ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.46.0-wmf.22
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မိုးကုတ်ဆရာတော်တရားများ
0
6214
21831
21828
2026-04-06T13:43:54Z
U Zay Yar 90
682
21831
wikitext
text/x-wiki
{{header
| title = ဖဂ္ဂုဏသုတ္တန် ဝေဒနာခွာနည်း အလုပ်ပေးတရားတော် (၄-၃-၆၀)
| author = မိုးကုတ်ဆရာတော်ဘုရားကြီး
| section =kzync
| previous = ရှေ့စာမျက်နှာ
| next = [[ဇော(၇) ကြိမ်အကျိုးပေးပုံ ကပ်ကျော်တရားတော်]]
| notes = မှတ်ချက်
}}
ဒီခန္ဓာကြီးကို ရ,ထားတယ်ဆိုတာ အားလုံးပဲ ခန္ဓာ ရ,ထားကြတယ်။ အခုဘယ်သူနဲ့ အတူ နေကြသတုံး ဆိုလို့ရှိရင် ခန္ဓာငါးပါးနဲ့ အတူတူ နေကြတယ်လို့ ပြောကြရမှာပဲ၊ ဒီခန္ဓာ ငါးပါးကြီးဟာ ယခုအခါ၌ ဘယ်ကို အမှန်သွားနေသလဲလို့ မေးရင် သေရာ သွားနေတယ်လို့ ဖြေရမှာပဲ (မှန်ပါ့ ဘုရား)။
=== ခန္ဓာကြီး၏ အမှန်သွားရာ လမ်း ===
ဒီခန္ဓာကြီး၏ အမှန်သွားရာ လမ်းကို ပြောစမ်းပါ ဆိုလို့ ရှိရင် ဘယ့်နှယ်ပြောမလဲ (သေရာ သွားနေပါတယ် ဘုရား) ဒီလမ်းကိုတော့ဖြင့် ဒကာ ဒကာမတို့က သူက ထိုင် လျက်နဲ့လဲ သွားနေ တာပဲ (မှန်ပါဘုရား) အိပ်ရင်းလဲ (သွားပါတယ် ဘုရား) ထမင်း စားရင်းလဲ (သွားပါတယ်ဘုရား) ဆေးလိပ် သောက်ရင်း (သွားပါတယ်ဘုရား)။ ဆေးလိပ် တစ်ဖွာနဲ့ တစ်ဖွာ ဆိုလို့ရှိရင်ဖြင့် ပထမ အဖွာထက် ဒုတိယ ဖွာလိုက်မှုသည် ဒကာ ဒကာမတို့ သေရာက ပိုနီးတယ် ဆိုတာတော့ ပြောဖို့ မလိုတော့ဘူး (မလိုပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာရ,ထားတဲ့ ပုဂ္ဂိုလ်၏ အလုပ်သည် သေရာသွားတဲ့အလုပ်ဟာ အမြဲတမ်းအလုပ် (မှန်ပါ့) ရောင်းဝယ် ဖောက်ကားတဲ့ အလုပ်သည်ကားလို့ ဆိုရင် ယာယီ တည်းခို နေကြတဲ့အလုပ် (မှန်ပါ့) အမြဲတမ်း အလုပ်ကတော့ (သေရာသွားတဲ့အလုပ်ပါ ဘုရား)။
အဲဒီလို မှတ်ထားတော့မှ ဪ ခန္ဓာရအောင် ကြိုးစားတဲ့ ပုဂ္ဂိုလ်များဟာ သေရာသွားတာကို မပျင်းသေးလို့ ဒုတိယဘဝ စသည် ရချင်တာကိုးလို့ သူ့ကို အပြစ်တင်ရမယ် (မှန်ပါ့) မတင် ထိုက်ဘူး လား (တင်ထိုက်ပါတယ် ဘုရား)။
ခန္ဓာ နောက်ထပ်ရချင်တဲ့ ပုဂ္ဂိုလ် လူခန္ဓာ၊ နတ်ခန္ဓာ ဗြဟ္မာနှော ရချင်တဲ့ခန္ဓာရ၊ တောင်းချင်တဲ့ ခန္ဓာကိုတောင်း၊ တောင်းတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ကတော့ သေရွာသွားတဲ့အလုပ်ကို မပျင်းကြသေးလို့ ကိုး (မှန်ပါ) ဒီအတိုင်းပဲပြောရမယ် (မှန်ပါ) သေရာသွားတဲ့ အလုပ် ခဏခဏ သွားရတဲ့ အလုပ်က မပျင်း နိုင်အောင်ဘဲ သူသည် လုပ်ချင်သေးလို့ ဒီခန္ဓာ ရချင်တာပဲလို့ ဒီလို ပြောကြရမယ် (မှန်ပါ့)။ – ဒါဖြင့် ဒကာ ဒကာမတွေ ဒီခန္ဓာကြီးဟာဖြင့် သူ့အလုပ်က အမြဲတမ်း လုပ်တာဟာ သူလုပ်ချင်လို့ လုပ်ရသလားလို့ မေးဖို့ လိုလာတယ် (မှန်ပါ့) သူ့ ကိုခင်မင်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်သည် ခင်မင်လို့ ရတာပဲ ဒီခန္ဓာကြီးဟာ (မှန်ပါ) ခင်မင်တဲ့ သဘောကြောင့် ဒီခန္ဓာကြီး ပေါ်လာတယ်၊ ခင်မင်တဲ့ သဘော မရှိလို့ ရှိရင် (မပေါ်ပါ ဘုရား)။
ဒါဖြင့် ဒီခင်မင်တဲ့ အလုပ်မပြတ်သေးသရွေ့ ဒကာ ဒကာမတို့ သေရာသွားတဲ့ အလုပ် နောက်ဆုတ်မယ် မဟုတ် ပါဘူး (မှန်ပါ့)။ ခင်မင်တဲ့အလုပ် မပြတ်သရွေ့ သေရာ သွားမည့်အလုပ် နောက်မဆုတ် ပါဘူးဆိုတာ သေသေချာချာ မှတ်ပါ၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။
အဲဒီတော့ ဒီနေရှေ့ပိုင်းမှာ ဘုန်းကြီး သတိပေးချင်တာက ဪ ဒကာ ဒကာမတွေ လမ်းမှာတော့ဖြင့် လိုက်ခဲ့ကြလို့ ပြင်လို့ မရခဲ့ကြဘူး (မှန်ပါ့)။
ခန္ဓာကြီး ဆုတောင်းပြီးသကာလ လာခဲ့ကြလို့ ခန္ဓာ ရအောင် ဆုတောင်းလာကြလို့ သေရာသွားတဲ့ အလုပ်ကို နောက်ဆုတ်လို့ ရကြသေးရဲ့လား (မရပါ ဘုရား)။
အခုမှ ကိုယ်ကျိုးနည်းမှန်း သိနေရုံနဲ့လဲမတတ်နိုင် တော့ဘူး (မှန်ပါ့) တတ်နိုင်စရာ အကြောင်း မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ကိုယ့်အလုပ်က ဘယ်ကိုမှန်မှန် သွားနေရ သလဲ (သေရာကို မှန်မှန် သွားနေရပါတယ် ဘုရား) သွားရမှာပဲ၊ ဇရာက မောင်းထုတ်နေတာကိုး (မှန်ပါ)။။
ဇရာက နေ့တိုင်း မောင်းထုတ်နေ ဗျာဓိဆီရောက်၊ ဇရာဆိုတဲ့ ဒဏ်ချက်ကလဲ အမျိုးမျိုး နှင်နေတော့ ဗျာဓိဆိုတဲ့ အိပ်ရာဖျာကပ် အလုပ်သို့ ရောက်ရတော့မယ် (မှန်ပါ့)။
အဲဒီဗျာဓိဆိုတဲ့ အိပ်ရာဖျာကပ် အလုပ်သို့ ရောက်တဲ့အခါ ခြေမသယ်နိုင် လက်မသယ်နိုင်နဲ့ မရဏဆိုတဲ့ ဓမ္မစီမံသလို ကိုယ့်မှာ အသာခံရုံပဲ ဆိုတာကလဲ သေချာနေတယ် (သေချာ ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဖြင့် နဂိုက အနေလွဲခဲ့လို့ အခုတော့ အရတော့ဖြင့် လွဲနေကြပြီပေါ့။ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
လွဲလိုက်တာမှ ပြင်လို့တောင် ရသေးရဲ့လားလို့ မေးရင် (မရပါ ဘုရား) သေရွာသွားတဲ့ လူအတွက် မတတ်နိုင်ဘူး (မှန်ပါ့) ဘုရားဟောတဲ့ နည်းအတိုင်း ဘုန်းကြီးတို့ တတ်နိုင်တာက နောက်ထပ် မသွားဖို့သာ တတ်နိုင်တယ် (မှန်ပါ့ ဘုရား)။
အခုမသွားဖို့ရာ အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မတတ် နိုင်တော့ဘူး (မှန်ပါ) နောက်ထပ် ဒီစခန်းနဲ့ ဒီလမ်းမျိုး မတွေ့ရအောင်၊ မကြုံရအောင် တော့ဖြင့် တတ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်လို့ပဲ မှတ်ကြပါ (မှန်ပါ)။
အဲဒီတော့ အခုတော့ဖြင့် မတတ်နိုင်တာ ဘာဖြစ်လို့ မတတ်နိုင်ပါလိမ့်မတုံးလို့ ဦးဘတင် မေးဖို့ လိုလာတယ်။ (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိုယ်တိုင်က အရယူထားလို့ မတတ်နိုင်တာပါလို့ ဖြေရုံပဲ (မှန်ပါ့)။
ဘယ်လို ဖြေကြပါ့မလဲ (တပည့်တော်တို့က အရယူ ထားလို့ မတတ်နိုင်တာပါ ဘုရား) ခင်ဗျားတို့ ကိုက လက် မလွှတ်ချင်လို့ (မှန်ပါ့) လက်မလွှတ်ချင်လို့ အရအမြဲဆုပ်ထား တဲ့အတွက် ဘယ်နည်းနဲ့မှ ဒီဥစ္စာဖြင့် မရနိုင်တော့ဘူး။ ဥပါဒါန်က ခွဲပြီးလုပ်ထားတဲ့ အလုပ်ကြီးတစ်ခုကိုး (မှန်ပါ့)။
အဲဒီတော့ တတ်နိုင်တဲ့နည်းကလေး ရှေ့ပိုင်းမှာ နည်း၊ နည်းနည်းပေးမယ်၊ ဒါကို ကြပ်ကြပ် သတိထားပါနော် (မှန်ပါ့ ဘုရား)။
တတ်နိုင်တဲ့နည်းကိုပဲ ပေးပါ့မယ်။ ဒီဘဝမှာတော့ဖြင့် ခင်ဗျားတို့ ဆုတောင်း ပြည့်နေတဲ့ အတွက် တားဆီးလို့ မရဘူး၊ နောက်မတွေ့တဲ့နည်းကလေး ဒါကိုပဲ ခင်ဗျားတို့ နည်းယူပြီး ကြိုးစားဖို့ အရေးကြီးပါတယ် (ကြီးပါတယ် ဘုရား)။
=== ဖဂ္ဂုဏဝတ္ထု ===
ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က ဖဂ္ဂုဏ ဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။ အဲဒီရှင်ဖဂ္ဂုဏဆိုတဲ့ ရဟန်းတစ်ပါး ဟာ ဒကာသစ်တို့ ကိုမြရွှေတို့ မမာဘူးပေါ့ ဗျာ (မှန်ပါ့) မမာတော့ ရှင်အာနန္ဒာက သွားကြည့်တယ်။ သြော် သနား စရာပဲ၊ ခိုကိုးရာမဲ့ ဖြစ်နေတယ်၊ မမာတာကလဲ လွန်လို့ပါ ကလား ရောဂါကလဲကြီးလိုက်တာ၊ ဒါနဲ့ ရှင်အာနန္ဒာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးထံ သွားလျှောက်တယ် (မှန်ပါ)။
အရှင်ဘုရား ရှင်ဖဂ္ဂုဏဆိုတဲ့ ရဟန်းတစ်ပါးဟာ ဘာမှလဲ မသိမလိမ္မာသေးပါဘူး။ ဝေဒနာကလဲ ကြီးကျယ် ပါတယ်။ ဒီအတိုင်းပဲကြည့် ရတာဖြင့် အလွန် သနားစရာ ကောင်းပါတယ် ဘုရား၊ ဒါကြောင့် အရှင်ဘုရား သနားသဖြင့် ရှင်ဖဂ္ဂုဏရှိတဲ့နေရာကို ကြွပေးတော်မူပါလို့ ရှင်အာနန္ဒာကပဲ ရှေ့ဆောင်ရှေ့ရွက်လုပ်ပြီး သွားလျှောက်တယ် (မှန်ပါ့)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ရှင်ဖဂ္ဂုဏရှိရာ သို့ ကြွလာခဲ့တယ်၊ ဘုရားသခင် ကြွလာတယ်ဆိုတော့ လူမမာ ဖြစ်သူက နေရာထိုင်ခင်း ပေးမလို့ ခန္ဓာကိုယ် ထ,မလို ထိုင် မလို အရိုအသေ သဘောတွေ့ပြနေ တော့ ဘုရားက ငါ့မှာ နေထိုင်စရာတွေရှိတယ် မင်းကလူမမာမို့ ဒီအတိုင်းပဲနေ၊ ငါ ထိုင်စရာရှိတဲ့ နေရာမှာ ထိုင်မယ်ဆိုပြီး တားမြစ်တော်မူတယ် (မှန်ပါ့)။
ဒါနဲ့ ဘုရားက မင်းဝေဒနာ ဘယ့်နှယ်နေသတုံး စသည်ဖြင့် သတင်းမေးတော့ ရှင်ဖစ္ခုဏက ဝေဒနာတွေဟာ ဘုရား မဆုတ်ပါဘူး၊ တိုးသာတိုးနေပါတယ်၊ ခေါင်းကိုက် လိုက်တာလဲ လွန်နေတာ ပါပဲဘုရား၊ ဝမ်းထဲက နာတာတွေလဲ အင်မတန်မှ ပြင်းထန်ပါတယ် အစရှိသည်နဲ့ ဝေဒနာတွေက နှိပ်စက်ပုံတွေကို အမျိုးမျိုး အဖုံဖုံ လျှောက်ထားပြတယ် (မှန်ပါ့)။
လျှောက်ထားပြတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဟောလိုက်တာ ဝေဒနာက ဝေဒနာက္ခန္ဓာ (မှန်ပါ) ဝေဒနာက ဝေဒနာက္ခန္ဓာဆိုတော့ ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့ မရောစေနဲ့ဟေ့လို့ ဆိုလိုရင်း (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာတဲ့တုံး (ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့ မရောစေနဲ့) ဝေဒနာက္ခန္ဓာက သူ့ဟာသူ ဝေဒနာက္ခန္ဓာ၊ ငါက သွားပြီး မရောပါနဲ့၊ ဝေဒနာက သူ့ဟာသူ ဟိုကနာလိုက်၊ ဟိုက ကျဉ်လိုက်၊ ဒီက ကိုက်လိုက်၊ ဟိုက ထိုးလိုက်၊ ဒီက ထိုးလိုက်နဲ့ ခန္ဓာကိုယ်ရှိနေရင် ဝေဒနာက္ခန္ဓာချည်း ဆိုသောကြောင့် ဦးဘအုန်း ဝေဒနာကတော့ ရှိနေမှာပဲ၊ ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့)။
အဲဒီအထဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာက္ခန္ဓာ ကို ဝေဒနာက္ခန္ဓာလို့ ပဲ သိထား ရမယ် (မှန်ပါ့) သြော် ငါ့မှာ ဖြစ်မှ ဖြစ်ရလေခြင်းလို့ ဝေဒနာထဲမှာ ငါဝင်မထိုးလိုက်နဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာထဲမှာ (ငါဝင်မထိုးလိုက်ပါနဲ့) ဒါ သေခါနီးမှ ဒီတရား ပွားများရတယ်၊ နဂိုက ဘာမှမသိတဲ့ ဖဂ္ဂုဏရဟန်း ကလေးဟာ အနာဂါမ်တည်ပါတယ်၊ ဒါကိုပြောချင်လို့ နော် (မှန်ပါ့)။
ကောင်းပြီ ဒါက ဒီတရား ရှေ့ထားတာ ဟောလိုရင်း တရားက ဒါမဟုတ်ပါဘူး၊ သေလွယ် ပျောက်လွယ် အခါမို့ ဒီဥစ္စာက ရှေ့ထား ဟောတယ်လို့ မှတ်ထားကြပါ (မှန်ပါ့)။
=== သေပုံသေနည်း ===
သေပုံသေနည်းမှာ ဒီသေနည်းဟာ ကောင်းတယ်ဆိုတာ ဒကာ ဒကာမတွေကို ရှေ့ပိုင်းက သိစေချင်လို့ ပြောပါတယ် (မှန်ပါ့)။
ဘုရားက ရှင်ဖဂ္ဂုဏကို ဝေဒနာဟာ ဝေဒနာက္ခန္ဓာပဲ ကွ တဲ့၊ မင့်ခန္ဓာထဲမှာ ဟိုနေရာ ပေါ်လိုက်၊ ဒီနေရာပေါ်လိုက်၊ အဲဒီမှာ သြော် ဟိုနေရာလဲ ငါနာတာပဲ၊ ဒီနေရာလဲ ငါနာတာပဲ။ ငါကလေး သွားသွား မရောနဲ့တဲ့၊ သဘောကျလား (ကျပါပြီ ဘုရား)။
ဝေဒနာကတော့ နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ မနာပေဘူးလား (နာပါတယ် ဘုရား)။ အဲဒါကို ဒကာ ဒကာမတွေ က အင်း ငါ့မှာဖြစ်မှဖြစ်ရလေခြင်းလို့ လက်မောင်းနာလဲ ငါပဲ၊ ကျုပ်လက်မောင်း နာနေပြန်ပြီ၊ ကျုပ်လည်ချောင်း နာနေပြန်ပြီ၊ ကျုပ်ရင်ခေါင်း နာနေပြန်ပြီ အစရှိသည်နဲ့ ကျုပ်တို့ ငါတို့က အဲဒီဝေဒနာနဲ့ သွားသွားပူးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာနဲ့သွားသွားပူးသလဲ (ကျုပ်တို့ငါတို့နဲ့ သွားသွား ပူးပါတယ် ဘုရား)။
ဝေဒနာနဲ့ ကျုပ်တို့ ၊ ငါတို့နဲ့ သွားသွားပြီး ပူးကပ်တော့ “ဝေဒနံ အတ္တတော သမနုပဿတိ” ဝေဒနံ- ဝေဒနာကို၊ အတ္တတော- ငါဟူ၍၊ သမနုပဿတိ- ရှု၍နေ၏ ဆိုတော့ ငါ့မှာ ဖြစ်မှ ဖြစ်ရလေခြင်း ဆိုပြီး ဝေဒနာထဲမှာ ငါသွားရောတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာထဲမှာ သွားရောတယ်နော် (မှန်ပါ့) အဲဒါ မမာတဲ့ ပုဂ္ဂိုလ်မှန်လို့ ရှိရင် ရောတတ် ကြပါတယ် (မှန်ပါ့) ဝေဒနာနဲ့ ငါနဲ့ ဟာ ဘယ့်နှယ်နေကြသတုံး (ရောတတ် ပါတယ် ဘုရား)။
အဲဒီတော့ စဉ်းစားကြည့်စမ်းပါလား၊ ငါ့ဝေဒနာလို့ ဆိုရမှာလဲ ငါကလဲတခြား၊ ဝေဒနာကလဲ တခြား၊ ငါဆိုတာက ရှိတာလဲ မဟုတ်ပါဘူး (မှန်ပါ့) ဘာဆိုင်သတုံးဗျ (မဆိုင်ပါ ဘုရား) မဆိုင်ပါဘူး။ အဲဒီတော့ ဝေဒနာဟာ ဝေဒနာက္ခန္ဓာပေါ့ ၊ ဝေဒနာက္ခန္ဓာဟာ အနိစ္စပဲ (မှန်ပါ)။
ဒါဖြင့် မမာတဲ့ပုဂ္ဂိုလ်ဟာ ဉာဏ်ကလေးနဲ့ သြော် ဒီနေရာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ ဝေဒနာ ပျက်တယ်၊ ဟိုနေရာ ဝေဒနာပေါ်တယ်၊ ဟိုနေရာ ဝေဒနာ ပျက်တယ်၊ ဒီလိုသာ ဉာဏ်နဲ့ လိုက်နေပါ၊ သဘောကျပလား (ကျပါပြီ ဘုရား) ဝေဒနာ ပေါ်ရာကို ဖြစ်ပျက် လိုက်နေပါလို့ သတိပေးလိုက် တယ် (မှန်ပါ့)။
သေသေချာချာ မှတ်ကြပါ။ ဝေဒနာကဖြင့် အနှံ့အပြား ပေါ်လိမ့်မယ်။ ဘယ်က နာသတုံး၊ တစ်ကိုယ်လုံးက နာတယ် (မှန်ပါ) တစ်ကိုယ်လုံးက နာပေမယ့် ပြင်းထန်တဲ့နေရာကို ဖြစ်ပျက်ရှုပေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
=== ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ ===
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖဂ္ဂုဏထေရ်ကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ဟေ့လို့ ဘုရားက ဒီလူမမာကို ဒါပဲ ဟောနေတယ် (မှန်ပါ့)။
ဦးဘအုန်း ဘယ့်နှယ်ဟောသတုံး (ဝေဒနာနဲ့ ငါနဲ့ မရောစေပါနဲ့ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ကျုပ်တို့အားလုံးဟာ သေမည့် ပုဂ္ဂိုလ်ချည်းပဲ (မှန်ပါ့) သေပေမယ့် ဝေဒနာနဲ့ တွေ့ကြရဦးမယ် (မှန်ပါ့) မတွေ့မည့် ပုဂ္ဂိုလ် ဒီအထဲမှာ တစ်ယောက်မှ မပါဘူး (မပါ,ပါ ဘုရား) အဲဒီ မရောစေနဲ့ဆိုတဲ့ အဓိပ္ပာယ်ကလေးကို ရှင်းထားကြပါ၊ အဓိပ္ပာယ် ရှင်းထားကြပါ။ ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ (မှန်ပါ့)။
ကိုမြရွှေ ဘာတဲ့တုံး (ဝေဒနာနဲ့ ငါနဲ့ မရောပါ စေနဲ့ ဘုရား) ဝေဒနာ ဆိုတာက ဝေဒနာက္ခန္ဓာပဲ။ ဒီအထဲ ငါသွားပြီး ရှုပ်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ ဘုရား) ဝေဒနာက္ခန္ဓာဆိုတာ ဝေဒနာစေတသိက်ပဲ၊ နာမ်ဓမ္မတစ်မျိုးပဲ။ ငါဆိုတာက ဒိဋ္ဌဓမ္မတစ်မျိုးပဲ။ ဒိဋ္ဌိနာမ်နဲ့ ဝေဒနာနာမ်ကို သွားပြီး ရောထွေး ပစ်နေကြတာ (မှန်ပါ)။။
ပရမတ်သဘာဝကိုက တခြားစီပဲ၊ ခင်ဗျားတို့ က ရော ဖြစ်အောင် ရောနေတယ် (မှန်လှပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ပရမတ် သဘာဝချင်း ကတော့ ရောရဲ့လား (မရောပါ ဘုရား) ခင်ဗျားတို့က ဘယ့်နှယ်တုံး (ရောနေကြပါတယ် ဘုရား)
ဒါဖြင့် ခင်ဗျားတို့က လောကွတ်ချော် လွန်းတယ် (မှန်ပါ့)။ လောကွတ်ချော် လွန်းတယ်လို့ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဝေဒနာက ဝေဒနာစေတသိက် ဝေဒနာနာမ်ဓမ္မတစ်မျိုး၊ ငါဆိုတဲ့ ဥစ္စာ ဒိဋ္ဌိနာမ်တစ်မျိုး (မှန်ပါ့ ဘုရား)။ ဘယ်နည်းနဲ့မှ သဘာဝချင်း ရောစပ်လို့ မရဘူး (မှန်ပါ့)။။
ရောမရပေမယ့် ခင်ဗျားတို့ ထုံးစံက သူများပါးစပ်မှာ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ဒီဝေဒနာကိုပင်လျှင် လည်ပင်းက နာလိုက်တာ၊ ငါဝမ်းထဲက နာလိုက်တာ၊ ငါ ခြေသလုံးက နာလိုက်တာ၊ အစရှိသည်နဲ့ ဝေဒနာက ခြေဖမိုးမှာ ပေါ်တာ ငါက ဝမ်းထဲကနေပြီး သွားရောတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
=== ဝေဒနာက ခြေဖမိုးမှာ ပေါ်တယ် ===
ဝေဒနာက ခြေဖမိုးမှာ ပေါ်တယ်၊ ငါက ဘယ်နေရာ သွားရောသလဲ (ဝမ်းထဲ သွားရော ပါတယ် ဘုရား) အဝေးကြီးပဲ ခင်ဗျားတို့ ဆွေမျိုးတော် တတ်ပါပေတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဝေးတာကတော့ မဝေးဘူးလား (ဝေးပါတယ် ဘုရား) ဝေဒနာက ကာယဒွါရ ကိုယ်ပေါ်မှာ ပေါ်နေတယ်၊ မနောဒွါရ ကနေပြီး သွားပြီးရော လိုက်တယ်၊ သွားပြီးရောလိုက်တဲ့ အတွက် မှာ ဖြစ်ရလေခြင်း စသည်ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင်ဝေဒနာနဲ့ ငါနဲ့ ရောမိတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ “ဝေဒနံ အတ္တတော သမနုဿတိ” ဆိုပြီး သေခါနီးတောင် ဒိဋ္ဌိက ဖြစ်လာတတ်တယ် (မှန်ပါ) နာလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒိဋ္ဌိဖြစ်တာတုံး ဆိုတော့ ကိုယ်ပေါ်မှာ ပေါ်တဲ့ ဝေဒနာကို ဝမ်းထဲက ဒိဋ္ဌိ စေတသိက်ကသွားပြီး သကာလ အဲဒီ ဝေဒနာဟာ ငါပဲလို့ တစ်ခါတည်း ဒိဋ္ဌိစွဲ စွဲသွားတာနဲ့ ဦးဘတင် ကိုယ်ကျိုး နည်းတယ် (မှန်ပါ့)။
=== ဝမ်းထဲက ငါနဲ့ သွားပြီးရောလိုက်တယ် ===
ဝေဒနာက ခြေဖမိုး ပေါ်တယ်၊ ငါက ဝမ်းထဲမှာ၊ အဲဒီ ဝမ်းထဲကနေပြီး သကာလ ခြေဖမိုး ပေါ်မှာဖြစ်တဲ့ ဝေဒနာဟာ ငါပဲလို့ သူဟာ ဝမ်းထဲက ငါနဲ့ သွားပြီးရောလိုက်တယ် (မှန်ပါ့) မရော လိုက်ဘူးလား (ရောလိုက်ပါတယ် ဘုရား)။
ရောလိုက်တဲ့အခါကျတော့ ဝေဒနာကို ငါထင်တဲ့ “ဝေဒနံ အတ္တတော သမနုပဿတိ” ဆိုပြီး သကာလ ဦးဘအုန်း ဝေဒနာဟာ ငါဖြစ်သွားတယ် (မှန်ပါ့) ငါဖြစ်သွားတော့ ဘယ့်နှယ် ဖြစ်လာ သတုံး ဆိုတော့ ငါတော့ဖြင့် ဒီဝေဒနာနဲ့ သေရတော့မှာပဲ လာပြန်တာပဲ (မှန်ပါ)။
ဒီမှာလဲဘုရားက မရောစေနဲ့ကွ၊ မရောစေနဲ့ ကွလို့ ဘုရားက ရှင်ဖဂ္ဂုဏကို ဟောတယ် (မှန်ပါ့) ဖဂ္ဂုဏကို ဝေဒနာနဲ့ငါနဲ့ ဘယ့်နှယ်တုံး (မရောစေနဲ့ ) မရောစေနဲ့ဆိုတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိနဲ့ မရောလို့ ရှိရင်ဖြင့် မရောစေနဲ့ ဆိုတာ ပြောတော့ အလွယ်ကလေး (မှန်ပါ) မရောစေနဲ့ ဥစ္စာသည် ငါနဲ့ သွားမရောနဲ့ (မှန်ပါ့)။
အဲဒါ မရောအောင် ဘယ့်နှယ်လုပ်ရမတုံးဆိုလို့ ရှိရင်ဖြင့် ဝေဒနာဟာ ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ သည်ကားလို့ ဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိနဲ့ သွားမရောဘဲနဲ့ သမ္မာဒိဋ္ဌိနဲ့ လှည့်ပစ်လိုက်။
=== အနိစ္စပဲလို့ ရှုပေး ===
