဦးကြီးက အတ္ထပညတ် အဲသလို ၂-မျိုးရှိတယ်။

သဒ္ဒပညတ်ဆိုတာက ပါဠိစကား ပညတ္တိ ဆိုတာသိစေတယ်ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်၊ အဲဒီမှာ အဓိပ္ပာယ် ၂-မျိုး ယူရတယ်၊ သိစေတတ်တာ၊ သိစေအပ်တာ၊ သိစေတတ်တာက တစ်ခု၊ သိစေအပ်တယ်၊ (သိအောင် အလုပ်ခံရတာ) ဆိုတာက တစ်ခု၊ အဲသလို ၂-မျိုးမှာ နာမပညတ်က သိစေတတ်တယ်၊ စာအုပ်ဟေ့လို့ ပြောလိုက်ရင် စာအုပ်ဆိုတဲ့စကားလုံးက စာအုပ်ဆိုတဲ့ပစ္စည်းကိုသိစေဖို့ ညွှန်ကြားပေး သလိုမျိုး၊ စာအုပ်ဆိုတဲ့ စကားသံကြားလိုက်တာနဲ့ မျက်စိထဲမှာ စာအုပ် အကောင်

[စာမျက်နှာ-151] အထည်ကြီးကို မြင်လာတယ်။
အဲဒါကြောင့်မို့ နာမည်က (ဝေါဟာရ အသံက) စာအုပ်ကို သိစေတယ်။ အဲသလို သိစေတတ်တဲ့ အတွက်ကြောင့် ပညတ်လို့ခေါ်တယ်၊ ဒါက သဒ္ဒပညတ်။
အတ္ထပညတ်ကျတော့ သူက သိစေတာမဟုတ်ဘူး၊ သိစေအောင် အလုပ်ခံရတာ၊ ဒါကြောင့်မို့ သိစေအပ်သောကြောင့် ပညတ်လို့ခေါ်တယ်၊ (အတ္ထပညတ်) အဲသလိုကွာတယ်။
သဒ္ဒပညတ်က သိစေတတ်တယ်၊ အတ္ထပညတ်က သိစေအပ်တယ်၊ သိအောင် လုပ်ခံရတာ၊ အဲသလို ၂-မျိုးရှိတယ်၊ ရှင်းပြီနော်။
ပညတ်အပြားတဲ့၊ ဒါကတော့ ကျမ်းဂန်မှာ ဒီလောက်ဆိုထားတာ အမှန်ကတော့ ပညတ်ဆိုတာ အဆုံးအပိုင်းအခြားမရှိဘူး၊ ရှေးတုန်းကလည်း ခေါ်ဝေါ်ထားတာပဲ၊ နောက်လည်းပဲ ပညတ်တွေ အမျိုးမျိုးထွက်နေတာပဲ။

(၁) ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သောအခြင်းအရာကိုစွဲ၍၊ ထိုထိုသို့သော အခြင်းအရာပုံဟန်သန္တာန်ကိုစွဲ၍ ပညတ်သမုတ်အပ်သော မြေ၊ တောင်၊ အစရှိသော သဏ္ဍာနပညတ်။
Form ကိုကြည့်ပြီး သမုတ်ထားတာတွေ ရှိတယ်၊ အဲဒါမျိုးကို သဏ္ဍာနပညတ်လို့ခေါ်တယ်၊ မြေကြီး၊ တောင် အစရှိသည်ဖြင့် ဓာတ်ကြီး ၄-ပါးဖွဲ့စည်းပုံကို ကြည့်ပြီးတော့ ဒီလိုဖွဲ့စည်းထားတဲ့ပစ္စည်းကို တောင်လို့ခေါ်ကြမယ်၊ ဒီလို ပြန့်ပြန့်ပြူးပြူးပုံစံကို မြေကြီးလို့ခေါ်ကြစို့ဟေ့လို့ အဲသလို သဏ္ဍာန်ကိုအစွဲပြုပြီး ပညတ်ထားတာမျိုးကို သဏ္ဍာနပညတ်။

(၂) သမူဟပညတ်ဆိုတာက အပေါင်းကိုအစွဲပြုပြီးတော့ ပညတ်ထားတာတဲ့။ သစ်၊ မြေစိုင်၊ ချည်အစရှိသော အဆောက်အဦးတို့၏ ပေါင်းစည်းစုဝေးသော အခြင်းအရာကို အစွဲပြု၍ ပညတ်သမုတ်အပ်သော အိမ်၊ ရထား၊ လှည်း၊ အိုး၊ ပုဆိုး စသော သမူဟပညတ်။
အိမ်ဆိုတဲ့ ပညတ်ဟာ သမူဟပညတ်၊ ဘာကြောင့်တုန်းဆိုတော့ တိုင်၊ ထုတ်၊ သံ၊ သွပ်၊ သစ်သား၊ နံရံတို့ ပေါင်းစုထားတာကိုး၊ ဒါကြောင့်မို့ သူ့ကို သမူဟပညတ်လို့ ခေါ်တယ်၊ ရထားလည်း ဒီအတိုင်းပဲ၊ လှည်း၊ အိုး၊ ပုဆိုးတို့လည်း အတူတူပဲ။
ပုဆိုးဆိုတာ ပါဠိလို၊ မြန်မာလိုပြန်တဲ့အခါကျတော့ ပုဆိုးကို ပုဆိုးလို့ပဲ ပြန်ကြတော့၊ ကိုရင်ငယ်တွေတောင် အသိလွဲပြီးတော့ သွားတတ်တယ်၊ ပုဆိုးဆိုရင်

[စာမျက်နှာ-152] ယောက်ျားဝတ်တဲ့ ပုဆိုးလို့ ထင်နေတာ၊ ဒီမှာက ပုဆိုးဟာ အဝတ်ကို ဆိုလိုတယ်။

(၃) ခန္ဓာ ၅-ပါး အပေါင်းကိုစွဲ၍ ပညတ်သမုတ်အပ်သော ယောက်ျား၊ ပုဂ္ဂိုလ်စသော ဇာတိပညတ်တဲ့။
ဒါဟာ ယောက်ျားပဲ၊ ပုဂ္ဂိုလ်ပဲ စသည်ဖြင့် ခန္ဓာ ၅-ပါးကို အကြောင်းပြုပြီးတော့ ပညတ်တာ။

(၄) လ၊ နေ၊ နက္ခတ်တို့၏ မြင့်မိုရ်တောင်ကို လက်ျာရစ်လှည့်၍သွားခြင်း အစရှိသော အခြင်းအရာကိုစွဲ၍ ပညတ်သမုတ်အပ်သော အရှေ့အရပ်စသော ဒိသာပညတ်။
နေထွက်တဲ့ဘက်က အရှေ့၊ နေဝင်တဲ့ဘက်က အနောက် ခေါ်တယ်ဆိုတာ မျိုးပေါ့။

(၅) နံနက်စသော ကာလပညတ်။
နေသွားတာကို ရှေးတုန်းက အယူအဆအတိုင်း နံနက်၊ ညနေ သတ်မှတ်တာ၊ အခုခေတ်တော့ ကမ္ဘာကလည်တာ ဖြစ်နေပြီ။

(၆) ကဆုန်လ စသော မာသပညတ်။ ဒါတွေဟာ ပညတ်တွေချည်းပဲ၊ လူတွေထွင်ထားတာချည်းပဲ။

(၇) ထိုထိုသို့သော ရုပ်ကလာပ်တို့သည် မတွေ့ထိအပ်သော အခေါင်းစသော အခြင်းအရာကိုစွဲ၍ ပညတ်သမုတ်အပ်သော တွင်း၊ ဂူ၊ လိုဏ်ပေါက် စသော အာကာသပညတ်။
ဟာလာဟင်းလင်းဖြစ်နေတာကို အာကာသပညတ်လို့ ခေါ်တယ်။

(၈) ထိုထိုသော အခြင်းအရာအားဖြင့်ထင်သော ပထဝီကသိုဏ်းအစရှိသော နိမိတ်ကိုလည်းကောင်း၊ ပရိကမ္မ စသည်ဖြင့်ပြားသော ဘာဝနာ၏ အစဉ်ဟူသော အထူးကိုလည်းကောင်း စွဲ၍ သမုတ်အပ်သော ကသိုဏ်းနိမိတ်၊ အသုဘနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်စသော နိမိတ္တပညတ်။
ဒါက ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာ နိမိတ်လို့ခေါ်တဲ့ဟာတွေ၊ ပထဝီကသိုဏ်း အားထုတ်တယ်ဆိုရင် မြေကြီးကို ကြည့်ပြီးတော့ ပထဝီကသိုဏ်းဝန်းကို ကြည့်ပြီး ပထဝီ၊ ပထဝီနဲ့ အားထုတ်တော့ ကြာတဲ့အခါကျတော့ အဲဒီပထဝီကသိုဏ်းဝန်း image ဟာ ကိုယ့်ရဲ့ စိတ်ထဲမှာ ထင်နေတယ်၊ မျက်လုံးမှိတ်ကြည့်လည်း ပထဝီကသိုဏ်းဝန်းကို မြင်နေတော့တာ၊ အဲဒီအခါကျ အဲဒါကို နိမိတ်လို့ ခေါ်တယ်။ နိမိတ္တပညတ်။ ထို့အတူပဲ၊ တခြား ကမ္မဋ္ဌာန်းမှာ သူ့ဆိုင်ရာ နိမိတ်ဆိုတာ ရှိတယ်။

[စာမျက်နှာ-153] အဲဒီလို အတ္ထပညတ်တွေ အများကြီးရှိတယ်၊ ပရမတ္ထအားဖြင့် ထင်ရှားရှိတာ မဟုတ်ဘူးတဲ့၊ လူတွေက သမုတ်ထားတာ၊ သမုတ်ထားတဲ့ သဘောအားဖြင့်ဖြစ်တာ၊ ပရမတ္ထတရားရဲ့ အရိပ်အယောင်ကိုစွဲပြီးတော့ ပညတ်ထားတယ်လို့ဆိုတယ်။
အမှန်တော့ လူလို့ခေါ်လိုက်တဲ့အခါမှာ တကယ်က လူဆိုတာ တကယ်ရှိတာ မဟုတ်ဘူး၊ တကယ်ရှိတာက နာမ်ရုပ်သာရှိတယ်၊ စိတ်၊ စေတသိက်သာရှိတယ်။ စိတ်၊ စေတသိက်၊ ရုပ်တွေပေါင်းစုနေတဲ့ သတ္တဝါတစ်ယောက်ကို သတ္တဝါပဲ၊ လူပဲ၊ နတ်ပဲ၊ ယောက်ျားပဲ၊ မိန်းမပဲလို့ ပြောတာကိုး။

အဲသလိုဆိုတော့ ပရမတ္ထအားဖြင့် ကြည့်မယ်ဆိုရင် လူမရှိဘူး၊ ယောက်ျား မရှိဘူး၊ မိန်းမ မရှိဘူး၊ သတ္တဝါ မရှိဘူး၊ ပရမတ္ထအားဖြင့် ထင်ရှားရှိတာက စိတ်၊ စေတသိက်၊ ရုပ်ပဲ၊ ဒါပဲရှိတယ်၊ ဒါကြောင့်မို့ ပညတ်ဆိုတာ တကယ်ရှိတာမဟုတ်ဘူး၊ စိတ်ထဲမှာသာရှိတာ။
တခြားပညတ်တွေ ဖြစ်တဲ့ ဝါစ္စပညတ်၊ ဝစနီယပညတ်တို့ကျတော့ အသာ ထားလိုက်၊ ရှုပ်တယ်၊ ဒါတွေဟာ အကုန်လုံး နာမပညတ်လို့သာ မှတ်ထားလိုက်။

ပညတ်နဲ့ ပတ်သက်လို့ သဒ္ဒပညတ်အပြားဆိုတာ နားလည်အောင် လုပ်ရမယ်။ အဲဒီမှာ ဝိဇ္ဇမာနပညတ်၊ အဝိဇ္ဇမာနပညတ်၊ ဒီ ၂-ခု နားလည်ရင် နောက်ဟာတွေ နားလည်မှာပဲ။
ဝိဇ္ဇမာနဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားရှိနေတာကို သမုတ်ထားတာကို ဝိဇ္ဇမာနပညတ်လို့ ခေါ်တယ်၊ အဝိဇ္ဇမာနဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားမရှိတာကို သမုတ်ထားတာကို အဝိဇ္ဇမာနပညတ်လို့ ခေါ်တယ်။
ဝိဇ္ဇမာနပညတ်ဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်၊ ဝေဒနာစသော သဒ္ဒပညတ်မျိုး။
စိတ်ဆိုတဲ့ စကားလုံးနာမည်၊ စေတသိက်ဆိုတဲ့ စကားလုံးနာမည်၊ ရုပ်ဆိုတဲ့ စကားလုံး နာမည် ဒါတွေကို ဝိဇ္ဇမာနပညတ်လို့ ခေါ်တယ်၊ ဒါဟာ သဒ္ဒပညတ်ကို ပြောတာ၊ ဖဿ၊ ဝေဒနာ၊ သညာ စသည် အကုန်လုံးဟာ ဝိဇ္ဇမာနပညတ်ချည်းပဲ။ ပရမတ္ထတရား နာမည်မှန်သမျှ ဝိဇ္ဇမာနပညတ်ချည်းပဲ။
အဝိဇ္ဇမာနပညတ်ကတော့ ပရမတ္ထ တရားအားဖြင့် တကယ်ရှိတာ မဟုတ်ဘူး၊ သို့သော် ရှိသလိုပဲထင်ပြီး လူတွေ သမုတ်ထားတဲ့ မြေ၊ တောင် အစရှိသော အနက်ကို သိကြောင်းဖြစ်သော သဒ္ဒပညတ်၊ လူ၊ အိမ်၊ ခွေး၊ ကြောင် အစရှိသည် အကုန်လုံးဟာ အဝိဇ္ဇမာနပညတ် ပရမတ္ထအားဖြင့် တကယ်ရှိတာမဟုတ်ဘူး။

[စာမျက်နှာ-154] ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်ဆိုတာ ဝိဇ္ဇမာနနဲ့ အဝိဇ္ဇမာနကို ရောထားတာ။
“ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကို သိစေသော ဆဠာဘိညာ”။
ဆဠာဘိညာမှာ ဆဆိုတာ ၆-ခု၊ အဘိညာဆိုတာ အဘိညာဏ်၊ အဘိညာဏ် ၆-ပါး၊ ဒီနေရာမှာ ဆဠာဘိညာဆိုတာ အဘိညာဏ် ၆-ပါးရှိတဲ့ ပုဂ္ဂိုလ်ဆိုရာမှာ အဘိညာဏ် ၆-ပါးက အနက်တစ်ခု၊ ပုဂ္ဂိုလ်ဆိုတာ အနက်တစ်ခု၊ အနက် ၂-ခု ရှိတယ်။
အဘိညာဏ် ၆-ပါးဆိုတာက ထင်ရှားရှိတယ်၊ အဘိညာဏ်ဆိုတာ ရူပါဝစရ ပဉ္စမဈာန်ဆိုတော့ ထင်ရှားရှိတယ်၊ ပုဂ္ဂိုလ်ဆိုတော့ ထင်ရှားမရှိဘူး၊ အဲဒီတော့ ထင်ရှားရှိတာနဲ့ ထင်ရှားမရှိတာကို သမုတ်တာ၊ ဒါကို ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်လို့ခေါ်တယ်။

နောက်ဟာက အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိ တာနဲ့ ပရမတ္ထအားဖြင့် ထင်ရှားရှိတာကို သမုတ်ထားတာ။
မိန်းမရဲ့ အသံတဲ့၊ မိန်းမဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားမရှိဘူး၊ သဒ္ဒအသံဆိုတာကျတော့ ပရမတ္ထအားဖြင့် ထင်ရှားရှိတယ်၊ ရုပ်-၂၈-ပါးထဲမှာ သဒ္ဒပါတယ် မဟုတ်လား၊ ဒါဖြင့် ထင်ရှားမရှိတာနဲ့ ထင်ရှားရှိတာကို သမုတ်ထားတာ၊ ဒါကြောင့်မို့ ယောက်ျားအသံ၊ မိန်းမအသံ၊ ဘာသံ၊ ညာသံ စသည်ဖြင့်ပေါ့။ အဲဒါတွေကျတော့ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်တဲ့။

နောက်တစ်ခုက ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်တဲ့၊ ဒါက ပရမတ္ထအားဖြင့် ထင်ရှားရှိတာနဲ့ ပရမတ္ထအားဖြင့် ထင်ရှားရှိတာကို ပညတ်ထားတာ၊ ဘယ်လိုဟာတုန်း ဆိုရင် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်စတဲ့ နာမည်မျိုး။
အဲဒီတော့ ဒီနေရာမှာ စက္ခုကလည်း ပရမတ္ထအားဖြင့် ထင်ရှားရှိတယ်။ ဝိညာဏ်ကလည်း ပရမတ္ထအားဖြင့် ထင်ရှားရှိတယ်၊ ဒါကြောင့်မို့ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်လို့ခေါ်တာ။

အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်ဆိုတော့ ၂-ခုစလုံး ပရမတ္ထအားဖြင့် ထင်ရှားမရှိတာ။
ရာဇပုတ္တ - ဘုရင့်သားတဲ့၊ ဘုရင်ဆိုတာကလည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိဘူး၊ သားဆိုတာကလည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိဘူး၊ ထင်ရှားမရှိတာချင်း ထင်ရှားမရှိတာချင်း သမုတ်ထားတာ၊ ဒါကြောင့် ရာဇပုတ္တဆိုတဲ့ ပညတ်ကျတော့

[စာမျက်နှာ-155] အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်လို့ခေါ်တယ်။ မြန်မာအခေါ်အဝေါ်တွေမှာ ဒါတွေ အများကြီးရှိပါတယ်။ များသောအားဖြင့်တော့ အဝိဇ္ဇမာနပညတ်တွေ များပါတယ်။

ကောင်းပြီ ပစ္စည်းပိုင်းအဆုံးမှာ သင်္ဂြိုဟ်မှာ ဘာပြထားသလဲဆိုတော့ အသံကို ကြားပြီးတော့ အနက်သိရာမှာ ဝီထိပေါင်း ဘယ်လောက်လိုတယ်လို့ ဆိုတာကို အကျဉ်းချုပ်လေးပြောထားတာ၊ အဲဒါကိုမှ ဆရာတော်များက အကျယ်ချဲ့ ပြောထားတာရှိတယ်၊ အရင်တုန်းကလည်း အသင့်အတင့် ပြောထားတာရှိတယ်။
အသံတစ်ခုကြားပြီးရင် (ဆိုပါတော့) လူဆိုတဲ့အသံကို ကြားပြီးရင် တကယ့် လူကောင်ကြီးအထိ သိသွားတာဟာ ဝီထိအမျိုးအစားအနည်းဆုံး ၅-မျိုးလိုတယ်။

အသံကြားတဲ့အခါမှာ အစဉ်တစ်မျိုး၊ မြင်ပြီးတော့ သိတဲ့အခါမှာ အစဉ်တစ်မျိုး အဲသလိုရှိတယ်၊ ဒီမှာ အသံကြားတာနဲ့ ပတ်သက်ပြီး သင်္ဂြိုဟ်မှာ ပြောထားတယ်။ ဘာတွေရှိသလဲဆိုတော့ ပထမ ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုပြီးတော့ ၁-ဝီထိ ဖြစ်တယ်။
လူလို့ ဒီကပြောလိုက်တယ်၊ အခု အသံကြားတယ်၊ ပထမဆုံး ပစ္စုပ္ပန် သဒ္ဒါရုံ လူဆိုတဲ့အသံကို အာရုံပြုပြီး ၁-ဝီထိ ဖြစ်တယ်၊ ဖြစ်သွားပြီးတဲ့နောက် လူဆိုတဲ့ အသံဟာ ပျောက်မသွားဘူးလား၊ ချက်ခြင်းပျောက်သွားတာပဲ။
ပျောက်သွားတော့ ပျောက်သွားတဲ့အသံကိုပဲ တစ်ခါထပ်ပြီးတော့ အာရုံပြုတယ်။ နောက်ထပ် ဝီထိ ၁-မျိုးထပ်ဖြစ်တယ်၊ ပထမဝီထိနဲ့ နောက်ဝီထိ ကြားမှာလဲ ဘဝင်တွေအများကြီးခြားဦးမယ်၊ ပထမဝီထိနဲ့ နောက်ဝီထိမှာလည်း ဝီထိ အကြိမ်ပေါင်းများစွာ ဖြစ်ဦးမယ်။
အဲဒီတော့ ပထမမှာ ပစ္စုပ္ပန်သဒ္ဒါရုံကို ကြားတဲ့ဝီထိ၊ အဲဒီနောက် ဘဝင်ခြားပြီးတော့ ပျောက်သွားတဲ့အသံကို ပြန်ပြီး remember

[စာမျက်နှာ-156]
အနက်ကို သိရာ၌ ဝီထိဖြစ်ပုံ

တစ်လုံးသောအက္ခရာရှိသော “လူ” စသောသဒ္ဒါ၌ ပစ္စုပ္ပန် “လူ” ဟူသော သဒ္ဒါရုံကိုအာရုံပြု၍ သောတဒွါရ တစ်ဝီထိကျ၏။ ထို့နောက် ချုပ်ပြီးသော “လူ” ဟူသော အတိတ်သဒ္ဒါရုံကိုအာရုံပြု၍ တဒနုဝတ္တကမနောဒွါရ ဝီထိကျပြန်၏၊ ထိုနောင် “လူ” ဟူသော နာမပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ ဝီထိကျ၏၊ ထိုနောင် လူ၏ ခန္ဓာပဉ္စကဒြပ် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ ဝီထိကျ၏၊ ဤသို့ လေးဝီထိကျပြီးမှ “လူ” ဟူသော အနက်ကို သိရ၏။

အက္ခရာ ၂-လုံး၊ ၃-လုံး စသည်ရှိသော သဒ္ဒါများ၌ ပြခဲ့ပြီးနည်းအတိုင်း အက္ခရာတစ်လုံးလျှင် ၂-ဝီထိကျ တိုးသွား၍ နောက်ဆုံး၌ နာမပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ၊ ဒြပ်အနက် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ ပေါင်း ၂-ဝီထိတပ်၍ ထည့်ရမည်၊ အက္ခရာတစ်လုံး ၄-ဝီထိ၊ နှစ်လုံး ၆-ဝီထိ၊ သုံးလုံး ရှစ်ဝီထိ စသည်တိုး၍ယူလေ၊ အက္ခရာများလျှင် များသည့်အလျောက် ဝီထိတိုး၍ များလေတော့သည်။

အနက်ကိုသိရခြင်းသည်လည်း သောတဝိညာဏ်၏အာရုံအဖြစ်သို့ ကြားရောက်လာခြင်း၊ ရှေးအခါက ဤသဒ္ဒါသည် ဤအနက်ကိုဟောသည်ဟု ပိုင်းခြားမှတ်သားပြီး ရှိခြင်း၊ ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံမှ အနက်ကို သိစေနိုင်သည်။

[စာမျက်နှာ-157]
ကမ္မဋ္ဌာနသင်္ဂဟ

ကမ္မဋ္ဌာန်းပိုင်း ကမ္မဋ္ဌာနသင်္ဂဟ၌ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတို့၏ အာရုံဖြစ်သော သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းကို ပြဆို၏။

ကမ္မဋ္ဌာန်း ၄၀-ကို ပွားများခြင်းသည် နီဝရဏစသော ကိလေသာကို ငြိမ်းစေတတ်သောကြောင့် သမထဘာဝနာဟုခေါ်သည်၊ တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန်ရှုဆင်ခြင်ခြင်းကြောင့် ဝိပဿနာဘာဝနာဟု ခေါ်သည်။

ကသိုဏ်းဝန်းစသော အနက်၊ တေဘူမကသင်္ခါရအာရုံသည်ပင်လျှင် ပွားများခြင်း၊ ရှုဆင်ခြင်ခြင်း၏ တည်ရာဖြစ်သောကြောင့် ကမ္မဋ္ဌာန်းမည်၏။

[စာမျက်နှာ-158] “သစ်မြစ်တို့သည် ပင်စည်ကို ကြီးပွားခိုင်ခံ့တည်တံ့စေကုန်သကဲ့သို့ ဟိတ် ၆-ပါးသည် မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက်ဖြစ်ကုန်သောစိတ်၊ စေတသိက်တရားတို့ကို အာရုံ၌ မြဲစွဲတည်တံ့ခိုင်ခံ့ ကြီးပွားစေကုန်၏၊ ထို့ကြောင့်
* ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ” ဟုဆို၏။ ဒါက လယ်တီဆရာတော်ဘုရားကြီး ရေးထားတဲ့ လင်္ကာ။

ဟိတ် ၆-ပါးရှိတယ်၊ လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်၊ စေတသိက် ၆-ပါးပါပဲ။
အဲဒီမှာ လောဘ၊ ဒေါသ၊ မောဟက အကုသိုလ်၊ အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်၊ အဗျာကတ။

ဈာနင်တဲ့၊ ဈာနင်္ဂကို ဈာနင်လို့ခေါ်တယ်၊ ဈာန်အင်္ဂါလို့ဆိုလိုတယ်။ နောက်တုန်းက ဈာန်အင်္ဂါ ဘယ်နှစ်ပါးသိခဲ့သလဲ၊ ၅-ပါးပဲ ပြောကြစို့၊ ဈာန်အင်္ဂါ ၅-ပါးလို့ နဂိုကသိခဲ့တယ်၊ ဒီကျတော့ ဈာန်အင်္ဂါ ၇-ပါးပြလိမ့်မယ်၊ ဈာန်ဆိုတာ ဘာလဲ။
“ကောင်းသောအာရုံ၌ဖြစ်စေ၊ မကောင်းသော အာရုံ၌ဖြစ်စေ၊ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲကပ်၍ ရှုတတ်သောကြောင့် ဈာန်မည်၏။”

ဈာန်ဆိုတာ အာရုံကိုကပ်၍ ရှုတတ်သောကြောင့် ဈာန်ခေါ်တယ်၊ ပြီးတော့ ရူပဈာန်၊ အရူပဈာန်တို့ကျတော့ ဒီဟာတင်မကဘူး၊ ဘာပါသေးလဲဆိုတော့ နီဝရဏတရားတွေကို ရှို့တတ်တယ်၊ လောင်ကျွမ်းတတ်တယ်၊ ရှို့မြိုက်တတ်တဲ့အတွက်ကြောင့် ဈာန်လို့ခေါ်တယ်၊ ဈာန်ရဲ့ အနက်က ၂-မျိုးရှိတယ်၊ ကပ်၍ ရှုတတ်တယ်၊ လောင်ကျွမ်းရှို့မြိုက်တတ်တယ်။
* စိုက်စိုက်စူးစူး၊ အထူးမြဲမြဲ ရှုအားသန်၊ ဈာန်ဟုခေါ်သတတ်။

ဒါလည်း လယ်တီဆရာတော်ဘုရားကြီးရေးခဲ့တာ၊ အဲဒီဈာန်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တစ်ခုစီ၊ တစ်ခုစီကို ဈာန်အင်္ဂါလို့ခေါ်တယ်၊ အင်္ဂါတွေပေါင်းစု လိုက်တော့ အပေါင်း ဖြစ်သွားတာပေါ့၊ ဈာန်ဆိုတာက အင်္ဂါအပေါင်းရဲ့ နာမည်၊ ဈာန်အင်္ဂါဆိုတာက တစ်ခုစီ၊ တစ်ခုစီရဲ့ နာမည်၊ နောက်တုန်းကလည်း ပြောခဲ့ပါပြီ။
ပထမဈာန်ဆိုရင် ဈာန်အင်္ဂါ ၅-ပါးအပေါင်းလို့ခေါ်တယ်။ အဲဒီထဲက ဝိတက်ကို ဈာနင်လို့ခေါ်တယ်၊ ဝိစာရကို ဈာနင်လို့ခေါ်တယ်၊ အခု ဒီမှာ ဈာနင် ၇-ပါးပြလိမ့်မယ်။
ဈာနင်တွေက ဝိတက်ဈာနင်၊ ဝိစာရဈာနင်၊ ပီတိဈာနင်၊ ဧကဂ္ဂတာဈာနင်

[စာမျက်နှာ-159] ၇။ ဟတဝိက္ခိတ္တက = ရန်သူသည် ဓားသန်လျက်ဖြင့် ကိုယ်တခြား၊ ခေါင်းတခြား၊ ခြေတခြား၊ လက်တခြား ဖြတ်တောက်လျက် အထူးထူးသောအရပ်၌ ဖရိုဖရဲ ပစ်ထားအပ်သော သူကောင်အသုဘ။
၈။ လောဟိတက = ယိုစီးသောသွေးရှိသော သူကောင်အသုဘ။
၉။ ပုဠုဝက = ပိုးလောက်တို့ဖြင့်ပြည့်သော သူကောင်အသုဘ။
၁၀။ အဋ္ဌိက = အရိုးစုမျှသာဖြစ်သော သူကောင်အသုဘ။

အနုဿတိ ၁၀ ပါး
၁။ ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၂။ ဓမ္မာနုဿတိ = တရားတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၃။ သံဃာနုဿတိ = သံဃာတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၄။ သီလာနုဿတိ = မိမိ၏သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၅။ စာဂါနုဿတိ = မိမိ၏စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၆။ ဒေဝတာနုဿတိ = နတ်တို့ကို သက်သေအရာ၌ထား၍ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၇။ ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၈။ မရဏာနုဿတိ = သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၉။ ကာယဂတာသတိ = ဆံအစရှိသော ၃၂-ပါးသော ကောဋ္ဌာသကို ရွတ်ဆိုနှလုံးသွင်းခြင်း။
၁၀။ အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်းသတိ။

[စာမျက်နှာ-160] အပ္ပမညာ ၄-ပါး
၁။ မေတ္တာ = အတိုင်းမသိသော သုခိတ၊ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခြင်းမေတ္တာ။
၂။ ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း ကရုဏာ။
၃။ မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း မုဒိတာ။
၄။ ဥပေက္ခာ = အတိုင်းမသိသော သုခိတ၊ ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း ဥပေက္ခာ။
အတိုင်းမသိသော သုခိတ၊ ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဖြစ်တတ်သောကြောင့် အပ္ပမညာမည်၏၊ ဤလေးပါးကို ကျင့်သုံးသောသူသည် မြတ်သောနေခြင်းဖြစ်သောကြောင့် ဗြဟ္မဝိဟာရတရား ၄-ပါးဟုလည်းခေါ်သည်။

၅၂၈ သွယ် မေတ္တာ
သဗ္ဗေ သတ္တာ၊ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ၊ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ ဤ ၅-ခုကား မည်သူမည်ဝါ၊ ယောက်ျား၊ မိန်းမ စသည်ဖြင့် ရည်မှတ်ပိုင်းခြားခြင်းမရှိသောကြောင့် အနောဒိသပုဂ္ဂိုလ်မည်၏။
သဗ္ဗာ ဣတ္ထိယော၊ သဗ္ဗေ ပုရိသာ၊ သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ၊ သဗ္ဗေ ဒေဝါ၊ သဗ္ဗေ မနုဿာ၊ သဗ္ဗေ ဝိနိပါတိကာ ဤ ၇-ခုကား မိန်းမ၊ ယောက်ျား စသည်ဖြင့် ရည်မှတ်ပိုင်းခြားခြင်းရှိသောကြောင့် ဩဒိသပုဂ္ဂိုလ်မည်၏။
၎င်း ဩဒိသ၊ အနောဒိသ ၂-ပါးကို ပေါင်းသော် ၁၂-ဖြစ်၏။ ၎င်း ၁၂-ပါးကို တည်၍ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိ အတ္တာနံ ပရိဟရန္တု ဟူသော အခြင်းအရာ ၄-ပါးနှင့်မြှောက်သော် ၄၈-ဖြစ်၏။ ဤ ၄၈-ကား အရပ်မျက်နှာနှင့် မစပ်ဘဲပို့သော မေတ္တာတည်း။

အရပ် ၁၀-မျက်နှာနှင့်စပ်၍ ပို့ရာ၌ တစ်မျက်နှာတစ်မျက်နှာတွင် ၄၈ စီရသောကြောင့် အရပ် ၁၀-မျက်နှာ၌ ၄၈၀- ဖြစ်၏။ ၄၈၀ ကို အရပ်မျက်နှာနှင့် မစပ်သော ၄၈-နှင့်ပေါင်းသော် ၅၂၈-ဖြစ်၏။

အာဟာရေပဋိကူလသညာ
မျိုအပ်စားအပ်သောအစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်သောအဖြစ်ကို အောက်မေ့ဆင်ခြင်သော အမှတ်သညာသည် အာဟာရေပဋိကူလသညာမည်၏။

[စာမျက်နှာ-161] ဧကဝဝတ္ထာနံ၊ မိမိကိုယ်၌ တည်ရှိကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟူသော ဓာတ် ၄-ပါးကို မှတ်သောအားဖြင့် ပိုင်းခြားရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်းသည် စတုဓာတုဝဝတ္ထာနမည်၏။

အာရုပ္ပ ၄-ပါး၊ ရုပ်၏ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်ပညတ်စသော လေးပါးသော အာရုံ၌ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ ၄-ပါးမည်၏။

ကမ္မဋ္ဌာန်းလေးဆယ်ကို စရိုက် ၆-ပါးနှင့် တွဲစပ်ပုံ အဖြစ်များခြင်းကြောင့်လည်းကောင်း၊ မပြတ်ဖြစ်ခြင်းကြောင့်လည်းကောင်း စရိုက်မည်၏။ စရိုက်တို့သည် ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက်ဟူ၍ ၆-ပါးအပြားရှိ၏။

| စရိုက် | သင့်လျော်သောကမ္မဋ္ဌာန်း |

| ရာဂ | အသုဘ ၁၀ ပါး၊ ကာယဂတာသတိ |
| ဒေါသ | အပ္ပမညာ ၄-ပါး၊ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတကသိုဏ်း |
| မောဟ၊ ဝိတက် | အာနာပါနဿတိ |
| သဒ္ဓါ | ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ သီလာ၊ စာဂါ၊ ဒေဝတာနုဿတိ |
| ဗုဒ္ဓိ | မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန် |
| စရိုက် ၆-ပါး | ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကကသိုဏ်း၊ အာရုပ္ပ ၄-ပါး |

ရာဂစရိုက်များသောသူသည် အသုဘ ၁၀ ပါး၊ ကာယဂတာသတိကမ္မဋ္ဌာန်းကို စီးဖြန်းပွားများအပ်၏ စသည်ယူလေ။

[စာမျက်နှာ-162]
အဘိဓမ္မာခန်း ၂

ကမ္မဋ္ဌာန်းပိုင်း အနက်ကိုသိရာ၌ ဝီထိဖြစ်ပုံနှင့် သမထကမ္မဋ္ဌာန်း

ဒီနေ့ အောက်တိုဘာလ ၂၈-ရက်။

လွန်ခဲ့တဲ့ အပတ်က ပစ္စည်းပိုင်းအဆုံး လူဆိုတဲ့အသံကို ကြားပြီးတော့ အနက်သိသည့်တိုင်အောင် ဝီထိဖြစ်ပုံ ပြောတာမပြီးပြတ်ပဲနဲ့ တိတ်ခွေကုန်သွားတယ်။ အဲဒါ ပြန်ပြောရလိမ့်မယ်။ ဒီမှာကတော့ အသံကိုကြားပြီး အနက်သိတာကို သင်္ဂြိုဟ်ကျမ်းမှာ တိုက်ရိုက် ပြောထားတယ်၊ အဲဒီအတိုင်း ပထမပြောပြမယ်။

လူဆိုတဲ့အသံကို ကြားပြီးတော့ လူကောင်ဒြပ်ထိအောင် သိသွားတာဟာ ဝီထိ ၄-မျိုးကျပြီးမှသိတယ်၊ ဟိုအပတ်တုန်းက ၅-မျိုးကျပြီးမှ သိတယ်လို့ ပြောလိုက်တယ်၊ အဲဒီ ၅-မျိုးကတော့ အသံကြားပြီး သိတာမဟုတ်ဘူး၊ တစ်စုံတစ်ခုကို မြင်ပြီးတော့၊ ဆိုပါတော့ နွားတစ်ကောင်မြင်တယ်ဆိုရင် မြင်ပြီးတော့ နွားဆိုတဲ့ အသံ၊ နွားဆိုတဲ့နာမည်ဖော်နိုင်သည့်တိုင်အောင် အဲဒီဝီထိ ၅-မျိုးဖြစ်တယ်။

ဒီမှာ အသံကြားတာကျတော့ တစ်သံထဲရှိတဲ့ အသံမျိုးဖြစ်တဲ့ လူ၊ ခွေး၊ ကြောင် စသည်ဖြင့် အဲဒီအသံမျိုးကြားတဲ့ အခါမှာ ဝီထိ ၄-မျိုး ကျပြီးမှ အနက် အဓိပ္ပာယ်ကို သိတယ်။

[စာမျက်နှာ-163] ပထမဆုံး လူဆိုတဲ့ အသံကြားတယ်ဆိုတော့ တကယ်လူဆိုတဲ့ အသံကြားတာ မဟုတ်သေးဘူး၊ သဒ္ဒါရုံအသံသာမညကို ကြားတာ၊ အဲဒီသဒ္ဒါရုံ အသံသာမညကမှ ပရမတ်၊ လူဆိုတဲ့ အသံကျတော့ ပရမတ် မဟုတ်တော့ဘူး၊ ပညတ်ဖြစ်သွားပြီ။

အဲဒီတော့ လူဆိုတဲ့အသံ ကြားတယ်ဆိုတော့ ပထမဆုံး စကြားလိုက်တာဟာ သဒ္ဒါရုံ အသံသာမညကို ကြားလိုက်တယ်၊ အသံသာမညကိုကြားပြီးတော့ တစ်ဝီထိ ကျလိုက်တယ်ပေါ့၊ သောတဒွါရိက ဝီထိ၊ ပဉ္စဒွါရဝီထိထဲပါတဲ့ ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြုပြီးတော့ သောတဒွါရဝီထိကျတယ်။

အဲဒီဝီထိကျပြီးတဲ့နောက် ဘဝင်ခြားမယ်၊ ဘဝင်ခြားပြီးတဲ့နောက် နောက်ထပ် တစ်ဝီထိဖြစ်တယ်၊ နောက်လိုက်ဝီထိလို့ခေါ်တယ်၊ ပါဠိလိုတော့ သဒ္ဒါနုဝတ္တက မနောဒွါရဝီထိ ခေါ်တယ်၊ နောက်လိုက်ဝီထိကျတော့ မနောဒွါရဝီထိ။

ပထမနောက်လိုက်ဝီထိကဘာလဲဆိုရင် အတိတ်သဒ္ဒါရုံကို အာရုံပြုတဲ့ ဝီထိ၊ ခုနလူဆိုတဲ့ အသံကို ကြားပြီးရင် ကြားပြီးလျှင်ပြီးခြင်း လူဆိုတဲ့ အသံဟာ ပျောက်သွားပြီ။ ပျောက်သွားပြီးတဲ့နောက် အဲဒီပျောက်သွားတဲ့အသံကို ပြန်ပြီး အာရုံပြုတဲ့ သတိရတဲ့ ဝီထိတစ်မျိုးဖြစ်တယ်၊ အဲဒါကဘာတုန်းဆိုရင် အတိတ်သဒ္ဒါရုံ အာရုံပြုပြီးတော့ဖြစ်တယ်။ ခုနသောတဒွါရ တစ်ဝီထိက ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုပြီးတော့ ဖြစ်တယ်၊ အဲဒီဝီထိလည်းချုပ်ရော အသံကလည်း ချုပ်သွားတယ်၊ ချုပ်သွားပြီးတဲ့ နောက် ဘဝင်ခြားပြီးတော့ အတိတ်သဒ္ဒါရုံကို အာရုံပြုတဲ့ မနောဒွါရ တစ်ဝီထိ ဖြစ်တယ်။

အဲဒီလိုမနောဒွါရဝီထိဖြစ်ပြီးတဲ့နောက် တစ်ခါဘဝင်တွေခြားပြီးတော့ လူဆိုတဲ့ နာမပညတ်ကို အာရုံပြုတဲ့ ဝီထိတစ်မျိုးဖြစ်တယ်၊ အဲဒီကျမှ လူဆိုတဲ့ နာမည်ကြားတယ်။ ပထမ ၂-ဝီထိတုန်းက လူဆိုတဲ့အသံကြားသေးတာ မဟုတ်ဘူး၊ အသံ သာမညကိုသာ ကြားသေးတာ၊ ဒီကျတော့ လူဆိုတဲ့အသံကြားသွားပြီ။

အဲဒီလူဆိုတဲ့ နာမပညတ်ကိုအာရုံပြုပြီးတော့ ဝီထိတစ်မျိုးဖြစ်တယ်၊ အဲသလို နာမပညတ်ကို ကြားပြီးတဲ့နောက်မှာ လူဆိုတဲ့ အသံဟာ ခြေ နှစ်ဖက် လက်နှစ်ဖက် နဲ့ ခေါင်းရှိတဲ့ သတ္တဝါပေါ့လေ၊ ဒီသတ္တဝါကိုဆိုလိုတယ်လို့ ဒီလို ကြားထားတဲ့အသံနဲ့ အနက်ဒြပ်လို့ခေါ်တဲ့ လူကောင်ကြီးနဲ့ (ဒါကို အတ္ထပညတ်လို့ခေါ်တယ်) ဆက်စပ်ပြီး ကြည့်တဲ့ ဝီထိတစ်ခုကျတယ်၊ အဲဒီဝီထိကျမှ တကယ့်လူကောင်ကို သိသွားတယ်။

[စာမျက်နှာ-164] အဲဒါကြောင့်မို့ အသံတစ်ခုကို ကြားပြီးတော့ အနက်ကို သိတယ်ဆိုရာမှာ အနည်းဆုံး ဝီထိ ၄-မျိုး ကျတယ်၊ ဝီထိပေါင်း အကြိမ်ဘယ်လောက်ဆိုတာတော့ မပြောနိုင်ဘူး၊ လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းမက ဖြစ်နိုင်တယ်ဆိုတဲ့ အတွက်ကြောင့် ဝီထိတွေကတော့ အများကြီးပဲ၊ သို့သော် အမျိုးအစားအနေနဲ့ ပြောလိုက်ရင် ပထမဆုံး ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုပြီးတော့ ၁-ဝီထိ (ဒါက သောတဒွါရဝီထိ)၊ အတိတ်သဒ္ဒါရုံကို အာရုံပြုပြီး ၁-ဝီထိ (ဒါက မနောဒွါရဝီထိ)၊ နာမပညတ်ကို အာရုံပြုပြီးတော့ ၁-ဝီထိ၊ တစ်ခါ အတ္ထပညတ်ကို အာရုံပြုပြီးတော့ ၁-ဝီထိ၊ အဲသလို ၄-မျိုးကျပြီးမှ လူဆိုတဲ့အသံရဲ့ အဓိပ္ပာယ် အနက်ကိုသိတယ်။

ဒါဟာ အက္ခရာတစ်လုံး၊ အသံတစ်သံသာရှိတဲ့ အသံဆို ဒီအတိုင်းချည်း သွားလိမ့်မယ်၊ နွား၊ ခွေး၊ ကြောင် တို့ဆိုရင်ဒီအတိုင်းသွားလိမ့်မယ်။ အကယ်၍ အသံ ၂-သံရှိတဲ့ စကားလုံးမျိုးကြားပြီတဲ့၊ လွယ်လွယ်ပြောရရင် စာအုပ်ပေါ့၊ စာအုပ်ဆိုတဲ့ အသံကိုကြားပြီဆိုရင်တော့ အပေါင်းကို အာရုံပြုပြီးတော့ ၁ ဝီထိ၊ စာဆိုတဲ့အသံကို ကြားတာက ဝီထိ ၁-မျိုး၊ အုပ်ဆိုတဲ့ အသံကိုကြားတာက ဝီထိ ၁-မျိုး၊ ပြီးတော့မှ သူတို့ ၂-ခုကိုပေါင်းပြီးတော့ အပေါင်းကို အာရုံပြုတဲ့ ဝီထိက ၁-မျိုး၊ အဲဒီလို ဝီထိတွေပိုကျပြီးမှသာ အနက်အဓိပ္ပာယ်ကို သိလိမ့်မယ်။

အဲသလိုဆိုတော့ ဝီထိ ၅-မျိုးတောင်မကအောင် ကျနေလိမ့်မယ်၊ စာဆိုတာက တစ်ဝီထိ၊ အုပ်ဆိုတာ ၁-ဝီထိ၊ စာအုပ်ဆိုတဲ့ အပေါင်းက ၁-ဝီထိ၊ အတိတ်အာရုံပြုတာက ၁-ဝီထိ၊ နာမပညတ်က ၁-ဝီထိ၊ အတ္ထပညတ်က ၁-ဝီထိ သွားလိမ့်မယ်။ အဲဒီလို ဝီထိပေါင်းများစွာ ကျပြီးတော့မှ အနက် အဓိပ္ပာယ်ကို သိတယ်။

ဒါပေမယ်လို့ အခုနေပြောမယ်ဆိုရင် ချက်ခြင်းသိတယ်လို့ချည်း ထင်တာပဲ။ ဒီလိုဝီထိပေါင်းများစွာကို ကျော်လွှားဖြတ်သွားပြီးမှ အနက်အဓိပ္ပာယ်ကို သိတယ်ဆိုရင် ယုံနိုင်စရာတောင် မရှိဘူး။ ဒါပေမယ်လို့ အခုခေတ် ကွန်ပျူတာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သိပ်ထင်ရှားတယ်၊ ကွန်ပျူတာလည်းဒီအတိုင်းပဲ သူ့မှာပေးထားတဲ့ program ကို အကုန်လုံးဖတ်ပြီး တဲ့နောက်မှ သူက အဖြေပေးရတာ၊ မျဉ်းကြောင်း ၁၀၀-ရှိရင် ၁၀၀-ဖတ်ပြီးမှ အဖြေ ပေးတယ်၊ ၂၀၀-ရှိရင် ၂၀၀-ကို ဖတ်ပြီးတော့မှ အဖြေပေးတယ်။ ဒါပေမယ်လို့ အဲဒီအဖြေထွက်လာတာကျတော့ ချက်ခြင်းထွက်လာသလိုပဲ ထင်ရတယ်။

[စာမျက်နှာ-165] သံ ၃-သံဆိုရင် အဲဒါ အသီးအသီး တစ်သံစီကြားပြီးတော့ ကြားတာကဝီထိ တစ်မျိုး၊ အပေါင်းကို ကြားတာက ဝီထိ တစ်မျိုး၊ အဲသလို ဝီထိတွေ အများကြီး ပိုသွား လိမ့်မယ်၊ ဒါက အသံကို ကြားပြီးတော့ အနက်သိတဲ့အခါမှာဖြစ်တယ်။

အာရုံတစ်ခုကို မြင်ပြီးတော့ နာမည်ကိုဖော်နိုင်တဲ့ အခါမျိုး၊ လူကိုမြင်ပြီးတော့ လူလို့ပြောတာ၊ အဲဒါကျတော့ ဘာကွာသွားမလဲဆိုတော့ နာမပညတ်ကို အာရုံပြုတာနဲ့ အတ္ထပညတ်ကို အာရုံပြုတာပြောင်းပြန်ပြန်ရလိမ့်မယ်၊ ရှေ့နောက် ပြန်ရလိမ့်မယ်။

အဲဒီတော့ လူတစ်ယောက်ကို မြင်လိုက်တယ်ဆိုရင် ပထမဆုံး ပစ္စုပ္ပန် ရူပါရုံကိုမြင်တယ်၊ အဲဒီနောက် အတိတ်ရူပါရုံကို မြင်တယ်၊ ရူပါရုံကလည်း ရုပ်သက် ၁၇-ချက်ပြည့်ရင် ချုပ်တာပဲ၊ အဲဒီတော့ ပထမ ပစ္စုပ္ပန်ရူပါရုံကိုမြင်တဲ့ ဝီထိဖြစ်တယ်၊ နောက်တော့ အတိတ်ရူပါရုံကို မြင်တဲ့ မနောဒွါရဝီထိဖြစ်တယ်။ အဲဒီနောက် အပေါင်းကို မြင်တဲ့ (အပေါင်းကိုယူတဲ့) မနောဒွါရဝီထိဖြစ်တယ်။

လူတစ်ယောက်ကို မြင်တယ်ဆိုတော့ ပထမဘောင်းဘီနဲ့ ကိုယ် အပေါ်ပိုင်းမြင်တယ်၊ အောက်ပိုင်းမြင်မယ်ပေါ့၊ ပေါင်းပြီးမြင်တာက ၁-ဝီထိ၊ ပြီးတော့မှ လူကောင်ပညတ်ကိုမြင်တဲ့ဝီထိ၊ ပြီးတော့မှ ဒီသတ္တဝါကိုလူလို့ ခေါ်တယ်။ လူဆိုတဲ့ စကားလုံး စိတ်ထဲမှာ ပေါ်လာတယ်၊ အဲဒါက နာမပညတ်ကို အာရုံပြုပြီးတော့ ဖြစ်တဲ့ဝီထိ၊ အဲဒီလိုသူကျတော့ ၅-ဝီထိ ဖြစ်တယ်၊ ဘာကြောင့်တုန်း သမူဟဆိုတဲ့ အပေါင်းကို ယူတဲ့ ဝီထိက ဒီထဲမှာ ပါလာတယ်၊ ဒါကြောင့်မို့ ပစ္စုပ္ပန် ၁-ဝီထိ၊ အတိတ်ရူပါရုံကို အာရုံပြုတာ ၁-ဝီထိ၊ ပြီးတော့ အပေါင်းကို အာရုံပြုတာက ဝီထိ တစ်မျိုး၊ ပြီးတော့ အတ္ထပညတ်ကို အာရုံပြုတာက ဝီထိတစ်မျိုး၊ နာမပညတ်ကို အာရုံပြုပြီးတော့ ဝီထိ တစ်မျိုး၊ အဲသလို ရှိတယ်။

အဲဒီလို စိတ်အကြိမ်များစွာဖြစ်ပြီးတော့မှ မြင်ပြီးတော့ သိတဲ့အခါ ဒီလိုပဲ၊ ကြားပြီးတော့ သိတဲ့အခါလည်း ဒီအတိုင်းပဲ။ ဒါကြောင့်မို့ စိတ်အဖြစ်ဟာ အလွန်မြန်တယ်။ စိတ်အဖြစ်မြန်တဲ့အတွက်ကြောင့် လူတွေကတော့ ဒါဟာ ချက်ချင်းသိတယ်လို့ပဲထင်တယ်။

[စာမျက်နှာ-166] နား ယဉ်ပါးလာပြီး သိလာတော့ အသံတစ်သံကိုကြားလိုက်ရင် ချက်ချင်းသိတယ်လို့ပဲ ထင်တယ်။ အမှန်ကတော့ ကလေးသိသလို လူကြီးသိရတာပဲ၊ ဒါပေမယ့်လူကြီးက အစီအစဉ်သိနေတာဖြစ်တော့ မြန်တော့ ချက်ချင်းသိသလိုပဲ ထင်ရတယ်၊ ဒါပေမယ့် မထူးပါဘူး၊ ကလေးနဲ့လူကြီးသိတာဟာ သွားရတဲ့ concept အစဉ် ချင်းအတူတူပဲ။

စက္ကူ နှစ်ရွက် သုံးရွက် ထပ်ထားတာကို အပ်နဲ့ဖောက်လိုက်တဲ့အခါကျတော့ သုံးရွက်စလုံး တစ်ခါထဲ အပ်ပေါက်သွားတယ်လို့ ထင်တာပဲ၊ စဉ်းစားပြောမယ်ဆိုရင် စာရွက် သုံးရွက်စလုံး အပ်ပေါက်ရာဖြစ်သွားပြီပေါ့၊ ဒါပေမယ့် အမှန်အတိုင်းက တစ်ရွက်ပြီးတစ်ရွက်ပေါက်တာ။ အဲသလိုပဲ၊ တစ်ဝီထိပြီးမှ တစ်ဝီထိဖြစ်တာပဲ၊ သို့သော် စိတ်ဖြစ်တာက မြန်လွန်းတော့ ကိုယ့်အနေနဲ့ မသိနိုင်ဘူး၊ ချက်ချင်းသိတယ်လို့ပဲ ထင်တယ်။

အဲဒီလို အနက်အဓိပ္ပာယ်ကို သိရာမှာ ဝီထိများစွာကျပြီးမှ သိရတယ်၊ ချက်ခြင်းသိတာ မဟုတ်ဘူးဆိုတာ နားလည်ထားရမယ်၊ ဒါဟာ စိတ်ဖြစ်ပုံ မြန်တာကို ဝီထိနဲ့ ယှဉ်ပြီးပြောလို့ ရတယ်၊ အင်္ဂလိပ်စာလုံးဆိုသာပြီး ပြောလို့ ကောင်းသေးတယ်၊ meditation, m မြင်တာက တစ်ဝီထိ၊ e မြင်တာကတစ်ဝီထိ၊ d မြင်တာက တစ်ဝီထိနဲ့ သွားရော၊ ပြီးတော့ ပေါင်းမြင်တော့ meditation ဆိုတဲ့ စကားလုံးတစ်လုံး ဖတ်နိုင်ဖို့ရာ ဝီထိကို အများကြီး ကျရတယ်။ ဒါပေမယ်လို့ အခုမေးကြည့်လိုက်ရင် မြင်တာနဲ့ ချက်ချင်းဖတ်နိုင်တယ်လို့ ပြောမှာပဲ၊ ဒါပေမယ့် တကယ်ကတော့ မဟုတ်ဘူး၊ အက္ခရာတစ်လုံးချင်းမြင်ပြီးတော့မှ အပေါင်းမြင်ပြီးတော့မှ meditation ဆိုတာဖော်နိုင်တာ။

ပြီးတော့ အသံကိုကြားပြီးတော့ အနက်သိရာမှာ ဆိုတာလည်း ရှေးတုန်းက သိထားပြီးမှ အခုလည်းသိရတယ်၊ ရှေးတုန်းက သိမထားရင် ဘယ်လောက်ကြားကြား အတ္ထပညတ်ကို အာရုံပြုတဲ့ ဝီထိမဖြစ်နိုင်ဘူး။ အင်္ဂလိပ်စာ မတတ်တဲ့လူတစ်ယောက်ကို အင်္ဂလိပ်လို သွားပြောပါလား၊ ကြားတော့ကြားတာပဲ၊ နာမပညတ် ဝီထိတော့ဖြစ်တာပဲ၊ ဒါပေမယ့် အတ္ထပညတ် ထိအောင် မရောက်ဘူး။

ဒါကြောင့်မို့ အနက်သိတယ်ဆိုတာမှာ အင်္ဂါ ၂-ချက်လိုတယ်၊ နားနဲ့လည်း ကြားရမယ်၊ ရှေးတုန်းကလည်း သိပြီးသားဖြစ်ရမယ်၊ ဒီ ၂-ခုဆုံမှ အနက်ကောင်းကောင်းသိတာ။ နားနဲ့မကြားလို့ဖြစ်ဖြစ်၊ ပြတ်ပြတ်သားသား မကြားလို့ဖြစ်ဖြစ်ရှိရင်

[စာမျက်နှာ-167] အနက်အဓိပ္ပာယ်မသိဘူး၊ ဒါကြောင့်မို့ ဘုန်းကြီးတို့မှာ အင်္ဂလိပ်လို သူတို့ပြောနေတာကို တစ်ခါတလေနားမလည်နိုင်ဘူး၊ ဘာပြောသွားမှန်း မသိလိုက်ဘူး၊ ဒါဟာ ဘာကြောင့်လဲဆိုရင် ထင်ထင်ရှားရှား မကြားလို့၊ ပြတ်ပြတ်သားသား မကြားလို့။

ပြတ်ပြတ်သားသားကြားပြန်တော့ကော ဒီစာလုံးရဲ့ အနက်ကို နဂိုက သတိထားပြီးမှ အခုတစ်ခါ ကြားတော့လည်းသိတယ်၊ ဒါကြောင့်မို့ အနက်အဓိပ္ပာယ်ကို သိတယ်ဆိုရာမှာ အင်္ဂါ ၂-ချက်ရှိတယ်လို့ ကျမ်းဂန်တွေမှာဆိုတယ်။

သောတဝိညာဏ်၏ အာရုံအဖြစ်သို့ရောက်ခြင်းဆိုတာ အမှန်တော့ နားထဲလာ ကြားတာကိုဆိုလိုတယ်၊ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ရောက်ခြင်းမှာ “ရှေးအခါက ဤသဒ္ဒါသည် ဤအနက်ကို ဟောသည်ဟု ပိုင်းခြားမှတ်သားပြီးရှိခြင်း”၊ ရှေးတုန်းကလည်း ဒီအနက်ကို သိထားပြီးဖြစ်ရမယ်၊ ဒီ ၂-ချက်စုံမှ အနက်အဓိပ္ပာယ် သိတယ်။

ဒါဆိုရင် ပစ္စည်းပိုင်း ကုန်သွားပြီပေါ့၊ ပစ္စည်းပိုင်းမှာ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း၊ တစ်ခါ ပဋ္ဌာန်းနည်းနဲ့ ပဋိစ္စသမုပ္ပါဒ်နည်းကို ပြန်ပြီးလေ့လာတယ်။ နောက်ဆုံးကတော့ ပညတ်အပိုင်းတဲ့၊ ပညတ်နောက်မှာမှ သဒ္ဒပညတ်၊ အတ္ထပညတ် သိတာနဲ့ ပတ်သက်လို့ ဝီထိအကြောင်းကို ကျမ်းဂန်မှာတော့ အကျဉ်းပြောတယ်။ မဟာဂန္ဓာရုံဆရာတော် ဘုရားက အကျယ်ချဲ့ပြီး ပြောထားတာရှိတယ်၊ ပစ္စည်းပိုင်း ပြီးကြစို့ ရှေ့သွားမယ်။

ကမ္မဋ္ဌာန်းပိုင်းရောက်ပြီ၊ ကမ္မဋ္ဌာန်းပိုင်းမှာ သရုပ်တွေ ဘာတွေ သိပ်မလိုပါဘူး။ နောက်ကဟာ သိနေတော့ နည်းနည်းပါးပါးလိုမယ်၊ သိပ်မလိုပါဘူး။ ရှင်အနုရုဒ္ဓါဆိုတာက သင်္ဂြိုဟ်ရေးတဲ့အခါကျတော့ ရှေ့ပိုင်းတွေကတော့ တကယ့်အဘိဓမ္မာသဘောတွေပဲ၊ နောက်ဆုံးပိုင်းကတော့ ကမ္မဋ္ဌာန်းပိုင်းနဲ့ အဆုံးသတ်လိုက်တယ်၊ ဒါက ဘာလဲဆိုတော့ မြတ်စွာဘုရား သာသနာတော်မှာ နေရင် သုတမယဆိုသော်လည်း ကြားပြီးသိရုံနဲ့ ဖတ်ပြီးသိရုံနဲ့ မပြီးဘူး၊ လက်တွေ့ကျင့်ရမယ် ဆိုတာကိုပြောချင်တာ၊ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းပိုင်းမှာ လက်တွေ့ကျင့်တဲ့အပိုင်း ရောက်လာပြီ။

ကမ္မဋ္ဌာန်းဆိုတာဘာလဲ၊ ကမ္မဋ္ဌာန်းဆိုတာ စိတ်ဓာတ်ကိုသမာဓိဖြစ်အောင် လေ့ကျင့်တာ၊ သမာဓိဖြစ်ပြီးတော့ ပညာရောက်အောင် ပညာဖြစ်အောင်ပွားများ သွားတာကို ကမ္မဋ္ဌာန်းလို့ ဒီလိုခေါ်တာ၊ အာရုံကိုလည်း ကမ္မဋ္ဌာန်းခေါ်တာရှိတယ်။ အလေ့အကျင့် (practice) ကို ကမ္မဋ္ဌာန်းခေါ်တာလည်းရှိတယ်။

[စာမျက်နှာ-168] အဲဒီကမ္မဋ္ဌာန်းကို ဗုဒ္ဓဘာသာမှာ သင်ကြားထားတာက ၂-မျိုးရှိတယ်။ သမထကမ္မဋ္ဌာန်းရယ်၊ ဝိပဿနာကမ္မဋ္ဌာန်းရယ်၊ သမထကမ္မဋ္ဌာန်းကို ဘာကြောင့် သမထလို့ခေါ်သလဲ၊ သမထဆိုတာ ငြိမ်းစေတတ်တဲ့ သဘောရှိတယ်၊ ဘာကို ငြိမ်းစေတတ်သလဲဆိုရင် နီဝရဏတရားတွေကို ငြိမ်းစေတတ်တဲ့ ကမ္မဋ္ဌာန်းကို သမထကမ္မဋ္ဌာန်းလို့ခေါ်တယ်။

နီဝရဏငြိမ်းတယ်ဆိုတာ သမာဓိရမှ၊ နီဝရဏတွေရှိနေရင် သမာဓိမရဘူး၊ နီဝရဏတွေကို လွန်သွားတဲ့အခါကျမှ သမာဓိဖြစ်တယ်၊ သမာဓိရတယ်။ ဒါကြောင့်မို့ သမထကမ္မဋ္ဌာန်းဆိုတာ သမာဓိထူထောင်တဲ့ ကမ္မဋ္ဌာန်းပဲ၊ တော်တော်ခိုင်မြဲတဲ့ သမာဓိပေါ့။ အဲဒီသမထကမ္မဋ္ဌာန်းကို လေ့လာပွားများအားထုတ်ရင် အောင်မြင်လည်း အောင်မြင်မယ်ဆိုရင် ဈာန်ဆိုတာတွေရနိုင်တယ်၊ အဲဒီဈာန်ကနေ တစ်ဆင့်တက်ပြီးတော့ အဘိညာဏ်ဆိုတာတွေရနိုင်တယ်။

ပရိသတ် ...အကြားအမြင်ဆိုတာလား ဘုရား။

ဆရာတော် ... အစုံပဲရှိတယ်၊ ကောင်းကင်ပျံတာတို့ ဘာတို့လည်းရှိတယ်။ နောက်လာလိမ့်မယ်။ အဲဒီတော့ ဈာန်အဘိညာဏ်ထိရောက်အောင် သမထကမ္မဋ္ဌာန်းက ပို့ဆောင်ပေးနိုင်တယ်၊ သမထကမ္မဋ္ဌာန်းကို အလွန်အောင်အောင်မြင်မြင်နဲ့ အားထုတ်ဖို့ဆိုရင် အလွန်ခိုင်မြဲတဲ့အားကောင်းတဲ့ သမာဓိလိုအပ်တယ်။

ဝိပဿနာကမ္မဋ္ဌာန်းဆိုတာကတော့ “တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန်ရှုဆင်ခြင်ခြင်း” တဲ့။ ဝိပဿနာဆိုတာ ဝိရယ် ပဿနာရယ်နှစ်မျိုးရှိတယ်၊ ဝိဆိုတာက အမျိုးမျိုးဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ပဿနာဆိုတာက ရှုတာ မြင်တာ၊ သိတာ၊ အမျိုးမျိုး ရှုမြင်တာ၊ အမျိုးမျိုးသိတာ၊ အမျိုးမျိုးသိအောင် အားထုတ်တာကို ဝိပဿနာလို့ ခေါ်တာ။

အမျိုးမျိုးဆိုတဲ့နေရာမှာ အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်း သိတာကို ဆိုလိုတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသုံးပါးကို လက္ခဏာယာဉ် ၃-ပါးလို့ခေါ်တယ်။ ဒီလက္ခဏာတွေကို ရှုပြီးတော့မှ မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်တာဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့က မဂ်ဖိုလ်ကိုရောက်အောင်ပို့တတ်တဲ့ ယာဉ်နဲ့တူတယ်လို့ ဆိုပြီး လက္ခဏာယာဉ်လို့ခေါ်တာ။

[စာမျက်နှာ-169] အဲသလို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့မြင်အောင် ရှုတာကို ဝိပဿနာလို့ ခေါ်လိမ့်မယ်၊ ဝိပဿနာအောင်မြင်လို့ အဆုံးရောက်သွားတဲ့အခါမှာ အထွတ်အထိပ် ရောက်သွားတဲ့အခါမှာ မဂ်ဖိုလ်ရတယ်၊ မဂ်ဖိုလ်ရတာကို တရားထူးရတယ်လို့လည်း ပြောနိုင်တယ်။ မဂ်ဖိုလ်ရတယ်၊ တရားထူးရတယ်၊ နိဗ္ဗာန်ကို တိုက်ရိုက်မြင်တယ်၊ အမျိုးမျိုး ပြောလို့ရတယ်။

ဒါကြောင့်မို့ ဝိပဿနာဆိုရင် တေဘူမကသင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ မမြဲဘူး ဆင်းရဲတယ်၊ ငါမဟုတ်ဘူးဆိုတာကို မြင်အောင်ရှုရမယ်။ တေဘူမကသင်္ခါရဆိုတာ ဘာတွေတုန်း၊ ဘုံသုံးပါးမှာဖြစ်တဲ့ သင်္ခါရတရား ဆိုတာ ရုပ်နာမ်တွေပါပဲ၊ လောကီရုပ်နာမ်တွေပေါ့၊ လောကုတ္တရာ စိတ်မပါဘူး။

ဝိပဿနာရှုတယ်ဆိုရင် လောကုတ္တရာကို မရှုရဘူး လောကီကိုပဲ ရှုရမယ်၊ ဝိပဿနာရဲ့ အာရုံဆိုရင် လောကီတရားပဲဖြစ်ရမယ်၊ ရုပ်နာမ်တရားပဲ ဖြစ်ရမယ်။ လောကုတ္တရာစိတ်ကို ဝိပဿနာရှုလို့ မရဘူး၊ နိဗ္ဗာန်ကို ဝိပဿနာရှုလို့မရဘူး၊ ဝိပဿနာက နိဗ္ဗာန်ကို အာရုံမပြုဘူး၊ နောက်ဆုံး ဂေါတြဘူစိတ်တစ်ခုနဲ့ မဂ်ဖိုလ်ကသာ နိဗ္ဗာန်ကို အာရုံပြုတယ်၊ ဒါက ဝိပဿနာကမ္မဋ္ဌာန်း။

အဲဒီတော့ သမထကမ္မဋ္ဌာန်းနဲ့ ဝိပဿနာကမ္မဋ္ဌာန်း နှစ်မျိုးရှိရာမှာ သုတ္တန်တွေမှာဟောတာကိုကြည့်လိုက်ရင် သမထကနေ ဝိပဿနာသွားတာမျိုးချည်း ဟောတာ များတယ်၊ ဝိပဿနာသက်သက်ဟောတာတော်တော်နည်းတယ်။ ဒါကြောင့်မို့ အခုခေတ်မှာ တချို့တွေက ဘယ်လိုယူဆကြသလဲဆိုရင် သမထအားမထုတ်ပဲနဲ့ ဝိပဿနာအားမထုတ်ထိုက်ဘူး၊ အားမထုတ်နိုင်ဘူး (သို့မဟုတ်) ဈာန်တို့ဘာတို့ မရဘဲနဲ့ ဝိပဿနာ အားမထုတ်နိုင်ဘူးလို့ ဒီလောက် ထိအောင်ကို ယူဆသွားကြတယ်။

သာမညဖလသုတ်ဆိုတာ အဇာတသတ်မင်းကို ရဟန်းအဖြစ်ရဲ့ အကျိုးကို ဟောတဲ့သုတ်မှာဆိုရင်လည်း မြတ်စွာဘုရားက တစ်ဆင့်ချင်းဟောသွားတဲ့အခါမှာ ဈာန်တွေထည့်ဟောသွားတာ၊ ဈာန်ကနေပြီးတော့ အာသဝက္ခယဆိုတဲ့ မဂ်ဖိုလ်ဆိုက်တဲ့ ထိအောင် ဟောသွားတာ။ ဒါကြောင့်မို့ အဲသလို ဟောတဲ့သုတ်တွေများတဲ့ အတွက်ကြောင့် အခုခေတ် လူတွေက ဘယ်လိုထင်သလဲဆိုတော့ သမထအားမထုတ်ပဲနဲ့ ဝိပဿနာ အားထုတ်လို့ မရဘူးလို့ အဲသလိုကို ပြောကုန်ကြတာ၊ ရေးကုန်ကြတယ်။

[စာမျက်နှာ-170] ဒီလိုမဟုတ်ပါဘူး၊ နှစ်မျိုးရှိတယ်၊ အင်္ဂုတ္တိုရ်မှာရှိတဲ့ သုတ်တစ်သုတ်မှာ အရှင်အာနန္ဒာဟောထားတာရှိတယ်၊ ပထမသမထအားထုတ်တယ်၊ နောက်တော့ ဝိပဿနာအားထုတ်ပြီး မဂ်ဖိုလ်ရတယ်၊ ဒါကတစ်မျိုး၊ ဝိပဿနာအားထုတ်ပြီးတော့ မဂ်ဖိုလ်ရတယ်၊ ဒါက တစ်မျိုးလို့ နှစ်မျိုး ရှိတယ်။

သမထယာနိက ဆိုတာ သမထကို ယာဉ်သဖွယ် အသုံးပြုပြီးတော့ မဂ်ဖိုလ် ရအောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ကို သမထယာနိကလို့ခေါ်တယ်၊ အဲဒီ သမထယာနိက ပုဂ္ဂိုလ်ဆိုရင် သူက သမထကို အရင်အားထုတ်လိမ့်မယ်၊ သမထအားထုတ်လို့ ဈာန်တွေဘာတွေရမယ်၊ အဲသလိုရပြီးတဲ့နောက်မှ အဲဒီဈာန်ကိုပဲ ဖြစ်ဖြစ်၊ သို့မဟုတ် ဈာန်ဝင်စားရာ ဈာန်ကထပြီးတော့ တေဘူမကသင်္ခါရကိုရှုပြီး ဝိပဿနာရှုပြီးတော့ မဂ်ဖိုလ်ရတယ်။ အဲသလို ပုဂ္ဂိုလ်မျိုးကို သမထယာနိကလို့ ခေါ်တယ်။

သူက ပထမသမထအားထုတ်တယ်၊ အားထုတ်ပြီးတော့ တွေ့တဲ့ ဥပစာရ သမာဓိ၊ အပ္ပနာသမာဓိဆိုတဲ့ သမာဓိတွေရတယ်၊ ဈာန်ရတယ်ပြောပါတော့၊ ရပြီးတဲ့နောက်မှ ဈာန်ဝင်စားတယ်၊ ဈာန်ဝင်စားရာကနေ ဈာန်ကထပြီးတော့ ဒီဈာန်ကိုပဲပြန်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုမယ်၊ သို့မဟုတ် တခြားတေဘူမက သင်္ခါရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုပြီးတော့ မဂ်ဖိုလ်ဆိုက်သွားတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို သမထယာနိကလို့ခေါ်တယ်။

ဝိပဿနာယာနိက ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲသလို ဈာန်ရအောင် အားမထုတ်တော့ဘူး၊ စစချင်း ဝိပဿနာပဲအားထုတ်တယ်၊ အဲဒီလို ဝိပဿနာအားထုတ်လို့တော်တော်လေး အသားကျတဲ့အခါကျတော့ သမာဓိရတယ်၊ အဲဒီသမာဓိကိုပဲ သမထလို့ခေါ်နိုင်တယ်၊ ဒါဟာ သမထကမ္မဋ္ဌာန်းပြောတာမဟုတ်ဘူး၊ သမာဓိကိုပဲ ပြောတာ။

