ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.46.0-wmf.23 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk စာရေးသူ:မင်းအောင်လှိုင် 102 53 21837 218 2026-04-11T04:28:50Z Salai Rungtoi 371 21837 wikitext text/x-wiki {{author | firstname = မင်းအောင်လှိုင် (၁၉၅၆-) | lastname = | last_initial = | description = မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်နေသည်။ ယင်းမတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (၂၀၁၁-၂၀၂၆)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (၂၀၂၁-၂၀၂၅)၊ နိုင်တော်ဝန်ကြီးချုပ် (၂၀၂၁-၂၀၂၅) စသည့် ရာထူးတာဝန်များကို ယူထားသည်။ | wikidata = Q3462649 }} ==လုပ်ဆောင်ချက်များ== ===ဝန်ကြီးချုပ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ=== * [[/အုပ်ချုပ်ရေး အမိန့်များ/]] * [[/စီရင်ထုံးများ/]] * [[/ကြေညာချက်များ/]] ===မိန့်ခွန်းများ=== * [[/မိန့်ခွန်းများ/]] ===နိုင်ငံတော်သမ္မတအဖြစ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ=== *မိန့်ခွန်းများ *ကြေညာချက်များ *အမိန့်များ [[Category:မြန်မာနိုင်ငံ၏ သမ္မတများ]] [[Category:မြန်မာဘာသာ]] hsmy8rjg0iircjhk695uvyige0shgx7 21839 21837 2026-04-11T04:57:04Z Salai Rungtoi 371 /* နိုင်ငံတော်သမ္မတအဖြစ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ */ 21839 wikitext text/x-wiki {{author | firstname = မင်းအောင်လှိုင် (၁၉၅၆-) | lastname = | last_initial = | description = မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်နေသည်။ ယင်းမတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (၂၀၁၁-၂၀၂၆)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (၂၀၂၁-၂၀၂၅)၊ နိုင်တော်ဝန်ကြီးချုပ် (၂၀၂၁-၂၀၂၅) စသည့် ရာထူးတာဝန်များကို ယူထားသည်။ | wikidata = Q3462649 }} ==လုပ်ဆောင်ချက်များ== ===ဝန်ကြီးချုပ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ=== * [[/အုပ်ချုပ်ရေး အမိန့်များ/]] * [[/စီရင်ထုံးများ/]] * [[/ကြေညာချက်များ/]] ===မိန့်ခွန်းများ=== * [[/မိန့်ခွန်းများ/]] ===နိုင်ငံတော်သမ္မတအဖြစ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ=== *မိန့်ခွန်းများ *ကြေညာချက်များ *[[စာရေးသူ:မင်းအောင်လှိုင်/အမိန့်များ|အမိန့်များ]] [[Category:မြန်မာနိုင်ငံ၏ သမ္မတများ]] [[Category:မြန်မာဘာသာ]] fui0ytpeibj87qi0b1x4rvcvr4pdixp 21844 21839 2026-04-11T05:11:45Z Salai Rungtoi 371 /* နိုင်ငံတော်သမ္မတအဖြစ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ */ 21844 wikitext text/x-wiki {{author | firstname = မင်းအောင်လှိုင် (၁၉၅၆-) | lastname = | last_initial = | description = မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်နေသည်။ ယင်းမတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (၂၀၁၁-၂၀၂၆)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (၂၀၂၁-၂၀၂၅)၊ နိုင်တော်ဝန်ကြီးချုပ် (၂၀၂၁-၂၀၂၅) စသည့် ရာထူးတာဝန်များကို ယူထားသည်။ | wikidata = Q3462649 }} ==လုပ်ဆောင်ချက်များ== ===ဝန်ကြီးချုပ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ=== * [[/အုပ်ချုပ်ရေး အမိန့်များ/]] * [[/စီရင်ထုံးများ/]] * [[/ကြေညာချက်များ/]] ===မိန့်ခွန်းများ=== * [[/မိန့်ခွန်းများ/]] ===နိုင်ငံတော်သမ္မတအဖြစ် လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များ=== *[[စာရေးသူ:မင်းအောင်လှိုင်/မိန့်ခွန်းများ|မိန့်ခွန်းများ]] *ကြေညာချက်များ *[[စာရေးသူ:မင်းအောင်လှိုင်/အမိန့်များ|အမိန့်များ]] [[Category:မြန်မာနိုင်ငံ၏ သမ္မတများ]] [[Category:မြန်မာဘာသာ]] 88pep57o8gwlha8mcxwgp6i2hg86ds8 စာရေးသူ:မင်းအောင်လှိုင်/အမိန့်များ 102 6217 21838 2026-04-11T04:52:19Z Salai Rungtoi 371 "{{Author subpage|notes={{RunningHeader|←[[စာရေးသူ:ထင်ကျော်|သမ္မတဦးထင်ကျော်၏ အမိန့်များ]]<br> ←[[စာရေးသူ:ဝင်းမြင့်|သမ္မတဦးဝင်မြင့်၏ အမိန့်များ]]}} }} သမ္မတစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21838 