“ဝေဒနံ အနိစ္စတော သမနုပဿတိ” ဝေဒနာဟာ အနိစ္စပဲလို့ ရှုပေး လိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခုနင်တုန်းကတော့ မိစ္ဆာဒိဋ္ဌိနဲ့ သွားရောတယ်၊ အခုတော့ သမ္မာဒိဋ္ဌိနဲ့ ရှုလိုက်တယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိနဲ့ သွားရောတုန်း ကတော့ အပါယ်သွား ရတော့မယ်၊ အခု သမ္မာဒိဋ္ဌိနဲ့ ရောတဲ့ အခါကျတော့ ဝေဒနာ နောက်က မဂ်လိုက် မလာဘူးလား (လိုက်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိ မဂ္ဂင် လိုက်တယ်၊ ခုနင်က မိစ္ဆာဒိဋ္ဌိ လိုက်နေတယ် (မှန်ပါ)။
ဝေဒနာနဲ့ ငါနဲ့ရောတော့ (မိစ္ဆာဒိဋ္ဌိ လိုက်ပါတယ်) ဝေဒနာဟာ ငါလဲမဟုတ်ပါဘူး၊ အနိစ္စပါလို့ သိလိုက်တဲ့အခါ ကျတော့ သမ္မာဒိဋ္ဌိနဲ့ သိတာမရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။
အဲဒီလို ဘုရားက ဟောလိုက်တယ်။ ဖဂ္ဂုဏရဟန်း ကလေး မမာနေတာ ဒကာ ဒကာမတို့ နော်(မှန်ပါ့) မမာနေတာကို ဝေဒနာနဲ့ ငါနဲ့မရောစေနဲ့ ဆိုတော့ ဖြစ်ပျက်ရှုဆိုတဲ့ စကား ဖြည့်စွက်မှ ရတယ်လို့ ဦးဘတင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) ဖြစ်ပျက် မရှု တော်ပါ့မလား (မတော်ပါ ဘုရား)။
ဒါဖြင့် ဝေဒနာကို “အတ္တတော န သမနုပဿတိ” ဝေဒနာဟာ ငါမဟုတ်ဘူး၊ ဒီဥစ္စာ အနိစ္စသာ ဟုတ်တယ်၊ ဒီလို ဒကာ ဒကာမတွေက ရှုပေးလိုက်တော့ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဒကာ ဒကာမတွေ မှာ ဘယ်လို ဖြစ်လာသတုံးဆိုလို့ ရှိရင် ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဝိပဿနာမဂ်ဉာဏ် ရရလာတယ် (မှန်ပါ့) ဘယ်လို မဂ်ဉာဏ်ရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဝေဒနာက ဖြစ်ပျက်၊ ငါမဟုတ်မှန်း သိတာက မဂ် (မှန်ပါ့)။
ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား) ငါမဟုတ်မှန်း သိတာက (မဂ်ပါ ဘုရား) ငါမှ မဟုတ်ဘဲ အနိစ္စပဲလို့ သူသိ လိုက်ပြီကိုး၊ သူသိလိုက်တော့ မဂ်မဖြစ်သွားဘူးလား (ဖြစ်သွား ပါတယ် ဘုရား)။
ဒါဖြင့် ဖဂ္ဂုဏရဟန်းကလေးကို ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့ ဆိုတဲ့ အဓိပ္ပာယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောပြီး သကာလ ဝေဒနာနဲ့ငါနဲ့ မရောတဲ့နည်း ရှုပါလို့ ပြောလိုက်တဲ့ အခါကျတော့ ဝေဒနာဟာ ငါမဟုတ်ဘူး၊ အနိစ္စသာ ဟုတ်တယ်၊ ဝေဒနာ ပေါ်တိုင်း လိုက်နေတာပေါ့ ဗျာ (မှန်ပါ့)။။
ဝေဒနာပေါ်တိုင်း လိုက်နေတဲ့ အခါကျတော့ ဖဂ္ဂုဏက ဘယ့်နှယ် ဖြစ်သွားသတုံး ဆိုတော့ ဝေဒနာ ဖြစ်ပျက်တွေချည်း မြင်ရာက ဉာဏ်ရင့်သန်လွန်းမက သန်လာတော့ ဝေဒနာတွေ ပျောက်ထွက် သွားတယ်။
“ဝေဒနာနံ ခယော ဘိက္ခု” ဆိုတဲ့အတိုင်း ဖြစ်သွားတယ်ဆိုကြပါစို့ ၊ ဝေဒနာ ကုန်အောင် ရှုနိုင်တဲ့ ရဟန်းကလေး ဖြစ်သွားတယ် (မှန်ပါ့)။
=== ဝေဒနာ ကုန်အောင် ရှုနိုင်တဲ့ရဟန်း ===
ဦးဘတင် ဘယ်လိုဖြစ်သွားပါလိမ့် (ဝေဒနာ ကုန်အောင် ရှုနိုင်တဲ့ရဟန်း ဖြစ်သွားပါတယ် ဘုရား) ဝေဒနာ ကုန်တယ်ဆိုတာ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား၊ နဂိုက ဝေဒနာလို့သာ ဆိုတယ်၊ ကိုယ်ရှုတော့ အနိစ္စပဲတွေ့တယ် (မှန်ပါ) မကုန်ဘူးလား၊ ကုန်သလား (ကုန်ပါတယ် ဘုရား)။
နဂိုက ဝေဒနာတွေနော် (မှန်ပါ့) ရှုတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့ ဘာတွေ့သတုံး (အနိစ္စပဲ တွေ့ပါတယ် ဘုရား) အဲဒီအနိစ္စတွေချည်း တွေ့ပြီးသကာလနေတော့ ဖဂ္ဂုဏမှာ အရင်လို မျက်နှာညှိုးငယ်မနေ တော့ ဝေဒနာနဲ့ ငါနဲ့တော့ ကွဲထွက်သွားပြီဆိုတာ သိနိုင်တယ် (မှန်ပါ့)။
အရင်တုန်းကတော့ နာလိုက်တာ ပြုလိုက်တာ ဘယ်လို နေရမှန်းမသိဘူး၊ ဘယ်လိုထိုင်ရမှန်း မသိဘူး၊ ရှေ့သာတိုး နေတယ်၊ နောက်မဆုတ်ဘူးနဲ့ ဝေဒနာတစ်ခုတည်းကိုပဲ ရှေ့တိုး လိုက် နောက်ဆုတ် လိုက်ဆိုတော့ ဝေဒနာကို အတ္တဒိဋ္ဌိ ဖြစ်နေ တာပေါ့ (မှန်ပါ့)။
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးလဲ ကြွသွားတယ်။ အဲဒီတော့ ရှင်ဖရူဏက ဘယ်လို သိလိုက်သတုံးဆိုတော့ ဝေဒနာ ကလေးသည်ကား လို့ ဆိုလို့ ရှိရင် အနိစ္စပဲ၊ ဖြစ်ပျက်ပဲလို့ သိသိနေတယ်၊ ကြာတော့ ဒီဝေနာကလေးတွေဟာ အနိစ္စမြင်ပါ များတော့ ကုန်ထွက်သွားမယ်၊ ဝေဒနာနံ ခယော ကိုးဗျ (မှန်ပါ)။
အနိစ္စကုန်ထွက်သွားတော့ ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာကြီးလို့ ပြောထားတော့ ခန္ဓာပါ အာရုံအဖြစ်မှ ပျောက် သွားတာပေါ့ (မှန်ပါ့)။
ခန္ဓာပျောက် သွားတော့ ဒကာ ဒကာမတို့ ဒီနေရာမှာ ခန္ဓာချုပ်ဆုံးရာကို မြင်လာတယ် (မှန်ပါ) မြင်လာတော့ “ဝေဒနာနံ ခယော ဘိက္ခု”- ဝေဒနာကုန်တဲ့ရဟန်း ဖြစ်လာတယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် ကုန်ပါလိမ့်မတုံး ဆိုတော့
“သော ဝေဒနံ ပရိညာယ” သော၊ ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်တဲ့ပျက်တဲ့ သဘောသာဟု ပိုင်းခြား နိုင်၍ ဝေဒနာမဟုတ်ပါဘူး။ ဖြစ်ပျက် သဘောပါပဲ (မှန်ပါ့)။
ဝေဒနာကို ဖြစ်ပျက်သဘော သိသောကြောင့် ဝေဒနာ ပစ္စယာ တဏှာကော လာရဲ့ လား (မလာပါ ဘုရား) မောဟကော (မလာပါ ဘုရား) ဒိဋ္ဌိကော (မလာပါ ဘုရား) ဒါဖြင့် ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အဝိဇ္ဇာသဝဆိုတဲ့ အာသဝေါ ကုန်သွားတယ် (မှန်ပါ)။
သော၊ ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဪ ဒီဥစ္စာသည် ဖြစ်ပြီးပျက်တဲ့ သဘောမှတစ်ပါး ဘာမှ မရှိပါကလားဟု ပိုင်းခြားဆင်ခြင် သိမြင်နိုင်သောကြောင့် “ဒိဋ္ဌေဝ ဓမ္မေ အနာသဝေါ” တဲ့။ ဝေဒနာ ပစ္စယာ မဂ်သာ ဖြစ်နေတော့ ဦးဘအုန်း တဏှာဒိဋ္ဌိ လာသေးရဲ့ လား (မလာပါ ဘုရား) အဝိဇ္ဇာကော (မလာပါ ဘုရား)။
=== ဖြစ်ပျက်ကို သိနေတော့ ဝိဇ္ဇာ ===
ဖြစ်ပျက်ကို မသိရင် အဝိဇ္ဇာ၊ အခုတော့ ဖြစ်ပျက်ကို သိနေတော့ ဝိဇ္ဇာဖြစ်နေတော့ အဝိဇ္ဇာသဝလဲ လာသေးရဲ့လား။ (မလာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒါက ဒကာ ဒကာမတွေ၏ ခန္ဓာဝေဒနာ ဒီကနေပြီး သကာလ ဖြစ်ပျက်တွေ ရှုနေကတည်းက မဂ္ဂင်တွေလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒါက ဒကာ ဒကာမတွေ၏ ခံစားတဲ့ ဝေဒနာပေါ့ ဗျာ (မှန်ပါ့) ဒီကနေ ရှုတာက ဘာပါလိမ့် (မဂ္ဂင်ပါ ဘုရား) မဂ္ဂင်နဲ့ သိပါတယ်တဲ့ ဒကာ ဒကာမတို့ ပရိညာယ၊ ဒါဟာအဖြစ်အပျက်မှ တစ်ပါး ဘာမှမဟုတ်ပါလားလို့ ပိုင်းခြားပြီး သိလိုက်တဲ့အတွက် ဝေဒနာနဲ့ ဒီက ငါနဲ့ကော ရောသေးသလား (မရောပါ ဘုရား)။
ဒါမလာရင်တော့ နောက်က ငါလိုက်မှာပဲ (မှန်ပါ့) ငါဆိုရင် ဒိဋ္ဌာသဝလာပြီ (မှန်ပါ့) မလာပေဘူးလား (လာပါ တယ် ဘုရား) ဝေဒနာသည် အဖြစ်အပျက် ပါပဲဆိုသဖြင့် အဝိဇ္ဇာသဝ ကော လာသေးရဲ့လား (မလာပါ ဘုရား)၊
ဒါဖြင့် နောက်ကနေပြီး အာသဝေါတရား မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ဘာဖြစ်လို့ ချုပ်သတုံး၊ ဟောဒီ မဂ်ဝင်လို့ ချုပ်တယ် (မှန်ပါ) ဝေဒနာပေါ်၌ ချုပ်လို့ မဂ်ဝင် တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
=== ဒုက္ခသစ္စာ သိတာပါပဲ ===
မဂ်ပဲဖြစ်ပျက်သာ အစစ်ပါပဲဆိုပြီးသကာလ ဦးဘအုန်း ပိုင်ပိုင်နိုင်နိုင် သိလိုက်တာနဲ့ (မှန်ပါ) ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိတာဟာ ဒုက္ခသစ္စာ သိတာပါပဲ (မှန်ပါ့)။
ဒိဋ္ဌေဝ ဓမ္မေ အနာသဝေါ တဲ့၊ ရှုတဲ့အချိန်မှာပဲ အာသဝေါကို မရှိဘူး။ ဒီဘက်က ရှိသေးရဲ့လား (မရှိပါ ဘုရား) နောက်က သေသေချာချာ ကြည့်တော့ ဘာရှိသေးသတုံး (မရှိပါ ဘုရား) ဝေဒနာပစ္စယာ တဏှာကော လာသေးရဲ့လား (မလာပါ ဘုရား) တဏှာလာရင် ကာမာသဝ ဖြစ်ရမယ်၊ ဝေဒနာကို ငါစွဲရင် ဒိဋ္ဌာသဝဖြစ်ရမယ်၊ (မှန်ပါ့) လာသေးရဲ့လား (မလာပါ ဘုရား) ဘယ်သူက လာနေသတုံး (မဂ်လာပါတယ် ဘုရား) မဂ်လာတာပဲရှိတာပဲ၊ မဂ်မလာရင်တော့ သူတို့
လာရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် အာသဝေါတရား တွေ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။
ဒါနဲ့ ဖဂ္ဂုဏမထေရ်ကလဲ ဒီလိုပဲ ရှုနေတယ် ဆိုကြပါ စို့ (မှန်ပါ့) ဝေဒနာဟာ ဖြစ်ပျက်ပဲ ဖြစ်ပျက်ပဲ ဖြစ်ပျက်ပဲ ဖြစ်ပျက်ပဲလို့ ဝေဒနာပေါ်တိုင်း ဒီကနေပြီး သကာလ ပိုင်းခြားသိနေတယ်၊ ပိုင်ပိုင်နိုင်နိုင် သိနေတာပဲ (မှန်ပါ့)။
ဒါဖြင့်ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် သိသောကြောင့် နောက်က အာသဝ မလာရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ကဘာတုံး (အာသဝေါ မလာရပါ ဘုရား) အာသဝ မလာရဘူးဆိုတော့ ဦးဘအုန်းတို့က စဉ်းစားရမယ်နော်။
=== မဂ်နဲ့ ပိုင်းခြား သိ ===
ကာမာသဝဆိုရင် လောဘနေရမယ်၊ လောဘဆိုရင် တဏှာဥပါဒါန်, ကံလာမယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒိဋ္ဌာသဝဆိုရင် ဒိဋ္ဌိကလဲ လောဘပဲ၊ တဏှာ, ဥပါဒါန်, ကံပဲ မလာပေဘူးလား (လာပါတယ် ဘုရား) အဝိဇ္ဇာသဝလာ ရင် အဝိဇ္ဇာသင်္ခါရ ဝိညာဏ်ကျအောင် နောက်ဘဝတွေ မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား) ကဲ- ဒါတွေလာသေး ရဲ့လား (မလာပါ ဘုရား) ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံး ဆိုတော့ ဝေဒနာ ပိုင်းခြားသိလို့ (မှန်ပါ့)။။
ဘယ်လိုဆိုကြပါ့မလဲ (ဝေဒနာကို ပိုင်းခြားသိလို့ပါ ဘုရား) ဘာနဲ့ ပိုင်းခြားသိသလဲ (မဂ်နဲ့ ပိုင်းခြား သိပါတယ် ဘုရား) မဂ်နဲ့ပိုင်းခြားပြီး ဝေဒနာကလေးတွေဟာ ဖြစ်ပျက် နေတယ်လို့ သိတယ်၊ အဲဒါပိုင်းခြားသိတာပဲ (မှန်ပါ)။
ဝေဒနာကလေးဟာ ဘယ်လိုနေပါလိမ့် (ဖြစ်ပျက် နေပါတယ် ဘုရား) ဖြစ်ပျက်နေတယ်လို့ ဟောဒီက မဂ်က ပိုင်ပိုင်နိုင်နိုင် သိတယ်- (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) မဂ်က ဘယ်လိုသိနေပါလိမ့် (ပိုင်ပိုင်နိုင်နိုင် သိပါတယ် ဘုရား) ပိုင်ပိုင်နိုင်နိုင် သိနေပါတယ်လို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့) ဦးဘအုန်းတို့ ဦးဇံရင်တို့ ကျေနပ်ပလား(ကျေနပ်ပါပြီ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ ဟိုကဖြစ်ပျက်နဲ့ ဒီကပိုင်ပိုင် နိုင်နိုင် သိတဲ့မဂ်နဲ့ ဦးဘတင် ဒါကလေး နှစ်ခုတည်း ရှိတော့တယ်၊ အာသဝ ဘယ့်နှယ်နေသတုံး- (ချုပ်ပါတယ် ဘုရား)။
“သော ဝေဒနံ ပရိညာယ” သော= ထိုရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ ပရိညာယ၊ ဖြစ်ပျက်ဟု ပိုင်ပိုင်နိုင်နိုင် သိသောကြောင့်။ ဒိဋ္ဌေဝ ဓမ္မေ၊ ယခုမျက်မှောက်ဘဝ၌ပင်လျှင်။ အနာသဝေါ၊ အာသဝေါ ကင်းတယ်တဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ကောင်းကောင်းရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက ရှေ့ပိုင်းမှာ သတိပေးတဲ့ တရားပဲရှိသေးတယ် ဒကာ ဒကာမတို့နော် (မှန်ပါ)။
အဲဒီတော့ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ပဲလို့ သိနေလို့ရှိရင် နောက်က အာသဝတွေ သေသေချာချာ ကုန်နိုင် တယ် (မှန်ပါ့)။
အာသဝေါ ကုန်ရပါလို၏လို့ ဘုန်းကြီးက ရှေ့က ချပေး တယ်၊ ခင်ဗျားတို့ကလဲ လိုက်ကြတယ်။ အဲဒါကတော့ ကုန်ရာ ကုန်ကြောင်းကို အကျင့်ပေးတတ်တဲ့ ဆရာနဲ့ တွေ့ရပါလို၏ ဆိုတဲ့အတိုင်း အခုလဲ ကုန်တာကော မသေချာဘူးလား (သေချာ ပါတယ် ဘုရား) ရှုသာရှ သေသေချာချာ ကုန်ပါတယ်။ (မှန်ပါ့ ဘုရား)။
သော ဝေဒနံ ပရိညာယ ဆိုတဲ့အတိုင်း ဝေဒနာပေါ်၌ မဂ်နှင့်ပိုင်းခြား၍ သိသောကြောင့်၊ အနာသဝေါ၊ အာသဝေါ ကင်းတယ်ဆိုတဲ့အတိုင်း ဘာဖြစ်လို့ ကင်းပါလိမ့် ဒကာ ဒကာမတို့ (မဂ်နဲ့ ပိုင်းခြားသိလို့ ပါ ဘုရား) မဂ်နဲ့ ဝေဒနာကို ဖြစ်ပျက်လို့ ပိုင်ပိုင်နိုင်နိုင် သိနေလို့ (မှန်ပါ့)။
=== ပိုင်ပိုင်နိုင်နိုင် သိနေ သောကြောင့် ===
ဒီဥစ္စာ ငါလဲမဟုတ်ဘူး၊ သူလဲမဟုတ်ဘူး၊ ဖြစ်ပျက်တဲ့ အနိစ္စပဲလို့ ပိုင်ပိုင်နိုင်နိုင် သိနေ သောကြောင့်၊ ဒိဋ္ဌေဝ ဓမ္မေ အနာသဝေါတဲ့။ ယခုမျက်မှောက်ဘဝ၌ပင်လျှင် အာသဝေါ ကင်းတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒီဘက်က အာသဝေါတရား လာသေးရဲ့လား (မလာပါ ဘုရား)။
ခင်ဗျားတို့ ကျုပ်တို့ ဆုတောင်းပြည့်ထားတဲ့ ခန္ဓာ ကိုယ်ကြီးကတော့ သေရာသွားနေတယ်၊ သွားတဲ့အခါမှာလဲ ဝေဒနာနဲ့ တွဲလျက်ကြီး (မှန်ပါ့) သတ်မည့်ဝေဒနာနဲ့ အသတ်ခံ ရမည့် ခန္ဓာနဲ့ ဟာ တွဲလျက်ကြီး (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒီတော့ ဒီဝေဒနာကို ကျုပ်တို့က ပိုင်ပိုင်နိုင်နိုင် သိရမယ် (မှန်ပါ့ ဘုရား) မင်းဟာ သတ်မလို့ လာတာလား။ သို့မဟုတ် မင်းသည်ကား လို့ ဆိုရင်ဖြင့် အနိစ္စလားလို့ ကျုပ်တို့က မေးမေး မေးမေးပြီး သကာလ ပိုင်ပိုင်နိုင်နိုင် သိအောင် လုပ်ပါတဲ့ (မှန်ပါ့)။
ပိုင်ပိုင်နိုင်နိုင် သိအောင် လုပ်တဲ့အခါ ကျတော့ သူဟာ ဖြစ်ပြီး ပျက်တဲ့အနိစ္စပဲဆိုတာ ဉာဏ်ထဲမှာ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိသောကြောင့် ဒိဋ္ဌေဝ ဓမ္မေ၊ ယခုပစ္စက္ခဘဝ၌ပင်လျှင်။ အနာသဝေါ၊ အာသဝေါ ကင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒီဘက်က အာသဝေါကင်းတယ်။
ဟောဒီမဂ်ကြောင့် (မှန်ပါ) ဒီမဂ်သာ မလာရင် ဘယ့်နှယ် နေကြပါ့မလဲ (မကင်းပါ ဘုရား) ကြောက်တယ်, လန့်တယ်၊ ဆိုရင်ဖြင့် ဒိဋ္ဌာသဝတွေ, အဝိဇ္ဇာသဝတွေ မလာပေဘူးလား (လာပါတယ် ဘုရား) ကဲ- ဒါဟာ ဘယ်လောက် အရေးကြီးလို့ ပြောတယ်ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ ဆရာဘုန်းကြီးကလဲ ဒါလောက်တောင် အသေ စခန်းကို အကြီးအကျယ်ဖွဲ့ပြီး ဟောနေရပါလိမ့်မတုံး ဆိုတော့ အို- ခင်ဗျားတို့ ခန္ဓာကိုယ်က နားနေရင်တော့ အဟုတ်သားပေါ့- (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကိုယ်က သေရာ မသွားဘဲနဲ့ နားလို့ ရပ်လို့ ရရင်လဲ အဟုတ်သားပေါ့- (မှန်ပါ့)။
အခုလို တရားနာနေကြတယ်ဆိုတာက တစ်ခါတလေ ဟိုစိတ်ရောက်သွား ဒီစိတ်ရောက်သွားနဲ့ တရားထဲနာချင်မှ နာတာ၊ အဲဒါလဲ ကြားပေါက်ပါသေးတယ်- (မှန်ပါ့)။
သေရာသွားတာကတော့ ကြားပေါက်မရှိဘူး။ ကြား ပေါက်စိတ်လာလဲ သူကသွားနေတာပဲ- (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ တို့ ဝဋ်သင့်နေလို့ ဒီဥစ္စာကို တို့ဆုတောင်း ပြည့်တဲ့အလုပ်ကြီး နောက်ထပ် မပြည့်အောင် လုပ်မှပဲ၊ နောက် ထပ်မပြည့်စေချင်လို့ ဟောထားတာ။ ခင်ဗျားတို့က ဘဝတိုင်း ဘဝတိုင်း ဒီသား ဒီသမီးနဲ့ မခွဲရပါလို၏ဆိုတော့ ဘဝတိုင်း ဘဝတိုင်း သေရာ သွားရပါလို၏က ပါနေတယ် လွယ်သလား (မလွယ်ပါ ဘုရား) အမှားက သေးသေးလား၊ ကြီးကြီးလား (ကြီးကြီးပါ ဘုရား)။။
ကြီးတဲ့အထဲမှာ ခင်ဗျားတို့က ဟိုဘဝကျတော့ ဟိုဘက် ဘဝ သားသမီးနဲ့ မခွဲရပါလို၏-တဲ့။ ဒီဘဝ ကျတော့ကော (ဒီဘဝ သားသမီးနဲ့ မခွဲရပါလို၏ ပါ ဘုရား)။
ဒါဖြင့် သားသမီးပေါင်းက ဘယ်လောက်များခဲ့ကြ သတုံး (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့် မခွဲနိုင်ပေါင်းကလဲ ကမ္ဘာတစ်ဝှန်းလုံးရှိတာနဲ့ မခွဲနိုင်တာ (မှန်ပါ)။
အားလုံးနိဗ္ဗာန်သွားမှ သွားမယ်ဆိုရင် ဘယ်တော့မှ မသွားနိုင်တော့ဘူး (မှန်ပါ့) သွားနိုင်ဖို့ရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ခင်ဗျားတို့ ဝါဒဖြန့်ထားတာက နည်းနည်း နောနော ကျယ်တာမှ မဟုတ်ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရား ဟောထိုက်၊ မဟော ထိုက် (ဟာထိုက်ပါတယ် ဘုရား) ချက်ချင်း အာသဝေါ ကင်းနိုင်တာကို ဦးဘတင် ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဖြစ်ပျက်မြင်လို့ ကင်းတယ်နော် (မှန်ပါ ဘုရား)။
ဖြစ်ပျက်မြင်လို့ ရှိရင်
ဖြစ်ပျက်မြင်လို့ ရှိရင် ဒကာ ဒကာမတို့ သေသေ ချာချာဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင် သိသွားလို့ရှိရင် မဂ္ဂင်ရှစ်ပါးဟာ ဒီနေရာမှာ ပေါ်တယ်လို့ မှတ်လိုက်တာပေါ့၊ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကာယဿ ဘေဒါ တဲ့။ ကာယဿ၊ ယခု ခန္ဓာ ကိုယ်၏။ ဘေဒါ၊ ပျက်သည်၏ အခြားမဲ့၌။ သော၊ ထိုပုဂ္ဂိုလ် သည်။ ဓမ္မော၊ နိဗ္ဗာန်၌တည်သည်။ ဟောတိ၊ ဖြစ်၏။ ဒကာ ဒကာမတို့ တစ်ခါတည်း နိဗ္ဗာန်ရောက်သွားတာပဲတဲ့ (မှန်ပါ့)။ ဒါတွေ ခုနင်က ဒုက္ခတွေ ချုပ်ပြီးသကာလ ရောက်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အာသဝေါကုန်တာနဲ့ ဒီဘက်ကဖြစ်ပျက်ဆုံးတာနဲ့ ဟာ တစ်ချက် တည်းပဲ (မှန်ပါ)။
ဒါဖြင့် ဖဂ္ဂုဏရဟန်းဟာ သောတာပန်, သကဒါဂါမ်, အနာဂါမ်ကျအောင် သေခါနီးမှာ အလုပ်လုပ် သွားနိုင်တယ်လို့ ဦးတို့ မှတ်ဖို့ပဲ (မှန်ပါ့) ဒါနဲ့ မြတ်စွာဘုရား ကလဲ သူ့မှာ အောက် သံသရာကို ပို့တတ်တဲ့ အာသဝေါ တွေလဲကုန်ပါပြီ ဆိုပြီး ဘုရားက ကျောင်းတော် ပြန်သွားတယ် (မှန်ပါ့)။
ရှင်အာနန္ဒာကတော့ ကျန်နေရစ်တယ်၊ ကျန်နေရစ်တော့ သူ့ရှေ့မှာ ဖဂ္ဂုဏဆိုတဲ့ ရဟန်းကလေးက ခေါင်းကလေး တောင်ဘက်စောင်းပြီး စုတိစိတ်ကျတယ် (မှန်ပါ့) စုတိစိတ် ကျသွားတော့ ရှင်အာနန္ဒာက ကြည့်တယ်၊ စက္ခုမျက်လုံး ကြည့်ပြန်လဲ သူသေ မျက်လုံးနဲ့ မတူဘူး၊ နားကြည့်လိုက်လဲ သူများလို ကျိုးကွေးနေတယ်မဟုတ်ဘူး၊ လူသေများနဲ့ မတူဘူး၊ နှာခေါင်း ကြည့်လိုက်ပြန်လဲ ကျွံသွားတယ်၊ ဖောင်းလာတယ် ဒီလိုမဟုတ်ဘူး၊ လူရှင်ကိုယ်အတိုင်းပဲ (မှန်ပါ့)။
=== ဖဂ္ဂုဏ တယ်ထူးပါလား ===
ကိုယ်ကြည့်လိုက် ပြန်တော့လဲ ပျော့ပျော့ပျောင်း ညောင်းပဲ (မှန်ပါ့) သြော်- ဖဂ္ဂုဏ တယ်ထူးပါလား၊ သူများ လူသေနဲ့ ကို မတူဘူး (မှန်ပါ့)။
ဝိညာဏ်တော့ ချုပ်သွားပြီတဲ့၊ သို့သော်လဲ မျက်လုံး ကြည့်လိုက်လဲ (လူကောင်း အတိုင်း) နှာခေါင်း ကြည့်လိုက်လဲ (လူကောင်း အတိုင်းပါ) ကိုယ်ကြည့်လိုက်လဲ (လူကောင်း အတိုင်းပါ) အကုန်လူကောင်းအတိုင်း ဖြစ်နေတော့ ထူးတယ်၊ ဆိုတော့ ရှင်အာနန္ဒာက ဘုရားဆီ သွားပြန်တယ် (မှန်ပါ)။