အဲဒီဝိပဿနာ သမာဓိက ဘာသမာဓိလဲဆိုရင် ခဏိကသမာဓိ လို့ခေါ်တယ်။ တစ်ခဏမျှတည်တဲ့ သမာဓိပေါ့၊ အဲဒီသမာဓိရပြီးတော့ အဲဒီသမာဓိကနေ ဝိပဿနာ ဉာဏ်အဆင့်ဆင့် တက်ပြီးတော့ မဂ်ဖိုလ်ရတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို ဝိပဿနာယာနိကလို့ခေါ်တယ်။

အဲဒီတော့ မြတ်စွာဘုရား အလိုတော်ကဘာလဲဆိုရင် သမထဟာ ဝိပဿနာရဲ့ အခြေခံဖြစ်စေရမယ်ပေါ့၊ သမထသက်သက်က နိဗ္ဗာန်ကို ရောက်အောင် မပို့နိုင်ဘူး၊ သမထသက်သက်ရပြီး နောင်အခါမှာ သမထက ပြန်လျောကျပြီး ပရမ်းပတာဖြစ် တာတွေဝတ္ထုကြောင်းတွေရှိတယ်။

[စာမျက်နှာ-171] ဒါကြောင့်မို့ သမထကမ္မဋ္ဌာန်းဟာ အားမထုတ်ကောင်းတဲ့ ကမ္မဋ္ဌာန်းတော့ မဟုတ်ဘူး၊ သို့သော် သမထကမ္မဋ္ဌာန်း သက်သက်ကိုသာ အားထုတ်ပြီး ကျေနပ်နေဖို့ မဟုတ်ဘူး၊ သမထအားထုတ်ပြီးလည်း ဝိပဿနာကိုသွားရမယ်၊ အဲဒါ သမထဟာ ဝိပဿနာရဲ့ အခြေခံဖြစ်မှသာ မြတ်စွာဘုရား အလိုတော်ကျမယ်၊ သမထသက်သက်ပဲ အားထုတ်ပြီး ကျေနပ်နေမယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ဘူး။

ဒါကြောင့်မို့ သမထသက်သက်က နိဗ္ဗာန်ကို မပို့ဆောင်နိုင်ဘူး၊ ဝိပဿနာကသာ နိဗ္ဗာန်ကို ပို့ဆောင်နိုင်တယ်၊ ဒါလေးမှတ်ထားရမယ်၊ အခုသမထကမ္မဋ္ဌာန်း ပြောကြစို့။

သမထကမ္မဋ္ဌာန်း ၄၀-ရှိတယ်လို့ အဆိုရှိတယ်၊ အဲဒီသမထကမ္မဋ္ဌာန်း ၄၀-ကို အရင်မှတ်ရမယ်။
(၁) ကသိဏ ၁၀-ပါး (၂) အသုဘ ၁၀-ပါး (၃) အနုဿတိ ၁၀-ပါး (၄) အပ္ပမညာ ၄-ပါး (၅) သညာ ၁-ပါး (၆) ဝဝတ္ထာန ၁-ပါး (၇) အာရုပ္ပ ၄-ပါး, အားလုံးပေါင်းလိုက်ရင် သမထကမ္မဋ္ဌာန်း အမျိုးပေါင်း ၄၀-ရှိတယ်။ အဲဒီထဲက ကြိုက်တာရွေးပြီး ပွားများအားထုတ်ဖို့ပဲ။

အဲဒီမှာ ကသိုဏ်း ၁၀-ပါးတဲ့, ပထဝီကသိဏ, (မြေကသိုဏ်း)၊ အာပေါကသိဏ (ရေကသိုဏ်း)၊ တေဇောကသိဏ (မီးကသိုဏ်း)၊ ဝါယောကသိဏ (လေကသိုဏ်း) ဒါက ဓာတ်ကြီး ၄-ပါး ကသိုဏ်း။

ပြီးတော့ နီလကသိဏ, ပီတကသိဏ, လောဟိတကသိဏ, ဩဒါတကသိဏ, သူက အရောင်ကသိုဏ်း, အညို, အဝါ, အနီ, အဖြူ။

အာကာသကသိဏတဲ့, ဒါကပြူတင်းပေါက်တို့လို ဟင်းလင်းပေါက်ပေါ့လေ။

အာလောကကသိဏတဲ့, အဲဒါက အရောင်အလင်း, အဲသလိုကသိုဏ်း ၁၀-မျိုးရှိတယ်၊ ကသိုဏ်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က အလုံးစုံဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ လုံးစုံမကြွင်းပျံ့နှံ့ခြင်းကို ကသိုဏ်းဟုခေါ်သည်။

ကသိုဏ်းရှုတဲ့အခါမှာ မြေကသိုဏ်းဆိုရင်လဲ မြေကသိုဏ်းဝန်းကို အပြည့်အစုံ အကုန်လုံးရှုရမယ်၊ အစိတ်အပိုင်းလေးတင် မရှုရဘူး၊ အဲသလို အကုန်ရှုရတဲ့အတွက်ကြောင့် ဒီကမ္မဋ္ဌာန်းတွေကို ကသိုဏ်းလို့ခေါ်တယ်၊ ကသိဏဆိုတဲ့ ပါဠိစကားက အလုံးစုံ အားလုံးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ နောက်တော့ အကျယ်လာပါလိမ့်ဦးမယ်။ အခုတော့ သရုပ်ပေါ့။

ကသိုဏ်းဝန်းလုပ်၊ မြေကြီးကိုကြည့်ပြီးတော့ မြေကြီး, မြေကြီး, မြေကြီးနဲ့

[စာမျက်နှာ-172] ဒီလိုချည်းအကြိမ်ပေါင်းများစွာ ပွားများနေတယ်၊ မြေကသိုဏ်းဝန်းကနေ စိတ်မထွက်သွားဘူး၊ စိတ်တည်ငြိမ်အောင်လုပ်ပြီး ပွားများတာ၊ အဲသလို ပွားများတာကို မြေကသိုဏ်းပေါ့၊ ရေကသိုဏ်းကျတော့လည်း ရေကိုပွားများတာ၊ ဒါ တွေ့လာလိမ့်မယ်။

အဲသလို ကသိုဏ်း ၁၀-မျိုးရှိတယ်၊ အဲဒီထဲက ကသိုဏ်းတစ်ခုခုကို အားထုတ်ပြီး ဈာန်ရအောင်လုပ်လို့ရတယ်။

နောက် ၁၀-ခုက အသုဘ ၁၀-ပါးတဲ့ အသုဘ ၁၀-ပါးဆိုတာ လူသေကောင်ကိုရှုတာပဲ၊ လူသေကောင်မှာ သေပြီးတဲ့နောက် အခြေအနေအမျိုးမျိုးဖြစ်တယ်၊ အဲဒီအခြေအနေ ၁၀-မျိုးထိအောင်ထားတယ်။

ပထမက ဥဒ္ဓုမာတက ဖူးဖူးရောင်သော သူကောင်အသုဘတဲ့၊ အခုခေတ်မှာတော့ အသုဘကမ္မဋ္ဌာန်း ရှုနိုင်ဖို့ မလွယ်တော့ဘူး၊ လူသေကောင် ဒီအတိုင်းထားတာမှ မဟုတ်ပဲ၊ ထားလို့လည်းမရဘူး၊ ဥပဒေကလည်း ခွင့်မပြုဘူး၊ အထူးသဖြင့် လူသေကောင်ကို မထားရတော့ လူသေရှုလို့ မဖြစ်ဘူး၊ တခြားအကောင်တွေ ဆိုရင်တော့ ရမှာပဲ။

သို့သော် လူကိုရှုရတာက ဘာကြောင့်လဲဆိုတော့ အဲဒီလူကိုရှုပြီးရင် ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီး apply လုပ်ယူရမယ်၊ သတိပဋ္ဌာန်သုတ်မှာလည်း အသုဘကမ္မဋ္ဌာန်းပါတယ်၊ အဲဒီကျတော့ တကယ်လူကောင်ကို သွားမရှုလည်းဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် စိတ်ကူးနဲ့ပေါ့လေ၊ လူဟာ သေပြီး ၂-ရက် ၃-ရက်နေရင် ဖူးဖူးယောင်လာတယ်ဆိုတဲ့ဟာကို စိတ်နဲ့မြင်အောင် ကြည့်ပြီးတော့ အဲဒီသဘောအတိုင်းပဲ ငါ့ခန္ဓာကိုယ်မှာလည်းရှိတယ်၊ ငါ့ခန္ဓာကိုယ်ဟာလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ အဲသလို ရှုတယ်။

ဒါပေမယ့် အခုဒီမှာ သမထကမ္မဋ္ဌာန်းအနေနဲ့ အားထုတ်တယ်ဆိုရင် တကယ့်ကို လူသေကောင်ကြီးသွားကြည့်ရတာ၊ ဒါဟာ ဖူးဖူးရောင်တဲ့လူသေကောင်တဲ့၊

ဝိနီလက ညိုညိုမည်းမည်း အဆင်းရှိသောလူသေကောင်တဲ့ နောက်ကျတော့ ဝိပုဗ္ဗက ယိုစီးလာသော ပြည်ရှိသောလူသေကောင်၊ (အရည်တွေထွက်နေပြီပေါ့) ဒါမျိုးဆိုရင် မြန်မာပြည်မှာ တစ်ခါတလေတွေ့မယ်၊ အသုဘပင့်တော့ လိုက်ရတယ်မဟုတ်လား။ အဲသလို ဖြစ်တာမျိုးတွေ့ရတယ်၊ အရည်တွေထွက်ပြီး နံနေတာ။

ဝိစ္ဆိဒ္ဒက ဓားလက်နက်စသည်ဖြင့် အလယ်၌နှစ်ပိုင်းဖြတ်အပ်သောသူကောင် အသုဘတဲ့၊ အလယ်ပြတ်နေတာပေါ့၊ လက်နက်တစ်စုံတစ်ခုနဲ့ ခုတ်ထားလို့။

[စာမျက်နှာ-173] ဝိက္ခာယိတက ခွေးစသည်တို့ကိုက်ခဲ၍ ထားအပ်သောသူကောင်အသုဘတဲ့၊ ခွေး မြေခွေး၊ လာစားတဲ့ လူသေကောင်ပေါ့။

ဝိက္ခိတ္တက ခွေး, ကျီး, လင်းတ စသည်တို့ကိုက်ချီစားသောက်၍ ပစ်လွှင့်ထားအပ်သော သူကောင်အသုဘ၊ ဟိုနားဒီနား ဖရိုဖရဲ ကြံနေတဲ့ အသုဘပေါ့။

ဟတဝိက္ခိတ္တက ရန်သူစသည် ဓားသန်လျက်ဖြင့် ကိုယ်တခြား, ခေါင်းတခြား, ခြေတခြား လက်တခြား ဖြတ်တောက်လျက် အထူးထူးသော အရပ်၌ ဖရိုဖရဲပစ်ထားအပ်သော သူကောင်အသုဘ။

လောဟိတက ယိုစီးသောသွေးရှိသော သူကောင်အသုဘ, ပုဠုဝက ပိုးလောက်တို့ဖြင့် ပြည့်သော သူကောင်အသုဘ၊ နောက်ဆုံးက အဋ္ဌိက အရိုးစုမျှသာဖြစ်သော သူကောင်အသုဘ။

အဲဒီ ၁၀-မျိုးထဲက ကိုယ်ကြိုက်ရာတစ်ခုကိုရှု၊ သို့မဟုတ်ရင် သူသေကောင်တစ်ခုကိုပဲ ဖော်ပြထားတဲ့အတိုင်း ဖူးဖူးရောင် အဆင့်ကနေ အရိုးစုအဆင့်အထိ ရှု။

တချို့ကျလည်း အကုန်လုံး အားထုတ်ရမယ်လို့ မဆိုလိုဘူး၊ ဒီထဲကတစ်ခုခုကို အားထုတ်တယ်၊ များသောအားဖြင့် အရိုးစုကို အားထုတ်တာများတယ်၊ ရှေးတုန်းကတော့ ဘုန်းကြီးကျောင်းတွေမှာ လူရိုးအစစ်ကိုထားပြီးတော့ ရှုတာ၊ အခုခေတ်တော့ လွယ်ပါတယ်၊ လူရိုးပုံစံ ပလတ်စတစ်နဲ့ လုပ်ထားတာရှိတယ်၊ အဲဒါတွေကြည့်လည်း ဆိုးတော့ မဆိုးပါဘူး၊ အသုဘသညာတော့ရနိုင်ပါတယ်၊ အစစ်တော့ မဟုတ်ဘူးလေ။

အမှန်တော့ ခန္ဓာကိုယ်ကြီး မတင့်တယ်ဘူးလို့ ရှုတဲ့ ကမ္မဋ္ဌာန်းကို အသုဘကမ္မဋ္ဌာန်းခေါ်တာပဲ၊ နောက်နားကျတော့ စရိုက်ဆိုတာ လာလိမ့်မယ်၊ စရိုက်နဲ့ညှိပြီးတော့ ဘယ်စရိုက်က ဘယ်ကမ္မဋ္ဌာန်းနဲ့တော်တယ်ဆိုတာ လာလိမ့်မယ်၊ အဲဒီတော့ အသုဘကမ္မဋ္ဌာန်း အားထုတ်တာကတော့ ကိုယ်ခန္ဓာကို တွယ်တာမှု နည်းအောင် တွယ်တာမှုကင်းအောင် အားထုတ်တာ။

ဒါကြောင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဟောပြောရတာ အခုခေတ်နဲ့ဆိုရင် ဆန့်ကျင်ဖက်ကြီး ဖြစ်ဖြစ်နေတယ်၊ အခုခေတ်လူတွေက ခန္ဓာကိုယ်ကိုပဲ သာယာနေတာ love yourself။

ဒီနိုင်ငံ(အမေရိကန်)ရဲ့ ညွှန်ကြားချက်တွေက လေ့ကျင့်ခန်းလုပ်ပါ ဘာညာနဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး သာယာနေတာ၊ ငါ့ခန္ဓာကိုယ်ကြီး လှလာပြီ၊ အချိုးအစားကျလာပြီ ပိန်သွားပြီစသည်ဖြင့်ပေါ့၊ အဲသလိုလုပ်နေတာ၊ ဗုဒ္ဓဘာသာက ခန္ဓာကိုယ်ကို

[စာမျက်နှာ-174] အသုဘအဖြစ် ရှုရမယ်ဆိုတော့ ဒီနိုင်ငံလူတွေနဲ့ အတော်ကို ခက်နေတာ။

ဒီလိုမှ မရှုရင် တစ်ခုခုဖြစ်လာရင် သူတို့သိပ်စိတ်ဆင်းရဲတာ၊ ကိုယ့်ကိုကိုယ် သာယာနေတဲ့လူမှာ ရောဂါတစ်ခုခုဖြစ်လိုက်ရင် ကျိုးပဲ့လိုက်ရင် သူတို့မှာ အကြီးအကျယ် စိတ်ဆင်းရဲမှုဖြစ်တယ်။

တချို့တွေက insure လုပ်ထားတယ် မဟုတ်လား၊ သူတို့ ခန္ဓာကိုယ်တို့၊ ပေါင်တန်လှတဲ့ မိန်းမက ပေါင်ကို insure လုပ်ထားတာရှိတယ် မဟုတ်လား၊ ရယ်တော့ရယ်စရာပဲ၊ အဲဒီမိန်းမပေါင်ကျိုးသွားပါပြီတဲ့၊ အကောင်းပြန်ဖြစ်မှာလား၊ ပိုက်ဆံတော့ရမှာပေါ့။

အဲဒီတော့ အဲသလို တွယ်တာမှု စွဲလန်းမှုနည်းအောင် ခန္ဓာကိုယ်ကို အပြစ်ရှုရတယ်၊ ကိုယ့်ကိုကိုယ်တွယ်တာမှု နည်းအောင် တင်မဟုတ်ဘူး၊ သူများအပေါ်လည်း တွယ်တာမှုနည်းအောင် ခန္ဓာကိုယ်ကို အသုဘအဖြစ် ရှုရတာ။

ရိုးရိုးအနေအတိုင်း ပြောရမယ်ဆိုရင် မိန်းမက ယောက်ျားကိုမြင်ပြီးတော့ တွယ်တာမှုဖြစ်တယ်၊ ယောက်ျားက မိန်းမကိုမြင်ပြီးတော့ တွယ်တာမှုဖြစ်တာ၊ အဲသလို တွယ်တာမှုနည်းအောင်လို့လည်း အသုဘရှုပေးရတယ်။

အနုဿတိ ၁၀-ပါးတဲ့၊ ဒါကကောင်းတဲ့ ကမ္မဋ္ဌာန်းပေါ့လေ၊ အသုဘကမ္မဋ္ဌာန်းကတော့ လန့်စရာကြီး၊ ကြောက်တတ်တဲ့သူဆိုရင် အသုဘကမ္မဋ္ဌာန်းရှုလို့မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ သုသာန်သွားရတာကိုး။

ဗုဒ္ဓါနုဿတိတဲ့၊ မြတ်စွာဘုရား၏ဂုဏ်တော်ကို အဖန်တလဲလဲအောက်မေ့ခြင်း အခုပုတီးစိတ်ကြတာတွေဘာတွေပေါ့၊ ဘုရားဂုဏ်တော်ပုတီးစိပ်တယ်ဆိုတာ တွေဟာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပါ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်ခါတလဲလဲ အောက်မေ့နေတာကို ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းလို့ခေါ်တယ်။

ဓမ္မာနုဿတိဆိုတာက တရားဂုဏ်တော်တွေကို အဖန်တလဲလဲ အောက်မေ့တာ၊ သံဃာနုဿတိဆိုတာက သံဃာတော်တွေရဲ့ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာ။

သီလာနုဿတိ, မိမိရဲ့သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာ၊ ကိုယ်က သီလကို စင်ကြယ်အောင် စောင့်ထိန်းလာတဲ့အခါကျတော့ မိမိရဲ့ သီလစင်ကြယ်မှုကို ပြန်ပြီးဆင်ခြင်တယ်၊ ပြန်ဆင်ခြင်ပြီးတော့ ငါအရတော်ပေတယ်လို့ ဝမ်းမြောက်ဝမ်းသာဖြစ်တာ၊ အဲဒါကို သီလာနုဿတိလို့ခေါ်တယ်၊ ကိုယ်က သီလမစင်ကြယ်ရင် သီလာနုဿတိလုပ်လို့ မရဘူး။

[စာမျက်နှာ-175] စာဂါနုဿတိဆိုတာက မိမိရဲ့ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊ အလှူအတန်းပြုပြီးတဲ့အခါမှာ မိမိရဲ့ စာဂဂုဏ်ကို ပြန်အောက်မေ့ပြီး ကုသိုလ်ဖြစ်တာ၊ ဒါဟာ စာဂါနုဿတိကမ္မဋ္ဌာန်းပဲ။

ဒါကြောင့်မို့ အလှူတစ်ခုလှူပြီးရင် အမှုမဲ့ အမှတ်မဲ့ မနေပဲ အထပ်ထပ် သတိရပါဆိုတာ ဒါကိုပြောတာ၊ ခဏ ခဏပြန်သတိရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ဆိုရင် ဒါကိုက ကုသိုလ်ပွားတာ၊ စာဂါနုဿတိ ကမ္မဋ္ဌာန်းဖြစ်တယ်၊ မိမိရဲ့ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာ။

ဒေဝတာနုဿတိတဲ့၊ နတ်တို့ကို သက်သေအရာထား၍ နတ်တို့၏သဒ္ဓါစသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါစသောဂုဏ်ကို အဖန်တလဲလဲအောက်မေ့ခြင်း။

ဒါက နတ်ပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေဆိုတာ သဒ္ဓါတရား, စာဂတရား စတဲ့ကောင်းတဲ့အကျင့်တွေရှိလို့ နတ်ပြည်ကို ရောက်သွားကြတာ၊ အဲဒီနတ်တွေမှာ ရှိတဲ့ အကျင့်မျိုး ငါ့မှာလည်းရှိတယ်လို့ ဒီလိုနတ်တွေကို သက်သေအရာထားပြီးတော့ သူတို့ရဲ့ သဒ္ဓါတရားမျိုး ငါ့မှာလည်းရှိတယ်၊ ငါအရတော်ပေတယ်လို့ အဲဒီလို မိမိရဲ့ သဒ္ဓါစတဲ့ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာကို ဒေဝတာနုဿတိလို့ ခေါ်တယ်။

အမှန်မှာတော့ နတ်ရဲ့ ဂုဏ်ကို အောက်မေ့တာ မဟုတ်ဘူးနော်၊ မိမိရဲ့ ဂုဏ်ကို အောက်မေ့တာ၊ နတ်ကိုသက်သေအရာထားပြီးတော့ နတ်တွေဟာ သဒ္ဓါစတဲ့ ကောင်းဂုဏ်တွေနဲ့ ပြည့်စုံလို့ နတ်ဘဝရောက်သွားကြတယ်၊ အဲဒီဂုဏ်မျိုးတွေ ငါ့မှာလည်းရှိတယ်၊ အဲဒီလို အဖန်တလဲလဲ အောက်မေ့တာ။

ဥပသမာနုဿတိ, နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာ၊ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံပြုတာမျိုးတော့ မဟုတ်ဘူး၊ တိုက်ရိုက်အာရုံပြုတာက မဂ်ရောက်သွားမယ်၊ သို့သော် နိဗ္ဗာန်ကိုမှန်းပြီးတော့ နိဗ္ဗာန်ရဲ့ ငြိမ်းအေးတဲ့ဂုဏ်ကို (ဥပသမာဆိုတာ ငြိမ်းအေးတာ) အဖန်တလဲလဲ အောက်မေ့တာ၊ ကိလေသာကင်းတယ်, ဒုက္ခဆင်းရဲကင်းတာဟာ ဥပသမာဂုဏ်ပဲ။

မရဏာနုဿတိတဲ့၊ ကျမ်းဂန်မှာတော့ မရဏသတိလို့သုံးတယ်၊ သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့တာ၊ ငါ့အသက်ဟာ တစ်နေ့သေလိမ့်မယ်လို့ အဲသလို သေခြင်းတရားကို အဖန်တလဲလဲအောက်မေ့တာ၊ အသုဘနဲ့ မတူဘူးနော်၊ အသုဘက ခန္ဓာကိုယ်ဟာနှစ်သက်စရာ မဟုတ်ဘူး ဆိုတာကို ရှုတာ၊ မရဏာနုဿတိကတော့ ငါ့အသက်ဟာ မမြဲဘူး၊ သေခြင်းတရားဟာ သေချာတယ်၊ တစ်နေ့

[စာမျက်နှာ-176] ငါသေလိမ့်မယ်လို့ ဒီလိုသေခြင်းတရားကို နှလုံးသွင်းတာ။

ကာယဂတာသတိ၊ ဒါက ၃၂-ကောဋ္ဌာသကို ဆင်ခြင်တာ၊ ဆံပင်အစရှိသော ၃၂-ပါးသော ကောဋ္ဌာသကို ရွတ်ဆိုနှလုံးသွင်းတာ၊ ဆံပင်, အမွေး၊ သွား, ခြေသည်း လက်သည်း စသည်ဖြင့်ပေါ့၊ ဒါလည်းပဲ ခန္ဓာကိုယ်တွယ်တာမှုနည်းအောင် လုပ်တဲ့ ကမ္မဋ္ဌာန်းပဲ။

အာနာပါနဿတိ၊ ထွက်သက်ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်းသတိ၊ စိတ်ကို နှာသီးဖျား (နှာခေါင်းဝ)မှာထား၍ ထွက်တာဝင်တာကိုမှတ်တာ၊ အဲဒါကို အာနာပါနဿတိလို့ခေါ်တယ်။

ဒီ ၁၀-မျိုးကို အနုဿတိ (အဖန်တလဲလဲအောက်မေ့ခြင်း)လို့ ခေါ်တယ်၊ အနုဿတိ ၁၀-ပါးတဲ့။

အပ္ပမညာ ၄-ပါးတဲ့၊ အပ္ပမညာ ၄-ပါးဟာ ဗြဟ္မာစိုရ်တရား ၄-ပါးနဲ့ အတူတူပဲ၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ။

မေတ္တာဆိုတာ အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခြင်းမေတ္တာ။

မေတ္တာပို့တဲ့အခါမှာ သတ္တဝါအားလုံးကို ပို့ရတာ၊ သတ္တဝါအားလုံးကို မပို့နိုင်ရင် မေတ္တာအစစ် မဖြစ်ဘူး၊ သူတို့ကို အပ္ပမညာလို့ခေါ်တယ်၊ အပ္ပမညာဆိုတာ အပိုင်းအခြားမရှိဘူး၊ အတိုင်းအတာမရှိဘူး၊ အပိုင်းအခြား အတိုင်းအတာဆိုတာဟာ သူတို့ရဲ့ အာရုံဟာ အပိုင်းအခြားမရှိဘူး။

ဒါကြောင့် မေတ္တာပို့တဲ့အခါမှာ ပထမ မိမိကိုယ်ကို ပို့တယ်၊ နောက်တော့ ဆရာသမားမိဘစသည် ရောက်သွားပြီးတော့ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ရောက်သွားတယ်၊ အဲဒီလိုရောက်သွားမှ မေတ္တာဟာ တကယ်မှန်ကန်တဲ့ မေတ္တာဖြစ်တယ်၊ သို့သော်စတဲ့ အခါကျတော့ မိမိနဲ့စရတယ်၊ ကိုယ့်ကိုကိုယ် မေတ္တာပို့တယ်။ မိမိနဲ့ နီးစပ်တဲ့ လေးစားအပ် ချစ်ခင်အပ်တဲ့ ပုဂ္ဂိုလ်ပို့ရတယ်၊ နောက်တော့မချစ်မမုန်း ပုဂ္ဂိုလ်ပို့ရတယ်၊ နောက်တော့ မုန်းတဲ့ပုဂ္ဂိုလ်ပို့ရတယ် နောက်တော့ အားလုံးသတ္တဝါတွေ ပို့ရတယ်။

ကရုဏာ၊ အတိုင်းမသိသော ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားခြင်းတဲ့၊ သနားခြင်းကရုဏာကျတော့ ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြုတယ်၊ ပျော်ရွှင်နေတဲ့ ကောင်းစားနေတဲ့လူကို ကိုယ်က ကရုဏာဖြစ်ဖို့ မရှိဘူး၊ ဆင်းရဲဒုက္ခ ရောက်နေတဲ့ သတ္တဝါကို ကြည့်ပြီးတော့ ကိုယ်မှာ သနားခြင်းဖြစ်နိုင်တယ်။

[စာမျက်နှာ-177] ဒါကြောင့်မို့ အတိုင်းမသိသော ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းတဲ့၊ အဲဒါကို ကရုဏာလို့ခေါ်တယ်။

ဒီနေရာမှာ ကျမ်းဂန်မှာ ပြောထားတာကတော့ (ဝိသုဒ္ဓိမဂ် ဖတ်ချင်ဖတ်ကြည့်) ကောင်းစားနေတဲ့သူကို ကြည့်ပြီးတော့ ကရုဏာပွားလို့ ရတာပဲတဲ့၊ ဘာကြောင့်လဲ ဆိုရင် သူတစ်နေ့သေဦးမှာပဲ, သနားစရာသတ္တဝါပဲ, ပြီးတော့ကောင်းစားနေတယ် ဆိုပေမယ်လို့ အိုခြင်း, နာခြင်း, အမြဲတမ်း နှိပ်စက်နေတာ ခံရတဲ့သူပဲ၊ သူလည်း ဒုက္ခခံနေရတဲ့ သူပဲလို့ အဲသလို ဆင်ခြင်နှလုံးသွင်းပြီး ကရုဏာပွားလို့ရတယ်။

မုဒိတာဆိုတာက အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း၊ သူများကောင်းစားနေတာကို ကြည့်ပြီး ဝမ်းမြောက်နေတာကို ဆိုလိုတယ်၊ ဣဿာနဲ့ ပြောင်းပြန်ပဲ၊ ဣဿာက သူများကောင်းစားတာ မနာလိုဘူး၊ မုဒိတာက သူများကောင်းစားနေတာကို ဝမ်းမြောက်ဝမ်းသာဖြစ်တယ်၊ ဒါကို သုခိတသတ္တဝါပညတ် (ချမ်းသာခြင်းသို့ရောက်နေတဲ့သတ္တဝါ)တွေကိုကြည့်ပြီးတော့ ဝမ်းမြောက်တဲ့သဘောကို မုဒိတာလို့ခေါ်တယ်။

ဥပေက္ခာဆိုတာက အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ လစ်လျူရှုခြင်း၊ ချစ်ခြင်း မုန်းခြင်း မဖြစ်အောင် အလယ်အလတ်မှာ နေနိုင်အောင်၊ လစ်လျူရှုတဲ့ သဘောကို ဥပေက္ခာလို့ခေါ်တယ်၊ ဥပေက္ခာကတော့ အပ္ပမညာ ၄-ပါးထဲမှာ အထက်တန်းအကျဆုံး။

အဲဒီ ၄-မျိုးကို ဗြဟ္မဝိဟာရ, ဗြဟ္မစိုရ်တရား ၄-ပါးလို့ခေါ်တယ်၊ ဗြဟ္မဝိဟာရလို့ ခေါ်တာကတော့ ဗြဟ္မာတွေဟာ ဒီ ၄-မျိုးနဲ့ နေကြတယ်တဲ့၊ ဗြဟ္မာမှာ တခြားလုပ်ငန်းလည်း ရှိဟန်မတူပါဘူး၊ အဲသလို မေတ္တာ ကရုဏာ, မုဒိတာ, ဥပေက္ခာပွားများပြီးနေတဲ့အတွက်ကြောင့်မို့ အပ္ပမညာ ၄-ပါးကို ဗြဟ္မဝိဟာရတရား ၄-ပါးလို့ ခေါ်တယ်၊ မြန်မာကတော့ စာရသဒ္ဒါကနေ စိုရ်လုပ်ပြီး ဗြဟ္မစိုရ်တရား ၄-ပါးလို့ အဲသလို သုံးတယ်။

၅၂၈-သွယ် မေတ္တာတဲ့၊ ဒါက နားလည်ရင်တော့ကောင်းတယ်၊ ၅၂၈ သွယ် မေတ္တာကို နားလည်ဖို့က သဗ္ဗေသတ္တာ, သဗ္ဗေပါဏာဆိုတာကို နားလည်ဦးမှဖြစ်မယ်၊ အဲဒါရမှ ဖြစ်မယ်။

မေတ္တာပို့တဲ့အခါကျတော့ သဗ္ဗေသတ္တာ, သဗ္ဗေပါဏာ, သဗ္ဗေဘူတာ, သဗ္ဗေပုဂ္ဂလာ, သဗ္ဗေအတ္တဘာဝပရိယာပန္နာ ဒါ (၅)မျိုး၊ ဒါက general ပေါ့။

သဗ္ဗေသတ္တာ, သဗ္ဗေပါဏာ, သဗ္ဗေဘူတာ, သဗ္ဗေပုဂ္ဂလာ, သဗ္ဗေအတ္တဘာဝ—

[စာမျက်နှာ-178] ပရိယာပန္နာဆိုတာ ရှင်းရှင်းကတော့ သတ္တဝါအားလုံးကို ဆိုလိုတာ၊ စကားလုံးသာ မတူတာ၊ ဆိုလိုတဲ့အနက်ဒြပ်ကတော့ အတူတူပဲ၊ ဒါကို အနောဓိသလို့ခေါ်တယ်။ unclassified ပေါ့။

နောက် ၇-ခုက သဗ္ဗာဣတ္ထိယော (အားလုံးသော မိန်းမတွေ) သတ္တဝါကျတော့ အမတွေပေါ့၊ လူကျတော့ မိန်းမ, ခွေးကျတော့ ခွေးမ။

သဗ္ဗေပုရိသာ (အားလုံးသောယောက်ျားတွေ)၊ သဗ္ဗေအရိယာ (အားလုံးသော အရိယာ)၊ သဗ္ဗေအနရိယာ (အားလုံးသော အရိယာမဟုတ်တဲ့ ပုထုဇဉ်တွေ)၊ သဗ္ဗေဒေဝါ (အားလုံးသောနတ်တွေ)၊ သဗ္ဗေမနုဿာ (အားလုံးသောလူတွေ)၊ သဗ္ဗေဝိနိပါတိကာ (ပြိတ္တာတို့ဘာတို့တွေ)၊ ဤ ၇-ခုကတော့ ဩဓိသ classified ပေါ့။

အဲဒီတော့ ၅-ခုနဲ့ ၇-ခုနဲ့ပေါင်းရင် ၁၂-ခုရတယ်၊ အဲဒါကို ပထမနားလည်ရမယ်၊ အဲဒီ ၁၂-မျိုးကိုမှ တစ်ခုတစ်ခုကို အဝေရာဟောန္တု ရန်မရှိကြပါစေနဲ့၊ အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲမရှိကြပါစေနဲ့)၊ အနီဃာဟောန္တု (ကိုယ်ဆင်းရဲမရှိကြပါစေနဲ့)၊ သုခိအတ္တာနံ ပရိဟရန္တု (မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေ) အဲဒီ ၄-မျိုးရှိတယ်။

အဲဒီ ၄-မျိုးကို ၁၂-မျိုးနဲ့ တစ်ခုစီတစ်ခုစီသွားလိုက်ရင် ၄၈-ရတယ်။ တစ်ခါ အဲဒီတစ်ခုတစ်ခုကို အရပ် ၁၀-မျက်နှာနဲ့ မြှောက်ရမယ်၊ ဆိုလိုတာကတော့ အရှေ့အရပ်မှာရှိတဲ့ အလုံးစုံသောသတ္တဝါတို့သည် ဘေးရန်ကင်းကြပါစေ, ကြောင့်ကျ မရှိကြပါစေနဲ့၊ ဆင်းရဲမရှိကြပါစေနဲ့၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေလို့ အရပ် ၁၀-မျက်နှာကို ၄၈-နဲ့ မြှောက် ၄၈၀-ရတယ်၊ ၄၈၀-ကို ၄၈-ထည့်လိုက် ၅၂၈-ဖြစ်တယ်၊ ၅၂၈-သွယ် မေတ္တာဆိုတာအဲဒါပဲ။ ပါဠိလိုဆိုပြီး တကယ့်မေတ္တာပို့ရင် ၄၅-မိနစ်လောက် ပို့ရတယ်။

ပရိသတ် - သံနေသံထားနဲ့ပို့ရင် ပိုကောင်းပါတယ်။

ဆရာတော် - ဒီမှာတော့ အင်္ဂလိပ်လို ၂-ခါ ၃-ခါလောက် ပို့ဖူးပြီ။ သဗ္ဗေသတ္တာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု။ သဗ္ဗေပါဏာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု စသည်ဖြင့်သွားရော၊ သွားပြီးတော့မှ အရှေ့အရပ်ဆိုရင် ပါဠိလို ပုရတ္ထိမာယ ဒိသာယ ပြန်ဆိုလိုက်ပြီးမှ သဗ္ဗေသတ္တာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု။ ---

[စာမျက်နှာ-179] အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေပါဏာ၊ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေဘူတာ အဲသလို သွားရမယ်၊ အဲသလိုဆိုရင် ၅၂၈ ကြိမ်ဖြစ်တယ်၊ ၅၂၈-မေတ္တာဟာ မြန်မာစကားဖြစ်လာတယ်၊ သန့်စင်တဲ့မေတ္တာမျိုးကို ၅၂၈ မေတ္တာလို့ခေါ်တာမှန်ပါတယ်။

ဒါပေမယ့် စကားအဖြစ်သာသုံးနေတာ၊ ၅၂၈-သွယ် မေတ္တာဟာ ဘယ်ဟာလဲ ဆိုရင် သိသူအလွန်နည်းတယ်၊ အခုလို သာမည ၅-ခု၊ ဝိသေသ အထူးက ၇-ခု၊ ဒါကို ပါဠိလို အနောဓိသ, ဩဓိသလို့ခေါ်တယ်၊ ပေါင်းလိုက်ရင် ၁၂-ခု၊ အဲဒါကို မေတ္တာပို့ ၄-မျိုးနဲ့ မြှောက် ပြီးတော့ အရပ် ၁၀-မျက်နှာနဲ့ မြှောက်ပြီးတော့ပြန်ပေါင်း၊ အဲဒီအခါ ၅၂၈-သွယ်မေတ္တာဖြစ်သည်။

ပို့ဖူးတယ်ရှိအောင် ပို့ကြည့်ကြဖို့ကောင်းတယ်, ပို့တတ်ရင်အိမ်ကျရင် ကိုယ့်ဟာကိုယ့်ပို့ကြ၊ ဘာကြောင့်လဲဆိုတော့ ၅၂၈ သွယ် မေတ္တာသာပြောနေရတာ ပို့ဖူးလားဆိုရင် မပို့ဖူးဘူးဆိုရင် အဖြေက သိပ်မကောင်းဘူး၊ ပို့ဖူးတယ်ဆိုတာ ဖြစ်သွားတာပေါ့။

ကောင်းပြီ အပ္ပမညာ ၄-ပါးပြီးတဲ့နောက် ဧကသညာတဲ့၊ သညာတစ်မျိုးတဲ့။ သညာတစ်မျိုးကဘာလဲဆိုရင် စားသောက်တဲ့ အာဟာရမှာ စက်ဆုပ်ဖွယ် ထင်အောင် ရှုတဲ့ သညာပေါ့ “မျိုစားအပ်သော အာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်သောအဖြစ်ကို အောက်မေ့ဆင်ခြင်သော အမှတ်သညာသည် အာဟာရေပဋိကူလသညာမည်၏။

ဒါလည်းပဲ အစားမက်မှာစိုးလို့ အာဟာရမှာ စွဲလမ်းတွယ်တာမှာစိုးလို့ စားတဲ့ အာဟာရကို အပြစ်ရှုပြီးတော့ စားရတာ၊ ပဋိကူလဆိုတော့ ရွံရှာဖွယ် စက်ဆုပ်ဖွယ်ဖြစ်အောင် ဆင်ခြင်ပြီးတော့ စားရတာ၊ ဒါကလည်းအတော်ခက်တယ်၊ အခုခေတ်အခါက enjoy your food ဖြစ်နေတယ်၊ စားပွဲပေါ် အစားအသောက် လာချရင် အဲသလို ပြောလေ့ရှိတယ်။

ရိုးရိုးလူတွေအနေနဲ့တော့ ဟုတ်တယ်ပေါ့လေ၊ ဘုန်းကြီးတွေအနေနဲ့ (သို့မဟုတ်) တရားထိုင်နေပြီဆိုတဲ့ အနေနဲ့ကျတော့ အာဟာရတွေကို စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်အောင် ရှုယူရမှာတဲ့၊ အမျိုးမျိုးအပြစ်ရှုရမှာပေါ့လေ၊ ဝိသုဒ္ဓိမဂ်မှာတော့ အကျယ်ရေးထားတာရှိတယ်။

ဘုန်းကြီးတွေနဲ့ ပတ်သက်ပြီး ရေးထားတာ၊ ဆွမ်းခံစားရတော့တကယ်တော့ မသွားချင်ဘူး၊ မတတ်သာလို့ သွားရတာ၊ အဲဒီတော့ သွားရတဲ့ဒုက္ခ၊ အဲဒီဒုက္ခနဲ့ နှိုင်းယှဉ်ဆင်ခြင်ပြီး အာဟာရဟာ အလကားပဲ, ဘာမှလည်း တွယ်တာစရာမရှိဘူး၊ တစ်ခါရှာရတဲ့ ဒုက္ခ၊ ပထမကျောင်းကနေ ဆွမ်းခံရွာကို သွားရတယ်၊ သွားတဲ့အခါ—

ရွှေစန္ဒာထွန်း စာပေ

[စာမျက်နှာ-180] လမ်းမှာ ခဲနင်းမိတယ်၊ အညစ်အကြေးတွေ နင်းမိတယ်, ခွေးရူးတွေဘာတွေလာမယ်, နွားတွေလာမယ်, ဒါတွေကိုကြည့်ရှောင်ရ၊ ဒီလိုဒုက္ခရောက်တာတွေရှိတယ်။

ရွာထဲရောက်တော့ ဆွမ်းခံရတဲ့ ဒုက္ခရှိတယ်၊ ဆွမ်းခံတဲ့အခါ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဘယ်သူကမှ မောင်းမဲမထုတ်ပါဘူး၊ ရှေးတုန်းကတော့ ဗုဒ္ဓဘာသာချည်းပဲ မဟုတ်တော့ မောင်းမဲတာ ဆဲဆိုတာခံရတာမျိုးလည်းရှိတာပေါ့၊ အဲဒါမျိုးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ အစာအာဟာရဟာ ဘာမှ တွယ်တာစရာမရှိဘူး၊ စားတဲ့အခါလည်း ပါးစပ်ထဲရောက်တဲ့အချိန်ကစပြီး သားရေဆိုတဲ့ တံတွေးတွေနဲ့ ရောသွားပြီးတော့ ဝါးလိုက်တဲ့အခါကျတော့ ခွေးအံဖတ်နဲ့ တူတယ်ပေါ့လေ၊ အဲသလို ဆင်ခြင်ပြီး စားရတယ်၊ အဲဒါ အာဟာရေပဋိကူလသညာ၊ ဒါလည်းကမ္မဋ္ဌာန်းတစ်မျိုးပဲ။

ဧကဝဝတ္ထာနတဲ့၊ ဒါက ဓာတ် ၄-ပါးပိုင်းခြားတာ၊ “မိမိကိုယ်၌တည်ရှိကုန်သော ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ် ၄-ပါးကို မှတ်သောအားဖြင့် ပိုင်းခြားရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်းသည် စတုဓာတုဝဝတ္ထာနမည်၏။

ပထမဆုံးဓာတ် ၄-ပါးကို နားလည်ရမယ်၊ ပထဝီဓာတ်ဆိုတာဘာလဲ အာပေါဓာတ်ဆိုတာဘာလဲ, တေဇောဓာတ်ဆိုတာဘာလဲ, ဝါယောဓာတ်ဆိုတာဘာလဲ။ ပြီးတော့မှ ဒီဓာတ် ၄-ပါးဟာ ခန္ဓာကိုယ်ကြီးမှာရှိနေတယ်၊ ငါ့ခန္ဓာကိုယ်ကြီးဟာ ဓာတ် ၄-ပါး အစုအဝေးပဲ၊ အဲသလို ဆင်ခြင်ရမယ်။

ဒီထက်ပိုပြီး ဆင်ခြင်နိုင်သေးတယ်ဆိုရင် ကေသာ, လောမာမှာ ဆံပင်ဆိုတာက ပထဝီလွန်ကဲတဲ့ ကောဋ္ဌာသ၊ မျက်ရည်တို့ ဘာတို့ကျတော့ အာပေါဓာတ်လွန်ကဲတဲ့ ကောဋ္ဌာသပေါ့၊ အဲဒီလိုဆင်ခြင်လို့ရတယ်၊ သို့သော် နောက်ဆုံးတော့ ဓာတ် ၄-ပါးကွဲသွားအောင် ဆင်ခြင်မယ်၊ ကာယဂတာသတိကတော့ ကေသာ လောမာ ဒီအတိုင်း ဆင်ခြင်နေရုံပဲ၊ စတုဓာတုဝဝတ္ထာနကျတော့ ကေသာ လောမာတွေကိုပဲ ဒါက ပထဝီလွန်ကဲတဲ့ ကောဋ္ဌာသ၊ ဒါက အာပေါလွန်ကဲတဲ့ ကောဋ္ဌာသ စသည်ဖြင့် ဓာတ် ၄-ပါးဆင်ခြင်တာကို စတုဓာတုဝဝတ္ထာနလို့ ဒီလိုခေါ်တယ်။

အဲဒီတော့ ဓာတ် ၄-ပါးမှာ အရင်တုန်းကပြောခဲ့ပြီ၊ ပထဝီဆိုတာ မြေကြီးကို ဆိုလိုတာမဟုတ်ဘူး၊ ခက်မာမှု နူးညံ့မှုသဘောကို ပထဝီခေါ်တယ်၊ အာပေါဆိုတာလဲ ရေကိုခေါ်တာ မဟုတ်ဘူး၊ ဖွဲ့စည်းတတ်တဲ့သဘောကို ခေါ်တယ်။ တေဇောဆိုတာ မီးကိုခေါ်တာမဟုတ်ဘူး၊ အပူအအေး ဥတုကိုခေါ်တယ်၊ ဝါယောကိုလေ ဆိုပေမယ်လို့ လှုပ်ရှားတဲ့သဘော, ရွေ့လျားတဲ့သဘော အဲဒါကို ခေါ်တယ်။

မိမိခန္ဓာကိုယ်ဟာ ဓာတ် ၄-ပါး အစုအဝေးပဲလို့ ဓာတ်ကြီး ၄-ပါးကို—

[စာမျက်နှာ-181] ရှုတာ၊ ဓာတ်ကြီး ၄-ပါးကိုရှုတဲ့အခါမှာလည်း ခုနလိုပဲ တွယ်တာမှု နည်းသွားတယ်။
တချို့ကျတော့ ဒီကိစ္စကို စိတ်ဆိုးတဲ့နေရာမှာသုံးတယ်၊ ကိုယ်က ပုဂ္ဂိုလ် တစ်ယောက်အပေါ်ကို စိတ်ဆိုးတယ်ဆိုရင်တော်တော်နဲ့ ဖြေလို့မရဘူး၊ ဖြေနည်းတွေ အမျိုးမျိုးရှိတယ်၊ အဲဒီနည်းတွေထဲမှာ တစ်နည်းက ဘာလဲဆိုရင် ဓာတ် ၄-ပါးနဲ့ ကပ်ဖြေတဲ့နည်းပဲ။

မင်းစိတ်ဆိုးတဲ့လူဟာ ဓာတ် ၄-ပါး အစုအဝေး၊ မင်းဟာ သူ့ရဲ့ ပထဝီဓာတ်နဲ့ စိတ်ဆိုးတာလား၊ အာပေါဓာတ်နဲ့ စိတ်ဆိုးတာလား တေဇောဓာတ်နဲ့ စိတ်ဆိုး တာလား ဝါယောဓာတ်နဲ့ စိတ်ဆိုးတာလား စသည်ဖြင့် ကိုယ့်ကိုကိုယ် မေးပြီးတော့ ဒေါသကိုဖြေယူတာ၊ ဒါကဉာဏ်ပါမှ ဒီကမ္မဋ္ဌာန်းတွေက ဉာဏ်တော်တော်လိုတယ်။

အဲသလို ဓာတ်ကြီး ၄-ပါး တကယ်ကွဲလာပြီဆိုတဲ့အခါကျတော့ သတ္တဝါဆိုတဲ့ အမှတ်ပျောက်သွားတာပေါ့၊ ဓာတ်အစုအဝေးပဲဆိုတာကို ဉာဏ်နဲ့ ခွဲလိုက်တော့ အကောင်အထည် ပျောက်သွားတယ်။
အဲသလို အကောင်အထည်ပျောက်သွားမှ ဓာတ် ၄-ပါးတကယ်ကွဲတာ, တကယ်မြင်တာဖြစ်တာ။

အာရုပ္ပ ၄-ပါးတဲ့၊ ဒါက အရူပဈာန် ၄-ပါးပြောတာ၊ “ရုပ်၏ဆန့်ကျင်ဘက် ဖြစ်သော ကောင်းကင်ပညတ်စသော လေးပါးသော အာရုံ၌ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ ၄-ပါးမည်၏” ရူပဈာန် ၅-ပါးကို ရပြီးတဲ့နောက် အရူပဈာန်ကို အားထုတ်ရမယ်၊ အရူပဈာန်အားထုတ်တယ်ဆိုတာ ရုပ်ကိုမုန်းတဲ့ ယောဂီတွေ အားထုတ်တာပဲ၊ အဲဒီတော့ ရုပ်ကိုလွန်ပြီးတော့ ကောင်းကင်ပညတ်စတဲ့ အာရုံတွေကို ကမ္မဋ္ဌာန်းအာရုံအဖြစ် ရှုပြီးတော့ အာကာသာနဉ္စယတနဈာန်ကနေပြီးတော့ နေဝသညာ နာသညာယတနဈာန်အထိရအောင် အားထုတ်သွားရမယ်၊ အဲဒီ ၄-မျိုးကို အာရုပ္ပ ၄-ပါး လို့ခေါ်တယ်။

အားလုံးပေါင်းလိုက်ရင် ကမ္မဋ္ဌာန်း ၄၀-ဖြစ်သွားတယ်၊ ပြန်ပြီးတော့ ကမ္မဋ္ဌာန်း ၄၀-ကို ကြည့်လိုက်စမ်းပါဦး၊ ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ အပ္ပမညာ ၄-ပါး၊ သညာ ၁-ပါး၊ ဝဝတ္ထာန် ၁-ပါး၊ အာရုပ္ပ ၄-ပါး၊ ကမ္မဋ္ဌာန်း ၄၀-ဆိုတာ ဒါကိုပဲ ခေါ်တယ်။
အဲဒီကမ္မဋ္ဌာန်း ၄၀-ကို အားထုတ်တဲ့အခါမှာ မိမိနဲ့သင့်လျော်တဲ့ ကမ္မဋ္ဌာန်း အားထုတ်မိဖို့လိုအပ်တယ်၊ သင့်လျော်တဲ့ကမ္မဋ္ဌာန်းမဟုတ်ရင် သမာဓိတွေ ဘာတွေရ ခဲတယ်၊ မရတာလည်းရှိနိုင်တယ်၊ ဒါကြောင့်မို့ မိမိနဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို

[စာမျက်နှာ-182] ရွေးချယ်နိုင်ဖို့ရာ စရိုက်နဲ့ ခွဲခြားထားတယ်။
လူတွေမှာ စရိုက်ရှိတယ်၊ ကျမ်းဂန်မှာစရိုက် ၆-မျိုးပြဆိုထားတယ်၊ စရိုက် ၆-မျိုးက ရာဂစရိုက်, ဒေါသစရိုက်, မောဟစရိုက်, သဒ္ဓါစရိုက်, ဗုဒ္ဓိစရိုက်, ဝိတက်စရိုက်တဲ့။

မောဟနဲ့ ဝိတက်ကို တစ်ကြောင်းထဲထားတာက အာနာပါနဿတိနဲ့ တွဲချင် လို့သာ ထားတာ၊ အမှန်က ၆-မျိုးဟာ သီးခြားနေရမယ်၊
ရာဂစရိုက်တဲ့ ဒေါသစရိုက်တဲ့၊ ဒေါသကြီးတဲ့လူဟာ ဒေါသစရိုက်ရှိတဲ့သူပဲ၊ လောဘကြီးတယ်လို့ အပြောခံရရင် ရာဂစရိုက်ရှိတဲ့သူပဲ၊ တွေဝေမှု အားကြီးတယ် အပြောခံရရင် မောဟစရိုက်ပဲ။

သဒ္ဓါတရားကောင်းတယ်, သဒ္ဓါစရိုက်၊ ပညာထက်တယ်, ဗုဒ္ဓိစရိုက်ပေါ့၊ ဝိတက်စရိုက်ရှိတဲ့သူက အတွေးများတယ်၊ ဟိုတွေးဒီတွေး အတွေးများတဲ့သူဟာ ဝိတက်စရိုက်ရှိသူပဲ၊ အဲသလို စရိုက် ၆-ပါးရှိတယ်။

အဲဒီ စရိုက် ၆-ပါးမှာလည်း ဘယ်ပုဂ္ဂိုလ်က ဘယ်စရိုက်ရှိတယ်ဆိုတာ အတိအကျသိဖို့က မြတ်စွာဘုရားမှသိတယ်၊ မြတ်စွာဘုရားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ မှန်းဆပြီးတော့ ဒီပုဂ္ဂိုလ်ရဲ့ နေထိုင်သွားလာပြောဆို စားသောက်ပုံကိုကြည့်ပြီး သိရမယ်တဲ့။

ရာဂစရိုက်ရှိသူက ဘာမဆို လှလှပပကြိုက်တယ်၊ သူ့နေရာလေးသန့်သန့် ပြန့်ပြန့်ထားတယ်ပေါ့လေ၊ သူ့ရဲ့ နေပုံထိုင်ပုံကလည်း ယဉ်ကျေးသိမ်မွေ့တယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးဟာ ရာဂစရိုက်လည်းရှိမယ်၊ သို့မဟုတ် သဒ္ဓါစရိုက်လည်း ရှိလိမ့်မယ်ပေါ့၊ လောဘပါလာရင် ရာဂစရိုက်ဘက်သွားမယ်။

ဒေါသစရိုက်ရှိတဲ့သူကျတော့ သူ့နေရာက ရှုပ်ပွေနေမယ် စသည်ဖြင့်ပေါ့။ အဲသလို သိယူရမယ်။

စရိုက် ၆-ပါးနဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းမှာ ရာဂစရိုက်ရှိသူနဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းက အသုဘ ၁၀-ပါးနဲ့ ကာယဂတာသတိတဲ့၊ ဟုတ်တာပေါ့၊ ဆန့်ကျင်ဘက်ပဲ၊ ရာဂဆိုတာက ကြိုက်နှစ်သက်တယ်။ အသုဘဆိုတာက မကောင်းတာ မတင့်တယ်တာကိုရှုတယ်၊ ကာယဂတာသတိကလည်း ဒီအတိုင်းပဲ, ရွံရှာဖွယ်ကို ရှုတယ်ဆိုတော့ ရာဂရဲ့ ဆန့်ကျင်ဘက်ပဲ။

ဒေါသစရိုက်နဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းက အပ္ပမညာ ၄-ပါးတဲ့၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဒါကို ပွားများရင် ဘယ်မှာဒေါသရှိနိုင်တော့မလဲ။

[စာမျက်နှာ-183] နီလ, ပီတ, လောဟိတ, ဩဒါတကသိုဏ်းတဲ့၊ အရောင်ဆိုတာ စိတ်ကို နူးညံ့စေတတ်တယ်။ ဒါကြောင့်အရောင်ကသိုဏ်းဟာ ဒေါသစရိုက်ရှိသူနဲ့ သင့်တော်တယ်၊ ဒီ ၄-မျိုးထဲက ကိုယ်ကြိုက်တဲ့အရောင်ရွေးပေါ့။

မောဟစရိုက်ရှိသူ ဝိတက်စရိုက်ရှိတဲ့သူနဲ့ကျတော့ အာနာပါနတဲ့၊ အာနာပါနက နွားကိုတိုင်မှာ ကြိုးနဲ့တုပ်ထားသလို လုပ်ရတာကိုး၊ စိတ်ကို နှာသီးဝမှာထားပြီးတော့ ထွက်တာဝင်တာကို မလွတ်အောင် မှတ်ရတာ၊ အဲဒီတော့ မောဟစရိုက်ရှိသူ၊ ဝိတက်စရိုက်ရှိသူနဲ့ အာနာပါန ကမ္မဋ္ဌာန်းဟာ သင့်လျော်တယ်။

သဒ္ဓါစရိုက်ရှိသူက နဂိုထဲက သဒ္ဓါတရားရှိပြီးသားဆိုတော့ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ တို့ဟာ သဒ္ဓါစရိုက်ရှိသူတွေနဲ့ သင့်လျော်တယ်။

ဗုဒ္ဓိစရိုက် (ပညာစရိုက်) ရှိသူတွေနဲ့ ပျော်တာတွေက မရဏာနုဿတိတဲ့၊ ပညာသုံးပြီးတော့ သေခြင်းတရားကို ရှုရတာ၊ ပညာနည်းတဲ့သူ မရဏာနုဿတိ အားထုတ်ရင် သေမှာကြောက်လာတတ်တယ်။ အမှန်တော့ မရဏာနုဿတိအားထုတ်ရင် သေမှာမကြောက်တော့ဘူး၊ ဒါပေမယ်လို့ ကိုယ်က ဉာဏ်မသုံးဘူး ဉာဏ်နည်းရင် သေမှာကြောက်လာတယ်၊ ဒါကြောင့်မို့ ဉာဏ်လိုတယ်။

ဥပသမာနုဿတိ၊ ဒါက နိဗ္ဗာန်အာရုံပြုရတာ၊ အလွန်ခဲယဉ်းတယ်၊ ဉာဏ်ပါမှဖြစ်မယ်၊ အာဟာရေပဋိကူလသညာ၊ ဒီအတိုင်းပဲ ခုနပြောခဲ့သလို သွားရတာနဲ့ ရှာရတာနဲ့ စားရတာနဲ့ စသည်ဖြင့် ဆင်ခြင်တယ်ဆိုရင် ဉာဏ်သုံးပြီး ဆင်ခြင်ရတယ်။ စတုဓာတုဝဝတ္ထာန်လည်း ဒီအတိုင်းပဲ၊ ပထဝီ, အာပေါ, တေဇော, ဝါယော ခွဲခြားပြီး ရှုဆင်ခြင်နိုင်တယ်ဆိုရင် ဉာဏ်ပါမှဖြစ်တယ်၊

ဒါကြောင့်မို့ အဲဒါတွေဟာ ဗုဒ္ဓိစရိုက်နဲ့ ပျော်တယ်။
ကျန်တာတွေကတော့ စရိုက် ၆-ပါးလုံးနဲ့ လျော်ပါတယ်၊ ပထဝီကသိုဏ်း, အာပေါ, တေဇော, ဝါယော, အာကာသ, အာလောကကသိုဏ်း၊ အာရုပ္ပ ၄-ပါးတဲ့။

မောဟနဲ့ ဝိတက်မှာ ဘယ်လိုကွာသေးလဲဆိုရင် အကယ်၍ ကသိုဏ်းတို့ ဘာတို့အားထုတ်တဲ့အခါမှာ မောဟစရိုက်ရှိတဲ့သူက ဘယ်လိုကသိုဏ်းမျိုး, ဝိတက်စရိုက်ရှိတဲ့သူက ဘယ်လိုကသိုဏ်းမျိုး၊ အဲဒါကို သင်္ဂြိုဟ်မှာ ပြောထားတာရှိတယ်။

မောဟစရိုက်ရှိသူအတွက် ကျယ်ပြန့်သော ကသိုဏ်းနဲ့လျော်တယ်တဲ့ ကသိုဏ်းကြီးကြီးပေါ့လေ၊ ဝိတက်စရိုက်ရှိသူအတွက်ကသိုဏ်းသေးသေးနဲ့လျော်

[စာမျက်နှာ-184] တယ်၊ စဉ်းစားများတဲ့သူဆိုတော့ ခပ်သေးသေးနဲ့ထားမှ ရမှာပေါ့၊ မောဟရှိပြီး တွေဝေတဲ့သူကတော့ ကိစ္စမရှိဘူး၊ ကသိုဏ်းကျယ်မှ ကြီးမှရတယ်။

ကောင်းပြီ အခုခေတ် ကမ္မဋ္ဌာန်း ဆရာတွေက ဘယ်သူလာလာ ထွက်သက် ဝင်သက် ရှုပါလို့ ခိုင်းနေတယ်၊ အဲဒါ ဘယ့်နှယ်သဘောရသလဲ၊ ကိစ္စမရှိဘူး ဒါ ရတယ်။

အခုလို အသုဘ ၁၀-ပါး၊ ကာယဂတာသတိဟာ ရာဂစရိုက်ရှိသူနဲ့လျော်တယ်။ အပ္ပမညာ ၄-ပါးဟာ ဒေါသစရိုက်ရှိသူနဲ့ လျော်တယ်ပြောတာကတော့ အကောင်းဆုံး ကိုပြောတာ၊ သူတို့က ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကို အားထုတ်ရင် တကယ့်ကို ရာဂကို ပယ်နိုင်မယ်၊ ဒေါသကို ပယ်နိုင်မယ်။ အဲဒီလို ဆန့်ကျင်ဘက်ဖြစ်ပြီး အကောင်းဆုံးဖြစ်တဲ့ အတွက်ကြောင့် ပြောထားတာ။

ဒါပေမယ်လို့ ကမ္မဋ္ဌာန်းမှန်ရင် ဘယ်ကမ္မဋ္ဌာန်းမဆို နီဝရဏတွေကို မငြိမ်း စေနိုင်တဲ့ ကမ္မဋ္ဌာန်း မရှိဘူး၊ ရာဂ, ဒေါသ, မောဟကို နည်းအောင် မလုပ်နိုင်တဲ့ ကမ္မဋ္ဌာန်း မရှိဘူး၊ အဲဒါကြောင့်မို့ သာမညအားဖြင့်ပြောမယ်ဆိုရင် ဘယ်သူမဆို ဘယ်ကမ္မဋ္ဌာန်းကိုပဲ အားထုတ်အားထုတ် ရတယ်။

သို့သော်ပိုပြီး အကျိုးများချင်တယ်, ပိုပြီးတော့ effective ဖြစ်ချင်တယ် ဆိုရင်တော့ ကိုယ်နဲ့လျော်တဲ့ ကမ္မဋ္ဌာန်းရွေးပြီး အားထုတ်ရင် ပိုပြီးတော့ မြန်မြန် ပေါက်ရောက်နိုင်တယ်လို့ ဆိုလိုတယ်။

ဒါကြောင့်မို့ ဒီဟာနဲ့ မကိုက်ညီဘူးဆိုပြီးတော့ အပြစ်မတင်မိကြစေနဲ့၊ ဒီမှာဆိုထားတာက အာနာပါန, မောဟစရိုက်, ဝိတက်စရိုက်ရှိသူတွေနဲ့သာ လျော်တယ်လို့ ဆိုထားတယ်။

[စာမျက်နှာ-185]
ကမ္မဋ္ဌာန်း ၄၀ ကို ဘာဝနာ ၃-ပါးနှင့် တွဲစပ်ပုံ
ဘာဝနာသည် (၁) ပရိကမ္မဘာဝနာ (၂) ဥပစာရဘာဝနာ (၃) အပ္ပနာဘာဝနာဟု ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မဘာဝနာ = ကသိုဏ်းဝန်းပရိကမ္မနိမိတ်ကို အာရုံပြု၍ အကြိမ်များစွာ “ပထဝီ, ပထဝီ” စသည်ဖြင့် မှန်းဆကြည့်ရှုပွားများသော ဘာဝနာ။
(၂) ဥပစာရဘာဝနာ = ထင်လာသောဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ရှေးကထက်တည်တည်ကြည်ကြည် သမာဓိရစွာ ပွားများသော ဘာဝနာ။
(၃) အပ္ပနာဘာဝနာ = ပဋိဘာဂနိမိတ်ပေါ်လာသောအခါ နီဝရဏတရားများကင်းကွာကာ ဝိတက်စသော ဈာန်အင်္ဂါတို့ မိမိတို့ ဆိုင်ရာကိစ္စကို ဆောင်ရွက်နိုင်သော ဘာဝနာ။

ပရိကမ္မဘာဝနာသည် အလုံးစုံသော သမထကမ္မဋ္ဌာန်း ၄၀-တို့၌ ဖြစ်နိုင်၏။ တစ်စုံတစ်ခုသော သမထမျှသည် ပရိကန်နှင့်ကင်း၍ မဖြစ်နိုင်သောကြောင့်တည်း။

ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ, ဥပသမာနုဿတိ, မရဏာနုဿတိ, ဟူသော အနုဿတိ ၈-ပါးနှင့် အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်အားဖြင့် ၁၀-ပါးသည် ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂-ပါးရ၏၊ အပ္ပနာဘာဝနာကို မရနိုင်။ အကြောင်းကား ဗုဒ္ဓါနုဿတိ (ပ) ဥပသမာနုဿတိဟူသော အနုဿတိ ၈-ပါးတို့သည် အလွန်တရာနက်နဲသောဂုဏ်တော်စသော အာရုံရှိသောကြောင့် တည်တံ့ခြင်းငှာ မစွမ်းနိုင်အောင် နက်နဲသောကြောင့် အပ္ပနာဘာဝနာမဖြစ်နိုင်ချေ။ မရဏာနုဿတိသည် ထိတ်လန့်ကြောက်ရွံ့အပ်သော သဘောတရားဖြစ်သောကြောင့် အပ္ပနာကို မဖြစ်စေနိုင်၊ အာဟာရေပဋိကူလသညာနှင့် စတုဓာတုဝဝတ္ထာန်တို့ သည်ကား တရားသဘောအားဖြင့် အလွန်တရာ နက်နဲသောကြောင့် အပ္ပနာကို မဖြစ်နိုင်။

ကြွင်းကမ္မဋ္ဌာန်း ၃၀-သည် ဘာဝနာ ၃-ပါးစလုံးရ၏၊ ထိုကမ္မဋ္ဌာန်း ၃၀-တွင် ကသိုဏ်း ၁၀-ပါးနှင့် အာနာပါနဿတိ ပေါင်း ၁၁-ပါးသည် ဈာန် ၅-ပါး စလုံးကို ရနိုင်၏။
အသုဘ ၁၀-ပါးနှင့်ကာယဂတာသတိ ပေါင်း ၁၁-ပါးသည် ပထမဈာန်ကို သာရနိုင်၏။

[စာမျက်နှာ-186] မေတ္တာ, ကရုဏာ, မုဒိတာ ပေါင်း ၃-ပါးသည် စတုတ္ထဈာန်တိုင်အောင် ရနိုင်၏။
ဥပေက္ခာကမ္မဋ္ဌာန်းသည် ပဉ္စမဈာန်ကိုသာ ရနိုင်၏။ ဤကား ရူပါဝစရဈာန်ကို ရနိုင်သော ကမ္မဋ္ဌာန်း ၂၆-ပါးတည်း။
အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးတို့သည် အစဉ်အတိုင်း အရူပဈာန် ၄-ပါးကို ရစေနိုင်၏။

ကမ္မဋ္ဌာန်း ၄၀ ကို နိမိတ် ၃-ပါးနှင့် တွဲစပ်ပုံ
နိမိတ်သည် ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူ၍ ၃-ပါးအပြား ရှိ၏။

(၁) ပရိကမ္မနိမိတ် = ကသိုဏ်းဝန်းစသော အာရုံတစ်ခုခုရအောင် အားထုတ်ရာ၌ စစွာ ရှုမြင်သော အာရုံ။
(၂) ဥဂ္ဂဟနိမိတ် = မျက်စိဖွင့်၍ ကြည့်ရာ၌ မြင်ရသလို စိတ်ထဲမှာ ထင်ရှားစွာ ပေါ်လာသော အာရုံ၊
(၃) ပဋိဘာဂနိမိတ် = ဥဂ္ဂဟနိမိတ်နှင့် သဏ္ဍာန်တူစွာ၎င်းထက်အဆပေါင်း များစွာ ကြည်နူးဖွယ်ကြည်လင်စွာပေါ်လာသော အာရုံ။

နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါးတွဲစပ်ပုံမှာ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ် ၂-ပါးကို ပရိကမ္မဘာဝနာနှင့်တွဲ၊ ပဋိဘာဂနိမိတ်ကို ဥပစာရဘာဝနာ, အပ္ပနာဘာဝနာ ၂-ပါးနှင့်တွဲလေ။

ကမ္မဋ္ဌာန်း ၄၀-စလုံး၌ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့ကို ရနိုင်သည်။ ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပါနဿတိ ပေါင်း ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်ကို ရနိုင်သည်။

ဈာန်ဖြစ်ပေါ်ပုံ။ ဥဂ္ဂဟနိမိတ်ထင်ပြီးနောက်၎င်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် ဆင်ခြင်ပွားများသော ယောဂီပုဂ္ဂိုလ်အား အစဉ်အတိုင်း နီဝရဏတရားတို့သည် ကင်းကွာကုန်၏။ ထိုအခါ ဥဂ္ဂဟနိမိတ်ထက် အဆများစွာ စင်ကြယ်သော ပဋိဘာဂနိမိတ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုပဋိဘာဂနိမိတ်ထင်ပြီး၎င်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ်ပွားများသော ယောဂီပုဂ္ဂိုလ်အား ရူပါဝစရပထမ အပ္ပနာဈာန်သည် ဖြစ်ပေါ်လာ၏။

[စာမျက်နှာ-187] ထိုသို့ ပထမဈာန်ကိုရပြီးသော ပုဂ္ဂိုလ်သည် မိမိရရှိသောဈာန်၌ ပိုင်နိုင်ခြင်း စသည်ဖြစ်အောင် ဝသီဘော်ငါးပါးဖြင့် လေ့လာရသည်။

ဝသီဘော် ၅-ပါး
၁။ အာဝဇ္ဇနဝသီဘော် = ဈာန်အင်္ဂါကို ဘဝင်အနည်းငယ်ခြား၍ ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် ဆင်ခြင်မှု။
၂။ သမာပဇ္ဇနဝသီဘော် = ဈာန်ဝင်စားလိုလတ်သော် လျှင်မြန်စွာ ဝင်စားခြင်းငှာ စွမ်းနိုင်မှု။
၃။ အဓိဋ္ဌာနဝသီဘော် = မိမိအလိုရှိသမျှကာလကြာအောင် ဈာန်အစဉ်ကို ထားနိုင်မှု။
၄။ ဝုဋ္ဌာနဝသီဘော် = ဝင်စားသောဈာန်မှ မိမိထလိုသောအခါ၌ မိမိအလို ရှိတိုင်း ထခြင်းငှာ စွမ်းနိုင်မှု။
၅။ ပစ္စဝေက္ခဏဝသီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ အထပ်ထပ် ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဇောစိတ်ဖြင့် ဈာန်အင်္ဂါကို ဆင်ခြင်မှု။

အာဝဇ္ဇနဝသီဘော်မြောက်လျှင် ပစ္စဝေက္ခဏဝသီဘော်လည်း ပြီးစီးတော့၏။ အမြန်ဆုံးဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီဘော်ဟုဆို၏။ ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏဝသီဘော်ဟု ဆို၏။

မှတ်ချက်။ အာဒိကမ္မိကဝီထိ ဝသီဘော်ဝီထိများကျပုံကို ဝီထိပိုင်း၌ဆိုခဲ့ပြီ။

ဒုတိယဈာန် စသည်ရပုံမှာ။ ဝိတက်စသော ရှေးရှေးသော ဈာနင်ကို ပယ်စွန့်၍ အဖန်ဖန်တလဲလဲ ပွားများဆင်ခြင်သည်ရှိသော် ဒုတိယဈာန် (ပ) ပဉ္စမဈာန်စသည်တို့ ဖြစ်ပေါ်လာကုန်၏။

အထက်ဈာန်သို့ တက်လိုသောယောဂီသည် ရအပ်ပြီးသောဈာန်ကို ဝသီဘော် ပေါက်အောင် လေ့လာအားထုတ်ရသည်။ ထိုကဲ့သို့ မလေ့လာပဲနေက ရပြီးသော ဈာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ်သွားတတ်သည်။

အာရုပ္ပဈာန်တက်ခန်း
ကရဇကာယရုပ်တရားအပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ရူပဈာန်၏ အာရုံဖြစ်သော

[စာမျက်နှာ-188] ကသိုဏ်းရုပ်ကိုပင် စက်ဆုပ်လေတော့၏။ ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့မုန်းတီးသော ယောဂီသည် ရူပပဉ္စမဈာန်ကို ဝသီဘော်မြောက်အောင် လေ့လာဝင်စားပြီးနောက် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ပဋိဘာဂနိမိတ်ထင်အောင် နှလုံးသွင်း၏၊ ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်ကို “အာကာသော အနန္တော, အာကာသော အနန္တော”ဟု ကောင်းကင်ကိုသာ အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် အထပ်ထပ်နှလုံးသွင်းလတ်သော် ပဌမာရုပ္ပဝိညာဏ်ခေါ်သော အာကာသာနဉ္စာယတနဈာန် အပ္ပနာဖြစ်ပေါ်လာလေသည်။

အာကာသာနဉ္စာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ပဌမာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ၊ ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ၊ “ဝိညာဏံ အနန္တံ”ဟု အဖန်ဖန်ပွားများလတ်သော် ဒုတိယာရုပ္ပဝိညာဏ်ခေါ်သော ဝိညာဏဉ္စာယတနဈာန် ဖြစ်ပေါ်လာ၏။

ဝိညာဏဉ္စာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ အာကိဉ္စညာယတနဈာန်ကို အလိုရှိသော ယောဂီသည် ဒုတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ဝိညာဏဉ္စာယတနဈာန်၏အာရုံဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏မရှိခြင်း တည်းဟူသော နတ္ထိဘောပညတ်ကိုအာရုံပြု၏၊ “နတ္ထိ ကိဉ္စိ, နတ္ထိ ကိဉ္စိ”ဟု စီးဖြန်းဖန် များလတ်သော် တတိယာရုပ္ပဝိညာဏ်ခေါ်သော အာကိဉ္စညာယတနဈာန် ဖြစ်ပေါ် လာ၏။

အာကိဉ္စညာယတနဈာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသည့်အခါ, နေဝသညာ နာသညာယတနဈာန်ကို အလိုရှိသော ယောဂီသည် တတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် နတ္ထိဘောပညတ်ကို အာရုံမပြုတော့ပဲ တတိယာရုပ္ပဈာန်ကိုအာရုံပြုကာ၊ “သန္တမေတံ ပဏီတမေတံ” အဖန်ဖန်ပွားများအပ်သော် စတုတ္ထာရုပ္ပဝိညာဏ်ခေါ်သော နေဝသညာ နာသညာယတနဈာန် ဖြစ်ပေါ်လာ၏။ (အဘိဉာဉ်ဝင်စားပုံနှင့် ဝီထိကျပုံတို့ကို ဝီထိပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်သည်။)

၂၆ ဘုံ၌ရကြသော သမထကမ္မဋ္ဌာန်းများ
လူ့ဘုံ၌ သမထကမ္မဋ္ဌာန်း ၄၀-စလုံးရ၏၊ နတ်ပြည် ၆-ထပ်၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ, အာဟာရေပဋိကူလသညာ ပေါင်း ၁၂-ကြဉ် ၂၈-ပါး

[စာမျက်နှာ-189] ရ၏၊ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ, အာနာပါနဿတိ, အာဟာရေပဋိကူလသညာ ပေါင်း ၁၃- ကြဉ် ၂၇-ပါးရ၏။ (သင်္ခါရ ယမိုက်အရ အဿာသ, ပဿာသသည် ရူပဗြဟ္မာများမှာ မဖြစ်။)

အာကာဘုံ၌ အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးရ၏။
ဝိညာဘုံ၌ အာကာဈာန်ကြဉ် ၃-ပါးရ၏။
အာကီဘုံ၌ အာကာ, ဝိညာဈာန်ကြဉ် ၂-ပါးရ၏။
နေဝဘုံ၌ နေဝဈာန် ၁-ပါးသာရ၏။

[စာမျက်နှာ-190]
အဘိဓမ္မာသင်တန်း (၅၃)

ကမ္မဋ္ဌာန်းပိုင်း - သမထကမ္မဋ္ဌာန်း

ဒီနေ့ နိုဝင်ဘာလ ၄-ရက်နေ့။
ကမ္မဋ္ဌာန်းပိုင်းရှေ့ဆက်ကြမယ်၊ လွန်ခဲ့တဲ့အပတ်က သမထကမ္မဋ္ဌာန်း ၄၀ ရယ်, ပြီးတော့ စရိုက် ၆-ပါးရယ်၊ ဘယ်စရိုက်ရှိတဲ့သူ ဘယ်ကမ္မဋ္ဌာန်းနဲ့ လျော်တယ်ဆိုတာရယ် အဲဒါပြီးသွားပြီ။

ဒီနေ့ကစပြီး တကယ်ကမ္မဋ္ဌာန်းထိုင်တဲ့ အခန်းရောက်ပြီပေါ့၊ ရှေးဦးစွာ သမထကမ္မဋ္ဌာန်း ၄၀-ထဲက ကသိုဏ်းပဲ ပြောကြပါစို့။

အဲဒီတော့ ကမ္မဋ္ဌာန်း အားထုတ်တော့မယ်ဆိုရင် ရဟန်းဖြစ်ဖြစ်, လူဖြစ်ဖြစ် ပထမ ဘာအရေးကြီးဆုံးလဲဆိုရင် သီလစင်ကြယ်အောင်လုပ်ဖို့ အရေးကြီးတယ်။ ရဟန်းဖြစ်လည်း ရဟန်းသီလစင်ကြယ်အောင်, လူဖြစ်လည်း ငါးပါးသီလ (အနည်းဆုံး) စင်ကြယ်အောင် လုပ်ကြရမယ်။

ဘာကြောင့်လဲဆိုတော့ သီလစင်ကြယ်မှုမရှိပဲနဲ့ တရားအားထုတ်ရင် သမာဓိ မဖြစ်နိုင်ဘူး၊ သမာဓိမဖြစ်ရင် ပညာမရဘူး၊ ဒါကြောင့်မို့ ပထမဆုံး ရဟန်းဖြစ်ရင်...

[စာမျက်နှာ-191] လည်း စတုပါရိသုဒ္ဓိဆိုတဲ့ သီလ ၄-မျိုးကို စင်ကြယ်အောင် လုပ်ရမယ်၊ လူဆိုရင်လည်း ၅-ပါးသီလပေါ့လေ၊ ဒီထက်တတ်နိုင်ရင် ၈-ပါးသီလယူပြီးတော့ အားထုတ်ရမယ်။

အဲသလိုသီလစင်ကြယ်အောင် လုပ်ပြီးတဲ့နောက် ပလိဘောဂတွေ ဖြတ်ရတယ်။ ဝိသုဒ္ဓိမဂ်မှာ ဒါတွေအရှည်ကြီး ရေးထားတယ်၊ ကြောင့်ကျမှုလေးတွေရှိရင် တရားထိုင်တဲ့အခါ အနှောင့်အယှက်ဖြစ်မှာ၊ ဒါကြောင့်မို့ အဲဒီကြောင့်ကျမှုတွေကိုလည်း ပယ်ဖြတ်ရမယ်။

အဲသလိုဖြတ်ပြီးတဲ့နောက် ဆရာရှာရမယ်၊ (စာထဲမှာ မိတ်ဆွေကောင်း ဆိုလိုတယ်) အဲဒီဆရာ့ထံမှာ အားထုတ်ရမယ်၊ စာအုပ်ဖတ်ပြီး ကိုယ့်ဟာကိုယ် အားထုတ်ရင်ကော မဖြစ်ဘူးလားလို့ မေးစရာရှိတယ်၊ ဖြစ်သလောက်တော့ဖြစ်တယ် ပေါ့လေ၊ ဒါပေမယ်လို့ ဆရာနဲ့ အားထုတ်တာလောက် အချိုးမကျနိုင်ဘူး။

အဲဒီနောက်မှာ ဆရာထံက ဘယ်လို တရားထိုင်ရမယ်ဆိုတာ ကမ္မဋ္ဌာန်း သင်ယူရမယ်၊ နည်းလမ်းညွှန်ကြားချက်ယူရမယ်၊ အဲသလို ညွှန်ကြားချက် ယူပြီးတော့ ကမ္မဋ္ဌာန်းထိုင်မယ်၊ တရားထိုင်မယ်ဆိုပါတော့။

အဲသလိုထိုင်တော့ ပထဝီကသိုဏ်းပြောကြစို့၊ သမထကမ္မဋ္ဌာန်းထဲက ပထမဆုံးဟာ ပထဝီကသိုဏ်းမဟုတ်လား၊ ပထဝီကသိုဏ်း အားထုတ်တော့မယ်ဆိုရင် ရှေးရှေးဘဝက အထုံပါလာခဲ့မယ်ဆိုရင် ပထဝီကသိုဏ်းဝန်း လုပ်စရာ မလိုတော့ဘူး၊ မြေကြီးကြည့်ပြီး ပထဝီ၊ ပထဝီ ပွားများတာနဲ့ပဲ နိမိတ်တွေ ရောက်လာနိုင်တယ်။

အဲသလို ရှေးဘဝက အထုံမရှိခဲ့ဘူး၊ ပါရမီ မပါခဲ့ဘူးဆိုရင်တော့ သေသေချာချာ လုပ်ရမှာဆိုတော့ ပထမကသိုဏ်းဝန်း လုပ်ရတယ်၊ ကသိုဏ်းဝန်းဆိုတာ ပိတ်ကိုကား ဘောင်ကျက်၊ ကားဘောင်ပေါ်မှာ မြေကြီး (ရွှံ့) အရုဏ်အဆင်းဆိုတော့ ခပ်နီပြေပြေပေါ့၊ ရွှံ့စေးနီ လိုက်ရှာရမယ်၊ အဲဒါနဲ့တစ်ထွာလက်လေးသစ် လောက်ရှိတဲ့ စက်ဝိုင်းလိုလုပ်ပြီး အဝတ်ပေါ်ရွှံ့သုတ်ရမယ်၊ ကျကျနန ချောချောမောမော လေးလုပ်ပြီးတော့မှ အဲဒီဟာကိုယူ၊ ဆိတ်ငြိမ်တဲ့ တစ်နေရာကိုသွား၊ အဲဒီမှာမနိမ့်လွန်း မမြင့်လွန်း၊ မနီးလွန်း၊ မဝေးလွန်းတဲ့ နေရာမှာထား၊ အဲသလို ထားပြီးတော့ ကသိုဏ်းဝန်းကိုကြည့်ပြီး ပထဝီ၊ ပထဝီ၊ မြေကြီး မြေကြီးဆိုပြီး ကသိုဏ်းဝန်း တစ်ခုလုံးကို စိတ်နဲ့ခြုံထားရတယ်၊ စိတ်ဟာ ကသိုဏ်းဝန်းအပြင်ဘက် မထွက်အောင် လုပ်ရတယ်။ အဲသလိုလုပ်ရာ ပွားများရာကနေပြီး မျက်စိမှိတ်ကြည့်လိုက်၊ ပြန်ဖွင့်လိုက်၊

[စာမျက်နှာ-192] မှိတ်ကြည့်လိုက်၊ ဖွင့်လိုက်နဲ့ နေရင်း မျက်စိမှိတ်ထားပေမယ့် မျက်စိဖွင့်ထားတုန်းကလို မြင်နေပြီဆိုရင် နိမိတ်ရတယ်လို့ ဆိုရတယ်၊ နိမိတ်နဲ့ ဘာဝနာနဲ့တွဲမလို့ အခြေခံလေး ပြောနေတာ။

အားထုတ်မှုကို ဘာဝနာခေါ်တယ်၊ ကမ္မဋ္ဌာန်းအာရုံကို နိမိတ်လို့ခေါ်တယ်၊ အဲသလို နိမိတ်နဲ့ ဘာဝနာနဲ့ရှိတယ်၊ ပထဝီကသိုဏ်းပြောမယ်ဆိုရင် နိမိတ်လို့ ခေါ်တယ်၊ အစပိုင်းမှာ သူ့ကို ဘာနိမိတ်ခေါ်သလဲဆိုရင် ပရိကမ္မနိမိတ်လို့ခေါ်တယ်။

ပရိကမ္မဆိုတာ preliminary ပေါ့လေ၊ ဥဂ္ဂဟနိမိတ် မရောက်ခင် ရှေးဦးနိမိတ် မျိုးပေါ့၊ ပထမအားထုတ်စ နိမိတ်၊ အဲဒီပရိကမ္မနိမိတ်ကို အာရုံပြုပွားများတဲ့ ဘာဝနာကို ပရိကမ္မဘာဝနာလို့ခေါ်တယ်၊ အစစွာသော အားထုတ်မှုဆိုကြပါစို့။

ခုနလိုအားထုတ်လာလို့ ရက်လချီကြာလာတဲ့အခါ မျက်စိနဲ့ဖွင့်ကြည့်သလိုပဲ (မျက်စိမှိတ်ထားပေမယ့်) စိတ်ထဲမှာ ထင်ပေါ်လာပြီ၊ စွဲမြဲလာပြီ အာရုံရလာပြီဆိုရင် အဲဒီအာရုံကို ဥဂ္ဂဟနိမိတ်လို့ခေါ်တယ်။

ဥဂ္ဂဟဆိုတာ ဖမ်းယူပြီးပြီပေါ့လေ၊ ဆုပ်ကိုင်ပြီးပြီ စိတ်ထဲမှာ ဖမ်းထားပြီးပြီ ဆိုတဲ့ အဓိပ္ပာယ်၊ ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာ negative မှာ ထင်သွားသလိုပေါ့။ ဒါကို ဥဂ္ဂဟနိမိတ်လို့ခေါ်တယ်။

အဲဒီဥဂ္ဂဟနိမိတ်ရသည်တိုင်အောင်လည်း ဘာဝနာအနေနဲ့ကတော့ ပရိကမ္မဘာဝနာပဲ ရှိသေးတယ်၊ တိုးတော့တိုးတက်လာတယ်၊ ဒါပေမယ့် ဘာဝနာက ပရိကမ္မဘာဝနာပဲ။

ပရိကမ္မအခိုက်အတန့်တုန်းကထက် ဥဂ္ဂဟ အခိုက်အတန့်ကျတော့ ပရိကမ္မဘာဝနာက (ပရိကမ္မသမာဓိက) ပိုပြီးအားကောင်းလာတယ်၊ စထိုင်စတုန်းကတော့ သမာဓိဟာ အားမကောင်းဘူး၊ စိတ်ဟာ ခဏခဏ ထွက်သွားမယ်၊ နောက်တော့ တဖြည်းဖြည်းနဲ့ သမာဓိရလာတော့ စိတ်တည်ကြည်ပြီး အားကောင်းလာတယ်။ အဲဒီလို သမာဓိအားကောင်းလာတဲ့အခါမှ ဥဂ္ဂဟနိမိတ် ပေါ်လာတယ်။

ဥဂ္ဂဟနိမိတ်ပေါ်လာတဲ့အခါကျတော့ မူလကသိုဏ်းဝန်းကိုကြည့်စရာ မလိုတော့ဘူး၊ ပြီးတော့ကသိုဏ်းရှုတဲ့နေရာ သွားထိုင်စရာလည်း မလိုတော့ဘူး၊ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်လည်းရပြီ၊ ဘာကြောင့်လဲဆိုတော့ စိတ်နဲ့မှန်းလိုက်ရင် စိတ်ထဲ ဒီအာရုံပေါ်လာမှာကိုး။

အဲသလို ဥဂ္ဂဟနိမိတ်ရတဲ့အချိန်ကစပြီးတော့ (ပရိကမ္မနိမိတ်မရှိတော့ဘူး) အဲဒီဥဂ္ဂဟနိမိတ်ကိုပဲအာရုံပြုပြီးတော့ ထပ်ပြီးတော့ ပထဝီ၊ ပထဝီနဲ့ပွားများရပြန်တာပဲ။

[စာမျက်နှာ-193] အဲသလို ပွားများနေတုန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် ဥဂ္ဂဟနိမိတ် ပျောက်သွားမယ်၊ ပျောက်သွားရင် ကသိုဏ်းဝန်းဆီပြန်သွားပြီး ရှုဦးပေါ့လေ၊ အဲသလိုပဲလုပ်ရမယ်။

အဲသလိုလုပ်လို့ ဥဂ္ဂဟနိမိတ် မပျောက်တော့ဘူး၊ စွဲစွဲမြဲမြဲဖြစ်နေပြီဆိုရင် အဲဒီ ဥဂ္ဂဟနိမိတ်ကိုပဲ အာရုံပြုပြီးတော့ ဆက်လက်ပြီး ပထဝီ၊ ပထဝီ သို့မဟုတ် မြေကြီး၊ မြေကြီးနဲ့ ပွားများသွားရမယ်။

အဲသလို ပွားများလို့ သမာဓိ ပိုအားကောင်းလာတဲ့အခါကျတော့ အဲဒီဥဂ္ဂဟနိမိတ်အတိုင်းပဲ ဥဂ္ဂဟနိမိတ်ထက် အဆပေါင်းများစွာ ကြည်လင်သန့်ရှင်းတဲ့ နိမိတ်တစ်ခုပေါ်လာတယ်။

ဆိုလိုတာကတော့ စောစောကထင်နေတဲ့ ဥဂ္ဂဟနိမိတ်ဟာ refine ဖြစ်လာတယ်၊ ဥဂ္ဂဟနိမိတ် အခိုက်အတံ့တုန်းက ကသိုဏ်းဝန်းပေါ်မှာ အပြစ်ကလေးတွေ ချို့ယွင်းချက်ကလေးတွေ ရှိတတ်တယ်၊ အဲဒီချို့ယွင်းချက်ကလေးတွေ ရှိရင် ရှိတဲ့အတိုင်း လက်ရာထင်နေတာ၊ အမှိုက်ကလေး ကပ်နေတာမျိုးရှိချင် ရှိမယ်။ ရှိရင် သူ့အတိုင်းပဲသာမြင်။

ပဋိဘာဂနိမိတ် အခိုက်အတန့်ကျတော့ အဲဒါတွေ မရှိတော့ဘူး၊ ချောသွားပြီ။ လုံးဝဖြူစင်သန့်ရှင်းပြီးတော့ (စာမှာဆိုထားတာက) လပြည့်နေ့လဝန်းလို ကြည်ကြည်လင်လင် သို့မဟုတ် တိမ်ညိုနောက်ခံမှာ ဗျိုင်းများပျံနေတာ မြင်ရသလို အဲဒီလို ထင်နေတယ်။

သို့မဟုတ်လည်း (ရှေးတုန်းက ကြေးမုံလို့ခေါ်တာပေါ့) ပွတ်တိုက်ထားတဲ့မှန်လို အလွန်ကြည်လင်တဲ့ နိမိတ်ပေါ်လာတယ်။ အဲသလို ဖြစ်သွားရင် အဲဒီနိမိတ်ကို ပဋိဘာဂနိမိတ်လို့ခေါ်တယ်။

ဥဂ္ဂဟနိမိတ်ထက် ပဋိဘာဂနိမိတ်က အဆပေါင်းများစွာ သာလွန်ပြီး ကြည်လင်သန့်ရှင်းတယ်၊ ဥဂ္ဂဟနိမိတ်နဲ့ ပဋိဘာဂနိမိတ် ဘာထူးသလဲဆိုရင် ဥဂ္ဂဟနိမိတ် အခိုက်အတန့်တုန်းကတော့ ပထဝီကသိုဏ်းမှာ ရှိတာကို ရှိသလိုမြင်တယ်။ ပဋိဘာဂနိမိတ်ကျတော့ အဲဒီပထဝီကသိုဏ်းမှာရှိတဲ့ အပြစ်တွေ ကွယ်ပျောက်သွားပြီးတော့ လုံးဝသန့်ရှင်းကြည်လင်တဲ့ နိမိတ်ဖြစ်လာတယ်။

အဲဒီပဋိဘာဂနိမိတ် အခိုက်အတန့်ရောက်တဲ့အခါ ဘာဝနာကို ဘာလို့ခေါ်ရ သလဲဆိုတော့ ဥပစာရဘာဝနာတဲ့၊ ဥပစာရဆိုတာ ကပ်နေ၊ နီးနေပြီလို့ဆိုတာ၊ အိမ်ရဲ့ဥပစာ ကျောင်းရဲ့ ဥပစာဆိုတာ အိမ်အနီးအနား ကျောင်းအနီးအနားက

[စာမျက်နှာ-194] ဧရိယာကို ခေါ်တာမျိုးလိုပဲ၊ ဥပစာရဘာဝနာ ဆိုတာ ဈာန်ကိုရောက်တော့မယ်။ ဈာန်နဲ့ နီးကပ်နေပြီ ဈာန်ရဲ့ အနီးအပါးရောက်တော့မယ် ဆိုလိုတယ်။

ပဋိဘာဂနိမိတ်ရတဲ့အခါမှ ဥပစာရဘာဝနာဖြစ်လာတယ်၊ ဥပစာရဘာဝနာ ကျတော့ ပရိကမ္မဘာဝနာထက် ပိုပြီးအားကောင်းလာတယ်။

အဲဒီလို ပဋိဘာဂကို ထပ်ပြီး ဥပစာရဘာဝနာနဲ့ ပွားများပြန်တဲ့အခါကျတော့ ရင့်ကျက်လာပြီ အချိန်တန်လာပြီဆိုတော့ ဈာန်စိတ်ထဖြစ်တာပဲ၊ အဲဒီမှာ ဈာန်ရတာ ဖြစ်သွားတာပဲ။

အဲဒီပဋိဘာဂနိမိတ်ကိုပဲ အာရုံပြုပြီးတော့ ရှေးက ရူပါဝစရ ပထမဈာန် ပေါ်လာတယ်၊ ရူပါဝစရပထမဈာန် ပေါ်လာတဲ့အခါ ဝီထိကျတာ မှတ်မိသေးလား၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ ဈာန်၊ အဲသလို ဝီထိကျပြီး ဈာန်ရသွားတယ်။

ဈာန်ရတဲ့အခါမှာ အဲဒီဈာန်က ပဋိဘာဂနိမိတ်ကိုပဲ အာရုံပြုတယ်၊ အဲဒီတော့ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဆိုတာ အမှန်တော့ ပညတ်တွေ ပရမတ် မဟုတ်ဘူး၊ ဒါကြောင့် ရူပါဝစရစိတ်ဟာ ဘယ်လို အာရုံပြုသလဲဆိုရင် ပညတ်ကို အာရုံပြုတယ် ပြောရမယ်၊ ဘာပညတ်တွေလည်းဆိုရင် ကသိုဏ်းပညတ် အစရှိတဲ့ ပညတ်တွေကို အာရုံပြုတယ်။

ပထဝီကသိုဏ်းအားထုတ်ပြီးတော့ ပထမဈာန်ရတယ်ဆိုရင် အဲဒီပထမဈာန်ရဲ့ အာရုံဟာ ပထဝီကသိုဏ်းဆိုတဲ့ ပဋိဘာဂနိမိတ်ဖြစ်တယ်။

ဒါကြောင့်မို့ နိမိတ်နဲ့ ဘာဝနာတွဲစပ်တဲ့အခါမှာ ပရိကမ္မနိမိတ်အခိုက် အတန့်မှာ ဘာဝနာက ပရိကမ္မဘာဝနာ၊ ဥဂ္ဂဟနိမိတ် အခိုက်အတန့်မှာ ဘာဝနာက ပရိကမ္မပဲရှိသေးတယ်၊ ပဋိဘာဂနိမိတ် အခိုက်အတန့်မှာ ဘာဝနာက ဥပစာရဘာဝနာ၊ ဈာန်ရတဲ့ အခါကျတော့ အပ္ပနာဘာဝနာလို့ခေါ်တယ်။

ဈာန် မဂ်၊ ဖိုလ်ကို အပ္ပနာလို့ ခေါ်တယ်မဟုတ်လား၊ အပ္ပနာဘာဝနာဆိုတာ ဈာန်ကိုခေါ်တာ၊ ဈာန်ရတဲ့ အခိုက်အတန့်မှာ နီဝရဏတွေ လုံးဝကင်းသွားပြီးတော့ ဈာန်အင်္ဂါတွေ ပေါ်လာတဲ့ (ဈာန်ရတဲ့)အခါမှာသာ အပ္ပနာဘာဝနာလို့ ခေါ်တယ်။

အဲဒီတော့ ဘာဝနာ ၃-ပါးနဲ့ နိမိတ် ၃-ပါးကို တွဲစပ်တတ်ဖို့ အရေးကြီးတယ်၊ ပြန်ပြောမယ်။

ပရိကမ္မနိမိတ် အခိုက်အတန့်မှာ ပရိကမ္မဘာဝနာ၊ ဥဂ္ဂဟနိမိတ် အခိုက်အတန့်မှာလည်း ပရိကမ္မဘာဝနာပဲရှိသေးတယ်၊ ပဋိဘာဂနိမိတ် အခိုက်အတန့်မှာ

[စာမျက်နှာ-195] ဥပစာရဘာဝနာနဲ့ အပ္ပနာဘာဝနာ၊ အဲဒီလို ဟပ်ထားရမယ်၊ ဒါဟာ ပထမဈာန် ရသွားပြီ။

ပထမဈာန် ရပြီးတဲ့နောက် အထက်ဈာန်ကို တက်ချင်ရင် ချက်ချင်းတက်လို့ မရသေးဘူး၊ ပထမဈာန်ကိုပဲ ဝသီဘော် ၅-ပါးနဲ့ လေ့လာရဦးမှာ၊ ပိုင်နိုင်အောင် လုပ်ရဦးမယ်လို့ ဆိုလိုတယ်၊ ဈာန်ပထမလေး တစ်ခါရတာနဲ့ ပိုင်ပိုင်နိုင်နိုင် မဖြစ်သေးဘူး၊ မကျွမ်းကျင်သေးဘူး၊ ရသွားတာပဲ ရှိသေးတယ်။

ဒါကြောင့်မို့ အဲဒီပထမဈာန်ကိုပဲ ဝသီဘော် ၅-ပါးနဲ့ နိုင်နင်းအောင် လေ့လာရမယ်၊ အဲဒီဝသီဘော် ၅-ပါးက -

(၁) အာဝဇ္ဇနဝသီဘော် = ဈာန်အင်္ဂါကို ဘဝင်အနည်းငယ်ခြား၍ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ဆင်ခြင်မှု၊ ဈာန်ကထပြီးရင် ဈာန်အင်္ဂါတွေဖြစ်တဲ့ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဆိုတာတွေကို ဝီထိတစ်ခုနဲ့တစ်ခု ဘဝင်နည်းနည်းလေး ခြားပြီးတော့ ဆင်ခြင်နိုင်မှုပေါ့လေ၊ ဒါကလေ့လာမှရတာ၊ အလေ့အလာမရှိရင်မရဘူး၊ အာဝဇ္ဇနဝသီဘော်။

(၂) သမာပဇ္ဇနဝသီဘော် = ဈာန်ဝင်စားလိုလတ်သော် လျှင်မြန်စွာဝင်စားခြင်းငှာ စွမ်းနိုင်မှု၊ ဈာန်ဝင်စားချင်တယ်ဆိုရင် အကြာကြီး တရားအားထုတ်မနေရဘဲ မြန်မြန် ဝင်စားလို့ရအောင် မြန်မြန်ဈာန်စိတ်ပေါ်အောင် လေ့ကျင့်ရတာကို သမာပဇ္ဇနဝသီဘော်။

(၃) အဓိဋ္ဌာနဝသီဘော် = မိမိအလိုရှိသမျှ ကာလကြာအောင် ဈာန်အစဉ်ကို ထားနိုင်မှု၊ ဒီဈာန်စိတ်ဟာ ၁-နာရီကြာပါစေဆိုရင် ၁-နာရီလုံးလုံး ဒီဈာန်စိတ်တွေ ချည်း ဖြစ်နေမယ်၊ ၂-နာရီ ကြာပါစေဆိုရင် ၂-နာရီလုံးလုံး ဒီဈာန်စိတ်တွေ ဖြစ်နေမယ်၊ အဲဒီလို အဓိဋ္ဌာန်ပြုပြီးတော့ ဈာန်စိတ်ကို ထိန်းထားနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကို အဓိဋ္ဌာနဝသီဘော်တဲ့။

(၄) ဝုဋ္ဌာနဝသီဘော် = ဝင်စားသောဈာန်မှ မိမိထလိုသောအခါ မိမိအလိုရှိတိုင်း ထခြင်းငှာ စွမ်းနိုင်မှု။ ဘယ်အချိန်ကျမှ ထပါစေလို့ ဆန္ဒပြုတာ၊ အလေ့အလာနည်းနေသေးရင်

ရွှေဝန္ဒာထွန်းစာပေ

[စာမျက်နှာ-196] ကိုယ်ထချင်တဲ့အချိန်ထလို့ မရဘူးနဲ့တူတယ်၊ အဲဒါဝုဋ္ဌာနဝသီဘော်၊ ဝုဋ္ဌာနဆိုတာ ဈာန်မှထတာ၊ ဈာန်မှထတယ်ဆိုတာ ဈာန်စိတ်ကနေ ဘဝင်ထိပြီးတော့ တခြား ဝီထိတွေ ကျတာပေါ့လေ၊ အဲဒါကို ဝုဋ္ဌာနခေါ်တယ်၊ အဲဒီလို မိမိထချင်တဲ့အချိန် ဈာန်မှ ထနိုင်တဲ့အစွမ်းကို ဝုဋ္ဌာနဝသီဘော်။

(၅) ပစ္စဝေက္ခဏဝသီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ အထပ်ထပ်ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဇောစိတ်ဖြင့် ဈာန်အင်္ဂါကို ဆင်ခြင်မှု။

အမှန်ကတော့ အာဝဇ္ဇနဝသီဘော်နဲ့ ပစ္စဝေက္ခဏဝသီဘော်က သိပ်မထူးလှဘူး။ အာဝဇ္ဇနဝသီ ပိုင်နိုင်ရင် ပစ္စဝေက္ခဏဝသီပိုင်နိုင်တော့တာပဲ၊ အမြန်ဆုံး ဆင်ခြင်နိုင်သောမနောဒွါရာဝဇ္ဇန်း၏သတ္တိကို အာဝဇ္ဇနဝသီဘော်ဟု ဆို၏၊ ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏဝသီဘော်ဟု ဆို၏တဲ့၊ အမှန်တော့ သိပ်မထူးပါဘူး။

ဒါကြောင့်မို့ ပထမဈာန်ရပြီးတဲ့နောက် ဒုတိယဈာန်တက်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ချက်ချင်းတက်လို့ မရသေးဘူး၊ အဲဒီပထမဈာန်ကို ဝသီဘော် ၅-ပါးနဲ့ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့လာရမယ်၊ အမျိုးမျိုးပေါ့၊ မြန်မြန်ဝင်စားလို့ရမယ်၊ ဝင်စားချင်သလောက်ဝင်စားလို့ရမယ်၊ ထချင်တဲ့အချိန်ထလို့ ရမယ်၊ ဈာန်အင်္ဂါတွေ ဆင်ခြင်တဲ့ အခါမှာလည်း မြန်မြန်ဆန်ဆန် ဘဝင်စိတ် သိပ်မခြားဘဲနဲ့ ဆင်ခြင်နိုင်မယ်၊ အဲသလို အထပ်ထပ်ပိုင်နိုင်အောင် ပထမဈာန်ကို လေ့လာရမယ်။

အဲဒီလို ပိုင်နိုင်အောင် လေ့လာပြီးတဲ့နောက်မှ ဒုတိယဈာန်၊ တတိယဈာန် စသည်တက်ရမယ်၊ အဲဒီတော့ ပထမဈာန်ရပြီးတဲ့ ပုဂ္ဂိုလ်က ဒုတိယဈာန်တက်ချင်တဲ့ အခါကျတော့ သူဘာကို အပြစ်ရှုသလဲဆိုတော့ ဝိတက်ကို အပြစ်ရှုတယ်။

ဝိတက်ဟာ အာရုံကိုတင်၊ တင်ပေးတတ်တော့သူနဲ့ နီးစပ်တယ်ပေါ့လေ။ ဝိတက်ကင်းတဲ့ဈာန်ဖြစ်ပါစေလို့ ရည်ရွယ်စိတ်ထဲမှာ ပြဋ္ဌာန်းပြီးတော့ ပထဝီကသိုဏ်းပြန်ပြီး ပဋိဘာဂနိမိတ်ကို ပြန်လေ့လာတယ်၊ ပြန်ကမ္မဋ္ဌာန်းထိုင်တယ်။

အဲသလိုထိုင်တဲ့အခါမှာ အချိန်တန်ရင့်ကျက်လာရင် ဒုတိယဈာန် ထဖြစ်တယ်၊ ဒုတိယဈာန်ရပြီးရင် ဒုတိယဈာန်ကို ဝသီဘော် ၅-ပါးနဲ့ ပိုင်နိုင်အောင် လေ့လာပြီးရင် တတိယဈာန်တက်မယ်။

တတိယဈာန်တက်ရင် သူက ဝိစာရကို အပြစ်ရှာပြန်တယ်၊ တတိယဈာန် ရပြီးတဲ့နောက်မှ သူ့ကို ဝသီဘော် ၅-ပါးနဲ့ လေ့လာမှု စတုတ္ထဈာန်တက်မယ်၊ ပီတိအပြစ်ရှာတယ်၊ တစ်ခါ စတုတ္ထဈာန်ကနေ ပဉ္စမဈာန်တက်မယ်၊ ဒီလိုပဲ ဝသီဘော် ၅-ပါးနဲ့ အပါးဝအောင်လေ့လာပြီး တက်တဲ့အခါမှာ သုခကို အပြစ်ရှုတယ်၊

[စာမျက်နှာ-197] အဲသလို အပြစ်ရှုပြီးတော့ ဝိတက်ပယ်မယ်၊ ဝိစာရပယ်မယ်၊ ပီတိ ပယ်မယ်၊ သုခပယ်မယ်။

အဲသလိုတစ်ခုချင်းပယ် ပယ်သွားလိုက်တာ တစ်ခုချင်း ပထမဈာန်ကနေပြီး ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဒါတွေဖြစ်သွားတယ်။

အဲဒီတော့ ဈာန်တစ်ခုက တစ်ခုကို တက်ချင်ရင် ရပြီးသားဈာန်ကို ပိုင်နိုင်အောင်လေ့လာပြီးမှ တက်လို့ရတယ်၊ အဲသလို မပိုင်နိုင်ဘဲရတာမျှနဲ့ ပစ်ထားလိုက်မယ်ဆိုရင် ဈာန်ပျောက်သွားမှာပဲ၊ ပြန်ပြီးတရားအားထုတ်ယူမှပဲ ပြန်ရမယ်။

အဲဒီလို ဈာန်ရအောင် အားထုတ်တာဟာ ကသိုဏ်းကို object အနေနဲ့ ထားပြီးတော့ အားထုတ်လို့လည်း ဈာန်ရတယ်၊ တခြားဟာတွေလည်း ရှိသေးတယ်။ နောက်တော့ လာလိမ့်မယ်၊ အဲဒီလို ဈာန် ၅-ပါးရအောင် အားထုတ်ရတယ်။ ဒါက ရူပါဝစရဈာန် ၅-ပါး။

ရူပါဝစရဈာန် ရပြီးတော့ အရူပါဝစရဈာန် ရချင်တဲ့အခါ ဘယ်လိုအားထုတ်ရမလဲ၊ အရူပါဝစရဈာန်ကျတော့ သူက ရုပ်ကိုအပြစ်မြင်တဲ့ ပုဂ္ဂိုလ်ကိုး၊ ရုပ်မကြိုက်တဲ့ ပုဂ္ဂိုလ်က အရူပါဝစရဈာန်ကို အားထုတ်တယ်။

“ကရဇကာယရုပ်တရားအပေါ် အပြစ်မြင်၍ အရူပဘုံသို့ရောက်ရန် အာကာသာနဉ္စယတနဈာန်ကို အလိုရှိသောယောဂီသည် ရူပဈာန်၏အာရုံဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုပ်လေတော့၏”

ကသိုဏ်းရုပ်ကို သူက မကြိုက်တော့ဘူး၊ စာမှာဆိုထားတာက တစ္ဆေ ကြောက်တဲ့သူဟာ မည်းမည်းမြင်ရင် တစ္ဆေထင်နေသလိုပဲပေါ့၊ သစ်ငုတ်မြင်လည်း တစ္ဆေထင်နေတာပဲ၊ ထို့အတူပဲ၊ ရုပ်ကို မကြိုက်တဲ့သူက ရူပဈာန်ရဲ့ အာရုံဖြစ်တဲ့ ကသိုဏ်းရုပ်ကိုပဲ မကြိုက်တော့ဘူး၊ မင်းလည်းရုပ်ပဲ၊ ငါမကြိုက်ဘူးပေါ့။

အဲသလိုဖြစ်တဲ့အခါမှာ (ကရဇကာယဆိုတာ မိမိ ခန္ဓာကိုယ်ကြီးပေါ့) “ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့မုန်းတီးသောယောဂီသည် ရူပပဉ္စမဈာန်ကို ဝသီဘော်မြောက်အောင် လေ့လာဝင်စားပြီးနောက်” တဲ့၊ မကြိုက်ပေမယ်လို့ ဝင်စားရဦးမယ်၊ ပြီးတော့မှ သူက တက်မှာကိုး။

“အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉-ပါးတွင် တစ်ပါးပါးကို ပဋိဘာဂနိမိတ်ထင်အောင် နှလုံးသွင်း၏” တဲ့၊ အာကာသဆိုတာ ဟင်းလင်းပြင်ကြီး ဆိုတော့ သူ့ကိုချန်ထား၊ တခြားကသိုဏ်းကိုပြောတာ၊ ပြီးတော့မှ အဲဒီကသိုဏ်း ၉-ပါးထဲက တစ်ပါးပါးကို ခွာပြီးတော့ (ခွာတယ်ဆိုတာ နှလုံးမသွင်းတော့တာ၊

[စာမျက်နှာ-198] အာရုံမပြုတော့တာ) ပထမပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကို ရှုနေရာကနေပြီးတော့ သူ့ကို အာရုံမပြုတော့တာ။ သူ့ကိုအာရုံမပြုတဲ့အခါကျတော့ ကသိုဏ်းနိမိတ်ကွယ်သွားပြီးတော့ ကွက်လပ်ကြီးဖြစ်နေတာ၊ အဲဒီကွက်လပ်ကို အာကာသခေါ်တယ်၊ အဲဒီကွက်လပ်ကိုပဲ အာရုံပြုတာ၊ အဲဒီကွက်လပ်ကို အာကာသာ အနန္တာ၊ အာကာသာ အနန္တာနှင့် အဲဒီလို ကမ္မဋ္ဌာန်းပွားများတဲ့အခါမှာ ရင့်ကျက်တဲ့အခါမှာ အာကာသာနဉ္စပထမဈာန်ရတယ် ပေါ့။

ပထမဈာန်ရပြီးတဲ့နောက် ဒုတိယအရူပဈာန်လိုချင်ရင် ပထမအရူပဈာန်ကို အပြစ်မြင်ပြန်တယ်၊ ပြီးတော့ ပထမအရူပဈာန်ကိုပဲ အာရုံပြုပြီးတော့ အနန္တဝိညာဏ် စသည်ဖြင့် ပွားများပြီး ဒုတိယဈာန်ရပြန်တယ်။

တစ်ခါ ဒုတိယအရူပဈာန်ကနေ တတိယအရူပဈာန်တက်တော့မယ်ဆိုတော့ ဒုတိယဈာန်ကို အပြစ်ရှုပြီးတော့ ပထမဈာန်ရဲ့ မရှိခြင်းဆိုတဲ့ နတ္ထိဘောပညတ်ကို အာရုံပြုရမယ်၊ ပွားများရမယ်၊ ပွားများလို့ အောင်မြင်တဲ့အခါ တတိယအရူပါဝစရဈာန်ဖြစ်မယ်။

တစ်ခါ တတိယအရူပါဝစရဈာန်ရပြီးတဲ့နောက် စတုတ္ထအရူပါဝစရဈာန်ရချင်တဲ့အခါကျတော့ တတိယအရူပါဝစရဈာန်ကို အပြစ်ရှု၊ တတိယအရူပါဝစရ ဈာန်ကို ကောင်းပေစွ၊ ကောင်းပေစွလို့ အာရုံပြုပြီးတော့ ပွားများရမယ်၊ အဲသလို ပွားများတဲ့အခါ စတုတ္ထအရူပါဝစရဈာန်ရမယ်။

အဲဒီတော့ မကြိုက်ပေမယ့်လည်းကောင်းတယ် ကောင်းတယ်လို့တော့ ပြောတယ်၊ အဲဒါကို ကျမ်းဂန်မှာ ဘယ်လိုပြောထားသလဲဆိုရင် ဆင်စွယ်ပန်းပုတတ် ကျွမ်းတဲ့ သူတစ်ယောက်ဟာ လှပတဲ့ ဆင်စွယ်ပန်းပုရုပ်ကလေးတစ်ခု ထုလုပ်ပြီး ရှင်ဘုရင်ထံ လာဆက်သတဲ့အခါ ရှင်ဘုရင်က သိပ်ကောင်းပေတယ်၊ သိပ်ကောင်းပေတယ်၊ တော်ပါပေတယ်လို့ ချီးမွမ်းတယ်တဲ့၊ အဲသလို ချီးမွမ်းပေမယ်လို့ သူကိုယ်တိုင်က ဆင်စွယ်ပန်းပုဆရာမ ဖြစ်ချင်ဘူးတဲ့၊ မဖြစ်ချင်ပေမယ်လို့ ဆင်စွယ်ပန်းပုဆရာကိုတော့ ချီးမွမ်းသလိုပဲ သူကိုယ်တိုင်ကတော့ တတိယဈာန်ကို မလိုချင်ဘူး၊ စတုတ္ထဈာန်ကို လိုချင်နေပြီ၊ ဒါပေမယ်လို့ တတိယဈာန်ကို ကောင်းစေတယ်လို့ ချီးမွမ်းတယ်၊ အေးချမ်းပေတယ်လို့ ချီးမွမ်းတယ်၊ အဲသလို တတိယအရူပါဝစရဈာန်ကို အာရုံပြုပြီး တရားအားထုတ်သွားတဲ့အခါမှာ စတုတ္ထအရူပါဝစရဈာန်ကို ရတယ်တဲ့။ အဲဒါ သမထကမ္မဋ္ဌာန်း ပထဝီကသိုဏ်း ကမ္မဋ္ဌာန်းပေါ့၊ ကမ္မဋ္ဌာန်းအားထုတ်

[စာမျက်နှာ-199]
ပဋ္ဌာန်းပစ္စယနိဒ္ဒေသအတွက် ပစ္စည်းပစ္စယုပ္ပန်များ

| ပစ္စည်းအမည် | ပစ္စည်းတရား | ပစ္စယုပ္ပန်တရား |

| သဟဇာတ | အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာလေးပါး အချင်းချင်းအားလပ်သော၊ မဟာဘုတ် ၄-ပါး အချင်းချင်းအားလပ်သော၊ ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ နှင့် ဟဒယဝတ္ထု။ | အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာလေးပါး အချင်းချင်းမှ ထောက်အပ်သော၊ မဟာဘုတ် ၄-ပါး အချင်းချင်းမှ ထောက်အပ်သော၊ ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ နှင့် ဟဒယဝတ္ထု။ |
| နိဿယ | သဟဇာတနိဿယသည် သဟဇာတနှင့် တူ၏။ | |
| ဝတ္ထုပုရေဇာတနိဿယ | ပဝတ္တိအခါ စက္ခုဝတ္ထုအစရှိသော ရှေးရှေးသော ဝတ္ထုရုပ် ၆-ပါး။ (တစ်နည်းကား မဇ္ဈိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ဝတ္ထု)၊ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေသော် ၁၇ ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု။ | ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ အရူပဝိပါက် ၄ ခုကြဉ်သော သတ္တဝိညာဏဓာတ် ၈၅ ခု၊ စေတသိက် ၅၂။ မရဏာသန္နအခါ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉၊ တဒါရုံ ၁၁၊ အဘိညာဉ် ၂။ |
| အာရမ္မဏူပနိဿယ | အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့်တူ၏။ | |
| အနန္တရူပနိဿယ | အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏။ | |
| ပကတူပနိဿယ | ဗလဝဖြစ်သော ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ်၊ အချို့သောပညတ်။ | ပစ္စုပ္ပန်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂။ |

[စာမျက်နှာ-200] ရနိုင်တယ်၊ ဈာန် ၅-ပါးလုံး ရနိုင်တယ်ဆိုလိုတာပေါ့၊ ထို့အတူပဲ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း စသည်သွားတယ်။

နီလကသိုဏ်းကျတော့ ဒေါသစရိုက်ရှိသူနဲ့လျော်တယ်၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ ဒီအတိုင်းသွားတယ်။

အာကာသကသိုဏ်း၊ အားလုံးနဲ့လျော်တယ်၊ အာလောကကသိုဏ်း အားလုံးနဲ့ လျော်တယ်။

အဲဒီတော့ ဘာဝနာတို့ နိမိတ်တို့နဲ့ ပတ်သက်ပြီးတော့ ဘာဝနာသုံးပါးလုံး နိမိတ်သုံးပါးလုံးရတယ်၊ ဈာန်ကျတော့လည်း ပထမဈာန်ကနေ ပဉ္စမဈာန်အထိ ရတယ်။

အဲဒီတော့ ကိုယ်က ပဉ္စမဈာန်ထိအောင် အားထုတ်ချင်တယ်ဆိုရင် ဒီကသိုဏ်း ၁၀-ပါးထဲက တစ်ပါးပါးကို အားထုတ်ဖို့ပေါ့။

ကောင်းပြီ အသုဘ ၁၀-ပါးကြည့်လိုက်ဦး၊ အသုဘ ၁၀-ပါးမှာ ဘာတွေ ရနိုင်သလဲ၊ စရိုက်အားဖြင့်တော့ ရာဂစရိုက်ရှိသူနဲ့ လျော်တယ်၊ ဆန့်ကျင်ဘက် ပေးထားတာကိုး၊ ရာဂကတပ်မက်စွဲလန်းတယ်၊ လူသေကောင်ကြီးကြည့်ပြီး တပ်မက်စွဲလန်းဖို့ ခဲယဉ်းတယ်လေ၊ ဘာဝနာအားဖြင့်တော့ ၃-မျိုးစလုံးရတယ်၊ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ၊ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်တွေရတယ်။

ဒါပေမယ့် ဈာန်ကျတော့ ဘာဈာန်သာ ရနိုင်သလဲဆိုရင် ပထမဈာန်သာ ရနိုင်တယ်၊ ဒုတိယဈာန် စသည်မရနိုင်ဘူး၊ ဘာကြောင့်လဲဆိုရင် အာရုံကကြမ်းလို့။

အာရုံကြမ်းတော့ ဝိတက်မပါဘဲနဲ့မဖြစ်ဘူး၊ ဝိတက်ပါမှ စိတ်က အာရုံပေါ်နေနိုင်တာ၊ ဒါကြောင့် ဝိတက်မပါတဲ့ ဒုတိယဈာန်စသည် မရနိုင်ဘူး၊ ဒါကြောင့်မို့ အသုဘကမ္မဋ္ဌာန်း အားထုတ်မယ်ဆိုရင် ပထမဈာန်ပဲရမယ်၊ တခြားဈာန်မရနိုင်ဘူး။

အဲသလို ပထမဈာန်ရပြီးတဲ့နောက်မှာ ကသိုဏ်းတွေဘာတွေပြောင်းရင်တော့ ရမှာပေါ့လေ၊ အသုဘကမ္မဋ္ဌာန်း သက်သက်နဲ့ကတော့ ပထမဈာန်ပဲရမယ်၊ ဒုတိယဈာန် စသည်မရနိုင်ဘူး။

အနုဿတိ ၁၀-ပါးတဲ့ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဒီ ၆-ပါးက သဒ္ဓါစရိုက်ရှိသူနဲ့ လျော်တယ်တဲ့၊ ဟိုနေ့က ပြောပြီးသားတွေ၊ ဥပသမာနုဿတိကတော့ ပညာစရိုက် ရှိသူနဲ့လျော်တယ်၊ မရဏာနုဿတိကလည်း ပညာစရိုက်နဲ့လျော်တယ်။

[စာမျက်နှာ-201] ကာယဂတာသတိက ရာဂစရိုက်ရှိသူနှင့် တော်တယ်၊ အာနာပါနဿတိက မောဟစရိုက်၊ ဝိတက်စရိုက်ရှိသူနှင့် တော်တယ်။

ကောင်းပြီ၊ ဒါဆိုရင် ကြည့်လိုက်စမ်း၊ ဗုဒ္ဓါနုဿတိ အားထုတ်လို့ ဈာန်ရနိုင်လား၊ မရနိုင်ဘူးလား၊ မရနိုင်ဘူး။ ပုတီးစိပ်လို့ ဈာန်မရနိုင်ဘူး။ ဒါဖြင့် ဈာန်မရနိုင်တဲ့ ကမ္မဋ္ဌာန်းတွေက ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏာနုဿတိ။

ဒါဟာ ဘာကြောင့်လဲဆိုရင် ဒါတွေက နက်နဲတယ်၊ ဘုရားဂုဏ်အစရှိသည်ဟာ နက်နဲတဲ့ သဘောရှိတယ်၊ အဲသလို နက်နဲတာတွေ အာရုံပြုရတဲ့အခါကျတော့ ကမ္မဋ္ဌာန်းတွေက ဈာန်ထိအောင် မပို့နိုင်ဘူး၊ ဒါကြောင့်မို့ ဈာန်မရနိုင်ဘူး။

ဈာန်မရနိုင်တဲ့အတွက်ကြောင့် အပ္ပနာဘာဝနာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူးပေါ့။ ပဋိဘာဂနိမိတ် လည်း မရှိဘူး၊ ပဋိဘာဂနိမိတ် နှင့် အပ္ပနာဘာဝနာ တွဲရတာကိုး။ ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိ ကို အားထုတ်ရင် ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ ဒါပဲရမယ်၊ အပ္ပနာဘာဝနာ ထိအောင် မရောက်ဘူး။ နိမိတ်အားဖြင့် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ဒါပဲရမယ်။

ကာယဂတာသတိ (ကေသာ၊ လောမာ စသည် အားထုတ်တာကျတော့) ဈာန်ရနိုင်တယ်၊ ပထမဈာန် ရနိုင်တယ်။ ပထမဈာန် ရနိုင်တဲ့အတွက်ကြောင့်မို့ ဘာဝနာ ၃-မျိုးလုံး ရမယ်၊ နိမိတ် ၃-မျိုးလုံး ရတယ်။

အာနာပါနဿတိ အားထုတ်ရင်တော့ ဈာန် ၅-ပါးလုံး ရနိုင်တယ်၊ ပထမဈာန်ကနေ ပဉ္စမဈာန်အထိ ရမယ်။ ဒါကြောင့်မို့ ဘာဝနာ ၃-ပါးလုံး ရမယ်၊ နိမိတ် ၃-ပါးလုံး ရမယ်။

အပ္ပမညာ ၄-ပါးတဲ့၊ ဗြဟ္မစိုရ် ၄-ပါး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဘယ်စရိုက်ရှိသူနဲ့ လျော်သလဲ၊ ဒေါသစရိုက်ရှိသူနဲ့ လျော်တယ်။ ဘာဈာန်တွေ ရနိုင်သလဲဆိုတော့ မေတ္တာ အားထုတ်ရင် ပထမဈာန်ကနေ စတုတ္ထဈာန်ထိအောင် ရနိုင်တယ်၊ ကရုဏာ၊ မုဒိတာ အားထုတ်ရင်လည်း ပထမဈာန်ကနေ စတုတ္ထဈာန်ထိ ရမယ်၊ ဥပေက္ခာ အားထုတ်ရင် ပဉ္စမဈာန်ရမယ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ က သောမနဿ နဲ့ ယှဉ်တာကိုး၊ ဥပေက္ခာ က ဥပေက္ခာ နဲ့ ယှဉ်တာဆိုတော့ သူက ပဉ္စမဈာန်ပဲ ရမယ်၊ ဒါက အပ္ပမညာ ၄-ပါး။

နောက်တစ်ခုက သညာ ၁-ပါး၊ အာဟာရေ ပဋိကူလသညာ ဆိုတာ အစာအာဟာရကို ရွံရှာဖွယ်ထင်အောင် စားရတာပေါ့လေ၊ ဒါကို အာဟာရေ ပဋိကူလ

[စာမျက်နှာ-202] သညာ လို့ ခေါ်တယ်၊ အဲဒါက ဘယ်စရိုက်နဲ့ သင့်တော်သလဲဆိုရင် ပညာ (ဗုဒ္ဓိ) စရိုက်နဲ့ သင့်တော်တယ်၊ သူက ဈာန်မရနိုင်ဘူး၊ သူက နက်နဲတယ်။

အာဟာရရဲ့ မကောင်းပုံ ရွံရှာပုံ ဆင်ခြင်ရတယ်ဆိုတာ ဉာဏ်သုံးရတာဆိုတော့ နက်နဲတယ်၊ သူလည်းပဲ ဈာန်မရနိုင်ဘူး။ ဈာန်မရနိုင်ရင် အပ္ပနာဘာဝနာ မဖြစ်နိုင်ဘူး၊ ပဋိဘာဂနိမိတ် မဖြစ်နိုင်ဘူး။

နောက်တစ်ခုက ဝဝတ္ထာန တဲ့၊ စတုဓာတုဝဝတ္ထာန် လို့ ခေါ်တယ်၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ခေါ်တဲ့ ဓာတ်ကြီး ၄-ပါး ခွဲတာ၊ အဲဒါကလည်း ဗုဒ္ဓိ စရိုက်နဲ့ သင့်လျော်တယ်၊ ဈာန်မရနိုင်ဘူး၊ သူက နက်နဲတာကိုး။ ဈာန်မရနိုင်တဲ့အတွက်ကြောင့် ဘာဝနာ ၂-မျိုးပဲ ရမယ်။

အာရုပ္ပ ၄-ပါး (အရူပါဝစရဈာန် ၄-ပါး) တဲ့၊ သူကတော့ စရိုက်အားလုံးနဲ့ လျော်တယ်၊ ရူပဈာန် ရနိုင်တယ်၊ ရူပဈာန်ရပြီးမှ အားထုတ်ရတာ ဖြစ်တော့ ဘာဝနာ ၃-မျိုးလုံး ရတယ်၊ နိမိတ် ၃-မျိုးလုံး ရတယ်။ ဒါက ကမ္မဋ္ဌာန်း ၄၀-ဈာန် ရနိုင် မရနိုင် သိချင်ရင် ဒါကြည့်ပြီး သိရမယ်။

ကိုယ်က ပဉ္စမဈာန်ထိအောင် လုပ်ချင်တယ်ဆိုရင် ပဉ္စမဈာန်ထိအောင် ပို့နိုင်တဲ့ ကမ္မဋ္ဌာန်းမျိုး အားထုတ်ပေါ့။ ဘယ်ကမ္မဋ္ဌာန်းမျိုး အားထုတ်ရင် ဘယ်ဈာန် ရနိုင်တယ်ဆိုတာ ဒီဇယားလေးနဲ့ ရှင်းသွားပြီ။

သမထကမ္မဋ္ဌာန်းက မပြီးသေးဘူး၊ အခုပေးထားတဲ့ notes တွေထဲမှာ ၂၆-ဘုံ၌ ရကြသော သမထကမ္မဋ္ဌာန်းများဆိုတာ ပါတယ်။

လူ့ဘုံမှာ သမထကမ္မဋ္ဌာန်း ၄၀-လုံး ရတယ်၊ နတ်ပြည် ၆-ထပ်မှာ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာဟာရေပဋိကူလသညာ အဲဒီ ၁၂-ခု မရဘူး။ နတ်ပြည်မှာ လူသေကောင်မရှိဘူး၊ နတ်သေကောင်လည်း မရှိဘူး၊ နတ်သေရင် ပျောက်သွားတာ။ ကာယဂတာသတိ ကလည်း နတ်ခန္ဓာကိုယ်ဆိုတော့ မရှိဘူး၊ အာဟာရေ ပဋိကူလသညာ ကလည်း သူတို့က နတ်ဩဇာ စားနေတာ။

အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပါနဿတိ၊ အာဟာရေ ပဋိကူလသညာ ပေါင်း ၁၃-ပါးကြဉ် ၂၇-ပါးပဲ ရတယ်တဲ့၊ ဗြဟ္မာတွေ ထွက်သက်ဝင်သက် မရှိဘူး။

ပြီးတော့ အာကာသာနဉ္စာယတန ဘုံမှာ အာရုပ္ပ ကမ္မဋ္ဌာန်း ၄-ပါးလုံး ရတယ်။ ဝိညာဏဉ္စာယတန ဘုံမှာ အထက် ၂-ခု ရတယ်၊ နေဝသညာ နာသညာယတန ဘုံကျတော့ အထက် ၁-ခု ရတယ်။

ထွန်းစာပေ

[စာမျက်နှာ-203] ဘာကြောင့်တုန်းဆိုတော့ အရူပဘုံက တစ်မျိုး၊ အထက်ဈာန်ရရင် အောက်ဈာန် ပျောက်တယ်၊ ရူပါဝစရဈာန် ၅-ပါးကတော့ အထက်အောက်သွားလို့ရတယ်။ အရူပါဝစရဈာန်ကတော့ ပထမဈာန်ရရင် အောက်ဈာန်မရဘူး၊ ဒါကြောင့်မို့ အာကာသာနဉ္စာယတန ဘုံမှာ အရူပကမ္မဋ္ဌာန်း ၄-ပါးလုံး အားထုတ်လို့ရတယ်။ ဝိညာဏဉ္စာယတန ဘုံကျတော့ အာကာသာနဉ္စာယတန မလိုတော့ဘူး၊ အဲဒီတော့ ၃-ခုပဲ ရမယ်၊ အာကိဉ္စညာယတန ကျတော့ ၂-ခုပဲ ရမယ်၊ နေဝသညာ နာသညာယတန ဘုံကျတော့ ၁-ခုပဲ ရမယ်တဲ့။

ကောင်းပြီ၊ သင်္ဂြိုဟ်မှာ သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး အဘိညာဉ်ဆိုတာကို ပြောထားသေးတယ်။ ဒီမှာတော့ ဝီထိပိုင်းမှာ ပြောခဲ့ပြီဖြစ်လို့ မပြောတော့ဘူး။

အဘိညာဉ်ဆိုတာ ဘာလဲဆိုရင် ပဉ္စမဈာန်အထူးကို အဘိညာဉ်လို့ ခေါ်တယ်။ အဘိညာဉ်ဆိုတာ သီးခြားတော့ မဟုတ်ဘူး၊ ပဉ္စမဈာန်ပဲ။ သို့သော် ပဉ္စမဈာန်ကို အထူးလေ့လာပွားများရတယ်၊ အမှန်ကတော့ ရိုးရိုးပဉ္စမဈာန်နဲ့ အဘိညာဉ်နဲ့ မတူဘူး၊ သို့သော် အဘိညာဉ်လို့ ဆိုရင် ပဉ္စမဈာန်ကိုပဲ ကောက်ရတယ်။

အဲဒီတော့ ပဉ္စမဈာန်ကို အဘိညာဉ်လို့ ခေါ်ကြရာမှာ ဘယ်လိုအမှတ်လွဲသွားတတ်သလဲဆိုတော့ ရူပါဝစရဈာန် ၅-ပါး ရရုံနဲ့ အဘိညာဉ်ရနိုင်တယ်လို့ ထင်သွားတတ်တယ်၊ ဒီလိုလည်း များသောအားဖြင့် ထင်ကြတတ်တယ်။

ဒါပေမယ့်လို့ အဋ္ဌကထာကြီးတွေကို ကြည့်တဲ့အခါမှာ ရူပဈာန်ရော၊ အရူပဈာန်ရော အားလုံးရပြီးတဲ့ ပုဂ္ဂိုလ်မှ အဘိညာဉ်ရတယ်၊ ရူပါဝစရဈာန် ၅-ပါး ရထားရုံနဲ့ အဘိညာဉ် မရသေးဘူးတဲ့။ ရူပါဝစရဈာန် ၅-ပါးလည်း ရမယ်၊ အရူပါဝစရဈာန်လည်း ရမယ်၊ ပြီးတော့မှ ရူပါဝစရဈာန်ပြန်ဝင်စားပြီး အဘိညာဉ်ဖြစ်အောင် အားထုတ်တယ်။

အဘိညာဉ်ဆိုတာက ထူးခြားတဲ့ဉာဏ်လို့ ဒီလိုအဓိပ္ပာယ်ရှိတယ်၊ လွယ်လွယ်ပြောရရင်တော့ super normal power ပေါ့လေ၊ အဲသလို အဘိညာဉ်ဟာ ၅-မျိုးရှိတယ်၊ ၆-မျိုးရှိတယ်၊ ၇-မျိုးရှိတယ်။

သင်္ဂြိုဟ်မှာ ပြထားတဲ့ အဘိညာဉ် ၅-မျိုး ပထမကြည့်ကြစို့။

(၁) ဣဒ္ဓိဝိဓ အဘိညာဉ် တဲ့၊ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ အဘိညာဉ်မျိုးကို ဣဒ္ဓိဝိဓအဘိညာဉ် လို့ ခေါ်တယ်၊ မြေလျှိုးမိုးပျံတို့ဘာတို့ပေါ့။

(၂) ဒိဗ္ဗသောတ အဘိညာဉ် တဲ့၊ ဒိဗ္ဗ ဆိုတာ နတ်၊ သောတ ဆိုတာ နား၊ နတ်နားဆိုတော့ အသံတိုးတိုးလေးကို ကြားနိုင်တာမျိုး၊ ဟိုးအဝေးကြီးက အသံကို

[စာမျက်နှာ-204] ကြားနိုင်တာမျိုး၊ အဲဒါကို ဒိဗ္ဗသောတအဘိညာဉ် ခေါ်တယ်။

(၃) ပရစိတ္တဝိဇာနန၊ ပရ ဆိုတာ သူတစ်ပါး၊ စိတ္တ ဆိုတာ စိတ်၊ ဝိဇာနန ဆိုတာ သိတာ၊ သူများရဲ့ စိတ်ကို သိတာ။

(၄) ပုဗ္ဗေနိဝါသာနုဿတိ၊ ပုဗ္ဗေ ဆိုတာ ရှေးက၊ နိဝါသာ ဆိုတာ နေခဲ့ဖူးတဲ့ ခန္ဓာ၊ သို့မဟုတ် ဘဝ၊ အနုဿတိ ဆိုတာ အောက်မေ့တာ၊ ရှေးဘဝတွေကို ပြန်ပြီး အောက်မေ့နိုင်တဲ့ ဉာဏ်။

(၅) ဒိဗ္ဗစက္ခု၊ နတ်မျက်စိပေါ့၊ သိပ်ထင်ရှားတယ်၊ အဝေးကြီးက အရာကို မြင်တာ၊ သေးသေးလေးကို မြင်တာ၊ ကွယ်နေတာကို မြင်တာ၊ အဲသလို အဘိညာဉ် ၅-မျိုး ရှိတယ်။

အဲသလို အဘိညာဉ်ရအောင် ဘယ်လိုအားထုတ်ရမလဲဆိုတော့ ရူပါဝစရ ပဉ္စမဈာန်ကို ပထမဝင်စား၊ အဲဒီဈာန်က ထပြီးတော့မှ လိုအပ်တာတွေလုပ်ပြီး တရားထပ်အားထုတ်ရတယ်၊ အဲသလိုအားထုတ်တဲ့အခါမှာ အဘိညာဉ်ဆိုတာ ပေါ်လာတာပေါ့။

အဲသလို အဘိညာဉ်ပေါ်လာတဲ့အခါမှာ သူ့အဘိညာဉ်နဲ့ သူလိုက်ပြီးတော့ အဘိညာဉ်မပေါ်ခင်တည်းက အဓိဋ္ဌာန်တာတွေ လုပ်ရတယ် ဆိုပါတော့။ ဣဒ္ဓိဝိဓ လုပ်ချင်တယ် (ခန္ဓာကိုယ်ပေါ့ချင်တယ်) ဆိုရင်လည်း ခန္ဓာကိုယ်ပေါ့ပါစေ၊ ခန္ဓာကိုယ်ပေါ့ပါစေ ဆိုတဲ့ သဘောမျိုး အဓိဋ္ဌာန်ပြီးတော့ အားထုတ်ရတယ်။

အဝေးကြီးက အသံကြားချင်တယ်ဆိုရင်လည်း အဝေးကြီးက အသံကြားလိုတယ်၊ ကြားလိုတယ်လို့ အဓိဋ္ဌာန်ပြီးမှ အားထုတ်ရတယ်၊ အဲသလို အားထုတ်တော့ အဘိညာဉ်ရရင် ကြားတယ်ပေါ့လေ။

အဲဒါကြောင့်မို့ အဘိညာဉ် ၅-မျိုးရှိတယ်လို့ ပထမမှတ်ထားရမယ်။ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပရစိတ္တဝိဇာနန၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု တဲ့။

အဲဒီ ဒိဗ္ဗစက္ခုအဘိညာဉ် မှာ နည်းနည်းအထူးရှိသေးတယ်၊ ဘာလဲဆိုတော့ ရိုးရိုးရူပါရုံမြင်နိုင်တာ၊ ရိုးရိုးဆိုတာ အလွန်သိမ်မွေ့တဲ့ ရူပါရုံမျိုး၊ အဝေးမှာ ရိုးရိုးမျက်စိနဲ့ မမြင်နိုင်တာကို မြင်နိုင်တဲ့ အဘိညာဉ်စွမ်းအား။ နောက်တစ်ခုကတော့ ဒိဗ္ဗစက္ခု ရဲ့ variety တစ်ခုက ဘာလဲဆိုတော့ သတ္တဝါတွေက အားလျော်စွာ ဘဝတစ်ခုက ဘဝတစ်ခု ကူးပြောင်းနေတာကို မြင်နိုင်တဲ့ဉာဏ်၊ အဲဒါကိုလည်း ဒိဗ္ဗစက္ခု ရဲ့ အထူးအပြားလို့ ဆိုရတယ်၊ နာမည်ကတော့ ရှည်တယ်၊ ယထာကမ္မူပဂဉာဏ် လို့ ဆိုတယ်၊ ဆိုလိုတာကတော့ သတ္တဝါတွေ ဒီဘဝကသေပြီးတော့ တခြား

[စာမျက်နှာ-205] ဘဝတွေမှာ ဖြစ်နေတာကို မြင်တာ၊ မြင်တဲ့အခါမှာ ကံအားလျော်စွာ လားနေတာကို မြင်တာ။

အဲဒါကို ခွဲမယ်ဆိုရင် သီးခြားနာမည်တစ်ခု ယထာကမ္မူပဂဉာဏ် ဆိုပြီး နာမည်တပ်လို့ရတယ်၊ သို့မဟုတ် စုတူပပါတဉာဏ် လို့လည်း ခေါ်တယ်၊ ဒါမှမဟုတ်လို့ အဘိညာဉ် ၅-မျိုးထဲထည့်ပါဆိုရင် ဒိဗ္ဗစက္ခု ထဲ ထည့်ရတယ်။

အဲဒီဉာဏ်ဟာ အလွန်အရေးကြီးတယ်၊ မြတ်စွာဘုရားဟာ ဘုရားဖြစ်အောင် အားထုတ်တဲ့ညမှာ ဘုရားမဖြစ်ခင် အဲဒီဉာဏ်တွေ ရတာ။

ပြီးတော့ အနာဂတံသဉာဏ် ဆိုတာ ရှိသေးတယ်၊ အနာဂတ်ကို မြင်နိုင်တဲ့ ဉာဏ်ဟာ မြတ်စွာဘုရားတွေမှာ ရှိတယ်၊ အဲဒါလည်းပဲ ဒိဗ္ဗစက္ခု ကို အခြေခံပြီး ရအောင် လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒိဗ္ဗစက္ခု ထဲသွင်းရင်လည်း ရတယ်၊ သီးခြားထုတ်ရင်လဲ သူက သီးခြားဖြစ်တဲ့အတွက်ကြောင့် အားလုံး အဘိညာဉ် ၇-ပါး ဖြစ်သွားမယ်။ ၅-ပါးရယ်၊ ယထာကမ္မူပဂ ရယ်၊ အနာဂတံသ ရယ် အဘိညာဉ် ၇-ပါး။

တစ်ခါ အာသဝက္ခယဉာဏ် ကိုလည်း အဘိညာဉ်လို့ ခေါ်သေးတယ်။ အာသဝက္ခယဉာဏ် ဆိုတာ အရဟတ္တမဂ်ဉာဏ်ပြောတာ၊ အာသဝက္ခယအဘိညာဉ် လို့ ဒီလိုလည်း ခေါ်သေးတယ်၊ အဲဒီတော့ အဘိညာဉ် ၅-ပါးဆိုလည်း ဟုတ်တယ်၊ ၆-ပါးဆိုလည်း ဟုတ်တယ်၊ ၇-ပါးဆိုလည်း ဟုတ်တယ်၊ ဒါတွေက အဘိညာဉ်တွေ။

အဲဒီတော့ လူတွေမှာ အမှတ်မှားနေတာတွေရှိတယ်၊ ဈာန်ရရုံနဲ့ ကောင်းကင်ပျံနိုင်တယ်၊ တန်ခိုးဖန်ဆင်းနိုင်တယ်နဲ့ ပြောကြတယ်၊ သုံးတာတောင် "ဈာန်ပျံတယ်"၊ "ဈာန်ပျံတယ်" နဲ့ သုံးတာ။

ရူပါဝစရဈာန် ရရုံနဲ့ ဘာမှ မလုပ်နိုင်သေးဘူး၊ ဈာန်ရတာပဲ ရှိတယ်၊ ဝိတက်၊ ဝိစာရ ပယ်နိုင်တာပဲ ရှိတယ်၊ အရူပါဝစရဈာန် ရရုံနဲ့ မရသေးဘူး။

ကောင်းကင်ပျံချင်တယ်၊ မြေလျှိုးမိုးပျံတာ လုပ်ချင်တယ်၊ သူများစိတ်ကို သိချင်တယ်ဆိုရင် အဘိညာဉ်ရအောင်ကို အားထုတ်ရမယ်၊ အဘိညာဉ်ရမှသာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းတာတို့၊ သူများစိတ်သိတာတို့၊ အဝေးကြီးက အသံကြားတာတို့၊ အဝေးက ရူပါရုံမြင်တာတို့ ဖြစ်နိုင်တယ်၊ ဈာန်ရရုံနဲ့ မဖြစ်နိုင်ဘူး၊ ဒါကို မှတ်ထားရမယ်။

သို့သော် popular language အနေနဲ့ သုံးတာဖြစ်လို့ ဈာန်ပျံတယ်လို့ သုံးတာ၊ အမှန်ကတော့ ဈာန်သက်သက်ရရုံနဲ့ ဒါတွေ မလုပ်နိုင်သေးဘူး၊ အဘိညာဉ်ရမှ လုပ်နိုင်တယ်၊ အဘိညာဉ်ရအောင်ကလည်း ပဉ္စမဈာန်ကို အခြေခံပြီး အားထုတ်ယူ

[စာမျက်နှာ-206] ရတယ်၊ အဘိညာဉ်ဆိုတာ ပဉ္စမဈာန်ပဲလို့ ဒီလိုမှတ်ထားကြတော့၊ ပဉ္စမဈာန်ရရုံနဲ့ အဘိညာဉ်ရတယ်လို့ ထင်နေတတ်ကြတယ်။ အမှန်ကတော့ ပဉ္စမဈာန်တွင် မကဘူး၊ အရူပါဝစရဈာန်ပါ ရပြီးမှ ပဉ္စမဈာန်ကို အခြေခံအားထုတ်ပြီးတော့ အဘိညာဉ်ဆိုတဲ့ စိတ်၊ အဘိညာဉ်ဆိုတဲ့ ဉာဏ်ပေါ်တယ်။

အဲဒါကြောင့်မို့ ရူပဈာန် ၅-ပါး၊ အရူပဈာန် ၄-ပါး၊ ဈာန် ၉-ပါးစလုံး ရပြီးမှ အဘိညာဉ်ဆိုတာကို ရနိုင်တယ်။

