ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.46.0-wmf.23 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk မင်္ဂလသုတ်-၁၁/၉၇ 0 6234 21869 2026-04-13T19:06:16Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၀..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21869 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၀/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၂/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၁

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယံမ္ပိ ခေါ အာနာပါနဿတိ သမာဓိ၊ ဤအာနာပါနဿတိ သမာဓိသည်လည်းပဲ။ ဘာဝိတော၊ ပွားများအပ်သည်ရှိသော်။ ဗဟုလီကတော၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော်။ သန္တောစေဝ၊ ငြိမ်လည်း ငြိမ်သက်၏၊ ပဏီတောစ၊ မွန်လည်း မွန်မြတ်၏၊ အသေစနကောစ၊ နောက်ထပ်တစ်ဖန် ထပ်ထည့်ဖို့ရန် သွန်းလောင်းစရာလည်းမရှိ။ သုခေါစ ဝိဟာရော၊ ချမ်းသာစွာ နေထိုင်ရခြင်း၏ အကြောင်းတရားလည်း ဖြစ်ပေ၏၊ ဥပ္ပန္နုပ္ပန္နေစ ပါပကေ အကုသလေဓမ္မေ၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ယုတ်မာသော အကုသိုလ်တရားတို့ကိုလည်းပဲ။ ဌာနသော၊ တခဏချင်းအားဖြင့်။ အန္တရဓာပေတိ၊ ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏၊ ဝူပသမေတိ၊ ငြိမ်းအေးစေနိုင်၏၊

အာနာပါနကမ္မဋ္ဌာန်းကို ပွားများလာချင်လာအောင် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းနဲ့ ပတ်သက်တဲ့ ချီးမွမ်းခန်းလေး ဖွင့်ထားတယ်။

ချစ်သားရဟန်းတို့ ... ဒီအာနာပါနဿတိကမ္မဋ္ဌာန်းဟာ ပွားများခဲ့မယ်ဆိုရင် ကြိမ်ဖန်များစွာ အလေ့အလာ ပြုခဲ့မယ်ဆိုရင် ဒီအာနာပါနဿတိ သမာဓိသည် ငြိမ်လည်း သိပ် ငြိမ်သက်တယ်ကွယ်။ မွန်လည်း သိပ်ပြီးတော့ မွန်မြတ်တယ်။ နောက်ထပ် ထပ်ပြီး လိုနေပါသေးတယ်ဆိုပြီး သွန်းလောင်းစရာလည်း ဘာမှ မရှိဘူး။ ဘာပြောတာလဲ? ဘုန်းကြီးတို့ ကသိုဏ်းတစ်ခု ပွားချင်တယ်ဆိုကြပါစို့နော်။ ပထဝီကသိုဏ်းတို့လို ကသိုဏ်းတစ်ခု ပွားမယ် ဆိုလို့ရှိရင် ပထမမြေကြီးလေး၊ မြေကြီးမှာ ပွားနိုင်တဲ့ ပုဂ္ဂိုလ်က မြေကြီးမှာ သွားပြီး ညီညာအောင် ညှိရတယ်။ မြက်တွေ၊ ခဲတွေ၊ သစ်ရွက်တွေ မရှိအောင် သန့်ရှင်းအောင် ပြုလုပ်ပြီးတော့ အဝိုင်းလေး ပြုလုပ်ရတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ မိမိ ကျောင်းဝန်းအတွင်းမှာ ပွားချင်တယ် ဆိုလို့ရှိရင်တော့ ပိတ်စလေးတစ်ခု တစ်ပေပတ်လည်ဝန်းကျင်လောက်ဖြစ်စေ၊ သည်ထက် အနည်းငယ် ပိုလွန်၍ပဲဖြစ်စေပေါ့။ ဒီပိတ်စလေးတစ်ခုမှာ မနီလွန်း၊ မမည်းလွန်းတဲ့ မြေတွေနဲ့ အထပ်ထပ် လိမ်းကျံပြီး ခြောက်အောင် အခြောက်ခံရတယ်။ ကြည့်လိုက်တယ် ဆိုလို့ရှိရင် မြေကြီးအဝိုင်းလေးလို့ ထင်ရအောင် ပြုလုပ်ရတယ်။ ပြုလုပ်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီကသိုဏ်းဝန်းလေး ကြည့်ပြီးတော့ ပထဝီကသိုဏ်း ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရပါတယ်နော်။ ဒီတော့ ပထဝီကသိုဏ်းဆိုတဲ့ ဘာဝနာတစ်ခုကို စီးဖြန်းချင်တယ်ဆိုရင် ကသိုဏ်းဝန်း ပြုပြင်ခြင်း အစရှိတဲ့ သွန်းလောင်းစရာ ထပ်ထည့်စရာ လုပ်ငန်းရပ်တွေ မများဘူးလား? များကြတယ်။

အကယ်၍ ၃၂-ကောဋ္ဌာသ ကနေပြီးတော့ ကသိုဏ်းကူးချင်တယ် ဆိုလို့ရှိရင်လည်း ရှေးဦးစွာ သမာဓိတစ်ခုကို အောင်မြင်အောင် ထူထောင်ပြီး ၃၂-ကောဋ္ဌာသ မြင်အောင် ကြည့်ရပြန်တယ်။ ၃၂-ကောဋ္ဌာသ မြင်တဲ့ အချိန်အခါကျတော့မှ ၃၂-ကောဋ္ဌာသတွေကို အဇ္ဈတ္တ၊ ဗဟိဒ္ဓ စနစ်တကျ အဝဝစွာ ပွားများနိုင်တဲ့ သူတော်ကောင်းက ဗဟိဒ္ဓ မိမိ ရှေ့တည့်တည့်မှာ မလှမ်းမကမ်းလောက်မှာ လေးတောင်ကွာလောက် ထိုင်နေတဲ့ သူတော်ကောင်းတစ်ဦးရဲ့ ဆံပင်ကို ကြည့်ပြီး အညိုရောင်ကသိုဏ်း ပွားရတယ်။ အရိုး ဦးခေါင်းခွံကဲ့သို့ အရိုးကို ကြည့်ပြီးတော့ အဖြူရောင်ကသိုဏ်း ပွားရတယ်။ ဒီလို ဆိုလို့ရှိရင် ဒီလို အဖြူကသိုဏ်းလေး၊ အညိုကသိုဏ်းလေး ပွားများဖို့ရန်အတွက်လည်း ၃၂-ကောဋ္ဌာသကို မြင်အောင် ရှုရခြင်းဆိုတဲ့ လုပ်ငန်းရပ်လေးတွေ သွန်းလောင်းစရာလေးတွေ မရှိဘူးလား? ရှိနေပြန်တယ်။

သို့သော် ချစ်သားတို့ ဒီအာနာပါနကျတော့ အဲဒီလို ထပ်ပြီး ထည့်နေဖို့အကြောင်း ဘာမှမရှိဘူး။ သွန်းလောင်းစရာ တစ်ခုမှ မရှိဘူး။ ဒီအာနာပါနကမ္မဋ္ဌာန်းဟာ ငြိမ်လည်း ငြိမ်သက်တယ်။ မွန်လည်း မွန်မြတ်တယ်။ ဘာကြောင့် ငြိမ်သက်ရသလဲ၊ ဘာကြောင့် မွန်မြတ်ရသလဲလို့ မေးတော့ အသုဘကမ္မဋ္ဌာန်းတို့လို ကမ္မဋ္ဌာန်းတစ်ခု အားထုတ်မယ်ဆိုရင် အသုဘအလောင်းကောင်ဆိုတဲ့ အာရုံက ရုန့်ရင်းကြမ်းတမ်းနေတဲ့သဘော မရှိဘူးလား? ရှိတယ်။ အာရုံက ရုန့်ရင်းကြမ်းတမ်းတဲ့အတွက် အာရုံဟာ ရွံရှာ-စက်ဆုပ်တဲ့သဘော ရှိနေပြန်တယ်။ ရွံရှာစက်ဆုပ်ဖွယ် အာရုံအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့ အသုဘဘာဝနာကို စီးဖြန်းရတယ်။ စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ ဘာဝနာသမာဓိရဲ့ စွမ်းအားကြောင့် တဖြည်းဖြည်းတော့ ငြိမ်သက်လာတယ်။ ဒါပေမဲ့ အလောင်းကောင်ဆိုတဲ့ အာရုံရဲ့ စွမ်းအင်ကြောင့် ငြိမ်သက်လာတာတော့ ဟုတ်သလား? မဟုတ်ဘူး။ ဘာဝနာသမာဓိရဲ့ စွမ်းအင်ကြောင့်သာလျှင် ငြိမ်သက်လာရတာ။ အလောင်းကောင်ဆိုတဲ့ အာရုံကို လှမ်းကြည့်မယ် ဆိုလို့ရှိရင် အာရုံအနေနဲ့ ပြောမယ်ဆိုရင် ငြိမ်သက်တဲ့ အာရုံလည်း မဟုတ်ဘူး။ မွန်မြတ်တဲ့အာရုံလည်း မဟုတ်ဘူး။ ရွံရှာစက်ဆုပ်ဖွယ် အာရုံသာ ဖြစ်တယ်။

ဒါပေမဲ့ ဒီအာနာပါနကမ္မဋ္ဌာန်းကို လှမ်းပြီး ကြည့်လိုက်မယ် ဆိုလို့ရှိရင် အာရုံအနေနဲ့ကလည်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အာရုံမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ အကယ်၍များ ဈာန်ကို ဆိုက်သွားပြီ ဆိုကြပါစို့ ... ပဋိဝေဓခေါ်တဲ့ ဈာန်ကို ဆိုက်သွားပြီ။ အာနာပါနကမ္မဋ္ဌာန်းကို အခြေခံပြီး ဈာန်ဆိုက်သွားပြီ ဆိုလို့ရှိရင်လည်း ဈာန်သမာဓိကို ထွင်းဖောက်သိနေတဲ့ ဉာဏ်ကို ပဋိဝေဓခေါ်ပါတယ်။ ထိုဈာန်သမာဓိကို ထွင်းဖောက်သိနေတဲ့ ပဋိဝေဓအခိုက်သို့ ရောက်သွားပြီ ဆိုလို့ရှိရင်လည်း ဒီအာနာပါနကမ္မဋ္ဌာန်းသည် ငြိမ်လည်း ငြိမ်သက်တဲ့ ကမ္မဋ္ဌာန်း၊ မွန်လည်း မွန်မြတ်တဲ့ ကမ္မဋ္ဌာန်း မဖြစ်ဘူးလား? ဖြစ်ပါတယ်။

အသုဘကမ္မဋ္ဌာန်းကျတော့ ဈာန်သမာဓိဆိုက်တဲ့ အချိန်အခါကျမှ ငြိမ်သက်မွန်မြတ်တဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်တယ်။ အာရုံအနေအားဖြင့် ငြိမ်သက်မွန်မြတ်တဲ့ ကမ္မဋ္ဌာန်းမျိုး ဟုတ်သလား? မဟုတ်ဘူး။ အာနာပါနကျတော့ အာရုံတွေကလည်း ငြိမ်သက်မွန်မြတ်တယ်။ ပဋိဝေဓခေါ်တဲ့ ဈာန်သမာဓိ ဆိုက်ပြီဆိုလို့ရှိရင်လည်း ဈာန်အင်္ဂါတွေရဲ့ စွမ်းအင်ကြောင့် ငြိမ်သက်မွန်မြတ်တဲ့ ကမ္မဋ္ဌာန်းတစ်ခုလည်း ဖြစ်တယ်။ တခြားကမ္မဋ္ဌာန်းတွေနဲ့ တူသလား? မတူဘူး။ ကသိုဏ်းတို့လို ထပ်ပြီး သွန်းလောင်းစရာ အသစ်ထပ်ပြီး ထည့်ပေးစရာကော လိုသေးလား? မလိုပြန်ဘူး။ ဒါကြောင့် ဘုရားရှင်က ဒီအာနာပါနဿတိ သမာဓိကို ပြန်ပြီးတော့ ချီးမွမ်းထားတယ်နော်။ အားထုတ်ချင်လာအောင် ဆွဲဆောင်ပေးရတယ်။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယမ္ပိခေါ အာနာပါနဿတိသမာဓိ၊ ဤအာနာပါနဿတိ သမာဓိသည်လည်းပဲ။ ဘာဝိတော၊ ပွားများအပ်သည်ရှိသော်။ ဗဟုလီကတော၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော်။ သန္တောစေဝ၊ ငြိမ်လည်း ငြိမ်သက်၏၊ ပဏီတောစ၊ မွန်လည်း မွန်မြတ်၏၊ အသေစနကောစ၊ နောက်ထပ်တစ်ဖန် ထပ်ထည့်ဖို့ရန် သွန်းလောင်းစရာလည်းမရှိ။ သုခေါစ ဝိဟာရော၊ ချမ်းသာစွာ နေထိုင်ရခြင်း၏ အကြောင်းတရားလည်း ဖြစ်ပေ၏၊

အာနာပါန အားထုတ်လိုက်လို့ စိတ်က တော်တော် ငြိမ်သွားပြီ။ စိတ်က တစ်နာရီ၊ နှစ်နာရီ ငြိမ်လာပြီ။ တစ်နာရီ၊ နှစ်နာရီ တန်သလောက်တော့ ချမ်းသာမှု မဖြစ်ဘူးလား? ဖြစ်တယ်။ ဒီထက် အဆင့်မြင့်လို့ မိမိက ဈာန်သမာဓိ ဆိုက်သွားလျှင် ပိုပြီးတော့ မချမ်းသာဘူးလား? ချမ်းသာတယ်။ ဒါကြောင့် ဒီအာနာပါနကမ္မဋ္ဌာန်းဟာ ချမ်းချမ်းသာသာ နေထိုင်ရဖို့ရန် အကြောင်းတရားလည်း ဖြစ်ပါတယ်။ ဒါတင်လားဆိုတော့ မကသေးဘူး။

ဥပ္ပန္နုပ္ပန္နေစ ပါပကေ အကုသလေဓမ္မေ၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ယုတ်မာသော အကုသိုလ်တရားတို့ကိုလည်းပဲ။ ဌာနသော၊ တခဏချင်းအားဖြင့်။ အန္တရဓာပေတိ၊ ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏၊ ဝူပသမေတိ၊ ငြိမ်းအေးစေနိုင်၏၊

ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း အကုသိုလ်တရားတွေလည်း တခဏချင်း ကွယ်ပျောက် ချုပ်ငြိမ်းစေနိုင်ပါတယ်။ ဝင်လေထွက်လေ အပေါ်မှာသာ စိတ်ကလေး ငြိမ်အောင် ကပ်ထားပါ။ ယုတ်မာတဲ့ ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာ အညစ်အကြေးတွေ ဝင်ရောက်ပြီး နှောင့်ယှက်နိုင်တဲ့ စွမ်းအားရှိဦးမလား? မရှိတော့ဘူး။ ဝင်လေထွက်လေ အပေါ်မှာ ချက်ချင်း ငြိမ်အောင်ကော လေ့ကျင့်လို့ မရဘူးလား? အောင်မြင်နေတဲ့ သူတော်ကောင်းတွေ ကြိုးစားလို့ မရဘူးလား? ရတယ်။ တရားမထိုင်မီလေးမှာ လောဘတွေ အထိုက်အလျောက် ဖြစ်ချင်လည်း ဖြစ်မယ်။ ဒေါသတွေ အထိုက်အလျောက် ဖြစ်ချင်လည်းဖြစ်မယ်။ ဣဿာ မစ္ဆရိယ မာန်မာနတွေ အစရှိတဲ့ အကုသိုလ်တရားဆိုးတွေလည်း အနည်းအကျဉ်း ဖြစ်ချင်လည်း ဖြစ်မယ် ဆိုကြပါစို့။ ချက်ချင်း အာနာပါနကို ကောက်ပြီး နှလုံးသွင်းလိုက်တာနဲ့ ချက်ချင်း သမာဓိဖြစ်သွားတဲ့ သူတော်ကောင်းတွေရဲ့သန္တာန်မှာ ဒီယုတ်မာတဲ့ အကုသိုလ်တရားတွေသည် တစ်ခဏချင်း ချက်ချင်း ငြိမ်းအေး မသွားဘူးလား? ငြိမ်းအေးသွားတယ်။ ဒါကြောင့် ဒီအာနာပါနကမ္မဋ္ဌာန်းဟာ သိပ်ကောင်းပါတယ် ချစ်သားတို့ ... ဆိုပြီးတော့ မြတ်စွာဘုရားက ပွားများချင်လာအောင်နော်။

ဈေးဝယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဈေးရောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးက မိမိရဲ့ ကုန်ပစ္စည်းလေးတွေကို ဝယ်ချင်လာအောင် ချီးမွမ်းသလို ဘုရားရှင်ကလည်း သာဝကတွေကို အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ချင်လာအောင် ချီးမွမ်းပေးထားတယ်။ ဒါဖြင့်ရင် ဒီလို ငြိမ်သက်မွန်မြတ်ပြီးတော့ ယုတ်မာတဲ့ အကုသိုလ်တရားတွေကို တစ်ခဏချင်း ကွယ်ပျောက်ရုတ်သိမ်း ချုပ်ငြိမ်းစေပြီးတော့ ချမ်းချမ်းသာသာ နေထိုင်ရခြင်းရဲ့ အကြောင်းရင်းဖြစ်နေတဲ့ ဒီအာနာပါနဿတိသမာဓိကမ္မဋ္ဌာန်းကို ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပွားများရမလဲ? ပွားများပုံတွေကို မြတ်စွာဘုရား သုတ္တန် တော်တော်ခပ်များများမှာ ဟောကြားခဲ့ပါတယ်။ ဒါတွေကို ခြုံငုံပြီးတော့ ဘုန်းကြီး လုပ်ငန်းခွင်လေးကို အကျဉ်းချုပ်ပြီး နည်းနည်းဟောဖို့ ရည်ရွယ်ထားပါတယ်။ အကြောင်းကတော့ ဘယ်သုတ္တန် ဘယ်တရားကိုပဲဟောဟော လုပ်ငန်းခွင်လေး နည်းနည်းပါမှ တရားနာရတာလည်း အကွက်စေ့တယ်။ ဘုရားရှင်ရဲ့ ဆိုလိုရင်း အနက်အဓိပ္ပါယ် သဘောတရားတွေကိုလည်း ပိုမိုပြီးတော့ နက်ရှိုင်းစွာ နားလည်နိုင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဒီနေ့ အာနာပါနဿတိသမာဓိကို အခြေခံပြီးတော့ သမထ ဝိပဿနာ ကျင့်စဉ်လုပ်ငန်းရပ်ကလေးတွေကို နည်းနည်း ပြောကြည့်ရအောင်နော်။

အဲဒီတော့ ဒီအာနာပါနဿတိ သမာဓိကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီးတော့ တရားထိုင်တော့မယ် ဆိုလို့ရှိရင် ထိုတရားထိုင်မယ့် ယောဂီပုဂ္ဂိုလ်သည် ပထမ ရှေးဦးစွာ ဘာလုပ်ရသလဲ? ဆိတ်ငြိမ်တဲ့တစ်နေရာ ချဉ်းကပ်ဖို့တော့ လိုပါတယ်။ 'အရညကတောဝါ ရုက္ခမူလကတောဝါ သုညာဂါရကတောဝါ' ဆိုပြီး ဒီလို ဘုရားက နေရာလေးတွေ ညွှန်ကြားပေးထားတယ်။ တောအုပ်ကလေး တစ်ခု အတွင်းသို့ သွားချင်လည်း သွားပါ။ သစ်ပင်ရိပ်တစ်ပင်အောက်သို့ သွားချင်လည်း သွားပါ။ ဆိတ်ငြိမ်တဲ့ တစ်နေရာသို့ သွားချင်လည်း သွားပါ ဆိုပြီး ဆိတ်ငြိမ်တဲ့တစ်နေရာကို ဘုရားရှင်က ညွှန်ကြားပေးတယ်။ ဘာကြောင့်လဲ?

'သဒ္ဒေါ ကဏ္ဋကော ဈာနဿ' - ဆိုပြီးတော့ ဒီလို တစ်ချို့နေရာများမှာ ဘုရားဟောထားတာ ရှိပါတယ်။ အသံသည် ပထမဈာန်ရဲ့ ဆူးငြောင့်ခလုတ် ဖြစ်ပါတယ်။ အသံတစ်ခု သမာဓိလေး အတော်အသင့် ငြိမ်နေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ အသံ ဒိုးကနဲ ဒေါက်ကနဲ ဆိုတဲ့ အသံလေးတစ်ခု ပြင်းပြင်းထန်ထန် ကြားလိုက်ရရင် ဒီသမာဓိ ချက်ချင်း လျှောကျသွားတယ်။ ဒါကြောင့် သမာဓိကို ထူထောင်နေတဲ့ သူတော်ကောင်းအဖို့ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရွေးချယ်ဖို့ရန်အတွက် ဘုရားရှင်က ညွှန်ကြားပေးလိုက်တယ်။ ညွှန်ကြားပြီးတဲ့အခါ ဘာလုပ်ရမလဲ? တင်ပလ္လင်ခွေ ထိုင်ကြပြီ ဆိုကြပါစို့နော်။ အဲဒီနေရာလေးမှာ မိမိ နှစ်ခြိုက်တဲ့နေရာမှာ တင်ပလ္လင်ခွေပြီး ထိုင်ပါ။ အထက်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်လေး ထား၊ စိတ်က ဘယ်မှာ ကပ်ထားရမလဲ? 'ပရိမုခံ သတိံ ဥပထပေတ္တွာ' ဆိုပြီး ဒီလို ဘုရားက နေရာကို ညွှန်ပြပေးထားတယ်။ မိမိ ရှုပွားသုံးသပ်မဲ့ အာနာပါနခေါ်တဲ့ ဝင်လေထွက်လေ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ သတိကို ရှေးရှု ကပ်ထားပါတဲ့နော်။ ဘယ်မှာ ကပ်ထားရမလဲ? ဝင်လေ ထွက်လေ အာရုံ။

အဲဒီ ဝင်လေ ထွက်လေ အာရုံက ဘယ်နေရာမှာလဲလို့ မေးရင်တော့ ထိတဲ့ နေရာမှာနော်။ နှာသီးဖျားမှာ ထိမှု ထင်ရှားရင် နှာသီးဖျား။ အထက်နှုတ်ခမ်းမှာ ထိမှု ထင်ရှားရင် အထက်နှုတ်ခမ်း။ အဲဒီ တစ်နေရာ ထိမှုထင်ရှားတဲ့ တစ်နေရာမှာ စိတ်ကလေး ငြိမ်အောင် ကပ်ထားပါ။ ကပ်ပြီးတော့ ဘာကို ရှုရမှာလဲလို့ မေးတော့ ဝင်တဲ့လေ၊ ထွက်တဲ့လေကို ရှုရမှာ။ ဘာကို ရှုရမလဲ? ဝင်တဲ့လေ ထွက်တဲ့လေ။ အဲဒီလေကို ဘယ်နေရာက စောင့်ကြည့်ရမလဲ? ထိတဲ့နေရာက စောင့်ကြည့်နော်။ ထိတဲ့ နေရာသည် ဘယ်နေရာလဲ? နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း။ ဒီနှစ်ခု တစ်ခုခု ရွေးချယ်ပါနော်။ အထဲဘက်ကို လိုက်ပြီး ရှုလိုက်ရင်တော့ ဓာတ်ကမ္မဋ္ဌာန်းနဲ့ ရောရော သွားတတ်ပါတယ်နော်။ မာတဲ့သဘောတွေ၊ တွန်းကန်လှုပ်ရှားနေတဲ့ သဘောတွေ၊ ပူတဲ့သဘောတွေ စသည်ဖြင့် ဓာတ်သဘောတွေ ဝင်လာတတ်တယ်၊ နှောင့်ယှက်တတ်တယ်။

ဒါကြောင့် နှာသီးဖျားမှာဖြစ်စေ၊ အထက်နှုတ်ခမ်းမှာပဲ ဖြစ်စေ၊ နှာသီးဖျားကလည်း နှစ်ပေါက်ရှိနေတော့ ပိုပြီး ထင်ရှားတဲ့တစ်ပေါက်။ အဲဒီ တစ်ပေါက်မှာလည်း အလယ်ဘက် နီးကပ်တဲ့ နှာသီးဖျားလေးက ပိုကောင်းပါတယ်နော်။ အဲဒီ နှာသီးဖျားမှာ စိတ်ကလေး ထိသွားတဲ့နေရာမှာ စိတ်ကလေး ကပ်ပြီးတော့ ရှုရမှာ။ ဘာကိုသာ ရှုရမှာလဲ? ထိမှုကို ရှုရမှာလား၊ ထိတဲ့လေကို ရှုရမှာလားလို့မေးရင် ဘယ်လိုဖြေမလဲ? ထိတဲ့လေကို ရှုရမှာ။ ထိုလေသည် အထဲဝင်တော့ အထဲကို လိုက်ကြည့်ရမှာလား၊ မကြည့်ရဘူးလား မေးရင် ဘယ်လိုဖြေမလဲ? မကြည့်ရဘူးနော်။ ထိတဲ့နေရာကပဲ စောင့်ကြည့်ရမယ်နော်။ ထိုလေသည် အပြင်ထွက်သွားတဲ့အတွက် အပြင်ကိုကော လိုက်ကြည့်ရမလားမေးရင် မကြည့်ရဘူး။ ဘယ်က စောင့်ကြည့်ရမလဲ? ထိတဲ့နေရာက စောင့်ကြည့်ရမှာ။ ထိတာနဲ့ ရှိတဲ့လေနဲ့ အဓိပ္ပာယ်ချင်း မတူဘူးနော်။ ထိမှုကို သက်သက်ကြည့်နေတာက ကမ္မဋ္ဌာန်းတစ်မျိုး သွားလိမ့်မယ်။ ထိတဲ့လေလေးကို ကြည့်နေတာက ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်ပါတယ်။ အာနာပါနကမ္မဋ္ဌာန်း ဖြစ်ပါတယ်။ အဲဒီ ထိတဲ့လေလေးကို ထိတဲ့နေရာက စောင့်ပြီးတော့ ကြည့်။ ဘာကြောင့် ကြည့်ရတာလဲလို့ မေးရင်တော့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာတော်က မိမိရဲ့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ရေးသား ဖော်ပြထားပါတယ်။

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ထိထိသွားတဲ့ နေရာလေးမှာ သတိလေး ကပ်ပြီးတော့ ဒီအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်မှ အာနာပါနဿတိ သမာဓိဘာဝနာသည် ပြီးစီးနိုင်တယ်၊ ပြည့်စုံနိုင်တယ်။ ဒီလို ဖွင့်ထားတယ်။ ဒါကြောင့် ဒီစည်းကမ်းက သိပ်အရေးကြီးပါတယ်။ ထိတဲ့နေရာကို လွှတ်ပြီးတော့ လိုက်ကြည့်ရမလား? မကြည့်ရဘူးလားမေးလျှင် ဘယ်လို ဖြေမလဲ? မကြည့်ရဘူး။ ထိတဲ့နေရာကနေ စောင့်ပြီးတော့ ပွားများအားထုတ်မှ ဒီအာနာပါနဿတိ သမာဓိဘာဝနာက ပြီးစီးနိုင်တယ်။ ပြည့်စုံနိုင်တယ်။ ဒီစည်းကမ်းကို ရိုသေစွာ လိုက်နာပါနော်။

ကဲ ...ကောင်းပြီ အဲဒီ ထိတဲ့နေရာက စောင့်ပြီးတော့ လေလေးကို ကြည့်တဲ့အချိန်အခါမှာ မမှတ်ဘဲ မနေနိုင်တဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို မှတ်မလဲ? ဝင်ရင် ဝင်လေ၊ ထွက်ရင် ထွက်လေ ဒီလို မှတ်နိုင်ပါတယ်။ မမှတ်ဘဲ နေနိုင်တဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ် ဆိုရင်တော့ မမှတ်ပါနှင့်။ စိုက်သာ ကြည့်နေပါ ရတယ်။ ဝင်တဲ့လေကိုလည်း ထိတဲ့နေရာမှာ သိတယ်။ ထွက်တဲ့လေကိုလည်း ထိတဲ့နေရာမှာ သိနေရင် လုံလောက်ပါတယ်နော်။

လုံလောက်တဲ့ အချိန်အခါကျတော့ စိတ်ကလေးက တစ်ခါတလေ ရှုစမှာတော့ အသင့်အတင့် ငြိမ်သလို ထင်ရပေမယ့် တကယ်လက်တွေ့ ရှုလိုက်တဲ့ အချိန်အခါအမှာ အတွေးအခေါ်တွေက ဆွဲဆွဲပြီး ခေါ်သွားတဲ့အတွက် ဒီစိတ်က ဘာဝနာအာရုံကနေ တခြားအာရုံတွေကို ပျံ့လွင့်ပြီး ထွက်ထွက်ပြီး သွားတတ်ပါတယ်။ အဲဒီလို စိတ်ပျံ့လွင့်မှုတွေက များလာပြီ ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? အဋ္ဌကထာကြီးများက ရေတွက်တဲ့နည်းလေးကို အသုံးပြုပါဆိုပြီး ညွှန်ကြားထားတယ်နော်။

ရေတွက်တဲ့ အပိုင်းမှာလည်း တစ်ကနေ ငါးအထိ အနည်းဆုံး၊ တစ်ကနေ တစ်ဆယ်အထိ အများဆုံး ရေတွက်ပါ။ ငါးထက်လည်း မနည်းပါနဲ့ တစ်ဆယ်ထက်လည်း မပိုပါနဲ့ ဆိုပြီး ဒီလို သတ်မှတ်ချက် ပေးတယ်။ အဲဒီ သတ်မှတ်ချက်အရ များသောအားဖြင့် ယောဂီများကိုတော့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတွေကို ပူဇော်သောအားဖြင့် တစ်ကနေ ရှစ်အထိ ရေတွက်ခိုင်းပါတယ်နော်။ ဂုဏ်တော်ကိုးပါးကို ပူဇော်သောအနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်။ ဘုရားရှင်ရဲ့ ကိုယ်တော်အား ဆယ်ပါး၊ ဉာဏ်တော်အား ဆယ်ပါးကို ပူဇော်သောအနေနဲ့ (၁၀)အထိ ရေတွက်လို့ ရပါတယ်။ ကိုယ်ကြိုက်သလို ရေတွက်နော်။ ဒါပေမဲ့ တစ်ကနေ ရှစ်အထိ ရေတွက်တယ် ဆိုကြစို့နော် ...

ဝင်လေထွက်လေ နှစ်ခုပေါင်းကို “တစ်'၊ ဝင်လေထွက်လေ “နှစ်'၊ ဝင်လေထွက်လေ “သုံး'၊ ဝင်လေထွက်လေ “လေး'၊ ဝင်လေထွက်လေ “ငါး'၊ ဝင်လေထွက်လေ “ခြောက်'၊ ဝင်လေထွက်လေ “ခုနှစ်'၊ ဝင်လေထွက်လေ “ရှစ်'။ “တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက်စေရ' ဒီလို စိတ် ခပ်ပြင်းပြင်းလေး ထားပြီးတော့ ဝင်လေထွက်လေကို ရှုရပါတယ်။

ထွက်လေက စရှုရမလား, ဝင်လေက စရှုရမလားမေးရင် ဘယ်လို ဖြေကြမလဲ? ဝင်လေက စရှုတယ်နော်။ နှစ်နည်း ဖွင့်ထားတာတော့ ရှိပါရဲ့။ သတ္တဝါများ မိခင်ဝမ်းထဲက စပြီး မွေးလာတဲ့အခါမှာ ထွက်လေက အရင် စဖြစ်တယ်ဆိုပြီးတော့ ဝိနည်းအဋ္ဌကထာများမှာ ဖွင့်ထားတဲ့အတွက် ထွက်လေဝင်လေကို ရှုတဲ့နည်းလည်း ရှိတယ်။ သုတ္တန်အဋ္ဌကထာများကတော့ လုပ်ငန်းခွင်ကို ဖော်ပြတဲ့အတွက် ဝင်လေကနေ စရှုဖို့ရန် ညွှန်ကြားထားတယ်။

အဲဒီတော့ ဝင်လေထွက်လေ ဒီလို ရှုတယ်။ ရှုလိုက်တဲ့အပိုင်းမှာ ရေတွက်ခြင်း ဂဏာနာနည်းရဲ့ စွမ်းအင်ကြောင့် စိတ်တွေ တဖြည်းဖြည်း ငြိမ်ဝပ်လာတတ်ပါတယ်လို့ ဒီလို အဋ္ဌကထာက ရှင်းထားပါတယ်။ သို့သော် ဒီနေရာမှာ အလွန် အားကောင်းနေတဲ့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့ လိုအပ်ပါတယ်။ သဒ္ဓါဆိုတာက ဘာလဲ? ယုံကြည်ချက် စွမ်းအင်ပဲ။ ဒီဝင်လေ ထွက်လေကိုရှုနေရင် ငါဟာ စျာန်ကိုရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် စွမ်းအင် အပြည့်အဝ ရှိဖို့လိုတယ်။ ဝီရိယ၊ ဝင်လေထွက်လေ အာရုံပေါ်မှာ မိမိရဲ့ စိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားအားထုတ်နေတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိဖို့ လိုတယ်။ ပျော့ညံ့ ပျော့ညံ့ လုပ်နေလို့တော့ ရပါ့မလား? မရဘူး။

အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောက်ျားတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ, အမျိုးသမီးတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ရနိုင်တဲ့ အရာမှန်ခဲ့ရင် ဝီရိယရဲ့ နောက်ဆုတ်ပြီး ရပ်တန့်နေခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရဘူး' ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်၊ ခိုင်မြဲတဲ့ ကြိုးစားအားထုတ်မှု အင်္ဂါလေးတန်နဲ့ ပြည့်စုံတဲ့ ဝီရိယ ခြံရံပြီးတော့ ကြိုးစားရပါတယ်နော်။ နောက်တစ်ခုကတော့ သဒ္ဓါ၊ ဝီရိယ နောက်တစ်ခုက ဘာလဲ?

သတိ - ဝင်လေထွက်လေကို အမှတ်ရနေတဲ့ သတိ, ထင်ရှားစေတဲ့ သတိ, ကပ်ပြီး တည်နေတဲ့ သတိ အားကောင်းရမယ်။ ဝင်လေထွက်လေ အပေါ်မှာ အမှတ်ရနေတဲ့သတိ အားကောင်းလာရင် ဒီဝင်လေထွက်လေသည် တစ်စတစ်စ ထင်ရှားနေပါတယ်။ ထင်ရှားနေတဲ့ ဒီဝင်လေထွက်လေ အာရုံမှာ ဒီသတိရဲ့စွမ်းအင်ကြောင့် ဘာဖြစ်လာသလဲ? စိတ်သည် တဖြည်းဖြည်း ငြိမ်ဝပ်စွာ ကပ်ပြီးတော့ တည်လာတယ်။ သမာဓိ ဆိုတဲ့ စွမ်းအားဝင်လာတယ်။ အဲဒီ သမာဓိဆိုတဲ့ စွမ်းအင် ဝင်လာပြီ ဆိုလို့ရှိရင် နောက်တစ်ခု ဘာဝင်လာသလဲ? ဒီဝင်လေထွက်လေဆိုတဲ့ သဘောတရားလေးကို ထင်ထင်ရှားရှား သိနေတဲ့ ပညာ ဝင်လာတယ်။

ပေါင်းလိုက်တော့ ဣန္ဒြေဘယ်နှစ်ပါးလဲ? ငါးပါး။ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ။ ဘာဖြစ်လို့ ဒီတရားငါးခုကို ဣန္ဒြေခေါ်လဲလို့မေးတော့ - ဝင်လေထွက်လေ အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားနေတဲ့ ဘာဝနာစိတ်အစဉ်ကို ဘေးအာရုံတွေသို့ ရောက်မသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအင်ရှိလို့ သူတို့ကို ဣန္ဒြေလို့ ခေါ်တာနော်။ ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားရှိတယ်။ ဗိုလ်ငါးပါးလို့လဲ ခေါ်တယ်။ စွမ်းအားကြီး ငါးရပ်ပဲ။ အလွန်အားကောင်းတဲ့ စွမ်းအားပါ။ စိတ်ရဲ့ စွမ်းအင်ကြီး ငါးရပ်ပဲ။ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ဗိုလ်ငါးပါးပဲ။ အဲဒီ ဗိုလ်ငါးပါးခြံရံပြီးတော့ ဒီဝင်လေထွက်လေကို စနစ်တကျ ရှုတတ်ဖို့တော့ လိုပါတယ်။

စဉ်းစားခန်းလေးတွေ ခပ်အေးအေး ခပ်ဖြည်းဖြည်း စဉ်းစားလိုက်။ ဒီလိုတော့ ဖြစ်တန်ကောင်းရဲ့ ထင်တယ်။ နက်ဖြန် အိမ်ပြန်လိုက်ရင်တော့ ကောင်းမလား မသိဘူး။ ဟိုကလည်း မှာနေတယ်။ ဒီကလည်း မှာနေတယ်။ ဟိုသွားရကောင်းနိုးနိုး, ဒီသွားရကောင်းနိုးနိုး စသည်ဖြင့် အဲဒါလေးတွေကို ထိုင်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ တရားထိုင်နေတယ်။ ထိုင်တာကတော့ တရားပဲ။ ယောဂီတွေ မျက်နှာကြည့်လိုက်တော့ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေတယ်။ ဟုတ်ပလား ဘာတွေ လုပ်နေတာလဲ? စိတ်ကူးနေတယ် ... စိတ်ကူးနေတယ်။ အဲဒီ ကြံစည်စိတ်ကူးမှုတွေ အားများနေမယ်ဆိုလို့ရှိရင် ငြိမ်သက်မှု စွမ်းအင်တွေ လျော့မသွားဘူးလား? လျော့သွားပြီ။

ဒီတော့ လုပ်ငန်းခွင်တစ်ခု လုပ်တဲ့ အချိန်အခါမှာ ဒီသဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာခေါ်တဲ့ စွမ်းအင်ကြီး ငါးရပ်က စနစ်တကျ ဝင်လာဖို့ လိုအပ်ပါတယ်နော်။ လိုအပ်တဲ့အတွက်ကြောင့် ခုနက အဋ္ဌကထာဆရာတော်ကြီးများက ခုနက စိတ်ကလေးက အကယ်၍ မငြိမ်မသက် ဖြစ်နေခဲ့မယ် ဆိုရင်တော့ ရေတွက်တဲ့ ဂဏနာနည်းလေးကို အသုံးပြုဖို့ ညွှန်ကြားတယ်။ အဲဒီလို ရေတွက်တဲ့အပိုင်းမှာလည်း တချို့ယောဂီများက “စိတ်က မငြိမ်ဘူးဘုရား ...'ဆိုပြီး လာလျှောက်ပြန်တယ်။ ကဲ ... ဘယ့်နှယ်လုပ်မလဲ? အဲဒီမှာ သိပ်ပြီး စိတ်က မငြိမ်ရင်တော့ အဋ္ဌကထာဆရာတော်များက ရေတွက်တဲ့နည်းတွေကို အမျိုးမျိုး ဖော်ပြထားပါတယ်။ အဲဒီ အမျိုးမျိုးထဲက နောက်တစ်နည်းကတော့ ဓညဗာပက၊ စပါးခြင်သမားရဲ့ ရေတွက်တဲ့နည်း တစ်နည်း ဖော်ပြထားတယ်။

စပါးချင်နေတဲ့ ပုဂ္ဂိုလ်များက စပါးကို ချင်ပြီဆိုရင် တောင်းထဲကို စပါးတွေ ထည့်တယ်။ ထည့်တဲ့အချိန်အခါကစပြီး တစ်လို့ ရေတွက်တယ်။ မပြည့်မချင်း “တစ် တစ်'ပဲ ရေတွက်နေတယ်။ ပြည့်သွားပြီ နောက်ထပ် လောင်းလိုက်ပြီ။ လောင်းလဲ “တစ်'ပဲ ရေတွက်နေတယ်။ လောင်းလို့ပြီးလို့ စပါးကုန်သွားပြီ တင်းတောင်းထဲ စပါးမရှိတော့ဘူး ဆိုမှ “တစ်' ရပ်လိုက်တယ်။ နောက်ထပ်တစ်ခါ ထပ်ပြီး ဒုတိယအကြိမ် နှစ်တင်းလောက် ထပ်ချိန်ရင်လည်း ချင်တဲ့စပါး စပြီး ထည့်တဲ့ အချိန်အခါကစပြီး “နှစ် နှစ်'လို့ပဲ ရေတွက်နေတယ်။ ပြည့်သွားလို့ နောက်ထပ် မလောင်းမချင်း “နှစ်'ချည်း ရေတွက်နေတယ်။ လောင်းပြီးတဲ့ အခါကျတော့မှ “နှစ်'ကို ရပ်လိုက်တယ်။ အဲဒီ ပုံစံအတိုင်းပဲ -

ဝင်လေ ထွက်လေလေးကို ခပ်အေးအေး ခပ်မှန်မှန် စိတ်ကလေး ထားပြီးတော့ အသက်ရှုရတယ်။ အဲဒီလို အသက်ရှုလိုက်တဲ့ အချိန်အခါမှာ ဝင်လေထွက်လေက ခပ်အေးအေး ခပ်မှန်မှန် ခပ်ကြာကြာ အချိန်ကြာကြာလေး ဖြစ်နေတယ်ဆိုတဲ့ အချိန်အခါမှာ စဝင်နေတာကနေပြီးတော့ ဆုံးတဲ့အထိ စထွက်တာကနေ ဆုံးတဲ့အထိ အားလုံး တောက်လျှောက်လုံးမှာ “တစ် တစ် တစ် တစ်' မပြီးမချင်းပေါ့နော်။ ဝင်လေထွက်လေ နှစ်ခုပေါင်း မပြီးမချင်း အဲဒီလို “တစ်'ချည်းပဲ ရေတွက်နေ။ ခပ်များများလေး ရေတွက်ပေးရတယ်။ ပြီးသွားပြီဆို “တစ်'ကို ရပ်လိုက်။ နောက်တစ်ချိန် ဒုတိယအကြိမ် စပြီးတော့ “နှစ် နှစ် နှစ် နှစ်' မပြီးမချင်း ရေတွက်လို့ရတယ်။ အဲဒီ စနစ်အားဖြင့် ရှေးရှု ရေတွက်ကြည့်ပါ။ အဲဒီလို ဆိုရင်တော့ ရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအင်ကြောင့် စိတ်သည် ငြိမ်ဝပ်လာတတ်ပါတယ်။

နာရီဝက်လောက် ဖြစ်စေ, တစ်နာရီလောက်ဖြစ်စေ ငြိမ်ဝပ်လာပြီ။ သုံးလေးရက်လောက် ဆက်တိုက် ငြိမ်ပြီ ဆိုလို့ရှိရင်တော့ ရေတွက်တဲ့နည်း လွှတ်နိုင်ပါတယ်နော်။ လွှတ်ပြီးတဲ့ အချိန်အခါကျတော့မှ ရေတွက်ခြင်း ဂဏနာနည်းကို လွှတ်ပြီးတော့ ဘာကို ရှုရမလဲ? လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်က ဟောပြီ။ အဲဒီအခါကျတော့မှ -

သော သတောဝ အဿသတိ သတောဝ ပဿသတိ

သော၊ ထိုယောဂါဝစရ ရဟန်းတော်သည်။ သတောဝ၊ သတိရှိသည်ဖြစ်၍သာလျှင်။ အဿသတိ၊ ဝင်သက်လေကို ဖြစ်စေ၏၊ သတောဝ၊ သတိရှိသည်ဖြစ်၍သာလျှင်။ ပဿသတိ၊ ထွက်သက်လေကို ဖြစ်စေ၏၊

သတိလေး ရှိလျက်နှင့် ဝင်သက်လေကို ဖြစ်အောင် ကျင့်ပါ။ သတိလေး ရှိလျက် ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါ။ သတိရှိလျက် အသက်ရှုနေပါ။ ဘုရားရှင် နှစ်ခြိုက်တဲ့ အသက်ရှုနည်း ဖြစ်ပါတယ်။ ဒီနေ့ ယောဂီတွေ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေအားလုံး အသက်မရှုကြဘူးလား? ရှုကြပါတယ်။ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှုတတ်ရင် အရဟတ္တဖိုလ်အထိ ရနိုင်ပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်အတိုင်း အသက်ရှုတတ်ပလားလို့ မေးရင် ဘယ်လို ဖြေမလဲ? မရှုတတ်သေးဘူးလို့လဲ ဖြေတဲ့လူ ရှိတယ်နော်။ ရှုတတ်တယ်လို့ ဖြေတဲ့ပုဂ္ဂိုလ်လည်း ရှိပါတယ်။ ဘုန်းကြီးဘက်ကတော့ နှစ်မျိုးလုံး လက်ခံပါတယ်နော်။ ဘာဖြစ်လို့လဲ?

ရှုတတ်တဲ့ ပုဂ္ဂိုလ်လည်း ရှိတန်သလောက် ရှိလို့ပါ။ မရှုတတ်သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတန်သလောက် ရှိနေပါသေးတယ်။ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှုလိုက်တဲ့အခါ ဘယ်အထိ ဆိုက်နိုင်သလဲ? အရဟတ္တဖိုလ်အထိ ဆိုက်နိုင်ပါတယ်။ ဒါကြောင့် အသက်ရှုနေတာ နေ့စဉ် ဖြစ်တယ်။ နေ့တိုင်း အသက်ရှုတယ်။ အချိန်တိုင်းလိုလို အသက်ရှုနေတယ်။ အသက်ရှုတတ်လို့ရှိရင် အရဟတ္တဖိုလ် ရနိုင်တယ်ဆိုရင် ဒီလို နည်းစနစ်မျိုးတွေ သိထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ လေ့ကျင့်ဖို့လည်း မကောင်းဘူးလား? ကောင်းပါတယ်။ ဘာမှ ဆွေမတော် မျိုးမတော်တဲ့ ငမူးတစ်ကောင်ကို သွားပြီး ကျွန်ခံနိုင်သေးတယ်ဆိုရင် တစ်သက်လုံး အရိုက်ခံပြီးတော့ ကျွန်ခံနိုင်သေးတယ်ဆိုရင် ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ဒီအသက်ရှုနည်းလေးတွေကို ပိုပြီးတော့ လေ့ကျင့်ဖို့ မကောင်းဘူးလား? (ကောင်းတယ်) အဲ ဟုတ်ပြီ ... ဟုတ်ပြီ။

ကဲ ... အဲဒီလို သတိမြဲရမယ် ဆိုတာက ဘယ်လောက် မြဲရမလဲလို့ မေးတော့ - ဝင်သက်လေမှာ ဆယ့်ခြောက်မျိုးသော အခြင်းအရာ၊ ထွက်သက်လေမှာ ဆယ့်ခြောက်မျိုးသော အခြင်းအရာအားဖြင့် သတိမြဲပါစေလို့ ဒီလို ဘုရားရှင်က ဟောထားတယ်။ အဲဒီ ဆယ့်ခြောက်မျိုးမှာ - နံပါတ်(၁) လေးမျိုး။ စတုက္ကလို့ ခေါ်ပါတယ်။ နံပါတ်(၁) လေးမျိုးကို ဘုရားရှင် ဘယ်လို စဟောသလဲ?

ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

အသက်ရှုတဲ့ အချိန်အခါမှာ ဝင်သက်လေက ရှည်ရင် ရှည်တဲ့အတိုင်း သိပါ။ တိုရင် တိုတဲ့အတိုင်း သိပါ။ ရှည်တယ်ဆိုတာက ဘာပြောတာလဲ? အသက်ရှုနှေးတာကို ပြောတယ်။ တိုတယ်ဆိုတာက ဘာပြောတာလဲ? အသက်ရှု မြန်တာကို ပြောတာ။ နှေးအောင်လည်း မကြိုးစားပါနဲ့။ မြန်အောင်လည်း မကြိုးစားပါနဲ့။ ပုံမှန်သာ ရှုမြဲ အသက်ရှုပါ။ အဲဒီလို ပုံမှန် အသက်ရှုပေမဲ့လို့ တစ်ခါအသက်ရှုတာနဲ့ တစ်ခါ အသက်ရှုတာ ညီတူညာတူ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစ်ခါတလေ အသက်ရှုတာက စိတ်ငြိမ်လာရင် နှေးချင်နှေးသွားတတ်တယ်။ တစ်ခါတလေ အသက်ရှုတာက စိတ်ငြိမ်လာပြီ ဆိုရင် မြန်ချင်လည်း မြန်နေတတ်တယ်။ စိတ်တော်တော်လေး ငြိမ်တဲ့ အချိန်အခါကျမှ ဒီအဆင့်ကို ကူးပါ။ အဲဒီတော့ အဲဒီလို ရှည်ရင် ရှည်တယ်လို့ သိမယ်။ နောက်တစ်ခု ဘာသိရမလဲ?

ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။

အသက်ရှု တိုရင် တိုတယ်လို့ သိပါ။ တိုတယ်ဆိုတာက ဘာပြောတာလဲ? အသက်ရှု နှေးတာ။ နံပါတ်(၁)က အရှည်။ နံပါတ်(၂)က အတို။ ဒီတစ်ထိုင်မှာတော့ ငါ အရှည်ကို ရှုမယ်ဆိုပြီး သက်သက် ရှည်အောင် လုပ်မရှုနဲ့။ သမာဓိမဖြစ်ဘူး။ ဒီတစ်ထိုင်မှာ ငါ အတိုကို ရှုမယ်ဆိုပြီး တိုအောင် သက်သက်လုပ်ပြီးတော့ မရှုနဲ့။ သမာဓိမဖြစ်ဘူးနော်။ ပုံမှန်သာ ရှုပါ။ ပုံမှန်ရှုတဲ့ အချိန်အခါမှာ တစ်ခါတစ်ရံ အသက်ရှုက နှေးချင်နှေးမယ်။ နှေးရင်လည်း နှေးတဲ့အတိုင်း သိနေပါ။ အရှည်လို့လဲ မမှတ်နဲ့။ မမှတ်ဘဲ မနေနိုင်လို့ မှတ်ချင်တယ် ဆိုရင် ဘာလုပ်ရမလဲ? ဝင်လေထွက်လေ ဒီလိုပဲ မှတ်ပါ။ တစ်ခါတစ်ရံ အသက်ရှုက တိုချင်လည်း တိုမယ်။ နှေးချင်လည်း နှေးသွားမယ်။ နှေးလည်း နှေးတဲ့အတိုင်းပဲ သိနေပါ။ ဒီလောက်ပါနော်။ သိနေရင် ပြီးပါတယ်။

ဒီတော့ အဲဒီမှာ ဝင်သက်လေ ထွက်သက်လေကို ရှုတဲ့အပိုင်းလေးမှာ ရှည်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်သိ။ တိုလည်း တိုတဲ့အတိုင်း တောက်လျှောက်သိ။ တောက်လျှောက်ဆိုတာက အထဲ လိုက်ရမလား, အပြင် လိုက်ရမလားဆိုတော့ မလိုက်ပါနဲ့။ ထိတဲ့နေရာကို လွှတ်ရမလား, မလွှတ်ရဘူးလား? မလွှတ်နဲ့။ ထိတဲ့နေရာမှာ တောက်လျှောက်သိနေဖို့ လိုအပ်တယ်နော်။ ဝင်သည်ဖြစ်စေ, ထွက်သည်ဖြစ်စေ ထိထိနေတဲ့ နေရာကနေပြီးတော့ တောက်လျှောက်သိရမယ်။ ဘာကို သိရမလဲ? လေကို သိရမယ်။ ဘာလေလဲ? ဝင်လေ ထွက်လေ။ အဲဒီ ဝင်သက်လေ ထွက်သက်လေ အရှည် အတိုကို စနစ်တကျသိအောင် စိတ်ခပ်အေးအေးလေးထားပြီး ရှုလိုက်တော့ ဒီ ရှည်နေ တိုနေတဲ့ လေအာရုံမှာ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတတ်ပါတယ်။

ဒီအပိုင်းမှာ ပါရမီအတော်အသင့် ရင့်ညောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ် ဆိုရင်တော့ နိမိတ် စပေါ်လာတတ်ပါတယ်နော်။ တချို့ယောဂီတွေက တစ်ဦးနဲ့တစ်ဦးတော့ မတူဘူး။ တချို့ယောဂီက အလင်း စပြီးတော့ ပေါ်တတ်တယ်။ တချို့ယောဂီက နိမိတ် အရင်စပြီး ပေါ်တတ်ပါတယ်။ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါတွေအပေါ်မှာ မူတည်တယ်လို့ ယူဆရပါတယ်နော်။ ဒီတော့ အဲဒီမှာ အရှည် အတိုကို ရှုနေတဲ့အပိုင်းလေးမှာ နိမိတ်က ပေါ်လို့ရှိရင်လည်း နောက် တတိယအဆင့် ကူးရတယ်။ မပေါ်ဘူး ဆိုရင်လည်း ဒီအရှည်အတိုမှာ သုံးရက်လောက်အထိတော့ အနည်းဆုံး ကြိုးစားကြည့်ပါ။ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီ, တစ်နာရီကျော်ကျော် တစ်နာခွဲလောက်အထိ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ။ နိမိတ်ကတော့ မပေါ်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ နောက် တတိယ ညွှန်ကြားချက် မြတ်စွာဘုရားရဲ့ ညွှန်ကြားချက်ကို ကူးရမယ်။ ဘုရားရှင်ရဲ့ တတိယညွှန်ကြားချက်က ဘာလဲ?

သဗ္ဗကာယ ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

ဝင်လေထွက်လေရဲ့ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် အသက်ရှုပါ။ အသက်ရှုနည်းတစ်မျိုး တိုးမလာဘူးလား? တိုးလာတယ်။ ရှည်ချင်လည်း ရှည်ပါစေ, တိုချင်လည်း တိုပါစေ။ တစ်နည်းပြောရင် အသက်ရှုတာ နှေးချင်လည်း နှေးပါစေ၊ မြန်ချင်လည်း မြန်ပါစေ။ ထိတဲ့နေရာလေးကနေ စပြီးတော့ ဝင်တာကနေ ဆုံးတဲ့အထိ တောက်လျှောက် အကုန်လုံး သိပါစေ။ စထွက်တာကနေ ဆုံးတဲ့အထိ အကုန်လုံး တောက်လျှောက် သိနေပါစေ။ သိအောင် ကျင့်ပါ။ ဒီလို ညွှန်ကြားထားတယ်။ ဒီနေရာမှာ စိတ်ကို အလွန် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတယ်။ ကိလေသာတွေမှ မဝင်အောင် မိမိရဲ့ စိတ်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက သီလ။ ဝင်လေ ထွက်လေ အာရုံပေါ်မှာ စိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားခြင်းက သမာဓိ။ ဝင်လေထွက်လေကို အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိနေခြင်းက ပညာ။ ဒီ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဒီနေရာမှာ စုံအောင် ကျင့်စမ်းပါလို့ ဘုရားရှင်က ကျင့်စေလိုတဲ့အတွက် -

သဗ္ဗကာယ ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ

သဗ္ဗကာယ ပဋိသံဝေဒီ၊ ဝင်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိရှိသည်ဖြစ်၍။ အဿသိဿာမီ၊ ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊

ဆိုပြီး သိက္ခတိ သဒ္ဓါလေးနဲ့ ထည့်ဟောထားတယ်။ သိက္ခာသုံးရပ် စုံအောင် ကျင့်ပါလို့ ဒီလို ညွှန်ကြားထားတယ်။ ဘာသိက္ခာတွေလဲ? သီလသိက္ခာ, သမာဓိသိက္ခာ, ပညာသိက္ခာ။ သီလက ဘာလဲ? ဒီဝင်သက်လေလေး ရှုနေတဲ့ အချိန်အခါ၊ ထွက်သက်လေလေး ရှုနေတဲ့ အချိန်အခါမှာ ရာဂ ဒေါသ မောဟစတဲ့ ကိလေသာ အညစ်အကြေးတွေ ဝင်ရောက် မလာအောင် မိမိရဲ့စိတ်ကို ထိန်းကွပ်နိုင်တဲ့ စွမ်းအင်လေးပဲနော်။ ဘယ်လိုလုပ် ထိန်းမလဲလို့ မေးတော့ ဝင်သက်လေ ထွက်သက်လေဆိုတဲ့ အာရုံပေါ်မှာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ သတိလေးက ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ သတိသံဝရနော် လိုအပ်တယ်။ ဒီလို ထိန်းသိမ်းစောင့်ရှောက်တာက မိမိသန္တာန်မှာ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေ ဝင်မလာအောင် စောင့်ရှောက်ခြင်းပဲနော်။ သီလသိက္ခာလို့ ခေါ်ပါတယ်။

အကယ်၍ ဝင်သက်လေ ထွက်သက်လေ အာရုံမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပြီ ဆိုရင်တော့ သမာဓိသိက္ခာ ဝင်လာပြီ။ ဝင်သက်လေ ထွက်သက်လေကို အစ အလယ် အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိပြီဆိုရင်တော့ ပညာသိက္ခာ ဝင်လာပြီ။ သီလ သမာဓိ ပညာ ဒီသိက္ခာသုံးရပ် စုံအောင် ကျင့်ပါလို့ သိစေလိုတဲ့အတွက် ဒီကောဋ္ဌာသကျတော့ ဒီအပိုင်းကျတော့မှ မြတ်စွာဘုရားက -

သဗ္ဗကာယ ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

သဗ္ဗကာယ ပဋိသံဝေဒီ၊ ဝင်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိရှိသည်ဖြစ်၍။ အဿသိဿာမီ၊ ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊ သဗ္ဗကာယ ပဋိသံဝေဒီ၊ ထွက်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိရှိသည်ဖြစ်၍။ ပဿသိဿာမီ၊ ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊

ဝင်သက်လေ ထွက်သက်လေရဲ့ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်စမ်းပါ ဆိုပြီးတော့ အသက်ရှုပုံ နည်းစနစ်တစ်ခု ထပ်ပြီးတော့ ဘုရားရှင်က ညွှန်ကြားပေးတယ်။ အဲဒီ ညွှန်ကြားချက်အတိုင်း ကျင့်လိုက်တဲ့ အချိန်အခါမှာ ဘာဝနာစိတ်က ဝင်သက်လေ ထွက်သက်လေကို အကုန်လုံး ထင်ထင်ရှားရှားလည်း သိတယ်။ ငြိမ်လည်း ငြိမ်ဝပ်စွာ ကပ်ပြီးတော့ ဒီဝင်သက်လေ ထွက်သက်လေ အာရုံမှာ တည်နေပြီ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီ ဆိုလို့ရှိရင်တော့ ဒီအပိုင်းမှာလည်း နိမိတ် ပေါ်တတ်ပါတယ်။ ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့်တော့ ထပ်ကူးရပါတယ်။ အဲဒီ နောက်တစ်ဆင့် စတုတ္ထအဆင့်ကတော့ ဘာလဲ?

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

ကာယသင်္ခါရံ၊ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေဟု ခေါ်ဆိုအပ်တဲ့ ကာယသင်္ခါရတရားကို။ ပဿမ္ဘယံ၊ ငြိမ်းစေလျက်။ အဿသိဿာမိ၊ ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ ကာယသင်္ခါရံ၊ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေဟု ခေါ်ဆိုအပ်တဲ့ ကာယသင်္ခါရတရားကို။ ပဿမ္ဘယံ၊ ငြိမ်းစေလျက်။ ပဿသိဿာမိ၊ ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။

ဒီမှာလည်း သိက္ခတိ သဒ္ဒါနဲ့ ဟောတယ်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် စုံအောင် ကျင့်စမ်းပါ။ အသက်ရှုတဲ့ အခါမှာ ဒီလို ညွှန်ကြားနေတယ်။ ဘယ်လို လုပ်ရမလဲ? ဝင်သက်လေ ထွက်သက်လေလေးကို သိမ်မွေ့နူးညံ့အောင် ကြိုးစားရတယ်။ ဘယ်လောက်အထိ သိမ်မွေ့နူးညံ့ရမလဲလို့ မေးတော့ ပဿမ္ဘယ၊ ချုပ်ငြိမ်းသွားတဲ့ အဆင့်အထိ ကြိုးစားပါ။ သိမ်မွေ့ရာကနေပြီးတော့ တဖြည်းဖြည်း ဘာဖြစ်ရမလဲ? ဝင်သက်လေ ထွက်သက်လေ ချုပ်ငြိမ်းတဲ့ အဆင့်အထိရောက်အောင် ကြိုးစားရမယ်။ ဘယ်အခါမှာ ဒီဝင်သက်လေ ထွက်သက်လေသည် ချုပ်ငြိမ်းသလဲ? စတုတ္ထဈာန် သမာဓိသို့ ဆိုက်ပြီဆိုရင်တော့ ဝင်သက်လေ ထွက်သက်လေ လုံးလုံး ရပ်သွားပြီ။ အသက် မရှုတော့ဘူး။ အဲဒီအဆင့်အထိ ကြိုးစားပါလို့ ဘုရားရှင်က တိုက်တွန်းထားတယ်။

ဒီတော့ ဒီအဆင့်အထိရောက်အောင် ဘယ်လို ကျင့်မလဲလို့မေးတော့ ခုပြောခဲ့တဲ့အတိုင်း နံပါတ်(၁)က ဘာလဲ? အရှည်။ နံပါတ်(၂)က အတို။ နံပါတ်(၃)က အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှားသိအောင် ကျင့်ရတယ်။ နံပါတ်(၄)ကျတော့ ဝင်သက်လေ ထွက်သက်လေကို ပထမတော့ သိမ်မွေ့စေရမယ်ဆိုတဲ့ နှလုံးသားလေးနဲ့နော်။ သက်သက်ကလေး ဖြည်းဖြည်းလေး သိမ်မွေ့အောင် ကြိုးစားတာတော့ မလုပ်ပါနဲ့။ မောသွားတတ်တယ်။ သမာဓိ ပျက်သွားတတ်တယ်။ ဘယ်အခါမှာ ဒီလေ ငြိမ်သက်သွားအောင် ကျင့်ရမလဲလို့ မေးရင် ဝင်သက်လေ ထွက်သက်လေကို အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှားသိအောင် ရှုတဲ့အပိုင်းမှာ တစ်နာရီ နှစ်နာရီလောက် စိတ်က ငြိမ်ပြီဆိုတော့မှနော်။ အဲဒီအခါကျတော့မှ ဘာလုပ်ရမလဲ? ဒီလေလေးကို သိမ်မွေ့စေရမယ်ဆိုတဲ့ နှလုံးသွင်းဓာတ်ခံလေးနဲ့ အဲဒီ ဝင်သက်လေ ထွက်သက်လေရဲ့ အစအဆုံးကို အကုန်လုံး ထင်ထင်ရှားရှား သိအောင်ပဲ ဆက်ပြီး ရှုနေပါနော်။ ဒီတော့ ထိုင်တိုင်း ထိုင်တိုင်း ကျင့်ရမဲ့ ကျင့်စဉ်ကတော့ ဘာလဲ?

ပထမ စိတ်ငြိမ်အောင် ရှုရတယ်။ ငြိမ်လာပြီ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်က ရေတွက်ချင်လည်း ရေတွက်ပါ။ ဒီအပိုင်းမှာတော့ မရေတွက်လည်း ရပြီနော်။ ငြိမ်ပြီဆိုတာနဲ့ ဘာလုပ်ရမလဲ? နံပါတ်(၁) အရှည်။ နံပါတ်(၂) အတို။ နံပါတ်(၃) အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိအောင် ရှုရတယ်။ ဒါ ထိုင်တိုင်း ထိုင်တိုင်းပဲ။ အဲဒီလို ထင်ထင်ရှားရှား သိလို့ ငြိမ်လာပြီ ဆိုတဲ့အခါမှာ ဒီလေလေး သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်သာ အဲဒီ အစ အဆုံး အကုန်လုံး သိအောင်သာ ရှုနေပါတယ်။ အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်းနဲ့ စိတ်က ငြိမ်ဝပ်လာရင် ဝင်သက်လေ ထွက်သက်လေလည်း တဖြည်းဖြည်း သိမ်မွေ့လာမယ်။

ဒီလိုဆိုရင် ဘုရားရှင်ရဲ့ အရဟတ္တဖိုလ်ပေါက် ရောက်သည်အထိ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ရမဲ့ ကျင့်စဉ်သည် ဝင်သက်လေ ထွက်သက်လေကို သက်သက် ပြင်းထန်လာအောင် ကြိုးစားရမှာ ဟုတ်သလား၊ မဟုတ်ဘူးလား? မဟုတ်ဘူး။ ဘာသာလုပ်ရမလဲ? သိမ်မွေ့သွားအောင် နူးညံ့သွားအောင် ချုပ်ငြိမ်းသွားအောင် ကျင့်ရမဲ့ ကျင့်စဉ် ဖြစ်တယ်နော်။ အဲဒီတော့ အဲဒီ လေလေး သိမ်မွေ့လာပြီ ဆိုရင်တော့ အလွန် နူးညံ့သိမ်မွေ့နေတဲ့ အပ်ကလေးတစ်ချောင်းကို အလိုရှိတဲ့ သူတော်ကောင်းတစ်ဦးသည် ထိုအပ်ရဲ့ နဖားကို ထွင်းမဲ့ ဆူးက ပိုပြီး သိမ်မွေ့ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ အပ်နဖားကို ထွင်းမဲ့ အလွန်သိမ်မွေ့တဲ့ ဆူးကလေးတစ်ချောင်းကို အလိုရှိရသလိုပဲ အလားတူပဲ အလွန် သိမ်မွေ့နေတဲ့ ဝင်သက်လေ ထွက်သက်လေမှာ အလွန် အားကောင်းနေတဲ့ သတိ၊ အလွန် အားကောင်းနေတဲ့ ပညာတွေ လိုအပ်ပါတယ်။ တစ်နည်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာခေါ်တဲ့ အလွန် အားကောင်းနေတဲ့ စွမ်းအားကြီးငါးရပ် ထိုအချိန်ခါမှာ လိုအပ်ပါတယ်။

အဲဒီ စွမ်းအားကြီးငါးရပ်ကို လိုအပ်တဲ့အခါကျတော့ ဒီစွမ်းအားကြီး ငါးရပ်ထဲမှာ မရှိမဖြစ် အလွန် အရေးကြီးနေတဲ့ စွမ်းအင်ကြီးက ဘာလဲလို့ မေးရင် သတိ ဖြစ်ပါတယ်နော်။ သတိက အလယ်ခေါင်က ထိန်းပေးတယ်။ တစ်ခါတစ်ရံ သဒ္ဓါတရားတွေက သိပ်လွန်လာပြီ ဆိုရင်လည်း စိတ်က မငြိမ်မသက် ဖြစ်တတ်တယ်။ တစ်ခါတစ်ရံ ပညာက လွန်ကဲလာပြီ ဆိုလို့ရှိရင်လည်း ဝေဖန်နေတာနဲ့ အချိန်ကုန်သွားတတ်တယ်။ တစ်ခါတစ်လေ ဝီရိယတွေက သိပ်လွန်လာပြီ ဆိုလို့ရှိရင်လည်း စိတ်က ပျံ့လွင့်သွားတတ်တယ်။ တစ်ခါတလေ သမာဓိက သိပ်အားကောင်းလာပြီ ဆိုလို့ရှိရင်လည်း ဘဝင်တွေက ကျကျသွားပြီးတော့ ဘာမှမသိ ဖြစ်နေတတ်ပြန်တယ်။ ဒါကြောင့် ဒီသဒ္ဓါ ဝီရိယ သမာဓိ ပညာခေါ်တဲ့ ဒီလေးပါးကို အလယ်ခေါင်ဖြစ်တဲ့ သတိက ညီမျှသွားအောင် ချိန်ခွင်လျှာကဲ့သို့ သူက ထိန်းပေးတယ်နော်။

အဲဒီတော့ အလွန် အားကောင်းနေတဲ့ သတိ ဒီအချိန်အခါမှာ လိုအပ်တယ်။ လိုအပ်တဲ့အတွက် ဒီဝင်လေထွက်လေ အာရုံလေးက အလွန် သိမ်မွေ့လာပြီ ဆိုလို့ရှိရင် သိမ်မွေ့တဲ့ လေအပေါ်မှာ အလွန် အားကောင်းတဲ့ သတိလေးနဲ့ ကပ်ပြီးတော့သာ ဒီဝင်လေထွက်လေလေးကို အမှတ်ရနေပါ။ ရှုနေပါ။ ရှုလိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်း တချို့ယောဂီများမှာ ဒီအပိုင်းကျရင်တော့ ဝင်လေထွက်လေကို မတွေ့ ဖြစ်သွားတတ်တယ်။ အသက်မရှုတော့ဘဲ ရပ်နေတယ်လို့ ထင်လာတတ်တယ်။ အဲဒီလို ထင်လာတတ်တဲ့ အချိန်အခါမှာ အဋ္ဌကထာက ဘာနည်းပေးထားသလဲ?

'ငါတော့ ကမ္မဋ္ဌာန်းအာရုံ ပျောက်ပျက်သွားပြီဆိုပြီး နေရာမှ ထပြီးတော့ ဆရာသမားထံ သွားလျှောက်ထားဖို့တော့ ထမသွားလိုက်ပါနဲ့' ထသွားခဲ့ရင် ကမ္မဋ္ဌာန်းတွေက အသစ်အသစ် ထပ်ခါထပ်ခါ ဖြစ်နေလိမ့်မယ်။ ဘယ်လို ဖြစ်မလဲ? နောက်တစ်ခါ ထသွားတော့လည်း ဆရာသမားက ဒီလိုပဲ ဖြစ်တတ်တယ် ဆိုတာတော့ ရှင်းပြပါလိမ့်မယ်။ ဒါပေမဲ့လို့ နောက်တစ်ခါ ပြန်ထိုင်လည်း ဒီလို အဆင့် ပြန်ရောက်မှာပဲ။ ပြန်ရောက်ရင်လည်း တစ်ခါ ထသွားပြန်။ ထသွားပြီး တစ်ခါပြန်ထိုင်ပြန်။ ဒီလို အဆင့် ပြန်ရောက်ပြန် ဆိုတော့ အသစ်အသစ်ပဲ ထပ်ထပ် ဖြစ်မနေဘူးလား? ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ထမသွားနဲ့။ သူက နည်းလမ်းရှာရမယ်။ အကြောင်း ဥပါယ်တံမျဉ်ဖြင့် ဒီ ဝင်လေထွက်လေလေးကို တွေ့အောင် ပြန်ရှာပါ။

အကြောင်း ဥပါယ်တံမျဉ် ဆိုတာကတော့ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က အသက်မရှုတဲ့ ပုဂ္ဂိုလ် (၇)မျိုး ထုတ်ပြထားပါတယ်။ အဲဒီ (၇)မျိုးနဲ့ ပတ်သက်လို့တော့ ဘုန်းကြီးတို့ကတော့ အဋ္ဌကထာအရ ပြောတာပါနော်။ တချို့ သိပ္ပံသမားတွေကတော့ အဲဒီ (၇)မျိုးထဲက အမိဝမ်းမှာ ရှိတဲ့ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့တော့ သူတို့က နည်းနည်း လက်မခံချင်တဲ့ပုံစံနဲ့ စကားပြောကြတယ်။ ဒီတော့ အသက်မရှုတဲ့ ပုဂ္ဂိုလ်သည် -
၁။ သေတဲ့ပုဂ္ဂိုလ် အသက်မရှုဘူး။
၂။ အမိဝမ်းထဲမှာ ပဋိသန္ဓေတည်နေဆဲပုဂ္ဂိုလ် အသက်မရှုဘူး။
၃။ မေ့မျောနေတဲ့ပုဂ္ဂိုလ် အသက်မရှုဘူး။
၄။ ရေနစ်နေတဲ့ပုဂ္ဂိုလ် အသက်မရှုဘူး။
၅။ စတုတ္ထဈာန်ကို ဝင်စားနေတဲ့ပုဂ္ဂိုလ် အသက်မရှုဘူး။

အဲဒါ ဘုန်းကြီးတော့ သိပ်တော့ မပြောချင်ဘူး။ ဒါပေမဲ့ ပြောတော့ ပြောရတယ်။ ဘာဖြစ်လို့လဲ? ဆရာစား ချန်ထားတယ်လို့ ထင်မှာစိုးလို့။ တချို့တချို့ ပုဂ္ဂိုလ်တွေက “တပည့်တော် ဥပေက္ခာ ဧကဂ္ဂတာ ရောက်သွားပြီဘုရား ...' လာလျှောက်ပြီ။ “ကဲ ... ဥပေက္ခာ ဧကဂ္ဂတာရောက်ရင် အသက်ရှုတာ ပိုများကောင်းလာသလား?' “အာ ... သိပ်ကောင်းတာ ဘုရား...' ဟုတ်သလား၊ မဟုတ်ဘူးလား? ဘယ့်နှယ်တုန်း သီလရှင်တွေ ဟုတ်လား၊ မဟုတ်ဘူးလား? မဟုတ်ဘူး။ စတုတ္ထဈာန်သမာဓိ ဆိုက်ပြီဆိုရင် အသက်က မရှုဘူး။ အသက်ရှုလို့ သိပ်ကောင်းနေသေးတယ်ဆိုရင်ကော သူ စတုတ္ထဈာန်သမာဓိ ဆိုက်ပြီလား? မဆိုက်သေးဘူး။

သို့သော် ဒီအပိုင်းလေးမှာ ဥပေက္ခာ ဧကဂ္ဂတာ ရောက်တာကော ဟုတ်သလား၊ မဟုတ်ဘူးလား? ဈာန်အင်္ဂါ (၂)ပါးရှိတာ ဟုတ်သလား၊ မဟုတ်ဘူးလားမေးတော့ ဟုတ်သင့်သလောက် ဟုတ်တယ်။ ဒါပေမဲ့ သူက အပ္ပနာ ဈာန်အင်္ဂါတော့ မဟုတ်ဘူး။ ဥပစာရ ဈာန်အင်္ဂါပဲ။ ဥပစာရသမာဓိ နယ်မြေရောက်သွားပြီ ဆိုလို့ရှိရင် ထိုနယ်မြေကနေစပြီးတော့ သုခပြုတ်ပြီးတော့ ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ(၂)ပါးရှိတဲ့ အဆင့်ကို ကူးတယ်ဆိုပြီး အဋ္ဌကထာကတော့ ဖွင့်ထားပါတယ်။ ဒါပေမဲ့ သူက အဲဒီ စတုတ္ထဈာန်သမာဓိ ဆိုက်ပြီဆိုရင်တော့ သူက အသက် လုံးလုံးမရှုတော့ဘူး။

နောက်တစ်ခု အသက်မရှုတဲ့ ပုဂ္ဂိုလ်က နိရောဓသမာပတ် ဝင်စားတဲ့ ပုဂ္ဂိုလ်။ နိရောဓသမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတာက စိတ်-စေတသိက်တွေ လုံးလုံး ချုပ်သွားတယ်။ စိတ်-စေတသိက်တွေ ချုပ်တဲ့အတွက် စိတ်-စေတသိက်တွေ ထင်ရှားရှိမှ ဖြစ်နိုင်စွမ်းအားရှိတဲ့ စိတ္တဇရုပ်တွေကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဒီ ဝင်လေထွက်လေဟာ အဿသ၊ ပဿသ စိတ္တဇသမုဋ္ဌာနာ ဆိုပြီး အဋ္ဌကထာများက တိတိကျကျ ရှင်းထားပါတယ်။ အသက်ရှုနေတာဟာ စိတ်ရှိလို့ ရှုတာ။ စိတ်မရှိရင် အသက်ရှုဦးမလား? မရှုတော့ဘူး။ ဒါကြောင့် ငါဟာ နိရောဓသမာပတ် ဝင်စားတဲ့ပုဂ္ဂိုလ်လည်း အသက်မရှုဘူး။ နောက်တစ်ခုကတော့ ဘယ်သူ အသက်မရှုလဲလို့မေးတော့ ဗြဟ္မာတွေ အသက်မရှုဘူး။ ပေါင်းလိုက်တော့ အသက်မရှုတဲ့ပုဂ္ဂိုလ် ဘယ်နှစ်ဦးလဲ? (၇)ဦး။

အဲဒီ (၇)ဦးထဲက မိမိကိုယ်ကို မိမိ ပြန်ပြီး ဆန်းစစ်ရတယ်။ ငါဟာ သေနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ အမိဝမ်းမှာ ပဋိသန္ဓေ တည်နေဆဲ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ မေ့မျောနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ ရေနစ်နေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ စတုတ္ထဈာန် ဝင်စားနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ နိရောဓသမာပတ် ဝင်စားနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ ဗြဟ္မာလည်း မဟုတ်သေးဘူး။ အသက်မရှုတဲ့ ပုဂ္ဂိုလ်(၇)ဦး စာရင်းထဲမှာ ငါ မပါဘူး။ ငါဟာ အသက်ရှုနေတဲ့ ပုဂ္ဂိုလ်စာရင်းထဲမှာသာပါတယ်။ အသက်ရှုနေပါလျက်နဲ့ ငါ့ရဲ့ အသက်ရှုခြင်းကို ငါ မသိခြင်းသည် ငါရဲ့ အားနည်းသော သတိ ပညာကြောင့်သာ ဖြစ်တယ်လို့ ဒီလို အကြောင်းဥပါယ်တံမျဉ်အားဖြင့် မူလ ရှုနေကျ ဝင်သက်လေ ထွက်သက်လေလေး ထိထိနေတဲ့ နေရာကနေ စောင့်သာ ကြည့်နေပါတဲ့။ မှိုရှာသလိုတော့ လိုက်မရှာနဲ့နော်။ မှိုရှာသလို ဟိုချုံအောက်ရှာ၊ ဒီချုံအောက်ရှာပြီး လိုက်ရှာရမလား? မရှာနဲ့။ ဘယ်နေရာမှာ စောင့်ကြည့်ရမလဲ?

ဝင်သက်လေ ထွက်သက်လေ ထိတဲ့ နေရာလေးမှာသာ စောင့်ကြည့်နေပါ။ စောင့်ကြည့်နေရင် ဒီလေလေးကို တဖြည်းဖြည်း သိမ်မွေ့စွာ ပြန်တွေ့လိမ့်မယ်။ တွေ့ပြီဆိုတာနဲ့ စိတ်ကသာ ငြိမ်ပါစေ မကြာမီ အချိန်ကာလအတွင်းမှာ နိမိတ်ဆိုတာ စပြီး ပေါ်တတ်ပါတယ်နော်။ အဲဒီလို သိမ်မွေ့နေတဲ့လေမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ငြိမ်သထက် ငြိမ်အောင် ကပ်ထားလိုက်ရင် များသောအားဖြင့် နိမိတ်ပေါ်ပါတယ်။ တစ်နာရီလောက် တစ်နာရီခွဲလောက် ဆက်တိုက် ဆယ်ထိုင်လောက်သာ ငြိမ်ပါစေ များသောအားဖြင့် နိမိတ်ပေါ်တယ်။

သို့သော် စပ်ကြားကာလမှာ အတွေးလေးတွေက ကြိုကြားကြိုကြား ဝင်နေသေးတယ် ဆိုရင်တော့ သမာဓိက ခိုင်မလား? မခိုင်ဘူး။ မခိုင်ခံ့သေးရင်တော့ ဒီနိမိတ်သည် မပေါ်တတ်တဲ့သဘော ရှိပါတယ်နော်။ ကြိုကြားကြိုကြားမှာလည်း အတွေးလေးတွေက မဝင်ဘဲ ဆက်တိုက် စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ ဆိုရင်တော့ ဆယ်ထိုင် ဆယ့်ငါးထိုင်ကျော်သွားတဲ့ အချိန်အခါလောက်မှာ များသောအားဖြင့်တော့ နိမိတ် စပေါ်ပါတယ်။ နိမိတ်ကတော့ ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး မတူဘူးနော်။ တချို့က အရှည် ဆင်စွယ်လိုလည်း ပေါ်တတ်တယ်။ မီးချောင်းလိုလည်း ပေါ်တတ်တယ်။ အပ်ချည်ကြိုးလေးလိုလည်း ပေါ်တတ်တယ်။ တချို့ကျတော့ အဝိုင်း အဖြူရောင်မှာလည်း ပေါ်တတ်တယ်။ တချို့ကျတော့ ပတ္တမြားလို အနီလည်း ပေါ်တတ်တယ်။ တချို့ကျတော့ အရိုးလို အချောင်းလိုက်ကြီးလည်း ပေါ်ချင်ပေါ်နေတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မတူဘူး။ ဘာကြောင့် မတူသလဲလို့ မေးရင်တော့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာတော်ကတော့ သညဇ လို့ ဒီလို ရှင်းပြထားပါတယ်။

အဲဒီလို သမာဓိ ဖြစ်လာတဲ့ အချိန်အခါမှာ နိမိတ် မပေါ်တပေါ် အချိန်အခါလေးမှာ ဒီလို နိမိတ်ကလေး ပေါ်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေး မသိမသာ ဖြစ်သွားတယ်။ မသိမသာ ဖြစ်တဲ့အတွက် အဲဒီ စိတ်ကူးလေးကို ဘာဝနာသညာလို့ ခေါ်ပါတယ်။ ဒီဘာဝနာသညာရဲ့ ကွဲပြားမှုကြောင့် နိမိတ်တွေ ကွဲပြားသွားရပါတယ်လို့ ဒီလို ရှင်းထားတယ်။ ဒါကြောင့် ဒီအချိန်အခါမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ စိတ်မကစားမိအောင် ကြိုးစားဖို့ လိုတယ်။ ထိတဲ့နေရာမှာ ထိနေတဲ့လေလေး အပေါ်မှာသာ ဘာဝနာစိတ်ကို မြဲအောင် ကပ်ထားပါ။ ဒီလို နိမိတ်မျိုး ပေါ်ရင်ကောင်းမယ်ဆိုတဲ့ စိတ်တော့ မညွတ်နဲ့။ ညွတ်လိုက်ရင်တော့ နိမိတ်တွေ ပုံစံအမျိုးမျိုး ခဏခဏ ပြောင်းနေလိမ့်မယ်။ နမူနာလေးတစ်ခု ဆိုရင်တော့ ဘုန်းကြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက် ဟိုဘက်လောက်က ဆိုကြပါစို့နော် ...

ကမ်းနီမှာ ရှိစဉ်အချိန်အခါက ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိတယ်။ “အရှင်ဘုရား ... ဟိုက ဒကာကြီး သျှောင်ထုံးနဲ့ ဒကာကြီး သိပ် တရားကောင်းတယ်တဲ့။ အရှင်ဘုရား သွားပြီးဆွေးနွေးကြည့်ပါလား?' အမိန့်ရှိတယ်။ ဦးပဉ္စင်းကလည်း ဒီလို သတင်းကောင်းမျိုး သိပ်ကြားချင်တော့ သွားပြီး ဒကာကြီးနဲ့ တရားဆွေးနွေးကြည့်တယ်။ ဒကာကြီးကလည်း တကယ်တော်ပါတယ်။ ရိုးလည်း ရိုးသားတယ်။ သျှောင်ထုံးကြီးနဲ့ သူရဲ့ အတွေ့အကြုံလေးတွေ ရှင်းပြတယ်။ အဲဒီအထဲမှာ ဘုန်းကြီး အခုအပိုင်းနဲ့ ဆက်ဆိုင်နေတဲ့ အပိုင်းလေးကတော့ သူက ဒီနိမိတ်ကို ကစားလို့ရတယ်။ ကစားလို့ ရတာက သူက ဘာကြောင့် ကစားလို့ရသလဲလို့မေးရင် ဒီအာနာပါနကို လေ့ကျင့်နေတာက နှစ်က လေး ငါး ခြောက်နှစ်လောက် ရှိပြီ။ ဒီနိမိတ် ခိုင်ခံ့နေတာကလည်း လေး ငါး ခြောက်နှစ်လောက် ရှိပြီ။ အလွန် နိမိတ်က ခိုင်ခံ့နေတဲ့ အချိန်အခါမှာ သူက ဒီနိမိတ်ကို ကစားမယ်ဆိုရင် ကစားလို့ ရတယ်။

အဲဒီ ကမ်းနီကနေပြီးတော့ ရန်ကုန်ရွှေတိဂုံဘုရားကို လှမ်းပြီးတော့ ဒီနိမိတ်ကြီးနဲ့ ထိုးကြည့်လိုက်ရင် အလွန် အားကောင်းမောင်းသန်နေတဲ့ သင်္ဘောမီးနဲ့ ဆလိုက်ထိုးလိုက်သလို ရွှေတိဂုံဘုရားကြီးကို တန်းပြီး သူက မြင်နေတယ်။ အဲဒီ နိမိတ်ကို ပြန်ရုတ်သိမ်းပြီးတော့ ချက်ခြင်း နိမိတ်ကို ဝိုင်းစေဆိုရင် ချက်ခြင်း ဝိုင်းသွားတယ်။ ပုလဲလုံး ဖြစ်စေဆိုရင် ပုလဲလုံး ဖြစ်သွားတယ်။ ရွဲလုံး ဖြစ်စေဆိုရင် ရွဲလုံး ဖြစ်သွားတယ်။ ဘယ်အခါမှာလဲ? နိမိတ်ပေါ်တယ်ဆိုတာက အခုလက်တွေ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်များ သိကြပါတယ်။ သမာဓိက သိပ်ပြီး အလွန် အားကောင်းလာမှသာလျှင် ဒီနိမိတ်က ပေါ်တာပါ။ သမာဓိက ဒီနိမိတ်ပေါ်လောက်အောင်ကို အားကောင်းလာတဲ့ အချိန်အခါကျမှ ဒီနိမိတ်က ပေါ်တာဖြစ်တယ်။ နိမိတ်ပေါ်လာတဲ့ အချိန်အခါမှာ ဆိုလို့ရှိရင်လည်း ဘာဝနာသမာဓိက အလွန် ရင့်ကျက်နေပြီဖြစ်တဲ့အတွက် ဘာဝနာသညာလေးက ခုနကလို နည်းနည်း ပြောင်းလိုက်တာနဲ့ နိမိတ်တွေ အကုန်လုံး ပြောင်းမသွားဘူးလား? ပြောင်းသွားတတ်တယ်။ အဲဒီလို ပြောင်းလို့ အကျိုးရှိသလားလို့ မေးစရာတော့ ရှိတယ်။ အကျိုးမရှိပါဘူး ဆိုပြီးတော့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ညွှန်ကြားထားပါတယ်နော်။ ပထဝီကသိုဏ်းတို့၊ ဩဒါတကသိုဏ်းတို့ စတဲ့ ကသိုဏ်းတွေမှာ နိမိတ်ကို တိုးပွားအောင် ပြုလုပ်ရတယ်။ သို့သော်လည်း ဒီ အာနာပါနကမ္မဋ္ဌာန်းမှာ နိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ဘာမှ အကျိုးမရှိဘူး။ လေ အစုအပုံတွေသာ တိုးပွားလာလိမ့်မယ်။

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ထိထိသွားတဲ့ နေရာမှာ သတိလေးကပ်ပြီး ဒီအာနာပါနဿတိသမာဓိ ဘာဝနာကို ပွားများအားထုတ်ပါမှ အာနာပါနဿတိသမာဓိ ဘာဝနာသည် ပြီးစီးနိုင်တယ်၊ ပြည့်စုံနိုင်တယ်ဆိုတဲ့ ဒီစည်းကမ်းသတ်မှတ်ချက်ဘောင်ကိုလည်း ကျော်လွန်သွားတယ်။ အဲဒီ အကြောင်းပြချက်နှစ်ခုကြောင့် အာနာပါနမှာ နိမိတ်ကို မကစားပါနဲ့၊ နိမိတ်ကို တိုးပွားအောင်လည်း မလုပ်ပါနဲ့ဆိုပြီး အဋ္ဌကထာက ရှင်းပြထားပါတယ်နော်။ ဒါကြောင့် ဒီအပိုင်းမှာ နိမိတ် ပေါ်လာပြီ ဆိုလို့ရှိရင်တော့ ဘယ်လိုနိမိတ်ပဲ ပေါ်ပါစေ။ နိမိတ် မကစားမိအောင် စိတ်ကိုလည်း မကစားမိအောင် ကြိုးစားပါ။ ဝင်လေထွက်လေ အာရုံမှာသာ သမာဓိက စင်အောင် ကြိုးစားပါ။ ဒါပေမဲ့ နိမိတ်ပေါ်တဲ့ အပိုင်းမှာလည်း ယောဂီတွေက အမျိုးမျိုး ဖြစ်ကြတယ်။ တချို့ကလည်း ရှေးတုန်းက လေ့ကျင့်ထားတဲ့ အရှိန်အဝါတွေကြောင့်လို့ ယူဆရပါတယ်။ နဖူးမှာ ကပ်ကပ်ပြီး နိမိတ်က လာလာပေါ်နေတယ်။ မျက်မှောင်နှစ်ခုကြားမှာ လာပြီး ပေါ်တယ်။ တချို့ကျတော့လည်း နှာသီးဖျားနဲ့ လက်လေးလုံးခန့်၊ တစ်ထွာခန့်၊ တစ်မိုက်ခန့် ဒီလို ဝေးတဲ့နေရာတွေမှာလည်း နိမိတ်တွေ ပေါ်ပေါ်နေတတ်တယ်။ ပေါ်နေတဲ့အချိန် ဘာလုပ်ရမလဲ? ခုနက ပြောခဲ့တဲ့ စည်းကမ်း မမေ့ပါနဲ့။ ဝင်သက်လေ ထွက်သက်လေ ထိထိသွားတဲ့ နေရာက လွှတ်ပြီးတော့ တခြားနေရာကို လိုက်ပြီးတော့ ရှုမယ်ဆိုရင် စည်းကမ်း ပျက်မသွားဘူးလား? ပျက်သွားတယ်။

ထိတဲ့နေရာမှာ စိတ်ကလေး ငြိမ်အောင် သတိကို ကပ်ပြီးတော့ ရှုပွားမှ အာနာပါနဿတိသမာဓိဘာဝနာက ပြည့်စုံမယ်။ အဲဒီ စည်းကမ်းကို ရိုသေစွာ လိုက်နာဖို့ လိုအပ်ပါတယ်။ ရိုသေစွာ လိုက်နာမယ် ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? နိမိတ်နောက်ကို စိတ်မလိုက်ပါနဲ့။ ဝင်သက်လေ ထွက်သက်လေ ထိထိနေတဲ့ နေရာမှာသာ စိတ်ကလေးကို ကပ်ထားပါ။ အဲဒီလို ကပ်ထား လိုက်ပြီဆိုလို့ရှိရင် ဘာဖြစ်မလဲ? ဒီနိမိတ်သည် ဝင်သက်လေ ထွက်သက်လေနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ ဝင်သက်လေ ထွက်သက်လေသည်ပင် နိမိတ်၊ နိမိတ်သည်ပင် ဝင်သက်လေ ထွက်သက်လေဖြစ်ပြီ။ နှာသီးဖျားမှာ ကပ်နေလိမ့်မယ်။ ကပ်နေရင် ဝင်လေထွက်လေ ရှုနေရာကနေ နိမိတ်ကို ရှုပြီးသား ဖြစ်သွားမယ်။ နိမိတ်ကို ရှုလိုက်ရင်လည်း ဝင်သက်လေ ထွက်သက်လေကို ရှုပြီးသား ဖြစ်နေလိမ့်မယ်။ တစ်သားတည်း ဖြစ်သွားပြီ။ အဲဒီ အချိန်အခါမှာ ဒီနိမိတ်မှာ စိတ်က ကပ်ချင်လည်း ကပ်သွားတတ်ပါတယ်။ ကပ်ရင်လည်း မခွာနဲ့။ ဆက်သာ ကပ်ထား။ ဝင်လေထွက်လေကို ပြန်အာရုံမယူနဲ့။

အကယ်၍ မကပ်ဘူး ဆိုလို့ရှိရင်တော့ ထိုနိမိတ်ကလည်း နာရီဝက် တစ်နာရီလောက် ခိုင်နေပြီ ဆိုလို့ရှိရင်တော့ နိမိတ်မှာ ပြောင်းကပ်ကြည့်ပါ။ နိမိတ်ကို ပြောင်းပြီး စိတ်ကပ်တဲ့ အချိန်အခါမှာ ဝင်သက်လေ ထွက်သက်လေကို ပြန်မကြည့်နဲ့။ အာရုံလည်း မပြုနဲ့။ နိမိတ်အပေါ်မှာသာ စိတ်ကလေး ငြိမ်နေအောင် ကပ်ထား။ ကပ်ထားတယ်ဆိုတာက ဒီနိမိတ်ကိုသာ စိုက်ကြည့်နေပါ။ နိမိတ်က ရှည်နေရင်လည်း တောက်လျှောက် မကြည့်နဲ့၊ ထိတဲ့နေရာကသာ စောင့်ကြည့်ပါ။ ဝင်သက်လေ ထွက်သက်လေ ထိနေတဲ့ ထိမှုထင်ရှားတဲ့ နေရာကသာ စောင့်ပြီး ဒီနိမိတ်ကလေးအပေါ်မှာ စိတ်ကလေး ကပ်ထား။ ဘယ်လောက်ပဲ ရှည်ရှည်၊ ဘယ်လောက်ပဲ တိုတို၊ ဘယ်လောက်ပဲ ဝိုင်းဝိုင်း ဘာမှ မဖြစ်ဘူး။ စိတ်က ဒီနိမိတ်ထဲမှာ ဝင်ပြီး ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေဖို့ လိုတယ်။ ရေခွက်ကလေးတစ်ခုထဲမှာ ကျောက်ခဲလေးတစ်ခုကို နှစ်ထားလိုက်သလို ဒီနိမိတ်ထဲမှာ စိတ်ကလေးကို ငြိမ်နေအောင် နှစ်သာထားလိုက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလိမ့်မယ်။

တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီ ဆိုလို့ရှိရင်တော့ ပထမပေါ်စမှာ နိမိတ်က မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် ရှိပေမဲ့လို့ ဘာဝနာ သမာဓိက ရင့်ကျက်လာတဲ့အခါ ဝါဂွမ်းဆိုင်ကဲ့သို့ ဖြူတဲ့အဆင့် ပြောင်းသွားတတ်ပါတယ်။ ဒါကတော့ များသောအားဖြင့် ပြောတာပါနော်။ တချို့ အနီပေါ်တဲ့ပုဂ္ဂိုလ်လည်း ရှိတယ်။ အခု အဖြူပေါ်တဲ့ ပုဂ္ဂိုလ်ဘက်က ပြောကြစို့နော်။ ဝါဂွမ်းဆိုင်လို ဖြူလာပြီ ဆိုလို့ရှိရင်တော့ ထိုအဖြူထဲမှာပဲ ဘာဝနာစိတ်ကလေးကို နှစ်ထားလိုက်။ ငြိမ်နေအောင် ကပ်ထားလိုက်။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီ နိမိတ်ကလည်း ခိုင်လာပြီ ဆိုလို့ရှိရင်တော့ သောက်ရှူးကြယ်ကဲ့သို့၊ သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပတဲ့အဆင့် ပြောင်းသွားပြီ။

အဲဒီ မီးခိုးရောင်လို နိမိတ်ကိုတော့ ပရိကမ္မနိမိတ် လို့ ခေါ်ပါတယ်။ ဝါဂွမ်းဆိုင်ကဲ့သို့ ဖြူနေတဲ့ နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ် လို့ ခေါ်တယ်။ သောက်ရှူးကြယ်၊ သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေတဲ့ နိမိတ်ကျတော့ ပဋိဘာဂနိမိတ် လို့ ခေါ်ပါတယ်။ နိမိတ်ဘယ်နှစ်မျိုးလဲ? သုံးမျိုး။ အဲဒီ နိမိတ်တွေ အစဉ်အတိုင်း သွားပါတယ်။ သို့သော် တချို့ယောဂီများမှာ အတိတ်က ဆည်းပူးထားတဲ့ ပါရမီအရှိန်အဝါက အားကောင်းလို့ရှိရင် တစ်ထိုင်အတွင်းမှာပဲ ဒီနိမိတ်သုံးခုက ခဏလေးနဲ့ ကျော်သွားတတ်တယ်နော်။ ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို ပြောင်းသွားတတ်ပါတယ်။ ဒီဘဝမှာပဲ ရှေးတုန်းက အာနာပါနကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ရှုခဲ့ဖူးတယ် ဆိုလို့ရှိရင်လည်း စပ်ကြားကာလမှာ အာနာပါနကို မရှုဘဲ ပစ်ထားပေမဲ့လို့ အခုလို ဒီဌာန ရောက်လာတဲ့အခါ အာနာပါနကို ပြန်ရှုရင် လွယ်လွယ်ကူကူနဲ့ တစ်ထိုင်အတွင်းမှာလည်း တချို့ ဒီနိမိတ်ကို ပြန်ပြီးတော့ ရတတ်ပါတယ်နော်။ ဒါ ဘာကြောင့်လဲ?

ဒီဘဝမှာ လေ့ကျက်ခဲ့ဖူးတဲ့ ပါရမီ အရှိန်အဝါရဲ့ စွမ်းအင်ကြောင့် ဖြစ်ပါတယ်။ အဲဒီလို ပါရမီအားကောင်းနေလို့ရှိရင်တော့ ဒီနိမိတ်အပေါ်မှာ အလွန် ကြည်လင်တောက်ပနေတဲ့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး မကြာခင်အတွင်း တည်နေလိမ့်မယ်။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဒီ ကြည်လင်တောက်ပနေတဲ့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုရင်တော့ ဈာန်အင်္ဂါများ ထင်ရှားလာတတ်ပါတယ်နော်။ ဈာန်အင်္ဂါတွေက ဘာတွေလဲ? ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ။ ဒါ ပထမဈာန်မှာရှိတဲ့ ဈာန်အင်္ဂါ။ ဘယ်နှစ်ခုလဲ? ငါးခု။

ဝိတက်၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
ဝိစာရ၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်ကို ထပ်ခါ ထပ်ခါ သုံးသပ်ဆင်ခြင်ခြင်းသဘော။
ပီတိ၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်နေခြင်းသဘော။
သုခ၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော။
ဧကဂ္ဂတာ၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။

ပေါင်းလိုက်တော့ ဈာန်အင်္ဂါ ဘယ်နှစ်ပါးလဲ? ငါးပါး။ အဲဒီ တစ်ခုစီ တစ်ခုစီကို ဈာန်အင်္ဂါလို့ ခေါ်တယ်။ အဲဒီငါးပါးရဲ့ အပေါင်းအစုကိုတော့ ဈာန်ဆိုပြီး ဒီလို ခေါ်တာ။ မြေလျှိုမိုးပျံနေတဲ့အဆင့် ဟုတ်သလား? မဟုတ်ပါဘူး။ မြေလျှိုမိုးပျံတာကတော့ အဘိညာဉ်အဆင့်ပါနော်။ အခု ဒီဥစ္စာက ဈာန်ပဲ။ “စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် ဈာန်ဟုခေါ်သတတ်' ဆိုပြီးတော့ လယ်တီဆရာတော်ဘုရားကတော့ ဒီအပိုင်းလေးကို ဆိုဆုံးမထားပါတယ်နော်။ အခုလို အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အပေါ်မှာ စူးစူးစိုက်စိုက်နဲ့ ခိုင်ခိုင်မြဲမြဲ ရှုပွားသုံးသပ်နေတဲ့ ဈာန်အင်္ဂါတွေကို ဘာလို့ ခေါ်သလဲ? ဈာန်ဆိုပြီးတော့ ခေါ်ပါတယ်နော်။ အဲဒီ ပထမဈာန်သမာဓိဆိုက်တဲ့ အချိန်အခါမှာ ဒီဈာန်အင်္ဂါကို ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် ကြည့်ရမလဲ?

ထင်ရှားလာတဲ့အခါဆိုတော့ ဒီဈာန်အင်္ဂါတွေဟာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်တွေ ဖြစ်ကြပါတယ်နော်။ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်တွေက ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်တဲ့အတွက် သူတို့ ဖြစ်တဲ့နေရာက စောင့်ပြီး ဖမ်းကြည့်လိုက်ရင် လွယ်လွယ်ကူကူနဲ့ တွေ့တတ်တယ်။ အဲဒီလို ကြည့်လိုက်တဲ့အပိုင်းမှာ တချို့ယောဂီပုဂ္ဂိုလ်များကတော့ နည်းနည်းလေး စာပေဗဟုသုတလည်းရှိတာ အကြောင်းတစ်ခု ပါကောင်း ပါပါလိမ့်မယ်လို့ ယူဆရပါတယ်နော်။ ဟဒယဝတ္ထုရုပ်မှာ မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်စိတ် ရှိတယ်။ ဒီအိမ်ရှင်ဘဝင်စိတ်ကိုလည်း ဘုရားရှင် ကိုယ်တော်တိုင်က -

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ
စသည်ဖြင့် ပြိုးပြိုးပျက် တလက်လက် အရောင်တောက်ပမှု ရှိကြောင်း ဟောထားပါတယ်။ ဟိုစိတ်က အရောင်ရှိတာလို့ မဆိုလိုပါဘူးနော်။ အဲဒီ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်သွားတဲ့ စိတ္တဇရုပ်ကလာပ်တွေ ရှိတယ်။ အဲဒီ ရုပ်ကလာပ်တွေထဲမှာ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ်ခေါ်တဲ့ ရူပါရုံပါတယ်။ အဲဒီ ရူပါရုံရဲ့ တောက်ပမှု။ စိတ္တဇရုပ်တိုင်းမှာလည်း တေဇောဓာတ် ပါတယ်။ ဓာတ်ခွဲလိုက်ရင်နော်။ အဲဒီ တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်သွားတဲ့ ရုပ်တွေကို ဥတုဇရုပ်လို့ ခေါ်တယ်။ အဲဒီ ဥတုဇရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ် ရူပါရုံပါတယ်။ အဲဒီ ဝဏ္ဏဓာတ် ရူပါရုံရဲ့ တောက်ပမှုပဲ။ ဒါကတော့ တင်စားပြောတဲ့စကားလို့ မှတ်ပါနော်။

အဲဒီတော့ ဒီဘဝင်မနောအကြည်ဓာတ်ကလေး ရှိတယ်။ ဒီအကြည်ဓာတ်ကလေးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေ ဆင့်ကဲ ဖြစ်ပွားလာတဲ့ ဥတုဇရုပ်တွေမှာ ပါနေတဲ့ ဝဏ္ဏဓာတ် ရူပါရုံကလည်း တောက်ပတယ်။ သို့သော် ဒီဘဝင်မနောအကြည်ဓာတ်ကလေးကလည်း ကြည်နေတဲ့ သဘောရှိပါတယ်။ သူက အိမ်ရှင်စိတ်ဖြစ်တော့ ဟဒယဝတ္ထုရုပ်ကို မှီပြီး ဖြစ်နေတယ်။ အဲဒီ အိမ်ရှင်ဘဝင်မနောအကြည်ဟာ ဝီထိစိတ်တွေဖြစ်ရင် သူက ရပ်သွားတယ်။ ဝီထိစိတ် မဖြစ်ရင် သူ ပြန်ပေါ်လာတယ်။

ဘာဖြစ်လို့ ပြန်ပေါ်နေရသလဲလို့ မေးတော့ အတိတ်က ဒီဘဝမှာ ဖြစ်ပေါ်နေတဲ့ ဝိပါက် ရုပ်နာမ်တွေကို ဖြစ်စေတတ်တဲ့ အကြောင်းကံက မကုန်သေးဘူးဆိုလို့ရှိရင် သူ ပြန်ပြန်ပြီးတော့ ဒီကံရဲ့ စွမ်းအင်ကြောင့် ပေါ်လာတယ်။ ဘဝမှာ စိတ်အစဉ် မပြတ်စဲအောင် ဘဝ၏ အကြောင်းတရားအဖြစ်နဲ့ ရပ်တည်ပြီးတော့ ဆက်လက်ဖြစ်ပွားနေတဲ့ စိတ်ဖြစ်ခြင်းကြောင့် - ဘဝင်္ဂ ----- ဆိုပြီးတော့ ဘဝရဲ့ အကြောင်းတရားအဖြစ်နဲ့ နာမည်ပေးထားတယ်။

ဘဝင်ဆိုတာက ဘာပြောတာလဲ? ဘဝရဲ့ အကြောင်းရင်းပဲနော်။ ဘဝမှာ စိတ်အစဉ် မပြတ်စဲဘို့ရန်အတွက် အကြောင်းတရားဖြစ်တဲ့ စိတ်လို့ ဆိုလိုပါတယ်နော်။ အတိတ်က ကံက စီမံ ဖန်တီးပေးထားတာပဲ။ အဲဒီ ဘဝင်မနောအကြည်လေးက ကြည်နေတော့ စျာန်အင်္ဂါကို ဆင်ခြင်နေတဲ့ ယောဂီသူတော်ကောင်းက ဘဝင်မနောအကြည်ရှိရာ ခုနက ဟဒယဝတ္ထုအာရုံ ဟဒယဝတ္ထုဘက်သို့ လှမ်းပြီး စိုက်ပြီး ကြည့်လိုက်တဲ့အခါ ရုပ်ပိုင်းကို စနစ်တကျ မရှုတတ်သေးဘူးဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ ဟဒယဝတ္ထုရုပ်ကို မှီတွဲပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်မနောအကြည်ကို သွားပြီး တွေ့တတ်တယ်။

အဲဒီ ဘဝင်မနောအကြည်က မှန်လေးပဲ။ မိမိ မျက်နှာရှေ့မှာ မှန်တစ်ချပ် ရှိပြီဆိုရင် မှန်ထဲမှာ အရိပ်တွေ လာမထင်ဘူးလား? ထင်နေတယ်။ အဲဒီ ပုံစံအတိုင်းပဲ။ မိမိက ဒီအာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ သမာဓိ ထူထောင်နေတာဖြစ်တော့ ဟဒယဝတ္ထုရှိရာဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ဘဝင်မနောအကြည်ကို သွားတွေ့တတ်တယ်။ တွေ့လိုက်ပြီ ဆိုလို့ရှိရင် ဒီဘဝင်မနောအကြည်မှာ ဒီအာနာပါနပဋိဘာဂနိမိတ်ကြီးကလည်း လာပြီးတော့ ထင်နေတတ်တယ်။

ထင်လိုက်တဲ့ အချိန်အခါကျတော့ တချို့ယောဂီများက ဗဟုဿုတ မရှိရင် ဘာပြောလဲ? နှာခေါင်း နှာသီးဖျား အဝမှာ ရှိနေတဲ့ နိမိတ်ကြီးက အဲဒီ နှလုံးထဲကို ဝင်ဝင်နေတယ်ဆိုပြီး တချို့ ဒီလို လာပြောတယ်။ ဝင်သွားတာ ဟုတ်သလား? မဟုတ်ဘူး။ ဒီ ပဋိဘာဂနိမိတ်အာရုံက ဒီဘဝင်မနောအကြည်မှာ လာထင်နေခြင်းဖြစ်တယ်။

ဒီအပိုင်းကတော့ ယောဂီပုဂ္ဂိုလ် ဘယ်မှာ ပိုပြီး သဘောပေါက်တတ်သလဲလို့ မေးရင်တော့ နာမ်ကမ္မဋ္ဌာန်း ရှုတဲ့အပိုင်းရောက်ရင် ပိုသဘောပေါက်တတ်ပါတယ်။ ဥပမာ = မိမိက အလွန် တွယ်တာ မက်မောနေတဲ့ စိန်နားကပ်ကလေးတစ်ရံ မိမိမှာ ရှိတယ် ဆိုကြပါစို့နော်။ စိန်နားကပ်အပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီလောဘလေးကို လောဘဦးဆောင်နေတဲ့ နာမ်တရားလေးတွေကို သိမ်းဆည်းချင်တယ် ဆိုလို့ရှိရင် ဒီဘဝင်မနောအကြည်လေးကို သိမ်းဆည်းပြီးတော့ မိမိ နှစ်သက်မြတ်နိုးနေတဲ့ ဒီစိန်နားကပ်ကလေးကို လှမ်းအာရုံယူလိုက်တဲ့အခါမှာ ဒီစိန်နားကပ်က ဟိုသေတ္တာထဲမှာ ရှိချင်လည်း ရှိပါစေ၊ လှမ်းအာရုံယူလိုက်လျှင် ဒီစိန်နားကပ် အာရုံလေးက ဒီဘဝင်မနောအကြည်မှာ လာလာပြီးတော့ ပေါ်နေတယ်။

အဲဒီ ပုံစံအတိုင်းပဲ။ ဦးပဉ္စင်းတို့ စိတ်က အပြင်သွားတာ မဟုတ်ပါဘူး။ အာရုံတွေက ဒီဘဝင်မနောအကြည်မှာ လာလာပြီးတော့ ထင်တယ်။ သို့မဟုတ် ဒွါရနှစ်ခုမှာပေါ့။ စက္ခုဒွါရ မနောဒွါရခေါ်တဲ့ ဒီဘဝင်မနောအကြည်ကို မနောဒွါရ လို့လည်း ခေါ်ပါတယ်။ စက္ခုဒွါရ မနောဒွါရခေါ်တဲ့ ဒီဒွါရတွေမှာ လာလာပြီးတော့ ထင်တယ်။ ဆိုင်ရာဆိုင်ရာ ဒွါရတွေမှာ ဆိုင်ရာဆိုင်ရာ အာရုံတွေက လာထင်ပါတယ်။ အဲဒီ ထင်တဲ့အခါမှာ ဒီအာရုံတွေကို လှမ်းလှမ်းပြီး သိနေတဲ့ စိတ်တွေ ပေါ်လာတာပဲ။ စိတ်က အပြင်ထွက်သွားတာ ဟုတ်သလား? မဟုတ်ဘူးနော်။

အပြင်အာရုံတွေက အာရုံအမျိုးမျိုးကသာလျှင် ဒီဆိုင်ရာဆိုင်ရာ ဒွါရတွေမှာ လာပြီး ရိုက်ခတ်နေတဲ့အတွက် ဒီအာရုံတွေဟာ ဒီဒွါရတွေမှာ လာလာပြီး ထင်နေတာ ဖြစ်တယ်နော်။ အဲဒီအတိုင်းပဲ။ ဒီအာနာပါနပဋိဘာဂနိမိတ်ကလေးကို လှမ်းပြီး ဆင်ခြင်လိုက်တဲ့ သူတော်ကောင်းကလည်း ဒီကြည်လင်တောက်ပနေတဲ့ ဘဝင်မနောအကြည်ရှိရာ ဟဒယဝတ္ထုဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ဘဝင်မနောအကြည်မှာ ဒီအာနာပါနပဋိဘာဂနိမိတ်ကြီးကို သွားသွားတွေ့နေတတ်တယ်။

နှာသီးဖျားမှာ ရှိနေတဲ့ အာနာပါနပဋိဘာဂနိမိတ်နဲ့ ဘဝင်မနောအကြည်ဟာ တစ်ဆက်တည်း ဖြစ်နေတယ်ဆိုပြီး တချို့ကတော့ ဗဟုဿုတ မရှိတော့ ဒီလို လာလာပြီးတော့ ပြောကြတယ်။ တကယ် တစ်ဆက်တည်းတော့ ဟုတ်သလား? မဟုတ်ဘူးနော်။ နိမိတ်က ဒီဘဝင်မနောအကြည်မှာ သွားပြီးတော့ ထင်ဟပ်နေခြင်းသာ ဖြစ်တယ်။

ဥပမာ - မှန်ရှေ့မှာ မိမိ ရပ်လိုက်တယ်။ မိမိရဲ့ မျက်နှာရိပ်သည် မှန်ထဲမှာ မထင်ဘူးလား? ထင်တယ်။ မှန်ထဲ ကြည့်တဲ့ မျက်နှာရိပ်နဲ့ မိမိနဲ့ တစ်ဆက်တည်းလားလို့ မေးရင် တစ်ဆက်တည်းတော့ မဟုတ်ဘူး။ တစ်ဆက်တည်း မဟုတ်ပေမဲ့လို့ မှန်ထဲမှာ ဒီမိမိရဲ့ မျက်နှာရိပ်သည် မထင်ဘူးလားလို့ မေးရင်တော့ ထင်နေတယ်။ အဲဒီပုံစံအတိုင်းပဲ။ အခုလည်းပဲ ဒီအတိုင်းပဲ။ ဒီပဋိဘာဂနိမိတ်ကြီးက အဲဒီမှာ သွားသွား ထင်နေတတ်ပါတယ်။ အဲဒီလို ထင်ရင်တော့ ဘာထူးလဲ? စျာန်အင်္ဂါကို ဆင်ခြင်တဲ့ နေရာမှာ ပိုပြီး လွယ်ကူသွားတယ်။ ပထမတော့ ဉာဏ်က သိပ်မထက်သေးရင် စျာန်အင်္ဂါလေးတွေကို တစ်လုံးစီ ဆင်ခြင်ကြည့်ရတယ်။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ။

ဘာဖြစ်လို့လဲ? ဒီစျာန်အင်္ဂါလေးတွေက ဒီဘဝင်မနောအကြည်ကို အစွဲပြုပြီးတော့ ဟဒယဝတ္ထုရုပ်ကို မှီတွဲပြီး ဖြစ်ပေါ်သွားကြတယ်။ လှမ်းပြီး ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဒီဘဝင်မနောအကြည်လေး ရပ်ပြီးတော့ ဒီစျာန်အင်္ဂါလေးတွေက ဖြစ်ပေါ်နေတယ်။ ဖြစ်ပေါ်တဲ့ အချိန်အခါအမှာ တစ်လုံးစီ ဖြစ်သလား, ပြိုင်တူဖြစ်သလားလို့ မေးရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ သူက ပြိုင်တူဖြစ်တဲ့ တရားတွေပါ။ သို့သော်လည်း ယောဂီက ဉာဏ်မထက်သေးရင် ငါးခုလုံးကို ပြိုင်တူ ဆင်ခြင်နိုင်တဲ့ စွမ်းအား မရှိဘူး။ စွမ်းအင် မပြည့်ဝခင်မှာ တစ်လုံးစီကို ထင်ထင်ရှားရှား သိအောင် ဆင်ခြင်ရတယ်။

ဘယ်အခါမှာ ဆင်ခြင်မလဲလို့ မေးရင်တော့ အာဒိကမ္မိက စအားထုတ်စ ယောဂီပုဂ္ဂိုလ်များသည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေဆိုပြီး ဒီစည်းကမ်းသတ်မှတ်ချက်ကို အဋ္ဌကထာဆရာတော်က ဖော်ပြထားပါတယ်။ အဲဒါကြောင့် စအားထုတ်စ ပုဂ္ဂိုလ်များကတော့ ဒီစျာန်သမာဓိကို ခိုင်ခံ့အောင် တစ်နာရီလောက် အနည်းဆုံးတော့ ထိုင်တိုင်း ထိုင်တိုင်း လေ့ကျင့်ရတယ်။ တစ်နာရီကျော်လောက်တဲ့ အချိန်အခါကျမှ ဒီစျာန်အင်္ဂါကို ဆင်ခြင်တဲ့ လုပ်ငန်းရပ်ကို ပြန်စပါ။

အဲဒီလို ဆင်ခြင်ဖန်များလာပြီ ဆိုလို့ရှိရင် မထင်ရှားခဲ့ရင် အာနာပါနကို ပြန်ရှုလိုက်။ ပြန်ရှုလိုက်ရင် ထိုအချိန်အခါမှာ ဒီအာနာပါနပဋိဘာဂနိမိတ်က မပျောက်သွားပါဘူး။ ချက်ခြင်း မပျောက်သွားဘူး။ အာနာပါနပဋိဘာဂနိမိတ်မှာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားအောင် နစ်သွားအောင် ပြန်ပြီး ရှုလိုက်။ တော်တော်လေး ငြိမ်လာပြီ နစ်သွားပြီ စျာန်အင်္ဂါတွေက ထင်ရှားလောက်ပြီ ဆိုတော့မှ ပြန်ပြီး တစ်ခါရှု။ အဲဒီလို ထပ်ခါ ထပ်ခါ ရှုဖန်များလာရင် နောက်တော့ ဒီစျာန်အင်္ဂါငါးခုဟာ တစ်လုံးစီ ထင်ထင်ရှားရှား တွေ့မယ်။ နောက်တော့ ပြိုင်တူ ထင်ထင်ရှားရှား တွေ့လာလိမ့်မယ်။

အဲဒီလို ပြိုင်တူ ထင်ထင်ရှားရှား တွေ့ပြီ။ ဆင်ခြင်လို့ ရပြီ ဆိုလို့ရှိရင်တော့ ဒါ ဝသီဘော်တော်တော်လေး နိုင်သွားပြီ။ နိုင်တဲ့ အချိန်အခါမှာ မိမိက မကျေနပ်ဘူး ဆိုလို့ရှိရင်တော့ ဆက်လေ့ကျင့်နိုင်တဲ့သဘောတွေ ရှိပါတယ်။ ဝင်စားချင်တဲ့ အချိန်အခါမှာ အချိန်မရွေး ဝင်စားလို့ရအောင် ဆက်ပြီး လေ့ကျင့်ပါ။ ထချင်တဲ့ အချိန်အခါမှာ အချိန်မရွေး ထလို့ရအောင် ဆက်ပြီး လေ့ကျင့်ပါ။ ဝသီဘော်နိုင်နင်းအောင် လေ့ကျင့်ရတယ်နော်။

အဲဒီလို လေ့ကျင့်လိုက်တဲ့ အချိန်အခါမှာ အဓိဋ္ဌာန်ကြည့်ရတယ်။ တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီရအောင် ကြိုးစားရတယ်။ နှစ်နာရီ အဓိဋ္ဌာန်ရင်လည်း နှစ်နာရီရအောင် ကြိုးစားရပါတယ်။ အဲဒီလို ဆင်ခြင်တဲ့ အပိုင်းလေးမှာ မနောဒွါရာဝဇ္ဇန်းလို့ခေါ်တဲ့ အာဝဇ္ဇန်းနဲ့ ဆင်ခြင်တဲ့အပိုင်းကိုတော့ အာဝဇ္ဇနဝသီ - ဇော်တွေနဲ့ ဆင်ခြင်တဲ့အပိုင်း၊ ပစ္စဝက္ခဏဇောများနဲ့ ဆင်ခြင်တဲ့ အပိုင်းကိုတော့ ပစ္စဝက္ခဏာဝသီ ဆိုပြီး စျာန်အင်္ဂါကို ဆင်ခြင်တာကို နှစ်မျိုးခွဲပြီး ဖွင့်ထားပါတယ်။ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်တာက သမ္မာပဇ္ဇနဝသီ။ အချိန်မရွေး ထလို့ရအောင် လေ့ကျင့်ထားတာက ဝုဋ္ဌာနဝသီ။ တစ်နာရီ အဓိဋ္ဌာန်ရင် တစ်နာရီရအောင်, တစ်မိနစ်အဓိဋ္ဌာန်ရင်လည်း တစ်မိနစ်ရအောင် လေ့ကျင့်တဲ့ သဘောကတော့ အဓိဋ္ဌာနဝသီ လို့ ခေါ်ပါတယ်။

ပေါင်းလိုက်ရင်တော့ ဝသီဘော် ဘယ်နှစ်ပါးလဲ? ငါးပါး။ အဲဒီ ဝသီဘော်ငါးတန် နိုင်နင်းအောင် ဒီပထမစျာန်သမာဓိကို လေ့ကျင့်ရတယ်။ အဲဒီ ပထမစျာန်သမာဓိကို ဒီဝသီဘော် ငါးတန်။
fpm7zcbf9295alkmlzh1vssn1fjx9na မင်္ဂလသုတ်-၁၂/၉၇ 0 6235 21870 2026-04-13T19:07:09Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21870 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၁/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၃/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၂

ကဲ ဒီနေ့လည်းပဲ မင်္ဂလသုတ္တန် ဆက်ပြီးတော့ နာကြည့်ကြရအောင်။ ဘယ်အပိုင်း ရောက်သွားပြီလဲ? ညက ပထမစျာန်သမာဓိ အာနာပါနသမာဓိ။ ပထမစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်တဲ့အပိုင်း ဟောပြီးသွားပြီနော်။ ဒီတော့ ဒုတိယစျာန်ကို ကူးချင်တယ်ဆိုရင်တော့ ပထမစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် စနစ်တကျ လေ့ကျင့်ရပါတယ်။ အဲဒီလို လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ဒုတိယစျာန်ကို ကူးချင်တယ်ဆိုရင် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရသလဲ? ရှေးဦးစွာ ပထမစျာန်ရဲ့ အပြစ်ကို မြင်အောင် ရှုရတယ်။ ဒုတိယက စျာန်အင်္ဂါတွေရဲ့ ရုန့်ရင်း-ကြမ်းတမ်းမှုကို မြင်အောင် ကြည့်ရတယ်။ တတိယက ပိုပြီး ငြိမ်သက်နေတဲ့ ဒုတိယစျာန်ကို အလိုရှိတဲ့ စိတ်ဓာတ် မွေးမြူပေးရတယ်။ ဘယ်နှစ်ချက်လဲ? သုံးချက်နော်။

ပထမစျာန်သည် နီဝရဏရန်သူနှင့် နီးကပ်တယ်။ ဒါက အပြစ်တစ်ခု။ နီဝရဏဆိုတာ သိကြလား ယောဂီတွေ။ နီဝရဏဆိုတာက အတားအဆီး အပိတ်အပင်တွေပဲ။ ကာမစ္ဆန္ဒနီဝရဏ၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု အပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာ။ အဲဒီ တဏှာတရားကလည်း ဒီစျာန်တရားတွေကို မရအောင် တားမြစ်ထားနိုင်တဲ့ စွမ်းအား ရှိတယ်။ တရားအားထုတ်ရင်းနဲ့ အိမ်ကို ခဏခဏ သတိရတယ်။ အမေကို ခဏခဏ သတိရတယ်။ အဖေကို ခဏခဏ သတိရတယ်။ သားကို ခဏခဏ သတိရတယ်။ သမီးကို ခဏခဏ သတိရတယ်။ အဖိုးကြီးကို ခဏခဏ သတိရတယ်။ အဖွားကြီးကို ခဏခဏ သတိရတယ်။ ဘာတွေလဲ? ကာမစ္ဆန္ဒနီဝရဏခေါ်တယ်နော်။ အဲဒီ နီဝရဏတရား ပေါ်လာပြီဆိုတာနဲ့ ဒီသမာဓိတွေ လျောမကျသွားဘူးလား? လျှောကျသွားတယ်။ စျာန်သမာဓိတွေကို တားမြစ် နှောင့်ယှက်တတ်တဲ့ ဖုံးအုပ်ထားတတ်တဲ့ တရားတွေကို နီဝရဏလို့ ခေါ်တယ်။

ဗျာပါဒနီဝရဏ - တရားတော့ ထိုင်ပါရဲ့။ ဒေါသတွေက သိပ်ဖြစ်နေတယ်။ မကျေမနပ် ဖြစ်နေတယ်။ ဟိုကောင်မအပေါ် မကျေနပ်ချက်တွေ တစ်ပုံကြီးနဲ့ ထိုင်ပြီး တရားထိုင်နေတယ်။ ဒီကောင်မ အပေါ်မှာလည်း မကျေနပ်ချက်တွေ တစ်ပုံကြီးနဲ့ ထိုင်ပြီး တရားထိုင်နေတယ်။ ဟိုကောင်အပေါ် မကျေနပ်ချက်တွေ, ဒီကောင်အပေါ် မကျေနပ်ချက်တွေ တစ်ပုံကြီးနဲ့ ထိုင်ပြီး တရားထိုင်နေတယ်။ ဟိုကိုယ်တော်အပေါ်လည်း မကျေနပ်ဘူး။ ဒီကိုယ်တော်အပေါ်လည်း မကျေနပ်ဘူး။ မကျေနပ်ချက်တွေ တစ်ပုံကြီး ပွေ့ပိုက်ပြီးတော့ တရားထိုင်နေရင် ဒီသမာဓိ လျှောကျမသွားဘူးလား? လျှောကျသွားတယ်။ ဗျာပါဒနီဝရဏလို့ ခေါ်ပါတယ်နော်။

ထိနမိဒ္ဓနီဝရဏ - တရားတော့ ထိုင်ပါရဲ့ စိတ်တွေက သိပ်ပြီးတော့ မထက်သန်ဘူး။ စေတသိက်တွေကလည်း သိပ် တက်တက်ကြွကြွ မရှိဘူး။ နောက်လှည့်ကြည့်လိုက်, ရှေ့လှည့်ကြည့်လိုက်။ နောက်က ဆရာတော်များ လာနေသလား, မလာဘူးလား? ဟုတ်တယ်မဟုတ်လား? တစ်ခါတလေ ငိုက်ချင်လည်း ငိုက်နေလိုက်ပေါ့လေနော်။ အဲဒီလိုဆိုလို့ရှိရင် သူက စိတ်ဓာတ်တွေ သိပ်မထက်သန်ရင် ဒီမထက်သန်တဲ့ စိတ်ဓာတ်တွေက သမာဓိရဲ့ အနှောင့်အယှက် ဘေးအန္တရာယ် မဖြစ်ဘူးလား? ဖြစ်တယ်။ သမာဓိကို မဖြစ်အောင် ပိတ်ဖုံးထားတဲ့ အဖုံးလေးတွေပဲနော်။ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ နီဝရဏတဲ့။ နောက် နီဝရဏတစ်မျိုး။

ဥဒ္ဓစ္စ - စိတ်တွေက မငြိမ်သက်ဘူး၊ ပျံ့လွင့်နေတယ်။ ဟိုအာရုံ-ရောက်လိုက် ဒီအာရုံရောက်လိုက်။ ဘယ်ရယ်လို့တော့ မဟုတ်ပါဘူးဘုရား။ စိတ်က ဝေးဝေးတော့ သိပ်မသွားပါဘူး။ တချို့ယောဂီကနော် - ဝေးဝေး မသွားရင် ဘယ်နားသွားလဲလို့ မေးလိုက်တော့။ စိတ်က မျက်နှာဘေးနားမှာပဲတဲ့, ဒီနီးနား-ပတ်ဝန်းကျင်မှာပဲတဲ့။ ဝေးဝေးကြီးတော့ သိပ်မသွားပါဘူး။ ကဲ နည်းနည်း ပျံ့လွင့်နေတယ်နော်။

ကုက္ကုစ္စ၊ ဆိုတာကတော့ နောင်တတစ်ဖန် ပူပန်နေတယ်။ ငါ ဒီ မကောင်းမှု ပြုခဲ့မိတာတော့ မှားပြီ။ ဒီကောင်းမှုကုသိုလ်တွေကို ငါ မပြုခဲ့တာတော့ မှားပြီဆိုပြီးတော့ စိတ်ထဲမှာ ပူပန်နေတယ်။ ဆူးစူးနေတဲ့ နေရာမှာ နောက်ထပ် ဆူးတစ်ချောင်းနဲ့ ထပ်ပြီး ထွင်ရသလို နှစ်ချီ မနာဘူးလား? နာသွားတယ်။ ပထမဆူး စူးတော့လည်း နာတယ်။ ဒီဆူးကလည်း နောက်ထပ် ဆူးတစ်ခုနဲ့ ထပ်ပြီး မထွင်လို့ရှိရင် ထွက်ပါ့မလား? မထွက်ပြန်ဘူး။ နောက်ထပ် ထပ်ပြီးထွင်တဲ့စူးနဲ့ ထွင်လိုက်တဲ့ အချိန်အခါမှာလည်း မနာဘူးလား? နာပြန်တယ်။ နှစ်ချီနာတယ်။

ဒီတော့ ပထမ အကုသိုလ်တရားတွေ ဒုစရိုက်တရားတွေကို လွန်ကျူးတဲ့ အချိန်အခါမှာလည်း အကုသိုလ် တစ်ကြိမ်ဖြစ်တယ်။ နောက်ထပ် တစ်ဖန် မိမိ လွန်ကျူးထားတဲ့ ငါ ဒီလို ပြောမိတာတော့ မှားပြီ။ ငါ ဒီလို ပြုမိတာတော့ မှားပြီ။ ငါ ဒီလို ကြံစည်မိတာတွေတော့ မှားပြီဆိုပြီး စိတ်ထဲမှာ မကောင်း-ဖြစ်တယ်။ နောင်တတစ်ဖန် ပူပန်နေတယ်။ နောက်ထပ် တစ်ကြိမ် ထပ်ပြီး-တော့ အကုသိုလ်တရား မဖြစ်ဘူးလား? ဖြစ်သွားတယ်။ ပထမ စူးက တစ်ချောင်း။ ဒုတိယစူးက တစ်ချောင်း။ ဘယ်နှစ်ချောင်းဖြစ်သွားလဲ? နှစ်ချောင်း။ စူးနှစ်ချောင်းနဲ့ အထိုးခံရတယ်ဆိုတော့ ပိုပြီးတော့ မနာဘူးလား? နာတယ်။ ဒါကြောင့် ဒီဥဒ္ဓစ္စ ကုက္ကုစ္စခေါ်တဲ့ စိတ်ပျံ့လွင့်မှုနဲ့ နောင်တတစ်ဖန် ပူပန်မှုဆိုတဲ့ သဘောတရားတွေက ဝင်ပြီး နှောင့်ယှက်နေပြီ ဆိုလို့ရှိရင်လည်း ဒီသမာဓိလေး လျှောကျမသွားဘူးလား? လျှောကျသွားတယ်။

တောက် ... ငယ်ငယ်ကကွာ သီလရှင် မဝတ်မိတာတော့ မှားတာပဲ။ ဒီအဘိုးကြီးတွေ သွားကျွန်ခံလိုက်မိတာတော့ ငါတော့ မှားပြီ' ဟုတ်တယ်မဟုတ်လား? “ငယ်ငယ်ကသာ ငါ တရားအားထုတ်လိုက်လို့ရှိရင် ဘယ် ဒီလိုဖြစ်မလဲ။ မပူပန်ဘူးလား?' တချို့ ဘုန်းကြီးကတော့ မပူပန်ဘူးလို့ဘဲ ထင်ပါတယ်။ ဟုတ်တယ်မဟုတ်လား? ဟင် ... အဲဒီတော့ အကယ်၍များ ပူပန်ခဲ့ရင်ပေါ့နော်။ ဒီလို ကောင်းမှုကုသိုလ်လေးတစ်ခု ပြုခဲ့ဖို့ စဉ်းစားထားတယ် မပြုလိုက်မိဘူး။ စိတ်ထဲမှာ မကောင်းဘူး။ တရားအားထုတ်ဖို့ ကြံစည်စိတ်ကူးထားတယ်။ မဖြစ်မြောက်တော့ စိတ်ထဲမှာ မကောင်းဘူး။ ပူပန်တဲ့ သဘောလေးပဲနော်။ အဲဒီလို ပူပန်မှုတွေ စိတ်ပျံ့လွင့်မှုတွေ များနေရင်လည်း သမာဓိသည် လျှောကျမသွားဘူးလား? လျှောကျသွားတတ်တယ်။ ဥဒ္ဓစ္စ ကုက္ကုစ္စခေါ်တဲ့ နီဝရဏတရားကနေပြီးတော့ ကုသိုလ်တရားတွေကို တားမြစ်ပိတ်ပင်ထားတယ်နော်။ နောက်တစ်ခု - ဘာကုသိုလ်လဲ? ဆက်လက်ပြီး ဖြစ်ပေါ်လာမဲ့ စျာန်ကုသိုလ်တို့၊ သမာဓိကုသိုလ်တို့နော်။ ဒီကုသိုလ်တွေကို မမြင်အောင်, မဖြစ်ပေါ်လာအောင် သူတို့က တားမြစ်ထားနိုင်တဲ့ စွမ်းအားရှိတယ်။

နောက်တစ်ခု - ဝိစိကိစ္ဆာနီဝရဏတဲ့။ စိတ်ထဲမှာ သံသယတွေက သိပ်များတယ်။ အဲဒီ သံသယတွေထဲမှာ ပိုပြီးဆိုးတဲ့ သံသယတွေကတော့ အဘိဓမ္မာ သမာဂနီပါဠိတော်မှာ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတဲ့ သံသယ ဝိစိကိစ္ဆာ ရှစ်မျိုးရှိပါတယ်။ ရှစ်ဌာနနော်။ သမ္မာသမ္ဗုဒ္ဓဘုရားစစ်, ဘုရားမှန်ဆိုတာ တကယ်ထင်ရှားရှိပါ့မလား? ဒီလိုလဲ တစ်ခါတလေ သံသယ ရှိကြပါတယ်။ ဒီယောဂီပုဂ္ဂိုလ်တွေထဲမှာတော့ ဒီသံသယရှိတဲ့ပုဂ္ဂိုလ် မရှိဘူးလို့ဘဲ ဘုန်းကြီး ထင်ပါတယ်နော်။

ဒါပေမဲ့ တစ်ချိန်တုန်းကပေါ့ တစ်ချိန် ဆိုတာက အင်္ဂလိပ်လက်ထက်-လောက်ကလို့ ယူဆရပါတယ်နော်။ မုံရွာကနေပြီးတော့ သောင်ဘိုး အမည်ရှိနေတဲ့ စာရေးဆရာတစ်ဦးကနေပြီးတော့ သတင်းထဲမှာ ထည့်ပြီးတော့ သူက ကြေညာချက်တစ်ခု ထုတ်ခဲ့ဖူးတယ်။ သဗ္ဗေညုတဉာဏ်ဆိုတာ ရှိပါသလား? ဒီမေးခွန်းနဲ့ ဆောင်းပါးတစ်ခု ရေးခဲ့ဖူးတယ်နော်။ တစ်ပြည်လုံး တော်တော်လေး ပွက်ပွက် ဆူသွားပါတယ်။ အဲဒါဟာ သံသယရှိလို့လား, မရှိလို့လား? သံသယရှိတယ်နော်။ အဲဒီလို သံသယရှိနေတယ် ဆိုလို့ရှိရင်လည်း ဒီတရားတွေ အားထုတ်လို့ ရပါ့မလား? မရနိုင်ဘူးနော်။ တစ်ချက်။

တရားစစ် တရားမှန်ကို သံသယရှိတယ်။ မဂ္ဂင်ရှစ်ပါး အထူးသဖြင့်-ပေါ့နော်။ တစ်နည်း ဗောဓိပက္ခိယတရား (၃၇)ပါး။ ဘာဖြစ်လို့ ပြောရသလဲ? ဘုရားရှင် ပိဋကတ် သုံးပုံမှာ ဟောထားတဲ့ တရားတွေကို အဆီညှစ်ထုတ်လိုက်မယ် ဆိုလို့ရှိရင် ဒီဗောဓိပက္ခိယတရား (၃၇)ပါးကိုပဲ သတ္တဝါတွေ တတ်သိနားလည်အောင် ဘုရားရှင်က နည်းအမျိုးမျိုးနဲ့ လှည့်ပြီး ဟောထားတဲ့ ဒေသနာတွေ ဖြစ်ပါတယ်။ ဒီတော့ ဗောဓိပက္ခိယတရား (၃၇)ပါးမှာ အားလုံး ပိဋကတ်သုံးပုံကို လာပြီး ဦးတိုက်ကြတယ်။ တစ်ခါ ဒီဗောဓိပက္ခိယတရား (၃၇)ပါးကို ထပ်ပြီး အဆီညှစ်ပြီး ထုတ်ယူကြည့်လိုက်ရင်လည်း မဂ္ဂင်ရှစ်ပါးမှာ သွားပြီး အားလုံး ဦးတိုက်ကြပါတယ်။ မဂ္ဂင်ရှစ်ပါးကို ထပ်ပြီး အဆီညှစ်-ထုတ်လိုက်ရင်လည်း ဘာရှိလဲ? သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာ-ကျင့်စဉ်ခေါ်တဲ့ ကျင့်စဉ်သုံးရပ်ပဲ ရှိတယ်။ ဒါဟာ တရားစစ် တရားမှန်တွေပဲ။

အဲဒီ တရားစစ် တရားမှန်တွေနဲ့ ပတ်သက်ပြီးတော့ သံသယတွေ ရှိနေကြတယ်။ ဘုရားဟော တရားတွေ နိဗ္ဗာန်ဆိုတာ ရှိချင်ရှိမှာပါ။ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုတာလည်း ရှိချင်ရှိမှာပါ စသည်ဖြင့် သံသယတွေ တစ်ပုံကြီး ရှိနေတယ်ဆိုရင် ဒီပုဂ္ဂိုလ် တရားအားထုတ်လို့ အောင်မြင်မှု ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဘုရားရှင်ရဲ့ တရားအပေါ်၌ သံသယရှိတယ်။ အဲတရားကိုယ် ကောက်ပြမယ်ဆိုရင်ပေါ့ ဘုန်းကြီးတို့ သာသနာတော်ဘက်က နည်းစနစ်နဲ့ ပြောရင်တော့ မဂ်လေးပါးအပေါ်မှာလည်း သံသယရှိတယ်။ အရိယာမဂ် (၄)ပါး - သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်လို့ ခေါ်ဆိုအပ်တဲ့ အရိယာမဂ် (၄)ပါးအပေါ်မှာလည်း သံသယရှိတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်လို့ ခေါ်ဆိုအပ်တဲ့ အရိယာဖိုလ် (၄)ပါးအပေါ်မှာလည်း သံသယရှိတယ်။ နိဗ္ဗာန်-တရားတော်မြတ်ကြီးအပေါ်မှာလည်း သံသယရှိတယ်။ နိဗ္ဗာန်ဟာ တကယ်-ရှိတာ ဟုတ်ချင်မှ ဟုတ်မယ်။ သံသယရှိတယ်။

နောက်ထပ် ဘာသံသယရှိသလဲလို့ မေးတော့ ပိဋကတ်သုံးပုံမှာ ဘုရားရှင် ဟောကြားထားတဲ့ တရားစကားတွေနဲ့ ပတ်သက်လို့ ပဋိယတ္တိ တရားစကားတွေနဲ့ ပတ်သက်လို့လည်း သံသယတွေ ရှိနေတယ်။ ဘယ်လိုရှိသလဲ? ဒီပိဋကတ်သုံးပုံးထဲမှာ ဗြဟ္မဏဝါဒတွေက ဝင်ပြီး မွှေနှောက်ထားတာတွေ ဗြဟ္မဏဝါဒတွေကို သွတ်သွင်းထားတာတွေ အများကြီး ပါပါတယ်ဆိုပြီး တချို့ ဒီလို ပြောကြတယ်။ ဒါ သံသယရှိလို့လား, မရှိလို့လား? ရှိနေကြတယ်။ ဒီတော့ ဘုန်းကြီးတို့ ပိဋကတ်ပါဠိတော်က နှစ်ပေါင်း (၂၅၀၀)-ကျော်ကို ဖြတ်ကျော်ခံရတာဖြစ်တော့ အထူးသဖြင့် ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့ နောက်နှစ်ပေါင်း (၄၀၀)အတွင်းလောက်က နှုတ်နဲ့သာ ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်နော်။ နှုတ်နဲ့ ဆောင်လာခဲ့ရတာဖြစ်တော့ ချွတ်ချော်မှု တိမ်းပါးမှုဆိုတာ အနည်းအကျဉ်း ရှိကောင်း ရှိနိုင်ပါတယ်။ ရှိလို့လည်း သင်္ဂါယနာတွေ အထပ်ထပ် တင်နေရာတာ ဖြစ်ပါတယ်နော်။

သို့သော်လည်း နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် မြတ်စွာ-ဘုရားရှင်က ဝန်ခံပြီး ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တွေကတော့ ဒီနေ့ သန့်သန့်ရှင်းရှင်းနဲ့ ထင်ထင်ရှားရှားကြီး ရှိနေပါသေးတယ်။ သံသယဖြစ်လောက်တဲ့ အချက်ကလေးတွေ တချို့နည်းနည်း အဋ္ဌကထာတွေမှာ ဖွင့်ဆိုထားတာ အနည်းအကျဉ်းတော့ ရှိပါတယ်။ အဲဒီ အနည်းအကျဉ်းလောက်ကလေးကို ကိုယ်က သံသယရှိရင်တော့ ဘေးဖယ်ထားလို့ ရပါတယ်။ အဋ္ဌကထာကလည်း ခွင့်ပြုထားပါတယ်။ ဒါ ဘာမှ မဖြစ်ပါဘူး။ အထူးသဖြင့်တော့ ရာဇဝင် ဇာတ်ကြောင်းလေးတွေပါနော်။ ဟာ ရှင်အာနန္ဒာက သူ့အဖေက ဘယ်လို-ခေါ်တယ်, သူ့အမေက ဘယ်လိုခေါ်တယ်၊ ဆိုကြပါစို့ ... နမူနာ အမေ,အဖေ နာမည်ချင်း တစ်ကျမ်းနဲ့ တစ်ကျမ်း မတူတာလေးနဲ့ ဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားတွေ အကုန်လုံး ပျက်ပြားသွားနိုင်လား? မသွားနိုင်ဘူး။ ဘာမှ မဆိုင်ပါဘူး။ အဲဒီလို ပုံစံလေးတွေ အနည်းအကျဉ်း ချွတ်ယွင်းချက်တော့ ရှိပါတယ်နော်။ ရှိပေမဲ့လို့ တကယ် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဝန်ခံပြီး ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကတော့ သန့်သန့်ရှင်းရှင်းနဲ့ မူရင်းမပျက် တည်ရှိနေပါတယ်လို့ ဘုန်းကြီးတို့ကတော့ ယုံကြည်ပါတယ်။ ဘာကြောင့် ယုံကြည်ရသလဲ?

ဒီပိဋကတ်တော်တွေကို လေ့လာကြည့်လိုက်ရင် ဒီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အသေးစိတ် စနစ်တကျ ကျကျ ဂဂနန တိတိကျကျ ဝေဖန်ပြီးတော့ ဟောကြားထားတာ ဖွင့်ဆိုထားတာတွေ အတိအကျ ရှိတယ်နော်။ ဒါပေမဲ့လို့ တချို့ပုဂ္ဂိုလ်က သံသယ ရှိကြပြန်တယ်။ ဝိစိကိစ္ဆာပဲ။ အဲဒီလို သံသယတွေ တစ်ပုံကြီး ရှိနေရင် ဒီတရားတွေ အားထုတ်လို့ ရပါ့မလား? မရနိုင်ဘူး။ နောက်တစ်ခုက သံဃာစစ်, သံဃာမှန်အပေါ်မှာ သံသယရှိတယ်။ ပုထုဇန် သံဃာတွေအပေါ်မှာ သံသယရှိတာ ဘာမှ သိပ်ပြီး အပြစ် မဖြစ်ပါဘူးနော်။ သံသယရှိသင့်လို့ရှိရင် ဘာမှ အပြစ်မရှိပါဘူး။ ဒါကတော့ သိပ် လိုရင်း မဟုတ်ဘူး။ သို့သော် အရိယသံဃာဆိုတာ တကယ် ထင်ရှားရှိတာ ဟုတ်ပါ့ဟုတ်ပါ့မလား ဆိုပြီးတော့ ဒီလို သံသယရှိတယ်နော်။ တလောတုန်းက ဒကာကြီးတစ်ဦးထံမှတစ်ဆင့် စကားကြားရပါတယ်။ ဦးပဉ္စင်းတို့ ဗမာပြည်မှာ တချို့တချို့ ပုဂ္ဂိုလ်တွေက ရတနာသုံးပါးကို ကိုးကွယ် မဆည်းကပ်ဘူးတဲ့ ရတနာနှစ်ပါးပဲ ကိုးကွယ်ဆည်းကပ်တယ်။ ဘာရတနာလဲ?

ဘုရားရတနာနဲ့ တရားရတနာကိုပဲ ကိုးကွယ်ဆည်းကပ်တယ်တဲ့။ သံဃာရတနာကို ကိုးကွယ်မဆည်းကပ်ဘူး။ ဟော မကိုးကွယ်ဘူး, မဆည်း-ကပ်ဘူး။ ရတနာနှစ်ပါးပဲ ကိုးကွယ်ဆည်းကပ်မယ်။ ဘာဖြစ်လို့လဲ? သံသယရှိကြတယ်။ သူတို့ သံသယရှိတယ်ဆိုတာ ဘယ်မှာ သံသယ ရှိသလဲလို့ မေးရင်တော့ ခေတ်အခြေအနေအရ ဖြစ်ပေါ်နေတဲ့ အများစုအားဖြင့်ပေါ့လေ ပုထုဇန် သံဃာတွေအပေါ်မှာ သံသယ ရှိကြတယ်နော်။ ဒါကတော့ သိပ်အလွန်အကဲကြီး အပြစ် မဖြစ်ပါဘူး။ သို့သော်လည်း မကောင်းတဲ့စိတ်နဲ့ ပြစ်မှားတဲ့ စိတ်တွေနဲ့ ဆိုရင်တော့ မကောင်းလှဘူးပေါ့နော်။ သို့သော် အဓိကအားဖြင့် ဒီနေရာမှာ သံသယရှိတာက အရိယာသံဃာရှစ်ဦး ရှိတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား ဆိုပြီးတော့ သံသယတွေ ရှိကြတယ်။ အဲဒီ သံသယကတော့ အင်မတန် ကြီးလေးတဲ့ အနှောင့်အယှက်တစ်ခု ဖြစ်ပါတယ်နော်။ မိမိက အရိယာသူတော်ကောင်း ဖြစ်အောင် ကျင့်မယ်လို့ ဝန်ခံပြီး ကျင့်လည်း ကျင့်နေတယ်၊ အရိယာသံဃာ ရှိမှ ရှိပါ့မလားဆိုတဲ့ သံသယလည်း ရှိနေတယ်ဆိုရင် ဒီအရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ် ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဒီသံသယ ဝင်ပြီးတော့ နှောင့်ယှက်နေတယ်။ ဒါလည်း နီဝရဏတစ်ခုပဲနော်။

နောက်တစ်ခုကတော့ ဘယ်နှစ်ခု ပြီးသွားပြီလဲ? ၃-ခု။ ဝိစိကိစ္ဆာ ဖြစ်ရာဌာန ဘုန်းကြီး (၈)ဌာန ရှိပါတယ်။ ခုသုံးခု ပြောပြီးပြီ။ ဘုရား, တရား, သံဃာ နောက်တစ်ခု ဘာလဲ? နောက်တစ်ခုကတော့ ဦးပဉ္စင်းတို့ သိက္ခာသုံးပါးပေါ့။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်မှာ သံသယရှိတယ်နော်။ ဘယ်လို သံသယရှိကြသလဲ? တချို့တရားအားထုတ်တာ သီလမြဲနေဖို့ မလိုပါဘူး။ စိတ်ကို စိတ်အတိုင်း ထားနိုင်တယ် ဆိုလို့ရှိရင်လည်း ကိစ္စပြီးတာပါပဲလို့ ဒီလိုယူတဲ့ ဝါဒတွေလည်း မရှိဘူးလား? ရှိကြတယ်။ သီလကို တချို့က ပစ်ပယ်ကြတယ်။ သီလကျင့်စဉ်အပေါ်၌ ယုံကြည်ချက် မရှိဘူး။ တချို့ကျတော့ သမာဓိကျင့်စဉ်မှာ သံသယရှိတယ်။ ခုခေတ်က “စျာန်ရနိုင်တဲ့ခေတ် မဟုတ်တော့ဘူး' ဒီလို တချို့ပြောကြတယ်။ သံသယရှိလို့လား, မရှိလို့လား? ရှိ-တယ်နော်။

ဟ ဒီမြေကြီးလေးကို ကြည့်ပြီးတော့ သို့မဟုတ် မြေကြီးအဝန်းဝိုင်းလေးကို ကြည့်ပြီးတော့ “ပထဝီ ပထဝီ'လို့ ဒီလို ရှုနေရုံနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဘယ်လိုလုပ် ရနိုင်မလဲလို့ သံသယရှိတယ်။ ဝင်လေထွက်လေဆိုပြီး ဒီလို ရှုနေရုံနဲ့ ဘယ်လိုလုပ်ပြီးတော့ ဒီစျာန်တရားတွေ ရနိုင်မလဲလို့ သံသယရှိတယ်။ ဒီလိုဆိုရင် ဒီသမာဓိကျင့်စဉ်အပေါ်မှာ သံသယရှိနေတဲ့ သဘောတွေ မဖြစ်ဘူးလား? ဖြစ်တယ်။ အဲဒီလို သမာဓိကျင့်စဉ်အပေါ်မှာ သံသယရှိနေတဲ့ ဒီပုဂ္ဂိုလ်တွေ ဒီသမာဓိကို ဆက်လက်ပြီး ထူထောင်မယ်ဆိုရင် ထူထောင်လို့ ရနိုင်ပါ့မလား? မရနိုင်ဘူးနော်။

ပညာကျင့်စဉ်

နောက်တစ်ခု ပညာကျင့်စဉ်။ ပညာကျင့်စဉ်ဆိုတာက ဘာကို ပညာခေါ်တယ်ဆိုတာ ဘုန်းကြီး ခဏခဏ ပြောနေတယ်။ ပညာ = သမ္မာဒိဋ္ဌိ၊ အမောဟ၊ ဉာဏ်။ ဒါဟာ စကားလုံးကွဲပေမဲ့ အဓိပ္ပါယ် အတူတူပဲနော်။ သမ္မာဒိဋ္ဌိ ဆိုတာက ဘာကို သမ္မာဒိဋ္ဌိခေါ်လဲ? မှန်ကန်နေတဲ့ အသိဉာဏ်၊ မှန်ကန်နေတဲ့ အမြင်။ ဘာကို မှန်ကန်တဲ့ အမြင်ခေါ်လဲ? ဒုက္ခသစ္စာကို သိတဲ့ဉာဏ်၊ သမုဒယသစ္စာကို သိတဲ့ဉာဏ်၊ နိရောဓသစ္စာကို သိတဲ့ဉာဏ်၊ မဂ္ဂသစ္စာကို သိတဲ့ဉာဏ် ဆိုပြီးတော့ ဉာဏ်ဘယ်နှစ်မျိုးလဲ? လေးမျိုး။ ဒီဉာဏ်လေးမျိုးကို သမ္မာဒိဋ္ဌိလို့လည်း ခေါ်တယ်။ စတုသစ္စသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီ စတုသစ္စသမ္မာဒိဋ္ဌိကိုပဲ ပညာသိက္ခာ၊ ပညာကျင့်စဉ်လို့ ခေါ်ပါတယ်။ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ တရားတွေက ခဏခဏ ပြောခဲ့တဲ့အတိုင်း ဘာတရားတွေလဲ?

ဥပါဒါနက္ခန္ဓာငါးပါး။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခာ။ အားလုံးလိုလို ရဘူးတဲ့ ဓမ္မစကြာဒေသနာတော်ပဲနော်။ အကျဉ်းချုပ်အားဖြင့် လိုရင်းတိုရှင်း ပြောမယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ပရမတ်ကို ဉာဏ်အမြင်ဆိုက်အောင် ထွင်းဖောက်သိမြင်နေတဲ့ဉာဏ်ကို ဘယ်လိုခေါ်လဲ? သမ္မာဒိဋ္ဌိ။ ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိလို့ခေါ်တယ်။ ကောင်းပြီ။ ဒါ ပညာကျင့်စဉ်ထဲမှာ အကျုံးဝင်ပြီ။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို ထပ်ပြီး ခွဲလိုက်တော့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုပြီးတော့ ဘယ်နှစ်ခု ထွက်လာလဲ? ငါးခု။ ရုပ်က ရုပ်တရား၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တွေက နာမ်တရား ပေါင်းလိုက်တော့ ရုပ်နာမ် (၂)ပါး။

အဲဒီ ရုပ်တွေ၊ အဲဒီနာမ်တွေကို သာဝကတွေ ရှုမရဘူးဆိုပြီးတော့ သံသယရှိကြတယ်။ သံသယရှိနေလို့ရှိရင် အဲဒီ သံသယရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဒီရုပ် ဒီနာမ်တွေကို သိအောင် ရှုလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ အဲဒီ ဝိစိကိစ္ဆာခေါ်တဲ့ ဒီနီဝရဏတရားက ကြီးစွာသော အနှောင့်အယှက်တစ်ခု ဖြစ်နေတယ်။ နီဝရဏပဲ။ ပိတ်ဖုံးထားတယ်။ ဒီနီဝရဏတရားက ပိတ်ဖုံးခံနေရတဲ့ ယောဂါဝစရပုဂ္ဂိုလ်တွေသည် ဘုရားဟောတဲ့ ရုပ်၊ ဘုရားဟောတဲ့ ဒီနာမ်တွေကို ရှုလို့ မရပါဘူးဆိုတဲ့ ခံယူချက်ကို ရင်ဝယ်ပိုက်ခဲ့ရင် ထိုပုဂ္ဂိုလ်တွေ ဒီရုပ် ဒီနာမ်ကို သိအောင် ဆက်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု ဖြစ်နိုင်ပါဦးမလား? မဖြစ်တော့ဘူး။ ဒီရုပ် ဒီနာမ်ကို သိအောင် ဆက်လက်ပြီး ကြိုးစားအားထုတ်မှု မရှိရင်တော့ ဒီရုပ် ဒီနာမ်ကိုကော သိနိုင်ပါဦးမလား? မသိတော့ဘူး။ ဒီလိုဆိုလို့ရှိရင် ဒီဝိစိကိစ္ဆာသည် အင်မတန် ကြီးလေးတဲ့အပြစ် မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒါ နီဝရဏအနှောင့်အယှက်ပဲ။

အေး နောက်တစ်ခု ပိုဆိုးတဲ့ နီဝရဏတစ်ခုကတော့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရား။ တစ်နည်းပြောရင်တော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သံသယရှိတယ်။ ဘယ်လို သံသယရှိသလဲ? ခေတ်မှာ ကြည့်ပေါ့နော်။ ဝိပဿနာဆိုတာ ပစ္စုပ္ပန်တည့်တည့် ပစ္စုပ္ပန်ကိုသာ ရှုရတယ်။ အတိတ် အနာဂတ် ရှုဖို့ မလိုဘူးလို့ မပြောကြဘူးလား? ပြောကြတယ်။ ဒီတော့ ဒီသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ်ဆိုတဲ့ ဒီအပိုင်းလေးကို နည်းနည်း နားအေးအေးလေးနဲ့ နားထောင်ကြည့်စမ်းပါ။ ဘုန်းကြီး နည်းနည်းလေး ရှင်းပြမယ်။

အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ခဲ့ရတယ်ဆိုရင် အကြောင်းတရားက အရင်ဖြစ်မလား၊ အကျိုးတရားက အရင်ဖြစ်မလား? အကြောင်းတရားက အရင်ဖြစ်ရမယ်။ အကြောင်းတရားက အရင် ဖြစ်မယ်ဆိုတာကို ဒီနေ့ ယောဂီတွေ လက်ခံနိုင်သလား၊ လက်မခံနိုင်ဘူးလားလို့ ထပ်မေးရင်ကော ဘယ်လိုဖြေမလဲ? ကဲ ကောင်းပြီ။ အကြောင်းတရားက အရင်ဖြစ်ရမယ်ဆိုတာကို လက်ခံနိုင်ရင် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဒီနှစ်ခု ရှိတဲ့အနက် ဒုက္ခသစ္စာက အကျိုးတရား။ သမုဒယသစ္စာက အကြောင်းတရား။ အကြောင်းတရားနဲ့ အကျိုးတရား ဒီနှစ်ခု ရှိသည့်အနက် သမုဒယသစ္စာက အကြောင်းတရား ဖြစ်ခြင်းကြောင့် သမုဒယသစ္စာကပဲ အရင်ဖြစ်မလား၊ ဒုက္ခသစ္စာကပဲ အရင်ဖြစ်မလားလို့မေးရင် ဘယ်လို ဖြေမလဲ? သမုဒယသစ္စာက အရင်ဖြစ်မယ်နော်။ သမုဒယသစ္စာတရား ထင်ရှားရှိမှုမှ ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာမယ်။ လက်ခံနိုင်သလား?

ကဲ ... ကောင်းပြီ ထပ်ရှင်းမယ်နော်။ အဲဒီ ဒုက္ခသစ္စာတရား ဒီဘဝမှာ ဘုန်းကြီးတို့အဖို့၊ ယောဂီတို့အဖို့ အားလုံးပဲနော်၊ ဘယ်အချိန်ခါကစပြီး ဖြစ်သလဲ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်နော်။ အမိဝမ်းထဲမှာစပြီး ပဋိသန္ဓေ တည်နေပြီး ကာလလရေကြည်အခိုက်ထဲက ဒီဒုက္ခသစ္စာအမည်ရတဲ့ ခန္ဓာငါးပါးစပြီး မဖြစ်ဘူးလား? ဖြစ်နေပြီ။ ခုမှ ဖြစ်တာ ဟုတ်သလား? မဟုတ်ဘူး။ ဒီဘဝအတွက် ပြောတာပါ။ ဒါ ဘဝတစ်ခုနဲ့ ပိုင်းခြားပြောနေတာနော်။ ဒီတော့ အမိဝမ်းထဲ ပဋိသန္ဓေတည်နေစ ကာလလရေကြည် တည်စအခိုက်ထဲက ဒီခန္ဓာငါးပါး စဖြစ်တယ်ဆိုရင် အဲဒီ ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။

အဲဒီ ခန္ဓာငါးပါးထဲမှာ ဦးပဉ္စင်းတို့ လူသားတွေအတွက် ကွက်ပြီး ပြောမယ်။ အဲဒီလူသားကလည်း တိဟိတ်လူသားဖြစ်လို့ သောမနဿ-ဝေဒနာနဲ့ ယှဉ်တွဲပြီးတော့ ပဋိသန္ဓေတည်နေခဲ့တဲ့ လူသားဖြစ်ခဲ့မယ်ဆိုရင် ဆိုကြပါစို့နော် - ရုပ်ပိုင်းမှာ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဟဒယဒသကကလာပ်ဆိုပြီးတော့ ရုပ်ကလာပ်အမျိုးအစားက သုံးမျိုး၊ ရုပ်အမျိုးအစားက သုံးဆယ် စပြီးတော့ ဖြစ်ပါတယ်။ ကာယဒသကကလာပ် ဆိုတာက ကာယအကြည်ဓာတ်လျှင် ၁၀-ခုမြောက်ရှိတဲ့ ရုပ်ကလာပ်။ အဲဒီ အမှုန်လေးတစ်ခုကို ဓာတ်ခွဲကြည့်လိုက်ရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဇီဝိတ ကာယပသာဒ(ကာယအကြည်ဓာတ်) ဆိုပြီး ရုပ်သဘောတရား ဘယ်နှစ်ခု ရှိလဲ? ၁၀-ခု။ ဘာဝဒသကကလာပ်မှာလည်း ဒီတိုင်းပဲ။ ဘာဝရုပ်လျှင် ၁၀-ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ပဲ။ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဇီဝိတ ဘာဝရုပ် ဆိုပြီးတော့ ၁၀-ခုပဲ။ ဟဒယဒသကကလာပ်မှာလည်း ရုပ်အမျိုးအစား ဘယ်လောက်ရှိလဲ? ၁၀-ခုပဲနော်။ ဟဒယဝတ္ထုလျှင် ၁၀-ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ပဲ။ ပေါင်းလိုက်မယ်ဆိုတော့ ရုပ်အမျိုးအစား ဘယ်လောက်ရှိလဲ? ၃၀။ အဲဒီ ရုပ်အမျိုးအစား ၃၀ သည် ဘာခန္ဓာလဲ? ရူပက္ခန္ဓာ။ အဲဒီ ရူပက္ခန္ဓာသည် ဘာသစ္စာလဲလို့မေးရင် ဘယ်လိုဖြေမလဲ? ဒုက္ခသစ္စာ။

နောက်တစ်ခု နာမ်တရားဘက် ကြည့်လိုက်မယ်ဆိုလို့ရှိရင် - တိဟိတ် လူသားတစ်ဦး ဖြစ်ခဲ့လို့ သောမနဿဝေဒနာနဲ့ ယှဉ်တွဲပြီးတော့ ပဋိသန္ဓေ တည်နေခဲ့မယ် ဆိုရင်တော့ စိတ်စေတသိက် ၃၄-လုံးလောက် ရှိပါတယ်နော်။ အဲဒီ စိတ်စေတသိက် ၃၄-လုံးထဲမှာ ပါနေတဲ့ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာက သညာက္ခန္ဓာ၊ ကျန်နေတဲ့ စေတသိက် ၃၁-လုံးက သင်္ခါရက္ခန္ဓာ၊ အသိစိတ် ဝိညာဏ်က ဝိညာနက္ခန္ဓာ။ ပေါင်းလိုက်တော့ နာမ်ခန္ဓာ ဘယ်နှစ်ပါးလဲ? ၄-ပါး။ ခန္ဓာနည်းအရ ခန္ဓာငါးပါး။ ရုပ်နာမ်နှစ်ပါးနည်းအရ ပြောတော့ ရုပ်တရား၊ နာမ်တရား (၂)မျိုး။ အဲဒီ ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာသည် ဘယ်သူ့ကြောင့် ဖြစ်သလဲ? သမုဒယသစ္စာကြောင့် ဖြစ်ပါတယ်လို့ လက်မခံနိုင်ဘူးလား? လက်ခံနိုင်တယ်။ လက်ခံနိုင်တယ် ဆိုလို့ရှိရင် ဒုက္ခသစ္စာက အကျိုးတရား၊ သမုဒယသစ္စာက အကြောင်းတရား။ အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုရှိတဲ့အနက် အကြောင်းတရားက အရင်ဖြစ်မလား၊ အကျိုးတရားက အရင်ဖြစ်မလား? အကြောင်းတရားက အရင်ဖြစ်မယ်။

ဒီလိုဆိုရင် ဒုက္ခနဲ့ သမုဒယ နှစ်ခု ရှိတဲ့အနက်က သမုဒယသစ္စာက အရင်ဖြစ်မလား၊ ဒုက္ခသစ္စာက အရင်ဖြစ်မလားလို့မေးရင် ဘယ်လို ဖြေမလဲ? သမုဒယသစ္စာက အရင်ဖြစ်မယ်။ ဒီလိုဆိုရင် ဒီဘဝမှာ ခေါင်ဆုံးစဖြစ်တာက ဒုက္ခသစ္စာ အမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါး။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ။ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်ခုရှိတဲ့အနက် သမုဒယသစ္စာက အရင်ဖြစ်ပါတယ် ဆိုတာကို လက်ခံနိုင်ရင် ဒီဘဝမှာလည်း ဒုက္ခသစ္စာကသာ ခေါင်ဆုံး စဖြစ်တဲ့အတွက် ဒီသမုဒယသစ္စာသည် ဒီဘက်ဘဝမှာ ရှိမလား၊ ဟိုဘက်ဘဝမှာ ရှိသလား? ဟော လွယ်လွယ်လေးရယ်နော်။ ဟိုအတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ လာပြီး ဖြစ်ရတယ်။ ဒီဘဝမှာကော သမုဒယသစ္စာတွေ ထပ်ပြီးတော့ ထူထောင်မှု မရှိဘူးလားဆိုတော့ ရှိကြပါတယ်။ ဒီဘဝ ထူထောင်နေတဲ့ သမုဒယသစ္စာတွေက နောင်အနာဂတ် ဒုက္ခသစ္စာရဲ့ အကြောင်းရင်းတရားသာ ဖြစ်တယ်။ ဒီဘဝ ဒုက္ခသစ္စာရဲ့ အကြောင်းရင်းတရား ဟုတ်သလား? မဟုတ်ဘူး။ ဟုတ်သာဟုတ်တယ်ဆိုရင်တဲ့ အဋ္ဌကထာဆိုတာက ပဋ္ဌာန်းအဋ္ဌကထာကနော် - နာမ်နတ္ထိက ကမ္မပစ္စည်းပိုင်းမှာ အင်မတန်ကောင်းတဲ့ ဥပမာလေးတွေနဲ့ သူက ဖွင့်ဆိုထားပါတယ်။

နွားနို့ဆိုကြပါစို့နော် - နွားမတစ်ကောင်ကနေ ညှစ်ချလိုက်တယ်။ ညှစ်လျှင်ညှစ်ချင်း ဒီနွားနို့သည် ချက်ချင်း ထောပတ် ဖြစ်ပါ့မလား? မဖြစ်နိုင်ဘူး။ ထောပတ်ဖြစ်ချင်တယ်ဆိုရင် ထောပတ်ဖြစ်ဖို့ရန်အတွက် အချိန်အခါ အနည်းငယ် စောင့်ဆိုင်းဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။ အဲဒီ အတိုင်းပဲ - ကံတို့မည်သည်မှာ ဒိဋ္ဌဓမ္မဝေဒနိယကံ မျက်မှောက်ဘဝမှာ လက်ငင်း အကျိုးပေးမဲ့ကံပဲ ဖြစ်ချင်ဖြစ်ပါစေ အချိန်အနည်းငယ်လောက် စောင့်ဆိုင်းရပါတယ်။ ကမ္ဘာအသင်္ချေနဲ့ ချီပြီးတော့ အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့တဲ့ကံကလည်း ရင့်ကျက်လာပြီဆိုရင် ဒီဘဝမှာ လာအကျိုးပေးချင်ပေးတယ်။ အနီးဆုံးဖြစ်တဲ့ ပထမအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ ကံကလည်း ဒီဘဝမှာ လာပြီး အကျိုးပေးချင် ပေးတတ်ပါတယ်။ ဒီတော့ ဒီနေရာမှာ ကံနဲ့ သမုဒယသစ္စာ ဘယ်လိုသဘော ဆက်သလဲလို့ ဒီလိုတော့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ စဉ်းစားချင်လည်း စဉ်းစားကြမယ်နော်။ ဘုန်းကြီး နည်းနည်းတော့ ထပ်ပြောပါ့မယ်။

မြတ်စွာဘုရားက သစ္စဝိဘင်းပါဠိတော်ကြီးမှာ တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ဒါက ပဓာနနည်းပါ။ ဘာကြောင့် ပဓာနနည်းပြောရလဲ? သစ်စေ့လေးတစ်ခု ရှိတယ် ဆိုကြစို့နော် - ရင့်ကျက်နေတဲ့ သစ်စေ့လေး မျိုးစေ့အပင်ပေါက်နိုင်တဲ့ စွမ်းအား အထဲမှာ ရှိနေတယ်။ ဒါပေမဲ့လို့ ဒီသစ်စေ့လေးကို မီးရှို့မြိုက်လိုက်တယ်။ လောင်ကျွမ်းသွားပြီ။ အပင်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ရှိသေးလား? မရှိတော့ဘူး။ ကုန်ခမ်းသွားတယ်နော်။ အလားတူပဲ။ သစ်စေ့လေးထဲမှာ တည်ရှိနေတဲ့ မီးမရှို့ခင် တည်ရှိနေတဲ့ အစိုဓာတ် အစေးဓာတ်လေးက တဏှာနဲ့ တူတယ်။ နောင်တစ်ချိန် ဒီသစ်စေ့လေးက မခမ်းခြောက်ခဲ့ဘူး၊ မခြောက်သွေ့ခဲ့ဘူး၊ မီးအရှို့ မခံရဘူး ဆိုလို့ရှိရင် တစ်ချိန်မှာ သူအပင်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့အတွက် ရေ၊ မြေ၊ ဥတု စတဲ့ အကြောင်းတွေ ညီညွတ်ခဲ့ရင် အပင်ကို ဖြစ်စေနိုင်တဲ့ သဘောတရားတွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာမယ်။

အလားတူပဲ တဏှာ အစိုဓာတ် အစေးဓာတ်ရှိမှ ကံတွေက အကျိုးပေးတာ။ တဏှာ အစိုဓာတ် အစေးဓာတ် မရှိရင် ကံတွေသည် အကျိုးပေးနိုင်တဲ့ စွမ်းအား မရှိဘူး။ ဘာတဏှာ အစိုဓာတ် အစေးဓာတ်လဲ? ဘဝတစ်ခုကို တွယ်တာမက်မောနေတဲ့ တဏှာ အစိုဓာတ် အစေးဓာတ်ပဲနော်။ ဘုန်းကြီး ခဏခဏတော့ ပြောဘူးပါတယ်။ ဒီနေရာမှာ သဘောပေါက်အောင် သုမနမင်းသမီးလေးအကြောင်း ပြောမယ်။ နာမည်ကျော်ဖြစ်တဲ့ ဒကာတော် ကောသလရဲ့ သမီးဖြစ်တဲ့ သုမနမင်းသမီးပေါ့။ ဝိပဿီမြတ်စွာဘုရား သာသနာတော်တွင်းတုန်းကပေါ့ - ဘုရားအမှူးရှိသော သံဃာတွေကို သူက နို့ဃနာဆွမ်း လှူခဲ့ဖူးပါတယ်။ တစ်သိန်းတန်တဲ့ အဖိုးတစ်သိန်း ထိုက်တန်တဲ့ ရွှေခွက်ကို မြတ်လေးပန်း အုံပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာကို နို့ဃနာဆွမ်း လမ်းခုလတ် တစ်နေရာကနေ စောင့်ပြီးတော့ သူက လှူခဲ့တယ် ဆိုကြပါစို့။ အလှူပွဲမှာ သူက ဘာဆုတောင်းလဲ?

'အရှင်ဘုရား ... တပည့်တော် ဖြစ်လေရာ ဖြစ်လေရာဘဝများမှာ ဘယ်ဘဝမှာမဆို မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရတဲ့ပုဂ္ဂိုလ် ဖြစ်ရပါလို၏' ထိုဆုတောင်းတယ်။ တစ်ချက်။ “ဒီမြတ်လေးပန်းကဲ့သို့ လူများအပေါင်း ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီး ဖြစ်ရပါလို၏' ဤဆုကို တောင်းတယ်။ အဲဒီ ဆုတောင်းချက်ကလေးကို ကြည့်ပေါ့နော်။ မကြောင့်မကြ မတောင့်မတရဘဲနဲ့ အသက်မွေးရတဲ့ဘဝ၊ အမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာမက်မောနေတဲ့ တဏှာ အစိုဓာတ် အစေးဓာတ်တွေ မရှိဘူးလား? ရှိနေတယ်။ မြတ်လေးပန်းကဲ့သို့ လူများအပေါင်း ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာ မက်မောနေတဲ့ တဏှာ အစိုဓာတ် အစေးဓာတ်ကလေးလည်း မရှိဘူးလား? ရှိနေတယ်။ အဲဒီ အစိုဓာတ် အစေးဓာတ်ကလေး ခြံရံထားတယ်။

သို့သော် ဒီတဏှာတွင်လားဆိုတော့ မကသေးဘူးနော်။ ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်ကနေ ကြည့်မယ်ဆိုလို့ရှိရင် မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာ ဖမ်းပြီး ဓာတ်လေးပါးစိုက်ပြီး ရှုလိုက်မယ် ဆိုရင်တော့ အားလုံး ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံတွေပါပဲ။ အဆင့်ဆင့် ရှုသွားခဲ့ရင်နော်။ အဲဒီ ရုပ်တွေသည် နာမ်တွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ အကြိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ ရုပ်နာမ်ဆိုတာ တစ်ခုမှ မရှိဘူး။ အကြောင်းမကုန်သေးရင် အသစ်သစ် ထပ်ထပ်ပြီးတော့ ဖြစ်တယ်။ ဖြစ်ဖြစ် လာတိုင်းလည်း ပျက်ပျက်ပြီးတော့ သွားတယ်။ အကြောင်းမကုန်သရွှေ့ ဒီလို ဖြစ်လိုက် ပျက်လိုက်နဲ့ သွားနေတဲ့ ရုပ်၊ နာမ်သန္တာန် အစဉ်အတန်းတစ်ခုသာ ဖြစ်တယ်။

အဲဒီတော့ ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံလို့ သိရင် ဒီအသိသည် မှန်တယ်။ ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံလို့ မသိဘဲ မကြောင့်မကြ မတောင့်မတဘဲနဲ့ အသက်မွေးရတဲ့ အမျိုးသမီးဘဝ၊ မကြောင့်မကြ မတောင့်မတရဘဲနဲ့ အသက်မွေးရတဲ့ အမျိုးသမီး၊ လူများအပေါင်း ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီးလို့ ဒီလို သွားသိသွားခဲ့မယ် ဆိုရင် ထိုအသိသည် မှားလား၊ မှန်လား? မှန်နေပြီ။ အဲဒီ အသိမှားမှုကို ဘယ်လိုခေါ်လဲ? အဝိဇ္ဇာ။ အဲဒီ အဝိဇ္ဇာက ခြံရံလိုက်တဲ့အတွက် အဲဒီ အမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာမက်မောနေတဲ့ တဏှာ အစိုဓာတ် အစေးဓာတ်ကလေးကလည်း ဝင်မလာဘူးလား? ဝင်လာတယ်။ အဲဒီ အမျိုးသမီးဘဝအပေါ်မှာ ကပ်ပြီး စိတ်စွဲနေတဲ့ သဘောလေးလည်း ဝင်မလာဘူးလား? ဝင်လာတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် သုံးခု။ ဒီသုံးခု ခြံရံပြီးတော့ သူက နို့ဃနာဆွမ်း၊ မြတ်လေးပန်းဆိုတဲ့ လှူဖွယ်ဝတ္ထုတွေကို ဘုရားအမှူးရှိတဲ့ သံဃာကို လှူဒါန်းပူဇော်ခဲ့တယ်။ ကုသိုလ်စေတနာ သင်္ခါရတွေ ဖြစ်သွားပြီ။

ဒါပေမဲ့ ဒီကုသိုလ် စေတနာ သင်္ခါရကလည်း အနိစ္စတရားတွေပဲ ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ အကြိမ်များစွာ ဝသီပေါင်းများစွာတော့ ထပ်ကာထပ်ကာ ဖြစ်တယ်။ မလှူခင် ရှေ့အဖို့မှာ ဖြစ်နေခြင်း၊ လှူနေဆဲအခါမှာ ဖြစ်နေခြင်း၊ လှူပြီးနောက် ဝမ်းသာနေခြင်း၊ ထပ်ကာ ထပ်ကာ ဒီကုသိုလ်ဇောတွေ အကြိမ်များစွာတော့ ဖြစ်နေပါတယ်။ ဖြစ်ပြီးတာနဲ့ ဒီကုသိုလ်ဇောစိတ်အစဉ်တွေကလည်း ပျက်သွားတယ်။ ပျက်သွားပေမဲ့လို့ တခြားတခြား ဝိပါက်တရားတွေလို ကြိယာတရားတွေလို ဖြစ်ပြီးရင် ပြီးရောဆိုတဲ့ပုံစံတော့ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ သူ မျှော်လင့်တောင့်တနေတဲ့ မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရတဲ့ အမျိုးသမီးဘဝ လူများအပေါင်း ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီးဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြုပ်နှံပြီးမှ သူက ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးကို ဘယ်လိုခေါ်လဲ? ကံလို့ ခေါ်ပါတယ်နော်။

အဲဒီ ကံသည် ဘယ်အခါမှာ အကျိုးပေးသလဲ? ခုနက တဏှာ အစိုဓာတ် အစေးဓာတ်ရှိမှ အကျိုးပေးတယ်။ ဒီအမျိုးသမီးလေးကို ကြည့်လိုက်လို့ ရှိရင် မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရတဲ့ အမျိုးသမီးဘဝ၊ မြတ်လေးပန်းကဲ့သို့ လူများအပေါင်း ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီးဘဝအပေါ်မှာ တွယ်တာနေတဲ့ တဏှာ အစိုဓာတ် အစေးဓာတ်ကလေးကော မရှိဘူးလား? ရှိတယ်။ အဲဒီ အစိုဓာတ် အစေးဓာတ်သာ ခမ်းခြောက်သွားပါစေ သူ ပြုစုပျိုးထောင်ခဲ့တဲ့ ဒီကံတွေသည် အကျိုးပေးဦးမလား? မပေးတော့ဘူး။ ဒါကြောင့် တဏှာသည် အရေးအကြီးဆုံး ပဓာနအချက်တစ်ချက်ဖြစ်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ဘဝတစ်ခုကို ဖြစ်စေတဲ့ နေရာမှာ တစ်နည်း ဒုက္ခသစ္စာကို ဖြစ်စေတဲ့ နေရာမှာ တဏှာသည် ပဓာန အကြောင်းတရားတစ်ခုဖြစ်တယ်။ ပဓာနအကြောင်းတရားတစ်ခု ဖြစ်ခြင်းကြောင့် ဘုရားရှင်ကလည်း တဏှာကို သမုဒယသစ္စာလို့ ပထမနည်း ဟောလိုက်တယ်။ ဒါပထမနည်းနော်။

ဒုတိယနည်းကျတော့ ဘုရားရှင်က ကိလေသာ ၁၀-ပါးကိုလည်း သမုဒယသစ္စာလို့ ဟောလိုက်ပါတယ်။ ဒါလည်း ပဓာနနည်းပဲနော်။ နောက် တတိယနည်းကတော့ ဘုရားရှင်က အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဟောလိုက်တယ်။ ဒါသည် ပဓာနနည်းလို့ မှတ်ပါ။ စတုတ္ထနည်းကတော့ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့ရဲ့ အာရုံဖြစ်တဲ့ သံသရာဝဋ်ကို လည်စေတတ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟခေါ်တဲ့ ကုသလမူလတရား ၃-ပါးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ဒါ စတုတ္ထနည်းနော်။ ဒါလည်း ပဓာနနည်းလို့ပဲ မှတ်ထားပေတော့။ နောက်တစ်ခု နံပါတ်ငါးကျတော့ - ဘုရားရှင်က ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဒီလိုဟောတယ်။ အဲဒါကတော့ နိဗ္ဗဒေသနည်း။ သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောတော်မူတဲ့ နည်းလို့ ဒီလို မှတ်ပါနော်။

ဒီတော့ ပြောလိုရင်းက ဒီနေရာမှာ ဘုန်းကြီး ဘာပြောချင်တာလဲလို့ မေးတော့ - ခုနက သုမနာမင်းသမီးလေးရဲ့ ထုံးကိုပဲ ပြန်ကြည့်ပေါ့ ... အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တွေ ခြံရံပြီးတော့ သူ သင်္ခါရ၊ ကံတွေကို မထူထောင်ခဲ့ဘူးလား? ထူထောင်ခဲ့တယ်။ အဲဒီ သင်္ခါရ၊ ကံသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? သမုဒယသစ္စာ။ ဒီကံကြောင့် ဖြစ်ပေါ်လာရတဲ့ ဥပါဒါနက္ခန္ဓာငါးပါး။ သုမနမင်းသမီးဖြစ်ပြီ ဆိုကြပါစို့နော်။ တခြားဘဝတွေလည်း များစွာ ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၉၁-ကမ္ဘာထဲကနေပြီးတော့ ပြုစုပျိုးထောင်ခဲ့တဲ့ ဒီကံလေးက ကောသလမင်းကြီး သမီးဘဝအထိ လိုက်ပြီး အကျိုးပေးတယ်။ အကျိုးပေးလိုက်တဲ့ အချိန်အခါမှာ ထိုသုမနမင်းသမီးကို ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ကနေ ဓာတ်ခွဲကြည့်လိုက်တော့ ခန္ဓာဘယ်နှစ်ပါးရမလဲ? ဥပါဒါနက္ခန္ဓာငါးပါး။ ရုပ်တရား နာမ်တရား အစုအပုံပဲ။ အဲဒီမှာ အဓိကအချက်အချာဖြစ်တဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်နာမ် အစုအပုံကတော့ ကမ္မဇရုပ်နဲ့ ဝိပါက်နာမ်တရားတွေပဲနော်။ ပဋိသန္ဓေ အချိန်အခါမှာ ခေါင်ဆုံး စဖြစ်ပေါ်နေတဲ့ ရုပ်နဲ့နာမ်။ အလားတူနေတဲ့ ကမ္မဇရုပ်နဲ့ အလားတူနေတဲ့ ဝိပါက်ရုပ်တွေပဲ။ ဝိပါက် ရုပ်နာမ်တွေပဲ။ အဲဒီတော့ အဲဒီ ရုပ်တွေ နာမ်တွေဟာ သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။

အဲဒီ ဒုက္ခသစ္စာအမည်ရနေတဲ့ ဒီခန္ဓာငါးပါးသည် ဘာကြောင့် ဖြစ်ရသလဲလို့ ပြန်ပြီး အကြောင်းတရားကို ဆန်းစစ်ကြည့်လိုက်တော့ ဟို လွန်ခဲ့တဲ့ ၉၁-ကမ္ဘာထဲက ဘုရားအမှူးရှိသော သံဃာတို့ကို မြတ်လေးပန်းနှင့် နို့ဃနာဆွမ်းတွေ လှူဒါန်းပူဇော်ခဲ့ရတဲ့ ကုသိုလ်စေတနာက လာပြီးတော့ အကျိုးပေးနေတယ်။ ဒီသမုဒယသစ္စာက လာအကျိုးပေးနေတယ်ဆိုတာ မထင်ရှားဘူးလား? ထင်ရှားတယ်နော်။ သဘောပေါက်တယ်နော်။ ဘုန်းကြီး နည်းနည်း ထပ်ပြောမယ်။ ကဲ အဲဒီလို ဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ၂-ခု ရှိတဲ့အနက် သမုဒယသစ္စာက အရင်ဖြစ်ရမယ်။ ဒုက္ခသစ္စာက နောက်မှ ဖြစ်ရပါတယ်ဆိုတာကို လက်ခံနိုင်ခဲ့ရင် ဒီဘဝမှာ ဒုက္ခသစ္စာက ခေါင်ဆုံးစပြီး ဖြစ်သလား၊ သမုဒယသစ္စာက ခေါင်ဆုံးစဖြစ်ရသလားလို့ မေးရင် ဘယ်လို ဖြေမလဲ? ဒုက္ခသစ္စာက ခေါင်ဆုံးစဖြစ်တယ်။

အဲဒီ ဒုက္ခသစ္စာဟာ သမုဒယသစ္စာကြောင့် ဖြစ်တယ်။ ဒီသမုဒယသစ္စာဟာလည်း ဒုက္ခသစ္စာထက် အရင် ရှေးဦးစွာ ဖြစ်ပါတယ်လို့ လက်ခံနိုင်ရင် ဒီသမုဒယသစ္စာသည် အတိတ်က ဖြစ်မလား၊ ဒီဘဝမှာ ဖြစ်မလား? အတိတ်ဘဝတစ်ခုခုက ဖြစ်ခဲ့မယ်နော်။ အတိတ်ဘဝ တစ်ခုက ဖြစ်ခဲ့တဲ့ ဒီသမုဒယသစ္စာကို အတိတ်ကို လှမ်းမရှုခဲ့ရင် ဒီအတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်တာကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်ပါ့မလား? မသိနိုင်ဘူး ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် သမုဒယသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ပေါ်နိုင်မလား? မပေါ်နိုင်တော့ဘူး။ ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်သည် သစ္စာလေးပါးလုံးကို သိနိုင်ပါ့ဦးမလား? မသိနိုင်တော့ဘူးနော်။ သစ္စာလေးပါးကို မသိရင် မဂ်ဖိုလ်နိဗ္ဗာန် ရမလား၊ မရဘူးလား မေးရင်ကော ဘယ်လို ဖြေမလဲ? မရတော့ဘူးနော်။

သစ္စာလေးပါးနှင့် ဝိပဿနာကျင့်စဉ်

‘‘စတုန္နံ, ဘိက္ခဝေ, အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ စတုန္နံ အရိယသစ္စာနံ၊ အရိယာသစ္စာလေးရပ် တရားမြတ်တို့ကို။ အနနုဗောဓာ၊ အနုဗောဓဉာဏ်ဖြင့် လျော်စွာ ထိုးထွင်း၍ မသိမြင်ခြင်းကြောင့်။ အပ္ပဋိဝေဓာ၊ ပဋိဝေဓဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ခြင်းကြောင့်။ မမဉ္စေဝ၊ ငါဘုရားသည်လည်းကောင်း။ တုမှာကဉ္စ၊ သင်ချစ်သားတို့သည်လည်းကောင်း။ ဧဝံ၊ ဤသို့။ ဒီဃမဒ္ဓါနံ၊ ဤကဲ့သို့ ရှည်လျားလှစွာသော သံသရာခရီး ကာလပတ်လုံး။ သန္ဓာဝိတံ၊ ထိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။ သံသရိတံ၊ တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

ဒီလို ဘုရားဟောထားတယ်။ ချစ်သားရဟန်းတို့ ... သစ္စာလေးပါးတရားကို အနုဗောဓဉာဏ်၊ ပရိဝေဒဉာဏ်ခေါ်တဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေနဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိတဲ့အတွက် သင်ချစ်သားတို့ကော ငါဘုရားကော ဒီလောက် ရှည်လျားတဲ့ သံသရာခရီး ကာလပတ်လုံး ဟိုဘဝမှ ဒီဘဝ၊ ဒီဘဝမှ ဟိုဘဝ တပြောင်းပြန်ပြန် ကျင်လည်ကျက်စားပြီး ပြေးသွားခဲ့ကြရတယ်။ တစ်ခုသော ဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားကြရပါတယ်လို့ ဒီလို ဟောတယ်။

ဘာကြောင့် ဒီလို သံသရာခရီး ကျင်လည်နေရလဲ? သစ္စာလေးပါးကို အနုဗောဓဉာဏ်၊ ပရိဝေဒဉာဏ်နဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိလို့။ မသိဘူးဆိုလို့ရှိရင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်နိုင်မလား? မလွတ်နိုင်ဘူးနော်။ မလွတ်နိုင်တဲ့အတွက်ကြောင့် ဦးပဉ္စင်းတို့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင်လွတ်ချင်နေတဲ့ သူတော်ကောင်းမှန်ခဲ့လို့ရှိရင် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ရမလား၊ အားမထုတ်ရဘူးလားလို့မေးရင် ဘယ်လို ဖြေမလဲ? ကြိုးစားအားထုတ်ရမယ်။

ကြိုးစားအားထုတ်တဲ့အပိုင်းမှာ ဒီဘဝ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခသစ္စာ အမည်ရနေတဲ့ အကျိုးတရားတွေသည် ဒီဘဝ ထူထောင်နေတဲ့ သမုဒယသစ္စာကြောင့် ဖြစ်တာ ဟုတ်သလား? မဟုတ်ဘူး။ အကယ်၍များ ဟုတ်ပါတယ်လို့ ပြောခဲ့ရင်ပေါ့ “ဟ တဏှာက သမုဒယသစ္စာပဲ။ အဲဒီ တဏှာကို သိရင် သမုဒယသစ္စာကို သိတာပဲ' လို့ ဒီလို လွယ်လွယ်လေးပဲ ပြောတယ်။ အဲဒီ တဏှာတွေ ခုပြောနေတာ ဘယ်တုန်းက တဏှာလဲ? လက်ရှိ ဒုက္ခသစ္စာရဲ့ အကြောင်းရင်းဖြစ်တဲ့ တဏှာသည် လက်ရှိ ပစ္စုပ္ပန်တဏှာ ဟုတ်သလား? မဟုတ်ဘူး။ ဟုတ်တယ်ဆိုရင်တဲ့ အဋ္ဌကထာက သဘာဝကျကျလေး ရှင်းထားတယ်။ ခုကောင်းမှုကုသိုလ်ပြုကြည့်ပေါ့ -

ဟိုမှာ စေတီတော်မှာ ဆီမီးလေး သွားပူဇော်ကြည့်ပါနော်။ ပူဇော်ပြီးတော့ ဆုတောင်းကြည့်ပါ။ ဘယ်လို ဆုတောင်းရမလဲ? ၁၆-နှစ် ဖြစ်ပါစေလို့ သွားပြီး ဆုတောင်းကြည့်။ ဖြစ်သလား? ဟင် ဒါ လက်တွေ့ စမ်းသပ်ကြည့်ပါ။ ပစ္စုပ္ပန်ကံက သို့မဟုတ် ပစ္စုပ္ပန်တဏှာကံက ကဲ ကဲ ကဲ ၁၆-နှစ်တော့ ဖြစ်ချင်လား၊ မဖြစ်ချင်ဘူးလား? ဖြစ်ချင်တယ်။ အယ် ... ဟုတ်တာပေါ့။ သေချင်လည်း သေပါစေ။ သင်္ခါရတရား ဆိုတာကတော့ သေမှာပဲ။ ဒါပေမဲ့လို့ မသေခင်လေးမှာ နုနုပျိုပျိုလေးနဲ့ သန်သန်မြန်မြန် ဖျတ်ဖျတ်နဲ့ တရားတွေ အားထုတ်ရမယ်ဆိုရင် ပိုမကောင်းဘူးလား? ကောင်းတယ်ပေါ့။ ၁၆-နှစ် ဒါကတော့ ဖြစ်ချင်ပါတယ်။ ဖြစ်ချင်ပေမဲ့လို့ ဖြစ်ကော ဖြစ်သလား? ဒီလိုဆိုရင် ပစ္စုပ္ပန် သမုဒယသစ္စာကြောင့် ပစ္စုပ္ပန် ဒုက္ခသစ္စာဖြစ်တာ ဟုတ်သလား? မဟုတ်ဘူး။

နောက်တစ်ခု ကောင်းမှုကုသိုလ်ပြုပြီးတော့ နတ်သားဖြစ်ပါစေလို့ ဆုတောင်းကြည့်ပါ။ ချက်ချင်း နတ်သား ဖြစ်သလား? အကယ်၍သာဖြစ်ရင် ဒကာမကြီးတွေ ငမူးလက်က လွတ်မသွားဘူးလား? လွတ်မှာပေါ့။ ဒီငမူးဆိုတဲ့ကောင် အင်မတန် ဆိုးတဲ့ကောင်။ ဟုတ်တယ်မဟုတ်လား? ဒီကောင့်လက်က ချက်ချင်းလွတ်သွားမှာပဲ။ ဒီကောင်ရိုက်နေတဲ့ ဒဏ်ချက်တွေကို ခံနေရတာ ဘဝပေါင်းများလှပြီ။ ချက်ချင်း လွတ်သွားမှာပေါ့။ ခု လွတ်ကော လွတ်သလား? မလွတ်ဘူး။ ပစ္စုပ္ပန်ကံက သို့မဟုတ် ပစ္စုပ္ပန် သမုဒယသစ္စာက ပစ္စုပ္ပန် ဒုက္ခသစ္စာကို ဖြစ်စေတာ ဟုတ်သလား? မဟုတ်ဘူး။ မဟုတ်ဘူး ဆိုလို့ရှိရင် သစ္စာလေးပါး သိမှ နိဗ္ဗာန်ရမယ်ဆိုတာ လက်ခံနိုင်ခဲ့ရင် ဒီဘဝ ဒုက္ခသစ္စာရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာသည် အတိတ်မှာရှိတော့ အတိတ်ကို လှမ်းပြီး မရှုဘူးဆိုရင် အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိနိုင်ပါ့မလား? မသိနိုင်ဘူး။ မသိရင် မဂ်ဖိုလ်နိဗ္ဗာန် ရမလား? မရဘူး။

ကဲ ... ဒကာကြီးတွေ၊ ဒကာမကြီးတွေ လုပ်ငန်းခွင်ကျင့်တဲ့ အပိုင်းလေးမှာ အင်မတန် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဖြစ်တဲ့အခါကျတော့ အတိတ်ကို ဘယ်လိုလုပ် ရှုရမလဲ? အတိတ်က မရှိတော့ဘူး။ မရှိတဲ့ တရားတစ်ခု ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်က ဖြစ်မှ မဖြစ်သေးတာပဲ။ မဖြစ်သေးတဲ့ တရားတစ်ခု ဘယ်လိုလုပ် ရှုမလဲဆိုပြီး ဒီအကြောင်းပြချက်နဲ့ ဘေးဖယ်ချလိုက်တယ်။ ဖယ်ချလိုက်တော့ အတိတ်က သမုဒယသစ္စာကြောင့် ပစ္စုပ္ပန် ဒုက္ခသစ္စာဖြစ်ပုံဆိုတဲ့ ပစ္စုပ္ပန် ဒုက္ခသစ္စာကြောင့် အနာဂတ် သမုဒယသစ္စာဖြစ်ပုံကို ဒီအကြောင်းအကျိုး ဆက်နွယ်နေတဲ့ သဘောကို သိသေးသလား? မသိတော့ဘူး။ မသိရင် ဘုရားရှင်က မဂ်ဖိုလ်နိဗ္ဗာန် ရမယ် ဟောသလား၊ မရဘူး ဟောသလား? မရဘူးလို့ ဟောတယ်။ ခေတ်ကတော့ ရပါတယ်လို့ ဝန်ခံပြီးတော့ ဟောကြားတယ်။ ဒါဖြင့် ဘုရားက မှန်သလား၊ ခေတ်က မှန်သလားလို့မေးရင်ကော ဘယ်လို ဖြေမလဲ? ဘုရားက မှားသလား၊ ခေတ်က မှားသလားလို့ မေးရင်ကော ဘယ်လို ဖြေမလဲ? အဲဒါ ဒကာကြီးတွေ၊ ဒကာမကြီးတွေ ပြောတာနော်။ ဘုန်းကြီးပြောတာ မဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား? တော်ကြာ ဘုန်းကြီး ပြောတယ်လို့ မဖြစ်စေနဲ့။

ဒီတော့ ဒီဥစ္စာက အလေးအနက်ထားပြီး ကျင့်စဉ်ပိုင်းမှာ စဉ်းစားရမဲ့အပိုင်း ရောက်မလာဘူးလား? ရောက်လာပြီ။ ဒါ သိပ်အရေးကြီးပါတယ်နော်။ အယူအဆတစ်ခု လွဲချော်သွားလို့ရှိရင် ကျင့်စဉ်တွေအားလုံး လွဲချော်မသွားနိုင်ဘူးလား? သွားနိုင်တယ်ဆိုတော့ ခေတ်က ပြောနေတာက ဘာကို အကြောင်းပြသလဲဆိုတော့ ဘုန်းကြီးတို့ ဘဒ္ဒေကရတ္တသုတ္တန်မှာ ဂါထာလေးတစ်ခု နာပါတယ်။ ဒီဂါထာလေး ဘုန်းကြီးလည်း ခဏခဏ ပြောဖူးပါတယ်။ အဲဒီ ဂါထာလေးတစ်ခုကို အခြေခံပြီးတော့ပဲ အငြင်းပွားကြတာ ဘုရားရှင်က - ဘဒ္ဒေကရတ္တ (ဘဒ္ဒေ၊ ကောင်းသော။ ဧကရတ္တ၊ တစ်ည။) ကောင်းသော ညတစ်ညဆိုတဲ့ သုတ္တန်အမည်နဲ့ ဥပရိပဏ္ဏာသပါဠိတော်မှာ သုတ္တန်လေးခု လာရှိပါတယ်။ နံပါတ်(၁) သုတ္တန်ကတော့ - သမ္မာသမ္ဗုဒ္ဓဘာသိတ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားသွားတော်မူတဲ့ သုတ္တန်ဖြစ်ပါတယ်။ အဲဒီ သုတ္တန်မှာ ဘုရားရှင်က ဥဒ္ဒေသအနေအားဖြင့် ဂါထာလေးတွေ ဟောထားတယ်။

ဘဒ္ဒေကရတ္တဂါထာ

အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။

ယံ၊ အကြင် အတိတ်ဖြစ်သော ခန္ဓာငါးပါးသည်။ အတီတံ၊ ကုန်ဆုံး ပျက်ပြုန်းခဲ့လေပြီ။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုအတိတ်ဖြစ်တဲ့ ခန္ဓာငါးပါးကို။ နာနွာဂမေယျ၊ အစဉ်မလိုက်ရာ။ အနာဂတံ၊ အနာဂတ်ဖြစ်သော။ ယံ၊ အကြင်ခန္ဓာငါးပါးသည်။ အတ္ထိ၊ ရှိ၏။ တမ္ပိ၊ ထိုခန္ဓာငါးပါးသည်လည်းပဲ။ အပ္ပတ္တံ၊ မဖြစ်ပေါ်လာသေး မဆိုက်ရောက်လာသေး။ တသ္မာ၊ ထို့ကြောင့်။ အနာဂတံ၊ အနာဂတ်ဖြစ်သော ခန္ဓာငါးပါးကို။ နပ္ပဋိကင်္ခေ၊ မမျှော်လင့် မတောင့်တရာ။

ဒီဂါထာလေးပဲ။ အငြင်းပွားကြတယ်။ အတိတ်ဖြစ်စဉ် ခန္ဓာငါးပါးတွေ ချုပ်ဆုံးခဲ့ပြီဖြစ်တယ်။ ချုပ်ဆုံးခဲ့ပြီဖြစ်နေတဲ့ ဒီအတိတ်ဖြစ်တဲ့ ခန္ဓာငါးပါးကိုလည်း အစဉ်မလိုက်ပါနဲ့။ အနာဂတ်ဖြစ်တဲ့ ခန္ဓာငါးပါးသည် မဖြစ်ပေါ်လာသေးဘူး၊ မရောက်ရှိလာသေးဘူး။ ဒါကြောင့် အနာဂတ် ခန္ဓာငါးပါးကိုလည်း လှမ်းပြီးတော့ မမျှော်ပါနဲ့ ဆိုပြီး ဒီလို ဘုရားဟောထားတယ်။ အဲဒီ ဟောကြားချက်ကို အခြေတည်ပြီးတော့ အတိတ်ခန္ဓာငါးပါးကို မလိုက်နဲ့ ဆိုတာက အတိတ်ခန္ဓာငါးပါးကို မရှုရဘူးပြောတာတဲ့။ အနာဂတ်ခန္ဓာငါးပါးကို မမျှော်နဲ့ ဆိုတာလည်း အနာဂတ်ကို မရှုနဲ့လို့ ပြောတာလို့ ဒီလို ဘာသာပြန်လိုက်ကြတယ်။ ဘာသာပြန်ပြီးတော့ အတိတ်နဲ့ အနာဂတ် မရှုကောင်းဘူး ဆိုပြီးတော့ ဒီလို အယူအဆတွေ ပေါ်လာတယ်။

ပေါ်လာတဲ့အပိုင်းမှာလည်း ခုနက အတိတ်က ဖြစ်ပြီးပြီ မရှိမှ မရှိတော့တာ။ မရှိတာ ဘယ်လိုလုပ် ရှုမယ် ဆိုပြီး ဒီလို ထပ်ပြီး အကြောင်းပြတယ်။ အနာဂတ်ကလည်း ဖြစ်မှ မဖြစ်သေးတာ။ မဖြစ်သေးတာကို ဘယ်လိုလုပ် ရှုမလဲလို့ ဒီလို အကြောင်းပြပြန်တယ်။ အဲဒီ အကြောင်းပြချက်တွေနဲ့ ပယ်ချလိုက်တဲ့ အခါကျတော့ အတိတ်၊ အနာဂတ် ရှုရမယ်ဆိုတဲ့ စကားလုံးလေးတွေက အင်မတန် မျက်နှာငယ်ပြီးတော့ ဟိုချောင်ထဲမှာ သွားပြီး ကပ်နေရတယ်။ ပြန်ပြီး မနည်း ကော်ထုတ်တာတောင်မှ ထွက်သလား? မထွက်ချင် ဖြစ်နေတယ်။ သနားဖို့ သိပ်ကောင်းတယ်။ သူ့ခမျာ ထောင့်ထဲမှာ သွားပြီး ကပ်နေရတယ်။ ဟုတ်တယ်မဟုတ်လား?

ဒီတော့ ဒီနေရာမှာ ဘုရားရှင်က ဘာပြောသလဲဆိုတော့ ဆိုလိုရင်း အဓိပ္ပါယ်လေးကို ဘုရားရှင် ကိုယ်တော်တိုင်က အဲဒီ သုတ္တန်မှာ ရှင်းထားပါတယ်။ အတိတ် မလိုက်ရဘူး ဆိုတာက ငါ့ရဲ့ ရုပ်တရားတွေသည် အတိတ်က ဒီလို ဖြစ်ခဲ့တယ်ဆိုပြီးတော့ အတိတ်ဖြစ်တဲ့ ရုပ်တရားအပေါ်မှာ တဏှာဒိဋ္ဌိတို့ မဖြစ်ပါစေနဲ့။ အဲဒီလို တဏှာဒိဋ္ဌိကို ဖြစ်စေခဲ့ရင် ဒါ အတိတ်ကို လိုက်တယ်လို့ ခေါ်တယ်လို့ ဒီလို ရှင်းထားတယ်။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာလေးပါးမှာလည်း ပုံစံတူပဲ။ ဒီတော့ ငါ့ရဲ့ အတိတ်ဘဝတုန်းက ဟိုရှေးအတိတ်တုန်းက ငါ့ရဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါး၊ ရုပ်တရား နာမ်တရားတွေက ဒီလို ဖြစ်ခဲ့တယ်။ အဲဒီလိုဆိုပြီးတော့ အတိတ်ဖြစ်တဲ့ ခန္ဓာငါးပါးအပေါ်မှာ လှမ်းပြီး တွယ်တာတပ်မက်တဲ့ တဏှာ ဖြစ်ခဲ့ရင် အတိတ်ကို လိုက်တယ်ခေါ်တယ်။ နောင်အနာဂတ်မှာလည်း ငါ့ရဲ့ ခန္ဓာငါးပါးက ဒီလို ဖြစ်ပါစေဆိုပြီးတော့ လှမ်းပြီး မျှော်လင့်တောင့်တတယ်။

ခုနက သုမနမင်းသမီးတို့လိုပေါ့နော်။ မကြောင့်မကျ မတောင့်မတရတဲ့ အမျိုးသမီးဘဝ၊ မြတ်လေးပန်းကဲ့သို့ လူများအပေါင်း ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီးဘဝကို လှမ်းပြီး တောင့်တမှု မဖြစ်ဘူးလား? ဖြစ်တယ်။ အဲဒီ အမျိုးသမီးဘဝကို ဓာတ်ခွဲလိုက်တော့ ခန္ဓာဘယ်နှစ်ပါးလဲ? ခန္ဓာငါးပါးပဲ။ အနာဂတ်မှာ နောင်ဒီလို ခန္ဓာငါးပါးဖြစ်ပါစေဆိုတဲ့ မျှော်လင့်တောင့်တချက် မရှိဘူးလား? ရှိတယ်။ အဲဒီ မျှော်လင့်တောင့်တချက်က အနာဂတ်ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာဒိဋ္ဌိ။ အတိတ်ခန္ဓာငါးပါးမှာလည်း တဏှာဒိဋ္ဌိ မဖြစ်ပါစေနဲ့။ အနာဂတ်ခန္ဓာငါးပါး အပေါ်မှာလည်း တဏှာဒိဋ္ဌိ မဖြစ်ပါစေနဲ့လို့ ဒီလို ဘုရားဟောတယ်။ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါး အပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်၊ အနာဂတ် ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိမဖြစ်အောင် ဘာလုပ်ရမလဲလို့ မေးစရာတော့ မရှိဘူးလား? ရှိလာတယ်။ အဋ္ဌကထာကလည်း သေချာ ရှင်းထားပါတယ်။ ဘုရားရှင်ကလည်း အတ္ထိအကျ ဟောထားပါတယ်နော်။

ဝိပဿနာယ အဘာဝတော တဏှာဒိဋ္ဌိ ဟိ အကာသိယသိ။

ဝိပဿနာဉာဏ် မဖြစ်တဲ့အတွက်ကြောင့် တဏှာဒိဋ္ဌိတွေရဲ့ ဆွဲငင်မှုကို ခံနေရတာ ဖြစ်တယ်တဲ့။ ဝိပဿနာဉာဏ်သာ ဖြစ်နေပါစေ။ ဝိပဿနာဉာဏ် ဖြစ်ခြင်းကြောင့် တဏှာဒိဋ္ဌိရဲ့ ဆွဲငင်မှုကို ဘယ်တော့မှ မခံယူရပါဘူးလို့ ဒီလို ရှင်းထားတယ်။ ဒီတော့ ပစ္စုပ္ပန် ခန္ဓာငါးပါး အပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်ရေးအတွက် ပစ္စုပ္ပန် ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ အဲဒီလို ဝိပဿနာ ရှုလိုက်တဲ့ အချိန်အခါမှာ ပစ္စုပ္ပန် ခန္ဓာငါးပါးအပေါ်မှာ ဝိပဿနာဉာဏ်တွေ ဖြစ်နေမယ်ဆိုရင် အနိစ္စနုပဿနာဉာဏ်က ဘာကို ဖြိုဖျက်ပေးမလဲ? “ငါ ငါ' လို့ ထောင်လွှားနေတဲ့ မာနစွဲကို ဖြိုဖျက်ပေးမယ်။ ဒုက္ခနုပဿနာဉာဏ်က “ငါ့ဟာ ငါ့ဟာ'လို့ စွဲနေတဲ့ တဏှာစွဲကို ဖြိုဖျက်ပေးမယ်။ အနတ္တနုပဿနာဉာဏ်က “ငါရဲ့ အတ္တပဲ'လို့ စွဲလမ်းယုံကြည်နေတဲ့ အတ္တစွဲကို ဖြိုခွဲပေးလိမ့်မယ်။ တဏှာဒိဋ္ဌိတွေ ပြိုမသွားဘူးလား? ပြိုသွားတယ်။

ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ ပြိုသွားအောင် ပစ္စုပ္ပန် ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ ဒီလိုဆိုရင် အတိတ် ခန္ဓာငါးပါး အပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်လည်း အတိတ်ခန္ဓာငါးပါးကို ဘာလုပ်ရမလဲ? လွယ်လွယ်လေးရယ်။ ဟုတ်ပလား?

ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်ချင်ရင် ဘာလုပ်ရမလဲ? ပစ္စုပ္ပန် ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်ရဘူး။ မဖြစ်ချင်ဘူးဆိုရင် ဘာလုပ်ရမလဲ? အတိတ်ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရမယ်။ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုဖို့ရန်အတွက် မရှုခင်မှာ ဒီအတိတ်ခန္ဓာငါးပါးကို သိထားပြီး ဖြစ်ဖို့တော့ မလိုဘူးလား? လိုတယ်။ သိမ်းဆည်းထားတတ်ပြီး ဖြစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

နောက်တစ်ခု အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်ချင်ဘူး။ မဖြစ်ချင်ရင်လည်း ဒီအနာဂတ်ခန္ဓာငါးပါးကို သိမ်းဆည်းပြီးတော့ ဒီအနာဂတ်ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုဖို့ မလိုအပ်ဘူးလား? လိုတယ်။ လိုတယ်ဆိုတာက ဒီလိုပါ - အတိတ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ပဲဖြစ်ဖြစ်၊ အနာဂတ်ပဲဖြစ်ဖြစ် ဒီခန္ဓာငါးပါးကို သိမ်းဆည်းပြီးတဲ့အခါ ဒီခန္ဓာငါးပါးရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင် ရှုတယ်။ ရှုနေလိုက်တဲ့ အချိန်အခါမှာ ဖြစ်ပြီး ပျက်နေတဲ့ ရုပ်နာမ်တရား အစုအပုံ၊ ခန္ဓာငါးပါး အစုအပုံကိုသာ တွေ့နေတဲ့ ပုဂ္ဂိုလ်သတ္တဝါအဖို့၊ ယောဂီအဖို့ ထိုအချိန်အခါမှာ “ငါ' ရှာလို့တွေ့ဦးမလား? မတွေ့ဘူး။ ငါလည်း မရှိတော့ဘူး။ သူလည်း မရှိတော့ဘူး။ ဘာတွေသာ ရှိနေလဲ? ရုပ်တရား အစုအပုံ ရှိတယ်၊ နာမ်တရား အစုအပုံရှိတယ်။

အဲဒီ ရုပ်တွေ နာမ်တွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ “ငါ'လို့ ပြောလောက်အောင်၊ ခေါ်လောက်အောင်၊ “သူ'လို့ ပြောလောက်အောင်၊ ခေါ်လောက်အောင် ရပ်တည်နေတဲ့ အချိန်အခါကာလလေးတောင် ရှိသလား? မရှိဘူး။ မျက်စိတမှိတ်၊ လျှပ်တပြတ်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်းမှာ အကြိမ်ကုဋေသိန်းနဲ့ချီပြီး ဖြစ်ပျက်နေတယ်။ ထောင်နဲ့ ချီပြီးတော့ ဖြစ်ပျက်နေပါတယ်။ ဒီလောက် လျှင်လျှင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ တရားတွေထဲက ဒါလေးကတော့ “ငါ'ပဲ၊ ဒါကတော့ “သူ'ပဲလို့ ဒီလို ပြောယူလောက်တဲ့ အချိန် ရှိသေးလား? မရှိတော့ဘူး။ အဲဒီ အချိန်အခါမှာ “ငါ ငါ'လို့ ထောင်လွှားနေတဲ့ ဒီမာနကော ဖြစ်ခွင့် ရှိဦးမလား? မရှိဘူး။ ဒါကြောင့် အနိစ္စနုပဿနာဉာဏ်က မာနစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်လို့ ပြောတာ။

တစ်ခါ နောက်တစ်ခု ဒုက္ခနုပဿနာ။ ဒီခန္ဓာငါးပါး၊ ရုပ်တရား၊ နာမ်တရားတွေကို ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ထပ်ပြီး ကြည့်တယ်။ ရုပ်ကိုပဲ ကြည့်ကြည့်။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ နာမ်တွေကိုပဲ ကြည့်ကြည့်။ အဲဒီ ရုပ်တွေ နာမ်တွေသည် ဖြစ်ခြင်း ပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲ ညှဉ်းပမ်းနှိပ်စက် ခံနေရတယ်။ အနှိပ်စက် မခံရတဲ့ အချိန်ဆိုတာ ရှိသလား? မရှိဘူး။ ဒုက္ခတရား စင်စစ်ဧကန်ဖြစ်တယ်။ “ဖြစ်ပျက် နှစ်တန် နှိပ်စက်ဒဏ်ကြောင့် တယာမ်မစဲ လွန်ဆင်းရဲ၏' တိပိဋကဓဇ ကိုယ်တော်ကြီး ဆုံးမထားတာနော်။

ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲ ညှဉ်းပမ်းနှိပ်စက်ခံနေရတဲ့အတွက် ဒုက္ခလို့ ရှုတယ်။ ရှုလိုက်ရင် အဲဒီ အချိန်အခါမှာ ဒီရုပ်တရားက “ငါ့ဟာလေးပဲ' ဒီနာမ်တရားလေးကတော့ “ငါ့ဟာလေးပဲ'လို့ “ငါ့ဟာ ငါ့ဟာ'လို စွဲယူလောက်တဲ့ အချိန်ကော ရှိသေးလား? မရှိတော့ဘူး။ “ငါ့ဟာ ငါ့ဟာ'လို့ တွယ်တာ မက်မောလောက်တဲ့ အချိန်ကော ရှိသေးလား? မရှိတော့ဘူး။ တဏှာစွဲ ပြိုမသွားလား? ပြိုသွားတယ်။

နောက်တစ်ခု - ဒီရုပ် ဒီနာမ်တွေထဲမှာ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တကိုလိုက်ပြီး ရှာကြည့်တယ်။ သာသနာပ အယူအဆ ရှိတဲ့ ပုဂ္ဂိုလ်တွေ ကြံဆထားတဲ့အတိုင်း မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တကိုလိုက်ပြီး ရှာကြည့်တဲ့ အချိန်အခါမှာ ဒီအတ္တလေး တွေ့သေးလား? မတွေ့တော့ဘူး။ အားလုံး ဘာဖြစ်လဲ? အနတ္တပဲ။ အတ္တကို ရှာဖွေ မတွေ့တဲ့အတွက် အတ္တမရှိတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနတ္တလို့ ရှုတယ်။ အဲဒီ အချိန်အခါမှာ အတ္တစွဲ ပြိုမသွားဘူးလား? ပြိုသွားတယ်။ အဲဒီတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်ပေါ့ - ဒိဋ္ဌိက ခုနက အတ္တဒိဋ္ဌိပဲနော်။ တဏှာတို့၊ ဒိဋ္ဌိတို့ မဖြစ်အောင် ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဘာလုပ်ရသလဲ? အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တလှည့်စီ တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရပါတယ်နော်။

ကဲ ကောင်းပြီ။ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင် ပစ္စုပ္ပန်ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တလှည့်စီ တင်ပြီးတော့ ဝိပဿနာ ရှုရမယ်ဆိုတာကို လက်ခံနိုင်ခဲ့ရင်နော်။ အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်လည်း ဘာလုပ်ရမလဲ? အတိတ်ခန္ဓာငါးပါးကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တလှည့်စီ တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရမယ်ဆိုတာကိုကော လက်မခံနိုင်ဘူးလား? လက်ခံနိုင်ရမယ်နော်။ အနာဂတ် ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်လည်း အနာဂတ်ခန္ဓာငါးပါးကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တလှည့်စီ တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရမယ်ဆိုတာကိုကော လက်မခံနိုင်ဘူးလား? လက်ခံနိုင်ရမယ်နော်။

သို့သော် ခေတ်ကတော့ ဘာပြောလဲ? အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင် အတိတ်ကို မရှုနဲ့တဲ့။ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင် အနာဂတ်ကို မရှုနဲ့။ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်ကျတော့ ပစ္စုပ္ပန်သက်သက်သာ ရှုလေတဲ့။ ခေတ်က မညွှန်ကြားဘူးလား? ညွှန်ကြားနေတယ်။ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ်ကို မရှုရဘူးလို့ လက်ခံနိုင်ခဲ့ရင်၊ အနာဂတ် ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်ရေးအတွက် အနာဂတ်ကိုလည်း မရှုနဲ့လို့ လက်ခံနိုင်ခဲ့ရင်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာလည်း တဏှာဒိဋ္ဌိ မဖြစ်အောင် ပစ္စုပ္ပန်လည်း မရှုနဲ့လို့ ပြောဖို့ မကောင်းဘူးလား? ဘယ့်နှယ်တုန်း ယောဂီတွေ ပြောဖို့ မကောင်းဘူးလား၊ ကောင်းလား? ပြောကော ပြောသလား? မပြောဘူး။ ဘယ့်နှယ်တုန်း။ ရှေ့စကား နောက်စကား ညီရဲ့လား?

အတိတ်ခန္ဓာငါးပါး၊ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင် အတိတ်၊ အနာဂတ်ကို မရှုနဲ့လို့တော့ ပြောတယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာဒိဋ္ဌိ မဖြစ်အောင်ကျတော့ ပစ္စုပ္ပန် ပေါ်ရာပေါ်ရာသည် ရှုနေဆိုတော့ သဘာဝကျပါ့ဦးမလား? မကျဘူး။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်တာကော သိနိုင်ဦးမလား? မသိနိုင်ဘူး။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာ ဖြစ်တာကော သိနိုင်ဦးမလား? မသိနိုင်တော့ဘူး။ ဒီတော့ ပြောချင်တာက ဘာကနေ စကားက စသွားလဲ? ဝိစိကိစ္ဆာလေးက စသွားတာနော်။

နီဝရဏတရားတွေထဲမှာ ဝိစိကိစ္ဆာခေါ်တဲ့ ယုံမှားသံသယတစ်ခု ဝင်လာပြီဆိုရင် ဘာကျင့်စဉ်နဲ့ ပတ်သက်လို့လဲ? ပညာကျင့်စဉ် ခုပြောနေတာနော်။ သီလကျင့်စဉ်နဲ့ ပတ်သက်လို့ သံသယရှိတယ်။ ဒီနေ့ခေတ်မှာ ဒီဈာန်တရားတွေကို မရနိုင်ဘူးဆိုပြီး သမာဓိသိက္ခာနဲ့ ပတ်သက်လို့လည်း သံသယရှိတယ်။ ဒီရုပ် ဒီနာမ်တွေ ရှုလို့ မရနိုင်ဘူး ဆိုပြီးတော့လည်း သံသယရှိတယ်။ ဒီအတိတ်၊ အနာဂတ်ကိုလည်း ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးလို့ သံသယ ရှိပြန်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ခေါ်တဲ့ ဒီကျင့်စဉ်သုံးရပ် အပေါ်မှာ သံသယရှိနေရင် အဲဒီ ပုဂ္ဂိုလ်ဟာ ဒီသီလတွေကို ပြည့်စုံအောင်၊ ဒီသမာဓိတွေကို ပြည့်စုံအောင်၊ ဒီပညာကျင့်စဉ်တွေကို ပြည့်စုံအောင် ဖြည့်ကျင့်လို့ ရနိုင်ပါတော့မလား? မရနိုင်ဘူး။

ဒီလိုဆိုရင် ဒီဝိစိကိစ္ဆာသည် မှန်ကန်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ခေါ်တဲ့ သူရဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို ထွင်းဖောက်သိမြင်နေတဲ့ ဉာဏ်ပညာတွေ ရရှိရေးအတွက် အကြီးဆုံးသော အန္တရာယ်ကြီး ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ သမာဓိသိက္ခာနဲ့ ပတ်သက်လို့ သံသယရှိရင် သမာဓိ ရရှိဖို့ရန်အတွက် အကြီးဆုံးသော အတားအမြစ် အပိတ်အပင် အတားအဆီးကြီး မဖြစ်ဘူးလား? ဖြစ်နေပြီ။ ပညာကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ ဒီရုပ် ဒီနာမ် ဒီကြောင်းကျိုး မသိနိုင်ဘူးလို့ သံသယ ရှိခဲ့လျှင် ဒီရုပ် ဒီနာမ် ဒီကြောင်းကျိုး ရရှိဖို့ရန်အတွက် အကြီးဆုံးသော အပိတ်အပင် အတားအဆီးကြီး မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ နီဝရဏပဲနော်။

ဒါတွင်ရပ်သေးသလား ဆိုတော့ မရပ်သေးဘူး။ ရှေ့ဆက်ပြီး ဘုရားဟောထားသေးတယ်နော်။ သံသရာရဲ့ ရှေ့အစွန်းလို့ ခေါ်ဆိုအပ်တဲ့ အတိတ်အဖို့ အတိတ် ခန္ဓာငါးပါးတွေ အပေါ်မှာလည်း သံသယရှိတယ်။ သံသရာရဲ့ နောက်အစွန်းလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်အဖို့ အနာဂတ် ခန္ဓာငါးပါးတွေ အပေါ်မှာလည်း သံသယရှိတယ်။ အနာဂတ်ဘဝ ရှိတယ်ဆိုတာ တချို့ လက်ခံသလား? လက်မခံကြဘူး။ တချို့ကျတော့ အတိတ်၊ အနာဂတ် ၂-ခုလုံး အပေါ်မှာသော်လည်း သံသယရှိတယ်။ ဘယ်လို ရှိကြလဲ? အတိတ်ဘဝ ရှိတယ်ဆိုတာ တချို့ လက်ခံသလား? လက်မခံကြဘူး။ တချို့ကျတော့ အတိတ်၊ အနာဂတ် ဘဝနှစ်ခုလုံး ရှိတယ်ဆိုတာကို လက်မခံဘူး။ သံသယတွေ ရှိကြတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ သံသယတွေ ရှိနေရင် ရှိနေတဲ့ ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တာ ဟုတ်တိုင်းမှန်စွာ သိဖို့ဆိုတဲ့ ဉာဏ်အမြင်တွေ ပေါ်လာနိုင်ပါ့မလား? မပေါ်လာနိုင်ဘူး။ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။

နောက်တစ်ခု - နံပါတ်(၈)ကတော့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေအပေါ်၌ သံသယရှိခြင်းတဲ့။ ဒီသံသယရှိခြင်းကတော့ ကံ၊ ကံ၏အကျိုးနဲ့ ပတ်သက်လို့ သံသယရှိမှု အပေါ်မှာ အခြေတည်ပါတယ်။ ဒီကြောင်းကျိုးဆက်နွယ်နေတဲ့သဘော အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စတဲ့ ဒီလို ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတွေနဲ့ ပတ်သက်ပြီး သံသယရှိတဲ့အပိုင်းကိုတော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်တဲ့အပိုင်းထဲမှာ ထည့်သွင်းပြီး သစ္စာဒေသနာတော်နည်းမှာ ဘုရား ဟောထားပါတယ်နော်။ ဒါကြောင့် အဲဒီ ရှစ်ဌာနတွေ သံသယ ရှိနေတဲ့ ဒီနီဝရဏ အညစ်အကြေးတွေသည် ဘာဖြစ်လဲ? ဈာန်သမာဓိရဲ့ အနီးကပ်ဆုံးသော ရန်သူတွေ ဖြစ်ကြတယ်။

ဒီတော့ ပထမဈာန်သမာဓိကနေပြီးတော့ ဒုတိယဈာန်သမာဓိ ကူးချင်တဲ့ သူတော်ကောင်းက အဲဒီ နီဝရဏရန်သူတွေကို ပထမ နှိမ်နင်းရတယ်။ နှိမ်နင်းလိုက်တဲ့ အချိန်အခါမှာ ဘယ်အခါမှ ဒီနီဝရဏရန်သူတွေက ကင်းသွားသလဲလို့ မေးရင်တော့ ကံ၊ ကံ၏အကျိုးကိုပေါ့လေ - ဆရာသမားတွေရဲ့ ဆိုဆုံးမချက်နဲ့ လက်ခံပြီးတော့ ခုလိုပေါ့ တရားကျင့်ပြီး ကိုယ်တိုင် မသိသေးရင် ပြောပါတော့။ ကျင့်လိုက်တဲ့ အချိန်အခါမှာ သမာဓိ ထူထောင်တဲ့အပိုင်း လက်ခံပြီး သမာဓိလည်း ထူထောင်ပြီ၊ ခုနေ အာနာပါန ဆိုကြပါစို့။ ညက ဟောခဲ့တဲ့အတိုင်းပဲနော်။ အာနာပါနကို အားထုတ်လိုက်တာ နောက်ဆုံး အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို ဆိုက်ပြီ။ ဆိုက်လိုက်တဲ့ အချိန်အခါမှာ ဒီအာနာပါနပဋိဘာဂအာရုံအပေါ်မှာ မိမိရဲ့ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ကပ်ထားနိုင်ခဲ့ရင် ဈာန်သမာဓိလည်း ဆိုက်ပြီ ဆိုကြစို့နော်။ အပ္ပနာဈာန် သမာဓိကို ဆိုက်ပြီ ဆိုတဲ့ အချိန်အခါမှာ မဆိုက်ခင် ရှေ့နားမှာ တည်ရှိနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကိုပဲ အာရုံယူနေတဲ့ သမာဓိကိုလည်း ဥပစာရ သမာဓိလို့ ခေါ်ပါတယ်။ အဲဒီ ဥပစာရသမာဓိ နယ်မြေအတွင်း ရောက်ရှိတဲ့ အချိန်ခါကျမှ ဒီနီဝရဏအညစ်အကြေးတွေက ကွာကျသွားတာ။

အဲဒီ ဥပစာရသမာဓိ နယ်မြေ မရောက်ခင် အပိုင်းလေးမှာတော့ ဒီနီဝရဏအညစ်အကြေးတွေက ရှိနေတုန်းပဲ။ ရှိနေတုန်းဆိုတာကတော့ ခုလိုပေါ့ - တရားအားထုတ်တဲ့ အချိန်အခါမျိုး မဟုတ်ဘူး။ တရားနာယူတဲ့ အချိန်အခါမှာလည်း တရားနဲ့ ပတ်သက်ပြီး သံသယရှိတန်သလောက် ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိမှာပေါ့။ ဒါကတော့ အားလုံး ရာဂမကင်းသေးပဲကိုနော်။ ဒီတော့ မနာတဲ့ အချိန်အခါမှာလည်း တရား အနားယူနေတဲ့ အချိန်အခါမှာလည်း တစ်ခါတလေ ရာဂ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒေါသ ဖြစ်ချင်လည်း ဖြစ်မယ်၊ မောဟ မာန်မာန ဣဿာ မစ္ဆိရိယတရားတွေလည်း အထိုက်အလျောက် ဖြစ်ချင်လည်း ဖြစ်ကြမှာပဲနော်။ မပယ်ရသေးပဲကိုနော်။

အဲဒီလို ဖြစ်နေတဲ့ အချိန်အခါကျတော့ တရားထိုင်လိုက်လို့ ဥပစာရ သမာဓိနယ်မြေ ရောက်သွားမှ အဲဒီ နီဝရဏအညစ်အကြေးတွေက ဝေးသွားတာ။ တရားမထိုင်မီ အတွင်းမှာတော့ ကျိုကြားကျိုကြား ဖြစ်တန်သလောက်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်နော်။ ဖြစ်တယ်လို့ မဆိုလိုပါဘူးနော်။ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အခွင့်အရေးတွေတော့ ရှိနေသေးတယ်။ ဒါကြောင့် ဒီပထမဈာန် သမာဓိတွေသည် နီဝရဏရန်သူနဲ့ နီးတယ်။ ဘာဖြစ်လို့လဲ? ဥပစာရသမာဓိနယ်မြေဆိုက်မှ ဒီနီဝရဏရန်သူတွေက ကွာကျသွားတာ။ ဥပစာရသမာဓိ မဆိုက်ခင်မှာ ဒီနီဝရဏရန်သူတွေက အချိန်မရွေး ဝင်ပြီးတော့ နှောင့်ယှက်နိုင်တဲ့စွမ်းအား ရှိတယ်။ ဒါကြောင့် နီဝရဏရန်သူနဲ့ နီးတယ်ဆိုတဲ့ ဒီအပြစ်တစ်ခုကိုလည်း မြင်အောင် ဆင်ခြင်ရတယ်။ ဒါက ဘယ်အခါမှာလဲ? ပထမဈာန်သမာဓိကို တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ဝင်စားနိုင်အောင် ပထမ လေ့ကျင့်ရတယ်။ လေ့ကျင့်လိုက်လို့ တစ်နာရီလောက်ကြာတဲ့ အခါကျတော့မှ ဒီပထမဈာန်သမာဓိကို သူက ပြန်ဆင်ခြင်တာ ဒီဈာန်က နီဝရဏရန်သူနဲ့ သိပ်နီးနေပါလား? တချက်။

နောက်တစ်ခု - မိမိက အချိန်မရွေး ဈာန်အင်္ဂါတွေကို ရှုထားနိုင်ပြီ၊ သိမ်းဆည်းနိုင်ပြီ။ သိမ်းဆည်းနိုင်တဲ့အတွက်ကြောင့် မိမိရဲ့ ဈာန်အင်္ဂါတွေကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့တော့ ပထမဈာန်မှာ ဈာန်အင်္ဂါဘယ်နှစ်ခု ရှိသလဲ? ငါးခု။ အဲဒီထဲက ဝိတက်နဲ့ ဝိစာရကို ရွေးထုတ်ပြီးတော့ ပြန်ဆင်ခြင်ကြည့်ရတယ်။

ဝိတက်၊ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
ဝိစာရ၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်နေခြင်းသဘော။

ဒီတော့ အာရုံပေါ်သို့ စိတ်ကလေး ရှေးရှုတင်နေရတဲ့သဘောကိုက ငြိမ်သက်မှု သမာဓိကို လိုချင်နေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ ကြမ်းတမ်းနေတဲ့ စိတ်အမူအရာတစ်မျိုး ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ အာရုံကို ထပ်ကာထပ်ကာ သုံးသပ်နေရတာကိုက စိတ်ထဲမှာ ကြမ်းတမ်းနေတဲ့ စိတ်အမူအရာတစ်မျိုးကော ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

ငြိမ်သက်မှု သမာဓိကို လိုချင်နေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဝိတက်နဲ့ ဝိစာရဟာ ကြမ်းတမ်းတဲ့ စိတ်အမူအရာအဖြစ်နဲ့ ထင်လာတယ်။ ထင်အောင်လည်း ဆင်ခြင်ရတယ်။ အကယ်၍များပေါ့လေ ဒီလို အာရုံပေါ်သို့ စိတ်ကလေးကို ရှေးရှုပြီး တင်မပေးရဘဲနဲ့ ငြိမ်နေမယ်၊ ဒီအာရုံကလေးကို မသုံးသပ်ရဘဲနဲ့ စိတ်ကလေးက သူ့ဟာသူ ငြိမ်ပြီး ကပ်နေမယ်ဆိုရင် ပိုမကောင်းဘူးလား? ပိုကောင်းတယ်။

ဝိတက်၊ ဝိစာရ မရှိတဲ့ ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ ၃-ပါးနဲ့ ပြည့်စုံနေတဲ့ ဒီဒုတိယဈာန်သမာဓိက ပိုပြီးတော့ ငြိမ်သက်တယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ ဝိတက် ဝိစာရကို အလိုမရှိတဲ့ စိတ်ထား၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ ၅-ပါးနဲ့ ပြည့်စုံနေတဲ့ ပထမဈာန်ကို အလိုမရှိတဲ့စိတ်ထား၊ ပိုပြီး ငြိမ်သက်နေတဲ့ ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ ၃-ပါးရှိတဲ့ ဒုတိယဈာန်ကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် အဲဒီ နိမိတ်ကလေးကို စိုက်ကြည့်နေပါတယ်။

ဒီအချိန်အခါမှာတော့ မမှတ်နဲ့တော့။ မှတ်လိုက်ရင် ဝိတက်၊ ဝိစာရ ပြန်ပြန် ဝင်နေလိမ့်မယ်။ ဤအလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ပြီး ကြည့်နေရတယ်။ ကြည့်နေလိုက်တဲ့ အချိန်အခါမှာ မိမိရဲ့ သမာဓိစွမ်းအင်က ထက်မြက်လာရင်တော့ ဝိတက် ဝိစာရ ပြုတ်သွားတာ သိလိမ့်မယ်။ ပြုတ်ပြီးရင် ဘာကျန်မလဲ? ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ ၃-ပါး ရှိနေတဲ့ ဒုတိယဈာန် ဆိုက်သွားလိမ့်မယ်နော်။ ဈာန်အင်္ဂါ ၃-ပါးပဲ ကျန်မယ်။

အဲဒီတော့ ဒီနေရာမှာ မှတ်တာ၊ မမှတ်တာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ဘုန်းကြီး ဗဟုသုတတစ်ခု ထပ်ပြောပါမယ်။ ဒီဒုတိယဈာန် ရောက်လာရင်တော့ မှတ်ရင် ဝိတက် ဝိစာရက မပြုတ်နိုင်ဘူး။ ဘာဖြစ်လို့လဲ? ခု ဒကာမကြီးတွေ မှတ်ရင် ဘယ်လိုမှတ်မလဲ? ခု အာနာပါနပိုင်းပဲ ဆိုကြပါစို့နော် ... ဝင်လေ ထွက်လေ ဒီလို မှတ်မယ်။

စိတ်ထဲကနေ အာရုံယူပြီး ဆိုကြည့်စမ်း? ဝင်လေ ထွက်လေ။ ဝင်လေ ထွက်လေလို့ ပြောဖို့ရန်အတွက် ကြံစည်စိတ်ကူးမှုမျိုး မရှိဘူးလား? ရှိတယ်။ ထွက်လေလို့ မှတ်လိုက်မယ် ဆိုပြီး ထွက်လေလို့ မှတ်ဖို့ရန်အတွက် ကြံစည်စိတ်ကူးမှု မရှိဘူးလား? ရှိတယ်။ အဲဒီ ကြံစည်စိတ်ကူးမှုကို ဘာလို့ခေါ်လဲ? ဝိတက်။ ဟော ဝင်လေ...
2tf90jcz66ziztyzd7gwn84ej7uzax8 မင်္ဂလသုတ်-၁၃/၉၇ 0 6236 21871 2026-04-13T19:08:18Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၂..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21871 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၂/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၄/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၃

အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ အာနာပါနစျာန်ပေါ့။ ဒုတိယစျာန်ကူးတဲ့ အပိုင်းလေး ပြောနေတာ မပြီးပြတ်သေးဘူးနော်။ ဒီနေ့ ဆက်ပြောကြည့်မယ်။ ယောဂါဝစရပုဂ္ဂိုလ်က ဒီပထမစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ပထမစျာန်၏ နီဝရဏရန်သူနှင့် နီးကပ်နေသည့် အပြစ်က တစ်ခု၊ ဝိတက် ဝိစာရတို့ရဲ့ ရုန့်ရင်းကြမ်းတမ်းနေတဲ့ သဘောက တစ်ခု။

အဲဒီ အပြစ်နှစ်ခုကို ဆင်ခြင်ပြီးတဲ့ အပိုင်းမှာ ပိုပြီး ငြိမ်သက်နေတဲ့ ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၃-ပါးရှိတဲ့ ဒုတိယစျာန်ကို လိုလားတောင့်တသည့် စိတ်ဓာတ်ဖြင့် အင်မတန် ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်လေးကိုပဲ ပြန်ပြီးတော့ ကြည့်နေပါနော်။ အဲဒီလို ကြည့်နေတဲ့ အပိုင်းမှာ ဝင်လေ ထွက်လေ စသည်ဖြင့်တော့ ဒီလိုတော့ မမှတ်ပါနဲ့။ ဝင်သက်လေ ထွက်သက်လေ သို့မဟုတ် ဝင်လေ ထွက်လေ သို့မဟုတ် ဝင်ထွက် ဝင်ထွက် စသည်ဖြင့် ဒီလို မမှတ်နဲ့။ မှတ်လိုက်ရင် များသောအားဖြင့် ဝိတက် ဝိစာရ ပြန်ပြန်ပြီးတော့ ဝင်လာတတ်တယ်။ ဝင်လာတတ်တဲ့အတွက်ကြောင့် မမှတ်ဘဲနဲ့ အဲဒီ အလွန် ကြည်လင်တောက်ပနေတဲ့ ဒီပဋိဘာဂနိမိတ်ကို စိတ်ကလေးနဲ့ စိုက်ကြည့်ထားပါ။ တစ်နည်း စိတ်ကလေးနဲ့ ကပ်သာထားလိုက်နော်။

သို့သော် ဒီနိမိတ်သည် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းနဲ့ နီးကပ်နေပါစေ။ ကွာနေမယ်ဆိုလို့ရှိရင်တော့ အကပ်မခံတဲ့သဘောတော့ ရှိပါတယ်။ အဲဒီ နိမိတ်မှာ စိတ်ကပ်လိုက်လို့ ဝိတက် ဝိစာရ ပြုတ်သွားချင်တဲ့ စိတ်ထားဖြင့် မိမိက ကပ်နေသည့်အတွက် မကြာမီ ဒီအာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်မှာ စိတ်သည် အလွန် ငြိမ်ဝပ်စွာ ကပ်၍ တည်သွားလိမ့်မယ်။ ငြိမ်ဝပ်စွာ ကပ်ပြီး တည်လိုက်လို့ တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပြီ ဆိုလို့ရှိရင်တော့ အဲဒီအခါမှာ ဝိတက် ဝိစာရ ခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါး ပြုတ်သွားတာလည်း ယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါတွေကို ဝသီဘော်ငါးတန် နိုင်နင်းအောင် ပထမစျာန်မှာ ရှုထားပြီး ဖြစ်နေသည့်အတွက် လွယ်လွယ်ကူကူနဲ့ သိနိုင်ပါတယ်နော်။ ဝိတက် ဝိစာရ ပြုတ်ပြီးတော့ ဘာစျာန်အင်္ဂါ ကျန်သလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အပိုင်းမှာလည်း ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၃-ပါး ရှိနေတဲ့ စျာန်တစ်ခု ဆိုက်ပြီဆိုတာတော့ ယောဂီက နားလည်ပါတယ်နော်။

နားလည်ရင်တော့ အဲဒီလို တစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ အချိန်အခါမှာ တစ်နာရီလောက် ပြည့်လောက်ပြီလို့ ယူဆတဲ့ အချိန် ဘဝင်မနောအကြည်လို့ ခေါ်ဆိုအပ်တဲ့ မနောဒွါရကို လှမ်းအာရုံယူကြည့်လိုက်ပါ။ ထိုမနောဒွါရကို အစွဲပြုပြီးတော့ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံက ဒီဘဝင်မနောအကြည်မှာ ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက်ထဲ ဒီစျာန်အင်္ဂါလေးတွေ ထင်ထင်ရှားရှား ဖြစ်နေတာကို သွားတွေ့နိုင်တယ်။ စျာန်အင်္ဂါဘယ်နှစ်ခုပဲ ရှိမလဲ? ၃-ခု။ ပီတိ သုခ ဧကဂ္ဂတာ။ အကယ်၍ ဒီ ၃-ခု မတွေ့ဘဲ ငါးခုကို ပြန်တွေ့ပြီဆိုရင်တော့ ဒုတိယစျာန် ဆိုက်သလား? မဆိုက်သေးဘူး။ ပထမစျာန် ပြန်လျှောကျသွားတယ်။ အဲဒီလို လျောမကျနိုင်ရေးအတွက် ပထမစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါလို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြောနေခြင်း ဖြစ်ပါတယ်။

ဒီပြောနေတဲ့စကားကလည်း အင်္ဂုတ္ထိုလ်ပါဠိတော်မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားတဲ့ နွားမ ဥပမာလေးကို ဆောင်ပြီး အဋ္ဌကထာများကလည်း ရှင်းထားတယ်။ တောင်၌ ကျက်စားဖို့ရန် လိမ္မာကျွမ်းကျင်မှု မရှိတဲ့ နွားမိုက်မတစ်ကောင် တောင်မှာ ကျက်စားတယ်။ တောင်ထပ်ရောက်သွားပြီ။ တောင်ထိပ်တစ်နေရာကနေ လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ စိမ်းလန်းစိုပြည်နေတဲ့ ရေအိုင်ကြီးတစ်ခုကိုလည်း မြင်တယ်။ ထိုရေအိုင် ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ စိမ်းလန်းစိုပြည်နေတဲ့ မြက်သစ်ရွက်တွေလည်း သွားတွေ့တယ်။ တွေ့လိုက်တော့ ဘယ်လို ဆုံးဖြတ်ချက်ချသလဲ? ဒီစိမ်းလန်းစိုပြည်နေတဲ့ မြက်သစ်ရွက်တွေကို ငါ ဝအောင် စားပြီးတော့ ဒီ ကြည်လင်-အေးမြနေတဲ့ ရေအိုင်အတွင်းမှာ ရှိနေတဲ့ ရေတွေကို ငါ ဝအောင် သွားသောက်မယ်။ သူက ဒီလို စိတ်ကူးတယ်။ စိတ်ကူးပေမဲ့လို့ သူက တောင်မှာ ကျက်စားတဲ့နေရာမှာ မလိမ္မာတဲ့ နွားမိုက်မဖြစ်ခြင်းကြောင့် သူ ဘာလုပ်သလဲ?

ပထမခြေနှစ်ချောင်းကို ကောင်းကောင်း တောင်စောင်းမှာ ကျကျနန ခိုင်ခိုင်ခံ့ခံ့ မနင်းသေးဘဲနဲ့ ဒုတိယခြေနှစ်ချောင်းကို မြှောက်လိုက်တယ်။ မြှောက်လိုက်တော့ တောင်ပေါ်ကနေ ချော်ကျတယ်။ ပြန်ကျတယ်။ ကျသွားတဲ့ အချိန်အခါကျတော့ မိမိ မျှော်လင့်တောင့်တနေတဲ့ စိမ်းလန်းစိုပြည်နေတဲ့ မြက်သစ်ရွက်တွေလည်း စားရသေးလား? မစားရတော့ဘူး။ မျှော်လင့်တောင့်တနေတဲ့ ကြည်လင်အေးမြတဲ့ ရေကိုလည်း သောက်ရသေးလား? မသောက်ရတော့ဘူး။ အဲဒီ ဥပမာအတိုင်းပဲ - ချစ်သားရဟန်းတို့ ... ပထမစျာန်မှာ ဝသီဘော်ငါးတန် မနိုင်နင်းဘဲနဲ့ ဒုတိယစျာန်ကို ကူးခဲ့မယ်ဆိုရင် အဲဒီ နွားမိုက်မ ပျက်စီးသလို သင်ချစ်သားတို့တတွေလည်း ပျက်စီးသွားကြလိမ့်မယ်။ ဘယ်လို ပျက်စီးမလဲ? ဒုတိယစျာန်ကလည်း မတတ်နိုင် ဖြစ်သွားပြီ။ မူရင်း ရထားပြီးတဲ့ ပထမစျာန်လည်း ပျက်စီးပြီး လျှောကျသွားတတ်တယ်။ နှစ်ခုလုံး မရှုံးဘူးလား? ရှုံးသွားတတ်တယ်။

ဒါကြောင့် ပထမစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ သူတော်ကောင်းက ဒီစျာန်အင်္ဂါငါးခုကို ကျွမ်းကျွမ်းကျင်ကျင် ရှုထားတတ်ပြီ ဖြစ်နေပါတယ်။ အဲဒီလို ရှုထားတတ်ပြီးတဲ့ အချိန်အခါကျမှ ဒုတိယစျာန်ကို ကူးလာတာဖြစ်တော့ ဝိတက် ဝိစာရများ ပြုတ်သွားပြီ ဆိုရင် ယောဂီပုဂ္ဂိုလ်က လွယ်လွယ်ကူကူနဲ့ နားလည်ပါတယ်။ ဝသီဘော်တွေ နိုင်နင်းအောင် ပထမစျာန်မှာ လေ့ကျင့်ခဲ့ပြီးလို့ ဖြစ်ပါတယ်။ ဒီတော့ ဝိတက် ဝိစာရ ကလည်း ပြုတ်သွားပြီ။ ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၃-ပါးပဲ ရှိတဲ့ ဒုတိယစျာန်ကိုလည်း ရောက်ရှိပြီဆိုရင် ထိုဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် ထပ်ပြီး လေ့ကျင့်ရပါတယ်။

လေ့ကျင့်ခန်းတွေ အောင်မြင်ပြီ ဆိုလို့ရှိရင်တော့ ဘာလုပ်မလဲ? တတိယစျာန် ကူးမယ်။ ကူးတဲ့ အချိန်အခါမှာ အပြစ်နှစ်ခုကို မြင်အောင် ပထမဆင်ခြင်ရတယ်။ ဘာ အပြစ်နှစ်ခုလဲ? ဒုတိယစျာန်သမာဓိသည် ပထမစျာန်သမာဓိဆိုတဲ့ ရန်သူနဲ့ နီးကပ်တယ်။ ဘယ်လိုကြောင့်လဲ? ဒုတိယစျာန်သည် အချိန်မရွေး ပထမစျာန်ကို ပြန်လျှောကျသွားနိုင်တဲ့သဘော ရှိတယ်။ ဒါက အပြစ်တစ်ခု။ နောက်တစ်ခု ပီတိဆိုတဲ့ စျာန်အင်္ဂါကို ပြန်ပြီးတော့ ဆင်ခြင်ကြည့်ရတယ်။ သူ့ရဲ့ ရုန့်ရင်းကြမ်းတမ်းနေတဲ့သဘော။ ဘယ်လို ရုန့်ရင်းကြမ်းတမ်းသလဲ? အာရုံတစ်ခုကို နှစ်သက်ပြီ ဆိုကြပါစို့နော်။ သိပ်ပြီး နှစ်သက်ပြီ၊ သိပ်ဝမ်းမြောက်နေပြီ ဆိုလို့ရှိရင် စိတ်ဓာတ်တွေဟာ ငြိမ်ဝပ်သလား, လှုပ်ရှားသလား? လှုပ်ရှားမှု ရှိတယ်။ အီမိုးရှင်းခေါ်ကြတယ် ထင်တယ်နော်။ စိတ်ဓာတ်ကလေးတွေက နည်းနည်း လှုပ်ရှားနေတယ်။ ဒီတော့ သူဟာ လှုပ်ရှားမှု ရှိနေတဲ့ ဒီတရားတစ်ခုဟာ ရုန့်ရင်းကြမ်းတမ်းတယ်လို့ ပြောမလား, သိမ်မွေ့နူးညံ့တယ်လို့ ပြောမလား? ရုန့်ရင်းကြမ်းတမ်းနေသေးတယ်နော်။

ဒါကြောင့် အဲဒီ ပီတိရဲ့ ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဒီအပြစ်ကို မြင်အောင် ကြည့်လိုက်တယ်။ ကြည့်ပြီးတဲ့ အခါကျတော့ ဒီပီတိကို အလိုမရှိတဲ့ စိတ်ဓာတ်၊ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးနဲ့ ပြည့်စုံနေတဲ့ ပိုပြီး ငြိမ်သက်နေတဲ့ တတိယစျာန်ကို လိုလားတောင့်တသည့် စိတ်ဓာတ်ဖြင့် ဒီကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်ကိုပဲ ထပ်ပြီး စိုက်ပြီး ရှုနေပါ၊ ကြည့်နေပါ။ စိတ်ကလေး ကပ်ထားပါ။ ကပ်ထားရင် ပီတိပျောက်သွားမယ်။ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါး ရှိနေတဲ့ တတိယစျာန်ကို ဆိုက်သွားလိမ့်မယ်။ တတိယစျာန်ကိုလည်း တစ်ဖန် ဝသီဘော်ငါးတန် နိုင်နင်းအောင် ပြန်ပြီး လေ့ကျင့်ရပါတယ်။

လေ့ကျင့်တဲ့ အချိန်အခါမှာ ဒီအပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ထိုင်တိုင်း ထိုင်တိုင်း ဝင်လေ ထွက်လေက စရှုရတယ်။ ရှုပြီးရင် အာနာပါနနိမိတ် ပေါ်လာပြီဆိုရင် ထိုနိမိတ်ကို အလွန် ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်သို့ ဆိုက်သည့်တိုင်အောင် ဆက်ကြိုးစားရတယ်။ ဝသီဘော်ငါးတန် နိုင်နင်းနေတဲ့ သူတော်ကောင်းအဖို့ ဒီပဋိဘာဂနိမိတ်ဟာ တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာ ဆိုက်သွားနိုင်ပါတယ်။ အဲဒီလို စိုက်နေတဲ့ အခါမှာ ပထမစျာန်ကို ပထမ ဝင်စားရတယ်။ ပြီးတော့မှ ဒုတိယစျာန်ကို ဝင်စားရတယ်။ အစဉ်အတိုင်းပဲ။ ပြီးတော့မှ တတိယစျာန်ကို ဆက်ပြီးတော့ ဝင်စားရတယ်နော်။ တတိယစျာန်ကို ဝင်စားလို့ ဝသီဘော်ငါးတန် နိုင်နင်းပြီ ဆိုတော့မှ စတုတ္တစျာန် ကူးရပါတယ်။ ဒါ ထိုင်တိုင်း ထိုင်တိုင်း လေ့ကျင့်ရမဲ့ လေ့ကျင့်ခန်းပဲ။ ထိုင်ထိုင်ချင်း ချက်ချင်းကျော်လို့တော့ မရဘူးနော်။ ဘာဖြစ်လို့လဲ?

မိမိက သိပ်ပြီးတော့ ကျွမ်းကျင်နေတဲ့ ပုဂ္ဂိုလ် မဟုတ်သေးဘူး။ စျာန်သမာဓိတွေကလည်း အလွန်ကြီး ခိုင်ခံ့နေတဲ့ပုဂ္ဂိုလ် မဟုတ်သေးခြင်းကြောင့် ဒီလို အစဉ်အတိုင်းပဲ ရှုရပါတယ်။ ရှုလိုက်တဲ့အခါ ဒီတတိယစျာန် သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်ပြီးတဲ့ သူတော်ကောင်းက စတုတ္ထစျာန်ကို ကူးချင်ပြီဆိုရင် ဘာလုပ်ရသလဲ? တတိယစျာန်ရဲ့ အပြစ်ကို ပထမမြင်အောင် ကြည့်ရပါတယ်။ ဘယ်လို ကြည့်မလဲ? တတိယစျာန်သည် ဒုတိယစျာန်ဆိုတဲ့ ရန်သူနဲ့ နီးကပ်တယ်။ ဒါက အပြစ်တစ်ခု။ ဘာဖြစ်လို့ ရန်သူဖြစ်ရသလဲ? ဒီတတိယစျာန်က အချိန်မရွေး ဒုတိယစျာန်ကို လျှောကျနိုင်တဲ့သဘော ရှိနေပြန်တယ်။ ဒါက အပြစ်တစ်ခု။

နောက်တစ်ခု အာရုံတစ်ခုသည် ချမ်းသာပြီ။ ဒီအာရုံကို အကြောင်းပြုပြီး ချမ်းသာတဲ့ ခံစားချက် သုခဝေဒနာလေးက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်လာပြီဆိုရင် အဲဒီ သုခသည် ရုန့်ရင်းကြမ်းတမ်းတဲ့သဘော မရှိဘူးလား? ဝမ်းသာနေတယ်။ ချမ်းသာနေတယ်။ ချမ်းသာတဲ့ ခံစားမှုမှာ ငြိမ်သက်မှုဆိုတဲ့ သဘောတရား ရှိသလား? အလွန်ကြီး မငြိမ်သက်ဘူးနော်။ နောက်တစ်ခု အာရုံတစ်ခုသည် သိပ်ချမ်းသာလာပြီဆိုရင် ဒီချမ်းသာတဲ့ အာရုံအပေါ်မှာ တွယ်တာမက်မောနေတဲ့ ရာဂ ဝင်မလာတတ်ဘူးလား? ဝင်လာတတ်တယ်။ ဒါကြောင့် ဒီတတိယစျာန်သည် ရုန့်ရင်းကြမ်းတမ်းနေတဲ့ သုခဆိုတဲ့ စျာန်အင်္ဂါနဲ့လည်း ယှဉ်တယ်။ ရာဂရန်သူနဲ့လည်း နီးကပ်တယ်လို့ ဒီလို အပြစ်ကို မြင်အောင် ဆင်ခြင်ပြီးတော့ ပိုငြိမ်သက်နေတဲ့ ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးရှိတဲ့ စတုတ္ထစျာန်ကို လိုလားတောင့်တသည့် စိတ်ဓာတ်ဖြင့် ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။ စိုက်ရှုနေပါ။ စိတ်ကလေး ကပ်ထားပါတဲ့။ ကပ်ထားလိုက်မယ်ဆိုလို့ရှိရင် သုခခေါ်တဲ့ စျာန်အင်္ဂါ ပျောက်သွားမယ်။ သုခနေရာမှာ ဥပေက္ခာခေါ်တဲ့ အလယ်အလတ်ခံစားမှု ဝေဒနာတစ်ခု ဝင်လာမယ်။ ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးရှိတဲ့ စတုတ္ထစျာန်ကို ရောက်သွားမယ်။

သို့သော် ဒီအပိုင်းလေးမှာ ခုလို စတုတ္ထစျာန် မဆိုက်မီမှာလည်း ဥပစာရသမာဓိနယ်မြေအတွင်းမှာ ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးပဲ ရှိတဲ့အကြောင်း အဋ္ဌကထာကလည်း ဖွင့်ဆိုထားပါတယ်။ စျာန်အင်္ဂါကို ပြန်ဆင်ခြင်ကြည့်လိုက်တဲ့ အပိုင်းမှာ ဥပေက္ခာ ဧကဂ္ဂတာလို့ ခေါ်ဆိုအပ်တဲ့ စျာန်အင်္ဂါ ၂-ပါး ရှိတိုင်းလည်း စတုတ္ထစျာန် ဆိုက်ပြီလို့ မပြောနိုင်သေးဘူးနော်။ မပြောနိုင်သေးတာ ဘာကြောင့်လဲ? တချို့တချို့ ယောဂီများ သတိထားကြည့်ရင် အသက်ရှုနေသေးတာ သွားတွေ့ရတယ်။ စျာန်အင်္ဂါတွေကို ဆင်ခြင်လိုက်တဲ့အပိုင်းမှာ ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါး ရှိတာမှန်ပေမဲ့ အသက်ရှုနေသေးတယ်ဆိုရင်တော့ စတုတ္ထစျာန် ဆိုက်သလား? မဆိုက်သေးဘူး။ ဒီစတုတ္ထစျာန် ဆိုက်ပြီဆိုလို့ရှိရင် သူက ဒီအာနာပါနသည် ဘယ်လောက်ထိ သိမ်မွေ့သလဲလို့မေးရင် အပုတိမေဝ ပါပုနာတိ - မဖြစ်ခြင်းသဘောတို့ကို ရောက်ရှိသွားပါတယ် ဆိုပြီးတော့ အဋ္ဌကထာဆရာတော်က ဒီလောက်အထိ ဖွင့်ထားတယ်နော်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပထမတွဲ စာမျက်နှာ ၂၆၇-မှာ ဖွင့်ဆိုထားပါတယ်နော်။

စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

ဒီဝင်သက်လေ ထွက်သက်လေလေးဟာ စတုတ္ထစျာန်မှာ အလွန့် အလွန် သိမ်မွေ့သွားတယ်။ သိမ်မွေ့တာက ဘယ်လောက်အထိ သိမ်မွေ့သလဲ မေးရင် အပုတိမေဝ ပါပုနာတိ၊ အပုတိမေဝ မဖြစ်ခြင်းသဘောသို့သာလျှင် ပါပုနာတိ ဆိုက်ရောက်၍ သွားပေ၏၊ ဝင်လေ ထွက်လေ မဖြစ်တဲ့သဘောကို ဆိုက်သွားတယ်။ ချုပ်သွားပြီနော်။ အသက်ရှုသေးလား? မရှုတော့ဘူး။ ဒါပေမဲ့ ယောဂီပုဂ္ဂိုလ် ဒီမှာ သတိထားရမဲ့ အချက်တစ်ခု ရှိတယ်။ ငါဟာ အသက်ရှုသလား, မရှုဘူးလား ခဏခဏတော့ ပြန်မဆန်းစစ်နဲ့။ ဆန်းစစ်ရင် ဆန်းစစ်နေတဲ့စိတ်က ဆင်ခြင်တဲ့စိတ်လို့ ခေါ်ပါတယ်။ အဲဒါက စျာန်က လျှောကျသွားပြီနော်။ ဆင်ခြင်တဲ့ စိတ်က ပစ္စဝက္ခဏာစိတ်တွေ။ ပစ္စဝက္ခဏာဇောဝီထိ ကာမာဝစရဇောဝီထိစိတ်ဖြစ်တယ်။ ပစ္စဝက္ခဏာဇောဝီထိ ဖြစ်ပြီ ဆိုလို့ရှိရင် ခုနက အပ္ပနာစျာန်ဇောဝီထိ ဖြစ်သေးလား? မဖြစ်ဘူး။ စိတ္တက္ခဏ တစ်ခုအတွင်းမှာ စိတ်၂-ခု ပြိုင်တူ မဖြစ်ဘူး။ ဝီထိတစ်ခုအတွင်းမှာ ဝီထိ ၂-မျိုးလည်း ပြိုင်တူ မဖြစ်ဘူး။

အဲဒါကြောင့် သူက ပြန်ဆင်ခြင်လိုက်ရင် ဆင်ခြင်တဲ့စိတ်တွေ ဖြစ်နေတော့ ဆင်ခြင်တဲ့စိတ်ဖြစ်တဲ့ အချိန်အခါမှာ ခုနက ဘာကို ဆင်ခြင်နေသလဲလို့ မေးတော့ ကိုယ်က အသက်ရှုသလား, မရှုဘူးလားလို့ ဆင်ခြင်တာ ခုနက အာနာပါန အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို လှမ်းကြည့်နေတာ ဟုတ်သလား? မဟုတ်ဘူး။ အာရုံပြောင်း မသွားဘူးလား? ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အတွက် ဒီစျာန်ကလည်း လျှောကျသွားပြီ။ အဲဒီလို ခဏခဏ စျာန်က လျှောနေတယ်။ ခဏခဏလည်း ပြန်ဆင်ခြင်နေမယ် ဆိုလို့ရှိရင်တော့ စတုတ္ထစျာန် မကူးနိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်နော်။ အသက်ရှုတာ, မရှုတာကို သိပ်ပြီးတော့ မဆန်းစစ်ဘဲ ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးရှိနေတဲ့ ပိုပြီး ငြိမ်သက်နေတဲ့ စတုတ္တစျာန်ကို လိုလားတောင့်တသည့် စိတ်ဓာတ်ဖြင့် ဒီကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်မှာပဲ စိတ်က ကပ်ထားပါ။ ဒီပဋိဘာဂနိမိတ်ကို စိုက်ပြီး ရှုနေပါ။ စိုက်ပြီးတော့ ကြည့်နေပါ။ ကြည့်နေရင် သုခ ပြုတ်ပြီး ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ ၂-ပါးရှိနေတဲ့ စတုတ္ထစျာန်ကို တစ်နေ့တော့ ဆိုက်သွားပါလိမ့်မယ်နော်။ တစ်ချိန်ချိန်ပေါ့နော်။

ဆိုက်သွားတဲ့ အချိန်အခါမှာလည်း ဆိုက်ဆိုက်ခြင်းတော့ ခဏခဏ အသက်ရှုသလား, မရှုဘူးလား ပြန်ပြီးတော့ မဆန်းစစ်လေနဲ့။ ပြန်ပြီး ဆင်ခြင်လိုက်ရင် ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ အသက်က ရှုရှုနေတာ သွားတွေ့ရတယ်။ ဘာဖြစ်လို့တုန်း? ဆင်ခြင်တဲ့ ပစ္စဝက္ခဏာဇောဝီထိ စိတ်အစဉ်တွေက ဝင်သက်လေ ထွက်သက်လေတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိနေတယ်နော်။ အဲဒါကြောင့် အသက်ရှုသလား,မရှုဘူးလား ခဏခဏ မဆန်းစစ်ဘဲ ဒီစတုတ္ထစျာန်သမာဓိမှာပဲ တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် စိတ်ကို ကြိုးစားပါ။ ကြိုးစားလိုက်လို့ စတုတ္ထစျာန်သမာဓိကို ဆိုက်သွားပြီ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ် ဘာလုပ်မလဲ? လုပ်ငန်းခွင်တွေက ဒီနေရာမှာ သိပ်များပါတယ်နော်။ မသင်မနေရဘာသာ ပြဋ္ဌာန်းထားသလိုပဲ။ ဒီနေရာမှာ ဗုဒ္ဓဘာသာမှာလည်း ကမ္မဋ္ဌာန်းတွေနဲ့ ပတ်သက်ပြီး မသင်မနေရ ကမ္မဋ္ဌာန်း ၄-မျိုး ဖော်ပြထားတယ်။ မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း ဆိုပြီး မသင်မနေရကမ္မဋ္ဌာန်း ဘယ်နှစ်မျိုးရှိလဲ? ၄-မျိုး။ အဲဒီ ၄-မျိုး ပွားမယ်ဆိုရင် ဒီအချိန်ခါဟာ အကောင်းဆုံးအချိန်တော့ ဖြစ်တယ်။ သို့သော် ပိုကောင်းတဲ့ အချိန်တစ်ခု ထပ်ပြီး ပြောပါဆိုရင်တော့ အဲဒီ အာနာပါနစတုတ္ထစျာန်ကို ဆိုက်ပြီးတဲ့ သူတော်ကောင်းက ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး စတုတ္ထစျာန်သမာဓိကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စားခဲ့ရင် ဘာဖြစ်မလဲ?

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေတိ ဝုတ္တံ။(အံ၊ဋီ၊၁၊၉၉-၁၀၀။)

စသည်ဖြင့် ဒီလို မဟာအတ္တဘူရသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ အလျဉ်းသင့်သလို ဘုရားရှင် ဟောထားတာတွေ ရှိပါတယ်နော်။ ဘာပြောသလဲ? ဒီ စတုတ္ထစျာန်သမာဓိလေးက သိပ်ပြီး ငြိမ်ဝပ်စွာ ကပ်ပြီး တည်ကြည်လာပြီ ဆိုလို့ရှိရင် ပရိယောဒါတ ပြိုးပြိုးပျက် တလက်လက် အရောင်တွေ တောက်ပလာလိမ့်မယ်။ ဘာကြောင့်လဲ? စတုတ္ထစျာန်သမာဓိလို့ ခေါ်ဆိုအပ်တဲ့ ဒီစျာန်ဇောစိတ်အစဉ်တွေကလည်း စိတ္တဇရုပ်ကလာပ်တွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်စေနိုင်သည့်စွမ်းအား ရှိပါတယ်။ ဒီ စတုတ္ထစျာန်သမာဓိနဲ့ ယှဉ်တွဲနေတဲ့ စျာန်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒီစိတ္တဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ဝဏ္ဏဓာတ်ခေါ်တဲ့ ရူပါရုံပါပါတယ်။ ထိုရူပါရုံသည် ဘာဟုရ အလွန်တောက်ပတယ်။ ဘာပေါ် မူတည်ပြီး တောက်ပသလဲလို့မေးတော့ ထိုစတုတ္ထစျာန်သမာဓိနဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်က အာနုဘော်ကြီးရင် ကြီးသလို ပိုပြီးတော့ တောက်ပတတ်တယ်။ ဒါကြောင့် စတုတ္တစျာန်သမာဓိမှာတွင် တောက်ပသလား၊ ကျန်တဲ့ ပထမစျာန်စသည်တို့မှာကော မတောက်တော့ဘူးလား ဆိုတော့ တောက်ပါတယ်။ ဒါပေမဲ့ စတုတ္ထစျာန်ကတော့ ပိုပြီး တောက်လို့ ဒါချီးမွမ်းထားတယ်။

နောက်တစ်ခု အဲဒီ စတုတ္ထစျာန်စိတ်ကြောင့် ဖြစ်ပေါ်သွားတဲ့ စိတ္တဇရုပ်ကလာပ်တိုင်းမှာလည်း တေဇောဓာတ် ပါပြန်တယ်။ ထိုတေဇောဓာတ်ကလည်း တေဇောဓာတ်ကို ဥတုလို့ ခေါ်တယ်။ ဒီနေ့ ရာသီဥတု ပူတယ်၊ ဒီနေ့ ရာသီဥတု အေးတယ်။ ပူတာ အေးတာကို ဥတုလို့လည်း မခေါ်ဘူးလား? ခေါ်တယ်နော်။ အဲဒီ ဥတုလို့ ခေါ်ဆိုအပ်တဲ့ ဒီပူတဲ့ တေဇောဓာတ်ကလည်း နောက်ထပ် ရုပ်ကလာပ် အသစ်အသစ်ကို ထပ်ပြီး ဖြစ်စေနိုင်တဲ့ စွမ်းအားရှိနေတယ်။ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဖြစ်တဲ့အတွက် ဒီရုပ်ကလာပ်တွေကို ဥတုဇရုပ်လို့ ခေါ်ပါတယ်။ စတုတ္တစျာန်စိတ်ကြောင့် ဖြစ်ပေါ်သွားတဲ့ ရုပ်ကလာပ်တွေကိုတော့ စိတ္တဇရုပ်လို့ ခေါ်တယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာ စိတ်တစ်ခုတစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ ရှိတဲ့အတွက်ကြောင့် စိတ္တဇရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ် ရူပါရုံပါတယ်။ ဒီရူပါရုံက တောက်ပတယ်။ ဒီစိတ္တဇရုပ်ကလာပ်တွေထဲမှာပါတဲ့ တေဇောဓာတ် ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားသွားတဲ့ ဥတုဇ-ရုပ်ကလာပ်တိုင်းမှာ ဝဏ္ဏဓာတ် ရူပါရုံ ပါပြန်တယ်။ ထို ရူပါရုံကလည်း အလွန် တောက်ပတယ်။ ဘာသုရရူပပဲ တောက်ပလိုက်တဲ့ အချိန်အခါကျတော့ ဒီဥတုဇရုပ်ကလာပ်တွေကလည်း ဒီစွမ်းအင်အာနုဘော် ကြီးခဲ့ပြီဆိုရင် စတုတ္ထစျာန်တို့လို အာနုဘော်ကြီးတဲ့ စျာန်စိတ်ဖြစ်ခဲ့မယ်ဆိုရင် ဒီစျာန်စိတ်ကြောင့်ဖြစ်တဲ့ ဥတုဇဥတုသာ ဖြစ်ပါစေ၊ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ဒီရုပ်ကလာပ်တွေကို ပျံ့နှံ့သွားအောင် ဖြစ်စေနိုင်သည့် စွမ်းအား ရှိပြန်တယ်။ ရှိလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ? အဲဒီ ရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ် ရူပါရုံက ပါနေတော့ အဲဒီ ရူပါရုံက တောက်ပတယ်။

ခု ဒီဘုရားစင်မီး ကြည့်ပါ။ တစ်ဆက်တည်းလား, တစ်ဆက်တည်း မဟုတ်ဘူးလားလို့ သေချာမေးရင်တော့ သိပ္ပံလေ့လာဖူးတဲ့ ပုဂ္ဂိုလ်တွေ နားလည်လိမ့်မယ်နော်။ ဟိုဘက်က မီးကို ဖြစ်စေတတ်တဲ့ စွမ်းအားရှိတဲ့ စက်တို့, ဒိုင်နမိုတို့မှာနော် အပတ်ပေါင်းများစွာ လည်ပတ်ပါမှ ဒီမှာ တစ်ဆက်တည်းဖြစ်တာ။ ဟိုဘက်က တစ်စက္ကန့်မှာ တပတ်လောက် လည်လို့ရှိရင် ဒီမီးသည် တစ်ဆက်တည်း တောက်နေမလား? မတောက်ဘူး။ အဲဒီ ပုံစံအတိုင်းပဲ စိတ္တဇရုပ်တွေကလည်း စတုတ္ထစျာန်စိတ်ကြောင့် ဖြစ်ပေါ်တဲ့ စိတ္တဇရုပ်တွေကလည်း အဆက်မပြတ် ဖြစ်နေတယ်။ ကြိမ်ဖန်များစွာ စိတ်တစ်ခုတစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ဖြစ်တယ်။ စတုတ္တစျာန်စိတ်တွေကလည်း အကြိမ်များစွာ ဖြစ်တယ်။ အဲဒီ ရုပ်ကလာပ်တိုင်းမှာပါတဲ့ တေဇောဓာတ်ကလည်း ဆင့်ကဲ ရုပ်ကလာပ်တွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်စေတယ်ဆိုတော့ ရုပ်ကလာပ်ချင်းတွေ ပွတ်ချုပ် ထိခိုက်ပြီးတော့ ဖြစ်သွားတဲ့အတွက် ရုပ်ကလာပ်တစ်ခုမှာရှိတဲ့ အရောင်နဲ့ နောက်ထပ် ရုပ်ကလာပ်တစ်ခုမှာရှိတဲ့အရောင် ဒီအရောင်တွေဟာ ကူးစက်ပြီးတော့ တစ်ဆက်တည်း ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။

ဒါကြောင့် ဝိသုဒ္ဓိမဂ်မဟာဋီကာဆရာတော်ကတော့ ဒီအပိုင်းမှာ -သမ္မာကတော ပတ္ထာရတိ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ အကုန်လုံး ဒီလင်းရောင်ခြည်တွေဟာ ပျံ့နှံ့သွားတယ်ဆိုပြီး ဒီလို ရေးသားထားပါတယ်။အဲဒီတော့ ဒီလင်းရောင်ခြည်တွေက ပရိယောဒါတ ပြိုးပြိုးပျက် တလက်လက် တောက်ပလာပြီ။ တောက်ပလာပြီဆိုရင် ထိုပုဂ္ဂိုလ်က ဒီလင်းရောင်ခြည် အကူအညီဖြင့် မိမိခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ အစရှိတဲ့ ၃၂-ကောဋ္ဌာသ အစုအပုံတွေကို လှမ်းမျှော်ပြီး ဒီလင်းရောင်ခြည်စွမ်းအင် အကူအညီနဲ့ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သလို ကြည့်လိုက်ပါ။ အားလုံး ထင်ထင်ရှားရှား တွေ့တတ်ပါတယ်နော်။ အဲဒီ ၃၂-ကောဋ္ဌာသတွေကို စနစ်တကျ အဇ္ဈတ္တမှာ ရှုရရင် ဗဟိဒ္ဓလည်း ကူးကြည့်ပါ။ အဇ္ဈတ္တ၊ ဗဟိဒ္ဓမှာ အနီးအဝေးအားလုံး ဒီ၃၂-ကောဋ္ဌာသ ရှုရပြီ ဆိုလို့ရှိရင်တော့ အဲဒီမှာ ကသိုဏ်းတွေ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတလို့ခေါ်တဲ့ ကသိုဏ်းလေးမျိုးကို ဗဟိဒ္ဓ ၃၂-ကောဋ္ဌာသကနေ ကူးလို့ရတယ်။

အကယ်၍များ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရိုးကို အာရုံယူပြီးတော့ အဲဒီ အရိုးကနေပြီးတော့ အဖြူရောင် ဩဒါတ္ထကသိုဏ်းကို ကူးမယ် ဆိုလို့ရှိရင် စတုတ္ထစျာန်သမာဓိပေါက်အောင် ရှုလို့ရတယ်။ ဒီစတုတ္ထစျာန်သမာဓိကို အခြေခံပြီး အရူပစျာန်တွေကို ဆက်လက် ပွားများရင်လည်း ပွားများလို့ ရပါတယ်။ သမာပတ် ၈-ပါး အားလုံး ပွားနိုင်တယ်။ အဲဒီလို ကသိုဏ်းမှာ စတုတ္ထစျာန်ပေါက်သွားတဲ့ ပုဂ္ဂိုလ်က ခုနက ပြောခဲ့တဲ့ မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း ဆိုတဲ့ ဒီစတုရာရက္ခကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်ခဲ့မယ်ဆိုရင် ပိုပြီးတော့ ကောင်းတယ်။ ဘာဖြစ်လို့ ပိုကောင်းလဲလို့ မေးရင်တော့ ကသိုဏ်းကလည်း အရပ် ၁၀-မျက်နှာ ဖြန့်ကျက်ပြီးမှ သူက စတုတ္တစျာန်ပေါက်အောင် ရှုရတဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်တယ်။ မေတ္တာကမ္မဋ္ဌာန်း ဆိုတာလည်း အရပ် ၁၀-မျက်နှာ ဖြန့်ကျက်ပြီးတော့ အရပ် ၁၀-မျက်နှာမှာ ရှိနေတဲ့ အနန္တစကြာဝဠာမှာရှိတဲ့ သတ္တဝါအားလုံးကို ခြုံငုံပြီး မေတ္တာစျာန်တွေကို ဝင်စားနိုင်တဲ့ အဆင့်အထိ ပွားများရတဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။

သူတို့နှစ်ခုသည် စျာန်ရဲ့ အာရုံဖြစ်တဲ့ သတ္တဝါပညတ်အာရုံ၊ စျာန်ရဲ့ အာရုံဖြစ်တဲ့ ကသိုဏ်းပညတ်အာရုံ။ ဒီအာရုံတွေကို ဖြန့်ကျက်ရပုံခြင်း အခြင်းအရာက တူနေတဲ့အတွက် ကသိုဏ်းကနေ မေတ္တာစျာန် ကူးမယ် ဆိုလို့ရှိရင်တော့ ပိုပြီး လွယ်ကူတဲ့သဘောလည်း ရှိကြပါတယ်။ ရှိစေတော့နော်။ ရှုချင်ရင်တော့ အဲဒီအပိုင်း ဆရာသမားနဲ့ ချဉ်းကပ်ပြီးသာ လေ့လာပေတော့။ ဒီည ဘုန်းကြီးဟောမှာတော့ ဒီအာနာပါနစတုတ္ထစျာန် သမာဓိကို ခိုင်ခံ့အောင် တည်ထောင်ပြီးတဲ့ ဒီယောဂီသူတော်ကောင်းက စတုတ္ထစျာန် သမာဓိကို ထိုင်တိုင်း ထိုင်တိုင်း ပြန်ထူထောင်ပြီးတော့ ထိုသမာဓိကို ဝိပဿနာရဲ့ အခြေခံအဖြစ်နဲ့ ထူထောင်ပြီးတော့ ဝိပဿနာ ကူးပုံကို ဟောမဲ့အပိုင်းပါ။ ဒီတော့ ဒီစျာန်သမာဓိကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဝိပဿနာသို့ ကူးတော့မယ် ဆိုလို့ရှိရင် ဝိသုဒ္ဓိ ၇-ပါး ကျင့်စဉ်လေးကိုတော့ နည်းနည်းလေး လက်ခံနိုင်ဖို့ လိုပါတယ်နော်။

ဝိသုဒ္ဓိ ၇-ပါး ကျင့်စဉ်ဆိုတာက -နံပါတ်(၁) ဝိသုဒ္ဓိက ဘာလဲ? သီလဝိသုဒ္ဓိ = သီလစင်ကြယ်ခြင်းပဲ။ ယောဂီပုဂ္ဂိုလ်တွေဘက်က အနည်းဆုံး ဆင်ခြင်ရမဲ့ သီလသည် ဘယ်နှစ်ခုလဲ? ၅-ခုပဲ။ လုံလောက်ပါတယ်နော်။ စွမ်းနိုင်ရင် ၈-ပါး၊ ၉-ပါး၊ ၁၀-ပါး စသည် ဆောက်တည်ကျင့်သုံးနိုင်ပါတယ်။ ရဟန်းတော်များအဖို့ကတော့ အနည်းဆုံး ဝိနည်းသိက္ခာပုဒ်၊ ဒေသနာတော်မှာ လာရှိတဲ့ သီလတွေ ဖြစ်ပါတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဝိနည်းသိက္ခာပုဒ်တော်မှာ လာရှိတဲ့ သီလကိုတော့ ပါတိမောက္ခသံဝရသီလလို့ ခေါ်တယ်။

နောက်တစ်ခု သီလကတော့ ဣန္ဒြိယသံဝရသီလ ဖြစ်ပါတယ်။ မျက်စိ နား နှာခေါင်း လျှာ ကိုယ် နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရ ၆-ပါးမှ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို မဝင်လာအောင် မိမိရဲ့စိတ်ကို ကမ္မဋ္ဌာန်းအာရုံတစ်ခုထဲမှာ အမြဲတမ်း သွတ်သွင်းပြီးတော့ အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်တဲ့ သီလပဲ။ ဒါ ဣန္ဒြိယသံဝရသီလလို့ ခေါ်တယ်။ ဣန္ဒြိယသံဝရသီလ ပြည့်စုံအောင်ကတော့ ကမ္မဋ္ဌာန်းတစ်ခုထဲမှာ မိမိရဲ့စိတ်ကို အမြဲတမ်း သွတ်သွင်းထားရတယ်။ ခု အာနာပါန ရှုတဲ့ပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်းပေါ့နော်။ ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ်က ဝိပဿနာကမ္မဋ္ဌာန်း အာရုံထဲမှာ မိမိရဲ့စိတ်ကို သွတ်သွင်းထားဖို့ လိုပါတယ်။ တခြားကမ္မဋ္ဌာန်းတွေ ရှုရင်လည်း တခြားကမ္မဋ္ဌာန်း၊ မိမိရှုထားတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ့နော်။

ကဲ နောက်တစ်ခု ပစ္စယသန္နိဿိတသီလ။ ပစ္စည်းလေးပါးကို သုံးစွဲတဲ့ နေရာမှာ ပစ္စဝက္ခဏာ ဆင်ခြင်ပြီး သုံးစွဲတတ်ဖို့ လိုပါတယ်။ ဒါက ပစ္စယသန္နိဿိတသီလခေါ်တယ်။ အာဇီဝပါရိသုဒ္ဓိသီလကတော့ အသက်မွေးဝမ်းကြောင်းတွေ စင်ကြယ်ရမယ်။ လူလည်း လူနဲ့ ထိုက်တန်တဲ့ အသက်မွေးဝမ်းကြောင်း စင်ကြယ်မှု ရှိဖို့လိုတယ်။ ရဟန်းမှာလည်း ရဟန်းနဲ့ ထိုက်တန်တဲ့ အသက်မွေးဝမ်းကြောင်းတွေ စင်ကြယ်မှု ရှိဖို့လိုတယ်။ အဲဒီ သီလကြီးလေးပါး ပြည့်စုံတာကို သီလဝိသုဒ္ဓိခေါ်တယ်။ သီလဝိသုဒ္ဓိစခန်း အောင်မြင်တဲ့ပုဂ္ဂိုလ်က နောက်တစ်ဆင့် ဘာဝိသုဒ္ဓိတက်ရမလဲ?

စိတ္တဝိသုဒ္ဓိနော်။ ဘယ်ပုဂ္ဂိုလ်တွေလဲ? နေယျပုဂ္ဂိုလ်အတွက် ပြောနေတာနော်။ ဟို ဥဂ္ဃတိတညူ၊ ဝိပဉ္စိတညူလို့ ခေါ်ဆိုအပ်တဲ့ တရားနာရုံနဲ့ ကျွတ်တမ်းဝင်မဲ့ပုဂ္ဂိုလ်တွေကတော့ သူတို့က တရားနာယူတဲ့ အချိန်သည် သူတို့ ကျင့်ရမဲ့အချိန်ဖြစ်တော့ အဲဒီ အချိန်မှာ ဝိသုဒ္ဓိ ၇-ပါးကျင့်စဉ်ကို စနစ်တကျ သူတို့ ပြည့်ပြည့်စုံစုံ ကျင့်နိုင်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရကြမှာပဲ။ မဂ္ဂင် ၈-ပါးကို ပြည့်ပြည့်စုံစုံ သူတို့ ကျင့်နိုင်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရကြမှာဖြစ်တယ်။ သူတို့ ကျင့်ရမဲ့အချိန်သည် ဘယ်လောက်ကြာလဲ? တရားနာရမဲ့အချိန်ပဲ ဖြစ်တယ်။ ခုဒီမှာကတော့ တရားနာရုံနဲ့ မကျွတ်နိုင်တဲ့ နေယျပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီး ပြောနေတာပါနော်။ ဒီတော့ သီလဝိသုဒ္ဓိ ဖြူစင်ပြီးတဲ့ အချိန်အခါမှာ စိတ္တဝိသုဒ္ဓိ ကူးရမယ်ဆိုရင် စိတ္တဝိသုဒ္ဓိဆိုတာက ဘာပြောတာလဲ? ဒီဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ၂၂၂-မှာပဲ အတိအကျ အဋ္ဌကထာဆရာတော်က သတ်မှတ်ပေးထားပါတယ်နော်။

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော

ဒီလို ဖွင့်ထားတယ်။ စိတ္တဝိသုဒ္ဓိ = စိတ္တဝိသုဒ္ဓိ ဆိုတာက ဥပစာရသမာဓိနှင့်တကွ သမာပတ် ၈-ပါးကို ဆိုလိုပါတယ်။ ဒီတော့ ဥပစာရသမာဓိသော်လည်းကောင်း၊ သမာပတ် ၈-ပါးလုံးသော်လည်းကောင်း သို့မဟုတ် သမာပတ် ၈-ပါးထဲက တမျိုးမျိုးသော်လည်းကောင်း ရရှိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်နော်။ ကဲ ဒီအချိန်အခါမှာ စိတ္တဝိသုဒ္ဓိ ဖြစ်ပြီ။ စိတ္တဝိသုဒ္ဓိ ဖြစ်မှ ဘာလုပ်ရမလဲ? ဒိဋ္ဌိဝိသုဒ္ဓိ စခန်း ကူးရမယ်။ ဘာကို ဒိဋ္ဌိဝိသုဒ္ဓိ ခေါ်သလဲ? ဘုန်းကြီးတို့ ငယ်ငယ်က ဆရာသမားရှေ့မှာ ဒူးထောက်ပြီး သေသေချာချာ ဝပ်ပြီး သင်ခဲ့ရတဲ့ သင်္ဂြိုဟ်ကျမ်းလေး တစ်ခုရှိတယ်။ သူက ဘာပြောလဲ?

လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန နာမရူပ ပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။

ဟောလာပြီ။ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် တို့၏ အစွမ်းဖြင့် နာမ်တွေ ရုပ်တွေကို ကုန်စင်အောင် သိမ်းဆည်းတဲ့ လုပ်ငန်းရပ်ကို ဘာဝိသုဒ္ဓိလို့ခေါ်လဲ? ဒိဋ္ဌိဝိသုဒ္ဓိ လို့ခေါ်တယ်။ ကဲ ... ဒီထဲမှာ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်တွေ နာမ်တွေ ရှုတတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ပါကောင်း ပါကြပါလိမ့်မယ်နော်။ မရှုတတ်သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါကောင်း ပါကြပါလိမ့်မယ်နော်။ ဘာလဲ လက္ခဏာ၊ ဘာလဲ ရသ၊ ဘာလဲ ပစ္စုပဋ္ဌာန်၊ ဘာလဲ ပဒဋ္ဌာန်။ ကျကျနန သိဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီတော့ ရုပ် ၂၈-ပါးရှိတယ်။ ရုပ်တို့မည်သည်မှာ ၂၈-ပါး ပြိုင်တူ တစ်နေရာတည်း ဖြစ်နေတာ မဟုတ်ဘူး။ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်တော့ ကလာပ်အမှုန်တစ်ခုအတွင်းမှာလည်း ရုပ်တွေသည် အကုန်လုံး ပြိုင်တူ ဖြစ်တာ။ ရုပ် ၂၈-ပါးလုံး ပြိုင်တူဖြစ်တာ မဟုတ်ပါဘူး။ တချို့ ရုပ်ကလာပ်တွေမှာ သဘောတရား ၈-ခု၊ ၉-ခု၊ ၁၀-ခု စသည်ဖြင့် ဒီလိုသာ ဖြစ်တယ်။ အားလုံးပေါင်းလိုက်မှသာလျှင် ၆-ဌာန၊ ၄၂-ကောဋ္ဌာသမှာရှိတဲ့ ရုပ်တွေ အားလုံး စုပေါင်းလိုက်မှ ရုပ် ၂၈-ပါး စုံညီတာပါ။

မျက်လုံး ၁-လုံးထဲမှာတောင် ရုပ် ၂၈-ပါး အကုန်ရှိသလား? မရှိဘူး။ မျက်လုံးမှာ ရှိနေတဲ့ ရုပ်တွေကို ရေတွက်ပြီးတဲ့ ရုပ်တွေကို မရေတွက်ဘဲနဲ့ ရေတွက်ကြည့်ရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဇီဝိတ စက္ခုအကြည် ကာယအကြည် ဘာဝရုပ်ဆိုပြီး ၁၂-မျိုးပဲ ရှိတယ်။ ဒီထက် မပိုဘူးနော်။ ဒါကြောင့် သူက ရုပ်ကလာပ်ကလေးတွေကို ပထမမြင်ဖို့ လိုတယ်။ ရုပ်ကလာပ်ကို မြင်ပြီးတဲ့အခါ ရုပ်ကလာပ်တစ်ခုတစ်ခု အတွင်းမှာ တည်ရှိနေတဲ့ ပထဝီ အာပေါ တေဇော ဝါယော စသည်ဖြင့် ၈-မျိုး၊ ၉-မျိုး၊ ၁၀-မျိုးသော ရုပ်တွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲနိုင်ဖို့ လိုပါတယ်။ အဲဒီလို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲနိုင်ပြီ ရှုပွားနိုင်ပြီဆိုမှ ထိုယောဂီသူတော်ကောင်းက ဒီလက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်တွေ နာမ်တွေကို ပြန်သိမ်းဆည်းရပါတယ်နော်။

အဲဒါကြောင့် ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးချင်တဲ့ ယောဂီသူတော်ကောင်းသည် ရုပ်တွေ နာမ်တွေကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းရမှာဖြစ်တော့ ရုပ်ကနေစပြီး သိမ်းဆည်းရမလား, နာမ်ကနေစပြီး သိမ်းဆည်းရမလားလို့ ဒီလိုတော့ မေးစရာ မရှိဘူးလား? ရှိလာတယ်။ အဲဒီမှာ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးတာ ပုဂ္ဂိုလ်၂-ဦး ရှိပါတယ်။ သမထယာနိကပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ စျာန်သမာဓိတစ်ခုခုကို အခြေခံပြီးတော့ စျာန်နားကပ်နေတဲ့ တကယ်ဥပစာရသမာဓိအစစ် သို့မဟုတ် စျာန်သမာဓိတစ်ခုခုကို အခြေခံပြီးတော့ ဝိပဿနာကူးတဲ့ သမထယာနိကပုဂ္ဂိုလ်လည်း ရှိတယ်နော်။

စျာန်သမာဓိကို အခြေမခံဘဲ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာကို တိုက်ရိုက်သွားနေတဲ့ သို့မဟုတ် စျာန်အစေးခမ်းခြောက်နေတဲ့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ အဲဒီ ပုဂ္ဂိုလ် ၂-ဦး ရှိတဲ့အနက် စျာန်သမာဓိကို အခြေခံပြီး ခုလို အာနာပါနစတုတ္ထစျာန်တို့လို စျာန်သမာဓိတစ်ခုခုကို အခြေခံပြီးတော့ ဝိပဿနာကို ကူးတော့မယ်ဆိုရင် ထိုပုဂ္ဂိုလ်က စျာန်သမာဓိရဲ့ စွမ်းအင်ကြောင့် စျာန်အင်္ဂါလေးတွေကို သူက စနစ်တကျ သိမ်းဆည်းထားတတ်တဲ့ အဆင့် မရှိဘူးလား? စျာန်အင်္ဂါတွေကို သိမ်းဆည်းထားတတ်တဲ့အတွက် စျာန်အင်္ဂါနဲ့ ယှဉ်တွဲနေတဲ့ ကြွင်းကျန်နေတဲ့ စိတ်စေတသိက်တွေကို ဆက်လက်သိမ်းဆည်းရန် လွယ်ကူတဲ့အတွက် နာမ်ကမ္မဋ္ဌာန်းကနေစလို့ ရတယ်။ သို့မဟုတ် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့ကဲ့သို့ ရုပ်ကမ္မဋ္ဌာန်းက စပြီး ရှုမယ်ဆိုရင်လည်း, သိမ်းဆည်းမယ် ဆိုရင်လည်း သိမ်းဆည်းလို့ ရပါတယ်။ သူက နှစ်လမ်းသွားလို့ ရပါတယ်။ ဘာဖြစ်လို့လဲ?

သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်း ၄၀-ရှိတယ်။ သမထကမ္မဋ္ဌာန်း ၄၀-ဆိုပြီး ဘုရားဟောထားပါတယ်။ ဒါပေမဲ့ သမာဓိအောင်မြင်လို့ ဝိပဿနာ ကူးလာပြီ ဆိုလို့ရှိရင် ကမ္မဋ္ဌာန်းဘယ်နှစ်မျိုး ရှိသလဲလို့ မေးရင်တော့ ဝိပဿနာနယ်မှာ ကမ္မဋ္ဌာန်း၂-မျိုးပဲ ရှိတယ်။ ဘာကမ္မဋ္ဌာန်းတွေလဲ? ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်း။ ဒီ ၂-မျိုးပဲ ရှိတယ်။ အဲဒီ ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်း ၂-မျိုးရှိတဲ့အနက်က ယောဂီပုဂ္ဂိုလ်က သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့ရင် နာမ်ကမ္မဋ္ဌာန်းက စအားထုတ်လည်းရတယ်, ရုပ်ကမ္မဋ္ဌာန်းက စအားထုတ်လည်းရတယ်။ သို့သော် မိမိက သမထကို စျာန်သမာဓိကို အခြေမခံဘူး၊ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်ခဲ့ရင် ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို တိုက်ရိုက်သွားချင်တယ်ဆိုရင်တော့ ဘာက စရှုရမလဲ?

သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ၂၂၂-မှာ ဖွင့်ဆိုထားပါတယ်။ ဘာပြောတာလဲ? ရုပ်ကမ္မဋ္ဌာန်းက စသိမ်းဆည်းချင်တဲ့

[၁၃-(ခ)]

ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးချင်နေတဲ့ သမထယာနိကပုဂ္ဂိုလ် သို့မဟုတ် စျာန်မရတဲ့ စျာန်အစေး ခန်းခြောက်နေတဲ့ ဝိပဿနာကို တိုက်ရိုက်သွားချင်နေတဲ့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်မယ်ဆိုရင်တဲ့ ဓာတ်ကြီးလေးပါးက စသိမ်းဆည်းပါ။ အဲဒီ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းတဲ့အပိုင်းမှာ ဓာတ်ကမ္မဋ္ဌာန်းကို ဘုရားရှင်သည် အကျဉ်းနည်း အကျယ်နည်း နှစ်နည်းနဲ့ ဟောထားခဲ့တယ်။

ဟောထားခဲ့တဲ့အတွက် အကျဉ်းနည်း ကြိုက်ရင်လည်း အကျဉ်းနည်းကနေ စပြီးတော့ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ အကျယ်နည်း ကြိုက်ရင်လည်း အကျယ်နည်းနဲ့ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါလို့ ဒီလို ညွှန်ကြားထားတယ်။ ဘာဖြစ်လို့လဲ? ဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်း ရှုကွက်နဲ့ ပတ်သက်ပြီးတော့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း ဆိုပြီး နှစ်နည်းပဲ ဟောထားတယ်။ ရုပ်ကမ္မဋ္ဌာန်း ရှုကွက်ကို ဒီနှစ်နည်းကလွဲ၍ ကျန်နေတဲ့ နည်းစနစ်တွေအားဖြင့် ရှုလို့ရတယ်လို့ ဟောထားတာ ပိဋကတ်ပါဠိတော်မှာလည်း မရှိဘူး။ အဋ္ဌကထာ ဋီကာတွေမှာလည်း ဖွင့်ဆိုပြီးတော့ မထားဘူး။

ဒီလိုဆိုရင် ရုပ်တရားကို ရှုချင်တယ်ဆိုလို့ရှိရင် ဘုရားဟောအတိုင်း အကျင့်တာက ဒကာကြီးတွေ၊ ဒကာမကြီးတွေအတွက် ပိုပြီးတော့ မကောင်းဘူးလား? ကောင်းနေတယ်နော်။ ဒါက ဦးပဉ္စင်း အထောက်အထားမဲ့ပြီး ပြောနေတဲ့စကား မဟုတ်ပါဘူးနော်။ ခုနက ပြောခဲ့တဲ့အတိုင်း ဝိပဿနာပိုင်း ရောက်လာပြီ ဆိုလို့ရှိရင် ကမ္မဋ္ဌာန်းသည် ဘယ်နှစ်မျိုး ရှိသလဲ? နှစ်မျိုး။ ဘာကမ္မဋ္ဌာန်းတွေလဲ? ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်း။ ရုပ်ကမ္မဋ္ဌာန်းကို ဘုရားဟောရင် ဘယ်လိုဟောသလဲ?

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊

တတ္ထ၊ ထိုရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်းနှစ်မျိုးတို့တွင်။ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ ရူပကမ္မဋ္ဌာနံ၊ ရုပ်ကမ္မဋ္ဌာန်းကို။ ကထေန္တော၊ ဟောကြားပြသဆိုဆုံးမတော်မူခဲ့သည်ရှိသော်။ သင်္ခေပမနသိကာရဝသေန ဝါ၊ အကျဉ်းနှလုံးသွင်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ ဝိတ္ထာရမနသိကာရဝသေန ဝါ၊ အကျယ်နှလုံးသွင်းသည်၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ စတုဓာတုဝဝတ္ထာနံ၊ စတုဓာတုဝဝတ္ထာနကမ္မဋ္ဌာန်းကို။ ကထေသိ၊ ဟောကြားပြသ ဆိုဆုံးမတော်မူမြဲ ဓမ္မတာ ဖြစ်ပေ၏။

ရုပ်ကမ္မဋ္ဌာန်း ရှုကွက်နဲ့ ပတ်သက်ရင် ဘုရားရှင်က ရှုဖို့နည်းစနစ် ဘယ်နှစ်မျိုး ဟောသလဲ? နှစ်မျိုး။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း။ ဘယ်ဒင်းကြိုက်လဲ? ကြိုက်တဲ့လမ်း ရှုနိုင်တယ်။ ကြိုက်တဲ့လမ်း ရှုနိုင်တယ်ဆိုတာကတော့ ဘုန်းကြီးတို့က ယောဂီပုဂ္ဂိုလ်တို့ရဲ့ အဇ္ဈာသယဓာတ်ကို သိနိုင်တဲ့ စွမ်းအားမရှိလို့ မိမိကြိုက်တာ ရွေးချယ်ပြီး ရှုပါလို့ ဒီလို ပြောတာ။

ဒီတော့ ယောဂီပုဂ္ဂိုလ်က မိမိက ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို နှစ်ခြိုက်တယ် ဆိုရင် အကျဉ်းနည်းကနေ စရှုနိုင်တယ်။ အကျယ်နည်း နှစ်ခြိုက်ရင်လည်း အကျယ်နည်းက စရှုနိုင်တယ်။ အကျယ်နည်းကတော့ ခုနက ပြောခဲ့တဲ့ ၃၂-ကောဋ္ဌာသမှာ နောက်ထပ် တေဇောကောဋ္ဌာသ ၄-ပါး၊ ဝါယောကောဋ္ဌာသ ၆-ပါး ထပ်ထည့်လိုက်ရင် ၄၂-ကောဋ္ဌာသ ဖြစ်တယ်။ အဲဒီ ၄၂-ကောဋ္ဌာသမှာ ကောဋ္ဌာသတစ်ခုတစ်ခုစီမှာ ဓာတ်ကြီးလေးပါး မြင်အောင် စရှုရတာပဲ။ အဲဒီ လုပ်ငန်းခွင်ကို ဓာတ်ကမ္မဋ္ဌာန်း အကျယ်-ရှုပွားနည်းလို့ ခေါ်ပါတယ်။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကတော့ ခန္ဓာအိမ်တစ်ခုလုံးကို ခြုံငုံပြီးတော့ဖြစ်စေ၊ အသားကြား၊ အရိုးကြား၊ အရေကြား၊ အကြောကြားကို ဉာဏ်တည်းဟူသော လက်သွင်း၍ပဲဖြစ်စေ ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုရတဲ့ လုပ်ငန်းခွင် ဖြစ်တယ်။ ဒီတော့ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတော့မယ်။ ရုပ်တရားကို ရှုတော့မယ်ဆိုရင် ဓာတ်ကို လွှတ်လို့ ရပါ့မလား? မရဘူး။ ဒါဖြင့် ဓာတ်ဘယ်နှစ်ပါး ရှိသလဲ? ဓာတ်ကြီးလေးပါး။ ဘာတွေလဲ? ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်။

ဘာကို ပထဝီဓာတ်ခေါ်သလဲ? ဒီအပိုင်းနဲ့ ပတ်သက်လို့တော့ သုတ္တန် ခပ်များများမှာတော့ ဘုရားရှင်က ၂-မျိုးပဲ ဟောပါတယ်နော်။ ကက္ခဠ နဲ့ ခရိဂတ။ ဒီ ၂-မျိုးပဲ များများ ဟောတယ်။ ကက္ခဠ ဆိုတာက လွယ်လွယ် နားလည်လွယ်အောင် ဘာသာပြန်ရင် မာတဲ့သဘော၊ ခရိဂတ ဆိုတာက ကြမ်းတဲ့သဘော။ ဒီနှစ်ခုပဲ ဟောတယ်။ သို့သော် ဓမ္မသင်္ဂဏီပါဠိတော်ကျတော့ ဘုရားရှင်က တရားနာနေတဲ့ နတ်ဗြဟ္မာ ပရိသတ်တွေရဲ့အလို အဇ္ဈာသယ ဓာတ်ခံကို ကြည့်ပြီးတော့ ပထဝီဓာတ်မှာ ၆-မျိုး ဟောလိုက်တယ်။ ဘယ်လိုဟောလဲ?

မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော၊ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော ဆိုပြီး သဘောတရား ဘယ်နှစ်ခု ဟောသလဲ? ၆-မျိုး။ ဘာကြောင့်လဲ? ဒီလို ၆-မျိုး ဟောမှ ကျေနပ်မဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရှိကြတယ်။ ဒီလို ၆-မျိုးဟောမှလည်း ကျွတ်တမ်းဝင်မဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရှိကြတယ်။ ဒီလိုဆိုရင် တစ်ခါတလေကျတော့ ၂-မျိုးဟောတယ်။ တစ်ခါတလေကျတော့ ၆-မျိုးဟောတယ်။ ဘုရားက ဗလောင်းဗလဲ ဟောမနေဘူးလားလို့ ဒီလိုတော့ ပြောစရာ မရှိဘူးလား? မေးစရာကော မရှိဘူးလား? ရှိနေတယ်။ တချို့က ဗဟုဿုတ မရှိတော့ ဒီလို မေးကြတယ်။ အတူတူပဲ အတူတူပဲ။ တူပုံလေးကို ဘုန်းကြီး နှိုင်းယှဉ်ပြမယ်။

ဟိုဘက်မှာ အုန်းဆံနဲ့ လုပ်ထားတဲ့ ခြေသုတ်ခုံတစ်ခု ရှိတယ်နော်။ ဒကာမကြီးတွေရဲ့ ခါးမှာ ဝတ်ထားတဲ့ လုံချည်တစ်ခု ရှိတယ်။ ခြေသုတ်ခုံနဲ့ အဲဒီ လုံချည်နဲ့ ဘယ်ဒင်းက ချောသလဲ၊ ဘယ်ဒင်းက ကြမ်းသလဲလို့ မေးရင် ဘယ်လို ဖြေမလဲ? လုံချည်က ချောတယ်။ ခြေသုတ်ခုံက ကြမ်းတယ်။ နောက်တစ်ခု တစ်ဆင့်တက်ကြည့် ... ဒကာမကြီးတွေ ဝတ်ထားတဲ့ အကျႌက အလွန်ချောတယ်ပဲ ထားပါတော့နော်။ အကျႌနဲ့ လုံချည် ဘယ်ဒင်းက ချောသလဲ၊ ဘယ်ဒင်းက ကြမ်းသလဲလို့ မေးရင် ဘယ်လိုဖြေမလဲ? အကျႌက ချောတယ်။ လုံချည်က ကြမ်းတယ်။ ဒီလုံချည်သည် ခုနက ခြေသုတ်ခုံနဲ့ နှိုင်းယှဉ်လိုက်တဲ့ အခါကျတော့ ချောတယ်လို့ ပြောတယ်။ ဒီလုံချည်ကိုပဲ အကျႌနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ကြမ်းတယ်လို့ မပြောဘူးလား? ပြောတယ်။

ဒီလိုဆိုရင် ကြမ်းတယ်၊ ချောတယ် ဆိုတာက အရာဝတ္ထုနှစ်ခုကို နှိုင်းယှဉ်လိုက်တဲ့ အချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ စံတစ်ခု ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ အဲဒီ ပုံစံအတိုင်းပဲ။ ဦးပဉ္စင်းတို့ ဘယ်လောက်ပဲ ချောတယ်ဆိုတဲ့ အရာဝတ္ထုတစ်ခု နည်းနည်းလေး စမ်းကြည့်စမ်း! သူနဲ့ ထိုက်တန်သလောက် နည်းနည်း ကြမ်းတမ်းမှုလေးတော့ မရှိဘူးလား? ရှိတယ်။ နည်းနည်းလေး ကြမ်းတာကျတော့ ချောတယ်လို့ ခေါ်တယ်။ များများ ကြမ်းတာကျတော့ ကြမ်းတယ်လို့ ခေါ်တယ်။ ဒါကြောင့် ဘုရားရှင်က သုတ္တန်နည်းရောက်လာတဲ့အခါ တစ်ခါတစ်ရံ သာဝကတို့ရဲ့ အလိုအဇ္ဈာသယဓာတ် ကြည့်ပြီးတော့ ခရိဂတ ကြမ်းတယ်လို့ တစ်မျိုးပဲ ဟောလိုက်တယ်။ မှားသလား၊ မှန်သလား? မှန်နေတယ်။ ဘယ်လောက် ချောတယ်ဆိုတဲ့ အရာဝတ္ထုပဲ ဖြစ်ဖြစ်၊ ဒကာမကြီးတွေ ပွတ်သတ်ကြည့်ပါ၊ သူနဲ့ တန်သလောက် နည်းနည်းလေး ကြမ်းတမ်းမှုတော့ ရှိပါတယ်။ နည်းနည်း ကြမ်းတာနဲ့ များများကြမ်းတာ၊ နည်းနည်း ချောတာနဲ့ များများ ချောတာပဲ ကွာမယ်နော်။ ကြမ်းတမ်းမှုကတော့ နည်းနည်းတော့ ရှိတယ်။

အလားတူပဲ ဘုန်းကြီးတို့ အုတ်ခဲ ၃-ခဲ ရှိတယ်ပဲ ဆိုကြပါစို့ ... နမူနာ မီးကျက်အောင် ဖုတ်ထားတဲ့ အုတ်ခဲက တစ်ခု၊ အခြောက်လှမ်းထားတဲ့ မီးမဖုတ်ရသေးတဲ့ အုတ်ခဲက တစ်ခု၊ ပြုလုပ်စ အသင့်ဖြစ်နေတဲ့ မခြောက်သေးတဲ့ ရွံ့တုံးအဖြစ်နဲ့ တည်နေတဲ့ အုတ်ခဲက တစ်ခုဆိုပြီး အုတ်ခဲ ၃-ခု ယှဉ်ထားတယ်။ အလယ်ကောင်ဖြစ်တဲ့ ခြောက်နေတဲ့ အုတ်ခဲနဲ့ မီးဖုတ်ပြီးလို့ ကျက်နေတဲ့ အုတ်ခဲ ဘယ်ဒင်းက မာသလဲ၊ ဘယ်ဒင်းက ပျော့သလဲလို့ မေးရင် ဘယ်လို ဖြေမလဲ? မီးဖုတ်ပြီးသား ကျက်နေတဲ့ အုတ်ခဲက မာတယ်။ မီးမဖုတ်ရသေးတဲ့ ခြောက်နေတဲ့ အုတ်ခဲက ပျော့တယ်။

တစ်ခါ မခြောက်သေးတဲ့ အုတ်ခဲနဲ့ ခြောက်နေတဲ့ အုတ်ခဲ၊ မီးမဖုတ်ရသေးတဲ့ ခြောက်နေတဲ့ အုတ်ခဲနဲ့ နှိုင်းယှဉ်ကြည့်လိုက် ဘယ်ဒင်းက မာသလဲ၊ ဘယ်ဒင်းက ပျော့သလဲမေးရင် ခြောက်နေတဲ့ အုတ်ခဲက မာတယ်။ မခြောက်သေးတဲ့ အုတ်ခဲက ပျော့တယ်လို့ ဒီလို ပြောရတယ်။ ဒီလိုဆိုရင် အလယ်ကောင်မှာ တည်ရှိနေတဲ့ ခြောက်နေတဲ့ အုတ်ခဲ၊ မီးမဖုတ်ရသေးတဲ့ အုတ်ခဲသည် မခြောက်သေးတဲ့ အုတ်ခဲနဲ့ ယှဉ်လိုက်တော့ သူက မာတယ်။ မီးဖုတ်ပြီးတဲ့ ကျက်နေတဲ့ အုတ်ခဲနဲ့ ယှဉ်လိုက်တော့ သူက ပျော့တယ်။ ဟော အရာဝတ္ထု ၂-ခု နှိုင်းယှဉ်လိုက်တဲ့အခါမှာ ဒီအရာဝတ္ထုတစ်ခုတည်းကို မာတယ်လို့လည်း ပြောတယ်၊ ပျော့တယ်လို့လည်း ပြောတယ်။

ကဲ ပျော့တယ်ဆိုတဲ့ အဲဒီ အုတ်ခဲ၊ ရွံ့အုတ်ခဲကို နည်းနည်းလေး ကိုင်ကြည့်စမ်းပါ။ သူနဲ့ တန်သလောက် မာမှုတော့ မရှိဘူးလား? ရှိနေတယ်။ ဘယ်လောက်ပဲ ပျော့ပျော့နော် နည်းနည်း မာတာလေးတော့ ရှိနေတယ်။ ဒါကြောင့် သုတ္တန်ရောက်လာရင် ဘုရားရှင်က တစ်ခါတစ်ရံ ကက္ခဠ-မာတယ်။ ဒီတစ်ခုပဲ အရှုခိုင်းလိုက်တယ်။ ယောဂီကလည်း ဒီလောက်ရှုရတာ ကျေနပ်တယ်၊ နားလည်တယ်။

သို့သော် ဘုန်းကြီးက ဒီနေရာမှာ ဒီဌာနမှာ ၆-ခုလုံး သင်ပေးနေရတယ်။ ဘာကြောင့်လဲ? ယောဂီတိုင်းမှာတော့ မဖြစ်ပါဘူး။ တစ်ခါတလေ ၁၀-ယောက် ၁-ယောက် ဖြစ်တတ်တဲ့ သဘာဝလေးတွေတော့ ရှိတယ်။ ဘယ်လိုလဲ? မာတာကို တစ်ဖက်သတ် စူးစိုက်ပြီး ရှုလိုက်တဲ့အခါ သမာဓိက ကောင်းလာပြီ ဆိုလို့ရှိရင် တစ်ကိုယ်လုံးက မာသွားတယ်။ ကျောက်တုံး၊ ကျောက်ခဲလို မာသွားပြီ။ အဲဒါကြီးက သိပ်ပြီး လွန်လာတယ်။ ထပ်ကာထပ်ကာ ရှုလို့ ရက်ပေါင်းကြာလာပြီ ဆိုလို့ရှိရင်တော့ မျက်စိမှိတ်လိုက်တာနဲ့ မာပြီ။ တစ်ကိုယ်လုံး မာရင်တော့ နည်းနည်း တော်ပါသေးတယ်။ တချို့ကျ ခေါင်းတစ်ခုထဲ ကွက်ပြီး မာတယ်။ မျက်စိမှိတ်လိုက်တာနဲ့ ခေါင်းကြီးက ခဲနေပြီ။ ဘယ်လိုမှ ဖြေလို့ မရတော့ဘူး။ မရတော့ ဘာဖြစ်လဲ? နောက်ဆုံး မတတ်နိုင်တော့ဘူး ဆိုပြီး လက်လျှော့ပြီး ပြန်ပြေးသွားတယ်။ အဲဒီလို ယောဂီ ၃၊ ၄-ဦး ရှိပြီ ဘုန်းကြီးတွေ့ရတယ်။

အဲဒီလို ပြဿနာမျိုးလေးတွေက တော်တော်လေး ရင်ဆိုင်ရတဲ့အတွက် တချို့ယောဂီတွေ ဘုန်းကြီး အဲဒီ မာ ကြမ်း လေး ပျော့ ချော ပေါ့ ၆-ခုလုံး ပထဝီမှာ သင်သင်ပေးရတယ်။ ဘာဖြစ်လို့လဲ? မာလာလို့ မခံနိုင်တဲ့အခါမှာ ပျော့တာကို ပြောင်းစိုက်လိုက်ရင် ဓာတ်က မျှသွားတယ်။ ထိုအခါမှာ နည်းနည်း ခံနိုင်ရည် ရှိလာတယ်။ ကြမ်းလာတဲ့ အချိန်အခါမှာ ချောတာကို ပြောင်းစိုက်လိုက်ရင် ခံနိုင်ရည် ရှိသွားတယ်။ အင်မတန် ခန္ဓာကိုယ်ကြီးက လေးလာတဲ့ အချိန်အခါမှာ ပေါ့တဲ့သဘောကို ပြောင်းစိုက်လိုက်ရင် ခံနိုင်ရည် ရှိသွားတယ်။ သမာဓိ နည်းနည်းလေး တက်လာတယ်။ သမာဓိသား တက်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ၆-ခု သင်ပေးရတာပဲ။

တချို့ကျတော့ ဒီ ၆-ခုလုံး မသင်ဘူး။ ပထဝီမှာ မာတာ တစ်ခု၊ အာပေါမှာ ယိုစီးတာ တစ်ခု၊ တေဇောမှာ ပူတာ တစ်ခု၊ ဝါယောမှာ ထောက်တာ တစ်ခု။ ဒီ ၄-ခု ရှုရုံနဲ့ သမာဓိ ဖြစ်ပြီးတော့ ရုပ်ကလာပ်တွေ သွားတွေ့တဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်။ သို့သော် ဒီပုဂ္ဂိုလ်တွေကတော့ များသောအားဖြင့် အတိတ်ထဲက ဒီရုပ်တွေ နာမ်တွေကို ဝိပဿနာဉာဏ်နဲ့ ကျိတ်ခြေခဲ့ဖူးတဲ့ သူတော်ကောင်းတွေ များသောအားဖြင့် ဖြစ်တတ်ကြပါတယ်နော်။ ဒီတော့ အတိတ်က ပါရမီ အရှိန်အဝါက သိပ်ပြီး ကျေးဇူးပြုမှု အားကောင်းနေခဲ့တော့ လွယ်လွယ်ကူကူနဲ့ ဒီရုပ်နာမ်ကို ထွင်းဖောက်သိတာလည်း ရှိတတ်ပါတယ်။ ကဲ ပထဝီအကြောင်း ခဏရပ်လိုက်ဦးနော်။

အာပေါအကြောင်းပြောမယ်။ အာပေါဓာတ်က ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော။ ယိုစီးတဲ့သဘောသည် ဘယ်အခါမှာ ထင်ရှားသလဲလို့ မေးရင်တော့ များသောအားဖြင့် ရုပ်ကလာပ်တွေ မပေါ်ခင် အပိုင်းမှာ ပိုထင်ရှားပါတယ်။ ဘာတွေ ယိုစီးသလဲ? သွေးတို့၊ ချွေးတို့၊ သလိပ်တို့၊ ပြည်တို့ စသည်ဖြင့် ခန္ဓာကိုယ်မှာ ယိုစီးတဲ့ အာပေါအုပ်စု ၁၂-မျိုး ရှိပါတယ်။ ယောဂီပုဂ္ဂိုလ်က ဒီအချိန်မှာ ယိုစီးတဲ့သဘောကို ရှုတဲ့အပိုင်းမှာတော့ သွေးတွေ၊ ချွေးတွေ တွေ့ဖို့ လိုရင်းတော့ မဟုတ်ဘူး။ စီးဆင်းနေတဲ့သဘော မြင်ရင်ပဲ လုံလောက်နေတဲ့အပိုင်း။ ဘာဖြစ်လို့လဲ? ပရမတ်ကို ခြေစုံပစ်ပြီး မဝင်သေးဘူး။ ရုပ်ကလာပ်ကို မမြင်သေးဘူး။

ဒါကြောင့် ဂဏကိုလည်း ပြိုအောင် မဖြိုနိုင်သေးတဲ့အပိုင်းဖြစ်တော့ ဒီလိုပဲ လုံးရှုရတဲ့အပိုင်း ဖြစ်ပါတယ်နော်။ အဲ ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော။ ဒါကဘာလဲ? အာပေါဓာတ်။ ပူတဲ့သဘော၊ အေးတဲ့သဘော၊ ဒါက တေဇောဓာတ်။ အဲဒီမှာလည်း နှစ်ခု သင်ပေးရတယ်။ ပူတာနဲ့ အေးတာဟာ ဒကာမကြီးတွေ အပူချိန်ကို တိုင်းတာတဲ့ ပြဒါးတိုင်ကလေးတွေ ရှိကြပါတယ်။ ကြည့်လိုက်ရင် တစ်ဆက်တည်း မနေဘူးလား? တစ်ဆက်တည်းပဲ။ နည်းနည်း ပူတာကျတော့ အေးတယ်လို့ ခေါ်တယ်။ များများ ပူတာကျတော့ ပူတယ်လို့ ခေါ်တယ်။ ဘယ်လောက်ပဲ အေးတယ်ပြောပြော သူနဲ့ ထိုက်တန်တဲ့ ပူမှုလေးတော့ မရှိဘူးလား? ရှိပါတယ်နော်။ ကလေးကိုယ်ကို စမ်းကြည့်စမ်း! ဒီကလေး ဖျားနေတယ်။ ခု ကိုယ်စမ်းကြည့်လိုက်စမ်း! ဘယ်နဲ့နေလဲ? အော... ကိုယ်အေးသွားပြီ။ အဲဒီ အေးတယ်ဆိုတာကလေးကို ပြီးတော့ တိုင်းကြည့်ပါ။ သူနဲ့ တန်သလောက် ပူမှုလေးတော့ မရှိဘူးလား? ရှိပါတယ်။ လွန်ကဲနေတဲ့ ပူမှု မရှိသာသာ ရှိတယ်။ သူနဲ့ တန်သလောက် နည်းနည်း ပူမှုလေးတော့ ရှိနေသေးတယ်။ အဲဒီ ပုံစံအတိုင်းပဲ။ ခန္ဓာကိုယ်မှာလည်း ပူတဲ့သဘော၊ အေးတဲ့သဘော ဒီနှစ်ခုက ဆန့်ကျင်ဘက်ပဲ။ တစ်ဆက်တည်း ဖြစ်နေတယ်။ နည်းနည်း ပူတာကိုတော့ အေးတယ်လို့ ခေါ်တယ်။ များများ ပူတာကိုတော့ ပူတယ်လို့ သုံးနှုန်းထားတယ်။ ဒါ တေဇောဓာတ်ပဲ။

နောက်တစ်ခု - အဲဒီ နှစ်ခုလုံးသည် ရင့်ကျက်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ကလာပ်တူ ရုပ်တွေကို ရင့်ကျက်စေနိုင်တဲ့ စွမ်းအင်တွေ ရှိနေတယ်။ နောက် ဓာတ်တစ်ခုကတော့ ဘာလဲ? ဝါယောဓာတ်။ ထောက်ကန်နေတဲ့သဘော၊ တွန်းကန်နေတဲ့သဘော။ ထောက်ကန်တာကတော့ သဘာဝလက္ခဏာ။ တွန်းကန်တာကတော့ ရသလုပ်ငန်းကိစ္စဆိုပြီး ဒီလို ကျမ်းဂန်များမှာ ဖော်ပြထားပါတယ်။ ပေါင်းလိုက်တော့ ဓာတ်ကြီး ဘယ်နှစ်ပါးလဲ? ၄-ပါး။ သဘောတရား ဘယ်နှစ်ခုလဲ? ၁၂-ခုနော်။ ဒီတော့ ဒီဓာတ်ကမ္မဋ္ဌာန်းကို ရှုတော့မဲ့ ပုဂ္ဂိုလ်က ဘုရားဟောဒေသနာတော်အတိုင်း အစဉ်အတိုင်း ရှုလိုက ရှုနိုင်ပါတယ်။ လွယ်ကူနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတန်သလောက် ရှိနိုင်ပါတယ်။

မာမှု ထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘော စရှု၊ ရှုလို့ရတယ်။ ဥပမာ သွားလေးနှစ်ခု ထိထားကြည့်ပါနော်။ မမာဘူးလား? မာတယ်။ လက်လက်ခြင်း၊ အရိုးရိုးခြင်း တစ်နေရာ စပြီးတော့ ထိထားကြည့်၊ မာမနေဘူးလား? မာနေတယ်။ အဲဒီလို မာမှု ထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုရပါတယ်။ သို့သော် အဲဒီလို ရှုမှုမှာ အခက်အခဲ ရှိခဲ့ရင်တော့ နည်းနည်းလေး လွယ်ကူတာကတော့ တွန်းတဲ့သဘောလည်း ဖြစ်ပါတယ်။ တွန်းတဲ့သဘောလေး ဆိုတာကတော့ ခန္ဓာအိမ်မှာ တွန်းကန်မှုတွေက အမြဲလိုလို ရှိနေတယ်။ အသက်ရှုရင်လည်း တွန်းကန်မှု ရှိနေတယ်။ နှလုံးသွေး ခုန်တဲ့ စွမ်းအင်ကြောင့်လည်း ခန္ဓာအိမ်မှာ တွန်းကန်မှုတွေ ရှိနေပါတယ်။ ရှိနေတဲ့အတွက် တွန်းကန်မှုလေးကို သဘောပေါက်ရင် ကျန်တဲ့ဓာတ်တွေလည်း တော်တော် ခပ်များများကတော့ လွယ်လွယ်ကူကူ သဘောပေါက်တတ်တဲ့သဘော ရှိပါတယ်။

ဒါကြောင့် တွန်းကန်တဲ့သဘောလေးက စရှုလိုကလည်း ရှုပါ။ မာတဲ့သဘောက စရှုလိုကလည်း ရှုပါ။ နှစ်ခြိုက်တာ ရွေးခြယ်ပါနော်။ ဘုန်းကြီး ခု တွန်းတာလေးက စပြီး သင်ပေးမယ်။ တွန်းတယ်ဆိုတာက ဘာကို ခေါ်သလဲလို့မေးရင် လက်မလေးနဲ့ ကြမ်းလေးကို ထောက်ပြီး ဖိလိုက်၊ ကြွလိုက် လုပ်ကြည့်ပါ။ ဖိလိုက်တဲ့ အချိန်အခါမှာ တွန်းလိုက်တဲ့ စွမ်းအင်တွေ လက်အတွင်း၊ လက်မောင်းအတွင်းမှာ စိုက်ကြည့်ပါ။ လွယ်လွယ်ကူကူ တွေ့နိုင်တယ်နော်။

နောက်တစ်ခု - ပိုပြီး သဘောပေါက်အောင် ရှုကွက်လေးတစ်ခု နည်းနည်း နီးကပ်တာလေး ပြောမယ်။ သွားနှစ်ခု ထိထားကြည့်ပါ။ ပါးအတွင်း စိတ်ကို စိုက်ထား။ ထမင်းဝါးသလို နည်းနည်းလေး ဖိလိုက်၊ ကြွလိုက် လုပ်ကြည့်ပါ။ တွန်းလိုက်တဲ့သဘော မတွေ့ဘူးလား? တွေ့တယ်။ အဲဒီ ပုံစံအတိုင်းပဲ။ ရှုရင်တော့ ဒီလို ရှုရမယ် မဆိုလိုပါဘူး။ ဘာဖြစ်လို့ မဆိုဘူး ပြောရသလဲ? ခက်တော့ ခက်တယ်။ သတ္တဝါတွေက နည်းနည်းလေး ဝေဖန်ရမယ်ဆိုရင်တော့ နည်းနည်းလေး အာသွက်လျှာသွက်တော့ ရှိတတ်ကြပါတယ်။ သူတို့ တရားတွေက အံကြိတ်တရားတွေ။ ဟော... ဒီလို ဝေဖန်ကြတယ်နော်။ သူတို့တရားတွေက လက်ပွတ်တရားတွေ။ ကဲ ဟော... ဒီလိုလည်း ဝေဖန်ကြတယ်။ အဲဒါကြောင့် ဘုန်းကြီးက အဲဒီ ဝေဖန်မှုလေးတွေ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့ မဖြစ်စေချင်လဲ? ရင်မဆိုင်ချင်လို့ မဟုတ်ပါဘူး။ သူတို့မှာ အကုသိုလ်တရား မတိုးပွားစေချင်လို့ပါ။ ဘုန်းကြီးက ဘုရားဟောဒေသနာ ရှိပါတယ်။ ဒီပုံစံ ရှုကွက်ကလေးတွေနဲ့ ပတ်သက်လို့ ဒကာမကြီးတွေ သမ္ပဇဉ်ပိုင်း နာဖူးတဲ့ ပုဂ္ဂိုလ်တွေ ရှိတန်သလောက် ရှိမယ်လို့ ယူဆတယ်။ သမ္ပဇဉ်ပိုင်းမှာ ဘုရားရှင်က ဟောထားတဲ့ ဟောကွက်ကလေးတစ်ခု ရှိတယ်။

အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ =

အသိတေ၊ စားရာ၌။ ပီတေ၊ သောက်ရာ၌။ ခါယိတေ၊ ခဲရာ၌။ သာယိတေ၊ လျှက်ရာ၌။ သမ္ပဇနကာရီ၊ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

စားတဲ့အခါမှာ၊ သောက်တဲ့အခါမှာ၊ ခဲတဲ့အခါမှာ၊ လျှက်တဲ့အခါမှာ သမ္ပဇဉ်ဉာဏ်လေးနဲ့ ပြုပါတဲ့။ ကဲ ဒီသမ္ပဇဉ်ဉာဏ်က ဘာရှင်းနေရင်တော့ တရား မဆုံးတော့ဘူး။ လိုရင်းကတော့ စားတဲ့အခိုက်မှာလည်း ခန္ဓာငါးပါး သိအောင် ရှုဖို့ ဘုရားဟောတယ်။ သောက်တဲ့အခိုက်လည်း ခန္ဓာငါးပါး သိဖို့၊ လျှက်တဲ့အခိုက်လည်း ခန္ဓာငါးပါး သိဖို့။ ခဲတဲ့အခါ ခန္ဓာငါးပါး။ စားတဲ့အခါ ခန္ဓာငါးပါး၊ သောက်တဲ့အခါ ခန္ဓာငါးပါး၊ ခဲတဲ့အခါ ခန္ဓာငါးပါး၊ လျှက်တဲ့အခါ ခန္ဓာငါးပါး။ အဲဒီ ခန္ဓာငါးပါးတွေကို သိအောင် ရှုဖို့ ဘုရားရှင် ညွှန်ကြားထားတယ်။

ကဲ ဒကာမကြီးတွေ စားကြည့်စမ်း! မဝါးဘဲနဲ့ စားလို့ ရပါ့မလား? ကဲ ဒါဖြင့်ရင် ဝါးပြီးမှစားရင် အဲဒီ ဝါးနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါးကို ဘုရားက သိအောင် ရှုခိုင်းတယ်။ အဲဒီ အရှုခိုင်းတဲ့ ဘုရားတရားကို ဒါက ဘုရားတရားကလည်း အံကြိတ်တရားကြီးပါလားလို့ သွား-စွပ်စွဲလို့ ဖြစ်ပါ့မလား? မဖြစ်ပါဘူးနော်။ ရမ်းတော့ မစွပ်စွဲနဲ့။ သူက စွပ်စွဲမှုတစ်ခု ဆိုတာက တော်တော်လေး ခက်တယ်။ တလောက ဘုန်းကြီး ပြောခဲ့ပြီးပါပြီနော်။ မစင်ကို ကိုင်ပြီးတော့ သူတစ်ပါးကို ပေါက်ဖို့ ကြိုးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဲဒီ မစင်က ကိုယ်ပေါက်လိုက်တဲ့ မစင်သည် သူတစ်ပါး ထိ၊ မထိတော့ မပြောတတ်ဘူး။ မိမိလက်ကိုတော့ အရင် မပေဘူးလား? ပေ-တယ်။ အဲဒီအတိုင်းပဲ။ သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲလာပြီ ဆိုလို့ရှိရင်တော့ နည်းနည်း ပြဿနာက တော်တော့်ကို ထိဖို့ တော်တော်သေချာတယ်။ သူတစ်ပါး ထိ၊ မထိတော့ မသေချာဘူးနော်။

ကဲ ဒီတော့ ဒီနေရာမှာ တွန်းကန်တဲ့သဘောကို အဲဒီ ခုနက ပုံစံအတိုင်း သဘောပေါက်ပြီဆိုရင် ဘုန်းကြီးက ရှုကွက်အများအားဖြင့် အာနာပါနက သင်ပေးပါတယ်။ ဒီတော့ ဒီအာနာပါနမှာ ခုနက နှာသီးဖျားမှာ စိတ်ထားပြီး ရှုတာက ခုနက စတုတ္ထစျာန်သမာဓိအထိပေါက်အောင် ရှုပုံနည်းစနစ်ကို ဘုန်းကြီး ဟောပြီးပြီ။ ခုတစ်ခါ ဓာတ်ဟောပြမယ်နော်။ ဓာတ်ဟောမယ်ဆိုတော့ ဓာတ်ရှုကွက်ကျတော့ ဘယ်နေရာကနေ စောင့်ဖမ်းတာ ပိုလွယ်သလဲလို့ မေးရင်တော့ ကြိုက်တဲ့နေရာက ဖမ်းနိုင်ပါတယ်နော်။ လွယ်ကူတဲ့ နေရာကတော့ ခေါင်းအလယ်လောက်ကနေ စရှုရင် ပိုလွယ်တယ်။ ဟို နောက်စေ့အတွင်း ဘက်ကနေပြီးတော့ ဖြိုပြီးတော့ ခေါင်းအတွင်းလောက်ကို စိတ်စိုက်ထားကြည့်နော်။ ခေါင်းတစ်ခုလုံးရဲ့ ဗဟိုစင်တာလောက်ကို စိတ်စိုက်ထားပါ။ အသက်ရှုသွင်းလိုက်တဲ့ အခါမှာ တွန်းကန်နေတဲ့သဘော၊ ပြန်ရှု-ထုတ်လိုက်တဲ့ အချိန်အခါမှာ တွန်းကန်နေတဲ့သဘောလေး စိုက်ကြည့်။ စိုက်ကြည့်လို့မှ နည်းနည်း အားမရဘူး၊ သိပ်ပြီး မထင်ရှားဘူးဆိုရင်တော့ ဘာလုပ်မလဲ? သို့သော် အဲဒီ တွန်းတဲ့ဓာတ်ကို မရှုခင်မှာ ဘာလုပ်ရမလဲနော်။

ခုနက မိမိ ရရှိထားပြီးတဲ့ အာနာပါန စတုတ္ထစျာန်သမာဓိကိုတော့ ထိုင်တိုင်း ထိုင်တိုင်း ပြန်ထူထောင်ဖို့ လိုတယ်နော်။ ထိုစတုတ္ထစျာန်သမာဓိမှ ထတဲ့ အချိန်အခါမှာ ခု တွန်းတဲ့သဘောကို ခုပြန်ပြီးတော့ အာရုံယူပါ။ အာရုံယူလိုက်တဲ့ အချိန်အခါမှာ ဒီသမာဓိရဲ့စွမ်းအင်ကြောင့် တွန်းတဲ့သဘော လွယ်လွယ်ကူကူ တွေ့တဲ့ ယောဂီပုဂ္ဂိုလ် များပါတယ်နော်။ သိပ်များ အခက်အခဲ ရှိခဲ့ရင်တော့ ဘုန်းကြီးက အကြံဉာဏ်လေးတစ်ခုတော့ များသောအားဖြင့် ထပ်ပြီး ပေးတတ်ပါတယ်။ ရှေ့သွားလေးနှစ်ခု ထိတာ ကြည့်။ နည်းနည်းလေး ဖိထားလိုက်။ များများကြီးတော့ မဖိနဲ့။ အဲဒီလို နည်းနည်းလေး ဖိပြီးတော့ ပြန်ပြီးတော့ အသက်ရှုကြည့်ပါ။ တွန်းကန်နေတဲ့ စွမ်းအားတွေ ထင်ထင်ရှားရှားကြီး တွေ့တတ်ပါတယ်။ အဲဒီခါမှာ တွန်းကန်တဲ့သဘောက တစ်ခါ နားရွက်တစ်ခုကို လက်နဲ့ တွန်းသလို တော်တော်ကြီးကို အားပြင်းပြင်းနဲ့ တွန်းကန်မှု ထင်ရှားလာပြီဆိုရင်တော့ အဲဒီ ခေါင်းအတွင်းက စပြီးတော့ အတွင်းဘက်ကနေ အပြင်ဘက်ကို တဖြည်းဖြည်း နည်းနည်း နည်းနည်း ရွှေ့ပြီးတော့ ဖြန့်ကြည့်ပါ။ ကြည့်လိုက်လို့ရှိရင် တစ်ခေါင်းလုံး ဘယ်ကြည့်ကြည့် တွန်းကန်နေတဲ့ သဘောတွေ တွေ့တတ်တယ်။ အပြင်ဘက်ကနေ စပြီးတော့ အပေါ်ယံလေး ခြုံတော့ မကြည့်နဲ့၊ တွေ့ခဲတယ်။

အတွင်းကနေ အပြင်ဘက်ကို တဖြည်းဖြည်း ဖြန့်ပြီး ကြည့်လိုက်မယ် ဆိုရင်တော့ ဒီတွန်းကန်နေတဲ့သဘောကို လွယ်လွယ်ကူကူနဲ့ တွေ့တတ်ပါတယ်။ အဲဒီ တွန်းကန်တဲ့သဘောလေး တစ်ခေါင်းလုံး ထင်ထင်ရှားရှား မြင်ပြီ ဆိုရင် လည်ပင်းလောက်ကို နည်းနည်းလေး ရွှေ့ကြည့်။ ရွှေ့ကြည့်တာက အသားကြား၊ အရိုးကြား၊ အရေကြား၊ အကြောကြားကို လိုက်စိုက်ရတယ်။ ခေါင်းမှာလည်း ဒီအတိုင်း ဘာရည်ရွယ်ချက် ရှိလဲ? အသား၊ အကြော၊ အရိုး၊ အရေ မရှိဘူး။ ရှိနေတာက ဓာတ်ကြီးလေးပါးပဲလို့ ဒီအသိဉာဏ်ပေါ်အောင် လေ့ကျင့်မှ ဖြစ်ပါတယ်။ ဒီတော့ ဓာတ်ကြီးလေးပါးကို မရှုတတ်ခင်မှာ ခုက ဓာတ်တစ်လုံးက စတယ်နော်။ တွန်းကန်နေတဲ့ သဘောလေးကို စနေတယ်။

ဒီတော့ တစ်ခေါင်းလုံးမှာ တွန်းတဲ့သဘော အသားကြား၊ အကြောကြား၊ အရိုးကြား၊ အရေကြား စိုက်ကြည့်လိုက်တဲ့အခါ ဘယ်နေရာကြည့်ကြည့် တွေ့ပြီဆိုရင် လည်ပင်းလောက် နည်းနည်းလေး ရွှေ့လိုက်။ နည်းနည်းပဲ ရွှေ့ကြည့်ပါ။ ရွှေ့ကြည့်လိုက်လို့ လည်ပင်းမှာ နည်းနည်းတွေ့ရင် နည်းနည်း ထပ်ပြီး အောက်ဘက် နည်းနည်းလေး ရွှေ့ကြည့်။ အဲဒီလိုပဲ တဖြည်းဖြည်း တဖြည်းဖြည်း ရွှေ့သွားလိုက်တဲ့အခါ နောက်ဆုံး အသားကြား၊ အရိုးကြား၊ အရေကြား၊ အကြောကြား စိုက်လိုက်တဲ့အခါ ဘယ်နေရာ စိုက်လိုက်စိုက်လိုက် တွန်းကန်နေတဲ့ သဘောတွေ ထင်ထင်ရှားရှား တွေ့လိမ့်မယ်။ အဲဒီ တွန်းကန်တဲ့ သဘောကို ကျေကျေနပ်နပ် ခြေအဆုံး၊ ခေါင်းအဆုံး ရပြီဆိုရင်တော့ ထပ်ခါထပ်ခါ ရှုပေးရတယ်။ လေ့ကျင့်ပါများရင် အောင်မြင်မှု ဆိုတာက ရတတ်ပါတယ်နော်။

ထပ်ခါထပ်ခါ လေ့ကျင့်လိုက်လို့ ဒီတွန်းကန်တဲ့ သဘောက လွယ်လွယ်ကူကူနဲ့ ခေါင်းကနေ ခြေအဆုံးအထိ လွယ်လွယ်ကူကူ ရှုလို့ ရပြီဆိုရင် ဘုန်းကြီးတို့ သွားတဲ့အခါမှာလည်း အဲဒီ တွန်းတာလေး ရှုကြည့်ပါ။ ဘယ်နေရာက စရှုမလဲလို့ မေးရင် ကြိုက်တဲ့နေရာက စနိုင်ပါတယ်။ သို့သော် သွားတဲ့အချိန်အခါမှာ ပိုပြီး လွယ်ကူအောင် စင်္ကြံလျှောက်ပြီ ဆိုကြစို့။ စင်္ကြံဦး တစ်နေရာမှာ မတ်တပ်ရပ်မယ်။ လက်ကလေးကို ပိုက်ချင် ပိုက်လိုက်ပါ။ ခြေထောက်လေး တစ်ဘက်ကို ဖိပြီး နင်းကြည့်ပါ။ သွားမယ်ဆိုရင်တော့ ခြေထောက်က အောက်ဖိဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီလို ဖိလိုက်တဲ့ အချိန်အခါမှာ တွန်းကန်တဲ့ စွမ်းအင်ပေါ်လာလိမ့်မယ်။ အဲဒီ တွန်းကန်တဲ့ သဘောလေးကနေစပြီးတော့ ခြေထောက်ကလေး ရှေ့တိုးလိုက်တဲ့သဘော မတွန်းဘူးလား? တွန်းတယ်။ တစ်လှမ်းပြီး တစ်လှမ်း ဖိလိုက် တွန်းလိုက်၊ ဖိလိုက် တွန်းလိုက်နဲ့ ရှေ့သွားနေတာပဲနော်။ အဲဒီ တွန်းကန်တဲ့သဘောကနေ စပြီးတော့ တစ်ကိုယ်လုံး တွန်းကန်တဲ့သဘောကို မြင်အောင် စရှု။ ရှုလို့ ရပါတယ်။ ရှုဖို့လည်း သင်ပေးပါတယ်။ သို့သော်လည်း မရှုတဲ့ ယောဂီတွေ တော်တော်များတယ်။ မရှုလို့လည်း ဘုန်းကြီးတို့ဘက်က အကျပ်အတည်း သိပ်တော့ မကိုင်ပါဘူး။ အကြောင်းကတော့ ဘာဖြစ်လဲ?

ထိုင်တဲ့အခါမှာ တော်တော်ကြိုးစားလို့ သမာဓိ အောင်မြင်ရင်လည်း တဖြည်းဖြည်း တရားဆိုတာကတော့ တက်သွားနိုင်ပါတယ်။ ရှုတာကတော့ ပိုကောင်းတယ်။ မရှုမဖြစ်တဲ့အပိုင်း ရောက်လာရင်တော့ ရှုပါဆိုပြီတော့ပဲ တော်တော်လေး တိုက်တွန်းပေးပါတယ်နော်။ ဒီတော့ ထိုင်အချိန်အခါမှာ တွန်းတဲ့သဘောကို လွယ်လွယ်ကူကူ ရှုနိုင်တဲ့ ယောဂီသူတော်ကောင်းက သွားရင်လည်း ဘာရှုရမလဲ? တွန်းတဲ့သဘော ရှုမယ်။ ကွေးရင်လည်း တွန်းတယ်၊ ဆန့်ရင်လည်း တွန်းတယ်။ ဒီတွန်းတဲ့သဘောတစ်ခုပဲ ရှုနေပါ။ ရှုလိုက်လို့ အောင်မြင်ပြီ ဆိုလို့ရှိရင် မာမှုသဘော ပြောင်းရှုနိုင်တယ်။ ဘယ်နေရာက ရှုမလဲ? မာမှု ထင်ရှားတဲ့နေရာက စရှုနိုင်တယ်။ တင်ပါးနဲ့ ကြမ်းနဲ့ ထိထားတဲ့နေရာ စိုက်ကြည့်။ မာနေတယ်။ ထင်ရှားရင် ရှုနိုင်ပါတယ်။ လက်လက်ခြင်း ထပ်ထားတဲ့ နေရာကို ဖမ်းစိုက်ကြည့် မာမှု ထင်ရှားနေလျှင် ရှုနိုင်ပါတယ်။ သွားနှစ်ခု ထိထားတဲ့နေရာကို ဖမ်းစိုက်ကြည့်။ မာမှု ထင်ရှားရင် ရှုနိုင်ပါတယ်။ ကဲ သွားနှစ်ခု ထိထားတယ် ဆိုကြစို့။ မာလား၊ ပျော့သလား? အဲဒီ မာမှုထင်ရှားတဲ့ နေရာကစပြီး မာတဲ့သဘော ရှုနိုင်ပါတယ်။ သွားကို ရှုသလား၊ မာကို ရှုသလားမေးလျှင် ဘယ်လိုဖြေမလဲ? မာမှုသဘောကို ရှုတယ်။ သွားမှာကော မာမှု မရှိဘူးလား? ရှိပါတယ်။

သို့သော် ဘာဖြစ်လို့ သွားမှာ မာမှုသဘော ရှိပါလျက်နဲ့ အရှင်ဘုရား သွားနှစ်ခု ထိခိုင်းရသလဲလို့ မေးရင်တော့ မာတဲ့ ပထဝီဓာတ်၊ ပူတဲ့ တေဇောဓာတ်၊ ထောက်တွန်းတဲ့ ဝါယောဓာတ် ဒီဓာတ်သုံးပါးသည် ပထဝီ၊ ဖောဋ္ဌဗ္ဗဓာတ် ဖြစ်ပါတယ်။ ထိတဲ့အခါမှာ သိနိုင်တဲ့ ဓာတ်တွေ ဖြစ်တယ်နော်။ ဒါကြောင့် သွားနှစ်ခုကို ထိပြီးတော့ ရှုကြည့်ရင် ဒီဓာတ်သည် လွယ်လွယ်ကူကူနဲ့ ရှုလို့ရလို့ ထိတာပါလို့ ဒီလို သင်ပေးတာ ထိမှု ထင်ရှားတဲ့ တစ်နေရာမှာ စိုက်လိုက်ရင် ဒီဓာတ်က တွေ့နိုင်တယ်နော်။ ဒီတော့ သွားနှစ်ခု ထိတဲ့နေရာမှာ မာတဲ့သဘောလေး စိုက်ကြည့် မာမှု မတွေ့ဘူးလား? တွေ့ပြီ။ တွေ့ရင် ထိုပုဂ္ဂိုလ်က ဘာလုပ်မလဲ? မာတဲ့သဘောကို တစ်ဖက်သက် နှလုံးသွင်းရတယ်။ မမှတ်ဘဲ မနေနိုင်ရင်တော့ မာတယ် မာတယ်လို့ ဒီလို မှတ်ချင်ရင်လည်း မှတ်ပါ။ ရတယ်။ ဒါပေမဲ့ စိတ်က မာမှုသဘောနေရာမှာ မကျရောက်ဘဲ ပါးစပ်ကသာ မာနေမယ်ဆိုရင်တော့ ဒီမာတဲ့သဘော တွေ့ပါ့မလား? မတွေ့နိုင်ဘူးနော်။ စိတ်ထဲကနေပြီးတော့ ဒီမာနေတဲ့ သဘောကို မြင်ဖို့ အဓိက လိုရင်းဖြစ်ပါတယ်။ အဲဒီ မာတဲ့သဘောအပေါ်မှာပဲ မာတယ် မာတယ်လို့ပဲ ဒီလို တစ်ဖက်သတ် ရှုလိုက်ရင် တဖြည်းဖြည်း တစ်ခေါင်းလုံး မာသွားတယ်။ တစ်ခေါင်းလုံး မာရာကနေပြီးတော့ အသားကြား၊ အရိုးကြား၊ အရေကြား၊ အကြောကြား စိုက်ပြီး တဖြည်းဖြည်း လိုက်ကြည့်လိုက်ရင် တစ်ကိုယ်လုံး မာတာ တွေ့နိုင်တယ်။ မတွေ့ဘူး။ အခက်အခဲ ရှိနေပြီ။ ရှိနေရင်တော့ ဘာလုပ်မလဲ?

ရိုင်းတဲ့ ဆင်တစ်ကောင်ကို ဖမ်းချင်ရင် ယဉ်တဲ့ ဆင်လေးတစ်ကောင်နဲ့ ချော့ပြီးတော့ အသာဖမ်းသလိုပေါ့။ မရသေးတဲ့ ဓာတ်ကို ရတဲ့ဓာတ်နဲ့ တွဲရှုရင်တော့ လွယ်လွယ်နဲ့ ရတတ်တဲ့သဘော ရှိပါတယ်။ ဒီတော့ တွန်းတဲ့သဘောက မိမိမှာ လွယ်ကူနေပြီ။ လေ့ကျင့်ခန်းက အောင်မြင်နေပြီ။ ထိုအချိန်အခါမှာ ထိုပုဂ္ဂိုလ်က ဘာလုပ်နိုင်သလဲ? တွန်းတဲ့သဘောကို ပြန်ရှုလိုက်။ တစ်ကိုယ်လုံး ပြန့်သွားအောင် ပြီးတော့ သွားနှစ်ခု ထိထားကြည့်။ ထိတဲ့နေရာမှာ မာတဲ့သဘော ပြန်စိုက်လိုက်။ စိုက်လို့ လွယ်လွယ်နဲ့ မပြန့်ရင် ဘာလုပ်မလဲ? အဲဒီ သွားနှစ်ခု ထိထားတဲ့နေရာမှာလည်း တွန်းတဲ့သဘောကို တစ်ခါ ပြန်ကြည့်လိုက်ပါ။ မာတဲ့သဘောကို တစ်ခါ ပြန်ကြည့်လိုက်ပါ။ တွန်းတာလေး ရှုလိုက်၊ မာတဲ့သဘောလေး ရှုလိုက်။ တွန်းတဲ့သဘောလေး ရှုလိုက်၊ မာတဲ့သဘောလေး ရှုလိုက်။ မာတဲ့သဘောလေး ရှုလိုက်၊ တွန်းတဲ့ သဘောလေး ရှုလိုက်။ အဲဒီလို ထပ်ကာထပ်ကာ ရှုရင် တွန်းတာလေး ပြန့်သွားရင် မာတဲ့သဘောလေးပါ ရောပြီးတော့ ပြန့်သွားတတ်တယ်။ တွန်းတာက တစ်ကိုယ်လုံး ပြန့်သွားရင် မာတဲ့သဘောလည်း တစ်ကိုယ်လုံး ရောပြီးတော့ ပြန့်သွားတတ်တယ်။ ဘာဖြစ်လို့လဲ?

ဓာတ်ကြီးလေးပါးသည် အဝိနိဗ္ဘောဂရုပ် ဖြစ်ပါတယ်။ ဓာတ် ၁-ခုရှိရင် ကျန်တဲ့ဓာတ်တွေ ရှိတာပဲ။ ဓာတ် ၁-လုံးထဲ သီးသန့် ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ ဓာတ်ကြီး ၄-ပါးဟာ ခန္ဓာအိမ် ၁-လုံးမှာရှိတဲ့ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ အမြဲတမ်း ပါဝင်ပါတယ်။ စွမ်းအင်လျှော့နည်းတာနဲ့ စွမ်းအင်များပြားတာ ဒါတော့ ကွာတယ်။ ဒါကြောင့် တွန်းတာကို မြင်တဲ့ ပုဂ္ဂိုလ်က မာတာနဲ့ တွန်းတာ နှစ်ခု တွဲရှုလိုက်ရင် တစ်ကိုယ်လုံးမှာ တွန်းတဲ့ မာတဲ့ သဘောတွေ လွယ်လွယ်ကူကူနဲ့ တွေ့တတ်ပါတယ်။ အဲဒီ တွန်းတဲ့ မာတဲ့သဘော တစ်ကိုယ်လုံး ရပြီဆိုရင် နောက်တစ်ခု တိုးကြည့်။ ကြမ်းတဲ့သဘော။ တွန်းတာလေး တစ်ကိုယ်လုံး ပြန့်အောင် ရှုလိုက်။ မာတဲ့သဘော တစ်ကိုယ်လုံး ပြန့်အောင် ရှုလိုက်။ တွန်းတာ ရှုလိုက်။ မာတာ ရှုလိုက်။ ထပ်ကာ ထပ်ကာ ရှုပါများရင်လည်း အဲဒီ ကြမ်းတမ်းနေတဲ့ သဘောပေါ်လာတတ်တယ်။ မပေါ်ဘူး။ အဲဒီအခါ ဆိုလို့ရှိရင်တော့ လက်ကလေးနဲ့ လုံချည်လေးနဲ့ ထိတဲ့နေရာကို စိတ်ကလေး နည်းနည်း စိုက်ကြည့်ပါ။ နည်းနည်းလေး ပွတ်ကြည့်။ မထင်ရှားရင် ကြမ်းတဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်။ သို့မဟုတ် အပေါ်အံသွားထိပ်ကလေးကို လျှာလေးနဲ့ အသာလေး ပွတ်ကြည့်ပါ။ ကြမ်းတဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်။

အဲဒီလို ကြမ်းတမ်းမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ကြမ်းတဲ့ သဘောကို တစ်ကိုယ်လုံးမြင်အောင် စရှု။ မရရင် တွဲရှုပါ။ တွန်းတယ်၊ မာတယ်၊ ကြမ်းတယ်။ ခုနက အပေါ်အံသွားလေးကို လျှာလေးနဲ့ ပွတ်ပြီးတော့ အဲဒီနေရာမှာ တွန်းတာ ရှု၊ မာတာ ရှု၊ တွန်းတာ မာတာတွေက ထင်ရှားလာတဲ့အခါ ကြမ်းတဲ့သဘောလေး တွဲပြီးတော့ ရှုလိုက်။ တွန်းတယ်၊ မာတယ်၊ ကြမ်းတယ်။ ၃-ခု။ အဲဒီ သဘော ၃-ခု ပေါင်းပြီး ရှုလိုက်ရင်လည်း တစ်ကိုယ်လုံး လွယ်လွယ်ကူကူနဲ့ ပြန့်သွားတတ်ပါတယ်နော်။ ဓာတ် ဘယ်နှစ်လုံး ရပလဲ? ၃-လုံး။ လေးတဲ့သဘော နောက်တစ်ခု။ လွယ်တယ်။

တင်ပါလေးကို နည်းနည်း ဖိပြီးတော့ အသာလေး အားပြုပြီး ထိုင်ကြည့်ပါ။ လေးမသွားဘူးလား? လေးသွားတယ်။ လက်ခကလေးနဲ့ မိမိ ပေါင်ပေါ် သို့မဟုတ် ဒူးပေါ်ကို နည်းနည်းလေး ဖိကြည့်ပါ။ လေးမသွားဘူးလား? လေးသွားတယ်။ အဲဒီလို လေးမှု ထင်ရှားတဲ့ တစ်နေရာကစပြီး လေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ ပေါင်းလိုက်တော့ ဓာတ်ဘယ်နှစ်လုံး ရှိသွားပလဲ? ၄-ခု။ သဘောတရား ၄-ခု ရှိသွားပြီနော်။ အဲဒီသဘောတရား ၄-ခု ရှိနေတဲ့အခါမှာ ပထဝီမှာ ဂရုပထဝီ ထင်ရှားရင် လဟုပထဝီအုပ်စုဖြစ်တဲ့ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘောက ရပြီ။ ရပြီဆိုရင် ထိုပုဂ္ဂိုလ်သည် နောက်တစ်ခု ဘာလုပ်ရမလဲ? ထောက်ကန်တဲ့သဘော ပြောင်းရှုကြည့်ပါ။ ဘာဖြစ်လို့ ဒီထောက်ကန်တာ နောက်ထားရသလဲလို့ မေးတော့ မာတာလေးနဲ့ တွဲရှုမှ ပိုပြီး သဘောပေါက်တတ်လို့နော်။

ထောက်တယ် ဆိုတာက အိမ်တစ်အိမ်ကို ပြိုတော့မယ် ကြံရင် ကျားခေါ်တဲ့ ဒုတ်တစ်ချောင်းနဲ့ ထောက်ထားသလို ဒီခန္ဓာအိမ်ကို ထိုင်ရင် ထိုင်တဲ့အတိုင်း၊ ရပ်ရင် ရပ်တဲ့အတိုင်း လဲမသွားအောင် ထိန်းထားတဲ့သဘောပဲ။ အကယ်၍ မထိန်းနိုင်ရင် ဒီခန္ဓာအိမ်သည် လဲမသွားဘူးလား? လဲသွားတယ်။ အဲဒါကို မာတာလေးနဲ့ တွဲရှုကြည့်ပါ။ ပိုပြီး ထင်ရှားတယ်။ သဘောမပေါက်ဘူးဆိုရင် ခန္ဓာကိုယ်ကို နည်းနည်းလေးလောက် လှုပ်ကြည့်ပါ။ မလဲအောင် ပြန်ပြန် ထိန်းလိုက်တဲ့သဘောလေး တွေ့နိုင်တယ်နော်။ မာတာနဲ့ တွဲရှုရင် တုတ်ကလေးနဲ့ လျှိုထားသလို လက်ကို ထားထားတဲ့အတိုင်း၊ ခြေထောက်ကို ထားထားတဲ့အတိုင်း၊ ခေါင်းကို ထားထားတဲ့အတိုင်း၊ ကိုယ်ကို ထားထားတဲ့အတိုင်း လဲမသွားအောင်၊ လှုပ်ရှားမသွားအောင်၊ ယိုင်လဲ မသွားအောင် ထိန်းထားတဲ့ သဘောလေးပဲ။ ထောက်ကန်တဲ့သဘောလို့ ခေါ်တယ်။ ပေါင်းလိုက်မယ် ဆိုလို့ရှိရင် သဘောတရား ဘယ်နှစ်ခု ဖြစ်သွားပလဲ? ၅ ခု။

တွန်းတဲ့သဘော၊ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော၊ ထောက်တဲ့သဘော။ တွန်းတာ ထောက်တာက ဝါယော၊ မာတဲ့သဘော ကြမ်းတဲ့သဘော လေးတဲ့သဘောက ဂရုပထဝီဓာတ်။ သဘောတရား ၅-ခု ရပြီနော်။ ထိုအချိန်ခါမှာ ယောဂီသူတော်ကောင်းက ပထဝီဓာတ်ထဲမှာ ၃-ခု ကျန်နေသေးတယ်။ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော။ အောက်အတွင်း နှုတ်ခမ်းသားလေး လျှာလေးနဲ့ ထိထားကြည့်။ ပျော့တယ်။ ပျော့မှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပျော့တဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ တစ်ကိုယ်လုံး ဂွမ်းပုံလို၊ မုန့်ကျွဲသဲ ကိုင်ကြည့်ရင် ပျော့သလို ပျော့သွားပြီဆိုရင်ပေါ့ ပျော့တဲ့ အချိန်အခါလေးမှာ အောက်အတွင်း နှုတ်ခမ်းသားလေးကိုပဲ လျှာလေး တံတွေးဆွတ်ပြီး နည်းနည်းလေး ပွတ်ကြည့်။ ချောနေတယ်။ အဲဒီ ချောမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘောလည်း တစ်ကိုယ်လုံး မြင်အောင် ရှုပါ။ ပျော့တဲ့သဘော၊ ချောတဲ့သဘော။ ဒီနှစ်ခု ပေါ်လာပြီဆိုရင် ပေါ့တဲ့သဘောတစ်ခု ပေါ်လာတတ်ပါတယ်။ မပေါ်ရင် လက်ညှိုးလေးတစ်ချောင်းလောက်ပေါ့ အသာလေး ဒူးပေါ်လက်ကလေး တင်ပြီး လက်ညှိုးတစ်ချောင်းလောက် အသာလေး မကြည့်။ ပေါ့နေတယ်နော်။

အဲဒီ ပေါ့တဲ့သဘောကို အဲဒီစနစ်နဲ့မှ ရှုလို့မရဘူးဆိုရင်တော့ ဆန့်ကျင်ဘက် ပြန်ပြီး တွဲရှုရတယ်။ တစ်ကိုယ်လုံးကို လေးသွားအောင် လေးတဲ့သဘော ပြန်ရှုလိုက်။ လေးနေတဲ့ အချိန်အခါမှာ အဲဒီ လက်ဝါးလေးကို ဒူးပေါ်တင်ပြီးတော့ လက်ညှိုးလေး တစ်ချောင်းလောက်ကို အသာလေး မကြည့်ပါ။ လေးနေတဲ့ အချိန်အခါမှာ ဒီလက်ညှိုးလေး တစ်ချောင်းကို မလိုက်ရတဲ့အတွက် ပေါ့ပါးနေတဲ့ သဘောလေး လွယ်လွယ်ကူကူနဲ့ သဘောပေါက်တတ်ပါတယ်။ အဲဒီလို သဘောပေါက်ပြီ ဆိုလို့ရှိရင် ပေါ့တဲ့သဘောက တစ်ကိုယ်လုံး ပြန့်သွားလိမ့်မယ်။ တဖြည်းဖြည်း
kl0jbugfvd1dakiqjvaxpkiua3e7npx မင်္ဂလသုတ်-၁၄/၉၇ 0 6237 21872 2026-04-13T19:09:05Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၃..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21872 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၃/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၅/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၄

ပေါ့တဲ့သဘော တစ်ကိုယ်လုံး ပြန့်သွားအောင် ရှုပေတော့နော်။ ပေါ့တဲ့သဘော တစ်ကိုယ်လုံးကို ပြန့်သွားပြီ။ ခန္ဓာကိုယ်ကြီး ပေါ့လာပြီ ဆိုလို့ရှိရင်တော့ ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဓာတ်ဘယ်နှစ်မျိုး ရသွားပြီလဲ ဆိုလို့ရှိရင် ဝါယောဓာတ်က ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော။ ပထဝီဓာတ်က မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော၊ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော။ ပေါင်းလိုက်တော့ ဓာတ်ဘယ်နှစ်ခု ရသွားလဲ? ၂-မျိုးနော်။ သဘောတရား (၈)မျိုး ရပြီ။ အဲဒီ သဘောတရား (၈)မျိုး ရနေတဲ့ ယောဂီသူတော်ကောင်းက သဘောတရားက ၈-မျိုး ရသွားပြီ။

နောက်ထပ် လွယ်တာကတော့ တေဇောဓာတ်။ ဘယ်ဖက်လက်ဝါးလေးပေါ်မှာ ညာဖက်လက်ဝါးလေးကို ပက်လက်လှန်ပြီးတော့ ထပ်ကြည့်ပါ။ ပူတဲ့သဘော လွယ်လွယ်ကူကူနဲ့ တွေ့နိုင်တယ်။ ခန္ဓာကိုယ်မှာ ဘယ်နေရာကမဆို ပူမှုထင်ရှားတဲ့ နေရာကစပြီး ပူတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုနိုင်ပါတယ်။ ပူတဲ့သဘော တစ်ကိုယ်လုံး ထင်ထင်ရှားရှား တွေ့ပြီဆိုရင် အေးတဲ့သဘော ဆက်ရှုရမယ်။ ဝင်လေ နှာသီးဖျား စိုက်ကြည့်ပါ။ အေးနေတယ်။ ဒီလို အေးမှု ထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှု။

ပူမှုသဘော၊ အေးမှုသဘောက ဘာဓာတ်လဲ? တေဇောဓာတ် ဖြစ်တယ်နော်။ ပေါင်းလိုက်တော့ ပထဝီဓာတ် သဘောတရား ၆-မျိုး။ တေဇောဓာတ် သဘောတရား ၂-မျိုး။ ဝါယောဓာတ် သဘောတရား ၂-မျိုး။ အားလုံး သဘောတရား ဘယ်နှစ်ခု ရပြီလဲ? ၁၀-မျိုးနော်။ သဘောတရား ၁၀-မျိုး ရပြီ။

ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က အာပေါဓာတ်ကို ဆက်ရှုနိုင်ပါတယ်။ ဘာကြောင့် ဒီအာပေါဓာတ်ကို နောက်ထားနေရသလဲဆိုတော့ အကြောင်းရှိပါတယ်။ အာပေါဓာတ်ဆိုတာက ကလာပ်တူ ကျန်ဓာတ်သုံးပါးကို သူက ဖွဲ့စည်းတဲ့သဘော သို့မဟုတ် သူကိုယ်တိုင်က ယိုစီးစိမ့်ဝင်နေတဲ့သဘော ရှိတယ်။ ကျန်ဓာတ်သုံးပါး တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးလုံးသော်လည်းကောင်း မထင်ရှားခဲ့ရင် ထိုအာပေါဓာတ်ကို လွယ်လွယ်ကူကူနဲ့ ယောဂါဝစရပုဂ္ဂိုလ်က ရှုလို့ ရဖို့ရန် နည်းနည်း ခက်ခဲမှု ရှိပါတယ်။ ဒါကြောင့် ဒီအာပေါဓာတ်ကို နောက်ဆုံး ထားထားပါတယ်။

အာပေါဓာတ်က ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော ဖြစ်ခြင်းကြောင့် ထိုသဘောတရားကို ဘယ်လို ရှုမလဲလို့မေးရင်တော့ အဲဒီ ခုရခဲ့တဲ့ ပထဝီဓာတ်သဘောတရားက မာ ကြမ်း လေး ပျော့ ချော ပေါ့ ၆-ခု၊ တေဇောဓာတ်သဘောတရားက ပူတဲ့သဘော၊ အေးတဲ့သဘော ၂-ခု၊ ဝါယောဓာတ် သဘောတရားက ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော ၂-ခု။ ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်ခုလဲ? ၁၀-ခု။ ဒီသဘောတရား ၁၀-ခုကို ထပ်ခါထပ်ခါ ရှုပါ။ ခြေဆုံး ခေါင်းဆုံး၊ ခေါင်းကနေ ခြေထောက်၊ ခေါင်းကနေ ခြေထောက် ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ရှုခဲ့မယ်ဆိုရင် ဘာဖြစ်လာမလဲ? ဖွဲ့စည်းတဲ့သဘော ဉာဏ်မှာ ထင်ရှားလာတတ်ပါတယ်။

အကယ်၍များ နာရီဝက်လောက် ဖြစ်စေ သို့မဟုတ် တစ်ထိုင်လောက်ဖြစ်စေ ဒီသဘောတရား ၁၀-ခုကို ထပ်ခါထပ်ခါပင် ရှုနေသော်လည်းပဲ ဖွဲ့စည်းတဲ့သဘောက လွယ်လွယ်ကူကူနဲ့ မပေါ်ခဲ့ဘူးဆိုရင် ဘာလုပ်ရမလဲ? တွန်းကန်တဲ့သဘောနဲ့ မာတဲ့သဘောနှစ်ခုကို ဦးစားပေးပြီး ရှုကြည့်ပါ။ တွန်းကန်တဲ့သဘောနှင့် မာတဲ့သဘောနှစ်ခုကို ဦးစားပေးပြီး ရှုလိုက်ရင်လည်း ထိုပုဂ္ဂိုလ်သည် ဖွဲ့စည်းနေတဲ့သဘော တစ်ကိုယ်လုံးကို ကြိုးလေးနဲ့ စည်းထားသလို ဖွဲ့စည်းထားတဲ့သဘော ပေါ်လာလိမ့်မယ်။

နမူနာအဖြစ်နဲ့ သိချင်တယ်ဆိုရင် ဘယ်ဖက်လက်ကောက်ဝတ်ကို ညာဖက်လက်ကလေးနဲ့ ဆုပ်ကြည့်ပါ။ ညာဖက်လက်ဝါးနဲ့ ဆုပ်ကြည့်။ အဲဒီလို တင်းကြပ်ပြီးနေတဲ့ ကြိုးနဲ့ စည်းထားသလို ဖွဲ့စည်းထားတဲ့သဘော တစ်ကိုယ်လုံး ထင်ရှားလာလိမ့်မယ်။ ဖွဲ့စည်းတဲ့သဘောကို တချို့နေရာများမှာ အာပန္တန-လက္ခဏဆိုပြီး ဒီလိုလည်း အဋ္ဌကထာများက သုံးထားပါတယ်။ ဖွဲ့စည်းတဲ့ သဘောလက္ခဏာလို့ပဲ သုံးထားတယ်။ သို့သော် လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှုကွက်ကျတော့ သင်္ဂဓိပစ္စုပဋ္ဌာနာ ရှုကွက်ကျတော့ ကလာပ်တူ ဖြစ်နေတဲ့ ပထဝီဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်။ ဒီဓာတ်သုံးပါးကို ပေါင်းစု ဖွဲ့စည်းပေးတဲ့သဘော ပစ္စုပဋ္ဌာန်အဖြစ်နဲ့ ဖွင့်ဆိုထားတယ်။ ပစ္စုပဋ္ဌာန်က ရှုနေတဲ့ ယောဂီဉာဏ်ထဲမှာ ထင်လာတဲ့ အခြင်းအရာပါပဲ။

အာပေါဓာတ်ကို ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာ ဒီအခြင်းအရာ ထင်လာလိမ့်မယ်ဆိုတော့ ဘယ်အခါကို အထူးသဖြင့် ရည်ညွှန်းထားသလဲလို့ မေးရင်တော့ ရုပ်ကလာပ်ကလေးတွေ မြင်တဲ့အပိုင်းကို ရည်ညွှန်းထားပါတယ်။ ရုပ်ကလာပ်တွေ မမြင်ခင် ခုလို အပိုင်းမှာ ယိုစီးတဲ့ သဘောက ရှုလို့ရတာ သိပ်ထင်ရှားတဲ့ တချို့ယောဂီများမှာ။ ဒါပေမဲ့ ရုပ်ကလာပ်လေးတွေက အလွန်သေးငယ်တော့ သေးငယ်နေတဲ့ ရုပ်ကလာပ်ကလေးတွေကို မြင်တွေ့နေတဲ့ အချိန်အခါ ဒီရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ ပထဝီ အာပေါ တေဇော ဝါယော အစရှိတဲ့ ဒီဓာတ်သဘောလေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဉာဏ်နဲ့ ရှုတဲ့အပိုင်းမှာ ယိုစီးမှုသဘောထက် ဒီဖွဲ့စည်းမှုသဘောကို ပိုပြီး ထင်ထင်ရှားရှား တွေ့တတ်တယ်။

အဲဒီလို တွေ့တတ်ခြင်းကြောင့် အဋ္ဌကထာဆရာတော်က ဒီသင်္ဂဟ ပစ္စုပဋ္ဌာနာ ဆိုပြီးတော့ ကလာပ်တူ ကျန်ရုပ်တရား၊ ကျန်ဓာတ်သုံးပါးကို ဖွဲ့စည်းပေးနေတဲ့သဘော သို့မဟုတ် ကလာပ်တူ ရုပ်တရားတွေကို ဖွဲ့စည်းပေးနေတဲ့သဘော ဆိုပြီး ယောဂီဉာဏ်မှာ ထင်လာတဲ့ ဥပဌာနကာရပစ္စုပဋ္ဌံလို့ ခေါ်ဆိုအပ်တဲ့ ပစ္စုပဋ္ဌာန် အနေအားဖြင့် ဖွင့်ဆို ရေးသားထားပါတယ်။

အဲဒီ ဖွဲ့စည်းတဲ့သဘောက ယောဂီဉာဏ်ထဲမှာ ထင်ရှားလာပြီ ဆိုရင် ယိုစီးတဲ့ သဘော ပြောင်းစိုက်နိုင်ပါတယ်။ ယောဂီပုဂ္ဂိုလ်က အကယ်၍များပေါ့လေ ၃၂-ကောဋ္ဌာသထဲက သွေးတို့၊ ချွေးတို့၊ သလိပ်တို့၊ ပြည်တို့ အစရှိတဲ့ ဒီအာပေါကောဋ္ဌာသ ၁၂-ခုကို စနစ်တကျ ရှုထားတတ်တဲ့ ယောဂီပုဂ္ဂိုလ်သာ ဒီအချိန်အခါမှာ ဖြစ်ပါစေ။ လွယ်သွားတယ်။ မရှုတတ်သေးတဲ့ ယောဂီပုဂ္ဂိုလ် ဖြစ်ခဲ့ရင်တော့ သွားအတွင်း၊ ပါးအတွင်း သွားရည်များ ယိုကျနေတဲ့ နေရာလောက်ကနေ စပြီးတော့ ယိုစီးတဲ့သဘောကို ရှုကြည့်ပါ။ တစ်ကိုယ်လုံး စီးဆင်းနေတဲ့သဘောကို ဉာဏ်နဲ့ စိုက်ကြည့်ပါ။ စိုက်ကြည့်လိုက်တော့မှ လွယ်လွယ်ကူကူနဲ့ မတွေ့ဖြစ်နေပြီဆိုရင်တော့ ထိုပုဂ္ဂိုလ် ဘာလုပ်ရမလဲ? ပူတဲ့သဘောလေးနဲ့ပဲဖြစ်စေ၊ အေးတဲ့သဘောလေးနဲ့ပဲဖြစ်စေ သို့မဟုတ် တွန်းကန်တဲ့သဘောနဲ့ပဲဖြစ်စေ ကျန်ဓာတ်တစ်ခုခုနဲ့ တွဲပြီး ရှုပါ။

အေးတဲ့သဘော၊ ပူတဲ့သဘောတွေက မိမိက လွယ်လွယ် ရှုရတတ်တဲ့ ယောဂီပုဂ္ဂိုလ်အဖို့ ရှုရတတ်တဲ့ ယောဂီဖြစ်နေခြင်းကြောင့် ဒီပူတဲ့သဘော၊ အေးတဲ့သဘောတစ်ခုနဲ့ပဲဖြစ်စေ၊ တွန်းတဲ့သဘောနဲ့ပဲဖြစ်စေ တွဲပြီး ရှုလိုက်မယ်ဆိုရင် ဒီယိုစီးနေတဲ့ သဘောတစ်ခုကိုလည်း ဉာဏ်ထဲမှာ လွယ်လွယ်ကူကူနဲ့ တွေ့နိုင်ပါတယ်။ ယိုစီးတဲ့သဘောကို ပဂ္ဂတံတလက္ခဏာ ဆိုပြီးတော့ ဒီလို အဋ္ဌကထာများက ဖွင့်ဆိုထားတယ်။

ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘောက အာပေါဓာတ်။ ပေါင်းလိုက်တော့ ဓာတ် ဘယ်နှစ်ပါး ဖြစ်သွားလဲ? ဓာတ်ကြီးလေးပါး။ သဘောတရားက ၁၂-ခု။ အဲဒီ ၁၂-ခုကို ဘုန်းကြီး ပြောခဲ့တဲ့ အစဉ်အတိုင်း ပြန်ပြောမယ်ဆိုရင် တွန်းတာက စရှုထားတယ်။ တွန်းတဲ့သဘော၊ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော၊ ထောက်ကန်တဲ့သဘော၊ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော၊ ပူတဲ့သဘော၊ အေးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော၊ ယိုစီးတဲ့သဘော ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၁၂-ခု။ အဲဒီ အစဉ်အတိုင်းလေးလည်း ပထမ ရှုချင် ရှုနေပါနော်။ အဲဒီ အစဉ်အတိုင်း သွက်လာပြီ ဆိုလို့ရှိရင်တော့ ဘုရားဟောဒေသတက္ကမ္မလို့ ခေါ်ဆိုအပ်တဲ့ ဘုရားဟော ဒေသနာစဉ်အတိုင်း ရှုကွက်ကို ပြန်ပြောင်းပြီး ရှုဖို့ရန်အတွက် အဋ္ဌကထာဋီကာများက ဖွင့်ဆိုထားပါတယ်။ ဒီလိုဆိုရင် ဘုရားဟောဒေသနာတော်မှာက ဘယ်လိုဟောထားသလဲလို့ သိဖို့ မလိုဘူးလား? လိုတယ်။ ဘုရားက -

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (မ၊၁၊၇၃။)

ဆိုပြီး ဒီလို ဟောထားတယ်။ ဒီခန္ဓာအိမ်ကြီးထဲမှာ ဉာဏ်တည်းဟူသော လက်ကလေး သွင်းပြီးတော့ ရပ်ရင် ရပ်တဲ့အတိုင်း၊ ထိုင်ရင် ထိုင်တဲ့အတိုင်း၊ အိပ်ရင် အိပ်တဲ့အတိုင်း၊ သွားရင် သွားတဲ့အတိုင်း ဉာဏ်နဲ့ စိုက်ကြည့်စမ်းပါ။ ကြည့်လိုက်ရင် ဒီခန္ဓာအိမ်ကြီးထဲမှာ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်ဆိုတဲ့ ဒီဓာတ်ကြီးတွေ ရှိတာ တွေ့လိမ့်မယ်လို့ ဒီလို ဟောထားတယ်။ မြင်အောင်လည်း ရှုဖို့ ညွှန်ကြားထားတယ်။ အဲဒီဟောစဉ်က ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ဖြစ်ပါတယ်။ အဲဒီ ဘုရားဟောထားတဲ့ အစဉ်အတိုင်း ပြန်ပြီး ပြောင်းရှုဖို့ လိုတယ်။ ဒီလို ရှုဖို့လိုရင် နဂိုထဲက အဲဒီအတိုင်း အစဉ်အတိုင်း သင်ပါလားလို့ မေးစရာ အကြောင်းရှိပါတယ်နော်။

သင်လို့ရတဲ့ ယောဂီများကျရင်တော့ သင်ပေးလိုက်ပါတယ်။ သင်မရတဲ့ ယောဂီ ဖြစ်နေရင်တော့ တွန်းတာလေးကစပြီး သင်ပေးတယ်။ ဘာဥပမာနဲ့ တူသလဲဆိုရင်ပေါ့ - ဗျည်း ၃၃-လုံးမှာ ကကြီး၊ ခခွေးက စတာ မှန်ပေမဲ့လို့ ဒီကလေးက ဝလုံးတန်းက စပြီး သင်ပေးမှ သဘောပေါက်မှာ ဖြစ်ခဲ့ရင် သူ့ကို ဝလုံးတန်းကစပြီးတော့ သင်ရတယ်။ ဝလုံးတန်း ကျေညက်သွားပြီ ဆိုလို့ရှိရင် ဒီကလေးကို တစ်ဖန် ပြန်ပြီးတော့ ကကြီး၊ ခခွေးကနေ သင်ပေးရင်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒီသဘောနော်။ ဘုရားဟောဒေသနာကို ဆန့်ကျင်ပြီးတော့ သင်ပေးနေတဲ့သဘောတော့ မဟုတ်ဘူး။

တွန်းတဲ့သဘောလေးက ယောဂီအများစုမှာ ရှုမယ်ဆိုရင် လွယ်ကူတဲ့သဘော ရှိနေတယ်။ ဒါကြောင့် ဝလုံးတန်းကစပြီး သင်ပေးခြင်းဖြစ်တယ်။ ဝလုံးတန်းက စပြီး သင်လိုက်လို့ ကျေညက်သွားပြီ ဆိုလို့ရှိရင်တော့ ကကြီး၊ ခခွေးကနေ စပြီး ပြန်သင်ဖို့ မလိုဘူးလား? လိုအပ်လာတယ်။ အဲဒါကြောင့် ဘုရားဟော ဒေသနာအတိုင်း ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ဒီအစဉ်အတိုင်း ရှုမယ်။ ရှုမယ်ဆိုတော့ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့။ မာ၊ ပျော့၊ ကြမ်း၊ ချော၊ လေး၊ ပေါ့ ဒီလိုတွဲလည်း ရတယ်။ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့ ဒီလို တွဲလည်း ရပါတယ်။

သို့သော် မာတာ ရှုပြီးတာနဲ့ ချက်ချင်း ပျော့အောင် ရှုရင် နည်းနည်း အချိန်ယူရတယ်။ ဘာဖြစ်လို့လဲ? ဉာဏ်က သိပ်မထက်သေးဘူး။ ကြမ်းတာ ရှုပြီးတာနဲ့ တစ်ပြိုင်နက်တည်း ချောတာကို ရှုမယ်ဆိုလည်း အချိန်နည်းနည်း ယူနေရတယ်။ လေးတာ ရှုပြီးတာနဲ့ ပေါ့တာကို ချက်ချင်းပေါ့အောင် ရှုမယ်ဆိုလည်း အချိန်နည်းနည်း ယူနေရတော့ ကြာတယ်။ ကြာတော့ ဂရုပထဝီအုပ်စုလို့ ခေါ်ဆိုအပ်တဲ့ မာ၊ ကြမ်း၊ လေးကို တစ်တွဲ၊ လဟုပထဝီအုပ်စုလို့ ခေါ်ဆိုအပ်တဲ့ ပျော့၊ ချော၊ ပေါ့ကို တစ်တွဲ။ အဲဒီလို နှစ်တွဲတွဲပြီး ရှုလိုက်ရင်တော့ ယောဂီက ဉာဏ်နည်းနည်း ထက်သွားတတ်တယ်။ ခပ်မြန်မြန်လေး ရှုလို့ရတယ်။ ဘယ်လိုရသလဲ?

မာတာ တစ်ခုကို ဖမ်းစိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော ၃-ခုတွဲပြီးတော့ ဆက်တိုက် ပေါ်တတ်ပါတယ်။ ပျော့တဲ့သဘောတစ်ခုကို ဖမ်းပြီး ရှုလိုက်ရင်လည်း ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော။ သဘောတရား ၃-ခု ဆက်တိုက်လိုလို ပေါ်တတ်တယ်။ အဲဒီလို ပေါ်လာပြီဆိုရင်တော့ အဲဒီရှုကွက်က နည်းနည်းလေး သွက်တယ်။ အဲဒီအတိုင်းပဲ ရှုပါ။ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့၊ ယိုစီး၊ ဖွဲ့စည်း၊ ပူ၊ အေး၊ ထောက်၊ တွန်း ဆိုတဲ့ ဒီသဘောတရား ၁၂-ခုကို အစဉ်အတိုင်း မာတာ ရှုရင်လည်း ခေါင်းကနေ ခြေထောက်အထိ၊ ကြမ်းတာ ရှုရင်လည်း ခေါင်းကနေ ခြေထောက်အထိ၊ လေးတာရှုရင်လည်း ခေါင်းကနေ ခြေထောက်အထိ သဘောတရားတိုင်း သဘောတရားတိုင်းမှာ ခေါင်းကနေ ခြေထောက်အထိ ဆက်တိုက်ရှုပါ။ သွက်လာပြီ၊ ဉာဏ်ထဲမှာ သိပ်ထက်နေပြီ။ တစ်မိနစ်အတွင်းမှာကိုက ၁၂-ခု ပြည့်ရင် တစ်ခေါက်ပေါ့နော်။ တစ်မိနစ်အတွင်းမှာကိုက ၂-ခေါက်၊ ၃-ခေါက်လောက်ရအောင် ကျေကျေညက်ညက်ကြီး ရှင်းရှင်းလင်းလင်း သန့်သန့်ရှင်းရှင်း ရှုနိုင်ပြီ ဆိုရင်တော့ ထိုပုဂ္ဂိုလ် ဘာလုပ်ရမလဲ? အပေါ်ကနေ ခြုံကြည့်တဲ့စနစ် ပြောင်းပေးပါ။

သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ ဆိုပြီးတော့ အဋ္ဌကထာများက ရှုကွက်တစ်နည်း ဖော်ပြထားပါတယ်။ မိမိခန္ဓာကိုယ် တစ်ခုလုံးကို ခြုံငုံပြီးတော့ ရှုရတယ်။ ဘာဖြစ်လို့ ရှုရလဲ? သတ္တဝါတွေက ငါရှိတယ်။ သူရှိတယ်။ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ရှိတယ်ဆိုတဲ့ ဒီသတ္တသညာအစွဲက သိပ်အားကောင်းတယ်။ ဓာတ်ကမ္မဋ္ဌာန်းရဲ့ ဦးတည်ချက်ကလည်း ပထမ ဒီသတ္တသညာကွာရေးက ပထမ ဦးတည်ချက် ဖြစ်နေတယ်။ ဒါကြောင့် ခေါင်းကြည့်ရင် ခေါင်းမရှိ၊ ဓာတ်လေးပါး။ ကိုယ်ကြည့်ရင် ကိုယ်မရှိ၊ ဓာတ်လေးပါး။ လက်ကြည့်လည်း လက်မရှိ၊ ဓာတ်လေးပါး။ ခြေထောက်ကြည့်ရင်လည်း ခြေထောက်မရှိ ဓာတ်လေးပါးလို့ ဒီအသိဉာဏ်ပေါ်အောင် ပထမရှုဖို့ လိုနေတယ်။ လိုနေတဲ့အတွက်ကြောင့် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ?

ဂုတ်လောက်ကနေစပြီးတော့ အပေါ်နဲ့ အောက်မျှပြီး တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ ဒီဓာတ်ကြီးလေးပါးကို သဘောတရား ၁၂-ခုကို မြင်အောင် ရှုပါ။ ခေါင်းကနေ ဘာဖြစ်လို့ ဖြိုအရှု မခိုင်းသလဲလို့ မေးရင်တော့ ယောဂီအများစုမှာ တော်တော်အခက်အခဲလေး ရှိတတ်ပါတယ်။ ခေါင်းကနေ ဖြိုပြီးတော့ ဒီသဘောတရား ၁၂-ခုကို စိုက်လိုက်ရင် ခေါင်းကြီးတွေ ခဲနေတတ်တယ်။ ဂုတ်သက်သက်ကို စိုက်ပြီး ရှုလိုက်ရင်လည်း ကိုယ်ကြီး ခဲနေတတ်တယ်။ အဲဒီအခါမှာ သမာဓိ အဖြစ်နှေးသွားတတ်ပါတယ်။ ဒါကြောင့် ဂုတ်လောက်ကနေ အပေါ်နဲ့အောက် မျှပြီး တစ်ကိုယ်လုံးကို ငုံပြီးတော့ အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကို ဉာဏ်စိုက်ပြီးတော့ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော၊ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော၊ ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော၊ ပူတဲ့သဘော၊ အေးတဲ့သဘော၊ ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော။ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၁၂-ခု။ အဲဒီ ၁၂-ခုကို မြင်အောင် ရှုရပါတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ဒီဓာတ်သဘောတရားတွေက ဉာဏ်ထဲမှာ ပြိုင်တူလိုလို ပေါ်လာပြီ ဆိုရင်တော့ ဒါ တစ်ဆင့်တက်သွားပြီ။ အဲဒီလို ရှုမယ့်ပုဂ္ဂိုလ်သည် ညက ပြောခဲ့တဲ့အတိုင်းပဲ ရှေးဦးစွာ ဘာလုပ်ရမလဲ?

ထိုင်တိုင်း ထိုင်တိုင်း မိမိ ရရှိထားတဲ့ အာနာပါန စတုတ္ထဈာန်သမာဓိ ထူထောင်ပေးရပါတယ်။ ဒီသမာဓိကို ပြန်ထူထောင်ရတယ်။ ထူထောင်ပြီးမှ ဒီဓာတ်ကြီးလေးပါး သဘောတရား ၁၂-ခုကို ပထမ ခေါင်းကနေ ခြေထောက်အထိ သွက်အောင် ရှုရတယ်။ ဒါက ထိုင်တိုင်း ထိုင်တိုင်း လေ့ကျင့်ရမယ်။ ပြီးတော့မှ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ ဒီဓာတ်သဘောတရား ၁၂-မျိုးကို ဉာဏ်နဲ့ မြင်အောင် ရှုရတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ယောဂီအများစုမှာ ဖြစ်တတ်တဲ့ သဘောတရားကတော့ ခန္ဓာကိုယ် မတွေ့တော့ဘဲနဲ့ ဓာတ်အတုံးအခဲကြီး အစုအပုံကြီးအဖြစ်နဲ့ ဉာဏ်ထဲမှာ ထင်လာတယ်။ အဲဒီလို ထင်လာပြီ ဆိုလို့ရှိရင်တော့ ပုံကျသွားပြီ။ ဓာတ်သဘောတရား အစုအပုံပဲ တွေ့နေတယ်။ ခန္ဓာကိုယ်ကြီး မတွေ့တော့ဘူး ဆိုလို့ရှိရင်တော့ တော်တော်လေး ဟန်ကျသွားပါပြီ။

အဲဒီ အချိန်အခါမှာ ဒီဓာတ်အတုံးအခဲ အစုအပုံကြီးမှာ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့၊ ယိုစီး၊ ဖွဲ့စည်း၊ ပူ၊ အေး၊ ထောက်၊ တွန်းဆိုတဲ့ ဒီသဘောတရား ၁၂-ခုကို သွက်အောင် ရှုလိုက်လို့ ပြိုင်တူလိုလို ဉာဏ်ထဲ ထင်လာပြီ ဆိုရင် ထိုအချိန်အခါမှာ ဘာလုပ်ရမလဲ? မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့ကို ကြည့်ပြီးတော့ ပထဝီဓာတ်။ ယိုစီး၊ ဖွဲ့စည်း သဘောတရား ၂-ခုကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အာပေါဓာတ်။ ပူတဲ့သဘော၊ အေးတဲ့သဘော။ သဘောတရား ၂-ခုကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ တေဇောဓာတ်။ ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော။ ဒီသဘောတရား ၂-ခုကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ ဝါယောဓာတ်လို့ ဒီလို ရှုရတယ်။

မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့ ဆိုတဲ့ သဘောတရား ၆-မျိုးကို မမြင်ဘဲနဲ့ ပထဝီဓာတ်လို့တော့ သွားပြီး မရှုပါနဲ့။ ယိုစီး၊ ဖွဲ့စည်း သဘောတရား ၂-ခုကိုလည်း ဉာဏ်နဲ့ မြင်အောင် မကြည့်နိုင်ဘဲ၊ မမြင်ဘဲနဲ့ အာပေါဓာတ်လို့ သွားမရှုနဲ့။ ပူတဲ့သဘော၊ အေးတဲ့သဘောတရား ၂-ခုကိုလည်း ဉာဏ်နဲ့ မမြင်ဘဲနဲ့ တေဇောဓာတ်လို့ သွားမရှုပါနဲ့။ ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော ၂-ခုကိုလည်း မမြင်ဘဲနဲ့ ဝါယောဓာတ်လို့ သွားမရှုနဲ့။ ရှုလိုက်ရင် ဆိုကမ္မဋ္ဌာန်းပဲ ဖြစ်မယ်။ တကယ့်ဉာဏ်နဲ့ ထိုးထွင်းသိတဲ့ ကမ္မဋ္ဌာန်း ဖြစ်ပါ့မလား? မဖြစ်ဘူး။ ဆိုကမ္မဋ္ဌာန်းကတော့ တကယ် လိုလားတောင့်တနေတဲ့ ရုပ်အစစ် ပရမတ်တရားတွေကို မြင်နိုင်တဲ့စွမ်းအား ရှိပါ့မလား? မရှိနိုင်ဘူး။ ဒါကြောင့် အဲဒီလို ရှုလိုက်ရင် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်။ မနှေးမမြန် ရှုရတယ်။ မြန်လွန်းရင်လည်း ဓာတ်တို့ရဲ့ သဘာဝလက္ခဏာတွေက မထင်မရှား ဖြစ်နေတတ်တယ်။ နှေးလွန်းရင်လည်း ကမ္မဋ္ဌာန်း လမ်းဆုံးကို မရောက်ဖြစ်တတ်တယ်။

ဒါပေမဲ့လို့ ဒီနေရာမှာ ပိုပြီး သတိထားသင့်တဲ့ နောက်ထပ် အချက်တစ်ခုကတော့ ခုလို ဓာတ်ကြီးလေးပါးဖြင့် သမာဓိကို ပြန်ပြီး ထူထောင်နေတဲ့အပိုင်းမှာ ဓာတ်ကြီးလေးပါးရဲ့ ပြင်ဘက်အာရုံမှန်သမျှကို မရှုပါနဲ့ ဆိုပြီး အဋ္ဌကထာဋီကာများက စည်းကမ်းသတ်မှတ်ပြီး ပေးထားပါတယ်။ ဓာတ်ကြီးလေးပါးရဲ့ ပြင်ဘက်အာရုံကို သွားရှုလိုက်လို့ရှိရင် ဓာတ်ကမ္မဋ္ဌာန်း ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒီအချိန်အခါလေး ပြောတာနော်။ ရှုသင့်တဲ့ အချိန်အခါတော့ ရှုရမှာ ဖြစ်ပါတယ်။ ခုက ဓာတ်ကြီးလေးပါးနဲ့ သမာဓိ ထူထောင်စအချိန် ဖြစ်နေတဲ့အတွက် ထိုအချိန်အခါမှာ ခန္ဓာကိုယ်ထဲမှာ ဓာတ်ကြီးလေးပါးရဲ့ ပြင်ဘက်အာရုံလို့ ခေါ်ဆိုအပ်တဲ့ မြင်တဲ့အာရုံ၊ ကြားတဲ့အာရုံ၊ နံတဲ့အာရုံ အစရှိတဲ့ ပေါ်ရာပေါ်ရာတွေကို လိုက်ရှုမယ် ဆိုလို့ရှိရင် ဓာတ်ကြီးလေးပါးနဲ့ ထူထောင်နေတဲ့ သမာဓိသည် ဘေးချော်သွားတဲ့အတွက် အဆင့်အတန်း မှီနေတဲ့ စံချိန်မီသမာဓိ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးနော်။

အခုက ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်ခိုက် ဖြစ်နေပါတယ်။ ဒါကြောင့် ဓာတ်ကြီးလေးပါးရဲ့ ပြင်ဘက်အာရုံတွေကို မရှုပါနဲ့။ ထို့ပြင် ပြင်ဘက်အာရုံသည် ပညတ်လည်း ဖြစ်ချင်ဖြစ်မယ်။ ပရမတ်တရားတွေလည်း ဖြစ်ချင်ဖြစ်မယ်။ မည်သည့်အာရုံကိုမျှ ဒီအချိန်အခါမှာ မရှုပါနဲ့ဆိုပြီး အလွန် အရေးကြီးတဲ့ စည်းကမ်းသတ်မှတ်ချက်တစ်ခု ချမှတ်ပေးထားပါတယ်။ အဲဒီ စည်းကမ်းသတ်မှတ်ချက်ကို ရိုသေစွာ လိုက်နာဖို့တော့ လိုအပ်ပါတယ်။ အဲဒီလို ဓာတ်ကြီးလေးပါးအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားလိုက်တဲ့အခါမှာ အာနာပါနကမ္မဋ္ဌာန်းဖြင့် စတုတ္တဈာန်သမာဓိကို အခြေခံပြီးမှ ဒီဓာတ်ကမ္မဋ္ဌာန်းကို ကူးလာတဲ့အတွက် ထိုယောဂီပုဂ္ဂိုလ်အဖို့ သမာဓိဖြစ်ဖို့တော့ သိပ်မခက်ဘူး။ သို့သော် အာနာပါန စတုတ္ထဈာန်ကို ဝိပဿနာ၏ အခြေပါဒကအဖြစ်နဲ့ သမာဓိ မထူထောင်ဘဲ ဓာတ်ကြီးလေးပါးဖြင့် စတင်ပြီး သမာဓိထူထောင်တဲ့ ပုဂ္ဂိုလ်အဖို့တော့ တချို့ တချို့ယောဂီများမှာ ဒီအပိုင်းမှာ နည်းနည်း သမာဓိဖြစ်ဖို့ရန် ခက်ခဲတဲ့ ပုဂ္ဂိုလ်လည်း ရှိတတ်ပါတယ်။ လွယ်ကူတဲ့ပုဂ္ဂိုလ်လည်း ရှိတတ်ပါတယ်။

ဘာပေါ်မှာ အခြေတည်ပြီး ခက်ခဲရသလဲ၊ လွယ်ကူရသလဲလို့ မေးရင်တော့ အတိတ်က ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီအရှိန်အဝါတွေပေါ်မှာ မူတည်ပြီးတော့ ခက်ခဲတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်။ လွယ်ကူတဲ့ပုဂ္ဂိုလ်လည်း ရှိပါတယ်။ ပါရမီက တော်တော်လေး ပင်ပင်ပန်းပန်း ကြိုးစားရတဲ့သဘော ရှိပါတယ်။ မဟာတိဿမထေရ်မြတ်ကြီးတို့လိုပေါ့နော်။ နှစ်ပေါင်း ၃၀-လောက် ကြိုးစားရသလိုပေါ့။ တော်တော်လေး ပင်ပင်ပန်းပန်း ခံပြီးတော့ ကြိုးစားရတဲ့သဘောတော့ ရှိတယ်။ ဒီတော့ အဲဒီလို ကြိုးပမ်းတဲ့ အပိုင်းလေးမှာ စိတ်က တစ်နာရီလောက်တော့ ငြိမ်ပြီ။ ဘယ်လောက် ငြိမ်သလဲလို့ မေးရင်တော့ တစ်နာရီ၊ နှစ်နာရီလောက် ၁၀-ထိုင်လောက်အထိ ငြိမ်ပြီ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်က ဘာလုပ်သင့်သလဲ?

ထိုအချိန်အခါမှာ ပဏ္ဏတ္တိသမတိက္ကမ အမည်နာမ ပညတ်တွေကို ကျော်လွှားလွန်မြောက်သွားအောင် ကျင့်ပါ။ အမည်နာမ ပညတ်ဆိုတာက ဘာတွေလဲ? ပထဝီဓာတ်ဆိုတဲ့ နာမည်၊ အာပေါဓာတ်ဆိုတဲ့ နာမည်၊ တေဇောဓာတ်ဆိုတဲ့ နာမည်၊ ဝါယောဓာတ်ဆိုတဲ့ နာမည်။ အဲဒီ နာမည်တွေကို ကျော်လွှားသွားအောင် ကျင့်ပါ။ ဘာပြောလိုတာလဲ? နာမည်အပေါ်မှာ သောင်တင်မနေစေနဲ့။ ဓာတ်သဘာဝလက္ခဏာအပေါ်မှာ ဦးစားပေးပြီး ရှုပါလို့ ဒီလို ပြောတာ။

စိတ်က သိပ်ငြိမ်လာပြီ။ ၁၀-ထိုင်လောက်အထိ ဆက်တိုက် ငြိမ်နေပြီ ဆိုလို့ရှိရင် မိမိက ခံနိုင်ရည်စွမ်းအင် ရှိခဲ့မယ်ဆိုရင် ပထဝီဓာတ်မှာ မာတဲ့သဘော၊ အာပေါဓာတ်မှာ ယိုစီးတဲ့သဘော၊ တေဇောဓာတ်မှာ ပူတဲ့သဘော၊ ဝါယောဓာတ်မှာ ထောက်ကန်တဲ့သဘော။ ပေါင်းလိုက်တော့ သဘောဘယ်နှစ်ခုလဲ? ၄-ခု။ အဲဒီ သဘောတရား ၄-ခုကို ဦးစားပေးပြီး ရှုနေပါ။

သို့သော် အဲဒီလို ရှုတဲ့အခါမှာ တချို့ယောဂီတွေက မာတဲ့သဘောကြီး လွန်ကဲလာပြီး ခေါင်းကြီးတစ်ခုလုံး ခဲနေတတ်တယ်။ ထိုအချိန်အခါမှာ ခံနိုင်ရည်မရှိ ဖြစ်တတ်တယ်။ အဲဒီအခါမျိုးကျရင် ဘာလုပ်ရသလဲ? ပျော့တဲ့သဘော ပြောင်းစိုက်ပေးရတယ်။ အဲဒီလို စိုက်နိုင်အောင်အတွက် မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့၊ ယိုစီး၊ ဖွဲ့စည်း၊ ပူ၊ အေး၊ ထောက်၊ တွန်းဆိုတဲ့ သဘောတရား ၁၂-ခုကို အချိန်မရွေး ရှုလို့ရအောင် သွက်သွက်လက်လက်ဖြစ်အောင် လေ့ကျင့်ပါဆိုပြီး ပထမ ခိုင်းထားရတယ်နော်။ ခုလို အခက်အခဲဖြစ်တဲ့ အချိန်အခါမှာ အသုံးချရမဲ့ လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။

ယောဂီပုဂ္ဂိုလ်တစ်ဦး ဆိုကြပါစို့ ... သူက ထိုင်လိုက်ပြီ ဆိုလို့ရှိရင် ဒူးခေါင်းမှာ ခဲပြီးတော့ အင်မတန် နာလာတယ်။ နာလာတဲ့ အချိန်အခါကျတော့ သူ့ရဲ့ အခက်အခဲကို သူက တင်ပြပြီး တရားလျှောက်တဲ့အခါမှာ လာပြီး တင်ပြတယ်။ တင်ပြတော့ ဘုန်းကြီးက “ကဲ ဒကာမကြီး ဒီလို ဆိုလို့ရှိရင်တော့ အဲဒီလို ခဲပြီးတော့ မာလာတဲ့အခါ မခံနိုင်တဲ့ ဒူးခေါင်းမှာ အင်မတန် နာကျင်ကိုက်ခဲမှုတွေ ဖြစ်လာတဲ့ အချိန်အခါမှာ အဲဒီ ဒူးခေါင်း တစ်နေရာလောက်ကို ကွက်ပြီး ဓာတ်ကြီးလေးပါး စိုက်ကြည့်ပါ။ စိုက်ကြည့်လိုက်လို့ရှိရင် အဲဒီ ဓာတ်ကြီးလေးပါးထဲမှာ ဘယ်ဓာတ်က လွန်ကဲနေတယ် ဆိုတာကို ဘုန်းကြီးကို ပြန်ပြီးတော့ ပြောပါ။ သူ့ကို ဘုန်းကြီးက ပြောလိုက်တယ်။ ပြောလိုက်တဲ့ အချိန်ခါကျတော့ သူက နောက်တစ်ထိုင် လာလျှောက်တယ်။

'တပည့်တော် ... အဲဒီနေရာမှာ သေသေချာချာ စိုက်ကြည့်လိုက်တော့ မာတဲ့သဘောနဲ့ ပူတဲ့သဘောတွေက သိပ်လွန်ကဲနေတယ် ဘုရား ...' တဲ့။ ကဲ ဒီလိုဆိုရင် ဒီတစ်ထိုင် တရားထိုင်တဲ့ အချိန်အခါမှာ ဒီနေရာကိုပဲ ပြန်ပြီးတော့ ဓာတ်လေးပါးစိုက်ပြီးတော့ ပျော့တဲ့သဘောနဲ့ အေးတဲ့သဘော-နှစ်ခုကို ဦးစားပေးပြီးတော့ ခပ်ကြာကြာလေး ရှုပါ။ ကျန်တဲ့ဓာတ်တွေကို ခေတ္တရပ်ဆိုင်းထားပါလို့ သူ့ကို အကြံဉာဏ်ပေးလိုက်တယ်။ ဓာတ်ဓာတ်ချင်း ပြန်ထိန်းတာပဲ။

အဲဒီလို အကြံဉာဏ်ပေးလိုက်တဲ့ အချိန်အခါမှာ ခုနက မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့၊ ယိုစီး၊ ဖွဲ့စည်း၊ ပူ၊ အေး၊ ထောက်၊ တွန်းဆိုတဲ့ သဘောတရား ၁၂-ခုကို သွက်သွက်လက်လက်ကြီး ရှုထားနိုင်တဲ့ ယောဂီပုဂ္ဂိုလ် ဖြစ်နေခြင်းကြောင့် ဒါကလည်း အကြောင်းတစ်ခုပေါ့လေ။ သူကလည်း အတိတ်က ပါရမီအရှိန်အဝါ တော်တော်လေး အားကောင်းတဲ့ ယောဂီသူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပျော့တဲ့သဘောနဲ့ ပူတဲ့သဘော ဒီနှစ်ခုကို ဦးစားပေးပြီး စိုက်လိုက်တာနဲ့ နိုင်အောင် ရှုနိုင်တဲ့အတွက် နောက်ဆုံး မာတဲ့သဘောနဲ့ ပူတဲ့သဘောတွေ တဖြည်းဖြည်း လျှော့ပြီးတော့ နာကျင်ကိုက်ခဲနေတဲ့ သဘောတရားတွေလည်း ပျောက်ကင်းသွားတယ်။ အဲဒီ အချိန်ခါကစပြီး နောက်ထပ် ဝိပဿနာပိုင်း ရောက်တဲ့အထိ ဆက်လက်အားထုတ်သော်လည်း ဘယ်တော့မှ ဒီနာတဲ့ ဒူးခေါင်း တစ်နေရာမှာပေါ့လေ နာတဲ့၊ ကျဉ်တဲ့၊ ကိုက်ခဲတဲ့ရောဂါ ပြန်မပေါ်တော့ဘူးဆိုပြီး ဒီလို-ပြောတယ်။

သို့သော် ပုဂ္ဂိုလ်တိုင်း ဒီလို ဖြစ်နိုင်သလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်နော်။ မဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နမူနာအဖြစ်နဲ့ ဆိုရင်ပေါ့။ ဦးပဉ္စင်းတို့ သုံးလောကထွဋ်ထား မြတ်စွာဘုရား ခါးနာတဲ့ဝေဒနာ ဖြစ်တယ်။ အဲဒီလို ဓာတ်ရှုရုံလောက်နှင့် ခါးနာတဲ့ဝေဒနာ ပျောက်သလား? မပျောက်ဘူး။ ဘာဖြစ်လို့လဲ? အတိတ်က အကျိုးပေးနေတဲ့ ကံအရှိန်အဝါ သတ္တိက ထက်မြက်နေတယ်။ ကံအရှိန်အဝါလေးက လျှော့နည်းသွားရင်တော့ ပျောက်ကောင်း ပျောက်နိုင်တယ်ပေါ့။ ကံအရှိန်အဝါက ထက်မြက်နေတယ်။ ဘုရားရှင် သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ဒီခါးနာတဲ့ဝေဒနာက မရဏန္တိက ဝေဒနာ-ဖြစ်တယ်။ သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိတယ်။ ဝေဒနာက သေမှ ပျောက်မယ်။ မသေမချင်း ဘယ်တော့မှ မပျောက်တဲ့ ဝေဒနာမျိုးဖြစ်တယ်။ ဘုရားရှင်မှာတောင်မှ ဒီလို ဝေဒနာမျိုး ရှိသေးတယ်ဆိုရင် ဒီနေ့ ယောဂီပုဂ္ဂိုလ်တွေမှာလည်း ဒီလို ဝေဒနာမျိုးတွေ မရှိနိုင်ဘူးလား? ရှိနိုင်ပါတယ်။

ဒါကြောင့် တရားရှုတိုင်း ဝေဒနာအားလုံး ပျောက်ရမယ်ဆိုတဲ့ ပုံသေ စည်းကမ်းသတ်မှတ်ချက် ချထားလို့တော့ ဖြစ်ပါ့မလား? မဖြစ်နိုင်ဘူးနော်။ အတိတ်က အကျိုးပေးနေတဲ့ အကုသိုလ်ကံကလေးက အရှိန်အဝါ လျှော့နည်းလာလို့ ကုသိုလ်ကံတွေကို ဆက်တိုက် ကြိုးပမ်းလိုက်တဲ့အခါ ကုသိုလ်ကံ အရှိန်အဝါတွေက အားကောင်းသွားရင်တော့ ဒီအကုသိုလ်ကို ပယ်နိုင်တဲ့ စွမ်းအား ရှိတန်သလောက်တော့ ရှိပါတယ်နော်။

ကဲ ဒီမှာ ယောဂီတစ်-ယောက်ရဲ့ နောက်ထပ် အတွေ့အကြုံတစ်ခုပေါ့။ ဒကာမကြီး-တစ်ဦးပဲ။ သူလည်း ရိပ်သာပေါင်း တော်တော်စုံနေပြီ။ ဘယ်ရိပ်သာ သွားသွား ဒီပုံစံအတိုင်း အမြဲဖြစ်တယ်။ ဘယ်လိုပုံစံလဲ? မျက်စိမှိတ်လိုက်ပြီ ဆိုတာနဲ့ ခေါင်းကြီး ခဲနေပြီ။ မျက်စိမမှိတ်ရဲဘူး။ တရားထိုင်မယ်ဆိုပြီး မျက်စိမှိတ်လိုက်ရင် ခေါင်းကြီး ခဲနေပြီ။ ဘယ်လိုမှ ဖြေလို့ မရဘူး။ ဖြေမရတော့ ဘုန်းကြီးက သူ့ဓာတ် ခုလိုပေါ့ စည်းကမ်းအတိုင်း ပျော့တဲ့သဘော၊ ချောတဲ့သဘော ဒါလေးတွေ သင်ပေးတယ်။ နိုင်အောင်ရှုပါဆိုပြီး တိုက်တွန်းတယ်။ စထိုင်ထိုင်ချင်း ပျော့တာ၊ ချောတာ၊ ပေါ့တာ အမြဲရှုခိုင်းတယ်။

နှစ်ရက်၊ သုံးရက်လောက်တော့ ရှုလို့နိုင်တယ်။ လေးရက်၊ ငါးရက်လောက်ကျတော့ မနိုင်ပြန်ဘူး။ ခဲနေပြန်တယ်။ ကြိုးစားပြီး ရှုကြည့်ပါ။ ပြန်ခိုင်းပြန်တယ်။ နိုင်လိုက်, မနိုင်လိုက်၊ နိုင်လိုက်, မနိုင်လိုက် နောက်ဆုံး သူက မနိုင်ဖြစ်ပြီး ထွက်ပြေးရော။ နောက်တစ်ကြိမ် တစ်နှစ်၊ နှစ်နှစ်ကြ ပြန်လာပြန်တယ်။ ဒီပုံစံအတိုင်းပဲ။ သင်ပေးတယ်။ မနိုင်ပြန်ဘူး။ ပြန်ပြေးပြန်တယ်။ နောက်တစ်ကြိမ် လာပြန်တယ်။ မနိုင်ပြန်ဘူး။ ပြန်ပြေးပြန်တယ်။ ဒီလိုပုဂ္ဂိုလ်လည်း မရှိနိုင်ဘူးလား? ရှိနိုင်ပါတယ်။

ဒါဘာကြောင့်လဲဆိုတော့ သူ့ရဲ့အတိတ်က အကျိုးပေးနေတဲ့ အကုသိုလ်ကံက အရှိန်အဝါတွေက အားကောင်းနေတဲ့ အချိန်အခါဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ? ဘုန်းကြီးတို့ ဒီ ဒုက္ခသဟဂုတ် ကာယဝိညာဉ်စိတ် ပေါ့။ ခုနက ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ နာကျင်ကိုက်ခဲနေတဲ့ ဒုက္ခဝေဒနာပဲ။ ဒီ ဒုက္ခသဟဂုတ် ကာယဝိညာဉ်စိတ် သည် အဟိတ်ကုသလဝိပါက်စိတ် ဖြစ်ပါတယ်။ အဟိတ်အကုသလဝိပါက်စိတ် ဆိုတာက အတိတ်ဘဝတစ်ခုက ပြုစုပျိုးထောင်ခဲ့တဲ့ အကုသိုလ်ကံ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာရတဲ့ ဆင်းရဲတဲ့ ခံစားချက်ဖြစ်တယ်။ ဒီအကုသိုလ်ကံ အရှိန်အဝါတွေက သိပ်အားကောင်းနေပြီ ဆိုရင် သူ့ရဲ့ အကျိုးက ဆက်လက်ပြီး ဖြစ်နေမှာပဲ။ အကုသိုလ်ကံ အရှိန်အဝါတွေကလည်း လျှော့နည်းခဲ့၊ မိမိကလည်း ကုသိုလ်တွေကို ဆက်လက်ပြီး ကြိုးပမ်းတယ် ဆိုကြစို့။ ထိုအချိန်အခါမှာ ကုသိုလ်ကံက ဒီအကုသိုလ်ကံရဲ့ အကျိုးကို ဖြတ်တောက်နိုင်တဲ့ စွမ်းအားလေးတွေ ပေါ်ချင်လည်း ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကျိန်းသေပြောလို့တော့ မရဘူးနော်။

ဒါကြောင့် ခုဒီဓာတ်ကြီးလေးပါးဖြင့် သမာဓိထူထောင်တဲ့ အချိန်အပိုင်းလေးမှာလည်း တစ်ခါတစ်ရံ ခုနက ပြောသလိုပေါ့ - စိတ်က တော်တော်ငြိမ်ဝပ်လာတဲ့ အချိန်အခါမှာ မာတဲ့သဘော၊ ယိုစီးတဲ့သဘော၊ ပူတဲ့သဘော၊ ထောက်တဲ့သဘောဆိုတဲ့ ဒီသဘောတရား ၄-ခုကို ဦးစားပေးပြီး ရှုလိုက်တဲ့အပိုင်းမှာ တချို့ယောဂီပုဂ္ဂိုလ်များအဖို့ ဓာတ်အတုံးအခဲကြီးကို သွားတွေ့တယ်။ အဲဒီ အတုံးအခဲကြီးကို တွေ့လိုက်တဲ့အပိုင်းမှာ ဒီအတုံးအခဲမှာ မာတဲ့သဘော၊ ယိုစီးတဲ့သဘော၊ ပူတဲ့သဘော၊ ထောက်တဲ့သဘောတွေကို ဆက်လက်ပြီး ရှုလိုက်လို့ရှိရင် မကြာမီ အဖြူတွေ့တတ်ပါတယ်။ မီးခိုးရောင်သော်လည်း တွေ့ချင်-တွေ့တတ်ပါတယ်။

တချို့ပုဂ္ဂိုလ်များမှာတော့ ခုနကလို အခက်အခဲတွေ ရှိနေရင်တော့ မာနေရင် ပျော့တဲ့သဘော ပြောင်းစိုက်ရတယ်။ ယိုစီးမှုက သိပ်အားကောင်းနေရင် ဖွဲ့စည်းမှုသဘော ပြောင်းစိုက်ပေးရတယ်။ ပူတဲ့သဘောတွေက သိပ်အားကောင်းနေရင် အေးတဲ့သဘော ပြောင်းစိုက်ပေးရတယ်။ ထောက်ကန်တဲ့သဘောတွေက သိပ်အားကောင်းနေရင် တွန်းကန်တဲ့သဘောလေးနဲ့ ပြန်ပြီးတော့ ထိန်းပေးရတယ်။ အဲဒီလိုမှ မရရင်တော့ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘောလေးတွေနဲ့ ပြန်ပြီးတော့ ထိန်းပေးရပါတယ်။တစ်ခါတစ်ရံ တွန်းကန်မှုတွေက သိပ်အားကောင်းပြီ ဆိုရင်လည်း ထောက်ကန်တဲ့သဘောနဲ့ ပြောင်းထိန်းပေးရတယ်။

ဥပမာလေးတစ်ခု ပြောရင် ဒီလို စားပွဲပေါ်မှာ စာရွက်ကလေးတစ်ခု တင်ထားတယ်။ လေကလည်း တိုက်နေတယ်။ တိုက်လိုက်တဲ့ အချိန်အခါမှာ ဒီစာရွက်ကလေးက တဖျတ်ဖျတ်နဲ့ လှုပ်နေတော့ ငြိမ်သွားချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? လေးတဲ့အရာဝတ္ထုတစ်ခုနဲ့ ဖိထားလိုက်ရတယ်။ ထိုအချိန်အခါမှာ ထိုစာရွက်ကလေးသည် ငြိမ်သွားတယ်။ အဲဒီပုံစံအတိုင်းပဲ ခန္ဓာကိုယ်မှာ တချို့ယောဂီပုဂ္ဂိုလ်တွေက ဒီတွန်းတဲ့ဓာတ်တွေကို သူတို့က တစ်ဖက်သတ် ရှုလိုက်ရင် ခန္ဓာကိုယ်ကြီးက လှုပ်ပြီးခါနေရော။ အဲဒီအချိန်အခါမှာ လေးတဲ့ဓာတ်နဲ့ ပြောင်းပြီး ထိန်းပေးရတယ်။ လေးတဲ့သဘောကို စိုက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒီခန္ဓာကိုယ်ကြီးမှာ တွန်းကန်နေတဲ့ ဓာတ်တွေက တဖြည်းဖြည်း လျှော့ပြီးတော့ ငြိမ်သွားတတ်ပါတယ်နော်။ အဲဒီလို အခက်အခဲလေးတွေ ရှိတဲ့အတွက် ဓာတ်သဘောတရား ၁၂-ခုကို စုံအောင် သင်ပေးနေရခြင်း ဖြစ်ပါတယ်။

အဲဒီလို သင်ပြီးတဲ့ ယောဂီသူတော်ကောင်းက သမာဓိဖြစ်လာပြီ ဆိုလို့ရှိရင်တော့ ခံနိုင်ရည်စွမ်းအင်တွေကလည်း ပိုလာပြီ။ တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်ပြီ ဆိုရင်တော့ ခုနက မာတဲ့သဘော၊ ယိုစီးတဲ့သဘော၊ ပူတဲ့သဘော၊ ထောက်တဲ့-သဘောဆိုတဲ့ ဒီသဘောတရား ၄-ခုကို ဦးစားပေးပြီးတော့ သမာဓိ ဆက်လက်ပြီး ထူထောင်ပါ။ ထူထောင်လိုက်တဲ့ အချိန်အခါမှာ မကြာမီ အချိန်ကာလအတွင်းမှာ မီးခိုးရောင်လို ညစ်ထပ်ထပ် အရောင်တစ်ခု တွေ့လိမ့်မယ်။ တစ်ကိုယ်လုံးကို ခြုံထားတဲ့သဘောပဲ။ နှင်းတွေ နှင်းခိုးနှင်းငွေ့တွေက တောင်တွေကို အုံ့ဆိုင်းထားတဲ့, ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ဒီ အခိုးအငွေ့တွေ့ကို အုံ့ဆိုင်းထားတဲ့ ပုံစံမျိုး ဉာဏ်ထဲ ထင်လာတတ်တယ်။ အဲဒီလို ထင်လာပြီဆိုလို့ရှိရင်လည်း မူလရှုနေတဲ့ ဓာတ်ကိုတော့ မနှုတ်ပါနဲ့ သူ့ကိုလည်း ဘာမှ သိပ်ပြီးတော့ အာရုံမပြုနဲ့ဦး။ ဘာဖြစ်လို့လဲ? ပေါ်စမှာ မခိုင်မြဲတတ်တဲ့သဘော ရှိတယ်။

အဲဒီလို ဆက်လက်ပြီး ဓာတ်ကြီးလေးပါးဖြင့် သမာဓိ ထူထောင်လိုက်-လို့ရှိရင် သမာဓိစွမ်းအင်က ထက်လာတဲ့အခါ ဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူသွားတွေ့တယ်။ အဲဒီ အဖြူကလည်း နာရီဝက် တစ်နာရီလောက် ခိုင်ခံ့နေပြီ ဆိုရင်တော့ တချို့တချို့ ပါရမီရင့်ညောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့ရင်တော့ အဲဒီ အဖြူမှာလည်း ဓာတ်ကြီးလေးပါးကို လွယ်လွယ်ကူကူနဲ့ ရှုလို့-ရတတ်ပါတယ်။ သဘောမပေါက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဒီအဖြူကလည်း နာရီဝက်၊ တစ်နာရီလောက် ခိုင်ခံ့နေပြီ ဆိုရင်တော့ ဘာလုပ်ရမလဲ?

တစ်ကိုယ်လုံးမှာ ရှုနေကျအတိုင်း မာတဲ့သဘောကို ခြုံကြည့်လိုက်။ ဒီအဖြူမှာ မာတဲ့သဘောကို ခြုံကြည့်လိုက်, တစ်ကိုယ်လုံးမှာ မာတဲ့သဘောကို ခြုံကြည့်လိုက်, ဒီအဖြူတုံးကြီးမှာ မာတဲ့သဘောကို ကြည့်လိုက်။ အဲဒီလို ထပ်ခါထပ်ခါ ပြောင်းပြီး ရှုပေးရတယ်။ ရှုလိုက်ပြီ ဆိုလို့ရှိရင် ဘာဖြစ်လာမလဲ? ဒီအဖြူတုံးကြီးမှာလည်း မာတဲ့သဘောကို လွယ်လွယ်နဲ့ သဘောပေါက်တတ်ပါတယ်။ မာတဲ့သဘော သဘောပေါက်ပြီဆိုရင် နောက်ထပ် သဘောတရားတစ်ခု တိုးကြည့်။ ကြမ်းတဲ့သဘော။ တစ်ကိုယ်လုံးမှာ ခြုံပြီး မာတဲ့သဘော၊ ကြမ်းတဲ့သဘော စိုက်လိုက်၊ အဲဒီ အဖြူတုံးကြီးမှာ မာတဲ့သဘော၊ ကြမ်းတဲ့သဘောစိုက်လိုက်။ အဲဒီလို ထပ်ခါထပ်ခါ ရှုရင် မာတဲ့သဘော၊ ကြမ်းတဲ့သဘောနှစ်ခု ဒီအဖြူတုံးကြီးမှာလည်း သဘောပေါက်သွားလိမ့်မယ်။

သို့သော် ဒီအဖြူသည် အပြင်မှာ ပေါ်နေခဲ့ရင်တော့ မစိုက်ပါနဲ့နော်။ ခန္ဓာကိုယ်ကြီးကိုက ဝါဂွမ်းစိုင်လို အဖြူလုံးကြီး ဖြစ်နေပြီ။ ခန္ဓာကိုယ်ကြီး မတွေ့တော့ဘူးဆိုမှ ဒီခန္ဓာအိမ်မှာ ရှိတဲ့ အဖြူတုံးမှာ လာစိုက်ပါ။ အပြင်ဗဟိဒ္ဓ မရှုကောင်းလို့ ပြောတာ မဟုတ်ဘူး။ သွားရှုခဲ့ရင် အဲဒီ အဖြူက ဒီအချိန်အခါမှာ အားထုတ်စ ဖြစ်နေသေးတဲ့အတွက် အဲဒီအဖြူသည် အစိုက်-မခံဘူး။ စိုက်လိုက်တာနဲ့ တဖြည်းဖြည်း ပျောက်သွားလို့ရှိရင် နောက်တော့ ဘာရှုရမှန်းမသိ ဖြစ်သွားတတ်တယ်။

ဒါကြောင့် ဒီခန္ဓာအိမ် အဖြူတုံးကြီး ဖြစ်လာပြီဆိုရင် အဲဒီ အဖြူတုံးမှာ မာတဲ့သဘော၊ ကြမ်းတဲ့သဘော နှစ်ခု ရှုလိုက်၊ ခန္ဓာအိမ်ကြီးမှာ မာတဲ့သဘော၊ ကြမ်းတဲ့သဘော နှစ်ခု ရှုလိုက်။ ဒီလို ပြောင်းကြည့်။ အဖြူမှာ မာတဲ့သဘော၊ ကြမ်းတဲ့သဘော သဘောပေါက်ပြီ ဆိုလို့ရှိရင် နောက်တစ်ခု ထပ်တိုးကြည့်။ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော။ တစ်ကိုယ်လုံး ခြုံပြီး မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော ရှုလိုက်။ ရှုနေကျအတိုင်း အဖြူတုံးကြီးမှာလည်း မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော သုံးခုမြင်အောင် ဆက်ရှု။

အဲဒီနည်းစနစ်ဖြင့် တဖြည်းဖြည်း တိုးသွားပါ။ တိုးသွားလိုက်တဲ့အခါ တစ်ကိုယ်လုံးမှာ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော၊ ပျော့တဲ့သဘော၊ ချောတဲ့သဘော၊ ပေါ့တဲ့သဘော၊ ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော၊ ပူတဲ့သဘော၊ အေးတဲ့သဘော၊ ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော။ အဲဒီ သဘောတရား ၁၂-ခုကိုသဘောပေါက်သလို ဒီအဖြူတုံးကြီးမှာလည်း အဲဒီ ၁၂-လုံးကို သဘောပေါက်အောင် တစတစ တိုးပြီးတော့ ရှုပါ။ ရှုလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာလဲ? အဲဒီ အဖြူတုံးကြီးမှာ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့၊ ယိုစီး၊ ဖွဲ့စည်း၊ ပူ၊ အေး၊ ထောက်၊ တွန်းဆိုတဲ့ ဒီသဘောတရား ၁၂-ခုကို လွယ်လွယ်ကူကူ သွက်သွက်လက်လက်နဲ့ ပြိုင်တူလိုလို ဉာဏ်ထဲတွေ့လိမ့်မယ်။ အဲဒီလို ပြိုင်တူလိုလို ဉာဏ်ထဲ ထင်လာပြီ ဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ?

အဲဒီ အဖြူတုံးကြီးမှာ တည်ရှိနေတဲ့ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့ကို ကြည့်ပြီး ပထဝီဓာတ်။ ယိုစီး၊ ဖွဲ့စည်း ကြည့်ပြီးတော့ အာပေါဓာတ်။ ပူ၊ အေး ကြည့်ပြီး တေဇောဓာတ်။ ထောက်၊ တွန်း ကြည့်ပြီး ဝါယောဓာတ်။ ၄-ချက် ပြောင်းရှုရတယ်။ ၄-ချက် ပြောင်းရှုလိုက်လို့ စိတ်က ငြိမ်ကပ်သွားပြီ ဆိုလို့ရှိရင်တော့ အဲဒီမှာ တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ငြိမ်လာပြီ ဆိုရင်တော့ မာတဲ့သဘော၊ ယိုစီးတဲ့သဘော၊ ပူတဲ့သဘော၊ ထောက်တဲ့သဘော။ အဲဒီ သဘောတရား ၄-ခု ဦးစားပေးရှုပါ။ အဲဒီလို ဦးစားပေးစနစ်နဲ့ ရှုလိုက်လို့ရှိရင် ဒီအဖြူတုံးကြီးက ဘာဖြစ်သွားတတ်သလဲ? ရေခဲတုံး၊ ဖန်တုံး၊ မှန်တုံးလို ကြည်သွားလိမ့်မယ်။ အဲဒီ အကြည်မှာလည်း တစ်ဆင့်တက်ပြီး ယောဂီသူတော်ကောင်းက မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့၊ ယိုစီး၊ ဖွဲ့စည်း၊ ပူ၊ အေး၊ ထောက်၊ တွန်းဆိုတဲ့ ဒီသဘောတရား ၁၂-ခု မြင်အောင် ရှုရပါတယ်။

သဘောတရား ၁၂-ခု မြင်ပြီဆိုလို့ရှိရင်လည်း အဲဒီမှာ ၄-ချက် ပြန်ပြောင်းရတယ်။ မာ၊ ကြမ်း၊ လေး၊ ပျော့၊ ချော၊ ပေါ့ကို ကြည့်ပြီး ပထဝီဓာတ်။ ယိုစီး၊ ဖွဲ့စည်း ကြည့်ပြီးတော့ အာပေါဓာတ်။ ပူ၊ အေး ကြည့်ပြီး တေဇောဓာတ်။ ထောက်၊ တွန်း ကြည့်ပြီး ဝါယောဓာတ်။ ၄-ချက် ရှုရမယ်။ ၄-ချက်ရှုလိုက်လို့ သွက်လာပြီ ဆိုလို့ရှိရင်တော့ အဲဒီမှာ မာတဲ့သဘော၊ ယိုစီးတဲ့သဘော၊ ပူတဲ့သဘော၊ ထောက်ကန်-တဲ့သဘော။ အဲဒီ သဘောတရား ၄-ခု ဦးစားပေးရှုပါ။

ရှုလိုက်လို့ရှိရင်တော့ အတိတ်က ပါရမီ တော်တော်လေး အရှိန်အဝါ အားကောင်းနေတဲ့ ယောဂီသူတော်ကောင်းများ ဖြစ်ခဲ့မယ်ဆိုရင် အရှိန်အဝါကောင်းတယ် ဆိုတာကတော့ အတိတ်ဘဝထိုထိုမှာလည်း ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်းတွေကို စနစ်တကျ ရှုပွားတတ်တဲ့ ယောဂီပုဂ္ဂိုလ်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ထိုအချိန်အခါမှာ ကလာပ်မှုန်လေးတွေ လွယ်လွယ်ကူကူနဲ့ တွေ့တတ်ပါတယ်။ မတွေ့ဘူး ဘာလုပ်မလဲ? မတွေ့ဘူး ဆိုလို့ရှိရင်တော့ အဲဒီမှာ အာကာသဓာတ် ကို မြင်အောင် ရှုဖို့ လိုအပ်ပါတယ်။

ဒီတော့ ဒီအာကာသဓာတ်ကို ရှုဖို့ရန်အတွက် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကလည်း မဟာရာဟုလောဝါဒသုတ္တန် မှာလည်း ဟောထားပါတယ်။ ရှင်ရာဟုလာကို ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်း မြတ်စွာဘုရား ဟောခဲ့တယ်။ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် ဆိုပြီး ဓာတ်ဘယ်နှစ်ပါးလဲ? ဓာတ်ခြောက်ပါး။ အဲဒီမှာ အာကာသဓာတ်ကို ရှုဖို့ ဘုရားဟောလိုက်တယ်။ အလားတူပဲ ... သာတ္ထိအမျိုးကောင်းသားကို မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း ဟောတဲ့အပိုင်းမှာလည်း ဒီဓာတ်ခြောက်ပါးကိုပဲ ဟောပေးပါတယ်။ အလားတူပဲ တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာကို ဟောတဲ့အပိုင်းမှာလည်း တာဝတိံသာနတ် ဦးဆောင်နေတဲ့ သုံးလောကတစ်ခွင်မှ ဆိုက်ရောက်လာကြတဲ့ တရားနာပရိသတ် ဖြစ်ကြတဲ့ နတ်ဗြဟ္မာအပေါင်းအားလုံးကိုလည်း ဓာတ်ခြောက်ပါး-ကမ္မဋ္ဌာန်း ဟောတဲ့အပိုင်းမှာ ဒီဓာတ်ခြောက်ပါးကို မြတ်စွာဘုရား ဟောကြားပေးတော်မူခဲ့ပါတယ်နော်။

အဲဒီတော့ ဘုရားရှင်က အာကာသဓာတ်ကို ရှုဖို့တော့ ဟောတယ်။ အာကာသဆိုတာ ဘာလဲ? ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်။ နောက်တစ်နည်း ပြောရင်တော့ သူ့ကို ပရိစ္ဆေဒရုပ် လို့လည်း ခေါ်တယ်။ ရုပ်ကလာပ်တစ်ခုနဲ့ ရုပ်ကလာပ်တစ်ခုကို ကွဲပြားသွားအောင် ပိုင်းခြားပေးတဲ့ ရုပ်လို့ ဒီလို ဘာသာပြန်ထားတယ်။ ဒါက ရုပ်ကလာပ်တစ်ခု၊ ဒါက ရုပ်-ကလာပ်တစ်ခုလို့ ကွဲပြားသွားအောင် ပိုင်းခြားပေးတာ။ ဒီအာကာသဓာတ်က ပိုင်းခြားပေးတာ။ အဲဒီလို ပိုင်းခြားပေးခြင်းကြောင့် ဒီအာကာသဓာတ်ကို ပရိစ္ဆေဒရုပ် လို့လည်း ခေါ်ပါတယ်။ ဒီအာကာသဓာတ်ကို ရှုဖို့ရန် ဘုရားရှင်က ညွှန်ကြားတာက ဒီရုပ်ကလာပ်ကလေးတွေက အာကာသဓာတ်ကို မြင်မှ ဒါက ရုပ်ကလာပ်တစ်ခု၊ ဒါက ရုပ်ကလာပ်တစ်ခု။ ဒီလို ခွဲခြမ်းစိတ်ဖြာပြီး ယောဂီပုဂ္ဂိုလ်က မြင်မယ်။ အာကာသဓာတ်ကို မမြင်သေးဘူး ဆိုလို့ရှိရင်ကော ဒီရုပ်-ကလာပ်ခဲတွေကို မြင်နိုင်ပါ့မလား? မမြင်နိုင်ဘူး။

သို့သော် ဒီနေရာမှာ ဒီလို ဖန်တုံး၊ မှန်တုံးလို ကြည်နေတဲ့ အကြည်တုံးကြီးဆိုတဲ့ သဘောတရားနဲ့ ပတ်သက်လို့ တချို့က သံသယရှိချင်ရှိမယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မှာ အာဒါသမဏ္ဍလံဝိယ ဆိုပြီး ဥပမာလေးတစ်ခုနဲ့ သေသေချာချာ ဖွင့်ဆိုထားပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မှာ ခန္ဓာငါးပါးကို ရှင်းလင်းတင်ပြတဲ့ ခန္ဓနိဒ္ဒေသ ပိုင်း ရူပက္ခန္ဓာ ပိုင်းမှာ အတိအကျ ဖွင့်ဆိုထားပါတယ်။ ကြေးမုံမှန်အပြင်လို ကြည်လင်နေတဲ့ အကြည်ဓာတ်တွေပါ ဆိုပြီးတော့ ဒီလို အကြည်ရုပ်ငါးခုကို ရှင်းထားတယ်။ ရုပ်လောကမှာ ဘုရားရှင်သည် အကြည်ရုပ် ဘယ်နှစ်မျိုး ဟောသွားသလဲလို့ မေးရင် - ငါးမျိုးဟောသွားပါတယ်။ စက္ခုပသာဒ၊ မျက်စိအကြည်၊ သောတပသာဒ၊ နားအကြည်၊ ဃာနပသာဒ၊ နှာအကြည်၊ ဇိဝှါပသာဒ၊ လျှာအကြည်၊ ကာယပသာဒ၊ ကိုယ်အကြည် ဆိုပြီး အကြည်ရုပ် ဘယ်နှစ်မျိုးလဲ? ငါးမျိုး။

အဲဒီ အကြည်ရုပ်တွေကို ဉာဏ်က မထက်သေးဘူးတဲ့။ ခုနေ ယောဂီတွေ မိမိတို့လက်ကို မိမိတို့ ပြန်ကြည့်လိုက်ပါ။ အဲဒီ လက်မောင်းကြီးဟာ တစ်ဆက်တည်းလို့ မမြင်ဘူးလား? မြင်နေတယ်နော်။ သေသေချာချာ စိုက်ပြီး ကြည့်လိုက်ရင် အဲဒီလက်မောင်းမှာ မွေးညှင်းပေါက်ကလေးတွေ မရှိဘူးလား? ရှိနေတယ်။ အပေါက်အကြား မရှိဘူးလား? ရှိပါတယ်။ ဒါပေမဲ့ အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင်ပေါ့ - တစ်ဆက်တည်းလို့ မထင်ရဘူးလား? ထင်နေ-ရတယ်။ အဲဒီပုံစံအတိုင်းပဲ ယောဂီပုဂ္ဂိုလ်က ခုနက ဓာတ်ကြီးလေးပါး ရှုထားပြီ၊ ဉာဏ်က သိပ်အလွန်ကြီး မထက်သေးဘူး။ ထိုအချိန်အခါမှာ ဓာတ်ကြီးလေးပါးကို အစုလိုက်၊ အပုံလိုက်၊ အတုံးလိုက်၊ အခဲလိုက်ကြီး သွားတွေ့တယ်။ သွားတွေ့လိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး ခုနက ပြောခဲ့တဲ့အတိုင်း အကြည်အတုံးအခဲကြီး သွားတွေ့ပြီ။ ဘာအကြည်လဲလို့ မေးတော့ - ခုနက အကြည်ရုပ်ကို ဘုရားရှင် ဘယ်နှစ်မျိုး ဟောထားလဲ? ငါးမျိုး။

အဲဒီ အကြည်ရုပ်ငါးမျိုးထဲမှာ စက္ခုအကြည်ဓာတ်ကတော့ မျက်လုံးအိမ်အတွင်းမှာပဲ ရှိတယ်။ နားအကြည်ဓာတ်ကလည်း နားအတွင်းမှာပဲ ရှိတယ်။ နှာခေါင်းအကြည်ဓာတ်ကလည်း နှာခေါင်းအတွင်းမှာပဲ ရှိတယ်။ လျှာအကြည်ဓာတ်ကလည်း လျှာအတွင်းမှာပဲ ရှိတယ်။ ဒါပေမဲ့လို့ ကိုယ်အကြည်ဓာတ်ကျတော့ တစ်ကိုယ်လုံး အနှံ့အပြား ရှိတယ်။ လက်ကလေးနဲ့ မိမိကိုယ်ကို မိမိ ထိကြည့်ပါ။ ထိလို့ သိနိုင်တဲ့ နေရာတိုင်းမှာ ဒီကာယအကြည်ဓာတ် ရှိတယ်။ ဒီလို ကာယအကြည်ဓာတ် ရှိနေတဲ့ အခါကျတော့ ဒီကာယအကြည်ဓာတ် ဦးဆောင်နေတဲ့ အကြည်ဓာတ် ရုပ်အကြည်ဓာတ် ငါးခုကို အာကာသကို မြင်အောင် မရှုနိုင်သေးတဲ့အခါ အတုံးလိုက် အခဲလိုက်ကြီး သွားတွေ့ခြင်းဖြစ်တယ်။ အဲဒီလို အတုံးလိုက် အခဲလိုက်ကြီး တွေ့နေတဲ့ ယောဂီသူတော်ကောင်းက အာကာသဓာတ်ကို မြင်အောင် ထိုးစိုက်ပြီးတော့ လင်းရောင်ခြည်စွမ်းအင် အကူအညီနဲ့ ထိုးစိုက်ပြီး ကြည့်လိုက်တဲ့အခါ အာကာသဓာတ်ကိုလည်း မြင်နေရော။ ဒီရုပ်ကလာပ်တွေလည်း သွားပြီးတော့ တွေ့ရော။

အဲဒီရုပ်ကလာပ်ကလေးတွေ တွေ့ပြီဆိုလို့ရှိရင်တော့ ယောဂီပုဂ္ဂိုလ်တွေ ဒီအပိုင်းမှာလည်း တစ်ဦးနဲ့တစ်ဦး မတူတတ်ပါဘူး။ တချို့က ဆန်ကွဲစေ့လောက်၊ ဆန်စေ့လောက် စသည်ဖြင့် အတုံးလိုက်၊ အခဲလိုက်ကလေးတွေ ခပ်ကြီးကြီးလေးတွေ စတွေ့တတ်တယ်။ တချို့ကျတော့လည်း ကတ္တီပါအနက်ပေါ်မှာ အလွန် သေးငယ်တဲ့ စိန်စေ့လေးတွေကို စိန်လေးတွေကို စီခြယ်ထားသလို သွားပြီး တွေ့တတ်ပါတယ်။ အာကာသကို ထိုးစိုက်လိုက်တဲ့ အပိုင်းမှာ ဘာဖြစ်လို့ ဒီလို ဖြစ်နေရသလဲလို့ မေးတော့ ဉာဏ်က သိပ်ပြီး မထက်သေးတော့ အတုံးအခဲကို ခပ်သေးသေးသွားတွေ့ခြင်းဖြစ်တယ်။ အမှုန်အထိ၊ ကလာပ်အထိ အဆင့်ထိ ယောဂီက မရောက်သေးဘူး။ ဒါက အကြောင်းတစ်ခု။ နောက် ကတ္တီပါရောင်၊ အနက်ရောင်ပေါ်မှာ စိန်တွေ စီခြယ်ထားသလို ဘာကြောင့် ဒီအနက်ရောင်တွေ ရောထွေးနေရသလဲလို့ မေးရင်တော့ ခန္ဓာအိမ်မှာ ဓာတ်ခွဲကြည့်လိုက်မယ် ဆိုလို့ရှိရင် ကြည်တဲ့ ရုပ်ကလာပ်လည်း ရှိတယ်, မကြည်တဲ့ ရုပ်ကလာပ်လည်း ရှိတယ်။ ကြည်တဲ့ ရုပ်ကလာပ်နဲ့ မကြည်တဲ့ ရုပ်ကလာပ်က ဆန်မှုန်နဲ့ ဆနွင်းမှုန့်ကို သမအောင် ရောပြီး စုပုံထားသလို ခန္ဓာအိမ်တစ်ခုလုံးမှာ အနှံ့အပြား ရှိနေတယ်။

အဲဒီလို ရှိနေတဲ့ အချိန်ခါကျတော့ ကြည်တဲ့ ရုပ်ကလာပ်တွေနဲ့ မကြည်တဲ့ ရုပ်ကလာပ်တွေ ရောနှောနေတဲ့အပိုင်းမှာ မကြည်တဲ့ ရုပ်ကလာပ်တွေကို ယောဂီပုဂ္ဂိုလ်ကလည်း အမှုန်အတိုင်း မမြင်သေးရင် ခုနကလို ကတ္တီပါအနက်-ရောင်လို တစ်သားတည်း သွားပြီး တွေ့နေတယ်။ အဲဒီ အချိန်အခါမှာ ဒီအသေးဆုံး အတုံးအခဲ ဖြစ်နေတဲ့ ကြည်တဲ့ အမှုန်လေးတွေမှာပဲ အာကာသဓာတ်ကို မြင်အောင် ဖမ်းပြီးတော့ စိုက်ပါ။ သို့မဟုတ် ဓာတ်လေးပါး မြင်အောင် စိုက်ကြည့်ပါ။ စိုက်လိုက်ရင် တဖြည်းဖြည်းနဲ့ ဒီအတုံးအခဲလေးတွေက အလွန့်အလွန် တဖြည်းဖြည်း သေးသေး သေးသေးပြီးတော့ ကွဲသွားလိမ့်မယ်။ ကွဲသွားလိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး ကလာပ်အမှုန်လေးတွေ သွားပြီးတော့ တွေ့ပါလိမ့်မယ်။ အဲဒီ ကလာပ်အမှုန်တွေ့ပြီ ဆိုတဲ့အခါကျတော့မှ ရုပ်ပရမတ်တရားတွေကို စပြီးတော့ တစ်ခါ သိမ်းဆည်းရပါတယ်။ ဒီလိုဆိုရင် ဒီနေရာမှာ တချို့က နားမရှင်းတဲ့ ပုဂ္ဂိုလ်များ ရှိကြပါတယ်။ ဘယ်လို နားမရှင်းသလဲဆိုတော့ -

တစ်ချိန်က ဘုန်းကြီးထံ စာတစ်ဆောင် ရောက်လာဖူးတယ်။ ဒီစာထဲမှာ ဘာရေးထားသလဲလို့မေးတော့ - ဘုန်းကြီးတို့ သင်္ဂြိုဟ်ကျမ်းလေးမှာ ရုပ်ပိုင်းကို သင်လိုက်တဲ့ပုဂ္ဂိုလ်များ မရှိကြဘူး။ သင်ဖူးတဲ့ပုဂ္ဂိုလ်များ ရှိကောင်း ရှိပါလိမ့်မယ်။ အဲဒီရုပ်ပိုင်းမှာ ရုပ်အစစ်၊ ရုပ်အတု ဆိုပြီးတော့ ရုပ်နှစ်မျိုး ခွဲထားတယ်။ ရုပ်အစစ်က ဘယ်နှစ်မျိုးရှိလဲ? ၁၈-မျိုး။ ရုပ်အတုတွေက ၁၀-မျိုး ရှိတယ်။ အဲဒီ ၁၀-မျိုးထဲမှာ ရုပ်အတုထဲမှာ အာကာသဓာတ် လည်း ပါပါတယ်။ လဟုတာ မုဒုတာ ကမ္မညတာ အစရှိတဲ့ ရုပ်တွေလည်း ပါတယ်။ ဒီတော့ ဒီရုပ်အတုတွေကို ဝိပဿနာ မရှုဖို့ရန်အတွက် ရေးသားထားပါတယ်။ ရုပ်အစစ်များ၊ ရုပ်အတုများကို ဝိပဿနာ မရှုဖို့ ရေးသားထားပါတယ်။ ရုပ်အစစ် ၁၈-မျိုးကတော့ ဝိပဿနာ ရှုကောင်းပါတယ်။ အဲဒီ ရေးသားချက်ကို ကြည့်ပြီးတော့ သူ့စာထဲမှာ ဘယ်လို ဖော်ပြထားလဲ?

'အရှင်အနုရုဒ္ဓါ အစရှိတဲ့ ရှေးရှေး အဘိဓမ္မာဆရာကြီးတွေကပဲ မှားသလားတဲ့, အရှင်ဘုရားကပဲ မှားသလားတဲ့? ဘာဖြစ်လို့လဲ? ဖားအောက်တောရမှာက ရုပ် ၂၈-ပါးလုံးကို ရှုရတယ်လို့ ကြားဖူးတယ်။ ဒီတော့ ရှေးရှေး အရှင်အနုရုဒ္ဓါ အစရှိတဲ့ အဘိဓမ္မာဆရာကြီးတွေက ရုပ်အစစ် ၁၈-မျိုးကိုသာ ဝိပဿနာ ရှုရမယ်။ ရုပ်အတုတွေကို ဝိပဿနာ မရှုရဘူးလို့ ဒီလို ရေးသားထားတယ်။ ရေးသားထားပါလျက်နဲ့ အရှင်ဘုရားတို့ဌာနက ရုပ် ၂၈-ပါးကို အရှုခိုင်းနေတဲ့အတွက် ရှေးရှေး အဘိဓမ္မာဆရာကြီးတွေကပဲ မှားများ မှားနေသလားတဲ့' သူက ဒီမေးခွန်းလေး လှမ်းမေးတယ်။ ကဲ ယောဂီပုဂ္ဂိုလ်တွေ ဘယ်လို သဘောပေါက်ကြလဲ?

ဘုရားရှင်က အာကာသဓာတ်ကို ရှုဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ မဟာရာဟုလောဝါဒသုတ္တန် ကို လှမ်းကြည့်ပါနော်။ နောက် ဒီရုပ်အတုတွေကို ဝိပဿနာ မရှုရဘူးဆိုတာ ဘုန်းကြီးတို့လည်း လက်ခံပါတယ်။ ဘာရှုပ်ထွေးနေသလဲလို့ မေးရင်တော့ မေးတဲ့ပုဂ္ဂိုလ်က ဝိပဿနာဉာဏ်ဆိုတာနဲ့ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ ဒီနှစ်ခု သူက မကွဲဘူး။ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာက ဒါက ရုပ်တရား၊ ဒါက နာမ်တရားလို့ ဉာဏ်နဲ့ ပိုင်းခြားယူတာကို နာမရူပပရိစ္ဆေဒဉာဏ် လို့ ခေါ်ပါတယ်။ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာကတော့ ထိုရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး ဒါက အကြောင်းတရား၊ ဒါက အကျိုးတရားလို့ ပိုင်းခြားယူတတ်တဲ့ ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ် လို့ ခေါ်ပါတယ်။ အဲဒီ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးသည် ဝိပဿနာဉာဏ် မဟုတ်ပါဘူး။ ဝိပဿနာဆိုတာက ဘာကို ဝိပဿနာခေါ်သလဲလို့ မေးတော့ -

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ခုနက နာမရူပပရိစ္ဆေဒဉာဏ်အရ သိမ်းဆည်းထားတဲ့ ရုပ်တရား၊ နာမ်တရား၊ ဥပါဒါနက္ခန္ဓာငါးပါး။ ပစ္စယပရိဂ္ဂဟဉာဏ်အရ သိမ်းဆည်းထားတဲ့ အကြောင်းတရား။ အဲဒီ အကြောင်းတရားနဲ့တကွသော ဒီရုပ်၊ ဒီနာမ်တွေရဲ့ ဖြစ်ပြီး ပျက်တဲ့သဘောကို ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားကို ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုတယ်။ အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အပိုင်းကိုသာ ဝိပဿနာလို့ ခေါ်တာ။

ခု ဘုန်းကြီးက အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုဖို့ ဟောနေတဲ့အပိုင်း ဟုတ်သလား? မဟုတ်သေးဘူး။ ရုပ်ကိုတောင် မသိသေးလို့ ရုပ်ကိုသိအောင် ဘယ်လို စိုက်ရမယ် ဆိုတာလေးကို ဟောနေတာ။ ဒီတော့ ပြောလိုရင်းက ဒီအာကာသဓာတ်ဆိုတာက ရုပ်ကလာပ်တစ်ခုနဲ့ တစ်ခုကို မရောယှက်အောင် ပိုင်းခြားပေးထားတဲ့ ရုပ်ဖြစ်ခြင်းကြောင့် အာကာသဓာတ်ကို မမြင်ခဲ့ရင် ရုပ်ကလာပ်ကို မြင်မလား? မမြင်ဘူး။ ရုပ်ကလာပ်ကိုမှ မမြင်တဲ့ပုဂ္ဂိုလ်တစ်ဦးသည် ရုပ်ကလာပ်တစ်ခုအတွင်းမှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဇီဝိတ စက္ခုပသာဒ စသည်ဖြင့် ရုပ်သဘောတရား ၈-ခု၊ ၉-ခု၊ ၁၀-ခု ရှိတယ်။ ဒီသဘောတရားလေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ရှုလို့ ရနိုင်မလား? မရတော့ဘူး။ ဘာဖြစ်လို့လဲ? ရုပ်ကလာပ်ကိုတောင် သူက မမြင်ဘူး။

ဒါဖြင့် ရုပ်ကလာပ် မြင်ရေးအတွက် ဘာလိုအပ်နေသလဲ? အာကာသဓာတ်ကို မြင်ဖို့ မလိုဘူးလား? လိုနေတယ်။ ဒါက ရုပ်နာမ် သိမ်းဆည်းတဲ့အပိုင်းမှာ ဒီအာကာသဓာတ်ကို မြင်အောင် ရှုဖို့ ဘုရားက ညွှန်ကြားတာပါ။ ဝိပဿနာ ရှုရမယ်လို့ ညွှန်ကြားနေတာ ဟုတ်သလား? မဟုတ်ဘူး။ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဝိပဿနာဉာဏ်ကိုတောင် မကွဲဘူး ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်သည် တရားရဖို့ နီးကပ်ပါ့မလား? ဘယ့်နှယ်တုန်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ ဘယ်လို သဘောပေါက်သလဲ? နီးကပ်သွားပြီ၊ မနီးကပ်ပါဘူး။ မနီးကပ်ဘူး။ သူက ဒီအပိုင်းလေးက ကဏ္ဍတစ်ရပ် ကံနတ္တယ သွားပါတယ်။

နောက်တစ်ခု အဋ္ဌကထာဆရာတော်က မဟာရာဟုလောဝါဒသုတ္တန် အဋ္ဌကထာမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဆိုထားပါတယ်။ ဒီအာကာသဓာတ်ကို ဘုရားရှင် အရှုခိုင်းခြင်းသည် ဥပါဒါ ရူပဒဿနထက် ဥပါဒါရုပ်တွေကို ဝိပဿနာရှုဖို့ရန်အတွက် ညွှန်ကြားလိုလို့ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်တယ်လို့ ရှင်းထားတယ်။ ဘာဆိုလိုတာလဲဆိုတော့ - ဘုန်းကြီးတို့ ရုပ်တရားထဲမှာ ဘူတရုပ်၊ ဥပါဒါရုပ် ဆိုပြီး ရုပ်နှစ်မျိုး ရှိပါတယ်။ ဘူတရုပ်ဆိုတာက ခု ဘုန်းကြီးဟောနေတဲ့ ဓာတ်ကြီးလေးပါးပဲ။ ဥပါဒါရုပ်ဆိုတာက ထိုဘူတရုပ်လို့ ခေါ်ဆိုအပ်တဲ့ ဓာတ်ကြီးလေးပါးကို မှီတွဲပြီး ဖြစ်ပေါ်လာတဲ့ ၂၄-မျိုးသော ရုပ်တရားတွေ ရှိတယ်။ အဲဒီ ဥပါဒါရုပ်က ၂၄-မျိုးရှိတော့ ဒီနေရာမှာ ဥပါဒါရုပ်ထဲက အာကာသဓာတ်တစ်ခုကို ရှုပါလို့ ညွှန်ကြားရင် ဥပါဒါရုပ် (၂၄)ပါးကို ရှုပါလို့ ညွှန်ကြားတာနဲ့ အတူတူပဲလို့ ဒီလို ဖွင့်ထားတယ်။ ဘာကို ကိုးကားသလဲလို့မေးတော့ ဘုရားရှင် ဟောကြားတော်မူတဲ့ ဒေသနာတော်တွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ယူဆရမယ်လို့ ရှင်းလင်းတင်ပြနေတဲ့ ကျမ်းစာတစ်ခု ရှိတယ်။ အဲဒီ ကျမ်းစာက နိတိပါဠိတော် ဖြစ်ပါတယ်။

ဒီနိတိပါဠိတော်က ဘယ်လို ဟောသွားသလဲလို့မေးရင်တော့ အရှင်မဟာကစ္စည်းမထေရ်မြတ် ဟောသွားတော်မူတဲ့ ကျမ်းတစ်ခု ဖြစ်ပါတယ်။ သင်္ဂါယနာ ရှင်မဟာကဿပ ဦးဆောင်နေတဲ့ သင်္ဂါယနာ မထေရ်ဆရာတို့ကလည်း ပါဠိတော်စာရင်းမှာ ထည့်သွင်းပြီးတော့ ဒီနိတိပါဠိတော်ကြီးကို ထည့်သွင်းပြီး သင်္ဂါယနာ တင်ထားကြပါတယ်။ အဲဒီ နိတိပါဠိတော်မှာ လက္ခဏာဟာရနိတိနည်းဆိုတဲ့ နိတိနည်းတစ်ခု ရှိပါတယ်။ ဒီလက္ခဏာဟာရနိတိနည်းဆိုတာက ဘာပြောတာလဲလို့ မေးရင် တစ်ခါတစ်ရံ ဘုရားရှင်က လက္ခဏာချင်းတူလို့ ဓာတ်သဘာဝတွေကို ပေါင်းပြီး ဟောသွားတယ်။ ဒီတော့ အာကာသဓာတ်ဟာလည်း ဥပါဒါရုပ်၊ ကျန်နေတဲ့ ၂၃-မျိုးသော ရုပ်တွေကလည်း ဥပါဒါရုပ်။ ဥပါဒါရုပ်ဆိုတဲ့ ဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ ရုပ်သဘောချင်း တူလို့ မြတ်စွာဘုရားက အာကာသတခုထဲမှာ ကျန်နေတဲ့ ဥပါဒါရုပ်တွေအားလုံး စုပေါင်းပြီး ဟောသွားတာ။ ဘာဖြစ်လို့ ဟောသလဲ? ရှင်ရာဟုလာက နားလည်နိုင်တဲ့ စွမ်းအား ရှိနေတယ်။ ဘာဖြစ်လို့ ဒီလို နားလည်နိုင်တဲ့ စွမ်းအား ရှိရသလဲ? အဲဒီသုတ္တန်ဖြစ်ပေါ်လာတဲ့ အကြောင်းလေးကို ဘုန်းကြီး နည်းနည်းပြောရင် ဒကာကြီးတွေ၊ ဒကာမကြီးတွေ ပိုသဘောပေါက်မယ်။

တစ်ချိန်မှာ မြတ်စွာဘုရားနဲ့ ရှင်ရာဟုလာတို့ မြို့တွင်း ဆွမ်းခံ ကြွကြတယ်။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ ပကတိရောင်ခြည်တော်က မလွှတ်ဘူး ဆိုလို့ရှိရင်ပေါ့ - ပင်ကိုယ်ထွက်နေကျ ရောင်ခြည်တော်တွေက သင်္ကန်းကို ထိုးဖောက်ပြီးတော့ အပြင်ကို ဗျာမလို့ခေါ်တဲ့ အတိုင်းအတာအားဖြင့် ထွက်လာတယ်။ ဒီတော့ ဗျာမဆိုတာကတော့ နည်းနည်းလေး ခက်နေတယ်နော်။ စာပေမှာ ဒီဗျာမ ဘုရားရှင်ရဲ့ ရောင်ခြည်တော်ကို ဒီဗျာမဆိုတဲ့ စကားလုံးကို များသောအားဖြင့် ဘာသာပြန်တာကတော့ တစ်လံဆိုပြီး ဘာသာပြန်ကြပါတယ်။ အဲဒီ ဘာသာပြန်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ ဆရာတော်ဦးဝါသေဋ္ဌကတော့ သူ့ရဲ့ ပရိတ်ကြီးနိဿယမှာ သူလည်း နည်းနည်းလေး ဝေဖန်ရှင်းလင်းထားတယ်။ သူကတော့ ဒီဗျာမဆိုတာဟာ တစ်လံကို ပုံသေပြောနေတဲ့စကား မဟုတ်ဘူးလို့တော့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ?

ဦးပဉ္စင်းတို့ မင်္ဂလမြတ်စွာဘုရား ရောင်ခြည်တော်တွေဟာ တစ်လောကလုံးကို ခြုံပြီးသွားအောင် လူတွေ၊ နတ်တွေ၊ နေတွေ၊ လတွေရဲ့ အရောင်အလင်းကို လွှမ်းမိုးပြီးတော့ တစ်လောကလုံး လင်းနေတယ်။ နေ့ရော၊ ညရော။ အဲဒီ ရောင်ခြည်တော်ကိုလည်း ဗျာမလို့ သုံးထားတယ်။ ခု ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ ရောင်ခြည်တော်ကိုလည်း ဗျာမလို့ သုံးထားတယ်။ ဒါကြောင့် တိပိဋကတရ ဖြစ်တော်မူတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးကတော့ သူ့ရဲ့ မဟာဗုဒ္ဓဝင်မှာ ဒီဗျာမကို သူက အတောင် ၈၀-ဆိုပြီး ဒီလို သူကတော့ ဘာသာပြန်ထားတယ်။ ကဲ ရှိစေတော့။ အဲဒီ ဘုရားရှင်ရဲ့ ဒီပင်ကိုယ် ပကတိ ရောင်ခြည်တော်ကိုပေါ့ - လွှတ်လိုက်ရင်တော့ လွှတ်လိုက်တဲ့အတိုင်း တန်ခိုးနဲ့ ဖန်ဆင်းလွှတ်လိုက်ရင်တော့ လွှတ်လိုက်တဲ့အတိုင်း သွားပါတယ်။ ခုနက ပင်ကိုယ် ခန္ဓာအိမ်တော်က ထွက်နေတဲ့ ရောင်ခြည်တော်ပဲနော်။ အဲဒီ ရောင်ခြည်တော်တွေက သင်္ကန်းကို ထိုးဖောက်ပြီးတော့ အပြင်ကို ထွက်တယ်။ ထွက်နေတော့ ရှင်ရာဟုလာက နောက်ကနေ စဉ်းစားတယ်။ မီးသီးတစ်လုံးကိုပေါ့ အပေါ်က သင်္ကန်းလေး သွားပြီး ပတ်ထားသလိုနော်။ ရောင်ခြည်တွေက အပြင်ကို ထိုးဖောက်ပြီး ထွက်နေတော့ သူက ဆွမ်းခံရင်းနဲ့ စဉ်းစားတယ် -

'ဩော် ... ဘုရားရှင်ဟာ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာနဲ့ ပြည့်စုံတော်မူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အကယ်၍သာ လူ့လောကမှာ နေခဲ့မယ် ဆိုရင် စကြဝတေးမင်းဖြစ်မဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အကယ်၍ ဘုရားရှင်သာ စကြဝတေးမင်းဖြစ်ခဲ့မယ်ဆိုရင် ငါဟာ သားကြီးရတနာ ဧကန် ဖြစ်ရမှာပဲ'' စသည်ဖြင့် သူက စိတ်ကူးသွားတယ်နော်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ၊ ဒကာမကြီးတွေကော ဒီလိုစိတ်များ ကူးဖူးသလား? ကူးချင်လည်း ကူးဖူးကြမှာပေါ့။ အဲဒီလို စိတ်ကူးသွားတဲ့ အခါကျတော့ “'ဩော် ... ရာဟုလာရဲ့သန္တာန်မှာ စိတ်ကူးတွေက သိပ်အားကောင်းလာရင်တော့ မဂ်ဖိုလ်ရဲ့ အန္တရာယ်တော့ ဖြစ်တော့မယ်''ဆိုပြီး ဘုရားရှင်က မတ်တပ်ရပ်လိုက်တယ်။ မတ်တပ်ရပ်ပြီး နောက်ကို သေသေချာချာ တစ်ကိုယ်လုံး လှည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ?

ဘုရားရှင်တို့ အရိုးတွေက ကွင်းဆက်ဖြစ်တော့ ခေါင်းလေးတွင် လှည့်လို့ မရဘူးနော်။ တစ်ကိုယ်လုံး လှည့်မှ လှည့်လို့ရတယ်။ အဲဒါနဲ့ ဘုရားရှင်က လှည့်ပြီးတော့ ရှင်ရာဟုလာကို ဆုံးမတယ်။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေကို 'နေတံမမ = ငါ့ဟာ မဟုတ်၊ နေသော ဟမသ္မိံ = ငါမဟုတ်၊ နမေသော အတ္တာ = ငါရဲ့ အတ္တ မဟုတ်ဘူးလို့' ရာဟုလာ ရှုပါ။ ဒီလို ပြန်ပြီးတော့ ညွှန်ကြားပေးလိုက်တယ်။ ညွှန်ကြားလိုက်တဲ့ အချိန်အခါကျတော့ ရှင်ရာဟုလာ ဘာပြန်မေးလဲ?

‘‘ရူပမေဝ နု ခေါ, ဘဂဝါ, ရူပမေဝ နု ခေါ, သုဂတာ’’တိ?
တပည့်တော် ရုပ်ကိုပဲ ရှုရမလား? ဒီလို မေးလိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားရှင်က ဝေဒနာကိုလည်း ရှုပါ၊ သညာကိုလည်း ရှုပါ၊ သင်္ခါရကိုလည်း ရှုပါ၊ ဝိညာဏ်ကိုလည်း ရှုပါလို့ ဒီလို ပြန်ညွှန်ကြားလိုက်တယ်။ ရှုရမဲ့တရားတွေက ဘာတွေလဲ? အတိတ်ခန္ဓာငါးပါး၊ အနာဂတ်ခန္ဓာငါးပါး၊ ပစ္စုပ္ပန်ခန္ဓာငါးပါး၊ အဇ္ဈတ္တခန္ဓာငါးပါး၊ ဗဟိဒ္ဓခန္ဓာငါးပါး၊ ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့၊ သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ခန္ဓာငါးပါး၊ ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့၊ ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ခန္ဓာငါးပါး၊ ဒူရခေါ်တဲ့ ဝေးတဲ့၊ သန္တိကခေါ်တဲ့ နီးတဲ့ ခန္ဓာငါးပါး။ ပေါင်းလိုက်တော့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို 'နေတံမမ = ငါ့ဟာ မဟုတ်၊ နေသော ဟမသ္မိံ = ငါမဟုတ်၊ နမေသော အတ္တာ = ငါရဲ့ အတ္တ မဟုတ်ဘူးလို့' ဒီလို ရှုပါဆိုပြီး ဘုရားရှင်က ညွှန်ကြားထားတာ။ အဲဒီလို ညွှန်ကြားလိုက်တဲ့ အချိန်အခါမှာ ငါ့ဟာ မဟုတ်၊ ငါမဟုတ်၊ ငါရဲ့ အတ္တ မဟုတ်လို့ ရှုပါဆိုတာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုပါ တူတဲ့အကြောင်း အဋ္ဌကထာကလည်း ရှင်းထားပါတယ်။ ကဲ ဒါတော့ ထားလိုက်တော့နော်။

ဒီတော့ ဒီအတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပါလို့ ဒီလို ဘုရားရှင်က ညွှန်ကြားလိုက်တယ်။ နည်းနည်းလေး စဉ်းစားကြည့်စမ်းနော်။ ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ မဟာကရုဏာတော်ဓာတ်ပေါ့ - “ဟေ့ကောင် ရာဟုလာ ... မင်းဘာတွေ စဉ်းစားနေလဲ' ဒီလို မေးသလား? မမေးပါဘူး။ ဒါ အင်မတန် ရိုင်းစိုင်းတဲ့ အလုပ်တွေပဲ။ တစ်ဦးနဲ့တစ်ဦး ဘုရားရှင်တို့ရဲ့ သဘောက နည်းလမ်း ညွှန်ကြားပေးတာပဲ။ ဒီကြံစည်စိတ်ကူးမှု ဝိတက်တွေ ကင်းပျောက်ရေးအတွက် ဘယ်လို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတဲ့ နည်းလမ်းကိုသာ ညွှန်ကြားပေးတာပါ။ သိတော်မူတယ်နော်။ ဘယ်လို ရှုပွားသုံးသပ်ရင် ဒီကြံစည်စိတ်ကူးမှုတွေ ပျောက်သွားမယ်ဆိုတာ သိတယ်။

ဘုရားရှင်က ဒီလို သိလျက်နဲ့ ဘာကြောင့် ရုပ်ကို ရှုဖို့ ညွှန်ကြားရသလဲလို့မေးတော့ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တွေ ဆိုတာက ရုပ်တရားကို အမှီပြုပြီး ဖြစ်ပေါ်လာတာ။ ရုပ်တရားကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ဒီရုပ်တရားတွေအပေါ်မှာ သူက တွယ်တာ မက်မောနေတဲ့အတွက် ရုပ်တရားအပေါ် တွယ်တာမက်မောနေတဲ့ တဏှာကို ကင်းပြတ်စေချင်တဲ့အတွက် ဘုရားက အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်ဖြင့် ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပါလို့ ပထမ ညွှန်ကြားလိုက်တယ်။ ညွှန်ကြားလိုက်တော့ ရှင်ရာဟုလာကလည်း သူက နားလည်ပြီးသားပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ရှုထားတတ်ပြီးတဲ့ပုဂ္ဂိုလ်လည်း ဖြစ်နေတယ်။ ဖြစ်နေခြင်းကြောင့် သူက ဘာလျှောက်သလဲ?

'အရှင်ဘုရား ... တပည့်တော် ရုပ်ပဲ ရှုရမလား?' ဒီလို လှမ်းပြီး မေးတယ်။ မေးတော့မှ ဘုရားရှင်က ရုပ်ကိုလည်း ရှုပါ၊ ဝေဒနာကိုလည်း ရှုပါ၊ သညာကိုလည်း ရှုပါ၊ သင်္ခါရကိုလည်း ရှုပါ၊ ဝိညာဏ်ကိုလည်း ရှုပါ ဆိုပြီး ပြန်ပြောလိုက်တယ်။ ပြောလိုက်တော့ အဲဒီ စကားအချီအချလေး ပြီးပြီ ဆိုကြပါစို့နော်။ ရှင်ရာဟုလာ စဉ်းစားပြီ။ “ဘုရားရှင်တို့ရဲ့ အဆုံးအမမည်သည် အင်မတန် ရခဲပေတယ်။ ငါ ဆက်ပြီး ဆွမ်းခံသွားဖို့တော့ မတော်ဘူး။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ ရရှိလို့ ရရှိလာတဲ့ သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ဟောကြားတဲ့ ဒီတရားမျိုး၊ ဒီအဆုံးအမမျိုးဆိုတာ အင်မတန် ရခဲတယ်။ ဒီအဆုံးအမ ရနေတဲ့ ငါလို ပုဂ္ဂိုလ်တစ်ယောက် ဒီနေ့ ငါ ဆွမ်းခံပြီး စားဖို့ရန် မတော်တော့ဘူး' ကျောင်းပြန်သွားတယ်။ ကျောင်းပြန်သွားပြီးတော့ အဲဒါ သစ်ပင်အောက်မှာ ထိုင်ပြီးတော့ တရားအားထုတ်တော့တာပဲ။

ဘုရားရှင် ညွှန်ကြားတဲ့အတိုင်း ခန္ဓာကိုယ် ဖြောင့်ဖြောင့်ထား မတ်မတ်ကလေး ထားပြီး မျက်စိမှိတ်ပြီးတော့ ဒီအတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနေတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ပြဿနာတစ်ခု ပေါ်လာပြန်တယ်။ အရှင်သာရိပုတြာရဲ့ အလေ့အထက ဘုရားအမှူးရှိတဲ့ သံဃာတော်များ ဆွမ်းခံကြွပြီဆိုရင် သူက ကျောင်းမှာ ကျန်ရစ်တတ်တယ်။ ဘာဖြစ်လို့လဲ? ကျောင်းမှာ တံမြက်စည်း မလှဲရသေးတဲ့ နေရာတွေရှိရင် တံမြက်စည်းလှဲတယ်။ သောက်ရေ၊ သုံးဆောင်ရေ မတည်ရသေးတဲ့ နေရာရှိရင် သောက်ရေ၊ သုံးဆောင်ရေ တည်တယ်။ မသိမ်းဆည်းရတဲ့ သင်္ကန်းတွေ၊ အမြင်မတော်တဲ့ ပရိက္ခရာ အသုံးအဆောင်တွေ ရှိခဲ့ရင် ဒါတွေအားလုံး သိမ်းဆည်းပြီးမှ သူက ဆွမ်းခံကြွတဲ့ အလေ့အထ ရှိပါတယ်။ ဘာဖြစ်လို့လဲ?

သာသနာပ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေက ကျောင်းထဲ ဝင်လာလိုက်လို့ ကြည့်လိုက်လို့ အမြင်မတော်တာတွေ ခပ်များများ တွေ့ရရင် “ဩော် ... ဒီကိုယ်တော်တွေဟာ သူများလှူတာ စားပြီးတော့ ကျင့်ဝတ်ပဋိပတ်ကို ဘာမှ နားမလည်တဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဒီလို စွပ်စွဲကဲ့ရဲ့မှာကို အလိုမရှိဘူး။ စွပ်စွဲကဲ့ရဲ့တဲ့ပုဂ္ဂိုလ်တွေအပေါ်မှာလည်း အကုသိုလ်တရားတွေ တိုးပွားစေတာကို ရှင်သာရိပုတြာကိုယ်တော်မြတ်က အလိုမရှိပါဘူး။ ဒါကြောင့် ကျောင်းထဲမှာ သိမ်းသင့်သိမ်းထိုက်တဲ့ ပစ္စည်းတွေ သိမ်းဆည်းပြီးမှ တံမြက်စည်း လှဲသင့် လှဲထိုက်တဲ့ နေရာတွေ လှဲပြီးမှ ရှင်သာရိပုတြာကိုယ်တော်မြတ်က ဆွမ်းခံကြွလေ့ ရှိတယ်။ နောက်ကျတယ်။ ထိုနေ့မှာလည်း ဒီအတိုင်းပဲ။ ရှင်သာရိပုတြာက နောက်ကျပြီး ဆွမ်းခံကြွလာတော့ သစ်ပင်အောက်မှာ ရှင်ရာဟုလာ ထိုင်နေတာကို လှမ်းကြည့်လိုက်တော့ ရှင်သာရိပုတြာကိုယ်တော်မြတ်က ရှင်ရာဟုလာရဲ့ ဥပဇ္ဈာယ်ဆရာဖြစ်ပါတယ်။ ဥပဇ္ဈာယ်ဆရာဖြစ်နေခြင်းကြောင့် သူက ဘာဆုံးမလိုက်လဲ?

'ရာဟုလာ ... အာနာပါနကမ္မဋ္ဌာန်းကို ပွားလော့။ အာနာပါနကမ္မဋ္ဌာန်းသည် အင်မတန် အကျိုးကြီးတယ်' ဆိုပြီး ဒီလို ဆုံးမပြီး ဆွမ်းခံသွားတယ်။ ရှင်ရာဟုလာကတော့ စဉ်းစားပြီ “အရှင်ဘုရား ... တပည့်တော်က ဘုရားဟောလိုက်တဲ့တရား အားထုတ်နေတာ။ အရှင်ဘုရား လာပြီးတော့ တပည့်တော်ကို ဒီကမ္မဋ္ဌာန်း ထပ်မပေးနဲ့' ဒီလို ပြောသလား? မပြောဘူး။ လိမ္မာတဲ့ သူတော်ကောင်းနော်။ အဲဒီတော့ ဘုရားကလည်း ဆုံးမလိုက်ပြီ၊ ရှင်သာရိပုတြာကလည်း ဆုံးမလိုက်ပြီ။ “တစ်နေ့တစ်နေ့ ငါရဲ့ ဥပဇ္ဈာယ်ဆရာထံမှ ငါရဲ့ ဘုရားရှင်ထံမှ ဒီသဲထုအမျှ အဆုံးအမ ဩဝါဒတွေ ရပါစေ'ဆိုပြီး နေ့စဉ် သူက သင်္ကန်းလေးနဲ့ သဲတွေ ထုပ်ထုပ်ပြီး ဘုရားရှင်ရဲ့ ဂန္ဓကုဋီကျောင်းပတ်ဝန်းကျင်မှာ အမြဲတမ်း ခင်းနေတယ်။

ဒီတော့ ဆရာသမားတို့ရဲ့ အဆုံးအမ ဆိုတာလည်း အင်မတန် ရခဲတဲ့သဘော၊ ဘုရားရှင်ရဲ့ အဆုံးအမ ဆိုတာလည်း အင်မတန် ရခဲတဲ့သဘော ရှိခြင်းကြောင့် ဘုရားရှင် ဆုံးမတဲ့အတိုင်းပဲ သူက အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်ဖြင့် ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီခန္ဓာငါးပါးကို သူက ဝိပဿနာ တွင်တွင်ရှုနေပါတယ်။ ရှုနေပေမဲ့လို့ ဣန္ဒြေက မရင့်ကျက်သေးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကတော့ မဆိုက်သေးဘူး။ သို့သော် သူက အဲဒီအချိန်အခါမှာ နည်းနည်း ကြားဝင်ဖြတ်တဲ့ ပြဿနာလေးတစ်ခု ရှိတယ်။ ဘုရားရှင်က ထိုနေ့မြို့တွင်းမှာ ဆွမ်းဘုဉ်းပေးပါတယ်။ ဆွမ်းဘုဉ်းပေးတဲ့ အချိန်အခါမှာလည်း ကျောင်းမှာ ရာဟုလာတစ်ပါးတော့ ကျန်ခဲ့တယ်ကွယ် မင်းတို့ သွားဆွမ်းပို့လိုက်လို့ ဘယ်တော့မှ မပြောဘူး။ အရှင်သာရိပုတြာ မထေရ်မြတ်ကြီးကလည်း ရာဟုလာတစ်ပါးတော့ ကျောင်းမှာ ကျန်ရစ်ခဲ့တယ်။ သူ့အတွက် ဆွမ်းလေး ယူသွားဦးမှ တော်မယ်ဆိုတဲ့ စိတ်ထား နည်းနည်းမှ မဖြစ်ဘူး။ ယူလည်း မသွားဘူး။

ရှင်ရာဟုလာဘက်က ပြန်ပြီး ကြည့်လိုက်ပြန်တော့လည်း ငါ ကျောင်းမှာ တရားအားထုတ်ပြီး ထိုင်နေတာ ငါရဲ့ ဘုရားရှင်လည်း သိတယ်၊ ငါ့ရဲ့ ဖခမည်းတော်ဖြစ်တဲ့ ဘုရားရှင်လည်း သိတယ်၊ ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ ရှင်သာရိပုတြာကြီးလည်း သိတယ်။ သူတို့ ငါ့အတွက်တော့ ဆွမ်းယူလာမှာပဲ။ မလာနိုင်ရင်လည်း တစ်ယောက်ယောက်တော့ အပို့ခိုင်းလိုက်မှာပဲ ဆိုတဲ့ ဒီစိတ်ဓာတ်ကလေး နည်းနည်းတောင် မဖြစ်ဘူး။ ဘယ့်နှယ်တုန်း တရားနာ ပရိသတ်တွေ ကောင်းလား၊ မကောင်းဘူးလား? ကောင်းတယ်။ ဒါဖြင့်ရင် မနက်ဖြန်ကျရင် အဲဒီလို ကျင့်မလား? သူက သူတော်ကောင်းတို့က တစ်ဦးအပေါ်မှာ တစ်ဦး အပြစ်ကို မမြင်ကြဘူး။ ခွင့်လွှတ်နိုင်တဲ့စိတ်ထား အမြဲရှိကြတယ်။ ဒါဟာ သူတော်ကောင်းတို့ရဲ့ ဓမ္မတာပဲ။ ခွင့်လွှတ်နိုင်တဲ့စိတ်ထား ရှိခြင်းနဲ့ ခွင့်မလွှတ်နိုင်တဲ့စိတ်ထား ရှိခြင်းသည် ဘယ်ဒင်းက ကုသိုလ်တရား တိုးပွားဖို့ရန်အကြောင်း ဖြစ်သလဲ? ခွင့်လွှတ်နိုင်တဲ့စိတ်ထားက ကုသိုလ်တရား တိုးပွားဖို့ရန်အတွက် အကြောင်းတရား ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း အားလုံးပဲ ဘုန်းကြီးကတော့ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားလေး အမြဲတမ်း ရှိစေချင်ပါတယ်နော်။

ကဲ ညနေချမ်းရောက်ပြီ။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာက စဉ်းစားတယ်။ ဥပဇ္ဈာယ်ဆရာရဲ့ အဆုံးအမဆိုတာ ရခဲတယ်။ ဒီတော့ ဥပဇ္ဈာယ်ဆရာတော်က ငါ့ကို အာနာပါနကမ္မဋ္ဌာန်း ပွားများ အားထုတ်ဖို့ရန်အတွက် ဆိုဆုံးမသွားတယ်။ ဒီအဆုံးအမကို ငါမလိုက်နာဘူးဆိုရင် ငါဥပဇ္ဈာယ်ဆရာရဲ့စကားကို နားမထောင်ရာ ကျမယ်။ ဘုရားရှင်ကလည်း ငါ့ကိုတော့ ဆိုဆုံးမပြီးပြီ။ ဆိုဆုံးမတဲ့အတိုင်းလည်း ငါလည်း ရှုလို့ ပြီးပြီ။ ဒီတော့ ဥပဇ္ဈာယ်ဆရာရဲ့ အဆုံးအမအတိုင်း ဒီအာနာပါနကမ္မဋ္ဌာန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာ ငါ ဘုရားရှင်ထံ သွားလျှောက်မှ တော်တော့မယ်ဆိုပြီး ညနေချမ်းအခါ ဘုရားရှင်ထံ သွားတယ်။ ကြွသွားပြီးတော့ ဘုရားရှင်ထံ အကျိုးအကြောင်း တင်ပြလျှောက်ထားပါတယ်။ တင်ပြလျှောက်ထားတော့ ဘုရားရှင်က သူ့ကို အာနာပါနကမ္မဋ္ဌာန်း အရင် ဟောမပေးဘူး။ ဘာဟောပေးလဲ? အဲဒီ ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းကို အရင်ဟောပေးလိုက်တယ်။

ပထဝီဓာတ်ကို ၂၀။ အားလုံး ကြားဖူးကြလိမ့်မယ်။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ စသည်ဖြင့် ပထဝီကောဋ္ဌာသ ၂၀-မှာ ဓာတ်ကြီးလေးပါး မြင်အောင် ရှုဖို့ ညွှန်ကြားတယ်။ အာပေါကောဋ္ဌာသ ၁၂-ပါးမှာလည်း ဓာတ်ကြီးလေးပါး၊ အာပေါဓာတ် ဦးဆောင်နေတဲ့ ဓာတ်ကြီးလေးပါး မြင်အောင် ရှုဖို့ ညွှန်ကြားပေးတယ်။ တေဇောကောဋ္ဌာသ ၄-မျိုးမှာလည်း တေဇောဓာတ် ဦးဆောင်နေတဲ့ ဓာတ်ကြီးလေးပါး မြင်အောင် ရှုဖို့ ညွှန်ကြားပေးလိုက်တယ်။ ဝါယောကောဋ္ဌာသ ၆-မျိုးမှာလည်း ဝါယောဓာတ် ဦးဆောင်နေတဲ့ ဓာတ်ကြီးလေးပါး မြင်အောင် ရှုဖို့ ညွှန်ကြားပေးလိုက်တယ်။ ပြီးတော့ အာကာသဓာတ်ရှုဖို့ ညွှန်ကြားတယ်။ ပြီးတော့မှ ဝိညာဏဓာတ်ရှုဖို့ ညွှန်ကြားတယ်။

အဲဒီလို ညွှန်ကြားနေတဲ့ အချိန်အခါမှာ ရှင်ရာဟုလာသန္တာန်ကို ပြန်ကြည့်လိုက်လို့ရှိရင် ခုနက အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုတတ်တဲ့ပုဂ္ဂိုလ် ဟုတ်သလား၊ မဟုတ်ဘူးလားလို့ မေးရင် ဘယ်လိုဖြေမလဲ? ဟုတ်နေပြီ။ ရှုရမယ်ဆိုတာကော သိသလား၊ မသိဘူးလားလို့မေးရင်ကော ဘယ်လိုဖြေမလဲ? သိနေပြီ။ နားလည်ပြီးသား ပုဂ္ဂိုလ်အချင်းချင်း ပြောတယ်ဆိုတာက အကုန်လုံး လုံးစေ့ပတ်စေ့ လိုက်ပြောနေဖို့ လိုသေးလား? မလိုတော့ဘူး။ တချို့နေရာတော့ လိုသင့်ရင်တော့ လိုတယ်ပေါ့။ မလိုသင့်တဲ့ နေရာလည်း မလိုတော့ဘူး။

ဒါကြောင့် ဘုရားရှင်က ဓာတ်ခြောက်ပါး ဟောလိုက်တယ်။ ဓာတ်ခြောက်ပါး ဟောလိုက်ရင် ရှင်ရာဟုလာကလည်း နားမလည်ဘူးလား? နားလည်တယ်။ ဘာဖြစ်လို့လဲ? ဓာတ်ကြီးလေးပါးသည် ဥပါဒါရုပ်နဲ့ ကင်းလို့ မရဘူး။ ဥပါဒါရုပ်ဟာလည်း ဓာတ်ကြီးလေးပါးနဲ့ ကင်းပြီး ဘယ်လိုမှ မဖြစ်ဘူး။ ဒါ ရုပ်ကလာပ်ကို မြင်လို့ ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်ပြီဆိုရင် ဒီအဆင့်က နားလည်သွားတယ်။ ခု ရှင်ရာဟုလာက ရုပ်ကလာပ်တွေကို ဓာတ်ခွဲနိုင်ရုံတွင် သာမက ဒီရုပ်ပရမတ်တရားတွေကို အတိတ် အနာဂတ် ပစ္စုပ္ပန် ဆိုတဲ့ ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ ခေါ်တဲ့ သန္တာန်နှစ်ပါးအတွင်းမှာ စနစ်တကျ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုနိုင်တဲ့ သူတော်ကောင်း ဖြစ်နေပြန်တယ်။ ဖြစ်နေခြင်းကြောင့် သူက နားလည်ပြီးသားပုဂ္ဂိုလ် ဖြစ်တယ်။ နားလည်ပြီးသား ပုဂ္ဂိုလ်အချင်းချင်း စကားပြောတာဟာ နားမလည်တဲ့ ပုဂ္ဂိုလ်အချင်းချင်း စကားပြောတာနဲ့ တူနိုင်ပါ့မလား? မတူနိုင်ဘူး။ ဒါကိုတော့ သဘောပေါက်ဖို့ လိုတယ်နော်။

ဒါကြောင့် ရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကလည်း အဲဒီလိုပေါ့ - တစ်ခါတစ်ရံ ဘုရားရှင်သည် နားလည်နေတဲ့ သူတော်ကောင်း တရားနာ ပရိသတ်က တရားလာပြီး နာခံနေတဲ့ ယောဂီက နားလည်တဲ့ ယောဂီဖြစ်ခဲ့ရင် တစ်ခါတလေ ခုလိုပေါ့ - အာကာသဓာတ်ကဲ့သို့ တစ်ခုလောက်ကိုပဲ ရှုဖို့ရန်အတွက် ညွှန်ကြားပေးလိုက်တယ်။ ဘာဖြစ်လို့လဲ? ဒီလို ရှုပါလို့ အာကာသဓာတ်ကို မြင်အောင် ရှုပါဆိုရင် ဥပါဒါရုပ်တွေအားလုံးကို ရှုပါလို့ ပြောတာနဲ့ အတူတူပဲဆိုတာ ရှင်ရာဟုလာက သိလည်း သိတယ်၊ ရှုလည်း ရှုတတ်နေတယ်။ အဲဒါကြောင့် ဘုရားရှင်က ညွှန်ကြားလိုက်တာ။ ဒါ လက္ခဏာဟာရနိတိနည်းလို့ ခေါ်ပါတယ်။ လက္ခဏာချင်း တူရာတွေကို စုပေါင်းပြီး ဟောပေးလိုက်တဲ့နည်းပဲ။ အလားတူပဲ - ဝိညာဏဓာတ်ကို ရှုပါလို့ ဘုရားရှင်က -
juhca91dh4j1r49k8hzl375jcn7ng6p မင်္ဂလသုတ်-၁၅/၉၇ 0 6238 21873 2026-04-13T19:09:48Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21873 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၄/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၆/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၅

ကဲ ဒီနေ့လည်း မင်္ဂလသုတ္တန် ဆက်ပြီး နာကြားကြည့်ကြရအောင်နော်။ ရှင်ရာဟုလာကို ဘုရားရှင်က ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်း ပေးသည့်အနက်က ဝိညာဏဓာတ်အကြောင်းကို ညက ပြောခဲ့ပါတယ်နော်။ ဒီတော့ ရုပ်ပိုင်းမှာ ဘုရားရှင်က ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ်ဆိုပြီးတော့ ဓာတ်ဘယ်နှစ်မျိုး ဟောလိုက်လဲ? ငါးမျိုး။ ရုပ် ၂၈-ပါး ကုန်ပြီနော်။ ဒါ နားလည်သွားပြီ။ နာမ်ပိုင်းကျတော့ ဘုရားရှင်က ဝိညာဏဓာတ်တစ်မျိုးပဲ ရှုဖို့ရန်အတွက် ညွှန်ကြားလိုက်တယ်။ ဒီညွှန်ကြားချက်ဟာလည်း လက္ခဏာဟာရနေတ္တိနည်းလို့ ခေါ်ပါတယ်။ လက္ခဏာချင်း တူရာတွေကို စုပေါင်းပြီးတော့ ဘုရားရှင်က ဟောကြားသွားတော်မူတဲ့ နည်းစနစ် ဖြစ်ပါတယ်။ ဘယ်လိုကြောင့်လဲ? စိတ်နဲ့ စေတသိက်တို့သည် လက္ခဏာချင်း တူနေတယ်။ ဘယ်လို လက္ခဏာချင်း တူနေသလဲ? နာမနလက္ခဏာလို့ ခေါ်ဆိုအပ်တဲ့ အာရုံသို့ ညွှတ်ကိုင်းရှိုင်းတတ်တဲ့ သဘောလက္ခဏာအားဖြင့် စိတ်နဲ့စေတသိက်တို့က တူညီတယ်။

စိတ်သည် ခုဆိုကြပါစို့ ... အာနာပါနရှုတယ်။ အာနာပါန အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ယောဂါဝစရပုဂ္ဂိုလ်က အာနာပါနဈာန်တွေ ဝင်စားတယ် ဆိုကြစို့။ အဲဒီ အာနာပါန ပထမဈာန်မှာ ဆိုလို့ရှိရင် စိတ်စေတသိက် နာမ်တရား ၃၄-လုံး ရှိပါတယ်။ သဗ္ဗစိတ္တသာဓာရဏ စေတသိက်လို့ ခေါ်ဆိုအပ်တဲ့ စေတသိက်က ၇-လုံး၊ ပကိဏ်းစေတသိက်လို့ ခေါ်ဆိုအပ်တဲ့ စေတသိက်က ၆-လုံး၊ သောဘဏ-သာဓာရဏစေတသိက်လို့ ခေါ်ဆိုအပ်တဲ့ သောဘဏစိတ်အားလုံးနဲ့ ဆက်ဆံနေတဲ့ စေတသိက်က ၁၉-လုံး၊ ပညိန္ဒြေစေတသိက်လို့ ခေါ်ဆိုအပ်တဲ့ စေတသိက်က ၁-လုံး၊ အသိစိတ်က ၁-လုံး။ အားလုံးပေါင်းလိုက်တော့ ဘယ်လောက်ရှိသလဲ? ၃၄-လုံး ရှိပါတယ်။

သို့သော်လည်း ဒီ ၃၄-တွေကို ရေတွက်ပြမယ်ဆိုရင်တော့ တရားက သိပ်မျောသွားမယ်။ တကယ်လက်တွေ့ ရှုနေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ဒီဌာနမှာ စနစ်တကျ သင်ပေးနေပါတယ်နော်။ ဒီတော့ အဲဒီ ၃၄-လုံးသော စိတ်စေတသိက်တွေထဲမှာ ဘုရားရှင်က ပုဂ္ဂိုလ်တို့ရဲ့ အဇ္ဈာသယဓာတ်ခံနဲ့ နှိုင်းချိန်ပြီးတော့ တစ်ခါတစ်ရံ ဝိညာဏဓာတ်လို့ ခေါ်ဆိုအပ်တဲ့ အသိစိတ်ကို ဦးစားပေးပြီး ရှုဖို့ရန် ညွှန်ကြားပေးတယ်။ ဒါက စိတ္တာနုပဿနာနည်းလို့ ခေါ်ပါတယ်။ ဒကာတော်သိကြားတို့လိုပေါ့။ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ဝေဒနာကို ဦးစားပေးပြီးတော့ နာမ်တရားတွေကို ရှုဖို့ ဘုရားရှင်က ညွှန်ကြားလိုက်တယ်။ ဒါ ဝေဒနာနုပဿနာနည်းလို့ ခေါ်ပါတယ်။ တချို့တချို့ သတ္တဝါတွေကျတော့ ဘုရားရှင်က ဖဿကို ဦးဆောင်ပြီးတော့ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားဖို့ရန် ညွှန်ကြားပေးလိုက်တယ်။ ဒါက ဓမ္မာနုပဿနာနည်းလို့ ခေါ်ပါတယ်နော်။

အဲဒီလို နည်းစနစ်တွေနဲ့ ဘုရားရှင်က ဒီနာမ်ပိုင်းရှုကွက်တွေကို အမျိုးမျိုး ဟောထားတော့ ခု ဒီဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းကို ရှုပွားဖို့ရန် ညွှန်ကြား-တဲ့အပိုင်းမှာ ဝိညာဏဓာတ်ကို ရှုဖို့ရန် ညွှန်ကြားလိုက်တော့ ဒါက အသိစိတ်ဝိညာဏ်ကို ပဓာန ဦးဆောင်ပြီးတော့ ရှုဖို့ရန် ညွှန်ကြားချက်လို့ ဒီလို သတ်မှတ်ရတယ်။ ဒီတော့ ဒီအသိစိတ်ဆိုတဲ့ ဝိညာဏဓာတ်သည် အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရယူခြင်းသဘောပဲ။ အာရုံယူလို့ရတဲ့ သဘောလေးကို သိတယ်လို့ ခေါ်တာ။ ခုဒီထဲမှာ လက်တွေ့ ရှုနေတဲ့ ယောဂီတွေ ရှိကြပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးကို ရှုသော်လည်း အာရုံယူလို့ မရသေးဘူးဆိုရင် ဒီကြည်လင်တောက်ပနေတဲ့ အာရုံ အာနာပါနပဋိဘာဂနိမိတ်ကို သိတယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ? အာရုံယူလို့ မရနိုင်သေးဘူး။ ရသွားပြီ ဆိုကြပါစို့နော် ...

အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးကို မိမိက ရှုလို့ မြင်ပြီဆိုရင်တော့ ဒါ အာရုံယူလို့ ရတယ်လို့ ခေါ်တယ်။ အာရုံယူလို့ ရပြီဆိုရင် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံကို သိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီ အသိနဲ့ ယှဉ်-တွဲပြီးတော့ ပထမဈာန်မှာပဲ ဆိုကြပါစို့ ... ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာလို့ ခေါ်တဲ့ ဈာန်အင်္ဂါငါးပါးတွေကို ယှဉ်တွဲပြီး မဖြစ်ဘူးလား? ဖြစ်တယ်။ ကျန်နေတဲ့ ခုနက ပြောခဲ့တဲ့ စေတသိက် ၃၃-လုံးသော စေတသိက်တွေအားလုံး ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ အပါအဝင် ဒီနာမ်တရားတွေလည်း အားလုံး ပြိုင်တူ ဖြစ်ကြတယ်။ ဖြစ်လိုက်တဲ့ အချိန်အခါမှာ အသိစိတ်က အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံဘက်သို့ ညွှတ်ကိုင်းရှိုင်းရင် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ အစရှိတဲ့ ဈာန်အင်္ဂါများ ဦးဆောင်နေတဲ့ စေတသိက်အားလုံးကလည်း ဒီအာနာပါနပဋိဘာဂနိမိတ်ဘက်သို့ အားလုံး ညွှတ်ကိုင်းရှိုင်း-နေတယ်။ ညွှတ်ကိုင်းရှိုင်းနေတဲ့ သဘောလက္ခဏာကို နာမနလက္ခဏာလို့ ခေါ်ပါတယ်။ ဒီနာမဏလက္ခဏာရှိတဲ့ တရားအားလုံးကို နာမ်ဆိုပြီးတော့ အတိုချုပ် ဘာသာပြန်လိုက်တာပဲ။ နာမဏလက္ခဏာရှိတဲ့ တရားတွေကို နာမ၊ နာမကို စကားလုံး ပြန်စရာမရှိတော့ နာမ်ဆိုပြီးတော့ ဘာသာပြန်လိုက်တာပဲ။

နာမ်ဆိုတဲ့သဘောတရားက ဘာကို နာမ်လို့ ခေါ်သလဲ? အာရုံဘက်သို့ ညွှတ်ကိုင်းရှိုင်းတတ်တဲ့ သဘာဝလက္ခဏာကို နာမ်လို့ ဒီလို ခေါ်တာ။ ဒီတော့ ဒီထဲမှာ အဖြူကသိုဏ်းကို ရှုတတ်တဲ့ ယောဂီပုဂ္ဂိုလ်တွေလည်း ပါကောင်း ပါကြပါလိမ့်မယ်။ ဒီစိတ်ပဲ။ အဖြူကသိုဏ်းအာရုံဘက်သို့ စိတ်ကို ပို့ဆောင်-ပြီးတော့ အဖြူကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ပို့ဆောင်ပြီး ရှုလိုက်လို့ အဖြူကသိုဏ်း ပဋိဘာဂနိမိတ်ဖြင့် မိမိကလည်း စတုတ္ထဈာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်နိုင်ပြီ ဆိုလို့ရှိရင် ဒီစိတ်သည် ဘယ်ဘက်သို့ ညွတ်နေသလဲ? အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံသို့ စိတ်ကို ပို့ဆောင်ပြီး ရှုလိုက်လို့ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ဖြင့် မိမိကလည်း စတုတ္ထဈာန်သမာဓိ ဆိုက်အောင် သမာဓိကို ထူထောင်နိုင်ပြီးဆိုလျှင် ဒီစိတ်သည် ဘယ်ဘက်သို့ ညွတ်နေလဲ? အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံဘက်သို့ ညွတ်ခဲ့ပြီဆိုရင် ဒီစိတ်နဲ့ စိတ္တက္ခဏ တစ်ခုအတွင်းမှာ အတူယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ အစရှိတဲ့ စေတသိက်တွေကလည်း ဒီအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံဘက်သို့ပဲ ညွတ်ကိုင်းရှိုင်းနေတယ်။ အဲဒီလို ညွတ်ကိုင်းရှိုင်းနေတဲ့ နမနလက္ခဏာသဘောအားဖြင့် တူညီနေလို့ တစ်ခါတစ်ရံ ဘုရားရှင်က ဝိညာဏဓာတ်ကို ရှုပါဆိုပြီး ဒီလို ညွှန်ကြားတာ။ ဒါက အကြောင်းပြချက်တစ်ခု။

နောက်တစ်ခုကတော့ စိတ်တို့မည်သည် စေတသိက်နဲ့ ကင်းပြီး ဘယ်တော့မှ ဖြစ်ရိုးဓမ္မတာ မရှိဘူး။ စေတသိက်တို့မည်သည်လည်း စိတ်နဲ့ကင်းပြီး ဖြစ်ရိုးဓမ္မတာ ဘယ်တော့မှ မရှိဘူး။ ဖြစ်ခဲ့ရင် စိတ်စေတသိက်တို့သည် အုပ်စုအလိုက် ဖြစ်တတ်ပါတယ်နော်။ ဖြစ်တတ်တော့ ဒီအုပ်စုတွေထဲက ဦးဆောင်နေတဲ့ တရားတစ်လုံးကို ရှုပါလို့ ပြောလိုက်ရင် ကြွင်းကျန်နေတဲ့ တရားတွေကိုလည်း သိမ်းကြုံးပြီး ရေတွက်ယူရတယ်။ ဒါကို ပဓာနနည်းလို့ ခေါ်ပါတယ်။ ဒီတော့ ဒီနေရာမှာ အာရုံကို ယူတဲ့အပိုင်းလေးမှာ စိတ်က သူက ပဓာနပြဋ္ဌာန်းတဲ့တရားတစ်ခု ဖြစ်တယ်။ ပဓာနဆိုတာမှာ နှစ်ခု ရှိပါတယ်။ ခေါင်းဆောင်ဖြစ်လို့ ပဓာနပြဋ္ဌာန်းတာလည်း ရှိတယ်။ ရှေ့ကနေဖြစ်လို့ ခေါင်ဆုံးဖြစ်လို့ ပြဋ္ဌာန်းတာလည်း ရှိတယ်။ အဲဒီတော့ ဒီစိတ်စေတသိက်တရားတွေမှာ ဘယ်တရားက အရင်ဖြစ်တယ်၊ ဘယ်တရားက နောက်ဖြစ်တယ် မရှိဘူး။ စိတ္တက္ခဏတစ်ခုအတွင်းမှာတော့ အတူပြိုင်တူ ဖြစ်ကြတာချည်းပဲ။ အဲဒီ ဖြစ်နေတဲ့တရားတွေထဲမှာ ဒီစိတ်ကို ပုဗ္ဗင်္ဂမပဓာနပြဋ္ဌာန်းတဲ့တရားဆိုပြီး ဒီလို သတ်မှတ်ပြီး ဟောထားတော့ ဘယ်လို ပြဋ္ဌာန်းတာလဲလို့မေးတော့ သူက ပုရေဇာတိကပုဗ္ဗင်္ဂမ မဟုတ်ဘဲ ပဓာနပုဗ္ဗင်္ဂမ ဖြစ်နေတယ်။ ရှေ့ကသွားလို့ သူ့ကို ရှေ့သွားခေါင်းဆောင်လို့ ပြောနေတာ မဟုတ်ဘူး။ အာရုံကို ရယူတဲ့နေရာမှာ သူက ပြဋ္ဌာန်းနေတဲ့အတွက်ကြောင့် သူ့ကို ပဓာနပုဗ္ဗင်္ဂမတရားဆိုပြီး ဒီလို သုံးထားတယ်။

အဲဒီလို ပဓာနနည်းအားဖြင့် စိတ်ကို ရှုပါလို့ ပြောရင် နောက်လိုက်လည်း မပါဘူးလား? ပါတယ်။ ရှင်ဘုရင် ကြွလာပြီဆိုပြီး ပြောဆိုကြပြီ။ ရှင်ဘုရင်တစ်ဦးတည်း လာတာတော့ မဟုတ်ဘူး။ နောက်လိုက် အခြွေအရံ ပရိသတ်တော့ ပါလိမ့်မယ်။ သို့သော်လည်း ဒီအုပ်စုမှာ ရှင်ဘုရင်က ပြဋ္ဌာန်းနေတယ်။ ပြဋ္ဌာန်းနေခြင်းကြောင့် ရှင်ဘုရင် ကြွလာတယ်လည်း သုံးလိုက်တဲ့အခါမှာ ရှင်ဘုရင်သာ ကြွလာသည်မဟုတ် နောက်လိုက် ပါသင့်ပါထိုက်တဲ့ အခြွေအရံ ပရိသတ်တွေလည်း ပါလာတယ်ဆိုတာ ပရိသတ်က နားမလည်ဘူးလား? နားလည်နေတယ်။ အဲဒီပုံစံစနစ်အားဖြင့်လည်း ဘုရားက ဟောပါတယ်နော်။

ဒါကြောင့် ဝိညာဏဓာတ်တစ်ခုကို ရှုပါလို့ ပြောလိုက်ရင် နာမ်တရားအားလုံး ပါသွားတယ်။ ဒီတော့ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ်ကို ရှုပါဆိုရင် ရုပ်တရားအားလုံး ပါသွားတယ်။ ရုပ်နာမ်နှစ်ပါး အားလုံး စုံမသွားဘူးလား? စုံသွားပြီ။ ဒေသနာဆိုတာ ယူဆတတ်ရင် အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီရုပ်တွေ နာမ်တွေကို အားလုံး ရှုနေရသလဲလို့မေးတော့ -

> **"သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ပ။

> သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။"** (သံ၊၂၊၂၄၉-၂၅၀၊၊)

သံယုတ်ပါဠိတော် စာမျက်နှာ ၂၄၉၊ ၂၅၀ မှာ ဘုရားရှင်က အပရိဇာနဏသုတ္တန်ဆိုတဲ့ အမည်ဖြင့် သုတ္တန်နှစ်ခု ဟောထားပါတယ်။ ထိုသုတ္တန်တွေမှာ ဘုရားရှင်ကိုယ်တော်တိုင်က အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ ခေါ်တဲ့ ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း မသိခဲ့ဘူးဆိုရင် သံသရာ-ဝဋ်ဆင်းရဲဒုက္ခကြီး ဘယ်လိုမှ မကုန်ခန်းနိုင်ဘူးလို့ ဒီလို အတိအကျ ဟောထားတယ်။ အဲဒီလို အတိအကျ ဟောထားတော့ ဘာကို ဉာတပရိညာလို့ ခေါ်သလဲ? ဉာဏ်စဉ်နည်းအရ ပြောရင် ရုပ်တွေ နာမ်တွေကို လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိတဲ့ ဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်။ ထိုရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ ဉာဏ်ကိုတော့ ပစ္စယပရိဂ္ဂဟ-ဉာဏ်လို့ ခေါ်ပါတယ်။ အဲဒီ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ဉာတပရိညာလို့ ခေါ်တယ်။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်တဲ့ သိသင့်သိထိုက်တဲ့ တရားတွေကို ထွင်းဖောက်သိမြင်နေတဲ့ ဉာဏ်တွေလို့ ဆိုလိုပါတယ်။

ဒီတီရဏပရိညာ ဆိုတာကတော့ အဲဒီ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိမ်းဆည်းထားတဲ့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တွေရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီး အနိစ္စတရားပဲ၊ ဒုက္ခတရားပဲ၊ အနတ္တတရားပဲလို့ ဒီလို စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက် ချနိုင်တဲ့ သမ္မသနဉာဏ်နဲ့ ဥဒယဗ္ဗယဉာဏ်ကို တီရဏပရိညာလို့ ခေါ်ပါတယ်။ ဒီအကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အပျက်သက်သက်ကို အာရုံယူပြီး ရှုနေတဲ့ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုနေတဲ့ အထက်ပိုင်း ဝိပဿနာဉာဏ် အားလုံးကိုတော့ ပဟာနပရိညာလို့ ဒီလို ခေါ်ပါတယ်။ ဒါကတော့ လောကီ ဝိပဿနာဉာဏ်ပိုင်း ပြောတာပါ။ အဲဒီလို ပရိညာပညာ သုံးချက်ဖြင့် အလုံးစုံသော ရုပ်တရား နာမ်တရားတွေကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ဘယ်လိုမှ မကုန်နိုင်ဘူးလို့ ဘုရားက အတိအကျ ဟောထားတယ်။ ဒီလို အတိအကျ ဟောထားတယ်ဆိုရင် ယောဂီသူတော်ကောင်းတွေ ဒီရုပ် ဒီနာမ်တွေကို ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာခေါ်တဲ့ ပရိညာပညာ သုံးချက်ဖြင့် ကုန်စင်အောင် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

ဘုရားစကားကို ဦးထိပ်ရွက် ပန်ဆင်နိုင်ဖို့တော့ သိပ်အရေးကြီးတယ်နော်။ ဒါကြောင့် ခု ဓာတ်ခြောက်ပါး ပေးပေမဲ့လို့ ဓာတ်ခြောက်ပါးတည်း ရှုရတာမျိုး ဟုတ်သလား? မဟုတ်ဘူးလို့ ဒီလို မှတ်ပါ။ ဒါက လုပ်ငန်းခွင် ရှုတဲ့အပိုင်းလေးမှာ ဘယ်တရားတွေကို တို့ရှုမှ နိဗ္ဗာန်ရမယ်ဆိုတာကို ကြိုတင် သိထားမှ ဒီတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုရ-မယ်ဆိုတဲ့ နည်းစနစ်ကိုလည်း ဆက်လက်ပြီး လိုက်နာကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ ခု ဘုန်းကြီးဟောနေတဲ့ အပိုင်းက ဘယ်အပိုင်းက စခဲ့သလဲလို့မေးတော့ ဓာတ်ကြီးလေးပါးဖြင့် သမာဓိထူထောင်လိုက်တဲ့ အချိန်အခါမှာ အကြည်ဓာတ်ကို ဆိုက်ပြီ။ အကြည်ဓာတ်ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲတုံး၊ ဖန်တုံး၊ မှန်တုံးကဲ့သို့ အကြည်တုံးကြီးအဖြစ်နဲ့ မြင်ပြီ။ အဲဒီ မြင်တဲ့အချိန်အခါမှာ ပါရမီရင့်ညောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ ကလာပ်အမှုန်တွေ လွယ်လွယ်နဲ့ တွေ့တတ်ပါတယ်။ မတွေ့လို့ရှိရင်တော့ အာကာသဓာတ်ကို မြင်အောင်ရှုပါ ဆိုပြီး ဒီအပိုင်းကို ပြောခဲ့တယ်နော်။

အာကာသဓာတ် ဆိုတာက ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက် ဖြစ်-တော့ ထိုရုပ်ကလာပ်တို့ရဲ့ အကြားအပေါက် ဖြစ်နေတဲ့ ဒီအာကာသဓာတ်ကို မြင်အောင် ရှုနိုင်ခဲ့ရင် ရုပ်ကလာပ် သွားတွေ့ပြီ။ ဘာဖြစ်လို့လဲ? အာကာသ ဆိုတာက ရုပ်ကလာပ် တစ်ခုနဲ့တစ်ခု မရောယှက်အောင် ကြားထဲက ပိုင်းခြားထားပေးတဲ့ နယ်မြေဒေသလေးတစ်ခုပဲ။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရောယှက်မှု မရှိအောင် ကြားမှာ ခြားထားတဲ့ နယ်ခြားဒေသလေးပဲနော်။ အဲဒီ အာကာသဓာတ်ကို မြင်ပြီ ဆိုတာနဲ့ ကလာပ်အမှုန်လေးတွေ စတွေ့ပြီ။ တွေ့လိုက်တဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ် အများစုမှာ ဘာဖြစ်တတ်သလဲ? ဒီကလာပ်အမှုန်လေးတွေက သိပ်ပြီး လျှင်လျှင်မြန်မြန်နဲ့ ဖြစ်ပြီး ပျက်နေတာ တွေ့တတ်တယ်။ အဲဒီအခါမှာ ဖြစ်ပျက်ဆိုပြီး သွားပြီးတော့ မရှုလိုက်နဲ့။ ရှုလိုက်လို့ ရှိရင်တော့ ဒီကလာပ်အမှုန်သည် ပရမတ္ထသစ္စာနယ်မှာ အသေးဆုံး အတုံးအခဲ အဖွဲ့အစည်းပဲ ရှိသေးတယ်။ ပညတ်နယ်ထဲမှာပဲ ရှိပါသေးတယ်။ ပရမတ်နယ်မြေသို့ ခြေစုံပစ်ပြီးတော့ မဝင်သေးဘူး။

ဒီတော့ ဒီကလာပ်အမှုန်လေး တစ်ခု တစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော စသည်ဖြင့် ဓာတ်သဘာဝတွေကို မြင်အောင် ဆက်လက်ပြီး ရှုရဦးမှာ ဖြစ်ပါတယ်။ အဲဒီလို ရှုရမဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ဒီကလာပ်အမှုန်လေးတွေကို အမှုန်တိုင်း ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာကို ကြည့်ပြီးတော့ ဖြစ်ပျက် ရှုခဲ့မယ်။ ဝိပဿနာ ရှုခဲ့မယ်ဆိုရင် ဘာဖြစ်တတ်သလဲ? ကလာပ်အမှုန်တွေက ပညတ်တရားတွေဖြစ်တော့ ပညတ်တရားတို့ မည်သည်မှာ ဒီလိုအပိုင်းမှာပေါ့နော် - ဉာဏ်နဲ့ ကြိတ်ချေကြည့်မယ်။ အနိစ္စလို့၊ ဒုက္ခလို့၊ အနတ္တလို့ ကြိတ်ချေကြည့်မယ်ဆိုရင် ကြာကြာ အကြိတ်အချေ မခံနိုင်ဘူး။ သူက ပရမတ်အစစ် မဟုတ်လို့ မခံနိုင်တော့ ဘာဖြစ်သလဲ? အဲဒီ ကလာပ်အမှုန်လေးတွေက တဖြည်းဖြည်း ပါးပါးပြီးတော့ ခုနက အကြည်ပြင်လိုက် ပြန်ဖြစ်သွားပြန်တယ်။ အကြည်ပြင်လိုက် ပြန်ဖြစ်သွားပြီ ဆိုလို့ရှိရင်တော့ တချို့တချို့ ပုဂ္ဂိုလ်များက ဘာပြောသလဲ? ရုပ်တွေ ချုပ်-သွားပြီ။ သူတို့က ဒီလိုပြောတယ်။ ကဲ ရုပ်ချုပ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ရှေ့ဆက်ပြီးတော့ သူတို့က ရှုလိုက်တော့ ဘာဖြစ်သလဲ? အဲဒီ အကြည်ပြင်မှာ စိတ်ကို အသာလေး မှေးပြီးတော့ လျော့ချတတ်ရင် သူတို့က သမာဓိကလည်း ရှိနေပြီလေ။ လျော့ချတတ်လိုက်ရင် ဘာဖြစ်သွားသလဲ? ဘဝင် ကျကျသွားတယ်။

ဘဝင်ကျသွားတဲ့ အချိန်အခါမှာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်-ဖြစ်စေ၊ ကောင်းတဲ့လုပ်ငန်းဖြစ်စေ၊ မကောင်းတဲ့လုပ်ငန်းဖြစ်စေ လေ့ကျင့်ရင် မအောင်မြင်ဘူးလား? အောင်မြင်ပါတယ်။ ဒါက အောင်မြင်တတ်တဲ့အတွက် အဲဒီ ဘဝင်ကျနေတဲ့ လုပ်ငန်းခွင်ကိုသာ ဆက်လက်ပြီး လေ့ကျင့်ကြည့်ပါ။ အောင်မြင်တယ်။ တစ်နာရီလည်း ရတတ်တယ်။ နှစ်နာရီလည်း ရတတ်တယ်။ အဲဒီလို ဘဝင်ကျနေတဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်ဘက်က ဘာပြောတတ်သလဲ? အာရုံရော, မှတ်စိတ်ကိုရော အကုန်လုံး ချုပ်သွားပြီ။ ဘာမှ မသိတော့ဘူး။ ဒါကို နိဗ္ဗာန်လို့ ပြောချင်ကြတယ်။ ဒီတော့ ဒီအဆင့်သည် ရုပ်နာမ် ပရမတ်ကိုတောင် သိသေးတဲ့အဆင့် ဟုတ်သလား? မဟုတ်ဘူး။

ပထမ ခုနက ကလာပ်အမှုန်လေးတွေ ပျောက်သွားပြီဆိုရင် ရုပ်ချုပ်တယ်။ အကြည်ပြင်လိုက် ကျန်နေတယ်။ အဲဒီ အကြည်ပြင်မှာ စိတ်ကို လျော့ချလိုက်လို့ ဘဝင်ကျသွားပြီဆိုရင် နာမ်ချုပ်တယ်။ အားလုံး ရုပ်နဲ့ နာမ် နှစ်ခုလုံး ချုပ်သွားပြီ။ ဒါ နိဗ္ဗာန် ဆိုက်ပြီလို့ ဒီလိုပြောတော့ အဲဒီ ပြောနေတဲ့ အဆင့်ဆိုရင် ခု ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ကို ရှုထားတတ်တဲ့ အဆင့်ရောက်ပလား? (မရောက်သေးပါဘူး)။ မရောက်သေးပါဘူးနော်။ ရုပ်ကလာပ်တွေ တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ရှုတတ်တဲ့ အဆင့်ကော ရောက်ပလား? မရောက်သေးဘူး။ ရုပ် ၂၈-ပါးကို စုံလင်အောင် ရှုတတ်-ပလားလို့ မေးရင်ကော ဘယ်လိုဖြေမလဲ? မရှုတတ်သေးဘူး။ မရှုတတ်ရင်ကော မဂ်ဖိုလ်နိဗ္ဗာန် ရမလားလို့ မေးရင်? မရသေးဘူး။ ဘာဖြစ်လို့လဲ?
ဟိုး ... မဟာဂေါပါလကသုတ္တန်မှာ ဘုရားရှင်က အတိအကျ ဟောထားပါတယ်။ နွားပေါက်ကို ထိန်းကျောင်းနေတဲ့ နွားကျောင်းသားတစ်ဦးက မိမိ ထိန်းကျောင်းနေတဲ့ နွားတွေ ဘယ်နှစ်ကောင် ရှိတယ်လို့ အတိအကျ မသိဘူး။ နွားဖြူက ဘယ်နှစ်ကောင်၊ နွားနီက ဘယ်နှစ်ကောင်၊ နွားနက်က ဘယ်နှစ်ကောင် စသည်ဖြင့် အရောင်အဆင်းတွေလည်း ဟုတ်တိုင်းမှန်စွာ မသိဘူး။ အဲဒီလို မသိခဲ့ရင် နွားအပေါင်း ထိန်းကျောင်းနေသော်လည်း နွားအပေါင်းရဲ့ ကြီးပွားမှု၊ တိုးတက်မှုကို ဘယ်လိုမှ ဒီနွားကျောင်းသားသည် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ဘူး။ ဒါက ဥပမာလေး။ အဲဒီ ပုံစံအတိုင်းပဲ။

ငါဘုရားရှင်ရဲ့ သာသနာတော်မှာလည်း ဘူတရုပ်၊ ဥပါဒါရုပ်လို့ ခေါ်ဆိုအပ်တဲ့ ဒီရုပ်တရားတွေကို ဒီရုပ်တရားတွေက ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်နေရတယ်။ တစ်နည်း တိုက်ရိုက်ပြောရင်တော့ ဒီရုပ်တရားတွေက ကံကြောင့်ဖြစ်တယ်၊ ဒီရုပ်တရားတွေက စိတ်ကြောင့်ဖြစ်တယ်၊ ဒီရုပ်တရားတွေကျတော့ ဥတုကြောင့်ဖြစ်တယ်၊ ဒီရုပ်တရားတွေကျတော့ အာဟာရကြောင့်ဖြစ်တယ်၊ ဒီရုပ်တရားတွေကျတော့ မည်သည့် အကြောင်းတရားကြောင့်မှ မဖြစ်ပါဘူးဆိုပြီး ဒီလို အကြောင်းသမုဋ္ဌာန်နှင့်တကွ အရေအတွက်နှင့်တကွ ရုပ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခဲ့ရင် မဂ်ဖိုလ်နိဗ္ဗာန် ဘယ်လိုမှ မရဘူးလို့ ဘုရားက အတိအကျ ဟောထားပါတယ်။
ရုပ် ၂၈-ပါးကို သိမြင်ခြင်း
ရုပ် ၂၈-ပါးကို စနစ်တကျ မသိရင် မဂ်ဖိုလ်နိဗ္ဗာန် ရမလား၊ မရဘူးလားမေးရင် ဘယ်လို ဖြေမလဲ? မရဘူး။ ဒါက ဘယ်သူ ဟောတာလဲ? ဘုရားဟောထားတယ်။ အဲဒီ ဘုရားဟောကို အဋ္ဌကထာဆရာတော်ကလည်း ရှင်းထားပါတယ်။ ရုပ် ၂၈-ပါးကို ဟုတ်တိုင်းမှန်စွာ မသိတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရုပ်တရားကို သိမ်းဆည်းတတ်တဲ့ ရူပပရိစ္ဆေဒဉာဏ် ဖြစ်မလား? မဖြစ်ဘူး။

ရုပ်တရားကိုမှ မသိမ်းဆည်းတတ်သေးတဲ့ပုဂ္ဂိုလ်က ဒီရုပ်တရားကို အာရုံယူပြီး ရုပ်တရားကို မှီတွယ်၍ ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ရှုတတ်မလား? မရှုတတ်ဘူး၊ မသိမ်းဆည်းတတ်ဘူး။ ရုပ်နာမ်ကို မသိမ်းဆည်းတတ်တဲ့ ပုဂ္ဂိုလ်က ဒါက ရုပ်တရား၊ ဒါက နာမ်တရားလို့ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားတတ်တဲ့ ဉာဏ်တွေကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ ရုပ်နာမ်မျှသာ ရှိတယ်ဆိုပြီး ဒီလို ရုပ်နာမ်ကို ပိုင်းခြားတဲ့ လုပ်ငန်းလည်း သူ မလုပ်နိုင်ဘူး။ ဒါက ရုပ်တရား၊ ဒါက နာမ်တရားလို့ ဒီရုပ်နာမ်ကို ခွဲတဲ့ လုပ်ငန်းရပ်လည်း သူ မလုပ်နိုင်ဘူး။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ရုပ်နာမ်ကိုမှ ပရမတ်ဆိုက်အောင် မသိတဲ့ပုဂ္ဂိုလ် ဖြစ်နေခြင်းကြောင့် ဒီရုပ် ဒီနာမ်တွေသည် ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်နေရပါသည် ဆိုတဲ့ ထိုရုပ်နာမ်တို့ရဲ့ မှန်ကန်တိကျနေတဲ့ အကြောင်းတရားတွေကော ဆက်လက်ပြီး သိမ်းဆည်းတတ်ပါ့မလား? မသိမ်းဆည်းတတ်တော့ဘူး။ ဘာဖြစ်လို့လဲ? ရုပ်နာမ်မှ မသိတဲ့ပုဂ္ဂိုလ်တစ်ယောက်က ရုပ်နာမ်ရဲ့အကြောင်းကို လိုက်ပြီး သိမ်းဆည်းတတ်ဖို့ ဆိုတာ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်ဘူး။

ကဲ ရုပ်နာမ်လည်း မသိဘူး။ ရုပ်နာမ်ရဲ့ အကြောင်းတရားလည်း မသိဘူးဆိုရင် အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ကော ဝိပဿနာ ရှုနိုင်ပါဦးမလား? မရှုနိုင်ဘူး။ မှန်ကန်တိကျတဲ့ ဝိပဿနာဉာဏ် မဖြစ်ခဲ့ရင် ထိုပုဂ္ဂိုလ်သန္တာန်မှာ မဂ်ဉာဏ်ဖိုလ်ဉာဏ် ပေါ်ပါ့မလား? မပေါ်နိုင်ဘူးလို့ ဒီလို အဋ္ဌကထာက အတိအကျ ရှင်းထားတယ်။

ဒါကြောင့် ဘုန်းကြီးတို့ မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ ဒီရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေကိုတော့ စနစ်တကျ သိဖို့ မလိုဘူးလား? လိုအပ်နေပါတယ်။ လိုအပ်တဲ့အတွက်ကြောင့် ခု ဒီနေရာမှာလည်း ခုနက ဓာတ်ကြီးလေးပါးကို အခြေတည်ပြီးတော့ သမာဓိထူထောင်လိုက်တဲ့ အပိုင်းမှာ အာကာသဓာတ်ကို မြင်လို့ ရုပ်ကလာပ်ကလေးတွေ စမြင်တဲ့အပိုင်းမှာ ရုပ် ၂၈-ပါးကို သိတဲ့အဆင့် မရောက်သေးဘူး။ မရောက်သေးတဲ့အတွက် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ?

အဲဒီ ရုပ်ကလာပ်ကလေးတွေရဲ့ ပေါ်တာ ပျောက်တာ ဖြစ်တာ ပျက်တာကို အာရုံ မယူရဘူး။ ယူလိုက်ရင် ပိုပြီးတော့ လျင်လျင်မြန်မြန် ဖြစ်ပျက်နေတာ သွားတွေ့မယ်။ တွေ့လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီရုပ်ကလာပ်ကလေးတွေ ဓာတ်ခွဲဖို့ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး ရှုဖို့ သိပ်ခက်သွားတယ်။ ခက်သွားတော့ သူက တစ်ဖက်သတ် ကြည့်ရတယ်။ ဘယ်လို ကြည့်ရမလဲ? ပေါ်တာ ပျောက်တာကို နှလုံးမသွင်းနဲ့။ ဖြစ်တာ ပျက်တာကို နှလုံးမသွင်းနဲ့။ ဓာတ်ကိုပဲ ဆက်လက် နှလုံးသွင်းရတယ်။
ဓာတ်လေးပါးကို စနစ်တကျ ရှုပွားခြင်း
ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် နှလုံးသွင်းမလဲလို့ မေးရင်တော့ တစ်ကိုယ်လုံးကို ခြုံပြီးတော့ပေါ့ - မာတဲ့သဘောလေး ရှုလိုက်၊ အမှုန်လေးတစ်ခုမှာ မာတဲ့သဘော ရှုလိုက်။ ပျောက်သွားပလေ့စေ။ နောက်တစ်မှုန် ပြောင်းပြီး စိုက်ကြည့်။ မာတဲ့သဘော။ ရှုလို့ သဘောမပေါက်သေးဘူး တစ်ကိုယ်လုံးမှာ ခြုံပြီး မာတဲ့သဘော သို့မဟုတ် အကုန်လုံးပေါ့နော်။ အမှုန်အားလုံးကို ခြုံပြီး မာတဲ့သဘော ရှုလိုက်၊ တစ်မှုန်လောက်မှာ မာတဲ့သဘော ရွေးပြီး ရှုကြည့်လိုက်။ အဲဒီလို ထပ်ခါထပ်ခါ လေ့ကျင့်လိုက်ရင် နောက်တော့ မာတဲ့သဘောလေးတစ်ခု သဘောပေါက်တတ်တယ်။

အမှုန်တိုင်းမှာ ရှုလိုက်တဲ့ အမှုန်တိုင်းပေါ့။ အကုန်လုံး အမှုန်တွေ ကုန်စင်အောင်တော့ မရှုနိုင်ဘူး။ ဘာဖြစ်လို့လဲ? ခန္ဓာအိမ်တစ်ခုမှာ ဉာဏ်နဲ့ ချင်တွယ်ကြည့်လို့ ရကောင်းလို့ ချင်တွယ်ကြည့်မယ်ဆိုရင်တော့ ဒီအမှုန်တွေဟာ ဒေါနိမတ္တာ တစ်စိတ်သားခန့် ရှိမယ်ဆိုပြီး ဒီလောက်ထိ ဖော်ပြထားပါတယ်။

ပထမာဏုမြူခန့် သို့မဟုတ် ပထမာဏုမြူထက် အဆပေါင်းများစွာ သေးမဲ့ ဒီရုပ်ကလာပ်အမှုန်ပေါင်း တစ်စိတ်သားခန့်လောက် ရှိတော့ အကုန်လုံး ကုန်စင်အောင် သာဝကတွေ ရှုနိုင်မလားလို့ မေးရင် မရှုနိုင်ပါဘူး။ ရှုနိုင်တဲ့ ရုပ်ကလာပ်လည်း အနည်းငယ် ရှိမယ်။ မရှုလိုက်နိုင်တဲ့ ရုပ်ကလာပ်က ပိုပြီးတော့ များဖွယ်ရာ ရှိပါတယ်။ အနည်းအများက ဘာအပေါ်မူတည်သလဲလို့ မေးရင်တော့ အတိတ်က သံသရာ အဆက်ဆက်က ဆည်းပူးခဲ့တဲ့ ပါရမီ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အာနုဘော်အပေါ် မူတည်ပါတယ်။ ဉာဏ်အာနုဘော်က ကြီးခဲ့ရင်တော့ ခပ်များများ တချို့တစ်ဝက် ရှုလို့ ရမယ်။ ဉာဏ်အာနုဘော်က သေးခဲ့ရင်တော့ ခပ်နည်းနည်း တချို့တစ်ဝက်ပဲ ရှုရမယ်ဆိုပြီးတော့ ဟိုး အနုပဒသုတ္တန်ဋီကာမှာ ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် တစ်ကိုယ်လုံးမှာ သို့မဟုတ် အမှုန်အားလုံးပေါ် ခြုံငုံပြီးတော့ မာတဲ့သဘော စိုက်လိုက်၊ အမှုန်လေးတစ်ခုမှာ မာတဲ့သဘော စိုက်လိုက် စသည်ဖြင့် ဒီလို ပြောင်းလိုက်တဲ့အခါမှာ ဉာဏ်က ထက်လာပြီဆိုရင်တော့ နောက်တော့ မာတဲ့သဘောလေး ကိုယ်ရှုတဲ့ အမှုန်တိုင်းမှာ သွားသဘောပေါက်တတ်ပါတယ်။ အဲဒီလို သဘောပေါက်လာပြီဆိုရင် နောက်တစ်ဆင့် ဘာတက်မလဲ? မာတာ၊ ကြမ်းတာ နှစ်ခုလောက်။ နှစ်ခုလောက်ရရင် သုံးခု၊ သုံးခုရရင် လေးခု စသည်ဖြင့် တဖြည်းဖြည်း တိုးရှုကြည့်ပါ။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ဘုန်းကြီးဘက်ကတော့ မဟောတော့ မဟောသင့်ဘူးလို့ ယူဆတဲ့အပိုင်းမှာ ကဏ္ဍလေးတစ်ခုတော့ ပါပါတယ်။ သို့သော် စိတ်စေတနာ ရိုးဖြောင့်နေတဲ့ သူတော်ကောင်းများအတွက်တော့ ဟောပေးသင့်ပါတယ်။ ဒါဖြင့်ရင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ မရိုးဖြောင့်တဲ့ပုဂ္ဂိုလ်ကော ရှိသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ အဲဒါကတော့ ကိုယ့်ဟာကိုယ် သိအောင် ဆန်းစစ်ကြည့်တော့။ ဘုန်းကြီးအရာ မဟုတ်တော့ဘူးနော်။

ဘုန်းကြီးဘက်က ပြောရမဲ့တာဝန်က မပြောသင့်ဘူး ဆိုတာကတော့ တချို့ယောဂီတွေက နည်းနည်းလေး ရေလာမြောင်းပေး ဆိုလား ဟုတ်လား? ရေလာတဲ့အခါမှာ မြောင်းလေး ပေးလိုက်လို့ရှိရင် လျှောခနဲဆို ဝင်လိုက်လာတတ်လို့ ဒါပြောတာပါနော်။ ဆိုတော့ ဒီညကလည်း ပြောခဲ့ပြီးပြီ။ အမှုန်တစ်ခုမှာ မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘောက အားကောင်းနေရင် ဟို ပျော့တဲ့ ချောတဲ့ ပေါ့တဲ့သဘောတွေက အားမကောင်းဘူး။ ပျော့ ချော ပေါ့ ဆိုတဲ့ ဒီသဘောတရား အားကောင်းနေတဲ့ အမှုန်မှာလည်း မာ ကြမ်း လေး အားမကောင်းဘူး။ ဘာဖြစ်လို့လဲ? စွမ်းအင်ချင်း မတူကြဘူးနော်။ တစ်မှုန်အတွင်းမှာ ပြောတာပါ။

ဒီတစ်မှုန်မှာ မာ ကြမ်း လေး အားကောင်းမယ်။ ဟိုတစ်မှုန်ကျတော့ ပျော့ ချော ပေါ့ အားကောင်းချင်လည်း အားကောင်းတတ်တယ်။ ဒီသဘော ရှိတယ်။ နောက်တစ်ခု ယိုစီးတဲ့သဘောနဲ့ ဖွဲ့စည်းတဲ့သဘော။ ခုလို ရုပ်ကလာပ်တွေကို ရှုတဲ့အပိုင်းလေးတွေမှာ ယိုစီးတဲ့သဘောကတော့ တစ်ကိုယ်လုံးကို ခြုံပြီး ရှုစဉ်အခါကလို စီးဆင်းနေတဲ့ သဘောတွေ သိပ်မတွေ့တော့ဘူး။ စွတ်စိုနေတဲ့ သဘာဝ စီးဆင်းတယ်လို့ ဉာဏ်ထဲမှာ ယူဆရတဲ့ ထင်မြင်နေရတဲ့ သဘာဝ၊ မြင်နေရတဲ့ သဘာဝလေးတစ်ခုတော့ တွေ့တယ်။ ဒါပေမဲ့ ရေတွေ တစ်မိုင်လောက် စီးဆင်းနေသလို ထင်ထင်ရှားရှားနဲ့ စီးဆင်းတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။

ဘာကြောင့်လဲ? သူက ကလာပ်အမှုန်လေးတွေက အလွန် သေးတယ်။ ပထမဏုမြူထက် အဆပေါင်းများစွာ သေးမဲ့ ဒီအမှုန်လေးတစ်ခုအတွင်းမှာ ရေတံခွန်ကြီး ကျသလို ဖြာပြီးဆင်းနေတဲ့ ပုံစံကတော့ ဘယ်လိုမှ မမြင်နိုင်လို့ ပြောတာပါ။ စွတ်စိုနေတဲ့ သဘာဝ စီးဆင်းနေတယ်လို့ ဉာဏ်ထဲမှာ ထင်ရတဲ့ မြင်ရတဲ့ သဘာဝတစ်ခုတော့ တွေ့မြင်နိုင်တယ်။ သို့သော် များသောအားဖြင့် ဒီအပိုင်းမှာ ယိုစီးတဲ့သဘော ပိုအားများတတ်ပါတယ်။ ယိုစီး ဖွဲ့စည်း နှစ်ခုလုံး မထင်ဘူးလို့ ပြောတာ မဟုတ်ဘူး။ နှစ်ခုလုံးတော့ ထင်နိုင်တယ်။
ရုပ်ကလာပ်တို့ကို ခွဲခြမ်းစိတ်ဖြာခြင်း
ယိုစီးတဲ့သဘောက ခုလို ရုပ်ကလာပ်အပိုင်း ရောက်လာရင် သဘာဝလက္ခဏာဖြစ်ပြီး ဖွဲ့စည်းတဲ့သဘောက ညက ပြောခဲ့တဲ့အတိုင်း ပစ္စုပဋ္ဌာန်ဖြစ်နေတတ်ပါတယ်။ ရှုနေတဲ့ ယောဂီဉာဏ်ထဲမှာ ရှေးရှုထင်နေတဲ့ အခြင်းအရာတစ်ခု ဖြစ်တယ်။ အဲဒီ အခြင်းအရာက ပိုထင်ရှားတတ်ပါတယ်။

ပူတဲ့သဘော၊ အေးတဲ့သဘော နှစ်ခု ရှိတယ်။ အလွန် သေးငယ်နေတဲ့ အမှုန်လေးတစ်ခုအတွင်းမှာ ပူတဲ့သဘော၊ အေးတဲ့သဘောကော နှစ်ခုလုံး မထင်ရှားနိုင်ဘူး။ ပူတဲ့သဘော ထင်ရှားရင် အေးတဲ့သဘော မထင်ရှားဘူး။ အေးတဲ့သဘော ထင်ရှားနေရင် ပူတဲ့သဘော မထင်ရှားဘူး။ ဒါ ဒီအပိုင်းပဲ။ ကလာပ်တွေကို မမြင်ခင်အပိုင်းမှာတော့ နှစ်ခုလုံး ထင်ရှားနိုင်တယ်နော်။ ခုက ရုပ်ကလာပ်ကို မြင်နေတဲ့အပိုင်းကို ကွက်ပြောနေတာ။ ရုပ်ကလာပ်ကို ခွဲခြမ်းစိတ်ဖြာပြီး ရှုနေတဲ့ အပိုင်းကို ပြောနေတာပါ။

နောက်တစ်ခု။ ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော။ ထောက်ကန်တဲ့သဘောက သဘာဝလက္ခဏာ။ ဝါယောဓာတ်ရဲ့ သဘာဝလက္ခဏာ။ တွန်းကန်တဲ့သဘောက ဝါယောဓာတ်ရဲ့ လုပ်ငန်းကိစ္စဆိုပြီး ဒီလို ဖော်ပြထားတယ်။ ဒီနှစ်ခုလုံး ထင်ရှားနိုင်တယ်။

နည်းနည်းလေး ပြန်ပြီးတော့ စဉ်းစားကြည့်ပါ ... အိမ်တစ်အိမ် ပြိုတော့မယ်ကြံရင် ကျားခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ ထောက်ထားတယ်။ ထောက်တယ်ဆိုတာ ဘာလုပ်တာလဲ? ပြန်ပြီးတော့ တွန်းထားတာပဲ။ ပြန်စဉ်းစားကြည့်လေ။ သူ့လုပ်ငန်းကိစ္စက ဘာလုပ်သလဲ? ဟိုဘက်ကဟာ ဒီဘက်ကို လဲမလာအောင် ပြန်တွန်းထားတာပဲ။ ဒါပေမဲ့ လွန်အောင် သူ တွန်းသလား? မတွန်းဘူး။ ထောက်ထားတယ်။ ထောက်တယ်ဆိုတာကို ပြန်စဉ်းစားလိုက်တော့ ပြန်တွန်းထားတဲ့ သဘောလေးပဲနော်။ ဒါကြောင့် သူ့လုပ်ငန်းကိစ္စလေးက တွန်းတဲ့ လုပ်ငန်းကိစ္စ၊ ထောက်ကန်တဲ့ သဘောလေးက သူ့ရဲ့ ပင်ကိုယ်သဘာဝလက္ခဏာ ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ ဓာတ်ဘယ်နှစ်ပါး ဖြစ်သွားလဲ? ဓာတ်ကြီးလေးပါး။ အဲဒီ အမှုန်ကလေးတွေမှာ မိမိ ရှုလိုက်တဲ့ အမှုန်ကလေး တစ်ခုအတွင်းမှာ ဒီဓာတ်ကြီးလေးပါးကို မြင်အောင် စရှုပါ။ ရှုလိုက်လို့ အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ်ကြီးလေးပါး သဘောပေါက်ပြီဆိုရင် ဒီအမှုန်တွေမှာ ခွဲတမ်းချလိုက်ရင် နှစ်မျိုးနှစ်စား ရှိတယ်။ ကြည်တဲ့ ရုပ်ကလာပ်အမှုန်၊ မကြည်တဲ့ ရုပ်ကလာပ်အမှုန် နှစ်မျိုး ရှိတယ်။

ကြည်တဲ့ ရုပ်ကလာပ်အမှုန်တွေကို ဘုရားရှင်က စက္ခုပသာဒ၊ သောတ္ထပသာဒ၊ ဂန္ဓပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒဆိုပြီး ပသာဒရုပ် ငါးခု။ အကြည်ရုပ် ငါးခု ဆိုတဲ့ နာမည်နဲ့ ဟောထားပါတယ်။ အဲဒီထဲမှာ ကာယပသာဒကတော့ တစ်ကိုယ်လုံး အနှံ့အပြား ရှိနေတဲ့ အကြည်ဓာတ် ဖြစ်တယ်။ အဲဒီအကြည်ဓာတ် အတုံးလိုက် အခဲလိုက်ကြီး တွေ့နေရင် ခုနက ရေခဲတုံး ဖန်တုံး မှန်တုံးလို ပြန်ဖြစ်သွားတယ်။ ပြင်လိုက်ကြီးလည်း တွေ့နေတတ်တယ်။

အဲဒီမှာ အာကာသဓာတ်ကို မြင်အောင် ပြန်စိုက်ရင် ကလာပ်အမှုန် ပြန်ပေါ်လာမယ်။ ဒါပေမဲ့ ခုနက ရုပ်ချုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက အာကာသဓာတ်ကို မြင်အောင် ရှုလိုက်ရင် ရုပ်ကလာပ်အမှုန်လေးတွေ ပြန်တွေ့တယ်ဆိုတဲ့ ဒီသဘောကို သိပ်နားလည်ပုံ မရဘူး။ မရတဲ့အတွက်ကြောင့် ကလာပ်ကလေးတွေကနေပြီးတော့ ပါးပြီးတော့ နောက်ဆုံး ပျောက်ပြီးတော့ အကြည်ပြင်လိုက်အတိုင်း ကျန်နေလို့ရှိရင် ဒါရုပ်ချုပ်ပြီလို့ သူတို့က ဆုံးဖြတ်လိုက်တယ်။

ဒီတော့ အဲဒီ ကလာပ်အမှုန်လေးတွေမှာ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်နိုင်ရင်တော့ ယောဂီပုဂ္ဂိုလ်က ကျန်နေတဲ့ ဥပါဒါရုပ်တွေကို ဆက်လက်ပြီး ရှုရပါတယ်နော်။ အဲဒီတော့ ကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး၊ မကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး။ မျက်စိ နား နှာ လျှာ ကိုယ် နှလုံး ခြောက်ဌာနလုံးမှာ လှည့်ပြီး ရှုပါ။ ရှုလိုက်လို့ အောင်မြင်မှု ရပြီဆိုလို့ရှိရင်တော့ ကျန်နေတဲ့ ဥပါဒါရုပ်တွေကိုတော့ ဆက်လက်ပြီး ရှုပေတော့။
နာမ်တရားတို့ကို ရှုပွားခြင်း
ဥပါဒါရုပ် ရှုပုံကို ဆက်လက်ဟောမယ်ဆိုရင်တော့ တစ်လနဲ့လည်း ဒီတရား မဆုံးတော့ဘူး။ လက်တွေ့ရှုနေတဲ့ ပုဂ္ဂိုလ်များကတော့ ဒီမှာ လက်တွေ့ သင်ပေးနေပါတယ်။ အဲဒီတော့ အဲဒီလို ဥပါဒါရုပ် ၂၄-မျိုးကို ၆-ဌာနမှာ လှည့်ရှုပြီးတော့၊ နောက် ၄၂-ကောဋ္ဌာသ ဆက်ပြီး ရှုရတယ်။ ၆-ဌာန၊ ၄၂-ကောဋ္ဌာသမှာရှိတဲ့ ရုပ်ကလာပ် အမှုန်တိုင်းမှာ ဓာတ်ကြီးလေးပါး။ မကြည်တဲ့ အမှုန်ကော၊ ကြည်တဲ့ အမှုန်ကော ဓာတ်ကြီးလေးပါး စိုက်ပြီး ရှုနိုင်မယ် ဆိုလို့ရှိရင်တော့ ထိုယောဂီပုဂ္ဂိုလ်သည် ဥပါဒါရုပ်တွေကို ဆက်လက်ရှုဖို့ရန်အတွက် လမ်းစ ရသွားပါပြီ။ လွယ်ကူသွားပြီ။

၆-ဌာန၊ ၄၂-ကောဋ္ဌာသမှာ တည်ရှိနေတဲ့ ဘူတရုပ်၊ ဥပါဒါရုပ်။ ဥပါဒါရုပ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးနှင့်တကွသော ဒီဥပါဒါရုပ်တွေကို အားလုံး ပေါင်းလိုက်ရင် ၂၇-မျိုးပေါ့။ ယောက်ျား၊ မိန်းမ မခွဲဘဲနဲ့ ပြောရင်တော့ ၂၈-မျိုး။ မိမိသန္တာန်မှာ ၂၇-မျိုး၊ သူတစ်ပါး အမျိုးသမီးသန္တာန်မှာ ၂၇-မျိုး၊ အမျိုးသားသန္တာန်မှာ ၂၇-မျိုး။ ဘာဝရုပ်က တစ်ယောက်မှာ တစ်မျိုးစီ ရှိလို့ပါ။ ယောက်ျား၊ မိန်းမ မခွဲဘဲ ခြုံပြောရင်တော့ ရုပ် ၂၈-မျိုးလို့ ဒီလို ပြောတာနော်။

အဲဒီ ရုပ်တရားတွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီ ဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရလဲ? ထိုရုပ်တရားတွေကို မှီတွယ်ပြီးတော့ ထိုရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက်ပြီး ရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။ အဲဒီ နာမ်တရားတွေ ရှုတဲ့အပိုင်းမှာလည်း ခုနက ယောဂီပုဂ္ဂိုလ်က ခု အာနာပါန စတုတ္ထစျာန်အထိ သမာဓိကို ထူထောင်ထားပြီး ဖြစ်နေတဲ့အတွက် နာမ်တရားကို ရှုတဲ့အပိုင်းမှာ ရှေးဦးစွာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ လို့ ခေါ်ဆိုအပ်တဲ့ စျာန်အင်္ဂါငါးပါးကို ပထမစပြီး ရှုရတယ်။ ရှုလိုက်တဲ့အပိုင်းမှာ ဒီအပိုင်း ရောက်လာပြီဆိုရင်တော့ ဒီစျာန်အင်္ဂါလေးတွေက ငါးလုံး ငါးလုံး ငါးလုံး ငါးလုံး အကြိမ်များစွာ ဖြစ်တာကို ပထမတော့ မြင်အောင် လေ့ကျင့်ရပါတယ်။ လေ့ကျင့်ခန်းက အောင်မြင်သွားပြီ ဆိုလို့ရှိရင်တော့ အသိစိတ်ကနေစတော့ စချင်လည်းစ၊ ဖဿက စချင်လည်းစ၊ ဝေဒနာက စချင်လည်းစပေါ့။ ကြိုက်တာက စနိုင်တယ်။ နာမ်ကမ္မဋ္ဌာန်း ရှုကွက်နဲ့ ပတ်သက်ရင် ဘုရားရှင်က သုံးနည်း ဟောထားပါတယ်။ အဋ္ဌကထာများကလည်း သုံးနည်း ဖွင့်ဆိုထားတယ်။ အသိစိတ်ကနေ စရှုတဲ့နည်းစနစ်ကိုတော့ စိတ္တာနုပဿနာလို့ ခေါ်တယ်။ ဝေဒနာက စရှုတဲ့နည်းစနစ်ကိုတော့ ဝေဒနာနုပဿနာလို့ ခေါ်တယ်။ ဖဿက စရှုတဲ့နည်းစနစ်ကိုတော့ ဓမ္မာနုပဿနာလို့ ဒီလို နာမည်တပ်ထားတယ်။ အသိစိတ်ကပဲ စရှုသည်ဖြစ်စေ၊ ဝေဒနာကပဲ စရှုသည်ဖြစ်စေ၊ ဖဿကပဲ စရှုသည်ဖြစ်စေ ဘယ်လိုပဲ ရှုရှု ယှဉ်ဘက် စိတ်စေတသိက်အားလုံး ကုန်စင်အောင်တော့ ရှုရပါတယ်။

အဲဒီလို ရှုလာတဲ့ အပိုင်းလေးတွေမှာ ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ် နှစ်မျိုး ရှိတယ်။ ဝီထိရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ စိတ်တွေကတော့ ပဋိသန္ဓေစိတ်ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ်ဆိုပြီး ၃-မျိုး ရှိတယ်။ ပဋိသန္ဓေစိတ်က ဘဝတစ်ခုမှာ ခေါင်ဆုံး ဖြစ်ပေါ်နေတဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေလို့ နာမည်တပ်ထားတယ်။ ဘဝတစ်ခုမှာ နောက်ဆုံး ဖြစ်ပေါ်သွားတဲ့ ဒီဘဝင်စိတ်ကိုတော့ စုတိစိတ်ဆိုပြီး နာမည်တပ်ထားတယ်။ စိတ်အမျိုးအစား အတူတူပဲ။ အဲဒီ ပဋိသန္ဓေနဲ့ စုတိရဲ့ ကြားကာလမှာ ဘဝတစ်လျှောက်မှာ စိတ်အစဉ် မပြတ်စဲရေးအတွက် အတိတ်က ကံကနေပြီးတော့ ဖန်တီးပေးထားတယ်။ ဝီထိစိတ် မဖြစ်တဲ့ အချိန်အခါမှာ ဖြစ်ပေါ်ဖို့ရန်အတွက် ဒီဘဝင်စိတ်ကလေးတွေ ဖြစ်နေတယ်။ ဝီထိစိတ်ဖြစ်လာရင် ရပ်သွားတယ်။ ဝီထိစိတ် မဖြစ်ရင် ဆုံးသွားတာနဲ့ သူ ပြန်ပေါ်လာတယ်။ အဲဒီပုံစံစနစ်အားဖြင့် ဒီဘဝင်စိတ်ကလေးတွေက ဖြစ်နေတာပါ။

အဲဒီ ဘဝင်စိတ်တွေက အာဒိကမ္မိက အားထုတ်စ ယောဂီပုဂ္ဂိုလ်မှာ နှလုံးအိမ်ဘက်ကို ဖမ်းပြီး စိုက်ကြည့်မယ် ဓာတ်လေးပါး စိုက်ရှုလိုက်မယ် ဆိုလို့ရှိရင် အားလုံး အမှုန်လေးတွေ တွေ့လိမ့်မယ်။ အဲဒီ အမှုန်ထဲမှာတော့ - ကာယဒသကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ကြည်နေတဲ့ အမှုန်လေးတွေလည်း ပါပါတယ်။ နောက်ထပ် အဲဒီမှာ ထူးခြားတဲ့ အကြည်တစ်ခု ရှိနေတယ်။ အဲဒီအကြည်ကို ဘုရားရှင်က ပဗ္ဗသရမိတ္တံ ဘိက္ခဝေ စိတ္တံ စသည်ဖြင့် ဟိုး အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဟောထားပါတယ်။ ပြိုးပြိုးပြက် တစ်လက်လက် တောက်ပနေတဲ့ အကြည်ဆိုပြီးတော့ ဘုရား ဟောထားတယ်။ အဲဒီအကြည်ကို အဋ္ဌကထာ ဆရာတော်များက ဘဝင်စိတ်ဆိုပြီး ဖွင့်ဆိုထားပါတယ်။ သူက ပြိုးပြိုးပြက် တလက်လက် တောက်ပတဲ့ အရောင်ထွက်နေတဲ့ အကြည်လေးပဲ။ ခုနက ကာယဒသကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ကာယအကြည်ဓာတ်ပါတဲ့ အမှုန်လေးကတော့ အလွန် သေးငယ်တဲ့ ကြည်နေတဲ့ အမှုန်လေးဖြစ်တယ်။ သူက ပြိုးပြိုးပြက် တလက်လက် တောက်ပမှု မရှိဘူး။ ဘဝင်မနောအကြည်ကတော့ အိမ်ရှင်ဘဝင်မနောအကြည်ဓာတ်က သူက ပြိုးပြိုးပြက် တလက်လက် တောက်ပတယ်။

ဘာကြောင့် ဒီလို ပြိုးပြိုးပြက် တလက်လက် တောက်ပနေသလဲလို့ မေးရင်တော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ အထူးသဖြင့် လူသားတွေ အတွက်ပေါ့နော်။ လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ ကံကို ပြုစုပျိုးထောင်ခဲ့စဉ် အချိန်အခါက ထိုကံထဲမှာ ယှဉ်တွဲနေတဲ့ ဉာဏ်ရှိတယ်။ ထိုဉာဏ်က အာနုဘော် ကြီးရင် ကြီးသလို တောက်ပတဲ့သဘော ရှိပါတယ်။ ထိုဉာဏ်က အာနုဘော် နည်းနည်း လျော့နေရင်တော့ ခပ်လျော့လျော့ တောက်ပတဲ့သဘော ရှိပါတယ်။

ဘယ်လိုကြောင့်လဲလို့ မေးရင်တော့ ဒီဉာဏ်ပြဋ္ဌာန်းနေတဲ့ ဘဝင်စိတ်ဟာလည်း စိတ်ပဲ။ သူက စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဘဝင်စိတ်တိုင်း စိတ်တိုင်းသည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ဖြစ်စေနိုင်တော့ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်သွားတဲ့ စိတ္တဇရုပ်ကလာပ်တိုင်းကို ဓာတ်ခွဲကြည့်လိုက်ရင်လည်း ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် သဘောတရား ၈-ခု ရှိတယ်။ အဲဒီ ၈-ခုထဲမှာ ဝဏ္ဏဓာတ်- ရူပါရုံ ပါနေတယ်။ အဲဒီ ရူပါရုံကလည်း ဘဝင်စိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ ဉာဏ်က အာနုဘော် ကြီးရင် ကြီးသလို တောက်ပတဲ့သဘော ရှိပါတယ်။

အလားတူပဲ ဒီ ဘဝင်စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်ထဲမှာ တေဇောဓာတ် ပါတော့ ဒီတေဇောဓာတ်ကြောင့်လည်း နောက်ထပ် ဆင့်ကဲ ဥတဇရုပ်တွေ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ ဒီဥတုဇရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ်- ရူပါရုံ ပါပြန်တယ်။ ထိုဝဏ္ဏဓာတ်- ရူပါရုံကလည်း ဘဝင်စိတ်နဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်အာနုဘော်က ကြီးရင် ကြီးသလို တောက်ပတဲ့သဘော ရှိပါတယ်။ အဲဒီလို တောက်ပနေတဲ့အတွက်ကြောင့် ဒီဘဝင်စိတ်ကလေးမှာ ပြိုးပြိုးပြက် တလက်လက် တောက်ပတယ်ဆိုပြီး ဘုရားက ဟောတာပါ။ တကယ်တော့ ဘဝင်စိတ်က တောက်ပတာတော့ မဟုတ်ဘူး။ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်။ ထိုစိတ္တဇရုပ်ကနေ ဆင့်ကဲ ဖြစ်ပွားလာတဲ့ ဥတုဇရုပ်။ အဲဒီရုပ်ကလာပ်တိုင်းမှာ ပါနေတဲ့ ဝဏ္ဏဓာတ်- ရူပါရုံရဲ့ တောက်ပမှုပဲ။ သို့သော် အကြောင်းတရားကြောင့် အကျိုးတရားက ပေါ်လာရတဲ့အတွက် အကျိုးတရားတို့ရဲ့ တောက်ပမှုကို အကြောင်းတရား၌ တင်စားပြီးတော့ အကြောင်းတရားမှာ တောက်ပတယ်။ ဘဝင်စိတ်မှာ တောက်ပတယ် ဆိုပြီး ဒီလို သုံးထားတာပါ။ ဒီလို စကားမျိုးတွေ လောကမှာ မရှိဘူးလား? ရှိကြပါတယ်။ ဒါကတော့ အသုံးအနှုန်းပဲ။ ဒီတော့ အဲဒီအတိုင်းပဲ ခုဒီနေရာမှာ ဘဝင်စိတ်ကလည်း သူက အကြည်လေးပါ။ ဘဝင်မနောအကြည်လို့ ခေါ်ပါတယ်။ ရုပ်အကြည်ဓာတ် ၅-ခုနဲ့ ဒီဘဝင်မနောအကြည်ဓာတ် ၁-ခုနဲ့ ပေါင်းလိုက်ရင် အကြည်ဓာတ် ဘယ်နှစ်ခု ရှိမလဲ? ၆-ခုရှိတယ်။

နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတော့မဲ့ ယောဂီပုဂ္ဂိုလ်သည် အဲဒီ အကြည်ဓာတ် ၆-မျိုးကို စနစ်တကျ ရှုထားတတ်ပြီး ဖြစ်ဖို့တော့ လိုအပ်တယ်။ ဘာကြောင့်လဲ? ဒီအကြည်ဓာတ်တွေကို အစွဲပြုပြီးတော့ နာမ်တရားတွေက ဖြစ်ကြတယ်။ ဥပမာ - စက္ခုအကြည်ဓာတ်ကို အစွဲပြုပြီး စက္ခုဝိညာဉ် ဦးဆောင်နေတဲ့ နာမ်တရား ၈-လုံးက စက္ခုအကြည်ဓာတ်ကို မှီပြီး ဖြစ်တယ်။ မနောဝိညာဉ် အမည်ရနေတဲ့ စိတ်တွေက ခုနက ပြောခဲ့တဲ့ ဘဝင်မနောအကြည်ကို အစွဲပြုပြီးတော့ ဟဒယဝတ္ထုကို မှီပြီးတော့ နှလုံးအိမ်အတွင်းမှာ ဖြစ်သွားတယ်။ ဒီဟဒယဝတ္ထုကို အိမ်ရှင်ဘဝင်မနောအကြည်စိတ်က အမြဲတမ်း မှီပြီး ဖြစ်တယ်။

ဝီထိစိတ်ဖြစ်လာတဲ့ အချိန်အခါမှာ ဒီဘဝင်စိတ်ကလေးက ရပ်သွားတယ်။ ဝီထိစိတ် ဆုံးသွားရင် ဒီဘဝင်စိတ်က ပြန်ပေါ်လာတယ်။ ဒီပုံစံစနစ်အားဖြင့် အတိတ်ကနေပြီးတော့ ကံက စိတ်အစဉ် မပြတ်စဲအောင် သူ့ကို ဖန်တီးပေးထားတယ်။ စိတ်အစဉ် ပြတ်စဲသွားပြီဆိုရင် နောက်ဆုံးဖြစ်တဲ့ ဘဝင်ကို ဘာခေါ်သလဲ? စုတိ။ အဲဒီ စုတိဖြစ်တာနဲ့ လောက တစ်ဘဝ အဆုံးသတ် သေတာပဲ။ ကံကုန်သွားခဲ့တယ်နော်။

ဒါကြောင့် အဲဒီ ဘဝင်မနောအကြည်ဓာတ်ကလေးကို သိမ်းဆည်းတတ်တော့ ဘဝင်မနောအကြည်ဓာတ် သိမ်းဆည်းတတ်တာနဲ့ နာမ်ကမ္မဋ္ဌာန်းနဲ့ ဘယ်လို ဆိုင်သလဲလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ ဘုန်းကြီး ခုနက အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမစျာန်သမာဓိကို ပြန်ဝင်စားကြည့်လိုက်ပေါ့။ ပထမစျာန်သို့ ဆိုက်ပြီ။ စျာန်အင်္ဂါငါးပါး ထင်ရှားပြီဆိုတဲ့ အခါမှာ ထိုဟဒယဝတ္ထုရှိရာ နှလုံးအိမ်ဘက်ကို ပြန်ပြီးတော့ စိတ်ကလေး စိုက်ကြည့်လိုက်။ ထိုအချိန်အခါမှာ ရုပ်ကမ္မဋ္ဌာန်း စနစ်တကျ ရှုထားပြီးတဲ့ ယောဂီသူတော်ကောင်းက ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူ တွေ့တတ်ပါတယ်။ ဘဝင်မနောအကြည်ဓာတ်ကို လှမ်းပြီး စိုက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒီ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံက ဒီဘဝင်မနောအကြည်ဓာတ်မှာ လာပြီးထင်နေတာ ယောဂီပုဂ္ဂိုလ်က လွယ်လွယ်နဲ့ တွေ့တတ်တယ်။ သို့သော် အာဒိကမ္မိက အားထုတ်စပုဂ္ဂိုလ်များ မကျွမ်းကျင်သေးရင်တော့ နှာခေါင်းမှာ၊ နှာသီးဖျားထိပ်ဝ သို့မဟုတ် အထက်နှုတ်ခမ်းမှာ တည်ရှိနေတဲ့ ဒီ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံနဲ့ ဘဝင်မနောအကြည်နဲ့ဟာ တစ်ဆက်တည်းပါပဲဘုရား ဆိုပြီး ခဏခဏ လျှောက်တတ်တယ်။ တစ်ဆက်တည်းတော့ မဟုတ်ဘူးနော်။ ဘဝင်မနောအကြည်မှာ ဒီအာနာပါန ပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံကြီးက သွားထင်နေတာ။ အဲဒီလို ထင်တယ်ဆိုတာကို ပိုပြီး သဘောပေါက်ချင်ရင်ပေါ့လေ။ ဘုန်းကြီး ဒီမှာ နာမ်ကမ္မဋ္ဌာန်း ရှုကွက်ကျရင်တော့ သင်ပေးတဲ့အပိုင်လေးတွေ ရှိပါတယ်။

ဥပမာ ဆိုကြပါစို့ ... စိန်နားကပ်လေး တစ်ရံ သိမ်းထားခဲ့တယ် ဆိုကြပါစို့။ တစ်နေရာမှာနော်။ ခုလို နာမ်ပိုင်း ရှုတော့မဲ့ပုဂ္ဂိုလ်က ရုပ်တရားတွေကို စနစ်တကျ ရှုပြီးပြီ။ ရှုပြီးတဲ့အပိုင်းလေးမှာ ဒီဘဝင်မနောအကြည်လေးကို သိမ်းဆည်းပြီး မိမိသေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ စိန်နားကပ်လေးကို လှမ်းအာရုံယူကြည့်ပါ။ အဲဒီ ဘဝင်မနောအကြည်မှာ ဒီစိန်နားကပ်လေး လာပြီး ပေါ်နေလိမ့်မယ်။ အဲဒီ စိန်နားကပ်ဟာ ဘဝင်မနောအကြည်ထဲမှာ ရှိတာ ဟုတ်သလား? မဟုတ်ဘူး။ ထားခဲ့တာက ဟိုသေတ္တာထဲမှာ။ ဒါပေမဲ့ အဲဒီအာရုံကို လှမ်းပြီး အာရုံပြုလိုက်တာနဲ့ ဒီအာရုံက ဒီဘဝင်မနောအကြည်မှာ လာပြီး ထင်နေတယ်။

အဲဒီပုံစံကို သဘောပေါက်ရင် ခုနက အာနာပါန ပဋိဘာဂနိမိတ်ကလည်း ဒီဘဝင်မနောအကြည်နဲ့ တစ်ဆက်တည်း ဆိုတာတော့ မဟုတ်ဘူး။ သို့သော် ဒီဘဝင်မနောအကြည်မှာ သွားပြီးတော့ ထင်နေတယ်။ မှန်ထဲမှာ မျက်နှာရိပ် ထင်သလိုပေါ့။ ဘဝင်မနောအကြည်မှာ ဆိုင်ရာ အာရုံတွေ မိမိက မနသိကာရပေါ့။ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက်တည်း လာလာပြီးတော့ ထင်နေတယ်။ မနသိကာရ စေတသိက်ရဲ့ စွမ်းအင်ကြောင့် လာထင်တာပဲ။ အဲဒီလို ထင်လိုက်တဲ့ အချိန်အခါမှာ ခုနက ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ ဒီစျာန်အင်္ဂါငါးပါးကို ပြန်သိမ်းဆည်းလိုက်ရင် ဒီစျာန်အင်္ဂါလေးတွေက ငါးလုံး ငါးလုံး ငါးလုံး ငါးလုံး ငါးလုံး စသည်ဖြင့် အကြိမ်များစွာ ဖြစ်နေတာ လွယ်လွယ်ကူကူနဲ့ အဲဒီမှာ တွေ့ပြီ။ တွေ့တဲ့အခါကျတော့မှ စျာန်အင်္ဂါကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းထားတတ်တဲ့ ယောဂီသူတော်ကောင်းက အသိစိတ်က စ၍ဖြစ်စေ၊ ဖဿက စ၍ဖြစ်စေ၊ ဝေဒနာက စ၍ဖြစ်စေ အဲဒီ နာမ်တရားတွေကို ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။

အဲဒီလို သိမ်းဆည်းလိုက်လို့ ပထမစျာန်နဲ့ ယှဉ်တွဲနေတဲ့ နာမ်တရားက စိတ်စေတသိက် ၃၄-လုံး ရှိပါတယ်။ ခုနက ပြောပြီးပြီနော်။ အဲဒီ ၃၄-လုံးသော နာမ်တရားလေးတွေက ၃၄၊ ၃၄၊ ၃၄ နဲ့ အကြိမ်များစွာ ဖြစ်နေတာကို တွေ့ပြီ ဆိုရင်တော့ အဲဒီ အကြိမ်များစွာ ဖြစ်နေတဲ့ နာမ်တရားတွေကို ခြုံငုံပြီးတော့ နာမ်တရား နာမ်တရားလို့ ရှုရပါတယ်။ ဘာကြောင့်လဲ? အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေတဲ့ သဘောအားဖြင့် ဒီနာမ်တရားတွေသည် ဘာကို မှီတွယ်ပြီး ဖြစ်ပေါ်နေသလဲလို့ မေးတော့ ဟဒယဝတ္ထုရုပ်ကို မှီတွယ် ဖြစ်ပေါ်တော့ ဟဒယဝတ္ထုဟာ ဘာကို မှီသလဲလို့ တစ်ဆင့်တက်ပြီး ပြန်သိမ်းဆည်းလိုက်တဲ့အခါ နှလုံးအိမ်ကို ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်။ ရုပ်ကလာပ် အမှုန်တွေ တွေ့မယ်။

ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ် ဆိုပြီး ရုပ်ကလာပ် အမျိုးအစား ၆-မျိုး၊ ရုပ်အမျိုးအစား -၅၄ လွယ်လွယ်နဲ့ တွေ့တတ်တယ်။ ဘာဖြစ်လို့လဲ? ရုပ်ကမ္မဋ္ဌာန်းပိုင်းတုန်းက ဒီ ၆-ဌာန၊ ၄၂-ကောဋ္ဌာသရှိတဲ့ ရုပ်တွေကို မိမိက စနစ်တကျ သိမ်းဆည်းထားပြီး ဖြစ်နေတဲ့အတွက်ကြောင့် ခုအချိန်အပိုင်းမှာလည်း ဒီစျာန်နာမ်တရားတွေသည် ဘာကို မှီဖြစ်နေသလဲလို့ ပြန်ပြီး တစ်ပတ်ကျော့ပြီး သိမ်းဆည်းလိုက်တဲ့အခါ ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတယ်။ ဒီဟဒယဝတ္ထုဟာလည်း ဘာကို မှီဖြစ်နေသလဲလို့ ပြန်သိမ်းဆည်းလိုက်တဲ့အခါ ဟဒယဝတ္ထုနဲ့ အတူယှဉ်တွဲပြီးတော့ နှလုံးအိမ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ၅၄-မျိုးသော ရုပ်တရားတွေကို စနစ်တကျ သိမ်းဆည်းတတ်ပါတယ်။ ဒါကို ဘူတရုပ် ဥပါဒါရုပ်လို့ ခေါ်တယ်။ အဲဒီ ၅၄-မျိုးသော ရုပ်တွေက ရုပ်တရား၊ ခုနက စျာန်နာမ်တရားတွေက နာမ်တရား။ အဲဒီမှာ ရုပ်နာမ်နှစ်ပါး စပြီး ခွဲရပါတယ်။ အဲဒီပုံစံစနစ်အားဖြင့် ရူပါရုံကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရား၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရဿရုံ၊ ဖောဋ္ဌဗ္ဗာရုံ ကျန်နေတဲ့ ဓမ္မာရုံခေါ်တဲ့ အာရုံ ၆-ပါးလုံးကို ထိုက်သလို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို စနစ်တကျ ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းရမယ်ဆိုတဲ့ လုပ်ငန်းခွင်ကို ဘုရားရှင်က ဘယ်မှာ ညွှန်ကြားခဲ့သလဲ? အာနာပါနကမ္မဋ္ဌာန်းကနေပြီးတော့ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ္တန်မှာ ပထမစတုက္ကကို ခုနက စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် ရှုပွားပြီးတဲ့ ယောဂီပုဂ္ဂိုလ်ကို ရှေ့တစ်ဆင့် တက်ပြီး ရှုဖို့ရန် ဘယ်လို ညွှန်ကြားလိုက်သလဲ?

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၂။)

စသည်ဖြင့် ဒီလို ညွှန်ကြားပေးလိုက်တယ်။ အဲဒီလို ညွှန်ကြားပေးလိုက်တဲ့ အချိန်အခါကျတော့ ဘာပြောတာလဲလို့မေးတော့ အဇ္ဈတ္တမှာလည်း ကာယကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပါ၊ ဗဟိဒ္ဓမှာလည်း ကာယကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပါ၊ အဇ္ဈတ္တ ဗဟိဒ္ဓမှာလည်း ကာယကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပါဆိုပြီး ဒီလို ညွှန်ကြားပေးတယ်။ အဲဒီလို ညွှန်ကြားချက်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဋီကာများက ကာယကို ဘယ်နှစ်မျိုး ဖွင့်သလဲလို့ မေးတော့ သုံးမျိုး ဖွင့်ထားတယ်။ ကာယ ၃-မျိုးဆိုတာက ဘာလဲလို့ မေးတော့ နံပါတ်(၁) အဿသ ပဿသ ကာယ။ နံပါတ် (၂) ကရဇကာယ။ နံပါတ် (၃) နာမကာယ။ ကာယ ဘယ်နှစ်မျိုးလဲ? ၃-မျိုး။ မှတ်မိကြလား? ပြန်ပြောကြည့်စမ်းပါဦး။
နံပါတ်(၁)ဘာလဲ? အဿသ ပဿသ ကာယ။ နံပါတ်(၂)က ကရဇကာယ။ နံပါတ်(၃)က နာမကာယ။ အဲဒီ ကာယ ၃-မျိုးကို ဆိုလိုကြောင်း အတိအကျ ရှင်းထားတယ်။ ဦးပဉ္စင်းတို့ စာပေက သိပ်တိကျပါတယ်နော်။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင် ၈-ပါး ကျင့်စဉ်တရားတွေကို ဖော်ပြထားတဲ့ ဒီစာပေတွေဟာ အင်မတန် တိတိကျကျ ရှိနေပါတယ်။ ဒီတော့ ဒီနေရာမှာ တချို့က နည်းနည်းလေး သံသယရှိကြတယ်။ ဒီရုပ်ကလာပ်ကလေးတွေကို သာဝကတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးဆိုပြီး ဒီလိုလည်း သံသယရှိကြပါတယ်။ ဒီယောဂီတွေထဲမှာလည်း လက်တွေ့ ရှုရတဲ့ယောဂီတွေ များစွာ ရှိနေကြပါတယ်။ ဘုန်းကြီး နည်းနည်းလေး သံသယ ကင်းအောင်တော့ ဒီနေရာမှာ ဒီည နည်းနည်းလေး ရှင်းလင်းတဲ့ အချက်ကလေးတွေ ပြောဖို့ ရည်ရွယ်ထားပါတယ်။

ဘုရားရှင်က ဒီဓာတ်ကမ္မဋ္ဌာန်း ရုပ်ပိုင်းမှာ ဓာတ်ကမ္မဋ္ဌာန်း ရှုတဲ့အပိုင်းလေးမှာ နွားမတစ်ကောင်ကို သတ်ပြီးတော့ ရောင်းတဲ့ နွားသတ်ယောက်ျား ဥပမာလေး တစ်ခု ထည့်သွင်းပြီးတော့ ဟောထားပါတယ်။ အဲဒီ ဥပမာလေးက ဘာကို ပြောလိုသလဲလို့ မေးရင်တော့ နွားသတ်ယောက်ျားက နွားတစ်ကောင်ကို သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပထမ ကျွေးမွေးတယ်။ မွေးမြူနေတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိနေသေးတယ်။ သတ်မယ်ဆိုတဲ့ အချိန်ကျတော့ နွားကို ကြိုးနဲ့ ချည်သတ်မဲ့နေရာကို ဆွဲပြီး ခေါ်သွားတယ်။ အဲဒီ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိသေးတယ်။ သတ်မဲ့တိုင် တစ်နေရာမှာ ချည်လိုက်ပြီ သို့မဟုတ် သစ်ပင်တစ်ပင်မှာ ဒီနွားကို ချည်ထားလိုက်ပြီ။ ချည်ထားလိုက်တဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိသေးတယ်။ ချည်ပြီးတဲ့အခါ သတ်လိုက်ပြီ ဆိုကြစို့။ သတ်တဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိသေးတယ်။ သတ်ပြီးတဲ့အခါ အသေကောင်ကြီးအတိုင်း တွေ့ပြီ။ ထိုအချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိနေသေးတယ်။

သို့သော် နွားကို အသားတခြား၊ အရိုးတခြား၊ အူတခြား၊ အသည်းတခြား စသည်ဖြင့် အားလုံး ဖျက်ပြီးတော့ လမ်းမလေးဖြာ ပေါင်းစုံတဲ့နေရာမှာ သွားထိုင်ပြီးတော့ အသားတစ်ပုံ၊ အရိုးတစ်ပုံ၊ အူတစ်ပုံ၊ အသည်းတွေ နှလုံးတွေ တစ်ပုံ စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံပြီးတော့ ရောင်းနေတဲ့ အချိန်အခါမှာ ဒီနွားသတ်ယောက်ျားရဲ့ စိတ်ထဲမှာ ငါသည် နွားရောင်းနေတယ်ဆိုတဲ့ စိတ်မျိုး ဖြစ်သလား? မဖြစ်ဘူး။ လူတွေဟာလည်း ငါ့ထံမှာ လာပြီးတော့ နွားဝယ်တယ်ဆိုတဲ့ စိတ်ထားမျိုးကော ဖြစ်သလား? မဖြစ်ဘူး။ ဘယ်လိုသာ ဖြစ်သလဲ? ငါဟာ နွားသားရောင်းနေတယ် ဆိုတဲ့ စိတ်ထားပဲ ဖြစ်တယ်။ လူတွေဟာ ငါ့ဆီမှာ လာပြီးတော့ နွားသားပဲ ဝယ်နေတယ်ဆိုတဲ့ ဒီစိတ်ထားပဲ ဖြစ်တယ်။

အဲဒီပုံစံအတိုင်းပဲ - ချစ်သားတို့ ..ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်နေတဲ့ ယောဂီပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးကို မရှုတတ်ခင် မသိမ်းဆည်းတတ်ခင် ဆိုတာက ပရမတ်သို့ ခုနက ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်တဲ့ အဆင့်သို့ မရောက်ခင် ပြောတာနော်။ မသိမ်းဆည်းတတ်ခင်မှာတော့ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စတဲ့ ဒီအမှတ်သညာလေးတွေ ရှိနေသေးတယ်။ သို့သော် ယခုလို စနစ်တကျ ဓာတ်ကြီးလေးပါးကို ဦးတည်ပြီးတော့ ရှုပွားသိမ်းဆည်းလိုက်တဲ့ အပိုင်းမှာ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကို မြင်ပြီ။ ဥပါဒါရုပ်တွေကိုလည်း ဆက်လက် သိမ်းဆည်းနိုင်ပြီ။

တစ်နည်းအားဖြင့် ပြောရင်တော့ ဃနသုံးမျိုး ပြိုသွားပြီ။ ဃနပြိုတယ်ဆိုတာက အတုံးအခဲ။ အတုံးအခဲဆိုတာက ဒီရုပ်လောကမှာ သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃနဆိုပြီး ဋီကာဆရာတော်များက ဃနအတုံးအခဲ သုံးမျိုး ဖွင့်ထားပါတယ်။ သန္တတိဃန ဆိုတာက ဓာတ်ကြီးလေးပါးကို ခုနက ဦးတည်ပြီးတော့ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပြီး သမာဓိ ထူထောင်တဲ့ပုဂ္ဂိုလ် ခေါင်ဆုံး အကြည်ဓာတ် စတွေ့ပြီ။ အတုံးလိုက် အခဲလိုက်ကြီး တွေ့တယ်။ အာကာသဓာတ်ကို မမြင်သေးဘူး။ အဲဒီအပိုင်းမှာ သန္တတိဃန ဖုံးနေတယ်လို့ ခေါ်ပါတယ်။ အာကာသဓာတ်ကို မြင်အောင် ရှုနိုင်လို့ ကလာပ်အမှုန်လေးတွေ တစ်ခုစီတစ်ခုစီ မြင်ပြီ ဆိုရင်တော့ ဒါ သန္တတိဃနခေါ်တဲ့ ရုပ်အစဉ် ဓာတ်အတုံးအခဲကြီး ပြိုသွားပြီ။ အဲဒါလောက်နဲ့ ပရမတ် ဆိုက်ပြီလားဆိုတော့ မဆိုက်သေးဘူး။ ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ရှုနိုင်ပြီ ဆိုရင်တော့ ဒါသမူဟဃနခေါ်တဲ့ ရုပ်အပေါင်းအစု အတုံးအခဲ ပြိုပြီး။ မရှုနိုင်သေးရင် ရုပ်အပေါင်းအစု အတုံးအခဲလည်း မပြိုသေးဘူး။ အဲဒါလောက်နဲ့ကို ပြီးပလားဆိုတော့ မပြီးသေးဘူး။ နောက်ထပ် ဘာရှုရဦးမလဲဆိုတော့ ကိစ္စဃနခေါ်တဲ့ ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲပြိုအောင် ရှုရပါတယ်။ ဘယ်လိုလုပ်ငန်းကိစ္စဆိုတာ သဘောပေါက်အောင် ဘုန်းကြီး နည်းနည်းလေး ထပ်ပြီးတော့ ပြောပါ့မယ်။

ခု ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲလိုက်ရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဆိုပြီးတော့ သဘောတရား ၈-မျိုး ရှိတယ်ပဲ ဆိုကြပါစို့။ အဲဒီထဲမှာ ပထဝီဓာတ်သည် ပထဝီဓာတ်ရဲ့ လက္ခဏာက ဘယ်လိုသဘောရှိလဲ? ကက္ခဠလက္ခဏာ မာတဲ့သဘောလက္ခဏာ ရှိတယ်။ သူ့ရဲ့လုပ်ငန်းကိစ္စက ဘာလုပ်ငန်းကိစ္စကို လုပ်သလဲလို့မေးတော့ ပဋိဋ္ဌာနရသာ ကလာပ်တူ ကျန် ၇-မျိုးသော ရုပ်တို့ရဲ့ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို သူက ဆောင်ရွက်ပေးတယ်။ ဒီတော့ ကျန် ၇-မျိုးသော ရုပ်လည်း မမြင်ဘူး။ ဒီကလာပ်တစ်ခုအတွင်းရှိ ပထဝီဓာတ်ကိုလည်း ခွဲခြမ်းစိတ်ဖြာ မသိဘူးဆိုရင် ဒီလုပ်ငန်းကိစ္စကို နားလည်နိုင်ပါ့မလား? နားမလည်နိုင်ဘူး။ ဒီလောက်နဲ့ ပြီးရောလားဆိုတော့ မဟုတ်သေးဘူး။

သမ္ပပဋိစ္စန ပစ္စုပဋ္ဌာန ကလာပ်တူ ရုပ်တွေကို အောက်က ခံထားသကဲ့သို့ ခံလင့်သကဲ့သို့သော အခြင်းအရာအားဖြင့် ယောဂီရဲ့ ဉာဏ်ထဲမှာ ရှေးရှုထင်လာတယ်။ ပထဝီဓာတ်ကို လှမ်းရှုလိုက်တဲ့ အချိန်အခါမှာ ကလာပ်တူ ရုပ်တရားတွေကို သူက အောက်က ခံထားတတ်တဲ့ သဘောတရားလို့ ယောဂီဉာဏ်ထဲမှာ ထင်နေတယ်။ ဒီတော့ ကလာပ်တူ ရုပ်တွေကို မမြင်ရင် ဒီသဘောတရားလေးလည်း တွေ့နိုင်ပါ့မလား? မတွေ့နိုင်ဘူး။ ဒါ အတုံးအခဲ ပြိုရမယ်။ လုပ်ငန်းကိစ္စ အတုံးအခဲတွေ ပြိုသွားရမယ်။ အနီးစပ်ဆုံး အကြောင်းက ဘာလဲလို့မေးတော့ ကလာပ်တူ ကျန်ဓာတ်သုံးပါးသည် အနီးကပ်ဆုံးအကြောင်း ဖြစ်နေတယ်။ ဒီပထဝီဓာတ် ဖြစ်ဖို့ရန်အတွက်က အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ခေါ်တဲ့ ကျန်ကလာပ်တူ ဓာတ်သုံးပါး မပါရင် ဒီပထဝီဓာတ်တစ်ခုတည်း ဘယ်လိုမှ ဖြစ်လို့ မရဘူး။ အဲဒီလို စနစ်အားဖြင့် လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်တွေ နာမ်တွေကို သိမ်းဆည်းတာကို ဘာလို့ခေါ်လဲ? ဒိဋ္ဌိဝိသုဒ္ဓိစခန်း။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ်လို့ ဒီလို ခေါ်ပါတယ်။

ဒီတော့ ဒီဃနပြိုမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မယ်။ ခုနက ဃန - သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃန။ ဃန ဘယ်နှစ်မျိုးလဲ? ရုပ်လောကမှာ သုံးမျိုး။ အဲဒီ အတုံးအခဲကြီးတွေ ပြိုမှ ပရမတ်ကို ဉာဏ်အမြင်ဆိုက်မယ်။ ပရမတ်ကို ဉာဏ်အမြင်ဆိုက်မှ အနတ္တဉာဏ်အမြင်လည်း ပေါ်မယ်။ ဘာကြောင့်လဲ? ဒီကလာပ်အမှုန်တစ်ခုအတွင်းမှာ ရုပ်ပရမတ် သဘောတရား ၈-ခု၊ ၉-ခု၊ ၁၀-ခု သာရှိတယ်။ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ မပျက်စီးတဲ့ အတ္တဆိုတာ မရှိဘူးဆိုတာ ထိုအချိန်အခါမှာ ကိုယ်တိုင် သိသွားတယ်။ သိတဲ့အခါမှာ အနတ္တရောင်ခြည်တော်၊ အနတ္တဉာဏ်အမြင် ထိုအချိန်အခါမှာ ပေါ်လာလိမ့်မယ်။

အဲဒီတော့ အဲဒီ ရုပ်လောကမှာ အဲဒီလို ဃနပြိုပြီးတော့ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် ရှုပွားသုံးသပ်ပါလို့ ဘုရားရှင် ကိုယ်တော်တိုင်က ဒီဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်မှာ အတိအကျ ဟောထားတယ်။ ဟောထားလိုက်တဲ့ အချိန်အခါကျတော့ ခု ဒီအာနာပါနကမ္မဋ္ဌာန်းမှာ ခုနက ရုပ်တရားတွေကို စနစ်တကျ ရှုတတ်ပြီ။ နာမ်တရားတွေလည်း စနစ်တကျ သိမ်းဆည်းတတ်ပြီ ဆိုရင် ထိုပုဂ္ဂိုလ်သည် ရှေ့သို့ ဆက်လက်ပြီး ပြုကျင့်ရမဲ့ လုပ်ငန်းခွင်ကို ခုနက ဘုရားရှင်က -

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ - စသည်ဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓမှာ ကာယတွေကို ကြိမ်ဖန်များစွာ ရှုပါဆိုပြီး ညွှန်ကြားနေတယ်။ ညွှန်ကြားလိုက်တဲ့ ကာယသည် ဘယ်နှစ်မျိုး ရှိသလဲ? သုံးမျိုး။ ခုနက ပြောပြီးပြီ။ နံပါတ်(၁) အဿသ ပဿသ ကာယ။ နံပါတ် (၂) ကရဇကာယ။ နံပါတ် (၃)ကဘာလဲ? နာမကာယ။ ဘာကို အဿသ ပဿသ ကာယလို့ ခေါ်လဲလို့ မေးတော့ ဒီအပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ၆-ဌာန၊ ၄၂-ကောဋ္ဌာသမှာ တည်ရှိနေတဲ့ ရုပ်တရားတွေကို စနစ်တကျ သိမ်းဆည်းထားတတ်ပြီး ဖြစ်တဲ့အတွက် ဝါယောကောဋ္ဌာသ = ၄၂-ကောဋ္ဌာသထဲမှာ အကျုံးဝင်နေတဲ့ ဝါယောကောဋ္ဌာသ ဘယ်နှစ်ခု ရှိလဲ? ၆-ခု။ ဝါယောကောဋ္ဌာသ ၆-ခုထဲမှာ နောက်ဆုံး ကောဋ္ဌာသသည် ဘာလဲ? အဿသ ပဿသကောဋ္ဌာသ။ အဲဒီ အဿသ ပဿသကောဋ္ဌာသလေးကို ယောဂီပုဂ္ဂိုလ်က ဝင်လေ ထွက်လေဆိုတဲ့ ကောဋ္ဌာသကို ဓာတ်လေးပါး ဖမ်းပြီး ဓာတ်လေးပါးစိုက်ကြည့်ပါ။ အဲဒီ အချိန်အခါမှာ ဘာတွေ့မလဲ? ကလာပ်အမှုန်လေးတွေ တွေ့မယ်။ အဲဒီ အမှုန်တွေကို ဓာတ်ခွဲကြည့်၊ မကြည်ကြဘူး။ ဒီအမှုန်တွေက တစ်မှုန် တစ်မှုန်မှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ သဘောတရား ဘယ်နှစ်ခုလဲ? ၈-ခု။

နောက်ထပ်တစ်ခု ရှိတယ်။ ဘာလဲ? အသက် ရှူကြည့်ပါ။ အသက် ရှူလိုက်တဲ့ အချိန်အခါမှာ ကလာပ် အမှုန်တစ်မှုန်မှာ တည်ရှိနေတဲ့ ပထဝီဓာတ်နဲ့ နောက်ထပ် ကလာပ်တစ်ခုမှာ တည်ရှိတဲ့ ပထဝီဓာတ်တို့ ပွတ်ချုပ် ထိခတ်လိုက်တဲ့အခါမှာ အသက်ရှူတဲ့ အသံလေးတစ်ခု မပေါ်လာဘူးလား? ပေါ်လာတယ်။ အသံနဲ့ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၉-ခု။ ရုပ်သဘောတရား ဘယ်နှစ်ခုရှိလဲ? ၉-ခု။ အဲဒီ ရုပ်သဘောတရား ၉-ခုတို့ရဲ့ အပေါင်းအစုကို အဿသ ပဿသကာယလို့ ခေါ်တယ်နော်။

နောက်နံပါတ်(၂) ကာယက ဘာလဲ? ကရဇကာယ။ လူသားတွေအတွက် ကွက်ပြီး ပြောမယ် ဆိုလို့ရှိရင်တော့ မိဘတို့ရဲ့ သုတ်သွေးကို အမှီပြုပြီး ဖြစ်ပေါ်လာရတဲ့ ရုပ်တရားတွေကို ကရဇကာယလို့ ခေါ်တာပါ။ သို့သော် အဲဒီ ကရဇကာယခေါ်တဲ့ ရုပ်တရားတွေက ဘာတွေကို ကရဇကာယခေါ်တယ်ဆိုတာကို အဋ္ဌကထာ ဆရာတော်များက သောအတ္ထတော သူတ္ထရူပါနိဇေဝါ ဥပါဒါရူပါနိဇဆိုပြီး ဒီလို ရှင်းထားတယ်။ ပရမတ္ထသစ္စာနယ် တရားကိုယ်အားဖြင့် ပြောမယ်ဆိုရင်တော့ ဘူတရုပ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးနဲ့ ဒီဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ ၅၄-မျိုးသော ဥပါဒါရုပ်တွေကို ကရဇကာယလို့ ခေါ်ပါတယ်လို့ ဒီလို ရှင်းထားတယ်။ ဒီလိုဆိုရင် ကရဇကာယ အရကာ ရုပ် ၂၈-ပါး ကုန်မသွားဘူးလား? ကုန်သွားပြီ။

နာမကာယဆိုတာက ခုနက ပြောခဲ့တဲ့ အာရုံ ၆-ပါးကို အာရုံယူပြီး ထိုက်သလို ဖြစ်ပေါ်နေတဲ့ နာမ်တရား အပေါင်းအစုပဲ။ ပေါင်းလိုက်တော့ ကာယ ဘယ်နှစ်မျိုးလဲ? ၃-မျိုး။ အဲဒီ ၃-မျိုးမှာ ယောဂီပုဂ္ဂိုလ်က ခုနက နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ဝီထိခေါ်တဲ့ စိတ်အစဉ်အားဖြင့် ပထမစပြီး သိမ်းဆည်းရတယ်။ ဝီထိမုတ်စိတ်ခေါ်တဲ့ ဘဝင်စိတ်တွေကတော့ ဒီအပိုင်းမှာ လွယ်လွယ်နဲ့ သိမ်းဆည်းဖို့ရန် နည်းနည်း ခက်သေးတယ်။ ရုပ်တွေ နာမ်တွေကို ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓါရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ ခေါ်ဆိုအပ်တဲ့ အာရုံ ၆-ပါးကို ထိုက်သလို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ရုပ်တွေကို သိမ်းဆည်းပြီးတဲ့အပိုင်းမှာ, နာမ်တွေကို သိမ်းဆည်းပြီးတဲ့အပိုင်းမှာ တစ်ဆင့်တက်ပြီးတော့ ဒီရုပ်နာမ်တို့ရဲ့ အကြောင်းတရားကို ရှာဖွေရတယ်။ အဲဒီလို ရှာဖွေတဲ့အပိုင်းကျရင်တော့ အတိတ် မရဏသန္နဇောရဲ့ အာရုံကို ပုံစံမှန် သိမ်းဆည်းတတ်ပြီဆိုရင် ထိုယောဂီပုဂ္ဂိုလ်သည် ဒီဘဝင်မှာ နာမ်တရား ဘယ်လောက်ရှိတယ်၊ သူက ဘယ်အာရုံကို သိပြီလဲ ဆိုတာ ထိုအချိန်အခါမှာ နားလည်တတ်ပါတယ်။

ဒီတော့ အဲဒီကာယ ဘယ်နှစ်မျိုးရှိလဲ? (၃)မျိုး။ အဿသ ပဿသ ကာယ၊ ကရဇကာယ၊ နာမကာယ။ ပေါင်းလိုက်တော့ ရုပ်တွေ နာမ်တွေအားလုံး ကုန်မသွားဘူးလား? ကုန်သွားပြီ။ အဲဒီ ရုပ်တွေ နာမ်တွေကို ရှုတဲ့အပိုင်းမှာ ဘုရားရှင်က ဘယ်လို ညွှန်ကြားလဲ?