ဘုရားဆီသွားပြီး လျှောက်ပြန်တယ်။ အရှင်ဘုရား ဖဂ္ဂုဏကတော့ သေပြီဘုရာ့၊ သေပေမယ့် သူများသေပုံနဲ့ မတူ ဘူး၊ ခေါင်းကလဲ တောင်ဘက်စောင်းတယ်၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာဣန္ဒြေတွေကလဲ ဘာမှမညုှိဘူး ဘုရားလို့ လျှောက် တော့ ဘုရားက အာနန္ဒာ, သေခါနီးမှာ ဝေဒနာနုပဿနာရှုပြီး ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိလို့ အောက်သံသရာ သွားတတ်တဲ့ အာသဝေါ ကုန်ပြီးသေတဲ့ အနာဂါမ်သေတာလို့ ဖြေလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အနာဂါမ်ဖြစ်သွားတာတဲ့ (မှန်ပါ့) ဒါဟာ သေခါနီးမှ ဖြစ်တာ(မှန်ပါ့) အနာဂါမ်ဆိုတော့ ဒကာ ဒကာမတွေ စိတ်ချရပြီ မဟုတ်လား (မှန်ပါ့)။
အနာဂါမ်ဆိုတာ ကာမတစ်ဆယ့်တစ်ဘုံဆိုတဲ့ ဒီ လူပြည်တို့ နတ်ပြည်တို့ကို လုံးဝ မလာတော့ဘူး။ ဗြဟ္မာပြည်က နေပြီး နိဗ္ဗာန်ကူးတော့မှာပဲ- (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူဘယ်လိုလုပ်သွားပါလိမ့်၊ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင် သိသွားလို့ (မှန်ပါ့) အနိစ္စလို့ ပိုင်ပိုင်နိုင်နိုင် သိသွားတဲ့အတွက် ဒကာ ဒကာမတို့ မသေခင်ပဲ အောက်သံသရာလည်စေတဲ့ အာသဝေါကုန်တယ်၊ သေတော့ သူများပုံစံနဲ့ တူသေးရဲ့လား (မတူပါ ဘုရား)။
အဲဒါ ဖဂ္ဂုဏဝတ္ထု အင်္ဂုတ္တိုရ်မှာလာတယ်၊ ဒကာ ဒကာမတို့ ဘုရား ကိုယ်တော်တိုင် ဟောတာ ပါပဲနော် (မှန်ပါ့)။
ဒါကလေးအကြောင်းရင်းခံပြီးတော့ ဖဂ္ဂုဏတော့ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်သွားပြီဆိုတော့ ဦးဘအုန်း ဘာမှ သံသယမရှိနဲ့ တော့ဗျာ (မှန်ပါ့)။
ဒါဖြင့် နဂိုတုန်းက ဘုရားကြွ မလာခင်တုန်းကတော့ ဟိုနေရာက နာပါတယ်ဘုရာ့၊ ဒီနေရာက နာပါတယ်ဘုရာ့၊ ဝေဒနာက ရှေ့သာတိုးနေတယ်၊ နောက်ကို မဆုတ်ပါဘူး ဘုရားဆိုတော့ ဝေဒနာ အတုံးအခဲကြီးပေါ့ ဗျာ (မှန်ပါ) တစ်ခါတည်း ဝေဒနာကို ငါနဲ့ ရောနေတာပဲ (မှန်ပါ့)။
အခုတော့ဖြင့် နောက်ဆုံးပိတ် ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဟောလိုက်တော့ ဝေဒနာကို ငါနဲ့ မရောပါစေနဲ့၊ မိစ္ဆာဒိဋ္ဌိနဲ့ မရောစေနဲ့ (မှန်ပါ) သမ္မာဒိဋ္ဌိနဲ့ ကြည့်လိုက်စမ်းပါ ဆိုတော့ ဖြစ်ပြီးပျက်တာပဲ သူမြင်တာပဲ (မှန်ပါ့) ဒါတွေချည်း မြင်ပြီး ဒါတွေရှုပြီး သေလိုက်တော့ ဒကာ ဒကာမတို့ သုံးမဂ်ကို ရတယ်၊ သုံးမဂ် သုံးဖိုလ်ရတယ် (မှန်ပါ့)။
ဒါနဲ့ ရှင်အာနန္ဒာက ဘုရားကိုသွားလျှောက်တော့ ဘုရားက ဖဂ္ဂုဏဟာ အနာဂါမ် တည်သွားတယ်လို့ ထောက်ခံ ချက်ပေးလိုက်တယ်နော် (မှန်ပါ့)။
ဒါနဲ့ ဘုရားက ဖဂ္ဂုဏကို အကြောင်းပြုပြီး အကြောင်း ကလဲ ပေါ်လာတယ်၊ သံဃာတော် တွေရော၊ ပရိသတ်တွေရော စုကြဟု အမိန့်ရှိတယ်၊ သေနည်းသင်ပေးမှာ (မှန်ပါ့)။
=== သေနည်းသင်ပေးမှာ ===
ဒကာ ဒကာမတို့ ဘာသင်မှာတုံး (သေနည်းသင်မှာပါ ဘုရား) သေနည်းပဲဘုရား ပါးစပ် ဖွင့်လိုက်လို့ ရှိရင် သေတာပဲ။ သင်ရဦးမှာလားလို့ ဆိုတော့ အဲဒါက အရူးသိ သိထားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီသေနည်းမျိုး မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ သေခါနီးမှာ အနာဂါမ်ဖြစ်တဲ့နည်း၊ သေခါနီးမှာ ရဟန္တာ ဖြစ်နိုင်တဲ့နည်း၊ ဒါကို သင်ပေးမယ်ပြောတာ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
သေတာ ရေထဲဆင်းလိုက် သေတာပဲ ဆိုတာမျိုး အောက်မေ့မနေနဲ့ဦး (မှန်ပါ့)။။
=== သေနည်း ခြောက်နည်း ===
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သေနည်းသင်မယ် ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို ခေါ်ပြီး သကာလ ဟောတော်မူတယ်၊ သေနည်း ခြောက်နည်းရှိတယ်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ သေနည်း ဘယ်နှ မျိုးရှိသတုံး (ခြောက်မျိုး ရှိပါတယ် ဘုရား) ပုထုဇဉ် အတွက်မှာ သုံးမျိုး၊ အထက် အရိယာပုဂ္ဂိုလ်များမှာ သုံးမျိုးစီရှိကြတယ်။ သို့သော် ဦးဘတင် အထက်အရိယာ ပုဂ္ဂိုလ်သုံးမျိုးကို ဘုန်းကြီး မဟောတော့ပါဘူး၊ သူတို့မှာ ဘာမှပူစရာရှိတာ မဟုတ်ပဲကိုး။ သူတို့ က ကိစ္စပြီးပြီးသားတွေပဲ။ ဘုရားကတော့ ခြွင်းချက်မရှိ ဟောရ တာပေါ့ (မှန်ပါ) ဘုန်းကြီးတို့ကတော့ ဒကာ ဒကာမတွေနဲ့ သက်ဆိုင်လှတဲ့ ပုထုဇဉ်သေနည်း သုံးမျိုးကို ဟောပြပါမယ် (မှန်ပါ့)။။
ပုထုဇဉ်သေနည်း သုံးမျိုးက ဖဂ္ဂုဏ သေတာကို သိကြရပြီ၊ အလောင်း သွားကြည့်တော့ ဣန္ဒြေတွေ ဘယ်တော့မှ မချို့တဲ့ဘူး ဆိုတာလဲ သိကြရပြီ၊ အဲဒီတော့ သူဟာ နဂိုတုန်းကတော့ သက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ နေခဲ့တယ်၊ ဝေဒနာနဲ့ ငါနဲ့ ရောနေ တယ်ဆိုတော့ ဝေဒနာ အတ္တတော သမနုပဿတိ ဆိုတဲ့ အတိုင်း သက္ကာယဒိဋ္ဌိ ပြုတ်ပါရဲ့လား (မပြုတ်ပါ ဘုရား)။
ဘုရားကလာပြီး အတ္တဖြုတ်ပေးလိုက်တဲ့အခါကျတော့ အတ္တက အနတ္တဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။ ဖြစ်သွားတဲ့အတွက် သူ့မှာ သေနည်းက မှန်သွားတယ်၊ ဝေဒနာကို ပိုင်းခြားသိပြီး သကာလ သွားသောကြောင့် မသေခင်ဘဲ သူနဲ့ ဆိုင်ရာ အောက်အာသဝတွေ အကုန်ကုန်တယ်၊ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)
“ဒိဋ္ဌေဝ ဓမ္မေ (ပ) ကာယဿ ဘေဒါ ဓမ္မဋ္ဌော” တဲ့။ ခန္ဓာပျက်သောအခါ၌ နိဗ္ဗာန် ရောက်သွား တယ်ဆိုတာ ဦးဘအုန်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ လူတိုင်းနဲ့ မဆက်ဆံဘူးလား၊ ဆက်ဆံသလား (ဆက်ဆံပါတယ်) အကုန် ဆက်ဆံတယ်၊ ဒီအထဲမှာ ခြွင်းချက် ပေးလို့ ဘယ်သူမှ မရဘူး (မှန်ပါ) ရပါ မလား (မရပါ ဘုရား)။
ခင်ဗျားတို့ အသက်တစ်ရာ ရှည်ရပါလို၏ ဆိုတော့ တစ်ရာပြည့်တော့ သေဖို့ပါပဲ (မှန်ပါ့)၊ တစ်ရာ့နှစ်ဆယ် ရှည်ရပါလို၏ဆိုလို့ကော – (တစ်ရာ့နှစ်ဆယ်ပြည့်တော့ သေဖို့ ပါတာပါပဲ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ တောင်းတဲ့ဆုထဲမှာ အသေမပါတဲ့ ဆု ပါရဲ့လား- (မပါ,ပါ ဘုရား) ဘာဖြစ်ရပါလို၏ ၊ ညာဖြစ်ရ ပါလို၏ ဆိုလို့ရှိရင် အသေပါမှာချည့်မှတ်ပါ (မှန်ပါ့) ဘာမှ မဖြစ်ရတဲ့နေရာ ရောက်ရပါလို၏ဆိုရင်တော့ အသေမပါဘူး။ အသေလွတ်ပြီ (မှန်ပါ့)၊ ရှင်းပလား- (ရှင်းပါပြီ ဘုရား)။
ကဲ- ခင်ဗျားတို့ ဘာများ ဖြစ်ချင်သေးသတုံး- (ဘာမှ မဖြစ်ချင်ပါ ဘုရား) ဟာ ခင်ဗျားတို့ အခုမှ ပါးကုန်တာ၊ နဂိုက အတော်ဖြစ်ချင်တဲ့လူတွေ (မှန်ပါ့)။
နဂိုက အတော်ဖြစ်ချင်တယ်၊ ဒီသားနဲ့ ဒီသမီးနဲ့ ဟုတ်လား ငှက်ဖြစ်သော်လဲ တစ်ကိုင်းတည်း ဖြစ်ရပါလို၏ တဲ့ ဟုတ်လား၊ အဲဒီအဖြစ်ထဲမှာ ဘာပါလာသတုံး (အသေ ပါလာပါတယ်) အဖြစ်ရှိလို့ ရှိရင် အပျက်ရှိမှာပေါ့ (မှန်ပါ)။
အဖြစ်ထဲ ဘာပါသတုံး (အသေပါ, ပါတယ်) အဲဒီအသေ ကလဲ ခင်ဗျားတို့ က ဘဝတိုင်းကလဲ မှားလာတာ ဆိုတော့ မှားချက်က ဦးဘအုန်း ဘယ်လောက်များခဲ့သတုံး- (မရေနိုင် ပါ ဘုရား) မရေနိုင်ဘူး၊ မရေနိုင်တာ တစ်ခါတည်း ဖျက်ရမယ် ဆိုတော့ မဂ်ရမှ ဖျက်လို့ ရတယ်။ မဂ်မရရင်တော့ (ဖျက်လို့ မရပါ ဘုရား)။
=== သေခါနီးမှ အနာဂါမ်ဖြစ်ချင်လို့ရှိရင် ===
ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ပုထုဇဉ်မှာကွာ တဲ့ သေခါနီးမှ အနာဂါမ်ဖြစ်ချင်လို့ရှိရင် သုံးမျိုးရှိတယ် တဲ့၊ ငါဘုရား တရားကို နာရလို့ ခုနင်ကပြောတဲ့ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ တရားမျိုး နာရလို့ ရှိရင်လဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင် ဖြစ်နိုင်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီလိုမှမဟုတ်ဘဲ ငါဘုရားကလဲ ပရိနိဗ္ဗာန် စံသွားပြီ ဆိုတော့ ငါဘုရား၏ တပည့်သား ဖြစ်တဲ့ပုဂ္ဂိုလ်က ဝေဒနာနဲ့ ငါနဲ့မရောတဲ့ တရားကို ဟောတာနာရမယ်၊ ဒီလိုဆိုလို့ရှိရင်လဲ
သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်တယ် (မှန်ပါ) နှစ်မျိုးရှိသွားပြီနော် (မှန်ပါ့)။
ဘုရားဟောလို့ဖြစ်စေ၊ ဘုရား၏တပည့်သားက ဝေဒနာ နဲ့ငါနဲ့ မရောတဲ့တရားကို ဟောသည်ဖြစ်စေ၊ ဘယ်နှ မျိုးတုံး (နှစ်မျိုးပါ ဘုရား) ဒီလိုမှ ဘုရားနဲ့ လဲမကြုံ၊ ဟောတတ်တဲ့ ဆရာသမားနဲ့လဲ မကြုံရင် ဘယ့်နှယ်များ သေရပါ့မတုံးလို့ မေးလို့ ရှိရင် အခုလို နာထားတဲ့ တရားကို ဒကာ ဒကာမတွေက ကိုယ့်ဟာကိုယ် နှလုံးသွင်းပြီး ဖြစ်ပျက်ရှုပေးလိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက် ရှုနေလိုက်တော့ ဝေဒနာနဲ့ ငါးနဲ့ ရောသေး သလား (မရောပါ ဘုရား) အဲဒီလိုဆိုရင်လဲ တစ်ခါတည်း မသေခင်ဘဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်ပါတယ် (မှန်ပါ့) ကိုယ့်ဟာကိုယ် ပြီးတော့ရတာ (မှန်ပါ) ဘယ်နှ ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။
ဝေဒနာနဲ့ ငါနဲ့ မရောနဲ့တဲ့ ဘုရားတရားကို နာရ၍ သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိ ပြုတ်အောင် ဟောနိုင်တဲ့ ဘုရား၏ တပည့်သားများနဲ့ တွေ့လို့ အဲဒီတရားမျိုးကို နာရ၍ သော်လည်းကောင်း (မှန်ပါ့) ဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုလို့ ရှိရင်လဲ အရင်နာဖူးတဲ့ တရားကို ကိုယ့်ဟာ ကိုယ် ရှုပွားပြီး သကာလ (မှန်ပါ) ဒါကလဲ နာဖူးတဲ့တရား ရှိမှနော်၊ သက္ကာယဖြုတ်တဲ့တရားကို နာဖူးမှ (မှန်ပါ)။
ခုနင်က ပန်းကလေး အောက်မေ့ပါတယ်၊ ညောင်ရေအိုး ကလေး အောက်မေ့ပါတယ်၊ ဒါလောက်ပြောတာ မဟုတ် ပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပန်းညောင်ရေဆိုတာက ဒါနကုသိုလ်သို့ နတ်ပြည် သုဂတိကိုတော့ မုချ ကျေးဇူးများမယ် (မှန်ပါ့) ဒီမှာကတော့ ဒီလိုမဟုတ်ဘူး၊ ဝေဒနာနိရောဓာ ဖြစ်သောကြောင့် တဏှာ နိရောဓော၊ ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်တယ်(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
သူကတော့ နိရောဓဘက် မလှည့်ဘူးလား (လှည့်ပါ တယ် ဘုရား) ဟိုဟာတွေက နိရောဓဘက် မလှည့်ဘူး ဒကာ ဒကာမတို့ ကောင်းကောင်း သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီး ဒါဖြင့် သေနည်း ဘယ်နှ မျိုးတုံး (သုံးမျိုးပေါ် ဘုရား) ဘုရားဟောတဲ့ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ တရားကို ကိုယ်ကရှုပွားပြီး သေရ သော်လည်းကောင်း၊ ဘုရား၏တပည့် သားများက ဝေဒနာနဲ့ ငါနဲ့ မရောတဲ့တရားကို ဖြစ်ပျက် ရှုတတ်တဲ့တရားကို ဟောလို့ နာကြားပြီး ကိုယ်က ရှုပွားပြီး သေရ သော်လည်းကောင်း၊ သို့မဟုတ် ဟောမည့်ပုဂ္ဂိုလ် အထက်ပါ ပုဂ္ဂိုလ် နှစ်မျိုးစလုံးမရှိဘူးဆိုရင် ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး သကာလ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ အလုပ်ကို လုပ်ပြီး သေခဲ့ရ သော်လည်းကောင်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ပြီး သေနိုင်တယ်၊ ဖဂ္ဂုဏသေနည်းမျိုး (မှန်ပါ့) ဒါစိတ်သာချ ပေတော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သြော်- တို့ဆရာဘုန်းကြီးဟာ ဘာသင်ပါလိမ့် မတုံးဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာသင်တာတုံး (သေနည်း သင်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
=== ကောင်းသော သေနည်း သင်တယ် ===
ကောင်းသော သေနည်း သင်တယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) ဒီပြင် နဂိုက ခင်ဗျားတို့ သေမည့်သေနည်း ကတော့ဖြင့် သားစွဲ မယားစွဲလို့ ရှိတဲ့ပစ္စည်းကလေးစွဲလို့ အဲဒီလို သေနည်းတွေ သေမှာစိုးလို့ ၊ အဲဒါတွေကတော့ အများအားဖြင့် ပြိတ္တာဘက်ချည်း ဦးတည်သွားတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သေနည်းခြောက်မျိုးမှာ ပုထုဇဉ် သေနည်း သုံးမျိုးကိုဟောတယ် (မှန်ပါ့) ကျန်တဲ့ သုံးမျိုးကတော့ အနာဂါမ်တည်ပြီးသား ပုဂ္ဂိုလ်မှာ ဒီအတိုင်း ဘုရားတရားတော်ကို နာ၍သော်လည်းကောင်း၊ သူက အနာဂါမ်တည်ပြီးသားမို့ သူ့အတွက် မလိုလှတော့ပါဘူး (မှန်ပါ့) သို့ မဟုတ် ဟောတဲ့ပုဂ္ဂိုလ် ဘုရား၏ တပည့်သား အနားရှိသော် လည်းကောင်း (မှန်ပါ့) ကိုယ့်ဟာကိုယ် ဆင်ခြင်၍သော် လည်းကောင်း၊ အဲဒီပုဂ္ဂိုလ်ကတော့ ရဟန္တာဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားထံမှ တရားနာဖို့ဆိုတာ ဘုရားကလဲမရှိတော့ပါဘူး။ ဒါကြောင့် ၁-နံပါတ်က လွတ်သွားပြီ (မှန်ပါ့) ၂-နံပါတ်ဆိုတာကလဲ ခင်ဗျားတို့ ကလဲ ဖျတ်ခနဲ သေချင် သေတာမျိုး။ ဒီလို ဆရာလျှောက်ရှာလို့လဲ တွေ့ချင်မှ တွေ့တာကိုးဗျာ (မှန်ပါ့)။ သေမှာက ဘယ်သူမှ အချိန် သိကြတာ မဟုတ်ဘူး (မှန်ပါ့) သေမှာသာ သိတယ်၊ ဒီအထဲမှာ ဒကာ ဒကာမတွေ အချိန်သိတဲ့ ဒကာ ဒကာမတွေ တစ်ယောက်မှ မပါဘူး (မှန်ပါ့) ပါကြရဲ့လား (မပါ,ပါ ဘုရား)။
သေမှာတော့ မသိကြဘူးလား (သိပါတယ်) အချိန်တော့ သိရဲ့လား (မသိပါ ဘုရား) အချိန်မှမသိတဲ့ ပုဂ္ဂိုလ်ကဖြင့် ဟောမည့်ပုဂ္ဂိုလ်ကို ရှာမထားပေဘူးလား (မှန်ပါ) ရှာထား နိုင်ပါ့မလား (မရှာထားနိုင်ပါ ဘုရား)။
အချိန်သိရင်တော့ ဟုတ်သားပေါ့ (မှန်ပါ့) အခုတော့ အချိန်မှ မသိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေတော့ ဟောမည့် ပုဂ္ဂိုလ်ကို ရှာထားနိုင်ပါ့မလား (မရှာထားနိုင်ပါ ဘုရား)။
အဲဒီတော့ ပထမအချက်လဲ ကျုပ်တို့ မိဖို့ မမြင်ဘူး၊ ဘုရားကလဲ မရှိဘူး၊ ဒုတိယအချက်ကလဲ ခင်ဗျားတို့ အသေက အချိန်မသိနိုင်တဲ့အတွက် ဒုတိယပုဂ္ဂိုလ်နဲ့ လဲ တွေ့ဖို့ မမြင်ဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
=== နံပါတ် ၃ အကောင်း ဆုံး ===
အဲဒီတော့ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဝေဒနာ ဖြစ်ပျက်နဲ့ တွေ့ဖို့ ဒီတစ်ခုပဲမြင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နည်း အကောင်းဆုံးလို့ဆိုတာ ကိုယ့်အတွက်မှာဖြင့် ဝေဖန်ပါ တော့ဆိုတော့ ၃-နံပါတ်နည်း အကောင်းဆုံးပဲ (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (နံပါတ် ၃ အကောင်း ဆုံးပါ ဘုရား) နံပါတ် ၃-အကောင်းဆုံး ဆိုတာ ဝေဒနာက္ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲလိုက်ကြပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာနဲ့ ဘာ တွဲကြမလဲ (ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲရပါမယ်) ဝေဒနာက္ခန္ဓာ ဖြစ်ပျက်နဲ့ ဉာဏ်မဂ်နဲ့ သာတွဲလိုက်၊ တွဲပြီး ဒီ အတိုင်းသာ ဒကာ ဒကာမတွေ ရှုနေလို့ရှိရင် မသေခင်ကိုက ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်ရမယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဝေဒနာနိရောဓာ၊ တဏှာနိ ရောဓော ဖြစ်ရပါမယ်) ဝေဒနာ နိရောဓာ ဆိုတော့ ဝေဒနာက ဖြစ်ပျက်ဆိုတော့ ချုပ်မသွားပေဘူးလား (ချုပ်သွားပါတယ်) အဲဒီတော့ဝေဒနာက ချုပ်သွားတော့ ဝေဒနာမှမရှိဘဲ ဒီကနောက်က တဏှာပေါ်ချင်လို့ (မပေါ်နိုင်ပါ ဘုရား)။
ဘယ်ပေါ်နိုင်ပါ့မတုံး၊ ဒီမဂ်က ဖြတ်ထားလိုက်ပြီ (မှန်ပါ့) ဝေဒနာက ဖြစ်ပျက်ကို ရှုထားတော့ မဂ်ကလဲဖြတ်ပြီးသား ဖြစ်နေတယ် (မှန်ပါ့) ဝေဒနာနိရောဓာ တဏှာနိရောဓော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
တဏှာနိရောဓော ဖြစ်ကတည်းက ဒကာ ဒကာမတို့ တဏှာနိရောဓောလဲ နိဗ္ဗာန်ပဲ၊ သူ့ နိဗ္ဗာန်နဲ့ သူပေါ့ ဗျာ (မှန်ပါ့) သောတာပန်တည်မှာဖြင့် သောတာပန် နိဗ္ဗာန်ရတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ- ဝေဒနာ ဖြစ်ပျက် ရှုပြီး သေတော့ ဝေဒနာဖြစ်ပြီး ပျက်သွားတာပဲဆိုတော့ ဝေဒနာ ချုပ်သွားတာပဲ မဟုတ်လား (ချုပ်သွားတာပါ) ဒီက ဒိဋ္ဌိနိရောဓောကကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဖြစ်မှာပဲ ဒီမဂ်က ဒိဋ္ဌိကို သတ်ထားတယ် (မှန်ပါ့) သဘောကျပလား- (ကျပါပြီ) တော်တော် အရေးကြီးလို့ ဒီဥစ္စာ ရှင်းရှင်းလင်းလင်း ပြောနေတာ (မှန်ပါ့ ဘုရား)၊
ကောင်းပြီ ဒါဖြင့် ဒီဝေဒနာကို ဖြစ်တာနဲ့ ပျက်တာပဲလို့ သိနေကတည်းက ဒီအထဲ သမ္မာဒိဋ္ဌိ ဝင်လာတော့၊ သမ္မာဒိဋ္ဌိဆိုတာ ဝိဇ္ဇာမဟုတ်လား (မှန်ပါ့) ဝိဇ္ဇာ ဒီအထဲဝင်နေကတည်းက အဝိဇ္ဇာက လာချင်လို့ (မလာနိုင်ပါ ဘုရား)။
မလာနိုင်တော့ သမ္မာဒိဋ္ဌိဝိဇ္ဇာကလဲ အဝိဇ္ဇာကို သတ်တယ် (မှန်ပါ့) သဘောကျပလား (မှန်လှပါ) မိစ္ဆာဒိဋ္ဌိလဲ သတ်ထားတယ်၊ တဏှာလဲ သတ်ထားတယ်ဆိုတော့ သြော် ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်၌ အောက်သံသရာ သွားမည့် ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ် (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် (အောက် သံသရာ သွားမည့် ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ်ပါတယ် ဘုရား) အောက်သံသရာ သွားမည့် ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ်သည် ဖြစ်လေ သောကြောင့် ဒီပုဂ္ဂိုလ်ဟာ အနာဂါမ် တည်သွားတယ်တဲ့။ အထက်သာ သွားတော့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အထက်သာ သွားတယ်ဆိုတာ ကောင်းကောင်း သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ ၁-နံပါတ်ကလဲ ခင်ဗျားတို့ မမျှော်လင့် နဲ့တော့၊ ဘုရား ပရိနိဗ္ဗာန်စံသွားပြီ (မှန်ပါ့)။ ၂-နံပါတ်ကလဲ မမျှော်လင့်နဲ့ ဘာကြောင့်တုံး သေမည့်အချိန် ခင်ဗျားတို့ မသိလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
၁-နံပါတ် ဘာဖြစ်လို့ မမျှော်ရတာတုံး (ဘုရားပရိနိဗ္ဗာန် စံသွားပါပြီ ဘုရား)။ ဘုရားမရှိတော့လို့ ဘုရားက သေခါနီး လာဟောခဲ့လို့ ကိုယ်က နှလုံးသွင်းရင်လဲ ဒါဟ အနာဂါမ်ထိအောင် တည်နိုင် တယ်လို့ ဟောတာကိုး (မှန်ပါ) အဲဒီတော့ အဲဒီ ၁-နံပါတ်က မျှော်လင့်ချက် ကုန်သွားပြီ (မှန်ပါ့ ဘုရား)။