ဒါတွေဟာ အခုခေတ်ကျတော့ အားထုတ်နိုင်သူတွေလည်း မရှိတော့ဘူး၊ ရတဲ့သူလည်း မရှိဘူးလို့ပဲ ဆိုရမှာပေါ့၊ ကိုယ်လဲ မတွေ့ဖူးပဲကိုး။

မြတ်စွာဘုရားလက်ထက်တုန်းက မြတ်စွာဘုရားကိုယ်တိုင် ဒီအဘိညာဉ်တွေ ရတယ်၊ တခြားများစွာသော ရဟန္တာတွေလည်း ဒီအဘိညာဉ်တွေ ရတယ်။

ရဟန္တာတွေကို အမျိုးအစားခွဲလိုက်တော့ ဆဠဘိည ရဟန္တာဆိုတာ ရှိတယ်၊ ဆိုလိုတာက ရဟန္တာဖြစ်တာနဲ့ ဒီအဘိညာဉ်တွေကို ရတာ၊ ရှေးဘဝက ပါရမီ ပါလာကြတာကိုး။

အဘိညာဉ်မပါပဲနဲ့ ရိုးရိုးရဟန္တာဖြစ်သူတွေလည်း အများကြီး ရှိတာပဲ၊ အထူးအနေနဲ့ကတော့ အဘိညာဉ်ရပြီး ရဟန္တာဖြစ်တာ။

ပြီးတော့ ဝိဇ္ဇာသုံးပါး ဆိုတာ အခေါ်ရှိသေးတယ်၊ ပြီးတော့ ကြားဖူးကြလိမ့်မယ်။ ဝိဇ္ဇာစရဏသမ္ပန္န ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်မှာဆိုရင် ဝိဇ္ဇာ ၃-ပါး၊ ဝိဇ္ဇာ ၈-ပါးနဲ့ လုပ်တယ်၊ ဝိဇ္ဇာသုံးပါးဆိုတာ ဘာလဲဆိုတော့ အခုဒီ အဘိညာဉ်ထဲက ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဉ်၊ အရဟတ္တမဂ် ဆိုတော့ အာသဝက္ခယအဘိညာဉ် ဒီ ၃-ပါးကို ဝိဇ္ဇာ ၃-ပါးလို့ ခေါ်တယ်၊ ဒီအဘိညာဉ်တွေကိုပဲ ခေါ်တာ။

မြတ်စွာဘုရားဟာ ဗောဓိပင်ရင်းမှာ ထိုင်ပြီးတော့ တရားအားထုတ်တယ်။ "ဘုရားမဖြစ်သမျှ ဒီတင်ပလ္လင်ခွေ မဖျက်ဘူး" လို့ အဓိဋ္ဌာန်ပြီး တရားအားထုတ်တဲ့အခါမှာ ညဉ့်ရဲ့ ပထမယာမ်မှာ ပုဗ္ဗေနိဝါသအဘိညာဉ် ထိအောင် ရတော်မူတယ်။ အာနာပါနကမ္မဋ္ဌာန်း (ထွက်သက်ဝင်သက်ကမ္မဋ္ဌာန်း) ကို အားထုတ်ရင်းနဲ့ ပထမဈာန်၊ ဒုတိယဈာန်ရ၊ တတိယဈာန်ရ၊ စတုတ္ထဈာန်ရ၊ ပဉ္စမဈာန်ရပေါ့လေ၊ အရူပဈာန်တွေ ရပြီးတဲ့နောက် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အဘိညာဉ်ကို ပထမယာမ်အတွင်း (ည ၆ နာရီက ၁၀ နာရီအတွင်း) မှာ ရတော်မူတယ်။

အဲသလို ရတော်မူပြီးတဲ့နောက် ဆက်လက်အားထုတ်တဲ့အခါကျတော့ မဇ္ဈိမယာမ် (သန်းခေါင်ယံ) မှာ ယထာကမ္မူပဂဉာဏ် ကို ရတယ်၊ သတ္တဝါတွေ

[စာမျက်နှာ-207] ဘဝတစ်ခုသေပြီး ဘဝတစ်ခုမှာ ဖြစ်နေတာ၊ ကံအားလျော်စွာ လားနေတာတွေ တိုက်ရိုက်မြင်တဲ့ ဉာဏ်တော်ကို အဲဒီအချိန်မှာ ရတယ်။

အဲသလိုရပြီးတဲ့နောက် ညရဲ့ တတိယယာမ်ကျတော့ တစ်နေ့က ပြောခဲ့တဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ် ကို ဘုရားအလောင်းဘဝ (ဘုရားဖြစ်ဖို့ နီးကပ်နေပြီ၊ နာရီပိုင်းသာ လိုတော့တယ်) မှာ အပြန်ပြန်အလှန်လှန် ဆင်ခြင်တော်မူတယ်။

ပဋိစ္စသမုပ္ပါဒ် ကို ဆင်ခြင်တယ်ဆိုရာမှာ သာမညဆင်ခြင်တာ မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တစ်ခုစီ တစ်ခုစီကို အသေးစိပ်ဆင်ခြင်ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဝိပဿနာပါ ကိုင်ပြီး ရှုသွားတယ်၊ အဲဒါကို ဗုဒ္ဓဝိပဿနာလို့လည်း ခေါ်တယ်။

အဲသလို ဝိပဿနာရှုပြီးလို့ အရုဏ်လည်းတက်ရော ဘုရားဖြစ်ရော၊ ဘုရားဖြစ်တဲ့အခါ အာသဝက္ခယအဘိညာဉ်၊ အာသဝက္ခယဉာဏ်၊ အရဟတ္တမဂ်ဉာဏ် တို့ကို ရတော်မူတယ်၊ အဲဒီအချိန်မှာ ဘုရားဖြစ်တာ။

ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ် ဆိုတာလည်း ပေါ်လာတာပေါ့၊ ဒါကြောင့်မို့ ဘုရားဖြစ်တဲ့အချိန်ဟာ ယခုခေတ်အပြောနှင့်ဆိုရင် ကဆုန်လပြည့်နေ့ မဟုတ်ဘူးနော်၊ လပြည့်ကျော် တစ်ရက်နေ့ အရုဏ်တက် ဖြစ်သွားပြီ။ ဒါပေမယ့် ဦးဇင်းတို့က ဘုရားဖြစ်တာ လပြည့်နေ့လို့ပဲ သတ်မှတ်ထားကြတာ၊ စာတွေထဲမှာလဲ လပြည့်နေ့ကိုပဲ ရည်ညွှန်းကြတယ်၊ အမှန်ကတော့ လပြည့်နေ့ညမှာ ဗောဓိပင်ရင်း ချဉ်းကပ်၊ တရားထိုင် တရားအားထုတ်ပြီးတော့ နောက်နေ့ အရုဏ်တက်တာနဲ့ ဘုရားဖြစ်တာနဲ့ တစ်ပြိုင်နက်လောက် ဖြစ်တယ်လို့ ဆိုတယ်။

ဒါက ယနေ့ခေတ်အရပြောတာ၊ ဘုရားလက်ထက်က ရက်ရေတွက်ပုံအရ အရုဏ်နဲ့ရက်ကို ပိုင်းခြားတာဖြစ်တယ်။ ယနေ့ခေတ်ထိအောင်ပဲ ဘုန်းကြီးလောကမှာ အရုဏ်နဲ့ပဲ ရက်ကို ပိုင်းခြားတယ်၊ ဒါကြောင့် အဲဒီအလိုအရ လပြည့်နေ့မှာပဲ ဘုရားဖြစ်တာ။

ဘုရားဖြစ်တဲ့အခါကျတော့ အရဟတ္တမဂ် နဲ့ အတူတူ သဗ္ဗညုတဉာဏ်တော် ဆိုတာလည်း ပါသွားတာပေါ့လေ၊ ဒီအဘိညာဉ် ၃-ပါး၊ ပုဗ္ဗေနိဝါသအဘိညာဉ်၊ ဒိဗ္ဗစက္ခုအဘိညာဉ်၊ အာသဝက္ခယဉာဏ်၊ အဲဒီဉာဏ်တွေရပြီး ဘုရားဖြစ်တယ်။

အဲဒီတော့ ရဟန္တာတွေကော ဒီဉာဏ်တွေ မရဘူးလားဆိုရင် ရတာပါပဲ။ ရဟန္တာလည်း ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် ရနိုင်တာပါပဲ။ ရနိုင်တာမဟုတ်ဘူး ရကိုရတာ၊ သို့သော် ဘုရားနဲ့တော့ မတူဘူးပေါ့လေ၊ မြတ်စွာဘုရားကျတော့ ပုဗ္ဗေနိဝါသဉာဏ် ဆိုရင် အတိုင်းအဆမရှိ အောက်မေ့နိုင်တယ်။

[စာမျက်နှာ-208] သာဝကတွေကျတော့ မိမိပါရမီဖြည့်ရာ အတိုင်းအတာအထိသာ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရရင် လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းကိုပဲ အောက်မေ့နိုင်တယ်၊ အဲသလို အပိုင်းအခြား ကွာသွားတယ်။

ဒါဟာ ဘာလဲဆိုရင် သမထကမ္မဋ္ဌာန်းကို အားထုတ်ပြီးတော့ ရနိုင်တဲ့ အကျိုးတွေလို့ပဲ ဆိုကြပါစို့။ ဈာန်ရပြီးတဲ့နောက် ဈာန်ဝင်စားနိုင်တဲ့ အကျိုးရတယ်၊ အဲဒီဈာန်က တစ်ဆင့်တက်လို့ အဘိညာဉ်ရအောင် အားထုတ်လို့ အဘိညာဉ်ရရင် အခုလိုထူးခြားတဲ့ တန်ခိုးတွေဘာတွေ ရနိုင်တယ်၊ ဒါဟာ သမထကမ္မဋ္ဌာန်းရဲ့ အကျိုးကျေးဇူးတွေပေါ့။

ဒါပေမယ့်လို့ သမထကမ္မဋ္ဌာန်းက ဒီလိုတန်ခိုးတွေသာ ရအောင် လုပ်ပေးနိုင်တယ်၊ ရုပ်နာမ်ရဲ့ သဘောကို အမှန်အကန်အတိုင်း မြင်ဖို့အတွက်တော့ သမထကမ္မဋ္ဌာန်းက မတတ်နိုင်ဘူး။ ပြီးတော့ သမထကမ္မဋ္ဌာန်း သက်သက်အားထုတ်ရုံနဲ့ ကိလေသာမကင်းနိုင်ဘူး၊ တရားထူးမရနိုင်ဘူး၊ ရဟန္တာမဖြစ်နိုင်ဘူး။

ဘာကြောင့်လဲဆိုရင် တရားထူးရဖို့ဆိုတာက ရုပ်နာမ်ရဲ့ အမှန်သဘောကို မြင်မှ ဖြစ်တယ်၊ ရုပ်နာမ်ရဲ့ အမှန်သဘောကို မမြင်ဘဲနဲ့ သို့မဟုတ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို မသိဘဲနဲ့ မမြင်ဘဲနဲ့ တရားထူးမရနိုင်ဘူး။

အဲဒီတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို ဧကန်မြင်အောင် ကူညီနိုင်တာက သမထကမ္မဋ္ဌာန်း မဟုတ်ဘူး၊ ဝိပဿနာကမ္မဋ္ဌာန်း။ ဒါကြောင့်မို့ ဝိပဿနာကမ္မဋ္ဌာန်းကို အားမထုတ်ဘဲနဲ့ တရားထူးရတယ်လို့ ဘယ်နည်းနဲ့မှ မရှိနိုင်ဘူး။

တချို့တွေမှာ ဘုရားဟောတဲ့ တရားကို နာပြီး ချက်ချင်း တရားထူးရသွားတယ်ဆိုတဲ့ သဘောတွေ ရှိတယ်၊ ဒါပေမယ့် သူတို့တွေအနေနဲ့ အဲဒီတစ်ထိုင် အခိုက်အတန့်လေးမှာ ဝိပဿနာဉာဏ်တော့ ဖြစ်လိုက်သေးတာပဲ၊ မဖြစ်ဘဲနဲ့ တရားထူးရတယ်လို့ကို မရှိဘူး။

မဂ္ဂဝီထိ ပြန်ကြည့်ရင် မဂ္ဂဝီထိမှာ ပရိကမ္မ၊ ဥပစာရ၊ အနုလောမ၊ ဂေါတြဘူ ဆိုတဲ့ ကာမာဝစရစိတ် ၄-ချက်မှာ ပရိကမ္မ၊ ဥပစာရ၊ အနုလောမ၊ ဒီ ၃-ခုက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သင်္ခါရတရားကို အာရုံပြုတာ။

အဲဒီဝိပဿနာဇော ရှေ့ကမနေဘဲနဲ့ မဂ်ဇောမလာဘူး၊ မဂ်ဇော မပေါ်နိုင်ဘူး။ ဒါကြောင့်မို့ ဝိပဿနာမပါဘဲနဲ့တော့ တရားထူး ဘယ်တော့မှ မရနိုင်ဘူး။

သမထကမ္မဋ္ဌာန်းက နီဝရဏတွေကို ငြိမ်းအောင် တတ်နိုင်တယ်၊ ကိလေသာတွေကို ခွာတယ်၊ ခွာတယ်ဆိုတာ ပယ်တာ မဟုတ်ဘူး၊ ခပ်လှမ်းလှမ်း ရောက်သွား

[စာမျက်နှာ-209] အောင်၊ အချိန်တော်တော်ကြာ ပြန်မလာနိုင်အောင် အရှိန်သပ်ထားနိုင်တယ်၊ အဲသလိုတော့ ရတယ်။

ဒါပေမယ့်လို့ လုံးဝကိလေသာကင်းသွားအောင် သမထကမ္မဋ္ဌာန်းက မလုပ်နိုင်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ သမထကမ္မဋ္ဌာန်းရဲ့ ရှုပုံကို ကြည့်လိုက်ရင် ရုပ်နာမ်ရဲ့ သဘောကို မြင်အောင်ရှုတာ မဟုတ်ဘူး၊ စိတ်ခိုင်အောင် သမာဓိရအောင် လုပ်တာ။ ပထဝီ၊ ပထဝီ နဲ့ ဒါပဲရှုတာ၊ ပညတ်ကိုပဲ အာရုံပြုပြီးသွားတာ၊ ပရမတ်အာရုံပြုတာရယ်လို့ အလွန်ရှားတယ်။

ဝိပဿနာကျတော့ ပညတ်ကို အာရုံပြုလို့ မရဘူး၊ ပညတ်ကို ဖောက်ထွင်းပြီးတော့ ပရမတ်ထိအောင် အာရုံပြုတာ၊ ပရမတ်ကို မြင်အောင်ရှုပြီးတော့ အားထုတ်ရတာ။

အဲသလို ရုပ်နာမ်ရဲ့ သဘောမှန်ကို မြင်မှသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို သိပြီးတော့ တရားထူးရတဲ့ဆီ ရောက်တယ်၊ ဒါကြောင့်မို့ သမထကမ္မဋ္ဌာန်း သက်သက်ဖြင့် နိဗ္ဗာန်ကို မရောက်နိုင်၊ တရားထူးမရနိုင်တာကိုတော့ မှတ်ထားရမယ်။

သို့သော် သမထကမ္မဋ္ဌာန်းကို အားထုတ်ဖို့ မလိုဘူး၊ အားမထုတ်သင့်ဘူးလို့ ဒီလိုတော့လည်း ပြောလို့ မဖြစ်ဘူးနော်၊ အမျိုးမျိုးပဲ။ သမထအားထုတ်ပြီးမှ ဝိပဿနာအားထုတ်ရမယ်လို့ ပြောသူတွေကလည်း ပြောနေကြတာ၊ ဈာန်ရအောင် အားထုတ်ပြီးမှ ဝိပဿနာအားထုတ်ရမယ်လို့ ပြောသူတွေလည်း ရှိနေတယ်၊ သူတို့လည်း တစ်ဖက်စွန်း ရောက်နေတယ်။

စာမှာရှိတာကတော့ ဟိုတစ်နေ့က ပြောခဲ့တဲ့အတိုင်းပဲ၊ သမထကို ပထမအားထုတ်ပြီးတော့ ဝိပဿနာအားထုတ်ပြီးတော့ မဂ်ဖိုလ်ရသွားတဲ့လူတွေ ရှိတယ်။ ဝိပဿနာသက်သက် (သုက္ခဝိပဿက လို့ ဆိုတယ်၊ ဝိပဿနာအခြောက်ပေါ့လေ) အားထုတ်ပြီးတော့ မဂ်ဖိုလ်ရသွားတဲ့သူတွေ ရှိတယ်။

ဒါကြောင့်မို့ ၂-မျိုးစလုံး အားထုတ်ကောင်းတာချည်းပဲလို့တော့ မှတ်ရမယ်။ သို့သော် သမထကမ္မဋ္ဌာန်းသက်သက်နဲ့တော့ ကျေနပ်နေဖို့ မသင့်ဘူးပေါ့လေ။ မြတ်စွာဘုရားရဲ့ တပည့်သားဖြစ်လာရင် မြတ်စွာဘုရားရဲ့ ညွှန်ကြားချက်အတိုင်း သတ္တဝါအားလုံး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း ဦးတည်ရမှာကိုး။

သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ ပို့ဆောင်ပေးနိုင်တာက ဝိပဿနာကမ္မဋ္ဌာန်းကသာ ပို့ဆောင်ပေးနိုင်တယ်၊ အဲဒီတော့ သမထကမ္မဋ္ဌာန်း အားထုတ်ပြီးရင် သမထကမ္မဋ္ဌာန်းရဲ့ အာရုံတွေကိုပဲ ဝိပဿနာရှုလို့ ရတယ်၊ သို့မဟုတ် သမထကမ္မဋ္ဌာန်း အားထုတ်လို့ ရထားတဲ့ သမာဓိ သို့မဟုတ် ဈာန်၊ အဲဒါကို အနိစ္စ၊

[စာမျက်နှာ-210] ဒုက္ခ၊ အနတ္တ တင်ပြီး ဝိပဿနာရှုသွားလို့ ရတယ်။

အဲဒီတော့ သမထကမ္မဋ္ဌာန်းဟာ ဝိပဿနာရဲ့ basic ဖြစ်မှသာ တကယ် အကျိုးရှိမှာ။ သမထသက်သက်ဆိုရင်တော့ ခုနလို တန်ခိုးတွေဘာတွေ ရတာပဲ ရှိမယ်၊ ဒါပေမယ့်လို့ ဒါတွေဟာ မခိုင်မြဲဘူး၊ ပျက်စီးသွားနိုင်တယ်၊ ဈာန်ရပြီးတော့ ဈာန်လျောတာတွေ အများကြီး ရှိတယ်၊ ရှေးတုန်းက ဝတ္ထုတွေမှာ ရှိတယ်၊ ဈာန်ပျက်နိုင်တယ်။

မဂ်ကတော့ မပျက်နိုင်ဘူး၊ မဂ်ရပြီးရင် ဒီပုဂ္ဂိုလ် ဘယ်တော့မှ နောက်ပြန် မဆုတ်တော့ဘူး၊ လျောမကျတော့ဘူး၊ အဲသလို ကွာသွားတယ်၊ ကိလေသာကိုလည်း မဂ်ကသာ အကြွင်းမရှိ အဆုံးသတ် ပယ်နိုင်တယ်၊ ဈာန်က ကိလေသာကို မပယ်နိုင်ဘူး၊ နှိမ်ထားနိုင်တယ်၊ နီဝရဏတွေကို ခဏငြိမ်းအောင် လုပ်ထားနိုင်တယ်။ အနုသယ ကို ဈာန်က မပယ်နိုင်ဘူး၊ အဲဒါကြောင့်မို့ ဝိပဿနာကမ္မဋ္ဌာန်းထိအောင် ပွားများအားထုတ်ရမယ်။

အဲဒီတော့ သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး တကယ်အကျယ်သိချင်ရင်တော့ ဝိသုဒ္ဓိမဂ်ကို ဖတ်ရမယ်၊ ဝိသုဒ္ဓိမဂ် မှာ ကမ္မဋ္ဌာန်း ၄၀-အကျယ်ရှိတယ်၊ အားထုတ်နည်း ဘယ်လိုအားထုတ်ရမယ် အစရှိသဖြင့် စုံနေတာပဲ။

[စာမျက်နှာ-211] ဝိပဿနာ ကမ္မဋ္ဌာန်း ဤဝိပဿနာ ကမ္မဋ္ဌာန်းအဖွင့်၌ (၁) ဝိသုဒ္ဓိ ၇-ပါး (၂) လက္ခဏာ ၃-ပါး (၃) အနုပဿနာ ၃-ပါး (၄) ဉာဏ် ၁၀-ပါး (၅) ဝိမောက္ခ ၃-ပါး (၆) ဝိမောက္ခမုခ ၃-ပါးတို့ကို ပြဆို၏။

ဝိသုဒ္ဓိ ၇-ပါး
၁။ သီလဝိသုဒ္ဓိ = စတုပါရိသုဒ္ဓိသီလ၏ စင်ကြယ်ခြင်း။
၂။ စိတ္တဝိသုဒ္ဓိ = ဥပစာရသမာဓိ၊ အပ္ပနာသမာဓိစိတ်၏ စင်ကြယ်ခြင်း။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းသော ဉာဏ်၏ စင်ကြယ်ခြင်း။
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ = နာမ်ရုပ်တရား ၂-ပါး၏ အကြောင်းတရားကို သိမ်းဆည်းသည်ဖြစ်၍ ၁၆-ပါးသော ယုံမှားခြင်းကို လွန်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဝိပဿနာ၏ ညစ်ညူးကြောင်းဘေးရန်ကို သိမ်းဆည်းသောအားဖြင့် မဂ်ဟုတ်သည် မဟုတ်သည်ကို သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ = ဥဒယဗ္ဗယဉာဏ်မှစ၍ သစ္စာနုလောမဉာဏ်တိုင်အောင် ၉-ပါးသော ဝိပဿနာဉာဏ်ဟု ဆိုအပ်သော မဂ်တည်းဟူသော ဉာဏဒဿနဝိသုဒ္ဓိ၏ အကျင့်ဖြစ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း။
၇။ ဉာဏဒဿနဝိသုဒ္ဓိ = နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ စင်ကြယ်ခြင်း။

သီလဝိသုဒ္ဓိ
၁။ ရဟန်းတို့မှာ ပါတိမောက်၌လာသော ၂၂၇-ပါးသော သိက္ခာပုဒ်တော် အပေါင်းသည် ပါတိမောက္ခသံဝရသီလ မည်၏။
၂။ စက္ခုစသော ဣန္ဒြေကို ကောင်းစွာလုံခြုံအောင် စောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏။
၃။ မြတ်စွာဘုရား စက်ဆုပ်အပ်သော မိစ္ဆာဇီဝအမှုဖြင့်ရသော ပစ္စည်းတို့ကို

[စာမျက်နှာ-212] ရှောင်ကြဉ်၍ တရားသဖြင့်ရသော ဓမ္မိယလဒ္ဓကပ္ပိယပစ္စည်း ၄-ပါးတို့ကိုသာ မှီဝဲသုံးဆောင်၍ အသက်မွေးခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။
၄။ တရားသဖြင့်ရအပ်သော ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်မှီဝဲခြင်းသည် ပစ္စယသန္နိဿိတသီလ မည်၏။

ဤ သီလ ၄-ပါး၏ လုံခြုံပြည့်စုံစင်ကြယ်မှုသည် သီလဝိသုဒ္ဓိ မည်၏။

လူတို့မှာသော်ကား ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ သုစရိတသီလတို့ကို ကောင်းစွာလုံခြုံအောင် စောင့်ရှောက်ထိန်းသိမ်းခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏။ ဣန္ဒြိယသံဝရသီလ မှာ ရဟန်းတော်တို့နှင့်တူ၏။ မိစ္ဆာဇီဝအမှုဖြင့် ရသော ပစ္စည်းတို့ကို ကြဉ်ရှောင်၍ ကောင်းသော ကုန်သွယ်ခြင်းစသော တရားသဖြင့် ရသော ပစ္စည်းတို့ကိုသာ မှီဝဲ၍ အသက်မွေးခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။ တရားသဖြင့် ရှာကြံရအပ်သော အဝတ်ပုဆိုး အစာအာဟာရတို့ကို ပဋိကူလသညာ စတုဓာတုဝဝတ္ထာန်တို့ဖြင့် အောက်မေ့ဆင်ခြင်၍ စည်းစိမ်ဥစ္စာဖြင့် မိန်းမောတွေဝေခြင်းသို့ မရောက်စေပဲ သုံးဆောင်ခံစား မှီဝဲခြင်းသည် ပစ္စယသန္နိဿိတသီလ ပြည့်စုံသည်။

စိတ္တဝိသုဒ္ဓိ
ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ၂-ပါးသည် (ဝါ) သမာဓိ ၂-ပါးနှင့်ယှဉ်သော စိတ်သည် ကာမစ္ဆန္ဒနီဝရဏစသော အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့် စိတ္တဝိသုဒ္ဓိ မည်၏။ ဝိပဿနာကမ္မဋ္ဌာန်းကို အဟုတ်ကြိုးပမ်းမည့် ယောဂီသည် သမထကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဥပစာရသမာဓိလောက်ဖြစ်စေ၊ အပ္ပနာသမာဓိသို့ ရောက်အောင်ဖြစ်စေ အားထုတ်၍ နီဝရဏတို့မှ စင်ကြယ်စေသဖြင့် ဝိပဿနာကမ္မဋ္ဌာန်းအာရုံသို့ ရောက်စေနိုင်၏။

ဒိဋ္ဌိဝိသုဒ္ဓိ
ပရမတ္ထတရားတို့၌ ယောဂီပုဂ္ဂိုလ်များသိဖို့ရန် အမှတ်အသား တစ်မျိုးစီ ရှိကြ၏။ ထိုအမှတ်အသားကို လက္ခဏာ ဟုခေါ်သည်။ ပရမတ္ထတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ၊ အကြောင်းစုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ ၂-မျိုးသည် ရသ မည်၏။ ဉာဏ်အား ရှေးရှုထင်သာ အခြင်းအရာ အကျိုးတရားသည် ပစ္စုပဋ္ဌာန် မည်၏။ နီးစွာသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏။

[စာမျက်နှာ-213] စိတ်စေတသိက်ဟူသော နာမ်နှင့် နိပ္ဖန္နရုပ်တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် တင်၍ ဆင်ခြင်လိုက်သောအခါ သိမှုသည် စိတ်၊ ခံစားမှုသည် ဝေဒနာ၊ မှတ်သားမှုသည် သညာ၊ ပြုလုပ်အားထုတ်မှုကား သင်္ခါရ၊ ဖောက်ပြန်တတ်သော ဤခန္ဓာကိုယ်ကြီးကား ရုပ် တည်းဟု သိမြင်ခြင်းသည်ပင် အတ္တစွဲလန်းမှုဟူသော အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ ဤသို့ ဆင်ခြင်ဖန်များလျှင် သတ္တဝါမရှိ၊ ပုဂ္ဂိုလ်မရှိ၊ အတ္တမရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ရုပ်နာမ်သာရှိသည်ဟု မိမိရရ သဘောကျသဖြင့် အတ္တဒိဋ္ဌိ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်၍ ဒိဋ္ဌိဝိသုဒ္ဓိ နယ်သို့ ရောက်လေပြီ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ
နာမ်ကား အဝိဇ္ဇာ၊ သင်္ခါရ၊ ဟေတုစသော အကြောင်းတရားကြောင့်ဖြစ်၏။ ရုပ်ကား ကံစသော အကြောင်းတရားကြောင့်ဖြစ်၏ဟု ရုပ်နာမ်တို့၏ ဖြစ်ကြောင်းကို ကောင်းကောင်းသိမြင်သောအခါ ရှေးရှေးဘဝတုန်းကလည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ ဖြစ်ခဲ့လှပြီ၊ ရဟန္တာမဖြစ်သေးသမျှ နောက်နောင်ဘဝတို့၌လည်း အကြောင်းအားလျော်စွာ ဖြစ်ကြရလိမ့်ဦးလတံ့ဟု သဘောကျသဖြင့် ၁၆-ပါးသော ယုံမှားမှုများကို လွတ်မြောက်၍တည်သော ဉာဏ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။

ကင်္ခါ ၁၆-ပါးကား
(၁) ငါသည် လွန်လေပြီးသော ကာလ၌ ဖြစ်ဖူးပြီလော၊ (၂) လွန်လေပြီးသော ကာလ၌ မဖြစ်ဖူးလေသလော၊ (၃) အဘယ်သို့သောသူ ဖြစ်ဖူးလေသနည်း၊ (၄) အဘယ်ပုံသဏ္ဍာန်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း၊ (၅) တတိယဘဝက ဘယ်ပုံ ဖြစ်ခဲ့၍ လွန်ပြီးသော ဒုတိယဘဝ၌ ဘယ်လိုဖြစ်ခဲ့ပါလိမ့်မည်နည်းဟု အတိတ်ဘဝအတွက် ယုံမှားချက် ၅-ပါး။ အနာဂတ်ဘဝအတွက် ၅-ပါး ပေါင်း ၁၀-ပါး ဖြစ်၏။

ပစ္စုပ္ပန်အတွက် ယုံမှားခြင်း ၆-ပါးမှာ (၁) ငါဟုတ်လေသလော၊ (၂) ငါမဟုတ်လေသလော၊ (၃) အဘယ်သို့သောသူသည် ငါဖြစ်လေသနည်း၊ (၄) အဘယ်သို့သော အခြင်းအရာအားဖြင့် ငါဖြစ်လေသနည်း၊ (၅) ဤငါဖြစ်သော သတ္တဝါအတ္တဘောသည် အဘယ်ဘဝက လာခဲ့လေသနည်း၊ (၆) ထိုအတ္တဘောသည် အဘယ်ဘဝသို့ လားရလတ္တံ့နည်း။

[စာမျက်နှာ-214]
အဘိဓမ္မာသင်တန်း ၅၄

ကမ္မဋ္ဌာန်းပိုင်း
သမထကမ္မဋ္ဌာန်းအဆက်နှင့် ဝိပဿနာကမ္မဋ္ဌာန်းအစ
ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့။

လွန်ခဲ့တဲ့ အပတ်က သမထကမ္မဋ္ဌာန်းအကြောင်း လေ့လာပြီးကြပြီ။ ပြီးမယ်ဆိုရင်လည်း ပြီးနိုင်တယ်၊ ဒါပေမယ်လို့ သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေ ရှိသေးတယ်၊ ဒါကြောင့်မို့ သမထကမ္မဋ္ဌာန်းကို ပြန်ကြည့်လိုက်ကြဦးစို့။

သမထကမ္မဋ္ဌာန်း ၄၀-ရှိတယ်။ ကသိဏ ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ အပ္ပမညာ ၄-ပါး၊ သညာ ၁-ပါး၊ ဝဝတ္ထာန ၁-ပါး၊ အရုပ္ပ ၄-ပါး။

အဲဒီတော့ ကမ္မဋ္ဌာန်းတိုင်းမှာ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ။ နိမိတ်ကလည်း ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် ဆိုပြီး ရှိတယ်။

[စာမျက်နှာ-215] တချို့ကမ္မဋ္ဌာန်းမှာတော့ အပ္ပနာဘာဝနာ မရှိဘူး။ ဆိုပါတော့ (ဗုဒ္ဓါနုဿတိတို့ ဘာတို့ဆိုရင်ပေါ့) ဥပစာရဘာဝနာ အထိသာ ရနိုင်တယ်။ ဒါတွေက ဟိုနေ့က ပြောပြီးပြီ။

ဒီနေ့ ဘာပြောချင်တာလဲဆိုတော့ အထူးသဖြင့်တော့ ကသိဏ ၁၀-ပါးရဲ့ အစွမ်းသတ္တိလေးတွေ နည်းနည်းသိထားရင် ကောင်းမယ်လို့ ထင်တယ်။ ဒါက သင်္ဂြိုဟ်ကျမ်းထဲမှာတော့ မပါဘူး၊ ဝိသုဒ္ဓိမဂ် ထဲမှာပါတယ်။ ဘယ်ကသိုဏ်း ဝင်စားအားထုတ်ပြီး တန်ခိုးပြတဲ့အခါကျတော့ ဘယ်လိုအကျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ကသိုဏ်းရဲ့ အစွမ်းသတ္တိတွေ ပြောထားတာရှိတယ်။ ရေးမှတ်နေဖို့တော့ မလိုဘူး၊ နားထောင်ထားပေါ့လေ၊ နားထောင်ရင် နည်းနည်းပါးပါး တီးခေါက်မိမှာပေါ့။

ဆိုပါတော့၊ ရှေးတုန်းက သာမဏေလေးတစ်ပါးရှိတယ်။ သာမဏေဟာ ဈာန်အဘိညာဏ်တွေရတော့ နတ်ပြည်သွားတယ်။ နတ်ပြည်ရောက်တဲ့အခါ ဝေဇယန္တာပြာသာဒ်ကြီးကို မြင်တော့ တန်ခိုးနဲ့ လှုပ်အောင်လုပ်မယ်ဆိုပြီး သွားလှုပ်တယ်။ လှုပ်လို့မရဘူး။ လှုပ်လို့မရတော့ နတ်သမီးတွေက လှောင်ပြောင်လွှတ်လိုက်တာ ရှက်ပြီးတော့ လူ့ပြည်ပြန်လာရတယ်။

အဲဒီတော့ သူ့ဆရာကို မေးတယ်။ သူဘာဖြစ်သွားတာလဲ၊ တန်ခိုးအဘိညာဏ်နဲ့ ဝေဇယန္တာပြာသာဒ်ကို လှုပ်အောင်လုပ်တာ မလှုပ်ဘူးဆိုတော့ အဲဒီမှာ ဆရာက ဥပမာလေးတစ်ခုနဲ့ ပြောတယ်။

ရေထဲမှာ နွားချေးလေး ရွေ့လျားလှုပ်နေတာနဲ့ ဥပမာပေးပြီးပြောတာ။ သာမဏေက ကသိုဏ်းဝင်စားတာမှားတယ်။ ပထဝီကသိဏ ဝင်စားပြီး သွားလှုပ်အောင်လုပ်တော့ ပထဝီက ခိုင်တာကိုး၊ ဘယ်ရမလဲ။ အဲဒီတော့ အာပေါကသိဏ ဝင်စားရတယ်။ အာပေါကသိဏ ဝင်စားပြီးမှ လှုပ်အောင်လုပ်လို့ရတယ် စသည်ဖြင့်ပေါ့။

ဒါကြောင့်မို့ ကသိဏ ၁၀-ပါးရဲ့ အစွမ်းသတ္တိလေးတွေကို ဝိသုဒ္ဓိမဂ် မှာ အကျယ်ရေးထားတာရှိတယ်။ အဲဒါကို မဟာဝိသုဒ္ဓါရုံ ဆရာတော်က လင်္ကာစီကုံးထားတယ်။ အဲဒီလင်္ကာကို ဖတ်ပြီး နည်းနည်းအကျဉ်းပြောပြမယ်။

* ပထဝီကသိဏ၊ စွမ်းဗလကြောင့်၊ ဧက ဗဟု၊ ဗဟု ဧက၊ စသည်ဖြစ်ချင်၊ ကောင်းကင်ရေတွင်း၊ ဖန်ဆင်း၍။ သွားခြင်းထိုင်လျောင်း၊ ရကောင်းအဘိပါ၊ စစွာသဘော၊ ပြီးကြောင်းဟော၏။

ပထဝီကသိုဏ်း ကို ဝင်စားတဲ့အတွက်ကြောင့် ဘယ်လိုအကျိုးတွေ ရနိုင်သလဲဆိုတော့ “ဧကဗဟု၊ ဗဟုဧက စသည်ဖြစ်ချင်” ဆိုတာ တစ်ယောက်တည်းကနေ

[စာမျက်နှာ-216] အများဖြစ်အောင် ဖန်ဆင်းတာ၊ အများကနေ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းတာ အဲဒါကို ပြောတာ။

“ကောင်းကင်ရေတွင်း၊ မြေဖန်ဆင်း၏” ဆိုတာ ကောင်းကင်ပေါ်မှာ မြေကြီးဖန်ဆင်းတယ်။ ရေထဲမှာ မြေကြီးဖန်ဆင်းပြီးတော့ အဲဒီပေါ်မှာ သွားတယ်၊ ထိုင်တယ်၊ ရပ်တယ် စသည်ဖြင့် အဲသလို လုပ်ပြနိုင်တယ်။

“ရကောင်းအဘိပါ၊ စစွာသဘော၊ ပြီးကြောင်းဟော၏” ဒါကတော့ အဘိဘာ ဆိုတော့ နိုင်နိုင်နင်းနင်း ပွားများပြီးရတဲ့ ဈာန်ကို ပြောတာ။ အဲသလိုဟာတွေရဖို့ ပထဝီကသိုဏ်း ရဲ့ အစွမ်းအကျိုးပြုတယ်တဲ့။

* အာပေါ စွမ်းအင်၊ မြေတွင်ပေါ်လျှို၊ မိုးသမုဒ်မြစ်၊ ဖြစ်စေဖောင်ဖောင်၊ မြေတောင်ပြာသာဒ်၊ လှုပ်လတ်စေမော၊ ရေလျှံပြော၏။

အာပေါကသိုဏ်း ဝင်စားပြီး တန်ခိုးပြတဲ့အခါကျတော့ မြေပေါ်ပေါ်တယ်။ လျှိုးဝင်သွားနိုင်တယ်၊ မိုးဖန်ဆင်းနိုင်တယ်၊ မြစ်ကြီးဖန်ဆင်းနိုင်တယ်၊ သမုဒ္ဒရာဖန်ဆင်းနိုင်တယ်၊ မြေကြီးတို့ တောင်၊ ပြာသာဒ်တို့ကို လှုပ်စေချင်ရင် အဲဒီ အာပေါကသိုဏ်း ဝင်စားပြီးမှ အဘိညာဏ်နဲ့ သွားရတယ်။

* တေဇော လျှံအိုး၊ မီးကျည်းမိုးတည့်၊

မီးကျည်းမိုးကြီးရွာအောင် ဖန်ဆင်းချင်တာတို့၊ အလျှံအခိုးတွေ ဖန်ဆင်းချင်တာတို့ဆိုရင် ပထမ တေဇောကသိုဏ်း ဝင်စားရတယ်။

* သူ့တန်ခိုးကို၊ နှိမ်ချိုးနိုင်လေ။

တစ်ဖက်သားရဲ့ တန်ခိုးကို နှိမ်ချိုးနိုင်ဖို့ဆိုရင် တေဇောကသိုဏ်း ကို ဝင်စားပြီး လုပ်ရတယ်။ ရှင်မောဂ္ဂလာန်က နန္ဒောပနန္ဒ နဂါးကြီးကို နှိမ်နှင်းတဲ့အခါမျိုးမှာ တေဇောကသိုဏ်း ဝင်စားပြီး နှိမ်တာ။ အဲသလို တေဇောကသိုဏ်း ရဲ့ အစွမ်းက သူတစ်ပါးတန်ခိုးကို နှိမ်နင်းနိုင်တယ်။

* ဝတ္ထုတွေတွင်၊ လောင်စေချင်ရာ၊

ပစ္စည်းအမျိုးမျိုးရှိတဲ့အထဲက ကိုယ်လောင်စေချင်တဲ့ ပစ္စည်းကိုသာ မီးလောင်အောင် ဖန်ဆင်းတာ၊ အဓိဋ္ဌာန်ပြုတာ။

* ဒီမှာစက္ခု၊ အလင်းပြုလတ်

ဒိဗ္ဗစက္ခု အဘိညာဏ် အထက်အလင်းရောင်ပြုတာ၊ အလင်းရောင်ဖြစ်အောင် ဖန်ဆင်းတာဟာ တေဇောကသိုဏ်း ရဲ့ သတ္တိပဲ။

* တေဇော ဓာတ်လောင်၊ မိုက်မှောင်ပယ်ဗျာ၊

[စာမျက်နှာ-217] မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ အလိုလို မီးလောင်စေသတည်းလို့ အဓိဋ္ဌာန်ပြုသွားတယ်။ အဲဒါ တေဇောကသိုဏ်း ဝင်စားပြီး အဓိဋ္ဌာန်သွားတာ။ နောက်တော့ မြတ်စွာဘုရား ခန္ဓာကိုယ်ဟာ အလိုလို မီးလောင်သွားတာ။ အမိုက်တိုက်ကို ပယ်ဖို့ဆိုရင်လည်း တေဇောကသိုဏ်း ဝင်စားပြီး ပြုရတယ်။ ဒီကသိုဏ်းဝင်စားရုံနဲ့ ဖြစ်တာတော့ မဟုတ်ဘူး၊ ဒီကသိုဏ်းရဲ့ ဈာန်ပေါ့၊ အဲဒီဈာန်ကနေ အဘိညာဏ်တက်တာ။

* ဝါယော စွမ်းမှာ၊ လျင်စွာလေမျှ၊ မုန်တိုင်းထစေ၊ ရောက်လေလိုရာ၊

လေတိုက်အောင်လုပ်တာ၊ မုန်တိုင်းထအောင်လုပ်တာ၊ လိုရာရောက်အောင် လုပ်နိုင်တာတို့ပေါ့၊ အဲဒါဟာ ဝါယောကသိုဏ်း ရဲ့ အစွမ်း။

* နီလာကသိဏ၊ ညိုမှိုင်းအဆင်း၊ မိုက်စေခြင်းတည့်။

တစ်ခါတုန်းက အမျိုးသမီးတွေ အရက်မူးပြီး မြတ်စွာဘုရားရှေ့မှာ မတော်မတရော်လုပ်တော့ မြတ်စွာဘုရားက ညိုသောရောင်ခြည်တော်တွေလွှတ်၊ အမိုက်မှောင်ကြီး လျှံစေပြီး သူတို့ကို ကြောက်အောင်လုပ်တာ။ အဲဒါ နီလကသိုဏ်း ဝင်စားပြီး လုပ်လိုက်တာ။

* ညိုမှိုင်းအဆင်း၊ မိုက်စေခြင်းတည့်၊ အဘိဘာယတန၊ သုဘဝိမောက္ခာ၊ ရလေရာ၏။

ပြီးတော့ အားကောင်းတဲ့ အထက်ဈာန်တွေကိုလည်း ရစေနိုင်တယ်။

* ပီတာ ရွှေဆင်း၊ ရွှေဖန်ဆင်း၏၊ ရလျင်း အဘိဘာ၊ သုဘဝိမောက္ခာ၊ ရလေရာ၏။

ပီတကသိုဏ်း ဆိုတော့ အဝါရောင်ပေါ့။ ရွှေရောင်ဖန်ဆင်းနိုင်တယ်၊ အားကောင်းတဲ့ အထက်ဈာန်တွေလည်း ရနိုင်တယ်။

* လောဟိတ စွမ်းအင်၊ နီလွင်ဖန်ဆင်း၊ ရခြင်း အဘိဘာ၊ သုဘဝိမောက္ခာ၊ ရလေရာ၏။

လောဟိတကသိုဏ်း ဝင်စားပြီး အနီရောင်တွေ ဖန်ဆင်းတာပေါ့။ အဲသလို သူ့ကသိုဏ်းနဲ့သူ မိမိလိုချင်တဲ့ အကျိုးနဲ့ ကိုက်ညီတဲ့ အကြောင်းဖြစ်တဲ့ ကသိုဏ်းကို ဝင်စားပြီးမှ လုပ်ရတယ်။

ဩဒါတကသိဏ
* ဩဒါတ မူ၊ ဖြူရောင်ဖန်ဆင်း၊

ဩဒါတကသိုဏ်း ဝင်စားတော့ အဖြူရောင်ဖန်ဆင်းလို့ရတယ်။

* ကင်းဝေးမျည်းငိုက်၊

အဖြူဆိုတော့ အိပ်ချင်တာကို ပယ်ဖျောက်နိုင်တာပေါ့။

* မှောင်မိုက်ပျောက်ထ။

[စာမျက်နှာ-218] အမှောင်ကို ဖျောက်ချင်တဲ့အခါလည်း ဝင်စားလို့ ရတယ်။

* ဒိဗ္ဗစက္ခု၊ ရှုဖို့အလင်း၊ ပြုခြင်းစွမ်းထ၊

ဒိဗ္ဗစက္ခု ရှုဖို့အတွက်က ရှေ့ကနေပြီး အလင်းရောင်လုပ်ပေးတယ်။ ဒါက ဩဒါတကသိုဏ်း။ တေဇောကသိုဏ်း မှာလည်း ဒိဗ္ဗစက္ခု ပါပြီးပြီ။

* အာလောက လည်း တောက်ပရောင်ဆင်း၊ ကင်းဝေးမျည်းငိုက်၊ မှောင်မိုက် ဖျောက်ထ၊ ဒိဗ္ဗစက္ခု၊ ရှုဖို့အလင်း၊ ပြုခြင်းစွမ်းထ၊

အာလောက ဆိုတာ ဩဒါတ နဲ့ ခပ်ဆင်ဆင်ပေါ့၊ အရောင်အဆင်းပဲ။ ဒိဗ္ဗစက္ခု အတွက်လည်း အလင်းရောင်လုပ်ပေးနိုင်တယ်။

* အာကာသ ဝယ်၊ ပိတ်ကွယ်ခွာဟင်း၊ ရေမြေတွင်း၌၊ ဖန်ဆင်းကောင်းကင်၊ ပြုပြင်ယာပိုဒ်၊

မြေကြီးထဲလျှိုးပြီး စင်္ကြန်လျှောက်မယ် ဘာမယ်ပေါ့။ မြေထဲမှာ အာကာသ ဖန်ဆင်းပြီးနေတာ။ ရေထဲမှာလည်း space ဖန်ဆင်းပြီးမှ အဲဒီထဲမှာ လမ်းလျှောက်မယ်။

* ပြုပြင်ယာပိုဒ်၊ မခိုက်မငြိ၊ တိရောကုဋ္ဋ၊ စသည်ကွယ်ခြား၊ သွားနိုင်ငြားသည်။ ဆယ်ပါးကသိုဏ်းသတ္တိတည်း။

နံရံတွေကို ဖြတ်သွားနိုင်တာကို ပြောတာ။ အမှန်တော့ နံရံထဲမှာ အာကာသ space ဖန်ဆင်းပြီး သွားတာ။ တိရောကုဋ္ဋ ဆိုတာ နံရံတစ်ဖက်ကို ဆိုလိုတာ။ အဲဒါ ကသိုဏ်း ၁၀-ပါးရဲ့ သတ္တိပဲ၊ သူ့သတ္တိနဲ့သူ ရှိတယ်။

ဒါတွေကို ဘာလို့ပြောနေရသလဲဆိုတော့ ဝတ္ထုကြောင်းတွေဖတ်တဲ့အခါကျ ဒါလေးတွေ ပါတတ်တယ်။ တေဇောကသိုဏ်း ဝင်စားပြီး ဘာလုပ်လိုက်တယ်။ ခုနပြောတဲ့ သာမဏေလေးဆိုရင် ကသိုဏ်းဝင်စားတာမှားနေလို့ ကိုယ်လုပ်ချင်တာ မဖြစ်နိုင်ဘူး။ နတ်သမီးတွေက လှောင်ပြောင်လွှတ်လိုက်လို့ အရှက်ကွဲလာတယ်။ နောက်တစ်ခါကျတော့ သူက ပြန်သွားတယ်၊ ဆရာ့ဆီက နည်းရသွားပြီ၊ အဲဒီအခါကျတော့ ဝေဇယန္တာပြာသာဒ်ကို သွက်သွက်ခါအောင် လှုပ်လိုက်တော့ နတ်သမီးတွေ ကြောက်လန့်ပြီး တောင်းပန်ကြသတဲ့။ ဒါဟာ ကသိုဏ်း ၁၀-ပါးရဲ့ သတ္တိ။

တခြားဟာတွေက သိပ်မထူးဘူး၊ အားထုတ်ချင်လည်း အားထုတ်လို့ရတယ်။ ကာယဂတာသတိ ကို နည်းနည်းလေး ပြောချင်တယ်။ ကာယဂတာသတိ က အားထုတ်များကြတယ်၊ အပြောများတယ်။

ကာယဂတာသတိ က ဆံပင်စသော ၃၂-ပါးသော ကောဋ္ဌာသကို (အမှန်က

[စာမျက်နှာ-219] တော့) ရွံ့ဖွယ်မြင်အောင်ရှုတာ။ ရိုးရိုး ကေသာ၊ လောမာ ပွားရုံတင်မဟုတ်ဘူး။ ကေသာ၊ လောမာလို့ ရွတ်ပြီးတဲ့နောက် အဆင်းအားဖြင့် ရွံ့ဖွယ်၊ အနံ့အားဖြင့် ရွံ့ဖွယ်၊ သဏ္ဍာန်အားဖြင့် ရွံ့ဖွယ် စသည်ဖြင့် အမျိုးမျိုး ရွံ့ဖွယ်မြင်အောင် ရှုရတာ။

အဲဒီ ကေသာ၊ လောမာ ရွတ်တဲ့အခါ (စာမှာဆိုထားတာက) ပထမ ပါးစပ်နဲ့ကို ရွတ်ရမယ်။ ဒီကမ္မဋ္ဌာန်းက တစ်မျိုး၊ နှုတ်နဲ့ရွတ်ရမယ်၊ နှုတ်နဲ့ရွတ်ပြီးမှ တစ်ခါ စိတ်နဲ့ရွတ်ရမယ်၊ စိတ်နဲ့ရွတ်ပြီးမှ တစ်ခါ (ခုနပြောတဲ့အတိုင်း) အဆင်းအားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း ရွံ့ဖွယ်မြင်အောင် ရှုရမယ်၊ အဲသလို လာတယ်။

အဲဒါကြောင့် စာမှာပါတဲ့အတိုင်း စနစ်တကျ အားထုတ်မယ်ဆိုရင်၊ ရွတ်နေတာက ၆-လလောက်တဲ့။ ရွတ်နည်းလေး ပြောပြမယ်။ ၃၂-ကောဋ္ဌာသ ရကြလား။ တစပဉ္စက ဆိုတာက ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဒီ ၅-ခုကို တစ်စု၊ သူက group ခွဲထားတယ်။

မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ၊ ဒါကို ဝက္ကပဉ္စက လို့ ခေါ်တယ်၊ ဒါက ၅ ခု။

ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ ဒါလည်း ၅-ခု၊ ပပ္ဖါသပဉ္စက။

အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ၊ မတ္ထလုင်္ဂပဉ္စက လို့ခေါ်တယ်။

ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ ၆-ခု တစ်ခုကို မေဒဆက္က လို့ခေါ်တယ်။

အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ၊ အဲဒါကို မုတ္တဆက္က လို့ ခေါ်တယ်။ အဲဒီတော့ ၅-ခုက ၄-စု၊ ၆-ခုက ၂-စု ရှိတယ်။

ကောင်းပြီ အဲဒီဟာမှ ဘယ်လို ပါးစပ်နဲ့ ရွတ်ပြီး ပွားများရမှာလဲဆိုရင် အနုလုံအားဖြင့် ၅-ရက်၊ မပြတ်ရွတ်ရမယ်။ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစောနဲ့ အစဉ်အတိုင်းရွတ်ပြီးရင် ပဋိလုံ ၅-ရက်ပေါ့။ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ၊ ဒီလိုချည်း ရွတ်ရမှာ။

နောက် ၅ ရက်ကျတော့ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ အဲဒီလိုချည်း ရွတ်ရမှာက ၅ ရက်။

အဲဒီတော့ ပထမအစုအတွက် ၁၅-ရက် ကုန်သွားပြီ။ အဲဒါပြီးရင် ဝက္ကပဉ္စက

[စာမျက်နှာ-220] သွား၊ နောက် ပဉ္စကကလည်း အနုလုံ ၅-ရက်၊ ပဋိလုံ ၅-ရက်၊ အနုလုံ ပဋိလုံ ၅-ရက်၊ ၁၅-ရက် ကုန်သွားပြန်ပြီ။

ပြီးရင် အဲဒီ ၂-ခုပေါင်းပြီး သွားရမယ်၊ ၁၀-ခု ပေါင်းသွားရမှာ။ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ (တစ်ခါ ပြောင်းပြန်ပြန်လိုက်) ဝက္ကံ၊ အဋ္ဌိမိဉ္ဇံ၊ အဋ္ဌိ၊ နှာရု၊ မံသံ၊ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ၊ အဲဒီလိုပေါင်းပြီး ၁၅-ရက်။

နောက်တစ်ခါ ပပ္ဖါသပဉ္စက သွား၊ သူချည်းပဲ အနုလုံ ၅-ရက်၊ ပဋိလုံ ၅-ရက်၊ ပြီးရင် ၁၀-ခုပေါင်းပြီးတော့ အနုလုံ ပဋိလုံ ၅-ရက်။

နောက်တစ်ခါ မတ္ထလုင်္ဂပဉ္စက သွား၊ ထို့အတူပဲ ထို့အတူပဲ၊ အနုလုံ ၅ ရက်၊ ပဋိလုံ ၅-ရက်၊ အနုလုံ ပဋိလုံ ၅-ရက်၊ ပြီးရင် အားလုံးပေါင်း ၂၀ ဖြစ်သွားပြီ။ အားလုံးပေါင်းပြီးတော့ အနုလုံ ပဋိလုံ-၅ ရက်။

ပြီးရင် မေဒဆက္က သွား၊ အနုလုံ ၅-ရက်၊ ပဋိလုံ ၅-ရက်၊ အနုလုံ ပဋိလုံ ၅-ရက်၊ ပြီးရင် အားလုံးပေါင်း ၂၆-ဖြစ်သွားပြီး ၁၅ ရက်ကြာသွား။

ပြီးရင် မုတ္တဆက္က သွား ၁၅-ရက် ကြာမယ်၊ ပြီးရင် အားလုံးပေါင်း ၃၂ ဖြစ်သွားပြီ။ ၃၂-ခုလုံးကို ၁၅-ရက် ပွားလိုက်တော့ အားလုံးပေါင်းလိုက်တဲ့အခါ ၅-လခွဲ။

အဲသလို နှုတ်နဲ့ချည်း ၅-လခွဲ ရွတ်နေရမှာ။ ဒါက သမ္မောဟဝိနောဒနီ အဋ္ဌကထာမှာ ဆိုထားတာ၊ ဝိသုဒ္ဓိမဂ် မှာတော့ ဒီလောက်ထိ မပြောဘူး။

အဲဒီလို ပြီးတဲ့နောက်မှာ စိတ်နဲ့ရွတ်ရဦးမယ်။ အဲဒါက ဒီအတိုင်း သွားဦးမှာ။ အဲဒီတော့ တကယ်တမ်း စာမှာလာတဲ့အတိုင်း အတိအကျ အားထုတ်ရမယ်ဆိုရင် ပေါက်မြောက်အောင် အကြောကြီးကို အားထုတ်ရမယ်၊ နှုတ်နဲ့ရွတ်ရမယ်၊ စိတ်နဲ့ရွတ်ရမယ်။

ပြီးတော့မှ အဆင်းအားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း၊ အရပ်ဒေသအားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း ရွံ့ဖွယ်ကို ရှုရမှာ။

ဆံပင်ကို ရှုမယ်ဆိုရင် ဆံပင်သုံးလေးပင်လောက်ကို ယူချပြီး ရှုရမှာ။ အဲဒီနေရာမှာ ကေသာ၊ လောမာနဲ့ ပတ်သက်ပြီး အကျယ်ရေးထားတာရှိတယ်။ ရှေးတုန်းကလည်း နားလည်ကြတယ်ဆိုတာ စာတွေကို ကြည့်ရင် ထင်ရှားတယ်။ အဲသလို ကာယဂတာသတိ ကို လေ့လာပွားများရမှာ။

[စာမျက်နှာ-221] တခြားဟာတွေကတော့ ဟိုနေ့က ပြောပြီးသားပါ၊ အာနာပါနဿတိဆိုရင် ထွက်သက်ဝင်သက်ရှုတာ၊ အာနာပါန ဝင်သက်ထွက်သက်ကို သမထဖြစ်အောင် ရှုလို့လည်းရတယ်၊ ဝိပဿနာဖြစ်အောင် ရှုလို့လည်းရတယ်။

တခြားဟာတွေက ဟိုနေ့ကပြောထားတာလောက်နဲ့တင် တော်ကြစို့။ အကယ်၍ ဒီထက်ပိုသိချင်သေးတယ်ဆိုရင် နောက်တစ်ခေါက်ဖြစ်ဖြစ်၊ သို့မဟုတ် သီးခြားအကျယ် ဝိသုဒ္ဓိမဂ်လိုဟာမျိုး ဖတ်ရှုလေ့လာမှရမယ်၊ အဲဒီတော့ ဒီနေ့ ဝိပဿနာကို သွားလိုက်ကြစို့။

ဝိပဿနာကမ္မဋ္ဌာန်းမှာ ပထမဆုံး ဝိသုဒ္ဓိ ၇-ပါးတဲ့၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါး ဆိုပြီး ဒီလိုလာတယ်။

ပထမ ဝိသုဒ္ဓိ ၇-ပါး ကြည့်ရအောင်၊ ဝိပဿနာအားထုတ်တဲ့အခါမှာ ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်းသွားရမယ်၊ ကျော်လို့မရဘူး၊ ဝိသုဒ္ဓိ ၇-ပါးမှာ—
(၁) သီလဝိသုဒ္ဓိ၊ (၂) စိတ္တဝိသုဒ္ဓိ၊ (၃) ဒိဋ္ဌိဝိသုဒ္ဓိ၊ (၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ (၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ (၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ (၇) ဉာဏဒဿနဝိသုဒ္ဓိ အဲသလို ဝိသုဒ္ဓိ ၇-ပါး ရှိတယ်။

ဟိုနေ့က ဝိပဿနာအကြောင်းပြောခဲ့ပြီ၊ နည်းအမျိုးမျိုးနဲ့ရှုတာကို ဝိပဿနာခေါ်တယ်၊ နည်းအမျိုးမျိုးဆိုရာမှာ အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်း မြင်အောင်ရှုတာ၊ အဲဒါ ဝိပဿနာ။

ဝိပဿနာကို အားထုတ်မယ်ဆိုရင် ပထမ သီလဝိသုဒ္ဓိနဲ့ စရမယ်၊ သီလဝိသုဒ္ဓိဆိုတာ သီလစင်ကြယ်ခြင်းပေါ့၊ ရဟန်းတွေမှာ သီလ ၄-မျိုးရှိတဲ့အတွက်ကြောင့် စတုပါရိသုဒ္ဓိသီလလို့ ခေါ်တယ်။

အမှန်တော့ ဒီကျမ်းတွေဟာ ရဟန်းတွေကို ရည်ရွယ်ပြီး ရေးတာများတော့ ရဟန်းတွေနဲ့ ပတ်သက်တာပဲများတာပေါ့၊ လူတွေမှာဆိုရင် ၅-ပါးသီလ၊ ၈-ပါးသီလ၊ ဒီထက်တတ်နိုင်ရင် ၁၀-ပါးသီလပေါ့။

ရဟန်းမှာ သီလ ၄-မျိုးရှိတယ် (၁) ပါတိမောက္ခသံဝရသီလတဲ့၊ ပါတိမောက္ခသံဝရသီလဆိုတာ ဝိနည်းလို့ ခေါ်တဲ့ (စာမှာဆိုတော့ ပါတိမောက်လို့ ဆိုတယ်) ၂၂၇-ပါးသော သိက္ခာပုဒ်တွေပေါ့၊ အဲဒီ သိက္ခာပုဒ်တွေကို မကျိုးမပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ဒါဟာ ပါတိမောက္ခသံဝရသီလ လုံခြုံတယ်လို့ ဒီလိုဆိုတယ်။

[စာမျက်နှာ-222] (၂) ဣန္ဒြိယသံဝရသီလတဲ့၊ ဣန္ဒြိယဆိုတာ ဣန္ဒြေ၊ သံဝရဆိုတာ စောင့်ရှောက်တာ၊ စက္ခုစသောဣန္ဒြေကို ကောင်းစွာလုံခြုံအောင် စောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏တဲ့။

ဣန္ဒြေဆိုတာသိတယ်နော်၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနိန္ဒြေ ဆိုတာတွေကို စောင့်ရှောက်တာ။ စောင့်ရှောက်တယ်ဆိုတာဘာလဲ၊ စက္ခုန္ဒြေစောင့်ရှောက်တယ်ဆိုရာ မျက်စိပိတ်ထားရမှာလား၊ သောတိန္ဒြေ စောင့်ရှောက်တယ်ဆိုတာ နားပိတ်ထားရမှာလား။

အမှန်က ဒါကို ဆိုလိုတာမဟုတ်ဘူး၊ စက္ခုနဲ့မြင်စရာကို မြင်ပြီး အကုသိုလ်မဖြစ်အောင် ထိန်းသိမ်းတာ၊ နားနဲ့ကြားစရာရှိတာ ကြားမယ်၊ နားကို ပိတ်ထားလို့ မရဘူး၊ ကြားတာကို အကြောင်းပြုပြီးတော့ အကုသိုလ်မဖြစ်အောင် စောင့်ရှောက်ထိန်းသိမ်းတာ၊ ဒါကို ဣန္ဒြိယသံဝရသီလလို့ ခေါ်တယ်။ နှာခေါင်းကိုသာပြီး ပိတ်လို့မရသေးဘူး၊ နားကမှ ပိတ်ထားလို့ နည်းနည်းရသေးတယ်၊ ခန္ဓာကိုယ် ကာယပသာဒဆိုရင် ဘယ်လိုလုပ်မလဲ။

ဒါကြောင့်မို့ ဣန္ဒြေစောင့်စည်းတယ်ဆိုတာ စက္ခုစသော ဒွါရတို့မှာ ထင်လာတဲ့ အာရုံနဲ့ ပတ်သက်ပြီးတော့ အကုသိုလ်မဖြစ်အောင် ထိန်းသိမ်းတာ။

(၃) အာဇီဝပါရိသုဒ္ဓိသီလပဲ၊ အသက်မွေးဝမ်းကျောင်း စင်ကြယ်တဲ့သီလ။ ရဟန်းတွေရဲ့ အသက်မွေးဝမ်းကျောင်းဟာ ဘာလဲ သိလား၊ ရဟန်းတွေထွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာလို့ မရဘူး၊ စားဖို့ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်ရတာပေါ့၊ အဲဒီတော့ အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်အောင်ဆိုရင် ဆွမ်းခံပြီးစားရမှာ၊ သို့မဟုတ်ရင် (ဓမ္မိယလဒ္ဓ) တရားသဖြင့်ရတဲ့ပစ္စည်းကို စားရမယ်။

ရဟန်းတွေမှာ မတရားသဖြင့် ရှာဖွေမှု (မိစ္ဆာဇီဝလို့ခေါ်တာတွေ) ဆိုတာ ရှိတယ်၊ ဒါတွေက ဘာလဲဆိုရင် မြတ်စွာဘုရား စက်ဆုပ်အပ်သော မိစ္ဆာဇီဝအမှုဖြင့် ရသော လက္ခဏာဗေဒင်ဟောတာတို့ ဆေးကုတာတို့ လူတွေရဲ့ ကိစ္စတွေ ဆောင်ရွက်ပေးတာ၊ ပန်းပေးတာ၊ သစ်သီးပေးတာမျိုးတွေ အများကြီး ရှိတယ်။

ဒါက လူတွေလှူချင်အောင် လူတွေဆီက ပစ္စည်းရအောင် လုပ်တာပေါ့လေ။ အဲသလို ရည်ရွယ်ချက်မျိုးမပါဘဲ သက်သက်ပေးတာကတော့ ကိစ္စမရှိဘူးပေါ့လေ။ သို့သော် ဒီလိုပေးရင် ငါ့ကို လူတွေက လှူကြလိမ့်မယ်၊ လှူရင် ငါပေါပေါများများ သုံးစွဲရ စားသောက်ရမယ်။ အဲသလို ရည်ရွယ်ချက်မျိုး မလုပ်ဘဲနဲ့ အဲသလို အသက်မွေးမှုမျိုးကို ရှောင်ကြဉ်ပြီးတော့ တရားသဖြင့် လူတွေက ရိုးရိုးကြည်ညိုလို့ ရတာ။

[စာမျက်နှာ-223] သို့မဟုတ် ကိုယ်တိုင်ဆွမ်းခံထွက် (ဆွမ်းခံထွက်တာက အကောင်းဆုံးပေါ့) ပြီးရတာ၊ အဲသလို အသက်မွေးဝမ်းကျောင်း စင်ကြယ်အောင် ပြုတာကို အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်တယ် ခေါ်တယ်။

(၄) ပစ္စယသန္နိဿိတသီလ၊ ပစ္စည်း ၄-ပါးကို အမှီပြုတဲ့ သီလတဲ့၊ ဒါကဘာလဲဆိုတော့ ရဟန်းတွေ ပစ္စည်း ၄-ပါးရတဲ့အခါမှာရယ်၊ သုံးစွဲတဲ့အခါမှာရယ် ဆင်ခြင်ရတယ်၊ ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ စသည်ဖြင့် အဲသလို ဆင်ခြင်ပြီး သုံးဆောင်ရတယ်။

သင်္ကန်းဆိုရင်လည်း ချမ်းပူကိုယ်ပျက်၊ ခြင်မက်လေနှင်၊ ကင်းမြွေလွဲသုံး၊ ဟိရိသုံးကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို့၊ ကိုယ်ကိုစံပယ်၊ ပြင်ဆင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်းလို့ အဲသလို သင်္ကန်းကိုဝတ်ရင် အချမ်းကာကွယ်အပူကာကွယ်ဖို့ဝတ်တာပါ၊ အရှက်လုံခြုံဖို့ဝတ်တာပါ စသည်ဖြင့် ဒီလို ဆင်ခြင်ရတယ်၊ အဲသလို ဆင်ခြင်ပြီး သုံးဆောင်ရင် ပစ္စယသန္နိဿိတသီလ စင်ကြယ်တယ်ဆိုရတယ်။

စားသောက်နေတုန်းလည်း ဒီလိုပဲ၊ စားနေတုန်းမှာ ဆင်ခြင်ရတယ်၊ အမှန်က စာလာပေလာနဲ့ ကိုက်အောင်နေမယ်ဆိုရင် ဘုန်းကြီးဖြစ်ရတာမလွယ်ဘူး၊ သာမည ကြည့်ရင်တော့ ဘုန်းကြီးတွေဟာ အလုပ်မလုပ်ရဘူး၊ အေးအေးဆေးဆေး နေရတာပဲ ဆိုပြီးတော့ မြင်လိမ့်မယ်။

ဘုရားဟောနဲ့ ကိုက်အောင်နေမယ်ဆိုရင် ဘုန်းကြီးဟာ စားလည်း ဆင်ခြင်မှုနဲ့ စားရမယ်၊ သင်္ကန်းသုံးလည်း ဆင်ခြင်မှုနဲ့ ဝတ်ရမယ်၊ ပေါ့ပေါ့ဆဆနေလို့မရဘူး၊ ပစ္စဝေက္ခဏာ ဆင်ခြင်တယ်ဆိုတာ အဲဒါပြောတာ။ စားရင်လဲ စားတာဟာ ပျော်ပါးဖို့ စားတာမဟုတ်ပါဘူး၊ ခန္ဓာကိုယ်ပြည့်ဖြိုး လှပဖို့ စားတာမဟုတ်ပါဘူး၊ မြတ်စွာဘုရား သာသနာတော်မှာ တရားကျင့်နိုင်ဖို့ရာ အသက်ရှည်ရုံ စားတာပါလို့ အဲသလို ဆင်ခြင်ပြီး စားရတယ်။

ဒါကြောင့်မို့ ဆွမ်းစားနေတုန်း စကားပြောတာတို့ ဘာတို့ဟာ (ဘုန်းကြီးလောကမှာ) ကောင်းတဲ့အလေ့အကျင့်မဟုတ်ဘူး၊ ဆွမ်းစားနေရင်း ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး စားနေရမှာ။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်း ၄-ပါး မှီဝဲသုံးဆောင်တဲ့အခါ အဲသလို ဆင်ခြင်ပြီးမှီဝဲသုံးဆောင်ရင် ပစ္စယသန္နိဿိတသီလ လုံခြုံတယ် ဆိုတယ်၊ ဒါဟာ သီလ ၄-ပါး၊ သီလဝိသုဒ္ဓိ။

[စာမျက်နှာ-224] သီလစင်ကြယ်အောင်ဆိုရင် ရဟန်းတော်တွေမှာ ဒီသီလ ၄-ပါး စင်ကြယ်အောင် လုပ်ရတယ်၊ လူတို့မှာတော့ ၅-ပါးသီလ၊ ၈-ပါးသီလ၊ ၁၀-ပါးသီလ၊ ဒါတွေကို စင်ကြယ်အောင် စောင့်ထိန်းရတယ်ပေါ့။

ဣန္ဒြိယသံဝရသီလမှာ ရဟန်းတော်တို့နှင့်တူ၏တဲ့၊ လူမှာလည်း ထိန်းလို့ရပါတယ်၊ ရူပါရုံမြင်ပြီးတော့ အကုသိုလ်မဖြစ်အောင် ထိန်းသိမ်းတာတို့ပေါ့လေ၊ ပြီးတော့ အာဇီဝပါရိသုဒ္ဓိသီလ အနေနဲ့ လူတွေမှာလည်း မလုပ်အပ်တဲ့ ကုန်သွယ်မှုတွေရှိတယ် မဟုတ်လား၊ လက်နက်ရောင်းတာ၊ အဆိပ်ရောင်းတာတို့ လူ(ကျွန်)ရောင်းတာတို့ မလုပ်ရဘူး၊ လိမ်ညာပြီး ရောင်းတာလည်း မိစ္ဆာဇီဝဖြစ်မှာပဲ။

အဲဒါမျိုးတွေ ရှောင်ကြဉ်ပြီးတော့ တရားသဖြင့် ပစ္စည်းရှာပြီး အသက်မွေးရင် အာဇီဝပါရိသုဒ္ဓိသီလဖြစ်တယ်၊ ပြီးတော့ လူတွေ (တရားအားထုတ်နေတဲ့သူတွေ)မှာ ဆိုရင်တော့ အဝတ်ပုဆိုးရတဲ့အခါမှာ ဆင်ခြင်ပြီးတော့ သုံးဆောင်နိုင်တာပါပဲ။

အမျိုးမျိုးဆင်ခြင်လို့ရတယ်၊ ဓာတ် ၄-ပါးအနေနဲ့ ဆင်ခြင်လို့လည်းရတယ်။ ဒီသင်္ကန်း (အဝတ်ဟာ) ဓာတ်-၄-ပါးပဲ၊ ငါ့ခန္ဓာကိုယ်ကြီးလည်း ဓာတ် ၄-ပါးပဲ။ ဓာတ် ၄-ပါးတစ်ခုက ဓာတ် ၄-ပါး တစ်ခုပေါ်ရောက်နေတာပဲ၊ ဒါပေမယ့် သူတို့အချင်းချင်းက မသိကြဘူးပေါ့လေ၊ အဲသလို ဆင်ခြင်ပြီး သုံးဆောင်လို့ ရပါတယ်။

အဲဒီတော့ သီလ ၄-ပါး လုံခြုံအောင် ထိန်းတာကို သီလဝိသုဒ္ဓိ (သီလစင်ကြယ်မှု) ခေါ်ပါတယ်၊ ဒီဟာ အဆင့် ၇-ဆင့်ကို တစ်ဆင့်ပြီး တစ်ဆင့် တက်ရတယ်၊ သီလမစင်ကြယ်ဘဲနဲ့ စိတ္တဝိသုဒ္ဓိမတက်နိုင်ဘူး၊ စိတ္တဝိသုဒ္ဓိ မဖြစ်ဘဲနဲ့ ဒိဋ္ဌိဝိသုဒ္ဓိ မတက်နိုင်ဘူး။