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၂။)

အဇ္ဈတ္တမှာလည်း အဿသ ပဿသကာယ၊ ရူပကရဇကာယ၊ နာမကာယ ၃-မျိုးသော ကာယတွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဗဟိဒ္ဓမှာလည်း အဿသ ပဿသကာယ၊ ရူပကရဇကာယ၊ နာမကာယခေါ်တဲ့ ဒီကာယတွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဒီလို ညွှန်ကြားထားတယ်။ ဒီလိုဆိုရင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ခုလုံး ရှုရမလား, မရှုရဘူးလားလို့မေးရင် ဘယ်လို ဖြေမလဲ? ရှုရမယ်။ ဒါပေမဲ့ ဆရာတော်တစ်ပါးနဲ့ ဒီကျောင်းကို တစ်ချိန်တုန်းက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်က ဆိုကြပါစို့။ ရထားပေါ်မှာ ဆုံရင်းနဲ့ ဆုံရတာကလည်း သိမ်သမုတ်ပွဲသွားရင်း ဆိုကြပါစို့နော်။ သိမ်သမုတ်ပွဲ တစ်ခု သွားရင်းနဲ့ ရထားပေါ်မှာ ဆုံတော့ ဒီအကြောင်း စပ်မိကြတယ်။ စပ်မိတော့ အဲဒီမှာ ဘုန်းကြီးတို့ စာပေနယ်ရဲ့ ဝေါဟာရလေးတစ်ခု ရှိပါတယ်။ ဒီဝါသဒ္ဒါလေးဟာ ဘာအနက်ရှိသလဲ?

ဒီအကြောင်းကို ဆရာတော်က ရထားပေါ်မှာ စပ်မိရင်းနဲ့ ဆရာတော်တစ်ပါးနဲ့ ဆွေးနွေးတဲ့အကြောင်းကို သူက တင်ပြလာတယ်။ တင်ပြလာတော့ ဦးပဉ္စင်းကလည်း အမှတ်တမဲ့ သူ့ကို မေးလိုက်ပါတယ်။ ဆရာတော် အဲဒီ ဝါသဒ္ဒါသည် ဆရာတော်အနေနဲ့ ဘာအနက်ရှိတယ်လို့ ယူဆသလဲလို့ မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တော့ သူက ဝိဝိတကပ္ဖဏ၊ ဝိကပ္ဖဏလို့ ဆိုတဲ့အတိုင်း ဒီဝါသဒ္ဒါသည် ဝိကအနက် ရှိတယ်လို့ သူက ဒီလို ပြောတယ်။ ဘုန်းကြီးတို့ စာပေနယ်မှာပေါ့လေ - အသုံးအနှုန်းလေးက ဝါသဒ္ဒါကို သမုတ်စည်းအနက် ရှိတယ်လို့ သုံးတာလဲ ရှိတယ်။ ဝိကအနက်ရှိတယ်လို့ သုံးတာလည်း ရှိပါတယ်။ သမုတ်စည်းဆိုတာကတော့ နှစ်ခုလုံး ယူရတာကို သမုတ်စည်းလို့ ခေါ်တယ်။ ဝိကဆိုတာကတော့ နှစ်ခုထဲက တစ်ခုကိုပဲ ယူရတာကို ဝိကလို့ ခေါ်ပါတယ်။ အဲဒီတော့ ဒီဝါသဒ္ဒါသည် သူကတော့ ဝိကအနက်ရှိတယ်လို့ သူက ပြောချင်တယ်။ ဘာကြောင့်လဲ?

အဇ္ဈတ္တသက်သက် ရှုရုံနဲ့လည်း မဂ်ဉာဏ် ဆိုက်နိုင်တယ်၊ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး ရှုရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်ဆိုပြီး သူက ဒီလို တင်ပြလာတယ်။ သို့သော် အဲဒီ တင်ပြချက် မှန်,မမှန်ကို ဘုန်းကြီးဘက်ကလည်း နည်းနည်း ပြန်ပြီးတော့ အကြောင်းပြပါမယ်။ ဘုန်းကြီးကတော့ သမုတ်စည်းလို့ ယူဆထားတယ်။ ဘာကြောင့်လဲ? အဋ္ဌသာလိနီအဋ္ဌကထာ စာမျက်နှာ (၂၇၀၊ ၂၇၁။)မှာလည်း ဖော်ပြထားတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ(၃၀၀၊ ၃၀၁။) မှာလည်း ဖော်ပြထားပါတယ်။ ဟိုး သံယုတ်အဋ္ဌကထာ ကလာဒသုတ္တန်အဖွင့်မှာလည်း ပုံစံတူ အနက်အဓိပ္ပါယ်တူ ဖွင့်ပြထားတယ်။ ဘာဖွင့်ပြလဲ? အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံနဲ့လည်း မဂ်ဉာဏ် ဘယ်လိုမှ မဆိုက်နိုင်ဘူး၊ ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံနဲ့လည်း အရိယမဂ်ဉာဏ်ကို ဘယ်လိုမှ မဆိုက်နိုင်ဘူး။ ဒါကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တခန္ဓာငါးပါး၊ ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာရှုရမယ်လို့ ဒီလို ညွှန်ကြားထားတယ်။ အဲဒီ ညွှန်ကြားချက်ကို လက်ခံနိုင်ရင် အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံနဲ့လည်း မဂ်ဉာဏ် ဆိုက်မလား? မဆိုက်ဘူး။ ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံနဲ့လည်း မဂ်ဉာဏ် ဆိုက်မလား? မဆိုက်ဘူး။ နောက် ဒီဥစ္စာက ဒီအဋ္ဌကထာရဲ့ ညွှန်ကြားချက်တွေဟာ ပါဠိတော်နဲ့ ညီပါသလားလို့ မေးစရာ ရှိတယ်နော်။ ခုဘုရားရှင်က ဒီမဟာသတိပဋ္ဌာနသုတ္တန်မှာ -

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၂။)

စသည်ဖြင့် အဇ္ဈတ္တကာယ၊ ဗဟိဒ္ဓကာယတွေကို အရှုခိုင်းသလား, အရှု မခိုင်းဘူးလား? အရှုခိုင်းတယ်၊ တစ်ချက်။ နောက်တစ်ခု ဟိုတစ်နေ့က ခဏခဏ ပြောခဲ့တဲ့ အနတ္တလက္ခဏသုတ္တန် ပြန်ကြည့်ပါ။

တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သဗ္ဗံ ရူပံ - “နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ'တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ

- စသည်ဖြင့် ပဉ္စဝဂ္ဂီ ၅-ဦးတို့ကို ဘုရားရှင်က ဝိပဿနာ ရှုခွင့် ညွှန်ကြားပေးနေတယ်။ အဲဒီ ညွှန်ကြားနေတဲ့ အပိုင်းလေးတွေမှာ - “ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓ ဝါ' မဟောဘူးလား? ဟောထားတယ်။ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေမှာလည်း နာမ်ခန္ဓာတွေမှာလဲ -

ဒါကြောင့် ရံခါ အဇ္ဈတ္တခန္ဓာငါးပါး၊ ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပါလို့ ညွှန်ကြားထားတယ်။ ဘုရားဟော ညွှန်ကြားချက်နဲ့ အဋ္ဌကထာတွေရဲ့ ညွှန်ကြားချက်သည် ဂင်္ဂါရေနဲ့ ယမုနာရေ ရောလျှင် တစ်သားတည်း ဖြစ်သလို ညီညွတ်မနေဘူးလား? ညီညွတ်နေတယ်။ ဘုရားဟော ဒေသနာတော်ကြီးကို မြဲမြံခိုင်ခံ့သွားအောင် မြဲရာမှာ သံပတ်၊ တင်းရာမှာ သက်ပင်းဆိုသလို ပိုပြီး ခိုင်ခံ့အောင် အဋ္ဌကထာများက ဆုံးဖြတ်ချက် ချမသွားဘူးလား? ချသွားပါတယ်။ ဒါကြောင့် တရားစစ် တရားမှန်ကို လိုလားတောင့်တနေတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ်အမှန်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းမှန်ရင် အဇ္ဈတ္တခန္ဓာငါးပါး၊ ဗဟိဒ္ဓခန္ဓာငါးပါးတွေကို သိမ်းဆည်းရမလား, မသိမ်းဆည်းရဘူးလား? သိမ်းဆည်းရမယ်။ ကဲ သိမ်းဆည်းပြီးပြီ ထားလိုက်တော့။ နောက်တစ်ဆင့် တက်ပြီးတော့ ဘာလုပ်ရမလဲ?

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဘုရားက တရားဟောတဲ့အခါမှာ တစ်ဆင့်ပြီး တစ်ဆင့် ဟောတာပါ။ တစ်ဆင့်ပြီး တစ်ဆင့် ဟောတယ်။ ဟိုခုန် ဒီခုန် ဖားခုန်သလို ဟောနေတာမျိုး မဟုတ်ဘူး။ ဖားသတ္တဝါများက ခုန်ချင်သလို ခုန်ပြီးတော့ သွားချင်သလို သွားတယ်။ အစဉ်အတိုင်း သွားတာ ဟုတ်သလား? မဟုတ်ဘူး။ ဘုရားရှင်ရဲ့ ဝါဒဟာလည်း ဖားဝါဒ မဟုတ်ဘူးဆိုပြီးတော့ အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ အတိအကျ ဖွင့်ထားပါတယ်။ ဒီတော့ ရုပ်တွေ နာမ်တွေကို အဇ္ဈတ္တ ဗဟိဒ္ဓ ၂-ဌာနမှာ သိမ်းဆည်းပြီးတဲ့ သူတော်ကောင်းက ဘာလုပ်ရသလဲ? အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံ၊ အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ရုပ်တွေ နာမ်တွေ ချုပ်ငြိမ်းပုံ၊ အကြောင်းအကျိုး ၂-ရပ်လုံးတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဆက်လက်ပြီး ရှုပွားသုံးသပ်ပါ ဆိုပြီး ညွှန်ကြားတယ်။

ဒီညွှန်ကြားချက်ထဲမှာ ဉာဏ်စဉ်နည်းအရ ပြောရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်၊ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်ဆိုတဲ့ ဒီဉာဏ် ၃-ပါး ပါနေပါတယ်။ အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား ထင်ရှားဖြစ်ပုံကို မြင်အောင် ရှုမယ်ဆိုတော့ တချို့တချို့ အကြောင်းတရားတွေသည် အတိတ်အကြောင်းတရားဖြစ်တယ်ဆိုတာ တလောကလည်း ပြောခဲ့ပြီး ဖြစ်ပါတယ်နော်။ ဒီတော့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုရမလဲလို့ မေးရင်တော့ ပစ္စုပ္ပန်ရှုဖို့ နည်းစနစ်တွေ မြတ်စွာဘုရား ၄-နည်း ဟောထားပါတယ်။ အဋ္ဌကထာက ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးပြီးတော့လည်း နောက်ထပ် နည်းတွေ ဖွင့်ထားပါတယ်နော်။

ဒီတော့ အဲဒီ ရှုပုံနည်းစနစ်တွေထဲက အလယ်ခေါင်ကနေ ဖောက်ပြီးတော့ အရင်းဘက်ကို သွားတဲ့ နည်းစနစ်တစ်ခုရဲ့ ရှုပုံနည်းစနစ် အရိပ်အမြွက်ကလေးကို ဘုန်းကြီး ပြောမယ်နော်။ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီး အဇ္ဈတ္တ ဗဟိဒ္ဓ ၂-ဌာနမှာ အဲဒီလို သိမ်းဆည်းပြီးတဲ့ ယောဂီသူတော်ကောင်းက အတိတ်ဘက်ကို တာစူပြီး ရုပ်တွေ နာမ်တွေကို တစတစ သိမ်းဆည်းသွားရတယ်။ အမိဝမ်းထဲ ပဋိသန္ဓေ ကာလလရေကြည်သို့တိုင်အောင် သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တွေ နာမ်တွေ ဘယ်က လာသလဲလို့ သိချင်တဲ့ စိတ်ဓာတ်ဖြင့် ဟိုဘက်ကို လှမ်းပြီးတော့ ရုပ်နာမ်ကိုပဲ ဆက်လက်ရှုပါ။ ရှုလိုက်လို့ရှိရင်တော့ ဟိုဘက်မှာ သေတဲ့ပုံသော်လည်းကောင်း သို့မဟုတ် သေခါနီးပုံကိုသော်လည်းကောင်း သွားတွေ့တတ်ပါတယ်။ တွေ့ရင်လည်း အဲဒီပုံမှာ ဖမ်းပြီးတော့ ဓာတ်လေးပါး စိုက်၊ ရုပ်နာမ်ခွဲ။ အထူးသဖြင့် ဟဒယဝတ္ထုကို မိအောင် ဖမ်းလိုက်ရင် ခုနက အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို သွားတွေ့မယ်။

အဲဒီအိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို တွေ့လိုက်ရင် ဒီဘဝင်မနောအကြည်ဓာတ်ကလေးကို ရှေ့တိုးကြည့်၊ နောက်ဆုတ်ကြည့်။ ရှေ့တိုးကြည့်တယ်ဆိုတာက မသေခင် ရှေ့ပိုင်း၊ နောက်ဆုတ်ကြည့်တယ် ဆိုတာက သေခါနီးဆဲဆဲအပိုင်း။ အဲဒီလို ခေါက်တုံ့ခေါက်ပြန် ကြည့်လိုက်ပါက ဒီဘဝင်မနောအကြည်ဓာတ်မှာ ဘာအာရုံတွေ ထင်နေတယ်ဆိုတာ ပေါ်လာလိမ့်မယ်။ အဲဒီ ထင်နေတာက သံသရာခရီး မဆုံးသေးတဲ့ သတ္တဝါ ဖြစ်ခဲ့မယ်ဆိုရင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်။ ဒီနိမိတ် ၃-မျိုး။ တစ်မျိုးမျိုးတော့ ထင်မြဲ ဓမ္မတာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို နိမိတ် ၃-မျိုး ၁-မျိုးမျိုး ထင်လိုက်မယ်ဆိုရင် ဒီနိမိတ်ကို သွားတွေ့ရင် ဒီပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်နွယ်တဲ့သဘောကို သိဖို့ရန်အတွက် ဒါအခြေခံသော့ချက် ဖြစ်တယ်။ ဒီနိမိတ်တွေက ဘယ်လိုထင်သလဲလို့ မေးရင်တော့ ဘုန်းကြီး နည်းနည်းလေး ပုံစံလေးတော့ ပြောမယ်။ ခု ပစ္စုပ္ပန်မှာ ဆုတောင်းတဲ့ပုံစံကို ပြောရင်တော့ အတိတ်က ဆုတောင်းခဲ့တဲ့ ပုံစံကိုလည်း သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ ဘုန်းကြီး ခပ်ငယ်ငယ်တုန်းက ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိခဲ့ဖူးတာလေး မှတ်မိတယ်။

ဒကာကြီးတစ်ဦး ရွှေတိဂုံ တက်တက်ပြီးတော့ ဆုတောင်းတယ်။ ဆရာတော်ကြီးတစ်ပါး ရွှေတိဂုံ တက်တက်ပြီးတော့ ဆုတောင်းတယ်။ ဘာဆုတောင်းလဲ? နောက်ဘဝကျရင် မိန်းမဖြစ်ပါရစေဆိုပြီး ဆုတောင်းတယ်တဲ့။ ဒါနဲ့ ဆရာတော်ကြီးက သိတော့ အမျိုးသမီးဘဝကို ဆရာတော် ဘာဖြစ်လို့ ဆုတောင်းရသလဲလို့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဆရာတော်ကြီးက ဘာပြန်အမိန့်ရှိသလဲ? အမျိုးသမီးဖြစ်ရတာ သက်သာတယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ ဟုတ်သလား?
6wq89204gfsep1w6133jhc3vf0fbx3t မင်္ဂလသုတ်-၁၆/၉၇ 0 6239 21874 2026-04-13T19:10:43Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၅..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21874 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၅/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၇/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၆

ကဲ ဒီညလည်း မင်္ဂလသုတ္တန် ဆက်ပြီး နာကြားကြည့်ရအောင်နော်။ ညက အကြောင်းတရား ရှာဖွေတဲ့အပိုင်းလေးမှာ နည်းနည်း နိဒါန်းပျိုးထားပါတယ်။ အတိတ်က ဘယ်လို အကြောင်းတရားတွေကို ထူထောင်ခဲ့တယ်ဆိုတဲ့ အပိုင်းမှာ အတိတ်က မရဏသန္နဇောရဲ့ အာရုံကို စနစ်တကျသိအောင် ရှုတတ်ဖို့ လိုတဲ့အကြောင်းလည်း ပြောခဲ့ပြီးပြီနော်။ ဒီတော့ ဒီမရဏသန္နဇောရဲ့ အာရုံကို စနစ်တကျ သိတတ်ရေးအတွက် မရဏသန္န အချိန်အခါမှာ ထင်လာတဲ့ အာရုံနိမိတ်နဲ့ ပတ်သက်ပြီးတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဖြစ်ပုံ။ အထူးသဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ ကံတွေရဲ့ စွမ်းအင်သတ္တိကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာပုံ ဒီအပိုင်းကို သဘောပေါက်ရေးက ဘာနဲ့ ဆိုင်သလဲလို့မေးရင် ပစ္စုပ္ပန်မှာ ထူထောင်နေတဲ့ ကမ္မဝဋ်နဲ့ နည်းနည်း ဆိုင်တယ်နော်။

ကမ္မဝဋ်နဲ့ ဆိုင်တော့ ညက ဆရာတော်ကြီးတစ်ပါး ရွှေတိဂုံမှာ တက်တက်ပြီး အမျိုးသမီးဘဝ ဆုတောင်းတဲ့အကြောင်း ပြောခဲ့တယ်နော်။ အမျိုးသမီးဘဝက သက်သာတဲ့အတွက် အမျိုးသမီးဘဝကို တွယ်တာမက်မောတယ်။ သတ္တဝါများ သံသရာခရီး ကျင်လည်တဲ့ အချိန်အခါမှာ စိတ်ထားလေးတွေ ပြုပြင်ပြောင်းလဲသွားရင် ဘဝတွေ ပြောင်းသွားတယ်။ စဉ်းစားကြည့်ပေါ့နော်။ ဘာကို အခြေခံသလဲလို့ မေးတော့ အသိမှားမှုအပေါ်မှာ အခြေခံနေတယ်။ အဝိဇ္ဇာဆိုတဲ့ သဘောက သိသင့်သိထိုက်တဲ့ ခန္ဓာငါးပါး၊ အာယတန ဆယ့်နှစ်ပါး၊ ဓာတ် တစ်ဆယ့်ရှစ်ပါး၊ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရား၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားဆိုတဲ့ ဒီတရားတွေကို မသိဘူး။ ဘယ်လို သိလဲ?

ယောက်ျားလို့ သိတယ်။ မိန်းမလို့ သိတယ်။ သားလို့ သိတယ်။ သမီးလို့ သိတယ်။ အဘိုးကြီးလို့ သိတယ်။ အဘွားကြီးလို့ သိတယ်။ လူလို့ သိတယ်။ နတ်လို့ သိတယ်။ ဗြဟ္မာလို့ သိတယ်။ အဲဒီအသိတွေသည် မှားလား၊ မှန်လား? မှားနေတယ်။ ခုနက ဆရာတော်ကြီး ဆုတောင်းတဲ့အပိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိချင်လည်း ရှိပါစေ။ အမျိုးသမီးလို့ အသိမှားနေတဲ့ သဘောလေး မပါဘူးလား? ပါနေတယ်။ ပရမတ္ထအားဖြင့် တကယ်ထင်ရှား ရှိနေတာက အနိစ္စ ဒုက္ခ အနတ္တ ဖြစ်နေတဲ့ ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံ၊ အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံသာ ဖြစ်တယ်။ ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံလို့ မသိဘဲ၊ အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံတွေပဲလို့ ဒီလို မသိဘဲ အနိစ္စတရား အစုအပုံတွေပဲ၊ ဒုက္ခတရား အစုအပုံတွေပဲ၊ အနတ္တတရား အစုအပုံတွေပဲလို့ ဒီလို မသိဘဲ ပြောင်းပြန်လှန်ပြီးတော့ အမျိုးသမီးလို့ သိလိုက်တဲ့အတွက် ဒီအသိမျိုးကို မှားတယ်လို့ ခေါ်ရတယ်နော်။ အဲဒီ အသိမှားမှုကို ပါဠိလို ဘယ်လိုခေါ်လဲ? အဝိဇ္ဇာလို့ ခေါ်တာနော်။

အဲဒီ အဝိဇ္ဇာက အဝိဇ္ဇာတစ်လုံး ဖြစ်နိုင်သည့်စွမ်းအား ရှိသလား? မရှိဘူး။ စိတ်-စေတသိက်တို့ မည်သည်မှာ ယှဉ်ဘက်သမ္ပယုတ်တရားတို့နှင့် ထိုက်သလို ပြိုင်တူယှဉ်တွဲပြီး ဖြစ်ကြတယ်။ ဒီတော့ ဒီအဝိဇ္ဇာမှာက သူက အမျိုးသမီးလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ။ အမျိုးသမီး တကယ် ထင်ရှားရှိတယ်လို့ စွဲလန်းယုံကြည်နေတဲ့ ယုံကြည်ချက်ကလေးလည်း မရှိဘူးလား? ရှိတယ်။ ဒါက သက္ကာယဒိဋ္ဌိ။ သက္ကာယဒိဋ္ဌိဆိုတော့ သူက လောဘမူစိတ်ထဲမှာ အကျုံးဝင်တော့ လောဘဒိဋ္ဌိအုပ်စု ဖြစ်ပါတယ်။ ဘယ်လိုကြောင့်လဲ? အမျိုးသမီးလို့ အသိမှားနေတဲ့ သဘောက မောဟ အဝိဇ္ဇာ။ အမျိုးသမီးလို့ ယုံကြည်ချက် ခံယူချက် မှားနေတဲ့ သဘောက ဒိဋ္ဌိ။ ထိုအမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာတပ်မက်တဲ့ သဘောလေးက တဏှာ။ အဝိဇ္ဇာ တဏှာ အမျိုးသမီးဘဝကို စိတ်ကပ်ပြီး စွဲနေတဲ့ သဘောလေးက ဥပါဒါန်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခု ခြံရံထားတယ်။ ခြံရံထားလိုက်တဲ့ အချိန်အခါကျတော့ ဒီလို ခြံရံပြီးတော့ ကံတွေကို သူက ထူထောင်တော့ ဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခုတွင်လားဆိုတော့ မကပါဘူးနော်။

လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ္တ စိတ်ဆိုတော့ အဲဒီမှာ ယေဘုယျအားဖြင့် ဝမ်းမြောက်ဝမ်းသာနဲ့သာ ဆုတောင်းမယ်ဆိုရင် ဘာဝေဒနာဖြစ်မလဲ? သောမနဿဝေဒနာ။ သူတစ်ပါးကလည်း မတိုက်တွန်းရဘူး။ မိမိ အလိုအလျောက် အမျိုးသမီးဘဝကို လိုလားတောင့်တတဲ့စိတ်ထားဖြင့် သွားပြီး ဆုတောင်းမယ်ဆိုရင် ဘာဖြစ်မလဲ? အသင်္ခါရိကနော်။ ဘာဖြစ်လို့ ဒီလို ယောက်ျားတစ်ဦးက အမျိုးသမီးဘဝကို ဒီလို တွယ်တာတပ်မက်တဲ့ စိတ်ထား ဖြစ်ရသလဲလို့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ စဉ်းစားကြည့်ဖို့ မကောင်းဘူးလား? ကောင်းတယ်။ သူ့အကြောင်းပြချက်ကတော့ သက်သာလို့ ဒီလိုတော့ အကြောင်းပြတယ်။ ဒါဟာ ခိုင်လုံတဲ့ အကြောင်းပြချက် ဟုတ်သလား? မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘဝတွေ သံသရာခရီး ကျင့်လည်တဲ့ အချိန်အခါလေးတွေမှာ အမျိုးသမီးဘဝနဲ့ အဖြစ်များခဲ့တဲ့ ပုဂ္ဂိုလ် သို့မဟုတ် အမျိုးသမီးဘဝနဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်က ဒီအမျိုးသမီးဘဝကို ပြန်ပြန်ပြီး ညွတ်ကိုင်းရှိုင်းတဲ့ စိတ်ဓာတ် မကြာခဏ ပေါ်လာပါတယ်နော်။ အခုလည်း ဒီအတိုင်းပဲ။

ဘုန်းကြီး ယောဂီတော်တော်ခပ်များများကို သုတေသန ပြုကြည့်တဲ့အပိုင်းမှာ ယောက်ျားဘဝမှာ ကျင်လည်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အမျိုးသမီးဘဝမှာ ကျင်လည်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ယောက်ျား၊ မိန်းမ အမျိုးသမီး ဘဝ နှစ်ခုလုံးမှာပဲ တစ်လှည့်စီလိုလို ထိုက်သလို ကျင်လည်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ကြရတယ်။ ဘယ်လိုကြောင့် ဒီလို ဘဝလေးတွေ ပြောင်းလဲသွားကြသလဲလို့ လှမ်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီကံကို ထူထောင်စဉ် အချိန်အခါမှာ ခြံရံထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ချင်း မတူဘူး။ ဘာဖြစ်လို့ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေက မတူရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အတိတ်သံသရာ ဓာတ်ငွေ့လေးတွေက လာပြီး အရှိန်အဝါ ဟပ်နေတာ တွေ့ရတယ်။ အမျိုးသမီးဘဝအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာဓာတ်တွေ ခြံရံပြီး ကံတွေကို ထူထောင်ထားလို့ အမျိုးသမီးဘဝမှာ ကျင်လည်မှု များခဲ့တဲ့ ပုဂ္ဂိုလ်တွေက နောက်ထပ် ကံတစ်ခု ထူထောင်တဲ့ အချိန်အခါမှာလည်း အမျိုးသမီးဘဝကို ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ဓာတ်ကလေးတွေ ပေါ်လာတယ်။ ဒီအပိုင်းကို ဘုရားရှင်က ဟိုသံယုတ် ပါဠိတော် စေတနာသုတ္တန်မှာ ဘယ်လို ဟောထားသလဲ?

ယဉ္စ ဘိက္ခဝေ စေတေတိ၊ ယဉ္စ ပကပ္ပေတိ၊ ယဉ္စ အနုသေတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယဉ္စ၊ အကြင် ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုလည်းပဲ။ စေတေတိ၊ ဖြစ်ပေါ်စေ၏၊ ယဉ္စ၊ အကြင် ကြံစည်မှုစိတ်ကူးမှု ဝိတက်တရားကိုလည်းပဲ။ ပကပ္ပေတိ၊ ဖြစ်ပေါ်စေ၏၊ ယဉ္စ၊ အကြင် တဏှာဒိဋ္ဌိတို့နှင့် ပူးတွဲလျက် ကြံစည်စိတ်ကူးမှု ဝိတက်တရားကိုလည်းပဲ။ ပကပ္ပေတိ၊ ဖြစ်ပေါ်စေ၏၊ ယဉ္စ၊ အကြင် အနုဿယဓာတ်သည်လည်းပဲ။ အနုသေတိ၊ ကိန်းဝပ်လျက်ရှိပေ၏၊

အကြောင်း ဘယ်နှစ်ချက်လဲ? သုံးချက်။ သံသရာဝဋ်ကို ကျင်လည်စေတတ်တဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံဆိုတဲ့ စေတနာကိုလည်း ဖြစ်စေတယ်။ ဒါတစ်ချက်။ တဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီး ကြံစည်စိတ်ကူးမှု ဝိတက်လည်း ထင်ရှားရှိနေတယ် ဖြစ်စေတယ်။ ဒါက အကြောင်းတစ်ချက်။ အနုဿယဓာတ်ကလည်း အရိယမဂ်တရားဖြင့် မပါယ်ရှားရသေးသည့်အတွက် ထိုပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လျက် ရှိနေသေးတယ်။ အကြောင်းတစ်ချက်။ ဘယ်နှစ်ချက်လဲ? သုံးချက်။ အဲဒီ အကြောင်းသုံးချက်ထဲမှာ ခုနက ဆရာတော်ကြီးကို ကြည့်လိုက်ရင် အမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့ တဏှာ။ အမျိုးသမီးဘဝဆိုတာ တကယ် ထင်ရှားရှိပါတယ်လို့ စွဲလန်းယုံကြည်နေတဲ့ ဒိဋ္ဌိ။ ဒီတဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီးတော့ အမျိုးသမီးဖြစ်ချင်တယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုလေး သူ့မှာ ရှိသလား၊ မရှိဘူးလား? ရှိနေတယ်။

ရွှေတိဂုံဘုရားမှာ တက်ပြီး ဆုတောင်းတယ်ဆိုတော့ အလကားတော့ ဟုတ်ချင်ဟုတ်မှာပေါ့နော်။ ဆီမီးလေး ပန်းလေးတော့ ပါကောင်း ပါပါလိမ့်မယ်။ မပါဘူးဘဲထား။ စေတီတော်ကို အာရုံယူပြီးတော့ ရှိခိုးဝတ်ပြုတယ်ဆိုရင်ပဲ ရှိခိုးတဲ့ ကုသိုလ်စိတ်စေတနာတွေကော မဖြစ်ဘူးလား? ဖြစ်နေပြီ။ သင်္ခါရကံတွေကို ပြုစုပျိုးထောင်မှု မရှိဘူးလား? ရှိတယ်။ ပန်းလေး၊ ဆီမီးလေး လှူပြီးတော့များ အကယ်၍ ဆုတောင်းခဲ့မယ် ဆိုရင်တော့ ပန်း၊ ဆီမီး လှူတဲ့အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်စေတနာတွေ မဖြစ်ဘူးလား? ဖြစ်တယ်။ များသောအားဖြင့် ဝမ်းမြောက်ဝမ်းသာနဲ့ လှူမယ်။ ကံ၊ ကံရဲ့အကျိုးကို တတ်သိနားလည်တဲ့ သမ္မာဒိဋ္ဌိဉာဏ်လည်း ပြဋ္ဌာန်းလျက် ရှိမယ်ဆိုရင်တော့ ယေဘုယျအားဖြင့် စိတ်-စေတသိက် ၃၄-လုံးလောက် ရှိတတ်ပါတယ်နော်။ အညသမာန်း အမည်ရနေတဲ့ စေတသိက်က ၁၃-လုံး။ သောဘဏသာဓာရဏ စေတသိက်က ၁၉-လုံး။ ပညိန္ဒြေ စေတသိက်က ၁-လုံး။ ပေါင်းလိုက်တော့ စေတသိက် ၃၃-လုံး။ အသိစိတ်က ၁-လုံး။ မဟာကုသိုလ်စိတ်ပေါ့နော်။ ပေါင်းလိုက်တော့ ဘယ်လောက်လဲ? စေတသိက် ၃၄-လုံး ရှိပါတယ်။ ဒါကို သင်္ခါရတရားလို့ ခေါ်တယ်။

အဲဒီ သင်္ခါရတရားတွေသည် သူတို့က အနိစ္စတရား ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ ဆက်ကာ ဆက်ကာတော့ ဖြစ်ချင်ဖြစ်မယ်။ ကြိမ်ဖန်များစွာ ဖြစ်ပြီးတိုင်း ဖြစ်ပြီးတိုင်း ပျက်မသွားဘူးလား? ပျက်သွားတယ်။ အနိစ္စတရားတွေ ဖြစ်ကြတယ်။ ပျက်သွားပေမဲ့လို့ တခြားတခြား ဝိပါက်တရားတွေလို စွမ်းအင်သတ္တိ တစ်စုံတစ်ရာ မထားရစ်ခဲ့ဘဲနဲ့ ရုပ်နာမ်အစဉ်မှာ ချုပ်ပျက်သွားတာတော့ မဟုတ်ဘူး။ နောင်တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ အမျိုးသမီးဘဝကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိလေးကို ဘာလို့ခေါ်လဲ? ကံလို့ ခေါ်ပါတယ်နော်။ နာနက္ခဏိက ကမ္မသတ္တိလို့ ခေါ်တယ်။

ဒီကံကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးတရားနဲ့ ဒီကံနဲ့ဟာ ခဏခြင်း မတူဘူး။ ဘယ်လောက်အထိ မတူသလဲလို့ မေးရင်တော့ တချို့တချို့ ကံတွေဟာ ကမ္ဘာအသင်္ချေနဲ့ ချီပြီးတော့မှ ကွာချင်လည်း ကွာနေတတ်တယ်။ ကမ္ဘာသိန်းနဲ့ ချီပြီး ကွာချင်လည်း ကွာတယ်။ ဘဝပေါင်းများစွာ ကွာချင်လည်း ကွာတတ်ပါတယ်။ နာနာခဏပဲ ကံနဲ့ ကံရဲ့အကျိုးသည် ခဏခြင်း မတူဘူး။ ဖြစ်ပုံအချိန်ကာလချင်း မတူဘူး။ ဝေးကွာတယ်။ အဲဒီ နာနက္ခဏိက ကမ္မသတ္တိဖြင့် ကျေးဇူးပြုပေးမဲ့ ဒီစွမ်းအင်ကမ္မသတ္တိလေးဟာ ဥပါဒ် ဌီ ဘင် အနေအားဖြင့် ထင်ရှားရှိတာတော့ မဟုတ်ဘူး။ တစ်ချိန် သူ မျှော်လင့်တောင့်တနေတဲ့ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်လေးပဲ။ ဘယ်သူ့ရဲ့ စွမ်းအင်လဲလို့မေးရင် ခုနက စေတီတော်မှာ ပန်း၊ ဆီမီး စသည် လှူဒါန်းပြီး ရှိခိုးဝတ်ပြုနေတဲ့ ကုသိုလ်သင်္ခါရ စေတနာတွေပဲ။ အဲဒီ စေတနာတွေက များစွာ ဖြစ်မယ်။ များစွာဖြစ်သွားတဲ့ ဒီစိတ်စေတနာတွေထဲက တစ်ခုသော စေတနာကတော့ အကျိုးပေးတော့မယ်နော်။

တစ်ခုသော စေတနာ ဆိုတာကတော့ အဘိဓမ္မာနည်းအရ အတိအကျ ပြောမယ်ဆိုရင်တော့ ပထမဇောစေတနာက မျက်မှောက်ဘဝမှာ အကျိုးပေးတယ်။ မပေးရင် သူက အဟောသိကံ ဖြစ်တယ်။ သတ္တမဇောစေတနာက လာမဲ့ ပထမအနာဂတ်ဘဝပေါ့နော်။ လာမဲ့ဘဝမှာ အကျိုးပေးမယ်။ မပေးရင် သူက အဟောသိကံ ဖြစ်မယ်။ အလယ်ဇော ငါးတန်ကတော့ အခါအခွင့် ဇောခုနှစ်ကြိမ် စောတယ်ပေါ့လေ။ ကာမဇောတို့ရဲ့ ဓမ္မတာအတိုင်း များသောအားဖြင့် ယေဘုယျအားဖြင့် ခုနှစ်ကြိမ်စောတော့ အလယ်ဇောငါးတန်ကတော့ နိဗ္ဗာန်မရမီစပ်ကြား သံသရာခရီးဆိုတာ ထင်ရှား ရှိနေခဲ့ရင် တစ်ခုသောဘဝမှာ သို့မဟုတ် ဘဝများစွာမှာတော့ ဒီကံက အကျိုးပေးမယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုပြီးတော့ အကြောင်းတရား ဘယ်နှစ်ခုလဲ? ငါးခု။

အဲဒီထဲမှာလည်း အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စုကို ကြည့်လိုက်ရင် ခုနက လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်ဖြစ်တော့ သူက ယေဘုယျအားဖြင့် ဝမ်းမြောက်ဝမ်းသာနဲ့ လှူမယ်။ တိုက်တွန်းမှုလည်း မရှိဘူးဆိုရင် စိတ်-စေတသိက် ဇောတွေမှာ အလုံး ၂၀-ခန့် ရှိပါတယ်နော်။ အညသမာန်းစေတသိက်က ၁၃-လုံး။ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ခေါ်ဆိုအပ်တဲ့ အကုသလ သာဓာရဏစေတသိက်။ အကုသိုလ်စိတ်အားလုံးနဲ့ ဆက်ဆံနေတဲ့ စေတသိက်က ၄-လုံး။ လောဘဒိဋ္ဌိ စေတသိက်က ၂-လုံး။ ပေါင်းလိုက်တဲ့ အခါကျတော့ ဘယ်လောက်ရှိမလဲ? ၁၉-လုံး။ အသိစိတ် ၁-လုံးနဲ့ ပေါင်းလိုက်တော့ ၂၀-လုံးနော်။ ဇောတွေမှာ များသောအားဖြင့် အသင်္ခါရိက ဖြစ်ခဲ့မယ်ဆိုရင် စိတ်စေတသိက် အလုံး ၂၀ ရှိတတ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က အဲဒီ အလုံး ၂၀ ကို စနစ်တကျ သူ့ဇောဝီထိအတိုင်း စနစ်တကျ မြင်တတ်ဖို့ လိုတယ်။ ရှုတတ်ဖို့ လိုတယ်။ သိမ်းဆည်းတတ်ဖို့ လိုပါတယ်။

အလားတူပဲ။ သင်္ခါရကံတွေမှာလည်း ခုနက ပြောခဲ့တဲ့အတိုင်း ၃၄-လုံး ရှိရင် အဲဒီ ၃၄-လုံးသော သင်္ခါရတရားတွေကို စနစ်တကျ သိမ်းဆည်းတတ်ဖို့၊ ရှုတတ်ဖို့ လိုတယ်။ ဒီတော့ အတိတ်ကို လှမ်းရှုတဲ့အပိုင်းမှာ အဲဒီလို ရှုတတ်ဖို့ ခက်ခဲရင် ပစ္စုပ္ပန်မှာ လက်ရှိ တရားမထိုင်မီပေါ့လေ ခုနက ဆရာတော်ကြီးလိုပေါ့ - ဘုရားမှာ မိမိ ကြိုက်တဲ့ ဆုတစ်ခုတော့ တောင်းပေါ့။ တောင်းပြီးတဲ့ အချိန်အခါမှာ ဒီကမ္မဝဋ်လို့ ခေါ်ပါတယ်။ အဲဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် ခြံရံတတ်တဲ့ ဒီသင်္ခါရကံကို ပထမ မြင်အောင် ကြည့်ရတယ်။ ဒါကို အာဟာရ ၄-ပါးဆိုတဲ့ အနေနဲ့ မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခု ရှိပါတယ်နော်။ ဒီစေတနာဟာလည်း စေတနာဟာရ ဘဝပဋိသန္ဓေ ဝိညာဏ် အစရှိတဲ့ ဝိပါက်ဝိညာဏ်တွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် သူ့ကိုလည်း အာဟာရ အကြောင်းတရားဆိုပြီး ဒီလို ဟောထားပါတယ်။ အဲဒီ အာဟာရလေးပါးကနေစပြီး ပြောင်းပြန်လှန်ပြီးတော့ ရုပ်နာမ်တွေကို သိမ်းဆည်းသွားရတယ်။

ကဲ ... နောက်ထပ် သဘောပေါက်အောင် ပုံစံလေးတစ်ခုတော့ ထပ်ပြောဦးမယ်နော်။ ဘုန်းကြီး ငယ်စဉ်အချိန်အခါတုန်းက ဘုန်းကြီးက အလှူတစ်ခုနဲ့ ကြုံတယ်။ အလှူတစ်ခုမှာ သက်တော် ၈၀-ကျော်နေတဲ့ ဆရာတော်ကြီးတစ်ပါးက တရားဟောတယ်။ တရားနာပရိသတ်ထဲမှာ ဘုန်းကြီးလည်း ပါနေတယ်။ ဆရာတော်ကြီးက ဘာတရားဟောသလဲ? ဒကာမကြီးတစ်ယောက် ဒီလိုပဲ ရွှေတိဂုံဘုရား တက်တက်ပြီး ဆုတောင်းတယ်။ ကဲ ဘယ်လို ဆုများတောင်းမယ်ထင်လဲ ဒကာကြီးတွေ၊ ဒကာမကြီးတွေ စဉ်းစားကြည့်စမ်း။ အဲဒီ ဒကာမကြီး ဘယ်လို ဆုတောင်းမလဲ? ဘုန်းကြီးက နည်းနည်းလေး အဲဒီဆုမျိုး တောင်းစေချင်လို့ပါနော်။

ဒကာမကြီးက ဘာဆုတောင်းသလဲ ဆိုတော့ “ဘုန်းကြီး လူထွက်တွေနဲ့ ဘယ်ဘဝမှ မတွေ့ပါရစေနဲ့တဲ့” သူက ဒီဆုတောင်းတယ်။ ဒါနဲ့ ဆရာတော်ကြီးက ကြားတယ်။ ဒီဒကာမကြီးက ရွှေတိဂုံဘုရား တက်တက်ပြီးတော့ အမြဲတမ်းသူက ဘုန်းကြီးလူထွက်နဲ့ မတွေ့ဘို့ သူက ဒီဆုတောင်းတယ် ဆိုတော့ ဘာဖြစ်လို့ပါလိမ့် ဆိုပြီးတော့ တစ်နေ့ ဒကာမကြီးကို မေးကြည့်တယ် -

“ဒကာမကြီး ရွှေတိဂုံဘုရားမှာ တက်တက်ပြီး ဒကာမကြီး ဒီလို ဆုတောင်းတာဆိုတာ ဟုတ်သလား?”
“ဟုတ်တယ် ကိုယ်တော်တဲ့”
“ဘာဖြစ်လို့လဲ?”

ဒကာမကြီးက အကြောင်းပြတယ် ... “အရှင်ဘုရား ... ဘုန်းကြီးလူ-ထွက်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားစကားကို နားမထောင်လို့ သူတို့က လူထွက်သွားတာတဲ့။ ဘုရားစကား နားထောင်ရင် ဒီလူတွေ လူထွက်ပါ့မလား? မထွက်ဘူး။ ဒီတော့ ဘုရားစကားတောင် နားမထောင်တဲ့ လူတွေဟာ မယားစကားလည်း ဘယ်လိုလုပ် နားထောင်မလဲ” သူ့အကြောင်းပြချက်က ဟုတ်သလား, မဟုတ်ဘူးလား? “အဲဒါကြောင့် တပည့်တော် ဒီလူတွေနဲ့ ဘယ်တော့မှ မတွေ့ချင်ဘူး”

ဒကာမကြီးတွေလည်း ဘုန်းကြီးက အဲဒီဆု တောင်းစေချင်ပါတယ်။ ဒကာကြီးတွေလည်း အဲဒီဆု တောင်းစေချင်တယ်။ ဘာဖြစ်လို့လဲ? ခုခေတ်က ဒုလ္လဘ သီလရှင်၊ ဒုလ္လဘ ဘုန်းကြီး လူထွက်တွေ များလွန်းလို့။ ဟုတ်တယ်မဟုတ်လား? အဲဒီလို လူတွေနဲ့ မတွေ့ဘို့သာ ဆုတောင်းလိုက်ရင်တော့ သိပ်ကောင်းမသွားဘူးလား? ကောင်းသွားမယ်နော်။ အဲဒီမှာကြည့် ... ဒီဒကာမကြီးရဲ့ ဆုတောင်းချက်မှာ ကြည့်လိုက်ရင် သူက ဘုန်းကြီးလူထွက်နဲ့ မတွေ့ရတဲ့ အမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့စိတ်ထား မရှိဘူးလား? ရှိနေတယ်။

အမျိုးသမီးလို့ အသိမှားနေတဲ့သဘောက ဘာလဲ? အဝိဇ္ဇာ။ အမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ။ အမျိုးသမီးဘဝကို စိတ်ကပ်ပြီး စွဲနေတဲ့သဘောလေးက ဥပါဒါန်။ အဲဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခု ခြံရံပြီးတော့ သူက ပန်းလှူတယ်။ ဆီမီးလှူတယ်။ ရေချမ်းလှူတယ်။ ဘာလုပ်တာလဲ? သင်္ခါရတရားတွေကို ပြုစုပျိုးထောင်တယ်။ ဘဝသစ်တစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ သင်္ခါရတရားတွေကို ပြုစုပျိုးထောင်လိုက်တယ်။

အဲဒီ သင်္ခါရတရားတွေက အနိစ္စတရား ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ခြင်း ပျက်တယ်။ ပျက်သွားပေမဲ့လို့ နောင်တစ်ချိန် သူမျှော်လင့် တောင့်တနေတဲ့ ဘုန်းကြီးလူထွက်နဲ့ မတွေ့ရတဲ့ အမျိုးသမီးဘဝကို ဖြစ်စေနိုင်-တဲ့ စွမ်းအင်ကမ္မသတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အလကား မချုပ်သွားဘူး။ သံသရာခရီးဆိုတာ ထင်ရှား ရှိနေခဲ့ရင် ဒီအလယ်ဇောငါးတန်ကတော့ အဟောသိကံ ဖြစ်တယ်လို့ ထုံးစံ မရှိဘူးနော်။ သံသရာခရီး ဆုံးသွားပြီဆိုရင်တော့ အဟောသိကံ ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ကံကို ထူထောင်တဲ့အပိုင်းလေးတွေမှာ မိမိတို့ဘက်က နည်းနည်း အသိဉာဏ်လေးတွေ ရှိဖို့တော့ လိုအပ်ပါတယ်နော်။ အသိဉာဏ် ရှိဖို့ လိုအပ်တယ်ဆိုတာက ကံကို ဘယ်လို ထူထောင်ပါလို့ ဘုန်းကြီး ပြောလိုရင်းတော့ မဟုတ်ဘူး။ သို့သော် ကံထူထောင်ရင် နည်းနည်းတော့ စဉ်းစားပြီး ထူထောင်ဖို့တော့ လိုတယ်။ ဘုန်းကြီးလူထွက်နဲ့တော့ မတွေ့ချင်ဘူးပေါ့။ တခြားလူတွေနဲ့ သွားတွေ့ရင်တော့ကော ဘယ့်နှယ့်လုပ်မလဲ? ဘယ်လိုများ ထူးသွားမလဲ? ငမူးနဲ့သာ သွားတွေ့လိုက်ရင်တော့ မခက်ဘူးလား? အကုန်ခက်ပြီပေါ့။ ဟုတ်တယ်မဟုတ်လား? ဒါပေမဲ့လို့ မမူးပါဘူးဘုရား။ သူတော်ကောင်းတွေနဲ့ပဲ တွေ့တယ်ထား။ နည်းနည်းလေး စဉ်းစားကြည့်ပေါ့နော်။

ဘုန်းကြီးတို့ ဒီကံတရားရဲ့ ဆန်းကြယ်ပုံလေးနဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာ ဒကာကြီးတစ်ယောက်က တစ်ချိန် မကြာခင်က လာလျှောက်တယ်။ လာလျှောက်တဲ့အပိုင်းလေးမှာ သူက လူကောင်း, သူကောင်း, သူတော်ကောင်းတွေနဲ့ ကောင်းကောင်းမွန်မွန်နဲ့ တွေ့ချင် ကြုံချင် ဆုံချင်တဲ့-စိတ်ထား ရှိပုံရတယ်။ အဲဒီ စိတ်ထားလေး ရှိတဲ့အချိန်အခါကျတော့ သူက သူ့မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာက အိမ်ရှင်မနဲ့လည်း သိပ်ပြေလည်ပုံ မပေါ်ဘူး။ သားတွေ, သမီးတွေကလည်း သူ့စကား နားထောင်ပုံ သိပ်မပေါ်ဘူး။ မပေါ်တဲ့ အချိန်အခါကျတော့ သူက နောက်ထပ် ဘဝတစ်ခု ဖြစ်ဖို့ရန်အတွက် တပည့်တော် ကြောက်နေတယ်ဘုရားလို့ သူက ဒီလို လျှောက်တယ်။ ဒါနဲ့ ဘုန်းကြီးက သူ့လှည့်မေးကြည့်တယ်။

ကဲ ... အိမ်ရှင်မကလည်း သိပ်လိမ္မာပြီ။ သားတွေ သမီးတွေကလည်း သိပ်လိမ္မာပြီ။ စည်းစိမ်ဥစ္စာတွေကလည်း လိုတရ အကုန်ပြည့်စုံနေပြီ။ အဲဒီလို ဆိုရင်တော့ ကောင်းမလားလို့ သူ့ကို ဦးပဉ္စင်းက မေးကြည့်တယ်။ ဘယ့်နှယ့်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ ကောင်းမလား? ကောင်းတယ်။ သူက အဲဒါလည်း မကောင်းဘူးဘဲ။ ခုနကလို အိမ်ရှင်မနဲ့ မပြေလည်၊ သားတွေ သမီးတွေကလည်း မလိမ္မာဘူး၊ ငမူးတွေ ဖြစ်နေတယ် ဆိုပါတော့ မိုက်ကြတယ်။ မလိမ္မာကြဘူး။ စီးပွားဥစ္စာကလည်း အဆင်မပြေဘူး။ အဲဒါလည်း ကောင်းလား? မကောင်းဘူး။ နှစ်ခုလုံးကတော့ မကောင်းချည်းဘဲ။ ဘာဖြစ်လို့ မကောင်းသလဲ?

သူက တစ်ချိန်တုန်းက အသက္ကစ္စဒါန ပြုခဲ့တယ်။ ပုဂ္ဂိုလ်တစ်ဦးက ဘဝတစ်ခုမှာ အသက္ကစ္စဒါန ဆိုတာကတော့ လှူဖွယ်ဝတ္ထု ပစ္စည်းအစုစုကလည်း စင်စင်ကြယ်ကြယ် မလုပ်ဘူးပေါ့။ ဆွမ်းဆန်ထဲ ကြွက်ချေးတွေ ရောထည့်ချင်လည်း ထည့်လိုက်တယ်။ မထည့်တောင်မှ သဲမရွေးချင်ဘူး။ အဲဒီပုံစံမျိုးဖြင့် လှူဖွယ်ဝတ္ထုကိုလည်း စင်စင်ကြယ်ကြယ် မလုပ်ဘူး။ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ဓာတ်ကလည်း သိပ်ပြီးတော့ မရှိဘူး။ ကိုယ်ထိလက်ရောက်လည်း မလှူဘူး။ စိတ်ကြည်လင်မှုကလည်း မရှိဘူး။ တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ ပစ္စည်းဝတ္ထုတွေကလည်း မဟုတ်ပြန်ဘူး။ အဲဒီလို အကြောင်းကြောင်းတွေ ချို့တဲ့ပြီးတော့ လှူလိုက်တဲ့ ဒါနမျိုးကို အသက္ကစ္စဒါန၊ မရိုမသေ လှူဒါန်းတဲ့ ဒါနလို့ ခေါ်ပါတယ်။ အဲဒီ ဒါနက အကျိုးပေးတဲ့ ဘဝမှာ မိမိကို ရိုသေလေးစားမဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပေါ်လာနိုင်ပါ့မလား? မလာနိုင်ဘူး။

မိမိက တစ်ဖက်ပုဂ္ဂိုလ်တွေ အလှူခံပုဂ္ဂိုလ် အစရှိတဲ့ ထိုထိုပုဂ္ဂိုလ်တွေကို ရိုသေလေးစားတဲ့စိတ်ထား မရှိဘဲနဲ့ ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ မိမိကိုလည်း ရိုသေလေးစားမဲ့ ပုဂ္ဂိုလ်တွေ မပေါ်လာနိုင်ဘူး။ အလုပ်သမားတွေကလည်း မိမိစကား နားမထောင်ဘူး။ အိမ်ရှင်မကလည်း ဘယ်လောက်ပဲ လုပ်ကျွေးနေ သူက ဘယ်တော့မှ နား-မထောင်ဘူး။ သားတွေ သမီးတွေကလည်း နားမထောင်ဘူး။ အဲဒီလို ဘဝမျိုး ရတတ်တယ်။ ဒါက အသက္ကစ္စဒါနရဲ့ အကျိုးတရားဖြစ်တယ်ဆိုပြီး ဘုန်းကြီးက သူ့ကို ရှင်းပြတယ်။ ရှင်းပြတော့ -

ဒကာကြီး ... ဒီလိုဆိုလို့ရှိရင် ကောင်းတဲ့ ဘဝတစ်ခုပေါ့။ အမျိုးသမီးဘက်ကလည်း သိပ်လိမ္မာတယ်။ သိပ်ပြီးတော့ ကိုယ်ကျင့်တရား ကောင်းမွန်တယ်, သိပ်စိတ်ထား ကောင်းမွန်တယ်။ သားတွေ သမီးတွေကလည်း သိပ်လိမ္မာကြတယ်, သိပ် ကိုယ်ကျင့်တရား ကောင်းကြတယ်, သိပ်စိတ်ထား ကောင်းမွန်ကြတယ်, မိဘအပေါ်မှာ ရိုရိုသေသေနဲ့ ပြုစုလုပ်ကျွေးကြတယ်။ စီးပွားရေးတွေကလည်း လိုတရ အားလုံး ပြည့်စုံပြီ။ အဲဒီလို ဘဝတစ်ခုကို အလိုရှိခဲ့တယ်ဆိုရင် ဒကာကြီးဘက်က သက္ကစ္စဒါန ကောင်းမှုကုသိုလ် ပြုဖို့တော့ လိုအပ်တယ်။ လှူဖွယ်ဝတ္ထုတစ်ခုကို လှူတဲ့အချိန်အခါမှာ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် ပြုပြင်ပြီး လှူရတယ်။ ပဲပြုတ်ပဲ ဖြစ်ချင်ဖြစ်ပါစေ။ ဒီပဲပြုတ်ကို အရသာရှိအောင် ဆားလေး ဆီလေး-တွေနဲ့ ရောစပ်ပြီးတော့ ပြုပြင်စေတတ်ဖို့ လိုတယ်။ တောထဲကနေ ခူးလာတဲ့ ရေမဆေးတဲ့ ဖက်ထုတ်ကလေးနဲ့ ထုတ်ပြီးတော့ ဆားမပါ ဆီမပါတဲ့ ပဲပြုတ်ကလေးကို ဘုန်းကြီး သပိတ်ဖုံးမှာ ထုပ်ပြီး ပစ်တင်လိုက်တဲ့ ပုံစံကတော့ သက္ကစ္စဒါန ဟုတ်ပါ့မလား? မဟုတ်ပါဘူး။

ဒါကြောင့် လှူပြီ ဆိုလို့ရှိရင် လှူဖွယ်ဝတ္ထုသည် တန်ဖိုးနည်းသည်ပင် ဖြစ်စေ၊ တန်ဖိုးများသည်ပင် ဖြစ်စေ။ ဒီလှူဖွယ်ဝတ္ထုကို လှူတဲ့အပိုင်းလေးတွေမှာ လှူဖွယ်ဝတ္ထုကို ရိုရိုသေသေနဲ့ အရသာရှိအောင် ပြုပြင်မွမ်းမံပြီး လှူဒါန်းတတ်ဖို့ လိုတယ်။ ဒါ သက္ကစ္စဒါနသမားရဲ့ လုပ်ငန်းစဉ်။ လှူတဲ့ အချိန်အခါမှာ ကြည်လင်တဲ့ စိတ်စေတနာ ရှိဖို့ လိုတယ်။ အလှူခံပုဂ္ဂိုလ် များထိုထိုတို့အပေါ်၌ ကြည်ညိုလေးစားတဲ့ စိတ်ထား, မြတ်နိုးတဲ့စိတ်ထား ရှိဖို့ လိုတယ်။ ဘာဖြစ်လို့လဲ? မိမိက အလှူခံပုဂ္ဂိုလ် များထိုထိုတို့အပေါ်၌ ကြည်ညိုမြတ်နိုးတဲ့ စိတ်ထားဖြင့် ပြုစုလှူဒါန်းခဲ့မယ်ဆိုရင် ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ မိမိကိုလည်း ပြန်လည်ပြီး ကြည်ညိုလေးစား မြတ်နိုးမဲ့ ပုဂ္ဂိုလ်တွေ အလိုလို ပေါ်လာတယ်။ ဘာကြောင့်လဲ? ဒီကံက ပေါ်လာအောင် ဖန်တီးပေးနေတယ်။ ကိုယ်ထိလက်ရောက် ကျကျနန လှူတယ်။ သက္ကစ္စဒါနမြောက်။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကလည်း ရှိနေပြန်တယ် စသည်ဖြင့် အကြောင်းတွေက အဖက်ဖက်က စုံညီနေပြီ။

စုံညီလိုက်တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ဘဝမှာ အိမ်ရှင်မကလည်း သိပ်ပြီး တော်တယ်, သိပ်လိမ္မာတယ်, ရုပ်ရေကလည်း သိပ်ချောတယ်နော်, ဥစ္စာကလည်း သိပ်ပေါတယ်, ကိုယ်ကျင့်သီလကလည်း သိပ် အဆင့်အတန်း မြင့်တယ်။ သားတွေ, သမီးတွေ ကြည့်လိုက်တော့လည်း ဒီအတိုင်းပဲ။ ရုပ်ရည်ကလည်း သိပ်ချောမော, စိတ်ထားတွေကလည်း သိပ်မွန်မြတ်, ပညာကလည်း သိပ်တတ်, စည်းစိမ်ဥစ္စာတွေကလည်း သိပ်ပေါ, သိပ်ကလည်း လိမ္မာ။ စည်းစိမ်ဥစ္စာတွေ ကြည့်လိုက်ပြန်လို့ ရှိရင်လည်း လိုတရ။ အားလုံး ပြည့်စုံနေတယ်။ အဲဒီလို ဆိုလို့ရှိရင်တော့ ဒကာကြီး အဲဒီဘဝတစ်ခု ရတာက အဲဒီဘဝက ကောင်းသလားလို့ သူ့ကို ဦးပဉ္စင်းက မေးကြည့်တယ်။ မေး-ကြည့်တော့ သူချွေးတွေ ပြန်လာတယ်။ သူ့မှာ အခက်အဲ ရှိနေတယ်။ အဖြေပေးဖို့ ဘာဖြစ်လို့ အခက်အခဲ ရှိတယ်ဆိုတာ ဘုန်းကြီးက သဘောတော့ ပေါက်ပါတယ်။ အဲဒီဘဝမျိုး ရရင် ကောင်းမလားဆိုတော့ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေ ဘယ်လိုနေမလဲ? ကောင်းတယ်လို့ ဖြေတဲ့လူလည်း ရှိတယ်။ မကောင်းဘူးလို့ ဖြေတဲ့လူလည်း ရှိတယ်။ ဘုန်းကြီးကတော့ မကောင်းတဲ့ဘက်က ပြောမယ်။ ဘာဖြစ်လို့လဲ? ခွဲနိုင်ပါ့မလား? မခွဲနိုင်ဘူး။

သို့သော် သင်္ခါရတရားတို့ရဲ့ ဓမ္မတာအရ တစ်နေ့တော့ မခွဲရဘူးလား? ခွဲရမယ်။ အင်မတန် နှစ်သက်မြတ်နိုးဖွယ်ရာကောင်းတဲ့ သားရတနာတွေ, သမီးရတနာတွေ, မယားရတနာတွေ, စည်းစိမ်ဥစ္စာတွေ အကြောင်းမလှလို့ ခွဲကြရတော့ပြီဆိုရင် အင်မတန် နှစ်သက်မြတ်နိုးနေတဲ့ သက်ရှိသက်မဲ့ ဒီကာမဝတ္ထုအစုစုနဲ့ နောင်တစ်ဖန် ဘယ်တော့မှ မတွေ့သော ခွဲခြင်းဖြင့် ခွဲရပြီဆိုရင် ဘယ့်နှယ့်နေမလဲ? တုန်လှုပ်လာပြီ။ ချောက်ချားလာပြီ။ မျက်ရည်တွေ ကျမလာဘူးလား? လာပြီ။ မရဏသန္နဇော အချိန်အခါမှာ ကောင်းတဲ့ စိတ်ထားတွေ ဖြစ်နိုင်ပါတော့မလား? မဖြစ်နိုင်တော့ဘူး။ စဉ်းစားကြည့်နော်။ ဒါကြောင့် နှစ်ဖက်လုံးကတော့ တစ်ခုမှတော့ သိပ်ပြီးတော့ မကောင်းဘူး။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ပဋိသန္ဓေနေရတဲ့ဒုက္ခ ရှိမယ်, အိုရတဲ့ဒုက္ခ ရှိမယ်, နာရတဲ့ဒုက္ခ ရှိမယ်, သေရတဲ့ဒုက္ခ ရှိမယ်။ မိမိက ရာဂ မကင်းသေးဘူး ဆိုလို့ရှိရင် စိုးရိမ်ရတဲ့ဒုက္ခ, ပူဆွေးရတဲ့ဒုက္ခ, ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာပူပန်ရတဲ့ဒုက္ခတွေ မရှိဘူးလား? ရှိနေတယ်။

ဘဝတစ်ခုမှာ ဒီကြီးကျယ်နေတဲ့ ဒုက္ခတွေကတော့ အားလုံး အထွတ်တပ်ထားပါတယ်နော်။ ဒါကြောင့် မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်သော်လည်း ရွံရှာစက်ဆုတ်ဖွယ်သဘော ဧကန်ရှိသလို ဘဝ-ဟူသမျှသည် အနည်းငယ်ပဲ ဖြစ်ချင်ဖြစ်ပါစေ ဘယ်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါဘူး ဆိုပြီး ဘုရား ဒီလို ဆုံးမထားတယ်။ အဲဒီ ဆုံးမချက်ဟာ မှားသလား, မှန်သလားလို့မေးရင် ဒကာကြီးတွေ, ဒကာမကြီးတွေ ဘယ်လို ဖြေကြမလဲ? မှန်နေတယ်။ ဘယ်ဘဝမှ မကောင်းဘူးနော်။ မကောင်းတဲ့ အတွက်ကြောင့် အခုလို ဒါပေမဲ့ သံသရာခရီး ကျင်လည်ကြရပြီ။ သတ္တဝါတွေမှာ အဝိဇ္ဇာ မကင်းသေးဘူး။ မကင်းသေးတဲ့အတွက် တဏှာကလည်း ရှိနေပြန်တယ်။ ရှိနေတဲ့အတွက် ဘာဖြစ်မလဲ? တလောက ပြောခဲ့တဲ့အတိုင်းပဲ

စတုန္နံ ဘိက္ခဝေ, အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ စတုန္နံ အရိယသစ္စာနံ၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို။ အနနုဗောဓာ၊ အနုဗောဒါဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိခြင်းကြောင့်။ အပဋိဝေဓာ၊ ပဋိဝေဓဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်၍ မသိမြင်ခြင်းကြောင့်။ မမဉ္စေဝ၊ ငါဘုရားသည်လည်းကောင်း။ တုမှာကဉ္စ၊ သင်ချစ်သားတို့သည်-လည်းကောင်း။ ဧဝံ၊ ဤသို့ကလောက်။ ဣဒံ ဒီဃမဒ္ဓါနံ၊ ဤရှည်လျားလှစွာသော သံသရာခရီးကာလပတ်လုံး။ သန္ဓာဝိတံ၊ ထိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။ သံသရိတံ၊ တစ်ခုသော ဘဝ၌လည်းပဲ ထပ်ခါထပ်ခါ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

သစ္စာလေးပါး မသိခဲ့ကြဘူးနော်။ ငါဘုရားရှင်ကော သင်ချစ်သားတို့ တတွေကော တစ်ချိန်တုန်းကနော်။ အတိတ်သံသရာခရီးမှာ သစ္စာလေးပါးကို မသိခဲ့တဲ့အတွက် အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တွေနဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခဲ့တဲ့အတွက် သင်ချစ်သားတို့တတွေကော, ငါ-ဘုရားကော ရှည်လျားလှစွာသော သံသရာခရီး ကာလပတ်လုံး ဟိုဘဝမှ သည်ဘဝ၊ သည်ဘဝမှ ဟိုဘဝ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရတယ်။ တစ်ခုသော ဘဝမှာလည်း တပြောင်းပြန်ပြန် ကျင်-လည်ကျက်စား ပြေးသွားခဲ့ကြရတယ်လို့ ဒီလို ဟောထားတယ်။ ဒီတော့ သစ္စာလေးပါးကို မသိခဲ့တဲ့ အဝိဇ္ဇာ နီဝရဏတရားက မသိအောင် ဖုံးထားတယ်။ တဏှာဆိုတဲ့ သံယောဇဉ် ကြိုးကလည်း ရစ်ပတ်နှောင်ဖွဲ့ထားတယ်။ အဲဒီတော့ အဝိဇ္ဇာ နီဝရဏတရားက ဖုံးအုပ်ထားပြီး တဏှာဆိုတဲ့ သံယောဇဉ်္တကြိုးကလည်း ရစ်ပတ်နှောင်ဖွဲ့ခံနေရတဲ့ သတ္တဝါတွေဟာ သစ္စာလေးရပ် တရား-မြတ်ကို အမှန်အတိုင်း ထိုးထွင်းသိဦးမလား? မသိနိုင်ဘူးနော်။

မသိနိုင်တဲ့အတွက် ခုနက ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်တွေ ကြည့်ပေါ့နော်။ ယောက်ျားလို့ အသိမှားတယ်။ အမျိုးသမီးလို့ အသိမှားကြတယ်နော်။ အဲဒီတော့ အဲဒီလို အသိမှားနေတဲ့ အဝိဇ္ဇာက ခြံရံထားတယ်။ အဲဒီ အမျိုးသမီးဘဝဆိုတဲ့ ထိုထိုဘဝကို တပ်မက်တဲ့ တဏှာကလည်း ခြံရံမထားဘူးလား? ခြံရံထားတယ်။ စိတ်ကပ်ပြီး စွဲနေတဲ့ ဥပါဒါန်ကလည်း ခြံရံမထားဘူးလား? ခြံရံထားတယ်။ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ ခြံရံပြီးတော့ ကုသိုလ်သင်္ခါရ စေတနာလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရဘဝတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ သင်္ခါရတရားတွေကို ထပ်ပြီး ထူထောင်ကြပြန်တယ်။ ထူထောင်လိုက်တော့ ဒီသင်္ခါရတရားတွေက ချုပ်ပျက်သွားတဲ့ အချိန်အခါမှာ တစ်ချိန်မှာ အကျိုးပေးနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီပစ္စုပ္ပန်မှာ မိမိ ထူထောင်ဆဲဖြစ်တဲ့ ဒီကမ္မဝဋ် အမည်ရနေတဲ့ သို့မဟုတ် ကိလေသာဝဋ်။

ကမ္မဝဋ် အမည်ရနေတဲ့ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်အုပ်စု သင်္ခါရ ကံအုပ်စုကို ပထမယောဂီက စတင် သိမ်းဆည်းကြည့်ပါ။ သိမ်းဆည်းတယ် ဆိုတာကတော့ အခုလို တရားမထိုင်မီ စေတီတော်မှာ မိမိ ကြိုက်နှစ်သက်ရာ ဆုတစ်ခု တောင်းကြည့်ပေါ့လေ။ နိဗ္ဗာန်ကတော့ တောင်းနေကျဖြစ်လို့ တောင်းပါ။ သို့သော် နိဗ္ဗာန်မရမီစပ်ကြား ဆိုတဲ့ စပ်ကြားလေး ခံပြီး တောင်းတဲ့ ဆုတစ်ခုပေါ့နော်။ နိဗ္ဗာန်မရမီစပ်ကြား သံသရာခရီး ကျင်လည်ခဲ့ရရင် ဘာဖြစ်ပါရစေ ဆိုပြီး တောင်းတဲ့ဆုလေးတစ်ခု ရှိတယ် ဆိုကြပါစို့နော်။

ယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝ သို့မဟုတ် လူ့ဘဝ နတ်ဘဝ ရဟန်းဘဝ စသည်ဖြင့် ထိုထိုဘဝတစ်ခုကို မိမိက ရည်ရွယ်တောင့်တပြီး ဆုတောင်းတယ် ဆိုကြစို့နော်။ အဲဒီလို အချိန်အခါမှာ ရဟန်းလို့ အသိမှားနေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စု။ အဲဒီ ရဟန်းဘဝကို ရရှိစေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ ဆီမီးလှူခြင်း, ရေချမ်းလှူခြင်း အစရှိတဲ့ သင်္ခါရအုပ်စု။ ကုသိုလ်သင်္ခါရအုပ်စု။ အဲဒီ အုပ်စုနှစ်ခုကို မြင်အောင် စနစ်တကျ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ဒီသင်္ခါရကံတွေ ဘာကြောင့်ဖြစ်သလဲလို့ ပြောင်းပြန်လှန်ပြီးတော့ သိမ်းဆည်းရတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စုတွေကြောင့်ဖြစ်တယ်။

အထူးသဖြင့် ဥပါဒါန်ကြောင့် ဖြစ်တယ်။ ဥပါဒါန် ဘာကြောင့်ဖြစ်သလဲ? တဏှာကြောင့် ဖြစ်တယ်။ တဏှာဘာကြောင့် ဖြစ်သလဲ ဝေဒနာကြောင့် ဖြစ်တယ် စသည်ဖြင့် ပြောင်းပြန်လှန်ပြီးတော့ အဝိဇ္ဇာအထိ သိမ်းဆည်းရတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ဘယ်မှာ သွားစိတ်ကပ်-သလဲဆိုတော့ အဝိဇ္ဇာ မရောက်ခင်လေးပေါ့။ ဝိညာဏ်နှင့် နာမ်ရုပ်ဆိုတဲ့ ဒီအပိုင်းလေးမှာ သွားပြီး ဖြစ်တတ်ပါတယ်။ အဲဒီ ဝိညာဏ်က ပဋိသန္ဓေဝိညာဏ် အစရှိတဲ့ ဝိပါက်ဝိညာဏ်တွေ ဖြစ်တယ်။ နာမ်ရုပ်ကတော့ ဒီပဋိသန္ဓေဝိညာဏ်နဲ့ ယှဉ်တွဲနေတဲ့ စေတသိက်တွေနဲ့ ရုပ်တရားတွေ ဖြစ်တယ်။

အဲဒီ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်ပိုင်းလေးမှာ ဟိုဘက် ဘဝက ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကို လှမ်းပြီး ကြည့်လိုက်တဲ့ အပိုင်းလေးမှာ သွားသွား ဖြစ်တော့၊ ဖြစ်တော့ ဟိုဘက်အပိုင်းကို လှမ်းပြီးတော့ ကြည့်လို့ မမြင်ရင်တော့ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ? သမာဓိကို ပြန်ထူထောင်ရတယ်။

စတုတ္ထစျာန်သမာဓိကို ခိုင်ခံ့အောင် ထူထောင်ပြီးတဲ့ အချိန်အခါမှာ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် စွမ်းအင်တွေ အားကောင်းလာတဲ့ အချိန်အခါမှာ အဲဒီ ပဋိသန္ဓေအခိုက်မှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေကို တစ်ဖန် ပြန်ပြီး သိမ်းဆည်းရတယ်။ သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ဟိုဘက်မှာ ဒီရုပ်နာမ်တွေ ဘယ်က ဖြစ်ပေါ်လာသလဲဆိုတဲ့ သိချင်တဲ့ စိတ်နဲ့ ဟိုဘက်ဘဝကို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ မမျှော်လင့်တဲ့ မြင်ကွင်းလေးတွေ ပေါ်ချင်လည်း ပေါ်လာတတ်တယ်။ မိမိ မျှော်လင့်ထားတဲ့ မြင်ကွင်းတွေ ပေါ်ချင်လည်း ပေါ်လာတတ်ပါတယ်နော်။ အထူးသဖြင့်တော့ ဟိုဘက်ဘဝမှာ သေခါနီးကာလအချိန်အခါလေးကို လှမ်းကြည့်လိုက်ရင် မြင်တတ်ပါတယ်။ အဲဒီ အချိန်အခါမှာ သေခါနီးကာလပုံ ပေါ်ချင်လည်း ပေါ်တယ်။ မပေါ်သော်လည်း ရုပ်နာမ် သိဖို့က အဓိကပါ။ ပုံက အဓိကတော့ မဟုတ်ဘူး။

ဒီတော့ ဒီသေခါနီးကာလပုံ အကယ်၍များ ပေါ်ခဲ့ရင် ဒီပုံမှာ ဓာတ်လေးပါး ဖမ်းစိုက်လိုက်တာနဲ့ အားလုံး ကလာပ်အမှုန်တွေ ဖြစ်သွားလိမ့်မယ်။ အမှုန်တွေ ဖြစ်ပြီ ဆိုလို့ရှိရင် အဲဒီမှာ ဟဒယဝတ္ထုကို မိအောင် ဖမ်းပြီးတော့ အိမ်ရှင်ဖြစ်တဲ့ ဘဝင်မနောအကြည်ကို ပြန်ပြီး ဆက်လက်သိမ်းဆည်းရတယ်။ ဘဝင်မနောအကြည်ကို ရှေ့တိုးနောက်ဆုတ် ကြည့်လိုက်တဲ့ အချိန်အခါမှာ အဲဒီမှာ မိမိတို့ ဒီလူ့ဘဝကို ဖြစ်စေတဲ့ အကြောင်းရင်း သင်္ခါရကံကို သွားပြီး ရှာဖွေတွေ့ရှိတယ်။ ဘာကြောင့် တွေ့ရှိသလဲ? အဲဒီမှာ နိမိတ်တွေ ထင်နေတယ်။ ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ် သုံးခုထဲက တစ်ခုခုထင်တယ်။

ကဲ ... ယောဂီတစ်ဦးရဲ့ ပုံစံလေး ထုတ်ပြောကြရအောင်နော်။ အဲဒီလို ရှာဖွေလိုက်တဲ့ အချိန်အခါမှာ သူက ကျိုက်ထီးရိုးစေတီတော်မှာ ဆီမီးလှူဒါန်းနေတဲ့ ကံအာရုံ နိမိတ်ထင်နေတယ်။ ကံအာရုံ နိမိတ်လို့ ဘာကြောင့် ပြောရသလဲလို့မေးတော့ ဒီသေခါနီးကာလမှာ သူ့ရဲ့ သေခါနီးကာလမှာ ဒီကျိုက်ထီးရိုးစေတီတော်ကို ဆီမီးတွေ အသစ်တစ်ဖန် ပြန်ပြီး ပူဇော်နေတယ်ဆိုတဲ့ အခြင်းအရာအားဖြင့် သူ သေခါနီးကာလမှာ ထင်နေတာ။ လက်တ္ထလော ပြန်ပြီးတော့ပဲ အလှူဒါန ကျင်းပနေတယ်လို့ ဒီလို ထင်တာ။ ဒါပေမဲ့ တစ်ချိန်က သူ ပြုခဲ့တယ်။ ငယ်ရွယ်နုနယ်စဉ် အချိန်အခါမှာ သူက ကျေးလက်တောသူလေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျေးလက်တောသူလေးတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် ကျေးလက်တောသူ ဆိုတော့လည်း သမ္မာအာဇီဝ အသက်မွေးဝမ်းကျောင်း စင်စင်ကြယ်ကြယ်ဖြင့် ရိုးရိုးသားသား အသက်မွေးနေတဲ့ နေထိုင်တဲ့ သီလရှိတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ကျေးလက်တောသူ ဖြစ်ပါတယ်နော်။ အဲဒီလို ကိုယ်ကျင့်သီလ ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တောင်းတဲ့ဆုနဲ့ ပြည့်တတ်ပါတယ်။ ဒါလည်း ဘုရားလည်း ဟောထားပါတယ်နော်။

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝိသုဒ္ဓတ္တာ၊ သီလစင်ကြယ်သည့်အတွက်ကြောင့်။ သီလဝန္တော၊ သီလရှိတဲ့ ပုဂ္ဂိုလ်၏၊ စေတောပဏိဓိ၊ စိတ်ရဲ့ တောင့်တခြင်းဟူသမျှသည်။ ဣဇ္ဈတိ၊ မချွတ်ဧကန် ပြည့်စုံတတ်ပေ၏၊

စိတ်ရဲ့ တောင့်တချက်မှန်သမျှ မချွတ်ဧကန် ပြည့်စုံချင်တယ် ဆိုရင် သီလစင်ကြယ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ သီလကို သိပ်ချစ်မြတ်နိုးဖို့ လိုတယ်။ အဲဒီ အချိန်အခါမှာ ဒီအမျိုးသမီး သူက ကျေးလက်တောသူ ဖြစ်သော်လည်း သမ္မာအာဇီဝလုပ်ငန်း ဆိုတာကတော့ ဟင်းသီးဟင်းရွက်ကလေးတွေ ရောင်းပြီးတော့ စားရတဲ့ ဘဝပါနော်။ သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးပြီးတော့ နေတဲ့ အမျိုးကောင်းသမီးလေးတစ်ဦး ဖြစ်ပါတယ်။ သီလကို ချစ်မြတ်နိုးခဲ့တယ်။ အခါအခွင့်သင့်လို့ ဒီကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ဖို့ရန် အချိန်အခါမှာလည်း ကြည်လင်တဲ့ စိတ်စေတနာဖြင့် ဆီမီးတွေ ပူဇော်ပြီး လှူဒါန်းနေတယ်။ ထိုအချိန်အခါမှာ မြင်ကွင်းလေးတစ်ခု မမျှော်လင့်တဲ့ မြင်ကွင်းလေးတစ်ခု ဘာလဲဆိုတော့ -

စေတီတော်ကို ပြိုင်တူ ဆီမီးပူဇော်နေတဲ့ ပရိသတ်ထဲမှာ မလှမ်းမကမ်းမှာ အမျိုးသမီးကြီးတစ်ဦး ထည်ထည်ဝါဝါ ခန့်ခန့်ညားညား ချောချောမောမောနဲ့ အမျိုးသမီးကြီးတစ်ဦး သွားတွေ့တယ်။ ဒီအမျိုးသမီးကြီးက ဘီးဆံပတ်ကြီး ထုံးထားတယ်။ ထုံးထားလိုက်တဲ့ အချိန်အခါကျတော့ သူ့စိတ်ထဲ ဘယ်လို ဖြစ်သွားလဲ? နောင်တစ်ချိန်မှာ အဲဒီ အမျိုးသမီးကဲ့သို့ တင့်တယ်ခန့်ညား ထယ်ဝါတဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ရပါလို၏ ဆိုပြီး ဒီဆုလေး တောင်းလိုက်တယ်။ ကြည့်စမ်း ... အမျိုးသမီးဘဝလို့ အသိမှားနေတဲ့ သဘောလေးတစ်ခု ခြံရံမနေဘူးလား? ခြံရံတယ်။

အဲဒီ အသိမှားနေတဲ့ သဘောလေးက ဘာလဲ? အဝိဇ္ဇာ။ ထည်ဝါ-ခန့်ညားတဲ့ ဒီအမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာတပ်မက်တဲ့ သဘောလေးက တဏှာ။ စိတ်ကပ်ပြီး စွဲနေတဲ့ သဘောလေးက ဥပါဒါန်။ ဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခု ခြံရံပြီးတော့ သင်္ခါရကံတွေကို ကုသိုလ်သင်္ခါရ ပြုစုပျိုးထောင်တယ်။ ကျိုက်ထီးရိုးစေတီတော်အား ဆီမီးပူဇော်လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်စေတနာအုပ်စုတွေ ဖြစ်မလာဘူးလား? ဖြစ်ပေါ်လာတယ်။ ဒီသင်္ခါရတရားတွေက ဘဝတစ်ခုကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခြင်းကြောင့် သူတို့ကို အဘိသင်္ခါရတရားလို့ ခေါ်ပါတယ်။

ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကုသိုလ်တရားတွေ ဖြစ်နေပြီ။ အဲဒီ သင်္ခါရတရားတွေကလည်း အနိစ္စတရား ဖြစ်ကြတယ်။ ဖြစ်ပြီးတာနဲ့ ချုပ်ပျက်သွားတယ်။ ချုပ်ပျက်သွားပေမဲ့လို့ နောင်တစ်ချိန် သူ မျှော်လင့်တောင့်တနေတဲ့ ထည်ဝါခန့်ညားတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦး ဖြစ်ဖို့ရန် စွမ်းအင်ကမ္မသတ္တိလေးကို ရုပ်နာမ်သန္တာန်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးကို ဘာခေါ်လဲ? ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အကြောင်းတရား ငါးပါး စုံမသွားဘူးလား? စုံသွားပြီ။ စုံသွားလိုက်တော့ ဘာဖြစ်သလဲ? ဒီဘဝမှာ သူမျှော်လင့်တောင့်တနေတဲ့ အမျိုးသမီးတစ်ဦး လာဖြစ်ပါတယ်။ ဖြစ်တော့ကော ကောင်းသလားနော် -

ပဋိသန္ဓေ တည်နေရတဲ့ဒုက္ခ ရှိတယ်။ အိုရတဲ့ဒုက္ခရှိတယ်။ နာရတဲ့ဒုက္ခ ရှိတယ်။ အဲဒီ သေရမဲ့ဒုက္ခလည်း မရှိဘူးလား? ရှိပြန်တယ်။ မိမိက ရာဂ မကင်းသေးတဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် စိုးရိမ်ရတဲ့ဒုက္ခ, ပူဆွေးရတဲ့ဒုက္ခ, ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာ ပူပန်ရတဲ့ဒုက္ခကော မရှိဘူးလား? ရှိတယ်။ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရတဲ့ ဒုက္ခတွေကော မရှိဘူးလား? ရှိနေတယ်။ ဒုက္ခ ကင်းမလား? မကင်းဘူး။

ဒါကြောင့် ဘယ်ဘဝပဲဖြစ်ဖြစ် ဘုရားရှင်ဘက်ကတော့ မချီးမွမ်းပါဘူး။ ကောင်းသလား? မကောင်းပါဘူးနော်။ သို့သော် ဖြစ်စေနိုင်တဲ့ ကံကို ထူထောင်ရင် ဒီဘဝမျိုးတွေသည် မဖြစ်ဘူးလား? ဖြစ်တယ်။ ဒါကို ပြောနေတာ အဲဒီ အကြောင်းတရားတွေကို ဘုရားရှင်က တွယ်တာစေချင်လို့။ ဒီလို ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို အရှုခိုင်းနေတာတော့ မဟုတ်ဘူး။ ဘာဦးတည်ချက်နဲ့ ဘုရားရှင်က ရှုခိုင်းသလဲလို့မေးတော့ အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား ထင်ရှားဖြစ်တယ်။ အကြောင်းတရားတွေ ချုပ်ငြိမ်းခဲ့ရင် အကျိုးတရားတွေလည်း ချုပ်ငြိမ်းသွားတယ်။ ဒါကြောင့် ဒီအကြောင်းတရားတွေ ချုပ်ငြိမ်းအောင် ကျင့်စေချင်လို့ ကျင့်စဉ်ကို ညွှန်ကြားလိုတဲ့အတွက် ဘုရားရှင်က ဒီလို စနစ်တကျ ညွှန်ကြားနေတာပါနော်။

ဒီတော့ ယောဂီပုဂ္ဂိုလ်က အဲဒီမှာ ကမ္မသတ္တိလေးကြောင့် ဒီအကျိုးတရားတွေ ဖြစ်မဖြစ်ကို နောက်တစ်ဆင့်တက်ပြီးတော့ ပြန်ပြီးတော့ စူးစမ်းရတယ်။ ဘယ်လိုလဲ? ခုနက ဆီမီးပူဇော်နေပြီ။ ကျိုက်ထီးရိုးစေတီတော်မှာ သေခါနီးကာလမှာလည်း အသစ်တစ်ဖန် ဟိုတုန်းကလိုပဲ ပြန်ပြီး ပူဇော်နေတယ်။ အဘိနဝကရဏသေဝနဆိုပြီး အဋ္ဌကထာများမှာ ဖွင့်ထားပါတယ်။ ဒီကံက အကျိုးပေးတော့မယ်ဆိုရင် ကံရဲ့ စွမ်းအင်သတ္တိကြောင့် သေခါနီးကာလမှာ ဒီကံအာရုံနိမိတ်သာ အကယ်၍ ထင်ပါစေပေါ့နော်။ သို့မဟုတ် ဒီကံအာရုံနိမိတ် မထင်ဘူးပေါ့။ ကမ္မနိမိတ် ထင်မယ်ဆိုရင်တော့ အဲဒီ စေတီတော်ကြီးပေါ့။ ကျိုက်ထီးရိုးစေတီတော်ကြီးကို အာရုံထဲမှာ ပေါ်ချင်ပေါ်နေလိမ့်မယ်။ ဒါက ကမ္မနိမိတ်ပဲ။

အခု ဒီမှာကတော့ သူက အသစ်တစ်ဖန် ပြန်ပြီး လှူဒါန်းနေတဲ့ အခြင်းအရာအားဖြင့် ထင်တော့ ဒါ ကံနိမိတ်လို့ ခေါ်ပါတယ်နော်။ ဂတိနိမိတ် ဆိုလို့ရှိရင်တော့ လူသားတွေအတွက် ကွက်ပြီး ပြောရင်တော့ အမိရဲ့သားအိမ်လို့ ခေါ်ဆိုအပ်တဲ့ ကဗ္ဗလာနီရောင် အဆင်းရှိနေတဲ့ အရောင်အဆင်းတစ်ခု ရူပါရုံ ထင်တတ်ပါတယ်။ အခု ဒီမှာကတော့ သူက ကျိုက်ထီးရိုးစေတီတော်မှာ ဆီမီးကို အသစ်တစ်ဖန် ပြန်ပြီး ပူဇော်နေသော အခြင်းအရာအားဖြင့် သေခါနီးကာလမှာ ထင်နေပြီ။ ထင်နေတဲ့ အချိန်အခါကျတော့ အဲဒီ ကုသိုလ်စေတနာက အနိစ္စတရားတွေ ဖြစ်နေတယ်။ ဒီကုသိုလ်သင်္ခါရအုပ်စု နာမ်တရားတွေက အနိစ္စတရားဖြစ်ခြင်းကြောင့် ချုပ်ပျက်သွားတယ်။ ချုပ်ပျက်သွားတဲ့ အချိန်အခါမှာ ကျန်ရစ်ခဲ့တဲ့ စွမ်းအင် ကမ္မသတ္တိလေးကို ဒီသင်္ခါရတရားတွေနဲ့ သေချာမြင်အောင် ရှုရပါတယ်။ အဲဒီ ကမ္မသတ္တိလေးကို မြင်အောင် ရှုတဲ့ လုပ်ငန်းကလည်း ယောဂီပုဂ္ဂိုလ်တွေမှာ အလွန် ခက်ခဲတဲ့ လုပ်ငန်းတစ်ခုပါနော်။

ဘုရားရှင်ကလည်း လွယ်တယ်လို့ မပြောပါဘူး။ ခက်ခဲတယ်။ နက်နဲတယ်လို့ပဲ ဟောထားပါတယ်။ အဲဒီ ကမ္မသတ္တိလေးကို တွေ့တဲ့ အချိန်အခါကျတော့မှ ခုနက မိမိ ဒီဘဝ ပဋိသန္ဓေ ကာလလရေကြည် အမိဝမ်းတွင်းမှာ တည်စတုန်းက တည်ရှိခဲ့တဲ့ ရုပ်တွေ နာမ်တွေ ရှိတယ်။ အဲဒီ ရုပ်တွေ, နာမ်တွေ ရုပ်နဲ့ပဲ ဖြစ်စေ၊ နာမ်နဲ့ပဲ ဖြစ်စေ၊ အကြောင်းအကျိုး ဆက်စပ်မှု ရှိ, မရှိကို တစ်ဖန်ပြန်ကြည့်ရတယ်။ ကြောင်းကျိုး ဆက်နွယ်မှု သဘော ရှိ, မရှိ။ နမူနာ ဆိုကြပါစို့ ...

အခု ဒီအထဲမှာ စိတ်ကြောင့် စိတ္တဇရုပ် ဖြစ်တာကို ရှုတတ်တဲ့ ယောဂီ သူတော်ကောင်းတွေ ရှိကောင်းရှိကြပါလိမ့်မယ်နော်။ ဒီတော့ ဒီစိတ်ကြောင့် စိတ္တဇရုပ်ဖြစ်တာကို ရှုချင်တဲ့ ယောဂီပုဂ္ဂိုလ်က ဘယ်လိုလုပ်သလဲ? ဒီမှာ သင်ပေးတဲ့ စနစ်ကလေးပေါ်တယ်။ ဘဝင်မနောအကြည်ကို ဒီအချိန်ခါမှာ ထိုယောဂီက ရှုထားတတ်ပြီး ဖြစ်နေပြီ။ ဒီတော့ ဘဝင်မနောအကြည်လေးကို လှမ်းသိမ်းဆည်းပြီးတော့ လက်ညှိုးလေးတစ်ချောင်းကို ကွေးလိုက် ဆန့်လိုက် ပြုကြည့်ပါ။ ကွေးချင်တဲ့ ဆန့်ချင်တဲ့စိတ်ကလေး ဒီဘဝင်မနောအကြည်ရဲ့ မှီရာ ဟဒယဝတ္ထုရုပ်မှာ ပေါ်လာတာတွေ့လိမ့်မယ်။ ကွေးချင် ဆန့်ချင်တဲ့ စိတ်ဖြစ်လာရင် ဘဝင်မနောအကြည်က ရပ်သွားမလား, မရပ်ဘူးလား? ရပ်ပြီနော်။ ရပ်တာနဲ့ တစ်ပြိုင်နက်ထဲ ကွေးချင်ဆန့်ချင်တဲ့ စိတ်ကလေးတွေ ပေါ်လာမယ်။ အဲဒီ စိတ်ကလေးတွေက နောက်ထပ် ကွေးနေသော အခြင်းအရာ၊ ဆန့်နေသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေလိမ့်မယ်။ ဘယ်အထိ ပျံ့နှံ့သွားမလဲလို့ မေးရင်တော့ ကွေးနေတဲ့ ဆန့်နေတဲ့ လက်ညှိုးအထိ အကုန်လုံး ပျံ့နှံ့သွားတယ်။ အဲဒီ ရုပ်ကလေးတွေကို ပြန်ပြီး ဓာတ်ခွဲကြည့်မယ်ဆိုလို့ရှိရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် သဘောတရား (၈)ခု၊ (၉)ခု၊ (၁၀)ခု စသည်ဖြင့် ရှိပါတယ်နော်။

ဒီတော့ အဲဒီ ရုပ်ကလေးတွေက စိတ္တဇရုပ်လို့ခေါ်တော့ စိတ်နဲ့ စိတ္တဇရုပ်သည် ကြောင်းကျိုးဆက်နွယ်မှု မရှိဘူးလား? ရှိနေတယ်။ စိတ်နဲ့ စိတ္တဇရုပ်သည် ကြောင်းကျိုးဆက်နွယ်မှုရှိသလို ခုနက ကမ္မသတ္တိကို ရှာဖွေထားတတ်ပြီး ဖြစ်နေတဲ့ သူတော်ကောင်းက ခုနက ကျိုက်ထီးရိုးစေတီတော်မှာ ဆီမီးလှူဒါန်းနေတဲ့ ကုသိုလ်သင်္ခါရတွေ ရှိတယ်။ ဒီသင်္ခါရတရားတွေ ချုပ်ပျက်သွားတဲ့ အချိန်အခါမှာ ရုပ်နာမ်အစဉ်မှာ မြုပ်နှံထားခဲ့တဲ့ စွမ်းအင် ကမ္မသတ္တိကို ရှာဖွေနိုင်တဲ့ စွမ်းအားရှိခဲ့တယ်။ သူတော်ကောင်း ဖြစ်ခဲ့လျှင် ကမ္မသတ္တိကြောင့် ပဋိသန္ဓေ ကာလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေ ထင်ရှားဖြစ်သလား, မဖြစ်ဘူးလား? ကမ္မသတ္တိကို ကြည့်လိုက်၊ ဒီရုပ်တရားတွေကို ကြည့်လိုက်, ကမ္မသတ္တိကို ကြည့်လိုက်၊ ဒီရုပ်တရားတွေကို ကြည့်လိုက် ထပ်ထပ်ခါ ကြည့်လိုက်ရင် အကယ်၍ ဒီကံကြောင့်သာ ဖြစ်ရိုးမှန်ရင် စိတ်ကြောင့် စိတ္တဇရုပ်တွေ တဖွားဖွား ဖြစ်နေသလို ဒီကံကြောင့် ဒီကမ္မဇရုပ်တွေ တဖွားဖွား ဖြစ်နေတာကို သွားတွေ့ပြီ။ အဲဒီအခါကျတော့မှ ယောဂီပုဂ္ဂိုလ်က အကြောင်းတရားနဲ့ အကျိုးတရားကို ဘယ်လို သိမ်းဆည်းရလဲ?
၁။အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊
အဝိဇ္ဇာက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား။
၂။တဏှာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊
တဏှာ အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား။
၃။ဥပါဒါန် ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊
ဥပါဒါန်က အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား။
၄။သင်္ခါရ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊
သင်္ခါရက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊
ကံက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား။

စသည်ဖြင့် ဒီလို အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းရပါတယ်နော်။ အကြောင်းတရား ထင်ရှားဖြစ်လို့ အကျိုးတရား ထင်ရှားဖြစ်ဖို့ မြင်တဲ့အပိုင်းမှာနော်။ အဲဒီပုံစံစနစ်ကို နည်းမှီပြီးတော့ ဦးပဉ္စင်းတို့ ဒီဘဝမှာ ဖြစ်ပေါ်နေတဲ့ အာရုံခြောက်ပါးကို ထိုက်သလို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေမှာလည်း အကြောင်းတရားနဲ့ အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ တချို့တချို့ အကြောင်းတရားတွေကျတော့ အတိတ် အကြောင်းတရားနဲ့ ဆက်နေပါတယ်။ တချို့တချို့ အကြောင်းတရားတွေကျတော့ ပစ္စုပ္ပန် အကြောင်းတရားနဲ့ ဆက်နေပါတယ်။ အဲဒါတွေကတော့ စနစ်တကျ ဆရာသမားနဲ့ ချဉ်းကပ်ပြီး လေ့လာပေတော့နော်။ အဲဒီလို ပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်တရား နာမ်တရားတို့ရဲ့ အကြောင်းတရားတွေကို စနစ်တကျ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ရှေ့တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရလဲ?

အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်။ ပစ္စုပ္ပန်ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်။ နောင်အနာဂတ်ကို လှမ်းကြည့်လိုက်တော့လည်း သံသရာခရီး မဆုံးသေးဘူးဆိုရင် အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ ဒီလို အတိတ်ကနေ အနာဂတ်ဆုံးသည့်တိုင်အောင် အကြောင်းတရားနဲ့ အကျိုးတရား အစုအပုံ သက်သက်ကို မြင်အောင် တစ်ဆင့်တက်ပြီး ရှုရပါတယ်။ သိမ်းဆည်းရပါတယ်။ ဒီလိုဆိုရင် နောက်ထပ် အတိတ်တစ်ခု ထပ်ရှုဖို့ မလိုဘူးလား? လိုလာတယ်နော်။ နောက်ထပ် အတိတ်က အကြောင်းတရားတွေကြောင့် ပထမအတိတ်မှာ အကျိုးတရားတစ်ခု ဖြစ်တယ်။ အဲဒီပုံစံစနစ်အားဖြင့် အတိတ်အဆက်ဆက်ကို မိမိဉာဏ်မီသလောက်တော့ လိုက်ရှုဖို့ လိုအပ်တယ်။ ဘာကြောင့်လဲ?

အတိတ် ကြည့်လိုက်ရင်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ ဒီအသိဉာဏ်လေးပေါ်အောင် ဒီရုပ်တွေ နာမ်တွေကို ဖန်ဆင်းပေးနေတဲ့ ဖန်ဆင်းရှင် သတ္တဝါဆိုတာ မရှိဘူး။ ရှိတာက အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ ဒီအသိဉာဏ်ပေါ်အောင် လေ့ကျင့်ရတယ်။ လေ့ကျင့်လိုက်ခြင်းကြောင့် ဘာဖြစ်လာသလဲလို့ မေးရင်တော့ ငါသည် အတိတ်ဘဝက ဖြစ်ခဲ့တာ ဟုတ်မှ ဟုတ်ပါ့မလား? စသည်ဖြင့် တွေးတော ယုံမှားနေတဲ့ ဒီသံသယတွေလည်း ပျောက်ငြိမ်းမသွားဘူးလား? ပျောက်ငြိမ်းသွားမယ်။

အတိတ်က ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် ဒီမှာ အကျိုးတရားတွေ ထင်ရှားလာဖြစ်တယ်ဆိုတာကော ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ သံသယတွေကော ပျောက်မသွားဘူးလား? ပျောက်သွားတယ်။ နောင်အနာဂတ်ဟာ သံသရာခရီး မဆုံးသေးသူတို့အဖို့ပေါ့နော် - ဒီဘဝထူထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ အကျိုးတရားဖြစ်မယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ သံသယတွေကော ပျောက်မသွားဘူးလား? ပျောက်သွားမယ်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ယုံမှားသံယသ ဝိစိကိစ္ဆာတွေကို ကျော်လွှားလွန်မြောက်သွားမယ်။ ဒါ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိတယ်လို့ ခေါ်ပါတယ်။

အဲဒီလို နာမရူပပဋိစ္စေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးကို ရရှိပြီးတဲ့ သူတော်ကောင်းက လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ဒီရုပ်တွေ ဒီနာမ်တွေကို တစ်ဖန် ပြန်ပြီးတော့ သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ဒီရုပ်တရား ဒီနာမ်တရား အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုရတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး ဒုက္ခလို့ တွင်တွင်ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနတ္တလို့ တွင်တွင်ရှုရတယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ခဏပစ္စုပ္ပန်သို့ဆိုက်အောင်နော်။ ဥပါဒ် ဌီ ဘင် ဆိုတဲ့ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် မြင်အောင် ယောဂီပုဂ္ဂိုလ်က ရှုရပါတယ်။ အဲဒီလို ရှုလို့ အောင်မြင်မှုရတဲ့ အချိန်အခါမှာ ဥဒယဗ္ဗယဉာဏ်ဘက် ကူးသွားပြီ။ အဲဒီ အချိန်အခါမှာ ဘုရားရှင်က ဘာညွှန်ကြားလဲ?

သမုဒယဓမ္မာနုပဿီဝါ ကာယသမိံ ဝိဟာရတိ ဝယဓမ္မာနုပဿီဝါ ကာယသမိံ ဝိဟာရတိ သမုဒယ ဝယဓမ္မာနုပဿီဝါ ကာယသမိံ ဝိဟာရတိ။

အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင် ရှုပါ။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ရုပ်တွေ နာမ်တွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် ရှုပါ။ အကြောင်းတရားတွေ ထင်ရှားဖြစ်လို့ အကျိုးတရား ထင်ရှားဖြစ်ပုံ၊ အကြောင်းတရားတွေ ချုပ်ငြိမ်းလို့ အကျိုးတရား ချုပ်ငြိမ်းပုံ။ အကြောင်း အကျိုး နှစ်ရပ်လုံးတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကိုလည်း မြင်အောင် ရှုပါ။ ထပ်ခါထပ်ခါ ရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။ သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီးတော့ ဘုရားရှင်က တိတိကျကျ ညွှန်ကြားထားတဲ့ ညွှန်ကြားချက်ပါ။

ကဲ ... နည်းနည်းလေး အဲဒီမှာ စဉ်းစားကြည့်စမ်း ယောဂီတွေ။ အခု ယောဂီတွေ, သူတော်ကောင်းတွေ အများစုပေါ့လေနော်။ ဘုန်းကြီးဘက်က ဒါအများစုအနေနဲ့ ခြုံငုံပြောမယ်။ အခု တရားအားထုတ်ဆဲသာ ရှိသေးတယ်ပေါ့။ ဝိပဿနာနယ်ထဲ ရောက်ခါစပဲ ရှိသေးတယ်ဆိုလို့ရှိရင် မိမိတို့ဟာ ပုထုဇန်လား, အရိယာလားလို့မေးရင် ဘယ်လို ဖြေမလဲ? ပုထုဇန်ပဲ။ ကဲ ပုထုဇန်ပဲ ထားလိုက်တော့နော်။ ပုထုဇန်အဆင့်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အခုဘုရားရှင်က ညွှန်ကြားတာ ဥဒယဗ္ဗယဉာဏ်ပဲ ရှိသေးတယ်နော်။ အဲဒီ ဥဒယဗ္ဗယဉာဏ်အပိုင်းလောက် ရောက်နေတဲ့ ပုထုဇန်တစ်ယောက်ကို ဘုရားရှင်က ညွှန်ကြားတာ။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းခဲ့ရင် အကျိုး ရုပ်တွေ နာမ်တွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် ရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။

ဒီတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ အကြောင်းတရားတွေ ဘယ်သောအခါမှာ ချုပ်ငြိမ်းမလဲ? နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ခြင်းဖြင့် ချုပ်တာနော်။ အနုပ္ပါသနိရောဓသဘောကို ပြောနေတယ်။ ဘယ်ကိလေသာကုန်ရင်ပေါ့လေ - အဝိဇ္ဇာ တဏှာ ဥပါဒါန် တွေဆိုတာက ကိလေသာတွေပါ။ အဲဒီ ကိလေသာ အဝိဇ္ဇာကုန်ပြီဆိုရင် ဘယ်အခါမှာ ကုန်လဲ? ရဟန္တာဖြစ်မှ ကုန်ပါတယ်။ တိတိကျကျ ပိုပြောရင်တော့ အရဟတ္တမဂ်ရတဲ့ အချိန်အခါကျမှ ဒီကိလေသာက လုံးလုံးကုန်မယ်။ အခု အချိန်အခါမှာ မိမိတို့က ပုထုဇန်ပဲ ရှိသေးတယ်။ ဥဒယဗ္ဗယဉာဏ်လောက်ပဲ ရောက်သေးတယ်။ ရဟန္တာဖြစ်ပလား? မဖြစ်သေးဘူး။ မဖြစ်သေးဘူး ဆိုလို့ရှိရင် ထိုရဟန္တာဖြစ်မဲ့အချိန်သည် ပစ္စုပ္ပန်လား, အနာဂတ်လားလို့မေးရင် ဘယ်လို ဖြေမလဲ? အနာဂတ်ပဲ။

အဲဒီ နောင်အနာဂတ်။ ဘယ်အနာဂတ် ဆိုတာတော့ မပြောနိုင်ဘူး။ ဒီဘဝမှာ ရဟန္တာဖြစ်မဲ့ ပုဂ္ဂိုလ်အတွက်တော့ ဒီဘဝအနာဂတ်ပေါ့နော်။ နောက်ထပ် သံသရာခရီးဆက်ရန် ရှိနေသေးတယ်ဆိုရင်တော့ တစ်ဘဝ, နှစ်ဘဝ စသည် ဆက်ရန်ရှိနေသေးရင်လည်း တစ်ဘဝ, နှစ်ဘဝ အနာဂတ်ပေါ့။ အနာဂတ် တစ်ချိန်ချိန်မှာတော့ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေ ချုပ်မသွားဘူးလား? ချုပ်မယ်။ ကျင့်ခဲ့ရင်နော်။

ချုပ်ပြီဆိုတဲ့ အချိန်အခါကျတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေက အရဟတ္တမဂ်အခိုက်မှာ ချုပ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ထိုရဟန္တာပုဂ္ဂိုလ်ပေါ့နော်။ အကြောင်းအားလျော်စွာ ပရိနိဗ္ဗာန်စံပြီဆိုရင် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ အကျိုးပေးခွင့် ရှိနေတဲ့ ကံတွေလည်း အကျိုးပေးခွင့် ရဦးမလား? မရတော့ဘူး။ မရတဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ပိုင်းမှာ ရုပ်တွေ နာမ်တွေ နောင်တစ်ဖန် ပြန်ပြီး ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲ? အကြောင်းတရားတွေ ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုး ရုပ်တွေ နာမ်တွေလည်း ချုပ်သွားပြီ။ အဲဒီ သဘောကို မြင်အောင် ရှုဖို့ ဘုရားရှင်က ဒီဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ညွှန်ကြားထားပါတယ်။ ဒီလိုဆိုရင် ဒီရှုကွက်သည် အနာဂတ်လို့ ပြောမလား? ပစ္စုပ္ပန်လို့ ပြောမလား? အနာဂတ်ရှုကွက်ပဲနော်။

ပစ္စုပ္ပန်မှာ ထူထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ အကျိုး ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်တာကိုလည်း မြင်အောင် ရှုရမယ်။ ဒါကတစ်ခုနော်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေက နောင်တစ်ချိန် အရဟတ္တမဂ်ရမဲ့ အချိန်အခါမှာ ချုပ်မယ်။ ချုပ်သွားတဲ့အခါမှာ ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ အကျိုး ရုပ်တွေ နာမ်တွေ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါသနိရောဓသဘောကိုလည်း မြင်အောင် ရှုရမယ်လို့ ဒီလို ညွှန်ကြားထားတယ်။ အဲဒီ ချုပ်ငြိမ်းမှုကတော့ ဒကာကြီးတွေ အနာဂတ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒီဘဝ အနာဂတ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်ပုဂ္ဂိုလ်အတွက်လည်း ဒီဘဝရဟန္တာဖြစ်မဲ့ ပုဂ္ဂိုလ်အတွက်နော်။ နောင်ဘဝတစ်ခုခုလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲ?

နောင်အနာဂတ်ဘဝ ကျင်လည်ရန် ရှိနေသေးတဲ့ အရိယာသူတော်ကောင်းများအတွက် ဖြစ်ပါတယ်နော်။ ဒါကြောင့် ဝိပဿနာဟူသည် သို့မဟုတ် သတိပဋ္ဌာန်ဟူသည် ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုတဲ့ လုပ်ငန်းခွင်မျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါ သတိပဋ္ဌာနသုတ်ထဲမှာ ဘုရားရှင် ကိုယ်တော်တိုင်က ညွှန်ကြားထားတဲ့ ကျင့်စဉ်ပဲ။ ကဲ အဲဒီလို အကြောင်းတရားတွေ ထင်ရှားဖြစ်တော့ အကျိုးတရား ထင်ရှားဖြစ်ပုံ၊ အကြောင်းတရားတွေ ချုပ်ငြိမ်းရင်လည်း အကျိုးတရားတွေ ချုပ်ငြိမ်းပုံ ဟုတ်တိုင်းမှန်စွာ သိပြီ။ အကြောင်းအကျိုး နှစ်ရပ်လုံးရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေလည်း သိပြီ။ ဥဒယဗ္ဗယဉာဏ်ကို ကမ်းတစ်ဖက် ပေါက်သွားပြီ။ ပေါက်သွားတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က ဘာလုပ်သလဲ?

ဒီရုပ် ဒီနာမ်တွေကို ခန္ဓာငါးပါးနည်းနှင့်ဖြစ်စေ, ရုပ်နာမ်နှစ်ပါးနည်းနဲ့ပဲဖြစ်စေ, အာယတန ၁၂-ပါးနည်း, ဓာတ် ၁၈-ပါးနည်းဆိုတဲ့ နည်းအမျိုးမျိုးနဲ့ပဲဖြစ်စေ မိမိနှစ်ခြိုက်သလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါတယ်။ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာလို့ တဖြည်းဖြည်းနဲ့ မိမိတို့က သင်္ခါရတရားတို့ရဲ့ အဖြစ်ကို မကြည့်တော့ဘဲ အပျက်သက်သက်ကို ကြည့်လိုက်ရင် သင်္ခါရတရားတို့ရဲ့ အပျက်နယ်ပယ် ကူးသွားပြီနော်။ အပျက်သက်သက်ကို မြင်တဲ့ အချိန်အခါမှာ ဘာလုပ်ရသလဲလို့မေးတော့ -

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

ဉာတအမည်ရနေတဲ့ အရှုခံ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေပဲ။ အဲဒီ အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေရဲ့ အပျက်သက်သက်ကို အာရုံယူပြီးတော့လည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပါ။ တစ်ချက်။ ဉာဏလို့ခေါ်တဲ့ ရှုနေတဲ့ ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာရှုပါ။ ထိုအချိန်အခါမှာ ဝိပဿနာဉာဏ်ဆိုတာက မနောဒွါရိက ဇောဝီထိ။ အခု ပုထုဇန်များအတွက် ကွက်ပြောရင်တော့ မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဉ် ဖြစ်ပါတယ်။ မနောဒွါရာဝဇ္ဇန်း ဇောခုနှစ်ကြိမ်အနေနဲ့ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီအပိုင်းမှာ တဒါရုံ မကျတတ်ဘူး။

အဲဒီတော့ မနောဒွါရာဝဇ္ဇန်း ဇောခုနှစ်ကြိမ်အနေနဲ့ ဖြစ်နေတဲ့ ဒီမနောဒွါရိကဉာဏ် ပြဋ္ဌာန်းနေတဲ့ မနောဒွါရိက ဇောဝီထိစိတ်အစဉ် နာမ်တရားတွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာရှုပါလို့ ဒီလို ညွှန်ကြားထားတယ်။ ရှေးရှေးအဋ္ဌကထာ ဆရာတော်တွေကနော်။ အဲဒီ ညွှန်ကြားချက်အတိုင်း ရှုလိုက်လို့ မိမိက သင်္ခါရတရားတို့ရဲ့ အပြစ်ကို မြင်ပြီး။ မြင်လို့ရှိရင် ရှေ့ဆက်ပြီးတော့ အသက်ရှုပုံ ရှုနည်းစနစ်ကို မြတ်စွာဘုရားက ဘယ်လိုဟောလဲ? ဘုရားဟောအတိုင်း အသက်ရှုတတ်ဖို့ ဦးပဉ္စင်းက ဟောနေတာပါနော်။ ခုဟောခဲ့တဲ့အပိုင်းကတော့ ဒါအသက်ရှုပုံ နည်းစနစ်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ပထမစတုက္ကလို့ ခေါ်ဆိုအပ်တဲ့ ကာယာနုပဿနာကမ္မဋ္ဌာန်းကို ဟောနေတယ်။ အဲဒီ ကမ္မဋ္ဌာန်းဟောပြီးတဲ့ အချိန်အခါမှာ နောက်တစ်နည်း အသက်ရှုပုံနည်းစနစ် ဒုတိယစတုက္ကကို ဘုရားရှင် ဆက်ဟောတယ်။ ဘယ်လိုဟောလဲ?

(က) ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
ပီတိလေးကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုနေပါ။ ဘုရားက ဟောလိုက်တယ်။ ဝင်လေထွက်လေ။ နောက်တစ်ခု ဘာဟောလဲ?

( ခ ) သုခပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သုခပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
ချမ်းသာနေတဲ့ သုခဝေဒနာလေးကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုပါ။ ဒါကို ဘုရားဟောတယ်။ အသက်ရှုပုံ စနစ်ကလေးပဲ။ နောက်-

( ဂ ) စိတ္တသင်္ခါရပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ စိတ္တသင်္ခါရပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
စိတ္တသင်္ခါရ ပဋိသံဝေဒီ၊ စိတ္တသင်္ခါရအမည်ရနေသည့် သညာ ဝေဒနာ တရားနှစ်ပါးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမီတိ၊ ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊ စိတ္တသင်္ခါရ ပဋိသံဝေဒီ၊ စိတ္တသင်္ခါရအမည်ရနေသည့် သညာ ဝေဒနာ တရားနှစ်ပါးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပဿသိဿာမီတိ၊ ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊

စိတ္တသင်္ခါရ အမည်ရနေသည့် သညာ ဝေဒနာ တရားနှစ်ပါးကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုပါ။ အသက်ရှုပုံစနစ် ဟောတယ်နော်။ နောက်တစ်ခု နံပါတ်(၄) -

(ဃ) ပဿမ္ဘယံ စိတ္တသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ စိတ္တသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၃၊၁၂၅။ သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

စိတ္တသင်္ခါရ အမည်ရနေတဲ့ ဒီတရားတွေကို ချုပ်ငြိမ်းသွားအောင် ကျင့်ပြီးတော့ အသက်ရှုပါ။ ဒီလို ညွှန်ကြားတယ်။ ဒါက ဒုတိယစတုက္ကလို့ ခေါ်ပါတယ်။ အဋ္ဌကထာဆရာတော်များက ဒီဒုတိယစတုက္ကကို ဝေဒနာနုပဿနာ နည်းအားဖြင့် ဘုရားရှင် ဟောသွားတယ်လို့ တိတိကျကျ ဖွင့်ဆိုထားပါတယ်။ ဒီတော့ ဒီနေရာမှာ အသက်ရှုတဲ့အပိုင်းကတော့ နှစ်ကဏ္ဍ အဋ္ဌကထာများက ဖွင့်ထားတယ်။ နှစ်ကဏ္ဍက - တစ်ကဏ္ဍကတော့ ဦးပဉ္စင်းတို့ သမထပိုင်း။ တစ်ကဏ္ဍက ဝိပဿနာပိုင်း ဖြစ်ပါတယ်။ သမထပိုင်းမှာ ပီတိနဲ့ယှဉ်နေတဲ့ စျာန်တွေကို ပြန်ဝင်စားရတယ်ဆိုတော့ ပီတိက ဘယ်စျာန်တွေမှာ ယှဉ်လဲ? ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးရှိတဲ့ စျာန်က ပထမစျာန်။ စတုက္ကနည်းအရ ပြောရင်တော့နော် - ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါသုံးပါးရှိနေတဲ့ စျာန်က ဒုတိယစျာန်။ အဲဒီ ပထမစျာန်၊ ဒုတိယစျာန်ဆိုတဲ့ စျာန်တွေကို ဝင်စားပြီးတော့ အသက်ရှုနေရင် ဒါဟာ အဲဒီ အချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဒီစျာန်သမာဓိအခိုက်မှာ ဒီပီတိကို ထင်ထင်ရှားရှား မသိဘူးလား? သိနေတယ်။ ပီတိတွေကိုတွင် သိသလားဆိုတော့ မဟုတ်သေးဘူး။ ဒီပီတိနဲ့ ယှဉ်တွဲနေတဲ့ ဒီသုခဝေဒနာလေးကိုလည်း ထင်ထင်ရှားရှား မသိဘူးလား? သိတယ်။ နောက်တစ်ခု -

သုခပဋိသံဝေဒီအရ သုခဝေဒနာကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုပါဆိုတော့ ဒီစျာန်တွေ ဝင်စားတဲ့အခါမှာ သုခဝေဒနာသည် ဘယ်စျာန်အထိ ရှိသလဲ? စတုက္ကနည်းအရ တတိယစျာန်အထိ သုခဝေဒနာ ရှိတယ်နော်။ ဒီတော့ ပထမစျာန် ဝင်စားပြီးတော့ အသက်ရှုမယ်။ ဒုတိယစျာန် ဝင်စားပြီး အသက်ရှုမယ်။ တတိယစျာန် ဝင်စားပြီး အသက်ရှုမယ် ဆိုလို့ရှိရင် ဒါ သုခကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုနေသည်မည်တယ်။ ဒါ သမထပိုင်း။

နောက် စိတ္တသင်္ခါရ ပဋိသံဝေဒီ ဆိုတာကတော့ ဝေဒနာ သညာတရား အားလုံးကို ပြောတယ်ဆိုတော့ အဲဒီဝေဒနာတွေက ဥပေက္ခာဝေဒနာလည်း ပါပါတယ်။ သုခဝေဒနာတွေလည်း ပါတယ်။ ဒီတော့ စျာန်လေးပါးလုံးမှာ ဒီဝေဒနာဟာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်မှာ စတုက္ကနည်းအရ သုခဝေဒနာ, သောမနဿဝေဒနာ။ စတုတ္ထစျာန်မှာ ဥပေက္ခာဝေဒနာ။ အဲဒီ ဝေဒနာတွေကို ထင်ထင်ရှားရှား သိပါဆိုတော့ အဲဒီ စျာန်တွေကို ပြန်ဝင်စားပြီးတော့ ပြန်ဝင်စားလိုက်မယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် ထိုဝေဒနာတွေကို ထင်ထင်ရှားရှား မသိဘူးလား? သိနေတယ်။ အဲဒီလို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။ နောက်တစ်ခု -

ပဿမ္ဘယံ စိတ္တသင်္ခါရံဆိုတာက ရုန့်ရင်းကြမ်းတမ်းနေတဲ့ စိတ္တသင်္ခါရတရားဆိုတာက အဲဒီ အလွန့် အလွန် ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဒီဝေဒနာတွေကို ချုပ်ငြိမ်းစေပြီးတော့ အလွန့် အလွန် သိမ်မွေ့နူးညံ့တဲ့ ဝေဒနာလေးတွေကိုသာ ဖြစ်ပေါ်စေလျက် အသက်ရှုနေပါဆိုပြီး ဒီလို ညွှန်ကြားတယ်။ ဒါက သမထပိုင်းမှာ စျာန်ဝင်စားလို့ရှိရင် အဆင့်ဆင့် ငြိမ်းသွားပုံပဲ။ နောက်ဆုံး ဘယ်လောက်အထိ ငြိမ်လဲလို့မေးရင်တော့ ဟိုး သမထပိုင်းမှာ ပြောခဲ့အတိုင်းပဲ။ စတုတ္ထစျာန်ရောက်ရင် “အဿသ ပဿသ” တွေ အကုန်လုံး ချုပ်သွားတယ်။ အဲဒီ အချိန်အခါမှာ ဒီဝေဒနာတွေဟာလည်း အလွန့် အလွန် သိမ်မွေ့နူးညံ့တဲ့အဆင့်သို့ ရောက်သွားတယ်။ ဝိပဿနာပိုင်းကျတော့ ဘာလုပ်သလဲ?

ဒီမှာ ဝေဒနာနုပဿနာကို ရှုတော့မဲ့ ယောဂီပုဂ္ဂိုလ်သည် နံပါတ်(၁) အခု ဘုရားဟောလိုက်တဲ့အခါမှာ ပြန်ပြီး ဆန်းစစ်ကြည့်စမ်းပါ။ ဘုရားသည် ကာယာနုပဿနာသတိပဋ္ဌာန် စာရင်းဝင်တဲ့ “အဿသ ပဿသ” ပထမ စတုက္ကကို ဟောပြီးမှ ဒုတိယ စတုက္ကကို ဟောတယ်။ ဒုတိယ စတုက္ကကို တက်လာတဲ့ ယောဂီပုဂ္ဂိုလ်က နံပါတ်(၁) “အဿသ ပဿသ ကာယ” ။ နံပါတ်(၂) ကာရဇကာယခေါ်တဲ့ ရုပ်တရားတွေကို ရှုထားပြီး မဖြစ်နေဘူးလား? ဖြစ်နေပြီ။ ရှုဖို့ရန် ညွှန်ကြားပြီးမှ ဘုရားက ဒီဒုတိယစတုက္ကကို ဟောတာ။ နောက်တစ်ခု နံပါတ်(၃) - နာမကာယကိုလည်း ရှုထားပြီး မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒီတော့ ရုပ်တွေ နာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီး ဖြစ်နေပြီ။ အဲဒီ ပုဂ္ဂိုလ်ကို မြတ်စွာဘုရားက အခု ဒီဒုတိယ စတုက္ကကို ဆက်ပြီး ကျင့်ဖို့ ဟောတယ်။

ဟောလိုက်တဲ့ အချိန်အခါမှာ ဝေဒနာနုပဿနာနည်းအရ ရှုကွက်ကို မြတ်စွာဘုရားက ညွှန်ကြားလို့ ဟောပါတယ်ဆိုပြီး အဋ္ဌကထာများက တိတိကျကျ ဖွင့်ထားတယ်။ ဖွင့်ဆိုထားတဲ့ အခါကျတော့ ဝေဒနာနုပဿနာ ရှုတော့မဲ့ ပုဂ္ဂိုလ်သည် ရုပ်တရားကို နံပါတ်(၁) ရှုထားပြီး ဖြစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါ စည်းကမ်းတစ်ခု။ ဝေဒနာနုပဿနာကို ရှုတော့မဲ့ပုဂ္ဂိုလ်သည် ဝေဒနာတစ်လုံးတည်း ရှုရမှာလားလို့မေးရင် ဘယ်လို ဖြေမလဲ? မဟုတ်ဘူး။ ဝေဒနာနဲ့ ယှဉ်ဖက်စေတသိက် အကုန်လုံးကို ရှုရပါတယ်။ အဲဒီတော့ ပထမစျာန်မှာ စိတ်စေတသိက် ဘယ်လောက်ရှိမလဲ? ၃၄-လုံး။ အခု အာနာပါန ဆိုကြပါစို့နော် ...

အာနာပါနပထမစျာန်မှာ စိတ်စေတသိက် နာမ်တရား ဘယ်လောက်ရှိသလဲ? ၃၄-လုံး။ ဒုတိယစျာန်မှာ ဝိတက် ဝိစာရ ပြုတ်သွားတဲ့အတွက် စျာန်နာမ်တရားတွေမှာ ၃၂-လုံး။ ဥပစာရ သမာဓိဇောတွေကတော့ ၃၄-လုံးပဲ။ မနောဒွါရာဝဇ္ဇန်းကတော့ အမြဲတမ်း ပုံသေ ၁၂-လုံးပဲနော်။ နောက်တစ်ခု တတိယစျာန်ကျတော့ ပီတိ ထပ်ပြုတ်တဲ့အတွက် စိတ်စေတသိက် ဘယ်လောက်ရှိမလဲ? ၃၁-လုံး။ စတုတ္ထစျာန်ကျတော့ သုခပြုတ်ပြီး ဥပေက္ခာအစား ဝင်လာတဲ့အတွက် စိတ်စေတသိက် ဘယ်လောက်ရှိမလဲ? ၃၁-လုံးပဲ။ အဲဒီ ၃၁-လုံးသော နာမ်တရားတွေကို စနစ်တကျ သိမ်းဆည်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။

ရှုလိုက်တဲ့ အချိန်အခါမှာ ဒီသင်္ခါရတရား၊ ရုပ်တရား၊ နာမ်တရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကို ကောင်းကောင်း မြင်ပြီးတော့မှ အသက်ရှုနေပြီဆိုရင် အဲဒီပုဂ္ဂိုလ်ကို ဒါ ဒုတိယစတုက္ကနည်းအရ ဘုရားရှင်နှစ်ခြိုက်တဲ့ ပုံစံအတိုင်း ဝေဒနာနုပဿနာနည်းကို ရှုပွားလျက် အသက်ရှုနေတဲ့ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ကဲနောက်တစ်ခု - စတုက္ကတစ်ခု မြတ်စွာဘုရား ဆက်ဟောတယ်။ ဒါ စိတ္တာနုပဿနာနည်းအရ ဝိပဿနာရှုကွက်ကို မြတ်စွာဘုရား ဟောထားပါတယ်ဆိုပြီး အဋ္ဌကထာများက ဖွင့်ဆိုထားတယ်။ ဘယ်လိုလဲ?

(က) စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
အသိစိတ်ကလေးကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှုနေပါ။ အသိစိတ်က အဲဒီမှာ ဘာပြောတာလဲလို့မေးတော့ စျာန်နဲ့ ယှဉ်တွဲနေတဲ့ စိတ်ပဲ။ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ဆိုတဲ့ ဒီစျာန်လေးပါးလုံးမှာ ဒီအသိစိတ် မပါဘူးလား? ပါနေတယ်။ အဲဒီ စိတ်တွေဟာ စိတ်တစ်လုံးတည်း ဖြစ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။ စေတသိက်နဲ့ ယှဉ်တွဲဖြစ်တယ်။ စိတ်ကို ဦးတည်ပြီးတော့ ယှဉ်ဖက် စိတ်စေတသိက်တွေကို အကုန်လုံး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုလျက် အသက်ရှုနေပါလို့ ဒီလို ဟောတာနော်။ နောက်တစ်ခု ဒုတိယ မြတ်စွာဘုရား ဘာဟောသလဲ?

( ခ ) အဘိပ္ပမောဒယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ။ အဘိပ္ပမောဒယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။
အဘိပမောဒယံ စိတ္တံ၊ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ အဿသိဿာမိ၊ ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊ အဘိပမောဒယံ စိတ္တံ၊ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပဿသိဿာမိ၊ ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊

စိတ်ကလေး ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနဲ့ အသက်ရှုနေစမ်းပါ။ ဘယ့်နှယ်တုန်း? ဒကာကြီးတွေ, ဒကာမကြီးတွေ ငိုမဲ့ ငိုမဲ့နဲ့ အသက်ရှုရမလား, ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနဲ့ အသက်ရှုရမလား? ကဲ ... ဘုန်းကြီးဆီ တရားလာလျှောက်ပြီ။ ရှုံ့မဲ့ ရှုံ့မဲ့ လုပ်ရမလား, ရွှင်ရွှင်လန်းလန်း လုပ်ရမလား? ရွှင်လန်းတာ ကောင်းတာပေါ့။ ရှုံ့မဲ့ ရှုံ့မဲ့က ဘာလုပ်မလဲ ဟုတ်တယ်မလား? ကဲ ... စိတ်ကို ရွှင်ရွှင်လန်းလန်းထားပြီးတော့ အသက်ရှုစမ်းပါဆိုတာ ဘာပြောတာလဲလို့မေးတော့ အဲဒီမှာ စိတ်ကို ရွှင်လန်းတက်ကြွစေတယ်ဆိုတာက အကြောင်းနှစ်ခု ပြတယ်။ သမာဓိပိုင်းမှာ တစ်ခု၊ ဝိပဿနာပိုင်းမှာ တစ်ခု နှစ်ခုခွဲပြီး ပြထားတယ်။

သမာဓိပိုင်းမှာ ဒီစိတ်ဓာတ်တွေ ဘယ်အခါမှာ ရွှင်လန်းတက်ကြွလာလဲဆိုတော့ ပီတိပါဝင်နေတဲ့ စျာန်တွေကို ဝင်စားကြည့်ပါတဲ့။ ပီတိပါဝင်တဲ့စျာန်က စတုက္ကနည်းအရ ပထမစျာန်နဲ့ ဒုတိယစျာန်။ အဲဒီ ပထမစျာန်ကို ဝင်စားလိုက်လို့ရှိရင် ပထမစျာန်ထဲမှာ စျာန်အင်္ဂါထဲမှာ ပီတိပါဝင်တယ်။ ဒုတိယစျာန်ကို ဝင်စားရင်လည်း စျာန်အင်္ဂါထဲမှာ ပီတိပါဝင်တယ်။ ပီတိ ပါဝင်နေတဲ့ ဒီစျာန်တွေကို ဝင်စားရင် ထိုအချိန်အခါမှာ ယောဂီသူတော်ကောင်းက ဒီစျာန်နဲ့ ယှဉ်တဲ့ ပီတိရဲ့ စွမ်းအင်ကြောင့် ယောဂီသူတော်ကောင်းရဲ့ စိတ်ဓာတ်သည် ရွှင်လန်းတက်ကြွနေလိမ့်မယ်။ ဒါက တစ်ခု။ ဒါက တိုက်ရိုက်။ အဲဒီလို စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေပြီးတော့ အသက်ရှုနေပါ ဆိုတာက ဘာပြောတာလဲ?

ပထမစျာန်ကို ဝင်စားပြီး အသက်ရှုနေပါ။ ဒုတိယစျာန်ကို ဝင်စားပြီးတော့ အသက်ရှုနေပါလို့ ဒီလို ဘုရားက အသက်ရှုပုံ နည်းစနစ်ကို ဒါ ညွှန်ကြားတယ်။ ဒါက သမထပိုင်း, ဝိပဿနာပိုင်း ရောက်လာတဲ့ အချိန်အခါကျတော့ ဘာလုပ်ရမလဲ? အဲဒီ ပထမစျာန်ကို ဝင်စားတယ်။ ဝင်စားပြီးတဲ့ အချိန်အခါမှာ ဒီပထမစျာန် နာမ်တရားတွေက စိတ်စေတသိက် ဘယ်လောက်ရှိသလဲ? ၃၄-လုံး ပြောပြီးပြီ။ မနောဒွါရာဝဇ္ဇန်းမှာ ၁၂-လုံး။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု အမည်ရတဲ့ ဇောတွေမှာ ၃၄-လုံး။ အပ္ပနာစျာန်ဇောခေါ်တဲ့ ရူပါဝစရ ပထမစျာန်ဇောမှာ ၃၄-လုံး။

အဲဒီ နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်။ ဘယ်လိုရှုလဲ? ဒီစျာန်ကို ဝင်စားပြီး ဒီစျာန်နာမ်တရားတွေရဲ့ ပျက်နေတဲ့သဘောကို အာရုံယူပြီးတော့ သူက လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာရှုတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်မှာလည်း ပီတိတွေ ယှဉ်တွဲနေလိမ့်မယ်။ ယှဉ်တွဲနေတဲ့အတွက် ဒီဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်ဟာလည်း ထိုအချိန်အခါမှာ ရွှင်လန်းတက်ကြွနေတဲ့ စိတ်ဓာတ်တွေ ဖြစ်နေလိမ့်မယ်။

လောကဥပမာ နမူနာလေးတစ်ခု ကြည့်ပါနော် ... အင်မတန် မိမိနဲ့ ခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ဦး မမျှော်လင့်ဘဲနဲ့ ဗြုန်းကနဲ တွေ့ပြီ။ သူကလည်း အင်မတန် ရွှင်လန်းတက်ကြွနေပြီဆိုရင် မိမိကလည်း သူ့ကို မြင်ရတဲ့အခါမှာ ရွှင်လန်းတက်ကြွမှုတွေ ချက်ချင်း ဓာတ်ကူးပြီးတော့ မလာနိုင်ဘူးလား? လလာနိုင်တယ်။ ကိုယ်နဲ့ မတဲ့တဲ့ ကောင်မတစ်ကောင်နဲ့ သွားတွေ့တယ်။ သူကလည်း မဲ့နေပြီ။ ကိုယ်ကရော မဲ့မသွားဘူးလား? ဓာတ်မကူးသွားဘူးလား? ကူးသွားတယ်။ ဒီပုံစံအတိုင်းပဲ။

ဒီမှာ အရှုခံအာရုံဖြစ်တဲ့ စျာန်က ပီတိပါနေတယ်။ ပီတိပါတဲ့စျာန်ကို လှမ်းရှုနေတဲ့ ဒီဝိပဿနာဉာဏ်လေးမှာလည်း ပီတိက ပြန်ပြီးတော့ ဝင်လာတယ်။ ခုနက အရှုခံအာရုံဖြစ်နေတဲ့ မိမိ လှမ်းကြည့်လိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြုံးနေပြီဆိုရင် ဒီအပြုံးဓာတ်က မိမိဘက်လည်း ကူးလာပြီ။ မိမိလည်း ပြုံးရွှင်မှုတွေ ပေါ်လာတယ်။ အဲဒီ ပေါ်လာသလိုပဲ ဒီပထမစျာန်နာမ်တရား၊ ဒုတိယစျာန် နာမ်တရားတွေကို ဝိပဿနာရှုနေတဲ့ ဝိပဿနာဉာဏ်မှာလည်း ပီတိတွေက တက်ကြွရွှင်လန်းနေတယ်။ အဲဒီလို တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းဖြင့် အသက်ရှုနေပါဆိုပြီးတော့ ဘုရားဟောတယ်။ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းဖြင့် ဒီသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနေပါ။ ရှုပြီးတော့ အသက်ရှုစမ်းပါလို့ ဒီလို ဟောတယ်။ အသက်ရှုပုံ စနစ်ပဲနော်။ ကဲ ...
ok5qwybtgojxqx5197ektswucmwhfp8 မင်္ဂလသုတ်-၁၇/၉၇ 0 6240 21875 2026-04-13T19:11:24Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၆..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21875 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၆/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၈/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် -၁၇

ဒီနေ့လည်း အာနာပါနကမ္မဋ္ဌာန်း မဆုံးသေးတော့ ဆက်ပြီး ဟောကြတာပေါ့နော်။ ဒုတိယစတုက္က စိတ္တာနုပဿနာအပိုင်းမှာ ပထမရှုကွက်၊ ဒုတိယရှုကွက် ပြောပြီးပြီ။ တတိယရှုကွက် မြတ်စွာဘုရား ဆက်ပြီး ဟောတယ်။ ဘယ်လို ဟောသလဲ?

သမာဒဟံ စိတ္တံ အဿသိဿာမီ တိ သိက္ခတိ၊ သမာဒဟံ စိတ္တံ ပဿသိဿာမီ တိ သိက္ခတိ။

အဿသိဿာမိ၊ ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊ စိတ္တံ၊ စိတ်ကို။ သမာဒဟံ၊ သမာဒဟံသော ကောင်းစွာထားလျက်။ ပဿသိဿာမိ၊ ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏၊

စိတ်ကလေး ကောင်းကောင်းထားပြီးတော့ အသက်ရှုပါ။ ဘယ့်နှယ်တုန်း တရားနာပရိသတ်တွေ ဒီစကားလေး နားလည်ကြလား? နားလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိပါလိမ့်မယ်၊ နားမလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီအပိုင်းလေးက နေ့စဉ် လူသားတွေက အသက် မရှူကြဘူးလား? ရှူကြပါတယ်။ စိတ်ထား ကောင်းကောင်းလေးနဲ့ အသက်ရှူရင် နိဗ္ဗာန်ကို ရနိုင်ပါတယ်။ စိတ်ထား မကောင်းဘဲနဲ့ အသက်ရှူရင်လည်း နိဗ္ဗာန်ကို ရနိုင်ပါ့မလား? မရနိုင်ဘူး။ အပါယ်လေးဘုံ ရောက်နိုင်တယ်။ ဒါဖြင့်ရင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် စိတ်ထားပြီးတော့ အသက်ရှူရင် စိတ်ထား ကောင်းကောင်းလေးနဲ့ အသက်ရှူတယ်လို့ ခေါ်သလဲလို့ သိဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ ဒီအပိုင်းမှာ အဋ္ဌကထာဆရာတော်က အထူးသဖြင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ပထမတွဲ စာမျက်နှာ (၂၈၁) မှာ ဖွင့်ဆိုထားပါတယ်။

( ဂ ) သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ။ သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။

သမထပိုင်း၊ ဝိပဿနာပိုင်း ဆိုပြီး အပိုင်းကဏ္ဍ ၂-ရပ် ရှိပါတယ်။ သမထပိုင်းမှာ ပထမစျာန်ကို ဝင်စားတယ်၊ ဒုတိယစျာန်ကို ဝင်စားတယ်၊ တတိယစျာန်ကို ဝင်စားတယ်၊ စတုတ္ထစျာန်ကို ဝင်စားတယ်။ ဘာစျာန်တွေလဲလို့ မေးရင်တော့ အာနာပါနစျာန်တွေ ဖြစ်ပါတယ်နော်။ ဒီတော့ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမစျာန်ကို တစ်နာရီလောက် ဝင်စားတယ်။ ထိုအချိန်အခါမှာ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံမှာ စိတ်ကလေးကို ကောင်းစွာ ထားပြီးတော့ အသက်ရှူနေသည် မည်တယ်။ အဲဒီ အသက်ရှူ နည်းစနစ်ကပေါ့လေ - မိမိကသာ စွမ်းအားရှိလို့ ဝိပဿနာ ကူးနိုင်တယ်ဆိုရင် အရဟတ္တဖိုလ် နိဗ္ဗာန်အထိ ပေါက်ရောက်နိုင်တဲ့ စွမ်းအားရှိပါတယ်။

အကယ်၍များ ဝိပဿနာ မကူးနိုင်လို့ ဒီပထမစျာန်ကို ဝင်စားပြီးတော့သာ အသက်ရှူမယ် သေသည့်တိုင်အောင် ဒီစျာန်သာလျှင် မလျှောကျရင် ဗြဟ္မပြည် ရောက်နိုင်တဲ့စွမ်းအား ရှိပါတယ်။ အပါယ်လေးဘုံ ရောက်တာစာရင် ဗြဟ္မပြည် ရောက်တာတော့ ကောင်းပါတယ်။ အကောင်းဆုံးလို့တော့ မဆိုလိုဘူး။ နိဗ္ဗာန်ကတော့ အကောင်းဆုံးပဲ။ နိဗ္ဗာန် မရမီစပ်ကြား မိမိတို့က ကြိုးပမ်းအားထုတ်လို့ နိဗ္ဗာန် မရနိုင်သေးလို့ သံသရာခရီးတစ်ခုကို ဆက်ရန် ရှိနေကြသေးတယ် ဆိုရင်တော့ ဗြဟ္မပြည်လောက်မှာ သွားပြီးတော့ အသက်ရှင် နေရခြင်းကတော့ ပိုမကောင်းဘူးလား? ပိုကောင်းတယ်။ ဒါကြောင့် ဘာဖြစ်လို့ ဒီလို ဗြဟ္မပြည်ကို ရောက်ရှိသွားရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ စိတ်ကလေး ကောင်းကောင်းထားပြီး အသက်ရှူတတ်လို့ ဗြဟ္မပြည်ရောက်တာ။ ဒီလိုဆိုရင် စိတ်ထား ကောင်းကောင်းလေးနဲ့ အသက်ရှူတတ်အောင် လေ့ကျင့်ထားဖို့ မလိုဘူးလား? လိုတယ်။

အလားတူပဲ ဒုတိယစျာန်ကို ဝင်စားတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ဒုတိယစျာန်ကို ဆက်လက်ပြီး ဝင်စားတယ်။ ဒုတိယစျာန်မှာ တစ်နာရီလောက် နေနိုင်တယ်ဆိုရင် ဆိုကြပါစို့ ... ထိုအချိန်အခါမှာလည်း အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံမှာ စိတ်ကလေး ကောင်းကောင်းထားပြီးတော့ အသက်ရှူနေတယ်လို့ ခေါ်ရတယ်။ တတိယစျာန်ကို တစ်နာရီခန့် ဝင်စားတယ်။ ထိုအချိန်အခါမှာလည်း အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ် အာရုံမှာ စိတ်ကို ကောင်းကောင်းထားပြီး အသက်ရှူနေတယ်လို့ ခေါ်တယ်။ စတုတ္ထစျာန်ကို တစ်နာရီခန့် ဝင်စားတယ်။ ထိုအချိန်အခါမှာလည်း ဒီအလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ် အာရုံကိုပဲ အာရုံယူပြီးတော့ ဒီအာရုံကို စိတ်ကလေး ကောင်းကောင်းထားပြီးတော့ အသက်ရှူနေသည် မည်တယ်။ ဒီလိုဆိုရင် အဲဒီလို အသက်ရှူတတ်ကြမယ်။ ဝိပဿနာ မကူးနိုင်သေးဘူးပဲထား၊ ဒီစျာန်က သေသည့်တိုင်အောင် မလျှောကျဘူးဆိုလျှင် ထိုစျာန်နဲ့ လျော်ညီနေတဲ့ ဘုံကို ရောက်ရှိနိုင်တဲ့ စွမ်းအားရှိပါတယ်။

ဥပမာ - စတုတ္ထစျာန် ဆိုကြပါစို့။ ရူပါဝစရဘုံတွေထဲမှာ အထွတ်အထိပ်ဖြစ်နေတဲ့ ဝေဟပ္ဖိုလ်ဘုံအထိ ရောက်နိုင်တဲ့ စွမ်းအားရှိတယ်။ သုဒ္ဓါဝါသ ၅-ဘုံကတော့ အရိယာ၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ အရိယာသူတော်ကောင်းတို့ရဲ့ နေထိုင်ရာဘုံ ဖြစ်နေတဲ့အတွက် ထားပါတော့နော်။ ပုထုဇန်လောကအနေနဲ့ ပြောမယ် ဆိုလို့ရှိရင် ဒီစတုတ္ထစျာန် သမာဓိသည် အဆင့်အတန်း အမြင့်မားဆုံး ဖြစ်နေတဲ့ ဝေဟပ္ဖိုလ်ဘုံအထိ ရောက်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ကမ္ဘာပေါင်း ၅၀၀-လောက် သက်တမ်းရှည်နိုင်တယ်။ သို့သော် အဲဒီဘုံမှာ နေပြီးတော့များ အကယ်၍ ကမ္ဘာပေါင်း ၅၀၀-လောက် အသက်ရှည်နေခဲ့မယ်ဆိုရင် ဘာတွေ လုပ်နိုင်သလဲလို့ မေးတော့ အဲဒီလို ဘုံတွေမှာ အရိယာသူတော်ကောင်းတွေ များစွာ ရှိကြပါတယ်။

ထိုအရိယာသူတော်ကောင်းတွေထံမှတစ်ဆင့် မိမိက နည်းခံပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းမယ် ဆိုလို့ရှိရင်လည်း စီးဖြန်းလို့ ရပါတယ်။ မစီးဖြန်းချင်သေးဘူးဘဲထားတော့ မကြာမီလို့ ခေါ်ဆိုအပ်တဲ့ ဒီကမ္ဘာအတွင်းမှာ အရိမေတ္တယျ မြတ်စွာဘုရာရှင်လည်း ပွင့်ထွန်းတော်မူဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါင်း ၅၀၀-လောက် သက်တမ်းရှည်နေတဲ့ ဒီဗြဟ္မာတွေဟာ ဒီဘုရားရှင်ကို ဖူးတွေ့ခွင့် ရဖို့ရာ ကျိန်းမသေဘူးလား? ကျိန်းသေနေတယ်။ အဲဒီ အချိန်အခါမှာလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို မိမိတို့က အားထုတ်မယ်ဆိုရင် အားထုတ်ဖို့ရန် အခွင့်လမ်းတွေ ရနိုင်ပါတယ်နော်။

သို့သော် ဒါက စျာန်လောက်သာ ရရှိပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရဘဲနဲ့ အသက်ရှူနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြောတဲ့စကားပါ။ ဒီနေ့ သာသနာတော်ထဲမှာပေါ့ ဒီထက် အဆင့်အတန်း မြင့်မားနေတဲ့ အသက်ရှူ နည်းစနစ်တွေကို ဘုရားရှင်ကလည်း ဟောထားပါတယ်နော်။ အခု ဒီမှာ ဟောတဲ့ ဘုရားရှင်ရဲ့စနစ်က ဘာကို ရည်ရွယ်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားပါတယ်။ နိဗ္ဗာနဂါမိနိပဋိပဒါ ပ-တွဲ၊ စာ-၂၀၃၊ ပါဠိ ပ-ပိုဒ်။

တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ဘာပြောလဲ? တာနိ ဝါ ပန စျာနာနိ၊ ထိုစျာန်လေးပါးတို့ကိုမူလည်း။ သမာပဇ္ဇိတွာ၊ ဝင်စား၍။ ဝုဋ္ဌာယ၊ ထိုစျာန်မှထ၍။ စျာနသမ္ပယုတ္တံ စိတ္တံ၊ စျာန်အင်္ဂါနှင့် ယှဉ်တွဲလျက်ရှိသော စိတ်ကို။ ခယတော၊ ကုန်တတ်သော သဘောအားဖြင့်။ ဝယတော၊ ပျက်တတ်သော သဘောအားဖြင့်။ သမ္ပဿတော၊ ဝိပဿနာ ဉာဏ်ပညာမျက်စိဖြင့် ကောင်းစွာမြင်အောင် ရှုကြည့်လျက်ရှိသော ယောဂါဝစရ ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ဝိပဿနာက္ခဏေ၊ ဝိပဿနာဉာဏ် ဖြစ်ခိုက်၌။ လက္ခဏပဋိဝေဓေန၊ ထိုစျာန်တရားတို့၏ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကို ထိုးထွင်း၍ သိမြင်ခြင်းဖြင့်။ ခဏိကစိတ္တေကဂ္ဂတာ၊ ခဏိကစိတ္တေကဂ္ဂတာ အမည်ရတဲ့ ခဏိကသမာဓိတရားသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာပေ၏၊

ဘာပြောသလဲ? ပထမစျာန်ကို ခုနက အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမစျာန်ကို ဝင်စားတယ်။ ပထမစျာန်မှ ထတယ်။ ထလိုက်ပြီးတဲ့ အချိန်အခါမှာ ဒီစျာန်အင်္ဂါတွေကို ပြန်ပြီး ဆင်ခြင်ကြည့်ရတယ်။ ဆင်ခြင်ပြီးတဲ့အခါ ဒီစျာန်အင်္ဂါတွေနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကို အဦးမူပြီးတော့ ထိုစိတ်နှင့် ထိုစျာန်တရားတွေနှင့် ယှဉ်တွဲနေတဲ့ စျာန်သမ္ပယုတ္တဓမ္မလို့ ခေါ်တဲ့ စိတ်စေတသိက်တရားတွေကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ အဲဒီ စျာန်နာမ်တရားတွေက ဘယ်လောက် ရှိသလဲ? ယောဂီတွေ မသိချင်ဘူးလား? သိချင်တယ်ဆိုရင် လက်တွေ့ ရှုပဲနော်။

ရေတွက်ပြမယ် ဆိုလို့ရှိရင်တော့ နားလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိမယ်၊ နားမလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိမယ်။ စေတသိက် ၃၃-လုံးနဲ့ အသိစိတ် ၁-လုံး ပေါင်းလိုက်လို့ ရှိရင် ဘယ်လောက်ရှိလဲ? ၃၄-လုံး ရှိပါတယ်နော်။ အဲဒီ ၃၄-လုံးသော နာမ်တရားတွေကို ရှုပွားသိမ်းဆည်းတဲ့ အပိုင်းမှာ စိတ်ကို ဦးတည်ပြီးတော့ ရှုတယ်။ တစ်နည်း စိတ်ကို အဦးမူ၍ ရှုတယ်။ စိတ်ကို အဦးမူပြီး ရှုတယ်ဆိုတာက ဘာပြောတာလဲလို့ မေးတော့ - ယောဂီပုဂ္ဂိုလ်က ဉာဏ်မကျွမ်းကျင်ခင်လေးမှာ ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့ အပိုင်းမှာ ဖဿက စပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခု၊ ဝေဒနာက စပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခု၊ အသိစိတ်က စပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခုဆိုပြီး နည်းစနစ် ဘယ်နှစ်ခု ရှိလဲ? ၃-ခု။ ဒါတွေက နာမ်ကမ္မဋ္ဌာန်းပိုင်း သိမ်းဆည်းတဲ့ နည်းစနစ်ပဲ။ အဲဒီ နည်းစနစ် ၃-မျိုးထဲက ဘုရားရှင်က သူက အသိစိတ်ကို အဦးမူပြီးတော့ သိမ်းဆည်းတဲ့ နည်းစနစ်ကို ညွှန်ပြနေတယ်။ မနေ့က ဟောခဲ့တဲ့ ဒုတိယစတုက္ကကတော့ ဝေဒနာကို အဦးမူပြီး နာမ်တရားတွေကို သိမ်းဆည်းတဲ့ စနစ်ကို ဟောခဲ့တယ်။

ကဲ ဒီနေ့က အဲဒီ အသိစိတ်ကို အဦးမူပြီး သိမ်းဆည်းတယ်ဆိုတာက ယောဂီပုဂ္ဂိုလ်က ဒီပထမစျာန်ကို ဝင်စားတယ်။ ဝင်စားပြီးတဲ့အခါ ပထမစျာန်မှ ထပြီးတော့ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို ပြန်ပြီးတော့ အာရုံယူရတယ်။ ယူလိုက်တဲ့အခါမှာ အာရုံယူလို့ ရနေတဲ့ သဘောကို ဘာခေါ်လဲ? အသိစိတ်နော်။ အာရုံယူလို့ မရသေးဘူးဆိုရင် ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို သိတယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ ဒီတော့ ပထမစျာန်ကို ဝင်စားပြီးတော့ ပထမစျာန်မှ ထလိုက်တဲ့ အချိန်အခါမှာ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလည်း ပျောက်ပြီး မသွားသေးပါဘူး။ ရှိနေပါသေးတယ်။

ရှိနေသေးတဲ့အခါကျတော့ ယောဂီပုဂ္ဂိုလ်က ဘဝင်မနောအကြည်လေးကို သိမ်းဆည်းပြီးတော့ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံက ပြန်ပြီး အာရုံယူလိုက်တဲ့အခါ ထို အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံက ဘဝင်မနောအကြည်မှာ လာရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီအသိစိတ်နှင့်တကွသော စျာန်နာမ်တရားတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ မကျွမ်းကျင်သေးတဲ့ ယောဂီပုဂ္ဂိုလ် ဖြစ်ရင်တော့ ဒီအသိစိတ်ကလေးကိုပဲ ပဓာနထားပြီးတော့ ပထမ သိမ်းဆည်းရတယ်။ အကြိမ်များစွာ ဖြစ်နေတာကို မြင်အောင် ရှုရတယ်။ ကျွမ်းကျင်လာပြီ ဆိုလို့ရှိရင်တော့ အသိစိတ်၊ ဖဿ ၂-လုံး၊ ၂-လုံးကနေ ၃-လုံး ၄-လုံး စသည်ဖြင့် တဖြည်းဖြည်း တိုးပြီးတော့ နောက်ဆုံး ၃၄-လုံးအထိ ပြိုင်တူမြင်အောင် ကျင့်ရတယ်။ စိတ္တက္ခဏတိုင်းမှာ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် ၁၂-လုံး ရှိတယ်။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု အမည်ရတဲ့ ကာမာဝစရ သမာဓိဇောတွေမှာလည်း စိတ်စေတသိက် ၃၄-လုံးစီပဲ ရှိပါတယ်။

အဲဒီ ဂေါတြဘုရဲ့နောင်မှာ ဆက်လက်ပြီး ဖြစ်ပေါ်လာတဲ့ ဒီစျာန်ဇော စျာနသမ္မာပတ္တိဝီထိအထဲရှိ စျာန်နာမ်တရား စိတ္တက္ခဏတိုင်းမှာလည်း ၃၄-လုံးစီပဲ ရှိပါတယ်။ အဲဒီ ၃၄-လုံးသော နာမ်တရားတွေရဲ့ ကုန်ကုန်သွား၊ ပထမတော့ ဖြစ်ပြီး ပျက်တဲ့သဘောပေါ့။ အခုအပိုင်းကတော့ အထူးသဖြင့် ဘင်္ဂဉာဏ်ပိုင်းကို ရည်ညွှန်းပြီးတော့ ဘုရားက ဟောနေတယ်။ ကုန်ကုန် ပျက်ပျက်သွားတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ကုန်ကုန် ပျက်ပျက် ပြိုပြိုနေတဲ့အတွက် ကြောက်လန့်ဖွယ်ကောင်းတဲ့ အနက်သဘောကို အာရုံယူပြီးတော့ ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့, အတ္တမဟုတ်တဲ့သဘောကို အနတ္တလို့ ရှုတယ်။ အဲဒီလို ရှုနေလိုက်တဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘာဖြစ်လဲ? ထိုစျာန်နာမ်တရားတွေကို သင်္ခါရတရားလို့ ခေါ်ပါတယ်။

ထိုသင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာမှာသော်လည်းကောင်း၊ ဒုက္ခ အခြင်းအရာမှာသော်လည်းကောင်း၊ အနတ္တ အခြင်းအရာမှာသော်လည်းကောင်း ဝိပဿနာ ဘာဝနာစိတ်တွေ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလိမ့်မယ်။ တစ်မျိုးမျိုးသော အခြင်းအရာမှာ ကပ်ပြီး ငြိမ်နေတယ်။ အလားတူပဲ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်တွေကို အသီးသီး ဝင်စားပြီးတော့ ဒုတိယစျာန် နာမ်တရား၊ တတိယစျာန် နာမ်တရား၊ စတုတ္ထစျာန် နာမ်တရားတွေကို ဝိပဿနာ ဒီအတိုင်းပဲ ရှုပါ။ ရှုလိုက်တဲ့ အချိန်အခါမှာလည်း ထိုသင်္ခါရတရားတို့ရဲ့ အနိစ္စ အခြင်းအရာမှာပဲဖြစ်စေ၊ ဒုက္ခ အခြင်းအရာမှာပဲဖြစ်စေ၊ အနတ္တ အခြင်းအရာမှာပဲဖြစ်စေ တမျိုးမျိုးသော အခြင်းအရာမှာ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလိမ့်မယ်။ အဲဒီလို တည်နေခဲ့တဲ့အခါမှာ ဒီအနိစ္စလက္ခဏာကို ထွင်းဖောက်သိမြင်ပြီးတော့၊ ဒုက္ခလက္ခဏာကို ထွင်းဖောက်သိမြင်ပြီးတော့၊ အနတ္တလက္ခဏာကို ထွင်းဖောက်သိမြင်ပြီးတဲ့ အချိန်အခါမှ တည်ကြည်နေတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ အဲဒီ စိတ်ဓာတ်ကလေးကို ဘာခေါ်လဲ? ခဏိကစိတ္တေကဂ္ဂတာ လို့ ဒီလို ခေါ်တယ်။ ဒါကိုပဲ အတိုချုပ်အားဖြင့် ပြောရင်တော့ ခဏိကသမာဓိလို့ ခေါ်တာပါ။

ဒီလိုဆိုရင် ဒီခဏိကသမာဓိက ဒကာကြီးတွေ အဆင့်မမြင့်ဘူးလား? မြင့်နေတယ်။ ဘယ်လိုကြောင့် အဆင့်မြင့်တယ် ပြောရသလဲလို့မေးတော့ ဟိုနည်းနည်းလေး ခုခေတ်မှာ ရှုပ်ထွေးနေတဲ့ ပြဿနာလေးတစ်ခုကတော့ ဝိပဿနာဆိုတာက ခဏိကသမာဓိနဲ့ သွားလို့ ရပါတယ်။ ဒီသမာဓိတွေ ထူထောင်နေဖို့ မလိုပါဘူးလို့ ပြောနေလို့ ဘုန်းကြီးက ခဏိကသမာဓိရဲ့ အဆင့်အတန်းကို အခုက ပြောနေတာပါ။ ဝိပဿနာဟာ ခဏိကသမာဓိနဲ့ သွားရတယ်ဆိုတာ ဘုန်းကြီးတို့ လက်ခံပါတယ်။ ဒါပေမဲ့လို့ အခု ဝိပဿနာမှာ ဆိုလိုတဲ့ ခဏိကသမာဓိက ဘယ်လောက် အဆင့်မြင့်တယ် ဆိုတာတော့ အခု နည်းနည်း ရိပ်မိပြီး ထင်တယ်နော်။

ပထမ သူက အာနာပါန ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမစျာန်ကို ဝင်စားတယ်။ ပထမစျာန်မှ ထပြီးတဲ့အခါ ဒီပထမစျာန် နာမ်တရားတွေကို သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ပြီးတော့ ဝိပဿနာ ရှုတယ်။ အလားတူပဲ ဒုတိယစျာန်ကို ဝင်စားတယ်၊ ဒုတိယစျာန် နာမ်တရားတွေကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ပြီးတော့ ဝိပဿနာ ရှုတယ်။ တတိယစျာန်ကို ဝင်စားတယ်၊ တတိယစျာန် နာမ်တရားတွေကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ပြီးတော့ ဝိပဿနာ ရှုတယ်။ စတုတ္ထစျာန်ကို ဝင်စားပြန်တယ်၊ ဒီစတုတ္ထစျာန် နာမ်တရားတွေကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ပြီးတော့ ဝိပဿနာ ရှုပြန်တယ်။

အဲဒီလို ဝိပဿနာ ရှုလိုက်တဲ့အခါမှာ ထိုယောဂါဝစရ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ထိုသင်္ခါရတရားတို့ရဲ့ အနိစ္စ အခြင်းအရာမှာသော်လည်းကောင်း၊ ဒုက္ခ အခြင်းအရာမှာသော်လည်းကောင်း၊ အနတ္တ အခြင်းအရာမှာသော်လည်းကောင်း စိတ်တွေ ကောင်းစွာ တည်နေလိမ့်မယ်။ အဲဒီ တည်ကြည်နေတဲ့ ဒီသမာဓိကို ခဏိကသမာဓိ = ခဏိကစိတ္တေကဂ္ဂတာ လို့ ခေါ်တယ်ဆိုပြီး အဋ္ဌကထာ ဋီကာများက ရှင်းလင်း တင်ပြထားပါတယ်နော်။ ဒီနေ့ခေတ် ပြောနေတဲ့ ခဏိကသမာဓိနဲ့တော့ အဆင့်အတန်းချင်း တူရဲ့လား? မတူပါဘူး။ ဘယ်ဒင်းကများ မှားသလဲ, ဘယ်ဒင်းကများ မှန်သလဲ? ပြန်ဆန်းစစ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်နော်။ အယူအဆတစ်ခု လွဲချော်သွားပြီးဆိုရင် ကျင့်စဉ်တွေအားလုံး လွဲချော်ပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။

ဒီတော့ ဒီနေရာမှာ ပြောခဲ့တဲ့ ခဏိကသမာဓိက စျာန်ဝင်စားပြီး စျာန်က ထပြီးတဲ့အခါ ဒီစျာန်နာမ်တရားတွေကို ပြန်ပြီးတော့ လက္ခဏာရေး သုံးတန် တင်ပြီး ဝိပဿနာရှုတဲ့အပိုင်းမှာ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ အပေါ်မှာ တည်နေတဲ့ သမာဓိကို ခဏိကသမာဓိခေါ်တဲ့ အကြောင်း ရှင်းပြတော့ သူ့ကို ဘာဖြစ်လို့ ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိလို့ မခေါ်နိုင်သလဲလို့ ဒီလိုတော့ မေးစရာ ရှိတဲ့အခါကျတော့ သူ့ကို ခဏိကသမာဓိ ခေါ်ရခြင်းရဲ့ အကြောင်းရင်းတွေက ဒီလိုပါ။

ဘုန်းကြီးတို့ သမထပိုင်းမှာ သမာဓိ ဘယ်နှစ်မျိုး ရှိလဲလို့ မေးရင်တော့ ၃-မျိုး ရှိပါတယ်။ ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ဆိုပြီးတော့ သမာဓိ ၃-မျိုး ရှိပါတယ်။ ဒီတော့ ယောဂီတွေ အများစု ရှုနေတဲ့ ဘက်ကနေ လှည့်ပြီး ပြောမယ်ဆိုရင် အခု ဝင်လေထွက်လေလေး အာရုံယူပြီးတော့ စိတ်ကလေးနဲ့ ရှုနေတယ် ဆိုကြပါစို့။ ဝင်လေထွက်လေ အာရုံမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်ပြီ။ အဲဒီအချိန်အခါမှာ နိမိတ်က မပေါ်သေးဘူး ဆိုကြစို့။ စိတ်ကတော့ ငြိမ်နေပြီ။ အဲဒီ အချိန်အခါမှာ ဒီငြိမ်နေတဲ့ သမာဓိကို ဘာသမာဓိလို့ ခေါ်သလဲ? ပရိကမ္မသမာဓိ လို့ ခေါ်တယ်။

ပရိကမ္မသမာဓိ ဆိုတာက အထက်ထက် စျာန်အစရှိတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိတွေ ဖြစ်ပေါ်လာဖို့ရန်အတွက် စီမံ ဖန်တီးပြီး ပြုပြင်နေတဲ့ ပြုပြင်ဆောင်ရွက်နေတဲ့ သမာဓိလို့ အခြေခံ သမာဓိပါပဲ။ ဒီလို ခေါ်တယ်နော်။ ပရိကံပြုလုပ်နေတဲ့ သမာဓိပဲ။ အဲဒီကနေ ရှေ့တစ်ဆင့်တက်လိုက် အာနာပါနကျင့်စဉ် လမ်းစဉ်အတိုင်း အရှည်သိအောင် ရှုတယ်၊ အတိုသိအောင် ရှုတယ်၊ အစအဆုံး အကုန်လုံးသိအောင် ရှုတယ်၊ ငြိမ်အောင် ရှုတယ်၊ ငြိမ်းအောင် ရှုတယ်။ အဲဒီလို ရှုလာလိုက်ရာကနေပြီးတော့ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်တွေက ထက်မြက်လာတဲ့ အချိန်အခါမှာ နိမိတ်ကလေး စပြီး ပေါ်ပြီ။

ပထမ များသောအားဖြင့် ယေဘုယျနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မီးခိုးရောင် စပြီး ပေါ်တတ်ပါတယ်။ အဲဒီ မီးခိုးရောင် နိမိတ်အပေါ်မှာလည်း ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ အဲဒီ တည်နေတဲ့ သမာဓိကိုလည်း ဘာသမာဓိလို့ ခေါ်သလဲလို့ မေးရင် ပရိကမ္မသမာဓိ လို့ ခေါ်ပါတယ်။ စျာန်မရဖို့ရန်အတွက် စီမံဖန်တီးနေတဲ့ ပရိကံလုပ်နေတဲ့ သမာဓိတစ်မျိုးပဲ။ စျာန်စိုက်ပလား? မစိုက်သေးဘူး။ အဲဒီကနေ ရှေ့တစ်ဆင့်တက်လိုက်တော့ ဒီသမာဓိက ရင့်ကျက်လာပြီ။ ဒီနိမိတ်ကလေးကလည်း မပျောက်မပျက်ဘဲနဲ့ ငြိမ်ဝပ်စွာ ကပ်ပြီး ခိုင်နေပြီ၊ တည်နေပြီ။ ခုနက ဝင်သက်လေ ထွက်သက်လေ ထိမှု ထင်ရှားတဲ့နေရာမှာ ကပ်ပြီး တည်နေပြီ။ အဲဒီလို တည်နေတဲ့ အချိန်အခါမှာ တဖြည်းဖြည်း ဒီနိမိတ်က မီးခိုးရောင်ကနေ တစ်ဆင့် ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဆွတ်နေတဲ့ အဖြူရောင်ဘက် ပြောင်းသွားပြီး။

အဲဒီလို ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဆွတ်နေတဲ့ နိမိတ်ကို ဥဂ္ဂဟနိမိတ် ခေါ်တယ်။ မီးခိုးရောင်လို နိမိတ်ကျတော့ ပရိကမ္မနိမိတ် လို့ ခေါ်ပါတယ်။ အဲဒီ ပရိကမ္မနိမိတ်မှာပဲဖြစ်စေ၊ ဥဂ္ဂဟနိမိတ်မှာပဲဖြစ်စေ ဒီနိမိတ်က ခိုင်ခံ့နေလို့ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားခဲ့သော် ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်ပြီးတော့ ဒီနိမိတ်တွေမှာ တည်တတ်ပါတယ်။ ဒီပရိကမ္မနိမိတ်မှာပဲ တည်နေသည်ဖြစ်စေ၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဆွတ်နေတဲ့ ဥဂ္ဂဟနိမိတ်မှာပဲ တည်နေသည်ဖြစ်စေ ထိုသမာဓိကို ဘာသမာဓိလို့ ခေါ်လဲလို့ မေးရင် ပရိကမ္မသမာဓိ လို့ပဲ ခေါ်ပါတယ်။ စျာန်သမာဓိ ဖြစ်ပေါ်လာရေးအတွက် ပြုပြင်ဖန်တီးနေတဲ့ သမာဓိအဆင့်မျှသာ ရှိနေသေးတယ်။ အဲဒီ ပရိကမ္မသမာဓိကို ဘုန်းကြီးတို့ စာပေနယ်မှာ တစ်ခါတစ်ရံ ခဏိကသမာဓိလို့လည်း သုံးပါတယ်။ ဒါက သမထပိုင်းနော်။

အဲဒီကနေ ရှေ့တက်လိုက်တဲ့ အချိန်အခါကျတော့ ဒီဝါဂွမ်းစိုင်လို ဖြူနေတဲ့ ဒီအာနာပါနနိမိတ်မှာပေါ့ - ဝါဂွမ်းစိုင်လို ဖြူနေတဲ့နိမိတ်က ဥဂ္ဂဟနိမိတ်။ အဲဒီ ဥဂ္ဂဟနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးပမ်းခဲ့သော် တဖြည်းဖြည်း ဖြူဆွတ်နေတဲ့ ဒီဥဂ္ဂဟနိမိတ်သည် အလွန် ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်အဆင့်သို့ ကူးသွားမယ်။ အဲဒီ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ် လို့ ခေါ်ပါတယ်။ အဲဒီ ပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားမယ် ဆိုရင်လည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပါတယ်။ ၁-နာရီ၊ ၂-နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်အောင် ကြိုးစားခဲ့ရင်လည်း ၁-နာရီ၊ ၂-နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ အဲဒီ တည်နေတဲ့ သမာဓိကိုတော့ ဥပစာရသမာဓိ လို့ ခေါ်ပါတယ်။ သမာဓိ အဆင့် မြင့်မသွားဘူးလား? မြင့်သွားပြီ။

အဲဒီ ဥပစာရသမာဓိ နယ်မြေမှာတော့ ဘဝင်ကျတတ်တဲ့ အကြောင်းလည်း အဋ္ဌကထာက ခဏခဏ ရှင်းထားပါတယ်။ ဒီတော့ ဘဝင်ကျတယ် ဆိုတာက ယောဂီပုဂ္ဂိုလ်က လည်ပင်းကြီး အထဲမြုပ်ဝင်သွားသလို ခန္ဓာကိုယ်ကြီး အထဲမြုပ်ဝင်သွားသလို ဖြစ်ပြီးတော့ ဘာမှမသိ ဖြစ်ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ဘဝင်ကျနေတာကို ကျော်လွှားလွန်မြောက်သွားအောင် ဒီကြည်လင်တောက်ပနေတဲ့ နိမိတ်မှာ အလွန် အားကောင်းနေတဲ့ သတ္ထိလေးနဲ့ စူးစိုက်ပြီး သုံးသပ်ပေးနေရတယ်။ ကြည်လင်တောက်ပနေတဲ့ ဒီနိမိတ်မှာ သတိလေးကို ငြိမ်ဝပ်စွာ ကပ်ပြီးထားရတယ်။ အမှတ်ရနေရတယ်။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါတွေက စွမ်းအား မပြည့်ဝသေးတဲ့အတွက် ဒီလို ဘဝင်ကျနေခြင်းဖြစ်တဲ့အကြောင်း အဋ္ဌကထာကလည်း ရှင်းထားပါတယ်။

ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါတွေက ဓတမဂတ္ထခေါ်တဲ့ စွမ်းအင်နှင့် ပြည့်ဝလာတဲ့အခါ အပ္ပနာစျာန်သမာဓိ စိုက်ပြီ။ အပ္ပနာစျာန်သမာဓိ စိုက်တဲ့အခါမှာ အပ္ပနာစျာန်သမာဓိရဲ့ ရှေ့နားမှာ စျာနဝီထိအတွင်းမှာ တည်ရှိနေတဲ့ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုလို့ ခေါ်ဆိုအပ်တဲ့ ကာမဝစရဇောတွေ ရှိတယ်။ ဒါ အဆင့်အမြင်မားဆုံးဖြစ်တဲ့ ဥပစာရသမာဓိပဲ။ ကာမဝစရသမာဓိတွေပဲ။ အထွတ်အထိပ်သို့ ရောက်သွားတယ်။ ဥပစာရသမာဓိ ဖြစ်ပါတယ်။ ထိုဂေါတြဘု အမည်ရတဲ့ ဥပစာရသမာဓိဇော၏ နောက်၌ ကပ်ပြီးတော့ စျာန်ဇောတစ်ကြိမ်ကျတယ်။ အဲဒီ စျာန်ကိုတော့ အပ္ပနာစျာန် လို့ ခေါ်ပါတယ်။ အဲဒီ အပ္ပနာစျာန် ရပြီးတဲ့ ပုဂ္ဂိုလ်က မိမိရရှိထားတဲ့ စျာန်ကို တစ်ဖန် ပြန်ပြီး ဝင်စားရင် အဲဒီ ဝင်စားတဲ့ အပိုင်းမှာတော့ မိမိရဲ့ ပါရမီအားလျော်စွာ သမာဓိရဲ့ စွမ်းအင်အားလျော်စွာ ၁-မိနစ်၊ ၂-မိနစ်ခန့် စသည်ဖြင့် တည်ငြိမ်နေတာလည်း ရှိမယ်။ ၁-နာရီ၊ ၂-နာရီခန့် စသည်ဖြင့် တည်ငြိမ်နေတာလည်း ရှိမယ်။

အဲဒီလို အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ဒီပထမစျာန်ကို ပြန်ပြီး ဝင်စားလိုက်တဲ့ အချိန်အခါမှာ တည်နေတဲ့ သမာဓိကိုလည်း အပ္ပနာစျာန်သမာဓိ လို့ပဲ ခေါ်ပါတယ်။ ဒီတော့ သမထပိုင်းမှာ သမာဓိ ဘယ်နှစ်မျိုး ရှိလဲ? ၃-မျိုး။ ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ဆိုပြီး ၃-မျိုး ရှိတယ်။ တစ်နည်းပြောရင် ခဏိကသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ဆိုပြီး သမာဓိ ၃-မျိုး ရှိတယ်။ ဒါက သမထပိုင်း။ အဲဒီ သမထပိုင်းမှာလည်း ဒီနေ့ မျက်မှောက်ခေတ်ပြောနေတဲ့ ခဏိကသမာဓိနှင့် စာမှာ လာနေတဲ့ ခဏိကသမာဓိ တူသလား? ဘယ်လိုဖြေကြမလဲ? ဘယ်သူမှလည်း မဖြေဘူး။ ဘုန်းကြီးကတော့ မတူဘူးလို့ဘဲ ဖြေရတော့မှာပေါ့နော်။
ကဲ နောက်တစ်ခု အဲဒီကနေ တစ်ဆင့်တက်လိုက်ပြီး ဒီဈာန်တွေကို ဝင်စားပြီးတဲ့အခါ ဒီဈာန်သမာဓိတွေကို အခြေခံပြီး ရုပ်တွေ နာမ်တွေ သိမ်းဆည်းတယ်၊ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းတယ်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ဝိပဿနာ ရှုလာရာကနေ နောက်ဆုံး ဘင်္ဂဉာဏ် အပျက်နယ်ဘက် ကူးသွားပြီ။

ကူးသွားလိုက်တဲ့ အချိန်အခါမှာ ဒီဈာန်တွေကို ဝင်စားပြီး ဒီဈာန်သင်္ခါရတရားတွေရဲ့ ကုန်ကုန် ပြိုပြို ပျက်ပျက်နေတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ဝိပဿနာ ရှုတယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ဘာကို အာရုံပြုနေသလဲ? ဈာန်နာမ်တရားလို့ ခေါ်ဆိုအပ်တဲ့ ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြုနေတယ်။

အဲဒီလို အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာကို အာရုံပြုနေပြီးတော့မှ စိတ်က ငြိမ်ဝပ်နေတဲ့အတွက် အဲဒီ သမာဓိသည် ခုနက ပြောသလိုပေါ့။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ မီးခိုးရောင် သို့မဟုတ် ဝါဂွမ်းစိုင်လို ဖြူနေတဲ့ အာနာပါနနိမိတ်ကို အာရုံပြုနေတာလည်း ဟုတ်သလား? မဟုတ်ပြန်ဘူး။

ဒီတော့ မီးခိုးရောင်လို နိမိတ်က ဘာနိမိတ်လဲ? ပရိကမ္မနိမိတ်။ ဝါဂွမ်းစိုင်လို ဖြူနေတဲ့ နိမိတ်က ဥဂ္ဂဟနိမိတ်။ အဲဒီ နိမိတ်တွေကို အာရုံပြုနေတာမျိုးကော ဟုတ်သလား? မဟုတ်ဘူး။ မဟုတ်တဲ့အတွက် သူ့ကို ပရိကမ္မသမာဓိ လို့တော့ ခေါ်အုံးမလား? မခေါ်နိုင်ဘူး။

နောက်တစ်ခု - အလွန် ကြည်လင်တောက်ပနေတဲ့ သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေတာကော ဟုတ်သလား? မဟုတ်ဘူး။ မဟုတ်တဲ့အတွက် သူ့ကို ဥပစာရသမာဓိ လို့ကော ခေါ်လို့ ရမလား? မရဘူး။ အပ္ပနာဈာန်သမာဓိ လို့လည်း ခေါ်လို့ ရမလား? မရနိုင်ဘူး။

ဘာကိုသာ သူက အာရုံပြုသလဲ? ဒီဈာန်သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို သူက အာရုံပြုနေတယ်။ အဲဒီ အချိန်အခါမှာ ဒီဈာန်နာမ်တရားတွေရဲ့ အနိစ္စအခြင်းအရာမှာလည်း စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်တယ်၊ ဒုက္ခအခြင်းအရာမှာလည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်တယ်၊ အနတ္တအခြင်းအရာမှာလည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ အဲဒီ တည်နေတဲ့ သမာဓိကို ဘာသမာဓိလို့ ခေါ်သလဲ? ခဏိကစိတ္တေကဂ္ဂတာသမာဓိ ဆိုပြီး ဒီလို ခေါ်ပါတယ်။

နောက် ခဏိကသမာဓိ တစ်မျိုး ရှိနေသေးတယ်။ အဲဒီ သမာဓိကတော့ ဘာလဲဆိုတော့ - သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်တွေအတွက် ပြောတဲ့ သမာဓိပဲ။ ဈာန်သမာဓိကို အခြေမခံဘဲနဲ့ မိမိတို့က ဝိပဿနာကို တိုက်ရိုက်သွားမယ်၊ သွားချင်ရင် ထိုပုဂ္ဂိုလ်သည် ဘာကို စရှုရသလဲ? ဓာတ်ကြီးလေးပါးကို စရှုရတယ်လို့ ဘုန်းကြီး ပြောပြီးသွားပြီနော်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒုတိယတွဲ၊ စာမျက်နှာ ၂၂၂ မှာ တိတိကျကျ ညွှန်ကြားထားပါတယ်။ ဒီတော့ ဓာတ်ကြီးလေးပါးကို စရှုလိုက်တဲ့ အချိန်အခါမှာ ဘုန်းကြီး ဒီဓာတ်ကမ္မဋ္ဌာန်းလည်း ဒီသုတ္တန်ထဲမှာ ဟောပြီးပြီ ဖြစ်တယ်။

ဓာတ်ကြီးလေးပါးဖြင့် သမာဓိ ထူထောင်လိုက်တဲ့ အချိန်အခါမှာ ပထမ ဘာဖြစ်လာမလဲ? မီးခိုးရောင်လို အဖြူတွေ့မယ်။ ခြုံငုံပြီး ရှုနိုင်လို့ သမာဓိ ထူထောင်နိုင်တဲ့အခါ အဲဒီကနေ သမာဓိ ရင့်ကျက်လာရင် ဝါဂွမ်းစိုင်လို ဖြူနေတဲ့ အဖြူတွေ့မယ်။ ဒီအဖြူမှာလည်း ဓာတ်ကြီးလေးပါးကို ဆက်ပြီး ရှုနိုင်လို့ရှိရင် ရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အကြည်ပြင် တွေ့မယ်။ အဲဒီ အကြည်မှာလည်း ဆက်ပြီး ဓာတ်ကြီးလေးပါး စိုက်နိုင်ခဲ့မယ်ဆိုလို့ရှိရင် အာကာသဓာတ်ကိုလည်း မြင်အောင် ရှုနိုင်ခဲ့မယ်ဆိုရင် ရုပ်ကလာပ်အမှုန်လေးတွေ မတွေ့ဘူးလား? တွေ့ပြီ။ အဲဒီ ရုပ်ကလာပ် တစ်မှုန် တစ်မှုန်မှာ တစ်ခါ တစ်ဆင့်တက်ပြီးတော့ ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုနိုင်ပြီဆိုရင် အဲဒီ ရုပ်ကလာပ်ကလေးတွေ တစ်ခုပြီးတစ်ခု၊ တစ်မှုန်ပြီး တစ်မှုန် မိမိ ရှုလိုက်တဲ့ အမှုန်တိုင်း အမှုန်တိုင်းမှာ - ဓာတ်ကြီးလေးပါး ဓာတ်ကြီးလေးပါး ဓာတ်ကြီးလေးပါး မြင်အောင် ဆက်ပြီး ရှုတယ်။

ရှုလိုက်တော့ ဒီဓာတ်ကြီးလေးပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်ပြီး တည်မနေဘူးလား? တည်တယ်။ အဲဒီ တည်နေတဲ့ သမာဓိကို အထွတ်ထိပ်သို့ ရောက်သွားတဲ့ ကာမာဝစရ ဥပစာရသမာဓိ ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုထားပါတယ်။ ဖွင့်ဆိုထားလိုက်တဲ့ အပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝိသုဒ္ဓိမဂ်မဟာဋီကာ ဆရာတော်က ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြထားပါတယ်။

အဲဒီ ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်ကနေပြီးတော့ အားထုတ်လိုက်တဲ့ အချိန်အခါမှာ အခုလို ရုပ်ကလာပ်အမှုန်လေးတွေ တွေ့ပြီ။ ရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော စသည်ဖြင့် ဓာတ်ကြီးလေးပါးကိုလည်း စနစ်တကျ ရှုတတ်ပြီ။ အဲဒီလို ရှုတတ်တဲ့အပိုင်းမှာ ရှေ့ဆက်ပြီးတော့ ဒီပုဂ္ဂိုလ် သမာဓိထူထောင်ကြည့်ပါ။ ဈာန်ရမလား? မရနိုင်ဘူး။ ဘာဖြစ်လို့လဲ? ရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုစီမှာ ဓာတ်ကြီးလေးပါးကို မြင်အောင် ဆိုတာကလည်း ပိုပြီးတော့ စူးစိုက်ရပါတယ်။ ဒါက အကြောင်းတစ်ခု။

နောက်အကြောင်းတစ်ခုက ဒီရုပ်ကလာပ်အမှုန်လေးတွေ မြင်ပြီဆိုရင် ရှုဖူးတဲ့ ယောဂီများ၊ ရှုနေတဲ့ ယောဂီများ ပိုပြီး သဘောပေါက်လိမ့်မယ်။ ရုပ်ကလာပ်ကလေးတွေက ပေါ်ပြီးတာနဲ့ ချက်ချင်း မပျောက်ဘူးလား? ပျောက်ပြန်တယ်။ နောက်တစ်မှုန် ပြောင်းစိုက်ရပြန်တယ်။ နောက်တစ်မှုန်မှာလည်း ပေါ်ပြီးတာနဲ့ ချက်ချင်း ပျောက်တယ်။ အဲဒီလို ပေါ်ပြီး ပျောက်၊ ပေါ်ပြီး ပျောက် ဘယ်လောက်ထိ လျင်မြန်သလဲလို့မေးရင် တစ်စက္ကန့်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလကို ကုဋေငါးထောင်ခန့်ပုံရင် တစ်ပုံလောက်သာ သက်တမ်း ရှိတယ်။

ဘယ်လောက်ထိ လျင်လျင်မြန်မြန်ကြီး ဖြစ်ပြီး ပျက်နေလဲ? အဲဒီလောက် လျင်လျင်မြန်မြန် ဖြစ်ပျက်နေတဲ့ ဒီကလာပ်ကလေးတွေမှာ ဓာတ်ကြီးလေးပါး ဓာတ်ကြီးလေးပါး ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုနေရတဲ့အခါ ထိုပုဂ္ဂိုလ်သည် ဈာန်ရနိုင်ပါ့မလား? မရနိုင်ဘူး။

ဘာဖြစ်လို့လဲ? ကလာပ်အမှုန်တစ်ခု တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ပရမတ္ထဓမ္မသဘာဝ လက္ခဏာတွေက နက်နဲနေတဲ့အတွက် နက်နဲတဲ့ ဒီဓမ္မသဘာဝအပေါ်မှာ ဘာဝနာစိတ်တွေ ဈာန်အဆင့်သို့ ရောက်သည့်တိုင်အောင် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားသော်လည်း ဘယ်လိုမှ မတည်နိုင်ဘူး။

ဒါကြောင့် ဈာန်မရဘူး။ ဈာန်မရတဲ့ အခါကျတော့ အဲဒီသမာဓိကို အဋ္ဌကထာဆရာတော်က ဥပစာရသမာဓိ ဆိုပြီးတော့ နာမည်ပေးထားတယ်။ နာမည်ပေးထားမှုနဲ့ ပတ်သက်ပြီးတော့ ဋီကာဆရာတော်က ဘယ်လို ရှင်းလင်းတင်ပြထားသလဲ?

ရှင်းလင်းတင်ပြပုံကတော့ - ဘုန်းကြီးတို့ အိမ်ဥပစာဆိုတာက အိမ်နှင့် ကပ်နေတဲ့ မြေကိုသာလျှင် အိမ်ဥပစာလို့ ခေါ်တယ်။ ကပ်စရာ အိမ်မရှိဘူး၊ ဒီမြေကို အိမ်ဥပစာလို့ ခေါ်လို့ ရမလား? မရဘူး။ ဈာန်နဲ့ ကပ်နေတဲ့ သမာဓိကိုသာလျှင် ဥပစာရသမာဓိ လို့ ခေါ်တာ။ ဈာန်ရဲ့ ဥပစာအတွင်းမှာ ဖြစ်နေတဲ့ သမာဓိလို့ခေါ်တာ။ အခု ဒီဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်က ဘယ်လိုပဲ အားထုတ် အားထုတ် ဈာန်ရသလား?

ဈာန်မရတဲ့အတွက် ဈာန်နားကပ်နေတဲ့ သူကို ဥပစာရသမာဓိ လို့ကော ပြောလို့ ရမလား? မရဘူး။ မရပေမဲ့လို့ အဋ္ဌကထာဆရာတော်က ဈာန်နားကပ်နေတဲ့ တကယ့် ဥပစာရသမာဓိအစစ်နဲ့ ခုဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်ကနေပြီးတော့ ရုပ်ကလာပ်ကလေးတွေ မြင်လို့ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုလိုက်တဲ့အခါ သိမ်းဆည်းနိုင်တဲ့အခါ ဖြစ်ပေါ်နေတဲ့ သမာဓိ။ ဒီသမာဓိနှစ်မျိုးကို တိုင်းတာ နှိုင်းစာကြည့်လိုက်တဲ့ အချိန်အခါမှာ သမာဓိ ဒီဂရီစံချိန်ချင်းက တူညီနေလို့ သဒိသူပစာရ အားဖြင့် တင်စားပြီး ဥပစာရသမာဓိ လို့ အဋ္ဌကထာဆရာတော်က ဖော်ပြသွားခြင်း ဖြစ်ပါတယ်တဲ့။ တကယ်အမှန်စင်စစ် ပြောမယ်ဆိုလို့ရှိရင် အဲဒီ သမာဓိသည် ခဏိကသမာဓိ မျှသာ ဖြစ်ပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်။

ကဲ အဲဒီ ခဏိကသမာဓိ ကလည်း ဒီနေ့ မျက်မှောက်ခေတ် ပြောနေတဲ့ ခဏိကသမာဓိ နဲ့ တူရဲ့လား? မတူပြန်ဘူး။ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ် ဈာန်သမာဓိကို အခြေမခံချင်ဘူး၊ မိမိက ဝိပဿနာကိုပဲ တိုက်ရိုက် သွားချင်ပါတယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်တို့ ဦးစွာ ရရှိရမဲ့ ခဏိကသမာဓိ သည် ဘယ်လို ခဏိကသမာဓိ မျိုး ဖြစ်လဲဆိုတာ အဲဒါ နည်းနည်း စဉ်းစားကြပေတော့နော်။ ဘယ်လို သမာဓိလဲ?

ကဲ ဘယ်လို သမာဓိမျိုးကို သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်တွေအတွက် ခဏိကသမာဓိ လို့ ခေါ်သလဲ? ပြန်ဆန်းစစ်ကြည့်ပါ။ ဓာတ်ကြီးလေးပါးဖြင့် စတင် သမာဓိထူထောင်လာလို့ နောက်ဆုံး ရုပ်ကလာပ် အမှုန်လေးတွေ တွေ့ပြီ။ ရုပ်ကလာပ် တစ်မှုန် တစ်မှုန်အတွင်းမှာ တစ်ဖန် ပြန်ပြီးတော့ ပထဝီ အာပေါ တေဇော ဝါယော ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင်တဲ့ အဆင့်သို့ ရောက်နေတဲ့ သမာဓိကို ဘာသမာဓိလို့ ခေါ်လဲ? ခဏိကသမာဓိ လို့ ခေါ်တယ်။

ဘယ်လိုပုဂ္ဂိုလ်တွေ အတွက်လဲ? ဈာန်သမာဓိကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားချင်တဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်တို့မှာ ရှိရမဲ့ ခဏိကသမာဓိ ပဲ။ အဲဒါက သမထပိုင်း အဆင့်မျိုးလို့ ပြောနိုင်တယ်။ ဝိပဿနာနယ်ထဲ အဆင့်သို့ စတင်ကူးစလို့လည်း ပြောချင် ပြောနိုင်ပါတယ်။ ပြောချင်ပြောနိုင်တယ်ဆိုတာက သူက နာမရူပပရိစ္ဆေဒဉာဏ် ပိုင်းမှာ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းနိုင်တဲ့ အဆင့်ပဲ ရှိသေးတယ်။ ရုပ်တရားအားလုံးကို သိမ်းဆည်းနိုင်တဲ့ အဆင့်ရောက်ပလား? မရောက်သေးဘူး။ နာမရူပပရိစ္ဆေဒဉာဏ် ကို ရခါစ နုနုနယ်နယ်ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူ့ကို သမထပိုင်း၊ ဝိပဿနာပိုင်း နှစ်ပိုင်းလုံးနဲ့ ဆိုင်တယ်လို့ ပြောချင်လည်း ပြောနိုင်တဲ့ သမာဓိတစ်မျိုးပါပဲ။ အဲဒီ သမာဓိသည်လည်း အဆင့် မမြင့်ဘူးလား? မြင့်နေပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်ကတော့ မျက်မှောက်ခေတ်ကတော့ သမာဓိကို ဘေးဖယ်ထားကြတယ်။ ဘေးဖယ်ထားလိုက်တဲ့အတွက် ဘာဖြစ်သွားသလဲ? ဘုရားဟောတဲ့ ရုပ်လည်း မသိ၊ ဘုရားဟောတဲ့ နာမ်လည်း မသိ၊ မသိတော့ ဘာပြောလဲ? ဘုရားဟောတဲ့ ရုပ်၊ ဘုရားဟောတဲ့ နာမ်ဆိုတာ ဘုရားသာ သိတယ်၊ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူးဆို ဖြစ်လေရော။ ဖြစ်လိုက်တော့ ဒကာကြီးတွေ စဉ်းစားကြည့်ပါ -

ဘုရားရှင်သည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ ဟောထားတဲ့ ရုပ်၊ ဟောထားတဲ့ နာမ်၊ ဟောထားတဲ့ တရားတွေ ဖြစ်ပါတယ်။ ဒီတရားတွေသည် ဘုရားသာ သိတယ်၊ သာဝကတွေ မသိဘူးဆိုတော့ ဘုရားရှင်သည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးတော့ သူ့အတွက်ပဲ သူ တရားဟောသွားတယ်လို့ မပြောသော်လည်း ပြောသကဲ့သို့ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ? သူ ဟောတဲ့တရားက သူသာ သိနိုင်တယ်၊ သာဝကတွေ မသိနိုင်ဘူးလို့ ဒီလို ပြောနေလို့ပါ။ ဒီတော့ ဘုရားရှင်သည် ဘုရားဖြစ်ပြီး ဖြစ်ပါတယ်။ ဘုရားဖြစ်ပြီးနေတဲ့ ပုဂ္ဂိုလ်က သူ့အတွက် သူပြန်ပြီး တရားတွေ ဟောနေဖို့ကော လိုသေးလား? မလိုပါဘူး။ ဘယ်သူ့အတွက်သာ ဟောသလဲ? သာဝကတွေ ကျွတ်ဖို့အတွက် ဟောတယ်။

တိဏ္ဏော တာရေယံ၊ ငါကိုယ်တိုင် သံသရာက ကူးမြောက်လွန်မြောက်ခဲ့ပြီးရင် (သတ္တဝါတို့ကို) ကူးခတ်လွန်မြောက်စေရမယ်။ ဒီ ဦးတည်ချက် ရှိတယ်။ ဗုဒ္ဓေါ ဗောဓေယျံ၊ ငါကိုယ်တိုင် သစ္စာလေးပါးကို သိခဲ့ပြီးပြီဆိုရင် သတ္တဝါတွေကိုလည်း ဒီသစ္စာလေးပါးကို သိစေရမယ်။ ဒီ ဦးတည်ချက် ရှိတယ်။ မုတ္တော မောစေယျံ၊ ငါကိုယ်တိုင် ကိလေသာဝဋ်ဆင်းရဲဒုက္ခကြီးမှ လွတ်မြောက်ခဲ့ပြီးဆိုရင် သတ္တဝါတွေကိုလည်း ဒီကိလေသာ ဝဋ်ဆင်းရဲဒုက္ခကြီးမှ လွတ်မြောက်စေရမယ်ဆိုတဲ့ ဒီဦးတည်ချက် ဘုရားမှာ ရှိပါတယ်။

အဲဒီ ဦးတည်ချက်ဖြင့် ဘုရားရှင်သည် ဒီဗောဓိပက္ခိယတရား ၃၇ ပါး အစဖြာနေတဲ့ ပိဋကတ်သုံးပုံမှာ လာရှိနေတဲ့ တရားဒေသနာတော် အသီးသီးကို ဟောကြားပြသ ဆိုဆုံးမသွားတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီ ဟောကြားသွားတဲ့ တရားတွေသည် ဘုရားရှင်အတွက်လား၊ သာဝကတွေအတွက်လားလို့မေးရင် ဘယ်လို ဖြေမလဲ? သာဝကတွေအတွက် ဖြစ်ပါတယ်။

ဒါကြောင့် အယူအဆတစ်ခု လွဲချော်သွားတာနဲ့ ကျင့်စဉ်တွေလည်း အားလုံး လွဲချော်မသွားနိုင်ဘူးလား? လွဲချော်သွားနိုင်တယ်။ ခု ပြောနေတဲ့ ခဏိကစိတ္တေကဂ္ဂတာ သမာဓိ က စတာပါ။ ဒါလေးက ဗဟုသုတအဖြစ် ဘုန်းကြီး ပြောတာပါနော်။ ဗဟုသုတအဖြစ် ဘာကြောင့် အရှင်ဘုရားက ဒီဗဟုသုတတွေ ပြောနေရသလဲလို့မေးရင်လည်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ နားလည်လိမ့်မယ်လို့တော့ ဘုန်းကြီး ယူဆပါတယ်။ ကျင့်စဉ် မလွဲချော်စေရန်အတွက် ဒီဗဟုသုတကို ပြောနေတာပါ။ သမာဓိထူထောင်ဖို့ မလိုဘူး၊ ဝိပဿနာက ခဏိကသမာဓိ နဲ့ သွားလို့ရတယ်ဆိုတော့ ဝိပဿနာ နယ်ပယ်မှာ သမထနယ်ပယ်မှာ ပြောနေတဲ့ ခဏိကသမာဓိ ရဲ့ အဆင့်အတန်းကို မိမိတို့က ဘယ်လိုဆိုတာ ကျကျနန သိဖို့တော့ လိုအပ်တယ်။

ကဲ နိဗ္ဗာနဂါမိနိပဋိပဒါ ပ-တွဲ၊ စာ-၂၀၃၊ ပါဠိ ပ-ပိုဒ်၊ ၃ ကြောင်းမြောက်။
ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊ ၁၊ ၂၈၁။)

ဒီတော့ ပထမဈာန် ဝင်စားတယ်၊ ပထမဈာန် သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ ဒုတိယဈာန် ဝင်စားတယ်၊ ဒုတိယဈာန် သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ တတိယဈာန် ဝင်စားတယ်။ တတိယဈာန် သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ စတုတ္ထဈာန် ဝင်စားတယ်၊ စတုတ္ထဈာန် သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာ ရှုတယ်။

ရှုတဲ့အပိုင်းမှာ စိတ်ကို အဦးထားပြီးတော့ သူက ဒီနာမ်တရား ဒီဈာန်နာမ်တရား ဒီဈာန်သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ဝိပဿနာ ရှုတယ်။ အဲဒီလို ရှုခဲ့တဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာမှာသော်လည်း စိတ်သည် ကောင်းစွာ တည်နေလိမ့်မယ်၊ ဒုက္ခအခြင်းအရာမှာသော်လည်း စိတ်သည် ကောင်းစွာ တည်နေလိမ့်မယ်၊ အနတ္တအခြင်းအရာမှာသော်လည်း စိတ်သည် ကောင်းစွာ တည်နေလိမ့်မယ်။

အဲဒီလို တည်နေခဲ့ရင် ဘာဖြစ်သလဲ? သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာမှာ စိတ်ကလေးကို ကောင်းကောင်းထားပြီးတော့ အသက်ရှူနေသည် မည်ပါတယ်။ သင်္ခါရတရားတို့ရဲ့ ဒုက္ခအခြင်းအရာမှာ စိတ်ကို ကောင်းကောင်းထားပြီးတော့ အသက်ရှူနေသည် မည်ပါတယ်။ သင်္ခါရတရားတို့ရဲ့ အနတ္တအခြင်းအရာမှာ စိတ်ကလေးကို ကောင်းကောင်းထားပြီးတော့ အသက်ရှူနေသည် မည်ပါတယ်။ အဲဒီလိုသာ အသက်ရှူစမ်းပါ။ ဘာဖြစ်နိုင်မလဲ?

ဒီလိုသာ အသက်ရှူတတ်ပါစေ - သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးမှ ကျော်လွှားလွန်မြောက်နိုင်ပါတယ်ဆိုပြီးတော့ ဘုရားက ဆက်ဟောမှာ ဖြစ်ပါတယ်နော်။ ဒါပေမဲ့ သုတ္တန် မပြီးသေးဘူး။ ဒါက ဒုတိယ စိတ္တအနုပဿနာ ကို ရည်ရွယ်ပြီးတော့ ဟောနေတဲ့ တတိယ စတုက္ကထဲက တတိယညွှန်ကြားချက် အသက်ရှူပုံ နည်းစနစ် ညွှန်ကြားချက် ဖြစ်ပါတယ်။ စတုတ္ထညွှန်ကြားချက်ကို မြတ်စွာဘုရား ဘယ်လို ဆက်ဟောလဲ?

ဝိမောစယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊ ဝိမောစယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။

မိမိရဲ့စိတ်ကလေးကိုပေါ့လေ ... ဆန့်ကျင်ဘက်တရားတွေမှ လွတ်မြောက်သွားအောင် ကြိုးစားအားထုတ်ပြီးတော့ အသက်ရှူစမ်းပါ။ ဘုရားရှင်က ညွှန်ကြားနေတယ်။ ဘယ်လို ဆန့်ကျင်ဘက်တရားတွေက လွတ်မြောက်ရမလဲလို့ မေးတော့ ဒီနေရာမှာလည်း သမထပိုင်း၊ ဝိပဿနာပိုင်း နှစ်ပိုင်း ရှိပါတယ်။

သမထပိုင်းမှာ ပထမဈာန်ကို ဝင်စားပြီး အသက်ရှူပြီး အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုပြီးတော့ ပထမဈာန်ကို ဝင်စားတယ်။ ပထမဈာန် ဝင်စားပြီးတော့ အသက်ရှူနေမယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် ထိုအချိန်အခါမှာ ဆန့်ကျင်ဘက် နီဝရဏတရားတွေက လွတ်မြောက်မသွားဘူးလား? လွတ်မြောက်တယ်။ အဲဒီလို ဆန့်ကျင်ဘက် နီဝရဏတရားတွေက လွတ်မြောက်ပြီးတော့ အသက်ရှူနေပါ။ ဝင်သက်လေ ထွက်သက်လေဖြစ်အောင် ကျင့်ပါ။ ဒါ ညွှန်ကြားတဲ့ တစ်ချက်။ ဒုတိယဈာန် ဝင်စားလိုက်တော့ ဒုတိယဈာန်ကျတော့ ဝိတက် ဝိစာရက လွတ်မသွားဘူးလား? လွတ်သွားပြီ။ ဝိတက် ဝိစာရမှ စိတ်ကို လွတ်စေပြီးတော့ အသက်ရှူနေပါ။ တတိယဈာန် ဝင်စားပြီ၊ တတိယဈာန် ဝင်စားလိုက်တဲ့အခါ ပီတိက ထပ်ပြီး လွတ်မသွားဘူးလား? လွတ်သွားပြီ။ အဲဒီ ပီတိကနေ လွတ်စေလျက် တတိယဈာန်ကို ဝင်စားပြီးတော့လည်း အသက်ရှူနေပါ။

စတုတ္ထဈာန်ကို ဝင်စားပြီ၊ စတုတ္ထဈာန်ကို ဝင်စားလိုက်တဲ့ အချိန်အခါကျတော့ စတုတ္ထဈာန် ဆိုက်ပြီဆိုလို့ရှိရင် သုခ၊ ဒုက္ခအားလုံးမှ လွတ်မသွားဘူးလား? လွတ်သွားတယ်။ ဥပေက္ခာဝေဒနာ ဆိုက်သွားတယ်။ အဲဒီလို သုခ၊ ဒုက္ခတွေမှ မိမိရဲ့ စိတ်ကလေးကို လွတ်မြောက်စေလျက် အသက်ရှူနေပါတဲ့။ ဒါက သမထပိုင်း။

ဝိပဿနာပိုင်းကျတော့ ဒီဈာန်တွေကို ဝင်စားပြီးတော့ ဒီဈာန်သင်္ခါရတရားတွေကို အနိစ္စလို့ ရှုရင် နိစ္စသညာ လို့ မြဲနေတဲ့ အမှတ်သညာက လွတ်မသွားဘူးလား? လွတ်သွားတယ်။ ဒါကြောင့် ဒီဈာန်တွေကို ဝင်စားပြီး ဒီဈာန်နာမ်တရား ဈာန်သင်္ခါရတရားတွေကို အနိစ္စလို့ ရှုပြီးတော့ အသက်ရှူပါ။ ဒုက္ခလို့ ရှုမယ်ဆိုရင် အတ္တသညာ က လွတ်မသွားဘူးလား? လွတ်သွားတယ်။ အဲဒီလို နိစ္စသညာ၊ သုခသညာ၊ အတ္တသညာ တွေမှ မိမိရဲ့ စိတ်ကလေးကို လွတ်မြောက်စေပြီးတော့ အသက်ရှူနေပါ ဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းထားတယ်နော်။

ဒီလောက်တွင်လားဆိုတော့ မကသေးပါဘူး။ အထက်ပိုင်းဖြစ်တဲ့ နိဗ္ဗိဒါဉာဏ် တွေ အစရှိတဲ့ ဝိပဿနာဉာဏ်တွေကို အဆင့်ဆင့် တက်အောင် ရှုပါ။ ရှုလိုက်တဲ့ အချိန်အခါမှာ နိဗ္ဗိဒါဉာဏ် ဆိုက်ပြီ ဆိုလို့ရှိရင် ဒီသင်္ခါရတရားတွေပေါ်မှာ နှစ်သက်နေတဲ့ တဏှာကကော လွတ်မြောက်မသွားဘူးလား? လွတ်မြောက်သွားမယ်။

ဝိရာဂ သင်္ခါရတရားတွေရဲ့ ခဏမစဲ တသည်းသည်း ချုပ်ပျက်နေတဲ့ သဘောကို အာရုံယူပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနေတဲ့ အချိန်အခါမှာ တဒင်္ဂအားဖြင့် ရာဂမှ လွတ်မြောက်မသွားဘူးလား? လွတ်မြောက်တယ်။ အဲဒီလို တဒင်္ဂအားဖြင့် ရာဂမှ လွတ်မြောက်စေလျက် အသက်ရှူပါ။

အဲဒီကနေ အဆင့်မြင့်သွားတဲ့ အချိန်အခါကျတော့ ဝိပဿနာဉာဏ် တို့ရဲ့ အဆုံးမှာ အကယ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ခဲ့မယ်ဆိုရင် ထိုမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေက ဒီရာဂကို အကြွင်းမဲ့ ပယ်သတ်လိုက်တယ်။ ရာဂရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ ရှိတယ်။ ရာဂကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက် ရာဂရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဒီဝိပဿနာဉာဏ်ရဲ့အဆုံးမှာ ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့က သွားပြီး မျက်မှောက်ပြုမယ်။

အဲဒီ နိဗ္ဗာန်မှာ ရာဂလုံးလုံး မရှိဘူး။ ရာဂလုံးလုံး မရှိတဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အသက်ရှူနေပါ။ အဲဒီလို အသက်ရှူနေခဲ့လို့ရှိရင် ရာဂမှ လွတ်မြောက်သွားပါလိမ့်မယ်။ ဒီလိုလည်း ဆက်ဟောထားတယ်နော်။ အဲဒီတော့ ဒီနေရာမှာ အသက်ရှူတတ်မယ် ဆိုလို့ရှိရင် မိမိတို့က နိဗ္ဗာန်အထိ ရောက်မသွားနိုင်ဘူးလား? ရောက်သွားနိုင်တယ်။

နောက်တစ်ခု ခုလို ဝိပဿနာဉာဏ်တွေ ပွားပြီးတော့ အသက်ရှူနေပြီ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ပြီ၊ ဝိပဿနာအခိုက်မှာလည်း ဒီသမုဒယသစ္စာ အမည်ရတဲ့ တဏှာ ဦးဆောင်နေတဲ့ ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်သတ်နေပါတယ်။ တဒင်္ဂအားဖြင့် ဝိပဿနာဉာဏ်အခိုက်မှာ ဒီသမုဒယသစ္စာတရားတွေမှာ လွတ်မြောက်မသွားဘူးလား? လွတ်မြောက်တယ်။ အရိယမဂ်ဆိုက်ပြီးလို့ ရှိရင်လည်း အရိယမဂ်တွေက အဆင့်ဆင့် အရိယဖိုလ်တွေက အဆင့်ဆင့် ပေါ်ခဲ့မယ်ဆိုလျှင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေက အဆင့်ဆင့် ကိလေသာကို ပယ်သတ်လိုက်တဲ့ အချိန်အခါမှာ သမုဒယသစ္စာ အမည်ရနေတဲ့ ကိလေသာအားလုံး ကုန်မသွားဘူးလား? ကုန်သွားပြီ။ သမုဒယသစ္စာမှ လုံးလုံး လွတ်မသွားဘူးလား? လွတ်သွားတယ်။

အဲဒီလို လွတ်မြောက်တဲ့ အချိန်အခါမှာ နိဗ္ဗာန်ကို အာရုံပြုနေ။ အဲဒီလို သမုဒယသစ္စာတရားတွေမှ လွတ်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အသက်ရှူပါ။ အသက်ရှူပုံ နည်းစနစ်တွေဟာ တစ်ဆင့်နှင့်တစ်ဆင့် မြင့်မားပြီး မလာဘူးလား? မြင့်မားသွားတယ်နော်။

အဲဒါကြောင့် ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ အသက်ရှူပုံ နည်းစနစ်အတိုင်း တကယ်လက်တွေ့သာ စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီး တစ်နေ့ မကုန်နိုင်ဘူးလား? ကုန်သွားလိမ့်မယ်။ နေ့စဉ် မိမိတို့ အသက်မရှူကြဘူးလား? ရှူကြပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်းသာ အသက်ရှူတတ်ပါစေ။ အို၊ နာ၊ သေရေး ဒုက္ခဘေးမှ မလွတ်နိုင်ဘူးလား? လွတ်နိုင်တယ်။

ကဲ ထားလိုက်ဦး။ တရားကတော့ မပြီးသေးဘူး။ နောက်တစ်ဆင့် မြတ်စွာဘုရားက စတုတ္ထ စတုက္က အာနာပါနမှ အသက်ရှူပုံ ၄-နည်း ဆက်ဟောပြန်တယ်။ ဘယ်လိုဟောလဲ?

(က) အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။ အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

အနိစ္စာနုပဿီ၊ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှူသည်ဖြစ်၍။ အဿသိဿာမိ၊ ဝင်သက်လေကို ဖြစ်စေရန်။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ အနိစ္စာနုပဿီ၊ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှူသည်ဖြစ်၍။ ပဿသိဿာမိ၊ ထွက်သက်လေကို ဖြစ်စေရန်။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှူပြီးတော့ အသက်ရှူနေပါ။ ဒါက ဘာပြောသလဲလို့မေးရင်တော့ ဒီအပိုင်းကို ဘုရားရှင်က သုဒ္ဓဝိပဿနာယာနိက သမာနုပဿနာပိုင်း၊ ဝိပဿနာသက်သက်ကို ဘုရားရှင်က ရည်ညွှန်းပြီးတော့ ဒီအပိုင်းကိုတော့ ဟောတယ်လို့ ဒီလို ဖွင့်ထားတယ်။ ရှေ့ပိုင်းတွေမှာ ဈာန်နဲ့ ဝိပဿနာ နှစ်ခုတွဲပြီးတော့ ဟောတယ်။ ဒီအပိုင်းမှာကျတော့ ဝိပဿနာ သက်သက်ကို ဟောတယ်။

ဘာဖြစ်လို့လဲ? ကာယနုပဿနာပိုင်းမှာ ရုပ်တရားကို ဦးတည်ပြီးတော့ ရုပ် နာမ်တွေ ရှုဖို့။ ရုပ်နာမ်တွေကို ဝိပဿနာ ရှုပွားပုံကို ဘုရားဟောခဲ့တယ်။ ပထမ စတုက္ကပဲ။ အဲဒီမှာ ရုပ်တွေနာမ်တွေက သိမ်းဆည်းထားပြီးတဲ့ ပုဂ္ဂိုလ်ဟာ နောက်ဆုံးအဆင့် ရောက်လာလို့ရှိရင် ပကိဏ္ဏကသင်္ခါရ လို့ ခေါ်ဆိုအပ်တဲ့ ဒီရုပ်နာမ်တွေကို ပြန်ပြီးတော့ ဝိပဿနာ တစ်ဖန် ပြန်ရှုရပါတယ်။

ဒါကြောင့် ဒီနေရာမှာ အနိစ္စဆိုတာက ဘာလဲလို့ မေးရင် အနိစ္စန္တိ ပဉ္စက္ခန္ဓာ ဆိုပြီးတော့ ဖွင့်ထားတယ်။ ခန္ဓာငါးပါးသည် ဖြစ်ပြီး ပျက်တတ်တဲ့ အနက်သဘောကြောင့် အနိစ္စမည်တယ်။ အဲဒီ အနိစ္စမည်နေတဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ အခြင်းအရာလေးကို အနိစ္စတာ လို့ ခေါ်တယ်။ ထိုခန္ဓာငါးပါးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ အခြင်းအရာလေးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုနေတဲ့ ဉာဏ်ကို အနိစ္စနုပဿနာ လို့ ခေါ်တယ်။

အဲဒီ အနိစ္စနုပဿနာ ဉာဏ်ရောက်အောင် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းကို အနိစ္စာနုပဿီ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရား ပကိဏ္ဏကသင်္ခါရ အမည်ရတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို အနိစ္စလို့ အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ပြီးတော့ အသက်ရှူနေပါဆိုပြီးတော့ ဒီလို ဘုရားက အသက်ရှူပုံ နည်းစနစ်ကို ဟောတယ်။

နောက်တစ်ခု -
(ခ) ဝိရာဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။ ဝိရာဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

ဝိရာဂ သဘောကို အဖန်ဖန် အထပ်ထပ်ရှုပြီးတော့ အသက်ရှူနေပါ။ ဝိရာဂ ဆိုတာက ဘာလဲ? ခယဝိရာဂ၊ အစ္စန္တဝိရာဂ ဆိုပြီးတော့ ဝိရာဂ နှစ်မျိုးရှိတယ်။ ခယဝိရာဂ ဆိုတာကတော့ ရာဂတဒင်္ဂအားဖြင့် ချုပ်ငြိမ်းတယ်။ ဘယ်အခါမှာ ချုပ်ငြိမ်းလဲ? သင်္ခါရတရားတို့ရဲ့ အပျက်ကို အာရုံယူပြီးတော့ ခဏဘင်လို့ ခေါ်ဆိုအပ်တဲ့ ပျက်ခြင်းသဘောကို အာရုံယူပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တလှည့်စီတင်ပြီးတော့ ဝိပဿနာ ရှုနေတဲ့အပိုင်းမှာ တဒင်္ဂအားဖြင့် ရာဂချုပ်ငြိမ်းသွားတယ်။ အဲဒီ တဒင်္ဂအားဖြင့် ရာဂချုပ်ငြိမ်းတဲ့အတွက် သင်္ခါရတရားတို့ရဲ့ အပျက်ကို အာရုံယူပြီးတော့ ဝိပဿနာ ရှုနေတဲ့အခိုက်မှာ ခယဝိရာဂဉာဏ် လို့ ဒီလိုခေါ်တယ်။ ခယဝိရာဂါနုပဿနာ လို့ ခေါ်ပါတယ်။

အဲဒီကနေ တစ်ဆင့်တက်ပြီးတော့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်က ပေါ်လာလို့ရှိရင် ထိုပေါ်လာတဲ့ အဆင့်ဆင့်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေက ရာဂကို အကြွင်းမဲ့ ပယ်သတ်လိမ့်မယ်။ အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက် ရာဂရဲ့ ကင်းပြတ်ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း လှမ်းပြီးတော့ အာရုံယူနိုင်လိမ့်မယ်။ အဲဒီ နိဗ္ဗာန်ကို အာရုံယူလိုက်တဲ့အခါ ထိုနိဗ္ဗာန်မှာ ရာဂရှိသလား? မရှိဘူး။ ရာဂရဲ့ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံယူပြီးတော့လည်း ထိုအချိန်အခါမှာ အသက်ရှူမယ်ဆိုရင် ရှူလို့ မရဘူးလား? ရတယ်။ ဒါကြောင့် တဒင်္ဂအားဖြင့် ရာဂချုပ်ရာဖြစ်တဲ့ ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် ရာဂရဲ့ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုလျက် အသက်ရှူနေပါ။ ဒါက ဝိရာဂါနုပဿီ ပဲ။

နိရောဓါနုပဿီ လည်း ထိုပုံစံအတိုင်းပဲ။ ဝိပဿနာဉာဏ်အခိုက်မှာ ရာဂက တဒင်္ဂအားဖြင့် ချုပ်တယ်။ အရိယမဂ်အခိုက် ရောက်ပြီ ဆိုလို့ရှိရင်တော့ အဆင့်ဆင့် အရိယမဂ်တရားတွေက ဒီရာဂကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက် လုံးလုံး ချုပ်ငြိမ်းသွားတယ်။ အနုပ္ပာဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် ဖြစ်ခြင်းမရှိတဲ့ ချုပ်ခြင်းဖြင့် ချုပ်သွားတယ်။

အဲဒီ အချိန်အခါမှာ ရာဂရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ထိုယောဂီသူတော်ကောင်းကလည်း အာရုံပြုလို့ရတယ်။ ရာဂရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့လည်း အသက်ရှူပါ။ ရာဂချုပ်ငြိမ်းကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်အခိုက်မှာလည်း တဒင်္ဂအားဖြင့် ရာဂတွေ ချုပ်တဲ့အတွက် တဒင်္ဂအားဖြင့် ရာဂရဲ့ချုပ်ရာဖြစ်တဲ့ ဝိပဿနာဉာဏ်တွေကိုလည်း ဖြစ်ပေါ်စေပြီးတော့ အသက်ရှူနေပါလို့ ဒီလို ညွှန်ကြားတယ်။

နောက် -
(ဃ) ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။ ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

ပဋိနိဿဂ္ဂ ဆိုတာကတော့ စွန့်လွှတ်တဲ့သဘောပဲ။ ပရိစ္စာဂပဋိနိဿဂ္ဂ၊ ပက္ခန္ဒနပဋိနိဿဂ္ဂ ဆိုပြီးတော့ ၂ မျိုးရှိတယ်။ ပရိစ္စာဂဝဿဂ္ဂ၊ ပက္ခန္ဒနဝဿဂ္ဂ လို့လည်း ခေါ်ပါတယ်။

ဝိပဿနာဉာဏ်အခိုက်မှာ ဝိပဿနာဉာဏ်က ကิလေသာတွေကို တဒင်္ဂအားဖြင့် စွန့်လွှတ်တယ်။ စွန့်လွှတ်နေတဲ့ ဒီဝိပဿနာဉာဏ်ရှိနေတဲ့ သူတော်ကောင်းရဲ့ စိတ်ဓာတ်က ဘယ်ဘက်ကို ညွှတ်ကိုင်းရှိုင်းနေလဲ? နိဗ္ဗာန်ကို ညွှတ်ကိုင်းရှိုင်းနေတယ်။ ဒီတော့ ကိလေသာတွေကို တဒင်္ဂအားဖြင့် စွန့်လွှတ်လျက် နိဗ္ဗာန်ကို ညွှတ်ကိုင်းရှိုင်း ကျင့်ဝံ့သော စိတ်ဓာတ်ဖြင့် ဝိပဿနာဉာဏ်အခိုက်မှာ အသက်ရှူနေတယ်လို့ ခေါ်ရတယ်။ အဲဒီကနေ တစ်ဆင့်တက်ပြီးတော့ အရိယမဂ်ဆိုက်သွားပြီ။ အရိယမဂ်ကျတော့ ကိလေသာတွေကို အကြွင်းမဲ့ ပယ်စွန့်တယ်။ ကိလေသာတွေကို အကြွင်းမဲ့ ပယ်စွန့်ပြီး နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးဝင်သွားတယ်။ အဲဒီ အချိန်အခါမှာလည်း အသက်မရှူဘူးလား? ရှူတယ်။ အဲဒီ အသက်ရှူတာကျတော့ ပက္ခန္ဒနပဋိနိဿဂ္ဂ နည်းအားဖြင့် အသက်ရှူတယ်လို့ ခေါ်တယ်။ ကိလေသာတွေကို အကြွင်းမဲ့ ပယ်စွန့်ပြီး ပယ်သတ်ပြီးတော့ နိဗ္ဗာန်ဘက်ကို ပြေးဝင်လျက် အသက်ရှူနေတယ်လို့ ဒီလို ခေါ်ပါတယ်။ အဲဒီ အသက်ရှူပုံ နည်းစနစ်ဖြင့် ရှူပါဆိုပြီးတော့ ဘုရားရှင်က အသက်ရှူပုံနည်းစနစ် တိုက်တွန်းထားတယ်။

အားလုံးပေါင်းလိုက်တော့ ပထမစတုက္က၊ ဒုတိယစတုက္က၊ တတိယစတုက္က၊ စတုတ္ထစတုက္ကဆိုပြီး စတုက္က ဘယ်နှစ်မျိုးလဲ? ၄ မျိုး။ တစ်မျိုးတစ်မျိုးမှာ ဝင်လေက ၄ မျိုး၊ ထွက်လေက ၄ မျိုးစီ ပေါင်းလိုက်တော့ စတုက္က ၄ ခုဆိုတော့ (၄ x ၄ = ၁၆)။ ဝင်လေမှာ ၁၆ မျိုး၊ ထွက်လေမှာ ၁၆ မျိုး ပေါင်းလိုက်တော့ ၃၂ မျိုး။

အဲဒီလို ၃၂ မျိုးသော အခြင်းအရာအားဖြင့် အသက်ရှူနေမယ် ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဘယ်လို အသက်ရှူတဲ့ ပုဂ္ဂိုလ်လဲလို့ မေးတော့ မဂ္ဂင် ၈ ပါး - သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ခေါ်တဲ့ မဂ္ဂင် ၈ ပါးရှိတယ်။ အဲဒီ မဂ္ဂင် ၈ ပါးကို ဒီပုဂ္ဂိုလ်က ဘယ်လို ပွားနေတဲ့ပုဂ္ဂိုလ်လို့ ခေါ်လဲ? ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ။ ဝိဝေက ကို အမှီပြုလျက် မဂ္ဂင် ၈ ပါးကို ပွားနေသည် မည်တယ်။ ဝိရာဂ ကို အမှီပြုလျက် မဂ္ဂင် ၈ ပါးကို ပွားနေသည် မည်တယ်။ နိရောဓ ကို အမှီပြုလျက် မဂ္ဂင် ၈ ပါးကို ပွားနေသည် မည်တယ်။

ဒါဖြင့်ရင် ဝိဝေက ကို ဘာ ဝိဝေက လဲလို့မေးတော့ - ဝိဝေက ၅ မျိုးရှိတဲ့ အကြောင်းကို တလောက ပြောခဲ့ပြီးပြီ။ အခုလို သင်္ခါရတရားတွေရဲ့ ဈာန်နာမ်တရား ဈာန်သင်္ခါရတရား အဝင်အပါပေါ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သင်္ခါရတရား၊ သမုဒယသစ္စာတရားတွေကိုလည်း သင်္ခါရတရားလို့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲ? ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပြုပြင်ပေးမှ ဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအင်ရှိလို့ ဒုက္ခသစ္စာတရားနဲ့ သမုဒယသစ္စာတရားတွေကို အားလုံး သင်္ခါရတရားလို့ ခေါ်တယ်။ အဲဒီ သင်္ခါရတရားတွေထဲမှာ ဒီဈာန်နာမ်တရားတွေလည်း အားလုံး ပါဝင်ကြပါတယ်။

အဲဒီ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်။ အဲဒီ ဝိပဿနာရှုတဲ့အခိုက်မှာ တဒင်္ဂအားဖြင့် ကိလေသာတွေက ချုပ်သွားတယ်။ တဒင်္ဂအားဖြင့် ကိလေသာတွေက ချုပ်တာကို တဒင်္ဂအားဖြင့် ကိလေသာတွေမှ ကင်းတယ်။ ဝိဝေက လို့လည်း ခေါ်တယ်။ တဒင်္ဂအားဖြင့် ရာဂရဲ့ ချုပ်ငြိမ်းမှုကို ဝိရာဂ လို့လည်း ခေါ်တယ်။ ချုပ်နေတဲ့ နိရောဓ လို့လည်း ခေါ်တယ်။

အဲဒီ ဝိပဿနာရှုနေလို့ရှိရင် တဒင်္ဂအားဖြင့် ဒီကိလေသာတို့ရဲ့ ကင်းမှု၊ ချုပ်မှု၊ ငြိမ်းမှုကို အာရုံယူပြီးတော့ အသက်ရှူတယ်။ ဒါပေမဲ့ ဝိပဿနာရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဦးတည်ချက်ကို ဘယ်ဘက်ကို ဦးတည်ထားသလဲ? နိဗ္ဗာန်ကို ဦးတည်ထားတယ်။ အဇ္ဈာသယဓာတ်က နိဗ္ဗာန်ဘက်ကို ဦးတည်လျက် အသက်ရှူနေတယ်လို့ ဒီလိုခေါ်ရတယ်နော်။

ကဲ ရှူတာကို ဘာကိုရှူလဲ? သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာတွေကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တလှည့်စီတင်ပြီးတော့ ဝိပဿနာရှုတယ်။ ရှုလိုက်တဲ့အတွက် ဝိပဿနာအခိုက်မှာ တဒင်္ဂအားဖြင့် ဝိဝေက သဘော၊ ဝိရာဂ သဘော၊ နိရောဓ သဘောတွေကို အမှီပြုပြီးတော့ အသက်ရှူနေသည် မည်တယ်။ အဇ္ဈာသယဓာတ်အားဖြင့် နိဗ္ဗာန်ကို ညွှတ်ကိုင်းရှိုင်းတဲ့ စိတ်ဓာတ်ဖြင့် အသက်ရှူနေသည် မည်တယ်။

ဒါပေမဲ့လို့ အဲဒီပုဂ္ဂိုလ်က ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာလို့ အရိယမဂ်အခိုက် ဆိုက်သွားပြီ။ ဆိုက်သွားပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ရာဂအစရှိတဲ့ ဒီကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်လိုက်တယ်။ အကြွင်းမဲ့ ပယ်သတ်လိုက်လို့ရှိရင် ဒီအရိယမဂ်အခိုက်မှာ ဒီရာဂသည် လုံးလုံး ကင်းမသွားဘူးလား? ကင်းသွားတယ်။ လုံးလုံး ချုပ်မသွားဘူးလား? ချုပ်သွားတယ်။ အဲဒီလို ချုပ်သွားတဲ့အတွက်ကြောင့် ထိုပုဂ္ဂိုလ်က ထိုအချိန်အခါမှာ နိဗ္ဗာန်ကိုလည်း ပြေးဝင်ပြီး တိုက်ရိုက် မျက်မှောက်ပြုတယ်။ ရာဂအစရှိတဲ့ ကိလေသာတွေကိုလည်း အကြွင်းမဲ့ ချုပ်ငြိမ်းစေတယ်။ ကင်းရှင်းစေတယ်။ ပြတ်စဲစေတယ်။

ဒါကြောင့် အဲဒီအချိန်အခါမှာ ထိုပုဂ္ဂိုလ်ရဲ့ အသက်ရှူနည်းက ဘယ်လို ဖြစ်နေလဲ? ရာဂ ကင်းငြိမ်းရှင်းရှင်းနဲ့ ရာဂတွေ လုံးလုံး ချုပ်ငြိမ်းပြီးတော့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အသက်ရှူနေတယ်လို့ ခေါ်ရတယ်။ အဲဒီလို အသက်ရှူတဲ့အပိုင်းမှာ ထိုပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိ ဦးဆောင်နေတဲ့ မဂ္ဂင် ၈ ပါး တရားတွေကို ဝိဝေက သဘောကို အမှီပြုပြီးတော့၊ ဝိရာဂ သဘောကို အမှီပြုပြီးတော့၊ နိရောဓ သဘောကို အမှီပြုပြီးတော့ ပွားများအားထုတ်နေတယ်လို့ ခေါ်ပါတယ်။

အဲဒီလို ပွားများအားထုတ်ခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာလို့ အရိယမဂ်တွေကို အဆင့်ဆင့် ဖြစ်ပေါ်စေတယ်။ အရိယဖိုလ်တွေကို အဆင့်ဆင့် ဖြစ်ပေါ်စေတယ်။ ဖြစ်ပေါ်စေလိုက်လို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ဆုံးသည်နှင့်တစ်ပြိုင်နက်တည်း ကိလေသာ သဘောတွေ လုံးလုံး ကုန်မသွားဘူးလား? ကုန်သွားပြီ။ ကုန်သွားခဲ့ရင် ထိုပုဂ္ဂိုလ်သည် ပရိနိဗ္ဗာနစုတိ ရဲ့ နောက်ဆွယ်မှာ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေမှု ရှိသေးလား? မရှိတော့ဘူး။ ပဋိသန္ဓေ မတည်နေရတော့ဘူး ဆိုလို့ရှိရင် ပဋိသန္ဓေ နေရတဲ့ဒုက္ခမှ မလွတ်ဘူးလား? လွတ်သွားပြီ။

နောက်ထပ်တစ်ဖန် ပဋိသန္ဓေ မနေရတဲ့အတွက် နောက်ထပ်တစ်ဖန် အိုရအုံးမလား? မအိုရတော့ဘူး။ ပဋိသန္ဓေနေရတဲ့ ဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားပြီ။ အိုရတဲ့ ဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားပြီ။ နာရတဲ့ ဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားပြီ။ စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ ဘေးဆိုးကြီးမှလည်း လွတ်မသွားဘူးလား? လွတ်သွားပြီ။ ကိုယ်ဆင်းရဲရတဲ့ဒုက္ခ၊ စိတ်ဆင်းရဲရတဲ့ဒုက္ခ၊ ပြင်းစွာ ပူပန်ရတဲ့ဒုက္ခ အစရှိတဲ့ ဒုက္ခအဝဝတွေလည်း လွတ်မသွားဘူးလား? လွတ်သွားပြီ။ သံသရာဝဋ်ဆင်းရဲ ဒုက္ခမီးပုံကြီး အငြိမ်းကြီး ငြိမ်းမသွားဘူးလား? ငြိမ်းသွားပြီ။ အဲဒီလို အကျိုးတရားတွေကို ရရှိခြင်းသည် ဘာကို အကြောင်းပြုပြီးတော့ ရရှိရသလဲ? ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့နော် -

အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒီအပိုင်းကို ဘုန်းကြီးဟောနေတာနော်။ လူမိုက်နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်းကို သူက လုံးလုံး ရှောင်တယ်။ ပညာရှိ သူတော်ကောင်းတွေနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်တယ်။ အဲဒီ ပညာရှိတွေထဲမှာ အကောင်းဆုံး ပညာရှိ သူတော်ကောင်းသည် ဘယ်ပုဂ္ဂိုလ်လဲ? မြတ်စွာဘုရား။ ဒါကြောင့် -

ချစ်သား အာနန္ဒာ ... ငါဘုရားရှင်ကဲ့သို့ ကလျာဏမိတ္တ ခေါ်တဲ့ မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်းကို အမှီပြုပြီးတော့ ပဋိသန္ဓေ တည်နေရခြင်း ဇာတိသဘောတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေဟာ ပဋိသန္ဓေ တည်နေရခြင်း ဇာတိသဘောတရားမှ လွတ်မြောက်သွားကြရပါတယ်။ အိုခြင်းသဘောတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေလည်း အိုခြင်းတရားမှ လွတ်မြောက်သွားကြရတယ်။ နာခြင်းသဘောတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေလည်း နာခြင်းတရားမှ လွတ်မြောက်သွားကြရတယ်။ သေခြင်းသဘောတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေလည်း သေခြင်းတရားမှ လွတ်မြောက်သွားကြရတယ်။

စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေလည်း စိုးရိမ်ရတဲ့ဒုက္ခ၊ ပူဆွေးရတဲ့ဒုက္ခ၊ ငိုကြွေးရတဲ့ဒုက္ခ၊ ကိုယ်ဆင်းရဲရတဲ့ဒုက္ခ၊ စိတ်ဆင်းရဲရတဲ့ဒုက္ခ၊ ပြင်းစွာပူပန်ရတဲ့ဒုက္ခကြီးမှ လွတ်မြောက်သွားကြပါတယ်။

ဒါကြောင့် ဒီအကြောင်းကို ပရိယာယ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင်လည်း ကလျာဏမိတ္တ လို့ ခေါ်ဆိုအပ်တဲ့ မိတ်ကောင်းဆွေကောင်းအပေါ်၌ မဂ္ဂဗြဟ္မစရိယ လို့ ခေါ်ဆိုအပ်တဲ့ အရိယမဂ်ဉာဏ် ရရှိဖို့ရန်ဆိုတဲ့ အခွင့်အလမ်းသည် လုံးလုံးကြီး မှီနေပါတယ်ကွယ်။ တစ်ဝက်လောက်လေး မှီနေတာဟုတ်လား? မဟုတ်ပါဘူး။

ဒီလိုဆိုလို့ရှိရင် လူမိုက်ကို ရှောင်ကြဉ်ပြီးတော့ ပညာရှိ သူတော်ကောင်းကို ပေါင်းသင်းဆက်ဆံ မှီဝဲဆည်းကပ်ခြင်းသည် အို၊ နာ၊ သေရေး ဒုက္ခဘေးကြီးမှ လွတ်မြောက်တဲ့ အဆင့်အထိ ဒီသူတော်ကောင်းက ရောက်အောင် ပို့ဆောင် မပေးနိုင်ဘူးလား? ပေးနိုင်တယ်။ ဒါကြောင့် ဒကာကြီးတွေ၊ ဒကာမကြီးတွေ လူမိုက်ကို ပေါင်းသင့်သလား? မပေါင်းသင့်ဘူး။ ငမူးဟာ လူမိုက်လား၊ လူလိမ္မာလား? ဒီထဲ ငမူးများ ပါနေသလား? ဟင် ဟေ့ကောင်တွေ ဘယ်လိုတုန်း? မပါဘူးဆိုရင်တော့ သာဓုပါကွာ ဟုတ်တယ်မဟုတ်လား?

ကဲ ဒီလောက်တွင်လားဆိုတော့ မကသေးပါဘူး။ ဒီ ကလျာဏမိတ္တ ခေါ်တဲ့ မိတ်ကောင်း ဆွေကောင်းထဲမှာ အကောင်းဆုံးကတော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်ပဲ။ သာဝကတွေကော မကောင်းဘူးလား? ကောင်းကြပါတယ်။ သာဝကပိုင်း ကြည့်လိုက်မယ် ဆိုလို့ရှိရင်လည်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့ကဲ့သို့သော သာဝကတွေ ရှိကြပါတယ်နော်။ အရှင်မဟာမောဂ္ဂလာန်တို့၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ အသီးသီး မဟာသာဝက ၈၀ သော မဟာသာဝကကြီးတွေ ရှိကြပါတယ်။

အဲဒီမှာ တချို့တချို့ ပုဂ္ဂိုလ်တွေကို ကြည့်ပေါ့။ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေလည်း နတ်ရွာသုဂတိ ရောက်သွားတာ၊ နိဗ္ဗာန်ရောက်သွားတာ များစွာ မရှိဘူးလား? ရှိကြတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေလည်း နတ်ရွာသုဂတိ ရောက်သွားတာ၊ နိဗ္ဗာန်ရောက်သွားတာ များစွာ မရှိဘူးလား? ရှိကြတယ်။ ဒါဟာ ဘာကြောင့်လဲ? မိတ်ကောင်းဆွေကောင်းတွေကို အမှီရတဲ့အတွက် နတ်ရွာသုဂတိ ရောက်သွားကြခြင်း ဖြစ်တယ်။ နိဗ္ဗာန်သို့ ရောက်ရှိသွားကြခြင်း ဖြစ်ကြပါတယ်။ အလားတူပဲ တချို့တချို့ သာသနာပ အချိန်အခါကာလမှာ သမ္မာဒိဋ္ဌိ အယူရှိနေတဲ့ ဘုရားအလောင်းတော်များသောအားဖြင့် ဖြစ်တတ်တယ်။ ဂိုဏ်းဆရာကြီးတွေ မပေါ်ခဲ့ဘူးလား? ပေါ်ခဲ့ကြတယ်။ အဲဒီလို ဂိုဏ်းဆရာကြီးတွေဟာလည်း သူတို့ကိုသွားပြီး မှီဝဲဆည်းကပ်ရင် တချို့တချို့ ပုဂ္ဂိုလ်တွေကို ဈာန်ရအောင် သူတို့ သွန်သင်ပြသပေးနိုင်တယ်။

ဥပမာ - ဦးပဉ္စင်းတို့ ဟတ္ထိပါလဇာတ်၊ အယောဃရဇာတ်တို့ ကြည့်ပေါ့နော်။ ဟတ္ထိပါလမင်းသားတို့၊ အယောဃရမင်းသားတို့က မိမိတို့ကို မှီဝဲဆည်းကပ်နေတဲ့ မိမိ သာဝကတွေကို ဈာန်တရားတွေရအောင်၊ အဘိညာဉ်တရားတွေရအောင် သွန်သင်ပြသပြီး မပေးနိုင်ဘူးလား? ပေးနိုင်ကြတယ်။ ဗြဟ္မပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ များစွာ မရှိဘူးလား? ရှိကြတယ်။ တချို့ပုဂ္ဂိုလ်တွေ နတ်ပြည်ရောက်ကြတယ်။ တချို့ပုဂ္ဂိုလ်တွေ လူ့ပြည်ရောက်ကြတယ်။ အဆင့်အတန်း မြင့်မားတဲ့ လူ့ပြည် ပြန်ရောက်ကြတယ်နော်။

ဒါကြောင့် ဒီလို သူတော်ကောင်းတွေကို မှီဝဲဆည်းကပ်ခြင်းသည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာတွေကို ရရှိစေနိုင်တဲ့အတွက် မင်္ဂလာရှိတဲ့ လုပ်ငန်းလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါကြောင့် မင်္ဂလာရှိတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ချင်တယ် ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? ဒီဒေသနာတော်က မင်္ဂလာရှိတဲ့ တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့ သူတော်ကောင်းတွေကို မှီဝဲဆည်းကပ်ပါလို့ ဒီလို တိုက်တွန်းထားတယ်။ ကဲ မင်္ဂလာတစ်ခုပြီးစေတော့။ နောက်ထပ် မင်္ဂလာတစ်ခုကတော့ ဘာလဲ?

ပူဇာ စ ပူဇနေယျာနံ

ပူဇနေယျာနံ၊ ပူဇော်သင့် ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့အား။ ယာ ပူဇာ စ၊ အကြင် ပူဇော်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားသုံးပါးအပေါင်းသည်။ ဥတ္တမံ၊ မြင့်မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်ပါပေ၏။

ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခြင်းဟာလည်း မင်္ဂလာရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။ ဘယ်လိုပုဂ္ဂိုလ်တွေဟာ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလဲ သိဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘာဖြစ်လို့ လိုအပ်သလဲ? မပူဇော်သင့် မပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို သွားပြီး ပူဇော်မိတဲ့အတွက် အကျိုးတရားတွေ ဆုတ်ယုတ်ပျက်စီးနိုင်တာတွေ များစွာ ရှိပါတယ်နော်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ပူဇော်မှ အကျိုးဆိုတာ ကြီးတာ။

အဲဒီတော့ ဒီနေရာမှာ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ မေးတော့ - ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ နံပါတ်(၁) ဘုရား အစရှိတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ အဲဒီ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေသည် နံပါတ်(၁) ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်။ ဘာဖြစ်လို့ သူတို့ကို ပူဇော်သင့် ပူဇော်ထိုက်ရသလဲလို့ မေးတော့ -

တတ္ထ ပူဇနေယျာ နာမ သဗ္ဗဒေါသဝိရဟိတတ္တာ သဗ္ဗဂုဏသမန္နာဂတတ္တာ စ ဗုဒ္ဓါ ဘဂဝန္တော, တတော ပစ္ဆာ ပစ္စေကဗုဒ္ဓါ, အရိယသာဝကာ စ။

ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ သဗ္ဗဒေါသဝိရဟိတ အဖြစ် ဒေါသအားလုံး ကင်းစင်နေတယ်၊ ကင်းရှင်းနေတယ်။ ဦးပဉ္စင်းတို့ မြတ်စွာဘုရားကိုကြည့် - ရာဂဆိုတဲ့ အပြစ် မရှိဘူး၊ ဒေါသဆိုတဲ့ အပြစ် မရှိဘူး၊ မောဟဆိုတဲ့အပြစ် မရှိဘူး၊ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ ကိလေသာ အညစ်အကြေး အပြစ်တွေ ဆိုတာ အားလုံး အားလုံး မရှိဘူး။

အပြစ်ဒေါသအားလုံး ကင်းစင်တယ်။ ကင်းစင်ပြီးတဲ့အခါ အပြစ်ဒေါသ ကင်းရုံတွင်လားဆိုတော့ မဟုတ်သေးဘူး။ သဗ္ဗဂုဏသမန္နာဂတတ္တာ၊ ဂုဏ်အားလုံးနဲ့လည်း ပြည့်စုံနေတယ်။ ကောင်းမြတ်တဲ့ဂုဏ်တွေ အားလုံး ကြားဖူးကြလိမ့်မယ်နော်။ အရဟံအစ ဘဂဝါအဆုံးရှိတဲ့ ဂုဏ်ဆိုတာကတော့ ဒါက ၉ ပါးဆိုတာကတော့ ထင်ရှားရာတွေကို ရေတွက်ပြတဲ့ဂုဏ် ဖြစ်ပါတယ်။ တခြားတခြား ဘုရားရှင်မှာ ဂုဏ်တော်တွေလည်း များစွာ မရှိဘူးလား? ရှိကြပါတယ်။ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ဂုဏ်တော်တွေ ဖြစ်ပါတယ်။ kvp9zql8qmij8nricl2l4brdq3kt6xp မင်္ဂလသုတ်-၁၈/၉၇ 0 6241 21876 2026-04-13T19:12:34Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၇..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21876 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၇/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၁၉/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၈

ကဲ ဒီနေ့လည်း ပူဇာ စ ပူဇနေယျာနံ - ဆိုတဲ့ မင်္ဂလာအကြောင်း ဆက်ပြီး ဟောကြစို့နော်။ ဦးပဉ္စင်းတို့ မြတ်စွာဘုရား ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင်သည် ထိပ်တန်းက နေပါတယ်နော်။ ဘာဖြစ်လို့လဲ?

တတ္ထ ပူဇနေယျာ နာမ ပဏ္ဍိတာနံ သဗ္ဗဒေါသဝိရဟိတတ္တာ သဗ္ဗဂုဏသမန္နာဂတတ္တာ စ ဗုဒ္ဓါ ဘဂဝန္တော၊ တတော ပစ္ဆာ ပစ္စေကဗုဒ္ဓါ အရိယသာဝကာ စ။

ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်မည်သည် ဗုဒ္ဓါ ဘဂဝန္တော၊ ဗုဒ္ဓဂုဏ် ဘဂဝါဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်တို့ ဖြစ်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သဗ္ဗဒေါသဝိရဟိတ ရာဂ ဒေါသ မောဟ စတဲ့ အပြစ်အနာအဆာ အားလုံး ဦးပဉ္စင်းတို့ ဘုရားရှင်မှာ ကင်းနေတယ်။ သဗ္ဗဂုဏသမန္နာဂတတ္တာ၊ ဘုရားရှင်တို့မှာ ရှိသင့် ရှိထိုက်တဲ့ ဂုဏ်တော် ၉-ပါး အစရှိတဲ့ ဂုဏ်တော်အားလုံး ပြည့်စုံနေတယ်။ အဲဒီလို ပြည့်စုံနေတဲ့အတွက်ကြောင့် သစ္စာလေးပါးကို မိမိကိုယ်တိုင်လည်း သိပြီးတော့ သတ္တဝါတွေကို သစ္စာလေးပါးသိအောင် ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတယ်။ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်သည် ပူဇော်သင့် ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့တွင် နံပါတ်(၁) အပူဇော်ခံထိုက်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီနောက်မှာ ထပ်ပြီး ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ပစ္စေကဗုဒ္ဓ ဘုရားရှင်တွေ၊ ဘုရားရှင်ရဲ့ တပည့်သား သာဝကဖြစ်တဲ့ အရိယသူတော်ကောင်းတွေ ဒီပုဂ္ဂိုလ်လည်း ပူဇော်သင့်တယ်။ ဘာဖြစ်လို့လဲ?

တေသဉှိ ပူဇာ အပ္ပကာပိ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတိ၊ သုမနမာလာကာရမလ္လိကာဒယော စေတ္ထ နိဒဿနံ။

တေသံ၊ ထိုပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တို့အား။ ပူဇာ၊ ပူဇော်ခြင်းသည်။ အပ္ပကာပိ၊ အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါသော်လည်းပဲ။ ဒီဃရတ္တံ၊ နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ ဟိတာယ၊ အကျိုးစီးပွားရှိရန် အလို့ငှာ။ သုခါယ၊ ချမ်းသာရရှိရာ အလို့ငှာ။ ဟောတိ၊ ဖြစ်ပါပေ၏။

ပူဇော်သင့် ပူဇော်ထိုက်တဲ့ ထိုသူတော်ကောင်းတွေကို ပူဇော်ခြင်းသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးရှိဖို့ ချမ်းသာသုခ ရရှိဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မင်္ဂလာလို့ ခေါ်တယ်။ ဒီတော့ ဒီနေရာမှာ ပူဇော်တယ်ဆိုတာက ဘာလဲလို့ မေးစရာ မလိုဘူးလား? လိုအပ်လာတယ်။

ပူဇာတိ သက္ကာရဂရုကာရမာနနဝန္ဒနာ။

ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်။ ပူဇော်တယ် ပူဇော်တယ် ဆိုတာက အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုးခြင်း၊ ရှိခိုးခြင်းကို ပူဇော်တယ်လို့ ခေါ်တယ်။ ဒီတော့ ဒီလို အရိုအသေပြုတာ၊ အလေးအမြတ်ပြုတာ၊ မြတ်နိုးတာ၊ ရှိခိုးတာတွေထဲမှာ ၂-နည်းခွဲထားပါတယ်။ နံပါတ်(၁) အာမိသပူဇာ၊ နံပါတ်(၂) ပဋိပတ္တိပူဇာ သို့မဟုတ် ဓမ္မပူဇာ ဆိုပြီး ၂-ခု ခွဲထားတယ်။ အာမိသပူဇာ ဆိုတာကတော့ ဆွမ်း၊ ခဲဖွယ်၊ ပန်း၊ ရေချမ်း၊ ဆီမီးစတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို အာမိသလို့ ခေါ်ပါတယ်။ ထိုအာမိသ ပစ္စည်းဝတ္ထုတို့ဖြင့် ပူဇော်ခြင်းကိုလည်း ဘုရားအစရှိတဲ့ ထိုသူတော်ကောင်းတွေ အပေါ်၌ ကောင်းစွာ အရိုအသေပြုမှု၊ အလေးအမြတ်ပြုမှု၊ မြတ်နိုးမှုလို့ ခေါ်ပါတယ်။ ဒါလည်း ပူဇော်ခြင်း တစ်မျိုးပဲ။ ဒါ ရှိခိုးခြင်းတစ်မျိုးပဲနော်။ နောက်တစ်ခုကတော့ ပဋိပတ္တိပူဇာ သို့မဟုတ် ဓမ္မပူဇာ = ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်တယ်။ ဘယ်လိုလဲ?

ဘုရားရှင်တို့ ဆိုဆုံးမထားသည့်အတိုင်း လောကုတ္တရာတရား ၉-ပါးနှင့် လျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ နေတယ်။ အဲဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာလည်းပဲ မြတ်စွာဘုရား အစရှိတဲ့ ဒီအရိယာသူတော်ကောင်းတွေ အပေါ်၌ အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုးခြင်း၊ ရှိခိုးခြင်းပဲ ဖြစ်တယ်လို့ ဒီလို ဖွင့်ဆိုထားတယ်။ အဲဒီလို ပူဇော်ခြင်းသည် အနည်းငယ်သော ပူဇော်ခြင်း တစ်ခုပဲ ဖြစ်ချင်ဖြစ်ပါစေ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်သော အကျိုးတရားတွေ ရရှိဖို့ရန် အလို့ငှာ ချမ်းသာသုခ အမျိုးမျိုး ရရှိဖို့ရန်အလို့ငှာ ဖြစ်နိုင်တယ်။ ဒီနေရာမှာ အပိုင်းကဏ္ဍ ၂-ခု ဘုန်းကြီး ခွဲပြီး ဒီညဟောဖို့ ရည်ရွယ်ထားပါတယ်နော်။

နံပါတ်(၁) အာမိသပူဇာ၊ ပစ္စည်းဖြင့် ပူဇော်ခြင်းပဲ။ ဒီပစ္စည်းဖြင့် ပူဇော်ခြင်းဟာလည်း ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခဲ့မယ်ဆိုရင် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအား ရှိတယ်။ ဘာဖြစ်လို့လဲ? ပူဇော်တဲ့ အချိန်အခါမှာ ထိုပူဇော်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ များစွာ ဖြစ်နေပါတယ်။ တစ်နာရီ ပူဇော်ရင် တစ်နာရီဝန်းကျင်လောက်အထိ ဆက်တိုက် ကုသိုလ်တရားတွေ ဖြစ်နေတတ်တယ်။ နှစ်နာရီပူဇော်ရင် နှစ်နာရီ၊ တစ်ရက် ပူဇော်ရင် တစ်ရက်၊ နှစ်ရက် ပူဇော်ရင် နှစ်ရက်၊ တစ်လပူဇော်ရင် တစ်လ၊ တစ်နှစ် ပူဇော်ရင် တစ်နှစ် စသည်ဖြင့် ကုသိုလ်တရားတွေက ဆက်တိုက် တိုးပွားနေတယ်။ ဆက်တိုက် တိုးပွားနေတဲ့ ဒီကုသိုလ်တရားတွေသည် အကျိုးပေးခဲ့မယ်ဆိုရင် နေ့ညဉ့် သံသရာရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး ဆက်တိုက် အကျိုးပေးတတ်တဲ့သဘော ရှိပါတယ်။ ဒီနေရာမှာ သုမနပန်းသည် ထုံးလေးတစ်ခုကို အဋ္ဌကထာဆရာတော်က ထောက်ပြထားတယ်။

တစ်ချိန်မှာ ...ဦးပဉ္စင်းတို့ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန် ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခဲ့တယ် ဆိုကြပါစို့။ အဲဒီ အချိန်အခါမှာ ဘုရားရှင်က တစ်နေ့နံနက်စောစော အချိန်အခါမှာ သင်းပိုင်ကို ပြင်ဝတ်တော်မူပြီးတော့ သပိတ်၊ သင်္ကန်းကို ကိုယ်တိုင် ယူဆောင်တော်မူပြီး တစ်ပါးတည်း ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူခဲ့ပါတယ်။ အဲဒီ အချိန်အခါမှာ သုမနပန်းသည်ဆိုတဲ့ ပန်းသည်လေးတစ်ဦး ရှိတယ်။ ဒီသုမနပန်းသည်က မဂဓတိုင်းကို ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့ ဘုရင်ဗိမ္ဗိသာရမင်းအား နေ့စဉ် ပန်းဆက်သနေရတဲ့ ပန်းသည်တစ်ဦး ဖြစ်ပါတယ်။

အဲဒီတော့ ထိုနေ့မှာလည်းပဲ မြတ်စွာဘုရားက ရာဇဂြိုဟ်မြို့တံခါးဝသို့အရောက် ဆိုကြစို့နော်။ သုမနပန်းသည်ဟာလည်း ဗိမ္ဗိသာရမင်းကြီးအတွက် ပန်းတွေကို ဆက်သဖို့ရန် ယူဆောင်ပြီးတော့အလာ မြတ်စွာဘုရားကို မြို့တံခါးဝမှာ သွားပြီးတော့ ဖူးမြော်ရတယ်။ ဖူးမြော်ရတဲ့ အချိန်အခါမှာ ဘုရားရှင်နဲ့ လာပြီး တိုက်ရိုက်တွေ့ကြုံတဲ့ အချိန်အခါပေါ့လေ။ သူ့စိတ်ထဲမှာ ဘယ်လို ဖြစ်သွားလဲ? ဘုရားရှင်ကို သိပ်ပြီးတော့ ကြည်ညိုသွားတယ်။ ဘုရားရှင်ကို ဖူးလိုက်ရတဲ့ အချိန်အခါမှာ ဘုရားရှင်ကို ဖူးတွေ့ရခြင်းတည်းဟူသော အကြောင်းကြောင့် စိတ်ဓာတ်တွေဟာ သိပ်ပြီးတော့ ကြည်လင်သွားတယ်။ ဘာဖြစ်လို့လဲ?

ထိုအချိန်အခါမှာ ဘုရားရှင်က ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်၊ ၈၀-သော လက္ခဏာငယ်တို့ဖြင့် တင့်တယ်စံပယ်စွာ တန်းဆာဆင်ထားတဲ့ ဗုဒ္ဓရဲ့ အသားရေတော်ဖြင့် ကိုယ်ရောင်ကိုယ်ဝါတွေက တဖြတ်ဖြတ် ထွန်းလင်းတောက်ပနေတာကို သွားတွေ့ရတယ်။ တွေ့ရတာ စိတ်ထဲမှာ ကြည်ညိုလိုက်တာ စိတ်ဓာတ်တွေကလည်း ကြည်ညိုရုံတွင်မက အင်မတန် ကြည်လင်သွားတယ်။ သိပ် ဝမ်းသာနေတယ်။ ဝမ်းသာနေတဲ့ အချိန်အခါကျတော့ သူ့စိတ်ထဲမှာ ကြံစည်စိတ်ကူးမှုတစ်ခု ပေါ်လာတယ်။ ဘယ်လို ပေါ်လာလဲ?

‘‘ရာဇာ ပုပ္ဖါနိ ဂဟေတွာ သတံ ဝါ သဟဿံ ဝါ ဒဒေယျ၊ တဉ္စ ဣဓလောကမတ္တမေဝ သုခံ ဘဝေယျ၊

သူ့ရဲ့ စဉ်းစားခန်းလေး ...

ရာဇာ၊ ဗိမ္ဗိသာရမင်းမြတ်သည်။ ပုပ္ဖါနိ၊ ပန်းတို့ကို။ ဂဟေတွာ၊ ယူ၍။ သတံ ဝါ၊ တစ်ရာသော အသပြာကိုသော်လည်းကောင်း။ သဟဿံ ဝါ၊ တစ်ထောင်သော အသပြာကိုသော်လည်းကောင်း။ ဒဒေယျ၊ ပေးမူလည်း ပေးလေရာ၏။

ဗိမ္ဗိသာရမင်းကို ငါက ဒီပန်းတွေ သွားပြီး ဆက်သမယ်။ ဆက်သမယ် ဆိုလို့ရှိရင် သူကလည်း နှစ်သက်မြတ်နိုးခဲ့မယ်ဆိုရင် ငါ့ကို အသပြာတစ်ရာသော်လည်းကောင်း၊ အသပြာ တစ်ထောင်ကိုလည်းကောင်း ပေးကောင်းပေးနိုင်တယ်။

တဉ္စ၊ ထိုကဲ့သို့သော ပေးကမ်းလိုက်တဲ့ အသပြာတစ်ရာ၊ အသပြာတစ်ထောင်သည်လည်းပဲ။ ဣဓလောကမတ္တမေဝ၊ ဤလောက၏ အကျိုးမျှ၊ ဤလောက၌ဖြစ်သော ချမ်းသာသုခမျှသည်သာလျှင်။ ဘဝေယျ၊ ဖြစ်လေရာ၏။

ဒီအသပြာငွေလေး တစ်ရာ၊ အသပြာငွေလေး တစ်ထောင် ဆိုတာ ဒီပစ္စုပ္ပန်လောကမှာ ရရှိနိုင်တဲ့ ချမ်းသာသုခလေးမျှသာ ဖြစ်တယ်။

ဘဂဝတော ပန ပူဇာ အပ္ပမေယျ အသင်္ချေယျဖလာ ဒီဃရတ္တံ ဟိတသုခါဝဟာ ဟောတိ။

ဘဂဝတော ပန ပူဇာ၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ပူဇော်ခြင်းမည်သည်ကား။ အပ္ပမေယျ အသင်္ချေယျဖလာ၊ အတိုင်းအတာ ပမာဏမရှိသော ရေတွက်ခြင်းငှာ မစွမ်းနိုင်သော အကျိုးတရားရှိတဲ့ ပူဇော်ခြင်း ဖြစ်ပါပေ၏။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ ဟိတသုခါဝဟာ၊ လူနတ်နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွား သုံးတန်သော ချမ်းသာကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိသည်။ ဟောတိ၊ ဖြစ်ပါပေ၏။

သူ စဉ်းစားပြီနော် - ဘုရားကို ပန်းလေးတစ်ခု ပူဇော်မယ်ဆိုရင် ဒီပန်းပူဇော်လိုက်တဲ့ ကုသိုလ်စေတနာတွေကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးတရားတွေကို လှမ်းပြီး ကြည့်လိုက်တဲ့အခါ အပ္ပမေယျ၊ ဘယ်လိုမှ ရေတွက်ခြင်းငှာလည်း မစွမ်းနိုင်ဘူး။ ဘယ်လိုမှ တိုင်းတာခြင်းငှာလည်း မစွမ်းနိုင်ဘူး။ အသင်္ချေယျ၊ ဘယ်လိုမှ ရေတွက်ခြင်းငှာလည်း မစွမ်းနိုင်ဘူး။ ဒီအပိုင်းလေးနှင့် ပတ်သက်လို့တော့နော် - ဒီဌာနမှာ နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုတတ်တဲ့ ယောဂီများကတော့ ပိုပြီးတော့ သဘောပေါက်လိမ့်မယ်လို့ ယူဆရပါတယ်။ ဘုန်းကြီးတို့ အခုလို ကောင်းမှုကုသိုလ်တစ်ခု ပြုဖို့ သူစဉ်းစားနေပြီ။ ပြုလည်း ပြုပါတယ်။

စိတ်တို့မည်သည်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလ အတောအတွင်းမှာ ကုဋေတစ်သိန်းခန့်လောက် ဖြစ်ပြီး ပျက်နိုင်တယ်လို့ ဖေဏပိဏ္ဍူပမသုတ္တန် မှာ အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်။ ဒီတော့ ဒီနေရာမှာ သူ ကြံစည်စိတ်ကူးနေတာက ဘုရားကို အာရုံယူပြီးတော့ ကြံစည်စိတ်ကူးနေတာ ဖြစ်တယ်။ ဘုရားကို ဖူးတွေ့နေရတဲ့ အချိန်အခါမှာ ကြည်ညိုဝမ်းမြောက်နေတဲ့ ကုသိုလ် စိတ်စေတနာတွေကလည်း သူ့မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ်ကုဋေသိန်းပေါင်းများစွာ ဖြစ်နေတယ်နော်။ ကုဋေသိန်းနဲ့ချီပြီး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ? ဘုရားကို ဖူးတွေ့ရတာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အချိန်အတွင်းသာ ဖူးတွေ့ရတာ ဟုတ်သလား? မဟုတ်ဘူး။ တော်တော်ကြာကြာ ဖူးတွေ့နေရတယ်။ ဖူးတွေ့ပြီးတော့လည်း သူက ကြံစည်စိတ်ကူးနေတယ်။ ကြံစည်စိတ်ကူးနေတဲ့ အချိန်အခါမှာလည်း ဒီကုသိုလ်ဇောစိတ်စေတနာ မနောဒွါရိက ဇောဝီထိတွေက အကြိမ်ပေါင်းများစွာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ လှူဒါန်းပူဇော်ပြီပဲ ဆိုကြစို့နော် -

လှူဒါန်းပူဇော်နေတဲ့ အချိန်အခါမှာလည်း ဒီကုသိုလ်ဇောစေတနာတွေဟာ အကြိမ်များစွာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အဲဒီ ဇောစေတနာတွေထဲမှာပေါ့လေ - ဒီလို ကာမဝစရစေတနာတွေက ယေဘုယျအားဖြင့် မနောဒွါရိက ဝီထိလို့ ခေါ်ဆိုအပ်တဲ့ ဝီထိတစ်ခုအတွင်းမှာ ဇော (၇) ကြိမ် ယေဘုယျအားဖြင့် စောပါတယ်။ ပထမဇောသည် ဒီဘဝမှာ အကျိုးပေးတယ်။ ပထမဇော စေတနာက ဒီဘဝမှာ အကျိုးမပေးခဲ့ဘူး ဆိုရင်တော့ အဟောသိကံ ဖြစ်သွားတယ်။ သတ္တမဇောစေတနာက ဒုတိယမြောက်ဘဝမှာ အကျိုးပေးတယ်။ ဒုတိယမြောက်ဘဝမှာ ဒီသတ္တမဇောစေတနာက အကျိုးမပေးခဲ့ရင်လည်း အဟောသိကံ ဖြစ်သွားတယ်။ အလယ်ဇောငါးတန်ကတော့ သံသရာခရီးဆိုတာ ထင်ရှား ရှိနေခဲ့မယ်ဆိုရင် နိဗ္ဗာန်သို့ ရသည့်တိုင်အောင် ဘဝအထိ အကျိုးပေးတတ်တယ်။ အဟောသိကံ ဖြစ်ရိုး ဓမ္မတာ မရှိဘူး။ မရှိတဲ့ အချိန်အခါကျတော့ ဒီနေရာမှာ သူက ကောင်းမှုကုသိုလ် စိတ်ဓာတ်တွေက စိတ္တက္ခဏ အဲဒီ ကုသိုလ်စိတ်တွေထဲမှာပေါ့နော်။

ဇောစေတနာ တစ်ခုတစ်ခုသည် တစ်ခုသောဘဝကို ပဋိသန္ဓေ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီတော့ ဇောစေတနာတွေက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် များစွာ ဖြစ်နေရင် မရေမတွက်နိုင်အောင်သော ဘဝတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေလည်း ဒီဇောစေတနာတွေမှာ မရှိဘူးလား? ရှိတယ်။ ဒီဘဝတွေကို ဘုန်းကြီး ကောင်းတယ်လို့ ပြောနေတာ မဟုတ်ဘူးနော်။ အကျိုးပေးနိုင်တဲ့ စွမ်းအင်ကိုသာ သဘောပေါက်အောင် ပြောနေတာပါ။ ဒီတော့ ဒီနေရာမှာ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံးကို လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကျိုးစီးပွားတွေ ချမ်းသာသုခတွေကို ဒီကုသိုလ်ကံတွေက ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာ သူက သဘောပေါက်တယ်။ သဘောပေါက်ပြီးတော့ သူက ဘယ်လိုဆက်ပြီး စဉ်းစားလိုက်သလဲ?

ဟန္ဒာဟံ ဣမေဟိ ပုပ္ဖေဟိ ဘဂဝန္တံ ပူဇေမိ

ဟန္ဒ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ဣမေဟိ ပုပ္ဖေဟိ၊ ဤပန်းတို့ဖြင့်။ ဘဂဝန္တံ၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော အရှင်တော်မြတ်ဘုရားကို။ ပူဇေမိ၊ ပူဇော်ပေအံ့။

ယခုအခါမှာ ငါသည် ဒီပန်းတို့ဖြင့် ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်ကို ပူဇော်တော့မယ်။ ဒီလို စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲဒီလို ဆုံးဖြတ်ချက် ချပြီးတော့ သူ ဘာလုပ်သလဲ?

ဣတိ ပသန္နစိတ္တော ဧကံ ပုပ္ဖမုဋ္ဌိံ ဂဟေတွာ ဘဂဝတော ပဋိမုခံ ခိပိ၊

ဣတိ၊ ဤသို့လျှင်။ ပသန္နစိတ္တော၊ ကြည်လင်သော၊ ကြည်ညိုသော စိတ်ထားရှိသည်ဖြစ်၍။ ဧကံ ပုပ္ဖမုဋ္ဌိံ၊ တစ်ခုသော ပန်းဆုပ်ကို။ ဂဟေတွာ၊ လက်ဖြင့်ကိုင်၍။

ပန်းတစ်ဆုပ်လောက် လက်ကလေးနဲ့ ကိုင်လိုက်တယ်။ ကိုင်ပြီးတော့ ဘာဖြစ်လဲ?

ဘဂဝတော၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏၊ ပဋိမုခံ၊ ရှေ့ရှု တည့်တည့်ရင်ဆိုင်ရာ အရပ်သို့။ ခိပိ၊ ပစ်လွင့်၍ ပူဇော်လိုက်လေ၏၊

ဘုရားရှင်နှင့် ရှေ့ရှုတည့်တည့် မျက်နှာချင်းဆိုင်အရပ်ကို ပန်းလေးနဲ့ လှမ်းပြီးတော့ ပက်ပြီး ပူဇော်လိုက်တယ်။ ဘုရားကို ပူဇော်လိုက်တဲ့ အချိန်အခါမှာ သူ့ကုသိုလ်စေတနာတွေရဲ့ စွမ်းအင်တွေကလည်း သိပ်ပြီး ကြီးကျယ်တယ်၊ မြင့်မြတ်တယ်။ ဘုရားရှင်ကလည်း ဘုန်းတန်ခိုး အာနုဘော် ကြီးကျယ်တော်မူတယ်၊ မြင့်မြတ်တော်မူတယ်။ ဒါကြောင့် ဘာဖြစ်လဲ?

ပုပ္ဖါနိ အာကာသေန ဂန္တွာ ဘဂဝတော ဥပရိ မာလာဝိတာနံ ဟုတွာ အဋ္ဌံသု။

ပုပ္ဖါနိ၊ ပန်းတို့သည်။ အာကာသေန၊ ကောင်းကင်ခရီးဖြင့်။ ဂန္တွာ၊ သွားကြကုန်၍။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏ ဥပရိအထက်၌။ မာလာဝိတာနံ၊ ပန်းမျက်နှာကြက်သည်။ ဟုတွာ၊ ဖြစ်၍။ အဋ္ဌံသု၊ တည်နေကြလေကုန်၏၊

အင်မတန် ကြည်ညိုနေတဲ့ စိတ်ထားဖြင့် မြတ်စွာဘုရားကို သူက ပန်းဆုပ်ကလေးတွေ ကြဲပြီးတော့ ပူဇော်လိုက်တယ်။ အဲဒီလို ပူဇော်လိုက်တဲ့ အချိန်အခါမှာ ဒီပန်းတွေကို ကောင်းကင်ခရီးဖြင့် သွားပြီးတော့ မြတ်စွာဘုရားရဲ့ အထက်မှာ ပန်းမျက်နှာကြက် ပုံသဏ္ဌာန်အနေအားဖြင့် တည်နေတယ်။ အောက်ပြန်ကျသလား? မကျဘူး။ ဘုရားရှင်အပေါ်မှာ ကြည်ညိုနေတဲ့ သူ့ရဲ့ ကုသိုလ်စိတ်တွေရဲ့ စွမ်းဟုန်တွေလည်း ပါပါတယ်။ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း ပါပါတယ်နော်။ ဒီတော့ ဘုရားရှင်တို့ မည်သည်မှာ သတ္တဝါတစ်ယောက်ကို ချီးမြှောက်မယ် ဆိုရင် ထိုသတ္တဝါရဲ့ စိတ်စေတနာနဲ့ ထိုက်တန်အောင် ချီးမြှောက်တော်မူတဲ့ ဓမ္မတာလည်း ရှိပါတယ်။

ဒီတော့ ခုနေများ ဦးပဉ္စင်းတို့ ဆိုကြပါစို့ ... အခု တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ ပန်းတစ်ဆုပ်လောက် ဘုရားကို ကြဲဖြန့်ပြီး ပူဇော်လိုက်လို့ ဒီပန်းတွေဟာ အပေါ်မှာ မျက်နှာကြက် ပုံသဏ္ဌာန်အသွင်အားဖြင့် တည်နေတာကို မြင်ရမယ်ဆိုရင် ဝမ်းသာမလား၊ ဝမ်းနည်းမလား? ဝမ်းသာကြမယ်။ ဘယ်လောက်ဝမ်းသာမလဲ ကြည့်ပေါ့နော်။ မိနစ်ပိုင်း စက္ကန့်ပိုင်းလောက်တွင် ကနိုင်ပါ့မလား? မကဘူး။ နာရီပိုင်း ရက်ပိုင်းအထိလည်း ဆက်လက်ပြီး ဝမ်းသာမှုတွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ကုသိုလ်ဇောစေတနာပေါင်းများစွာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အဲဒီ ဇောစေတနာတွေသည် ခုနက ပြောခဲ့တဲ့အတိုင်း အလယ်ဇောငါးတန်သာ ဖြစ်ခဲ့မယ် ဆိုလို့ရှိရင် နိဗ္ဗာန် မရမချင်း သံသရာခရီးတစ်ခွင်မှာ ဆက်တိုက် အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိနေတယ်။ သို့သော် ဒီလောက်နဲ့ သူက ရပ်သလားဆိုတော့ မရပ်သေးဘူးနော်။

မာလာကာရော တံ အာနုဘာဝံ ဒိသွာ ပသန္နတရစိတ္တော ပုန ဧကံ ပုပ္ဖမုဋ္ဌိံ ခိပိ၊

ပန်းသည်က သူ ကြည့်လိုက်ပြန်တယ်။ ဒီတန်ခိုးအာနုဘော်ကို မြင်လိုက်ရတဲ့ အချိန်အခါမှာ စိတ်ထဲမှာ သိပ်ပြီးတော့ ကြည်နူးသွားတယ်။ ဒါကတော့ သတ္တဝါတိုင်း ကြည်နူးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘုရားရှင်ကို ဒီလို ဖူးတွေ့ရတဲ့အခါမှာ ဘုရားရှင်အပေါ်မှာ ကြည်ညိုနေတဲ့ စိတ်ထားတွေ ဖြစ်နေတဲ့အချိန်အခါမှာ ဒီလို အံ့ဩဖွယ်ကောင်းတဲ့ ဘုန်းတန်ခိုးတစ်ခုကို လှမ်းပြီး မြင်လိုက်ရမယ်ဆိုရင် မြင်ရတဲ့ သူတော်ကောင်းသည် စိတ်ထဲမှာတော့ အင်မတန် ကြည်လင်ကြမယ်။ အဲဒီလို ကြည်လင်လိုက်တဲ့အတွက် နောက်ထပ် သူက ပန်းတစ်ဆုပ် လက်နဲ့ဆုပ်ပြီးတော့ ထပ်ပြီး ပစ်လိုက်ပြန်တယ်။ ပစ်လိုက်တော့ ဘာဖြစ်လဲ?

တာနိ ဂန္တွာ မာလာကဉ္စုကော ဟုတွာ အဋ္ဌံသု။

တာနိ၊ ထိုပန်းတို့သည်။ ဂန္တွာ၊ သွားကြကုန်၍။ မာလာကဉ္စုကော၊ ပန်းသင်တိုင်းသည်။ ဟုတွာ၊ ဖြစ်၍။ အဋ္ဌံသု၊ တည်နေကြလေကုန်၏၊

ဘုရားရှင်ကို သင်တိုင်းတစ်ခုဖြင့် စွပ်ထားသလို သင်တိုင်းအသွင် ပုံသဏ္ဍာန်အားဖြင့် ဒီပန်းတွေက ဘုရားရှင်တစ်ကိုယ်လုံးကို ခြုံပြီးတော့ တည်နေပြီး။ ဘယ်လောက် ဝမ်းသာဖို့ကောင်းလဲ? ကောင်းမှုကုသိုလ်တစ်ခုကို သူက အသက်စွန့်ပြီးတော့ လှူနေတာပါ။ အသက်စွန့် လှူတယ်ဆိုတာကတော့ ဒီလိုပါ။ ဗိမ္ဗိသာရမင်းကို ဆက်နေကြ ပန်းဖြစ်တယ်။ ဒီပန်းတွေကို သူက ဒီနေ့ ဗိမ္ဗိသာရမင်းကို ငါ မပေးတော့ဘူး။ အကယ်၍များ သူက ဒဏ်ပေးမယ်၊ သေဒဏ်အထိ ပေးမယ်ဆိုရင်တောင် သူ အသက်ကို အသေခံမယ်လို့ ဆုံးဖြတ်ချက်ချပြီးမှ သူက လှူနေတာ။ သို့သော် ဗိမ္ဗိသာရမင်းကလည်း အရိယာသူတော်ကောင်းကြီး ဖြစ်ပါတယ်။ သူ့ကို သေဒဏ်လည်း မပေးပါဘူး။ ပေးခဲ့ရင်တောင်မှ သူ့စိတ်ထဲမှာ ဒီအထိ စိတ်ဓာတ်တွေ အသေခံပြီးတော့ကို လှူမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက် ရှိတယ်။ အသက်ကို စွန့်လွှတ်ပြီးတော့ လှူဒါန်းမယ်ဆိုတဲ့ ကုသိုလ်စေတနာတစ်ခုသည် အလွန် ကြီးကျယ်မြင့်မားတဲ့ ကုသိုလ်စေတနာလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။

ကဲ ... အဲဒီလို မြတ်စွာဘုရားမှာ ပန်းသင်တိုင်းကြီးတစ်ခု စွပ်ထားတဲ့ အသွင်အားဖြင့် တည်နေတာကို မြင်ရတာ သူ ဘာလုပ်သလဲ?

ဧဝံ အဋ္ဌ ပုပ္ဖမုဋ္ဌိယော ခိပိ၊

ပန်းဆုပ် ၈-ဆုပ်ပြည့်သည့်တိုင်အောင် အကုန်လုံး သူပစ်လိုက်တယ်။ ရှိသမျှပန်းတွေ လက်နဲ့ ဆုပ်ပြီးတော့နော်။ ၈-ဆုပ်လည်း ပစ်ရော ဘာဖြစ်လဲ?

တာနိ ဂန္တွာ ပုပ္ဖကူဋာဂါရံ ဟုတွာ အဋ္ဌံသု။

တာနိ၊ ထိုပန်းတို့သည်။ ဂန္တွာ၊ သွားကြကုန်၍။ ပုပ္ဖကူဋာဂါရံ၊ ဆုလစ်မွန်းချွန် အထွတ်တပ်ထားတဲ့ ပန်းပြာဿဒ်ပြောင်ကြီးအသွင်သည်။ ဟုတွာ၊ ဖြစ်၍။ အဋ္ဌံသု၊ တည်နေကြလေကုန်၏၊

အဲဒီပန်းတွေကို ပစ်လိုက်တော့ ခုနက ဘုရားရှင်အပေါ်မှာ မျက်နှာကြက် မိုးထားတဲ့ ပန်း၊ သင်တိုင်းစွပ်သကဲ့သို့ တည်နေတဲ့ ပန်း၊ အဲဒီပန်းတွေဘေးမှာ ခြံရံပြီးတော့ ပြာဿဒ်ဆောင် ပေါက်ထားတဲ့ ဆုလစ်မွန်းချွန် အထွတ်ထပ်ထားတဲ့ ကျောင်းကြီးတစ်ဆောင်အသွင်အားဖြင့် ဒီပန်းတွေက တည်နေပြီ တဲ့နော်။ တည်နေတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဘဂဝါ အန္တောကူဋာဂါရေ ဝိယ အဟောသိ၊

ဘဂဝါ၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်သည်။ အန္တောကူဋာဂါရေ၊ ပြာဿဒ်ဆောင်၏ အတွင်း၌။ အန္တောကူဋာဂါရေ ဝိယ၊ ပြာဿဒ်ဆောင်၏ အတွင်း၌ကဲ့သို့။ အဟောသိ၊ သီတင်းသုံး၍ နေရလေပြီ။

ပြာဿဒ်ဆောင် ဖောက်ထားတဲ့ ကျောင်းကြီးတစ်ဆောင်အတွင်းမှာ မြတ်စွာဘုရား ဝင်ရောက်ပြီး သီတင်းသုံးရသလို ပန်းပြာဿာဒ်ဆောင် ကျောင်းကြီးအတွင်းမှာ ဘုရားရှင် သီတင်းသုံးပြီး နေရတယ်နော်။ အဲဒီလို သီတင်းသုံးနေတဲ့ အံ့ဩဖွယ်ရာ တန်ခိုးအာနုဘော်ကြီးကို မြင်လိုက်ရတဲ့ အချိန်အခါမှာ ရာဇဂြိုဟ် မြို့သူမြို့သား လူများအပေါင်းကလည်း လာပြီး စုဝေးကြပြီ။ မြတ်စွာဘုရားကလည်း ဒီသုမနပန်းသည်ကို ကြည့်ပြီးတော့ ပြုံးတော်မူခြင်းကို ပြုတော်မူတယ်နော်။ ပြုံးတော်မူတဲ့ အချိန်အခါကျတော့ နောက်တော်မှာ ပါလာတဲ့ အရှင်အာနန္ဒာမထေရ်မြတ်က သိပြီ။ ဘာကြောင့် သိရသလဲ? အကြောင်းရှိပါတယ်။

ဦးပဉ္စင်းတို့ မြတ်စွာဘုရားတို့ ပြုံးတော့ အကြောင်းမရှိဘဲနဲ့ ဘုရားရှင်တို့ ပြုံးတော်မူရိုး ဓမ္မတာတော့ မရှိပါဘူး။ ဒီအကြောင်းကိုလည်း အရှင်အာနန္ဒာ သိတယ်။ ဘုရားရှင်က ရှေ့ဘက်ကို လှည့်ပြီး သွားလိုက်တယ်။ အရှင်အာနန္ဒာ နောက်တော်ဘက်က ကပ်ပြီး လိုက်လာတာဖြစ်တော့ ဘုရားရှင် ပြုံးတာကို သူက ဘယ်လိုလုပ် သိသလဲလို့ မေးတော့ ဘုရားရှင်တို့ ပြုံးတော်မူလိုက်ပြီ ဆိုလို့ရှိရင် သွားလေးတွေ နည်းနည်းလေး ပြုံးလိုက်ရင် ပေါ်သွားတယ်။ ပေါ်တဲ့အခါမှာ စွယ်တော်လေးဆူလည်း ပေါ်သွားပါတယ်။ စွယ်တော်လေးဆူ ကနေပြီးတော့ ရောင်ခြည်တွေ ကွန့်မြူးပြီးတော့ ထွက်လာတယ်။ အဲဒီ ရောင်ခြည်တော်တွေဟာ ထန်းလုံးခန့် ပမာဏရှိတဲ့ ရောင်ခြည်တော် အခိုးအလိပ်ကြီးတွေ ဖြစ်ကြတယ်။ အဲဒီ ရောင်ခြည်တော် အခိုးအလိပ်ကြီးတွေက ဘုရားရှင်ရဲ့ ဦးခေါင်းတော်ကို လက်ျာရစ် သုံးကြိမ် လှည့်ပတ်ပြီးတော့မှ စွယ်တော်လေးဆူတို့ရဲ့ ကြားမှာပဲ တစ်ဖန် ပြန်ပြီးတော့ ကွယ်ပျောက်သွားတယ်။ ဒီအမှတ်အသားကို ကြည့်လိုက်ခြင်းအားဖြင့် အရှင်အာနန္ဒာက မြတ်စွာဘုရား ပြုံးတော်မူပြီဆိုတာ သိတယ်။ သိလိုက်တဲ့ အချိန်အခါကျတော့ သူက ဘယ်လို စဉ်းစားသလဲ?

“န ဗုဒ္ဓါ အဟေတု အပ္ပစ္စယာ သိတံ ပါတုကရောန္တိ”

ဗုဒ္ဓာ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်။ အဟေတု အပ္ပစ္စယာ၊ တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဟေတု အကြောင်းတရား၊ အားပေး ထောက်ပံ့နေတဲ့ ပစ္စယာ အကြောင်းတရား ထင်ရှားမရှိပါဘဲလျက်။ သိတံ၊ ပြုံးရယ်ခြင်းကို။ န ပါတုကရောန္တိ၊ ထင်ရှားပြုရိုး ရှိတော်မမူကြလေကုန်။

ဘုရားရှင်တို့ဟာ ပြုံးရယ်ဖို့ရန်အတွက် တိုက်ရိုက်ဖြစ်ပေါ်လာစေတတ်တဲ့ ဟေတု အကြောင်းတရား၊ အားပေးထောက်ပံ့နေတဲ့ ပစ္စယ အကြောင်းတရား။ ဒီအကြောင်းတရားတွေ မရှိဘဲနဲ့ ပြုံးရယ်ခြင်းဆိုတဲ့ ဒီအမှုကို ပြုတော်မူရိုး ဓမ္မတာ မရှိပါဘူး။ သူက စဉ်းစားတယ်။ စဉ်းစားပြီးတော့ ပြုံးရယ်တော်မူခြင်းရဲ့ အကြောင်းရင်းကို ဘုရားရှင်အား မေးမြန်းလျှောက်ထားတယ်။ အဲဒီလို မေးမြန်းလျှောက်ထားတဲ့ အချိန်အခါမှာ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

“ဧသော၊ အာနန္ဒ၊ မာလာကာရော ဣမိဿာ ပူဇာယ အာနုဘာဝေန သတသဟဿကပ္ပေ ဒေဝေသု စ မနုဿေသု စ သံသရိတွာ ပရိယောသာနေ သုမနိဿရော နာမ ပစ္စေကဗုဒ္ဓေါ ဘဝိဿတိ”

အာနန္ဒ၊ ညီဘွားအာနန္ဒာ။ ဧသော မာလာကာရော၊ ဤပန်းသည်သည်။ ဣမိဿာ ပူဇာယ၊ ဤပန်းပူဇော်ခြင်း၏၊ အာနုဘာဝေန၊ တန်ခိုးရှိန်စော အာနုဘော်ကြောင့် သတသဟဿကပ္ပေ၊ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး။ ဒေဝေသု စ၊ နတ်ပြည်တို့၌လည်းကောင်း။ မနုဿေသု စ၊ လူ့ပြည်တို့၌လည်းကောင်း။ သံသရိတွာ၊ ကျင်လည်ကျက်စားရသည်ဖြစ်၍။ ပရိယောသာနေ၊ နောက်ဆုံးဘဝ၌။ သုမနိဿရော နာမ ပစ္စေကဗုဒ္ဓေါ၊ သုမနိဿရ အမည်ရတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင်သည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

ကြည့်ပေါ့နော် - ကမ္ဘာတစ်သိန်း ကာလပတ်လုံး လူ့ပြည် နတ်ပြည်မှာ ကျင်လည်ရမယ်။ ကျင်လည်ပြီးတဲ့ အချိန်အခါမှာ နောက်ဆုံးဘဝ ရောက်တဲ့ အချိန်အခါကျလို့ရှိရင် သုမနိဿရ အမည်ရတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားတစ်ဆူ ဖြစ်လိမ့်မယ်လို့ ဒီလို ဘုရားရှင်က အမိန့်ရှိတယ်။ ဒီတော့ ဒီနေရာမှာ ကြည့်ပေါ့ - တစ်ကမ္ဘာ တစ်ကမ္ဘာဆိုတာ ဘယ်လောက် ကြာတယ်ဆိုတာ နည်းနည်းလေး ခန့်မှန်းကြည့်ပါနော်။ ကမ္ဘာဦးကာလ ဆိုကြပါစို့ ... တလောကလည်း ပြောခဲ့ပါတယ်။ ကမ္ဘာဦးကာလမှာ လူတွေဟာ မရေမတွက်နိုင်အောင် အသက်ရှည်ကြပါတယ်။ အဲဒီလို အသက်ရှည်ရာကနေပြီးတော့ အသင်္ချေယျတန်းလို့ ခေါ်တဲ့ အဲဒီကနေပြီးတော့ ၁၀-နှစ်၊ ၁၀-နှစ်ကနေပြီးတော့ အသင်္ချေယျ။ ဒီလို ဆုပ်ကပ် တက်ကပ် တစ်စုံကို ဘာလို့ခေါ်လဲ? အန္တရကပ် တစ်ကပ်။ အန္တရကပ်ပေါင်း ၆၄-ကြိမ်ပြည့်ရင် ဒီကမ္ဘာသည် ဓမ္မတာအလျောက် ပျက်တယ်။ ပျက်နေတာလည်း ဘယ်လောက်ကြာလဲ? ၆၄-ကပ်လောက် ကြာတယ်။ ပျက်ပြီးတော့ ဘာမှ မရှိဘဲ လဟာပြင်အတိုင်း တည်နေတာလဲ ဘယ်လောက်ကြာသလဲ? အန္တရကပ် ၆၄-ကြိမ်လောက်ပဲ ကြာတယ်။ ကမ္ဘာပြုမိုး ရွာသည်ကစပြီးတော့ ကမ္ဘာကြီး လူနေလို့ရတဲ့အဆင့် နေ၊ လ၊ နက္ခတာရာတွေ စုံလင်တဲ့အဆင့်အထိ ကမ္ဘာ ပြန်ပြီး တည်နေတာလည်း ဘယ်လောက်ကြာသလဲ? ၆၄-ကပ်လောက်ပဲ ကြာတယ်။ (၆၄ x ၄ = ၂၅၆) ဆိုတော့ အဲဒါကို တစ်မဟာကမ္ဘာလို့ ခေါ်ပါတယ်နော်။ အဲဒီလို ကမ္ဘာပေါင်း ဘယ်လောက် အကျိုးပေးမယ်ပြောလဲ? ကမ္ဘာတစ်သိန်း တဲ့နော်။

ကမ္ဘာတစ်သိန်းလောက်ကို ဆက်လက်ပြီး အကျိုးပေးမဲ့ ကုသိုလ်ကံလေးတစ်ခု ပြုစုပျိုးထောင်လိုက်တဲ့ အချိန်အခါကို ကြည့်မယ်ဆိုလို့ရှိရင် နာရီပိုင်းလောက်ပဲ ရှိကောင်းရှိမယ်နော်။ နာရီပိုင်းလောက် ရှိမယ်။ တစ်နာရီခန့်လောက်မှာ သူ ပြုစုပျိုးထောင်လိုက်တဲ့ ဒီကောင်းမှုကုသိုလ်ကံက အကျိုးပေးမှာ ဘယ်လောက်ပေးမလဲ? ကမ္ဘာတစ်သိန်း ကာလပတ်လုံး အကျိုးပေးမယ်။ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အကျိုးပေးတဲ့ အချိန်အခါမှာ ဘယ်မှာ အကျိုးပေးမလဲလို့ မေးတော့ လူ့ပြည်၊ နတ်ပြည်မှာ အကျိုးပေးမယ်။ နောက်ဆုံး သုမနိဿရ အမည်ရတဲ့ ပစ္စေကဗုဒ္ဓါဘုရားရှင်လည်း ဖြစ်အုံးမယ် ဆိုပြီး ဒီလို မြတ်စွာဘုရားက ဗျာဒိတ်ပေးပါတယ်။

သတ္တဝါတစ်ဦးတစ်ယောက် သေကျေပျက်စီးသွားတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုရင်ပေါ့နော် - တစ်ကမ္ဘာ တစ်ကမ္ဘာအတွင်း သတ္တဝါတစ်ဦးတစ်ယောက် သေကျေပျက်စီးသွားတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုရင် ဒီအရိုးတွေကလည်း အကယ်၍ မဆွေးမြည့် မပျက်စီးဘူး ဆိုရင် ဝေပုလ္လတောင်လောက်မြင့်တဲ့ တောင်ကြီးတစ်တောင် ဖြစ်နိုင်တယ်။ သို့မဟုတ် တစ်ယူဇနာလောက် မြင့်တဲ့ တောင်ကြီးတစ်တောင် ဖြစ်နိုင်တယ်လို့ ဒီလို အဆိုရှိပါတယ်။ တစ်ကမ္ဘာ တစ်ကမ္ဘာမှာ သတ္တဝါတစ်ဦး သေကျေပျက်စီးရမဲ့ ဘဝတွေ ဘယ်လောက်များတယ်ဆိုတာ ခန့်မှန်းကြည့်ပေတော့နော်။ အဲဒီလောက် ဘဝတွေ များနေတဲ့ ကမ္ဘာပေါင်းတစ်သိန်း။ အဲဒီအတွင်းမှာ အပါယ်လေးဘုံ တစ်ခါမှ မကျမရောက်ပါဘူးဆိုရင် ဒီအခွင့်အရေးကြီးသည် အင်မတန် ကြီးကျယ်ဖွံ့ဖြိုးတဲ့ အခွင့်အရေးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။ အလွန်ကြီးမားနေတဲ့ အခွင့်အရေးတစ်ခုပါ။ အပါယ်သံသရာကြီးမှ လွတ်မြောက်နိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ အလုပ်။

ဒီတော့ ဒီကောင်းမှုကုသိုလ်တစ်ခု ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဒီလို သွားပြီး ပူဇော်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ဒီလောက် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဆက်တိုက် ကောင်းတဲ့ အကျိုးတရားတွေကို ရရှိမယ်ဆိုရင် မပူဇော်သင့်ဘူးလား? ပူဇော်သင့်တယ်။ ဒီဘဝတွေကို ဘုန်းကြီး ကောင်းတယ်လို့ ပြောလိုရင်း မဟုတ်ဘူးနော်။ ဟိုး မင်းကြီးတို့၊ မင်းကလေးတို့၊ မနှဲလေးတို့၊ မယ်တော်ကြီးတို့ကို ပူဇော်တာနဲ့စာရင် ဒီပူဇော်တာဟာ အလွန် အဆင့်အတန်း မြင့်မားတဲ့ ပူဇော်ခြင်း ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်လို့ ပြောနေတာပါနော်။

ကဲ နောက်တစ်ခု - ဒီပူဇော်ပွဲကြီးမှာပဲ ဘုရားရှင်က ပရိသတ်တွေကလည်း တော်တော်လေး စုံလာတဲ့အတွက် ဂါထာဒေသနာတော်လေးတစ်ခု ဟောပါတယ်။ အဲဒီ ဂါထာလေးကိုပဲ ဘုရားရှင်က ဘယ်လိုဟောလဲ?

‘‘တဉ္စ ကမ္မံ ကတံ သာဓု, ယံ ကတွာ နာနုတပ္ပတိ၊ ယဿ ပတီတော သုမနော, ဝိပါကံ ပဋိသေဝတိ’’

ယံ ကမ္မံ၊ အကြင် ကောင်းမှုကုသိုလ်ကံကို။ ကတွာ၊ ပြုလုပ်ရခြင်းကြောင့်။ နာနုတပ္ပတိ၊ နောင်တတဖန် ပူပန်မှု မရှိပေ။

ကောင်းမှုကုသိုလ်တစ်ခု ပြုပြီ၊ ငါ ပြုမိတာတော့ မှားပြီဆိုတဲ့ ဒီလို နောင်တတစ်ဖန် ပူပန်မှု ရှိမယ်ဆိုရင် ဒီကောင်းမှုကုသိုလ်မျိုးဟာ အဆင့်အတန်း နိမ့်သွားပါတယ်။ နိမ့်တယ်ဆိုတာက ဘာပြောတာလဲ? နောင်တတစ်ဖန် ပူပန်နေတယ်ဆိုတာက ကုက္ကုစ္စသဘော ဖြစ်တယ်။ ဒီကုက္ကုစ္စသည် ကုသိုလ်လား၊ အကုသိုလ်လားလို့မေးရင် ဘယ်လို ဖြေမလဲ? အကုသိုလ်။ မိမိ ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်မှာ အကုသိုလ်တရားက ခြံရံမထားဘူးလား? ခြံရံနေပြီ။ ခြံရံနေတဲ့အတွက် ဒီကုသိုလ်ကံသည် အဆင့်နိမ့်တယ်။ အကယ်၍များ တိဟိတ်ကုသိုလ်ပဲ ဖြစ်တယ်ထားတော့ တိဟိတ်ဩမက္ကကုသိုလ် အညံ့စား တိဟိတ်ကုသိုလ်ပဲ ဖြစ်သွားတယ်။ အမြတ်စား ကုသိုလ် ဖြစ်ဦးမလား? မဖြစ်တော့ဘူးနော်။ ဒါကြောင့် အညံ့စား ကုသိုလ်တွေဟာ အကျိုးပေးခဲ့ရင် အညံ့စားပဲ အကျိုးပေးတယ်။ အထက်တန်းကျတဲ့ ကုသိုလ်ကသာလျှင် အကျိုးပေးတဲ့ အချိန်အခါမှာ အထက်တန်းကျကျ အကျိုးပေးတယ်။

ဒီအကျိုးတရားတွေကို မက်မောပြီး ကောင်းမှုကုသိုလ်ကို ပြုရမယ်လို့ ဘုန်းကြီး ပြောလိုရင်းတော့ မဟုတ်ဘူးနော်။ ဒီနေရာမှာ အထက်တန်းကျကျ ကောင်းမှု ကုသိုလ်ကြောင့် အထက်တန်းကျတဲ့ အကျိုးတရား ရနိုင်ပုံကို သဘောပေါက်စေချင်တဲ့အတွက်သာ ပြောနေခြင်း ဖြစ်ပါတယ်နော်။ ကဲ -

ယံကမ္မံ၊ အကြင်ကုသိုလ်ကံကို။ ကတ္တွာ၊ ပြုစု၍ ပြုစုပျိုးထောင်ပြီးခြင်းကြောင့်။ နာနုတပ္ပတိ၊ နောင်တတစ်ဖန် ပူပန်မှု မဖြစ်တော့ပေ။ ပတီတော၊ ပီတိနှင့်ယှဉ်တွဲလျက်။ ပတီတော၊ ပီတိနှင့်ယှဉ်တွဲလျက်ရှိသော ဝမ်းမြောက်ဝမ်းသာစိတ်ထား ရှိ၍။ သုမနော၊ သောမနဿဝေဒနာနှင့် ယှဉ်တွဲလျက် ဝမ်းသာသော စိတ်ထားရှိသည်ဖြစ်၍။ ပတီတော၊ ပီတိနှင့်ယှဉ်တွဲလျက် နှစ်သက်သော စိတ်ထားရှိသည်ဖြစ်၍။ သုမနော၊ သောမနဿဝေဒနာနှင့်ယှဉ်တွဲလျက် ဝမ်းမြောက်သော စိတ်ထားရှိသည်ဖြစ်၍။ ယဿကမ္မဿ၊ အကြင် ကံ၏ ဝိပါကံ၊ အကျိုးတရားကို။ ပဋိသေဝတိ၊ မှီဝဲကြလေ၏၊ ကတံ၊ ပြုလုပ်၍ပြီးတော့။ တဉ္စကမ္မံ၊ ထိုကဲ့သို့သော ကုသိုလ်ကံမျိုးသည်ကား။ သာဓု၊ ကောင်းလှပါပေ၏။

ဘာပြောလဲ? ကောင်းမှုကုသိုလ်တစ်ခု ပြုပြီး နောင်တတစ်ဖန် ပူပန်မှု မရှိဘူး။ ပီတိ နှစ်သက်ဝမ်းမြောက်တဲ့ ပီတိနှင့် ယှဉ်နေတဲ့ စိတ်ဓာတ်တွေသာ ဖြစ်နေတယ်။ သုမန = သောမနဿဝေဒနာနှင့် ယှဉ်နေတဲ့ ရွှင်လန်းဝမ်းမြောက်တဲ့ စိတ်ထားတွေသာ ဖြစ်နေတယ်။ အဲဒီလို ကံမျိုးတစ်ခုကို ပြုစုပျိုးထောင်လိုက်ပြီဆိုရင် ထိုကံရဲ့ အကျိုးတရားကို တစ်ချိန်မှာ ဒီပုဂ္ဂိုလ်သည် ခံစားရတယ်။ အဲဒီလို ကောင်းတဲ့အကျိုးတွေကို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ချမ်းချမ်းသာသာဖြင့် ခံစားနေရတဲ့ ဒီကံမျိုးကို ပြုစုပျိုးထောင်လိုက်ခြင်းသည် သိပ်ကောင်းတယ်လို့ ဒီလို ဘုရားက ဟောတယ်နော်။ ဒါကြောင့် ကံတစ်ခုကို ပြုစုပျိုးထောင်ပြီ ဆိုလို့ရှိရင် မလွှဲမရှောင်သာလို့သာ လှူလိုက်ရတယ်၊ စိတ်ထဲမှာ မကြည်လင်ဘူး။ ကောင်းပါ့မလား? မကောင်းဘူး။ လှူတဲ့ အချိန်အခါမှာ နောင်တတစ်ဖန် ပူပန်မှုတွေ ဖြစ်နေရမယ်ဆိုရင်လည်း ကောင်းသလား? မကောင်းဘူး။

ဒါကြောင့် လှူပြီးတဲ့ အချိန်အခါမှာလည်း နောင်တတစ်ဖန် ပူပန်မှု မဖြစ်စေရဘူး။ လှူပြီးတဲ့ အချိန်အခါမှာလည်း နှစ်သက်ဝမ်းမြောက်နေတဲ့ နှစ်သက်မှု ပီတိ၊ ဝမ်းမြောက်မှု သောမနဿ ဝေဒနာတို့နှင့် ယှဉ်တွဲနေတဲ့ စိတ်ဓာတ်တွေ ဖြစ်နေရမယ်။ အဲဒီလို ဖြစ်ခဲ့မယ်ဆိုရင် ဒီကံရဲ့ အကျိုးတရားကို တစ်ချိန်မှာတော့ မှီဝဲရမယ်။ မှီဝဲခဲ့ရင် ဘာအကျိုးသာ မှီဝဲရမလဲ? နှစ်သက်ဖွယ် ချမ်းသာဖွယ် ဝမ်းမြောက်ဖွယ် အကျိုးတရားတွေကိုသာ မှီဝဲရမယ်။ ဒါကြောင့် ဒီလို ကံမျိုးကို ပြုစုပျိုးထောင်ခြင်းသည် သိပ်ကောင်းတယ်လို့ ဘုရားရှင်က ဟောတယ်။ အဲဒီကံလေးကို ပြန်ကြည့်ပါ။ ဒီပန်းသည်လေး ပြုလိုက်တဲ့ ကံဟာ အနည်းငယ်သော ကောင်းမှုကုသိုလ်လို့တော့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ လှူဖွယ်ဝတ္ထုအနေနဲ့ ကြည့်မယ်ဆိုရင် အနည်းငယ်သော ကောင်းမှုကုသိုလ်လို့တော့ ပြောနိုင်တယ်နော်။ ဒါပေမဲ့လို့ အဲဒီ အနည်းငယ်သော ကောင်းမှုကုသိုလ်ရဲ့ အကျိုးတရားဘက်ကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဘယ်လိုဖြစ်နေလဲ?

ဧဝံ အပ္ပကာပိ တေသံ ပူဇာ ဒီဃရတ္တံ ဟိတာယ ဟောတီတိ ဝေဒိတဗ္ဗာ။

ဧဝံ၊ ဤသို့လျှင်။ ဧတေသံ၊ ထိုသုမနပန်းသည်ကဲ့သို့သော သူတော်ကောင်းတို့၏၊ သေဋ္ဌံ၊ ထိုဘုရားရှင်တို့အား။ အပ္ပကာပိ ပူဇာ၊ အနည်းငယ်ဖြစ်သော ပူဇော်ခြင်းသည်လည်းပဲ။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ ဟိတာယ၊ လူနတ်နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားအလို့ငှာ၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို သုံးဆောင်ခံစားဖို့ရာ အလို့ငှာ။ ဟောတိ၊ ဖြစ်ပါပေ၏။

အနည်းငယ်သော ကောင်းမှုကုသိုလ်လေးတစ်ခု ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေမှာ ပူဇော်လိုက်တယ်။ ဒီပူဇော်ခြင်းသည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာတွေကို လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကျိုးတရားတွေကို ရရှိဖို့ရန် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ ချမ်းသာသုခတွေကို သုံးဆောင်ခံစားဖို့ရန်အတွက် မဖြစ်ဘူးလား? ဖြစ်နေတယ်။ အနည်းငယ်သော ပူဇော်ခြင်းပဲ။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်တွေကို ပူဇော်လိုက်တဲ့အတွက် ဒီလို မွန်မြတ်တဲ့ အကျိုးတရားတွေကို ရရှိခြင်းကြောင့် ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခြင်းကို မင်္ဂလာလို့ မြတ်စွာဘုရားက ဟောတယ်နော်။ အဲဒီတော့ ဒီနေရာမှာ ဒါကတော့ အာမိသပူဇာပိုင်းကနေ ထုတ်ပြထားတဲ့ ပုံစံလေးတစ်ခုပါနော်။

သို့သော် ဒီနေရာမှာ အာမိသပူဇာ နဲ့ ပဋိပတ္တိပူဇာ သို့မဟုတ် ဓမ္မပူဇာ ဆိုပြီးတော့ ပူဇာ ၂-မျိုး ရှိပါတယ်။ အဲဒီ ၂-မျိုးထဲက အာမိသပူဇာကို ပူဇော်ခြင်းထက် ဓမ္မပူဇာ (ပဋိပတ္တိပူဇာ) ခေါ်တဲ့ ကျင့်ဝတ်ပဋိပတ်ဖြင့် ဘုရားကို ပူဇော်ခြင်းကို ဘုရားရှင်က ပိုပြီး နှစ်ခြိုက်တဲ့သဘော ရှိတယ်။ ဘာကြောင့်လဲ? ဆရာမိဘတွေရဲ့ အဆုံးအမကို မလိုက်နာတဲ့ပုဂ္ဂိုလ်ဟာ ဆရာမိဘကို မြတ်နိုးတဲ့ပုဂ္ဂိုလ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ ဆရာမိဘရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ဆရာမိဘအပေါ်၌ အရိုအသေ ပြုနေတဲ့ပုဂ္ဂိုလ်၊ အလေးအမြတ် ပြုနေတဲ့ပုဂ္ဂိုလ်၊ ဆရာမိဘကို မြတ်နိုးနေတဲ့ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါက ဆရာသမားတွေ မိဘတွေကို ကျင့်ဝတ်ပဋိပတ်ဖြင့် တစ်နည်း ပူဇော်နေခြင်းပဲ ဖြစ်တယ်။

အဲ အလားတူပဲ ... မြတ်စွာဘုရားရဲ့ အဆုံးအမ ပဋိပတ်ကို လိုက်နာကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘုရားအပေါ်မှာ ကောင်းစွာ အရိုအသေပြုနေတဲ့ပုဂ္ဂိုလ်၊ အလေးဂရုပြုနေတဲ့ပုဂ္ဂိုလ်၊ မြတ်နိုးနေတဲ့ပုဂ္ဂိုလ်၊ ပူဇော်နေတဲ့ပုဂ္ဂိုလ်၊ ရှိခိုးနေတဲ့ပုဂ္ဂိုလ်လို့ ခေါ်နိုင်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင်တော့ ဒီအာမိသပူဇာနဲ့ ဓမ္မပူဇာ ၂-ခုရှိတဲ့အနက်က ဓမ္မပူဇာကို ဘုရားရှင်က ပိုပြီး နှစ်ခြိုက်တဲ့အကြောင်းကို ပရိနိဗ္ဗာန် မစံမီအတွင်းလေးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမယ့်ညမှာ ဟောသွားတဲ့ တရားလေး ရှိပါတယ်နော်။ ဒီတော့ ဒီနေရာမှာ အမျိုးကောင်းသားတွေ၊ အမျိုးကောင်းသမီးတွေက ဘုရားကို ကျင့်ဝတ်ပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ တရားဓမ္မဖြင့် ပူဇော်ချင်တယ်၊ ဓမ္မပူဇာဖြင့် ပူဇော်ချင်တယ်ဆိုလို့ရှိရင် ဘယ်လိုလုပ်ရမလဲ?

အမျိုးကောင်းသား၊ အမျိုးကောင်းသမီး မှန်ခဲ့လျှင် နံပါတ် (၁) သရဏဂုံ မြဲရမယ်။ သရဏဂုံ မြဲရမယ်ဆိုတာက ဘာပြောတာလဲ? ဘုရား၊ တရား၊ သံဃာခေါ်တဲ့ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ရမယ်။ ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဘယ်ပုဂ္ဂိုလ်ကိုမဆို ကိုးကွယ်မှု၊ ဆည်းကပ်မှု ပြုရမလား? မပြုရဘူး။ ပြုခဲ့ရင် ဘာဖြစ်မလဲ? ဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားပါတယ်။ ရတနာသုံးပါးရဲ့ အပြင်ဘက်ထဲမှာ အခုကာလ ခေတ်စားနေတဲ့ အထက်ဆရာကြီးတွေလည်း မပါဘူးလား? ပါကြပါတယ်။ ဘိုးတော်တို့၊ ဘိုးမင်းခေါင်တို့၊ မယ်တော်ကြီးတို့၊ မနှဲလေးတို့၊ မင်းကြီးတို့၊ မင်းကလေးတို့ စသည်ဖြင့် အဲဒီပုဂ္ဂိုလ်တွေဟာ ရတနာသုံးပါးထဲမှာ ပါသလား? မပါဘူး။ ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီပုဂ္ဂိုလ်တွေကို ကိုးကွယ်အားထားရာအဖြစ်နဲ့ ယုံကြည်သိမှတ်ပြီးတော့ သွားပြီး ရှိခိုးဝတ်ပြုလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဘာဖြစ်သလဲ? မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။

ဒီလိုဆိုလို့ရှိရင် ရွှေတိဂုံဘုရား ရောက်ပြီ။ ဘိုးဘိုးကြီးရှေ့သွားပြီး ရှိခိုးပြီ။ ကျောက်တုံးလေး မတဲ့ပုဂ္ဂိုလ်တွေ သရဏဂုံ ပျက်သလား၊ မပျက်ဘူးလား? ပရိသတ်တွေ မ,ဘူးကြလား? မ,ဘူးကြတယ်။ အေး ဟန်ကျပြီ ဟန်ကျပြီ။ ဆူးလေဘုရားရောက်ရင်ရော ဘိုးဘိုးကြီးထံ သွားပြီးတော့ ကျောက်တုံး မ,မကြဘူးလား? မ,ကြပါတယ်နော်။ သရဏဂုံ ပျက်သလား၊ မပျက်ဘူးလား? ပျက်နေတယ်။ အဲဒီ ဆူးလေဘိုးဘိုးကြီး ဘယ်သူများ မြင်ဖူးလဲ? ဘုန်းကြီးတို့ရဲ့ ကျေးဇူးရှင် ကမ်းနီဆရာတော်ဘုရားကြီးကတော့ အမိန့်ရှိဖူးပါတယ်။ မသိတဲ့လူတွေက ပြောရင် နားမလည်တဲ့လူတွေက ယုံကြည်ကြတယ်တဲ့။ ဟုတ်သလား၊ မဟုတ်ဘူးလား? (မှန်ပါဘုရား) အဲဒီ ဆူးလေဘိုးဘိုးကြီးတို့၊ ရွှေတိဂုံဘိုးဘိုးကြီးတို့ ရှိတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေက သူတို့ကိုယ်တိုင် သေချာသိလို့ ပြောတာလား? ယုံတဲ့လူတွေကရော နားလည်လို့ ယုံလား၊ နားမလည်လို့ ယုံသလား? အဲဒါ မသိတဲ့လူက ပြောတာ နားမလည်တဲ့ လူတွေက ယုံကြတာပဲ။ တော်တော်တော့ ခက်တယ်။

အဲဒီတော့ ဒီနေရာမှာ သရဏဂုံ ခိုင်မြဲရမယ်။ သရဏဂုံ ခိုင်မြဲပြီးတော့ သရဏဂုံ ပျက်စီးခြင်းရဲ့ နောက်ထပ် အကြောင်းတစ်ခု ရှိနေသေးတယ်။ သရဏဂုံ တည်နေတဲ့ပုဂ္ဂိုလ်ကို ဥပသကာ လို့ ခေါ်တယ်။ အမျိုးသမီး ဖြစ်ခဲ့ရင် ဥပါသိကာမ လို့ ခေါ်တယ်။ အမျိုးသားဖြစ်ခဲ့ရင် ဥပသကာ လို့ ခေါ်တယ်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုလိုပါတယ်။ ဥပသကာတွေ လိုက်နာပြုကျင့်ရမယ့် ကျင့်ဝတ်ပဋိပတ်တွေကို ဘုရားရှင်က ဟောထားပါတယ်။ အဲဒီ ကျင့်ဝတ်ပဋိပတ်တွေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်ကတော့ ငါးပါးသီလ ဖြစ်ပါတယ်။ အကယ်၍ ငါးပါးသီလကို တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ ငါးပါးလုံးသော်လည်းကောင်းပေါ့နော် - ချိုးဖောက်ခဲ့မယ်၊ ပျက်စီးခဲ့မယ်ဆိုရင် ဒီဥပသကာ ကျင့်ဝတ် ပျက်စီးသွားတဲ့အတွက် ထိုပုဂ္ဂိုလ်ကို ဥပသကာလို့ ခေါ်သေးလား? မခေါ်ဘူး။ ဥပသကာ မဟုတ်တော့ဘူး ဆိုလို့ရှိရင် သရဏဂုံလည်း ပျက်မသွားဘူးလား? ပျက်သွားတယ်။ ဒီတော့ သရဏဂုံ မပျက်စီးချင်တဲ့ ပုဂ္ဂိုလ်သည် ငါးပါးသီလခေါ်တဲ့ ကျင့်ဝတ်ပဋိပတ်ကို မြဲအောင် ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် အဋ္ဌကထာဆရာတော်က -

ယတော ယေ ကုလပုတ္တာ သရဏဂမနေန သိက္ခာပဒပဋိဂ္ဂဟဏေန ဥပေါသထင်္ဂသမာဒါနေန စတုပါရိသုဒ္ဓိသီလာဒီဟိ စ အတ္တနော ဂုဏေဟိ ဘဂဝန္တံ ပူဇေန္တိ,

သူက ဒီလို ဖွင့်ထားတယ်။ ဘာပြောလဲ? လောကမှာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ရှိကြတယ်။ အဲဒီ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေဟာ သရဏဂုံတွေကို ကောင်းစွာ ဆောက်တည်ကြတယ်။ သိက္ခာပုဒ်တွေကို ကောင်းစွာ ခံယူဆောက်တည်ပြီးတော့ ကျင့်ကြတယ်။ ဥပုသ်တွေကို ကျင့်သုံးကြတယ်။ ဥပုသ်အင်္ဂါရပ်တွေ၊ သီလတွေကို ဆောက်တည်ပြီးတော့ ကောင်းစွာ ဥပုသ်စောင့်သုံးကြတယ်။ စတုပါရိသုဒ္ဓိသီလ လို့ ခေါ်ဆိုအပ်တဲ့ သီလကြီးလေးပါးကို ဖြူစင်အောင် ဖြည့်ကျင့်ကြတယ်။ စတုပါရိသုဒ္ဓိသီလ နားလည်ကြလိမ့်မယ် ထင်တယ်။ သီလကြီးလေးပါး။ လူတွေအတွက် ပြောရင်တော့ -

နံပါတ် (၁) ပါတိမောက္ခသံဝရသီလ ဆိုတာကတော့ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလတွေပဲနော်။ ရဟန်းတော်များအတွက်တော့ ရဟန်းတော်တို့ဆိုင်ရာ ဝိနည်းသိက္ခာပုဒ် သီလတွေပဲ။ ပါတိမောက္ခသံဝရသီလလို့ ခေါ်ပါတယ်။

နံပါတ် (၂) သီလကတော့ - ဣန္ဒြိယသံဝရသီလ၊ မျက်စိ နား နှာ လျှာ ကိုယ် နှလုံး လို့ ခေါ်ဆိုအပ်တဲ့ ဒွါရခြောက်ပါးမှ ကိလေသာတွေ မဝင်အောင် ပိတ်ဆို့တဲ့ သီလပဲ။ ဘာနဲ့ ပိတ်ဆို့မလဲ? မိမိတို့ရဲ့ စိတ်ကို မိမိတို့က သမထနယ်ထဲမှာ ရှိနေသေးရင် သမထကမ္မဋ္ဌာန်း အာရုံထဲမှာ သွတ်သွင်းထားရမယ်။ ဝိပဿနာနယ်ထဲ ရောက်နေပြီ ဆိုလို့ရှိရင်လည်း ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိတို့ရဲ့ စိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ ဥပမာလေးတစ်ခုနဲ့ ဘုရားဟောထားပါတယ်နော်။

တစ်ချိန်မှာ ... ဂင်္ဂါမြစ်ကမ်းမှာ လိပ်တစ်ကောင်ကလည်း ကျက်စားတယ်။ မြေခွေးတစ်ကောင်ကလည်း ကျက်စားတယ်။ ကျက်စားလိုက်တဲ့ အချိန်အခါကျတော့ လိပ်ကလည်း ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်လိုက်တော့ မြေခွေးကို မြင်တယ်။ မြေခွေးကလည်း ခပ်လှမ်းလှမ်းက လှမ်းကြည့်လိုက်တဲ့အခါ လိပ်ကို မြင်တယ်။ မြင်လိုက်တဲ့ အချိန်အခါမှာ လိပ်က ဘယ်လို စဉ်းစားလဲ? မြေခွေးလည်း အနားလောက်ရောက်လာရော သူ့ရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ခေါင်းလို့ ခေါ်ဆိုအပ်တဲ့ အင်္ဂါငါးခုကို သူ့ရဲ့ လိပ်ခွံအတွင်းမှာ လုံခြုံစွာ ထည့်သွင်းပြီး ထားလိုက်တယ်။ ထားမယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ အဲဒီလို ကြံစည်စိတ်ကူးပြီး ထည့်သွင်းထားလိုက်ပြီ။ အဲဒီအခါမှာ မြေခွေးကလည်း သူက ဘယ်လို စဉ်းစားသလဲ?

ဒီလိပ်က ဒီအတိုင်းတော့ မနေဘူး၊ တစ်ချိန်တော့ သူက လက်သော်လည်းကောင်း၊ ခြေသော်လည်းကောင်း၊ ခေါင်းသော်လည်းကောင်း အင်္ဂါငါးခုထဲက တစ်ခုခုတော့ အပြင်ထွက်မှာပဲ။ ထွက်လာတဲ့ အချိန်အခါမှာ ထွက်လာတဲ့ အင်္ဂါရပ်ကို ငါ ကိုက်ခဲပြီး စားမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် အနားကနေ ထိုင်စောင့်နေတယ်။ အဲဒီလို စောင့်နေလိုက်တဲ့ အချိန်အခါမှာ မြေခွေးက အနားမှာ ထိုင်စောင့်နေပြီဆိုတာကို သိတဲ့အတွက် လိပ်ကလည်း သူ့ရဲ့ အင်္ဂါငါးခုကို သူ့ရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်းကနေ အပြင်မထွက်အောင် ကြိုးစားပြီးတော့ သွတ်သွင်းထားတယ်။

ချစ်သားရဟန်းတို့ ... အဲဒီ ဥပမာအတိုင်းပဲ သင်ချစ်သားတို့တတွေဟာလည်း မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိတို့ရဲ့ စိတ်ကလေးကို အမြဲတမ်း သွတ်သွင်းထားကြပါ။ သွတ်သွင်းထားရင် ဘာဖြစ်မလဲ? ခုနက လိပ်က မိမိရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်းမှာ မိမိရဲ့ အင်္ဂါငါးခုကို ထည့်သွင်းပြီးတော့ သွတ်သွင်းထားနိုင်တဲ့ စွမ်းအားရှိတဲ့အတွက် မြေခွေးရဲ့ ကိုက်ခဲခြင်းဆိုတဲ့ ဒဏ်ချက်တွေက လွတ်မြောက်မသွားဘူးလား? လွတ်မြောက်သွားတယ်။ မြေခွေးကလည်း ကြာတော့ မစောင့်နိုင်တော့၊ ငြီးငွေ့ပြီး ထွက်သွားရတယ်။

အေး အဲဒီပုံစံအတိုင်းပဲ - ချစ်သားတို့ ... ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာတွေဟာ သင်ချစ်သားတို့ကို သံသရာတစ်လျှောက်မှာ ကိုက်ခဲပြီး သတ်ဖြတ် စားသောက်နေတဲ့ မြေခွေးတွေပဲ။ ဟုတ်သလား၊ မဟုတ်ဘူးလား? စဉ်းစားကြည့် - ဘဝတစ်ခုမှာ ယောက်ျား၊ မိန်းမလို့ အသိမှားပြီ။ အသိမှားတဲ့ ဒီအဝိဇ္ဇာကို အခြေခံ၊ မောဟကို အခြေခံပြီးတော့ ကုသိုလ်ကံတွေကိုလည်း ထူထောင်ကြတယ်၊ အကုသိုလ်ကံတွေကိုလည်း ထူထောင်ကြတယ်။ အကုသိုလ်ကံတွေကို ထူထောင်ရင် အပါယ်မှာ သွားပြီး အိုရမယ်၊ နာရမယ်၊ သေရမယ်။ ကုသိုလ်ကံတွေကို ထူထောင်လိုက်တော့လည်း ကောင်းရာသုဂတိတွေမှာ သွားပြီးတော့ အိုရမယ်၊ နာရမယ်၊ သေရမယ်။ ဘယ်သူကနေ ဒီအို၊ နာ၊ သေရေး ဒုက္ခဘေးကြီးနဲ့ တွေ့အောင် ကိုက်ခဲလိုက်လို့ သေရသလဲလို့ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ ... အသိမှားမှု = အဝိဇ္ဇာ၊ မောဟ။ ထိုထိုဘဝတွေကို တွယ်တာတပ်မက်နေတဲ့ တဏှာလောဘ၊ ထိုထိုဒုစရိုက် လုပ်ငန်းတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာလောဘ၊ ထိုထိုကုသိုလ်တရားတွေအပေါ်မှာ တွယ်တာတပ်မက်မောပြီး ပြုစုပျိုးထောင်နေတဲ့ သင်္ခါရ။ ဒီကိလေသာတွေက အခြေခံ အကြောင်းရင်း ဖြစ်မနေဘူးလား? ဖြစ်နေပြီ။

ဒါကြောင့် ကိလေသာဆိုတဲ့ ဒီမြေခွေးတွေရဲ့ ကိုက်ခဲတဲ့ ဒဏ်ချက်က လွတ်ချင်တယ် ဆိုလို့ရှိရင်တော့ ဘာလုပ်ရသလဲ? မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိတို့ရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သိမ်ထဲကနေ ထွက်သွားပြီး၊ တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ကလေး ဖြဲပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောချင်ရာတွေပြောပြီး အောက်ဆင်းသွားလိုက်တယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိတို့ရဲ့ ဘာဝနာစိတ်ကို သွတ်သွင်းပြီး ဆင်းသွားတာ ဟုတ်သလား? မဟုတ်ဘူး။ အဲဒီအချိန်အခါမှာ မြေခွေး အကိုက်ခံရမလား၊ မခံရဘူးလား? ခံရလိမ့်မယ်။

ကဲ ဒီလိုဆိုလို့ရှိရင်တော့ အရှင်ဘုရား ... သိမ်ကနေ အောက်ဆင်းတာတောင်မှ မြေခွေး အကိုက်ခံရသေးတယ်ဆိုရင် တပည့်တော်တို့ အိမ်ပြန်ရင်ရော ဘယ့်နှယ့်နေမလဲလို့ မေးစရာ မရှိဘူးလား? အဲဒါ စဉ်းစားကြပေတော့။ မြေခွေး အကိုက်ခံချင်တယ် ဆိုလို့ရှိရင်တော့ ဘာလုပ်မလဲ? ပြန်ကြတော့ပေါ့နော်။ မြေခွေး အကိုက်မခံချင်ဘူး ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိတို့ရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီလို သွတ်သွင်းနိုင်ရင် ဣန္ဒြိယသံဝရသီလ လုံခြုံပြီလို့ ခေါ်ပါတယ်နော်။

ပစ္စယသန္နိဿိတသီလ ဆိုတာကတော့ ပစ္စည်းလေးပါးကို သုံးစွဲတဲ့ အချိန်ခါမှာ ပစ္စဝက္ခဏာ ဆင်ခြင်ပြီး သုံးစွဲတယ်။ အခု ဒကာကြီးတွေ၊ ဒကာမကြီးတွေ အမြဲတမ်းလိုလို ရွတ်ဖတ်နေတဲ့ “ဤသည့်စားဖွယ် အမယ်မယ်ကို” စတဲ့ ဒီလို ဆင်ခြင်ပုံလေးဟာ ပစ္စည်းလေးပါးကို သုံးစွဲတဲ့ နေရာမှာ ဆင်ခြင်ပြီးတော့ သုံးစွဲတယ်လို့ ခေါ်ပါတယ်။ ပါးစပ်ကတော့ ရွတ်ပါရဲ့၊ မျက်လုံးက ဟိုကြည့်ဒီကြည့်ဆိုရင်တော့ ဟန်ကျပါ့မလား? အဲဒါတော့ နည်းနည်း စဉ်းစားကြနော်။ တကယ့် ပစ္စယသန္နိဿိတသီလ ဖြစ်အောင်တော့ ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ နောက်တစ်ခုက ဘာလဲ?

အာဇီဝပါရိသုဒ္ဓိသီလ၊ အသက်မွေးဝမ်းကြောင်း စင်ကြယ်ရမယ်။ ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးကို အကြောင်းပြုပြီးတော့ ရရှိတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ အသက်မွေးရမလား၊ မမွေးရဘူးလား? မမွေးရဘူး။ ဒါ လူသားတွေနော်။ လူဒကာတွေ၊ ဗုဒ္ဓဘာသာဝင် လူတွေအတွက် ပြောတာပါ။ ရဟန်းတော်များအတွက်တော့ ရဟန်းတော်နဲ့ဆိုင်တဲ့ အာဇီဝပါရိသုဒ္ဓိသီလတွေ သီးသန့် ရှိပါတယ်။ နောက်တစ်ခု - ကုန်သွယ်မှု ၅-မျိုးတဲ့။ လက်နက်ကုန်သွယ်ခြင်း၊ လူကို ကုန်သွယ်ခြင်း၊ အဆိပ်ကုန်သွယ်ခြင်း၊ မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း၊ အသားတွေ တိုးပွားအောင် ပြုလုပ်ပြီးတော့ မွေးမြူရေးလုပ်ပြီးတော့ ကုန်သွယ်ခြင်း။ (သတ္ထဝဏိဇ္ဇာ၊ သတ္တဝဏိဇ္ဇာ၊ ဝိသဝဏိဇ္ဇာ၊ မဇ္ဇဝဏိဇ္ဇာ၊ မံသဝဏိဇ္ဇာ)။ ကုန်သွယ်မှု ဘယ်နှစ်မျိုးလဲ? ၅-မျိုး။

အဲဒီ ကုန်သွယ်မှု ၅-မျိုးဖြင့် ရရှိတဲ့ ပစ္စည်းကို သုံးစွဲခဲ့ရင် ဒါ မိစ္ဆာအာဇီဝပဲ။ သမ္မာအာဇီဝ မဖြစ်ဘူး။ ကုန်သွယ်မှု ၅-မျိုးကို ရှောင်ရှားပြီးတော့ တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ ပစ္စည်းဝတ္ထုဖြင့် အသက်မွေးမယ် ဆိုရင်တော့ ဒါ သမ္မာအာဇီဝပဲ။ အာဇီဝပါရိသုဒ္ဓိသီလနဲ့ ပြည့်စုံတယ်လို့ ခေါ်ပါတယ်နော်။ ဒါက လူပိုင်းဆိုင်ရာပဲ။ အဲဒီတော့ ဒီသီလတွေကို ဆောက်တည်ပြီးတော့ ဘာလုပ်မလဲ? အဲဒီ မိမိ ဖြည့်ကျင့်ထားတဲ့၊ ဆောက်တည်ထားတဲ့၊ သရဏဂုံ၊ သီလ၊ ဥပုသ်၊ စတုပါရိသုဒ္ဓိသီလ။ မိမိ ကျင့်သုံးနေတဲ့ သမထဘာဝနာ၊ ဝိပဿနာဘာဝနာ။ အဲဒီ သီလ၊ သမာဓိ၊ ပညာခေါ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို တကယ်လက်တွေ့ ဖြည့်ကျင့်ပြီးတော့ ဒီကျင့်ဝတ်ပဋိပတ်ဖြင့် ငါဘုရားကို ပူဇော်မယ်ဆိုပြီး ပူဇော်ခဲ့ရင်တဲ့နော်။ အဲဒီလို ပူဇော်တဲ့ ပူဇော်မှုရဲ့ အကျိုးတရားကို -

ကော တေသံ ပူဇာယ ဖလံ ဝဏ္ဏယိဿတိ။

ကော၊ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ တေသံ၊ ထိုကောင်းမှုကုသိုလ်တို့၏ (သို့မဟုတ်) ထိုသတ္တဝါတို့၏၊ ပူဇာယ၊ ဓမ္မပူဇာ၏ ဖလံ၊ အကျိုးတရားကို။ ဝဏ္ဏယိဿတိ၊ ဖွင့်ဆိုနိုင်ပါလတ္တံ့နည်း။

ဒီလို သီလတွေ တကယ်လက်တွေ့ ဖြည့်ကျင့်ပြီးတော့၊ ဥပုသ်သီတင်းတွေ တကယ်ကျင့်သုံးပြီးတော့၊ သီလကြီးလေးပါးကို တကယ် စင်ကြယ်အောင် ဖြည့်ကျင့်ပြီးတော့ သမထဘာဝနာတွေ ပွားများအားထုတ်တယ်။ ဝိပဿနာဘာဝနာတွေ ပွားများအားထုတ်တယ်။ ပွားများအားထုတ်ခြင်းဖြင့် ဒီဓမ္မပူဇာခေါ်တဲ့ တရားဖြင့် ဘုရားရှင်ကို သေသေချာချာ ပူဇော်ပါ။ အဲဒီလို ပူဇော်ခဲ့မယ်ဆိုရင် ထိုပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ထိုပူဇော်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေရဲ့ အကျိုးတရားကို ဘယ်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် ဘယ်လောက် များပြားပါတယ် ဆိုတာကို ဖွင့်ဆိုလို့ ရနိုင်ပါ့မလဲ? ဘယ်လိုမှ ပြောပြလို့ မရနိုင်ဘူး။ ဘာကြောင့်လဲ? နည်းနည်းလေး စဉ်းစားကြည့်ကြနော် -

အခု ဒီမှာ ကြည့်ပေါ့ - သမာဓိ တကယ်လက်တွေ့ ထူထောင်တယ် ဆိုကြပါစို့နော်။ လက်တွေ့ ထူထောင်နေတဲ့ပုဂ္ဂိုလ်က အကယ်၍များ သမာဓိစခန်း အောင်မြင်သွားရင် တစ်နာရီ ဈာန်ဝင်စားရင်၊ တစ်နာရီ ဆက်တိုက် ဒီဈာန်စိတ်တွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ကုသိုလ်တရားတွေ တစ်နာရီလောက် ဆက်တိုက်ဖြစ်တယ် ဆိုလို့ရှိရင် အဲဒီ ကုသိုလ်တွေဟာ နည်းတဲ့ ကုသိုလ်လား? မနည်းပါဘူး။ နှစ်နာရီ ဝင်စားနိုင်ရင် နှစ်နာရီ ဆက်တိုက် ဒီကုသိုလ်တရားတွေ ဖြစ်တယ်။ အရှိန်အဝါ သိပ်ပြီး စွမ်းအင် မကောင်းဘူးလား? သိပ်ကောင်းတယ်။ သုံးနာရီ ဝင်စားနိုင်ရင် သုံးနာရီ ဆက်တိုက်ဖြစ်တယ်။ ဒါက ဈာန်ပိုင်း။

ဝိပဿနာပိုင်း ကြည့်လိုက်မယ် ဆိုလို့ရှိရင် တစ်နာရီ ဝိပဿနာထိုင်ပြီး ရှုနေတယ်။ ဝိပဿနာဉာဏ်တွေက တစ်နာရီလောက် ဆက်တိုက်ဖြစ်နေရင် ဒီဝိပဿနာဉာဏ်တွေ ကုသိုလ် ဘယ်လောက်များမလဲ ကြည့်စမ်း! အဲဒီ ကုသိုလ်အားလုံးက တဒင်္ဂအားဖြင့် ကိလေသာကို ပယ်စွန့်နိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ မိမိက နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းပြီးတော့ ဒီဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသည့်အတွက် ဒီဘာဝနာကမ္မဋ္ဌာန်းတွေက နိဗ္ဗာန်သို့ တစ်စတစ်စ နီးကပ်သထက် နီးကပ်အောင် ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိနေတယ်။ ဒီသမထဘာဝနာ၊ ဝိပဿနာဘာဝနာတွေ ပွားလို့ ဘာအကျိုးများ ရှိမလဲလို့ ထပ်ပြီးတော့ မေးစရာတော့ ရှိတယ်နော်။

အကယ်၍များပေါ့လေ - နိဗ္ဗာန်ကို ဒါဆိုပြီး ဒီသမထ ဝိပဿနာ ဘာဝနာတွေကို မိမိက ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို့ အကြောင်းမလှလို့ နိဗ္ဗာန် မရသေးဘူးဆိုရင် သေသည့်တိုင်အောင် ဒီဈာန်တွေက မလျောကျခဲ့ရင် မိမိ ပွားများထားတဲ့ ဈာန်အားလျော်စွာ ဗြဟ္မာပြည်တော့ ရောက်နိုင်ပါတယ်နော်။ ဗြဟ္မ့ချမ်းသာနဲ့ လူ့ချမ်းသာ တိုင်းတာကြည့်ပါနော်။ နမူနာအားဖြင့် ဆိုကြပါစို့။ ဘုန်းကြီး ခဏခဏ ဟောခဲ့ဖူးပါတယ်။ နည်းနည်း နီးစပ်တဲ့ ဥပမာလေး တစ်ခုကတော့ -

ဃဋိကာရ အိုးထိန်းသည်ကြီး ဆိုကြစို့နော် ... ကဿပဘုရားရှင် လက်ထက်တော်စဉ်အခါက ကဿပဘုရားကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခဲ့တဲ့ ကဿပဘုရားရှင်ရဲ့ အလုပ်အကျွေးနေရာမှာ အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ ဥပသကာရာထူးကို ရရှိတဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကတော့ အိုးဖုတ်တဲ့ လုပ်ငန်းခွင်ဖြင့် အသက်မွေးခဲ့တယ်။ မျက်မမြင် မိဘနှစ်ပါးကိုလည်း ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့တယ်။ သမထပိုင်း၊ ဝိပဿနာပိုင်း ကြည့်လိုက်လို့ရှိရင် အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် သူတော်ကောင်းတရားတွေကို ပွားများအားထုတ်ထားပြီးတဲ့ သူတော်ကောင်းကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ဒီကံတွေကို ထူထောင်လိုက်တဲ့အတွက် ဒီသူတော်ကောင်းကြီး ကွယ်လွန်သွားတဲ့ အချိန်အခါမှာ အကနိဋ္ဌာဗြဟ္မာပြည်ရောက်တယ်။

ဒါပေမဲ့လို့ ဃဋိကာရ အိုးထိန်းသည်ဘဝမှာ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ဖြစ်တဲ့ ဇောတိပါလလုလင်နဲ့ မိတ်ဆွေ ဖြစ်ခဲ့ပါတယ်။ ဇောတိပါလလုလင် ပုဏ္ဏားအမျိုးဇာတ် ဖြစ်တယ်။ အမျိုး မြင့်မြတ်တယ်။ အမျိုး မြင့်မြတ်နေတဲ့ ပုဏ္ဏားဇာတ်ဖြစ်တဲ့ ဇောတိပါလလုလင်ကို ကဿပမြတ်စွာဘုရားထံကို သူက အကြိမ်ကြိမ် ခေါ်ခဲ့ပါတယ်။ ဇောတိပါလလုလင်ကလည်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဆံပင်ကို ဆွဲပြီးတော့ အတင်းဆွဲခေါ်သွားတဲ့အတွက် ပါသွားပြီ ဆိုကြပါစို့နော်။

ပါသွားလိုက်တဲ့ အချိန်အခါမှာ ကဿပဘုရားရှင်ထံ ရောက်တော့ ဇောတိပါလလုလင်လည်း ကဿပဘုရားရှင်ရဲ့ တရားတွေကို နာကြားခွင့် ရရှိတဲ့အတွက် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုသွားပါတယ်။ ဒီတော့ ဃဋိကာရအိုးထိန်းသည် အပိုင်းကတော့ မျက်မမြင် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေရတဲ့အတွက် ကဿပဘုရားရှင်ကိုလည်း အခါအခွင့် သင့်သလို ပြုစုလုပ်ကျွေးနေရတဲ့အတွက် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုခွင့်တော့ မရနိုင်ဘူး။ ဒါပေမဲ့လည်း သူက အဲဒီ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့်တိုင်အောင် သမထ၊ ဝိပဿနာ ဘာဝနာတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တဲ့အတွက် အကနိဋ္ဌာဗြဟ္မာပြည်ရောက်တော့ အကနိဋ္ဌာဗြဟ္မာပြည်ကနေပြီးတော့ ငါ့မိတ်ဆွေ ဇောတိပါလလုလင် ဘယ်တော့အခါမှာ ဘုရားဖြစ်မလဲ? ဘယ်တော့အခါမှာ တောထွက်မလဲဆိုတာ အမြဲတမ်း စောင့်ကြည့်နေခဲ့တယ်။ ဘာဖြစ်လို့လဲ?

ကဿပဘုရားရှင်လက်ထက်မှာ ကဿပဘုရား ဟောကြားတဲ့ တရားတွေထဲမှာ ဇောတိပါလလုလင်သည် ဂေါတမအမည်ရှိသော ဘုရားဖြစ်လိမ့်မယ်ဆိုတဲ့ ဒီစကားတွေ ပါနေပါတယ်နော်။ ဘုရားအလောင်းတော်ဆိုတာ အတိအကျလည်း သိခဲ့ရတယ်။ ဘုရားအလောင်းတော်တို့ ကျင့်သင့်ကျင့်ထိုက်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကိုလည်း သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတဲ့ အချိန်အခါမှာ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်က ကျင့်ပါတယ်။ ဘယ်လို ကျင့်သလဲလို့မေးလို့ရှိရင် ဉာဏ်တည်းဟူသော ဦးချိုကို တခြားတခြား သတ္တဝါတွေလို ဘယ်တော့မှ ချမထားဘူး။ ဉာဏ်တည်းဟူသော ဦးချိုကို ထက်မြက်အောင် သွေးတယ်။ ဘယ်လိုသွေးလဲ?

ခုနက ပြောခဲ့တဲ့ စတုပါရိသုဒ္ဓိသီလလို့ ခေါ်တဲ့ သီလကြီးလေးပါးကို စင်ကြယ်အောင် ဖြည့်ကျင့်တယ်။ ဓုတင် ၁၃-ပါးကို ဆောင်တယ်။ အရိညကေဓုတင်ခေါ်တဲ့ တောမှာသာနေတယ်။ ပိဋကတ်သုံးပုံ၊ နှစ်ပုံ ရအောင် ဆောင်တယ်။ ဆွမ်းခံသွားတဲ့ အချိန်အခါမှာ ကမ္မဋ္ဌာန်းဖြင့် သွားခြင်း၊ ဆွမ်းခံရွာမှ ပြန်လာတဲ့ အချိန်အခါမှာ ကမ္မဋ္ဌာန်းဖြင့် ပြန်ခြင်းဆိုပြီး ကတပစ္စာကတဝတ်တွေလည်း ဖြည့်ကျင့်တယ်။ အဲဒီလို ဖြည့်ကျင့်ပြီးတဲ့အခါ လောကီပိုင်း ကြည့်လိုက်ရင် လောကီဈာန် သမာပတ် ၈-ပါးနှင့်တကွ လောကီအဘိညာဉ်တွေကို ရရှိတယ်။ ဝိပဿနာပိုင်း ကြည့်လိုက်တော့ ဟိုး အထွတ်အထိပ်ဖြစ်တဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တယ်။ နည်းတဲ့ ပါရမီစွမ်းအားလို့ ခေါ်နိုင်မလား? မခေါ်နိုင်ဘူး။ ပိဋကတ်သုံးပုံကို သူက နှုတ်ငုံဆောင်ခဲ့တယ်။ ဒီလို ဘဝမျိုးကို သူက ၉-ကြိမ်တိုင်တိုင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ရရှိခဲ့ပါတယ်။ ဒီတော့ ဃဋိကာရအိုးထိန်းသည်ကလည်း ဒီအကြောင်းတွေကို သိထားတော့ ငါ့မိတ်ဆွေ ဘယ်တော့များ တောထွက်မလဲဆိုပြီး မိတ်ဆွေ အရင်းအချာ ဖြစ်နေတဲ့အတွက် တစ်ဦးနဲ့တစ်ဦး မပျက်သော မေတ္တာဓာတ်ဖြင့် အမြဲတမ်း စောင့်ကြည့်နေခဲ့ပါတယ်။

တစ်ချိန် ... ဦးပဉ္စင်းတို့ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်ပြီ ဆိုကြစို့။ အနောမာသောင်ကမ်းမှာ လာပြီးတော့ သင်္ကန်းလှူတယ်နော်။ သင်္ကန်းလှူတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်က ဆံကို ပယ်လိုက်တဲ့ အချိန်အခါမှာ ဆံကိုတော့ သိကြားမင်းကြီးက ယူဆောင်ပြီးတော့ စူဠာမဏိစေတီ ဆိုပြီးတော့ တာဝတိံသာနတ်ပြည်မှာ တည်ထားပါတယ်။ ဒီဃဋိကာရ အိုးထိန်းသည်ကတော့ ဘာလုပ်သလဲ? ဘုရားအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားက ဝတ်လဲတော်ရယ်၊ သင်္ကန်းကိုလည်း လဲလိုက်တယ်။ လဲပြီးတဲ့အခါ သူ့ရဲ့ ဝတ်စုံတော်၊ ဝတ်လဲတော်တွေကို “ငါသည် ဘုရားရှင် ဧကန်ဖြစ်မှာ မှန်ခဲ့ရင် ဒီဝတ်လဲတော်အစုံသည် မြေသို့ ပြန်မကျစေသတည်း” ဆိုပြီး ကောင်းကင်သို့ မြှောက်လိုက်တယ်။ အဲဒီလို မြှောက်လိုက်တဲ့ အချိန်အခါမှာ ဒီဝတ်လဲတော်အစုံဟာ မြေကို ပြန်မကျဘူး။

ဒကာကြီးတွေ၊ ဒကာမကြီးတွေ နည်းနည်း မြှောက်ကြည့်ဖို့တော့ မကောင်းဘူးလား? ဘုန်းကြီးကတော့ မြှောက်စေချင်ပါတယ်။ စိတ်ဓာတ်ကလေးတွေ ပြင်းထန်လာအောင်လို့ပါနော်။ စိတ်ဓာတ်ကလေးတွေကို နည်းနည်း မြှင့်တင်စေချင်ပါတယ်။ ခုဟာ သူ့ဟာ မမြှောက်တဲ့အပြင် သူက အိမ်ပြန်ဖို့ချည်းပဲ ဘုန်းကြီးကို လာလာလျှောက်နေတယ်။ တော်တော်တော့ ခက်တယ်။ တောတော့ ထွက်လာပါရဲ့၊ တောထဲကနေ အိမ်ပြန်ဖို့ပဲ လာလာ လျှောက်နေကြတယ်။ ကဲ ... အဲဒီ ပြောချင်တဲ့ အပိုင်းလေး ကဏ္ဍတစ်ခုကတော့ ဘာလဲဆိုတော့ -

ဒီဃဋိကာရအိုးထိန်းသည်ကြီးက ဒီဝတ်တော်အစုံကို ယူပြီးတော့ သူ့ရဲ့ အကနိဋ္ဌာဗြဟ္မပြည်မှာ ဒုဿစေတီ ဆိုပြီးတော့ စေတီကြီးတစ်ဆူ တည်ထားကိုးကွယ်ပါတယ်။ အဲဒီ စေတီဟာ အဝန်းအဝိုင်း တိုင်းလိုက်ရင် ၇-ယူဇနာ ရှိတယ်။ အဲ ၁၂-ယူဇနာနဲ့ တူတယ်နော်။ အဝန်းအဝိုင်းက ၁၂-ယူဇနာ၊ အမြင့်က ၁၂-ယူဇနာရှိတယ်။ ၁-ယူဇနာကို ၁၀-မိုင်နှုန်းနဲ့ပဲ တွက်ကြည့် - စေတီရဲ့ အဝန်းအဝိုင်းသည် မိုင် ၁၂၀-လောက် ရှည်မယ်။ အမြင့်ကလည်း မိုင် ၁၂၀-လောက် မြင့်မယ်။ အဲဒီ စေတီတော်ဟာ ဘာတွေနဲ့ တည်ဆောက်ထားသလဲလို့ ပြန်ကြည့်လိုက်တဲ့အခါမှာ ရတနာ ၇-ပါးနဲ့ တည်ဆောက်ထားတယ်။ လူ့ပြည်က အုတ်တို့၊ သဲတို့၊ ဓနိတို့ တစ်ခုမှ မပါဘူး။ ဒီလောက် ထုထည်များပြားနေတဲ့ ရတနာ ၇-ပါး အစုအပုံကြီးကို ရရှိအောင် သူက ဘယ်လိုကံတွေနဲ့ ထူထောင်ခဲ့သလဲ? ဒါကို ဘုန်းကြီးက ပြန်စဉ်းစားစေချင်လို့ပါနော်။

သမထ၊ ဝိပဿနာ ဘာဝနာဆိုတဲ့ ဒီကံတွေဖြင့် ဒီလို အကျိုးတရားတွေကို ရရှိအောင် သူက ထူထောင်ခဲ့တာ။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ တိုင်အောင် အကျိုးတရားတွေ ထူထောင်ခဲ့တာ။ ဒီနေ့ လူ့လောကမှာ လူသားတွေကို ဘုန်းကြီး နှိပ်ချပြီး ပြောနေတာ မဟုတ်ပါဘူး။ လူသားတစ်ဦးက ဒီနေ့ မိုင်ပေါင်း ၁၂၀-ပဲ အသာထားလိုက်စမ်းပါဦး။ ပေ ၁၂၀-လောက်ရှိနေတဲ့ ရွှေအိမ်ကြီးတစ်လုံး ဆောက်စမ်းပါဆိုရင် လူသားတစ်ဦးရဲ့ ဒီနေ့ မျက်မှောက်ခေတ် စွမ်းအင်နဲ့ ဆောက်ကြည့်ပါလား? ဆောက်လို့ ရနိုင်ပါ့မလား? လူသားတွေကို ဘုန်းကြီး နှိပ်ချပြောနေတာ မဟုတ်ဘူး။ မျက်မှောက်ခေတ် အခြေအနေက ဒီလောက်အထိ အကျိုးပေးနိုင်တဲ့ စွမ်းအားမျိုး မရှိဘူး။ ဒါက အင်မတန် ကြီးကျယ်တဲ့ ယောက်ျားတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားတာတောင်မှ ပေ ၁၂၀-လောက်ရှိတဲ့ ရွှေအိမ်ကြီးတစ်လုံး ဖြစ်ဖို့ဆိုတာ အင်မတန် ခက်ခဲတယ်နော်။ အဲဒီလို ယောက်ျားတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ မတည်ဆောက်ဘဲ ခုပြောခဲ့တဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာလို့ ခေါ်ဆိုအပ်တဲ့ သမထ ဝိပဿနာ စွမ်းအားတွေနဲ့ တည်ဆောက်လိုက်ရင် လွယ်လွယ်လေးနဲ့ မရနိုင်ဘူးလား? ရနိုင်တယ်။

ဒါကြောင့် အာမိသပူဇာခေါ်တဲ့ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို ဘုရားရှင်က သိပ်ပြီး မချီးမွမ်းပါဘူးနော်။ ဓမ္မပူဇာခေါ်တဲ့ ဘုရားကို တရားနဲ့ ပူဇော်ခြင်းကိုသာလျှင် ဘုရားရှင်က ပိုပြီးတော့ နှစ်ခြိုက်တယ်။ ဘာကြောင့်လဲ? တရားနဲ့ ပူဇော်ခြင်းသည် ပူဇော်နေတဲ့ ပုဂ္ဂိုလ်မှာ ရရှိမယ့် အကျိုးတရားဟာ ဘယ်လိုမှ ရေတွက်ပြမယ်ဆိုရင် ရေတွက်လို့ မရနိုင်ဘူးတဲ့။ ဒါကြောင့် တရားနဲ့ ဘုရားကို ပူဇော်ခြင်းသည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ဘုရားရှင်အား ပူဇော်နေသည် မည်တယ်။ အဲဒီအကြောင်းကို ဘုရားရှင်က ဘယ်မှာ ဟောသလဲဆိုတော့ -

ဦးပဉ္စင်းတို့ ပရိနိဗ္ဗာန် စံလွန်တော်မူမယ့်ည ဆိုကြစို့ ... ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူမယ့်ညမှာ ဘုရားရှင်သည် မာလာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်အတွင်းမှာ၊ ခုခေတ်စကားနဲ့ ပြောရင်တော့ ရာဘာပင်တွေ တန်းပြီး စိုက်ထားသလိုနော်။ အင်ကြင်းပင်တွေက အားလုံး တန်းပြီး စိုက်ထားကြတယ်။ အင်ကြင်းပင်တွေ အစုံအစုံ ဒီလို တန်းပြီး စိုက်ထားတဲ့အထဲမှာ အလယ်ခေါင် တစ်နေရာလောက်မှာ မာလာမင်းသားတို့ သူတို့လာတဲ့ အချိန်အခါမှာ ခေတ္တခဏ ခိုဖို့ တည်းဖို့ ထိုင်ဖို့ ကုတင်ညောင်စောင်းတွေ ချထားကြပါတယ်။ အဲဒီ ကုတင်ညောင်စောင်းတစ်ခုရဲ့ အထက်မှာ ဘုရားရှင်အတွက် အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကနေပြီးတော့ ဒုကုဋ်သင်္ကန်းကြီး ခင်းပေးပြီးတော့ နေရာပြင်ပေးတယ်။ ဘုရားရှင်လည်း အဲဒီ ကုတင်ညောင်စောင်း အထက်မှာပဲ မထသော အိပ်ခြင်းဖြင့် အိပ်စက်ဖို့ရန်အတွက် မထသော လျောင်းစက်ခြင်းဖြင့် လျောင်းစက်ဖို့ရန်အတွက် လျောင်းလိုက်ပါတယ်။

အဲဒီ အချိန်အခါမှာ ဘုရားရှင် ဒီည ပရိနိဗ္ဗာန်စံတော့မယ်ဆိုတာ နတ်တွေ၊ ဗြဟ္မာတွေ အားလုံး သိကြတယ်။ သိကြတဲ့အတွက်ကြောင့် ကောင်းကင်တစ်ခုလုံးမှာ နတ်တူရိယာသံတွေ၊ နတ်တီးမှုတ်သံတွေ၊ သံဝေဂဖွဲ့ ဂါထာတွေ၊ သီချင်းသံတွေဖြင့် ဆူညံနေတယ်။ တချို့တချို့ နတ်တွေက ပန်းတွေဖြင့် ကောင်းကင်ကနေ ကြဲဖြန့်ပြီး ပူဇော်ကြ။ တချို့တချို့ နတ်တွေက နံ့သာမှုန်တွေဖြင့် ကြဲဖြန့်ပြီးတော့ မြတ်စွာဘုရားကို ပူဇော်ကြတယ်။ အကြီးအကျယ် နောက်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်ကြတယ်။ အဲဒီလို ပူဇော်တဲ့ အချိန်အခါမှာ ဘုရားရှင်က အရှင်အာနန္ဒာကို ဘာပြောလဲ?

“အာနန္ဒာ ... ခုလို ငါဘုရားအား ပူဇော်နေခြင်းသည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ငါဘုရားကို ပူဇော်နေတယ်လို့ မခေါ်ပါဘူးကွယ်”။ ဘယ်လို ပူဇော်မှသာလျှင် ငါဘုရားကို အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်သည် မည်သလဲ? ဒီအပိုင်းလေးကို ဘုရားက ဟောထားတယ်နော် -

‘‘ယော ခေါ, အာနန္ဒ, ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ, သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ’’

အာနန္ဒ၊ အာနန္ဒာ။ ဘိက္ခု ဝါ၊ ရဟန်းယောက်ျားမူလည်းဖြစ်သော။ ဘိက္ခုနီ ဝါ၊ ရဟန်းမိန်းမမူလည်းဖြစ်သော။ ဥပါသကော ဝါ၊ လူ၊ ဥပါသကာ၊ ဒါယကာမူလည်းဖြစ်သော။ ဥပါသိကာ ဝါ၊ လူ၊ ဥပါသိကာမ၊ ဒါယိကာမမူလည်းဖြစ်သော။ ယောခေါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ဓမ္မာနုဓမ္မပဋိပတ္တိယာ၊ လောကုတ္တရာတရား ၉-ပါးလျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်သည်ဖြစ်ငြားအံ့။ သာမီစိပ္ပဋိပန္နော၊ လောကုတ္တရာတရား ၉-ပါးလျော်သည့် ကျင့်ဝတ်ပဋိပတ်ကို ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်ငြားအံ့။ အနုဓမ္မစာရီ၊ လောကုတ္တရာတရား ၉-ပါးလျော်သည့် ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်သည်ဖြစ်ငြားအံ့။ သော၊ ထိုကဲ့သို့ နေထိုင်တဲ့ ပုဂ္ဂိုလ်သည်။ တထာဂတံ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကရောတိ၊ အရိုအသေပြုသည်မည်၏၊ ဂရုံကရောတိ၊ လေးစားသည်မည်၏၊ မာနေတိ၊ မြတ်နိုးသည်မည်၏၊ ပူဇေတိ၊ ပူဇော်သည်မည်၏၊ ပရမာယ ပူဇာယ၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ အပစိယတိ၊ ပသ၍နေသည် မည်ပါပေ၏။

ချစ်သား အာနန္ဒာ ... ရဟန်းယောက်ျားပဲဖြစ်ဖြစ်၊ ရဟန်းမိန်းမပဲဖြစ်ဖြစ်၊ လူဥပါသကာ ဒါယကာပဲဖြစ်ဖြစ်၊ လူဥပါသိကာ ဒါယိကာမပဲဖြစ်ဖြစ် မည်သည့်ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်မဆို လောကုတ္တရာတရား ၉-ပါးလျော်ညီနေတဲ့ အရိယမဂ်ရဲ့ ရှေ့အဖို့မှာ ဖြည့်ကျင့်အပ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်စေအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို အစဉ်တစိုက်လိုက်ပြီးတော့ ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ပြီးတော့ ဒီသာသနာတော်မှာ နေထိုင်ခဲ့မယ်ဆိုရင် ထိုကဲ့သို့ ဖြည့်ကျင့်ပြီး နေထိုင်တဲ့ ပုဂ္ဂိုလ်ဟာ တထာဂတ အမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားကို အရိုအသေ ပြုနေသည်မည်တယ်၊ လေးစားနေသည်မည်တယ်၊ မြတ်နိုးနေသည်မည်တယ်၊ ပူဇော်နေသည်မည်တယ်၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ငါဘုရားကို ပသနေသည်မည်တယ်လို့ ဒီလို ဟောထားတယ်။

ဒီလိုဆိုရင် ဘုရားကို အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်ချင်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဘာလုပ်ရမလဲ? လောကုတ္တရာတရား ၉-ပါးလျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်တွေကို တကယ် ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ သမာဓိကျင့်စဉ်တွေကို တကယ် ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ပညာကျင့်စဉ်တွေကို တကယ် ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘယ်လို ကျင့်စဉ်လဲ? လောကုတ္တရာတရား ၉-ပါးလျော်ညီနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ် ဖြစ်တယ်။ လောကုတ္တရာတရား ၉-ပါးနဲ့ မလျော်ညီတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေ သွားကျင့်နေရင်တော့ ဘုရားကို အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်သည်လို့ ခေါ်မလား? မခေါ်ဘူး။ ဘာဖြစ်လို့လဲ? ခဏခဏ ဘုန်းကြီး ကြုံကြိုက်ရင်လည်း ပြောနေပါတယ်။

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါနအဋ္ဌကထာ၊ ၈၇။)

ဒုပ္ပဋိပန္နော၊ ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်။ သာသနံ ဘိန္ဒန္တော၊ ငါဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီးလျက်။ သတ္ထုဓမ္မသရီရေ၊ ငါဘုရားရှင်၏ တရား...
dif6legc8bdf4seio3feffewevkibq6 မင်္ဂလသုတ်-၁၉/၉၇ 0 6242 21877 2026-04-13T19:13:31Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၁၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၈..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21877 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၁၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၈/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၀/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၁၉

ဒီနေ့လည်း မင်္ဂလသုတ္တန်ပဲ ဆက်ပြီးနာကြားကြစို့။ ညက ဘယ်အပိုင်း ရောက်သွားလဲ?

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါနအဋ္ဌကထာ၊ ၈၇။)

ဒုပ္ပဋိပန္နော၊ ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်။ သာသနံ ဘိန္ဒန္တော၊ ငါဘုရားရှင်၏ သာသနာတော်မြတ်ကို ဖျက်ဆီးသည်မည်၏။

ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည် ငါဘုရားရှင်၏ သာသနာကို ဖျက်နေတဲ့သူပဲ။ ဒီတော့ ဒီစကားလေးကို လက်ခံနိုင်ရေးအတွက် သာသနာဆိုတာက ဘာလဲ? တရားနာပရိသတ်တွေ ဘယ်လို သဘောပေါက်ကြလဲ? ဘုရားရှင်၏ အဆုံးအမကို သာသနာလို့ ခေါ်တယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို အကျဉ်းချုံးလိုက်တော့ သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာဆိုပြီး ကျင့်စဉ် ၃-ရပ် ထွက်မလာဘူးလား? ထွက်လာတယ်နော်။ သီလတွေ ဖြူစင်စွာ ဖြည့်ကျင့်ဖို့ ဘုရားရှင် ဆိုဆုံးမခဲ့တယ်။ သမာဓိတွေကို ထူထောင်ဖို့ ဘုရားရှင် ဆိုဆုံးမတော်မူခဲ့တယ်။ ပညာတွေ စနစ်တကျ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ ဘုရားရှင် ဆိုဆုံးမတော်မူခဲ့တယ်။ ဒီအဆုံးအမတွေသည် ဘုရားရှင်ရဲ့ သာသနာတော်ဖြစ်ပါတယ်နော်။

အဲဒီတော့ သီလကျင့်စဉ်ကို ကျင့်ရမယ်လို့ ဘုရားရှင် ဟောရင် မကျင့်ရဘူးလို့ ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ရင်၊ ကျင့်ရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို ဖျက်ဆီးသည် မမည်ဘူးလား? မမည်တယ်။ မဂ္ဂင် ၈-ပါးထဲမှာ ဘုရားရှင်သည် ဒီသမ္မာသမာဓိကို ထည့်သွင်း ဟောသွားပါတယ်။ မဂ္ဂင် ၈-ပါးထဲမှာ ဘုရားရှင်သည် ဒီသမ္မာသမာဓိဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုလည်း ပထမဈာန်သမာဓိ၊ ဒုတိယဈာန်သမာဓိ၊ တတိယဈာန်သမာဓိ၊ စတုတ္ထဈာန်သမာဓိတွေကို သမ္မာသမာဓိခေါ်ဆိုကြောင်း ဘုရားရှင် ရှင်းလင်းတင်ပြထားပါတယ်။ သမာဓိထူထောင်ရမယ်ဆိုတာ ဘုရားရှင်၏ အဆုံးအမတစ်ခု ဖြစ်ပါတယ်နော်။ သမာဓိ မထူထောင်ရဘူး ဆိုလို့ရှိရင် သမာဓိ ထူထောင်ရမယ်ဆိုတဲ့ ဘုရားရှင်၏ အဆုံးအမကို ဖျက်ဆီးနေသည် မမည်ဘူးလား? မမည်တယ်။ သီလ၊ သမာဓိ နောက်တစ်ခုက ဘာလဲ? ပညာ။

ဘုရားရှင်သည် ပညာကျင့်စဉ်၊ ပညာသိက္ခာခေါ်တဲ့ ပညာကျင့်စဉ်တွေကိုလည်း စနစ်တကျ ဟောကြားပြသသွားတော်မူခဲ့ပါတယ်။ ဘာတွေကို ပညာခေါ်သလဲဆိုတော့ သမ္မာဒိဋ္ဌိနဲ့ ပညာ အတူတူပါပဲနော်။ ဘာကို သမ္မာဒိဋ္ဌိ ခေါ်သလဲ? ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓခေါ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ။ ဘယ်နှစ်မျိုးရှိလဲ? ၄-မျိုး။

ဒီတော့ ဒုက္ခသစ္စာက ဘာတွေကို ဒုက္ခသစ္စာခေါ်တယ်ဆိုတာ ဒီတရားထဲမှာ ဘုန်းကြီး ထပ်ကာထပ်ကာ ဘုန်းကြီးလည်း ပြောနေပါတယ်။ ဘာတွေလဲ ဒုက္ခသစ္စာ - သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ အကျဉ်းချုပ်အားဖြင့် ပြောရင် ဥပါဒါနက္ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ ဘာတွေဟာ ဥပါဒါနက္ခန္ဓာငါးပါးတွေလဲလို့ မေးတော့၊ သိပြီးပြီ။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဆိုပြီးတော့ ဥပါဒါနက္ခန္ဓာငါးပါး။ ဥပါဒါနက္ခန္ဓာ ဘယ်နှစ်ပါး ရှိသလဲ? ငါးပါး။ ခန္ဓာဆိုတာ အပေါင်းအစု။ ဘာတွေကို ပေါင်းစုထားတာလဲ? အတိတ်ခန္ဓာငါးပါး၊ ပစ္စုပ္ပန်ခန္ဓာငါးပါး၊ အနာဂတ်ခန္ဓာငါးပါး၊ အဇ္ဈတ္တခန္ဓာငါးပါး၊ ဗဟိဒ္ဓခန္ဓာငါးပါး၊ ဩဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိကခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါး။ အဲဒီ ခန္ဓာငါးပါးတို့ရဲ့ အပေါင်းအစုကို ဘာသစ္စာလို့ ခေါ်သလဲ? ဒုက္ခသစ္စာ။ ဒုက္ခသစ္စာ အမည်ရနေတဲ့ ဒီရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တွေကို သိနေတဲ့ ဉာဏ်ကို ဘာလို့ ခေါ်လဲ? သမ္မာဒိဋ္ဌိ။ အဲဒီ သမ္မာဒိဋ္ဌိသည် မဂ္ဂင် ၈-ပါး ကျင့်စဉ်ထဲမှာ ကျင့်စဉ်တစ်ခု အဖြစ်နဲ့ ပါသလား၊ မပါဘူးလားလို့မေးရင် ဒီနေ့ သူတော်ကောင်းတွေ ဘယ်လို အဖြေပေးကြမလဲ? ပါတယ်။

နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းတွေ ကျင့်ရမဲ့ ကျင့်စဉ်ထဲမှာ သမ္မာဒိဋ္ဌိဆိုတဲ့ ကျင့်စဉ် ပါသလား၊ မပါဘူးလားမေးရင် ဘယ်လိုဖြေမလဲ? ပါတယ်။ ဒီလိုဆိုရင် ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရှိရမလား၊ မရှိရဘူးလား မေးရင်ကော ဘယ်လိုဖြေမလဲ? ရှိရမယ်။ ရှိရမယ် ဆိုတာ လက်ခံနိုင်ရင် ဒီရုပ် ဒီနာမ်တွေ၊ နာမ်တရားတွေကို ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ခေါ်တဲ့ ခန္ဓာလေးပါးကို နာမ်ခန္ဓာလေးပါး၊ နာမ်တရားလို့ ခေါ်ပါတယ်။ ရုပ်က ရူပက္ခန္ဓာ၊ ပေါင်းလိုက်တော့ ရုပ်နာမ် နှစ်ပါး။ ဘုရားဟောထားတဲ့ ဒီခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးကို သာဝကများ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးပြောရင် ဘုရားရှင်ရဲ့ အဆုံးအမကို ဖျက်ဆီးသည် မမည်ဘူးလား? မမည်နေတယ်။ သိပ်စဉ်းစားဖို့ ကောင်းနေတယ်နော်။

နောက်တစ်ခု ဘုန်းကြီး ခဏခဏပြောတယ်။ အတိတ်ဘဝက ထူထောင်ခဲ့တဲ့ သမုဒယသစ္စာအမည်ရနေတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတွေကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာအမည်ရတဲ့ ခန္ဓာငါးပါး လာဖြစ်တယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာအမည်ရနေတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတွေကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာတရား ဥပါဒါန်ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်မယ်။ အဲဒီ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားကို ပဋိစ္စသမုပ္ပါဒ်ဒေသနာလို့ ခေါ်ပါတယ်နော်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံ ကွင်းဆက်ပဲ။ အဲဒီ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို မသိခဲ့ရင် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ဘူးလို့ ဘုရားက အတိအကျ ဟောထားတယ်။ မဟာနိဒါနသုတ္တန်မှာ အတိအကျ ဟောထားခဲ့ပါတယ်။

ဒီလို ဟောထားခဲ့တဲ့အတွက် အတိတ်ဘဝတစ်ခု သို့မဟုတ် အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံလို့ ခေါ်ဆိုအပ်တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာအမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်နေတာကို ယောဂါဝစရပုဂ္ဂိုလ်သည် သိအောင် ရှုရမလား၊ မရှုရဘူးလားမေးရင် ဘယ်လို ဖြေမလဲ? ရှုရမယ်။ ဒီလိုဆိုရင် အတိတ်ဘဝက ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံကို သိချင်တယ်ဆိုရင် အတိတ်ကို လှမ်းရှုရမလား၊ မရှုရဘူးလားမေးရင်ကော ဘယ်လိုဖြေမလဲ? ရှုရမယ်ဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာ ဟုတ်သလား၊ မဟုတ်ဘူးလား မေးရင်ကော ဘယ်လိုဖြေမလဲ? ဟုတ်တယ်။ ဒီလိုဆိုရင် အတိတ်ကို မရှုရဘူးဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကို ဖျက်ဆီးနေတယ်လို့ မပြောနိုင်ဘူးလား? ဘာဖြစ်လို့လဲ? ဘုရားရှင်က ရှုရမယ်ပြောတယ်။ တစ်ဖက်က မရှုရဘူးလို့ ပြောတယ်။ ရှုရမယ်ဆိုတဲ့ စကားကို မရှုရဘူးဆိုတဲ့ စကားက ဖျက်ဆီးနေတဲ့သဘော မဖြစ်ဘူးလား? ဖြစ်နေတယ်နော်။ ဒါကြောင့် ကျင့်စဉ်လွဲချော်ခြင်းသည် ဘာမှ မဖြစ်ဘူး မဟုတ်ဘူးနော်။ ကျင့်စဉ်လွဲချော်ခြင်းသည် ဘာဖြစ်သလဲ?

ဒုပ္ပဋိပန္နော၊ ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်။ သာသနံ ဘိန္ဒန္တော၊ ငါဘုရားရှင်၏ အဆုံးအမ သာသနာတော်မြတ်ကို ဖျက်ဆီးသည်မည်၏။

ဟော သာသနာ ဖျက်နေတဲ့ ပုဂ္ဂိုလ်တွေက ကဲ ယောဂီသူတော်ကောင်းတွေ သာသနာဖျက်တဲ့ ပုဂ္ဂိုလ်စာရင်းထဲမှာ မိမိတို့ ပါတာ ကောင်းသလား၊ မပါတာ ကောင်းသလား? မပါတာ ကောင်းရင်တော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို စနစ်တကျလေ့လာဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘုန်းကြီးအပြောနဲ့ အားလုံး ယုံရမယ်လို့ မဆိုလိုပါဘူး။ ဘုန်းကြီး ပြောတာသည် ဟုတ်သည်၊ မဟုတ်သည်၊ မှန်၏၊ မမှန်၏လည်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ၊ ယောဂီသူတော်ကောင်းတွေအနေနဲ့ ဝေဖန်သင့်ပါတယ်။ ဆန်းစစ်သင့်ပါတယ်။ ကဲ ဒီလောက်တွင် ရပ်သလားဆိုတော့ မကသေးဘူး။

ဒုပ္ပဋိပန္နော၊ ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်။ သာသနံ ဘိန္ဒန္တော၊ ငါဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်မြတ်ကို ဖျက်ဆီးလျက်။ သတ္ထုဓမ္မသရီရေ၊ ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ ဒေတိ နာမ၊ ပေး၍နေသည်မည်၏။

ဘုရားရှင်ရဲ့ သာသနာတော်ကို ဖျက်ဆီးနေရုံတွင်မကဘူး ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေတာ ကြည့်ပေါ့နော်။ ဘုရားရှင်က သီလကျင့်စဉ် ဖြည့်ကျင့်ရမယ်လို့ ဟောတယ်။ သီလကျင့်ဖို့ မလိုဘူးလို့ပြောရင် ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေသည် မမည်ဘူးလား? မမည်နေပြန်တယ်။ ဘုရားရှင်က သမာဓိ ထူထောင်ရမယ် ဆိုပြီးတော့ မဂ္ဂင် ၈-ပါး ကျင့်စဉ်တရားတွေမှာ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တစ်ခု ထည့်သွင်းဟောထားတယ်။ သမာဓိထူထောင်ဖို့ မလိုပါဘူး ဆိုလို့ရှိရင် သမာဓိ ထူထောင်ရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်ကို ပုတ်ခတ်စော်ကားနေသည် မမည်ဘူးလား? မမည်နေပြန်တယ်။ ဘုရားရှင်က ဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုဖို့ ညွှန်ကြားထားတယ်။ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး၊ ရှုဖို့လည်း မလိုဘူးလို့ပြောရင် ရှုရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကြီးကို ပုတ်ခတ်စော်ကားနေသည် မမည်ဘူးလား? မမည်နေပြန်တယ်။ ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေသည် မမည်ဘူးလား? မမည်နေပြန်တယ်။ ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေတယ်။ ဒါကြောင့် -

ဒုပ္ပဋိပန္နော၊ ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်။ သာသနံ ဘိန္ဒန္တော၊ ငါဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်မြတ်ကြီးကို ဖျက်ဆီးလျက်။ သတ္ထုဓမ္မသရီရေ၊ ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်၌။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ ဒေတိ နာမ၊ ပေး၍နေသည်မည်ပါပေ၏။

သတိထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတဲ့ အချက်ပဲနော်။ ဒါကြောင့် ဘုရားရှင်ကို တရားနဲ့ ပူဇော်တယ်ဆိုတာက မှန်ကန်တဲ့ တရားနဲ့ မှန်ကန်တဲ့ ကျင့်ဝတ်ပဋိပတ်နဲ့ ပူဇော်မှသာလျှင် အမြတ်ဆုံး ပူဇော်ခြင်းလို့ ခေါ်ပါတယ်။ လွဲချော်နေတဲ့ ကျင့်ဝတ်ပဋိပတ်တွေဖြင့် ပူဇော်ခဲ့မယ် ဆိုလို့ရှိရင်တော့ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်နိုင်ပါ့မလား? မခေါ်နိုင်ဘူး။ ဘာဖြစ်သွားမလဲ? သာသနာတော်ကို ဖျက်ဆီးနေတယ်။ ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေတယ်လို့ ဒီလိုပဲ ပြောရတော့မယ်နော်။ ဘယ်သူက ပြောတာလဲ? ဟို ဥဒါန်းအဋ္ဌကထာ ဗာဟိရသုတ္တန် အဋ္ဌကထာက ပြောတာပါ။ ဘုန်းကြီးက ပြောတာ ဟုတ်သလား? မဟုတ်ပါဘူးနော်။ ဘုန်းကြီးတို့ ဆိုတာကတော့ စာပေမှာ လာတဲ့အတိုင်း ဒကာကြီးတွေ၊ ဒကာမကြီးတွေကို အသိဉာဏ်ပေးဖို့ တာဝန်ရှိတဲ့ ဝတ္တရားအတိုင်း တာဝန်ပေးခြင်းသာ ဖြစ်ပါတယ်နော်။

ကဲ ဒီနေရာမှာ မေးစရာ ရှိတယ်။ ခုနက နတ်တွေ၊ ဗြဟ္မာတွေက နတ်ပန်းမိုးတွေ ရွာသွန်းပြီးတော့ နံ့သာမှုန့်တွေ ကြဲဖြန့်ပြီးတော့ နတ်တူရိယာတွေ တီးမှုတ်ပြီးတော့ အကြီးအကျယ် အစွမ်းကုန် နောက်ဆုံးပိတ် ပူဇော်ခြင်းဖြင့် ဘုရား ပရိနိဗ္ဗာန်စံမဲ့ညမှာ ပူဇော်နေပြီ။ ဒီလောက် ပူဇော်နေတဲ့ ပူဇော်ပွဲကြီးကို ဘုရားရှင်က ဘာပြောသလဲ? ငါဘုရားကို ဒါဟာ အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်နေသည် မမည်ဘူး။ တစ်နည်းအားဖြင့် ငါဘုရားကို ဒီလို ပြုလုပ်နေတာဟာ ငါဘုရားကို အရိုအသေပြုသည် မမည်ဘူး၊ လေးစားသည် မမည်ဘူး၊ မြတ်နိုးသည် မမည်ဘူး၊ ပူဇော်သည် မမည်ဘူး၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေသည် မမည်ပါဘူးလို့ ဒီလို ရှင်အာနန္ဒာကို ပြောနေတယ်။

တချို့တချို့ ဒေသနာတွေမှာပေါ့လေ - နှမ်းကျတ်ပန်းကဲ့သို့ ပန်းလေးတစ်ပွင့်ပေါ့။ ပန်းလေးတစ်ပွင့် လှူရတဲ့ အကျိုးတရားကို ဘုရားရှင်က ဟောခဲ့ပါတယ်။ ဘယ်လို ဟောသလဲလို့ မေးရင်တော့ - အလှူရှင်ပုဂ္ဂိုလ်တစ်ဦးက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို မိမိတို့ ဉာဏ်မှီသလောက် အာရုံယူပြီးတော့ ပွားများတယ်။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းလေး စီးဖြန်းတယ်ပေါ့နော်။ အဲဒီလို အာရုံယူပြီးတဲ့ အချိန်အခါကျတော့မှ အလွန် လှပတင့်တယ်နေတဲ့ ပန်းလေးတစ်ပွင့်ကို ဘုရားရှင်အား လှူဒါန်းပူဇော်တယ် ဆိုကြစို့နော်။ ညက ဟောခဲ့တဲ့ သုမနပန်းသည်တို့လိုပေါ့နော်။ ဘုရားရှင်မှာ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ၊ ၈၀-သော လက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာဆင်ထားတဲ့ ဘုရားရှင်ရဲ့ တင့်တယ်နေတဲ့ ရူပကာယဂုဏ်တော်ကို လှမ်းပြီး အာရုံယူလိုက်တယ်။ ဆင်ခြင်လိုက်တယ်။ ဆင်ခြင်ပြီးတဲ့ အခါကျတော့မှ သူက ပန်း ၈-ဆုပ် ကြဲဖြန့်ပြီးတော့ ပူဇော်တယ်။ အဲဒီလို ပုံစံလိုပေါ့ - တချို့တချို့ နေရာမှာလည်း ဘုရားရှင်က ဒီလို ဘုရားဂုဏ်တော်တွေကို အာရုံယူပြီးတော့ ပန်းလေးတစ်ပွင့် ပူဇော်ခဲ့မယ်ဆိုရင် ထိုဘုရားဂုဏ်ကို အာရုံယူပြီးတော့ ပူဇော်လိုက်တဲ့ ထိုပန်းတစ်ပွင့်ကြောင့် ဖြစ်ပေါ်လာရမဲ့ အကျိုးတရားတွေဟာ ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့ ပိုင်းခြားကြည့်မယ်ဆိုရင်တောင် ပိုင်းခြားလို့ မရနိုင်အောင် များပြားပါတယ်ဆိုပြီးတော့ ဒီလို ဟောထားခဲ့တယ်။

အဲဒီလို အကျိုးတရားတွေကို ချီးမွမ်းပြီး ဟောကြားထားတာ ဖြစ်ပါလျက် ဒီမဟာပရိနိဗ္ဗာန်နသုတ္တန်ကျမှ ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးဆဲဆဲ ညကျမှ ဘုရားရှင်ကို ပူဇော်နေတာကို ငါ ကြီးကျယ်တဲ့ ပူဇော်ပွဲကြီးကို ဘုရားရှင်က ဘာကြောင့် ငါဘုရားကို ရိုသေနေသည် မမည်ဘူး၊ လေးစားနေသည် မမည်ဘူး၊ မြတ်နိုးသည် မမည်ဘူး၊ ပူဇော်သည် မမည်ဘူး၊ လွန်မြတ်သော ပူဇော်ခြင်းဖြင့် ပသနေသည် မမည်ပါဘူး ဆိုပြီးတော့ ဒီလို ပယ်ရသလဲ မေးစရာ မရှိဘူးလား? ရှိတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာ ဆရာတော်က ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းလေး တော်တော်လေး ရှင်းလင်းတင်ပြထားတယ်။ ဘယ်လို ရှင်းလင်းတင်ပြထားလဲ?

ပရိသာနုဂ္ဂဟေန စေဝ သာသနဿ စ စိရဋ္ဌိတိကာမတာယ။

ပရိသာနုဂ္ဂဟေန စေဝ၊ ပရိသတ်ကို ချီးမြှောက်တော်မူလိုသည့် အတွက်ကြောင့်လည်းကောင်း။ သာသနဿ စိရဋ္ဌိတိကာမတာယ၊ သာသနာတော်မြတ်၏ အရှည်ခိုင်ခံ့တည်တံ့မှုကို လိုလားတောင့်တတော်မူသည်ရဲ့ အဖြစ်ကြောင့်လည်းကောင်း။ ဧဝံ ပဋိက္ခိပတိ၊ ဤသို့ ပယ်မြစ်တော်မူခဲ့ပါပေ၏။

ဘုရားရှင်ရဲ့ စိတ်တော်မှာ ထိုအချိန်အခါကပေါ့နော် - ပရိနိဗ္ဗာန် စံတော့မယ် ဆိုပြီးတော့ မထသော လျောင်းစက်ခြင်းဖြင့် သေရာညောင်စောင်း လျောင်းစက်နေတဲ့ ထိုညမှာ ဘုရားရှင်ရဲ့ စိတ်ထဲမှာ ဘယ်လိုကြောင့် ဒီလို ပယ်မြစ်နေရသလဲလို့ မေးရင်တော့ ပရိသတ်ကို ဘုရားရှင်က ချီးမြှောက်ချင်တယ်။ ဘာပရိသတ်လဲ? ရဟန်းယောက်ျားပရိသတ်၊ ရဟန်းမိန်းမပရိသတ်။ အထူးသဖြင့် ဒီပရိသတ်တွေကို ဘုရားရှင်က သိပ်ပြီးတော့ ချီးမြှောက်ချင်တယ်။ လူယောက်ျားပရိသတ်၊ လူမိန်းမပရိသတ်၊ ဥပါသကာယောက်ျားပရိသတ်၊ ဥပါသိကာမ ပရိသတ် ဒီပရိသတ်တွေက ဘုရားရှင်က ချီးမြှောက်ချင်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ နောက်အကြောင်းပြချက် တစ်ခုကတော့ သာသနာတော် အရှည်ခိုင်ခံ့တည်တံ့မှုကို ဘုရားရှင်က သိပ်လိုလားတောင့်တနေတယ်။ ဘုရားကလည်း ပရိနိဗ္ဗာန် စံသွားပြီနော်။ နောက်ထပ် ဘုရားရှင် ကိုယ်တော်တိုင် ဆက်လက်ကြိုးပမ်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိဦးမလား? မရှိတော့ဘူး။ ဒီညသည် နောက်ဆုံး ဖြစ်နေပြီ။ ဒီတော့ သာသနာတော် အရှည်တည်တံ့ခိုင်ခံ့ဖို့ရန်အတွက် လိုလားတောင့်တချက်တွေကို ထိုညမှာ ဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဖြစ်ပေါ်နေပါတယ်။ ဒီတော့ သာသနာတော် အရှည်တည်တံ့ခိုင်ခံ့ရေးနဲ့ ဒီလို ပယ်မြစ်ခြင်းနဲ့ ဘယ်လို ဆက်သွယ်နေလဲလို့ မေးစရာ ရှိပါတယ်နော်။ ဒီအချက်ကို အဋ္ဌကထာက ဆက်လက်ပြီး ရှင်းလင်းတင်ပြထားတယ်။

သစေ ဟိ ဘဂဝါ ဧဝံ န ပဋိက္ခိပေယျ၊ အနာဂတေ သီလဿ အာဂတဋ္ဌာနေ သီလံ န ပရိပူရေဿန္တိ၊

သစေ၊ အကယ်၍။ ဘဂဝါ၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်သည်။ ဧဝံ န ပဋိက္ခိပေယျ၊ ဤသို့ မတားမြစ်ခဲ့ငြားအံ့။ အနာဂတေ၊ နောင်အနာဂတ်ကာလ၌။ သီလဿ အာဂတဋ္ဌာနေ၊ သီလကျင့်စဉ် လာရာအရပ်၌။ သီလံ န ပရိပူရေဿန္တိ၊ သီလကျင့်စဉ်ကို ပြည့်စုံအောင် မဖြည့်ကျင့်ကြကုန်လတ္တံ့။

ဘုရားရှင်ရွှေဉာဏ်တော်နဲ့ လှမ်းပြီး ကြည့်တယ်။ ဒီလိုသာ ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး သို့မဟုတ် ပရိနိဗ္ဗာန်စံတဲ့အခါမှာ အကြီးအကျယ် ပူဇော်ပွဲကြီး ခုလို ကျင်းပလို့၊ ကျင်းပမယ်ဆိုလျှင်တော့ နောင်အနာဂတ်မှာ ဘုရားရှင်က မပယ်မြစ်ခဲ့ဘူးဆိုရင်တဲ့ နောင်အနာဂတ်ကာလမှာ သီလကို ဖြည့်ကျင့်ဖို့ရာအတွက် သီလဖြည့်ကျင့်ရမဲ့ လာရှိတဲ့ နေရာတွေမှာ သီလကို မဖြည့်ကျင့်ဘဲ ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်ဘဲ နေကြပေလိမ့်မယ်နော်။

သမာဓိဿ အာဂတဋ္ဌာနေ သမာဓိံ န ပရိပူရေဿန္တိ၊

သမာဓိဿ အာဂတဋ္ဌာနေ၊ သမာဓိ ဖြည့်ကျင့်ဖို့ရန် လာရှိတဲ့ နေရာဌာန၌။ သမာဓိံ န ပရိပူရေဿန္တိ၊ သမာဓိတရားကို မဖြည့်ကျင့်ကြပေကုန်လတ္တံ့။

သမာဓိ ဖြည့်ကျင့်ဖို့ရန် ဟောကြားထားတဲ့နေရာဌာနတွေ များစွာ ရှိခဲ့ပါတယ်နော်။ နည်းနည်းလေး နာကြည့်ပါလား? သုတ္တန်လေးတစ်ခု ဘုန်းကြီး ဟောပေးမယ်။ ဟို ... သစ္စသံယုတ်ပါဠိတော်မှာ လာတယ်။

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

လွယ်လွယ်လေးပဲ ဘုရားဟောထားတယ်။ ဘာပြောလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သမာဓိံ ဘာဝေထ၊ သမာဓိကို ပွားများကြပါကုန်လော့။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သမာဟိတော ဘိက္ခု၊ သမာဓိရှိတဲ့ ရဟန်းတော်သည်။ ယထာဘူတံ ပဇာနာတိ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။

ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြ။ သမာဓိရှိနေတဲ့ ရဟန်းတော်တစ်ပါးဟာ ကွဲကွဲပြားပြား ကျကျနန သိပါတယ်။ ဟုတ်တိုင်းမှန်စွာ သိတယ်။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဘယ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိသလဲ?

ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။

ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ ပဇာနာတိ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ ပဇာနာတိ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ ပဇာနာတိ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ ပဇာနာတိ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။

ဤကား ဒုက္ခအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိ ထူထောင်ပါဆိုပြီး ဒီလို ဟောထားတယ်နော်။ အဲဒီလို နေရာမျိုးကို -

သမာဓိဿ အာဂတဋ္ဌာနေ သမာဓိံ န ပရိပူရေဿန္တိ၊

သမာဓိဿ အာဂတဋ္ဌာနေ၊ သမာဓိ ဖြည့်ကျင့်ဖို့ရန် လာရှိတဲ့နေရာဌာန၌။ သမာဓိံ န ပရိပူရေဿန္တိ၊ သမာဓိတရားကို မဖြည့်ကျင့်ကြပေကုန်လတ္တံ့။

နောက်တစ်ခု အဲဒီ သစ္စာလေးပါးကို မသိရင် ဘာဖြစ်မလဲ? ခဏခဏတော့ ဟောဖူးပါတယ်။ ကူဋာဂါရသုတ္တန်ဆိုတဲ့ သုတ္တန်လေးတစ်ခု ရှိတယ်နော်။

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယော ဟိ ကောစိ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ဧဝံ၊ ဤသို့။ ဝဒေယျ၊ ပြောဆိုလာငြားအံ့။

ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဒီလို ပြောပြီ။ ဘယ်လိုပြောမလဲ?

အဟံ၊ ငါသည်။ ဒုက္ခအရိယသစ္စံ၊ ဒုက္ခအရိယသစ္စာတရားကို။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ ဉာဏ်ဖြင့် ထွင်းဖောက်မသိမြင်မူ၍။ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ ဉာဏ်ဖြင့် ထွင်းဖောက် မသိမြင်မူ၍။ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်မူ၍။ ဒုက္ခနိရောဓဂါမိနိပဋိပဒံ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားကို။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်မူ၍။ ဒုက္ခဿ၊ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏။ အန္တံ၊ အဆုံးအပိုင်းအခြားကို။ ကရိဿာမိ၊ ငါပြုပေအံ့။ ဣတိ၊ ဤသို့လျှင်။ ဝဒေယျ၊ ပြောဆိုလာငြားအံ့။ နေတံ ဌာနံ ဝိဇ္ဇတိ၊ ဤကဲ့သို့ ပြောဆိုလာသော ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့ ပြောဆိုလာသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းတရားမျိုးသည် မရှိသည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်က ချစ်သားကို လာပြောပြီ။ ငါသည် ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန် အရိယသစ္စာတရားကြီးကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ခမ်းအောင် ငါ ပြုမယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလိုများ လာပြောမယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်သည် ပြောပြသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း ဘယ်လိုမှ မရှိဘူး။

ဘာ ဥပမာလေးနဲ့ ဟောလဲဆိုတော့။ ဥပမာလေး ဒီမှာ ၂-ခု။ တစ်ခုကတော့ ကူဒါကာရခေါ်တဲ့ ပြာဿဒ်ဆောင်တစ်ခုကို မြတ်စွာဘုရားက ပုံစံထားပြီး ဟောထားတယ်။ တစ်ခုကတော့ ဖက်ရွက်နဲ့ ထုပ်ထားတဲ့ ရေ ဥပမာလေးနဲ့ ဟောထားပါတယ်နော်။ ဘယ်လိုလဲဆိုတော့ - ပြာဿဒ်ဆောင်ပေါက်တဲ့ အဆောက်အဦကြီးတစ်ခု ဆောက်ချင်ပြီနော်။ ထိုဆောက်ချင်တဲ့ပုဂ္ဂိုလ်က ထိုအိမ်ရဲ့ ပြာဿဒ်ဆောင်ပေါက်မဲ့ ထိုအိမ်ရဲ့ အောက်ပိုင်း အဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ တိုင်တွေလည်း မရှိဘူး၊ ထုပ်တွေလည်း မရှိဘူး၊ ယောက်ဝိုင်းတွေလည်း မရှိဘူး။ အဲဒီလို မရှိဘဲနဲ့ အောက်ပိုင်းရဲ့ အဆောက်အဦ လုံးလုံး မရှိဘဲနဲ့ အပေါ်ပိုင်း အဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ၊ မြားတွေ၊ အထွတ်တွေ ထပ်ပြီးတော့ အမိုး မိုးမယ် ဆိုလို့ရှိရင်တော့ အပေါ်ပိုင်း အဆောက်အဦကို ဆောက်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

ချစ်သားတို့ ... အဲဒီ ဥပမာအတိုင်းပဲ။ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ ပုဂ္ဂိုလ်တစ်ယောက်က သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ခမ်းအောင် ပြုမယ်လို့ လာပြောရင် ထိုပုဂ္ဂိုလ်ရဲ့ပြောပြချက်သည် ပြောပြသည့်အတိုင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါက ဥပမာလေးတစ်ခုနော်။ နောက် ဥပမာလေးတစ်ခုကတော့ -

ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်က လာပြောပြီ။ ငါသည် သျှစ်သျှားရွက်တို့လို၊ ဆီးဖြူရွက်တို့လို အရွက်သေးငယ်နေတဲ့ မန်ကျည်းရွက်တို့လိုပေါ့နော်။ အလွန် သေးငယ်နေတဲ့ အရွက်ကလေးတွေနဲ့ ဖက်ခွက်ပြုလုပ်ပြီးတော့ ရေတွေကို ငါသယ်ဆောင်မယ်လို့ လာပြီး ပြောခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်သည် ပြောပြသည့်အတိုင်း ဖြစ်နိုင်ပါ့မလားလို့ မေးကြည့်တယ်။ မဖြစ်နိုင်တဲ့အကြောင်း ရဟန်းတွေက ပြန်လျှောက်ထားတယ်။

ချစ်သားရဟန်းတို့ ... အဲဒီပုံစံအတိုင်းပဲ ပုဂ္ဂိုလ်တစ်ယောက်က ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာခေါ်တဲ့ ဒီသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် မသိဘဲ သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးကို ကုန်ခမ်းအောင် ငါ ပြုမယ်လို့ လာပြီး ပြောမယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်သည် ပြောပြသည့်အတိုင်း ဖြစ်နိုင်ဖို့ ဘယ်လိုမှ မရှိဘူး။ ဒီလို ဥပမာနှစ်ခုနဲ့ ဟောထားပါတယ်။ ပြောင်းပြန်လှန်ပြီးတော့လည်း ဘုရားရှင်က ဟောတယ်။

ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်က လာပြောပြီ။ ငါသည် ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးနောက်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးနောက်၊ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကြီးကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးနောက်၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးနောက် သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ခမ်းအောင် ငါ ပြုမယ်လို့ လာပြီး ပြောမယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်သည် ပြောပြသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း ရှိပါတယ်။

ဘာဥပမာပေးလဲ? ခုနက ပြာဿဒ်ဆောင်ပေါက်ထက် အိမ်ကြီးတစ်လုံး ဆောက်ချင်တယ် ဆိုကြစို့ ... အိမ်ရဲ့အောက်ပိုင်း အဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ တိုင်တွေလည်း ရှိတယ်၊ ထုပ်တွေလည်း ရှိတယ်၊ ယောက်ဝိုင်းတွေလည်း ရှိတယ်။ အဲဒီလို ရှိပြီးတဲ့ အချိန်အခါကျတော့မှ အပေါ်ပိုင်း အဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ၊ မြားတွေ၊ အချင်နေရာတွေ တင်ပြီးတော့ အမိုးမိုးမယ် ဆိုလို့ရှိရင် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အဲဒီဥပမာအတိုင်းပဲ ချစ်သားရဟန်းတို့ ... သတ္တဝါတစ်ဦးတစ်ယောက်သည် သစ္စာလေးပါးတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်ပြီးတော့ သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်အောင် ပြုမယ်ဆိုရင် ပြုလုပ်နိုင်တဲ့ အရာဌာနအကြောင်းအရာ ရှိတယ်။

နောက်ဥပမာ တမျိုးကတော့ - ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်က လာပြောပြီ။ ငါသည် ကြာဖက်တွေကို ဖက်ခွက်တွေ ပြုလုပ်ပြီးတော့၊ ပေါက်ရွက်တွေကို ဖက်ခွက်တွေ ပြုလုပ်ပြီးတော့ ရေတွေကို ငါ သယ်ဆောင်ခဲ့မယ်လို့ လာပြီးပြောမယ်ဆိုရင် ပြောပြတဲ့အတိုင်း ဖြစ်နိုင်သလားလို့ မေးကြည့်တယ်။ ဘယ့်နှယ့်တုန်း ပရိသတ်တွေ ဖြစ်နိုင်ပါ့မလား? ဖြစ်နိုင်တယ်။ အေး အဲဒီပုံစံအတိုင်းပဲ ရှေးတုန်းက အဲဒီထဲမှာ ဘုရားရှင်က စူးစမ်းတာတစ်ခု ထည့်ဟောထားတယ်။ အဲဒီ ပေါက်ရွက်၊ ကြာရွက်တွေနဲ့ ဖက်လိပ်နားတောင်းလုပ်ပြီးတော့ ပန်ဆင်လာခဲ့မယ် ပြောရင်ကော ဖြစ်နိုင်မလားလို့ မေးကြည့်တယ်။ ဒီတော့ ဘုန်းကြီးက ဒီအချက်ကလေး ဒီဥပမာလေး စဉ်းစားကြည့်တော့ ရှေးတုန်းက ပုဂ္ဂိုလ်တွေရဲ့ နားပေါက်ကတော့ ခုခေတ် ပုဂ္ဂိုလ်တွေရဲ့ နားပေါက်ထက် ပိုပြီးတော့ ကျယ်လိမ့်မယ်လို့ ယူဆရတယ်။ ဖြစ်နိုင်တဲ့အကြောင်း ရဟန်းတွေက ပြန်ပြီးတော့ အမိန့်ရှိတယ်။

အဲဒီပုံစံအတိုင်းပဲ ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်က သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးတဲ့အခါ သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးကို ကုန်ခမ်းအောင် ငါလုပ်မယ်လို့ပြောရင် ပြောပြတဲ့အတိုင်း ဖြစ်နိုင်ပါတယ်လို့ ဒီလိုဟောထားတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်ချင်ရင် သစ္စာလေးပါးကို သိရေးအတွက် ဘာလုပ်ရမလဲလို့ ထပ်ဆင့်ပြီး မေးလိုက်တော့ ဘယ်လိုဖြေမလဲ?

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ဘာလုပ်ရမလဲ? သမာဓိထူထောင်ပါ။ သမာဓိထူထောင်ရင် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိပါလိမ့်မယ်။ ဒီလို ဘုရားဟောထားတယ်နော်။ အဲဒီဟောကြားချက်ကို မူတည်ပြီးတော့ မျက်စောင်းထိုးပြီးတော့ အဋ္ဌကထာဆရာတော်များက ဘာပြောလဲ?

သမာဓိဿ အာဂတဋ္ဌာနေ သမာဓိံ န ပရိပူရေဿန္တိ၊

သမာဓိံ၊ သမာဓိ၏။ အာဂတဋ္ဌာနေ၊ ဖြည့်ကျင့်ဖို့ရန် လာရှိတဲ့ နေရာဌာန၌။ သမာဓိံ၊ သမာဓိတရားကို။ န ပရိပူရေဿန္တိ၊ မဖြည့်ကျင့်ကြပေကုန်လတ္တံ့။

ဘယ့်နှယ့်တုန်း ဟုတ်သလား၊ မဟုတ်ဘူးလား? ဒကာမကြီးတွေ ... မဖြေကြဘူး။ တိတ်တိတ်ကလေး နေတယ်။ ကောင်းပါတယ်။ တိတ်တိတ်နေတာက ပိုကောင်းလိမ့်မယ်ထင်တယ်နော်။ ကဲ နောက်တစ်ခု -

ဝိပဿနာယ အာဂတဋ္ဌာနေ ဝိပဿနာဂဗ္ဘံ န ဂါဟာပေဿန္တိ။

ဝိပဿနာယ၊ ဝိပဿနာဉာဏ်၏။ အာဂတဋ္ဌာနေ၊ ဖြည့်ကျင့်ဖို့ရန် လာရှိတဲ့နေရာဌာန၌။ ဝိပဿနာဂဗ္ဘံ၊ ဝိပဿနာဉာဏ်တည်းဟူသော ဝမ်းကြာတိုက်ကို။ န ဂါဟာပေဿန္တိ၊ မတည်စေကြကုန်လတ္တံ့၊ မယူစေကြကုန်လတ္တံ့။

ဝိပဿနာဉာဏ်တွေ ဖြည့်ကျင့်ဖို့ရန် ဘုရားဟောထားတဲ့ နေရာဌာနတွေ ရှိတယ်နော်။ အဲဒီလို နေရာဌာနတွေ ရောက်လာပြီ ဆိုလို့ရှိရင် ဝိပဿနာဉာဏ်တည်းဟူသော ဝမ်းကြာတိုက်ကြီးကို ဘယ်တော့မှ လွယ်မထားကြဘူး။ ဘယ်အခါမှာလဲဆိုတော့ နောင်အနာဂတ်ကာလကို ဘုရားရှင်က လှမ်းကြည့်ပြီးတော့ ပြောနေတယ်နော်။ လွယ်ထားကြမှာ မဟုတ်ဘူးတဲ့။ သီလဖြည့်ကျင့်ဖို့ရန် လာတဲ့နေရာမှာ သီလကို ဖြည့်ကျင့်ကြမှာ မဟုတ်တော့ဘူး။ သမာဓိဖြည့်ကျင့်ဖို့ရန် လာတဲ့နေရာမှာ သမာဓိကို တကယ်လက်တွေ့ ဖြည့်ကျင့်ကြမှာ မဟုတ်တော့ဘူး။ ဝိပဿနာ ဖြည့်ကျင့်ဖို့ရန် လာရှိတဲ့ နေရာမှာလည်း ဝိပဿနာတည်းဟူသော ဝမ်းကြာတိုက်ကြီးကို ဘယ်တော့မှ လွယ်ထားကြမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ? ပူဇော်ပွဲတွေနဲ့ အချိန်ကုန်နေကြလိမ့်မယ်။

ငါဘုရားကသာ ဒီည မပယ်မြစ်ခဲ့ဘူး ဆိုလို့ရှိရင် နောင်အနာဂတ်မှာ သီလကို တကယ်လက်တွေ့ ဖြည့်ကျင့်ရမဲ့နေရာမှာ သီလကို တကယ်လက်တွေ့ မဖြည့်ကျင့်ကြတော့ဘဲ၊ သမာဓိကို တကယ်လက်တွေ့ ဖြည့်ကျင့်ရမဲ့နေရာမှာ သမာဓိကို တကယ်လက်တွေ့ မဖြည့်ကျင့်ကြတော့ဘဲ၊ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ ဖြည့်ကျင့်ရမဲ့နေရာမှာ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ မဖြည့်ကျင့်ဘဲ ပူဇော်ပွဲတွေနဲ့ အချိန်ကုန်နေကြလိမ့်မယ်။ ဒါကို ဘုရားရှင်က လှမ်းပြီးတော့ ကြည့်လိုက်တော့ မြင်တယ်နော်။ မြင်လိုက်တဲ့အတွက် ဘုရားရှင်က ပယ်လိုက်တာ။ ဒီတော့ ဒီအာမိသခေါ်တဲ့ ပူဇော်ပွဲကြီးတွေပေါ့။ ကျင်းပပြီးတော့ ပစ္စည်းလေးပါးဖြင့် ပူဇော်ကြတယ်။ အဲဒီ ပူဇော်တဲ့ ပူဇော်ပွဲကြီးတွေက လုံးလုံး အကျိုးမရှိဘူးလားလို့ ဒီလိုတော့ မေးစရာ မလိုဘူးလား? အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဆက်လက်ပြီးတော့ ရှင်းထားတယ်။

အာမိသပူဇာ စ နာမေသာ သာသနံ ဧကဒိဝသမ္ပိ ဧကယာဂုပါနကာလမတ္တမ္ပိ သန္ဓာရေတုံ န သက္ကောတိ။

အာမိသပူဇာ စ နာမ ဧသာ၊ ဤပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်း အာမိသပူဇာမည်သည်ကား ခုနက ပြောပြီးပြီ။ အာမိသပူဇာ၊ ဓမ္မပူဇာဆိုပြီး ပူဇော်တာ ဘယ်နှစ်မျိုး ရှိလဲ? ၂-မျိုး။ ခု ဒီမှာ အာမိသပူဇာအကြောင်းကို ပြောတယ်နော်။

အာမိသပူဇာ စ နာမ ဧသာ၊ ဤပစ္စည်းလေးပါးကို ပူဇော်ခြင်း အာမိသပူဇာ မည်သည်ကား။ သာသနံ၊ သာသနာတော်မြတ်ကြီးကို။ ဧကဒိဝသမ္ပိ၊ တစ်နေ့မျှသော်လည်းပဲ။ ဧကယာဂုပါနကာလမတ္တမ္ပိ၊ ယာဂုတစ်ခါသောက် အချိန်ကာလမျှလောက်သော်လည်းပဲ။ သန္ဓာရေတုံ၊ တည်တံ့အောင် ဆောင်ထားခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်ပါပေ။

အဋ္ဌကထာက ဖွင့်ထားတဲ့ အဖွင့်လေးပဲနော်။ ဒကာကြီးတွေ ဒါပေမဲ့ ဉာဏ်ပညာမျက်စိ ခပ်ကြီးကြီးလေးနဲ့ နည်းနည်း နားထောင်ရမဲ့အပိုင်းတော့ ရောက်နေတယ်နော်။ ဒီပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းဆိုတဲ့ အာမိသပူဇာဟာ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန်အတွက် တစ်နေ့တာသော်လည်း မစွမ်းနိုင်ဘူး။ ယာဂုတစ်ခါသောက် အချိန်လေးတောင်မှ စွမ်းဆောင်နိုင်တဲ့ စွမ်းအားမရှိဘူး။

မဟာဝိဟာရသဒိသဥှိ ဝိဟာရသဟဿံ မဟာစေတိယသဒိသဉ္စ စေတိယသဟဿမ္ပိ သာသနံ ဓာရေတုံ န သက္ကောန္တိ။

ဆက်ဖွင့်သွားပြန်တယ်။ မဟာဝိဟာရသဒိသံ၊ မဟာဝိဟာရ ကျောင်းတိုက်ကြီးနှင့်တူသော။ ဝိဟာရသဟဿံ၊ ကျောင်းတိုက်ပေါင်း တစ်ထောင်သည်။ ဝိဟာရသဟဿံ စ၊ ကျောင်းတိုက်ပေါင်းတစ်ထောင်သည်လည်းကောင်း။ မဟာစေတိယသဒိသံ၊ မဟာစေတီတော်မြတ်ကြီးနှင့်တူသော။ စေတိယသဟဿမ္ပိ၊ စေတီတော်တစ်ထောင်သည်လည်းကောင်း။ သာသနံ၊ သာသနာတော်ကို။ ဓာရေတုံ၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ဆောင်ထားခြင်းငှာ။ န သက္ကောန္တိ၊ မစွမ်းနိုင်ကြလေကုန်။

ဆက်ဖွင့်ထားပြန်တယ်နော်။ မဟာဝိဟာရကျောင်းတိုက်ဆိုတာက ဘုန်းကြီးလည်း သတိထားပြီး လေ့လာကြည့်ပါတယ်နော်။ သီဟိုဠ်မှာ ထင်ရှားခဲ့တဲ့ တစ်ချိန်က ထင်ရှားခဲ့တဲ့ ကျောင်းတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ သံဃာ ၁၂၀၀၀-လောက် သီတင်းသုံးပြီးတော့ ပဋိပတ္တိသာသနာ၊ ပဋိယတ္တိသာသနာ၊ ပဋိဝေဒသာသနာခေါ်တဲ့ သာသနာ ၃-ရပ်ကို ပြန့်နှံ့အောင် သာသနာပြုခဲ့တဲ့ ကျောင်းတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ မဟာပဒုမမထေရ်၊ မဟာသုမထေရ် အစရှိတဲ့ ထင်ရှားကျော်ကြားတော်မူတဲ့ ရဟန္တာမထေရ်မြတ်ကြီးများ သီတင်းသုံးသွားတော်မူခဲ့တဲ့ ကျောင်းတိုက်ကြီးဖြစ်တယ်။ သံဃာ ၁၂၀၀၀-လောက် ရှိတယ်။

အလားတူပဲ စိတ္တလတောင်ကျောင်းဆိုတဲ့ စိတ္တလပဗ္ဗတဝိဟာရခေါ်တဲ့ တောင်ကျောင်းတိုက်ကြီးတစ်ခုလည်း ရှိပါတယ်။ အဲဒီ ကျောင်းတိုက်ကြီးကလည်း သံဃာ ၁၂၀၀၀-လောက် သီတင်းသုံးပြီးတော့ ရဟန်းတရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ကျောင်းတိုက်ကြီးတွေ ဖြစ်ကြပါတယ်နော်။ အဲဒီလို ကျောင်းတိုက်ကြီးပေါင်း တစ်ထောင်လောက် လှူဒါန်းခဲ့မယ်ဆိုရင် အဲဒီ ကျောင်းတိုက်ကြီးပေါင်း တစ်ထောင်ဟာလည်း သာသနာတော် အခြေခိုင်ခံ့ တည်တံ့ရေးအတွက် မစွမ်းနိုင်ပါဘူး။ ဆောင်ထားနိုင်ဖို့ရန် မစွမ်းနိုင်ဘူး။ အလားတူပဲ မဟာစေတီ တစ်ထောင်လောက် လှူဒါန်းပူဇော်ခဲ့ရင်လည်း အဲဒီ မဟာစေတီပေါင်း တစ်ထောင်ဟာလည်း သာသနာတော် အခြေခိုင်ခံ့ တည်တံ့ရေးအတွက် မစွမ်းနိုင်ပါဘူး၊ ဆောင်ထားဖို့ရန် မစွမ်းနိုင်ဘူး။ ဒီလို ဖွင့်ထားတယ်နော်။ ဒါဖြင့် ဘာမှ အကျိုးမရှိတော့ဘူးလားလို့ မေးစရာ ရှိတယ်။

ယေန ကမ္မံ ကတံ၊ တဿေဝ ဟောတိ။ သမ္မာပဋိပတ္တိ ပန တထာဂတဿ အနုစ္ဆဝိကာ ပူဇာ။

ယေန၊ အကြင်ပုဂ္ဂိုလ်သည်။ ကမ္မံ၊ ကောင်းမှုကုသိုလ်ကံကို။ ကတံ၊ ပြုကျင့်ခဲ့လေပြီ။ တဿေဝ၊ ထိုကောင်းမှုပြုတဲ့ ပုဂ္ဂိုလ်အတွက်သာလျှင်။ ဟောတိ၊ အကျိုးတရား ထင်ရှားဖြစ်ပေါ်လာပေ၏။

ကျောင်းတိုက်ကြီး တည်ထားပြီးတော့ ဆောက်လုပ်လှူဒါန်းတယ်။ လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာသာလျှင် ကောင်းမှုကုသိုလ်ကြောင့် ဖြစ်ပေါ်မဲ့ အကျိုးတရားတွေ ရရှိနိုင်တယ်။ သာသနာအရှည်တည်တံ့သွားတာ မဟုတ်ဘူး။ အလားတူပဲ စေတီတော်ကို တည်ထားကိုယ်းကွယ်တယ်။ ဒီတည်ထားကိုယ်းကွယ်တဲ့ ပုဂ္ဂိုလ်မှာသာ ကောင်းမှုကုသိုလ်ဖြစ်တယ်။ သာသနာတော် အရှည်တည်တံ့ခိုင်ခံ့ဖို့အတွက် ဒီစေတီက ဘာမှ ရွက်ဆောင်နိုင်တဲ့ စွမ်းအား မရှိဘူး။ ကဲ ဒီစကား ဒကာကြီးတွေ ဗြုန်းခနဲကြားရင်တော့ နားခါးလိမ့်မယ် ထင်တယ်နော်။ ဆိုလိုတာက ခုနက သာသနာဆိုတာက ဘာလဲ? သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်။ ဒီကျင့်စဉ် ၃-ရပ်က ဒါ အကျဉ်းချုပ် ကျင့်စဉ်ပါနော်။ ဒီဘုရားရှင်ရဲ့ အဆုံးအမကို ခေါ်ဆိုတယ်။ ဒီဘုရားရှင်ရဲ့ အဆုံးအမကို သာသနာလို့ ခေါ်ပါတယ်။ ဒီကျောင်းတိုက်ကြီးတွေ၊ ဒီစေတီတော်ကြီးတွေက သီလကျင့်စဉ်ကို ကျင့်အောင် ညွှန်ကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအားကော ရှိသလား? မရှိဘူး။ သာသနာတော် အရှည်တည်တံ့အောင် ဆောင်ထားနိုင်တဲ့ စွမ်းအင်တွေကော ရှိသလား? မရှိဘူး။ သဘောပေါက်သလား?

အေး ဒီကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေ ရှိချင်ရှိမယ်နော်။ ထိုရဟန်းတော်တွေက လက်တွေ့ သီလကျင့်စဉ်ကို ကျင့်မယ်ဆိုရင် သီလကျင့်စဉ်တွေကို တည်တံ့အောင် ဆောင်ထားနိုင်တဲ့ စွမ်းအားကော မရှိဘူးလား? ရှိတယ်။ လက်တွေ့ သမာဓိကျင့်စဉ်တွေကို ကျင့်ကြမယ်ဆိုရင် ဒီသမာဓိကျင့်စဉ်တွေကို မပျောက်မပျက်အောင် အရှည်ခိုင်ခံ့တည်တံ့အောင် ဆက်လက်ပြီး ဆောင်ထားနိုင်တဲ့ စွမ်းအားကော မရှိဘူးလား? ရှိတယ်။ လက်တွေ့ ပညာကျင့်စဉ်တွေကို ကျင့်ကြမယ်ဆိုရင် ဒီပညာကျင့်စဉ်တွေကို အရှည်ခိုင်ခံ့တည်တံ့အောင် ဆောင်ထားနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိတယ်။ ကျင့်မဲ့ပုဂ္ဂိုလ် တစ်စုံတစ်ယောက်မျှ မရှိဘူး၊ အဆောက်အဦကြီးတွေ ရှိနေမယ်၊ ကျောင်းတိုက်ကြီးတွေ ရှိနေမယ်၊ စေတီတော်ကြီးတွေ ရှိနေမယ်၊ ကျင့်နေတဲ့ပုဂ္ဂိုလ် တစ်စုံတစ်ယောက်မှ၊ တစ်ပါးမျှ မရှိဘူးဆိုရင် ဒီသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့ဖို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

ဒါကြောင့် ဒီညမှာ အကြီးအကျယ် ဘုရားရှင်ကို ပူဇော်နေတယ်။ ပူဇော်နေတဲ့ ဒီပွဲကြီးကို ဘုရားရှင်က ထိုညမှာ အကယ်၍ မပယ်မြစ်ခဲ့ဘူး ဆိုလို့ရှိရင် နောင်အနာဂတ်ကာလမှာ သီလကို လက်တွေ့ ဖြည့်ကျင့်ရမဲ့နေရာမှာ သီလကို မဖြည့်ကျင့်ကြတော့ဘဲ၊ သမာဓိကို လက်တွေ့ ဖြည့်ကျင့်ရမဲ့နေရာမှာ သမာဓိကို မဖြည့်ကျင့်ကြတော့ဘဲ၊ ဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် တကယ် ဖြည့်ကျင့်ရမဲ့နေရာမှာ ဝိပဿနာဉာဏ်တွေ ရင့်ကျက်အောင် တကယ် မဖြည့်ကျင့်ကြတော့ဘဲ ပူဇော်ပွဲတွေနဲ့ အချိန်ကုန်နေကြလိမ့်မယ်။ ဒီအချက်ကို ဘုရားရှင်က လှမ်းပြီးတော့ မြင်တယ်။ မြင်တဲ့အတွက် ဒီပူဇော်ခြင်းဆိုတဲ့ အာမိသပူဇာ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းဆိုတဲ့ အာမိသပူဇာဟာလည်း သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန်အတွက် တစ်နေ့တစ်ရက် တစ်နံနက်မျှသော်လည်း ဆောင်ထားနိုင်တဲ့ စွမ်းအား မရှိဘူး။ ယာဂုတစ်ခါသောက်လောက် အချိန်မျှလေးသော်လည်းပဲ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် ဆောင်ထားနိုင်တဲ့ စွမ်းအား မရှိဘူး။ ကောင်းမှုကုသိုလ်ပြုတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီကုသိုလ်ကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးတရားတွေတော့ ရရှိအောင် ရရှိမဲ့ အကျိုး ခံစားရလိမ့်မယ်။ ဒါပဲ ရှိတယ်။ သာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက်တော့ သူက ဆောင်ထားနိုင်တဲ့ စွမ်းအား ရှိလား? မရှိဘူးနော်။ ဒါကြောင့် -

သမ္မာပဋိပတ္တိ ပန တထာဂတဿ အနုစ္ဆဝိကာ ပူဇာ။

သမ္မာပဋိပတ္တိ ပန၊ ဓမ္မပဋိပတ်ကျင့်စဉ် အမည်ရတဲ့ ကျင့်ဝတ်ပဋိပတ်သည်ကား။ တထာဂတဿ၊ ဘုရားရှင်အား။ အနုစ္ဆဝိကာ ပူဇာ၊ သင့်တင့်လျှောက်ပတ်သော လျော်ကန်သော ပူဇော်ခြင်းပါပေတည်း။

သမ္မာပဋိပတ် ဆိုတာက ဘာပြောတာလဲ? ကောင်းမွန် မှန်ကန်နေတဲ့ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ကျင့်ဝတ်ပဋိပတ်၊ ကောင်းမွန် မှန်ကန်နေတဲ့ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ကျင့်ဝတ်ပဋိပတ်၊ ကောင်းမွန် မှန်ကန်နေတဲ့ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ကျင့်ဝတ်ပဋိပတ်။ အဲဒီ ကျင့်ဝတ်ပဋိပတ်တွေသည် -

တထာဂတဿ အနုစ္ဆဝိကာ ပူဇာ။

တထာဂတဿ၊ ဘုရားရှင်အား။ အနုစ္ဆဝိကာ ပူဇာ၊ လျှောက်ပတ် ကောင်းမြတ်သော ပူဇော်ခြင်းပါပေတည်း။

ဘုရားရှင်နဲ့ လျှော်လျောက်ပတ်တဲ့ ပူဇော်ခြင်းပဲ။ ဘာဖြစ်လို့လဲ? ဟိုဘက်က သုတ္တန်လေးတစ်ခုပေါ့နော်။

အာနန္ဒာ ... ငါဘုရားသည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတွေ ဖြည့်ကျင့်ခဲ့တာ ဒီပစ္စည်းလေးပါးကို ရရှိဖို့ရန်အတွက် ဦးတည်ပြီးတော့ ငါဘုရား ပါရမီ ဖြည့်ကျင့်ခဲ့တာ မဟုတ်ဘူး ဆိုပြီးတော့ ဟိုပိဏ္ဍောလျသုတ္တန်မှာ ဘုရား အတိအကျ ဟောထားပါတယ်။ ဘာအတွက် ဘုရားရှင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အပင်ပန်းခံပြီးတော့ အသက်ကို စွန့်လွှတ်လှူဒါန်းခြင်း အဆုံးအပိုင်းအခြား ရှိနေတဲ့ ပါရမီ ၁၀-ပါး၊ အပြား ၃၀-ဆိုတဲ့ ပါရမီတော်တွေကို ဖြည့်ခဲ့ရသလဲ? ဒီသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန်အတွက်ပဲ။ ဘာဖြစ်လို့ ဒီသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့စေချင်ရသလဲလို့မေးရင် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီအဆုံးအမတွေကို လက်တွေ့ လိုက်နာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ သူတော်ကောင်းတွေ အို၊ နာ၊ သေရေးဒုက္ခဘေးကြီးမှ မလွတ်ကြဘူးလား? လွတ်သွားကြလိမ့်မယ်။

အို၊ နာ၊ သေရေးဒုက္ခဘေးကြီး အစရှိတဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခ အဝဝကြီးမှ လွတ်မြောက်စေလိုတဲ့ စိတ်စေတနာ ဘုရားရှင်မှာ အပြည့်အဝ ရှိတယ်။ ပစ္စည်းလေးပါး ရဖို့ဆိုတဲ့ ဦးတည်ချက်ဖြင့် ဘုရားရှင် ပါရမီ ဖြည့်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် အို၊ နာ၊ သေရေးဒုက္ခဘေးမှ တကယ် လွတ်ရာ လွတ်ကြောင်းဖြစ်တဲ့ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေမယ်ဆိုရင်၊ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေမယ်ဆိုရင်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေမယ်ဆိုရင် ထိုကျင့်ဝတ်ပဋိပတ် ကျင့်စဉ်ဟာ ဘုရားရှင်ကို လျော်ကန်လျှောက်ပတ် ကောင်းမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်နေသည် မည်ပါတယ်။

သာ ဟိ တေန ပတ္ထိတာ စေဝ၊ သက္ကောတိ သာသနဉ္စ သန္ဓာရေတုံ။

သာ၊ ထိုသမ္မာပဋိပတ် အမည်ရတဲ့ ကောင်းမွန်မှန်ကန်တဲ့ ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်ခြင်းသည်ကား။ တေန၊ ထိုဘုရားရှင်သည်။ ပတ္ထိတာ စေဝ၊ တောင့်တအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ သာသနဉ္စ၊ သာသနာတော်မြတ်ကြီးကိုလည်းပဲ။ သန္ဓာရေတုံ၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ဆောင်ထားခြင်းငှာ။ သက္ကောတိ စ၊ စွမ်းလည်း စွမ်းနိုင်ပါပေ၏။

ထိုသမ္မာပဋိပတ်ခေါ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ကောင်းမွန်မှန်ကန်စွာ ရိုရိုသေသေနဲ့ ဖြည့်ကျင့်ကြမယ်ဆိုရင် ဒီဖြည့်ကျင့်ပြီးတော့ ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ထိုပူဇော်ခြင်းသည် ဘုရားရှင် လိုလားတောင်းတတဲ့ ပူဇော်ခြင်းလည်း ဖြစ်တယ်။ သာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန်အတွက် စွမ်းလည်း စွမ်းနိုင်တဲ့ ပူဇော်ခြင်းလည်း ဖြစ်ပါတယ်။ ဟုတ်သလား၊ မဟုတ်ဘူးလား? ဒကာကြီးတွေ စဉ်းစားကြည့်ကြနော်။

ဒီတော့ မိမိကိုယ်တိုင်က သီလကို တကယ်လက်တွေ့ ဖြည့်ကျင့်ရင် သူတစ်ပါးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသီလကျင့်စဉ်တွေကို ဖြည့်ကျင့်ရမယ်ဆိုတာကို ညွှန်ကြားပေးလို့ မရနိုင်ဘူးလား? ရနိုင်တယ်။ မိမိကိုယ်တိုင်က သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ဖြည့်ကျင့်ရင် အော် သူတော်ကောင်း သမာဓိလိုချင်ရင် ဒီလို ထူထောင်ရမယ် ဆိုပြီးတော့ သမာဓိကျင့်စဉ်တွေကို လက်တွေ့ ပြန့်ပွားသွားအောင် ညွှန်ကြားပြသ ဆိုဆုံးမပေးလို့ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ မိမိကိုယ်တိုင်က ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရင် သူတစ်ပါးတွေလည်း ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်အောင် ညွှန်ကြားပြသ ဆိုဆုံးမပေးလို့ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အဲဒီလိုသာ ဆင့်ကဲဆင့်ကဲပေါ့ တစ်ဦးနဲ့တစ်ဦး ဆင့်ကဲဆင့်ကဲ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသွားကြမယ် ဆိုလို့ရှိရင် ဘုရားရှင်ရဲ့ သီလ၊ သမာဓိ၊ ပညာလို့ ခေါ်ဆိုအပ်တဲ့ ဒီအဆုံးအမ သာသနာတော်ကြီးကို အရှည်ခိုင်ခံ့ တည်တံ့အောင် ပြုလုပ်နေသည် မမည်ဘူးလား? မည်တယ်။

ဒီလိုဆိုရင် ဘုရားရှင်ရဲ့ ဒီသီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်ထားအပ်တဲ့ အဆုံးအမ သာသနာတော်ကြီးဟာ အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန်အတွက်လည်း မစွမ်းနိုင်ဘူးလား? စွမ်းနိုင်သွားလိမ့်မယ်။ အဲဒီ သီလကျင့်စဉ်တွေ၊ အဲဒီ သမာဓိကျင့်စဉ်တွေ၊ အဲဒီ ပညာကျင့်စဉ်တွေကို ကောင်းမွန်မှန်ကန်စွာ ဖြည့်ကျင့်မှလည်း သာသနာ အရှည်ခိုင်ခံ့ တည်တံ့မယ်။ ကောင်းမွန် မှန်ကန်စွာ ဖြည့်ကျင့်မှလည်း သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်မယ်၊ လွတ်မယ်နော်။ မှားမှားယွင်းယွင်း ကျင့်နေခဲ့မယ် ဆိုရင်ကော သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်နိုင်၊ လွတ်နိုင်ပါ့မလား? မလွတ်နိုင်ဘူး။ သာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့ဖို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ? ကျင့်စဉ်က လွဲချော်နေပြီ။ တသ္မာ ဒန္တစ္ဆာ တင်တောနော်။ အဲဒီသဘောတရားကို ဘုရားရှင်က ထင်ရှား ဖော်ပြလိုတဲ့အတွက် ထိုညမှာ အာနန္ဒာကို ဘုရားရှင်က ဘာအမိန့် ရှိသလဲ?

မြတ်စွာဘုရားအား အမြတ်ဆုံးသော ပူဇော်ခြင်း

‘‘ယော ခေါ, အာနန္ဒ, ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ, သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ’’

အာနန္ဒ၊ ညီဘွား အာနန္ဒာ...။ ဘိက္ခု ဝါ၊ ရဟန်းယောက်ျားမူလည်း ဖြစ်သော။ ဘိက္ခုနီ ဝါ၊ ရဟန်းမိန်းမမူလည်း ဖြစ်သော။ ဥပါသကော ဝါ၊ ဥပါသကာ ဒါယကာမူလည်း ဖြစ်သော။ ဥပါသိကာ ဝါ၊ လူဥပါသိကာမ လူဒါယိကာမမူလည်း ဖြစ်သော။ ယော ခေါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ဓမ္မာနုဓမ္မပဋိပန္နော၊ လောကုတ္တရာတရား ၉-ပါးအားလျော်သည့် ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် လိုက်၍ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်သည် ဖြစ်ငြားအံ့။ သာမီစိပ္ပဋိပန္နော၊ လောကုတ္တရာတရား ၉-ပါးအားလျော်သည့် ကျင့်ဝတ်ပဋိပတ်ကို ရိုသေစွာ ဖြည့်ကျင့်လျက်။ အနုဓမ္မစာရီ၊ လောကုတ္တရာတရား ၉-ပါးအားလျော်သည့် ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည် ဖြစ်ငြားအံ့။ သော၊ ထိုကဲ့သို့ နေထိုင်နေတဲ့ ပုဂ္ဂိုလ်သည်။ တထာဂတ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကရောတိ၊ အရိုအသေ ပြု၍ နေသည်မည်၏၊ ဂရုံ ကရောတိ၊ လေးစားသည်မည်၏၊ မာနေတိ၊ မြတ်နိုးသည်မည်၏၊ ပူဇေတိ၊ ပူဇော်သည် မည်၏၊ ပရမာယ ပူဇာယ၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ အပစိယတိ၊ ပသ၍ နေသည်မည်ပါပေ၏။

အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်နေတယ်လို့ ခေါ်တယ်ဆိုပြီးတော့ ဒီစကားလေး ဘုရားဟောတယ်။ ဘယ်လို ပုဂ္ဂိုလ်တွေလဲ? လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ လေးလေးစားစားဖြင့် အစဉ်တစိုက် ဖြည့်ကျင့်ပြီးနေတဲ့ ပုဂ္ဂိုလ်ဟာ ရဟန်းယောက်ျားပဲဖြစ်ဖြစ်၊ ရဟန်းမိန်းမပဲဖြစ်ဖြစ်၊ လူဥပါသကာယောက်ျားပဲဖြစ်ဖြစ်၊ လူဥပါသိကာမ ဒါယိကာမပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်မဆို ထိုပုဂ္ဂိုလ်တွေဟာ တထာဂတအမည်ရတဲ့ သင်တို့ဆရာ ငါဘုရားကို အရိုအသေပြုနေတဲ့ပုဂ္ဂိုလ် မည်တယ်၊ လေးစားနေတဲ့ပုဂ္ဂိုလ် မည်တယ်၊ မြတ်နိုးနေတဲ့ပုဂ္ဂိုလ် မည်တယ်၊ ပူဇော်နေတဲ့ပုဂ္ဂိုလ် မည်တယ်၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေတဲ့ပုဂ္ဂိုလ်တွေ မည်ပါတယ် ဆိုပြီးတော့ ဒီလို ဟောတာပါ။ ဒီအကြောင်းပြချက်ကလေးတွေကို ဒကာကြီးတွေ လက်ခံနိုင်ပါ့မလား? လက်ခံနိုင်လိမ့်မယ်လို့ ဘုန်းကြီး မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ?

ဒါန မကောင်းဘူးလို့ ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်။ ဒါနသည် ဒါနပြုတဲ့ပုဂ္ဂိုလ်မှသာ အကျိုးရှိတယ်။ ဆိုလိုတာကနော် အကျိုးလုံးလုံး မရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ ဘာအကျိုးတွေ ရှိသလဲမေးတော့ - ဒါနပြုတဲ့ ပုဂ္ဂိုလ်ရဲ့ ဦးတည်ချက်အပေါ် မူတည်ပြီးတော့ အကျိုးတရားကတော့ အမျိုးမျိုး ရှိမှာပဲ။ လူချမ်းသာ ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်ပြုခဲ့ရင် လူ့ဘဝ ရမယ်။ နတ်ချမ်းသာ ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်ပြုခဲ့ရင် နတ်ဘဝ ရမယ်။ ဗြဟ္မာချမ်းသာ ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်ပြုခဲ့ရင် ဗြဟ္မာဘဝ ရမယ်။

ထိုဒါနပြုပြီးတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ စိတ်ထားတွေက အလှူခံပုဂ္ဂိုလ် များထိုထိုအပေါ်၌ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထားလေး ဖြစ်လာပြီး အဲဒီ အချိန်အခါမှာ မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခဲ့မယ် ဆိုရင်တော့ မေတ္တာဈာန်တွေကို လွယ်လွယ်ကူကူနဲ့ ရနိုင်တယ်။ မေတ္တာဈာန်တွေကလည်း ဗြဟ္မာချမ်းသာတွေကို ပို့ဆောင်နိုင်တဲ့ စွမ်းအား ရှိပါတယ်နော်။

ဒါကြောင့် အလှူပေးတဲ့ပုဂ္ဂိုလ်မှာသာလျှင် အကျိုးရှိတဲ့ လုပ်ငန်းဖြစ်တယ်။ သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အကျိုးရှိတဲ့ လုပ်ငန်း ဟုတ်သလား? မဟုတ်ဘူး။ ဒီလိုဆိုရင်တော့ ဒီအဆောက်အဦကြီးတွေ ဆောက်နေတာ အလကားပဲလို့ ဒီလိုပြောတဲ့ အဓိပ္ပာယ်မျိုးတော့ မဟုတ်ဘူး။ အဆောက်အဦကြီးတွေလည်း ရှိပါစေ၊ အဆောက်အဦတိုင်းမှာ လက်တွေ့ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါစေ။ အဲဒီလို နှစ်ခုရှိခဲ့မယ် ဆိုရင်တော့ သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ မသွားနိုင်ဘူးလား? သွားနိုင်တယ်။

သို့သော် အဆောက်အဦတော့ ရှိတယ်။ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ် မရှိဘူး။ သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ဖို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အဆောက်အဦ မရှိဘူးထား၊ တကယ်လက်တွေ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ ရှိနေမယ် ဆိုရင်လည်း ဒီသာသနာတော်ကြီးဟာ အရှည်ခိုင်ခံ့တည်တံ့နေဦးမယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ ဒါက သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေ တကယ်လက်တွေ့ အရှည်ခိုင်ခံ့တည်တံ့ဖို့ကိုသာ ဦးတည်ပြီး ဘုရားရှင်က ဒီစကားကို မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်နော်။

ဒီတော့ ဒီနေရာမှာ ဒီလို ဖြည့်ကျင့်တဲ့ အပိုင်းလေးမှာ သီလကျင့်စဉ်ပိုင်းမှာတော့ အားလုံး ကြားဖူးတဲ့အတိုင်း ရဟန်းတော်များအဖို့ ဖြည့်ကျင့်ရမဲ့ စတုပါရိသုဒ္ဓိသီလကြီး ၄-ပါး ရှိတယ်။ အာစာရပညတ္တိလို့ ခေါ်ဆိုအပ်တဲ့ ဆရာတပည့်တွေ လိုက်နာပြုကျင့်ရမဲ့ ကျင့်ဝတ်ပဋိပတ်တွေ စသည်ဖြင့် ကျင့်ဝတ်ပဋိပတ် အမျိုးမျိုးတွေလည်း မြတ်စွာဘုရား ချမှတ်ပေးထားပါတယ်။ ဓူတင် ၁၃-ပါးကို ဆောက်တည်ခြင်းဆိုတဲ့ ဓုတင်ကျင့်ဝတ်ပဋိပတ်တွေလည်း ချမှတ်ပေးတယ်။ အဲဒီ ကျင့်ဝတ်ပဋိပတ်တွေကနေ စပြီးတော့နော်၊ ဟိုး ဂေါတြဘူဉာဏ်တိုင်အောင် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်အားလုံးကို ဒါ အရိယမဂ်ရဲ့ ရှေ့အဖို့မှာ ဖြည့်ကျင့်ရမဲ့ ကျင့်စဉ်တွေဆိုပြီး ဒီလို လာပါတယ်။

ဒါကြောင့် အဲဒီ ကျင့်စဉ်တွေကို ရိုရိုသေသေနဲ့ မလွန်ကျူးဘဲ ဖြည့်ကျင့်ခဲ့မယ် ဆိုလို့ရှိရင်တော့ အသက်ကို စွန့်လွှတ်ပြီးတော့သာ ဖြည့်ကျင့်ပါစေ၊ ထိုပုဂ္ဂိုလ်သည် လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်နေသည် မည်တယ်။ အသက်ကို စွန့်လွှတ်တယ် ဆိုတာက ဒီလိုပါ - သီလကို ဖျက်ဆီးရမဲ့ အကြောင်းတရားတစ်ခု၊ သီလကို မဖျက်ဆီးရမဲ့၊ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမဲ့ အကြောင်းတရား တစ်ခု။ နှစ်ခု ပေါ်လာပြီ။ သူတော်ကောင်းတို့ရဲ့ သဘောက အသက်ကိုပဲ စွန့်မလား? သီလကိုပဲ စွန့်မလားလို့ ဒီပြဿနာနှစ်ခု တစ်ခုခု ပေါ်လာရင် ဘာကိုသာ စွန့်လဲ? အသက်ကိုပဲ စွန့်တယ်၊ သီလကို မစွန့်ဘူး။

အဲဒီလောက်အထိ ရိုရိုသေသေနဲ့ ဖြည့်ကျင့်ထားတဲ့ သီလကျင့်စဉ်၊ ရိုရိုသေသေနဲ့ ဖြည့်ကျင့်ထားတဲ့ သမာဓိကျင့်စဉ်၊ ရိုရိုသေသေနဲ့ ဖြည့်ကျင့်ထားတဲ့ ပညာကျင့်စဉ်။ အဲဒီ ကျင့်ဝတ်ပဋိပတ်တွေဟာ အရိယမဂ်ရှေ့အဖို့မှာ ဖြည့်ကျင့်ရမဲ့ ကျင့်ဝတ်ပဋိပတ်ပဲ။ အဲဒီ ကျင့်ဝတ်ပဋိပတ်တွေကို ရိုသေစွာ လိုက်နာဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဓမ္မာနုဓမ္မပဋိပန္န - လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလို ခေါ်ပါတယ်။

အဲဒီတော့ မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တော် မှန်ခဲ့ရင် ဇိနဝေလလို့ ခေါ်ပါတယ်နော်။ ဒီသိက္ခာပုဒ်တွေက ဘုရားရှင် သတ်မှတ်ထားတဲ့ ကန်ဘောင်ရိုးတွေပဲ။ အဲဒီ ကန်ဘောင်ရိုးတွေကို ဘယ်တော့မှ မလွန်ကျူးဘူး။ အဏုမြူပမာဏမျှသော်လည်း လွန်ကျူးမှု မရှိဘူး။ အဲဒီလို မရှိဘဲနဲ့ ဖြည့်ကျင့်ခဲ့မယ် ဆိုလို့ရှိရင်တော့ လောကုတ္တရာတရား ၉-ပါးကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေသည် မည်ပါတယ်လို့ ဒီလို ဖွင့်ထားတယ်နော်။

အဲဒီတော့ ဒါကတော့ ဘုန်းကြီးပိုင်းပေါ့။ လူပိုင်းကျတဲ့ အချိန်အခါကျတော့ ဘာလဲလို့ မေးရင်တော့ အောက်ခြေစွမ်းအားဖြင့် လူတွေမှာ သီလပိုင်း ကြည့်ရင် ၅-ပါးသီလ မြဲရမယ်။ ယောဂီတွေ ၅-ပါးသီလ မြဲကြလားလို့ ဘုန်းကြီးမေးရင် ဘယ်လိုဖြေမလဲ? ဒါကတော့ မလိမ်တဲ့ပုဂ္ဂိုလ်လည်း ဒီထဲ ရှိပါလိမ့်မယ်။ ကိုယ့်အကြောင်းကိုယ် နားလည်တဲ့ပုဂ္ဂိုလ် အများကြီး ပါလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား?

သို့သော် မမြဲသေးဘူး ဆိုရင်တော့ ဘုန်းကြီးက တိုက်တွန်းချင်တာက မြဲအောင် ကြိုးစားကြပါ။ တိုက်တွန်းပါတယ်နော်။ ငါးပါးသီလမြဲခြင်းသည် လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်နေခြင်းပဲ။ ဘာဖြစ်လို့လဲ? ဒီငါးပါးသီလက လူတို့မှာ အခြေခံသီလ ဖြစ်ပါတယ်။ အဲဒီ ငါးပါးသီလလောက် အခြေခံသီလလေးတောင်မှ မရှိခဲ့ရင် ဒီငါးပါးသီလ ကျိုးပေါက်ခဲ့ရင် မိမိတို့ဟာ ဥပါသကာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ပုဂ္ဂိုလ် ဟုတ်သေးလား? မဟုတ်တော့ဘူး။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ပုဂ္ဂိုလ် မဟုတ်ခဲ့ဘူးဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ပါတော့မလား? ဘာဖြစ်လို့လဲ?

သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိတည်းဟူသော ကျောက်ဖျာထက်မှာ မြမြထက်အောင် သွေးထားတဲ့ ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ဖြတ်တောက်မှ ဒီကိလေသာ အညစ်အကြေးတွေက ပြတ်တောက်နိုင်တဲ့ စွမ်းအား ရှိတယ်။ သီလတည်းဟူသော မြေပေါ်မှာ မရပ်တည်ဘူး။ သမာဓိတည်းဟူသော ကျောက်ဖျာထက်မှာလည်း ဒီဉာဏ်တည်းဟူသော သန်လျက်ကို မြမြထက်အောင် မသွေးဘူး။ တုံးနေတဲ့ ဓားကြီးနဲ့ သွားခုတ်ကြည့်ပါ။ ဒီကိလေသာတွေ ပြတ်ပါ့မလား? မပြတ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် ခုတ်ကြည့်ပါ။ ဟင် ခဏခဏ လာလျှောက်နေတယ်။ တပည့်တော်ဘုရား... ဘာကိစ္စလေးရှိလို့ ပြန်ဦးမယ်ဘုရား။ တပည့်တော်က... ဘာကိစ္စလေးရှိလို့ လူထွက်တော့မယ်ဘုရား။ ဟုတ်လား?

သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိတည်းဟူသော ကျောက်ဖျာထက်မှာ မြမြထက်အောင် သွေးထားတဲ့ ဓားတွေ ဟုတ်သလား? မဟုတ်ဘူး။ ဓားက မထက်တော့ အိမ်ပြန်ချင်တဲ့ စိတ်ကလေး ကိလေသာလေးတွေကိုတောင် ခုတ်ကြည့် ခုတ်လို့ ပြတ်သလား? မပြတ်ဘူး။ ဟုတ်တယ်မဟုတ်လား? ဒါကြောင့် အခြေခံ ကိုယ်ကျင့်သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ဖို့ မလိုဘူးလား? လိုအပ်တယ်။ စွမ်းနိုင်မယ် ဆိုလို့ရှိရင်တော့ အကုသိုလ် ကမ္မပထတရား ၁၀-ပါးတွေကို ဘယ်တော့မှ မလွန်ကျူးရဘူး။ သိက္ခာပုဒ်တွေကို စောင့်တည်ပြီး ကောင်းစွာ ဖြည့်ကျင့်ရမယ်။ ဥပုသ်တွေ ကျင့်သုံးရမယ်။ ၈-ပါး၊ ၉-ပါး၊ ၁၀-ပါး စတဲ့ ဥပုသ်တွေ ကျင့်သုံးရမယ်နော်။

အဲဒီလို ကျင့်သုံးခဲ့ပြီးတဲ့နောက် သီလကျင့်စဉ်ကို ဖြူစင်စွာ ဖြည့်ကျင့်ပြီးတဲ့ သူတော်ကောင်းတို့က သမာဓိကျင့်စဉ်ကို လက်တွေ့ ဖြည့်ကျင့်ရမယ်၊ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ ဖြည့်ကျင့်ရမယ်။ အဲဒီလို ဖြည့်ကျင့်နေပြီ ဆိုလို့ရှိရင်လည်း ထိုပုဂ္ဂိုလ်သည် ဘာဖြစ်လဲ? ဓမ္မာနုဓမ္မပဋိပန္န၊ လောကုတ္တရာတရား ၉-ပါးနဲ့ လျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ် မည်ပါတယ်။ ဒါ လူပိုင်းနော်။

အဲဒီတော့ ဒီလူပိုင်းမှာ ဒီလိုရှိတဲ့အခါကျတော့ ပုဂ္ဂိုလ်တစ်ဦးဟာ သရဏဂုံ သီလဆောက်တည်ထားပြီ၊ ငါးပါးသီလကိုလည်း ဖြည့်ကျင့်လေ့ရှိတယ်။ တစ်လတစ်လမှာ ဥပုသ် ဆိုလို့ရှိရင် ၈-ရက် စောင့်တယ်။ တချို့နေရာမှာတော့ ဒီထက် နည်းနည်း ပိုတာလည်း ရှိတယ်။ ၈-ရက်ဆိုတာ ဒကာကြီးတွေ များသောအားဖြင့် နားလည်ကြတာတော့ ဥပုသ်က ဘယ်နှစ်ရက်လဲ? တစ်လမှာ ၄-ရက်။ ခုဒီမှာ ၈-ရက် ဖွင့်ထားတယ်။ တချို့နေရာမှာ ဒီထက်ပိုတာလည်း ရှိတယ်နော်။ ၈-ရက်ဆိုတာက အဖိတ်နေ့၊ အဖိတ်နေ့မှာလည်း ဥပုသ်ဆောက်တယ်။ ဒီတော့ ဥပုသ်နေ့မှာလည်း ဥပုသ်ဆောက်တယ်။ အဖိတ်နေ့တိုင်းလည်း ဥပုသ်ဆောက်တယ်ဆိုတော့ ဘယ်နှစ်ရက် ဖြစ်သွားလဲ? ၈-ရက်။

တချို့ကျတော့ အဲဒီ အထွက်တစ်ရက်နေ့ပါ ဥပုသ်အထွက်တစ်ရက်နေ့ပါ ဆက်ပြီး ဆောက်လိုက်တယ်။ ဆောက်လိုက်ပြီ ဆိုလို့ရှိရင် (၃x၄=၁၂)ရက် ဖြစ်သွားတယ်နော်။ ဒါတွင်လားဆိုတော့ မကသေးဘူးတဲ့နော်။ အဲဒီလို ဥပုသ်ဆောက်သုံးတဲ့ ပုဂ္ဂိုလ်တွေ ဒါက ရှေးယဉ်ကျေးမှုတွေက ဒီနေ့ထိ ဆက်လက်ပြီး ဦးပဉ္စင်းတို့နိုင်ငံမှာ တည်ရှိနေပါသေးတယ်။ ဥပုသ်ဆောက်သုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က လက်ချည်းပဲ သွားသလား? များသောအားဖြင့် မသွားပါဘူး။

ဒါနံ ဒေတိ။ ဒါန၊ အလှူဒါနကို။ ဒေတိ၊ ပေးလှူ၏၊ ဂန္ဓပူဇံ၊ နံ့သာပူဇော်ခြင်း။ မာလာပူဇံ၊ ပန်းပူဇော်ခြင်းကို။ ကရောတိ၊ ပြုလုပ်၏။

အလှူဒါနလေးတွေလည်း ပါသွားတယ်။ မိမိတို့ တတ်အားသမျှပေါ့နော်။ နံ့သာပြောင်းတွေဖြင့် ပူဇော်တယ်။ ပန်းနံ့သာတွေ ပန်းတွေကို ဘုရားအား ပူဇော်တယ်။ နံ့သာတွေကို ဘုရားအား ပူဇော်တယ်။ ဒါတွင်လား မကသေးဘူး။

မာတရံ ပိတရံ ဥပဋ္ဌာတိ
မာတရံ၊ အမိကို။ ပိတရံ၊ အဖကို။ ဥပဋ္ဌာတိ၊ ပြုစုလုပ်ကျွေး၏။

အမိကို ပြုစုလုပ်ကျွေးတယ်။ အဖကို ရိုသေစွာ ပြုစုလုပ်ကျွေးတယ်။

ဓမ္မိကေ သမဏဗြာဟ္မဏေ ဥပဋ္ဌာတိ
ဓမ္မိကေ၊ တရားစောင့်ကြကုန်သော။ သမဏ ဗြဟ္မဏ၊ သမဏ ဗြဟ္မဏတို့ကို။ ဥပဋ္ဌာတိ၊ ပြုစုလုပ်ကျွေး၏။

အမေကို ရိုသေစွာ ပြုစုလုပ်ကျွေးတယ်။ အဖေကိုလည်း ရိုသေစွာ ပြုစုလုပ်ကျွေးတယ်။ တရားစောင့်နေတဲ့ သမဏ ဗြဟ္မဏ အမည်ရနေတဲ့ ရဟန်းတွေကိုလည်း ရိုသေစွာ ပြုစုလုပ်ကျွေးတယ်။

အယံ ဓမ္မာနုဓမ္မပ္ပဋိပန္နော နာမ
အယံ၊ ဤကဲ့သို့ ရိုသေစွာ ပြုစုလုပ်ကျွေးခြင်းသည်လည်းပဲ။ ဓမ္မာနုဓမ္မပဋိပန္နော နာမ၊ လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေထိုင်တဲ့ပုဂ္ဂိုလ် မည်ပါပေ၏။

ဒီလိုဆိုရင် အမေကို ရိုသေစွာ ပြုစုလုပ်ကျွေးနေတဲ့ ပုဂ္ဂိုလ်တွေဟာ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီးသာ ပြုစုလုပ်ကျွေးပါ။ လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်တဲ့ပုဂ္ဂိုလ် မဖြစ်ဘူးလား? ဖြစ်တယ်။ ဖခင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း နိဗ္ဗာန်ကိုသာ ဦးတည်ချက် ရှိပါစေပေါ့နော်။ ဒီလို ဖခင်ကို ပြုစုလုပ်ကျွေးရတဲ့ ကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်ကို ရခြင်းရဲ့ အကြောင်းအထောက်အပံ့သာ ဖြစ်ပါစေလို့ ဒီလို ဦးတည်ချက်သာ ရှိပါစေ၊ အဲဒီ ဦးတည်ချက်ဖြင့် ဖခင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့မယ် ဆိုရင်လည်း လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ် မမည်ဘူးလား? မမည်တယ်။ သို့သော် ခေတ်ကတော့ နည်းနည်းလေးတော့ ခက်သားနော်။

မိဘကိုပင် ဥစ္စာမြင်မှ ခင်မင်မြတ်လေး သားတို့မွေး၏၊ မိဘမှာ ဥစ္စာရှိပြီ ဆိုရင်တော့ ရိုရိုသေသေ လေးလေးစားစားနဲ့ ဒီမိဘကို ပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်က လောကမှာ မများဘူးလား? များတယ်။ ဒါကြောင့် မိဘကိုပင် ဥစ္စာမြင်မှ ခင်မင်မြတ်လေး သားတို့မွေး၏၊ ပဲရွေးမရှိ ဖမိတို့အား သမီးသားလည်း ထံပါးနီးရပ် မကပ်တုံလျှင်း ရှောင်ကြကွင်း၏။ မိဘမှာ အမွေပေးစရာက ပဲလေးတစ်ပဲတောင် မရှိဘူး။ တစ်ရွေးသားလောက်တောင် မရှိတော့ဘူးဆိုရင်တော့ ကိုယ့်ဆီ တောင်းမှာစိုးလို့ ခပ်ဝေးဝေးက ရှောင်နေကြတယ်။ လောကမှာ ဒီလို ပုဂ္ဂိုလ်တွေလည်း မရှိကြဘူးလား? ရှိကြပါတယ်။ မိဘကို ရိုရိုသေသေနဲ့ ပြုစုလုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်။ ဒီလိုပုဂ္ဂိုလ်တွေလည်း လောကမှာ မရှိဘူးလား? ရှိကြပါတယ်။ ဒါ ဘုရားရှင်ရဲ့ အဆုံးအမကို ရိုသေစွာ လိုက်နာပြုကျင့်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်နော်။

အဲဒီ သူတော်ကောင်းတွေဟာ ဘာလုပ်နေတာလဲလို့မေးရင် လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ်ပါ။ ဘာကြောင့်လဲ? နိဗ္ဗာန်ကို ဦးတည်ချက် ရှိနေလို့နော်။ အဲဒီ ကျင့်ဝတ်ပဋိပတ်ကလေးတွေက တစ်နေ့မှာ ဒီမိဘတွေက အလကား မနေပါဘူး။ ဒီလို မိဘကို ရိုသေစွာ ပြုစုလုပ်ကျွေးနေတဲ့ ဒီသားတွေ၊ ဒီသမီးတွေကို ဒီမိဘတွေကလည်း သူတို့ သိသမျှ၊ တတ်သမျှပေါ့ - သီလကျင့်စဉ်တွေ၊ သမာဓိကျင့်စဉ်တွေ၊ ပညာကျင့်စဉ်တွေ တကယ်လက်တွေ့ ကျင့်ဖို့ရန် သူတို့ စွမ်းနိုင်ရင်လည်း ညွှန်ကြားပေးမယ်။ မစွမ်းနိုင်ရင်တော့ စွမ်းနိုင်တဲ့ ဆရာသမားတွေထံ အပ်နှံပြီးတော့ ပေးကြမယ်။ ထိုအခါမှာ မျှော်လင့်တောင့်တနေတဲ့ ဒီလောကုတ္တရာတရားနည်းတွေကို မရနိုင်ဘူးလား? ရနိုင်သွားတယ်။

ဒါကြောင့် ဒီပူဇော်ခြင်းကိုတော့ ဘုရားရှင်က အမြတ်ဆုံး ပူဇော်ခြင်း ဆိုပြီးတော့ ဒီလို သတ်မှတ်ထားပါတယ်နော်။ ဒီတော့ အဲဒီလို ပူဇော်ခြင်းကို ဓမ္မပူဇာလို့လည်း ခေါ်တယ်။ နိရာမိသပူဇာလို့လည်း ခေါ်ပါတယ်နော်။ အဲဒီ နိရာမိသ နိရာမိသလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်ဖြင့် ပူဇော်ခြင်း၊ သမာဓိကျင့်စဉ်ဖြင့် ပူဇော်ခြင်း၊ ပညာကျင့်စဉ်ဖြင့် ပူဇော်ခြင်းသည် ငါဘုရားရှင်ရဲ့ သာသနာတော်ကို အရှည်ခိုင်ခံ့ တည်တံ့အောင် ဆောင်ထားခြင်းငှာ စွမ်းနိုင်တယ်နော်။

ယာဝ ဟိ ဣမာ စတဿော ပရိသာ မံ ဣမာယ ပူဇေဿန္တိ, တာဝ မမ သာသနံ မဇ္ဈေ နဘဿ ပုဏ္ဏစန္ဒော ဝိယ ဝိရောစိဿတိ

ယော ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဣမာ စတဿော ပရိသာ၊ ဤလေးမျိုးကုန်သော ပရိသတ်တို့သည်။

ပရိသတ် ၄-ပါးဆိုတာက ဘာလဲ? ရဟန်းယောက်ျားပရိသတ်၊ ရဟန်းမိန်းမပရိသတ်၊ လူဥပါသကာယောက်ျားပရိသတ်၊ လူဥပါသိကာမ ဒါယိကာမ ပရိသတ်။ ပေါင်းလိုက်တော့ ပရိသတ် ဘယ်နှစ်မျိုးလဲ? ၄-မျိုး။

ယော ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဣမာ စတဿော ပရိသာ၊ ဤလေးမျိုးကုန်သော ပရိသတ်တို့သည်။ မံ၊ ငါဘုရားကို။ ဣမာယ ပူဇာယ၊ ဤဓမ္မပူဇာ၊ နိရာမိသပူဇာ၊ ပဋိပတ္တိပူဇာဟု ခေါ်ဆိုအပ်သော အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ ပူဇေဿန္တိ၊ ပူဇော်၍ နေကြပေကုန်လတ္တံ့။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ မမ၊ ငါဘုရားရှင်၏၊ သာသနံ၊ အဆုံးအမ သာသနာတော်သည်။ နဘဿ၊ ကောင်းကင်၏၊ မဇ္ဈေ၊ အလယ်၌။ ပုဏ္ဏစန္ဒော ဝိယ၊ လပြည့်ဝန်းကဲ့သို့။ ဝိရောစိဿတိ၊ တင့်တယ်စံပယ်၍ နေပေလိမ့်မယ်။

ဒီပရိသတ် ၄-ပါးဟာ ငါဘုရားကို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ကို လက်တွေ့ ကျင့်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ ဓမ္မပူဇာဖြင့် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်နေသည် ဖြစ်မယ်ဆိုရင် အကြင်မျှလောက်သော ကာလပတ်လုံး ပူဇော်ပြီးနေမယ်ဆိုရင် ထိုပူဇော်နေသမျှ အချိန်ကာလပတ်လုံး ငါဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကြီးဟာ ကောင်းကင်ရဲ့ အလယ်မှာ လပြည့်ဝန်းကြီး တင့်တယ်နေသလို တင့်တယ်စွာ လောကကြီးမှာ တည်ရှိနေပါလိမ့်မယ်ဆိုပြီး ဒီလို ဘုရားက ညွှန်ကြားထားတယ်နော်။ အဲဒီ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီးတော့ တစ်ချိန်ပေါ့လေ - ဦးပဉ္စင်းတို့ မြတ်စွာဘုရား ပရိနိဗ္ဗာန် မစံမီ လေးလလောက်အကြာဆိုကြစို့။

ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မယ် ဆိုတာက တော်တော်ခပ်များများ ကြိုတင် သိနေကြပါတယ်။ ထိုနေ့ နောက်ဆုံးပဲ ဆိုကြပါစို့ ၄၅-ဝါမြောက် ကာလ ဘုရားရှင်က ရဟန်းတော် ခပ်များများကို ဝေသာလီ ပတ်ဝန်းကျင်မှာပဲ ဝါဆိုဝါကပ်စေပါတယ်။ ဘုရားရှင် ဒီနေ့ ပရိနိဗ္ဗာန် စံတော့မယ် ဆိုတာကို ကြိုတင်ပြီးတော့ ခန့်မှန်းလို့ ရနေတဲ့ သူတော်ကောင်းတွေ ခပ်များများ ရှိနေကြတယ်။ ဒါပေမဲ့ ဘုရားရှင်ကတော့ တပို့တွဲလပြည့်နေ့ကျမှ ထုတ်ပြန်ပြီး ကြေညာပါတယ်နော်။ ပရိနိဗ္ဗာန် စံမယ်ဆိုတဲ့ အကြောင်းကို တပို့တွဲလပြည့်နေ့ကျမှ ထုတ်ပြန်ကြေညာတယ်။ သို့သော်လည်း တချို့တချို့ ရဟန်းတွေက ကြိုတင်ပြီး သိနေတဲ့အတွက် ဘာလုပ်ကြသလဲ?

အဲဒီမှာ ဒတ္တဆိုတဲ့ ရဟန်းတစ်ပါး၊ တိဿဆိုတဲ့ ရဟန်းတစ်ပါး၊ ဓမ္မာရာမဆိုတဲ့ ရဟန်းတော်တစ်ပါး။ ဒီရဟန်း ၃-ပါးက ဘုရားရှင် ခုလိုပေါ့လေ မကျန်းမမာ ဖြစ်နေတဲ့ အချိန်အခါမှာ အနားမှာ လာပြီး ဝတ်ကြီးဝတ်ငယ် ပြုစုဖော် မရဘူး။ ခပ်ဝေးဝေးမှာပဲ သူတို့က တရားဘာဝနာတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြတယ်။ ဘာဦးတည်ချက် ရှိသလဲလို့မေးရင် သူတို့ရဲ့ စိတ်ထဲမှာ တို့ဟာ တရားထူး တရားမြတ် မရှိကြသေးဘူး။ ဘုရား ပရိနိဗ္ဗာန်မစံမီ စပ်ကြားမှာ ဘုရားကို တို့ တရားဖြင့် အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်မယ်၊ ဘုရား ပရိနိဗ္ဗာန်မစံမီ တို့ ရဟန္တာ ဖြစ်စေရမယ်။ ဘုရားကို တို့ ရဟန္တာဖြစ်ကြောင်း ပရိနိဗ္ဗာန်မစံမီ တို့ လျှောက်ထားနိုင်အောင် တို့ ကြိုးစားမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သူတို့က တရားကို ကျင့်ကြတယ်။

အဲဒီ ဦးတည်ချက်ကို မသိတဲ့ တချို့တချို့ ရဟန်းတွေက ကဲ့ရဲ့ကြတယ်။ ဘုရားရှင်ကိုတောင် ပြုစုဖော် မရဘူး၊ သူတို့ အရေးမစိုက်ဘူး ဆိုပြီး စသည်ဖြင့် ကဲ့ရဲ့ကြတာပေါ့။ ကဲ့ရဲ့တဲ့ အခါကျတော့ ဒီရဟန်းတွေကို ဘုရားရှင်က ခေါ်ပြီး မေးမြန်းစစ်ဆေးတယ်။ စစ်ဆေးတော့ သူတို့ရဲ့ ဦးတည်ချက်၊ သူတို့ရဲ့ ယုံကြည်ချက်တွေကို လျှောက်ထားတယ်။ အဲဒီအခါမှာ ဘုရားရှင်က သာဓု ခေါ်တယ်။ ငါဘုရားကို ဒီလို တရားဖြင့် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်ခြင်းဟာ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် အလွန် ကျေးဇူးများတဲ့ ကျင့်ဝတ်ပဋိပတ် ဖြစ်တယ် စသည်ဖြင့် မြတ်စွာဘုရား ချီးမွမ်းတော်မူပါတယ်နော်။ ဒါကြောင့် ဒီနေရာမှာလည်း ဂေါတမီ ဦးပဉ္စင်းတို့ မြတ်စွာဘုရားရဲ့ မိထွေးတော်ဂေါတမီက သူ့ရဲ့ထေရီဂါထာလေးမှာ ဘုရားရှင်အား အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်တဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လို ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာလေးကို သူက ထည့်ပြီးတော့ တရားဟောသွားခဲ့တယ်။ ဘယ်လိုဟောသလဲ?

‘‘အာရဒ္ဓဝီရိယာ ပဟိတတ္တာ, နိစ္စံ ဒဠှပရက္ကမာ၊ရမန္တိ ဓမ္မရတိယာ, ဟိတွာန လောကိယံ ရတိ"

အာရဒ္ဓဝီရိယာ၊ အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်သော လုံ့လဝီရိယ ရှိကြကုန်သော။ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ဆိုတာက ဘာလဲဆိုတော့ - မိမိတို့ရဲ့ စိတ်ဓာတ်ကလေးကို လျောကျမသွားအောင် ချီးမြှောက်ထားတဲ့ ဝီရိယ။ စိတ်ဓာတ်ကလေးကို လျောကျမသွားအောင် ချီးမြှောက်ထားတယ် ဆိုတာက ဘယ်လိုဟာလဲလို့ မေးရင် - သီလ ဖြည့်ကျင့်တဲ့အပိုင်းမှာလည်း ဒီသီလလေးကို မညှိုးနွမ်းအောင် မိမိရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးထားတယ်။ သမာဓိကို ထူထောင်တဲ့ နေရာမှာလည်း မိမိ စိတ်ဓာတ်ကလေး လျောကျမသွားအောင် မြှင့်တင်ပေးထားတယ်။ စိတ်ပျက်ပါတယ်။ ဘယ်နှစ်ရက်တောင် ရှိနေပြီ ခုထက်ထိလည်း ဘာမှ မဖြစ်သေးဘူး။ ဟော ဒီလို စိတ်ထားမျိုး ဟုတ်သလား? မဟုတ်ဘူး။ စိတ်ဓာတ်က သူက မြှင့်တင်ပေးထားတယ်။ လျောကျမသွားစေရဘူး။ ငါ့ စိတ်ဓာတ် ရအောင်ကို ချမယ်။ ဒါ အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ ဇွဲ လုံ့လ ဝီရိယ ရှိတယ်။

ပညာကျင့်စဉ်ပိုင်း ရောက်ပြီ။ ဝိပဿနာကလည်း ရှုပါရဲ့၊ ရုပ်တွေ နာမ်တွေလည်း သိပါရဲ့၊ အကြောင်းတရား အကျိုးတရားလည်း သိပါရဲ့၊ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေလည်း ငါသိနေတယ်။ ဒါပေမဲ့ နိဗ္ဗာန် ငါမရ ဖြစ်နေတယ်။ ဘာဖြစ်လို့ မရသလဲ? အဲဒီမှာ ဘုန်းကြီး ဒီလို ယောဂီမျိုး ၃-ယောက်လောက်တော့ တွေ့ဖူးတယ်။ တော်တော်လေး ဘုန်းကြီးလည်း သုတေသန လုပ်ကြည့်တယ်။
j2uamz7mp1ccmbtq4kilt0asmrclofp မင်္ဂလသုတ်-၂၀/၉၇ 0 6243 21878 2026-04-13T19:14:15Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၁၉..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21878 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၁၉/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၁/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၂၀

ဒီပုဂ္ဂိုလ်တွေ တချို့ ဝိပဿနာပိုင်း၊ အထူးသဖြင့် သင်္ခါရုပေက္ခာဉာဏ်ပိုင်း ရောက်ရှိကြတယ်ပဲ ဆိုကြပါစို့နော်။ အဲဒီလို သင်္ခါရုပေက္ခာဉာဏ်ပိုင်းသို့တိုင်အောင် အပြင်းအထန် ကြိုးစားအားထုတ်ကြပါသော်လည်းပဲ သူတို့ လိုလားတောင့်တနေတဲ့ အရိယာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရရှိတဲ့ သူတော်ကောင်း တချို့လည်း တွေ့ရပြန်တယ်။

ဘယ်လိုအကြောင်းကြောင့်လဲ ပြန်လည် ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ အပိုင်းကဏ္ဍနှစ်ခုတော့ တွေ့ပါတယ်။ ကဏ္ဍတစ်ခုကတော့ ရှင်ရာဟုလာ ဆိုကြပါစို့။ ရှင်ရာဟုလာသည် ၇-နှစ်သားကတည်းက သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ ၂၁-နှစ်၊ ရဟန်း ၁-ဝါရရှိတဲ့ အချိန်အခါကျမှ ဘုရားရှင်က စူဠရာဟုလောဝါသုတ္တန်လို့ ခေါ်ဆိုအပ်တဲ့ သုတ္တန်လေးတစ်ခု ဟောပေးတော်မူပါတယ်။

ဘာကြောင့် ဘုရားရှင်က ဒီသုတ္တန်ဟောပေးရသလဲလို့ အကြောင်းရင်း ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာလည်း အရှင်ရာဟုလာ ကိုယ်တော်မြတ်၏သန္တာန်၌ အရဟတ္တဖိုလ် ရလောက်နိုင်သည့် ဣန္ဒြေတွေက ရင့်ကျက်လာပြီဆိုတာ ဘုရားရှင်က သိတယ်။ ၇-နှစ်သားကနေပြီးတော့ ၂၁-နှစ်အထိ ပြန်ပြီး ရေတွက်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ဘယ်လောက်ကြာမလဲ? ၁၃-နှစ်ကျော် ၁၄-နှစ်ဝန်းကျင်လောက် ရှိလိမ့်မယ်နော်။

အဲဒီလောက် တရားအားထုတ်သော်လည်း ထိုပုဂ္ဂိုလ်သည် မဂ်ဖိုလ်နိဗ္ဗာန် ရသလား? အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသလားလို့မေးတော့ မရသေးဘူး။ ဘာကြောင့် မရသေးလဲ? ဣန္ဒြေတွေက မရင့်ကျက်သေးဘူး။ ထိုနှစ်ပိုင်း အချိန်ကာလအတွင်းမှာ ဘုရားရှင်ဘက်ကလည်း အရှင်ရာဟုလာရဲ့ ဣန္ဒြေရင့်ကျက်ရေးအတွက် နည်းအမျိုးမျိုးနဲ့ တရားဒေသနာပေါင်းများစွာ ဟောကြားပေးတော်မူခဲ့ပါတယ်၊ ဆိုဆုံးမတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း ဥပဇ္ဈာယ်ဆရာဖြစ်ခြင်းကြောင့် မိမိရဲ့ တပည့်သာဝကဖြစ်တဲ့ ဒီရှင်ရာဟုလာအား နည်းအမျိုးမျိုးဖြင့် ဆိုဆုံးမပေးတော်မူခဲ့ပါတယ်။

သို့သော်လည်း လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ရသလား? မရသေးဘူး။ ဘာကြောင့်လဲ အရဟတ္တဖိုလ် ရောက်နိုင်လောက်အောင် ဣန္ဒြေများက သူ့ရဲ့သန္တာန်မှာ မရင့်ကျက်သေးဘူး။ ဘာဣန္ဒြေလဲ? သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ။ ဒီဣန္ဒြေငါးပါးက မရင့်ကျက်သေးဘူးနော်။ မရင့်ကျက်သေးတဲ့အတွက် ဘုရားရှင်ဘက်ကလည်း ရင့်ကျက်သည့်တိုင်အောင် မြေတောင်မြှောက်ပေးနေပါတယ်။ စောင့်ဆိုင်းနေလိုက်ပါတယ်။

အလားတူပဲ... အခုလို ယောဂီတွေ တရားအားထုတ်ကြတဲ့ အခါမှာလည်း ဒီရှင်ရာဟုလာလို နှစ်ပေါင်းများစွာ အားထုတ်ရမယ်။ ဣန္ဒြေရင့်ကျက်အောင် အားထုတ်ရမဲ့ပုဂ္ဂိုလ်တွေလည်း ဒီသာဝကတွေထဲမှာ မပါဘူးလို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ ဒါကြောင့် မိမိတို့ဘက်က စိတ်ဟာ ဇွဲ လုံ့လ ဝီရိယ မလျော့ဖို့တော့ လိုအပ်တယ်။

ရှင်ရာဟုလာမထေရ်မြတ်သည် ပါရမီ မရှိဘူးလားလို့ မေးရင်ကော ဘယ်လို ဖြေမလဲ? ရှိပါတယ်။ ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ သူက ပါရမီဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ ပဒုမုတ္တရမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ သိက္ခာသုံးပါးကို လိုလားတောင့်တတဲ့ သူတော်ကောင်းတို့၏အရာ၌ ဧတဒင်္ဂဘွဲ့ထူး ရရှိရန်အတွက် ဆုတောင်းပန်ထွာပြီးတော့မှ ပါရမီတွေ ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းဖြစ်ပါတယ်။

ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်က လူတို့ရဲ့ သက်တမ်း အနှစ်တစ်သိန်းတန်းမှာ ပွင့်ထွန်းတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ သာသနာဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်နဲ့ နှစ်ပေါင်း တစ်သိန်းလောက် ကြုံတွေ့ပြီးတော့ တကယ် အဆင့်အတန်း မြင့်မားနေတဲ့ ဧတဒင်္ဂဘွဲ့ထူးကြီးတစ်ခုကို ဆင်မြန်းလိုတဲ့ သူတော်ကောင်းတစ်ဦးသည် ဘာတရားမှ အားမထုတ်ဘူး ဆိုတာတော့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ပါဘူး။

ထိုဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာကတည်းက သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အဆင့်အတန်း မြင့်မားစွာဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့တဲ့ သူတော်ကောင်းဖြစ်တယ်။ ဘုရားရှင်ရဲ့ သားတော်ဖြစ်ဖို့ရန်လည်း ဆုတောင်းပန်ထွာခဲ့တဲ့ သူတော်ကောင်းလည်း ဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာတစ်သိန်းနဲ့ချီပြီး ပါရမီ ဖြည့်ထားတဲ့ သူတော်ကောင်း ဖြစ်ပေမဲ့လို့လည်း တစ်ခါတစ်ရံ ဣန္ဒြေတွေက မရင့်ကျက်တဲ့သဘော ဆိုတာက မရှိနိုင်ဘူးလား? ရှိနိုင်တယ်။

ဒါကြောင့် ဒီနေ့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ စိတ်ပျက်ဖို့ လိုသလား? မလိုပါဘူး။ မိမိတို့ဘက်က ဣန္ဒြေ မရင့်ကျက်သေးရင် ရင့်ကျက်အောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါက အကြောင်းတစ်ခု။

နောက်အကြောင်းတစ်ခုကတော့ အရှင်ဗာဟိရဒါရုစိယမထေရ်တို့လိုထုံးမျိုးပေါ့။ အရှင်ဗာဟိရဒါရုစိယမထေရ်ဟာလည်း ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်တွင်းထဲက ခိပ္ပါဘိည သစ္စာလေးပါးကို လျင်မြန်စွာ အမြန်ဆုံး သိရှိတော်မူကြတဲ့ ဘုရားရှင်၏ တပည့်သာဝကတို့တွင် အသာဆုံး အမြတ်ဆုံးဘွဲ့ထူးကို ရရှိဖို့ရန်အတွက် ကောင်းမှုကုသိုလ်ပြုပြီး ဆုတောင်းပန်ထွာတော်မူခဲ့တဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။

ပဒုမုတ္တရဘုရားရှင် သာသနာတော်ကနေ စပြီးတော့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့ပါတယ်။ အနီးကပ်ဆုံးကတော့ ကဿပဘုရားရှင် သာသနာတော်တွင်း ဖြစ်ပါတယ်။ ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သာသနာတော်နောက်ပိုင်းရောက်လာတဲ့ မထေရ်ကြီး ၆-ပါးပေါ့ -

ရဟန်းတော်တွေရဲ့ နေပုံထိုင်ပုံ ကြည့်ပြီးတော့ စိတ်ထဲမှာ သာသနာတော်နဲ့ ပတ်သက်ပြီး ရင်လေးကြတယ်။ အားမရ ဖြစ်နေကြတယ်။ အညီအညွတ် တိုင်ပင်ပြီးတော့ တောင်ထိပ်တစ်ခုကို တက်ပြီး တရားအားထုတ်ဖို့ရန်အတွက် ကြိုးပမ်းကြတယ်။ ဒီတောင်ထိပ်ကလည်း ပုပ္ပါးတောင်တို့လို တောင်ကလပ်ပုံ ပုံစံမျိုး ဖြစ်ပါလိမ့်မယ်လို့ ယူဆရပါတယ်နော်။

တောင်ထိပ်ပေါ်ကို ခဲခဲယဉ်းယဉ်း တက်ပြီးတော့ ကြိုးတွေနဲ့ ဆွဲပြီးတက်ရပြီ။ တောင်ထိပ်လည်း ရောက်တော့ ကဲ... အသက်ကို ငဲ့ကွက်မှုရှိတဲ့ ပုဂ္ဂိုလ်များ ပြန်ဆင်းလိုက ဆင်းနိုင်တယ်။ အသက်ကို ငဲ့ကွက်မှု မရှိခဲ့ဘူး ဆိုလို့ရှိရင်တော့ တောင်ထိပ်က မဆင်းနဲ့တော့လို့ ဒီလို တိုင်ပင်ပြီးတော့မှ ကြိုးတွေ အောက်ကို အားလုံး ဖြတ်ပြီး ချလိုက်ကြတယ်။ တောင်ထိပ်က ဆင်းလို့ မရတော့ဘူး။ အသက်စွန့်ပြီးတော့ကို တရားအားထုတ်ကြပါတယ်။

အဲဒီလို အသက်စွန့်ပြီး အားမထုတ်ခင်မှာ ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သူတို့က ရှင်ရဟန်းအဖြစ်နဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို နှစ်ပေါင်း ၂-သောင်းလောက် ကျင့်ခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဒီနေ့ မျက်မှောက်ခေတ် တရားနာနေတဲ့ ပရိသတ်တွေ ဒီဂေါတမဘုရားရှင်ရဲ့ သာသနာမှာ နှစ်ပေါင်း ဘယ်နှစ်သောင်းလောက် ကျင့်ပြီးသလဲ? ဒါကြောင့် အားမလျော့ပါနဲ့။ ဟုတ်တယ်မဟုတ်လား?

နှစ်ပေါင်း ၂-သောင်းလောက် ကျင့်ထားတဲ့ ထိုပုဂ္ဂိုလ်တွေသည် အသက်ကို စွန့်ပြီးတော့ နောက်ဆုံးကျင့်ပါတယ်။ နောက်ဆုံး ကျင့်လိုက်တာမှာ တစ်နေ့တာ၊ တစ်ညတာ ကျင့်လိုက်တော့ မထေရ်မြတ်ကြီးတစ်ပါးက ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူပါတယ်။ ဆဠာဘိည ရဟန္တာမထေရ်ပေါ့ - အဘိညာဉ်ခြောက်ပါး ရရှိတော်မူတဲ့ ရဟန္တာမထေရ်ကြီး ဖြစ်သွားတယ်။ အဘိညာဉ်တန်ခိုးဖြင့် ဆွမ်းခံပြီးတော့ ထိုကျန်နေတဲ့ ငါးပါးကို ဆွမ်းခံပြီး ကျွေးမွေးပါတယ်။ ကျန်နေတဲ့ ငါးပါးကလည်း ဘာပြန်လျှောက်ထားသလဲ?

အရှင်ဘုရား... တပည့်တော်တို့ တောင်ထိပ်တက်ပြီးတော့ တရားအားထုတ်ဖို့ရန် တိုင်ပင်ခဲ့စဉ်က ရဟန္တာအရင်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်က ကြွင်းကျန်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆွမ်းခံပြီး ကျွေးကြစတမ်းဆိုတဲ့ ကတိကဝတ် မရှိခဲ့ပါဘူး။ ဒါကြောင့် အရှင်ဘုရား ဆွမ်းခံကျွေးတဲ့ ဆွမ်းကို တပည့်တော်တို့ မစားလိုပါဘူး ဆိုပြီး ငြင်းပယ်ကြတယ်။ ဒီနေ့ တရားနာပရိသတ်တွေ အဲဒီလိုမျိုး ဆွမ်းခံကျွေးမဲ့ပုဂ္ဂိုလ်ရှိရင် စားမလား၊ မစားဘူးလား? စိတ်ထား ကွာပုံနော်။

ကဲ... အဲဒီမှာ သူတို့က မစားဘူး။ မစားဘဲနဲ့ ဆက်ပြီး အားထုတ်လိုက်တော့ ဒုတိယနေ့မှာ မထေရ်ကြီးတစ်ပါးက အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်သွားတယ်။ ကျန်နေတဲ့ မထေရ်လေးပါးကတော့ ၇-ရက်ဝန်းကျင်အတွင်းမှာပဲ အားလုံး ပုထုဇန်အဖြစ်နဲ့ပဲ ကွယ်လွန်သွားကြပါတယ်နော်။

အဲဒီ ပုထုဇန်အဖြစ်နဲ့ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အရှင်ဗာဟိရဒါရုစိမထေရ် အလောင်းလျာလည်းပါတယ်။ ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်တွင်းထဲကနေပြီးတော့ ကဿပဘုရားရှင်ရဲ့ သာသနာတော်အထိ ဒီလို အသက်စွန့်ပြီးတော့ နှစ်ပေါင်း ၂-သောင်းလောက် ကဿပဘုရားရှင် သာသနာမှာ ကြိုးပမ်းတယ်။ ပဒုမုတ္တရဘုရားရှင် သာသနာမှာလည်း နှစ်ပေါင်း ၁-သိန်းလောက် ကြိုးပမ်းခဲ့တယ်။

ဒီလို ကြိုးစားအားထုတ်ခဲ့တဲ့ သူတော်ကောင်းသည် ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ အသက်စွန့်ပြီး ကြိုးပမ်းခဲ့တဲ့အတွက် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရဖို့တော့ မကောင်းဘူးလား? ကောင်းတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရစေမယ်ဆိုတဲ့ ဦးတည်ချက်နဲ့လည်း ကြိုးပမ်းခဲ့တာ ဖြစ်တယ်နော်။ ရကော ရသလား? မရဘူး။ အနှစ် ၂-သောင်းလောက် အားထုတ်တာတောင်မှ မရတာ၊ ဒီနေ့ခေတ် တရားနာနေတဲ့ ပရိသတ်တွေ တရားလေးများ နည်းနည်းပါးပါး မရလို့ စိတ်ပျက်စရာ ရှိသလား? မရှိပါဘူး။ ကြိုးစားပါနော်။ ကြိုးစားလိုက်တဲ့အတွက် ဘာဖြစ်နိုင်သလဲ? ပါရမီ မျိုးစေ့ကောင်းတော့ ဖြစ်မသွားဘူးလား? ဖြစ်သွားနိုင်တယ်။

သို့သော် ဒီအရှင်ဗာဟိရဒါရုစိမထေရ်က ဘာကြောင့် အဲဒီမှာ မရသလဲ? ဒီအကြောင်းလေးက ပုံစံတမျိုး သွားလို့ ဘုန်းကြီး ပြောနေတာပါနော်။ ပဒုမုတ္တရဘုရားရှင်လက်ထက်မှာ ဆုတောင်းပန်ထွာတော်မူခဲ့စဉ် အချိန်အခါက နောင်တစ်ချိန် ဒီကမ္ဘာကနေ ပြန်ပြီး ရေတွက်ကြည့်မယ် ဆိုလို့ရှိရင် ကမ္ဘာတစ်သိန်းမြောက်သောအခါ လောကမှာ ဂေါတမအမည်ရှိသော ဘုရား ပွင့်လိမ့်မယ်။

ထိုဂေါတမ ဘုရားရှင်၏သာသနာတော်တွင်း၌ သင်သည် ခိပ္ပါဘိည ဧတဒင်္ဂဘွဲ့ထူးကို ဆင်မြန်းနိုင်တဲ့ သာဝကတစ်ဦး ဖြစ်လိမ့်မယ် စသည်ဖြင့် ပဒုမုတ္တရ ဘုရားရှင်ကိုယ်တော်တိုင်က နိယတဗျာဒိတ်လို့ ခေါ်ဆိုအပ်တဲ့ မြဲတဲ့ကိန်းသေ မြွက်ကြားခြင်း နိမိတ်ဖတ်ခြင်းပေ့ါနော်။ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပါတယ်။ ဒီလို နိယတဗျာဒိတ်ပန်းကို ဆင်မြန်းထားတဲ့ သူတော်ကောင်းတွေက တခြားတခြား ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဘယ်လောက်ပဲ ကြိုးပမ်းသော်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်တဲ့သဘော မရှိဘူး။ ဘာကြောင့်လဲ?

ဘုရားရှင်တို့က ဘယ်အချိန်အခါ ရမယ်ဆိုတာကို သေသေချာချာ လှမ်းကြည့်လိုက်လို့ မြင်တဲ့ အချိန်အခါကျမှ ဒီနိယတဗျာဒိတ်ဆိုတဲ့ စကားတော်များကို မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်။ ငှက်ပျောပင်တစ်ပင် ဆိုကြပါစို့... ငှက်ပျောဖူးကြီး ထွက်လာပြီ၊ ငှက်ပျောပင်နှင့် ပတ်သက်တဲ့ အသိလိမ္မာဉာဏ်ပညာရှိတဲ့ သူတော်ကောင်းက ဘယ်လို ပြောလဲ? နောက်လေးလကြာရင်၊ နောက်ခြောက်လကြာရင် ဒီငှက်ပျောပင်က ငှက်ပျောသီးကို စားရလိမ့်မယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီပုံစံအတိုင်းပဲ။

ပဒုမုတ္တရဘုရားရှင်ကလည်း ဒီအရှင်ဗာဟိရဒါရုစိ အလောင်းဖြစ်တဲ့ အမျိုးကောင်းသားရဲ့ ရုပ်နာမ်သန္တာန်အစဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ နောင်ကမ္ဘာတစ်သိန်းကြာလို့ ပွင့်ထွန်းလာမဲ့ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်၌ သီးလာမဲ့ ငှက်ပျောဖူးကြီးပဲလို့ လှမ်းပြီး မြင်တယ်။ ကျိန်းသေတဲ့ ဗျာဒိတ်စကား မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ နိယတဗျာဒိတ် ရထားပြီးတဲ့ ပုဂ္ဂိုလ်တွေလည်း မိမိတို့ ကျွတ်တမ်းဝင်မဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှတစ်ပါး အခြားအခြားသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့သဘော ရှိသလား? မရှိဘူး။ ဒါကလည်း အကြောင်းတစ်ခု။

ဒါကြောင့် ဒီလို သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါသော်လည်းပဲ မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်တဲ့ အကြောင်းရင်းတွေကို ပြန်ပြီး ဆန်းစစ်ကြည့်တဲ့အပိုင်းမှာ အပိုင်းကဏ္ဍ ၂-ခု ဘုန်းကြီးကတော့ တွေ့ပါတယ်နော်။ အဲဒီယောဂီပုဂ္ဂိုလ်တွေဟာ ဘယ်လို ပုဂ္ဂိုလ်တွေဆိုတာ ဘယ်အမျိုးအစားထဲမှာ ပါမယ်ဆိုတာ ဘုန်းကြီးဘက်ကတော့ အတိအကျ မသိဘူး။ ၂-ခုထဲက ၁-ခုခုတော့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။

သို့သော် အဲဒီလို သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဆိုကြပါစို့... ဝိပဿနာဉာဏ်တွေကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို့ ဒီပုဂ္ဂိုလ်များ၊ ဒီသူတော်ကောင်းများ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရဘူးပဲထား၊ အရှုံးထွက်မလား? မထွက်ဘူး။ လားရာဂတိ ကျိန်းသေဧကန် မြဲမယ်လို့ ဘုရားဟောထားတဲ့ သုတ္တန်တစ်ခု အတိအကျ ရှိပါတယ်နော်။ အဲဒီသုတ္တန်ကို နောက်ပိုင်းမှာ ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်။

ဒီနေ့ ပြောနေတာက ဘယ်စကားက အခြေခံသလဲလို့ မေးတော့ ဘုရားရှင်ကို အမြတ်ဆုံးသော ပူဇော်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ တရားဖြင့် ပူဇော်ခြင်းကို ပြောနေတဲ့အပိုင်းပါနော်။ မိထွေးတော်ဂေါတမီ ထေရီဂါထာမှာ လာရှိတဲ့ ဂါထာလေးကို အနက်အဓိပ္ပာယ်ပြောနေတဲ့ အပိုင်းကဏ္ဍ ဖြစ်ပါတယ်နော်။ မိထွေးတော် ဂေါတမီက ဘယ်လို ဟောခဲ့သလဲ?

‘‘အာရဒ္ဓဝီရိယာ ပဟိတတ္တာ, နိစ္စံ ဒဠှပရက္ကမာ၊ ရမန္တိ ဓမ္မရတိယာ, ဟိတွာန လောကိယံ ရတိ"

ကောင်းလိုက်တဲ့ ဂါထာလေးနော် - ဘာပြောလဲ?

အာရဒ္ဓဝီရိယာ၊ အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သည့် လုံ့လဝီရိယ ရှိကြကုန်သော။

စိတ်ထားကို သူက မြှင့်တင်ပေးတာကို ဝီရိယ ပြောတယ်။ စိတ်ဓာတ်တွေ မြှင့်တင်ပေးတယ်။ သီလကျင့်စဉ်ကို လက်တွေ့ ကျင့်တဲ့နေရာ၊ သမာဓိကျင့်စဉ်ကို လက်တွေ့ ကျင့်တဲ့နေရာ၊ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်တဲ့နေရာမှာ မိမိရဲ့ စိတ်ဓာတ်ကို လျောကျပြီး မသွားအောင် စိတ်ဓာတ်ကို မြှင့်တင်ပေးထားတဲ့ လုပ်ငန်းကို ဘာပြောသလဲ? အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိတဲ့ပုဂ္ဂိုလ်လို့ ဒီလို ပြောနေတာနော်။ ဒါကြောင့်

အာရဒ္ဓဝီရိယာ၊ အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သည့် လုံ့လဝီရိယ ရှိကြကုန်သော။ ပဟိတတ္တာ၊ နိဗ္ဗာန်သို့ စေလွှတ်ထားအပ်သော စိတ်ထားရှိတော်မူကြကုန်သော။ တစ်နည်း ပဟိတတ္တာ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သည့် ကျင့်ဝတ်ပဋိပတ်၌ စေလွှတ်ထားအပ်သော စိတ်ထားရှိတော်မူကြကုန်သော။ ပဟိတတ္တ၊ နိဗ္ဗာန်သို့ စေလွှတ်ထားတဲ့ စိတ်ရှိတယ်ဆိုပြီး ဒီလိုလည်း အနက်အဓိပ္ပာယ် ထွက်တယ်။ နောက်တစ်ခုကတော့ နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်မှာ အမြဲတမ်း စိတ်ကို စေလွှတ်ထားတယ်။ ဒီလိုလည်း အနက်အဓိပ္ပာယ် တမျိုး ထွက်တယ်။ ၂-ခုစလုံးကတော့ အားလုံး အမှန်ချည်းပဲနော်။ ဒါကြောင့် -

ပဟိတတ္တာ၊ နိဗ္ဗာန်သို့ စေလွှတ်ထားအပ်သော စိတ်ထားရှိတော်မူကြကုန်သော။ ပဟိတတ္တာ၊ နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်၌ စေလွှတ်ထားအပ်သော စိတ်ထားရှိတော်မူကြကုန်သော။ နိစ္စံ၊ အမြဲ။ ဒဠှပရက္ကမာ၊ မရရှိသေးသော တရားထူး တရားမြတ်ကို ရရှိဖို့ရန်၊ ရရှိပြီးသော တရားထူး တရားမြတ်၏ အရဟတ္တဖိုလ်တိုင်အောင် စည်ပင်တိုးပွားရန်အတွက် မြဲမြံခိုင်ခံ့သော လုံ့လဝီရိယရှိတော်မူကြကုန်သော။

ယောဂီပုဂ္ဂိုလ်များ တရားအားထုတ်ပြီဆိုရင် မိမိတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ထားဖို့ လိုတယ်။ နိဗ္ဗာန်ဘက်ကို စေလွှတ်ထားဖို့လိုတယ်။ သို့မဟုတ် နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ မိမိတို့ရဲ့ စိတ်ကို အမြဲတမ်း ပို့ဆောင်စေလွှတ်ထားဖို့ လိုအပ်တယ်။ ဘယ့်နှယ်တုန်း ယောဂီသူတော်ကောင်းတွေ ဒီစကားလေး လက်ခံနိုင်မလား? တရားတော့ ထိုင်ပါရဲ့၊ စိတ်က အိမ်ဘက်ကို စေလွှတ်ထားတယ်ဆိုရင်ကော ဒီတရား ရနိုင်ပါ့မလား? တရားတော့ အားထုတ်ပါရဲ့၊ မနှစ်တုန်းက ဘုန်းကြီး ပြောခဲ့ဖူးသလိုပေါ့လေ...

ဒကာလေးတစ်ယောက် ဒီနှစ်လည်း ရောက်လာပါတယ်။ မနှစ်တုန်းကတော့ သူက ဘုန်းကြီး ဝတ်တယ်။ ဒီနှစ်တော့ မဝတ်တော့ဘူး။ သူက တစ်နေ့ ဘာလျှောက်သလဲ?

ဆရာတော်... တပည့်တော် လူထွက်တော့မယ်။

ဘာဖြစ်လို့လဲ?

တရားအားထုတ်လို့ မရတော့ဘူး။

ဘယ်လိုကြောင့် မရသလဲ?

တရားထိုင်ပြီ ဆိုလို့ရှိရင် တပည့်တော်က ထန်းလျက်တွေ ဝယ်ဝယ်ပြီး စာရင်းချည်းပဲ တွက်နေတယ်တဲ့။ သူက ဒီလိုပြောတယ်။ ဘာဖြစ်လို့လဲ? သူက ထန်းလျက်ပွဲရုံသမား ဖြစ်တယ်။ ပွဲရုံ တည်ထောင်ထားတဲ့ပုဂ္ဂိုလ် ထန်းလျက် ဝယ်တဲ့ပွဲရုံ ဖြစ်နေတယ်။ သူ လူထွက်မယ်လို့ လျှောက်တဲ့ အချိန်အခါက ထန်းလျက်ထွက်တဲ့အချိန် ဖြစ်နေတယ်။ ထန်းလျက်ထွက်တဲ့ အချိန်ဖြစ်နေတဲ့ အချိန်အခါကျတော့ တရားထိုင်လိုက်ပြီ ဆိုလို့ရှိရင် အဲဒီ ထန်းလျက်တွေ ဝယ်၊ ဝယ်ပြီးလို့ စာရင်းချည်းပဲ တွက်တွက်နေတယ်။ အဲဒီလို ထန်းလျက်တွေ ဝယ်ပြီး စာရင်းတွက်နေမယ် ဆိုလို့ရှိရင်လည်း ဒီနိဗ္ဗာန် ရနိုင်ပါ့မလား?

ကဲ ဒီဘက်က ကျောင်းဆရာမတွေ ဘာများ တွက်နေလဲတော့ မသိဘူး။ ဘယ်နှစ်ရက်နေ့ ကျောင်းဖွင့်တော့မယ်ဆိုပြီး လက်ချိုးပြီး ရေတွက်ပြီးတော့ ကျောင်းဖွင့်မဲ့ရက်ကို လှမ်းပြီးတော့ စေလွှတ်ထားမယ်၊ စိတ်ကို စေလွှတ်ထားမယ် ဆိုရင်ကော ဒီတရားက ရနိုင်ပါ့မလား? မရနိုင်ဘူး။

ဒါကြောင့် တရားအားထုတ်ပြီ ဆိုလို့ရှိရင်တော့ စိတ်ကို ဘယ်ဘက်ကို စေလွှတ်ထားရမလဲ? နိဗ္ဗာန်ဘက်ကို စေလွှတ်ထားတဲ့စိတ် ရှိရမယ်။ နောက်တစ်နည်း ပြောရင်တော့ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ဝတ်ပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စိတ်ကို စေလွှတ်ထားရမယ်။ အဲဒီလို စေလွှတ်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ်တစ်ခု -

နိစ္စံ ဒဠှပရက္ကမာ -

မြဲမြံခိုင်ခံ့တဲ့ လုံ့လဝီရိယ ရှိရမယ်။ မြဲမြံခိုင်ခံ့တဲ့ လုံ့လဝီရိယ ဆိုတာက ဘာပြောတာလဲလို့ မေးတော့ - မရသေးတဲ့ တရားထူး တရားမြတ်ကို ရရှိဖို့ရန်၊ ရရှိပြီးတဲ့ တရားထူး တရားမြတ်ကို အရဟတ္တဖိုလ်တိုင်အောင် စည်ပင်တိုးပွားဖို့ရန်အတွက် မြဲမြံခိုင်ခံ့တဲ့ လုံ့လဝီရိယ ရှိရမယ်။

ဝီရိယ မြဲဖို့ မလိုဘူးလား? တစ်ခါတလေတော့ ဝီရိယ မြဲတယ်။ စိတ်ဓာတ်က မြှင့်တင်လို့ ရတယ်။ တစ်ခါတလေကျတော့ လုံ့လဝီရိယက မမြဲပြန်ဘူး။ စိတ်ဓာတ်က မြဲမြံခိုင်ခံ့တဲ့သဘော ရှိလား? မရှိဘူး။ ဒါပေမဲ့ ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ သာသနာတော်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သူတော်ကောင်းကြီးတွေက ဘယ်လို သဘောရှိကြသလဲ? နည်းနည်းလေး နာကြည့်စမ်း။ ကြည်ညိုလို့ပါ ဘုန်းကြီးကနော် -

ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ, စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ၊ တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ, ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ, ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယေ ခီဏာသဝါ၊ အကြင် ကိလေသာ အာသဝေါ လျှောကျကင်းကွာ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။ ဂေါတမသာသနမှိ၊ ဂေါတမမြတ်စွာ ရောင်ဝါထိန်လင်း သာသနာတော်မြတ်အတွင်း၌။ ဒဠှေန၊ ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော။ မနသာ၊ သမာဓိနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။ သုပ္ပယုတ္တာ၊ လွန်စွာကြိုးကုတ် အားထုတ်တော်မူကြကုန်သည်ဖြစ်၍။ နိက္ကာမိနော၊ ကိလေသာဟူ အပူခပ်သိမ်းမှ အလျှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်တော်မူကြလေကုန်ပြီ။

ကြည့်စမ်း... ဘယ်လောက် ကြည်ညိုဖို့ ကောင်းသလဲ? ရဟန္တာမထေရ်မြတ်ဖြစ်မဲ့ သူတော်ကောင်းကြီးတွေ ဒီဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်တွင်းမှာ တရားအားထုတ်တဲ့ အချိန်အခါမှာ ဘယ်လို စိတ်ဓာတ် ရှိကြသလဲ? ကျောက်တောင်ကြီးပမာ မြဲမြံခိုင်ခံ့တဲ့ သမာဓိနဲ့ယှဉ်တဲ့ စိတ်ဓာတ် ရှိကြတယ်။ အဲဒီ စိတ်ထားဖြင့် ဘာလုပ်သလဲ?

သုပ္ပယုတ္တာ၊ လွန်စွာကြိုးကုတ် အားထုတ်တော်မူကြကုန်သည်ဖြစ်၍။

အပြင်းအထန် လွန်စွာကြိုးကုတ် အားထုတ်တော်မူကြတယ်။ အားထုတ်တော်မူခဲ့တဲ့အတွက် ဘာဖြစ်သလဲ?

ယေ ခီဏာသဝါ၊ အကြင် ကိလေသာ အာသဝေါ လျှောကျကင်းကွာ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။ ဂေါတမသာသနမှိ၊ ဂေါတမမြတ်စွာ ရောင်ဝါထိန်လင်း သာသနာတော်မြတ်အတွင်း၌။ ဒဠှေန၊ ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော။ မနသာ၊ သမာဓိနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။ သုပ္ပယုတ္တာ၊ လွန်စွာကြိုးကုတ် အားထုတ်တော်မူကြကုန်သည်ဖြစ်၍။ နိက္ကာမိနော၊ ကိလေသာဟူ အပူခပ်သိမ်းမှ အလျှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်တော်မူကြလေကုန်ပြီ။ တေ ခီဏာသဝါ၊ ထိုရဟန္တာ ပုဂ္ဂိုလ်မြတ်ကြီးတို့သည်။ အမတံ၊ စုတိပြတ်ကြွေ ဘယ်အခါမှ သေကျေပျက်စီးရခြင်း မရှိသော အမတဓာတ် နိဗ္ဗာန် တရားတော်မြတ်သို့။ ဝဂယှ၊ အာရုံပြုသောအားဖြင့် သက်ရောက်တော်မူကြကုန်သည်ဖြစ်၍။ မုဓာ၊ ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကြရဘဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ် အရသာကို။ ဘုဉ္ဇမာနာ၊ သုံးဆောင်ခံစားတော်မူကြကုန်လျက်။ ပတ္တိပတ္တာ၊ မိမိတို့ ရောက်ရှိအပ်ပြီး ရရှိအပ်ပြီး ဖြစ်သည့် အရဟတ္တဖိုလ်သို့ အသစ်တစ်ဖန် ဝင်စားသောအားဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။ သံဃေ၊ ရဟန္တာသံဃာတော်မြတ်၌။ ဣဒမ္ပိ ရတနံ၊ ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ ပဏီတံ၊ ထူးမြတ်တော်မူလှပါပေ၏၊ ဧတေန သစ္စေန၊ ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ ပါဏီနံ၊ အပေါင်းများစွာ သတ္တဝါတို့အား။ သုဝတ္ထိ၊ ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။

သာဓု သာဓု သာဓုပါဘုရား...။

ဝေသာလီပြည်မှာ ဘုရားရှင် ကိုယ်တော်တိုင်က သစ္စာပြုခဲ့တဲ့ တရားဒေသနာဂါထာလေးတစ်ခု ဖြစ်ပါတယ်။ ရတနသုတ္တန်မှာ လာရှိပါတယ်နော်။ ဒီတော့ ရဟန္တာဖြစ်သွားတဲ့ ကိလေသာ အပူခပ်သိမ်းမှ ကျွတ်လွတ် ထွက်မြောက်တော်မူတဲ့ ထိုပုဂ္ဂိုလ်ကြီးတွေဟာ ဘာလုပ်ကြသလဲ? ကျောက်တောင်ကြီးပမာ မြဲမြံခိုင်ခံ့တဲ့ စိတ်ထားဖြင့် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေကို လွန်စွာ ကြိုးကုတ် အားထုတ်တော်မူကြတယ်။

ဒီလို အားထုတ်တော်မူတဲ့အတွက်ကြောင့် ကိလေသာဟူ အပူခပ်သိမ်းမှ အလျှင်းကျွတ်ပြီး ကင်းလွတ် ထွက်မြောက်သွားတော်မူကြတယ်။ ကိလေသာဆိုတဲ့ အပူခပ်သိမ်းမှ အလျှင်းကျွတ်ပြီး ကင်းလွတ် ထွက်မြောက်တော်မူတဲ့အတွက် ထိုရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတွေ ဘာလုပ်ကြသလဲ?

အရဟတ္တမဂ်ဆိုက်ရင် ကိလေသာမှ လွတ်တယ်၊ အရဟတ္တဖိုလ်ဆိုက်ရင် ကိလေသာမှ ကွင်းလုံးကျွတ် လွတ်တယ်။ အရဟတ္တမဂ်က ကိလေသာအားလုံးကို ပယ်သတ်လိုက်တယ်။ အရဟတ္တဖိုလ်က ကိလေသာ အားလုံးက လွတ်သွားတယ်။ လွတ်သွားလိုက်တဲ့အခါမှာ အရဟတ္တဖိုလ် ရောက်ရှိသွားတဲ့ ဒီရဟန္တာမထေရ်မြတ်ကြီးတွေ ဘာလုပ်ကြသလဲ? မိမိတို့ ရရှိထားတဲ့ အရဟတ္တဖိုလ်သမာပတ်ကို တစ်ဖန် ပြန်ပြီးတော့ ဝင်စားကြတယ်။ အရဟတ္တဖိုလ် သမာပတ်ကို ဝင်စားတဲ့ အချိန်အခါမှာ ဒီအရဟတ္တဖိုလ် သမာပတ်စိတ်တွေက ဘာကို အာရုံပြုသလဲလို့မေးတော့ -

အမတံ၊ စုတိပြတ်ကြွေ ဘယ်အခါမှ သေကျေပျက်စီးရခြင်း မရှိသော အမတဓာတ် နိဗ္ဗာန် တရားတော်မြတ်သို့။ ဝဂယှ၊ အာရုံပြုသောအားဖြင့် သက်ရောက်တော်မူကြကုန်သည်ဖြစ်၍။

ဘယ်တော့မှ သေကျေပျက်စီးမှု မရှိတဲ့ မသေရာ အမြိုက်နိဗ္ဗာန်ဓာတ်ကြီးကို အာရုံ လှမ်းပြီး ပြုနေကြတယ်။ အဲဒီလို အာရုံလှမ်းပြုတာ ပိုက်ဆံ ဘယ်လောက်များ ကုန်သလဲလို့မေးတော့ -

မုဓာ၊ ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကြရဘဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ် အရသာကို။

ဒီဖလသမာပတ် အငြိမ်းဓာတ်အရသာကြီး၊ နိဗ္ဗာန်ရဲ့ သန္တိသုခ အငြိမ်းဓာတ်အရသာကြီးကို သုံးဆောင်ခံစားချင်လို့ လှမ်းပြီးတော့ အာရုံယူလိုက်လို့ ရှိရင် ပိုက်ဆံလည်း တစ်ပြားမှ မကုန်ဘူး။ ပိုက်ဆံ တစ်ပြားမှ မကုန်ရုံတွင်လားဆိုတော့ မကဘူး။

လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ် အရသာကို။ ဘုဉ္ဇမာနာ၊ သုံးဆောင်ခံစားတော်မူကြကုန်လျက်။ ပတ္တိပတ္တာ၊ မိမိတို့ ရောက်ရှိအပ်ပြီး ရရှိအပ်ပြီး ဖြစ်သည့် အရဟတ္တဖိုလ်သို့ အသစ်တစ်ဖန် ဝင်စားသောအားဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။

ပိုက်ဆံလည်း တစ်ပြားမှ မကုန်ဘူး၊ အဆင့်အတန်း အမြင့်မားဆုံးဖြစ်တဲ့ အရဟတ္တဖိုလ် သမာပတ်ချမ်းသာသုခကြီးကိုလည်း လှမ်းပြီးတော့ အာရုံယူလို့ ရတယ်။ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို အရဟတ္တဖိုလ်စိတ်ဖြင့် တစ်နာရီ အလိုရှိက တစ်နာရီ လှမ်းပြီး အာရုံယူပြီး နေနိုင်တယ်။ နှစ်နာရီ အလိုရှိခဲ့ရင်လည်း နှစ်နာရီ လှမ်းပြီး အာရုံယူပြီး နေထိုင်နိုင်တယ်။ ပိုက်ဆံ ဘယ်လောက်ကုန်မလဲ? မကုန်ပါဘူး။

ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ ဒီလောက်ကြီးကျယ် မြင့်မြတ်နေတဲ့ ချမ်းသာသုခကြီးကို ဒီရဟန္တာမထေရ်မြတ်ကြီးတွေ ဘာနဲ့ ရင်းနှီးပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ကြသလဲ?

ဒဠှေန၊ ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော။ မနသာ၊ သမာဓိနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။

ကျောက်တောင်ကြီးပမာ မြဲမြံခိုင်ခံ့သော သမာဓိနှင့်ယှဉ်နေတဲ့ စိတ်ဓာတ်တွေနဲ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို့ ဒီလို ရရှိကြတာ။ ဒီလိုဆိုရင် လျော့လျော့ပေါ့ပေါ့ အားထုတ်ရုံနဲ့တော့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဒါ လိုအပ်တယ်နော်။ ဒါကြောင့် -

နိစ္စံ ဧကာပရက္ကမေ၊ မရရှိသေးသော တရားထူး တရားမြတ်ကို ရရှိဖို့ရန်၊ ရရှိပြီးဖြစ်တဲ့ တရားထူး တရားမြတ်ကိုလည်း အရဟတ္တဖိုလ်တိုင်အောင် စည်ပင်ပြန့်ပွားဖို့ရန် မြဲမြံခိုင်ခံ့ ကြီးမားသော လုံ့လဝီရိယ ရှိတော်မူကြကုန်သော။ အဂ္ဂေ၊ သီလ သမာဓိ ပညာ ဂုဏ်အားဖြင့် ညီညွတ်မှုလျှင် ရှိကြကုန်သော။ သာဝကေ၊ အရိယာသာဝကတို့ကို။ ယော၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ပသေ၊ ဖူးမြော်ခဲ့လေရာ၏၊ ပသေ၊ ဖူးမြော်ခွင့် ရရှိလေရာ၏။

ပုဂ္ဂိုလ်တစ်ယောက်က အခုလိုပေါ့ - အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ နိဗ္ဗာန်သို့ စေလွှတ်ထားအပ်တဲ့ သို့မဟုတ် နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စေလွှတ်ထားတဲ့ စိတ်ဓာတ် အမြဲရှိနေတဲ့ မရရှိသေးသော တရားထူး တရားမြတ်တွေကို ရရှိဖို့ရန်၊ ရရှိပြီးဖြစ်နေတဲ့ ဒီတရားထူး တရားမြတ်တွေကို အရဟတ္တဖိုလ်တိုင်အောင် စည်ပင်ပြန့်ပွားဖို့ရန်အတွက် မြဲမြံခိုင်ခံ့တဲ့ လုံ့လဝီရိယ ရှိနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို အညီအညွတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူကြတဲ့ ဘုရားရှင်ရဲ့ အရိယာသာဝကတပည့်တွေကို ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် အကယ်၍ ဖူးမြော်ခဲ့ရမယ်ဆိုရင်နော် -

ဧသာ၊ ဤကဲ့သို့။ သမ္မာပဋိပက္ကော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေခြင်းသည်ကား။ ဗုဒ္ဓါနံ၊ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်သော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့အား။ ဝန္ဒနာ၊ ရှိခိုးခြင်း မည်ပါပေ၏။

ဒီလို ဖူးလည်း ဖူးတွေ့ရပြီ ဆိုကြပါစို့နော်။ အဲဒီလို ဖူးတွေ့နေရတဲ့ ဒီသူတော်ကောင်းတွေဟာ ဘာလုပ်နေတာလဲလို့ မေးရင် သူတို့ရဲ့ ကောင်းမွန် မှန်ကန်နေတဲ့ သာမန် ပဋိပတ်ကျင့်ဝတ်တွေဖြင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်ပေါ်တော်မူကြပြီးတဲ့ ဘုရားရှင်တို့အား ရှိခိုးနေခြင်း မည်တယ်။ ဘုရားကို အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်နေသည် မည်တယ်လို့ ဒီလို ဖွင့်ထားတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥစ္စာက အဲဒီလို ပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်ဘေးဆိုးကြီးမှလည်း မလွတ်မြောက်သေးဘူးလား? လွတ်မြောက်တယ်။ အိုဘေးဆိုးကြီး၊ နာဘေးဆိုးကြီး၊ သေဘေးဆိုးကြီးမှလည်း မလွတ်မြောက်ဘူးလား? လွတ်မြောက်တယ်။ နောက်ထပ်တစ်ဖန် ဘဝသစ်မှာ သို့မဟုတ် အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ ဘေးဆိုးဒုက္ခကြီးမှလည်း မလွတ်မြောက်ကြဘူးလား? လွတ်မြောက်တယ်။ သံသရာ ဝဋ်ဆင်းရဲဒုက္ခအားလုံးချည်းမှ ကွင်းလုံးကျွတ် လွတ်မြောက်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိတဲ့ ပူဇော်ခြင်းဖြစ်တယ်။

ဒါကြောင့် ဒီဓမ္မပူဇာလို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်ဖြင့် ဘုရားရှင်အား ပူဇော်ခြင်းကို ဘုရားရှင်သည် သိပ်ပြီးတော့ နှစ်ခြိုက်တော်မူပါတယ်။ အဲဒီလို နှစ်ခြိုက်တော်မူတဲ့အတွက် ဘုရားရှင်က ထိုပရိနိဗ္ဗာန် စံလွန်တော်မူမဲ့ညမှာ အာမိသပူဇာလို့ ခေါ်ဆိုအပ်တဲ့ ပစ္စည်းလေးပါးဖြင့် နတ်တွေ၊ ဗြဟ္မာတွေက ပူဇော်မှုကို ဘုရားရှင်က ပယ်မြစ်တော်မူခဲ့ခြင်း ဖြစ်တယ်ဆိုပြီး ဒီလို ဖွင့်ထားပါတယ်နော်။ ဒီနေရာမှာ ဘုန်းကြီးတို့ ဒီစက္ကဝတ္တီသုတ္တန်မှာ လာတဲ့ ကောက်နှုတ်ချက်ကလေး နည်းနည်းတော့ ဘုန်းကြီး ဒီနေရာမှာ ပြောချင်ပါတယ်။ သတ္တဝါတွေ သက်တမ်းတိုကြတယ်နော်။ ဒီပူဇော်ရခြင်းရဲ့ အကျိုးတရားနဲ့ ပတ်သက်ပြီး လာရှိတာပါ။ သတ္တဝါတွေ သက်တမ်းတိုလာတဲ့ အချိန်အခါမှာ ဘာတွေ လွှမ်းမိုးလာသလဲလို့ မေးရင် တရား ၄-မျိုးက လွှမ်းမိုးလာတယ်။

၁။ သုစရိုက်တရားတွေကို ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေက အရေအတွက် လျော့နည်းသွားတယ်။

၂။ ဒုစရိုက်တရားတွေကို လိုက်စားနေတဲ့ လူမိုက်တွေက ပိုပြီးတော့ အရေအတွက် များလာတယ်။ ဒါက အကြောင်းတစ်ခု။

၃။ နောက်တစ်ခု - အဓမ္မရာဂ။ အဓမ္မရာဂတရားတွေက တဖြည်းဖြည်း အင်အား များပြားလာပြန်တယ်။ အဓမ္မရာဂဆိုတာကတော့ အမိအပေါ်၊ မိကြီး၊ မိထွေး၊ ဘကြီး၊ ဘထွေးစတဲ့ ထိုထိုပုဂ္ဂိုလ်တွေ အပေါ်မှာ မတရားသော ရာဂတွေ ဖြစ်နေတယ်နော်။

၄။ နောက်တစ်ခု - ဝိသမလောဘ။ တရားသော နည်းအားဖြင့် လောကဓမ္မတာ ထုံးစံအတိုင်း အိမ်ထောင်မှု ပြုထားတယ်ပဲ ဆိုကြပါစို့။ ဒါပေမဲ့လို့ အဲဒီလို အိမ်ထောင်ရှင် အချင်းချင်းမှာ အလွန် ပြင်းထန်နေတဲ့ တွယ်တာမှုတွေကို ဝိသမလောဘလို့ ခေါ်ပါတယ်။ အဲဒီ ဝိသမလောဘတရားတွေကလည်း ဆုတ်ခေတ်ကာလမှာ လွှမ်းမိုးလာပြီ၊ အင်အားကောင်းလာပြီ။

နောက်တစ်ခု - မိစ္ဆာဓမ္မ။ မိစ္ဆာဓမ္မဆိုတာကတော့ ယောက်ျားအချင်းချင်း ရာဂဖြစ်တယ်။ အမျိုးသမီးအချင်းချင်း ရာဂတွေ သိပ်ဖြစ်တယ်။ မတော်မတရားတဲ့ ဒီလိုလားတပ်မက်နေတဲ့ ရာဂတရားတွေက သိပ်လွှမ်းမိုးလာပြီ။ အဲဒီ တရားလေးမျိုး လွှမ်းမိုးလာပြီ ဆိုလို့ရှိရင် လူတွေရဲ့ သက်တမ်းသည် တဖြည်းဖြည်း တိုလာမယ်။ အဲဒီတော့ အဲဒီလို သက်တမ်းမတိုအောင် သက်တမ်း ရှည်ချင်တယ်ဆိုလို့ရှိရင် ဘာလုပ်ရသလဲ? ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ရပါတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေက ခုနက ရတနာသုံးပါးဖြစ်တဲ့အကြောင်း ပြောခဲ့ပြီးပြီ။

အခုအပိုင်းမှာတော့ နောက်ထပ် အဋ္ဌကထာဆက်ဖွင့်ထားတာက မိဘတွေ၊ မိမိထက် အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးနေတဲ့ အစ်ကိုတို့၊ အစ်မတို့ စတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးကြီး၊ ဦးလေး၊ ဘကြီး၊ ဘထွေးစတဲ့ ပုဂ္ဂိုလ်တွေ၊ ဘိုးဘွား စတဲ့ပုဂ္ဂိုလ်တွေ၊ ဆွေမျိုးထဲမှာ ဒါ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ အိမ်ထောင်ရှင် ဖြစ်ခဲ့ကြမယ် ဆိုလို့ရှိရင် ယောက္ခမလုပ်တဲ့ပုဂ္ဂိုလ်၊ ယောက္ခထီးလုပ်တဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ ဆက်နွယ်နေတဲ့ မိကြီး၊ မိထွေး၊ ဘကြီး၊ ဘထွေး အစရှိတဲ့ ဆွေစဉ်မျိုးဆက် အသက်ဂုဏ်သိက္ခာ ကြီးမားနေတဲ့ပုဂ္ဂိုလ်တွေဟာ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီလို ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခြင်းကိုလည်းပဲ ဘာဖြစ်သလဲ?

ဧတေသမ္ပိ ဟိ ပူဇာ ကုသလဓမ္မသင်္ခါတတ္တာ အာယုအာဒိဝဍ္ဎိဟေတုတ္တာ စ မင်္ဂလမေဝ။

ဧတေသံမိ၊ ထိုပုဂ္ဂိုလ်တို့အားလည်းပဲ။ ပူဇာ၊ ပူဇော်ခြင်းသည်။ ကုသလဓမ္မသင်္ခါတတ္တာ၊ ကုသိုလ်ဓမ္မဟုခေါ်ဆိုအပ်သည့်အဖြစ်ကြောင့် အမိကို ရိုသေစွာ ပူဇော်တယ်။

ပူဇော်တယ်ဆိုတာက ခုနကပြောတဲ့အတိုင်းပါပဲနော် မိဘတွေကို ပစ္စည်းလေးပါးဆိုတဲ့ အာမိသဖြင့် ပူဇော်ခြင်းဆိုတာကလည်း ဒါ ပူဇော်တယ်လို့ ခေါ်တယ်။ မိဘစကားကို ရိုသေစွာ လိုက်နာပြုကျင့်တာကိုလည်း ဒါ ဓမ္မပူဇာလို့ ခေါ်ပါတယ်နော်။ ဒါ ၂-ခုလုံးပဲ။ ဘိုးဘွား၊ အစ်ကို၊ အစ်မ စတဲ့ အသက်ဂုဏ်သိက္ခာ ကြီးမားနေတဲ့ ထိုပုဂ္ဂိုလ်တွေအပေါ်မှာ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်း၊ သူတို့ရဲ့ ဆိုဆုံးမချက်တွေကို လိုက်နာပြီး တရားဖြင့် ပူဇော်ခြင်းဆိုတဲ့ အာမိသပူဇာ၊ ဓမ္မပူဇာ ဒီ ၂-မျိုးဖြင့် ပူဇော်ခြင်းဟာလည်း ဘာဖြစ်သလဲ?

ဧတေသံမိ၊ အသက်ဂုဏ်သိက္ခာအားဖြင့် ကျေးဇူးကြီးမားကြသည့် မိဘ၊ ဘိုးဘွား၊ အစ်ကို၊ အစ်မ အစရှိသော ပုဂ္ဂိုလ်တို့အား အာမိသပူဇာ၊ ဓမ္မပူဇာဟု ခေါ်ဆိုအပ်သော ၂-မျိုးသော ပူဇော်ခြင်းဖြင့် ပူဇော်ရခြင်းသည်လည်းပဲ။ ကုသလဓမ္မသင်္ခါတတ္တာ၊ ကုသိုလ်ဓမ္မဟုခေါ်ဆိုအပ်သည့်အဖြစ်ကြောင့် အမိကို လှူမယ်၊ ကုသိုလ် မဖြစ်ဘူးလား? ဖြစ်တယ်။ အဖကို လှူဒါန်းတယ်။ ကုသိုလ် မဖြစ်ဘူးလား? ဖြစ်တယ်။ အမိရဲ့စကား၊ အဖရဲ့စကားကို ရိုသေစွာ လိုက်နာပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ ကုသိုလ် မဖြစ်ဘူးလား? ဖြစ်တယ်။

သို့သော် အမိအဖက ကောင်းသော ညွှန်ကြားချက် ညွှန်ကြားတတ်ဖို့။ ဒါပြောတာပါနော်။ သီလမရှိတဲ့သားကို သီလရှိအောင်၊ သမာဓိမရှိတဲ့သားကို သမာဓိရှိအောင်၊ ပညာမရှိတဲ့သားကို ပညာရှိအောင် အမိက၊ အဖက အကယ်၍များ ညွှန်ကြားခဲ့ရင် ဒီညွှန်ကြားချက်ကို ရိုသေစွာ လိုက်နာပြုကျင့်ခြင်းသည် အမိအဖကို ပူဇော်ခြင်းလို့ပဲ ခေါ်ပါတယ်နော်။ အဲဒီ ပူဇော်ခြင်းတွေဟာ ကုသိုလ်တရားလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါကြောင့် -

ကုသလဓမ္မသင်္ခါတတ္တာ၊ ကုသိုလ်ဓမ္မဟုခေါ်ဆိုအပ်သည့်အဖြစ်ကြောင့်။ အာယုအာဒိဝဍ္ဎိဟေတုတ္တာစ၊ အသက်ရှည်ခြင်း အစရှိသော ကြီးပွားတိုးတက်ခြင်း၏ အကြောင်းတရားလည်း ဖြစ်ခြင်းကြောင့်။ မင်္ဂလမေဝ၊ မင်္ဂလာမည်သည်သာလျှင်တည်း။

ဒီလို မိဘစကား၊ မိဘကို ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်း၊ မိဘဘိုးဘွား အစရှိတဲ့ မိမိထက်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဆွေမျိုးတွေ အဲဒီလိုပုဂ္ဂိုလ်တွေရဲ့ စကားကို နာယူခြင်း။ အာမိသပူဇာ၊ ဓမ္မပူဇာဆိုတဲ့ ဒီပူဇော်ခြင်း ၂-မျိုးဟာလည်း ကုသိုလ်တရားလို့ ခေါ်ဆိုပါတယ်။ ကုသိုလ်တရားလို့ ခေါ်ဆိုခြင်းကြောင့် ဒီကုသိုလ်တရားတွေက ဘာအကြောင်း ဖြစ်သလဲလို့ မေးတော့ အသက်ရှည်ခြင်း အစရှိတဲ့ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရားတွေ ဖြစ်တယ်။ လူ့လောကရဲ့ ကြီးပွားကြောင်းတရားတွေ ဖြစ်နေတယ်။ အဲဒီလို လူ့လောကရဲ့ ကြီးပွားကြောင်းတရား ဖြစ်ခြင်းကြောင့် ဒီတရားတွေကိုလည်း မင်္ဂလာလို့ မြတ်စွာဘုရားက ဟောနေပါတယ်နော်။ အဲဒီတော့ ဘယ်မှာ ဘုရားရှင်က ဒီအကြောင်းကို ဟောထားသလဲလို့မေးတော့ ဒီစက္ကဝတ္တိသုတ္တန်မှာပဲ ဟောထားပါတယ်နော်။

‘‘တေ မတ္တေယျာ ဘဝိဿန္တိ ပေတ္တေယျာ သာမညာ ဗြဟ္မညာ ကုလေ ဇေဋ္ဌာပစာယိနော, ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္တိဿန္တိ, တေ တေသံ ကုသလာနံ ဓမ္မာနံ သမာဒါနဟေတု အာယုနာပိ ဝဍ္ဎိဿန္တိ, ဝဏ္ဏေနပိ ဝဍ္ဎိဿန္တိ"

ဒီလို ဘုရားဟောထားတယ်။ ဘာပြောတာလဲ? အမိကို ရိုသေစွာ ပြုစုလုပ်ကျွေးတယ်၊ အမိရဲ့စကားကို ရိုသေစွာ လိုက်နာတယ်။ အဖကို ရိုသေစွာ ပြုစုလုပ်ကျွေးတယ်၊ အဖရဲ့စကားကို ရိုသေစွာ လိုက်နာတယ်။ ရဟန်း၊ ပုဏ္ဏားတွေကို ရိုသေစွာ ပြုစုလုပ်ကျွေးတယ်၊ ရဟန်း၊ ပုဏ္ဏားတွေရဲ့ ဆိုဆုံးမချက်ကို ရိုသေစွာ လိုက်နာတယ်။ အမျိုးအနွယ်မှာ အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားနေတဲ့ ပုဂ္ဂိုလ်တွေကို ရိုသေတယ်၊ လေးစားတယ်၊ မြတ်နိုးတယ်၊ ပူဇော်တယ်။ အဲဒီလို ပူဇော်ခြင်းသည် ဘာဖြစ်သလဲ? ကုသိုလ်တရားတွေကို ဆောက်တည်ပြီး ကောင်းစွာ ကျင့်သုံးနေခြင်း မည်တယ်။ အဲဒီလို ကုသိုလ်တရားတွေကို ကောင်းစွာ ဆောက်တည်ပြီး ကျင့်သုံးခြင်းတည်းဟူသော အကြောင်းတရားကြောင့် အသက်လည်း ရှည်လာလိမ့်မယ်၊ တိုးပွားလာလိမ့်မယ်၊ ရုပ်အဆင်းတွေလည်း တိုးပွားလာလိမ့်မယ်၊ ချမ်းသာသုခတွေလည်း ကြီးပွားတိုးတက်လာလိမ့်မယ်၊ ကာယဗလတွေလည်း ကြီးပွားတိုးတက်လာလိမ့်မယ်၊ ပညာဗလလို့ ခေါ်ဆိုအပ်တဲ့ ဉာဏ်ပညာတွေလည်း ကြီးပွားတိုးတက်လာလိမ့်မယ်။ ဘာကြောင့်လဲ? အကြောင်းကတော့ ဒီလိုပါ ...

ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ခုနက ပူဇော်ပြီ။ ပူဇော်လိုက်တဲ့ အချိန်အခါမှာ ထိုပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားမလာဘူးလား? တိုးပွားလာတယ်။ ဘာကုသိုလ်တွေလဲ? အာမိသပူဇာလို့ခေါ်တဲ့ ပစ္စည်းလေးပါးဖြင့် ပူဇော်မယ်ဆိုလို့ရှိရင်လည်း ဒါနကုသိုလ်စေတနာ၊ သီလ ကုသိုလ်စေတနာတွေ တိုးပွားမလာဘူးလား? လာပြီ။ ဓမ္မပူဇာခေါ်တဲ့ တရားဖြင့် ပူဇော်ကြမယ် ဆိုရင်လည်း သီလ ကုသိုလ်စေတနာ၊ သမာဓိ ကုသိုလ်စေတနာ၊ ဝိပဿနာ ကုသိုလ်စေတနာ ဆိုတဲ့ ဒီကုသိုလ်စေတနာတွေ တိုးပွားမလာဘူးလား? တိုးပွားလာပြီနော်။ အဲဒီလို တိုးပွားလာတဲ့ အချိန်အခါမှာ သမာဓိပိုင်းလေးကို နည်းနည်း ပြန်ကြည့်ပါ။

မိဘစကားကို ရိုသေစွာ လိုက်နာပြီးတော့ မိဘကို ရိုသေစွာ ပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မိဘအပေါ်မှာ ချစ်မြတ်နိုးနေတဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်မလာဘူးလား? ကိန်းဝပ်လာတယ်။ မိဘတွေကို ရိုသေစွာ ပြုစုလုပ်ကျွေးနေတဲ့ ထိုသူတော်ကောင်းတွေရဲ့သန္တာန်မှာ မိဘတို့အပေါ်မှာ မွန်မြတ်တဲ့ စိတ်စေတနာတွေကော မရှိဘူးလား? ရှိတယ်။ ဒီစေတနာတွေ၊ ဒီကုသိုလ်တရားတွေဟာ မေတ္တာဓာတ်ဖြစ်ပါတယ်။ သားသမီးဖြစ်တဲ့ပုဂ္ဂိုလ်က မိဘအပေါ်မှာ မွန်မြတ်တဲ့ စေတနာကိုသာ ထားရှိပါ။ မိဘစကားကို ရိုသေစွာ လိုက်နာပြီးတော့သာ တရားဓမ္မတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ မိဘကို ပစ္စည်းလေးပါးဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးပါ။ အဲဒီလို အပြုစုခံရတဲ့ အလုပ်ကျွေးခံရတဲ့ မိဘတစ်ဦး အနေဖြင့် ဒီသားသမီးအပေါ်မှာလည်း တုံ့လှည့်တစ်ဖန် ပြန်ပြီးတော့ မေတ္တာဓာတ်တွေ အားကောင်းမလာဘူးလား? အားကောင်းလာမယ်။

မိဘစကားကို ရိုသေစွာ လိုက်နာပြီးတော့ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်မယ်။ သမာဓိ ကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်မယ်။ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်မယ်ဆိုရင် ထိုကဲ့သို့ မိမိစကားကို နားထောင်ပြီး လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ဒီသားရတနာ၊ ဒီသမီးရတနာအပေါ်၌ မိဘတွေကလည်း တုံ့လှည့်တစ်ဖန် ပြန်ပြီးတော့ မေတ္တာဓာတ်တွေ လွှမ်းခြုံပြီး မပေးဘူးလား? ပေးလိမ့်မယ်။ သားသမီးနဲ့ မိဘဆိုတာ အင်မတန်ချစ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်နော်။ လွယ်လွယ်နဲ့ ပျက်စီးနိုင်တဲ့ မေတ္တာမျိုး မဟုတ်ကြပါဘူး။

ဒီတော့ ဒီလို တစ်ဦးနဲ့တစ်ဦးမှာ အလွန် ကြီးပွားတိုးတက်စေလိုတဲ့ မေတ္တာဓာတ်တွေ ရှိနေတော့ ဒီကုသိုလ်တရားတွေက သိပ်အရှိန်အဝါ ကောင်းလာတယ်။ အရှိန်အဝါ ကောင်းလာတဲ့ အချိန်အခါကျတော့ တစ်ဦးရဲ့ဓာတ်ငွေ့က တစ်ဦးအပေါ်မှာ အရောင်ပြန်ပြီးတော့ မဟပ်ဘူးလား? ဟပ်နေတယ်။ ဟပ်နေလိုက်တဲ့ အချိန်အခါကျတော့ ဒီကုသိုလ်ဓာတ်တွေက ဟပ်ပုံနဲ့ ပတ်သက်လို့နော်။ မေတ္တာဓာတ်တွေရဲ့ လွှမ်းခြုံဟပ်ပုံနဲ့ ပတ်သက်လို့ တလောတုန်းက ပြောခဲ့ဖူးတဲ့ ရောဇမလ္လမင်းသားအကြောင်းပဲ ပြန်ကြည့်ပါ။

ဘုရားရှင်အပေါ်မှာ မဟုတ်မတရားတွေ စွပ်စွဲနေတဲ့အတွက် အရှင်အာနန္ဒာကိုယ်တော်မြတ်က ရောဇမလ္လမင်းသားအပေါ်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေးဖို့ရန်အတွက် ဘုရားရှင်အား ရိုသေစွာ လျှောက်ထားလိုက်တယ်။ ဘုရားရှင်ကလည်း သတ္တဝါအားလုံးအပေါ်မှာ ဖြန့်ကျက်ထားတဲ့ မေတ္တာဓာတ်ကို ရုပ်သိမ်းပြီးတော့ ရောဇမလ္လမင်းသားတစ်ဦးတည်း အပေါ်သို့ မေတ္တာစေလွှတ်ပြီးတော့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းပေးတော်မူပါတယ်။ ရောဇမလ္လမင်းသားရဲ့စိတ်ဓာတ်တွေ ပြောင်းလဲမသွားဘူးလား? ပြောင်းလဲသွားတယ်။ ချက်ချင်း ကျောင်းရောက်လာတယ်။ နွားသားလေးပျောက်တဲ့ နွားမကြီးကဲ့သို့ -

“မြတ်စွာဘုရား ဘယ်မလဲ ဘုရား ...၊ မြတ်စွာဘုရား ဘယ်မလဲ ဘုရား ...” ဆို ဘုရားကို မဖူးရမနေနိုင်လောက်အောင် လိုက်ပြီးတော့ ကျောင်းထဲမှာ ရှာတယ်။ ဘုရားကို ဖူးတွေ့ရတဲ့ အခါမှာလည်း ဘုရားကို သိပ်ကြည်ညိုသွားတယ်။ ကြည်ညိုတဲ့အတွက် ကြည်ညိုတဲ့ ကုသိုလ်စေတနာတွေ တိုးပွားပြီး မလာဘူးလား? ကုသိုလ်တရားတွေ တိုးပွားသွားတယ်။ တရားနာယူတယ်၊ တရားနဲ့ပတ်သက်တဲ့ ဓမ္မသာဝန ကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားလာတယ်။ ဘုရားရှင် ဆိုဆုံးမတဲ့အတိုင်း လိုက်နာပြီးတော့ ပြုကျင့်တယ်။ လိုက်နာပြီး တကယ်လက်တွေ့ ကျင့်တော့၊ ကျင့်တဲ့ ကုသိုလ်တရားတွေလည်း တိုးပွားမလာဘူးလား? တိုးပွားလာတယ်။

ဒါကြောင့် ဓာတ်ဆိုတာက ခိုက်တတ်တဲ့သဘော မရှိဘူးလား? ရှိပါတယ်။ မကောင်းတဲ့ခိုက်ခြင်း ပြောတာ မဟုတ်ဘူးနော်။ အကောင်းဓာတ်ဟာ အကောင်းဓာတ်ချင်းလည်း ခိုက်တဲ့သဘော မရှိဘူးလား? ရှိတယ်။ တစ်ဦးရဲ့ ဒေါသက ကြီးလာလို့ တစ်ဦးကို ဒေါသထောင်လာပြီဆိုရင် တစ်ဖက်ပုဂ္ဂိုလ်မှာလည်း ဒီဒေါသဓာတ်က သွားခိုက်တဲ့သဘော မရှိဘူးလား? ရှိတယ်။ ဓာတ်ဆိုတာက ခိုက်တတ်ပါတယ်နော်။ အခု ဒီမှာ အကောင်းဓာတ်တွေ လွှမ်းခြုံတယ်။ သားသမီးကလည်း မိဘအပေါ်မှာ အကောင်းဓာတ်တွေဖြင့် လွှမ်းခြုံတယ်၊ မိဘကလည်း သားသမီးအပေါ်မှာ အကောင်းဓာတ်၊ မေတ္တာဓာတ်တွေဖြင့် လွှမ်းခြုံတယ်။ အဲဒီလို လွှမ်းခြုံထားတဲ့ ဒီသူတော်ကောင်း ၂-ဦးသည် တစ်ဦးနဲ့တစ်ဦး ကတိသစ္စာတည်နေတဲ့ သူတော်ကောင်းတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်ကြတယ်။ သားသမီးကလည်း ဒီလို ရိုသေစွာ ပြုကျင့်နေရင် မိဘအပေါ်မှာ လိမ်လည် လှည့်ဖြားမယ်ဆိုတဲ့ ဒီစိတ်ဓာတ် ရှိဦးမလား? မရှိဘူး။ မိဘတွေကလည်း ဒီလို ရိုရိုသေသေနဲ့ သီလကျင့်စဉ်တွေ၊ သမာဓိကျင့်စဉ်တွေ၊ ပညာကျင့်စဉ်တွေကို မိမိတို့ ဆိုဆုံးမသည့်အတိုင်း လိုက်နာပြုကျင့်နေတဲ့ ဒီသားသမီးအပေါ်မှာ ငါ လိမ်လည်လှည့်ဖြားလိုက်မယ်ဆိုတဲ့ ဒီစိတ်ထားမျိုး ရှိဦးမလား? မရှိတော့ဘူး။ မရှိတော့ ဘာဖြစ်သလဲ? ကြားဖူးကြလိမ့်မယ် ထင်တယ်နော် -

“ကတိသစ္စာ တည်သောခါဝယ် ဩဇာလေးနက် ပေါ်ထွန်းတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဒီစကားလေး ကြားဖူးကြမယ်နော်။ တစ်ဦးနဲ့တစ်ဦး ကတိသစ္စာတွေက သိပ်ရှိနေကြပြီ။ ဒါ မိဘကို စံထားပြောတာပါနော်။ အစ်ကိုတွေ၊ အစ်မတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိကြီးမိထွေး၊ ဘကြီးဘထွေး၊ ဦးကြီးဦးလေး အစရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံးအပေါ်မှာပဲနော်။ အားလုံး ကတိသစ္စာ ရှိကြပြီ။ ရိုသေစွာ တစ်ဦးနဲ့တစ်ဦး ပြုကျင့်နေပြီ။ အဲဒီလို အချိန်အခါမှာ ကတိသစ္စာ တည်လာပြီ ဆိုလို့ရှိရင် ဘာဖြစ်သလဲ? “ကတိသစ္စာ တည်သောခါဝယ် ဩဇာလေးနက် ပေါ်ထွန်းတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ကတိသစ္စာတွေ တည်လာပြီ ဆိုလို့ရှိရင် မြေဆီဩဇာတွေက အပေါ်ကို အလိုလို တက်လာတယ်။ တက်လာပြီးတော့ နွယ်မြက်သစ်ပင်တွေတောင်မှ အားလုံး ဆေးဖက်ဝင်ကုန်ကြတယ်။ ဘာကြောင့်လဲ?

အကြောင်းလေးတွေက ဒီလိုပါ ... သားသမီးနဲ့ မိဘတို့ အခုလိုပေါ့ မေတ္တာဓာတ်တွေ ကူးယှက်လာတဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းတွေက တကယ်လက်တွေ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ကျင့်နေကြပြီဆိုရင် ထိုသမာဓိပိုင်းမှာ မေတ္တာစျာန်တွေကို သူတို့က ဝင်စားကြပြီ။ မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြပြီ။ စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ သတ္တဝါအားလုံးအပေါ်ကို ဖြန့်ကျက်ပြီးတော့ ဒီမေတ္တာစျာန်တွေ ဝင်စားနိုင်မယ်ဆိုရင် ထိုမေတ္တာစျာန်က ဝိပ္ဖာရ၊ တန်ခိုးအာနိသင် ကြီးမားကျယ်ပြန့်တဲ့စျာန် ဖြစ်သွားပြီ။ တန်ခိုးအာနိသင် ကြီးမားကျယ်ပြန့်နေတဲ့ ဒီမေတ္တာစျာန်တွေသည် ဓာတ်တွေအထိ ဂယက်ရိုက်တတ်တဲ့သဘော ရှိပါတယ်နော်။ ဘယ်လို ဂယက်ရိုက်သလဲ? မေတ္တသုတ္တန်မှာ ကြည့်ပေါ့ -

ပထမ ဒီရဟန်းတွေကို ဒီနတ်တွေက မနေနိုင်အောင် ခြောက်လှန့်ပြီး လွှတ်လိုက်ကြတယ်။ ဘုရားရှင်ထံ သွားပြီး အကျိုးအကြောင်း တင်ပြလျှောက်ထားတော့ ဘုရားရှင်က ဒီနေရာ ပြန်သွားပြီးတော့ နောက်ထပ်တစ်ဖန် ပြန်ပြီး ရဟန်းတရားတွေကို အားထုတ်ဖို့ရန်အတွက် မေတ္တသုတ်ကို သင်ပေးလိုက်တယ်။ မေတ္တာသုတ်ကို ကမ္မဋ္ဌာန်းအကျိုးငှာလည်းကောင်း၊ ရွတ်ဖတ် ပူဇော်ဖို့ရန်အားလည်းကောင်း ဒီဦးတည်ချက် ၂-ခုဖြင့် သင်ပေးလိုက်တော့ မေတ္တသုတ္တန်မှာ လာရှိသည့်အတိုင်း မေတ္တာစျာန်တွေ ဝင်စားပြီးတော့ မေတ္တာကမ္မဋ္ဌာန်းတွေ စီးဖြန်းပြီးမှ ဝိပဿနာဘာဝနာ ကူးကြပါတယ်။ အဲဒီ မေတ္တာဓာတ် အရှိန်အဝါတွေက ဒီနတ်တွေကို သွားပြီး ဟပ်လိုက်တဲ့အတွက် ဒီနတ်တွေက ခြောက်လှန့်တဲ့သဘော မပြုဘဲ ဘာလုပ်ကြသလဲ?

ရိုသေစွာဖြင့် ဝတ်ကြီးဝတ်ငယ်တွေ ပြုစုကြတယ်။ တံမြက်စည်း လှဲပေးတယ်။ သောက်ရေသုံးရေတွေ ခပ်ပေးကြတယ်။ မေတ္တာဓာတ် ကူးလူးဆက်ဆံမှု ပြောင်းလဲမသွားဘူးလား? ပြောင်းသွားတယ်။ ဒီတော့ နတ်တွေက ချစ်မြတ်နိုးလာပြီ၊ ချစ်မြတ်နိုးရင် ဘာလုပ်တတ်သလဲ? မိမိတို့ကို ချစ်မြတ်နိုးနေတဲ့ သူတွေကို နတ်တွေကလည်း တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ ချစ်မြတ်နိုးကြတယ်။ မိမိတို့ကို ပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေကို နတ်တွေကလည်း တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ ပူဇော်ကြတယ်။ ဘယ်လို ပူဇော်သလဲ? မိုးလေဝသ မှန်အောင် ဒီနတ်တွေက ကူညီပြီး ရွက်ဆောင်ပေးကြတယ်။ ဘာဖြစ်လို့လဲ?

သတ္တဝါတွေမှာ မေတ္တာဓာတ် အရှိန်အဝါတွေက သိပ်အားကောင်းလာပြီ။ အားကောင်းနေတော့ ကုသိုလ်တရားတွေက သိပ်တိုးပွားနေတဲ့အတွက် ကုသိုလ်တရားတွေရဲ့ လှုံ့ဆော်ပေးချက်အရ ဒီနတ်တွေကလည်း မိုးလေဝသတွေ ညီမျှအောင် ဝိုင်းဝန်းပြီးတော့ ကူညီစောင့်ရှောက်ပေးကြတယ်။ ဒီလို နတ်တို့ရဲ့ အစောင့်အရှောက် ရရှိတဲ့ သူတော်ကောင်းတွေသည် ဘာဖြစ်ကြသလဲ? မကောင်းသော အနိဋ္ဌာရုံကို ဘယ်တော့မှ မတွေ့ရဘူး။ ကောင်းသော ဣဋ္ဌာရုံကိုသာလျှင် အမြဲတမ်း တွေ့နေရတတ်တယ်။ ဒီတော့ မိုးလေဝသက မှန်လာပြီ၊ ရာသီဥတုက ကောင်းလာပြီ ဆိုလို့ရှိရင် မြေဆီဩဇာတွေကလည်း အပေါ်ကို အလိုလို တက်လာတယ်။ ဘာဖြစ်လို့လဲ? တစ်ဦးနဲ့တစ်ဦး ကတိသစ္စာ တည်လာကြပြီ။ ဒီကတိသစ္စာရဲ့ စွမ်းအား၊ ဒီကုသိုလ်တရားတွေရဲ့ စွမ်းအင်ကြောင့် အောက်မှာရှိနေတဲ့ မြေဆီဩဇာတွေက အထက်ကို တက်လာတယ်။ မိုးလေဝသတွေကလည်း မှန်လာပြီ။ မှန်လာတဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ? သီးလာတဲ့ အသီးအနှံတွေဟာ အားလုံး ဘာဖြစ်သလဲ? အဆီဩဇာရှိတဲ့ အသီးအနှံတွေ ဖြစ်လာတယ်။ ဆေးဖက်ဝင်နေတဲ့ အသီးအနှံတွေအားလုံး ဖြစ်ကုန်ကြတယ်။

အဲဒီလို အသီးအနှံတွေက အဆီဩဇာရှိပြီး ဆေးဖက်ဝင်လာပြီ ဆိုတော့ အဆီဩဇာများပြားနေတဲ့ ဒီအသီးအနှံတွေကို စားသောက်ရတဲ့ သူတော်ကောင်းတွေဟာ ဘာဖြစ်လာသလဲ? အသက်ပိုရှည်လာတယ်။ ရုပ်အဆင်းတွေ ပိုပြီးတော့ လှလာတယ်။ ချမ်းသာသုခတွေ ကြီးပွားတိုးတက်လာတယ်။ ကိုယ်အားတွေလည်း ကြီးလာတယ်။ ကျန်းမာရေးတွေက သိပ်အားကောင်းလာပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာ အခုလိုပေါ့ - သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်လိုက်တဲ့အခါ ကျန်းမာနေတဲ့အတွက် ခွန်အားတွေက သိပ်အားရှိနေတဲ့အတွက် အားရှိပါးရှိ သမာဓိတွေကိုလည်း မထူထောင်နိုင်ဘူးလား? ထူထောင်နိုင်တယ်။ သမာဓိတွေကို အားရှိပါးရှိ ထူထောင်တဲ့ ထိုသူတော်ကောင်းတွေအဖို့ ဉာဏ်ပညာဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေလည်း ကြီးပွားတိုးတက်ပြီး မလာဘူးလား? တိုးတက်လာပြီ။ ဒါကြောင့် ဘုရားရှင်က မိဘကို ရိုသေစွာ ပြုစုလုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်၊ ဘာတွေနဲ့ ပြုစုလုပ်ကျွေးလဲ? ပစ္စည်းလေးပါးဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း = အာမိသပူဇာ, မိဘတို့ရဲ့ ဆိုဆုံးမချက်ကို လိုက်နာပြီး ရိုသေစွာ ပြုကျင့်ခြင်း = ဓမ္မပူဇာ။ ၂-မျိုးပဲနော်။

အဲဒီတော့ အဲဒီလို အာမိသပူဇာ၊ ဓမ္မပူဇာ ခေါ်တဲ့ ဒီပူဇော်ခြင်းဖြင့် မိဘတွေ၊ ဘိုးဘွားတွေ၊ အစ်ကိုအစ်မတွေ အစရှိတဲ့ ဆွေမျိုးသားချင်းတွေအပေါ်မှာ ပူဇော်နေတဲ့ ထိုပုဂ္ဂိုလ်တွေကြောင့် ကုသိုလ်တရားတွေက တဖြည်းဖြည်း တိုးပွားလာပြီးတဲ့အခါ ဒီကုသိုလ်တရားတွေ တိုးပွားခြင်းတည်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာ ဘာတွေဖြစ်လာသလဲ?

အာယုနာပိ၊ အသက်ရှည်ခြင်းဖြင့်လည်း။ ဝဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ ဝဏ္ဏေနာပိ၊ ရုပ်အဆင်းလှပခြင်းဖြင့်လည်း။ ဝဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ သုခေနာပိ၊ ချမ်းသာသုခဖြင့်လည်းပဲ။ ဝဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ ဗလေနာပိ၊ ကိုယ်အားဖြင့်လည်းပဲ။ ဝဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ ပညာယပိ၊ ဉာဏ်ပညာအားဖြင့်လည်းပဲ။ ဝဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။

ဒီလိုဆိုရင် ဒီလို အာမိသပူဇာ၊ ဓမ္မပူဇာခေါ်တဲ့ ၂-ပါးသော၊ ၂-မျိုးသော ပူဇော်ခြင်းဖြင့် မိဘ၊ ဘိုးဘွား၊ အစ်ကို၊ အစ်မ အစရှိတဲ့ ဆွေမျိုးသားချင်းတွေကို ပူဇော်ခြင်းသည် လောကကြီးပွားကြောင်းတရားတစ်ခု ဖြစ်တယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီလို ပူဇော်နေတဲ့ မိဘနဲ့ သားသမီး၊ ဆွေမျိုးသားချင်း အချင်းချင်းတွေဟာ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း ရှိတဲ့အတွက် ကိုယ်စိတ်နှစ်ပါးလုံးဟာ ကျန်းမာချမ်းသာစွာ တည်ရှိမနေဘူးလား? ရှိနေတယ်။ ကိုယ်စိတ်နှစ်ပါးလုံးက ကျန်းမာတယ်၊ ချမ်းသာတယ် ဆိုလို့ရှိရင် -

သုခိနော စိတ္တံ သမာဓိယတိ။

သုခိနော၊ ချမ်းသာခြင်းရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ စိတ္တံ၊ စိတ်သည်။ သမာဓိယတိ၊ တည်ကြည်၍ လာတတ်ပေ၏။

ချမ်းသာသုခ - ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်ဓာတ်သည် ခပ်မြန်မြန် တည်ကြည်လာတတ်ပါတယ်။ ကဲ ယောဂီတွေ လက်တွေ့ အားထုတ်နေတာပဲ။ ဟုတ်မဟုတ် နားမလည်ဘူးလား? နားလည်လိမ့်မယ် ထင်တယ်နော်။ ဒီနေ့ စိတ်ကလည်း ဆင်းရဲနေတယ်။ သိပ်ပြီး စိတ်ကလည်း မကြည်လင်ဘူး။ ဟိုကောင်မလည်း တယ် ... ကြည့်မရဘူး။ ဒီကောင်မလည်း ကြည့်လို့မရ ဖြစ်နေတယ်။ နည်းနည်းလေး ခုလုခုလု ဖြစ်နေတယ်။ သမာဓိထူထောင်လို့ ရပါ့မလား? မရဘူး။ ဝမ်းကလည်း လျောနေတယ်ဘုရား၊ ဒီနေ့က သိပ်ထိုင်လို့ တရားက မကောင်းဘူး။ ဟုတ်တယ်မဟုတ်လား? ကိုယ်၏ ကျန်းမာခြင်းကလည်း မဖြစ်ဘူး။ ဒီနေ့ကျတော့လည်း ခေါင်းတွေက ကိုက်နေပြန်တယ်။ ကိုယ်၏ ချမ်းသာခြင်း မဖြစ်ဘူး၊ စိတ်၏ ချမ်းသာခြင်း မဖြစ်ဘူး။ ချမ်းသာသုခမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်သည် တည်ကြည်နိုင်ပါ့မလား? မတည်ကြည်နိုင်ဘူး။ ဒါ လွယ်လွယ်လေးရယ်နော်။ ဒီတော့ -

သုခိနော စိတ္တံ သမာဓိယတိ။

သုခိနော၊ ချမ်းသာခြင်းရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့။ စိတ္တံ၊ စိတ်ဓာတ်သည်။ သမာဓိယတိ၊ တည်ကြည်လွယ်၏။

ချမ်းသာခြင်း - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနေပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်သည် ခပ်မြန်မြန် တည်ကြည်လာတယ်။

သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ

သမာဟိတော၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏၊ ပဿတိ၊ မြင်၏။

ဟော ... သမာဓိလည်း ရှိလာပြီဆိုတော့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ဉာဏ်ပညာတွေလည်း တိုးပွားပြီး မလာဘူးလား? တိုးပွားလာပြီ။ ဒါကြောင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခြင်းမှာ ကမ္ဘာသူ၊ ကမ္ဘာသားတို့ရဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတစ်ရပ် တစ်ခုဖြစ်တဲ့အတွက် မင်္ဂလာလို့ ဒီလို ဘုရားက ဟောထားတယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ။ အဲဒီ မင်္ဂလာဟာ မွန်မြတ်တဲ့ မင်္ဂလာတစ်ခု မဖြစ်ဘူးလား? ဖြစ်နေတယ်။

သို့သော် ဒီနေရာမှာ ဦးပဉ္စင်းတို့ မိဘတွေကို ပူဇော်တဲ့ နေရာမှာ ခုနက ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းဆိုတဲ့ ပူဇော်နည်းက တစ်ခု၊ နှစ်ခု ရှိတဲ့အနက်က ဘုရားရှင်က ဒီမိဘကို အမြတ်ဆုံး ပူဇော်ခြင်းကို ဟိုဒိက္ခိဏဝိဘင်္ဂသုတ္တန်မှာ ဟောထားပါတယ်နော်။ ဘာအကြောင်းကြောင့် ဒီသုတ္တန်မှာ ဘုရားရှင်က ဒီစကားရပ်ကလေး ဟောရသလဲဆိုတော့ မိထွေးတော်ဂေါတမီက တစ်နည်းအားဖြင့်တော့ ဘုရားရှင်ရဲ့ မယ်တော်ပါပဲနော်။ မိထွေးတော်ပဲ။ နို့ချိုတိုက်ကျွေးပြီး မွေးခဲ့တဲ့ မိထွေးတော် ဖြစ်ပါတယ်။ မိခင်ပမာ ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မိထွေးတော်ဂေါတမီဘက်ကလည်း ဘယ်လိုသဘော ရှိသလဲ?

ဘုရားရှင်ဟာ သူ့သားပဲ၊ ဒီတော့ သူ့သား အမြတ်ဆုံးဖြစ်တဲ့ ဒီပုဂ္ဂိုလ်ကို သူကိုယ်တိုင် ရက်လုပ်တဲ့ ဒီသင်္ကန်းဖြင့် ဝတ်စေရမယ် ဒီဦးတည်ချက်ရှိတော့ ယက္ကန်းသည်တွေခေါ်ပြီးတော့ သူကိုယ်တိုင် ဦးဆောင်ပြီးတော့ သင်္ကန်းတွေ စီမံတယ်။ သင်္ကန်းတွေ ချုပ်တယ်၊ ဆိုးတယ်။ ပြီးတဲ့အချိန်အခါကျတော့မှ မြတ်စွာဘုရားကို လျှောက်တယ်။

“မြတ်စွာဘုရား ... ဤသင်္ကန်းသည် တပည့်တော်ကိုယ်တိုင် ကြိုးပမ်းပြီးတော့မှ ရက်လုပ်ထားရတဲ့ သင်္ကန်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင် ကိုယ်တော်တိုင် ဒီသင်္ကန်းကို ဝတ်ရုံသုံးဆောင်ပေးတော်မူပါ” ဆိုပြီး လျှောက်တယ်။ ထိုအခါမှာ ဘုရားရှင်က သံဃေ ဂေါတမီ ဒေဟိ - စသည်ဖြင့်ပေါ့လေ “ဂေါတမီ ... သံဃာကို သွားပြီး လှူလိုက်ပါ” ဆိုပြီးတော့ ဒီလို တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းတဲ့ အချိန်အခါမှာ ဒုတိယအကြိမ်၊ တတိယအကြိမ် ထပ်လျှောက်တယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်လည်း ဘုရားရှင်က ဒီလိုပဲ တိုက်တွန်းပါတယ်။ တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ရှင်အာနန္ဒာက ကြားထဲကနေ ဝင်ပြီးတော့လည်း အလှူခံဖို့ရန်အတွက် ထပ်မံပြီးတော့ လျှောက်ထားပြန်တယ်။

သူ့ရဲ့ လျှောက်ထားချက်ထဲမှာ ဘာပါနေသလဲ ဆိုတော့ - “မိထွေးတော်ဂေါတမီဟာ မယ်တော်မာယာ ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရှင်အပေါ်၌ နို့ချိုတိုက်ကျွေးပြီး ပြုစုကျွေးမွေးခဲ့တဲ့ ကျေးဇူးရှင်တစ်ဦးဖြစ်ပါတယ် မြတ်စွာဘုရား ... ဒါကြောင့် မြတ်စွာဘုရားသည် မိထွေးတော်ဂေါတမီ လှူနေတဲ့ ဒီသင်္ကန်းကို အလှူခံတော်မူပါ” ဆိုပြီး တိုက်တွန်းတယ်။ ဘုရားရှင်ဘက်ကလည်း ဘာကြောင့် ဒီလို ပြောရသလဲလို့မေးတော့ မိထွေးတော်ဂေါတမီကို ချီးမြှောက်ချင်လို့ပါ။ ဘုရားကို လှူလိုက်တဲ့အတွက် ဘုရားအပေါ်မှာ လှူနေတဲ့ ပုဗ္ဗ မုဉ္စ ပရစေတနာခေါ်တဲ့ စေတနာသုံးတန် မဖြစ်ဘူးလား? ဖြစ်တယ်။ သံဃာကို တစ်ဖန် ထပ်ပြီးတော့ ဘုရား အလှူခိုင်းတဲ့အတိုင်း သွားလှူလိုက်ခဲ့မယ် ဆိုလို့ရှိရင် သံဃာကို လှူရတဲ့ ပုဗ္ဗ မုဉ္စ ပရစေတနာခေါ်တဲ့ စေတနာသုံးတန် ထပ်ပြီး မဖြစ်ဘူးလား? ဖြစ်တယ်။ စေတနာ ခြောက်တန်ဖြစ်ခဲ့ရင် သူ့မှာ အကျိုးတရား ပိုပြီးတော့ မကြီးဘူးလား? ကြီးလိမ့်မယ်။ ဒါကို မြင်ပြီးတော့ ဘုရားရှင်ကလည်း သံဃာကို လှူဖို့ တိုက်တွန်းတာပါ။ ဒီအချက်ကိုတော့ များသောအားဖြင့် သဘောက သိပ်မပေါက်ကြဘူး။ မပေါက်တော့ ထိုအချိန်အခါမှာ ရှင်အာနန္ဒာ ခုနကလို ဝင်ပြီး လျှောက်တဲ့အခါ ဘုရားရှင်က ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ထိုအချိန်အခါမှာ ဘာပြန်ပြီးတော့ အမိန့်ရှိသလဲ?

ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ဗုဒ္ဓံ သရဏံ ဂတော ဟောတိ, ဓမ္မံ သရဏံ ဂတော ဟောတိ, သံဃံ သရဏံ ဂတော ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ ‘‘ဧဝမေတံ သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။။

ဘာပြောလဲ?

အာနန္ဒ၊ ညီဘွားအာနန္ဒာ ...။ ယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်တစ်ဦးသည်။ ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်တစ်ဦးကို။ အာဂမ္မ၊ အကြောင်းပြု၍။

နည်းနည်းပေါ်လွင်အောင် ထပ်ပြီးတော့ အနက်ပေးမယ် ဆိုရင်တော့ -
ယံ ပုဂ္ဂလော၊ အကြင် တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်သည်။ ယံ ပုဂ္ဂလံ၊ အကြင် ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကို။ အာဂမ္မ၊ အကြောင်းပြု၍။ ဆရာ တပည့်နှစ်ဦး ဆိုကြစို့နော် -

ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သိမှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်ပေ၏။ ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန်ဓမ္မခဏ်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သိမှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်ပေ၏။ သံဃံ၊ ရှစ်ယောက်ထင်ပေါ် အရိယာထေရ်သံဃာတော်မြတ်အပေါင်းကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သိမှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်ပေ၏။

တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးကို အကြောင်းပြုပြီးတော့ ဘုရားကို ကိုးကွယ်ရာဟူ၍ ယုံကြည်-သိမှတ် ဆည်းကပ်တယ်။ တရားတော်ကိုလည်း ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်တယ်။ သရဏဂုံ တည်ပြီနော်။

, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ,

အာနန္ဒာ၊ ညီဘွား အာနန္ဒာ ...။ ဣမဿ ပုဂ္ဂလဿ၊ ဤပုဂ္ဂိုလ်အား။ ဣမိနာ ပုဂ္ဂလေန၊ ဤပုဂ္ဂိုလ်နှင့်။ သုပ္ပတိကာရံ၊ ကောင်းစွာ တုံ့ပြန်၍ ကျေးဇူးဆပ်ခြင်းအမှုကို။ အဟံ၊ ငါဘုရားသည်။ န ဝဒါမိ၊ ဟောတော်မမူပေ။

ဒီပုဂ္ဂိုလ်နှစ်ဦး တစ်ဦးနဲ့တစ်ဦးကို ပြန်ပြီး တုံ့လှည့်တစ်ဖန် ကျေးဇူးဆပ်တာ ကောင်းသော ကျေးဇူးဆပ်ခြင်းလို့ ငါဘုရား မဟောဘူး။ ဘယ်လို ကျေးဇူးဆပ်တာလဲ?

ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ-သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။

ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ-သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။ ၊ အကြင် ရှိခိုးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးဟုခေါ်ဆိုအပ်သော ပရိက္ခရာ အသုံးအဆောင်တို့ကို လှူဒါန်းခြင်းဖြင့် ဆေးအသုံးအဆောင် ပရိက္ခရာတို့ကို လှူဒါန်းခြင်းဖြင့်။ သုပ္ပတိကာရံ၊ ကောင်းစွာ တစ်ဖန် တုံ့လှည့်တစ်ဖန် ပြန်၍ ကျေးဇူးပြုခြင်းဟူ၍။ အဟံ၊ ငါဘုရားသည်။ န ဝဒါမိ၊ ဟောတော်မမူ။

ခုနက ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို ဘုရား၊ တရား၊ သံဃာဆိုတဲ့ သရဏဂုံ ၃-ပါး တည်အောင် ဟောကြားပြသ ဆိုဆုံးမပေးလိုက်ပြီ။ အဲဒီလို ဆိုဆုံးမလိုက်တဲ့အခါမှာ အဆုံးအမ ခံရတဲ့ပုဂ္ဂိုလ် ဆုံးမလိုက်တဲ့ ဆရာသမားကို ရှိခိုးတယ်၊ ခရီးဦး ကြိုဆိုတယ်၊ လက်အုပ်ချီတယ်၊ အရိုအသေပြုတယ်၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးဟုခေါ်ဆိုအပ်သော ပစ္စည်းလေးပါးဖြင့် လှူဒါန်းတယ်။ အဲဒီလို လှူဒါန်းပူဇော်ခြင်းဟာ တုံ့လှည့်တစ်ဖန် ပြန်ပြီး ကျေးဇူးဆပ်ခြင်းလို့ ငါဘုရား မဟောပါဘူးတဲ့။ ကောင်းသော ကျေးဇူးဆပ်ခြင်းလို့ ငါဘုရား မဟောဘူးနော်။

ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, မုသာဝါဒါ ပဋိဝိရတော ဟောတိ, သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ-သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။

ပုံစံတူပဲနော်။

အာနန္ဒ၊ ညီဘွားအာနန္ဒာ ... ပုဂ္ဂိုလ်တစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြုပြီးတော့ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်။ သူ့ပစ္စည်း မတရားယူခြင်းမှ ရှောင်ကြဉ်တယ်။ သူ့သားမယားတွေကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တယ်။ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်တယ်။ သေရည်သေရက် မူးယစ်မေ့လျော့ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်တယ်။ ငါးပါးသီလ မြဲပြီ။ ဘာငါးပါးသီလလဲ? အရိယကန္တသီလ၊ အရိယာ-သူတော်ကောင်းတို့ နှစ်သက်မြတ်နိုးအပ်တဲ့ အရိယမဂ်နဲ့ ယှဉ်တွဲနေတဲ့ သီလကို ပြောနေတာ။ အရိယမဂ်နဲ့ယှဉ်တဲ့ သီလဆိုတာက သောတာပတ္တိမဂ်ဉာဏ် ရခဲ့မယ်ဆိုရင် ထိုသောတာပတ္တိမဂ်ဉာဏ်က ငါးပါးသီလကို လွန်ကျူးစေလိုတဲ့ အကုသိုလ်စေတနာတွေကို အကြွင်းမဲ့ ပယ်သတ်လိုက်တယ်။

ဒါကြောင့် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ငါးပါးသီလသည် ကျိန်းသေဧကန် မြဲတယ်။ အဲဒီ ကျိန်းသေဧကန် မြဲနေတဲ့ ဒီသီလကို အရိယာသူတော်ကောင်းတို့ နှစ်သက်မြတ်နိုးအပ်တဲ့ သီလဖြစ်ခြင်းကြောင့် အရိယကန္တသီလလို့ ခေါ်တယ်နော်။ ပုဂ္ဂိုလ်တစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက်ကို ဟောကြား-ပြသဆိုဆုံးမပေးတယ်လို့ ဒီလို ဆိုလိုတယ်။ ဆိုလိုတော့ ဒီသရဏဂုံဆိုတာကလည်း လောကုတ္တရာသရဏဂုံကို ရည်ညွှန်းထားတယ်။ လောကုတ္တရာသရဏဂုံ ဆိုတာက ခုနက အရိယာမဂ်ရဲ့အခိုက်မှာ သရဏဂုံ ညှိုးနွမ်းကြောင်းဖြစ်တဲ့ ကိလေသာ အညစ်အကြေး၊ သရဏဂုံ ပျက်စီးကြောင်းဖြစ်တဲ့ ကိလေသာ အညစ်အကြေးတွေကို ဒီအရိယမဂ်တရားက အကြွင်းမဲ့ ပယ်ရှားလိုက်တယ်။ ဒါကြောင့် ထိုအရိယာသူတော်ကောင်း၏သန္တာန်မှာ လောကုတ္တရာသရဏဂုံသည် ဖြူစင်ဖြောင့်စင်းစွာဖြင့် အမြဲတမ်း တည်နေတယ်။ ဘဝတစ်ပါး ရောက်သွားပြီး ထားဦးတော့၊ ဒီအရိယာသူတော်ကောင်းသည် ရတနာသုံးပါးရဲ့ ပြင်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်မှန်သမျှကို ကိုးကွယ်အားထားရာအဖြစ် ဘယ်တော့မှ မရည်ညွှန်းဘူး။ ဘုရားအသစ် ဘယ်တော့မှ မရှာဘူး။ အဲဒီလောက်အထိ သရဏဂုံ မြဲတယ်။ လောကုတ္တရာသရဏဂုံနော်။ ငါးပါးသီလကလည်း ဒီအတိုင်းပဲ။ ဘဝတစ်ပါး ပြောင်း-သွားသည့်တိုင်အောင် ဒီအရိယာသူတော်ကောင်းသည် ဘယ်တော့မှ ငါးပါး-သီလကို မချိုးမဖောက်ဘူး။ သိပ်ခိုင်သွားတယ်။ နောက်တစ်ခု -

ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတော ဟောတိ, ဓမ္မေ… သံဃေ… အရိယကန္တေဟိ သီလေဟိ သမန္နာဂတော ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာန-အဉ္ဇလိကမ္မ-သာမီစိကမ္မစီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။

အာနန္ဒ၊ ညီဘွားအာနန္ဒာ ...။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်-တစ်ဦးသည်။ ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်တစ်ဦးကို။ အာဂမ္မ၊ အကြောင်းပြု၍။ ဗုဒ္ဓံ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၌။ အဝစ္စပ္ပသာဒေန၊ မတုန်မလှုပ် သက်ဝင်၍ တည်သော ယုံကြည်ချက် သဒ္ဓါတရားနှင့်။ သမ္မန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန်ဓမ္မခဏ်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်၌။ အဝစ္စပ္ပသာဒေန၊ မတုန်မလှုပ် သက်ဝင်၍ တည်သော ယုံကြည်ချက် သဒ္ဓါတရားနှင့်။ သမ္မန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ သံဃံ၊ ရှစ်ယောက်ထင်ပေါ် အရိယာထေရ်သံဃာတော်မြတ်အပေါင်း၌။ အဝစ္စပ္ပသာဒေန၊ မတုန်မလှုပ် သက်ဝင်၍ တည်သော ယုံကြည်ချက် သဒ္ဓါတရားနှင့်။ သမ္မန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြုပြီးတော့နော် - ဘုရားမှာ မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားနှင့် ပြည့်စုံတယ်။ တရားမှာ မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားနှင့် ပြည့်စုံတယ်။ သံဃာအပေါ်မှာလည်း မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားနှင့် ပြည့်စုံတယ်။ မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားဆိုတာက ဘယ်သဒ္ဓါတရားလဲလို့မေးရင် အရိယာမဂ်ကြောင့် ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရား။ အရိယာမဂ်တရားသည် အရိယာမဂ်အခိုက်မှာ ရတနာသုံးပါးအပေါ်၌ မယုံကြည်ခြင်း အဿဒ္ဓိယစတဲ့ အကုသိုလ် အညစ်အကြေးတွေကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ ဒါကြောင့် ထိုအရိယာသူတော်ကောင်းသန္တာန်၌ ရတနာသုံးပါးအပေါ်၌ အလွန် ဖြူစင်သန့်ရှင်းနေတဲ့ ယုံကြည်ချက် သဒ္ဓါတရားတွေ သိပ်ခိုင်မြဲသွားပြီ။ အဲဒီ သဒ္ဓါတရားကို ပြောတယ်နော်။ နောက်တစ်ခု -

ယံ ဟာနန္ဒ, ပုဂ္ဂလော ပုဂ္ဂလံ အာဂမ္မ ဒုက္ခေ နိက္ကင်္ခေါ ဟောတိ, ဒုက္ခသမုဒယေ နိက္ကင်္ခေါ ဟောတိ, ဒုက္ခနိရောဓေ နိက္ကင်္ခေါ ဟောတိ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ နိက္ကင်္ခေါ ဟောတိ, ဣမဿာနန္ဒ, ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ, ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာနအဉ္ဇလိကမ္မ-သာမီစိကမ္မ-စီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။

အာနန္ဒ၊ ညီဘွားအာနန္ဒာ ...။ ယော ပုဂ္ဂလော၊ အကြင်တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ ယံ ပုဂ္ဂလံ၊ အကြင်တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို။ အာဂမ္မ၊ အကြောင်းပြု၍။ ဒုက္ခေ၊ ဒုက္ခအရိယာသစ္စာတရား၌။ နိက္ကင်္ခေါ၊ ယုံမှားသံသယကင်းသည်။ ဟောတိ၊ ဖြစ်၏။

ဘာလဲ ဒုက္ခသစ္စာ? ခဏခဏ ပြောနေတယ်။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ဆိုတဲ့အတိုင်း အကျဉ်းချုပ်အားဖြင့် လိုရင်းတိုရှင်း ပြောခဲ့မယ်ဆိုရင် ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားအပေါ်၌ ယုံမှားသံသယ လုံးလုံး မရှိဘူး။ ဘာဖြစ်လို့လဲ? သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ပြီးတော့ ဒီဒုက္ခသစ္စာတရားတွေကို သိနေတယ်။ သိတဲ့အတွက် ကိုယ်တိုင် သိလာပြီဆိုရင် ယုံမှားသံသယ ဖြစ်နေဖို့ လိုသေးလား? ကိုယ်တိုင် ဘုရားဟောတဲ့ ရုပ်တွေ ရှုရပြီ၊ ရုပ်ကလာပ်တွေကို မြင်ပြီး၊ ရုပ်ကလာပ်ကလေးတွေကို ကလာပ်တစ်ခုတစ်ခု အတွင်းမှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် သဘောတရား ၈-မျိုး၊ ၉-မျိုးတွေကို ကိုယ်တိုင် ရှုလို့ ရပြီ။ အဲဒီအခါမှာ ဒီရုပ်တရားတွေကို ရှုရတယ်၊ မရဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ သံသယ ဖြစ်နေဖို့ လိုသေးလား? မလိုတော့ဘူးနော်။

အဲဒီပုံစံအတိုင်းပဲ။ ဒီနေရာမှာလည်း ပုဂ္ဂိုလ်တစ်ဦးက ပုဂ္ဂိုလ်တစ်ဦးကို အကြောင်းပြုပြီးတော့ ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး အပေါ်၌ ယုံမှားသံသယ လုံးလုံး မရှိဘူး။

ဒုက္ခသမုဒယေ၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား၌။ နိက္ကင်္ခေါ၊ ယုံမှားသံသယကင်းသည်။ ဟောတိ၊ ဖြစ်၏။

ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းရင်း သမုဒယသစ္စာတရားတွေ အပေါ်မှာ ယုံမှားသံသယ နည်းနည်းမှ မရှိဘူး။ ဘာကြောင့်လဲ? သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက် သိမြင်နေတဲ့အတွက် သံသယရှိဖို့ လိုသေးလား? မလိုတော့ဘူး။

ဒုက္ခနိရောဓေ၊ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား၌။ နိက္ကင်္ခေါ၊ ယုံမှားသံသယကင်းသည်။ ဟောတိ၊ ဖြစ်၏။

အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို ပေါ့နော် - မိမိကိုယ်တိုင် လှမ်းပြီး မြင်ပြီ။ ဘယ်အခါမှာလဲ? ထိုဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ တရားနှစ်ပါးကို သင်္ခါရတရားလို့ ခေါ်တယ်။ ထိုသင်္ခါရတရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုတယ်၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး ဒုက္ခလို့ တွင်တွင်ရှုတယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနတ္တလို့ တွင်တွင်ရှုတယ်။ အဲဒီလို ဝိပဿနာ...
htvlwr7xwv9l29w25ahw40vcrrrl95b မင်္ဂလသုတ်-၂၁/၉၇ 0 6244 21879 2026-04-14T05:36:28Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၀..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21879 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၀/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၂/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် (၂၁)

ဟောကြစို့၊ နာကြစို့နော် - ဘယ်အပိုင်းရောက်သွားလဲ?

ဒုက္ခနိရောဓေ နိက္ကင်္ခေါ ဟောတိ၊

ဒုက္ခနိရောဓေ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော နိရောဓ အရိယာနိဗ္ဗာန် သစ္စာတရားတော်မြတ်၌။ နိက္ကင်္ခေါ၊ ယုံမှားသံသယ မရှိသည်။ ဟောတိ၊ ဖြစ်၏။

သံသယတွေ ကင်းပျောက်သွားတယ်။ ဘယ်အခါမှာလဲ? ဒုက္ခသစ္စာ၊ သမုဒယသစ္စာအမည်ရနေတဲ့ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုတယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ တွင်တွင်ကြီး ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနတ္တလို့ တွင်တွင်ရှုတယ်။

အဲဒီလို လက္ခဏာရေးသုံးပါးတင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုရာက နောက်ဆုံး ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့အပိုင်းမှာ အဖြစ်ကို မကြည့်တော့ဘဲ အပျက်သက်သက်ကို ကြည့်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာ ဆက်ရှုတယ်။ အဲဒီလို ဆက်ရှုလိုက်တဲ့ အချိန်အခါမှာ ထိုဝိပဿနာဉာဏ်တို့ရဲ့ အဆုံး၌ ဣန္ဒြေများက ရင့်ကျက်လာပြီဆိုရင်ပေါ့ - အရိယ မဂ်ဉာဏ်ဖိုလ်ဉာဏ် ပေါ်လာမယ်။ ထိုပေါ်လာတဲ့ မဂ်တရားဖိုလ်တရားတွေက အသင်္ခတခေါ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို လှမ်းပြီး အာရုံပြုလိမ့်မယ်။ ထို အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာ ရုပ်နာမ်ဓမ္မ သင်္ခါရတရားဟူသမျှ လုံးဝမရှိဘူး။ ဖြစ်တတ် ပျက်တတ်တဲ့ သင်္ခါရတရားတွေ လုံးလုံး မရှိခြင်းကြောင့် ထိုနိဗ္ဗာန်တရားတော်မြတ်၌ ဖြစ်မှုပျက်မှုဆိုတဲ့ သဘာဝ လုံးလုံး မရှိဘူး။ သန္တိသုခလို့ ခေါ်ဆိုအပ်တဲ့ ငြိမ်းအေးနေတဲ့ အငြိမ်းဓာတ် ချမ်းသာကြီးသာရှိတယ်။

ထို အငြိမ်းဓာတ် ချမ်းသာကြီးကို တစ်ဖန် ဖလသမာပတ် ဝင်စားပြီးတော့ ပြန်ရှုကြည့်တယ်။ အရိယာသူတော်ကောင်းတို့က ဖလသမာပတ် အငြိမ်းဓာတ်အရသာကို သုံးဆောင်ခံစားကြည့်တယ်။ သုံးဆောင်ခံစားလို့ရတယ်။ မိမိကိုယ်တိုင် ထိုအငြိမ်းဓာတ် - အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးအဖို့ ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးအပေါ်၌ သို့လောသို့လော တွေးတောယုံမှားနေဖို့ ယုံမှားသံသယတွေ ရှိနိုင်ပါ့မလား? မရှိနိုင်တော့ဘူး။ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေသောကြောင့် ဖြစ်ပါတယ်။ အလားတူပဲ ...

ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ နိက္ကင်္ခေါ ဟောတိ၊

ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်သော မဂ္ဂအရိယသစ္စာတရား၌။ နိက္ကင်္ခေါ၊ ယုံမှားသံသယ မရှိသည်။ ဟောတိ၊ ဖြစ်၏။

မိမိက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံပြုတယ်။ အရိယမဂ်ဉာဏ်ဖြင့် ခေါင်ဆုံး လှမ်းပြီး အာရုံပြုလိုက်တဲ့ အချိန်အခါမှာ ထိုအရိယမဂ်ဉာဏ်နဲ့ ယှဉ်တွဲပြီးတော့ မဂ္ဂသစ္စာတရားတွေ ထင်ရှားစွာ ဖြစ်ပေါ်သွားကြပါတယ်။

အကယ်၍များ ကာမာဝစရ နာမ်တရားတွေကိုပဲဖြစ်စေ (သို့မဟုတ်) ရုပ်တရားတွေကိုပဲဖြစ်စေ (သို့မဟုတ်) ပုထုဇဉ် နာမ်တရားတွေကိုပဲဖြစ်စေ ဝိပဿနာရှုခိုက် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို ဆိုက်သွားခဲ့မယ်ဆိုရင် ထိုအရိယမဂ်တရားနဲ့ ယှဉ်တွဲပြီးတော့ မဂ္ဂသစ္စာတရား အမည်ရနေတဲ့ မဂ္ဂင်တရားကိုယ် (၈)ပါး ထင်ရှားစွာ ဖြစ်သွားကြပါတယ်။ အေး ... ဒုတိယဈာန် သို့မဟုတ် တတိယဈာန် သို့မဟုတ် စတုတ္ထဈာန် - အစရှိတဲ့ အထက်ပိုင်း ဈာန်တရားတွေ ဈာန်နာမ်တရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ်ကို ဆိုက်ခဲ့မယ်ဆိုရင်တော့ သမ္မာသင်္ကပ္ပ ဝိတက်လို့ခေါ်ဆိုအပ်တဲ့ သမ္မာသင်္ကပ္ပမဂ္ဂင်တစ်ခု လျော့သွားလိမ့်မယ်။ မဂ္ဂင်တရားကိုယ် ရှစ်ပါးအစား မဂ္ဂင်တရားကိုယ် ခုနှစ်ပါး ဖြစ်သွားပါလိမ့်မယ်။

အဲဒီ မဂ္ဂသစ္စာ အမည်ရနေတဲ့ မဂ္ဂင်တရားကိုယ် ရှစ်ပါး ခုနှစ်ပါးတွေကိုလည်း ထိုယောဂါဝစရ ပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် လှမ်းမျှော်ပြီးတော့ တစ်ဖန် ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါ ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်ပြီး သိနေတယ်။ ဘာကြောင့်လဲ? ထိုအငြိမ်းဓာတ် အသင်္ခတဓာတ် နိဗ္ဗာန်ကြီးကို လှမ်းအာရုံ ယူလိုက်တဲ့ ခေါင်ဆုံး အာရုံယူလိုက်တဲ့ သစ္စာလေးပါးတရားကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ ဒါကြောင့် မသိမှု အဝိဇ္ဇာပျောက်ပြီး သိမှု ဝိဇ္ဇာဉာဏ်အလင်းဓာတ် အရောင်ကြီးက ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ထင်ရှားစွာ တည်ရှိနေခဲ့ခြင်းဖြစ်တယ်။ ဒီလို တည်ရှိနေတဲ့အတွက် ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတွေ အချိန်မရွေး ပြန်လှမ်းရှုကြည့် ရှုလို့ရတယ်။

သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာတရားတွေ ကြောင်းကျိုးဆက်သွယ်မှု သဘောတရားတွေကို အချိန်မရွေး လှမ်းပြီး ရှုကြည့်လိုက်တော့ ရှုလို့ရတယ်။ နိရောဓ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးတွေကို ဖလသမာပတ်ဝင်စားပြီးတော့ အချိန်မရွေး ပြန်ရှုကြည့် ရှုလို့ရတယ်။ မဂ္ဂသစ္စာအမည်ရနေတဲ့ မဂ္ဂင်တရားကိုယ် ရှစ်ပါးတွေကိုလည်း အချိန်မရွေး ပြန်ပြီးဆန်းစစ် လှမ်းရှုကြည့် ရှုလို့ရတယ်။ ဘာကြောင့်လဲ? သစ္စာလေးပါးကို မသိအောင် ဖုံးထားတဲ့ မောဟကို ထိုအရိယမဂ်တရားက အကြွင်းမဲ့ ပယ်ရှားထားပြီးဖြစ်တဲ့အတွက်ကြောင့် မသိမှုပျောက်၍ သိမှု ဝိဇ္ဇာဉာဏ် ပေါ်ပေါက်နေခြင်း ဖြစ်တယ်။

ဒီလိုဆိုရင်ပေါ့ - ယောဂီပုဂ္ဂိုလ်တွေ ဒီနေရာမှာ နည်းနည်းလေး မိမိတို့ ကိုယ်ကို မိမိတို့ ပြန်လည် ဆန်းစစ် သုံးသပ်ကြည့်ဖို့ မလိုဘူးလား? လိုနေတယ်။ မိမိတို့ တရားဘာဝနာတစ်ခု ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်ပြီ ဆိုကြပါစို့။ အကြောင်းအားလျော်စွာ မိမိကိုယ်ကိုမိမိ အရိယမဂ်သို့ ဆိုက်သွားပြီ၊ နိဗ္ဗာန်ကို မြင်ပြီလို့ ယူဆတယ်၊ ယုံကြည်တယ်ပဲ ဆိုကြပါစို့။ အဲဒီလို ယူဆယုံကြည်နေတဲ့ သူတော်ကောင်းတစ်ဦးက မိမိကိုယ်ကိုမိမိ ပြန်ပြီး ဆန်းစစ်လို့ ကြည့်လိုက်တဲ့အခါ “ငါသည် ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိပြီးလား၊ မသိဘူးလား?” လို့ ပြန်ဆန်းစစ်ကြည့်လို့ မရနိုင်ဘူးလား? သိရင်လည်း သိတယ်၊ မသိရင်လည်း မသိဘူးဆိုတဲ့ အဖြေကို ကိုယ်ကိုယ်တိုင် မပေးနိုင်ဘူးလား? ပေးနိုင်တယ်။

အကယ်၍များ မသိသေးဘူးလို့ ဆိုခဲ့မယ်၊ အဖြေထွက်ခဲ့မယ်ဆိုရင်ပေါ့ “ငါ သိနေတဲ့၊ ငါ ရရှိထားတဲ့ နိဗ္ဗာန်တရားတော်မြတ်သည် ဘုရားရှင် ဆိုလိုနေတဲ့ နိဗ္ဗာန်တရားတော်မြတ်တော့ မဟုတ်သေးဘူး” လို့ ဒီလိုလည်း ဆုံးဖြတ်ချက်ချလို့ မရနိုင်ဘူးလား? ရနိုင်တယ်။ အဖြေပေးရတာ သိပ်ခက်မလား၊ လွယ်မလား? လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မေးကြည့်ရမယ်။ အမှန်တရားကို ရှာဖွေတဲ့အပိုင်းမှာ မိမိကိုယ်ကိုမိမိ ပြန်ပြီး မေးကြည့်ရမယ်။ အမှန်တရားကို ရှာဖွေတဲ့အပိုင်းမှာ မိမိကိုယ်ကိုမိမိ ပြန်ပြီး မေးခွန်းထုတ်ပြီးတော့ လွယ်လွယ်ကူကူ ဖြေနိုင်နေတယ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းကြီးသွားဖို့ရန်အတွက် နောက်ထပ် လမ်းကြီးတစ်ခု ပွင့်မသွားဘူးလား? ပွင့်သွားပြီ။

နောက်တစ်ခု - သမုဒယသစ္စာအမည်ရတဲ့ အတိတ်ဘဝ ထိုထိုက ထူထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ သမုဒယသစ္စာ အမည်ရတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကြောင့် နောင်ဘဝမှာ အနာဂတ်မှာ ဒုက္ခသစ္စာတရားတွေ အထင်အရှားဖြစ်ပုံ၊ ဟိုး ... အတိတ်သံသရာ အဆက်ဆက်က ထူထောင်ထားတဲ့ သမုဒယသစ္စာတွေကြောင့် ဆိုင်ရာဆိုင်ရာ ထိုထို အတိတ်ဘဝတွေမှာလည်း ဒုက္ခသစ္စာအမည်ရနေတဲ့ ခန္ဓာငါးပါးတွေ ထင်ရှားဖြစ်ပုံ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာ တည်ရှိနေတဲ့ ဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတွေရဲ့ ကြောင်းကျိုးဆက်နွယ်မှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး အဲဒီလိုသိတဲ့ ပုဂ္ဂိုလ်တစ်ဦးကလည်း “ငါသည် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိတဲ့ သူတော်ကောင်း ဖြစ်သလား၊ မဖြစ်ဘူးလား?” မိမိကိုယ်ကို ပြန်ပြီး ဆန်းစစ်ကြည့်ရင် ဆန်းစစ်လို့ မရဘူးလား? ရနေပါတယ်။ အကယ်၍ “မသိဘူး” လို့ အဖြေထွက်ခဲ့ရင် “ငါဟာ ဘုရားရှင် ဆိုလိုတဲ့ အရိယာသူတော်ကောင်း မဟုတ်သေးဘူး” လို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒါက ဆန်းစစ်ကြည့်သင့်တဲ့ အချက်ပဲ။

ခု ... ဒီမှာ ဘုရားရှင်က ဘယ်သူ့ကို ဟောနေသလဲမေးတော့ မိထွေးတော် ဂေါတမီလှူတဲ့ သင်္ကန်းလေးကို အလှူမခံတဲ့အတွက် အရှင်အာနန္ဒာက ကြားဖြတ်ပြီးတော့ မြတ်စွာဘုရားကို အလှူခံဖို့ရန် လျှောက်ထားတဲ့ အပိုင်းလေးမှာ ဘုရားရှင်က ပြန်လည် မိန့်ကြားခဲ့တဲ့ အပိုင်းဖြစ်တယ်။

ဘာကြောင့်လဲ? ဘုရားရှင် ခေါင်ဆုံးအကြိမ်ပဲ ဆိုကြပါစို့ ... ဘုရားရှင်က ကပိလဝတ်နေပြည်တော်သို့ ကြွစဉ် အချိန်အခါကာလက မိထွေးတော်ဂေါတမီသည် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ခဲ့ပါတယ်။ ဤအချက်ကို ဘုရားရှင်က အထူးသဖြင့် ဦးတည်ပြီး ပြောခဲ့ပါတယ်။ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရပြီး မိထွေးတော်ဂေါတမီသည် သစ္စာလေးပါးတရားကို သိပြီး ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်တစ်ဦးကို အကြောင်းပြုပြီးတော့ သို့မဟုတ် ဆရာဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို အကြောင်းပြုပြီးတော့ တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့သန္တာန်မှာ ဒုက္ခသစ္စာတရားအပေါ်မှာ ယုံမှားသံသယ ကင်းနေတယ်၊ သမုဒယသစ္စာတရားအပေါ်မှာ ယုံမှားသံသယတွေ ကင်းနေတယ်၊ နိရောဓသစ္စာတရားအပေါ်မှာ ယုံမှားသံသယတွေ ကင်းနေတယ်၊ နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာတရားအပေါ်မှာလည်း သံသယတွေ ကင်းသွားပြီ။ အဲဒီလို ယုံမှားသံသယတွေ ကင်းသွားရင် ဘာဖြစ်လဲ?

ဣမဿာနန္ဒ၊ ပုဂ္ဂလဿ ဣမိနာ ပုဂ္ဂလေန န သုပ္ပတိကာရံ ဝဒါမိ၊ ယဒိဒံ – အဘိဝါဒန-ပစ္စုဋ္ဌာနအဉ္ဇလိကမ္မ-သာမီစိကမ္မ-စီဝရပိဏ္ဍပါတသေနာသနဂိလာ- နပ္ပစ္စယဘေသဇ္ဇပရိက္ခာရာနုပ္ပဒါနေန။

အာနန္ဒာ၊ ညီဘွား အာနန္ဒာ ... ဣမဿာ ပုဂ္ဂလဿ၊ ဤဆရာဖြစ်တဲ့ ပုဂ္ဂိုလ်အား။ ဣမိနာ ပုဂ္ဂလေန၊ ဤတပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်သည်။ ယဒိဒံ အဘိဝါဒနံ ပစ္စုပဌာနံ အဉ္စလီကမ္မံ သာမီစိကမ္မံ စီဝရပိဏ္ဍပါတသေနာသန ဂိလာနပ္ပစ္စယ ဘေသဇ္ဇ ပရိက္ခာရာနုပ္ပဒါနေန၊ အကြင် ရှိခိုးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီမိုးခြင်း၊ အရိုအသေပြုခြင်း၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေးပစ္စည်း ပရိက္ခရာ အသုံးအဆောင်တို့ကို ပေးလှူခြင်းဖြင့်။ သုပ္ပတိကာရံ၊ တုံ့လှည့်တဖန် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းကို။ နသုပ္ပဋိကာရံ၊ ကောင်းမွန်စွာ တုံ့လှည့်တစ်ဖန် ကျေးဇူးပြန်ဆပ်ခြင်းဟူ၍။ အဟံ၊ ငါဘုရားသည်။ နဝဒါမိ၊ ဟောတော်မမူ။

ဆရာဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြုပြီးတော့ တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က သရဏဂုံ တည်တယ်၊ အရိယကန္တသီလလို့ ခေါ်ဆိုအပ်တဲ့ ငါးပါးသီလတွေ မြဲသွားတယ်၊ အရိယမဂ်နဲ့ယှဉ်တယ်။ ဘာ သရဏဂုံလဲလို့မေးရင် လောကုတ္တရာ သရဏဂုံ တည်သွားတယ်နော်။ လောကုတ္တရာ သရဏဂုံတည်တယ်။ အရိယမဂ်နဲ့ ယှဉ်တွဲပြီးတော့ အရိယကန္တသီလလို့ ခေါ်ဆိုအပ်တဲ့ လောကုတ္တရာသီလတွေလည်း မြဲသွားတယ်။ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်သွားတယ်။ ဘာကြောင့်လဲ? မိမိကိုယ်တိုင်က နိဗ္ဗာန်တရားတော်မြတ်ကြီးကို မြင်ပြီ။ ငါလို နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်ကြီးကို မြင်တော်မူတဲ့ ဘုရားရှင်ဆိုတာ ဧကန်ရှိတယ်လို့ မယုံကြည်နိုင်ဘူးလား? ယုံကြည်နိုင်တယ်။ မိမိကိုယ်တိုင်က သစ္စာလေးပါးကို သိပြီ။ ငါလို သစ္စာလေးပါးကိုသိတဲ့ဘုရားရှင် ဧကန်ရှိတယ်လို့ မယုံကြည်နိုင်ဘူးလား? ယုံကြည်နိုင်တယ်။ မိမိကိုယ်တိုင်က နိဗ္ဗာန်ကို မြင်ပြီ။ ငါလို နိဗ္ဗာန်ကိုမြင်တဲ့ အရိယာသံဃာဆိုတာ ထင်ရှားရှိတယ်လို့ မယုံကြည်နိုင်ဘူးလား? ယုံကြည်နိုင်တယ်။ မိမိကိုယ်တိုင်က သစ္စာလေးပါးကို ထိုးထွင်းသိပြီ။ ငါလို သစ္စာလေးပါးကို ထိုးထွင်းသိတဲ့ အရိယာသံဃာတွေ ထင်ရှားရှိတယ်လို့ မယုံကြည်နိုင်ဘူးလား? ယုံကြည်နိုင်တယ်။

အဲဒီလို ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှုမျိုးကို အဝေစ္စပသာဒ၊ မတုန်မလှုပ် ဘယ်လိုမှ ဆွဲလှုပ်လို့ မရအောင် ယုံကြည်တဲ့ ယုံကြည်ချက်လို့ ခေါ်ပါတယ်နော်။ အဲဒီလို ဘုရား၊ တရား၊ သံဃာခေါ်တဲ့ ရတနာသုံးပါးအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းဆိုတဲ့ ယုံကြည်ချက် သဒ္ဓါတရားတွေနဲ့လည်း ပြည့်စုံတယ်။ ဒုက္ခသစ္စာအပေါ်၌ ယုံမှားသံသယမရှိ၊ သမုဒယသစ္စာအပေါ်၌လည်း ယုံမှားသံသယမရှိ၊ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်တရားတော်မြတ်အပေါ်၌လည်း ယုံမှားသံသယမရှိ၊ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားအပေါ်၌လည်း ယုံမှားသံသယ မရှိဘူး။ ကင်းနေတယ်။ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။

အဲဒီလို သိနေတဲ့ အသိထူးဉာဏ်ထူးတွေကို ရရှိနေတဲ့ ဒီသူတော်ကောင်းတစ်ဦးသည် ဘုရားဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို သွားပြီးတော့ ရိုသေစွာဖြင့် ရှိခိုးတယ်။ ရှိခိုးတယ်ဆိုတာက ဆရာသမားကို တွေ့လို့ ရှိခိုးတာလည်း ရှိတယ်။ ဆရာသမားကို မတွေ့ဘူးထား၊ ဆရာသမားက လမ်းလျှောက်နေရင် လမ်းလျှောက်တဲ့ ဘက်ကို လက်အုပ်ကလေး ချီတယ်။ ဆရာသမားက တစ်နေရာမှာ ခပ်ဝေးဝေးမှာ ရှိတယ်ဆိုရင်လည်း ရှိတဲ့နေရာဘက်ကို လှမ်းမျှော်ပြီးတော့ ရှိခိုးပြီးမှ အိပ်တယ်။ ဆရာသမား ထိုင်နေရင် ထိုင်နေတဲ့ နေရာဘက်ကို ရှိခိုးပြီးမှ အိပ်တယ်။ ဆရာသမား အိပ်နေရင် အိပ်တဲ့ဘက်ကို ရှိခိုးပြီးမှ အိပ်တယ်။

ဥပမာ - ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဆိုကြပါစို့။ ညဘက် အိပ်ခါနီးပြီဆိုလို့ရှိရင် ကျိန်းစက်တော်မူခါနီးမှာ ဘာလုပ်တတ်သလဲ? ငါ့ရဲ့ ဆရာဖြစ်တော်မူတဲ့ အရှင်အဿဇိမထေရ်မြတ်သည် ဘယ်နေရာမှာ ရှိသလဲလို့ ဉာဏ်နဲ့ စေလွှတ်ပြီး လှမ်းကြည့်လိုက်တယ်။ အရှင်အဿဇိမထေရ်မြတ် ဘယ်နေရာမှာ ရှိတယ်လို့ သိတဲ့အခါ အရှင်အဿဇိမထေရ်မြတ် ရှိတော်မူရာ အရပ်ဘက်သို့ လက်အုပ်ချီမိုး ရိုသေစွာ ရှိခိုးပြီးမှ ခေါင်းဆိုက်ပြီး အိပ်တယ်။ အကယ်၍များပေါ့ အရှင်အဿဇိမထေရ်မြတ်က သူနေတဲ့ နေရာရဲ့ အနောက်ဘက်အရပ်မှာ ရှိနေမယ် ဆိုလို့ရှိရင် ထိုအနောက်ဘက်အရပ်ကို လက်အုပ်ချီမိုး ရှိခိုးပြီး အနောက်ဘက်အရပ်ကို ခေါင်းဆိုက်ပြီး အိပ်တယ်။ အကယ်၍ အရှင်အဿဇိမထေရ်မြတ်သည် အရှေ့ဘက်အရပ်မှာ ရှိမယ်ဆိုရင် အရှေ့ဘက်အရပ် အရှင်အဿဇိမထေရ်မြတ်ရှိရာ အရပ်ဘက်ကို လှမ်းမျှော်ပြီးတော့ အရှင်အဿဇိမထေရ်မြတ်ကို ရိုသေစွာ လက်အုပ်ချီမိုး ရှိခိုးပြီးတော့မှ အရှင်အဿဇိမထေရ်မြတ်ရှိတဲ့ဘက်ကို ခေါင်းဆိုက်ပြီးတော့ အိပ်တယ်။ တောင်၊ မြောက်မှာလည်း ထိုနည်းလည်းကောင်းပဲနော်။

အဲဒါကို အကြောင်းပြုပြီးတော့ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်များက - “ဟာ ... ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ ဗြဟ္မဏဝါဒတွေကို ခုထက်ထိ မစွန့်သေးဘူးနဲ့တူတယ်။ အရပ်မျက်နှာတွေကို ရှိခိုး၊ ရှိခိုးပြီးမှ အိပ်တယ်” ဆိုပြီး တစ်ချို့ မသိတဲ့ ပုဂ္ဂိုလ်များက စွပ်စွဲကြတယ်နော်။ လောကမှာ မသိမှုဟာ ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ မစွပ်စွဲသင့်၊ မစွပ်စွဲထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း မဟုတ်မတရား သွား၊ သွားပြီးတော့ မစွပ်စွဲတတ်ဘူးလား? စွပ်စွဲတတ်ကြတယ်။ ဒါကို သတိရှိဖို့ သိပ်ကောင်းတယ်နော်။ အဲဒီပုံစံအတိုင်းပဲ ဆရာသမားရှိရာဘက်ကို ရှိခိုးပြီးတော့မှ အိပ်တယ်၊ ထိုင်တယ်၊ နေတယ်၊ သွားတယ်၊ လာတယ်။ အဲဒီလို ရှိခိုးခြင်းကိုလည်း ပြုတယ်။ ဆရာသမား ကြွလာပြီဆိုရင် ခရီးဦးကြိုဆိုတယ်၊ လက်အုပ်ချီတယ်၊ ဆရာသမားအပေါ်၌ အရိုအသေ အလေးအမြတ်ပြုတယ်။

လက်အုပ်ချီတာမှာလည်း ပုံစံအမျိုးမျိုးပေါ့လေ - ဆရာသမားက မိမိနဲ့ ရင်ဆိုင် မရှိရင်လည်း ဘယ်နေရာမှာရှိသလဲ လှမ်းမျှော်ပြီး အာရုံယူပြီးတော့ ဆရာသမားရှိတဲ့ဘက်ကို မတ်တပ်ရပ်ပဲဖြစ်ဖြစ်၊ စင်္ကြံသွားလျက်ပဲဖြစ်စေ၊ ထိုင်လျက်ပဲဖြစ်စေ၊ အိပ်လျက်ပဲဖြစ်စေ လှမ်းပြီးတော့ လက်အုပ်ကလေး ချီတယ်။ ဆရာသမားနဲ့ သင့်လျော်လျောက်ပတ် ကောင်းမြတ်နေတဲ့ ရိုသေလေးစားမှုတွေကိုလည်း ပြုတယ်။ အဲဒီလို ရိုသေမှု လေးစားမှု ပြုတဲ့အပိုင်းမှာ ဒီလောက်တွင်လားဆိုတော့ မကသေးဘူး။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်တဲ့ ဆေးပစ္စည်း ပရိက္ခရာတွေကိုလည်း ဆရာသမားကို လှူဒါန်းပူဇော်တယ်။ အဲဒီလို လှူဒါန်းပူဇော်တာဟာ ဘယ်လောက်များသလဲ မေးတော့ -

စတူဟိ ပဏီတာ ပစ္စေဟိ စက္ကဝါဠာတလံ -----

ဘာပြောလဲ?