၂-နံပါတ်ကလဲဘယ်လိုစဉ်းစားကြမယ် (ကိုယ်သေမည့် အချိန်မသိလို့ပါ) သေမည့်အချိန်ကို ကိုယ်မှ မသိဘဲနဲ့ ဥစ္စာ၊ ဒကာ ဒကာမတွေဟာ တို့ ဘုန်းကြီးပင့်ထားမယ်၊ တို့ ဆရာ ပင့်ထားမယ် ဆိုလို့ရှိရင်လဲ မဖြစ်နိုင်သလိုပါပဲ၊ သိနေရင်တော့ ဟုတ်တာပေါ့၊ သေချိန်ကို ဘယ်သူမှ သိတာမဟုတ်ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ၂-နံပါတ်ကိုလဲ ခင်ဗျားတို့ အားမကိုးနဲ့ (မှန်ပါ့) ဦးဘအုန်း အားကိုးလို့ကော တည့်ပါ့မလား (မတည့်ပါ) ဘာဖြစ်လို့ မတည့်သတုံး- (သေမည့်အချိန် မသိလို့ ပါ ဘုရား)၊ သေချိန် သိတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ ဘယ်သူပါကြသလဲ (ဘယ်သူမှ မပါ,ပါ ဘုရား)၊ မသိတော့ ဒုတိယ အချက်ကို အားကိုး လို့တော်ပါ့ မလား (မတော်ပါ ဘုရား)။
ဒါဖြင့် ဘာအားကိုးကြမလဲ ( ၃- နံပါတ်ပါ ) ၃-နံပါတ်ကတော့ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဉာဏ်နဲ့သာ ဖြစ်ပျက်ရှု (မှန်ပါ့)၊ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိ ဉာဏ်နဲ့ သာ ဖြစ်ပျက်ရှု- (မှန်ပါ့)၊ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဉာဏ်နဲ့ သာ ဖြစ်ပျက်ရှုပြီး သေလိုက်ပါတဲ့။ ဘယ်ကျအောင် ဖြစ်နိုင် သတဲ့တုံး (အနာဂါမ် ကျအောင် ဖြစ်နိုင်ပါတယ် ဘုရား)။
အေး သောတာပန်လဲ ဖြစ်နိုင်တယ်၊ သကဒါဂါမ်လဲ ဖြစ်နိုင်တယ်၊ အလွန်ဆုံး အနာဂါမ် ဖြစ်နိုင်တယ်၊ ဒါ ပုထုဇဉ်သေရင် ပြောတာ၊ အနာဂါမ် သေရင်တော့ ရဟန္တာဖြစ်နိုင်တယ်။ ဒီသုံးချက်နဲ့ ကြုံလို့ ရှိရင်- (မှန်ပါ့ ဘုရား)။
အဲဒီတော့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဖဂ္ဂုဏ အကြောင်းပြပြီး ဘုရားကိုယ်တိုင် ရှင်အာနန္ဒာ ကိုဟောတာ- (မှန်ပါ့) ဒီတော့ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တဲ့ အဓိပ္ပာယ်ဟာ ရှင်းသွား ပြီလား (ရှင်းသွားပါပြီ ဘုရား)
ကောင်းပြီ ဒါဟာ မသေခင်က မဂ်ဝင်ထားတဲ့ အတွက် ဦးဘတင် ဘာကုန်နေသလဲ (အာသဝေါ ကုန်ပါတယ်) အောက် သံသရာသွားမည့် အာသဝတွေက ဘယ့်နှယ်နေသတုံး (ကုန်ပါ တယ် ဘုရား)။
သြော်- ဒါဖြင့် တို့ သည်ကားလို့ ဆိုရင် ငါသေရင် ဘယ်ရောက်မှာတုံးလို့ ဘာမှတွေးမနေနဲ့ အောက်သံသရာ သွားတဲ့ အာသဝကုန်ရင် အောက်သံသရာ မရောက်တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
ဒါဖြင့် အောက်သံသရာ၏ ပဋိစ္စသမုပ္ပါဒ် အနာဂတ် အကြောင်းတွေကို ဒကာသစ်တို့ ကိုမြရွှေတို့ မဂ်က ဖြတ်ချ လိုက်တယ် (မှန်ပါ) မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။
ရှုနေတဲ့ ပုဂ္ဂိုလ်မှာ အနာဂတ်အကြောင်းတွေ ဘယ့်နှယ် တုံး (ပြတ်ပါတယ် ဘုရား)။ အဲဒီပြတ်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘာပူစရာ ရှိသေးသတုံး (မရှိပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် နေရာ ကျတဲ့ သေခြင်း ကောင်းပဲ (မှန်ပါ) တချို့ကျတော့လဲ သားကလေး ခေါ်ပေးပါဦး၊ ပစ္စည်းကလေး အစရှိသည်နဲ့ သုံးပုံပုံပြီး သကာလ ဒါကလေးကတော့ ကျုပ်အတွက် သင်္ဂြိုဟ်ဖို့၊ ကျန်တာတွေ ကတော့ ဘယ်သူတွေ၊ ဘယ်သူတွေယူကြ စသည်နဲ့ လုပ်လေ့ ရှိကြတယ်။ အဲဒါ မကောင်းသေးဘူး စင်စစ်တော့ (မှန်ပါ့)။
သို့သော်လဲ ခင်ဗျားတို့ ကတော့ သတိရရှာတယ်တဲ့။ သတိရရှာတယ်လို့ မြို့သုံး, သုံးလိုက် သေးတယ်ဗျ- (မှန်ပါ့)။
သတိရတာက သူ့ဟာက ဟိုနှစ်ပုံက ဘာတုံးဆိုတော့ ဟိုဟာကသားဖို့၊ ဒီဟာက ခင်ပွန်းဖို့၊ ဒီအပုံက သူသေတဲ့အခါမှာ လှလှပပချဖို့ ဒီအဓိပ္ပာယ်မျိုးသာရှိတယ်၊ သူ့ဟာက ဉာဏ် မပါဘူး၊ ဝိပဿနာဉာဏ် ပါတာမဟုတ်ဘူး၊ ကမ္မဿကတာ ဉာဏ်လောက်နဲ့ သေသွားတာ (မှန်ပါ့)။
ကမ္မဿကတာ ဉာဏ်ရယ်၊ သားခင်တဲ့ တဏှာရယ် (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတို့ နန်းတော်အိမ်တော်မှာ ဆင်ဖြူတော်ဖြစ်ရုံ စသည်လောက်ပဲရှိတယ်- (မှန်ပါ့)။
နန်းတော်, အိမ်တော်မှာ ဆင်ဖြူတော်ဖြစ်ရတယ်ဆိုတော့ တော်တော့ တော်သေးတာပေါ့၊ တောထဲမှာ ဆင်ရိုင်းထက် စာရင် (မှန်ပါ့)။
အဲဒီတော့ ဆင်ဖြူတော်က တိရစ္ဆာန်နန်းတော်၊ အိမ်တော်မှာ ဖြစ်ရတာ ခုနင်က ကျုပ်သေတဲ့အခါကျလို့ရှိရင် ဘာလုပ်ဖို့ ညာလုပ်ဖို့ ဆိုတဲ့ ကုသိုလ်ကလေးမျိုးက သွားပြီး အကျိုးပေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
=== ဆင်ဖြူတော်ဖြစ်တဲ့ အသေမျိုး ===
ဒါဖြင့် နန်းတော် အိမ်တော်မှာ ဆင်ဖြူတော်ဖြစ်တဲ့ အသေမျိုးတော့ မကောင်းပါဘူး (မှန်ပါ့) ကောင်းပါ့မလား (မကောင်းပါ ဘုရား) ရှင်းရှင်းက ကောင်းပါသေးတယ်၊ သက်သာ ပါသေးတယ် ဒကာ ဒကာမတို့၊ ဘယ်သူ့ ဆင်ဖြူတော်ဖြစ်ရတယ် ဆိုတာဖြင့် ကျောပေါ်တော့ အစီးခံရမှာပဲ (မှန်ပါ) မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ ဆင်ဖြူတော်လောက်နဲ့ ဦးဝကျေနပ်ပလား (မကျေနပ်ပါ ဘုရား) မကျေနပ်ရင် တော်သေးတာပေါ့ ဗျာ ဖြစ်ခြင်းဖြစ်ရင် အဲဒါဖြစ်ရတာ တော်သေးရဲ့ ဆိုရင်တော့ ခင်ဗျားတို့ ခက်ပကော (မှန်ပါ)
ဒါဖြင့် ဒကာ ဒကာမတို့ သေနည်းက ဘယ်နှ မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) ဘုရားတရားနာပြီး ကိုယ်တိုင်သွားပြီး သေရ ခဲ့သော် ဒကာ ဒကာမတို့ သောတာပန်၊ သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်တယ် (မှန်ပါ့)။
သက္ကာယဖြုတ်တတ်တဲ့ ဘုရား၏တပည့်သား တရားနာ ရ၍ ကိုယ်တိုင် ပွားများ သေခဲ့ရသော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟာ ဒီလိုမဟုတ်ဘူး ဆိုရင်လဲ ကိုယ်နာထားတဲ့ ဝေဒနာကို သက္ကာယကွာအောင် ဖြစ်ပျက်ရှုပြီး သေကြလို့ ဆရာသမားက မှာထားတယ်၊ အဲဒါ မှာထားတာကလေးကို ခင်ဗျားတို့ ရှုပွားပြီးသကာလ သေကြလို့ ရှိရင်လဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်တယ်၊ သုံးနည်း ဟောတယ် (မှန်ပါ့ ဘုရား)။
ဆက္ကနိပါတ်အင်္ဂုတ္တိုရ်မှာ ဟောတာ၊ ပုထုဇဉ် အတွက်သုံးမျိုး၊ အနာဂါမ်အတွက်သုံးမျိုး၊ ပေါင်းခြောက်မျိုး (မှန်ပါ့) သို့ သော် အနာဂါမ်အတွက် ဦးဘအုန်း ကျုပ်တို့နဲ့ ဘာမှမဆိုင်သေးလို့ အကျယ် မပြောတော့ပါဘူး (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီသေနည်း သုံးမျိုးသည် အင်မတန် အရေးကြီးတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ် ကြီးနှုတ်က ဖွင့်ဟောတာလို့ မှတ်ပါ (မှန်ပါ့) အရေးမကြီး တာကို ပြုံးတောင်မပြုံးဘူးလို့ ခဏခဏ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)။
အရေးမကြီးတဲ့ အလုပ်ဆိုလို့ရှိရင် ဘုရားက အသံတော် ထွက်ရမှာဆေးလို ပြုံးတောင်မပြုံးဘူး (မှန်ပါ) ပြုံးလာလို့ ရှိရင်တောင်မှ ကယ်တင်ချင်လို့ မှတ် (မှန်ပါ့) ထုတ်ဖော်ဟောလို့ ရှိရင်ဖြင့် အထမြောက်နိုင်တဲ့ အလုပ်မို့ ထုတ်ဖော်ပြောတာလို့ မှတ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပလား (ကျပါပြီ) ကောင်းကောင်း သေတတ်ပလား (သေတတ်ပါပြီ) အဲဒီတော့ ကိုယ်ဆုတောင်း ပြည့်ထားတာကြီးကနေပြီး သကာလ နောက် ထပ်ကို အသေတွေ တောင်းထားတာကလဲ ခင်ဗျားတို့ကပြည့်လို့ (မှန်ပါ့) ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ နိဗ္ဗာန်မဝင်မီ စပ်ကြားဆိုတဲ့ ဥစ္စာတွေက ရှိနေတော့ နိဗ္ဗာန်ကလဲ ဘယ်နေရာမှန်း မသိသေးဘူး (မှန်ပါ) နိဗ္ဗာန်လဲ ဘယ်နေရာမှန်း မသိသေးဘဲနဲ့ ဒီစပ်ကြားကို ပြောထားတဲ့ဥစ္စာက နိဗ္ဗာန်မရသေးဘဲ ကျယ် သရွေ့ဟာ သူ့ဟာချည်းဖြစ်နေတယ် (မှန်ပါ့)။
နိဗ္ဗာန်လဲ သူမြင်ရပလား (မမြင်ရသေးပါ ဘုရား) မမြင်ရ သေးတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်မရမီစပ်ကြား သား။ ဒီသမီး၊ မြေး၊ ဒီမြစ်ဆိုတဲ့ ခင်ဗျားတို့ တဏှာစေခိုင်းတိုင်း လုပ်ထားတဲ့ ဝစီကံပဲ (မှန်ပါ့)။
တဏှာက ဒီသား၊ သမီးကလေးတွေဟာ နင့်ကို အင်မတန် ကျေးဇူးများတာတွေ၊ နင်နဲ့ ပါရမီဖြည့်ဘက်တွေဟု တဏှာက ဝင်လာပြီး ဟောထားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တဏှာက ဘယ်လိုဟောသတုံး၊ ဒီသား၊ ဒီသမီးကလေး တွေဟာ နှင့်ရင်သွေးကလေးတွေ၊ နင့်ပါရမီဖြည့်ဘက်ကလေးတွေ နင့်အိုစာမင်းစာကလေးတွေ၊ နှင့်ဆေးပေးမီးယူကလေးတွေ စသည်နဲ့ တဏှာက သိပ်ဟောထားတာ (မှန်ပါ့) မဟော ဘူးလား (ဟောပါတယ် ဘုရား)။
အဲဒီလိုဟောတဲ့အခါကျတော့ ဒီက ဒိဋ္ဌိသမားကလဲ သြော်- ဒါကြောင့် ငါမခင်ရင် တော်ပါ့ မလား၊ ဒိဋ္ဌိသမားက မလာဘူးလား (လာပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ တရာက ရှေ့ကတရားဟောကောင်းတော့ ဒိဋ္ဌိက နောက်သို့ လိုက်ဖို့ရာ အဆင်သင့် ဖြစ်နေတယ် (မှန်ပါ) ငါ့မှာ ဒီတစ်ယောက်တည်းရှိတာ ဒီတစ်ယောက်ကလေးမှ မလိမ္မာလို့ ပျက်စီး ယိုယွင်း သွားခဲ့သော် မခက်ဘူးလားဆိုပြီး ဒိဋ္ဌိကလဲ ဦးဘအုန်း တစ်ခါတည်း လာတော့တာပဲ (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒိဋ္ဌိတဏှာတွေသည်ကား လို့ဆိုလို့ ရှိရင် ဘုန်းကြီးတို့ထက် အပြောအဟော သန်တယ်လို့ အောက်မေ့ပါ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုန်းကြီးတို့ထက် အပြောအဟော သန်တယ်ဆိုတော့ ဘုန်းကြီးက တစ်နေ့မှ တစ်နာရီ ပြောတာ၊ သူက အချိန်တိုင်းပဲ၊ ထမင်းစားပြန်လဲ ဒီကလေးနဲ့ ခင်ပွန်းနဲ့ (မှန်ပါ့)။
လက်ဖက်ရည် သောက်ပြန်တော့ကော- (ဒီကလေးနဲ့ ဒီခင်ပွန်းပါ ဘုရား) စီးပွားရေး ရှာပြန်တော့လဲ ဘယ်သူ့ဖို့တုံး သူတို့ဖို့ပေါ့၊ ကျုပ်တို့ဖို့တော့ ပြီးပါပြီ၊ ဒီအတိုင်းပဲ မလာဘူးလား (လာပါတယ် ဘုရား) သူတို့နဲ့ ခွဲနေတဲ့အချိန်ကိုပါသေးရဲ့ လား (မပါ,ပါ ဘုရား)။
=== ဒီတဏှာဒိဋ္ဌိနဲ့ ခွဲနေတဲ့ အချိန်မပါဘူး ===
အဲဒီတော့ ဒကာ ဒကာမတို့ ဒီတဏှာဒိဋ္ဌိနဲ့ ခွဲနေတဲ့ အချိန်မပါဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဒီတော့ သူတို့က အတွင်းသူအတွင်းသားအဖြစ်နဲ့ ခင်ဗျားတို့ ဖြားယောင်း နေတာ၊ ဘုန်းကြီးတို့က အပြင်ဘက်ကနေပြီး သကာလ ဝါးလုံးရှည်နဲ့ ရမ်းနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ အတွင်းနဲ့ အပြင်ဆိုလို့ ရှိရင် လိုက်နာချင်း လိုက်နာရင် အတွင်းသူ လိုက်နာ ကြရမှာပဲ။ မတတ်နိုင်ဘူး တဲ့၊ မတတ်နိုင် သွားပေတော့ထဲကပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီအတွင်း လူကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလဲ သူသတ်ယောက်ျား နှိပ်စက်သမားလို့ ဆိုတာ သေသေ ချာချာ မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲဒီကဲ့သို့ ဟောထားတာကို ခင်ဗျားတို့ သူတို့ကြောင့် သံသရာ ရှည်တယ်ဆိုတာ မပြတ်လို့ ရှိရင် ရှည်နေတာ ဘုန်းကြီး သေသေချာချာဖော်, ဖော်ပြောတယ် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဒီမဂ်သာ မဝင်ရင် သူတို့ မပြောခင် ရှည်တာမဟုတ် ဘူးလား (ဟုတ်ပါတယ်) ဒါနကိုလုပ်၊ ဒါနကြောင့် ဘာမှ သံသရာ မရှည်နိုင်ဘူး၊ ဟောဒီတဏှာနဲ့ ဆုတောင်းကြီးက ဆုတောင်းတဏှာ ကနေပြီး ရှည်ချ လိုက်တယ် (မှန်ပါ) ဒါန လှူတုန်း ကတော့ “နိဗ္ဗာနပစ္စယော ဟောတု” မလာဘူးလား (လာပါတယ် ဘုရား)။
=== နိဗ္ဗာန်မရမီ စပ်ကြား ===
အဲ နိဗ္ဗာန်မရမီ စပ်ကြား ထည့်လိုက်ဦးမဟဆိုပြီး ဒီကနေပြီး ရှည်ပစ်လိုက်တာနဲ့ ရှည်ကုန်ရော (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာက ရှည်ပစ်လိုက်ရော နိဗ္ဗာန်ဝင်လို့ ရှိရင် ယသော်ဓရာ တို့လိုပဲ သူ့ခင်ပွန်းသည် နိဗ္ဗာန်ဝင်မှ ဝင်မယ်ဆိုပြီး သကာလ ဆုရှည်ကြီး တောင်းထား လိုက်တယ် (မှန်ပါ့)။။
ကိုယ်တစ်ယောက်တည်း အားထုတ်လို့ ရှိရင် ဒါလောက် မကြာဘဲနဲ့ ယသော်ဓရာ ဆုပြည့်တယ် (မှန်ပါ) မောင်တော်နဲ့ မခွဲချင်တာနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စောင့်ရတယ် (မှန်ပါ့ ဘုရား) ဘယ်လောက် ကြာသွားသတုံး (ကြာပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီလိုများ ကြားချင်သေးသလား (မကြာ ချင်ပါ ဘုရား) ခင်ဗျားတို့ ကသာ မကြာချင်ဘူးပြောတာ၊ ဒီသား ဒီသမီးဆိုတာတွေကျတော့ ဒီအတိုင်းခံနေရတဲ့ အဓိပ္ပာယ်မျိုး ရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။ အဲဒီ ကိုယ်အတွင်းသူတွေ ပြောတာကို အကုန် ဖျက်ပါ၊ အပြင်ဘက်က ပြောတာကို အမှန်ယူပါ၊ သဘောကျ ပလား (မှန်ပါ)။
ကိုယ့်အတွင်းက ပြောတာတော့ အမှန် မယူပါနဲ့။ ကိုယ့်သား ကိုယ့်သမီးကို ကြည့်ပါ။ ကိုယ့်မျက်လုံးနှင့် ကြည့်ရင် ကိုယ့်သား ကိုယ့်သမီးဟာ ဘယ်လောက်အရုပ်ဆိုးဆိုး ချောနေ တာပဲ (မှန်ပါ)၊ ဘေးကနေ ကြည့်တာကိုပြော၊ အဲဒါကို ခင်ဗျားတို့က ကြည့်ယုံ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ဟာကိုယ် ကြည့်ရင် တဏှာမျက်လုံး ဒိဋ္ဌိမျက်လုံးနဲ့ ကြည့်နေတာ (မှန်ပါ့) အဲဒီတော့ ကိုယ့်သား ကိုယ့်သမီးက ဘယ်လောက်ပဲ အရုပ်ဆိုးနေနေ ကိုယ့်စိတ်ထဲမှာ ဘယ့်နှယ် နေသတုံး (ချောနေပါတယ်) ချောနေတာပဲ၊ လှနေတာပဲ၊ လိမ္မာနေတာပဲ၊ ညိုပင်ညိုငြားသော်လဲ ညိုချော၊ ဆိုးပင်ဆိုးငြား သော်လဲ ကောင်းတဲ့နေရာ ကွက်ပြီး ပါရသေးတယ် (မှန်ပါ့) ဒီလိုမလာကြဘူးလား (လာပါတယ် ဘုရား) အကုန်လုံး သူ့ဟာက တဏှာဒိဋ္ဌိနဲ့ ပြင်ပြီးသွားတော့တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)
ဆိုးတော့ဆိုးတယ်၊ သို့သော်ကောင်းတဲ့နေရာကလေး ရှိတယ်ဗျာ လာသေးတာပဲ။ တဏှာဒိဋ္ဌိက ဒီဥစ္စာကို ကွက်ကွက် ထုတ်လိုက်တာပဲ (မှန်ပါ့) မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်အတွင်းက ပြောတာ တစ်လုံးမှ မမှန်ဘူး၊ ဘေးက အရပ်က ပြောတာသာ ကြည့် (မှန်ပါ့) အရပ်ကလူ ၃-၄ ယောက်နဲ့ ပေါင်းပြီး ကိုယ့်သားသမီး ကြည့်ပေစေ၊ အဲဒီ ပြောတာကို အမှန်ထားပါ (မှန်ပါ့)။
နို့မဟုတ်လို့ ရှိရင်ဖြင့် ရန်ဖြစ်မည်နည်းစိတ်ကူး၊ မဟုတ် ဘူးလား (ဟုတ်ပါတယ်) သူ့သားကလေး အရုပ်ဆိုးပါတယ် ပြောရင် သူ့သားမှ ဆိုးရပါ့ မလားဆိုပြီး ရန်ဖြစ်မှာပဲ (မှန်ပါ့) ကိုယ်ကြည့်ထားတာကတော့ တဏှာမျက်လုံး, ဒိဋ္ဌိ မျက်လုံးနဲ့ ကြည့်ထားတာ၊ ကိုယ့်မျက်လုံးက မျက်လုံးမှားကြီး (မှန်ပါ)။
အရပ်ပြောတာ မမှန်ဘူးလား (မှန်ပါတယ်) ကိုယ့် မျက်လုံးက မှန်ရဲ့လား (မမှန်ပါ ဘုရား) မမှန်ပေမယ့် ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား) မကျေနပ်ရင် ရန်ဖြစ်ရုံပဲ ခင်ဗျားတို့ ရှိတော့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
လွဲတာတော့ ဘယ်သူက လွဲတာတုံး (ကိုယ်ကလွဲ တာပါ ဘုရား) အဲဒါကြောင့် တဏှာဒိဋ္ဌိ ပြောတဲ့ စကားကို ဒကာ ဒကာမတွေ မယုံနဲ့ (မှန်ပါ့) တဏှာဒိဋ္ဌိ သူတို့ ဝင် လာလို့ရှိရင် အောက် သံသရာ မသွားဘူးလား၊ သွားသလား (သွားပါတယ် ဘုရား)။
တဏှာဥပါဒါန် ကံ-ဒိဋ္ဌိ ဥပါဒါန်က ဘယ်သွားသတုံး (အောက်သံသရာ သွားပါတယ် ဘုရား) ဒါဖြင့် သူပြောတာယုံရင် အောက်သံသရာ သွားရမှာပေါ့ ဗျာ (မှန်ပါ) မမှန်လို့ သွားရ တာပေါ့ ၊ မှန်ရင် (မသွားရပါ ဘုရား)။
မသွားရဘူးဆိုတော့ ပဋိစ္စသမုပ္ပါဒ်က သေသေချာချာ ရှင်းလင်းပြနေတော့ ဒကာ ဒကာမတွေ ဘေးက တရားဟော သလို ဆရာဘုန်းကြီးများ ပြောတာကို အမှန်ထားကြပါ၊ ကိုယ့် ဝမ်းထဲက အတွေးလုံး အဆလုံးမှန်သမျှ အကုန်အလွဲချည်းမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သေတတ်ပလား (သေတတ်ပါပြီ ဘုရား) ဘယ်နှ နည်း သေရမှာတုံး (သုံးနည်းပါ ဘုရား) သုံးနည်းမှာလဲ ဘယ်ဟာ သာလျှင် ကိုယ်ပိုင်လုပ်ဖို့ သင့်သတုံး (၃- နံပါတ် ပါ ဘုရား)။
၁-နံပါတ်လဲ ကျုပ်တို့ ဘုရားနဲ့ မတွေ့နိုင်တော့ ပယ်လိုက်၊ ၂-နံပါတ်လဲ သေချိန်မသိလို့ ပယ်လိုက်၊ ၃-နံပါတ် ကိုပဲ နှလုံးသွင်းကြ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။
kucic2aasubyli49noqh9f4i4jpooo1
ဇော(၇) ကြိမ်အကျိုးပေးပုံ ကပ်ကျော်တရားတော်
0
6215
21829
2026-04-06T13:33:59Z
U Zay Yar 90
682
"အားလုံး ဒကာ ဒကာမတွေ မိမိတို့၏ ဝိပဿနာအလုပ် လုပ်ဖို့ရာ ဘုန်းကြီးများကလည်း တိုက်တွန်းတယ်။ ပစ္စုပ္ပန်သံသရာနှစ်ဖြာ အကျိုးကို..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21829
wikitext
text/x-wiki
အားလုံး ဒကာ ဒကာမတွေ မိမိတို့၏ ဝိပဿနာအလုပ် လုပ်ဖို့ရာ ဘုန်းကြီးများကလည်း တိုက်တွန်းတယ်။
ပစ္စုပ္ပန်သံသရာနှစ်ဖြာ အကျိုးကို များစေနိုင်တယ်လို့ မှတ်ရမယ်၊ အဲတော့ကို ဝိပဿနာ တစ်ခါရှုလျှင် ဒီဘက်ကနေပြီး ဒကာ ဒကာမတွေက ကိုယ့်စိတ်ကလေးတစ်ခု ထားတာပေါ့၊ လောဘစိတ် ဖြစ်ဖြစ်၊ ဒေါသစိတ် ဖြစ်ဖြစ်၊ မောဟစိတ်ဖြစ်ဖြစ်၊ ဝိစိကိစ္ဆာစိတ်ဖြစ်ဖြစ်၊ ပြန့်လွှင့်တဲ့စိတ်ဖြစ်ဖြစ် ထားတာပေါ့ ဦးလှဘူးတို့၊ ဒကာသိုက် တို့ရနော် (မှန်လှပါ ဘုရား)။
=== မဂ္ဂင်က ဘယ်နှစ်ခါ သိတုံး ===
ဒါကလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဆိုတာသည် မဂ္ဂင်က သိတာပဲ၊ မဂ္ဂင်ကသိတော့ ဘယ်နှစ်ခါ သိသတုံး ဆိုတာ ဒကာသိုက်တို့ ဦးလှဘူးတို့က မေးဖို့လိုတယ်၊မဂ္ဂင်က ဘယ်နှစ်ခါ သိတုံးလို့ မေးလို့ရှိရင်ဖြင့် ပထမ တစ်နံပါတ် တစ်ခါသိတယ်၊ သိပြီး၊ တစ်နံပါတ် စိတ်ကလေး ချုပ်တာပဲ (မှန်လှပါ ဘုရား) နောက် နှစ်နံပါတ်နဲ့ သိပြန်တယ် (မှန်လှပါ ဘုရား) ကောင်းပြီ၊ ဒါဖြင့် နောက် ခုနစ်နံပါတ်နှင့် သိပြန်တယ်၊ ဒါဖြင့် ခုနစ်ခါသိတာပေါ့၊ ခုနစ်ခါ သိတယ်လို့ မှတ်ကြရမယ်။ အဲဒီတော့ကို ဒကာ ဒကာမတေ ဖြစ်ပျက်ကို တစ်ခါရှုလိုက်လို့ ရှိရင် သိတဲ့စိတ် ခုနစ်ကြိမ် တယ်လို့ မှတ်ပါ၊ သိတဲ့စိတ် ဘယ်နှစ်ကြိမ်ပါလိမ့် ( ခုနှစ်ကြိမ်ပါ ဘုရား) ခုနစ်ကြိမ် ဖြစ်တယ် လို့ မှတ်ထားရမယ်၊ , ကျုပ်တို့ ဘယ်စိတ်ရှုရှု ၊ ဇောခုနစ်ကြိမ် ဖြစ်တယ်လို့ ဦလှဘူး တို့၊ ဒကာသိုက်တို့က မှတ်ရ လိမ့်မယ် (မှန်လှပါ ဘုရား)။