ဒီနိုင်ငံ (အမေရိကန်)မှာ သီလဝိသုဒ္ဓိကို တွန်းပြီးပြောနေရတာ၊ ဘာကြောင့်လဲ ဆိုတော့ ဒီနိုင်ငံကလူတွေက သီလဆိုရင် သိပ်ကြိုက်ကြတာမဟုတ်ဘူး၊ ကမ္မဋ္ဌာန်းပြနေတဲ့ ဆရာတွေ ကိုယ်တိုင်က လူသီလဆိုရင်တောင် သီလဝိသုဒ္ဓိ မဖြစ်ဘူးလေ၊ အရက်လေးသောက်လိုက်ချင်တယ်၊ ဆေးခြောက်လေး နည်းနည်းပါးပါး လှူတာ ဘာမှကိစ္စမရှိဘူးလို့ဆိုပြီးလုပ်ချင်တာ၊ အဲဒါမရဘူးကွ၊ ဒို့ (ဗုဒ္ဓဘာသာ)ရဲ့ အစဉ်အလာအရ သီလဟာ လုံကိုလုံရမယ်လို့ ပြောရတယ်။

ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ရင်လည်း ဒီနိုင်ငံက အလွန်ခက်တဲ့ နိုင်ငံပဲ၊ တရားပြတဲ့ ဆရာတွေ ကိုယ်တိုင်က ဒီ သီလ မလုံတဲ့သူတွေရှိနေတတ်တယ်။ ဒါကြောင့် သီလဝိသုဒ္ဓိဟာ ကမ္မဋ္ဌာန်းမဟုတ်သေးဘူးနော်၊ သီလဝိသုဒ္ဓိဟာ—

[စာမျက်နှာ-225] ကမ္မဋ္ဌာန်းရဲ့ အခြေခံလုပ်နေတာ၊ သီလစင်ကြယ်မှ ဝိပဋိသာရခေါ်တဲ့ ပူပန်မှုမပေါ်လာဘူး။

ကိုယ့်သီလဟာ မစင်ကြယ်ဘူးဆိုရင် တရားအားထုတ်တဲ့အခါ သိပ်ထင်ရှားတာ၊ သိပ်သိသာတယ်၊ ဒါတွေကလာတော့တယ်၊ ကိုယ်က တရားအားထုတ်တဲ့အခါကျတော့ စိတ်ကလေးကို သိပ်ကောင်းချင်တာကိုး၊ တရားပေါက်ချင်တဲ့ အခါကျရင် ဒီစိတ်ကလာပြီ၊ ငါ ဘာလေးလုပ်ထားမိတယ်၊ အဲဒါ မတော်တရော် လုပ်ထားမိတယ်။ လူတွေက ငါ့ကို ကောင်းတယ်လို့ ထင်ကြတယ်၊ ငါကတော့ ကွယ်ရာမှာ သိက္ခာပုဒ်တွေ ကျိုးနေတယ်နဲ့ အဲသလို ဝိပဋိသာရခေါ်တဲ့ နောင်တတစ်ဖန် ပူပန်မှုဖြစ်တယ်၊ အဲသလိုဖြစ်နေရင် စိတ်ငြိမ်းချမ်းမှုမရဘူး၊ စိတ်ငြိမ်းချမ်းမှုမရရင် သမာဓိမရတော့ဘူး။

အဲဒီတော့ သီလစင်ကြယ်မှု မရှိရင် သမာဓိစခန်းတက်လို့မရဘူး၊ ဒါကြောင့်မို့ သီလစင်ကြယ်အောင် လုပ်ရမယ်။ လူတွေအနေနဲ့ သီလဝိသုဒ္ဓိမှာ ဘုန်းကြီးများအနေထက် ခက်တယ်၊ ဘုန်းကြီးက အာပတ်သင့်ထားရင် ဒီအာပတ် ကုစားရမယ်၊ ဒေသနာကြားရမယ် သို့မဟုတ် ဒီထက်ကြီးတဲ့ အာပတ်သင့်ထားရင် ပရိဝါသ၊ မာနတ် ဆောက်တည်တယ် ဆိုတာ ရှိတယ်။ အမှန်တော့ ဒဏ်ထမ်းရတဲ့ သဘောပေါ့။ ဒဏ်အနေနဲ့ နေရတာမျိုး ရှိတယ်၊ အဲသလိုလုပ်ပြီးမှသာ သီလစင်ကြယ်မှုရှိတယ်ဆိုရတယ်။

လူတွေကို မင်းတို့ဟာ မွေးလာကတည်းက သီလစင်ကြယ်မှ တရားအားထုတ်ရမယ်ဆိုရင် ဘယ်လိုလုပ် အားထုတ်လို့ ဖြစ်မယ်၊ ပြီးတော့ ဒါကလူတွေကိုငဲ့ပြီး ပြောတာမဟုတ်ဘူး၊ မြတ်စွာဘုရားလက်ထက်က လူတစ်ယောက်ဟာ ငါးမျှားနေတယ်၊ သူ့နာမည်က အရိယ (မောင်စင်ကြယ်)တဲ့။ မြတ်စွာဘုရားက သူ့ရှေ့သွားပြီး နာမည်မေးတော့ တပည့်တော်နာမည် မောင်စင်ကြယ်လို့ ဖြေတဲ့အခါ မြတ်စွာဘုရားက မောင်စင်ကြယ်က ငါးမျှားလို့ ဘယ်သင့်တော်ပါ့မလဲဆိုပြီး တရားဟောတာနဲ့ အကျွတ်တရားရသွားတယ်၊ တရားထူးရသွားတယ်။

ဒါကို စဉ်းစားကြည့်ရင် သီလမစင်ကြယ်နိုင်တဲ့ ငါးမျှားနေသူ တစ်ဦးပဲ။ ဒါပေမယ်လို့ မြတ်စွာဘုရား တရားဟောလိုက်တဲ့အခါမှာ သူ့စိတ်ထဲမှာ ဆောက်တည်လိုက်တယ်၊ ဟောတာကို လက်ခံတယ်၊ ဒါမျိုးနောက်မလုပ်တော့ဘူး ဆုံးဖြတ်တယ်။ သံဝေဂ ရတယ်၊ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီးတော့ ဘုရားဟောတဲ့နည်းလမ်း—

[စာမျက်နှာ-226] အတိုင်း လိုက်နာတော့ တရားထူး ရသွားတယ်။

အဲဒါကြောင့် လူတွေမှာ နောင်အတိတ်တုန်းက သီလမစင်ကြယ်ခဲ့တာကို တွေးပြီး ပူပန်နေဖို့ မလိုဘူး၊ ဒါလည်း အရေးကြီးတယ်၊ မင်းတို့ လုပ်ချင်တာလုပ်ကွာ၊ အရေးမကြီးပါဘူးလို့ အားပေးချင်လို့ ပြောတာမဟုတ်ဘူး၊ သို့သော် များသောအားဖြင့် လူတွေကို သီလနဲ့ ပတ်သက်ပြီး ပြောလိုက်ရင် တချို့က လာမေးတယ်။

သားကောင်ပစ်သတ်ထားဖူးတယ်၊ အဲဒါတွေ အာရုံထဲ လာပေါ်နေတယ် ပြောတယ်။ ဒါတွေကို သတိရဖို့မလိုဘူး၊ သတိရသဖြင့် ပိုပြီးတော့တောင် အကုသိုလ်ဖြစ်သေးတယ်၊ ပြီးတော့ တရားထိုင်နေတဲ့ အခိုက်အတန့်မှာ သီလကို လုံအောင် ထိန်းပါမယ်ဆိုပြီးတော့ ဆောက်တည်ထားရင် သီလစင်ကြယ်မှုပြီးပြီ၊ ရတယ်။ ဒါကြောင့်မို့ လူတွေမှာ သိပ်မခက်ဘူး၊ ဘုန်းကြီးမှာက ခက်တာတွေရှိတယ်။ လွယ်တာတွေလည်းရှိတယ်၊ အပြစ်အလိုက်ပေါ့လေ၊ ဒါကြောင့်မို့ သီလဝိသုဒ္ဓိဟာ ရဟန်းတော်များမှာထက် လူတွေမှာပိုပြီးတော့ လွယ်ကူတယ်။ ဒါကြောင့်မို့ ဦးဇင်းက မနက် ၈-ပါးသီလ ပေးလိုက်တာပဲ၊ မယူမနေရ ယူကြရတာပဲ။

သီလဝိသုဒ္ဓိပြီးတော့ စိတ္တဝိသုဒ္ဓိတဲ့၊ စိတ်စင်ကြယ်မှု ဆိုလိုတာပေါ့၊ စိတ်စင်ကြယ်မှုဆိုတာ ဘာကိုခေါ်တာလဲ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဖြစ်တာကိုပဲ စိတ်ရဲ့ စင်ကြယ်ခြင်းလို့ ခေါ်တယ်။ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုတာ မှတ်မိကြလား၊ ကသိုဏ်းအားထုတ်တဲ့ အခါကျတော့ ကသိုဏ်းနိမိတ် စိတ်ထဲမှာ ရလာတဲ့အချိန်မှာ မြင်လာတဲ့အချိန်မှာ ဥပစာရသမာဓိဖြစ်ပြီလို့ဆိုရတယ်၊ အဲဒီနောက် အဲဒီကသိုဏ်းနိမိတ်က ပိုပြီးတော့ စင်ကြယ်သွားတယ်၊ ပိုပြီးတော့ သန့်ရှင်းသွားတယ်၊ ပဋိဘာဂနိမိတ် ဖြစ်သွားပြီ၊ အဲဒီအချိန်မှာလည်း ဥပစာရသမာဓိပဲ ရှိသေးတယ်၊ အဲဒါကို ဥပစာရသမာဓိ ခေါ်တယ်။

အပ္ပနာသမာဓိမှာတော့ အပ္ပနာဆိုတာ ဈာန်မဂ်ဖိုလ်ရဲ့ နာမည်၊ ဒီမှာတော့ ဈာန်ပဲထားကြစို့၊ ဈာန်သမာဓိကို အပ္ပနာသမာဓိခေါ်တယ်၊ အဲသလို ဥပစာရသမာဓိ၊ အပ္ပနာသမာဓိရထားရင် ရနေရင် အဲဒီပုဂ္ဂိုလ်မှာ စိတ္တဝိသုဒ္ဓိဖြစ်နေပြီ၊ စိတ်၏ စင်ကြယ်ခြင်းဖြစ်နေပြီလို့ ဒီလိုဆိုတယ်။ သီလဝိသုဒ္ဓိပြီးရင် စိတ္တဝိသုဒ္ဓိလာရတယ်၊ ဒါဖြင့် ဒီဟာကို တိုက်ရိုက်ယူမယ်—

[စာမျက်နှာ-227] ဆိုရင် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိမရဘဲနဲ့ ဒိဋ္ဌိဝိသုဒ္ဓိ စသည်တက်လို့ ရပါ့မလား၊ ဒီလိုလာသေးတာကိုး၊ သို့မဟုတ် သမထကမ္မဋ္ဌာန်းကို အားမထုတ်ဘဲနဲ့ ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်လို့ ဖြစ်ပါ့မလား၊ တချို့ကလည်း မဖြစ်ဘူးလို့ ဇွတ်အတင်း ပြောနေကြတာတွေရှိတယ်၊ ဒီမှာ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိကို စိတ္တဝိသုဒ္ဓိလို့ ဆိုထားတယ်၊ ဒါကို ရအောင်လုပ်ရမယ်ပေါ့၊ ဝိပဿနာကမ္မဋ္ဌာန်း အားမထုတ်ခင် သမထကမ္မဋ္ဌာန်း အားထုတ်ပြီးတော့ ဥပစာရသမာဓိလောက် အနည်းဆုံးရအောင် အားထုတ်ရမယ်။ သို့မဟုတ်ရင်လည်း အပ္ပနာသမာဓိလောက်ရအောင် အားထုတ်နိုင်ရင်ကောင်းတယ်ပေါ့လေ၊ ပြီးတော့မှ ဝိပဿနာကို အားထုတ်ရမယ်လို့ ဒီလိုလည်း အဆိုရှိတယ်။

ဒီနေရာမှာ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတွေကတော့ အစဉ်အလာပေါ့လေ။ ရှေးတုန်းက ဒီလိုပဲ အားထုတ်ခဲ့ကြပုံရတယ်။ ဒါပေမယ်လို့ ဝိပဿနာသက်သက်ကို အားထုတ်လို့ ဖြစ်သေးတယ်၊ စာမှာလည်းရှိတယ်၊ တစ်နေ့က ပြောပြီးပြီထင်တယ်။ ဝိပဿနာယာနိကနဲ့ သမထယာနိကဆိုတာလေ။

သမထယာနိကဆိုတာက သမထအရင်အားထုတ်တယ်၊ ပြီးတော့ ဝိပဿနာ အားထုတ်တယ်၊ ဝိပဿနာယာနိကဆိုတာက ဝိပဿနာသက်သက်ကို အားထုတ်တယ်။ အဲဒီတော့ ဝိပဿနာသက်သက်အားထုတ်ပြီးတော့လည်း တရားထူးရနိုင်တယ်၊ ဒီလိုဆိုရင် ဝိပဿနာသက်သက် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုတာရှိကို မရှိနိုင်ဘူး။

အဲဒီတော့ ဒီဟာ (စိတ္တဝိသုဒ္ဓိ)ကို ကျော်ရမှာလား၊ ဘယ်လိုလဲ၊ ဝိပဿနာမှာ ကျတော့ ခဏိကသမာဓိဆိုတာရှိတယ်၊ အဲဒီခဏိကသမာဓိဟာ ဥပစာရသမာဓိနဲ့ အလားတူတယ်။ ဥပစာရသမာဓိဟာ နီဝရဏတို့ရဲ့ တုန်လှုပ်ချောက်ချားမှုကို ခံနိုင်ရည်ရှိတယ်၊ ခိုင်မြဲတယ်၊ အဲဒီခိုင်မြဲသလိုပဲ ဝိပဿနာခဏိကသမာဓိဆိုတာကလည်း ခိုင်မြဲတယ်။ အဲဒီဝိပဿနာ ခဏိကသမာဓိဖြစ်ရင် ဝိပဿနာမှာ စိတ္တဝိသုဒ္ဓိဖြစ်ပြီလို့ ဆိုရတယ်။

ဒါကြောင့်မို့ ဝိပဿနာသက်သက် အားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ သမထ အားထုတ်တဲ့နည်းအတိုင်းမှာလို ဥပစာရသမာဓိ၊ အပ္ပနာသမာဓိရဖို့မလိုဘူး၊ သို့သော် ခဏိကသမာဓိလိုတယ်၊ အဲဒီခဏိကသမာဓိဟာ ဥပစာရသမာဓိနဲ့ အလားတူတယ်။ ဥပစာရသမာဓိဟာ နီဝရဏတွေကို ခွာထားနိုင်သလိုပဲ ခဏိကသမာဓိက—

[စာမျက်နှာ-228] စက္ခုပသာဒနဲ့ ရူပါရုံ တွေ့လိုက်တဲ့ အခါမှာ စက္ခုဝိညာဏ် ဆိုတာ ထဖြစ်တယ်။ အဲဒီတော့ စက္ခုဝိညာဏ်ဟာ ဘယ်မှာပုန်းအောင်းနေသလဲ ဒီလိုပြောလို့ ဘယ်လိုမှ မရဘူး၊ ဒီနှစ်ခုတွေ့တဲ့အခါမှာ ထဖြစ်တာပဲ၊ ဖဿလည်း ဒီ ၃-ခုတွေ့တဲ့ အခါမှာ ဖဿဖြစ်တာ၊ အဲဒီလို။

တချို့က မေးတယ်၊ စိတ်က ဘာကြောင့်ဖြစ်သလဲ၊ စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းက ဘာလဲတဲ့။ ဒါကြောင့် စိတ်ဖြစ်ရခြင်းအကြောင်းက အများကြီးရှိတယ်၊ အထူးသဖြင့်တော့ condition အနေနဲ့ ပြောရင် ဒီလိုအခံဓာတ်နဲ့ အတိုက်ဓာတ်ခေါ်တဲ့ ပသာဒနဲ့ အာရုံ တွေ့တဲ့အခါမှာ မနောကျတော့ ဘဝင်စိတ်ပေါ့လေ၊ မနောနဲ့အာရုံတွေ့တဲ့ အခါမှာ ဖြစ်ပေါ်လာတယ်။

မေး။ အတိုက်ဓာတ်ကို အာရုံခေါ်ပါသလား။
ဆရာတော်။ ဟုတ်တယ်၊ အတိုက်ဓာတ်ကို အာရုံခေါ်တယ်။

ကောင်းပြီ၊ အဲဒီတော့ စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏဓာတ်၊ ဒါကတော့ သူ့ဟာသူ သွားတာရတယ်၊ ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ကာယဝိညာဏဓာတ်ထိအောင် သွားလို့ရတယ်၊ မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ်၊ ဒါကတော့ မဟုတ်ဘူး၊ အဲဒါကျတော့ ဒီလိုတွဲလို့ မရဘူး။

“တစ်စုံတစ်ယောက်သော သတ္တဝါတို့၏ အလိုသို့ မလိုက်ပါမူ၍ မိမိကိုယ်သဘောကိုသာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ် မည်၏” တဲ့။

ကောင်းပြီ၊ အာယတန ၆-ပါးပြားပြီးတော့ ဓာတ်က ၁၈-ပါးပြားတာ ဘာကြောင့်လဲဆိုတော့ အာယတနမှာ ကြည့်လိုက်ရင် စက္ခာယတနတို့ ဘာတို့ဟာ စက္ခုပသာဒကို ကောက်တာမဟုတ်လား၊ စက္ခုဒွါရ၊ သောတဒွါရ၊ အဲသလို ဒွါရ ၆-ပါး၊ အာရုံ ၆-ပါးဖြစ်တဲ့အတွက်ကြောင့်မို့ အာယတနကျတော့ ၁၂-ပါးဖြစ်တယ်။ အဲဒီဒွါရ ၆-ပါး အာရုံ ၆-ပါးကို မှီပြီးတော့ ဝိညာဏ် ၆-ပါးကဖြစ်တဲ့ အတွက်ကြောင့်မို့ ဓာတ်ကျတော့ ၁၈-ပါး ဖြစ်သွားတယ်။

အမှန်ကတော့ အာယတန ၁၂-ပါးနဲ့ ဓာတ် ၁၈-ပါးနဲ့ တရားကိုယ် အတူတူပဲ၊ အမှန်အတိုင်းဆိုရင် အာယတန ၁၂-ပါးဆိုတာလည်း စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ကုန်သွားတာပဲ။ အဲဒီတော့ အာယတနမှာတုန်းက မနာယတနရှိတယ်မဟုတ်လား၊ အဲဒီ—

[စာမျက်နှာ-229] သမာဓိ၊ အပ္ပနာသမာဓိပဲ၊ ဒါပေမယ်လို့ ကျမ်းဂန်မှာပဲ ခဏိကသမာဓိကို ဆိုထားပါတယ်၊ ဝိသုဒ္ဓိမဂ်တို့မှာဆိုတယ်၊ ဒါကြောင့် ဝိပဿနာသက်သက်ကိုသာ အားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ ခဏိကသမာဓိလိုတယ်။

ခဏိကဆိုတာ ခဏဆိုတဲ့အဓိပ္ပာယ်ရှိတယ်၊ ခဏိကသမာဓိဆိုတော့ ခဏမျှ တည်တဲ့သမာဓိလို့ဆိုတယ်၊ ခဏမျှတည်တယ်ဆိုပေမယ်လို့ သူကအားကောင်းကောင်းနဲ့ တည်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဥပစာရသမာဓိနဲ့ အလားတူတယ်၊ ဥပစာရသမာဓိထဲ ခဏိကသမာဓိကို သွင်းယူရင်ရတယ်၊ အဲဒီခဏိကသမာဓိဖြစ်ရင် စိတ္တဝိသုဒ္ဓိဖြစ်ပြီလို့ ဆိုရတယ်။

လက်တွေ့အားထုတ်တဲ့ အနေနဲ့ ပြောမယ်ဆိုရင် စိတ်တွေပြေးသွားတာတွေ၊ နီဝရဏတရားတွေ မပေါ်လာတော့ဘဲနဲ့ မှတ်စိတ်နဲ့ချည်း မှတ်နေနိုင်တဲ့ အချိန်ဟာ ခဏိကသမာဓိဖြစ်တဲ့ အချိန်လို့ ဆိုရတယ်။

စိတ္တဝိသုဒ္ဓိပြီးတော့ ဒိဋ္ဌိဝိသုဒ္ဓိတဲ့၊ ဒိဋ္ဌိဆိုတာ အယူ၊ ဝိသုဒ္ဓိဆိုတာ စင်ကြယ်တာ၊ အယူစင်ကြယ်တယ်ဆိုတာ မှားတဲ့အယူတွေ စင်ကြယ်တာ။ မှားတဲ့အယူဆိုတာ အတ္တရှိတယ်လို့ ယူတာမျိုး၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျားမိန်းမ ရှိတယ်လို့ ယူတာမျိုး၊ မြဲတယ်လို့ ယူတာမျိုးပေါ့။

အဲဒီဒိဋ္ဌိဝိသုဒ္ဓိ စခန်းကျတော့ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းသော ဉာဏ်၏ စင်ကြယ်ခြင်းတဲ့၊ အဲဒီတော့ ပရမတ္ထတရားတွေကို သိတဲ့အခါမှာ လက္ခဏာအားဖြင့်သိတယ်၊ ရသအားဖြင့် သိတယ်၊ ပစ္စုပဋ္ဌာန်အားဖြင့်သိတယ်၊ ပဒဋ္ဌာန်အားဖြင့်သိတယ်လို့ ဒီလိုသိတာတွေ ရှိတယ်။

ဘုန်းကြီးတို့ ငယ်ငယ် စာသင်တုန်းက ဒါတွေကို အလွတ်ကျက်ရတယ်။ စာမေးပွဲအောင်ချင်တော့ စာမေးပွဲဖြေဖို့ အလွတ်ကျက်ရတယ်၊ အခုတော့ ဘယ်မေ့မလဲ၊ ဒီလိုပဲ မှတ်ရတယ်လို့ စိတ်က ထင်လာခဲ့တယ်။ အမှန်တော့ မဟုတ်ဘူး၊ ဒါတွေဟာ ဝိပဿနာအားထုတ်တဲ့အခါကျတော့ အလိုလိုတွေ့မြင်လာတာ၊ အဲဒီတော့ လက္ခဏာအားဖြင့်၊ ရသအားဖြင့်၊ ပစ္စုပဋ္ဌာန်အားဖြင့်၊ ပဒဋ္ဌာန်အားဖြင့် ကောင်းတယ်။

လက္ခဏာဆိုတာ အမှတ်အသားကိုခေါ်တယ်၊ ဒါမြင်လိုက်ရင် ဒါပဲလို့ သိနိုင်တာမျိုးပေါ့၊ အိုလံပစ်ပွဲကျတော့ အလံထောင်ပြီးသွားတော့ အလံမြင်တာနဲ့ သူတို့က မြန်မာနိုင်ငံက၊ သူတို့က အမေရိကန်ကလို့ သိသလိုပဲ၊ အလံမြင်တာနဲ့—

[စာမျက်နှာ-230] သိတာဟာ အလံသာ မှတ်သားကြောင်းဖြစ်တယ်။

ထို့အတူပဲ တရားတွေမှာ သူများနဲ့ မဆိုင်တဲ့ သူ့ကိုယ်ပိုင်မှတ်သားကြောင်းလေးတွေရှိတယ်၊ အဲဒါကို လက္ခဏာလို့ခေါ်တယ်၊ လက္ခဏာဆိုလို့ လက်ဝါးပေါ်က အရေးအကြောင်းတွေလို့ မထင်နဲ့ဦး၊ မြန်မာစကားလက်နဲ့ ပါဠိလက္ခဏာနဲ့က တူနေသလို ဖြစ်နေတယ်။ အဲဒီတော့ ကိုယ်ပိုင်အမှတ်အသား ကိုယ်ပိုင်သဘောတရားကို လက္ခဏာလို့ ခေါ်တယ်၊ အင်္ဂလိပ်လိုပြန်တော့ characteristic လို့ ပြန်တယ်။

ပြီးတော့ ပရမတ္ထတရားတွေမှာ ရသဆိုတာရှိတယ်၊ ရသဆိုရာမှာ function ပေါ့၊ သူတို့ပြုလုပ်တဲ့ကိစ္စ၊ သို့မဟုတ် အကြောင်းစုံညီ၍ဖြစ်ပုံဆိုတော့ ပြည့်ပြည့်စုံစုံ ဖြစ်လာတာကိုလည်း ရသလို့ခေါ်တယ်၊ ရသ ၂-မျိုးရှိတယ်။ များသောအားဖြင့် ကိစ္စရသကိုပဲ အသိများတယ်၊ သူ့မှာလက္ခဏာကတစ်မျိုး၊ ရသကတစ်မျိုး၊ function ကတစ်မျိုး။

ပြီးတော့မှ ပစ္စုပဋ္ဌာန်ဆိုတာက ထင်လာတဲ့ အထင်၊ ဉာဏ်ထဲမှာပေါ်လာတဲ့ အခြင်းအရာ၊ ဘယ်လိုအခြင်းအရာမျိုးနဲ့ ဉာဏ်ထဲမှာပေါ်လာလဲ၊ ဒါဟာ ယောဂီတွေရဲ့ ဉာဏ်မှာ ပေါ်တာကိုပြောတာ၊ တရားအားထုတ်သူရဲ့ဉာဏ်မှာ ပေါ်တာကို ပြောတာ၊ ထိုင်စဉ်းစားပြီးပေါ်တာကို ပြောတာမဟုတ်ဘူး၊ တကယ့်ကို တရားထိုင်လာတဲ့ အခါမှာ ဉာဏ်မှာပေါ်လာတာ၊ ဒါကို ပစ္စုပဋ္ဌာန်လို့ခေါ်တယ်။

ပဒဋ္ဌာန်ဆိုတာကတော့ နီးစွာသောအကြောင်းကို ပဒဋ္ဌာန်လို့ခေါ်တယ်။ အဲဒီတော့ ပဒဋ္ဌာန်နဲ့ သိဖို့ကတော့ မလွယ်ဘူး၊ ဝိပဿနာ အားထုတ်လည်း ပဒဋ္ဌာန်နဲ့ သိဖို့ကတော့ မလွယ်ဘူး၊ အဲဒီတော့ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန် ဒီ ၃-ခုနဲ့ကတော့ ဂရုစိုက်ရင် သိနိုင်တယ်။

ဒါကြောင့်မို့ သမာဓိအရှိန်ရလာလို့ စိတ္တဝိသုဒ္ဓိဖြစ်ပြီးတဲ့နောက် မှတ်စရာ အာရုံလေးတွေ မှတ်မှတ်လာတဲ့အခါ အဲဒီအမှတ်ခံ အာရုံရဲ့ သဘောတရားလေးတွေ၊ လက္ခဏာ သို့မဟုတ် ရသ၊ သို့မဟုတ် ပစ္စုပဋ္ဌာန်ကို အလိုလိုမြင်လာ သိလာတယ်။ ဒါပေမယ်လို့ ကျမ်းဂန်ဗဟုသုတ မရှိတဲ့သူတွေကတော့ ငါဟာ လက္ခဏာနဲ့သိတာပဲ၊ ရသနဲ့ သိတာပဲ၊ ပစ္စုပဋ္ဌာန်နဲ့ သိတာပဲလို့ ဒီလိုတော့ ခွဲခြားချင်မှ ခွဲခြားတတ်မယ်၊ ဒါပေမယ်လို့ သူ့ဉာဏ်မှာတော့ ဒါတွေမြင်တာသိတာပဲ။

မဟာစည် ဆရာတော်ပေးထားတဲ့ ဥပမာလေး သိပ်ကောင်းတယ်၊ လျှပ်စီးလက်လိုက်တဲ့အခါမှာ ကြည့်နိုင်ရင် မမြင်ဘူးလားတဲ့၊ မြင်တယ်၊ လျှပ်စီးလက်—

[စာမျက်နှာ-231] လိုက်တာ ဘယ်လောက်ကြာမလဲ၊ ၁-စက္ကန့်တောင်မကြာဘူး၊ အဲဒီတော့ မေးမယ်၊ လျှပ်စီးလက်တာ မြင်လိုက်သလား၊ မြင်လိုက်တယ်၊ အဲဒီလျှပ်စီးရဲ့ လက္ခဏာက ဘာလဲ၊ သူ့ရဲ့ function ရသကဘာလဲ၊ သူ့ရဲ့ ထင်ပုံ အခြင်းအရာ ပစ္စုပဋ္ဌာန်က ဘာလဲမေးရင် မသိဘူးပြောမှာပဲ၊ ဒါပေမယ့် မြင်လိုက်တာပဲ။

အဲဒီတော့ လျှပ်စီးရဲ့ လက္ခဏာက ဘာလဲဆိုရင် လင်းသွားတာဟာ သူ့ရဲ့ လက္ခဏာပေါ့၊ လင်းသွားခြင်းဟာ သူ့ရဲ့ characteristic အဲဒီလင်းသွားတဲ့ လျှပ်စစ်ရဲ့ ကိစ္စဟာ အမှောင်ဖျောက်တာပေါ့၊ လင်းသွားတဲ့အချိန်မှာ အမှောင် ပျောက်သွားတယ်၊ အမှောင်ကို ဖျောက်ခြင်းဟာ သူ့ရဲ့ ကိစ္စပဲ (သူ့ function)။

ဒါနဲ့ မြင်လိုက်ရင် လင်းသွားတာ သိသွားတာပဲ၊ ဒါကို ရသပဲလို့ မသိရဘူးလား၊ ပစ္စုပဋ္ဌာန်ကတော့ သိနိုင်တယ်၊ ဘယ်လိုအခြင်းအရာနဲ့ မြင်လိုက်သလဲ။ ဖြောင့်ဖြောင့်လား၊ ကောက်ကောက်ကွေ့ကွေ့လား၊ သစ်မြစ်တွေလိုလား၊ သစ်ကိုင်းတွေလိုလား၊ အခြင်းအရာဖြစ်တဲ့ shape ကိုမြင်လိုက်တယ်၊ form ပေါ့။

အဲဒီတော့ တကယ်လျှပ်စီးလက်တဲ့ အခိုက်မှာကြည့်နေရင် မမြင်ပဲ မရှိဘူး၊ မြင်သွားတာပဲ၊ ထို့အတူပဲ၊ ရုပ်နာမ်ကိုဖြစ်တဲ့ အခိုက်အတန့်မှာရှု၊ ရုပ်နာမ်ရဲ့ သဘောတရားကို မြင်သွားတာပဲ။

ဝေဒနာရှုတယ်ဆိုရင်၊ ဝါယောဓာတ်ရဲ့ လင်္ကာလေးတွေရှိပါတယ် “ထောက်ကန်တောင့်တင်း၊ လျော့ခြင်းတစ်မည်” ဆိုတာ၊ ဝါယောဓာတ်ရှုတဲ့အခါ ဗိုက်ဖောင်းတာ ပိန်တာကြည့်နေရင် ထောက်ကန်တောင့်တင်းတဲ့ သဘော၊ သို့မဟုတ် လျော့တဲ့ သဘောဟာ မမြင်ဘူးလား၊ “ယိမ်းယိုင်လှုပ်ရှား၊ လေသွားတတ်သည်” ဝါယောဓာတ်ရဲ့ သတ္တိ၊ သို့မဟုတ် function ကဘာလဲဆိုရင် ရွေ့လျားနေတဲ့သဘော movement။

ပြီးတော့ “သူလိုရာဘက်၊ တွန်းလျက်ဆောင်သည်” တဲ့၊ ဝါယောဓာတ်က သူလိုချင်တဲ့ဘက်ကို တွန်းပို့နေတဲ့ သဘောရှိတယ်၊ အဲသလို အခြင်းအရာနဲ့ မြင်လာတယ်၊ လမ်းလျှောက်တဲ့အခါမှာကြည့်၊ စိတ္တဇဝါယောဆိုတာရှိတယ်။ စိတ်ကြောင့်ဖြစ်တဲ့ဝါယော၊ စိတ်က လမ်းလျှောက်ချင်စိတ် ပေါ်လာရင် အဲဒီစိတ်က ဝါယောဓာတ် ဖြစ်စေပြီး ဝါယောဓာတ်တွေ အများကြီး ခြေထောက်ထဲမှာ စုပြီးတော့ အဲဒီ ဝါယောဓာတ် အဆင့်ဆင့်က တွန်းလိုက်တာဟာ တွန်းပို့နေသလို ထင်ရတယ်။ အဲဒီလို လက္ခဏာရသ ပစ္စုပဋ္ဌာန်ဆိုတာ ရှုမှတ်နေရင် မြင်လာတာပဲ၊ ခုန...

[စာမျက်နှာ-232] နီဝရဏတွေ ကင်းသွားတဲ့အခါကျတော့ စိတ်က စင်ကြယ်သွားပြီးတော့ အာရုံပေါ်မှာ ဖျတ်ကနဲ နေတော့တာကိုး၊ မှတ်တဲ့အာရုံနဲ့ မှတ်တဲ့စိတ်နဲ့ဟာ အဲသလို နေတော့တာ၊ အဲသလို နေနေလာတဲ့အခါကျတော့ ဒါတွေဟာ မမြင်ပဲမနေဘူး၊ မြင်မြင်သွားတာပဲ။

အဲသလို မြင်သွားတဲ့အခါကျမှ လက္ခဏအားဖြင့် မြင်တယ်၊ ရသအားဖြင့် မြင်တယ်၊ ပစ္စုပဋ္ဌာန်အားဖြင့် မြင်တယ်၊ အဲသလို မြင်လာတဲ့အခါ ဒိဋ္ဌိကင်းသွားပြီ။

ဒိဋ္ဌိကင်းသွားပြီး ရှုလာတဲ့အခါကျတော့ နာမ်ရုပ်မျှသာရှိတယ်ဆိုတာကို သိသွားပြီ၊ နာမ်ကို နာမ်တစ်ခုကမှတ်တယ်၊ ရုပ်ကိုနာမ်က မှတ်တယ်လို့ အဲဒီလို နာမ်နဲ့ရုပ်၊ နာမ်နဲ့ရုပ် တွဲတွဲပြီး ဖြစ်တာကို ဒီအချိန်အခါမှာ မြင်လာတော့တယ်၊ မှတ်တဲ့စိတ်ကလေးနဲ့ အမှတ်ခံရတဲ့ (ပိန်ဖောင်းဆို ပိန်ဖောင်း၊ ထွက်ဝင်ဖြင့်လည်း ထွက်ဝင်ပေါ့) ဒါလေးတွေ သိလာတဲ့အခါကျတော့ နာမ်နဲ့ရုပ်ဟာ အစုံအစုံဖြစ်နေတာ၊ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်းမှာ ခဏတိုင်းခဏတိုင်းမှာ ဖြစ်နေတာကို မြင်လာတယ်။

အဲသလိုမြင်လာတဲ့အခါကျတော့ နာမ်ရုပ်သာရှိတယ်၊ နာမ်ရုပ်မှတပါး အခြားဘာမှ မရှိဘူးဆိုတာ အလိုလိုသိလာတာပေါ့။ အဲဒီအချိန်အခါမှာ ရှာကြည့်လေ၊ နာမ်နဲ့ရုပ်ကလွဲပြီး ဘာမှ မရှိဘူး၊ အဲဒီဟာကို တိုက်ရိုက်ကိုယ့်ဉာဏ်မှာ မြင်လာတယ်။

အဲဒီလို မြင်လာတဲ့အခါကျတော့ နာမ်ရုပ်မှ အလွတ်အတ္တဆိုတာရှိသေးလား၊ နာမ်ရုပ်မှလွဲပြီး လုပ်တတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိသေးလား၊ တကယ်ကမရှိဘူး၊ ရှာလို့ကို မရဘူး။

ဒါကြောင့်မို့ ဖလော်ရီဒါမှာတရားပြတုန်းက မိန်းမတစ်ယောက်က ပြောတယ်လေ၊ အတ္တမရှိဘူး ပြောတော့ သူစိတ်ဆိုးတယ်၊ နောက်တစ်နေ့ မနက်ကျတော့ ပြောတယ်၊ မနေ့ညက သူစိတ်ဆိုးလွန်းလို့ တရားတောင် ဆက်မထိုင်နိုင်ဘူး၊ အရှင်ဘုရားက အတ္တမရှိဘူးပြောလို့တဲ့၊ သူက ဟိန္ဒူတွေနဲ့ အတူနေပြီး တရားထိုင်လာတာကိုး။

ဒါနဲ့ “အေး-ကောင်းပြီ ငါ့စကားလည်း နင်မယုံနဲ့၊ အတ္တရှိတယ် မရှိတယ် အသာထား၊ သို့သော် တရားထိုင်တဲ့အခါ နင် အတ္တကိုရှာကြည့်၊ ဝင်တယ်ထွက်တယ် မှတ်တဲ့အခါပဲဖြစ်ဖြစ် လျှောက်တယ် ကြွတယ်လှမ်းတယ်ဆိုတဲ့ အခါပဲဖြစ်ဖြစ်၊ အတ္တတွေ့အောင်ရှာကြည့်ပေါ့၊ အဲဒီမှာ အတ္တတွေ့တယ်ဆိုရင် နင်ယူပေါ့၊ အတ္တရှိရင်...

[စာမျက်နှာ-233] ယူ၊ မတွေ့ရင်လည်းမယူနဲ့ပေါ့၊ ငါက ယူရမယ်လဲ မပြောဘူး၊ မယူရဘူးလဲ မပြောဘူး၊ ကိုယ့်ဟာကိုယ်ရှာကြည့်” လို့ အဲသလို ပြောလိုက်တယ်။

တကယ်လေ့လေးစားစားရှုလာပြီဆိုရင် ဒီ ၂-ခုကို မြင်တာပဲ၊ ဒီ ၂-ခုက လွဲပြီး အဲဒီအချိန်အခါမှာ ရှာမတွေ့ဘူး၊ အထူးသဖြင့် ရှုမှတ်တာ လွှတ်လိုက်ပြီး ကမ္မဋ္ဌာန်းက ထွက်တဲ့အခါကျတော့ ပြန်တော့လာမှာပေါ့၊ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ အစွဲက မပျောက်ဘူး။

သို့သော် တကယ်ရှုနေတဲ့အချိန်မှာတော့ နာမ်နဲ့ရုပ်ကလေး ၂-ခု ဖြစ်နေတာပဲ ဆိုတာ အလိုလိုမြင်လာတာပဲ၊ မြင်လာတာနဲ့ အယူမှားတွေဟာ ပျောက်သွားတာပဲ။ အထူးပျောက်နေရတာ မဟုတ်ဘူး၊ အလိုလိုပျောက်သွားတာ၊ ဒီ ၂-ခုကိုကိုယ်တိုင် မြင်တာကိုး၊ ဒါကြောင့်မို့ နောက်ကျတော့ ဝိပဿနာဉာဏ်တွေနဲ့ တွဲတဲ့အခါမှာ ဒိဋ္ဌိဝိသုဒ္ဓိမှာ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ ဒီမှာဖြစ်တာ။

ဒါက နာမ်၊ ဒါကရုပ်၊ ဒီလို ခွဲခြားပြီးသိတာ၊ ပြောထားလို့ သိတာမျိုး၊ စာဖတ်ထားလို့သိတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့မြင်ပြီး သိတာကို ပြောတာ။

စိတ်ကလေးကိုမှတ်နေရင် စိတ်ကလေးဟာ တူလေးနဲ့ရိုက်နေသလို ဒက်ကနဲ ဒက်ကနဲ နဲ့ပေါ့၊ အခုခေတ် စက်တွေမှာ ပုလင်းတွေဖော့ပိတ်တဲ့နေရာ ရှိတယ် မဟုတ်လား၊ ပုလင်းလေး အောက်ရောက်လာတော့ ဖော့ဆို့က ဒက်ကနဲကျသွားတာပဲ၊ နောက်ပုလင်းကို နောက်ဖော့ဆို့ ပိတ်သလို စိတ်နဲ့မှတ်တာနဲ့ဟာ ဒက်ကနဲ ဒက်ကနဲသွားတာ။

အဲသလို မြင်တဲ့အခါကျတော့ အပေါ်က ချတဲ့ဟာရယ်၊ အောက်ကခံတဲ့ ဟာရယ်၊ ဒီနှစ်ခုပဲရှိတယ်၊ ဒီနှစ်ခုပေါင်းစပ် လှုပ်ရှားနေတာလေးကို ပေါ်လာတယ်။ အဲဒါ နာမ်ရုပ်၊ အကယ်၍ အမှတ်ခံက ရုပ်ဖြစ်ရင် နာမ်ရုပ်ဟာ အဲဒီမှာ အလိုလိုကွဲလာတယ်။

အဲသလို နာမ်ရုပ်ကွဲလာတဲ့အခါ နာမ်ရုပ်မှတပါး ဘာမှ မရှိဘူးဆိုတာလည်း မြင်လာတော့ ခုနအယူမှားကင်းစင်သွားတဲ့အတွက်ကြောင့် (အဲဒီအခါမှာ) ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်တယ်။

ဒိဋ္ဌိဝိသုဒ္ဓိပြီးတဲ့နောက် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ တဲ့၊ ကင်္ခါဆိုတာက ယုံမှားမှုကို ခေါ်တာ၊ ငါနောက် ဘဝက ဖြစ်ဖူးသေးလား၊ ရှေ့ဘဝကော ဖြစ်ဦးမှာလား စသည်ဖြင့်ပေါ့၊ ယုံမှားမှု ၁၆-ခုရှိတယ်။

[စာမျက်နှာ-234] အဲသလို ယုံမှားမှုမျိုး ကင်းတဲ့အခိုက်အတန့်ကို ကင်္ခါဝိတရဏခေါ်တယ်။ ဝိတရဏဆိုတာ ကျော်လွန်တာကို ပြောတာ။

အဲဒီအခါကျတော့ ခုနပြောတဲ့နာမ်ရုပ်ကို မြင်လာပြီးတဲ့နောက် အကြောင်းကိုပါ မြင်လာတယ်၊ နာမ်ရုပ်အကြောင်းတွေပေါ့။ ဒီနာမ်ရုပ်ဟာအကြောင်းမရှိပဲနဲ့ ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းကြောင့်ဖြစ်တာလို့ ဒါတွေ့မြင်လာတယ်။

မြင်တဲ့စိတ်ကလေးကို မှတ်နေရင် ဘာကြောင့်မြင်သလဲ၊ မြင်စရာရှိလို့ မြင်တယ် မြင်စရာ အာရုံမရှိပဲနဲ့ မြင်တဲ့စိတ် မဖြစ်ဘူး၊ ဒီထက်စဉ်းစားတတ်သေးရင် မျက်စိရှိလို့ မြင်တယ်။ မျက်စိမရှိရင် မမြင်ဘူး၊ အဲဒီလို။

ပြီးတော့ မှတ်စရာအာရုံရှိလို့ မှတ်တဲ့စိတ်ဖြစ်တယ်။ မှတ်စရာအာရုံမရှိရင် မှတ်တဲ့စိတ်လည်း ပျောက်သွားတာပဲ၊ ဒီအာရုံပျောက်သွားရင် နောက်အာရုံအသစ် တစ်ခု ပေါ်လာ၊ နောက်မှတ်တဲ့ စိတ်အသစ်တစ်ခုပေါ်လာ၊ အဲသလို သွားတာ။

အဲသလို သွားတော့အကြောင်းအကျိုးဆက်သွယ်မှု ရှိလာတယ်။ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်၊ ဒါဟာရိုးရိုးပေါ့လေ၊ ကျမ်းဂန်ဗဟုသုတမရှိပဲ တရားထိုင်ရင် ဒီလိုတော့ မြင်လာတာပဲ။ မှတ်စရာရှိလို့ မှတ်တဲ့စိတ်ကလေး ဖြစ်တယ်၊ မှတ်စရာအာရုံလည်း ပျောက်သွားရော၊ မှတ်တဲ့စိတ်ကလေးလည်း ပျောက်သွားရော။

မျက်စိထဲမှာ တစ်ခုခုမြင်တယ်ဆိုပါတော့၊ မြင်နေတဲ့အခါကျတော့ သူက မြင်တယ်၊ မြင်တယ်နဲ့ မှတ်နေတာ၊ တော်ကြာကျမြင်တာက ပျောက်သွားရော၊ ပျောက်သွားတာနဲ့ တစ်ပြိုင်နက် မြင်တဲ့စိတ်ရှိသေးလား၊ မြင်တယ်ဆိုတာ မရှိတော့ဘူး။

အဲဒီလို မှတ်စရာအာရုံရှိလို့သာ မှတ်တဲ့စိတ် ဖြစ်တယ်၊ မှတ်စရာအာရုံ မရှိရင် မှတ်တဲ့စိတ်လည်း မရှိတော့ဘူး၊ အဲဒီလို အကျိုးအကြောင်း ဆက်သွယ်မှုကို အလိုလိုမြင်လာမယ်၊ အဲသလို မြင်လာတဲ့ အဆင့်မျိုးကို ကင်္ခါဝိတရဏ ဝိသုဒ္ဓိ လို့ခေါ်တယ်။

အကယ်၍ ကျမ်းဂန်တွေဘာတွေ သင်ထားမယ်ဆိုရင်တော့ ကံကြောင့်ဖြစ်တာတို့ဘာတွေ ဆင်ခြင်လို့ ရတယ်ပေါ့၊ ဒါက တကယ်တိုက်ရိုက်သိတာ မဟုတ်ဘူး၊ ဆင်ခြင်ပြီးတော့သိတာ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်တို့ဘာတို့တွေဟာ နဂိုကသင်ထားဖူးတယ် ဆိုရင် ဆင်ခြင်စဉ်းစားလို့ရတယ်၊ ဒါပေမယ်လို့ ရိုးရိုးလူတွေအနေနဲ့ လက်တွေ့ မြင်တာကတော့ ခုနပြောသလို မျက်စိဆိုတာမှီရာရှိလို့ မြင်တဲ့စိတ်ဆိုတာ ဖြစ်တယ်။

[စာမျက်နှာ-235] မြင်စရာအာရုံရှိလို့ မြင်တဲ့စိတ်ဆိုတာ ဖြစ်တယ်၊ မှတ်စရာအာရုံရှိလို့ မှတ်တဲ့စိတ်ဆိုတာ ဖြစ်တယ်၊ အဲဒီတော့ သူတို့ဟာ အကြောင်းမရှိပဲ ဖြစ်တာ မဟုတ်ဘူး၊ အကြောင်း တစ်ခုခုကို အစွဲပြုပြီး (တစ်ခုထဲတောင်မကဘူး) အကြောင်းကိုစွဲပြီးတော့ အကြောင်း အကျိုးဖြစ်ပုံကို အဲဒီမှာ တစ်ခါ မြင်လာတယ်။

အဲသလို မြင်တဲ့အခိုက်အတန့်ကျတော့ ယုံမှားကင်းသွားတယ်၊ အဲဒါကို သဘောကျသွားသည်၊ “ငါသည် လွန်လေပြီးသောကာလ၌ဖြစ်ဖူးပြီလော၊ လွန်လေပြီးသောကာလ၌ မဖြစ်ဖူးလေသလော” စတဲ့ ယုံမှားမှုတွေ ကင်းသွားတယ်။

ဘာကြောင့်တုန်း “ငါဒီဘဝမှာရှိနေတာဟာ နောက်ကအကြောင်းတစ်ခုရှိခဲ့ လို့သာ ဒီဘဝဒီမှာ ရှိနေတာပေါ့၊ အဲဒီတော့ နောက်ကရှိခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ငါ ဒီဘဝရှိသေးရင် ရဟန္တာမဖြစ်သေးရင် လာမယ့်ဘဝလည်း ရှိဦးမှာပဲ၊ အကြောင်းအကျိုးက ဆက်စပ်နေတာ၊ အဲသလို အကြောင်းအကျိုး ဆက်စပ်ပြီး မြင်လာတဲ့ အခါကျတော့ ဒီလို ယုံမှားမှုမျိုးတွေ မရှိတော့ဘူး၊ ကင်းသွားတယ်။

ယုံမှားမှုရှိတယ်ဆိုတာ အကြောင်းအကျိုး မမြင်လို့ကိုး၊ အကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်။ ဒီအကြောင်းရှိလို့ ဒီအကျိုးဖြစ်တယ်ဆိုတာ မမြင်တဲ့ အခါကျတော့ နောက်တုန်းက ငါဖြစ်ဖူးလေသလား၊ ရှေ့ကာလ ဖြစ်ဦးမှာလား၊ အခု ငါဖြစ်နေတာကော ဟုတ်ရဲ့လားလို့ စသည်ဖြင့် တွေးထင် (ဝိစိကိစ္ဆာလို့လည်း ခေါ်တယ်။ ကင်္ခါလို့လည်း ခေါ်တယ်) မှုတွေ ဖြစ်တယ်။

အဲဒီအဆင့်ကိုလည်း ကင်္ခါဝိတရဏ ဝိသုဒ္ဓိ အခိုက်အတန့်ကျတော့ ကင်းစင်သွားတယ်၊ အကြောင်းအကျိုး ဆက်စပ်မှုကို ကိုယ်က လက်တွေ့မြင်လာတယ်။ ဒါတောင်မှ ဉာဏ်သိပ်အထက်စားကြီး မဟုတ်သေးဘူး၊ ဉာဏ်အညံ့စားလေး ရှိသေးတယ်၊ အဲသလောက် မြင်လာရင် ယုံမှားမှုတွေ ကင်းသွားပြီ။

မြတ်စွာဘုရားမြင်သလို တိုက်ရိုက်မြင်လာပြီ ဆိုရင်တော့ ပြောစရာမလိုတော့ဘူး၊ သတ္တဝါတွေဟာ ဒီဘဝက ဟိုဘဝဖြစ်နေတာ ဒီကံကြောင့်ပဲ၊ ကောင်းတဲ့ ကံလုပ်လို့ ကောင်းတဲ့ဘဝရောက်တာ၊ မကောင်းတဲ့ကံလုပ်လို့ မကောင်းတဲ့ ဘဝ ရောက်သွားတယ်၊ ဒါတွေအကုန်လုံး မြင်လာတဲ့အခါကျတော့ ပိုပြီးကင်းစင် သွားမှာပေါ့လေ။

အဲဒါ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ကို ရောက်ရင် သောတာပန် အငယ်စားဖြစ်တယ် (စူဠသောတာပန်)၊ အဲဒီကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်ရောက်ရင် စူဠသောတာပန် ခေါ်ရတာ။

[စာမျက်နှာ-236] ဒါဟာ သောတာပန်အစစ်မဟုတ်သေးဘူး၊ တရားထူးအစစ်ကို ရတာမဟုတ်သေးဘူး၊ သို့သော် စူဠသောတာပန် ခေါ်တယ်၊ သောတာပန် အငယ်စားပေါ့။

အဲဒီတော့ သောတာပန်အငယ်စားဖြစ်ရင် ဘာဖြစ်သလဲမေးစရာရှိတယ်၊ သောတာပန် အငယ်စားအဆင့်က ပြန်မကျပဲနဲ့သေရင်အပါယ်မလားဘူး၊ သောတာပန် အစစ်ဖြစ်နေရင် အပါယ်မလားတာ ပိုသေချာတာပေါ့၊ သောတာပန် အတုဖြစ်နေရင် သောတာပန် အတုအဆင့်အတန်းက ပြန်မကျပဲနဲ့ သေရင်ဂတိမြဲတယ်လို့ စာမှာဆိုတယ်။

ဒီနေ့ကျင့်လိုက်လို့ သောတာပန်အတု အဆင့်အတန်းတော့ ရောက်ပါရဲ့၊ နောက်ကျတော့ တရားအားမထုတ်တော့ဘူး၊ မေ့ပစ်လိုက်တယ်၊ သောတာပန် အတုအဆင့်က ပြန်လျောကျသွားပြီးမှ သေရင်တော့ ဂတိမြဲတယ်လို့ မဆိုနိုင်ဘူး။

ကင်္ခါဝိတရဏ ဝိသုဒ္ဓိ အဆင့်ကို ရောက်ပြီးတော့ ဒီအဆင့်က ပြန်မလျောကျပဲနဲ့ တရားအားထုတ်ဆဲ အားထုတ်ပြီးတော့ သေရင် အဲဒီလူဟာ ဂတိမြဲတယ်။ နိယတဂတိကော လို့ ပါဠိမှာဆိုတယ်၊ ဂတိမြဲတော့ အပါယ်မကျဘူးလို့ ဆိုလိုတာပေါ့၊ သောတာပန်အစစ်ကတော့ ဧကန်အပါယ် မကျဘူးပေါ့၊ သောတာပန် အတုကတော့ သောတာပန် အတုအဖြစ်ဖြင့် သေရင် အပါယ်မကျဘူး။

ဒါကြောင့်မို့ အနည်းဆုံး ဒီအဆင့်အတန်းလေးရောက်အောင်တော့ အားထုတ် ကြဖို့ကောင်းတယ်၊ ဒါက ဓားမနောက်ပိတ်ခွေးခေါ်တဲ့ အောက်ဆုံးအဆင့် အတန်းကို ဆိုတာ။

ကင်္ခါဝိတရဏ ဝိသုဒ္ဓိ အဆင့်ကိုရောက်ပြီဆိုရင် စူဠသောတာပန်လို့ ခေါ်ရတယ်။ ဝိပဿနာဉာဏ်အားဖြင့် ပြောမယ်ဆိုရင် ဒီအခိုက်အတန့်ကို ပစ္စယပရိဂ္ဂဟဉာဏ် လို့ခေါ်တယ်။ အကြောင်းကိုသိမ်းဆည်းတယ် (ရှုဆင်ခြင်တာကိုပြောတာ) ပါဠိစကား ပရိဂ္ဂဟ ကို မြန်မာလို သိမ်းဆည်းတယ်ဆိုတော့ပါဠိမတတ်ရင် နားလည်မှာ မဟုတ်ဘူး၊ အကြောင်းအကျိုးဆက်စပ်မှုကို မြင်အောင်ရှုတာကို မြင်တာကိုပဲ သိမ်းဆည်းတယ်လို့ ပြောတာ။

အဲဒီ ဒိဋ္ဌိဝိသုဒ္ဓိ အဆင့်က ရှေ့ကို တက်သွားတော့ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ က တက်သွားတော့ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ တဲ့။

အဲဒီလို အကြောင်းအကျိုးကို မြင်လာပြီးရင် ဘာတွေမြင်လာသေးသလဲဆိုတော့ ရုပ်နာမ်တရားတွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်လာတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ် အကြောင်းမရှိရင် အကျိုးမရှိတော့ဘူး ဆိုတော့ မြဲတယ်လို့ မြင်နိုင်ပါဦးမလား၊ မမြင်တော့ဘူး၊ မမြဲဘူးလို့ မြင်လာတယ်။

[စာမျက်နှာ-237] အဲဒါကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ ပြီးတဲ့နောက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်တဲ့ဉာဏ် တစ်ခါပေါ်ပြန်တယ်၊ အဲဒီလို ပေါ်လာတဲ့အခါကျတော့ ရှိရှိသမျှ တရားတွေကို ရုပ်တရားကိုဖြစ်ဖြစ်၊ နာမ်တရားကိုဖြစ်ဖြစ် အနိစ္စ၊ သို့မဟုတ် ဒုက္ခပဲ၊ အနတ္တပဲလို့ ရှုမြင်လာတယ်။

အနိစ္စသဘောတရားဆိုတာဘာလဲ၊ ဖြစ်ပြီးပျောက်သွားလို့ အနိစ္စ၊ ဒုက္ခ၊ ဆင်းရဲတယ်ဆိုတာ ဖြစ်ပျက်နဲ့ နှိပ်စက်ခံရတာကိုက ဒုက္ခ၊ အနတ္တဆိုတာက အတ္တမဟုတ်တာ၊ အနှစ်သာရ မရှိတာ အလိုမလိုက်တာ၊ ဒီသဘောတရားတွေလည်းပဲ မမြင်ပဲ မနေဘူး၊ မြင်လာတော့တယ်။

ဘာကိုပဲရှုရှု ရုပ်ကိုရှုရှု၊ နာမ်ကိုရှုရှု၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားကို သိမြင်လာတယ်။ ဒါကို သမ္မသနဉာဏ် လို့ ခေါ်တယ်၊ နောက်တော့ ဉာဏ်တွေ လာလိမ့်ဦးမယ်။

သမ္မသနဉာဏ် ဆိုတာ ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့်ဖြစ်စေသော ဉာဏ်တဲ့။

အဲဒီလိုဖြစ်လာတဲ့အခါကျတော့ မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ ဆိုတာက အဲဒီ သမ္မသနဉာဏ် ပြီးတဲ့နောက် ခန္ဓာငါးပါး သို့မဟုတ် ရှုတဲ့ တရားရဲ့ အဖြစ်နဲ့ အပျက်ကို မြင်တဲ့ဉာဏ်ပေါ်လာတယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုတာက ဉာဏ်တစ်မျိုး၊ အခုပြောတဲ့ဉာဏ်အဆင့် ကျတော့ ဖြစ်လာတာမြင်တယ်၊ ပျက်သွားတာမြင်တယ်၊ စိတ်ကူးလေးတစ်ခု ပေါ်လာတယ်၊ ပျောက်သွားတယ်၊ အသံတစ်ခုပေါ်လာတယ်၊ ပျောက်သွားတယ်၊ အဲဒီလို ဖြစ်လာတာ ပျက်လာတာကိုမြင်တဲ့ဉာဏ်ကို ဥဒယဗ္ဗယဉာဏ် လို့ ခေါ်တယ်။

အဲဒီလို အဖြစ်နဲ့အပျက်ကို မြင်လာတဲ့အခါကျတော့ တရားမှတ်လို့ သိပ်ကောင်းလာတယ်။ စောစောပိုင်းတုန်းကတော့ နီဝရဏတရားတွေ ရှိနေတယ်၊ စိတ်တွေက ဟိုရောက်ဒီရောက်၊ စိတ်ကမတည်ငြိမ်တော့ မှတ်ရတာ မကောင်းဘူး။

တဖြည်းဖြည်းနဲ့ နာမ်ရုပ်ကွဲလာပြီ၊ အကြောင်းအကျိုးတွေ မြင်လာပြီဆိုတော့ သမာဓိကောင်းပြီး မှတ်လို့လည်း ကောင်းလာတယ်၊ ကောင်းလာတဲ့အခါကျတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကိုမြင်၊ မြင်ပြီးတဲ့နောက်ကျတော့ မှတ်တဲ့အာရုံတိုင်းရဲ့ ဖြစ်တာပျက်တာလေးကို သေသေချာချာ မြင်လာတယ်။

အရင်တုန်းက မြင်တယ်ဆိုတာက သာမညပြောတာလောက်ရှိတာ၊ သာမည မြင်တာ၊ အခုဟာက သေသေချာချာမြင်တာ၊ ဖြစ်တယ်၊ ပျက်တယ်၊ ဖြစ်ပေါ်လိုက်...

[စာမျက်နှာ-238] ပျက်သွားလိုက်၊

အဲဒီလို ဖြစ်လာတဲ့အခါကျတော့ မှတ်လို့ သိပ်ကောင်းလာတယ်၊ ကြည်လင်တယ်ပေါ့၊ စိတ်ကြည်လင်လာပြီးတဲ့နောက် ဘာတွေဖြစ်နိုင်သလဲဆိုတော့ ဝိပဿနာရဲ့ ဘေးရန်တွေဆိုတာ ပေါ်လာတယ်။

[စာမျက်နှာ-239]
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

ရှေးဝိသုဒ္ဓိ လေးပါးအခိုက်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုမ ရှုသေး၊ သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေခဲ့၍၊ စိတ္တဝိသုဒ္ဓိ ဖြင့် သမာဓိရအောင် အားထုတ်ခဲ့၏၊ ဒိဋ္ဌိဝိသုဒ္ဓိ နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိစေခဲ့၏၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေခဲ့၏၊ ယခုအခါ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဖြစ်ဖို့ရာ အကြောင်းနှင့်တကွသိပြီးသော တေဘူမကနာမ်ရုပ်တို့ကို လက္ခဏာယာဉ် ၃-ပါးသို့ တင်၍ သမ္မသနဉာဏ် ဖြင့် သုံးသပ်ဆင်ခြင်တော့သည်၊ သုံးသပ်တတ်သောဉာဏ်ကို သမ္မသနဉာဏ် ခေါ်သည်။

သမ္မသနသည် ကလာပသမ္မသန၊ အဒ္ဓါသမ္မသန၊ သန္တတိသမ္မသန၊ ခဏသမ္မသန ဟု ၄-မျိုးရှိ၏၊ အတိတ်ဘဝ၌ဖြစ်သော ရုပ်နာမ်စသည်ဖြင့်မခွဲခြားပဲ ရူပက္ခန္ဓာအားလုံး ဝေဒနာက္ခန္ဓာအားလုံးစသည်ဖြင့် ခန္ဓာတစ်ခု တစ်ခုကို အပေါင်းပြု၍ သုံးသပ်ခြင်းသည် ကလာပသမ္မသန မည်၏၊ အတိတ်ဘဝ၌ဖြစ်သော ရူပက္ခန္ဓာ ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရူပက္ခန္ဓာစသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်းသည် အဒ္ဓါသမ္မသန နည်းမည်၏၊ အအေးရုပ်အစဉ်အပူရုပ်အစဉ် စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုးခွဲခြား၍ သုံးသပ်ခြင်းသည် သန္တတိသမ္မသန နည်းမည်၏၊ ရုပ်အစဉ် တစ်မျိုးတည်း၌ပင် ဥပါဒ်ဌီဘင်ဟူသောခဏအားဖြင့်ခွဲ၍ သုံးသပ်ခြင်းသည် ခဏသမ္မသန နည်းမည်၏။

ဤနေရာ၌ ဝိပဿနာဉာဏ် ၁၀-ပါးနှင့် ဝိပဿနာကို ညစ်နွမ်းစေတတ်သော ဝိပဿနုပက္ကိလေသ တရား ၁၀-ပါးကိုသိအပ်၏။ ဝိပဿနာဉာဏ် ၁၀-ပါးမှာ-
၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲရှုသောဉာဏ်။
၄။ ဘယဉာဏ် = ပျက်ခြင်း၏အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု...