ပဏီတ ပစ္စယေဟိ၊ မွန်မြတ်ကုန်သော ပစ္စည်းလေးပါးတို့ဖြင့်။

ဆရာသမားကို ပူဇော်တဲ့အပိုင်းမှာလည်း သင်္ကန်းလှူလည်း အညံ့စားလေး မဟုတ်ပါဘူး။ ဆွမ်းလှူလည်း အညံ့စား၊ ဆေးလှူလည်း အညံ့စား၊ ကျောင်းလှူလည်း အညံ့စားတော့ မဟုတ်ဘူး။ အမြတ်စားတွေကို ရွေးချယ်ပြီးမှ ဆရာသမားကို လှူတယ်။ အဲဒီလို လှူလိုက်တဲ့အခါမှာ ဘာဖြစ်လဲ?

စတူဟိ၊ လေးပါးကုန်သော။ ပဏီတာ ပစ္စေဟိ၊ မွန်မြတ်သော ပစ္စည်းလေးပါးတို့ဖြင့်။ စက္ကဝါဠာတလံ၊ စကြဝဠာနှုတ်ခမ်း၏ အရပ်သို့တိုင်အောင်။ ပူရေတွာ၊ ပြည့်စေ၍။ သိနေရု ပဗ္ဗတေန၊ မြင့်မိုရ်တောင်ဖြင့်။ အဂ္ဂံ ဂဟေတွာ၊ အထွတ်ကို ယူစေ၍။ ဒေန္တောပိ၊ ပေးလှူပါသော်လည်းပဲ။

လှူလိုက်တဲ့ပစ္စည်းတွေ ဘယ်လောက်များသလဲလို့ မေးရင်တော့ - စကြဝဠာ နှုတ်ခမ်းရင်းသို့တိုင်အောင် စကြဝဠာတိုက်ကြီး တစ်ခုလုံးကို ပစ္စည်းတွေ စုပြီးတော့ ပုံလိုက်တယ်။ ဘယ်လောက်မြင့်သလဲလို့ မေးရင် မြင့်မိုရ်တောင်မင်းရဲ့ တောင်ထိပ်ကို အထွတ်တပ်ပြီးတော့ကို လှူလိုက်တယ်။ အဲဒီလို ပေးလှူသော်လည်းပဲ ဘာဖြစ်လဲ?

အာစရိယဿ၊ ဆရာဖြစ်တဲ့ ပုဂ္ဂိုလ်အား။ အနုကရိယံ၊ လျော်ကန်လျောက်ပတ် ကောင်းမြတ်တင့်တယ်တဲ့ အပြုအမူကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကောတိယေဝ၊ မစွမ်းနိုင်သည်သာလျှင်တည်း။

ဒီလို တုံ့လှည့်တစ်ဖန် ပြန်ပြီး ကျေးဇူးဆပ်နေတာဟာ ဆရာသမားအပေါ်၌ လျော်ကန်လျောက်ပတ် သင့်တင့်ကောင်းမြတ်တဲ့ အပြုအမူတစ်ခုကို ပြုလုပ်နေသည် မမည်သေးပါဘူး။ ဘာပြောချင်တာလဲ? အာမိသပူဇာသည် သိပ်ပြီးတော့ မွန်မြတ်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ဓမ္မပူဇာလို့ ခေါ်ဆိုအပ်တဲ့ တရားဖြင့် ပူဇော်ခြင်းကသာ မွန်မြတ်ပါတယ်လို့ ဒီလိုပြောတာ။

ဆိုလိုရင်းကတော့ မိထွေးတော် ဂေါတမီဟာ ဘုရားရှင်အပေါ်၌ နို့ချိုတိုက်ကျွေး မွေးမြူခဲ့တဲ့ မိခင်ပမာ ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်ဆိုတာ မှန်တယ်။ ဒါပေမယ်လို့ မိထွေးတော်ဂေါတမီဟာ ဘုရားရှင်ကို အကြောင်းပြုပြီးတော့ သစ္စာလေးပါးကို မသိရဘူးလား? သိရတယ်။ လောကုတ္တရာ သရဏဂုံလည်း မတည်ဘူးလား? တည်သွားတယ်။ လောကုတ္တရာ သီလတွေလည်း မြဲမသွားဘူးလား? မြဲသွားတယ်။ ရတနာသုံးပါးအပေါ်မှာ မတုန်မလှုပ် သက်ဝင်-ယုံကြည်နေတဲ့ သဒ္ဓါတရားတွေနဲ့လည်း ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားတယ်။ ဒီကံတွေက အထူးသဖြင့် သောတာပတ္တိမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ ကံတွေ ဖြစ်ပါတယ်။

အဲဒီလို သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရပြီး သစ္စာလေးပါး အပေါ်၌ ယုံမှားသံသယ လုံးလုံးကင်းသွားတဲ့ အရိယာသူတော်ကောင်း အဆင့်သို့ ရောက်ရှိသွားတဲ့အခါ ထိုပုဂ္ဂိုလ် ဘာဖြစ်သွားသလဲ? နောက်ထပ်တစ်ဖန် အပါယ်လေးဘုံမှာ ပဋိသန္ဓေ မနေရတော့ဘူး။ အပါယ်လေးဘုံမှ ကွင်းလုံးကျွတ် လွတ်သွားတယ်။ ဒီလောက်တွင်လား မကသေးပါဘူးနော်။ မိမိက အလိုရှိခဲ့မယ်ဆိုရင် ကာမာဝစရ နတ်ပြည်ခြောက်ထပ်မှာ ဘယ်နတ်ပြည် ကြိုက်သလဲ? ကြိုက်တဲ့ နတ်ပြည် ရွေးချယ်ခွင့် ရှိပါတယ်နော်။ ရွေးချယ်ပြီး-တော့လည်း ဒီလောက်တွင်လားဆိုတော့ မကသေးဘူး။

အကယ်၍များ ဒါကတော့ မိထွေးတော်ဂေါတမီဘက်က ပြောတာပါနော်။ သို့သော်လည်း ထိုအချိန်အခါမှာ မိထွေးတော်ဂေါတမီက သောတာပန်အဆင့် ရှိတာပါ။ နောက်ပိုင်း သာသနာဘောင် ဝင်ရောက်ပြီး တကယ် ရှင်ရဟန်း ပြုလိုက်တဲ့အခါမှာ အရဟတ္တဖိုလ် ဆိုက်သွားပြီ။ ဘယ်သူ့ကို အကြောင်းပြုပြီးတော့ ဒီအရဟတ္တဖိုလ် ဆိုက်ရပါသလဲလို့မေးရင် ဘုရားရှင်ကို အကြောင်းပြုပြီး အရဟတ္တဖိုလ်သို့ ရောက်သွားရခြင်း မဟုတ်ဘူးလား? ရောက်သွားပြီ။

ရောက်သွားတဲ့အခါကျတော့ မိထွေးတော် ဂေါတမီဘက်က ပြန်ကြည့်လိုက်ရင် အပါယ်ဘေးဆိုးကြီးကလည်း လွတ်တယ်၊ ကာမ (၁၁)ဘုံ ပဋိသန္ဓေတည်ရမဲ့ ဘေးဆိုးကြီးကလည်း လွတ်တယ်၊ (၃၁)ဘုံမှာ ပဋိသန္ဓေတည်နေရမဲ့ ဘေးဆိုးကြီးမှလည်း လွတ်မသွားဘူးလား? လွတ်သွားတယ်။ ပဋိသန္ဓေ မနေရတဲ့အတွက် နောက်ထပ် အိုဘေးဆိုးကြီးမှ မလွတ်ဘူးလား? လွတ်သွားတယ်။ နာဘေးဆိုးကြီးမှလည်း မလွတ်ဘူးလား? လွတ်သွားတယ်။ သေဘေးဆိုးကြီးမှလည်း မလွတ်ဘူးလား? လွတ်သွားတယ်။

ဒီအခွင့်အရေးကြီးတွေဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီလောက် ကြီးမားတဲ့ အခွင့်အရေးကြီးတွေကို ရရှိအောင် ဘုရားရှင်ဘက်က ရွက်ဆောင်ပေးလိုက်တယ်။ ရွက်ဆောင်ပေးနေတဲ့ ဘုရားရှင်ကို ပစ္စည်းလေးပါးဖြင့် ပြန်ပြီး ပူဇော်လိုက်တဲ့ အချိန်အခါမှာ စကြဝဠာတိုက်ကြီးအပြည့် မြင့်မိုရ်တောင်မင်းလောက် မြင့်အောင် ပစ္စည်းတွေ ပုံပြီး လှူသော်လည်း ဘုရားရှင်က အဲဒီပစ္စည်း အကုန်သုံးနိုင်မလား? မသုံးနိုင်ဘူးနော်။ လှူလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ဘုရားရှင်မှာလည်း ဘာတွေများ ကြီးပွားတိုးတက်သွားမလဲ? သီလဂုဏ်အားဖြင့် ကြီးပွားတိုးတက်မှုတွေ ဖြစ်နိုင်မလား၊ သမာဓိဂုဏ်အားဖြင့် ကြီးပွားတိုးတက်မှုတွေ ဖြစ်နိုင်မလား၊ ပညာဂုဏ်အားဖြင့် ဘုရားရှင်မှာလည်း ကြီးပွားတိုးတက်မှုတွေ ဖြစ်နိုင်မလား? ပြန်ကြည့်ရတယ်နော်။ ကြီးပွားတိုးတက်မှု ဘုရားရှင်မှာလည်း ဘာမှ မလိုတော့ဘူး ဘာဖြစ်လို့လဲ?

ပြုသင့်ပြုထိုက်တဲ့ ကိစ္စအားလုံးကို ဘုရားရှင်သည် ပြုထားပြီး ဖြစ်တယ်။ မိမိရဲ့ ကိုးကွယ်အားထားရာ မှန်သမျှကို ဘုရားရှင်သည် ပြုထားပြီး ဖြစ်တယ်။ အဲဒီလို ပြုထားပြီး ဖြစ်နေတဲ့အတွက် ဘုရားရှင်အဖို့ တစ်နေ့တာအတွက် မျှတရုံဆွမ်းဖြင့် တစ်နေ့တာကိစ္စ မလုံလောက်ဘူးလား? လုံလောက်တယ်။ ခန္ဓာကိုယ်ကိုလည်း အရှက်အကြောက် ဖုံးလွှမ်းရုံ သင်္ကန်းတစ်ထည်ဖြင့် ဘုရားရှင်အတွက် မလုံလောက်ဘူးလား? လုံလောက်နေပါတယ်။ စကြဝဠာ တိုက်ကြီး အပြည့်ခင်းပြီးတော့ ပစ္စည်းလေးပါးကို ပုံပြီးလှူသော်လည်း ဘုရားရှင်အဖို့ သုံးစွဲလို့ ကုန်မဲ့သဘောကော ရှိသလား? မရှိဘူး။ အလွန် ကျေးဇူးများတဲ့ လုပ်ငန်း ဟုတ်သလား? မဟုတ်ဘူး။

အကယ်၍များ ဆရာဖြစ်တဲ့ ပုဂ္ဂိုလ်သည် ဘုရားရှင်ကဲ့သို့ ရဟန္တာအရှင်မြတ် မဟုတ်ဘူး။ သို့မဟုတ် အရိယာ သူတော်ကောင်း မဟုတ်ခဲ့ဘူး ထား ... အဲဒီလို ဆရာဖြစ်တဲ့ပုဂ္ဂိုလ် ပုထုဇန်ပုဂ္ဂိုလ်တစ်ဦးက တရားတွေ ညွှန်ကြားပြသလိုက်လို့ ပုဂ္ဂိုလ်တစ်ဦးက သောတာပန်ဖြစ်သွားပြီ ဆိုကြပါစို့နော် - သောတာပန်ဖြစ်သွားတဲ့ တပည့်ဖြစ်တဲ့ပုဂ္ဂိုလ်က ဆရာဖြစ်တဲ့ ပုဂ္ဂိုလ်ကို ဒီလို လာပြီး ပစ္စည်းလေးပါးဖြင့် အကြီးအကျယ် ပူဇော်တော့ကော အဲဒီ ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ဟာ ဒီပစ္စည်းလေးပါးကို သုံးစွဲရခြင်းတည်းဟူသော အကြောင်းကြောင့် အပါယ်လေးပါးက လွတ်မလား? မလွတ်နိုင်ပါဘူး။ ဒီပစ္စည်းလေးပါးတွေက ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကို အပါယ်လေးပါးမှ ထုတ်ဆောင် ကယ်တင်ပေးနိုင်တဲ့ စွမ်းအားကော ရှိသလား? မရှိသေးဘူး။ အို၊ နာ၊ သေရေး ဒုက္ခဘေးကြီးမှ လွတ်မြောက်အောင်လည်း ထုတ်ဆောင် ကယ်တင်ပေးနိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။

ဒီလိုဆိုရင် အပါယ်လေးဘုံမှ အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့စွမ်းအားနဲ့ မလွတ်မြောက်စေနိုင်တဲ့စွမ်းအား ဒီနှစ်ခု တိုင်းတာ နှိုင်းစာကြည့်လိုက်တဲ့အခါ ဘယ်စွမ်းအင်က ပိုကောင်းလဲ? အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်စေနိုင်တဲ့ စွမ်းအင်က ပိုပြီး အဆင့်မမြင့်ဘူးလား? မြင့်တယ်။

နောက်တစ်ခု ကြည့်ဦး ... (၃၁)ဘုံအတွင်းမှာ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ပဋိသန္ဓေ ပြန်မနေရတော့ဘူး။ အိုဘေးဆိုးကြီးမှ ကွင်းလုံးကျွတ် လွတ်သွားတယ်။ နာဘေးဆိုးကြီးမှ ကွင်းလုံးကျွတ် လွတ်သွားတယ်။ သေဘေးဆိုးကြီးမှ ကွင်းလုံးကျွတ် လွတ်သွားတယ်။ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ နေရမဲ့ ဘေးဆိုးကြီး ဒုက္ခအဝဝတွေမှ ကွင်းလုံးကျွတ် လွတ်သွားတယ်။ အဲဒီ အခွင့်အရေးကြီးနဲ့ ခုနက ပစ္စည်းလေးပါးကို သုံးစွဲရတဲ့ အခွင့်အရေးကြီး ဒီနှစ်ခု တိုင်းတာနှိုင်းစာကြည့်လိုက်ရင်လည်း ပဋိသန္ဓေနေရတဲ့ ဘေးဆိုးကြီး၊ အိုဘေးဆိုးကြီးမှ လွတ်မြောက်ရခြင်း၊ နာဘေးဆိုးကြီးမှ လွတ်မြောက်ရခြင်း၊ သေဘေးဆိုးကြီးမှ လွတ်မြောက်ရခြင်းဆိုတဲ့ ဒီလွတ်မြောက်မှုက ပိုပြီး အဆင့်အတန်း မမြင့်မားဘူးလား? မြင့်မားနေတယ်။

အခု ကြည့်ပေါ့ - မိထွေးတော်ဂေါတမီရဲ့နို့ချို ဘုရားရှင် သောက်သုံးခဲ့ရတာ မှန်တယ်။ နို့ချိုသောက်စို့ခဲ့ရခြင်းတည်းဟူသော ဒီအကြောင်းပြချက် ကလေးတစ်ခုသည် ဘုရားရှင်ကို အိုဘေးဆိုးကြီးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားလည်း ရှိသလား? မရှိဘူး။ နာဘေးဆိုးကြီးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားလည်း ရှိသလား? မရှိဘူး။ သေဘေးဆိုးကြီးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားကော ရှိသလား? မရှိဘူး။ နောက်ထပ်တစ်ဖန် ဘဝတစ်ခုမှာ ပဋိသန္ဓေ မနေရအောင်, ပဋိသန္ဓေတည်နေရတဲ့ ဘေးဆိုးကြီးမှ လွတ်မြောက်အောင် ထုတ်ဆောင် ကယ်တင်ပေးနိုင်တဲ့ စွမ်းအားကော ရှိသလား? မရှိဘူး။ အဲ ... တစ်ခါကြည့်လိုက်ဦး အပါယ်ဘေးဆိုးကြီးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားကော ရှိသလား? မရှိဘူး။

အကယ်၍ အခုလိုပေါ့ ဘုရားရှင်ဘက်ကနေ သစ္စာလေးပါးကို သိအောင် ဟောကြားပြသ ဆိုဆုံးမလိုက်တဲ့အတွက် မိထွေးတော်ဂေါတမီကဲ့သို့ မိခင်တစ်ဦးသည် သစ္စာလေးပါးကို ထွင်းဖောက် သိသွားတယ်။ အရဟတ္တဖိုလ် ဆိုက်သွားတယ်။ အိုဘေးဆိုးကြီးမှ လွတ်သွားတယ်, နာဘေးဆိုးကြီးမှ လွတ်သွားတယ်, သေဘေးဆိုးကြီးမှ လွတ်သွားတယ်, နောက်ထပ်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေတည်နေရတဲ့ ဘေးဆိုးကြီးမှ လွတ်သွားတယ်။ ဒီလိုဆိုရင် အဲဒီလို လွတ်မြောက်မှုက ပိုပြီးတော့ မချမ်းသာဘူးလား? ချမ်းသာတယ်။ ပိုပြီးတော့လည်း ကျေးဇူး မကြီးမားဘူးလား? ကြီးမားတယ်။

ဒါကြောင့် သားသမီးဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ မိဘကို ကျေးဇူးဆပ်တဲ့နေရာမှာ အာမိသပူဇာလို့ ခေါ်ဆိုအပ်တဲ့ ပစ္စည်းဖြင့် ကျေးဇူးဆပ်ခြင်းနှင့် ဓမ္မပူဇာလို့ ခေါ်ဆိုအပ်တဲ့ ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်းက ထိုမိဘကို အိုနာသေရေး ဒုက္ခဘေးမှ လွတ်မြောက်စေနိုင်တဲ့အတွက် တရားနှင့် ပူဇော်ခြင်း(ဓမ္မပူဇာ)က အာမိသပူဇာထက် ပိုပြီးတော့ အဆင့်အတန်း မမြင့်မားဘူးလား? မြင့်မားတယ်။ ဒီအချက်ကို ဘုရားက ဟောတယ်နော် -

အဲဒါကြောင့် ခုလည်း ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်တဲ့အပိုင်းမှာ အပူဇော်ခံပုဂ္ဂိုလ်အပိုင်းမှာ မိဘတွေလည်း မပါဘူးလား? ပါတယ်။ ရတနာသုံးပါးလည်း ပါတယ်၊ မိဘတွေလည်း ပါတယ်၊ ဆရာသမားတွေလည်း ပါတယ်၊ အစ်ကို, အစ်မ အစရှိတဲ့ မိမိထက် အသက်၊ ဂုဏ်သိက္ခာကြီးမားကုန်ကြတဲ့ ဆွေမျိုးသားချင်းတွေအားလုံး မပါကြဘူးလား? ပါကြပါတယ်။ မိဘဘိုးဘွားတွေအားလုံး ပါကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို မိမိတို့က ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုပြီး ပူဇော်တဲ့အပိုင်းမှာ အာမိသပူဇာလို့ ခေါ်ဆိုအပ်တဲ့ ပစ္စည်းလေးပါးနဲ့ ပူဇော်ရုံနဲ့ ရပ်ဆိုင်းမနေဘဲ ဓမ္မပူဇာလို့ ခေါ်ဆိုအပ်တဲ့ တရားနဲ့ ပူဇော်တဲ့ အဆင့်အထိ ကူးခတ်နိုင်ခဲ့မယ်ဆိုရင် ပူဇော်နေတဲ့ သားသမီး၊ ပူဇော်ခံရတဲ့ မိဘ ဒီနှစ်ဦးလုံးသည် မိမိတို့ရဲ့ ပါရမီအားလျော်စွာ အပါယ်ဘေးဆိုးကြီးမှလည်း မလွတ်မြောက်နိုင်ဘူးလား? လွတ်မြောက်နိုင်တယ်။ အိုဘေးဆိုးကြီး၊ နာဘေးဆိုးကြီး၊ သေဘေးဆိုးကြီးတွေမှလည်း မလွတ်မြောက်နိုင်ဘူးလား? လွတ်မြောက်နိုင်ပါတယ်။

ဒါကြောင့် အာမိသပူဇာနဲ့ ဓမ္မပူဇာနှစ်ခု နှိုင်းစာတိုင်းတာကြည့်လိုက်ရင် ဓမ္မပူဇာက သတ္တဝါတွေကို ပိုမိုပြီး ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးကို ဖြစ်စေနိုင်သည့် စွမ်းအားရှိခြင်းကြောင့် ပိုပြီးတော့ မမြင့်မြတ်ဘူးလား? မြင့်မြတ်တယ်။ (၁၀)နှစ်တမ်းကာလ ကြည့်ပေါ့ - ဒီ စက္ကဝဂ္ဂိသုတ္တန်မှာ ဘုရားဟောထားတယ်။ (၁၀)နှစ်တမ်းကာလမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ နောက်ဆုံး သတိသံဝေဂရတဲ့ သူတော်ကောင်းတစ်ချို့ကတော့ ဘာလုပ်ကြသလဲ? တောကြိုတောင်ကြားမှာ ပုန်းအောင်းပြီးတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာလို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်တရားတွေ ပွားများ အားထုတ်ကြတယ်။

အဲဒီလို ဗြဟ္မဝိဟာရတရားတွေကို ပြန်ပြီး ပွားများအားထုတ်လိုက်တဲ့ အချိန်အခါမှာ မေတ္တာဈာန်တွေ ပြန်ပြီး ရရှိကြတယ်၊ ကရုဏာဈာန်တွေ၊ မုဒိတာဈာန်တွေ၊ ဥပေက္ခာဈာန်တွေ ရရှိကြတယ်။ အဲဒီ ဈာန်တရားတွေ ရရှိသွားတော့ ဈာန်နဲ့ယှဉ်တွဲနေတဲ့ ဒီမိဘတွေရဲ့သန္တာန်မှာ ဈာန်နဲ့ယှဉ်တွဲနေတဲ့ ခိုင်ခံ့တဲ့ ကိုယ်ကျင့်သီလတွေ မြဲမလာဘူးလား? မြဲလာကြတယ်။ မြဲလာလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? (၁၀)နှစ်က မွေးလိုက်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အသက်(၂၀) ရှည်သွားကြတယ်။ အသက်(၂၀)တမ်းရောက်နေတဲ့ မိဘတွေကလည်း တစ်ဖန်ပြန်ပြီးတော့ မေတ္တာဈာန်တွေ၊ ကရုဏာဈာန်တွေ၊ မုဒိတာဈာန်တွေ၊ ဥပေက္ခာဈာန်တွေ ဝင်စားကြပြန်တယ်။ သီလတွေ ဖြူစင်အောင် ဖြည့်ကျင့်ကြပြန်တယ်။

အဲဒီလို ဖြည့်ကျင့်လိုက်တဲ့ အချိန်အခါမှာ အသက်(၂၀)တမ်းမှာ တည်ရှိနေတဲ့ မိဘတွေက မွေးလိုက်တဲ့ သားသမီးတွေဟာ အသက်(၄၀) ရှည်သွားကြတယ်။ ဘာကြောင့်လဲ? မိဘတွေက သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊ သူ့ပစ္စည်း မတရားယူခြင်းမှ ရှောင်ကြဉ်တယ်၊ သူ့သားမယားတွေ ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တယ်၊ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်တယ်၊ မူးယစ်ဆေးဝါးတွေကို မှီဝဲသုံးစားခြင်းမှ ရှောင်ကြဉ်လိုက်တယ်။ သီလတွေ မြဲသွားပြီ။ သီလတွေ မြဲနေတဲ့အတွက် ဒီ မိဘနှစ်ပါးဟာ သားသမီးတို့ တည်ရှိဖို့ရန်အတွက် ခေတ္တလို့ ခေါ်ပါတယ်နော်။

မိဘနှစ်ပါးသည် သားသမီးတွေ မွေးဖွားလာဖို့ရန်၊ ပေါက်ဖွားလာဖို့ရန် နယ်မြေဒေသဖြစ်တယ်။ နယ်မြေဒေသဖြစ်တဲ့ ဒီခေတ္တက အလွန်စင်ကြယ်သွားပြီ။ ဘယ်လောက်အထိ စင်ကြယ်လဲ? သီလကလည်း စင်ကြယ်တယ်။ ဒီသီလမှာ မေတ္တာဈာန်၊ ကရုဏာဈာန်၊ မုဒိတာဈာန်၊ ဥပေက္ခာဈာန်ဆိုတဲ့ ဒီဗြဟ္မဝိဟာရဈာန်တွေကလည်း ထုံမွမ်းပြီး ထားပြန်တယ်။ ထားလိုက်တဲ့အတွက်ကြောင့် ဒီသီလတွေဟာ အဆင့်မြင့်မားနေတဲ့ သီလ မဖြစ်ဘူးလား? ဖြစ်တယ်။

မေတ္တာဈာန် ဝင်စားနိုင်တယ်ဆိုတာက ... သတ္တဝါအားလုံးအပေါ်မှာ မေတ္တာနဲ့ ယှဉ်တွဲနေတဲ့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်တွေကို ဝင်စားနိုင်တယ်။ သတ္တဝါအားလုံးကို တာဝန်ယူ ဖြန့်ကျက်ပြီးတော့ အနန္တစကြဝဠာအတွင်းမှာ တည်ရှိနေတဲ့ သတ္တဝါအားလုံးကို ဖြန့်ကျက်ပြီးတော့ “ဒီသူတော်ကောင်းတို့သည် ဘေးရန် ကင်းကြပါစေ၊ ဘေးရန် ကင်းကြပါစေ” ဆိုပြီးတော့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြတယ်၊ တတိယဈာန် ဆိုက်သည့်တိုင်အောင် စီးဖြန်းကြတယ်။ “စိတ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” ဆိုပြီးတော့ သတ္တဝါအားလုံးကို တာဝန်ယူပြီးတော့ လည်း သတ္တဝါအားလုံးကို တတိယဈာန်ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြတယ်။ “ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ” ဆိုပြီးတော့လည်း တတိယဈာန် ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြတယ်။ “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ” ဆိုပြီးတော့လည်း တတိယဈာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြတယ်။

အဲဒီ စိတ်ထားလေးက သတ္တဝါတစ်ဦးက သတ္တဝါတစ်ဦးအပေါ်မှာ ထားရှိတဲ့ စိတ်ထားဖြစ်ခြင်းကြောင့် ဒီလို စိတ်ထားတွေသည် မွန်မြတ်နေတဲ့ စိတ်ထားလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီလို မွန်မြတ်နေတဲ့ စိတ်ထားကို လူ့ပြည်လူ့လောကမှာ တည်ရှိနေတဲ့ လူသားအားလုံးက လိုက်နာပြီးတော့ ပြုကျင့်ကြတယ်။ လူသားအားလုံးက အကုန်လုံး ဒီလို ပြုကျင့်နေပြီဆိုရင် ဒီ လူ့လောကကြီးသည် ကြီးပွားမှု, တိုးတက်မှု မဖြစ်နိုင်ဘူးလား? တစ်ဦးအပေါ်မှာတစ်ဦး စိုးရိမ်ရမှု, ကြောက်ရွံ့ရမှုဆိုတဲ့ ဘေးဒုက္ခတွေ ရှိနိုင်ပါဦးမလား? မရှိနိုင်တော့ဘူး။ နောက်တစ်ခု -

ကရုဏာဈာန်တွေ ဝင်စားတယ်။ ကံအားလျော်စွာ ဆင်းရဲဒုက္ခရောက်ရှိနေတဲ့ သတ္တဝါတွေ ရှိကောင်းရှိပါလိမ့်မယ်နော်။ ထိုသတ္တဝါ ပညတ်တွေနှင့်တကွ ထိုသတ္တဝါအားလုံးကို ခြုံငုံပြီးတော့လည်း “ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ” ဆိုပြီးတော့ အာရုံယူပြီး ကရုဏာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြတယ်၊ တတိယဈာန်ပေါက်အောင်ပဲ စီးဖြန်းပါတယ်။ ချမ်းသာတဲ့ သုခိတ သတ္တဝါတွေကို အာရုံယူပြီးတော့လည်း မုဒိတာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြတယ်။ ဘယ်လို စီးဖြန်းလဲ? “ဤသူတော်ကောင်းတို့သည် မိမိတို့ ရရှိထားအပ်တဲ့ စည်းစိမ်ဥစ္စာမှ မရွေ့လျောကြစေကုန်သတည်း” ဆိုပြီးတော့ ဒီလို မုဒိတာဘာဝနာကမ္မဋ္ဌာန်းတွေ တတိယဈာန်သို့ ပေါက်သည့်တိုင်အောင် စီးဖြန်းကြတယ်။

အဲဒီ စိတ်ထားလေးတွေ ပြန်ကြည့်စမ်း - သတ္တဝါတစ်ဦးက ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါတစ်ဦးအပေါ်မှာ ရေနစ်တဲ့သူကို ဝါးကူပြီးနှစ်တဲ့ စိတ်ထားမျိုးက မွန်မြတ်သလား သို့မဟုတ် ဒီဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ ဆိုတဲ့ ဒီစိတ်ထားကပဲ မွန်မြတ်သလား စဉ်းစားကြည့်ဖို့ မကောင်းဘူးလား? ကောင်းပါတယ်နော်။ အကယ်၍များပေါ့လေ - သတ္တဝါအားလုံးဟာ ရေနစ်တဲ့လူကို ဝါးကူပြီးနှစ်တဲ့စိတ်ထား လုံးလုံးမရှိဘူး။ သတ္တဝါအားလုံးအပေါ်မှာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေဆိုပြီး ဒီစိတ်ထားပဲ သတ္တဝါတိုင်းမှာ ရှိနေရင် လူ့လောကကြီးမှာ နေထိုင်ရတာ အင်မတန် အေးချမ်း မသွားဘူးလား? အေးချမ်းသွားလိမ့်မယ်။ နောက်တစ်ခု -

“သတ္တဝါအားလုံးကို ခြုံငုံပြီးတော့ မိမိတို့ ရရှိတဲ့ စည်းစိမ်ချမ်းသာမှ မရွေ့လျောကြပါစေသတည်း” ဆိုပြီးတော့ မုဒိတာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတယ်။ သာမည စီးဖြန်းတာ မဟုတ်ဘူး။ လူ နားထောင်ကောင်းအောင် မနက်စောစောထပြီး အော်နေတဲ့ ပုံစံလည်း မဟုတ်ဘူး။ မုဒိတာဈာန်တွေကို ရရှိသည့်တိုင်အောင် တကယ့် စိတ်ပါလက်ပါ နှစ်နှစ်ကာကာဖြင့် စီးဖြန်းကြတယ်။ ချမ်းသာတဲ့ သတ္တဝါတွေကို ချမ်းသာတဲ့ စည်းစိမ်ဥစ္စာတွေမှ မရွေ့လျောကြပါစေသတည်းဆိုပြီးတော့ ဒီလို မုဒိတာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ စိတ်ဓာတ်ဟာလည်း တစ်ဦးပေါ်မှာတစ်ဦး မလိုမုန်းထားတဲ့ စိတ်ထားနဲ့ တိုင်းတာ နှိုင်းစာကြည့်ရင် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ထားလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

ဒီလောက် အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်းတွေနေထိုင်တဲ့ လောကကြီးတစ်ခုသည် သာယာမှု ရှိသလား, မသာယာမှု ရှိသလားလို့ မေးရင် ဘယ်လို ဖြေကြမလဲ? သာယာမှု ရှိနေမယ်။ ဒီလိုဆိုရင် ဦးပဉ္စင်းတို့ စိတ်ထားလေးတွေ ပြုပြင်ပြောင်းလဲပေးရင် လောကကြီးဟာ မသာယာနိုင်ဘူးလား? သာယာနိုင်တယ်။ သို့သော် သာယာနိုင်တယ်ဆိုတာက အေးချမ်းစွာ နေထိုင်နိုင်တယ်လို့ ဘုန်းကြီး ပြောလိုရင်းပါ။ လောကကြီးမှာ ဒီလို သာသာယာယာနဲ့နေတာ သိပ်ကောင်းတယ်လို့ ဒီလို ပြောလိုရင်းတော့ မဟုတ်ဘူးနော်။ ဘာဖြစ်လို့လဲ? ဘယ်လောက်ပဲ လောကကြီးက သာယာနေပါစေ အိုဘေးဆိုးကြီးက လွတ်မလား? မလွတ်နိုင်ဘူး။ နာဘေးဆိုးကြီးက လွတ်မလား? မလွတ်နိုင်ဘူး။ သေဘေးဆိုးကြီးကကော လွတ်မလား? မလွတ်နိုင်ဘူး။

မိမိက ရာဂမကင်းသေးတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် စိုးရိမ်ရတဲ့ ဒုက္ခ၊ ပူဆွေးရတဲ့ ဒုက္ခ၊ ကိုယ်ဆင်းရဲရတဲ့ ဒုက္ခ၊ စိတ်ဆင်းရဲရတဲ့ ဒုက္ခ၊ ပြင်းစွာပူပန်ရတဲ့ ဒုက္ခတွေလည်း လွတ်မလား? မလွတ်နိုင်ဘူး။ ငမူး အရိုက်ခံရတဲ့ ဒုက္ခကရော လွတ်မလား? ဟင် ... မလွတ်နိုင်သေးပါဘူး။ ဒါကြောင့် အကောင်းကြီးတော့ မဟုတ်ဘူး။ ဒီစိတ်ထားရှိခြင်းသည် လောကမှာ အေးအေးချမ်းချမ်းနဲ့ သူတော်ကောင်းတရားတွေ ဆက်လက်ပွားများဖို့ရန်အတွက် အခွင့်အလမ်းကြီးတွေကတော့ ပွင့်လန်းပြီး မနေဘူးလား? ပွင့်လန်းပြီး နေတယ်။

ဒီထက် အဆင့်မြင့်တဲ့ ဘာဝနာတစ်ခု ရှိသေးတယ်။ အဲဒါက ဥပေက္ခာဘာဝနာပဲ။ ဒီ ဥပေက္ခာဘာဝနာကို ဘာသာပြန်တဲ့အပိုင်းလေးမှာ တစ်ခါတစ်ရံ တစ်ချို့က “ဥပေက္ခာ ထားလိုက်ပါ။ ဒင်းတော့ ဥပေက္ခာ ထားလိုက်တော့လေ၊ ပြောမနေနဲ့တော့ ...” ဒီဥပေက္ခာက အတော်အဆင့်နိမ့်တဲ့ ဥပေက္ခာပါ။ ဒီအခု ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ပါနေတဲ့ ဥပေက္ခာဘာဝနာကတော့ မှန်ကန်နေတဲ့ စိတ်ထားပါ။

မှန်ကန်နေတဲ့ စိတ်ထားဆိုတာ ဘယ်လိုလဲဆိုတော့ သတ္တဝါပညတ်အားလုံး၊ သတ္တဝါအားလုံးကို ခြုံငုံပြီးတော့ မေတ္တာဈာန်တွေ ဝင်စားတယ်။ မေတ္တာဈာန်တွေ ဝင်စားနေတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ထားက ဘယ်လိုရှိလဲ? သတ္တဝါ အားလုံးအပေါ်မှာ ဘေးရန်ကင်းလိုတဲ့ စိတ်ထားရှိတယ်၊ စိတ်ဆင်းရဲ ကင်းစေလိုတဲ့ စိတ်ထားရှိတယ်၊ ကိုယ်ဆင်းရဲ ကင်းစေလိုတဲ့ စိတ်ထားရှိတယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်စေလိုတဲ့ စိတ်ထားရှိတယ်။

ဒါပေမဲ့လို့ သတ္တဝါတွေက မိမိတို့ ပြုထားတဲ့ ကံအပေါ် အခြေတည်ပြီးတော့ အကျိုးတရားဆိုတာ ရရှိကြပါတယ်။ ရရှိလိုက်တဲ့ အခါကျတော့ ပုဂ္ဂိုလ်သူတော်ကောင်းတစ်ဦးကနေပြီးတော့ ပုဂ္ဂိုလ်သူတော်ကောင်းတစ်ဦးကို ဘေးရန်ကင်းပါစေလို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းပက်ဖြန်းပေးပေမဲ့လို့ ဒီသတ္တဝါတွေ တစ်ချိန်က ဘေးရန်မကင်းစေနိုင်တဲ့ သူ့အသက်သတ်ခြင်းစတဲ့ မကောင်းမှုတွေကို လွန်ကျူးခဲ့လို့ ထိုကံက အကျိုးပေးဖို့ရာ အခါအခွင့် သင့်နေတဲ့အခါ ဖြစ်ခဲ့မယ်ဆိုရင် ဘေးရန်ကင်းပါစေလို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေမယ့်လို့ ဒီသတ္တဝါသည် ဘေးရန်မှ လွတ်နိုင်ပါ့မလား? မလွတ်နိုင်ဘူး။ လွတ်သာလွတ်မယ်ဆိုရင်ပေါ့နော် -

လောကမှာ မိဘတွေပေါ့ ... ဒါ ကျေးဇူးအကြီးမားဆုံး ပုဂ္ဂိုလ်တွေလို့ ဒါ လူ့လောကအနေနဲ့ ပြောနိုင်ပါလိမ့်မယ်။ မိဘတိုင်း မိဘတိုင်းသည် သားသမီးတိုင်း သားသမီးတိုင်းအပေါ်မှာ ဘေးရန်ကင်းစေချင်တဲ့ စိတ်ထား မရှိကြဘူးလား? ရှိကြတယ်။ အဲဒီ စိတ်ထားရှိတိုင်းကော ဒီသားသမီးတွေ ဘေးရန်ကင်းကြသလား? မကင်းဘူး။ သူ့ကံက ဘေးရန် မကင်းလောက်တဲ့ ကံတွေကို ထူထောင်ခဲ့ရင် ဒီသတ္တဝါဟာ ဘေးရန်မကင်းဘူး။ ဘေးရန်မကင်းစေတဲ့ ဒီကံက တစ်ချိန်အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေရင် ဘေးရန်မကင်းတဲ့ သဘောတွေ သူ့မှာ ပေါ်လာမယ်နော် -

အေး ... အလားတူပဲ စိတ်ဆင်းရဲကင်းပါစေလို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းတွေ ပက်ဖြန်းပေးပေမယ်လို့ စိတ်ဆင်းရဲ ကင်းလောက်တဲ့ ကံတွေကို တစ်ချိန်က သူထူထောင်ခဲ့ရင် ဒီကံကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေပြီဆိုရင် သူဟာ စိတ်ဆင်းရဲရတဲ့ပုဂ္ဂိုလ် မဖြစ်ဘူးလား? ဖြစ်နိုင်တယ်။ ကိုယ့်သားသမီးတွေ ငမူးကရိုက်တာ ဘယ်မိဘမှ မကြည့်ချင်ဘူး။ ဒါပေမဲ့ ဒီ သမီးကလည်း ဒီငမူးနားက မခွာနိုင်တဲ့ကံကို သူက ထူထောင်ထားပြီ၊ ဟုတ်သလား, မဟုတ်ဘူးလား? အဲဒီတော့ ငမူးက ဘယ်လောက်ရိုက်ရိုက် သမီးကလည်း ဒီငမူးအနားက ခွာနိုင်သလား? မခွာနိုင်ဘူး။ ဘေးကလည်း ဘာတတ်နိုင်လဲ? ဘာမှ မတတ်နိုင်ဘူး။ ဒါက သူက စိတ်ဆင်းရဲရမယ့်ကံကို သူက ထူထောင်ထားခဲ့တယ်။

အဲဒီ ထူထောင်ထားတဲ့ကံမှာ မိဘလုပ်တဲ့ ပုဂ္ဂိုလ်က မေတ္တာကြီးစွာဖြင့် “ငါ့သမီး ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ” လို့ မေတ္တာဘာဝနာရေချမ်း ပက်ဖြန်းပေးပေမယ့်လို့ မေတ္တာဘာဝနာရေချမ်း ပက်ဖြန်းပေးလည်း ဒီသမီး စိတ်ဆင်းရဲ ကင်းသွားမလား? မကင်းနိုင်ဘူး။ ကင်းသာ ကင်းမယ်ဆိုရင်တော့ လောကမှာ စိတ်ချမ်းသာတဲ့ ပုဂ္ဂိုလ်ချည်းပဲ ဖြစ်သွားလိမ့်မယ်။ ဘာဖြစ်လို့လဲ? မိဘတိုင်းမှာ သားသမီးတိုင်းအပေါ်၌ စိတ်ဆင်းရဲကင်းစေချင်တဲ့ မေတ္တာဓာတ်တွေ မရှိဘူးလား? ရှိကြပါတယ်။ အလားတူပဲ ကိုယ်ဆင်းရဲကင်းပါစေလို့ မေတ္တာဘာဝနာရေချမ်း ပက်ဖြန်းပေးနေပေမယ့်လို့ သတ္တဝါတစ်ဦးက တစ်ချိန်က ကိုယ်ဆင်းရဲမကင်းစေမယ့် အနာရောဂါ ထူပြောစေနိုင်တဲ့ ကံတွေကို ထူထောင်ခဲ့တယ် ဆိုကြစို့နော်။ ထိုအကုသိုလ်ကံကလည်း အထူးသဖြင့်တော့ သူတစ်ပါး အသက်ကို သတ်ခြင်း၊ သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်ခြင်းဆိုတဲ့ ကံမျိုးတွေပါ။ အဲဒီလို ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာပြီ ဆိုလို့ရှိရင် ဘယ်လိုပင် “ကိုယ်ဆင်းရဲကင်းပါစေ” လို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းတွေ ပက်ဖြန်းပေးပေမယ့်လို့ ဒီသတ္တဝါသည် ကိုယ်ဆင်းရဲကင်းပြီး အနာရောဂါ ကင်းဝေးမယ့်ပုဂ္ဂိုလ် ဖြစ်လာနိုင်ပါ့မလား? မလာနိုင်ဘူး။

အေး ... ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ဆိုပြီးတော့ ဒီလိုလည်း မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းတွေ ပက်ဖြန်းပေးပေမယ့်လို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ဖို့ရန် စွမ်းအားမရှိလောက်တဲ့ တစ်ချိန်က ကံတွေကို သူက ထူထောင်ထားပြီ။ ထိုကံတွေကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေမယ်ဆိုရင် ဘယ်လိုပင် မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းတွေ ပက်ဖြန်းပေးပေမယ့်လို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်လာနိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဖြစ်သာဖြစ်မယ်ဆိုရင် သတ္တဝါတွေအားလုံး မိမိကိုယ်ကို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်တဲ့ သတ္တဝါတွေချည်း လောကမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ? -

မိဘတိုင်း မိဘတိုင်းမှာ သားသမီးတိုင်း သားသမီးတိုင်းအပေါ်၌ ဒီလို မွန်မြတ်တဲ့ မေတ္တာဓာတ်တွေ မရှိကြဘူးလား? ရှိနေတယ်။ ဒါက အနည်းဆုံး ပမာဏ ပြောတာပါ။ သူတော်ကောင်း မှန်ခဲ့ရင် သတ္တဝါတွေ အားလုံးအပေါ်မှာ ဒီလို ခိုင်မြဲတဲ့ မေတ္တာဓာတ်တွေ မကိန်းဝပ်ကြဘူးလား? ကိန်းဝပ်ကြတယ်။ ဒီလို မေတ္တာဈာန်တွေကို ဝင်စားနေတဲ့ သူတော်ကောင်းတွေလည်း လောကမှာ များစွာ မရှိကြဘူးလား? ရှိကြပါတယ်။ ထို သူတော်ကောင်းတို့ရဲ့ မေတ္တာဓာတ် အရှိန်အဝါကသာ အကယ်၍ သတ္တဝါတစ်ဦးကို ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားရှိရင် ထိုသတ္တဝါတွေသည် ဘေးရန် အမြဲကင်းနေတဲ့ သတ္တဝါတွေ ဖြစ်နေလိမ့်မယ်။ စိတ်ဆင်းရဲကင်းတဲ့ ပုဂ္ဂိုလ်တွေသာ အမြဲဖြစ်နေလိမ့်မယ်၊ ကိုယ်ဆင်းရဲကင်းတဲ့ ပုဂ္ဂိုလ်တွေသာ အမြဲဖြစ်နေလိမ့်မယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေသာ အမြဲဖြစ်နေလိမ့်မယ်။ ခု - ဖြစ်ကောဖြစ်သလား? မဖြစ်ကြဘူး။ ဒါကြောင့် သူက ဘယ်လို စဉ်းစားသလဲ?

“ငါက ဘယ်လို မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ ပက်ဖြန်းပေးနေပေမယ့်လို့ ဒီသတ္တဝါတွေသည် ဘေးရန်ကင်းတဲ့ပုဂ္ဂိုလ် ဖြစ်ချင်မှ ဖြစ်မယ်၊ စိတ်ဆင်းရဲကင်းတဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ဆင်းရဲကင်းတဲ့ပုဂ္ဂိုလ် ဖြစ်ချင်မှ ဖြစ်မယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ချင်မှ ဖြစ်မယ်။ ဒါက-တစ်ချက် -

နောက်တစ်ခု - ကရုဏာဘာဝနာ ပွားနေတဲ့ ပုဂ္ဂိုလ်တွေက ဆင်းရဲဒုက္ခ ရောက်နေတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုတဲ့ စိတ်ထား အပြည့်အဝ မရှိဘူးလား? ရှိကြတယ်။ ဘယ်လိုပင် ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုတဲ့ စိတ်ဓာတ်ရှိပေမယ့်လို့ သူက ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တဲ့ ကံတွေကို မထူထောင်ထားလို့ ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်တဲ့ ကံတွေကို ထူထောင်ထားပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ ထိုကံတွေကလည်း အကျိုးပေးဖို့ရန် ရင့်ကျက်လာပြီဆိုရင် ထိုပုဂ္ဂိုလ်ကို အာရုံယူပြီးတော့ ဘယ်လိုပင် ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေလို့ ကရုဏာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေမယ့်လို့ ဒီပုဂ္ဂိုလ်ဟာ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်မလား? မလွတ်မြောက်နိုင်ဘူး။

လွတ်သာ လွတ်မြောက်မယ်ဆိုရင် လောကမှာ ဒီ ကရုဏာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ သူတော်ကောင်းတွေ ဒီလောကမှာ များစွာရှိတယ်။ အနီးစပ်ဆုံးရှိတဲ့ မိဘတွေမှာ ဒီသားသမီးတိုင်းအပေါ်မှာ ဒီဆင်းရဲဒုက္ခတွေ လွတ်မြောက်စေလိုတဲ့ စိတ်ထားတွေ မရှိကြဘူးလား? ရှိကြတယ်။ ဒီ စိတ်ထားရှိခြင်းကြောင့် အနာရောဂါတစ်ခု ဖြစ်လာပြီဆိုရင် ဆေးကုခြင်းအစရှိတဲ့ စောင့်ရှောက်မှု၊ ကာကွယ်မှုတွေကို မပြုလုပ်ကြဘူးလား? ပြုလုပ်ကြတယ်။

မုဒိတာဘာဝနာ

နောက်တစ်ခု - မုဒိတာဘာဝနာ - ချမ်းသာနေပြီးဖြစ်တဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ရရှိပြီးဖြစ်တဲ့ စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေနဲ့ဆိုတဲ့ ဒီစိတ်ထား။ အလွန် မွန်မြတ်တဲ့ စိတ်ထားပါ။ သို့ပေမယ့် သူတော်ကောင်းတွေ ဒီစိတ်ထားနဲ့ မုဒိတာဈာန်တွေကို ဝင်စားတဲ့ပုဂ္ဂိုလ်တွေ လောကမှာ များစွာ ရှိကြပါတယ်။ အလားတူပဲ မိဘတိုင်းမှာလည်း သားသမီးတိုင်းအပေါ်၌ ရရှိပြီးနေတဲ့ စည်းစိမ်ချမ်းသာတွေ မရွေ့လျောပါစေနဲ့ဆိုတဲ့ ဒီစိတ်ထား မရှိကြဘူးလား? ရှိကြပါတယ်။

သို့သော်လည်း အဲဒီလို မုဒိတာဘာဝနာကမ္မဋ္ဌာန်းတွေ ပွားနေပေမယ့်လို့ ရရှိပြီးတဲ့ စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေနဲ့လို့ ဘယ်လိုပင် စိတ်ထား ရှိပေမယ့်လို့ သတ္တဝါတွေဟာ သူတို့ကံက အကျိုးပေးလာပြီဆိုရင် ... အကျိုးပေးတယ်ဆိုတာက ဒီလိုပါ - တစ်ချိန်က အဒိန္နာဒါနကံတွေကို များများလွန်ကျူးခဲ့လို့ ထိုကံတွေကလည်း ရင့်ကျက်လာပြီ၊ အကျိုးပေးဖို့ရန် အခါအခွင့် သင့်ပြီဆိုရင် ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာတယ်ဆိုတဲ့ ပုံစံအတိုင်း ဘာလုပ်ငန်းလုပ်လုပ် အဆင်မပြေဘူး။ အကုန်လုံး စည်းစိမ်ဥစ္စာတွေ လျောကျတယ်။ ကံမရှိ ဉာဏ်ရှိတိုင်း မွဲတယ်ဆိုတဲ့ ပုံစံအတိုင်း ရန်သူငါးတန်တို့ရဲ့ လက်ချက်ကြောင့် မိမိရဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးရတတ်တယ်။ အဲဒီ ကံတွေက ရှိပါတယ်။

ဒါကြောင့် မုဒိတာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတိုင်းလည်း သတ္တဝါတွေဟာ ရရှိပြီး စည်းစိမ်မှ မရွေ့လျောဘဲ ရှိနိုင်မလား? ဒါကြောင့် စဉ်းစားပြီ ငါဘယ်လိုပဲ မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းပေမယ့်လို့ ဒီသတ္တဝါတွေ ဘေးရန် ကင်းချင်မှ ကင်းမယ်၊ စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမယ်၊ ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မယ်။

ငါက ဘယ်လိုပင် ကရုဏာဘာဝနာတွေ ပွားများပေမယ့်လို့ ဒီ သတ္တဝါတွေ ဆင်းရဲဒုက္ခမှ လွတ်ချင်မှ လွတ်မယ်။ ငါ ဘယ်လိုပဲ မုဒိတာဘာဝနာကမ္မဋ္ဌာန်းရေချမ်း ပက်ဖြန်းပေးနေပေမယ့်လို့ ဒီသတ္တဝါတွေဟာ ရရှိပြီးဖြစ်တဲ့ မိမိတို့ရဲ့ စည်းစိမ်ဥစ္စာတို့မှ မရွေ့လျောဘဲ ရှိချင်မှရှိမယ်။ ဘာကြောင့်လဲ? သတ္တဝါအားလုံးသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ် ဆိုပြီးတော့ ဒီလို စဉ်းစားဆင်ခြင်ပြီးတော့ ဘယ်အခါမှာလဲမေးတော့ မေတ္တာဈာန် တတိယဈာန်အထိ ဝင်စားတယ်၊ ကရုဏာဈာန် တတိယဈာန်ပေါက်အောင် ဝင်စားတယ်၊ မုဒိတာဈာန် တတိယဈာန်ပေါက်အောင် ဝင်စားတယ်။ အဲဒီလို ဝင်စားပြီး ဒီဈာန်တွေမှထ အခုလို ဆင်ခြင်ပြီးတော့မှ -

သဗ္ဗေ သတ္တာ ကမ္မသကာ - စသည်ဖြင့် သတ္တဝါအားလုံးသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိလေရဲ့လို့ ဥပေက္ခာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ပြီး စီးဖြန်းရပါတယ်။ အဲဒီ စီးဖြန်းတဲ့အပိုင်းမှာတော့ မိမိဥပေက္ခာထားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို အာဒိကမ္မိက ပုဂ္ဂိုလ်ဖြစ်ခဲ့ရင်ပေါ့နော်။ မိမိ ဥပေက္ခာ ထားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ခေါင်ဆုံးစ မချစ်မမုန်း ပုဂ္ဂိုလ်တစ်ဦး လိင်တူ ပုဂ္ဂိုလ်တစ်ဦးကို စတင်ရွေးချယ်ပြီးတော့ ဒီ ဥပေက္ခာကမ္မဋ္ဌာန်းကို စတင်စီးဖြန်းရပါတယ်။ အဲဒီလို စီးဖြန်းလိုက်တဲ့ အပိုင်းလေးတွေမှာ ကြည့်ပေါ့ - သူက စတုတ္ထဈာန် ပေါက်သွားပါတယ်။

အဲဒီ မေတ္တာဘာဝနာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ ဒီစိတ်ထား - မေတ္တာဈာန်နဲ့ ယှဉ်နေတဲ့စိတ်ထား၊ ကရုဏာဈာန်နဲ့ ယှဉ်နေတဲ့စိတ်ထား၊ မုဒိတာဈာန်နဲ့ ယှဉ်နေတဲ့စိတ်ထား၊ ဥပေက္ခာဈာန်နဲ့ ယှဉ်နေတဲ့ ဒီစိတ်ထားတွေသည် လောကမှာ သတ္တဝါတိုင်း သတ္တဝါတိုင်းမှာသာ တည်ရှိနေမယ်ဆိုရင် ဒီလောကကြီးမှာ ဘေးရန်အန္တရာယ်ဆိုတာ ရှိနိုင်ပါဦးမလား? မရှိနိုင်တော့ဘူး။ အဆင့်မြင့်တဲ့ စိတ်ထားတွေလို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်ပါတယ်။ အဲဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ဒီစိတ်ထားတွေ ခြံရံထားတဲ့ ကိုယ်ကျင့်သီလတွေဟာလည်း အလွန်ဖြူစင် ဖြောင့်စင်းနေတဲ့ ကိုယ်ကျင့်သီလတွေပဲလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

အဲဒီလို ဖြူစင် ဖြောင့်စင်းနေတဲ့ ကိုယ်ကျင့်သီလရှိတဲ့ မိဘနှစ်ပါး ရှိပြီဆိုကြစို့ - ဒီ မိဘနှစ်ပါးသည် သားသမီးဆိုတဲ့ ကောက်ပဲသီးနှံများ ကြဲချ စိုက်ပျိုးရာ လယ်ယာမြေကောင်းတွေ ဖြစ်နေကြပြီ။ ခေတ္တဝိသုဒ္ဓိ၊ ခေတ္တလို့ခေါ်တဲ့ လယ်မြေက သိပ်စင်ကြယ်သွားပြီ။ အဲဒီလို ခေတ္တလို့ခေါ်တဲ့ ဒီ လယ်မြေကြီးက စင်ကြယ်လာပြီဆိုရင် ဘာဖြစ်သလဲ?

တေသဉှိ မာတာပိတရော သီလဝန္တော ဇာတာ။

တေသံ၊ ထိုပုဂ္ဂိုလ်တို့၏၊ မာတာပိတုနော၊ မိဘနှစ်ပါးတို့သည်။ သီလဝန္တော၊ သီလရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဇာတာ - ဖြစ်ကြလေကုန်ပြီ။

ထို အသက် (၂၀) ရှည်လာတဲ့ သားသမီးတွေရဲ့ မိဘနှစ်ပါးက ဘာဖြစ်လဲ? သီလရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပြီ။ ဖြစ်ကြတော့ ဘာဖြစ်သလဲ?

ဣတိ သီလဂဗ္ဘေ ဝဍ္ဎိတတ္တာ ဣမာယ ခေတ္တဝိသုဒ္ဓိယာ ဒီဃာယုကာ အဟေသုံ။

ဣတိ၊ ဤသို့လျှင်။ သီလဂဗ္ဘေ၊ သီလရှိတဲ့ ဝမ်းကြာတိုက်၌။ ဝတ္တိတဿ၊ ကြီးပွား၍ လာခဲ့ရသည်အဖြစ်ကြောင့်။ ခေတ္တ၊ ဤစင်ကြယ်ခြင်းဟူသော အကြောင်းကြောင့်။ ဒီဃာယုဂါ၊ အသက်ရှည်တဲ့ ပုဂ္ဂိုလ်တို့သည်။ အဟေသုံ၊ ဖြစ်ကြလေကုန်ပြီ။

ဟော ကြည့်စမ်း - မိဘနှစ်ပါးကို လှမ်းကြည့်လိုက်တော့ မိဘနှစ်ပါးက သားသမီးတို့ ပေါက်ဖွားလာဖို့ရန်အတွက် လယ်ယာမြေကောင်းကြီး ဖြစ်နေတယ်။ သိပ်ပြီး စင်ကြယ်နေတယ်။ စင်ကြယ်နေတဲ့ ဝမ်းကြာတိုက်မှာ ကြီးပြင်းလာရတဲ့ ဒီလူသားတွေဟာ မိမိတို့ မှီခိုရတဲ့ လယ်ယာမြေက သိပ်ပြီး စင်ကြယ်ကောင်းမွန်နေတဲ့အတွက်ကြောင့် မွေးလာတဲ့ ပေါက်ဖွားလာတဲ့ အသီးအနှံနဲ့တူနေတဲ့ သားသမီးများသည် အသက်ရှည်ရတယ်။ ဒီလိုဆိုရင် မိမိတို့ရဲ့ သားရတနာတွေ၊ သမီးရတနာတွေ အသက်ရှည်စေချင်တယ်ဆိုရင် မိဘတွေဘက်က ဘာလိုအပ်သလဲ? သီလ ဖြူစင်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဒါပေမဲ့ အဲဒီသီလမှာ ခုနကပြောသလို - မေတ္တာဈာန်၊ ကရုဏာဈာန်၊ မုဒိတာဈာန်၊ ဥပေက္ခာဈာန်ဆိုတဲ့ ဒီဈာန်တွေဖြင့် ထုံမွမ်းထားမယ်ဆိုရင် ဒီသီလသည် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သီလတစ်ခု မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အဲဒီ သီလတွေက စင်ကြယ်နေတဲ့အတွက်ကြောင့် ဘာဖြစ်လဲ? -

(၁၀) နှစ်တမ်း သီလစင်ကြယ်နေတဲ့ မိဘတွေရှိပြီ။ (၁၀) နှစ်က မိဘတွေက မွေးလိုက်တဲ့ သားသမီးတွေက အသက် (၂၀) ဖြစ်သွားပြီ။ အသက် (၂၀) တမ်းက မိဘက မွေးလိုက်တဲ့ သားသမီးတွေက (၄၀)၊ (၄၀) က မွေးလိုက်တဲ့ သားသမီးတွေက အသက် (၈၀)၊ (၈၀) က မိဘတွေ မွေးထုတ်လိုက်တဲ့ သားသမီးတွေကျတော့ အသက် (၁၆၀) စသည်ဖြင့် တဖြည်းဖြည်း သက်တမ်းတွေက ရှည်လာကြတယ်။ ဒီလို ရှည်တာဟာ ဘာကို အခြေခံခဲ့သလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အပေါ်၌ ပူဇော်ခြင်းဆိုတဲ့ ဒီပူဇော်မှုကို အခြေခံတယ်။ ဘယ်လို ပူဇော်မှုလဲ? -

အာမိသပူဇာ, ဓမ္မပူဇာ - သတ္တဝါအချင်းချင်း ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ မိဘတွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ ဆွေမျိုးသားချင်းတွေဆိုတာ ရှိကြတယ်။ မိဘ၊ အစ်ကို၊ အစ်မ ဆွေမျိုးသားချင်း မရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ ရှိသလား? မရှိကြဘူး။ ဒီတော့ သားသမီးတွေကလည်း မိဘ၊ ဘိုးဘွား၊ အစ်ကို၊ အစ်မ၊ ဦးကြီး၊ ဦးလေး၊ ဘကြီး၊ ဘထွေး အစရှိတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အာမိသပူဇာ, ဓမ္မပူဇာခေါ်တဲ့ နှစ်မျိုးသော ပူဇော်ခြင်းဖြင့် ပူဇော်တယ်။ ပစ္စည်းလေးပါးဖြင့်လည်း ပူဇော်တယ်။ ထို မိဘဘိုးဘွား အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆိုဆုံးမချက်ကို လိုက်နာပြီးတော့ သီလကျင့်စဉ်တွေကို လက်တွေ့ကျင့်တယ်၊ သမာဓိ ကျင့်စဉ်တွေကို လက်တွေ့ကျင့်တယ်၊ ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်ကြတယ်။ ကျင့်လိုက်တဲ့အတွက်ကြောင့် -

ထိုပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ သီလဂုဏ်ကျေးဇူးတွေလည်း ကြီးမားလာတယ်၊ သမာဓိဂုဏ်ကျေးဇူးတွေလည်း ကြီးမားလာတယ်၊ ပညာဂုဏ်ကျေးဇူးတွေလည်း ကြီးမားလာတယ်။ ဒီတော့ ဒီလို ဂုဏ်ကျေးဇူးတွေ ကြီးမားလာတဲ့အတွက် သမာဓိဖြင့် ထုံမွမ်းထားတဲ့ ဒီသီလ၊ ပညာဖြင့် ထုံမွမ်းထားတဲ့ ဒီသီလသည် အလွန် အဆင့်အတန်းမြင့်မသွားဘူးလား? မြင့်သွားတယ်။ အဆင့်မြင့်နေတဲ့အတွက် သီလရှိနေတဲ့ မိဘနှစ်ပါးသည် သားသမီးဆိုတဲ့ ရတနာများ ထွက်ပေါ်ဖို့ရန်အတွက် လယ်ယာမြေကောင်းကြီးတွေ ဖြစ်သွားပြီ။ လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်လို့ ဖြစ်ပေါ်လာရတဲ့ သားရတနာ၊ သမီးရတနာစတဲ့ ဒီ အသီးအနှံတွေကလည်း ပိုမိုပြီးတော့ အသက်ရှည်မလာဘူးလား? ရှည်လာပြီ။ ဒါကြောင့် မြတ်စွာဘုရားက ...

တေ တေသံ ကုသလာနံ ဓမ္မာနံ သမာဒါနဟေတု အာယုနာပိ ဝဍ္ဎိဿန္တိ, ဝဏ္ဏေနပိ ဝဍ္ဎိဿတိ
တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ တေသံ ကုသလာနံ ဓမ္မာနံ၊ ထို ကုသိုလ်တရားတို့ကို။ သမာဒါတံဟေတု၊ ကောင်းစွာဆောက်တည်၍ ကျင့်ခြင်းတည်းဟူသော အကြောင်းကြောင့်။ အာယုနာ၊ ဤအသက်ရှည်ခြင်းဖြင့်လည်းပဲ။ ဝုဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ ဝဏ္ဏေနာပိ၊ ရုပ်အဆင်း လှခြင်းဖြင့်လည်း။ ဝုဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ သုခိနာပိ၊ ချမ်းသာသုခဖြင့်လည်းပဲ။ ဝုဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ ဗလေနာပိ၊ ကိုယ်စွမ်းအားဖြင့်လည်းပဲ။ ဝုဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။ ပညာယာပိ၊ ပညာ စွမ်းအားဖြင့်လည်းပဲ။ ဝုဍ္ဎိဿန္တိ၊ ကြီးပွားတိုးတက်၍ လာကြပေကုန်လတ္တံ့။

ဒီလို ဟောလိုက်တယ်နော် - ဘယ်လို ကြီးပွားတိုးတက်လာတယ်ဆိုတာ ညက ပြောခဲ့ပြီးပြီ။ ဘယ်လို ပြောခဲ့လဲ?

ကတိသစ္စာ တည်သောအခါဝယ် ဩဇာလေးနက် ပေါ်ထွန်းသက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏၊

အားလုံးက တစ်ဦးအပေါ်တစ်ဦး မေတ္တာဈာန်တွေ၊ ကရုဏာဈာန်တွေ၊ မုဒိတာဈာန်တွေ၊ ဥပေက္ခာဈာန်တွေ ဝင်စားပြီးတော့ မိမိတို့ရဲ့ ကိုယ်ကျင့် သီလတွေ စင်ကြယ်အောင် ဖြည့်ကျင့်ထားကြပြီ။ အဲဒီလို သီလ စင်ကြယ်ပြီးတော့ ဒီမေတ္တာဈာန်၊ ကရုဏာဈာန်၊ မုဒိတာဈာန်၊ ဥပေက္ခာဈာန်ခေါ်တဲ့ ဗြဟ္မစိုရ်တရားတွေဖြင့် ထုံမွမ်းထားတဲ့ ဒီသီလရှိနေတဲ့ သူတော်ကောင်းတွေဟာ ကတိသစ္စာတည်နေတဲ့ သူတော်ကောင်းတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ တစ်လောကလုံးပဲ။ တစ်လောကလုံးမှာ သားတွေ သမီးတွေ၊ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ အားလုံးကပေါ့နော် - ကတိသစ္စာ တည်လာကြပြီဆိုရင် ဘာဖြစ်လဲ?

ကတိသစ္စာ တည်သောအခါဝယ် ဩဇာလေးနက် ပေါ်ထွန်းသက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏၊

မြေဆီဩဇာတွေ အပေါ်တက်လာတယ်။ ဘာကြောင့်လဲ? မိုးလေဝသ ရာသီဥတုတွေက မှန်လာတယ်။ နတ်တွေကလည်း စောင့်ရှောက်ပေးတယ်။ မြေဆီဩဇာတွေက အပေါ်တက်လာတော့ သီးလိုက်တဲ့ အသီးအနှံ အာဟာရတွေ ပြည့်လာတယ်။ ဩဇာဓာတ်တွေ သိပ်အားကောင်းလာတယ်။ ဩဇာဓာတ်တွေ သိပ်အားကောင်းနေတဲ့ ဒီ အစာအာဟာရဓာတ်တွေကို စားသုံးရတဲ့ ပုဂ္ဂိုလ်တွေမှာ ရုပ်အဆင်းတွေလည်း လှတယ်။ ကိုယ်၏ ချမ်းသာခြင်းဆိုတဲ့ ချမ်းသာခြင်းနဲ့လည်း ပြည့်စုံလာတယ်။ ကိုယ်အားလို့ ခေါ်ဆိုအပ်တဲ့ ကာယဗလအားတွေကလည်း ကြီးမားလာကြတယ်။ ကျန်းမာရေးတွေ သိပ်ကောင်းလာတယ်။ ကျန်းမာရေးတွေ သိပ်ကောင်းလာတဲ့အတွက် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတွေ ပြည့်စုံနေတဲ့ ဒီသူတော်ကောင်းတွေရဲ့သန္တာန်မှာ ပညာဟာ တိုးပွားမလာဘူးလား? တိုးပွားလာတယ်။

ဒါကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးမားခြင်းဆိုတဲ့ ဒီတရားငါးမျိုးသည် ကြီးပွားတိုးတက်လာနိုင်ပါတယ်။ ဘယ်အခါမှာလဲ? ပူဇော်သင့် ပူဇော်ထိုက်တဲ့ သူတော်ကောင်းတို့ကို ... ဘယ်သူတော်ကောင်းတွေလဲ? ရတနာသုံးပါး၊ ဆရာ၊ မိဘ အစရှိတဲ့ အစ်ကိုအစ်မ၊ မိကြီးမိထွေး၊ ဘကြီးဘထွေး အစရှိတဲ့ ပူဇော်သင့် ပူဇော်ထိုက်နေတဲ့ ... ထိုခေတ် ထိုအချိန်အခါမှာ ဘယ်လို ပူဇော်တာလဲ? အာမိသပူဇာခေါ်တဲ့ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်း, ဓမ္မပူဇာခေါ်တဲ့ တရားဖြင့် ပူဇော်ခြင်း၊ အဲဒီ ပူဇော်ခြင်း နှစ်မျိုးဖြင့် ပူဇော်နေတဲ့ ထိုခေတ် ထိုအချိန်အခါမှာ အသက်တွေ ရှည်လာမယ်၊ ရုပ်အဆင်းတွေလည်း လှလာ၏၊ ကိုယ်ချမ်းသာခြင်း, စိတ်ချမ်းသာခြင်းခေါ်တဲ့ ချမ်းသာခြင်းတွေ ကြီးပွားလာလိမ့်မယ်။ ကာယဗလလို့ ခေါ်ဆိုအပ်တဲ့ ခွန်အားတွေလည်း ကြီးပွားတိုးတက်လာလိမ့်မယ်။ ပညာဉာဏ်တွေလည်း ကြီးပွားတိုးတက်လာလိမ့်မယ် ဆိုပြီးတော့ ဒီလို မြတ်စွာဘုရား ဟောထားပါတယ်နော် -

ဒါကြောင့် ဦးပဉ္စင်းတို့ ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခြင်းသည် လောက ကြီးပွားတိုးတက်ရေးတစ်ခု မဖြစ်ဘူးလား? ဖြစ်ကြတယ်။ ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မပူဇော်ဘူး။ လောကကြီးပွား တိုးတက်ဖို့ ဆုတ်ယုတ်မသွားနိုင်ဘူးလား? ဆုတ်ယုတ်သွားနိုင်တယ်။ ဒီတော့ နည်းနည်း စဉ်းစားကြစမ်းပါ။ မိမိကို အကြောင်းပြုပြီး လောကကြီးတစ်ခုလုံး ကြီးပွားတိုးတက်တာနဲ့ မိမိကို အကြောင်းပြုပြီး လောကကြီး ဆုတ်ယုတ်သွားတာ ဒီနှစ်ခု ဘယ်ဒင်းက ကောင်းမလဲ? ဟင် ... ကြီးပွားတိုးတက်ချင်တယ် ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ပါတဲ့နော် -

နောက်တစ်ခု - ဒီလို ပူဇော်တဲ့ အပိုင်းလေးမှာတော့ ကဏ္ဍလေးတွေ နည်းနည်း ကွဲလာတယ်နော်။ ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်တယ်ဆိုတာက ဘယ်အခါမှာ ဒီလို အသိထူး ဉာဏ်ထူး ဖြစ်ပေါ်လာနိုင်သလဲ? ဒါ - စဉ်းစားဖို့လိုတယ်။ ခုနက လူမိုက်နဲ့ မပေါင်းနဲ့၊ လူလိမ္မာ ပညာရှိသူတော်ကောင်းတွေနဲ့ မှီဝဲဆည်းကပ်ရမယ်။ လူလိမ္မာ ပညာရှိသူတော်ကောင်းတွေနဲ့ မှီဝဲဆည်းကပ်မှ ဒီအသိထူးဉာဏ်ထူး ရမယ်။ ဒီအသိထူးဉာဏ်ထူး ရမှလည်း ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်မယ်။ ဓာတ်ဆိုတာ ကူးတတ်တဲ့ သဘာဝရှိပါတယ်နော်။ ဓာတ်တူအချင်းချင်း ပေါင်းသင်းဆက်ဆံတတ်တဲ့ သဘာဝရှိတယ်။ ဓာတ်ဆိုတာက ဘာကို ပြောသလဲလို့မေးရင် အလိုအကြိုက် အတွင်းဓာတ်ခံ စိတ်ထားလေးကို ဓာတ်လို့ ပြောတာပါ။ သတ္တဝါတွေမှာ အတွင်းဓာတ်ခံလေးတွေ ရှိကြတယ်။ အကြိုက်ချင်း တစ်ဦးနဲ့တစ်ဦး တူကြလား? မတူဘူး။

အတွင်းဓာတ်ခံလေးတွေက အကြိုက်ချင်း တစ်ဦးနဲ့တစ်ဦး မတူကြတဲ့အတွက် ဒီဓာတ်က ကူးစက်သွားတတ်တဲ့သဘောလည်း ရှိတယ်။ တစ်ဦးနဲ့ တစ်ဦး နှီးနှောမိမယ် ဆိုလို့ရှိရင် နှီးနှောဖို့ရန်အတွက် ဒီဓာတ်ကလေးတွေက ဖန်တီးပေးတယ်။ အခြေခံ သဘာဝတစ်မျိုးဖြစ်ပါတယ်။ အဲဒီ အခြေခံသဘာဝ တစ်ခုကို ဘာလို့ခေါ်လဲ? အဇ္ဈာသယဓာတ် ဆိုပြီးတော့ ဒီလို သုံးထားတယ်။ အဇ္ဈာသယဓာတ်ခံချင်း တူညီမှလည်း ပေါင်းသင်းလို့ရတယ်။ အဇ္ဈာသယဓာတ်ခံချင်း မတူညီရင် တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းလို့ ရမလား? မရတာ များတယ်နော်။

ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဒီဓာတ်ခံချင်း တူညီအောင် မတူညီအောင်က ဘာအချက်ပေါ် မူတည်သလဲလို့မေးတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို ပြုပြင်ပြောင်းလဲတဲ့အပိုင်းလေးတွေမှာ ပြုပြင်ပြောင်းလဲတတ်ဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာက ပညာရှိသူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ပြီးတော့ ပညာရှိ သူတော်ကောင်းတို့ရဲ့ ညွှန်ကြားချက်ကို ငါ ရိုသေစွာ လိုက်နာပြုကျင့်မယ်ဆိုတဲ့ စိတ်ထားလေး ရှိဖို့လိုအပ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က ဓာတု သံသန္ဒနသုတ္တန် ဆိုပြီး သုတ္တန်လေးတစ်ခု ဟောထားပါတယ်နော်။ ထိုသုတ္တန်မှာ ဘုရားရှင်က ဘာဟောလဲ? -

ဓာတုသောဝ ဘိက္ခဝေ သတ္တာ သံသန္ဒန္တိ သမေန္တိ။ ဟီနာဓိမုတ္တိကာ ဟီနာဓိမုတ္တိကေဟိ သံသန္ဒန္တိ သမေန္တိ။ ကလျာဏာဓိမုတ္တိကာ ကလျာဏာဓိမုတ္တိကေဟိ သံသန္ဒန္တိ သမေန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ..။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင်။ သံသန္ဒန္တိ၊ နှီးနှောကြကုန်၏၊ သမေန္တိ၊ ညီညွတ်၍နေကြကုန်၏၊

ဓာတ်ချင်းသာ နှီးနှောမိတယ်။ ဓာတ်ချင်းသာ ညီညွတ်နေတယ်။ ဓာတ်တူအချင်းချင်းသာ နှီးနှောမိတယ်။ ဓာတ်တူအချင်းချင်းသာ ညီညွတ်နေကြတယ်။

ဟီနာဓိမုတ္တိကာ၊ ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟီနာဓိမုတ္တိကေဟိ၊ ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောမိကြကုန်၏၊ သမေန္တိ၊ ညီညွတ်၍ နေကြလေကုန်၏၊

ယုတ်ညံ့တဲ့ အတွင်းဓာတ်ခံရှိတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေဟာ ယုတ်ညံ့တဲ့ အတွင်းဓာတ်ခံစိတ်ထား ရှိနေတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတကွ ညီညွတ်ကြတယ်၊ နှီးနှောမိကြတယ်။

ကလျာဏာဓိမုတ္တိကာ၊ မွန်မြတ်သော ကောင်းသော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ကလျာဏာဓိမုတ္တိကေဟိ၊ မွန်မြတ်သော ကောင်းမွန်မှန်ကန်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောကြကုန်၏၊ သမေန္တိ၊ ညီညွတ်၍ နေကြလေကုန်၏၊

ကောင်းမွန်မှန်ကန်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတွေဟာလည်း ကောင်းမွန်မှန်ကန်တဲ့ မွန်မြတ်တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတွေနဲ့ အတူတကွ နှီးနှောမိကြတယ်။ ညီညွတ်မိကြတယ်။ ဓာတ်တူအချင်းချင်း ပေါင်းကြတယ်။

အတီတမ္ပိ ခေါ, ဘိက္ခဝေ, အဒ္ဓါနံ ဓာတုသောဝ သတ္တာ သံသန္ဒိံသု သမိံသု။ ဟီနာဓိမုတ္တိကာ ဟီနာဓိမုတ္တိကေဟိ သဒ္ဓိံ သံသန္ဒိံသု သမိံသု။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အတီတံပိခေါ အဒ္ဓါနံ၊ အတိတ်ဖြစ်တဲ့ အချိန်အခါ ကာလတုန်းကလည်းပဲ။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင်။ သံသန္ဒန္တိ၊ နှီးနှောမိကြလေကုန်ပြီ။ သမေန္တိ၊ ညီညွတ်ခဲ့ကြလေကုန်ပြီ။

ဟိုး အတိတ်ကာလ ပြန်ကြည့်လိုက်ပါ ချစ်သားတို့ ... အတိတ်တုန်းကလည်း သတ္တဝါတွေဟာ ဓာတ်တူအချင်းချင်းသာ နှီးနှောမိကြတယ်။ ညီညွတ်ခဲ့ကြပါတယ်။

ဟီနာဓိမုတ္တိကာ၊ ယုတ်ညံ့တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟီနာဓိမုတ္တိကေဟိ၊ ယုတ်ညံ့တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောခဲ့ကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ခဲ့ကြလေကုန်၏၊

ကလျာဏာဓိမုတ္တိကာ၊ မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတို့သည်။ ကလျာဏာဓိမုတ္တိကေဟိ၊ မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောမိကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ခဲ့ကြလေကုန်၏၊

အတိတ်ကို လှမ်းကြည့်လိုက်လည်း ဒီအတိုင်းပဲ။ စိတ်ထားယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ထားယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ နှီးနှောမိကြတယ်၊ ပေါင်းသင်းဆက်ဆံမိကြတယ်၊ ညီညွတ်ခဲ့ကြတယ်။ မွန်မြတ်တဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ သူတော်ကောင်းတွေဟာလည်း မွန်မြတ်တဲ့ နှလုံးသွင်း ဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတွေနှင့် အတူတကွ နှီးနှောမိကြတယ်၊ ညီညွတ်ခဲ့ကြတယ်။ ဟုတ်သလား, မဟုတ်ဘူးလား? ပြန်ဆန်းစစ်ကြည့်ပါနော် -

အနာဂတမ္ပိ ခေါ, ဘိက္ခဝေ, အဒ္ဓါနံ ဓာတုသောဝ သတ္တာ သံသန္ဒိဿန္တိ သမေဿန္တိ။ ဟီနာဓိမုတ္တိကာ ဟီနာဓိမုတ္တိကေဟိ သဒ္ဓိံ သံသန္ဒိဿန္တိ သမေဿန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ..။ အနာဂတမ္ပိခေါ အဒ္ဓါနံ၊ နောင်အနာဂတ်ဖြစ်သော အချိန်အခါ ကာလ၌လည်းပဲ။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင်။ သံသန္ဒန္တိ၊ နှီးနှောမိကြပေကုန်လတ္တံ့။ သမေန္တိ၊ ညီညွတ်ကြပေကုန်လတ္တံ့။

ဟီနာဓိမုတ္တိကာ၊ ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟီနာဓိမုတ္တိကေဟိ၊ ယုတ်ညံ့တဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောမိကြလေကုန်လတ္တံ့။ သမေန္တိ၊ ညီညွတ်ကြပေကုန်လတ္တံ့။

ကလျာဏာဓိမုတ္တိကာ၊ မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတို့သည်။ ကလျာဏာဓိမုတ္တိကေဟိ၊ မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောမိကြလေကုန်လတ္တံ့။ သမေန္တိ၊ ညီညွတ်မိကြကုန်လတ္တံ့။

နောင်အနာဂတ် လှမ်းကြည့်လည်း ဒီအတိုင်းပဲ။ ယုတ်ညံ့တဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ယုတ်ညံ့တဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သွားပြီး ညီညွတ်ကြလိမ့်မယ်၊ နှီးနှောမိကြလိမ့်မယ်။ မွန်မြတ်တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းဟာလည်း မွန်မြတ်တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတွေနဲ့ပဲ နှီးနှောမိကြလိမ့်မယ်၊ ညီညွတ်ကြလိမ့်မယ်။

ဧတရဟိပိ ခေါ, ဘိက္ခဝေ, ပစ္စုပ္ပန္နံ အဒ္ဓါနံ ဓာတုသောဝ သတ္တာ သံသန္ဒန္တိ သမေန္တိ။ ဟီနာဓိမုတ္တိကာ ဟီနာဓိမုတ္တိကေဟိ သဒ္ဓိံ သံသန္ဒန္တိ သမေန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧတရဟိ ခေါ ပစ္စုပ္ပန္နအဒ္ဓါနံ၊ ဤယခု ပစ္စုပ္ပန် အချိန်ကာလ၌လည်းပဲ။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင်။ သံသန္ဒန္တိ၊ နှီးနှောကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေကြလေကုန်၏၊
rfm0x8gyfg1ateqaqu9q8h6k1ax308i မင်္ဂလသုတ်-၂၂/၉၇ 0 6245 21880 2026-04-14T05:37:55Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21880 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၁/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၃/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - (၂၂)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧတရေဟိ ခေါ ပစ္စုပ္ပန္နအဒ္ဓါနံ၊ ဤယခု ပစ္စုပ္ပန် အချိန်ကာလ၌လည်းပဲ။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင်။ သံသန္ဒန္တိ၊ နှီးနှောကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေကြလေကုန်၏။

ခေတ်မှာ ပြောနေကြ စကားလေးတစ်လုံးတော့ ရှိကြပါတယ်။ ဘာတဲ့လဲ? အသွင် မတူရင် အိမ်သူ မဖြစ်ဘူးတဲ့။ မှားသလား၊ မှန်သလား? မှန်နေတယ်နော်။ များသောအားဖြင့်ပေါ့နော် -

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧတရေဟိ ခေါ ပစ္စုပ္ပန္နအဒ္ဓါနံ၊ ဤယခု ပစ္စုပ္ပန် အချိန်ကာလ၌လည်းပဲ။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင် (ဝါ) ဓာတ်တူအချင်းချင်းသာလျှင်။ သံသန္ဒန္တိ၊ နှီးနှော၍ကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေကြလေကုန်၏။

ဟီဏာဓိမုတ္တိကာ၊ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိ၍ နေကြတဲ့ သတ္တဝါတို့သည်။ ဟီဏာဓိမုတ္တိကေဟိ၊ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှော၍နေကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေကြလေကုန်၏။

ကလျာဏာဓိမုတ္တိကာ၊ ကောင်းသော နှလုံးသွင်းဓာတ်ခံရှိနေကြတဲ့ သတ္တဝါတို့သည်လည်းပဲ။ ကလျာဏာဓိမုတ္တိကေဟိ၊ ကောင်းမြတ်သော၊ မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိ၍ နေကြသော ပုဂ္ဂိုလ်သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှော၍ နေကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေကြလေကုန်၏။

အတိတ်မှာသာမက၊ အနာဂတ်မှာသာမက ယခု ပစ္စုပ္ပန် အဓွန့်ကာလ အချိန်အခါကာလမှာ လှမ်းမျှော်ပြီး ကြည့်လိုက်မယ်ဆိုရင် ဓာတ်တူအချင်းချင်း သတ္တဝါတွေဟာ နှီးနှောနေကြတယ်။ ပေါင်းဆုံ ညီညွတ်နေကြတယ်။ ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ သတ္တဝါတွေဟာ ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ သတ္တဝါတွေနဲ့ အတူတကွ နှီးနှောနေကြတယ်။ ညီညွတ်ပေါင်းဆုံပြီးတော့ နေထိုင်ကြတယ်။ မွန်မြတ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ သတ္တဝါတွေဟာလည်းပဲ မွန်မြတ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ သတ္တဝါတွေနဲ့ပဲ အတူတကွ နှီးနှောနေကြတယ်။ ညီညွတ်ပေါင်းဆုံ နေကြတယ်။

ဒီစကားလေး ... ဘုရားရှင်က ဓာတုသော သံသန္ဒနသုတ္တန်မှာ ဟောကြားခဲ့တယ်။ ဘာကို အကြောင်းပြုပြီး ဟောကြားခဲ့ရသလဲဆိုတော့ - တစ်ချိန်ပေါ့ ... ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင်ကို အရှင်ဒေဝဒတ် ဦးဆောင်နေတဲ့ အသင်းအပင်းတွေက ဂိဇ္ဈကုဋ်တောင်ယံမှာ ကျောက်မောင်းဆင်ပြီးတော့ အသေသတ်ဖို့ရန် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ ထိုအချိန်အခါမှာ ကျောက်မောင်းက ဘုရားရှင်ကို အသေသတ်နိုင်တဲ့ စွမ်းအားမရှိသော်လည်းဘဲ ဆင်ပြီး အောက်သို့ လှိမ့်ချလိုက်တဲ့ ဒီကျောက်တုံးကြီးကြောင့် ထိခိုက်သွားတဲ့ ကျောက်ထပ်လွှာလေး တစ်ခုကနေပြီးတော့ လွင့်စင်ပြီး ဘုရားရှင်ရဲ့ ခြေမတော်မှာ လာပြီး ထိခိုက်တယ်။ ဘုရားရှင်ရဲ့ ခြေမတော်မှာ သွေးခြေများ ဥသွားပါတယ်နော်။

ထိုအချိန်အခါမှာ အရှင်သာရိပုတ္တရာ အစရှိနေတဲ့ တပည့်သာဝကကြီးတွေက ဘုရားရှင်ရဲ့ လုံခြုံရေးအတွက် တာဝန်ယူပြီးတော့ ဒီဂိဇ္ဈကုဋ်တောင်ယံမှာ လာပြီး သီတင်းသုံးတော်မူကြပါတယ်။ အဲဒီလို သီတင်းသုံးနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အရှင်ဒေဝဒတ်ရဲ့ အသင်းအပင်းတွေလည်း ပါကြပါတယ်။ ဘုရားရှင်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရည်ရွယ်တောင့်တပြီးတော့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ပုဏ္ဏ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အစရှိတဲ့ မထေရ်ကြီး၊ မထေရ်ကျော်၊ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မော်တို့ကလည်း မိမိတို့ရဲ့ တပည့်သာဝကတွေကို ခေါ်ဆောင်ပြီး ဒီဂိစ္ဆဂုတ်တောင်ယံမှာ လာပြီးတော့ ဘုရားရှင်အား ခြံရံလျက် သီတင်းသုံးပြီးတော့ လေးပါးသောဣရိယာပထ မျှတစွာဖြင့် သီတင်းသုံး နေထိုင်တော်မူကြပါတယ်။

အလားတူပဲ ထိုအချိန်အခါမှာ ... အရှင်ဒေဝဒတ်ကလည်း မိမိရဲ့ နောက်လိုက်နောက်ပါ တပည့်သာဝကတွေနဲ့ အတူတကွ ခေါ်ဆောင်ပြီး ဘုရားရှင်ရဲ့ လုံခြုံရေးအတွက် တာဝန်ယူပြီး ဘုရားရှင်ကို လာပြီး စောင့်ရှောက်ပေးနေပါတယ်။ စောင့်ရှောက်ပေးလိုက်တဲ့ အခါကျတော့ ဘုရားရှင်က ထိုပရိသတ်တွေကို အကုန်လုံး လှမ်းပြီး ကြည့်လိုက်တဲ့အခါ ဓာတ်တူအချင်းချင်း သတ္တဝါတွေဟာ ပေါင်းဆုံညီညွတ် နှီးနှောပြီး နေထိုင်ကြတာကို သွားတွေ့တယ်။ ဘယ်လို ဓာတ်တူလဲ? -

အရှင်သာရိပုတ္တရာအရှင်မြတ်ကြီးက ဉာဏ်ပညာ ကြီးမားတော်မူတယ်။ ဉာဏ်ပညာကြီးမားတော်မူတဲ့ အရှင်သာရိပုတ္တရာနောက်က တပည့်သာဝကတွေကလည်း အားလုံး ဉာဏ်ပညာ ကြီးမားတော်မူတဲ့ သတ္တဝါတွေပဲ ဖြစ်ကြတယ်။ ဘာကြောင့်လဲ? ဉာဏ်ပညာကြီးမားတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်က လွန်ခဲ့တဲ့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအထက်က အနောမဒဿီ ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာကတည်းက ဉာဏ်ပညာ ကြီးမားတော်မူတဲ့ လက်ယာရံ အဂ္ဂသာဝက ဖြစ်ဖို့ရန် ဆုထူးပန်ထွာပြီးတော့ ဉာဏ်ပညာ ကြီးမားစေတတ်တဲ့ အကြောင်းရင်းဖြစ်တဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ သူတော်ကောင်းဖြစ်တယ်။

သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ခရီးကာလကို ဖြတ်ကျော်ခဲ့ရသော်လည်းပဲ ဉာဏ်ပညာ ကြီးမားဖို့ဆိုတဲ့ ဦးတည်ချက် ပန်းတိုင်သို့ရောက်အောင်၊ မိမိဦးတည်ချက်တွေ ပြည့်စုံအောင်၊ မိမိရည်မှန်းထားတဲ့ ပန်းတိုင်သို့ ရောက်အောင် ပါရမီအလီလီကို ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဖြည့်ကျင့်ခဲ့တော့ သူ့ရဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံကို ကြည့်လိုက်မယ်ဆိုရင် ဉာဏ်ပညာ ကြီးမားဖို့ရန်ဆိုတဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံတွေ ရှိမနေဘူးလား? ရှိနေတယ်။ ဒီအဇ္ဈာသယဓာတ်ခံဖြင့် ပါရမီအလီလီကို ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် မိမိရဲ့ ပါရမီတွေ အထွတ်အထိပ်ကို ရောက်လာတဲ့အခါ ဒီဘဝကျတော့ ဉာဏ်ပညာ ကြီးမားတော်မူတဲ့ပုဂ္ဂိုလ် ဖြစ်ရပြန်တယ်။

ဘယ်လောက်ထိ ဉာဏ်ပညာ ကြီးမားတယ်ဆိုတာနဲ့ ပတ်သက်လို့ ဥပမာလေးတစ်ခု ပုံစံထုတ်ပြထားတာကတော့ ... စကြဝဠာတစ်ခုလုံး အပြည့် မိုးကြီးရွာသွန်းနေတယ်ထားတော့ အဲဒီ စကြဝဠာနဲ့အပြည့် ရွာသွန်းနေတဲ့ မိုးကြီးထဲမှာ မိုးရေပေါက် ဘယ်နှစ်ပေါက်ရှိတယ်ဆိုတာကို ရေတွက်ကြည့်ရင် ရေတွက်နိုင်တဲ့ စွမ်းအားရှိတယ်။ စကြဝဠာတစ်ခုလုံး ထားပါတော့နော် - ဒီကျောင်းဝင်းတစ်ခုအတွင်း ရွာသွန်းလိုက်တဲ့ မိုးပေါက်ရေ ဘယ်လောက်ရှိသလဲလို့ ရေတွက်ရင် ရနိုင်တဲ့ပုဂ္ဂိုလ် ဒီအထဲမှာ ဘယ်နှစ်ယောက်လောက်များ ပါသလဲ? ဟင် ... (မပါပါဘုရား) ဘာဖြစ်လို့လဲ? ဒီလို ကွာခြားရသလဲဆိုတော့ အတွင်းအဇ္ဈာသယဓာတ်ခံ မတူဘူးနော်။

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပါရမီ ဖြည့်ခဲ့တဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို လှမ်းပြီးကြည့်လိုက်တော့ သူ့မှာ ဉာဏ်ပညာကြီးမားချင်တဲ့ အတွင်းအဇ္ဈာသယဓာတ်ခံတွေ မရှိဘူးလား? ရှိတယ်။ အေး ... အလားတူပဲ အရှင်သာရိပုတ္တရာရဲ့ တပည့်သာဝကတွေကလည်း ဉာဏ်ပညာကြီးမားချင်တယ်ဆိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို အခြေတည်ပြီး ပါရမီတွေကို ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ဉာဏ်ပညာကြီးမားတော်မူတဲ့ အရှင်သာရိပုတ္တရာရဲ့ တပည့်သာဝကတွေ လာပြီး ဖြစ်ကြတယ်။ ဓာတ်တူအချင်းချင်း လာပြီး ပေါင်းဆုံမိတဲ့သဘော မရှိဘူးလား? ရှိသွားတယ်။

အလားတူပဲ ... အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကလည်း သူ့ရဲ့ အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ လွန်ခဲ့တဲ့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအထက်က အနောမဒဿီ ဘုရားရှင် သာသနာတော်မှာပါပဲ၊ အရှင်သာရိပုတ္တရာအလောင်းနဲ့ မိတ်ဆွေရင်း ဖြစ်ခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ထိုအချိန်အခါမှာ လက်ယာရံ အဂ္ဂသာဝကဆုထူးကို ပန်ထွာခဲ့တဲ့အတွက် အရှင်မဟာမောဂ္ဂလာန်အလောင်း သူတော်ကောင်း အမျိုးသားကလည်း ထိုဘုရားရှင်ရဲ့ သာသနာတော်မှာပဲ လက်ဝဲရံ အဂ္ဂသာဝကဆုထူးကို ပန်ထွာတော်မူခဲ့ပါတယ်။ မိတ်ဆွေရင်းခြာတွေလည်း ဖြစ်ခဲ့ကြတယ်။

ဒီတော့ အရှင်မဟာမောဂ္ဂလာန်ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို ကြည့်လိုက်တော့ ဘုရားရှင်ရဲ့ လက်ဝဲရံ အဂ္ဂသာဝက တန်ခိုးအရာ၌ ဧတဒဂ် ရတော်မူတဲ့ သာဝကကြီးတစ်ဦးဖြစ်ခဲ့တယ်။ ထို အဇ္ဈာသယ အတွင်းဓာတ်ခံကို အခြေတည်ပြီးတော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကို ဖြတ်ကျော်တဲ့ ပါရမီ အလီလီကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ပါတယ်။ ဒီပါရမီတွေက အထွတ်အထိပ်သို့ ရောက်လာတဲ့ အချိန်အခါမှာ သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ တန်ခိုးဣဒ္ဓိပါဒ်အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်တဲ့ လက်ဝဲရံ အဂ္ဂသာဝကကြီး ဖြစ်လာရတယ်။

အလားတူပဲ ... အရှင်မဟာမောဂ္ဂလာန်ရဲ့ တပည့်သာဝကတွေဟာလည်း တန်ခိုးအဘိညာဏ်အရာမှာ သူတို့က သိပ်ပြီး ကြီးထွားချင်ကြတယ်။ တန်ခိုးဣဒ္ဓိပါဒ် ကြီးထွားချင်တဲ့ အတွင်းအဇ္ဈာသယဓာတ်ခံတွေကို အခြေတည်ပြီးတော့ ပါရမီမျိုးစေ့တွေကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီလို နောက်ဆုံးဘဝ ရရှိလာတဲ့ အချိန်အခါမှာ သူတို့တစ်တွေဟာ တန်ခိုးဣဒ္ဓိပါဒ်အရာမှာ အလွန်ကြီးမားတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်နဲ့ လာပြီးတော့ ပေါင်းဆုံမိကြတယ်။ ဓာတ်တူအချင်းချင်း ရောနှောပေါင်းဆုံ နေထိုင်နိုင်ခွင့်ဆိုတဲ့ အခွင့်အလမ်းတွေကို ဒီကံတွေက ဖန်တီးပေးမနေဘူးလား? ဖန်တီးပေးလိုက်တယ်။

ဓာတ်တူအချင်းချင်းသာလျှင် သတ္တဝါတွေက ရင်းနှီးပေါင်းသင်း နေထိုင် ဆက်ဆံကြတယ်။ ဘာကြောင့်လဲ? ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီတွေက ဒီ ဓာတ်တူအချင်းချင်း ပေါင်းဆုံ နှီးနှောညီညွတ်မှု ဖြစ်ဖို့ရန်အတွက် ဖန်တီးပေးခဲ့တယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဒီကံတွေကို ထူထောင်တဲ့နေရာမှာ မှန်ကန်တဲ့ အဆင့်အတန်း မြင့်မားတဲ့ ဦးတည်ချက်တွေ ရှိဖို့ မလိုဘူးလား? နောက်ထပ် သံသရာဆက်စေချင်လို့ ဘုန်းကြီးပြောနေတာတော့ မဟုတ်ပါဘူးနော် - သို့သော် သံသရာခရီး ဆုံးအောင် မလုပ်နိုင်သေးဘူး ဆိုလို့ရှိရင်တော့ မိမိတို့ရဲ့ နောက်ထပ် သံသရာခရီးဆိုတာကတော့ ဆက်ရန် ရှိမနေကြဘူးလား? ရှိနေကြတယ်။ ထိုသံသရာခရီးမှာ ယုတ်ညံ့တဲ့ နှလုံးသွင်း ဓာတ်ခံရှိနေတဲ့ သတ္တဝါတွေဟာ ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သတ္တဝါတွေနဲ့ သွားပြီး ပေါင်းမိကြမယ်။

မွန်မြတ်တဲ့ အလွန်တရာ အဆင့်အတန်း မြင့်မားတဲ့ စိတ်ထားရှိတဲ့ သတ္တဝါတွေဟာလည်း မွန်မြတ်တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့၊ အဆင့်အတန်း မြင့်မားတဲ့ စိတ်ထားရှိတဲ့ သတ္တဝါတွေနဲ့ သွားပေါင်းမိကြမှာဖြစ်တယ်။ ဘယ်သတ္တဝါတွေနဲ့ သွားပြီးပေါင်းမိကြတာက မိမိတို့ရဲ့ဘဝ မြင့်မားရေးအတွက် စိတ်ဓာတ် မြင့်မားရေးအတွက်၊ စိတ်ဓာတ် မြှင့်တင်ရေးအတွက် အကျိုးပိုကြီးမလဲ? ဒါလေးတွေကို ထည့်သွင်းစဉ်းစားမိဖို့ မလိုဘူးလား? လိုတယ်။ စိတ်ဓာတ်တွေ ယုတ်ညံ့ရင် သတ္တဝါတွေ ဘာဖြစ်လဲ? ယုတ်ညံ့တယ်။ စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေက ညစ်နွမ်းတယ်။ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းခဲ့ရင် သတ္တဝါတွေလည်း ဖြူစင်သန့်ရှင်းသွားတယ်နော်။

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံစိတ္တံ ပစ္စဝေက္ခိတဗ္ဗံ၊ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ၊ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ... တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ အဘိက္ခဏံ၊ မကြာခဏ အမြဲမပြတ်။ သကံ စိတ္တံ၊ မိမိတို့စိတ်ကို။ ဣဒံ စိတ္တံ၊ ဤ ငါတို့ရဲ့စိတ်သည်။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး။ ရာဂေန၊ ရာဂကြောင့်။ ဒေါသေန၊ ဒေါသကြောင့်။ မောဟေန၊ မောဟကြောင့်။ သံကိလိဿန္တိ၊ ညစ်နွမ်း၍ နေရလေသည်ဟူ၍။ အဘိက္ခဏံ၊ မကြာခဏ အမြဲမပြတ်။ ပစ္စဝက္ခိတဗ္ဗံ၊ ဆင်ခြင်သင့် ဆင်ခြင်ထိုက်လှပေ၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ စိတ္တသံကိလေသာ၊ စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ သံကိလိဿန္တိ၊ ညစ်နွမ်းကြရကုန်၏၊ ပင်ပန်းကြရကုန်၏၊ ဆင်းရဲကြရကုန်၏။ စိတ္တဝေါဒါနံ၊ စိတ်ဖြူစင် သန့်ရှင်းခြင်းကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ၊ စင်ကြယ်ကြရကုန်၏။

ဟိုး ... ဂန္ဓုလဗဒ္ဓသုတ္တန်မှာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဆိုဆုံးမချက်ကလေး ဖြစ်ပါတယ်။ မှားလား၊ မှန်လား? ဟင် ... မှန်နေတယ်။ မိမိတို့ရဲ့ စိတ်ကလေးကို မိမိတို့ ပြန်ပြီးတော့ အမြဲမပြတ် ခဏခဏ ဆင်ခြင်ပေးကြစမ်းပါ။ ဘယ်လို ဆင်ခြင်မလဲ?

“ငါတို့ရဲ့ စိတ်ဓာတ်တွေဟာ ရာဂကြောင့် ညစ်နွမ်းနေကြရတယ်၊ ဒေါသကြောင့် ညစ်နွမ်းနေကြရတယ်၊ မောဟကြောင့် ညစ်နွမ်းနေရတယ်” လို့ ဒီလို မကြာခဏ ဆင်ခြင်ပေးကြစမ်းပါ။ ဟုတ်လား၊ မဟုတ်ဘူးလား? ရာဂတွေ သိပ်အားကောင်းပြီဆိုရင်လည်း စိတ်ဓာတ်တွေက မကြည်လင်ဘူး။ ညစ်နွမ်းနေတယ်။ ဒေါသတွေ သိပ်ပြီး ပြင်းထန်လာပြီ၊ မကျေနပ်ချက်တွေက သိပ်ပြီး အားကောင်းလာပြီ ဆိုရင် စိတ်ဓာတ်တွေ မညစ်နွမ်းနေဘူးလား? ညစ်နွမ်းနေတယ်။ ညစ်နွမ်းနေတယ်ဆိုတာ ဘာပြောတာလဲ? စိတ်တွေ ဆင်းရဲနေတယ်။ ကောင်းသလား? မကောင်းဘူး။

“ဟိုကောင်မကြောင့် ငါက စိတ်ဆင်းရဲနေရတယ်။ ဒီကောင်မကြောင့် ငါက စိတ်ဆင်းရဲနေရတယ်”၊ “ဟိုအကောင်ကြောင့် ငါက စိတ်ဆင်းရဲနေရတယ်”၊ “ဒီကောင်နဲ့ ပေါင်းလို့ ငါ စိတ်ဆင်းရဲနေရတယ်” ဆိုတာ ဟုတ်သလား? ဟင် ... ဘယ်သူပြောလဲ - မဟုတ်ဘူးလို့?

ဘုရားက ဟောနေတာက ရာဂကြောင့် ညစ်နွမ်းနေရတယ်၊ ဒေါသကြောင့် ညစ်နွမ်းနေရတယ်၊ မောဟကြောင့် ညစ်နွမ်းနေရတယ်။ ဒီလို ဟောတယ်။ အဲဒီ ရာဂဆိုတာ - တစ်ဦးအပေါ်တစ်ဦး တွယ်တာတပ်မက်တာကြောင့်လည်း ပါတယ်။ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုအပေါ်မှာ တွယ်တာ မက်မောမှုတွေကို အခြေခံပြီး စိတ်ဓာတ်တွေ ညစ်နွမ်းနေရတယ်။ နည်းနည်း ပြန်စဉ်းစားကြည့်စမ်းပါ။ တစ်ဦးပေါ်မှာတစ်ဦး တွယ်တာမက်မောတဲ့ စိတ်တွေက သိပ်ပြင်းထန်ပြီ။

တစ်လောက ပြောခဲ့တဲ့အတိုင်း ... သားကြည့်လိုက်တော့လည်း သိပ်လှတယ်၊ သိပ်ပြီး မက်မောဖို့ ကောင်းတယ်၊ သိပ်ချစ်ဖို့ ကောင်းတယ်။ သမီးကြည့်လိုက်တော့လည်း သိပ်ချစ်ဖို့ ကောင်းတယ်၊ သိပ်မက်မောဖို့ ကောင်းတယ်။ သိပ်တွယ်တာဖို့ ကောင်းတယ်၊ သိပ်လိမ္မာကြတယ်နော် - ဇနီးမယားတွေ ကြည့်လိုက်ပြန်တော့လည်း သိပ်တော်တယ်၊ သိပ်ချစ်ဖို့ ကောင်းတယ်၊ သိပ်မြတ်နိုးဖို့ ကောင်းတယ်၊ ကိုယ်ကျင့်တရားတွေကလည်း ဖြူစင်တယ်၊ စိတ်ထားတွေကလည်း ဖြူစင်တယ်၊ အကောင်းကြီးပဲ။ လင်သား ကြည့်လိုက်တော့လဲ သိပ်ချောတယ်၊ သိပ်လှတယ်၊ စိတ်ထားတွေကလည်း သိပ်ပြီး မွန်မြတ်တယ်၊ စီးပွားဥစ္စာ ဆိုလို့ရှိရင် လိုတာ အကုန်ရှာဖွေပေးတယ်၊ အထက်တန်းကျနေတဲ့ - တိုက်တွေ၊ ကားတွေ၊ အိမ်တွေ၊ အိုးတွေနဲ့ အကုန်လုံးရနိုင်အောင် တည်ထောင် ဖန်တီးပေးတယ်။ သဘောကျစရာ မကောင်းဘူးလား? သိပ်ကောင်းတယ်။

ဒါပေမဲ့ - သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒါတွေဟာ စိတ်ချမ်းသာဖွယ်ရာ အာရုံအမျိုးမျိုးတွေနဲ့ တည်ထောင် ဖန်တီးထားတဲ့အတွက် စိတ်ဓာတ်တွေ ညစ်နွမ်းတယ်လို့တော့ ထင်ချင်မှ ထင်မယ်။ သို့သော် ... စိတ်ဓာတ် ညစ်နွမ်းကြောင်းတရားတွေ များစွာ ရှိနေပါတယ်။ များစွာ ရှိနေတယ်ဆိုတာက ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေသည် ရန်သူငါးတန်နဲ့ ဆက်ဆံပြီး မနေဘူးလား? ဆက်ဆံနေတယ်။ ရန်သူငါးတန်နဲ့ ဆက်ဆံနေရတဲ့အတွက် ဒီ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို လာပြီးတော့ ထိုးဆွချင်တဲ့ စွန်ရဲတွေ မရှိကြဘူးလား? ရှိနေတယ်။ အကယ်၍ များလာပြီး ထိုးဆွမယ်ဆိုကြစို့ ... စိတ်ဓာတ်တွေ ဘာဖြစ်သွားမလဲ? စိတ်ဓာတ်တွေ ညစ်နွမ်းသွားမယ်။ ဒါက ဘာကို အခြေခံပြီး ညစ်နွမ်းရသလဲလို့ ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ တွယ်တာမက်မောမှု ရာဂကို အခြေမခံဘူးလား? အခြေခံနေတယ်။

ဘုန်းကြီးနဲ့ ရင်းနှီးတဲ့ ပစ္စည်းလေးပါး ဒါယကာတစ်ဦး ဆိုကြပါစို့ ... ရေးမြို့မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု။ တစ်ချိန် သူက လျှောက်ထားတော့ ဘုန်းကြီးလည်း သံဝေဂရလို့ ခဏခဏ မှတ်သားထားပါတယ် -

သမီးလေးတစ်ယောက် သိပ်ချောတယ်၊ သိပ်လှတယ်။ ခန့်မှန်းခြေအားဖြင့်တော့ ၁၁ နှစ်-၁၂ နှစ်လောက်ရှိတယ်လို့ ယူဆရတယ်။ ဒီကလေးဟာ မျက်လုံးကြည့်လိုက်တော့ မျက်လုံးက အင်မတန် လှတယ်။ မျက်တောင်လေး ကြည့်လိုက်တော့လည်း မျက်တောင်က ကော့နေတယ်။ နှုတ်ခမ်းလေး ကြည့်လိုက်ရင် ဆေးဆိုးစရာ မလိုဘူး၊ နီရဲပြီးတော့ သိပ်လှတယ်။ မျက်နှာအနေအထား ကြည့်လိုက်လို့ရှိရင်လည်း မြင်တဲ့သူတိုင်း အင်မတန် ချစ်မြတ်နိုးကြတယ်။ မိဘအရင်းတွေဆိုရင်တော့ ပြောဖွယ်ရာ မလိုတော့ဘူး။ သိပ်ချစ်မြတ်နိုးဖွယ်ရာ ကောင်းတယ်။ ဘေးက အိမ်နီးနားချင်းတွေက ဒီကလေးအပေါ်မှာ မချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရယ်မျှ မရှိဘူး။ သိပ်ချစ်မြတ်နိုးဖွယ်ရာ ကောင်းတယ်။

ဒါပေမဲ့ တစ်နေ့ ဘာဖြစ်သွားလဲ? ကလေးက သူ့ရဲ့အငယ်ဆုံးဖြစ်တဲ့ ညီမငယ်လေးတစ်ဦးကို စက်ဘီးပေါ်တင်ပြီးတော့ အိမ်ကနေ ထွက်ဖို့ ကြံစည်တယ်။ ထိုအချိန်အခါမှာ ဖခင်လုပ်တဲ့ပုဂ္ဂိုလ်က “ကလေးကို ထားခဲ့၊ သွားချင်ရင် နင်ချည်းပဲ သွားလိုက်” လို့ ပြောလိုက်တဲ့အခါမှာ - ကလေးလေးကို ပြန်ပြီး အိမ်ပေါ်ထားခဲ့တယ်။ သူတစ်ယောက်တည်းပဲ စက်ဘီးစီးပြီးတော့ သွားလိုက်တယ်။ ငါးမိနစ်လောက်ကြာတော့ အိမ်ကိုလာပြီး အကြောင်းကြားတယ်။ “ကလေး ဆေးရုံရောက်သွားပြီ” ဆိုပြီး လာအကြောင်းကြားတယ်။ ဆေးရုံက ကားတစ်စီးနဲ့ လာပြီး အကြောင်းကြားတဲ့အတွက် ဆေးရုံလိုက်သွားတယ်။ ဆေးရုံရောက်တော့ မိခင်လုပ်တဲ့ပုဂ္ဂိုလ်က သမီးမြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း မေ့ပြီး လဲသွားတယ်။ အော် ... ဘာကို အခြေခံလဲ? ရာဂကို အခြေခံတယ်။ ဘာဖြစ်လို့လဲ?

ဒီကလေးလေးက အဲဒီ စက်ဘီးနဲ့ကား အတိုက်ခံရတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒီလို သေဆုံးသွားတဲ့ အချိန်အခါမှာ ဒီလောက်တောင် ချစ်မြတ်နိုးဖွယ်ရာကောင်းတဲ့ သမီးရတနာတစ်ဦး ဖြုန်းကနဲ ပျက်စီးသွားရင် မိခင်အဖို့ ဘယ်လိုဖြစ်မလဲ? မူးမေ့သွားတယ်။ စဉ်းစားကြည့် ... မိမိလည်း မိခင်တစ်ဦး ဖြစ်ခဲ့မယ်။ ဒီလောက် ချစ်မြတ်နိုးဖွယ်ရာကောင်းတဲ့ သားရတနာ သို့မဟုတ် သမီးရတနာတစ်ဦး မိမိမှာ ရှိနေခဲ့မယ်ဆိုရင် ခုလိုများ ပျက်စီးသွားခဲ့ရင် ဘယ်လိုနေမလဲ? စိတ်ဓာတ်တွေ ညစ်နွမ်းမသွားဘူးလား? ညစ်နွမ်းသွားမယ်။ ဘာကြောင့် ညစ်နွမ်းသွားရသလဲ? တွယ်တာမက်မောမှု - သားသမီးအပေါ်မှာ တွယ်တာမက်မောမှုဆိုတဲ့ ရာဂတရားတွေကို အခြေမခံဘူးလား? အခြေခံနေတယ်။

ဒါကြောင့် သားတွေ သမီးတွေက မလိမ္မာလို့ စိတ်ဓာတ်ညစ်နွမ်းရတာက ပုံစံတစ်မျိုး။ လိမ္မာပြီး ချစ်မြတ်နိုးဖွယ်ရာ သားသမီးတွေနဲ့ ပေါင်းသင်းဆက်ဆံ နေရာကနေ ခုလို ရန်သူငါးတန်ကြောင့် ပျက်စီးသွားတဲ့ အချိန်အခါမှာ စိတ်ဓာတ်ညစ်နွမ်းမှုတွေကလည်း တစ်မျိုး မရှိနိုင်ဘူးလား? ရှိနိုင်ပြန်တယ်။ နှစ်ဘက်လုံး မကောင်းဘူးလား? တစ်ခုမှ မကောင်းဘူးနော် ...

ဒါကြောင့် ဘုရားရှင်က -

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံစိတ္တံ ပစ္စဝေက္ခိတဗ္ဗံ၊ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ၊ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ... တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤ သာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ သကံ စိတ္တံ၊ မိမိတို့၏ စိတ်ကို။ ဣဒံ စိတ္တံ၊ ဤ ငါတို့၏ စိတ်သည်။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး။

တစ်နေ့တစ်ရက်တည်းလည်း ဟုတ်သလား? မဟုတ်ဘူး။ တစ်ဘဝတည်းလည်း ဟုတ်သလား? မဟုတ်ဘူး။

ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး။ ရာဂေန၊ ရာဂကြောင့်။ ဒေါသေန၊ ဒေါသကြောင့်။ မောဟေန၊ မောဟကြောင့်။ သံကိလိဿန္တိ၊ ညစ်နွမ်း၍ နေရပေ၏ဟူ၍။ အဘိက္ခဏံ၊ အမြဲမပြတ် မကြာခဏ။ ပစ္စဝက္ခိတဗ္ဗံ၊ ဆင်ခြင်သင့် ဆင်ခြင်ထိုက်လှပေ၏။

ဘာကြောင့်လဲ ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ စိတ္တသံကိလေသာ၊ စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ သံကိလိဿန္တိ၊ ညစ်နွမ်းကြရကုန်၏၊ ပင်ပန်းကြရကုန်၏၊ ဆင်းရဲကြရကုန်၏။ စိတ္တဝေါဒါနံ၊ စိတ်ဖြူစင် သန့်ရှင်းခြင်းကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ၊ စိတ်ဓာတ်သန့်ရှင်း စင်ကြယ်ကြရကုန်၏။

စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ်နွမ်းရတယ်။ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းခဲ့မယ်ဆိုရင် သတ္တဝါတွေလည်း စင်ကြယ်သွားကြပါတယ်။ ဒါကြောင့် သင်ချစ်သားတို့တစ်တွေ၊ သင်ချစ်သမီးတို့တစ်တွေဟာ “ငါတို့ရဲ့ ဒီစိတ်ကလေးတွေဟာ ရာဂကြောင့် ညစ်နွမ်းနေရတယ်၊ ဒေါသကြောင့်ညစ်နွမ်းနေရတယ်၊ မောဟကြောင့် ညစ်နွမ်းနေရတယ်” ဆိုပြီးတော့ ဒီလို မိမိတို့ရဲ့ စိတ်ကို မိမိတို့ မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးကြစမ်းပါလို့ ဘုရားရှင်က ဒီလို တိုက်တွန်းထားတယ်နော်။

ဒါကြောင့် ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓာတ်က သတ္တဝါတွေကို စင်ကြယ် သန့်ရှင်းစေသလို ညစ်နွမ်းနေတဲ့ စိတ်ကလည်း သတ္တဝါတွေကို မညစ်နွမ်းစေဘူးလား? ညစ်နွမ်းစေတယ်။ ဒါကြောင့် ယုတ်ညံ့တဲ့ အတွင်းအဇ္ဈာသယ ဓာတ်ခံရှိတဲ့ သတ္တဝါတွေဟာ ယုတ်ညံ့တဲ့ အတွင်းအဇ္ဈာသယ ဓာတ်ခံရှိတဲ့ သတ္တဝါတွေနဲ့ သွားပြီးပေါင်းမိကြတယ်။ မွန်မြတ်တဲ့ အတွင်းအဇ္ဈာသယ ဓာတ်ခံရှိတဲ့ သတ္တဝါတွေဟာလည်း မွန်မြတ်တဲ့ အတွင်းအဇ္ဈာသယ ဓာတ်ခံရှိတဲ့ သတ္တဝါတွေနဲ့ သွားပြီးပေါင်းမိကြတယ်၊ နှီးနှောမိကြတယ်။

ဒီလိုဆိုရင် မိမိတို့ဟာ သံသရာခရီး ဆက်ဖို့ရန် ရှိနေခဲ့မယ်ဆိုရင် ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သတ္တဝါတွေနဲ့ သွားပြီး ပေါင်းဆုံခဲ့ရင် မိမိတို့လည်း ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သတ္တဝါတွေ မဖြစ်နိုင်ဘူးလား? ယုတ်ညံ့တဲ့ အတွင်းအဇ္ဈာသယ နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သတ္တဝါတစ်ဦးသာ ဖြစ်သွားရင် မိမိတို့ စိတ်ဓာတ်တွေ ညစ်နွမ်းနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် မိမိတို့ဟာ ညစ်နွမ်းနေတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဖြူစင်သန့်ရှင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါ သိပ်အရေးကြီးတယ်နော် -

အခု အချိန်အခါကလေးဟာ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို မိမိတို့ ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်မယ်ဆိုရင် ကြိုးစားအားထုတ်လို့ ရနိုင်တဲ့ နည်းကောင်းလမ်းကောင်းတွေ အပြည့်အဝ မရှိဘူးလား? ရှိနေပါတယ်။ မိမိရထားတဲ့ ဘဝကို မိမိ တန်ဖိုးထားတတ်ဖို့ လိုတယ်။ မက်မောဖို့ ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်။ မိမိရထားတဲ့ ဘဝကို မိမိတို့ ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်မယ်ဆိုရင် ယနေ့ဟာ အခွင့်အရေးတွေ ရနိုင်တဲ့နေ့ဖြစ်တယ်။ ငမူးကို သွားပြီး ပြုစုလုပ်ကျွေးမယ်ဆိုလို့ရှိရင် ငမူးကို ပြုစုလုပ်ကျွေးနိုင်တဲ့ အခွင့်အရေးတွေ ဒီနေ့ မရဘူးလား? ရပါတယ်။ လောကမှာ ငမူးတွေက သိပ်ပေါတာပဲ။ ဟုတ်တယ်၊ မဟုတ်လား? ကိုယ့်ကို တွင်တွင်ကြီး ဆဲမယ်၊ ကြိမ်းမယ်၊ မောင်းမယ်။ မယ်မင်းကြီးမကို သွားပြီး လုပ်ကျွေးပြုစုရမယ်ဆိုရင်လည်းပဲ အခွင့်အရေး မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒီအထဲမှာလည်း ဒကာကြီးတွေ အိမ်ကမောင်းချလိုက်လို့ ကျောင်းရောက်လာတဲ့ပုဂ္ဂိုလ် ပါချင်လည်း ပါကြမယ်။ ဟုတ်တယ်၊ မဟုတ်လား?

ဒီတော့ - မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံရှိတဲ့ သတ္တဝါတွေဟာ မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံရှိတဲ့ သတ္တဝါတွေနဲ့ သွားပြီး ပေါင်းဆုံမိကြမယ်၊ နှီးနှောမိကြမယ်။ ဒီလိုဆိုရင် မိမိတို့ရဲ့ ဘဝတွေဟာ သို့မဟုတ် မိမိတို့ရဲ့ စိတ်ဓာတ်တွေဟာ မြင့်မားပြီးတော့ မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဖြူစင်သန့်ရှင်းပြီးတော့လည်း မလာနိုင်ဘူးလား? ဘာကြောင့်လဲ? ဘုရားရှင်ကဲ့သို့ မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိနေတဲ့ သူတော်ကောင်းတွေနဲ့ သွားပြီး ပေါင်းဖော်မိတဲ့အတွက် မွန်မြတ်တဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံရှိတဲ့ သတ္တဝါတွေ မဖြစ်ကြရဘူးလား? ဖြစ်ကြရတယ်။ ခုကြည့်ပေါ့ -

အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ဟာ မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံတွေ ရှိကြတယ်။ ဘယ်ပုဂ္ဂိုလ်ကို အစွဲပြုသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ အကြောင်းရင်း အခြေခံမှာ ဘုရားရှင်ကို အစွဲပြုပြီးတော့ ဒီလို မွန်မြတ်တဲ့ နှလုံးသွင်းဓာတ်ခံတွေ ရှိလာကြရတယ်ဆိုတာကျတော့ ဝန်မခံရဘူးလား? ဝန်ခံရပါတယ်။

အေး ... အလားတူပဲ အရှင်မဟာကဿပ တပည့်ကို ကြည့်လိုက်။ အရှင်မဟာကဿပက အရှင်ပဒုမုတ္တရဘုရားရှင် လက်ထက်တော် အချိန်အခါကတည်းက ဓုတင် (၁၃) ပါးကို ဆောင်တဲ့အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ရည်မှန်းပြီး ပါရမီပန်းတွေကို ဆင်မြန်းခဲ့တဲ့၊ ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို ပြန်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ဓုတင် (၁၃) ပါးကို ဆောင်လိုတဲ့၊ ဆောင်နိုင်တဲ့ စွမ်းအားရှိတဲ့ တပည့်သာဝကတစ်ဦး ဖြစ်ချင်တဲ့ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိနေတယ်။

အဲဒီလို အတွင်းအဇ္ဈာသယဓာတ်ခံ ရှိနေတဲ့ အရှင်မဟာကဿပနဲ့ အလားတူတဲ့ တပည့်တွေကို ကြည့်လိုက်တော့လည်း အဲဒီ တပည့် အားလုံးဟာလည်း မိမိတို့ရဲ့ ဆရာဖြစ်တော်မူတဲ့ အရှင်မဟာကဿပ မထေရ်မြတ်ကြီးကဲ့သို့ ဓုတင် (၁၃)ပါးကို အထွတ်အထိပ်သို့ရောက်အောင် ဆောင်လိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံတွေချည်း ရှိနေကြတယ်။ ဓာတ်တူအချင်းချင်း သွားပြီးတော့ ပေါင်းမိကြတယ်။ ဒီလို ပေါင်းမိတဲ့အတွက် သူတို့ဟာ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းနေတဲ့ သတ္တဝါတွေ ဖြစ်မသွားကြဘူးလား? ဖြစ်သွားကြတယ်။ ဓာတ်တူအချင်းချင်းဆိုတာ ပေါင်းမိကြတဲ့သဘော ရှိတယ်နော်။

နောက်တစ်ခု - အရှင်အနုရုဒ္ဓါမထေရ်ကို ကြည့်လိုက်... အရှင်အနုရုဒ္ဓါမထေရ်ကလည်း အရှင်ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော် အချိန်အခါကတည်းက ကမ္ဘာတစ်သိန်းနဲ့ချီပြီးတော့ ပါရမီ ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတစ်ဦးပါ။ ဒါပေမဲ့ သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံက ဘယ်လိုရှိလဲ? ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းလိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိတယ်။ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိနေတဲ့ အတွက်ကြောင့် သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ ကမ္ဘာတစ်သိန်းနဲ့ချီပြီး သူလည်း ပါရမီ ဖြည့်ကျင့်ခဲ့တယ်။ ကမ္ဘာတစ်သိန်းကို ဖြတ်ကျော်လာခဲ့တဲ့ အချိန်အခါမှာ သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံက ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်တဲ့ ရဟန္တာပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်လိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိနေတယ်။

အဲဒီ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိတဲ့အတွက် ပါရမီတွေကို ဖြည့်ကျင့်ခဲ့တာ နောက်ဆုံး ဒီပါရမီတွေ အထွတ်အထိပ်ရောက်တဲ့ ဘဝမှာ သူဟာ မျှော်လင့်ထားတဲ့အတိုင်း ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်တဲ့ ရဟန္တာ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်ကျော်၊ ပုဂ္ဂိုလ်မော် ဖြစ်မလာဘူးလား? ဖြစ်လာတယ်။ အေး... အလားတူပဲ - အရှင်အနုရုဒ္ဓါရဲ့ တပည့်တွေကို ကြည့်လိုက်ရင်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ အကုန်လုံး ကျွမ်းကျင်သူတွေချည်းပဲ ဟုတ်လား? အကုန်ပဲ။ သူတို့ဟာ ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ အလွန်ကျွမ်းကျင်တော်မူတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ရဟန္တာ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မော်တွေချည်းပဲ ဖြစ်ကြတယ်။ ဘာကြောင့်လဲ? စိတ်ဓာတ်တွေကို ဖြူစင်သန့်ရှင်းသွားအောင် သူတို့လည်း သူတို့ စွမ်းနိုင်တဲ့ဘက်ကနေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်။ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းတဲ့အတွက် သူတို့တစ်တွေလည်း ကိလေသာ အညစ်အကြေး ကင်းစင်တဲ့ ရဟန္တာ ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မော် ဖြစ်မသွားကြဘူးလား? ဖြစ်သွားကြတယ်။ သူတို့က တစ်အုပ်စုနေတယ်။ ဒီ ဂိဇ္ဈကုဋ် တောင်မှာပဲ။

နောက်တစ်အုပ်စုက အရှင်ပုဏ္ဏမထေရ်တို့ အုပ်စု တစ်စုပဲ။ အရှင်ပုဏ္ဏ မထေရ်က မန္တာနီ ပုဏ္ဏေးမကြီးရဲ့သား ဖြစ်ပါတယ်။ ဓမ္မကထိက တရားဟော ကောင်းတဲ့ နေရာမှာတော့ သူက ဧတဒဂ်ဘွဲ့ထူးရတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မော် ဖြစ်ပါတယ်။ သူ့ရဲ့တရားကို နာကြားခွင့် ရရှိတဲ့အတွက် အရှင်အာနန္ဒာ ကိုယ်တော်မြတ်ဟာ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ခဲ့ပါတယ်နော်။ ဒီတော့ တရားဟော ကောင်းတဲ့နေရာမှာ သူက ဧတဒဂ်ဘွဲ့ထူး ရရှိဖို့ရန်အတွက် သူက ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်က ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီဖြည့်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ ပါရမီ ဖြည့်တယ်ဆိုတာက - ပါရမီဆိုတာက ပါရမီ (၁၀)ပါး ရှိပါတယ်။ ဒီ ပါရမီတွေက မိမိ မျှော်လင့်ထားတဲ့ ဓမ္မကထိက တရားဟောကောင်းတဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူး ဆိုတာက သာမန်တော့ မဟုတ်ပါဘူး။ ဒီ ဧတဒဂ်ဘွဲ့ထူးဆိုတာက များသောအားဖြင့်တော့ ဘုရားရှင်ပေးတာက ရဟန္တာမထေရ်မြတ်တွေကို ပေးတဲ့ ဘွဲ့တွေပါနော်။

တရားဟော ကောင်းတဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်တဲ့ ရဟန္တာဘဝဖြစ်လိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံတွေကို အခြေခံပြီးတော့ ပါရမီ(၁၀)ပါး ဖြည့်ကျင့်ခဲ့တယ်။ ဖြည့်ကျင့်လိုက်တဲ့ အချိန်အခါမှာ သူ့ရဲ့ ပါရမီတွေက အထွတ်အထိပ် ရောက်လာတဲ့ အချိန်အခါမှာ သူဟာ မျှော်လင့်တောင့်တတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ တရားဟော ကောင်းတဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးရရှိတဲ့ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါး ဖြစ်လာပါတယ်။ သူ့ရဲ့ တပည့်တွေကို ကြည့်လိုက်တော့လည်း အကုန်လုံး တရားဟောကောင်းတဲ့ တပည့်ကြီးပဲ။ တရားဟော မကောင်းတဲ့ပုဂ္ဂိုလ် တစ်ဦးမှ မရှိဘူး။ တရားဟောကောင်းတဲ့တပည့် ရဟန္တာမထေရ်မြတ်တွေ ခြံရံပြီးတော့ သူကလည်း ဂိဇ္ဈကုဋ်တောင်ယံမှာ ဘုရားရှင်အတွက် လုံခြုံရေးကို တာဝန်ယူပြီးတော့ လှည့်လည်နေပါတယ်။

နောက်တစ်ဦး ကြည့်လိုက်ဦး... အရှင်ဥပါလိမထေရ်မြတ်။ ကမ္ဘာတစ်သိန်းနဲ့ချီပြီးတော့ ဝိနည်းအရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းဖို့ရန်အတွက် သူက ပါရမီဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းဖြစ်တယ်။ သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဝိနည်းကို ဆောင်တဲ့နေရာမှာ အသာဆုံး၊ အမြတ်ဆုံး ရဟန္တာမထေရ်မြတ် ဖြစ်လိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိနေတယ်။ ဒီ အတွင်းအဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ ပါရမီ (၁၀)ပါးကို ကမ္ဘာတစ်သိန်းနဲ့ချီပြီးတော့လည်း ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ပါတယ်။ ဒီ ပါရမီတွေက အထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ အချိန်အခါမှာ သူ မျှော်လင့်တောင့်တထားတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ ဝိနည်းကို ဆောင်တဲ့အရာမှာ ဧတဒဂ်ဘွဲ့ထူး ဆင်မြန်းနိုင်တဲ့ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါး ဖြစ်ခဲ့ရတယ်။ အေး... အလားတူပဲ သူ့ရဲ့ တပည့်သာဝကတွေကို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာလည်း အားလုံး ဝိနည်းကို ဆောင်တဲ့နေရာမှာ ကျွမ်းကျင်လိမ္မာတော်မူတဲ့ ရဟန္တာ မထေရ်တွေချည်း ဖြစ်ကြတယ်။ ဓာတ်တူအချင်းချင်း ပေါင်းဆုံမိဖို့ရန်အတွက် ဒီကံတွေက လာပြီး ဖန်တီး မပေးဘူးလား? ဖန်တီးပေးတယ်။

နောက်တစ်ခု - အရှင်အာနန္ဒာ ကိုယ်တော်မြတ်။ အရှင်အာနန္ဒာကို ကြည့်လိုက်တဲ့အခါ သူက ဗဟုဿုတ သိပ်များတယ်။ သူက ဧတဒဂ်ဘွဲ့ထူး ငါးခု ဆင်မြန်းရတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဘုရားရှင်ရဲ့ ဥပါသကာ အလုပ်အကျွေးရာထူးကို ရရှိဖို့ရန်အတွက် ကမ္ဘာတစ်သိန်းနဲ့ချီပြီး ပါရမီ ဖြည့်ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံမှာ ဒီလောက်တွင် မကဘူး။ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတဲ့ တရားဓမ္မအရာမှာ ဗဟုဿုတ အလွန် ကြီးမားတော်မူတဲ့ သူတော်ကောင်း ဖြစ်ချင်တဲ့ စိတ်နဲ့လည်း ပါရမီတွေ ဖြည့်ကျင့်တော်မူခဲ့ပါတယ်။

ဒါကြောင့် - ဘုရားရှင်ရဲ့ တရားတော်တွေကို ဆောင်တဲ့နေရာမှာ အများဆုံး ဗဟုဿုတရှိတဲ့ ပုဂ္ဂိုလ်ကလည်း ဒီ အရှင်အာနန္ဒာကိုယ်တော်မြတ်ပဲ။ ဘုရားရှင်ရဲ့ တရားတော်နဲ့ ပတ်သက်ပြီးတော့ တည်ကြည်တဲ့ သမာဓိ ရှိနေတဲ့ သူတော်ကောင်းတွေ၊ ပညာကြီးတဲ့ သူတော်ကောင်းတွေ၊ ဘုရားရှင်ရဲ့ ပရိယတ်တရားတော်တွေထဲမှာ ပညာကြီးတဲ့ သူတော်ကောင်းတွေထဲမှာလည်း သူက အသာဆုံး, အမြတ်ဆုံး ပုဂ္ဂိုလ်၊ သတိအားကောင်းတဲ့ ပုဂ္ဂိုလ်ထဲမှာလည်း အသာဆုံး, အမြတ်ဆုံး ဖြစ်ရတယ်။ ဘယ်လောက်ထိ သတိအားကောင်းသလဲလို့မေးရင် မြတ်စွာဘုရား တစ်ကြိမ်တစ်ခါ ဟောလိုက်တဲ့ တရား တစ်သက်လုံး ဘယ်တော့မှ မမေ့ဘူး။ သတိအားကောင်းသလား, မကောင်းဘူးလား? သိပ်ကောင်းတယ်။

ဒီတော့ ဒီလို ဗဟုဿုတရေးရာ အဖြာဖြာမှာ ကြွယ်ဝတဲ့ သူတော်ကောင်း ဖြစ်လိုတဲ့, ရဟန္တာဖြစ်လိုတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို အခြေခံပြီးတော့ ပါရမီမျိုးစေ့တွေကို သူက ကြဲချစိုက်ပျိုးခဲ့တယ်။ ထို ပါရမီတွေက အထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ အချိန်အခါမှာ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဗဟုဿုတ ကြီးမားတော်မူတဲ့ သူတော်ကောင်း ဖြစ်လာရတယ်။ အရှင်အာနန္ဒာရဲ့ တပည့်တွေကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အခါမှာလည်း အရှင်အာနန္ဒာကဲ့သို့ အားလုံး ဗဟုဿုတကြီးတော်မူတဲ့ ရဟန္တာ မထေရ်မြတ်တွေကြီးပဲ ဖြစ်ကြတယ်။ ဓာတ်တူအချင်းချင်း မပေါင်းမိဘူးလား? ပေါင်းမိကြတယ်။

အေး... နောက်တစ်ခါ ပြန်ပြီးတော့ အရှင်ဒေဝဒတ်ကလည်း ဘုရားရှင်ရဲ့ လုံခြုံရေးအတွက်ပါဆိုပြီးတော့ သူကလည်း နာမည်ခံပြီးတော့ တာဝန်ယူပြန်တယ်။ ဒီလို ပုဂ္ဂိုလ်တွေလည်း လောကမှာ မရှိဘူးလား? ရှိကြပါတယ်။ သူခိုးပေမယ့်လို့ မခိုးယောင်ဆောင်ပြီး နည်းနည်း အယောင်ပြတာလည်း လောကမှာ မရှိဘူးလား? ရှိပါတယ်။ လောကမှာ - ဒကာကြီးတွေ၊ ဒကာမကြီးတွေ တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်နေကြတာဖြစ်တော့ နည်းနည်း ပိုနားလည်လိမ့်မယ် ထင်တယ်နော်...။ ကဲ... အရှင်ဒေဝဒတ်ကလည်း သူက လာပြီး တာဝန်ယူကြတယ်။

အရှင်ဒေဝဒတ်မှာ သူက ယုတ်မာတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံ ရှိနေတယ်။ အရှင်ဒေဝဒတ်သည် ပါပိစ္ဆ ယုတ်မာတဲ့ အဇ္ဈာသယဓာတ်ခံ ရှိသလို သူ့ရဲ့ တပည့်သာဝကတွေ လှမ်းကြည့်လိုက်တော့လည်း အကုန်လုံးဟာ ယုတ်မာတဲ့အလို အဇ္ဈာသယဓာတ်ခံတွေပဲ ရှိနေကြတယ်။ ဓာတ်တူအချင်းချင်း လာပြီး မပေါင်းမိဘူးလား? ပေါင်းမိတယ်။ ဒီဘက် အရှင်သာရိပုတ္တရာတို့ ဦးဆောင်နေတဲ့ တပည့်သာဝက အုပ်စုကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ သဒ္ဓါတရားရှိတဲ့ သာဝကတွေ ဖြစ်ကြတယ်။ အရှင်ဒေဝဒတ် ဦးဆောင်နေတဲ့ တပည့်သာဝက တစ်သိုက်ကို လှမ်းကြည့်လိုက်တော့ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြန်တယ်။ သဒ္ဓါတရား ရှိတယ်, မရှိဘူး ဆိုတာက ဘာပြောတာလဲ? သူတို့ဟာ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုနေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဘာဖြစ်လို့ သဒ္ဓါတရား မရှိဘူးလို့ ပြောနိုင်ရမလဲလို့ ဒီလိုတော့ ထင်ရင်ထင်မယ်နော် -

သဒ္ဓါတရားဆိုတာက... ရတနာသုံးပါး ဦးဆောင်နေတဲ့ ယုံကြည်သင့် ယုံကြည်ထိုက်တဲ့ သဒ္ဓေယျဝတ္ထုတွေအပေါ်မှာ မတုန်မလှုပ် သက်ဝင် ယုံကြည်နေတဲ့ ယုံကြည်မှုကို သဒ္ဓါတရားလို့ ခေါ်ပါတယ်။ အကယ်၍ ဘုရားရတနာအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါစစ်၊ သဒ္ဓါမှန်သာ ရှိခဲ့ရင် ဘုရားရှင်အပေါ်မှာ ဒီလို အသက်တော်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ လုပ်ကြံမှုမျိုးတွေ ရှင်ဒေဝဒတ် ပြုလုပ်ပါ့မလား? မလုပ်ဘူး။ ယုံကြည်ချက် သဒ္ဓါတရား သူ့မှာ အားပျော့မနေဘူးလား? ပျော့နေတယ်။

ဒီတော့ အရှင်သာရိပုတ္တရာ အစရှိတဲ့ တပည့်တွေကို လှမ်းကြည့်လိုက်တဲ့ အခါ မွန်မြတ်တဲ့ သဒ္ဓါတရားတွေ အားကောင်းနေတယ်။ အရှင်ဒေဝဒတ်တို့ အုပ်စုဖက် လှမ်းကြည့်လိုက်တဲ့ အခါကျတော့ သဒ္ဓါတရား အားမကောင်းဘူး။ မယုံကြည်တဲ့ သဒ္ဓါတရားတွေ ရှိနေကြတယ်။ တစ်ခါ... အရှင်သာရိပုတ္တရာ ဦးဆောင်နေတဲ့ ခုနက မထေရ်ကြီး, မထေရ်ကျော်တွေ လှမ်းကြည့်လိုက်တဲ့အခါ ဟီရိမန၊ ရှက်တတ်တဲ့ စိတ်ထားရှိတယ်။ မကောင်းမှု အကုသိုလ်တွေမှ ရှက်တတ်တဲ့ စိတ်ထားရှိတယ်။ မကောင်းမှု ဒုစရိုက်တွေမှ ရှက်တတ်တဲ့ စိတ်ထားရှိတယ်။ မကောင်းမှု ဒုစရိုက်တွေမှ ရှက်တတ်တယ် ဆိုတာက နည်းနည်းလေး နားလည်အောင် ဘုန်းကြီးတော့ နည်းနည်း ထပ်ပြောချင်ပါတယ် -

သူ့အသက် သတ်ရမှာ သိပ်ရှက်တယ်၊ သူ့ပစ္စည်း မတရားယူရမှာ သိပ်ရှက်တယ်၊ သူ့သားမယားတွေ ဖျက်ဆီးရမှာ သိပ်ရှက်တယ်၊ မုသား ပြောရမှာလည်း သိပ်ရှက်တယ်၊ ကုန်းစကား ပြောရမှာလည်း သိပ်ရှက်တယ်၊ ဒီစကား ဟိုကိုပို့, ဟိုစကား ဒီကိုပို့ ဒီလို လုပ်ရမှာ သူတော်ကောင်းတွေက သိပ်ပြီး ရှက်ကြတယ်။ ကြမ်းတမ်းတဲ့ စကားပြောရမှာ သိပ်ရှက်တယ်၊ ပြိန်ဖျင်းတဲ့ အကျိုးမရှိတဲ့ စကားတွေ၊ အနှစ်မရှိတဲ့ စကားတွေ ပြောရမှာ သိပ်ရှက်တယ်။

ဒီနေ့ တရားနာ ပရိသတ်တွေရော ရှက်တတ်ကြရဲ့လား? ဟင်... ဟော တစ်ချို့ကလည်း ရှက်တတ်တယ်လို့ ဖြေတယ်။ တစ်ချို့ကလည်း ပြုံးနေကြတယ်။ တစ်ချို့ကလည်း ငုံ့နေကြတယ်။ ဟုတ်လား? ဟန်ကျတယ်... ဟန်ကျတယ်... ပရိသတ်ကတော့ သုံးစားလောက် ကွဲနေတယ်နော်။ မဟုတ်လား? ဒကာကြီးတွေက သုံးစားလောက် ကွဲနေတယ်။ ဘုန်းကြီးက ဒီက လှမ်းကြည့်လိုက်တော့ မြင်နေရတယ်။

ဒီတော့ သူတစ်ပါးပစ္စည်း မတရား ယူဖို့ရန်အတွက် သိပ်ရှက်တတ်တယ်၊ သူတစ်ပါးတွေကို ညှဉ်းပမ်း နှိပ်စက်ဖို့, သေကျေပျက်စီးအောင် ကြံစည်ဖို့ သိပ်ရှက်ကြတယ်။ မှားယွင်းတဲ့ ခံယူချက်တွေ မိမိတို့ ရုပ်နာမ်သန္တာန် အစဉ်မှာ ကိန်းဝပ်လာမှာ သိပ်ရှက်ကြတယ်။ ဒါက ဒုစရိုက်တွေနဲ့ ပတ်သက်ပြီး သိပ်ရှက်ကြတယ်။ အကုသိုလ်တရားနဲ့ ပတ်သက်ပြီးတော့ သိပ်ရှက်တတ်ကြတယ်။

လောဘဖြစ်ရမှာ သိပ်ရှက်တယ်၊ ဒေါသဖြစ်ရမှာ သိပ်ရှက်တယ်၊ မောဟဖြစ်ရမှာ သိပ်ရှက်တယ်၊ မာန်မာနတွေ ဖြစ်ရမှာ သိပ်ရှက်ကြတယ်။ ဣဿာ မစ္ဆရိယ၊ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားလေးတွေ မိမိတို့ ရုပ်နာမ်သန္တာန်မှာ ဖြစ်ပေါ်လာမှာကို သိပ်ရှက်တတ်ကြတယ်။ ဝန်တိုတဲ့ မစ္ဆရိယ တရားတွေ ဖြစ်ပေါ်လာမှာလည်း သိပ်ပြီး ရှက်ကြတယ်။ သိပ်ရှက်တတ်ကြတယ်။ အဲဒီလို ရှက်တာဟာ မိမိတို့အတွက် အကျိုးရှိသလား, မရှိဘူးလား? နည်းနည်းလေး ပြန်ပြီး စဉ်းစားကြည့်ကြစမ်း? ဟင်... ဒီလို ရှက်တတ် လာပြီဆိုရင် ဒီစိတ်ထားလေးတွေ မပေါ်အောင် "ငါ ကြိုးစားမယ်" ဆိုတဲ့ စိတ်ဓာတ်ကလေးတွေ ပေါ်မလာဘူးလား? (ပေါ်လာပါတယ်) ကြိုးကော ကြိုးစားရဲ့လား? (ကြိုးစားပါတယ်ဘုရား) အသံကတော့ ခပ်နည်းနည်းပါ။ ဟုတ်တယ်, မဟုတ်လား? ကြိုးစားမှလည်း မိမိတို့ရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ စိတ်ဓာတ်တွေ မြင့်မားလာတယ်။ မကြိုးစားဘူး ခု ကြည့်ပေါ့...

အရှင်ဒေဝဒတ်တို့အုပ်စုက ကြိုးစားတဲ့ အုပ်စုလား, မကြိုးစားတဲ့ အုပ်စုလား? မကြိုးစားတဲ့ အုပ်စုက ဖြစ်နေတယ်။ ဟီနာတိမုတ္တိက၊ ယုတ်ညံ့တဲ့ စိတ်ဓာတ်တွေ ရှိနေကြတယ်။ အရှင်သာရိပုတ္တရာတို့က တစ်ဖက်။ သူတော်ကောင်းတို့ဘက် လှမ်းကြည့်လိုက်တော့ ပဏီတံတိမုတ္တိက မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံ ရှိနေကြတယ်။ အဲဒီလို မွန်မြတ်တဲ့ နှလုံးသွင်း ဓာတ်ခံရှိတဲ့ သူတော်ကောင်းတွေဟာ မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံတွေ ကိန်းဝပ်လာအောင် ကြိုးစားတယ်။ ကြိုးစားယူခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေလား, မကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေလား? ကြိုးစားခဲ့တယ်။ အလကား ဖြစ်ပေါ်လာတာ ဟုတ်သလား? မဟုတ်ဘူး။

အလားတူပဲ... ရှင်ဒေဝဒတ်တို့အုပ်စု ကြည့်လိုက်တော့ ဟီဏာဓိမုတ္တိက ယုတ်ညံ့တဲ့ နှလုံးသွင်း အဇ္ဈာသယအတွင်းဓာတ်ခံ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြတယ်။ သူတို့လည်း ဒီလို ယုတ်ညံ့တဲ့ နှလုံးသွင်း အဇ္ဈာသယအတွင်းဓာတ်ခံ ရှိနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားခဲ့လို့လား, မကြိုးစားခဲ့လို့လား- လို့မေးရင် ဘယ်လိုဖြေမလဲ? ကြိုးစားခဲ့တာပဲ။ ဒါကြောင့် မိမိတို့ ခုဟာ လမ်းခွမှာ ထိုင်နေတဲ့ ဘဝဖြစ်ပါတယ်။ လူ့လောကဆိုတာ လမ်းခွမှာ ထိုင်နေတယ်။ အပါယ်ကို သွားချင်ရင် သွားလို့ရတဲ့ လမ်းခွ၊ နတ်ပြည်ကို သွားချင်ရင် သွားလို့ရတဲ့ လမ်းခွ၊ နိဗ္ဗာန်ကို သွားချင်တယ်ဆိုလို့ရှိရင် သွားလို့ရတဲ့ လမ်းဆုံလမ်းခွဖြစ်တယ်။ အဲဒီ လမ်းဆုံလမ်းခွမှာ ထိုင်နေတဲ့ ခုလို အချိန်အခါမျိုးမှာ မိမိတို့ဟာ ဘယ်လမ်းကို သွားမယ်ဆိုတာတော့ ရွေးချယ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘယ်လမ်း သွားချင်ကြလဲ? စဉ်းစားကြပါနော် -

ဒီတော့ နိဗ္ဗာန်ကို သွားချင်ရင် ယုတ်ညံ့တဲ့ စိတ်ဓာတ်ရှိဖို့ လိုသလား? မလိုဘူး။ မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယအတွင်းဓာတ်ခံ ရှိဖို့လိုတယ်။ ဒါ... သိပ်အရေးကြီးတယ်။ ဒီ စိတ်ဓာတ်တွေက သတ္တဝါတွေရဲ့ ဘဝတစ်ခုကို ပြုပြင်ပြောင်းလဲပေးတာ ဖြစ်တယ်။ သတ္တဝါတွေရဲ့ ဘဝတွေ အဆင့်အတန်း မြင့်မားသွားရတာက ဒီစိတ်ဓာတ်တွေ မြင့်မားလို့ မြင့်မားသွားရတာ။ စိတ်ဓာတ်တွေ ယုတ်ညံ့ရင် သတ္တဝါတွေလည်း ယုတ်ညံ့တဲ့ သတ္တဝါတွေ ဖြစ်မသွားကြဘူးလား? ဖြစ်သွားတယ်။ ဒါ... သတိရှိဖို့ လိုတယ်။

နောက်တစ်ခု - ရှင်ဒေဝဒတ်တို့ အုပ်စုကို လှမ်းကြည့်လိုက်မယ်ဆိုရင် အနွတ္တပ္ပီတဲ့ သူတို့ဟာ မကောင်းမှု အကုသိုလ်ကိုလည်း ဘယ်တော့မှ မကြောက်တတ်ဘူး။ ဒုစရိုက်တရားတွေကိုလည်း လက်သွက်သွက်နဲ့ လွန်ကျူးရမှာ ဘယ်တော့မှ မကြောက်ကြဘူး။

ဟော... ဒီဘက်က အရှင်သာရိပုတ္တရာ ဦးဆောင်နေတဲ့ မထေရ်ကြီး, မထေရ်ကျော်, ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မော်တို့ အုပ်စုကို လှမ်းကြည့်လိုက်တော့ အကုသိုလ်တရားကိုလည်း သိပ်ကြောက်တယ်။ မကောင်းမှု အကုသိုလ် ဒုစရိုက်တရားတွေကို လွန်ကျူးရမှာလည်း သိပ်ကြောက်တယ်။ သို့သော် သူတို့ဟာ ဒီအချိန်အခါမှာ ဘယ်တော့မှ အကုသိုလ်တရားတွေကို မလွန်ကျူးတဲ့, ဘယ်တော့မှ ဒီအကုသိုလ်တရားတွေကို လက်မခံတဲ့အဆင့်ကို ရောက်ရှိနေကြပါတယ်။ ဘာဖြစ်လို့လဲ? သူတို့တွေဟာ ဒီအချိန်အခါမှာ အားလုံး ရဟန္တာတွေ ဖြစ်ကြပြီ။ အရှင်အာနန္ဒာကိုယ်တော်မြတ် တစ်ပါးအနေနဲ့သာ ကွက်ပြီး ပြောမယ်ဆိုရင်တော့ သောတာပန်အဆင့် ရောက်သေးတယ်။ ကျန်နေတဲ့ သူတော်ကောင်းတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ရဟန္တာအဆင့် ရောက်ရှိသွားပြီ။

ရဟန္တာပုဂ္ဂိုလ် မှန်ခဲ့ရင်တော့ ကုသလာကုသလ ဆိုတဲ့အတိုင်း ကုသိုလ်အကုသိုလ် တရားအားလုံးကို သူတို့က ပယ်စွန့်ထားပြီး ဖြစ်နေကြပြီ။ ဒါကြောင့် သူတို့ဟာ ကုသိုလ်တွေကိုလည်း ကြောက်တဲ့ပုဂ္ဂိုလ်တွေ၊ ဒုစရိုက်တွေကိုလည်း ကြောက်တဲ့ ပုဂ္ဂိုလ်တွေအဆင့် ရောက်မနေဘူးလား? ရောက်နေတယ်။ ဒါပေမဲ့ တစ်ဖက်မှာ - အရှင်ဒေဝဒတ် ဦးဆောင်တဲ့ အုပ်စုကြည့်လိုက်တော့ ဒီအကုသိုလ်တွေကို သူတို့ ကြောက်သလား? မကြောက်ဘူး။ ဒုစရိုက်တွေကော ကြောက်သလား? မကြောက်ဘူးနော် -

နောက်တစ်ခု - အရှင်သာရိပုတ္တရာ အစရှိတဲ့ ခုနက သူတော်ကောင်းကြီးတွေ အုပ်စုဘက်ကို လှမ်းကြည့်လိုက်တဲ့ အခါမှာ သူတို့က ဗဟုဿုတ သိပ်အားကောင်းကြတယ်။ ဗဟုဿုတ အားကောင်းတယ်ဆိုတာက ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတဲ့ တရားဒေသနာတော်နဲ့ ပတ်သက်ပြီးတော့ အာဂမသုတ၊ အဓိဂမသုတခေါ်တဲ့ သင်သိ၊ ကျင့်သိ အသိနှစ်မျိုးဖြင့် သူတို့က စနစ်တကျ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိထားတယ်။ သင်သိ ဆိုတာက ဒီလိုပါ - ရှေးယခင်အခါတုန်းကတော့ ယခုခေတ်ကဲ့သို့ပေါ့လေ... စာအုပ်စာတမ်းတွေက သိပ်ပြီး မပေါများသေးဘူး။ သိပ်မထွန်းကားသေးဘူး။

ဒီတော့ ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူချင်နေတဲ့ တပည့်တွေက ဆရာသမားထံ ချဉ်းကပ်ပြီးတော့ သင်ယူကြရတယ်။ သင်ယူတဲ့ နည်းစနစ်ကတော့ တရားတော်တွေကို ဆရာသမားတွေက အလွတ်ချပေးတယ်။ တပည့်တွေက နောက်ကနေ အလွတ်လိုက်ပြီး ဆိုရတယ်။ ဆရာသမား ချပေးတဲ့အသံကို ကြားမှ တပည့်တွေက သင်ယူလို့ ရတယ်။ ဒီလို ရတဲ့ သင်နည်းစနစ်ကိုတော့ အာဂမသုတလို့ ခေါ်ပါတယ်။ ဆရာသမားထံမှ သင်ပေးလိုက်တဲ့အတိုင်း အာဂုံဆောင်ထားနိုင်လို့ ရရှိတဲ့ ဗဟုဿုတ။ အဲဒီ ဗဟုဿုတတွေဟာ ဆရာသမား ချပေးတဲ့ စကားလုံးတွေကို ကြားမှ ရရှိတဲ့ ဗဟုဿုတဖြစ်ခြင်းကြောင့် ဒီဗဟုဿုတကို အကြားသုတလို့ ဘာသာပြန်ထားတယ်။

နောက်တစ်ခုကတော့ - အဓိဂမသုတ။ ဆရာသမားထံမှ သင်ယူလိုက်ပြီ။ ရရှိတဲ့ တရားတွေကို ဥပမာဆိုကြပါစို့... ဆရာသမားထံမှာ ရုပ် (၂၈)ပါး သင်ယူထားတယ်။ ဒီရုပ် (၂၈)ပါးကို သိအောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြည့်ရမယ်ဆိုတဲ့ နည်းစနစ်တွေကိုလည်း သင်ယူထားတယ်။ ဒီ သင်ယူထားတဲ့အတိုင်း မိမိက လက်တွေ့ကျင့်တယ်။ ကျင့်လိုက်တော့ ဒီ ရုပ် (၂၈)ပါးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီ။ သိရင် - ဒီဥစ္စာက ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတဲ့ အသိဖြစ်ခြင်းကြောင့် အဓိဂမသုတလို့ ခေါ်တယ်နော် -

အလားတူပဲ... ကျန်နေတဲ့ နာမ်တရားတွေ၊ အကြောင်းတရား, အကျိုးတရားတွေ၊ ထိုတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေ၊ မဂ်ဉာဏ်တွေ, ဖိုလ်ဉာဏ်တွေ စသည်ဖြင့် သိသင့်သိထိုက်တဲ့ တရားတွေကို သစ္စာလေးပါး တရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။ ဒါကို အဓိဂမသုတလို့ ခေါ်တယ်၊ ကျင့်သိ။ ဒါကြောင့် သင်သိ၊ ကျင့်သိ ဒီလို အသိနှစ်မျိုးဖြင့် သိနေတဲ့ ပုဂ္ဂိုလ်တွေကို ဗဟုဿုတရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် ဦးဆောင်နေတဲ့ တစ်ဘက် သူတော်ကောင်းအုပ်စုကို လှမ်းကြည့်လိုက်တော့ ဒီလို ဗဟုဿုတတွေနဲ့ ပြည့်စုံနေတယ်။

အေး... အရှင်ဒေဝဒတ်တို့ အုပ်စုဘက်ကို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါကျတော့ အပ္ပသုတ ဗဟုဿုတတွေ သိပ်နည်းကြတယ်။ ဗဟုဿုတတွေ သိပ်များနေမယ်ဆိုရင်, ယုံကြည်ချက် သဒ္ဓါတရားတွေ သိပ်အားကောင်းမယ်ဆိုရင်, ရှက်တတ်မယ် ကြောက်တတ်မယ်ဆိုရင် ဘုရားရှင်ကို ကျောက်မောင်းဆင်ပြီးတော့ သတ်တဲ့ အဆင့်အထိ ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။

နောက်တစ်ခု - တစ်ဘက် ပြန်ကြည့်လိုက်... အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် အစရှိတဲ့ သူတော်ကောင်း အုပ်စုဘက်ကို လှမ်းကြည့်လိုက်တဲ့ အခါကျတော့ ဥပဋ္ဌိတဿတိ - ထင်လင်းတဲ့ သတိရှိတယ်။

ဘယ်လို ထင်လင်းတဲ့သတိ ရှိသလဲလို့မေးရင်... ရုပ်တွေကို အချိန်မရွေး ပြန်ရှု၊ ရုပ်တွေကို ရှုလို့ရတယ်။ နာမ်တွေကို အချိန်မရွေး ပြန်ရှု ပြန်ရှုလို့ ရတယ်။ ထင်လင်းတဲ့သတိ ရှိတယ်။ အကြောင်းတရားနဲ့ အကျိုးတရားတွေကို အချိန်မရွေး ပြန်ရှု၊ ပြန်ရှုလို့ ရတယ်။ ထင်လင်းတဲ့သတိ ရှိတယ်။ အားကောင်းတယ်။ အကြောင်းတရားတွေနဲ့တကွ ဒီရုပ် ဒီနာမ်တို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ပြန်ရှုကြည့် ရှုလို့ရတယ်။ ထင်လင်းတဲ့သတိတွေ ရှိနေတယ်။ အေး... တစ်ဘက်က အရှင်ဒေဝဒတ်တို့ အုပ်စုကို လှမ်းကြည့်လိုက်တော့ မုဋ္ဌသတိ - သတိတွေက သိပ်လက်လွတ်နေတယ်။ အားမကောင်းဘူး။

နောက်တစ်ခု - အရှင်သာရိပုတ္တရာ ဦးဆောင်တဲ့ တပည့်တွေ မထေရ်မြတ်ကြီးတွေ အုပ်စုကို လှမ်းကြည့်လိုက်တော့ ပညာဝံသ - သမ္မာဒိဋ္ဌိဉာဏ်ပညာတွေနဲ့ ပြည့်စုံကုံလုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်၊ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်၊ နိရောဓသစ္စာကို ထိုးထွင်းသိမြင်တဲ့ သမ္မာဒိဋ္ဌိဉာဏ်၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်။ ဒီသမ္မာဒိဋ္ဌိဉာဏ်တွေနဲ့ ပြည့်စုံကုံလုံနေတဲ့ သူတော်ကောင်းအုပ်စု ဖြစ်ပြန်တယ်။

အရှင်ဒေဝဒတ်တို့ အုပ်စုကို တစ်ဖန် ပြန်ပြီး လှမ်းကြည့်လိုက်တော့ ဒုက္ခည - ဒုက္ခသစ္စာ သိတဲ့ဉာဏ်လည်း မရှိကြဘူး၊ သမုဒယသစ္စာ သိတဲ့ဉာဏ်လည်း မရှိကြဘူး၊ နိရောဓသစ္စာကို သိတဲ့ဉာဏ်လည်း မရှိကြဘူး၊ မဂ္ဂသစ္စာကို သိတဲ့ဉာဏ်လည်း မရှိကြဘူး။ ကြားတော့ ကြားဖူးရင် ကြားဖူးကြလိမ့်မယ်။ ဘာဖြစ်လို့လဲ? သာသနာဘောင်ထဲ ဝင်ရောက်ပြီး ရှင်ရဟန်းပြုနေတော့ သစ္စာလေးပါးတရားကိုတော့ ကြားဖူးရင် ကြားဖူးမှာပေါ့။ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်တော့ မရှိကြဘူး။ ဒါကြောင့် သူတို့က ပါပိစ္ဆ၊ ယုတ်မာတဲ့အလို အဇ္ဈာသယဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။

တစ်ဖက်ကို ကြည့်လိုက်တော့ မွန်မြတ်တဲ့ အတွင်းအဇ္ဈာသယ ဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဒါကို ကြည့်ပြီးတော့ ဘုရားရှင်က ဒီသုတ္တန်လေးကို ဟောတယ်နော်။ ဒါကြောင့်...

‘‘ဧတရဟိပိ ခေါ, ဘိက္ခဝေ, ပစ္စုပ္ပန္နံ အဒ္ဓါနံ ဓာတုသောဝ သတ္တာ သံသန္ဒန္တိ သမေန္တိ။ ဟီနာဓိမုတ္တိကာ ဟီနာဓိမုတ္တိကေဟိ သဒ္ဓိံ သံသန္ဒန္တိ သမေန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧတရေဟိ ခေါ ပစ္စုပ္ပန္နအဒ္ဓါနံ၊ ဤယခု ပစ္စုပ္ပန်အဓွန့် အချိန်အခါ ကာလ၌လည်းပဲ။ သတ္တာ၊ သတ္တဝါ-တို့သည်။ ဓာတုသောဝ၊ ဓာတ်သဘောအားဖြင့်သာလျှင် (ဝါ) ဓာတ်တူ-အချင်းချင်းသာလျှင်။ သံသန္ဒန္တိ၊ နှီးနှောမိကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေကြလေကုန်၏၊

ဟီဏာဓိမုတ္ထိကာ၊ ယုတ်ညံ့တဲ့ နှလုံးသွင်းအဇ္ဈာသယဓာတ်ခံရှိနေတဲ့ သတ္တဝါတို့သည်။ ဟီဏာဓိမုတ္ထိကေဟိ၊ ယုတ်ညံ့သော နှလုံးသွင်းအဇ္ဈာသယဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှောနေ-ကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေထိုင်ကြလေကုန်၏၊

ကလျာဏာဓိမုတ္တိကာ၊ မွန်မြတ်တဲ့ နှလုံးသွင်း-အဇ္ဈာသယဓာတ်ခံရှိနေတဲ့ သတ္တဝါတို့သည်။ ကလျာဏာဓိမုတ္တိကေဟိ၊ မွန်မြတ်သော နှလုံးသွင်းအဇ္ဈာသယဓာတ်ခံရှိနေတဲ့ သတ္တဝါ-တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သံသန္ဒန္တိ၊ နှီးနှော၍ နေကြလေကုန်၏၊ သမေန္တိ၊ ညီညွတ်ပေါင်းဆုံ၍ နေထိုင်ကြလေကုန်၏၊

ဒီလို ဟောလိုက်တယ်။ မှားလား၊ မှန်လား? မှန်နေတယ်။ ဒါကြောင့် ယုတ်ညံ့တဲ့ နှလုံးသွင်းအဇ္ဈာသယဓာတ်ခံရှိတဲ့ သတ္တဝါတစ်ဦး ဖြစ်ခဲ့ရင် ဘာဖြစ်မလဲ? ယုတ်ညံ့တဲ့ နှလုံးသွင်းအဇ္ဈာသယဓာတ်ခံ-ရှိနေတဲ့ သတ္တဝါတွေနဲ့ပဲ ပေါင်းမိမယ်။ လူမိုက်က လူမိုက်နဲ့ပဲ ပေါင်းမိလိမ့်မယ်။ မွန်မြတ်တဲ့ နှလုံးသွင်းအဇ္ဈာသယဓာတ်ခံ-ရှိနေတဲ့ သတ္တဝါတွေဟာ မွန်မြတ်တဲ့ နှလုံးသွင်းအဇ္ဈာ-သယဓာတ်ခံရှိနေတဲ့ သတ္တဝါတွေနဲ့ သွားပြီး ပေါင်းမိကြမယ်။ ဘာဖြစ်လို့လဲ? ဒီလို ပေါင်းမိစေတဲ့ ကံတွေကို ဒီ အတွင်းအဇ္ဈာသယဓာတ်ခံဖြင့် ထူထောင်ခဲ့ကြတယ်။

ဒါကြောင့် မိမိတို့ဟာ ခုအချိန်အခါမှာ ကံကို ထူထောင်နေတယ်လို့ ပြောရင် ပြောလို့မရဘူးလား? ပြောလို့ရတယ်။ နိဗ္ဗာန်ကို တာစူထားတယ် ဆိုပေမယ့်လို့ တစ်ကယ်တမ်း နိဗ္ဗာန် ယူကြမလားလို့မေးရင် ဘယ်လိုဖြေမလဲ? ဟင် မဟုတ်ဘူး ... ကျောင်းက ဖွင့်တော့မယ်၊ ဟုတ်တယ်၊ မဟုတ်လား? "ကျောင်းက ဖွင့်တော့မယ် ... ပြန်ရမယ်" ဆိုပြီး အကြောင်းပြပြီးတော့ ပြန်မယ့်ပုဂ္ဂိုလ်က ဒီထဲမှာ ဘယ်လောက်များနေလဲ? ကြည့်ပေါ့ ... သဘောက သဘောကနော်။ တကယ်ရမယ်ဆိုရင်တော့ ယူမယ် ဆိုပေမယ့်လို့ မယူနိုင်သေးတဲ့ ပုဂ္ဂိုလ်-တွေလည်း မရှိကြဘူးလား? ရှိနေပါတယ်။

ကဲ ... အဲဒီလို ရှိနေတဲ့ အချိန်အခါကျတော့ မိမိတို့ဟာ ကံကို ထူထောင်နေတဲ့ အခိုက်ကလေးတွေမှာ မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံလေးတွေ မိမိမှာ ရှိဖို့ မလို-ဘူးလား? လိုအပ်တယ်။ ဒီတော့ မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်ခံ ရှိချင်တယ်ဆိုရင် မိမိတို့က ဘာလုပ်ကြမလဲ? မွန်မြတ်တဲ့ နှလုံးသွင်း အဇ္ဈာသယဓာတ်တွေ ကိန်းဝပ်လာအောင် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို မိမိတို့ ပြုပြင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဒါကြောင့် ဘုရားရှင်က ...

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံစိတ္တံ ပစ္စဝက္ခိတဗ္ဗံ၊ ဒီဃရတ္တံ စိတ္တံ သံကိလိဿံ ရာဂေန ဒေါသေန မောဟေနာတိ စိတ္တသံကိလေသာ ဘိက္ခဝေ စိတ္တသံကိလိဿန္တိ စိတ္တဝေါဒါနံ သတ္တာ ဝိသုဇ္ဈန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤ သာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်-သမီးတို့သည်။ သကံ စိတ္တံ၊ မိမိတို့ရဲ့စိတ်ကို။ ဣဒံ စိတ္တံ၊ ဤ ငါတို့ရဲ့စိတ်သည်။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ပတ်လုံး။ ရာဂေန၊ ရာဂကြောင့်။ ဒေါသေန၊ ဒေါသကြောင့်။ မောဟေန၊ မောဟကြောင့်။ သံကိလိဿန္တိ၊ ညစ်နွမ်း၍ နေရပေသည်ဟူ၍။ အဘိက္ခဏံ၊ မကြာခဏ အမြဲမပြတ်။ ပစ္စဝက္ခိတဗ္ဗံ၊ ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ စိတ္တသံကိလေသာ၊ စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ သံကိလိဿန္တိ၊ ညစ်နွမ်းကြရကုန်၏၊ စိတ္တဝေါဒါနံ၊ စိတ်ဖြူစင် သန့်ရှင်းခြင်း-ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ၊ စင်ကြယ်ကြရလေကုန်၏၊

ဒီလို ဘုရားဟောထားတယ်နော် - ဒါကြောင့် မိမိတို့ရဲ့ စိတ်ကလေးကို မိမိတို့ အမြဲမပြတ် ဆင်ခြင်ပြီးတော့ "ငါတို့ရဲ့ စိတ်ဟာ ရာဂကြောင့် ညစ်နွမ်း နေရတယ်။ ဒေါသကြောင့် ညစ်နွမ်းနေရတယ်။ မောဟကြောင့် ညစ်နွမ်းနေရတယ်" ။ ဒီလို ညစ်နွမ်းနေခဲ့ရင် ဘာဖြစ်မလဲ? စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ်နွမ်းကြရမယ်၊ ပင်ပန်းကြရမယ်၊ ဆင်းရဲကြရမယ်။ စိတ်-ဓာတ်တွေ ဖြူစင်သန့်ရှင်းခဲ့ရင် သတ္တဝါတွေ ဖြူစင်သန့်ရှင်းကြလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ စိတ်ကို မိမိတို့ မကြာခဏ ဆင်ခြင်ပေးပါ ဆိုပြီးတော့ ဘုရားရှင်က တိုက်တွန်းထားတယ်။

ဆင်ခြင်လိုက်တဲ့အခါမှာ ... "ငါ့ရဲ့ စိတ်ဓာတ်တွေဟာ ဒီ ရာဂ၊ ဒေါသ၊ မောဟတွေကြောင့် ညစ်နွမ်းနေရပြီ" ဆိုပြီး သိတဲ့အခါမှာ ဖြူစင်သန့်ရှင်းကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်-လိုတဲ့ စိတ်ဓာတ်ရဲ့စွမ်းအားတွေ ထိုအချိန်အခါမှာ ထွက်ပေါ်လာ-ပါလိမ့်မယ်။ မိမိကိုယ်တိုင်ကို မိမိပြန်ပြီး ဆန်းစစ်ကြည့်တယ်။ ယုတ်ညံ့တဲ့ အတွင်းအဇ္ဈာသယဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်ပဲလို့ မိမိကိုယ်ကို မိမိသိတယ်ဆိုရင် ဒါဟာ အဆင့်အတန်း နည်းနည်းတော့ မြင့်မသွားဘူးလား? မြင့်သွားတယ်။ ယုတ်ညံ့တဲ့ အတွင်းအဇ္ဈာသယဓာတ်ခံရှိနေပါလျက် "ငါဟာ ယုတ်ညံ့တဲ့ အတွင်း-အဇ္ဈာသယဓာတ်ခံရှိတဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ ငါဟာ မွန်မြတ်တဲ့ အ-တွင်းအဇ္ဈာသယဓာတ်ခံရှိတဲ့ ပုဂ္ဂိုလ်သာဖြစ်ပါတယ်" လို့ ကိုယ့်ကိုယ်ကို လှည့်ဖြားလိုက်ပြီဆိုရင် ထိုပုဂ္ဂိုလ်သည် သံသရာတစ်ခွင်မှာ ညစ်နွမ်းရတဲ့ ပုဂ္ဂိုလ်ဖြစ်မသွားဘူးလား? ဖြစ်သွားပြီ။ အဆင့် သိပ်နိမ့်သွားပြီ။

ဒါကြောင့် ကိုယ့်အကြောင်းလေးကို ကိုယ် ကျကျနန နားလည်ထားဖို့အတွက် ဘုရားရှင်က မိမိတို့ရဲ့ စိတ်ကို မိမိတို့ ခဏခဏ ဆင်ခြင်ပေးကြစမ်းပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်။ ဘာဖြစ်လို့လဲ? သနားလွန်းလို့၊ သနား-လွန်းလို့နော်။ စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေက ညစ်နွမ်းသွားကြရမယ်။ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းမှသာလျှင် သတ္တဝါတွေဟာ ဖြူစင် သန့်ရှင်းသွားကြမယ်။

ဒီတော့ ဒီစိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းရေးအတွက် ဘာလုပ်ရမလဲ? လူမိုက်ကို မမှီဝဲပါနဲ့၊ မဆည်းကပ်ပါနဲ့။ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲပါ၊ ဆည်းကပ်ပါ။ ဒီလို ဘုရားရှင်က တိုက်တွန်းထားတယ်။ တစ်ချက်နော် - ပူဇော်သင့်ပူဇော်ထိုက်တဲ့ သူတော်ကောင်းတွေကို ပူဇော်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်။ ဒီနေရာမှာ ဦးပဉ္စင်းတို့ ဘုရားရှင်က သေဝိတဗ္ဗသုတ္တန် ဆိုပြီး မှီဝဲသင့်မှီဝဲထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဘုရားရှင်ဟောထားတဲ့ သုတ္တန်လေးတစ်ခု ရှိပါတယ်နော်။ ဒီည အဲဒီသုတ္တန်လေးကို ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ် -

တယောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

ချစ်သားရဟန်းတို့ ... လောကမှာ ပုဂ္ဂိုလ်သုံးမျိုး ထင်ရှားရှိကြတယ်။ ဘယ်လို ပုဂ္ဂိုလ်တွေလဲ?

အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ န သေဝိတဗ္ဗော၊ မမှီဝဲသင့်၊ မမှီဝဲထိုက်သော။ န ဘဇိတဗ္ဗော၊ မချဉ်းကပ်သင့်၊ မချဉ်းကပ်ထိုက်သော။ န ပယိရုပါသိတဗ္ဗော၊ မဆည်းကပ်သင့်၊ မဆည်းကပ်ထိုက်သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အတ္ထိ၊ ရှိပေ၏၊

ချစ်သားရဟန်းတို့ ... လောကမှာ မမှီဝဲသင့်တဲ့၊ မချဉ်းကပ်သင့်တဲ့၊ မဆည်းကပ်သင့်တဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်။ မရှိဘူးလား? ရှိတယ်နော် -

အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သေဝိတဗ္ဗော၊ မှီဝဲသင့်၊ မှီဝဲထိုက်သော။ ဘဇိတဗ္ဗော၊ ချဉ်းကပ်သင့်၊ ချဉ်းကပ်ထိုက်သော။ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်သင့်၊ ဆည်းကပ်ထိုက်သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်လည်းပဲ။ အတ္ထိ၊ ရှိပါပေ၏၊

ချစ်သားရဟန်းတို့ ... လောကမှာ မှီဝဲသင့်၊ မှီဝဲထိုက်တဲ့ ပုဂ္ဂိုလ်၊ ချဉ်းကပ်သင့်၊ ချဉ်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်၊ ဆည်းကပ်သင့်၊ ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလည်း လောကမှာ ရှိကြပါတယ်။ ဒါက တစ်ဦး။ နောက်တစ်ဦးကတော့ ဘယ်လိုလဲ?

အတ္ထိ, ဘိက္ခဝေ, ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သက္ကတွာ၊ အရိုအသေပြု၍။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ သေဝိတဗ္ဗော၊ မှီဝဲသင့်၊ မှီဝဲ-ထိုက်သော။ ဘဇိတဗ္ဗော၊ ချဉ်းကပ်သင့်၊ ချဉ်းကပ်ထိုက်သော။ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်သင့်၊ ဆည်းကပ်ထိုက်သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်လည်းပဲ။ အတ္ထိ၊ ရှိပေ၏၊

ချစ်သားရဟန်းတို့ ... လောကမှာ အရိုအသေ အလေးအမြတ်-ပြုပြီးတော့ မှီဝဲသင့်၊ မှီဝဲထိုက်တဲ့၊ ချဉ်းကပ်သင့်၊ ချဉ်းကပ်ထိုက်တဲ့၊ ဆည်းကပ်သင့်၊ ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလည်း လောကမှာ ရှိပါတယ်။

အဲဒီ ပုဂ္ဂိုလ်သုံးမျိုးကို မြတ်စွာဘုရားက ထပ်ပြီး အကျယ်ချဲ့ပြီး ဟောပေးတယ် -

ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော?

ချစ်သားရဟန်းတို့ ... ဘယ်လို ပုဂ္ဂိုလ်တွေဟာ မမှီဝဲသင့်၊ မမှီဝဲထိုက်တဲ့ ပုဂ္ဂိုလ်လဲ? မချဉ်းကပ်သင့်၊ မချဉ်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်လဲ? မဆည်းကပ်သင့်၊ မဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်လဲ?

ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဟီနော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော အညတြ အနုဒ္ဒယာ အညတြ အနုကမ္ပာ။

ကောင်းလိုက်တဲ့ ညွှန်ကြားချက်ကလေး ရိုးရိုးလေးပါနော်။ အကယ်-၍များ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဒီညွှန်ကြားချက်ကလေး လိုက်နာနိုင်မယ် ဆိုရင်ပေါ့လေ မိမိတို့ရဲ့ ဘဝတွေဟာ သိပ်ပြီး အလွန် အဆင့်အတန်း မြင့်မားသွားလိမ့်မယ်လို့ ဘုန်းကြီးက ယုံကြည်ပါတယ်နော်။ ဘာပြောလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤလူ့လောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်တို့သည်ကား။ သီလေန၊ သီလဂုဏ်ကျေးဇူးအားဖြင့်။ သမာဓိယာ၊ သမာဓိ ဂုဏ်ကျေးဇူးအားဖြင့်။ ပညာယ၊ ပညာ ဂုဏ်ကျေးဇူးအားဖြင့်။ ဟီနော၊ ယုတ်ညံ့လျက် ရှိသည်။ ဟောတိ၊ ဖြစ်၏၊

ပုဂ္ဂိုလ်တစ်ယောက် လောကမှာ ကြည့်လိုက်ပါ။ ကိုယ်ကျင့်သီလအားဖြင့်လည်း ယုတ်ညံ့တယ်၊ သမာဓိဘက်က ကြည့်ရင်လည်း ယုတ်ညံ့နေတယ်၊ ပညာဘက် ကြည့်ရင်လည်း ယုတ်ညံ့တယ်၊ မရှင်းဘူးလား? ရှင်းရှင်းလေးပါ။ သီလဘက်က ကြည့်ရင် ယုတ်ညံ့တယ်ဆိုတာက ဘာပြောတာလဲ?

ကဲ ... နည်းနည်းလေး ထပ်ပြီး ဘုန်းကြီးပြောမယ်။ သူ့အသက်သတ်နေတဲ့ ပုဂ္ဂိုလ်၊ ဒါ သီလအားဖြင့် ယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်လို့ မပြော-နိုင်ဘူးလား? ပြောနိုင်တယ်။ သူ့ပစ္စည်း မတရားယူနေတဲ့ ပုဂ္ဂိုလ်၊ ဒါ သီလအားဖြင့် ယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်ပဲ။ သူ့သားမယားတွေ ဖျက်ဆီးနေတဲ့ပုဂ္ဂိုလ်၊ ဒါ သီလအားဖြင့် ယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ မုသားတွေ သွက်သွက်လက်လက်ကလေး ပြောနေတယ်။ နှုတ်ခမ်းကလေး ပျားရည်ဆမ်းပြီးတော့ပေါ့နော်။ ချိုချိုသာသာလေးနဲ့ မုသားပြောတယ်။ ဒါ သီလအားဖြင့် ယုတ်ညံ့နေတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒီစကား ဟိုပို့လိုက်၊ ဟိုစကား ဒီပို့လိုက် ပိသုဏဝါစာ လို့ ခေါ်ဆိုအပ်တဲ့ ကုန်းတိုက်စကားတွေကို ချိုချိုသာသာလေးနဲ့ ပြောနေတယ်။ ပြောလိုက်တာမှ ဘာပြောလဲ?

"ကိုယ့်လူမို့လို့ ကိုယ်က သိသင့်သိထိုက်လို့ ပြောတာနော် ... ကိုယ်က သူများအကြောင်း ပြောတတ်တဲ့ ပုဂ္ဂိုလ်အစား မဟုတ်ဘူး ..." တဲ့။ ဟော ... ဒါလေးက အဆစ်မပါဘူးလား? သီလရှင်တွေ ရယ်နေတယ်။ သီလရှင်တွေ ဒီလိုတော့ ပြောတတ်တယ်နဲ့ တူတယ်။ ဟုတ်သလား? ဟင် ...

"ကိုယ်က သူများအကြောင်း ပြောတတ်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်လူမို့လို့ သိသင့်သိထိုက်လို့ ပြောတာပါ ..." ဆိုပြီး ဒီလို အဆစ်ကလေးထည့်ပြီးတော့ သူက ကုန်းတိုက်တဲ့ စကားပြောတယ်။ ဒီလိုဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးဟာ သီလအားဖြင့် ယုတ်ညံ့နေတဲ့ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

ဒီလို အခြေခံ ကိုယ်ကျင့်သီလလေးတွေဟာ ခုလိုပေါ့လေ ...-မ,တစ်ထောင်သားတွေ စုပေါင်းပြီး နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ အလွန် အရေးကြီးပါတယ်။ ဒီလို ကိုယ်ကျင့်သီလ အခြေခံအောက်ခြေဖြစ်တဲ့ ကိုယ်ကျင့်သီလတွေကို မလိုက်နာဘူးဆိုရင် အဲဒီ လူ့အဖွဲ့အစည်းဟာ ချမ်းချမ်းသာသာ နေထိုင်ရပါ့မလား? ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါ အခြေခံ လိုက်နာရမယ်ဆိုပြီး ဘုရားရှင် သတ်မှတ်ပေးထားတဲ့ စည်းကမ်းပဲ။ ဘုန်းကြီး သတ်မှတ်ပေးတဲ့ စည်းကမ်း ဟုတ်သလား? မဟုတ်ပါဘူးနော်။

နောက်တစ်ခု - ဖရုဿဝါစာ၊ ကြမ်းတမ်းတဲ့စကား မပြောရဘူး။ ဘုရားက သတ်မှတ်ပေးထားတယ်။ ပုဂ္ဂိုလ်တစ်ဦးက ကြမ်းတမ်းတဲ့ စကားတွေကို သူက ပြောနေပြီဆိုရင် - ဒါ သီလအားဖြင့် ယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်လို့ မပြောရဘူးလား? ပြောရမယ်။ ပြိန်ဖျင်းတဲ့စကားတွေ မပြောရဘူး။ အနှစ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့စကား မပြောရဘူး။ ဘုရားက ပညတ်ထားတယ်။ အကယ်၍ ပုဂ္ဂိုလ်တစ်ယောက်က အနှစ်မရှိတဲ့စကား၊ ပြိန်ဖျင်းတဲ့စကား-တွေကို ပြောနေပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ သီလအားဖြင့် ယုတ်ညံ့တဲ့ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

အဘိဇ္ဈာ၊ သူတစ်ပါးပစ္စည်း မတရားသော နည်းလမ်းအားဖြင့် ရရှိဖို့ရန်အတွက် ကြံစည်စိတ်ကူးနေတယ်။ ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်ဟာ သီလအားဖြင့် ယုတ်ညံ့နေပြီလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သတ္တဝါတွေအပေါ်မှာ သေကျေပျက်စီးဖို့ရန် ကြံစည်စိတ်ကူးနေတယ်။ "တောက် ... ဒီကောင်-တော့ ငါ သတ်ပစ်လိုက်ချင်တယ်" ဟော ... မဖြစ်ဘူးလား? ဖြစ်တယ်။ "ဒီကောင်ကို ငါက အပြီး သတ်ပစ်လိုက်ချင်တယ်" ဟော ... မဖြစ်ဘူးလား? ဖြစ်တယ်။ ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်သည် သီလအားဖြင့် ယုတ်ညံ့နေတဲ့-ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပြီ။ မိစ္ဆာဒိဋ္ဌိ မှားတဲ့ ခံယူချက်တွေ ရှိနေပြီ။ မှားတဲ့ ခံယူချက်တွေ ရှိနေရင် ဒီပုဂ္ဂိုလ်ဟာ သီလအားဖြင့် ယုတ်ညံ့တဲ့ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပြီ။

နောက်တစ်ခု - သမာဓိပိုင်း ကြည့်လိုက်ဦး ... ပုဂ္ဂိုလ်တစ်ယောက်ကို သမာဓိ ရှိတယ်၊ မရှိဘူးဆိုတာက ဆွေးနွေးကြည့်ရင်လည်း သိနိုင်တယ်။ မြင်ရင်လည်း အထိုက်အလျောက် အကဲခတ်တတ်တဲ့ပုဂ္ဂိုလ်များ မသိနိုင်ဘူးလား? သိနိုင်ပါတယ်နော်။ ဆွေးနွေးကြည့်တယ်ဆိုတာက သမာဓိစခန်းကို ဘယ်လို ထူထောင်ရမလဲလို့ သူ့ကို ချဉ်းကပ်ပြီး ကိုယ်က လေ့လာကြည့်-လိုက်တဲ့ အချိန်အခါမှာ သမာဓိစခန်းကို ထူထောင်ပုံ နည်းစနစ်တွေကို သူက ညွှန်ကြားပြသနိုင်တဲ့ စွမ်းအင်မရှိရင် သမာဓိအားဖြင့် ဒါ ယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

ပညာကျင့်စဉ် ကြည့်ပေါ့ ... ပညာကို သမ္မာဒိဋ္ဌိ လို့ ခေါ်ပါတယ်။ အတူတူပဲနော်။ ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ။ အေး ... ဒုက္ခသစ္စာက ဘာလဲ? သူ့ကို မေးကြည့်ရင် ဘယ်လို ဖြေမလဲ? တစ်ချို့-တစ်ချို့ ပြောတာ ကြားဘူးပါတယ်။ ဘုန်းကြီးတို့ မှန်တယ်လို့ ဘုန်းကြီး မဆိုလိုပါဘူး။ သူများတွေ ပြောတဲ့စကား ကြားဘူးတာပါ။ "ခန္ဓာဆိုတဲ့အတိုင်း ခံရတာပဲ" တဲ့ ဟော ... ဟုတ်သလား? ဟင် ... ခန္ဓာဆိုတဲ့အတိုင်း ခံရတာထက် သူနားလည်တဲ့ခန္ဓာက ဒုက္ခသစ္စာက သူက ဒီပုံစံဖြစ်နေတယ်။ ဒီတော့ တကယ့် ဒုက္ခသစ္စာက ဘာတဲ့လဲ?

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

အကျဉ်းချုပ်အားဖြင့် ပြောမယ် ... လိုရင်းတိုရှင်း ပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားလို့ ဒီလို ဘုရားက ဟောတယ်။ သူနားလည်တဲ့ ခန္ဓာက ဘယ်လိုဖြစ်နေလဲ? "ခန္ဓာဆိုတဲ့အတိုင်း ခံရတာပဲဘုရား ..." တဲ့။ ဟုတ်သလား? မဟုတ်ဘူးနော်။ ဒါကြောင့် သူက
ew43jk9bwt8ki7yexp9eab6g4gfjy0k မင်္ဂလသုတ်-၂၃/၉၇ 0 6246 21881 2026-04-14T05:39:12Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၂..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21881 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၂/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၄/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၂၃

ကဲ ... ညက ဒုက္ခသစ္စာနဲ့ ပတ်သက်တဲ့အပိုင်း ပြောနေပါတယ်နော်။ ဒုက္ခသစ္စာက ဘာကို ဒုက္ခသစ္စာ ခေါ်သလဲ? သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ဆိုတဲ့အတိုင်း အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား။ ထို ဒုက္ခသစ္စာတရားကို ခုနက သိနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိတယ်။ မသိတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိတယ်နော်။ ဒီတော့ မသိတဲ့ ပုဂ္ဂိုလ်ကို မိမိက သွားပြီး မှီဝဲဆည်းကပ်မယ်ဆိုရင် ထိုပုဂ္ဂိုလ်ထံမှ မိမိဟာ ဒုက္ခသစ္စာနဲ့ ပတ်သက်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ မိမိ ရရှိနိုင်ပါ့မလား? မရရှိနိုင်ဘူးနော်။ ဒါကြောင့် ဒီနေရာမှာ ဘုရားရှင်က နည်းနည်းလေး စကားပြန်ပြီး စပ်ကြည့်ရအောင် ...

ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော ဟီနော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော အညတြ အနုဒ္ဒယာ အညတြ အနုကမ္ပာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤသာသာနာတော်မြတ်အတွင်း၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်တို့သည်။ သီလေန၊ သီလဂုဏ်ကျေးဇူးအားဖြင့်။ ဟီနော၊ ယုတ်ညံ့လျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊ သမာဓိယာ၊ သမာဓိ ဂုဏ်ကျေးဇူးအားဖြင့်။ ဟီနော၊ ယုတ်ညံ့လျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပညာယ၊ ပညာ ဂုဏ်ကျေးဇူးအားဖြင့်။ ဟီနော၊ ယုတ်ညံ့လျက် ရှိသည်။ ဟောတိ၊ ဖြစ်၏၊

ပုဂ္ဂိုလ်တစ်ဦးကို မိမိက ချဉ်းကပ်တော့မယ် ဆိုရင်ပေါ့နော် - ထိုပုဂ္ဂိုလ်ကို သွားပြီး စစ်ဆေးကြည့်လိုက်တဲ့ အချိန်အခါမှာ သီလဂုဏ်ကျေးဇူးအားဖြင့်လည်း ယုတ်ညံ့နေတယ်။ သမာဓိ ဂုဏ်ကျေးဇူးတွေကလည်း ယုတ်ညံ့နေတယ်။ သူ့ကို အကြောင်းပြုပြီး မိမိမှာ ဆည်းကပ်လိုက်တော့ မိမိမှာ သီလဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်လာနိုင်ပါ့မလား? မလာနိုင်ဘူး။ သမာဓိဂုဏ်ကျေးဇူးတွေလည်း ကြီးပွားတိုးတက်လာနိုင်ပါ့မလား? မလာနိုင်ဘူး။

နောက်တစ်ခု - သူ့ကြည့်လိုက်တော့ ပညာအားဖြင့်လည်း ယုတ်လျော့နေတယ်။ ဒုက္ခသစ္စာကို သိတဲ့ဉာဏ် သူ့မှာ မရှိဘူး။ သမုဒယသစ္စာကို ထွင်းဖောက်သိနေတဲ့ဉာဏ်ပညာ သူ့မှာ မရှိဘူး။ နိရောဓသစ္စာကို သိနေတဲ့ဉာဏ်ပညာလည်း မရှိဘူး။ နိရောဓခေါ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာကို ထိုးထွင်းသိမြင်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာကလည်း မရှိပြန်ဘူးနော်။ ပညာဂုဏ်အားဖြင့် ယုတ်လျော့နေတယ်။ အဲဒီလို ယုတ်လျော့နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို မိမိက သွားပြီး မှီဝဲဆည်းကပ်ခဲ့ရင် မိမိမှာ ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေ ရရှိနိုင်ပါ့မလား? မရရှိနိုင်ဘူး။ သမုဒယသစ္စာကို ထွင်းဖောက်သိမြင်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေကော ရရှိနိုင်ပါ့မလား? မရရှိနိုင်ဘူးနော်။ နိရောဓခေါ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားတွေကို ထွင်းဖောက်သိမြင်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေကော ရရှိနိုင်ပါ့မလား? မရရှိနိုင်ဘူး။ မရရှိနိုင်တဲ့အတွက် ဘုရားရှင်က ဘာဟောလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝရူပေါ ပုဂ္ဂလော၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။

ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ? သီလ ဂုဏ်ကျေးဇူးအားဖြင့် ယုတ်ညံ့နေတဲ့ပုဂ္ဂိုလ်၊ သမာဓိဂုဏ်ကျေးဇူးအားဖြင့် ယုတ်ညံ့နေတဲ့ပုဂ္ဂိုလ်၊ ပညာဂုဏ်ကျေးဇူးအားဖြင့် ယုတ်ညံ့နေတဲ့ပုဂ္ဂိုလ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘာဖြစ်လဲ?

အနုဒ္ဒယာ၊ ကြင်နာသနားခြင်းကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ အနုကမ္ပါ၊ အစဉ်သနားစောင့်ရှောက်ခြင်းကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ ဧဝရူပေါ ပုဂ္ဂလော၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ န သေဝိတဗ္ဗော၊ မမှီဝဲအပ်။ န ဘဇိတဗ္ဗော၊ မဆည်းကပ်အပ်။ န ပယိရုပါသိတဗ္ဗော၊ မချဉ်းကပ်အပ်။

အဲဒီလို ပုဂ္ဂိုလ်မျိုးကို မှီဝဲပေါင်းသင်း ဆက်ဆံခြင်း မလုပ်ပါနဲ့။ ဒီလို ဘုရား တိုက်တွန်းထားတယ်။ ဘာဖြစ်လို့လဲ? မိမိမှာ ဒီပုဂ္ဂိုလ်ကို သွားပြီး မှီဝဲဆည်းကပ်ခြင်းတည်းဟူသော အကြောင်းကြောင့်၊ ချဉ်းကပ်ခြင်းတည်းဟူသော အကြောင်းကြောင့် အဆင့်အတန်း မြင့်မားနေတဲ့ သီလ ဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်မှုကော ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

သို့သော် ... ဒီပုဂ္ဂိုလ်ကို မိမိက ဂရုမစိုက်ရဘူး - ဒီလိုတော့ ဘုရား မဆိုလိုပါဘူးနော်။ သူ့ကိုတော့ သနားကြင်နာမှု၊ အစဉ် သနားစောင့်ရှောက်မှု ဆိုတာတော့ ပေးသင့်ပါတယ်။ "ဒီလို ပုဂ္ဂိုလ်ဟာ သီလ ဂုဏ်ကျေးဇူးအားဖြင့် ယုတ်ညံ့နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒင်း ... ငါ ဘယ်လိုမှ မဆက်ဆံချင်ဘူး" ဆိုပြီး ရှောင်ဖယ်နေရမယ့်ပုံစံ မဆိုလိုပါဘူးနော်။ သူ့ကို သနားကြင်နာသင့်တယ်။ အစဉ်သနားစောင့်ရှောက် ပေးသင့်တယ်။ ဘယ်လို စောင့်ရှောက် ပေးရမလဲ?

သီလဂုဏ်ကျေးဇူးတွေ အဆင့်အတန်း မြင့်မားလာအောင်၊ သမာဓိဂုဏ်ကျေးဇူးတွေ အဆင့်အတန်း မြင့်မားလာအောင်၊ ပညာဂုဏ်ကျေးဇူးတွေ အဆင့်အတန်း မြင့်မားလာအောင် မိမိက သနားစောင့်ရှောက်ပေးရမယ်။ သူ့ကို ကဲ့ရဲ့နေရမယ်၊ ရှုတ်ချနေရမယ်၊ အပြစ်ပြောနေရမယ်၊ အတင်း ပြောနေရမယ်၊ အဖျင်း ပြောနေရမယ် - ဟုတ်သလား? အဲဒီလို ကဲ့ရဲ့ရှုတ်ချ၊ အတင်းပြော၊ အဖျင်းပြောနေတာ သူတော်ကောင်းတို့ရဲ့ စိတ်ထား, သူတော်ကောင်းတို့ရဲ့ လုပ်ငန်းခွင်မျိုး ဟုတ်ကော ဟုတ်သလား? မဟုတ်ဘူး။ ဒါ သတိထားကြ။

လောကမှာ လူတွေ ခဏတွေ့ကြတာ။ ဒီဘဝမှာ မိမိက သူတော်ကောင်း ဖြစ်ပေမယ့် တစ်ချိန်တုန်းက မိမိလည်း သူယုတ်မာ ဖြစ်ချင်ဖြစ်မှာပါ။ နောင်တစ်ချိန်လည်း သံသရာခရီးဆိုတာ မဆုံးသေးလို့ အကြောင်းမလှခဲ့ရင် မိမိလည်း သူယုတ်မာဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လို ပုဂ္ဂိုလ်တွေလဲ? ခိုင်မာတဲ့ သူတော်ကောင်းဓာတ် မိမိရဲ့ ရုပ်နာမ်အစဉ်မှာ မကိန်းဝပ်သေးဘူးဆိုရင် တစ်ချိန် သူယုတ်မာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။

အများဆုံး ထင်ရှားနေတဲ့ အရှင်ဒေဝဒတ်ကို ကြည့်ပါ။ သာမန်ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သင်္ချေ ပါရမီ ဖြည့်ရပါတယ်။ အရှင်ဒေဝဒတ်သည် နှစ်သင်္ချေဆိုတဲ့ ကမ္ဘာပေါင်းများစွာ ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ပါရမီ ဖြည့်ဆည်းခဲ့တဲ့ သူတော်ကောင်း၊ ဖြည့်ဆည်းထားပြီးဖြစ်တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ တစ်သင်္ချေ၊ တစ်သင်္ချေ ဆိုတာကို သင်္ချာကျမ်းဆရာတို့ရဲ့ အလိုအားဖြင့် ပြောရင်တော့ တစ်နောက်မှာ သုညအလုံး (၁၄၀) ရှိပါတယ်။ အဲဒီလောက် များပြားတဲ့ ကမ္ဘာပေါင်း နှစ်သင်္ချေတိုင်တိုင် သူဟာ ပစ္စေကဗောဓိဉာဏ် ရရှိဖို့ရန်အတွက် ပါရမီ ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။

ဒီလိုဆိုရင် ဒီသူတော်ကောင်းကြီးတစ်ဦးဟာ ရင့်ကျက်တဲ့ ပါရမီ အဆင့်ကို မရောက်သေးတော့ သူ ဘာဖြစ်သွားလဲ? ဘုရားရှင်အပေါ်မှာ မပြုသင့်, မပြုထိုက်တဲ့ လောဟိတုပ္ပါဒကကံ အစရှိတဲ့ သွေးစိမ်းတည်စေတဲ့ ကံတွေကို မထူထောင်ခဲ့ဘူးလား? ထူထောင်ခဲ့တယ်။ သံဃာသင်းခွဲခြင်းဆိုတဲ့ ကံတွေကို မထူထောင်ခဲ့ဘူးလား? ထူထောင်ခဲ့တယ်။ နှစ်သင်္ချေတိုင်တိုင် ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ပါရမီ ဖြည့်ထားတဲ့ သူတော်ကောင်းကြီးတောင်မှ တစ်ခါတစ်ရံ သူယုတ်မာဘဝကို ရောက်မသွားဘူးလား? ရောက်သွားတယ်။ ဒါ ... သတိထားကြ။ ဒါကြောင့် သူတစ်ပါးကို ကဲ့ရဲ့ ရှုတ်ချနေတဲ့ အချိန်အခါမှာ မိမိရဲ့သန္တာန်မှာ အကုသိုလ်တရား မတိုးပွားဘူးလား? တိုးပွားတယ်။

"ဒီကောင်မကွာ ... ငါ နည်းနည်းလေးမှ ကြည့်လို့မရဘူး။ ငါ မပြောချင်လို့သာ ငါ အသာ အောင့်နေလိုက်တာ" ဟော ... စိတ်ထဲမှာ အကုသိုလ်တရားတွေ တိုးပွားမသွားဘူးလား? တိုးပွားနေတယ်။ ဒါ မကောင်းဘူးနော်။ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဘုရားက ဒီမှာ ဟောထားပါတယ် ...

သူက သီလ ဂုဏ်ကျေးဇူးအားဖြင့် မိမိနဲ့ တိုင်းတာနည်း? သို့မဟုတ် သူတော်ကောင်းများနဲ့ တိုင်းတာ ကြည့်လိုက်တဲ့အခါ သီလ ဂုဏ်ကျေးဇူးအားဖြင့်လည်း ယုတ်လျော့နေတာ မှန်တယ်။ သမာဓိ ဂုဏ်ကျေးဇူးအားဖြင့်လည်း ယုတ်လျော့နေတာ မှန်တယ်။ ပညာ ဂုဏ်ကျေးဇူးအားဖြင့်လည်း ယုတ်ညံ့နေတာ မှန်တယ်။ ဒါပေမဲ့ သူ့ကို ကဲ့ရဲ့ရှုတ်ချရမလား? မကဲ့ရဲ့ရဘူး။ မရှုတ်ချရဘူး။ ဘာလုပ်ရမလဲ? ကြင်နာသနားပြီးတော့ စောင့်ရှောက် ပေးရမယ်။ ဒါက သူတော်ကောင်းတွေရဲ့ စိတ်ထားနော်။ ဘယ်လို ကြင်နာသနားပြီး စောင့်ရှောက်ပေးမလဲ မေးတော့ သူ့ရဲ့ သန္တာန်မှာ သီလဂုဏ်ကျေးဇူးတွေ မြင့်မားလာအောင်၊ သမာဓိဂုဏ်ကျေးဇူးတွေ မြင့်မားလာအောင်၊ ပညာဂုဏ်ကျေးဇူးတွေ မြင့်မားလာအောင် မိမိက သနားစောင့်ရှောက်ပေးပါ။ ဒါ သူတော်ကောင်းတို့ရဲ့ သဘောပဲနော်။ ကဲ ... အဲဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ မိမိက မှီဝဲဆည်းကပ်ခြင်း၊ သူ့ရဲ့ အဆုံးအမကို နာယူခြင်း ဆိုတာတော့ မပြုလုပ်ပါနဲ့။ ဒါတော့ တားမြစ်ထားတယ်နော်။ ဒါဖြင့် သူ့ကို မှီဝဲခြင်း၊ ဆည်းကပ်ခြင်း၊ သူ့ရဲ့ အဆုံးအမကို နာယူခြင်း မလုပ်ပေမယ့်လို့ သူ့အပေါ်မှာတော့ သနားစောင့်ရှောက်ပေးပါ။ ဒါကိုလည်း ဘုရားက တစ်ဖက်က တိုက်တွန်းထားပါတယ်နော်။ နောက်တစ်ခု -

ဒုတိယ ပုဂ္ဂိုလ်၊ ဘယ်လို ပုဂ္ဂိုလ်လဲ?

‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ကတမော စ ပုဂ္ဂလော၊ အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ သေဝိတဗ္ဗော၊ မှီဝဲထိုက်ပါသနည်း။ ဘဇိတဗ္ဗော၊ ချဉ်းကပ်ထိုက်ပါသနည်း။ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်ထိုက်ပါသနည်း။

ဘယ်လို ပုဂ္ဂိုလ်တွေကို မှီဝဲသင့်သလဲ? ချဉ်းကပ်သင့်သလဲ? ဆည်းကပ် သင့်သလဲ? ဘုရားရှင်က မေးခွန်းလေးထုတ်ပြီးတော့ ပြန်ဖြေထားတယ်။

ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော သဒိသော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤသာသာနာတော်မြတ်အတွင်း၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်တို့သည်။ သီလေန၊ သီလဂုဏ်ကျေးဇူးအားဖြင့်။ သမာဓိယာ၊ သမာဓိ ဂုဏ်ကျေးဇူးအားဖြင့်။ ပညာယ၊ ပညာ ဂုဏ်ကျေးဇူးအားဖြင့်။ သဒိသော၊ မိမိနှင့် တူညီလျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝရူပေါ ပုဂ္ဂလော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ သေဝိတဗ္ဗော၊ မှီဝဲသင့်, မှီဝဲထိုက်၏၊ ဘဇိတဗ္ဗော၊ ချဉ်းကပ်သင့်, ချဉ်းကပ်ထိုက်၏၊ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်သင့်, ဆည်းကပ်ထိုက်ပေ၏၊

ချစ်သားရဟန်းတို့ ... လောကမှာ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်တွေဟာ သီလဂုဏ်ကျေးဇူးအားဖြင့် မိမိနဲ့ တူညီလျက် ရှိတယ်။ သမာဓိ ဂုဏ်ကျေးဇူးအားဖြင့်လည်း မိမိနဲ့ ညီမျှလျက်၊ တူညီလျက် ရှိတယ်။ ပညာ ဂုဏ်ကျေးဇူးအားဖြင့်လည်း မိမိနဲ့ တူညီလျက် ရှိနေတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကျတော့ သင်ချစ်သားတို့ မှီဝဲပါ၊ ချဉ်းကပ်ပါ၊ ဆည်းကပ်ပါ။ ဘာကြောင့်လဲ?

တံ ကိဿ ဟေတု? သီလသာမညဂတာနံ သတံ သီလကထာ စ နော ဘဝိဿတိ, သာ စ နော ပဝတ္တိနီ ဘဝိဿတိ, သာ စ နော ဖာသု ဘဝိဿတိ။

တံ၊ ထိုကဲ့သို့ မှီဝဲချဉ်းကပ် ဆည်းကပ်ထိုက်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား ...

ဘယ်လိုကြောင့် မှီဝဲဆည်းကပ်သင့်သလဲ? ပေါင်းသင်းဆက်ဆံ သင့်သလဲ? အကြောင်းကတော့ ...

သီလသာမညဂတာနံ၊ သီလ ဂုဏ်ကျေးဇူးအားဖြင့် ညီမျှလျက် ရှိကြကုန်သော သူတော်ကောင်းတို့သည်။ သတံ၊ ဖြစ်ကြပါကုန်မူကား။ နော၊ ငါတို့အား။ သီလကထာ စ၊ သီလနှင့်စပ်သော တရားစကားသည်လည်း။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။ သာ စ၊ ထို သီလနှင့်စပ်သော တရားစကားသည်လည်းပဲ။ နော၊ ငါတို့အား။ ပဝတ္တိနီ၊ ကြီးပွားတိုးတက်ခြင်း၏ အကြောင်းတရားသည်။ ဘဝိဿတိ၊ ဖြစ်နိုင်ပေလိမ့်မယ်။ သာ စ၊ ထိုကြီးပွားတိုးတက်ခြင်းသည်လည်း။ နော၊ ငါတို့အား။ ဖာသု၊ ချမ်းသာခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

မိမိနဲ့ သီလချင်း တူညီနေပြီ။ သီလချင်း တူညီနေတဲ့ပုဂ္ဂိုလ် သူတော်ကောင်းအချင်းချင်း သွားပြီးတော့ မှီဝဲဆည်းကပ်လိုက်ပြီ။ ဆည်းကပ်လိုက်တဲ့အတွက် သီလချင်း တူညီနေတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဘာဖြစ်လာမလဲ? သီလနဲ့ စပ်တဲ့ တရားစကားတွေ ဖြစ်လာလိမ့်မယ်။ သီလနဲ့စပ်တဲ့ တရားစကားတွေ ဒီသူတော်ကောင်းတို့ရဲ့သန္တာန်မှာ ဖြစ်ပေါ်လာနေပြီ ဆိုလို့ရှိရင် သီလနဲ့ ဆက်စပ်နေတဲ့ ကြီးပွားတိုးတက်မှုတွေ မဖြစ်နိုင်ဘူးလား? ဖြစ်လာမယ်။ သီလနဲ့စပ်တဲ့ ကြီးပွားတိုးတက်မှု ဖြစ်ခဲ့ရင် ဒီသီလကုသိုလ် စေတနာတွေက ချမ်းသာသုခ အဝဝကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိလာလိမ့်မယ်။

"သီလတော သုခိတာ" ဆိုတဲ့အတိုင်း ကိုယ်ကျင့်သီလ ကောင်းမွန်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သံသရာခရီးတစ်ခွင်မှာ ကျင်လည်ရပြီဆိုရင် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်ဝမြဲ ဓမ္မတာပဲ။ သီလစင်ကြယ်တဲ့အတွက် ကျန်းမာရေးတွေက သိပ်ကောင်းတယ်။ ကိုယ်မှာ ချမ်းသာတယ်။ စိတ်ဓာတ်တွေလည်း ချမ်းသာနေတယ်။ ဒါကြောင့် ကိုယ်လည်း ချမ်းသာတယ်၊ စိတ်လည်း ချမ်းသာတယ် ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်တို့ရဲ့သန္တာန်တွေမှာ ကောင်းကျိုးချမ်းသာ မင်္ဂလာတွေသည် ကြီးပွားတိုးတက်ဖို့ရန် မဖြစ်နိုင်ဘူးလား? ဖြစ်လာပြီ။

ဒီတော့ သီလရှိနေတဲ့ပုဂ္ဂိုလ်နဲ့ မိမိတို့က တွေ့ဆုံတဲ့အခါမှာ ဘယ်စကား ပြောရမလဲ? ဟင် ... သီလကထာတဲ့။ ဘုရားက နည်းပေးထားတယ်။ သီလနဲ့စပ်တဲ့ တရားစကားပြောပါတဲ့။ သီလရှိတဲ့ သူတော်ကောင်း အချင်းချင်း တွေ့ကြပြီဆိုရင် ဘာလုပ်မလဲ? သီလနဲ့စပ်တဲ့ စကားပြောစမ်းပါ။ တခြား စကားတွေ ပြောရမလား? မပြောပါနဲ့။ ဒါက စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲ ပေးနေတာ။ ဘာအတွက်လဲ? ကြီးပွားတိုးတက်ရေးအတွက်ပဲ။ မိမိတို့ရဲ့ ကြီးပွားတိုးတက်ရေးအတွက်ကို ဘယ်သူလုပ်ရမလဲ? မိမိသာ လုပ်ရမယ်။ သူတစ်ပါးက လုပ်ပေးလို့ ရနိုင်တဲ့သဘော ရှိလား? မရှိဘူး။ မိမိက ကြီးပွား တိုးတက်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲပေးရမယ်။ ပြုပြင်ပြောင်းလဲတဲ့အပိုင်းမှာ ခုနက ကြည့်ပေါ့ ...။

ဘယ်လိုပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ရမယ်, ဘယ်လိုပုဂ္ဂိုလ်ကို မမှီဝဲ မဆည်းကပ်ရဘူးဆိုတာ ဘုရားရှင်က သင်ပေးနေပြီ။ သင်ပေးလိုက်တဲ့ အချိန်အခါမှာ မှီဝဲသင့်, မှီဝဲထိုက်တဲ့ ပုဂ္ဂိုလ်ကို မှီဝဲပြီ။ သီလရှိတဲ့ပုဂ္ဂိုလ်ကို သွားပြီး သီလချင်းတူညီနေတဲ့ ပုဂ္ဂိုလ်ကို မှီဝဲပြီ။ သီလချင်းတူညီနေတဲ့ ပုဂ္ဂိုလ်နဲ့ မှီဝဲလိုက်တဲ့အခါမှာ ဘယ်လိုစကားတွေ ပြောရမလဲ? သီလနဲ့စပ်တဲ့ တရားစကား ပြောပါ။ အဲဒါ သီလနဲ့စပ်တဲ့ တရားစကားက သီလနဲ့ ပတ်သက်ပြီးတော့ ကြီးပွားမှု, တိုးတက်မှုကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိလာပါလိမ့်မယ်။ သီလနဲ့ပတ်သက်တဲ့ တိုးတက်မှု, ကြီးပွားမှုတွေ ဖြစ်လာပြီဆိုရင် ထိုသူတော်ကောင်းတို့ရဲ့သန္တာန်မှာ ချမ်းသာသုခဆိုတဲ့ တရားသည် ကြီးပွားတိုးတက်လာလိမ့်မယ်။ ကောင်းသလား, မကောင်းဘူးလား? ကောင်းတယ်။ မင်္ဂလာ ရှိသလား, မရှိဘူးလား? ရှိတယ်။ ဒါလေးတွေဟာ သိပ်ခက်ခဲတဲ့ အလုပ်လား? အလွန်ကြီး မခက်ခဲပါဘူးနော်။ အလွန်ကြီး မခက်ခဲဘဲနဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ချမ်းသာသုခကို ရစေနိုင်တဲ့ စွမ်းအားလေးတွေ မရှိဘူးလား? ရှိနေတယ်။ နောက်တစ်ခု -

သမာဓိသာမညဂတာနံ သတံ သမာဓိကထာ စ နော ဘဝိဿတိ, သာ စ နော ပဝတ္တိနီ ဘဝိဿတိ, သာ စ နော ဖာသု ဘဝိဿတိ။

သမာဓိချင်း တူညီနေတဲ့ပုဂ္ဂိုလ် သူတော်ကောင်းအချင်းချင်း တွေ့ကြပြီ။ တွေ့လိုက်တဲ့ အချိန်အခါမှာ ဒီသူတော်ကောင်းအချင်းချင်း သမာဓိချင်း တူညီနေတဲ့ သူတော်ကောင်းအချင်းချင်း တွေ့လိုက်တဲ့ အချိန်အခါမှာ သမာဓိနဲ့စပ်တဲ့ တရားစကား ဖြစ်ပေါ်လာလိမ့်မယ်။ ဒီလိုဆိုရင် တစ်ဖက်ပုဂ္ဂိုလ် သူတော်ကောင်းတစ်ဦးမှာ သမာဓိ ရှိနေပြီ။ သမာဓိတွေ ထူထောင်လို့ ရနေပြီ။ ထိုပုဂ္ဂိုလ်နှင့် တွေ့တဲ့ အချိန်အခါမှာ မိမိက ဘာစကားပြောရမလဲ? သမာဓိနဲ့စပ်တဲ့ တရားစကားပြောပါ။ သမာဓိရှိနေတဲ့ သူတော်ကောင်းအချင်းချင်း တွေ့ကြပြီဆိုရင် ဘယ်စကားပြောရမလဲ? သမာဓိနဲ့ ဆက်စပ်နေတဲ့ တရားစကားပြောပါ။

"အေးကွယ် ... အာနာပါန ငါလည်း ရှုတယ်ကွဲ့၊ ဘယ်လို ဖြစ်နေတယ် အခက်အခဲက ငါ့မှာ ..." "ဩော် ... ဒီအခက်အခဲက ဒီလိုရှိတယ်။ ဒီအခက်အခဲကို ကျော်လွှားသွားအောင် ဒီလို ကျင့်ပါ" စသည်ဖြင့် ဒီလို သမာဓိနဲ့ စပ်တဲ့ တရားစကားလေးတွေ ပြောစေချင်တယ်။ ပြောလိုက်လို့ ရှိရင် သမာဓိနဲ့ပတ်သက်တဲ့ ကြီးပွားမှု, တိုးတက်မှုတွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာမယ်။

အကယ်၍ သမာဓိနဲ့ပတ်သက်ပြီး ကြီးပွားမှု, တိုးတက်မှု ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ဒီသမာဓိ ကုသိုလ်စေတနာတွေကို အခြေခံပြီး ချမ်းသာသုခ အဝဝတွေလည်း ဖြစ်ပေါ်မလာနိုင်ဘူးလား? ဖြစ်ပေါ်လာမယ်။ ပစ္စုပ္ပန် ဒိဋ္ဌဓမ္မသုခဝိဟာရခေါ်တဲ့ ပစ္စုပ္ပန်ချမ်းသာတွေလည်း ဖြစ်ပေါ်လာမယ်။ သံသာရိကခေါ်တဲ့ တမလွန် ချမ်းသာကြီးပွားတွေလည်း ဖြစ်ပေါ်မလာနိုင်ဘူးလား? လာနိုင်တယ်။ ဒီ သမာဓိသည် စံချိန်မှီတဲ့ ပထမဈာန် သမာဓိ, ဒုတိယဈာန် သမာဓိ, တတိယဈာန် သမာဓိ, စတုတ္ထဈာန် သမာဓိ အစရှိတဲ့ သမာဓိသာ ဖြစ်ပါစေ။ ထိုဈာန်သည်လည်း သေသည့်တိုင်အောင် မလျောကျ ခဲ့ပါမူ မြေကြီးလက်ခတ်မလွဲ ဗြဟ္မာချမ်းသာကြီးကို မရနိုင်ဘူးလား? ရနိုင်တယ်။ လူချမ်းသာနဲ့စာရင် ဗြဟ္မာချမ်းသာသည် အလွန်ကြီးကျယ်ပြီး အလွန် အဆင့်အတန်း မြင့်မားတဲ့ ချမ်းသာတစ်ခု ဖြစ်ပါတယ်။ စတုတ္ထဈာန်လောက်ထိသာ ခိုင်ခံ့မယ်ဆိုရင် ထိုဝေဟပ္ဖိုလ်ဘုံလို့ ခေါ်ဆိုအပ်တဲ့ ရူပါဝစရဘုံတွေထဲမှာပေါ့လေ တော်တော်လေး အထက်တန်းကျတဲ့ဘုံအထိ ရောက်နိုင်ပါတယ်။ ကမ္ဘာပေါင်း ငါးရာအထိ သက်တမ်းရှည်နိုင်တယ်။ အဲဒီမှာ ငမူး ရိုက်တဲ့ဒဏ်ကို တစ်ခါမှ မခံရဘူး။ ငမူးလည်း မရှိဘူး။ မကောင်းဘူးလား? ဟင် !

ဩော် ... ဒါ ဘာကို အခြေခံသလဲလို့မေးရင် သမာဓိရှိတဲ့ သူတော်ကောင်းနဲ့ တွေ့တဲ့အချိန်အခါမှာ သမာဓိရှိတဲ့ သူတော်ကောင်းအချင်းချင်း သမာဓိနဲ့စပ်တဲ့ တရားစကားတွေကိုပြောတော့ သမာဓိနဲ့ဆက်စပ်ပြီး ကြီးပွားမှု၊ တိုးတက်မှုတွေ ဖြစ်ပေါ်လာတယ်။ ဒီသမာဓိနဲ့ဆက်စပ်တဲ့ ကြီးပွားမှု၊ တိုးတက်မှုတွေက ချမ်းသာသုခကို ရွက်ဆောင်ပေးနေခြင်း ဖြစ်တယ်။ ဒီတော့ ငရဲရောက်တာနဲ့စာရင်တော့ ဗြဟ္မာပြည်ရောက်တာ နည်းနည်းတော့ မခံသာဘူးလား? ခံသာပါတယ်။ ယောက်ျားလည်း မရှိဘူး, မိန်းမလည်း မရှိဘူး။ ဗြဟ္မာပြည်ကို ဆိုတာနော် -

ယောက်ျားလည်း မရှိ, မိန်းမလည်း မရှိတော့ ယောက်ျားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ၊ မိန်းမနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခကို ခံရဦးမလား? မခံရတော့ဘူးနော်။ ယောက်ျားလည်း မရှိ, မိန်းမလည်း မရှိတဲ့အတွက် သမီးလည်းမရှိ, သားလည်း မရှိဘူး။ သားသမီးနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ အဝဝတွေကော ခံရဦးမလား? မခံရတော့ဘူးနော်။ ဘုန်းကြီးကို သီတင်းသုံးဖော်တစ်ဦး ရေးမှာ ကလိန်စေ့ ဆရာတော်ကြီးဆိုတာ နာမည်ကြီးပါပဲနော်။ ဆရာတော်ကြီး မပျံလွန်တော်မူခင်မှာ ဘုန်းကြီးတို့ သီတင်းသုံးဖော်ဖြစ်တဲ့ ဧတဒဂ် အရှင်ပညာဇောတပဲ ဆိုကြပါစို့။ ဆရာတော်ကြီးကို သွားကန်တော့တယ်။ ကန်တော့တော့ ဆရာတော်ကြီးက အမိန့်ရှိတယ်။ ဘယ်လို အမိန့်ရှိလဲ?

"ကိုယ်တော်ရေ ... ဒီတစ်ချီ သေလို့ ရှိရင်တော့ လူ့ပြည် လူပြန်ဖြစ်ဖို့ မစဉ်းစားနဲ့တော့" တဲ့
ဘာဖြစ်လို့လဲ
ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် လူ့ပြည်မှာ ခုနေအခါ ကြည့်လိုက်ရင် ကိုယ် အမေခေါ်ရမယ့်, အမေတော်ရမယ့် ပုဂ္ဂိုလ်၊ အဖေတော်ရမယ့် ပုဂ္ဂိုလ်တွေ ပြန်ကြည့်လိုက်ရင် လမ်းသူရဲထီးနဲ့ လမ်းသူရဲမပဲ ရှိတယ်။ ဒီတော့ သူတို့ကို ကိုယ်က အမေ၊ အဖေ ခေါ်ရမယ့်အစား မထူးတော့ပါဘူး ကိုယ်တော် ... အဝီစိ တန်းဆင်းသွားတာပဲ ကောင်းသေးတယ်

ဆရာတော်ကြီးက ဒီလိုအမိန့်ရှိတယ်။ နည်းနည်းလေး စဉ်းစားကြည့်ပေါ့နော်။ ဆရာတော်ကြီးပြောတာက သိပ်တော့ လွန်မယ်လို့ ဦးပဇ္ဇင်းတော့ မထင်ဘူး။ ဘာဖြစ်လို့လဲ? သူတို့ကို ကိုယ်က အမေလည်း ခေါ်ရမယ်, အဖေလည်း ခေါ်ရမယ်။ သူတို့ရဲ့ ညွှန်ကြားချက်နဲ့ ဘဝမှာ ရပ်တည်ရမယ်။ အဲဒီလို ကိုယ် အမေ ခေါ်ရမယ့်သူတွေ, အဖေ ခေါ်ရမယ့်သူတွေ ကြည့်လိုက်တော့ လမ်းသူရဲထီးနဲ့ လမ်းသူရဲမကြီးပဲ ... ခုဟာက။ ဒီတော့ ဆရာတော်ကြီးပြောတာပဲ သိပ်များ လွန်သွားသလား? မလွန်ပါဘူး။

ဒါကြောင့် အဲဒီလို အမေ, အဖေ ခေါ်ရမယ်ဆိုရင် သားသမီးဘက် ပြန်ကြည့်လိုက်တော့ကော? လမ်းသူရဲထီးနဲ့ လမ်းသူရဲမပဲ။ ဒီ အမေ,အဖေ ကိုယ်တိုင်က ငမူးတွေဆိုတော့ ငမူးက မွေးလာတဲ့ သား,သမီးတွေလည်း ငမူးတွေပဲ ဖြစ်နေကြတယ်။ ခက်ပုံက ...။ ဒီတော့ ကိုယ်မွေးရမယ့် သား, သမီး ကြည့်လိုက်ရင်လည်း ငမူးတွေပဲ၊ လမ်းသူရဲထီးနဲ့ လမ်းသူရဲမပဲ မွေးမှာပဲ။ ဒီတော့ အဲဒီ သားနဲ့ သမီးနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ အဝဝတွေကော အခု ဗြဟ္မာပြည်မှာ ရှိဦးမလား? မရှိဘူး။ ကောင်းတယ်လို့ ဘုန်းကြီး ပြောလိုရင်းတော့ မဟုတ်ဘူးနော်။ လူ့ပြည်စာလို့ရှိရင်တော့ ဒုက္ခတွေ နည်းပါးသွားပုံကို သဘောပေါက်စေချင်လို့ ပြောတာပါ။ လူ့ပြည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ချူချာနေတဲ့ ရှုနာရှိုက်ကုန်းတွေ အများကြီး ရှိတယ်။ ဗြဟ္မာပြည်မှာ အဲဒီလို ရှုနာရှိုက်ကုန်း တစ်ယောက်မှ မရှိဘူး။ မကောင်းဘူးလား? ကောင်းပါတယ်။ သူက ရှုနာရှိုက်ကုန်းလည်း မရှိဘူးဆိုတော့ တော်တော်လေး ကောင်းတာပဲ။ သူတို့မှာက ဒီသမာဓိ ဖြစ်တယ်ဆိုတာက သီလကို အခြေခံပြီးမှ သမာဓိက ဖြစ်ရတာ။ ကိုယ်ကျင့်သီလ စင်ကြယ်နေတဲ့ ဒီသူတော်ကောင်းများအတွက် ကံတွေက အကျိုးပေးတဲ့ အချိန်အခါမှာ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းတွေ အားလုံး ပြည့်စုံမယ်။

ဒါနတော ဘောဂဝါ၊ ဒါနကြောင့် စည်းစိမ်ဥစ္စာတွေ ရမှာ မှန်တယ်။ သီလတော သုခိတာ၊ သီလကြောင့် ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်း ရှိလိမ့်မယ်။ ဒီလိုဆိုရင် ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းကို နောင် သံသရာခရီးတစ်ခွင်မှာပဲဖြစ်စေ၊ ဒီဘဝမှာပဲဖြစ်စေ လိုလားတောင့်တခဲ့ရင် ဘာလုပ်ရမလဲ? သီလဖြူစင်အောင် ကြိုးစားရမယ်။ အဲဒီ သီလဖြူစင်ပြီးတဲ့အခါမှာ တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရမလဲ? သမာဓိ ထူထောင်တယ်။ သမာဓိ ထူထောင်တဲ့ အချိန်အခါမှာ ဒီသမာဓိတွေက ခုနက သမာဓိရှိတဲ့ သူတော်ကောင်း အချင်းချင်း တွေ့ဆုံတဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ? သမာဓိနဲ့စပ်နေတဲ့ တရားစကားပြောပါ။ သမာဓိနဲ့ ဆက်စပ်နေတဲ့ တရားစကားကို ပြောလိုက်တဲ့ အချိန်အခါမှာ မိမိတို့ကလည်း သမာဓိကို စံချိန်မှီ ဒီဂရီ ပြည့်သည့်တိုင်အောင် ထူထောင်နိုင်ခဲ့မယ်ဆိုရင်ပေါ့ နာမည်ကျော်ဖြစ်တဲ့ ကာလဒေဝီလရသေ့တို့, ဥဒကရသေ့တို့, အာဠာရရသေ့တို့လိုပေါ့နော် ဗြဟ္မာပြည်ကိုတော့ ကျိန်းသေ မရောက်နိုင်ဘူးလား? ရောက်နိုင်တယ်။ ဒီဈာန်က မလျောကျခဲ့ရင် ပြောတာပါ။ အရှင်ဒေဝဒတ်တို့ကဲ့သို့ မသေခင်က ဒီဈာန်အဘိညာဉ်က လျောကျသွားမယ်ဆိုရင်ကော အကျိုးပေးနိုင်ဦးမလား? အကျိုး မပေးနိုင်ဘူးနော်။

ကဲ ... နောက်တစ်ခုနော် - ဒါက သမာဓိရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်းကြောင့် သမာဓိကြောင့် ရရှိနိုင်တဲ့ အကျိုးတရားလေး၊ ချမ်းသာသုခလေး ပြောတာပါ။ သို့သော် ဒါက လောကီချမ်းသာပါ။ သို့သော် သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် လောကုတ္တရာချမ်းသာကြီးကို မရနိုင်ဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? ရနိုင်ပါတယ်။ တလောက ပြောခဲ့တဲ့အတိုင်း ...

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

- စသည်ဖြင့် ဟို... သစ္စသံယုတ်မှာ ဘုရားဟောထားတဲ့အတိုင်း သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေလည်း မရနိုင်ဘူးလား? ရနိုင်ပါတယ်။ အကယ်၍များ သောတပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ဖြစ်ခဲ့လို့ မိမိက...

ဘုန်းကြီးတို့ ဗြဟ္မာ့ပြည်မှာ ဘူမိသီသခေါ်တဲ့ ဘုံဦးခေါင်းပေါ့လေ... သုံးခု ရှိတယ်။ အထွတ်အထိပ်ဘုံ သုံးမျိုး ရှိပါတယ်။ ဒီဘက်က ရူပါဝစရဘုံတွေထဲမှာတော့ ဝေဟဖ္ဖိုလ်ဘုံက အထွတ်အထိပ်ပဲ။ ဘူမိသီသလို့ ခေါ်တယ်။ ဘုံတွေထဲမှာ သူက ဦးခေါင်းပဲ။ သုဒ္ဓဝါသ ငါးဘုံမှာ အကနိဋ္ဌဗြဟ္မာ့ပြည်က ဘုံရဲ့ဦးခေါင်း ဘူမိသီသပဲ။ အရူပ လေးဘုံမှာ နေဝသညာနာသညာယတနဘုံကလည်း ဘူမိသီသပဲ။ ဘုံတွေမှာ သူက ဦးထိပ်သဖွယ် ဖြစ်တဲ့ဘုံပဲ။ အဲဒီ ဘုံသုံးဘုံမှာ ထိုင်မိတဲ့ အရိယာသူတော်ကောင်းမှန်ခဲ့ရင် တစ်ခြားဘုံကို ပြောင်းရိုး ဓမ္မတာ မရှိဘူး။

ဥပမာ - သောတာပန်ဖြစ်ပြီ၊ မိမိက စတုတ္ထဈာန်ကိုလည်း သေသည့်တိုင်အောင် မလျောကျအောင် ပွားထားနိုင်တယ်။ မိမိကလည်း လိုလားတောင့်တခဲ့တယ် ဆိုရင်ပေါ့လေ။ ဒီစတုတ္ထဈာန်ကို အမြတ်စားသာ ပွားပါ။ ဒီဝေဟဖ္ဖိုလ်ဘုံကို ရောက်နိုင်တယ်။ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိပြီးလို့ သောတာပန်ပုဂ္ဂိုလ်အနေနဲ့ မိမိက ဝေဟဖ္ဖိုလ်ဘုံကို ရောက်သာ သွားပါစေ။ အဲဒီ ဝေဟဖ္ဖိုလ်ဘုံကနေ နောက်ထပ် ဘယ်ဘုံမှ မပြောင်းတော့ဘူး။ ရဟန္တာ မဖြစ်မချင်း၊ ပရိနိဗ္ဗာန် မစံမချင်း ဘဝဆိုတာ ထင်ရှားရှိဖို့ ဆက်လက်ပြီး ဖြစ်ရမယ်ဆိုရင် ဒီဝေဟဖ္ဖိုလ်ဘုံမှာပဲ ဖြစ်တော့မယ်။ တစ်ခြားဘုံကို ပြောင်းဖြစ်ရိုး မရှိတော့ဘူး။ ဘယ့်နှယ်တုံး အခွင့်အရေးကြီး သိပ်မကောင်းဘူးလား? သိပ်ကောင်းတယ်။

ဒီလို အခွင့်အရေးမျိုးတွေကို ဒီနေ့ တရားနာနေတဲ့ သူတော်ကောင်းတွေ ရရှိအောင် ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒါ ဘယ်လိုကြောင့် ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ချမ်းသာကြီးကို ရရှိရပါသလဲ မေးတော့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ မိမိတို့ရဲ့ စိတ်ဓာတ်တွေကို မိမိတို့က ပြုပြင်ပြောင်းလဲပေးလိုက်တယ်။ ဘယ်လို ပြောင်းလဲပေးလိုက်လဲ? သီလရှိတဲ့ သူတော်ကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတယ်။ သီလနဲ့စပ်တဲ့ တရားစကားပြောတယ်။ သီလရှိအောင် ကြိုးစားတယ်။ သမာဓိရှိနေတဲ့ သူတော်ကောင်းနဲ့ ပေါင်းသင်းဆက်ဆံတယ်။ သမာဓိနဲ့စပ်တဲ့ တရားစကားပြောတယ်။ သမာဓိ ရှိအောင်၊ ရအောင် ကြိုးစားအားထုတ်တယ်။

နောက်တစ်ခု - နည်းနည်းလေး စုံသွားအောင် ထပ်ပြောမယ်နော်။ အကနိဋ္ဌဘုံ ကြည့်လိုက်ရင် အကနိဋ္ဌဘုံမှာ အနာဂါမ် ရှိတယ်။ အနာဂါမ်ပုဂ္ဂိုလ်က ရဟန္တာဖြစ်ခဲ့မယ်ဆိုရင် အရဟတ္တမဂ်စိတ္တက္ခဏအတွင်း အရဟတ္တမဂ်ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ နောက်တစ်ခု - အရဟတ္တဖိုလ် ဆိုက်တယ်။ ဒီတော့ ယေဘုယျအားဖြင့် ပြောရင်တော့ အနာဂါမ်နဲ့ ရဟန္တာ သူတော်ကောင်းနှစ်ဦးပဲ ရှိပါတယ်။ ဒီတော့ အဲဒီ သုဒ္ဓါဝါသငါးဘုံထဲမှာ အကနိဋ္ဌဗြဟ္မာပြည်ဆိုတာ ဘူမိသီသ တစ်ခုပဲ။ အဲဒီဘုံမှာရှိတဲ့ အနာဂါမ်သည် နောက်ထပ် ဒီအကနိဋ္ဌဘုံမှာလည်း ပဋိသန္ဓေ တည်ရိုး မရှိဘူး။ ဒီအနာဂါမ်ပုဂ္ဂိုလ်သည် နောက်ထပ် ရဟန္တာ မဖြစ်မချင်း၊ ပရိနိဗ္ဗာန် မစံမချင်း ဘယ်တော့မှ သေရိုးဓမ္မတာ မရှိဘူး။ အဲဒီဘုံမှာ ထိုင်မိပြီဆိုရင် ဘယ်မှ မပြောင်းတော့ဘူး။ ဒီတော့ အပါယ်ဘေးကြီးကနေ ကျိန်းသေဧကန် စိတ်ချရတဲ့ဘုံတွေ မဖြစ်ဘူးလား? ဖြစ်နေတယ်နော်။

အေး... အလားတူပဲ။ နေဝသညာနာသညာယတနဘုံမှာ ရှိတဲ့ အရိယာသူတော်ကောင်းသာ မှန်ပါစေ။ ပုထုဇဉ်ကတော့ ပြောင်းနိုင်တယ်နော်။ ခုနက ဒေဝီလရသေ့ကြီး ဆိုရင်တော့ နေဝသညာနာသညာယတနဘုံကို ရောက်ရှိသွားတယ်။ သူက ပုထုဇဉ်ဘဝနဲ့ ရောက်ရှိသွားတဲ့အတွက် တစ်ချိန် ကာမဘုံကိုတော့ ပြန်လာပြီး ပြန်လည် လှည့်ကောင်း လှည့်နိုင်မယ့်သဘော ရှိတယ်နော်။ ဒါပေမဲ့ အရိယာသူတော်ကောင်းအဖြစ်နဲ့ အောက်ထစ်ဆုံး သောတာပန်အဖြစ်နဲ့ ထိုနေဝသညာနာသညာယတနဘုံကိုသာ ရောက်ပါစေ အဲဒီဘုံကနေ နောက်ထပ် ပရိနိဗ္ဗာန် မစံမချင်း ဘယ်ဘုံမှ မပြောင်းတော့ဘူး။ ဖြစ်စရာရှိရင် အဲဒီ နေဝသညာနာသညာယတနဘုံမှာပဲ လာပြီးတော့ ဖြစ်မယ်။ သိပ်ပြီးတော့ မကျိန်းသေဘူးလား? ကျိန်းသေတဲ့ ကျင့်စဉ်တွေပဲ။

ဒီကျင့်ဝတ်ပဋိပတ်တွေကို ဘယ်လောက်များ အရှင်ဘုရား ကျင့်ရမလဲလို့ ဒီလိုတော့ ဒကာကြီးတွေဘက်က မေးချင်လည်း မေးကြမယ်နော်။ ဒါကတော့ သူတော်ကောင်းတွေရဲ့ ပါရမီအပေါ်မှာတော့ မူတည်ပါတယ်နော်။ နှေးတဲ့ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်၊ မြန်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်။ ဘာကြောင့်လဲ? ဘုရားရှင် လက်ထက်တော် အချိန်အခါကလည်း နှေးတဲ့ပုဂ္ဂိုလ်၊ မြန်တဲ့ပုဂ္ဂိုလ်တွေ ရှိသလို ခုခေတ်မှာလည်း နှေးတဲ့ပုဂ္ဂိုလ်၊ မြန်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိနိုင်ဘူးလား? ရှိနိုင်ပါတယ်။ ဒါကတော့ ပါရမီအပေါ်မှာ မူတည်တယ်နော်။ ကဲ စကားလေးက မဆုံးသေးဘူး။ နောက်ထပ်တစ်ခုနော် - မှီဝဲသင့်၊ မှီဝဲထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဘုရားက ဆက်ဟောတယ် -

ပညာ သာမည ဂတာနံ သတ္တံ ပညာဂထာ စ နော ဘဝိဿတိ သာ စ နော ပဝတ္တနိ ဘဝိဿတိ သာ စ နော ဖာသု ဘဝိဿတိ တသ္မာ ဧဝရူပေါ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

ပညာရှိသူတော်ကောင်း အချင်းချင်း တွေ့ကြပြီ။ ပညာရှိဆိုတာက ဘာပြောတာလဲ? လောကမှာ ဒကာကြီးတွေ အများအားဖြင့် နားလည်နေတဲ့ ပညာရှိနဲ့ ဘုရားဆိုလိုနေတဲ့ ပညာရှိကတော့ နည်းနည်းလေးလောက်တော့ ကွာဟမှု ရှိလိမ့်မယ်လို့ ဘုန်းကြီး ယူဆပါတယ်နော်။ ဒီတော့ ပညာဆိုတဲ့ စကားလုံး၊ ပညိန္ဒြေဆိုတဲ့ စကားလုံး၊ အမောဟဆိုတဲ့ စကားလုံး၊ သမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံး။ ဒါတွေက စကားလုံးသာကွဲတယ် အဓိပ္ပါယ်တွေက အတူတူပဲ။ ဓမ္မဝိစယဆိုတာလည်း တစ်လုံးလာသေးတယ်။ အတူတူပါပဲနော်။ ဒီတော့ ဘာကို သမ္မာဒိဋ္ဌိ ခေါ်သလဲ? ခဏခဏ ပြောနေတယ်နော်။ ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ။ အဲဒီ သမ္မာဒိဋ္ဌိ အမည်ရနေတဲ့ ပညာနဲ့ ပြည့်စုံရင် ဒါက ပညာရှိ သူတော်ကောင်းလို့ ဘုရားက သတ်မှတ်တယ်နော်။

ဒါဖြင့်ရင် ပုဂ္ဂိုလ်တစ်ဦးသည် ဒုက္ခသစ္စာခေါ်တဲ့ ခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာငါးပါး။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးက အရာကျယ်ပါတယ်နော်။ အတိတ် ဥပါဒါနက္ခန္ဓာငါးပါး၊ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါး၊ အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါး၊ အဇ္ဈတ္တ ဥပါဒါနက္ခန္ဓာငါးပါး၊ ဗဟိဒ္ဓ ဥပါဒါနက္ခန္ဓာငါးပါး၊ ဩဠာရိက ခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့၊ သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ဥပါဒါနက္ခန္ဓာငါးပါး၊ ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့၊ ပဏီတ ခေါ်တဲ့ မွန်မြတ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး၊ ဒူရခေါ်တဲ့ ဝေးတဲ့၊ သန္တိကခေါ်တဲ့ နီးကပ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးရှိလဲ? (၁၁)မျိုးနော်။

ထို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်ရှိနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်သည် ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိဉာဏ်။ ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး တွေ့ကြပြီ၊ ပုဂ္ဂိုလ်တစ်ဦးက ဒုက္ခသစ္စာကို ထွင်းဖောက်ပြီးသိတယ်။ မိမိလည်း ဒုက္ခသစ္စာကို ထွင်းဖောက်ပြီး သိတယ်။ ဒီလို ဆိုလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး တွေ့ကြပြီ၊ တွေ့တဲ့ အချိန်အခါမှာ ဘာစကားပြောလဲ? ပညာနဲ့ ပတ်သက်တဲ့ တရားစကားပြောပါ။ ပညာရှိနေတဲ့ ပုဂ္ဂိုလ်အချင်းချင်း တွေ့ကြ၊ ကြုံကြ၊ ဆုံကြပြီဆိုရင် ဘာစကားပြောရမလဲ? ပညာနဲ့ ဆက်စပ်နေတဲ့ တရားစကားပြောပါ။ အဲဒီလို ပညာနဲ့ ဆက်စပ်နေတဲ့ ဒီတရားစကားကို ပြောလိုက်ခြင်းကြောင့် မိမိတို့ရဲ့သန္တာန်မှာ ပညာတရားတွေ တိုးပွားပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။

အလားတူပဲ... ပုဂ္ဂိုလ်နှစ်ယောက် - သူလည်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိထားပြီးပြီ။ မိမိကလည်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိထားပြီးပြီ။ အဲဒီလို သိထားတဲ့ သူတော်ကောင်းနှစ်ဦးတို့ တွေ့ကြ၊ ဆုံကြ၊ ကြုံကြရင်လည်း ဘာစကားပြောရမလဲ? ပညာနဲ့စပ်တဲ့ တရားစကားပြောပါ။ သူသိထားတဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံက တစ်မျိုးဖြစ်ရင် ဖြစ်မယ်။ တစ်မျိုး ဆိုတာက သတ္တဝါတွေမှာ ခြံရံထားတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ခြင်းတွေ မတူကြဘူး။ သင်္ခါရ ကံခြင်းလည်း မတူကြဘူး။ သင်္ခါရကံတွေကို ခြံရံထားတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် မတူတဲ့အတွက် အကျိုးပေးတာခြင်းကော တူညီကြလား? မတူညီကြဘူး။ ဥပဓိရုပ်ခြင်းတွေ မတူညီကြဘူး၊ စိတ်နေစိတ်ထားလေးတွေ မတူညီကြဘူး၊ အကျိုးပေးပုံ အခြင်းအရာလေးတွေ မတူညီကြဘူး။

အကျိုးပေးပုံ အခြင်းအရာတွေ မတူညီတာ ဘာကို အခြေခံသလဲမေးတော့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာခြင်းက မတူညီဘူး။ ဒါကြောင့် သမုဒယသစ္စာဆိုတဲ့ အမည်ခြင်း တူညီသော်လည်း တစ်ဦး ပြုစုပျိုးထောင်ထားတဲ့ သမုဒယသစ္စာနဲ့ နောက်တစ်ဦး ပြုစုပျိုးထောင်ထားတဲ့ သမုဒယသစ္စာခြင်း တူညီနိုင်ပါ့မလား? မတူညီနိုင်ဘူးနော်။ ခုလိုဆိုတော့ ဗြုန်းကနဲ သဘောပေါက်ချင်လည်း ပေါက်မယ်၊ မပေါက်ချင်လည်း မပေါက်ဘူးနော်။ ဘုန်းကြီး... သဘောပေါက်အောင် ဆရာတော်ကြီးနှစ်ပါးရဲ့ထုံး ထောက်ပြမယ် -

ဦးပဉ္စင်းတို့နိုင်ငံမှာ နေလို၊ လလို ထင်ရှားကျော်ကြားတော်မူတဲ့ ဆရာတော်ကြီး နှစ်ပါးပါ။ နံပါတ်(၁)ကတော့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားပဲ။ ဆရာတော်ဘုရားက ဘာဆုတောင်းလဲ? လူပဲ ဖြစ်ပါရစေ၊ ရဟန်းပဲ ဖြစ်ပါရစေ၊ သာသနာ ပြုပါရစေ။ ဟော... ဒီ ဆုတောင်းတယ်။ လူလို့ အသိမှားနေတဲ့ သဘော၊ ယောက်ျားလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ။ ထို လူ့ဘဝ၊ ယောက်ျားဘဝကို လှမ်းပြီး တွယ်တာတပ်မက်နေတဲ့ သဘောလေးက တဏှာ။ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ဒီ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ခြံရံပြီးတော့ သူ့ဘဝတစ်လျှောက်မှာ သင်္ခါရ ကံတွေကို ခပ်များများ ထူထောင်ထားပါတယ်။

အထူးသဖြင့် သာသနာတော်နဲ့ ဆက်စပ်နေတဲ့ အသိဉာဏ်ပေးတဲ့ ပညာပေးစနစ်ဆိုတဲ့ ကုသိုလ်ကံတွေကိုတော့ သူတော်တော် ခပ်များများ ထူထောင်သွားတယ်။ ဒါနရော ထူထောင်ပါတယ်၊ သီလရော ထူထောင်သွားခဲ့ပါတယ်။ ဘာဝနာပိုင်းမှာလည်း မိမိစွမ်းအားရှိသလောက် အားထုတ်သွားခဲ့တဲ့ သူတော်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီတော့ သူ ထူထောင်ထားတဲ့ သင်္ခါရ ကံတွေမှာ ခြံရံထားတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်က ပုံစံလေး တစ်မျိုး မရှိဘူးလား? ရှိနေတယ်။ နောက်တစ်ခု -

နာမည်ကျော်ဖြစ်တဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးက သူက တစ်ချိန်တုန်းက တရားလေးတစ်ပုဒ် ဟောခဲ့ဖူးပါတယ်။ "အရင်းများများနဲ့ အမြတ်ကလေး နည်းနည်းပဲ ယူမယ်" ဆိုပြီး ခေါင်းစဉ်တပ်ပြီး တရားတစ်ပုဒ် ဟောခဲ့ဖူးတယ်။ သူက ဘာပြောလိုတာလဲ? သူက ဓမ္မကထိကနတ်သား ဖြစ်ချင်တယ်။ ဒါကြောင့် သူ ပြုနေတဲ့ ကောင်းမှုကုသိုလ်အရပ်ရပ်သည် ဓမ္မကထိကနတ်သား ဖြစ်ဖို့ရန်အတွက် ပြုစုပျိုးထောင်နေခြင်း ဖြစ်တယ်ဆိုပြီး သူက ဟောသွားတယ်။ ဓမ္မကထိကနတ်သားလို့ အသိမှားနေတဲ့ သဘောလေးက ဘာလဲ? အဝိဇ္ဇာ။

ပရမတ္ထသစ္စာနယ်က ပြောရင် ယောက်ျား၊ မိန်းမ၊ လူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ နတ်၊ ဗြဟ္မာ ဆိုတာက မရှိပါဘူးနော်။ ဘာသာရှိလဲ? ရုပ်တရား အစုအပုံ သက်သက် ရှိချင်ရှိမယ်။ နာမ်တရား အစုအပုံသက်သက် ရှိချင်ရှိမယ်။ ရုပ်နာမ် အစုအပုံ သက်သက် ရှိချင်လည်း ရှိမယ်။ ရုပ်တရား သက်သက် အစုအပုံပဲလို့ သိနေရင်လည်း ထိုအသိသည် မှန်နေတယ်။ နာမ်တရား အစုအပုံသက်သက် ဆိုတာကတော့ အရူပဗြဟ္မာတွေကို ရည်ရွယ်တာပါ။ ရုပ်တရား အစုအပုံသက်သက်ကတော့ အသညသတ်ဗြဟ္မာတွေပါ။ နာမ်တရား အစုအပုံသက်သက်ပဲလို့ သိရင်လည်း ထိုအသိသည် မှန်နေတယ်။ ရုပ်တရား အစုအပုံ သက်သက်ပဲလို့ သိရင်လည်း ထိုအသိသည် မှန်နေတယ်။ ပဉ္စဝေါကာရ သတ္တဝါတွေကို ရည်ရွယ်ထားတယ်။

နောက်တစ်ခု - ဒီထက် တစ်ဆင့်မြင့်သွားရင် အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံပဲလို့ သိရင်လည်း ထိုအသိသည် မှန်နေတယ်။ ဒီထက် နောက်ထပ် တစ်ဆင့်တက်လိုက်ဦး။ ဒီအကြောင်းတရားနဲ့တစ်ကွ ဒီ သမုဒယအမည်ရနေတဲ့ အကြောင်းတရားနဲ့ ဒုက္ခသစ္စာအမည်ရနေတဲ့ အကျိုးတရား၊ ဒီတရားနှစ်ခုကို ဘာလို့ခေါ်လဲ? သင်္ခါရတရားတွေလို့ ခေါ်တယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပြုပြင်ပေးမှ အနိုင်နိုင် ဖြစ်ပေါ်လာရတဲ့ တရားတွေ ဖြစ်ခြင်းကြောင့် သူတို့ကို သင်္ခါရတရားတွေလို့ ခေါ်တယ်။

အဲဒီ သင်္ခါရတရားတွေဟာ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား အစုအပုံသာ ဖြစ်တယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရား အစုအပုံတွေသာ ဖြစ်တယ်။ မပျက်စီးဘဲ အကြိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရား အစုအပုံတွေသာဖြစ်တယ်။ ဒါကြောင့် အနိစ္စတရား အစုအပုံတွေပဲလို့ သိရင်လည်း ဒီအသိသည် မှားလား၊ မှန်လား? မှန်နေတယ်။ ဒုက္ခတရား အစုအပုံတွေပဲလို့ သိခဲ့ရင်လည်း ထိုအသိသည် မှန်နေတယ်။ အနတ္တတရား အစုအပုံတွေပဲလို့ သိခဲ့ရင်လည်း ထိုအသိသည် မှန်နေတယ်။

သို့သော် ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံ၊ အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံ၊ အနိစ္စတရား အစုအပုံ၊ ဒုက္ခတရား အစုအပုံ၊ အနတ္တတရား အစုအပုံလို့ မသိဘဲ ပြောင်းပြန်လှန်ပြီးတော့ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ နတ်၊ ဗြဟ္မာလို့ သိခဲ့ရင် ထိုအသိသည် မှားတယ်။ ဓမ္မကထိကနတ်သားလို့ သိခဲ့ရင် ထိုအသိသည် မှားတယ်။ လူပဲ၊ ရဟန်းပဲလို့ သိခဲ့ရင် ထိုအသိသည်လည်း မှားနေတယ်။ အဲဒီ အသိမှားမှု သဘောလေးက အဝိဇ္ဇာ၊ ထို ဓမ္မကထိကနတ်သား ဘဝကို လှမ်းပြီး တွယ်တာ တပ်မက်နေတဲ့ သဘောလေးက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့ သဘောလေးက ဥပါဒါန်။ ဒီ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ခြံရံပြီးတော့ သင်္ခါရ ကံတွေကို ပြုစုပျိုးထောင်တယ်။ ဘာသင်္ခါရတွေလဲ? ဆိုတော့ -

ဆရာတော်ကြီး ပြုစုပျိုးထောင်ထားတဲ့ သင်္ခါရတွေက အများကြီးပါ။ ကုသိုလ်စေတနာတွေ အများကြီးပဲ။ ဒါန ကုသိုလ်စေတနာတွေလည်း များစွာ ထူထောင်သွားတယ်။ သီလကုသိုလ်စေတနာ၊ သမာဓိ ကုသိုလ်စေတနာ၊ ပညာ ကုသိုလ်စေတနာ စသည်ဖြင့်ပေါ့လေနော်။ ပညာမှာတော့ ပရိယတ္တိနဲ့ ပတ်သက်ပြီး အထူးသဖြင့်တော့ ဓမ္မဒေသနာလို့ ခေါ်ဆိုအပ်တဲ့ တရားဟောကြားပြသ ဆိုဆုံးမအပ်တဲ့ ကုသိုလ်စေတနာတွေကတော့ အများဆုံး ထူထောင်သွားတယ်။ အဲဒီတော့ ခြံရံထားတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ခြင်း၊ ပြုစုပျိုးထောင်သွားတဲ့ သင်္ခါရကံခြင်းတွေ တူညီကြသလား? မတူညီဘူး။ မတူညီတဲ့အတွက် အကျိုးပေးခြင်းကော တူညီပါ့မလား? မတူညီဘူး။

ဒါကြောင့် သူတော်ကောင်းနှစ်ဦးက တွေ့ကြပြီ... တစ်ဦးနဲ့တစ်ဦး သီလလည်း တူညီနေပြီ၊ သမာဓိကလည်း တူညီနေပြီ၊ ပညာဂုဏ်ကျေးဇူးကလည်း တူညီနေပြီ။ အဲဒီလိုတွေ့ကြတဲ့ အချိန်အခါမှာ သူတော်ကောင်း အချင်းချင်း ဘာလုပ်သင့်သလဲ? သီလနဲ့စပ်တဲ့ စကားသာ ပြောသင့်တယ်။ သမာဓိနဲ့စပ်တဲ့ တရားစကားသာ ပြောသင့်တယ်။ ပညာနဲ့စပ်တဲ့ တရားစကားသာ ပြောသင့်ပါတယ်။ အဲဒီလို ပြောကြားခြင်းကြောင့် ဘာဖြစ်မလဲ? မိမိတို့ရဲ့သန္တာန်မှာ သီလဂုဏ်ကျေးဇူးတွေ၊ သမာဓိဂုဏ်ကျေးဇူးတွေ၊ ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားမှု၊ တိုးတက်မှုတွေ ဖြစ်ပေါ်မလာနိုင်ဘူးလား? ဖြစ်ပေါ် လာနိုင်တယ်။ ဒီလို ကြီးပွားတိုးတက်မှုသည် ချမ်းသာသုခ အဝဝကို ရရှိဖို့ရန်အတွက် ချမ်းသာသုခ အဝဝသည် ကြီးပွားတိုးတက်လာဖို့ရန်အတွက် အကြောင်းတရား မဖြစ်ဘူးလား? ဖြစ်နေပြီ။ မကောင်းဘူးလား? ကောင်းတယ်။ ဒီလို ကြီးပွားချမ်းသာရခြင်းဟာ ဘာကို အခြေခံသလဲ? ပြန်ဆန်းစစ် ကြည့်လိုက်တော့ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို မိမိတို့ဟာ သီလဂုဏ်ကျေးဇူးဖြင့် ထုံမွမ်းပေးခြင်း၊ သမာဓိဂုဏ်ကျေးဇူးဖြင့် ထုံမွမ်းပေးခြင်း၊ ပညာဂုဏ်ကျေးဇူးဖြင့် ထုံမွမ်းပေးခြင်းဆိုတဲ့ ဒီအကောင်းဓာတ်တွေနဲ့ ထုံမွမ်းပေးနိုင်တဲ့ စွမ်းအားတွေကို မွေးမြူလိုက်တဲ့အတွက် ဒီလို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးကျေးဇူးတွေကို မိမိတို့ ရရှိမလာဘူးလား? ရရှိလာကြတယ်။

တစ်နေ့ပေါ့... တရားဟောနေတဲ့ ပုဂ္ဂိုလ်၊ တရားနာနေတဲ့ ပုဂ္ဂိုလ် အားလုံး “ငါ့ဟာ ငါ့ဟာ” လို့ သတ်မှတ်ထားတဲ့ အရာတွေဟာ အားလုံး စွန့်ခွာ သွားရမှာတွေချည်းပဲ မဟုတ်ဘူးလား? ဟုတ်ပါတယ်။ ကိုယ်ကသာ “ငါ့ဟာ” လို့ သတ်မှတ်ထားတာ။ မကြာခင်အတွင်းမှာ သူ့ဟာ ဖြစ်ချင်လည်း ဖြစ်သွားမှာပါ။ ဘယ့်နှယ်တုံး ဒကာကြီးတွေ လက်ခံနိုင်လား? လက်ခံနိုင်တယ်ဆိုရင် အိမ်ပြန်ဖို့ ကောင်းသေးလား? ငါ့ဟာတွေက တော်ကြာ သူများဟာ မဖြစ်ဘူးလား? ဖြစ်တော့မှာ။ မကြာခင်အတွင်း ဖြစ်တော့မှာပါ။ မကြာမီအတွင်း သူ့ဟာ ဖြစ်သွားမယ့် အတူတူတော့ ပြန်နေရင်လည်း ဘာထူးတော့မလဲ? မထူးတော့ဘူးနော်။

ဒါကြောင့် အဲဒီလို သီလဂုဏ်ကျေးဇူးအားဖြင့်၊ သမာဓိဂုဏ်ကျေးဇူးအားဖြင့်၊ ပညာဂုဏ်ကျေးဇူးအားဖြင့် မိမိနဲ့ တန်းတူနေရင် တန်းတူနေတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲပါ၊ ချဉ်းကပ်ပါ၊ ဆည်းကပ်ပါ။ ဘာဖြစ်လို့လဲ? သီလဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်လာမယ်၊ သမာဓိဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်လာမယ်၊ ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်လာမယ်။ ထို ကြီးပွားတိုးတက်လာတဲ့ သီလဂုဏ်ကျေးဇူးတွေက၊ သမာဓိဂုဏ်ကျေးဇူးတွေက၊ ပညာဂုဏ်ကျေးဇူးတွေက ချမ်းသာသုခအဝဝကို ဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်ပေးလိမ့်မယ်။ ဘယ်ချမ်းသာသုခလဲ ဆိုလို့ရှိရင် လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ဒီချမ်းသာသုခအဝဝကို ရွက်ဆောင်ပေးလိမ့်မယ်။

ဒါကြောင့် ထိုပုဂ္ဂိုလ်တွေကို သီလဂုဏ်ကျေးဇူးအားဖြင့်၊ သမာဓိဂုဏ်ကျေးဇူးအားဖြင့်၊ ပညာဂုဏ်ကျေးဇူးအားဖြင့် မိမိနဲ့ တန်းတူနေတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲပါ၊ ချဉ်းကပ်ပါ၊ ဆည်းကပ်ပါဆိုပြီး မြတ်စွာဘုရား တိုက်တွန်းထားတယ်နော်။ ဒါက နံပါတ်(၂)ပုဂ္ဂိုလ်ပါ။ နောက် နံပါတ်(၃)ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်လဲ?

‘‘ကတမော စ, ဘိက္ခဝေ, ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ ကတမော စ ပုဂ္ဂလော၊ အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ သက္ကတွာ၊ အရိုအသေပြု၍။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ သေဝိတဗ္ဗော၊ မှီဝဲအပ်ပါသနည်း။ ဘဇိတဗ္ဗော၊ ချဉ်းကပ်အပ်ပါသနည်း။ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်အပ်ပါသနည်း။

လောကမှာ အရိုအသေ အလေးအမြတ်ပြုပြီးတော့ မှီဝဲထိုက်တဲ့၊ ချဉ်းကပ်ထိုက်တဲ့၊ ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲဒါ ဘယ်လို ပုဂ္ဂိုလ်တွေလဲ?

ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အဓိကော ဟောတိ သီလေန သမာဓိနာ ပညာယ။ ဧဝရူပေါ, ဘိက္ခဝေ, ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်တို့သည်။ သီလေန၊ သီလဂုဏ်ကျေးဇူးအားဖြင့်။ အတီကော၊ သာလွန်လျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဟော... ပုဂ္ဂိုလ်တစ်မျိုးလာပြီ -

သမာဓိယာ၊ သမာဓိ ဂုဏ်ကျေးဇူးအားဖြင့်။ အတီကော၊ သာလွန်လျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပညာယ၊ ပညာ ဂုဏ်ကျေးဇူးအားဖြင့်။ အတီကော၊ သာလွန်လျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊

မိမိနဲ့ နှိုင်းစာကြည့်လိုက်တဲ့ အချိန်အခါမှာ သူတော်ကောင်းတစ်ဦးက သီလဂုဏ်ကျေးဇူး ကြည့်လိုက်လို့ရှိရင်လည်း မိမိထက် သာလွန်နေတယ်။ သမာဓိဂုဏ်ကျေးဇူး အားဖြင့်လည်း မိမိထက် သာလွန်နေတယ်။ ပညာဂုဏ်ကျေးဇူး အားဖြင့်လည်း မိမိထက် သာလွန်နေပြီနော်။ အဲဒီလို သာလွန်နေပြီဆိုရင် ဘာဖြစ်မလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ ဧဝရူပေါ ပုဂ္ဂလော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ သက္ကတွာ၊ အရိုအသေပြု၍။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ သေဝိတဗ္ဗော၊ မှီဝဲသင့်၊ မှီဝဲထိုက်ပေ၏၊ ဘဇိတဗ္ဗော၊ ချဉ်းကပ်သင့်၊ ချဉ်းကပ်ထိုက်ပေ၏၊ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်သင့်၊ ဆည်းကပ်ထိုက်ပေ၏၊

ဘယ့်နှယ်တုံး? ဒကာကြီးတွေ... ဒီစကားလေး လက်ခံနိုင်သလား? လက်ခံနိုင်ရမယ်။ အဆင့်အတန်း မြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ ပညာဂုဏ်ကျေးဇူးတွေကို မိမိတို့က လိုလားတောင့်တခဲ့မယ်ဆိုရင် မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန် မြင့်မြတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘာကြောင့် မမှီဝဲနိုင်ရမှာလဲ?

”ဒီကောင်မ... ငါ နည်းနည်းလေးမှ မကျေနပ်ဘူး၊ ဒင်းအနား ငါ ဘယ်တော့မှ မသွားချင်ဘူး” ဟော... ဒီ စိတ်ထား ထားရမလား?

”ဘယ်ရောက်ရောက်ကွာ... ငရဲရောက်ချင်လည်း ရောက်ပါစေ။ ငါ ဒီကောင်ကိုတော့ ဘယ်တော့မှ သွားပြီး ဆရာ မတင်ဘူး” ဟော... ဒီစိတ်ထားမျိုးကော ထားရမလား? မထားရဘူး။

မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန် မြင့်မြတ်နေပြီဆိုရင် ထိုပုဂ္ဂိုလ်တွေကို ဘာလုပ်ရမလဲ? ဆည်းကပ်ရမယ်။ ဘယ်လို ဆည်းကပ်ရမလဲ? အရိုအသေ အလေးအမြတ်ပြုပြီးတော့ ဆည်းကပ်ပါ။

”မင်းနဲ့ ငါနဲ့ တန်းတူပါပဲ” ဆိုတဲ့ ပုံစံမျိုးနဲ့ အမြီးစားဖက်၊ ခေါင်းစားဖက် ဆိုတဲ့ ပုံစံမျိုးနဲ့ မှီဝဲရမလား? မဟုတ်ဘူး။ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးလေးနဲ့ မှီဝဲပါ၊ ဆည်းကပ်ပါ။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘာဖြစ်လို့လဲ? သီလဂုဏ်ကျေးဇူးအားဖြင့် မိမိထက် သာလွန်နေတဲ့ပုဂ္ဂိုလ်ကို မှီဝဲခြင်းကြောင့် ဘာဖြစ်မလဲ? ဒီအပိုင်းမှာ ဘုရားဟောထားတယ်နော်။ သိပ်ပြီးတော့ အကြောင်းပြချက် ခိုင်လုံနေတယ်။

တံ ကိဿ ဟေတု? ဣတိ အပရိပူရံ ဝါ သီလက္ခန္ဓံ ပရိပူရေဿာမိ, ပရိပူရံ ဝါ သီလက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ၊

ဒီလို မှီဝဲဆည်းကပ်တာ ဘယ်လို အကြောင်းကြောင့်လဲလို့ မေးရင် -

အပရိပူရံ ဝါ သီလက္ခန္ဓံ ပရိပူရေဿာမိ,

ဣတိ၊ ဤသို့ မှီဝဲဆည်းကပ်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့်။ ဣတိ၊ ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲဆည်းကပ်ခြင်းတည်းဟူသော အကြောင်းကြောင့်။ အပရိပူရံ ဝါ၊ မဖြည့်ကျင့်ရသေးတဲ့။ သီလက္ခန္ဓံ ဝါ၊ သီလဂုဏ်ကျေးဇူးကိုလည်း။ ပရိပူရေဿာမိ၊ ငါ ဖြည့်ကျင့်ရပေတော့အံ့။

ဟော... နှလုံးထားလေး၊ နှလုံးထားလေး - မဖြည့်ကျင့် မပြည့်စုံသေးတဲ့ သီလတွေကို ငါ ဖြည့်ကျင့်ရတော့မယ်၊ ပြည့်စုံအောင် ကြိုးစားရတော့မယ် ဆိုပြီးတော့ ဝမ်းသာသွားတယ်။ စိတ်ထားပြီးတော့ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ ပေါင်းသင်းဆည်းကပ်ပါ။

နောက်တစ်ခု -

ပရိပူရံ ဝါ သီလက္ခန္ဓံ၊ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားတဲ့ သီလဂုဏ်ကျေးဇူးကိုမူလည်း။ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌။ ပညာယ၊ ပညာဖြင့်။ အနုဂ္ဂဟေဿာမိ၊ ငါ ချီးမြှောက်နိုင်ပေလိမ့်မယ်။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ ဧဝရူပေါ ပုဂ္ဂလော၊ ဤကဲ့သို့သော မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ ပုဂ္ဂိုလ်ကို။ သက္ကတွာ၊ အရိုအသေပြု၍။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ သေဝိတဗ္ဗော၊ မှီဝဲသင့် မှီဝဲထိုက်ပေ၏၊ ဘဇိတဗ္ဗော၊ ချဉ်းကပ်သင့် ချဉ်းကပ်ထိုက်ပေ၏၊ ပယိရုပါသိတဗ္ဗော၊ ဆည်းကပ်သင့် ဆည်းကပ်ထိုက်ပေ၏၊

ဘာပြောချင်တာလဲဆိုတော့ မိမိထက် သူက သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန်နေပြီ၊ သာလွန်နေတဲ့ ဒီသူတော်ကောင်းတစ်ဦးကို မိမိက သွားပြီးတော့ ရိုရိုသေသေ လေးလေးစားစားနဲ့ မှီဝဲဆည်းကပ်တယ်။ အဲဒီလို မှီဝဲဆည်းကပ်နေခြင်းဟာ ဘယ်လို အကြောင်းကြောင့် မှီဝဲဆည်းကပ်သလဲ? မိမိရဲ့ မှီဝဲဆည်းကပ်နေတဲ့ ဦးတည်ချက်ကလေးကို ဘုရားရှင်က သဘာဝကျကျလေး ဟောထားတယ်နော်။ မိမိမှာ မပြည့်စုံသေးတဲ့၊ မဖြည့်ကျင့်ရသေးတဲ့ သီလဂုဏ်ကျေးဇူးတွေရှိမယ်။ ဒီသီလနဲ့ သာလွန်မြင့်မြတ်နေတဲ့ သူတော်ကောင်းတစ်ဦးကို ရိုရိုသေသေ အလေးအမြတ် အလေးဂရုပြုပြီး မှီဝဲဆည်းကပ်ခြင်းကြောင့် မဖြည့်ကျင့်ရသေးတဲ့ ဒီသီလဂုဏ်ကျေးဇူးတွေကို ငါ ဖြည့်ကျင့်ရလိမ့်မယ် ဒီလို နှလုံးထားနဲ့ ဆည်းကပ်တာပါ။ အခွင့်အရေးလိုချင်လို့ သွားပြီး ဆည်းကပ်တဲ့ပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။

သီလ၊ သမာဓိ၊ ပညာ ဂုဏ်ကျေးဇူးတော်များ

ပရိပူရံ ဝါ သီလက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ၊

မိမိက သီလဂုဏ်ကျေးဇူးတွေကို တော်တော်လေး ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားပြီ။ ဖြည့်ကျင့်ထားလိုက်တဲ့ အချိန်အခါမှာ ဒီသူတော်ကောင်းက မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သော်လည်းကောင်း၊ သမာဓိဂုဏ်ကျေးဇူးအားဖြင့် သော်လည်းကောင်း၊ ပညာဂုဏ်ကျေးဇူးအားဖြင့် သော်လည်းကောင်း သူက သာလွန်နေပြီ။ သာလွန်နေတဲ့အတွက်ကြောင့် ဒီနေရာမှာ ဘာဖြစ်လဲ?

သီလကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တဲ့နေရာမှာ တစ်ခါတစ်ရံ သပ္ပါယ မမျှတတဲ့ သဘောတွေ ရှိလာတယ်။ သီလ ကျိုးပေါက်ဖို့ရန်အတွက် ထိပ်တိုက် ဆန့်ကျင်ဘက်ကလေးတွေ ပေါ်လာတတ်တယ်။ သီလပြည့်စုံဖို့ရန်အတွက် ကျေးဇူးမပြုပေးနိုင်တဲ့ အကြောင်းတရားလေးတွေလည်း ပေါ်လာတတ်တယ်။ အဲဒီလို အကြောင်းတရားတွေကို သူက ရှောင်ကြဉ်နိုင်တဲ့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှောင်ကြဉ်ရမယ် ဆိုပြီးတော့ ရှောင်ကြဉ်နိုင်မယ့် နည်းကောင်းလမ်းကောင်းတွေကို ထိုသူတော်ကောင်းထံမှ မိမိက ရနိုင်တယ်။ ဒါ ဗြုန်းကနဲ သဘောပေါက်ချင်မှ ပေါက်မယ်၊ သဘော မပေါက်ချင်လည်း မပေါက်ဘူး။

တလောကလား ... မသိပါဘူး၊ ဘုန်းကြီး ပြောခဲ့ဖူးပါသေးတယ်။ တက္ကသိုလ်က ဘုန်းကြီးကို ကြည်ညိုလေးစားနေတဲ့ ဆရာတစ်ဦးပဲ ဆိုကြပါစို့နော်။ တစ်ချိန်မှာ သူက သူ့သီလတွေနဲ့ ပတ်သက်ပြီး သူ အမြဲတမ်း ဆန်းစစ်တဲ့အကြောင်း လျှောက်ထားရင်းနဲ့ ဘာသူပြောလဲ?

”အလုပ်ခွင်မှာ နေရတာ ဘုရား ... တစ်ခါတစ်ရံ တပည့်တော် စိတ်မချမ်းသာဘူး” တဲ့။ ဘာဖြစ်လို့လဲ? ”တစ်ခါတစ်ရံ မလွဲမရှောင်သာတဲ့ အကြောင်းလေးကြောင့် ငါသည် မုသား ပြောရတော့မယ် ဆိုတာလည်း သိနေပြီ၊ မုသား ပြောနေပြီ ဆိုတာလည်း သိနေပြီ၊ မုသား ပြောပြီးပြီ ဆိုတာလည်း သိနေပြီ။ စိတ်မကောင်းဘူး ဘုရား ...” ဆိုပြီး လျှောက်တယ်။ ဘယ့်နှယ်တုံး? ဒကာကြီးတွေ ဟုတ်သလား၊ မဟုတ်ဘူးလား? ဟင်! ဟုတ်တယ်။

လူ့လောကမှာ ဒါတွေဟာ မကင်းနိုင်တဲ့ သဘာဝလေးတွေ ရှိတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ခုလို သီလရှိတဲ့ သူတော်ကောင်းနဲ့ ဒါ သီလနဲ့ သပ္ပါယ မဖြစ်တဲ့ အကြောင်းအရာလေးတွေပဲနော်။ သီလကို ပြည့်စုံအောင် ကျေးဇူးပြု မပေးနိုင်တဲ့ အကြောင်းအရာလေးတွေပဲ။ ဘာအကြောင်းအရာ ဆိုတာကတော့ ဒကာကြီးတွေက လူ့လောက ကျင်လည်နေတဲ့အတွက် ပိုပြီးတော့ နားလည်လိမ့်မယ်နော်။

အဲဒီလို အကြောင်းအရာလေးတွေကို ဒီသီလက သာလွန်ပြီး မြင့်မြတ်နေတဲ့ သူတော်ကောင်းတစ်ဦးနဲ့ သွားပြီး မှီဝဲဆည်းကပ်လိုက်တဲ့ အချိန်အခါမှာ ဒီသီလတွေ ပြည့်စုံသထက် ပြည့်စုံအောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ဒီလို မကောင်းမှုတွေကို တို့ရှောင်ကြဉ်ရမယ်ဆိုတဲ့ နည်းကောင်း လမ်းကောင်းလေးတွေ တွေ့မလာနိုင်ဘူးလား? တွေ့လာနိုင်တယ်။

”ကဲလေ မထူးတော့ပါဘူး ဒကာကြီးရယ် ... ဘုန်းကြီးသာ ဝတ်လိုက်တော့” ဟော ... ဒါ နည်းကောင်း လမ်းကောင်း မဟုတ်ဘူးလား? ဟုတ်တယ်။ ”သီလရှင်သာ ဝတ်လိုက်ပါလေ ... မထူးပါဘူး။ ဟုတ်တယ်၊ မဟုတ်လား? ဒီဆရာမ လစာလေး ထမင်းတောင် စားလို့ဝမှာ မဟုတ်ပါဘူး။ ကဲ သီလရှင်သာ ဝတ်လိုက်တော့” ဒါ နည်းကောင်း လမ်းကောင်း မဟုတ်ဘူးလား? ဟင် နည်းကောင်း လမ်းကောင်းတွေပဲ။ အဲဒီတော့ သူက သီလ မစင်ကြယ်ဖို့ရန်အတွက်၊ သီလကို ကျေးဇူးမပြုတဲ့ တရားတွေကို ရှောင်ကြဉ်ဖို့ရန် နည်းကောင်း လမ်းကောင်းကို ဒီသူတော်ကောင်းထံမှာ ရရှိနိုင်တယ်။ မှားသလား၊ မှန်သလား? မှန်နေတယ်နော်။ နောက်တစ်ခု -

သပ္ပါယေ ဥပကာရဓမ္မေ သေဝန္တော

သီလစင်ကြယ်ဖို့ရန်အတွက် သပ္ပါယဖြစ်တဲ့၊ သီလစင်ကြယ်ဖို့ရန်အတွက် ကျေးဇူးပြုပေးနေတဲ့ တရားတွေကိုလည်း မှီဝဲခွင့် ရနိုင်တယ်။ ဒီသူတော်ကောင်းနဲ့ ပေါင်းလိုက်တဲ့အတွက်နော် မှီဝဲခွင့် ရပြီးတဲ့အခါ ဘာဖြစ်မလဲ?

တသ္မိံ တသ္မိံ ဌာနေ၊ ထိုထိုနေရာဌာန၌

ထိုထိုနေရာဌာန ဆိုတာကတော့ - ဒီစကားလေးရဲ့ အဓိပ္ပါယ်က တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ လွယ်လွယ်လေးနဲ့ နားလည်နိုင်တဲ့ စကားအဓိပ္ပါယ်ပါ။ ထိုထိုနေရာ ဆိုတာကတော့ အားလုံး ပါသွားပြီနော်။ အိမ်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့။ ထိုထိုနေရာတွေမှာ -

သီလက္ခန္ဓံ၊ သီလဂုဏ်ကျေးဇူးကို။ ပညာယ၊ ပညာဖြင့်။ အနုဂ္ဂဏှာတီတိနာမ၊ ချီးမြှောက်နိုင်သည် မည်ပေ၏၊

ဒီတော့ မိမိရဲ့ သီလဂုဏ်ကျေးဇူးတွေ ကြီးပွား တိုးတက်လာအောင် ထိုထိုနေရာတွေမှာ ပညာဖြင့် ချီးမြှောက်နိုင်တယ်။ ပညာဖြင့် ချီးမြှောက်နိုင်တယ်လို့ ခေါ်တယ်။ ဘာပြောတာလဲ? သီလ ပျက်စီးမယ့် အကြောင်းတရားတွေကို သူက ရှောင်ကြဉ်နိုင်ဖို့ရန်အတွက် သူက အခွင့်ကောင်း၊ နည်းကောင်းလမ်းကောင်းတွေ ထိုသူတော်ကောင်းထံမှ ရနိုင်တယ်။ သီလ စင်ကြယ်ဖို့ရန် ကျေးဇူးပြုပေးနေတဲ့ တရားကောင်းတွေကိုလည်း ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် မှီဝဲဆည်းကပ်ရမယ်ဆိုတဲ့ နည်းကောင်းလမ်းကောင်းတွေကို ထိုသူတော်ကောင်းထံမှ မိမိက ရရှိနိုင်တယ်။

ရရှိလိုက်တဲ့အတွက် ထိုထိုနေရာမှာ ကြုံလာပြီဆိုလာရင် ဒီသီလဂုဏ်ကျေးဇူးတွေကို မိမိရဲ့ ရရှိထားတဲ့ ဒီဉာဏ်ပညာဖြင့် ချီးမြှောက်နိုင်တဲ့ စွမ်းအားတွေ မိမိသန္တာန်မှာ ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်နော်။

”ဟ ... ဒီလိုစကား မပြောရဘူး။ ဒါ မုသားစကားနဲ့ သိပ်နီးကပ်တယ်။ ဒီလို စကားမျိုး မပြောရဘူး။ ဒီလို ကုန်းတိုက်တဲ့ စကားဆိုတာ သူတော်ကောင်းတွေက မပြောသင့်ဘူး” စသည်ဖြင့် ဒီလို ဆိုဆုံးမမှုတွေ ဒီသူတော်ကောင်းထံမှ များစွာ မရနိုင်ဘူးလား? ရနိုင်တယ်နော်။ ဒီစကားက ပြောသင့်၊ ပြောထိုက်တဲ့ စကားဖြစ်တယ်။ ဒီစကားက မပြောသင့်၊ မပြောထိုက်တဲ့ စကားဖြစ်တယ်။ ဒီစကားက သီလနဲ့ဆက်စပ်တဲ့ တရားစကား ဖြစ်တယ်။ ဒီစကားက သီလနဲ့မဆက်စပ်တဲ့ စကားတွေ ဖြစ်နေတယ် စသည်ဖြင့် ရှောင်ကြဉ်ရမယ့်စကား၊ လိုက်နာပြုကျင့်ရမယ့်စကား ဒီစကားမျိုးတွေကို သူတော်ကောင်းထံမှ မိမိက နည်းကောင်းလမ်းကောင်း မရနိုင်ဘူးလား? ရနိုင်တယ်။

ဒါကြောင့် မိမိမှာ မဖြည့်ကျင့်ရသေးတဲ့ သီလဂုဏ်ကျေးဇူးတွေကိုလည်း ဒီသူတော်ကောင်းနဲ့၊ သီလရှိတဲ့ မိမိထက် သာလွန် အဆင့်အတန်း မြင့်မားနေတဲ့ သီလရှိတဲ့ သူတော်ကောင်းနဲ့ သွားပြီး ပေါင်းဖော်ခြင်းကြောင့် ဖြည့်ကျင့်နိုင်တဲ့ စွမ်းအားတွေ မိမိရဲ့သန္တာန်မှာ ကိန်းဝပ်မလာဘူးလား? ကိန်းဝပ်လာတယ်။ ဖြည့်လည်း ဖြည့်ကျင့်နိုင်တယ်။ အဲ မိမိသီလတွေကို မိမိက ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားပြီဆိုရင်လည်း မိမိသီလတွေ နောက်ထပ်တစ်ဖန် မကျိုးအောင်၊ မပေါက်အောင်၊ မပျောက်အောင်၊ မကျားအောင် မိမိရဲ့ သီလကို မိမိရဲ့ အသိအလိမ္မာဉာဏ်ပညာဖြင့် ချီးမြှောက်ထားနိုင်တဲ့ စွမ်းအားတွေလည်း ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ ဒါကြောင့် မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ သူတော်ကောင်း တစ်ဦးကို တွေ့ပြီဆိုရင် ထိုသူတော်ကောင်းကို အရိုအသေ အလေးအမြတ် ပြုပြီးတော့ မှီဝဲဆည်းကပ်ပါဆိုပြီး ဘုရား တိုက်တွန်းထားတယ်နော်။

လောကကြီးပွားချမ်းသာရေး၊ တမလွန် ကြီးပွားချမ်းသာရေး၊ နိဗ္ဗာန်ဆိုတဲ့ ကြီးပွားချမ်းသာရေး ရရှိဖို့ရန်အတွက် အခြေခံ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်နော်။ နောက်တစ်ခု -

အပရိပူရံ ဝါ သမာဓိက္ခန္ဓံ ပရိပူရေဿာမိ, ပရိပူရံ ဝါ သမာဓိက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ၊

မိမိထက် သမာဓိဂုဏ်ကျေးဇူးအားဖြင့် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းကို မိမိက သွားပြီးတော့ မှီဝဲဆည်းကပ်ပြီ။ မှီဝဲဆည်းကပ်လိုက်တဲ့အတွက်ကြောင့် မိမိ မဖြည့်ကျင့်ရသေးတဲ့ သမာဓိဂုဏ်ကျေးဇူးတွေကိုလည်း ထိုသူတော်ကောင်းထံမှ နည်းကောင်းလမ်းကောင်းတွေ ရရှိတဲ့အတွက် မိမိရဲ့သမာဓိတွေကို အဆင့်အတန်း မြင့်မားလာအောင် ဖြည့်ကျင့်နိုင်တဲ့ စွမ်းအားတွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ ဒါ ဒီသမာဓိ အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းနဲ့ ပေါင်းဖော်ရခြင်းတည်းဟူသော အကြောင်းကြောင့် မဖြည့်ကျင့်ရသေးတဲ့ သမာဓိဂုဏ်ကျေးဇူးတွေကိုလည်း မိမိက ဖြည့်ကျင့်နိုင်ပေလိမ့်မယ်။

နောက်တစ်ခု - မိမိက သမာဓိတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားပြီ။ ဖြည့်ကျင့်ထားပြီး ဖြစ်ရင်လည်း ဒီသမာဓိ လျောကျမသွားအောင်နော် ထိုထိုနေရာတွေမှာ မိမိရဲ့ သမာဓိကို ပညာဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာမယ်။ ဒီစကားလည်း ဗြုန်းကနဲ နားလည်ချင်လည်း နားလည်မယ်။ နားမလည်နိုင်သော်လည်း ရှိချင်ရှိမယ်။

ဘုန်းကြီးတို့ ဟိုး ... ပဏ္ဏာသ ပါဠိတော် တစ်ခုမှာပဲ ဆိုကြပါစို့ - သုတ္တန်တော့ ဘုန်းကြီးကလည်း မကြည့်လို့ မမှတ်မိ ဖြစ်သွားတယ်။ သမာဓိနဲ့ ပညာဟာ အပြန်အလှန် ကျေးဇူးပြုနေတဲ့ တရားတွေ ဖြစ်တယ်။ ဒီတော့ ခု လက်တွေ့ ဒီမှာတရားအားထုတ်နေတဲ့ သူတော်ကောင်းတွေ သဘောပေါက်ပါလိမ့်မယ်နော်။

ဆိုကြပါစို့ - မိမိတို့ စတုတ္ထဈာန်သမာဓိအထိ သမာဓိကို ခိုင်ခိုင်ခံ့ခံ့ ထူထောင်နိုင်ပြီ ဆိုကြစို့နော်။ ဩဒါတကသိုဏ်းနဲ့ပဲဖြစ်စေ သို့မဟုတ် အာနာပါနနဲ့ပဲ ဖြစ်စေ စတုတ္ထဈာန်သမာဓိသို့တိုင်အောင် ခိုင်ခိုင်ခံ့ခံ့ သမာဓိကို ထူထောင်ထားတဲ့ ယောဂီသူတော်ကောင်းက ဒီသမာဓိကို ဝိပဿနာရဲ့ အခြေပါဒကပြု၍ ရုပ်တွေကို သိမ်းဆည်းမယ်၊ နာမ်တွေကို သိမ်းဆည်းမယ်၊ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းမယ်၊ အကြောင်းတရားနဲ့တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို လှမ်းပြီး ရှုမယ်ဆိုရင် ရှုလို့ မရဘူးလား? ရကြတယ်။ ဒါ ဘာကို အခြေခံလဲမေးတော့ သမာဓိကို အခြေခံပြီး ပညာစခန်းသို့ မိမိက ကူးသွားတယ်နော်။ ဒါကြောင့် ဘုရားရှင်ကလည်း မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာသမာဓိမဂ္ဂင်ကို ထည့်ဟောထားတယ်နော်။

နောက် ခဏခဏ ဘုန်းကြီးဟောနေတဲ့အတိုင်း ...

‘‘သမာဓိံ, ဘိက္ခဝေ, ဘာဝေထ၊ သမာဟိတော, ဘိက္ခဝေ, ဘိက္ခု ယထာဘူတံ ပဇာနာတိ။

”ချစ်သားရဟန်းတို့ ... ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတ ဉာဏ်အမြင် ရရှိရေးအတွက် သမာဓိ ထူထောင်ကြပါ” ဆိုပြီး ဒီလိုလည်း ကြိမ်ဖန်များစွာ တိုက်တွန်းထားပါတယ်နော် -

ကိဉ္စ ယထာဘူတံ ပဇာနာတိ?

ဘာတွေကို ဟုတ်တိုင်းမှန်စွာ သိမလဲ? ဒီတစ်ခါကျတော့ ပုံစံတစ်မျိုးလေးနဲ့ ဟိုခန္ဓဝဂ္ဂသံယုတ်မှာ ဘုရားဟောထားပါတယ်နော် -

”ဣတိ ရူပံ ဣတိ ရူပဿ သမုဒယော ဣတိရူပဿ အတ္ထင်္ဂမော”

စသည်ဖြင့် ဟောထားတယ်။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်လို့ သိမယ်။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ရဲ့ ဖြစ်ကြောင်းသဘောနဲ့ ဖြစ်ခြင်းသဘောလို့ ဟုတ်တိုင်းမှန်စွာ သိမယ်။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ရဲ့ ချုပ်ကြောင်းသဘောနဲ့ ချုပ်ခြင်းသဘောလို့...

အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံလည်း ဟုတ်တိုင်းမှန်စွာ မသိဘူးလား? သိတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ အရဟတ္တမဂ်ဆိုက်တဲ့အခါ လုံးဝ ချုပ်ငြိမ်း သွားခြင်းကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်သွားခြင်းကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းကို အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ နောင်တစ်ဖန် ဖြစ်ခွင့်ရှိနေတဲ့ ချုပ်နည်းကိုတော့ ဥပ္ပါဒနိရောဓလို့ ဒီလိုခေါ်တယ်။ ဒါအသုံးအနှုန်း နှစ်မျိုးရှိတယ်။ နိရောဓ နှစ်မျိုး။ ခုဒီမှာ ပြောနေတာက အနုပ္ပါဒနိရောဓကို ရည်ညွှန်းထားပါတယ်။

ဒီတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေက အရဟတ္တမဂ် ရောက်တဲ့အခါ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ပြီ။ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ပြီ။ အဲဒီ ချုပ်ငြိမ်းခြင်းကြောင့် ပရိနိဗ္ဗာနစုတိရဲ့နောက်မှာလည်း ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးတို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ ချုပ်သွားတယ်။ အနုပ္ပါဒနိရောဓပဲ။ အဲဒီလို ချုပ်ငြိမ်းမှုကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိထူထောင်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်။ နောက်တစ်ခု -

အကြောင်းတရား၊ အကျိုးတရား နှစ်ခုလုံးတို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိ ထူထောင်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်။ ဒီတော့ သမာဓိကို အခြေခံပြီးတော့ ဒီဉာဏ်ပညာတွေ မရရှိနိုင်ဘူးလား? ရရှိတယ်။ သို့သော် ပညာကြောင့်လည်း အထူးသဖြင့် ဝိပဿနာပေါ့။ ဝိပဿနာ ဉာဏ်ပညာကြောင့်လည်း ဒီသမာဓိသည် ခိုင်ခံ့သွားတယ်။ ဟော ... သမာဓိကို ဝိပဿနာဉာဏ်ကလည်း ဒီသမာဓိကို ခိုင်ခံ့သွားအောင် တစ်ဖန် ပြန်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက် ပေးတယ်။

ဘယ်လိုလဲ? ဆိုကြပါစို့ - အာနာပါန ကမ္မဋ္ဌာန်းပဲ။ ပဋိဘာဂနိမိတ် အလွန်ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမဈာန်ကို ဝင်စားတယ်။ ပထမဈာန်က ထပြီးတဲ့ အချိန်အခါမှာ ဒီပထမဈာန် နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာ ရှုတယ်။

တစ်ခါ ဒုတိယဈာန်ကို ဝင်စားပြန်တယ်။ ဒုတိယဈာန်မှ ထပြီးတဲ့အခါ ဒီဒုတိယဈာန် နာမ်တရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ တစ်ဖန် ဝိပဿနာ ရှုပြန်တယ်။ တတိယဈာန်ကို ဝင်စားပြန်တယ်။ တတိယဈာန်မှ ထပြီးတဲ့အခါ ဒီတတိယဈာန် နာမ်တရားတွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ စတုတ္ထဈာန်ကို ဝင်စားပြန်တယ်။ စတုတ္ထဈာန်မှ ထပြီးတဲ့အခါ ဒီစတုတ္ထဈာန် နာမ်တရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပြန်တယ်။

အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ ဒီဝိပဿနာဉာဏ်ကြောင့် ဒီသမာပတ်ဟာလည်း ခိုင်ခံ့လာတဲ့သဘော ရှိသွားတယ်။ ဉာဏ်ပညာကနေပြီးတော့ တစ်ဖန် သမာဓိကို ကျေးဇူးပြုပေးတယ်။ အေး ... အလားတူပဲ ကသိုဏ်း(၁၀)ပါး၊ ကသိုဏ်း တစ်ပါးတစ်ပါးမှာလည်း သမာပတ် (၈)ပါးအထိ ပွားများထားတဲ့ သူတော်ကောင်းတွေအဖို့လည်း ပုံစံတူပဲ။

အဲဒီတော့ ပထဝီကသိုဏ်းကို အာရုံယူပြီးတော့ ပထမဈာန်ကို ဝင်စားတယ်။ ဒီပထမဈာန်က ထပြီးတော့ ဒီပထဝီကသိုဏ်းလျှင် အာရုံရှိနေတဲ့ ပထမဈာန် နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပြန်တယ်။ အဲဒီအတိုင်းပဲ သမာပတ် (၈)ပါးလုံး ဆုံးသည့်တိုင်အောင် မိမိက ပထဝီကသိုဏ်းမှာ ရှုတယ်။ အာပေါကသိုဏ်း အစရှိတဲ့ ကျန်နေတဲ့ ကသိုဏ်း (၁၀)ပါးမှာလည်း ပုံစံတူ ရှုတယ်။

ရှုလိုက်ရင် ဘာဖြစ်လဲ? ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီဝိပဿနာဉာဏ်တွေကြောင့် သမာဓိ ကသိုဏ်းပညတ်လျှင် အာရုံရှိနေတဲ့ သမာဓိတွေဟာလည်း ခိုင်ခံ့သွားတယ်။ သမာဓိကြောင့်လည်း ဒီဝိပဿနာဉာဏ်တွေက ရရှိတယ်။ ဒီဝိပဿနာဉာဏ်ကြောင့်လည်း သမာဓိသည် ခိုင်ခံ့သွားတယ်။ အဲဒီ ခိုင်ခံ့နေတဲ့သဘောကို ဘုရားက ဘာပြောလဲ?

ပရိပူရံ ဝါ သမာဓိက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ၊

ဟော ... ပရိပူရံ ဝါ သမာဓိက္ခန္ဓံ၊ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားတဲ့ သမာဓိ ဂုဏ်ကျေးဇူးကိုမူလည်း။ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌။ ပညာယ၊ ဝိပဿနာဉာဏ်ပညာဖြင့်။ အနုဂ္ဂဟေဿာမိ၊ ငါ ချီးမြှောက်နိုင်ပေလိမ့်မယ်။

ဟော ... ဒီသမာဓိကို တစ်ဖန် ပြန်ပြီးတော့ ဒီပညာနဲ့ ချီးမြှောက်ပေးနိုင်လိမ့်မယ်။ ဘယ်လိုကြောင့်လဲ? မိမိထက် သမာဓိဂုဏ်ကျေးဇူးအားဖြင့် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းတစ်ဦးကို မှီဝဲဆည်းကပ်ခြင်း တည်းဟူသော အကြောင်းကြောင့် ထိုသူတော်ကောင်းထံမှ မိမိရဲ့သန္တာန်မှာ မဖြည့်ကျင့်ရသေးတဲ့၊ မပြည့်စုံသေးတဲ့ သမာဓိဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံလာမယ်။ ဖြည့်ကျင့်ထားပြီးတဲ့၊ ပြည့်စုံပြီးဖြစ်နေတဲ့ ဒီသမာဓိဂုဏ်ကျေးဇူးတွေလည်း ထိုထိုနေရာမှာ ပညာဖြင့် ချီးမြှောက်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာလိမ့်မယ်။ ဒါကို ပြောတာနော်။

ဒီတော့ သမာဓိကြောင့် ပညာဖြစ်တာ မှန်သလို၊ ပညာတွေကလည်း ဒီသမာဓိကို ခိုင်ခံ့သွားအောင် ပြန်ပြီး ထိန်းသိမ်းစောင့်ရှောက် မပေးဘူးလား? ထိန်းသိမ်းစောင့်ရှောက်ပေးတယ်။ အဲဒီလို ထိန်းသိမ်းစောင့်ရှောက်ပေးတယ် ဆိုတာ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းမှ မိမိက ဒီအသိဉာဏ် ရတာပါ။

နမူနာလေးတစ်ခု - အလွဲကြီး လွဲသွားတဲ့ ပုဂ္ဂိုလ်သုံးဦးပေါ့။ ဝမ်းနည်းစရာပဲ။ အာဠာရရသေ့၊ ဥဒကရသေ့၊ ဒေဝီလရသေ့တို့ပဲနော်။ ဒေဝီလရသေ့က လောကီဈာန်သမာပတ် (၈)ပါးနှင့်တကွ လောကီအဘိညာဏ်တွေကို ရရှိတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ နေ့အခါမှာ တာဝတိံသာ နတ်ပြည်ကို သွားသွားပြီးတော့ နေ့သန့်စင်တယ်။ ညအခါမှာတော့ ပြန်ပြီးတော့ သုဒ္ဓေါဓနမင်းကြီးရဲ့ ဖိတ်ကြားချက်အရ သုဒ္ဓေါဓနမင်းကြီးရဲ့ မင်းဥယျာဉ်အတွင်း သင်္ခမ်းကျောင်းလေးမှာ လာပြီး သီတင်းသုံးပါတယ်။ သူ့မှာ ခုနက အသိဉာဏ် သိပ်ပြီးတော့ သာသနာတွင်းမှာ ရှိသင့်ရှိထိုက်တဲ့ အသိဉာဏ် သူ့မှာ မရှိဘူး။

အလားတူပဲ အာဠာရရသေ့၊ ဥဒကရသေ့တို့ဟာလည်း ဈာန်သမာပတ်တွေကို ရရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်နော်။ အဲဒီ သူတော်ကောင်းတွေမှာလည်း သာသနာတွင်းမှာ ရှိသင့်ရှိထိုက်တဲ့ အသိဉာဏ် သူတို့မှာ မရှိဘူး။ ဘယ်လို မရှိသလဲဆိုတော့ -

သူတို့က သမာပတ် (၈)ပါးလုံးကို ရရှိတဲ့ပုဂ္ဂိုလ် သို့မဟုတ် သမာပတ် (၈)ပါးလုံးကို ရရှိတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ရင် အဲဒီ သမာပတ်တွေထဲမှာ အဆင့်အတန်း အမြင့်ဆုံးဖြစ်နေတဲ့ သမာပတ်ကသာ အကျိုးပေးတယ်။ အဆင့်နိမ့်နေတဲ့ သမာပတ်တွေက အကျိုးမပေးဘူးလို့ ဒီလို အသိမျိုးရှိတယ်။ သာသနာတွင်း ပုဂ္ဂိုလ်တွေကျတော့ အဲဒီ သမာပတ် (၈)ပါး ရတယ်ပဲထား။ မိမိ ကြိုက်နှစ်သက်ရာ သမာပတ်ကို ရွေးချယ်ပြီးတော့ ပွားများအားထုတ်ထားပါ။ ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်ထားပါ။ မိမိ နှစ်ခြိုက်တဲ့ဘုံကို ရောက်နိုင်တယ်ဆိုတဲ့ အသိဉာဏ်ရှိတယ်။ သာသနာပမှာ အဲဒီ အသိဉာဏ်မျိုး မရှိဘူး။ မရှိတဲ့အတွက် မိမိတို့ရဲ့ သမာပတ်တွေ၊ သမာဓိတွေကို ပညာဖြင့် ချီးမြှောက်နိုင်တဲ့ စွမ်းအားကော ရှိသလား? မရှိပြန်ဘူး။ သာသနာတွင်းမှာ လူဖြစ်ရတာနဲ့ သာသနာပမှာ လူဖြစ်ရတာ ကွာဟချက်တွေ မရှိဘူးလား? ရှိတယ်။

အဲဒီ အသိဉာဏ်မရှိတဲ့အတွက် ဒီပုဂ္ဂိုလ်သုံးဦး ဘာဖြစ်သွားလဲ? ဘုရားနဲ့ အလွဲကြီး လွဲသွားတယ်။ အရူပဘုံတွေ ရောက်သွားကြတယ်။ ဒေဝီလရသေ့ကြီးက အထွတ်အထိပ်ဖြစ်နေတဲ့ နေဝသညာနာသညာယတနဘုံကို ရောက်ရှိသွားတယ်။ အာဠာရသေ့နဲ့ ဥဒကရသေ့တို့လည်း အရူပ ၄-ဘုံကိုပဲ ရောက်ရှိသွားကြပါတယ်။

အရူပ ၄-ဘုံဆိုတာက ရုပ်မရှိဘူး။ ရုပ်မရှိတဲ့အတွက် ဘုရားကို ဖူးမြော်နိုင်တဲ့ မျက်စိလည်း မရှိဘူး၊ ဘုရားတရားကို နာယူနိုင်တဲ့ နားလည်း မရှိဘူး။ အောက်ထစ်ဆုံးအားဖြင့် သောတာပန်ဖြစ်တယ်ဆိုတာက ပရတောဃောသလို့ ခေါ်ဆိုအပ်တဲ့ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားကို နာကြားခွင့်ရရှိမှ သောတာပန် ဖြစ်နိုင်တယ်။

ခုဒီပုဂ္ဂိုလ်တွေဟာ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားကို နာကြားခွင့် ရရှိနိုင်လောက်အောင် နားရှိသလား? မရှိကြဘူး။ မရှိတဲ့အတွက် သောတာပန် ဖြစ်သလား? မဖြစ်သွားကြဘူး။ အရိယာအဆင့်သို့ မရောက်တဲ့အတွက် ထိုပုဂ္ဂိုလ်တို့သည် တစ်ချိန်ပေါ့လေ ... သူတို့ရဲ့ ဈာန်စွမ်းအင်လေးတွေ ကုန်ခမ်းသွားတဲ့ အချိန်အခါမှာ ဒီကာမဘုံကို တစ်ဖန် ပြန်လာခြင်း ဘယ်သူတွေလဲ? အာဠာရရသေ့၊ ဥဒကရသေ့၊ ဒေဝီလရသေ့တို့နော်။ ထိုသူတော်ကောင်းကြီးတွေ တစ်ချိန် ကာမဘုံ - အထူးသဖြင့် ကာမသုဂတိဘုံသို့ တစ်ဖန် ပြန်လာခြင်းသဘောတော့ ရှိနေကြပါသေးတယ်။
cbvlo5x74vxuq7mbiumhnwrajgd58n4 မင်္ဂလသုတ်-၂၄/၉၇ 0 6247 21882 2026-04-14T05:41:19Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၃..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21882 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၃/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၅/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၂၄

အကယ်၍များပေါ့ မိမိတို့ ရရှိထားတဲ့ သမာပတ်တွေထဲက မိမိတို့ ကြိုက်နှစ်သက်ရာဘုံကို ရွေးချယ်ပြီးတော့ ကြိုက်နှစ်သက်ရာ သမာပတ်ကို ပွားများအားထုတ်ခဲ့မယ်ဆိုရင် ရရှိနိုင်ပါတယ်ဆိုတဲ့ ဒီ အသိထူး၊ ဉာဏ်ထူးလေးများ ရှိခဲ့မယ်ဆိုရင် သူတို့ ဘုရားရှင်နဲ့ မလွဲနိုင်ဘူး။ ဘာဖြစ်လို့လဲ? မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောဖို့ရန် လောကကို လှမ်းပြီး ကြည့်ရှုတဲ့အပိုင်းမှာ ဘယ်ပုဂ္ဂိုလ်တွေကို စတင်ပြီးတော့ ငါဘုရား သစ္စာလေးပါး တရားစကားတွေကို ဟောကြားရမလဲ? ကြည့်လိုက်တဲ့အခါမှာ ဒီအာဠာရရသေ့တို့၊ ဥဒကရသေ့တို့ပဲ ဘုရားရှင် မြင်တော်မူပါတယ်။ သို့သော်လည်း သူတို့က ကွယ်လွန်သွားကြပြီ ဖြစ်တယ်။ သစ္စာလေးပါးကို သိနိုင်တဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာလည်း ဘုရားရှင် သိတော်မူတယ်။ သို့သော်လည်း သူတို့ရဲ့မျိုးစေ့တွေသည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် အစရှိတဲ့ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရရှိနိုင်ပေမယ့်လို့ သူတို့ ရသွားကြသလား? မရကြဘူး။

ဒါကြောင့် ဦးပဉ္စင်းတို့ အသိဉာဏ်လေးဖြင့် မိမိတို့ရဲ့ သမာပတ်တွေကို ဆောက်တည်ထားနိုင်တဲ့ စွမ်းအားသည် လွန်စွာ ကျေးဇူးများပါတယ်။ သာသနာတော်အတွင်းမှာသာ ရနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်နော်။ ညက ဘုန်းကြီး ပြောခဲ့ပါတယ်။ ဒီနေရာမှာ မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန်နေတဲ့ သူတော်ကောင်းတွေ၊ မိမိထက် သမာဓိဂုဏ်ကျေးဇူးအားဖြင့် သာလွန်နေတဲ့ သူတော်ကောင်းတွေ၊ မိမိထက် ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန်နေတဲ့ သူတော်ကောင်းတွေကို အရိုအသေ အလေးအမြတ် ဂရုပြုပြီးတော့ မှီဝဲဆည်းကပ်ဖို့ရန်အတွက် ဘုရားရှင်က တိုက်တွန်းထားတဲ့အကြောင်း ညက ပြောခဲ့တယ်နော်။ အဲဒီတော့ အဲဒီအချက်နဲ့ ပတ်သက်ပြီး ညက ဘယ်အပိုင်းရောက်သွားသလဲလို့မေးတော့ ပညာပိုင်းလေးကို စရမယ့်အပိုင်းပဲ ...

အပရိပူရံ ဝါ ပညာက္ခန္ဓံ ပရိပူရေဿာမိ၊ ပရိပူရံ ဝါ ပညာက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမီတိ။

မိမိထက် ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန်နေတဲ့ သူတော်ကောင်းကို သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်တယ်။ ဘယ်လိုလဲ? အရိုအသေ အလေးအမြတ် ဂရုပြုပြီးတော့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်တယ်။ အဲဒီလို ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခဲ့ရင် ဘာဖြစ်လဲ?

အပရိပူရံ ဝါ ပညာက္ခန္ဓံ၊ မဖြည့်ကျင့်ရသေးတဲ့ ပညာဂုဏ်ကျေးဇူးကိုမူလည်း။ ပရိပူရေဿာမိ၊ ဖြည့်ကျင့်ရပေအံ့။ ပရိပူရံ ဝါ ပညာက္ခန္ဓံ၊ ဖြည့်ကျင့်ပြီးဖြစ်တဲ့ ပညာဂုဏ်ကျေးဇူးကိုလည်း။ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌။ ပညာယ၊ ပညာဖြင့်။ အနုဂ္ဂဟေဿာမီတိ၊ ငါ ချီးမြှောက်နိုင်စွမ်း ရှိပေလိမ့်မယ်။

မိမိထက် ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန်နေတဲ့ သူတော်ကောင်း တစ်ဦးကို သွားပြီး မှီဝဲဆည်းကပ်ခဲ့ရင် ငါ၊ မဖြည့်ကျင့်ရသေးတဲ့ ပညာဂုဏ်ကျေးဇူးတွေကိုလည်း ငါ၊ ဖြည့်ကျင့်ရလိမ့်မယ်။ ဖြည့်ကျင့်ပြီး ဖြစ်နေတဲ့ ပညာဂုဏ်ကျေးဇူးကိုလည်း ထိုထိုနေရာမှာ ငါ ဒီပညာဖြင့် ချီးမြှောက်ထားနိုင်လိမ့်မယ်။ ထားနိုင်တဲ့စွမ်းအားတွေ ငါ့မှာ ပေါ်လာမယ်။ အဲဒီတော့ ဒီနေရာမှာ ညတုန်းက ဘုန်းကြီး ပြောခဲ့ပါတယ် -

ဝိပဿနာဉာဏ်ပညာနဲ့ သမာပတ် သမာဓိတရားတို့ဟာ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေတယ်။ ထိုထိုနေရာတွေမှာ ပညာဖြင့် ချီးမြှောက် ထားမယ်ဆိုလို့ရှိရင် ပညာဖြင့် အချီးမြှောက်ခံရတဲ့ သမာဓိသည် စွမ်းအင် ထက်တယ်၊ ခိုင်ခံ့တယ်။ သမာဓိကို အမှီပြုပြီးတော့လည်း ပညာဂုဏ်ကျေးဇူးတွေ ရရှိနိုင်တဲ့အကြောင်း အထူးသဖြင့် ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့အကြောင်း ညက ပြောခဲ့တယ်။ ဒီအချက်ကို ဘုရားရှင်သည် မူလပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်၊ ဒွေဓာဝိတက္ကသုတ္တန်မှာ ဟောခဲ့ပါတယ်နော်။ အဋ္ဌကထာဆရာတော်ကလည်း ထိုသုတ္တန်မှာ ဖွင့်ဆိုထားတယ်။ ထိုဖွင့်ဆိုချက်ကလေးက ဒီနေ့ တရားနာပရိသတ် ဖြစ်နေကြတဲ့ သူတော်ကောင်းတွေ အထူးသဖြင့် သမထနဲ့ ဝိပဿနာကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့ သူတော်ကောင်းတွေ သိထားသင့်တဲ့ အချက်လေးတွေ ဖြစ်နေတယ်။ အဋ္ဌကထာဆရာတော်က ဘယ်လို ဖွင့်ဆိုထားလဲ?

ယဿ ဟိ သမာဓိပိ တရုဏော၊ ဝိပဿနာပိ။

ယဿ၊ အကြင်ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ သမာဓိပိ၊ သမာဓိ တရားသည်လည်းပဲ။ တရုဏော၊ နုနယ်လှသေး၏။ ဝိပဿနာပိ၊ ဝိပဿနာဉာဏ်သည်လည်းပဲ။ တရုဏော၊ နုနယ်လှသေး၏။

ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်ရင် သူ့ရဲ့သန္တာန်မှာ သမာဓိကလည်း နုနုလေးရယ်၊ သိပ်ပြီး အထိမခံဘူး။ ဝိပဿနာဉာဏ် ကြည့်လိုက်ပြန်တော့လည်း နုနယ်နေသေးတယ်။ တရုဏဝိပဿနာ ဆိုတာကတော့ အထူးသဖြင့် သမ္မသနဉာဏ်ပိုင်း၊ ဥဒယဗ္ဗယဉာဏ်ပိုင်းတွေကို ရည်ညွှန်းဖွင့်ထားပါတယ်နော်။ သမာဓိပိုင်းကလည်း နုနုနယ်နယ်လေး ရှိသေးတယ်။ ဝိပဿနာပိုင်း ကြည့်လိုက်တော့လည်း မရင့်ကျက်သေးဘူး၊ နုနယ်နေသေးတယ်။ နုနယ်နေသေးတဲ့ အခါကျတော့ ထိုပုဂ္ဂိုလ် ဘာဖြစ်လာတတ်သလဲ?

တဿ ဝိပဿနံ ပဋ္ဌပေတွာ အတိစိရံ နိသိန္နဿ ကာယော ကိလမတိ၊ အန္တော အဂ္ဂိ ဝိယ ဥဋ္ဌဟတိ၊ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ မတ္ထကတော ဥသုမဝဋ္ဋိ ဝိယ ဥဋ္ဌဟတိ၊ စိတ္တံ ဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ။

တဿ၊ ထိုပုဂ္ဂိုလ်၏သန္တာန်၌။ ဝိပဿနံ၊ ဝိပဿနာဉာဏ်ကို။ ပဋ္ဌပေတွာ၊ ဖြစ်စေ၍။

မိမိတို့ရဲ့သန္တာန်မှာ ဝိပဿနာဉာဏ်ကို ဖြစ်စေတယ်။ ဝိပဿနာ အားထုတ်ပြီ။ ဘာလုပ်သလဲ? ရုပ်တွေ သိမ်းဆည်းတယ်၊ နာမ်တွေ သိမ်းဆည်းတယ်၊ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းတယ်၊ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေကို ဖြစ်ပြီးပျက်တာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။ အဲဒီလို ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရား တစ်နည်းအားဖြင့်ဘာလဲ? ဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား။ တစ်နည်းအားဖြင့် ဘာခေါ်လဲ? သင်္ခါရတရားနော်။ ဒီသင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုလိုက်တဲ့ အချိန်အခါမှာ ရှုနေတဲ့ ထိုယောဂီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ထိုဝိပဿနာဉာဏ်သည် ဖြစ်ပေါ် မလာဘူးလား? ဖြစ်ပေါ်လာပြီ။ ဒါကြောင့် -

တဿ၊ ထိုပုဂ္ဂိုလ်၏သန္တာန်၌။ ဝိပဿနံ၊ ဝိပဿနာဉာဏ်ကို။ ပဋ္ဌပေတွာ၊ ဖြစ်ပေါ်စေ၍။ အတိစိရံ၊ အလွန်ကြာမြင့်စွာ။ နိသိန္နဿ၊ ထိုင်နေသော။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ကာယော၊ ခန္ဓာကိုယ်သည်။ ကိလမတိ၊ ပင်ပန်း နွမ်းနယ်၍ လာပေ၏။

ဝိပဿနာဉာဏ်တွေကို အခုလို ဖြစ်ပေါ်လာစေပြီးတော့ အလွန်ကြာမြင့်စွာ ထိုင်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ထိုသူတော်ကောင်း၏ ခန္ဓာကိုယ်သည် ဘာဖြစ်သလဲ? ပင်ပန်းလာတာပေါ့နော်။ ပင်ပန်းလာတဲ့အခါ ဘာဖြစ်လဲ?

အန္တော၊ ခန္ဓာအိမ်အတွင်း၌။ အဂ္ဂိ ဝိယ၊ မီးတောက်မီးလျှံကဲ့သို့။ ဥဋ္ဌဟတိ၊ အပူဓာတ်သည် ထကြွ၍ လာလေ၏။

သိပ်ပြီး ကြာမြင့်စွာ ထိုင်လိုက်ပြီဆိုရင် ခန္ဓာကိုယ်အတွင်းမှာ မီးတွေ ထတောက်သလိုပဲ အပူဓာတ်တွေက ထကြွသောင်းကျန်းလာပြီ။ ထကြွ သောင်းကျန်းလာတဲ့အတွက် ဘာဖြစ်မလဲ?

ကစ္ဆေဟိ၊ လက်ကတီးကြားတို့မှ။ သေဒါ၊ ချွေးတို့သည်။ မုစ္စန္တိ၊ ထွက်၍ လာကြလေကုန်၏။ လက်ကတီး ချိုင်းကြားက ချွေးတွေ ယိုစီးလာပြီ။ တစ်ချို့ ချွေးသန်တဲ့ ပုဂ္ဂိုလ် တစ်ကိုယ်လုံး ရွှဲပြီ။

မတ္ထကတော၊ ဦးထိပ်ထက်မှ။ ဥသုမဝဋ္ဋိ ဝိယ၊ မီးခိုးလိပ်ကဲ့သို့။ ဥဋ္ဌဟတိ၊ အပူဓာတ်သည် တရှိန်းရှိန်း ထကြွ၍ လာခဲ့လေ၏။

ခေါင်းကနေလည်း အပူရှိန်ဟာ အခိုးလိပ်ကြီးတွေ ထွက်နေသလိုပဲ တရှိန်းရှိန်း ထွက်သွားပြီ။

စိတ္တံ၊ စိတ်သည်။ ဟညတိ၊ ပင်ပန်း၍ နေ၏။ ဝိဟညတိ၊ ထိုမှ ဤမှ ပင်ပန်း၍ နေ၏။ ဝိပ္ဖန္ဒတိ၊ တုန်လှုပ်၍ နေပေ၏။

စိတ်တွေက သိပ်ပင်ပန်းနေပြီ၊ ဆင်းရဲနေပြီ၊ တုန်လှုပ်နေပြီတဲ့။ စိတ်ဆင်းရဲတယ်ဆိုတာက ဒီနေရာမှာ ဒေါမနဿစိတ်ကြောင့် မဟုတ်ပါဘူးနော်။ စိတ်ဓာတ်တွေက နည်းနည်းလေး အားထုတ်လို့ မကောင်းဖြစ်ပြီးတော့ မကြည်မလင် ဖြစ်လာပြီ။ အဲဒီအချိန်အခါမှာ ထိုပုဂ္ဂိုလ် ဘာလုပ်သင့်သလဲ? အသိဉာဏ်လေးတွေ ရှိဖို့မလိုဘူးလား? လိုပါတယ်။ အဲဒီ အသိဉာဏ်လေးတွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်း မှီဝဲဆည်းကပ်မှ ရရှိနိုင်သလဲ? မိမိထက် သီလဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ပုဂ္ဂိုလ်၊ မိမိထက် သမာဓိဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ပုဂ္ဂိုလ်၊ မိမိထက် ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ပုဂ္ဂိုလ်တွေကို အရိုအသေ အလေးဂရုပြုပြီး မှီဝဲဆည်းကပ်မှ ရရှိနိုင်ပါတယ်။ ဒီအချက်ကို အဋ္ဌကထာက ရှင်းပြတယ်နော်။ ဒီတော့ ဘာလုပ်ရမလဲ?

သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တံ ပရိဒမေတွာ မုဒုကံ ကတွာ သမဿာသေတွာ ပုန ဝိပဿနံ ပဋ္ဌပေတိ။

လုပ်နည်း လုပ်ထုံးလေးတွေ ညွှန်ကြားပေးတယ်။

သော၊ ထိုပုဂ္ဂိုလ်သည်။ ပုန၊ တစ်ဖန်။ သမာပတ္တိံ၊ ဈာန်သမာပတ်ကို။ သမာပဇ္ဇိတွာ၊ ဝင်စားပြီး၍။ တံ၊ ထိုပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို။ ပရိဒမေတွာ၊ ဆိုဆုံးမ၍။ မုဒုကံ ကတွာ၊ နူးညံ့သိမ်မွေ့အောင် ပြုလုပ်၍။ သမဿာသေတွာ၊ သက်သာရာကို ရစေ၍။ ပုန၊ တစ်ဖန်။ ဝိပဿနံ၊ ဝိပဿနာဉာဏ်ကို။ ပဋ္ဌပေတိ၊ ဖြစ်စေ၏။

ဝိပဿနာ ရှုပွားမှု ခဏရပ်ထားလိုက်ရတယ်။ ရပ်ထားပြီးတော့ ဘာလုပ်ရလဲ? ထိုပုဂ္ဂိုလ်က မိမိရရှိထားတဲ့ ဈာန်သမာပတ်ကို ပြန်ပြီးတော့ ဝင်စားရတယ်။ အကယ်၍များ ထိုပုဂ္ဂိုလ်က အာနာပါန စတုတ္ထဈာန်အထိ ရရှိထားတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင် ဘာလုပ်ရမလဲ? ထို အာနာပါန စတုတ္ထဈာန်အထိ ပြန်ပြီးတော့ ဈာန်သမာပတ်ကို ဝင်စားနေပါ။ အကယ်၍များ ဩဒါတကသိုဏ်း စတုတ္ထဈာန်အထိ ဝင်စားထားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ရင်လည်း ဘာလုပ်ရမလဲ? ထို ဩဒါတကသိုဏ်း စတုတ္ထဈာန်အထိ ဆိုက်သည့်တိုင်အောင် ဈာန်သမာပတ်ကို ဝင်စားပြီးနေပါ။ ဈာန်သမာပတ် ချမ်းသာသုခလေးတွေ ခံစားနေလိုက်စမ်းပါနော်။

အေး ... ကသိုဏ်း (၁၀)ပါး၊ သမာပတ် (၈)ပါးတွေကို မိမိက ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားနိုင်တဲ့ သူတော်ကောင်းဖြစ်ခဲ့ရင် ဒီအချိန်အခါမှာ ကသိုဏ်း (၁၀)ပါး၊ သမာပတ် (၈)ပါးဆိုတဲ့ ဒီ ဈာန်ချမ်းသာတွေကို တစ်ဖန် ပြန်ဝင်စားနေရမယ်။ အဲဒီတော့ အဲဒီလို တစ်ချို့တစ်ချို့ ယောဂီများပေါ့ - ကသိုဏ်း (၁၀)ပါး၊ သမာပတ် (၈)ပါးကို တစ်ခုပြီးတစ်ခု ဝင်စားနေရင် တစ်ချို့ကျတော့ ပင်ပန်းတယ်။ ဒီလို ပင်ပန်းတော့ ဘယ်လိုလုပ်မလဲ? မိမိကြိုက်နှစ်သက်တဲ့ ကသိုဏ်း သို့မဟုတ် မိမိကြိုက်နှစ်သက်တဲ့ ဈာန်မှာ ခပ်ကြာကြာ ဝင်စားနေလို့ရတယ်နော်။

အဲဒီ အချိန်အခါမှာ ဘာဖြစ်သွားမလဲ? စိတ်ဓာတ်တွေက နူးညံ့သွားမယ်။ ပျော့ပျောင်းသွားမယ်။ ပူပန်နွမ်းနယ်နေတဲ့ စိတ်ဓာတ်တွေက သက်သာရာ ရသွားမယ်။ ဘာဖြစ်လို့လဲ? ဈာန်ချမ်းသာခေါ်တဲ့ အတွေ့အထိလေးနဲ့ တွေ့ထိလိုက်တဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေက အေးချမ်းသွားလိမ့်မယ်။ ဘာဖြစ်လို့လဲ? ထိုဈာနသုခနဲ့ ယှဉ်တွဲပြီးတော့ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ အစရှိတဲ့ ငြိမ်းအေးတဲ့ စိတ်စေတသိက်ဓာတ်တွေက အားကောင်းလာတယ်။ အရှိန်အဝါ အားကောင်းလာတယ်။ အားကောင်းလာတဲ့အတွက် ထိုပုဂ္ဂိုလ်မှာ အေးချမ်းမှု ချမ်းသာသုခလေးတွေ ရရှိလာတယ်။ အဲဒီ အချိန်အခါကျမှ တော်တော်လေး သက်သာရာ ရသွားပြီဆိုတော့မှ ကာယိကသုခ (= ကိုယ်၏ ချမ်းသာခြင်းနဲ့) ပြည့်စုံလာပြီဆိုတဲ့ အချိန်အခါ စိတ်ဓာတ်တွေကလည်း နူးညံ့ပျော့ပျောင်းသွားပြီဆိုရင် ထိုအချိန်အခါကျမှ ထိုသူတော်ကောင်းက ဘာလုပ်မလဲ?

ပုန၊ တစ်ဖန်။ ဝိပဿနံ၊ ဝိပဿနာဉာဏ်ကို။ ပဋ္ဌပေတိ၊ ဖြစ်စေ၏။

နောက်ထပ် အဲဒီအချိန်အခါကျမှ ဝိပဿနာဉာဏ်ကို တစ်ခါ ပြန်ပြီးဖြစ်အောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့ အချိန်အခါမှာ နောက်ထပ်တစ်ဖန် ဝိပဿနာဉာဏ်တွေ ဖြစ်လာပြန်ပြီ။ နောက်ထပ် ပြဿနာက ဘာပေါ်လာပြန်လဲ?

ပုန၊ နောက်ထပ်တစ်ဖန်။ အတိစိရံ၊ အလွန်ကြာမြင့်စွာ။ နိသိန္နဿ၊ ထိုင်နေသော။ တဿ၊ ထိုယောဂါဝါစရ ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ တထေဝ၊ ထိုရှေးနည်းအတိုင်းသာလျှင်။ ဟောတိ၊ ဖြစ်ပေါ်၍ လာတတ်ပြန်၏။

နောက်ထပ်တစ်ဖန် ဝိပဿနာဉာဏ်တွေဖြစ်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းပြီးတော့ ကြာမြင့်စွာ ထိုင်လိုက်ပြန်တဲ့ အခါမှာလည်း ရှေးနည်းအတိုင်းပဲ ပင်ပန်းမှု၊ နွမ်းနယ်မှုတွေ ဖြစ်ပေါ်လာပြန်တယ်။ စိတ်ဓာတ်တွေ နည်းနည်း တုန်လှုပ်ချောက်ချားလာတယ်။ ခန္ဓာကိုယ်လည်း တုန်လှုပ်ချောက်ချားလာတယ်။ အဲဒီ အချိန်အခါမှာ ဘာဖြစ်လဲ?

သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တထေဝ ကရောတိ။

သော၊ ထိုယောဂါဝါစရ ပုဂ္ဂိုလ်သည်။ ပုန၊ တစ်ဖန်။ သမာပတ္တိံ၊ ဈာန်သမာပတ်ကို။ သမာပဇ္ဇိတွာ၊ ဝင်စား၍။ တထေဝ၊ ထို ရှေးနည်းအတိုင်းပင်လျှင်။ ကရောတိ၊ ပြုလုပ်ရပေ၏။

ရှေးနည်းအတိုင်းပဲ ထပ်ပြီး ပြုလုပ်ပါ။ ဈာန်သမာပတ်ကို ပြန်ဝင်စားပါ။ စိတ်ဓာတ်တွေ အေးချမ်းပြီး နူးညံ့ပျော့ပျောင်းပြီး သက်သာရာ ရရှိတဲ့ အချိန်အခါကျမှ တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာ ပွားများအားထုတ်ပါ။ ဒါကြောင့် -

ဝိပဿနာယ ဟိ ဗဟူပကာရာ သမာပတ္တိ။

ဈာန်သမာပတ္တိသည် ဝိပဿနာယ ဟိ၊ ဝိပဿနာဉာဏ်အား။ ဗဟူပကာရာ၊ များစွာ ကျေးဇူးကြီးမားလှပေသည်။ ဟောတိ၊ ဖြစ်၏။

ဒီလိုဆိုရင် ဒီဈာန်သမာပတ်သည် ဝိပဿနာဉာဏ် ရရှိရေးအတွက် လွန်စွာ ကျေးဇူး မများဘူးလား? များနေတယ်။ ဒီစကားလေးတွေကို ကြည့်ရင်ပေါ့။ ဒါ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဟောထားပါတယ်။ အဋ္ဌကထာကလည်း တိတိကျကျ ဖွင့်ထားပါတယ်။ သမထတွေက သာသနာတွင်းတရား မဟုတ်ပါဘူးတဲ့။ သာသနာပ တရားတွေပါ။ ဝိပဿနာသာလျှင် သာသနာတွင်းတရား ဖြစ်တယ်။ ဒါကြောင့် ဝိပဿနာသာ ကြိုးစားအားထုတ်ပါ။ သမထကို အားမထုတ်ပါနဲ့ဆိုပြီး ဒီလို ပြောနေတယ်။

ခုဒီမှာကြည့်စမ်း ... ဒီသမထသည် ဝိပဿနာဉာဏ် ရရှိရေးအတွက် လွန်စွာကျေးဇူးများပါတယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း ဟောတယ်။ အဋ္ဌကထာများကလည်း ဖွင့်ဆိုထားပါတယ်နော်။ ဒီလိုဆိုရင် ဒီ သမထတွေကို ပစ်ပယ်သင့်သလား? မပစ်ပယ်သင့်ဘူး။ ဘာဖြစ်လို့လဲ? စိတ်ဓာတ်ဆိုတာက တစ်ခါတစ်လေပေါ့နော်။ လောကမှာ ဘယ်အလုပ်ပဲဖြစ်ဖြစ်ပေါ့ နေ့စဉ်နေ့စဉ် လုပ်နေရပြီဆိုရင် ငြီးငွေ့လာတဲ့သဘော ရှိပါတယ်။ ဆိုကြပါစို့ ... အနာဂါမ်၊ ရဟန္တာအရှင်မြတ်တွေ အထူးသဖြင့် ရဟန္တာအရှင်မြတ်တွေ။ ရဟန္တာအရှင်မြတ်တွေက သတတဝိဟာရခေါ်တဲ့ အမြဲတမ်း နေထိုင်တဲ့ နယ်ပယ်ဟာ ဘယ်နယ်ပယ်လဲ? ရဟန္တာအရှင်မြတ်တွေရဲ့ အမြဲတမ်း နေထိုင်နေတဲ့ နယ်ပယ်ဟာ ဘာလဲလို့မေးရင် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဒီသဘောတရားနယ်ပယ်မှာ ရဟန္တာအရှင်မြတ်တွေ အမြဲတမ်း နေထိုင်ကြပါတယ်။

ဘာပြောချင်တာလဲလို့မေးရင် ရဟန္တာအရှင်မြတ်တွေ အမြဲတမ်း နေထိုင်တဲ့နယ်က ခန္ဓာ အာယတန တရား၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ရဲ့ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာဆိုတဲ့ ဒီနယ်မှာ အမြဲတမ်း နေထိုင်နေရတယ်။ ဒီ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတာတွေ သို့မဟုတ် ပျက်ပျက်နေတာတွေကို အမြဲတမ်းပဲ ကြည့်နေရတယ်။ ကြာတော့လည်း ဘာဖြစ်လာလဲ? နေ့စဉ်တွေ့နေရတော့ ကြာတော့ ငြီးငွေ့လာတယ်။ မကြည့်ချင် ဖြစ်လာတယ်။ ပရိနိဗ္ဗာန်ကလည်း မစံနိုင်သေး။ ဒီ သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကို အမြဲတမ်း ထိုင်ပြီး ကြည့်နေရတော့ ငြီးငွေ့လာတယ်။

ငြီးငွေ့လာတဲ့ အချိန်အခါမှာ တစ်ချို့ ဘာလုပ်ကြလဲ? ဖလသမာပတ် ဝင်စားကြတယ်။ ဖလသမာပတ်တွေ ကြိမ်ဖန်များစွာ ဒီ သင်္ခါတရားတွေရဲ့ အပျက်တွေကို အာရုံယူပြီး ဝင်စားပါ များလာတော့လည်း ငြီးငွေ့လာကြပြန်တယ်။ ငြီးငွေ့တဲ့အတွက် ဘာလုပ်ကြပြန်သလဲ? နိရောဓသမာပတ်ကို ဝင်စားကြပြန်တယ်။ နိရောဓသမာပတ်ဆိုတာက ဒီသင်္ခါရတရားတွေရဲ့ အပျက်ကို ရှုနေရတဲ့ စိတ်စေတသိက်တွေ ချုပ်ငြိမ်းတဲ့ သမာပတ်ပါ။

အဲဒီ စိတ်စေတသိက်တွေ လုံးလုံး ချုပ်သွားတဲ့အတွက် စိတ်စေတသိက်က တစ်ဆင့် နောက်ထပ်တစ်ဖန် ဖြစ်ခွင့်ရှိတဲ့ စိတ္တဇရုပ်တွေကလည်း ချုပ်သွားတယ်။ ဘာရုပ်ကျန်လဲ? ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်တွေပဲ ကျန်တော့တယ်။ ဒီအပျက်တွေကို တွေ့မြင်ရတဲ့စိတ်သည် ရှိသေးလား? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ဒီအပျက်တွေကို ရှုနေတာ ငြီးငွေ့လွန်းလို့ သူတို့က နိရောဓသမာပတ်ကို ဝင်စားကြတယ်။ အပျက်တွေကို မသိရတဲ့ သမာပတ်တစ်မျိုးပဲနော်။

ဒါကြောင့် ရဟန္တာအရှင်မြတ်တွေတောင်မှ ဒီအပျက်သက်သက်ကို ထိုင်ကြည့်နေရရင် ငြီးငွေ့ကြသေးတယ်ဆိုရင် သာမန်ပုထုဇန်တွေလည်း ခုလိုပေါ့ ဝိပဿနာတွေကို ထပ်ခါထပ်ခါ ကြည့်ရှုရတော့ ရှေ့လည်း မတက်နိုင်သေးဘူး ဆိုရင်ပေါ့။ မတက်နိုင်သေးဘူးဆိုတာက ဝိပဿနာကလည်း နုနယ်နေသေးတယ် ဆိုလို့ရှိရင် ကြာတော့လည်း ဘာဖြစ်လဲ? ပင်ပန်းလာတယ်၊ နွမ်းနယ်လာတယ်၊ ငြီးငွေ့လာတယ်။ အဲဒီလို ငြီးငွေ့လာတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်တွေက ဘာလုပ်ရသလဲ? မိမိတို့ ရရှိထားတဲ့ ဒီဈာန်သမာပတ်ကို တစ်ဖန် ပြန်ပြီးတော့ ဝင်စားရတယ်။ ဝင်စားလိုက်တဲ့အခါ ဒီ ဈာန်ချမ်းသာ အတွေ့အထိလေးနဲ့ တွေ့ထိရတဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ နူးညံ့လာတယ်။ သက်သာရာ ရရှိသွားတယ်။ ချမ်းသာသုခဖြင့် ပြည့်ဖြိုးလာတယ်။

အဲဒီ အချိန်အခါမှာ တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ စိတ်ဓာတ်တွေက အဲဒီလို သက်သာရာ ရနေတော့ ချမ်းသာသုခတွေနဲ့ ပြည့်ဖြိုးနေတဲ့ အချိန်အခါ ကျတော့မှ တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာ ရှုခဲ့ရင် ဒီ ဝိပဿနာဉာဏ်တွေသည် ဘာဖြစ်သွားသလဲ? ရင့်ကျက်သွားတယ်။ ဘယ့်နှယ်တုန်း အတွေ့အကြုံရှိတဲ့ ယောဂီများ ဟုတ်သလား၊ မဟုတ်ဘူးလား? ဟုတ်တယ်။ ဘာဖြစ်လို့လဲ? တစ်ခါတစ်ရံ ဝိပဿနာ ရှုနေရတာက ကြာတော့ မရှုချင်၊ မကြည့်ချင် ဖြစ်လာတတ်ပါတယ်။ ရှုရတာက ပင်ပန်းနေတဲ့ သဘောမျိုးရှိတယ်။ ဒါကြောင့် ဒီ သမာပတ်တွေသည် ဝိပဿနာဉာဏ် ရောက်ရှိရေးအတွက် လွန်စွာ ကျေးဇူးမများဘူးလား? ကျေးဇူးများနေတယ်။

နောက်တစ်ခု - ကျေးဇူးများပုံနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက ဒီနေရာမှာ ဥပမာလေးနဲ့ ပြောထားတယ်။ ဥပမာလေးက ခံတပ် ဥပမာပဲ။ ခံတပ်ဆိုတာကတော့ ရှေးယခင်ကတော့ စစ်မြေပြင်ဆိုတဲ့ အရပ်ဒေသတစ်ခုကို သတ်မှတ်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် စစ်တိုက်ကြတယ်။ တိုင်းသူပြည်သားတွေ မနစ်နာအောင်ဆိုပြီးတော့ စစ်မြေပြင်တစ်ခုကို ရွေးချယ်ကြတယ်။ ရွေးချယ်ပြီး ဟိုဖက်နဲ့ ဒီဖက် တိုက်ကြတာပဲ။ တိုက်တဲ့ အချိန်အခါမှာ စားဖို့၊ သောက်ဖို့၊ ခေတ္တခဏ အပန်းဖြေဖို့၊ ကျင်ကြီးစွန့်ဖို့၊ ကျင်ငယ်စွန့်ဖို့ စသည်ဖြင့် လုံခြုံတဲ့ ခံတပ်တစ်ခု ရှိဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။

အဲဒီ ခံတပ်ကို ရှေးယခင်တုန်းကတော့ သစ်သားတွေနဲ့ ပြုလုပ်တာ ပိုများပုံရတယ်။ ဘာဖြစ်လို့လဲ? တစ်ဖက်နဲ့တစ်ဖက် တိုက်တာက အထူးသဖြင့် လေးမြားတွေကို ဦးစားပေး အားကိုးပြီးတော့ တိုက်ခိုက်ကြတယ်။ ဒါကြောင့် ဒီလေးတွေ၊ မြားတွေရဲ့ ဒဏ်ချက်ကို ကာကွယ်နိုင်တဲ့ ခံတပ်ကို ဘာတွေနဲ့ များသောအားဖြင့် တည်ဆောက်ကြသလဲလို့ မေးရင်တော့ သစ်ပင်နဲ့ပဲ တည်ဆောက်ကြပါတယ်နော်။ အဲဒီ သစ်တပ်လို့ ခေါ်ဆိုအပ်တဲ့ ဒီ ခံတပ်အတွင်းမှာ ဝင်နေပြီဆိုရင် တစ်ဖက် ရန်သူတွေက ဘယ်လိုပင် လေးတွေ၊ မြားတွေနဲ့ ပစ်ခွင်းနေပေမယ်လို့ အန္တရာယ် ရှိဦးမလား? မရှိတော့ဘူး။ အဲဒီတော့ အန္တရာယ် မရှိတဲ့ ဒီဒေသထဲမှာ အေးအေးချမ်းချမ်း ဝင်ပြီးတော့ ဒီစစ်သည်တော်ဟာ စားနိုင်တယ်၊ သောက်နိုင်တယ်၊ နားနေနိုင်တယ်၊ အပန်းဖြေနိုင်တယ်၊ အိပ်နိုင်တယ်နော်။ အဲဒီ ပုံစံအတိုင်းပဲတဲ့နော်။

သမာပတ္တိယာ ပန သင်္ဂါမနိတ္ထရဏကယောဓဿ ဖလကကောဋ္ဌကတောပိ ဝိပဿနာ ဗဟူပကာရတရာ။

ဒီပုံစံအတိုင်းပါပဲ ဈာန်သမာပတ်ဟာ ဝိပဿနာဉာဏ်ကို သာလွန်ပြီးတော့ ကျေးဇူးများပါသေးတယ်တဲ့။ ခုနက စစ်တပ် ခံတပ်တစ်ခုသည် တိုက်ခိုက်နေတဲ့ စစ်သည်တော်တစ်ဦးအတွက် အင်မတန် ကျေးဇူးများသလို အဲဒီ ကျေးဇူးများတာထက် သာလွန်ပြီးတော့ ဈာန်သမာပတ်တွေက ဝိပဿနာဉာဏ်တွေကို ဖြစ်ပေါ်လာဖို့ရန်အတွက် လွန်စွာလွန်စွာ အလွန့်အလွန် ကျေးဇူးပိုပြီးတော့ များပါတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်နော်။ နောက်တစ်ခု ဒီလိုဆိုလို့ရှိရင် နောက်တစ်ခု တစ်ခါထပ်ပြီး အဋ္ဌကထာက ဖွင့်ထားပါတယ်။

ကိဉ္စာပိ ဟိ သမာပတ္တိံ နိဿာယ ဝိပဿနံ ပဋ္ဌပေတိ, ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ။ ထာမဇာတံ ကရောတိ။

သမာပတ္တိံ၊ စျာန်သမာပတ်ကို။ နိဿယ၊ အမှီပြု၍။ ဝိပဿနံ၊ ဝိပဿနာဉာဏ်ကို။ ကိဉ္စပိ ပဋ္ဌပေတိ၊ အကယ်၍ ဖြစ်စေသည်ကား မှန်ပေ၏။

စျာန်သမာပတ်ကို အမှီပြုပြီးတော့ ဝိပဿနာကို ဖြစ်စေတာ မှန်ပါတယ်။ ဘာပြောတာလဲ? ယောဂီပုဂ္ဂိုလ်တွေ ခု လက်တွေ့ရှုနေတဲ့ သူတော်ကောင်းများ နားလည်ကြပါလိမ့်မယ်နော်။ စထိုင်ပြီဆိုတာနဲ့ သမာဓိကို အမြဲထူထောင်ရတယ်။ အာနာပါနသမားကလည်း အာနာပါနကမ္မဋ္ဌာန်းဖြင့် အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ စတုတ္ထစျာန်အထိ ဆိုက်အောင် သမာဓိထူထောင်ရတယ်။

ဩဒါတကသိုဏ်းသမား ဖြစ်ခဲ့ရင်လည်း ဩဒါတကသိုဏ်း ရှေ့တည့်တည့်က ဗဟိဒ္ဓ အရိုးစုကို အခြေခံပြီးတော့ ဩဒါတကသိုဏ်း (=အဖြူကသိုဏ်း) ပွားပြီးတော့ ဒီအဖြူရောင်ကသိုဏ်းကိုလည်း စတုတ္ထစျာန် ဆိုက်သည့်တိုင်အောင် သမာဓိ ထူထောင်ရတယ်။ ထူထောင်ပြီးတဲ့ အခါကျတော့မှ ထိုသမာဓိကို အမှီပြုပြီး ရုပ်တွေ နာမ်တွေ သိမ်းဆည်းတယ်။ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်။ ဝိပဿနာဉာဏ်ကို ဖြစ်စေတယ်။

ဒီတော့ အဲဒီ ဝိပဿနာဉာဏ်သည် ဒီစျာန်သမာပတ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ဝိပဿနာ မဟုတ်ဘူးလား? ဟုတ်တယ်။ ဘာကြောင့်လဲ? သမာဓိရှိမှ ဘုရားဟောတဲ့ ရုပ်၊ ဘုရားဟောတဲ့ နာမ်ကို သိနိုင်မယ်။ သမာဓိ မရှိရင် သိနိုင်မလား? မသိနိုင်ဘူးနော်။ ဒါကြောင့် ဘုရားဟောတဲ့ ရုပ်ဆိုတာက ခဏခဏ ဘုန်းကြီးဟောနေတဲ့ အတိုင်းပဲ ရုပ်တရားတို့မည်သည်မှာ အလွန်သေးငယ်တဲ့ ပရမာဏုမြူထက် အလွန့်အလွန် သေးငယ်တဲ့ ကလာပ်-ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့ ဖြစ်တော့ ဒီရုပ်ကလာပ် အမှုန်ကလေး တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ရှုနိုင်မှ ရုပ်ပရမတ်အစစ် သိမယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိနိုင်ရေးအတွက် ဘာလိုသလဲ? သမာဓိဆိုတဲ့ လက်နက်ကောင်းတစ်ခု လိုအပ်ပါတယ်။

အလားတူပဲ ဘုရားဟောနေတဲ့ နာမ်တရားတွေ ဟုတ်တိုင်းမှန်စွာ သိရေးအတွက်လည်း သမာဓိဆိုတဲ့ လက်နက်ကောင်းတစ်ခု လိုအပ်ပါတယ်။ ဘုရားဟောနေတဲ့ ကြောင်းကျိုး ဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေ ဟုတ်တိုင်းမှန်စွာ သိရေးအတွက်လည်း ဘာလိုအပ်သလဲ? သမာဓိဆိုတဲ့ လက်နက်ကောင်းတစ်ခု လိုအပ်ပါတယ်နော်။ အဲ အကြောင်းတရားတွေလည်း သိမ်းဆည်းတတ်ပြီ၊ ပစ္စယပရိဂ္ဂဟဉာဏ်လည်း ရပြီ။ နာမ်ရုပ်တွေကို သိမ်းဆည်းတတ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်လည်း ရပြီဆိုရင် ထိုသူတော်ကောင်းသည် ရှေ့တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရမလဲ?

ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရတယ်၊ ဝိပဿနာဉာဏ်တွေကို ဖြစ်စေရတယ်၊ ဖြစ်အောင် ကြိုးစားအားထုတ်ရတယ်။ အဲဒီလို ကြိုးစားအားထုတ်တဲ့ အချိန်အခါမှာ ဒီဝိပဿနာဉာဏ်တွေသည် စျာန်သမာပတ်ခေါ်တဲ့ သမာဓိကို အမှီပြုပြီးတော့ ဖြစ်ပေါ်လာရတာ မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ အဲဒီလို ဖြစ်ပေါ်လာရတဲ့ အချိန်အခါမှာတဲ့ ဒီစျာန်သမာပတ်ကို အမှီပြုပြီးတော့ ဝိပဿနာဉာဏ်ဟာ အကယ်၍ ဖြစ်လာတာ မှန်တယ်။ ဒါပေမယ်လို့ ဘာဖြစ်လဲ?

ပန တထာပိ၊ ထိုသို့ပင် ဖြစ်ပါသော်လည်းပဲ။ ဝိပဿနာ၊ ဝိပဿနာဉာဏ်သည်။ ထာမဇာတံ၊ စွမ်းအားနှင့် ပြည့်ဝစုံလင်သည်၏ အဖြစ်သို့ ရောက်ရှိလာခဲ့သည်ရှိသော်။ သမာပတ္တိံ၊ သမာပတ်ကိုလည်းပဲ။ သမာပတ္တိံ၊ စျာန်သမာပတ်ကိုလည်းပဲ။ ရက္ခတိ၊ ပြန်လည်၍ စောင့်ရှောက်တတ်ပေ၏၊ ထာမဇာတံ၊ စွမ်းအားနှင့် ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာအောင်။ ကရောတိ၊ ပြုလုပ်တတ်၏။

စျာန်သမာပတ်ကို မှီပြီးတော့ ဝိပဿနာဉာဏ်တွေကို ဖြစ်အောင် ကြိုးစားအားထုတ်ရတာကတော့ မှန်ပါတယ်။ ဒါပေမဲ့လို့ စွမ်းအားနဲ့ ပြည့်ပြည့်ဝဝ စုံစုံညီညီ ဖြစ်ပေါ်လာတဲ့ ဝိပဿနာဉာဏ်ဟာလည်း စျာန်သမာပတ်ကို တစ်ဖန် ပြန်ပြီးတော့ စောင့်ရှောက်ပါတယ်။ စျာန်သမာပတ်ကို စွမ်းအားတွေ ပြည့်ပြည့်ဝဝနဲ့ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။

ဘာ ဥပမာလေးနဲ့ ဖွင့်ထားသလဲ? ဆိုတော့ ဦးပဉ္စင်းတို့ လှေနဲ့ လှည်း ဥပမာ ဆိုကြပါစို့ ... ရေထဲကို သွားတဲ့ အချိန်အခါမှာ လှေက ပဓာန ဖြစ်တယ်။ ကုန်းပေါ်ကျတော့ လှေက သွားနိုင်သေးလား? မသွားနိုင်ဘူး။ လှည်းက သွားနိုင်တယ်။ ဒါရှေးယဉ်ကျေးမှုအရ ပြောတာပါ။ ခုခေတ်တော့ ကားပေါ့။ ဒီတော့ ကုန်းပေါ်မှာ သွားတဲ့ အချိန်အခါမှာ လှည်းရော၊ နွားရော၊ လှည်းပေါ်တင်ထားတဲ့ ဝန်တွေရော ဒါက လှည်းရဲ့တာဝန် ဖြစ်နေတယ်။ ရေထဲသွားတဲ့ အချိန်အခါကျတော့ အဲဒီ လှည်းရော၊ နွားရော၊ လှည်းပေါ်တင်ထားတဲ့ ကုန်တွေရော လှေပေါ်တင်ပြီးတော့ တစ်ခါ မကူးရဘူးလား? ကူးရပြန်တယ်။ အဲဒီလှေပေါ်မှာ ကုန်တွေ တင်လာပြီ။ ကုန်းရောက်လာပြီ ဆိုလို့ရှိရင် အဲဒီလှေပေါ်က ကုန်တွေ ကုန်းပေါ်က လှည်းပေါ်ကို တစ်ခါ ပြန်ပြီးတော့ မတင်ရဘူးလား? တင်ရပါတယ်။ အဲဒီပုံစံအတိုင်းပဲနော်။

ယထာ ဟိ ထလေ နာဝမ္ပိ နာဝါယ ဘဏ္ဍမ္ပိ သကဋဘာရံ ကရောန္တိ။ ဥဒကံ ပတွာ ပန သကဋမ္ပိ သကဋဘဏ္ဍမ္ပိ ယုတ္တဂေါဏေပိ နာဝါဘာရံ ကရောန္တိ။

အဲဒီ ဥပမာအတိုင်းပဲတဲ့ - လှေရော၊ လှေပေါ်မှာ တင်ထားတဲ့ ဘဏ္ဍာတွေရော ကုန်းပေါ်ရောက်လာပြီ ဆိုလို့ရှိရင် လှည်းရဲ့တာဝန် ဖြစ်သွားပြီ။ လှည်းနဲ့ သယ်ဆောင်ရမယ်။ ရေရောက်သွားတဲ့ အချိန်အခါမှာ လှည်းရော၊ လှည်းပေါ်မှာရှိနေတဲ့ ဘဏ္ဍာတွေရော၊ လှည်းကို မောင်းလာတဲ့ နွားတွေ၊ လှည်းမှာ ကထားတဲ့ နွားတွေ၊ လှည်းမှာ တပ်ထားတဲ့ နွားတွေ အဲဒီ အကုန်လုံးဟာ လှေပေါ်တင်ပြီးတော့ ဟိုဖက်ကမ်းကူး ကူးလို့ မရဘူးလား? ရတယ်။ ဒီလှေရဲ့တာဝန် ဖြစ်သွားတယ်။

ဧဝမေဝံ ကိဉ္စာပိ သမာပတ္တိံ နိဿာယ ဝိပဿနံ ပဋ္ဌပေတိ, ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ, ထာမဇာတံ ကရောတိ။

ဧဝမေဝံ၊ ဤဥပမာ အတူသာလျှင်။ သမာပတ္တိံ၊ စျာန်သမာပတ်ကို။ နိဿယ၊ အမှီပြု၍။ ဝိပဿနာ၊ ဝိပဿနာဉာဏ်ကို။ ကိဉ္စာပိ ပဋ္ဌပေတိ၊ အကယ်၍ကား ဖြစ်စေသည် မှန်လှပေ၏၊ ပန တထာပိ၊ ထိုသို့ပင် မှန်ငြားသော်လည်း။ ထာမဇာတာ၊ စွမ်းအင်ပြည့်ပြည့်ဝဝနှင့် ဖြစ်ပေါ်၍လာသော။ ဝိပဿနာ၊ ဝိပဿနာဉာဏ်သည်။ သမာပတ္တိံ၊ စျာန်သမာပတ်ကိုလည်းပဲ။ ရက္ခတိ၊ စောင့်ရှောက်တတ်ပြန်၏၊ ထာမဇာတံ၊ စွမ်းအားနှင့် ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာသည်၏အဖြစ်ကို။ ကရောတိ၊ ပြုလုပ်၍ ပေးတတ်၏။

ဟော... စျာန်သမာပတ်ကို အမှီပြုပြီးတော့ ဒီဥပမာအတိုင်းပဲ - စျာန်သမာပတ်ကို အမှီပြုပြီးတော့ ဝိပဿနာဉာဏ်တွေကို ဖြစ်စေတယ် ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့လို့ စွမ်းအား ပြည့်ပြည့်ဝဝနဲ့ ဖြစ်ပေါ်လာတဲ့ ဝိပဿနာဉာဏ်ဟာလည်း စျာန်သမာပတ်ကို ခိုင်ခံ့အောင် တစ်ဖန် ပြန်ပြီးတော့ စောင့်ရှောက်ပေးတယ်။ စွမ်းအင်တွေ ပြည့်ပြည့်ဝဝနဲ့ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးပါတယ်နော်။

ထလံ ပတွာ သကဋံ ဝိယ ဟိ သမာပတ္တိ။

ကုန်းရောက်လာတဲ့အခါ ကုန်းပေါ်မှာ လှည်းက ပဓာနဖြစ်တယ်။ ဝန်ထုပ်ဝန်ပိုးတွေကို လှည်းနဲ့ သယ်ဆောင်ဖို့ ပဓာနဖြစ်တော့ လှည်းနဲ့ သမာပတ်နဲ့ တူတယ်။

ဥဒကံ ပတွာ နာဝါ ဝိယ ဝိပဿနာ။

ရေရောက်လာလို့ရှိရင် အားလုံး လှည်းတာဝန်နဲ့ ထမ်းဆောင်ရမယ့် ကုန်ပစ္စည်း မှန်သမျှ လှည်းရော၊ နွားရော အားလုံး ဘယ်သူ့တာဝန် ဖြစ်သွားလဲ? လှေရဲ့တာဝန်။ လှေနဲ့ ဝိပဿနာဉာဏ်နဲ့ တူတယ်ဆိုပြီး ဒီလို ဖွင့်ဆိုထားတယ်။ ဒါကြောင့် မူလပဏ္ဏာသ အဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၃၈၇-၃၈၈) မှာ ဖွင့်ဆိုထားပါတယ်နော်။

ဒီတော့ ဒီနေရာမှာ ဘုန်းကြီးပြောလိုတဲ့ အဓိပ္ပါယ်လေးက ဘာလဲ? မနေ့က ပြောခဲ့တဲ့အတိုင်းပဲနော်။ ထိုထိုနေရာတွေမှာ မိမိတို့ရဲ့ မပြည့်စုံသေးတဲ့ သမာဓိတွေ၊ မပြည့်စုံသေးတဲ့ သီလတွေ၊ မပြည့်စုံသေးတဲ့ ပညာဂုဏ်ကျေးဇူးတွေ ရှိခဲ့မယ်ဆိုရင် ပြည့်စုံလာအောင် ပညာဖြင့် ချီးမြှောက်ထားနိုင်တယ်။ ပညာဖြင့် ချီးမြှောက်ထားနိုင်တယ်ဆိုတာ ဘာလဲ? အသိအလိမ္မာ ဉာဏ်ပညာရှိဖို့ လိုအပ်တယ်။

ပြည့်စုံပြီး ဖြစ်နေတဲ့ ဒီသမာဓိတွေကိုလည်း ခိုင်ခံ့လာအောင်၊ ပြည့်စုံသထက် ပိုပြီးတော့ ပြည့်စုံအောင်၊ ကြီးပွားတိုးတက်အောင် ပညာဖြင့် ချီးမြှောက်လို့ မရဘူးလား? ရတယ်။ အဲဒါ ဘယ်အခါမှာ ရနိုင်လဲ? မိမိနဲ့ သီလဂုဏ်ကျေးဇူးအားဖြင့်၊ သမာဓိဂုဏ်ကျေးဇူးအားဖြင့်၊ ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ သူတော်ကောင်းတွေကို ရိုရိုသေသေ လေးလေးစားစားနဲ့ မှီဝဲဆည်းကပ်ပါမှ ထိုသူတော်ကောင်းတို့ထံမှ ဒီအသိဉာဏ် ရရှိနိုင်တယ်။

ခုနက ပြောခဲ့တဲ့ အာဠာရသေ့တို့၊ ဥဒကရသေ့တို့ အဲဒီလို သူတော်ကောင်းတွေကို မှီဝဲဆည်းကပ်ခွင့် မရရှိတဲ့အတွက် သာသနာပ အချိန်အခါ ကာလမှာ စျာန်သမာပတ်တွေထဲက မိမိတို့ ကြိုက်နှစ်သက်ရာ စျာန်သမာပတ်ကို ရွေးချယ်ပြီး ပွားများခဲ့ရင် မိမိတို့ ကြိုက်နှစ်သက်ရာဘုံကို ရရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်လေးတောင် ရရှိသလား? မရရှိဘူး။ မရရှိတဲ့အတွက် ဘုရားရှင်နဲ့ အလွဲကြီး မလွဲရဘူးလား? လွဲရတယ်။ ဒါဟာ ဘာဖြစ်လို့လဲလို့ မေးရင်တော့ ခုနက မိမိတို့ထက် သီလဂုဏ်ကျေးဇူး၊ သမာဓိဂုဏ်ကျေးဇူး၊ ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန်မြင့်မြတ်နေတဲ့ သူတော်ကောင်းတွေကို မှီဝဲ ဆည်းကပ်ခွင့် မရတဲ့အတွက် သူတို့မှာ ဆုတ်ယုတ်မသွားဘူးလား? ဆုတ်ယုတ်သွားတယ်။ သူတို့ဟာ တကယ့် သူတော်ကောင်းတွေပါ။ ဒီတော့ သူတော်ကောင်းတို့ကို ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းသည် မိမိတို့အတွက် အခွင့်ကောင်းကြီးတွေ မဖြစ်ဘူးလား?

ဒီတော့ ဦးပဉ္စင်းတို့ သာသနာတော်အတွင်းမှာ ပြန်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ကဿပဘုရားရှင် လက်ထက်တော် အချိန်အခါတွင်းက ဆိုကြပါစို့ ... သဟာဇအမည်ရှိတဲ့ ရဟန်းတော်တစ်ပါး အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်ခဲ့တယ်။ အနာဂါမ်သူတော်ကောင်းတွေအဖို့ စျာန်တရားတွေကို တားမြစ် ပိတ်ပင်တတ်တဲ့ နီဝရဏ အညစ်အကြေးတွေ အားလုံး ကင်းစင်ပြီး ဖြစ်ပါတယ်။ ထိုအနာဂါမ် သူတော်ကောင်းများသည် အကယ်၍ လောကီအဘိညာဏ်ကို ဆက်လက်ပြီး အလိုရှိခဲ့ရင် လွယ်လွယ်ကူကူနဲ့ ရရှိနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က [?] သုတ္တန်မှာ အတ္ထိအကျ ဟောထားပါတယ်နော်။ ဘာဖြစ်လို့လဲ? စျာန်တရားတွေကို မရအောင် တားမြစ် ပိတ်ပင်တတ်တဲ့ နီဝရဏ ကိလေသာ အညစ်အကြေးတွေကို အနာဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်ထားပြီး ဖြစ်နေတယ်။

ဒီတော့ အဲဒီ သဟာဇအမည်ရှိတဲ့ ရဟန်းတော်ကလည်း ဒီ စျာန်သမာပတ်တွေကို လွယ်လွယ်ကူကူနဲ့ ပွားများအားထုတ်နိုင်တဲ့ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တိုင်အောင် ဆိုက်ထားတဲ့ အရိယာသူတော်ကောင်းကြီး ဖြစ်ပါတယ်။ ဒီတော့ စျာန်သမာပတ် (၈) ပါး ရရှိတဲ့ပုဂ္ဂိုလ်က မိမိ ကြိုက်နှစ်သက်ရာဘုံကို ရွေးချယ်ခွင့် ရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်လေး ရှိတဲ့အတွက် သူ ဘာလုပ်သလဲ? သူက ပထမစျာန်ဘုံကို သူက ရွေးချယ်တယ်။ ပထမစျာန်ကို အမြတ်စား ပွားပြီးတော့ သူက ပထမစျာန်ဘုံမှာ အမြတ်ဆုံးဖြစ်တဲ့ မဟာဗြဟ္မာဘုံသို့ ရောက်ရှိသွားတယ်။ သူကြိုက်တာ သူရွေးချယ်ခွင့်ရှိလို့ ရွေးချယ်လိုက်တာပဲ။ မဟာဗြဟ္မာဘုံသို့ ရောက်ရှိသွားတော့ ဘာဖြစ်လဲ? သူ့ရဲ့ ကျေးဇူးတွေ ဦးပဉ္စင်းတို့ မကင်းဘူးလို့ ပြောနိုင်ပါတယ်။ ဦးပဉ္စင်းတို့ မြတ်စွာဘုရားကို တရားဟောတော်မူဖို့ရန်အတွက် ခေါင်ဆုံးလာပြီး လျှောက်ထားတောင်းပန်တာ ဘယ်သူလဲ? သဟမ္ပတိဗြဟ္မာပဲ။ သဟမ္ပတိဗြဟ္မာဆိုတာ ခုနက ဦးပဉ္စင်း ပြောနေတဲ့ သဟာဇအမည်ရှိတဲ့ အနာဂါမ်ရဟန်းတော်တစ်ပါးပဲနော်။

ဒီတော့ ဘုရားရှင် သတ္တဝါအားလုံးတို့အတွက် အကျိုးကျေးဇူး များစေခြင်းငှာ တရားများဟောဖို့ရန်အတွက် လာပြီး လျှောက်ထား တောင်းပန်နိုင်တဲ့ အခွင့်အလမ်းတွေအထိ သူ့မှာ မရဘူးလား? ရသွားတယ်။ အာဠာရရသေ့တို့၊ ဥဒကရသေ့တို့ အသိဉာဏ် သူ့လောက်မရှိတဲ့အတွက် ဘုရားကို တရားဟောဖို့ လာတိုက်တွန်းနိုင်သေးလား? မတိုက်တွန်းနိုင်ဘူး။ ဘုရားထံမှာ တရားထူး တရားမြတ် ရသေးလား? မရဘူး။ ဒါကြောင့် သူတော်ကောင်းနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းသည် အထက်တန်း ကျနေတဲ့ ဘဝတွေမှာလည်းပဲ အလွန် အရေးမကြီးဘူးလား? အရေးကြီးနေတယ်။ အသိဉာဏ်မရှိရင် လွဲချော်သွားနိုင်တာတွေ မများဘူးလား? များနေတယ်။

နောက်တစ်ခု - နာမည်ကျော်ဖြစ်တဲ့ ဦးပဉ္စင်း ခဏခဏ ပြောနေတဲ့ ဃဋိကာရ အိုးထိန်းသည်ကြီး ကြည့်ပေါ့ - သူက ကဿပဘုရားရှင်ရဲ့ အလုပ်အကျွေး အနာဂါမ် ဥပသကာကြီးတစ်ဦး ဖြစ်ပါတယ်။ ကဿပဘုရားရှင်ကို ပြုစုလုပ်ကျွေးတဲ့ နေရာမှာ ဒါယကာတွေထဲမှာ အသာဆုံး, အမြတ်ဆုံး သူတော်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ မျက်မမြင် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေး နေရတဲ့အတွက် သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်တော့ မရခဲ့ဘူး။ ဒါပေမဲ့ သူက ဘယ်ဘုံကို ရွေးချယ်သလဲ မေးတော့ သူက အကနိဋ္ဌဘုံကို ရွေးချယ်တယ်။ အကနိဋ္ဌဘုံကို ရောက်ကြောင်းဖြစ်တဲ့ ရူပါဝစရ ပဉ္စမနည်းအရ ပြောရင်တော့ - ရူပါဝစရ ပဉ္စမစျာန်၊ စတုက္ကနည်းအရ ပြောရင်တော့ ရူပါဝစရ စတုတ္ထစျာန်ကို သူက အမြတ်စား ပွားထားတယ်။ ဒါက တစ်ချက်။

အကနိဋ္ဌဘုံကို ရောက်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုလည်း သူက ရရှိထားတယ်။ ရရှိထားတဲ့အတွက် သူ အကနိဋ္ဌဘုံကို ရောက်ရှိသွားတယ်။ ရောက်ရှိတဲ့အတွက် ဦးပဉ္စင်းတို့ ဘုရား အလောင်းတော်ကို အမြဲတမ်း ကူညီစောင့်ရှောက်နိုင်မယ့် စွမ်းအားလေးတွေ ပေါ်လာတယ်။ ဘုရားအလောင်းတော် တောထွက်တော်မူတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်ကို ခေါင်ဆုံး လာပြီးတော့ ဘာလုပ်သလဲ? သင်္ကန်းလှူတယ်။ အဲနောက်ထပ်လည်း ကောင်းမှုကုသိုလ်တွေ သူက အကြီးအကျယ် ပြုပါသေးတယ်။ ဒါကြောင့် အသိဉာဏ်ရှိတဲ့အတွက် မိမိတို့ ကြိုက်နှစ်သက်တဲ့ ဘုံကို ရွေးချယ်ခွင့် ရသွားတဲ့ အခွင့်ကောင်းကြီးတွေ၊ ဘုရားကို ဖူးမြော်ခွင့် အစရှိတဲ့ အခွင့်ကောင်းကြီးတွေနဲ့ ကြုံမသွားဘူးလား? ကြုံသွားကြတယ်။ ဘုရားရှင်ရဲ့ တရားတော်ကို နာကြားရခြင်းဆိုတဲ့ အခွင့်ကောင်းကြီးတွေနဲ့ မကြုံရဘူးလား? ကြုံသွားရတယ်။

အသိဉာဏ် အနည်းငယ်လောက် ချို့တဲ့သွားတဲ့ အာဠာရရသေ့တို့၊ ဥဒကရသေ့တို့၊ ဒေဝီလရသေ့တို့ ဒီအသိဉာဏ်တွေ ရရှိကြလား? မိမိတို့ ရရှိထားတဲ့ စျာန်သမာပတ်ကို သမာဓိဂုဏ်ကျေးဇူးတွေကို ပညာဖြင့် တစ်ဖန် ပြန်ပြီး ချီးမြှောက်နိုင်တဲ့ စွမ်းအားတွေ ရှိလား? မရှိကြဘူး။ ဘာကြောင့်လဲ? ဒီလို ချီးမြှောက်နိုင်တဲ့ စွမ်းအင် အသိအလိမ္မာ ဉာဏ်ပညာကို ပေးမယ့် သူတော်ကောင်းတွေကို မှီဝဲဆည်းကပ်ခွင့် မရဘူး။ ဒါကြောင့် သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရခြင်းသည် မင်္ဂလာတစ်ခု ဖြစ်တယ်။ ကောင်းမှုကုသိုလ်ဖြစ်ကြောင်း တရားဖြစ်တယ်။ လောက ကြီးပွားရေး၊ သံသရာ ကြီးပွားရေး၊ လောကမှ ထွက်မြောက်ရေးအတွက် မင်္ဂလာတစ်ခု ဖြစ်တယ် ဆိုပြီးတော့ ဘုရား ဟောထားပါတယ်နော်။ ဒါကြောင့် -

အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

- ဆိုပြီးတော့ မြတ်စွာဘုရား မင်္ဂလာ ဘယ်နှစ်ပါး ဟောလိုက်လဲ? သုံးပါး။ နံပါတ်တစ်က ဘာလဲ? လူမိုက်ကို မမှီဝဲ၊ မဆည်းကပ်၊ မပေါင်းသင်းပါနဲ့။ နံပါတ်နှစ်က ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်း မှီဝဲဆည်းကပ်ပါ။ နံပါတ်သုံးက ဘာလဲ? ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ပါ။

မိဘတွေ ကြည့်ပေါ့ ... မိမိ သားသမီးလေးတွေက ငယ်ရွယ် နုနယ်သေးတာ မှန်တယ်။ ဒါပေမဲ့ မိဘတို့ရဲ့ စိတ်ထားက ဘယ်လိုရှိလဲ? သားသမီးကို ထမင်းခွံ့တဲ့နေရာမှာ များများကို ကျွေးချင်တဲ့ ဆန္ဒဓာတ်တွေ မရှိဘူးလား? ရှိတယ်။ ကလေးရဲ့ ပါးစပ်က ဝင်,မဝင်တော့ ထားပေါ့။ ထမင်းလုတ်ကတော့ ခပ်ကြီးကြီးလေး ပြုလုပ်ပြီးတော့ မသွင်းဘူးလား? သွင်းတယ်။ အေး ... ဒီအတိုင်းပဲ၊ ဘုရားရှင်ကလည်း တရားနာယူတဲ့ ပုဂ္ဂိုလ်တွေက ခံယူနိုင်တဲ့ စွမ်းအား ရှိ,မရှိတော့ ထားပေါ့။ ဒါပေမဲ့ ဘုရားရှင်ဘက်ကတော့ အမြတ်ဆုံး [?] ဆန္ဒတော်ကတော့ ဘယ်လိုရှိလဲ? တရားနာယူနေတဲ့ ပရိသတ်တွေ အရဟတ္တဖိုလ်တိုင်အောင်သော အကျိုးတရားတွေကို ရရှိစေရမယ်ဆိုတဲ့ ဒီဆန္ဒတော်ကျတော့ အမြဲတမ်း ရှိပါတယ်။

ဒါကြောင့် ဒီမင်္ဂလာ သုံးပါးလောက် ဟောရုံနဲ့ ဘုရားရှင်က အားရတော် မမူဘူး။ နောက်ထပ် မင်္ဂလာတွေ များစွာရှိပါသေးတယ် ဆိုပြီးတော့ နတ်တွေနဲ့ လျော်ညီနေတဲ့ ထိုအချိန်အခါမှာ တရားနာနေတဲ့ နတ်တွေ၊ လူသားတွေနဲ့ လျော်ညီနေတဲ့ တခြားတခြား မင်္ဂလာတွေကိုလည်း ဘုရားရှင် ဟောခဲ့တယ်။ အဲဒီ မင်္ဂလာကျင့်ဝတ် ပဋိပတ်ကိုလည်း လိုက်နာပြုကျင့်ကြပါလို့ ဘုရားရှင်က တိုက်တွန်းလိုတယ်။ အဲဒီ တိုက်တွန်းလိုတဲ့ အာသာဆန္ဒ ရှိတဲ့အတွက် နောက်ထပ် မင်္ဂလာတရားတွေကို ဘုရားရှင်က ဆက်လက်ဟောကြားတော် မူပါတယ်နော်။

ဒီတော့ ဒီနေရာမှာ ဘုန်းကြီးက ဒကာကြီးတွေ၊ ဒကာမကြီးတွေကို မေးခွန်းတစ်ခုတော့ မေးချင်နေတယ်နော်။ အဲဒီ မေးခွန်းက နည်းနည်းလေး စဉ်းစဉ်းစားစား ဖြေမှရမယ်။ ဘုန်းကြီး ဒီကျောင်းကို ရောက်ခါစက ဆိုကြပါစို့နော် - ဒါယကာတစ်ဦးက သူက ဘုန်းကြီး ဆွမ်းခံကြွရင်လည်း နောက်က လိုက်ပြီး ဝေယျာဝစ္စ ဆောင်ရွက်ပေးတယ်။ ကျောင်းရောက်တဲ့အထိ ဆွမ်းတွေဘာတွေ ပြင်ပြီးတော့ အသေအချာ ဆွမ်းကပ်တယ်။ ဘုန်းကြီးကလည်း ဆွမ်းတော် အရင်ကပ်၊ ဆွမ်းတော် ကပ်ပြီးတဲ့ အချိန်အခါမှာ ဘုန်းကြီးအတွက် ဆွမ်းပြင်တယ်။ ဘုန်းကြီး ဆွမ်းစားပြီ။ စားပြီ ဆိုလို့ရှိရင်တော့ သူ ဘာလုပ်သလဲ? ဘုရားမှာ ကျကျနန သွားပြီးတော့ ရှိခိုးတယ်။ ရှိခိုးတဲ့ အချိန်အခါမှာလည်း တိုးတိုးလေး မဟုတ်ဘူး။ သူက အသံနေ အသံထား ခပ်ကောင်းကောင်းနဲ့ ခပ်ကျယ်ကျယ်လေး ရှိခိုးတယ်။ သူ ဘုရားရှိခိုးနေတဲ့ အသံကို ဘုန်းကြီး ဆွမ်းစားရင်းနဲ့ အမြဲတမ်း ကြားနေရတယ်။ အဲဒီ အထဲမှာ သူ့ ဆုတောင်းခန်းလေးတစ်ခု ပါတယ်။ အဲဒီ ဆုတောင်းခန်းလေးက ဘာလဲ? အားလုံး ကြားဖူးကြလိမ့်မယ် ထင်တယ် -

“၃၈-ဖြာ မင်္ဂလာကို မကွာကိုယ်၌ မြဲစေသောဝ်”

ဩော် ... ဟုတ်မလား? ဒကာကြီးတွေ။ အဲဒီ ဆုတောင်းအဓိပ္ပါယ် နားလည်လား? ကောင်းတယ်? ဟင် ဟုတ်ပြီ ...။ ဘုန်းကြီးကလည်း ကောင်းလို့ ပြောနေတာပါ။ “၃၈-ဖြာ မင်္ဂလာ မကွာကိုယ်၌ မြဲစေသောဝ်” ဆိုပြီးတော့ သူက ဒီလို ဆုတောင်းတယ်။

ဘယ့်နှယ်တုန်း တရားနာ ပရိသတ်တွေလည်း အဲဒီ ၃၈-ဖြာ မင်္ဂလာ မကွာကိုယ်မှာ မမြဲချင်ကြဘူးလား? ဟင် (မြဲချင်တယ်)။ အေး ... အဲဒါ ဘုန်းကြီးက စဉ်းစားဖြေပါလို့ ပြောနေတာ။ မင်္ဂလာတရား (၃၈) ပါးလုံး ကိုယ်မှာ မြဲချင်တာလား, မမြဲချင်ဘူးလား? ဟင်! (မြဲချင်ပါတယ်ဘုရား)

ကဲ ... စဉ်းစားကြည့်၊ စဉ်းစားကြည့်။ အဲဒီ မင်္ဂလာတရား (၃၈) ပါးထဲမှာ ပုတ္တဒါရဿ သင်္ဂဟော၊ သားမယား ပြုစုလုပ်ကျွေးရမယ်ဆိုတဲ့ မင်္ဂလာလည်း ပါတယ်။ နောက်တစ်ခု ဟိုးနောက်ဆုံးဘိတ်ကျတော့ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ လောကဓံ ရှစ်ပါးနဲ့ တွေ့တဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေ မတုန်မလှုပ် မချောက်ချားရဘူးဆိုတဲ့ မင်္ဂလာလည်း ပါတယ်။ အဲဒါက ဘာပြောတာလဲ? ရဟန္တာဖြစ်မှ လောကဓံနဲ့ တွေ့တဲ့အခါမှာ တုန်လှုပ်မှု မရှိဘူး။ ဒီတော့ ရဟန္တာ ဖြစ်ခြင်းဆိုတဲ့ မင်္ဂလာလည်း မြဲချင်တယ်။ သားမယားကို ပြုစုလုပ်ကျွေးခြင်းဆိုတဲ့ မင်္ဂလာလည်း မြဲချင်တယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဆုတောင်းတာ နည်းနည်းလေး ကြည့်တောင်းဖို့ မလိုဘူးလား? ဟင်! ကဲ ... နှစ်ခုလုံး တစ်ခါတည်း ပြိုင်တူ ဖြစ်ချင်လား? ဒကာကြီးတွေကတော့ ပြိုင်တူ ဖြစ်ချင်လိမ့်မယ် ထင်တယ်နော်။ နည်းနည်း သဘောကျနေပုံ ရတယ်။

ဒီတော့ တစ်ချိန်တည်းမှာ သားမယားလည်း လုပ်ကျွေးပြုစုချင်တယ်၊ တစ်ချိန်တည်းမှာ ရဟန္တာလည်း ဖြစ်ချင်တယ် ဆိုတော့ ဟုတ်ပါတော့မလား? ဒါပေမဲ့ ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေအတွက် ဒါလည်း မင်္ဂလာဖြစ်တယ်လို့ ဘုရားက ဟောတာပါ။ ဒါကြောင့် ထိုထိုပုဂ္ဂိုလ်တို့ရဲ့ အဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီအောင် ဒီလိုဒီလို လုပ်ငန်းရပ်တွေကို ပြုကျင့်သင့်တယ် ဆိုရင်လည်း မင်္ဂလာ ဖြစ်ပါတယ်လို့ ပုဂ္ဂိုလ်တို့ရဲ့ အဇ္ဈာသယဓာတ်ခံကို ကြည့်ပြီး ဘုရားက တိုက်တွန်းလိုတဲ့အတွက် မင်္ဂလာတွေ ဆက်လက်ဟောတာ။ ဒီတော့ သားမယားကို ပြုစုလုပ်ကျွေးလိုတဲ့ ပုဂ္ဂိုလ်တွေအတွက် သားမယားကို ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့ရင် ဒါလည်း မင်္ဂလာ ဖြစ်ပါတယ် ကုသိုလ်ဖြစ်ပါတယ်လို့ ဒီလို တိုက်တွန်းပေးတယ်။

“မင်းတို့ကွယ် ... သံသရာ ဝဋ်ဆင်းရဲမှ ကျွတ်အောင်လွတ်အောင် မလုပ်ကြနဲ့တော့။ မင်းတို့ သားမယားသာ ပြုစုလုပ်ကျွေးကြတော့” လို့ ဒီလို ပြောတာမျိုး ဟုတ်သလား? အဲဒီလို ဒကာကြီးတွေ အမှတ်မလွဲနဲ့နော်။ သားမယားကို ပြုစုလုပ်ကျွေးတာသည် မင်္ဂလာဖြစ်တယ်ဆိုပြီး သားမယားကို ကုန်းပြီး ပြုစုလုပ်ကျွေးနေမယ်ဆိုရင် ဒီ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်ပါဦးမလား? ဒါပေမဲ့ သူတို့ကတော့ ခိုင်းမှာပဲ။ ဟုတ်တယ်, မဟုတ်လား? ခိုင်းရသမျှတော့ ဒကာကြီးတွေကို ခိုင်းမှာပဲ? ခိုင်းမရတော့ဘူးဆိုရင်တော့ ဘာလုပ်မလဲ? “သွားလေ ... ကျောင်းမှာ သွားပြီးတော့ တရားလေး ဘာလေး သွားအားထုတ်ချင်လည်း အားထုတ်ပေါ့” ဟုတ်တယ်, မဟုတ်လား? တိုက်တွန်းမှာပါ။ ဟုတ်တယ်, မဟုတ်လား? ဒါကတော့ သေချာတယ်။ ခိုင်းလို့၊ သုံးလို့ မရတော့ဘူး။

အဲဒါကြောင့် ဒကာကြီးတွေ ရှေးတုန်းကတော့ ထုံးရှိပါတယ်။ ကြားဖူးကြလိမ့်မယ် ထင်တယ်နော်။ သုမနနဲ့ တူတယ်နော်။ အိန္ဒိယ ယဉ်ကျေးမှု အရပေါ့လေ ...။ အမျိုးသမီး ခပ်ငယ်ငယ်တွေကို အမျိုးသား ခပ်ကြီးကြီး အသက်ကြီးကြီး ပုဂ္ဂိုလ်တွေနဲ့ လက်ထပ်ပေးတဲ့ ထုံးစံ ရှိပုံရပါတယ်။ ဒီတော့ [?] ကြီးက အသက်အရွယ် ကြီးလာတဲ့ တစ်နေ့ ကြီးလာတဲ့ အချိန်အခါကျတော့ သားမယားတွေကလည်း မကြည်ဖြူတဲ့သဘော ဖြစ်လာတယ်နော်။ မကြည်ဖြူတဲ့သဘော ဖြစ်လာတော့ ကျောင်းရောက်လာတော့ အဲ... ရာဓပုဏ္ဏား ရာဓပုဏ္ဏား ဆိုကြပါစို့နော်။ ခုနက သုမနလည်း ပုံစံတူပါတယ်။ ဘုန်းကြီး ပြောချင်တာက ရာဓပုဏ္ဏားပဲ။ ရာဓပုဏ္ဏားကြီးက သူက အိမ်မှာ နေပြန်တော့လည်း အိမ်က သားမယားတွေက မကြည်ဖြူချင်တော့ဘူး။ မကြည်ဖြူတော့ ကျောင်းရောက်လာတယ်။ ကျောင်းရောက်လာတော့လည်း ဘုန်းကြီးတွေထံ ချဉ်းကပ်ပြီးတော့ -

“တပည့်တော်ကို ရှင်ရဟန်း ပြုပေးပါ” ခွင့်တောင်းပြန်တော့ အသက်ကလည်း ကြီးနေတော့ ဘုန်းကြီးတွေကလည်း သူ့ကို ရှင်ရဟန်း မပြုပေးချင်ကြဘူး။ ကျောင်းကလည်း သိပ်ပြီး လက်မခံချင်တဲ့ ပုံစံဖြစ်နေတယ်နော်။ အိမ်ကလည်း လက်မခံချင်ဘူး။ ဒါပေမဲ့ တစ်နေ့ သူ ဘုရားရှင်ထံလာပြီးတော့ တရားနာတယ်။ တရားနာတဲ့ အချိန်အခါမှာ ဘုရားရှင်က ထို ရာဓပုဏ္ဏားကြီးရဲ့ အဇ္ဈာသယဓာတ်ခံကို လှမ်းမြော်ပြီး ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီ ရာဓပုဏ္ဏားကြီးမှာ အရဟတ္တဖိုလ် ရလောက်တဲ့ အားကြီးတဲ့ မှီရာဥပနိဿယ အကြောင်းတရားလေးတွေ ထင်ရှားရှိနေတယ်ဆိုတာ မြတ်စွာဘုရားရှင်က မြင်တယ်။ မြင်လိုက်တဲ့အတွက် ရာဓပုဏ္ဏားကြီးကို မြတ်စွာဘုရားက မေးကြည့်တယ် -

“ဘယ့်နှယ်တုန်း ပုဏ္ဏားကြီး ... သင့်ကို သားမယားများက ကြည်ဖြူစွာ ပြုစုလုပ်ကျွေးပါရဲ့လား?”

ဒီလို မေးကြည့်တယ်။ ဒကာကြီးတွေကို ဘုန်းကြီးက မေးရင် ဘယ်လိုများ ဖြေကြမလဲ? ဟင် ကိုယ်ဟာနဲ့ကိုယ်တော့ မျက်စိမှိတ်ပြီးတော့ ဖြေကြမှာပဲနော်။ ပုဏ္ဏားကြီးကတော့ -

“ဘယ်လာကြည်ဖြူမှာလဲ ဘုရား ...” ဆိုပြီးတော့ အဲဒီလို လျှောက်တယ်။

“ကဲ ဒီလိုဆိုလို့ရှိရင် မင်းသားမယားတွေက မကြည်ဖြူဘူး ဆိုလို့ရှိရင် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း မပြုချင်ဘူးလား?” လို့ မေးကြည့်တယ်။

ဒကာကြီးတွေကို ဘုန်းကြီးက အဲဒီလို မေးရင် ဘယ်လိုဖြေမလဲ? ဟင် ပါးစပ် ဖြဲနေကြတယ်။ ဘယ်သူမှ မဖြေဘူး။ အဲဒီတော့ -

“သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း မပြုချင်ဘူးလား?” မေးလိုက်တော့ -

“ပြုချင်တာပေါ့ဘုရား ... ဒါပေမဲ့ တပည့်တော်ကို ဘယ်ရဟန်းတော်ကမှ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုဖို့ရန်အတွက် တာဝန်မယူ ဖြစ်နေတယ်”

အဲဒီ အချိန်အခါကျတော့မှ ဘုရားရှင်က သံဃာ့အစည်းအဝေး ခေါ်ပြီးတော့ -

“ကဲ ... ဒီသံဃာ့ပရိသတ်ထဲမှာ ဒီရာဓပုဏ္ဏားကြီးရဲ့ ကျေးဇူးကို ဘယ်သူ သိတတ်သလဲ?”

ဒီလို မေးကြည့်တယ်။ အဲဒီအခါမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက မတ်တပ်ရပ်ပြီးတော့ မြတ်စွာဘုရားရှိရာ လက်အုပ်ချီပြီးတော့ -

“တပည့်တော်ဘုရား ရာဓပုဏ္ဏားကြီးရဲ့ ကျေးဇူးကို သိပါတယ်” ဆိုပြီး လျှောက်ထားတယ်။

“ရာဓပုဏ္ဏားကြီးက သင့်အပေါ်မှာ ဘယ်လို ကျေးဇူးတရားတွေများ ပြုခဲ့ဖူးလို့လဲ?” လို့ ဘုရားရှင်က ပြန်ပြီး မေးလိုက်တဲ့အခါ -

“တပည့်တော် ဒီရာဇဂြိုဟ်မြို့တွင်းကို ဆွမ်းခံတဲ့အခါ ရာဓပုဏ္ဏားကြီးက တပည့်တော်ကို ဆွမ်းလေး တစ်ဇွန်း လောင်းဖူးတယ်ဘုရား။ တပည့်တော် အဲဒါ သိပ်ကျေးဇူးတင်တယ်”

ဒကာကြီးတွေ ဆွမ်းတစ်ဇွန်းဟာ ကျေးဇူးတင်ဖို့ မကောင်းဘူးလား? ဒါ သူတော်ကောင်းတွေရဲ့ စိတ်ထားပဲ။

ကြည့်စမ်း ... “ဒီကျောင်းဟာ သက်သတ်လွတ်ကြီး၊ ဘာမှလည်း စားလို့လည်း မဝဘူး” ဖြစ်ပြီ၊ ဖြစ်ပြီ။ ပြောနေကြတာ။ ဟုတ်တယ်, မဟုတ်လား? “ဟင်းတွေကလည်း မလောက်တလောက် ကျွေးလိုက်ကြတာ” တဲ့။

ဟော ... ဘေးမှာ ဘေးမှာ ပြောနေတာပါ။ ဟုတ်တယ်၊ မဟုတ်လား? ဒီတော့ သူက ဆွမ်းတစ်ဇွန်းလှူရင် - သူတော်ကောင်းတို့က မိမိတရား မိမိ အားထုတ်တာပဲ။ တရားအားထုတ်တဲ့ အချိန်အခါမှာ ခုလို လွယ်လွယ်ကူကူနဲ့ လာပြီး လှူဒါန်းနေမယ်ဆိုရင် တစ်ဇွန်းလောက်ဟာလည်း ကျေးဇူး များတာပေါ့။ နှစ်ဇွန်းလည်း ကျေးဇူးတင်ရမှာပဲ။ သုံးဇွန်းလည်း ကျေးဇူးတင်ရမှာပဲ။ ဒါကတော့ မိမိက ကိုယ်က တရားလိုချင်လို့ လာတာပဲ။ ဟုတ်တယ်၊ မဟုတ်လား? တတ်နိုင်သမျှ သူက လာလှူတယ် ဆိုလို့ရှိရင် ဘယ်လောက်ပဲ လှူလှူ ကိုယ့်ဘက်ကတော့ ကျေးဇူးတင်ရမှာပေါ့။

ခု - ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ စိတ်ထားလေး ကြည့်ပေါ့နော်။ ဆွမ်းလေး တစ်ဇွန်း လောင်းလှူဖူးတဲ့ ဒီကျေးဇူးကို ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မေ့သလား? မမေ့ဘူး။ ဒါသူတော်ကောင်းတို့ရဲ့စိတ်ထား သိပ်ကြည်ညိုဖို့ ကောင်းတယ်၊ အတုယူဖို့လည်း ကောင်းပါတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က -

” သာရိပုတ္တရာ ... ဒီလိုဆိုရင် သင်သည် ရာဓပုဏ္ဏားကြီးကို ရဟန်း ပြုပေးပါ” မြတ်စွာဘုရားက တိုက်တွန်းလိုက်တယ်။ တိုက်တွန်းလိုက်တော့ ဘုရားရှင်ရဲ့ အဇ္ဈာသယဓာတ်ကို အရှင်သာရိပုတ္တရာက လှမ်းမြော်ကြည့်လိုက်တဲ့အခါ သူ သိတန်သလောက်တော့ သိပါတယ်နော်။ ဘယ်လိုသိလဲ? ဘုရားရှင်သည် အဇ္ဈာသယဓာတ်တစ်မျိုးနဲ့ ငါ့ကို တိုက်တွန်းနေပြီဆိုတာ သိတယ်။

ထိုအချိန်အခါမှာ ဆိုကြပါစို့ ... မြတ်စွာဘုရား ရဟန်းတစ်ဝါ ရပြီးတဲ့အချိန် ဖြစ်တယ်။ ရာဇဂြိုဟ်မြို့ကို မြတ်စွာဘုရားသည် ပြာသိုလပြည့်နေ့မှာ ဆိုက်ရောက်လာတယ်။ ပြာသိုလပြည့်နေ့ ဆိုက်ရောက်လာပြီးတဲ့ အချိန်အခါမှာ တပို့တွဲလဆန်း တစ်ရက်နေ့မှာ ရှင်သာရိပုတ္တရာဟာ အရှင်အဿဇိမထေရ်မြတ်ထံမှ -

” ယေ ဓမ္မာ ဟေတုပ္ပဘဝါ ” အစချီတဲ့ ဂါထာလေး နာကြားရတဲ့အတွက် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် တည်သွားတယ်။ ထို အရှင်သာရိပုတ္တရာထံမှ ရှင်မဟာမောဂ္ဂလာန်ကလည်း ဒီဂါထာလေး ကြားနာရတဲ့အတွက် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် တည်သွားပါတယ်။ ထိုနေ့ညနေမှာ (၂၅၀)သော တပည့်တွေ ခေါ်ပြီးတော့ ဝေဠုဝန်ကျောင်းတော်မှာ သွားပြီးတော့ ရှင်ရဟန်းပြုဖို့ရန် မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ပါတယ်။ ထိုအချိန်မှာ ဘုရားရှင်က ” ဧဟိ ဘိက္ခု ” ခေါ်တော်မူလိုက်တဲ့အတွက် အားလုံး ဧဟိဘိက္ခု ရဟန်းတော်များ ဖြစ်သွားကြတယ်။ အဲဒီနေ့မှာ (၂၅၀)သောတပည့်တွေက အားလုံး ရဟန္တာ ဖြစ်သွားကြတယ်။

အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်သာရိပုတ္တရာက ကြာတယ်။ အရှင်မဟာမောဂ္ဂလာန်က ထိုနေ့ကနေ ရေတွက်ကြည့်ရင် (၇)ရက်မြောက်သော နေ့မှာ ရဟန္တာ ဖြစ်တယ်။ ဘုရားရှင်ထံမှ သဟာယမာနသုတ္တန်ကို နာကြားခွင့် ရရှိတဲ့အတွက် ရဟန္တာ ဖြစ်သွားပါတယ်။ တပို့တွဲလဆန်း (၇)ရက်လောက် ဆိုကြစို့နော်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကတော့ တပို့တွဲလပြည့်နေ့မှာ ဒီဃနခသုတ္တန်လို့ ခေါ်ဆိုအပ်တဲ့ ဝေဒနာပရိဂ္ဂဟသုတ္တန် ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းနေတဲ့ ဝိပဿနာ ရှုပွားသုံးသပ်ရတဲ့ သုတ္တန်။ အဲဒီသုတ္တန်ကို နာကြားခွင့် ရရှိတဲ့အတွက် အရဟတ္တဖိုလ် တည်သွားတယ်။

နာကြားခွင့် ရရှိတာကတော့ ဘုရားရှင်က အရှင်သာရိပုတ္တရာရဲ့ တူတော်မောင်ဖြစ်နေတဲ့ ဒီဃနခပရိဗိုဇ်က လျှောက်ထားမေးမြန်းတဲ့ မေးခွန်းကို အခြေခံပြီးတော့ ဒီသုတ္တန်ကို ဟောတဲ့အတွက် ဒီသုတ္တန်ကို ဒီဃနခသုတ္တန်လို့ ခေါ်တယ်။ ထိုသုတ္တန်မှာ ဝိပဿနာရှုကွက်ကို ကြည့်လိုက်ရင် ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုကွက်တွေကို ဘုရားရှင် ဟောထားတဲ့အတွက် ဝေဒနာ ပရိဂ္ဂဟသုတ္တန်လို့ ဒီလိုလည်း ခေါ်ပါတယ်။ ထိုသုတ္တန်ကို နာကြားခွင့် ရရှိတဲ့အတွက် တပို့တွဲလပြည့်နေ့မှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါတယ်။

ခုဒီရာဓပုဏ္ဏားကြီးရဲ့ အဖြစ်အပျက်က တပို့တွဲလပြည့်နဲ့ တပေါင်းလပြည့်အတွင်းမှာ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရတယ်နော်။ အဲဒီတော့ ရာဓပုဏ္ဏားကြီး မတိုင်မှီပေါ့။ ဒီပြဿနာ မပေါ်မှီပေါ့။ ဘုရားရှင်က သရဏဂုံသုံးပါးဖြင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ စတဲ့ သရဏဂုံ ဆောက်တည်ရုံမျှဖြင့် ရဟန်းဖြစ်စေလို့ ခွင့်ပြုထားပြီး ဖြစ်တယ်။ ရာဓပုဏ္ဏားကြီးရဲ့ အကြောင်းအရာတစ်ခု ပေါ်လာပြီးတဲ့အခါမှာ ဘုရားရှင်ရဲ့ အဇ္ဈာသယဓာတ်ကို လှမ်းကြည့်လိုက်တဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ဘုရားရှင်ရဲ့ အဇ္ဈာသယဓာတ်ကို သိတဲ့အတွက် -

” တပည့်တော်တို့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီရာဓပုဏ္ဏားကြီးကို ရှင်ရဟန်း ပြုပေးရပါ့မလဲ?” ဆိုပြီးတော့ မေးမြန်းတယ်။

ထိုအချိန်အခါမှာ ဦးပဉ္စင်းတို့ ခု သိမ်ထဲမှာ ရွတ်ဖတ်တဲ့ ကမ္မဝါ၊ ဉာတ္တိစတုတ္ထ ကမ္မဝါလို့ ခေါ်ပါတယ်။ ဒီကမ္မဝါစာကို ထိုအချိန်အခါက စပြီး မြတ်စွာဘုရား ခွင့်ပြုပါတယ်နော်။ ဒါရာဓပုဏ္ဏားကြီးရဲ့ ကျေးဇူးပဲ။ ကဲ ရှိစေတော့။ ဒါကတော့ ပြောချင်တဲ့ အဓိပ္ပါယ်လေးက ဘာပြောချင်တာလဲ? သားမယားတွေက ရိုသေစွာ မပြုစု မလုပ်ကျွေးလို့ မောင်းထုတ်လိုက်တဲ့ အချိန်အခါကျမှ ကျောင်းရောက်လာတဲ့ ပုဂ္ဂိုလ်တွေ ရှိသေးတယ်လို့ ပြောချင်တာပါနော်။ ကဲ ခုဒီနေရာမှာ ဒုတိယအကြိမ်အားဖြင့် မြတ်စွာဘုရားက ဂါထာလေး မင်္ဂလာဒေသနာတော်နဲ့ ပတ်သက်ပြီး ဆက်လက်၍ ဟောပြီ။ ဘယ်လိုဟောလဲ?

ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။

မင်္ဂလာသုံးပါး ဆက်ဟောတယ် -
ပတိရူပဒေသဝါသော စ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်၌ နေထိုင်ရခြင်းသည်လည်းကောင်း။ ပုဗ္ဗေ စ ကတပုညတာ၊ ရှေးက ပြုခဲ့ဖူးသည့် ကောင်းမှုကုသိုလ်ကံ ရှိခြင်းသည်လည်းကောင်း။ အတ္တသမ္မာပဏိဓိ စ၊ မိမိ၏ ကိုယ်, စိတ်, နှလုံး သုံးပါးလုံးကို ကောင်းမွန်ရိုသေစွာ ထားခြင်းသည်လည်းကောင်း။ ဧတံ၊ ဤတရားသုံးပါးသည်။ မုတ္တမံ၊ မြင့်မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်ပါပေ၏။

မင်္ဂလာတရား သုံးပါး မြတ်စွာဘုရား ဆက်ဟောပြန်တယ်နော်။ ဟုတ်လား? နံပါတ်(၁) ပတိရူပဒေသဝါသ တဲ့ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသမှာ နေထိုင်ရခြင်းသည် မင်္ဂလာ ရှိတယ်လို့ ဒီလို ဘုရားဟောတယ်။ အဲဒီမှာလည်း လောကရေး၊ ဓမ္မရေး နှစ်ခုတော့ ခွဲပြောနိုင်ပါတယ်။ ဓမ္မရေးအရ ပြောမယ်ဆိုရင် ပတိရူပဒေသ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသမှာ နေထိုင်ရခြင်းဆိုတာက ဘယ်လိုအရပ်ကို ပတိရူပဒေသ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ အရပ်ဒေသလို့ ခေါ်သလဲ? လို့နော်။

ဒီအချက်နဲ့ ပတ်သက်လို့ အဋ္ဌကထာက ဖွင့်ဆိုထားတယ်။ အကြင်အရပ်ဒေသမှာ ပရိသတ်လေးပါး ရှိတယ်။ နေထိုင် သီတင်းသုံးကြတယ်။ ပရိသတ်လေးပါး ဆိုတာက ဘာလဲ? ရဟန်းယောက်ျား ပရိသတ်၊ ရဟန်း မိန်းမ ပရိသတ်၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ လူ ဥပသကာ ယောက်ျားပရိသတ်၊ လူ ဥပါသိကာမ ဒါယိကာမ ပရိသတ်။ ပေါင်းလိုက်တော့ ပရိသတ် ဘယ်နှစ်မျိုးလဲ? လေးမျိုး။ ထိုပရိသတ်လေးမျိုး နေထိုင်တဲ့ နေရာသည် နေသင့်နေထိုက်တဲ့ ပတိရူပအရပ် ဖြစ်တယ်။ အဲဒီပရိသတ်လေးပါး မရှိတဲ့ နေရာဟာ မနေသင့်တဲ့ နေရာပဲ။ အဲဒါ ဓမ္မရေးဘက်ကနော်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီပရိသတ်လေးပါး ရှိတဲ့နေရာမှာ -

ဒါနာဒီနိ ပုညကြိယာဝတ္ထုနိ ဝတ္တန္တိ။

ဒါန အစရှိတဲ့ ပုညကြိယာဝတ္ထုတွေဟာ အဲဒီမှာ ဖြစ်နိုင်တယ်။ ပရိသတ်လေးပါး ရှိတဲ့နေရာမှာ ကောင်းမှုကုသိုလ် ဒါနတစ်ခုကို စင်စင်ကြယ်ကြယ်နဲ့ လှူဒါန်းချင်တယ် ဆိုလို့ရှိရင် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ သီလ ဆောက်တည်မယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဒါန ကုသိုလ်တွေ အဆင့်အတန်းမြင့်မြင့် ရနိုင်တယ်။ သီလကုသိုလ်တွေ အဆင့်အတန်းမြင့်မြင့် ရနိုင်တယ်။ သမာဓိဘာဝနာစခန်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ချင်တယ် ဆိုလို့ရှိရင်လည်း ဒီပရိသတ်လေးပါး ရှိတဲ့နေရာမှာ မရနိုင်ဘူးလား? ရနိုင်တယ်။

အဆင့်အတန်းမြင့်မြင့် သမထဘာဝနာတွေ၊ အဲ ... အဆင့်အတန်း မြင့်မားနေတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို မိမိတို့က စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ချင်ပါတယ် ဆိုရင်လည်း ဒီပရိသတ်လေးပါး ထင်ရှားရှိနေတဲ့အရပ်မှာ ကျင့်လို့ မရနိုင်ဘူးလား? ရနိုင်တယ်။

နောက်တစ်ခု - ပုညကြိယာဝတ္ထုတွေ ရှိနေသေးတယ်။ ပုညကြိယာ ဆိုတာကတော့ ကောင်းမှုကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေ ရှိတယ်။ ထို အကျိုးတရားတွေကို ရရှိဖို့ရန်အတွက် အကြောင်းဖြစ်တဲ့ ကံတွေကို ထူထောင်နိုင်တဲ့ စွမ်းအင်လေးတွေပဲ။ အဲဒီ အကြောင်းဖြစ်တဲ့ ကောင်းမှုကုသိုလ်လေးတွေရဲ့ တည်ရာဖြစ်တဲ့ လုပ်ငန်းရပ်တွေကို ပုညကြိယာဝတ္ထုလို့ ခေါ်ပါတယ်။ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းကို ရရှိစေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ ကောင်းမှုကုသိုလ်ကံတို့ရဲ့ တည်ရာဝတ္ထုတွေပဲ။ အဲဒီ ပုညကြိယာဝတ္ထုမှာ အခု ပြောခဲ့တာ ဘယ်နှစ်ခု ရှိသွားပြီးလဲ? သုံးခု။ ဒါန၊ သီလ၊ ဘာဝနာ။ ဘာဝနာမှာ ဘယ်နှစ်မျိုးရှိလဲ? နှစ်မျိုး။ သမထဘာဝနာ၊ ဝိပဿနာဘာဝနာ။

နောက်တစ်ခု - ပတ္တိဒါန၊ ပတ္တာနုမောဒနာ နော်။ အပစာယန = အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူတဲ့ ပုဂ္ဂိုလ်တို့အား အရိုအသေ ပြုခြင်း၊ ရိုသေလေးစားခြင်း။ ဒီတော့ ရတနာသုံးပါးဟာ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ရိုသေသင့် ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ရိုသေသင့် ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားခြင်းဟာလည်း ကုသိုလ်တရားပဲ။ ကုသိုလ်ဖြစ်ခဲ့မယ်ဆိုရင် ဒီကုသိုလ်ကြောင့် ကောင်းမှု ကုသိုလ်တရားတွေ မရနိုင်ဘူးလား? ရနိုင်တယ်။

ရိုရိုသေသေ လေးလေးစားစားနဲ့ အလှူခံပုဂ္ဂိုလ်တွေကို မွန်မြတ်တဲ့ အလှူဝတ္ထုတွေ လှူခဲ့ရင် ဒီကံက အကျိုးပေးတဲ့ဘဝမှာ မိမိရဲ့စကားကို နားထောင်မယ့် သားတွေသမီးတွေ အဆင်သင့် ဖြစ်နေတယ်၊ ဇနီးမယားတွေ အဆင်သင့် ဖြစ်နေတယ်၊ အလုပ်သမားတွေ အဆင်သင့် ဖြစ်နေတယ်နော်။ လုပ်ငန်းဆောင်တာ မှန်သမျှ အားလုံး အောင်မြင်ဖို့ ရှိတယ်နော်။ မိမိကို ရိုသေလေးစားမယ့် ပုဂ္ဂိုလ်တွေက အမြဲတမ်း စောင့်ဆိုင်းနေတယ်။ ဘာဖြစ်လို့လဲ? တစ်ချိန်က ကံကို ထူထောင်ခဲ့စဉ် အချိန်အခါက မိမိက ရိုရိုသေသေ လေးလေးစားစားနဲ့ မိမိက ဒီကံတွေကို ထူထောင်ခဲ့တယ်။ ဒါကြောင့် ရိုသေသင့် ရိုသေထိုက်၊ လေးစားသင့် လေးစားထိုက်တဲ့ သူတော်ကောင်းတွေကို မိမိက ရိုသေလေးစားခဲ့ရင် မင်္ဂလာတစ်ခု မဖြစ်ဘူးလား? ဖြစ်နေပါတယ်။ ဝေယျာဝစ္စ = ရတနာသုံးပါးရဲ့ ဝေယျာဝစ္စ၊ ဆရာမိဘ အစရှိတဲ့ သူတော်ကောင်းတို့ရဲ့ ဝေယျာဝစ္စ ပြုစုဆောင်ရွက်ပေးခြင်း။ ဒါဟာလည်း ကုသိုလ်ဖြစ်ကြောင်း တရားပဲနော်။ ကုသိုလ်လေးတွေပဲ။

ပတ္တိဒါန = မိမိပြုနေတဲ့ ကောင်းမှုကုသိုလ် အဖို့ဘာဂကို ငါနဲ့ထပ်တူ အခြားအခြား သတ္တဝါတွေလည်း ရကြပါစေဆိုပြီးတော့ အမျှအတမ်း ပေးဝေတယ်။ ဒါဟာ ပတ္တိဒါန ကုသိုလ်၊ ပတ္တာနုမောဒနာ ဆိုတာကတော့ သူတစ်ပါးတို့က အမျှအတမ်း ပေးဝေတဲ့ အချိန်အခါမှာလည်း မိမိတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တယ်။ သူတစ်ပါးကတော့ အမျှအတမ်း မဝေဘူး။ ဒါပေမဲ့ သူတစ်ပါး ပြုလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေကို မိမိက မြင်တော့ မိမိက ဝမ်းသာရင်ကော ကုသိုလ် မဖြစ်ဘူးလား? ဖြစ်တယ်။ ဒါလည်း ပတ္တာနုမောဒနာ ကုသိုလ်လို့ ခေါ်ပါတယ်။

ဓမ္မဿဝနကုသိုလ် = တရားနာခြင်း။ ဒါလည်း ကုသိုလ် မဖြစ်ဘူးလား? ဖြစ်တယ်။ ဓမ္မဒေသနာ = မိမိက စွမ်းအားရှိသလောက် လာဘ်လာဘကို မငဲ့ညှာဘဲ တရားကို ဟောကြားပြသ ဆိုဆုံးမခြင်း။ ဒါလည်း ကုသိုလ် မဖြစ်ဘူးလား? ဖြစ်ပါတယ်။ ဓမ္မဒေသနာ ကုသိုလ်ပဲ။ ဒိဋ္ဌိဇုကမ္မ = သမ္မာဒိဋ္ဌိ အယူကို ဖြောင့်မတ်စွာ ထားခြင်း။ ကံ ကံ၏ အကျိုးကို တကယ်တတ်သိ နားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ရရှိနေအောင် မိမိက ကြိုးစားတယ်။ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာငါးပါးကို သိအောင်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ သမုဒယသစ္စာ အမည်ရှိနေတဲ့ အကြောင်းတရားတွေကြောင့် ဒုက္ခသစ္စာ အကျိုးတရားတွေ ထင်ရှားဖြစ်ပုံ။ ကြောင်းကျိုးဆက်နွယ်တဲ့ သဘောတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ အဲဒီလို အားထုတ်တဲ့ မိမိရဲ့သန္တာန်မှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ကံကံ၏အကျိုးကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်တွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာပြီ။ အဲဒီ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ရှိနေတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ မှန်ကန်နေတဲ့ အယူဝါဒတွေ ဖြောင့်ဖြောင့်ကြီး ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ဒါဟာလည်း ကုသိုလ်တရား တိုးပွားကြောင်းပဲ။ ပေါင်းလိုက်တော့ ပုညကြိယာဝတ္ထု ဘယ်နှစ်ခုရှိလဲ? ဆယ်ခု။

အဲဒီ ပုညကြိယာဝတ္ထု ဆယ်ခုကို ဖြည့်ကျင့်နိုင်တယ်ဆိုတာ ခုနက ပရိသတ်လေးပါး ရှိတဲ့ ဒေသမှာသာ ကျင့်လို့ရတယ်။ ပရိသတ်လေးပါး မရှိတဲ့ ဒေသမှာ သွားပြီး ဖြည့်ကျင့်မယ်ဆိုရင် ဖြည့်ကျင့်လို့ရလား? မရနိုင်ဘူး။ အင်္ဂါကိုးတန်နဲ့ ပြည့်စုံနေတဲ့ ဘုရားရှင်ရဲ့ သာသနာတော်ကြီး ထွန်းလင်းနေတဲ့ နေရာ။ ဒါဟာလည်း ပတိရူပဒေသ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ဒေသပဲ။ အင်္ဂါကိုးပါးနှင့် ပြည့်စုံတယ်ဆိုတာက ဘုန်းကြီးတို့ ပိဋကတ်ပါဠိတော်တွေမှာ အင်္ဂါကိုးတန်ဆိုတာ သတ်မှတ်ထားပါတယ်နော်။

သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန - စသည်ဖြင့်နော်။ အဲဒီတော့ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံ အမည်ရနေတဲ့ တရားဒေသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပနေတဲ့ နေရာဒေသ ဖြစ်ခဲ့ရင် ထိုနေရာဟာလည်း ပတိရူပဒေသ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ဒေသပဲ။ အဲဒီလိုဒေသမှာ နေထိုင်ရခြင်းသည် မင်္ဂလာဖြစ်တယ်။ ဘာကြောင့်လဲ? ဒီ တရားတွေကို နာကြားခွင့် ရရှိနိုင်တယ်။ ဒီတရားတွေကို ကိုယ်တိုင် ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ခွင့် မရနိုင်ဘူးလား? ရနိုင်ပါတယ်။

နာကြားခွင့်ရရင် နာကြားရတဲ့ ကုသိုလ်စေတနာသည်၊ သင်ကြားခွင့်ရရင် သင်ကြားရတဲ့ ကုသိုလ်စေတနာသည်၊ နှုတ်တက်ဆောင်နိုင်ရင် နှုတ်တက်ဆောင်နိုင်တဲ့ ကုသိုလ်စေတနာတွေ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ သီလကုသိုလ်တွေ၊ သမာဓိကုသိုလ်တွေ၊ ဝိပဿနာကုသိုလ်တွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ အဆုံးအမသာသနာတော်ကြီး ထွန်းလင်းတင့်တယ်ရာ ဒေသဟာလည်း နေသင့်နေထိုက်တဲ့ ပတိရူပဒေသရပ် ဖြစ်တယ်လို့ ဒီလို သတ်မှတ်ထားတယ်နော်။ ဘာကြောင့်လဲ?

တတ္ထ နိဝါသော သတ္တာနံ ပုညကြိယာယ ပစ္စယာတံ မင်္ဂလာတိ ဝုစ္စတိ

အဲဒီမှာ နေထိုင်ခြင်းဟာ သတ္တဝါတို့ရဲ့ ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ရန်အတွက်ကြောင့် အကြောင်းတရားသည် များစွာ ဖြစ်နိုင်တယ်။ သတ္တဝါတို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ ပြုလုပ်ဖို့ရန်အတွက် အကြောင်းတရားတွေကို ဖြစ်ပေါ်လာအောင် ဒီဒေသမှာ နေထိုင်ခြင်းဆိုတဲ့ နေထိုင်မှုက ပြုလုပ်ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ ရတနာသုံးပါး ထွန်းကားရာ ပရိသတ်လေးပါး ထင်ရှားရှိရာ အရပ်မှာ နေထိုင်ခြင်းကို မင်္ဂလာလို့ ဒီလို မြတ်စွာဘုရား ဟောထားတယ်။ မင်္ဂလာ ရှိတယ်လို့ ဟောထားတယ်။

အဲဒီတော့ ဒီနေရာမှာ ဥပမာလေးတွေ သူက ဖော်ပြထားပါတယ်။ ဒီဥစ္စာက ဒီ ပတိရူပဒေသဝါသ အရပ်မှာ နေထိုင်ရခြင်းနဲ့ ပတ်သက်ပြီးတော့ သူက တံငါသည်တွေကို ပုံစံထုတ်ပြထားတယ်နော်။ ဒီတော့ ဦးပဉ္စင်းတို့ ဒီ တံငါသည်တွေဆိုတာက သီဟိုဠ်ကျွန်းမှာလည်း တံငါရွာတွေ ရှိကြပါတယ်။ အဲဒီ သီဟိုဠ်ကျွန်းမှာရှိတဲ့ တံငါရွာတွေကိုလည်း ပုံစံထုတ်ပြီး ပြထားတယ်။ နောက်တစ်ခုကတော့ ဦးပဉ္စင်းတို့ ဘုရားရှင်လက်ထက်တော် အချိန်အခါက သာဝတ္ထိမြို့ မြောက်တံခါးအနီးမှာ တည်ရှိနေတဲ့ တံငါသည်တစ်ဦးအကြောင်းကိုလည်း ပုံစံထုတ်ပြီးတော့ ပြထားပါတယ်နော်။

တစ်ချိန်မှာ ဦးပဉ္စင်းတို့ မြတ်စွာဘုရား သာဝတ္ထိမြို့ကို ဆွမ်းခံကြွပြီးတော့ ပြန်အထွက် ဆိုကြပါစို့ ... အဲဒီလို ထွက်လာတဲ့ အချိန်အခါမှာ လမ်းခုလတ် တစ်နေရာမှာ တံငါသည်တစ်ဦးနဲ့ တွေ့တယ်။ ငါးမျှားနေတယ်။ ငါးမျှားနေတဲ့ တံငါသည်တစ်ဦးနဲ့ တွေ့လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က နောက်က ပါလာတဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်အစရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း “သင့်နာမည်က ဘယ်လို ခေါ်သလဲ” “သင့်နာမည်က ဘယ်လို ခေါ်သလဲ” အစရှိသဖြင့် မေးပါတယ်။ မေးပြီးတဲ့ အချိန်အခါမှာ အဲဒီ ငါးမျှားနေတဲ့ တံငါသည်ကိုလည်း ” သင့်နာမည်က ဘယ်လို ခေါ်သလဲ” လို့ မေးတယ်။ အဲဒီတော့ အဲဒီ မေးလိုက်တဲ့ အချိန်အခါမှာ ” တပည့်တော် နာမည်ဟာ အရိယာ အမည်ရှိပါတယ်” ဆိုပြီး သူက ပြန်ပြီးတော့ အဖြေပေးတယ်။ အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားက ဘာဟောသလဲ?

န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ၊
အဟိံသာ သဗ္ဗပါဏာနံ၊ ”အရိယော”တိ ပဝုစ္စတိ။

ဒီဂါထာလေး ဟောပေးတယ်နော်။

ယေန၊ အကြင်အကြောင်းတရားကြောင့်။ ပါဏေ၊ သတ္တဝါတို့အပေါ်။ ဟိံသတိ၊ ညှဉ်းပမ်း နှိပ်စက်တတ်ပေ၏။ တေန၊ ထိုကဲ့သို့သော ညှဉ်းပန်း နှိပ်စက်တတ်ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ အရိယော၊ အရိယာပုဂ္ဂိုလ်သည်။ န ဟောတိ၊ မဖြစ်နိုင်။

အကြင် အကြောင်းတရားကြောင့် ဆိုတာကတော့ အကြောင်းအမျိုးမျိုး ရှိမယ်ပေါ့။ သူသတ်နေတာ အိမ်က မယ်မင်းကြီးမ ကျေနပ်အောင် သူက ငါးမျှားနေရတာ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ ဟုတ်တယ်၊ မဟုတ်လား? သားသမီးတွေ ဝဖို့ဆိုတဲ့ ဦးတည်ချက်နဲ့လည်း မျှားတာ ဖြစ်ချင်လည်းဖြစ်မယ်။ သူ့အကြောင်းနဲ့ သူပဲနော်။ ဒါကြောင့် -

ယေန၊ အကြင်အကြောင်းတရားကြောင့်။ ပါဏေ၊ သတ္တဝါတို့ကို။ ဟိံသတိ၊ ညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်၍ နေရပေ၏။ တေန၊ ထိုအကြောင်းတရားကြောင့်။ အရိယော၊ အရိယာသည်။ န ဟောတိ၊ မဖြစ်နိုင်။

သူတစ်ပါးတို့ကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်သည် အရိယာ မဖြစ်နိုင်ဘူးနော်။

သဗ္ဗပါဏာနံ၊ အလုံးစုံသော သတ္တဝါတို့အား။ အဟိံသာ၊ မညှဉ်းဆဲခြင်းဟူသော အကြောင်းတရားကြောင့်။ အရိယောတိ၊ အရိယာ ဟူ၍။ ပဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏။

သတ္တဝါအားလုံးတို့ကို မညှဉ်းပန်း မနှိပ်စက်ခြင်းတည်းဟူသော ဤအကြောင်းတရားကြောင့် အရိယာလို့ ခေါ်ပါတယ်ဆိုပြီး ဒီဂါထာလေးကို ဘုရားက ဟောတယ်။ ဟောပြီးတော့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဆက်လက်ပြီး ဟောကြားတော်မူလိုက်တာ ထိုအရိယာတံငါသည်ဟာ ထိုနေရာမှာ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် တည်သွားတယ်။ ဘာကြောင့်လဲ?

ရတနာသုံးပါး ထွန်းကားရာ ဘုရားရှင်ရဲ့ အဆုံးအမသာသနာတော်ကြီး ထွန်းကားရာ၊ ပရိသတ်သုံးပါး ထင်ရှားရှိရာဒေသမှာ သွားပြီး လူဖြစ်ရလို့ ဘုရားရှင်ထံမှ ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ တရားတွေ နာကြားခွင့် ရရှိတဲ့အတွက် တံငါသည်တစ်ယောက်သည်ပင် အရိယာမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ဆိုက်မသွားဘူးလား? ဆိုက်သွားတယ်။ ဒီလိုဆိုရင် မေးစရာတော့ ရှိတယ်? “ဒီတံငါသည်ဟာ သီလမှ မစင်ကြယ်ခဲ့ဘဲ ဘာဖြစ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ရမလဲ” လို့ မေးစရာတော့ ရှိတယ်။ ဘုရားရှင်ကတော့ သူက ပါရမီ ရှိနေပြီဆိုတော့ သိတယ်။ ဘုရားရှင်နဲ့ ခုလို အချီအချ စကားပြောလိုက်တဲ့ အချိန်အခါမှာ သီလက လုံခြုံသွားပြီ။ “ဒီအလုပ်တော့ ငါ မလုပ်တော့ဘူး” ဆိုပြီး သူက ဆုံးဖြတ်ချက် ချလိုက်ပြီ။

သာမန်လူသားတို့အဖို့ပေါ့လေ ... မိမိပြုလုပ်နေတဲ့ မကောင်းမှု ဒုစရိုက်ကို နောင်တစ်ဖန် ငါ ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ရင် သီလသည် အလိုလို စင်ကြယ်သွားပါတယ်။ တည်သွားတယ်။ အဲဒီ သီလတည်တဲ့ အချိန်အခါမှာ သစ္စာလေးပါးနဲ့ စပ်တဲ့တရားတွေ ဆက်လက်ပြီးတော့ ဟောကြားတော်မူလိုက်တာ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်သွားတယ်။ ဒီလိုဆိုရင် သူတော်ကောင်းတို့နဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းဟာ ဒါ မင်္ဂလာရှိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ တစ်ချိန် သူတော်ကောင်းရှိတဲ့ ဒေသမှာ သွားပြီး လူဖြစ်ရခြင်းဟာလည်း မင်္ဂလာရှိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ နောက်တစ်ခု ဦးပဉ္စင်းတို့ မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခု ရှိနေသေးတယ်။ အဲဒီ သုတ္တန်ကတော့ ဒက္ခိဏဝိဘင်္ဂသုတ္တန် ဖြစ်ပါတယ်။ ထို ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာ မြတ်စွာဘုရားက တရားတစ်မျိုး ဟောထားတယ်။ ဘယ်လိုလဲ?
ryvb0kdgm3jwuxnly9drsf31dusfd0p မင်္ဂလသုတ်-၂၅/၉၇ 0 6248 21883 2026-04-14T05:42:03Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21883 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၄/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၆/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၂၅

ကဲ ဒီနေ့လည်း မင်္ဂလသုတ်ကို ဆက်ပြီး နာကြားကြစို့။ ညက ဘယ်အပိုင်းရောက်သွားလဲ? ပတိရူပဒေသဝါသ အရပ်မှာ နေထိုင်ရခြင်းကြောင့် မုဆိုးတံငါသည်သော်လည်း အကျိုးရှိတဲ့ ထုံးလေးတွေကို ဟောနေတာပါ။ အဲဒီ ထုံးတစ်ခုကတော့ ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာ ဘုရားရှင် ဟောထားတဲ့ ထုံးတစ်ခုဖြစ်တယ်။

‘‘ယော ဒုဿီလော သီလဝန္တေသု ဒဒါတိ ဒါနံ, အဓမ္မေန လဒ္ဓံ အပ္ပသန္နစိတ္တော၊ အနဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ, သာ ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ။’’

ယော ဒုဿီလော၊ အကြင် သီလမရှိတဲ့ အလှူပေးတဲ့ ပုဂ္ဂိုလ်သည်။ အလှူပေးတဲ့ ပုဂ္ဂိုလ်ထဲမှာ သီလ ချို့တဲ့နေပြီ။ သီလ မရှိဘူး။

ယော ဒုဿီလော၊ အကြင် သီလမရှိတဲ့ အလှူပေးတဲ့ ပုဂ္ဂိုလ်သည်။ အဓမ္မေန လဒ္ဓံ၊ တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သော လှူဖွယ်ဝတ္ထုပစ္စည်းစုကို။ အပ္ပသန္နစိတ္တော၊ ကြည်လင်သော စိတ်ထား မရှိသည်ဖြစ်၍။ ဥဠာရံ၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှသော။ ဖလံ၊ ကံ, ကံ၏အကျိုးတရားကို။ အနဘိသဒ္ဒဟံ၊ ယုံကြည်သက်ဝင်သော စိတ်ထား မရှိသည်ဖြစ်၍။ သီလဝန္တေသု၊ သီလရှိတဲ့ အလှူခံ ပုဂ္ဂိုလ်တို့၌။ ဒါနံ၊ အလှူဒါနကို။ ဒဒါတိ၊ ပေးလှူ၏။

အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်မှာ ချို့တဲ့နေတဲ့အင်္ဂါက လေးချက်၊ အလှူခံ ပုဂ္ဂိုလ်မှာ ပြည့်စုံနေတဲ့အင်္ဂါက တစ်ချက်၊ ပေါင်းလိုက်တော့ ငါးချက် ရှိပါတယ်နော်။ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်မှာ ချို့တဲ့နေတဲ့ အင်္ဂါလေးရပ်က ဘာလဲ?
၁။ အလှူပေးတဲ့ ပုဂ္ဂိုလ်သည် သီလ မရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်း။

၂။ လှူဖွယ်ဝတ္ထုက တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိအပ်တဲ့ လှူဖွယ်ဝတ္ထု မဖြစ်ခြင်း။

၃။ ပေးလှူသည့် အချိန်အခါ၌ ကြည်လင်သောစိတ်ထား သဒ္ဓါတရား ထင်ရှားမရှိခြင်း။

၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်နေတဲ့ ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ထင်ရှား မရှိခြင်း။

ပေါင်းလိုက်တော့ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်မှာ ချို့တဲ့နေတဲ့ အင်္ဂါဘယ်နှစ်ခု ရှိလဲ? လေးခု။ နည်းနည်းလေး နားလည်လွယ်အောင် အဋ္ဌကထာ ဆရာတော်က ကလျာဏီမြစ်ဝမှာ နေထိုင်တဲ့ တံငါသည်တစ်ဦးရဲ့ပုံစံကို ထုတ်ပြထားပါတယ်။ ဒီတော့ တံငါသည်တစ်ဦးဆိုတော့ သူက တံငါရှာဖွေနေတဲ့အတွက် ကိုယ်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်ဟုတ်သလား? မဟုတ်ဘူး။ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေတဲ့အတွက် သူ လှူဒါန်းမယ့် ရှာဖွေလို့ ရရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုသည် တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ ပစ္စည်းဝတ္ထုရော ဟုတ်သလား? မဟုတ်ပြန်ဘူး။

နောက်တစ်ခု - ကြည်လင်သောစိတ်ဓာတ် မရှိဘူးတဲ့။ နံပါတ် (၃) အင်္ဂါရပ်။ များသောအားဖြင့်နော်... ခုလို ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိ ခုလို ကောင်းမှုကုသိုလ်တစ်ခု ပြုလုပ်တဲ့ အချိန်အခါမှာပဲဖြစ်ဖြစ်၊ သို့မဟုတ် တခြားအချိန်အခါမှာပဲဖြစ်ဖြစ် မိမိ ပြုလုပ်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်ပြီး အမှတ်ရတဲ့အခါမှာ စိတ်ဓာတ်တွေ ကြည်လင်မှု ရှိနိုင်ပါ့မလား? မရှိဘူး။ ငါတော့ ဒီလို အမှုတွေ၊ ဒီလို မကောင်းမှုတွေ ပြုလုပ်မိတာ မှားပြီဆိုတဲ့ စိတ်မကြည်လင်မှုတွေ ခဏခဏ လာပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒီ အလှူပေးတဲ့ပုဂ္ဂိုလ်က အလှူဒါနတစ်ခု ကျင်းပနေသော်လည်းပဲ သူ့စိတ်ထဲမှာ ကြည်လင်နေတဲ့ စိတ်ဓာတ်က မရှိ ဖြစ်နေတယ်။

နောက်တစ်ခု - ပြန့်ပြောကြီးကျယ် မြင့်မြတ်နေတဲ့ ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားလည်း မရှိဘူးတဲ့။ လုံးလုံး မရှိရင်တော့ ထားပေါ့။ တချို့တချို့သောပုဂ္ဂိုလ်တွေ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ ခုတံငါသည်တို့လိုပဲ။ ဒီလိုပုဂ္ဂိုလ်တွေသန္တာန်မှာ ကံ, ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်တဲ့စိတ် ရှိပါတယ်လို့ ပြောရင်တော့ ဘုန်းကြီးတို့ဘက်က တော်တော်လေး စဉ်းစားရမယ့်အပိုင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲ? ကံ, ကံ၏အကျိုးကို တကယ် သက်ဝင်ယုံကြည်နေတဲ့ပုဂ္ဂိုလ် မှန်ခဲ့မယ်ဆိုရင် ဒီလို မကောင်းမှု ဘယ်တော့မှ မပြုဘူး။ သူ့ရဲ့ ယုံကြည်ချက်သည် တကယ် သက်ဝင်ယုံကြည်နေတဲ့ ယုံကြည်ချက်မျိုး မဟုတ်ဘူး။ အဆင့်မီ၊ စံချိန်မီ ယုံကြည်ချက်မျိုးလည်း မဟုတ်ဘူး။

စံချိန်မီ ယုံကြည်ချက်က ဘာဖြစ်လဲ? ဒီ မကောင်းတဲ့ အကုသိုလ်ကံတွေကြောင့် မကောင်းတဲ့အကျိုးပဲ ရရှိမယ်ဆိုတာ ပုံစံမှန် သိတယ်။ သိတဲ့အခါ ယုံကြည်တယ်။ ရှောင်လည်း ရှောင်ကြဉ်တယ်။ ဒီကောင်းမှုကုသိုလ်ကံတွေကြောင့် ကောင်းတဲ့အကျိုးတရား ရရှိလိမ့်မယ်ဆိုတာ သိလည်းသိတယ်။ ယုံလည်း ယုံကြည်တယ်။ လိုက်နာ ပြုကျင့်တယ်။ ကောင်းမှုကုသိုလ်ကံကျတော့ လိုက်နာပြုကျင့်တယ်။ အကုသိုလ်ကံကျတော့ ရှောင်ရှားတယ်။ အဲဒီလိုပုဂ္ဂိုလ်ရဲ့ သဒ္ဓါတရားမျိုးကိုသာလျှင် ပြန့်ပြောကြီးကျယ် မြင့်မြတ်နေတဲ့ ကံ, ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရား ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်လို့ ခေါ်ရပါတယ်။

ခုသူ့မှာ ယုံကြည်ချက်ရှိတယ် ဆိုသော်လည်း သူ့ ယုံကြည်ချက်သည် ဒီမကောင်းတဲ့ အကုသိုလ်လုပ်ငန်းရပ်တွေကနေ ရှောင်ကြဉ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ယုံကြည်မှုမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါကြောင့် -

ဥဠာရံ၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ ကမ္မဖလံ၊ ကံ, ကံ၏အကျိုးတရားကို။ အနဘိသဒ္ဒဟံ၊ ယုံကြည်သက်ဝင်သော သဒ္ဓါတရား ထင်ရှားမရှိသည်ဖြစ်၍။ အင်္ဂါ ဘယ်နှစ်ချက် ဖြစ်သွားလဲ? လေးချက်နော်။
၁။ သီလ မရှိခြင်း။
၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိအပ်တဲ့ လှူဖွယ်ဝတ္ထု မဟုတ်ခြင်း။
၃။ ပေးလှူနေတဲ့ အချိန်အခါမှာ ကြည်လင်တဲ့စိတ်ထား ထင်ရှား မရှိခြင်း။

၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရား မရှိခြင်း။

ဆိုတဲ့ အလှူပေးနေတဲ့ ပုဂ္ဂိုလ်ဘက်မှာ ချို့တဲ့နေတဲ့အင်္ဂါ လေးခု။ အဲဒီ အင်္ဂါလေးခုနဲ့ ပြည့်စုံနေတဲ့ အလှူပေးတဲ့ပုဂ္ဂိုလ်က ဘာလုပ်သလဲ?

သီလဝန္တေသု၊ သီလရှိတဲ့ အရှင်ကောင်းအရှင်မြတ်ပုဂ္ဂိုလ်တို့၌။ ဒါနံ၊ အလှူဒါနကို။ ဒဒါတိ၊ ပေးလှူ၏။

အလှူခံပုဂ္ဂိုလ်ဘက် ကြည့်လိုက်တော့ သီလရှိတဲ့ သူတော်ကောင်းတွေ ဖြစ်နေပြန်တယ်။ အားလုံးပေါင်းလိုက်တော့ အင်္ဂါ ငါးချက်။ အဲဒီလို အလှူဒါနမျိုးကိုလည်း ဘုရားရှင်က ဘယ်လိုဟောလဲ?

သာ ဒက္ခိဏာ၊ ထိုကဲ့သို့သော အလှူဒါနမျိုးသည်။ ပဋိဂ္ဂါဟကတော၊ အလှူခံ ပုဂ္ဂိုလ်ကြောင့်။ ဝိသုဇ္ဈတိ၊ စင်ကြယ်နိုင်ပေ၏။

ဒီလို အလှူမျိုးဟာလည်း အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်တဲ့ အလှူတစ်ခု ဖြစ်နိုင်တယ်။ စင်ကြယ်တဲ့ အလှူဆိုတာက ဘာပြောတာလဲမေးတော့ အကျိုးပေးနိုင်တဲ့ စွမ်းအားလေး ရှိတန်သလောက် ရှိပါတယ်လို့ ပြောတာပါ။ လုံးလုံး အကျိုးမပေးဘူးလို့ ပြောနေတာ မဟုတ်ဘူး။

တလောက ပြောခဲ့တဲ့ ပူတိဂတ္တ မထေရ်ကြီး ခန္ဓာကိုယ်ကြီး ပုပ်နေတယ်။ အရေတွေ ထွက်လောက်အောင် အနာရောဂါဖြစ်ရတာ ဘာကြောင့်ဆိုတာ ပြောပြီးပြီ။ ငှက်မုဆိုး ကဿပဘုရားရှင်လက်ထက်က ပြုခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ ငှက်သားလေးတွေကို သူကိုယ်တိုင် စားဖို့ဆိုပြီး သေချာ ချက်ထားတယ်။ သူစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချက်ထားပေမယ့်လို့ တစ်ချိန်မှာ ရဟန္တာမထေရ်မြတ် တစ်ပါးပေါ့လေ... သူ့အိမ်ရှေ့ ဆွမ်းခံကြွလာတယ်။ ဆွမ်းခံကြွလာတာ မြင်တော့ ကြည်လင်တဲ့စိတ်ထားဖြင့် သူစားမယ့် ဦးတည်ချက်ဖြင့် ချက်ပြုတ်ထားတဲ့ ဒီငှက်သားဟင်းလေးတွေနဲ့ ဆွမ်းတွေကို ပြည့်ပြည့်စုံစုံပဲ တစ်ပါးစာ ဝအောင် လောင်းလှူလိုက်တယ်။ ဒီကံလေးက လာပြီး အကျိုးပေးပါတယ်။ သူ့ကို ဘယ်လို အကျိုးပေးလဲမေးတော့ ခုဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ လူ့ဘဝကို ရစေနိုင်တဲ့ ဘဝမျိုး အကျိုးတရားမျိုးကို ရွက်ဆောင်ပေးလိုက်ပါတယ်။

ဒီကံက ဒါပေမဲ့လို့ အထက်တန်းကျကျ ကံမျိုး ဟုတ်သလား? မဟုတ်ဘူး။ သူ့ကံက သူတစ်ပါးတို့အပေါ်မှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ အကုသိုလ် စိတ်ထားတွေ ခြံရံထားတဲ့အတွက် ဒီကံလေးက အကျိုးပေးတဲ့ အခါမှာလည်း သူ့မှာ ဆင်းရဲဒုက္ခရောက်ဖို့ အကြောင်းတွေ များစွာ ဖြစ်လာရတယ်။ အဲဒီ ပုံစံအတိုင်းပဲပေါ့လေ... ခုလည်း ဒီနေရာမှာ ကလျာဏီမြစ်ဝမှာရှိနေတဲ့ တံငါသည်တစ်ဦးကို အဋ္ဌကထာက ပုံစံထုတ်ပြီးတော့ ပြထားပါတယ်။ ဒီ တံငါသည်တစ်ဦးက ဒီဃသောမ အမည်ရှိနေတဲ့ မထေရ်မြတ်ကြီးကို သုံးကြိမ်တိုင်တိုင် ဆွမ်းလှူဖူးတယ်။ သေခါနီးကာလ သေရာညောင်စောင်း လျောင်းစက်ပြီ။ အဲဒီ လျောင်းစက်တဲ့ အချိန်အခါကျတော့ သူ ဘာဖြစ်လာသလဲ?

‘‘အယျဿ မံ ဒီဃသောမတ္ထေရဿ ဒိန္နပိဏ္ဍပါတော ဥဒ္ဓရတိ”

သူ့ရဲ့ အိမ်သူအိမ်သားတွေကို သူက ပြောတယ်။ ဘာပြောလဲ? "ဒီဃသောမမထေရ်မြတ်ကြီးအား ငါလှူခဲ့တဲ့ ဆွမ်းက ငါ့ကို ထုတ်ဆောင်သွားပြီ" ဆိုပြီးတော့ ဒီလို ပြောသွားတယ်။ ဒီကံလေးက အကျိုးပေးပါတယ်။ သို့သော် အဆင့်အတန်း မြင့်မြင့် အကျိုးပေးသလား? မပေးပါဘူးနော်။ လူ့ဘဝလောက်တော့ ရောက်ကောင်း ရောက်နိုင်တယ်။ ဒါပေမဲ့ ဒီလူ့ဘဝကို ရောက်တဲ့အချိန်အခါမှာ ခုနက ပူတိဂတ္တမထေရ်ကြီးကဲ့သို့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ လူ့ဘဝမျိုးကို ရကောင်းရနိုင်တယ်။ သို့သော် ပူတိဂတ္တမထေရ်ကြီးရဲ့ အလောင်းအလျာကလည်း တစ်ချိန်တုန်းက အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရစေနိုင်တဲ့ မျိုးစေ့ကောင်းတွေကို ထူထောင်ခဲ့တဲ့ သူတော်ကောင်း ဖြစ်ခြင်းကြောင့် ဘုရားရှင်ကနေ ကြွပြီး ချီးမြှင့်လိုက်တဲ့ အချိန်အခါမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရရှိသွားပါတယ်။ သူ့ရဲ့ စရဏ မျိုးစေ့က မစင်ကြယ်ခဲ့တဲ့အတွက် အကျိုးပေးတဲ့ဘဝမှာ ကြည့်လိုက်တော့ သူ့မှာ အနာရောဂါ ထူပြောခြင်းဆိုတဲ့ ဒုက္ခတွေ မခံရဘူးလား? ခံနေရတယ်တဲ့။

သို့သော် ဒီနေရာမှာ ဘာပြောချင်တာလဲဆိုတော့... ပတိရူပဒေသဝါသ လို့ ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ထွန်းကားရာဒေသ၊ ပရိသတ်လေးပါး ထင်ရှားရှိတဲ့ဒေသ။ အဲဒီ ဒေသမှာ လူဖြစ်ရခြင်းသည် မင်္ဂလာရှိတယ်လို့ ဒါပြောလိုတာပါ။ ဘယ်လို ပုဂ္ဂိုလ်တွေအတွက် မင်္ဂလာ ရှိသလဲမေးရင်တော့ သူတော်သူမြတ်တွေအတွက်ကတော့ မင်္ဂလာရှိတယ်ဆိုတာ ပြောဘွယ်ရာ မလိုတော့ဘူး။ ကျွတ်တမ်းဝင်သွားတဲ့ထုံးတွေ လှမ်းကြည့်လိုက်ရင် မဂ်ဖိုလ် နိဗ္ဗာန်ရောက်သွားတဲ့ သူတော်ကောင်းတွေ များစွာရှိပါတယ်။ ပတိရူပဒေသလို့ ခေါ်ဆိုအပ်တဲ့ ပရိသတ်လေးပါး ရှိတဲ့နေရာမှာ လူသွားဖြစ်ရတဲ့ အကျိုးတရားတွေပဲ။ သို့သော်လည်း အဲဒီလို ပရိသတ်လေးပါး ထင်ရှားတည်ရှိနေတဲ့ နေရာဒေသမှာ သွားပြီး လူဖြစ်တဲ့အချိန်အခါမှာ သူတော်ကောင်းတွေကို မဆိုထားနှင့် တံငါမုဆိုးတွေသော်လည်း ကောင်းတဲ့အကျိုးကို ရနိုင်တဲ့ စွမ်းအားရှိပါတယ်လို့ ဒီလို ပြောနေတာ။

ဒါကြောင့် တံငါမုဆိုးဘဝပင် ရောက်နေပေမယ့်လို့လည်း ပတိရူပဒေသ ခေါ်တဲ့ ပရိသတ်လေးပါး ထွန်းကားရာဒေသမှာ သွားပြီး လူဖြစ်ခဲ့ရမယ်ဆိုရင် မင်္ဂလာရှိတယ်။ ကောင်းကျိုးမင်္ဂလာ ကုသိုလ်တရားလေးတွေ ဖြစ်နိုင်ပါသေးတယ်လို့ ဆိုလိုပါတယ်။ သို့သော် တံငါမုဆိုးဘဝ ကောင်းတယ်လို့တော့ ပြောနေတာ မဟုတ်ဘူးနော်။ ဒီအကုသိုလ်ကံတွေကလည်း တစ်ချိန် အခါအခွင့်သင့်ရင် သူ့ကို အကျိုးမပေးဘူးလား? ပေးမှာပဲ။ ကောင်းမှုကုသိုလ်က ကောင်းတဲ့ကံတွေက ကောင်းတဲ့အကျိုးကို ပေးသလို, မကောင်းတဲ့ အကုသိုလ်ကံတွေကလည်း မကောင်းတဲ့အကျိုးကို ပေးမှာပဲ။ သို့သော်လည်း မကောင်းတဲ့ အကုသိုလ်ကံတွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေကို တစ်ခါတစ်ရံ ပြုနေတဲ့ ကုသိုလ်ကံလေးကလည်း ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားရှိပုံကို ဘုရားရှင်က ဟောထားတာပါ။

နောက်တစ်နည်း ဖွင့်ထားတာကတော့ - ပတိရူပဒေသဆိုတာက ဘုရားရှင် ပွင့်ထွန်းတော်မူရာဖြစ်တဲ့ မဇ္ဈိမဒေသကို အထူးသဖြင့် ပတိရူပဒေသလို့ ပြောချင်တယ်။ မြတ်စွာဘုရား ဓမ္မစကြာ ပြောဆိုဆုံးမ ဟောတော်မူတဲ့နေရာတွေ၊ ၁၂-ယူဇနာရှိတဲ့ ပရိသတ်အလယ်ကို ဖောက်ခွဲပြီးတော့ မြတ်စွာဘုရား ရေမီးအစုံ အစရှိတဲ့ တန်ခိုးပြာဋိဟာတွေကို ထင်ရှားပြတော်မူတဲ့ နေရာတွေ၊ တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရား ဟောကြားပြသ ဆိုဆုံးမတော်မူရန် ဦးတည်ချက်ဖြင့် မြတ်စွာဘုရား ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူပြီးတဲ့နောက် တာဝတိံသာနတ်ပြည်သို့ တက်ရောက်တော်မူတဲ့နေရာ၊ ထိုတာဝတိံသာနတ်ပြည်မှ ဝါတွင်းသုံးလ တရားဟောပြီး ပြန်ဆင်းလာတဲ့ သိင်္ကဿနဂိုရ် အမည်ရနေတဲ့နေရာ အဲဒီလိုပေါ့လေ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်တွေ၊ ဘုရားရှင်ရဲ့ တပည့်သာဝကတွေ အဲဒီလို တည်ရှိတဲ့နေရာမှာ သွားပြီးတော့ လူဖြစ်ရခြင်းသည် သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ မင်္ဂလာရှိတယ်။ ဘာကြောင့်လဲ?

အသာဆုံး, အမြတ်ဆုံးဖြစ်တဲ့ ဘုရားရှင်ကဲ့သို့သော သူတော်ကောင်းတွေကို ဖူးမြော်ခွင့် ရနိုင်တယ်။ ဒါ ဒဿနနုတ္တရိယ လို့ ခေါ်ပါတယ်။ တရားတွေထဲမှာ နိဗ္ဗာန်သို့ ရောက်စေနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ အကောင်းဆုံးတရားတွေကိုလည်း နာကြားခွင့် ရနိုင်တယ်။ ဘာဝနာနုတ္တရိယ လို့ ခေါ်ပါတယ်။ အဲဒီလို နုတ္တရိယဂုဏ်မျိုးနဲ့ ပြည့်စုံနေတဲ့ ကုသိုလ်ကောင်းမှုတွေကို ရရှိနိုင်စေတတ်တဲ့ စွမ်းအားရှိခြင်းကြောင့် ထိုကဲ့သို့သော နေရာမျိုးမှာ လူဖြစ်ရခြင်း၊ နေထိုင်ရခြင်းသည် မင်္ဂလာရှိတယ်လို့ ဒီလို ဖွင့်ဆိုထားတယ်။

အဲဒီတော့ သာသနာပ အချိန်အခါကာလပဲ ဖြစ်ချင်ဖြစ်ပါစေ ထိုသာသနာပ အချိန်အခါကာလမှာ တစ်ရံတစ်ခါ စကြမင်းတို့ဆိုတာ ပေါ်တတ်ပါတယ်။ အဲဒီအခါမှာ စကြဝတေးမင်းကြီးတွေ ပေါ်လာတဲ့အခါမှာ စကြဝတေးမင်းရဲ့ အဆုံးအမဩဝါဒတွေကို နာယူပြီးတော့ ငါးပါးသီလမြဲအောင် ကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း နတ်ရွာသုဂတိ ရောက်နိုင်ကြတယ်။ ဘာကြောင့်လဲ? စကြမင်းတို့ရဲ့ ဓမ္မတာက တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ လက်နက်သုံးခုပဲ အသုံးပြုပါတယ်။ ဒါန၊ မဒ၊ သံယမ ဆိုတဲ့ ဒီ လက်နက်သုံးခုပဲ။

မိမိကိုယ်တိုင်ကလည်း အလှူဒါနပြုတယ်။ ဘာကြောင့်လဲ? ပေးလို့မကုန် လှူလို့မခမ်းနိုင်အောင် သူ့ဘုန်းကံက စည်းစိမ်ဥစ္စာတွေကို ပြည့်စုံအောင် ဖန်တီးပေးထားတယ်။ လိုချင်တာ လှူနိုင်အောင် အလိုရှိတဲ့ ပစ္စည်းတွေကို ရရှိစေနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိတဲ့ သူဌေးကြီးရတနာကလည်း အနားမှာ အမြဲတမ်း ရှိနေတယ်။ ဒီသူဌေးရတနာက ဥပမာ မဟာသုဒ္ဓေါဒန စကြမင်းတို့ ဆိုကြပါစို့။ သူ့သူဌေးရတနာကို သူက စမ်းချင်လို့ တစ်နေ့ ဂင်္ဂါမြစ်ထဲ ကူးကြတယ်။ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း ဖြတ်ကူးလိုက်တဲ့ အချိန်အခါမှာ ရေလယ်ခေါင်ရောက်တဲ့ အခါကျတော့ ဒီရတနာကို စကြဝတေးမင်းကြီးက ဘာပြောလဲ?

”အေး... သူဌေး ငါတော့ကွယ် ရွှေဖြင့် အလိုရှိတယ်” လို့ ပြောလိုက်တယ်။

”ကဲ အရှင်မင်းကြီး... ရွှေဖြင့် အလိုရှိခဲ့ရင် အရှင်မင်းကြီး ကြိုက်နှစ်သက်တော်မူရာ တစ်ဖက်ကမ်းသို့ ကပ်တော်မူလိုက်ပါ”

”တစ်ဖက်ကမ်းသို့ ရောက်မှ ရရှိတဲ့ ရွှေကို ငါ အလိုမရှိဘူး။ ဒီရေလယ်ခေါင်မှာပဲ ငါ ရွှေကို လိုချင်တယ်”

”ကဲ အရှင်မင်းမြတ်... အလိုရှိခဲ့ရင် ဒီရွှေကို ရစေရမယ်”

ဆိုပြီးတော့ လက်ဝါးနှစ်ဘက်နဲ့ ရေကို ခွဲလိုက်တာ အောက်က ရွှေအိုးတွေ အကုန်လုံး ပေါ်တက်လာတယ်။ ဘာဖြစ်လို့လဲ? ဒီ သူဌေးရတနာကလည်း ဒီစကြဝတေးမင်း ပါရမီ ကူညီဖြည့်ဖို့ရန် ပေါ်ပေါက်လာရတဲ့ ရတနာတစ်ဦး ဖြစ်ပါတယ်။ ဘယ်နေရာမှာ ပိုင်ရှင်မဲ့ပစ္စည်းတွေ ရှိတယ်ဆိုတာလည်း သူ့မျက်စိက အကုန်မြင်တယ်။ မြင်တဲ့အတိုင်းပဲ ဒီပစ္စည်းကို လိုချင်တယ်လို့ အာရုံယူပြီးတော့ လက်ကို ဆန့်တန်းလိုက်ရင် ထိုပစ္စည်းတွေသည် လက်ကို အကုန်လုံး ရောက်ရှိလာတယ်။ ဒီအရှေ့မှာ ထိုင်နေတဲ့ တရားနာနေတဲ့ ဒကာကြီးတွေ အဲဒီလို မဖြစ်ချင်ကြဘူးလား? ဟင်! ဖြစ်သာဖြစ်လိုက်ရင် အိမ်က ဒကာမကြီးတွေ တော်တော်ဝမ်းသာမယ် ထင်တယ်နော်။ ဒကာကြီးတွေလည်း အေးအေးဆေးဆေး တရားအားထုတ်ခွင့် ရသွားမယ်ထင်တယ်နော်။

ကဲ ဒီတော့ စကြဝတေးမင်းက ဒါနဆိုတဲ့ လက်နက်ကောင်းတစ်ခု သူက အသုံးပြုတယ်။ မဒ၊ မိမိကိုယ်တိုင်က ငါးပါးသီလ စောင့်ထိန်းတယ်။ တိုင်းသူပြည်သားတွေကိုလည်းပဲ ငါးပါးသီလ စောင့်ထိန်းစေတယ်။ သံယမ၊ မိမိကိုယ်တိုင်က ဥပုသ်သီလတွေ ကျင့်သုံးတယ်။ တိုင်းသူပြည်သားတွေကိုလည်း ဥပုသ်သီလတွေ ဆောက်တည် ကျင့်သုံးစေတယ်။ ပေါင်းလိုက်တော့ လက်နက် သုံးခုပဲ။ ဒီလက်နက်သုံးခုနဲ့ပဲ တိုင်းပြည်အုပ်ချုပ်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ထိုစကြမင်းရဲ့ အဆုံးအမမှာ ရပ်တည်ပြီးတော့ ငါးပါးသီလ မြဲနေတဲ့ သူတော်ကောင်းတွေဟာလည်း နတ်ရွာသုဂတိကို ရောက်ကြတယ်။ ဒါဘာကြောင့်လဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ သူတော်ကောင်းတို့ရှိတဲ့ သင့်တင့်လျောက်ပတ်တဲ့ ဒေသမှာ လူဖြစ်ရခြင်းဆိုတဲ့ မင်္ဂလာကြောင့် ကောင်းမှုကုသိုလ်တွေ ရရှိပြီး နတ်ရွာသုဂတိ ရောက်ကြတာတဲ့။

အလားတူပဲ။ ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ရဲ့ ဆုံးမဩဝါဒမှာ ရပ်တည်ပြီးတော့ နတ်ရွာသုဂတိ ရောက်သွားတဲ့ သူတော်ကောင်းတွေလည်း မရှိဘူးလား? ရှိကြတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ ဩဝါဒမှာ ရပ်တည်ပြီးတော့ နတ်ရွာဂတိ ရောက်ရှိသွားတဲ့ သတ္တဝါတွေ, နိဗ္ဗာန်သို့ ရောက်ရှိသွားတဲ့ သတ္တဝါတွေလည်း ရှိကြတယ်။ ဘာဖြစ်လို့ ဒီလို ရောက်ရှိကြသလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ရဲ့ တပည့်သာဝကတွေ ထင်ရှားရှိရာဒေသ၊ အဲဒီဒေသမှာ မိမိက သွားပြီး လူဖြစ်ရတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ဟောကြားပြသ ဆိုဆုံးမတဲ့ စကားတွေကို ထိုသမ္မာသမ္ဗုဒ္ဓဘုရားရှင်ရဲ့ တပည့်သာဝကတွေထံမှ ကြားနာခွင့်ရတယ်။ နတ်ရွာသုဂတိရောက်ကြောင်း တရားတွေလည်း နာကြားခွင့်ရတယ်။ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့်ရတယ်။ နိဗ္ဗာန်ရောက်ကြောင်း သစ္စာလေးပါးနဲ့ စပ်တဲ့တရားစကားတွေကိုလည်း ကြားနာခွင့်ရတယ်။ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့်ရတယ်။ အဲဒီ အခွင့်အလမ်းသည် အင်မတန် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု။ ဒီအခွင့်အလမ်းတစ်ခု ရရှိခြင်းကိုပဲ ဘုရားရှင်က မင်္ဂလာလို့ ခေါ်ထားတယ်။ ဘာကြောင့်လဲ? နတ်ရွာသုဂတိရောက်ကြောင်း ကောင်းမှုကုသိုလ်ကို ဆည်းပူးခွင့်၊ အားထုတ်ခွင့်ရတယ်။ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုကုသိုလ်တွေကို ဆည်းပူးခွင့်၊ အားထုတ်ခွင့် ရရှိနေတယ်။ ဒါကြောင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ ရတနာသုံးပါး ထွန်းကားရာ အရပ်ဒေသမှာ လူဖြစ်ရခြင်းသည် မင်္ဂလာရှိတဲ့ ပတိရူပဒေသဝါသစက် နဲ့ ပြည့်စုံတယ်ဆိုပြီး မြတ်စွာဘုရားက ဟောထားပါတယ်နော်။ ဒါကြောင့် -

တသ္မာ တထာဝါသ ဣမဿ သမ္ပတ္တေန ပစ္စယတော မင်္ဂလာတိ ဝုစ္စတိ။

ထို ပတိရူပဒေသခေါ်တဲ့ ရတနာသုံးပါး ထွန်းကားရာဒေသ၊ ပရိသတ် လေးပါး ထင်ရှားရှိရာ ဒေသမှာ နေထိုင်ရခြင်းသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ စည်းစိမ်ဥစ္စာ အားလုံးတို့ကို ရရှိဖို့ရန် အကြောင်းတရား ထင်ရှားဧကန် ဖြစ်ခြင်းကြောင့် မင်္ဂလာလို့ ဆိုတယ်ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်။ ဒါကတော့ လောကုတ္တရာပိုင်းပေါ့နော်။

လောကရေးပိုင်းက ကြည့်မယ်ဆိုလို့ရှိရင်လည်း မိမိတို့ နေထိုင်တဲ့ ဒေသတစ်ခုမှာ စီးပွားရေးက မပြေလည်ဘူး။ နေထိုင်ရင် အကုသိုလ်တရား မတိုးပွားနိုင်ဘူးလား? တိုးပွားနိုင်တယ်။ အသိအလိမ္မာ ဥာဏ်ပညာရေးတွေ ကြည့်လိုက်ပြန်တော့လည်း တိုးပွားမှု မရှိဘူး။ ထိုထိုနေရာမျိုး နေထိုင်သင့်သလား? မနေထိုင်သင့်ဘူးနော်။ စီးပွားရေးကလည်း အဆင်မပြေဘူး, စားဝတ်နေရေးကလည်း အဆင်မပြေဘူး, ပညာရေးကလည်း အဆင်မပြေဘူး၊ ကျန်းမာရေးကလည်း အဆင်မပြေဘူး။ အေးချမ်းသာယာရေးကို လှမ်းပြီး ကြည့်လိုက်ပြန်တော့လည်း အဆင်မပြေဘူး။ ဒီလိုဆိုရင် အဲဒီလို နေရာမှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းဆိုတဲ့ ချမ်းသာသုခတွေ ရရှိနိုင်ပါ့မလား? မရရှိနိုင်ဘူး။ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းဆိုတဲ့ ဒီချမ်းသာသုခ ရရှိတဲ့သူဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကော ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့် ရနိုင်ပါ့မလား? မရနိုင်ဘူး။

ဒါကြောင့် လောကရေးအရ ကြည့်မယ်ဆိုလို့ရှိရင်လည်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဒီလို အရေးတွေ ချို့တဲ့တဲ့ ဒေသဟာလည်း နေသင့်တဲ့ ဒေသတွေ ဟုတ်သလား? မဟုတ်ဘူး။ ဒါပေမဲ့ ဒေသတစ်ခု ကြည့်လိုက်တဲ့အခါမှာ စီးပွားရေးကလည်း သိပ်ပြီးတော့ အဆင်ပြေတယ်။ ပညာရေးတွေကလည်း သိပ်ကောင်းတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း လွယ်လွယ်ကူကူနဲ့ ဆရာဝန်၊ ဆေးဝါးပစ္စည်း အစရှိသဖြင့်ပေါ့လေ ကျန်းမာရေးအတွက်လည်း အားပေးထောက်ပံ့နိုင်တဲ့ အထောက်အပံ့ များစွာ ရှိနေတယ်။ အေးချမ်းသာယာမှုလည်း ရှိတယ်။ ထိုဒေသမျိုး ဆိုရင်တော့ ဒါလောကရေးဘက်ကကြည့်ရင် ပတိရူပဒေသ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ ဒေသ၊ နေထိုင်သင့် နေထိုင်ထိုက်တဲ့ အရပ်ဒေသလို့ ဆိုနိုင်ပါတယ်နော်။ ဒီနေရာမှာ နီတိဆရာတွေရဲ့ စကားလေးတွေ ရှိပါတယ်။ သူတို့စကားလေးတွေကလည်း မှတ်သားသင့်တယ်။ ဘာပြောလဲ? နီတိဆရာတွေက -

”အကြင်အရပ်၌ မြတ်နိုးသူ မရှိဘူး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်လည်း မရှိဘူး၊ ဆွေမျိုးမိတ်ဆွေ မိတ်သင်္ဂဟလည်း မရှိဘူး၊ ပညာရခြင်းလည်း မရှိဘူး။ ထိုအရပ်ကို ခွာရှောင်ပါ။” ဆိုပြီး သူတို့က ဒီလို ပြောထားတယ်။ မိမိကို ကြင်နာမြတ်နိုးနေတဲ့ သူတော်ကောင်းတွေ ထိုအရပ်မှာ မရှိရင် အဲဒီအရပ်မှာ မိမိနေထိုင်ခြင်းကြောင့် မိမိအတွက် လုံခြုံမှုတွေ စိတ်ချရပါ့မလား? စိတ်မချရဘူး။ မိမိအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုမှ မရှိဘူး။ အဲဒီနေရာမှာနေရင် မိမိ ဘယ်လိုလုပ်စားမလဲ? စားဝတ်နေရေးအတွက် ပြေလည်နိုင်ပါ့မလား? မပြေလည်နိုင်ဘူး။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ စကားဟာ မှန်သင့်သလောက်တော့ မှန်တယ်နော်။ မှန်သင့်သလောက်တော့ မှန်တယ်ဆိုတာက တကယ့်အသက်စွန့်ပြီးတော့ သီလကို ဖြည့်ကျင့်မယ်ဆိုတဲ့ သူတော်ကောင်းတွေအတွက်ကတော့ သိပ်အကြောင်း မဟုတ်ပါဘူး။ အသက်ကို မစွန့်လွှတ်နိုင်သေးဘူး ဆိုရင်တော့ အူမတောင့်မှ သီလစောင့်နိုင်မယ့်ပုဂ္ဂိုလ် အတော်ခပ်များများ ရှိနေကြတယ်။

ဒါကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ် မပြေလည်တဲ့ အရပ်မှာကော နေထိုင်သင့်သလား? မနေထိုင်သင့်ဘူး။ ဆွေမျိုး မိတ်ဆွေသင်္ဂဟ တစ်ဦးမှ မရှိဘူး။ ထိုနေရာမျိုး နေသင့်သလား? မသင့်ဘူး။ အကြောင်းကိစ္စရှိရင် ကူညီရိုင်းပင်းမယ့်ပုဂ္ဂိုလ် တစ်ဦးမှမရှိဘူး၊ နေရာတစ်ခု နေလို့ မိမိမှာ လောကီ လောကုတ္တရာ တိုးတက်ကြောင်းဖြစ်တဲ့ ပညာ မရနိုင်ဘူး၊ ထိုနေရာမျိုးကော နေသင့်သလား? မနေသင့်ဘူးဆိုပြီး နီတိဆရာတွေက ဒီလို ပြောကြတယ်။ အဲဒီတော့ ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ သုတ္တန်လေးတစ်ခု ရှိပါတယ်။ ဒီပတိရူပဒေသဝါသစက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး... တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဟောရမယ့်အပိုင်း ဖြစ်နေတယ်။

ဒီတော့ ဒီပတိရူပဒေသဝါသစက်သည် ဘာကို အခြေခံနေသလဲမေးတော့ ပုဗ္ဗေ စ ကတပုညတာ စက်နဲ့ ကွင်းဆက်ဖြစ်နေတယ်။ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ် ရှိခြင်းဆိုတဲ့ အဲဒီစက်နဲ့က ကွင်းဆက် ဖြစ်နေတယ်။ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ် ရှိနေတဲ့ သူတော်ကောင်းတွေကို ထိုပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ကံတွေက ပတိရူပဒေသလို့ ခေါ်တဲ့ ရတနာသုံးပါး ထွန်းကားရာ၊ ပရိသတ်လေးပါး ထင်ရှားရှိရာအရပ်သို့ သူက ရောက်အောင် ထင်ရှားပို့မှာ ဖြစ်ပါတယ်။ သို့သော် ပို့ဆောင်ပေးလိုက်လို့ မိမိက ရတနာသုံးပါး ထွန်းကားတဲ့ အရပ်မှာ လူလာဖြစ်ပြီ၊ ပရိသတ်လေးပါး ထင်ရှားရှိတဲ့ အရပ်မှာလည်း လူလာဖြစ်ပြီနော်။ ဖြစ်ပေမယ့်လို့ မိမိမှာ တရားထူးတရားမြတ်ရဖို့ အခွင့်က ကြုံခဲပါတယ်နော်။

ဒီတော့ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အခွင့်အခါ မဟုတ်တဲ့ အက္ခဏ (၈)ပါးဆိုတဲ့ မြတ်စွာဘုရား ဟောထားတဲ့ အက္ခဏသုတ္တန် ဆိုတာ ရှိပါတယ်။ ထိုသုတ္တန်က အင်္ဂုတ္တရနိကာယ်၊ တတိယတွဲ၊ စာမျက်နှာ (၆၀)မှာ လာရှိပါတယ်။ မြတ်စွာဘုရား ဘယ်လို ဟောသလဲ? -

‘ခဏကိစ္စော လောကော, ခဏကိစ္စော လောကော’တိ, ဘိက္ခဝေ, အဿုတဝါ ပုထုဇ္ဇနော ဘာသတိ, နော စ ခေါ သော ဇာနာတိ ခဏံ ဝါ အက္ခဏံ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ လောကော၊ သတ္တဝါအပေါင်းသည်။ ခဏကိစ္စော၊ ပြုလုပ်အပ်သော အခွင့်ရှိ၏၊ ဣတိ၊ ဤသို့လျှင်။ အဿုတဝါ ပုထုဇနော၊ အကြားအမြင်ဗဟုဿုတမရှိတဲ့ ထိုပုထုဇန်ငမိုက်သားသည်။ ဘာသတိ၊ ပြောဆို၍ နေတတ်ပေ၏၊ သော၊ အကြားအမြင်ဗဟုဿုတမရှိတဲ့ ထိုပုထုဇန်ငမိုက်သားသည်။ ခဏံ ဝါ၊ ခဏကိုလည်းကောင်း။ အက္ခဏံ ဝါ၊ အက္ခဏကိုလည်းကောင်း။ နော စ ခေါ ဇာနာတိ၊ မသိပေ။

လုပ်ပိုင်ခွင့်၊ ပြုလုပ်ခွင့် ရှိတယ်ဆိုပြီး လောကမှာ သတ္တဝါအပေါင်းကတော့ ပြောကြတယ်။ ဒါပေမဲ့လို့ အကြားအမြင်ဗဟုဿုတမရှိတဲ့ ပုထုဇန်တွေက -

”ဩော်... ငါ့မှာ လုပ်ပိုင်ခွင့် ရှိပါတယ်၊ ငါ့မှာ လုပ်ပိုင်ခွင့် ရှိပါတယ်” ဆိုပြီး ဒီလို ပြောနေပေမယ့်လို့ ဘယ်တရားသည် လုပ်ပိုင်ခွင့်ရှိတယ်၊ ဘယ်တရားသည် လုပ်ပိုင်ခွင့် မရှိဘူး။ ဘယ်တရားကို ခဏလို့ခေါ်တယ်၊ ဘယ်တရားကို အက္ခဏလို့ခေါ်တယ် သူတို့ ကောင်းကောင်း မသိကြဘူး။ ခဏဆိုတာက လုပ်ပိုင်ခွင့်၊ အက္ခဏဆိုတာက လုပ်ပိုင်ခွင့် မရှိတဲ့သဘော။ ဒီနေရာမှာ ဘုရား ရည်ညွှန်းထားတာက မဂ်ဖိုလ်နိဗ္ဗာန် ရဖို့အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ အချိန်အခါ နေရာဒေသကို ခဏ၊ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့အတွက် လုပ်ပိုင်ခွင့် မရှိတာကို အက္ခဏဆိုပြီးတော့ မြတ်စွာဘုရားက ဒီလို ဟောထားတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ဘုရားရှင်က အက္ခဏ (၈) ပါး ဒီနေရာမှာ ဟောထားတယ်။ ဘယ်လိုလဲ?

အဋ္ဌိမေ, ဘိက္ခဝေ, အက္ခဏာ အသမယာ ဗြဟ္မစရိယဝါသာယ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဗြဟ္မာ့စရိယာ ဝါသာယ၊ မဂ္ဂ ဗြဟ္မစရိယာဟု ခေါ်ဆိုအပ်သော မြတ်သော အကျင့်ဖြင့် နေထိုင်ကျင့်သုံးဖို့ရန်။ အက္ခဏ၊ အက္ခဏတရားတို့သည်။ အသမ္ပယ၊ အခါမဟုတ်တဲ့ တရားတို့သည်။ အဋ္ဌိမေ = ဣမေ အဋ္ဌ၊ ဤတရား (၈) မျိုးတို့တည်း။

အက္ခဏတရား (၈) မျိုးရှိတယ်။ ဘာအက္ခဏလဲလို့မေးတော့ ဗြဟ္မစရိယမှာ နှစ်မျိုးရှိတယ်။ သာသနာ့ ဗြဟ္မစရိယ၊ မဂ္ဂ ဗြဟ္မစရိယဆိုပြီး ဗြဟ္မစရိယ နှစ်မျိုးရှိတယ်။ သာသနာ့ ဗြဟ္မစရိယ ဆိုတာကတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိရေးအတွက် ကျင့်ရမယ့် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ် တွေကိုတော့ သာသနာ့ ဗြဟ္မစရိယလို့ ခေါ်ပါတယ်။ ထိုသာသနာ့ ဗြဟ္မစရိယကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံး၌ ဖြစ်ပေါ်လာတဲ့ မဂ်ဉာဏ်ကိုတော့ မဂ္ဂ ဗြဟ္မစရိယလို့ ခေါ်ပါတယ်။

ထို မဂ္ဂ ဗြဟ္မစရိယခေါ်တဲ့ မဂ်ဉာဏ် ရရှိဖို့ရန်အတွက် ကျင့်သုံးဖို့ရန် အခါအခွင့် မဟုတ်တဲ့ တရား (၈) မျိုး ရှိတယ်။ အက္ခဏတရား (၈) မျိုးရှိတယ်လို့ ဘုရားက ဒီလိုဟောတယ်။ အဲဒီ (၈) မျိုးက ဘာတွေလဲ?

နံပါတ် (၁) ဘုရား ဟောပြီ -

ဣဓ, ဘိက္ခဝေ, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ,

ကြားဖူးကြတဲ့ စကားလုံးတွေပဲ။ ဘာပြောသလဲ?

ချစ်သားရဟန်းတို့ ... လောကမှာ အရဟံ ဂုဏ်ရှင်၊ သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင်၊ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်ရှင်၊ သုဂတ ဂုဏ်ရှင်၊ လောကဝိဒူ ဂုဏ်ရှင်၊ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်ရှင်၊ သတ္ထာဒေဝမနုဿနံ ဂုဏ်ရှင်၊ ဗုဒ္ဓေါ ဂုဏ်ရှင်၊ ဘဂဝါ ဂုဏ်ရှင်ခေါ်တဲ့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားကတော့ လောကမှာ ပွင့်ထွန်းလာပြီ။ ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ထိုဘုရားရှင်က ဘာလုပ်သလဲ?

ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော၊

ဘုရားရှင်ဟောမဲ့တရား ဘယ်လို တရားမျိုး ဆိုတာကို ဘုရားက အသေအချာ ပြောပြတယ်။

သော၊ ထိုဘုရားရှင်သည်။ ဩပသမိကော၊ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်ပေးတတ်သော။ ပရိနိဗ္ဗာနိကော၊ ကိလေသာ ငြိမ်းခြင်းကို ပြုလုပ်၍ ပေးတတ်သော။ သမ္ဗောဓ ဂါမိ၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော။ သုဂတပဝေဒိတော၊ မြတ်စွာဘုရားရှင်တို့သာ အပြားအားဖြင့် သိစေအပ်သော။ ဓမ္မော စ၊ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားကိုလည်းပဲ။ ဒေသိယတိ၊ ဟောကြားတော်မူအပ်ပါပေ၏၊

ဘုရားရှင် တရားဟောပြီ။ ဟောလိုက်တဲ့ တရားတွေရဲ့ စွမ်းအင်က ဘယ်လိုရှိသလဲ? ဩပသမိက၊ ကိလေသာဆိုတဲ့ အပူမီးတွေကို အားလုံး ငြိမ်းပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ကိလေသာ အပူမီးတွေ တောက်နေတဲ့ ပုဂ္ဂိုလ်များ ပိုပြီး မြတ်နိုးဖို့ကောင်းတဲ့ တရားပါ။ ရာဂကြောင့် ပူလောင်နေရတာတွေ မရှိဘူးလား? ရှိတယ်။ ဒေါသကြောင့် ပူလောင်ရတာ ရှိတယ်၊ မောဟကြောင့် ပူလောင်နေရတာ ရှိတယ်၊ မာနကြောင့် ပူလောင်နေရတာ ရှိတယ်။ ဣဿာ-မစ္ဆရိယ တရားဆိုးတွေကြောင့် ပူလောင်နေရတာ ရှိတယ်။ အဲဒီ ပူပန်မှု၊ ပူလောင်မှု ကိလေသာ အပူမီးမှန်သမျှကို ငြိမ်းစေတတ်တဲ့ တရားဆိုရင် ဒီတရားမျိုး ယူထားဖို့ မကောင်းဘူးလား? ဟင်! ကောင်းတော့ ကောင်းတယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ? ဟင်! ကောင်းတော့ ကောင်းတယ်၊ ဒါပေမဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေက ပြန်ဖို့ ကြိုးစားနေကြတယ်။ ဟုတ်တယ်မဟုတ်လား?

ကိလေသာ အပူမီးကို ငြိမ်းစေတတ်တဲ့ စွမ်းအင် ဒီတရားမှာ ရှိတယ်။ နောက်တစ်ခု - ပဋိဘာနိက၊ ကိလေသာ အပူမီးတွေကို ငြိမ်းအောင် လုပ်ပေးတတ်တဲ့ စွမ်းအားလည်း ဒီတရားမှာ ရှိတယ်။ အတူတူပဲ။

သမ္ဗောဓဂါမိတဲ့ ...။ ကိလေသာ အပူမီးတွေ ဘယ်အခါမှာ ငြိမ်းသလဲ-လို့မေးတော့ အရိယမဂ်ဉာဏ်တွေကို ရရှိတဲ့အခါမှာ ငြိမ်းပါတယ်။ အရိယမဂ်ဉာဏ် လေးပါးသို့ ရောက်စေတတ်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ ဒီတရား။ နောက်တစ်ခု -

သုဂတပဝေဒိတာ၊ ဘုရားရှင်တို့သာ ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ တရားဖြစ်တယ်။ ဒီသစ္စာလေးပါးတရားဆိုတာ ပစ္စေကဗုဒ္ဓါဘုရားရှင်တို့သော်လည်း ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအားမရှိပါဘူး။ သမ္မာသမ္ဗုဒ္ဓ အမည်ရရှိတော်မူတဲ့ ဘုရားရှင်တို့သာလျှင် သာဝကတွေကို ဒီ သစ္စာလေးရပ် တရားမြတ်ကို သိအောင် ဟောကြားပြသ ဆိုဆုံးမတော်မူနိုင်တဲ့ စွမ်းအားရှိတယ်။

အဲဒီတော့ ဘုရားရှင်တို့သာ ဟောကြားနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ ဒီသစ္စာလေးပါးနှင့်စပ်သော တရားစကားကို ဘုရားရှင် လောကမှာ ဟောပြီ။ ဒီတော့ ဘုရားလည်း ပွင့်ပြီ။ ကိလေသာ အပူအားလုံးကို ငြိမ်းစေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိတဲ့ သစ္စာလေးပါးနဲ့စပ်သော တရားစကားလည်း ဟောပြီ၊ မဂ်ဉာဏ်ကို ရရှိစေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိတဲ့ သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားလည်း ဘုရားက ဟောပြီ။ အခွင့် ဘယ်နှစ်ခု ရသွားလဲ? နှစ်ခုတော့ ရနေပြီ။ ဒါပေမဲ့လို့ ဘာဖြစ်နေလဲ?

အယဉ္စ ပုဂ္ဂလော နိရယံ ဥပပန္နော ဟောတိ။

အယဉ္စ ပုဂ္ဂလော၊ ဤ ပုဂ္ဂိုလ်သည်ကား။ နိရယံ၊ ငရဲ၌။ ဥပပ္ပန္နော၊ ရောက်ရှိ၍ နေသည်။ ဟောတိ၊ ဖြစ်၏၊

လောကမှာ ဘုရားပွင့်တာတော့ မှန်တယ်။ ကိလေသာ အပူငြိမ်းကြောင်း၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း သစ္စာလေးပါးနဲ့စပ်တဲ့ တရား ဟောကြားတာလည်း မှန်နေပြီ။ ဒါပေမဲ့လို့ ဒီပုဂ္ဂိုလ်က ဘယ်ရောက်နေလဲ?

အယဉ္စ ပုဂ္ဂလော နိရယံ ဥပပန္နော ဟောတိ။

အယဉ္စ ပုဂ္ဂလော၊ ဤ ပုဂ္ဂိုလ်သည်ကား။ နိရယံ၊ ငရဲ၌။ ဥပပ္ပန္နော၊ ကပ်ရောက်၍ နေသည်။ ဟောတိ၊ ဖြစ်၏၊

ပုဂ္ဂိုလ်တစ်ဦးက ငရဲရောက်နေပြီ။ အဲဒီလို ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်သည် ဘုရားရှင် ဟောကြားနေတဲ့ ဒီတရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်အလမ်း ရရှိနိုင်ပါ့မလား? မရဘူး။

အယံ, ဘိက္ခဝေ, ပဌမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အယံ၊ ဤသည်ကား။ ပထမော၊ ရှေးဦးစွာသော။ ဗြဟ္မစရိယံ ဝါသာယ၊ မဂ္ဂ ဗြဟ္မစရိယဟု ခေါ်ဆိုအပ်တဲ့ မြတ်သော မဂ်အကျင့်ကို ရရှိဖို့ရန်၊ ကျင့်သုံးဖို့ရန်။ အက္ခဏော၊ အခွင့်မဟုတ်သော အက္ခဏတရားသည်။ အသမယော၊ အခါမဟုတ်တဲ့ အသမယ တရားသည်။ ဟောတိ၊ ဖြစ်ပါပေ၏၊

နံပါတ် (၁) အက္ခဏ တရားပဲနော်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိဖို့ရန်အတွက် ရအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခါအခွင့် မဟုတ်ဘူး။ အက္ခဏ နံပါတ် (၁) အက္ခဏတရားပဲ။ စဉ်းစားကြည့်ပေါ့ ... ဒကာကြီးတွေ၊ ဒကာမကြီးတွေ လောကမှာ ဘုရားဆိုတာ ပွင့်ဖို့ လွယ်ပါ့မလား? မလွယ်ဘူး။ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကား နာကြားခွင့် ရဖို့ဆိုတာလည်း လွယ်မလား? မလွယ်ဘူး။ အင်မတန် ခက်ခဲတဲ့ အခွင့်အလမ်းကြီးပါ။ ဘာကြောင့်လဲ? တစ်ခါတစ်ရံ ဘုရားရှင်များ မပွင့်ဘဲ နေလိုက်တာ ကမ္ဘာပေါင်း အသင်္ချေနဲ့ ချီပြီးတော့ ရှိတတ်ပါတယ်။ သုညကမ္ဘာတွေလို့ စာပေကျမ်းဂန်ကတော့ ခေါ်ဝေါ်သုံးစွဲထားတယ်။ ဘုရားရှင်တို့မှ ဆိတ်သုဉ်းနေတဲ့ ကမ္ဘာတွေပဲ။ အဲဒီ ကမ္ဘာတွေ ဘယ်လောက်များလဲ? ပြန်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ တစ်ခါတစ်ရံ အသင်္ချေနဲ့ ချီပြီးတော့ ရှိပါတယ်။ တစ်ကမ္ဘာ တစ်ကမ္ဘာရဲ့ သက်တမ်းဟာ ဘယ်လောက်ရှိလဲဆိုတာ ဘုန်းကြီး ဒီတရားထဲမှာလည်း ခဏခဏ ပြောနေပါတယ်နော် -

အလျား တစ်ယူဇနာ၊ အနံ တစ်ယူဇနာ၊ အစောက် တစ်ယူဇနာ ရှိတဲ့ ကျောက်တောင်ကြီး တစ်ခုရှိတယ်။ အထဲမှာ အခေါင်းပေါက် လုံးလုံး မရှိဘူး။ အနှစ် (၁၀၀) ကျော်မှ တစ်ခါ ဝါဂွမ်းလေးနဲ့ သွားတို့။ ဒီ ကျောက်တောင်ကြီး ကုန်ရင် ကုန်မယ်၊ ဒီကမ္ဘာ မကုန်ဘူး။ အနှစ် (၁၀၀) ကျော်မှ ဒီကျောက်တောင်ကြီးကို ငှက်ကလေးတစ်ကောင်က နှုတ်သီးလေးနဲ့ တစ်ခါပေါက်၊ အဲဒီ ကျောက်တောင်ကြီးသာ ကုန်မယ်၊ ဒီကမ္ဘာရဲ့ သက်တမ်းဟာ မကုန်သေးဘူး ဆိုပြီး ဒီလောက်အထိ ဟောထားတယ်။ အလွန်ရှည်လျားတယ်။

အဲဒီလို ကမ္ဘာပေါင်း အသင်္ချေနဲ့ ချီပြီးတော့ တစ်ခါတစ်ရံ ဘုရားရှင်တို့ဟာ မပွင့်ကြဘူး။ ဒီလိုဆိုရင် ဘုရားပွင့်ရေးသည် အလွန်ရခဲတဲ့ အခါ အခွင့်အရေးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီလို ဘုရားပွင့်တဲ့ အခါအခွင့်ကြီးကို အခု ရရှိကြပြီ။ သစ္စာလေးပါးနဲ့စပ်တဲ့ ဘုရားမပွင့်ခင် သစ္စာလေးပါးနဲ့စပ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကား နာကြားခွင့် ရဖို့ဆိုတာလည်း ပိုပြီးတော့ မခက်ဘူးလား? ခက်နေပြန်တယ်နော်။ အဲဒီလို ခက်နေတဲ့ အခါအခွင့်ကြီး အခု ရရှိတယ်ထားတော့။

လောကမှာ ဘုရားပွင့်ပြီ။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေလည်း ကြားနာခွင့် ရရှိပြီ။ ဒါပေမဲ့လို့ ဒီသတ္တဝါက ငရဲရောက်နေပြန်တယ်။ ငရဲရောက်နေတဲ့ ဒီ ငရဲသူ၊ ငရဲသား သတ္တဝါတစ်ဦးက နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်အလမ်းတွေ ရရှိနိုင်ပါ့မလား? မရနိုင်ဘူး။

ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ အခွင့်အရေးတွေ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ မိမိရရှိထားတဲ့ ဘဝရဲ့တန်ဖိုးကို နားလည်ဖို့ လိုအပ်တယ်နော်။ သူများသားသမီးကို ပြုစုလုပ်ကျွေးတယ်ဆိုတာကတော့ ဘဝတိုင်း ဘဝတိုင်းမှာ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ခွေးဖြစ်တောင် ရနိုင်ပါတယ်။ ဟုတ်တယ် မဟုတ်လား? ခွေးလည်း သူများသားသမီးကို မလုပ်ကျွေးဘူးလား? လုပ်ကျွေးပါတယ်။ ဒကာကြီးတွေကို ခွေးလို့ ဘုန်းကြီးပြောတာ မဟုတ်ပါဘူး။ ရနိုင်တဲ့ အခွင့်အရေးကို ပြောတာပါ။

ကဲ ... နောက်တစ်ခု -

‘‘ပုန စပရံ, ဘိက္ခဝေ, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ…ပေ… သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ, ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော၊

နောက်တစ်မျိုး ဘုရားဟောတယ်။ လောကမှာ ဘုရားပွင့်ပြီ၊ သစ္စာလေးပါးနဲ့စပ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ တရားလည်း ဟောပြီ။ ဒါပေမဲ့ ဒီသတ္တဝါက ဘာဖြစ်နေလဲ?

အယဉ္စ ပုဂ္ဂလော တိရစ္ဆာနယောနိံ ဥပပန္နော ဟောတိ…ပေ…။

ဒီပုဂ္ဂိုလ်ကလည်း တိရစ္ဆာန်ဘဝ ရောက်နေပြန်ပြီ။ နံပါတ် (၂) တိရစ္ဆာန် တစ်ကောင်သည် မဂ်ဖိုလ်နိဗ္ဗာန် ရရှိဖို့ရန်အတွက် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်အရေးတွေ ရသလား? မရနိုင်ဘူး။ မိမိတို့ အနီးကပ်ဆုံး ခွေးတွေ ကြည့်ပေါ့။ သူတို့ ဘယ်နှစ်ခါများ တရားနာလဲ? ဘယ်နှစ်ခါများ ခွေးတွေ တရားအားထုတ်တာ တွေ့လဲ? ဟင်! စဉ်းစားကြည့်၊ စဉ်းစားကြည့်လေ။ သူတို့ ဘာလုပ်သလဲဆိုတာ ဒကာကြီးတွေ မျက်မြင်ပါနော်။ ဒါကြောင့် မိမိတို့ ရရှိထားတဲ့ ဘဝသည် သူတို့ဘဝနဲ့စာရင် အလွန် တန်ဖိုးရှိနေတဲ့ ဘဝတစ်ခု မဖြစ်ဘူးလား? ဖြစ်နေတယ်။

နောက်တစ်ခု - လောကမှာ ဘုရားလည်း ပွင့်ပြီ။ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေလည်း ဘုရားရှင်က ဟောပြီ။ ဒါပေမဲ့ ဒီ သတ္တဝါ တစ်ဦးက ဘယ်ရောက်နေလဲ? ပြိတ္တာဘဝ ရောက်ရှိနေပြန်တယ်။ ပြိတ္တာဘဝ ဆိုတာကလည်း တချို့တချို့ ပြိတ္တာတွေ ဆိုကြပါစို့။ ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား ထမင်းတစ်လုံး မစားရဘူး၊ ရေတစ်ပေါက် မသောက်ရဘူး။ ဒီလောက်အထိ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြိတ္တာတွေလည်း များစွာ ရှိကြပါတယ်။ အဲဒီလို ပြိတ္တာတွေသည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်အလမ်းတွေ ရရှိနိုင်ပါ့မလား? မရနိုင်ဘူး။ နံပါတ် (၃) နော်။

နောက်တစ်ခု နံပါတ် (၄)။ လောကမှာ ဘုရားလည်း ပွင့်ပြီ။ ဘုရားရှင်ကလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြားပြသ ဆိုဆုံးမနေပြီ။ ဒါပေမဲ့ ဒီသတ္တဝါက ဘာဖြစ်လဲ? ဟိုး ... အသက်အလွန်ရှည်နေတဲ့ အသညသတ်ဗြဟ္မာတို့လို အဲဒီ နတ်ပြည်နတ်လောက၊ ဗြဟ္မာပြည် ဗြဟ္မာလောက ရောက်ရှိနေပြီ။ ထိုပုဂ္ဂိုလ်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်အလမ်းတွေ ရရှိနိုင်ပါ့မလား? မရနိုင်ဘူး။ ဘာကြောင့်လဲ?

အသညသတ်ဗြဟ္မာပြည်မှာက ရုပ်သက်သက်ပဲ ရှိတယ်။ အဲဒီ ရုပ်သက်သက်ကလည်း ဇီဝိတနဝကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ဇီဝိတလျှင် ကိုးခုမြောက်ရှိတဲ့ ရုပ်တွေကို အခြေတည်ထားပါတယ်။ အဲဒီ ရုပ်တရားတွေထဲမှာ ဘုရားကို ဖူးမြော်ဖို့ရန်အတွက် မျက်စိအကြည်လို့ ခေါ်ဆိုအပ်တဲ့ စက္ခုအကြည်လည်း မရှိဘူး။ ဘုရား တရားနာယူဖို့ရန်အတွက် သောတအကြည်လို့ခေါ်တဲ့ နားအကြည်ကလည်း မရှိဘူး။ အသိစိတ်ကလည်း လုံးလုံး မရှိဘူး။ မရှိတော့ ဘုရား ဘယ်လိုပင် သွားပြီး တရားဟောပေမယ့်လည်း ထိုပုဂ္ဂိုလ်သည် ဘုရားဟောနေတဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကား နာကြားခွင့် ရနိုင်တဲ့ သူတော်ကောင်းတွေ ဟုတ်ကြသလား? မဟုတ်ဘူး။ သစ္စာလေးပါးနဲ့စပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် အခွင့်အလမ်းတွေ ဒီပုဂ္ဂိုလ်တွေမှာ ရှိနိုင်လား? မရှိနိုင်ဘူးနော်။ ဒါက နံပါတ် (၄) ပဲ။

နောက် နံပါတ် (၅) ကျတော့ - လောကမှာ ဘုရားလည်းပွင့်ပြီ မှန်တယ်။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေလည်း ဘုရားရှင်က ဟောပြီ။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က ဘယ်လို ဖြစ်နေလဲ?

အယဉ္စ ပုဂ္ဂလော ပစ္စန္တိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ, သော စ ဟောတိ အဝိညာတာရေသု မိလက္ခေသု

အယဉ္စ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်လည်းပဲ။ ပစ္ဆန္တိမေသု ဇနပတေသု၊ တိုင်းစွန်ပြည်စွန် အရပ်ဒေသတို့၌။ ပစ္ဆာဇာတော၊ ပဋိသန္ဓေအားဖြင့် မွေးဖွား၍ လာရသည်။ ဟောတိ၊ ဖြစ်၏၊

ပစ္ဆန္တရာဇ်အရပ် ဟိုး ... တော်တော်လေး တောကြိုတောင်ကြားမှာ သွားပြီး လူဖြစ်ရပြီ။

သော စ ဟောတိ အဝိညာတာရေသု မိလက္ခေသု

သော စ၊ ထိုပုဂ္ဂိုလ်သည်လည်းပဲ။ အဝိညာတာရေသု၊ အသိဉာဏ်နည်းပါးကြကုန်သော။ မိလက္ခေသု၊ လူရိုင်းအမျိုးအနွယ်တို့၌။ ဟောတိ၊ ဖြစ်၍ နေပြန်၏၊

သူတို့ကို အသိအလိမ္မာ ဉာဏ်ပညာသွားပေးရန် ဘာမှ ခံယူနိုင်တဲ့ စွမ်းအား မရှိဘူး။ မရှိတဲ့ အဲဒီလူရိုင်းအမျိုးတွေမှာ သွားပြီးတော့ လူဖြစ်ရပြန်ပြီ။ အဲဒီလို လူရိုင်းအမျိုးအနွယ်မှာ သွားပြီး လူဖြစ်ပြီးတော့ သစ္စာလေးပါးရပ်နဲ့ စပ်တဲ့ အသိအလိမ္မာ ဉာဏ်ပညာတွေကို သူ့ကို သွားပြီး ပေးရင်လည်း သူက ခံယူနိုင်တဲ့ စွမ်းအား ရှိသလား? မရှိပြန်ဘူး။ မရှိဘူး ဆိုလို့ရှိရင် သူ့မှာ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန် အခွင့်အလမ်း ရှိပါ့မလား? မရှိဘူး။ ဒါလည်း အက္ခဏတရား တစ်ခုပဲနော်။ နံပါတ် (၅)။

နောက်တစ်ခု အဲဒီ ဒေသမျိုးမှာ -

ယတ္ထ နတ္ထိ ဂတိ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ

အဲဒီဒေသမျိုးမှာ ဘုရားရှင်ရဲ့ သာဝကဖြစ်တော်မူကြတဲ့ ရဟန်းယောက်ျား ပရိသတ်၊ ရဟန်းမိန်းမ ပရိသတ်၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ လူ ဥပါသကာ ပရိသတ်၊ လူ ဥပါသိကာမ ပရိသတ် အဲဒီ ပရိသတ်ကော ထင်ရှား ရှိနိုင်မလား? မရှိနိုင်ဘူး။ အဲဒီလို ဒေသမျိုးမှာ သွားပြီး လူဖြစ်နေပြီ ဆိုလို့ရှိရင်လည်း မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အခွင့်အလမ်း မရှိတဲ့အတွက် သူဟာလည်း အက္ခဏတရား တစ်ပါး ဖြစ်တယ်။

လူတော့ ဖြစ်တာမှန်တယ်။ ရဟန်းယောက်ျား ပရိသတ်၊ ရဟန်းမိန်းမ ပရိသတ်၊ လူ ဥပါသကာ ပရိသတ်၊ လူ ဥပါသိကာမ ပရိသတ်ခေါ်တဲ့ ပရိသတ်လေးပါးကလည်း မရှိဘူး။ ရှိတယ်ထား။ သစ္စာလေးပါးနဲ့ စပ်တဲ့ တရားစကား ဟောကြားလိုက်တဲ့အခါမှာ နာယူနိုင်တဲ့ အသိအလိမ္မာ၊ လက်ခံနိုင်တဲ့ အသိအလိမ္မာ ဉာဏ်ပညာကော ရှိသလား? မရှိဘူး။ နည်းနည်းလေးတော့ ဒီအချက်လေးက ဒကာကြီးတွေ စဉ်းစားဖို့ သိပ်ကောင်းတယ်နော်။

ဘုရားဟောနေတဲ့ ဒုက္ခသစ္စာတရား ဘာတွေလဲ? ဥပါဒါနက္ခန္ဓာငါးပါး။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါး ဆိုတာက ဘာတွေလဲ? ခဏခဏ ဘုန်းကြီး ပြောနေပါတယ်။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ဩဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိကခေါ်တဲ့ (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ တရားတွေပဲ။ အဲဒီ ရုပ်နာမ်တွေကို ခံယူနိုင်တဲ့ စွမ်းအင်ရှိတဲ့ အသိအလိမ္မာ ဉာဏ်ပညာလေးရှိဖို့ လိုအပ်ပါတယ်။ ဒီ ရုပ်တွေ၊ ဒီ နာမ်တွေဟာ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူးလို့ မျက်စိပိတ်လိုက်တော့ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဒီရုပ်၊ ဒီနာမ်ကို သိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသေးလား? မရှိတော့ဘူး။ ဒီလိုဆိုရင် အသိဉာဏ် နည်းပါးနေတဲ့ လူရိုင်းအမျိုးအနွယ်မှာ သွားပြီး လူဖြစ်နေရတာနဲ့ကော မိမိနဲ့ကော တန်းတူ ဖြစ်မနေဘူးလား? ဖြစ်သွားပြီ။ ဒါ သတိရှိဖို့ သိပ်ကောင်းတယ်နော်။ ဝမ်းနည်းဖို့လည်း ကောင်းပါတယ်နော်။

ကဲ ... နောက်တစ်ခု - နံပါတ် (၆) က ဘာလဲ? လောကမှာ မြတ်စွာဘုရားလည်း ပွင့်လာပြီ။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်နဲ့ ဆက်စပ်နေတဲ့ သစ္စာလေးပါး တရားစကားတွေလည်း ဘုရားရှင်က ဟောပြီ။ ဒါပေမဲ့ ဒီ ပုဂ္ဂိုလ်က ဘာဖြစ်နေလဲ?

အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ,

အယဉ္စ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်လည်းပဲ။ မဇ္ဈိမေသု ဇနပဒေသု၊ မဇ္ဈိမတိုင်းတို့၌၊ မဇ္ဈိမဇနပုဒ်တို့၌။ ပစ္ဆာဇာတော၊ ပဋိသန္ဓေအားဖြင့် မွေးဖွား၍ လာရသည်။ ဟောတိ၊ ဖြစ်ပေ၏၊

ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက် ... လောကမှာ ဘုရားလည်း ပွင့်ပြီ။ ဘုရားရှင်ကလည်း သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေ ဟောနေပြီ။ အဲဒီပုဂ္ဂိုလ်ဟာလည်း ဘုရားရှင်ပွင့်ရာ မဇ္ဈိမဒေသမှာ သွားပြီးတော့ ပဋိသန္ဓေအားဖြင့် တည်နေရပြီ လူဖြစ်နေရပြီ။ ဒါပေမဲ့ ဘာဖြစ်လဲ?

သော စ ဟောတိ မိစ္ဆာဒိဋ္ဌိကော ဝိပရီတဒဿနော

သော စ၊ ထိုပုဂ္ဂိုလ်သည်ကား။ မိစ္ဆာဒိဋ္ဌိကော၊ မှားယွင်းတဲ့ ခံယူချက် ရှိနေသည်။ ဝိပရီတ ဒဿနော၊ ဖောက်ပြန်ပျက်စီးနေတဲ့ ဒဿနဉာဏ်ပညာရှိနေသည်။ ဟောတိ၊ ဖြစ်၏၊

ဒဿနဉာဏ်လို့သာ ပြောတယ်။ ဒါ တကယ်တော့ ဉာဏ်မဟုတ်ပါဘူး။ ဖောက်ပြန်ချွတ်ယွင်းနေတဲ့ ဒဿနအမြင်ရှိနေပြီ။ မဇ္ဈိမဒေသ ဘုရားပွင့်ရာ ဒေသမှာ လူဖြစ်တာလည်း မှန်ပါတယ်။ ဒါပေမဲ့လို့ မိစ္ဆာဒိဋ္ဌိက မှားယွင်းတဲ့ ခံယူချက်တွေ ရှိနေတယ်။ မိစ္ဆာဒိဋ္ဌိက ဖောက်ပြန်ချွတ်ယွင်းနေတဲ့ ဒဿနအမြင်တွေလည်း ရှိနေပြန်တယ်။ ဘယ်လိုဟာတွေလဲလို့ မေးတော့ -

နတ္ထိ ဒိန္နံ နတ္ထိ ယိဋ္ဌံ နတ္ထိ ဟုတံ နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော

ဒိန္နံ၊ အလှူဒါနရဲ့ အကျိုးတရားသည်။ နတ္ထိ၊ မရှိ။ ယိဋ္ဌံ၊ အလှူကြီးကြီးရဲ့ အကျိုးတရားသည်။ နတ္ထိ၊ မရှိ။

ဒါနပြုရင်လည်း ဒါန ငယ်ငယ်ပဲ ဖြစ်ဖြစ်၊ ဒါန ကြီးကြီးပဲ ဖြစ်ဖြစ် ဘာမှ အကျိုးမရှိဘူးတဲ့၊ ဟော ... သူက ရွေးတယ်။ ဒီ အယူအဆမျိုးတွေ ဒီနေ့ လူ့လောကမှာ ထင်ရှား မရှိဘူးလား? ရှိနေပါတယ်။ တလောတုန်းက တစ်ချိန်တုန်းကပေါ့လေ ... ဘုန်းကြီး “အစင်” တောထဲ နေစဉ်တုန်းက ဒကာကြီးတစ်ယောက် ဆွမ်းလေးတစ်အုပ်နဲ့ ကျောင်းရောက်လာတယ်။ သူက ဘာလျှောက်သလဲ?

”တပည့်တော်ဟာ ဒီလို ကောင်းမှုလုပ်လို့ ဒီလို ကောင်းကျိုးရလိမ့်မယ်လို့ တပည့်တော် မျှော်လင့်ချက် မရှိပါဘူး။ ဒါပေမဲ့ ခုလို တောထဲ တောင်ထဲမှာ တရားအားထုတ်နေတဲ့ သူတော်ကောင်းတွေကို တို့ ပေးလှူသင့်တယ်ဆိုတဲ့ ဒီလို အသိဉာဏ်နဲ့ တပည့်တော် လာလှူတာ။ ဘာ အကျိုးတရားကိုမှ တပည့်တော် လုံးလုံး အလိုမရှိဘူး။ တပည့်တော် ယုံလည်း မယုံကြည်ဘူး၊ လက်လည်း လက်မခံဘူး” ဆိုပြီး သူက ပွင့်ပွင့်လင်းလင်းပဲ လျှောက်တယ်။

အဲဒီ ပုဂ္ဂိုလ်မျိုးတွေက ဘာလဲ? နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, ဒါနရဲ့ အကျိုးတရား ဘာမှ မရှိဘူးလို့ သူက ယူဆထားတယ်။ မိစ္ဆာဒိဋ္ဌိက မှားယွင်းတဲ့ အယူအဆ ရှိနေတယ်။ ဝိပရီတဒဿန၊ ဖောက်ပြန်ပြောင်းလဲနေတဲ့ ဒဿနအမြင်ရှိနေပြီတဲ့။ ဒါတွင်လားဆိုတော့ မကသေးဘူး။

နတ္ထိ ဟုတံ၊ ဧည့်သည်တို့အား ကျွေးမွေးလှူဒါန်းရခြင်းတည်းဟူသော ကောင်းမှုကုသိုလ်၏ အကျိုးတရားသည်လည်း။ နတ္ထိ၊ မရှိ။

ဧည့်သည်တွေရောက်လာရင် ဒါ ဧည့်ကောင်း၊ ဆောင်ကောင်း မိတ်ကောင်းဆွေကောင်းတွေ ကြွလာတဲ့အခါ ပြုစုကျွေးမွေးရမယ်၊ ပြုစုရမယ်၊ စောင့်ရှောက်ရမယ်။ ဗုဒ္ဓဘာသာတို့ရဲ့ ယဉ်ကျေးမှု ဓမ္မတာတစ်ခု ဖြစ်ပါတယ်။ ဒီလို ကျွေးမွေးလှူဒါန်းခြင်းဟာလည်း ဘာအကျိုးမှ မရှိဘူးလို့ သူက လက်ခံတယ်။

နောက်တစ်ခု -

နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော

သုကတ ဒုက္ကဋာနံ၊ ကောင်းသဖြင့် ပြုအပ်ကုန်သော၊ မကောင်းသဖြင့် ပြုအပ်ကုန်သော သုစရိုက်တရား၊ ဒုစရိုက်တရားတည်းဟူသော။ ကမ္မာနံ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏၊ ဖလံ ဝိပါကော၊ အကျိုးတရားသည်။ နတ္ထိ၊ မရှိ။

လောကမှာ သုစရိုက်တရား၊ ဒုစရိုက်တရားတွေဆိုတာ ရှိတယ်။ သုစရိုက်တရားတွေကို ပြုကျင့်ခြင်းကြောင့်လည်း ကောင်းတဲ့အကျိုး မရှိပါဘူး။ ဒုစရိုက်တရားတွေကို ပြုကျင့်ခြင်းကြောင့်လည်း မကောင်းတဲ့ အကျိုးဆိုတာ မရှိပါဘူး။ ကံ၊ ကံ၏အကျိုးကို သူက လုံးလုံး လက်ခံခံဘူး။

နတ္ထိ အယံ လောကော, နတ္ထိ ပရော လောကော,

အယံလောကော၊ ဤလောကသည်။ နတ္ထိ၊ မရှိ။ ပရော လောကော၊ တမလွန်လောကသည်လည်းပဲ။ နတ္ထိ၊ မရှိ။

ဒီလောကဆိုတာလည်း မရှိပါဘူး။ ဟိုလောကဆိုတာလည်း မရှိပါဘူး။ ဘာပြောတာလဲဆိုတော့ သူက အမြင် နည်းနည်းလေး ကျယ်တယ်လို့ သူ့ကိုယ်သူ ယူဆထားပါတယ်။ ဒီတော့ ဟိုလောကကနေ ကြည့်လိုက်ရင် ဒီလောကပေါ့။ ဒီလောကကနေ ကြည့်လိုက်ရင် ဟိုလောကပေါ့။ တမလွန် လောကကို ဒီနေရာမှာ သူက အထူးသဖြင့် ပြောလိုရင်း မဟုတ်ဘူး။ ဒီလောကကနေ ဟိုလောကကို ပြောင်းသွားနိုင်တဲ့ သတ္တဝါဆိုတာ မရှိဘူး။ ဟိုလောကကနေ ဒီလောကကို ပြောင်းသွားတဲ့ သတ္တဝါဆိုတာ မရှိဘူး။ ဒီလောက ဟိုလောက ဆိုတာလည်း သူပြောနေတာက မျက်မြင်လောက။

တစ်နည်းအားဖြင့် ပြောရင်တော့ စကြဝဠာတစ်ခုနဲ့ တစ်ခုပေါ့။ ဟိုဘက် စကြဝဠာကနေ ဒီဘက် စကြဝဠာ ပြောင်းသွားတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူး။ ဒီဘက် စကြဝဠာကနေ ဟိုဘက် စကြဝဠာကို ပြောင်းသွားတဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူး။ ဘာဖြစ်လို့လဲ? သတ္တဝါဆိုတာ သေရင် ပြတ်တယ်လို့ ဒီလို လက်ခံထားတယ်။ သတ္တဝါဆိုတာ ပုခက်နဲ့ ခေါင်းကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှ မရှိပါဘူးလို့ သူက ဒီလို လက်ခံထားတယ်။ သူတို့ခေတ် စကားလုံးနဲ့သုံးတော့ သေရင် ပြတ်တယ်လို့ သူက လက်ခံထားတော့ ကံ၊ ကံ၏ အကျိုးကို သူက လုံးလုံး မယုံကြည်ဘူး။ ဒီလောကကနေ ဟိုလောကကို ပြောင်းသွားနိုင်တယ်။ ကံတွေကြောင့် ဟိုလောကကနေ ဒီလောကကို ကံတွေကြောင့် ပြောင်းလာနိုင်တယ်ဆိုတာကို သူက လုံးလုံး မယုံဘူး၊ လက်မခံဘူး။ နောက်တစ်ခု -

နတ္ထိ မာတာ, နတ္ထိ ပိတာ,

မာတာ၊ အမိသည်။ (ဝါ) အမိအပေါ်၌ ပြုစုလုပ်ကျွေးရခြင်းတည်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ကုသိုလ်ကံရဲ့ အကျိုးတရားသည်။ နတ္ထိ၊ မရှိပေ။

အမေဆိုတာ လောကမှာ မရှိဘူး။ အလားတူပဲ။

နတ္ထိ ပိတာ,

ပိတာ၊ အဘသည်။ နတ္ထိ၊ မရှိပေ။

ဘာပြောတာလဲ? အမေ အဖေအပေါ်မှာ ကောင်းမှုတွေ ပြုသော်လည်း ကောင်းကျိုးဘယ်တော့မှ မရဘူး၊ အမေ အဖေအပေါ်မှာ မကောင်းမှုတွေ ပြုခဲ့သော်လည်း မကောင်းကျိုးဘယ်တော့မှ မရဘူးဆိုတဲ့ ဒီလို မှားယွင်းနေတဲ့၊ ဖောက်ပြန်နေတဲ့ ဒဿနအမြင်တွေ ရှိနေပြန်တယ်။ ဒီတော့ ဒီလို ပုဂ္ဂိုလ်တွေလည်း ဒီနေ့ခေတ် လောကမှာ မရှိဘူးလား? ရှိကြပါတယ်။ အဲဒီလို ခံယူချက်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးသွားအောင် ငါကျင့်မယ်ဆိုတဲ့ ဒီစိတ်ထားလေးကော ဖြစ်ပါ့မလား? မဖြစ်ဘူး။ ဘာဖြစ်လို့လဲ? သေရင် ပြတ်တယ်လို့ သူက လက်ခံထားတာ။ ဘဝဆိုတာ ”ပုခက်နဲ့ ခေါင်း” ကြားမှာပဲ ရှိတယ်လို့ သူက လက်ခံထားတယ်။ အဲဒီလို လက်ခံထားတော့ အမေကို ပြုစုလုပ်ကျွေးနေဖို့လည်း မလိုဘူး၊ အဖေကို ပြုစုလုပ်ကျွေးနေဖို့လည်း မလိုဘူး၊ အမေကို ပြစ်မှားလို့လည်း အပြစ် မဖြစ်ဘူး၊ အဖေကို ပြစ်မှားလို့လည်း အပြစ် မဖြစ်ဘူးလို့ သူက ဒီလို လက်ခံ ယုံကြည်တယ်။ အင်မတန် ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ နောက်တစ်ခု -

နတ္ထိ သတ္တာ ဩပပါတိကာ,

ဩပပါတိကာ၊ သေပြီးနောက်၌ ထင်ရှားဖြစ်ကြကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ နတ္ထိ၊ မရှိကြလေကုန်။

သေပြီးနောက် ထင်ရှားဖြစ်တဲ့ သတ္တဝါဆိုတာ မရှိပါဘူး။ နောက်ဘဝဆိုတာ မရှိဘူး။ ဒီလို လက်ခံတယ်။ နောက်ဘဝ မရှိဘူးလို့ သူက လက်ခံထားတဲ့ ပုဂ္ဂိုလ်အဖို့ နည်းနည်းလေး စဉ်းစားကြည့်ပေါ့ မကောင်းမှုတွေကို ပြုဖို့ရန်အတွက်လည်း သူ ဝန်လေးပါ့မလား? ဝန်မလေးတော့ဘူး။ ကောင်းမှု ကုသိုလ်ပြုဖို့ရန်အတွက်လည်း သူ စိတ်ထက်သန်ပါ့မလား? မထက်သန်တော့ဘူး။ ခံယူချက်တစ်ခုသည် သတ္တဝါတစ်ဦးရဲ့ စိတ်နေစိတ်ထားနှင့်တကွ ကျင့်ဝတ်ပဋိပတ်တွေကို ပြောင်းပြန်လန်သွားအောင် လှန်ပေးနိုင်တဲ့စွမ်းအား မရှိဘူးလား? ရှိနေတယ်။ သိပ်ကြောက်ဖို့ကောင်းတယ်။

နိဟီတဝါဒနှင့် သမ္မာဒိဋ္ဌိ အမြင်ကွာခြားချက်
နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ

ယေ၊ အကြင် သမဏ ဗြဟ္မဏတို့သည်။ ဣမဉ္စ လောကံ၊ ဤလောကကိုလည်းကောင်း။ ပရဉ္စ၊ တမလွန် လောကကိုလည်းကောင်း။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့် သိရှိကြကုန်သည်ဖြစ်၍။ သစ္ဆိကတွာ၊ မျက်မှောက်ပြုကြကုန်လျက်။ ပဝေဒေန္တိ၊ ဟောကြားပြသ နိုင်ကြလေကုန်၏။ တထာရူပါ၊ ထိုကဲ့သို့သော သဘောရှိကြကုန်သော။ သမ္မဂ္ဂတာ၊ အညီအညွတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် ရှိကြကုန်သော။ သမ္မာပဋိပန္နာ၊ ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် ရှိကြကုန်သော။ တေ သမဏ ဗြဟ္မဏ၊ ထို သမဏ ဗြဟ္မဏအမည်ရတဲ့ ပုဂ္ဂိုလ်တို့သည်။ လောကေ၊ လောက၌။ နတ္ထိ၊ မရှိကြလေကုန်။

လောကမှာ သမဏ ဗြဟ္မဏအမည်ရတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်တိုင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အတွက် ဒီလောကအကြောင်းလည်း သိတယ်၊ တမလွန် လောကအကြောင်းလည်း သိတယ်။ ဒီလောကအကြောင်း၊ တမလွန် လောကအကြောင်းတွေကို ကိုယ်တိုင်ထွင်းဖောက်ပြီး သိနေပြီးတဲ့ အချိန်အခါ မျက်မှောက်ပြုပြီးတဲ့ အချိန်အခါမှာ ဒီလောကအကြောင်း၊ တမလွန်လောကအကြောင်းကို ကျကျနန ဆိုဆုံးမကြတယ်။ အဲဒီလို ဆိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ လောကမှာ မရှိပါဘူး။ ရှိတယ်ဆိုလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်တွေဟာ လိမ်ညာနေတဲ့ ပုဂ္ဂိုလ်တွေလို့ သူတို့က လက်ခံထားကြတယ်။

ဘာပြောချင်တာလဲလို့မေးတော့ - လောကမှာ ဘုရားဆိုတာ မရှိဘူး။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောတာ။ ဒီလောကအကြောင်း၊ တမလွန် လောကအကြောင်းကို ထိုးထွင်းသိနေတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ၊ ရဟန္တာပုဂ္ဂိုလ်တွေဆိုတာ လောကမှာ မရှိပါဘူး၊ သူလို ငါလို လူချည်းပဲ။ ပခုံးနှစ်ခုကြားမှာ ခေါင်းပေါက်လာတဲ့ သူတွေချည်းပဲလို့ သူတို့က ဒီလို ပြောချင်ကြတယ်။ အဲဒီလို မှားယွင်းနေတဲ့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ ဖောက်ပြန်နေတဲ့၊ ပျက်စီးနေတဲ့ ဒဿနအမြင်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးသည် လောကမှာ ဘုရား ပွင့်လာတဲ့အခါ လောကမှာ ဘုရားက သစ္စာလေးပါးနဲ့ စပ်တဲ့စကား ဟောပြီ။ သူ ခံယူနိုင်တဲ့စွမ်းအင်တွေ ရှိပါ့မလား? မရှိပြန်ဘူး။ ဒါဟာလည်း မဂ်ဉာဏ် ရရှိဖို့ရန်၊ မဂ်ဖိုလ်နိဗ္ဗာန် ရရှိဖို့ရန်အတွက် အခွင့်အလမ်း မဟုတ်တဲ့ အက္ခဏ တစ်မျိုးပဲ။ ပြီးတော့ ဒီအက္ခဏတရားနဲ့ ပတ်သက်လို့ ဘုန်းကြီး ဒီည ဗဟုဿုတလေး နည်းနည်းပြောချင်တယ်။

အပဏ္ဏကသုတ္တန်နှင့် သာလပုဏ္ဏားရွာအကြောင်း
အပဏ္ဏက ပဋိပဒါဆိုတဲ့ အမည်ဖြင့် မြတ်စွာဘုရားဟောထားတဲ့ သုတ္တန် တစ်ခု လာရှိပါတယ်။ မလွဲချော်နိုင်တဲ့ ကျင့်စဉ်နဲ့ ပတ်သက်ပြီး ဘုရား ဟောထားတယ်။ ဒီသုတ္တန်လေး ဟောရတဲ့ အကြောင်းရင်းကို ပြန်ကြည့်လိုက်တဲ့ အချိန်အခါမှာ သာလဆိုတဲ့ ပုဏ္ဏားရွာမှာ မြတ်စွာဘုရား တစ်ချိန် ဒေသစာရီ ကြွချီတော်မူပါတယ်။ ဒီ သာလဆိုတဲ့ ပုဏ္ဏားရွာလေးက ဘယ်မှာရှိသလဲ မေးတော့ ကောသလတိုင်းရဲ့ အချက်အချာကျတဲ့ ဗဟိုလမ်းမကြီး တစ်ခု ရှိတယ်။ အဲဒီ လမ်းမကြီးရဲ့ ဘေးနားမှာ ဒီသာလဆိုတဲ့ ပုဏ္ဏားရွာက ရှိတယ်။

ဒီပုဏ္ဏားရွာနဲ့ ဆက်စပ်နေတဲ့ အလွန်ကောင်းတဲ့ တောအုပ်ကြီးတစ်ခုကလည်း ရှိနေပြန်တယ်။ ထိုတောအုပ်ကြီးအတွင်းမှာ ရေမိုးကလည်း အလွန် ချမ်းသာတယ်။ နေရာထိုင်ခင်းတွေကလည်း ကောင်းတယ်။ ကောင်းတဲ့အတွက် ထိုခေတ် ထိုအချိန်အခါက သမဏ ဗြဟ္မဏ အမည်ခံနေတဲ့ ပုဂ္ဂိုလ်မှန်ရင် ဒီသာလဆိုတဲ့ ပုဏ္ဏားရွာကို မရောက်ဖူးဆိုတဲ့ပုဂ္ဂိုလ် သိပ်မရှိကြဘူး။ ရောက်ဖူးတဲ့ သမဏ ဗြဟ္မဏတွေ သိပ်များကြတယ်။ များလိုက်တဲ့ အချိန်အခါမှာ သာလပုဏ္ဏားရွာမှာ ရှိနေတဲ့ ရွာသူရွာသားတွေမှာလည်း ဘယ်လို ဖြစ်နေလဲ? ဝေခွဲနိုင်တဲ့ စွမ်းအား မရှိဘူး။

ဘယ်လိုကြောင့်လဲ? တချို့ သမဏဗြဟ္မဏတွေက ရောက်လာတဲ့ အချိန်အခါမှာ ကံ၊ ကံ၏အကျိုးနဲ့ ပတ်သက်ပြီး ဆက်စပ်ပြီး တရားတွေ ဟောသွားကြတယ်။ ဒီဘဝဆိုတာ ရှိတယ်၊ နောက်တမလွန်ဘဝဆိုတာ ရှိတယ် စသည်ဖြင့် ဒီလို ဟောသွားကြတယ်။ ကောင်းမှုကုသိုလ်ပြုဖို့၊ အမိကို ရိုသေစွာ ပြုစုလုပ်ကျွေးဖို့၊ အဖကို ရိုသေစွာ ပြုစုလုပ်ကျွေးဖို့ ဟောသွားတယ်။

နောက် သမဏ ဗြဟ္မဏ အမည်ရနေတဲ့ ပုဂ္ဂိုလ်တွေ လာကြပြန်တယ်။ ပထမဟောသွားတဲ့ တရားအကြောင်း ရွာသားတွေ တင်ပြလျှောက်ထားတဲ့အခါ - "ဟာ ဒီသမဏ ဗြဟ္မဏတွေက ဘာမှ နားလည်တာ မဟုတ်ဘူး။ တမလွန်ဘဝဆိုတာ လုံးလုံး မရှိပါဘူး။ ကံ၊ ကံ၏အကျိုးဆိုတာ လုံးလုံး မရှိပါဘူး" ဆိုပြီး သူတို့က ပြောင်းပြန်လှန်ပြီး ဟောသွားတယ်။ နောက် သမဏ ဗြဟ္မဏတွေကလည်း နောက်ထပ် သူတို့ရဲ့ ဝါဒအသစ်တွေ လာလာပြီး ဟောသွားတယ်။ အဲဒီလို လာဟောလိုက်တော့ ဘာဖြစ်သွားလဲ? ဒီပုဏ္ဏားရွာမှာ ဝါဒပေါင်းစုံ အယူဝါဒရှိနေတဲ့ သမဏ ဗြဟ္မဏတွေအားလုံး ရောက်ဖူးနေတော့ တရားပေါင်းစုံလည်း နာကြားထားဖူးတဲ့ ပုဏ္ဏားတွေ ဖြစ်နေကြတယ်။ ဘယ်တရားက မှန်တယ်၊ ဘယ်တရားက မှားတယ်လို့ ဆုံးဖြတ်နိုင်တဲ့ စွမ်းအားလည်း ဒီပုဏ္ဏားတွေမှာ မရှိ ဖြစ်နေကြတယ်။

မလွဲနိုင်သောကျင့်စဉ် (အပဏ္ဏကပဋိပဒါ)
နောက်ဆုံးပိတ် ဦးပဉ္စင်းတို့ မြတ်စွာဘုရား ကောသလတိုင်းမှာ ခရီးဒေသစာရီ ကြွချီတော်မူရင်း ထိုရွာကို ရောက်ရှိသွားပါတယ်။ ဘုရားအမှူးရှိတဲ့ သံဃာတွေ ကြွချီလာပြီဆိုတာ သတင်းကြားရတော့ သဒ္ဓါတရားရှိတဲ့ ပုဏ္ဏားမျိုးဖြစ်ခြင်းကြောင့် ဘုရားရှင်ထံ ရောက်ရှိလာကြတယ် ဆိုကြပါစို့။ ထိုအချိန်အခါမှာ ဘုရားရှင်က သူတို့ကို မေးခွန်းလေးတစ်ခု မေးတယ်။

"ဒကာတို့ ... သင်တို့မှာ အာကာရဝတီလို့ ခေါ်ဆိုအပ်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်နှင့် ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်နေတဲ့ ဆရာကောင်း သမားကောင်းများ ရှိပါသလား?" လို့ ဒီမေးခွန်းလေးတစ်ခု မေးကြည့်တယ်။ မေးလိုက်တဲ့အခါမှာ ပုဏ္ဏားတွေကလည်း မရှိတဲ့ဘက်က ပြန်ပြီးတော့ အဖြေပေးပြီး လျှောက်ထားကြပါတယ်။ ထိုအချိန်အခါမှာ မြတ်စွာဘုရားက မလွဲနိုင်တဲ့ ကျင့်စဉ်ဆိုတဲ့ အပဏ္ဏကပဋိပဒါ ကျင့်ဝတ်ပဋိပတ်လေးတွေကို ဟောပြတယ်နော်။

အဲဒီတော့ ခုနက ပြောခဲ့တဲ့အတိုင်းပဲ ခုနက သမဏဗြဟ္မဏ အမည်ခံနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက - "နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ" စသည်ဖြင့်ပေါ့ ဒါနရဲ့ အကျိုးမရှိဘူး၊ သီလရဲ့ အကျိုးတရားဆိုတာ မရှိဘူး၊ သမာဓိ၊ ပညာစသည်တို့ကြောင့် ရရှိမယ့် အကျိုးတရားဆိုတာ မရှိဘူး၊ ဒီလောကလည်း မရှိဘူး၊ တမလွန် လောကလည်း မရှိဘူးဆိုပြီး သူက မရှိဝါဒ လက်ခံတယ်။ အဲဒီလို ကံ၊ ကံ၏အကျိုး လုံးလုံး လက်မခံတဲ့ ဒီပုဂ္ဂိုလ်အတွက် ဘာဖြစ်နေသလဲ? တစ်ဖက်ကနေ ပြန်ကြည့်လိုက်မယ်ဆိုရင် မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ဖို့ရန်အတွက် တံခါးကြီး အခန့်သင့် ပွင့်မနေဘူးလား? ပွင့်နေတယ်။ သုစရိုက် တံခါးကြီးကလည်း အလိုလို ပိတ်မနေဘူးလား? ပိတ်သွားတယ်။ သူက ဘာလုပ်လုပ် ကောင်းမှု၊ မကောင်းမှုဆိုတာ မရှိဘူး။ ကောင်းတာလုပ်လည်း ကောင်းကျိုး မရပါဘူး၊ မကောင်းတာလုပ်လည်း မကောင်းကျိုး မရပါဘူးလို့ သူက ဒီလို လက်ခံထားတယ်။ အဲဒီလို လက်ခံထားခြင်းတည်းဟူသော အကြောင်းကြောင့် သူ့မှာ ဒုစရိုက်တံခါးကြီးတွေက ဟင်းလင်းပွင့်ပြီးတော့ သုစရိုက်တံခါးကြီးက ပိတ်မသွားဘူးလား? ပိတ်နေတယ်။

မှားယွင်းသော အယူဝါဒ၏ အကျိုးဆက်
နောက်တစ်ခု - ဒီလို အယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကြံစည် တွေးခေါ်ရင် မှန်ကန်တဲ့ သမ္မာသင်္ကပ္ပခေါ်တဲ့ မှန်ကန်တဲ့ ကြံစည်စိတ်ကူးမှု သူ့သန္တာန်မှာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ မိစ္ဆာသင်္ကပ္ပခေါ်တဲ့ မှားယွင်းတဲ့ ကြံစည်စိတ်ကူးမှုတွေ သူက ဖြစ်တော့မယ်နော်။ သူ့ရဲ့ ခံယူချက်သည် မှန်ကန်နေတဲ့ သမ္မာဒိဋ္ဌိခံယူချက် ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ မိစ္ဆာဒိဋ္ဌိခေါ်တဲ့ မှားယွင်းတဲ့ ခံယူချက်သာလျှင် ဖြစ်နိုင်တယ်။ ဒီတော့ သူ့ရဲ့ ကြံစည်စိတ်ကူးမှုကလည်း မှားယွင်းတယ်၊ ခံယူချက်ကလည်း မှားယွင်းနေရင် သူပြောတဲ့စကားသည် သမ္မာဝါစာ ဖြစ်ပါဦးမလား? မဖြစ်နိုင်ဘူး။ မိစ္ဆာဝါစာပဲ ဖြစ်တော့မယ်။ သူပြုလုပ်နေတဲ့ လုပ်ငန်းရပ်သည် သမ္မာကမ္မန္တ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ မိစ္ဆာကမ္မန္တပဲ ဖြစ်တော့မယ်နော်။ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းသည် သမ္မာအာဇီဝ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ မိစ္ဆာအာဇီဝ ဖြစ်ဖို့ကတော့ တော်တော်လေး လမ်းပွင့်သွားပြီ။

အဲဒီလို ပုဂ္ဂိုလ်တစ်ယောက် သိတော်မူ၊ မြင်တော်မူတဲ့ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေက ဒီပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်တဲ့အခါ သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်ကြီးပဲလို့ မပြောနိုင်ဘူးလား? မှားယွင်းနေတဲ့ ခံယူချက်ရှိနေတဲ့ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ကြီးပဲလို့ မကဲ့ရဲ့ဘူးလား? ကဲ့ရဲ့လိမ့်မယ်။ ဒီတော့ ဒီပုဂ္ဂိုလ်သည် သိတော်မူ၊ မြင်တော်မူတဲ့ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့ရှုတ်ချမှုဆိုတဲ့ မကောင်းကျိုးကိုလည်း ဒီပစ္စုပ္ပန်မှာ မရနိုင်ဘူးလား? ရနိုင်တယ်။ ရရှိတဲ့အတွက် ဒီပစ္စုပ္ပန်မှာလည်း ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့မှုကို ခံရတဲ့အတွက် သူ မရှုံးဘူးလား? ရှုံးတယ်။ တစ်ချက်။

နောက်တစ်ခု သိတော်မူ၊ မြင်တော်မူတဲ့ ဘုရားအစရှိတဲ့ သူတော်ကောင်းတို့နဲ့ သူက ထိပ်တိုက်ဆန့်ကျင်ဘက်လုပ်ငန်းကြီးကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်လည်း မဖြစ်ဘူးလား? ဖြစ်နေတယ်။ အတိုက်အခံပဲ။ ဘုရားအစရှိတဲ့ တမလွန် လောကရှိတယ်၊ သံသရာခရီး မဆုံးသေးတဲ့ သတ္တဝါများအတွက် တမလွန် လောကရှိတယ်လို့ ဟောတယ်။ သူက မရှိဘူးလို့ ပြောတယ်။ ဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်ရာ နိဗ္ဗာန်ရှိတယ်လို့ ဟောတယ်။ သူက မရှိဘူးလို့ ပြောတယ်။ ထိပ်တိုက် ဆန့်ကျင်ဘက်ဝါဒကို ဟောကြား ပြောဟော မနေဘူးလား? ပြောနေတယ်။ သူပြောဟောချက် မှန်သမျှသည် အားလုံး မိစ္ဆာဝါစာချည်း ဖြစ်မနေဘူးလား? ဖြစ်နေပြီ။

အရှုံးနှင့် အမြတ်
အဲဒီတော့ အဲဒီလို ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့မှုခံရတဲ့အတွက် ပစ္စုပ္ပန်မှာလည်း သူက အရှုံးထွက်တယ်။ လူမိုက်တွေ ကဲ့ရဲ့တာ၊ ရှုတ်ချတာ၊ ချီးမွမ်းတာ ဒါက လိုရင်းမဟုတ်ဘူး။ သိတော်မူ၊ မြင်တော်မူတဲ့ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့မှု၊ ရှုတ်ချမှု၊ ချီးမွမ်းမှုကသာ လိုရင်းဖြစ်တယ်။ ခုတော့ ဒီလို ဒုဿီလ၊ သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ မှားယွင်းတဲ့ ခံယူချက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ မှားယွင်းတဲ့ အပြောအဆို မိစ္ဆာဝါစာတွေကို ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘုရား အစရှိတဲ့ အရိယာသူတော်ကောင်းတို့က ချီးမွမ်းပါ့မလား? မချီးမွမ်းဘူး။ မချီးမွမ်းတဲ့အတွက် ဒီပုဂ္ဂိုလ်ဟာ သံသရာခရီးအတွက် အရှုံးထွက်နေတဲ့ ပုဂ္ဂိုလ်ပဲ။ တစ်ချက်။

နောက်တစ်ခု - သူပြောတဲ့အတိုင်း တမလွန်ဘဝဆိုတာ မရှိဘူးဆိုရင်တော့ သူ့အတွက် တော်သေးတယ်။ တစ်ဘက်က ဒါ အကယ်၍ သူပြောတဲ့အတိုင်း တမလွန်ဘဝဆိုတာ မရှိဘူး မဟုတ်ဘဲ၊ ရှိနေခဲ့မယ်ဆိုရင် ငရဲသို့ ရောက်ဖို့ရန်အတွက်၊ အပါယ်လေးဘုံ ရောက်ဖို့ရန်အတွက် မကောင်းမှုတွေကို အသင့်ပြင်ဆင်ထားပြီး ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ သူ့စကားသည် မရှိဘူးဆိုတဲ့ သူ့ဝါဒအတွက်တော့ လုံလောက်တယ်။ တမလွန်လောက ရှိပါတယ်ဆိုတဲ့ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်း အမြင်နဲ့တော့ လုံလောက်တဲ့ အယူဝါဒမျိုး ဟုတ်သလား? မဟုတ်ဘူး။

ဒါကြောင့် သူက တစ်ဖက်ကိုသာ ပျံ့နှံ့ပြီး တည်တဲ့ ဝါဒ၊ တမလွန်လောက ရှိတယ်၊ မရှိဘူးဆိုတဲ့ ဒီလို စကားနှစ်ခုလုံးကို ပျံ့နှံ့ပြီး တည်တဲ့ ဝါဒမျိုး ဟုတ်သလား? မဟုတ်ဘူး။ တစ်ဖက်သာ သူ့အတွက် တည်တဲ့စကားပဲ။ တမလွန်လောကသည် သူပြောတဲ့အတိုင်း မရှိခဲ့ရင်တော့ သူ့အတွက် မထောင်းတာဘူး။ ထားပါတော့။ တမလွန်လောကသည် သူပြောတဲ့အတိုင်း မရှိဘူး၊ မဟုတ်ဘူး ရှိနေခဲ့မယ်ဆိုရင် ထိုတမလွန်လောကလည်း မကောင်းတဲ့ ဘုံဘဝ၊ ကောင်းတဲ့ ဘုံဘဝ ရှိနေတဲ့အနက်က သူသည် မကောင်းတဲ့ ဘုံဘဝကို ရရှိဖို့ရန်အတွက် မကောင်းမှုတွေကို အားလုံး ပြင်ဆင်ထားပြီး ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒါကြောင့် သူ့ရဲ့ဝါဒသည် ပစ္စုပ္ပန်မှာလည်း သူတော်ကောင်းတို့ရဲ့ ရှုတ်ချကဲ့ရဲ့မှုကို ခံရတဲ့အတွက် ရှုံးတယ်။ တမလွန် လောကမှာလည်း ငရဲသို့ရောက်ရမှာ ကျိန်းသေတဲ့အတွက် မရှုံးဘူးလား? နှစ်ဘက်ရှုံး ရှုံးနေတဲ့ ဝါဒ မဖြစ်ဘူးလား? ဖြစ်တယ်။

အရှိဝါဒနှင့် သမ္မာဒိဋ္ဌိကျင့်စဉ်
ဒါပေမဲ့ တစ်ဖက် သူတော်ကောင်းတွေက ဘာဖြစ်လဲ?
အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ စသည်ဖြင့် ဒါနအကျိုးတရားသည် ရှိတယ်။ သီလရဲ့ အကျိုးတရားဟာ ရှိတယ်။ ကံ၊ ကံရဲ့ အကျိုးတရားဆိုတာ ရှိတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်လို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိတော်မူကြတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဆိုတာ ရှိတယ်၊ အရိယာသာဝကဆိုတာ ရှိတယ်လို့ တစ်ဖက်က လက်ခံတယ်။ အရှိဝါဒပဲ။

အဲဒီလို ရှိတယ်လို့ လက်ခံယုံကြည်နေတဲ့ ကံ၊ ကံရဲ့ အကျိုးတရားကို လက်ခံယုံကြည်နေတဲ့ ဒီသူတော်ကောင်းအဖို့ မကောင်းတဲ့ ဒုစရိုက်တံခါးကြီးက အလိုလို ပိတ်မသွားဘူးလား? ပိတ်သွားပြီ။ ကောင်းတဲ့ သုစရိုက်တံခါးကြီးသည် အမြဲပွင့်နေတယ်။ ဘာဖြစ်လို့လဲ? သူကိုယ်တိုင်က ဒီသစ္စာလေးပါးတရားကြီးကို သိထားပြီး ဖြစ်တယ်။ သမုဒယသစ္စာ အမည်ရနေတဲ့ မကောင်းတဲ့ အကုသိုလ်ကံတွေကြောင့် ဒုက္ခသစ္စာ အမည်ရနေတဲ့ မကောင်းတဲ့ အကျိုးတရားတွေ ရရှိတာလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ သမုဒယသစ္စာ အမည်ရနေတဲ့ ကုသိုလ်ကံတွေကြောင့် ဒုက္ခသစ္စာ အမည်ရတဲ့ ကောင်းတဲ့ အကျိုးတရားတွေ ရရှိတယ်ဆိုတာလည်း သူကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိတယ်။

အဲဒီလို သိနေတဲ့၊ မြင်နေတဲ့ သူတော်ကောင်းတစ်ဦးသည် ဒီအကုသိုလ်ကို သူလုပ်ဦးမလား? မလွန်ကျူးတော့ဘူး၊ မကောင်းမှု ဒုစရိုက်တွေကို လွန်ကျူးဦးမလား? မလွန်ကျူးတော့ဘူး။ မလွန်ကျူးတဲ့အတွက် ဒုစရိုက်တံခါးကြီးဟာ သူ့အတွက် ပိတ်မသွားဘူးလား? ပိတ်သွားပြီ။ သုစရိုက်တံခါးကြီးက ဟင်းလင်းပွင့်နေပြီ။ အကျိုးတစ်ခုပဲ။

နောက်တစ်ခု - ဒီလို မှန်ကန်တဲ့ ခံယူချက်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကြံစည်စိတ်ကူးမှုသည် မှန်ကန်တဲ့ သမ္မာသင်္ကပ္ပသာ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ မှားယွင်းတဲ့ မိစ္ဆာသင်္ကပ္ပ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သူ့ရဲ့ ခံယူချက်သည် မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ ခံယူချက်သာ ဖြစ်နေပြီ။ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိ ခံယူချက် ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သူ့ရဲ့ ပြောဆိုမှု မှန်သမျှသည် မှန်ကန်တဲ့ သမ္မာဝါစာသာ ဖြစ်မယ်။ မိစ္ဆာဝါစာ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။

ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်ဟာ သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ အစရှိတဲ့ မှန်ကန်နေတဲ့ မဂ္ဂင်ကျင့်စဉ်တွေနဲ့ ပြည့်ဝစုံလင်နေတဲ့ သူတော်ကောင်းတစ်ဦးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ မျက်လုံးဘက်ကနေ လှမ်းကြည့်လိုက်တော့ ဒီပုဂ္ဂိုလ်သည်... gkmcuv2oclehomyfewy4betdtkm1wck မင်္ဂလသုတ်-၂၆/၉၇ 0 6249 21884 2026-04-14T05:43:01Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၅..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21884 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၅/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၇/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်(၂၆)

သမ္မာဒိဋ္ဌိအယူနဲ့ မိစ္ဆာဒိဋ္ဌိအယူ နှစ်ခုတို့ရဲ့ အရှုံးအမြတ် နှစ်ခုတို့ အကြောင်းကို ပြောနေပါတယ်။ စကား မဆုံးသေးဘူး။ သမ္မာဒိဋ္ဌိအယူရှိနေတဲ့ သူတော်ကောင်းတစ်ဦး ဒါန, သီလ, သမထ, ဝိပဿနာ အစရှိတဲ့ ကောင်းမှုကုသိုလ်တို့ရဲ့ အကျိုးတရားကို သူက လက်ခံတယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့် သတ္တဝါတစ်ဦးသည် ပါရမီအားလျော်စွာ အရဟတ္တမဂ် အရဟတ္တဖိုလ်ထိ ဆိုက်ရောက်နိုင်တယ်လို့ သူက လက်ခံတယ်၊ စဉ်းစားတယ်၊ တွေးခေါ်တယ်၊ ခံယူတယ်။ ဒီတော့ သူ့သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေက လက်ခံနိုင်တဲ့ စွမ်းအားရှိနေခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် သိတော်မူ, မြင်တော်မူတဲ့ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နဲ့ ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံ လုပ်နေတဲ့ပုဂ္ဂိုလ် ဟုတ်သေးသလား? မဟုတ်တော့ဘူး။

ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ဘက်က လှမ်းပြီး ကြည့်လိုက်ရင်လည်း ဒီပုဂ္ဂိုလ်သည် သီလရှိတဲ့ ပုဂ္ဂိုလ်၊ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်ပဲ စသည်ဖြင့်ပေါ့လေ ချီးမွမ်းကြတယ်။ ပစ္စုပ္ပန်မှာလည်း ဒီပုဂ္ဂိုလ်သည် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့၏ ချီးမွမ်းမှုကို ခံရပါတယ်။ အကယ်၍ တမလွန်လောကသည် မရှိဘူးထား၊ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ပုဂ္ဂိုလ်၊ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ဒီပုဂ္ဂိုလ်အတွက် ဘာများ အကျိုးဆုတ်ယုတ်သွားနိုင်သလဲ? မဆုတ်ယုတ်နိုင်ဘူးနော်။ တမလွန်လောကဟာ မရှိခဲ့ဘူးဆိုရင် ပြောတာပါ။

အကယ်၍ တမလွန်လောကသည် မရှိမဟုတ်၊ ရှိခဲ့တယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့်, သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့်, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းတည်းဟူသော အကြောင်းကြောင့် နောင်တမလွန်ဘဝမှာ ကောင်းရာသုဂတိသို့ ရောက်ရှိဖို့ရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒါကြောင့် ကံ, ကံရဲ့အကျိုးဟာ မရှိပါဘူးလို့ လက်ခံနေတဲ့ မိစ္ဆာဝါဒအတွက်လည်း ဒီပုဂ္ဂိုလ်အတွက် အရှုံးထွက်နိုင်ပါ့မလား? မထွက်နိုင်ဘူး။ ကံ, ကံရဲ့အကျိုးတရားသည် ထင်ရှားရှိပါတယ်ဆိုတဲ့ ဒီအရှိဝါဒအတွက် သမ္မာဒိဋ္ဌိဝါဒအတွက် သူ့အဖို့ အရှုံးထွက်ဦးမလား? မထွက်ဘူး။ နှစ်ဘက်လုံးမှာ သူက ပျံ့နှံ့တည်တယ်။

ဒါကြောင့် “သင် သာလပုဏ္ဏား ရွာသား ဒကာဒကာမတို့လည်း မလွဲချော်နိုင်တဲ့ ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ အပဏ္ဏကပဋိပဒါ နှစ်ဘက်လုံးကို ပျံ့နှံ့တည်နေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ဆောက်တည်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ” ဆိုပြီး မြတ်စွာဘုရားက ပညာပေးစနစ်လေးတစ်ခု ပေးသွားတယ်နော်။ ဒီနေ့တရားနာ ပရိသတ်အပေါင်းတွေလည်း ဒီတိုင်းပဲ။ မိမိတို့ဘက်ကပေါ့လေ ခုနက တမလွန်ဘဝဆိုတာ မရှိဘူးဘဲ ထားပါဦးတော့၊ ဒီသီလကျင့်စဉ်တွေကို ကျင့်ခြင်းတည်းဟူသော အကြောင်းကြောင့်, သမာဓိကျင့်စဉ်တွေကို ကျင့်ခြင်းတည်းဟူသော အကြောင်းကြောင့်, ပညာကျင့်စဉ်တွေကို အောင်အောင်မြင်မြင် ကျင့်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့် ပစ္စုပ္ပန်ဘဝမှာလည်း ဒိဋ္ဌဓမ္မ သုခဝိဟာရခေါ်တဲ့ လက်ငင်းချမ်းသာသုခ၊ သမထ ချမ်းသာ၊ ဝိပဿနာ ချမ်းသာဆိုတဲ့ ဒီချမ်းသာသုခတွေ မရနိုင်ဘူးလား? ရနိုင်တယ်။ အကယ်၍ နောင်တမလွန်လောကဆိုတာ ထင်ရှားဧကန် ရှိခဲ့ရင်လည်း တမလွန်လောကအတွက် ကြိုတင်ပြင်ဆင်ထားပြီးလည်း ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ နှစ်ဘက်လုံးကို သူက ပျံ့နှံ့တည်တယ်။

ခုနက ကံ, ကံရဲ့အကျိုးကို မရှိပါဘူးလို့ လက်ခံတဲ့ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ ကံ, ကံရဲ့အကျိုး မရှိပါဘူးဆိုတဲ့ ဝါဒတစ်ခုအတွက်တော့ ပျံ့နှံ့တည်ပါတယ်။ ဒါပေမဲ့ ကံ, ကံရဲ့အကျိုးတွေကို သူပြောတဲ့အတိုင်း မရှိမဟုတ် ရှိနေခဲ့မယ်ဆိုရင်၊ တစ်နည်း တမလွန်လောကသည် မရှိမဟုတ် ရှိနေခဲ့မယ်ဆိုရင် ထို တမလွန်လောကအတွက် သူဟာ ကြိုတင်ပြင်ဆင်ထားပြီး ဟုတ်သလား? မဟုတ်တော့ဘူး။ ဒါကြောင့် သူက နှစ်ဘက်လုံးကို ပျံ့နှံ့တည်တဲ့ဝါဒ မဟုတ်ဘူးဆိုပြီး ဘုရားရှင်က ပညာပေးစနစ်လေးတစ်ခု ပေးသွားတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဒီလို မိစ္ဆာဒိဋ္ဌိ ခေါ်တဲ့ ကံ, ကံရဲ့အကျိုးကို လက်ခံနိုင်တဲ့ စွမ်းအင်မှ မရှိရင် ထိုပုဂ္ဂိုလ်ဟာလည်း မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် အခါအခွင့် ကြုံပါ့မလား? မကြုံတော့ဘူး။ အက္ခဏလို့ ခေါ်ပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တဲ့ အခါအခွင့်ကို ခဏ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ အခါအခွင့်ကို အက္ခဏဆိုပြီး ဒီလို ဟောထားတယ်။ ဒါက နံပါတ်(၆) အက္ခဏတရားပဲ။

နံပါတ်(၇)က ဘာလဲ? လောကမှာ အရဟံ စ ဘဂဝါ အဆုံးရှိတဲ့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်လည်း လောကမှာ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာပြီးဖြစ်တယ်။ ကိလေသာ အပူမီးတွေကို ငြိမ်းအေးစေတတ်တဲ့ သစ္စာလေးပါး မြတ်တရားကို ထွင်းဖောက်သိမြင်စေတတ်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကိုလည်း ဟောကြားပြသ ဆိုဆုံးမနေပြီဖြစ်တယ်။ ဒါပေမဲ့လို့ ဒီပုဂ္ဂိုလ်က မဇ္ဈိမဒေသလို့ ခေါ်ဆိုအပ်တဲ့ ဘုရားပွင့်ထွန်းပေါ်ပေါက်တော်မူရာ ဒေသမှာတော့ လူသွားဖြစ်ပြီ။ လူဖြစ်ပေမယ့်လို့ ဘယ်လို လူစားမျိုးလဲ? လို့ မေးလိုက်တော့ -

သော စ ဟောတိ ဒုပ္ပညော ဇဠော ဧဠမူဂေါ

သောစ၊ ထိုပုဂ္ဂိုလ်သည်ကား။ ဒုပ္ပညော၊ ပညာမရှိတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၍နေပေ၏၊ ဇဠော၊ မိုက်မဲတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၍နေပြန်၏၊ ဧဠမူဂေါ၊ ဆွံ့အနေတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၍နေပြန်၏၊

လောကမှာ ဘုရားလည်း ပွင့်ပြီ။ ကိလေသာ အပူမီးတွေ ငြိမ်းအေးကြောင်းဖြစ်တဲ့ တရားတွေလည်း ဟောနေပြီ။ ဒါပေမဲ့ မဇ္ဈိမဒေသမှာ လူသွားပြီးတော့ ဒီပုဂ္ဂိုလ်က ဖြစ်တာမှန်တယ်။ မှန်ပင် မှန်သော်လည်းပဲ သူက ဘယ်လိုပုဂ္ဂိုလ် ဖြစ်နေလဲ? ဒုပ္ပညော၊ ဘုရားဟောတဲ့ တရားတွေကို သူက ထိုးထွင်းသိနိုင်တဲ့ ဉာဏ်ပညာ နည်းနည်းလေးမှ မရှိဘူး။ ဇဠော၊ မိုက်မဲနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ ဧဠမူဂေါ၊ ဆွံ့အနေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်နေပြန်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး ဖြစ်နေတဲ့အတွက် ဘာဖြစ်လဲ?

အပ္ပဋိဗလော သုဘာသိတဒုဗ္ဘာသိတဿ အတ္ထမညာတုံ

သုဘာသိတဒုဗ္ဘာသိတဿ၊ ကောင်းစွာ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည့်တရား၊ မကောင်းသဖြင့် ပြောကြားအပ်သော စကား၏၊ အတ္ထံ၊ အနက်ကို။ အညာတုံ၊ သိရှိအပ်သောငှာ။ အပ္ပဋိဗလော၊ မစွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏၊

မိမိက ဉာဏ်ပညာကလည်း မရှိပြန်ဘူး။ မိုက်မဲတဲ့ လူသားတစ်ဦးကလည်း ဖြစ်နေပြန်တယ်။ ဆွံ့အလည်း နေပြန်တယ်။ အဲဒီ အချိန်အခါမှာ ကောင်းကောင်းမွန်မွန် သူ့ကိုပြောလည်း ကောင်းကောင်းမွန်မွန် ပြောနေတဲ့ ထိုစကားရဲ့ အနက်အဓိပ္ပါယ်ကို သူ တတ်သိနားလည်နိုင်တဲ့ စွမ်းအား ရှိဦးမလား? မရှိပြန်ဘူး။ သူ့ကို မကောင်းတဲ့ စကားတွေ သွားပြီး ပြောလည်း သူ တတ်သိနားလည်နိုင်တဲ့ စွမ်းအားတွေ ရှိဦးမလား? မရှိတော့ဘူး။ အခွင့်ကောင်းကြီးတွေ ရှုံးမသွားဘူးလား? ရှုံးသွားတယ်နော်။ ဒါကြောင့် ဘုရားရှင်က ဘာဆက်ဟောလဲ?

အယံ, ဘိက္ခဝေ, သတ္တမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဗြဟ္မစရိယဝါသာယ၊ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးလျက် နေထိုင်ဖို့ရန်။ အယံ၊ ဤသည်ကား။ သတ္တမော၊ ခုနစ်ခုမြောက်သော။ အက္ခဏော၊ အက္ခဏ တရားပါပေတည်း။ အသမယော၊ အသမယ တရားပါပေတည်း။

အက္ခဏ၊ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အခါအခွင့်မဟုတ်တဲ့ အက္ခဏ တရားပဲ။ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အချိန်အခါမဟုတ်တဲ့ အသမယ တရားတစ်ခု ဖြစ်တယ်လို့ ဒီလို ဘုရားရှင် ဟောတယ်။ ဒီတော့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ ဒီနေရာမှာ နည်းနည်း စဉ်းစားကြည့်စမ်းပါနော်။ တချို့ တချို့သော ပုဂ္ဂိုလ်တွေ ဘုန်းကြီးတို့လည်း တော်တော်လေး တွေ့ကြုံဖူးပါတယ်။ ပါရမီက မရင့်ညောင်းလို့ဘဲလားတော့ မပြောတတ်ဘူး။ တရား အကြောင်းကိုပြောရင် လက်ခံနိုင်တဲ့စွမ်းအင် မရှိတဲ့ပုဂ္ဂိုလ်တွေ တော်တော် ခပ်များများ တွေ့ရပါတယ်နော်။

အထူးသဖြင့် ဘုန်းကြီးအနေနဲ့ တရားလေးတွေ ကြိုးစားဟောကြည့်ပါတယ်။ ဘုန်းကြီးဘက်က ဦးတည်ချက်က ဘယ်လိုရှိသလဲမေးရင်တော့ တရားနာ ပရိသတ်တွေထဲမှာ လူ (၁၀၀)မှာ တစ်ယောက်လောက် ဒီတရားကို လက်ခံကျင့်သုံးနိုင်ရင် မိမိအတွက် ဟောရကျိုး နပ်ပြီလို့ ဒီလောက်ပဲ စိတ်ထားပါတယ်။ လူ (၁၀၀)မှာ (၉၉)ယောက်ကတော့ လက်ခံနိုင်တဲ့ စွမ်းအား ရှိချင်မှ ရှိမယ်ဆိုတာလည်း မျှော်လင့်ထားပါတယ်။ ဘုန်းကြီးတို့ရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိတ်ဆွေတစ်ဦးကလည်း ဘုန်းကြီးကို ဝေဖန်တယ်။ ဘယ်လို ဝေဖန်လဲ?

” အရှင်ဘုရားတို့ ဆရာတော်ဟာ လူ (၁၀၀)မှာ တစ်ယောက်လောက်ပဲ လက်ခံနိုင်တဲ့ တရားကို ဟောနေတယ် ” တဲ့။

” လူ (၁၀၀)မှာ (၉၉)ယောက်လောက် လက်မခံတဲ့ တရားမျိုးကို ဟောနေတယ်။ တပည့်တော်ကတော့ လူ (၁၀၀)မှာ (၉၉)ယောက်လောက် လက်ခံနိုင်တဲ့ တရားမျိုးကို ဟောတယ်။ လူ (၁၀၀)မှာ တစ်ယောက်လောက် လက်ခံနိုင်တဲ့ တရားမျိုး မဟောဘူး ” ဆိုပြီးတော့ ဒီလို ဝေဖန်တယ်။ မှန်လည်း မှန်ပါတယ်။ သူ ဝေဖန်တဲ့ ဝေဖန်ချက်သည် မှန်တယ်ဆိုတာ ဘုန်းကြီး လက်ခံနေတယ်။ ဘာဖြစ်လို့လဲ? တကယ်လက်တွေ့ တရားဟောကြည့်လိုက်တဲ့အခါမှာလည်း လက်တွေ့ လူ(၁၀၀)မှာ တစ်ယောက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ပုဂ္ဂိုလ် ရှိချင်မှ ရှိမယ်။ (၁၀၀)မှာ တစ်ယောက် ဆိုတာက ဒါ အစွမ်းကုန် ပြောနေတဲ့စကားပါ။

ဘုရားရှင်ဟောနေတဲ့ တရားတွေကို တဆင့်ပြန်ပြီး ဟောကြားရတဲ့အပိုင်းမှာ အခက်အခဲတွေ အများကြီး ရှိတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတာက ဘုန်းကြီးတို့မှာက စွမ်းအင်တွေက ပြည့်ပြည့်ဝဝ မရှိဘူး။ စွမ်းအင် ပြည့်ပြည့်ဝဝ မရှိဘူးဆိုတာက အထူးသဖြင့်ပေါလေ သတ္တဝါတစ်ဦးရဲ့ ဣန္ဒြေ အနုံ့, အထက်, အနုအရင့်ကိုလည်း ဘာမှ မသိဘူး။ သူ့ရဲ့ အလိုအကြိုက် စရိုက်ဝါသနာတွေကိုလည်း ဘုန်းကြီးတို့က ဘာမှ မသိဘူး။ ရမ်းပြီးတော့ ကြက်ကန်း ဆန်အိုးတိုးတဲ့ ပုံစံနဲ့ ရမ်းပြီး ဟောရတာ ဖြစ်တယ်။ အဲဒီလို ရမ်းပြီး ဟောရတဲ့ အခါကျတော့ ဘုန်းကြီးတို့မှာ ပြည့်စုံသင့်, ပြည့်စုံထိုက်တဲ့ ပြည့်စုံမှုတွေက မရှိတော့ ချို့ယွင်းချက်တွေက သိပ်များတယ်။ ရမ်းဟောလိုက်တော့ တည့်ချင်လည်း တည့်မယ်၊ မတည့်ချင်လည်း မတည့် ဖြစ်တတ်တယ်။

အဲဒီ အချိန်အခါမှာ ခုနက ဦးပဉ္စင်းပြောသလိုပေါ့ - ဘုရားဟောတရားကို ပြန်ပြီး ဟောပြတာ မှန်ပေမယ့်လို့ ဘုရားဟောနေတဲ့ တရားရဲ့ အနက်အဓိပ္ပါယ်ကို ဒါဟာ ကောင်းမွန်စွာ ဟောနေတဲ့ တရားလို့လည်း သိနိုင်တဲ့ စွမ်းအား မရှိဘူး။ ဒါဟာ မကောင်းသဖြင့် ဟောနေတဲ့ စကားပဲလို့ ဒီစကားရဲ့ အနက်အဓိပ္ပါယ်ကိုလည်း တတ်သိနားလည်နိုင်တဲ့ စွမ်းအား မရှိဘူး။ တစ်နည်းအားဖြင့် ပြောရင်တော့ ဒီတရားက အဓမ္မပဲလို့ ဘုန်းကြီးက ဟောတယ်။ အဲဒါကို အဓမ္မလို့ နားလည်နိုင်တဲ့ စွမ်းအား သူက မရှိဘူး။ ဘုန်းကြီးက ဒီတရားသည် ဓမ္မ ဖြစ်တယ်လို့ ဟောတယ်ဆိုပါတော့။ အဲဒီ တရားကိုလည်းပဲ ဓမ္မဖြစ်ပါတယ်လို့ သူက တတ်သိနားလည်နိုင်တဲ့ စွမ်းအားက မရှိဘူး။ ဒီလိုဆိုရင် ဘုရားရှင်ဆိုလိုနေတဲ့ သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိဖို့ဆိုတဲ့ အပိုင်းသည် သူ့မှာ အခက်အခဲတွေ များစွာ မရှိနေဘူးလား? ရှိနေပြီ။ ဒါသည် အက္ခဏပဲ။ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အခါအခွင့်မဟုတ်တဲ့ အက္ခဏတရားနဲ့တော့ ကြုံနေပြီနော်။ ဒါ ခုနှစ်ခုမြောက် အက္ခဏတရားပဲ။

နောက်တစ်ခု - ရှစ်ခုမြောက် အက္ခဏတရားကို မြတ်စွာဘုရား ဆက်ပြီး ဟောတယ်။

ချစ်သားရဟန်းတို့ ...။ လောကမှာ အရဟံ အစ ဘဂဝါ အဆုံးရှိတဲ့ ဂုဏ်တော် ကိုးပါးနှင့်ပြည့်စုံတော်မူတဲ့ ဘုရားရှင်လည်း ပွင့်ထွန်းပေါ်ပေါက်တော်မူလာပြီနော်။ လောကမှာ ရှစ်ခုမြောက်နော်။ သူ့ကျတော့ ပုံစံတစ်မျိုးသွားတယ်။

ပုန စပရံ, ဘိက္ခဝေ, တထာဂတော စ လောကေ အနုပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ…ပေ… သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ လောကမှာ အရဟံ အစ ဘဂဝါ အဆုံးရှိတဲ့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတဲ့ ဘုရားရှင်သည်လည်း လောကမှာ ပွင့်မလာဘူး။ လောကမှာ ဘုရားမပွင့်ဘူးနော်။ နောက်တစ်ခု -

ဓမ္မော စ န ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော

ဩပသမိကော၊ ကိလေသာဟု အပူခပ်သိမ်းကို အငြိမ်းကြီး ငြိမ်းအေးစေနိုင်သည့် စွမ်းအင်အပြည့်အဝရှိသော။ ပရိနိဗ္ဗာနိကော၊ ကိလေသာ အပူဟူသမျှ ချုပ်ငြိမ်းစေတတ်တဲ့ စွမ်းအားရှိသော။ သမ္ဗောဓဂါမီ၊ အရိယ မဂ်ဉာဏ်လေးပါးသို့ ရောက်စေနိုင်သည့် စွမ်းအားရှိသော။ သုဂတပ္ပဝေဒိတော၊ သုဂတ ခေါ်ဆိုအပ်သည့် ဘုရားရှင်တို့သာလျှင် ကောင်းစွာဟောကြားပြသ ဆိုဆုံးမနိုင်သော။ ဓမ္မော စ၊ သစ္စာလေးရပ် တရားမြတ်ကိုလည်း။ န ဒေသိယတိ၊ ဟောကြားတော်မမူပေ။

လောကမှာ ဘုရားလည်း မပွင့်ဘူး။ ကိလေသာ အပူခပ်သိမ်းကို အငြိမ်းကြီး ငြိမ်းစေတတ်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့ မဂ်ဉာဏ်လေးပါးကို ရောက်စေနိုင်တဲ့ သုဂတခေါ်ဆိုအပ်တဲ့ ကောင်းသော စကားကို ဆိုတော်မူတတ်တဲ့ ဘုရားရှင်တို့သာ ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအားရှိတဲ့ သစ္စာလေးရပ်နဲ့စပ်တဲ့ တရားစကားလည်း ဟောကြားနိုင်မယ့် ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူး၊ ဘုရားလည်း မပွင့်ဘူး၊ သစ္စာလေးပါးကို ထိုးထွင်းသိမြင်စေတတ်တဲ့ တရားကို ဟောကြားပြသ ဆိုဆုံးမတတ်တဲ့ပုဂ္ဂိုလ်လည်း လောကမှာ မရှိပြန်ဘူး။ ဒါပေမဲ့လို့ ဘာဖြစ်လဲ?

အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ

ပုဂ္ဂိုလ်တစ်ဦး သတ္တဝါတစ်ဦးက မဇ္ဈိမဒေသမှာ သွားပြီးတော့ လူဖြစ်ပြီ။ မွေးဖွားပြီ။

သော စ ဟောတိ ပညဝါ အဇဠော အနေဠမူဂေါ ပဋိဗလော သုဘာသိတဒုဗ္ဘာသိတဿ အတ္ထမညာတုံ

သော စ ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်လည်းပဲ။ ပညဝါ၊ ပညာရှိ၏၊ အဇဠော၊ မိုက်မဲမှု မရှိ။ အနေဠမူဂေါ၊ ဆွံ့အမှုလည်း မရှိ။ သုဘာသိတဒုဗ္ဘာသိတဿ၊ ကောင်းစွာ ပြောကြားအပ်သော စကား၊ မကောင်းသဖြင့် ပြောကြားအပ်သော စကား၏၊ အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။ အညာတုံ၊ တတ်သိနားလည်ခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏၊

ပုဂ္ဂိုလ်တစ်ယောက် မဇ္ဈိမဒေသမှာ သွားပြီးတော့ လူဖြစ်ပြီ။ ဉာဏ်ပညာကလည်း ကြီးတယ်၊ မိုက်မဲမှုလည်း မရှိဘူး၊ သိပ်ပြီး လိမ္မာတယ်၊ ဆွံ့အမှုလည်း လုံးလုံး မရှိဘူး၊ ကောင်းကောင်းပြောနေတဲ့ စကားအနက်အဓိပ္ပါယ်ကိုလည်း တတ်သိနားလည်နိုင်တဲ့စွမ်းအား ရှိတယ်၊ မကောင်းသဖြင့် ပြောကြားနေတဲ့ စကားရဲ့အနက်အဓိပ္ပါယ်ကိုလည်း တတ်သိနားလည်နိုင်တဲ့ စွမ်းအား ရှိတယ်။ ဒါပေမဲ့လို့ လောကမှာ ဘုရားကလည်း မပွင့်ပြန်ဘူး။ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ဟောကြားပြသ ဆိုဆုံးမပေးမယ့် သစ္စာလေးပါးကို ထွင်းဖောက်သိမြင်စေနိုင်တဲ့ စွမ်းအားရှိတဲ့ တရားဟောတဲ့ ပုဂ္ဂိုလ်လည်း တစ်ဦးမှ မရှိပြန်ဘူး။ မရှိရင် ဒီပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန် ရမလား? မရပြန်ဘူး။

အယံ, ဘိက္ခဝေ, အဋ္ဌမော အက္ခဏော အသမယော ဗြဟ္မစရိယဝါသာယ

ဒါ (၈)ခုမြောက် အက္ခဏတရားပဲ။ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် အခါအခွင့် မဟုတ်တဲ့ တရားတစ်မျိုးပဲ။

ဣမေ ခေါ, ဘိက္ခဝေ, အဋ္ဌ အက္ခဏာ အသမယာ ဗြဟ္မစရိယဝါသာယ

ဘိက္ခဝေ၊ ချသားရဟန်းတို့။ ဗြဟ္မစရိယဝါသာယ၊ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ဖို့ရန်အတွက်။ အက္ခဏ၊ အခါအခွင့်မဟုတ်တဲ့ တရားတို့သည်။ အသမယ၊ အချိန်အခါမဟုတ်တဲ့ တရားတို့သည်။ ဣမေ ခေါ အဋ္ဌ၊ ဤ (၈)မျိုးတို့တည်း။

အက္ခဏတရား ဘယ်နှစ်ခုလဲ? (၈)ခု။ မြတ်စွာဘုရား ဟောသွားပြီ။ နောက်တစ်ခု - မြတ်စွာဘုရားက (၉)ခုမြောက် ခဏတရားတစ်ခု ဟောတယ်။ အက္ခဏက (၈)ခု၊ ခဏက (၁)ခုပဲ။ အဲဒီတစ်ခုကို မြတ်စွာဘုရားက ဆက်ဟောတယ်နော်။

ဣဓ, ဘိက္ခဝေ, တထာဂတော စ လောကေ ဥပ္ပန္နော ဟောတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤလောက၌။ အရဟံ ... ဘဂဝါ၊ အရဟံ ဂုဏ်ရှင်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်၊ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင်၊ သုဂတဂုဏ်ရှင်၊ လောကဝိဒူဂုဏ်ရှင်၊ အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်ရှင်၊ သတ္ထာဒေဝမနုဿာနဂုဏ်ရှင်၊ ဗုဒ္ဓေါဂုဏ်ရှင်၊ ဘဂဝါဂုဏ်ရှင် ဖြစ်တော်မူသော။ တထာဂတော စ၊ တထာဂတ အမည်ရတော်မူသော ဘုရားရှင်သည်လည်းပဲ။ လောကေ၊ လောက၌။ ဥပ္ပန္နော၊ ပွင့်ထွန်းပေါ်ပေါက်၍ လာတော်မူသည်။ ဟောတိ၊ ဖြစ်၏၊

လောကမှာ အရဟံ အစ ဘဂဝါ အဆုံးရှိတဲ့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်လည်း လောကမှာ ပွင့်ထွန်းပေါ်ပေါက်၍ လာပြီ။
ဓမ္မော စ ဒေသိယတိ ဩပသမိကော ပရိနိဗ္ဗာနိကော သမ္ဗောဓဂါမီ သုဂတပ္ပဝေဒိတော။

ဩပသမ္မိကော၊ ကိလေသာဟု အပူဟူသမျှကို အငြိမ်းကြီး ငြိမ်းစေတတ်သော စွမ်းအားရှိသော။ ပရိနိဗ္ဗာနိကော၊ ကိလေသာ အပူခပ်သိမ်းကို ငြိမ်းစေတတ်သော စွမ်းအားရှိသော။ သမ္မောဓဂါမိ၊ အရိယ မဂ်ဉာဏ်လေးပါးသို့ ရောက်ရှိစေနိုင်သည့် စွမ်းအားရှိသော။ သုဂတပဝေဒိတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သည့် သုဂတခေါ်ဆို ဘုရားရှင်တို့သာလျှင် ဟောကြားပြသ ဆိုဆုံးမခြင်းငှာ စွမ်းနိုင်သော။ ဓမ္မော စ၊ သစ္စာလေးရပ် တရားမြတ်ကိုလည်း။ ဒေသိယတိ၊ ဟောကြားပြသ ဆိုဆုံးတော်မူလေပြီ။

လောကမှာ ဘုရားလည်း ပွင့်ပြီ။ ဘုရားရှင်က ကိလေသာ အပူခပ်သိမ်းကို ငြိမ်းအေးစေတတ်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့၊ ဘုရားရှင်တို့ ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့၊ အရိယမဂ်ဉာဏ်လေးပါးသို့ ရောက်စေနိုင်တဲ့ သစ္စာလေးရပ် တရားမြတ်ကိုလည်း ဟောကြားပြသ ဆိုဆုံးမတော်မူပြီ။ စဉ်းစားကြည့်နော်။ ကိလေသာ အပူမီးငြိမ်းဖို့ဆိုတဲ့ လုပ်ငန်းရပ်တွေ လွယ်ကူတဲ့ လုပ်ငန်းရပ်မျိုး ဟုတ်သလား? မဟုတ်ပါဘူး။ ဒီနေ့ ဒကာကြီးတွေရော၊ ဟောနေတဲ့ ဘုန်းကြီးရော၊ တရားနာနေတဲ့ ပရိသတ်ရော ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့လေ လောဘမီးလေးတွေ တောက်လောင်နေတာလည်း ရှိကြပါတယ်။ ဒေါသမီးတွေ တောက်လောင်နေတာ၊ မောဟမီးတွေ တောက်လောင်နေတာ၊ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ ကိလေသာ အပူမီးတွေ တောက်လောင်နေတဲ့ ဒဏ်ချက်တွေ ခံနေရတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်နော်။ အဲဒီ ကိလေသာ အပူမီးတွေ ငြိမ်းသွားအောင် ငြှိမ်းဖို့ဆိုတဲ့ လုပ်ငန်းရပ်သည် လွယ်ကူတဲ့ လုပ်ငန်းရပ်မျိုး ဟုတ်သလား? မဟုတ်ပါဘူးနော်။

သားအပေါ် တွယ်တာနေတယ်။ အဲဒီ တွယ်တာမှုတွေ ဖြတ်တောက် ပစ်လိုက်ပါ။ ပြောတော့သာ လွယ်တာပဲ။ တကယ်တမ်း ဖြတ်တောက်ဖို့ကျတော့ မခက်ခဲဘူးလား? ခက်ခဲတယ်။ သမီးအပေါ် တွယ်တာနေတယ်။ အဲဒီ တွယ်တာမှုတွေ ဖြတ်တောက်ပစ်စမ်းပါ။ ပြောတော့သာ လွယ်တာပဲ။ တကယ်တမ်း ဖြတ်တောက်ဖို့ကျတော့ အင်မတန် ခက်ခဲတယ်။ အာရုံအပေါ် မတွယ်ပါနဲ့။ ဒီအာရုံကို စွန့်လိုက်ပါ။ ပြောတော့သာ လွယ်တာပဲ။ တကယ်စွန့်ဖို့တော့ အင်မတန် ခက်တယ်။ ကိလေသာ အပူငြိမ်းဖို့ဆိုတဲ့ လုပ်ငန်းရပ်သည် အင်မတန် ခက်ခဲတဲ့လုပ်ငန်း၊ အဲဒီ ခက်ခဲတဲ့ ကိလေသာ အပူမီးတွေကို ငြိမ်းစေတတ်တဲ့ စွမ်းအင်အပြည့်အဝရှိတဲ့ တရားတွေကို ဘုရားက ဟောနေပြီ။

အဲဒီလို ကြုံကြိုက်တုန်းမှာ ဒီတရားတွေကို ရအောင် ယူထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘာဖြစ်လို့လဲ? ဒီကိလေသာမီးတွေက ငြိမ်းအောင် မငြိမ်းခဲ့ဘူးဆိုရင် နောက်ထပ် သံသရာခရီး ဆက်ရဦးမယ်။ နောက်ထပ် သံသရာခရီးဆိုတာ ဘယ်ရောက်မယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး။ မပြောနိုင်တာက ဘယ်ပုဂ္ဂိုလ်တွေအတွက်လဲ? ကျိန်းသေတဲ့ ကျင့်စဉ်ကို မကျင့်ထားတဲ့ ပုဂ္ဂိုလ်တွေအတွက် ဘယ်ရောက်မယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး။

အကယ်၍များပေါ့လေ... အကြောင်းမလှလို့ အပါယ်လေးဘုံကိုများ ထိုးကျသွားခဲ့လို့ရှိရင် ပြန်တက်ဖို့ဆိုတာ လွယ်ပါ့မလား? မလွယ်ဘူး။ သိပ်ကြောက်ဖို့ ကောင်းတယ်။ ဒါကြောင့် အခုလို အသိဉာဏ် ရှိနေတုန်း ဘဝတစ်ခုကို ရထားတဲ့ အချိန်အခါလေးမှာပေါ့ ကိလေသာ အပူမီးတွေကို ငြိမ်းအေးစေတတ်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ တရားတွေကို ဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမထားတယ်ဆိုရင် ဒီကိလေသာ အပူမီးတွေ ငြိမ်းအေးကြောင်းဖြစ်တဲ့ ဒီတရားတွေကို ရအောင် ယူထားဖို့ မကောင်းဘူးလား? သိပ်ကောင်းနေတယ်။ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ သိပ်ကောင်းတယ်။

--- ကဲ နောက်တစ်ခု - ဒီပုဂ္ဂိုလ်က ဘာဖြစ်လဲ? လောကမှာ ဘုရားလည်း ပွင့်ပြီ။ ဘုရားကလည်း ကိလေသာ အပူမီးတွေ ငြိမ်းအေးစေတတ်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ တရားတွေကို ဟောပြီ။ ပုဂ္ဂိုလ်တစ်ဦးက ဘာဖြစ်နေလဲ?

အယဉ္စ ပုဂ္ဂလော မဇ္ဈိမေသု ဇနပဒေသု ပစ္စာဇာတော ဟောတိ၊

အယဉ္စ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်လည်းပဲ။ မဇ္ဈိမေသု ဇနပဒေသု၊ မဇ္ဈိမတိုင်းတို့၌။ ပစ္ဆာဇာတော၊ ပဋိသန္ဓေအားဖြင့် မွေးဖွား၍ လာရသည်။ ဟောတိ၊ ဖြစ်၏။

ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာ၊ ဘုရားရှင်ရဲ့ ပရိသတ်လေးပါး ထင်ရှားရှိရာ ဒေသဖြစ်တဲ့ မဇ္ဈိမဒေသမှာလည်း လူလာဖြစ်ပြီ။

သော စ ဟောတိ ပညဝါ အဇဠော အနေဠမူဂေါ ပဋိဗလော သုဘာသိတဒုဗ္ဘာသိတဿ အတ္ထမညာတုံ။

သော စ ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်လည်းပဲ။ ပညာဝါ၊ ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

ဉာဏ်ကြီးတယ်၊ ဉာဏ်ပညာ ကြီးမားတယ်။

အဇဠော၊ မိုက်မဲတဲ့ ပုဂ္ဂိုလ်သည်လည်းပဲ။ န ဟောတိ၊ မဖြစ်ပေ။ အနေဠမူဂေါ၊ မဆွံ့အတဲ့ ပုဂ္ဂိုလ်သည်လည်းပဲ။ ဟောတိ၊ ဖြစ်၍နေပြန်၏။ သုဘာသိတ ဒုဗ္ဘာသိတဿ၊ ကောင်းသဖြင့် ပြောဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ပြောဆိုအပ်တဲ့စကား၏ အနက်အဓိပ္ပါယ်ကို။ အညာတုံ၊ သိရှိနားလည်အံ့ခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏။

ပုဂ္ဂိုလ်တစ်ဦး ကြည့်လိုက်။ မဇ္ဈိမဒေသမှာ လူလာဖြစ်ပြီ။ ဉာဏ်ပညာကလည်း ကြီးတယ်၊ မိုက်မဲတွေဝေနေတဲ့ သတ္တဝါလည်း မဟုတ်ဘူး၊ ဆွံ့အနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ပြန်ဘူး၊ ကောင်းသဖြင့် ပြောတဲ့စကား၊ မကောင်းသဖြင့် ပြောတဲ့စကားတွေရဲ့ အနက်အဓိပ္ပါယ်ကို တတ်သိနားလည်နိုင်တဲ့ စွမ်းအင်လည်း အပြည့်အဝ ရှိနေပြီနော်။

အယံ၊ ဘိက္ခဝေ၊ ဧကောဝ ခဏော စ သမယော စ ဗြဟ္မစရိယဝါသာယ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ ဧကော ဝါ၊ တစ်ခုတည်းသာလျှင်ဖြစ်သော။ အယံ ခဏော၊ ဤကဲ့သို့သော အခွင့်အခါကောင်းသည်ကား။ ဗြဟ္မစရိယဝါသာယ၊ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ခြင်းငှာ။ သမယော၊ အခါအခွင့်ကြီးပါပေတည်း။

ခဏလို့ခေါ်တဲ့ အခွင့်ကောင်းကြီး၊ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အခွင့်ကောင်းကြီးသည် တစ်ခုပဲ ရှိတယ်။ အဲဒီတစ်ခုက ဘာလဲ? လောကမှာ ဘုရားပွင့်ခြင်း၊ သစ္စာလေးပါးတရားကို ဟောကြားပြသ ဆိုဆုံးမခြင်း၊ ထိုသစ္စာလေးပါးတရားကို ခံယူနိုင်တဲ့ စွမ်းအားရှိနေခြင်း။ အဲဒီ အခွင့်အခါကြီးဟာ တစ်ခုပဲ ရှိတယ်။ အဲဒီ အခွင့်အခါတစ်ခု ရခဲ့ပါမှ ထိုပုဂ္ဂိုလ်သည် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တယ်တဲ့။

ကဲ... ဒီတော့ လောကမှာ ဘုရားလည်း ပွင့်ပြီ၊ တရားလည်း ဟောပြီ။ ဒါပေမယ့်လို့ ဒီတရားကို တတ်သိနားလည်နိုင်တဲ့ ဉာဏ်ပညာ အဆင့်အတန်း မိမိမှာ မရှိခဲ့ဘူးဆိုရင် မိမိ ဒီတရား ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဒါကြောင့် ဒီဘဝမှာပေါ့လေ... ခုလို သမထ - ဝိပဿနာ ဘာဝနာကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်ကို ပါရမီအားလျော်စွာ ရချင်လည်း ရမယ်။ မရရှိခဲ့မယ်ဆိုရင် နောင်တစ်ချိန် မဂ်ဖိုလ်နိဗ္ဗာန် ရရှိဖို့ရန်အတွက် မျိုးစေ့ကောင်းတွေတော့ ဖြစ်မသွားဘူးလား? ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဘုရားရှင်က ဆိုဆုံးမတဲ့အနေနဲ့ ဂါထာလေးတွေ ဆက်ပြီး ဟောထားပါတယ်။

--- ‘‘မနုဿလာဘံ လဒ္ဓါန၊ သဒ္ဓမ္မေ သုပ္ပဝေဒိတေ၊ ယေ ခဏံ နာဓိဂစ္ဆန္တိ၊ အတိနာမေန္တိ တေ ခဏံ။

မနုဿလာဘံ၊ ရခဲလှတဲ့ လူ့အဖြစ်ကို ရရှိခြင်းကို။ လဒ္ဓါန၊ ရရှိကြကုန်သည်ဖြစ်၍။ သုပ္ပဝေဒိတေ၊ ကောင်းစွာအပြားအားဖြင့် ဆိုဆုံးမတော်မူအပ်သော။ သဒ္ဓမ္မေ၊ သူတော်ကောင်းတရား၌။ ယေ၊ အကြင်သတ္တဝါတို့သည်။ ခဏံ၊ မဂ်ဖိုလ်နိဗ္ဗာန် ရရှိဖို့ရန် အခွင့်ထူး အခါကောင်းဆိုတဲ့ ခဏကို။ နာဓိဂစ္ဆန္တိ၊ မသိရှိကြလေကုန်။ တေ၊ ထိုကဲ့သို့ မသိရှိကြတဲ့ ပုဂ္ဂိုလ်တို့သည်။ ခဏံ၊ မဂ်ဖိုလ်ရရန် အခွင့်ကောင်းကြီးကို။ အတိနာမေန္တိ၊ ကျော်လွှားလွန်မြောက်၍ သွားကြလေကုန်၏။

လူ့ဘဝတော့ ရပြီ။ ဒါပေမဲ့ ကောင်းစွာဟောကြားပြသ ဆိုဆုံးမထားအပ်တဲ့ သဒ္ဓမ္မအမည်ရတဲ့ သူတော်ကောင်းတရား၌ ခံယူနိုင်တဲ့ စွမ်းအား မရှိကြဘူး။ တတ်သိနားလည်မှု မရှိကြဘူး။ အဲဒီ တတ်သိနားလည်မှု မရှိတဲ့ ထိုသတ္တဝါတွေဟာ ဘာဖြစ်ကြသလဲ? မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိစေနိုင်တဲ့ အခွင့်ထူး အခါထူးကို ကျော်လွှားလွန်မြောက်ပြီးသွားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ တစ်ခါတစ်ရံသာ လောကမှာ ဘုရားရှင်တို့ ပွင့်တာပါနော်။ ဘုရားရှင်တို့ ပွင့်တဲ့အခါမှာလည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေနိုင်တဲ့ စွမ်းအင်ရှိတဲ့ တရားတွေကို ဘုရားရှင်တို့ ဟောတယ်။ ဟောကြားပေမယ့်လို့ ဟောကြားတဲ့ တရားကို တတ်သိနားလည်နိုင်တဲ့ စိတ်ထား မရှိကြဘူး၊ ခံယူနိုင်တဲ့ စွမ်းအားလည်း မရှိကြဘူး။ အဲဒီ မရှိတဲ့ ပုဂ္ဂိုလ်တွေသည် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့ အခွင့်ကောင်းကြီးကို ကျော်လွှားလွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။

နာမည်ကျော်ဖြစ်တဲ့ ဆဗ္ဗဂ္ဂီ ရဟန်းတွေအုပ်စု ကြည့်ကြပေါ့။ အရှင်ဒေဝဒတ်တို့ ကြည့်ကြပေါ့နော်။ ဘုရားရှင်နဲ့လည်း မတွေ့ဘူးလား? တွေ့တယ်။ သစ္စာလေးပါးနဲ့စပ်တဲ့ တရားတွေကိုလည်း မနာကြားရဘူးလား? နာကြားရတယ်။ ဒါပေမဲ့ မဂ်ဖိုလ်နိဗ္ဗာန် ရသွားကြလား? မရသွားကြဘူးနော်။ အခွင့်ကောင်းကြီး ဆုံးရှုံးမသွားဘူးလား? ဆုံးရှုံးသွားကြတယ်။

‘‘ဗဟူ ဟိ အက္ခဏာ ဝုတ္တာ၊ မဂ္ဂဿ အန္တရာယိကာ၊ ကဒါစိ ကရဟစိ လောကေ၊ ဥပ္ပဇ္ဇန္တိ တထာဂတာ။

ဟိ၊ မှန်ပေ၏။ မဂ္ဂဿ၊ အရိယမဂ်တရား၏။ အန္တရာယိကာ၊ အန္တရာယ်ကို ပြုလုပ်တတ်ကြကုန်သော။ ဗဟူ၊ များစွာကုန်သော။ အက္ခဏ၊ အက္ခဏတရားတို့ကို။ ဝုတ္တံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့လေပြီ။

အက္ခဏ တရားက ဘယ်နှစ်ပါး ဟောလိုက်လဲ? (၈)ပါးနော်။ အရိယမဂ်ကို မရောက်အောင် အန္တရာယ်ပြုလုပ်ပေးနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ အက္ခဏ တရားတွေ များစွာ ငါဘုရား ဟောကြားပြီးပြီနော်။

လောကေ၊ လောက၌။ တထာဂတဿ၊ တထာဂတ အမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်။ ကဒါစိ ကရဟစိ၊ တစ်ရံတစ်ခါ၌သာလျှင်။ ဥပ္ပဇ္ဇန္တိ၊ ပွင့်ထွန်းပေါ်ပေါက်၍ လာတော်မူကြလေကုန်၏။

လောကမှာ တထာဂတ အမည်ရတဲ့ ဘုရားရှင်တွေဆိုတာ တစ်ခါတစ်ရံမှသာ ပွင့်ထွန်းပေါ်ပေါက်တော်မူခြင်း ဖြစ်တယ်။ အမြဲတမ်း ပွင့်နေတာ ဟုတ်သလား? မဟုတ်ဘူး။

--- ‘‘တယိဒံ သမ္မုခီဘူတံ၊ ယံ လောကသ္မိံ သုဒုလ္လဘံ၊ မနုဿပဋိလာဘော စ၊ သဒ္ဓမ္မဿ စ ဒေသနာ၊ အလံ ဝါယမိတုံ တတ္ထ၊ အတ္တကာမေန ဇန္တုနာ။ ဝိဇညာ သဒ္ဓမ္မံ၊ ခဏော ဝေ မာ ဥပစ္စဂါ၊ ကထံ ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

လောကသ္မိံ၊ လောက၌။ သုဒုလ္လဘံ၊ အလွန်ရခဲလှစွာသော။ ယံ၊ အကြင် ဗုဒ္ဓုပ္ပါဒ နဝမခဏကို။ သမ္မုခီဘူတံ၊ မြတ်စွာဘုရား၏ မျက်မှောက်ဖြစ်၍ ဖြစ်အံ့ပေ၏။ တယိဒံ၊ ထိုမျက်မှောက်ဖြစ်နေတဲ့ ဗုဒ္ဓုပ္ပါဒ နဝမခဏကို။ လဒ္ဓါ၊ ရရှိကြကုန်သော သတ္တဝါတို့သည်။

ဦးပဉ္စင်းတို့ လောကမှာ ဘုရားပွင့်တယ်။ ဘုရားပွင့်တယ်ဆိုတာက အလွန်ရခဲတဲ့ ဒုလ္လဘ တစ်ခုပဲ။ ဘုရားပွင့်တဲ့အခါကို ဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်ပါတယ်။ ဗုဒ္ဓုပ္ပါဒဆိုတာက ဗုဒ္ဓက ဘုရား၊ ဥပ္ပါဒ ဆိုတာက ပွင့်တော်မူခြင်း၊ နဝမက ကိုးခုမြောက်ပဲ၊ ခဏက မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့ အခွင့်အလမ်း။ ခုနက မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ အခွင့်အလမ်းကို ဘုရားက အက္ခဏ တရားအနေနဲ့ ဘယ်နှစ်ခု ဟောလိုက်သလဲ? (၈)ခု။ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့ အခွင့်အခါ ခဏကို တစ်ခုပဲ ဟောတယ်။ အဲဒါက (၉)ခုမြောက်ပဲ။ ဒါကြောင့် အဲဒီ (၉)ခုမြောက်ကို ဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်တယ်။ အဲဒီ ဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူခြင်းဆိုတဲ့ ဒီခဏသည် လောကမှာ အလွန်ရနိုင်ခဲတဲ့ တရားတစ်ခု ဖြစ်တယ်။ ရနိုင်ခဲတဲ့ ဒီတရားတစ်ခုနဲ့ ခု သူတော်ကောင်းတွေသည် မျက်မှောက် ရင်ဆိုင် တွေ့ကြုံမနေရဘူးလား? တွေ့ကြုံနေရပြီ။ နောက်တစ်ခု -

မနုဿပဋိလာဘော စ၊ လူ့အဖြစ်ကို ရခြင်းသည်လည်းကောင်း။ သဒ္ဓမ္မဿ စ ဒေသနာ၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို ဟောကြားပြသ ဆိုဆုံးမခြင်းကိုလည်းကောင်း။ သမ္မုခီဘူတ၊ မျက်မှောက်ဖြစ်၍ ဖြစ်ရပေ၏။

ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပြီ။ ဒါအခု မျက်မှောက်ခေတ်မှာ ထင်ရှားရှိနေပြီ။ လူ့အဖြစ်ကိုလည်း မိမိတို့ မရဘူးလား? ရနေပြီ။ ဒါလည်း မျက်မှောက်ပဲ။ နောက်တစ်ခု - သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးနဲ့ ဆက်စပ်နေတဲ့ တရားစကားတွေကို ဟောကြားခြင်း ဆိုတာလည်း ဒီနေ့ခေတ် မရှိဘူးလား? ရှိနေပြီ။ ဒါလည်း မျက်မှောက်ပဲ။ အဲဒီလို မျက်မှောက်ခေတ်မှာ ခုလို ကြုံနေရပြီ။ ကြုံနေရတဲ့ အခါကျတော့ ဘာဖြစ်လဲ?