ဘယ်အခါရှုရှု ဘယ်နှစ်ကြိမ်ဖြစ်ပါလိမ့် (ခုနစ်ကြိမ် ဖြစ်ပါတယ် ဘုရား) ခုနစ်ကြိမ် ဖြစ်တယ်ဆိုတာ မှတ်ထားပါ။ ဒီဉာဏ်ဇော တစ်ခုတည်း မဂ္ဂင်ရှစ်ပါးကိုက ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးနဲ့ ရှုလဲဒီထဲလဲ မဂ္ဂင်ငါးပါးနဲ့ တစ်ကြိမ်၊ ဒါလဲမဂ္ဂင်ငါးပါး နဲ့ (တစ်ကြိမ်ပါ ဘုရား) ဘယ်နှစ်ကြိမ်ပါလိမ့်၊ အားလုံး ခုနစ်ကြိမ်ဖြစ်တယ်လို့မှတ်ထားရမယ်၊မဂ္ဂင်ငါးပါးနဲ့ ရှုလဲခုနစ်ခါ ဖြစ်တယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
သဘောကျပလား (ကျပါတယ် ဘုရား) ကောင်းပြီ၊ ဒါဖြင့် သြော် ဒို့ဝိပဿနာရှုတဲ့ အခါကျတော့ ဝိပဿနာ မဂ်ဇောဟာ ခုနစ်ခါတောင် ဖြစ်ပါကလားလို့ ကိုယ့်စိတ်ထဲက မှတ်ထားရမယ် (မှန်လှပါ ဘုရား) တစ်ခါရှုရင် ဘယ်နှစ်ခါ ဖြစ်သတုံး (ခုနစ်ခါ ဖြစ်ပါတယ် ဘုရား) ဖြစ်ပျက် ကလေးကို မြင်တယ်ဆိုလို့ ရှိရင်ဖြင့် ခုနစ်ခါဖြစ်တယ်၊ အဲဒီတော့ ခုနစ်ခါဖြစ်တာကို ဒကာ ဒကာမ တွေက သိထားတော့မှ သြော် တို့ တစ်ခါ အဖြစ်အပျက်ကလေး တစ်ခါရှုလိုက်ရင် ဇောခုနစ်ကြိမ် တောင် ဖြစ်တယ် ဆိုတဲ့ဥစ္စာကို ဒကာ ဒကာမ တွေက မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဇောခုနစ်ကြိမ်ဖြစ်တော့ကိုတပည့်တော် တပည့်တော်မတို့ ခုနစ်ခါ သိတာပေါ့ ဘုရား၊ ဖြစ်ပျက်ကို ခုနစ်ခါသိတာပေါ့လို့ ဆိုတာ ဒကာ ဒကာမတွေက မှတ်ထား (မှန်လှပါ ဘုရား)။
=== အကျိုးပေးကို ရှင်းပြမယ် ===
အဲဒါတွေ ဦးလှဘူးတို့၊ ဒကာသိုက်တို့က အကျိုးပေးကို ရှင်းပြမယ် (မှန်လှပါ ဘုရား) အကျိုးပေး ရှင်းပြဦးမယ်တဲ့၊ ဒကာ ဒကာမတို့ အခု နောက်ရှင်းမှာ ဘာပါလိမ့် (အကျိုးပေးပုံကို ရှင်းပြမှာပါ ဘုရား) အကျိုးပေး ရှင်းပြဦးမယ် ဆိုတာ မှတ်ပါ (မှန်လှပါ ဘုရား)။
ပထမ ဒီစိတ်ကလေး ဒီထဲမှာလဲ မဂ္ဂင်ငါးပါး ပါတာပဲ (မှန်လှပါ ဘုရား) စေတနာလဲ ပါတာပဲ (မှန်လှပါ ဘုရား) မဂ္ဂင်ငါးပါး လဲပါတယ်၊ စေတနာတွေလဲ ပါတယ်။ ဒီထဲမှာပါတဲ့ စေတနာက ဒီဘဝ အကျိုးပေးရမယ်လို့ မှတ်ပါ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီဘဝအကျိုးပေးရမယ်လို့ ဒကာ ဒကာမတွေ မှတ်ထား စမ်းပါ၊ ဒီဘဝ ဘယ်အချိန်က စ,အကျိုးပေးမှာ တုံးလို့ မေးလို့ရှိရင်ဖြင့် ခုချိန်ကစပြီး ခုနစ်ရက်အတွင်း သို့မဟုတ်ရင် ခုနစ်လအတွင်း သို့မဟုတ်လို့ရှိရင် ခုနစ်နှစ်အတွင်း (မှန်လှပါ ဘုရား) ဒီထဲပါတဲ့မဂ္ဂင်က အကျိုးပေးမယ်၊ မဂ္ဂင် ဆိုသောကြောင့် ကောင်းကျိုးသာ ပေးလိမ့်မယ်လို့ ဒကာ ဒကာမ တွေက မှတ်ထားပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီအလုပ်သည် လျှင်လျှင်မြန်မြန် အကျိုးပေးတဲ့ အလုပ်ပေါ့ဗျာ (မှန်လှပါ ဘုရား) ရှင်းကြပလား။ ဒါဖြင့် ဒိဋ္ဌဓမ္မ အကျိုးပေးတာ ပထမဇောပဲ၊ ဝိပဿနာရှတဲ့ ပထမဇောဟာ ဒိဋ္ဌဓမ္မ အကျိုးပေး တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားပါ၊ အဲ ဒိဋ္ဌဓမ္မဆိုတာ ဘယ်လိုပါလိမ့်မတုံး ဆိုတော့ ယခုရှုတဲ့ အချိန်ကစပြီး ခုနစ်ရက်အတွင်း ဒီအကျိုးမပေး သေးလျှင် ခုနစ်လအတွင်း ဟာ ဒီခုနစ်လမှ အကျိုးမပေးသေးလျှင် (ခုနစ်နှစ်အတွင်းပါ ဘုရား)။
အဲဒါ သူ့စွမ်းရည်သတ္တိ ရှိတယ် (မှန်လှပါ ဘုရား) ပထမဇောထဲပါတဲ့ မဂ္ဂင်၏ အကျိုးပေးပုံကို ကန့်သတ်လိုက် တဲ့ရက် သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ ဖြစ်ပျက် ရူပါရူပါ ဆိုတဲ့ဥစ္စာ ဒီပထမဇော များများပေါ်အောင် လို့ခိုင်းတာ (မှန်လှပါ ဘုရား) ဒီ ပထမဇော များများ ပေါ်အောင်လို့ ခိုင်းနေတယ်လို့ ဦးလှဘူး မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီ ပထမဇောကို ဆရာဘုန်းကြီးက ဘယ့်နှယ် ကြောင့် ပေါ်စေချင်ပါ လိမ့်မလဲလို့ မေးတော့ ဒီပထမဇောက ဝိပဿနာ ပထမဇောလဲဖြစ် ကုသိုလ်တကာ ကုသိုလ်ထဲမှာ လည်း အမြတ်ဆုံး ပထမဇောလဲဖြစ်တယ်၊ ဒါနကုသိုလ် ပထမဇောထက်လဲ သူကမြတ်တယ်၊ သီလကုသိုလ် ပထမဇော ထက်ကော (သူကမြတ်ပါတယ် ဘုရား) သမထ ပထမဇောထက်ကော (သူကမြတ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့်ဝိပဿနာ ပထမဇောက မြတ်တယ်လို့ ဆိုတာသိတော့ အကျိုးပေးသူ အသာဆုံးပေါ့ဗျာ (မှန်လှပါ ဘုရား)၊ သဘောပါကြလား ဒါဖြင့် ဝိပဿနာ ကြပ်ကြပ်ရှုကြ၊ ကြပ်ကြပ်ရှုကြဆိုတော့ ဒီဇောဟာ အရင်ဆုံး ပေါ်တဲ့ဇောပဲ ဖြစ်ပျက်အရင်ဆုံး မြင်တဲ့ဇောပဲ သဘောကျပလား (ကျပါတယ် ဘုရား)။
ဖြစ်ပျက်အရင်ဆုံး မြင်တဲ့ ဇောဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ သူချုပ်ပြီးမှ ဒုတိယဇော က မြင်တာကိုး (မှန်လှပါ ဘုရား)၊ ရှင်းပြီလား ဒုတိယဇောချုပ်ပြီးမှ ဖြစ်ပျက်ကို (တတိယဇော က မြင်ပါတယ် ဘုရား)၊ တတိယဇောချုပ်ပြီးမှ စတုတ္ထဇောက မြင်တာ (မှန်လှပါ ဘုရား)။ သဘော ကျပြီ လား။ အင်း စတုတ္ထဇော ချုပ်ပြီးမှ ပဉ္စမဇောက မြင်တာကိုး (မြင်ပါတယ် ဘုရား)။ ပဉ္စမဇော ချုပ်ပြီးတော့မှ (ဆဋ္ဌမဇောက မြင်ပါတယ် ဘုရား)၊ ဆဋ္ဌမဇောက ဖြစ်ပျက် မြင်တာ ဆဋ္ဌမဇောချုပ်ပြီးမှ (သတ္တမဇောက မြင်ပါတယ် ဘုရား)၊ သတ္တမဇောက မြင်တယ်ဆိုတော့ ကျုပ်တို့မှာ ဝိပဿနာရှုတဲ့ စိတ်ကုန်သွားတယ် သဘောကျပလား။
အဲဒီတော့ကို အကျိုးပေးရာ ကာလဆိုတော့ ပထမဇောက ဒကာ ဒကာမတွေကို အကြောင်းတိုက်ဆိုင်လို့ ကပ်တွေ၊ အန္တရာယ်တွေ၊ တွေမယ်ကျန်အုံးတော့ သူက အပေးပြစ် လိုက်တယ် (မှန်လှပါ ဘုရား)။ သူက ပထမဇောက အကျိုးပေးနေတော့ ကောင်းကျိုးပေးနေတော့ ဟိုဟာတွေက မလာနိုင်တော့ဘူး (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပထမဇောသည် ဒကာ ဒကာမတွေအား ပစ္စုပ္ပန်အကြောင်းခြင်း တိုက်ဆိုင်လို့ ပေါ်လာမဲ့ ကပ်မျိုးကိုလဲ ပထမဇောက အကျိုးပေးလိုက်တဲ့အတွက် ကာကွယ်ရေးရတယ် (မှန်လှပါ ဘုရား) သဘော။ပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပထမဇောလုပ်ထိုက်၊ မလုပ်ထိုက် (လုပ်ထိုက် ပါတယ် ဘုရား)။ ပထမဇောကိုဖြင့် ကြိုးစားပြီး ဂရုစိုက်ပါ။ ပထမဇော လာလို့ရှိရင်လဲ အလယ်ဇော ငါးခုကော (လာမှာပါ ဘုရား) လာမှာပဲ မလာပါနဲ့ဆိုလို့ ရရဲ့လား (မရပါ ဘုရား)။
=== အလယ်ဇော ငါးခုကတော့ နောက်မှ အကျိုးပေးမယ် ===
သို့သော်လဲ အလယ်ဇော ငါးခုကတော့ နောက်မှ အကျိုးပေးမယ်၊ ဒီ သတ္တမဇောကတော့ ကံထိုက်တဲ့အတွက် ဒုတိယဘဝ အကျိုးပေးမယ်၊ အလယ်ဇော ငါးချက်ကတော့ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် သူအကျိုး ပေးမယ် (မှန်လှပါ ဘုရား)။
ကိုင်း ပထမဇောကလဲ အခုဘဝ ဟောဒီ သတ္တမဇောက ဒုတိယဘဝ၊ ဒုတိယဘဝ အကျိုး ပေး တယ်၊ အလယ်ဇောက တတိယကစ၍ နိဗ္ဗာန်မရမချင်း လူသွားရာ အရိပ်ပါသလို လိုက်နေတယ် လို့ မှတ်ပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝိပဿနာ တစ်ခါရှုလိုက်တယ်ဆိုရင် ခုနစ်ကြိမ် ဖြစ်တော့ ကျေးဇူးမများ တာရယ်လို့ ပါသေးလား(မပါပါ ဘုရား)။
ဒီဘဝအတွက်က ပထမဇော (မှန်လှပါ ဘုရား)။ နောက်ဘဝ အတွက်က ဒီသတ္တမဇော နောက် ဘဝအတွက်က (သတ္တမဇောပါ ဘုရား)၊ ရှင်းပြီလား နောက်ဒုတိယ၊ ဘဝအတွက်၊ အလယ်ဇော ငါးချက်က တတိယဘဝကစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် သူတို့အကျိုးပေးမယ် ရှင်းပြီလား။
=== ပထမဇောကဒီဘဝ ===
ပထမဇောကဒီဘဝအတွက်ရှင်းပြီနော် သတ္တမဇောက (နောက်ဘဝ အတွက်ပါ ဘုရား)။ ဒုတိယဘဝ ဒုတိယ ထည်ပေး နောက်တွေက အရှည်ကြီးကို သတ္တမဇောက ဘယ်ဘဝ အကျိုးပေး မယ် (ဒုတိယဘဝပါ ဘုရား)။
အလယ်ဇောငါးချက်က တတိယ ဘဝစ၍ နိဗ္ဗာန်မရမချင်း အကျိုးပေးမယ် သဘောကျပလား။
ဒါဖြင့် ယခုဘဝ အကျိုးပေးမယ် ဇောက ဘယ်ဇောပါလိမ့် (ပထမ ဇောပါ ဘုရား)။ ဒါဖြင့် ယခု ဒကာ ဒကာမတွေ အမျိုးမျိုးအဖုံဖုံ တုပ်ကွေးရောဂါတွေ ဖြစ်တယ်အစရှိသည်ပေါ့ဗျာ၊ ကပ်တွေက အမျိုးမျိုး၊ စစ်ဘေး စစ်အန္တရာယ်၊ သူခိုး၊ ဓားမြ ဘေးအမျိုးမျိုး အဖုံဖုံ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါတွေကို အခုဘဝ ဇောခုနစ်ကြိမ်ထဲမှာ ဘယ်သူက ကာကွယ်ပေးလိမ့်မယ်ဆိုတာ ယနေ့ ရှင်းပြမယ် (မှန်လှပါ ဘုရား)။
ရှင်းပြတော့ ဘာတွေပါလိမ့် (ပထမ ဇောပါ ဘုရား) ဒကာသိုက် ရှင်းပြီလား (ရှင်းပါ တယ် ဘုရား)။ဒါဖြင့်ကျုပ်တို့ အခုလက်ငင်း ကျေးဇူးရှိမှာက ဘယ်သူပါလိမ့် (ပထမဇောပါ ဘုရား) ပထမဇောဘဲဆိုတာ ဒကာ ဒကာမတွေက မှတ်ထားပါ၊ ဒါဖြင့် ပထမ ဇောလာရင်လဲ အလယ် ဇော ငါးခုကတော့ လာမှာပဲ (လာမှာပါ ဘုရား)။ သတ္တမဇောကလဲ (လာမှာပါ ဘုရား)။ လာမှာပဲဆိုသဖြင့် ဝိပဿနာ ရှုရင်လဲ ဒီ ခုနစ်ကြိမ် မပေါ်ဘဲနဲ့ မနေပါဘူး သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ပထမဇောသည် မနေ့ကလဲ ပြောခဲ့တယ်၊ ဒီနေ့ထပ်ပြီး ပုံစံချပြီး ဝေဖန်ပေးပါတယ်၊ ပုံစံချပြီး ဝေဖန်ပေး လိုက်တဲ့အတွက် ဒီဒကာ ဒကာမတွေမှာ အင်း ဒီဝိပဿနာ ပထမဇော မပေါ်ပေါ်အောင် တို့ ကြိုးစားမှပဲရယ်လို့၊ ဖြစ်ပျက် မြင်ရင်လဲ သူကပေါ်တော့တာပဲ (မှန်လှပါ ဘုရား) မပေါ်ဘူးလား၊ ပေါ်လို့ရှိရင်လဲ သူ့ထဲမှာပါတဲ့ မဂ်တွေက အကျိုးပေးရင် ဘယ်တော့ အကျိုးပေးမလဲ (ယခုဘဝက စ၍ နိဗ္ဗာန် မရမခြင်းပါ ဘုရား) အဲ ယခုနေ့ကစ၍ ခုနစ်ရက် အတွင်း၊ ခုနစ်လအတွင်း၊ ခုနစ်နှစ်အတွင်း ဒါ သူ သတ္တိဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အမျိုးမျိုး အဖုံဖုံသော အန္တရာယ်တွေ ဘာတွေကို ယခုဘဝ ကာကွယ်ပေးမှာဖြင့် သူပဲ (မှန်လှပါ ဘုရား) သဘောကျပလား၊ အမျိုးမျိုးသော ကပ်တွေ အန္တရာယ်တွေ၊ ကြောက်စရာလန့်စရာတွေ လာခဲ့လို့ ဒကာ ဒကာမတွေမှာ ကြုံလို့ရှိရင် ဒကာ ဒကာမတွေ ဆရာ ဘုန်းကြီးက လက်နက်ကောင်း ပေးထားတယ် (မှန်လှပါ ဘုရား) လက်နက်ကောင်း ပေးထားတော့။
=== ဒိဋ္ဌဓမ္မဝေဒနိယကံ ===
ဟေး ဒီပထမဇောဟာ သာမညမဟုတ်ဘူးနော်၊ ဟုတ်လား၊ အလွန်ကို အကျိုးပေး ထက်တယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) ဒါကြောင့် သူကို ဒိဋ္ဌဓမ္မဝေဒနိယကံ လို့ ခေါ်တယ်၊ ဘာကံလဲ (ဒိဋ္ဌဓမ္မဝေဒနိယကံပါ ဘုရား) ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ ကံပဲဆိုတာ ပထမဇော ကိုဆိုတာပဲ၊ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့်ပထမဇောသည်ဒိဋ္ဌဓမ္မအကျိုးပေး နိုင်တယ်ဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား) ဒါဖြင့် ဝိပဿနာရှုတိုင်းရှုတိုင်း၊ ပထမဇောပါရဲလား၊မပါဘူးလား (ပါ-ပါတယ် ဘုရား) ပါတိုင်း ပါတိုင်း ကျုပ်တို့သည် ခုနစ်ရက်အတွင်း၊ ခုနစ်လအတွင်း၊ ခုနစ်နှစ်အတွင်း သူ့အကျိုးပေးကို ကျုပ်တို့ကိုယ်ပိုင်ရလိမ့်မယ်ဆိုတာကတော့ဖြင့် အမှန်ပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် သူသည်၊ ကျုပ်တို့ ဝိပဿနာ၏ အန္တရာယ်တွေ ကိုလဲ ကာကွယ်ပေးမယ် (မှန်လှပါ ဘုရား) ဟုတ်ပြီလား၊ ကြောက်စရာ၊ လန့်စရာတွေ ပြောသံကြား၊ သံကြား အမျိုးမျိုး အဖုံဖုံတွေပေါ့ဗျာ (မှန်လှပါ ဘုရား) အဲဒါ တွေကိုလည်း ပထမဇော မရှိတဲ့ပုဂ္ဂိုလ်မှာ ကုသိုလ် ဝိပဿနာ ပထမဇော မရှိတဲ့ပုဂ္ဂိုလ်မှာမကာကွယ်နိုင်ဘူး (မကာကွယ်နိုင်ပါ ဘုရား) ဝင်လာမှာပဲ (မှန်လှပါ ဘုရား) ဝိပဿနာ ပထမ ဇောရှိနေတဲ့ပုဂ္ဂိုလ်ကျတော့ (မဝင်လာနိုင်ပါ ဘုရား) ရှင်းပြီလား။
ဒါဖြင့် ဒီအလုပ်ကို ဒကာ ဒကာမတွေသည် ကြိုးစားလုပ် ရလိမ့်မယ် ဆိုတာကို မနေ့ကလဲ သတိပေးခဲ့တယ်၊ ဒီနေ့လဲ သတိပေးပြန်ပါတယ်ဆိုတာသည် ဒကာ ဒကာမတို့ အရင်ထက် ဝိရိယပိုပေးပါလို့ တိုက်တွန်းတာပါပဲ၊ မပေးသင့် ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီပထမဇောသည် ဒကာ ဒကာမတွေ၏ ကုသိုလ် ပထမဇောလဲ ဖြစ်နေသောကြောင့် ကိုးစားရာ၊ အားထားရာ အစစ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကိုးစားရာ၊ အားထားရာ အစစ်သည် ကုသိုလ် ပထမဇောပဲ ဆိုတာ မှတ်ထားကြပါ (မှန်လှပါ ဘုရား) ဒီပြင် သတ္တမဇောတွေက ဒုတိယဘဝမှာ ကိုးစားရာ အားထားရာရမှာ အလယ်ဇောတွေက တတိယဘဝကစပြီးမှ သူကအကျိုးပေးမှာ ဖြစ်နေတော့ သူ့ ကိုးစားလဲ တတိယဘဝကျမှ သူက အကူအညီ ပေးမှာကိုး (မှန်လှပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့ အကူအညီ တကယ်တန်း လျှင်လျှင် မြန်မြန်ပေးနိုင်တဲ့ ဥစ္စာကို ကျုပ်တို့သည် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) အရေးကြီးတော့ ဒကာသိုက် ဘယ်ဇောပါလိမ့် (ပထမဇော ပါ ဘုရား) ပေါ်ပြီလား၊ ဒါဖြင့် ကာဒကာမတို့ ပထမဇော အရေးကြီးတယ်ဆိုတာ ပေါ်လာပြီ လား (ပေါ်ပါတယ် ဘုရား)။
ကိုင်း ဒီပထမဇောက ဘယ့်နှယ်ကြောင့် သူက ကပ်တွေ ဘာတွေ ကျော်အောင် ကျေးဇူး ပြုနိုင်ပါလိမ့်မလဲ။ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) လိုတယ်ဆိုတော့ ကို၊ အင်း သူသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် သတ္တိထက်လို့ပဲ အဖြေအကြမ်း ပေးရမယ် (မှန်လှပါ ဘုရား) သတ္တိထက် လို့ပဲလို့ အဖြေအကြမ်း ပေးပါတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ နောက်ဘဝတုန်းက ဒီလိုလဲ သာသနာတွင်းကလည်း ကြုံခဲ့ပုံကမရ (မရပါ ဘုရား) မရတော့ကို ကိုယ်ပြုထားတဲ့ အကုသိုလ်ကံတွေက ဒီအလယ် ဇောငါးချက်၊ အကုသိုလ်ဇော ငါးချက် နောက်ဘဝ များစွာက ပေါ့ဗျာ၊ ဒါတွေ နောက်က လိုက်မနေ ဘူးလား (လိုက် နေပါတယ် ဘုရား) လိုက်နေသောကြောင့် ဒကာ ဒကာမတွေမှာ အပရာပရိယ ဆိုတဲ့ အလယ်ဇောငါးချက် ကံတွေက နောက်က လိုက်နေတယ် (မှန်လှပါ ဘုရား) အကုသိုလ်ကံ တွေ လိုက်နေတယ် (လိုက်နေပါတယ် ဘုရား)။
လိုက်နေတဲ့အတွက် အခုအခါမှာ ဥပမာ- သူပုန်ထတာ တွေလဲ၊ အင်း တို့ ကြောက်ရတာပဲ၊ ဘာဖြစ်လို့ ဒကာ ဒကာမတွေ ကြောက်စိတ်တွေ ခဏခဏ ပေါ်နေရပါလိမ့် မလဲဆိုတော့၊ အို အကုသိုလ်ကံ၊ အပရာပရိယကံတွေက နောက်တုန်းက ပြုထားတဲ့ အကုသိုလ်အလယ်ဇော ငါးချက်တွေက နောက်က လိုက်နေတယ် (မှန်လှပါ ဘုရား) အဲဒါ အကုသိုလ်လိုက် နေတယ် (လိုက်နေပါတယ် ဘုရား) ရှင်းပြီလား။
=== အကုသိုလ်လိုက်နေ ပါတယ် ===
ဘာတွေများ လိုက်နေပါလိမ့် (အကုသိုလ်လိုက်နေ ပါတယ် ဘုရား) အဲဒီ အကုသိုလ်တွေက လိုက်နေတော့ သူတို့က အကျိုးပေးမလို့ လိုက်နေတယ် (မှန်လှပါ ဘုရား)။
မင်းတို့ စီးပွားပျက်အောင်၊ လူသေအောင်၊ ရောဂါထူ အောင်၊ ဘဝများစွာက ပြုထားတဲ့ အပရာပရိယတွေက လိုက်မနေပေဘူးလား၊ အဲဒါ ကျုပ်တို့ ဘာနဲ့ တားရမှာတုံးဆိုတဲ့ မေးခွန်း လိုလာတယ် (လိုလာပါတယ် ဘုရား) လိုက်လာတယ် မလိုက်ဘူးလားဆိုတာမမေးနဲ့တော့ (မှန်လှပါ ဘုရား) လိုက်တာ သေချာတယ်၊ လိုက်တာသေချာတော့။
ဘယ်လိုလိုက်တာ သေချာသတုံးလို့ မေးတဲ့အခါ ကျတော့ ခင်ဗျားတို့ ၊ ကျုပ်တို့ အခု လေးငါး ဆယ်နှစ် ဆယ့်ငါးနှစ် နေလာခဲ့ရတယ်၊ ဘယ်အခါ ကာလမှ ဒီ ကောင်းသတင်းရယ်လို့၊ ဟုတ်ဘူးလား မကြားခဲ့ရဘူး။
သတ်သံတွေ၊ ဖြဟ်သံတွေ၊ ခိုးသံတွေ၊ ဝှက်သံတွေ၊ တိုက်သံတွေ ဟုတ်လား၊ သေသံတွေဘဲ အမျိုးမျိုးအဖုံဖုံ ကပ်ကြီးက ဝိုင်းနေတယ်ဆိုတာ စစ်အတွင်းကလဲ ကပ်ကြီး ဝိုင်းနေလို့ သဘော ကျပြီလား ၊ စစ်ပြီးတော့လဲ ကပ်အမျိုးမျိုး ဆိုက်နေလို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။
အဲဒါ ဘယ်ကံတွေက လိုက်လာလို့ ဒီ တို့မှာ ကြောက် ခြင်း၊ လန့်ခြင်း အလုပ်တွေ ဖြစ်နေ ရပါလိမ့် မလဲလို့ မေးဖို့မလို ဘူးလား (လိုပါတယ် ဘုရား) ဟောဒီ အလယ်ဇော ငါးချက် လိုက်နေတာ၊ နောက်ဘဝက၊ ဘဝပေါင်း များစွာက ပြုထားတဲ့ အလယ်စိတ် အကုသိုလ် အလယ်ဇော ငါးချက်က နောက်က လိုက်နေတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ တတိယဘဝက စ၍ နိဗ္ဗာန်ရသည့် ဘဝတိုင် အောင် လိုက်တတ်သည့် တရား (မှန်လှပါ ဘုရား) ဒါဖြင့် တို့မှာ ကြောက်လန့်ပြီး ဘယ်အခါ ကာလမှ အရောင်းဖျင်း၊ အဝယ်ဖျင်း နဲ့ ၊ အင်း နေရတာ။
စိတ် လက် ကောင်းကောင်းမွန်ချပြီး နေရတယ်မရှိဘူး၊ ဘယ့်နှယ်များ အကျိုးပေးပါလိမ့် မတုံးလို့ မမေးနဲ့၊ ဒါတွေ လိုက်နေတာ (မှန်လှပါ ဘုရား)။
ဘယ်တုံးကဟာတွေလိုက်နေပါလိမ့် (နောက်ဘဝ များစွာကပါ ဘုရား) နောက်ဘဝ များစွာက ဟာတွေက လိုက်နေတာ၊ အဲဒီတော့ ကျုပ်တို့ဒီလိုကံတွေ နောက်က လိုက်နေတယ် ဆို တာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဒါဖြင့် ကံလိုက်နေလို့ ရှိရင်ဖြင့် ကံနဲ့တားမှ ရမယ် (မှန်လှပါ ဘုရား) ရှင်းပြီလား၊ ဘာလိုက် နေရင် (ကံလိုက်နေ ပါတယ် ဘုရား) ကံလိုက်နေရင် ကံနဲ့တားမှ ရမယ်၊ ရှင်းပြီလား။ ကံနဲ့လာတာကို ကံနဲ့တားမှ ရမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခုနတုံးက ဝိပဿနာရှုတဲ့အခါမှာ ဖြစ်ပျက်မြင်ရင် မဂ္ဂင်ငါးပါး မပါဘူးလား (ပါပါတယ် ဘုရား)။
ရှုချင်တဲ့ စေတနာကော မပါဘူးလား (ပါ ပါတယ် ဘုရား) ဒါဖြင့် ဒီထဲမှာ ကံလဲပါတယ်၊ ဉာဏ်လဲပါပါတယ် (မှန်လှပါ ဘုရား) ပထမဇောထဲ ကံလဲပါတယ်။ ဉာဏ်လဲပါတယ်၊ ကံက သဟဇာတ အဖြစ်နဲ့ ပါတယ်။ ဉာဏ်ကတော့ ဖြစ်ပျက်မြင်သောကြောင့် သူ့သတ္တိပဲ (မှန်လှပါ ဘုရား) ရှင်းပြီလား။
အဲ ဒကာသိုက် ပထမဇောထဲ ဘာများပါ ပါလိမ့် (ကံလဲပါတယ်၊ ဉာဏ်လဲ ပါပါတယ် ဘုရား) ဒါဖြင့် ဒီကံ ဉာဏ်နဲ့ နောက်က ခင်ဗျားတို့ နောက်က ကံတွေကို တားရမယ်၊ ဦးလှဘူး ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘာနဲ့တားရမယ်၊ ဒီကဉာဏ်နဲ့ နောက်က လိုက်လာတဲ့ အလယ်ဇော ငါးချက် ကံတွေပေါ့ဗျာ၊ အဲဒါတွေ ဒါနဲ့မှ မတားလို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး။