[စာမျက်နှာ-240] အဖန်တလဲလဲရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။
၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟုမြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့်ဖြစ်သောဉာဏ်။
၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တစ်ဖန် ခန္ဓာငါးပါး သင်္ခါရ တရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ကြောက်ခြင်း နှစ်သက်ခြင်းမှကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ဖြစ်သောဉာဏ်။
၁၀။ အနုလောမဉာဏ် = အနိစ္စအစရှိသော လက္ခဏာကို ရှုသည်၏အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါး တို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့်လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏၊ ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဖြစ်ပေါ်လာတတ်သော ဝိပဿနုပက္ကိလေသ ၁၀-ပါးကား-
၁။ ဩဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကိုရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာစိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။

[စာမျက်နှာ-241] ၁။ ဩဘာသ = အရောင်အလင်းလည်း ဖြစ်ပေါ်၏။
၂။ ပီတိ = ဩကာသပီတိ၊ သာမကပီတိ၊ သေစကပီတိ၊ ခုဒ္ဓိကာပီတိ၊ ဖရဏာပီတိဟူသော ၅ ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။
၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိဖြစ်၏။
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေးချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။
၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်တွေကို ပျံ့နှံ့ထုံမွမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။
၇။ ဉာဏ = သွက်လက်လျင်မြန်အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။
၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သော သတိလည်းဖြစ်၏။
၉။ ဥပေက္ခာ = အဖြစ်အပျက်ကိုရှုရန် ဗျာပါရမပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်မှုပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။
၁၀။ နိကန္တိ = ဩဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာနှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

ဆိုခဲ့ပြီးသော ဩဘာသပီတိစသည်တို့သည် ဖြစ်ပေါ်၍လာသောအခါ ထိုအရောင်အဝါစသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏၊ ထိုသို့ထင်မှားခြင်းကို ဤကားမဂ်မဟုတ်သေးဟူ၍ ပိုင်းခြားဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမည်၏။

[စာမျက်နှာ-242]
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဝိပဿနုပက္ကိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တစ်ဖန် ထူထောင်၍ လက္ခဏာရေး ၃-ပါးကို ပွားများအားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ်မြင်တတ်သောကြောင့် ဉာဏဒဿနမည်၏၊ ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိမည်၏။

ဉာဏဒဿနဝိသုဒ္ဓိ

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း၊ သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟုခေါ်၏၊ သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင်ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်၊ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိမည်၏။

[စာမျက်နှာ-243]
အဘိဓမ္မာသင်တန်း (၅၅)

[ကမ္မဋ္ဌာန်းပိုင်း]

ဝိပဿနာကမ္မဋ္ဌာန်းအဆက်
ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့။

လွန်ခဲ့တဲ့အပတ်က ဝိပဿနာကမ္မဋ္ဌာန်း ဝိသုဒ္ဓိမဂ် ဝိပဿနာဉာဏ်နဲ့ရောပြီး ပြောခဲ့တယ်၊ သမ္မသနဉာဏ်လောက်မှာ ပြတ်သွားတယ်၊ ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရမယ်ပေါ့။

အဲဒီဝိသုဒ္ဓိ ၇-ပါးအစဉ်အတိုင်းသွားရင်း ဝိပဿနာတရားကို အားထုတ်ရင်းနဲ့ ဝိပဿနာဉာဏ်တွေ တစ်ခုပြီးတစ်ခု (မှန်မှန်ကြိုးစားအားထုတ်လို့ တိုးတက်သွားမယ်ဆိုရင်) တိုးတက်ဖြစ်ပေါ်သွားမယ်။

အဲသလို တိုးတက်ဖြစ်ပေါ်သွားမယ့် ဉာဏ်တွေထဲမှာ ရှေးဦးစွာ နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာ ရှိတယ်၊ သင်္ဂြိုဟ်မှာတော့ အဲဒီဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်မပြဘူး။

ဘာကြောင့်တုန်းဆိုတော့ ဝိပဿနာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ရှုရမယ်ဆိုတဲ့ သတ်မှတ်ချက်က ရှိတာကိုး။ အဲဒီတော့ နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုမြင်သေးတာမဟုတ်ဘူး၊ နာမ်ရုပ်ကွဲတာပဲရှိတယ်။

[စာမျက်နှာ-244] အဲဒီတော့ တိတိကျကျပြောရမယ်ဆိုရင် သူ (နာမရူပပရိစ္ဆေဒဉာဏ်) က ဝိပဿနာမဟုတ်သေးဘူးလို့ ဆိုရမယ်၊ ဝိပဿနာ၏ အခြေခံ၊ ဝိပဿနာ၏ အစပိုင်းပေါ့လေ။

အဲဒီနာမရူပပရိစ္ဆေဒဉာဏ် အဆင့်ရောက်ရင် နာမ်နဲ့ရုပ်ကို ပိုင်းပိုင်းခြားခြား သိတယ်၊ နာမ်ရုပ်ကွဲတယ်ပေါ့လေ၊ စာကွဲကွဲတာမဟုတ်ဘဲနဲ့ ကိုယ်တိုင်သိအနေနဲ့ ကွဲတာ။

အဲဒီနာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တဲ့အခါမှာ ဒိဋ္ဌိဝိသုဒ္ဓိအဆင့်အတန်း ဖြစ်တယ်။ အဲဒီနာမရူပပရိစ္ဆေဒဉာဏ်ပြီးတော့ ဆက်အားထုတ်သွားတဲ့အခါမှာ အကြောင်းကို သိတဲ့ဉာဏ်၊ မှတ်စရာရှိလို့ မှတ်စိတ်ပေါ်တယ်၊ မှတ်စရာမရှိရင် မှတ်စိတ်မရှိဘူး စသည်ဖြင့် အဲသလို အကြောင်းကို သိမ်းဆည်းတဲ့ဉာဏ် သို့မဟုတ် အကြောင်းကို သိတဲ့ဉာဏ်ပေါ်တယ်၊ အဲဒီဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ခေါ်တယ်၊ အဲဒီဉာဏ်ကို ဝိပဿနာထဲမထည့်ရသေးဘူး၊ ဝိပဿနာဉာဏ် ၁၀-ပါးထဲမှာ သူမပါသေးဘူး။

ဘာကြောင့်တုန်းဆိုတော့ သူကလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုမြင်တာမဟုတ်သေးဘူး၊ အကြောင်းကို သိမြင်တာပဲရှိသေးတယ်၊ အကြောင်းကို ရှုမြင်တာပဲ ရှိသေးတယ်။

အဲသလို အကြောင်းအကျိုးမြင်လာတဲ့အခါမှာ နောက်တုန်းကရှိခဲ့တဲ့ ယုံမှားသံသယတွေ ပျောက်သွားတယ်၊ ပျောက်သွားတယ်ဆိုရာမှာ မဂ်နဲ့သတ်သလို လုံးဝပျောက်သွားတာမျိုးတော့ မဟုတ်ဘူး၊ အခိုက်အတန့် ပျောက်သွားတာ။

အဲသလို ယုံမှားသံသယတွေ ပျောက်သွားတဲ့အတွက်ကြောင့်မို့ ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်တဲ့အခါမှာ ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ပြီလို့ဆိုရတယ်၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဆိုတာ ယုံမှားသံသယကို ပယ်တဲ့စိတ်ရဲ့ စင်ကြယ်မှုပေါ့လေ။

အဲဒီကင်္ခါဝိတရဏဝိသုဒ္ဓိအဆင့်အတန်းသို့ရောက်ရင် ဘာဖြစ်သလဲ၊ ဝိပဿနာတရား အားထုတ်လာလို့ ခဏိကသမာဓိရတယ်၊ နာမ်ရုပ်ကွဲတယ်၊ အကြောင်းကို သိမ်းဆည်းဆင်ခြင်တယ်၊ အဲဒီအဆင့်ကို ရောက်လာရင် ဒီပုဂ္ဂိုလ်ကို သောတာပန်အငယ်စား၊ သောတာပန်အစစ်တော့ မဟုတ်သေးဘူး၊ သောတာပန်အတု၊ စူဠသောတာပန်လို့ ခေါ်ရတယ်။

အဲဒီအဆင့်အတန်းကနေ ဆက်ပြီး အားထုတ်တော့၊ အားထုတ်တယ်ဆိုတာ ပစ္စုပ္ပန်အခိုက်အတန့်မှာ ပေါ်လာတဲ့အာရုံကို ရှုမှတ်နေတဲ့အခါမှာ အဲဒီအာရုံပေါ်လာတာလေးရယ်၊ အာရုံခဏလေး တည်တာရယ်၊ ပျောက်သွားတာလေးရယ်၊ ဒီဟာကို မြင်လာတယ်။

[စာမျက်နှာ-245] အဲသလို မြင်လာတဲ့အခါကျတော့ သော်-သဘောတရားတွေဟာ ဖြစ်ပြီးတော့ ပျောက်သွားတာပဲဆိုတာမြင်ပြီး မမြဲဘူး ဆိုတာသိမြင်လာတယ်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အဖြစ်အပျက်ရဲ့ အနှိပ်စက်ကို ခံနေရတာ ဖြစ်တဲ့အတွက်ကြောင့် မကောင်းဘူး၊ ဆင်းရဲပဲလို့ မြင်လာတယ်။

အဲသလို ဖြစ်ပျက်နေတာကို မဖြစ်ပါနဲ့၊ မပျက်ပါနဲ့လို့ ဘယ်သူမှ တားဆီးလို့ မရဘူး၊ ကိုယ်က သူ့အပေါ်မှာအစိုးမရဘူး၊ မပျက်ဘဲနဲ့ အမြဲအကျိတ်အခဲ တည်တယ်ဆိုတဲ့ သဘောတရားမျိုး မရှိဘူး၊ အဲဒါကိုလည်း သိမြင်လာတယ်။

ဒါကြောင့်မို့ ဖြစ်ပေါ်လာတာ ခဏလေးတည်တာ၊ ပျောက်ကွယ်သွားတာကို မြင်လာတဲ့အခါကျတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားကို မြင်လာတော့တယ်။

အဲသလိုရှုလိုက်တိုင်း ဘာကိုပဲ ရှုလိုက်ရှုလိုက်၊ ရှုလိုက်တဲ့အာရုံဟာ ပေါ်လာတယ်၊ ပျောက်သွားတယ်၊ ဖြစ်ပြီး ပျောက်သွားတာကိုမြင်ရင် အနိစ္စလက္ခဏာကို မြင်တာပဲ။

အဲဒီတော့ တကယ်မှတ်လာပြီဆိုရင် ဖြစ်ပြီးပျောက်သွားတာကို မမြင်ဘဲ မနေဘူး၊ မြင်လာတာပဲ၊ အဲသလို မြင်လာတဲ့အခါကျတော့ အဲသလိုမြင်တဲ့ဉာဏ်ကို သမ္မသနဉာဏ်လို့ခေါ်တယ်၊ ဒါကျမှ ဝိပဿနာဉာဏ်အစစ် လာတယ်၊ သင်္ဂြိုဟ်မှာ ဝိပဿနာဉာဏ်ကို သမ္မသနဉာဏ်ကစပြီး ပြတယ်။

“ခန္ဓာငါးပါးသင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ်တဲ့” အဲဒီဉာဏ်အဆင့်မှာ ခန္ဓာငါးပါး သို့မဟုတ် သင်္ခါရတရားတွေကို အမျိုးမျိုး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုလို့ရတယ်။

ဆိုပါတော့၊ ပစ္စုပ္ပန်ရှုမြင်ရတဲ့တရားတွေဟာ (ခန္ဓာငါးပါးတွေဟာ) အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်တယ်၊ ထို့အတူပဲ၊ အတိတ်တုန်းက သင်္ခါရတရားတွေဟာလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲ ဖြစ်လိမ့်မယ်၊ အနာဂတ်ဖြစ်မယ့် တရားတွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲ ဖြစ်လိမ့်မယ်လို့ ဒီလိုလည်းပဲ ရှုနိုင်တယ်၊ အဲဒီအခါကျ ရှုမိတတ်တယ်။

သို့မဟုတ်ရင်လည်း အပူရုပ်အစဉ်ဟာ အအေးရုပ်အစဉ်သို့မရောက်ဘူး၊ အအေးရုပ်ပေါ်လာရင် အပူရုပ်ပျောက်သွားရော၊ အပူရုပ်ပေါ်လာရင် အအေးရုပ် ပျောက်သွားတယ် အဲသလို အစဉ်အားဖြင့်လည်း ရှုလို့ရတယ်။

အပူရုပ်ဖြစ်နေတဲ့အစဉ်မှာရှိတဲ့ရုပ်ဟာ အအေးရုပ်ရောက်သွားတော့ မရှိတော့ဘူး၊ အအေးရုပ်ကနေ အပူရုပ်ပြန်ဖြစ်လာတဲ့အခါကျတော့ အအေးရုပ် မရှိတော့ဘူး စသည်ဖြင့် ဒီလိုလည်း ရှုလို့ရတယ်။

[စာမျက်နှာ-246] သို့မဟုတ် ခဏအားဖြင့်လည်းရှုလို့ရတယ်၊ ဒီခဏမှာဖြစ်ပေါ်တယ်၊ နောက်ခဏကျတော့ ပျောက်သွားတယ်၊ အဲသလို ခဏချင်း ဖြစ်ပေါ်ပြီး ပျောက်သွားတာတွေလည်း ရှုလို့ရတယ်၊ အပေါင်းအားဖြင့်လည်း ရှုလို့ရတယ်၊ အစဉ်အားဖြင့်လည်း ရှုလို့ရတယ်။

အဲသလို အမျိုးမျိုး သမ္မသနဉာဏ်အခိုက်အတန့်မှာ ရှုလို့ရတယ်၊ တချို့လူတွေဟာ အဲသလို သမ္မသနဉာဏ် အခိုက်အတန့်မှာ ရှုရှုနေတာနဲ့ပဲ ရှေ့မတိုးတက်ဘဲနဲ့ ကြာနေတာမျိုးလည်း ဖြစ်တတ်တယ်။

အဲဒီသမ္မသန ဆိုတာပါဠိစကားမှာ သုံးသပ်ခြင်း၊ အာရုံပြု၍ သိအောင်ပြုခြင်းကို ဆိုလိုတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ်လို့လည်းခေါ်တယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် မြင်လာပြီ၊ ရှုဆင်ခြင်လာပြီ၊ ဒါဟာ တကယ်မြင်ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို သိတာကို ဆိုလိုတယ်။

ကိုယ်က ခေါ်ယူပြီးတော့ပါးစပ်က အနိစ္စ အနိစ္စဆိုပြီး ဇွတ်အနိစ္စခိုင်းနေရတာမဟုတ်ဘူး၊ ဒုက္ခ အနတ္တလည်း ဒီအတိုင်းပဲ။

အဲသလို သမ္မသနဉာဏ်ရင့်သန်လာတဲ့အခါကျတော့ ရှေ့ဉာဏ်တစ်ခုကို ရောက်ပြန်တယ်၊ ရှေ့ဉာဏ်ရဲ့ အမည်က ဥဒယဗ္ဗယဉာဏ်တဲ့။

အဲဒီလို သမ္မသနဉာဏ်မှာတုန်းက အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကိုပဲ စဉ်းစားဆင်ခြင်နေခဲ့ရာကနေပြီးတော့ အဲဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မဆင်ခြင်တော့ဘဲနဲ့ ဖြစ်ပေါ်လာတာလေး (ပစ္စုပ္ပန်အခိုက်အတန့်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကိုပဲ ဖြစ်ပေါ်လာတဲ့ တရားကိုပဲ) ရှုမှတ်နေတယ်။ မြင်ရင်မြင်တယ်၊ ကြားရင်ကြားတယ်၊ နံရင်နှံတယ်၊ ထိရင်ထိတယ်ပေါ့လေ၊ သိရင်သိတယ်၊ စဉ်းစားရင် စဉ်းစားတယ် စသည်ဖြင့် အဲသလို ရှုမှတ်လာတဲ့ အခါကျတော့ ရှုမှတ်လို့ ကောင်းလာတယ်၊ ငြိမ်လာတယ်။

အဲသလို ရှုမှတ်ကောင်းပြီး ငြိမ်လာတဲ့အခါကျတော့ ဘာကို အထူးသဖြင့် မြင်လာသလဲဆိုတော့ ဥဒယဝယတဲ့၊ ဥဒယဆိုတာဖြစ်တာ၊ ဝယဆိုတာ ပျက်တာ၊ အဖြစ်နဲ့အပျက်ကို သေသေချာချာ မြင်လာတယ်။

အဖြစ်မြင်လာတယ်၊ အပျက်မြင်လာတယ်၊ စိတ်ကလေးကို မှတ်လိုက်မယ် ဆိုရင် စိတ်ကလေးပေါ်လာတာကိုသိတယ်၊ စိတ်ကလေး ပျောက်သွားတာကိုသိတယ်၊ ဝေဒနာမှတ်ရင်လည်း ဝေဒနာပေါ်လာတာကိုသိတယ်၊ ဝေဒနာပျောက်သွားတာကို သိတယ်။

အဲသလို မှတ်အပ်တဲ့အာရုံနဲ့ သို့မဟုတ် သင်္ခါရတရားတို့ရဲ့ အဖြစ်နဲ့ အပျက်ကို

[စာမျက်နှာ-247] မြင်တဲ့ဉာဏ်ပေါ်လာတယ်၊ ဒါဆိုတော့ တော်တော်ထင်ထင်ရှားရှားကို မြင်တာ၊ သမ္မသနဉာဏ်တုန်းကတော့ အဖြစ်နဲ့အပျက်ကို ထင်ထင်ရှားရှား မြင်သေးတာ မဟုတ်ဘူး၊ သာမန်မြင်တာပဲ၊ ဒီကျတော့ သမ္မသနဉာဏ်မှာတုန်းက ထက်ပိုပြီးတော့ အဖြစ်နဲ့အပျက်ကို မြင်လာတယ်၊ ဒါပေမယ့်လို့ သူ့ထက်ထင်ရှားတာက လာလိမ့်ဦးမယ်။

အဲဒီလို မှတ်ရတဲ့ အာရုံရဲ့ အဖြစ်အပျက်ကို အလွန်ကြီးကြောင့်ကျ မစိုက်ရဘဲနဲ့ ရှုမှတ်လို့ ကောင်းကောင်းနဲ့ ရှုနေတဲ့ အခါကျတော့ ဘာတွေဖြစ်လာသလဲဆိုရင် အဲဒီကြားမှာ ဝိပဿနာ၏ ဘေးရန်ဆိုတာတွေ ပေါ်လာတယ်။

“သမ္မသနဉာဏ်ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏၊ ဥဒယဗ္ဗယဉာဏ် ရင့်သန်လာသောအခါ ဖြစ်ပေါ်လာတတ်သော ဝိပဿနုပက္ကိလေသ ၁၀-ပါး”တဲ့။

အမှန်တော့ ဥဒယဗ္ဗယဉာဏ်ဟာ ၂-ဆင့်ရှိတယ်၊ နုသော ဥဒယဗ္ဗယဉာဏ်၊ ရင့်သော ဥဒယဗ္ဗယဉာဏ်။

ပထမဆုံး နုသောဥဒယဗ္ဗယဉာဏ်ဖြစ်မယ်၊ အဲဒီနုသော ဥဒယဗ္ဗယဉာဏ် အခိုက်အတန့်မှာ အဖြစ်နဲ့အပျက်ကို မြင်တာပဲ၊ သိတာပဲ၊ သို့သော် သမ္မသနဉာဏ် အခိုက်အတန့်တုန်းကထက် ပိုပြီးတော့ အဖြစ်နဲ့အပျက်ကို မြင်လာတယ်၊ သိလာတယ်။ ဒါပေမယ့်လို့ သူ့ထက်ရင့်ကျက်တဲ့ အဆင့်ရှိသေးတယ်။

အဲဒီ သူ့ထက်ရင့်ကျက်တဲ့ အဆင့်မရောက်ခင် အဖြစ်အပျက်ကို ရှုမြင်နေလို့ အသားကျလို့ ရှုလို့ကောင်းနေတဲ့အခါမှ ဝိပဿနာ၏ ဘေးရန်ဆိုတာတွေ ပေါ်လာတတ်တယ်၊ အဲဒီဘေးရန်တွေက-

(၁) ဩဘာသ တဲ့၊ အရောင်အလင်းတွေ မြင်တတ်တယ်တဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာလင်းနေတယ်လို့ မြင်တတ်တယ်၊ ကျောင်းတစ်ခုလုံး အိမ်တစ်ခုလုံး လင်းနေတယ်လို့ မြင်တယ်၊ တစ်ခါတလေ တစ်လောကလုံးဟာ ဟာဟင်းလင်းကြီး လင်းနေတယ်။ အဲသလို အလင်းရောင်မျိုးကို မြင်တတ်တယ်၊ ဒါဟာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်လာတာကို ဆိုလိုတာ၊ ဒီအဆင့် မရောက်ခင် မှတ်ကောင်းနေတုန်းကလည်း ဖျတ်ကနဲ ဖျတ်ကနဲနဲ့ မြင်တတ်တယ်။

(၂) ပီတိ တဲ့၊ နှစ်သက်နေတဲ့ သဘောပေါ့၊ မှတ်လို့ကောင်းပြီး နှစ်သက်နေတော့ ပီတိတွေကလည်း (ဒီဉာဏ်အဆင့်မှာ) ထူးခြားစွာ ဖြစ်ပေါ်လာတယ်တဲ့၊ ပီတိ ၅ မျိုးထဲမှာ ကြက်သီးမွေးညင်းထတာလည်း ပီတိပဲ၊ ပြီးတော့ လှိုင်းများ ရိုက်ခတ်သလို

[စာမျက်နှာ-248] ခန္ဓာကိုယ်မှာ ခံစားရတာ၊ ပြီးတော့ စာထဲမှာတော့ ကောင်းကင်ကို ပျံတက်သွားတာမျိုး ဥဗ္ဗေဂပီတိလို့ ခေါ်တယ်၊ တကယ်အားထုတ်တဲ့အခါကျတော့ အဝေးကြီးတော့ မသွားဘူးပေါ့၊ ဒါပေမယ့်လို့ လူက ဟိုရွေ့ဒီရွေ့နဲ့ ရွေ့သွားတာ ရှိတတ်တယ်။ အဲဒါပီတိရဲ့ သဘောတရားတွေ၊ အဲသလို ပီတိတွေက ရှေးကထက်ပိုပြီးတော့ ဖြစ်လာတယ်။

(၃) ပဿဒ္ဓိ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းတယ်တဲ့၊ အဲဒီအချိန်အခါမှာ အလွန်နေလို့ ကောင်းတယ်၊ ထိုင်လို့ကောင်းတယ်၊ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းတယ်။

(၄) အဓိမောက္ခ ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်လာ၏၊ မှတ်လို့ကောင်းနေမှတော့ သဒ္ဓါတရားပိုဖြစ်တော့တာပေါ့၊ မှတ်မကောင်းခင်က ကြိုးစားပြီးမှတ်နေရတယ်၊ တကယ်ကောင်းလာပြီဆိုတော့ ပိုပြီးတော့ အားထုတ်ချင်စိတ် ထက်သန်လာတယ်၊ သဒ္ဓါတရားပိုဖြစ်လာတယ်။

(၅) ပဂ္ဂဟ၊ ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေးချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်လာတယ်၊ အဲဒီအခါမှာ ကြိုးစားမှု ဝီရိယလည်း ခါတိုင်းထက်သာလွန်နေတယ်၊ မှတ်လို့ကောင်းနေတာကိုး၊ ရှေးက မတွေ့ဖူးတာတွေ့နေရတယ်၊ အလင်းရောင်တွေ့တယ် စသည်ဖြင့် တွေ့နေရတော့ ဝီရိယက ပိုသွက်လက်လာတယ်ပေါ့လေ။

(၆) သုခ၊ တစ်ကိုယ်လုံး၌ စိတ္တဇရုပ်တွေကို ပျံ့နှံ့ ထုံမွှမ်းစေတတ်သော သုခဝေဒနာ၊ အဲဒီအခါမှာ အလွန်ချမ်းသာတယ်၊ နေလို့သိပ်ကောင်းတယ်၊ မှတ်လို့ကောင်းတယ်၊ တရားအားထုတ်လို့ သိပ်ကောင်းတယ်။

(၇) ဉာဏ၊ အသိဉာဏ်ကလည်း အဲဒီအခါကျတော့ အဖြစ်နဲ့အပျက်ကို ရှုနေတဲ့အခါမှာ သန့်သန့်ရှင်းရှင်း သိမြင်လာတယ်၊ ဖြစ်ပေါ်လာတာနဲ့ ပျက်သွားတာကို တော်တော်လေး ထင်ထင်ရှားရှား သိမြင်လာတယ်၊ နဂိုတုန်းက ကိုယ့်ကိုကိုယ် သိတယ်လို့ ထင်ခဲ့တာပဲ၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သိလာတော့ ဟိုတုန်းက သိတာမဟုတ်သေးပါဘူး၊ အခုမှ ကောင်းကောင်းသိတာပါလို့ ထင်လာတယ်၊ ရှေ့တက်သွားရင် နောက်လည်း ဒီလိုပဲ ထင်ဦးမှာပဲ။

(၈) ဥပဋ္ဌာန၊ ဒါကဘာလဲဆိုတော့ သတိကလည်းပိုကောင်းလာတယ်။ မြင်းမိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သော သတိတဲ့။

(၉) ဥပေက္ခာ တဲ့၊ အဖြစ်အပျက်ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့်ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿ-

[စာမျက်နှာ-249] နုပေက္ခာတဲ့။

အဲဒီအချိန်အခါမှာ အထူးအားမထုတ်ရဘဲနဲ့ အဖြစ်အပျက်တွေကို ရှုနိုင်နေတယ်။ ကြောင့်ကျ သိပ်မစိုက်ရဘဲနဲ့ ရှုနိုင်နေတယ်။

ဒီ ၉-မျိုးကတော့ ကောင်းတယ်၊ မဆိုးလှဘူး၊ ကောင်းတယ်ဆိုတာက အကုသိုလ်မဟုတ်ဘူးလို့ ဆိုလိုတယ်။

(၁၀) နိကန္တိ၊ ဩဘာသ စသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်တတ်တယ်၊ အဲဒီအခါမှာ ဒါလေး ကြိုက်နေတယ်၊ ဒါလေးလွတ်သွားမှာစိုးတယ်၊ ဒီအခြေအနေလေးက တွေ့ကြုံခံစားလို့ကောင်းနေတော့ ဒါလေးကို စွဲလန်းနေတယ်၊ အဲဒီလို နိကန္တိလည်း ဖြစ်ပေါ်လာတတ်တယ်တဲ့။

ဒီလိုဟာမျိုးဖြစ်ပေါ်လာတဲ့အခါကျတော့ ယောဂီက ဘယ်လိုထင်လာတတ်သလဲဆိုတော့ ငါ့မှာ ရှေးတုန်းက ဒီလိုအရောင်အဝါတွေ မတွေ့ဖူးဘူး၊ ဒီလို ပီတိမျိုး မဖြစ်ဖူးဘူး၊ ဒါဟာ တရားထူးဖြစ်လိမ့်မယ် ထင်တယ်လို့ အဲသလို လမ်းလွဲသွားတတ်တယ်။

အဲသလို လမ်းလွဲသွားတတ်တဲ့အတွက်ကြောင့် ဒီ ၁၀-ပါးကို ဝိပဿနာ၏ ဘေးရန်၊ ဝိပဿနာ၏ အနှောင့်အယှက်လို့ ဆိုရတယ်၊ အဲဒီထဲမှာ နံပါတ် (၉) ထိ ကုသိုလ်တရားတွေပဲ ရှိသေးတယ်၊ အကုသိုလ်မဟုတ်ဘူး၊ နံပါတ် (၁၀) ကမှ အကုသိုလ်လို့ ဆိုရမယ်။

အဲဒီလို ဩဘာသစတာတွေဖြစ်ပေါ်လာတဲ့အခါ ကိုယ်က နဂိုက နားလည်ထားရင် ဒါတွေဟာ တကယ်တရားထူး အစစ်အမှန် မဟုတ်သေးဘူး၊ ဒါတွေကို ကျော်လွန်ရဦးမယ်၊ ဒါတွေဟာ အနှောင့်အယှက်မျှသာ ရှိသေးတယ်လို့ သိပြီးတော့ သူတို့ကို သိပ်ဦးစားမပေးတော့ဘဲနဲ့ မျက်မှောက်ပေါ်နေတဲ့ ထင်ရှားနေတဲ့ အာရုံကိုပဲ ဆက်ရှုသွားရမယ်။

အဲသလို မလုပ်ဘဲနဲ့ ဒါတွေနဲ့ ကျေနပ်ပြီး ဒါတွေကို နှစ်သက်နေပြီဆိုရင် ရှေ့မတိုးတော့ဘူးပေါ့၊ ဝိပဿနာတန့်သွားပြီပေါ့။

ဒါကြောင့်မို့ ဝိပဿနာကိုတန့်အောင် ဝိပဿနာကို ရှေ့မတိုးတက်အောင် လုပ်တတ်တဲ့အတွက်ကြောင့်မို့ ဒီတရား ၁၀-မျိုးကို ဝိပဿနုပက္ကိလေသ၊ ဝိပဿနာ ညစ်ညူးကြောင်းဘေးရန်လို့ ဆိုတယ်။

ဒါတွေဖြစ်လာရင် ငါတရားထူးတော့ ရပြီထင်တယ်၊ တရားထူးဆိုတာ-

[စာမျက်နှာ-250] ဒါမျိုးနေမှာပဲလို့ ဆုံးဖြတ်သွားတတ်တယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီဟာတွေဟာ တရားထူး မဟုတ်ဘူး (ကျမ်းဂန်စကားနဲ့ပြောရင်) ဒါတွေဟာ မဂ်မဟုတ်သေးဘူး။ မဂ်အစစ်က ရှေ့လာလိမ့်ဦးမယ်လို့ ဒီလိုမဂ်ဟုတ်သည် မဟုတ်သည်ကို သိနိုင်တဲ့ဉာဏ် အဲဒီအခါမှာပေါ်တယ်၊ အဲဒီဉာဏ်ကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိလို့ ခေါ်တယ်။

မဂ္ဂဆိုတာက မဂ်၊ အမဂ္ဂဆိုတာက မဂ်မဟုတ်တာ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းမှန် ဟုတ်သည် မဟုတ်သည်ကို သိတဲ့ဉာဏ်တဲ့ အဲဒီဉာဏ်ဖြစ်ပေါ်တယ်။

အဲဒီဉာဏ်ဖြစ်ပေါ်လို့ ဝိပဿနုပက္ကိလေသ ၁၀-ပါးထဲက တချို့ဟာ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သေးဘူး၊ သူတို့ကို တွယ်တာနေရမှာ မဟုတ်သေးဘူး၊ သူတို့ကို ကျော်လွန်ရမှာပဲလို့ သိပြီးတော့ သူတို့ကို ဦးစားမပေးတော့ဘဲ ဆက်လက်ပြီးတော့ အားထုတ်သွားတဲ့အခါကျတော့ ဥဒယဗ္ဗယဉာဏ်က ပိုပြီးတော့ ရင့်သန်တယ်၊ ရှေးကထက်ပိုပြီးတော့ ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ဖြစ်တာနဲ့ ပျက်တာကို မြင်လာတယ်။

ဒါကြောင့် ဥဒယဗ္ဗယဉာဏ်ကို ၂-မျိုးပိုင်း၊ ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်းအပြီးမှာ ဝိပဿနုပက္ကိလေသတွေပေါ်တယ်၊ အဲဒီဝိပဿနုပက္ကိလေသတွေကို အာရုံမပြုတော့ဘဲနဲ့ ဆက်ပြီးတော့ မှတ်သွားတဲ့အခါကျတော့ ဥဒယဗ္ဗယဉာဏ် ရင့်ကျက်လာတယ်။ ပိုပြီးတော့ အဖြစ်နဲ့အပျက်ကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား သိမြင်လာတယ်။

အဲဒီဥဒယဗ္ဗယဉာဏ် နောက်ပိုင်းကစပြီးတော့ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဆိုတာခေါ်လိမ့်မယ်၊ ဒီပဋိပဒါဉာဏဒဿနဝိသုဒ္ဓိအခိုက်အတန့်မှာ ဝိပဿနာဉာဏ်တွေ အများကြီး ဖြစ်လိမ့်မယ်၊ ရှေးအခိုက်အတန့်တွေမှာကတော့ (ဆိုပါတော့) ဒိဋ္ဌိဝိသုဒ္ဓိမှာဆိုရင် နာမရူပပရိစ္ဆေဒဉာဏ်၊ ကင်္ခါဝိတရဏဝိသုဒ္ဓိမှာဆိုရင် ပစ္စယပရိဂ္ဂဟဉာဏ်၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမှာ သမ္မသနဉာဏ်နဲ့ ဥဒယဗ္ဗယဉာဏ် ရှိထားတယ်။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကျတော့ ဥဒယဗ္ဗယဉာဏ်နောက်ပိုင်းနဲ့ ကျန်တဲ့ ဝိပဿနာဉာဏ်တွေ အကုန်နီးပါး ဖြစ်လိမ့်မယ်တဲ့။

ကောင်းပြီ၊ ဥဒယဗ္ဗယဉာဏ်ရောက်သွားပြီဆိုတော့ ဘာကိုသိတုန်း၊ အဖြစ်နဲ့ အပျက်ကိုသိတယ်၊ အဖြစ်နဲ့အပျက်ကို မြင်တယ်၊ ပေါ်လာတာ ပျောက်သွားတာ၊ ပိုင်းပိုင်းခြားခြား သိမြင်လာတယ်။

ဥဒယဗ္ဗယဉာဏ်ပြီးတော့ ဘင်္ဂဉာဏ်တဲ့၊ ဘင်္ဂဆိုတာ ပျက်တာ၊ ဥဒယဗ္ဗယဉာဏ်ရင့်သန်ပြီးလို့ ဘင်္ဂဉာဏ်အဆင့်ရောက်သွားတဲ့အခါကျတော့ အဖြစ်က မထင်ရှား-

[စာမျက်နှာ-251] တော့ပဲနဲ့ ပျောက်ပျောက်သွားတာက ထင်ရှားတော့တယ်၊ အပျက်က ထင်ရှားတော့တယ်၊ ရှေနေရင် အဖြစ်ကို မမြင်ဘူး၊ အပျက်ပဲမြင်လာတယ်၊ ပျောက်, ပျောက်သွားတာ မြင်လာတယ်။

ဒီအခိုက်အတန့်မှာ ငါတရား အားထုတ်တာ မှားများနေပြီလားလို့ ထင်တတ်တယ်၊ ခန္ဓာကိုယ်ကြီး ပျောက်သွားတယ်ဆိုတာ ဒီအခိုက်အတန့်မျိုး ဖြစ်တတ်တယ်၊ မှတ်စရာကြည့်လိုက်တဲ့အခါ အပျက်ရှုနေရတော့ အပျောက်ရှုနေရတာဆိုတော့ ရှေးဉာဏ်တွေမှာတုန်းကလို ပုံသဏ္ဍာန်နဲ့ ပညတ်နဲ့ မပေါ်တော့ဘူး၊ ပျောက်, ပျောက်သွားတာပဲမြင်ရတယ်၊ ဘင်္ဂဉာဏ် အခိုက်အတန့်မှာ မှတ်လို့မကောင်းသလိုကြီး ဖြစ်နေတတ်တယ်။

အဲသလို ခန္ဓာငါးပါးမှတ်ရတဲ့ တရားရဲ့ အပျက်ကိုသာ မြင်တဲ့ဉာဏ်ကို ဘင်္ဂဉာဏ်လို့ခေါ်တယ်၊ ဒါဟာတိုးတက်လာတာ၊ ပထမတုန်းကတော့ အဖြစ်ရော အပျက်ရော ထင်ထင်ရှားရှား မြင်တယ်၊ နောက်ကျတော့ အဖြစ်က မထင်ရှားတော့ပဲ အပျက်သာမြင်တော့တယ်၊ ပျောက်ပျောက်သွားတယ်။

အဲဒီ ဘင်္ဂဉာဏ် ရင့်သန်လာတဲ့အခါကျတော့ ဘယဉာဏ် ဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါကတော့ logically သွားတာ၊ ပျက်တာကြီး မြင်နေမှတော့ ကြောက်စရာလို့ ထင်မလာပေဘူးလား၊ ဘယဉာဏ် ဆိုတာ ကြောက်တာမဟုတ်ဘူး နော်, ကြောက်စရာကောင်းတယ်လို့ သိလာတာ၊ ဒါ အရေးကြီးတယ်။

ကြောက်ရင် အကုသိုလ်မဟုတ်ဘူးလား၊ ဝိပဿနာမဟုတ်တော့ဘူး၊ တကယ်ကြောက်ရင် ဒေါသမူစိတ်ဖြစ်သွားပြီ၊ အဲဒီတော့ ဘယဉာဏ် ဆိုတာ ကြောက်တာမဟုတ်ဘူး၊ ကြောက်စရာပဲဆိုတာကိုသိတာ၊ ဘေးဥပါဒ် အန္တရာယ်ကြီးပဲလို့သိတာ။ အဲသလိုသိတဲ့ဉာဏ်ကို ဘယဉာဏ်လို့ခေါ်တယ်။

ပျက်တာမြင်နေရင် ဘယဉာဏ် ကမပေါ်ပဲကိုမနေဘူး၊ ပျက်မှတော့ ကြောက်စရာကောင်းနေတာပဲ။

ဘယဉာဏ် ရင့်သန်လာတဲ့အခါကျတော့ အာဒီနဝဉာဏ် ပေါ်လာတယ်၊ အပြစ်မြင်လာတယ်၊ ပျက်တာကြီးမြင်ပြီး ကြောက်စရာထင်မြင်လာရင် ဒီခန္ဓာငါးပါးအပေါ်မှာ အပြစ်မြင်တော့တာပေါ့၊ ခန္ဓာငါးပါး အပေါ်မှာ ကောင်းတယ်ဆိုတာမျိုး မမြင်နိုင်တော့ဘူးပေါ့၊ အပြစ်မြင်လာပြီး ဒီခန္ဓာငါးပါးဟာ မကောင်းဘူး မြင်လာတယ်။ နောက်တော့ ငြီးငွေ့လိမ့်မယ်။

အဲဒီ အာဒီနဝဉာဏ် ရင့်သန်လာတဲ့အခါ ကျတော့ နိဗ္ဗိဒါဉာဏ် တဲ့၊ ဒီကျတော့

[စာမျက်နှာ-252] ရုပ်ဇီဝိတနာမည် ဘယ်နှစ်မျိုးရသလဲဆိုတော့ ဣန္ဒြေတစ်ခုပဲ၊ နာမ်ဇီဝိတကလည်း ဣန္ဒြေတစ်ခုပဲရတယ်။

ပြီးတော့ ဆန္ဒနာမည်က အဓိပတိ၊ ကာဗဠိကာရ အာဟာရ (ဩဇာရုပ်ပေါ့)။ ဖဿ စေတသိက်ရယ်၊ စေတနာ စေတသိက်တို့က အာဟာရ ဆိုတဲ့ တစ်နာမည်ပဲရတယ်။

ဟိတ်ကျတော့ ဣန္ဒြေ, မနိန္ဒြေ, အဓိပတိ, အာဟာရ ရတယ်၊ ပညာကနာမည် အများဆုံးပဲ၊ ၅-နာမည်တောင်ရတယ်၊ ဟိတ်, မဂ္ဂင်, ဣန္ဒြေ, ဗိုလ်, အဓိပတိ။

နာမည်တွေဖော်တတ်ရင် သိပ်ကောင်းမှာပဲ၊ ဟိတ် ဆိုရင် ဘာတုန်း၊ ပညာဆိုတော့ ဘာဟိတ်လဲ အမောဟဟိတ်၊ မဂ္ဂင် ဆိုတော့ ဘာမဂ္ဂင်လဲ၊ သမ္မာဒိဋ္ဌိမဂ္ဂင်၊ ဣန္ဒြေ ဆိုတော့ရော၊ ပညိန္ဒြေ, အနညာတညဿာမီတိန္ဒြေ, အညိန္ဒြေ, အညာတာဝိန္ဒြေ ၄-ခု၊ ဗိုလ် ဆိုတော့ ပညာဗိုလ်, အဓိပတိ ဆိုတော့ ဝီမံသာအဓိပတိ, အဲသလိုလေးပါ ဖော်သွားနိုင်ရင် ပိုကောင်းတယ်၊ ဖော်နိုင်ဖို့က နောက်ကဟာကျမှရမယ်။

ဒိဋ္ဌိ က မဂ္ဂင် ဆိုတဲ့ တစ်နာမည်ပဲရတယ်၊ မိစ္ဆာဒိဋ္ဌိ၊ ပြီးတော့ ဝိတက် က ဈာနင်, မဂ္ဂင် ရတယ်၊ မဂ္ဂင် မှာ သမ္မာသင်္ကပ္ပ ရယ်, မိစ္ဆာသင်္ကပ္ပ ရယ်လို့ ၂-မျိုးရှိတယ်၊ ဝိရတိ စေတသိက် ၃-ခုကလည်း မဂ္ဂင် ဆိုတဲ့ နာမည်ပဲရတယ်၊ ဝိစာရ စေတသိက်လည်း ဈာနင် ပဲ၊ ပီတိ စေတသိက်လည်း ဈာနင် ပဲ၊ သဒ္ဓါ စေတသိက်ကျတော့ သဒ္ဓိန္ဒြေ, သဒ္ဓါဗိုလ်, ၂-ခုရတယ်၊ ဝီရိယ ကျတော့ သမ္မာဝါယာမ, မိစ္ဆာဝါယာမ ဆိုတော့ မဂ္ဂင် ၂-ခု, ဣန္ဒြေ ကျတော့ ဝီရိယိန္ဒြေ, ဗိုလ် ကျတော့ ဝီရိယဗိုလ်, အဓိပတိ ကျတော့ ဝီရိယာဓိပတိ။

သတိ မှာ မဂ္ဂင် ရယ်, သမ္မာသတိ ရယ်, ဣန္ဒြေ က သတိန္ဒြေ, ဗိုလ် က သတိဗိုလ်၊ ဧကဂ္ဂတာ က ၄-မည်ရတယ်၊ ဈာန်, မဂ္ဂင် က ၂ ခု (မိစ္ဆာသမာဓိနဲ့ သမ္မာသမာဓိ)၊ ဣန္ဒြေ က သမာဓိန္ဒြေ, ဗိုလ် က သမာဓိဗိုလ်။

ဝေဒနာ မှာ ၂-မည်ရတယ်၊ ဈာန်၊ သောမနဿ, ဒေါမနဿ, ဥပေက္ခာ ဆိုတာ ၃-ခု၊ ဣန္ဒြေ က ၅-ခု၊ သုခိန္ဒြေ, ဒုက္ခိန္ဒြေ, သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ။

ဟိရိ, ဩတ္တပ္ပ, အဟိရိက, အနောတ္တပ္ပ, ဒီ ၄-ခုက ဗိုလ် ဆိုတဲ့ နာမည်ပဲရတယ်၊ ဒါပါပဲ၊ အဲသလို ပညာက ၅-မည်ရတယ်၊ ဝီရိယက ၄-မည်ရတယ် စသည်ဖြင့် လျှောက်တွက်ပြီး သရုပ်ကျေအောင်ဆိုရင် အမျိုးမျိုး အပြန်ပြန်အလှန်လှန် တွက်ရတယ်။

[စာမျက်နှာ-253] အရစ်သုံးရစ်ကိုမြင်တော့ မြွေမှန်းသိလာတယ်။

မြွေမှန်းသိလာတဲ့အခါကျတော့ သူကြောက်လာပြီး မြွေကို မလိုချင်တော့ဘူး၊ လွှင့်ပစ်လိုက်ချင်ပြီ။

မြွေကို လွှင့်ပစ်လိုက်ချင်တော့ ဒီအတိုင်းလွှင့်ပစ်ရင် မြွေက သူ့ကိုပြန်ကိုက်ချင် ကိုက်သွားမှာ၊ အဲဒီတော့ သူ့ကို မြွေပြန်မကိုက်နိုင်အောင်ဆိုပြီး ခေါင်းပေါ် လွှဲပတ်ရမ်းပြီးမှ မြွေကိုနွံနာအောင်လုပ်ပြီးမှ လွှင့်ပစ်လိုက်တယ်။

အဲသလိုပဲ ရုပ်နာမ်ခန္ဓာကို သတ္တဝါတွေက နဂိုက ကောင်းတယ်ထင်နေတယ်။ အဲသလိုကောင်းတယ်ထင်ရာကနေပြီး ဝိပဿနာရှုလိုက်တော့ အနိစ္စ, ဒုက္ခ, အနတ္တ သဘော မြင်လာတယ်၊ ခုနလည်ရေး သုံးဆင့်မြင်တာမျိုးလိုမြင်လာတယ်။

အနိစ္စ ပဲ, ဒုက္ခ ပဲ, အနတ္တ ပဲ, မမြဲဘူး၊ ဆင်းရဲတယ်၊ အစိုးမရဘူး, အနှစ်သာရ မဟုတ်ဘူး၊ အတ္တမဟုတ်ဘူးလို့ မြင်လာတဲ့အခါကျတော့ ဒါဟာကြောက်စရာလို့ ထင်လာပြီ၊ အပြစ်မြင်လာပြီ၊ မလိုချင်တော့ဘူး၊ စွန့်ချင်လာပြီ။

စွန့်ချင်ရင် သူတို့ကိုနွံနာအောင်ဆိုပြီးတော့ ထပ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လို့ ပဋိသင်္ခါဉာဏ် အခိုက်အတန့်မှာ ထပ်ပြီးတော့ ရှုရတယ်၊ ထပ်ပြီးတော့ ပင်ပင်ပမ်းပမ်း လုပ်ရတယ်။ အဲဒါ ပဋိသင်္ခါဉာဏ်။

ပဋိသင်္ခါဉာဏ် ရင့်ကျက်လာတဲ့အခါကျတော့ နောက်ဉာဏ်တစ်ဆင့် တက်လိုက်စမ်း၊ သင်္ခါရုပေက္ခာဉာဏ် တဲ့။

သင်္ခါရုပေက္ခာဉာဏ် ကျတော့ ဘာတဲ့တုန်း၊ “ကြောက်ခြင်းနှစ်သက်ခြင်းမှ ကင်းသည်၏ အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်” ဆိုလိုတာကတော့ အာရုံတွေကို ရှုလိုက်တိုင်း ရှုလိုက်တိုင်း အထူးကြောင့်ကျ မစိုက်ရပဲနဲ့ ရှုမိနေတာကို ဆိုလိုတာ၊ ပဋိသင်္ခါဉာဏ် တုန်းကတော့ ကြောင့်ကျစိုက်ပြီးတော့ ရှုရတယ်၊ ကြောင့်ကျစိုက်ရှုလို့ အရှိန်ရသွားပြီဆိုတော့ ကြောင့်ကျမစိုက်ရတော့ပဲ ရှုမိနေတော့တယ်၊ အထူးအားမထုတ်ရတော့ဘူး၊ ဟိုနေ့က ပြောသလို ချပ်ကန် ချပ်ကန် သွားတာမျိုးပေါ့လေ။

အဲဒီလို ဒီ (သင်္ခါရုပေက္ခာဉာဏ်) ဉာဏ်ဖြစ်တဲ့အခါကျတော့ သင်္ခါရတရားတွေကို ကြိုက်တယ်လည်းမဟုတ်ဘူး၊ မကြိုက်ဘူးလည်းမဟုတ်ဘူး၊ နှစ်သက်တယ်လည်း မဟုတ်တော့ဘူး၊ မနှစ်သက်ဘူးလည်း မဟုတ်တော့ဘူး၊ ဒါကြောင့် ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏ အစွမ်းဖြင့်လို့ပြောတာ၊ သင်္ခါရတရားကို ကြောက်တယ်လည်းမဟုတ်ဘူး၊ မကြောက်ဘူးလည်းမဟုတ်ဘူး၊ လိုချင်တာလည်း

[စာမျက်နှာ-254] မဟုတ်ဘူး၊ မလိုချင်ဘူးလည်း မဟုတ်ဘူးပေါ့လေ။

အဲဒီလို သူ့ အတိုင်းဖြစ်နေတာကို အသာလေးကြောင့်ကျမဲ့စွာနဲ့ ရှုနေရတယ်။ အထူးအားမထုတ်ရပဲနဲ့ အသာလေးရှုနေတဲ့ဉာဏ်ကို သင်္ခါရုပေက္ခာဉာဏ် လို့ခေါ်တယ်။ သင်္ခါရုပေက္ခာဉာဏ် ရောက်ရင်တော့ အတော့ကို အဆင့်အတန်းမြင့်သွားပြီ၊ ရှေ့ကို အနုလောမဉာဏ်, မဂ်ဉာဏ် တပ်ဖို့ပဲ ရှိတော့တယ်။

သင်္ါရုပေက္ခာဉာဏ် ရောက်ပြီးတော့ အားထုတ်ရင်းကပဲ တော်တော်ကြာ ပြန်ပြန်ကျတတ်တယ်၊ အားထုတ်ကောင်းရာကနေပြီး တော်ကြာပြန်ကျသွားပြန်ပြီ။ နည်းနည်းလေးပြန်ကြောင့်ကျစိုက်ပေးလိုက် အရှိန်လေးရသွားပြန်တော့ ဉာဏ်ပြန်ဖြစ်သွားပြန်ရော။

ဉာဏ်ပြန်ဖြစ်ရာနေ စိတ်ထဲရှုမှတ်လို့ကောင်းနေတုန်း တစ်ခါတလေ ဘယ်လိုဖြစ်တတ်သလဲဆိုတော့ ကြောက်ချင်ကြောက်လာတယ်၊ သို့မဟုတ်ရင်လည်း ဒါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊ နဂိုတုန်းကဒီလိုမဟုတ်ဘူး၊ အခုတော့အလွန် ပေါ့ပေါ့လေးနဲ့ ဖြစ်နေပါလားဆိုပြီး ဖြစ်လာတယ်၊ သို့မဟုတ်ရင်လည်း ပိုပြီး အားထုတ်ချင်လာပေါ့လေ။

အဲဒီလို အမျိုးမျိုး ဖြစ်ပေါ်တတ်တော့ အဲဒီလိုလုပ်လိုက်တိုင်း လုပ်လိုက်တိုင်း ဝိပဿနာအရှိန်က ကျကျသွားတယ်၊ ကျသွားရင် မှတ်မကောင်းပြန်ဘူး၊ မှတ်မကောင်းပြန်ရင် ထပ်ကြိုးစားရပြန်ပြီ၊ အဲဒီလိုပဲ သင်္ခါရုပေက္ခာဉာဏ် အခိုက်အတန့်မှာ ကြောင့်ကျမစိုက်ရပဲမှတ်လို့ ကောင်းနေလိုက်၊ တော်ကြာကိုယ်က ခုနလို ဟိုဟာလေး လုပ်မိ ဒီဟာလေးလုပ်မိ, ဆင်ခြင်စဉ်းစားမိ၊ ဟိုဟာလေးလိုချင်မိ ဒီဟာလေး လိုချင်မိဖြစ်ပြီး ကြိုးစားရင်းနဲ့ ပျောက်သွားပြန်ပြီ၊ ထပ်ပြီးတော့ လုပ်ရပြန်ပြီနဲ့ ဒီလိုပဲ တက်လိုက်ကျလိုက်၊ တက်လိုက်ကျလိုက်နဲ့ သင်္ခါရုပေက္ခာဉာဏ် ရှင်သန်အောင် လုပ်နေရတယ်။

အဲဒါကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ရှေးတုန်းက ပင်လယ်သွားတဲ့သူတွေဟာ ကျီးတစ်ကောင်ကို ယူသွားတယ်တဲ့၊ ဒိသာကာက ဆိုတဲ့ ကျီးပေါ့၊ ဒိသာ ဆိုတာ အရပ်မျက်နှာ ကာက ဆိုတာကျီး၊ အရပ်မျက်နှာ ရှာဖွေတတ်တဲ့ ကျီးပေါ့။

ပင်လယ်ထဲမှာ သူတို့အရပ်မျက်နှာမသိဖြစ်နေပြီဆိုပါတော့ ကမ်းမမြင် လမ်းမမြင်ဖြစ်နေပြီဆိုရင် ကျီးကိုလွှတ်လိုက်တယ်၊ ကျီးဟာပျံသွားပြီးတော့ ကမ်းကို မမြင်ရင်မောပြီး ပင်လယ်ထဲကလူတွေဆီ ပြန်လာတယ်၊ နေဦး ဒီတစ်ခါ အမောဖြေဦး။

[စာမျက်နှာ-255] အမောဖြေတော့ ကျီးကိုထပ်လွှတ်ပြန်ရော၊ သူက ပျံသွားပြန်ရော၊ ဒီလိုပဲ ကျီးက ပျံသွားလိုက်၊ ကမ်းမမြင်သေးရင် ပြန်လာလိုက် သွားလိုက်မှ ပြန်လာလိုက် လုပ်ရာကနေပြီး ကမ်းမြင်တဲ့အခါကျတော့ ပြန်မလာတော့ပဲ ကမ်းဆီပျံသွားတယ်။

ထို့အတူပဲ, ဝိပဿနာဉာဏ်ကလည်း နိဗ္ဗာန်ကို မမြင်သေးခင် သင်္ခါရတရားဆီ ပြန်ပြန်လာနေတာ၊ ပြန်လာလိုက်, ရှာလိုက်၊ မတွေ့ရင် ပြန်လာလိုက်ဖြစ်သလိုပဲ ဒီ (သင်္ခါရုပေက္ခာဉာဏ်) မှာလဲ တက်လိုက်ကျလိုက် တက်လိုက်ကျလိုက်နဲ့ ဖြစ်နေတာ၊ ဒီနေရာမှာ သိပ်အရေးကြီးတယ်။

အဲသလိုဖြစ်ရာကနေ ကောင်းလာပြီ, သင်္ခါရုပေက္ခာဉာဏ် ရင့်ကျက်လာပြီ ဆိုတဲ့အခါကျတော့ အနုလောမဉာဏ် ဆိုတာဖြစ်လာတယ်၊ အဲဒီ သင်္ခါရုပေက္ခာဉာဏ် အဆင့်အတန်းမှာ ရောက်နေတုန်း ဝိပဿနာ တရားရှုနေပြီ၊ သင်္ခါရတရားတွေ ပေါ်လာတိုင်း ပေါ်လာတိုင်း အထူးကြောင့်ကျ မစိုက်ရပဲ မှတ်လို့ သိပ်ကောင်းနေပြီ၊ ပြန်မကျတော့ဘူး၊ အားပြည့်လာပြီဆိုတဲ့အချိန်မှာ ဝုန်းကနဲဆိုထပြီးတော့ နိဗ္ဗာန်အာရုံကိုရောက်သွားတယ်။

အဲဒီ နိဗ္ဗာန်အာရုံမရောက်ခင် ဝုန်းခနဲမထခင်မှာ အနုလောမဉာဏ် ဆိုတာ ဖြစ်တယ်၊ ဝီထိပိုင်းတုန်းက မဂ္ဂဝီထိ ကို မှတ်မိကြလား၊ မဂ္ဂဝီထိ မှာ ဘယ်လိုရှိလဲ မှတ်မိကြလား၊ မဂ္ဂဝီထိ ပုံစံရှိကြလား။

အဲဒီတော့ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, မဂ်, ဖိုလ်, အဲသလို သွားလိမ့်မယ်၊ မနောဒွါရဝီထိထဲမှာ မဂ္ဂဝီထိ ဆိုတာရှိတယ်၊ အဲဒီ မဂ္ဂဝီထိ ပုံစံကို ကြည့်လိုက်။

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, မဂ်, ဖိုလ်, ဖိုလ်, နောက်ပြီးတော့ ဘဝင်။

ကောင်းပြီ, ဒါကမဂ်ရတဲ့ဝီထိပေါ့၊ မဂ်ရခါနီးတဲ့အခါမှာ ဝိပဿနာဉာဏ် သွက်သွက်လက်လက် ဖြစ်လာတယ်၊ ဝိပဿနာဉာဏ် သွက်သွက်လက်လက် ဖြစ်ပြီး မဂ်ဆီသို့ရောက်တော့မယ် သို့မဟုတ် သင်္ခါရတရားက ထတော့မယ်ဆိုတဲ့ အချိန်ကျတော့ သူက အားကောင်းလာတယ်ပေါ့။

ဒါကြောင့်မို့ အဲဒီအခိုက်အတန့်မှာ သင်္ခါရုပေက္ခာဉာဏ် ရော အပါအဝင် အခိုက်အတန့်ကို ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် လို့ခေါ်တယ်၊ ဝုဋ္ဌာန ဆိုတာ မဂ်က သင်္ခါရတရားတွေမှ ထသွားတတ်တယ်၊ ထတယ်ဆိုတာ လွတ်မြောက်အောင် ထွက်သွားတတ်တယ်ပေါ့။ ဒါကြောင့်မို့ ဝုဋ္ဌာန လို့ခေါ်တယ်၊ အဲဒီ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ

[စာမျက်နှာ-256] ဆိုတာရှိတယ်။

အဲဒီတော့ ဒီဝီထိထဲမှာပါတဲ့ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ အဲဒီ ၄-ခုဟာ ကာမာဝစရကုသိုလ်ဇော၊ ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇော။

အဲဒီ ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇော ၄-ကြိမ်ဖြစ်တယ်၊ ပရိကံ တစ်ကြိမ်, ဥပစာ တစ်ကြိမ်, အနုလုံ တစ်ကြိမ်, ဂေါတြဘူ တစ်ကြိမ်။

အဲဒီလိုဖြစ်တဲ့အခါမှာ အနုလောမဉာဏ် ဆိုတာ ဘယ်ဟာလဲဆိုရင် ပရိကံ, ဥပစာ, အနုလုံ ဒီ ၃-ခုကို အနုလောမဉာဏ် လို့ခေါ်တယ်။

အနုလောမဉာဏ် ဆိုတာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီးတော့ မဂ်ရတဲ့ အချိန်လို့ ပြောကြပါစို့၊ မဂ်ရခါနီးလေးကပ်ပြီးတော့ ပေါ်တဲ့ဉာဏ်ကို အနုလောမဉာဏ် လို့ ခေါ်တယ်၊ အနုလောမဆိုတာ လျော်ညီတယ်တဲ့၊ ကျန်ခဲ့တဲ့ ဝိပဿနာဉာဏ်တွေနဲ့လည်း သူ (အနုလောမဉာဏ်) က လိုက်လျောတယ်၊ အထက်မဂ်ဖိုလ် (ဗောဓိပက္ခိယတရား ၃၇-ပါး) နဲ့လည်း လိုက်လျောတယ်ဆိုကြပါစို့၊ ဒါကြောင့်မို့ ဒီဉာဏ်ကို အနုလောမဉာဏ် လို့ခေါ်တယ်။

အနုလောမဉာဏ် လို့ခေါ်တဲ့ စိတ်ဟာ ဘယ်စိတ်လဲဆိုရင် အနုလောမဉာဏ် ဟာ ဉာဏ်နော်၊ အဲဒီဉာဏ်ဟာ ဘယ်စိတ်နဲ့ ယှဉ်တဲ့ဉာဏ်လဲလို့ပြောရင် ကာမာဝစရကုသိုလ်ထဲက ဉာဏသမ္ပယုတ် ၄-ခုပေါ့။

အဲဒီ ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇော က အမှန်ကတော့ ၄-ကြိမ် စောတယ်၊ ၄-ကြိမ်မှာ ပထမ ၃-ကြိမ် (ပရိကံ, ဥပစာ, အနုလုံ) ကို အနုလောမဉာဏ် လို့ ခေါ်တယ်၊ အဲဒီအနုလောမဉာဏ်ဖြစ်တယ်တဲ့၊ ဒီရောက်ရင်တော့ မဂ်ရတော့မယ်၊ မထူးတော့ပါဘူး၊ ရှေ့ဆက်တော့မယ်၊ ဒီမှာတန့်ထားလို့မရဘူး။

အနုလုံပြီးတော့ ဂေါတြဘူ လာတယ်၊ အဲဒါကို ဂေါတြဘူဉာဏ် လို့ ဉာဏ်တစ်မျိုးအနေနဲ့ ခေါ်နိုင်တယ်၊ ဂေါတြဘူ ကို ဝိပဿနာလို့ခေါ်မလား, မခေါ်ဘူးလား ဆိုတော့ ဝိပဿနာရေစီးကြောင်းထဲမှာ ကျတဲ့အတွက်ကြောင့် ဂေါတြဘူ ကို ဝိပဿနာလို့တော့ ခေါ်နိုင်တယ်၊ ဒါပေမယ်လို့ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ဆိုတဲ့ အဖြစ်နဲ့ ခွဲမယ်ဆိုရင်တော့ သူ (ဂေါတြဘူ) ဟာ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ထဲမှာ မပါဘူး။

အဲဒီတော့ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ဟာ ဘယ်မှာဆုံးသလဲ၊ အနုလုံမှာ ဆုံးတယ်၊ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ ၄-ခုရှိတဲ့ထဲမှာ အနုလုံမှာ ဆုံးတယ်။ ဂေါတြဘူ သီးခြားဖြစ်ပြီး ကြားကွက်လပ်ကျန်နေတယ်၊ သူက ဘယ်ဝိသုဒ္ဓိထဲမှာမှ

[စာမျက်နှာ-257] မပါဘူး၊ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ထဲလည်း မပါဘူး၊ လာလတံ့ ဉာဏဒဿန ဝိသုဒ္ဓိ ထဲလည်း မပါဘူး, ကြားမှာရောက်နေတယ်။

ဒါပေမယ်လို့ ဝိပဿနာရဲ့ ရေစီးကြောင်းထဲမှာ သူကျရောက်နေတဲ့အတွက် ကြောင့်မို့ ဝိပဿနာလို့တော့ခေါ်နိုင်တယ်၊ ဝိပဿနာတကယ့်အစစ်တော့ မဟုတ်ဘူးပေါ့၊ သို့သော် ဝိပဿနာလို့ပဲ သူ့ကိုခေါ်နိုင်တယ်။

ဘာကြောင့် ဝိပဿနာအစစ်မဟုတ်ဘူးလို့ ပြောရတာလဲဆိုတော့ ဝိပဿနာဆိုတာက သင်္ခါရတရားကို အာရုံပြုရမယ်၊ ရုပ်နာမ်တရားကို အာရုံပြုရတယ်။ ဂေါတြဘူ က ဘယ်လို အာရုံပြုသလဲဆိုတော့ နိဗ္ဗာန်ကို အာရုံပြုတယ်၊ ကာမာဝစရစိတ်ထဲက နိဗ္ဗာန်ကို တိုက်ရိုက်အာရုံပြုတာ ဒီတစ်ခု (ဂေါတြဘူ) ပဲရှိတယ်။

ဒါကြောင့်မို့ ဂေါတြဘူ သည် ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ထဲမပါဘူး၊ လာလတံ့ ဉာဏဒဿန ဝိသုဒ္ဓိ ထဲလည်းမပါဘူး၊ ဘယ်ဝိသုဒ္ဓိထဲမှ မပါပဲနဲ့ ကွက်လပ်ကျန်နေတယ်၊ သို့သော် ဝိပဿနာအစဉ်မှာကျတဲ့အတွက်ကြောင့် သူ့ကို ဝိပဿနာလို့တော့ခေါ်ရတယ်။

ကောင်းပြီ, အဲသလို အနုလောမဉာဏ် ဖြစ်ပြီးတဲ့နောက် ဂေါတြဘူဉာဏ် ဆိုတာ ပေါ်တယ်။ ဂေါတြဘူ ဆိုတာ ဘာကို ခေါ်တာတုန်း၊ ပုထုဇဉ်အနွယ်ကို ဖြတ်တတ်တယ်၊ ဖျက်တတ်တယ်၊ အရိယာအနွယ်သို့ ရောက်တတ်တယ်၊ အဲသလို အဓိပ္ပာယ်နဲ့ ခေါ်တာ၊ ဂေါတြ ဆိုတာက အနွယ်၊ ဘူ ဆိုတာက လွှမ်းမိုးနှိပ်စက်တာလို့လည်း ခေါ်တယ်၊ ရောက်တာလို့လည်းခေါ်တယ်။

အဲဒီတော့ ဒီအချိန်မှာ (ဂေါတြဘူ အခိုက်အတန့်ဟာ) ပုထုဇဉ်အဖြစ်နဲ့ နောက်ဆုံး အခိုက်အတန့်မဟုတ်လား၊ မဂ်အခိုက်အတန့်ရောက်ရင် ပုထုဇဉ်ဟုတ်သေးလား၊ မဟုတ်တော့ဘူး၊ အရိယာဖြစ်သွားပြီ၊ ဒါကြောင့်မို့ ဒီအခိုက်အတန့်မှာ ပုထုဇဉ်အနွယ်ကို နှိမ်နင်းပြီးတော့ အရိယာအနွယ်ဘက်ကို လှမ်းနေတဲ့ အချိန်ပေါ့လေ၊ ဒါကြောင့်မို့ သူ့ကို ဂေါတြဘူ လို့ခေါ်တယ်၊ ဂေါတြဘူ ဟာလည်း ဉာဏသမ္ပယုတ် ကာမာဝစရ ကုသိုလ်ဇော ပဲ။

အဲဒီ ဂေါတြဘူ နောက်ဆက်ပြီး မဂ်ဉာဏ် ဖြစ်တယ်၊ မဂ်စိတ်ပေါ်တယ်၊ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြုတယ်၊ ဂေါတြဘူ လည်း နိဗ္ဗာန်ကို အာရုံပြုတယ်၊ ဒါဖြင့် ပရိကံ, ဥပစာ, အနုလုံ က သင်္ခါရတရားကို အာရုံပြုတယ်။

အဲဒီတော့ ဂေါတြဘူ ကစပြီး နိဗ္ဗာန်ကိုအာရုံပြုတော့ နိဗ္ဗာန်ဆိုတာ တစ်ခါမှ အာရုံမပြုဖူးသေးတဲ့ အာရုံဖြစ်တဲ့အတွက်ကြောင့် အလွန်ကိုဆန်းကြယ်တယ်ပေါ့လေ။

[စာမျက်နှာ-258] မတွေ့မမြင်ဖူးသေးတာကို တွေ့လိုက်ရတဲ့အတွက်ကြောင့် တစ်မျိုးကြီးဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ခါရကို အာရုံပြုရာကနေပြီး သင်္ခါရမဟုတ်တဲ့ တရားကို အာရုံပြုလိုက်ရတော့ တစ်မျိုးကြီးဖြစ်သွားတယ်။ မဟာစည်ဆရာတော် အမိန့်ရှိတဲ့အတိုင်းဆိုရင် အဲဒီအချိန်အခါမှာ သင်္ခါရကို အာရုံပြုတဲ့စိတ်က ပြတ်သွားတယ်၊ သင်္ခါရကို အာရုံပြုတဲ့စိတ်ပြတ်သွားတော့ သင်္ခါရတွေလည်း ချုပ်သွားတဲ့သဘော (အဲဒီအချိန်မှာ) ရှိတယ်၊ အဲဒီအချိန်ဟာ မဂ်ရောက်တဲ့အချိန်၊ မဂ်စိတ်ဖြစ်တယ်၊ အဲဒီမဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြုပြီးဖြစ်တယ်၊ အဲဒီမဂ်စိတ်ကို ဉာဏဒဿန ဝိသုဒ္ဓိ လို့ခေါ်တယ်။

ဝိသုဒ္ဓိ ၇-ပါး မှာ အဲဒီ ဉာဏဒဿန ဝိသုဒ္ဓိ အဲဒီမဂ်စိတ်ဟာ (မဂ်ဉာဏ်) နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်ကို ဉာဏဒဿန ဝိသုဒ္ဓိ လို့ခေါ်တယ်။

အဲဒီမဂ်ရဲ့ နောက်ဖိုလ် ၂-ကြိမ်ဖြစ်တယ်၊ ဒါက ပရိကံ, ဥပစာ, အနုလုံ လို့ ဟိုတုန်းက ၃-ကြိမ်ဖြစ်ခဲ့ရင် ဒီမှာ ဖိုလ် ၂-ကြိမ်ဖြစ်တယ်၊ အကယ်၍ ဟိုမှာက ဥပစာ, အနုလုံ သာဖြစ်ခဲ့ရင် ဒီမှာက ဖိုလ် ၃-ကြိမ်ဖြစ်တယ်၊ ဒါဟာ ဉာဏ်အထက်နဲ့ ဉာဏ်အနုလိုက်ပြီးတော့ ဖြစ်တယ်၊

အဲဒီဖိုလ်ကတော့ ဘယ်လို အာရုံပြုသလဲ၊ နိဗ္ဗာန်ကိုပဲအာရုံပြုတယ်၊ မဂ်စိတ် ဆိုတာ လောကုတ္တရာစိတ်၊ ဖိုလ်စိတ်လည်း လောကုတ္တရာစိတ်၊ အဲသလို ဖိုလ်ဖြစ်ပြီးတဲ့နောက် ဘဝင်ကျတယ်။

ကောင်းပြီ, ဒါကြောင့်မို့ ဝီထိနဲ့ကြည့်ပြီး ပြောမယ်ဆိုရင် ပရိကံ, ဥပစာ, အနုလုံ တိုင်အောင် အနုလောမဉာဏ်၊ ဂေါတြဘူ ကျတော့ ဂေါတြဘူဉာဏ်, မဂ် အခိုက်အတန့်ကျတော့ မဂ်ဉာဏ်၊ ဖိုလ် အခိုက်အတန့်ကျတော့ ဖိုလ်ဉာဏ် ဟုတ်ပြီနော်။

ဒါကြောင့်မို့ ဝိပဿနာမပါပဲနဲ့မဂ်ဖိုလ်မရဘူးဆိုတာ ဒါကိုပြောတာ၊ မဂ်စိတ် ဖြစ်ဖို့ရာ မဂ်စိတ်ရှေ့က ဂေါတြဘူ ရှိရမယ်၊ ဂေါတြဘူ ရှေ့က ပရိကံ, ဥပစာ, အနုလုံ (သို့မဟုတ်) ဥပစာ, အနုလုံ ရှိရမယ်၊ သူတို့တွေက ဘယ်အာရုံပြုကြတုန်း၊ သင်္ခါရတရားတွေ အာရုံပြုတဲ့ အနိစ္စ, ဒုက္ခ, အနတ္တ တွေရှုတဲ့ ဝိပဿနာစိတ်နဲ့ ဝိပဿနာဉာဏ်တွေ။

ဒါကြောင့်မို့ ဝိပဿနာမပါပဲနဲ့မဂ်ဖိုလ်မရဘူးဆိုတာ ဒါကိုပြောတာ၊ တစ်ခဏလေး ဖြစ်ပါစေ၊ ဝိပဿနာဉာဏ်တော့ ဖြစ်ရမယ်၊ ပါရမီနည်းသေးတဲ့ သူတွေအဖို့ အကြာကြီး အားထုတ်မှဖြစ်တယ်၊ ပါရမီပြည့်နေပြီ၊ အကျွတ်တရားရဖို့ နည်းနည်းလေး လိုတဲ့ပုဂ္ဂိုလ်တွေကျတော့ ချက်ချင်းလိုထပြီး မဂ်ဖိုလ်ရတယ်။

[စာမျက်နှာ-259] အဲဒီမဂ်ဖိုလ်ရလည်း ဝိပဿနာဉာဏ်ကတော့ မဖြစ်ပဲကိုမနေဘူး၊ ဖြစ်ရစေမယ်။ ဝိပဿနာဉာဏ် မဖြစ်ပဲနဲ့ မဂ်ဖိုလ်ရတယ်လို့ ဘယ်တော့မှ မရှိဘူး၊ ဝီထိနဲ့ကိုင်ပေးလိုက်တာပဲ၊ ဒါ မှတ်ထားရမယ်။

ကောင်းပြီ, ဒါဖြင့် ဝိပဿနာအားထုတ်တာ အဆင့်အဆုံးရောက် သွားပြီ ဆိုပါတော့ အဲဒီတော့ ဝိသုဒ္ဓိတွေနဲ့ ဉာဏ်နဲ့ပြန်ပြီးတော့ ဟပ်ကြဦးစို့။

သင်္ဂြိုဟ်မှာဆိုထားတာက ဝိပဿနာဉာဏ် ၁၀-ပါး၊ သမ္မသနဉာဏ် ကစပြီး ၁၀-ပါး ရှိတယ်၊ အဲဒီထဲမပါတဲ့ သမ္မသနဉာဏ် မတိုင်ခင် ဘာဉာဏ်တွေဖြစ်နိုင်သေးလဲ ဆိုတော့ နာမရူပပရိစ္ဆေဒဉာဏ် (နာမ်ရုပ်ကွဲတဲ့ဉာဏ်ရယ်) ပစ္စယပရိဂ္ဂဟဉာဏ် (အကြောင်းကို သိတဲ့ဉာဏ်) ၂-မျိုးဖြစ်နိုင်သေးတယ်။

တစ်ခါ အနုလောမဉာဏ် ရဲ့ နောက်မှာ (သူ့ကျတော့) ဝိပဿနာဉာဏ် မဟုတ်တော့ဘူး၊ ဂေါတြဘူဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် နောက်ထပ် ဉာဏ်တစ်ခု လာလိမ့်ဦးမယ် (အဲဒါနေဦး) အဲသလိုရှိတယ်၊ အဲဒါတွေနဲ့ ဝိသုဒ္ဓိ ၇-ပါး နဲ့ ဟပ်ကြည့်ရအောင်။

သီလဝိသုဒ္ဓိ အခိုက်အတန့်မှာ ဘာဉာဏ်တွေ ဖြစ်သလဲ၊ ဘာဝိပဿနာဉာဏ် တွေ ဖြစ်သလဲ၊ ဘာမှမဖြစ်သေးဘူး၊ ဝိပဿနာမှမဆိုင်သေးပဲ၊ သီလစင်ကြယ်အောင် လုပ်နေတုန်း ရှိသေးတယ်။

စိတ္တဝိသုဒ္ဓိ အခိုက်အတန့်မှာ သမာဓိရအောင် လုပ်နေရတုန်းရှိသေးတယ်။ အဲဒီအခိုက်အတန့်မှာ သမာဓိတော့ဖြစ်ပြီဆိုပါတော့၊ ဒါပေမယ်လို့ ဝိပဿနာဉာဏ် အနေနဲ့မပေါ်သေးဘူး၊ နီဝရဏလေးတွေကို ဖယ်ထားနိုင်ရုံပဲ ရှိသေးတယ်၊ အဲဒီတော့ စိတ္တဝိသုဒ္ဓိ အခိုက်အတန့်မှာလည်းပဲ ဝိပဿနာဉာဏ် မပေါ်သေးဘူး။

ကောင်းပြီ၊ ဒိဋ္ဌိဝိသုဒ္ဓိ အခိုက်မှာ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ ပေါ်ပြီးတော့ ကင်္ခါဝိတရဏဝိသုဒ္ဓိ အခိုက်အတန့်မှာ ပစ္စယပရိဂ္ဂဟဉာဏ် ပေါ်ပြီ၊ ခုနပြောခဲ့သလိုပဲ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကို ဝိပဿနာဉာဏ်အစစ်လို့ မဆိုနိုင်ဘူး။ ဘာကြောင့်တုန်း၊ သူတို့က အနိစ္စ, ဒုက္ခ, အနတ္တ မရှုသေးလို့၊ သို့သော် ဝိပဿနာ အားထုတ်တဲ့ အစဉ်ထဲမှာ ပါနေလို့သာ သူ့ကို ဝိပဿနာဉာဏ်လို့သာ ခေါ်ရတယ်။

ကောင်းပြီ ပြီးတော့ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ လာတယ်၊ အဲဒီ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ ကျတော့ ဘာဉာဏ်ပေါ်ရမတုန်း၊ သမ္မသနဉာဏ် နဲ့ ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်း၊ မရင့်ကျက်သေးတဲ့ အားနည်းသေးတဲ့ ဥဒယဗ္ဗယဉာဏ် က မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ အခိုက်မှာပေါ်တယ်။

[စာမျက်နှာ-260] ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အခိုက်မှာ ဘယ်ဉာဏ်တွေ ပေါ်ရမတုန်းဆိုရင် ဥဒယဗ္ဗယဉာဏ် နောက်ပိုင်း (ရင့်ကျက်တဲ့အပိုင်း) ရယ်, ပြီးတော့ ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် အထိ ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ လို့ခေါ်ရတယ်။

ဂေါတြဘူ ကျတော့ ဘယ်ထဲပါသလဲဆိုရင် ဘယ်ထဲမှမပါဘူး၊ အလွတ်၊ မဂ် ကျတော့ ဉာဏဒဿနဝိသုဒ္ဓိ, ဖိုလ် ကတော့ဘယ်ဝိသုဒ္ဓိထဲမှ မပါဘူး။

အဲသလိုလည်း ဝိသုဒ္ဓိနဲ့ဉာဏ်နဲ့ဟပ်မိအောင်, ဟပ်တတ်အောင် လုပ်ထားရမယ်၊ ဘယ်ဝိသုဒ္ဓိ အခိုက်အတန့်မှာ ဘယ်ဉာဏ်ဖြစ်တယ်ဆိုတာ သိထားရမယ်။

ကောင်းပြီ အဲဒီတော့ မဂ္ဂဝီထိ ကိုကြည့်လိုက်တဲ့အခါမှာ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, မဂ်, ဖိုလ်, ဖိုလ် ရှိတယ်၊ ဒါက မန္ဒပညာ, ဉာဏ်နုတဲ့ ယောဂီအတွက်၊ ဉာဏ်ထက်တဲ့ယောဂီအတွက်ဆိုရင် ပရိကံ မပါဘူး၊ ဥပစာ, အနုလုံ, ဂေါတြဘူ လို့ ၃-ကြိမ်ပဲဖြစ်မယ်၊ သူ ၃-ကြိမ်ဖြစ်ရင် ဖိုလ်ကျတော့ ၃-ကြိမ်ဖြစ်ရလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ အားလုံး ၇-ကြိမ်ရှိရမှာကိုး၊ အခုဟာက ဉာဏ်နုတဲ့ ပုဂ္ဂိုလ်အတွက်က ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, မဂ်, ဖိုလ်, ဖိုလ် ၇-ကြိမ်။

ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဥပစာ, အနုလုံ, ဂေါတြဘူ မှ မဂ်, ဖိုလ် ၃-ကြိမ်။

အဲသလို မဂ်ဖိုလ်ဖြစ်ပြီးတဲ့နောက် ဘဝင်ကျသွားတယ်၊ ဘဝင်ကျသွားပြီးတဲ့နောက် ပစ္စဝေက္ခဏာဉာဏ် ဆိုတာ ပေါ်သေးတယ်။ ပစ္စဝေက္ခဏာဉာဏ် ဆိုတာ မပေါ်ပဲမနေဘူး။

အဲဒီ ပစ္စဝေက္ခဏာဉာဏ် ဆိုတာက ဘာလဲဆိုတော့ မဂ်ကို ဆင်ခြင်တဲ့ဉာဏ်, မဂ်ကို ဆင်ခြင်တဲ့ဝီထိ, ဖိုလ်ကို ဆင်ခြင်တဲ့ဝီထိ, နိဗ္ဗာန်ကိုဆင်ခြင်တဲ့ဝီထိ။

အဲဒီ ပစ္စဝေက္ခဏဉာဏ် ရှိလို့ ပြန်ဆင်ခြင်ပြီးတော့ မဂ်ရတာပဲ, ဖိုလ်ရတာပဲ, နိဗ္ဗာန်မြင်တာပဲဆိုတာ သိတာ။

အဲဒီတော့ မဂ်ဆင်ခြင်တဲ့ဝီထိ၊ မဂ်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာ၊ ဖိုလ်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာ၊ ပြီးတော့ ပယ်အပ်ပြီးတဲ့ကိလေသာကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာ၊ ကျန်သေးတဲ့ ကိလေသာကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာ၊ ပစ္စဝေက္ခဏာ ၅-မျိုးထိုက်သင့်သလိုဖြစ်သေးတယ်၊ ဒီလိုမှတ်ရမယ်။

[စာမျက်နှာ-261]
ပစ္စဝေက္ခဏာဉာဏ် ၅-မျိုး

အဲဒီပစ္စဝေက္ခဏာ ၅-မျိုးက မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ပယ်အပ်ပြီးတဲ့ကိလေသာ၊ မပယ်ရသေးတဲ့ ကိလေသာ။ အဲဒီ ၅-မျိုးမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ၃-မျိုးကိုတော့ ဧကန် ဆင်ခြင်တယ်တဲ့။ မဂ်ရတဲ့ ပုဂ္ဂိုလ်ဟာ မဂ္ဂဝီထိပြီးရင် ဘဝင်ခြားပြီးတော့ မဂ်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဝီထိ၊ ဖိုလ်ဆင်ခြင်တဲ့ပစ္စဝေက္ခဏာဝီထိ၊ နိဗ္ဗာန်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဝီထိကတော့ ဧကန်ဖြစ်တယ်တဲ့၊ ပယ်အပ်ပြီးတဲ့ ကိလေသာနဲ့ ကျန်တဲ့ကိလေသာ ဆင်ခြင်တာကတော့ တချို့ ဖြစ်တယ်၊ တချို့မဖြစ်ဘူးတဲ့၊ အဲသလိုမှတ်ရမယ်၊ ဒါကပစ္စဝေက္ခဏာဉာဏ်၊ အဲဒါကျမှ ဝိပဿနာနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်တာတွေအားလုံး ကုန်သွားပြီ။ ဒါတောင် ဖလသမာပတ္တိဆိုတာ ကျန်သေးတယ်၊ အဲဒါက နောက်မှပဲ။

ကောင်းပြီ၊ အဲဒီတော့ မဂ်ဉာဏ်ကို ပြန်ပြီးပြောချင်တယ်။ မဂ်ဖြစ်တဲ့အခါမှာ မဂ်ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်ပြုပြီးတော့ ဖြစ်တယ်တဲ့၊ ဒါလေးမှတ်ရဦးမယ်၊ မဂ်ကိစ္စ ၄-ချက်ဆိုတာ ဘာနဲ့တူသလဲဆိုရင် ဆီမီးနဲ့တူတယ်တဲ့။ ဆီမီးဟာ ကိစ္စ ၄-ချက် တစ်ပြိုင်နက်ပြတာ ဘယ်ကိစ္စတွေလဲ၊ အမှောင်ဖျောက်တယ်၊ အလင်းပေးတယ်၊ ပြီးတော့ မီးစာလောင်စေတယ်၊ ဆီကိုကုန်စေတယ်။

ဒါကြောင့်မို့ ဒီမှာ “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခမ်းစေမှု” ဤကိစ္စ ၄-ခုကို တစ်ပြိုင်နက်ပြုတယ်၊ ထို့အတူပဲ၊ ဆီမီးဟာ သူပေါ်လာတာနဲ့ တစ်ပြိုင်နက် ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်သော ခဏမှာ ပြီးစေတယ်၊ မီးစာကိုလောင်စေပြီးမှ အလင်းရောင်ပေါ်တာမဟုတ်ဘူး၊ အလင်းရောင် ပေါ်လာပြီးမှ အမှောင်ကို ဖျောက်တာ မဟုတ်ဘူး၊ အမှောင်ဖျောက်ပြီးမှ ဆီကို ခန်းစေတာ မဟုတ်ဘူး၊ တစ်ပြိုင်နက်သော ခဏမှာ ဒီ ကိစ္စ ၄-မျိုး လုပ်သလိုပဲ မဂ်ပေါ်လာတဲ့အခါမှာ မဂ်ဟာ ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်ပြုတယ်၊ တစ်ပြိုင်နက် ပြုတယ်ဆိုတာ တစ်ပြိုင်နက်ပြုရာရောက်တယ်။

အဲဒီကိစ္စ ၄-ချက်က ဘာလဲ၊ ဒါကိုမှတ်ကြနော်၊ ဓမ္မစကြာထဲမှာပါတယ် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြားသိခြင်း (၂) သမုဒယသစ္စာကိုပယ်ခြင်း (၃) နိရောဓသစ္စာကို (နိဗ္ဗာန်)မျက်မှောက်ပြုခြင်း (တိုက်ရိုက်အာရုံပြုတာကို ဆိုလိုတယ်) (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ဒီ ၄-ချက်ကို မဂ်အခိုက်အတန့်မှာ တစ်ပြိုင်နက် ပြီးစေတယ်။

ဒုက္ခသစ္စာဆိုတာဘာလဲ၊ လောကီစိတ်၊ စေတသိက်၊ ရုပ်ကို ဒုက္ခသစ္စာလို့ ခေါ်တယ်၊

[စာမျက်နှာ-262] သမုဒယသစ္စာဆိုတာက တဏှာကိုခေါ်တယ်၊ နိရောဓသစ္စာဆိုတာက နိဗ္ဗာန်ကိုခေါ်တယ်၊ မဂ္ဂသစ္စာဆိုတာက မဂ္ဂင် ၈-ပါးကိုခေါ်တယ်၊ မဂ်အခိုက်မှာဖြစ်တဲ့ မဂ္ဂင် ၈-ပါးကိုခေါ်တယ်။

အဲဒီတော့ မဂ်စိတ်ဖြစ်တဲ့အခါမှာ ဒီကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်ပြီးစေတယ်။ အမှန်အတိုင်းပြောရင်တော့ မဂ်စိတ်အခိုက်အတန့်မှာ နိရောဓသစ္စာကို မျက်မှောက်ပြုတာဟာ တကယ်ပဲ၊ တခြားဟာတွေကတော့ ပြီးပြီးသား သဘောဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဒုက္ခသစ္စာကို တကယ်တော့ အာရုံပြုသောအားဖြင့် သိနေတာမဟုတ်ဘူး၊ ဒုက္ခသစ္စာအာရုံပြုရင် နိဗ္ဗာန်အာရုံပြုလို့မှမရဘဲ၊ နိဗ္ဗာန်အာရုံပြုရင်လည်း ဒုက္ခသစ္စာ အာရုံပြုလို့မရဘူး။

အဲဒီတော့ ဒုက္ခသစ္စာကို အာရုံပြုပြီးတော့ သိတာမဟုတ်ဘူး၊ ဒါပေမယ်လို့ ကိစ္စပြီးတဲ့အနေနဲ့သိတာ၊ နဂိုကတည်းက ဝိပဿနာတရားအားထုတ်လာလို့ ကျကျနန သိမြင်ပြီးသား ဖြစ်လာတာ။ ဒါကြောင့်မို့ တကယ်တိတိကျကျလုပ်တာကတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ၊ ဒါဟာ ဒီကိစ္စပဲ၊ ဒါပေမယ့် တခြားကိစ္စဟာလည်း သိပြီးသားလိုပဲ ဖြစ်သွားတယ်၊ ဘာကြောင့်တုန်းဆိုတော့ အဲဒီအခါမှာ မဂ္ဂင်တရားတွေကလည်း ပေါ်တာကိုး၊ မဂ္ဂင်အစစ်ဟာ မဂ်အခိုက်အတန့်မှာ ပေါ်တာကိုး။

အဲဒီမဂ္ဂင် အခိုက်အတန့်မှာ တဏှာကို ပယ်တယ်ဆိုတာ အနုသယတဏှာကိုသာ ပယ်တာပေါ့၊ ဖြစ်ပေါ်နေတဲ့ တဏှာကြီးကိုပယ်လို့ရတာမှ မဟုတ်ဘဲ။ သို့သော် ဖြစ်ပေါ်ဖို့ အလားအလာရှိတဲ့ အနုသယသဘော တဏှာကိုသာပယ်တာ။ အဲဒီလိုမဂ်ဖြစ်ပြီးတဲ့နောက် ဆိုင်ရာကိလေသာဘယ်တော့မှ ပြန်မပေါ်တာဟာ အဲဒီသတ္တိကြောင့်လို့ ပြောရမယ်၊ အမှန်ကတော့ မဂ်ကကိလေသာ ပယ်တယ်ဆိုရာမှာ (ဝိသုဒ္ဓိမဂ်မှာ ဒီ section ရှိတယ်၊ အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်) မဂ်သည် ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက် ပြုသည်မည်တယ်၊ ဓမ္မစကြာမှာ အဲဒါပါတယ်။

ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒီ (စသည်ဖြင့် သွားပြီးမှ နောက်အပုဒ်ကျတော့) ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ၊ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ၊ ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိ မေ ဘိက္ခဝေ (ပရိဇာနနလို့ ခေါ်တာပေါ့လေ။)

ဣဒံ ဒုက္ခံ အရိယသစ္စန္တိ၊ အဲဒါက ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြားသိတာ၊

[စာမျက်နှာ-263] သမုဒယသစ္စာကျတော့ပယ်တာ၊ နိရောဓသစ္စာကျတော့မျက်မှောက်ပြုတာ၊ မဂ္ဂသစ္စာကျတော့ ဘာဝနာပွားစေတယ်ဆိုတာ ဖြစ်အောင်လုပ်တာ၊ အဲဒီကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်ပြုပြီးတော့ မဂ်စိတ်ဖြစ်တယ်။ မဂ်စိတ်ဖြစ်တဲ့အခါကျတော့ မဂ်ဉာဏ်က ကိလေသာတွေကို သမုစ္ဆေဒ (တစ်ခါတည်း ဖြတ်လိုက်တဲ့အနေမျိုး)နဲ့ ပယ်တယ်၊ နောက်ထပ်ပြန်မပေါ်အောင် ပယ်တာမျိုးကို ဆိုလိုတယ်။

တဒင်္ဂဆိုတာ ကြားဖူးကြတယ်မဟုတ်လား၊ ပယ်နည်း ၃-မျိုးရှိတယ်။ တဒင်္ဂပဟာန်တဲ့ ဒါက မြန်မာစကားနဲ့ နားလည်အောင်ပြောရင် ခေတ္တခဏပယ်တာကို ဆိုလိုတယ်။ ဝိက္ခမ္ဘနပဟာန်တဲ့၊ ဒါက ဈာန်နဲ့ ခွာတာမျိုး၊ တော်တော်ကြာကြာလေး ခွာထားနိုင်တယ်၊ ဒါပေမယ်လို့ပြန်တော့လာဦးမှာပဲ။

ခုန တဒင်္ဂပဟာန်ဆိုတာက ကာမာဝစရစိတ်နဲ့ ပယ်တာမျိုးပေါ့၊ ဘုရားရှိခိုးနေတဲ့အခါ ကိလေသာရှိသေးလား၊ မရှိဘူး၊ အဲဒီတော့ ဘုရားရှိခိုးနေတဲ့အခါမှာ ကိလေသာကို တဒင်္ဂပဟာန်နဲ့ ပယ်ထားတယ်၊ ဝိပဿနာရှုနေတဲ့အခါမှာ ကိလေသာ မပေါ်ဘူး၊ ဒါဟာ တဒင်္ဂပဟာန်နဲ့ ပယ်ထားတာ။

ဝိက္ခမ္ဘနပဟာန်ဆိုတာကျတော့ ဈာန်နဲ့ကိလေသာကိုပယ်တာ၊ အသေသတ်တာ မဟုတ်ဘူး၊ အပြီးပယ်တာမဟုတ်ဘူး၊ ခွာထားတာ၊ မှော်ထဲကျွဲတိုးသွားတော့ အဲဒီမှော်တွေချက်ခြင်း ပြန်မစေ့တာမျိုးပေါ့လေ၊ ကြာတော့ ပြန်စုလာတယ်၊ အဲဒါမျိုးကို ဝိက္ခမ္ဘနပဟာန်လို့ခေါ်တယ်။ ဝိပဿနာထိုင်တဲ့အခါမျိုးမှာလည်း ဝိက္ခမ္ဘနပဟာန်ဖြစ်နိုင်တာရှိတယ်။ ဒါက ဘာလဲ ဆိုတော့ ဝိပဿနာနဲ့ရှုတဲ့တရားတွေအပေါ်မှာ ကိုယ်က ဥပါဒါန်မဖြစ်သလိုပဲ။ မရှုမိတဲ့ တရားအပေါ်မှာလည်း မဖြစ်တာအဲဒါမျိုးကို ဝိက္ခမ္ဘနပဟာန်လို့ ခေါ်ရတယ်။

သမုစ္ဆေဒပဟာန်ဆိုတာမဂ်နဲ့ ပယ်တာ၊ ဒါကအကြွင်းမဲ့ ပယ်တယ်လို့စာမှာ ဆိုတယ်၊ အဲဒီ ၃-မျိုးမှာ သမုစ္ဆေဒပဟာန်နဲ့ မဂ်က ကိလေသာကိုပယ်တယ်။ ကောင်းပြီ မဂ်ကကိလေသာကိုပယ်တယ်ဆိုတော့ မဂ်ပယ်တဲ့ ကိလေသာဟာ ပစ္စုပ္ပန်ကိလေသာလား၊ အတိတ်ကိလေသာလား၊ အနာဂတ်ကိလေသာလား၊ ဘယ်ကိလေသာကို မဂ်ကပယ်တာတုန်း။

အတိတ်ကိလေသာကတော့ ပြီးနေပြီ၊ သူ့ဟာသူပျောက်နေပြီ မဂ်ကပယ်စရာ မလိုဘူး၊ အနာဂတ်ကိလေသာကလာမှ မလာသေးဘဲ၊ ဘယ့်နှယ်လုပ်ပယ်မလဲ။

[စာမျက်နှာ-264] ပစ္စုပ္ပန်ကိလေသာကိုပယ်တာလား၊ ပစ္စုပ္ပန်ကိလေသာကိုပယ်ရင်မဂ်နဲ့ ကိလေသာ အတူတူဖြစ်တယ်ဆိုတဲ့ သဘောသက်ရောက်သွားလိမ့်မယ်၊ မဂ်နဲ့ အကုသိုလ်နဲ့ယှဉ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်သွားလိမ့်မယ်။ ဒါဖြင့် မဂ်ပယ်တဲ့ ကိလေသာ မရှိတော့ဘူးလား၊ ဒါဟာ အသိခက်တယ်။ ရှင်းရှင်းပြောရရင်တော့ အနုသယ အကြောင်းညီညွတ်တဲ့အခါမှာ ဖြစ်ပေါ်နိုင်တဲ့ ကိလေသာကိုပယ်တယ်လို့ဆိုတာ။

ကိလေသာဆိုတာ တကယ်ဖြစ်နေရင်ပယ်လို့မရဘူး၊ ဖြစ်ကိုဖြစ်နေပြီ။ မဖြစ်သေးတာလည်းပယ်ဖို့မလိုဘူး၊ ဖြစ်ပြီးသားကိုလည်း ဖြစ်ပြီးသွားပြီ၊ ကိုယ်ပယ်စရာ မလိုဘူး၊ သူ့ဟာသူ ချုပ်သွားပြီ။ ဒါကြောင့်မဂ်ကကိလေသာကို ပယ်တယ်ဆိုတာနောင်ဖြစ်ပေါ်ခွင့်ကိုပယ်တာ၊ အဲဒါနားလည်ဖို့ အရေးကြီးတယ်။

အဲဒါသိလိုက်တဲ့အတွက်ကြောင့် အကြောင်းညီညွတ်သော်လည်း ကိလေသာ မပေါ်တော့ဘူး၊ ဘုရားရဟန္တာတွေ ကိလေသာပယ်ထားတဲ့အခါကျတော့ စိတ်ဆိုး စရာတွေ့ပေမယ်လို့ ဘယ်လောက်ပဲစိတ်ဆိုးအောင် လုပ်ပေးမယ်လို့ စိတ်မဆိုးတော့ဘူး။ ဘယ်လောက်ပဲ ကြိုက်နှစ်သက်စရာတွေ့ ပေမယ်လို့ မကြိုက်နှစ်သက်တော့ဘူး။

ဘာနဲ့တူသလဲဆိုရင် နဂိုက သစ်ပင်ရှိတယ်ဆိုပါတော့၊ အသီးသီးနေတဲ့ သစ်ပင်ကို အသီးမသီးအောင်လုပ်လိုက်တဲ့အခါကျတော့ အသီးမသီးတော့တာ၊ အသီးသီးနိုင်တဲ့ အစွမ်းသတ္တိကို ပယ်ဖျောက်လိုက်တာ။ အဲဒီတော့ သစ်ပင်မှာ အသီးရှိနေမှတော့ ဒီအသီးတော့မသီးအောင် လုပ်လို့ မရဘူးပေါ့၊ နောင်မသီးအောင်လုပ်တဲ့အခါမှာ သီးစေနိုင်တဲ့ အစွမ်းကို (တစ်နည်းနည်းနဲ့)ပျောက်တယ်၊ ရှေးတုန်းကတော့ အဆိပ်ဆူးတွေ ဘာတွေနဲ့လုပ်တယ်။ အခုခေတ်တော့ နည်းလမ်းတွေသာပြီး ရှိပါလိမ့်မယ်။

အဲဒီလိုအမှန်ကဖြစ်ပေါ်နေတဲ့ ကိလေသာကို ပယ်တာလည်း မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ကိလေသာကို ပယ်တာလည်းမဟုတ်ဘူး၊ လာလတံ့ ကိလေသာကိုပယ်တာလည်း မဟုတ်ဘူး၊ ပယ်လို့မှမရဘဲ၊ အကြောင်းညီညွတ်ရင် ဖြစ်ပေါ်နိုင်တဲ့ သဘောတရား အနုသယ ကိုပယ်တာ။ အနုသယဆိုတာ မဂ်ဉာဏ်နဲ့မှပယ်နိုင်တယ်၊ ဝိပဿနာနဲ့လည်း အနုသယကို မပယ်နိုင်သေးဘူးနော်၊ မဂ်ကျမှ အနုသယကို ပယ်နိုင်တယ်၊ အဲဒီလို မဂ်က ကိလေသာကို ပယ်တယ်ဆိုတာဟာ အနုသယသဘောကိုပယ်တာ။

[စာမျက်နှာ-265] ကိလေသာလို့ ပြောလိုက်ရင် ကိလေသာက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားဖြစ်နေပြီ၊ အဲဒီအခါမှာ ပယ်လို့မရဘူး၊ အကယ်၍ ပစ္စုပ္ပန်ကိလေသာကို ပယ်တယ်လို့ပြောရင် (ခုနလိုပဲ) မဂ်နဲ့ကိလေသာနဲ့ အတူတူဖြစ်နိုင်တဲ့ အဓိပ္ပာယ်ရောက်သွားမယ်။ အဲဒီလို နောင်တစ်ဖန် မဖြစ်ခြင်းသဘောကို ရောက်စေတာလည်း ပယ်တယ်လို့ ဆိုတဲ့ အတွက်ကြောင့်မို့ မဂ်ရပြီးတဲ့ပုဂ္ဂိုလ်တွေမှာဆိုင်ရာ မဂ်နဲ့ပယ်သတ်ထားတဲ့ အနုသယကိလေသာဟာ ဘယ်လောက်ပဲ အကြောင်းညီညွတ်ညီညွတ် မပေါ်လာတော့ဘူး။

ဒါဟာ လူသာမန်အနေနဲ့ တွေးကြည့်ရင် မယုံနိုင်စရာကြီးတွေ၊ ဒီနိုင်ငံ (အမေရိကန်)က လူတွေကိုပြောရင် သူတို့က မယုံချင်ဘူး၊ confrontation ရှိရင် ဒေါသဟာဖြစ်ကို ဖြစ်ရမယ်တဲ့၊ confrontation ရှိရက်နဲ့ ဒေါသမဖြစ်ဘူးဆိုရင် ဒါဟာ သဘာဝ မဟုတ်ဘူးတဲ့၊ ဒါကြောင့်မို့ မယုံနိုင်ဘူးတဲ့။ ဒါကို သာမန်အနေနဲ့ စဉ်းစားကြည့်ရင်တော့ ဟုတ်တာပေါ့၊ ဒါပေမယ်လို့ အလွန့်အလွန်ကိုတရားအားထုတ်ပြီးတော့ အလွန်အားကောင်းတဲ့မဂ်တရားနဲ့ ပယ်သတ်ထားတာပဲ ဒါက ကိုယ်တိုင်မတွေ့ဖူးသေးလို့ မယုံနိုင်တာတော့ မတတ်နိုင်ဘူးပေါ့လေ။

သို့သော် ဘုရားရဟန္တာတို့ကျတော့ ဘယ်လိုဟာမျိုးနဲ့တွေ့တွေ့ ကြောက်စရာ တွေ့လည်း မကြောက်တော့ဘူး၊ နှစ်သက်စရာတွေ့လည်း မနှစ်သက်တော့ဘူး၊ စိတ်ဆိုးစရာ တွေ့လည်း စိတ်မဆိုးတော့ဘူး၊ သတ္တိကိုက ခန်းခြောက်သွားပြီ။ ကိလေသာဖြစ်နိုင်တဲ့ အနုသယသတ္တိမရှိတော့ဘူး၊ အဲဒီလိုနည်းနဲ့ ကိလေသာကို ပယ်တာလို့ မှတ်ရမယ်၊ မဂ်ကပယ်တာ။

မဂ်ပယ်ပြီးတဲ့နောက် ဖိုလ်က ဘာလုပ်တာတုန်းဆိုတော့ ပဋိပ္ပဿဒ္ဓိလို့ ခေါ်တယ်၊ ဖိုလ်ကကိလေသာကိုပယ်တယ်လို့တော့ အဆိုရှိတယ်၊ သူပယ်နည်းကတော့ သူများရိုက်နှက်ထားလို့လဲကျနေတဲ့သူကို ကိုယ်ကထပ်ပြီး ၂-ချက် ၃-ချက်ထပ် ထောင်းတဲ့သဘော၊ ဖိုလ်က အဲသလိုဟာမျိုး ထပ်ပြီးတော့ ငြိမ်းအောင်လုပ်တာ။

စာမှာဆိုထားတာကတော့ မီးကို အခြားသူကငြိမ်းသွားပြီးတဲ့နောက် ကိုယ်က ရေနဲ့ထပ်လောင်းတာမျိုးပေါ့လေ၊ နောက်ထပ်မထနိုင်အောင်လုပ်တဲ့ အဓိပ္ပါယ်၊ ဖိုလ်ရဲ့ သဘောက တစ်ဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကိုပယ်တယ်ပေါ့၊ ကိလေသာပယ်ပုံက အမျိုးမျိုးရှိတယ်။

[စာမျက်နှာ-266] ဒါကြောင့်မို့ မဂ်ကိုရသွားတယ် (ပထမမဂ်၊ ဒုတိယမဂ်၊ တတိယမဂ်၊ စတုတ္ထမဂ် ရတယ်) ဆိုရင် ဆိုင်ရာကိလေသာကတော့ ပြုတ်ပြုတ်ပြုန်းသွားတာပဲ။ နောက်ထပ် သူ့သန္တာန်မှာ ဘယ်တော့မှ မပေါ်တော့ဘူး၊ အဲဒီနည်းနဲ့ ပယ်တာတဲ့။

[စာမျက်နှာ-267]
လက္ခဏာ ၃-ပါး
၁။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ မမြဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော အနိစ္စလက္ခဏာ။
၂။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ ဆင်းရဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော ဒုက္ခလက္ခဏာ။
၃။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ အနှစ်သာရမဟုတ်ခြင်း၊ အလိုသို့မလိုက်ခြင်း အမှတ်ဖြင့် မှတ်ကြောင်းဖြစ်သော အနတ္တလက္ခဏာ။

အနုပဿနာ ၃-ပါး
၁။ အနိစ္စာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို မမြဲသောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
၂။ ဒုက္ခာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ဆင်းရဲသောအားဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။
၃။ အနတ္တာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အစိုးမရ အလိုသို့ မလိုက်သောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။

ဝိမောက္ခ ၃-ပါး
၁။ ခန္ဓာငါးပါး သင်္ခါရတရားတို့၌ အတ္တဇီဝမှဆိတ်သည်ဖြစ်၍ သံယောဇဉ် စသည်တို့မှလွတ်သော မဂ်သည် သုညတဝိမောက္ခမည်၏။
၂။ နိစ္စနိမိတ်စသည် မရှိသည်ဖြစ်၍ သံယောဇဉ်စသည်မှလွတ်သောမဂ်သည် အနိမိတ္တဝိမောက္ခမည်၏။
၃။ တဏှာတည်းဟူသော တောင့်တခြင်းကင်းသည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် အပ္ပဏီဟိတဝိမောက္ခမည်၏။

ဝိမောက္ခမုခ ၃-ပါး
၁။ ခန္ဓာငါးပါးတို့၌ အတ္တမှဆိတ်သည်ကို အဖန်တလဲလဲရှုခြင်းပညာသည် သုညတာနုပဿနာ မည်၏။

[စာမျက်နှာ-268] ၂။ ခန္ဓာငါးပါးတို့၌ နိစ္စနိမိတ်မရှိခြင်းကိုအဖန်တလဲလဲရှုခြင်းပညာသည် အနိမိတ္တာနုပဿနာမည်၏။
၃။ ခန္ဓာငါးပါးတို့၌ တဏှာတည်းဟူသော တောင့်တခြင်းကင်းသည်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်းပညာသည် အပ္ပဏီဟိတာနုပဿနာမည်၏။

မဂ်နှင့်ဖိုလ်သည် အတ္တာဘိနိဝေသစသော ဆန့်ကျင်ဘက်ကိလေသာဟု ဆိုအပ်သော ဆန့်ကျင်ဘက်မှ လွတ်တတ်သောကြောင့် ဝိမောက္ခမည်၏၊ အဖန်တလဲလဲရှုသော ဝိပဿနာဉာဏ်သည် လောကုတ္တရာမဂ်ဖိုလ်ရခြင်း၏အကြောင်း ဖြစ်သော ဝိမောက္ခမုခမည်၏။

မဂ် ၄-ပါး၊ မဂ်၏အခြားမဲ့၌ဖြစ်သော ဖိုလ် ၄-ပါး၊ ဖလသမာပတ္တိ၌ဖြစ်သော ဖိုလ်တို့တွင် တစ်ပါးတစ်ပါး၌ သုညတ၊ အနိမိတ္တ၊ အပ္ပဏီဟိတဟူသော အမည် ၃-ပါးစီရကြ၏၊ မဂ်သည် ဝိပဿနာဂမန၊ အာရမ္မဏ၊ သရသ၏ အစွမ်းဖြင့် သုညတစသော အမည် ၃-ပါးကိုရ၏၊ မဂ္ဂဝီထိ၌ရှိသော ဖိုလ်သည် မဂ္ဂါဂမန၊ အာရမ္မဏ၊ သရသအစွမ်းဖြင့် သုညတစသော အမည် ၃-ပါးကို ရသည်။

ဖလသမာပတ္တိဝီထိ၌ရှိသောဖိုလ်သည် ဝိပဿနာဂမန၊ အာရမ္မဏ၊ သရသအစွမ်းဖြင့် သုညတစသောအမည် ၃-ပါးကိုရသည်၊ ဖလသမာပတ္တိဝီထိ၌ မဂ်ဖြစ်ခြင်း မရှိသောကြောင့် ထိုဖလသမာပတ္တိဝီထိ၌ မဖြစ်သောမဂ်သည် ဖိုလ်ဖြစ်ခြင်း၏ အကြောင်းလည်းမဖြစ်နိုင်၊ ထို့ကြောင့် ဖလသမာပတ္တိ ဝီထိ၌ မဂ္ဂါဂမန၏အစွမ်းဖြင့် အမည် ၃-ပါးကို မရဘဲ ဝိပဿနာဂမန၏အစွမ်းဖြင့်သာ သုညတစသော အမည် ၃-ပါးကို ရလေသည်၊ အာရမ္မဏ၊ သရသတို့ကား မဂ်ဖိုလ်နှစ်ပါးလုံးပင် ရနိုင်သည်။

မဂ်တည်းဟူသော ရောက်ကြောင်းကို မဂ္ဂါဂမန၊ ဝိပဿနာတည်းဟူသော ရောက်ကြောင်းကို ဝိပဿနာဂမန၊ အာရုံ၏အစွမ်းဖြင့် ရသည်ကို အာရမ္မဏ။ မိမိ၏ဂုဏ်၊ မိမိ၏သဘောအားဖြင့်ရသည်ကို သရသခေါ်သည်။

ပုဂ္ဂလဘေဒ
သောတာပတ္တိမဂ်သည် အပါယ်လားကြောင်းဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခုနှင့် ဝိစိကိစ္ဆာသဟဂုတ် စိတ် ၁-ခု ပေါင်း ၅-ခုကို အကြွင်းမရှိပယ်၏။ သောတာပန်ပုဂ္ဂိုလ်သည်—
၁။ သတ္တက္ခတ္တုပရမသောတာပန် = ခုနစ်ဘဝ၏အဆုံး၌ နိဗ္ဗာန်သို့ စံဝင်သောပုဂ္ဂိုလ်။

[စာမျက်နှာ-269] ၂။ ကောလံကောလသောတာပန် = နှစ်ဘဝမှ ခြောက်ဘဝတိုင်အောင် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံဝင်သော ပုဂ္ဂိုလ်။
၃။ ဧကဗီဇီသောတာပန် = တစ်ဘဝသာလျှင် ပဋိသန္ဓေတည်နေ၍ ပရိနိဗ္ဗာန်စံဝင်သော ပုဂ္ဂိုလ်။

သကဒါဂါမိမဂ်သည် ကြမ်းတမ်းသော ရာဂ၊ ဒေါသ၊ မောဟတို့ကို တနုကအားဖြင့် ခေါင်းပါးအောင် ပယ်သည်၊ ထိုသကဒါဂါမ်ပုဂ္ဂိုလ်သည်—
၁။ ဣဓ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၂။ ဣဓ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၃။ တတ္ထ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၄။ တတ္ထ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၅။ ဣဓ ပတွာ တတ္ထ နိဗ္ဗတ္တိတွာ ဣဓ ပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ဖြစ်ပြီး ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၆။ တတ္ထ ပတွာ ဣဓ နိဗ္ဗတ္တိတွာ တတ္ထ ပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်ပြီး ဤလူ့ဘုံ၌ ပဋိသန္ဓေနေ၍ ဤလူ့ပြည်မှတစ်ဖန် ထိုနတ်ပြည်သို့ပြန်၍ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။

အနာဂါမိမဂ်သည် သိမ်မွေ့သော ကာမရာဂနှင့် ဗျာပါဒကို အကြွင်းမရှိ ပယ်သည်၊ အနာဂါမ်ပုဂ္ဂိုလ်သည်—
၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်အပိုင်းအခြား ရှေ့ထက်ဝက်အတွင်း ရဟန္တာဖြစ်သော အနာဂါမ်။

[စာမျက်နှာ-270] ၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်သော အနာဂါမ်။
၃။ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် = ဆင်းဆင်းရဲရဲအလွန်လုံ့လမပြုဘဲ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၄။ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် = ဆင်းဆင်းရဲရဲ ငြင်ပန်းစွာ အလွန်လုံ့လပြုပြီးမှ ကိလေသ ပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ = သုဒ္ဓါဝါသ ၅-ဘုံတို့တွင် အောက်အောက်သောဘုံတို့၌ အရဟတ္တမဂ်ကို မရမူ၍ အထက်ဆုံးဖြစ်သော အကနိဋ္ဌဘုံသို့ရောက်မှ ရဟန္တာဖြစ်သော အနာဂါမ်။

ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်ကို ဤသို့ခွဲသေး၏။
(က) အဝိဟာဘုံမှစ၍ အစဉ်အတိုင်း အကနိဋ္ဌဘုံတိုင်အောင်သွား၍ ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်။
(ခ) အဝိဟာဘုံမှစ၍ အစဉ်အတိုင်း သုဒဿီဘုံတိုင်အောင်သွား၍ ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတနအကနိဋ္ဌဂါမီအနာဂါမ်။
(ဂ) ဤကာမဘုံမှ အကနိဋ္ဌဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော နဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်။
(ဃ) ဤကာမဘုံမှ သုဒ္ဓါဝါသအောက် ၄-ဘုံသို့သွား၍ ဖြစ်ရာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော နဥဒ္ဓံသောတနအကနိဋ္ဌဂါမီ အနာဂါမ်။

အရဟတ္တမဂ်သည် ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခုနှင့် ဥဒ္ဓစ္စသဟဂုတ် ၁-ခုပေါင်း ၅-ခုကို အကြွင်းမဲ့ပယ်၏၊ ရဟန္တာ ပုဂ္ဂိုလ်သည်—
(၁) ပညာဝိမုတ္တရဟန္တာ (၂) ဥဘတောဘာဂဝိမုတ္တရဟန္တာ (၃) တေဝိဇ္ဇရဟန္တာ (၄) ဆဠာဘိညရဟန္တာ (၅) ပဋိသမ္ဘိဒါပတ္တရဟန္တာ အားဖြင့် ၅-မျိုးဖြစ်၏။

[စာမျက်နှာ-271] ရဟန္တာပုဂ္ဂိုလ်အား အာသဝေါတရား ၄-ပါးတို့သည် ကင်းကုန်သောကြောင့် ခီဏာသဝမည်၏ဟူ၍ လည်းကောင်း၊ အမြတ်ဆုံးသော အလှူကို ခံတော်မူထိုက်သောကြောင့် အဂ္ဂဒက္ခိဏေယျဟူ၍လည်းကောင်း သင်္ဂြိုဟ်ကျမ်းတွင် ပြဆို၏။

[စာမျက်နှာ-272]
မဂ်လေးပါးပယ်သော အကုသိုလ်တရားများ
အကုသိုလ်တရား သံယောဇဉ် ၁၀-ပါး
သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမရာဂ၊ ပဋိဃ၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ။

ကိလေသာ ၁၀-ပါး
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။

မိစ္ဆတ္တ ၁၀-ပါး
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဝိမုတ္တိ၊ မိစ္ဆာဉာဏ။

လောကဓမ္မ ၈-ပါး
လာဘ၊ အလာဘ၊ ယသ၊ အယသ၊ ပသံသ၊ နိန္ဒာ၊ သုခ၊ ဒုက္ခ။

မစ္ဆရိယ ၅-ပါး
အာဝါသ၊ ကုလ၊ လာဘ၊ ဝဏ္ဏ၊ ဓမ္မ။

ဝိပလ္လာသ ၁၂-ပါး
သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ (၄-ပါးစီ)
၁။ အနိစ္စကို နိစ္စဟူ၍၊ ၂။ အနတ္တကို အတ္တဟူ၍၊ ၃။ အသုဘကို သုဘဟူ၍၊ ၄။ ဒုက္ခကို သုခဟူ၍ ဖောက်ပြန်စွာ သိမှတ်ယူဆခြင်း။

ကာယဂန္ထ ၄-ပါး
အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ၊ သီလဗ္ဗတပရာမာသကာယဂန္ထ၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ။

အဂတိ ၄-ပါး
ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ။

အာသဝ၊ ဩဃ၊ ယောဂ (၄-ပါးစီ)
ကာမ၊ ဘဝ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ။

နီဝရဏ ၆-ပါး
ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ အဝိဇ္ဇာ။

ဥပါဒါန် ၄-ပါး
ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်။

အနုသယ ၇-ပါး
ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ မာနာနုသယ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယ။

အကုသလကမ္မပထ ၁၀-ပါး
ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ။

အကုသိုလ်စိတ် ၁၂-ပါး
လောဘမူစိတ် ၈၊ ဒေါသမူစိတ် ၂၊ မောဟမူစိတ် ၂။

[စာမျက်နှာ-273] အမှတ် (၁) အကွက်ရှိ အကုသိုလ်တရားများကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။ အမှတ် (၂) အကွက်ရှိ အကုသိုလ်တရားများကို သောတာပတ္တိမဂ်သည် အပါယဂမနီယဖြစ်သောတရားကို တနုကရအားဖြင့် ပယ်၍ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော (ဩဠာရိက) အကုသိုလ်တရားကို ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏၊ အမှတ် (၃) အကွက်ရှိ တရားများကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။

[စာမျက်နှာ-274]
အဘိဓမ္မာသင်တန်း (၅၆)
ကမ္မဋ္ဌာန်းပိုင်း ဝိပဿနာကမ္မဋ္ဌာန်း နောက်ဆုံးအခန်း ဒီနေ့ ဒီဇင်ဘာ ၂-ရက်နေ့။
လွန်ခဲ့တဲ့အပတ်က သင်တန်းမပို့ချနိုင်ခဲ့ဘူး၊ အဲဒီအရင် လွန်ခဲ့တဲ့ အပတ်က ကမ္မဋ္ဌာန်းပိုင်း ပြောနေတာ၊ ဝိပဿနာ ကမ္မဋ္ဌာန်း ဆုံးလို့ မဂ်ရတဲ့ဆီထိရောက်သွားပြီ၊ အဲဒီမှာ မဂ္ဂဝီထိရောပြောပြီးပြီ။

မဂ္ဂဝီထိမှာ မဂ်နောင်ဖိုလ် ၂-ကြိမ် ၃-ကြိမ်လိုက်တယ်၊ အဲဒီမဂ္ဂဝီထိကျပြီးတဲ့ နောက် ပစ္စဝေက္ခဏဝီထိဆိုတာ ကျရမယ်၊ ပစ္စဝေက္ခဏဝီထိက ဘယ်နှစ်မျိုး ရှိသလဲ၊ မဂ်ကိုဆင်ခြင်တာ၊ ဖိုလ်ကိုဆင်ခြင်တာ၊ နိဗ္ဗာန်ကိုဆင်ခြင်တာ၊ ပယ်ပြီးတဲ့ ကိလေသာကို ဆင်ခြင်တာ၊ ကျန်တဲ့ကိလေသာကို ဆင်ခြင်တာ၊ အဲဒီလို ပစ္စဝေက္ခဏဝီထိတွေ ကျလည်းပြောပြီးပြီ။

ဒီနေ့ မဂ် ၄-ပါးကစပြီး ပြောရမယ်၊ ဟိုနေ့က မဂ်ရတယ်သာပြောခဲ့တာ။ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ် စသည်ဖြင့် မပြောခဲ့ရသေးဘူး။

မဂ် ၄-ပါးမှာ ပထမဆုံး မဂ်က သောတာပတ္တိမဂ်တဲ့၊ တရားထူးရတယ်ဆိုတာ ပထမဆုံး အဆင့်အနေအားဖြင့် သောတာပတ္တိမဂ်ရတာပဲ၊ သောတာပတ္တိမဂ်ဖြစ်တာနဲ့ တစ်ပြိုင်နက် ဒီပုဂ္ဂိုလ်ကို သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ်လို့ ဒီလိုခေါ်ရတယ်။

[စာမျက်နှာ-275] ဝီထိမှာကြည့်လိုက်ရင် မဂ်စိတ်က ၁-ကြိမ်ဖြစ်တယ်၊ ဖိုလ်စိတ်က ၂-ကြိမ် သို့မဟုတ် ၃-ကြိမ်ဖြစ်ပြီးရင် ဘဝင်ကျသွားတယ်၊ အဲဒီမှာ မဂ်စိတ် အခိုက်အတန့်မှာ ဒီပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လို့ ခေါ်ရတယ်။

အဲဒီအခိုက်အတန့်အချိန်လေးမှာသာ ဒီပုဂ္ဂိုလ်ဟာ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လို့ ခေါ်ရတယ်၊ အဲဒီကလွန်သွားလို့ ဖိုလ်ရောက်သွားတာနဲ့ တစ်ပြိုင်နက် သူ့ကို ဖလဋ္ဌာန် ပုဂ္ဂိုလ်လို့ ခေါ်ရတယ်၊ သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၊ သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်။

အဲဒီဖလဋ္ဌာန် ပုဂ္ဂိုလ်ကျတော့ ပထမစပြီးရတဲ့ သောတာပတ္တိဖိုလ်ကစပြီးတော့ နောက် သူ့ကို သကဒါဂါမိမဂ္ဂဋ္ဌာန် (အထက်မဂ်) မရမချင်းတိုင်အောင် သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်လို့ပဲ ခေါ်ရတယ်။

အဲဒီသောတာပတ္တိမဂ်ကို ရတဲ့အခါကျတော့ သို့မဟုတ် သောတာပတ္တိမဂ်စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် အဲဒီသောတာပတ္တိမဂ်စိတ်က ဘယ်ကိလေသာတွေကို ပယ်သလဲတဲ့၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အကြွင်းမဲ့ပယ်တယ်၊ ဒါလေးမှတ်ရမယ်။

ဒိဋ္ဌိဆိုတာ အယူမှားပေါ့၊ ကံ၊ ကံ၏အကျိုးမရှိဘူး၊ သတ္တဝါတွေမြဲတယ်၊ သို့မဟုတ်လည်း သတ္တဝါတွေဟာ ဒီဘဝပြီးရင် ပြတ်သွားတယ်လို့ ယူတာမျိုးပေါ့။

ဝိစိကိစ္ဆာဆိုတာက ဘုရားတရား သံဃာ၌ ယုံမှားတာ၊ အကျင့်၌ယုံမှားတာ၊ ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားတာ၊ ကိုယ့်ကိုကိုယ်လည်း ငါနောက်က ဖြစ်ခဲ့တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား၊ ရှေ့ဖြစ်ဦးမယ်ဆိုတာကော ဟုတ်မှဟုတ်ပါ့မလား စသည်ဖြင့် ဒီလိုယုံမှားတာ။

အဲဒီအယူမှားမှုနဲ့ ယုံမှားမှု ကိလေသာ ၂-မျိုးကို သောတာပတ္တိမဂ်က အကြွင်းမဲ့ပယ်တယ်၊ အကြွင်းမဲ့ပယ်တယ်ဆိုတာ နောက်ကို ဘယ်တော့မှ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ မဖြစ်တော့ဘူး၊ ဘယ်လိုမှကို စိတ်ထဲမှာ ပေါ်မလာတော့ဘူး။

ဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်မဟုတ်လား၊ ဝိစိကိစ္ဆာကလည်း ဝိစိကိစ္ဆာစေတသိက်၊ အဲဒီဒိဋ္ဌိစေတသိက်၊ ဝိစိကိစ္ဆာစေတသိက်တို့ဟာ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ (အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ) ဘယ်သောအခါမှ မဖြစ်တော့ဘူး။

ဒါဖြင့် သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိဂတသမ္ပယုတ် စိတ် ၄-ခု သူ့သန္တာန်မှာဖြစ်ဦးမလား၊ မဖြစ်တော့ဘူး၊ ပြီးတော့ ဝိစိကိစ္ဆာသဟဂုတ်စိတ်ကော မဖြစ်တော့ဘူး၊ ဒါဖြင့် အကုသိုလ်စိတ် ၁၂-ပါးထဲက သောတာပတ္တိမဂ်က ဘယ်စိတ်တွေ ပယ်မလဲ၊ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခုနဲ့ ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ခု၊ အားလုံးပေါင်း ၅-ခုပယ်တယ်။

[စာမျက်နှာ-276] ဒါကြောင့် သောတာပန် ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်ကို တွက်လိုက်စမ်းဆိုရင် ဒီ ၅-ခုကို နှုတ်ရမှာ သေချာတယ်။

ကောင်းပြီ အဲဒီလို သောတာပတ္တိမဂ်ရလို့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်ပြီးတဲ့နောက် ကျန်တဲ့ကိလေသာတွေကော ဘယ်လိုလဲ၊ ပယ်သေးလား၊ မပယ်ဘူးလား။

ကိလေသာ ၁၀-ပါးရှိတယ် မဟုတ်လား၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည်ဖြင့် ရှိတယ်၊ အဲဒီကိလေသာတွေကိုကော သောတာပတ္တိမဂ်က ပယ်သလား မပယ်ဘူးလား ဆိုတဲ့အခါကျတော့ အပါယ်ကို ကျစေနိုင်တဲ့ကိလေသာကျတော့ ပယ်တာပဲ၊ အပါယ်ကို ကျစေနိုင်တဲ့လောဘမျိုး၊ အပါယ်ကို ကျစေနိုင်တဲ့ ဒေါသမျိုးကိုလည်း သောတာပတ္တိမဂ်က ပယ်ပြီးပြီ။

ဒါကြောင့်မို့ သောတာပန်ဖြစ်ပြီးသွားပြီဆိုရင် အပါယ်ကျစေနိုင်တဲ့ လောဘ၊ ဒေါသ၊ မောဟမျိုး သူ့သန္တာန်မှာ မဖြစ်တော့ဘူး၊ ဒါကြောင့်မို့ ကိလေသာကို အကုန်အစင်ပယ်တာ၊ နောင်ပြန်မဖြစ်အောင် ပယ်တာက ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဒီ ၂-ခုကိုပယ်တယ်၊ ကျန်တဲ့ကိလေသာတွေကျတော့ အပါယ်သို့လားစေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ ကိလေသာတွေကိုပယ်တယ်။

အဲဒီလိုပယ်တဲ့အတွက်ကြောင့် သောတာပန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်မလားတော့ဘူးပြောတာ၊ အဲဒီတော့ သောတာပတ္တိဖိုလ် အခိုက်အတန့်ကစပြီး အဲဒီပုဂ္ဂိုလ်ကို သောတာပန် ပုဂ္ဂိုလ်လို့ ခေါ်သွားရတယ်။

အဲဒီတော့ သောတာပန်ပုဂ္ဂိုလ် အပါယ်မလားဘူးဆိုတာ မည်သူမဆိုပြောနေကြ တာပဲ။
သောတာပန် ပုဂ္ဂိုလ် အပါယ်မလားတာ ဘာကြောင့်လဲ၊ အဲဒါ အရေးကြီးတယ်။ အပါယ်လားစေနိုင်တဲ့ ကိလေသာကိုမလုပ်လို့ အပါယ်မလားတာ၊ အပါယ်လားစေနိုင်တဲ့ ကိလေသာသူ့သန္တာန်မှာ ဖြစ်ကိုမဖြစ်တော့ဘူး၊ မဂ်နဲ့ ပယ်ထားတာမို့ ကိလေသာ မဖြစ်တော့လို့ အပါယ်မလားတာ။

သောတာပန်ဖြစ်ပြီးတော့ သူ့အသက်သတ်နေမယ်၊ သူ့ဥစ္စာခိုးနေမယ်ဆိုရင် သူလည်း ဘယ်နေလိမ့်မယ်၊ အပါယ်လားရမှာပဲ၊ ကံ၊ ကံရဲ့ အကျိုးဆိုတာက ဘယ်သူမှ ဝင်ပြီး အနှောင့်အယှက်လုပ်လို့ရတာ မဟုတ်ဘူး။

အဲဒီတော့ သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ် အပါယ်မလားဘူးဆိုတာ အပါယ်လားစေနိုင်တဲ့ အကုသိုလ်မလုပ်လို့ အပါယ်မလားတာ၊ ဒါကိုမှတ်ထားရမယ်၊ ဘာကြောင့်လဲ—

[စာမျက်နှာ-277] ဆိုတော့ ဒီနိုင်ငံ (အမေရိကန်) တရားဆရာ အချို့က မလိမ့်တပတ် လုပ်တတ် ပြောတတ်တာတွေရှိတယ်၊ ငါကတော့ တရားထူးရပြီးသား၊ ငါက ဒါတွေလုပ်လို့ ကိစ္စမရှိဘူး၊ ဒါတွေလုပ်ပေမယ်လို့ ငါကတော့ အပါယ်မလားတော့ဘူး၊ မင်းတို့သာ ဒါတွေမလုပ်နဲ့ပေါ့၊ အဲသလို ဆရာတွေရှိတယ်၊ အဲဒါမျိုးပြောလာရင် ဘယ်တော့မှ မယုံလေနဲ့။

သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ အဲဒါမျိုးလုပ်ကို မလုပ်တော့တာ၊ မလုပ်လို့ကို (သူက) အပါယ်မလားတာ၊ အကယ်၍များ သူက လုပ်သေးတယ်ဆိုရင် အပါယ်လားမှာပဲ၊ အဲဒါ မှတ်ထားရမယ်။

မေး။ မဂ်မရရင်ပေါ့နော် ဘုရား။
ဖြေ။ ဟုတ်တယ် မဂ်မရရင်ပေါ့၊ အဲဒါကြောင့် တော်ကြာကျတော့ ဒီနိုင်ငံ (အမေရိကန်)မှာ ရှိတဲ့ တရားပြဆရာတွေထဲကကို ရှိတယ်၊ သူ့ကိုယ်သူတော့ enlighten ဖြစ်တယ်ပေါ့လေ၊ ငါကတော့ ကိစ္စမရှိဘူး၊ ဘိန်းနည်းနည်းပါးပါး ရှူးလည်းကိစ္စမရှိဘူး၊ အရက်သောက်လည်းကိစ္စမရှိဘူးပြောတဲ့ ဆရာတွေရှိတယ်။ အဲဒါတွေသတိထားရမယ်။

အမှန်တော့ သောတာပန်ဖြစ်ရင် ငါးပါးသီလကို လုံးဝလုံခြုံတယ်၊ အသက်သာ အသေခံမယ်၊ ငါးပါးသီလကို မလွန်ကျူးတော့ဘူး။

ဒါကြောင့်မို့ တရားအားထုတ်သူအချို့က ကိုယ်ကိုကိုယ် သောတာပန်ဖြစ်ပြီလို့ ထင်သွားကြတယ်၊ အဲဒီလို ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီလို့ ထင်ရင် တခြားနည်းကတော့ ကိုယ့်အားထုတ်ခဲ့တာကို လေ့လာစိစစ်ပြီးတော့ ဒီလိုလည်းပဲ မဂ်ဖိုလ်ရတယ် မရဘူး စိစစ်ရမယ်။

နောက်တစ်နည်းနဲ့ စိစစ်ဖို့ကတော့ သီလနဲ့ပြန်ပြီး စိစစ်ကြည့်၊ ငါဟာ သူများအသက်သတ်နိုင်သေးလား၊ ပုရွက်ဆိတ်၊ ခြင်၊ ယင်ကောင်လေး စသည်ပေါ့လေ၊ ဒါတွေလည်းအတူတူပဲ၊ မလိမ့်တစ်ပတ်လုပ်နိုင်သေးလား၊ ဆိုပါတော့ အရက်လေးများ သောက်သေးလား၊ အဲသလို ငါးပါးသီလနဲ့ ပြန်စစ်ဆေးကြည့်ပေါ့။

အဲသလို စစ်ဆေးတဲ့အခါ ဒါတွေငါလုပ်သေးတယ်ဆိုရင်တော့ သောတာပတ္တိမဂ်မရောက်သေးဘူးဆိုတာ ဆုံးဖြတ်ရမယ်။

တစ်ခါ လူတစ်ယောက်တွေ့ဖူးတယ်၊ သူကအမေရိကန်လူမျိုး၊ သူက သီရိလင်္ကာကို သွားတရားအားထုတ်ပြီး သူ့ကိုယ်သူ သောတာပတ္တိမဂ် ရတယ်လို့ ထင်လာတယ်၊ ဒါပေမယ့် သူကရိုးရိုးပြောရှာတယ်။

[စာမျက်နှာ-278] တစ်နေ့တော့ သူက တွေ့ပါရစေဆိုပြီးတော့ တွေ့ကြတယ်၊ သူက သောတာပတ္တိမဂ်ရတယ်လို့ပြောတယ်၊ “ဒါကတော့ကွာ—မင်းကိုငါကဟုတ်တယ်လို့လည်း မပြောနိုင်ဘူး၊ မဟုတ်ဘူးလည်း မပြောနိုင်ဘူး၊ မင်းဘာသာသိမယ်၊ ဒါပေမယ့်တစ်ခု ရှိတာကတော့ ဒို့စာမှာ ပြောထားတာက သောတာပန်ဖြစ်သွားရင် ငါးပါးသီလကို မလွန်ကျူးဘူးလို့ ဆိုထားတယ်၊ အဲဒီတော့ မင်းအဲဒါနဲ့ ကိုယ့်ကိုကိုယ်ပြန်စစ်ကြည့်ပေါ့” ဆိုတော့ သူက I killed insects တဲ့၊ ပိုးကောင်လေးဘာလေးတော့ သူသတ်သေးတယ်ပေါ့။ ဒီလိုဆိုရင် သူမဟုတ်သေးဘူးပေါ့လေ၊ အဲသလိုဆုံးဖြတ်တယ်။

သူရိုးသားတာပေါ်လွင်တယ်၊ သူ့ကိုယ်သူ ထင်တာတော့ ထင်မိပြီပေါ့။ ဒါပေမယ်လို့ နားလည်တဲ့သူနဲ့တွေ့တော့ မေးမြန်းပြီး သူ့ကိုယ်သူ ပြန်ဆင်ခြင်နိုင်သွားတယ်။ တချို့က ဒီလိုမဟုတ်ပဲနဲ့ မလိမ့်တစ်ပတ်နဲ့ ပြောတာ အများကြီးရှိတယ်။

ဒါကြောင့် သောတာပန်ဟာ ဘယ်လောက်ထိအောင် ပြုရသလဲဆိုတော့ နောက်ဘဝ လူပြန်ဖြစ်လို့ ကလေးအရွယ်သာ ဖြစ်နေတောင် သူများ အသက်ကို မသတ်ဘူး၊ အဲသလောက်အထိပဲ၊ သူ့ကိုယ်သူ သောတာပန်လို့တောင် သိချင်မှ သိဦးမယ်၊ ကလေးဘဝကို၊ ဒါပေမယ်လို့ သူများအသက်သတ်ဖို့စတဲ့ ငါးပါးသီလ လွန်ကျူးဖို့ကိစ္စ ဘယ်တော့မှ မလုပ်ဘူး၊ အဲဒါမြဲမြဲမှတ်ထား။

အဋ္ဌကထာမှာ သေသေချာချာ ဆိုထားတာရှိတယ်၊ ဘယ်လောက် ထိအောင် ဆိုထားသလဲဆိုရင် အရက်နဲ့ ရေနဲ့ရောပြီး သောတာပန်ကို တိုက်ရင် ရေသာဝင်မယ် အရက်မဝင်ဘူးတဲ့၊ အဲသလောက်ထိ ဆိုထားတယ်။

ဘယ်လို သဘောလည်းတော့ မသိဘူးပေါ့လေ၊ ဝင်တော့ဝင်မယ်။ သို့သော် အရက်က သူ့အာနိသင်ပြယ်သွားပြီးတော့ ရေလို ဖြစ်ပြီး ဝင်သွားမယ်ဆိုလိုတာလား၊ သို့မဟုတ် ဘယ်လိုလည်းတော့ မပြောတတ်ဘူး၊ အဲသလောက်ထိ အဆိုရှိတယ်။ သောတာပန်ဖြစ်ရင် အဲဒီလောက်ထိ အဆင့်အတန်းမြင့်သွားပြီ၊ ဒါ သတိထားရမယ်။

သောတာပတ္တိမဂ်ရပြီးတော့ သောတာပတ္တိဖိုလ် ဖြစ်သွားပြီ၊ နောက်တစ်မဂ် တက်ကြဦးစို့။

ဒီပုဂ္ဂိုလ်က နောက်တစ်မဂ်လိုချင်တော့ ဆက်ပြီး တရားအားထုတ်တယ် ပေါ့လေ၊ ဆက်အားထုတ်တော့ ဝိပဿနာဉာဏ်မှာ ဥဒယဗ္ဗယဉာဏ်ကစပြီး ဖြစ်တယ်၊ သမ္မသနဉာဏ်ကစစရာမလိုတော့ဘူး၊ သူကအရိယာဖြစ်ပြီးသား ပုဂ္ဂိုလ်လေ၊ တရားထိုင်တဲ့အခါ ဥဒယဗ္ဗယဉာဏ်ကစတယ်၊ အဲသလိုစတဲ့အခါ တက်သွားပြန်တယ် ဆိုပါတော့၊ ဒုတိယမဂ်ရတယ်၊ ဒုတိယမဂ်က သကဒါဂါမိမဂ်။

[စာမျက်နှာ-279] သကဒါဂါမိမဂ် ရပြီးတော့ သကဒါဂါမိဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်ပြီးသွားပြန်ရော၊ သကဒါဂါမိမဂ် အခိုက်အတန့်မှာ သူ့ကို သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ် အခိုက်အတံ့ကစပြီးတော့ အနာဂါမိမဂ်မရမီတိုင်အောင် သူ့ကို သကဒါဂါမိဖလဋ္ဌာန် ပုဂ္ဂိုလ်၊ ဒီလိုခေါ်တယ်။

သော်—သကဒါဂါမ်ရောက်မှ သောတာပန်အကြောင်းကို ပြန်သတိရပြန်တယ်။

သကဒါဂါမ်ဆိုတာ တစ်ခါပြန်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ပါဠိစကား သကဒါဂါမိလို့ခေါ်တယ်၊ ဂါမိဆိုတာ တစ်ခေါက်ပြန်လာတယ်ဆိုတဲ့ အဓိပ္ပာယ်။

တစ်ခေါက်ပြန်လာတဲ့ပုဂ္ဂိုလ်ဆိုတာ လူ့ဘုံကို ပဋိသန္ဓေအားဖြင့် တစ်ခေါက် ပြန်လာတာ ဆိုလိုတယ်၊ သူ့မပြောခင် သောတာပန်အကြောင်း ပြောဦးမယ်။

သောတာပန်ဟာ သောတာပတ္တိမဂ်ကို ရပြီးတဲ့နောက် နောက်ထပ် ဘယ်နှစ်ဘဝ သံသရာမှာ (အလွန်ဆုံး) နေမလဲ၊ ၇-ဘဝပဲတဲ့၊ ၇-ဘဝထက်ပိုပြီး မနေတော့ဘူး၊ နောက်ဆုံးဘဝကျရင် ဧကန် ရဟန္တာဖြစ်ပြီးတော့ ပရိနိဗ္ဗာန် ပြုရမယ်။

ဒါပေမယ်လို့ အဲဒီ ၇-ဘဝမှာ (စာမှာဆိုထားတာက) အတိုးအဆုတ် ရှိသေးတယ်၊ သတ္တက္ခတ္တုပရမသောတာပန်ဆိုတာက အလွန်ဆုံး ၇-ဘဝနေတဲ့သောတာပန်၊ ကောလံကောလသောတာပန်က ၂-ဘဝကနေ ၆-ဘဝတိုင်အောင် ပဋိသန္ဓေနေတယ်၊ ၇-ဘဝထိအောင် မသွားတော့ဘူး၊ ပြီးတော့ ဧကဗီဇီသောတာပန် ဆိုတာ တစ်ဘဝပဲ၊ တစ်ဘဝပြီးရင် တစ်ခါတည်း ရဟန္တာဖြစ်ပြီးတော့ နိဗ္ဗာန်ဝင်မယ်။

အဲသလို တစ်ဘဝပဲ ပဋိသန္ဓေနေတဲ့ သောတာပန်လည်းရှိသေးတယ်၊ သို့သော် များသောအားဖြင့်ကတော့ သောတာပန်ဆိုရင် ၇-ဘဝအလွန်ဆုံးပဲ၊ ၇-ဘဝထက်ပိုပြီး ၈-ဘဝမနေတော့ဘူး၊ ဒါဟာ ရတနသုတ်မှာလဲ အသေအချာဆိုထားတယ်၊ “န တေ ဘဝံ အဋ္ဌမမာဒိယန္တိ” ဆိုပြီးတော့ ပါတယ် ။

ဒါကြောင့်မို့ ၇-ဘဝမှ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရတဲ့ သောတာပန်ရှိတယ်၊ ၂-ဘဝမှ ၆-ဘဝ ရဟန္တာဖြစ်တဲ့ သောတာပန်ရှိတယ်၊ နောက်ထပ် တစ်ဘဝနေပြီး ရဟန္တာဖြစ်တဲ့ သောတာပန်ရှိတယ်၊ အဲသလို သောတာပန် ၃-မျိုးရှိတယ်။

သကဒါဂါမ်တဲ့၊ သကဒါဂါမ်ကတော့ လူအဖြစ်နဲ့ သကဒါဂါမ်ဖြစ်ပြီးတဲ့ နောက် နတ်ပြည်မှာ တစ်ဘဝ သွားဖြစ်မယ်၊ ပြီးရင် လူ့ပြည်တစ်ခါ ပြန်လာပြီးတော့ ဖြစ်ဦးမယ်၊ ဖြစ်ပြီးမှ လူ့ဘဝမှာရဟန္တာဖြစ်မယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို သကဒါဂါမ် ခေါ်တယ်၊ တစ်ကြိမ်ပြန်လာတယ်ဆိုတာ အဲဒါပြောတာ။

[စာမျက်နှာ-280] မေး။ သကဒါဂါမ်ပုဂ္ဂိုလ်က အဆင့်မတက်ဘူးလား။
ဆရာတော်။ တက်မယ်ဆိုရင်တော့ တက်နိုင်တယ်၊ ဒါပေမယ်လို့ အခုဟာက နတ်ပြည်နဲ့ လူ့ပြည်ကိုပဲ ပြောနေတာ၊ အဲဒီမှာလည်း ၅-မျိုးရှိသေးတယ်။

၁။ လူ့ဘုံမှာ သကဒါဂါမ်ဖြစ် နောက်တော့ဆက်လက်ကျင့်ပြီး လူ့ဘုံမှာပဲ ရဟန္တာဖြစ်ပြီး၊ ပရိနိဗ္ဗာန်စံတာ၊ ဒါကတစ်မျိုး။
၂။ လူ့ဘုံမှာ သကဒါဂါမ်ဖြစ်ပြီးတော့ သေပြီး နတ်ပြည်သွားဖြစ်၊ အဲဒီနတ်ပြည်မှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတာ ဒီလိုပုဂ္ဂိုလ်လည်းရှိတယ်။
၃။ တစ်ခါ နတ်ပြည်မှာသကဒါဂါမ်ဖြစ်၊ နတ်ပြည်မှာပဲ ရဟန္တာဖြစ်တာ ဒီလိုသကဒါဂါမ်မျိုးလည်းရှိတယ်။
၄။ ပြီးတော့ နတ်ပြည်မှာ သကဒါဂါမ်ဖြစ် လူ့ပြည်လာပြန်ဖြစ်ပြီး ရဟန္တာဖြစ်တဲ့ သကဒါဂါမ်မျိုးလည်းရှိတယ်။
၅။ နောက်တစ်ခုကတော့ လူ့ပြည်မှာ သကဒါဂါမ်ဖြစ် နတ်ပြည်တစ်ခါသွားဖြစ် လူ့ပြည်တစ်ခါ ပြန်လာမှ သူကမှ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတာ၊ တစ်ခေါက် ပြန်လာတာ အတိအကျ။

နောက်တစ်မျိုးရှိသေးတယ်၊ နတ်ပြည်မှာ သကဒါဂါမ်ဖြစ်၊ လူ့ပြည်တစ်ခါ ပဋိသန္ဓေပြန်နေ၊ ပြီးတော့ နတ်ပြည်ပြန် ပဋိသန္ဓေနေပြီးတော့ အဲဒီမှာ ရဟန္တာဖြစ်တဲ့ သကဒါဂါမ်လည်းရှိတယ်၊ ဒါတွေက အမျိုးမျိုးပဲ။

အဲဒီသကဒါဂါမ်ရတဲ့ သကဒါဂါမိမဂ်ကျတော့ နောက်ထပ် အကြွင်းမဲ့ပယ်တဲ့ ကိလေသာရယ်လို့ မရှိဘူး၊ ဒါပေမယ့် ခုန သောတာပတ္တိမဂ်က အပါယ်ကျစေနိုင်တဲ့ အစွမ်းသတ္တိပယ်ပြီးတော့ ကျန်ကိလေသာတွေ ရှိသေးတယ်၊ အဲဒီကိလေသာတွေကို ထပ်ပြီးတော့ပါးအောင်လုပ်တယ်၊ နည်းသွားအောင်လုပ်တယ်၊ သကဒါဂါမိမဂ်က ကိလေသာတစ်ခုခုကို အကြွင်းမဲ့ပယ်တယ်ရယ်လို့ မရှိဘူး၊ သောတာပတ္တိမဂ်ပယ်ပြီးလို့ ကျန်တဲ့ ကိလေသာတွေကို ထပ်ပြီးတော့ပါးသွားအောင် လုပ်ပေးတယ်။

အဲဒီသကဒါဂါမိမဂ်ရပြီးတော့ သကဒါဂါမ် ပုဂ္ဂိုလ်ဖြစ်သွားပြီဆိုပါတော့၊ နောက်တစ်ခါ ဆက်တရားအားထုတ်တဲ့အခါ ဥဒယဗ္ဗယဉာဏ်ရပြီး ဝိပဿနာ အဆင့်အတန်းတက်သွားလို့ အနာဂါမိမဂ်ဆိုတာ ရသွားတယ်၊ အနာဂါမိမဂ် အခိုက်အတန့်မှာ သူ့ကို အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ဖိုလ်အခိုက်အတန့်ကစပြီးတော့ ရဟန္တာ မဖြစ်သေးသမျှ အချိန်အတွင်းကို အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်။

အနာဂါမိမဂ်ကတော့ ဘာကို အကြွင်းမဲ့ ပယ်သလဲ၊ ကာမရာဂနဲ့ ဗျာပါဒကို—

[စာမျက်နှာ-281]
အနာဂါမိမဂ်နှင့် ကိလေသာပယ်ပုံ

အကြွင်းမဲ့ပယ်တယ်။ ကာမရာဂဆိုတာ ကာမဂုဏ်ဝတ္ထုပစ္စည်းတွေကို တွယ်တာတဲ့လောဘ တဏှာကို ကာမရာဂလို့ခေါ်တယ်၊ ကာမဘဝကို တွယ်တာတယ်၊ ကာမဂုဏ်လို့ ခေါ်တဲ့ ကောင်းတဲ့အဆင်း၊ ကောင်းတဲ့အနံ့၊ ကောင်းတဲ့အသံစတဲ့ အာရုံတွေကို တွယ်တာတယ်။

ဗျာပါဒဆိုတာက ဒေါသ၊ ကာမရာဂနဲ့ ဗျာပါဒဆိုတာ လောဘနဲ့ဒေါသကို အကြွင်းမဲ့ ပယ်တယ်ဆိုတယ်၊ ဒါကြောင့် အနာဂါမ်ဖြစ်သွားပြီးရင် ကာမဂုဏ်နဲ့ ပတ်သက်ပြီးတော့ သူ့မှာ ဘာမှ စိတ်မရှိတော့ဘူး၊ သူ့မှာရှိသေးတဲ့ ကျန်နေတဲ့ လောဘက ရူပါဝစရဘုံ တွယ်တာမှုပေါ့၊ ဗြဟ္မာဖြစ်ချင်တဲ့သဘောပေါ့၊ အရူပါဝစရဘုံကို တွယ်တာတဲ့ သဘောပေါ့၊ အဲဒီ တဏှာကတော့ ကျန်ဦးမယ်၊ ရူပဘဝနဲ့ အရူပဘဝကို လိုချင်တဲ့တဏှာကတော့ ကျန်ဦးမှာပဲ၊ ကာမဘဝနဲ့ ပတ်သက်လို့တော့ သူ့မှာ မရှိတော့ဘူး။

ဘာလို့တုန်းဆိုတော့ သူ့မှာ ကာမရာဂကို လုံးဝပယ်ပြီးသွားပြီ၊ ကာမဂုဏ်နဲ့ ပတ်သက်လို့ ဘာမှ သူ့မှာ လိုချင်စိတ် မရှိတော့ဘူး၊ အဲဒီတော့ အဲဒီအချိန်မှာ married life မရှိတော့ဘူး၊ အဲဒီတော့ သီးခြားသွားနေရင် နေမယ်၊ ရဟန်းပြုချင် ပြုသွားမယ်ပေါ့လေ။

ဒါကြောင့် အနာဂါမ်ဖြစ်သွားပြီဆိုရင် ကာမရာဂနဲ့ ဒေါသကို အကြွင်းမဲ့ ပယ်တယ်၊ အကြွင်းမဲ့ပယ်တဲ့အတွက်ကြောင့် အနာဂါမ်ဖြစ်သွားပြီးရင် စိတ်ဆိုးတာ လုံးဝမရှိတော့ဘူး။ ဆုတ်နစ်တဲ့ဒေါသဆိုတာ ကြောက်တာလန့်တာကို ခေါ်တာ၊ ဒါကြောင့် အနာဂါမ်ဖြစ်သွားပြီးရင် ကြောက်တာလန့်တာ စိတ်ညစ်တာ ပူဆွေးတာ လုံးဝမရှိတော့ဘူး၊ ရဟန္တာမဖြစ်သေးခင် အနာဂါမ်ဘဝမှာ ဒါတွေကို လုံးဝပယ်ထားပြီ။

ဒါကြောင့် လူတစ်ယောက်က သူ့ကိုယ်သူ အနာဂါမ်လို့ပြောရင် စမ်းသပ်ဖို့ သိပ်လွယ်တယ်၊ စိတ်ဆိုးလား မဆိုးဘူးလား စမ်းကြည့်ရုံပဲ၊ ဒေါသအရိပ်အယောင်လေး နည်းနည်းထွက်သေးရင် ဒီပုဂ္ဂိုလ်တော့ အနာဂါမ် မဟုတ်ဘူးဆိုတာ ဆုံးဖြတ်လို့ရပြီ၊ သောတာပန်၊ သကဒါဂါမ်လောက်ဆိုတော့ သိပ်မလွယ်သေးဘူး၊ ကလျာဏပုထုဇဉ် (ကောင်းကောင်းကြီး ကျင့်နေတဲ့ပုထုဇဉ်)နဲ့ သိပ်ကွာတာမဟုတ်သေးဘူး၊ အဲဒီတော့ သိပ်စမ်းလို့မရဘူး၊ အနာဂါမ်လို့ ပြောရင် စမ်းလို့ သိပ်လွယ်ပြီ။ အနာဂါမိမဂ်ရောက်သွားပြီးရင် နောက်တော့ အနာဂါမိဖိုလ်ပေါ့လေ၊ အဲဒါ—

[စာမျက်နှာ-282]
အနာဂါမ်ပုဂ္ဂိုလ်နှင့် သုဒ္ဓါဝါသဘုံ

အနာဂါမ်ဖြစ်သွားပြီ၊ အနာဂါမီဆိုတာ ပြန်မလာဘူးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ လူ့ပြည်ပြန်မလာတော့ဘူး၊ လူ့ပြည်ကိုသာ မဟုတ်ဘူး၊ ကာမာဝစရဘုံသို့ ပြန်မလာတော့ဘူး၊ သေရင် ကာမာဝစရဘုံ မဖြစ်တော့ဘူးလို့ဆိုလိုတယ်၊ ဧကန် သုဒ္ဓါဝါသ ဗြဟ္မာဘုံသွားဖြစ်မယ်၊ ရူပါဝစရ ဗြဟ္မာဘုံမှာ အထက်ဆုံး ဗြဟ္မာဘုံမှာလေ။ အဲဒီသုဒ္ဓါဝါသ ၅-ဘုံမှာ သွားဖြစ်မယ်။

အဲဒီတော့ သုဒ္ဓါဝါသ ၅-ဘုံမှာ ဖြစ်ဖို့ဈာန်ရမှဖြစ်မယ်၊ အနာဂါမ်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ မသေခင် ဈာန်ရကိုရရမယ်၊ ဈာန်မရဘဲနဲ့ သေကိုမသေဘူး၊ ဘာကြောင့်လဲ ဆိုတော့ အနာဂါမ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်မှာ သမာဓိပြည့်စုံသွားပြီ၊ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်ကို သမာဓိပြည့်စုံပြီလို့ စာမှာ မခေါ်သေးဘူး၊ နည်းနည်းတော့ လိုသေးတယ်ပေါ့လေ၊ ဘာကြောင့်တုန်းဆိုတော့ သူတို့ (သောတာပန်၊ သကဒါဂါမ်တို့) က ကာမရာဂကို မပယ်နိုင်သေးဘူး။