တတ္ထ၊ ထို ဗုဒ္ဓုပ္ပါဒ နဝမခဏ၌။ ကထံ၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ သဒ္ဓမ္မံ၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို။ ဝိဇည၊ သိရှိကြရပါကုန်အံ့နည်း။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ အတ္ထကာမေန၊ မိမိ အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော။ ဇန္တုနာ၊ သတ္တဝါသည်။ ဝါယမိတုံ၊ ကြိုးစားအားထုတ်ခြင်းငှာ။ အလံ၊ သင့်တင့်လျောက်ပတ်လှပါပေ၏။

အလွန်ကြုံခဲတဲ့ ဘုရားရှင်ရဲ့ ပွင့်ထွန်းတော်မူခြင်းဆိုတဲ့ ဗုဒ္ဓုပ္ပါဒ နဝမခဏကြီးနဲ့ လာကြုံပြီ။ ကြုံလိုက်တဲ့ အချိန်အခါမှာ မိမိလည်း လူ့အဖြစ်ကို ရရှိပြီ။ ဘုရားရှင်ကလည်း သဒ္ဓမ္မသုံးဖြာ သာသနာတော်လို့ ခေါ်ဆိုအပ်တဲ့ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာလို့ ခေါ်ဆိုအပ်တဲ့ သာသနာသုံးရပ်ကို ဟောကြားပြသ တည်ထောင်ပြီးတော့ ဆုံးမနေပြီ။ အဲဒီလို ဆိုဆုံးမအပ်တဲ့ ဘုရားရှင်ရဲ့ သာသနာတော်ကို ငါသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သိရှိနိုင်ပါ့မလဲဆိုပြီးတော့ မိမိ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ သတ္တဝါမှန်ခဲ့ရင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ သိပ်ကောင်းတယ်။ ဒါ ဘုရားက တိုက်တွန်းထားတယ်နော်။

ခဏော ဝေ မာ ဥပစ္စဂါ၊

ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ခဏော၊ ဗုဒ္ဓုပ္ပါဒ နဝမခဏကို။ ဥပစ္စဂါ၊ ကျော်လွှားလွန်မြောက်၍ မသွားပါစေလင့်။

ဘုရားပွင့်တော်မူခြင်းဆိုတဲ့ ဒီ ဗုဒ္ဓုပ္ပါဒ နဝမခဏဆိုတဲ့ အခွင့်ကောင်းကြီးကိုတော့ စင်စစ် ကျော်ပြီးတော့ မသွားသင့်ဘူးနော်။ ဘာဖြစ်လို့လဲ?

ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒ နဝမခဏကို ကျော်လွှားလွန်မြောက်၍ သွားကြကုန်သော သူတို့သည်။ နိရယမှိ၊ ငရဲ၌။ သမ္မပ္ပိတာ၊ ဆိုက်ရောက်ကြရကုန်သည်ဖြစ်၍။ သောစန္တိ၊ စိုးရိမ်ပူဆွေး ငိုကြွေး၍ နေကြရလေကုန်၏။

ဗုဒ္ဓုပ္ပါဒ နဝမခဏကို ကျော်လွှားလွန်မြောက်သွားတဲ့ ဒီပုဂ္ဂိုလ်တွေဟာ များသောအားဖြင့်ပေါ့နော် ငရဲရောက်ကြတယ်။ ငရဲရောက်ပြီးတော့ ဒီငရဲ ကျတဲ့ အချိန်အခါကျတော့မှ ဘာဖြစ်လဲ? စိုးရိမ်ပူဆွေး ငိုကြွေးပြီးတော့ နေကြရတယ်။ ဒီလိုဆိုရင် ဒီဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့ အခါအခွင့်ကောင်းကြီးကို ကျော်လွှားလွန်မြောက်အောင် ကျင့်သင့်ပါ့မလား? မကျင့်သင့်ဘူး။ ကြုံကြိုက်တုန်းလေးမှာ ဘုရားဟောထားတဲ့ ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိဖို့ရန် ကျင့်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

--- ‘‘ဣဓ စေ နံ ဝိရာဓေတိ၊ သဒ္ဓမ္မဿ နိယာမတံ၊ ဝါဏိဇောဝ အတီတတ္ထော၊ စိရတ္တံ အနုတပိဿတိ။

ဣဓ၊ ဤဗုဒ္ဓုပ္ပါဒ နဝမခဏ၌။ သဒ္ဓမ္မဿ၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး၏။ နိယာမတံ၊ နိယာမသဘောဟု ဆိုအပ်သော။ နံ၊ ထိုအရိယမဂ်တရားကို။ စေ ဝိရာဓေတိ၊ အကယ်၍ ချို့ယွင်းစေငြားအံ့။

ပုဂ္ဂိုလ်တစ်ယောက် ဆိုကြစို့နော်။ ဘုရားရှင်ရဲ့ သဒ္ဓမ္မလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားတွေရဲ့ ကျိန်းသေ မြဲနေတဲ့ နိယာမသဘောလို့ သတ်မှတ်ထားတဲ့ တရားက ဘာတရားလဲလို့မေးရင် အရိယမဂ်တရားပဲ။ အဲဒီ အရိယမဂ်တရားနဲ့များ အကယ်၍ လွဲချော်သွားခဲ့မယ်ဆိုရင် ပုဂ္ဂိုလ်တစ်ယောက် အဲဒီလို လွဲချော်တဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်သလဲ?

အတီတတ္ထော၊ မိမိ၏ အကျိုးစီးပွားကို လွန်မြောက်သွားသော။ ဝါဏိဇောဝ၊ ကုန်သည်ကဲ့သို့။ စိရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်လွန်စွာသော အချိန်ကာလတို့ပတ်လုံး။ အနုတပ္ပိဿတိ၊ အစဉ်တစိုက် ပူပန်၍ နေရတတ်ပေ၏။

ကုန်သည်တစ်ဦး ဆိုကြပါစို့။ ဘယ်နေရာမှာ ကုန်ပစ္စည်းတွေတော့ ရှိနေတယ်။ ရောင်းဝယ်ဖောက်ကားမှုတွေ သွားပြီး ပြုလုပ်မယ်ဆိုရင် အကျိုးစီးပွား ဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ သတင်းကောင်းကြားတယ်။ အဲဒီလို ကြားပါလျက်နဲ့ ဒီကုန်သည်က မသွားဘူး။ ရောင်းဝယ်ဖောက်ကားမှုလည်း မလုပ်ဘူး။ မလုပ်တော့ တခြားတခြား သတင်းကောင်းကြားနေတဲ့ ကုန်သည်တွေက သွားပြီးတော့ ရောင်းဝယ်ကြတယ်၊ ဖောက်ကားကြတယ်။ ကုန်သွယ်ရေး လုပ်ငန်းတွေ ပြုလုပ်လိုက်တဲ့ အချိန်အခါမှာ အကျိုးအမြတ်တွေ များစွာ ရရှိသွားကြတယ်။ သူတစ်ပါးတွေ အကျိုးအမြတ်တွေ များစွာ ရရှိပြီဆိုတဲ့ အချိန်အခါကျတော့မှ ဒီသတင်း ကြားလိုက်တဲ့ အခါကျတော့ ဒီကုန်သည်က စိတ်ထဲမှာ အကြီးအကျယ် မချမ်းမသာ ဖြစ်သွားတယ်။ အဲဒီ ကုန်သည်လို မဖြစ်ပါစေနဲ့တဲ့ -

အဲဒီ ကုန်သည်လို မဖြစ်ပါစေနဲ့ဆိုတာ ဘာပြောတာလဲလို့မေးတော့ ကျိန်းသေမြဲနေတဲ့ နိယာမလို့ ခေါ်ဆိုအပ်တဲ့ ထိုအရိယမဂ်တရားကို ရရှိအောင် မကျင့်တဲ့ပုဂ္ဂိုလ်တွေသည် အရိယမဂ်တရားနဲ့ လွဲချော်သွားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ လွဲချော်ပြီ ဆိုလို့ရှိရင် ခုနက မိမိ အကျိုးစီးပွားတွေကို လွန်မြောက်သွားတဲ့ ကုန်သည်ဟာ နောင်တတစ်ဖန် ပူပန်နေရသလို အရိယမဂ်တရားနှင့် လွဲချော်သွားတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင်လည်း နောင်တတစ်ဖန် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး ပူပန်ပြီးတော့ နေရပေလိမ့်မယ်လို့ ဒီလို ဟောထားတယ်။ ဘာဖြစ်လို့လဲ?

--- စတုန္နံ ဘိက္ခဝေ၊ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ မမဉ္စေဝ၊ ငါဘုရားသည်လည်းကောင်း။ တုမှာကဉ္စ၊ သင်ချစ်သားတို့သည်လည်းကောင်း။ ဧဝံ ဒီဃမဒ္ဓါနံ၊ ဤသို့လောက် ရှည်လျားလှစွာသော သံသရာခရီးကာလပတ်လုံး။ စတုန္နံ အရိယသစ္စာနံ၊ အရိယာသစ္စာလေးရပ်တရားမြတ်ကို။ အနနုဗောဓာ၊ အနုဗောဓဉာဏ်ဖြင့် ကိုယ်တိုင်ထွင်းဖောက် မသိမြင်ခြင်းကြောင့်။ အပ္ပဋိဝေဓာ၊ ပဋိဝေဒဉာဏ်ဖြင့်လည်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်၍ မသိခြင်းကြောင့်။ သန္ဓာဝိတံ၊ ထိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။ သံသရိတံ၊ တစ်ခုသော ဘဝ၌လည်းပဲ ထပ်ခါထပ်ခါ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

သစ္စာလေးရပ် တရားမြတ်ကို အနုဗောဓဉာဏ်၊ ပဋိဝေဒဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် မသိမမြင်ကြတဲ့အတွက် သင်ချစ်သားတို့တစ်တွေရော၊ ငါဘုရားရော ဒီလောက် ရှည်လျားတဲ့ သံသရာခရီးမှာ ထိုဘဝမှ ဒီဘဝ၊ ဒီဘဝမှ ဟိုဘဝ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရတယ်။ တစ်ခုသော ဘဝမှာလည်းပဲ ထပ်ခါထပ်ခါ ကျင်လည်ကျက်စား ပြေးသွားခဲ့ရပါတယ်ဆိုပြီး ဒီလို ဟောထားတယ်။ ဘယ်မှာ ကျင်လည်ရသလဲဆိုတာနဲ့ ပတ်သက်လို့ကတော့နော် -

ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ၊

- စသည်ဖြင့် ဟိုး ဓမ္မပဒအဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်။ ရာဂ ဒေါသ မောဟ မာန်မာန အစရှိတဲ့ ဒီကိလေသာ အပူမီးတွေကို ငြိမ်းအောင် မငြိမ်းနိုင်သေးတဲ့ သတ္တဝါတွေအဖို့ အပါယ်လေးဘုံသည် ကိုယ့်အိုးကိုယ့်အိမ်ပဲ။ ဘယ်မှာ သတ္တဝါတွေသည် ကျင်လည်ရတာ များသလဲ? အပါယ်လေးဘုံမှာ ကျင်လည်ကျက်စားရတာ များပါတယ်။
” ငါငါတက်ကြွ မာန်မာနနှင့် လောဘဒေါသ အစဖြာသား ယုတ်မာစွာလှ အဓမ္မကို ဝေးကမလာ ကင်းရှင်းကွာအောင် ခါခါမပွား အပျင်းများမူ လေးပါးပါယ်ရွာ နင့်အိမ်သာဟု စိတ်မှာစွဲကပ် သတိချပ်လော့”
ငါငါဆိုပြီး ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားတွေ၊ ရာဂတရားတွေ၊ ဒေါသတရားတွေ၊ မောဟတရားတွေ အစဖြာနေတဲ့ ဒီ ကိလေသာ အပူမီးတွေကို ငြိမ်းအေးအောင် သမထ - ဝိပဿနာဘာဝနာဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အပျင်းထူနေကြမယ်ဆိုရင်တဲ့ ဘာဖြစ်မလဲ? အပါယ်လေးဘုံသည် မိမိအိမ်ပဲ၊ နင့်အိမ်ပဲ။ အပါယ်လေးဘုံဟာ နင်တို့ ရွာပဲလို့ အဲဒီလို စိတ်ထဲမှာ စွဲမှတ်ထားပါဆိုပြီးတော့ ဆိုဆုံးမထားတယ်။

‘‘ဣဓ စေ နံ ဝိရာဓေတိ၊ သဒ္ဓမ္မဿ နိယာမတံ၊ ဝါဏိဇောဝ အတီတတ္ထော၊ စိရတ္တံ အနုတပိဿတိ။

ဣဓ၊ ဤဗုဒ္ဓုပ္ပါဒ နဝမခဏ၌။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရား၏။ နိယာမတံ၊ နိယာမသဘောဟု ခေါ်ဆိုအပ်သော။ နံ၊ ထိုအရိယမဂ်တရားကို။ စေ ဝိရာဓေတိ၊ အကယ်၍ ချွတ်ချော်စေငြားအံ့။ အတီတတ္ထော၊ ထို မိမိအကျိုးစီးပွားကို လွန်မြောက်စေသော။ ဝါဏိဇောဝ၊ ကုန်သည်ကဲ့သို့။ သော၊ ထိုအရိယမဂ်နှင့် လွဲချော်၍ သွားတဲ့ပုဂ္ဂိုလ်သည်။ စိရတ္တံ၊ နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော ကာလတို့ပတ်လုံး။ အနုတပိဿတိ၊ အစဉ်တစိုက် ပူပန်၍ နေရပေလိမ့်မယ်။

ဘယ်မှာသွားပြီး ပူပန်နေရမလဲ? အပါယ်လေးဘုံမှာ သွားပြီးတော့ အစဉ်တစိုက် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ပတ်လုံး ပူပန်နေရလိမ့်မယ်။ ဘုရားဟောထားတယ်နော်။ ဒါကြောင့် -
အဝိဇ္ဇာနိဝုတော ပေါသော, သဒ္ဓမ္မံ အပရာဓိကော၊ ဇာတိမရဏသံသာရံ, စိရံ ပစ္စနုဘောဿတိ။

သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အပရာဓိကော၊ ချွတ်လွဲစေတတ်တဲ့ ပုဂ္ဂိုလ်သည်၊ လွဲချော်၍ သွားတဲ့ပုဂ္ဂိုလ်သည်။

ခုနက အရိယမဂ်တရားလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားနဲ့ လွဲချော်သွားတဲ့ပုဂ္ဂိုလ်သည် ဘာဖြစ်လဲ?

သဒ္ဓမ္မံ၊ အရိယမဂ်တရားဟု ခေါ်ဆိုအပ်သော သူတော်ကောင်းတရားကို။ အပရာဓိကော၊ လွဲချော်သွားတဲ့ ပုဂ္ဂိုလ်သည်။ အပရာဓိကော၊ လွဲချော်၍သွားသော။ အဝိဇ္ဇာနိဝုတော၊ အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်သော။ သော၊ ထိုသတ္တဝါသည်။

အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးခံနေရတယ်။ သဒ္ဓမ္မလို့ ခေါ်ဆိုအပ်တဲ့ အရိယမဂ် အထွတ်တပ်ထားတဲ့ သူတော်ကောင်းတရားနဲ့လည်း လွဲချော်ပြီး သွားတယ်။ အဲဒီ သတ္တဝါသည် ဘာဖြစ်မလဲ? အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးကာဆီးထားတယ်ဆိုတာက ဘာပြောတာလဲ? ဒါက ငါ့သား, ဒါက ငါ့သမီး, ဒါက ငါ့ဇနီး စသည်ဖြင့် အဲဒီ အသိမှားနေတဲ့ ရုပ်တွေနာမ်တွေကို စနစ်တကျ ရှုတတ်တဲ့ ယောဂီတွေ နားလည်ပါတယ်။

ရုပ်တရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံလို့ သိရင် ဒီအသိလည်း မှန်တယ်။ ဒါပေမဲ့ အဲဒီလို မသိဘဲ ပြောင်းပြန်ပြီးတော့ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါလို့ သိခဲ့ရင် ဒီအသိသည် မှားလား မှန်လား? မှားနေတယ်။ အဲဒီ အသိမှားမှု အဝိဇ္ဇာနီဝရဏကြီးက သတ္တဝါတွေရဲ့ ဉာဏ်ပညာမျက်စိကို မမြင်ရအောင် ပိတ်ဖုံးကာဆီးထားတယ်။ ဒါက သားလို့ မှတ်ထား, ဒါက သမီးလို့ မှတ်ထား, ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက လူ, ဒါက နတ်, ဒါက ဗြဟ္မာ စသည်ဖြင့် ဒီလို အသိမှားအောင် ပိတ်ဖုံးကာဆီးထားတယ်။ အဲဒီလို အဝိဇ္ဇာနီဝရဏရဲ့ ပိတ်ဖုံးကာဆီးချက်ကို ခံနေရတဲ့ ဒီသတ္တဝါသည် ဘာဖြစ်မလဲ?

သဒ္ဓမ္မံ၊ အရိယမဂ်တရားဟု ခေါ်ဆိုအပ်သော သူတော်ကောင်းတရားကို။ အပရာဓိကော၊ လွဲချော်၍သွားစေတတ်သော။ အပရာဓိကော၊ လွဲချော်၍သွားသော။ အဝိဇ္ဇာနိဝုတော၊ အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်သော။ သော၊ ထိုသတ္တဝါသည်။ ဇာတိမရဏသံသာရံ၊ ပဋိသန္ဓေ အဖန်ဖန် တည်နေရခြင်း ဇာတိတရား၊ သေကျေပျက်စီးရခြင်း မရဏတရား ရှိနေတဲ့ သံသရာခရီးကို။ စိရံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ပတ်လုံး။ ပစ္စနုဘောဿတိ၊ အစဉ်တစိုက် အဖန်ဖန် အထပ်ထပ် ခံစား၍ နေရပေလိမ့်မယ်။

အရိယမဂ်လို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားလည်း လွဲချော်သွားပြီ။ အဝိဇ္ဇာနီဝရဏတရားကလည်း ပိတ်ဖုံးခံနေရပြီ။ အဲဒီ သတ္တဝါသည် ဘာဖြစ်မလဲ? ပဋိသန္ဓေနေရတဲ့ သံသရာ၊ အဖန်ဖန် အထပ်ထပ် သေကျေ ပျက်စီးရတဲ့ သံသရာ အဲဒီ သံသရာခရီးကို သူကျော်လွှားလွန်မြောက်လို့ ရနိုင်မလား? မရနိုင်ဘူး။ မရနိုင်တဲ့အတွက် ဘာဖြစ်မလဲ? နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး အစဉ်တစိုက် ဒီပဋိသန္ဓေ နေရတဲ့ ဒုက္ခ, အိုရတဲ့ ဒုက္ခ, နာရတဲ့ ဒုက္ခ, သေရတဲ့ ဒုက္ခတွေကို အဖန်ဖန် အထပ်ထပ် တစ်ဘဝပြီး တစ်ဘဝ ခံနေရပေလိမ့်မယ်တဲ့နော်။

ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ မေးလိုက်တော့ ခုနက ပြောခဲ့တဲ့အတိုင်းပဲ။ ဗုဒ္ဓုပ္ပါဒ နဝမခဏနဲ့ ကြုံနေပါလျက်နဲ့၊ အခွင့်ကောင်းကြီးနဲ့ ကြုံနေပါလျက်နဲ့ ဒီအခွင့်ကောင်းကြီးမှာ ရရှိနိုင်တဲ့ သဒ္ဓမ္မလို့ခေါ်ဆိုအပ်တဲ့ အရိယမဂ် အထွတ်တပ်ထားတဲ့ သူတော်ကောင်းတရားတွေကို မိမိက လွဲချော်အောင် ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်နော်။ အရိယမဂ်တရားကသာလျှင် ပဋိသန္ဓေနေရတဲ့ ဒုက္ခ, အိုရတဲ့ ဒုက္ခ, နာရတဲ့ ဒုက္ခ, သေရတဲ့ ဒုက္ခ။ ဒီဒုက္ခ အဝဝ, သံသရာဒုက္ခအဝဝမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့စွမ်းအား ရှိပါတယ်။

ဒီလို သံသရာဝဋ်ဆင်းရဲဒုက္ခတွေမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားအပြည့်အဝ ရှိနေတဲ့ ဒီအရိယမဂ်တရားကြီးဟာ ဘုရားပွင့်တဲ့ အခါမှာသာလျှင် ရရှိနိုင်တဲ့ အခွင့်ကောင်းတစ်ခု ဖြစ်တယ်။ အဲဒီ အခွင့်ကောင်းကြီးကို မိမိက လွဲချော်သွားပြီ။ လွဲချော်သွားလို့ရှိရင် နောက်ထပ်တစ်ဖန် အိုဘေးဆိုးကြီးနဲ့ တွေ့ရမယ်, နာဘေးဆိုးကြီးနဲ့ တွေ့ရမယ်, သေဘေးဆိုးကြီးနဲ့ တွေ့ရမယ်။ အဲဒီလို အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးနဲ့ တွေ့ယုံတင်လားဆိုတော့ မဟုတ်သေးဘူး။ အိုဘေးဆိုးကြီးဆိုတဲ့ ဒုက္ခ, နာဘေးဆိုးကြီးဆိုတဲ့ ဒုက္ခ, သေဘေးဆိုးကြီးဆိုတဲ့ ဒုက္ခ -

ဒီဒုက္ခတွေ ခံစားရတာ ဘယ်မှာသွားပြီး ခံရမလဲလို့ မေးရင်လည်း ယေဘုယျအားဖြင့် အများအားဖြင့် အပါယ်လေးဘုံမှာပဲ သွားပြီးတော့ ခံရလိမ့်မယ်။ သုဂတိ သံသရာမှာက ခဏခေတ္တ တစ်ခါတစ်ရံလေးသာ လာပြီးတော့ ဒီ အိုနာသေရေး ဒုက္ခဘေးတွေကို ခံရမှာဖြစ်တယ်။ အပါယ်လေးဘုံမှာပဲ ခံရမယ်။ အပါယ်လေးဘုံသည် သတ္တဝါတွေရဲ့ ကိုယ့်အိုးကိုယ့်အိမ်ကြီးသာ ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်အိမ်လေးကိုတော့ ခဏခဏပြန်ပြန်ပြီး လှမ်းကြည့်တတ်ဖို့ မလိုဘူးလား? လိုတယ်။ နည်းနည်းလေး မျက်စောင်းထိုး ကြည့်ကြ။ အကယ်၍များသာပေါ့လေ - လွဲချော်သွားမယ် ဆိုရင်တော့ ဒီအိမ်ကို ငါပြန်ရောက်တော့မယ်ဆိုတာလေးကိုတော့ ကိုယ့်ကိုယ်ကို ခဏခဏ သတိပေးဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ဒါကြောင့် -

ယေ စ လဒ္ဓါ မနုဿတ္တံ, သဒ္ဓမ္မေ သုပ္ပဝေဒိတေ၊ အကံသု သတ္ထု ဝစနံ, ကရိဿန္တိ ကရောန္တိ ဝါ။

ယေစ၊ အကြင်သူတော်ကောင်းတို့သည်ကား။ မနုဿတ္တံ၊ လူ၏အဖြစ်ကို။ လဒ္ဓါ၊ ရရှိကြကုန်သည်ဖြစ်၍။ သဒ္ဓမ္မေ၊ သဒ္ဓမ္မသုံးဖြာ သူတော်ကောင်းတရား၌။ သုပ္ပဝေဒိတေ၊ ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော။ သဒ္ဓမ္မေ၊ သူတော်ကောင်းတရား၌။ သတ္ထုဝစနံ၊ မြတ်စွာဘုရားရှင်၏ တရားစကားတော်ကို။ အကံသု၊ ရှေးကလည်း လိုက်နာပြုကျင့်ခဲ့ကြလေကုန်ပြီ။ ကရိဿန္တိ၊ နောင်၌လည်းပဲ လိုက်နာပြုကျင့်ကြပေကုန်လတ္တံ့။ ကရောန္တိဝါ၊ ယခုမူလည်း လိုက်နာပြုကျင့်၍နေဆဲ ဖြစ်ကြပေကုန်၏။

တချို့တချို့ပုဂ္ဂိုလ်တွေနော် အလွန်ရခဲတဲ့ လူ့အဖြစ်ကို ရရှိပြီ။ ရရှိပြီတဲ့ အချိန်အခါမှာ ကောင်းစွာ အပြားအားဖြင့် ကွဲကွဲပြားပြား သိစေတတ်တဲ့ သဒ္ဓမ္မတရားလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားတွေ ရှိကြတယ်။ အဲဒီ သူတော်ကောင်းတရားတွေကို ကြားနာခွင့်ရရှိတဲ့ အချိန်အခါမှာ ဘာလုပ်ကြသလဲ? ဘုရားရှင်ရဲ့ အဆုံးအမ တရားစကားတွေကို ဟိုးရှေးရှေး သံသရာခရီးမှာလည်း လိုက်နာကျင့်သုံးခဲ့ကြတယ်။ နောင်လည်း သံသရာခရီးဆိုတာ ထင်ရှားရှိနေခဲ့ရင် ဆက်လက်ပြီး လိုက်နာကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတယ်။ ဘယ်လိုပုဂ္ဂိုလ်တွေလည်း ကြည့်ပေါ့နော် -

အရှင်သာရိပုတ္တရာတို့ဆိုရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းချီပြီးတော့ အနောမဒဿီ မြတ်စွာဘုရား သာသနာတော်ကနေပြီးတော့ ဂေါတမဘုရားရှင် သာသနာတော်အထိ အစဉ်တစိုက် ဒီသဒ္ဓမ္မသုံးဖြာ သာသနာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ အနောမဒဿီ မြတ်စွာဘုရားရှင် သာသနာတော်မှာလည်း ကျင့်ခဲ့တယ်။ နောက်နောက်ဘုရားတွေ သာသနာနဲ့ ကြုံတဲ့အခါမှာလည်း မကျင့်ကြဘူးလား? ကျင့်ကြတယ်။ ဂေါတမဘုရားရှင် သာသနာတွင်း ရောက်တော့လည်း မကျင့်ဘူးလား? ကျင့်နေကြတယ်နော်။ ဒါကြောင့် -

ခဏံ ပစ္စဝိဒုံ လောကေ, ဗြဟ္မစရိယံ အနုတ္တရံ၊ ယေ မဂ္ဂံ ပဋိပဇ္ဇိံသု, တထာဂတပ္ပဝေဒိတံ။

ယေ၊ အကြင်သူတို့သည်ကား။ တထာဂတပ္ပဝေဒိတံ၊ ဘုရားရှင်တို့သာ ဟောကြားပြသ ဆိုဆုံးမနိုင်သည့် စွမ်းအင်ရှိ၍နေသော (ဝါ) တထာဂတပ္ပဝေဒိတံ၊ ဘုရားရှင်တို့သာ အပြားအားဖြင့် ကွဲကွဲပြားပြား သိစေနိုင်သော စွမ်းအင်ရှိသော။ အနုတ္တရံ၊ အသာဆုံး, အမြတ်ဆုံးဖြစ်သော။ ဗြဟ္မစရိယံ၊ မဂ္ဂဗြဟ္မစရိယကို။ ဝါ သာသနာ့ဗြဟ္မစရိယ = မဂ္ဂဗြဟ္မစရိယဟု ခေါ်ဆိုအပ်တဲ့ ကျင့်စဉ်ကို။

ဗြဟ္မစရိယခေါ်တဲ့ မြတ်တဲ့ ကျင့်စဉ်တွေနော်။ အဲဒီ ကျင့်စဉ်တွေသည် အနုတ္တရ ဘယ်ကျင့်စဉ်နဲ့မှ မတူပါဘူး။ အသာဆုံး, အမြတ်ဆုံး ဖြစ်တယ်။ နည်းနည်းလေး စဉ်းစားကြည့်စမ်းပေါ့လေ။ ဘုန်းကြီးတို့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် ဟိုဘက်လောက်က ဆိုကြပါစို့။ အမေရိကန်က ကမ္ဘာ့ဘာသာပေါင်းစုံကို လိုက်ပြီး သုတေသန လုပ်နေတယ်ဆိုတဲ့ အမေရိကန်ဘုန်းတော်ကြီးတစ်ဦး ဆိုကြပါစို့။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး ကမ္ဘာအေး ရောက်လာတယ်။ ရောက်လာတဲ့ အချိန်အခါမှာ သူက ဟောပြောပွဲလေးတစ်ခု လုပ်တယ်။ အဲဒီ ဟောပြောပွဲလေးမှာ သူက ဘာထည့်ဟောသွားလဲ လို့ဆိုတော့ -

ဗုဒ္ဓတရားတော်မှာ သီလကျင့်စဉ်ပိုင်းဆိုင်ရာ ကြည့်လိုက်ရင်လည်း ပြည့်စုံပါတယ်တဲ့။ သမာဓိဆိုင်ရာ ကျင့်စဉ်တွေ ကြည့်လိုက်လို့ ရှိရင်လည်း အင်မတန် ပြည့်စုံတယ်၊ ပညာကျင့်စဉ်ပိုင်းဆိုင်ရာတွေ ကြည့်လိုက်ရင်လည်း အင်မတန် ပြည့်စုံတယ်လို့ သူက ထည့်ဟောသွားတယ်။ ဟောပြောပွဲ ပြီးတဲ့အချိန်အခါမှာ တချို့ ကိုယ်တော်တွေက သူ့ကို မေးကြည့်တယ်။ ခရစ်ယာန်ဘာသာမှာ ဒီလို သီလကျင့်စဉ်တွေ မရှိဘူးလားလို့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အခါမှာ သူက ဘာပြန်ဖြေလဲ? ခရစ်ယာန်မှာ သီလကျင့်စဉ် မရှိဘူးတော့ မဟုတ်ပါဘူး၊ ရှိပါတယ်တဲ့။ ဒါပေမဲ့လို့ ဗုဒ္ဓဘာသာထဲက ခိုးချထားတာ နည်းနည်းပါးပါး ရှိတာပါတဲ့။ သူက ဒီလို ပြောသွားတယ်။ နည်းနည်းလေး ဟုတ်,မဟုတ် ပြန်စဉ်းစားကြည့်ပေါ့လေ။ ဘုန်းကြီး ဗဟုသုတရှိသလောက် နည်းနည်းလေး တစ်ခုလောက်၊ နှစ်ခုလောက် ထုတ်ပြောမယ်။

သင့် ဓား တိုနေမယ် ဆိုလို့ရှိရင် ရှေ့ကို တစ်လှမ်းတိုးပြီး ခုတ်ပါ - တဲ့။ ဒီစကားလေး ကြားဖူးကြလိမ့်မယ်။ အဲဒါ ဘယ်က လာသလဲ? သူတို့ ခရစ်ယာန် သမ္မာကျမ်းစာက လာတဲ့စကားပဲ။ ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ ကျင့်စဉ်ကို ကြည့်လိုက်၊ ပိုးရွခြပုန်းကအစ သူတစ်ပါးရဲ့အသက်ကို ဘယ်တော့မှ မသတ်ရဘူးတဲ့။ ရှေ့ကို တစ်လှမ်းတိုးပြီး ခုတ်ရမလား? မဟုတ်ဘူး။ သီလကျင့်စဉ်ပိုင်းဆိုင်ရာကို ကြည့်လိုက်။ အင်မတန် စင်ကြယ်တယ်၊ ဖြူစင်တယ်နော်။

သူ့အသက်ကို ဘယ်တော့မှ မသတ်ရဘူး။ ပိုးရွခြပုန်းကအစ ဘယ်သူ့အသက်ကိုမှ မသတ်ရဘူး။ သူ့ပစ္စည်း မတရား မယူရဘူး။ သူ့ သားမယား မဖျက်ဆီးရဘူး။ အင်မတန် စင်ကြယ်တယ်တဲ့ ကျင့်ဝတ်ကလေးတွေပါ။ မုသား ဘယ်တော့မှ မပြောရဘူး။ မုသားမပြောဘူးဆိုတော့ ကုန်းတိုက်တာရော လုပ်ရမလား? ဟင် ! ဘယ့်နှယ်တုံး? အတင်းအဖျင်းတွေရော ပြောရမလား? မပြောရဘူး။ မစင်ကြယ်ဘူးလား? သိပ်စင်ကြယ်တယ်။ ကြည့်လိုက်ရင်နော်။

သီလပိုင်းဆိုင်ရာ ကျင့်ဝတ်ပဋိပတ်တွေ ကျင့်လိုက်ရင်လည်း သိပ်စင်ကြယ်တယ်။ သူတစ်ပါး ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေ ဒီအထဲမှာ ပါသလား? မပါဘူး။ သင့်ဓား တိုနေမယ် ဆိုလို့ရှိရင် ရှေ့ကို တစ်လှမ်းတိုးပြီး ခုတ်လိုက်စမ်းပါဆိုတဲ့ ညွှန်ကြားချက်မျိုး ရှိသလား? မရှိဘူး။ သီလပိုင်း ကြည့်လိုက်တယ်။ အနုတ္တရ အတုမရှိပါဘူး။ သိပ်စင်ကြယ်တယ်။

သမာဓိပိုင်း ကြည့်လိုက်မယ် ဆိုလို့ရှိရင်လည်း ဘုန်းကြီးတို့ ကမ္မဋ္ဌာန်း လေးဆယ်ဆိုပြီးတော့ ဘုရားရှင်က ပြည့်ပြည့်စုံစုံ ညွှန်ကြားပြီး ဟောသွားပါတယ်။ အဲဒီလို ကမ္မဋ္ဌာန်း လေးဆယ်ကဲ့သို့ ပြည့်ပြည့်စုံစုံ ညွှန်ကြားထားတဲ့ ကျင့်ဝတ်ပဋိပတ်ဆိုတာ တခြားသာသနာတွင်းမှာ စုံစုံလင်လင် မရှိပါဘူး။ အနည်းအကျဉ်းတော့ ရှိတယ်။ အနည်းအကျဉ်းရှိတယ်ဆိုတာက အာနာပါန ကျင့်စဉ်ကဲ့သို့ ကျင့်စဉ်မျိုးတွေဟာ တချို့တချို့ ဟိန္ဒူတို့လို ဝါဒတွေမှာတော့ ရှိတန်သလောက် ရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာမှာလာတဲ့ ကျင့်ဝတ်ပဋိပတ်နဲ့ တူသလားလို့ မေးရင်တော့ မတူညီတဲ့ အချက်တွေ များစွာ ရှိပါတယ်။ နှိုင်းယှဉ်လို့ မရပါဘူး။

ပညာပိုင်း ကြည့်မယ်ဆိုရင်လည်း ကြည့်ပေါ့။ ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ ပညာကျင့်စဉ်မှာ ကြည့်။ တစ်လောကလုံးမှာ သက်ရှိသက်မဲ့ သတ္တဝါအားလုံး တည်ဆောက်ထားတာ ရုပ်လောကကြည့်လိုက်ရင် ဘာတွေနဲ့ တည်ဆောက်ထားသလဲ? ကလာပ်ခေါ်တဲ့ အမှုန်လေးတွေနဲ့ တည်ဆောက်ထားတယ်။ အဲဒီ အမှုန်လေးတွေသည် ဒီနေ့ အက်တမ်လို့ ခေါ်ဆိုအပ်တဲ့နော် အဏုမြူ သို့မဟုတ် ပရမာဏုမြူတွေထက် အဆပေါင်းများစွာ သေးငယ်လိမ့်မယ်လို့ ယူဆရတယ်။ အဲဒီ အမှုန်လေးတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။

ဒီ တစ်မှုန် တစ်မှုန်မှာ ဓာတ်ခွဲကြည့်လိုက်လို့ရှိရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာစသဖြင့် သဘောတရားလေးတွေ တချို့ (၈)ခု၊ တချို့ (၉)ခု၊ တချို့ (၁၀)ခုစသည် ရှိတယ်။ အဲဒီ သဘောတရားလေးတွေသည် မဖြစ်ခင်ကလည်း မရှိဘူး၊ ဖြစ်ပြီးနောက်လည်း မရှိဘူး။ မရှိခြင်း နှစ်ခုရဲ့ အလယ်ခေါင်မှာ ယာယီအခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာတဲ့ ဓမ္မသဘောတရားတွေ ဖြစ်ကြတယ်။ ယာယီ ဆိုသည်မှာ ဘယ်လောက် ယာယီလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ တစ်စက္ကန့်ကို အကြိမ် ကုဋေငါးထောင်ခန့်လောက်ပုံရင် တစ်ပုံလောက်သာ သက်တမ်းရှိတဲ့ ယာယီပဲ။ အဲဒီလောက်အထိ လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေပါတယ်ဆိုပြီး ဘုရားဟောသွားတယ်။ ဘယ်တုန်းက ဟောသွားလဲလို့မေးရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဟောသွားတယ်။

အဲဒီ ဟောကြားချက်တွေဟာ ဒီနေ့ သိပ္ပံပညာက အထိုက်အလျောက် လက်ခံနိုင်တဲ့ အဆင့်အထိ ရောက်လာပါတယ်။ အဲဒီ ဟောကြားချက်မျိုးကို ဟောသွားတဲ့ ဘာသာရေးခေါင်းဆောင်ဆိုတာ ဦးပဉ္စင်းတို့ ရာဇဝင်သမိုင်းကို ပြန်ကြည့်လို့ရှိရင် ရှိသလား? မရှိပါဘူး။ ဒါ ရုပ်လောကနော်။ နာမ်လောကအကြောင်းကိုလည်း ဦးပဉ္စင်းတို့ မြတ်စွာဘုရား ဟောသွားပါတယ်။ ဒီနာမ်တရားတွေကို သိအောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမယ်ဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေကိုလည်း စနစ်တကျ ဟောသွားတယ်။ အဲဒီလို နာမ်တရားလောကနဲ့ ပတ်သက်ပြီး ဟောသွားတဲ့ ဘာသာရေး စာပေဆိုတာလည်း ပြန်ကြည့်လိုက်ရင် မရှိပါဘူး။ ဦးပဉ္စင်းတို့ ဗုဒ္ဓဘာသာမှာ ဟောထားတဲ့ ပုံစံစနစ်မျိုး မရှိဘူး။ နောက်တစ်ခု -

ဒီရုပ်ဒီနာမ်တွေသည် ဘာကြောင့် ဖြစ်ရသလဲ? ဆိုတဲ့ အကြောင်းတွေကို ဘုရားရှင်က စနစ်တကျ ဟောသွားတယ်။ အတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာလို့ ခေါ်ဆိုအပ်တဲ့ အကျိုးတရား၊ ရုပ်တရား၊ နာမ်တရားတွေ လာပြီး ဖြစ်တယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေ ထင်ရှားဖြစ်မယ် စသည်ဖြင့် အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါး ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားတွေကို ပြည့်ပြည့်စုံစုံ မြတ်စွာဘုရား ဟောသွားတယ်။

အဲဒီလို ဟောလိုက်တဲ့အပိုင်းမှာလည်း အတိတ်နဲ့ပတ်သက်လို့လည်း အတိတ်ဘဝ တစ်ခုနှစ်ခုလောက်သာ ဟောတာ မဟုတ်ပါဘူး။ အတိတ်သံသရာခရီး များစွာ ရှိတဲ့အကြောင်း “အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော” စသည်ဖြင့် ဉာဏ်ဖြင့် အစဉ်လျောက်၍ လှမ်းမျှော်ကြည့်သော်လည်း မသိအပ်၊ မသိနိုင်သော အစရှိတယ် စသည်ဖြင့် အတိတ်သံသရာခရီး ရှည်လျားပုံတွေကို ဘုရားဟောသွားပါတယ်နော်။

အဲဒီလို အတိတ်ဘဝ ရှိတယ်။ အတိတ်က အကြောင်းတရားတွေ ပြုစု ပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံအစရှိတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ အကျိုးတရားတွေ လာဖြစ်တယ်။ ဒီဘဝ ထူထောင်နေတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာလည်း သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် အကျိုးတရားတွေ ဖြစ်လိမ့်မယ်လို့ ဟောနိုင်တဲ့ ဘာသာရေးခေါင်းဆောင် ဘယ်နှစ်ဦးရှိလဲ? တစ်ဦးမှ မရှိခဲ့ပါဘူးနော်။

အဲဒီ ကျင့်ဝတ်ပဋိပတ်တွေကို စနစ်တကျ ကျကျနန ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် စနစ်တကျ အားထုတ်ရမယ်ဆိုပြီးတော့ ကျင့်ပုံ နည်းစနစ်တွေကိုလည်း ပြည့်ပြည့်စုံစုံ ဦးပဉ္စင်းတို့ မြတ်စွာဘုရား ဟောသွားတယ်။ ဟောသွားတဲ့အတွက် ဒီကျင့်ဝတ်ပဋိပတ်တွေအတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အတွက် ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တရား, နာမ်တရား၊ သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားတွေလည်း ဟုတ်တိုင်းမှန်စွာသိတဲ့ သူတော်ကောင်းတွေ များစွာ မပေါ်ခဲ့ဘူးလား? ပေါ်ခဲ့တယ်နော်။ ဒီနေ့လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြမယ်ဆိုရင် ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ သိနိုင်တဲ့ အခွင့်အလမ်းတွေ မရှိဘူးလား? ရှိတယ်။ ဒီလောက်နဲ့ ရပ်သလားဆိုတော့ မရပ်ပါဘူး။

မြတ်စွာဘုရားကနော် - ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး၊ သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရား။ ဒီအကြောင်းတရားနှင့်တကွသော ဒီဒုက္ခသစ္စာတရားအားလုံးသည် ဘာဖြစ်သလဲ? ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားတွေသာ မှန်တယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက် ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာမှန်တယ်။ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုပါဆိုပြီး ရှုပုံနည်းစနစ်တွေကိုလည်း စနစ်တကျ ညွှန်ကြားပေးခဲ့ပါတယ်။ အဲဒီလို ရှုလိုက်ရင် ဘာဖြစ်မလဲ? ဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို လှမ်းပြီး သိလိမ့်မယ်, မြင်လိမ့်မယ်ဆိုပြီးတော့ လမ်းဆုံးတဲ့အထိ ပညာရေးစနစ်ကို ပေးသွားတယ်။

အဲဒီ နိဗ္ဗာန်ကိုပေါ့လေ - လေးပါးသော မဂ်ဉာဏ်၊ လေးပါးသော ဖိုလ်ဉာဏ်ဖြင့်သာ စနစ်တကျ ထိုးထွင်းသိပါစေ။ သံသရာဝဋ်ဆင်းရဲဒုက္ခကြီး လုံးလုံး ချုပ်ဆုံးသွားလိမ့်မယ်ဆိုပြီး သံသရာခရီး ဆုံးတဲ့အထိ တစ်နည်းအားဖြင့် ပညာကျင့်စဉ်မှာ လမ်းဆုံးတဲ့အထိ ဦးပဉ္စင်းတို့ မြတ်စွာဘုရား ဟောသွားပါတယ်။ အဲဒီလို ဟောသွားတဲ့ ကျင့်စဉ်သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းတည်းဟူသော အကြောင်းကြောင့် ဘယ်ပုဂ္ဂိုလ် တစ်စုံတစ်ရာမှ ထိခိုက်နစ်နာမှု ရှိနိုင်သလဲ? မရှိဘူး။ သိပ်ဖြူစင်တယ်။

ဒါကြောင့် ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ ကျင့်ဝတ်ပဋိပတ်ကို အနုတ္တရ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ အသာဆုံး, အမြတ်ဆုံးဖြစ်တဲ့ ကျင့်စဉ်လို့ ခေါ်တယ်။ ဗြဟ္မစရိယ၊ မြတ်သော ကျင့်စဉ်လို့လဲ ခေါ်ပါတယ်။ အတုမဲ့ အမြတ်ဆုံးဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေ ဖြစ်တယ်။ အဲဒီ ကျင့်ဝတ်ပဋိပတ်တွေဟာ ဒီနေ့ တရားနာနေတဲ့ သူတော်ကောင်းတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်မရကြဘူးလား? ရသေးတယ်, ရသေးတယ်နော်။ ဒါကြောင့် -

ယေ၊ အကြင်သူတို့သည်ကား။ တထာဂတပ္ပဝေဒိတံ၊ ရှင်တော်ဘုရားတို့သည်သာလျှင် အပြားအားဖြင့် ကွဲကွဲပြားပြား သိစေနိုင်သော။ အနုတ္တရံ၊ အသာဆုံး, အမြတ်ဆုံးဖြစ်သည့်။ ဗြဟ္မစရိယံ၊ သာသနာ့ဗြဟ္မစရိယ၊ မဂ္ဂဗြဟ္မစရိယဟု ခေါ်ဆိုအပ်သော။ မဂ္ဂံ၊ မဂ္ဂသစ္စာ ကျင့်ဝတ်ကျင့်စဉ်ကို။ ပဋိပဇ္ဇိံသု၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြလေကုန်ပြီ။ လောကေ၊ လောက၌။ တေ၊ ထိုကဲ့သို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်သော သူတော်ကောင်းတို့သည်။ ခဏံ၊ ဗုဒ္ဓုပ္ပါဒ နဝမခဏကို။ ပစ္စဝိဒုံ၊ ထိုးထွင်းသိမြင်တဲ့ ပုဂ္ဂိုလ်တို့ ဖြစ်ကြလေကုန်၏။

ဘုရားရှင်တို့သာ ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့၊ ကွဲကွဲပြားပြား သိစေနိုင်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေ အသာဆုံး, အမြတ်ဆုံး ဖြစ်တဲ့ ဗြဟ္မစရိယလို့ ခေါ်ဆိုအပ်တဲ့ မြတ်သော ကျင့်စဉ်တွေကို ဘုရားရှင် ဟောသွားပြီနော်။ အဲဒီ ဟောသွားတဲ့ ဒီကျင့်စဉ်တွေကို အကြင်သူတော်ကောင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြတယ်။ ဒီလို လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့ ဒီလို သူတော်ကောင်းတွေသည် ဘာဖြစ်ကြသလဲ? ဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်ဆိုအပ်တဲ့ အလွန်ရခဲတဲ့ ဘုရားပွင့်ရာ အခွင့်အခါထူးကြီးကို ထိုးထွင်းသိမြင်တဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြပါပေတယ်နော်။

ဒီတော့ မကျင့်ဘူးဆိုရင် ဗုဒ္ဓုပ္ပါဒ နဝမခဏကြီးကို ထိုးထွင်းသိနေတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောနိုင်မလား? မပြောနိုင်ဘူးနော်။ တကယ်လက်တွေ့ ဒီသူတော်ကောင်းတရားကို ကျင့်နေတဲ့ သူတော်ကောင်းတွေသည်သာလျှင် ဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်ဆိုအပ်တဲ့ အခွင့်ကောင်းကြီးကို ထိုးထွင်းသိတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြတယ်။

သံဝရာ စက္ခုမတာ, ဒေသိတာဒိစ္စဗန္ဓုနာ၊ ယေ တေသု ဂုတ္တော သဒါ သတော, ဝိဟရေ အနဝဿုတော။

အာဒိစ္စဗန္ဓုနာ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။ စက္ခုမတာ၊ စက္ခုအမြင်နှင့် ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။ ယေ သံဝရာ၊ အကြင်သံဝရ စောင့်စည်းမှု သံဝရတရားတို့ကို။ ဒေသိတာ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။ တေသု၊ ထို စောင့်စည်းမှု သံဝရ တရားတို့၌။ ဂုတ္တော၊ လုံခြုံစွာ စောင့်ထိန်းလျက် ရှိသည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ သတော၊ သတိနှင့် ပြည့်စုံလျက်။ အနဝဿုတော၊ ကိလေသာတည်းဟူသော မိုးကို စွတ်စိုမှု မရှိစေဘဲ။ ဝိဟရေ၊ နေထိုင်လေရာ၏။

နေမင်း၏ အဆွေဖြစ်တော်မူတယ် ဆိုတာကတော့ နေမင်းသည် သတ္တဝါတွေကို လင်းရောင်ခြည် စွမ်းအင်ပေးသလို ဘုရားရှင်ကလည်း သတ္တဝါတွေကို မှန်ကန်နေတဲ့ လင်းရောင်ခြည်၊ ပညာရောင်ခြည်တွေကို ထုတ်ဖော်ပေးတဲ့အတွက် နေမင်းနဲ့တူတယ်ဆိုပြီး ဒီလို တင်စားထားတယ်။ ဒီနေ့ လက်တွေ့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များ သဘောပေါက်သင့်သလောက် ပေါက်မယ်လို့ ယူဆပါတယ်နော်။ သမာဓိ ထူထောင်လိုက်လို့ သမာဓိ ဒီဂရီက စံချိန်မီလာပြီ ဆိုလို့ရှိရင် လင်းရောင်ခြည်တွေ ထွက်မလာဘူးလား? ထွက်လာတယ်။

အဲဒီ လင်းရောင်ခြည်တွေက စံချိန်မီသာ မီပါစေ ခုနက ပြောခဲ့တဲ့ ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရား, အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ထွန်းလင်းပြနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိတယ်။ ပကတိသော နေမင်းသည် အမိုက်မှောင်ထဲမှာ တည်ရှိနေတဲ့ အရာဝတ္ထုအားလုံးကို မြင်အောင် ထွန်းလင်းပြနိုင်တဲ့ စွမ်းအားရှိသလိုနော် - ဉာဏ်တည်းဟူသော အရောင်အလင်းဟာလည်း ပကတိ မျက်စိဖြင့် မမြင်နိုင်တဲ့ ရုပ်တရား၊ နာမ်တရား၊ အကြောင်းတရား, အကျိုးတရား၊ အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို သတ္တဝါတွေ မြင်အောင် ထွန်းလင်းပြနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။

ဒီလောက်တွင် ရပ်သလား? ဒီရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကို ကမ်းကုန်အောင်တော့ သိပါစေ။ လမ်းဆုံးသွားတာနဲ့ တစ်ပြိုင်နက်တည်း ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို ထိုယောဂီသည် သွားပြီး ဆိုက်ရောက် မျက်မှောက် ပြုလိမ့်မယ်။ အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို ကိုယ်တိုင်မျက်မှောက် သိလိမ့်မယ်။ အဲဒီ နိဗ္ဗာန်သိသည်အထိ ဒီဉာဏ်ပညာတည်းဟူသော အရောင်အလင်းကြီး ထင်ထင်ရှားရှားကြီးသိအောင် ထွန်းလင်းမပြဘူးလား? ပြနေတယ်။ အဲဒီ ထွန်းလင်းပြနေတဲ့ ဒီလုပ်ငန်းရပ်ကျင့်စဉ်တွေကို ဘုရားရှင်သည် ဟောကြားပြသ ဆိုဆုံးမသွားပါတယ်။ အဲဒီလို ဆုံးမသွားတဲ့ တရားတွေထဲမှာ သံဝရလို့ ခေါ်ဆိုအပ်တဲ့ စောင့်စည်းမှုတွေ လိုအပ်တယ်။

ဘာတွေကို စောင့်စည်းရမလဲ? ကာယကံတွေကို စောင့်စည်းရမယ်၊ ဝစီကံတွေကို စောင့်စည်းရမယ်၊ မနောကံတွေကို စောင့်စည်းရမယ်။ ကာယကံ စောင့်စည်းမှု၊ ဝစီကံ စောင့်စည်းမှုကတော့ သီလကျင့်စဉ်နဲ့ ပြီးပါတယ်နော်။ မနောကံ စောင့်စည်းမှုကတော့ ဘာတွေနဲ့ စောင့်စည်းရမလဲ? သမထလို့ ခေါ်ဆိုအပ်တဲ့ သမာဓိဘာဝနာ လုပ်ငန်းရပ်တွေဖြင့် စောင့်စည်းရမယ်။ ဝိပဿနာလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာကျင့်စဉ်တွေဖြင့် မိမိတို့၏ စိတ်ကို စောင့်စည်းရမယ်။
qoo9sqz5o8tap9zyozlvnb8msrsmq65 မင်္ဂလသုတ်-၂၇/၉၇ 0 6250 21885 2026-04-14T05:44:03Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၆..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21885 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၆/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၈/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် (၂၇)

သီလ, သမာဓိ, ပညာသိက္ခာသုံးရပ် အကျင့်မြတ်တွေဖြင့် မိမိတို့ရဲ့စိတ်ကို စောင့်စည်းဖို့ရန်အတွက် ဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမထားတော်မူပါတယ်။ ဒီနေရာမှာ ဘုရားရှင်က ဘယ်လို တိုက်တွန်းထားသလဲ?

သံဝရာ စက္ခုမတာ, ဒေသိတာဒိစ္စဗန္ဓုနာ၊
ယေ တေသု ဂုတ္တော သဒါ သတော, ဝိဟရေ အနဝဿုတော။

အာဒိစ္စဗန္ဓုနာ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။ စက္ခုမတာ၊ စက္ခုအမြင်ရှိတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။ ယေ သံဝရာ၊ အကြင်စောင့်စည်းမှု သံဝရတရားတို့ကို။ ဒေသိတာ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။ ယေ၊ အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ တေသု၊ ထိုသံဝရတရားတို့၌။ ဂုတ္တော၊ လုံခြုံအောင် စောင့်စည်းထားအပ်သော စိတ်ဓာတ်ရှိသည်ဖြစ်၍။

သီလကျင့်စဉ်ဖြင့် စောင့်ထိန်းရမယ့်နေရာမှာ သီလကျင့်စဉ်ဖြင့် လုံလုံခြုံခြုံ စောင့်ထိန်းရမယ်။ သမာဓိကျင့်စဉ်၊ ဝိပဿနာကျင့်စဉ်တို့ဖြင့် မိမိတို့ရဲ့ စိတ်ကို ရာဂ ဒေါသ မောဟစတဲ့ ကိလေသာ အညစ်အကြေးတွေ ဝင်ရောက်ပြီး နှောင့်ယှက်မှုမရှိအောင် လုံလုံခြုံခြုံ စောင့်ထိန်းရမယ့်နေရာမှာ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တို့ဖြင့် တကယ် စောင့်ထိန်းရတယ်။ အဲဒီလို လုံလုံခြုံခြုံ စောင့်ထိန်းပြီးတော့ ဘာလုပ်သလဲ?

ယေ၊ အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ တေသု၊ ထိုသံဝရတရားတို့၌။ ဂုတ္တော၊ လုံခြုံအောင် စောင့်စည်းထားအပ်သော စိတ်ဓာတ်ရှိသည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ သတော၊ သတိရှိလျက်။ အနဝဿုတော၊ ကိလေသာတည်းဟူသော မိုးကို စွတ်စိုမှု မရှိစေဘဲ။ ဝိဟရေ၊ နေထိုင်လေရာ၏။

နေထိုင်ပုံ နေထိုင်နည်းကလေးကို ဘုရားရှင် တိုက်တွန်းထားတာ။ သံဝရတရားတွေဖြင့် အမြဲတမ်း စောင့်စည်းနေပါ။ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးမှာ ကိလေသာတည်းဟူသော မိုးတွေ ဝင်ရောက်ပြီး စွတ်စိုမှု မရှိပါစေနဲ့။ မြဲမြံနေတဲ့ သတိ အခါခပ်သိမ်း လက်စွဲပြီးတော့ စောင့်စောင့်စည်းစည်းဖြင့် မိမိတို့ရဲ့ စိတ်ဓာတ်ကို ကိလေသာမိုး မစွတ်စိုအောင် နေထိုင်ပါဆိုပြီး ဘုရား တိုက်တွန်းထားတယ်။ နောက်ထပ် ရှေ့ဆက်ပြီး မြတ်စွာဘုရား ဘာဟောထားသလဲ?

သဗ္ဗေ အနုသယေ ဆေတွာ, မာရဓေယျပရာနုဂေ၊
တေ ဝေ ပါရင်္ဂတာ လောကေ, ယေ ပတ္တာ အာသဝက္ခယံ။

ယေ၊ အကြင်သူတော်ကောင်းတို့သည်ကား။ အာသဝက္ခယံ၊ အာသဝေါတရားလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့။ ပတ္တာ၊ ဆိုက်ရောက်တော်မူကြလေကုန်ပြီ။

စောင့်စည်းမှု သံဝရတရားနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေ အရှင်နန္ဒ မထေရ်တို့ကဲ့သို့ စောင့်စည်းမှု သံဝရတရားတွေမှာ လုံလုံခြုံခြုံ စောင့်စည်းနိုင်မှု အပြည့်အဝ ရှိတော်မူကြတဲ့ သူတော်ကောင်းတွေ ဘာဖြစ်ကြသလဲ?

ယေ၊ အကြင်သူတော်ကောင်းတို့သည်ကား။ အာသဝက္ခယံ၊ အာသဝေါတရားလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်သို့။ ပတ္တာ၊ ဆိုက်ရောက်တော်မူကြလေကုန်ပြီ။ လောကေ၊ လောက၌။ ဝေ၊ စင်စစ်ဧကန်အမှန်အားဖြင့်။ တေ၊ ထိုသူတော်ကောင်းတို့သည်။ မာရဓေယျပရာနုဂေ၊ မာန်မင်း၏ တည်ရာ သံသရာသို့ အစဉ်လျောက်၍ နေကြကုန်သော။ သဗ္ဗေ အနုသယေ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော အနုသယဓာတ် ကိလေသာတို့ကို။ ဆေတွာ၊ အဆင့်ဆင့်သော မဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ဖြတ်တောက်ပြီးကြကုန်သည်ဖြစ်၍။ ပါရင်္ဂတာ၊ တစ်ဖက်ကမ်းတည်းဟူသော နိဗ္ဗာန်သို့ ဆိုက်ရောက်တော်မူကြလေကုန်၏။

စောင့်စည်းမှု သံဝရတရားတွေနဲ့ ပြည့်စုံနေတဲ့ ဒီသူတော်ကောင်းတွေ နောက်ဆုံး ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ? တစ်နည်း သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ အကျင့်မြတ်တွေက အထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ အချိန်အခါမှာ ဘာဖြစ်ကြသလဲ? သိက္ခာသုံးရပ် အကျင့်မြတ်တွေ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ထိုသူတော်ကောင်းတွေဟာ လောကမှာ အာသဝေါတရားတို့ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြတယ်။ ထိုအရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြတဲ့ ထိုသူတော်ကောင်းတွေသည် စင်စစ်ဧကန် အမှန်အားဖြင့် ပြောကြစို့ဆိုရင်တော့ ဘာဖြစ်သလဲ?

မာန်မင်း၏ တည်ရာဖြစ်တဲ့ သံသရာကို အစဉ်လျောက် နေကြတဲ့ အနုသယဓာတ်အားလုံးကို အဆင့်ဆင့်သော မဂ်ဉာဏ်တို့ဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာကြတယ်။ အနုသယဓာတ်တွေကို အဆင့်ဆင့်သော မဂ်ဉာဏ်တို့ဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်တဲ့အတွက် ထိုသူတော်ကောင်းတွေသည် ဘာဖြစ်ကြလဲ? နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ဆိုက်ရောက်တော်မူကြတယ်။

ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းကို ရောက်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? မိမိတို့ရဲ့စိတ်ကို မိမိတို့ စောင့်စည်းကြပါ။ သီလ စောင့်ထိန်းရမယ့်နေရာမှာ သီလနဲ့ စောင့်စည်းပါ၊ သမာဓိနဲ့ စောင့်စည်းရမယ့်နေရာမှာ သမာဓိနဲ့ စောင့်စည်းပါ၊ ဝိပဿနာဉာဏ်ပညာဖြင့် စောင့်စည်းရမယ့်နေရာမှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းပြီးတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို ဖြူစင်အောင် စောင့်စည်းတော်မူကြပါ။ အဲဒီလို စောင့်စည်းနိုင်လို့ အထွတ်အထိပ်သို့ ရောက်အောင်သာ စောင့်စည်းနိုင်ခဲ့မယ်ဆိုရင် မာန်မင်း၏ တည်ရာဖြစ်တဲ့ သံသရာကို အစဉ်လျောက်နေတဲ့ အနုသယဓာတ် ကိလေသာတွေကို အဆင့်ဆင့်သော အရိယမဂ်တရားတို့က ပယ်ရှားနိုင်သည့်အဆင့်သို့ မိမိတို့လည်း ရောက်ရှိသွားကြမှာ ဖြစ်ပါတယ်။

အနုသယဓာတ် ကိလေသာတွေကို အကြွင်းမဲ့ ပယ်ရှင်းနိုင်တဲ့ အချိန်အခါမှာ မိမိတို့လည်း နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ရောက်ရှိသွားလိမ့်မယ်ဆိုပြီးတော့ မိမိတို့ ရရှိထားကြတဲ့ ခဏလို့ခေါ်တဲ့ အခွင့်ကောင်းကြီးကို လက်မလွတ်အောင် ကျော်လွှားလွန်မြောက်၍ မသွားအောင် မြတ်စွာဘုရားက ဆိုဆုံးမထားပါတယ်နော်။ ဒီသုတ္တန်ကတော့ ဒါ အက္ခဏသုတ္တန် ဆိုတဲ့ အမည်နဲ့ လာရှိတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်။ ခဏဆိုတာ ဘာလဲ? မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန်အတွက် အခွင့်ကောင်း အခါကောင်းပဲ။ အက္ခဏ ဆိုတာက မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန်အတွက် အခွင့်ကောင်း အခါကောင်း မဟုတ်တဲ့ အချိန်အခါ အခါအခွင့် မဟုတ်တဲ့ နေရာဒေသပဲနော်။ ဒီတော့ အက္ခဏတရား ဘယ်နှစ်ပါးရှိလဲ? ရှစ်မျိုး။ မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်တဲ့ ခဏတရားက ရရန် အခါအခွင့်က ဘယ်နှစ်မျိုးရှိလဲ? တစ်မျိုးပဲ ရှိတယ်။

ဒီနေ့ သူတော်ကောင်းတွေ မိမိတို့ဘက်မှာလည်း မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်တဲ့ ခဏလို့ ခေါ်ဆိုအပ်တဲ့ အခွင့်ကောင်းကြီးနဲ့ ကြုံမနေကြဘူးလား? ဒါကြောင့် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို တကယ်လက်တွေ့ ကျင့်ပြီးတော့ စောင့်စည်းဖို့သာ မလိုတော့ဘူးလား? လိုတယ်။ စောင့်စည်းနိုင်ကြပါစေလို့ ဘုန်းကြီးကလည်း တိုက်တွန်းပါတယ်။

ကဲ ... ပတိရူပဒေသဝါသ - သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ ရတနာသုံးပါး ထွန်းကားရာ၊ ပရိသတ်လေးပါး ထင်ရှားရှိရာ ဒေသမှာ လူဖြစ်ရခြင်းသည် မင်္ဂလာရှိတယ်ဆိုတဲ့အကြောင်း ဒီနေရာမှာ ရပ်ကြစို့။ နောက် မင်္ဂလာတစ်ခုကတော့ ဘာလဲ?

ပုဗ္ဗေ စ ကတပုညတာ

ပုဗ္ဗေ စ ကတပုညတာ၊ ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူး ရှိခြင်းတဲ့။ ဒီတော့ ဒီ ပုဗ္ဗေ စ ကတပုညတာ ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘယ်လို ဖွင့်ထားသလဲ?

ပုဗ္ဗေ ကတပုညတာ နာမ အတီတဇာတိယံ ဗုဒ္ဓပစ္စေကဗုဒ္ဓခီဏာသဝေ အာရဗ္ဘ ဥပစိတကုသလတာ,

ပုဗ္ဗေကတပုညတာနာမ၊ ပုဗ္ဗေကတပုညတာစက်မည်သည်ကား။ အတီတဇာတိယံ၊ အတိတ်ဘဝထိုထို၌။ ဗုဒ္ဓပစ္စေကဗုဒ္ဓခီဏာသဝေ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓဘုရားရှင်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝက ဖြစ်တော်မူကြကုန်သော ရဟန္တာ အရှင်ကောင်း, အရှင်မြတ်တို့ကို။ အာရဗ္ဘ၊ အာရုံပြု၍။ (ဝါ) အာရဗ္ဘ = အကြောင်းပြု၍။ ဥပစိတကုသလတာ၊ ဆည်းပူးရှာမှီးအပ်ခဲ့ပြီးသော ကုသိုလ်ရှိသည်၏ အဖြစ်သည်။ ပုဗ္ဗေကတပုညတာနာမ၊ ပုဗ္ဗေကတပုညတာစက်မည်၏။

ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ရှိတယ် ဆိုတာက ဘာတွေလဲ? အတိတ်ဘဝ ထိုထိုမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓဘုရားရှင်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝက ဖြစ်တော်မူကြကုန်သော ရဟန္တာ အရှင်ကောင်း, အရှင်မြတ်တွေ ထိုပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီး၊ ထိုသူတော်ကောင်းတွေကို အကြောင်းပြုပြီးတော့ ဆည်းပူးထားအပ်တဲ့ ကောင်းမှုကုသိုလ်ရှိနေတာကို ပုဗ္ဗေ စ ကတပုညတာလို့ ခေါ်ပါတယ်။ ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ရှိခြင်းလို့ ခေါ်ပါတယ်။ ဒီလို ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ရှိခြင်းဟာလည်း သာပိမင်္ဂလာ - မင်္ဂလာတရားဖြစ်တယ်လို့ ဒီလို ဟောကြားထားတယ်။ ဘာဖြစ်လို့ မင်္ဂလာတရား ဖြစ်ရသလဲ?

သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ သို့မဟုတ် ပစ္စေကဗုဒ္ဓဘုရားရှင်တွေ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝက ဖြစ်တော်မူကြတဲ့ အရိယာသူတော်ကောင်းတွေကို ဖူးတွေ့ရပြီ။ ဖူးတွေ့ရတဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းတို့ရဲ့ မျက်မှောက်မှာ ထိုသူတော်ကောင်းတို့က လေးပါဒလောက်ရှိတဲ့ ဂါထာလေးတစ်ခုပဲ ဟောတယ်ထား၊ အဲဒီ ဂါထာဒေသနာ နိဂုံးပြီးဆုံးတဲ့ အချိန်အခါမှာ ရှေးကပြုခဲ့ဖူးတဲ့ ရင့်ကျက်နေတဲ့ ပါရမီရှိတဲ့ သူတော်ကောင်းသာ မှန်ပါစေ၊ ရှေးက ပြုခဲ့ဖူးတဲ့ ကုသိုလ်ထူးရှိတဲ့ သူတော်ကောင်းသာ မှန်ပါစေ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို လွယ်လွယ်လေးနဲ့ ဆိုက်ရောက်သွားနိုင်တယ်။

ဒီလိုဆိုရင် ကိလေသာ အာသဝေါတွေ ကုန်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားနိုင်တဲ့ စွမ်းအင်ရှိတဲ့ ဒီကောင်းမှုကုသိုလ်တရားတွေဟာ မင်္ဂလာရှိတဲ့ တရားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ ဒီတော့ ခုဘဝမှာ လှမ်းပြီး ကြည့်လိုက်ပေါ့နော်။ လောကမှာ လူတွေဟာ တချို့ အသက်ရှည်ကြတယ်၊ တချို့ အဆင်းလှကြတယ်၊ တချို့ ချမ်းသာ ကြီးကြတယ်၊ တချို့ ခွန်အား ကြီးကြတယ်၊ တချို့ ဉာဏ်ပညာ ကြီးကြတယ်။ ဘာကိုအခြေခံပြီးတော့ ဒီလို အကျိုးတရားတွေ ရရှိကြသလဲလို့ ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူး ရှိခြင်းဆိုတဲ့ ဒီမင်္ဂလာတရားနဲ့ ပြည့်စုံကြလို့ ဒီဘဝမှာ လာပြီးတော့ အသက်ရှည်ကြတယ်၊ အဆင်းလှကြတယ်၊ ချမ်းသာကြတယ်၊ ခွန်အား ကြီးကြတယ်၊ ဉာဏ်ပညာ ကြီးမားကြတယ်။ အစိုးရခြင်း၊ အခြွေအရံပေါများခြင်းဆိုတဲ့ စည်းစိမ်ဥစ္စာ သမ္ပတ္တိတရား အားလုံးနဲ့ လာပြီးတော့ ပြည့်စုံရတယ်။

အဲဒီတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ဘာလေး ဖွင့်ထားသလဲ မေးတော့ -

ယော စ မနုဿော ပုဗ္ဗေ ကတာဓိကာရော ဥဿန္နကုသလမူလော ဟောတိ,

ယော စ မနုဿော၊ အကြင်လူသားဖြစ်တဲ့ ပုဂ္ဂိုလ်သည်ကား။ ပုဗ္ဗေ၊ ဟိုးရှေးယခင်ဘဝ၌။ ကတာဓိကာရော၊ ပြုအပ်ခဲ့ပြီးသော။ အဓိကာရော၊ ကောင်းမှုကုသိုလ်ထူး ရှိသည်လည်း။ ဥဿန္နကုသလမူလော၊ များပြားသော ကုသလမူလတရား ထင်ရှားရှိ၍နေသည်။ ဟောတိ၊ ဖြစ်ပေ၏။

လူသားတစ်ဦးကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဟိုးရှေးရှေးဘဝတုန်းက ပြုထားဖူးတဲ့၊ ဆည်းပူးထားဖူးတဲ့ အဓိကာရ ကောင်းမှုကုသိုလ်တွေ ရှိတယ်။ ဘာကို အဓိကာရ ကောင်းမှုကုသိုလ် ခေါ်သလဲ? ဒီအပိုင်းလေးတွေက နည်းနည်းလေး သိထားဖို့ လိုအပ်ပါတယ်နော်။ ဒီ အဓိကာရ ဆိုတဲ့ စကားလုံးကိုပဲ ဘာသာပြန်စရာ စကားလုံး မရှိတော့ မြန်မာလို ဘာသာပြန်တဲ့အပိုင်းမှာ အထိကရ ကုသိုလ်ကြီးတွေဆိုပြီး ဒီလို ဘာသာပြန်ကြတယ်နော်။ ဘာကို အထိကရ ကုသိုလ်၊ အဓိကာရ ကောင်းမှုကုသိုလ် ခေါ်သလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ -

အတိတ်ဘဝ ထိုထိုက နိဗ္ဗာန်ကို တောင့်တပြီး ရည်ရွယ်ပြုစုခဲ့တဲ့ ဒါနကျင့်စဉ်, သီလကျင့်စဉ်, သမထကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ စရဏမျိုးစေ့ကောင်း၊ အတိတ်ဘဝ ထိုထိုက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်လာခဲ့တဲ့ ဝိပဿနာ မျိုးစေ့ကောင်း၊ ဝိဇ္ဇာမျိုးစေ့, စရဏမျိုးစေ့ခေါ်တဲ့ ဒီမျိုးစေ့တွေကို အဓိကာရ ကောင်းမှုကုသိုလ်လို့ ခေါ်ပါတယ်။ အထိကရ ကောင်းမှုကုသိုလ်တွေပဲ။ လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တွေကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်လာခဲ့တဲ့ ကောင်းမှုကုသိုလ်များကိုတော့ အဓိကာရ ကောင်းမှုကုသိုလ်လို့ မခေါ်ပါဘူး။ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကောင်းမှုကုသိုလ်တွေသာ ဖြစ်ကြပါတယ်။

ခုဒီနေရာမှာက အဓိကာရ ကောင်းမှုကုသိုလ်တွေ ဆိုတာက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်လာခဲ့တဲ့ စရဏမျိုးစေ့ကောင်း၊ ဝိဇ္ဇာမျိုးစေ့ကောင်းခေါ်တဲ့ ကုသိုလ်ထူးတွေပဲ ဖြစ်တယ်။ စရဏမျိုးစေ့ဆိုတာက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်လိုက်တဲ့ ဒါနကျင့်စဉ်, သီလကျင့်စဉ်, သမထကျင့်စဉ်တွေကို စရဏမျိုးစေ့လို့ ခေါ်တယ်။

သီ-ဣန်-ဘော-ဇာ၊ သတ်-စတ္တာ၊ မှတ်ပါ စရဏ စသည်ဖြင့် ရှေးရှေး ဆရာတော်ကြီးများလည်း ဆိုဆုံးမထားပါတယ်နော်။ ဒီတော့ သီလကျင့်စဉ်တွေမှာလည်း ပြည့်ပြည့်ဝဝနဲ့ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီးတော့ ပြည့်ပြည့်ဝဝနဲ့ ဖြည့်ကျင့်ခဲ့ရမယ်။ သမာဓိကျင့်စဉ်တွေ ကြည့်လိုက်မယ် ဆိုရင်လည်း ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ခေါ်တဲ့ ဒီဈာန်လေးပါး ရရှိသည့်တိုင်အောင် ပြည့်ဝဝနဲ့ ဖြည့်ကျင့်ခဲ့ရမယ်။

ဒါနကျင့်စဉ်, သီလကျင့်စဉ်, သမထကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီ ကျင့်ဝတ်ပဋိပတ်တွေဟာ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုခဲ့ရိုးသာ မှန်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ကို အားကြီးသော မှီရာ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပေးမလဲမေးတော့ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူမယ့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ရှိရာဒေသသို့ရောက်အောင် ဒီအဓိကာရ ကောင်းမှုကုသိုလ်လို့ ခေါ်ဆိုအပ်တဲ့ စရဏမျိုးစေ့ကောင်းတွေက ပို့ဆောင်ပေးမယ်။

မိကောင်း၊ ဖကောင်း၊ ဆရာကောင်း၊ သမားကောင်း၊ မိတ်ကောင်း၊ ဆွေကောင်းတွေနဲ့ တွေ့အောင် ပို့ဆောင်ပေးမယ်။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း သူတော်ကောင်းတရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်ပွားများနိုင်ဖို့ရန်အတွက် အခွင့်ကောင်းကြီးတွေ၊ အခွင့်ထူးကြီးတွေကို ဖန်တီးပေးလိမ့်မယ်။ ကောင်းပြီ ... ဒါက စရဏမျိုးစေ့ရဲ့ တာဝန်ပဲ။ ဒါကြောင့် ဒီစရဏမျိုးစေ့ကို လက်ခြေနဲ့တူတယ် ဆိုပြီး တချို့နေရာမှာ ဖွဲ့ဆိုထားတယ်။ လက်ခြေရှိတဲ့ ပုဂ္ဂိုလ်ဟာ လိုရာအရပ်ကို သွားနိုင်တယ်။ အလိုရှိရာ အလုပ်ကို ပြုလုပ်နိုင်တယ်။ ခြေထောက်မရှိဘူး၊ လက်မရှိဘူး ထိုပုဂ္ဂိုလ်သည် လိုရာအရပ်ကို သွားနိုင်မလား? မသွားနိုင်ဘူး။ မိမိအလိုရှိတဲ့ အလုပ်ကိုလည်း အလိုရှိသလို ပြုလုပ်နိုင်ပါ့မလား? မပြုလုပ်နိုင်ဘူး။ အဲဒီပုံစံအတိုင်းပဲ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်ကို ကျင့်တဲ့အပိုင်းလေးတွေမှာ ဒီစရဏမျိုးစေ့ ရှိဖို့လည်း လိုအပ်တယ်။ ဒီစရဏမျိုးစေ့က ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ရှိတဲ့ဒေသသို့ရောက်အောင် သူက ပို့ဆောင်ပေးမှာဖြစ်တော့ လက်ခြေနဲ့ သိပ်ပြီးတော့ တူတယ်နော်။

ကဲ ... ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နဲ့ တွေ့ပြီ။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ဟောကြားတော်မူအပ်တဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတော်လည်း နာကြားခွင့် ရပြီ။ ရရှိတဲ့ အချိန်အခါမှာ ထိုသစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ရေးက စရဏမျိုးစေ့နဲ့ မဆိုင်တော့ဘူး။ ဝိဇ္ဇာမျိုးစေ့နဲ့ ဆိုင်တယ်။ ဝိဇ္ဇာမျိုးစေ့ ဆိုတာက ရုပ်နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိခြင်း၊ အကြောင်းတရား အကျိုးတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍သိခြင်းဆိုတဲ့ ဒီဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်တွေကို ဘာလို့ခေါ်သလဲ? ဝိဇ္ဇာမျိုးစေ့လို့ ခေါ်ပါတယ်။

အဲဒီ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်မျိုးစေ့ ရှိနေတဲ့ သူတော်ကောင်းတွေဟာ တကယ့် အထိကရ ကောင်းမှု ရှိနေတဲ့၊ အဓိကာရ ကောင်းမှုကုသိုလ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေနော်။ အဲဒီလို အဓိကာရ ကောင်းမှုကုသိုလ် ရှိနေတဲ့ ပုဂ္ဂိုလ်တွေက စရဏမျိုးစေ့ကောင်း၊ ဝိဇ္ဇာမျိုးစေ့ကောင်း နှစ်ခုနဲ့ ပြည့်စုံတယ်။ စရဏမျိုးစေ့ ပြည့်စုံတဲ့အတွက် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေနဲ့ တွေ့ရမယ်, ကြုံရမယ်, ဆုံရမယ်။ ဝိဇ္ဇာမျိုးစေ့ကောင်းတွေနဲ့ ပြည့်စုံအောင် ပါရမီတွေ ထူထောင်ထားခဲ့တဲ့အတွက် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကား နာကြားခွင့် ရတဲ့အချိန်အခါမှာ လွယ်လွယ်ကူကူနဲ့ ကျွတ်တမ်းဝင်နိုင်တယ်။

ဒါကြောင့် ဒီဘဝမှာ ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းလေးတွေ ဒီနေ့ တရားနာနေတဲ့ သူတော်ကောင်းတွေ ပြည့်ပြည့်စုံစုံ ထူထောင်ထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ သို့သော် "အရှင်ဘုရားက နောက်ဘဝကို မျှော်ခိုင်းနေသလား?" ဒီလိုတော့ မဆိုလိုပါဘူးနော်။ ဒီဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်အောင် အားထုတ်နိုင်ရင်လည်း အားထုတ်ကြပါ။ အားမထုတ်နိုင်ရင်တော့ အနည်းဆုံး စရဏမျိုးစေ့ကောင်း, ဝိဇ္ဇာမျိုးစေ့ကောင်းတွေကို ဒီသာသနာတော်တွင်းမှာ ကြဲချစိုက်ပျိုးနိုင်အောင် ကြိုးစားဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဒီဘဝ မကျွတ်ရင် နောက်ဘဝ ကျွတ်တမ်း ဝင်နိုင်ရေးအတွက် ကြိုးစားရမယ်။ အဲဒီလို စရဏမျိုးစေ့, ဝိဇ္ဇာမျိုးစေ့ခေါ်တဲ့ အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာဖြစ်သလဲ? ဥဿန္နကုသလမူလ များပြားတဲ့ ကုသိုလ်မူလတရားနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ကုသလမူလဆိုတာက ကုသိုလ်ဖြစ်ဖို့ရန် အခြေခံ အကြောင်းရင်းတွေ တရားသုံးမျိုးရှိပါတယ်။ ဘာတွေလဲ? -

အလောဘ အဒေါသ အမောဟ။ အဲဒီ ကုသလမူလတရား သုံးပါးလည်း သိပ်ပြီးတော့ များတယ်။ အလောဘ၊ လောဘမကြီးဘူး၊ ဘုရားက သိပ်နှစ်ခြိုက်တယ်။ လောဘ ကြီးတာက တစ်ဖက်၊ လောဘ မကြီးတာက တစ်ဖက်။ တစ်နည်းအားဖြင့် တွယ်တာမှု များတာက တစ်ဖက်၊ တွယ်တာမှု မရှိတာက တစ်ဖက်။ နှစ်ဖက်ရှိတယ်။ ဘယ်ဒင်းက ပိုကောင်းလဲ? ဟင်! (တွယ်တာမှု မရှိတာက ပိုကောင်းပါတယ်ဘုရား ...)

ဘုန်းကြီးက ရှေ့နေမေး မေးနေတော့လည်း ဒကာကြီးတွေက ဒီလို ဖြေရမှာပေါ့လေ။ "တွယ်တာမှု မရှိတာ ကောင်းပါတယ်" လို့ ဖြေရအောင်ကလည်း သိပ်ပြီး လူတောထဲမှာ အချိုးမကျဘူး။ ဟုတ်တယ်, မဟုတ်လား? ကဲ ... တွယ်တာမှု မရှိတာ ကောင်းတယ် ဆိုလို့ရှိရင် အိမ်မပြန်ဘဲ နေမလား? အဲဒါ ကြည့်ပေါ့နော်။ သူက ရှေ့က ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူး ရှိနေတဲ့ သူတော်ကောင်းတွေက တွယ်တာမှု ဘယ်တော့မှ မများပြားဘူး။ မတွယ်တာတဲ့ အလောဘဓာတ်တွေက သိပ်အားကောင်းတယ်။ သူတစ်ပါးတွေကို ဖျက်ဆီးလိုတဲ့ ဒေါသဓာတ် ဘယ်တော့မှ မများဘူး။ သူတစ်ပါးတွေ အပေါ်၌ ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာတွေ ရှေးရှု တည်စေတဲ့ အလောဘဓာတ်တွေက သိပ်အားကောင်းတယ်။

နောက် - အမောဟဓာတ်။ အတိတ်ဘဝထိုထိုက ရုပ်နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ အကြောင်းတရား အကျိုးတရားကို ဟုတ်တိုင်းမှန်စွာသိခြင်း၊ အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာသိခြင်းဆိုတဲ့ အမောဟ ဓာတ်တွေကို အတိတ်ဘဝထိုထိုက ပြုစုခဲ့တယ်။ ကြဲချ စိုက်ပျိုးခဲ့တယ်။ အဲဒီ အမောဟ ဓာတ်တွေကို ကြဲချစိုက်ပျိုးခဲ့တဲ့အတွက် ဒီကံတွေက အကျိုးပေးတဲ့ ဘဝမှာ ဒီပုဂ္ဂိုလ်ဟာ အမောဟ = ပညာအားကောင်းတဲ့ သူတော်ကောင်းတစ်ဦး လာဖြစ်ရတယ်။ တွေဝေမှု သိပ်မရှိဘူး၊ သစ္စာလေးပါးနှင့်စပ်လျဉ်းတဲ့ တရားစကား နာကြားခွင့်သာ ရပါစေ တစ်ပုဒ်တစ်ဂါထာလောက် နာကြားယုံမျှဖြင့်လည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို လွယ်လွယ်ကူကူနဲ့ ရနိုင်တယ်။

ဒါကြောင့် ရှေးက ပြုခဲ့ဖူးတဲ့ အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိနေတဲ့ သူတော်ကောင်းတို့ရဲ့သန္တာန်မှာ အလောဘလို့ ခေါ်ဆိုအပ်တဲ့ ကုသလမူလတရား၊ အဒေါသလို့ ခေါ်ဆိုအပ်တဲ့ ကုသလမူလတရား၊ အမောဟလို့ ခေါ်ဆိုအပ်တဲ့ ကုသလမူလတရား။ အဲဒီ ကုသလမူလတရား သုံးပါးဟာ သိပ်ပြီးတော့ များပြားတယ်။ ကောင်းသလား, မကောင်းဘူးလား? ကောင်းပါတယ်။ တွယ်တာမှု ရှိတာနဲ့ မရှိတာ နည်းနည်းလေး နှိုင်းယှဉ်ပြမယ်နော်။
ဦးပဉ္စင်းတို့ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ ဘုန်းကြီးလည်း ခဏခဏ ဟောနေပါတယ်။ ဇောတိက သူဌေးအလောင်းတို့ ညီအစ်ကို နှစ်ဦးပေါ့နော်။ ဝိပဿီမြတ်စွာဘုရား မပွင့်ခင် အချိန်အခါလောက်မှာပေါ့ လူတို့သက်တမ်းအားဖြင့် အနှစ်တစ်သိန်းဝန်းကျင်လောက်ပေါ့ ဆိုကြပါစို့... အနှစ်တစ်သိန်းထက် ကျော်ချင်လည်း ကျော်ပါလိမ့်မယ်။ ကြံစိုက်စားတဲ့ အမျိုးကောင်းသား သူတော်ကောင်း နှစ်ဦးဖြစ်တယ်။ ညီအစ်ကို နှစ်ယောက်ပဲ ရှိတယ်။ အိမ်ထောင်လည်း မရှိကြပါဘူး။

ဒီတော့ ဒီညီအစ်ကိုနှစ်ယောက်က ကြံခင်းလုပ်တော့ တောထဲမှာသွားပြီး ကြံခင်းတွေ စိုက်ပျိုးကြတယ်။ ညီလုပ်သူက တစ်နေ့ ကြံခင်းကို သွားတယ်။ အစ်ကိုအတွက် တစ်ချောင်း၊ ငါ့အတွက် တစ်ချောင်းဆိုပြီးတော့ ကြံနှစ်ချောင်း ခုတ်တယ်။ ထိုခေတ် ထိုအချိန်အခါက ကြံတွေက ခုတ်ပြီးလို့ရှိရင် ဟိုဘက်ထိပ် ဒီဘက်ထိပ် နှစ်ဘက်စည်းရတယ်။ မစည်းဘူးဆိုလို့ရှိရင် ထောင်လိုက်တာနဲ့ အရည်တွေ အကုန်လုံး ထွက်ကျသွားတယ်။

အဲဒီတော့ ကြံ ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးကလေးနဲ့ စည်းပြီးတော့ ကြံနှစ်ချောင်း ထမ်းပြီးတော့အပြန် ထိုနေ့မှာ ဟိမဝန္တာလိုဏ်ဂူမှာ သီတင်းသုံးတော်မူတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားတစ်ဆူကလည်း နိရောဓ သမာပတ်မှအထ ခုနှစ်ရက်မြောက်သောနေ့ ကြုံကြိုက်နေပြီ။ လောကမှာ ငါ ဘယ်သတ္တဝါကို ချီးမြှောက်ရမလဲ လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီ ဇောတိက-သူဌေးအလောင်းဖြစ်တဲ့ အမျိုးကောင်းသားလေး ဉာဏ်ကွန်ယက်ထဲမှာ ပေါ်လာတယ်။ ပေါ်လာလိုက်တဲ့ အချိန်အခါမှာ ဆက်ပြီးတော့ စဉ်းစားတယ်။

”ငါ့ရဲ့ ချီးမြှောက်မှုကို ဒီပုဂ္ဂိုလ် ခံယူနိုင်ပါ့မလား?” ”ဘာပြောတာလဲ?” ”ငါက သူ့ကို သွားချီးမြှောက်မယ်။ သူက တကယ်လှူမယ့်ပုဂ္ဂိုလ် ဟုတ်ရဲ့လား?” ”သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်ဟုတ်ရဲ့လား?” လှမ်းပြီး တစ်ဆင့်တက်ပြီး ကြည့်ပြန်တယ်။ ကြည့်လိုက်တော့ သူ့ရဲ့နှလုံးအိမ် ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်ကိန်းဝပ်နေတဲ့ ရဲရဲတောက်နေတဲ့ သဒ္ဓါတရားလေးကို တွေ့တော့ သိပ်ဝမ်းသာသွားတယ်။ စျာန်အဘိညာဏ်တွေ ဝင်စားပြီးတော့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပါတယ်။ သပိတ်ကလေး ပိုက်ပြီးတော့ ဇောတိက သူဌေးအလောင်း အမျိုးသားကောင်းလေး ကြံထမ်းလာတဲ့ လမ်းရဲ့ တူရူတည့်တည့်လောက်မှာ စျာန်အဘိညာဏ်နဲ့ ကောင်းကင်ခရီးက ဆင်းပြီးတော့ ဆွမ်းခံရပ်လာတယ်။ သဒ္ဓါတရားရှိတဲ့ အမျိုးကောင်းသား ဖြစ်ခြင်းကြောင့် ဘာလုပ်သလဲ?

မိမိရဲ့ အပေါ်ရုံ စုလျားတဘက်လေးကို တစ်နေရာ ခင်း၊ အရှင်ပစ္စေကဗုဒ္ဓါကို ထိုနေရာမှာထိုင်ပြီး သီတင်းသုံးဖို့ရန် ပင့်ဖိတ်တယ်။ ပင့်ဖိတ်ပြီးတဲ့ အခါကျတော့မှ အရှင်ပစ္စေကဗုဒ္ဓါဘုရား၏ သပိတ်ထဲကို မိမိအတွက် ယူလာတဲ့ ကြံတစ်ချောင်းကို ကြိုးဖြည်ပြီးတော့ ထောင်ချလိုက်တယ်။ အရည်တွေ အားလုံး ကျသွားတယ်။ သပိတ်အပြည့် ရရှိသွားပါတယ်။ အဲဒီ ကြံရည်တွေ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်က ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ ဒီအမျိုးကောင်းသားလေးကို ချီးမြှောက်သော အနေအားဖြင့် သူ့ရှေ့မှာပဲ ဘုဉ်းပေးလိုက်တယ်။ အားလုံး ကုန်သွားတယ်။ ဝမ်းသာလိုက်တာ။

--- ”ကဲ... အစ်ကိုအတွက် ယူလာတဲ့ ကြံတစ်ချောင်း။ အစ်ကိုက ကြံဖိုး အလိုရှိခဲ့ရင်လည်း ငါ ကြံဖိုးပေးမယ်။ ကြံဖိုး အလိုမရှိဘူး။ ကုသိုလ်ကောင်းမှုကိုပဲ အလိုရှိတယ် ဆိုရင်လည်း ငါ ကုသိုလ်ကောင်းမှုကို ပေးမယ်” ဆိုပြီးတော့ အစ်ကိုအတွက် ယူလာတဲ့ ကြံတစ်ချောင်းကိုလည်း ကြိုးဖြည်ပြီးတော့ ထပ်ပြီးတော့ သပိတ်ထဲ လောင်းလှူလိုက်ပြန်ပါတယ်။ အဲဒီ ကြံရည်ကိုတော့ ပစ္စေကဗုဒ္ဓါဘုရားရှင်က ဟိမဝန္တာ ယူဆောင်ပြီး ဟိမဝန္တာမှာ သီတင်းသုံးတော်မူတဲ့ အခြားအခြား ပစ္စေကဗုဒ္ဓါဘုရား ငါးရာ ရှိပါတယ်။ ပစ္စေကဗုဒ္ဓါဘုရား ငါးရာတို့အား ခွဲပြီး လှူဒါန်းပေးပါတယ်။ ထို လှူဒါန်းပူဇော်နေတဲ့ ပွဲသဘင်ကိုလည်း ဒီအမျိုးကောင်းသားလေး မြင်အောင် အဓိဋ္ဌာန် ထားတော်မူပါတယ်။ ဝမ်းသာလိုက်တာ။ ဒါပေမဲ့ ဘာပြောချင်သလဲ?

ဒီနေရာမှာ... အမျိုးကောင်းသားလေးရဲ့ ဆုတောင်းပွဲလေး တစ်ခုရှိတယ်။ သူက ကြံလှူခဲ့တဲ့ ကောင်းမှုကုသိုလ်ကြောင့် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိရပါလို၏လို့ ဆိုပြီးတော့ ဆုတောင်းတယ်။ သူ့ဆုတောင်းခန်းကို ကြည့်လိုက်တော့ လူချမ်းသာအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ လောဘဓာတ် မရှိဘူးလား? ရှိတယ်။ နတ်ချမ်းသာအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ လောဘ မရှိဘူးလား? ရှိတယ်။ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ သမ္မာဆန္ဒဆိုတဲ့ ကုသိုလ်ဆန္ဒလည်း ရှိပါတယ်။ ဒီတော့ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရည်ရွယ်တောင့်တပြီးတော့ သူက ကုသိုလ်လေး ပြုလိုက်တယ်။ ပြီးပြီ။

အိမ်ရောက်တဲ့အခါ အစ်ကိုကို အကျိုးအကြောင်း ပြောပြတဲ့အခါ အစ်ကိုလုပ်သူကလည်း သဒ္ဓါတရားရှိတဲ့ အမျိုးကောင်းသား ဖြစ်တယ်။ အကျိုးအကြောင်း အစုံအလင် သိရှိရတဲ့အခါမှာ ဝမ်းသာလိုက်တာ။ ပစ္စေကဗုဒ္ဓါများ သီတင်းသုံးတော်မူရာဖြစ်တဲ့ ဟိမဝန္တာဘက်သို့ စုလျားတဘက်လေးခင်း၊ လက်အုပ်ကလေးချီ ရှိခိုးပြီးတော့ ဆုတောင်းပြန်တယ်။ ဘာဆုတောင်းလဲ? နိဗ္ဗာန်ချမ်းသာ တစ်ခုပဲ ဆုတောင်းတယ်တဲ့။ လူချမ်းသာအပေါ်မှာ တွယ်တာမက်မောတဲ့ လောဘဓာတ် ရှိသလား? မရှိဘူး။ နတ်ချမ်းသာအပေါ်မှာ တွယ်တာမက်မောတဲ့ လောဘဓာတ်ကော ရှိသလား? မရှိဘူး။ လောဘ ခြံရံမှု မရှိဘူး, ဒေါသ ခြံရံမှု မရှိဘူး, မောဟတရားတွေလည်း ခြံရံမှု မရှိဘူးတဲ့နော်။ နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်ကြီးကို လိုလားတောင့်တနေတဲ့ ကုသိုလ်ဆန္ဒဆိုတဲ့ သမ္မာဆန္ဒသာ ထင်ရှားရှိတယ်။

ဒီတော့ အလှူခံပုဂ္ဂိုလ် ကြည့်လိုက်ရင်လည်း ပစ္စေကဗုဒ္ဓါဘုရားရှင်တွေ၊ လှူဖွယ်ဝတ္ထု ကြည့်လိုက်ရင်လည်း ကြံတစ်ချောင်း။ အားလုံး ညီအစ်ကို နှစ်ယောက် တူညီမှု မရှိဘူးလား? တူညီတယ်။ ဒါပေမဲ့လို့ ဆုတောင်းခန်း ကြည့်လိုက်တော့ ဦးတည်ချက်ခြင်း တူကြသလား? မတူဘူး။ ညီလုပ်တဲ့ သူက လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ သုံးတန်သော ချမ်းသာကို အလိုရှိတယ်။ အစ်ကိုလုပ်တဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်ချမ်းသာ တစ်ခုပဲ အလိုရှိတယ်။ အလိုရှိတော့ ဘာဖြစ်ကြသလဲ?

နိဗ္ဗာန်ချမ်းသာတစ်ခုပဲ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ကလည်း မချမ်းသာဘူး မဟုတ်ဘူး။ ချမ်းသာတယ်။ ဘာကြောင့်လဲ? သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကြဲချစိုက်ပျိုးလိုက်တဲ့ ဒါနတည်းဟူသော မျိုးစေ့သည် ဒါနတော ဘောဂဝါ၊ သီလတော သုခိတာ ဆိုတဲ့အတိုင်း ကိုယ်ကျင့်သီလကြောင့် ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံရမယ်။ ဒါနကြောင့် စည်းစိမ်ဥစ္စာ များပြားခြင်းဆိုတဲ့ အကျိုးတရားရမယ်။ ဆုတောင်းသည်ဖြစ်စေ၊ ဆုမတောင်းသည်ဖြစ်စေ။ ဒီချမ်းသာသုခတော့ ကျိန်းသေဧကန် ရပါတယ်။ ရနိုင်တဲ့အတွက်ကြောင့် ဝိပဿီမြတ်စွာဘုရား မပွင့်ခင်မှာ ညီအစ်ကို နှစ်ယောက် သူဌေးသားပဲ လာဖြစ်ကြပါတယ်။ အတူတူပဲ လောကမှာ ဝိပဿီမြတ်စွာဘုရားလည်း ပွင့်လာပြီ။ ပွင့်လာတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

--- အစ်ကိုလုပ်တဲ့ ပုဂ္ဂိုလ်က ဝိပဿီမြတ်စွာဘုရား လောကမှာ ပွင့်လာပြီဆိုတဲ့ ဒီသတင်းကောင်း၊ ဘုရားပွင့်လာပြီဆိုတဲ့ သတင်းကောင်း ကြားလိုက်သည်နှင့် တပြိုင်နက်တည်း ရှိနေတဲ့ စည်းစိမ်ဥစ္စာမှန်သမျှကို ညီလုပ်သူအား အကုန်စွန့်ပြီးတော့ သာသနာဘောင် ဝင်ရောက် ရဟန်းလုပ်တဲ့အခါမှာ ရဟန္တာ ဖြစ်သွားတယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်သွားတယ်။ လွတ်သွားတယ်။ ညီလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လဲ?

လူချမ်းသာကိုလည်း တွယ်တာမက်မောတဲ့ လောဘဓာတ်ကို ခြံရံပြီးတော့ ကံကို ထူထောင်ခဲ့မိတယ်။ နတ်ချမ်းသာကိုလည်း တွယ်တာမက်မောတဲ့ လောဘဓာတ်ကို ခြံရံပြီးတော့ ကံကို ထူထောင်ခဲ့မိတယ်။ ထူထောင်ခဲ့မိတဲ့အတွက် မိမိရသင့်ရထိုက်တဲ့ စည်းစိမ်ဥစ္စာတွေကို၊ အစ်ကိုလုပ်တဲ့သူက စွန့်ပစ်ခဲ့တဲ့ စည်းစိမ်ဥစ္စာတွေကို ဒီစည်းစိမ်ဥစ္စာ အားလုံးကို စွန့်လွှတ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။ မစွန့်လွှတ်နိုင်ဘူး။ မခွဲနိုင်ဘူး။ မခွဲနိုင်တာ ဘာဖြစ်လို့လဲဆိုတော့ ဒီကံက မခွဲနိုင်အောင် ဖန်တီးပေးထားတယ်။

တစ်ချိန်တုန်းကပေါ့လေ... ယောဂီတစ်ယောက်, ဒကာမကြီးတစ်ယောက် သူက စပ်မိတော့ လျှောက်ပါတယ်။ သူ အတိတ်ဘဝတွေ ရှုတော့ သုံးဘဝလောက်က ဆိုကြပါစို့။ ထိုသုံးဘဝလောက်က သူက ဘာဖြစ်ခဲ့သလဲဆိုတော့ သူတောင်းစား ဖြစ်ခဲ့တယ်။ အဲဒီ သူတောင်းစားဘဝမှာ သူ့အဘိုးကြီးက သူ့ကို ကျကျနနတောင်းပြီး ကျွေးခဲ့ဖူးတယ်။ အဲဒီလို တောင်းပြီး ကျွေးခဲ့ဖူးတဲ့ ကျေးဇူးလေးကို သူပြန်ပြီး အမှတ်ရလိုက်တဲ့ အခါမှာ သူက တရားလာလျှောက်ရင်းနဲ့ ဘာလျှောက်သလဲ?

”ဆရာတော်ဘုရား တပည့်တော် အားလုံးကို ခွင့်လွှတ်နိုင်သွားပြီ” တဲ့။ ဘာပြောတာလဲ? ဒီဘဝမှာ ဒီအဘိုးကြီးနဲ့ သူနဲ့ ပြန်ဆုံပါတယ်။ ဆုံလိုက်တဲ့ အခါမှာ သူ့အဘိုးကြီးက ငမူးဖြစ်နေတယ်။ အဲဒီ ငမူးကို သူ အားလုံး ခွင့်လွှတ်နိုင်တယ်တဲ့။ ဘာဖြစ်လို့လဲ? ဟိုး... တတိယဘဝလောက်က ဒီငမူးက သူ့ကို ကောင်းကောင်းကြီး တောင်းပြီးတော့ သူ့ကို သေသေချာချာ ကျွေးခဲ့ဖူးတယ်။ ဒီကျေးဇူးကို သူက အမှတ်ရတော့ သူအားလုံး ခွင့်လွှတ်နိုင်ပါတယ်တဲ့။

ဟော... ဘယ့်နှယ်တုံး? ဒကာကြီး၊ ဒကာမကြီးတွေ... ခွင့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဒီထဲမှာ တော်တော်များများ ပါမယ်ထင်တယ်။ ဟင်! ခွင့်လွှတ်နိုင်ကြလား? (ခွင့်လွှတ်နိုင်တယ်) တစ်ယောက်ပဲ ပြောတယ်။ ကဲ... သူက အဲဒီမှာ တွယ်တာတဲ့ ဓာတ်က တော်တော်ဆိုးတယ်။ သူ ဒီငမူးကို ခွဲနိုင်တယ် ပြောသလား? မပြောဘူး၊ မပြောဘူး။ ခွင့်လွှတ်နိုင်တယ်လို့ပဲ ပြောတော့ သူ ခွဲနိုင်သလား, မခွဲနိုင်ဘူးလား? မခွဲနိုင်သေးဘူး။ တွယ်တာတဲ့ဓာတ်တွေ ခြံရံပြီး ကံတွေကို ထူထောင်ခဲ့မိတဲ့အတွက် ဒီကံက အကျိုးပေးတဲ့ဘဝမှာ မခွဲနိုင်သေးဘူး၊ မခွဲနိုင်သေးဘူး။

ဒီမှာ ဇောတိကသူဌေးအလောင်းလဲ ဒီအတိုင်းပဲ။ သူ့စည်းစိမ်ဥစ္စာတွေကို မခွဲနိုင်ဘူး။ ဒါကြောင့် သူက လောဘဓာတ် ခြံရံပြီးတော့ ကံကို ထူထောင်ခဲ့မိတဲ့အတွက် မခွဲနိုင်တော့ ဘာဖြစ်သလဲ? ဇောတိကသူဌေး အစ်ကိုလုပ်တဲ့ပုဂ္ဂိုလ်က နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ် ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ထိုဘဝမှာ ရဟန္တာ ဖြစ်သွားတယ်။ အိုနာသေရေး ဒုက္ခဘေးမှ လွတ်သွားတယ်။ ညီလုပ်တဲ့ ပုဂ္ဂိုလ်ကတော့ အစ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ တိုက်တွန်းချက်အရ ဝိပဿီဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းတော်ကြီးတွေလည်း ဆောက်လုပ်လှူဒါန်းပါတယ်။ ထိုကျောင်းတော် ဝန်းကျင်မှာ ရတနာခုနှစ်ပါးတို့ကိုလည်း ကြဲဖြန့်ပြီး လှူဒါန်းပူဇော်ခဲ့ဖူးပါတယ်။ ဒီကောင်းမှုကုသိုလ်တွေက သိပ်ကြီးကျယ်တယ်ပဲ ဆိုပါတော့။ ဒါပေမဲ့ ပြောချင်တဲ့အချက်က ဒါမဟုတ်ဘူး။ ဘာလဲ?

--- အဲဒီ (၉၁) ကမ္ဘာခရီးကို သူက ဆက်ပြီးတော့ ကျင်လည်ခဲ့ရတယ်။ တစ်ကမ္ဘာ တစ်ကမ္ဘာ သတ္တဝါတစ်ဦး သေကျေပျက်စီးတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုရင် ဝေပုလ္လတောင်လောက်မြင့်တဲ့ တောင်ကြီးတစ်တောင် ဖြစ်နိုင်တယ်လို့ ဒီလို အဆိုရှိပါတယ်နော်။ ဒီအရိုးတွေကလည်း မဆွေးမြေ့ မပျက်စီးခဲ့ဘူးဆိုရင်ပေါ့။ ဒီတော့ တစ်ကမ္ဘာ တစ်ကမ္ဘာမှာ သတ္တဝါတစ်ဦး သေကျေပျက်စီးတဲ့ အရိုးတွေ တောင်လို ပုံနိုင်တယ်ဆိုတော့ (၉၁) ကမ္ဘာခရီးကို ဖြတ်ကျော်ခဲ့ရတဲ့ ပုဂ္ဂိုလ်အဖို့ အရိုးတွေ တောင်လို ပုံပြီးတော့ သေကျေပျက်စီးခဲ့ရတဲ့ ဘဝတွေ တောင်အလုံးပေါင်း ဘယ်လောက်ရှိမလဲ? (၉၁) တောင်လောက် ရှိတယ်။ စဉ်းစားကြည့်စမ်း။ လူချမ်းသာ၊ နတ်ချမ်းသာကို တွယ်တာတက်မက်မောနေတဲ့ စိတ်ထားဖြင့် ကောင်းမှုကုသိုလ် ပြုခြင်းသည် အရိုးတွေ တောင်လို ပုံပြီးတော့ သေရတဲ့ ဘဝကို တပ်မက်မောနေတာနဲ့ မတူဘူးလား? တူနေတယ်။

အရိုးတွေ တောင်လို ပုံပြီးတော့ သေကျေပျက်စီးခဲ့ရတဲ့ ဘဝမှာ အိုမှု မရှိဘူးလား? ရှိတယ်။ နာမှု မရှိဘူးလား? ရှိတယ်။ သေမှု မရှိဘူးလား? ရှိတယ်။ ရာဂ မကင်းသေးတဲ့အတွက် စိုးရိမ်ရမှု၊ ပူဆွေးရမှု၊ ကိုယ်ဆင်းရဲရမှု၊ စိတ်ဆင်းရဲရမှု၊ ပြင်းစွာပူပန်ရမှုဆိုတဲ့ ဒုက္ခတွေရော မရှိဘူးလား? ရှိနေတယ်။ အဲဒီ ဒုက္ခတွေကို တွယ်တာတာနဲ့ မတူဘူးလား? အတူတူပဲ။ ဒါကြောင့် ဘုရားရှင်က ဒီလို သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ဝတ္တနိဒ္ဒေသ ကုသိုလ်လို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်မျိုးစေ့များ ပြုစုပျိုးထောင်တာကို မနှစ်ခြိုက်ဘူး။ ဒီလို ကုသိုလ်မျိုးကိုလည်း တကယ့် အဓိကာရ ကောင်းမှုကုသိုလ်မျိုးလို့ မခေါ်ပါဘူး။

တကယ့် အဓိကာရ ကောင်းမှုကုသိုလ်ဆိုတာကတော့ ခုနက ဇောတိက သူဌေးရဲ့ အစ်ကိုဖြစ်သူ သူတော်ကောင်း လှူဒါန်းခဲ့တဲ့ ကောင်းမှုကုသိုလ်မျိုးကိုတော့ အဓိကာရ ကောင်းမှုကုသိုလ်လို့ ခေါ်ပါတယ်နော်။ သံသရာဝဋ်ဆင်းရဲဒုက္ခ မီးပုံကြီး အပြီးတိုင် ငြိမ်းစေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကုသိုလ်ထူးကြီးတွေနော်။ အဲဒီတော့ အဲဒီ ကုသိုလ်ထူးကို ပြုစုခဲ့ရတဲ့ သူတော်ကောင်းတွေမှာ ဘာဖြစ်သလဲ? ဥဿာနကုသလမူလ၊ အလောဘခေါ်တဲ့ မတွယ်တာ မတပ်မက်တဲ့ ဓာတ်တွေလည်း သိပ်အားကောင်းတယ်။ ခုနက သူဌေးအလောင်းရဲ့ အစ်ကိုကို ကြည့်နော် -

အင်မတန် ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာတွေ၊ ဂန္ဓကုဋီ ကျောင်းတော်ကြီးကလည်း ကြီးကျယ်ခမ်းနားတယ်။ ဂန္ဓကုဋီကျောင်းတိုက်ရဲ့ ပတ်ဝန်းကျင်မှာ ပူဇော်ပွဲကြီး ကျင်းပတဲ့ အချိန်အခါမှာလည်း ရှေ့ဒူးဝန်း နစ်လောက်အောင်ပေါ့ နှစ်မင်းပယ်ခန့်။ အဲဒီလောက် ပုဆစ်ဒူးဝန်း နစ်လောက်အောင်မြုပ်နေတဲ့ ရတနာတွေကို အပြည့်ခင်းပြီးတော့မှ ပူဇော်တဲ့ ပွဲကြီး။ ဘယ်လောက် ကြီးကျယ်တဲ့ ရတနာဆိုတာ ကြည့်ပေါ့နော်။ အဲဒီလောက် များပြားနေတဲ့ စည်းစိမ်ဥစ္စာတွေ အပေါ်မှာ တွယ်တာမက်မောနေတဲ့ လောဘဓာတ် မရှိဘဲ၊ မတွယ်တာ မမက်မောတဲ့ အလောဘဓာတ် ခြံရံနေတယ်။ အလောဘဓာတ်တွေ သိပ်အားကောင်းနေတယ်။ ဘာပြောတာလဲ? စွန့်လွှတ်နိုင်တယ်။ လွယ်လွယ်လေးနဲ့ စွန့်လွှတ်နိုင်တဲ့အတွက် သူ့မှာ အိုနာသေရေး ဒုက္ခဘေးကြီးမှ လွတ်မသွားဘူးလား? လွတ်သွားတယ်နော်။

အလားတူပဲ - အဒေါသဓာတ်၊ မေတ္တာဓာတ်တွေ သိပ်အားကောင်းတယ်။ ကြည့်ပေါ့... အစ်ကိုလုပ်တဲ့ပုဂ္ဂိုလ် ဒီလောက် ကြီးကျယ်နေတဲ့ စည်းစိမ်ဥစ္စာတွေ မင်းပဲ ယူတော့ဆိုပြီး လွယ်လွယ်လေးနဲ့ စွန့်လွှတ်နိုင်တာဟာ ညီလုပ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာ ရှိလို့လား, မရှိလို့လား? ရှိနေတယ်။ နောက်တစ်ခု - ညီလုပ်တဲ့ ပုဂ္ဂိုလ်က အစ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ထံ ချဉ်းကပ်ပြီးတော့ -

”အရှင်ဘုရား... တပည့်တော်တော့ ဒီစည်းစိမ်ဥစ္စာတွေနဲ့ မခွဲနိုင်ဘူးဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲ?”
”မင်း... မြတ်စွာဘုရားအတွက် ဂန္ဓကုဋီကျောင်းတော်ကြီး ဆောက်ပြီး လှူပါလား?” တိုက်တွန်းတယ်။ မေတ္တာ ရှိလို့လား, မရှိလို့လား? မေတ္တာဓာတ်တွေကလည်း သိပ်အားကောင်းတယ်။ အမောဟခေါ်တဲ့ ပညာဓာတ်တွေကလည်း သိပ်အားကောင်းတယ်။ ဘာကြောင့်လဲ? အရဟတ္တမဂ်၊ အရဟတ္တဖိုလ် တိုင်အောင်သော အသိထူးဉာဏ်ထူးကြီးကို ရရှိတယ်ဆိုရင် အမောဟ ပညာဓာတ် ကုသလမူလတရားတွေလည်း အားမကောင်းဘူးလား? သိပ်အားကောင်းတယ်။ ဒါက ဘာဖြစ်လို့လဲလို့မေးတော့ ရှေးက ပြုခဲ့ဖူးတဲ့ အဓိကာရခေါ်တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းခေါ်တဲ့ ကောင်းမှုကုသိုလ်ထူးရှိနေတဲ့ သူတော်ကောင်းတို့ရဲ့သန္တာန်မှာ အလောဘဓာတ် များပြားခြင်း, အဒေါသဓာတ် များပြားခြင်း, အမောဟဓာတ် များပြားခြင်းဆိုတာ ဓမ္မတာပဲ။ အဲဒီ ဓမ္မတာ ဖြစ်တဲ့အတွက် ဘာဖြစ်သလဲ?

--- သော တေနေဝ ကုသလမူလေန ဝိပဿနံ ဥပ္ပါဒေတွာ အာသဝက္ခယံ ပါပုဏာတိ ယထာ ရာဇာ မဟာကပ္ပိနော အဂ္ဂမဟေသီ စ။

သော၊ ထိုသူတော်ကောင်းသည်။ တေနေဝကုသလမူလေန၊ ထိုကုသလမူလတရားကြောင့်သာလျှင်။
ဘာလဲ အလောဘ၊ အဒေါသ၊ အမောဟ ကုသလမူလတရား ဘယ်နှစ်ခု ရှိသလဲ? သုံးခု။
တေနေဝကုသလမူလေန၊ ထိုကုသလမူလတရား သုံးပါးကြောင့်သာလျှင်။ ဝိပဿနာ၊ ဝိပဿနာကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ အာသဝက္ခယံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်သို့။ ပါပုနာတိ၊ ဆိုက်ရောက်နိုင်ပေ၏။

ဒီကုသလမူလတရား သုံးပါး ထင်ရှားရှိနေတဲ့အတွက်ကြောင့် ဝိပဿန္တာဉာဏ်ကို ဖြစ်စေခဲ့မယ်ဆိုရင် ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့ အချိန်အခါမှာ အာသဝေါတရား လေးပါးတို့၏ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်တယ်။ ဘယ်ပုဂ္ဂိုလ်တွေနဲ့ တူသလဲလို့မေးတော့ -

ယထာရာဇာ မဟာကပ္ပိနော အဂ္ဂမဟေသီ၊ မဟာကပ္ပိနမင်းကြီးနဲ့ မဟာကပ္ပိနမင်းကြီးရဲ့ အဂ္ဂမဟေသီ အနော်ဇာဒေဝီ မိဖုရားကြီးတို့ရဲ့ ထုံးကဲ့သို့ သိပ်တူတယ်ဆိုပြီး မဟာကပ္ပိနမင်းကြီးရဲ့ထုံးကို ထောက်ပြထားပါတယ်နော်။ ပြီးတော့ ဒီမဟာကပ္ပိနမင်းကြီးတို့ ဆိုတာက ရှေးရှေးဘဝ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရရှိဖို့ရန်အတွက် ကြဲချစိုက်ပျိုးခဲ့တဲ့ အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြပါတယ်။ နောက်ဆုံးဘဝ ရောက်လာပြီ -

အာယု၊ အသက်ရှည်ခြင်း၊ ဝဏ္ဏ၊ အဆင်းလှခြင်း၊ သုခ၊ ချမ်းသာကြီးခြင်း၊ ဗလ၊ ကာယဗလခေါ်တဲ့ စွမ်းအားတွေ ပြည့်ဝစုံညီခြင်း၊ ပညာ၊ ဉာဏဗလခေါ်တဲ့ ဉာဏ်ပညာ ကြီးမားခြင်းဆိုတဲ့ ဒီအကျိုးတရားတွေ ရရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသူတော်ကောင်းကြီးတွေ ကောင်းမှုကုသိုလ်ထူးကို ကြဲချစိုက်ပျိုးခဲ့ကြသလဲဆိုရင်တော့ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရ မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းတော်မူခဲ့ပါတယ်။ ထိုပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဒီမဟာကပ္ပိန အမျိုးကောင်းသားက ဘိက္ခုဩဝါဒ ရဟန်းတို့ကို ဆိုဆုံးမတဲ့နေရာမှာ အသာဆုံး, အမြတ်ဆုံး ဖြစ်တဲ့ ဧတဒဂ်ဘွဲ့ထူးကို ရည်မှန်းပြီးတော့ ကောင်းမှုကုသိုလ်ထူးတွေကို ကြဲချစိုက်ပျိုးခဲ့ပါတယ်။ အကြီးအကျယ် ကောင်းမှုကုသိုလ်ပြုပြီးတော့ ထိုရာထူးဌာနန္တရကို ဆုတောင်းပန်ထွာခဲ့တယ်။ ထိုဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဝိဇ္ဇာမျိုးစေ့ကောင်း၊ စရဏမျိုးစေ့ကောင်းလို့ခေါ်ဆိုအပ်တဲ့ ဒါနကျင့်စဉ်, သီလကျင့်စဉ်, သမထ ကျင့်စဉ်တွေ, ဝိပဿနာ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပါတယ်။

ဘယ်လောက်ကြာသလဲ ပြန်ကြည့်လိုက်တော့ ပဒုမုတ္တရဘုရားရှင်သည် လူတို့ရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်းတော်မူခဲ့တဲ့ ဘုရားရှင်ဖြစ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်နဲ့ နှစ်ပေါင်းတစ်သိန်းလောက် ကြုံတွေ့နေရတဲ့ ထိုသူတော်ကောင်းသည် အားရပါးရ ဝဝကြီး ဒါနကျင့်စဉ်တွေ, သီလကျင့်စဉ်တွေ, သမထ ကျင့်စဉ်တွေ, ဝိပဿနာ ကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့်ကောင်းကြီးတွေ မရနိုင်ဘူးလား? ရနိုင်ပြီ။

ဒါပေမဲ့ နိဗ္ဗာန်ကို သူက လွယ်လွယ်လေးနဲ့ သွားချင်တဲ့ စိတ်ထားတော့ မရှိလှဘူး။ ရဟန်းတော်တို့ကို ဆိုဆုံးမတဲ့နေရာမှာ အသာဆုံး, အမြတ်ဆုံးဖြစ်တဲ့ ဧတဒဂ်ဘွဲ့ထူးလေး ဆင်မြန်းပြီးမှ နိဗ္ဗာန်ကို သွားချင်တဲ့ ဆန္ဒဓာတ်ရှိတယ်။ သူ့ရဲ့ ဆန္ဒဓာတ်နဲ့ လျော်ညီစွာ ပါရမီတွေကို ဖြည့်ကျင့်လိုက်တော့ သူ့မှာ အဓိကာရ ကောင်းမှုကုသိုလ်ထူးက ရှိပြီ၊ ရှိလိုက်တော့ ဘဝတစ်ခု ဆိုကြပါစို့...။ စပ်ကြားကာလ၊ ဘဝတစ်ခုမှာ -

ယက္ကန်းသည်ရွာကြီး တစ်ရွာရှိတယ်။ အဲဒီ ယက္ကန်းသည်ရွာမှာ ဒီ မဟာကပ္ပိနမင်းကြီးရဲ့ အလောင်းဖြစ်တဲ့ အမျိုးကောင်းသားက အကြီးအကဲ ဖြစ်နေပါတယ်။ အိမ်ခြေပေါင်း တစ်ထောင်လောက်ရှိတယ်။ အဲဒီ အိမ်ခြေပေါင်း တစ်ထောင်လောက်ရှိတော့ မဟာကပ္ပိန အမျိုးသားရဲ့ အမျိုးသမီးဖြစ်တဲ့ အိမ်ရှင်ဒကာမကြီးကလည်း အင်မတန် သဒ္ဓါတရားနဲ့ ပြည့်ဝတယ်။ အသိအလိမ္မာ ဉာဏ်ပညာကလည်း ကြီးတယ်။

--- တစ်နေ့... အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင် ရှစ်ဆူနဲ့ လမ်းမှာ တွေ့ကြုံတယ်။ အကျိုးအကြောင်း မေးမြန်းလျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မိုးလေးလအတွက် ဝါဆိုရန် ဝါဆိုကျောင်းတွေ အလိုရှိနေကြောင်း သတင်းကောင်းရရှိတော့ ချက်ချင်း ရွာထဲပြန် အကုန်လုံးစည်းဝေး၊ အိမ်ရှင်ယောက်ျားကိုလည်း အကျိုးအကြောင်း အကုန်ပြော၊ ပြောပြီးတဲ့ အခါကျတော့ ရှင်ပစ္စေကဗုဒ္ဓါတွေကို ကျောင်းဆောက်လှူကြတယ်။ ဒီတော့ အမျိုးကောင်းသမီးက သဒ္ဓါတရားရှိတဲ့ အမျိုးကောင်းသမီး ဖြစ်ခြင်းကြောင့် အရှင်ပစ္စေကဗုဒ္ဓါများ ဝါဆိုကျောင်းအဖြစ် အလိုရှိနေပြီဆိုတဲ့ သတင်းကောင်း ကြားလိုက်ရတဲ့ အချိန်အခါမှာ သူက လျှောက်ထားခဲ့တယ်။ တပည့်တော်မတို့ တာဝန်ယူပါ့မယ်။ မိုးလေးလအတွက် အရှင်ဘုရားတို့ဘက်ကသာ ပဋိညာဉ် ဝန်ခံချက် ကတိစကား ပေးတော်မူပါဆိုပြီး သူက လျှောက်ထားခဲ့တယ်။

လျှောက်ထားပြီးတော့မှ သူက ရွာပြန်၊ အိမ်ရှင်ယောက်ျားကို အကျိုးအကြောင်းပြော၊ ရွာမှာရှိတဲ့ လူတွေ အကုန်လုံး စည်းဝေး၊ အကျိုးအကြောင်း ပြောပြီးတော့ တိုင်ပင်ကြတယ်။ ဒါပေမဲ့ ပစ္စေကဗုဒ္ဓါဘုရားရှင် ရှစ်ဆူကို သူက နက်ဖြန်အတွက် ဆွမ်းဖြင့်လည်း ပင့်ဖိတ်ခဲ့ပါတယ်။ ပင့်ဖိတ်ခဲ့တဲ့အကြောင်းကိုပြောတော့ ရွာလယ်မှာ မဏ္ဍပ်ကြီးတစ်ခု ထိုးပြီးတော့ ရှင်ပစ္စေကဗုဒ္ဓါတွေကို ဆွမ်းဖြင့် နောက်တစ်နေ့ကျတော့ ရိုသေစွာ ပြုစုလုပ်ကျွေးကြပါတယ်။ ပြုစုလုပ်ကျွေးပြီးတဲ့ အချိန်အခါမှာ ဝါဆိုကျောင်းလေးတွေကို စီမံခန့်ခွဲပြီးတော့ ဆောက်လုပ်ကြပါတယ်။ ဆောက်လုပ်ပြီးတဲ့ အချိန်အခါကျတော့ ဒါက သူတို့ စပ်ကြားကာလ ပြုစုတာ၊ မိုးလေးလကာလပတ်လုံးပေါ့လေ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တွေကို ရိုရိုသေသေနဲ့လည်း ပြုစုလုပ်ကျွေးကြတယ်။

ဝါကျွတ်တဲ့အခါ ဝါကျွတ်သင်္ကန်း၊ ဝါဆိုတဲ့အခါ ဝါဆိုသင်္ကန်း စသည်ဖြင့် သင်္ကန်းတွေလည်း မိမိတို့ စွမ်းအားရှိသလောက် လှူဒါန်းပူဇော်ကြပါတယ်။ အဲဒီကနေပြီးတော့ နောက်ဘဝတစ်ခု ပြောင်းသွားပြီ ဆိုကြပါစို့။ ဒီကောင်းမှုကြောင့်လည်း သူတို့ လူ့ပြည်၊ နတ်ပြည် စုန်ဆန် ကျင်လည်ရာကနေပြီးတော့ ကဿပဘုရားရှင် လက်ထက်တော် ရောက်လာပြီ။ လက်ထက်တော် ရောက်လာတဲ့ အချိန်အခါမှာ သူတို့ ဘာဖြစ်သလဲ? အမျိုးကောင်းသားတွေ ကောင်းမှုကုသိုလ်ကို စုပေါင်းပြီးတော့ စိတ်တူ သဘောတူ ပြုခဲ့တဲ့အတွက် အကျိုးပေးတဲ့အခါမှာလည်း အတူတူပဲ လာပြီး အကျိုးပေးကြပါတယ်။

အကျိုးပေးတော့ တစ်နေ့ ကဿပမြတ်စွာဘုရားကျောင်းတော်ကို သွားပြီးတော့ တရားနာယူတော့ မိုးဗြုန်းကနဲ ရွာချလိုက်တယ်။ အသိမိတ်ဆွေ ရဟန်းတော်များရှိတဲ့ ပုဂ္ဂိုလ်များကျတော့ မိမိတို့ ရဟန်းတော်များ နီးစပ်ရာ ကျောင်းတွေကို ဝင်ပြီးတော့ မိုးခိုကြတယ်။ သူတို့ကတော့ ဘယ်ဘုန်းကြီးနဲ့မှ အသိမရှိဘူး။ အသိမရှိတော့ ဟိုကျောင်း တက်ရတော့ မလိုလို၊ ဒီကျောင်း တက်ရတော့ မလိုလိုနဲ့ ဘယ်ကျောင်းမှ တက်လို့မရဘဲ မိုးရွာထဲ လည်တဲလည်တဲနဲ့ မိုးရေ အစိုခံလိုက်ကြရတယ်။ အဲဒါကို နည်းနည်း ရှက်သွားတယ်။ ရှက်သွားတော့ သူတို့ ကောင်းမှုကုသိုလ်တစ်ခု ပြုသင့်တယ်လို့ တိုင်ပင်ပြီးတော့ ကဿပဘုရား အမှူးရှိနေတဲ့ ရဟန်းတော်များ သီတင်းသုံးဖို့ရန်အတွက် ကျောင်းတော်ကြီးများ စုဆောင်းပြီးတော့ ဆောက်လုပ်လှူဒါန်းကြပါတယ်။ ကျောင်း ရေစက်ချပွဲကြီး ကျင်းပပြီ။ ကဿပဘုရား အမှူးရှိနေတဲ့ သံဃာတော်တွေကို သင်္ကန်းတွေ တတ်အားသမျှ လှူဒါန်းကြတယ်။

မဟာကပ္ပိနမင်းကြီးအလောင်းဖြစ်တဲ့ အမျိုးကောင်းသားက အကြီးအကဲပါ။ မဟာကပ္ပိနမင်းကြီးရဲ့ အဂ္ဂမဟေသီ မိဖုရားကြီးဖြစ်မယ့် အနော်ဇာဒေဝီကလည်း ထိုပွဲမှာ အမျိုးသမီးဘက်မှာ အကြီးအကဲတစ်ဦး ဖြစ်ပါတယ်။ အကြီးအကဲတစ်ဦး ဖြစ်တဲ့အခါကျတော့ သူတို့ ဘာလုပ်သလဲ? ကဿပမြတ်စွာဘုရားရှင်ကို သူကိုယ်တိုင် ကျကျနန ဦးဆောင်ပြီး ယက်လုပ်ထားတဲ့ မွန်မြတ်တဲ့ သင်္ကန်းတစ်စုံ၊ အနော်ဇာပန်းတွေ အပြည့်ထည့်ထားတဲ့ ပန်းလင်ဗန်းပေါ်မှာ ဒီသင်္ကန်းကို တင်ပြီးတော့ ကဿပဘုရားရှင်ရဲ့ ခြေတော်ရင်း ချပြီးတော့ သူက ပူဇော်တယ်။

အနော်ဇာပန်းဆိုတာက... ဘာပန်းလဲလို့ ဆိုရင်တော့ ရှေးခေတ် ဆရာတော်ကြီးများက လိပ်ဆူးရွှေပန်းဆိုပြီး ဒီလို ဘာသာပြန်ထားတယ်။ လိပ်ဆူးရွှေပန်းဆိုတဲ့ ပန်းတစ်မျိုး မြင်ဖူးတဲ့ပုဂ္ဂိုလ်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဘုန်းကြီးလည်း မြင်ဖူးတဲ့အခါမှာ ပန်းကို အသေအချာ အကဲခတ်ကြည့်တယ်။ ဒီပန်းသည် ပန်းရောင်လို့ ပြောဖို့ရန်လည်း ခက်တယ်၊ နံ့သာရောင်လို့ ပြောဖို့ရန်လည်း ခက်တယ်၊ ဝါတယ်လို့ ပြောဖို့ရန်လည်း ခက်တယ်၊ နီတယ်လို့ ပြောဖို့ရန်လည်း တော်တော်ခက်တဲ့ ပန်းပဲ။ ဘာရောင်လဲလို့မေးရင်တော့ လိပ်ဆူးရွှေပန်းအရောင်လို့ ဒီလိုပဲ ပြောရမယ့်သဘော ရှိတယ်။ လှပတဲ့ ပန်းအရောင်အဆင်းတစ်မျိုးတော့ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီနေရာမှာ ဘုန်းကြီးပြောချင်တဲ့ အချက်ကလေးတစ်ခုကတော့ အနော်ဇာဒေဝီရဲ့ ဆုတောင်းခန်းလေးတစ်ခု ဖြစ်ပါတယ်။ ကဿပဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ သူက အနော်ဇာပန်းလင်ဗန်းကြီး တစ်ခုချ၊ ထိုလင်ဗန်းပေါ်မှာ သင်္ကန်းတစ်စုံ တင်ပြီးတော့ သူက ဘာဆုတောင်းသလဲ? နော် -
နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ အနောဇပုပ္ဖဝဏ္ဏံယေဝ မေ သရီရံ ဟောတု၊ အနောဇာ ဧဝ စ မေ နာမံ ဟောတု။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၃၊၊)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ၊ ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌။ အနောဇာ ပုပ္ဖဝဏ္ဏံယေဝ၊ အနော်ဇာပန်းအဆင်းနှင့် တူသည်သာဖြစ်သော။ မေ၊ ဘုရားတပည့်တော်မ၏၊ သရီရံ၊ ခန္ဓာကိုယ်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

ဟော ... သူ့ဆုတောင်းခန်းလေး ကြည့်ဦး။ အသားအရောင်နဲ့ ပတ်သက်လို့ သူက သိပ်ပြီးတော့ အနော်ဇာပန်းအရောင်ကို နှစ်ခြိုက်ပုံရတယ်။ ဒါကြောင့် -

”မြတ်စွာဘုရား ... ဖြစ်လေရာ ဖြစ်လေရာ ဘုံဌာနမှာ ဘုရားတပည့်တော်မရဲ့ ကိုယ်အရောင်အဆင်းသည် အနော်ဇာပန်းအဆင်းနဲ့တူတဲ့ အဆင်းရှိတဲ့ ခန္ဓာကိုယ်သာ ဖြစ်ရပါလို၏” လို့ ဆုတောင်းတယ်။

အနောဇာ ဧဝ စ မေ နာမံ ဟောတု။

မေ၊ ဘုရားတပည့်တော်၏၊ နာမံ၊ အမည်သည်လည်းပဲ။ အနောဇာဧဝ၊ အနော်ဇာအမည်ရှိသည်သာလျှင်။ ဟောတု၊ ဖြစ်ပါစေသတည်း။

တပည့်တော်မရဲ့ နာမည်ဟာလည်း အနော်ဇာအမည်ရှိတဲ့ နာမည်သာလျှင် ဖြစ်ပါစေ။ ဒီဆုတောင်းတယ်။ သူ့ရဲ့ ဆုတောင်းခန်း ကြည့်လိုက်မယ်ဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဆိုတဲ့အချက် ပါသလား? မပါဘူးနော်။ သို့သော် တစ်ချိန်က ဆည်းပူးခဲ့တဲ့ ပါရမီတွေက ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဆိုတဲ့ ပါရမီကောင်းတွေ ရှိနေပါတယ်။

အဲဒီတော့ ဒီနေရာမှာ အနော်ဇာပန်းအဆင်းနဲ့တူတဲ့ အသားအရေ၊ ကိုယ်အရေအဆင်းရှိတဲ့ အမျိုးသမီးလို့ အသိမှားနေတဲ့ သဘောလေးက ဘာလဲ? အဝိဇ္ဇာ။ ထိုအမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာတပ်မက်နေတဲ့ သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့ သဘောက ဥပါဒါန်။

ဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခု ခြံရံပြီးတော့ ဘာလုပ်သလဲ? ကျောင်းလှူတယ်၊ သင်္ကန်းလှူတယ်။ ကုသိုလ်စေတနာ သင်္ခါရတရားတွေ မဖြစ်ဘူးလား? ဖြစ်တယ်။ အဲဒီ သင်္ခါရတရားတွေသည် ဖြစ်ပြီးလျှင် ပျက်တဲ့ အနိစ္စတရားပဲ။ ဒါပေမဲ့လို့ ဟိုတခြားတခြား ဝိပါက်တရားတွေလို ဖြစ်ပြီးလျှင် စွမ်းအင်သတ္တိ တစ်စုံတစ်ရာ ဘာမှ မထားခဲ့ဘဲနဲ့ ချုပ်ပျက်သွားတာတော့ မဟုတ်ဘူး။

တစ်ချိန်မှာ သူ မျှော်လင့်တောင့်တနေတဲ့ အနော်ဇာပန်း အဆင်းနဲ့တူတဲ့ အသားအရေရှိတဲ့ အမျိုးကောင်းသမီးဖြစ်ဖို့ရန် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ သူက ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးကို ဘာခေါ်လဲ? ကံ လို့ ခေါ်ပါတယ်။

ဒါ နာနက္ခဏိက ကမ္မသတ္တိ မျိုးပဲ။ နာနက္ခဏိက ကမ္မ ဆိုတာကတော့ အကျိုးပေးနေတဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံနဲ့ အကျိုးတရားတို့ဟာ ခဏချင်း မတူဘူးလို့ ဆိုပါတယ်။ ခဏချင်း သိပ်ဝေးတယ်။ ကမ္ဘာနဲ့ချီပြီး ဝေးချင်လည်း ဝေးတတ်ပါတယ်။ ကမ္ဘာတစ်သိန်းနဲ့ ချီပြီး ဝေးချင်လည်း ဝေးတတ်ပါတယ်။ ဘဝပေါင်းများစွာလည်း ဝေးချင်ဝေးမယ်။ အနီးငယ်သော်လည်း ကွာချင်ကွာမယ်နော်။ လွန်ခဲ့တဲ့ဘဝက ပြုခဲ့တဲ့ ကံက ဒီဘဝမှာ လာပြီး အကျိုးပေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကံနဲ့ အကျိုးကို နှိုင်းယှဉ်ကြည့်လိုက်တဲ့ အခါမှာ ပြိုင်တူဖြစ်တာတော့ မဟုတ်ဘူး။ ခဏ ကွာနေတယ်။ ဒါကြောင့် နာနက္ခဏိက ကမ္မလို့ ခေါ်ပါတယ်။

အဲဒီတော့ အဲဒီဆုကို တောင်းပြီးတော့ ဆိုကြပါစို့ ...။ သူတို့ သံသရာခရီး ကျင်လည်ကြပြီ။ ဦးပဉ္စင်းတို့ ဂေါတမမြတ်စွာဘုရား သာသနာတော်တွင်းတော့ ရောက်လာပြီ။ ရောက်လာတဲ့ အချိန်အခါမှာ မဟာကပ္ပိနမထေရ် အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသားက အဲဒီမှာ ကုက္ကုဒဝတီနိုင်ငံမှာ သွားပြီးတော့ ရှင်ဘုရင် ဖြစ်ပါတယ်။ ခုနက အနော်ဇာအမည်ရှိတဲ့ အမျိုးကောင်းသမီးဖြစ်ဖို့ရန် ဆုတောင်းပန်ထွာခဲ့တဲ့ သူ့ရဲ့ အိမ်ရှင်မကလည်း အနော်ဇာဒေဝီ ဆိုပြီး လာဖြစ်ပါတယ်နော်။ သူ့ရဲ့ထံမှာပဲ လာပြီးတော့ မိဖုရားဖြစ်တယ်။

ဒါပေမဲ့လို့ ဒီပုဂ္ဂိုလ်တွေက ဒီဘဝမှာ ပစ္ဆိမဘဝိက သားတွေ ဖြစ်ကြပြီ။ ပစ္ဆိမဘဝိကသား ဆိုတာက နောက်ဆုံး ဘဝရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီဘဝသည် သူတို့အတွက် နောက်ဆုံးဘဝ ဖြစ်တယ်။ နောက်ထပ် သံသရာခရီးဆိုတာ မရှိတော့ဘူး။ ဒီတော့ နောက်ထပ် သံသရာခရီး ဆက်ရန်မရှိတဲ့ ဒီသူတော်ကောင်းတို့ရဲ့ စိတ်ထားသည် ဘာဖြစ်သလဲ? အမြဲတမ်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းကို လိုလားတောင့်တတဲ့စိတ်ထား အမြဲရှိတယ်။ ကောင်းသလား, မကောင်းဘူးလား? တကယ်ကောင်းတာလား? ဟင်! တကယ်ကောင်းတယ်။ ကဲ ... တကယ်ကောင်းရင် ဒကာကြီးတွေ တကယ် ကြိုးစားကြမလား? အေး ...ကောင်းတယ်,ကောင်းတယ်။ ကြိုးစားနိုင်ရင်တော့နော်။

ဒါပေမဲ့ အဲဒီမှာ ထူးခြားချက်ကလေးက ဘာလဲ? အမြဲတမ်း နားစွင့်နေတယ်။ ဘယ်လို နားစွင့်သလဲဆိုတော့ ဒီမဟာကပ္ပိနမင်းကြီးမှာ ဗလခေါ်တဲ့ မြင်းသည်တော်က တစ်စီး၊ ဗလဝဟနခေါ်တဲ့ မြင်းသည်တော်က တစ်စီး၊ ပုပ္ဖခေါ်တဲ့ မြင်းသည်တော်က တစ်စီး၊ ပုပ္ဖဝဟနခေါ်တဲ့ မြင်းသည်တော်က တစ်စီး၊ သုဘဒ္ဒခေါ်တဲ့ မြင်းသည်တော်က တစ်စီး။ ပေါင်းလိုက်ရင် မြင်းကျော် ငါးစီး ရှိပါတယ်။ အဲဒီထဲမှာ သုဘဒ္ဒခေါ်တဲ့ မြင်းကျော်ကိုတော့ မိမိကိုယ်တိုင် စီးတယ်။

ကျန်နေတဲ့ မြင်းကျော်လေးစီးကိုတော့ ဘာလုပ်သလဲ? သူရဲကောင်း လေးဦး ရွေးချယ်ပြီးတော့ နေ့စဉ် မြို့လေးပြင်ကို လှည့်လည်ခိုင်းတယ်။ သတင်းကောင်းတွေကို နားထောင်ခိုင်းတယ်။ ဘယ်နေရာမှာ လောကမှာ ဘုရားရှင် ပွင့်နေသလဲ? ဘယ်နေရာမှာ တရားထူး, တရားမြတ်တွေ ရှိနေသလဲ ဆိုတာကို အမြဲတမ်း ထောက်လှမ်းခိုင်းတယ်။ ဒါကြောင့် -

“ယတ္ထ ဗဟုဿုတေ သုတဓရေ ပဿထ, တတော နိဝတ္တိတွာ မယှံ အာရောစေထ”

ယတ္ထ၊ အကြင်ဒေသ၌။ ဗဟုဿုတေ၊ အကြားအမြင် ဗဟုဿုတ များပြားလှကုန်သော။ သုတဓရေ၊ အကြားအမြင် ဗဟုဿုတကို ဆောင်ထားနိုင်ကြကုန်သော သူတော်ကောင်းတို့ကို။ ပဿထ၊ တွေ့မြင်ကြရကုန်လေရာ၏၊ တတော၊ ထိုတွေ့မြင်ရာ အရပ်မှ။ နိဝတ္တိတွာ၊ နောက်ကြောင်းသို့ ပြန်လှည့်လာကြကုန်၍။ မယှံ၊ ငါ့အား။ အာရောစေထ၊ ပြောကြားကြကုန်လော့။

မြင်းသည်တော် လေးဦး နေ့တိုင်း စေလွှတ်တယ်။ အရပ်လေးမျက်နှာ လှည့်လည်ကြ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အကြားအမြင် ဗဟုဿုတရှိတဲ့ သူတော်ကောင်းတွေ၊ အကြားအမြင် ဗဟုဿုတကို ဆောင်ထားနိုင်တဲ့ သူတော်ကောင်းတွေကို သင်တို့ ဖူးတွေ့ခဲ့ရမယ်ဆိုရင် ဖူးတွေ့ခဲ့ရတဲ့ နေရာကနေ လှည့်ပြီးတော့ ငါ့ဆီကို ပြန်လာပြီးတော့ အကျိုးအကြောင်း ပြောပြကြဆိုပြီး ဒီလို စေလွှတ်ထားတယ်။

သတင်းကောင်းကို အမြဲတမ်း နားစွင့်နေတယ်။ အဲဒီလို နားစွင့်နေရာက နေပြီးတော့ သာဝတ္ထိက ကုန်သည်တချို့ သူ့ရဲ့ ကုက္ကုဋဝတီနေပြည်တော်ကို သွားပြီးတော့ ကုန်သွယ်ရေးလုပ်ငန်းကိစ္စနဲ့ သွားကြတယ်။ သွားရင်းနဲ့ - ”ကဲ ... တို့ ရှင်ဘုရင်ထံတော့ ဝင်ပြီးတော့ ဖူးမြှော်ကန်တော့မှ တော်မယ်” ဆိုပြီး တိုင်ပင်ပြီးတော့ ရှင်ဘုရင်ထံ သွားလိုက်တော့ ထိုနေ့ ထိုအချိန်မှာ ရှင်ဘုရင်မဟာကပ္ပိနမင်းကြီးကလည်း သူ့ရဲ့ ပါရမီဖြည့်ဖက် ဖြစ်တဲ့ အမတ်တစ်ထောင် ခြံရံပြီးတော့ ဥယျာဉ်ကစားဖို့ရန်အတွက် တစ်ယောက်လျှင် မြင်းတစ်ကောင်ကျ စီးပြီးတော့ တောထွက်ပြီး အဲဒီ ဥယျာဉ်တော်ကို သွားကြတယ်။

အဲဒီလို ရှင်ဘုရင်ကြီး ဥယျာဉ်တော် ထွက်သွားပြီဆိုတဲ့ ဒီသတင်းကို ကြားလိုက်တော့ ကုန်သည်တွေကလည်း ဥယျာဉ်တော်ကို လိုက်သွားကြပါတယ်။ ဥယျာဉ်တော်ကို လိုက်သွားတဲ့အချိန်အခါကျတော့ ကုန်သည်များက ဖူးမြှော်ကန်တော့လိုတဲ့အကြောင်းကို သက်ဆိုင်ရာ မှူးကြီး မတ်ရာတွေက မဟာကပ္ပိနမင်းကြီးကို တင်ပြလျှောက်ထားကြတယ်။ မဟာကပ္ပိနမင်းကြီးကလည်း ဖူးမြှော်ကန်တော့ဖို့ ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြုချက် ရရှိတဲ့အခါ ကုန်သည်တွေနဲ့ တွေ့ပြီ။ တွေ့လိုက်တဲ့ အချိန်အခါကျတော့ မဟာကပ္ပိနမင်းကြီးက ဘာစကား စမေးလဲ?

ကစ္စိ ဝေါ ရဋ္ဌံ သုဘိက္ခံ, ဓမ္မိကော ရာဇာ?

ဝေါ၊ အမောင်တို့ရဲ့။ ရဋ္ဌံ၊ တိုင်းနိုင်ငံသည်ကား။ သုဘိက္ခံ၊ ဝပြောသော။ ကစ္စိ၊ (အမေးပုဒ်)။ သင်တို့၏ တိုင်းနိုင်ငံသည်ကား ဝပြောသော တိုင်းနိုင်ငံ ဟောတိ နုခေါ၊ ဖြစ်ပါသလား? ရာဇာ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်သည်။ ဓမ္မိကော၊ တရားစောင့်တဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ နုခေါ၊ ဖြစ်ပါလေသလော။

”သင်တို့ရဲ့ တိုင်းနိုင်ငံဟာ ဝပြောတဲ့ တိုင်းနိုင်ငံ ဖြစ်ပါရဲ့လား? သင်တို့ တိုင်းပြည်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း တရားစောင့်တဲ့ပုဂ္ဂိုလ် ဟုတ်ပါရဲ့လား?” မေးကြည့်တယ်။

အဲဒီအခါကျတော့ ”အာမဒေဝ အရှင်မင်းမြတ် ... ကျွန်တော်မျိုးတို့ နေထိုင်တဲ့ သာဝတ္ထိခေါ်ဆိုတဲ့ အရပ်ဒေသဟာ ဝပြောတဲ့ အရပ်ဒေသလည်း မှန်တယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း တရားကျင့်သုံးနေတဲ့ တရားစောင့်တဲ့ မင်းဖြစ်ပါတယ်” ဆိုပြီးတော့ ပြန်လည် တင်ပြ လျှောက်ထားကြတယ်။

အဲဒီအခါကျတော့မှ သူက ဆက်ပြီး ဘာမေးသလဲ? သူက ဒါက ဓမ္မတာအလျှောက် နှုတ်ခွန်းဆက်တာပါ။ သူမေးချင်တဲ့ အချက်က ဒီအချက်မဟုတ်ဘူး။ နောက်ထပ် ထူးခြားနေတဲ့အချက်တစ်ခု သူက မေးချင်နေတယ်။ ဘာမေးလဲ?

အတ္ထိ ပန တုမှာကံ ဒေသေ ကိဉ္စိ သာသနံ?

တုမှာကံ၊ သင်တို့၏၊ ဒေသေ၊ အရပ်ဒေသ၌။ ကိဉ္စိ သာသနံ၊ တစ်စုံတစ်ခု ထူးခြားတဲ့ သတင်းစကားသည်။ အတ္ထိ ပန၊ ရှိများရှိနေသလား။

”သင်တို့ရဲ့နိုင်ငံမှာ ထူးခြားတဲ့သတင်း တစ်စုံတစ်ရာများ ရှိလေသလား?” ဒီမေးခွန်း မေးကြည့်တယ်။ အဲဒီအခါကျတော့မှ ကုန်သည်တွေက ဘာပြန်ပြီး တင်ပြလျှောက်ထားလဲ?

”အရှင်မင်းကြီး ... ထူးခြားတဲ့ သတင်းတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ဟာ ကျွန်တော်မျိုးတို့ရဲ့ ပါးစပ်ကို ရေမဆေးဘဲနဲ့ သတင်းအကြောင်းတော့ မပြောနိုင်ဘူး” ဟော ... စျေးကိုင်တာတော့ မဟုတ်ဘူးနော်။ သူတို့က ဘုရားအပေါ်, တရားအပေါ်, သံဃာအပေါ် ရတနာသုံးပါးအပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ထားနဲ့ ပြောနေတာပါ။

”ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို ရေမဆေးဘဲနဲ့တော့ ဒီထူးခြားတဲ့ သတင်းစကားကို မပြောကြားနိုင်ဘူး” ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားကြတယ်။ အဲဒီအခါမှာ ရှင်ဘုရင်ကလည်း ရွှေကရားနဲ့ ရေထည့်ပေးခိုင်းပါတယ်။ ညစ်တီးညစ်ပတ် ခွက်စုတ်ကလေးနဲ့ ရေထည့်ပြီး ပေးတာ မဟုတ်ဘူး။ ရွှေကရားနဲ့ ကျကျနန ရေတွေကို ထည့်ပေးတယ်။ ထည့်ပေးပြီးတော့ ရေရတဲ့အခါမှာ ကုန်သည်တွေကလည်း သူတို့ရဲ့ ပါးစပ်တွေကို စင်ကြယ်အောင် ရေဆေးကြပါတယ်။

ရေဆေးပြီးတဲ့ အချိန်အခါကျတော့မှ ကိုယ်တော်အား ဆယ်ပါး, ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်ရှိရာဘက်ကို လက်အုပ်ချီ၊ လက်အုပ်ကလေး ချီပြီးတော့ ဘာလျှောက်သလဲ?

“ဒေဝ, အမှာကံ ဒေသေ ဗုဒ္ဓရတနံ နာမ ဥပ္ပန္နံ”

ဒေဝ၊ အို အရှင်မင်းမြတ်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏၊ ဒေသေ၊ သာဝတ္ထိခေါ်ဆိုအပ်တဲ့ အရပ်ဒေသ၌။ ဗုဒ္ဓရတနံ နာမ၊ ဘုရားရတနာမည်သည်။ ဥပ္ပန္နံ၊ ပွင့်ထွန်းပေါ်ပေါက်၍ နေပါပေပြီ။

ကောင်းလိုက်တဲ့ သတင်းတစ်ခုပဲနော်။ ”အရှင်မင်းမြတ် ... ကျွန်တော်မျိုးတို့ရဲ့ သာဝတ္ထိခေါ်ဆိုအပ်တဲ့ ထိုအရပ်ဒေသမှာ ဘုရားရတနာ ပွင့်ထွန်းပေါ်ပေါက်နေပါပြီ” ဆိုပြီးတော့ ဒီလို တင်ပြလျှောက်ထားကြတယ်။ အဲဒီအချိန်အခါမှာ မဟာကပ္ပိနမင်းကြီးက “ဗုဒ္ဓ၊ ဘုရား” ဆိုတဲ့ ဒီအသံလေး ကြားလိုက်တာနဲ့ တစ်ပြိုင်နက်တည်း တစ်ကိုယ်လုံးကို နှစ်သက်ဝမ်းမြောက်နေတဲ့ ပီတိကြောင့် ဖြစ်ပေါ်လာတဲ့ မွန်မြတ်တဲ့ စိတ္တဇရုပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့သွားတယ်။ ဝမ်းသာလိုက်တာ။ သူမျှော်လင့်နေတဲ့ သတင်းက ဒီသတင်းပဲ။ ဒီ့ထက် ထူးခြားတဲ့သတင်း သူ မမျှော်လင့်ခဲ့ဘူး။ ဒီသတင်းမျိုးကို အမြဲတမ်း သူက စောင့်ဆိုင်းပြီးတော့ နားထောင်နေခဲ့တယ်။

အဲဒီအခါကျတော့မှ - ”ချစ်သားတို့ ... သင်တို့တစ်တွေဟာ “ဗုဒ္ဓ၊ ဘုရား” လို့များ ပြောလိုက်ကြသလား?” လို့ ခိုင်လုံအောင် သုံးကြိမ်သုံးခါ ထပ်ပြီးတော့ မေးပါတယ်။ သုံးကြိမ်တိုင်တိုင် ”ဘုရား” လို့ ကျွန်တော်တို့ ပြောပါတယ်ဆိုတဲ့အကြောင်း ကုန်သည်တွေက တင်ပြလျှောက်ထားကြတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အခါကျတော့ သူက ဘာစဉ်းစားလဲ?

“ဗုဒ္ဓေါတိပဒံ အပရိမာဏံ, နာဿ သက္ကာ ပရိမာဏံ ကာတုံ”

”ဗုဒ္ဓ၊ ဗုဒ္ဓ” လို့ ပြောဆိုနေတဲ့ ဒီစကားဟာ “အပရိမာဏ” အတိုင်းအတာ ပမာဏ မရှိတဲ့ စကားတစ်ခုဖြစ်တယ်။ ဒီစကားလုံးတစ်လုံးရဲ့ တန်ဖိုးကို အဖိုးဖြတ်ပါဆိုရင် ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်ဘူး။ ဒါပေမဲ့လို့ -

”ကဲ ... ဒီစကားလုံးလေးတစ်လုံး ကြားရတဲ့အတွက် ငါ့စိတ်တွေ သိပ်ပြီးတော့ ကြည်ညိုသွားတယ်။ ကြည်ညိုတဲ့အတွက် သင်တို့ကို အသပြာတစ်သိန်း ဆုပေးမယ်” ဆိုပြီးတော့ အသပြာတစ်သိန်း ဆုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြောကြားလိုက်တယ်။ ဘာဖြစ်လို့ ဒီလို ပြောကြားရသလဲလို့ မေးတော့ သူ့မှာ လက်ရှိပေးဖို့ရန် လက်ထဲမှာက အသပြာတစ်သိန်းကလည်း ဥယျာဉ်ကစား ထွက်လာတဲ့အတွက် ပါမလာဘူး။ ”ပေးမယ်” ဆိုပြီးတော့ ဝန်ခံကတိစကား ပြောလိုက်တယ်။ ပြောလိုက်တဲ့ အချိန်အခါ ကျတော့မှ နောက်ထပ် ဘာများ သတင်းထူးတာ ရှိသေးလဲ ထပ်ပြီး မေးပြန်တယ်။ မေးပြီးတဲ့ အချိန်အခါကျတော့ ကုန်သည်တွေက ဘာပြန်လျှောက်ထားသလဲ?

ဒေဝ ဓမ္မရတနံ နာမ ဥပ္ပန္နံ

ဒေဝ၊ အို အရှင်မင်းမြတ်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏၊ ဒေသေ၊ သာဝတ္ထိခေါ်ဆိုအပ်တဲ့ အရပ်ဒေသ၌။ ဓမ္မရတနံ နာမ၊ တရားရတနာမည်သည်။ ဥပ္ပန္နံ၊ ပွင့်ထွန်းပေါ်ပေါက်၍ လာချေပြီ။

”အရှင်မင်းမြတ် ... ကျွန်တော်မျိုးတို့ သာဝတ္ထိခေါ်ဆိုတဲ့ အရပ်ဒေသမှာ တရားရတနာကြီး ပွင့်ထွန်းပေါ်ပေါက်၍ နေပါတယ်”

ဒီစကားကြားလိုက်တော့လည်း သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ တစ်ကိုယ်လုံး ပီတိပြဋ္ဌာန်းနေတဲ့ နှစ်သက်ဝမ်းမြောက်တဲ့ စိတ်ဓာတ်တွေကြောင့် ဖြစ်ပေါ်သွားတဲ့ စိတ္တဇရုပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့သွားတယ်။ ဝမ်းသာလိုက်တဲ့ အချိန်အခါမှာ ဒီနေရာမှာလည်း ဒီအတိုင်းပဲ ”သင်တို့ တကယ်မှန်သလား?” သုံးကြိမ် သုံးခါ မေးကြည့်ပါတယ်။ သုံးကြိမ်တိုင်တိုင် မေးလိုက်တော့ မှန်ကန်တဲ့အကြောင်း၊ တရားရတနာ ပွင့်ထွန်းပေါ်ပေါက်နေတဲ့အကြောင်း ပြောပြလိုက်တဲ့ အချိန်အခါကျတော့ ဒီနေရာမှာလည်း အသပြာတစ်သိန်း ဆုတော်ပေးလိုက်ပါတယ်နော်။ ”ကဲ နောက်ထပ် ဘာသတင်းများ ထူးသေးလဲ?” ထပ်ပြီးတော့ မေးလိုက်ပါတယ်။ အဲဒီအခါကျတော့မှ -

ဒေဝ သံဃာရတနံ နာမ ဥပ္ပန္နံ

ဒေဝ၊ အို အရှင်မင်းမြတ်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏၊ ဒေသေ၊ သာဝတ္ထိခေါ်ဆိုအပ်တဲ့ အရပ်ဒေသ၌။ သံဃရတနံ၊ သံဃာရတနာမည်သည်။ ဥပ္ပန္နံ၊ ပွင့်ထွန်းပေါ်ပေါက်၍ နေပါချေပြီ။

”ကျွန်တော်မျိုးတို့ရဲ့ သာဝတ္ထိခေါ်ဆိုတဲ့ ထိုအရပ်ဒေသမှာ သံဃာရတနာကြီး ပွင့်ထွန်းပေါ်ပေါက်နေပါပြီ အရှင်မင်းမြတ် ... ” ဆိုပြီးတော့ တင်ပြလျှောက်ထားတယ်။ အဲဒီလိုစကား ကြားရတဲ့ အချိန်အခါမှာလည်း သုံးကြိမ်တိုင်တိုင် ”မှန်ရဲ့လား သံဃာရတနာ ပေါ်ပေါက်နေတယ်ဆိုတာ တကယ်မှန်ရဲ့လား?” သုံးကြိမ်တိုင်တိုင် မေးပါတယ်။ သုံးကြိမ်တိုင်တိုင် မှန်ကန်တဲ့အကြောင်း သိတဲ့အခါမှာလည်း အသပြာတစ်သိန်း ထပ်ပြီးတော့ ဆုချီးမြှင့်ပါတယ်။

ဆုချီးမြှင့်ပြီးတော့ ဘာလုပ်သလဲ? ကမ္ပည်းစာလေးတွေ ရွှေပေလွှာထက်မှာ ကမ္ပည်းစာတွေ သေချာရေး၊ ရေးပြီးတဲ့ အချိန်အခါကျတော့မှ မိဖုရားကြီးထံ ဒီရွှေပေလွှာတွေကို သွားပြတယ်။ ”ငါသည် အသပြာ သုံးသိန်းဆိုတဲ့ ဆုကို ပေးလိုက်တယ်” ဆိုပြီး မှူးကြီးမတ်ရာတွေကို ရွှေပေလွှာ သေချာရေးခိုင်းပါတယ်။ ရေးခိုင်းပြီးတော့ ကုန်သည်တွေကို နန်းတွင်း လွှတ်လိုက်တယ်။ နန်းတွင်း လွှတ်လိုက်တဲ့အချိန်အခါမှာ ကုန်သည်တွေလည်း ထွက်ခွာသွားရော ဘာလုပ်သလဲ? မဟာကပ္ပိနမင်းကြီး သူ့ရဲ့နောက်လိုက်ဖြစ်တဲ့ အမတ်တစ်ထောင်ကို သူက မေးပြီ။ ဘယ်လို မေးလဲ?

“တာတာ, ဗုဒ္ဓေါ လောကေ ဥပ္ပန္နော, တုမှေ ကိံ ကရိဿထ”

တာတာ၊ အမောင်တို့ ...။ လောကေ၊ လောက၌။ ဗုဒ္ဓေါ၊ ဘုရား ရတနာသည်။ ဥပ္ပန္နော၊ ပွင့်ထွန်းပေါ်ပေါက်၍ လာခဲ့လေပြီ။ တုမှေ၊ အမောင်တို့သည်။ ကိံ၊ အဘယ်သို့လျှင်။ ကရိဿထ၊ ပြုလုပ်ကြကုန်လတ္တံ့နည်း။

”အမောင်တို့ ... လောကမှာ ဘုရားရတနာတော့ ပွင့်နေပြီ။ သင်တို့ ဘာများ လုပ်ကြမလဲ?” ဒီမေးခွန်း မေးကြည့်တယ်။ ကဲ ... ဘုန်းကြီးလည်း မေးကြည့်ပါဦးမယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေ ခုနေများ ဘုရားများ လောက ပွင့်လာရင် ဘာလုပ်ကြမလဲ? ဟင် ! ဘာလုပ်ကြမလဲ? အဲဒါပဲ။

ဘုန်းကြီး ငယ်ငယ်တုန်းက ဘုန်းကြီးမိတ်ဆွေ တစ်ယောက်ပြောတာ သွားအမှတ်ရတယ်။ သူက ဘာပြောလဲ? သူ့မိတ်ဆွေတစ်ယောက်က သူ့ကို ပြောဖူးတယ်တဲ့။ ခုနေသာ ဘုရားပွင့်လို့ရှိရင် သူမေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်တဲ့။ ဘာမေးခွန်းလဲလို့ သူ့ကို မေးကြည့်လိုက်တဲ့အခါ ပုဇွန်လုံးဟာ မျက်လုံးနှစ်လုံး ရှေ့တည့်တည့်မှာရှိပါလျက် ရှေ့တည့်တည့်ကို မသွားဘဲ ဘေးစောင်းဘေးစောင်းသွားတယ်။ အဲဒါ ဘာဖြစ်လို့ သွားသလဲ? အဲဒါ သူမေးချင်တယ်တဲ့။ ဟုတ်သလား? ဒကာကြီးတွေလည်း ခုနေ ဘုရားများ လောက ပွင့်လာမယ်ဆိုလို့ရှိရင်တော့ ဘာမေးခွန်းတွေ မေးကြမလဲ? ဟင်! ချဲနံပါတ် တောင်းမယ်ထင်တယ်နော်။

ကဲ ... ကဲ ... ”လောကမှာ ခု ဘုရားပွင့်လာပြီ။ အမောင်တို့ ဘာလုပ်ကြမလဲ?” ဒီမေးခွန်း သူက မေးပြီ။ မေးလိုက်တဲ့ အခါကျတော့ အမတ်တွေကလည်း ဘာပြန်ပြီးတော့ လျှောက်ထားလဲ?

ဒေဝ တုမှေ ကိံ ကတ္တုကာမ?

ဒေဝ၊ အရှင်မင်းမြတ်။ တုမှေ၊ အရှင်မင်းမြတ်တို့သည်။ ကိံ၊ အဘယ် အရာကို။ ကတ္တုကာမ၊ ပြုလုပ်လိုကြပါကုန်သနည်း။

အရှင်မင်းမြတ်တို့ကော ဘာများ ပြုလုပ်ချင်ပါသလဲ? မေးကြည့်တယ်နော်။ မေးလိုက်တဲ့ အချိန်အခါကျတော့ ကြည့် -

အဟံ ပဗ္ဗဇိဿာမိ

အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုပေအံ့။

ငါတော့ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုတော့မယ်။ အဲဒီ ရှင်ရဟန်းပြုမယ့်ပုဂ္ဂိုလ် ကြည့်လိုက်ပါ။ ဒီလို ဆုံးဖြတ်ချက် ချနိုင်တဲ့ပုဂ္ဂိုလ် ကြည့်လိုက်ရင် ထီးနန်းစည်းစိမ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ အနော်ဇာ ပန်းအဆင်းနဲ့တူတဲ့ အလွန်ချောမော တင့်တယ်လှပတဲ့ အနော်ဇာဒေဝီ အမှူးရှိတဲ့ မိဖုရားအပေါင်း ခြံရံထားတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ မင်းစည်းစိမ်နဲ့ ပြည့်ဝစုံလင်နေတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်တဲ့နော်။

အဲဒီလို သူတော်ကောင်းတစ်ဦးက လောကမှာ ဘုရားရတနာ ပွင့်ထွန်းလာပြီဆိုတဲ့ ဒီသတင်းကောင်း ကြားလိုက်တာနဲ့ တစ်ပြိုင်နက် သူ ဘာဆုံးဖြတ်ချက် ချသလဲ? ငါ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ပြုမယ် တစ်ချက်တည်း ဆုံးဖြတ်ချက် ချတယ်။ ဒီနေ့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ ဘယ့်နှယ်တုန်း? အဲဒီလို ဆုံးဖြတ်ချက် ချနိုင်ပါ့မလား? ဟင်! (ချနိုင်တယ်) ကဲ ... ဟန်ကျတယ်, ဟန်ကျတယ်နော်။

ကဲ ... သူက အဲဒီလို ဆုံးဖြတ်ချက် ချနိုင်တာ ဘာကြောင့်လဲ ဆိုတာကို ဦးပဉ္စင်းက ပြောချင်တာပါ။ ကတာဓိကာရ - ရှေးရှေး အတိတ်ဘဝ ထိုထိုက မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခဲ့တဲ့ စရဏမျိုးစေ့ကောင်း၊ ဝိဇ္ဇာမျိုးစေ့ကောင်းတွေကကို အောင်အောင်မြင်မြင် ရှိခဲ့တယ်။ အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိခဲ့တယ်။

ဒီလို အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိနေတဲ့ သူတော်ကောင်းတွေသည် မိမိတို့ ရရှိထားတဲ့ စည်းစိမ်ဥစ္စာအပေါ်မှာ တွယ်တာမက်မောနေတဲ့ လောဘဓာတ် များသလား, နည်းသလား? နည်းနေတယ်။ တွယ်တာ မက်မောနေတဲ့ လောဘဓာတ် မရှိဘူး။ မတွယ်တာ မမက်မောတဲ့ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေက သိပ်များတယ်။ မေတ္တာဓာတ်နဲ့ ဒေါသဓာတ် ဘယ်ဒင်းက များသလဲလို့မေးရင် မေတ္တာဓာတ် အဒေါသဓာတ်တွေက သိပ်များတယ်။ မောဟဓာတ်နဲ့ အမောဟဓာတ် ဘယ်ဒင်းက များသလဲလို့ ပြန်ပြီး မေးလိုက်ပြန်တော့လည်း အမောဟခေါ်တဲ့ ပညာဓာတ်တွေက သိပ်ပြီး အားကောင်းနေတယ်။

ကုသလမူလ တရားသုံးပါးက သိပ်ပြီး အားကောင်းနေတယ်။ အားကောင်းနေတဲ့ ဒီသူတော်ကောင်းတွေဟာ ဘယ်လောက် ကြီးကျယ်တဲ့ စည်းစိမ်ပဲဖြစ်ဖြစ် လွယ်လွယ်လေးနဲ့ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ ပေါ်မလာဘူးလား? ပေါ်လာကြတယ်။ ပေါ်လာတဲ့အတွက် ”ငါ ရှင်ရဟန်း ပြုတော့မယ်” လို့ ရှင်ဘုရင်လုပ်တဲ့ မဟာကပ္ပိနမင်းကြီးက အမိန့်ရှိလိုက်တဲ့အခါ မှူးကြီးမတ်ရာတွေက ဘာပြန်ပြောလဲ? ”မတော်ပါဘူး” ဒီလို ပြောမလား? မပြောကြဘူး။ နောက်ဆုံးဘဝရှိနေတဲ့ ပစ္ဆိမဘဝိကသားတွေ ဖြစ်ခြင်းကြောင့် -

မယမ္ပိ ပဗ္ဗဇိဿာမ

မယမ္ပိ၊ ကျွန်တော်မျိုးတို့သည်လည်းပဲ။ ပဗ္ဗဇိဿာမ၊ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုကြပါကုန်အံ့။

”ကျွန်တော်မျိုးတို့လည်း သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုကြမယ်” ဒီလို ပြန်ပြီးပြောတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်, သိပ်ကောင်းတယ်နော်။ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ သူတို့ လွတ်ချင်တာက အဓိက ဖြစ်နေကြတယ်။ အဲဒီလို တိုင်ပင်ညီညွတ်ပြီးတဲ့ အခါကျတော့ ဘာဖြစ်လဲ?

တေ သဗ္ဗေပိ ဃရံ ဝါ ကုဋုမ္ဗံ ဝါ အနပလောကေတွာ ယေ အဿေ အာရုယှ ဂတာ တေဟေဝ နိက္ခမိံသု။

တေ သဗ္ဗေပိ၊ ထိုအလုံးစုံသော ပုဂ္ဂိုလ်တို့သည်လည်းပဲ။ ဃရံ ဝါ၊ အိမ်ကိုသော်လည်းကောင်း။ ကုဋုမ္ဗံ ဝါ၊ ဥစ္စာနှစ်ကိုသော်လည်းကောင်း။ အနပလောကေတွာ၊ နောက်ထပ်တစ်ဖန် လှည့်ကြည့်ခြင်းကို မပြုကြကုန်မူ၍။

နန်းတော်ထဲ နည်းနည်းလေးမှ သွားပြီး လှည့်မကြည့်ဘူး။ နန်းတွင်းမှာ ရှိနေတဲ့ စည်းစိမ်ဥစ္စာတွေလည်း နည်းနည်းလေးမှ သွားပြီးတော့ လှည့်မကြည့်ဘူး။ မှူးကြီးမတ်ရာတွေကလည်း ဒီအတိုင်းပဲ။ မိမိတို့ရဲ့အိမ်ကို နည်းနည်းလေးမှ သွားပြီးတော့ မကြည့်ဘူး။ အိမ်မှာရှိတဲ့ စည်းစိမ်ဥစ္စာ တွေကိုလည်း နည်းနည်းလေးမှ သွားပြီး လှည့်မကြည့်ဘူး။

”တပည့်တော်က ကိစ္စလေး ရှိနေလို့၊ အိမ်မှာ ကိစ္စလေးတွေ နည်းနည်း စီစဉ်ဖို့ ရှိနေလို့ ပြီးရင် ပြန်လာပါ့မယ်” ဆိုတဲ့ ပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး, မဟုတ်ဘူး။ ပြုထားတဲ့ ကောင်းမှုကုသိုလ်ထူးက သိပ်အားကောင်းနေတယ်။ အားကောင်းနေတဲ့အတွက်ကြောင့် သူတို့က ဘာလုပ်သလဲ? ဒီအိမ်လည်း နည်းနည်းလေးမှ ပြန်မကြည့်ဘူး၊ ဒီ စည်းစိမ်ဥစ္စာတွေလည်း နည်းနည်းလေးမှ ပြန်မကြည့်ဘူး၊ မယ်မင်းကြီးမတွေကိုရော သနားတဲ့စိတ်ထား ရှိသလား? မရှိဘူး။ ဘုန်းကြီးကတော့ အဲဒါမျိုး ဝမ်းသာတယ်။ ကဲ ...

တေ သဗ္ဗေပိ၊ ထိုအလုံးစုံသော ပုဂ္ဂိုလ်တို့သည်လည်းပဲ။ ဃရံ ဝါ၊ အိမ်ကိုသော်လည်းကောင်း။ ကုဋုမ္ဗံ ဝါ၊ ဥစ္စာနှစ်ကိုသော်လည်းကောင်း။ အနပလောကေတွာ၊ ပြန်လှည့်၍ မကြည့်ကြကုန်မူ၍။ ယေ အဿေ၊ အကြင်မြင်းတို့ကို။ အာရုယှ၊ တက်စီး၍။ ဥယျာနာ၊ ဥယျာဉ်တော်သို့။ ဂတာ၊ ထွက်ခွာ၍ လာခဲ့ကြလေကုန်ပြီ။ တေဟေဝ၊ ထိုမြင်းတို့နှင့်သာလျှင်။ နိက္ခမိံသု၊ တောထွက်တော် မူကြလေကုန်ပြီ။

ကောင်းလိုက်တာ, ကောင်းလိုက်တာနော် ...။ ဒီ အလုံးစုံ ပုဂ္ဂိုလ်၊ အမတ်တစ်ထောင်နဲ့တကွ မဟာကပ္ပိနမင်းကြီးတွေ အားလုံးသော အိမ်ကိုသော်လည်းကောင်း၊ စည်းစိမ်ဥစ္စာတွေကိုသော်လည်းကောင်း နည်းနည်းမှ ပြန်ပြီး လှည့်မကြည့်ဘဲနဲ့ ဥယျာဉ်တော်ကို လာစဉ်အခါက မြင်းတွေနဲ့စီးပြီး ထွက်ခွာလာခဲ့ကြတယ်။ အဲဒီ ထွက်ခွာလာခဲ့တဲ့ မြင်းတွေကိုပဲ စီးပြီးတော့ တောထွက်ကြတယ်။ တောထွက်သွားကြပြီနော်။ တောထွက်သွားကြတဲ့ အချိန်အခါကျတော့ ခုနက ကုန်သည်တွေကလည်း နန်းတွင်းရောက်ပြီ။ နန်းတွင်းရောက်လိုက်တဲ့ အချိန်အခါမှာ အကျိုးအကြောင်း မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာလည်း ကုန်သည်တွေက မှန်ကန်တဲ့အကြောင်း အကျိုးအကြောင်း အကုန်လုံး ပြောပြတယ်။ ပြောပြလိုက်တဲ့ အချိန်အခါကျတော့ မဟာကပ္ပိနမင်းကြီးနှင့်တကွ ဒီအမတ်တစ်ထောင်တို့ဟာ ဘယ်လို ထူးခြားတဲ့ သတင်း -
e5kffbljfp8j1qtb6hnno1njbccu1iz မင်္ဂလသုတ်-၂၈/၉၇ 0 6251 21886 2026-04-14T05:44:54Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၇..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21886 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၇/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၂၉/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် (၂၈)

ကဲ ... မဟာကပ္ပိနမထေရ် ဦးဆောင်နေတဲ့ အမတ်တစ်ထောင်တို့ကတော့ မိမိတို့ ဥယျာဉ်တော်ကို ထွက်ခွာလာစဉ်အခါက စီးခဲ့တဲ့ မြင်းတွေကို စီးပြီး တောထွက်တော်မူကြပြီနော်။ ထိုအချိန်အခါမှာ ကုန်သည်တွေကလည်း နန်းတွင်းကို သွားပါတယ်။ မိဖုရားကြီးကို ရှင်ဘုရင်ကနေပြီးတော့ ဆုတော် (၃) သိန်း၊ အသပြာ (၃) သိန်း ပေးလိုက်တဲ့အကြောင်း ရွှေပေလွှာတွေကို အပ်နှင်းလိုက်တယ်။ ဘယ်လို သတင်းစကားတွေ ကြားသိရလို့ ဒီလို တောထွက်သွားကြသလဲ? မည်ကဲ့သို့သော ဆုထူး ဆုမြတ်တွေ ပေးကြတယ် ဆိုတဲ့အကြောင်း၊ အကျိုးအကြောင်း အစုံအလင်ကို မေးမြန်းတဲ့ အချိန်အခါမှာ ကုန်သည်တွေကလည်း မိဖုရားကြီးကို အကျိုးအကြောင်း အစုံအလင် လျှောက်ထားကြပါတယ်။

လောကမှာ ဘုရားရတနာ, တရားရတနာ, သံဃာရတနာလို့ ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါးတို့ ပွင့်ထွန်းပေါ်ပေါက်နေသည့် သတင်းကောင်း ကြားသိရတဲ့အတွက် တောထွက်သွားကြပြီ ဖြစ်တဲ့အကြောင်း ရှင်ဘုရင်ကြီးကို တင်ပြလျှောက်ထားတဲ့အတိုင်း မိဖုရားကြီးကိုလည်း ကုန်သည်တွေက တစ်ခုပြီးတစ်ခု တင်ပြလျှောက်ထားကြပါတယ်။ ထိုအချိန်အခါမှာ မိဖုရားကြီးကလည်း ရတနာတစ်ပါးလျှင် အသပြာ (၃) သိန်း၊ (၃) သိန်း ရတနာ (၃) ပါး ဆုတော်ငွေ (၉) သိန်း အပ်နှင်းပြီးတော့ လှူဒါန်းလိုက်တယ်နော်။ အားလုံးပေါင်းလိုက်တော့ (၁၂) သိန်း ရရှိသွားကြတယ်။ အဲဒီလို ရရှိပြီးတဲ့ အချိန်အခါ ကုန်သည်တွေ ပြန်သွားပြီးတော့ အနော်ဇာဒေဝီ မိဖုရားကြီးက ဘာလုပ်သလဲ?

အမတ်တစ်ထောင်တို့ရဲ့ အိမ်ရှင်မတွေကို အားလုံး ခေါ်လိုက်တယ်။ ခေါ်ပြီးတဲ့ အချိန်အခါကျတော့ သူက ဘာမေးသလဲ?

‘‘တုမှေ အတ္တနော သာမိကာနံ ဂတဋ္ဌာနံ ဇာနာထ အမ္မ’’

အမ္မ၊ အို ... အမိတို့။ တုမှေ၊ သင်အမိတို့သည်။ အတ္တနော သာမိကာနံ၊ မိမိတို့ရဲ့ အိမ်ရှင်ယောက်ျားတို့၏၊ ဂတဋ္ဌာနံ၊ သွားတဲ့နေရာဌာနကို။ ဇာနာထ၊ သိရှိကြပါကုန်သလား?။

အမိတို့ အမိတို့ရဲ့ အိမ်ရှင်ယောက်ျားတွေ ထွက်ခွာသွားတဲ့ နေရာကို အမိတို့ကိုယ်တိုင် သိရှိကြရဲ့လား? ဒီလို မေးလိုက်တယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့မှ ဒီအမတ်ကတော်တွေကလည်း ဘာပြန်ပြီး လျှောက်ထားလဲ?

အရှင်မိဖုရား ကျွန်တော်မတို့ သိရှိကြပါတယ်။ မဟာကပ္ပိနမင်းကြီးနှင့်အတူ ဥယျာဉ်ကစားဖို့ရန်အတွက် ထွက်ခွာသွားကြပါတယ် ဆိုပြီးတော့ ပြန်လည် တင်ပြလျှောက်ထားကြတယ်။ ဒါပေမဲ့လို့ အဲဒီအခါမှာ အနော်ဇာဒေဝီ မိဖုရားကြီးက ဘာပြန်ပြောသလဲ?

အာမ, အမ္မာ ဂတာ, တတ္ထ ပန ဂန္တွာ ‘‘ဗုဒ္ဓေါ ဥပ္ပန္နော, ဓမ္မော ဥပ္ပန္နော, သံဃော ဥပ္ပန္နော’’တိ သုတွာ ‘‘ဒသဗလဿ သန္တိကေ ပဗ္ဗဇိဿာမာ’’တိ ဂတာ, တုမှေ ကိံ ကရိဿထ?

သူ့ရဲ့ မေးခွန်းလေးနော်။ ကောင်းမှုကုသိုလ်၊ ပုဗ္ဗေ စ ကတပုညတာ လို့ခေါ်ဆိုအပ်တဲ့ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူးနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတို့ရဲ့ ပြောနေတဲ့ စကားလေးပါ။ ဘာပြောလဲ?

အာမ၊ အမိတို့။ ဂတာ၊ ဥယျာဉ်တော်သို့ ထွက်ခွာသွားကြကုန်သည်ကား။ အာမ၊ မှန်လှပါပေ၏၊

ဥယျာဉ်တော်ကို ထွက်ခွာသွားတယ်ဆိုတာက မှန်ပါတယ်တဲ့။ ပန၊ ထိုသို့ပင် မှန်သော်လည်းပဲ။ တတ္ထ၊ ထိုဥယျာဉ်သို့။ ဂန္တွာ၊ သွားချည်ပြီးတဲ့ နောက်ပိုင်းကာလ၌။ လောကေ၊ လောက၌။ ဗုဒ္ဓေါ၊ ဘုရားရတနာသည်။ ဥပ္ပန္နော၊ ပွင့်ထွန်းပေါ်ပေါက်၍ နေခဲ့လေပြီ။ ဓမ္မော၊ တရားရတနာသည်။ ဥပ္ပန္နော၊ ပွင့်ထွန်းပေါ်ပေါက်၍ နေခဲ့လေပြီ။ သံဃော ဥပ္ပန္နောတိ၊ သံဃာရတနာသည်။ ပွင့်ထွန်းပေါ်ပေါက်၍ နေခဲ့လေပြီ။ ဣတိ၊ ဤသို့။ သုတွာ၊ ကြားရှိကြကုန်သည်ဖြစ်၍။ ဒသဗလဿ၊ ကိုယ်တော်အား ဆယ်ပါး၊ ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား၏၊ သန္တိကေ၊ ထံတော်မှောက်၌။ ပဗ္ဗဇ္ဇိဿာမ၊ ရှင်ရဟန်း ပြုကြပါကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ ဂတာ၊ တောထွက်သွားကြလေကုန်ပြီ။

သူက ဒီစကားလေး ပြောတယ်။ ဥယျာဉ်တော်ကို မဟာကပ္ပိနမင်းနဲ့ အတူထွက်သွားကြတယ် ဆိုတာကတော့ မှန်တယ်။ ဒါပေမဲ့ အဲဒီလို ထွက်ခွာသွားပြီးတဲ့ နောက်ပိုင်းကာလ ဥယျာဉ်တော်မှာ လောကမှာ ဘုရားရတနာ ပွင့်ထွန်းပေါ်ပေါက်နေပြီ, လောကမှာ တရားရတနာလည်း ပွင့်ထွန်းပေါ်ပေါက်နေပြီ, လောကမှာ သံဃာရတနာလည်း ပွင့်ထွန်းပေါ်ပေါက်နေပြီဆိုတဲ့ ဒီသတင်းကောင်း ကြားသိရတဲ့အတွက် "ကိုယ်တော်အားဆယ်ပါး၊ ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ရဲ့ထံတော်မှာ ရှင်ရဟန်းပြုကြမယ်" ဆိုပြီးတော့ တောထွက်သွားကြပြီလို့ ဒီလို အသိပေးလိုက်တယ်။ အဲဒီလို အသိပေးပြီးတဲ့နောက် သူက ဘာဆက်မေးလဲ?

တုမှေ၊ ရှင်မတို့သည်။ ကိံ၊ အဘယ်အရာကို။ ကရိဿထ၊ ပြုလုပ်ကြပါကုန်လတ္တံ့နည်း။

ကဲ ... သူတို့တော့ တောထွက်သွားပြီး။ သင်တို့တစ်တွေ ဘာလုပ်ကြမလဲ? ဒီမေးခွန်း သူက မေးကြည့်တယ်။

တုမှေ ပန, အယျေ, ကိံ ကတ္တုကာမာ

အယျေ၊ အို အရှင်မိဖုရား ...။ တုမှေပန၊ အရှင်မိဖုရားတို့သည်ကား။ ကိံ၊ အဘယ်အရာကို။ ကတ္တုကာမာ၊ ပြုလုပ်လိုကြပါကုန်သနည်း။

အရှင်မိဖုရားကြီးကကော ဘာများ ပြုလုပ်ချင်သလဲ? မေးကြည့်တယ်နော်။ အဲဒီအချိန်အခါကျတော့မှ ဒီမိဖုရားကြီး ဘာပြန်ပြောသလဲ? ပါရမီ ရှိတဲ့ သူတော်ကောင်း၊ ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူး ရှိနေတဲ့ သူတော်ကောင်းတွေ ပြောတဲ့စကား ဘယ်လိုပြောလဲ?

အဟံ ပဗ္ဗဇိဿာမိ, န တေဟိ ဝန္တဝမနံ ဇိဝှဂ္ဂေ ဌပေယျံ

အဟံ၊ ငါသည်။ ပဗ္ဗဇ္ဇိဿာမိ၊ သာသနာဘောင်သို့ ဝင်၍ ရှင်ရဟန်း ပြုပေအံ့။ တေဟိ၊ ထိုရှင်ဘုရင်နှင့်တကွ တစ်ထောင်သော အမတ်တို့သည်။ ဝန္တဝမနံ၊ ထွေးအန်ထားတဲ့ အန်ဖတ်ကို။ ဇိဝှဂ္ဂေ၊ လျှာဖျားပေါ်၌။ န ဌပေယျံ၊ ငါ မထားလိုပါ။

မဟာကပ္ပိနမင်းကြီးနှင့်တကွ အမတ်တစ်ထောင်တို့ ထွေးသွားတဲ့ အန်ဖတ်တွေကို ငါ့ရဲ့ လျှာဖျားပေါ်မှာ ဘယ်တော့မှ အတင်မခံဘူး။ ငါလည်း သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုမယ်။ အဲဒီလို ဒီလို ရဲရဲဝံ့ဝံ့ ပြောတယ်။

ဘယ်နဲ့ ဒီနေ့ တရားနာနေတဲ့ ဒကာမကြီးတွေ ပြောရဲပါ့မလား? ဟင်! ကွာတယ်။ မဂ်ဖိုလ်နိဗ္ဗာန်အတွက် ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခဲ့တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းတွေက မရင့်ကျက်ခဲ့ဘူး။ တစ်နည်း ရင့်ကျက်တဲ့ ပုဗ္ဗေ စ ကတပုညတာ စက်လို့ ခေါ်ဆိုအပ်တဲ့ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူးက သိပ်ပြီး မရင့်ကျက်သေးဘူးဆိုရင် ဘုန်းကြီးမေးတဲ့ မေးခွန်းကို လွယ်လွယ်နဲ့ ဖြေမယ့်ပုဂ္ဂိုလ် နည်းလိမ့်မယ်နော်။ ခုဒီမှာ ကြည့်ပေါ့ -

အရှင်မိဖုရားကြီး ဘာများပြုလုပ်ချင်ပါသလဲ? လို့ မေးလိုက်တဲ့အခါမှာ မဟာကပ္ပိနမင်းကြီးကလည်း ထီးနန်းစည်းစိမ်ကို စွန့်လွှတ်သွားပြီ။ အမတ်တစ်ထောင်တို့ကလည်း သူတို့ရဲ့ ရာထူးတွေနှင့်တကွ ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို အကုန်လုံး စွန့်ခွာပြီး ထွက်ခွာသွားပြီ။ သူတို့ ထွက်ခွာသွားတော့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေက သူတို့ ထွေးထားတဲ့ ထွေးအန်ဖတ်တွေ ဖြစ်နေပြီ။ အဲဒီ ထွေးအန်ဖတ်တွေကို လျှာပေါ်မှာတင်ပြီးတော့ ထားမယ်ဆိုရင်တဲ့ သူ့အနေနဲ့က စဉ်းစားတယ်။ ဒါဟာ မွန်မြတ်တဲ့ လုပ်ငန်းတစ်ခု မဟုတ်ဘူး။ သူတို့ ထွေးသွားတဲ့ ထွေးအန်ဖတ်တွေကို ငါလျှာပေါ်မှာတော့ အတင်မခံဘူး။ ငါလည်း သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုမယ် မကောင်းဘူးလား? ဘယ့်နှယ်တုံး? တရားနာနေတဲ့ ဒကာမကြီးတွေ မကောင်းဘူးလား? ဟင်! တစ်ယောက်ပဲ ဖြေတယ်။ ကဆုန်လပြည့်နေ့ သီလရှင်ဝတ်မယ့် ဒကာမကြီးတစ်ယောက်ပဲ ကျယ်ကျယ် ဖြေတယ်နော်။ ကဲ ...

‘‘ယဒိ ဧဝံ, မယမ္ပိ ပဗ္ဗဇိဿာမ’’

ယဒိ ဧဝံ၊ ယင်းသို့ ဖြစ်ခဲ့ပါမူ။ မယမ္ပိ၊ ကျွန်တော်မတို့သည်လည်းပဲ။ ပဗ္ဗဇ္ဇိဿာမ၊ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုကြပါကုန်အံ့။

ဟော ... ဒီလိုဆိုရင် အရှင်မိဖုရားကြီးသည် သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုမယ်ဆိုရင် ကျွန်မတို့တစ်တွေလည်း အကုန်လုံး သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုကြမယ်။ အားလုံး ပြောကြတယ်နော်။ ပြောပြီးတော့ ဘာလုပ်သလဲ?

သဗ္ဗာပိ ရထေ ယောဇေတွာ နိက္ခမိံသု။

သဗ္ဗာပိ၊ အလုံးစုံသော အမျိုးသမီးတို့သည်လည်းပဲ။ ရထေ၊ ရထားတို့ကို။ ယောဇေတွာ၊ ကစေကြကုန်၍။ နိက္ခမိံသု၊ တောထွက်ကြလေကုန်၏၊

အကုန်လုံး မြင်းရထားတွေ စီစဉ်၊ ရထားတွေနဲ့ အကုန် တောထွက်ကြပြီ။ ခုခေတ်အပြောနဲ့ ဆိုရင်တော့ မော်တော်ကားရှိရင်တော့ မော်တော်ကားနဲ့ ထွက်မှာပဲ။ အဲဒီလို တောထွက်သွားတဲ့ အချိန်အခါမှာ မဟာကပ္ပိနမင်း ဦးဆောင်နေတဲ့ အမတ်တစ်ထောင်တို့ကလည်း မြင်းတွေနဲ့ တောထွက်သွားကြပြီ။ အနော်ဇာဒေဝီ ဦးဆောင်နေတဲ့ မိဖုရားကြီးနဲ့တကွ အမတ်တစ်ထောင်တို့ရဲ့ အမတ်ကတော်တစ်ထောင်တို့နဲ့ အကုန်လုံး တောထွက်သွားကြပြီ။ တောထွက်သွားလိုက်တဲ့ အချိန်အခါမှာ ရှေးက မြင်းတွေနှင့်တောထွက်နှင့်တဲ့ မဟာကပ္ပိနမင်းကြီးနဲ့ အမတ်တစ်ထောင်တို့က ဘာသွားပြီး ရင်ဆိုင်ရသလဲ? -

ရှေ့မှာ မြစ်ကြီးတစ်ခု ကာဆီးနေပြီ။ ဘုရားက သာဝတ္ထိအမည်ရှိတဲ့ အရပ်ဒေသမှာ ပွင့်ထွန်းပေါ်ပေါက်နေပြီဆိုတဲ့သတင်းကို ကြားရတော့ ဒီသာဝတ္ထိရှိရာဘက်ကို တာဆူပြီး ခရီးထွက်လာလိုက်ကြတာ နောက်ဆုံး မြစ်ကြီးတစ်ခုနဲ့တော့ ဆုံပြီ။ ဒီမြစ်ကြီးကိုပေါ့လေ မူကွဲလေးတော့ ရှိပါတယ်။ ဂင်္ဂါမြစ် သို့မဟုတ် အပစ္စာမြစ်ဆိုပြီး ဒီလို နာမည်တပ်ထားပါတယ်။ ထားပါတော့ မြစ်ကြီးတစ်ခု တွေ့ပြီ။ အဲဒီ ဂင်္ဂါမြစ်ကြီးနဲ့ တွေ့လိုက်တဲ့ အချိန်အခါမှာ သူတို့ရဲ့ စဉ်းစားခန်းလေး ကြည့်စမ်းပါ ... ကောင်းမှုကုသိုလ် ရှိခဲ့တဲ့ သူတို့ကို ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းတွေကို အောင်အောင်မြင်မြင် ထူထောင်ထားခဲ့တဲ့ သူတော်ကောင်းတို့ရဲ့ စဉ်းစားတွေးခေါ်ချက်ကလေးနော်။ ဘယ်လို စဉ်းစားလဲ?

အယံ ဂင်္ဂါ ပူရာ ဟောတိ စဏ္ဍမစ္ဆာကိဏ္ဏာ,

ဟော ဒီဂင်္ဂါမြစ်ကြီးတော့ ရေတွေလည်း ပြည့်နေပြီ။ အင်မတန် ကြမ်းတမ်းတဲ့ ငါးတွေ, မကန်းတွေ, မိချောင်းတွေနဲ့လည်း ပြည့်နှက်နေတဲ့ မြစ်ကြီးတစ်ခု ဖြစ်တယ်။

အမှေဟိ စ သဒ္ဓိံ အာဂတာ ဒါသာ ဝါ မနုဿာ ဝါ နတ္ထိ,

အမှေဟိ၊ ငါတို့နှင့်။ သဒ္ဓိံ၊ အတူတကွ၊ အာဂတာ၊ လိုက်ပါလာကြကုန်သော။ ဒါသာ ဝါ၊ ကျွန်ယောက်ျားတို့သည်လည်းကောင်း။ မနုဿာ ဝါ၊ ဝန်ထမ်းလူတို့သည်လည်းကောင်း။ နတ္ထိ၊ မရှိကြလေကုန်။

ဒီဂင်္ဂါမြစ်ကလည်း အလွန်ကြမ်းတယ်။ ရေတွေကလည်း ပြည့်နေတယ်။ ငါတို့နှင့်အတူတကွ လိုက်ပါလာတဲ့ ကျွန်တွေလည်း မရှိကြဘူး။ လူသားတွေလည်း မရှိကြဘူး။ ဝန်ထမ်းတွေလည်း တစ်ယောက်မှ မပါဘူး။

ယေ နော နာဝံ ဝါ ဥဠုမ္ပံ ဝါ ကတွာ ဒဒေယျုံ။

ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ နော၊ ငါတို့အတွက်။ နာဝံ၊ လှေကိုသော်လည်းကောင်း။ ဥဠုမ္ပံ၊ ဖောင်ကိုသော်လည်းကောင်း။ ကတွာ၊ ပြုလုပ်၍။ ဒဒေယျုံ၊ ပေးလေရာ၏၊ တထာရူပါ၊ ထိုကဲ့သို့ သဘောရှိကြကုန်သော။ ဒါသာ ဝါ၊ ကျွန်ယောက်ျားတို့သည်လည်းကောင်း။ မနုဿာ ဝါ၊ ဝန်ထမ်းလူတို့သည်လည်းကောင်း။ နတ္ထိ၊ မရှိကြလေကုန်။

တို့နဲ့အတူ လိုက်ပါလာတဲ့ တို့အတွက် လှေပြုလုပ်ပေးဖို့ သို့မဟုတ် ဖောင် ပြုလုပ်ပေးဖို့ ကျွန်တွေလည်း တစ်ယောက်မှ ပါမလာဘူး။ ဝန်ထမ်းတွေလည်း တစ်ယောက်မှ ပါမလာကြဘူး။

ဧတဿ ပန သတ္ထု ဂုဏာ နာမ ဟေဋ္ဌာ အဝီစိတော ဥပရိ ယာဝ ဘဝဂ္ဂါ ပတ္ထဋာ။

ဧတဿ ပန၊ ထိုဘုရားရှင်၏၊ ဂုဏာ နာမ၊ ဂုဏ်ကျေးဇူးတော် အမည်သည်ကား။ ဟေဋ္ဌာ၊ အောက်အဖို့၌။ အဝီစိတော၊ အဝီစိမှ။ ဥပရိ၊ အထက်အဖို့၌။ ယာဝ ဘဝဂ္ဂါ၊ ဘဝဂ်ဘုံသို့တိုင်အောင်။ ပတ္ထဋာ၊ ပျံ့နှံ့၍ တည်နေပါပေ၏၊

ထိုဘုရားရှင်တို့ရဲ့ ဂုဏ်တော်ကျေးဇူးတော်တွေဆိုတာ အောက်အဝီစိကနေပြီးတော့ အထက်ဘဝဂ်ဘုံသို့ တိုင်အောင် ပျံ့နှံ့တည်နေတဲ့ ဂုဏ်တော် ကျေးဇူးတော်တွေဖြစ်တယ်။

သစေ ဧသ သတ္ထာ သမ္မာသမ္ဗုဒ္ဓေါ, ဣမေသံ အဿာနံ ခုရပိဋ္ဌာနိ မာ တေမေန္တု’’

သစေ၊ အကယ်၍။ ဧသ သတ္ထာ၊ ဤဘုရားရှင်သည်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ပါမူ။ ဧဝံ သတိ၊ ဤသို့ ဖြစ်ခဲ့သည်ရှိသော်။ ဣမေသံ အဿာနံ၊ ဤမြင်းတို့၏၊ ခုရပိဋ္ဌာနိ၊ ခွာအပြင်တို့သည်။ မာ တေမေန္တု၊ ရေမစွတ်စို ကုန်ကြပါသတည်း။

ဟော ... သူတို့ရဲ့စိတ်ထားလေး ဘယ်လောက်သတ္တိရှိသလဲ? အကယ်၍သာ ဒီသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်၊ ဤဘုရားရှင်သည် အခု တို့ကြားတဲ့ ဘုရားရှင်သည် - သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဧကန် ဖြစ်ခဲ့မယ်ဆိုရင် တို့စီးလာတဲ့ ဒီမြင်းတွေရဲ့ခွာဟာ ရေမစွတ်ပါစေနဲ့ ဆိုပြီးတော့ ဒီလို သူတို့က ကြံစည်စိတ်ကူးကြတယ်။ ကြံစည်စိတ်ကူးတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ သစ္စာပြုတယ်။ အဲဒီသစ္စာပြုတဲ့ ဂါထာလေးကို အရှင်မဟာကပ္ပိနမထေရ်က ရဟန္တာဖြစ်ပြီးတဲ့ နောက်ပိုင်းပေါ့နော် ရဟန်းတော်တွေကို ပြန်ပြောတဲ့အပိုင်းလေးမှာ ဒီဂါထာလေးကို သူက ထည့်ပြီး ဟောထားတယ်။ ဘယ်လို ဟောလဲ?

ဘဝသောတံ သစေ ဗုဒ္ဓေါ, တိဏ္ဏော လောကန္တဂူ ဝိဒူ၊
‘‘ဧတေန သစ္စဝဇ္ဇေန, ဂမနံ မေ သမိဇ္ဈတု။

ဗုဒ္ဓေါ၊ သဗ္ဗေညု အမည်ရသည့် သုံးလောကထွတ်ထား သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားသည်။ ဟဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဘဝသောတံ၊ ဘဝသုံးသွယ်ရေပြင်ကျယ်ကို။ တိဏ္ဏော၊ နိဗ္ဗူထုတ်ချောက် ဟိုမှာဘက်ကမ်း သို့ ရောက်အောင် ကူးမြောက်တော်မူခဲ့ပြီဖြစ်၍။ လောကန္တဂူ၊ လောက၏ အဆုံးကို နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူခဲ့လေပြီ။ ဝိဒူ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို ပိုင်းခြားထင်ထင်လင်းလင်း သိမြင်တော်မူခဲ့လေပြီ။ ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤသစ္စာစကားကို ပြောဆိုရခြင်းကြောင့်။ မေ၊ မဟာကပ္ပိနဟု နာမသမုတ် အကျွန်ုပ်၏၊ ဂမနံ၊ မြတ်ဘုရားထံမှောက်သို့ ရှင်ရဟန်းပြု သွားရောက်ခြင်းသည်။ သမိဇ္ဈတု၊ အန္တရာယ်မမှောက် ရန်မနှောင့်ပဲ လောက်ငှကုံလုံ အပြည့်ကြီး ပြည့်စုံပါစေသတည်း။

ဟော ... သူ့ရဲ့ သစ္စာပြုခန်းလေးပဲနော်။ သဗ္ဗေညု အမည်ရသည့် သုံးလောကထွတ်ထား သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားသည် စင်စစ်ဧကန် အမှန်အားဖြင့် ကာမ၊ ရူပ၊ အရူပလို့ ခေါ်ဆိုအပ်တဲ့ ဘဝသုံးသွယ် ရေပြင်ကျယ်ကို နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ရောက်အောင် ကူးမြောက်တော် မူပြီးတဲ့အတွက် လောက၏အဆုံးဖြစ်တဲ့ နိဗ္ဗာန်သို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူခဲ့ပြီး ဖြစ်ပါတယ်။ နိဗ္ဗူထုတ်ချောက် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်တော်မူခဲ့လေပြီးတဲ့ သူတော်ကောင်းကြီးဖြစ်တယ်။ ခပ်သိမ်းဥဿုံ အလုံးစုံသောတရားတို့ကို အကုန်အစင် ပိုင်းခြားထင်ထင်လင်းလင်း သိမြင်တော်မူတဲ့ သူတော်ကောင်းကြီးဖြစ်တယ်။ ဤ မှန်ကန်တဲ့ ဝစီမင်္ဂလာ သစ္စာစကားကြောင့် မဟာကပ္ပိနဟု နာမသမုတ် အကျွန်ုပ်၏ မြတ်ဘုရားထံမှောက်သို့ ရှင်ရဟန်းပြု သွားရောက်ခြင်းသည် အန္တရာယ်မမှောက် ရန်မနှောင့်ဘဲ လောက်ငှကုံလုံ အပြည့်ကြီး ပြည့်စုံပါစေသတည်းလို့ ဒီလို သစ္စာပြုပြီးတော့ အဲဒီမြင်းတွေကို ဂင်္ဂါမြစ်ထဲ တစ်ခါတည်းဖြတ်ပြီး မောင်းတယ်။

ဘယ့်နှယ်တုံး? တရားနာနေတဲ့ ဒကာကြီးတွေ မောင်းရဲပါ့မလား? ဟင် ! ဘာကွာလဲ? မိမိတို့ ပြုခဲ့ဖူးတဲ့ ပုဗ္ဗေစကတပုညတာ စက်လို့ ခေါ်ဆိုအပ်တဲ့ ကောင်းမှုကုသိုလ်ထူးအပေါ်၌ ရဲရဲရင့်ရင့်နှင့် ယုံကြည်တဲ့ စိတ်ဓာတ်စွမ်းအား ကွာတယ်။ ဒီနေရာမှာ စိတ်ဓာတ်ရဲ့ စွမ်းအင်ပဲ။ သူတို့က ကမ္ဘာတစ်သိန်းနဲ့ချီပြီး ပါရမီဖြည့်လာတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ဒီလို ဘုရားရတနာ လောကမှာ ပွင့်နေပြီ၊ တရားရတနာ လောကမှာ ပွင့်ထွန်းပေါ်ပေါက်နေပြီ, သံဃာရတနာ လောကမှာ ပွင့်ထွန်းပေါ်ပေါက်နေပြီဆိုတဲ့ သတင်းလေး ကြားလိုက်ရုံမျှနဲ့ ရှိနေတဲ့ နန်းစည်းစိမ်, သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို အကုန်လုံး စွန့်လွှတ်နိုင်တဲ့စွမ်းအင်တွေ ချက်ချင်း ပေါ်မလာဘူးလား?

"ကဲ ... တို့ကွာ ရဟန်းပြုကြမယ်။ အိမ်မှာ ပြန်ပြီးတော့ စီစဉ်စရာ ရှိတာ ပြန်စီစဉ်ရဦးမယ်" ဆိုပြီး တိုင်ပင်တဲ့သဘောကော ရှိသလား? မရှိဘူး။ မဖြစ်သေးဘူး - တော်ကြာ အိမ်ရှင်မတွေလည်း စိတ်မကောင်း ဖြစ်နေမယ်၊ အိမ်ကို ပြန်အကြောင်းကြားလိုက်ဦးမယ်ဆိုတဲ့စိတ်ထားရော ရှိသလား? မရှိဘူး။ သူတို့ရဲ့ စွမ်းအင်တွေ စိတ်ဓာတ်စွမ်းအင်လေးတွေ ကြည့်ပါနော်။ အလွန် ရက်ရက်ရောရောနဲ့ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိနေတယ်။ မိမိတို့ ပြုထားတဲ့ ကောင်းမှုကုသိုလ်တွေက ရင့်ညောင်းလာပြီ ဖြစ်တဲ့အတွက် ဒီပါရမီတွေက လှုံ့ဆော်နေတဲ့အတွက်ကြောင့် မိမိတို့ရဲ့ ဘဝ၊ မိမိတို့ရဲ့ သံသရာဝဋ်ဆင်းရဲ လွတ်မြောက်ရေး လုပ်ငန်းရပ်တွေအပေါ်၌ အပြည့်အဝ ယုံကြည်နေတယ်။ စိတ်ဓာတ်ရဲ့ စွမ်းအင်တွေ မကြီးမားဘူးလား? သိပ်ကြီးမားနေတယ်။

ဒါကြောင့် ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း မိမိတို့ရဲ့ စိတ်ဓာတ်တွေမှာ စွမ်းအင်တွေ ကြီးမားလာအောင် ပြုစုပျိုးထောင်ဖို့ သိပ်လိုအပ်ပါတယ်နော်။ နောက်ထပ် သံသရာခရီးဆိုတာ ဆုံးအောင် မလုပ်နိုင်သေးရင်တော့ ဆက်ကြရဦးမှာပဲ၊ ဆက်ကြရမယ့် အပိုင်းလေးတွေမှာ ဒီစိတ်ဓာတ်ရဲ့ စွမ်းအင်တွေက နိမ့်ကျနေရင် နိမ့်ကျတဲ့နေရာမှာ ကျင်လည်ရမယ်။ စိတ်ဓာတ်ရဲ့ စွမ်းအင်တွေက မြင့်မားနေရင် မြင့်မားတဲ့နေရာမှာ ကျင်လည်ကြရမှာပဲ။ အဲဒီအပိုင်းကိုတော့ ဒီညကနေစပြီးတော့ ဘုန်းကြီး တော်တော်များများ ဟောရမယ့် အပိုင်းရှိတယ်။ ဒါပေမဲ့ ခုဒီနေရာမှာကတော့ မဟာကပ္ပိနမင်းကြီး ဦးဆောင်နေတဲ့ သူတော်ကောင်းတို့ရဲ့ ပုဗ္ဗေ စ ကတပုညတာ လို့ ခေါ်ဆိုအပ်တဲ့ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူးနှင့် ပြည့်စုံတဲ့ မင်္ဂလာတရားကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ပုံအပိုင်းလေးကို အတိုချုပ်ပြီးပြောရမယ့် ကဏ္ဍဖြစ်နေပါတယ်နော်။

ဒီတော့ အဲဒီဂင်္ဂါမြစ်ကို ဒီလို ကူးသွားလိုက်ပြီ၊ ကူးသွားလိုက်တဲ့ အခါကျတော့ သူတို့ရဲ့ ပါရမီစွမ်းဟုန်၊ ကုသိုလ်တရားတို့ရဲ့ စွမ်းဟုန်ကြောင့် ဘာဖြစ်လဲ? ကျောက်ဖျာပေါ်မှာ မြင်းကောင်းတွေ မောင်းနှင်လိုက်သလိုပဲ မြင်းတွေရဲ့ ခွာကိုတောင်မှ ရေတစ်ပေါက်မှ မစွတ်ဘူး။ ဟိုဘက်ကမ်း ရောက်သွားကြပြီ။ ရောက်သွားတဲ့ အခါကျတော့ ဘာဖြစ်လဲ? ဟိုဘက်ကမ်းလည်းရောက်ရော နောက်ထပ်တစ်ခါ မြစ်ကြီးတစ်ခု တွေ့ပြန်ပြီ။ နောက်ထပ်တစ်ခါ မြစ်ကြီးတစ်ခု တွေ့ပြန်တော့လည်း သူတို့ ဒီအတိုင်းပဲ သစ္စာအဓိဋ္ဌာန်ပြုတယ်။ ဘယ်လိုပြုလဲ?

ယဒိ သန္တိဂမော မဂ္ဂေါ, မောက္ခော စစ္စန္တိကံ သုခံ၊
‘‘ယဒိ ဧတေန သစ္စဝဇ္ဇေန, ဂမနံ မေ သမိဇ္ဈတု။

မဂ္ဂေါ၊ လောကုတ္တရာတရား အရိယာမဂ်လေးပါးသည်။ ယဒိ ဇာတု၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သန္တိဂမော၊ နိဗ္ဗာန်ထုတ်ချောက် ရစေနိုင်ပါပေ၏၊

အရိယာမဂ်တရားလေးပါးဆိုတာက စင်စစ်ဧကန် အမှန်အားဖြင့် နိဗ္ဗာန်ကို ဧကန်ထုတ်ချောက် ရစေနိုင်တဲ့ တရားတွေဖြစ်ပါတယ်။ ဒီယုံကြည်ချက်ကလေး ကြည့်စမ်းပါ။ သူတို့ဟာ သာသနာတော်နဲ့ ဘယ်လောက် နီးကပ်နေတယ်ဆိုတာ ကြည့်ပေါ့။ ဒီလောက် အသိထူးဉာဏ်ထူးလေး ရရှိဖို့ အပိုင်းသည်ပင် လွယ်ပါ့မလား? မလွယ်ကူဘူး။ သူတို့မှာ ရှိနေပြီ။ ဘာဖြစ်လို့လဲ? ကမ္ဘာတစ်သိန်းနဲ့ချီပြီးတော့ ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင်ခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ဒီစိတ်ဓာတ်လေးက ကိန်းဝပ်နေပြီ။ ဒီယုံကြည်ချက်ကလေးက သူတို့ရဲ့သန္တာန်မှာ ကိန်းဝပ်နေပြီ။ ဒီစိတ်ဓာတ်ရဲ့ စွမ်းအင်တွေ သူတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေပြီ။ အသိထူး ဉာဏ်ထူးတွေ ရှိနေပြီ။ ဒါကြောင့် -

မဂ္ဂေါ၊ လောကုတ္တရာတရား အရိယာမဂ်လေးပါးသည်။ ယဒိ ဇာတု၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သန္တိဂမော၊ နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်ပါပေ၏၊ မောက္ခော၊ အရိယာမဂ်တရားဖြင့် ရောက်အပ်သော နိဗ္ဗာန် တရားမြတ်သည်လည်း။ အစ္စန္တိကံ သုခံ၊ ချမ်းသာ စင်စစ်ဧကန် အဖြစ်ကြီး ဖြစ်တော်မူပါပေ၏၊

အရိယာမဂ်လေးပါးဖြင့် ဆိုက်ရောက်သွားတဲ့ ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးဟာလည်း ဧကန် ချမ်းသာတဲ့ ချမ်းသာအစစ်ကြီး၊ အဖြစ်ကြီး ဖြစ်တော်မူပါပေတယ်။

ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤသစ္စာစကားကို ပြောဆိုရခြင်းကြောင့်။ မေ၊ မဟာကပ္ပိနဟု နာမသမုတ် အကျွန်ုပ်၏၊ ဂမနံ၊ မြတ်ဘုရားထံမှောက်သို့ ရှင်ရဟန်းပြု သွားရောက်ခြင်းသည်။ သမိဇ္ဈတု၊ အန္တရာယ်မမှောက် ရန်မနှောင့်ဘဲ လောက်ငှကုံလုံ အပြည့်ကြီး ပြည့်စုံပါစေသတည်း။

ဟော ... သူက သစ္စာအဓိဋ္ဌာန် ပြုလိုက်ပြီ။ အဲဒီလို သစ္စာအဓိဋ္ဌာန် ပြုတဲ့ ဒီမြစ်ကတော့ နီလဝါဟိမြစ်ဆိုပြီးတော့ ဒီလိုတော့ ကျမ်းဂန်မှာ ဖော်ပြထားပါတယ်။ အဲဒီမြစ်ကြီးကိုလည်း လှမ်းပြီးတော့ တစ်ခါတည်း ကူးလိုက်တာ မြင်းတွေရဲ့ခွာ နည်းနည်းလေးမှ ရေမစွတ်ဘူးတဲ့။ ဟိုဘက်ကမ်း ရောက်ပြန်ပြီ။ တစ်ဘက်ကမ်း ရောက်ပြန်တော့လည်း မြစ်တစ်ခု တွေ့ပြန်တယ်။ စန္ဒဘာဂမြစ်တဲ့။ အဲဒီ စန္ဒဘာဂမြစ်ကြီး တွေ့လိုက်တဲ့ အခါကျတော့လည်း ဘာလုပ်သလဲ? နောက်ထပ်တစ်ဖန် သစ္စာအဓိဋ္ဌာန် ပြုပြန်တယ်။ ဘယ်လိုပြုသလဲ?

သံဃော စေ တိဏ္ဏကန္တာရော, ပုညက္ခေတ္တော အနုတ္တရော၊
‘‘သံဃော ဧတေန သစ္စဝဇ္ဇေန, ဂမနံ မေ သမိဇ္ဈတု။

သံဃော၊ ပရမတ္ထအရိယာသံဃာတော်မြတ်သည်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်ပင်လျှင်။ တိဏ္ဏကန္တာရော၊ သံသရာခရီးကို။ အစ္စန္တံ၊ ထိုမှာဘက်ကမ်းသို့ရောက်အောင် ကူးမြောက်တော်မူပြီး ဖြစ်တော်မူပါပေ၏၊

အရိယာသံဃာကိုသာ ပြောတာပါနော်။ ပုထုဇန်သံဃာတော်ကိုတော့ သူက မဆိုလိုဘူး။ ဒီတော့ ဒီအရိယာသံဃာတော်တွေဟာ သူက ဘာဖြစ်သလဲ? နိဗ္ဗာန်ဆိုတဲ့ ဟိုမှာဘက်ကမ်းသို့ အံ့ဩလောက်အောင် ကူးခတ်လွန်မြောက်တော်မူပြီးတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် -

သံဃော ပရမတ္ထ၊ အရိယာသံဃာတော်မြတ်သည်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်ပင်လျှင်။ တိဏ္ဏကန္တာရော၊ သံသရာခရီးကို။ အစ္စန္တံ၊ ထိုမှာဘက်ကမ်းသို့ရောက်အောင် ကူးမြောက်တော်မူပြီး ဖြစ်တော်မူပါပေ၏၊ အနုတ္တရော၊ အတုမရှိ လွန်မြတ်ပြီးသော။ ပုညက္ခေတ္တော၊ ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းအစစ် ပုညခေတ်လည်း ဖြစ်တော်မူပါပေ၏၊

ကောင်းမှုတည်းဟူသော မျိုးစေ့တစ်ခုကို ကြဲချစိုက်ပျိုးမယ်ဆိုရင် သံဃာရတနာထက် ကောင်းတဲ့ လယ်ယာမြေကောင်းဆိုတာ လောကမှာ မရှိဘူး။ သံဃာရတနာသည် ကောင်းမှုတည်းဟူသောမျိုးစေ့ကို ကြဲချစိုက်ပျိုးရာ အကောင်းဆုံးသော လယ်ယာမြေကြီး ဖြစ်တော်မူပါပေတယ်။ ဒါကြောင့် -

ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤမှန်သောသစ္စာစကားကို ပြောဆိုရခြင်းကြောင့်။ မေ၊ မဟာကပ္ပိနဟု နာမသမုတ် အကျွန်ုပ်၏၊ ဂမနံ၊ မြတ်ဘုရားထံမှောက်သို့ ရှင်ရဟန်းပြု သွားရောက်ခြင်းသည်။ သမိဇ္ဈတု၊ အန္တရာယ်မမှောက် ရန်မနှောင့်ဘဲ လောက်ငှကုံလုံ အပြည့်ကြီး ပြည့်စုံပါစေသတည်း။

သူ့ရဲ့ သစ္စာအဓိဋ္ဌာန် ပြုခန်းလေးပဲ။ ဒါဟာ မိမိတို့ရဲ့ စိတ်ဓာတ်ကို မိမိတို့ ယုံကြည်နေတဲ့ စွမ်းအားလေးပဲ။ မိမိတို့ရဲ့ စိတ်ဓာတ်စွမ်းအင်ကိုလည်း မိမိတို့ ယုံကြည်နေတဲ့ သဒ္ဓါတရားရဲ့ စွမ်းအားပဲ။ ဒီယုံကြည်ချက် အပြည့်အဝနဲ့ ဒီမြင်းတွေကို မောင်းနှင်လိုက်တာ ခွာတွေကို ရေနည်းနည်းလေးမှ မစွတ်ဘူး။ ဟိုဘက်ကမ်းရောက်သွားပြီနော်။ ရောက်သွားတဲ့ အချိန်အခါကျတော့ ဦးပဉ္စင်းတို့ ဘုရားရှင်ဟာ မဟာကရုဏာတော်ရှင် ဖြစ်ပါတယ်။ ဘာဖြစ်လို့ မဟာကရုဏာတော်ရှင် ဖြစ်သလဲ?

ဒီနေ့ ငါ ဘယ်သတ္တဝါကို ချေချွတ်ရမလဲဆိုတာကို ဘုရားရှင်တို့သည် နံနက်မိုးသောက် ထတဲ့အခါမှာ မဟာကရုဏာတော် သမာပတ် ဝင်စားပြီးတော့ လောကကို ကြည့်ရှုတော်မူမြဲ ဓမ္မတာ ဖြစ်ပါတယ်။ ထိုနေ့ ကြည့်လိုက်တဲ့အခါ မဟာကပ္ပိနမင်းကြီး ဦးဆောင်နေတဲ့ အမတ်တစ်ထောင်တို့ ကျွတ်တမ်းဝင်မယ့်ထုံးကိုလည်း ဘုရားရှင်တို့ မြင်ပြီ။ ကျွတ်တမ်းဝင်မယ့် ပွဲကြီးကိုလည်း မြင်ပြီ။ အနော်ဇာဒေဝီ ဦးဆောင်နေတဲ့ မိဖုရားတို့လည်း မိဖုရားတစ်ထောင်တို့လည်း သောတာပတ္တိမဂ်ဖိုလ် ဆိုက်တော့မယ်ဆိုတာ မြင်ပြီ။ မြင်တဲ့အခါကျတော့ ဘာဖြစ်သလဲ? -

လက်အောက်ခံ ဘုရင်ငယ်တစ်ဦး လာတာကို စကြဝတေးမင်းကြီးက ဆီးပြီးကြိုတဲ့ ပုံစံအတိုင်းပေါ့နော်။ ဘုရားရှင်ကလည်း အဲဒီ သူတို့ ကူးခတ်လာမယ့် စန္ဒဘာဂါမြစ်ရဲ့ မျက်နှာချင်းဆိုင် အရပ်ဒေသမှာ ညောင်ပင်ကြီး တစ်ခုရှိတယ်။ ထိုညောင်ပင်ကြီး အောက်ကနေ ထိုင်ပြီးတော့ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးပြီးတော့ တင့်တယ်စွာ သီတင်းသုံး နေတော်မူတယ်။ ထိုအချိန်အခါမှာ မဟာကပ္ပိနမင်းကြီးဦးဆောင်နေတဲ့ အမတ်တစ်ထောင်တို့က ဘုရားရှင်ကို အဝေးကတည်းက လှမ်းပြီး ဖူးမြော်လိုက်ရပြီ။ ဖူးမြော်လိုက်ရပြီဆိုရင်ပဲ ဘာလုပ်သလဲ? မြင်းပေါ်က အကုန်ဆင်း၊ ဆင်းပြီးတဲ့ အခါကျတော့မှ ရိုသေစွာ လက်အုပ်ချီပြီးတော့ ဘုရားရှင်ရှိရာ သွားကြပြီ။ ဘာကြောင့်လဲ?

‘‘ယံ သတ္ထာရံ ဥဒ္ဒိဿ မယံ ပဗ္ဗဇိတာ, အဒ္ဓါ သော ဧသ’’

ယံ သတ္ထာရံ၊ အကြင်ဘုရားတစ်ဆူကို။ ဥဒ္ဒိဿ၊ ရည်ညွှန်း၍။ မယံ၊ ငါတို့သည်။ ပဗ္ဗဇ္ဇိတာ၊ ရှင်ရဟန်းပြုရန် တောထွက်၍ လာကြလေကုန်ပြီ။ အဒ္ဓါ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သော၊ ထိုငါတို့ ရည်ညွှန်း၍ တောထွက်လာတဲ့ ဆရာတစ်ဆူ ဖြစ်တော်မူတဲ့ ပုဂ္ဂိုလ်သည်ကား။ ဧသ၊ ဤပုဂ္ဂိုလ်သာလျှင်တည်း။

တို့ ရှင်ရဟန်းပြုမယ်ဆိုပြီးတော့ တောထွက်လာတဲ့ ဆရာတစ်ဆူ ဘုရားရှင်ဆိုတာ ဒီပုဂ္ဂိုလ်ပဲ။ မြင်တာနဲ့ ဆုံးဖြတ်ချက် ချလို့ရတယ်။ ဘာဖြစ်လို့လဲ? ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေက သိပ်ပြီး လုံလောက်နေတယ်။ လုံလောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကိုလည်း ကျကျနန ဖူးတွေ့ခဲ့ရတယ်။ ဘယ်လောက်ကြာလဲ? နှစ်ပေါင်းတစ်သိန်းလောက် ဖူးတွေ့ခဲ့ရတယ်နော်။ တစ်သိန်းခန့်နီးနီးပေါ့။

နောက်တစ်ခု - ကဿပမြတ်စွာဘုရားကိုလည်း ဖူးတွေ့ခဲ့ရပြန်တယ်။ ဘယ်လောက်ကြာလဲ? နှစ်ပေါင်း နှစ်သောင်းဝန်းကျင်လောက် ဖူးတွေ့ခဲ့ရတယ်။ အဲဒီလို ဖူးတွေ့ခဲ့ရတဲ့ပုဂ္ဂိုလ်တွေက ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ကလည်း ရှိနေတဲ့အတွက် ခုလို မြင်တွေ့လိုက်ရတဲ့ အချိန်အခါမှာ ထိုပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ် ပါရမီတို့က လှုံ့ဆော်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်သည် စင်စစ်ဧကန် ဘုရားစစ်, ဘုရားမှန်ဖြစ်တယ်လို့ မြင်တာနဲ့ ဆုံးဖြတ်ချက် ချနိုင်တယ်။ အဲဒီလို ဆုံးဖြတ်ချက် ချနိုင်တဲ့အတွက် မြတ်စွာဘုရားထံကို ရိုသေစွာ ရှိခိုးပြီးတော့ ခြေဖမိုးကို သွားပြီးတော့ သေချာ ရှိခိုးကြပါတယ်၊ ဦးတိုက်ကြတယ်။ ဦးတိုက်လိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားရှင်ကလည်း ထိုပုဂ္ဂိုလ်တွေကို အစဉ်အတိုင်းဖြစ်တဲ့ တရားစကားတွေကို ဟောကြားပြသ ဆိုဆုံးမတော်မူပါတယ်။ နောက်ဆုံး သာမုက္ကံသိကဒေသနာလို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးရပ်နဲ့စပ်တဲ့ တရားစကားတွေကို ဆက်လက်ပြီး ဟောကြားတော်မူလိုက်တာ ဒေသနာနိဂုံး ပြီးဆုံးတဲ့အချိန်အခါမှာ ထိုပုဂ္ဂိုလ်တွေ ဘာဖြစ်သလဲ?

ဒေသနာပရိယောသာနေ သဗ္ဗေဝ အရဟတ္တေ ပတိဋ္ဌာယ သတ္ထာရံ ပဗ္ဗဇ္ဇံ ယာစိံသု။

ဒေသနာ ပရိယောသာနေ၊ ဒေသနာနိဂုံး ပြီးဆုံးသောအခါ၌။ သဗ္ဗေဝ၊ ခပ်သိမ်းဥဿုံ အလုံးစုံသာလျှင်ဖြစ်ကြသော ထိုသူတော်ကောင်းတို့သည်။ အရဟတ္တေ၊ အရဟတ္တဖိုလ်၌။ ပတိဋ္ဌာယ၊ တည်ကြကုန်သည်ဖြစ်၍။ သတ္ထာရံ၊ လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်ကို။ ပဗ္ဗဇ္ဇံ၊ ရှင်ရဟန်းအဖြစ်ကို။ ယာစိံသု၊ တောင်းပန်လျှောက်ထားကြလေကုန်ပြီ။

ဘယ်လောက် သတ္တိရှိသလဲ? ကြည့်စမ်း! ဘုရားဟောလိုက်တဲ့ အချိန်အခါမှာ တရားဒေသနာ ပြီးဆုံးပြီ။ တရားဒေသနာလည်း ဆုံးရော၊ ဒီပုဂ္ဂိုလ်အားလုံး ဘာဖြစ်သွားသလဲ? အရဟတ္တဖိုလ် တည်သွားကြတယ်။ လွယ်လှချည်လားလို့ မထင်နဲ့နော်။ သူတို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီမျိုးစေ့၊ ကြဲချခဲ့တဲ့လမ်းကြောင်းကို ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘယ်လို လာခဲ့သလဲ? ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီဖြည့်ခဲ့တယ်။ ပဒုမုတ္တရမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာလည်း နှစ်ပေါင်းတစ်သိန်းလောက် ပါရမီတွေ ဖြည့်ခဲ့တယ်။ (၁၀) ရက်စခန်းလေး ဝင်ခဲ့တာ ဟုတ်သလား? ဟင်! ဘယ့်နှယ်တုံး? ယောဂီတွေ (၁၀) ရက်စခန်းလောက်ကလေး ဝင်ခဲ့တာ ဟုတ်သလား? မဟုတ်ပါဘူး။

ကဿပဘုရားရှင်ရဲ့ သာသနာတော်မှာလည်း အနီးကပ်ဆုံး နှစ်ပေါင်းနှစ်သောင်းလောက် တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တယ်။ ဒီပါရမီတွေက ရင့်ညောင်းလာပြီဖြစ်တယ်။ အဲဒီလို ရင့်ညောင်းလာတဲ့ အချိန်အခါမှာ ဒီပါရမီတော်တွေရဲ့ လှုံ့ဆော်မှုကြောင့် ဘုရားရှင်ထံ ကြားလိုက်သည်နှင့် တစ်ပြိုင်နက်တည်း နေနိုင်သေးလား? မနေနိုင်တော့ဘူး။ သွားပြီ။ သွားလိုက်တဲ့ အချိန်အခါမှာလည်း ဘုရားရှင်က သူတို့မှာ အရဟတ္တဖိုလ်ရနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေ ရှိနေပြီဆိုတာ သိနေတဲ့အတွက် ဒါနနဲ့စပ်တဲ့ တရားစကား, သီလနဲ့စပ်တဲ့ တရားစကား, ကာမာနံသဂ္ဂကထာလို့ခေါ်ဆိုအပ်တဲ့ နတ်ရွာသုဂတိ ရောက်ကြောင်းနဲ့ စပ်တဲ့ တရားစကား၊ ကာမာနံ အာဒီနဝကထာလို့ခေါ်ဆိုအပ်တဲ့ ကာမဂုဏ်တို့ရဲ့ အပြစ်နဲ့ ဆက်စပ်နေတဲ့ တရားစကား - အဲဒီ တရားစကားတွေကို အစဉ်အတိုင်း ဟောပြီးတဲ့အခါ နောက်ဆုံး သာမုက္ကံသိက ဒေသနာလို့ခေါ်ဆိုအပ်တဲ့ ဘုရားရှင်တို့ရဲ့ နှုတ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာတဲ့ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြားလိုက်တာ ဒေသနာနိဂုံး ပြီးဆုံးတဲ့အခါမှာ အရဟတ္တဖိုလ်တည်ပြီ။ အရဟတ္တဖိုလ်တည်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားကို ရှင်ရဟန်းပြုပေးဖို့ရန်အတွက် အားလုံး လျှောက်ထားတောင်းပန်ကြတယ်။

အဲဒီလို တောင်းပန်လိုက်တဲ့ အချိန်အခါမှာလည်း ဘုရားရှင်က ဒီပုဂ္ဂိုလ်တွေရဲ့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်တွေဟာ ရှေးယခင်က သင်္ကန်းလှူခဲ့ဖူးတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ ငါဘုရား "ဧဟိဘိက္ခု" ခေါ်လိုက်ရင်တော့ ရှင်ရဟန်း ဖြစ်တော့မယ်ဆိုတာ သိတယ်။ သိလိုက်တဲ့အတွက် မြတ်စွာဘုရား လက်ယာလက်တော်ကို ဆန့်တန်းပြီးတော့ ဘာလုပ်လိုက်သလဲ?

‘‘ဧထ ဘိက္ခဝေါ, သွာက္ခာတော ဓမ္မော, စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ’’

ဘိက္ခဝေါ၊ ရဟန်းတော်များ အိုချစ်သားတို့။ ဝေါ၊ သင်ချစ်သားတို့သည်။ ဧထ၊ လာကြပါကုန်လော့။ ဓမ္မော၊ တရားတော်မြတ်ကို။ သွာက္ခာတော၊ ငါဘုရား ကောင်းစွာ ဟောကြားပြသ ဆိုဆုံးမထားအပ်ပါပေ၏၊

မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ငါဘုရား ကောင်းစွာ ဟောကြားထားအပ်တယ်။ သို့မဟုတ် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်လို့ခေါ်ဆိုအပ်တဲ့ (၁၀)တန်သော တရားတော်မြတ်ကို ငါဘုရားသည် ကောင်းစွာ ဟောကြားထားအပ်ပါတယ်။

ဗြဟ္မစရိယံ၊ သာသနာတော်၌ ကျင့်သင့် ကျင့်အပ်တဲ့ မဂ်တည်းဟူသော မြတ်သော ဗြဟ္မစရိယကို။ စရထ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါကုန်လော့။

သာသနာတော်မှာ ကျင့်သင့် ကျင့်ထိုက်တဲ့ ဗြဟ္မစရိယက သာသနာ့ ဗြဟ္မစရိယ၊ မဂ္ဂ ဗြဟ္မစရိယ နှစ်မျိုး ရှိပါတယ်။ အဲဒီ နှစ်မျိုးလုံးကိုပဲ ကျင့်ပါလို့ ဒီမှာပြောရင် ဖြစ်နိုင်ပေမယ့်လို့ သူတို့က ကျင့်ပြီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားပြီ။ သို့သော် ဓမ္မတာ အတိုင်းပေါ့နော်။

ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါကုန်လော့။ ဒုက္ခဿ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏၊ အန္တကိရိယာယ၊ အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို စရထ၊ ကြိုးကုတ်ပွားများ အားထုတ်ကြပါကုန်လော့။

ဒီစကားလေး ဘုရားခေါ်တော်မူလိုက်ရင်ပဲ ပရိက္ခရာရှစ်ပါး ဆင်မြန်းပြီးတဲ့ ဝါ(၆၀)ရပြီး မထေရ်ကြီးကဲ့သို့ တင့်တယ်စွာဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိသွားကြပါတယ်။ ခေါင်းရိတ်နေဖို့လည်း မလိုဘူး၊ ဆံချနေဖို့လည်း မလိုဘူး၊ ပရိက္ခရာလည်း ဝယ်နေဖို့ မလိုတော့ဘူး။ အားလုံး ဆင်မြန်းပြီး ဖြစ်သွားပြီ။ အဲဒီ အချိန်အခါကျတော့ ဘာဖြစ်သလဲ? အနော်ဇာဒေဝီတို့ကလည်း စဉ်းစားပြီ။ သူတို့ကလည်း ပါရမီရှိတဲ့ သူတော်ကောင်းတွေ။ စဉ်းစားလိုက်တဲ့ အချိန်အခါမှာ ရှေ့မှာ ဂင်္ဂါမြစ်ကြီးက ကန့်လန့်ခံနေပြီ။ ဂင်္ဂါမြစ်ကြီး ကန့်လန့်ခံနေတော့ သူက ဘုန်းကံရှိတဲ့ အမျိုးကောင်းသမီးများရဲ့ စဉ်းစားတွေးခေါ်မှုပဲ။ ဘယ်လို သူက စဉ်းစားသလဲ?

‘‘ရာဇာ သစ္စကိရိယံ ကတွာ ဂတော ဘဝိဿတိ’’

ရာဇာ၊ မဟာကပ္ပိနမင်းကြီးသည်။ သစ္စကိရိယံ၊ သစ္စာပြုခြင်းအမှုကို။ ကတွာ၊ ပြု၍။ သစ္စကိရိယံ ကတွာ၊ သစ္စာပြုခြင်းအမှုကို ပြု၍။ ဂတော၊ ထိုမှာဘက်ကမ်းသို့ ကူးခတ်လွန်မြောက်သွားသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

သူက စဉ်းစားတယ်။ မဟာကပ္ပိနမင်းကြီးဟာ သစ္စာဆိုပြီးတော့ ထိုဘက်ကမ်းသို့ ကူးသွားတာဖြစ်မယ်။ ဘာကြောင့်လဲ? ဆိပ်ကမ်းမှာ ကြည့်လိုက်တော့လည်း ဖောင်လုပ်ထားတဲ့ အစအန မတွေ့ရဘူး။ လှေလုပ်ထားတဲ့ အစအနလည်း မတွေ့ရဘူး။ ဖောင်တွေ, လှေတွေ ဟိုဘက်ကမ်း ဒီဘက်ကမ်း လှမ်းကြည့်လည်း မမြင်ရဘူး။ မမြင်ရတဲ့အခါကျတော့ သူက သူ့ရဲ့ မဟာကပ္ပိနမင်းကြီးနဲ့ လက်ပွန်းတတီး နေထိုင်ခဲ့ရတဲ့ အမျိုးကောင်းသမီးဖြစ်ခြင်းကြောင့် မဟာကပ္ပိနမင်းကြီးရဲ့ စိတ်နေစိတ်ထား၊ မှန်ကန်တဲ့ သစ္စာစကားအကြောင်းတွေကို သူက ကျကျနန နားလည်ပြီးသားလည်း ဖြစ်နေတယ်။ ဖြစ်နေတဲ့အတွက်ကြောင့် ဧကန္တ ဒီ မဟာကပ္ပိနမင်းကြီးဟာ သစ္စာပြုပြီးတော့ ထိုမှာဘက်ကမ်းသို့ရောက်အောင် သွားတာ ဖြစ်ပေလိမ့်မယ်။ သူက ဒီလို စဉ်းစားတယ်။ စဉ်းစားပြီးတော့ ဘာဖြစ်လဲ?

‘‘သော ပန သတ္ထာ န ကေဝလံ တေသံယေဝ အတ္ထာယ နိဗ္ဗတ္တော’’

သူ့ရဲ့ စဉ်းစားခန်းလေး ဒီလောက်ကောင်းပါတယ်။ ဘာပြောလဲ?

သော ပန သတ္ထာ၊ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူသော ထိုဘုရားရှင်သည်။ ကေဝလံ တေသံ ယေဝ အတ္ထာယ၊ မဟာကပ္ပိနမင်းကြီးနှင့်တကွ ထိုတစ်ထောင်သော အမတ်တို့ရဲ့ အကျိုးအတွက်သာလျှင်။ န နိဗ္ဗတ္တော၊ ပွင့်ထွန်းပေါ်ပေါက်၍ လာသည်ကား မဟုတ်ပေ။

သူက စဉ်းစားပြီ။ လောကမှာ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ပွင့်လာခြင်းဟာ မဟာကပ္ပိနမင်းကြီးနှင့်တကွ တစ်ထောင်သော အမတ်တို့ရဲ့ အကျိုးအတွက်သာလျှင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်း မဟုတ်ဘူးနော်။

‘‘သစေ သော သတ္ထာ သမ္မာသမ္ဗုဒ္ဓေါ, အမှာကံ ရထာ မာ ဥဒကေ နိမုဇ္ဇိံသု’’

သော သတ္ထာ၊ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ပါမူကား။ အမှာကံ၊ ငါတို့၏၊ ရထာ၊ ရထားတို့သည်။ ဥဒကေ၊ ရေ၌။ မာ နိမုဇ္ဇိံသု၊ မြုပ်၍ မသွားကြပါစေကုန်သတည်း။

ဟော သူ့ရဲ့ သစ္စာပြုခန်းလေးပဲနော်။ “လောကမှာ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူတဲ့ ဒီဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဧကန်မှန်ခဲ့ပါမူ ငါတို့ရဲ့ ရထားတွေသည် ရေထဲမှာ နစ်မြုပ်၍ မသွားပါစေနှင့်သတည်း” ဆိုပြီး ဒီလို သစ္စာပြုပြီးတော့ ရထားတွေ အကုန်လုံး ရေထဲ ဖြတ်မောင်းလိုက်တယ်။ မြင်းတွေရဲ့ ခွာတောင် နည်းနည်းလေးမှ ရေမစွတ်ဘူး။ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူးရှိတဲ့ သူတော်ကောင်းတို့က မိမိတို့ရဲ့ စိတ်ဓာတ်စွမ်းအင်တွေကို မိမိတို့ အပြည့်အဝ မယုံကြည်ကြဘူးလား? ယုံကြည်နေတယ်။

ဒါကြောင့် ကောင်းမှုကုသိုလ်လေးတွေကို နည်းနည်းလေး ခိုင်ခန့်အောင် ခုလို အသိဉာဏ်ရှိတဲ့ဘဝမှာ ထူထောင်ထားဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ အဲဒီလိုနဲ့ ကူးသွားလိုက်တာ နောက်ဆုံး မြစ်တစ်ခုပြီး တစ်ခု၊ မြစ်တစ်ခုပြီး တစ်ခု၊ မြစ်သုံးခု လွန်သွားပြီ။ မြစ်သုံးခု လွန်သွားတဲ့ အချိန်အခါကျတော့ မဟာကပ္ပိနမင်းကြီး ဦးဆောင်နေတဲ့ အမတ်တစ်ထောင်တို့ကလည်း ဘုရားရှင်ထံမှာ ရှင်ရဟန်း ဖြစ်သွားပြီ။ အရဟတ္တဖိုလ်လည်း ဆိုက်သွားပြီ။ ဆိုက်သွားတော့ ဒီအရဟတ္တဖိုလ် ဆိုက်သွားတဲ့ ရဟန္တာ (၁၀၀၀)တို့အတွက်တော့ အန္တရာယ် နောက်ထပ် ငြိတွယ်စရာ ရှိသေးလား? မရှိတော့ဘူး။ ဒါပေမဲ့လို့ မယ်မင်းကြီးမ (၁၀၀၀)အတွက်တော့ အန္တရာယ် ရှိနေတယ်နော်။ ရှိနေတယ်ဆိုတဲ့ ဥစ္စာက ဘယ်လို အန္တရာယ်လဲ?

‘‘ဣမာသံ အတ္တနော သာမိကေ ပဿန္တီနံ ဆန္ဒရာဂေါ ဥပ္ပဇ္ဇိတွာ မဂ္ဂဖလာနံ အန္တရာယံ ကရေယျ’’

အတ္တနော၊ မိမိ၏၊ သာမိကေ၊ အိမ်ရှင်ယောက်ျားတို့ကို။ ပဿန္တီနံ၊ မြင်တွေ့ကြရကုန်သော။ ဣမာသံ၊ ဤအမျိုးသမီးတို့ရဲ့သန္တာန်၌။ ဆန္ဒရာဂေါ၊ မိမိတို့၏ အိမ်ရှင်ယောက်ျားအပေါ်၌ လိုလားတပ်မက်နေသည့် ဆန္ဒရာဂတရားသည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏၊ အန္တရာယံ၊ အန္တရာယ်ကို။ ကရေယျ၊ ပြုမူသည် ဖြစ်ပေရာ၏၊

ဒီ အမျိုးသမီးတွေက မိမိတို့ရဲ့ အိမ်ရှင်ယောက်ျားကို မတွေ့မြင်တုန်းကတော့ သိပ်အကြောင်း မဟုတ်ပါဘူး။ တကယ် တွေ့လိုက်ပြီဆိုတော့ ဘာဖြစ်မလဲ? အိမ်ရှင်ယောက်ျားအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ဆန္ဒရာဂ တရားက ဖြစ်ကောင်း ဖြစ်နိုင်မယ်။ ဘာဖြစ်လို့လဲ? အတိတ် သံသရာ ဘဝထဲက ပါရမီဖြည့်ဘက် သူတော်ကောင်း အချင်းချင်းလည်း ဖြစ်ကြတယ်။ ဒါက အကြောင်းတစ်ခု -

ဒီပစ္စုပ္ပန်ဘဝမှာလည်း အိမ်ရှင်ယောက်ျား၊ အိမ်ရှင်မိန်းမအနေနဲ့ မှီတွယ်ပြီးတော့ အတူတကွ ယှဉ်တွဲပြီး နေထိုင်ခဲ့တဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပြန်တယ်။ ဖြစ်နေကြတော့ တစ်ဦးနဲ့တစ်ဦး တွေ့ပြီဆိုရင်တော့ ဘာဖြစ်မလဲ? မတွေ့ခင်တုန်းကတော့ တွယ်တာမှု မဖြစ်ပေမဲ့လို့ တွေ့လိုက်ပြီ ဆိုရင်တော့ ဘာဖြစ်မလဲ? တွယ်တာတပ်မက်တဲ့ ဆန္ဒရာဂ၊ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂဆိုတာ ပေါ်ချင် ပေါ်လာတတ်တယ်။ သားရှိဖူးတဲ့ပုဂ္ဂိုလ်၊ သမီးရှိဖူးတဲ့ပုဂ္ဂိုလ် နားလည်ကြပါလိမ့်မယ်နော်။ ဒီသားကို စွန့်လွှတ်နိုင်တယ်၊ ဒီသမီးကို စွန့်လွှတ်နိုင်တယ်ဆိုပေမယ့် တကယ်တမ်း မြင်လိုက်တဲ့ အခါကျတော့ စိတ်ဓာတ်ကလေးတွေက နည်းနည်း ပြောင်းလဲသွားမှု မဖြစ်ဘူးလား? ဖြစ်တတ်တယ်။ ဖြစ်တတ်တယ်။ ဒီသဘောလေးပဲနော်။

ဒါကြောင့် -

‘‘ဓမ္မံ သောတုံ စ န သက္ခိဿန္တိ’’

ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ တရားတော်မြတ်ကိုလည်းပဲ။ သောတုံ၊ နာကြားအံ့သော်ငှာ။ န သက္ခိဿန္တိ၊ မစွမ်းနိုင်ကြပေကုန်လတ္တံ့။

သူတို့ အိမ်ရှင်ယောက်ျားတွေကို မြင်နေပြီ။ အိမ်ရှင်ယောက်ျားတွေအပေါ်မှာ မြင်တဲ့အခါမှာ တွယ်တာတပ်မက်တဲ့၊ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂကလည်း တစ်ဖန် ပြန်ဖြစ်လာမယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ တရားတွေကို ကောင်းကောင်းကြီး နာကြားဖို့ရန်အတွက် စွမ်းနိုင်ပါ့မလား? မစွမ်းနိုင် ဖြစ်နေလိမ့်မယ်။ ခွဲရတော့မှာကိုး။ ဟုတ်တယ်, မဟုတ်လား?

တကယ်တမ်း ခွဲကြစို့ဆိုတဲ့ အခါကျတော့လည်း ဘာဖြစ်လဲ? ဟင်! ပြောလေ ဘာဖြစ်လဲ? ဟင် ! ဘယ်သူမှ မပြောဘူး။ တကယ်တမ်း ခွဲကြစို့ဆိုတဲ့ အချိန်အခါကျတော့ ဒီစိတ်တွေက လှုပ်ရှားမနေဘူးလား? လှုပ်ရှားနေပြီ။ အဲဒီ လှုပ်ရှားနေတဲ့ စိတ်သည် တကယ် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ တရားအပေါ်၌ တရားနာနေရင်းနဲ့ တကယ်လက်တွေ့တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သွားဖို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

ဥပမာ ဆိုကြပါစို့ ...။ ဘုရားရှင်က ရုပ်တရားတွေ ဟောပြီ။ ရုပ်တရားတွေ ဘယ်လို ရှုရမလဲဆိုတာလည်း ဟောလိုက်ပြီ။ စိတ်တွေက ကယောက်ကယက် ဖြစ်နေပြီဆိုရင် အဲဒီရုပ်တရားတွေကို ဘုရားဟောတဲ့အတိုင်း လိုက်ရှုနိုင်ပါ့မလား? မရှုနိုင်ဘူး။ နာမ်တရားတွေကို ဘုရားက ဆက်လက်ပြီး ဟောပြီ။ နာမ်တရားတွေကို ဘယ်လို ရှုရမလဲဆိုတာကိုလည်း ဟောပြီ။ ရှုပုံနည်းစနစ်နှင့်တကွ ရှုကွက်တွေကို ဟောလိုက်တဲ့အခါ စိတ်တွေက ကယောက်ကယက် ဖြစ်နေပြီ။ လှုပ်ရှားနေပြီ။ ထိုအချိန်အခါမှာ ဒီနာမ်တရားတွေကို ရှုလို့ ရနိုင်မလား? မရနိုင်ဘူး။ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ဘုရားက ဆက်ဟောပြီ။ စိတ်တွေကလည်း ကယောက်ကယက် ဖြစ်နေပြီ။ ဘာအကြောင်းကြောင့် ဘာအကျိုးဖြစ်တယ်ဆိုတာ ကြားတစ်ချက်, မကြားတစ်ချက်၊ ဟိုကြည့်လိုက်, ဒီကြည့်လိုက် ဖြစ်မနေဘူးလား? ဖြစ်နေပြီ။

အဲဒီ အချိန်အခါကျတော့ စိတ်ဓာတ်တွေက ခုလို လှုပ်ရှားနေရင် အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တရားတွေကို ဖြစ်ပြီးပျက်နေတာကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုပါ။ ဖြစ်ခြင်း, ပျက်ခြင်းတို့ရဲ့ အနှိပ်စက် ခံနေရပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုပါ။ မပျက်စီးဘဲ အကြိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုပါ စသည်ဖြင့် ဝိပဿနာရှုကွက်တွေကို သင်ပေးလိုက်တဲ့ အချိန်အခါမှာ စိတ်တွေက ကယောက်ကယက်နဲ့ ဟိုရောက် ဒီရောက် မငြိမ်မသက် ဖြစ်နေခဲ့မယ်ဆိုရင်ကော ဒီဝိပဿနာ ရှုကွက်တွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်တဲ့ အခွင့်အလမ်း၊ စွမ်းနိုင်တဲ့ အခွင့်အရေးတွေ ရှိပါ့မလား? မရှိတော့ဘူးနော်။ ဒါကြောင့် ဒီနေရာမှာ ဘုရားရှင်တို့က သိပ်ပြီး ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ အဲဒါ ဘုရားရှင်က ဘာလုပ်ရသလဲ?

‘‘ယထာ အညမညံ န ပဿန္တိ, တထာ အကာသိ။’’

ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ အညမညံ၊ အချင်းချင်း တစ်ယောက်သည် တစ်ယောက်ကို။ န ပဿန္တိ၊ မတွေ့မြင်နိုင်ကြလေကုန်။ တထာ၊ ထိုကဲ့သို့ မတွေ့မြင်နိုင်လောက်သော အခြင်းအရာအားဖြင့်။ အကာသိ၊ တန်ခိုးကို ဖန်ဆင်းတော်မူခဲ့လေပြီ။

တစ်ယောက်နဲ့ တစ်ယောက် မတွေ့အောင် ဘုရားက တန်ခိုးနဲ့ ဖန်ဆင်းပေးထားတယ်။ သတ္တဝါတစ်ယောက်ကို ချွတ်ဖို့ဆိုတာ လွယ်ပါ့မလား? ဘုန်းကြီးတို့က အဲဒီ တန်ခိုးမျိုး မရှိလို့ တော်တော်ခက်နေတယ်နော်။ ပြူတစ် ပြူတစ်နဲ့ လာလုပ်ရင် ဘာဖြစ်သွားသလဲ? အယ် “ဆရာတော် ... တပည့်တော် ရှေ့နှစ်ကျရင်တော့ ပြန်လာပါ့မယ်” တဲ့ ဟော မနက်က တစ်အုပ်က, တစ်အုပ်က။ သေသေချာချာ ရှေ့နှစ်ကျရင် ကျောင်းစပိတ်တာနဲ့ လာခဲ့မယ်တဲ့။ ဟော ကျကျနန ပြောသွားတယ်။ ဘုန်းကြီး လွမ်းသွားအောင်ပေါ့။

တစ်ဦးနဲ့တစ်ဦး မမြင်ရအောင် တန်ခိုးနဲ့ ဘုရားက ဖန်ဆင်းထားတယ်။ မြင်လိုက်ပြီ ဆိုလို့ရှိရင်တော့ စိတ်ဓာတ်တွေ လှုပ်ရှားရင် တရားကို ကောင်းကောင်း နာနိုင်တဲ့စွမ်းအား ရှိပါ့မလား? မရှိဘူး။ အဲဒီအခါကျတော့မှ မြတ်စွာဘုရားက သူတို့ ဆိုက်ရောက်လာတော့ ယုံကြည်ပြီး “တို့ ရည်ညွှန်းပြီးတော့ ရှင်ရဟန်း ပြုဖို့ရန် တောထွက်လာတဲ့ ဆရာတစ်ဆူ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ ဒီဘုရားပဲ ဧကန်စင်စစ် ဖြစ်တယ်” လို့ ဆုံးဖြတ်ချက်လည်း ချနိုင်တယ်။ ရိုသေစွာ ရှိခိုးပြီးတော့ ထိုင်ပြီးတော့ တရားနာယူကြတယ်။ ထိုအချိန်အခါမှာလည်း ဘုရားရှင်က အစဉ်အတိုင်းသော တရားစကားတွေကို စနစ်တကျ ဟောကြားပြသ ဆိုဆုံးမတော်မူပါတယ်။ နောက်ဆုံး သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြားတော်မူတယ်။ စိတ်ဓာတ်တွေ နူးညံ့လာတဲ့အခါ၊ ပျော့ပြောင်းလာတဲ့အခါ သစ္စာလေးပါးကို သိနိုင်လောက်တဲ့ သမာဓိတွေ ရင့်ကျက်လာတဲ့ အချိန်အခါမှာ ဘုရားရှင်က သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဆက်လက်၍ ဟောကြားပေးတော်မူပါတယ်။ ဟောကြားပေးလိုက်တဲ့အတွက် ဘာဖြစ်လဲ?

‘‘ဒေသနာပရိယောသာနေ သဗ္ဗာ သောတာပတ္တိဖလေ ပတိဋ္ဌာယ အညမညံ ပဿိံသု။’’

ဒေသနာ ပရိယောသာနေ၊ ဒေသနာပြီးဆုံးသော အချိန်အခါ ကာလ၌။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော မိဖုရားတို့သည်။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌာယ၊ တည်ကြကုန်၍။ အညမညံ၊ အချင်းချင်း တစ်ယောက်သည် တစ်ယောက်ကို။ ပဿိံသု၊ တွေ့မြင်ကြလေကုန်ပြီ။

အဲဒီအခါကျတော့ ဘုရားရှင်က တန်ခိုးကို ဖြည်လိုက်တယ်။ တန်ခိုးကို ပြန်လည် ရုပ်သိမ်းပေးလိုက်တယ်။ ဒေသနာနိဂုံး ဆုံးသွားတဲ့ အခါမှာ အမျိုးသမီးအားလုံး ဘာဖြစ်သွားလဲ? သောတာပတ္တိမဂ်ဖိုလ်မှာ တည်သွားပြီ။ သောတာပတ္တိဖိုလ်လည်း တည်ရော၊ ဘုရားရှင်က တန်ခိုးတော်ကို ပြန်လည် ရုပ်သိမ်းလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မြင်ကုန်ကြပြီ၊ အန္တရာယ် ရှိဦးမလား? မရှိတော့ဘူး။ မရှိတဲ့ အချိန်အခါကျတော့ အဲဒီမှာ ဥပ္ပလဝဏ် ထေရီမကို ဘုရားရှင်က လာဖို့ရန်အတွက် တန်ခိုးတော်ဖြင့် လှမ်းခေါ်ယူလိုက်ပါတယ်။ ဥပ္ပလဝဏ်ထေရီမကလည်း နောက်ပါ ဘိက္ခူနီမ အခြံအရံ ပရိသတ်တွေ ခေါ်ဆောင်ပြီးတော့ အဲဒီ အမျိုးသမီးတစ်ထောင်ကို ရှင်ရဟန်း ပြုတယ်။ ရှင်ရဟန်း ပြုပေးပြီးတော့ ဘိက္ခူနီကျောင်းတိုက် ခေါ်သွားတယ်။ ဒီအမျိုးသမီးတွေကလည်း ဆက်လက်ပြီး သာသနာဘောင်မှာ ရှင်ရဟန်း ပြုပြီးတဲ့အခါ တရားဘာဝနာကို ဆက်လက်ပြီး ကြိုးစားတာ နောက်ဆုံး အရဟတ္တဖိုလ် တည်သွားကြပါတယ်နော်။

ဒီတော့ ဒီအမတ်တစ်ထောင်နှင့်တကွ မဟာကပ္ပိနမင်းကြီးကလည်း ရဟန္တာ ဖြစ်သွားပြီ။ ရဟန္တာဖြစ်ပြီးတဲ့ အချိန်အခါကျတော့လည်း မဟာကပ္ပိနမင်းကြီးက ဘာလုပ်သလဲ? အရဟတ္တဖိုလ် ချမ်းသာသုခတွေ၊ အရဟတ္တဖိုလ် သမာပတ်ကို ကြိမ်ဖန်များစွာ ဝင်စားပြီးတော့ အရဟတ္တဖိုလ် ချမ်းသာသုခကြီးကို ခံစားနေတယ်။ ရှေးယခင် ရှင်ဘုရင်ဖြစ်စဉ် အချိန်အခါက ရရှိတဲ့ ချမ်းသာနဲ့ ဒီအရဟတ္တဖိုလ် ချမ်းသာတို့ရဲ့ ကွာဟချက်ကို နှိုင်းစာပြီးတော့ “ချမ်းသာပေစွ၊ အဟော သုခံ, အဟော သုခံ၊ ဩော် ...ချမ်းသာပေစွ၊ ချမ်းသာပေစွ” ဆိုပြီးတော့ သူက ဥဒါန်းတွေ ကျူးပြီးတော့ တောထဲမှာ ဒီလိုပဲ နေတယ်။ ဘာဖြစ်လို့လဲ?

ရှေးယခင် ရှင်ဘုရင်ဖြစ်စဉ် အချိန်အခါက တောထဲတောင်ထဲ တစ်ယောက်တည်း သွားပြီး နေဖို့, ထိုင်ဖို့, အိပ်ဖို့ဆိုတာ ဖြစ်ပါ့မလား? မဖြစ်ဘူး။ အန္တရာယ်တွေ သိပ်များတယ်။ ခုအခါမှာ သစ်ပင်အောက်မှာလည်း တစ်ပါးတည်း သွားနေလို့ရတယ်။ တစ်ယောက်တည်း သွားနေလည်း နေလို့ရတယ်။ တစ်ယောက်တည်း အိပ်လည်း အိပ်လို့ ရတယ်။ တစ်ယောက်တည်း စားလည်း စားလို့ရတယ်။ စားပြီးတော့, အိပ်ပြီးတော့, နေပြီးတော့ ဘာလုပ်သလဲ? အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အရဟတ္တဖိုလ် ချမ်းသာကြီးကို သုံးဆောင်ခံစားပြီး နေတယ်။ သိပ်ချမ်းသာတယ်၊ သိပ်ချမ်းသာတယ်နော်။ အဲဒီလို ချမ်းသာနေတဲ့ အချိန်အခါမှာ “ချမ်းသာစွ၊ ချမ်းသာစွ” ဆိုပြီး ဒီလို ဥဒါန်းတွေ ကျူးရင့်ပြီးနေထိုင်တဲ့ အချိန်အခါမှာ တချို့တချို့ နားမလည်တဲ့ပုဂ္ဂိုလ်တွေက “ဩော် ... ဒီပုဂ္ဂိုလ်ဟာ မင်းစည်းစိမ်ကို ပြန်ပြီးတော့ သတိရနေတယ်နဲ့တူတယ်” စသဖြင့် ဒီလို ကဲ့ရဲ့ကြတယ်နော်။ မဟုတ်ပါဘူး။ သူကတော့ ဘာဖြစ်လဲ?

‘‘ဓမ္မပီတိ သုခံ သေတိ, ဝိပ္ပသန္နေန စေတသာ၊ အရိယပ္ပဝေဒိတေ ဓမ္မေ, သဒါ ရမတိ ပဏ္ဍိတော’’။

ဒီဂါထာလေး ဘုရားက မဟာကပ္ပိနမထေရ်ကြီးကို အကြောင်းပြုပြီး ဟောပေးရတာပါနော်။ ဘာပြောသလဲ?

ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ ဓမ္မပီတိ၊ အမြိုက် ကိုးပါး လောကုတ္တရာတရားကို ရွှင်အားဝဝ သောက်သုံးရသော ပုဂ္ဂိုလ်သည်။

လောကုတ္တရာ ကိုးပါးဆိုတာက မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ပေါ့။ အဲဒီ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို အစဉ်အတိုင်းရတော့ နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်ပြီ။ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်တဲ့ အချိန်အခါမှာ အရဟတ္တဖိုလ် သမာပတ်ကို ဝင်စားလိုက်တဲ့ အချိန်အခါမှာ ဒီအငြိမ်းဓာတ်နိဗ္ဗာန်ရဲ့ ငြိမ်းအေးနေတဲ့ မသေရာ အမြိုက်တရားတော်မြတ်ကြီးရဲ့ အရသာကို ကျကျနန အားရပါးရ ဝဝကြီး သုံးဆောင်ခံစားရပြီ။ အဲဒီလို သုံးဆောင်ခံစားရတဲ့ သူတော်ကောင်းတစ်ယောက်အဖို့ ဘာဖြစ်မလဲ?

ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ ဓမ္မပီတိ၊ အမြိုက် ကိုးပါး လောကုတ္တရာတရားကို ရွှင်အားဝဝ သောက်သုံးရသော ပုဂ္ဂိုလ်သည်။ ဝိပ္ပသန္နေန စေတသာ၊ ဥပကိလေသာကင်းစင် အထူးကြည်လင်သော စိတ်ထားဖြင့်။ သုခံ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ။ သေတိ၊ အိပ်စက်ရပေ၏၊ သုခံ သေတိ၊ လေးဖြာဣရိယာပုတ် ချမ်းသာစွာ နေထိုင်ရလေ၏၊

လောကုတ္တရာတရား အမြိုက်အရသာ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို သုံးဆောင်ခံစားနေရတဲ့ ဒီပုဂ္ဂိုလ်တွေဟာ ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ဣရိယာပုတ်လေးပါးလုံးမှာ ချမ်းချမ်းသာသာပဲ နေထိုင်ရတယ်။ “ဒီည ဘုရား အိပ်လို့ကလည်း သိပ်မကောင်းဘူး၊ ဗိုက်ကလည်း နာတယ်ဘုရာ့။ အဆင်ကလည်း တရားအားထုတ်လို့ မပြေဘူး” ဒီလို ပုံစံမျိုး ရှိသလား? မရှိဘူးနော်။ အဲဒီ အမြိုက်နိဗ္ဗာန် အရသာကြီးကို သုံးဆောင်ခံစားရတာ ပိုက်ဆံဘယ်လောက်များ ကုန်သလဲ? ဟင်!

တလောကလည်း ဒီဂါထာလေး ရွတ်ခဲ့ပါတယ်။ ဘုန်းကြီးတို့က ကြည်ညိုလွန်းလို့ ဒီဂါထာလေး ခဏခဏ ရွတ်နေတယ်။ ရတနသုတ္တန်မှာ ပါပါတယ်။ ဘယ်လိုလဲ?

‘‘ယေသုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။ တေပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။’’

ယေ ခီဏာသဝါ၊ အကြင် အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်ကြီးတို့သည်။ ဂေါတမသာသနမှိ၊ ဂေါတမမြတ်စွာ ရောင်ဝါထိန်လင်း သာသနာတော်မြတ်အတွင်း၌။ ဒဠှေန၊ ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော။ မနသာ၊ သမာဓိနှင့်ယှဉ်သော စိတ်ထားဖြင့်။ သုပ္ပယုတ္တာ၊ လွန်စွာ ကြိုးကုတ်အားထုတ်ကြသည်ဖြစ်၍။ နိက္ကာမိနော၊ ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ်ထွက်မြောက်တော်မူကြလေကုန်ပြီ။ တေ၊ ထို ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။ အမတံ၊ စုတိပြတ်ကြွေ ဘယ်ခါမှ သေကျေရခြင်း မရှိသော အမတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို။ ဝိဂယှ၊ အာရုံပြုသောအားဖြင့် သက်ရောက်တော်မူကြကုန်သည်ဖြစ်၍။ မုဓာ၊ ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကျရဘဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ် အရသာကို။ ဘုဉ္ဇမာနာ၊ သုံးဆောင်ခံစားတော်မူကြကုန်လျက်။ ပတ္တိပတ္တာ၊ မိမိတို့ ရရှိအပ်ပြီ၊ ရောက်ရှိအပ်ပြီးဖြစ်သော အရဟတ္တဖိုလ်သို့ အသစ်တစ်ဖန် ဝင်စားသောအားဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။

ပြန်ကြည့်လိုက်ပေါ့နော် ထိုရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတွေ ဘာလုပ်သလဲ?

အမတံ၊ စုတိပြတ်ကြွေ ဘယ်ခါမှ သေကျေရခြင်း မရှိသော အမတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို။ ဝိဂယှ၊ အာရုံပြုသောအားဖြင့် သက်ရောက်တော်မူကြကုန်သည်ဖြစ်၍ -

မသေရာ အမြိုက်နိဗ္ဗာန်ဓာတ်ကြီးကို အာရုံပြုပြီး နေကြတယ်။ အဲဒီလို နေတာ ဘယ်လောက် ပိုက်ဆံပေးရသလဲ?

မုဓာ၊ ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကျရဘဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍ -

ပိုက်ဆံလည်း တစ်ပြားမှ မကုန်ဘူး၊ လိုချင်တဲ့အခါ ချက်ချင်း ရနိုင်တယ်။ ဒီလောက် ကြီးကျယ်တဲ့ ချမ်းသာ၊ မသေရာ အမြိုက်နိဗ္ဗာန်ဓာတ်ကြီးကို အာရုံယူပြီးတော့ ရရှိနေတဲ့ ချမ်းသာ။ အဲဒီ ချမ်းသာကြီးကို ဘာဖြစ်သလဲ?

မုဓာ၊ ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကျရဘဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ် အရသာကို။ ဘုဉ္ဇမာနာ၊ သုံးဆောင်ခံစားတော်မူကြကုန်လျက်။ ပတ္တိပတ္တာ၊ မိမိတို့ ရရှိအပ်ပြီ၊ ရောက်ရှိအပ်ပြီးသော အရဟတ္တဖိုလ်သို့ အသစ်တစ်ဖန် ဝင်စားသောအားဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။

မိမိတို့ ရရှိအပ်ပြီး၊ ရောက်ရှိအပ်ပြီးသော အရဟတ္တဖိုလ်ကို တစ်ဖန် ဝင်စားပြီးတော့ ဆိုက်ရောက်နေကြတယ်။ ခုလည်း ဒီအတိုင်းပဲ ဒီနေရာမှာ အဲဒီလို အရဟတ္တဖိုလ် သမာပတ်ကို ဝင်စားနေကြတဲ့ သူတော်ကောင်းတွေအဖို့ နေတဲ့ အချိန်အခါမှာ ချမ်းချမ်းသာသာ နေရတယ်၊ အိပ်တဲ့ အချိန်အခါမှာ ချမ်းချမ်းသာသာ အိပ်ရတယ်၊ သွားတဲ့ အချိန်အခါမှာ ချမ်းချမ်းသာသာ သွားရတယ်၊ ရပ်တဲ့ အချိန်အခါမှာ ချမ်းချမ်းသာသာ ရပ်ရတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ ဒီလို ကောင်းတဲ့တရားတွေကို ဘယ်လို အကြောင်းကြောင့် ရရှိရသလဲလို့ ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့လို့ ရရှိခြင်း ဖြစ်တယ်။ အရဟတ္တဖိုလ်ရအောင် ဘာတွေ လုပ်ခဲ့သလဲ?

ပုဗ္ဗေစကတပုညတာ စက်လို့ ခေါ်ဆိုအပ်တဲ့ ရှေးက ပြုခဲ့ဖူးတဲ့ အဝိဇ္ဇာမျိုးစေ့ကောင်း၊ စရဏမျိုးစေ့ကောင်းခေါ်တဲ့ ကုသိုလ်ကောင်းမှု စက်နဲ့လည်း ပြည့်စုံနေကြတယ်။ ပစ္စုပ္ပန်မှာလည်း ဒီဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ပွင့်ထွန်းပေါ်ပေါက်လာပြီလို့ ကြားလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ရှိနေတဲ့ နန်းစည်းစိမ်နှင့်တကွသော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို ချက်ချင်း စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ ပေါ်မလာဘူးလား? ပေါ်လာကြတယ်။ စွန့်လွှတ်ပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ် ရကြောင်းဖြစ်တဲ့ အကျင့်ကောင်းတွေကို ဟောကြားပြသ ဆိုဆုံးမပေးမယ့် ဘုရားရှင်ကဲ့သို့သော ပညာရှိသူတော်ကောင်းတွေကို သွားပြီး မဆည်းကပ်ဘူးလား? ဆည်းကပ်တယ်။ ဆည်းကပ်ပြီးတဲ့ အချိန်အခါမှာလည်း ဒီတရားတော်တွေကို ကျကျနန မနာယူဘူးလား? နာယူတယ်။ နာယူတဲ့ အချိန်အခါမှာလည်း သစ္စာလေးပါးတရားကို တရားနာရင်းဖြင့် ထိုးထွင်းသိမြင်အောင် ကျင့်ကြသလား, မကျင့်ကြဘူးလား? ကျင့်ကြတယ်။ ကျင့်ကြတဲ့အတွက် လောကုတ္တရာ ကိုးပါးရဲ့ အရသာကို ကျကျနနကြီး ခံစားမနေရဘူးလား? နေကြရတယ်နော်။ ဒါကြောင့် -

ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ ဓမ္မပီတိ၊ အမြိုက် တရား လောကုတ္တရာတရားကိုးပါးကို ရွှင်အားဝဝ သောက်သုံးရသော ပုဂ္ဂိုလ်သည်။ ဝိပ္ပသန္နေန စေတသာ၊ ဥပကိလေသ ကင်းစင် အထူးကြည်လင်သော စိတ်ထားဖြင့်။ သုခံ၊ ကိုယ်စိတ်နှစ်ဖြာ။ သေတိ၊ အိပ်စက်ရပေ၏၊ ချမ်းသာစွာ နေထိုင်ကြပေ၏၊ သုခံ သေတိ၊ လေးဖြာဣရိယာပုတ် ချမ်းသာစွာ နေထိုင်ကြပေ၏၊ ပဏ္ဍိတော၊ ခန္ဓာကိုယ်ရေး ကြံတွေးသိမြင် ပညာရှင်သည်။ အရိယပ္ပဝေဒိတေ၊ ဘုရားအစရှိသော များလှသောင်းသောင်း အရိယာသူတော်ကောင်းအပေါင်းတို့သည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော။ ဓမ္မေ၊ ဗောဓိပက္ခိယ ဓမ္မအပြား (၃၇)ပါးသောတရား၌။ သဒါ၊ နေ့ညဉ့်ဆက်ခါ အခါခပ်သိမ်း။ ရမတိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူပါပေ၏၊

ကျကျနနသာ မိမိတို့က လောကုတ္တရာတရားတွေကို ရရှိအောင် ကြိုးစားအားထုတ်ထားပါ။ အားထုတ်ထားတဲ့ ထိုသူတော်ကောင်းတွေမှာ (ဝိပ္ပသန္နေန စေတသာ၊ ) အထူးကြည်လင်သော စိတ်ထားဖြင့် လောကမှာ အမြဲတိုင်း နေထိုင်ရမယ်။ လောကကြီးမှာ နေရတဲ့ အချိန်အခါလေးကို စိတ်ညစ်ပြီး နေရတာနဲ့ ကြည်ကြည်လင်လင် စိတ်ဓာတ်ကလေးနဲ့ နေရတာ ဘယ်ဒင်း ကောင်းသလဲ? ကောင်းရင် ဘာလုပ်မလဲ? ဟင် ! အဲဒါပဲ။ ကောင်းရင် အိမ်ပြန်ရမလား? ဟင် ! ကောင်းရင် ဘာလုပ်မလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ် ရတဲ့အထိ ကြိုးစားအားထုတ်ရမယ်။ ဟုတ်တယ်, မဟုတ်လား?

အဲဒီတော့ ချမ်းချမ်းသာသာ အိပ်ချင်တယ်ဆိုရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရအောင် ကြိုးစားအားထုတ်ပါ။ အိပ်ဆေးသောက်နေဖို့ လိုသေးလား? မလိုဘူး။ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင်လည်း ဘာလုပ်ရမလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ် ရသည်အထိ ကြိုးစားအားထုတ်ပါ။ ချမ်းချမ်းသာသာပဲ သွားနေချင်တယ် ဆိုရင်လည်း အရဟတ္တမဂ် အရဟတ္တဖိုလ် ရတဲ့အထိ ကြိုးစားအားထုတ်ပါ။ ချမ်းချမ်းသာသာ ထိုင်ချင်တယ် ဆိုလို့ရှိရင်ကော အရဟတ္တမဂ် အရဟတ္တဖိုလ် ရတဲ့အထိ ကြိုးစားအားထုတ်ပါ။ ဘာဖြစ်လို့လဲ?

အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရခဲ့မယ် ဆိုလို့ရှိရင် အရဟတ္တမဂ်တရားက စိတ်ဓာတ်ညစ်နွမ်းကြောင်းဖြစ်တဲ့ ကိလေသာတွေကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဖျက်ဆီးပစ်တယ်၊ ပယ်သတ်ပစ်လိုက်တယ်။ ပယ်သတ်ပစ်လိုက်တဲ့အတွက် စိတ်ဓာတ်ညစ်နွမ်းမှုဆိုတာ ရှိသေးလား? စိတ်ဓာတ်ညစ်နွမ်းမှု မရှိတဲ့အတွက် ထိုသူတော်ကောင်းသည် ဘာလုပ်သလဲ? အခါခပ်သိမ်း ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ဟောကြားပြသ ဆိုဆုံးမတော်မူထားအပ်တဲ့ ဗောဓိပက္ခိယ ဓမ္မအပြား (၃၇)ပါးသော တရားမှာ အမြဲတမ်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပြီးတော့နေတယ်။ တခြားတခြားသော လုပ်ငန်းရပ်တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထား ရှိသေးလား? မရှိတော့ဘူးနော်။ အဲဒီအကြောင်းကို မြတ်စွာဘုရားက မဟာကပ္ပိန မထေရ်ကြီးကို အကြောင်းပြုပြီးတော့ ဟောကြားပြသ ပေးတော်မူရပါတယ်နော်။

အဲဒီတော့ ဒီနေရာမှာ ပြောချင်တဲ့အချက်က ဘာလဲဆိုတော့ ဒီသူတော်ကောင်းကြီးတွေ အခုလို မဂ်ဖိုလ်နိဗ္ဗာန်ကို လွယ်လွယ်ကူကူနဲ့ ရရှိသွားခြင်းသည် ဘာကို အခြေခံသလဲလို့မေးရင် ပုဗ္ဗေ စ ကတပုညတာ စက်လို့ ခေါ်ဆိုအပ်တဲ့ ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူး ရှိခြင်းဆိုတဲ့ သမ္ပတ္တိစက်အပေါ်ကို အမှီပြုပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိသွားကြတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဒီနေရာမှာ သမ္ပတ္တိစက်တွေနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာများက သေသေချာချာ ဖွင့်ဆိုထားပါတယ်။ အဲဒီ ဖွင့်ဆိုထားချက်ကလေးကို ဘုန်းကြီး ဟောဖို့ရန်တော့ ရည်ရွယ်ထားပါတယ်။

ဦးပဉ္စင်းတို့ အဲဒီသမ္ပတ္တိစက်တွေနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာများက သေသေချာချာ ဖွင့်ဆိုထားပါတယ်။ အဲဒီ ဖွင့်ဆိုထားချက်ကလေးကို ဘုန်းကြီး ဟောဖို့ရန်တော့ ရည်ရွယ်ထားပါတယ်။ အဲဒီ သမ္ပတ္တိစက်တွေနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားတာကတော့ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ သမ္ပတ္တိက လေးပါး၊ ဝိပတ္တိက လေးပါးရှိတယ်။

သမ္ပတ္တိ (၄) ပါးက -
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ ကာလသမ္ပတ္တိ
၄။ ပယောဂသမ္ပတ္တိ

သမ္ပတ္တိ ဘယ်နှစ်ပါးလဲ? လေးပါး။

ဝိပတ္တိ (၄) ပါးက -
၁။ ဂတိဝိပ္ပတ္တိ
၂။ ဥပဓိဝိပ္ပတ္တိ
၃။ ကာလဝိပ္ပတ္တိ
၄။ ပယောဂဝိပတ္တိ

ဆိုပြီး ဝိပတ္တိတရားကလည်း ဘယ်နှစ်ပါးလဲ? လေးပါးပဲ။

အဲဒီတော့ သမ္ပတ္တိ လေးပါး၊ ဝိပတ္တိတရားလေးပါးက ဘာနဲ့ ဆက်စပ်နေသလဲဆိုတော့ ဘုန်းကြီးတို့ ဒီအကျိုးပေးမယ့်ကံနဲ့ ဆက်စပ်နေပါတယ်။ ခုလို ရှေးကပြုခဲ့ဖူးတဲ့ ကုသိုလ်ထူးရှိတဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ ရှေးကပြုထားတဲ့ ဒီကောင်းမှုကုသိုလ်တွေဟာ ဘယ်အခါမှာ အကျိုးပေးဖို့ရန်အတွက် အခါအခွင့်တွေ ပိုပြီး သင့်သလဲလို့ မေးရင် -
၁။ ဂတိသမ္ပတ္တိ၊ ဂတိနဲ့ ပြည့်စုံရမယ်။
၂။ ဥပဓိသမ္ပတ္တိ၊ ဥပဓိ ရုပ်ရည်နဲ့ ပြည့်စုံရမယ်။

၃။ ကာလသမ္ပတ္တိ၊ မိမိလူဖြစ်နေတဲ့ အချိန်အခါကာလဟာ ကောင်းမွန်တဲ့ အချိန်အခါကာလ ဖြစ်ရမယ်။ အဲဒီကာလနဲ့ ပြည့်စုံရမယ်။

၄။ ပယောဂသမ္ပတ္တိ၊ မိမိဘက်က ကြိုးစားအားထုတ်တဲ့ လုံ့လ ပယောဂနဲ့ ပြည့်စုံရမယ်။

ဒီတော့ ရှေးက ပြုတဲ့ကောင်းမှုကုသိုလ်တွေက အကျိုးပေးဖို့ရန်အတွက် မိမိမှာ သမ္ပတ္တိ ဘယ်နှစ်မျိုးနဲ့ ပြည့်စုံရမလဲ? လေးမျိုး။ အဲဒီ သမ္ပတ္တိလေးမျိုးနဲ့ မပြည့်စုံဘဲ ဝိပတ္တိတရားလေးပါးနဲ့သာ မိမိတို့က ပြည့်စုံနေပါစေ။ အတိတ်က ပြုခဲ့ဖူးတဲ့၊ ရှေးက ပြုခဲ့ဖူးတဲ့ ဒီကောင်းမှုကုသိုလ်တရားတွေသည် အကျိုးပေးဖို့ရာအတွက် သိပ်ပြီးတော့ အခါအခွင့် မသင့် ဖြစ်သွားလိမ့်မယ်။

အဲဒီထုံးလေးတွေနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက တော်တော်လေး ပြည့်ပြည့်စုံစုံ ဖွင့်ထားပါတယ်။ ဒီတော့ ဒီမှာ ဂတိသမ္ပတ္တိ ဆိုတာနဲ့ ပတ်သက်လို့ကတော့ သမ္ပန္နဂတိ ဒေဝလောကောစ၊ မနုဿလောကောစ ဆိုပြီး ဒီလို ဖွင့်ထားတယ်။ ပြည့်စုံတဲ့ ဂတိပဲ။ မိမိ ဖြစ်နေတဲ့ ဘုံဌာနသည် ပြည့်စုံနေတဲ့ ဘုံဌာနဖြစ်ရမယ်။ အဲဒါက ဒေဝလောက (= နတ်ပြည်နတ်လောက)၊ မနုဿလောက (= လူ့ပြည်လူ့လောက) ဆိုပြီးတော့ ဒီလို ဖွင့်ထားတယ်။ နတ်ပြည်နတ်လောကဆိုတဲ့ အထဲမှာ ဗြဟ္မာတွေလည်း ပါဝင်နေပါတယ်။ ဒီတော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဆိုတဲ့ ဒီပြည်တွေမှာ ဒီဒေသတွေမှာ သွားပြီးတော့ ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်တော့ ဒါ... ဂတိသမ္ပတ္တိ နဲ့ ပြည့်စုံနေပြီလို့ ပြောရတယ်။

အဲ... ဂတိဝိပ္ပတ္တိ ဆိုတာက ပြောင်းပြန်လှန်ပြီးတော့ ခုနက အပါယ်လေးဘုံမှာ သွားပြီးတော့ ဖြစ်နေပြီဆိုရင်တော့ ဒီပုဂ္ဂိုလ်တွေ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်ပါဦးမလား? မရနိုင်ဘူး။ ဘာဖြစ်လို့လဲ? အပါယ်လေးဘုံမှာ ပဋိသန္ဓေ တည်နေရတယ်ဆိုတာက အဟိတ်ဥပေက္ခာသန္တီရဏ စိတ်နဲ့ သွားပြီးတော့ ပဋိသန္ဓေ တည်နေရတာဖြစ်တော့ ထို အဟိတ်ဥပေက္ခာသန္တီရဏ စိတ်မှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေတတ်တဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟ ခေါ်တဲ့ ဟိတ်တရားသုံးပါး ယှဉ်တွဲပြီး ဖြစ်ခွင့်မရှိဘူး။ အဲဒီ ဟိတ်တရားသုံးပါးလည်း မရှိဘူး၊ လုံးလုံး မရှိဘူး။ လုံးလုံး မရှိတဲ့အတွက် ပဋိသန္ဓေ မျိုးစေ့မှာကိုက အမောဟ ခေါ်တဲ့ ပညာဓာတ်တွေက သိပ်ပြီးတော့ ချို့တဲ့နေတယ်။ ချို့တဲ့တာမှ လုံးလုံးကို မရှိတာ။ မျိုးစေ့ကောင်းကိုက လုံးလုံး မရှိတော့ နောက်ထပ် မဂ်ဖိုလ်နိဗ္ဗာန်နဲ့စပ်တဲ့ တရားစကားတွေပြောရင် ဒီပုဂ္ဂိုလ် ကျွတ်တမ်းဝင်နိုင်ပါ့မလား? ဒါ... ဂတိဝိပ္ပတ္တိ ပဲ။ ဂတိ ချွတ်ယွင်းသွားပြီ၊ ပျက်စီးသွားပြီ။

နောက် - ဥပဓိသမ္ပတ္တိ ဆိုတာကတော့ အတ္တဘာဝ သမ္ပတ္တိ ဆိုပြီး ဖွင့်ဆိုထားပါတယ်။ ခန္ဓာကိုယ် အတ္တဘောက ပြည့်ပြည့်စုံစုံ ရှိရမယ်။ ကိုယ်လက်အင်္ဂါ ချို့တဲ့မှု မရှိရဘူး။ ဥပဓိဝိပ္ပတ္တိ ဆိုတာကတော့ ဟီနအတ္တဘာဝတာ ဆိုပြီး ဒီလို ဖွင့်ထားတယ်။ ခန္ဓာကိုယ်က ချို့ယွင်းပျက်စီးနေပြီ။ အဲဒီအခါမှာလည်း အကျိုးပေးချင်တဲ့ ကံတွေဟာ အကျိုးမပေး ရှိတတ်တယ်။ ဒီတော့ ဥပဓိသမ္ပတ္တိ နဲ့ ပြည့်စုံနေပြီဆိုရင် အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေတဲ့ ကံလေးတွေဟာ ဝင်ပြီးတော့ အကျိုးပေးတတ်တယ်။ ဥပဓိသမ္ပတ္တိ မဖြစ်ဘူးဆိုရင် ဥပဓိက ချို့တဲ့နေပြီ။ အင်္ဂါခြေလက် ချို့တဲ့နေပြီ။ ထိုအချိန်မှာ အတိတ်က အကျိုးပေးနေတဲ့ ကံတွေဟာ အကျိုးပေးခွင့်မသာဘဲ ဖြစ်သွားတတ်တယ်။

နောက်တစ်ခု - ကာလသမ္ပတ္တိ ဆိုတာကတော့ သုရာဇ၊ သုမနုဿ၊ ကာလသမ္ပတ္တိ ဆိုပြီး ဒီလို ဖွင့်ထားတယ်။ မင်းကောင်း၊ မင်းမြတ်၊ လူကောင်း၊ လူမြတ် သူတော်ကောင်းတွေ ပွင့်ထွန်းရာ အချိန်အခါ ကာလကို ကာလသမ္ပတ္တိ လို့ ခေါ်ပါတယ်။ ကာလဝိပ္ပတ္တိ ဆိုတာကတော့ ပြောင်းပြန်လှန်ပြီးတော့နော် မင်းဆိုး၊ မင်းယုတ်တွေ ကြီးစိုးနေတဲ့ အချိန်အခါ၊ လူမိုက်တွေ ပေါများနေတဲ့ အချိန်အခါကာလ။ အဲဒီ အချိန်အခါကာလကို ကာလဝိပ္ပတ္တိ ဆိုပြီး ဒီလို ဖွင့်ထားတယ်။

နောက်တစ်ခု - ပယောဂသမ္ပတ္တိ ဆိုတာကတော့ မဂ်ဖိုလ်နိဗ္ဗာန် ရလောက်အောင် မိမိတို့ဘက်က ကြိုးစားအားထုတ်မှု ရှိရတယ်။ ခုနက ပြောခဲ့တဲ့ မဟာကပ္ပိန အလောင်း၊ မဟာကပ္ပိန မင်းကြီးနဲ့ အမတ်တစ်ထောင်တို့ပဲ ကြည့်ပါ။ အကယ်၍သာ သူတို့ ဘုရားရှင်ထံမှောက် သွားပြီးတော့ ရှင်ရဟန်းပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောမထွက်ခဲ့ဘဲ ဒီအိမ်ရှင်မတွေနဲ့ပဲ ဒီလူ့စည်းစိမ်ကို ပျော်မွေ့နှစ်ခြိုက်နေခဲ့မယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန် ခုလို ရပါ့မလား? မရဘူး။

ဘုရားနဲ့ သွားပြီးတော့ တွေ့အောင် သူတို့က တောထွက်ကြတယ်။ တောထွက်ခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်သည် ဘာလဲ? ကြိုးစားအားထုတ်မှု ပယောဂတစ်ခုပဲ။ ဘုရားထံ သွားပြီးတော့ တောထွက်ပြီးတဲ့ အခါမှာလည်း အလကား မနေဘူး။ ဘုရားထံမှ တရားကို နာယူတယ်။ နာယူတဲ့ အချိန်အခါမှာလည်း အလကား မနေဘူး။ ဘာလုပ်သလဲ? ဘုရားဟောတဲ့ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိအောင် တရားနာယူရင်းနဲ့ ကျင့်ကြတယ်။ ကျင့်လိုက်တဲ့အတွက်ကြောင့် ဒေသနာနိဂုံး ပြီးဆုံးတဲ့ အချိန်အခါမှာ အားလုံး ဘာဖြစ်သွားသလဲ? အရဟတ္တဖိုလ် တည်သွားတယ်။ ဘာဖြစ်လို့လဲ? ပယောဂသမ္ပတ္တိ ကြိုးစားအားထုတ်မှု လုံ့လပယောဂနှင့် ပြည့်စုံကြတယ်။

တစ်ဘက်က - ပယောဂဝိပ္ပတ္တိ မဂ်ဖိုလ်နိဗ္ဗာန် ရလောက်အောင် ကြိုးစားအားထုတ်မှု မရှိဘူး။ သို့သော် ကြိုးစားအားထုတ်သော်လည်း နည်းမှန်လမ်းမှန်က မဟုတ်ဘူး။ မိစ္ဆာပယောဂ အမှားမှား အယွင်းယွင်း ကြိုးစားအားထုတ်မှု ဖြစ်နေပြီ။ ထိုအချိန်အခါမှာ မဂ်ဖိုလ်နိဗ္ဗာန် ရမလား? မရဘူး။ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? ရှစ်မျိုး။

သမ္ပတ္တိ က လေးမျိုး၊ ဝိပ္ပတ္တိ က လေးမျိုး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက နည်းနည်း မှတ်သားစရာလေးတွေ ဖွင့်ဆိုထားပါတယ်။ ဒီတော့ ဒီရှစ်မျိုးရှိတဲ့အနက် တချို့တချို့သော ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်လဲ? မကောင်းမှုတွေကို တော်တော် ခပ်များများလေးကို ပြုထားဖူးတယ်။ မကောင်းမှုတွေကို တော်တော် ခပ်များများလေး ပြုထားဖူးတဲ့အတွက် ဒီ မကောင်းမှုတွေဟာ အကယ်၍များ ဒီပုဂ္ဂိုလ်တွေဟာ ဂတိဝိပ္ပတ္တိ ခေါ်တဲ့ အပါယ်လေးဘုံပေါ့လေ... အဲဒီလို အပါယ်လေးဘုံတို့လို နေရာမျိုးမှာ သွားပြီး တည်နေမယ်ဆိုရင် ဒီမကောင်းမှု အကုသိုလ်ကံတွေက အကျိုးပေးတော့မယ်။

ဒါပေမဲ့လို့ အတိတ်သံသရာ အဆက်ဆက်က ဒီဆည်းပူးထားခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေဟာ ဗြုန်းကနဲ အခုလို ဂတိဝိပ္ပတ္တိ မှာ တည်နေရင် အကျိုးပေးနိုင်ပေမယ့်လို့ ဂတိဝိပ္ပတ္တိ မှာ မတည်ခဲ့ဘူး။ ဘာဖြစ်လို့ မတည်လဲ? ကောင်းတဲ့ကံ တစ်ခုကနေ ဝင်ရောက်ပြီးတော့ သူ့ကို အကျိုးပေးလိုက်တယ်။ အကျိုးပေးလိုက်တဲ့အတွက် ဂတိသမ္ပတ္တိ လို့ ခေါ်ဆိုအပ်တဲ့ လူ့ပြည်နတ်ပြည်မှာ လာပြီးတော့ လူဖြစ်ရပြီ၊ နတ်ဖြစ်ရတယ်။ နတ်ဖြစ်လိုက်တဲ့ အချိန်အခါမှာ အဲဒီလို ဂတိသမ္ပတ္တိ ရောက်ရှိသွားနေတဲ့ အချိန်အခါမှာ အတိတ်သံသရာ အဆက်ဆက်က ပြုစုထားတဲ့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန်အတွက် အလှည့်မရ ဖြစ်သွားတတ်တယ်။ အခါအခွင့်မသင့် ဖြစ်သွားတတ်တယ်။ ဘာဖြစ်လို့လဲ?

အကုသိုလ်ကံတွေက ခုနက အကျိုးပေးမယ်ဆိုရင် ဂတိဝိပ္ပတ္တိ လို့ ခေါ်ဆိုအပ်တဲ့ အပါယ်လေးဘုံမှာ အကျိုးပေးမယ့်သဘော ရှိနေတယ်။ ခု သူရောက်နေတာက အပါယ်လေးဘုံ မဟုတ်ပြန်ဘူး။ လူ့ပြည်နတ်ပြည်ဆိုတဲ့ ဂတိသမ္ပတ္တိ မှာ သူရောက်ရှိနေတဲ့အတွက် ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူး။ ဒီတော့ လူ့ပြည်နတ်ပြည်မှာ အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေတာက ဘယ်ကံတွေလဲလို့ မေးလိုက်တော့ ကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အလှည့်ကြုံနေကြတယ်။ အဲဒီလို ကြုံနေပြီဆိုရင်လည်း ထိုပုဂ္ဂိုလ်ရဲ့ မကောင်းမှုအကုသိုလ်ကံတွေကို ဂတိသမ္ပတ္တိ ခေါ်တဲ့ ဒီတရားက တားမြစ်ထားတယ်။ အကျိုးမပေးအောင်နော်။ မကောင်းမှု အကုသိုလ်ကံတွေရဲ့ အကျိုးတွေကို ပေးခွင့်မရအောင် ဘယ်သူက တားမြစ်ထားလဲ? ဂတိသမ္ပတ္တိ ခေါ်တဲ့ လူ့ဘဝ ရရှိခြင်း၊ နတ်ဘဝ ရရှိခြင်းဆိုတဲ့ ဒီသမ္ပတ္တိတရားနှင့် ပြည့်စုံခြင်းက တားမြစ်ထားတယ်။ နည်းနည်းလေး ဘုန်းကြီး ပုံစံလေး ထုတ်ပြီး ပြောပါမယ်။

နာမည်ကျော်ဖြစ်တဲ့ တမ္ဗဒါဌိက လူသတ်သမားကြီးပဲ ဆိုကြပါစို့... သူက ထောင်ထဲမှာ တရားခံတွေကို သတ်နေရတယ်။ သေဒဏ်အမိန့် ပေးခံရတဲ့ တရားခံတွေကို သူက သတ်လိုက်တာ ဘယ်လောက်ကြာသလဲ? ဒီဝန်ထမ်းလုပ်ငန်းကို သူက နှစ်ပေါင်း (၅၀) လောက် ဝန်ထမ်းရပါတယ်။ နှစ်ပေါင်း (၅၀) တိတိ ခုနက သေဒဏ်၊ မင်းပြစ်မင်းဒဏ် သင့်နေတဲ့ ပုဂ္ဂိုလ်တွေကို သူက ထောင်ထဲမှာ သတ်နေရတယ်။ အဲဒီလို သတ်ထားတဲ့ အခါကျတော့ သူ့မှာ မကောင်းမှုအကုသိုလ်ကံတွေသည် တော်တော်များနေပြီလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါပေမဲ့လို့ ဒီပုဂ္ဂိုလ်က ဘာဖြစ်သွားသလဲ?