အဲဒီတော့ ဘုန်းကြီး ခု ရှင်းလင်းပြီး ပြောနေတာက ဒကာ ဒကာမတို့က အေးအေးစက်စက် နေမှာစိုးလို့၊ ဒီလိုလိုက် နေတာမရှိလို့ရှိရင်လည်း ခပ်အေးအေးနေကြပေါ့ (မှန်လှပါ ဘုရား) အခုတော့ လိုက်နေတယ် ဆိုတာကလဲ ခင်ဗျားတို့ နှစ်ပေါင်း နှစ်ဆယ်တိုင်တိုင် နေလာခဲ့ပြီ။ အထိတ်အလန့် နဲ့ပဲ နေပြီးခဲ့ရတာပဲ၊ မပြီးခဲ့ရဘူးလား (ပြီးခဲ့ပါတယ် ဘုရား) ပြီးခဲ့ရတယ်။
ဟို ဗုံးတွေ ဘာတွေကျတုန်းကဆိုရင် ကိုယ့်အိမ် ကိုယ့်ယာပစ်ပြီး ပြေးခဲ့ရတယ်၊ မပြေးရဘူးလား (ပြေးရ ပါတယ် ဘုရား) ဒီကံတွေ လိုက်တယ်ဆိုတာက သေချာပြီလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ တို့နောက်ကအတိတ်ကံတွေက ဟာကံတွေ ဘာလိမ့်မတုံးလို့ မေးလို့ရှိရင် အကုသိုလ်ကံတွေ လိုက်နေတာ (မှန်လှပါ ဘုရား) သဘောကျပြီလား။
ဒါဖြင့် ဒီအကုသိုလ်ကံတွေကို ဘာနဲ့ တားမတုံး ဆိုလို့ရှိရင် ယခုဘဝ ဝိပဿနာ အားထုတ်တဲ့ ပထမဇောတည်း ဟူသောကံနဲ့ ဉာဏ်နဲ့ တားပါ (မှန်လှပါ ဘုရား) ဘာနဲ့တားကြမယ် (ပထမဇော တည်း ဟူသော ကံနဲ့ဉာဏ်နဲ့ တားရမှာပါ ဘုရား) ရှင်းပြီလား။
ဒကာသိုက် ဒီဥစ္စာဘယ်နှယ်ကြောင့်ဆရာဘုန်းကြီး အရေးတကြီး ပြောနေတယ် ဆိုတာကိုလဲ သိရောပေါ့ဗျာ (သိပါတယ် ဘုရား) အသံပလံတွေ အမျိုးမျိုး အဖုံဖုံ ခင်ဗျားတို့ ကြားတန်သလောက်ကြား၊ သိတန်သလောက် သိတယ်၊ လုံးဝနေရာမကျဘူးဆိုတာ သိတန် သလောက် သိနေတော့။
ဪ တို့ အကုသိုလ်ကံ လိုက်နေတယ် ဆို ပါလာတယ်၊ ပါလာတော့ ဒီဇောကို ကျုပ်တို့ အားကိုးရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့အတိုင်း မိမိပြုထားတဲ့ ဒီဝိပဿနာကုသိုလ်ပဲ အားကိုးရမယ်၊ ကုသိုလ်ထဲ မှာလဲ ဒီပထမဇောပဲ (မှန်လှပါ ဘုရား) အခု အရေးတကြီး ကာကွယ် ပေးမှာကဖြင့် သူပဲ၊ ရှင်းပြီလား။
ဒါဖြင့် ဒီဥစ္စာမလုပ်ဘဲ နေလို့ ရှိရင် ခင်ဗျားတို့ နောက်ကံတွေက ထင်သလို အကျိုးပေးပြစ်မယ်။ သူပဲ အားထုတ်နေလို့ ရှိရင်ဖြင့် သူက တားလိမ့်မယ် (မှန်လှပါ ဘုရား) သူက ကုသိုလ်ကိုး၊ ကုသိုလ် ဆိုတာက ဘာလုပ်တတ်သတုံး ဆိုတော့ အကုသိုလ်ကို ဖြတ်တတ်တယ်၊ ကုသိုလ် ဆိုတာ ဘာလုပ်တတ်သတုံး (အကုသိုလ်ကို ဖြတ်တတ်ပါတယ် ဘုရား) အကုသိုလ်ကို ဖြတ်တယ် ဆိုတော့ ဒကာသိုက် ရိပ်မိရောပေါ့။
အင်း ဒီကုသိုလ်မရှိရင် သူက အစဉ်အတိုင်း အကျိုး ပေးမယ် (မှန်လှပါ ဘုရား) ဒီကုသိုလ် ရှိနေရင်ဖြင့် သူက ဖြတ်ပစ်လိုက်တယ်၊ မင်းမလာခဲ့နဲ့ဆိုပြီး ဖြတ်မပေးဘူးလား (ဖြတ်ပေးပါတယ် ဘုရား)။
အဲတော့ သူကဖြတ်ပေးမှာ ဧကန်သိရဲ့သားနဲ့မှကျုပ်တို့က လက်နက်ကောင်း ကိုယ့်လက်ထဲ ကိုယ့်ဉာဏ်ထဲ ကိုယ့်ဂမ်းထဲ မထားဘူး ဆိုလို့ရှိရင် မင်းတို့ နောက်ကလိုက်လာတဲ့ ကံတွေ ထင်သလိုစီမံမယ် (မှန်လှပါ ဘုရား) ရှင်းပြီလား၊ နောက်က လိုက်လာတဲ့ ကံတွေက ဘာတဲ့ (ထင်သလို စီမံမှာပါ ဘုရား) ထင်သလို စီမံလိမ့်မယ်။
ဘယ့်နှယ်ကြောင့် ထင်သလို စီမံနေမတုံးဆိုတော့ အတား မရှိလို့၊ အဆီးမရှိလို့ (မှန်လှပါ ဘုရား) သူတို့ ဝင်ချင်သလို ဝင်တယ်၊ ဦးလှဘူး ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။ ဒါဖြင့်ခင်ဗျားတို့ ကြားဖူးတဲ့အတိုင်း ပထမဇောက ဒိဋ္ဌဓမ္မအကျိုး ပေးတယ်ကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ အကုသိုလ်ပထမဇောကလဲ ဒိဋ္ဌဓမ္မ အကျိုးပေး တာပဲ၊ အခု ဝိပဿနာ ပထမဇောကကော (အကျိုးပေးတာ ပါပဲ ဘုရား)။
အဲ ဒီဟာကို ကိုးစားအားထား ပြုကြလို့ ဆိုတာ ခင်ဗျားတို့ လုပ်မှ ရမယ့်အလုပ် (မှန်လှပါ ဘုရား) မလုပ်လို့ ရှိရင်တော့(မရပါ ဘုရား)မလုပ်လို့ရှိရင် ဒီဇောပေါ်ကိုမပေါ်ဘူး။
ပေါ်လာလို့ရှိရင်လဲဒါနကုသိုလ်ထက်သူထက်တယ်၊ သီလ ကုသိုလ်ထက် (ထက်ပါတယ် ဘုရား) သမထ ကုသိုလ်ထက် – (ထက်ပါတယ် ဘုရား) ဒါဖြင့်အထက်ဆုံး ကုသိုလ်လို့ဆိုရင် လွဲမလား (မလွဲပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒီဟာကို များများ ဝမ်းထဲမှာ ပထမဇောပေါင်း ခဏခဏပေါ်ဖို့ ဒကာသိုက် (အရေးကြီး ပါတယ် ဘုရား) အရေးကြီးတယ် ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့သည် ဘယ်လို နေကြ ဘယ်လိုထိုင်ကြမလဲလို့ မေးခွန်းထုတ်ရင်ဖြင့် ဝိပဿနာရှုနေမယ်ပြောလိုက်တာပေါ့ (မှန်လှပါ ဘုရား) ရှင်းပြီလား ဘယ်လိုလုပ်နေမလဲ (ဝိပဿနာရှု နေရပါမယ် ဘုရား)။
ဝိပဿနာရှုရင် ဒီဇောကစတာပဲ (စမှာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား) ဒီဇောမပါဘဲနဲ့ ရှုလို့ရမလား (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ကျုပ်တို့၏ ကိုးစားရာ အားထားရာ အစစ်၊ အကုသိုလ် နောက်က ပါလာတာတွေကိုလဲ သူဖြတ်တယ် (ဖြတ်မှာပါ ဘုရား) ဖြတ်ပြီးသူက ကောင်းကျိုးကို သူက ပေးပစ်လိုက်မယ် (ပေးမှာပါ ဘုရား) သဘောကျပြီလား။
သူက ဒီဘဝမှာ အကျိုးပေးမဲ့တရား ဖြစ်လေသောကြောင့် လူကောင် နတ်ကောင် ဖြစ်အောင် တော့ သူမလုပ်ဘူး၊ ကပ်သုံးပါး ကျော်လွှားနိုင်အောင် (လုပ်မှာပါ ဘုရား) စီးပွားဥစ္စာ ရတနာတို့ ဖွံ့ဖြိုးအောင် (လုပ်မှာပါ ဘုရား) ဒါပဲတတ် နိုင်တယ်။
ဒါပဲတတ်နိုင်တယ်သူက-(မှန်လှပါ ဘုရား) ဒုတိယဘဝမှာ မင်းအကျိုးပေးစမ်းပါဆိုတော့ သူကမပေးနိုင်ဘူး (မှန်လှပါ ဘုရား) မစွမ်းနိုင်ဘူးတဲ့ ဒုတိယဘဝ အကျိုးပေးမှာတော့ သူမစွမ်းနိုင်ဘူး။
ဒုတိယဘဝအကျိုးပေးမှာ တွေ ရှိနေတော့ တတိယ ဘဝအကျိုးပေးမှာတွေ ဒီငါးခု ရှိနေပေါ့။
အဲဒီတော့ သူ့ စခန်းနဲ့သူ သဗ္ဗညုတ ရွှေဉာဏ်တော် နဲ့ ပြောထားတာ (မှန်လှပါ ဘုရား)။ သူ အကျိုးပေးကို ဘုရားမှ သိတာကိုးဗျ (မှန်လှပါ ဘုရား)၊ ကျုပ်တို့က အခုဘုရား၏တပည့်သားတွေ ဖြစ်နေလို့သာ ဒကာ ဒကာမတွေ။
=== ဒီဟာ အားကိုးကြ ===
ဒီဟာ အားကိုးကြဆိုတာ သူဟောတဲ့အတိုင်း ဟောရတာ (မှန်လှပါ ဘုရား) သဘောပါ ပြီလား (ပါပါတယ် ဘုရား)။
အဲ သဘောပါလို့ရှိရင်ဖြင့် တပည့်တော်တို့ ဘာနဲ့ ကပ်ကျော်အောင် လုပ်ရမှာတုံး မေးရင် အဖြေထွက်ပြီလား (ထွက်ပါပြီ ဘုရား)။
ဝိပဿနာ ပထမဇောပေါ်အောင်များများလုပ်ရမယ် (မှန်လှပါ ဘုရား)။ ဖြစ်ပျက်များများ မြင်အောင် လုပ်ရုံပဲ (မှန်လှ ပါ ဘုရား)။ ဖြစ်ပျက်ခဏခဏ မြင်အောင်လုပ်ရုံပဲ (မှန်လှပါ ဘုရား)။
ဒကာသိုက်ဘာနဲ့နေမလဲ (ဖြစ်ပျက်မြင်အောင် လုပ်ရမှာပါ ဘုရား)။ ဖြစ်ပျက် ခဏခဏ မြင်အောင်ဆိုတော့ ပထမဆုံး မြင်တာကပထမဇောပဲ (မှန်လှပါ ဘုရား)။ ဒုတိယ မြင်တာက (ဒုတိယဇော ပါ ဘုရား)။ သဘောကျပြီလား။ တတိယမြင်တာက (တတိယဇော ပါ ဘုရား) တတိယဇောပဲ ဆိုတာ သေချာပြီလား (သေ ချာ ပါပြီ ဘုရား)။
ဒါဖြင့် ပထမ မပါဘဲနဲ့ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ သတ္တမ (မဖြစ်နိုင်ပါ ဘုရား)။ မဖြစ်နိုင်ဘူး ဆိုတာ သဘောကျပြီလား (မှန်လှပါ ဘုရား)။
ဒါဖြင့် သူသည်ကားဆိုလို့ရှိရင်ဖြင့် ကံပဲ၊ အကုသိုလ်ကံကို တားတဲ့တရား (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
ဘယ့်နှယ်ဆိုပါ့မယ် (အကုသိုလ်ကံကိုတားတဲ့ တရားတွေပါ ဘုရား)။ အကုသိုလ်ကံကို တားတဲ့တရားလို့ ဒကာသိုက် ဆိုပေတော့။ ဒါဖြင့်
“ကုစ္ဆိတေ ပါပကေ ဓမ္မေ သလယန္တိ (ဆိန္ဒန္တိ) စလယန္တိ ကမ္ပေန္တိ ဝိဒ္ဓံသေန္တီတိ ကုသလာ”။
ကုစ္ဆိတေ = စက် ဆုပ်ဘွယ်ရာ ဖြစ်ကုန်သော၊ ပါပကေ = ယုတ်မာကုန်သော၊ ဓမ္မေ=နောက်ကလိုက်လာတဲ့ အကုသိုလ်တရားတို့ကို၊ ဆိန္ဒန္တိ- ဒီ ပထမဇောက ဖြတ်တတ်၏။ နောက်က လိုက်လာ တာတွေမလာခဲ့နဲ့ကွ၊ သူကဖြတ်တတ်တယ်။ ရှင်းပြီလား၊ ဒါဖြင့် သူပဲ ကျုပ်တို့သည် ကိုးစားရာ အားထားရာ အစစ်လုပ်ရတော့မယ် ဆိုတာဖြင့် ဒါယနေ့ တိတိလင်းလင်း မှတ်ရမှာပဲ (မှန်လှပါ ဘုရား) ရှင်းပြီလား။
ဒါဖြင့် ဘာအားကိုးကြမယ် (ကုသိုလ် ပထမ အားကိုးရမှာပါ ဘုရား) ကုသိုလ် ပထမဇော အားကိုးရမယ် (မှန်လှပါ ဘုရား)။
အကုသိုလ်တွေ နောက်က ရှိသလား မရှိသလား လို့မမေးနဲ့၊ လူတိုင်းရှိတယ် (ရှိပါတယ် ဘုရား) ရှင်းပြီလား၊ ဘယ်ပုဂ္ဂိုလ် မရှိဘူးလို့ ဆိုလို့ရသလား (မရပါ ဘုရား)။
အဲ အကုသိုလ် ရှိတယ်၊ မရှိတယ်ဒကာ ဒကာမတွေ ကိုယ့်ဖြစ်စဉ်သာ ကိုယ်ကြည့် (မှန်လှပါ ဘုရား)။
ခု နှစ်ပေါင်း နှစ်ဆယ်အတွင်း ဘယ်လို နေခဲ့ရတယ် ဆိုတာကို သာကြည့် – ကြည့်တော့ ဘယ်လိုပြောကြသလဲ (အကုသိုလ် ရှိပါတယ် ဘုရား) အကုသိုလ်တွေရှိတော့။
တပည့်တော်တို့ဘုရား ပြေးရ လွှားရ ကြောက်ရ လန့်ရ ဟုတ်လား၊ ဒါနဲ့ပဲသာ ကြီးလာခဲ့တာပဲ ဘုရား၊ ဘယ့်နှယ်ကြောင့် ဒါတွေကြုံရပါလိမ့်မလဲဆိုယင် နောက်ကလိုက်လာတဲ့ ကံတွေကို ဒီက မဂ်ဇောနဲ့မှ မတားယင် ခင်ဗျားတို့ သူတို့ ထင်သလို အကျိုးပေးလိမ့်မယ် (မှန်လှပါ ဘုရား) မပေးပေဘူးလား (ပေးပါတယ် ဘုရား)။
ထင်သလို အကျိုးပေးမှာ ဖြစ်နေတော့ ဒကာ ဒကာမ တွေ ကိုးစားရာဖြင့် သူ့ကိုထားမှ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
=== အင်္ဂုလိမာလ ===
ကောင်းပြီ၊ ဒါဖြင့် အင်္ဂုလိမာလ ခိုးသူကြီး၊ ဒီဝိပဿနာ ဇောတွေကြောင့် ဒကာ ဒကာမတွေ နောက်ကလိုက်လာတဲ့ ကံတွေကတော့ မနည်းလှဘူးပေါ့ဗျာ၊ အဲဒီကံတွေကို မဂ်နဲ့တားလိုက်တော့ ဒီပုဂ္ဂိုလ်တွေဒီဘဝမှာဘဲရဟန္တာဖြစ်တယ် (မှန်လှပါ ဘုရား) မဂ်ကြောင့်ဖြစ်တယ်။
ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဟိုနောက်က လိုက်လာတဲ့ ကံတွေလဲ။
ဘဝကလဲ လူမိုက်တွေ ဖြစ်ခဲ့တယ်၊ အတိတ်ဘဝကလဲ လူမိုက်ချည်းပဲ၊ အဲဒီလူမိုက်ကံတွေလဲ ယခု ရတဲ့မဂ်က ဖြတ်ချလိုက်တယ် (မှန်လှပါ ဘုရား)။
ဒီဘဝ မိုက်ထားတာတွေကိုလဲ ယခုဘဝက မဂ်က (ဖြတ်ချလိုက်ပါတယ် ဘုရား) သဘောပါကြပြီလား၊ နောက်ဆို သံသရာရှည်လို့ မဂ်မရသေးလို့ မိုက်လတ္တံ တွေကိုလဲ သူက ဖြတ်တယ် (မှန်လှပါ ဘုရား) ဒီမဂ်ဇောကဖြတ်တယ်၊ ရိပ်မိပြီလား။
ဒါဖြင့် ဒီလိုပုဂ္ဂိုလ်တွေ ထောက်လိုက်လို့ရှိရင်ဖြင့် တို့သည်ကား ဆိုလို့ ရှိရင်ဖြင့် ကိုးစားရာ အားထားရာ လက်ကိုင်အစစ်တွေပြီလို့ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
နို့ ဒါဖြင့်ဘုရား အခုကပ်ကြီးထဲမှာ ကြုံလာပြီး သေခြင်းဆိုသေ၊ သေနတ်ဖြင့် ပစ်လို့သေ၊ လှံနဲ့ထိုးပြီးလို့ သကာလ သေကြ၊ ပြုကြ အမျိုးမျိုး အဖုံဖုံ၊ ဟ ဒါတွေက ဘယ်သဘောတုံးလို့ မေးတဲ့အခါကျတော့။
ဇောခုနစ်ကြိမ်ရှိတဲ့အနက်က သူ့နောက်က အပရာပရိယ ကံတွေက လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)
အဲဒီကံတွေကို ဒီဘဝ သူ့စိတ်ကလဲ မကောင်းဘူး (မှန်လှပါ ဘုရား)၊ မကောင်းတော့ သူ့စိတ်ကလဲ ဇောခုနစ်ကြိမ် မစောပေဘူးလား (စောပါတယ် ဘုရား)။ မကောင်းတဲ့ဇောပေါ့ဗျာ (မှန်လှပါ ဘုရား) ဒေါသောဖြင့် ဒေါသော၊ လောဘဇောဖြင့် လောဘဇော၊ အဲဒီ ပထမဇောကနေပြီး ဟိုကံတွေကို တစ်ခါတည်း အားပေး လိုက်တယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် မကောင်း မကောင်းခြင်း အားပေးတဲ့အတွက် သေခြင်းဆိုးသေရတယ် (မှန်လှပါ ဘုရား) သဘောပါပြီလား (သဘောပါပါပြီ ဘုရား) တချို သေခြင်းဆိုသေ ကြကာသည် ဒီဘဝကံကလည်း ကူညီလိုက်တယ် (မှန်လှပါ ဘုရား) နောက်ကကံလဲ အကျိုးပေးလိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် နောက်ကံက ဒကာ ဒကာမတွေ လိုက်လာတာ သေချာတယ် (သေချာပါတယ် ဘုရား) သို့သော် ဒီဘဝမှာ ဒီကံမျိုးပဲ ကူပေးလိုက်မယ်ဆိုတော့ ဒီအချိန်မှာ ဒီနာရီမှာပဲ တစ်ခါထဲ ဒုက္ခရောက်တဲ့ ပွဲတွေ မတွေ ရဘူးလား (တွေရပါတယ် ဘုရား)။
အဲဒါ အကုသိုလ် အကုသိုလ်ခြင်းကူလိုက်တာ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် တားမဲ့ကုသိုလ်မလာလို့ပေါ့ (မှန်လှပါ ဘုရား) ရှင်းပြီလား။
ဒါဖြင့် အကျိုးပေးတာသည် ဒီဘဝကံက အကူအညီ၊ နောက်ဘဝကံက တကယ် အကျိုးပေးတာ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)ဒီဘဝကံကတော့ ဘာတဲ့ (အကူအညီပါ ဘုရား) ပထမဇောကိုးဗျ၊ အကူအညီပေါ့ (မှန်လှပါ ဘုရား)။
အကျိုးပေးတာကတော့ (နောက်ကံတွေပါ ဘုရား) နောက်ကံတွေက အကျိုး ပေးတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ ဒီဘဝ နောက်ကံတွေက အကုသိုလ်ကံလာ တယ်၊ ဒီဘဝ အကုသိုလ်ကံ ပထမဇော လည်း ကူညီလိုက်မယ် ဆိုရင်ဒီပုဂ္ဂိုလ်ဟာ မကြာတော့ဘူး (မှန်လှပါ ဘုရား) အကုသိုလ် အကျိုးပဲ ပးချလိုက်တာ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါဖြင့်သူ့မှာ အကူအညီ ကင်းမဲ့နေတဲ့ အဓိပ္ပာယ်မရဘူးလား (ရပါတယ် ဘုရား)။
အကုသိုလ် အကုသိုလ်ခြင်းသာ ကူတော့တယ်၊ တားပေးမဲ့ ကံလာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေကျတော့ ဆရာဘုန်းကြီးတို့က ဘုရားတို့က ဘယ်လို ဟောရသတုန်း၊ မင်းတို့ အကုသိုလ်ကံတွေ ရှိတော့ရှိသပေါ့ဒါနဲ့တားကြကွ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
အကုသိုလ်ကံကတော့ မရှိဘူးလို့ သွားယူ လွဲတော့မပေါ့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား) လူတိုင်းရှိတယ် (ရှိပါတယ် ဘုရား)။
လူတိုင်းရှိတာကို ဦးလှဘူး တစ်ယောက် မေးကြည့်မယ် ဟုတ်လား၊ ဦးလှဘူးရေ၊ ဥပမာမယ် အင်း စစ်ထဲမှာ ခင်ဗျား သည် ဘယ်နှစ်နှစ် နေခဲ့ရသတုန်း၊ ဟာ ကြာပြီဘုရား၊ ဂျပန်အုပ်ချုပ်သွားတာ သုံးနှစ်မှာလဲနေခဲ့ရတာပဲဆင်းဆင်းရဲရဲနဲ့ (မှန်လှပါ ဘုရား) မနေရဘူးလား (နေခဲ့ရပါတယ် ဘုရား)။
နောက် အင်္ဂလိပ်ပြန်ဝင်လာပြီး အုပ်ချုပ်ရေးမကောင်း တစ်ကောင်းနဲ့လဲ အတော်ကြာ သေးတာပဲ (ကြာပါတယ် ဘုရား)၊ နောက်တစ်ခါ လွတ်လပ်ရေး ရပြီးသည့် နောက်လဲ ထွက်ကြ ပြုကြနဲ့ အင်း မကောင်းတာနဲ့ဘဲ နေရတယ် ဆိုကြပါစို့ (မှန်လှပါ ဘုရား)၊ ဒါ နှစ်ပေါင်း အတော် ကြာပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဘယ်ကံတွေက အကျိုးပေးတာလဲ (အကုသိုလ် ကံတွေက အကျိုးပေးတာပါ ဘုရား)၊ နောက်ကံတွေနော် (မှန်လှပါ ဘုရား) နောက်ကံတွေက အကျိုးပေးနေတယ် (မှန်လှပါ ဘုရား)။
အင်း ဒါဖြင့် ကျုပ်တို့နောက်က အကုသိုလ်ကံတွေ ရှိလေသလား၊ မရှိလေသလားလို့ တွေးဖို့လိုသေးသလား (မလို ပါ ဘုရား)၊ ဒါဖြင့် တပည့်တော်တို့ ယခုတိုင်တိုင် အသက်မသေ ရှင်ပြီးသကာလ နေတာ ဘယ့်နှယ်ကြောင့် ပါလိမ့်မလဲဘုရား၊ နောက်ကံတွေကတော့ သေချာပါပြီဘုရား။
ခင်ဗျားတို့ ထိုက်တန်သလောက် သိုလ်လေးရှိနေတယ် (မှန်လှပါ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။
=== ထိုက်တန်သလောက်ပထဇောရှိနေတယ် ===
ထိုက်တန်သလောက်ပထဇောရှိနေတယ် (မှန်လှပါ ဘုရား) အဲဒါလေးက ကူထားတာ (မှန်လှပါ ဘုရား)။
အခုတော့ အဲသည်ထက်ကြီးတဲ့ ကံကြီးတစ်ခုကို ဆရာဘုန်းကြီးက ပေးမယ်၊ သဘောပါပြီလား (ပါ- ပါပြီ ဘုရား) ဒီထက်အကြီးဆုံး ကံကြီးဆိုတဲ့ သူ မဂ်ဇော ပေးတာပဲ – (မှန်လှပါ ဘုရား)။
မဂ်ဇောဆိုတော့ ဟိုကံလေးတွေက တောင်မှ ထိုက်တန် သလောက် တားနိုင် ဆီးနိုင်သေးတာပဲ ဦးလှဘူးရ (မှန်လှပါ ဘုရား) ဒီကံကြီးဆိုတော့ ဘယ့်နှယ်လဲ (ပိုပြီး အကူအညီရပါတယ် ဘုရား)။
များများ အကူအညီ ရလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတွေ သေသေချာချာ ပြောရမယ် (မှန်လှပါ ဘုရား)
အေး ဒီဥစ္စာဖြင့် ကိုးစားရာ အားထားရာ အစစ် “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဒီကိုယ်ကြီးကို အားထားရာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား) အတ္တာဟိ အတ္တနာ နာထောတိ = မိမိပြုထားတဲ့ ကုသိုလ်ကိုသာ အားကိုးရမယ်လို့ ဘုရားက သေသေချာချာ ဟောတယ် (မှန်လှပါ ဘုရား)။
အဲဒီဇောကို အားကိုး (မှန်လှပါ ဘုရား) ဒီဇောက အလိုလိုလာမှာလား၊ ရှုမှလာမှာလား (ရှုမှလာမှာပါ ဘုရား) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
မရှုရင် ဝင်ကိုမလာဘူး (မှန်လှပါ ဘုရား) ဒါဖြင့် ဖြစ်ပျက်ရှုတိုင်း ရှုတိုင်း၊ မဂ်ဇောမယ် (မှန်လှပါ ဘုရား) မဂ်ဇောလာရင် တစ်ကစတာပဲ (မှန်လှပါ ဘုရား) တစ်မဖြစ် ၊ ဘဲနဲ့ နှစ်က (မဖြစ်ပါ ဘုရား)။
ဒါဖြင့် တစ် ပထမဇောပေါ့ဗျာ (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါ-ပါပြီ ဘုရား) ၊ဒါဖြင့်ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှာဖြင့် ဘယ်လိုပဲ နောက်က အကြောင်း ညီညွတ်တဲ့ ကံတွေ လာစေကာမူ သူက တားတယ်(မှန်လှပါ ဘုရား) မတားပေဘူးလား (တားပါတယ် ဘုရား)။
အေး တားမှာ သေချာသိရက်နဲ့ ခင်ဗျားတို့က အကာ အကွယ်မယူဘူးဆိုရင် အားလုံး ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို မသနားတဲ့ ပုဂ္ဂိုလ်၏ အပြစ် (မှန်လှပါ ဘုရား)။
ဒီဝိပဿနာ ခေတ်ကောင်းကြီးကို အလွဲသုံးစား လုပ်တယ်ဆိုတဲ့ အပြစ်လည်းသင့်ရမှာပဲ (သင့်ရမှာပါ ဘုရား) မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)ကဲသဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ တော်တော် အရေးကြီးလို့ ပြောနေတယ်ဆိုတာ သဘော ပါပြီလား (ပါပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါတယ် ဘုရား) ကောင်းပြီ။ ဒီဥစ္စာ ခဏ ရပ်လိုက်ပါ။
=== ပရိတ်တွေ ရွတ်ကြတယ် ===
ကိုင်း ခင်ဗျားတို့အရေးကြီးတဲ့အခါကျတော့ ဒကာ ဒကာမ တွေက ပရိတ်တွေ ရွတ်ကြတယ် ဒကာသိုက်တို့က (မှန်လှပါ ဘုရား) “ရာဇတောဝါ၊ စောရတောဝါ၊ မနုဿတောဝါ၊ အမနုဿတောဝါ၊ အဂ္ဂိတောဝါ၊ ဥဒကတောဝါ” နဲ့ မရွတ်ကြလား (ရွတ်ကြပါတယ် ဘုရား)။
အင်း ဒါတွေ ရွတ်ရုံနဲ့ ဒီဟာတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ၊ အင်း ဒီတောတွေမှ လွတ်ရပါလို၏။ ပြောတယ်မဟုတ်လား (ပြောပါတယ် ဘုရား) တောတွေမှ လွတ်ရပါလို၏ ဆိုငြားသော်လည်း ကိုယ့်သန္တာန်မှာ ကိုကဒီ, တော့ ရှိနေမယ်ဆို ဘယ်လွတ်မလဲ (မလွတ်ပါ ဘုရား)။