wikitext text/x-wiki {{Author subpage|notes={{RunningHeader|←[[စာရေးသူ:ထင်ကျော်|သမ္မတဦးထင်ကျော်၏ အမိန့်များ]]<br> ←[[စာရေးသူ:ဝင်းမြင့်|သမ္မတဦးဝင်မြင့်၏ အမိန့်များ]]}} }} သမ္မတ[[စာရေးသူ:မင်းအောင်လှိုင်|ဦးမင်းအောင်လှိုင်]]၏ နိုင်ငံတော်သမ္မတရုံးမှ လက်မှတ်ထိုး ထုတ်ပြန်သော အမိန့်များ ပါဝင်သည်။ ==၂၀၂၆== {| class="toccolours mw-collapsible mw-selected" border="0" width="94%" style="padding:0ex 0ex 0ex 0ex;" |- ! colspan="1" style="text-align:center; padding: 2px 1ex; background-color:#ccccff;color: #202122;white-space:nowrap;"|<span class="noprint" style="float:left;">WikiProject</span> <span style="float:right;"><nowiki>[</nowiki> <nowiki>]</nowiki></span> <span style="font-size:1.2em;">၂၀၂၆ ခုနှစ်၊ နိုင်ငံတော်သမ္မရုံးအမိန့်များ ၁/၂၀၂၆–လက်ရှိ</span> |-style="vertical-align:top" |style="padding:1px 2px;"| {| class="table" width="100%" style="margin:0ex auto 0ex auto; padding:0ex 0ex 0ex 0ex;" |- style="vertical-align:bottom" ! style="width:2%; padding:0ex 0ex 0ex 0.5ex; text-align:center;"|<small style="padding:0ex 0ex 0ex 0ex;">အမိန့်အမှတ်</small> ! style="width:6%; padding:0ex 0.5ex 0ex 0ex; text-align:center;"|<small style="padding:0ex 0ex 0ex 0ex; text-align:center;">လက်မှတ်ရက်စွဲ</small> ! style="padding:0ex 0ex 0ex 0ex;"|<small style="padding:0ex 0ex 0ex 5ex; float:left;">ခေါင်းစဉ်</small> ! style="width:10%; padding:0ex 0ex 0ex 0ex;"|<small style="padding:0ex 0.5ex 0ex 2ex; float:right;">ပြန်တမ်းဝင်စာမျက်နှာ</small> |-style="vertical-align:top" | class="ENT" | ၁/၂၀၂၆ | class="ENT" style="text-align:center" | ၁၀ ဧပြီ | class="ENT" | ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ခန့်အပ်တာဝန်ပေးခြင်း | class="ENT" | <span style="float:right"></span> |-class="ROW" style="vertical-align:top" |} amewq5b1bsdd55zzaqs3ftmhzhgz8xe စာရေးသူ:မင်းအောင်လှိုင်/မိန့်ခွန်းများ 102 6218 21840 2026-04-11T04:59:53Z Salai Rungtoi 371 "{{Author subpage|notes=သမ္မတဦးမင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းများ ပါဝင်သည်။}}" အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21840 wikitext text/x-wiki {{Author subpage|notes=သမ္မတဦးမင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းများ ပါဝင်သည်။}} 3aullf5tftbb9s036j2elild0vs1hua 21843 21840 2026-04-11T05:10:45Z Salai Rungtoi 371 21843 wikitext text/x-wiki {{Author subpage|notes=သမ္မတဦးမင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းများ ပါဝင်သည်။}} ==၂၀၂၆== * [[ဦးမင်းအောင်လှိုင်၏ ပထမဆုံးမိန့်ခွန်း|ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း]] sjkof78o5sqd0fodnae6cb0tee5gqct 21845 21843 2026-04-11T05:12:55Z Salai Rungtoi 371 /* ၂၀၂၆ */ 21845 wikitext text/x-wiki {{Author subpage|notes=သမ္မတဦးမင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းများ ပါဝင်သည်။}} ==၂၀၂၆== * [[ဦးမင်းအောင်လှိုင်၏ ပထမဆုံး မိန့်ခွန်း|ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း]] t5gp01626o3n5if5unznlfydivjcije ဦးမင်းအောင်လှိုင်၏ ပထမဆုံး မိန့်ခွန်း 0 6219 21841 2026-04-11T05:06:36Z Salai Rungtoi 371 "{{header | title = ဦးမင်းအောင်လှိုင်၏ ပထမဆုံး မိန့်ခွန်း | author = မင်းအောင်လှိုင် | section = | previous = | next = | year = ၂၀၂၆ | portal = မြန်မာနိုင်ငံ၏ သမ္မတများ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21841 wikitext text/x-wiki {{header | title = ဦးမင်းအောင်လှိုင်၏ ပထမဆုံး မိန့်ခွန်း | author = မင်းအောင်လှိုင် | section = | previous = | next = | year = ၂၀၂၆ | portal = မြန်မာနိုင်ငံ၏ သမ္မတများ | wikipedia = | notes = ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပသော ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းနာခံခြင်းအခမ်းအနားတွင် ပြောကြားသော မိန့်ခွန်းဖြစ်သည်။}} '''အားလုံးမင်္ဂလာပါခင်ဗျာ ''' ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တက်ရောက်လာကြတဲ့ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်တော်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ တက်ရောက်လာကြသူများနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပြည်သူအားလုံးကိုကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ဆန္ဒကိုလေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ ကျေပွန်အောင် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအချိန်က အာဏာရပါတီဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ မဲမသမာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး စစ်မှန်တဲ့ရွေးကောက်ပွဲ တစ်ခုမဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေးလုပ်ရပ်ကိုလုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ တရားဥပဒေအတိုင်း အေးချမ်းစွာဖြေရှင်းနိုင်ဖို့ အဆင့်ဆင့် အကြိမ်ကြိမ် ညှိနှိုင်းမေတ္တာရပ်ခံ တောင်းဆိုခဲ့ပေမယ့်လည်း တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး မဲမသမာမှုအတွက် ဖြေရှင်းခြင်းမပြုရသေးဘဲ မှန်ကန်မှုမရှိ၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ခေါ်၊ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်တွေကို လွှဲအပ်တာဝန်ပေးခဲ့တာကြောင့် တပ်မတော်က နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ယခုအခါမှာတော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီလွတ်လပ်ပြီး တရားမျှတတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အသီးသီးဟာ မဲပေးပိုင်ခွင့်ရှိသူများရဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း လာရောက်မဲပေးရွေးချယ်ခံရသူများဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတစွာ သန့်သန့်ရှင်းရှင်းနဲ့ ရွေးချယ်ခံရသူများဖြစ်တဲ့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အသီးသီးပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ခြေချပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေတာကို ကျွန်တော့်အနေနဲ့ ကောင်းစွာသိရှိထားပါတယ်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ အခက်အခဲတွေအပါအဝင် နယ်ပယ်ပေါင်းစုံက စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူလူထုအတူတကွ လက်တွဲညီညီပူးပေါင်းကာ ရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်၊ မူဝါဒများနဲ့ သဘောထားတွေကို ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် မိဘပြည်သူများကိုတင်ပြပြီး နိုင်ငံနဲ့ပြည်သူအကျိုးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရသစ်အနေနဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို ဘက်စုံ လွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေနဲ့အညီ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအနေနဲ့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတော်အစိုးရထံ အကြံပေးတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှာ ပြဋ္ဌာန်းပေးထားတဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့သလိုပဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေလိုအပ်တဲ့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိုဖော်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အပိုဒ် ၂၀(င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးသဘောတူချုပ်ဆိုထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း(၁)၊(၂)နဲ့(၃)တို့ကို NCA အပိုဒ် ၂၀(စ)နဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးအတည်ပြုချက် ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားတဲ့ အချက် ၄၃ ချက်ကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် အဓိကကျတဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစလို့ မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ကလေးတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေမှာ နိုင်ငံတကာအဆင့်မီပညာရေးကိုရရှိဖို့နဲ့ ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူရရှိစေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တဲ့အချိန်ကစလို့ ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသအပါအဝင် တချို့ဒေသတွေမှာ ပညာသင်ကြား ခွင့်တွေဆုံးရှုံးခဲ့ရပြီး ပညာရည်နိမ့်ပါးခဲ့ကြရပါတယ်။ ယခုလည်း တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍကို နေရာဒေသကွာခြားမှုမရှိ တစ်ပြေးညီမြှင့်တင်နိုင်ဖို့အတွက် အထူးအလေး ပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာတို့ဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်များစွာပေါ်ထွက်ခဲ့ပါတယ်။ အနာဂတ်နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပညာရေးအားနည်းတဲ့ ပြည်နယ်တွေအတွက် အထူးစီမံချက်တွေချမှတ်ပြီး KG+9 အထိ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခြေခံပညာ အလယ်တန်းတွေမှာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံဘာသာရပ်များ သင်ကြားရေးနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးသိပ္ပံကျောင်းတွေကတစ်ဆင့် သင့်တော်တဲ့ သိပ္ပံကျောင်းများကို တက္ကသိုလ်/ကောလိပ်အဆင့်မြှင့်တင်ခြင်းနဲ့ တက္ကသိုလ်တွေ၊ Polytechnic သိပ္ပံတွေနဲ့ တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေးလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ပညာရည်မြင့်မားရေးနဲ့ တန်းတူ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံသားများဖြစ်လာဖို့ဟာလည်း ပဓာနကျပါတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို ထိရောက်တဲ့မူဝါဒတွေနဲ့ ချမှတ်အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဖြစ်ဖို့၊ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့စီးပွားရေး ဦးမော့လာစေဖို့အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေရေးအတွက်လည်း လုပ်ထုံးလုပ်နည်းများ ပြန်လည် သုံးသပ်ပြီး စီးပွားရေးလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားပါမယ်။ ပြည်သူများ ကြုံတွေ့နေရတဲ့ စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်တွေကို ပြေလည်အောင်ဖော်ဆောင်ပြီး နိုင်ငံနဲ့ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကကျတဲ့အချက်ကတော့ ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြှင့်တင်ရေးဟာ ကျွန်တော်တို့အတွက် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကျေးလက်နေ ပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေရတာဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူ လယ်သမားများရဲ့ဘဝ မြှင့်တင်ဖို့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ထိရောက်တဲ့ ရေရှည်စီမံကိန်းတွေရေးဆွဲပြီး ဈေးကွက်စီးပွားရေးကို ဆက်လက်ကျင့်သုံးခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ဖို့နဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးလူဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့်ရှိပါတယ်။ နိုင်ငံရဲ့သမိုင်းမှာ အမျိုး သမီးစွမ်းဆောင်ရှင်များ၊ ပညာရှင်များ၊ စွမ်းရည်သတ္တိဆုရရှိသူများစွာရှိပါတယ်။ နယ်ပယ်အသီးသီးမှာ အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်ရည်များ ပိုမိုထိရောက်နိုင်ဖို့အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာန သီးခြားဖွဲ့စည်းတာဝန်ပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာနဲ့အဝှမ်းကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ရာသီဥတုပြင်းထန်စွာ ပြောင်းလဲမှုတွေကြောင့် သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ဟာ သစ်ပင်သစ်တောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ ကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သဘာဝအရင်းအမြစ်တွေ ပြည့်စုံစွာရှိနေပါတယ်။ ယနေ့အချိန်မှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်မှာ ဒီအရင်း အမြစ်တွေကို ကာကွယ်ဖို့ဆိုတာ လူများနဲ့ သက်ရှိ သတ္တဝါများ အသက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့လုပ်ငန်းဖြစ်နေပါတယ်။ သစ်တောပြုန်းတီးမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ နှစ်ပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှုခဏရပ်စဲထားသော်လည်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်လေ့လာရပါဦးမယ်။ ဘယ်လိုအခြေအနေတွေ ဖြစ်လာစေကာမူ စက်သုံးဆီအခက်အခဲကတော့ ရှိနေဦးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လို နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုးခန့် စက်သုံးဆီ တင်သွင်းနေတဲ့ နိုင်ငံမျိုးဟာ စက်သုံးဆီချွေတာရေး မလွဲမသွေပြုလုပ်ကြရမှာဖြစ်ပါတယ်။ ယာဉ်၊ ယန္တရားသုံး၊ မီးစက်သုံးစသည်ဖြင့် နယ်ပယ်တွေမှာ အတတ်နိုင်ဆုံး လျှော့ချသုံးစွဲတာ အကောင်းဆုံးဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်ကားများ အဖြစ်နိုင်ဆုံးအသုံးပြုရေး မလွဲမသွေလိုအပ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်ကဏ္ဍဟာ ဆက်စပ်နေတဲ့အတွက် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖူလုံအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်တွေဟာ မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြောများဖြစ်ပြီး စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းတို့အတွက် အလွန်အရေးပါပါတယ်။ မြစ်ကြောင်းတစ်လျှောက် ကုန်စည်ပို့ဆောင်မှုကို ကုန်ကျစရိတ်သက်သာစွာနဲ့ ဆောင်ရွက်နိုင်သလို မိုးရာသီမှာ စိုက်ပျိုးရေရရှိရေးအတွက်လည်း အသုံးချနိုင်ပါတယ်။ အလားတူ နွေရာသီမှာ မြစ်ရေတင်စီမံကိန်းများနဲ့မြစ်များရဲ့ ဝဲယာတစ်လျှောက် စိုက်ပျိုးရေး ပြုလုပ်နိုင်ဖို့အတွက်လည်း စီမံဆောင်ရွက်သွားပါမယ်။ ကူးသန်းသွားလာမှုများစွာကို အထောက်အကူပြုနေတဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေကို ရာသီမရွေး ထိရောက်စွာအသုံးချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူစေဖို့အတွက် ပုံမှန်လမ်းကြောင်းများအတိုင်း သတ်မှတ်နှုန်းထားများနဲ့ ပြေးဆွဲပေးသော ခရီးသည်တင်ဝန်ဆောင်မှုဖြစ်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) ကိုလည်း တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဆွေနိုင်ငံများနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားပြီး နိုင်ငံတကာဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နဲ့ အညီ ခိုင်မာအောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေရဲ့အကာအကွယ်ကို အညီအမျှရရှိစေဖို့၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရဖို့၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့၊ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေဖို့တို့ကို ဦးစားပေးဖော်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့ အခြေခံအုတ်မြစ်မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ လူမှုရေးပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင်တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေးစတဲ့ ကိစ္စရပ်တွေကို ကျွန်တော်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ၊ ကျွန်တော်တို့နိုင်ငံတော်ကြီး လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပြီး စည်းလုံးညီညွတ်မှုနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ “ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့ စကားအတိုင်း တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်သူအားလုံးက ပူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေဟာ အားနည်းချက်လို့မယူဆဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာမှုများနဲ့ စွမ်းအားသစ်တွေရရှိအောင် ကြိုးစားတည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ကွဲပြားတဲ့ အမြင်တွေ၊ ယုံကြည်မှုတွေဟာ နောက်ခံအမျိုးမျိုးရှိပေမယ့်လည်း ကျွန်တော် တို့အားလုံးဟာ ဒီနိုင်ငံရဲ့ တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လတွေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 7lt0ujf3vyabtvbhs9v6x7zpy46xv4q 21842 21841 2026-04-11T05:07:36Z Salai Rungtoi 371 21842 wikitext text/x-wiki {{header | title = ဦးမင်းအောင်လှိုင်၏ ပထမဆုံး မိန့်ခွန်း | author = မင်းအောင်လှိုင် | section = | previous = | next = | year = ၂၀၂၆ | portal = မြန်မာနိုင်ငံ၏ သမ္မတများ | wikipedia = | notes = ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပသော ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းနာခံခြင်းအခမ်းအနားတွင် ပြောကြားသော မိန့်ခွန်းဖြစ်သည်။}} '''အားလုံးမင်္ဂလာပါခင်ဗျာ ''' ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တက်ရောက်လာကြတဲ့ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်တော်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ တက်ရောက်လာကြသူများနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပြည်သူအားလုံးကိုကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ဆန္ဒကိုလေးစားစွာနဲ့ နိုင်ငံ့တာဝန်ကို ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ ကျေပွန်အောင် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအချိန်က အာဏာရပါတီဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ မဲမသမာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး စစ်မှန်တဲ့ရွေးကောက်ပွဲ တစ်ခုမဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေးလုပ်ရပ်ကိုလုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ တရားဥပဒေအတိုင်း အေးချမ်းစွာဖြေရှင်းနိုင်ဖို့ အဆင့်ဆင့် အကြိမ်ကြိမ် ညှိနှိုင်းမေတ္တာရပ်ခံ တောင်းဆိုခဲ့ပေမယ့်လည်း တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး မဲမသမာမှုအတွက် ဖြေရှင်းခြင်းမပြုရသေးဘဲ မှန်ကန်မှုမရှိ၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ခေါ်၊ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်တွေကို လွှဲအပ်တာဝန်ပေးခဲ့တာကြောင့် တပ်မတော်က နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ယခုအခါမှာတော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီလွတ်လပ်ပြီး တရားမျှတတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အသီးသီးဟာ မဲပေးပိုင်ခွင့်ရှိသူများရဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း လာရောက်မဲပေးရွေးချယ်ခံရသူများဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတစွာ သန့်သန့်ရှင်းရှင်းနဲ့ ရွေးချယ်ခံရသူများဖြစ်တဲ့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အသီးသီးပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ခြေချပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေတာကို ကျွန်တော့်အနေနဲ့ ကောင်းစွာသိရှိထားပါတယ်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ အခက်အခဲတွေအပါအဝင် နယ်ပယ်ပေါင်းစုံက စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူလူထုအတူတကွ လက်တွဲညီညီပူးပေါင်းကာ ရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်၊ မူဝါဒများနဲ့ သဘောထားတွေကို ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် မိဘပြည်သူများကိုတင်ပြပြီး နိုင်ငံနဲ့ပြည်သူအကျိုးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရသစ်အနေနဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို ဘက်စုံ လွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေနဲ့အညီ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအနေနဲ့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတော်အစိုးရထံ အကြံပေးတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှာ ပြဋ္ဌာန်းပေးထားတဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့သလိုပဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေလိုအပ်တဲ့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိုဖော်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အပိုဒ် ၂၀(င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးသဘောတူချုပ်ဆိုထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း(၁)၊(၂)နဲ့(၃)တို့ကို NCA အပိုဒ် ၂၀(စ)နဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးအတည်ပြုချက် ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားတဲ့ အချက် ၄၃ ချက်ကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် အဓိကကျတဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစလို့ မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ကလေးတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေမှာ နိုင်ငံတကာအဆင့်မီပညာရေးကိုရရှိဖို့နဲ့ ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူရရှိစေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တဲ့အချိန်ကစလို့ ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသအပါအဝင် တချို့ဒေသတွေမှာ ပညာသင်ကြား ခွင့်တွေဆုံးရှုံးခဲ့ရပြီး ပညာရည်နိမ့်ပါးခဲ့ကြရပါတယ်။ ယခုလည်း တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍကို နေရာဒေသကွာခြားမှုမရှိ တစ်ပြေးညီမြှင့်တင်နိုင်ဖို့အတွက် အထူးအလေး ပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာတို့ဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်များစွာပေါ်ထွက်ခဲ့ပါတယ်။ အနာဂတ်နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပညာရေးအားနည်းတဲ့ ပြည်နယ်တွေအတွက် အထူးစီမံချက်တွေချမှတ်ပြီး KG+9 အထိ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခြေခံပညာ အလယ်တန်းတွေမှာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံဘာသာရပ်များ သင်ကြားရေးနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးသိပ္ပံကျောင်းတွေကတစ်ဆင့် သင့်တော်တဲ့ သိပ္ပံကျောင်းများကို တက္ကသိုလ်/ကောလိပ်အဆင့်မြှင့်တင်ခြင်းနဲ့ တက္ကသိုလ်တွေ၊ Polytechnic သိပ္ပံတွေနဲ့ တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေးလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ပညာရည်မြင့်မားရေးနဲ့ တန်းတူ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံသားများဖြစ်လာဖို့ဟာလည်း ပဓာနကျပါတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို ထိရောက်တဲ့မူဝါဒတွေနဲ့ ချမှတ်အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဖြစ်ဖို့၊ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့စီးပွားရေး ဦးမော့လာစေဖို့အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေရေးအတွက်လည်း လုပ်ထုံးလုပ်နည်းများ ပြန်လည် သုံးသပ်ပြီး စီးပွားရေးလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားပါမယ်။ ပြည်သူများ ကြုံတွေ့နေရတဲ့ စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်တွေကို ပြေလည်အောင်ဖော်ဆောင်ပြီး နိုင်ငံနဲ့ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကကျတဲ့အချက်ကတော့ ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြှင့်တင်ရေးဟာ ကျွန်တော်တို့အတွက် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကျေးလက်နေ ပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေရတာဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူ လယ်သမားများရဲ့ဘဝ မြှင့်တင်ဖို့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ထိရောက်တဲ့ ရေရှည်စီမံကိန်းတွေရေးဆွဲပြီး ဈေးကွက်စီးပွားရေးကို ဆက်လက်ကျင့်သုံးခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ဖို့နဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးလူဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့်ရှိပါတယ်။ နိုင်ငံရဲ့သမိုင်းမှာ အမျိုး သမီးစွမ်းဆောင်ရှင်များ၊ ပညာရှင်များ၊ စွမ်းရည်သတ္တိဆုရရှိသူများစွာရှိပါတယ်။ နယ်ပယ်အသီးသီးမှာ အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်ရည်များ ပိုမိုထိရောက်နိုင်ဖို့အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာန သီးခြားဖွဲ့စည်းတာဝန်ပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာနဲ့အဝှမ်းကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ရာသီဥတုပြင်းထန်စွာ ပြောင်းလဲမှုတွေကြောင့် သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ဟာ သစ်ပင်သစ်တောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ ကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သဘာဝအရင်းအမြစ်တွေ ပြည့်စုံစွာရှိနေပါတယ်။ ယနေ့အချိန်မှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်မှာ ဒီအရင်း အမြစ်တွေကို ကာကွယ်ဖို့ဆိုတာ လူများနဲ့ သက်ရှိ သတ္တဝါများ အသက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့လုပ်ငန်းဖြစ်နေပါတယ်။ သစ်တောပြုန်းတီးမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ နှစ်ပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှုခဏရပ်စဲထားသော်လည်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်လေ့လာရပါဦးမယ်။ ဘယ်လိုအခြေအနေတွေ ဖြစ်လာစေကာမူ စက်သုံးဆီအခက်အခဲကတော့ ရှိနေဦးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လို နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုးခန့် စက်သုံးဆီ တင်သွင်းနေတဲ့ နိုင်ငံမျိုးဟာ စက်သုံးဆီချွေတာရေး မလွဲမသွေပြုလုပ်ကြရမှာဖြစ်ပါတယ်။ ယာဉ်၊ ယန္တရားသုံး၊ မီးစက်သုံးစသည်ဖြင့် နယ်ပယ်တွေမှာ အတတ်နိုင်ဆုံး လျှော့ချသုံးစွဲတာ အကောင်းဆုံးဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်ကားများ အဖြစ်နိုင်ဆုံးအသုံးပြုရေး မလွဲမသွေလိုအပ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်ကဏ္ဍဟာ ဆက်စပ်နေတဲ့အတွက် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖူလုံအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်တွေဟာ မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြောများဖြစ်ပြီး စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းတို့အတွက် အလွန်အရေးပါပါတယ်။ မြစ်ကြောင်းတစ်လျှောက် ကုန်စည်ပို့ဆောင်မှုကို ကုန်ကျစရိတ်သက်သာစွာနဲ့ ဆောင်ရွက်နိုင်သလို မိုးရာသီမှာ စိုက်ပျိုးရေရရှိရေးအတွက်လည်း အသုံးချနိုင်ပါတယ်။ အလားတူ နွေရာသီမှာ မြစ်ရေတင်စီမံကိန်းများနဲ့မြစ်များရဲ့ ဝဲယာတစ်လျှောက် စိုက်ပျိုးရေး ပြုလုပ်နိုင်ဖို့အတွက်လည်း စီမံဆောင်ရွက်သွားပါမယ်။ ကူးသန်းသွားလာမှုများစွာကို အထောက်အကူပြုနေတဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေကို ရာသီမရွေး ထိရောက်စွာအသုံးချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူစေဖို့အတွက် ပုံမှန်လမ်းကြောင်းများအတိုင်း သတ်မှတ်နှုန်းထားများနဲ့ ပြေးဆွဲပေးသော ခရီးသည်တင်ဝန်ဆောင်မှုဖြစ်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) ကိုလည်း တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဆွေနိုင်ငံများနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားပြီး နိုင်ငံတကာဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နဲ့ အညီ ခိုင်မာအောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေရဲ့အကာအကွယ်ကို အညီအမျှရရှိစေဖို့၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရဖို့၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့၊ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေဖို့တို့ကို ဦးစားပေးဖော်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့ အခြေခံအုတ်မြစ်မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ လူမှုရေးပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင်တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေးစတဲ့ ကိစ္စရပ်တွေကို ကျွန်တော်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ၊ ကျွန်တော်တို့နိုင်ငံတော်ကြီး လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပြီး စည်းလုံးညီညွတ်မှုနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ “ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့ စကားအတိုင်း တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်သူအားလုံးက ပူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေဟာ အားနည်းချက်လို့မယူဆဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာမှုများနဲ့ စွမ်းအားသစ်တွေရရှိအောင် ကြိုးစားတည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ကွဲပြားတဲ့ အမြင်တွေ၊ ယုံကြည်မှုတွေဟာ နောက်ခံအမျိုးမျိုးရှိပေမယ့်လည်း ကျွန်တော် တို့အားလုံးဟာ ဒီနိုင်ငံရဲ့ တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လတွေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ [[ကဏ္ဍ:မြန်မာနိုင်ငံ၏ သမ္မတများ]] [[ကဏ္ဍ:မင်းအောင်လှိုင်]] kork4w1sywjpi7wdtw69e7x1au69lkj