ကာမရာဂဟာ သမာဓိနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်၊ အဲဒီတော့ သူတို့ရဲ့ သမာဓိဟာ အနာဂါမ် သမာဓိလောက် မကောင်းသေးဘူး၊ ဒါကြောင့်မို့ စာမှာ “သမာဓိသ္မိံ ပရိပူရကာရီ” သမာဓိမှာ ပြည့်ပြည့်စုံစုံ ပြုပြီးပြီဆိုတဲ့ ပုဂ္ဂိုလ်ဆိုတာ အနာဂါမ်သာ မှတ်ပေတော့၊ သောတာပန် သကဒါဂါမ်ရဲ့ သမာဓိဟာ သိပ်မဟုတ်သေးဘူးလို့ ဆိုလိုတာပေါ့။

ပုထုဇဉ်အနေနဲ့ကြည့်မယ်ဆိုရင် သောတာပန် သကဒါဂါမ်ရဲ့ သမာဓိက ကောင်းလှပြီ၊ ဒါပေမယ်လို့ အနာဂါမ်နဲ့ စာလိုက်ရင် သူက မပြည့်စုံသေးဘူး။ ဒါကြောင့်မို့ သမာဓိအား တကယ်ကောင်းသွားတဲ့ ပုဂ္ဂိုလ်အဆင့်ရောက်သွားတဲ့ အတွက်ကြောင့်မို့ သူတို့ဟာ ဈာန်အားဖြင့် လွယ်နေပြီ၊ ဒါကြောင့်မို့ မသေခင် ဧကန် ဈာန်ရမယ်၊ ဈာန်ရပြီးတော့ သုဒ္ဓါဝါသဘုံမှာ ဖြစ်မယ်တဲ့။

အဲဒီမှာလည်း အနာဂါမ် အမျိုးမျိုး ရှိသေးတယ်၊ နားလည်ရင်လည်း ကောင်းတယ်၊ နားမလည်လည်း ကိစ္စမရှိဘူး၊ ဒါက အထူးထူးအပြားပြားတွေပေါ့။ အန္တရာပရိနိဗ္ဗာယီ အနာဂါမ်ဆိုတာက အဲဒီသုဒ္ဓါဝါသတစ်ဘုံဘုံမှာ သွားဖြစ်ပြီး ဆိုပါတော့၊ ဖြစ်ပြီးရင် အဲဒီဘုံရဲ့ သက်တမ်းရှိတယ်၊ အဲဒီသက်တမ်း တစ်ဝက်မတိုင်ခင် ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်မျိုး။ ဒီ လူ့ဘဝကနေ အနာဂါမ်ဖြစ်တယ်၊ အနာဂါမ်ဖြစ်၊ ဈာန်ရပြီးတော့ သေရော၊ သေတော့ ဗြဟ္မာဘုံရောက်သွားတယ်၊ အဲဒီဗြဟ္မာဘုံရဲ့ သက်တမ်း တစ်ဝက်မတိုင်ခင်မှာ ရဟန္တာဖြစ်သွားတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးရှိတယ်။

[စာမျက်နှာ-283]
အနာဂါမ် ၅-မျိုးနှင့် အရဟတ္တမဂ်

နောက်တစ်ခုကတော့ ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်တဲ့၊ ဗြဟ္မာသက်တမ်း တစ်ဝက်လွန်ပြီးမှ ရဟန္တာဖြစ်တဲ့ အနာဂါမ်မျိုးရှိတယ်။ တချို့ကတော့ တော်တော်လေး ကြိုးကြိုးစားစား အားထုတ်ပြီးမှ ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ရှိတယ်၊ သသင်္ခါရပရိနိဗ္ဗာယီလို့ခေါ်တယ်။

ကြိုးကြိုးစားစား အားမထုတ်ဘဲနဲ့ လွယ်လွယ်ကူကူ အားထုတ်ပြီး ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ရှိတယ်၊ အသင်္ခါရပရိနိဗ္ဗာယီလို့ခေါ်တယ်။ နောက်ဆုံးတစ်ခုကတော့ သူက သုဒ္ဓါဝါသ ၅-ဘုံမှာဖြစ်ပြီးရင် တစ်ဘုံချင်း တစ်ဘုံချင်း တက်သွားပြီးတော့ အထက်ဆုံးကျမှ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ရှိတယ် (ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ)။

ဘာပဲဖြစ်ဖြစ် အနာဂါမ်ဖြစ်ပြီးရင် သုဒ္ဓါဝါသဘုံမှာပဲဖြစ်မယ်၊ သုဒ္ဓါဝါသဘုံမှာ ဖြစ်ပြီးရင် သက်တမ်းတစ်ဝက်မတိုင်ခင် ရဟန္တာဖြစ်ချင်လည်းဖြစ်မယ်၊ သက်တမ်း တစ်ဝက်လွန်မှ ရဟန္တာဖြစ်ချင်လည်းဖြစ်မယ်၊ တချို့ကျတော့ ထပ်ပြီး အားထုတ်တဲ့ အခါမှာ ကြိုးကြိုးစားစားအားထုတ်ရတယ်၊ တချို့က သိပ်မကြိုးစားရဘဲနဲ့ အားထုတ်ပြီးတော့လည်း ရနိုင်တယ်၊ တချို့က သုဒ္ဓါဝါသဘုံမှာ တစ်ဘုံချင်းတက်သွားပြီးတော့ အထက်ဆုံးကျမှ ရဟန္တာဖြစ်တယ်။

မေး။ ။ အဲဒီအခါ ဗြဟ္မာဘုံမှာ နာမ်ရုပ်ရှိပါသလား။
ဆရာတော်။ ။ နာမ်ရောရုပ်ရော ရှိတယ်။

ကောင်းပြီ၊ ဒါက အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ ဆက်အားထုတ်ပြန်တယ်ဆိုပါတော့၊ အားထုတ်တော့ ဥဒယဗ္ဗယဉာဏ်ကစပြီး ဉာဏ်စဉ်အတိုင်းတက်သွား၊ အရဟတ္တမဂ် ရသွားရော။ အရဟတ္တမဂ် အခိုက်အတန့်မှာ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လို့ခေါ်တယ်။ အဲဒီနောက် အရဟတ္တဖိုလ်ကစပြီး နောင် ပရိနိဗ္ဗာန်ပြုသည်တိုင်အောင် အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်လို့ခေါ်တယ်။

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ဆိုတာ မဂ်စိတ်ဟာ ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ ခဏလေး ၃-ချက်လောက်ပဲ ကြာတာ၊ ဒါကိုပဲ သူ့ကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ခေါ်ထားတယ်၊ တကယ် practically ပြောမယ်ဆိုရင် အရိယာ ၄-ယောက်ပဲရှိတာပေါ့၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ဆိုတာက ဖြစ်တုန်းခဏလေးပဲ၊ ပြီးတော့ မရှိတော့ဘူး။

ရဟန္တာဖြစ်ပြီ၊ အရဟတ္တမဂ်ရပြီ၊ အရဟတ္တမဂ်ရတဲ့အခါကျတော့ ကျန်တဲ့ ကိလေသာတွေ အကုန်ပယ်တော့တယ်၊ ခုနပြောတဲ့ ကာမရာဂကနေပြီး ရူပရာဂ၊ အရူပရာဂ မကျန်ဘူးလား၊ ပြီးတော့ မာနတို့ ဥဒ္ဓစ္စတို့ပေါ့၊ များသောအားဖြင့်—

[စာမျက်နှာ-284]
ရဟန္တာပုဂ္ဂိုလ်နှင့် အဂ္ဂဒက္ခိဏေယျ

မာနကျန်တယ်၊ သူတို့ကျတော့ အလွန်သိမ်မွေ့တဲ့ မာနပေါ့၊ ရိုးရိုးပုဂ္ဂိုလ်တွေဖြစ်တဲ့ မာနမျိုးတော့ မဟုတ်ဘူး၊ သို့သော် မာနရှိသေးတယ်၊ ကျန်တဲ့ ကိလေသာတွေ အကုန်လုံးကတော့ အရဟတ္တမဂ်ကပယ်တယ်၊ အရဟတ္တမဂ်ရပြီးတဲ့နောက်ပိုင်း ကျတော့ ကိလေသာဆိုလို့ လုံးဝ မရှိတော့ဘူး၊ ဘယ်လိုကိလေသာမှ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မဖြစ်တော့ဘူး။

ဒါကြောင့်မို့ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင် စိတ်ဓာတ်ဟာ လုံးဝစင်ကြယ်သွားပြီ၊ အကုသိုလ်ဆိုလို့ လုံးဝမရှိတော့ဘူး၊ အဲဒီတော့ အရဟန္တဆိုတဲ့ ပုဒ်ရဲ့ အဓိပ္ပာယ်ကတော့ အလှူကို ခံထိုက်တယ်၊ ပူဇော်အထူးကို ခံထိုက်တယ်ဆိုတာပဲ။ သူ့မှာ ကိလေသာလုံးဝကင်းစင်သွားတဲ့အခါကျတော့ လယ်မြေကောင်းလို့ပေါ့။ အညစ်အကြေးမရှိဘဲ အလွန်ကောင်းတဲ့ လယ်မြေဖြစ်သွားတော့ လှူရန် အကောင်းဆုံးပေါ့၊ ကိလေသာကင်းတာကိုး။

ကိလေသာရှိတဲ့ပုဂ္ဂိုလ်လှူရတာနဲ့ ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်လှူရတာ မတူသေးဘူးလေ၊ ကောင်းတဲ့လယ်ယာမှာ စိုက်တာနဲ့ မကောင်းတဲ့လယ်မှာ စိုက်တာဟာ ကောက်ပဲသီးနှံ ထွက်တာချင်း မတူသလိုပေါ့။ ရဟန္တာပုဂ္ဂိုလ်ကျတော့ အညစ်အကြေးကိလေသာ လုံးဝကင်းသွားတဲ့အတွက် ကြောင့်မို့ လှူရင် များမြောင်သောအကျိုးကို ပေးနိုင်တယ်၊ ဒါကြောင့်မို့ အဂ္ဂဒက္ခိဏေယျ အမြတ်ဆုံးသောအလှူခံဖြစ်တယ်။

ကိလေသာတွေလည်း လုံးဝ ပယ်တော့တယ်၊ ဘာမှ မကျန်တော့ဘူး၊ မဂ် ၄-ခုနဲ့ ပယ်လိုက်တာ ကိလေသာ ၁၀-ပါးကုန်ရော၊ ပထမမဂ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အကြွင်းမဲ့ပယ်တယ်၊ တခြားကိလေသာတွေကျတော့ အပါယ်လားစေနိုင်တဲ့သတ္တိကို ပယ်တယ်။

သကဒါဂါမိမဂ်ကျတော့ ကျန်တဲ့ကိလေသာတွေကို ထပ်ပြီးတော့ ပါးအောင် လုပ်လိုက်တယ်၊ အနာဂါမိမဂ်ကျတော့ ကာမရာဂနဲ့ ဗျာပါဒ (ဒေါသ)ကိုပယ်တယ်။ အရဟတ္တမဂ်ကျတော့ ကျန်တဲ့ ရူပရာဂ၊ အရူပရာဂ စသည်၊ မာန၊ ဥဒ္ဓစ္စ စသည် အကုန်လုံးပယ်လိုက်တယ်၊ ဒါကြောင့်မို့ ရဟန္တာဖြစ်သွားရင်တော့ အကုန်လုံးရှင်းပြီး ပြောင်သွားပြီ။ သို့သော် အရင်ပြောဖူးတယ်ထင်တယ်၊ ရဟန္တာကတော့ ဝါသနာနှင့်တကွ မပယ်နိုင်ဘူးပေါ့၊ မြတ်စွာဘုရားကတော့ ဝါသနာနှင့်တကွ ပယ်နိုင်တယ်၊ အဲသလို ကွာသေးတယ်။

[စာမျက်နှာ-285]
ဝါသနာပယ်ပုံနှင့် အရိယာ ၈-ယောက်

မြတ်စွာဘုရားရဲ့ အရဟတ္တမဂ်နဲ့ ရိုးရိုးရဟန္တာရဲ့ အရဟတ္တမဂ်က အဲသလို ကွာတယ်၊ ရိုးရိုးပုဂ္ဂိုလ် ရဟန္တာဖြစ်တယ်ဆိုရင် ကိလေသာအကုန်လုံး ကင်းသွားတာ မှန်တယ်၊ မြတ်စွာဘုရားလည်း အရဟတ္တမဂ်ရတဲ့အခါ ကိလေသာ အကုန်လုံး ကင်းသွားတယ်၊ ဒါပေမယ်လို့ မြတ်စွာဘုရားကျတော့ ဝါသနာပါမကျန် ပယ်နိုင်တယ်။

ရဟန္တာတွေကျတော့ ဝါသနာလေးက ကျန်နေသေးတယ်၊ ပိလိန္ဒာဝစ္ဆမထေရ်ဟာ ဘဝငါးရာ ဇာတ်မြင့်တဲ့အမျိုးဖြစ်လာတော့ ဒီဘဝရဟန္တာဖြစ်ပေမယ့် လူတွေ့ရင် “ဟဲ-သူယုတ်၊ ဟဲ-သူယုတ်”နဲ့ ခေါ်လေ့ရှိတယ် ဆိုတာကိုး၊ ဇာတ်မြင့်တဲ့ သူက ဇာတ်နိမ့်တဲ့သူကို နှိမ်ခေါ်တာကိုး၊ မြန်မာလိုဆိုရင် “ဟိုကောင်၊ ဟိုကောင်”နဲ့ ခေါ်တာမျိုးနေမှာပေါ့လေ၊ အဲဒီအကျင့်ကိုမဖျောက်နိုင်ဘူး၊ ရဟန္တာဖြစ်ပေမယ့်လည်း ခေါ်နေတာပဲ။

ဒါပေမယ့် သူ့မှာ လောဘ ဒေါသ မောဟ ဘာမှရှိတော့တာ မဟုတ်ဘူး၊ ဒေါသနဲ့ ခေါ်နေတာလည်း မဟုတ်ဘူး၊ နှိမ်ချပြီး ခေါ်တာမဟုတ်ဘူး၊ အကျင့်ပါနေလို့ ခေါ်တာ။ မြတ်စွာဘုရားကျတော့ အဲဒါမျိုးတွေပါ အကုန်လုံး ပယ်နိုင်သွားတယ်၊ မြတ်စွာဘုရားရဲ့ အရဟတ္တမဂ်နဲ့ ရဟန္တာသာဝကတို့ရဲ့ အရဟတ္တမဂ်တို့ဟာ အဲသလိုကွာခြားချက်ရှိတယ်။ မြတ်စွာဘုရားကျတော့ အရဟတ္တမဂ်ဉာဏ်တော် ရပြီးတာနဲ့ တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်တော် (အလုံးစုံကိုသိနိုင်တဲ့ ဉာဏ်တော်) လည်းရတာပေါ့၊ သာဝကတွေကျတော့ သဗ္ဗညုတဉာဏ်တော်မရှိဘူးပေါ့။

ကောင်းပြီ၊ ရဟန္တာဖြစ်သွားပြီ၊ အဲဒီတော့ အရိယာပုဂ္ဂိုလ် ၄-မျိုးလို့လည်း ခေါ်တယ်၊ ၈-မျိုးလို့လည်းခေါ်တယ်၊ အရိယာပုဂ္ဂိုလ် ၈-ယောက်လို့ခေါ်တာ၊ သောတာပတ္တိမဂ္ဂဋ္ဌာန်၊ သောတာပတ္တိဖလဋ္ဌာန်၊ သကဒါဂါမိမဂ္ဂဋ္ဌာန်၊ သကဒါဂါမိဖလဋ္ဌာန်၊ အနာဂါမိမဂ္ဂဋ္ဌာန်၊ အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ ဒီပုဂ္ဂိုလ် ၈-ယောက်ကို အရိယာ ပုဂ္ဂိုလ်လို့ ခေါ်တယ်။

အရိယာပုဂ္ဂိုလ်ဖြစ်သွားရင် အဲဒီပုဂ္ဂိုလ် သန္တာန်မှာ လောကုတ္တရာစိတ်ထဲက ဘာစိတ်တွေဖြစ်သလဲဆိုတော့ မဂ်စိတ်တွေဖြစ်မယ်၊ ဖိုလ်စိတ်တွေဖြစ်မယ်၊ အသီးသီး ဖြစ်မယ်၊ သောတာပတ္တိမဂ်ရပြီးတဲ့ပုဂ္ဂိုလ်မှာ သောတာပတ္တိဖိုလ်စိတ်တွေ ဖြစ်တယ်။ သကဒါဂါမိမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်မှာ သကဒါဂါမိဖိုလ်စိတ်တွေဖြစ်မယ်၊ အနာဂါမိမဂ်ရပြီးတဲ့ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်စိတ်တွေ ဖြစ်မယ်၊ အရဟတ္တမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်မှာ—

[စာမျက်နှာ-286]
ဖလသမာပတ် ဝင်စားခြင်း

အရဟတ္တဖိုလ်စိတ်တွေဖြစ်မယ်။ ကောင်းပြီ၊ အဲဒီတော့ အရိယာဖြစ်သွားပြီးတဲ့နောက် ဖလသမာပတ်ဆိုတာ ရှိတယ်၊ ဖိုလ်ဝင်စားတယ်ပေါ့။ ကိုယ့်ကိုကိုယ် သောတာပန်ဖြစ်တယ်လို့ ထင်တဲ့သူဟာ သောတာပတ္တိဖိုလ်ပြန်ဖြစ်အောင် အားထုတ်စမ်းကြည့်လို့ရတယ်၊ သောတာပတ္တိဖိုလ်စိတ်တွေချည်း အကြာကြီးဖြစ်နေသလား၊ ကိုယ့်မှာ လုပ်နိုင်သလား၊ စာစကားနဲ့ပြောရင် ဖလသမာပတ် ဝင်စားနိုင်သလားပေါ့လေ၊ ဖလသမာပတ် ဝင်စားနိုင်ရင် သူဟာ ဧကန် သောတာပတ္တိမဂ်ရတယ်လို့ ဆိုရတော့မယ်။

အဲသလို ဖလသမာပတ် ဝင်စားတာက ဘာလဲဆိုတော့ မျက်မှောက်ဘဝမှာ ချမ်းသာကို ခံစားချင်လို့တဲ့၊ အဲဒီတော့ အရိယာတွေ ခံစားချင်တဲ့ ချမ်းသာက ကိလေသာ ငြိမ်းအေးတဲ့ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ခံစားချင်တာပေါ့။

လောကီချမ်းသာခံစားချင်ရင်တော့ လောကီချမ်းသာအတိုင်းသွားရမှာ အခုဟာက လောကုတ္တရာချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ခံစားချင်တဲ့ အတွက်ကြောင့် အရိယာပုဂ္ဂိုလ်တွေဟာ ဖလသမာပတ်ကိုဝင်စားတယ်တဲ့၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် သူတို့က relaxation လုပ်တာပေါ့။ ဒုက္ခတွေထဲက ဒုက္ခနည်းနိုင်သမျှ နည်းသွားအောင်လုပ်တာ။ အရိယာဖြစ်ရင်ပဲ ဒုက္ခတော်တော်နည်းသွားပါပြီ၊ ဒါတောင်မှ အဲဒီထဲက ထပ်ပြီး ဒီထက်ကောင်းတဲ့ချမ်းသာ လိုချင်တော့ ဖလသမာပတ်ဝင်စားတယ်။

ဖလသမာပတ်ဝင်စားတဲ့အခါ ဘာလုပ်ရသလဲဆိုတော့ ဝိပဿနာ ပြန်ရှာရ တာပေါ့၊ ဝိပဿနာပြန်ရှုပြီး ဉာဏ်ရင့်ကျက်လာတဲ့အခါကျတော့မှ ဖိုလ်စိတ်တွေ အကြာကြီး ဖြစ်နေတာကို ဖလသမာပတ် ဝင်စားလို့ ခေါ်တယ်၊ ဝီထိပိုင်းတုန်းက ဖလသမာပတ်ဝီထိဆိုတာ ပြောခဲ့ပြီ။

အဲဒီတော့ သောတာပတ္တိမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ဆိုပါတော့၊ သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ သောတာပတ္တိဖလသမာပတ်ကို ဝင်စားနိုင်တယ်၊ သောတာပတ္တိဖိုလ်စိတ်တွေချည်း အကြိမ်များစွာဖြစ်နေတော့ အကြိမ်ပေါင်း ဘယ်လောက်ဖြစ်တယ် ဆိုတာ မပြောနိုင်ဘူး၊ လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းဖြစ်နိုင် ပျက်နိုင်တယ် ဆိုတော့ တစ်နာရီဆိုရင် ဖိုလ်စိတ်တွေ အကြိမ်ပေါင်း မရေတွက်နိုင်ဘူး၊ ဘဝင်အလျင်ကြီးများ သွားနေသလို အဲဒီအခါမှာ ဘဝင်မခြားဘဲနဲ့ ဖိုလ်စိတ်ချည်း တစ်ခါတည်း တန်းသွားနေတာ။ ကိုယ်ရည်မှန်းသလောက် ၁-နာရီကြာပါစေဆိုရင် ၁-နာရီကြာမယ်၊ ၂—

[စာမျက်နှာ-287]
နိရောဓသမာပတ် ဝင်စားခြင်း

နာရီ ကြာပါစေဆိုရင် ၂-နာရီ ကြာမယ်ပေါ့။ သကဒါဂါမ်ဖြစ်ပြီးရင်လည်း သကဒါဂါမိဖလသမာပတ္တိ၊ အနာဂါမ်ဖြစ်ပြီးရင်လည်း အနာဂါမိဖလသမာပတ္တိ၊ ရဟန္တာဖြစ်ပြီးရင်လည်း အရဟတ္တဖလသမာပတ္တိ ဒီလို နားလည်ရမယ်။ ဖလသမာပတ်ဆိုတာ အရိယာ ၄-ယောက်နဲ့ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ) တို့နဲ့သက်ဆိုင်တယ်၊ ဆိုလိုတာကတော့ ကိုယ်ဆိုင်ရာ ဖလသမာပတ်ကို ဝင်စားနိုင်တယ်ပေါ့။

ဒါပေမယ်လို့ ဒီထက်အဆင့်အတန်းမြင့်တဲ့ ချမ်းသာရှိသေးတယ်၊ ဖလသမာပတ်ချမ်းသာဆိုတာ တကယ်ချမ်းသာပြီနော်၊ နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ နေရတဲ့ အချိန်ဟာ ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကိုယ့်အနေနဲ့ ဘာခံစားမှုမျိုးမှ မရှိဘဲနဲ့ အေးအေးလေးနေရတဲ့ ချမ်းသာဆိုတာ စဉ်းစားကြည့်၊ တစ်ခါတလေ အေးအေးလေးနေရတာ ချမ်းသာတယ်၊ မြို့ထဲသွားပြီး လျှောက်လည်စားသောက်တာကို ချမ်းသာတယ်လို့ မထင်ဘူး။ အဲသလို အေးငြိမ်းတဲ့အခါလေးမှာဖြစ်တဲ့ ချမ်းသာမျိုးကို စဉ်းစားကြည့်ရင် နိဗ္ဗာန်ချမ်းသာကို မှန်းဆကြည့်ပေါ့၊ အဲဒီထက်အများကြီး ချမ်းသာတယ်။

ဘာကြောင့်တုန်းဆိုရင် အဲဒီကျရင် သင်္ခါရကို အာရုံပြုတော့တာ မဟုတ်ဘူး၊ အခု ရိုးရိုးကျတော့ စိတ်က သင်္ခါရကို အာရုံပြုနေသေးတာကိုး၊ အဲဒီဖလသမာပတ် အချိန်ကျတော့ သင်္ခါရကို အာရုံပြုတာ မဟုတ်ဘူး၊ တကယ့် အငြိမ်းဓာတ်ကြီးကို အာရုံပြုနေတာ။ ဒါပေမယ်လို့ အဲသလို အငြိမ်းဓာတ် အာရုံပြုနေတော့ ဒီစိတ်တွေက ဖြစ်ပျက် ရှိသေးတာပဲ၊ ဖိုလ်စိတ်တွေကလည်း ဖြစ်လိုက်ချုပ်လိုက်၊ နောက်တစ်ခု ထပ်ဖြစ်လိုက်၊ ထပ်ချုပ်လိုက်၊ အဲသလိုမဟုတ်လား၊ နာမ်တရားတွေရဲ့ အဖြစ်အပျက်ရှိသေးတာ ဆိုတော့ ဖြစ်တာပျက်တာ ရှိနေရင် ဆင်းရဲဒုက္ခ သဘောတရားပဲ ဆိုတော့ ဒုက္ခနည်းနည်း လေးတော့ ရှိသေးတယ်ပေါ့။

ဒါကိုထပ်ပြီး နည်းနည်း cut လုပ် ချင်သေးတယ်၊ အဲဒီဆင်းရဲဒုက္ခကို ပယ်နိုင်သမျှ ထပ်ပယ်ချင်သေးရင် ဘာလုပ်မလဲ၊ နိရောဓသမာပတ္တိဆိုတာ ရှိပြန်တယ်။ နိရောဓသမာပတ်ဟာ ဝီထိပိုင်းတုန်းက ပါခဲ့ပြီးပြီ။ နိရောဓသမာပတ်ကျတော့ အနာဂါမ်နဲ့ ရဟန္တာမှသာ ဝင်စားနိုင်တယ်။ သောတာပန်နဲ့ သကဒါဂါမ် မဝင်စားနိုင်ဘူး၊ ဘာကြောင့်တုန်းဆိုတော့ အနာဂါမ်နဲ့—

[စာမျက်နှာ-288]
နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စများ

ရဟန္တာကမှ ကာမရာဂကိုပယ်ပြီးသားဆိုတော့ သမာဓိအားကောင်းတယ်။ သမာဓိအားကောင်းတဲ့ ပုဂ္ဂိုလ်မှသာ နိရောဓသမာပတ်ကို ဝင်စားနိုင်တာ ဖြစ်တဲ့ အတွက်ကြောင့်မို့ သောတာပန်၊ သကဒါဂါမ် မရဘူး။ အနာဂါမ်၊ ရဟန္တာတောင်မှ ဈာန်မရရင် နိရောဓသမာပတ် မဝင်စားနိုင်ဘူး၊ ဈာန်ကလည်း ရူပဈာန် ၅-ပါး၊ အရူပဈာန် ၄-ပါး အားလုံးရထားမှ၊ ဈာန် ၉-ပါးလုံး ရပြီးသား အနာဂါမ်၊ ရဟန္တာမှသာ နိရောဓသမာပတ်ကို ဝင်စားနိုင်တယ်။

နိရောဓသမာပတ်ဆိုတာဘာလဲ မှတ်မိလား၊ နိရောဓဆိုတာ ချုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ နိရောဓသမာပတ် ဝင်စားတဲ့ အချိန်မှာ ဘာတွေချုပ်နေတာလဲ။ စိတ်ရယ်၊ စေတသိက်ရယ်၊ စိတ္တဇရုပ်ရယ် ချုပ်နေတာ၊ အဲဒီတော့ ဘာရုပ်တွေ ကျန်မလဲ၊ ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်၊ အဲဒါကျန်တယ်၊ စိတ်မရှိဘူး၊ စေတသိက်မရှိဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်မရှိဘူးဆိုတော့ ဒုက္ခနည်းနည်းတော့ နည်းသွားတာပေါ့၊ စိတ်အဖြစ်အပျက် မရှိတော့ဘဲကိုး၊ ရုပ်လည်းပဲ အဖြစ်အပျက်တွေ စိတ္တဇရုပ် အဖြစ်အပျက်တွေမရှိတော့ ဖလသမာပတ်ထက် သူက ပိုပြီး ချမ်းသာတယ်။

နိရောဓသမာပတ် ဝင်စားဖို့ကျတော့ ပထမဆုံး ဘာလုပ်ရသလဲ၊ ဦးစွာ ရူပပထမဈာန်ကို ဝင်စားရတယ်၊ အဲဒီဈာန်ကထပြီးတော့ (ထတယ်ဆိုတာ လူထတာ မဟုတ်ဘူး၊ ဈာန်ဝီထိပြီးတော့ ကာမာဝစရဝီထိပြန်ဖြစ်တာ) အဲဒီဈာန်ထဲမှာပါတဲ့ စိတ်စေတသိက်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုရတယ်၊ ဝိပဿနာရှုရတယ်၊ ပြီးရင် ဒုတိယဈာန်ဝင်စား၊ ဒုတိယဈာန်ထဲပါတဲ့ စိတ်စေတသိက်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တရှု၊ တတိယဈာန်ဆက်သွား၊ စတုတ္ထဈာန်ဆက်သွား၊ ပဉ္စမဈာန် သွား၊ ပြီးရင် အရူပဈာန် (အာကာသာနဉ္စယတနဈာန်) ဒီအတိုင်းပဲသွား၊ ဝိညာဏဉ္စယတနဈာန်သွား၊ ပြီးရင် အာကိဉ္စညာယတနဈာန်ကို ဝင်စားရမယ်။

အဲဒီ အာကိဉ္စညာယတနဈာန်ဝင်စားပြီး ထတဲ့အခါကျတော့ ဝိပဿနာ မရှုတော့ဘဲနဲ့ ပုဗ္ဗကိစ္စ ၄-ပါးဆိုတာ လုပ်ရတယ်၊ ပုဗ္ဗကိစ္စ ၄-ပါးဟာ မဝင်စားခင်မှာ လုပ်ရတာ။ အဲဒီ ပုဗ္ဗကိစ္စ ၄-ပါးက ဘာလဲဆိုတော့ ပထမတစ်ခုက သူပိုင်ပစ္စည်းတွေ မပျက်ပါစေနဲ့လို့ ဓိဋ္ဌာန်ရတယ် (နာနာဗဒ္ဓအဝိကပ္ပန)၊ ဘုန်းကြီးပေမယ့် သပိတ်လေးဘာလေးရှိသေးတယ်။ ကိုယ်နဲ့တူတူဖြစ်နေတဲ့ဟာကတော့ သမာပတ်အစွမ်းကြောင့် မပျက်စီးနိုင်ဘူး၊ မီးရှို့လည်းမလောင်ဘူး၊ ဘာမှ ကိစ္စမရှိဘူး။ သို့သော် သူပိုင်ပြီးတော့ သူနဲ့အတူတူမရှိတဲ့ပစ္စည်းပေါ့၊ သူကတစ်နေရာမှာ—

[စာမျက်နှာ-289]
ကျေးဇူးတင်လွှာ

ဤစာအုပ် ထုတ်ဝေနိုင်ရေးအတွက် တိတ်ခွေမှ စာသားအဆင့်သို့ ရောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြသော အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Fremont မြို့၊ မြန်မာကျောင်း ပဓာန နာယကနှင့်၊ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ထားဝယ်ငါးကျမ်းပြန် သာသနာ့ရိပ်သာဆရာတော် အရှင်ဓမ္မပီယ (M.A Ph.D.)။

စာမူအဆင့်တွင် အမှားကင်းစင်အောင် ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးသော ဒေါက်တာအရှင်ဥတ္တရဉာဏ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဌာနမှူး၊ ပဋိပတ္တိမဟာဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်) နှင့် အဘိဓမ္မာသင်တန်းကို အစမှအဆုံးတိုင် ကြည်ညိုသဒ္ဓါစိတ်ဖြင့် တက်ရောက်ကြသော အမေရိကန်နိုင်ငံရောက် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် သူတော်စင် ဒါယကာ ဒါယိကာမတို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သီရိ
စီစဉ်သူ

[စာမျက်နှာ-290]
နိရောဓသမာပတ် အကျိုးသွား

ရက်နေရင် သေမယ်ဆိုတာ သိရင် ၅ ရက်ပဲ သမာပတ်ဝင်စားလို့ ဒီလိုဆိုလိုတယ်။ ဒီလို ပုဗ္ဗကိစ္စ ၄-မျိုးကို လုပ်ရတယ်။ အဲဒီပုဗ္ဗကိစ္စ ၄-မျိုးကို လုပ်ပြီးတဲ့နောက် အထက်ဆုံး နေဝသညာနာသညာယတနဈာန်ဝင်စားလိုက်တဲ့အခါမှာ ဈာန် ၂-ခါ ဖြစ်ပြီးတော့ ပြတ်သွားတယ်၊ စိတ်၊ စေတသိက်တွေ ပြတ်သွားတယ်။

အခြေခံဖြစ်တဲ့ဈာန်တွေ ဝင်စားလာတာက ဈာန်ဝင်စားချင်လို့ ဝင်စားတာ မဟုတ်ဘူး၊ နိရောဓသမာပတ် အရောက်ချီတက်နေတာ၊ ဒီလိုမလုပ်လို့ မရလို့ လုပ်နေတာဆိုတော့ သူ့ရဲ့ ပဓာန ရည်ရွယ်ချက်က နိရောဓသမာပတ်ရောက်ဖို့ပဲ။ သို့မဟုတ် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်ချုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ ကျင့်နေတာဖြစ်တော့ နေဝသညာနာသညာယတနဈာန်ဝင်စားလိုက်တဲ့အခါမှာ ကြာရှည်မလိုတော့ဘူး။

ဘာကြောင့်လဲဆိုတော့ နေဝသညာနာသညာယတနဈာန်ဝင်စားဖို့က ပဓာန မဟုတ်ဘူး၊ စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ချုပ်ဖို့က ပဓာနဆိုတော့ အဲဒီမှာ နေဝသညာနာသညာယတနဈာန် ၂-ချက်ပဲ ဖြစ်ပြီးတော့ ပြတ်သွားတယ်။ ပြတ်သွားတာမှ စိတ်ရော၊ စေတသိက်ရော၊ စိတ္တဇရုပ်ရော ချုပ်တာဆိုတော့ အရုပ်ကြီးလို နေတော့မှာပေါ့၊ ၇-ရက်စေ့တဲ့အခါကျမှ အနာဂါမ်ဖြစ်ရင်လည်း အနာဂါမိဖိုလ် ၁-ကြိမ်၊ ရဟန္တာဖြစ်ရင်လည်း အရဟတ္တဖိုလ် ၁-ကြိမ် ဖြစ်ပြီးတော့မှ ပစ္စဝေက္ခဏာ ဆင်ခြင်တဲ့ဝီထိတွေဖြစ်တယ်၊ အဲဒါကို နိရောဓသမာပတ်လို့ ခေါ်တယ်။

နိရောဓသမာပတ် ဝင်စားတဲ့အခါမှာ လူ့ပြည်အနေနဲ့ ပြောရင် ၇-ရက် maximum ပေါ့လေ၊ ရှေးအယူအဆကတော့ အစာကို တစ်ခါစားထားရင် ၇ ရက် ခံနိုင်တယ်ပေါ့၊ ၇-ရက်ပဲ ခန္ဓာကိုယ်ကို maintain လုပ်ထားနိုင်တယ်။ အဲဒါကြောင့်ပဲ လူ့ပြည်မှာ နိရောဓသမာပတ် ဝင်စားရင် ၇-ရက်ပဲ၊ နတ်ပြည် ဗြဟ္မာပြည်တို့မှာတော့ အပိုင်းအခြားမရှိဘူး။ အဲဒီ နိရောဓသမာပတ်ထက် ကောင်းတဲ့ချမ်းသာကတော့ ပရိနိဗ္ဗာန်ပြုမှပဲ ရတော့မယ်၊ ဖြစ်တော့မယ်။

ဘာကြောင့်လဲဆိုတော့ နိရောဓသမာပတ် ဝင်စားတဲ့အခါမှာ စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ချုပ်ပေမယ်လို့ တခြားကျန်တာတွေ ရှိသေးတာပဲ၊ ခန္ဓာကိုယ်ကြီးလည်း ရှိသေးတာပဲ၊ အဲဒီခန္ဓာကိုယ်ပါ အကုန်လုံး ချုပ်ငြိမ်းသွားအောင်ကတော့ ရဟန္တာ—

[စာမျက်နှာ-291] ဖြစ် ပရိနိဗ္ဗာန်ပြုမှပဲ၊ အဲဒီချမ်းသာကတော့ အလွန်ဆုံးပေါ့။
အဲဒီအောက် အချမ်းသာဆုံးကတော့ နိရောဓသမာပတ်ပဲ၊ နိရောဓသမာပတ်အောက် ချမ်းသာတာက ဖလသမာပတ်၊ အဲဒီအောက် ချမ်းသာတာက ဈာန်ချမ်းသာပေါ့လေ။
အဲဒီလိုနဲ့ ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်ပြီး မဂ်အဆင့်ဆင့်တက်ပြီးတော့ ရဟန္တာဖြစ်အောင် ဖြစ်နိုင်တယ်၊ ဒီလမ်းစဉ်ကို မြတ်စွာဘုရားကိုယ်တိုင် လိုက်နာကျင့်သုံးခဲ့တယ်၊ ဘုရားအဖြစ်ကို ရောက်တယ်၊ ၄၅ ဝါပတ်လုံး ဒီလမ်းစဉ်ကိုပဲ သတ္တဝါတွေ ဟောပြခဲ့တယ်။
အဲသလိုဟောပြတဲ့အတိုင်း လိုက်နာကျင့်သုံးခဲ့ကြတဲ့အတွက်ကြောင့်မို့ မရေမတွက်နိုင်သော သတ္တဝါတွေက ကိလေသာကင်းတဲ့ အဖြစ်ရောက်ကုန်ကြတယ်။ ရဟန္တာအဖြစ်ရောက်ကုန်ကြတယ်။
ယခုတိုင်အောင်လည်း မြတ်စွာဘုရားဟောတော်မူတဲ့ တရားကို လိုက်နာကျင့်ကြံပြီးတော့ ထိုက်သည့်အားလျော်စွာ ပါရမီအားလျော်စွာ အသိဉာဏ်အမျိုးမျိုး ဖြစ်ကြတာတွေရှိတယ်။

ကောင်းပြီ ဘာတွေလိုနေသေးလဲဆိုတော့ ဝိမောက္ခတို့ အနုပဿနာတို့ဆိုတာ ပါနေသေးတယ်၊ သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး။
ဝိမောက္ခဆိုတာ မဂ်ဖိုလ်၊ ဝိမောက္ခဆိုတာ လွတ်မြောက်ခြင်းလို့ ဆိုလိုတာပေါ့။ ကိလေသာမှ လွတ်မြောက်တယ်၊ သံသရာမှ လွတ်မြောက်တယ်။
အဲဒီဝိမောက္ခသို့ရောက်ကြောင်းဖြစ်တဲ့ ဝိပဿနာကိုတော့ ဝိမောက္ခမုခ၊ မုခဆိုတာ အဦးအဝဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ မဂ်ကို ဝိမောက္ခခေါ်တယ်၊ ဖိုလ်ကို ဝိမောက္ခခေါ်တယ်၊ အဲဒီမဂ်သို့ရောက်ကြောင်းဖြစ်တဲ့ အကျင့်ဝိပဿနာကို ဝိမောက္ခမုခ လို့ ခေါ်တယ်။

အဲဒီလို ဝိပဿနာကို အားထုတ်တဲ့အခါမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ၃ မျိုးလုံးကိုပဲ ထိုက်သည့်အားလျော်စွာ ရှုသွားတာတော့မှန်တယ်၊ ဒါပေမယ်လို့ အနိစ္စကို ရှုနေရင် ဒုက္ခကို မရှုနိုင်ဘူး၊ ဒုက္ခကို ရှုနေရင် အနတ္တကို မရှုနိုင်ဘူး၊ တစ်ခုပဲ ရှုရမယ်၊ ၁ ကြိမ်မှာ ၁ ခါပဲရှုနိုင်တယ်၊ အနိစ္စ အပြစ်မြင်လိုက်၊ ဒုက္ခအပြစ်မြင်လိုက်၊ အနတ္တအပြစ်မြင်လိုက်နဲ့ သွားမှာပေါ့။

အဲသလို သွားရာကနေပြီး ဝုဋ္ဌာနဂါမိနီ ဝိပဿနာဆိုတဲ့ နောက်ဆုံးမဂ်လှမ်းခါနီး ဝိပဿနာကျတော့ တစ်ခုခုပဲ ဖြစ်မယ်၊ အနိစ္စ သုံးသပ်တဲ့ ဝိပဿနာရင်လည်း

[စာမျက်နှာ-292] ဖြစ်မယ်၊ ဒုက္ခသုံးသပ်တဲ့ ဝိပဿနာရင်လည်းဖြစ်မယ်၊ အနတ္တသုံးသပ်တဲ့ ဝိပဿနာရင်လည်း ဖြစ်မယ်၊ ၃ ခုစလုံး သုံးသပ်တဲ့ ဝိပဿနာမဖြစ်နိုင်ဘူး။
အဲဒီမတိုင်ခင်ကတော့ အနိစ္စသုံးသပ်လိုက်၊ ဒုက္ခ သုံးသပ်လိုက်၊ အနတ္တသုံးသပ်လိုက်သွားလိမ့်မယ်၊ ဒါပေမယ့် ဝုဋ္ဌာနဂါမိနီဝိသေသ အခိုက်ကျတော့ တစ်ခုပဲ။

အဲဒါကြောင့်မို့ ဝုဋ္ဌာနဂါမိနီ ဝိပဿနာဟာ အနိစ္စလို့ရှုတဲ့ ဝိပဿနာဖြစ်ခဲ့ရင် မဂ်ကို ဘာမဂ်လို့ခေါ်သလဲ၊ ဒုက္ခလို့ရှုရင် မဂ်ကိုဘာမဂ်လို့ ခေါ်သလဲ၊ အနတ္တလို့ရှုရင် မဂ်ကို ဘာမဂ်လို့ ခေါ်သလဲ၊ ဒါပါပဲ၊ ဒါကတော့ သိပ်အရေးကြီးတာတော့မဟုတ်ဘူး။
အဲဒီတော့ ဝုဋ္ဌာနဂါမိနီ ဝိပဿနာက ခန္ဓာငါးပါးကို အနတ္တလို့ ရှုရင် မဂ်ကို သုညတမဂ်၊ သုညတဝိမောက္ခလို့ခေါ်တယ်၊ အတ္တမှ ကင်းဆိတ်တယ်ဆိုတဲ့ သုညသဘောကိုရှုတဲ့ အတွက်ကြောင့်မို့ခေါ်တာ၊ အဲဒီတော့ ဝိပဿနာကို အကြောင်းပြုပြီး မဂ်က နာမည်ရတယ်။

သို့မဟုတ် ဝိပဿနာက နိစ္စနိမိတ် စသည်မရှိတာကို ရှုမယ်ဆိုရင် (ရှင်းရှင်းပြောရရင် အနိစ္စ သဘောကိုရှုမယ်ဆိုရင်) မဂ်က အနိမိတ္တဝိမောက္ခလို့ ခေါ်တယ်။ နိစ္စနိမိတ်၊ နိစ္စအမှတ်အသားစသည်မရှိဘူးပေါ့လေ။
သို့မဟုတ်လို့ (ဒုက္ခဝိပဿနာပေါ့) သင်္ခါရတရားတွေကို ဆင်းရဲတယ်ဆိုတာ ရှုသွားရင် အဲဒီကနေရတဲ့မဂ်ကို အပ္ပဏီဟိတမဂ်၊ အပ္ပဏီဟိတဝိမောက္ခလို့ခေါ်တယ်။

ဒါတွေက နားမလည်လည်း သိပ်အရေးမကြီးပါဘူး၊ အဲဒီတော့ မဂ်ကို နာမည်ပေးတဲ့အခါမှာ သုညတမဂ်၊ အနိမိတ္တမဂ်၊ အပ္ပဏီဟိတမဂ်လို့ခေါ်လို့ရတယ်ပေါ့လေ၊ အဲဒီမဂ်နာမည်ရတာဟာ ဝိပဿနာကို အကြောင်းပြုပြီးရတာ၊ ဝိပဿနာကလည်း ကပ်နေတဲ့ ဝိပဿနာ၊
ကပ်နေတဲ့ ဝိပဿနာက အနိစ္စလို့ရှုရင် အနိမိတ္တမဂ်၊ ကပ်နေတဲ့ ဝိပဿနာက ဒုက္ခလို့ရှုရင် အပ္ပဏီဟိတ၊ ကပ်နေတဲ့ ဝိပဿနာ အနတ္တလို့ရှုရင် သုညတမဂ်၊
အဲဒီပထမတစ်ကြိမ်ရတဲ့မဂ် နောင်ကပ်နေတဲ့ ဖိုလ်လည်းမဂ်ရတဲ့အတိုင်းပဲ ရတယ်၊ အဲဒီတော့ သုညတဖိုလ်၊ သုညတဝိမောက္ခ၊ အနိမိတ္တဝိမောက္ခ၊ အပ္ပဏီဟိတဝိမောက္ခ လို့ရတယ်။

ကောင်းပြီ၊ ဖလသမာပတ် ဝင်စားတဲ့အခါကျတော့ ဖိုလ်နာမည်ပေးချင်ရင် အဲဒီကျတော့ နဂိုရခဲ့တဲ့ မဂ်က ဘာပဲဖြစ်နေနေ၊ နဂိုရခဲ့တဲ့ဖိုလ်က ဘာပဲဖြစ်နေနေ၊ ဖလသမာပတ် ရောက်ခါနီးမှာ ရှုတဲ့ဝိပဿနာအတိုင်းပဲ သူက နာမည်ရတယ်။
ဆိုပါတော့သူရထားတာက အနိစ္စလို့ရှုပြီးတော့ မဂ်ရထားတယ်၊ အနိစ္စလို့ရှုပြီး

[စာမျက်နှာ-293] မဂ်ရထားရင် အနိမိတ္တမဂ်၊ အနိမိတ္တဖိုလ် မဖြစ်ပေဘူးလား။
ကောင်းပြီ နောင်ခါဖလသမာပတ်ဝင်စားခါနီးမှာ သုံးသပ်လိုက်တဲ့ အခါကျတော့ ဒုက္ခလို့သုံးသပ်ပြီးတော့ ဖလသမာပတ်ထဲရောက်သွားတယ် ဆိုပါတော့၊ အဲဒီအခါကျတော့ ဒုက္ခလို့ သုံးသပ်တဲ့အတွက်ကြောင့်မို့ အဲဒီဖလသမာပတ်မှာရှိတဲ့ ဖိုလ်က မူလနာမည်မဟုတ်ဘဲနဲ့ အပ္ပဏီဟိတဆိုတဲ့ နာမည်ရလိမ့်မယ်၊ အဲဒီတော့ ကပ်လျက် ဝိပဿနာကိုလိုက်ပြီး ဖလသမာပတ်မှာရှိတဲ့ ဖိုလ်ကနာမည်ရတယ်။

အဲဒီတော့ မူလဖိုလ်က အနိမိတ္တဖိုလ်ဖြစ်ပေမယ်လို့ နောင်ခါဝင်စားတဲ့ ဖိုလ်ကျတော့ သုညတဖိုလ်လည်းဖြစ်ချင်ဖြစ်မယ်၊ အနိမိတ္တဖိုလ်လည်း ဖြစ်ချင်ဖြစ်မယ်၊ အပ္ပဏီဟိတဖိုလ်လည်း ဖြစ်ချင်ဖြစ်မယ်။
ဒါတွေကတော့ မှတ်ရတာ ရှုပ်တာပဲရှိတာပါ၊ သိပ်တော့ မထူးပါဘူး၊ အနိစ္စလို့ရှုရင် ဘာဖြစ်တယ်၊ ဒုက္ခလို့ရှုရင် ဘာဖြစ်တယ်၊ အနတ္တလို့ရှုရင်ဘာဖြစ်တယ်၊ နောက်ပြီးတော့ သဒ္ဓါတရားသန်တဲ့သူက အနိစ္စရှုတယ်၊ သမာဓိပြင်းတဲ့သူက ဒုက္ခရှုတယ်၊ ပညာထက်တဲ့သူက အနတ္တရှုတယ် စသည်ဖြင့်ရှိသေးတယ်၊ ဒါတွေကို နောင်စာအုပ်တွေ ဖတ်တဲ့အခါ သိလိမ့်မယ်။

ကောင်းပြီ၊ ဒါနဲ့ပဲ နိဂုံးချုပ်ကြစို့။
ကမ္မဋ္ဌာန်းပိုင်းမှာ သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းလို့ ၂ မျိုးရှိတယ်။ သမထကမ္မဋ္ဌာန်း ၄၀ ရှိတယ်၊ ဝိပဿနာကမ္မဋ္ဌာန်းကတော့တစ်ခုပဲပေါ့၊ ဒီတစ်ခုကပဲ ရုပ် နာမ် သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ရှု၊ အဲသလို ရှုရင်းကနေ ဝိပဿနာဉာဏ်အဆင့်အတန်းတက်ပြီးတော့ မဂ်ဖိုလ်ရပြီး အရိယာပုဂ္ဂိုလ်အဖြစ်သို့ရောက်။

ကောင်းပြီ၊ အဘိဓမ္မာကိုတော်တော်လေး နားလည်ပြီလို့ ဆိုရမှာပေါ့လေ။ အဲဒီတော့ နိဂုံးချုပ်ရာမှာ မိမိတို့အနေနဲ့ ပြန်စဉ်းစားကြည့်စမ်း။
အဘိဓမ္မာမလေ့လာခင်က အသိနဲ့ အဘိဓမ္မာလေ့လာပြီးမှ အသိနဲ့ ဘယ်လိုနေသလဲ၊ ကွာခြားမှုရှိရဲ့လား မရှိဘူးလား၊ ရှိတာပေါ့၊ စကားသုံးတာတွေကို ပိုပြီး နားလည်လာတယ် မဟုတ်ဘူးလား။
ဆိုပါတော့ စေတနာ၊ စေတနာနဲ့ ပြောနေတယ်၊ မြန်မာစကားမှာတော့ စေတနာဆိုတာ ကောင်းတာကို စေတနာခေါ်တာ၊ မင်းကို ငါစေတနာနဲ့ ပြောတယ် ဆိုတာ ကောင်းတဲ့စေတနာနဲ့ ပြောတယ်လို့ဆိုတာ။ တကယ်ကတော့ စေတနာဆိုတာဘာလဲ၊ စေ့ဆော်ခြင်း သဘောတရား၊

[စာမျက်နှာ-294] နားလည်လာပြီ။
ကောင်းတာလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်၊ ဒါတွေနားလည်လာပြီနော်။
ပြီးတော့ ဘုန်းကြီးရေစက်ချတဲ့အခါကျတော့ အာသဝေါတရားလေးပါးတို့၏ ကင်းရာကုန်ရာ နိဗ္ဗာန်သို့လို့ ရွတ်ကြတာ ကြားဖူးတယ် မဟုတ်လား၊ အာသဝေါတရားဆိုတာ အခုနားလည်ပြီ ဆိုပါတော့၊ မမှတ်မိရင်တောင် ပြန်ကြည့်ရင်သိတယ်။
ဘုန်းကြီးတွေ တရားဟောတဲ့အခါ ဥပါဒါနက္ခန္ဓာ ဒီလိုသုံးတာတွေရှိတယ်။ သမုဒယ၊ တဏှာလောဘဆိုတဲ့ စကားတွေကို အခု နားလည်လာပြီ မဟုတ်လား။

အရင်ကတော့ ကိုယ်ကနားလည်တယ်ထင်တာ၊ တကယ်တော့ နားမလည်ဘူး၊ မြန်မာစကားဆိုပြီး နားလည်သလို ထင်တာပဲရှိတယ်၊ အခုတော့ အဲဒါတွေကို တိတိကျကျ နားလည်လာပြီ။ ငါစိတ်မကောင်းဘူးကွာ စိတ်ဆိုးတယ်လို့ ပြောလေ့ရှိကြတယ်၊ အမှန်ကတော့ အဲဒီစိတ်ဆိုတာဟာ စိတ်ရော၊ စေတသိက်ရော နှစ်ခုလုံးကိုပေါင်းပြီး ပြောနေတာ၊ စိတ်ချည်းသက်သက်ဆိုးလို့ မရဘူး၊ စေတသိက်ဆိုးတွေနဲ့ တွေ့တဲ့အခါ စိတ်ကို ဆိုးတယ် ခေါ်ရတာ။

အဲသလို အသိဉာဏ်ဟာ အဘိဓမ္မာကို နားလည်လာတဲ့အတွက်ကြောင့် အရင်ကနဲ့ မတူတော့ဘူး ဖြစ်လာတယ် မဟုတ်လား၊ ပြီးတော့ practical side ကိုကြည့်မယ်ဆိုရင် ဘယ်ဟာကကုသိုလ်၊ ဘယ်ဟာက အကုသိုလ်ဆိုတာ နားလည်ပြီး သိနေပြီ၊ သိနေတဲ့အတွက်ကြောင့် အကုသိုလ်ဆိုတာက မကောင်းတဲ့ အကျိုးပေးတတ်တယ်၊ ကုသိုလ်ဆိုတာက ကောင်းတဲ့အကျိုးပေးတတ်တယ်၊ အဲဒီတော့ ကောင်းတဲ့အကျိုးကို လိုချင်ရင် ကုသိုလ်ကို ပွားများအားထုတ်ရမယ်၊ မကောင်းတဲ့ အကျိုးကို မလိုချင်ရင် အကုသိုလ်ကို ရှောင်ရမယ်၊ ဒါတွေ သိလာတယ်။

သိတဲ့နေရာမှာ ရိုးရိုးသိတာမဟုတ်ဘဲနဲ့ တကယ့်ကို တိတိကျကျ သိတာ၊ ဘယ်လိုဟာမျိုး အကုသိုလ်ဖြစ်တယ်၊ ဘယ်လိုဟာမျိုး ကုသိုလ်ဖြစ်တယ်လို့လည်း ခွဲခြားသိလာတယ်၊ ဒါတွေဟာ အဘိဓမ္မာနားလည်တဲ့ အကျိုးတွေပေါ့၊ လက်တွေ့ ကျင့်သုံးရာမှာ ရနိုင်တဲ့ အကျိုးတွေ။
ပြီးတော့ ကောင်းမှုကုသိုလ် တစ်ခုပြုတဲ့ နေရာမှာ တိဟိတ်ဥက္ကဋ္ဌကုသိုလ် ဖြစ်အောင် လုပ်တတ်လာပြီ မဟုတ်လား၊ အဘိဓမ္မာ နားမလည်သေးတဲ့ သူဆိုရင် လုပ်ချင်မှ လုပ်တတ်မယ်၊ ဘုန်းကြီးက သင်ပေးလို့ လုပ်ချင်လည်း လုပ်တတ်သွားမယ်ပေါ့လေ၊ သူတို့ဟာ သူတို့တော့ မလုပ်တတ်သေးဘူးပေါ့။

[စာမျက်နှာ-295] အဲဒါကြောင့်မို့ အဘိဓမ္မာ နားလည်တဲ့ အကျိုးဟာ တန်ဖိုးမဖြတ်နိုင်ဘူး၊ မိမိအနာဂတ်ဘဝဖန်တီးတဲ့အခါမှာ မဂ်ဖိုလ်ရနိုင်တဲ့ အခြေခံပါအောင် ဖန်တီးပေးမှ မဂ်ဖိုလ်ရမှာ၊ ဒီဘဝမရလည်း နောက်ဘဝရအောင် ဆိုရင်လည်း ကိုယ်ကဖန်တီးမှ ရမှာ၊ ဘယ်လိုဖန်တီးရမယ်ဆိုတာ အခုသိပြီ။
ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ တိဟိတ်ကုသိုလ်၊ ဥက္ကဋ္ဌကုသိုလ်ဖြစ်အောင် လုပ်မှ နောက်ဘဝ၊ ဘဝတွေမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ မဂ်ဖိုလ်ရနိုင်တဲ့ အဆင့်အတန်းရောက်မယ်။

ဒါတွေသိပြီဆိုတော့ ကိုယ့်ရဲ့ အနာဂတ်ဘဝတွေကို ဒီဘဝကနေပြီး စီမံနိုင်တယ်ပေါ့၊ ဒါဟာ အဘိဓမ္မာတတ်လို့၊ အဘိဓမ္မာ မတတ်ရင် မဖြစ်ဘူး၊ ဒါတွေ မလုပ်တတ်ဘူး။
ဒါကြောင့်မို့ အဘိဓမ္မာနားလည်တဲ့အတွက်ကြောင့် လက်တွေ့ အကျိုးရှိအောင် အများကြီးလည်းလုပ်နိုင်တယ်၊ ပြီးတော့ လက်တွေ့အကျိုးသိပ်မရှိဘူးထားဦး၊ သဘောတရားတွေကို နားလည်တဲ့နေရာမှာ သူများတွေနဲ့ မတူတော့ဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ်နားလည်တာဟာ ရိုးရိုးနားလည်တာမျိုး မဟုတ်တော့ဘူး၊ သုတ္တန်တွေ ဘာတွေဖတ်ပြီဆိုရင်လည်း တချို့နေရာတွေမှာ ကိုယ်က အယူအဆမလွဲတော့ဘူး၊ ကိုယ်က အဘိဓမ္မာနားလည်ပြီးသား ဖြစ်နေပြီ။

ဒါကြောင့်မို့ အဘိဓမ္မာ သင်ရတဲ့အကျိုးဟာ မကုန်နိုင်အောင်ရှိတယ်၊ အကျိုးအမျိုးမျိုးရှိတယ်၊ ဒီအကျိုးတွေကိုမိမိတို့ဟာ အဘိဓမ္မာလေ့လာရတဲ့အတွက်ကြောင့်မို့ ရကြပြီပေါ့။
အဲဒီတော့ မိမိတို့ အဘိဓမ္မာကို နားလည်တာဟာ ဘယ်လောက်သာ ရှိသေးသလဲဆိုတော့ အမှန်အတိုင်း ပြောရရင် နည်းနည်းပဲ ရှိသေးတယ်။
ဆိုပါတော့၊ ပင်လယ်ကမ်းစပ်သွားပြီး I have seen the Pacific Ocean ငါပစိဖိတ်သမုဒ္ဒရာကြီးမြင်ပြီဟု ကြွေးကြော်ပေမယ့် ကိုယ်မြင်တဲ့ ပစိဖိတ်သမုဒ္ဒရာက ဘယ်လောက်ရှိသေးလို့လဲ၊ တကယ့်ပစိဖိတ်သမုဒ္ဒရာနဲ့စာလိုက်ရင် အပုံတစ်ရာပုံ တစ်ပုံတောင် မရှိသေးဘူး။
အဲဒါမျိုးလိုပဲ ဘုန်းကြီးတို့ ဒကာဒကာမတို့တတွေ နားလည်တဲ့ အဘိဓမ္မာဟာ မြတ်စွာဘုရား မပြောနဲ့ အရှင်သာရိပုတ္တရာနားလည်တဲ့ အဘိဓမ္မာနဲ့စာရင် ဘာမှ မဟုတ်သေးဘူး။
ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် I am an Abhidhamma scholar လို့

[စာမျက်နှာ-296] မဆိုနဲ့၊ ကိုယ့်ဟာကိုယ် Student of Abhidhamma လို့ ခေါ်ရမယ်၊ သူများတွေက scholar လို့ ပြောနေကြတယ်။
ကိုယ်သိတာက တကယ်ကျတော့ ဘာမှ မဟုတ်သေးဘူး၊ ခေတ်ဥပမာနဲ့ ပြောရမယ်ဆိုရင် ရေခဲတောင်ကြီးတွေဟာ ရေပေါ်ပေါ်နေတာက ဆယ်ပုံတစ်ပုံလောက် ရှိတယ်မဟုတ်လား၊ အဲဒါမျိုးလိုပဲ၊ ကိုယ်သိတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိချင်မှရှိဦးမယ်။

ဒါကြောင့်မို့ ရှေ့ဆက်ပြီးတော့ မပြတ်လေ့လာသွားရမှာပဲ၊ နည်းနည်းနည်းနည်းချင်း ဒီတစ်ခေါက်ထက် နောက်တစ်ခေါက်က ပိုသိလာမယ်၊ နောက်တစ်ခေါက်ထက် နောက်တစ်ခေါက်က အသိပိုလာမယ်၊ အသိပိုလာလေ တရားကို လေးလေးနက်နက် သိလေ၊ လေးလေးနက်နက်သိလေ၊ မြတ်စွာဘုရားကိုပိုပြီး ကြည်ညိုလေပဲ။
တရားသိတဲ့အခါ ပိုကြည်ညိုတယ်၊ ကြည်ညိုတတ်လာတယ်၊ တရားမသိဘဲ အရမ်းကြည်ညိုတာထက် တရားသိပြီး ကြည်ညိုတာက ပိုကောင်းတယ်။

အဲဒါကြောင့် အကျိုးတွေ အများကြီး ရနိုင်တဲ့ အခြေခံ အဘိဓမ္မာကို ငါတို့ အစကနေ အဆုံးတိုင်အောင် လေ့လာအားထုတ်ပြီးပြီဆိုတာ အလွန်ဝမ်းသာဖို့ ကောင်းတယ်။
နောက်တော့ အဘိဓမ္မာ နားလည်ချင်တဲ့သူတွေ ပိုရှိလာပါလိမ့်မယ် ထင်တယ်။
ပရိသတ်။ နားလည်ချင်ရင် နားလည်လို့ရပါတယ်၊ ဒါပေမယ့် အဲဒီလိုပေါ့ ဇွဲရှိရမယ်။
ဆရာတော်။ ဒါတော့ နားလည်အောင်လုပ်မယ်ဆိုရင် ဇွဲတော့ရှိရမယ်။
ပရိသတ်။ သင်တန်းတက်စဉ်က လူများတယ်၊ နောက်တော့ နည်းသွားတယ်။
ဆရာတော်။ ဒီလိုရှိတယ်၊ နဂိုထဲကဦးဇင်းကပြောတယ်၊ မှန်မှန်လိုက်၊ မပြတ်စေနဲ့၊ သင်တန်းတစ်ပတ်ပြတ်ရင် ဘယ်လောက် ဒုက္ခရောက်သလဲ၊ မလွယ်ဘူး၊ ဂဏန်းသင်္ချာသင်သလိုပဲ၊ တစ်ရက်ပျက်လိုက်ရင် အဲဒီနေ့ သင်တာကိုယ်က မသိလိုက်ရင် ဟိုမှာ ကွက်လပ်ရှိသွားပြီ။ ဒါကို အခြေပြုပြီးနောက်တစ်ဆင့် သင်သွားတာကို၊ ဂဏန်းသင်္ချာ သင်သလိုပဲ၊ ဒီအဆင့်ကိုယ်က မမှီလိုက်ရင် နောက်တစ်ဆင့် ဒုက္ခရောက်ပြန်တာပဲ၊ ထို့အတူပဲ၊ ဒီမှာလည်းပြတ်သွားရင်

[စာမျက်နှာ-297] တော်တော်ခက်တယ်၊ ပြီးတော့ အချိန်အားရှိနေရင် ကြိုးစားပြီး လိုက်ရင်ရတာပေါ့လေ၊ လူတွေ အနေနဲ့ အချိန်အားကလည်း သိပ်ရှိကြတာ မဟုတ်ဘူး၊ အဲဒီတော့ မလွယ်ဘူး၊ အခုလို အစမှ အဆုံးတိုင် ပြီးအောင် လုပ်နိုင်တယ်ဆိုတာလည်း အမှန်အတိုင်း ပြောရရင် ကိုယ့်ကိုကိုယ် အလွန်အားရကျေနပ်ဖို့ ကောင်းတယ်၊ ဒါနဲ့လည်း မပြီးကြနဲ့ဦး၊ ဒို့သိတာနည်းသေးတယ်၊ ထပ်ပြီးတော့ သိအောင် လုပ်ဦးမယ်လို့ စိတ်မှာထားကြ။
နောက်ကို တစ်လနှစ်ခါလောက်တွေ့ဖို့ ကောင်းသေးတယ်ထင်တယ်၊ လာနိုင်ရင်လာကြဖို့ ကောင်းတယ်၊ အဲဒီမှာ နောက်ကဟာတွေ ပြန်ပြီးတော့ ဆွေးနွေးကြပြီးတော့ တို့တွေ ဘာဆက်လုပ်သင့်သေးလဲ တိုင်ပင်ကြ။

ဦးဇင်းဖြစ်စေချင်တာကတော့ အဘိဓမ္မာ term တွေ ရှိတယ်မဟုတ်လား၊ အဲဒါလေးတွေကို ထုတ်ပြီး card လေးတွေနဲ့ ကိုယ်ရေးနိုင်သလောက် definition လေးတွေ ရေးထားကြ၊ ပြီးတော့ ဘယ်အပိုင်းမှာရှိတယ်ဆိုတာကို ညွှန်းထား၊ အဲသလိုဆိုရင် နောင်သိချင်တဲ့အခါလွယ်တယ်။
ဆိုပါတော့ အာသဝေါတရား၊ ဒါဟာ အသုံးများတယ်၊ အာသဝေါတရား ဆိုရင် ဘယ်အပိုင်းမှာရှိတယ်၊ အာသဝေါတရားဟာ ယိုစီးတတ်တဲ့ သဘောတရား အရက် ရေတို့နဲ့ တူတဲ့သဘောတရား၊ အဲဒါလေးတွေကို မှတ်ချက်အတိုကောက် လေးတွေရေးပြီး အကျယ်က ဘယ်အပိုင်းမှာရှိတယ် စသည်ဖြင့် အဲသလိုလေးတွေ လုပ်ပြီး card လေးတွေနဲ့ထားရင် နောင်ခါ ကိုယ်သိချင်တဲ့အခါမှာ အလွန်လွယ်တယ်။ အလွတ်ကျက်မထားတော့ မေ့ချင်လည်းမေ့မယ်၊ Card System လေးတွေနဲ့ထားရင် အလွန်ကောင်းမယ်။

စိတ်ဆိုပါတော့၊ စိတ်ကို အဘိဓမ္မာကဘယ်လို Define လုပ်ထားသလဲ။ definition လေးရေးထားပြီးတော့ စိတ်နဲ့ပတ်သက်ပြီးတော့ သိစရာလေးတွေ ဘာလေးတွေရှိရင် စိတ်ဟာ သတ္တဝါတွေမှာ ဘယ်တော့မှ ပြတ်သွားတယ်မရှိဘူး စသည်၊ စေတသိက်တွေဟာ စိတ်နဲ့ အမြဲတမ်းတွဲဖြစ်တယ်၊ ဒါလေးတွေကို card မှာ ရေးထားပြီးတော့ ပြန်ညွှန်း၊ အဲသလို လုပ်ထားရင် အခြားသူအတွက်လည်း အကျိုးရှိတယ်၊ ကိုယ့်အတွက်တော့ ပြောစရာမလိုတော့ဘူး။

ဖလော်ရီဒါက လူတွေက ဦးဇင်းတိတ်ခွေ နားထောင်ပြီး အဘိဓမ္မာသင်တန်း လုပ်နေတော့ ဒီကနေ question တွေ လှမ်းပို့တယ်၊ ဒီမှာ သင်တန်းစတုန်းကတော့

[စာမျက်နှာ-298] ပြောမိသေးတယ်ထင်တယ်။ အဲသလို ပုစ္ဆာလေးတွေလုပ်ပေးမှ ပြန်ပြန်ပြီး သိတယ် မသိဘူးဆိုတာ ပြောနိုင်တာပေါ့၊ တစ်လ ၂ ခါလောက်ဖြစ်ဖြစ် တွေ့ကြလေ။
သင်္ဂြိုဟ်ဘာသာဋီကာတို့ဘာတို့လို စာအုပ်တွေ တွေ့လို့ဖတ်ရင် အတော်အတန်တော့ နားလည်မှာပါပဲ၊ ဒီနေ့ပြီးသွားတာ ဝမ်းသာစရာပါပဲ။

၁။ ဒုက္ခနိရောဓသစ္စာဆိုတာ ဘာပါလဲဆိုတော့ ဒုက္ခနိရောဓဆိုတာ တဏှာရဲ့ နိရောဓပဲ၊ အဲသလိုဟောတာ၊ အကြောင်းချုပ်တာနဲ့ အကျိုးချုပ်တာကို define လုပ်သွားတာ၊ အမှန်တော့ တဏှာကုန်မှ ဒုက္ခကုန်တယ်၊ တဏှာမကုန်သေးရင် ဒုက္ခမကုန်သေးဘူး။ အကြွင်းမဲ့ကုန်ရာကုန်ကြောင်းကို နိဗ္ဗာန်ဟုခေါ်သည်။
၂။ တဏှာကုန်ရာကုန်ကြောင်း၊
တဏှာကုန်ခြင်းတဲ့ တဏှက္ခယဆိုတဲ့ ပါဠိပုဒ်လေးက ရှိတာကိုး၊ မြန်မာလို အဓိပ္ပါယ်က အတူတူပါပဲ။
၃။ ရာဂ၊ ဒေါသ၊ မောဟ၊ ကုန်ရာကုန်ကြောင်း
ဒါက ကိလေသာကုန်ရာကုန်ကြောင်း ဖြစ်သွားပြီ၊ ရာဂဒေါသမောဟ ကုန်ခြင်းဆိုတာ နောင်တစ်ဖန် မဖြစ်ခြင်းပဲ၊ ပါဠိတော်တွေကျတော့ ရာဂက္ခယသည် နိဗ္ဗာန်၊ ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်လို့ ဟောထားတာရှိတယ်။
၄။ ဘဝချုပ်ရာချုပ်ကြောင်း၊ ဘဝချုပ်ခြင်း၊ ဘဝနိရောဓ ဖြစ်ပျက် ဖြစ်ပျက်နေတဲ့ ဘဝတွေရှိတယ်၊ အဲဒီဘဝမရှိတော့တာ၊ နောက်ထပ်မဖြစ်တော့တာ ချုပ်တာ၊ ဒါကိုလည်း နိဗ္ဗာန်လို့ခေါ်တယ်၊ သို့မဟုတ် နိဗ္ဗာန်ကို အာရုံပြု မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်တယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်ရင် နောက်ထပ် ဘဝမဖြစ်တော့ဘူး (အရဟတ္တမဂ်ဉာဏ်ဖြစ်ရင်) ဒါကြောင့်မို့ ဘဝရဲ့ ချုပ်ရာချုပ်ကြောင်း၊ ဘဝရဲ့ ချုပ်ခြင်းကို နိဗ္ဗာန်လို့ခေါ်တယ်။
၅။ ဆင်းရဲချုပ်ရာချုပ်ကြောင်း၊ ဆင်းရဲချုပ်ခြင်း ဒုက္ခနိရောဓ သစ္စာလေးပါးမှာ တတိယသစ္စာကို ဒုက္ခနိရောဓလို့ခေါ်တယ်။

အဲဒီတော့ အဋ္ဌကထာတွေမှာ ဖွင့်တဲ့အခါကျတော့ ကုန်ရာကုန်ကြောင်း ချုပ်ရာချုပ်ကြောင်းဆိုတဲ့ အနေမျိုးနဲ့ဖွင့်တယ်၊ အဲဒီတော့ ခုနပြောသလိုပဲ သူက ဒုက္ခကုန်ရာ နေရာတစ်မျိုး သဘောလိုထားပြီး ဥပမာတင်စားပြီးသုံးတယ်၊ အမှန်ကတော့ နိဗ္ဗာန်ကို ဌာနတစ်ခု၊ ဘုံတစ်ခုအနေမျိုးနဲ့ စဉ်းစားလို့မရဘူး၊ သဘောတရားတစ်ခုပဲ၊ ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာကုန်ငြိမ်းတဲ့ သဘောကိုပဲ နိဗ္ဗာန်လို့ခေါ်တယ်။
အဲဒီ နိဗ္ဗာန်ကို အမျိုးမျိုးဟောထားတာတွေရှိတယ်၊ ဒီမှာပေးထားတာက အကုန်မဟုတ်သေးဘူးနော်၊ အများကြီးရှိသေးတယ်၊ နည်းနည်းပိုပြီး ထင်ရှားအတွေ့များတာလေးတွေကို ထုတ်ထားတာ။
၆။ မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သောတရား
d1hq2j9iqmruxl2itgbk3uvmz1hkx6u