သဘောကျပြီလား (ကျပါပြီ ဘုရား) ဒီတောတွေမှ လွတ်ရပါလို၏။ မင်းဘေးမှ လွတ်ရပါလို၏၊ ဟုတ်လား၊ သူခိုးဘေးမှ လွတ်ရပါလို၏ (မှန်လှပါ ဘုရား) ဆိုထားငြားသော်လည်း မိမိသန္တာန်မှာပဲ ဒီ, တောတွေရှိနေမယ် ဆိုရင်ဖြင့် လွတ်အောင် ဘယ့်နှယ်လုပ်ကြမလဲ (မလုပ် နိုင်ပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ကို ပြောရတယ်၊ ကိုင်း ဒကာ ဒကာမတို့ ရာဇတောဝါ ကိုမရတဲ့ ပုဂ္ဂိုလ် တော်တော်ရှားတယ် (မှန်လှပါ ဘုရား) အဲဒီတော့ အသဒ္ဓမ္မတောဝါ ဆိုတာ ပါတယ် မဟုတ်လား၊
=== အသဒ္ဓမ္မတောဝါ ဆိုတာ ဘာပါလိမ့် ===
မသူတော်တရားဘေးမှလည်းကောင်း-(မှန်လှပါ ဘုရား) ရှင်းပြီလား၊ အသဒ္ဓမ္မတောဝါ ဆိုတာ ဘာပါလိမ့် (မသူတော် တရား)မသူတော်တရား၊မသူတော်တရားဆိုတာ ကိုယ့်ဝမ်းထဲမှာ သူတစ်ပါး ပစ္စည်းကို မတရားသဖြင့် လိုချင်၊ ဘယ်သူသေတာ ကြိုက်တယ်၊ ဘယ်သူ့ဘက်က နိုင်တာ ကြိုက်တယ်။
ဘယ်သူနဲ့တော့ ခင်လို့၊ ဘယ်သူ့တော့မုန်းလို့၊ ဒါမသူတော် စိတ်တွေ ဝမ်းထဲရှိတယ် (မှန်လှပါ ဘုရား) ဒီတော့က ဒီဘေးကင်းရပါလို၏ ဆိုပေမယ့် ကိုယ့်စိတ်ထဲ ရောက်နေတယ် (ရောက်နေပါတယ် ဘုရား) မသူတော်စိတ်က ကိုယ့်ဝမ်းထဲ ရောက်နေတော့ ဘေးကင်းရပါလို၏ ဆု တောင်းတာက အမှားဖြစ်နေတယ် (မှန်လှပါ ဘုရား) ကိုယ့်ဘေးသင့်နေတာ က ဝမ်းထဲကို ရောက်နေတယ် (ရောက်နေပါတယ် ဘုရား) မရောက်သေးဘူးလား (ရောက်နေပါတယ် ဘုရား)။
ဒါဖြင့် အသဒ္ဓမ္မတောဝါလို့ ဆိုတာ ဒကာ ဒကာမတွေ ဝမ်းထဲမှာ မရှိမှ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
အသဒ္ဓမ္မတောဝါ မသူတော်တရားဘေးမှ လည်းကောင်း (မှန်လှပါ ဘုရား)။
မသူတော်တရားဘေးမှ လွတ်ရပါလို၏ ဆိုလို့ ရှိရင် မသူတော်တရားနော် (မှန်လှပါ ဘုရား) အဲဒါဒီဥစ္စာတွေက ဘယ်သူ့သေစေလို ဘယ်သူ့ရှင်စေလို အစရှိသည် ဖြစ်နေမယ် ဆိုဒါ သူတော်တရားလား၊ မသူတော်တရားလား (မသူတော် တရားပါ ဘုရား) အဲဒါ ဘယ်ရောက် နေသလဲ (ဝမ်းထဲ ရောက်နေပါတယ် ဘုရား)။ ပြီးတော့ သူက ဘေးလွတ်ရပါလို၏ လို့လုပ်လိုက် သေးတယ် (မှန်လှပါ ဘုရား) သူ့ဝမ်းထဲရောက်နေတယ် (ရောက်နေပါ တယ် ဘုရား) သဘောကျ ပလား၊ ဒါဖြင့် “အသဒ္ဓမ္မတော ဝါ” ဆိုတာသည် ဝမ်းထဲရောက် နေလို့ရှိရင် သူလည်း ဆိုးဝါးတဲ့ တရားတစ်မျိုးပဲ (မှန်လှပါ ဘုရား)။
ရှေ့ဆက်လိုက်ပါဦး၊ “အသဒ္ဓမ္မတောဝါ” ပြီးတော့ ရှေ့ ဘာတုန်း (အသန္ဒိဋ္ဌိတောဝါပါ ဘုရား)။
=== အမြင်မှားတဲ့ဘေး ===
“အသန္ဒိဋ္ဌိတောဝါ” အမြင်မှားတဲ့ ဘေးမှလည်းကောင်း၊ အမြင်မှားတဲ့ ဘေး (မှန်လှပါ ဘုရား) သဘောကျပြီလား၊ အသန္ဒိဋ္ဌိတောဝါ ဆိုတာ ဘာဘေးတဲ့ (အမြင်မှားတဲ့ဘေးပါ ဘုရား)။
အဲ အမြင်မှားဆိုတာက ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက အနစ္စကြီး (မှန်လှပါ ဘုရား) ဒုက္ခကြီး (မှန်လှပါ ဘုရား) အနတ္တကြီး (မှန်လှပါ ဘုရား) အသုဘကြီး၊ အဲဒါကိုတစ်ခါထဲ မုန်းစရာ ဖြစ်လာရင် အမြင်မှားပြီ (မှန်လှပါ ဘုရား) ခင်စရာဖြစ်လာရင် (အမြင်မှားပါပြီ ဘုရား)။
အဲဒီအမြင်မှားတဲ့ဘေးကလည်း ခင်ဗျားတို့၊ ဝမ်းထဲ ရောက်နေပြန်လို့ ရှိရင်ခက်တယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့ကလည်း ဘေးလွတ်အောင်လို့ ပြောတာပဲ (မှန်လှပါ ဘုရား) သူတို့ကဝမ်းထဲရောက်နေရင် မလွယ်ဘူး (မလွယ်ပါ ဘုရား)။
လွယ်သေးရဲ့လား (မလွယ်ပါ ဘုရား) ဒါဖြင် ဒီနှစ်ခုကို မူတည်ပြီး ပြောပါ့မယ် (မှန်လှပါ ဘုရား) အခု ဒကာ ဒကာမတွေ ဝမ်းထဲမှာ မကြာမကြာ ရှိနေတာကအသဒ္ဓမ္မ တောဝါဆိုတဲ့ မသူတော် တရား၊ အသန္ဒိဋ္ဌိတောဝါဆိုတဲ့လူကောင်၊နတ်ကောင် ထင်နေတဲ့အမြင်မှားတဲ့တရား (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
အသဒ္ဓမ္မတောဝါဆိုတာ ဘာတရားတဲ့ (မသူတော် တရားပါ ဘုရား) မသူတော်တရား ဒုစရိုက်ဆယ်ပါးတွေပေါ့ဗျာ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
အသန္ဒိဋ္ဌိတောဝါ အမြင်မှားဆိုတာက ဒကာ ဒကာမတို့ ဖြစ်ပျက်ရှိရက်နဲ့ ဖြစ်ပျက်ကို မမြင်ဘူး (မှန်လှပါ ဘုရား)။ ဒါ ဘာဘေးသင့်တာတုန်း (အသန္ဒိဋ္ဌိ ဘေးသင့်တာ ပါ ဘုရား) အသန္ဒိဋ္ဌိတောဝါ ဆိုတာ အမြင်မှားတဲ့ ဘေးသင့်တာ (မှန်လှပါ ဘုရား) ဦးလှဘူးတို့ ကျေနပ်ပြီလား (ကျေနပ် ပါတယ် ဘုရား)။
မသူတော်တရားဘေးနဲ့ အမြင်မှားတဲ့ဘေး၊ ဒီနှစ်ခု ဝမ်းထဲမှာ ခင်ဗျားတို့ ရှိနေမယ် ဆိုလို့ရှိရင် သံလိုက်လို့ ဘုန်းကြီးက ဟောတယ် (မှန်လှပါ ဘုရား)၊ ဒါ ဝမ်းထဲရောက်နေပြီ ဆိုကြပါစို့ (မှန်လှပါ ဘုရား)။
ဒုစရိုက်ဆယ်ပါး၊ ပြီးတော့ ရုပ်နာမ်တွေကို ငါထင် သူထင်၊ ဟိုမုန်း ဒီလူချစ်၊ ဟုတ်လား (မှန်လှပါ ဘုရား) ဒါတွေ အမြင်မမှားသေးဘူးလား (မှားပါတယ် ဘုရား)။
အင်း ဖြစ်ပျက်တွေ ဥစ္စာပဲ၊ အနိစ္စတွေ ဥစ္စာပဲ။ ချစ်စရာလဲမရှိဘူး၊ မုန်းစရာလဲမရှိဘူး၊ မှန်မှန်နေရမဲ့ဥစ္စာ (မှန်လှပါ ဘုရား)။ ဘယ်သူ့ချစ်တယ် ဘယ်သူ့မုန်းတယ်ဆိုတာ အမြင်မမှား ဘူးလား မှားသလား (မှားပါတယ် ဘုရား) အမြင် မှားတဲ့ တရားလည်း ဝမ်းထဲမရှိဘူးလား (ရှိပါတယ် ဘုရား) ဒါဖြင့် အသဒ္ဓမ္မတောဝါ အသန္ဒိဋ္ဌိတောဝါ ရွတ်စမ်း (အသဒ္ဓမ္မတောဝါ အသန္ဒိဋ္ဌိတောဝါ အသပ္ပုရိသတောဝါ) အင်း, ရှေ့ ရွတ်လို့ မရဘူး၊
အသဒ္ဓမ္မတောဝါ၊ အသန္ဒိဋ္ဌိတောဝါ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ အသဒ္ဓမ္မတောဝါနဲ့ အသန္ဒိဋ္ဌိတောဝါ၊ အသဒ္ဓမ္မတောဝါဆိုတာ ဝမ်းထဲမှာ မတရားတဲ့ စိတ်တွေ (မှန်လှပါ ဘုရား) အသန္ဒိဋ္ဌိတောဝါ ဆိုတာက မိမိခန္ဓာကိုယ်ကြီးကို ငါ၊ သူ ထင်နေတာ။
သူတစ်ပါးကို ယောက်ျားတွေ၊ မိန်းမတွေရယ်လို့ တကယ်ထင်နေတာ၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘတွေပျောက် (မှန်လှပါ ဘုရား) ဒီလို ထင်နေတာက အသန္ဒိဋ္ဌိတောဝါ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဝမ်းထဲမှာ ဒီတရား နှစ်ခု ရှိနေလို့ ရှိရင် ဒကာ ဒကာမတို့ သူတို့ သံလိုက် (မှန်လှပါ ဘုရား) ဘာတဲ့ (သံလိုက်ပါ ဘုရား) သံလိုက်ဆိုတာ ဆွဲတတ်တယ် (မှန်လှပါ ဘုရား)။
သူတို့က ကုသိုလ်တရား တွေလား အကုသိုလ်တရား တွေလား (အကုသိုလ်တရား တွေပါ ဘုရား)။
တစ်ခါထဲ ဒီဘက်က ဓားတို့၊ လှံတို့၊ သေနတ်တို့ ဆိုတဲ့ မကောင်းတဲ့ အကုသိုလ် အကျိုးပေးတွေဟာ သူတို့ရှိမှ လာတယ် (မှန်လှပါ ဘုရား) သူတို့က ဆွဲယူတယ် (မှန်လှပါ ဘုရား) ရိပ်မိပလား၊ သူတို့ကဘာနဲ့တူသတုံး(သံလိုက်နဲ့ တူပါတယ် ဘုရား) ဒါက သံရိုင်းတွေက တစ်ခါထဲ ဒီဝင်ကပ်ထာပဲ။
သံရိုင်းတွေက ဒီဝင်ကပ်တယ်၊ အင်း အဖော်ရှိလို့ လာတာ (မှန်လှပါ ဘုရား) အဖော်မရှိရင် (မလာပါ ဘုရား) ဒီကသံလိုက်ကပ်ထားတာနဲ့ သံရိုင်းဓာတ်တွေက ဒီကနေ ဝင်ဝင်လာကြတယ်၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
=== မသူတော်တရား ===
ကောင်းပြီ၊ ဒါဖြင့် ဒီနှစ်ခုဟာ ဒကာ ဒကာမတို့ ဒုစရိုက် ဆယ်ပါးဆိုတဲ့ မသူတော်တရား (မှန်လှပါ ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှိရက်နဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မမြင်တဲ့ အသန္ဒိဋ္ဌိတောဝါ အမြင်မှားတဲ့ဘေး (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
ဘာဘေးတဲ့ဗျာ (အမြင်မှားတဲ့ဘေးပါ ဘုရား) တစ်နံပါတ်က မသူတော်တရားဘေး (မှန်လှပါ ဘုရား) နှစ်နံပါတ်က (အမြင်မှားတဲ့ဘေးပါ ဘုရား) အမြင်မှားတဲ့ဘေး။
တစ်နံပါတ်က (မသူတော် တရားဘေးပါ ဘုရား)၊ မသူတော်တရားဘေး (မှန်လှပါ ဘုရား)၊ နှစ်နံပါတ်က (အမြင်မှားတဲ့ဘေးပါ ဘုရား) အမြင်မှားတဲ့ဘေး။
တစ်နံပါတ်က (မသူတော်တရားဘေးပါ ဘုရား)၊ မသူတော်တရားဘေး (မှန်လှပါ ဘုရား)၊ နှစ်နံပါတ်က (အမြင်မှားတဲ့ဘေးပါ ဘုရား) ဒီနှစ်ခု ဝမ်းထဲရောက်နေလို့ ရှိရင် သံလိုက် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီကပ်တွေ ဓားဘေး၊ လှံဘေး၊ သေနတ်ဘေး၊ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေး ဆိုတာတွေ သူတို့က ဆွဲတာ (မှန်လှပါ ဘုရား) ဒီတရားနှစ်ခုက သံလိုက်ဖို့ ဒါတွေ ဆွဲယူလိုက်တာ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘေးကဟာ ကြောက်စရာလား၊ ဆွဲဓာတ် ကြောက်စရာလား (ဆွဲဓာတ်က ကြောက်စရာပါ ဘုရား) ဒကာသိုက် သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား) ဦးလှဘူးကော (မှတ်ပါတယ် ဘုရား)။
=== အဆွဲဓာတ် ===
အဆွဲဓာတ်နဲ့ အလာဓာတ်ဘယ်ဟာ ကြောက်စရာကောင်း (ဆွဲဓာတ်က ကြောက်စရာ ကောင်းပါတယ် ဘုရား) အဆွဲဓာတ် ကြောက်စရာကောင်းတယ် ဆိုတာက အတော်ကို သေချာ တယ် (မှန်လှပါ ဘုရား)။
အဆွဲဓာတ်ကဘယ်သူဘာလိမ့်ဗျာ (အသဒ္ဓမ္မတောဝါ နဲ့ အသန္ဒိဋ္ဌိတောဝါ ပါ ဘုရား)၊ ဟုတ်ပြီ အသဒ္ဓမ္မတောဝါက စ ပါ (မှန်လှပါ ဘုရား) ဘာတဲ့ (အသဒ္ဓမ္မတောဝါ နဲ့ အသန္ဒိဋ္ဌိတောဝါ ပါ ဘုရား) အသဒ္ဓမ္မတောဝါ၊ အသန္ဒိဋ္ဌိတောဝါ (မှန်လှပါ ဘုရား)။
အသဒ္ဓမ္မတောဝါ = မသူတော်တရား (မှန်လှပါ ဘုရား) အသန္ဒိဋ္ဌိ တောဝါ = အမြင်မှား တယ်လေ၊ ယောက်ျားတွေ ရှိနေတယ်၊ မိန်းမတွေ ရှိနေတယ် ထင်နေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေကို (မှန်လှပါ ဘုရား)။
အဲဒီတော့ အမြင်က မှားမနေဘူးလား (မှားပါတယ် ဘုရား)။ အဲ ဒီတရား နှစ်ခုက ဝမ်းထဲမှာ အမြုတေပါပဲ။ သံလိုက်ပါပဲ (မှန်လှပါ ဘုရား)။
သူတို့ နှစ်ခုသာ ရှိနေမယ်ဆိုရင်ဖြင့် ဒီဘက်ကဟုတ်လား၊ ငတ်မွတ် ခေါင်းပါးတဲ့ဘေး၊ အင်း စီးပွားရေး အကြောင်း မညီညွတ်တဲ့ဘေး , (မှန်လှပါ ဘုရား)၊ ဟာ သေနတ်ဘေး၊ လူမုန်းများ တဲ့ဘေး၊ ဝိုင်းပြီးသကာလ နှိပ်စက်တဲ့ဘေး (မှန်လှပါ ဘုရား)၊ မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)။
အင်း သင့်ခြင်လို့သင့်ရတာလား၊ ဆွဲယူတာလား (ဆွဲယူတာပါ ဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား) မယုံရင် ခင်ဗျားတို့ကြည့် လူတစ်ယောက်က ဒေါသကြီးပြီး ဟိုရမ်းဒီရမ်း နေတယ်လို့ ဆိုလို့ရှိရင်ဖြင့် အရပ်က ဝိုင်းပြီး သကာလ ဒီကောင် တယ်ဆိုးတဲ့ အကောင် ကွာ။ တို့တစ်ရပ်လုံး က ဝိုင်းရိုက်ကြစို့ ဆိုပြီးသကာလ တစ်ချို့နေရာ အရိုက်မခံ ရဘူးလား (ခံရပါတယ် ဘုရား)။
အဲဒါ ဒိဋ္ဌဓမ္မအကျိုးပေးတာ (မှန်လှပါ ဘုရား)။ သူ့ ဒေါသော ခုနစ်ကြိမ်၊ ပထမဇောက ဝင်အကျိုးပေးတာ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ အဲဒါ သူ့သန္တာန် မသူတော် တရား ရှိနေလို့၊ ဘေးက မသူတော်တွေက ဝိုင်းဝင်လာတာ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လောက်ဆိုးလှတဲ့ အကောင်၊ ဝိုင်းရိုက်ဆိုတော့ ဒကာ ဒကာမတွေ ဝိုင်းလာတာတွေဟာ ဒီလောက်ဆိုးလှတဲ့ တရားက ခေါ်တာ (မှန်လှပါ ဘုရား)။ ဒီလောက်ဆိုးတဲ့ တရားက မခေါ်ရင် ဝိုင်းပြီးရိုက်ကြပါ့မလား (မရိုက်ပါ ဘုရား)။
လာပါ့မလား (မလာပါ ဘုရား)၊ ဒါဖြင့် ဘယ်သူက ခေါ်တာတုန်း (အသဒ္ဓမ္မတောဝါနဲ့ အသန္ဒိဋ္ဌိတောဝါ ဘုရား)။ အေး ဘယ်သူတုန်း ပါဠိရွတ်စမ်း (အသဒ္ဓမ္မတောဝါနဲ့ အသန္ဒိဋ္ဌိတောဝါ ပါ ဘုရား)၊ ပေါ်ပြီလား ရှင်းပြီနော် (ရှင်းပါတယ် ဘုရား)။ ဦးလှဘူး နေရာကျပြီလား (ကျပါပြီ ဘုရား)၊ အင်း ဒါဖြင့် ဘေးကလူတွေကို ကြောက်စရာလား၊ ဘေးက အန္တရာယ်တွေ ကြောက်စရာလား၊ အဆွဲဓာတ်ရှိတဲ့ တရားကြောက်ရမှာလား (အဆွဲဓာတ် ရှိတဲ့တရား ကြောက်ရမှာပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ခင်ဗျားတို့ မသိလို့ ဝေဖန်ပြောနေတာ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့က ဒီဥစ္စာရွတ်နေတာ အသဒ္ဓမ္မတောဝါ အသန္ဒိဋ္ဌိတောဝါ၊ တို့တော့ ဒါတွေရွတ်သကွ၊ အန္တရာယ် ကင်းရအောင် (မှန်လှပါ ဘုရား)၊ ဝမ်းထဲတော့ သူကထား တယ် (မှန်လှပါ ဘုရား) ရှင်းပြီလား။
ဝမ်းထဲ သူကထားတော့ ဒကာ ဒကာမတွေ သူကဘာ ဓာတ်နဲ့တူသလဲ (သံလိုက်ဓာတ်နဲ့ တူပါတယ် ဘုရား)၊ သံလိုက်ဓာတ်နဲ့တူတော့ ဒီလောက်ဆိုးလှတဲ့ လူဆိုပြီး ဒီကဝိုင်းရိုက်သလို အကုန်လာကြတာပဲ၊ မကောင်းတာတွေ အကုန်မလာဘူးလား (လာပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝမ်းထဲမှာ ကပ်ကျော်ချင်လို့ ဟုတ်လား၊ ရှိကြလို့ရှိရင် ဒီတရား နှစ်ခု ဖယ်မှ (မှန်လှပါ ဘုရား)၊ သံလိုက်ဓာတ်ဖယ်ရင် ဒီသံရိုင်းတွေ လာဦးမလား (မလာပါ ဘုရား)၊ သံလိုက်သာ မဖယ်ဘူးဆိုရင် (လာမှာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့အပြင်ဘက်ကဟာ ကြောက်ရမှာလား အတွင်းက နှင်ဖို့ကို အရေးကြီး သလား (အတွင်းက နှင်ဖို့ အရေးကြီးပါတယ် ဘုရား)။ အခုမှ ပေါ်ပေတော့တယ် (မှန်လှပါ ဘုရား)၊ ဟင်း ခင်ဗျားတို့ အပြင်ကသာ ကြောက်နေတာ (မှန်လှပါ ဘုရား) အတွင်းက ခေါ်ယူလို့ လာတာပါဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အပြင် မကြောက်ပါနဲ့ (မှန်လှပါ ဘုရား) အတွင်းက ဟာကိုနှင်ပစ်ပါ (မှန်လှပါ ဘုရား)၊ အတွင်းကဟာ ကြောက်ပါ (မှန်လှပါ ဘုရား)၊ကြောက်ဆိုရင် ကြောက်သည် နှင့် တစ်ပြိုင်နက် သူ့ နှင်ပစ် (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အကြောက်လွဲနေတယ် (မှန်လှပါ၊ အကြောက်လွဲ နေပါတယ် ဘုရား)၊ ဘေးကြောက်နေတယ် (မှန်လှပါ ဘုရား)၊ ဆွဲတဲ့လူကို (မကြောက်ပါ ဘုရား)။
ဒကာသိုက် ဘယ့်နှယ်လဲ (ဘေးကြောက်နေပါတယ် ဘုရား)၊ ဘေးတော့ ကြောက်နေတယ်၊ ဒကာ ဒကာမတွေရ၊ ဆွဲတဲ့လူကိုတော့ (မကြောက်ပါ ဘုရား)၊ဒါဖြင့်ဆွဲတဲ့လူကဝမ်းထဲ ရောက်နေတာ၊ သူကခေါ်ယူတယ်ဆိုတော့ ခင်ဗျားတို့က ဟိုဟာ ပရိတ်နဲ့ တားလို့ ရပါ့မလား (မရပါ ဘုရား)၊ ဒါဖြင့် သူထုတ်ပစ်လိုက်ရင် လာပါဦးမလား (မလာပါ ဘုရား)။
ဒါဖြင့် အရေးကြီးတာက ဘေးကို ကာကွယ်ဖို့နဲ့ သူထုတ်ပစ်ဖို့ ဘယ်ဟာ အရေးကြီးသတဲ့ (သူ ထုတ်ပစ်ဖို့ က အရေးကြီးပါတယ် ဘုရား) အခုမှ တရားပေါ်လာပေတော့ တယ် (မှန်လှပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်လာ ပါတယ် ဘုရား)။
အေး သူ့ ထုတ်ပစ်ရမယ် (မှန်လှပါ ဘုရား) သူ့ထုတ်ပစ်ရမယ်၊ ကဲ ဦးလှဘူး နေရာကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် သူက အကုသိုလ်တရား (မှန်လှပါ ဘုရား)။
အသဒ္ဓမ္မ = မသူတော်တရား (မှန်လှပါ ဘုရား) အသန္ဒိဋ္ဌိ = အမြင်မှားတဲ့တရား၊ အဲဒီတော့ မသူတော်တရား ဆိုတာက ဒုစရိုက်ဆယ်ပါး (မှန်လှပါ ဘုရား) အသန္ဒိဋ္ဌိတောဝါ အမြင်မှားတဲ့ဘေးဆိုတာက သက္ကာယဒိဋ္ဌိ (မှန်လှပါ ဘုရား) ဟုတ်လား (မှန်လှပါ ဘုရား) မိစ္ဆာဒိဋ္ဌိပေါ့။
ဒါဖြင့် ဒုစရိုက်ဆယ်ပါးနဲ့ မိစ္ဆာဒိဋ္ဌိ ဝမ်းထဲမရှိမှ ၊ ဘေးကကပ်တွေ မလာမှာ (မှန်လှပါ ဘုရား) သူတို့နှစ်ခု ရှိနေရင်တော့ (လာမှာပါ ဘုရား) လာမှာ။
ဟိုကလာတာလား၊ သူကဆွဲတာလား (သူကဆွဲတာပါ ဘုရား) ဒါဖြင့် ဟိုကြောက်ရမှာလား၊ သူ ကြောက်ရမှာလား ( ကြောက်ရမှာပါ ဘုရား) ပေါ်ပြီလား၊ ဒကာ ဒကာမတွေ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သူ နှင်မှပေါ့ ဦးလှဘူးရ (မှန်လှပါ ဘုရား) သူ့ မနှင်ရင်တော်ပါ့မလား (မတော်ပါ ဘုရား) အေး ဒါ့ကြောင့် ကဲ ဒါဖြင့် ဘေးက ရန်သူမျိုးငါးပါး (မှန်ပါ ဘုရား) တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဒကာ ဒကာမတွေ ဘေးက ဘာပါလိမ့် (ရန်သူမျိုးငါးပါးပါ ဘုရား)။
=== အတွင်းရန်နှစ်ပါး ===
ရန်သူမျိုး ငါးပါးနဲ့ အတွင်းရန်နှစ်ပါး ဘယ်ဟာ ကြောက်စရာ ကောင်းသတဲ့ (အတွင်း ရန်နှစ်ပါးက ကြောက်စရာ ကောင်းပါတယ် ဘုရား) သို့ သော် ခင်ဗျားတို့ ကဆုတောင်းယူကြတာက ရန်သူမျိုးငါးပါး ကင်းရပါလို၏ဘုရား (မှန်လှပါ ဘုရား) ဟင် အပြင်ကဟာ မလာပါစေနဲ့ (မှန်လှပါ ဘုရား)။
အတွင်းကတော့ ဖြစ်ချင်သလို ဖြစ်ပါရစေ (မှန်လှပါ ဘုရား) ဒီလိုကျ နေတာ (မှန်လှပါ ဘုရား) ဟုတ်လား၊ အတွင်းမှာ ကတော့ဖြင့် ရန်တွေ ရှိမှန်းလည်း မသိတော့ ဒကာ ဒကာမတွေသည် အတော်ပဲ အမြင်မှား နေတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီနေ့တရားမှာ ခင်ဗျားတို့အတွင်းရန်အပြင်ရန်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဒါဖြင့် အတွင်းရန်နဲ့ အပြင်ရန် တယ်ရန်ကြောက်ရမယ် (အတွင်းရန်ကြောက်ရ မှာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် အတွင်းရန် ကြောက်ရပါ့မလဲ လို့ မေးရင်-(သံလိုက်မို့ပါ ဘုရား) သံလိုက်၊ ဆွဲတယ်ရှင်းပြီလား (ရှင်းပါတယ် ဘုရား) ဘယ်ဟာတွေများ ဆွဲပါလိမ့်မလဲ (ရန်သူမျိုးငါးပါးပါ ဘုရား)။
အပြင်ရန်ဖြစ်တဲ့ရန်သူမျိုးငါးပါး (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဒါတွေ ဒီတရားနှစ်ခုက အသဒ္ဓမ္မတောဝါက ဆွဲတယ်။ အသန္ဒိဋ္ဌိတောဝါက ဆွဲတယ်(မှန်လှပါ ဘုရား)။
ဒုစရိုက်ဆယ်ပါးနဲ့ မိစ္ဆာဒိဋ္ဌိက ဒါတွေဆွဲတာပဲ (မှန်လှပါ ဘုရား) ဒါတွေဆွဲတော့ ဒီဟာတွေသည်ကား ဆိုရင် အတွင်းဝင်လာကြမယ် (မှန်လှပါ ဘုရား) ဝင်လာကြတော့ ဒီပုဂ္ဂိုလ် သေခြင်းဆိုးသေရ၊ ဟုတ်လား၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကြုံရ (မှန်လှပါ ဘုရား) ဒီလိုမနေရဘူးလား (နေရပါတယ် ဘုရား)။
အဲဒါကံမကောင်းအကြောင်းမသင့်လို့လား၊ အဆွဲဓာတ် မနှင်နိုင်လို့လား (အဆွဲဓာတ် မနှင်နိုင်လို့ပါ ဘုရား) ဒါ သတိထားရမယ် (မှန်လှပါ ဘုရား) ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ဘူး (မှန်လှပါ ဘုရား)။
အဆွဲဓာတ်ကို (မနှင်နိုင်လို့ပါ ဘုရား) လက်ခံတတ်တဲ့ တရား မနှင်မိလို့ ကိုယ်ကျိုး နဲရတယ် – (မှန်ပါ ဘုရား) သဘောပါပြီလား – (ပါပါပြီ ဘုရား) ဘယ်တရား မနှင်မိလို့ – (လက်ခံတတ်တဲ့ တရားမနှင်မိလို့ ပါ ဘုရား) သဘောကျ ပြီလား။
=== အခေါ်ရှိမှ လာမဲ့တရား ===
အေး ဒါဖြင့် လက်ခံတတ်တဲ့တရား မနှင်မိလို့ဆိုတော့ လက်ခံတတ်တဲ့တရား နှင်မယ်ဆိုလို့ရှိရင်ဖြင့် အခေါ်ရှိမှ လာမဲ့တရားတွေ၊ လာပါဦးမလားလို့ မေးလိုက်တယ် – (မလာပါ ဘုရား) လာဦးမလား – (မလာပါဘူး ဘုရား)။
အခေါ်ရှိမှ လာမှာကို-(မှန်လှပါ ဘုရား) အခေါ်မရှိရင် – (မလာပါ ဘုရား) ကိုင်း ခင်ဗျားတို့ လောကီပုံအတိုင်း အညံ့ရှိမှယင်အုံ တာ – (မှန်လှပါ ဘုရား) ဒီအညံ့ရှိလို့ ဒီယင်တွေအုံတာ – (မှန်လှပါ ဘုရား) ဒီအညံ့မရှိဘူး – (ယင်မအုံပါဘူး ဘုရား) လာပါဆိုလို့ကော – (မလာပါ ဘုရား) သဘောကျပြီလား သဘောကျပြီလားဒကာ ဒကာမတို့ – (ကျပါပြီ ဘုရား)။
အေး ဒါကြောင့် အမှိုက်ပုံထားလို့ ခွေးချေး လာယိုတာကို ခွေးမိုက်လိုက်တာလို့ မဆိုနဲ့ ကိုယ်အမှိုက် ပုံတာက စ,မိုက်တာ (မှန်လှပါ ဘုရား) သဘောကျပြီလား၊
ဘယ့်နှယ်ဆိုရမယ် ဒကာသိုက်ရေ၊ ကိုယ်အမှိုက်ပုံ ထားတာက လမ်းလယ်ပုံ ထားတော့ ခွေးချေး လာယိုတယ်။ ဒီခွေးတယ်မိုက်ပါလားဆိုတော့ ခွေးမိုက်တာကိုသိတာကို (မှန်လှပါ ဘုရား) ကိုယ်က မပုံကောင်းတဲ့နေရာ ပုံထားတာတော့ (မသိပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အမှိုက်ရှိရာ ခွေးချေးစုတယ် ဆိုတာကို သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ကိုယ့်သန္တာန်မှာ ရှိတဲ့အမှိုက်တွေ တင်လိုက်လို့ရှိရင်ခွေးချေးနဲ့ တူတဲ့ ရန်သူမျိုးငါးပါး (မလာပါဘူး ဘုရား) သဘော ပြီလား၊ နေရာကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကပ်ကျော်တရား ဟောနေတော့ဒါဟာ ကပ်ဆွဲတရား (မှန်လှပါ ဘုရား)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကပ်ဆွဲတရားကို နှင်ကြစို့ (မှန်လှပါ ဘုရား) ဒီ ရန်သူမျိုးငါးပါး မကြောက်ပါနဲ့ (မှန်လှပါ ဘုရား) ဘာကြောက်ရမှာတုံး (ကပ်ဆွဲတရား ကြောက်ရမှာပါ ဘုရား)။
ကပ်ဆွဲတရားကြောက် (မှန်ပါ ဘုရား) ကပ်ကို မကြောက်နဲ့၊ သဘောပါပြီလား (မှန်လှပါ ဘုရား) ဒါဖြင့် ဒီကပ်ဆွဲတရားနှစ်ခုဟာ မသူတော်တရား (မှန်လှပါ ဘုရား) အမြင်မှား (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
မသူတော်တရားရယ်၊ အမြင်မှားရယ် (မှန်လှပါ ဘုရား) မသူတော်တရားက ဒုစရိုက် ဆယ်ပါး (မှန်လှပါ ဘုရား) အမြင်မှားက မိစ္ဆာဒိဋ္ဌိ (မှန်လှပါ ဘုရား) ဒီနှစ်ခုကြောက် (မှန်လှပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ သူဝမ်းထဲသူ၊ သူဟဒယ ဝတ္ထုပေါ်မှာ ရောက်ရောက်နေတယ် (မှန်လှပါ ဘုရား) ဟဒယဝတ္ထု ပေါ်ရောက်နေတော့ သူနေတဲ့နေရာမှာ သူ, နှင် နိုင်တဲ့တရား သွင်းရလိမ့်မယ် (မှန်လှပါ ဘုရား) သူနေတဲ့နေရာမှာ သူ့နှင်နိုင်တဲ့တရား သွင်းရလိမ့်မယ် (မှန်လှပါ ဘုရား) မသွင်းရင် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) မဖြစ်ရင် သူကမထွက်ဘူး (မှန်လှပါ ဘုရား)။
တစ်ယောက်ထွက်ရင် သူလိုလူပဲ ပြန်ဝင်တယ် (မှန်လှပါ ဘုရား) သူလိုလူ ပြန်ဝင်လာရင် သူ အဖော်တွေက လာမှာပဲ (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် သူ့ နှင်မှပေါ့ (မှန်လှပါ ဘုရား) ကိုင်း ဒကာ ဒကာမတို့ အဆွဲဓာတ် နှင်ကြပါစို့ ဆိုတော့။ သူသည် ဟဒယဝတ္တု ပေါ်မှာ နေတယ် (မှန်လှပါ ဘုရား) ဟောဒီ တရားနှစ်ခုစလုံး ဘယ်နေသတုံး (ဟဒယဝတ္တုပေါ် နေပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဝိပဿနာဉာဏ်ဇော အဲဒီပေါ် ရောက်အောင်လုပ် (မှန်လှပါ ဘုရား) ဘယ့်နှယ်လုပ် ကြမယ် (ဝိပဿနာဉာဏ်ဇောရောက်အောင် လုပ်ရပါ မယ် ဘုရား) အဲဒီ ရောက်လို့ရှိရင်တော့ သူတို့က မနေနိုင် ပြန်ဘူး (မှန်လှပါ ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် အဆွဲဓာတ်ပြုတ်သွားကတည်းက အလာဓာတ်က လာပါဦးမလား (မလာပါဘူး ဘုရား) ဒါဖြင့် ခင်ဗျားတို့၏ ကိုးစားရာ အားထားရာ အစစ်တွေပြီလား (တွေပါပြီ ဘုရား) ဝိပဿနာဉာဏ်ပဲ (မှန်လှပါ ဘုရား) ဘာ ဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား)။
=== ဝိပဿနာဇော ခုနစ်ကြိမ် ===
ကိုင်း ဒါဖြင့် ဝိပဿနာ၊ ဒါတွေ ဝိပဿနာဇော ခုနစ်ကြိမ် ပြန်လှည့်လိုက်တော့ (မှန်လှပါ ဘုရား) ဒကာသိုက် ဝိပဿနာ တစ်ခါရှုလိုက်လို့ ရှိရင် ဘယ်နှစ်ကြိမ် ဖြစ်ပါလိမ့် (ခုနစ်ကြိမ် ဖြစ်ပါတယ် ဘုရား) ခုနစ်ကြိမ် ဖြစ်တော့ ကိုယ့်စိတ်ကလေးတွေ ကိုယ်ရှုပြီးသကာလ နေကြတော့။
ဒကာ ဒကာမတွေ ကိုယ့်သန္တာန်၊ ထွက်သက် ဝင်သက် စိတ်ကလေးရှုရှု၊ ဟုတ်ပလား၊ အင်း လောဘစိတ်ကလေး ဝင် ကြားဖြတ်ဝင်လာလည်း၊ သူ ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား) အင်း စိတ်မချမ်းသာတာကလေး ဝင်လာပြန်တော့ (သူ ဖြစ်ပျက်ရှုမှာပါ ဘုရား)။
အင်း သံသယကလေးရှိလာရင် (ဖြစ်ပျက်ရှု ရပါမယ် ဘုရား) ပြန့်လွင့်လာရင်ကော (ဖြစ်ပျက်ရှုရပါ မယ် ဘုရား) အိပ်ချင်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အိပ်ချင်တဲ့ စိတ်ကလေး ဖြစ်ပျက် ရှုပေး (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီကဲ့သို့ ဖြစ်ပျက်ချည်း ရှုပစ်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဖြစ်ပျက်ရှုတာသည် မဂ်ပဲ (မှန်လှပါ ဘုရား)၊ မဂ်ဆိုရင် ပထမဇောက စ, ပေါ်တယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ပထမဇောကစပေါ်တော့ဒကာ ဒကာမတို့ ဟဒယဝတ္ထု ပေါ်မှာ သွားပေါ်တယ် (မှန်လှပါ ဘုရား)၊ ခုနင် ကတုန်းက မသူတော်တရား နှစ်ခုကလည်း ဟဒယဝတ္ထု ပေါ်မှာ နေတာပဲ (မှန်လှပါ ဘုရား)။
ဒီကနေပြီးသကာလ ဆရာဘုန်းကြီးပေးတဲ့နည်း အတိုင်း ဒကာ ဒကာမတွေ ကိုယ့်စိတ်ကိုယ် ရှုနေလိုက်ပြီ ဆိုမှဖြင့် သူတော်တရားရောက်လာတယ် (မှန်လှပါ ဘုရား)၊ ဟုတ်လား (မှန်လှပါ ဘုရား)။
=== ဝိပဿနာရှုဆိုတာ ===
သူတော်တရားနှင့် သမ္မာဒိဋ္ဌိ ရောက်လာတယ်၊ သူတော်တရားဆိုတာ သူတော်ကောင်း လုပ်တဲ့တရား၊ ဝိပဿနာရှုဆိုတာ သူတော်ကောင်းလုပ်တဲ့တရား (မှန်လှပါ ဘုရား)၊ ဒီအထဲမှာ သမ္မာဒိဋ္ဌိမပါဘူးလား (ပါပါတယ် ဘုရား)။
သူတော်တရားနှင့်သမ္မာဒိဋ္ဌိပါနေတဲ့အတွက် မသူတော် တရားနှင့် မိစ္ဆာဒိဋ္ဌိတရားက ပြေးတယ် (ပြေးပါတယ် ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ သူတော် တရားနှင့် သမ္မာဒိဋ္ဌိဆိုတာ ပထမဇောပါပဲ (မှန်လှပါ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက မှန်မှန်ကန်ကန်သာ ဖြစ်ပျက်ကလေး တွေတိုင်း တွေတိုင်း ရှုရှု နေကြမယ်ဆို၊ သူတော်တရားနှင့် သမ္မာဒိဋ္ဌိလာတယ် (မှန်လှပါ ဘုရား)၊
သူတော်တရားနှင့် သမ္မာဒိဋ္ဌိလာရင်ဘယ်သူပြေးပါမယ် (မသူတော်တရားနှင့် မိစ္ဆာဒိဋ္ဌိ ပြေးပါတယ် ဘုရား)၊ မသူတော်တရားနှင့် မိစ္ဆာဒိဋ္ဌိပြေးတယ် (မှန်လှပါ ဘုရား)။
သူတော်တရားနှင့် သမ္မာဒိဋ္ဌိလာရင် (မသူတော် တရားနှင့် မိစ္ဆာဒိဋ္ဌိပြေးပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ပရိတ်ရွတ် လို့ပြေးတာလား၊ ရှတဲ့ဉာဏ်လေး ရောက်လာလို့ ပြောတာလား (ရှုတဲ့ဉာဏ်လေး ရောက်လာလို့ ပြေးတာပါ ဘုရား)။
အဲဒါကြောင့် ဟိုဟာက ဝစီကံ၊ ဒါက မနောကံ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဝစီကံနဲ့ လာတာ ဝစီကံနဲ့ဖြေရင်ရတယ် (မှန်လှပါ ဘုရား)၊ သူက နဂိုက ဝမ်းထဲ မနောကံနဲ့ နေတဲ့ မသူတော်တရား၊ မိစ္ဆာဒိဋ္ဌိ (မှန်လှပါ ဘုရား) အဲဒါ မနောကံလာလို့ မနောကံနဲ့ ပယ်ထုတ်တယ် (မှန်လှပါ ဘုရား)၊ ဒါကြပ်ကြပ်မှတ်ပါ (မှန်လှပါ ဘုရား)။
အရင် ဟို ပရိတ်ရွတ်တာက ဝစီကံကို ဗျာ (မှန်လှပါ ဘုရား)၊ ဝစီကံနဲ့ လာတာဖြင့် ဟိုက ဝစီကံ လာလို့ ဝစီကံနဲ့ ထုတ်ရရင် တော်ပါရဲ့ (မှန်လှပါ ဘုရား)။
အခု မသူတော်တရားနဲ့ မိစ္ဆာဒိဋ္ဌိက ဘာကံ တုန်းမေးလို့ ရှိရင် သေသေချာချာ စဉ်းစား၊ မနောကံ (မှန်လှပါ ဘုရား) ဟုတ်ပြီလား (မှန်လှပါ ဘုရား)။
မိစ္ဆာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိက မနောကံကိုး (မှန်လှပါ ဘုရား) အဘိဇ္ဈာ ဗျာပါဒ တွေကလည်း မသူတော် တရား၊ မိစ္ဆာဒိဋ္ဌိကလည်း မနောကံ မသူတော်တရားဘဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် မနောကံကို မနောကံနဲ့ နှင်ရမယ် (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။ ဘာကံ ဘာနဲ့ နှင်ရမယ် (မနောကံ မနောကံနဲ့ နှင်ရပါမယ် ဘုရား)။
ခင်ဗျားတို့ ဖြစ်နေတာက ဝစီကံကို ခင်ဗျား တို့က မနောကံနဲ့ နှင်လို့လည်း မရဘူး၊ ခင်ဗျားတို့ နှင်နေတာက ညကျပရိတ်ရွတ်၊ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယောနဲ့ ဟာ ပရိတ်ကြီး ရွတ်လိုရွတ်၊ ဝစီကံတွေနဲ့ လုပ်နေတယ် (မှန်လှပါ ဘုရား)။
မနောကံက ဝမ်းထဲမှာ (မှန်လှပါ ဘုရား)၊ ပြေးကိုမပြေးဘူး (မပြေးပါ ဘုရား) ရှင်းပြီလား၊ ဒါဖြင့် မနောကံ ဘာနဲ့နှင်ရမယ် (မနောကံနဲ့ နှင်ရပါမယ် ဘုရား)၊ ဒကာသိုက်တို့ လွဲနေလို့ ဖြေတာ (မှန်လှပါ ဘုရား)။
လွဲနေလို့ ဒီအဖြေကို တာရှည် ဆွဲပြောပေးနေတာ (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့ နေ့တိုင်း နေ့တိုင်း ရွတ်နေတဲ့ ဥစ္စာက တစ်ခါတည်း ရာဇတောဝါ၊ စောရတောဝါ ဥုံ တွေများ ခံလို့ပေါ့ဗျာ၊ ဘုရားတောင် ဖျက်သေးတာပဲ (မှန်လှပါ ဘုရား)။
=== ဥုံ ပါတယ်ဆိုတော့ ===
ဟင် ဥုံ ပါတယ်ဆိုတော့ ဘုရားဖျက်တာ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ အဲဒီကဲ့သို့ ဒကာ ဒကာမတွေသည် ဝစီကံတွေ ရွတ်ပြီးတော့ အန္တရာယ်တွေ ကင်းလိမ့်မယ်၊ ဘေးအတန်တန် ရန်အထပ်ထပ်မှ ကင်းရပါလို့ ၏လို့ ဆိုငြားသော်လည်း မနောကံက မပြေးဘူး (မှန်လှပါ ဘုရား)၊ ပြေးရဲ့ လား (မပြေးပါ ဘုရား)။
အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ မနောကံကပြေးရဲ့လား (မပြေးပါ ဘုရား) မပြေးတော့ မနောကံနဲ့ရှု (မှန်လှပါ ဘုရား) မပြေးရင် သံလိုက်ဆွဲလိမ့်ဦးမယ်သူ၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
မပြေးရင် ဘာတဲ့ (သံလိုက်ပါ ဘုရား) သံလိုက် ဆိုရင်ခုနင်ကရန်သူမျိုးငါးပါး ဆွဲမယ် (မှန်လှပါ ဘုရား)၊ မဆွဲပေဘူးလား (ဆွဲမှာပါ ဘုရား)။
ကောင်းပြီ။ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုလုပ်မှ သင့်မယ်ဆိုတာကော ဒီနေ့ တရားပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) နဂိုက ကိန်းနေတာက မနောကံ (မှန်လှပါ ဘုရား) အခုနှင်ရ မှာလည်း (မနောကံပါ ဘုရား)။
ကိုင်း ဒါဖြင့် ဝိပဿနာဆိုတာက ပါးစပ်က ရွတ်ရတာလား၊ စိတ်ထဲက ကြည့်ရှုရတာလား၊ မနောထဲက ကြည့်ရှုရ တာလား (မနောထဲက ကြည့်ရှုရတာပါ ဘုရား)။
ဒါဖြင့် မနောကံနဲ့နှင် (မှန်လှပါ ဘုရား) ယောင်ရမ်းပြီးသကာလ၊ တောင်အော်။ မြောက်အော် အော်နေလို့မဖြစ်ဘူး (မှန်လှပါ ဘုရား)ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အတော်ဆိုးနေလို့ ပြောနေပါတယ် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတွေ အရေးကြီးလို့ ရှိရင် ဣတိပိသော ရွတ်လိုရွတ်၊ ဟေတု ပစ္စယော ရွတ်လိုရွတ် (မှန်လှပါ ဘုရား) ဝမ်းထဲမှာ ဒီကံတွေရှိရက်ပဲ (ရှိရက်ပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဝိပဿနာ အလုပ် လုပ်ပြီးသကာလ နေပါ၊ ဘုန်းကြီး ရှင်းပြမယ် (မှန်လှ ပါ ဘုရား) နိရောဓသမာပတ် ဝင်စားနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒကာ ဒကာမတို့ မီးရှို့လို့ မလောင်ဘူး (မှန်လှပါ ဘုရား) လောင်ပါ့မလား (မလောင်ပါဘူး ဘုရား) မလောင်ဘူး (မှန်လှပါ ဘုရား)။
သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒီတော့ ဒကာ ဒကာမတို့ ဘေးကနေဝိုင်းပြီး မီးရှို တာတောင် သူ့မနောကံ အကုသိုလ်အခံမရှိလို့ (မှန်လှပါ ဘုရား) အလျင်းမလာနိုင်ဘူး၊ လာနိုင်သေးရဲ့လား (မလာ နိုင်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မနောကံ၊ မကောင်းတဲ့ မနောကံကို မနောကံချင်း ဖယ်ရှား ထုတ်ရမယ် (မှန်လှ ပါ ဘုရား) ထုတ်တတ်ပြီလား (ထုတ်တတ်ပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာ ရှုတာသည် ဘာကံတုံး (မနောကံပါ ဘုရား) ဒါဖြင့် မနောကံဖြစ်လို့ ရှိရင် ခုနင်က ခေါ်တတ်တဲ့မနောကံသံလိုက် မနောကံတွေ ဦးလှဘူး (မှန်လှပါ ဘုရား) ရှိပါ့မလား (မရှိပါ ဘုရား)။
သူလည်း ဟဒယဝတ္ထုပေါ်ပေါ်တာကိုး (မှန်လှပါ ဘုရား) အင်း အခုရှုတဲ့ မနောကံ ကကော (ဟဒယ ဝတ္ထုပေါ် ပေါ်ပါတယ် ဘုရား) ဒါဖြင့် ပြေးရောပေါ့ဗျာ (မှန်လှပါ ဘုရား)။
အင်း ဒါဖြင့်အခေါ်ဓာတ်ပြေးပေါ့ဗျာ၊ အလာဓာတ် တွေ လာပါဦးမလား (မလာပါ ဘုရား) အင်း အန္တရာယ်ကင်းလို့ ဘေးရှင်းလိမ့်မယ်ဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား) မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။
=== ဝိပဿနာ အလုပ်ဟာ ဘာကံပါလိမ့် ===
ဒါဖြင့် ဝိပဿနာ အလုပ်ဟာ ဘာကံပါလိမ့် (မနောကံပါ ဘုရား) ပါးစပ်နဲ့လုပ်လို့မရဘူး၊ ကိုယ်နဲ့ရှုလို့မရဘူး (မရပါ ဘုရား) ဉာဏ်နဲ့ဆိုတဲ့ မနောကံနဲ့ ရှုမှရမယ် (မှန်လှပါ ဘုရား) တစ်ခြားသောနည်းနဲ့ ရှုလို့ရပါ့မလား (မရပါ ဘုရား) ဒါ့ကြောင့် ဘာ,ဘာချင်းနှင်ရပါလိမ့် (မနောကံချင်း နှင်ရပါမယ် ဘုရား)။
ဒါ့ကြောင့်မနောကံ မနောကံချင်း နှင်လိုက်လို့ရှိရင်ဖြင့် အခေါ်ဓာတ်ဖြစ်တဲ့ မနောကံတွေကပြေး (ပြေးပါတယ် ဘုရား) ပြေးတဲ့အတွက် အလာဓာတ်ဖြစ်တဲ့ ကပ်တွေက အနားရောက်ဦးမလား (မရောက်ပါ ဘုရား)။
ဒါဖြင့် အန္တရာယ်ကင်း ဘေးရှင်းဆိုတာသည် ဒါအသေအချာဆုံးပဲ (မှန်လှပါ ဘုရား) ဒကာသိုက် သဘောပါပြီလား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဘာများလုပ်နေဖို့ သင့်ပါလိမ့် (ဝိပဿနာလုပ်နေဖို့ သင့်ပါတယ် ဘုရား) ဝိပဿနာ လုပ်တော့ ဝမ်းထဲ ဘာကံဖြစ် (မနောကံဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် အကုသိုလ် မနောကံတွေ ကပြေး (ပြေးပါတယ် ဘုရား) ကုသိုလ် မနောကံတွေက (ရောက်ပါတယ် ဘုရား) အင်း ဝမ်းထဲရောက်လာ သောကြောင့် အကုသိုလ်တွေ အကုန်မရှိတော့ဘူး (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သံလိုက်တွေ ထုတ်ပစ်တယ်၊ ပယောဂတွေ ဝမ်းထဲရှိသေးလား (မရှိ ပါ ဘုရား) ပယောဂမှ မရှိဘဲနဲ့ ဟုတ်လား၊ စုန်းတို့ သရဲတို့ သဘက်တို့က လာပူးချင်လို့ (မရပါ ဘုရား) ရသေးနဲ့လား (မရပါ ဘုရား) ဘာကြောင့်တုန်း မနောကံပယောဂမရှိလို့ (မှန်လှပါ ဘုရား) သဘောကျပြီလား။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်နေဖို့ သင့်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ဘာလုပ်နေရမယ် (ဝိပဿနာ လုပ်နေရပါမယ် ဘုရား)။
အဲ ဝိပဿနာမနောကံ နဲ့နေပါ၊ ဘာမှ ကြောက်လန့်ပြီးမနေနဲ့၊ဒါပဲ အားကိုးရမှာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ တိုင်းရေး ပြည်ရေးက ဘာတွေရှုပ်နေနေ၊ ဒီမနောကံသာ ကောင်းဖို့လိုတယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဘယ်စိတ်ပေါ်ပေါ်ဖြစ်ပျက်ရှုတော့ဘာနဲ့ရှုပါလိမ့် (မနောကံနဲ့ ရှုပါတယ် ဘုရား)။
အဲ ဖြစ်ပျက်က ဓမ္မာရုံ (မှန်လှပါ ဘုရား)၊ မနောကံက မနောဒွါရ (မှန်လှပါ ဘုရား)၊ ဓမ္မာရုံကို မနောဒွါရနဲ့ ရှုတာ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါတယ် ဘုရား) ဘာကိုဘာနဲ့ ရှုပါလိမ့် (ဓမ္မာရုံကို မနောဒွါရနဲ့ ရှုတာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီလိုမဂ်ဇောဟာ ဘယ်နှစ်ကြိမ် စောပါလိမ့် (ခုနစ်ကြိမ် စောပါတယ် ဘုရား)။ ပထမ ဇောက ဘယ်အချိန် အကျိုးပေးမှာပါလိမ့် (ခုနစ်ရက်၊ ခုနစ်လ၊ ခုနစ်နှစ် အတွင်းပါ ဘုရား)။
အခုအချိန်ကစ၍ (ခုနှစ်) ရက်၊ (ခုနှစ်)လ၊ (ခုနှစ်)နှစ် ဆိုတော့ ကျုပ်တို့ အခါကာလ ဆိုင်းသေးလား (မဆိုင်းပါ ဘုရား)။
=== အခါမလင့် အကျိုးပေးတယ် ===
ဒါဖြင့် အကာလိကော (မှန်လှပါ ဘုရား)။ အခါမလင့် အကျိုးပေးတယ် (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါတယ် ဘုရား)၊ ဒါဖြင့် ဒီဟာပဲ လုပ်နေဖို့ အရေးဟာ နိဗ္ဗာန်လည်း ရောက်တယ် (မှန်လှပါ ဘုရား)။
ကပ်လည်း ကျော်တယ် (မှန်လှပါ ဘုရား)၊ ဒီဟာထက်ကောင်းတာ ဘယ်ရှာတွေမလဲ (မတွေပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ကိုင်း ယနေ့သည်တွင် တော်ကြစို့။
သာဓု သာဓု သာဓု ပါဘုရား။
b9jkktoalq9s5o0cy7v5pwx8otzdr6g
21830
21829
2026-04-06T13:39:33Z
U Zay Yar 90
682
21830
wikitext
text/x-wiki
{{header
| title = ဇော(၇) ကြိမ်အကျိုးပေးပုံ ကပ်ကျော်တရားတော် (10.7.58)
| author = မိုးကုတ်ဆရာတော်ဘုရားကြီး
| section = uzync
| previous = ဖဂ္ဂုဏသုတ္တန် ဝေဒနာခွာနည်း အလုပ်ပေးတရားတော်
| next = ပြုံးသေ မဲ့သေ သေနည်း

quhtbwgzdj0syqgn0vdk1rdn2dibtrx
21832
21830
2026-04-06T13:44:39Z

qohd7i79dnyups2h3rd8walh7zi8cva
21833
21832
2026-04-06T13:45:24Z
U Zay Yar 90
682
21833
wikitext
text/x-wiki
{{header
| title = ဇော(၇) ကြိမ်အကျိုးပေးပုံ ကပ်ကျော်တရားတော် (10.7.58)
| author = မိုးကုတ်ဆရာတော်ဘုရားကြီး
| section = uzync
| previous = [[ဖဂ္ဂုဏသုတ္တန် ဝေဒနာခွာနည်း အလုပ်ပေးတရားတော်]]

drh89v1zz2xz5o7ub29ic1x2v3rwjm4
21834
21833
2026-04-06T13:57:27Z
U Zay Yar 90
682
21834
wikitext
text/x-wiki
{{header
| title = ဇော(၇) ကြိမ်အကျိုးပေးပုံ ကပ်ကျော်တရားတော် (10.7.58)
| author = မိုးကုတ်ဆရာတော်ဘုရားကြီး
| section = uzync
| previous = [[မိုးကုတ်ဆရာတော်တရားများ|ဖဂ္ဂုဏသုတ္တန် ဝေဒနာခွာနည်း အလုပ်ပေးတရားတော် (၄-၃-၆၀)]]

adc2qdiw3w09l2fnibykp0dwo13gudu