တစ်နေ့မှာ သူတို့ထောင် ရှေးခေတ်ယဉ်ကျေးမှုအရပေါ့လေ... ထောင်ထဲမှာနေတဲ့ ပုဂ္ဂိုလ်တွေဟာ နို့ဃနာဆွမ်းကို မစားရဘူး။ သနပ်ခါး မလိမ်းရဘူး၊ ပန်း မပန်ရဘူး။ ဒီ သတ်မှတ်ချက်ရှိတယ်။ အဲဒီ သတ်မှတ်ချက် ရှိတဲ့အခါကျတော့ နှစ်ပေါင်း (၅၀) လောက် နို့ဃနာဆွမ်း မစားရတဲ့အတွက် သူက စားချင်တယ်။ ပန်း မပန်ရတဲ့အတွက် ပန်းကလည်း ပန်ချင်တယ်။ သနပ်ခါး မလိမ်းရတဲ့အတွက် သနပ်ခါးကလည်း လိမ်းချင်တယ်။ ဘယ့်နှယ်တုံး ယောဂီတွေ? ဟုတ်သလား? ဟင်! ကျောင်းရောက်လာတော့ သနပ်ခါး မလိမ်းရတာ တော်တော်ကြာပြီဆိုရင် အိမ်ပြန်ချင်လာတယ်။ သနပ်ခါးလေး လိမ်းချင်လာတယ်။

အဲဒီတော့ အဲဒီစိတ်ထားနဲ့ သူက နှစ်ငါးဆယ်ပြည့်တော့ သူလည်း ပင်စင်ရသွားတယ် ဆိုကြပါစို့နော်။ ပင်စင်ရထားတဲ့ အချိန်အခါကျတော့ သူက အိမ်ရှင်မကို နို့ဃနာဆွမ်း အချက်ခိုင်းတယ်။ ရေမိုးချိုးတယ်၊ သနပ်ခါးလိမ်းတယ်၊ ပန်းတွေပန်တယ်။ နို့ဃနာဆွမ်းစားမယ်ဆိုပြီးတော့ ထိုင်လိုက်တယ်။ အဲဒီအချိန်အခါကျတော့မှ သူက ဘာလုပ်သလဲ? ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သူ့ကို ချီးမြှောက်ချင်တဲ့အတွက် သူနို့ဃနာဆွမ်းတွေ စားဖို့လည်းထိုင်ရော ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဆွမ်းရပ်ရော။ သဒ္ဓါတရားရှိတဲ့အတွက် "ဪ... ငါ ရှေးယခင်တုန်းက လှူဖွယ်ဝတ္ထုရှိသော်လည်း အလှူခံပုဂ္ဂိုလ်နဲ့ မကြုံခဲ့ရဘူး။ အလှူခံပုဂ္ဂိုလ်နဲ့ ကြုံသော်လည်း လှူဖွယ်ဝတ္ထုက မရှိ ဖြစ်နေပြန်တယ်။ ဒီနေ့တော့ ငါ့မှာ လှူဖွယ်ဝတ္ထုလည်း ရှိနေပြီ။ အလှူခံပုဂ္ဂိုလ်နဲ့လည်း ကြုံနေပြီ" ဆိုပြီးတော့ သဒ္ဓါတရား ရှိစွာနဲ့ သူစားမယ့် နို့ဃနာ...
5pfs6aogh14cnkdaikeqjxz1w28iczz မင်္ဂလသုတ်-၂၉/၉၇ 0 6252 21887 2026-04-14T05:45:33Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၂၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၂၈..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21887 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၂၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၈/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၃၀/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် (၂၉)

ကဲ ဒီနေ့လည်း ညက ဟောခဲ့တဲ့ သမ္ပတ္တိ (၄)ပါး၊ ဝိပ္ပတ္တိ (၄)ပါးနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကိုပဲ ဆက်လက်ပြီး ဟောရအောင် -

ဘုန်းကြီးတို့ သာသနာတော်မှာ ဗုဒ္ဓဘာသာရယ်လို့ ဖြစ်လာရင် ဒီအချက်ကလေးတွေက သိထားသင့်ပါတယ်နော်။ ဘာကြောင့်လဲ? မိမိတို့က ဒီဘဝမှာပဲ သံသရာခရီးဆုံးအောင် ပြုလုပ်နိုင်ရင်တော့ ဒါတွေက သိပ်လိုရင်းတော့ မဟုတ်ပါဘူး။ သို့သော် သံသရာခရီးဆုံးအောင် မလုပ်နိုင်သေးလို့ သံသရာခရီးဆိုတာ ကြွင်းကျန်နေသေးတယ် ဆိုရင်တော့ ဒီအချက်ကလေးတွေက အလွန်သတိထားရမယ့် အချက်နော်။ ပိုက်ဆံလည်း တစ်ပြားမှ သိပ်ကုန်စရာ မလိုပါဘူး။ မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြောင်းလဲတတ်ဖို့ လိုအပ်နေပါတယ်။

ဒီစိတ်နေစိတ်ထားလေးတွေကို ပြုပြင်ပြောင်းလဲမှု မရှိတဲ့အတွက် ဒီဘဝမှာလည်း အဆင်မပြေဘူး။ နောက်ဘဝမှာလည်း အဆင်မပြေဘူး။ အဲဒီ အဆင်မပြေမှု ဆင်းရဲဒုက္ခ အမျိုးမျိုးတို့နဲ့ တွေ့ကြုံရခြင်းသည် ဘာကို အခြေခံသလဲလို့မေးတော့ ဒီကံတွေကို အခြေခံတယ်။ ဒီကံတွေမှာ ခုနက ကုသိုလ်ကံတွေက ဒီသမ္ပတ္တိ (၄)ပါးကို အမှီရတဲ့အခါ အကျိုးပေးဖို့ရန် အခါအခွင့် သင့်တယ်။ ကုသိုလ်ကံတွေကလည်း ဝိပတ္တိတရား (၄)ပါးကို အမှီရတဲ့အခါ အကျိုးပေးဖို့ရန် အခါအခွင့်သင့်တယ်။ ဒါ သိပ်ပြီး သတိရှိဖို့ လိုအပ်တယ်။

ခု ညက ပြောခဲ့တဲ့ တမ္ဗဒါဌိက လူသတ်သမားကြီး ကြည့်လိုက်ပေါ့နော်။ တမ္ဗဒါဌိက လူသတ်သမားက နှစ် (၅၀) တိုင်တိုင် သူက ဘုရင်ရဲ့ တာဝန်ဝတ္တရားကို ရွက်ဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးပါ။ ဒါပေမဲ့ သူက ထောင်ထဲမှာ အကျဉ်းသားတွေကို သတ်ရတဲ့ အာဏာသားတစ်ဦး ဖြစ်ခဲ့တယ်။ ရှင်သာရိပုတ္တရာကို နို့ဃနာဆွမ်း လှူခွင့်သင့်လာတဲ့ ထိုနေ့ ရှင်သာရိပုတ္တရာကလည်း သူ့ကို ချီးမြှောက်ချင်တဲ့အတွက် ကြွတော်မူခြင်းဖြစ်တယ်။

ထိုနေ့မှာ သဒ္ဓါတရားရှိနေတဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် တစ်ဘက်က ကြည့်မယ်ဆိုရင် သူဟာ နှစ်ပေါင်း (၅၀) လောက် အကုသိုလ်ကံတွေကို နေ့စဉ်ရက်ဆက်လိုလို ဆည်းပူးခဲ့တာ မှန်သော်လည်း တစ်ဘက်မှာ ကြည့်လိုက်လို့ရှိရင် ဂတိသမ္ပတ္တိခေါ်တဲ့ ဘုရားပွင့်ထွန်းတော်မူရာ အချိန်အခါကာလမှာ လူ့ရွာ နတ်ရွာခေါ်တဲ့ ဂတိနဲ့လာပြီး ပြည့်စုံနေရတယ်။ ပြည့်စုံနေလိုက်တဲ့အတွက်ကြောင့် ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက လာပြီး သူ့ကို ချီးမြှောက်တဲ့ အချိန်အခါမှာ သူစားမယ့် နို့ဃနာဆွမ်းတွေကို သဒ္ဓါတရားရှိနေတဲ့ သူတော်ကောင်းပီပီပေါ့ အရှင်သာရိပုတ္တရာကြီးကို အိမ်ပေါ် သေသေချာချာ ပင့်ပြီးတော့ သေချာ အပြည့်အဝ လှူဒါန်းပူဇော်ပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကလည်း ဒီတမ္ဗဒါဌိက အမျိုးသားကောင်းကို ချီးမြှောက်တော်မူချင်သည့်အတွက် ထိုနေရာမှာပဲ သစ်ပင်မှာ ထိုင်ပြီး ဆွမ်းဘုဉ်းတယ်။ ဒါပေမဲ့ သူ သိပ်စားချင်နေတယ်။ ဘာဖြစ်လို့လဲ? နှစ်ပေါင်း (၅၀) ခန့် ဒီနို့ဃနာဆွမ်းကို သူက မစားခဲ့ရဘူး။ သိပ်စားချင်နေတဲ့အတွက် ရှင်သာရိပုတ္တရာကိုလည်း ကြည်ညိုလွန်းတော့ လှူဒါန်းနေရတယ်။ ဒီတော့ ရှင်သာရိပုတ္တရာ အလှူခံဖြစ်တဲ့ သူတော်ကောင်းကလည်း ဒီနေရာမှာ အလှူပေးနေတဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို သိနေပါတယ်။ သိရှိနေတဲ့အတွက် သနားစောင့်ရှောက်သည့် အနေအားဖြင့် - "ဒကာကြီး ဒကာကြီးလည်း သွားပြီးတော့ စားချေ" ဆိုပြီးတော့ ခွင့်ပေးလိုက်ပါတယ်။ အဲဒီအချိန်အခါမှာ သင့်တော်တဲ့ တစ်နေရာ သွားပြီးတော့ သူ နို့ဃနာဆွမ်းတွေ ဝအောင် စားလိုက်တယ်။ စားပြီးတဲ့ အချိန်အခါမှာ ရှင်သာရိပုတ္တရာကြီးကို သူ ကြည်ညိုတယ်။ တရားကလည်း နာချင်တယ်။ အခါအခွင့်ကလည်း သင့်နေတော့ ရှင်သာရိပုတ္တရာထံ ပြန်ပြီးတော့ ချဉ်းကပ်ပြန်တယ်။

ရှင်သာရိပုတ္တရာ မထေရ်မြတ်ကလည်း ဆွမ်းစားခြင်းကိစ္စ ပြီးစီးတဲ့အခါမှာ ဒီ တမ္ဗဒါဌိက ဒါယကာကြီးကို တရားဘာဝနာများ ဟောကြားပြသဆိုဆုံးမပေးတော်မူပါတယ်။ ဒါနနဲ့စပ်တဲ့ စကား၊ သီလနဲ့စပ်တဲ့ စကား၊ နတ်ရွာသုဂတိရောက်ကြောင်းနဲ့ စပ်နေတဲ့ တရားစကား၊ ကာမဂုဏ်တို့ရဲ့ အပြစ် စသည်ဖြင့် တရားတွေကို အစဉ်အတိုင်း ဟောပြီးတဲ့အခါ နောက်ဆုံး သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို အစဉ်အတိုင်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ဒါယကာကြီးကလည်း ရှင်သာရိပုတ္တရာ မထေရ်မြတ် ဟောကြားသွားတဲ့ တရားနောက်သို့ အစဉ်လိုက်ပြီးတော့ ဉာဏ်စေလွှတ်ပြီး ရှုပွားသုံးသပ်နိုင်တဲ့အတွက် ဘာဖြစ်သွားသလဲ? သင်္ခါရုပေက္ခာဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ အနုလောမဉာဏ်သို့တိုင်အောင် ဝိပဿနာကမ္မဋ္ဌာန်းတွေကို ထိုတစ်ထိုင်အတွင်းမှာပဲ စီးဖြန်းနိုင်တယ်။ ဒါကို ကြည့်မယ်ဆိုလို့ရှိရင် တစ်ဘက်က ကြည့်ရင်တော့ ဂတိသမ္ပတ္တိခေါ်တဲ့ လူ့ရပ် လူ့ပြည်မှာ လာပြီးတော့ လူဖြစ်ရခြင်းဆိုတဲ့ ဂတိနဲ့ ပြည့်စုံနေတယ်။ ဒါက အကြောင်းတစ်ခု။

နောက်အကြောင်းတစ်ခု ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် - အရှင်သာရိပုတ္တရာကို ဆွမ်းလှူဒါန်း ပူဇော်ခြင်းက အစပေါ့ ခုလိုပေါ့ ရုပ်တွေနာမ်တွေ ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရားတွေနဲ့တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ထိုတစ်ထိုင်အတွင်းမှာ ဉာဏ်ကို စေလွှတ်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ခြင်းဆိုတဲ့ ပယောဂနဲ့လည်း မပြည့်စုံဘူးလား? ပြည့်စုံနေတယ်။ ပယောဂသမ္ပတ္တိနဲ့လည်း ပြည့်စုံနေတယ်။

ဒီတော့ ဂတိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိခေါ်တဲ့ ဒီသမ္ပတ္တိတရားနှစ်ပါးနဲ့ ပြည့်စုံနေတဲ့အတွက် မိမိ အနှစ်(၅၀)တိုင်တိုင် ပြုခဲ့တဲ့ များစွာသော မကောင်းမှု-အကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်သွားတယ်။ ဘယ်လို မသင့်သလဲ? တရားဒေသနာ နာကြားခြင်းကိစ္စ ပြီးဆုံးတဲ့အခါမှာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးလည်း ပြန်ကြွတော်မူပါတယ်။ ပြန်ကြွတော့ ဒီဒကာကြီးကလည်း နောက်ကနေ ရိုသေစွာဖြင့် လိုက်ပြီးတော့ ပို့ပါတယ်။ သင့်တော်တဲ့ တစ်နေရာကျတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကလည်း ဒကာကြီးကို ပြန်လွှတ်လိုက်တယ်။ ဒကာကြီးကလည်း ပြန်ကွေ့ပြီး အိမ်ကို ပြန်ခဲ့ပါတယ်။ လမ်းခုလတ် တစ်နေရာမှာပဲ နွားမတစ်ကောင်က ဝင်ပြီး ဝှေ့လိုက်တာ ထိုဒကာကြီး ထိုနေရာမှာပဲ သေဆုံးသွားတယ်။ သေဆုံးသွားတဲ့ အချိန်အခါ ဘယ်ရောက်သွားလဲ? နတ်ပြည် နတ်လောက ရောက်ရှိသွားတယ်။

နတ်ပြည်နတ်လောက ရောက်ရှိသွားတဲ့ အချိန်အခါမှာ ဂတိသမ္ပတ္တိနဲ့ တစ်ခါ ထပ်ဆင့်ပြီး ပြည့်စုံရပြန်တယ်။ ပြည့်စုံနေတဲ့အတွက် သူ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေသည် ထိုဂတိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးပေးဖို့ရန် စွမ်းနိုင်သေးလား? မစွမ်းနိုင်တော့ဘူး။ ဒါကြောင့် မိမိတို့မှာပေါ့လေ ဂတိသမ္ပတ္တိလေးတွေနှင့် ပြည့်စုံအောင်၊ ပယောဂသမ္ပတ္တိလေးတွေနဲ့ ပြည့်စုံအောင် ကြိုးစားထားဖို့တော့ သိပ်ပြီး မလိုဘူးလား? လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး ဒီပရိသတ်ထဲမှာပေါ့လေ ခြင်သတ်ဖူးတဲ့သူတော့ ပါကောင်း ပါပါလိမ့်မယ်နော်။ သန်း တုပ်ဖူးတဲ့ ပုဂ္ဂိုလ်လည်း ပါချင်ပါလိမ့်မယ်။ ကြမ်းပိုး သတ်ဖူးတဲ့ ပုဂ္ဂိုလ်လည်း ပါချင်ပါလိမ့်မယ်။ ဒါဟာ ကောင်းမှုကုသိုလ်လား၊ မကောင်းမှု အကုသိုလ်လား?

ဟိုကောင် မကျေနပ်၊ ဒီကောင်မ မကျေနပ်၊ မကျေမနပ် ဖြစ်ဖူးတာလည်း မရှိဘူးလား? ရှိမှာပေါ့။ ဟိုကောင်လည်း မကျေနပ်၊ ဒီကောင်လည်း မကျေနပ်၊ မကျေမနပ် ဖြစ်ဖူးတာလေးတွေ မရှိဘူးလား? ရှိမှာပါနော်။ အကုသိုလ်တရားတွေ ရှိတယ်။ ဒီကြားထဲ တွယ်တာမက်မောမှုဆိုတဲ့ လောဘဓာတ်တွေလည်း ရှိတယ်။ တစ်ဦးအပေါ်တစ်ဦး တွယ်တာမက်မောမှုလည်း ရှိတန်သလောက်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါလိမ့်မယ်နော်။ တစ်ဦးအပေါ်တစ်ဦး မကျေနပ်မှုတွေ ရှိသလို၊ တစ်ဦးအပေါ်တစ်ဦး တွယ်တာမက်မောမှု ဆိုတာလည်း ရှိပါတယ်။ ဒီတွယ်တာမက်မောမှုဆိုတဲ့ သဘောတရားတွေဟာလည်း အကျိုးပေးနိုင်တဲ့စွမ်းအား မရှိဘူးလား? ရှိနေတယ်။

ကိုယ့်သားသမီးကို တွယ်တာတယ်။ ကိုယ့်သားမယားကို တွယ်တာတယ်။ ဘာမှ အပြစ်မဖြစ်ဘူး ဒီလို မဟုတ်ဘူးနော်။ သတ္တဝါတစ်ဦးနဲ့တစ်ဦး တွေ့လိုက်တဲ့ အချိန်အခါမှာ ဒါက မျက်လုံးပဲ၊ ဒါက မျက်ခုံးပဲ၊ ဒါက မျက်နှာပဲ၊ ဒါက လက်ပဲ၊ ဒါက ခြေပဲ စသည်ဖြင့် စွဲပြီး ယူလိုက်တယ်။ ဒါက သားပဲ၊ ဒါက သမီးပဲ၊ ဒါက ဇနီးပဲ၊ ဒါက မြေးပဲ၊ ဒါက အဘိုးကြီး၊ ဒါက အဘွားကြီး စသည်ဖြင့် စွဲပြီး ယူလိုက်တယ်။ ဒါက မျက်လုံး၊ မျက်ခုံး၊ မျက်နှာ စသည်ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းလေးတွေကို စွဲယူခြင်းကို အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်ပါတယ်။ ဒါက သားပဲ၊ သမီးပဲ၊ ဇနီးပဲ၊ မြေးပဲ၊ အဘိုးကြီးပဲ၊ အဘွားကြီးပဲ စသည်ဖြင့် ဒီလို စွဲယူတဲ့ စွဲယူနည်းမျိုးကိုတော့ တစ်ကိုယ်လုံး ခြုံငုံပြီး စွဲယူတဲ့အတွက် နိမိတ္တဂ္ဂါဟ။ ခုနက အင်္ဂါအစိတ်အပိုင်း တစ်ခုကို လှမ်းပြီးတော့ စွဲယူလိုက်တာကိုတော့ အနုဗျဉ္ဇနဂ္ဂါဟ၊ တစ်ကိုယ်လုံးကို စွဲယူတဲ့ စွဲယူနည်းကျတော့ နိမိတ္တဂ္ဂါဟ။

အဲဒီလို စွဲယူတတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဘာဖြစ်သလဲ? ဒါက မျက်လုံးပဲ၊ ဒါက မျက်ခုံးပဲ စသည်ဖြင့် စွဲယူခဲ့ရင် ဒါက မျက်နှာပဲ၊ ဒါက လက်ပဲ၊ ဒါက ခြေပဲစသည်ဖြင့် စွဲယူခဲ့ရင် ထိုမိမိတို့ စွဲယူထားတဲ့ မျက်လုံး၊ မျက်ခုံး၊ လက်၊ ခြေ၊ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သော်လည်း ထိုအချိန်အခါမှာ ဖြစ်ချင်ဖြစ်နေမယ်။ ဒါတစ်ချက်။ "ဟာ ဒါက သားပဲ၊ ဒါက သမီးပဲ၊ ဒါက ဇနီးပဲ၊ ဒါက မြေးပဲ၊ ဒါက အဘိုးကြီး၊ ဒါက အဘွားကြီး" "တရားတော့ ဆက်အားထုတ်ချင်ပါတယ် ဘုရား ...။ အိမ်မှာ အဘိုးကြီးတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်၊ စိတ်မချရလို့" "အိမ်မှာ အဘွားကြီး တစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်၊ စိတ်မချရလို့ ခဏပြန်ဦးမယ်" ဆိုတဲ့ ပုံစံပေါ့။ ဒီတော့ တစ်ကိုယ်လုံးကို လှမ်းပြီး စွဲယူလိုက်လို့ရှိရင် နိမိတ္တဂ္ဂါဟ ခေါ်ပါတယ်။ အဲဒီလို စွဲယူလိုက်တဲ့ အချိန်အခါမှာ ထိုတစ်ကိုယ်လုံးအပေါ်မှာ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သော်လည်း ဖြစ်ချင် ဖြစ်နေမယ်။ ဟုတ်သလား၊ မဟုတ်ဘူးလား? ဒကာကြီးတွေ၊ ဒကာမကြီးတွေ နည်းနည်း စဉ်းစားကြည့်ကြပါ။ စွဲယူခဲ့လို့ရှိရင် ဒါ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ တစ်ခုခုတော့ ဖြစ်တော့မယ်။ ဖြစ်ခဲ့ရင် ဘာဖြစ်သလဲ?

တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။

တသ္မိံ သမယေ၊ ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည့် ထိုအချိန်အခါမျိုး၌။ ကာလံ ကရေယျ၊ အကယ်၍များ သေသွားငြားအံ့။ ဧဝံသတိ၊ ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ၊ ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ၊ တိရစ္ဆာန်မူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ၊ နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ၊ အကြင်ဂတိတို့တွင် အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ၊ လားရောက်လေရာ၏။ ဧတံ ဌာနံ၊ ဤငရဲတိရစ္ဆာန်သို့ ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာသည်။ ဝိဇ္ဇတိ၊ ထင်ရှားဧကန်ရှိသည် အမှန်သာတည်း။

အာဒိတ္တပရိယာယသုတ္တန် ဟိုး ... သံယုတ်ပါဠိတော်မှာ လာရှိပါတယ်။ ထိုသုတ္တန်မှာ ဘုရားဟောထားတယ်နော်။ ဒီတော့ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဗြုန်းကနဲ သေသွားခဲ့မယ်ဆိုရင် ငရဲ၊ တိရစ္ဆာန် နှစ်မျိုးဟာ တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်တဲ့။ အဲဒါဟာ သူ့အသက်သတ်တာ ပါသလား? မပါဘူး။ သူ့ပစ္စည်း မတရားယူတာလည်း ပါသလား? မပါပါဘူး။ သတ္တဝါအချင်းချင်း ရာဂမကင်းသေးလို့ တစ်ဦးအပေါ်တစ်ဦး တွယ်တာတပ်မက်နေတဲ့ ရာဂတရားလေးမျှသာ ဖြစ်ပါတယ်။ အဲဒီ ရာဂတရားသည် အပါယ်ကို ရောက်စေနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။

ဒီလိုဆိုရင် ဒကာကြီးတွေ အပါယ်သံသရာခရီးကြီးကို ကြောက်ကြမယ်ဆိုရင် မသေခင်မှာ ဒီတွယ်တာတပ်မက်မှု ရာဂတွေ ကင်းပျောက်အောင် ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အမှတ်တမဲ့ မနေနဲ့နော်။ အမှတ်တမဲ့ နေခဲ့ရင် အမှတ်တမဲ့နေတဲ့ ပုဂ္ဂိုလ်တွေ သွားတဲ့လမ်းကို လိုက်ရမှာ။ ခုဒီမှာကြည့် ... တမ္ဗဒါဌိက ကြည့်လိုက်မယ် ဆိုလို့ရှိရင် အနှစ်ငါးဆယ်လောက် မကောင်းမှု အကုသိုလ်တရားတွေကို ဆက်တိုက် လွန်ကျူးခဲ့တဲ့ပုဂ္ဂိုလ် မှန်ပါတယ်။ ဒါပေမဲ့လို့ သူ့မှာ ပုဗ္ဗေ စ ကတပုညတာလို့ ခေါ်ဆိုအပ်တဲ့ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ထူးကလည်း ရှိနေခြင်း၊ ပတိရူပဒေသဝါသခေါ်တဲ့ ရတနာသုံးပါး ထွန်းကားရာဒေသ၊ ပရိသတ်လေးပါး ထင်ရှားရှိရာဒေသမှာ လာပြီး လူဖြစ်ရခြင်းဆိုတဲ့ ဂတိသမ္ပတ္တိနဲ့လည်း မပြည့်စုံဘူးလား? ပြည့်စုံတယ်။ ဒီမင်္ဂလာတရားတွေနဲ့ ပြည့်စုံပြီးတော့ နောက်တစ်ခု ဘာလဲ?

ပဏ္ဍိတာနဉ္စ သေဝနံဆိုတဲ့ မင်္ဂလာတရားနဲ့လည်း ပြည့်စုံတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကဲ့သို့ သူတော်ကောင်းနဲ့ လာပြီးတော့ မှီဝဲဆည်းကပ်ခွင့် ရရှိတယ်။ အဲဒီ မင်္ဂလာတရားတွေနဲ့ ပြည့်စုံရတဲ့အတွက် ထိုသူတော်ကောင်းသည် ကွယ်လွန်သွားတဲ့ အချိန်အခါမှာ နတ်ရွာသုဂတိ ရောက်သွားတယ်။ ဘာဖြစ်လို့ ရောက်ရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ သူက ရုပ်တွေနာမ်တွေ ဟုတ်တိုင်းမှန်စွာသိတယ်။ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရားတွေနဲ့တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ ဘယ်အထိ သိသလဲ? ဟိုး ဝိပဿနာဉာဏ်တို့ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဟုတ်တိုင်းမှန်စွာ သိတယ်။ သိလိုက်တဲ့အတွက် ဒီဝိပဿနာဉာဏ်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းမှာ -

နံပါတ်(၁) သဒ္ဓါဆိုတဲ့ သူတော်ကောင်းဥစ္စာ ရှိလား၊ မရှိဘူးလား? ဘယ်လို သဒ္ဓါလဲ? ရတနာသုံးတန် ကံ, ကံ၏ အကျိုးတရားအပေါ်မှာ ယုံကြည်ချက်ကိုလည်း သဒ္ဓါလို့ခေါ်တယ်။ နောက်တစ်ခု သစ္စာလေးပါး တရားအပေါ်၌ တကယ်စွဲစွဲမြဲမြဲ ယုံကြည်မှုကိုလည်း သဒ္ဓါလို့ခေါ်တယ်။ အဲဒီသဘောနှစ်ခုဟာ ကွာဟသလားလို့မေးရင်တော့ သိပ်အလွန်ကြီး မကွာပါဘူး။ မကွာပုံ ဘုန်းကြီးပြောပါ့မယ်။ ဒီတော့ ဘုရားရတနာ, တရားရတနာ, သံဃာရတနာအပေါ်မှာ ယုံကြည်တယ်ဆိုတာက တရားရတနာထဲမှာ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဆိုပြီး ဆယ်တန်သော တရား ပါပါတယ်နော်။

ဒီတော့ အဲဒီ ဆယ်တန်သောတရားတွေထဲမှာ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ကို ရစေတတ်တဲ့တရားသည် ဘယ်တရားလဲလို့မေးရင် ဘုရားရှင်ရဲ့ ပရိယတ်တရားတော်မှာလာတဲ့အတိုင်း ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိခြင်း, သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိခြင်း, နိရောဓသစ္စာကို ဟုတ်တိုင်းမှန်စွာ သိခြင်း, မဂ္ဂသစ္စာကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ ဒီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်နဲ့ ပြည့်စုံရပါတယ်။ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ် ရရှိရေးအတွက် ထိုသူတော်ကောင်းသည် ဘာလုပ်ရသလဲ? ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိအောင် အားထုတ်ရတယ်။ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ရတယ်။ ထို သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ရတယ်။ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်မျိုးကို သင်္ခါရတရားလို့ခေါ်တယ်။ ထိုသင်္ခါတရားတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စအချက်, ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခအချက်, မပျက်စီးဘဲ အကြိတ်အခဲ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် အားထုတ်ရတယ်။

အဲဒီလို ကြိုးစားအားထုတ်နေတဲ့ သူတော်ကောင်းမှာ သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားတွေကြောင့် ဒုက္ခသစ္စာ အမည်ရတဲ့ ရုပ်နာမ် ခန္ဓာငါးပါး အကျိုးတရားတွေကို သူ ဟုတ်တိုင်းမှန်စွာ သိနေသလား၊ မသိရသေးဘူးလား? သိပြီးနေပြီ။ ဒုက္ခသစ္စာလည်း သိပြီ။ သမုဒယသစ္စာလည်း သိပြီ။ သမုဒယသစ္စာ ထင်ရှားဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာဖြစ်တာလည်း ဟုတ်တိုင်းမှန်စွာ သိပြီ။ ဘယ်ထိ သိသလဲလို့မေးရင် အတိတ်မှာလည်း သိတယ်။ ပစ္စုပ္ပန်မှာလည်း သိတယ်။ အနာဂတ်မှာလည်း သိတယ်။ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိထားပြီးပြီ။ အဲဒီလို သိထားတဲ့ သူတော်ကောင်းဟာ ကံ, ကံ၏အကျိုးမှာ သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရား သူ့မှာ ထင်ရှားမဖြစ်ဘူးလား? ခိုင်မြဲသွားပြီ။

ငါသည် သမုဒယသစ္စာကို သိသလို၊ ငါသည် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိသလို၊ ငါကဲ့သို့ပဲ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်နေတဲ့ သူတော်ကောင်းတွေ လောကမှာ ရှိတယ်ဆိုတာလည်း သူ လက်မခံနိုင်ဘူးလား? လက်ခံနိုင်တယ်။ ဘာကြောင့်လဲ? ဘုရားရှင်က သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တာ သိအောင် ရှုရမယ်လို့ ညွှန်ကြားတယ်။ ရှုပုံနည်းစနစ်တွေလည်း ညွှန်ကြားတယ်။ ညွှန်ကြားတဲ့အတိုင်း လိုက်ပြီးကျင့်လိုက်တဲ့အတွက် သူကိုယ်တိုင် သိသွားပြီ။ သိရင် ငါလို သိတဲ့ ဘုရားရှင်ရှိတယ်ဆိုတာ သူ လက်မခံနိုင်ဘူးလား? လက်ခံနိုင်တယ်။ ငါလိုကျင့်တဲ့အတွက် ငါလိုသိတဲ့ သံဃာရှိတယ်ဆိုတာ သူ လက်ခံနိုင်သွားပြီ။ ဘုရားအပေါ်မှာ ယုံကြည်မှု အကျုံးဝင်မသွားဘူးလား? အကျုံးဝင်သွားတယ်။ တရားအပေါ်မှာ ယုံကြည်မှုလည်း အကျုံးဝင်မသွားဘူးလား? အကျုံးဝင်သွားတယ်။ သံဃာရတနာအပေါ်မှာ ယုံကြည်မှုတွေလည်း အကျုံးဝင်မသွားဘူးလား? အကျုံးဝင်သွားတယ်။

ငါသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာနှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကို ဟုတ်တိုင်းမှန်စွာ သိသလို ငါကဲ့သို့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာနှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိတဲ့ ဘုရားရှင်သည် ဧကန်စင်စစ် ရှိတယ်။ သံဃာရတနာသည် ဧကန်စင်စစ် ရှိတယ်လို့ မယုံကြည်နိုင်ဘူးလား? ယုံကြည်သွားပြီ။ အဲဒီ ယုံကြည်ချက် သဒ္ဓါတရားက သူတော်ကောင်းတို့ရဲ့ ဥစ္စာပဲ။ သူတော်ကောင်းတို့မှာ ရှိသင့်ရှိထိုက်တဲ့ ဥစ္စာရတနာကြီး တစ်ခုပဲ။ ဒီသဒ္ဓါဆိုတဲ့ဥစ္စာ ရှိနေပြီဆိုရင် နောက်ထပ် ဥစ္စာတစ်ခုက ဘာလဲ? ဝီရိယ ကြိုးစားအားထုတ်မှု။

ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်မှု၊ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်မှု၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်မှု၊ ထို ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်မှု။ အဲဒီ အားထုတ်မှုတွေ ဒီဒါယကာကြီးမှာ မရှိဘူးလား? ရှိတယ်။ ဝီရိယ မရှိဘူးလား? ရှိနေတယ်။ ဒါ ဒီဒါယကာကြီးအတွက် ကွက်ပြောတာပါ။ သဒ္ဓါ, ဝီရိယ - ဝီရိယဆိုတဲ့ သူတော်ကောင်းဥစ္စာလည်း ထိုပုဂ္ဂိုလ် တမ္ဗဒါဌိကရဲ့ သန္တာန်မှာ ထင်ရှားမရှိဘူးလား? ရှိနေတယ်။

နောက်တစ်ခု - သတိ။ သတိက ဒုက္ခသစ္စာအမည်ရနေတဲ့ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရနေတဲ့ ရုပ်တရား၊ နာမ်တရား ခန္ဓာငါးပါးတို့ကို မမေ့ပျောက်ခြင်းသဘော၊ အမှတ်ရနေခြင်းသဘော။ သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရားတွေကို မမေ့ပျောက်ခြင်းသဘော၊ အမှတ်ရနေခြင်းသဘော။ ထို သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို မမေ့ပျောက်ခြင်းသဘော၊ အမှတ်ရနေခြင်းသဘော၊ ရှုပွားသုံးသပ်တတ်တဲ့ သဘော၊ သိမ်းဆည်းတတ်တဲ့သဘော။ ထို ဒုက္ခသစ္စာတရား, သမုဒယသစ္စာ တရား တရားနှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သိမ်းဆည်းတတ်တဲ့သဘော။ အဲဒီ သဘောသည် သတိ။ အဲဒီ သတိခေါ်တဲ့ သူတော်ကောင်းဥစ္စာနဲ့ကော ဒီဒါယကာကြီးမှာ မပြည့်စုံဘူးလား? ပြည့်စုံနေပြီ။ သဒ္ဓါ, ဝီရိယ, သတိ နောက်တစ်ခု သမာဓိ -

ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိရေး၊ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိရေး၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သိရေး၊ ထို ဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိရေး ဘာလိုသလဲ? သမာဓိ လိုပါတယ်နော်။ သမာဓိမရှိရင် သိနိုင်ပါ့မလား? မသိနိုင်ဘူး။ ဒါကြောင့် ဘုရားရှင်က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘယ်လို ဟောသလဲ?

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဓိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော။ ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော။ ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော။

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ ချစ်သားရဟန်းတို့၊ သမာဓိကို ပွားများကြလော့။

စသည်ဖြင့် ဒီလို ဟောထားတယ်။ ဘာပြောတာလဲ? ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာငါးပါးကိုလည်း ဟုတ်တိုင်းမှန်စွာသိဖို့၊ သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ဒုက္ခသစ္စာ ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပေါ်လာပုံကို ဟုတ်တိုင်းမှန်စွာ သိဖို့၊ သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် ဒုက္ခသစ္စာ အမည်ရတဲ့ အကျိုးခန္ဓာငါးပါးတို့ ချုပ်ငြိမ်းပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သိဖို့အတွက် သင်ချစ်သားတို့ သမာဓိကို ထူထောင်ပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။

ဒီတော့ ယောဂီပုဂ္ဂိုလ်တစ်ဦးက ဒီလို သမာဓိထူထောင်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အတွက် ဒုက္ခသစ္စာလည်း ဟုတ်တိုင်းမှန်စွာ သိပြီ၊ သမုဒယသစ္စာလည်း ဟုတ်တိုင်းမှန်စွာ သိပြီ၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သိပြီ၊ ထို ဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေလည်း ဟုတ်တိုင်းမှန်စွာ သိပြီ။ ဒီလိုသိရင် သူ့မှာ ထိုသို့သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သမာဓိကော မရှိဘူးလား? ရှိတယ်။ ဒီသမာဓိကို သမ္မာသမာဓိလို့ ခေါ်ပါတယ်။ လောကီ မဂ္ဂသစ္စာပဲ။ ဒါကြောင့် သမ္မာသမာဓိလို့ခေါ်တဲ့ သူတော်ကောင်းဥစ္စာနဲ့လည်း ထိုပုဂ္ဂိုလ်မှာ မပြည့်စုံဘူးလား? ပြည့်စုံနေပြီ။

နောက်တစ်ခု - ပညာ။ ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာ, သမုဒယသစ္စာကို ထိုးထွင်းသိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာ, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထွင်းဖောက်သိမြင်တဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာ, ထိုဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ထွင်းဖောက်သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာပဲ။ အဲဒီ သမ္မာဒိဋ္ဌိခေါ်တဲ့ ပညာဥစ္စာနဲ့လည်း ဒီပုဂ္ဂိုလ်ဟာ မပြည့်စုံဘူးလား? ပြည့်စုံနေပြီ။ ဒါက လောကီပိုင်းပဲ။

ဝိပဿနာပိုင်း ပေါင်းလိုက်တော့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ သူတော်ကောင်းဥစ္စာ ငါးပါး မပြည့်စုံဘူးလား? ပြည့်စုံပြီ။ အဲဒီ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မကောင်းမှုအကုသိုလ်တရားတို့ကို ပြုလုပ်ခြင်းမှ ရှက်ခြင်းဆိုတဲ့ ဟီရိတရား၊ မကောင်းမှုအကုသိုလ်တရားတို့ကို ပြုလုပ်ခြင်းမှ ကြောက်လန့်ခြင်းဆိုတဲ့ ဩတ္တပ္ပတရားဆိုတဲ့ သူတော်ကောင်းဥစ္စာလည်း ဝင်မလာဘူးလား? ဝင်လာပြီ။ ထိုအချိန်အခါမှာ ဘာဖြစ်လို့လဲ? သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရားတွေကြောင့် ဒုက္ခသစ္စာ အမည်ရတဲ့ အကျိုးတရားတွေ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ ထင်ရှားဖြစ်နေတာကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေပြီ။ ထိုသိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နောက်ထပ် မကောင်းမှုအကုသိုလ်တွေကို လွန်ကျူးဖို့ရန်အတွက် ရှက်မှု, ကြောက်မှုဆိုတဲ့ ဒီသဘောတရားလေးတွေ ဝင်မလာဘူးလား? ဝင်လာပြီ။ ဒါကြောင့် အလွန် တန်ဖိုးရှိပါတယ်နော်။ ပေါင်းလိုက်ရင် သူတော်ကောင်းဥစ္စာ ဘယ်နှစ်ပါးလဲ? ခုနှစ်ပါး။ ဒီသူတော်ကောင်းဥစ္စာ ခုနှစ်ဖြာနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်သည် ဘယ်တော့မှ အပါယ်လေးဘုံကို မရောက်နိုင်ဘူး။

ဒါ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရင်တော့ ပြောစရာ မလိုတော့ဘူး။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရသေးတောင်မှ ဒီသူတော်ကောင်းဥစ္စာ ခုနှစ်ဖြာနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းသည် ဘာဖြစ်သလဲ? အပါယ်လေးဘုံကို ဘယ်တော့မှ မရောက်နိုင်ဘူး။ ဘာဖြစ်လို့လဲ? ဒီသူတော်ကောင်းတရားတွေက လှေနဲ့တူပါတယ်။ အကုသိုလ်တရားတွေက လှေပေါ်တင်ထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ တူတယ်။ လှေသည် လှေပေါ်တင်ထားတဲ့ အရာဝတ္ထုတွေကို ပေါ်စေတတ်တဲ့ စွမ်းအားရှိတယ်။ လှေပေါ်တင်ထားတဲ့ ခုနက သံတုံးသံခဲ၊ ကျောက်တုံး ကျောက်ခဲတွေက လှေကို နစ်မြုပ်စေတတ်တဲ့ စွမ်းအားရှိတယ်။ အကုသိုလ်တရားတွေက လှေပေါ်မှာ တင်လိုက်တဲ့ ကျောက်တုံး ကျောက်ခဲ၊ သံတုံးသံခဲတို့လို လေးတဲ့ပစ္စည်း၊ ကုသိုလ်တရားတွေက လှေကဲ့သို့ ပေါ့ပါးစေတတ်တဲ့ပစ္စည်းဖြစ်တယ်။ အပေါ်ကို ပေါ်စေနိုင်တဲ့စွမ်းအား ရှိတယ်။

အဲဒီတော့ ခု အကုသိုလ်တရားကို ဖြိုဖျက်နိုင်တဲ့ တရားက ဘယ်တရားလဲ? သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာ ပဲ။ ဒီသူတော်ကောင်းဥစ္စာ ခုနှစ်ဖြာနဲ့ ပြည့်စုံအောင် အားထုတ်ထားတဲ့ ဒီသူတော်ကောင်းကြီးအဖို့ ဒီသူတော်ကောင်းဥစ္စာတွေက လှေနဲ့တူတဲ့အတွက် မိမိလိုရာအရပ်ကို ရောက်အောင် ဒီလှေက သတ္တဝါတစ်ဦးကို ပို့ဆောင်နိုင်သည့် စွမ်းအားရှိသလို၊ သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာကလည်း ထိုသူတော်ကောင်းကြီးကို အလိုရှိရာ အရပ်သို့ရောက်အောင် ပို့ဆောင်နိုင်တဲ့ စွမ်းအားရှိတယ်။

ဘာကို အခြေခံသလဲ မေးရင်တော့ ခုနက ပြောခဲ့တဲ့အတိုင်းပဲ ဂတိသမ္ပတ္တိ ခေါ်တဲ့ ဂတိနဲ့ ပြည့်စုံခြင်း၊ ပယောဂသမ္ပတ္တိ လို့ခေါ်တဲ့ ဝိပဿနာဉာဏ်တွေကို လုံလုံလောက်လောက် ရရှိအောင် ကြိုးစားအားထုတ်ခြင်း။ တစ်နည်း သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံတယ်။ သမ္ပတ္တိ ဘယ်နှစ်ပါးလဲ? နှစ်ပါး။ ဒီသမ္ပတ္တိနှစ်ပါးနဲ့ ပြည့်စုံအောင် ဘာလုပ်သလဲ?

ပဏ္ဍိတာနဉ္စ သေဝနံ ခေါ်တဲ့ ပညာရှိသူတော်ကောင်းတို့နဲ့ မှီဝဲဆည်းကပ်တယ်။ ပညာရှိသူတော်ကောင်းတို့နဲ့ မှီဝဲဆည်းကပ်ပြီးတဲ့ အချိန်အခါမှာ ဘာလုပ်သလဲ? နောက်ထပ်လာမယ့် အတ္တသမ္မာပဏီဓိ ခေါ်တဲ့ မိမိရဲ့ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ကောင်းစွာ စောင့်ရှောက်ထားတယ်။ ကာယကံ စောင့်စည်းမှု ရှိတယ်၊ ဝစီကံ စောင့်စည်းမှု ရှိတယ်၊ မနောကံ စောင့်စည်းမှု ရှိတယ်။ မိမိရဲ့စိတ်ကို ကောင်းကောင်းလေး ထားတယ်။ မိမိရဲ့နှုတ်ကို ကောင်းကောင်းလေး ထားတယ်။ မိမိရဲ့ကိုယ်ကို ကောင်းကောင်းလေး ထားတယ်။

ဘယ့်နှယ်တုံး တရားနာပုဂ္ဂိုလ်တွေ မိမိရဲ့စိတ်ကို ကောင်းကောင်းလေး ထားဖို့ မလိုဘူးလား? ဘာအတွက်လဲ? နိဗ္ဗာန် လိုချင်ရင်လည်း လိုပါတယ်။ နိဗ္ဗာန်မရခင်စပ်ကြား ကောင်းတဲ့ သံသရာခရီးမှာ ကျင်လည်ချင်တယ်ဆိုရင်လည်း မလိုဘူးလား? လိုတယ်။ စိတ်ကလေး ကောင်းကောင်းထားဖို့ လိုတယ်။ နှုတ်ကလေးကို ကောင်းကောင်းထားဖို့ မလိုဘူးလား? လိုတယ်။ ဟိုကောင်မအကြောင်း ပြောလိုက်၊ ဒီကောင်မအကြောင်း ပြောလိုက် ပြောရမလား? မပြောဘဲကော နေနိုင်မလား? ဟုတ်ကဲ့လား? ဒါဖြင့် ဆွမ်းစားကျောင်းမှာ တွတ်တွတ်တွတ်တွတ် တွတ်တွတ်တွတ်တွတ် လုပ်နေတာ ဘာလုပ်တာလဲ? အဲဒါပဲ သူက ဟုတ်၊ မဟုတ်တော့ မသိဘူးပေါ့လေ။ ဘုန်းကြီး တစ်ဆင့်စကား ကြားဖူးတာလေး ပြောရဦးမယ် -

မင်းတုန်းမင်းကြီးက သူ ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့ အချိန်အခါမှာ တိုင်းပြည်မှာ စာပေကို မြှင့်တင်ချင်တဲ့ စိတ်ထားဖြင့် လေးပြင်လေးရပ်မှာရှိတဲ့ ဆရာတော်ကြီးတွေကို ကျမ်းစာတွေ အရေးခိုင်းပါတယ်။ ခဏခဏ ရေးသားဖို့ရန်အတွက် လျှောက်ထားတောင်းပန်တယ်။ သူ့ခေတ်မှာ ဆရာတော်ကြီးတွေလည်း ကျမ်းစာ တော်တော်များများ ရေးပါတယ်။ အထူးသဖြင့် နိဿယ ကျမ်းစာတွေ တော်တော် ခပ်များများ ပေါ်ထွက်ခဲ့ပါတယ်။

ဆရာတော်ကြီး တစ်ပါးကတော့ ကျမ်းစာတစ်ခု ရေးတယ်တဲ့။ ဘယ်လိုရေးသလဲဆိုတော့ ကျမ်းစာတစ်အုပ်လုံးကို ကြည့်လိုက်ရင် ဘယ်လို ရေးထားသလဲဆိုတော့ “သိလျက်နဲ့ မကျင့်၊ သိလျက်နဲ့ မကျင့်၊ သိလျက်နဲ့ မကျင့်”။ အဲဒါ တစ်အုပ်လုံး အပြည့်ရေးထားတယ်။ မင်းတုန်းမင်းကြီးက အဲဒီ ကျမ်းစာဖတ်ပြီး အင်မတန် သဘောကျသွားတယ်။ ဘယ့်နှယ်တုံး? ဟုတ်သလား ယောဂီတွေ? ဟင်! သိလျက်နဲ့ မကျင့်တဲ့ပုဂ္ဂိုလ်က လောကမှာ မများဘူးလား? များနေတယ်။ ဒါကြောင့် သိလျက်နဲ့ မကျင့်ရင် သိလျက်နဲ့ မကျင့်တဲ့ပုဂ္ဂိုလ်တွေ သွားတဲ့လမ်းကို မိမိတို့ မလိုက်ရဘူးလား? လိုက်ရမယ်။ သိလျက်နဲ့ ကျင့်ခဲ့မယ်ဆိုရင်တော့ ကျင့်တဲ့ပုဂ္ဂိုလ်တွေ သွားတဲ့လမ်းကို မိမိတို့ မလိုက်ရဘူးလား? လိုက်ရလိမ့်မယ်။ ဒါ သတိရှိဖို့ သိပ်လိုအပ်ပါတယ်နော်။

ခု ဒီမှာ တမ္ဗဒါဌိက အမျိုးကောင်းသားကြီး ကြည့်လိုက်မယ် ဆိုလို့ရှိရင် သူက နတ်ရွာသုဂတိလည်း ရောက်ပြီ။ သူ့အတွက် ပိုပြီးစိတ်ချရတဲ့ အချက်ကလေးတစ်ခုက ဘာလဲဆိုတော့ သူက မရဏသန္နဇောအထိ ဒီရုပ်တွေ နာမ်တွေကို သိပြီးတော့ အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ရှုပွားသုံးသပ်နိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ်ရဲ့ အထွတ်အထိပ်လို့ ခေါ်ဆိုအပ်တဲ့ အနုလောမဉာဏ်ရဲ့ အထွတ်အထိပ်သို့တိုင်အောင် ရောက်ရှိသွားတယ်လို့ ဒီလို စာက ဖော်ပြထားတယ်။ ဖော်ပြထားတဲ့ အခါကျတော့ သူ့ မရဏသန္နဇောသည် ဘာဖြစ်နေလဲလို့ မေးရင် -

ဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို သို့မဟုတ် အနိစ္စအချက် သို့မဟုတ် ဒုက္ခအချက် သို့မဟုတ် အနတ္တအချက်ကို ထိုးထွင်းသိနေတဲ့ ဇောတွေ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ထိုမရဏသန္နဇောက ယူထားတဲ့အာရုံကို နောက်ထပ် နတ်ဘဝမှာ တည်ရှိနေတဲ့ ပဋိသန္ဓေစိတ်က လှမ်းပြီး အာရုံယူပြန်တယ်။ ပဋိသန္ဓေစိတ် နောင်မှာ ဆက်လက်ပြီး ဖြစ်ပေါ်ရမယ့် ဘဝင်စိတ်တွေကလည်း ထိုမရဏသန္နဇောအာရုံကိုပဲ ဆက်လက်ပြီးတော့ ဆက်ခံပြန်တယ်။ ဒီမရဏသန္နဇောသည် သင်္ခါရတရားတို့ရဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခအချက် သို့မဟုတ် အနတ္တအချက်ကို တစ်ခုခုကို သိသကဲ့သို့ ထိုနောက်ဘဝမှာ ရှိနေတဲ့ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်တို့ကလည်း ထိုမရဏသန္နဇော ယူထားတဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခအချက် သို့မဟုတ် အနတ္တအချက်ကိုပဲ ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်ပြီး သိနေတယ်။ အိမ်ရှင် ဘဝင်စိတ် ကိုယ်တိုင်က သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့အတွက် ထိုသူတော်ကောင်းအဖို့ နောက်ထပ် မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ရန်အတွက် လမ်းကြီးဟာ ဖြူးဖြောင့်ပြီး မနေဘူးလား? ဖြူးဖြောင့်သွားတဲ့အတွက်ကြောင့် မြတ်စွာဘုရားက ဟိုဘက်က သုတ္တန်လေးတစ်ခု သောတာနုဂတသုတ္တန် ပေါ့နော် ဘာလိုဟောသလဲ? -

ဒန္ဓော, ဘိက္ခဝေ, သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သတုပ္ပါဒေါ၊ တရားတော်ကို အစဉ်လျောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည်။ ဒန္ဓော၊ နှောင့်နှေးလှသေး၏၊ အထ၊ စင်စစ်မှာမူ။ သော သတ္တော၊ ထိုသတ္တဝါသည်။ ခိပ္ပံယေဝ၊ လျင်မြန်စွာသာလျှင်။ ဝိသေသဂါမီ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်ကို ရလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏၊

တရားတော်ကို အစဉ်လျောက်ပြီး ရှုပွားသုံးသပ်နေတဲ့ သတိဖြစ်တာက နှေးသေးတယ်။ တကယ်စင်စစ် ပြောကြစို့ဆိုရင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူးတရားမြတ်ကို လျင်လျင်မြန်မြန်ကြီး ရနိုင်ပါတယ်လို့ ဒီလို ဟောထားတယ်။ ဘာကြောင့်လဲ? ရှေ့နားမှာ မြတ်စွာဘုရားက အကြောင်းပြချက်တွေနဲ့ ဟောထားတယ်။

သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ။

သော၊ ထိုသတ္တဝါသည်။ မုဋ္ဌဿတိ၊ သတိလက်လွတ်သည်ဖြစ်၍။ ကာလံ ကုရုမာနော၊ သေခြင်းတရားကို ပြုခဲ့သည်ရှိသော်။ ဝါ = သေလွန်ခဲ့သည်ရှိသော်။ အညတရံ ဒေဝနိကာယံ၊ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်နတ်လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ရပေ၏၊

ခုနက ဘုရားရှင်ရဲ့ တရားတွေကို သင်သိ၊ ကျင့်သိ ဒီနှစ်သိ၊ ဒီနှစ်မျိုးဖြင့် ဘုရားရှင်ရဲ့ တရားတော်ဆိုတာကတော့ သစ္စာလေးပါးမှာ အားလုံး ဦးတိုက်ပါတယ်။ ဒီတော့ သူက ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်ပါးကို သင်သိကျင့်သိ ဒီအသိနှစ်ခုနဲ့ ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်ပါးတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဟုတ်တိုင်းမှန်စွာ သိတယ်။

အဲဒီလို အကြားအမြင် ဗဟုဿုတရှိနေတဲ့ သူတော်ကောင်းတစ်ဦးက အရိယမဂ်ဉာဏ် မရဘဲ ပုထုဇန်အဖြစ်နဲ့ ကွယ်လွန်သွားခဲ့ရင်တော့ ထိုကွယ်လွန်နည်းကို မုဋ္ဌဿတိ၊ သတိလက်လွတ် ကွယ်လွန်တယ်လို့ ဘုရားက ဟောထားတယ်။ အရိယာသူတော်ကောင်းအဖြစ်နဲ့ ဘဝတစ်ခုလုံးကို အဆုံးသတ်ခဲ့ရရင်တော့ ထိုသေခြင်းမျိုးကိုတော့ မုဋ္ဌဿတိ = သတိလက်လွတ် သေတယ်လို့ မဟောဘူး။ ဝိပဿနာဉာဏ်တွေ ဘယ်လောက်ပဲ ရချင်ရပါစေ ပုထုဇန်အဖြစ်နဲ့ ကွယ်လွန်ခဲ့ရင်တော့ ထိုကွယ်လွန်နည်းကို ဘုရားရှင် ဘယ်လိုဟောထားသလဲ? မုဋ္ဌဿတိ - သတိလက်လွတ်ပြီး သေတယ်လို့ ဒီလို ဟောထားတယ်။ ဒီလို သတိလက်လွတ်ပြီး သေတော့ ခုလို တမ္ဗဒါဌိကကဲ့သို့ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာဉာဏ်များကို ရရှိပြီးမှ သေသွားတဲ့ ပုထုဇန်ဖြစ်ခဲ့ရင် ဘာဖြစ်မလဲ?

သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ

သော၊ ထိုသတ္တဝါသည်။ မုဋ္ဌဿတိ၊ သတိလက်လွတ်သည်ဖြစ်၍။ ကာလံ ကုရုမာနော၊ သေခြင်းတရားကို ပြုခဲ့သည်ရှိသော်။ ဝါ = ကွယ်လွန်ခဲ့သည်ရှိသော်။ အညတရံ ဒေဝနိကာယံ၊ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်နတ်လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ရပေ၏၊

ဒီလောက် ဝိပဿနာဉာဏ်တွေ အားထုတ်ထားတဲ့ ထိုသူတော်ကောင်းတစ်ဦးကို မတော်တဆ အကြောင်းမလှလို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရခဲ့ဘဲ ပုထုဇန်အဖြစ်နဲ့ ကွယ်လွန်ခဲ့ရင်တော့ သတိလက်လွတ်ပြီး ကွယ်လွန်ခဲ့တယ် ခေါ်တယ်။ ထိုကဲ့သို့ သတိလက်လွတ်ပြီး ကွယ်လွန်ခဲ့မယ် ဆိုရင်တော့ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်နတ်လောကကိုတော့ ရောက်မယ်။ ဒီလိုဆိုရင်တော့ ဒကာကြီးတွေ ငရဲရောက်တာထက်စာရင် နတ်ပြည်နတ်လောကကိုရောက်တာ မခံသာဘူးလား? ခံသာပါတယ်။ ဒါပေမဲ့ တလောကပဲ မလေးရှားသီလရှင်က မေးတယ် -

”နတ်ပြည်မှာ တစ်ဖက် ငါးရာဆိုတာ ဟုတ်သလား?” တဲ့ ဘယ့်နှယ်တုံး? ဒါယကာကြီးတွေ ဘယ်လို သဘောပေါက်လဲ? တချို့ကလည်း အဲဒီ တစ်ဖက်ငါးရာကို သဘောပေါက်တဲ့ ပုဂ္ဂိုလ်တွေ ရှိရင်ရှိမယ်။ တချို့ကလည်း အဲဒီ တစ်ဖက်ငါးရာကို သိပ်ကြောက်နေတယ်။ ဘာဖြစ်လို့ တစ်ဖက်ငါးရာကို ကြောက်ကြသလဲ? အဲဒီ တစ်ဖက်ငါးရာက ဆွဲပြီး မွှေ့လိုက်ရင် ငရဲရောက်သွားမှာ သူတို့ သိပ်ကြောက်ကြတယ်။ သူတော်ကောင်းတို့ကနော်။ ဒါကြောင့် မေးတာပါ။ ဒါကြောင့် လူ့ပြည်ကနေပြီးတော့ တရားလေး ခိုင်ခိုင်မြဲမြဲ ပါမသွားလို့ သူတို့က ဆွဲပြီး မွှေ့လိုက်ရင်တော့ ငရဲမရောက်နိုင်ဘူးလား? ရောက်နိုင်တယ်။ ဒါပေမဲ့လို့ ဒီမှာ တရားခိုင်မြဲနေပြီ။ ဒီသူတော်ကောင်းက တရားခိုင်မြဲနေတဲ့အတွက် ခုလို သတိလက်လွတ်ပြီးတော့ နတ်ပြည်နတ်လောက ရောက်ရှိသွားပြီဆိုရင် ဘာဖြစ်နိုင်သလဲ?

တဿ တတ္ထ သုခိနော ဓမ္မပဒါ ပလဝန္တိ။

တတ္ထ၊ ထိုနတ်ပြည်နတ်လောက၌။ သုခိနော၊ ချမ်းသာခြင်းရှိသော။ တဿ၊ ထိုနတ်သားဖြစ်တဲ့ သတ္တဝါ၏ သန္တာန်၌။ ဓမ္မပဒါ၊ တရားပုဒ်အစုတို့သည်။ ပလဝန္တိ၊ ထင်ရှားပေါ်လွင်၍ နေကြပေကုန်၏၊

နတ်သားဖြစ်တဲ့ သတ္တဝါ၏ သန္တာန်မှာ တရားပုဒ်အစုတွေဟာ ထင်ရှားပေါ်လွင်ပြီးတော့ နေပါတယ်။ ဘာကြောင့်လဲ? ခုနက ပြောခဲ့တဲ့ အတိုင်းပဲ။ အိမ်ရှင် ဘဝင်စိတ်ကိုယ်တိုင်က ဒီဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခအချက် သို့မဟုတ် အနတ္တအချက်ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိနေတဲ့အတွက် ထိုပုဂ္ဂိုလ်က လတ်တလော နတ်ပြည်ရောက်သွားပြီ။ ရောက်လျင်ရောက်ခြင်း သူ့ရဲ့ ခေါင်ဆုံးဖြစ်တဲ့ ပဋိသန္ဓေစိတ်နဲ့ ပဋိသန္ဓေစိတ်ရဲ့နောက်မှာ ဆက်ဖြစ်နေရတဲ့ ဘဝင်စိတ်တွေ ကိုယ်တိုင်က ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး သိနေသေးတဲ့အတွက် တရားပုဒ်အစုတွေဟာ သူ့ရဲ့ ဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားပြီးတော့ မနေဘူးလား? နေပြီ။ ဒါကြောင့် တရားပုဒ်အစုတွေဟာ ပေါ်လွင်ထင်ရှားနေတဲ့အတွက် ဘာလုပ်သလဲ?

ဒန္ဓော, ဘိက္ခဝေ, သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သတုပ္ပါဒေါ၊ တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည်။ ဒန္ဓော၊ နှောင့်နှေးလှသေး၏၊ သတုပ္ပါဒေါ၊ တရားတော်ကို အစဉ်လျောက်၍ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သတိရဲ့ ဖြစ်ပေါ်ခြင်းသည်။ ဒန္ဓော၊ နှောင့်နှေးလှသေး၏၊ အထခေါ၊ တကယ်စင်စစ်မှာမူ။ သော သတ္တော၊ ထိုသတ္တဝါသည်။ ခိပ္ပံယေဝ၊ လျင်မြန်စွာသာလျှင်။ ဝိသေသဂါမီ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်ကို ရလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဒီလို ဟောထားတယ်။ ဒီလိုဆိုရင်ပေါ့လေ ခုလို စိတ်ချရတဲ့ တရားတွေ မသေမီမှာ ရဖို့ ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါ မိမိကိုယ်ကို မိမိ သနားနေတဲ့ သူတော်ကောင်း မှန်ခဲ့ရင်တော့ ဒီအင်္ဂါရပ်လေးတွေ၊ ဒီသူတော်ကောင်းဥစ္စာလေးတွေ မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ သိပ်ကောင်းပါတယ်။ မိမိ တွယ်တာမက်မောနေတဲ့ ကာမဝတ္ထုအစုစုတွေက မိမိကို ဒီသူတော်ကောင်းဥစ္စာခုနှစ်ဖြာက ကယ်တင်ပေးသကဲ့သို့ ကယ်တင်နိုင်တဲ့စွမ်းအား ရှိပါ့မလား? အပါယ်လေးဘုံရောက်အောင်သာ ဆွဲပြီးနှစ်မယ့်တရားတွေ ဖြစ်တယ်။ ဘာကြောင့်လဲ?

သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်မှာ တွယ်တာတပ်မက်တဲ့ စိတ်ထားဖြင့် ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရရင် ဘယ်ရောက်မလဲ? ခုနက ပြောခဲ့ပြီးပြီနော်။ ဘယ်ရောက်မလဲ? နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဗြုန်းကနဲ သေသွားခဲ့ရင် ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ အကြောင်းတရားသည် ထင်ရှားဧကန် ရှိနေပါတယ်။ ဒီလို ဘုရား ဟောထားတယ်။ စဉ်းစားကြည့်ပေါ့။ ဒီ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေနဲ့ နေထိုင်ခြင်းသည် နှစ်သက်သာယာမှု ရှိလို့လား၊ မရှိလို့လားလို့ မေးရင်ကော ဘယ်လို ဖြေကြမလဲ? ရှိနေတယ်။ သိပ်ကြောက်ဖို့ ကောင်းတယ်။

ဒါကြောင့် ဒီနေရာမှာ တမ္ဗဒါဌိက ဘက်ကနေ ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဂတိသမ္ပတ္တိ နဲ့ ပြည့်စုံသွားပြီ ဖြစ်တဲ့အတွက် သူတော်ကောင်းတရားတွေကလည်း ပေါလောကြီး ပေါ်လွင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ထင်ရှားဖြစ်ခြင်းကြောင့် သူ ပြုခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတို့သည် ထိုဂတိသမ္ပတ္တိခေါ်တဲ့ ဂတိနှင့်ပြည့်စုံခြင်းက တားမြစ်ထားတဲ့အတွက် အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ ရှိသေးလား? မရှိတော့ဘူး။

ဒါကြောင့် သတ္တဝါတိုင်းမှာပေါ့လေ တရားဟောနေတဲ့ပုဂ္ဂိုလ် အဝင်အပါ၊ တရားနာနေတဲ့ပုဂ္ဂိုလ် အဝင်အပါ မကောင်းမှုအကုသိုလ်ကံဆိုတာ နည်းချင်နည်းမယ်၊ များချင်များမယ်။ ရှိတော့ ရှိကြတဲ့ ပုဂ္ဂိုလ်ချည်းပဲ ဖြစ်ကြပါတယ်။ ထိုမကောင်းမှုအကုသိုလ်ကံတွေသည် ဂတိသမ္ပတ္တိခေါ်တဲ့ ဂတိသမ္ပတ္တိစက်နဲ့ ပြည့်စုံသွားခဲ့ရင် အကျိုးပေးနိုင်တဲ့စွမ်းအား ရှိသေးလား? မရှိဘူးတဲ့။ သို့သော် ဂတိသမ္ပတ္တိနှင့် ပြည့်စုံတိုင်း အကျိုးမပေးတော့ဘူးလားဆိုတော့ ဒီလိုလည်း မဟုတ်သေးဘူးနော်။ ထို ဂတိသမ္ပတ္တိကနေ ပြန်လျောပြီး မကျနိုင်တဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ မိမိမှာ ထင်ရှားရှိနေဖို့ မလိုဘူးလား? လိုအပ်တယ်။ ဂတိသမ္ပတ္တိနဲ့လည်း ပြည့်စုံတယ်၊ ဟိုရောက်တော့လည်း တစ်ဘက်ငါးရာနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေပြန်တယ်ဆိုရင် ဒီအကုသိုလ်တရားတွေက အပါယ်လေးဘုံရောက်အောင် တစ်ဖန် ပြန်ပြီးတော့ ပို့ဆောင်နိုင်တဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိပြန်တယ်။ ဒါဖြင့် ဒကာကြီးတွေ၊ ဒကာမကြီးတွေ တစ်ဘက်ငါးရာ ကြောက်သလား၊ မကြောက်ဘူးလား? ဟင်! နည်းနည်းလေးပဲ ဖြေတဲ့သူက။

ကဲ နောက်တစ်ခု - နောက်သတ္တဝါတစ်ဦး လာပြန်ပြီနော်။ နောက်သတ္တဝါတစ်ဦးကျတော့ ဥပဓိဝိပ္ပတ္တိ နဲ့ ဥပဓိသမ္ပတ္တိ ပဲ။ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေမယ် ဆိုလို့ရှိရင် တချို့တချို့ အကုသိုလ်ကံတွေဟာ အကျိုးပေးနိုင်တဲ့ စွမ်းအားမရှိဘူး။ ဒီအပိုင်းကို အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ အကုသိုလ်ကံတွေ ထူထောင်ထားခဲ့တာ သံသရာ တစ်လျှောက်၊ ခုဘဝမှာကော တော်တော်များများလေး ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီ အကုသိုလ်ကံတွေသည် အကယ်၍ ရုပ်ရည်ဥပဓိ ချို့တဲ့ခဲ့မယ်ဆိုရင် ဥပဓိ ချို့တဲ့နေတဲ့ ဘုံဘဝမှာ တည်ရှိနေတဲ့ ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီအကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်သင့်တယ်။ အကျိုးပေးနိုင်တဲ့စွမ်းအား ရှိတယ်။

သို့သော်လည်း ဒီပုဂ္ဂိုလ်က တစ်ခုသော ကောင်းမှုကုသိုလ်ကြောင့် ဥပဓိဝိပ္ပတ္တိ ဥပဓိရုပ် ချို့တဲ့တဲ့ဘဝမျိုး မရရှိဘဲ ဥပဓိသမ္ပတ္တိ ဥပဓိရုပ်ရည်နဲ့ ပြည့်စုံတဲ့ ဘဝတစ်ခုကို ရရှိသွားတယ်။ အဲဒီလို ဥပဓိရုပ်ရည်နဲ့ ပြည့်စုံတဲ့ ဘဝတစ်ခုမှာ သွားပြီး ရပ်တည်နေတဲ့ ထိုသူတော်ကောင်းကို သွားပြီး လှမ်းကြည့်လိုက်မယ်ဆိုရင် သုသန္ဓိပင်္ဂပဉ္စင်္ဂ ကိုယ်အင်္ဂါကြီးငယ်တွေကို ကြည့်လိုက်လို့ရှိရင်လည်း အချိုးကျပြီး အင်မတန် အဆင်ပြေတယ်။ လည်ပင်း ကြည့်လိုက်တော့ ဖားလည်ပင်း၊ ခါးကြည့်လိုက်တော့ လိပ်ခါး၊ အသားကြည့်လိုက်တော့ သပိတ်ရောင် ဒီပုံစံ မဟုတ်ဘူးတဲ့။ အင်မတန် အချိုးကျတယ်။ အဘိရူပ၊ အလွန်အဆင်းလှတယ်။ ဒဿနိယ၊ ကြည့်ရှုလို့ သိပ်ကောင်းတယ်။ ကြည့်ရှုချင်ဖွယ် ရုပ်အဆင်းနဲ့ ပြည့်စုံနေတယ်။ ဗြဟ္မဝစ္စစရိသ = ဗြဟ္မာမင်းရဲ့ ဥပဓိသမ္ပတ္တိ ပြည့်စုံသကဲ့သို့ ပြည့်စုံနေတဲ့စွမ်းအင်ရှိနေတယ်တဲ့။ သိပ် အချိုးကျသွားပြီ -

အဲဒီ ပုဂ္ဂိုလ်က အကယ်၍ ကျွန်မတစ်ယောက်ရဲ့ဝမ်းမှာ ပဋိသန္ဓေ တည်နေရတယ်ပဲထား။ ကျွန်မက မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ချင် ဖြစ်ပါစေ ဒီလို အလွန်အဆင့်အတန်း မြင့်မားနေတဲ့ ခန္ဓာကိုယ် အတ္တဘောနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆင်ချေးကျုံးရတဲ့လုပ်ငန်း၊ မြင်းချေးကျုံးရတဲ့လုပ်ငန်း၊ နွားချေးကျုံးရတဲ့လုပ်ငန်း အစရှိတဲ့ ဒီလို အဆင့်အတန်း နိမ့်တဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ဖို့ရန်အတွက် ဒီကံက မတိုက်တွန်းဘူး။ ဥပဓိရုပ်က ပို့ဆောင်မပေးဘူး။ ပို့ဆောင်မပေးတဲ့အတွက်ကြောင့် ဒီလို လုပ်ငန်းရပ်တွေနဲ့ ဒီဥပဓိရုပ်က မတော်ဘူး၊ မသင့်ဘူး။ မသင့်တင့်တဲ့အတွက် ဘာဖြစ်သလဲ? အင်မတန် သိမ်မွေ့နူးညံ့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်စေပြီးတော့ ဘဏ္ဍာစိုးရာထူး အစရှိတဲ့ ဒီလို ရာထူးဌာနန္တရတွေမှာ ရောက်အောင် ပို့ဆောင်ပြီးတော့ ပေးနေတယ်။ ဒီကံဆိုတာက ခုနက ရုပ်အဆင်း လှပတင့်တယ်နေတဲ့ ဘဝတစ်ခု ရရှိအောင် တည်ထောင်ဖန်တီးပေးလိုက်တဲ့ ကံကို ပြောတာပါနော်။

အကယ်၍ အမျိုးသမီးများ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာဖြစ်လဲ? အဲဒီလို ကျွန်မက မွေးလာတဲ့ အလွန်လှပတင့်တယ်နေတဲ့ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေတဲ့ သူငယ်မတစ်ဦး နောက်ဖေးချောင်မှာ ထမင်းချက်ရတဲ့လုပ်ငန်း ဘယ်တော့မှ ဒီကံက မပြုလုပ်စေဘူး။ ဆင်စာ ချက်ရတဲ့ဘဝ၊ မြင်းစာ ချက်ရတဲ့ဘဝ။ အဲဒီလို အဆင့်နိမ့်တဲ့ဘဝကို ဒီကံက ရောက်အောင် ဘယ်တော့မှ မဖန်တီး ပေးဘူး။ ဘာဖြစ်သလဲ? ဝတ္ထာလင်္ကာရ အဝတ်တန်ဆာတွေကို ကျကျနန ဝတ်ဆင်အောင် ဒီကံတွေက ပို့ဆောင်ပေးတယ်။ ကျကျနန ဝတ်စားဆင်ယင်စေပြီးတဲ့အခါမှာ ဘာလုပ်သလဲ? အိမ်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အမျိုးသမီးကောင်းတစ်ဦးဖြစ်အောင် ဒီကံက ဖန်တီးပေးတယ်။

ခုနက နောက်ဖေးချောင်မှာ ဆင်စာ၊ မြင်းစာ ချက်ရတဲ့ ဘဝမျိုးရောက်အောင် ဒီကံက ပို့ဆောင်မပေးဘူး။ ဘာဖြစ်လို့လဲ? ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေတယ်။ သူ့ ဥပဓိသမ္ပတ္တိက ဒီလို ယုတ်ညံ့တဲ့လုပ်ငန်းတွေနဲ့ မတော်ဘူး။ ဥပမာလေးတစ်ခုက ဘာထုတ်ပြထားသလဲဆိုတော့ သမ္မာဒေဝီ ကို ထုတ်ပြထားပါတယ်နော်။ သမ္မာဒေဝီက သာမန် အမျိုးသမီးလေးတစ်ဦး ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးလေးကို ဥတေနမင်းက မြင်လိုက်တဲ့အခါမှာ မိဖုရား အရာမှာ တင်မြှောက်ပြီးတော့ မြှောက်စားထားတယ်။ ဘာကို အခြေခံသလဲ မေးတော့ သူ့ရဲ့ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံမှုကို အခြေခံနေတယ်နော်။

အလားတူပဲ။ ဦးပဉ္စင်းတို့ ပါတိကာမင်း လက်ထက်က ပုံစံတူလေး တစ်ခုကို ထုတ်ပြထားပါတယ်။ ပါတိကာမင်း သီဟိုဠ်ကျွန်းမှာ အုပ်ချုပ်တဲ့ အချိန်အခါမှာ နွားသားကို မစားရဘူးဆိုပြီးတော့ တိုင်းပြည်မှာ အမိန့်ထုတ်ထားတယ်။ တချို့က နွားတွေကို ခိုးပြီးတော့ သတ်ပြီးတော့ စားကြတယ်။ အဲဒီမှာ အမှုက ပေါ်သွားတော့ ဒီလူတွေ အကုန်လုံးကို ဘုရင်ထံ ခေါ်သွားကြတယ်။ ခေါ်လာတဲ့အချိန်အခါမှာ ရှင်ဘုရင်ကလည်း ဒီပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ “ကဲ ... ဘယ်လို ဒဏ်တပ်သင့်သလဲ” ဆိုပြီးတော့ မူးကြီးမတ်ရာတွေကို မေးတယ်။ မှူးကြီးမတ်ရာတွေကို မေးလိုက်တဲ့ အခါကျတော့လည်း နွားသားခိုးစားတဲ့ သူတွေကို ဒဏ်တပ်မယ်ဆိုရင်တော့ ဒဏ်တပ်လို့ မတော်ဘူးဆိုတဲ့အကြောင်း မှူးကြီးမတ်ရာတွေက ပြန်ပြီးတော့ တင်ပြလျှောက်ထားကြတယ်။ အဲဒီအခါကျတော့မှ ရှင်ဘုရင်က ဘာလုပ်သလဲ? အဲဒီ မှူးကြီးမတ်ရာတွေနဲ့တကွ တိုင်ပင်ပြီးတော့ -

”ကဲ ... ဒီနွားသားကို ခိုးစားတဲ့ ပုဂ္ဂိုလ်တွေ ဒီမင်းရင်ပြင်တော်မှာ သန့်ရှင်းရေး ပြုလုပ်စေ” ဆိုပြီးတော့ ခိုင်းလိုက်တယ်။ သန့်ရှင်းရေးတွေ ပြုလုပ်နေတဲ့ အထဲမှာ အမျိုးကောင်းသမီးလေးတစ်ဦး ပါလာတယ်။ အဲဒီ အမျိုးကောင်းသမီးလေးက ဘယ်လိုဖြစ်နေလဲ? အဘိရူပ၊ အလွန်ကြည့်ရှုချင်စဖွယ် ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံတယ်။ ဒဿနိယ၊ ကြည့်ရှုလို့လည်း သိပ်ကောင်းတယ်။ ပါသာဒိယ၊ ကြည်ညိုဖွယ်ဂုဏ်ကိုလည်း ဆောင်တယ်။ ကြည်ညိုဖွယ်ဂုဏ်ကိုလည်း ဆောင်တယ်ဆိုတာက ဘာပြောတာလဲ? ဒီအမျိုးကောင်းသမီးလေး သို့မဟုတ် အမျိုးကောင်းသားလေး တစ်ဦးပေါ့လေ ကြည့်လိုက်လို့ရှိရင် စိတ်တွေက သိပ်ပြီးတော့ ကြည်လင်သွားတယ်။ သူ့ကို မြင်ရတာနဲ့ စိတ်ဓာတ်တွေ ကြည်လင်သွားတယ်။ အဲဒါ တစ်ဖက်သားပုဂ္ဂိုလ်တွေမှာ ကုသိုလ်ရဖို့ရန် အကြောင်းတရား မဖြစ်ဘူးလား? ဖြစ်သွားတယ်။

”ဒီကောင်မနှယ် ကြည့်ရတာ ငါ အကုသိုလ်များလိုက်တာကွာ၊ ကြည့်ကို မကြည့်ချင်ဘူး” ဟော ဒီပုံစံမျိုးကျတော့ ကောင်းပါ့မလား? မကောင်းဘူး။ “ဒီကောင်ကို ငါ မျက်နှာချင်း ဘယ်လိုမှ ဆိုင်လို့မရဘူး” ဟော ဒီပုံစံရော ကောင်းမလား? မကောင်းဘူး။ အဘိရူပ၊ ဒဿနိယ၊ ပါသာဒိက အလွန်အဆင်းလှပြီးတော့ ကြည်ညိုဖွယ် စိတ်ဓာတ်တွေ ကြည်လင်စေနိုင်တဲ့ ဂုဏ်အင်္ဂါလေးတွေကို ဆောင်ထားတယ်။ ဒီဥပဓိသမ္ပတ္တိက သိပ်ပြည့်စုံနေတယ်။ ပြည့်စုံနေတဲ့အတွက် ခုနက ပါတိကာမင်းက ဘာလုပ်သလဲ? ဒီအမျိုးသမီးလေး မြင်လိုက်တဲ့ အချိန်အခါမှာ နန်းထဲသွင်း၊ နန်းတွင်း ခေါ်ဆောင်ပြီးတဲ့အခါ မိဖုရားတင်ပြီး မြှောက်စားလိုက်တယ်။ ဘာကို အခြေခံသလဲ? ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံခြင်းကို အခြေခံတယ်။ ဒီတော့ ဒီအမျိုးကောင်းသမီးလေးတစ်ဦးကို မိဖုရား တင်မြှောက်လိုက်တဲ့အတွက် သူ့ရဲ့ ဆွေတော်၊ မျိုးတော်တွေဟာ ဒီအမျိုးကောင်းသမီးကို အမှီပြုပြီးတော့ အားလုံး ချမ်းချမ်းသာသာနဲ့ အသက်မွေးရတယ်။

အဲဒီတော့ ဒီလို ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေတဲ့ ဒီလို ခန္ဓာကိုယ် အတ္တဘောရှိတဲ့ ဘဝတစ်ခုမှာ မကောင်းတဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရာအတွက် အခါအခွင့် သင့်သေးလား? မသင့်တော့ဘူးနော်။ မကောင်းတဲ့ အကုသိုလ်ကံတွေကို အကျိုးပေးဖို့ရန်အတွက် ဥပဓိသမ္ပတ္တိခေါ်တဲ့ ဥပဓိရုပ်ရည်နဲ့ ပြည့်စုံခြင်းဆိုတဲ့ ဒီသမ္ပတ္တိတရားက အကျိုးမပေးနိုင်အောင် တားမြစ်ထားတယ်။ ဒါကြောင့် မကောင်းမှုအကုသိုလ်ကံတွေ ရှိနေပေမယ့်လို့ အကျိုးပေးခွင့် မရဘူး။ ဒါဟာ ဥပဓိသမ္ပတ္တိနဲ့လည်း ပြည့်စုံရမယ်။

ဒါ ခု ဦးပဉ္စင်းတို့ ပြောနေတဲ့ ရည်ရွယ်ချက်က ဘာရှိသလဲ? ဘာရည်ရွယ်ချက် ရှိသလဲလို့မေးရင် ဒီသတ္တဝါတွေဟာ အတိတ် သံသရာအဆက်ဆက်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံတွေ ရှိကြပါတယ်။ ဒီကံတွေကို အခြေခံပြီးတော့ လူ့ဘဝ၊ နတ်ဘဝ ထိုထိုဘဝ ရောက်တယ်။ ရောက်တဲ့ အချိန်အခါမှာ ဒီကံတွေက အကျိုးပေးတဲ့ အချိန်အခါမှာ ဒီသမ္ပတ္တိစက်နဲ့ စုံညီမှ အကျိုးပေးတဲ့အခါ အဆင့်အတန်း မြင့်မြင့် အကျိုးပေးတယ်။ သမ္ပတ္တိစက်တွေက ချို့ယွင်းနေမယ်ဆိုရင် အကျိုးပေးသေးလား? အကျိုးမပေးဘူးနော်။ ဒါကြောင့် ဒီသမ္ပတ္တိစက်တွေကို အဆင့်အတန်း မြင့်မားစေချင်ရင် ဘာလုပ်ရမလဲ? ကံကို ထူထောင်တဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေ မြင့်မားဖို့ လိုတယ်။ စိတ်ဓာတ်က သိပ်မမြင့်မားဘူး၊ အဆင့်အတန်း သိပ်နိမ့်ပြီဆိုရင် ကံတွေဟာ ဘာဖြစ်သလဲ? အဆင့်အတန်း နိမ့်သွားပြီနော်။

နမူနာလေးတစ်ခု ဒီနေရာမှာ စေတနာသုတ္တန် ကို ဘုန်းကြီး အတို ကောက်နုတ်ပြီး ပြောပါမယ်။

ယဉ္စ ဘိက္ခဝေ စေတေတိ၊ ယဉ္စ ပကပ္ပေတိ၊ ယဉ္စ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊

စေတနာ သုတ္တန် ဘုရားဟောထားတယ်။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယဉ္စ၊ အကြင်ကုသိုလ်စေတနာ, အကုသိုလ်စေတနာကိုလည်းပဲ။ စေတေတိ၊ ဖြစ်ပေါ်စေ၏၊ ယဉ္စ၊ အကြင် ကြံစည်စိတ်ကူးမှု ဝိတက်တရားကိုလည်းပဲ။ ပကပ္ပေတိ၊ ထင်ရှားဖြစ်ပေါ် စေ၏၊ ယဉ္စ၊ အကြင် အနုသယဓာတ်ကိုလည်းပဲ။ အနုသေတိ၊ ဖြစ်ပေါ် စေ၏၊ ဝါ = ကိန်းဝပ်စေ၏၊ ဧတံ၊ ဤစေတနာဝိတက် အနုသယဓာတ်ဟု ခေါ်ဆိုအပ်တဲ့ အကြောင်းတရား သုံးပါးသည်။ ဝိညာဏဿ၊ ကမ္မဝိညာဏ်၏၊ ဝိညာဏဿ၊ နောင်တစ်ခါ ဘဝသစ်၌ ပဋိသန္ဓေ၏ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်၏ အာရမ္မဏ အကြောင်းတရားသည်။ ဟောတိ၊ ထင်ရှားဖြစ်ပါပေ၏၊

ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာလည်း ထင်ရှားရှိတယ်။ တဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီး ကြံစည်စိတ်ကူးမှုကလည်း ရှိပြန်တယ်။ မနေ့ကလား ပြောခဲ့တယ်။ အနော်ဇာဒေဝီ ဆိုကြပါစို့။ ကဿပဘုရားရှင်ရဲ့ ခြေတော်ရင်းကို အနော်ဇာပန်းတွေ အပြည့်ထည့်ပြီးတော့ အပေါ်ကသင်္ကန်း တစ်စုံတင်၊ တင်ပြီးတဲ့ အချိန်အခါကျတော့မှ သူက ဒီအနော်ဇာပန်းအဆင်းနဲ့တူတဲ့ အသားအရေ အဆင်းရှိတဲ့ အမျိုးကောင်းသမီးဖြစ်ဖို့ သူက ဆုတောင်းပန်ထွာမှု မပြုဘူးလား? ပြုတယ်။ အမည်နာမအားဖြင့်လည်း အနော်ဇာအမည်ရှိတဲ့ အမျိုးသမီးဖြစ်ဖို့ ဆုမတောင်းဘူးလား? တောင်းတယ်။

ဟော ... ဒီဆုတောင်းပွဲလေးကို ကြည့်ပါ။ အနော်ဇာပန်းတွေ ငါ, ဗန်းကုံးကြီးထဲ ငါ အပြည့်ထည့်မယ်။ အဲဒီအပေါ်မှာ သင်္ကန်းတစ်စုံ တင်မယ်။ တင်ပြီးတော့မှ ငါ ဒီလို ဆုတောင်းမယ် စသည်ဖြင့် ကြံစည်စိတ်ကူးမှု မရှိဘူးလား? ရှိနေတယ်။ အဲဒီ ကြံစည်စိတ်ကူးမှုသည် အဲဒီဘဝကို တွယ်တာတပ်မက်နေတဲ့ တဏှာ၊ ဒီလို အမျိုးသမီး ရှိတယ်လို့ စွဲလမ်းယုံကြည်နေတဲ့ ဒိဋ္ဌိ။ ဒီတဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီးတော့ ကြံစည်စိတ်ကူးမှု မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဒီလို တဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီး ကြံစည်စိတ်ကူးမှုလည်း ရှိတယ်။

ခုနက ကဿပ ဘုရားရှင်အား ပန်းလှူခြင်း၊ သင်္ကန်းလှူခြင်း၊ ကျောင်းလှူခြင်းဆိုတဲ့ ဒီ ကုသိုလ်စေတနာ သင်္ခါတရားလေးတွေကိုလည်း ပြုစုပျိုးထောင်မှု မရှိဘူးလား? ရှိပြန်တယ်။ မိမိမှာလည်း အနုသယဓာတ်တွေက ကိန်းဝပ်ပြီး တည်နေဆဲ မဖြစ်ဘူးလား? ဖြစ်ပြန်တယ်။ ဒီတော့ ဒီကုသိုလ်စေတနာရယ်၊ ကြံစည်မှု ဝိတက်ရယ်၊ အနုသယဓာတ် ကိန်းဝပ်ခြင်းဆိုတဲ့ အကြောင်းသုံးပါး ထင်ရှားရှိနေတဲ့အတွက် ခု အနော်ဇာဒေဝီဆိုပြီးတော့ မိဖုရားတစ်ဦး လာပြီးတော့ မဖြစ်ဘူးလား? ဖြစ်တယ်။ အနော်ဇာပန်းအဆင်းနဲ့တူတဲ့ ရုပ်အဆင်းရှိတဲ့ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံတဲ့ အမျိုးကောင်းသမီးတစ်ဦး လာမဖြစ်ဘူးလား? ဖြစ်ရပြန်တယ်။ ဘာကို အခြေခံသလဲ?

သူ့ရဲ့ ကုသိုလ်စေတနာရယ်၊ တဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီး ကြံစည်စိတ်ကူးမှု ဝိတက်ရယ်၊ အနုသယဓာတ် ထင်ရှားရှိခြင်းရယ် ဆိုတဲ့ ဒီအကြောင်းသုံးခု အခြေခံထားတယ်။ အဲဒီ ပုံစံအတိုင်းပဲ ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့က ဒီကံတွေ ထူထောင်နေတာ။ ကံတွေကို ထူထောင်နေတဲ့ အပိုင်းလေးမှာ ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာတွေလည်း ထူထောင်တယ်။ တဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီး ကြံစည်စိတ်ကူးမှုလည်း ရှိတယ်။ အနုသယဓာတ်ကလည်း မကင်းသေးဘူးဆိုရင်ပေါ့ နောက်ထပ် ဘဝတစ်ခု မရဘူးလား? ရမှာပဲ။ ဒါပေမဲ့ နောက်ကံတမျိုး ရှိနေသေးတယ်။

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊

နောက်ကံတစ်ခု ဘုရား ထပ်ဟောပြန်တယ် -
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ နောစေ စေတေတိ၊ ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာကိုလည်း မဖြစ်စေငြားအံ့။ နောစေ ပကပ္ပေတိ၊ အကယ်၍ တဏှာဒိဋ္ဌိနှင့် ပူးတွဲကြံစည်စိတ်ကူးမှု ဝိတက်ကိုလည်း မဖြစ် စေငြားအံ့။ အထ၊ ထိုသို့ပင် မဖြစ်စေပါသော်လည်းဘဲ။ စေ အနုသေတိ၊ အကယ်၍ အနုသယဓာတ် ကိန်းဝပ်တည်နေသည် ဖြစ်ငြားအံ့။ ဧတံ၊ ဤ အနုသယဓာတ် ကိန်းဝပ်တည်နေခြင်းသည်လည်းပဲ။ ဝိညာဏဿ၊ နောက်ထပ် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးစွမ်းနိုင်သော ကမ္မဝိညာဏ်၏ အာရမ္မဏ အကြောင်းတရားသည်။ ဟောတိ၊ ထင်ရှားဖြစ်ပါပေ၏၊

ဒီလို ဟောထားပါတယ်။ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေဆိုပြီးတော့ လူ့ဘဝရပါစေ၊ နတ်ဘဝရပါစေဆိုပြီးတော့ ဒီလို ရည်ရွယ်တောင့်တပြီးတော့ ထူထောင်ထားတဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံလည်း မရှိဘူး။ ဘယ်လို အမျိုးသား ဖြစ်ပါစေ၊ ဘယ်လို အမျိုးသမီးဖြစ်ပါစေ စသည်ဖြင့် တဏှာဒိဋ္ဌိနဲ့ ပူးတွဲပြီး ကြံစည်စိတ်ကူးမှုလည်း မရှိဘူး။ ဒါပေမဲ့လို့ သူ့သန္တာန်မှာ အနုသယဓာတ်က အရိယမဂ်ဖြင့် မပယ်ရှားရသေးတဲ့အတွက် ထင်ရှားရှိနေတယ်။ ဒီလို အနုသယဓာတ် ထင်ရှားရှိနေရင်လည်း နောင်အခါ ဘဝသစ်မှာ အနုသယဓာတ် ထင်ရှားရှိခြင်းပင်သည်လျှင် နောင်တစ်ခါ ဘဝသစ်မှာ ပဋိသန္ဓေတည်နေဖို့ရန် အကြောင်းသစ် ဖြစ်ပါတယ်လို့ ဒီလို ဟောထားတဲ့ အချက်တစ်ခုလည်း လာတယ်။

ဒီ စေတနာသုတ္တန်မှာပဲ။ ခုနက တံပဒါတိက ဒါယကာကြီးကို ပြန်ကြည့်ပါ။ သူ့မှာ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ ရှိသလား? မရှိဘူး။ သူ ကံကို ထူထောင်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ ကံကို ထူထောင်စဉ် အချိန်အခါမှာ ထူထောင်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း နောက်ထပ် အဆင့်အတန်း မြင့်မားနေတဲ့ ကံတွေကို သူက တစ်ဆင့်တက် ထူထောင်တယ်။ ပထမ ထူထောင်တာကတော့ ရှင်သာရိပုတ္တရာကို နို့ဃနာဆွမ်း လှူဒါန်းတဲ့ကံပဲ။ နောက်ထပ် တစ်ဆင့်တက်ပြီး လှူဒါန်းလိုက်တဲ့ ကံတွေက ဝိပဿနာကံတွေ ဖြစ်တယ်။ ဒီတော့ ဒီဝိပဿနာကံတွေက ဘယ်လို ဖြစ်သလဲမေးတော့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒါက ဘာသိတာလဲ? ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို သိတာ -

အဲဒီ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အဲဒီလို ဝိပဿနာဉာဏ်တွေ ဖြစ်နေခိုက်မှာ ဒီဝိပဿနာဉာဏ်တွေက ကိလေသာတွေကို တဒင်္ဂ ပယ်စွန့်နိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒီ ဝိပဿနာဉာဏ်လေးတွေကို ပွားများအားထုတ်နေတဲ့ သူတော်ကောင်းတွေရဲ့ဉာဏ်မှာ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေဆိုတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်ကော ရှိသလား? ထိုအချိန်အခါမှာ ကံတွေကို ကုန်စေတတ်တဲ့ နောက်ထပ် ကံအသစ်ကို ထူထောင်နေတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါက ကမ္မက္ခယ ကံပဲ။ ကံတစ်ပါးကို ကုန်စေတတ်တဲ့ ကံပဲ။

ဒါပေမဲ့လို့ သူ့သန္တာန်မှာ အရိယမဂ်သို့ မဆိုက်သေးတဲ့အတွက် အရိယမဂ်တရားဖြင့် အနုသယဓာတ်ကို အကြွင်းမဲ့ ပယ်ရှားနိုင်တဲ့ စွမ်းအားမရှိဘူး။ မရှိတဲ့အတွက် ဒီဝိပဿနာဉာဏ်တွေက သူ့ကို ဝိပဿနာကံတွေက အကျိုးမပေးဘူးလား? ပေးတယ်။ ဘာဖြစ်လို့ ပေးလဲ? အနုသယဓာတ် ထင်ရှားရှိနေသေးလို့ အကျိုးပေးတယ်နော်။

ဒီတော့ ကံကို ကုန်စေတတ်တဲ့ ကံမျိုးကို မိမိတို့က ထူထောင်ထားနိုင်တဲ့ ပုဂ္ဂိုလ် မဟုတ်သေးဘူးဆိုရင်တော့ ဘဝကို တစ်ချိန်တော့ လက်ခံရမှာပဲနော်။ လက်ခံရတဲ့ အချိန်အခါမှာပေါ့လေ မိမိတို့က ဂတိသမ္ပတ္တိနဲ့ ပြည့်စုံမယ်၊ ပယောဂသမ္ပတ္တိတွေနဲ့ ပြည့်စုံမယ် ဆိုရင်ပေါ့ - အခုလို တံပဒါတိကကဲ့သို့ ဂတိသမ္ပတ္တိနဲ့လည်း ပြည့်စုံမယ်၊ ပယောဂသမ္ပတ္တိနဲ့လည်း ပြည့်စုံမယ် ဆိုလို့ရှိရင် မိမိတို့ ပြုစုပျိုးထောင်မိခဲ့တဲ့ မကောင်းတဲ့အကုသိုလ်ကံတွေသည် အကျိုး ပေးဖို့ရန် အခါအခွင့် သင့်ဦးမလား? မသင့်တော့ဘူးနော်။ ရှေ့ဆက်လက်ပြီးတော့ အဆင့်အတန်း မြင့်သထက် မြင့်ဖို့သာ ရှိတယ်။ ဘယ်လို မြင့်မလဲလို့ မေးရင်တော့ ခုနက ပြောခဲ့တဲ့အတိုင်းပဲ။ နတ်ပြည်နတ်လောက ရောက်ရှိသွားတဲ့ အချိန်အခါမှာ တရားတွေကို ပြန်ပြီး ဆင်ခြင်လိုက်ရင် ဆင်ခြင်နေတဲ့ သတိ၊ ရှုပွားသုံးသပ်နေတဲ့ သတိ ဖြစ်တာက နှေးသေးတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားထူး တရားမြတ်ကို လျင်လျင်မြန်မြန်ကြီး ရနိုင်ပါတယ်လို့ ဒီလို ဘုရားဟောထားတယ်။ အဲဒီလိုသာ ရသွားတာ မှန်ပါစေ တစ်ဖက်ငါးရာ ကြောက်ဖို့ လိုသေးလား? မလိုတော့ဘူး။ ဘာဖြစ်လို့လဲ? အပါယ်ဘေးကြီးက စိတ်ချသွားရပြီး ဖြစ်တယ်။ စိတ်ချရတဲ့ အဆင့်အထိသာ ခုလို ဒီဘဝမှာ အသိဉာဏ်ရှိတုန်းလေး ထူထောင်ထားဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ ကဲ နောက်တစ်ခု -

ဒါက ဥပဓိသမ္ပတ္တိ ခေါ်တဲ့ ဥပဓိရုပ်ရည်နဲ့ ပြည့်စုံခြင်းက မကောင်းမှု အကုသိုလ်ကံတွေကို အကျိုးမပေးနိုင်ဖို့ရန်အတွက် တားမြစ်နိုင်တဲ့စွမ်းအား ရှိပုံပဲ။ ရှိတဲ့ထုံးလေးကို ပြောပြပြီးပြီ။

နောက်တစ်ခု ဘာလဲ? ကာလသမ္ပတ္တိ။ ကာလသမ္ပတ္တိနဲ့ ပြည့်စုံခဲ့မယ်ဆိုရင် ထိုကာလသမ္ပတ္တိက မကောင်းမှုအကုသိုလ်ကံတွေကို အကျိုးမပေးဖို့ရန်အတွက် တားမြစ်ထားနိုင်တဲ့စွမ်းအား ရှိပါတယ်တဲ့နော်။ အဲဒီတော့ ကာလသမ္ပတ္တိနဲ့ ပြည့်စုံတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးတော့ ဦးပဉ္စင်းတို့ ဘယ်လို အဋ္ဌကထာက ဖွင့်ထားသလဲဆိုရင် ပုဂ္ဂိုလ်တစ်ယောက်မှာ ပြုထားတဲ့ မကောင်းမှုအကုသိုလ်ကံတွေက တော်တော် ခပ်များများ ရှိနေပြီ။ ဒါပေမဲ့လို့ ဒီအကုသိုလ်ကံတွေသည် ကာလဝိပ္ပတ္တိခေါ်တဲ့ ကာလပျက်စီးနေတဲ့ အချိန်အခါမှာသာ သူက ရပ်တည်ခွင့်ရမယ်ဆိုရင် အကျိုးပေးမယ်။

သို့သော် ဒီသူတော်ကောင်းက တချို့သော ကောင်းနေတဲ့ ကောင်းမှု ကုသိုလ်လေးတွေလည်း တစ်ချိန်က သူ ပြုခဲ့ပါလိမ့်မယ်နော်။ တစ်ခုသော ကောင်းမှုကုသိုလ်ကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်တဲ့အတွက် ကမ္ဘာဦး ကာလမှာ သွားပြီးတော့ လူဖြစ်ရတယ်။ သို့မဟုတ် စင်္ကြာမင်းတို့ ထီးဖြူအုပ်ချုပ်မင်းလုပ်တဲ့ အချိန်အခါမှာ စကြဝတေးမင်းတို့ရဲ့ တိုင်းနိုင်ငံမှာ သွားပြီးတော့ လူဖြစ်ရတယ်။ သို့မဟုတ် ဘုရားရှင်တို့ရဲ့ ပွင့်ထွန်းပေါ်ပေါက်သော အချိန်အခါမှာ သွားပြီးတော့ လူဖြစ်ရတယ်နော်။ အဲဒီလို လူဖြစ်ရတဲ့အတွက် သူ့မှာ ကာလသမ္ပတ္တိခေါ်တဲ့ အချိန်အခါကောင်းကြီးနဲ့ သွားပြီးတော့ မဆုံဆည်းရဘူးလား? ဆုံဆည်းရတယ်။ အဲဒီလို သုရာဇမင်းကောင်းမင်းမြတ်တွေ ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့အခါမှာ၊ သုမနုဿဘုရားရှင်ကဲ့သို့ သို့မဟုတ် ဘုရားရှင်ရဲ့ တပည့်သာဝက ပရိသတ်လေးပါးကဲ့သို့ လူတော်လူကောင်း သူတော်ကောင်းတို့ ပေါ်ထွန်းရာ အချိန်အခါကာလမှာ သွားပြီးတော့ လူဖြစ်ရတဲ့အတွက် ဘာဖြစ်လဲ?

ထိုအချိန်အခါမျိုးမှာ အကျိုးပေးဖို့ရာ စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေဟာ အကျိုးကို ပေးနိုင်တဲ့စွမ်းအား မရှိ ဖြစ်သွားတယ်။ ထိုအချိန်အခါမျိုးက ကုသိုလ်တရားတို့ရဲ့ ဧကန်စင်စစ် အကျိုးပေးဖို့ရာ အခါအခွင့်သင့်တဲ့ အချိန်အခါကာလမျိုး ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ? ကာလသမ္ပတ္တိ ကာလကောင်းနဲ့ သွားပြီးတော့ ဆုံဆည်းမိနေတယ်။ ကာလကောင်းနဲ့ သွားပြီးတော့ ဆုံဆည်းမိနေတဲ့အတွက်ကြောင့် ကာလသမ္ပတ္တိခေါ်တဲ့ ထိုပြည့်စုံမှု သမ္ပတ္တိ တရားက မကောင်းမှုအကုသိုလ်ကံတွေကို အကျိုးမပေးနိုင်ဖို့ရန်အတွက် တားမြစ်ထားတယ်။ တားမြစ်ထားတဲ့အတွက် သူတော်ကောင်းသည် မကောင်းတဲ့အကုသိုလ်ကံတွေ ဆည်းပူးခဲ့တာ ရှိပင်ရှိငြားသော်လည်း ကာလသမ္ပတ္တိတရားနဲ့ ပြည့်စုံခြင်းတည်းဟူသော အကြောင်းကြောင့် ထိုအကုသိုလ်ကံတွေရဲ့ အကျိုးပေးမှုမှ ကင်းဝေးသွားရတယ်။

ဘုန်းကြီး ခဏခဏ ပြောခဲ့ဖူးပါတယ်။ နမူနာလေးတစ်ခု ဆိုလို့ရှိရင်တော့ ဓမ္မရုစိမထေရ်ပဲ ဆိုကြပါစို့နော်။ ဓမ္မရုစိမထေရ်ကို ပြန်ကြည့်မယ် ဆိုလို့ရှိရင်တော့ တော်တော် သနားစရာကောင်းတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအထက်ကို ပြန်ပြီး အာရုံယူကြည့်ကြပေါ့နော်။ ဒီပင်္ကရာမြတ်စွာဘုရား လောကမှာ ပွင့်နေပြီ။ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ဖြစ်တဲ့ သုမေဓာရှင်ရသေ့ကလည်း မိမိကိုယ်ကို တံတားခင်းပြီးတော့ ဘုရားဆု ပန်ထွာနေပြီ။ ထိုဘုရားဆုပန်နေတဲ့ပွဲကြီး အားလုံး ကြားဖူးကြတယ်။ အဲဒီ ပွဲကြည့်ပရိသတ်ထဲမှာ သုမိတ္တာအမည်ရှိတဲ့ အမျိုးကောင်းသမီးလေးကလည်း ဘာလုပ်သလဲ? ကြာပန်းတွေဖြင့် သုမေဓာရှင်ရသေ့ရဲ့ မြောက်သားတော် ဖြစ်ဖို့ရန်အတွက် ဆုထူးပန်ထွာနေတယ်။ သုမိတ္တာ အမျိုးသမီးရဲ့နောက်ဆွယ်မှာပါနေတဲ့ အမျိုးသမီး တော်တော်ခပ်များများပေါ့လေ ထောင်နဲ့ချီရှိကြပါတယ်။ ထိုအမျိုးသမီးတွေကလည်း သုမေဓာရှင်ရသေ့ ဘုရားဖြစ်တဲ့အခါမှာ ကျွတ်တမ်းဝင်ဖို့ရန်အတွက် ဆုထူးပန်ထွာနေကြတယ်။

အဲဒီ ဆုတောင်းပွဲကြီးထဲမှာ အဲဒီ တရားနာပရိသတ်တွေထဲမှာ မေဃအမည်ရှိတဲ့လုလင် အမျိုးကောင်းသားလည်း ပါပါတယ်။ ထိုအမျိုးကောင်းသားလေးကလည်း သူက ကြံစည် စဉ်းစားတယ်။ သူ့စဉ်းစားခန်းက ဒီပင်္ကရာဘုရားရှင်ကနေပြီးတော့ သုမေဓာရှင်ရသေ့ကို ဗျာဒိတ်ပေးတဲ့စကားကို ကြားပြီးတဲ့ အချိန်အခါကျမှ သူက စဉ်းစားတာ။ သုမေဓာရှင်ရသေ့ကလည်း အားလုံး သိကောင်း သိဖူးပြီး ဖြစ်ပါလိမ့်မယ်နော်။ ကုဋေရှစ်ဆယ်မက ကြွယ်ဝချမ်းသာတဲ့ စည်းစိမ်ဥစ္စာတွေကို မိဘနှစ်ပါး ကွယ်လွန်ပြီးတဲ့အခါမှာ သူက စွန့်လွှတ်ပြီးတော့ တောထွက်သွားတဲ့ ရသေ့သူတော်ကောင်း ဖြစ်တယ်။ ထိုအချိန်အခါမှာ လောကမှာ ဒီပင်္ကရာဘုရားရှင် မပွင့်သေးဘူး။ သူက စောစော ကြိုတင်ပြီးတော့ တောထွက်ပြီးတော့ စျာန်အဘိညာဏ်တွေကို ရအောင် တရားအားထုတ်ထားတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။

တစ်နေ့ ကောင်းကင်ခရီးဖြင့် ကြွလာရင်း လူထုပရိသတ် တော်တော် ခပ်များများက ဒီပင်္ကရာဘုရား အမှူးရှိနေတဲ့ သံဃာတစ်သိန်းတို့ ကြွလာမယ့်လမ်းကို ပြင်ဆင်နေတာကို ကောင်းကင်ခရီးကနေ မြင်တော့ ဘာအကြောင်းထူးများ ရှိလိမ့်မလဲဆိုတဲ့ သိချင်တဲ့စိတ်နဲ့ သူက ကောင်းကင်ခရီးကနေ အောက်ဆင်းလာတယ်။ လောကမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်နေပြီ။ သံဃာတစ်သိန်းနှင့်တကွ နက်ဖြန်ကြွဖို့ရန်အတွက် ခရီး ပြင်ဆင်နေပြီဆိုတဲ့ သတင်းကောင်း ကြားလိုက်ရတော့ ဝမ်းသာလိုက်တာ။ ကဲ သူ့အတွက်လည်း တစ်နေရာ ပေးပါ။ သူလည်း လုပ်အားနဲ့ ပြင်ဆင်မယ်။ တန်ခိုးအဘိညာဏ်ရှိတဲ့ သူ့အဖို့ ဒီလမ်းလေးကို တန်ခိုးနဲ့ ဖန်ဆင်းလိုက်ရင် ခဏနဲ့ ပြီးသွားပါတယ်။ ဒါပေမဲ့ ဒါကို သူ မလိုလားပါဘူး။

သူ့ရဲ့ လက်ရုံးအားကိုးဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များ ကြွဖို့လမ်းကို သူက ကြိုးပမ်းချင်တဲ့အတွက် သူ့လက်ရုံးအားကိုးနဲ့ပဲ ကြိုးပမ်းတယ်။ မမီဘူး။ အချိန်က နောက်ကျသွားတယ်။ နောက်ကျသွားတဲ့အတွက် ဘုရားရှင်နှင့်တကွ သံဃာတစ်သိန်းတို့ ကြွလာတဲ့ အချိန်အခါမှာ အလျားမှောက်ပြီးတော့ သူ့အပေါ်က ကြွဖို့ရန် တောင်းပန်လျှောက်ထားတယ်။ ဘုရားဆုလည်း ပန်ထွာတယ်။ ထိုအချိန်အခါမှာ ဒီပင်္ကရာဘုရားရှင်ကလည်း နောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကျရင် ဂေါတမ အမည်ရှိသော ဘုရားရှင် ဖြစ်လိမ့်မယ် စသည်ဖြင့် နိယတဗျာဒိတ်တွေ ပေးနေပါတယ်။ အဲဒီ ပွဲကြီးမှာပေါ့လေ ခုနက မေဃအမည်ရှိတဲ့ လုလင်လေးက ပွဲကြည့်ပရိသတ်တစ်ဦး အနေနဲ့ ပါဝင်နေတော့ သူက စဉ်းစားတယ် -

”ဒီသုမေဓာရှင်ရသေ့ဟာ အင်မတန် ချောမောလှပတဲ့ ရသေ့လေးပါနော်။ ထိုခေတ် အချိန်အခါက ပြောမယ်ဆိုရင်တော့ သူက လူတို့ရဲ့ သက်တမ်း တစ်သိန်းတမ်းမှာ ဖြစ်ပါတယ်။ လူတို့ရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ သူက မိဘနှစ်ပါး ကွယ်လွန်သွားပြီးတဲ့ အချိန်အခါမှာ ကုဋေရှစ်ဆယ်မက ကြွယ်ဝချမ်းသာနေတဲ့ စည်းစိမ်ဥစ္စာတွေကို သူက အကုန် စွန့်လွှတ်ပြီးမှ တောထွက်သွားတဲ့ သူတော်ကောင်း ဖြစ်တယ်။ ဥပဓိသမ္ပတ္တိနဲ့လည်း သိပ်ပြီးတော့ ပြည့်စုံတယ်။ စျာန်အဘိညာဏ်ဆိုတဲ့ ဂုဏ်ထူးဝိသေသနဲ့လည်း တန်ဆာဆင်ပြီးတော့ ထားတယ်။ ရသေ့ သူတော်ကောင်းလည်း ဖြစ်နေပြန်တယ်။ ဒီတော့ - သူ့မှာ ကြည့်မယ်ဆိုရင် ကြည်ညိုဖွယ်ဂုဏ်တွေက သိပ်မများဘူးလား? ဒီတော့ ဒီပုဂ္ဂိုလ်သည် နောင်တစ်ချိန်တစ်ခါမှာ ဘုရား ဖြစ်ဦးမယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာရင် ဂေါတမ အမည်ရှိတဲ့ ဘုရားဖြစ်လိမ့်မယ်ဆိုတဲ့ ဒီစကားကြားရတော့ သူက စဉ်းစားပြီ။

”ဩော် ...ဒီလို ပုဂ္ဂိုလ်တစ်ဦးကို နောက်ကနေလိုက်ပြီးတော့ ငါ ရေပူရေချမ်း ကမ်းလှမ်းပြီး ပါရမီဖြည့်ပေးရမယ်ဆိုရင် ငါလည်း အချည်းနှီးတော့ မဖြစ်နိုင်ဘူးလို့ သူက ဒီလို တွက်ကိန်းနဲ့ တွက်တယ်။ အဲဒီ တွက်ကိန်းနဲ့ သူက ဘာလုပ်သလဲ? သုမေဓာရှင်ရသေ့ တောကို ပြန်ကြွသွားတဲ့ အချိန်အခါမှာ နောက်တော်ပါးက လိုက်ပါပြီး သွားပါတယ်။ သုမေဓာရှင်ရသေ့ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ သူက ဝတ်ကြီးဝတ်ငယ် ပြုစုပြီးတော့ ပါရမီဖြည့်ပေးနေပါတယ်။

ဒီတော့ သုမေဓာရှင်ရသေ့ကလည်း ထိုအချိန်အခါမှာ လောကမှာ ဒီပင်္ကရာဘုရားရှင်လည်း ပွင့်ထွန်းနေတာက အကြောင်းတစ်ခု၊ မိမိကိုယ်တိုင်က စျာန်အဘိညာဏ် ရရှိနေတာက အကြောင်းတစ်ခု။ ဒီအကြောင်း နှစ်ချက်ကြောင့် သဗ္ဗညုတဉာဏ်ကို တောင့်တပြီး ပါရမီဖြည့်နေတဲ့ သူတော်ကောင်းကြီး ဖြစ်နေတဲ့အတွက် ဒီပင်္ကရာဘုရားရှင်ဆီကို စျာန်အဘိညာဏ်ဖြင့် ခဏခဏသွားသွားပြီးတော့ တရားများလည်း နာယူပါလိမ့်မယ်နော်။ ဘာဖြစ်လို့လဲ? သဗ္ဗညုတဉာဏ်ကို မှန်းထားတဲ့ သူတော်ကောင်းတစ်ဦးက ဘာတရားမှ ဆက်လက် အားမထုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးနော်။

ဒီတော့ မိမိကိုယ်တိုင်က သမထပိုင်းမှာ စျာန်အဘိညာဏ် ရရှိထားပြီးသည်အထိ အောင်မြင်ထားပြီး ဖြစ်ပါတယ်။ ဝိပဿနာပိုင်း အတွက်တော့ ဘုရားရှင်ကို မှီခိုပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဆက်လက် စီးဖြန်းနေတယ်လို့ ယူဆရပါတယ်နော်။ ဒီတော့ မိမိကိုယ်တိုင်က သမထ ဝိပဿနာ နှစ်ခုလုံးမှာ ကျွမ်းကျင်နေတဲ့အတွက် မိမိကို လာပြီးတော့ ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပါရမီဖြည့်ပေးနေတဲ့ တပည့်ဖြစ်နေတဲ့ ဒီမေဃလုလင်ကိုလည်း သူက တစ်ဆင့် ...
9dx2vsolyx4vianzju67bpahuu7h60i မင်္ဂလသုတ်-၃၀/၉၇ 0 6253 21888 2026-04-14T05:46:12Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၃၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor =
မင်္ဂလသုတ်(၃၀)

ဘုရားရှင်တို့ရဲ့ သာသနာတော်နဲ့ တွေ့..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21888 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၃၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor =
မင်္ဂလသုတ်(၃၀)

ဘုရားရှင်တို့ရဲ့ သာသနာတော်နဲ့ တွေ့ရခြင်း အကျိုးပေါ့နော်။ ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေတယ်။ ဗုဒ္ဓါနံ ဥပ္ပါဒသမယ၊ ဥပ္ပါဒိသမယ လို့ ခေါ်ဆိုအပ်တဲ့ ဒီပင်္ကရာမြတ်စွာဘုရားရှင်ရဲ့ ပွင့်ထွန်းတော်မူရာ သာသနာတွင်းနဲ့ တွေ့ကြုံနေရတဲ့အတွက် ဘုရားအလောင်းတော်တို့ရဲ့ ဓမ္မတာက သာသနာတော်တွင်း တွေ့လာပြီ ဆိုလို့ရှိရင်တော့ ပိဋကတ်သုံးပုံ သင်ယူခြင်း၊ သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို အောက်ထစ်ဆုံးအားဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒီပါရမီတွေကို ဖြည့်ကျင့်ဆည်းပူးတော်မူမြဲ ဓမ္မတာ ဖြစ်ပါတယ်။ အဲဒီ ဓမ္မတာအတိုင်းပဲ သုမေဓာရှင်ရသေ့ကလည်း ထိုဘဝမှာ သာသနာဘောင်ကို ဝင်ရောက်ပြီး ရဟန်းမပြုပေမယ့်လို့ သုမေဓာရှင်ရသေ့ဘဝဖြင့် စျာန်-အဘိညာဏ်ဝင်စားပြီး ဒီပင်္ကရာဘုရားရှင်ထံ ခဏခဏ သွားကာ မိမိရဲ့ သဗ္ဗညုတဉာဏ် ရင့်ကျက်ရေးအတွက် ပါရမီတရားအပေါင်းတွေကို ဖြည့်ကျင့်တယ်လို့ ဒီလိုပဲ ယူဆရပါတယ်။

ဒါကြောင့် မိမိကိုယ်တိုင်က သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တွေမှာ ကျွမ်းကျင်နေတဲ့အတွက် မိမိကို လာပြီး မှီခိုခစားနေတဲ့ တပည့်ဖြစ်သူ ဓမ္မရုစိ မထေရ်အလောင်းပေါ့နော် တပည့်ဖြစ်သူ မေဃလုလင်အားလည်း သမထ ဝိပဿနာ ဘာဝနာတွေကို စနစ်တကျ တတ်အားသမျှ သွန်သင်ပြသ ဆိုဆုံးမပေးလိမ့်မယ်လို့ ယူဆရပါတယ်။

ထိုအချိန်အခါမှာ မေဃလုလင်ကလည်း ဘုရားအလောင်း သုမေဓာရှင်ရသေ့ရဲ့ ဆိုဆုံးမချက်တွေကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ရေပူရေချမ်း တစ်ဖက်က ကမ်းလှမ်းလျက် သစ်သီးဝလံ ရှာဖွေခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေကိုလည်း တစ်ဖက်က ပြုကျင့်လျက် သုမေဓာရှင်ရသေ့ရဲ့ ပါရမီတွေကို ကူညီပြီး ဖြည့်ကျင့်ဆည်းပူးပေးနေပါတယ်။ ပြဿနာပေါ်ချင်တော့ ဘာဖြစ်လာသလဲ? တစ်နေ့မှာ မုဆိုးတစ်ယောက် သုမေဓာရှင်ရသေ့ ဆရာတပည့်တို့ သီတင်းသုံးရာဖြစ်တဲ့ သင်္ခမ်းကျောင်းလေးသို့ ရောက်ရှိလာတယ်။ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကတော့ ဘယ်လိုပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်ပေါ့လေ မိမိတို့ထံမှာ လာရောက်တည်းခိုမယ်ဆိုရင် တည်းခိုခွင့်မပေးခြင်း စတဲ့ ဒီလို သဘောတရားတွေ မပြုလုပ်တတ်ကြပါဘူး။ တည်းခိုခွင့် ပေးလိုက်တော့ ဘာဖြစ်လာသလဲ? -

အသေဝနာစ ဗာလာနံ ဆိုတဲ့အတိုင်းပေါ့။ လူမိုက်နဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရင် မင်္ဂလာ မဖြစ်ဘူး။ လူမိုက်တွေနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်း မပြုမှသာလျှင် မင်္ဂလာဖြစ်တယ်ဆိုတဲ့ ဘုရားဟောဒေသနာတော်နဲ့ အညီပေါ့။ ဒီမုဆိုးနဲ့ သွားပြီး ပေါင်းမိတဲ့အတွက် မေဃလုလင်ဟာ စိတ်ဓာတ်တွေ ပြောင်းလဲသွားပြန်တယ်။ တံငါနားနီးတော့ တံငါ၊ မုဆိုးနားနီးတော့ မုဆိုးဆိုတဲ့ စိတ်ဓာတ်တွေ ကူးစက်ပြီးတော့ သုမေဓာရှင်ရသေ့ကို တောထဲမှာ ပစ်ထားခဲ့ပြီး ဒီမုဆိုးရဲ့ ဆွဲဆောင်ချက်နဲ့ လူ့ပြည်လူ့လောက တစ်ဖန် ပြန်ရောက်ရှိသွားပြန်တယ်။ လူတို့ဒေသ ရောက်ရှိတဲ့ အချိန်အခါလည်း ပါပမိတ္တ လို့ခေါ်ဆိုအပ်တဲ့ ဒီမိတ်ဆွေယုတ်မာတဲ့ မိတ်ဆွေရဲ့ တိုက်တွန်းချက်အရ မိခင်ရင်းကို သွားပြီး သတ်မိတယ်။ မာတုဃာတက ကံ သွားလွန်ကျူးမိတယ်။

ထိုခေတ် ထိုအချိန်အခါက လူတို့ ကာလသက်တမ်းက ပြောမယ်ဆိုရင် အနှစ်တစ်သိန်းတမ်း ဖြစ်တယ်။ ဤမိဘတွေက ဒီပင်္ကရာမြတ်စွာဘုရားရှင်ရဲ့ တပည့်သာဝကတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ တည်ရှိနေတဲ့ မိဘတို့ရဲ့ သီလဂုဏ်ကျေးဇူးနဲ့ အခုလို ခေတ်အနှစ်(၁၀၀) ဝန်းကျင်မှာ တည်ရှိနေတဲ့ မိဘတို့ရဲ့ ဂုဏ်ကျေးဇူး၊ သီလဂုဏ်ကျေးဇူး တချို့တချို့ တူညီမယ်လို့ မယူဆရပါဘူး။ ဘာကြောင့်လဲ? အနှစ်တစ်သိန်းတမ်းမှာ တည်ရှိနေတဲ့ လူသားတို့ရဲ့ သီလဂုဏ်ကျေးဇူးက ပိုပြီးတော့ ရာဂ ဒေါသ မောဟတွေ ပိုပြီးတော့ ခေါင်းပါးတဲ့သဘော ရှိပါတယ်။ ရာဂ ဒေါသ မောဟတွေ ခေါင်းပါးတဲ့သဘောတွေ ရှိပုံမကဘူး။ မိဘနှစ်ပါးသည် အကယ်၍ ဒီပင်္ကရာဘုရားရှင်ရဲ့ တပည့်သာဝကဖြစ်လို့ အရိယာသူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ ပို၍ ဂုဏ်ကျေးဇူးကြီးမားတဲ့ သူတော်ကောင်းတွေ ဖြစ်နေပြန်တယ်။ အဲဒီလို သူတော်ကောင်းတွေ ဖြစ်နေခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် မိခင်ရင်းကို သတ်ဖြတ်မိတဲ့ ဒီအကုသိုလ်ကံက သူ့ကို အပါယ်လေးဘုံရောက်အောင် ဆွဲခေါ်သွားလိုက်တယ်။

လူမိုက်နဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်းတည်းဟူသော ဒီအကုသိုလ်ကံက အပါယ်လေးဘုံရောက်အောင် ဆွဲခေါ်သွားတဲ့အတွက် မေဃလုလင်သည် သေပြီးတဲ့နောက် အပါယ်လေးဘုံမှာ ဘယ်လောက် ကျင်လည်ရသလဲမေးရင် အဋ္ဌကထာကတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြောတယ်။ စဉ်းစားကြည့်စမ်းပါဦး ဒကာကြီးတို့နော် ...။

အနှစ်တစ်သိန်းတမ်းမှာ တည်ရှိနေတဲ့ ဂုဏ်ကျေးဇူး ကြီးမားလှတဲ့ မိခင်ရင်းကို သတ်ဖြတ်ရဲတယ်ဆိုတဲ့ ဒီစိတ်ထားသည် သာမန်လူသားတစ်ဦးမှာ ရှိသင့် ရှိနိုင်တဲ့ စိတ်ထားမျိုး ဟုတ်ရဲ့လား? မဟုတ်ပါဘူးနော်။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထား၊ သီလဂုဏ်ကျေးဇူးအားဖြင့် သို့မဟုတ် သမာဓိဂုဏ်ကျေးဇူးအားဖြင့် သို့မဟုတ် ပညာဂုဏ်ကျေးဇူးအားဖြင့် ကြီးမားတော်မူတဲ့ မိဘတွေကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်တယ်ဆိုတဲ့ ဒီစိတ်ထားသည် သာမန် အကုသိုလ် စိတ်ထားမျိုးလည်း မဟုတ်ပါဘူးနော်။ ထိုခေတ် ထိုအခါက ဒီမိဘတွေဟာ ဂုဏ်ကျေးဇူး အလွန် ကြီးမားနေတဲ့ မိဘတွေ ဖြစ်ခြင်းကြောင့် ဒီမိဘတွေကို သတ်ဖြတ်လိုက်တဲ့ ဒီအကုသိုလ်ကံ စေတနာတွေက အပါယ်လေးဘုံသို့ရောက်အောင် ပို့ချလိုက်ပြီ။

ပို့ချလိုက်တဲ့ အချိန်အခါကျတော့ ဒီနေရာမှာ ဘာဖြစ်လာသလဲလို့ မေးရင်တော့ သူက အပါယ်လေးဘုံမှာ သွားပြီး ကျင်လည်နေရတဲ့အတွက် သူ့မှာ ဘာဖြစ်နေလဲ? ဂတိဝိပ္ပတ္တိ။ သူ့ရဲ့ လားရောက်ရာဖြစ်တဲ့ ဂတိက အပါယ်လေးဘုံမှာ တည်ရှိနေတဲ့အတွက် ကုသိုလ်ကံသည် အကျိုးပေးနိုင်တဲ့ ကုသိုလ်ကံအဖြစ် အကျိုးပေးဖို့ရန် အခွင့်ရသေးလား? မရဘူး။ ဘာလို့ မရသလဲမေးရင် သုမေဓာရှင်ရသေ့ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပါရမီဖြည့်ခဲ့တဲ့ ကုသိုလ်ကောင်းမှု၊ သုမေဓာရှင်ရသေ့ထံမှာ ဆည်းပူးခဲ့တဲ့ သမထ ဝိပဿနာဘာဝနာလို့ခေါ်ဆိုအပ်တဲ့ အတော်အသင့် မျိုးစေ့လေးပေါ့နော်။ ကောင်းမှုကုသိုလ် အနည်းငယ်တော့ ရှိကောင်းရှိပါလိမ့်မယ်။

အနည်းငယ် ရှိမယ်လို့ ပြောရတာကလည်း ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်။ ဒီဉာဏ်အဆင့်အထိ စံချိန်မှီပုံတော့ မပေါ်ဘူး။ ဘာကြောင့်လဲ? ဒီ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါး ရရှိနေတဲ့ သူတော်ကောင်းသည် အပါယ်လေးဘုံကို မကျဘူး။ နိယတဂတိက လားရာဂတိ နည်းတယ်။ စူဠသောတာပန် မည်တယ်ဆိုပြီးတော့ အဋ္ဌကထာများက ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် သူက အပါယ်လေးဘုံကျတော့ ဒီအဆင့်လောက်ထိတော့ ရပုံမပေါ်ဘူး။

သို့သော်လည်းပဲ သူ့မှာ မျိုးစေ့လေး ဖြစ်တန်သလောက်တော့ ဖြစ်ပါလိမ့်မယ်။ သူတော်ကောင်းတို့နဲ့ အနည်းငယ် ပေါင်းဖော်ရခြင်းဟာလည်း သူ့အတွက် မင်္ဂလာတစ်ခု ဖြစ်သွားတယ်။ မင်္ဂလာတစ်ခု ဖြစ်နေသည့်အတွက် ဒီမင်္ဂလာတရားက သူ့ကို ကောင်းကျိုးချမ်းသာလေးတွေ ရရှိအောင် ရွက်ဆောင်ပေးနိုင်တဲ့စွမ်းအင် ရှိပေမဲ့လို့ အကုသိုလ်ကံက သိပ်ကြီးမားနေတယ်။ ကြီးမားတဲ့ ဒီအကုသိုလ်ကံက အပါယ်လေးဘုံကို ပစ်ချလိုက်တော့ ဒီကံလေးတွေဟာလည်း အကျိုးပေးဖို့ အခါအခွင့် မသင့်ဖြစ်သွားပြန်တယ်။ ဂတိဝိပ္ပတ္တိ ဖြစ်တယ်နော်။

ဒီဂတိဝိပ္ပတ္တိ တရားနဲ့ ကြုံနေရတဲ့အတွက် အနည်းငယ်သော ကောင်းမှုကုသိုလ်သည် အကျိုးပေးဖို့လည်း အခါအခွင့် မသင့် ဖြစ်နေတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး သုမေဓာရှင်ရသေ့က ပါရမီ ဖြည့်လိုက်တော့ ဘာဖြစ်သွားလဲ? ဘုရား ဖြစ်သွားပြီနော်။ ဘုရားဖြစ်တဲ့ အချိန်အခါမှာ သာဝတ္ထိက ကုန်သည်အချို့ ရှေးခေတ်အခေါ်တော့ ရေလမ်းခရီးပေါ့နော်။ လှေ၊ သင်္ဘောနဲ့ ခရီးသွားကြပြီ။ ခရီးသွားလိုက်တဲ့ အချိန်အခါမှာ ဒီဓမ္မရုစိမထေရ် အလောင်း တစ်နည်းအားဖြင့်တော့ ခုနက မေဃလုလင် ဘဝကနေ ပြောင်းလဲလာတဲ့ သတ္တဝါက ဘာဖြစ်နေလဲ? ရေထဲမှာ ငါးကြီး ဖြစ်နေတယ်။ ငါးကြီး ဖြစ်နေတော့ ငါးအကြီးစားပါနော်။

ငါးအကြီးစား ဖြစ်တဲ့ အချိန်အခါကျတော့ အဲဒီငါးက ဒီလှေကို အစာမှတ်ပြီးတော့ ပါးစပ်ကြီး ဟပြီးတော့ မျိုဖို့ရန် လိုက်လာတယ်။ လှေပေါ်မှာရှိတဲ့ သင်္ဘောသားတွေ ကြောက်လွန်းလို့ ဝိုင်းပြီးအော်ကြတယ်။ "ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါဘုရား ...၊ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါဘုရား ..." ဆိုပြီး ဘုရား တကြတယ်။ အဲဒီအခါကျတော့ ဒီငါးကြီးက "ဂေါတမ" ဆိုတဲ့ စကားလုံး အသံလေး ကြားလိုက်တာနဲ့ နောက်ဆုတ်သွားတယ်။ ဘာကြောင့်လဲ?

သူတော်ကောင်းတို့နဲ့ အနည်းငယ်မျှ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းသည် မင်္ဂလာရှိတယ်။ ဒီကံလေးက အကျိုးပေးဖို့ရန် အခါအခွင့် နည်းနည်းလေး သင့်လာတယ်။ သင့်လာတဲ့ အချိန်အခါကျတော့ သူ "ဂေါတမ" ဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ပြန်ပြီးတော့ သတိရပြီ။ ဟို ... လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကတည်းက ဒီပင်္ကရာဘုရားရှင်က သုမေဓာ ရှင်ရသေ့ကို နောက် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကျရင် "ဂေါတမ" အမည်ရှိတဲ့ ဘုရားဖြစ်လိမ့်မယ်လို့ ဒီလို ဗျာဒိတ်ပေးစကား သူကြားလိုက်တယ်။ အဲဒီလို နိယတဗျာဒိတ်ပေးတဲ့ ဒီစကားလေးကို ပြန်ပြီးတော့ အမှတ်ရလိုက်တာနဲ့ "ဩော် ... ငါ့ရဲ့ဆရာဖြစ်တဲ့ သုမေဓာရှင်ရသေ့တောင်မှ ဂေါတမအမည်ရှိတဲ့ မြတ်စွာဘုရား ဖြစ်နေပါပကော" လို့ စိတ်ထဲမှာ ဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူရာဒေသသို့ ရောက်လိုတဲ့စိတ်ထားဖြင့် ခေတ္တခဏ ငါးဘဝမှာပဲ ဆက်လက်ပြီး ကျင်လည်နေလိုက်ပါတယ်။ မကြာမီ အချိန်အခါတွင်းမှာ ငါးသက်တမ်း ကုန်ဆုံးပြီးတော့ ထိုငါးဘဝကနေပြီးတော့ လွတ်မြောက်ပြီးတော့ သာဝတ္ထိမှာ အမျိုးသားကောင်းလေးတစ်ဦး လာပြီး ဖြစ်တယ်။

ဒီနှစ်ခုကို ပြန်ပြီး နှိုင်းစာကြည့်လိုက်ရင်နော် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကို ဖြတ်ကျော်လာခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးပေါ့ တစ်ဦးက ပါရမီ (၁၀)ပါးကို ဖြည့်ကျင့်နိုင်တဲ့အတွက် ဘုရားအဖြစ်သို့ ရောက်ရှိသော်လည်း၊ တစ်ဦးက ငါးဘဝမှာပဲ ရှိသေးတယ်။ ဘာကြောင့်လဲ? ပယောဂဝိပ္ပတ္တိ ခေါ်တဲ့ စက် ချို့တဲ့သွားတယ်။ ပယောဂဝိပ္ပတ္တိဆိုတာက ခုနက ကောင်းမှုကုသိုလ် ပြုဖို့ရန်အတွက် ကောင်းမှုကုသိုလ်ကို မပြုလုပ်နိုင်ဘူး။ လုံ့လပယောဂစက် ချို့တဲ့သွားပြန်တယ်။ ပယောဂဝိပ္ပတ္တိ ဖြစ်တယ်။ အမေကို သွားပြီးတော့ သတ်မိတယ်။ ဒါ ပယောဂ ပျက်စီးသွားတယ်။ အကယ်၍ သုမေဓာ ရှင်ရသေ့ကိုသာ ဆက်လက်ပြီး ပါရမီဖြည့်ပြီးတော့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးခဲ့မယ်ဆိုလို့ရှိရင် ဒီလို အပါယ်လေးဘုံမှာ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဆက်လက်ပြီးတော့ ကျင်လည်နိုင်ပါ့မလား? မကျင်လည်နိုင်ဘူး။ ဒီတော့ ဒီနေရာမှာ အပါယ်လေးဘုံမှာ ကျင်လည်တဲ့အခါမှာ ဒီကံလေးတစ်ခုက ဒီလောက်တောင် အကျိုးပေး များလှချည်းလားလို့ မအောက်မေ့နဲ့နော်။

ခု ကြည့်ပေါ့ ... ငါးဘဝကို ရောက်သွားပြီ။ ငါးဘဝကို ရောက်တဲ့အခါမှာ ငါးက ဘာလုပ်သလဲ? ငါးကြီးတော့ ငါးကလေး စားတာပဲ။ သူ အကုသိုလ်ကံတွေ ထပ်မဆည်းပူးဘူးလား? သူလည်း တံငါ ထပ်ဖြစ်သွားတာပဲ။ ဟုတ်တယ်, မဟုတ်လား? ငါးကြီးက ငါးသေးသေးကို စားတယ်။ ငါးသေးသေးကလည်း သူ့ထက်သေးတဲ့ ငါးစားတယ်။ သူ့ထက်သေးတဲ့ ငါးကလည်း သူ့ထက်သေးတဲ့ ဟိုး မျှင်ကောင်လေးတွေကအစ အကုန် စားကြတာပဲ။ အဆင့်ဆင့် ဒီတော့ သူ့မှာ ဒုစရိုက်တရားတွေက ထပ်ပြီးတော့ မလွန်ကျူးဘူးလား? လွန်ကျူးပြန်တယ်။ အဲဒီ ဒုစရိုက်တရားတွေသည် လွန်ကျူးနေပေမဲ့လို့ သူ့မှာ ဘာဖြစ်သွားလဲ? ကာလသမ္ပတ္တိ လေးနဲ့ ပြည့်စုံဖို့ တစ်ခါ အကြောင်းလေး ပေါ်လာတယ်။

သာဝတ္ထိမှာ အမျိုးကောင်းသားလေး လာဖြစ်တယ်။ တစ်ခုသော ကံလေးက ခုနက သုမေဓာရှင်ရသေ့ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်ကံလေးက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ဒီကောင်းမှုကုသိုလ်ကံတစ်ခုက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အခါ သာဝတ္ထိမှာ အမျိုးကောင်းသားလေးတစ်ဦး လာဖြစ်တယ်။ အရွယ်ရောက်တဲ့ အချိန်အခါမှာ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုတယ်။ ရှင်ရဟန်းပြုပြီး အချိန်အခါမှာ မြတ်စွာဘုရားကို သွားကန်တော့တယ်။ ကန်တော့လိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ဒီလို အမိန့်ရှိလိုက်တယ်။

ဩော် ... ဓမ္မရုစိ။ ဟိုဘဝမှာတော့ သူ့နာမည်လေးက ဓမ္မရုစိလို့ ခေါ်ပါတယ်။ ဓမ္မ ဆိုတာက တရား၊ ရုစိ ဆိုတာက နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်ပဲ။ တရားတော်ကို နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်လို့ ဒီလို နာမည်လေးနဲ့ သာသနာဘောင်ကိုရောက်ပြီး ရဟန်းပြုလာခဲ့တယ်။ အဲဒီ အချိန်အခါမှာ ဘုရားရှင်က သူ့ကို ဘာအမိန့်ရှိလဲ? "မင်းနဲ့ ငါနဲ့ မတွေ့ရတာ အင်မတန် ကြာသွားပြီ" လို့ အမိန့်ရှိတယ်။ ဘယ်လောက်ကြာသွားလဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းနော်။ တစ်ဦးက ပါရမီတွေဖြည့်ကျင့်လိုက်တာ ဘုရားဖြစ်ပေမဲ့လို့ တစ်ဦးက ငါးဘဝမှာပဲ ရှိနေသေးတယ်။ ဒါ ဘာကြောင့်လဲလို့မေးရင် ပယောဂစက် ချို့တဲ့သွားတယ်နော် -

ပယောဂစက် ချို့တဲ့ပေမဲ့လို့ တစ်ဖန် ပြန်ပြီးတော့ ခုနက ဘုရားရှင်တို့ ပွင့်ထွန်းရာ ခေတ်သမယလို့ ခေါ်ဆိုအပ်တဲ့ ကာလသမ္ပတ္တိ မှာ လာပြီး တစ်ခါ လူလာဖြစ်ပြန်တယ်။ လူပြန်ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းတွေ သင်ယူ၊ သင်ယူပြီးတဲ့ အချိန်အခါမှာ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ မကြာမီ အချိန်ကာလအတွင်းမှာပဲ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်သွားတဲ့ အချိန်အခါမှာ သူ ငါးဘဝ (သို့) အပါယ်လေးဘုံမှာ ကျင်လည်စဉ်အခါက ပြုကျင့်ခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန်အတွက် အခါအခွင့် သင့်သေးလား? မသင့်တော့ဘူး။ ဘာဖြစ်လို့လဲ? ကာလသမ္ပတ္တိ ကာလ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာဒေသ၊ အချိန်အခါကာလမှာ လာပြီး လူဖြစ်ရခြင်းဆိုတဲ့ ကာလသမ္ပတ္တိနဲ့ ပြည့်စုံခြင်းဆိုတဲ့ ဒီတရားက ဒီအကုသိုလ်ကံတွေကို အကျိုးပေးဖို့ရန် အခါအခွင့် မသင့်အောင် တားမြစ်ထားတယ်။

နောက်တစ်ခု - ထိုအချိန်အခါမှာ သူဟာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ လုံ့လပယောဂတွေနဲ့လည်း မပြည့်စုံဘူးလား? ပြည့်စုံပြန်တယ်။ ပယောဂသမ္ပတ္တိ စက်နဲ့လည်း မပြည့်စုံဘူးလား? ပြည့်စုံသွားတယ်။ ပြည့်စုံသွားတဲ့အတွက်ကြောင့် ဒီကာလသမ္ပတ္တိ၊ ဂတိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိ ခေါ်ဆိုအပ်တဲ့ ဒီ သမ္ပတ္တိစက်သုံးပါးနဲ့ ပြည့်စုံသွားပြီ။ အချက်ကျကျ လည်ပတ်သွားတယ်။ လည်ပတ်သွားတဲ့အတွက် ထိုပုဂ္ဂိုလ်သည် ငါးဘဝ အစရှိတဲ့ ထိုထို ဘဝတွေမှာ ပြုလုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်နိုင်သေးလား? မသင့်တော့ဘူး။

ကာလသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် ထိုအကုသိုလ်ကံများသည် အကျိုးမပေးနိုင်တော့ဘူး။ အကယ်၍ ဒီကာလသမ္ပတ္တိ ဘုရားပွင့်ထွန်းတော်မူခြင်းဆိုတဲ့ ကာလသမ္ပတ္တိမှာ လာပြီး လူမဖြစ်ခဲ့ရဘူးဆိုရင် ထိုအကုသိုလ်ကံတွေသည် ဆက်လက်ပြီးတော့ သူ့ကို အကျိုးမပေးနိုင်ဘူးလား? ပေးနိုင်တယ်နော်။ ဒါက ကာလသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးမပေးနိုင်တဲ့ ကံမျိုးတွေပဲ။

နောက်တစ်ခု - ပယောဂသမ္ပတ္တိ တဲ့နော်။ ပုဂ္ဂိုလ်တစ်ယောက်မှာ ပြုစုပျိုးထောင်ထားတဲ့ မကောင်းမှုအကုသိုလ်ကံတွေ များစွာရှိမယ် ထားတော့။ ဒါပေမဲ့လို့ အဲဒီ မကောင်းမှုအကုသိုလ်ကံတွေက ပယောဂသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ ပယောဂ ပျက်စီးမှုမှာ ရပ်တည်ပြီး နေခဲ့မယ်ဆိုရင် သို့မဟုတ် ပယောဂသမ္ပတ္တိတရားတွေ ချို့တဲ့ပျက်စီးနေတဲ့ ဘဝမှာ ရပ်တည်နေခဲ့မယ်ဆိုရင် ထိုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လိမ့်မယ်နော်။ ဒါပေမဲ့လို့ ဒီပုဂ္ဂိုလ်က ဘာဖြစ်သလဲ? တစ်ခုသော ကောင်းမှုကုသိုလ်ကံလေးက တိုက်တွန်းလိုက်တဲ့အတွက် ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံတဲ့ဘဝမှာ လာပြီးတော့ ရပ်တည်တယ်။ ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံတဲ့ဘဝမှာ လာပြီးတော့ ရပ်တည်တယ်ဆိုတာ ဘာပြောသလဲလို့ မေးရင် -

ပါဏာတိပါတာဒီဟိ ဝိရတော ကာယဝစီမနောသုစရိတာနိ ပူရေတိ။ ပါဏာတိပါတာဒီဟိ၊ ဒီပါဏာတိပါတာ စတဲ့ အကုသိုလ်ကံတို့ကို။ ဝိရတော၊ ရှောင်ကြဉ်လျက်။ ကာယဝစီမနောသုစရိတာနိ၊ ကာယ ဝစီ မနော သုစရိုက်တရားတို့ကို။ ပူရေတိ၊ ဖြည့်ကျင့်လေ၏၊

သူ့အသက် သတ်ခြင်း အစရှိတဲ့ ဒီဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်။ ကာယဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်၊ ဝစီဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်၊ မနောဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်။ ကာယသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်၊ ဝစီသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်၊ မနောသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်။ ကာယကံ စင်ကြယ်အောင် ကြိုးစားတယ်၊ ဝစီကံ စင်ကြယ်အောင် ကြိုးစားတယ်၊ မနောကံ စင်ကြယ်အောင် ကြိုးစားတယ် ဖြည့်ကျင့်တယ်တဲ့။ ကြိုးစားပြီး အားထုတ်တယ်။ ပယောဂသမ္ပတ္တိစက်နဲ့လည်း ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားပြီ။

တာဒိသေ ဌာနေ အကုသလဿ ဝိပစ္စနောကာသော နတ္ထိ, တာဒိသေ၊ ထိုကဲ့သို့သော အရာဌာနမျိုး၌။ အကုသလဿ၊ အကုသိုလ်ကံ၏။ ဝိပစ္စနောကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ နတ္ထိ၊ မရှိနိုင်ပြီ။

ပုဂ္ဂိုလ်တစ်ယောက်က ကာယကံတွေ စင်ကြယ်အောင် ကြိုးစားတယ်၊ ဝစီကံတွေလည်း စင်ကြယ်အောင် ကြိုးစားတယ်၊ မနောကံတွေလည်း စင်ကြယ်အောင် ကြိုးစားတယ်တဲ့။ သိပ်ပြီးတော့ ဖြူစင်နေပြီ။ ဘယ်လို ကြိုးစားသလဲ? ဒါနနဲ့လည်း ကြိုးစားတယ်၊ သီလနဲ့လည်း ကြိုးစားတယ်၊ သမထ ဘာဝနာတွေ ပွားများလျက်လည်း ကြိုးစားတယ်။ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်း ကြိုးစားတယ်။ မိမိရဲ့ စိတ်ဓာတ်တွေ၊ မိမိရဲ့ ကာယကံတွေ၊ မိမိရဲ့ ဝစီကံတွေ၊ မိမိရဲ့ မနောကံတွေ မိမိရဲ့ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းသွားအောင် ဖြည့်ကျင့်တယ်တဲ့။ ပါရမီ အလီလီ ဖြည့်ကျင့်ပေးတယ်နော်။ အဲဒီလို ဖြည့်ကျင့်လိုက်တဲ့ အချိန်အခါမှာ အိမ်ရှင်လို့ ခေါ်ဆိုရမဲ့ ဒီစိတ်ဓာတ်တွေကို လှမ်းကြည့်တဲ့ အချိန်အခါကျတော့ အကောင်းဓာတ်တွေချည်း ဖြစ်နေတယ်။ အကောင်းဓာတ်တွေချည်းဖြစ်နေတဲ့ အချိန်အခါကျတော့ ရွာတစ်ရွာမှာ ဆိုကြပါစို့။ ရွာခံဓားပြမရှိဘူးဆိုရင် ဘေးက ဓားပြဝင်ဖို့ရန်အတွက် ခက်ခဲမှု မရှိဘူးလား? ရှိတယ်။ ရွာခံဓားပြတွေ သိပ်များနေရင် ဘေးကဓားပြတွေ ဝင်ဖို့ရန် မလွယ်ကူဘူးလား? လွယ်ကူတယ်။

အဲဒီပုံစံအတိုင်းပဲ။ သတ္တဝါတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ အကုသိုလ်တရားတွေက သိပ်များပြီ။ ကာယကံ စင်ကြယ်မှုလည်း မရှိဘူး၊ ဝစီကံ စင်ကြယ်မှုလည်း မရှိဘူး၊ မနောကံ စင်ကြယ်မှုလည်း မရှိဘူး။ အဲဒီလို ဆိုလို့ရှိရင် အတိတ်က အကျိုးပေးဖို့ရန် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်မလာဘူးလား? သင့်လာတယ်။ ရွာခံဓားပြ အပေါင်းအဖော်ကို ရရှိတဲ့အတွက် ဘေးရွာက ဓားပြတွေက ဒီရွာထဲကို ဝင်ရောက်ဖို့ လွယ်ကူသလိုပဲ။ ရွာခံဓားပြသူခိုးနဲ့တူတဲ့ ကာယကံ မစင်ကြယ်မှု၊ ဝစီကံ မစင်ကြယ်မှု၊ မနောကံ မစင်ကြယ်မှုဆိုတဲ့ ဒီအကုသိုလ် အညစ်အကြေးတွေ ရှိနေတဲ့ ပုဂ္ဂိုလ်သတ္တဝါရဲ့ ရုပ်နာမ်သန္တာန်အစဉ်သို့ အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့်ကို စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေသည် တန်းစီပြီးတော့ ဝင်လာတယ်။ အကျိုးပေးဖို့ရန် -

ခု ဒီနေရာကျတော့ ရွာခံဓားပြ မရှိဘူး။ ဘေးက ဓားပြတွေ ဝင်ဖို့ရန် ခက်ခဲသလိုပဲ ပုဂ္ဂိုလ်တစ်ယောက်က ဒီဘဝမှာ ပယောဂသမ္ပတ္တိ လို့ ခေါ်တဲ့ စက်နဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တယ်။ ကာယကံတွေ စင်ကြယ်အောင်၊ ဝစီကံတွေ စင်ကြယ်အောင်၊ မနောကံတွေ စင်ကြယ်အောင် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံပြီးတော့ ပါရမီတွေ ဖြည့်တယ်။ စင်ကြယ်နေပြီ။ စင်ကြယ်နေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်သို့ အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့်ကို စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခွင့်ရသေးလား? မရတော့ဘူး။ မရတဲ့အတွက် ဘာဖြစ်လဲ?

ဧကန္တံ ကုသလဿေဝ ဩကာသော

ဧကန္တံ၊ တကယ်စင်စစ် ဧကန်အားဖြင့်။ ကုသလဿေဝ၊ ကုသိုလ်တရား၏သာလျှင်။ ဩကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ ဟောတိ၊ ဖြစ်ပေါ်၍ နေတတ်ပေ၏၊

ဧကန်စင်စစ်အားဖြင့် ကုသိုလ်တရားတွေသာ အကျိုးပေးဖို့ရန် အခါအခွင့်သာ ဖြစ်နေတတ်ပါတယ်တဲ့။ နည်းနည်း ထုံးလေး ကြည့်ပေါ့နော်။

ကံနှင့် ပယောဂသမ္ပတ္တိ
အရှင်အင်္ဂုလိမာလ မထေရ်ပဲ ကြည့်ကြပါစို့နော်။ အရှင်အင်္ဂုလိမာလ မထေရ်ဟာ လူတွေကို သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ မကောင်းမှုအကုသိုလ်ကံတွေကို များစွာဆည်းပူးနေတဲ့ ပုဂ္ဂိုလ်လို့ကော မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါပေမဲ့လို့ သူက ဘုရားရှင်နဲ့ တွေ့တဲ့အချိန်အခါမှာ ဒီအကုသိုလ်လုပ်ငန်းရပ်တွေကို အားလုံး စွန့်လိုက်တယ်။ စွန့်လွှတ်လိုက်ပြီးတဲ့အခါ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုတယ်။

ကာယကံတွေ စင်ကြယ်အောင်၊ ဝစီကံတွေလည်း စင်ကြယ်အောင်၊ မနောကံတွေလည်း စင်ကြယ်အောင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ပြည့်ပြည့်ဝဝ ဖြည့်ကျင့်လိုက်တယ်။ ဖြည့်ကျင့်လိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး အရဟတ္တဖိုလ် ဆိုက်သွားတယ်။ ပယောဂသမ္ပတ္တိခေါ်တဲ့ ကြိုးစားအားထုတ်မှု လုံ့လပယောဂတွေနဲ့ ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားတယ်။

ဘာတွေလဲ? အရဟတ္တမဂ်တိုင်အောင်သော ကုသိုလ်တရားတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို အရဟတ္တဖိုလ် အရဟတ္တမဂ် ရသည့်တိုင်အောင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လိုက်တယ်။ ဖြည့်ကျင့်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိစက်နဲ့ ပြည့်စုံသွားတယ်။ အဲဒီလို ပြည့်စုံနေတဲ့အတွက် သူ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်သေးလား? မသင့်တော့ဘူး။ အခါအခွင့် မသင့်တဲ့အတွက် နောက်ထပ်လည်း အကျိုးပေးသေးလား? မပေးတော့ဘူး။

ဒါ ဘာပြောသလဲမေးတော့ ပယောဂသမ္ပတ္တိ ပတိပါလ၊ ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံခြင်းဆိုတဲ့ ဒီတရားကနေပြီးတော့ အကုသိုလ်ကံတွေကို အကျိုးပေးဖို့ရန် အခါအခွင့် မသင့်အောင် တားမြစ်ထားတယ်။ တားမြစ်လိုက်တဲ့အတွက်လည်း အကျိုးမပေးနိုင်တော့ဘူး။ ကဲ ဒီနေ့ တရားဟောတဲ့ ပုဂ္ဂိုလ်ရော၊ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေရော ညက ပြောခဲ့တဲ့အတိုင်းပဲ အနည်းနှင့် အများဆိုသလို အကုသိုလ်ကံတွေ လွန်ကျူးမိတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒီဘဝမှာ လွန်ကျူးမိတာတွေလည်း ရှိကောင်း ရှိမယ်။ နောင် သံသရာအဆက်ဆက်က အတိတ်သံသရာ အဆက်ဆက်က မသိခဲ့လို့၊ မိုက်ခဲ့လို့၊ မလိမ္မာခဲ့လို့ လွန်ကျူးမိတာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ထို အကုသိုလ်ကံတွေက နောက်ထပ် အကျိုးပေးဖို့ရန်အတွက် မကောင်းကျိုးတွေကို မိမိတို့က မလိုလား မတောင့်တဘူးဆိုရင် မိမိတို့က ဘာလုပ်ရမလဲ?

ဒီဘဝမှာ ပယောဂသမ္ပတ္တိစက်နဲ့ ပြည့်စုံအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ ပယောဂသမ္ပတ္တိလို့ခေါ်တဲ့ စက်ဆိုတာက ဘာပြောတာလဲ? မိမိတို့ရဲ့ စိတ်ဓာတ်ကို ဖြူစင်သန့်ရှင်းသွားအောင် အရဟတ္တဖိုလ် ရေစင်ဖြင့် ဆေးကြောသုတ်သင်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကို ပယောဂသမ္ပတ္တိစက်လို့ ခေါ်ပါတယ်။

အရဟတ္တဖိုလ် မရတောင်ပေါ့နော် - မဂ်ဉာဏ် ဖိုလ်ဉာဏ် ရစေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တစ်မဂ် တစ်ဖိုလ် ရရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် သီလကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်နေမယ်၊ သမာဓိကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်နေမယ်၊ ပညာကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်နေမယ်ဆိုရင် မိမိတို့သန္တာန်မှာ ပယောဂသမ္ပတ္တိလို့ခေါ်တဲ့ စက်တွေ မပြည့်စုံနေဘူးလား? ပြည့်စုံနေမယ်။ ပြည့်စုံနေခဲ့ရင် ဒီပယောဂသမ္ပတ္တိစက်ကသာ အချက်ကျကျ လည်ပတ်နေပါစေ အကျိုးပေးဖို့ရန် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခွင့်ရဦးမလား? မရတော့ဘူးတဲ့နော်။ ဒါကြောင့် ဦးပဉ္စင်းတို့ အခုလို အသိဉာဏ်ရှိတဲ့ ဘဝလေးပေါ့ ပြန်ကြည့်မယ်ဆိုရင် မိမိတို့မှာ ဂတိသမ္ပတ္တိခေါ်တဲ့ လူ့ပြည်လူ့လောကမှာ လာပြီး လူဖြစ်ရခြင်းဆိုတဲ့ ဂတိသမ္ပတ္တိစက်နဲ့လည်း ပြည့်စုံတယ်။ ကာလသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်တို့ သာသနာပွင့်ထွန်းရာ အချိန်အခါ ကာလသမ္ပတ္တိ ကောင်းခြင်းနှင့်လည်း မဆုံဆည်းရဘူးလား? ဆုံဆည်းနေပြီ။ ပယောဂသမ္ပတ္တိခေါ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့ အခွင့်အလမ်းကြီး ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံအောင် ကြိုးစားဖို့ရန် အခွင့်အလမ်းကြီးလည်း မကြုံဘူးလား? ကြုံနေပြီ။

ဒါကြောင့် မိမိတို့ဘက်က ပယောဂသမ္ပတ္တိစက်နဲ့ ပြည့်စုံအောင် ကြိုးစားဖို့ လိုနေတယ်နော်။ နောက်တစ်ခုကတော့ ဘာလဲဆိုတော့ ဂတိဝိပ္ပတ္တိနဲ့ ဂတိသမ္ပတ္တိပဲ။ နောက်သတ္တဝါတစ်ဦးမှာတဲ့ ကံအကြောင်းနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ကျယ်ကျယ်ပြန့်ပြန့်လေး ဖွင့်ထားပါတယ်နော်။ ဒီတော့ ဒီနေရာမှာ ပုဂ္ဂိုလ်တစ်ဦးမှာ မကောင်းမှုအကုသိုလ်ကံတွေက တော်တော်လေး များနေတယ်။ ဒီအကုသိုလ်ကံတွေဟာ အကယ်၍ ဂတိသမ္ပတ္တိမှာ တည်နေခဲ့မယ်ဆိုလို့ရှိရင်တော့ ဂတိသမ္ပတ္တိဆိုတာက ဘာကိုပြောတာလဲ? လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ခေါ်တဲ့ ဒီဂတိသမ္ပတ္တိမှာ ရပ်တည်နေတဲ့ သတ္တဝါမှာ ဘယ်လိုအကျိုးမှ ပေးနိုင်တဲ့စွမ်းအား မရှိဘူး။

ဒါပေမဲ့လို့ ပုဂ္ဂိုလ်တစ်ယောက်ကို ကြည့်လိုက်ရင် မကောင်းမှုအကုသိုလ်ကံလေးတစ်ခုက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီ။ အခါအခွင့် သင့်လိုက်တဲ့အတွက် ဂတိဝိပ္ပတ္တိခေါ်တဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံမှာ သွားပြီးတော့ ပဋိသန္ဓေ တည်နေရပြီ၊ ဖြစ်ရပြီနော်။ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

တတ္ထဿ တာနိ ကမ္မာနိ ဥပဂန္တွာ ဝါရေန ဝါရေန ဝိပါကံ ဒေန္တိ

တတ္ထ၊ ထိုအပါယ်လေးဘုံ၌။ အဿ၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌။ တာနိ ကမ္မာနိ၊ ထိုမကောင်းမှု အကုသိုလ်ကံတို့သည်။ ဥပဂန္တွာ၊ ချဉ်းကပ်လာကြကုန်၍။ ဝါရေန ဝါရေန၊ တလှည့်စီ တလှည့်စီအားဖြင့်။ ဝိပါကံ၊ မကောင်းတဲ့ အကျိုးဝိပါက်ကို။ ဒေန္တိ၊ ပေး၍ နေကြလေကုန်၏။

အကုသိုလ်ကံတွေ အလှည့်နဲ့ လာပြီးတော့ အကျိုးပေးတယ်။ ကံတစ်ခုက အကျိုးပေးလိုက်၊ အကျိုးအာနိသင် ကုန်သွားပြီဆိုရင် နောက်ကံတစ်ခုက အကျိုးပေးပြန်ပြီ။ နောက်ထပ်တစ်ခုက အကျိုးပေးဖို့ရန် အခါအခွင့် ကုန်သွားရင် နောက်ထပ် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေ ရှိသေးတယ်။ အဲဒီ ကံတွေက လာပြီးတော့ အလှည့်နဲ့ အလှည့်နဲ့ လာလာပြီး အကျိုးပေးနေတယ်တဲ့။

ကာလေန နိရယေ နိဗ္ဗတ္တာပေန္တိ၊ ကာလေန တိရစ္ဆာနယောနိယံ၊ ကာလေန ပေတ္တိဝိသယေ

ကာလေန၊ ရံဖန်အားဖြင့်။ နိရယေ၊ ငရဲ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်မျိုး၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ ပေတ္တိဝိသယေ၊ ပြိတ္တာဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ အသုရကာယေ၊ အသူရကာယ်ဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက ငရဲမှာ ဖြစ်စေတယ်။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက တိရစ္ဆာန်ဘုံမှာ ဖြစ်စေတယ်။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက ပြိတ္တာဘုံမှာ ဖြစ်စေပြန်တယ်၊ အကျိုးပေးပြန်တယ်။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက အသူရကာယ်ဘုံမှာ သွားပြီးတော့ အကျိုးပေးပြန်တယ်တဲ့။

ကာလေန အသုရကာယေ၊ ဒီဃေနာပိ အဒ္ဓုနာ အပါယတော သီသံ ဥက္ခိပိတုံ န ဒေန္တိ။

ဒီဃေနာပိ အဒ္ဓုနာ၊ ရှည်လျားလှစွာသော အချိန်အခါ ကာလပတ်လုံးလည်း။ အပါယတော၊ အပါယ်လေးဘုံမှ။ သီသံ၊ ဦးခေါင်းကို။ ဥက္ခိပိတုံ၊ ချီမြှောက်အံ့သောငှာ။ န ဒေန္တိ၊ အခွင့်ကို မပေးကြလေကုန်။

ရှည်မြင့်စွာသော အချိန်အခါပတ်လုံး အပါယ်လေးဘုံမှ ခေါင်းထောင်လာဖို့ရန်အတွက် ဘယ်တော့မှ ဒီအကုသိုလ်ကံတွေက အခွင့်မပေးကြဘူးနော်။ တစ်ခုသော အကုသိုလ်ကံ တစ်ခုပြီးရင် နောက် အကုသိုလ်ကံတစ်ခု ထပ်ပြီး အကျိုးပေးပြန်တယ်။ အကုသိုလ်ကံ တစ်ခုပြီးရင် နောက်တစ်ခု အကုသိုလ်ကံတစ်ခုက အကျိုးပေးပြန်တယ်။ ပုံစံလေး ကြည့်ရင်တော့ ဦးပဉ္စင်းတို့ ကပိလရဟန်း ဆိုကြပါစို့ ...

ကဿပဘုရားရှင် လက်ထက်တော် အချိန်ကာလနောက်ပိုင်းမှာ ပိဋကတ်သုံးပုံကို ကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ ပိဋကတ်တွေကို သိပ်ပြီး ကျွမ်းကျင်လာတဲ့ အချိန်အခါမှာ ဒီပိဋကတ်ဆိုတဲ့ တရားများကနော် တော်တော်လေး ခက်ခဲတဲ့သဘော ရှိပါတယ်။ ခက်ခဲတယ်ဆိုတာက ဒီလိုပါ။ စာပေကျမ်းဂန် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဟာ စာသင်နည်း အမျိုးမျိုး ရှိတဲ့အနက် အလဂဒ္ဒူပမာ ခေါ်တဲ့ မြွေဖမ်းတဲ့ စာသင်နည်းမျိုးဖြင့် စာသင်ခဲ့မယ်ဆိုရင်တော့ အဲဒီ စာသင်နည်းသည် မိမိကို ပြန်ပြီး ဒုက္ခပေးတတ်တဲ့ သဘောရှိပါတယ်။ ဒီကပိလရဟန်းက အဲဒီ အလဂဒ္ဒူပမာ စာသင်နည်းခေါ်တဲ့ မြွေဖမ်းတဲ့နည်းနဲ့ စာကို သင်ခဲ့တယ်။ အဆိပ်ပြင်းထန်နေတဲ့ မြွေဆိုတာက ဖမ်းတတ်ရင်တော့ အန္တရာယ် သိပ်မများပေမဲ့၊ မဖမ်းတတ်ရင်တော့ အန္တရာယ် မများဘူးလား? များတယ်တဲ့။ အဲဒီအတိုင်းပဲ။ ပိဋကတ်တွေကို သင်ယူတဲ့ အခါမှာ စိတ်ထားက ဖြူစင်ဖြောင့်စင်းမှု မရှိဘူး၊ သူတစ်ပါးတွေကို နှိပ်ကွပ်ဖို့ နှိမ်နင်းဖို့ဆိုတဲ့ ဦးတည်ချက်၊ မာန်မာနတွေ ဦးထောင်ပြီးတော့ ပရိယတ္တိမာန်စွယ်တွေနဲ့ စာပေကျမ်းဂန်တွေကို သင်ကြားခဲ့တယ်။ အဲဒီလို သင်ကြားခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်သလဲ? သူများက ဓမ္မလို့ပြောရင် သူက အဓမ္မလို့ ရအောင် ပြောတတ်တယ်။ သူတစ်ပါးက အဓမ္မပါပဲလို့ ဆုံးဖြတ်ချက်တစ်ခု ဆုံးဖြတ်လိုက်ရင် သူက ဓမ္မဖြစ်အောင် ပြန်ပြောတတ်တယ်။

အဲဒီတော့ တလောက ဟောခဲ့သလိုပဲ။ အဓမ္မကို ဓမ္မ၊ ဓမ္မကို အဓမ္မလို့ ဒီလို ထင်ရှားပြနေတဲ့ပုဂ္ဂိုလ်သည် ဘာလုပ်တဲ့ပုဂ္ဂိုလ်လဲ? သာသနာတော်ကို ကွယ်ပစေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ သာသနာတော်ကို ဖျက်ဆီးနေတာပဲ။ အဲဒီလို သာသနာတော်ကို ဖျက်ဆီးလိုက်တဲ့အတွက် ဘာဖြစ်လဲ? သူရော သူ့ရဲ့နောက်ကနေ လိုက်ပြီးတော့ အကျိုးဆောင်နေတဲ့ စိတ်တူသဘောတူ အကျိုးဆောင်နေတဲ့ သူ့ရဲ့မိခင်၊ သူ့ရဲ့ညီမ၊ ဘိက္ခုနီမတွေ အားလုံး ငရဲရောက်သွားကြတယ်။

ကဿပဘုရားရှင် လက်ထက်ကတည်းက ငရဲရောက်သွားပြီးတော့ ဦးပဉ္စင်းတို့ ဂေါတမဘုရားရှင် လက်ထက်တော်ကျတော့ ငါးဖြစ်လာပြန်တယ်။ အဲဒီ ငါးကြီး ဖမ်းမိတယ် ဆိုကြပါစို့။ ဖမ်းမိတော့ နောက်ဆုံး ဒီငါးကြီး ဘုရားရှေ့ ရောက်လာတယ်ပဲ ဆိုကြပါစို့။ တံငါသည် လက်ထဲကနေပြီးတော့ ဝယ်တဲ့ပုဂ္ဂိုလ်တွေ လက်ထဲ၊ အဲဒီ လက်ထဲကနေပြီးတော့ ဘုရားရှင်ဆီ ရောက်လာတယ်။ အရောင်အဆင်းကတော့ အင်မတန် လှပါတယ်။ ဘာဖြစ်လို့လဲ?။ ကဿပဘုရားရှင် လက်ထက်တုန်းက သူက သီလပိုင်းမှာလည်း သူတတ်နိုင်သလောက် ဖြည့်ကျင့်ခဲ့တော့ သီလကုသိုလ်ကံလေးတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေတဲ့အတွက် ရွှေငါးကြီးတော့ ဖြစ်ပါရဲ့၊ ဒါပေမဲ့ ပါးစပ်ဟလိုက်တာနဲ့ သိပ်ပြီးတော့ ပုပ်တယ်။

အဲဒီမှာ ဘုရားရှင်ကနေပြီးတော့ သူ့ကို အကျိုးအကြောင်း မေးလိုက်တဲ့အခါ ကဿပဘုရားရှင် လက်ထက်တော်က သူက ဓမ္မကို အဓမ္မလုပ်ခဲ့မိတယ်။ အဓမ္မကိုလည်း ဓမ္မ လုပ်ခဲ့မိတဲ့ ကပိလရဟန်းဖြစ်တဲ့အကြောင်းကို ပရိသတ်အလယ်မှာ သူက ပြန်ပြောတယ်။ ပြောပြီးတော့ သင်ခု ဘယ်သွားရမလဲလို့ ပြန်မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါ ကျတော့လည်း တပည့်တော် ငရဲ ပြန်သွားရဦးမယ်ဆိုပြီး ပြန်ပြောပြတယ်။ ဟုတ်တယ်။ အဲဒီ ပုံစံအတိုင်းပဲ ဒီမှာ အဋ္ဌကထာက ဖွင့်ထားတယ်နော်။ တတ္ထဿ တာနိ ကမ္မာနိ ဥပဂန္တွာ ဝါရေန ဝါရေန ဝိပါကံ ဒေန္တိ –

တတ္ထ၊ ထိုအပါယ်လေးဘုံ၌။ အဿ၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌။ တာနိ ကမ္မာနိ၊ ထိုမကောင်းမှု အကုသိုလ်ကံတို့သည်။ ဥပဂန္တွာ၊ ချဉ်းကပ်လာကြကုန်၍။ ဝါရေန ဝါရေန၊ တလှည့်စီ တလှည့်စီအားဖြင့်။ ဝိပါကံ၊ မကောင်းတဲ့ အကျိုးဝိပါက်ကို။ ဒေန္တိ၊ ပေး၍ နေကြလေကုန်၏။

ကာလေန၊ ရံဖန်အားဖြင့်။ နိရယေ၊ ငရဲ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်မျိုး၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ ပေတ္တိဝိသယေ၊ ပြိတ္တာဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ အသုရကာယေ၊ အသူရကာယ်ဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။

ရံခါ ငရဲ၊ ရံခါ တိရစ္ဆာန်၊ ရံခါ ပြိတ္တာ၊ ရံခါ အသူရကာယ် ဘဝတွေမှာ လာပြီးတော့ ဖြစ်စေတယ်တဲ့။ စဉ်းစားကြည့်စမ်းနော် ငရဲက ကျွတ်တော့၊ ကဲ ငရဲကြီးက ကျွတ်တော့ ငရဲလေး၊ ငရဲလေးက ကျွတ်တော့ ပြိတ္တာ၊ ပြိတ္တာက ကျွတ်တော့ တိရစ္ဆာန်၊ တိရစ္ဆာန်ဘဝရောက်တော့ ဘာလုပ်သလဲ? ပြန်စဉ်းစားကြည့်ပေါ့နော်။ တိရစ္ဆာန်တွေ နေ့စဉ် ဘာတွေ လုပ်နေကြသလဲ? သူတို့ လုပ်တဲ့ လုပ်ငန်းတွေကို ပြန်ကြည့်ပါ။ နေ့စဉ် နေ့စဉ် သူတို့ဟာ နိုင်ရာစား လောက ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်ပြီးတော့ စားသောက် မနေကြဘူးလား? စားသောက်နေကြတယ်။ သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ပြီးတော့ စားသောက်နေတာ တစ်နေ့ တစ်ရက် တစ်နံနက် ဟုတ်သလား? မဟုတ်ဘူးနော်။ နေ့စဉ် နေ့စဉ်ပဲ။ မိုးလင်းလာကနေ မိုးချုပ်တဲ့အထိပေါ့။

ဒီလို မကောင်းမှုအကုသိုလ်ကံတွေကို ဆည်းပူးနေတဲ့ ဒီသတ္တဝါတစ်ဦး သေကျေပျက်စီးသွားခဲ့ရင် အကုသိုလ်ကံတွေက ဘယ်ရောက်အောင် ပြန်ပို့မလဲ? ငရဲရောက်အောင် ပြန်ပို့ဦးမှာပဲ။ အဲဒီတော့ ဒီလို သူတစ်ပါးရဲ့ အသက်ကို သေကျေပျက်စီးအောင် ဖျက်ဆီးနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ အကုသိုလ်စိတ်စေတနာဇောတွေ ရှိပါတယ်။ အဲဒီဇောတွေက ဇောတစ်ခုတစ်ခုသည် တစ်ကြိမ်တစ်ကြိမ်သော ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ အင်အား ပြည့်ဝခဲ့ရင်နော်။ ဒီတော့ တစ်သက်တာ ကာလပတ်လုံး ဒီလို မကောင်းမှုတွေကို ဆည်းပူးမယ်ဆိုလို့ရှိရင် မကောင်းမှု အကုသိုလ်ဘုံ ဘယ်လောက်များမလဲ? မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာ ဒီလို အကုသိုလ်ဇောဝီထိပေါင်းသည် အကြိမ်ပေါင်း ကုဋေနဲ့ချီပြီး ဖြစ်နိုင်တဲ့သဘော ရှိပါတယ်နော်။

တစ်နေ့ တစ်ရက် တစ်နံနက်လည်း မဟုတ်ဘဲ နေ့စဉ် နေ့စဉ် ဖြစ်နေတဲ့အတွက် ဒီသတ္တဝါရဲ့သန္တာန်မှာ မကောင်းမှုအကုသိုလ်ကံတွေ ဘယ်လောက်များမလဲဆိုတာ ခန့်မှန်းကြည့်ပေတော့နော်။ ဒါကြောင့် ဒီအကုသိုလ်ကံတွေက ဒီသတ္တဝါရဲ့သန္တာန်ကို ချဉ်းကပ်လာပြီးတော့ ဘာလုပ်သလဲ?

ဝါရေန ဝါရေန၊ တလှည့်စီ တလှည့်စီအားဖြင့်။ ဝိပါကံ၊ မကောင်းတဲ့ အကျိုးဝိပါက်ကို။ ဒေန္တိ၊ ပေး၍ နေကြလေကုန်၏။

တလှည့်ပြီး တလှည့်၊ တလှည့်ပြီး တလှည့် သူပြီး ငါ၊ ငါပြီး သူ ဆိုပြီးတော့ တစ်ခုဆီ ဒီအကုသိုလ်ကံတွေက အကျိုးပေးနေကြတယ်။ အကျိုးပေးနေတဲ့အတွက် ဘာဖြစ်သလဲ?

ဒီဃေနာပိ အဒ္ဓုနာ အပါယတော သီသံ ဥက္ခိပိတုံ န ဒေန္တိ။

ဒီဃေနာပိ အဒ္ဓုနာ၊ ရှည်လျားလှစွာသော အချိန်အခါ ကာလပတ်လုံးလည်း။ အပါယတော၊ အပါယ်လေးဘုံမှ။ သီသံ၊ ဦးခေါင်းကို။ ဥက္ခိပိတုံ၊ ချီမြှောက်အံ့သောငှာ။ န ဒေန္တိ၊ အခွင့်ကို မပေးကြလေကုန်။

ရှည်မြင့်စွာသော အချိန်အခါပတ်လုံး အပါယ်လေးဘုံမှ ဦးခေါင်းကို ချီမြှောက်ဖို့ရန်၊ ခေါင်းထောင်လာဖို့ရန်အတွက် အခါအခွင့်ကို မပေးတော့ဘူးနော်။ မပေးတဲ့အတွက် ဘာဖြစ်သလဲ?

ဧဝံ ဂတိသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ဂတိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ဂတိသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ဂတိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို (ပေးခြင်းငှာ)။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြတဲ့ အကုသိုလ်ကံတို့သည်။ ဂတိဝိပ္ပတ္တိံ၊ ဂတိဝိပ္ပတ္တိတရားကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးနိုင်ကြလေ၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိတော်မူပါပေ၏။

ဘုရားရှင် သိတော်မူတဲ့အကြောင်းကို ဖွင့်ထားတာနော်။ ဂတိသမ္ပတ္တိမှာသာ ရပ်တည်နေခဲ့မယ်ဆိုရင် ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်တော့ မသင့်ဘူး။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က ဂတိသမ္ပတ္တိမှာ ရပ်တည်နိုင်တဲ့ စွမ်းအားမရှိဘဲ ဂတိဝိပ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ အပါယ်လေးဘုံမှာ သွားပြီးတော့ ရပ်တည်ခဲ့တယ်။ ခုနက ကပိလ ရဟန်းတို့လိုပေါ့နော်။ သူဟာ အနှစ် နှစ်သောင်းတိုင်တိုင် ကဿပဘုရားရှင် သာသနာတော်မှာ ပရိယတ္တိ တရားတွေကို ဖြည့်ကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ သီလကိုလည်း ဖြည့်ကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ ဒီသီလကို ဖြည့်ကျင့်နေတဲ့ ကုသိုလ်ကံတွေ၊ ဒီပရိယတ္တိတရားတွေကို လေ့ကျင့်နေတဲ့ ဒီကုသိုလ်ကံတွေ၊ ဓမ္မသာဝန၊ ဓမ္မဒေသနာဆိုတဲ့ ဒီကံတွေ စိတ်ထားသာ ဖြူစင်ဖြောင့်စင်းခဲ့မယ်ဆိုရင် အကျိုးပေးဖို့ရန် အခါအခွင့် ကောင်းနေတဲ့ ကံတွေပါ။

ဒါပေမဲ့ အဲဒီကံတွေက အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူး။ ဂတိသမ္ပတ္တိမှာသာ ဆက်လက်ပြီး တည်နေမယ် ဆိုလို့ရှိရင်တော့ သူ့အဖို့ ခုနက မကောင်းမှုအကုသိုလ်ကံတွေလည်း အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူးဘဲ။ ဒါပေမဲ့ သူ ဂတိဝိပ္ပတ္တိ ဖြစ်သွားတယ်။ ဂတိသမ္ပတ္တိကနေ ဂတိဝိပ္ပတ္တိအဆင့်ကို ကူးသွားလိုက်တဲ့အခါ ဂတိဝိပ္ပတ္တိကို အစွဲပြုပြီးတော့ သူပြုခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်မလာဘူးလား? သင့်လာတယ်တဲ့။ ဒါကြောင့် သိပ်ကြောက်ဖို့ ကောင်းတယ်နော်။

ခုလို ဂတိသမ္ပတ္တိလေး ပြည့်စုံနေတဲ့ အချိန်အခါမှာ မိမိတို့ဘက်က ပယောဂသမ္ပတ္တိဆိုတဲ့ စက်ကလေးနဲ့ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီကပိလရဟန်း ကြည့်လိုက်ရင် သူက ဘယ်မှာ ချို့တဲ့သွားလဲ? ပယောဂသမ္ပတ္တိခေါ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း လုံ့လပယောဂတွေ သူ့မှာ ချို့တဲ့မသွားဘူးလား? ချို့တဲ့သွားတယ်။ ပယောဂဝိပ္ပတ္တိ ဖြစ်တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုသည် မှန်ကန်သော ကြိုးစားအားထုတ်မှု ဖြစ်ခဲ့လား? မဖြစ်ဘူး။ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှုတွေ ဖြစ်သွားတယ်။ ဓမ္မကို သူများက ဓမ္မဆိုရင် သူက အဓမ္မလုပ်တယ်။ ရအောင်ကို ချတယ်။ သူများက အဓမ္မပါဆိုရင် ဓမ္မဖြစ်အောင် တအားငြင်းတယ်။ ဓမ္မဖြစ်အောင်ကို ပြုလုပ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကို အရှည်ခိုင်ခံ့တည်တံ့အောင် မကြိုးစားဘဲ ကွယ်ပအောင် ကြိုးစားအားထုတ်ခဲ့တဲ့ ဒီအကုသိုလ်ကံ ပယောဂ ချို့တဲ့သွားတယ်နော်။

ပယောဂ ပျက်စီးသွားတဲ့အတွက် ထိုပုဂ္ဂိုလ်သည် ဂတိဝိပ္ပတ္တိသို့ ရောက်ရှိသွားပြီ။ ဂတိဝိပ္ပတ္တိခေါ်တဲ့ ဂတိတရားက ပျက်စီးသွားတဲ့အတွက် ဂတိဝိပ္ပတ္တိကို အကြောင်းပြုပြီးတော့ အကုသိုလ်ကံတွေက တလှည့်ပြီး တလှည့်၊ တလှည့်ပြီး တလှည့် အကျိုးပေးလိုက်တာ အပါယ်လေးဘုံမှာ ခေါင်းထောင်ခွင့် ရသေးလား? မရတော့ဘူး။ ဒီနေ့ ဒီကပိလရဟန်း ဘယ်မှာရှိလဲ? ငရဲမှာပဲ ရှိနေသေးတယ်နော်။ နောက်ထပ် သူ ကျွတ်လာရင်လဲ ဒီငရဲကို ပြန်ရောက်ဖို့ဆိုတဲ့ အခါအခွင့်တွေ သူ့မှာ များစွာ ဆီးကြိုမနေဘူးလား? ဆီးကြိုနေတယ်။ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ ကဲ နောက်တစ်ခု မြတ်စွာဘုရား သိတော်မူတဲ့ ဉာဏ်တော်နဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဖွင့်ထားပြန်တယ်။ တခြားတခြားသော ပုဂ္ဂိုလ်သတ္တဝါတစ်ခုမှာ များစွာသော အကုသိုလ်ကံတွေ ရှိနေပြန်တယ်။ အဲဒီ အကုသိုလ်ကံတွေ အတော်များများ ရှိနေတဲ့ ဒီသတ္တဝါတစ်ဦးမှာ ဘာဖြစ်သလဲဆိုတော့ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေခဲ့မယ် ဆိုလို့ရှိရင်တော့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူး။ ဒါပေမဲ့ တစ်ခုသော မကောင်းမှုအကုသိုလ်ကံကြောင့် ဥပဓိသမ္ပတ္တိ ပျက်စီးပြီးတော့ ဥပဓိဝိပ္ပတ္တိ ဥပဓိရုပ်ရည်က ပျက်စီးသွားပြီ၊ ချို့တဲ့သွားပြီ။ ကိုယ်အင်္ဂါ ချို့တဲ့သွားတယ်။ ဥပဓိဝိပ္ပတ္တိမှာ ရပ်တည်ခွင့် ရနေတယ်။ ရပ်တည်ခွင့် ရနေတဲ့ ထိုပုဂ္ဂိုလ်မှာ ဘာဖြစ်လဲ?

ဒုဗ္ဗဏ္ဏ၊ အရောင်အဆင်းကလည်း မလှဘူး။ ဒုရူပ၊ ပုံသဏ္ဌာန်ကလည်း အချိုးမကျဘူး။ ဒုသဏ္ဌာန၊ အသွင်အပြင်တွေကလည်း အချိုးမကျဘူး။ ညက ပြောခဲ့သလိုပေါ့နော်။ အသားကြည့်တော့လည်း သပိတ်ရောင်။ ခါးကြည့်တော့လည်း လိပ်ခါး။ လည်ပင်းကြည့်လိုက်တော့လည်း ဖားလည်ပင်းပဲ ဟုတ်တယ်၊ မဟုတ်လား? ပုံစံက နည်းနည်းလေးမှ အချိုးမကျဘူး။ ဘိဘစ္စ၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတယ်။ ပိသာစသဒိသ၊ လူလို့သာ ပြောရတယ်၊ သူ့ကြည့်လိုက်ရင် တစ္ဆေ မြေဖုတ်လို ဖြစ်နေတယ်။ မြေဖုတ်ဘီလူးနဲ့ သိပ်တူတယ်တဲ့။ ပရိသတ်တွေ မြေဖုတ်ဘီလူးများ မြင်ဖူးကြလား? (မမြင်ဖူးပါဘူး) မမြင်ဖူးတာဘဲ ကောင်းမယ်ထင်တယ်နော်။ ကဲ မြေဖုတ်ဘီလူးနဲ့ တူတယ်တဲ့။
သော သစေ ဒါသိယာ ကုစ္ဆိယံ ဒါသဇာတော ‘ဣမာနိ ဧတဿ အနုစ္ဆဝိကာနီ’တိ သဗ္ဗာနိ နံ ကိလိဋ္ဌကမ္မာနိ ကာရေန္တိ အန္တမသော ပုပ္ဖဆဍ္ဍကကမ္မံ ဥပါဒါယ။

ဝမ်းနည်းဖို့ ကောင်းပုံလေးပါနော် -
သော၊ ထိုပုဂ္ဂိုလ်သည်။ သစေ၊ အကယ်၍။ ဒါသိယာ၊ ကျွန်မ၏၊ ကုစ္ဆိယံ၊ ဝမ်းကြာတိုက်၌။ ဒါသဇာတော၊ မွေးဖွားလာတဲ့ ကျွန်သည်။ သစေဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ဣမာနိ၊ ဤမကောင်းမှု အကုသိုလ် လုပ်ငန်းရပ်တို့သည်ကား။ ဧတဿ၊ ထိုပုဂ္ဂိုလ်အား။ အနုစ္ဆဝိကာနီတိ၊ လျောက်ပတ်ကုန်၏။

ဟော... ဒီလုပ်ငန်းရပ်တွေက ဒီပုဂ္ဂိုလ်နဲ့ တော်တယ်တဲ့။ ကံက အမိန့်ပေးလာပြီနော်။
ဣတိ၊ ဤသို့လျှင်။ သဗ္ဗာနိ ကမ္မာနိ၊ ညစ်နွမ်းစေတတ်တဲ့ မကောင်းတဲ့ မကောင်းမှုလုပ်ငန်းရပ် အားလုံးတို့ကို။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ကာရေန္တိ၊ ပြုလုပ်စေကြလေကုန်၏။

မကောင်းတဲ့ အောက်တန်းကျတဲ့ လုပ်ငန်းရပ်မှန်သမျှကို ထိုပုဂ္ဂိုလ်ကို အကုန် လုပ်ခိုင်းတော့တာပဲတဲ့နော်။ သူ့ပုံသဏ္ဌာန်က ကောင်းတဲ့လုပ်ငန်းရပ်ကို ခိုင်းဖို့ကောင်းတဲ့ ပုံသဏ္ဌာန်မျိုး မဟုတ်ဘူး။ သူ့အသွင်အပြင်က မကောင်းတဲ့ ညစ်ပတ်ပေရေနေတဲ့ လုပ်ငန်းတွေကို ခိုင်းဖို့ကောင်းတဲ့ ပုံသဏ္ဌာန် ဖြစ်နေတယ်။ ကြောက်ဖို့ မကောင်းဘူးလားနော် -

ဘယ့်နှယ်လဲ? စိတ်ထားလေးတွေကို ပြုပြင်ပြောင်းလဲမှု မလုပ်တတ်တဲ့အတွက် ဒီလို အကျိုးလေးတွေက လာလာပေးနေတာ။ ဘာလဲ ဆိုလို့ရှိရင် အန္တမသော ပုပ္ဖဆဍ္ဍကကမ္မံ ဥပါဒါယ ယုတ်စွအဆုံးအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ အမှိုက်သွန်တဲ့ ဘဝအထိ အဲဒီလို ညစ်ပတ်ပေရေနေတဲ့ လုပ်ငန်းရပ်တွေကိုပဲ သူ့ကို ပြုလုပ်ခိုင်းတော့တယ်တဲ့နော်။

သစေ ဣတ္ထီ ဟောတိ ‘ဣမာနိ ဧတိဿာ အနုစ္ဆဝိကာနီ’တိ သဗ္ဗာနိ နံ ဟတ္ထိဘတ္တပစနာဒီနိ ကိလိဋ္ဌကမ္မာနိ ကာရေန္တိ။

ဣတ္ထီ၊ ထိုအမျိုးသမီးသည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ အဲဒီ ပုဂ္ဂိုလ်ဟာပေါ့ အကယ်၍များ အမျိုးသမီး ဖြစ်ခဲ့မယ်ဆိုရင်နော် -

ဧတိဿာ၊ ဤအမျိုးသမီးအား။ ဣမာနိ၊ ဤမကောင်းတဲ့ ညစ်နွမ်းတဲ့ အလုပ်တို့သည်။ အနုစ္ဆဝိကာနီတိ၊ လျောက်ပတ်ကုန်၏၊ ဣတိ၊ ဤသို့လျှင် (ယူဆ၍)။ ဟတ္ထိဘတ္တပစနာဒီနိ၊ ဆင်စာ မြင်းစာ အစရှိသော အစာတွေကို ချက်ပြုတ်စေတတ်တဲ့ လုပ်ငန်းရပ် အစရှိကုန်သော။ သဗ္ဗာနိ ကိလိဋ္ဌကမ္မာနိ၊ အလွန်ညစ်ပတ်ပေရေတဲ့ လုပ်ငန်းရပ်အားလုံးတို့ကို။ ကာရေန္တိ၊ ပြုစေကြလေကုန်၏။

အဲဒီ အမျိုးသမီးကို ခိုင်းရင် ဘယ်လို ခိုင်းလဲ? ဆင်စာတွေ အချက်ခိုင်းတယ်၊ မြင်းစာတွေ အချက်ခိုင်းတယ်၊ ဆင်ချေး အကျုံးခိုင်းတယ်၊ မြင်းချေး အကျုံးခိုင်းတယ် စသည်ဖြင့်ပေါ့လေ ညစ်ပတ်ပေရေနေတဲ့ လုပ်ငန်းရပ် မှန်သမျှကို ဤပုဂ္ဂိုလ်ကို "ဒင်းနဲ့တော်တယ်" ဆိုပြီးတော့ ဒင်းကိုပဲ ခိုင်းနေကြတယ်တဲ့နော်။

ကုလဂေဟေ ဇာတမ္ပိ ဗလိံ သာဓယမာနာ ရာဇပုရိသာ ‘ဂေဟဒါသီ’တိ သညံ ကတွာ ဗန္ဓိတွာ ဂစ္ဆန္တိ။

အမျိုးကောင်းသား အမျိုးကောင်းသမီးတို့၏ အိမ်မှာ သွားပြီးတော့ သားသမီးအဖြစ်နဲ့ပဲ မွေးဖွားရတယ်ပဲ ထားဦးတော့နော်။ မင်းချင်းယောက်ျားတွေက မသိလို့ ဒီအိမ်ရောက်ရှိလာလို့ မိဘတွေ မတွေ့ဘဲ ဒီသားသမီးကိုသာ တွေ့တယ်ဆိုရင် ဘာလုပ်သလဲ? "အိမ်ပေါက်ကျွန်" လို့ ယူဆပြီးတော့ သူတို့ကို ထုရိုက်ရိုက်ပုတ်ပြီးတော့ အကုန်လုံး ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ဘာဖြစ်လို့လဲ?

သူ့ကံက ဒီလို ပြုလုပ်ဖို့ရန်အတွက် တည်ထောင်ဖန်တီးထားတာနော်။ ဒါကြောင့် ဒီကံလေးတွေရဲ့ ကံ၊ ကံ၏အကျိုးကို တတ်သိနားလည်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ကံလေးတွေကို ဖြူစင်အောင် စင်ကြယ်အောင် ထူထောင်ဖို့ မကောင်းဘူးလား? သို့သော် ဘုန်းကြီး ပြောနေတာကနော် ဘဝကို လိုလားတပ်မက်ရမယ်လို့ မဆိုလိုပါဘူး။ သို့သော် ဘဝဆုံးအောင် မပြုလုပ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖြူစင်တဲ့ ကံလေးတွေကို ထူထောင်ထားဖို့တော့ လိုအပ်တယ်လို့ ဒါကို ပြောလိုတာပါနော်။ ဒီတော့ ဒီနေရာမှာ သူကြွယ်တစ်ဦးရဲ့ ချွေးမလေးတစ်ယောက်ကိုတော့ အဋ္ဌကထာက ပုံစံဖွင့်ပြီးတော့ ပြထားပါတယ်။ ဒါပေမဲ့ သူက သူကြွယ်ရဲ့ချွေးမ။ ဘယ်လိုချွေးမ ဖြစ်တယ်ဆိုတာကို ဖော်မပြတော့ ဘုန်းကြီးလည်း ပြောမပြတတ်ဘူး။ ကဲ ဒီတော့ ကျော်လိုက်ကြအောင်နော်။ ကဲ ဒီနေရာမှာ ဘာပြောသလဲဆိုတော့-

ဧဝံ ဥပဓိသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ဥပဓိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ဥပဓိသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံခြင်းဟု ခေါ်ဆိုအပ်သော ဥပဓိသမ္ပတ္တိတရားက တားမြစ်ထားတဲ့အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှာ (တိုက်တွန်းခြင်းငှာ)။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြကုန်သော အကုသိုလ်ကံတို့သည်။ ဥပဓိဝိပတ္တိံ၊ ဥပဓိတရား၏ ချို့ယွင်းပျက်စီးခြင်းဟု ခေါ်ဆိုအပ်တဲ့ ဥပဓိဝိပတ္တိတရားကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးကြလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ တထာဂတ အမည်ရသော သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိတော်မူပါပေ၏။

အကယ်၍သာ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေမယ် ဆိုလို့ရှိရင် ဒီမကောင်းမှု အကုသိုလ်ကံတွေဟာ ဘယ်လိုမှ အကျိုးမပေးနိုင်ဘူး။ ဒါပေမဲ့လို့ ဥပဓိသမ္ပတ္တိနဲ့ မပြည့်စုံဘဲ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံရတဲ့အတွက် ဥပဓိဝိပတ္တိနဲ့ ပြည့်စုံမှုကို အကြောင်းပြုပြီးတော့ အကုသိုလ်ကံတွေဟာ အကျိုးပေးကြတယ်တဲ့နော်။ နောက်တစ်ခု ကံတစ်မျိုး ဖွင့်ပြန်တယ် -

ကာလသမ္ပတ္တိနှင့် ကာလဝိပ္ပတ္တိကို အကြောင်းပြုပြီး ဖွင့်ပြန်တယ်။ ပုဂ္ဂိုလ်တစ်ယောက် ပြုထားတဲ့ မကောင်းမှုအကုသိုလ်ကံတွေက တော်တော်များများ ရှိနေပြီ။ ဒါပေမဲ့လို့ ဒီမကောင်းမှုအကုသိုလ်ကံတွေဟာ ကာလသမ္ပတ္တိမှာသာ သွားပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ကာလသမ္ပတ္တိ အချိန်အခါမှာသာ လူဖြစ်ရမယ် ဆိုရင်ပေါ့လေနော်၊ ဘယ်တော့မှ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နိုင်ဘူး။ သို့သော်လည်း ထိုပုဂ္ဂိုလ်က မကောင်းမှုအကုသိုလ်ကံတစ်ခုကနေပြီးတော့ အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတဲ့အတွက် ကာလဝိပ္ပတ္တိလို့ခေါ်ဆိုအပ်တဲ့ မင်းဆိုးမင်းညစ်များ အုပ်စိုးတဲ့ အချိန်အခါမှာ သွားပြီးတော့ လူဖြစ်ရတယ်။ ဒုမ္မေဓ ဒုမ္မနုဿ (သို့မဟုတ်) ဒုစရိုက် ၃ ပါးတွေ များပြားနေတဲ့ ခေတ်အချိန်အခါ ကာလကြားမှာ သွားပြီးတော့ လူဖြစ်ရပြန်တယ်တဲ့နော်။ အဲဒီလို ခေတ်အခါက ဘယ်လိုဟာလဲလို့မေးရင် အထူးသဖြင့် ဆယ်နှစ်တန်း အချိန်အခါကာလကို ရည်ညွှန်းထားပါတယ်။

အဲဒီလို ကာလ အလွန်ပျက်စီးနေတဲ့ ဆယ်နှစ်လောက်ပဲ သက်တမ်းရှိတဲ့ ဒီလို အချိန်အခါကျမှ လူဖြစ်ရတဲ့ အခါကျတော့ စားရတဲ့ အစာတွေ ကြည့်လိုက်လို့ရှိရင်လည်း အဆီဩဇာ လုံးလုံး မရှိဘူး။ အဆီဩဇာ မရှိတဲ့ အစားအစာ လူး၊ ဆပ်တို့လိုပေါ့လေ။ အလွန်ညံ့ဖျင်းတဲ့ အစားအစာလောက်သာ အမွန်အမြတ် ထားပြီးတော့ ထိုခေတ် ထိုအချိန်မှာ စားရတယ်။ ဆီဦး ထောပတ်ဆိုတာက ရှာလို့တောင် မတွေ့နိုင်တဲ့ ခေတ်ဖြစ်နေပြီ။ ကာလဝိပ္ပတ္တိခေတ် ဖြစ်သွားပြီ။

အဲဒီလို ကာလဝိပ္ပတ္တိခေတ်မှာ လူသွားပြီးတော့ ဖြစ်ပြီ။ လူဖြစ်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ကာလဝိပ္ပတ္တိ ဖြစ်နေတဲ့အတွက် လူး၊ ဆပ်တို့ကဲ့သို့ အလွန်ကြမ်းတမ်းတာကို အမြတ်ဆုံးထားပြီး စားရတဲ့ ခေတ်ဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်တွေဟာ စားဝတ်နေရေး ပြေလည်ရေးအတွက် ဘာလုပ်ကြရသလဲနော်။ သားကောင်များနဲ့ သိပ်တူနေတယ်တဲ့။ သားသမင်များဟာ အင်မတန် ကြမ်းတမ်းတဲ့ သစ်ရွက်ကလေးတွေ လိုက်ပြီးတော့ ရှာဖွေ ခူးပြီးတော့ စားရသလိုပဲ၊ လူသားတွေဟာလည်း ထိုခေတ် ထိုအချိန်အခါမှာ အင်မတန် ကြမ်းတမ်း ခေါင်းပါးနေတဲ့ အစားအစာတွေကိုသာ အမွန်အမြတ်ထားပြီးတော့ လိုက်ပြီးတော့ ရှာဖွေ စားသောက်နေကြရတယ်။ သားသမင်တွေနဲ့ သိပ်တူတဲ့ခေတ် ဖြစ်သွားပြီ။ ဖြစ်သွားတဲ့ အချိန်အခါကျတော့ -

ဧဝရူပေ ကာလေ ကုသလဿ ဝိပစ္စနောကာသော နတ္ထိ၊

ဧဝရူပေ ကာလေ၊ ဤကဲ့သို့သော အချိန်အခါ ကာလမျိုး၌။ ကုသလဿ၊ ကုသိုလ်တရား၏။ ဝိပစ္စနောကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ နတ္ထိ၊ မရှိနိုင်တော့ပေ။

ကာလဝိပ္ပတ္တိ ဖြစ်နေပြီ။ ဝိပ္ပတ္တိ ဖြစ်နေတဲ့အတွက် ထိုအချိန်အခါမှာ ကုသိုလ်တရားတွေဟာ အကျိုးပေးဖို့ရန်အတွက် အခါအခွင့်ကို မရနိုင်တော့ဘူးတဲ့နော်။ အခါအခွင့် ကုသိုလ်တရားတွေက အကျိုးပေးဖို့ရန် အခါအခွင့် မရတဲ့အတွက် ဘာသာ အကျိုးပေးမလဲ မေးတော့ -

ဧကန္တံ အကုသလဿေဝ ဟောတိ။

ဧကန္တံ၊ ဧကန်အားဖြင့်။ အကုသလဿေဝ၊ အကုသိုလ်ကံ၏သာလျှင်။ ဝိပစ္စနောကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ ဟောတိ၊ အထင်အရှား ရှိ၍ နေပေ၏။

ဧကန်စင်စစ်အားဖြင့် တကယ်ကြည့်လိုက်မယ်ဆိုရင် အကုသိုလ်ကံတွေက တစ်ခုပြီး တစ်ခု အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေတဲ့ အချိန်အခါကြီး ဖြစ်နေပြီတဲ့နော်။ ဒါကြောင့် -

ဧဝံ ကာလသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ကာလဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ကာလသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ကာလသမ္ပတ္တိ တရားက တားမြစ်ထားအပ်သည့် အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှာ။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြကုန်သော အကုသိုလ်ကံတို့သည်။ ကာလဝိပ္ပတ္တိံ၊ ကာလဝိပ္ပတ္တိကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးကြလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ တထာဂတ အမည်ရသော ဘုရားရှင်သည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိတော်မူပါပေ၏။

ကာလသမ္ပတ္တိနဲ့သာ ပြည့်စုံနေခဲ့မယ်ဆိုရင်တော့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ပါဘူးတဲ့။ ဒါပေမဲ့လို့ ကာလဝိပ္ပတ္တိနဲ့ သွားကြုံကြိုက်ခဲ့မယ်ဆိုရင်တော့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးနိုင်တဲ့ စွမ်းအား ပေါ်လာတယ်တဲ့။ ဒါကြောင့် ကာလဝိပ္ပတ္တိအခါမှာ မကောင်းမှုအကုသိုလ်ကံတွေ အကျိုးပေးနိုင်တဲ့စွမ်းအား ရှိပုံကိုလည်း ဘုရားရှင်တွေ ကွဲကွဲပြားပြား သိရှိတော်မူတယ်။ ကံ၊ ကံ၏အကျိုးကို ဘုရား ဘယ်လောက် နားလည်လဲဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုနေတာပါနော်။

နောက်တစ်ခု တစ်ခါ ပယောဂသမ္ပတ္တိနဲ့ ပယောဂဝိပ္ပတ္တိ ဖွင့်ပြန်တယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ များစွာသော မကောင်းမှုအကုသိုလ်ကံတွေက ရှိပြီ။ ဒါပေမဲ့လို့ ဒီသတ္တဝါဟာ အကယ်၍ ပယောဂသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု လုံ့လပယောဂမှာသာ ရပ်တည်နေခဲ့မယ်ဆိုရင် ထိုမကောင်းမှုအကုသိုလ်ကံတွေသည် ဘယ်လိုမှ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နိုင်ဘူး။ ဒါပေမဲ့လို့ ဘာဖြစ်လဲ?

သော ပန ပယောဂဝိပတ္တိယံ ဌိတော ပါဏာတိပါတာဒီနိ ဒသ အကုသလကမ္မာနိ ကရောတိ။

သော ပန၊ ထိုပုဂ္ဂိုလ်သည်။ ပယောဂဝိပ္ပတ္တိယံ၊ လုံ့လပယောဂ၏ ပျက်စီးခြင်း ပယောဂဝိပ္ပတ္တိ၌။ ဌိတော၊ ရပ်တည်လျက်။ ပါဏာတိပါတာဒီနိ၊ သူ့အသက်ကို သတ်ခြင်း အစရှိကုန်သော။ ဒသ အကုသလကမ္မာနိ၊ ဆယ်မျိုးသော ဒုစရိုက်တရား အကုသိုလ်ကံတို့ကို။ ကရောတိ၊ ပြုကျင့်၍ နေပေ၏။

ပယောဂသမ္ပတ္တိပေါ့လေ - ခုနက မဂ်ဖိုလ်နိဗ္ဗာန်ရအောင် တကယ်လက်တွေ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လပယောဂနဲ့သာ ပြည့်စုံနေခဲ့မယ်ဆိုရင် ထိုပယောဂသမ္ပတ္တိမှာ ရပ်တည်နေတဲ့ ထိုပုဂ္ဂိုလ်ကို ဒီအကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် ဘယ်လိုမှ အခါအခွင့် မသင့်နိုင်ဘူး။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က ဘာဖြစ်လဲ?

ပယောဂသမ္ပတ္တိမှာ မရပ်တည်ဘဲ ပယောဂ ပျက်စီးခြင်းဆိုတဲ့ ပယောဂဝိပ္ပတ္တိမှာ ရပ်တည်နေတယ်။ ပယောဂဝိပ္ပတ္တိမှာ ရပ်တည်တယ်ဆိုတာ ဘာပြောလဲမေးတော့ ဒီ သူ့အသက်သတ်ခြင်းဆိုတဲ့ မကောင်းမှုအကုသိုလ် ဒုစရိုက်တွေကို လက်သွက်သွက်နဲ့ လွန်ကျူးနေတယ်။ သူ့အသက် သတ်တယ်၊ သူ့ပစ္စည်း မတရားယူတယ်၊ သူများ သားမယားတွေ ဖျက်ဆီးတယ်၊ မုသားတွေ ပြောတယ်။ နောက်တစ်ခု ဘာလုပ်သေးလဲ? ရယ်နေကြတယ်။ ဘုန်းကြီး ပြောချင်တာ ဒါပဲ။ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့။ ကြမ်းတမ်းတဲ့ စကားတွေ ပြောတယ်၊ ပြိန်ဖျင်းတဲ့ စကားတွေ ပြောတယ်။ အဲဒါ ပယောဂသမ္ပတ္တိလား၊ ပယောဂဝိပ္ပတ္တိလား? (ပယောဂဝိပ္ပတ္တိ)။

ဩော်... နေ့စဉ်နေ့စဉ် ငါ ဘာလုပ်နေသလဲ? ကိုယ့်ဟာကို ပြန်ဆန်းစစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီအထဲမှာ "သူ့အသက် မသတ်ဘူး" ဆိုတာတော့ များသောအားဖြင့် ဘုန်းကြီး ယုံကြည်ပါတယ်၊ "သူ့ပစ္စည်း မတရား မယူဘူး" ဆိုတာလည်း ဘုန်းကြီး ယုံကြည်ပါတယ်၊ "သူများ သားမယား မဖျက်ဆီးတဲ့ ပုဂ္ဂိုလ်တွေ" ဒီထဲမှာ အများကြီးရှိတယ်၊ ဒါလည်း ယုံကြည်ပါတယ်။ ဘုန်းကြီး ဒါ သံသယ မရှိဘူး။ ဒါဖြင့် ဘာ သံသယ ရှိလဲလို့ မေးစရာ မလိုဘူးလား? ဘယ်လို ပယောဂလေးတွေ ချို့တဲ့နေသလဲ? (မသိပါဘူး ဘုရား)။

ဩော်... ဒကာကြီးက ထောက်နေပြန်ပြီ ဟုတ်လား? မုသားပြောခြင်း။ ဒီကစကား ဟိုပို့၊ ဟိုကစကား ဒီပို့။ ဘာလုပ်တာလဲ? ပိသုဏဝါစာ၊ ကုန်းတိုက်တဲ့ စကားပြောကြားခြင်း၊ ဖရုဿဝါစာ၊ ကြမ်းတမ်းတဲ့စကား ပြောကြားခြင်း၊ သမ္ဖပ္ပလာပ၊ ပြိန်ဖျင်းတဲ့စကား ပြောကြားခြင်း။ အဲဒီ ပြောကြားခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေသည် ပယောဂသမ္ပတ္တိလား၊ ပယောဂဝိပ္ပတ္တိလားလို့မေးရင် ဘယ်လို ဖြေမလဲ? ပယောဂဝိပ္ပတ္တိနော်။ ပယောဂဝိပ္ပတ္တိ ဖြစ်နေပြီ။ အဲဒီတော့ ဒီပယောဂဝိပ္ပတ္တိ ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို ဘာပြောလဲ?

တမေနံ သဟောဍ္ဎံ ဂဟေတွာ ရညော ဒဿေန္တိ။

တမေနံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို။ သဟောဍ္ဎံ၊ ခိုးထုပ်ခိုးထည်နှင့် အတူတကွ။ ဂဟေတွာ၊ ဖမ်းယူ၍။ ရညော၊ ရှင်ဘုရင်အား။ ဒဿေန္တိ၊ ပြကြလေကုန်၏ (အပ်ကြကုန်၏)။

ဒီသူခိုးတစ်ယောက် မိပြီ ဆိုကြပါစို့နော်။ ပယောဂသမ္ပတ္တိမှာ မရပ်တည်ဘဲ ပယောဂဝိပ္ပတ္တိမှာ သွားရပ်တည်နေတဲ့ ပုဂ္ဂိုလ်ကို ခိုးထုပ်ခိုးထည်နှင့်တကွ ဖမ်းလို့ မိပြီ။ မိလိုက်တဲ့ အချိန်အခါကျတော့ ရှင်ဘုရင်ကို သွားပြီးတော့ အပ်နှင်းလိုက်ပြီ။

ရာဇာ ဗဟူ ကမ္မကာရဏာနိ ကာရေတွာ ဃာတာပေတိ။

ရာဇာ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်သည်။ ဗဟုကမ္မကာရဏာနိ၊ များစွာသော (၃၂)ပါးသော ကံကြမ္မာ (နှိပ်စက်ခြင်း) တို့ကို။ ကာရေတွာ၊ ပြုစေ၍။ ဃာတာပေတိ၊ သတ်စေ၏။

ရှေးတုန်းကပေါ့လေ... ရှေးခေတ်ယဉ်ကျေးမှု အတိုင်းပေါ့။ ဒီလို တရားခံတစ်ဦးကို သတ်ဖြတ်တဲ့ အချိန်အခါမှာ သက်သက်သာသာ မဟုတ်ဘူး။ တော်တော်လေး ရက်ရက်စက်စက် (၃၂)ပါးသော ကံကြမ္မာဆိုတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တော်တော် ခပ်များများ ပြုလုပ်ပါတယ်။ အရေခွာတာတို့၊ လက်သည်းခွာတာတို့ စသည်ဖြင့် ဒါတွေ အားလုံး ပါကြတယ်။ အဲဒီလို (၃၂)ပါးသော ကံကြမ္မာတွေကို ရက်ရက်စက်စက် ပြုကျင့်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီသတ္တဝါကို သတ်စေတယ်နော်။ ဒါက ဘာပြောချင်တာလဲ မေးတော့ -

ဧဝံ ပယောဂသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ပယောဂဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ပယောဂသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ပယောဂသမ္ပတ္တိသည် တားမြစ်ထားအပ်သည့်အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှာ။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြကုန်သော အကုသိုလ်ကံတို့သည်။ ပယောဂဝိပ္ပတ္တိံ၊ ပယောဂ၏ ပျက်စီးခြင်း ပယောဂဝိပ္ပတ္တိတရားကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးနိုင်ကြလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ တထာဂတအမည်ရတော်မူသော ဘုရားရှင်သည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိတော်မူပါပေ၏။

ပယောဂသမ္ပတ္တိနှင့် ပြည့်စုံနေမယ် ဆိုလို့ရှိရင် ဒီပယောဂသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နေတဲ့ ဒီအကုသိုလ်ကံတွေ ရှိကြတယ်။ အဲဒီ အကုသိုလ်ကံတွေ အကယ်၍များ ပယောဂဝိပ္ပတ္တိခေါ်တဲ့ ပယောဂရဲ့ ပျက်စီးခြင်း ဝိပ္ပတ္တိတရားကို အမှီရခဲ့မယ် ဆိုရင်တော့ အကျိုးပေးနိုင်ကြတယ်တဲ့။ အကျိုးပေးနိုင်တယ်လို့ မြတ်စွာဘုရားက သိတယ်။ နာမည်ကျော်ဖြစ်တဲ့ အရှင်ဒေဝဒတ်တို့၊ တပည့်ဖြစ်တဲ့ အဇာတသတ်တို့ ကြည့်ပါလားနော်။ အကယ်၍များ သူတို့ဟာ ပယောဂသမ္ပတ္တိခေါ်တဲ့ မှန်ကန်တဲ့ ပယောဂမှာ ရပ်တည်ခဲ့မယ်ဆိုရင် ငရဲရောက်ခြင်းဆိုတဲ့ ဒီ မကောင်းတဲ့အကျိုးတွေကို ရရှိပါ့မလား? မရရှိဘူး။ အရှင်ဒေဝဒတ်က နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပစ္စေကဗောဓိဉာဏ် ရရှိဖို့ရန် ပါရမီဖြည့်နေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာပေါင်း နှစ်သင်္ချေတိုင်တိုင် ပါရမီ ဖြည့်ခဲ့ပြီးဖြစ်တယ်။ လွန်ခဲ့သော ငါးကမ္ဘာက ရွဲကုန်သည်ဘဝမှာ ဘုရားအလောင်းတော်နဲ့ ရန်ငြိုးဖွဲ့ခဲ့တာက အစပြုပြီးတော့ ပယောဂဝိပ္ပတ္တိ ဖြစ်သွားတယ်။ ပယောဂတရားလေးတွေ ပျက်စီးသွားတယ်။ ဒီပယောဂဝိပ္ပတ္တိကို အခြေခံပြီးတော့ နောက်ဆုံး ဘုရားရှင်အား ကျောက်မောင်းဆင်ပြီးတော့ သတ်ခြင်း၊ သံဃာသင်းခွဲခြင်းဆိုတဲ့ ပယောဂစက်တွေ ထပ်ပြီး ပျက်စီးပြန်တယ်တဲ့။ ပျက်စီးလိုက်တဲ့အတွက် ဒီနေ့ ရှင်ဒေဝဒတ် ဘယ်ရောက်သွားလဲ? ငရဲရောက်သွားတယ်။ အရှင်ဒေဝဒတ် ရောက်ရတဲ့ ငရဲက ဘယ်လောက် ကြာမလဲဆိုတော့ ကပ္ပဋ္ဌိတိတဲ့။ ဒီကမ္ဘာတည်သရွေ့ ဒီငရဲက ကျွတ်နိုင် လွတ်နိုင်တဲ့ စွမ်းအား မရှိဘူး။

အကယ်၍များပေါ့လေ... တပည့်ဖြစ်တဲ့ အဇာတသတ်ကို ကြည့်လိုက်ပါ။ တပည့်ဖြစ်တဲ့ အဇာတသတ်သည် ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံခဲ့မယ်ဆိုရင် သူက သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် တည်ခဲ့မယ်။ ဘယ်လို ပယောဂသမ္ပတ္တိလဲလို့မေးတော့ သူ့အသက်သတ်ခြင်း အစရှိတဲ့ ဒုစရိုက်တွေကို ရှောင်ကြဉ်တဲ့ သူတော်ကောင်းတစ်ဦးသာ ဖြစ်ခဲ့မယ် ဆိုရင်ပေါ့နော်။ ဘုရားရှင်ထံကို သွားပြီးတော့ သာမညဖလသုတ္တန်ကို နာကြားတဲ့အခါ သာမညဖလသုတ္တန် ဒေသနာတော် ပြီးဆုံးတဲ့ အချိန်အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် တည်လိမ့်မယ်လို့ ဘုရားရှင် ကိုယ်တော်တိုင် ထုတ်ဖော် ဟောထားတယ်။ တည်နိုင်တဲ့ အကြောင်းလေးတွေလဲ သူ့မှာ ရှိပါတယ်နော်။ ဖခမည်းတော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကို သတ်ဖြတ်ပြီးပြီ။

သတ်ဖြတ်ပြီးတဲ့ အချိန်အခါကျတော့မှ နောင်တတွေ သိပ်ရနေတယ်။ နောင်တတွေ သိပ်ရနေတဲ့ အချိန်အခါကျတော့ အိပ်လို့ကလည်း မပျော်၊ စားလို့ကလည်း မဝင်၊ ထိုအချိန်အခါမှာ မည်ကဲ့သို့သော ဗြဟ္မဏ သာမဏတွေကို ချဉ်းကပ်ခဲ့မယ်ဆိုရင် ချမ်းသာသုခ ရနိုင်မှာပဲလို့ သူက စဉ်းစားတယ်။ သူစဉ်းစားတဲ့ ညကတော့ တန်ဆောင်မုန်းလပြည့်နေ့ည ဖြစ်ပါတယ်။ လကလည်း အလွန် သာနေတဲ့ ည။ အဲဒီညမှာ နောက်ဆုံးတော့ မှူးကြီးမတ်ရာတွေကလည်း မိမိတို့ ထင်သလို မြင်သလို အကြံဉာဏ် ပေးကြပါတယ်။

နောက်ဆုံး ဆရာဇီဝကကတော့ ဘုရားရှင်ကို ဖူးမြော်ကန်တော့ဖို့ရန်အတွက် အကြံဉာဏ် ပေးလိုက်တဲ့ အချိန်အခါမှာ ဆရာဇီဝကရဲ့ စကား နားထောင်ပြီးတော့ မြတ်စွာဘုရားကို သွားပြီးတော့ ဖူးမြော်ကန်တော့ပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်ကလည်း ဇီဝက ဆောက်လုပ်လှူဒါန်းထားတဲ့ ဇီဝက သရက်ဥယျာဉ်မှာပဲ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်ပါတယ်။

အဲဒီတော့ ဇီဝက သရက်ဥယျာဉ် တည်ရှိရာ ကျောင်းတိုက်အတွင်းသို့ ရောက်ရှိတဲ့ အချိန်အခါကျတော့ ၁၂၅၀ သော သံဃာတော်တွေ ခုလို ညအခါပဲ အပ်ကျသံလေးတောင် မကြားရဘူး၊ ခြေချသံတောင် မကြားရဘူး၊ ငြိမ်ပြီးတော့ နေလိုက်တာ။ စိတ်ထဲမှာ သိပ်ကြည်နူးသွားတယ်။ ဟို... ဆွမ်းကျောင်းမှာ ကွက်ကွက်လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူး မဟုတ်ဘူး။ အဲဒါမျိုး တစ်ယောက်မှ မရှိဘူး။ သူတို့က ငြိမ်ပြီးတော့ ဘုရားဘက်ကို တာစူပြီးတော့ တရား ထိုင်နေလိုက်ကြတာ ကြည်ညိုဖွယ် ကောင်းလိုက်တာနော်။ ဘုန်းကြီးကတော့ အဲဒါမျိုး သိပ်ကြည်ညိုတာပဲ။ ဒကာကြီးတွေ၊ ဒကာမကြီးတွေ မကြည်ညိုဘူးလား? (ကြည်ညိုပါတယ်)။

ဟင်... သီလရှင်တွေရော မကြည်ညိုဘူးလား? (ကြည်ညိုပါတယ်)။ ပြောကြစမ်းပါအုံး အကုန်လုံး။ ဘုန်းကြီး စောင်းပြောတာ မဟုတ်ပါဘူးနော်၊ တည့်တည့် ပြောတာပါ။ ဒီတော့ သူ ကြည်ညိုတာက အကြောင်းရှိပါတယ်တဲ့။ သူ့မှာ သားလေး မွေးထားတယ်။ အဲဒီ သားရတနာလေး ဒီရဟန်းတွေလိုသာ ကာယကံ ငြိမ်သက်မှု၊ ဝစီကံ ငြိမ်သက်မှု၊ မနောကံ ငြိမ်သက်မှု။ ကာယကံ စောင့်စည်းမှု၊ ဝစီကံ စောင့်စည်းမှု၊ မနောကံ စောင့်စည်းမှုသာ ရှိခဲ့မယ်ဆိုရင်တော့ သိပ်ကောင်းမယ်တဲ့။ ဘာဖြစ်လို့လဲ?

သားလေးကို သူ သိပ်ချစ်တယ်။ သူ သိပ်ချစ်တဲ့ သားလေးဟာ တစ်နေ့ သူ့ကို ပြန်သတ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေဟာလည်း မကင်းဖြစ်နေတယ်။ အဲဒီ စိုးရိမ်မှုတွေက လှုံ့ဆော်နေတဲ့အတွက် ဒီသားလေး ဒီရဟန်းတော်တွေလို တည်ကြည်တဲ့၊ ငြိမ်သက်တဲ့ သားတော်လေးတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ သိပ်ကောင်းမယ်ဆိုတဲ့ ဒီအကြံဉာဏ်တွေ ဖြစ်တယ်။ အဲဒီ အကြံဉာဏ်တွေ ဖြစ်ပြီးနောက်ပိုင်း ဆိုကြပါစို့။ ဘုရားရှင်ကလည်း ဒီအကြံအစည်တွေ သိတဲ့အတွက် သူ့ကို မေးခွန်းလေးတွေ မေးပြီးတော့ အလ္လာပ၊ သလ္လာပ စကားပြောပြီးတဲ့အခါ သူက ဘာမေးလဲ?

”မြတ်စွာဘုရား... တပည့်တော်ဟာ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရဟန်းပြုခြင်း အကြောင်းကြောင့် နောင်တမလွန်ဘဝမှာ ရရှိမယ့် အကျိုးတရားတွေကို တပည့်တော် မသိချင်ဘူးဘုရား။ တပည့်တော် သိချင်တာက သာသနာဘောင်ဝင်ရောက်ပြီး ရဟန်းပြုလိုက်တော့ ဒီပစ္စုပ္ပန်ဘဝမှာပဲ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းနှင့် ဘယ်လောက်ကောင်းမွန်တဲ့၊ ဘယ်လောက် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ရရှိတယ်ဆိုတာ တပည့်တော် သိချင်ပါတယ်” တဲ့ ဒီမေးခွန်းကို သူက မေးတာ။ ဒီမေးခွန်းကို မေးနိုင်တဲ့ပုဂ္ဂိုလ်ဟာ တိုင်းပြည်အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီမေးခွန်းလောက်မျိုးကို မေးနေတာဟာ သူ့ရဲ့ ဉာဏ်ရည် အဆင့်အတန်းကို လှမ်းကြည့်လိုက်မယ်ဆိုရင် လှမ်းကြည့်လို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ သူဟာ ကျွတ်တမ်းဝင်နိုင်တဲ့ စွမ်းအားရှိနေတယ်။ ကျွတ်တမ်းဝင်နိုင်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို မြတ်စွာဘုရားက ဖြေတဲ့အခါမှာ လွယ်လွယ်နဲ့တော့ အဖြေမပေးပါဘူး။

”ကဲ... သင် ဒကာတော်ဟာ ဒီမေးခွန်းကို တခြား သာမဏ ဗြဟ္မဏ အမည်ရနေတဲ့ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး သင်မေးဖူးပါသလား?”

မေးဖူးတဲ့အကြောင်းကို သူက ပြန်ပြီး လျှောက်ထားတယ်။

”ကဲ... မေးဖူးတယ်ဆိုရင် ထိုသာမဏ ဗြဟ္မဏ ပုဂ္ဂိုလ်တွေက ဘယ်လို ဖြေသလဲဆိုတော့ အဖြေကိုရော သင် ပြန်ပြီး ပြောမပြနိုင်ဘူးလား?”

”ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်မှာ တပည့်တော် ပြန်ပြီး ပြောပြဖို့ရန်အတွက် ဝန်မလေးပါဘူး” ဆိုပြီးတော့ -

သူမေးတဲ့ အမေး၊ ပြန်ဖြေတဲ့ အဖြေ (၆) မျိုး ရှိပါတယ်တဲ့နော်။

ဆရာကြီး (၆) ဦး ကုရဏ၊ ကဿပ အစရှိတဲ့ ဂိုဏ်းဆရာကြီး (၆) ဦးကို သူ ချဉ်းကပ်ပြီး မေးခဲ့ပုံ။ ဒီဆရာကြီးတွေရဲ့ ဖြေဆိုပုံတွေကို သူက အကုန်လုံး ပြန်ပြီးတော့ ပြောတယ်။ ဘုန်းကြီးကနေပြီးတော့ ပြောလိုက်တယ်။ ခုနက ဘုန်းကြီး ဘာပြောသွားလဲလို့ ငါမေ့နေတယ် ဘာပြောသလဲ ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။

ဒါကြောင့် သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွားကို ကြည့်လိုက်ရင် ဘုန်းကြီး ပြောတာက တစ်ခါမေးလိုက်တိုင်း တစ်ခါဖြေလိုက်တယ်။ ဖြေလိုက်တာနဲ့ ချက်ချင်း အကုန်လုံး မှတ်မိတယ်။ ဘုရားကို သေသေချာချာ ကျကျနန လျှောက်ထားနိုင်တဲ့ သူ့ရဲ့ ဉာဏ်အရည်အသွားဟာ တော်တော်လေး အဆင့်မြင့်နေပြီဆိုတာ မှန်းလို့ မရဘူးလား? မှန်းလို့ရတယ်။ အဲဒီမှာတော့ နောက်ဆုံးပိတ် မေးခွန်းတိုင်း မေးခွန်းတိုင်းမှာ ပြန်ပြီးဖြေတဲ့အခါမှာ ဘုရားရှင်ကို သူ လျှောက်ထားတဲ့ စကားလေးတစ်ခု ရှိတယ်။ ဘုရားရှင်က -

”အဲဒီပုဂ္ဂိုလ်တွေရဲ့ အဖြေကို သင်ဘယ်လို သဘောရသလဲ” လို့ မေးလိုက်တဲ့အခါမှာ သူပြန်ဖြေတဲ့ စကားလေးက -

”တပည့်တော်က အိမ်ပိန္နဲသီးအကြောင်းကို မေးတယ်ဘုရာ့၊ သူတို့က တောင်ပိန္နဲသီးအကြောင်းကို ပြောတယ်။ တပည့်တော်က တောင်ပိန္နဲသီးအကြောင်းကို မေးလိုက်ရင် သူတို့က အိမ်ပိန္နဲသီးအကြောင်းကို ဖြေတာနဲ့ သိပ်တူနေတယ်။ တပည့်တော် သိချင်တဲ့ အမေးက တခြား၊ သူတို့ ဖြေတဲ့ အဖြေက တခြား ဖြစ်နေပါတယ်” စသည်ဖြင့် သူက ပြန်လျှောက်တယ်။

အဲဒီ အခါကျတော့မှ ဘုရားရှင်က အရဟတ္တဖိုလ်၊ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို အဆင့်ဆင့် သာသနာဘောင်မှာ ဝင်ရောက်ပြီး ရဟန်းပြုလို့ ရရှိနိုင်တဲ့ အရဟတ္တဖိုလ် အကျိုးတရားတွေကို အဆင့်ဆင့် ဟောပေးပါတယ်။ သုတ္တန် အင်မတန် ရှည်ပါတယ်နော်။ အဲဒီ ရှည်လျားလှတဲ့ သုတ္တန်ကြီး ဟောပြီးတဲ့ အချိန်အခါမှာ သူ သိပ်ဝမ်းသာသွားတယ်။ သရဏဂုံလည်း တည်သွားပါတယ်။ ပုထုဇဉ် လူသားထဲမှာ ဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ရွေးထုတ်လိုက်မယ်ဆိုရင် သူဟာ ထိပ်တန်း နံပါတ်(၁) ပုဂ္ဂိုလ် ဖြစ်သွားတယ်။ သူ့လောက် ဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူးလို့ ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့အခါ သူ့ကို မပြောရဲဘူး။ ပြောလိုက်ရင် သူ သေသွားတော့မယ်ဆိုတာ သိတယ်။

ဒီပရိသတ်ထဲမှာ ဘုရား ပရိနိဗ္ဗာန်စံလို့ သေမယ့်ပုဂ္ဂိုလ် ဘယ်နှစ်ယောက်လောက်များရှိလဲ? မရှိပါဘူး။ ကြည်ညိုပုံချင်း ကွာတာ ပြောတာပါနော်။ အဲဒီမှာ သူက ဘာလုပ်ရသလဲဆိုတော့ စတုမဓု တွင်းကြီးတွေ တူးရတယ်။ စတုမဓုတွင်းကြီးတွေ တူးပြီးတော့ တွင်းထဲမှာ စတုမဓုတွေ အပြည့်ထည့်။ အပြည့်ထည့်ပြီးတဲ့ အခါကျတော့မှ -

”အရှင်မင်းကြီး... အရှင်မင်းကြီးကို သံတော်ဦးတင်ဖို့ရန်အတွက် စကားတွေ ရှိနေတယ်။ ဒါကြောင့် အရှင်မင်းကြီး... ဒီအတိုင်း သံတော်ဦး တင်မယ့် စကားကို နာယူလို့တော့ မဖြစ်ဘူး။ ဒီစတုမဓု တွင်းထဲဆင်းမှ ဖြစ်မယ်” ဆိုပြီးတော့ မှူးကြီးမတ်ရာတွေက လျှောက်ထားကြတယ်။ အဲဒီအခါမှာ စတုမဓုတွင်းကြီးထဲကို ဆင်း၊ သူ့ကို ချပြီးတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ဖြစ်တဲ့အကြောင်း လျှောက်ထားတယ်။ အခိုးတွေ ချက်ချင်း ထောင်းထောင်းထောင်းထောင်း ထွက်တယ်။ နောက်တစ်ပိုင်း ပြောင်းပြီးတော့ ထားရတယ်။

ဒီအတိုင်းသာ လျှောက်လိုက်မယ်ဆိုရင် သံတော်ဦးတင်လိုက်မယ်ဆိုရင် ချက်ချင်း သေသွားမယ်။ ဒီလောက်ထိ ဘုရားကို ကြည်ညိုတယ်တဲ့နော်။ အဲဒီ ကြည်ညိုတဲ့ ကုသိုလ်စေတနာတွေဟာ အထင်အရှား ရှိနေပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားရတယ်။ သုံးကြိမ်တိုင်တိုင် မေ့သွားတယ်။ အခိုးတွေ ထောင်းထောင်းထွက်လာတယ်။ ဒီလောက်ထိ ဘုရားရှင်ကို ကြည်ညိုတယ်။ အဲဒီလောက် ကြည်ညိုနေတဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ သူက ဘာဖြစ်သလဲ? ပယောဂသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်ကို တကယ်ဖြည့်ကျင့်တဲ့၊ သမာဓိကျင့်စဉ်ကို တကယ်ဖြည့်ကျင့်တဲ့၊ ပညာကျင့်စဉ်ကို တကယ်ဖြည့်ကျင့်တဲ့ ပယောဂ ပြည့်စုံမှုမှာသာ ရပ်တည်ခဲ့မယ်ဆိုရင် ထို “သာမညဖလ” သုတ္တန် ဒေသနာတော် ပြီးဆုံးတဲ့ အချိန်အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်တဲ့။

ဒါပေမဲ့လို့ ထိုအချိန်အခါမှာ ပယောဂသမ္ပတ္တိ ချို့တဲ့ခဲ့ပြီးပြီ။ ဖခမည်းတော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကို သတ်ဖြတ်ခဲ့ပြီးပြီ။ အကုသိုလ်ကံက တားမြစ်ထားတဲ့အတွက် ပယောဂသမ္ပတ္တိစက်နဲ့ မပြည့်စုံဘဲ ပယောဂဝိပ္ပတ္တိစက်နဲ့ ပြည့်စုံနေရခြင်းကြောင့် ထို “သာမညဖလ” သုတ္တန် ဒေသနာတော်ကို နာကြားပြီးသည့်အဆုံး၌ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်သေးလား? မရောက်တော့ဘူး။ ပယောဂသမ္ပတ္တိက...
| override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၂၉/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၃၁/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်(၃၀)

ဘုရားရှင်တို့ရဲ့ သာသနာတော်နဲ့ တွေ့ရခြင်း အကျိုးပေါ့နော်။ ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေတယ်။ ဗုဒ္ဓါနံ ဥပ္ပါဒသမယ၊ ဥပ္ပါဒိသမယ လို့ ခေါ်ဆိုအပ်တဲ့ ဒီပင်္ကရာမြတ်စွာဘုရားရှင်ရဲ့ ပွင့်ထွန်းတော်မူရာ သာသနာတွင်းနဲ့ တွေ့ကြုံနေရတဲ့အတွက် ဘုရားအလောင်းတော်တို့ရဲ့ ဓမ္မတာက သာသနာတော်တွင်း တွေ့လာပြီ ဆိုလို့ရှိရင်တော့ ပိဋကတ်သုံးပုံ သင်ယူခြင်း၊ သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို အောက်ထစ်ဆုံးအားဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒီပါရမီတွေကို ဖြည့်ကျင့်ဆည်းပူးတော်မူမြဲ ဓမ္မတာ ဖြစ်ပါတယ်။ အဲဒီ ဓမ္မတာအတိုင်းပဲ သုမေဓာရှင်ရသေ့ကလည်း ထိုဘဝမှာ သာသနာဘောင်ကို ဝင်ရောက်ပြီး ရဟန်းမပြုပေမယ့်လို့ သုမေဓာရှင်ရသေ့ဘဝဖြင့် စျာန်-အဘိညာဏ်ဝင်စားပြီး ဒီပင်္ကရာဘုရားရှင်ထံ ခဏခဏ သွားကာ မိမိရဲ့ သဗ္ဗညုတဉာဏ် ရင့်ကျက်ရေးအတွက် ပါရမီတရားအပေါင်းတွေကို ဖြည့်ကျင့်တယ်လို့ ဒီလိုပဲ ယူဆရပါတယ်။

ဒါကြောင့် မိမိကိုယ်တိုင်က သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တွေမှာ ကျွမ်းကျင်နေတဲ့အတွက် မိမိကို လာပြီး မှီခိုခစားနေတဲ့ တပည့်ဖြစ်သူ ဓမ္မရုစိ မထေရ်အလောင်းပေါ့နော် တပည့်ဖြစ်သူ မေဃလုလင်အားလည်း သမထ ဝိပဿနာ ဘာဝနာတွေကို စနစ်တကျ တတ်အားသမျှ သွန်သင်ပြသ ဆိုဆုံးမပေးလိမ့်မယ်လို့ ယူဆရပါတယ်။

ထိုအချိန်အခါမှာ မေဃလုလင်ကလည်း ဘုရားအလောင်း သုမေဓာရှင်ရသေ့ရဲ့ ဆိုဆုံးမချက်တွေကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ရေပူရေချမ်း တစ်ဖက်က ကမ်းလှမ်းလျက် သစ်သီးဝလံ ရှာဖွေခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေကိုလည်း တစ်ဖက်က ပြုကျင့်လျက် သုမေဓာရှင်ရသေ့ရဲ့ ပါရမီတွေကို ကူညီပြီး ဖြည့်ကျင့်ဆည်းပူးပေးနေပါတယ်။ ပြဿနာပေါ်ချင်တော့ ဘာဖြစ်လာသလဲ? တစ်နေ့မှာ မုဆိုးတစ်ယောက် သုမေဓာရှင်ရသေ့ ဆရာတပည့်တို့ သီတင်းသုံးရာဖြစ်တဲ့ သင်္ခမ်းကျောင်းလေးသို့ ရောက်ရှိလာတယ်။ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကတော့ ဘယ်လိုပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်ပေါ့လေ မိမိတို့ထံမှာ လာရောက်တည်းခိုမယ်ဆိုရင် တည်းခိုခွင့်မပေးခြင်း စတဲ့ ဒီလို သဘောတရားတွေ မပြုလုပ်တတ်ကြပါဘူး။ တည်းခိုခွင့် ပေးလိုက်တော့ ဘာဖြစ်လာသလဲ? -

အသေဝနာစ ဗာလာနံ ဆိုတဲ့အတိုင်းပေါ့။ လူမိုက်နဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရင် မင်္ဂလာ မဖြစ်ဘူး။ လူမိုက်တွေနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်း မပြုမှသာလျှင် မင်္ဂလာဖြစ်တယ်ဆိုတဲ့ ဘုရားဟောဒေသနာတော်နဲ့ အညီပေါ့။ ဒီမုဆိုးနဲ့ သွားပြီး ပေါင်းမိတဲ့အတွက် မေဃလုလင်ဟာ စိတ်ဓာတ်တွေ ပြောင်းလဲသွားပြန်တယ်။ တံငါနားနီးတော့ တံငါ၊ မုဆိုးနားနီးတော့ မုဆိုးဆိုတဲ့ စိတ်ဓာတ်တွေ ကူးစက်ပြီးတော့ သုမေဓာရှင်ရသေ့ကို တောထဲမှာ ပစ်ထားခဲ့ပြီး ဒီမုဆိုးရဲ့ ဆွဲဆောင်ချက်နဲ့ လူ့ပြည်လူ့လောက တစ်ဖန် ပြန်ရောက်ရှိသွားပြန်တယ်။ လူတို့ဒေသ ရောက်ရှိတဲ့ အချိန်အခါလည်း ပါပမိတ္တ လို့ခေါ်ဆိုအပ်တဲ့ ဒီမိတ်ဆွေယုတ်မာတဲ့ မိတ်ဆွေရဲ့ တိုက်တွန်းချက်အရ မိခင်ရင်းကို သွားပြီး သတ်မိတယ်။ မာတုဃာတက ကံ သွားလွန်ကျူးမိတယ်။

ထိုခေတ် ထိုအချိန်အခါက လူတို့ ကာလသက်တမ်းက ပြောမယ်ဆိုရင် အနှစ်တစ်သိန်းတမ်း ဖြစ်တယ်။ ဤမိဘတွေက ဒီပင်္ကရာမြတ်စွာဘုရားရှင်ရဲ့ တပည့်သာဝကတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ တည်ရှိနေတဲ့ မိဘတို့ရဲ့ သီလဂုဏ်ကျေးဇူးနဲ့ အခုလို ခေတ်အနှစ်(၁၀၀) ဝန်းကျင်မှာ တည်ရှိနေတဲ့ မိဘတို့ရဲ့ ဂုဏ်ကျေးဇူး၊ သီလဂုဏ်ကျေးဇူး တချို့တချို့ တူညီမယ်လို့ မယူဆရပါဘူး။ ဘာကြောင့်လဲ? အနှစ်တစ်သိန်းတမ်းမှာ တည်ရှိနေတဲ့ လူသားတို့ရဲ့ သီလဂုဏ်ကျေးဇူးက ပိုပြီးတော့ ရာဂ ဒေါသ မောဟတွေ ပိုပြီးတော့ ခေါင်းပါးတဲ့သဘော ရှိပါတယ်။ ရာဂ ဒေါသ မောဟတွေ ခေါင်းပါးတဲ့သဘောတွေ ရှိပုံမကဘူး။ မိဘနှစ်ပါးသည် အကယ်၍ ဒီပင်္ကရာဘုရားရှင်ရဲ့ တပည့်သာဝကဖြစ်လို့ အရိယာသူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ ပို၍ ဂုဏ်ကျေးဇူးကြီးမားတဲ့ သူတော်ကောင်းတွေ ဖြစ်နေပြန်တယ်။ အဲဒီလို သူတော်ကောင်းတွေ ဖြစ်နေခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် မိခင်ရင်းကို သတ်ဖြတ်မိတဲ့ ဒီအကုသိုလ်ကံက သူ့ကို အပါယ်လေးဘုံရောက်အောင် ဆွဲခေါ်သွားလိုက်တယ်။

လူမိုက်နဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်းတည်းဟူသော ဒီအကုသိုလ်ကံက အပါယ်လေးဘုံရောက်အောင် ဆွဲခေါ်သွားတဲ့အတွက် မေဃလုလင်သည် သေပြီးတဲ့နောက် အပါယ်လေးဘုံမှာ ဘယ်လောက် ကျင်လည်ရသလဲမေးရင် အဋ္ဌကထာကတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြောတယ်။ စဉ်းစားကြည့်စမ်းပါဦး ဒကာကြီးတို့နော် ...။

အနှစ်တစ်သိန်းတမ်းမှာ တည်ရှိနေတဲ့ ဂုဏ်ကျေးဇူး ကြီးမားလှတဲ့ မိခင်ရင်းကို သတ်ဖြတ်ရဲတယ်ဆိုတဲ့ ဒီစိတ်ထားသည် သာမန်လူသားတစ်ဦးမှာ ရှိသင့် ရှိနိုင်တဲ့ စိတ်ထားမျိုး ဟုတ်ရဲ့လား? မဟုတ်ပါဘူးနော်။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထား၊ သီလဂုဏ်ကျေးဇူးအားဖြင့် သို့မဟုတ် သမာဓိဂုဏ်ကျေးဇူးအားဖြင့် သို့မဟုတ် ပညာဂုဏ်ကျေးဇူးအားဖြင့် ကြီးမားတော်မူတဲ့ မိဘတွေကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်တယ်ဆိုတဲ့ ဒီစိတ်ထားသည် သာမန် အကုသိုလ် စိတ်ထားမျိုးလည်း မဟုတ်ပါဘူးနော်။ ထိုခေတ် ထိုအခါက ဒီမိဘတွေဟာ ဂုဏ်ကျေးဇူး အလွန် ကြီးမားနေတဲ့ မိဘတွေ ဖြစ်ခြင်းကြောင့် ဒီမိဘတွေကို သတ်ဖြတ်လိုက်တဲ့ ဒီအကုသိုလ်ကံ စေတနာတွေက အပါယ်လေးဘုံသို့ရောက်အောင် ပို့ချလိုက်ပြီ။

ပို့ချလိုက်တဲ့ အချိန်အခါကျတော့ ဒီနေရာမှာ ဘာဖြစ်လာသလဲလို့ မေးရင်တော့ သူက အပါယ်လေးဘုံမှာ သွားပြီး ကျင်လည်နေရတဲ့အတွက် သူ့မှာ ဘာဖြစ်နေလဲ? ဂတိဝိပ္ပတ္တိ။ သူ့ရဲ့ လားရောက်ရာဖြစ်တဲ့ ဂတိက အပါယ်လေးဘုံမှာ တည်ရှိနေတဲ့အတွက် ကုသိုလ်ကံသည် အကျိုးပေးနိုင်တဲ့ ကုသိုလ်ကံအဖြစ် အကျိုးပေးဖို့ရန် အခွင့်ရသေးလား? မရဘူး။ ဘာလို့ မရသလဲမေးရင် သုမေဓာရှင်ရသေ့ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပါရမီဖြည့်ခဲ့တဲ့ ကုသိုလ်ကောင်းမှု၊ သုမေဓာရှင်ရသေ့ထံမှာ ဆည်းပူးခဲ့တဲ့ သမထ ဝိပဿနာဘာဝနာလို့ခေါ်ဆိုအပ်တဲ့ အတော်အသင့် မျိုးစေ့လေးပေါ့နော်။ ကောင်းမှုကုသိုလ် အနည်းငယ်တော့ ရှိကောင်းရှိပါလိမ့်မယ်။

အနည်းငယ် ရှိမယ်လို့ ပြောရတာကလည်း ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်။ ဒီဉာဏ်အဆင့်အထိ စံချိန်မှီပုံတော့ မပေါ်ဘူး။ ဘာကြောင့်လဲ? ဒီ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါး ရရှိနေတဲ့ သူတော်ကောင်းသည် အပါယ်လေးဘုံကို မကျဘူး။ နိယတဂတိက လားရာဂတိ နည်းတယ်။ စူဠသောတာပန် မည်တယ်ဆိုပြီးတော့ အဋ္ဌကထာများက ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် သူက အပါယ်လေးဘုံကျတော့ ဒီအဆင့်လောက်ထိတော့ ရပုံမပေါ်ဘူး။

သို့သော်လည်းပဲ သူ့မှာ မျိုးစေ့လေး ဖြစ်တန်သလောက်တော့ ဖြစ်ပါလိမ့်မယ်။ သူတော်ကောင်းတို့နဲ့ အနည်းငယ် ပေါင်းဖော်ရခြင်းဟာလည်း သူ့အတွက် မင်္ဂလာတစ်ခု ဖြစ်သွားတယ်။ မင်္ဂလာတစ်ခု ဖြစ်နေသည့်အတွက် ဒီမင်္ဂလာတရားက သူ့ကို ကောင်းကျိုးချမ်းသာလေးတွေ ရရှိအောင် ရွက်ဆောင်ပေးနိုင်တဲ့စွမ်းအင် ရှိပေမဲ့လို့ အကုသိုလ်ကံက သိပ်ကြီးမားနေတယ်။ ကြီးမားတဲ့ ဒီအကုသိုလ်ကံက အပါယ်လေးဘုံကို ပစ်ချလိုက်တော့ ဒီကံလေးတွေဟာလည်း အကျိုးပေးဖို့ အခါအခွင့် မသင့်ဖြစ်သွားပြန်တယ်။ ဂတိဝိပ္ပတ္တိ ဖြစ်တယ်နော်။

ဒီဂတိဝိပ္ပတ္တိ တရားနဲ့ ကြုံနေရတဲ့အတွက် အနည်းငယ်သော ကောင်းမှုကုသိုလ်သည် အကျိုးပေးဖို့လည်း အခါအခွင့် မသင့် ဖြစ်နေတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး သုမေဓာရှင်ရသေ့က ပါရမီ ဖြည့်လိုက်တော့ ဘာဖြစ်သွားလဲ? ဘုရား ဖြစ်သွားပြီနော်။ ဘုရားဖြစ်တဲ့ အချိန်အခါမှာ သာဝတ္ထိက ကုန်သည်အချို့ ရှေးခေတ်အခေါ်တော့ ရေလမ်းခရီးပေါ့နော်။ လှေ၊ သင်္ဘောနဲ့ ခရီးသွားကြပြီ။ ခရီးသွားလိုက်တဲ့ အချိန်အခါမှာ ဒီဓမ္မရုစိမထေရ် အလောင်း တစ်နည်းအားဖြင့်တော့ ခုနက မေဃလုလင် ဘဝကနေ ပြောင်းလဲလာတဲ့ သတ္တဝါက ဘာဖြစ်နေလဲ? ရေထဲမှာ ငါးကြီး ဖြစ်နေတယ်။ ငါးကြီး ဖြစ်နေတော့ ငါးအကြီးစားပါနော်။

ငါးအကြီးစား ဖြစ်တဲ့ အချိန်အခါကျတော့ အဲဒီငါးက ဒီလှေကို အစာမှတ်ပြီးတော့ ပါးစပ်ကြီး ဟပြီးတော့ မျိုဖို့ရန် လိုက်လာတယ်။ လှေပေါ်မှာရှိတဲ့ သင်္ဘောသားတွေ ကြောက်လွန်းလို့ ဝိုင်းပြီးအော်ကြတယ်။ "ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါဘုရား ...၊ ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါဘုရား ..." ဆိုပြီး ဘုရား တကြတယ်။ အဲဒီအခါကျတော့ ဒီငါးကြီးက "ဂေါတမ" ဆိုတဲ့ စကားလုံး အသံလေး ကြားလိုက်တာနဲ့ နောက်ဆုတ်သွားတယ်။ ဘာကြောင့်လဲ?

သူတော်ကောင်းတို့နဲ့ အနည်းငယ်မျှ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းသည် မင်္ဂလာရှိတယ်။ ဒီကံလေးက အကျိုးပေးဖို့ရန် အခါအခွင့် နည်းနည်းလေး သင့်လာတယ်။ သင့်လာတဲ့ အချိန်အခါကျတော့ သူ "ဂေါတမ" ဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ပြန်ပြီးတော့ သတိရပြီ။ ဟို ... လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကတည်းက ဒီပင်္ကရာဘုရားရှင်က သုမေဓာ ရှင်ရသေ့ကို နောက် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကျရင် "ဂေါတမ" အမည်ရှိတဲ့ ဘုရားဖြစ်လိမ့်မယ်လို့ ဒီလို ဗျာဒိတ်ပေးစကား သူကြားလိုက်တယ်။ အဲဒီလို နိယတဗျာဒိတ်ပေးတဲ့ ဒီစကားလေးကို ပြန်ပြီးတော့ အမှတ်ရလိုက်တာနဲ့ "ဩော် ... ငါ့ရဲ့ဆရာဖြစ်တဲ့ သုမေဓာရှင်ရသေ့တောင်မှ ဂေါတမအမည်ရှိတဲ့ မြတ်စွာဘုရား ဖြစ်နေပါပကော" လို့ စိတ်ထဲမှာ ဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူရာဒေသသို့ ရောက်လိုတဲ့စိတ်ထားဖြင့် ခေတ္တခဏ ငါးဘဝမှာပဲ ဆက်လက်ပြီး ကျင်လည်နေလိုက်ပါတယ်။ မကြာမီ အချိန်အခါတွင်းမှာ ငါးသက်တမ်း ကုန်ဆုံးပြီးတော့ ထိုငါးဘဝကနေပြီးတော့ လွတ်မြောက်ပြီးတော့ သာဝတ္ထိမှာ အမျိုးသားကောင်းလေးတစ်ဦး လာပြီး ဖြစ်တယ်။

ဒီနှစ်ခုကို ပြန်ပြီး နှိုင်းစာကြည့်လိုက်ရင်နော် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကို ဖြတ်ကျော်လာခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးပေါ့ တစ်ဦးက ပါရမီ (၁၀)ပါးကို ဖြည့်ကျင့်နိုင်တဲ့အတွက် ဘုရားအဖြစ်သို့ ရောက်ရှိသော်လည်း၊ တစ်ဦးက ငါးဘဝမှာပဲ ရှိသေးတယ်။ ဘာကြောင့်လဲ? ပယောဂဝိပ္ပတ္တိ ခေါ်တဲ့ စက် ချို့တဲ့သွားတယ်။ ပယောဂဝိပ္ပတ္တိဆိုတာက ခုနက ကောင်းမှုကုသိုလ် ပြုဖို့ရန်အတွက် ကောင်းမှုကုသိုလ်ကို မပြုလုပ်နိုင်ဘူး။ လုံ့လပယောဂစက် ချို့တဲ့သွားပြန်တယ်။ ပယောဂဝိပ္ပတ္တိ ဖြစ်တယ်။ အမေကို သွားပြီးတော့ သတ်မိတယ်။ ဒါ ပယောဂ ပျက်စီးသွားတယ်။ အကယ်၍ သုမေဓာ ရှင်ရသေ့ကိုသာ ဆက်လက်ပြီး ပါရမီဖြည့်ပြီးတော့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးခဲ့မယ်ဆိုလို့ရှိရင် ဒီလို အပါယ်လေးဘုံမှာ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဆက်လက်ပြီးတော့ ကျင်လည်နိုင်ပါ့မလား? မကျင်လည်နိုင်ဘူး။ ဒီတော့ ဒီနေရာမှာ အပါယ်လေးဘုံမှာ ကျင်လည်တဲ့အခါမှာ ဒီကံလေးတစ်ခုက ဒီလောက်တောင် အကျိုးပေး များလှချည်းလားလို့ မအောက်မေ့နဲ့နော်။

ခု ကြည့်ပေါ့ ... ငါးဘဝကို ရောက်သွားပြီ။ ငါးဘဝကို ရောက်တဲ့အခါမှာ ငါးက ဘာလုပ်သလဲ? ငါးကြီးတော့ ငါးကလေး စားတာပဲ။ သူ အကုသိုလ်ကံတွေ ထပ်မဆည်းပူးဘူးလား? သူလည်း တံငါ ထပ်ဖြစ်သွားတာပဲ။ ဟုတ်တယ်, မဟုတ်လား? ငါးကြီးက ငါးသေးသေးကို စားတယ်။ ငါးသေးသေးကလည်း သူ့ထက်သေးတဲ့ ငါးစားတယ်။ သူ့ထက်သေးတဲ့ ငါးကလည်း သူ့ထက်သေးတဲ့ ဟိုး မျှင်ကောင်လေးတွေကအစ အကုန် စားကြတာပဲ။ အဆင့်ဆင့် ဒီတော့ သူ့မှာ ဒုစရိုက်တရားတွေက ထပ်ပြီးတော့ မလွန်ကျူးဘူးလား? လွန်ကျူးပြန်တယ်။ အဲဒီ ဒုစရိုက်တရားတွေသည် လွန်ကျူးနေပေမဲ့လို့ သူ့မှာ ဘာဖြစ်သွားလဲ? ကာလသမ္ပတ္တိ လေးနဲ့ ပြည့်စုံဖို့ တစ်ခါ အကြောင်းလေး ပေါ်လာတယ်။

သာဝတ္ထိမှာ အမျိုးကောင်းသားလေး လာဖြစ်တယ်။ တစ်ခုသော ကံလေးက ခုနက သုမေဓာရှင်ရသေ့ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်ကံလေးက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ဒီကောင်းမှုကုသိုလ်ကံတစ်ခုက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အခါ သာဝတ္ထိမှာ အမျိုးကောင်းသားလေးတစ်ဦး လာဖြစ်တယ်။ အရွယ်ရောက်တဲ့ အချိန်အခါမှာ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုတယ်။ ရှင်ရဟန်းပြုပြီး အချိန်အခါမှာ မြတ်စွာဘုရားကို သွားကန်တော့တယ်။ ကန်တော့လိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ဒီလို အမိန့်ရှိလိုက်တယ်။

ဩော် ... ဓမ္မရုစိ။ ဟိုဘဝမှာတော့ သူ့နာမည်လေးက ဓမ္မရုစိလို့ ခေါ်ပါတယ်။ ဓမ္မ ဆိုတာက တရား၊ ရုစိ ဆိုတာက နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်ပဲ။ တရားတော်ကို နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်လို့ ဒီလို နာမည်လေးနဲ့ သာသနာဘောင်ကိုရောက်ပြီး ရဟန်းပြုလာခဲ့တယ်။ အဲဒီ အချိန်အခါမှာ ဘုရားရှင်က သူ့ကို ဘာအမိန့်ရှိလဲ? "မင်းနဲ့ ငါနဲ့ မတွေ့ရတာ အင်မတန် ကြာသွားပြီ" လို့ အမိန့်ရှိတယ်။ ဘယ်လောက်ကြာသွားလဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းနော်။ တစ်ဦးက ပါရမီတွေဖြည့်ကျင့်လိုက်တာ ဘုရားဖြစ်ပေမဲ့လို့ တစ်ဦးက ငါးဘဝမှာပဲ ရှိနေသေးတယ်။ ဒါ ဘာကြောင့်လဲလို့မေးရင် ပယောဂစက် ချို့တဲ့သွားတယ်နော် -

ပယောဂစက် ချို့တဲ့ပေမဲ့လို့ တစ်ဖန် ပြန်ပြီးတော့ ခုနက ဘုရားရှင်တို့ ပွင့်ထွန်းရာ ခေတ်သမယလို့ ခေါ်ဆိုအပ်တဲ့ ကာလသမ္ပတ္တိ မှာ လာပြီး တစ်ခါ လူလာဖြစ်ပြန်တယ်။ လူပြန်ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းတွေ သင်ယူ၊ သင်ယူပြီးတဲ့ အချိန်အခါမှာ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ မကြာမီ အချိန်ကာလအတွင်းမှာပဲ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်သွားတဲ့ အချိန်အခါမှာ သူ ငါးဘဝ (သို့) အပါယ်လေးဘုံမှာ ကျင်လည်စဉ်အခါက ပြုကျင့်ခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန်အတွက် အခါအခွင့် သင့်သေးလား? မသင့်တော့ဘူး။ ဘာဖြစ်လို့လဲ? ကာလသမ္ပတ္တိ ကာလ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာဒေသ၊ အချိန်အခါကာလမှာ လာပြီး လူဖြစ်ရခြင်းဆိုတဲ့ ကာလသမ္ပတ္တိနဲ့ ပြည့်စုံခြင်းဆိုတဲ့ ဒီတရားက ဒီအကုသိုလ်ကံတွေကို အကျိုးပေးဖို့ရန် အခါအခွင့် မသင့်အောင် တားမြစ်ထားတယ်။

နောက်တစ်ခု - ထိုအချိန်အခါမှာ သူဟာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ လုံ့လပယောဂတွေနဲ့လည်း မပြည့်စုံဘူးလား? ပြည့်စုံပြန်တယ်။ ပယောဂသမ္ပတ္တိ စက်နဲ့လည်း မပြည့်စုံဘူးလား? ပြည့်စုံသွားတယ်။ ပြည့်စုံသွားတဲ့အတွက်ကြောင့် ဒီကာလသမ္ပတ္တိ၊ ဂတိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိ ခေါ်ဆိုအပ်တဲ့ ဒီ သမ္ပတ္တိစက်သုံးပါးနဲ့ ပြည့်စုံသွားပြီ။ အချက်ကျကျ လည်ပတ်သွားတယ်။ လည်ပတ်သွားတဲ့အတွက် ထိုပုဂ္ဂိုလ်သည် ငါးဘဝ အစရှိတဲ့ ထိုထို ဘဝတွေမှာ ပြုလုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်နိုင်သေးလား? မသင့်တော့ဘူး။

ကာလသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် ထိုအကုသိုလ်ကံများသည် အကျိုးမပေးနိုင်တော့ဘူး။ အကယ်၍ ဒီကာလသမ္ပတ္တိ ဘုရားပွင့်ထွန်းတော်မူခြင်းဆိုတဲ့ ကာလသမ္ပတ္တိမှာ လာပြီး လူမဖြစ်ခဲ့ရဘူးဆိုရင် ထိုအကုသိုလ်ကံတွေသည် ဆက်လက်ပြီးတော့ သူ့ကို အကျိုးမပေးနိုင်ဘူးလား? ပေးနိုင်တယ်နော်။ ဒါက ကာလသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးမပေးနိုင်တဲ့ ကံမျိုးတွေပဲ။

နောက်တစ်ခု - ပယောဂသမ္ပတ္တိ တဲ့နော်။ ပုဂ္ဂိုလ်တစ်ယောက်မှာ ပြုစုပျိုးထောင်ထားတဲ့ မကောင်းမှုအကုသိုလ်ကံတွေ များစွာရှိမယ် ထားတော့။ ဒါပေမဲ့လို့ အဲဒီ မကောင်းမှုအကုသိုလ်ကံတွေက ပယောဂသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ ပယောဂ ပျက်စီးမှုမှာ ရပ်တည်ပြီး နေခဲ့မယ်ဆိုရင် သို့မဟုတ် ပယောဂသမ္ပတ္တိတရားတွေ ချို့တဲ့ပျက်စီးနေတဲ့ ဘဝမှာ ရပ်တည်နေခဲ့မယ်ဆိုရင် ထိုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လိမ့်မယ်နော်။ ဒါပေမဲ့လို့ ဒီပုဂ္ဂိုလ်က ဘာဖြစ်သလဲ? တစ်ခုသော ကောင်းမှုကုသိုလ်ကံလေးက တိုက်တွန်းလိုက်တဲ့အတွက် ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံတဲ့ဘဝမှာ လာပြီးတော့ ရပ်တည်တယ်။ ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံတဲ့ဘဝမှာ လာပြီးတော့ ရပ်တည်တယ်ဆိုတာ ဘာပြောသလဲလို့ မေးရင် -

ပါဏာတိပါတာဒီဟိ ဝိရတော ကာယဝစီမနောသုစရိတာနိ ပူရေတိ။ ပါဏာတိပါတာဒီဟိ၊ ဒီပါဏာတိပါတာ စတဲ့ အကုသိုလ်ကံတို့ကို။ ဝိရတော၊ ရှောင်ကြဉ်လျက်။ ကာယဝစီမနောသုစရိတာနိ၊ ကာယ ဝစီ မနော သုစရိုက်တရားတို့ကို။ ပူရေတိ၊ ဖြည့်ကျင့်လေ၏၊

သူ့အသက် သတ်ခြင်း အစရှိတဲ့ ဒီဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်။ ကာယဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်၊ ဝစီဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်၊ မနောဒုစရိုက်တရားတွေကို ရှောင်ကြဉ်တယ်။ ကာယသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်၊ ဝစီသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်၊ မနောသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်။ ကာယကံ စင်ကြယ်အောင် ကြိုးစားတယ်၊ ဝစီကံ စင်ကြယ်အောင် ကြိုးစားတယ်၊ မနောကံ စင်ကြယ်အောင် ကြိုးစားတယ် ဖြည့်ကျင့်တယ်တဲ့။ ကြိုးစားပြီး အားထုတ်တယ်။ ပယောဂသမ္ပတ္တိစက်နဲ့လည်း ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားပြီ။

တာဒိသေ ဌာနေ အကုသလဿ ဝိပစ္စနောကာသော နတ္ထိ, တာဒိသေ၊ ထိုကဲ့သို့သော အရာဌာနမျိုး၌။ အကုသလဿ၊ အကုသိုလ်ကံ၏။ ဝိပစ္စနောကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ နတ္ထိ၊ မရှိနိုင်ပြီ။

ပုဂ္ဂိုလ်တစ်ယောက်က ကာယကံတွေ စင်ကြယ်အောင် ကြိုးစားတယ်၊ ဝစီကံတွေလည်း စင်ကြယ်အောင် ကြိုးစားတယ်၊ မနောကံတွေလည်း စင်ကြယ်အောင် ကြိုးစားတယ်တဲ့။ သိပ်ပြီးတော့ ဖြူစင်နေပြီ။ ဘယ်လို ကြိုးစားသလဲ? ဒါနနဲ့လည်း ကြိုးစားတယ်၊ သီလနဲ့လည်း ကြိုးစားတယ်၊ သမထ ဘာဝနာတွေ ပွားများလျက်လည်း ကြိုးစားတယ်။ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်း ကြိုးစားတယ်။ မိမိရဲ့ စိတ်ဓာတ်တွေ၊ မိမိရဲ့ ကာယကံတွေ၊ မိမိရဲ့ ဝစီကံတွေ၊ မိမိရဲ့ မနောကံတွေ မိမိရဲ့ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းသွားအောင် ဖြည့်ကျင့်တယ်တဲ့။ ပါရမီ အလီလီ ဖြည့်ကျင့်ပေးတယ်နော်။ အဲဒီလို ဖြည့်ကျင့်လိုက်တဲ့ အချိန်အခါမှာ အိမ်ရှင်လို့ ခေါ်ဆိုရမဲ့ ဒီစိတ်ဓာတ်တွေကို လှမ်းကြည့်တဲ့ အချိန်အခါကျတော့ အကောင်းဓာတ်တွေချည်း ဖြစ်နေတယ်။ အကောင်းဓာတ်တွေချည်းဖြစ်နေတဲ့ အချိန်အခါကျတော့ ရွာတစ်ရွာမှာ ဆိုကြပါစို့။ ရွာခံဓားပြမရှိဘူးဆိုရင် ဘေးက ဓားပြဝင်ဖို့ရန်အတွက် ခက်ခဲမှု မရှိဘူးလား? ရှိတယ်။ ရွာခံဓားပြတွေ သိပ်များနေရင် ဘေးကဓားပြတွေ ဝင်ဖို့ရန် မလွယ်ကူဘူးလား? လွယ်ကူတယ်။

အဲဒီပုံစံအတိုင်းပဲ။ သတ္တဝါတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ အကုသိုလ်တရားတွေက သိပ်များပြီ။ ကာယကံ စင်ကြယ်မှုလည်း မရှိဘူး၊ ဝစီကံ စင်ကြယ်မှုလည်း မရှိဘူး၊ မနောကံ စင်ကြယ်မှုလည်း မရှိဘူး။ အဲဒီလို ဆိုလို့ရှိရင် အတိတ်က အကျိုးပေးဖို့ရန် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်မလာဘူးလား? သင့်လာတယ်။ ရွာခံဓားပြ အပေါင်းအဖော်ကို ရရှိတဲ့အတွက် ဘေးရွာက ဓားပြတွေက ဒီရွာထဲကို ဝင်ရောက်ဖို့ လွယ်ကူသလိုပဲ။ ရွာခံဓားပြသူခိုးနဲ့တူတဲ့ ကာယကံ မစင်ကြယ်မှု၊ ဝစီကံ မစင်ကြယ်မှု၊ မနောကံ မစင်ကြယ်မှုဆိုတဲ့ ဒီအကုသိုလ် အညစ်အကြေးတွေ ရှိနေတဲ့ ပုဂ္ဂိုလ်သတ္တဝါရဲ့ ရုပ်နာမ်သန္တာန်အစဉ်သို့ အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့်ကို စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေသည် တန်းစီပြီးတော့ ဝင်လာတယ်။ အကျိုးပေးဖို့ရန် -

ခု ဒီနေရာကျတော့ ရွာခံဓားပြ မရှိဘူး။ ဘေးက ဓားပြတွေ ဝင်ဖို့ရန် ခက်ခဲသလိုပဲ ပုဂ္ဂိုလ်တစ်ယောက်က ဒီဘဝမှာ ပယောဂသမ္ပတ္တိ လို့ ခေါ်တဲ့ စက်နဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တယ်။ ကာယကံတွေ စင်ကြယ်အောင်၊ ဝစီကံတွေ စင်ကြယ်အောင်၊ မနောကံတွေ စင်ကြယ်အောင် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံပြီးတော့ ပါရမီတွေ ဖြည့်တယ်။ စင်ကြယ်နေပြီ။ စင်ကြယ်နေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်သို့ အတိတ်က အကျိုးပေးဖို့ရန် အခါအခွင့်ကို စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခွင့်ရသေးလား? မရတော့ဘူး။ မရတဲ့အတွက် ဘာဖြစ်လဲ?

ဧကန္တံ ကုသလဿေဝ ဩကာသော

ဧကန္တံ၊ တကယ်စင်စစ် ဧကန်အားဖြင့်။ ကုသလဿေဝ၊ ကုသိုလ်တရား၏သာလျှင်။ ဩကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ ဟောတိ၊ ဖြစ်ပေါ်၍ နေတတ်ပေ၏၊

ဧကန်စင်စစ်အားဖြင့် ကုသိုလ်တရားတွေသာ အကျိုးပေးဖို့ရန် အခါအခွင့်သာ ဖြစ်နေတတ်ပါတယ်တဲ့။ နည်းနည်း ထုံးလေး ကြည့်ပေါ့နော်။

ကံနှင့် ပယောဂသမ္ပတ္တိ
အရှင်အင်္ဂုလိမာလ မထေရ်ပဲ ကြည့်ကြပါစို့နော်။ အရှင်အင်္ဂုလိမာလ မထေရ်ဟာ လူတွေကို သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ မကောင်းမှုအကုသိုလ်ကံတွေကို များစွာဆည်းပူးနေတဲ့ ပုဂ္ဂိုလ်လို့ကော မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါပေမဲ့လို့ သူက ဘုရားရှင်နဲ့ တွေ့တဲ့အချိန်အခါမှာ ဒီအကုသိုလ်လုပ်ငန်းရပ်တွေကို အားလုံး စွန့်လိုက်တယ်။ စွန့်လွှတ်လိုက်ပြီးတဲ့အခါ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုတယ်။

ကာယကံတွေ စင်ကြယ်အောင်၊ ဝစီကံတွေလည်း စင်ကြယ်အောင်၊ မနောကံတွေလည်း စင်ကြယ်အောင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ပြည့်ပြည့်ဝဝ ဖြည့်ကျင့်လိုက်တယ်။ ဖြည့်ကျင့်လိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး အရဟတ္တဖိုလ် ဆိုက်သွားတယ်။ ပယောဂသမ္ပတ္တိခေါ်တဲ့ ကြိုးစားအားထုတ်မှု လုံ့လပယောဂတွေနဲ့ ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားတယ်။

ဘာတွေလဲ? အရဟတ္တမဂ်တိုင်အောင်သော ကုသိုလ်တရားတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို အရဟတ္တဖိုလ် အရဟတ္တမဂ် ရသည့်တိုင်အောင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လိုက်တယ်။ ဖြည့်ကျင့်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိစက်နဲ့ ပြည့်စုံသွားတယ်။ အဲဒီလို ပြည့်စုံနေတဲ့အတွက် သူ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်သေးလား? မသင့်တော့ဘူး။ အခါအခွင့် မသင့်တဲ့အတွက် နောက်ထပ်လည်း အကျိုးပေးသေးလား? မပေးတော့ဘူး။

ဒါ ဘာပြောသလဲမေးတော့ ပယောဂသမ္ပတ္တိ ပတိပါလ၊ ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံခြင်းဆိုတဲ့ ဒီတရားကနေပြီးတော့ အကုသိုလ်ကံတွေကို အကျိုးပေးဖို့ရန် အခါအခွင့် မသင့်အောင် တားမြစ်ထားတယ်။ တားမြစ်လိုက်တဲ့အတွက်လည်း အကျိုးမပေးနိုင်တော့ဘူး။ ကဲ ဒီနေ့ တရားဟောတဲ့ ပုဂ္ဂိုလ်ရော၊ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေရော ညက ပြောခဲ့တဲ့အတိုင်းပဲ အနည်းနှင့် အများဆိုသလို အကုသိုလ်ကံတွေ လွန်ကျူးမိတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒီဘဝမှာ လွန်ကျူးမိတာတွေလည်း ရှိကောင်း ရှိမယ်။ နောင် သံသရာအဆက်ဆက်က အတိတ်သံသရာ အဆက်ဆက်က မသိခဲ့လို့၊ မိုက်ခဲ့လို့၊ မလိမ္မာခဲ့လို့ လွန်ကျူးမိတာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ထို အကုသိုလ်ကံတွေက နောက်ထပ် အကျိုးပေးဖို့ရန်အတွက် မကောင်းကျိုးတွေကို မိမိတို့က မလိုလား မတောင့်တဘူးဆိုရင် မိမိတို့က ဘာလုပ်ရမလဲ?

ဒီဘဝမှာ ပယောဂသမ္ပတ္တိစက်နဲ့ ပြည့်စုံအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ ပယောဂသမ္ပတ္တိလို့ခေါ်တဲ့ စက်ဆိုတာက ဘာပြောတာလဲ? မိမိတို့ရဲ့ စိတ်ဓာတ်ကို ဖြူစင်သန့်ရှင်းသွားအောင် အရဟတ္တဖိုလ် ရေစင်ဖြင့် ဆေးကြောသုတ်သင်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကို ပယောဂသမ္ပတ္တိစက်လို့ ခေါ်ပါတယ်။

အရဟတ္တဖိုလ် မရတောင်ပေါ့နော် - မဂ်ဉာဏ် ဖိုလ်ဉာဏ် ရစေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တစ်မဂ် တစ်ဖိုလ် ရရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် သီလကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်နေမယ်၊ သမာဓိကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်နေမယ်၊ ပညာကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်နေမယ်ဆိုရင် မိမိတို့သန္တာန်မှာ ပယောဂသမ္ပတ္တိလို့ခေါ်တဲ့ စက်တွေ မပြည့်စုံနေဘူးလား? ပြည့်စုံနေမယ်။ ပြည့်စုံနေခဲ့ရင် ဒီပယောဂသမ္ပတ္တိစက်ကသာ အချက်ကျကျ လည်ပတ်နေပါစေ အကျိုးပေးဖို့ရန် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခွင့်ရဦးမလား? မရတော့ဘူးတဲ့နော်။ ဒါကြောင့် ဦးပဉ္စင်းတို့ အခုလို အသိဉာဏ်ရှိတဲ့ ဘဝလေးပေါ့ ပြန်ကြည့်မယ်ဆိုရင် မိမိတို့မှာ ဂတိသမ္ပတ္တိခေါ်တဲ့ လူ့ပြည်လူ့လောကမှာ လာပြီး လူဖြစ်ရခြင်းဆိုတဲ့ ဂတိသမ္ပတ္တိစက်နဲ့လည်း ပြည့်စုံတယ်။ ကာလသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်တို့ သာသနာပွင့်ထွန်းရာ အချိန်အခါ ကာလသမ္ပတ္တိ ကောင်းခြင်းနှင့်လည်း မဆုံဆည်းရဘူးလား? ဆုံဆည်းနေပြီ။ ပယောဂသမ္ပတ္တိခေါ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့ အခွင့်အလမ်းကြီး ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံအောင် ကြိုးစားဖို့ရန် အခွင့်အလမ်းကြီးလည်း မကြုံဘူးလား? ကြုံနေပြီ။

ဒါကြောင့် မိမိတို့ဘက်က ပယောဂသမ္ပတ္တိစက်နဲ့ ပြည့်စုံအောင် ကြိုးစားဖို့ လိုနေတယ်နော်။ နောက်တစ်ခုကတော့ ဘာလဲဆိုတော့ ဂတိဝိပ္ပတ္တိနဲ့ ဂတိသမ္ပတ္တိပဲ။ နောက်သတ္တဝါတစ်ဦးမှာတဲ့ ကံအကြောင်းနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ကျယ်ကျယ်ပြန့်ပြန့်လေး ဖွင့်ထားပါတယ်နော်။ ဒီတော့ ဒီနေရာမှာ ပုဂ္ဂိုလ်တစ်ဦးမှာ မကောင်းမှုအကုသိုလ်ကံတွေက တော်တော်လေး များနေတယ်။ ဒီအကုသိုလ်ကံတွေဟာ အကယ်၍ ဂတိသမ္ပတ္တိမှာ တည်နေခဲ့မယ်ဆိုလို့ရှိရင်တော့ ဂတိသမ္ပတ္တိဆိုတာက ဘာကိုပြောတာလဲ? လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ခေါ်တဲ့ ဒီဂတိသမ္ပတ္တိမှာ ရပ်တည်နေတဲ့ သတ္တဝါမှာ ဘယ်လိုအကျိုးမှ ပေးနိုင်တဲ့စွမ်းအား မရှိဘူး။

ဒါပေမဲ့လို့ ပုဂ္ဂိုလ်တစ်ယောက်ကို ကြည့်လိုက်ရင် မကောင်းမှုအကုသိုလ်ကံလေးတစ်ခုက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီ။ အခါအခွင့် သင့်လိုက်တဲ့အတွက် ဂတိဝိပ္ပတ္တိခေါ်တဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံမှာ သွားပြီးတော့ ပဋိသန္ဓေ တည်နေရပြီ၊ ဖြစ်ရပြီနော်။ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

တတ္ထဿ တာနိ ကမ္မာနိ ဥပဂန္တွာ ဝါရေန ဝါရေန ဝိပါကံ ဒေန္တိ

တတ္ထ၊ ထိုအပါယ်လေးဘုံ၌။ အဿ၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌။ တာနိ ကမ္မာနိ၊ ထိုမကောင်းမှု အကုသိုလ်ကံတို့သည်။ ဥပဂန္တွာ၊ ချဉ်းကပ်လာကြကုန်၍။ ဝါရေန ဝါရေန၊ တလှည့်စီ တလှည့်စီအားဖြင့်။ ဝိပါကံ၊ မကောင်းတဲ့ အကျိုးဝိပါက်ကို။ ဒေန္တိ၊ ပေး၍ နေကြလေကုန်၏။

အကုသိုလ်ကံတွေ အလှည့်နဲ့ လာပြီးတော့ အကျိုးပေးတယ်။ ကံတစ်ခုက အကျိုးပေးလိုက်၊ အကျိုးအာနိသင် ကုန်သွားပြီဆိုရင် နောက်ကံတစ်ခုက အကျိုးပေးပြန်ပြီ။ နောက်ထပ်တစ်ခုက အကျိုးပေးဖို့ရန် အခါအခွင့် ကုန်သွားရင် နောက်ထပ် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံတွေ ရှိသေးတယ်။ အဲဒီ ကံတွေက လာပြီးတော့ အလှည့်နဲ့ အလှည့်နဲ့ လာလာပြီး အကျိုးပေးနေတယ်တဲ့။

ကာလေန နိရယေ နိဗ္ဗတ္တာပေန္တိ၊ ကာလေန တိရစ္ဆာနယောနိယံ၊ ကာလေန ပေတ္တိဝိသယေ

ကာလေန၊ ရံဖန်အားဖြင့်။ နိရယေ၊ ငရဲ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်မျိုး၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ ပေတ္တိဝိသယေ၊ ပြိတ္တာဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ အသုရကာယေ၊ အသူရကာယ်ဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေတတ်လေကုန်၏။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက ငရဲမှာ ဖြစ်စေတယ်။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက တိရစ္ဆာန်ဘုံမှာ ဖြစ်စေတယ်။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက ပြိတ္တာဘုံမှာ ဖြစ်စေပြန်တယ်၊ အကျိုးပေးပြန်တယ်။ တစ်ခါတစ်ရံ ဒီအကုသိုလ်ကံတွေက အသူရကာယ်ဘုံမှာ သွားပြီးတော့ အကျိုးပေးပြန်တယ်တဲ့။

ကာလေန အသုရကာယေ၊ ဒီဃေနာပိ အဒ္ဓုနာ အပါယတော သီသံ ဥက္ခိပိတုံ န ဒေန္တိ။

ဒီဃေနာပိ အဒ္ဓုနာ၊ ရှည်လျားလှစွာသော အချိန်အခါ ကာလပတ်လုံးလည်း။ အပါယတော၊ အပါယ်လေးဘုံမှ။ သီသံ၊ ဦးခေါင်းကို။ ဥက္ခိပိတုံ၊ ချီမြှောက်အံ့သောငှာ။ န ဒေန္တိ၊ အခွင့်ကို မပေးကြလေကုန်။

ရှည်မြင့်စွာသော အချိန်အခါပတ်လုံး အပါယ်လေးဘုံမှ ခေါင်းထောင်လာဖို့ရန်အတွက် ဘယ်တော့မှ ဒီအကုသိုလ်ကံတွေက အခွင့်မပေးကြဘူးနော်။ တစ်ခုသော အကုသိုလ်ကံ တစ်ခုပြီးရင် နောက် အကုသိုလ်ကံတစ်ခု ထပ်ပြီး အကျိုးပေးပြန်တယ်။ အကုသိုလ်ကံ တစ်ခုပြီးရင် နောက်တစ်ခု အကုသိုလ်ကံတစ်ခုက အကျိုးပေးပြန်တယ်။ ပုံစံလေး ကြည့်ရင်တော့ ဦးပဉ္စင်းတို့ ကပိလရဟန်း ဆိုကြပါစို့ ...

ကဿပဘုရားရှင် လက်ထက်တော် အချိန်ကာလနောက်ပိုင်းမှာ ပိဋကတ်သုံးပုံကို ကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ ပိဋကတ်တွေကို သိပ်ပြီး ကျွမ်းကျင်လာတဲ့ အချိန်အခါမှာ ဒီပိဋကတ်ဆိုတဲ့ တရားများကနော် တော်တော်လေး ခက်ခဲတဲ့သဘော ရှိပါတယ်။ ခက်ခဲတယ်ဆိုတာက ဒီလိုပါ။ စာပေကျမ်းဂန် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဟာ စာသင်နည်း အမျိုးမျိုး ရှိတဲ့အနက် အလဂဒ္ဒူပမာ ခေါ်တဲ့ မြွေဖမ်းတဲ့ စာသင်နည်းမျိုးဖြင့် စာသင်ခဲ့မယ်ဆိုရင်တော့ အဲဒီ စာသင်နည်းသည် မိမိကို ပြန်ပြီး ဒုက္ခပေးတတ်တဲ့ သဘောရှိပါတယ်။ ဒီကပိလရဟန်းက အဲဒီ အလဂဒ္ဒူပမာ စာသင်နည်းခေါ်တဲ့ မြွေဖမ်းတဲ့နည်းနဲ့ စာကို သင်ခဲ့တယ်။ အဆိပ်ပြင်းထန်နေတဲ့ မြွေဆိုတာက ဖမ်းတတ်ရင်တော့ အန္တရာယ် သိပ်မများပေမဲ့၊ မဖမ်းတတ်ရင်တော့ အန္တရာယ် မများဘူးလား? များတယ်တဲ့။ အဲဒီအတိုင်းပဲ။ ပိဋကတ်တွေကို သင်ယူတဲ့ အခါမှာ စိတ်ထားက ဖြူစင်ဖြောင့်စင်းမှု မရှိဘူး၊ သူတစ်ပါးတွေကို နှိပ်ကွပ်ဖို့ နှိမ်နင်းဖို့ဆိုတဲ့ ဦးတည်ချက်၊ မာန်မာနတွေ ဦးထောင်ပြီးတော့ ပရိယတ္တိမာန်စွယ်တွေနဲ့ စာပေကျမ်းဂန်တွေကို သင်ကြားခဲ့တယ်။ အဲဒီလို သင်ကြားခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်သလဲ? သူများက ဓမ္မလို့ပြောရင် သူက အဓမ္မလို့ ရအောင် ပြောတတ်တယ်။ သူတစ်ပါးက အဓမ္မပါပဲလို့ ဆုံးဖြတ်ချက်တစ်ခု ဆုံးဖြတ်လိုက်ရင် သူက ဓမ္မဖြစ်အောင် ပြန်ပြောတတ်တယ်။

အဲဒီတော့ တလောက ဟောခဲ့သလိုပဲ။ အဓမ္မကို ဓမ္မ၊ ဓမ္မကို အဓမ္မလို့ ဒီလို ထင်ရှားပြနေတဲ့ပုဂ္ဂိုလ်သည် ဘာလုပ်တဲ့ပုဂ္ဂိုလ်လဲ? သာသနာတော်ကို ကွယ်ပစေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ သာသနာတော်ကို ဖျက်ဆီးနေတာပဲ။ အဲဒီလို သာသနာတော်ကို ဖျက်ဆီးလိုက်တဲ့အတွက် ဘာဖြစ်လဲ? သူရော သူ့ရဲ့နောက်ကနေ လိုက်ပြီးတော့ အကျိုးဆောင်နေတဲ့ စိတ်တူသဘောတူ အကျိုးဆောင်နေတဲ့ သူ့ရဲ့မိခင်၊ သူ့ရဲ့ညီမ၊ ဘိက္ခုနီမတွေ အားလုံး ငရဲရောက်သွားကြတယ်။

ကဿပဘုရားရှင် လက်ထက်ကတည်းက ငရဲရောက်သွားပြီးတော့ ဦးပဉ္စင်းတို့ ဂေါတမဘုရားရှင် လက်ထက်တော်ကျတော့ ငါးဖြစ်လာပြန်တယ်။ အဲဒီ ငါးကြီး ဖမ်းမိတယ် ဆိုကြပါစို့။ ဖမ်းမိတော့ နောက်ဆုံး ဒီငါးကြီး ဘုရားရှေ့ ရောက်လာတယ်ပဲ ဆိုကြပါစို့။ တံငါသည် လက်ထဲကနေပြီးတော့ ဝယ်တဲ့ပုဂ္ဂိုလ်တွေ လက်ထဲ၊ အဲဒီ လက်ထဲကနေပြီးတော့ ဘုရားရှင်ဆီ ရောက်လာတယ်။ အရောင်အဆင်းကတော့ အင်မတန် လှပါတယ်။ ဘာဖြစ်လို့လဲ?။ ကဿပဘုရားရှင် လက်ထက်တုန်းက သူက သီလပိုင်းမှာလည်း သူတတ်နိုင်သလောက် ဖြည့်ကျင့်ခဲ့တော့ သီလကုသိုလ်ကံလေးတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေတဲ့အတွက် ရွှေငါးကြီးတော့ ဖြစ်ပါရဲ့၊ ဒါပေမဲ့ ပါးစပ်ဟလိုက်တာနဲ့ သိပ်ပြီးတော့ ပုပ်တယ်။

အဲဒီမှာ ဘုရားရှင်ကနေပြီးတော့ သူ့ကို အကျိုးအကြောင်း မေးလိုက်တဲ့အခါ ကဿပဘုရားရှင် လက်ထက်တော်က သူက ဓမ္မကို အဓမ္မလုပ်ခဲ့မိတယ်။ အဓမ္မကိုလည်း ဓမ္မ လုပ်ခဲ့မိတဲ့ ကပိလရဟန်းဖြစ်တဲ့အကြောင်းကို ပရိသတ်အလယ်မှာ သူက ပြန်ပြောတယ်။ ပြောပြီးတော့ သင်ခု ဘယ်သွားရမလဲလို့ ပြန်မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါ ကျတော့လည်း တပည့်တော် ငရဲ ပြန်သွားရဦးမယ်ဆိုပြီး ပြန်ပြောပြတယ်။ ဟုတ်တယ်။ အဲဒီ ပုံစံအတိုင်းပဲ ဒီမှာ အဋ္ဌကထာက ဖွင့်ထားတယ်နော်။ တတ္ထဿ တာနိ ကမ္မာနိ ဥပဂန္တွာ ဝါရေန ဝါရေန ဝိပါကံ ဒေန္တိ –

တတ္ထ၊ ထိုအပါယ်လေးဘုံ၌။ အဿ၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌။ တာနိ ကမ္မာနိ၊ ထိုမကောင်းမှု အကုသိုလ်ကံတို့သည်။ ဥပဂန္တွာ၊ ချဉ်းကပ်လာကြကုန်၍။ ဝါရေန ဝါရေန၊ တလှည့်စီ တလှည့်စီအားဖြင့်။ ဝိပါကံ၊ မကောင်းတဲ့ အကျိုးဝိပါက်ကို။ ဒေန္တိ၊ ပေး၍ နေကြလေကုန်၏။

ကာလေန၊ ရံဖန်အားဖြင့်။ နိရယေ၊ ငရဲ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်မျိုး၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ ပေတ္တိဝိသယေ၊ ပြိတ္တာဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။ ကာလေန၊ ရံဖန်အားဖြင့်။ အသုရကာယေ၊ အသူရကာယ်ဘုံ၌။ နိဗ္ဗတ္တာပေန္တိ၊ ဖြစ်စေကြလေကုန်၏။

ရံခါ ငရဲ၊ ရံခါ တိရစ္ဆာန်၊ ရံခါ ပြိတ္တာ၊ ရံခါ အသူရကာယ် ဘဝတွေမှာ လာပြီးတော့ ဖြစ်စေတယ်တဲ့။ စဉ်းစားကြည့်စမ်းနော် ငရဲက ကျွတ်တော့၊ ကဲ ငရဲကြီးက ကျွတ်တော့ ငရဲလေး၊ ငရဲလေးက ကျွတ်တော့ ပြိတ္တာ၊ ပြိတ္တာက ကျွတ်တော့ တိရစ္ဆာန်၊ တိရစ္ဆာန်ဘဝရောက်တော့ ဘာလုပ်သလဲ? ပြန်စဉ်းစားကြည့်ပေါ့နော်။ တိရစ္ဆာန်တွေ နေ့စဉ် ဘာတွေ လုပ်နေကြသလဲ? သူတို့ လုပ်တဲ့ လုပ်ငန်းတွေကို ပြန်ကြည့်ပါ။ နေ့စဉ် နေ့စဉ် သူတို့ဟာ နိုင်ရာစား လောက ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်ပြီးတော့ စားသောက် မနေကြဘူးလား? စားသောက်နေကြတယ်။ သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ပြီးတော့ စားသောက်နေတာ တစ်နေ့ တစ်ရက် တစ်နံနက် ဟုတ်သလား? မဟုတ်ဘူးနော်။ နေ့စဉ် နေ့စဉ်ပဲ။ မိုးလင်းလာကနေ မိုးချုပ်တဲ့အထိပေါ့။

ဒီလို မကောင်းမှုအကုသိုလ်ကံတွေကို ဆည်းပူးနေတဲ့ ဒီသတ္တဝါတစ်ဦး သေကျေပျက်စီးသွားခဲ့ရင် အကုသိုလ်ကံတွေက ဘယ်ရောက်အောင် ပြန်ပို့မလဲ? ငရဲရောက်အောင် ပြန်ပို့ဦးမှာပဲ။ အဲဒီတော့ ဒီလို သူတစ်ပါးရဲ့ အသက်ကို သေကျေပျက်စီးအောင် ဖျက်ဆီးနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ အကုသိုလ်စိတ်စေတနာဇောတွေ ရှိပါတယ်။ အဲဒီဇောတွေက ဇောတစ်ခုတစ်ခုသည် တစ်ကြိမ်တစ်ကြိမ်သော ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ အင်အား ပြည့်ဝခဲ့ရင်နော်။ ဒီတော့ တစ်သက်တာ ကာလပတ်လုံး ဒီလို မကောင်းမှုတွေကို ဆည်းပူးမယ်ဆိုလို့ရှိရင် မကောင်းမှု အကုသိုလ်ဘုံ ဘယ်လောက်များမလဲ? မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာ ဒီလို အကုသိုလ်ဇောဝီထိပေါင်းသည် အကြိမ်ပေါင်း ကုဋေနဲ့ချီပြီး ဖြစ်နိုင်တဲ့သဘော ရှိပါတယ်နော်။

တစ်နေ့ တစ်ရက် တစ်နံနက်လည်း မဟုတ်ဘဲ နေ့စဉ် နေ့စဉ် ဖြစ်နေတဲ့အတွက် ဒီသတ္တဝါရဲ့သန္တာန်မှာ မကောင်းမှုအကုသိုလ်ကံတွေ ဘယ်လောက်များမလဲဆိုတာ ခန့်မှန်းကြည့်ပေတော့နော်။ ဒါကြောင့် ဒီအကုသိုလ်ကံတွေက ဒီသတ္တဝါရဲ့သန္တာန်ကို ချဉ်းကပ်လာပြီးတော့ ဘာလုပ်သလဲ?

ဝါရေန ဝါရေန၊ တလှည့်စီ တလှည့်စီအားဖြင့်။ ဝိပါကံ၊ မကောင်းတဲ့ အကျိုးဝိပါက်ကို။ ဒေန္တိ၊ ပေး၍ နေကြလေကုန်၏။

တလှည့်ပြီး တလှည့်၊ တလှည့်ပြီး တလှည့် သူပြီး ငါ၊ ငါပြီး သူ ဆိုပြီးတော့ တစ်ခုဆီ ဒီအကုသိုလ်ကံတွေက အကျိုးပေးနေကြတယ်။ အကျိုးပေးနေတဲ့အတွက် ဘာဖြစ်သလဲ?

ဒီဃေနာပိ အဒ္ဓုနာ အပါယတော သီသံ ဥက္ခိပိတုံ န ဒေန္တိ။

ဒီဃေနာပိ အဒ္ဓုနာ၊ ရှည်လျားလှစွာသော အချိန်အခါ ကာလပတ်လုံးလည်း။ အပါယတော၊ အပါယ်လေးဘုံမှ။ သီသံ၊ ဦးခေါင်းကို။ ဥက္ခိပိတုံ၊ ချီမြှောက်အံ့သောငှာ။ န ဒေန္တိ၊ အခွင့်ကို မပေးကြလေကုန်။

ရှည်မြင့်စွာသော အချိန်အခါပတ်လုံး အပါယ်လေးဘုံမှ ဦးခေါင်းကို ချီမြှောက်ဖို့ရန်၊ ခေါင်းထောင်လာဖို့ရန်အတွက် အခါအခွင့်ကို မပေးတော့ဘူးနော်။ မပေးတဲ့အတွက် ဘာဖြစ်သလဲ?

ဧဝံ ဂတိသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ဂတိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ဂတိသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ဂတိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို (ပေးခြင်းငှာ)။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြတဲ့ အကုသိုလ်ကံတို့သည်။ ဂတိဝိပ္ပတ္တိံ၊ ဂတိဝိပ္ပတ္တိတရားကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးနိုင်ကြလေ၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိတော်မူပါပေ၏။

ဘုရားရှင် သိတော်မူတဲ့အကြောင်းကို ဖွင့်ထားတာနော်။ ဂတိသမ္ပတ္တိမှာသာ ရပ်တည်နေခဲ့မယ်ဆိုရင် ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်တော့ မသင့်ဘူး။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က ဂတိသမ္ပတ္တိမှာ ရပ်တည်နိုင်တဲ့ စွမ်းအားမရှိဘဲ ဂတိဝိပ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ အပါယ်လေးဘုံမှာ သွားပြီးတော့ ရပ်တည်ခဲ့တယ်။ ခုနက ကပိလ ရဟန်းတို့လိုပေါ့နော်။ သူဟာ အနှစ် နှစ်သောင်းတိုင်တိုင် ကဿပဘုရားရှင် သာသနာတော်မှာ ပရိယတ္တိ တရားတွေကို ဖြည့်ကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ သီလကိုလည်း ဖြည့်ကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ ဒီသီလကို ဖြည့်ကျင့်နေတဲ့ ကုသိုလ်ကံတွေ၊ ဒီပရိယတ္တိတရားတွေကို လေ့ကျင့်နေတဲ့ ဒီကုသိုလ်ကံတွေ၊ ဓမ္မသာဝန၊ ဓမ္မဒေသနာဆိုတဲ့ ဒီကံတွေ စိတ်ထားသာ ဖြူစင်ဖြောင့်စင်းခဲ့မယ်ဆိုရင် အကျိုးပေးဖို့ရန် အခါအခွင့် ကောင်းနေတဲ့ ကံတွေပါ။

ဒါပေမဲ့ အဲဒီကံတွေက အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူး။ ဂတိသမ္ပတ္တိမှာသာ ဆက်လက်ပြီး တည်နေမယ် ဆိုလို့ရှိရင်တော့ သူ့အဖို့ ခုနက မကောင်းမှုအကုသိုလ်ကံတွေလည်း အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူးဘဲ။ ဒါပေမဲ့ သူ ဂတိဝိပ္ပတ္တိ ဖြစ်သွားတယ်။ ဂတိသမ္ပတ္တိကနေ ဂတိဝိပ္ပတ္တိအဆင့်ကို ကူးသွားလိုက်တဲ့အခါ ဂတိဝိပ္ပတ္တိကို အစွဲပြုပြီးတော့ သူပြုခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့် သင့်မလာဘူးလား? သင့်လာတယ်တဲ့။ ဒါကြောင့် သိပ်ကြောက်ဖို့ ကောင်းတယ်နော်။

ခုလို ဂတိသမ္ပတ္တိလေး ပြည့်စုံနေတဲ့ အချိန်အခါမှာ မိမိတို့ဘက်က ပယောဂသမ္ပတ္တိဆိုတဲ့ စက်ကလေးနဲ့ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီကပိလရဟန်း ကြည့်လိုက်ရင် သူက ဘယ်မှာ ချို့တဲ့သွားလဲ? ပယောဂသမ္ပတ္တိခေါ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း လုံ့လပယောဂတွေ သူ့မှာ ချို့တဲ့မသွားဘူးလား? ချို့တဲ့သွားတယ်။ ပယောဂဝိပ္ပတ္တိ ဖြစ်တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုသည် မှန်ကန်သော ကြိုးစားအားထုတ်မှု ဖြစ်ခဲ့လား? မဖြစ်ဘူး။ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှုတွေ ဖြစ်သွားတယ်။ ဓမ္မကို သူများက ဓမ္မဆိုရင် သူက အဓမ္မလုပ်တယ်။ ရအောင်ကို ချတယ်။ သူများက အဓမ္မပါဆိုရင် ဓမ္မဖြစ်အောင် တအားငြင်းတယ်။ ဓမ္မဖြစ်အောင်ကို ပြုလုပ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကို အရှည်ခိုင်ခံ့တည်တံ့အောင် မကြိုးစားဘဲ ကွယ်ပအောင် ကြိုးစားအားထုတ်ခဲ့တဲ့ ဒီအကုသိုလ်ကံ ပယောဂ ချို့တဲ့သွားတယ်နော်။

ပယောဂ ပျက်စီးသွားတဲ့အတွက် ထိုပုဂ္ဂိုလ်သည် ဂတိဝိပ္ပတ္တိသို့ ရောက်ရှိသွားပြီ။ ဂတိဝိပ္ပတ္တိခေါ်တဲ့ ဂတိတရားက ပျက်စီးသွားတဲ့အတွက် ဂတိဝိပ္ပတ္တိကို အကြောင်းပြုပြီးတော့ အကုသိုလ်ကံတွေက တလှည့်ပြီး တလှည့်၊ တလှည့်ပြီး တလှည့် အကျိုးပေးလိုက်တာ အပါယ်လေးဘုံမှာ ခေါင်းထောင်ခွင့် ရသေးလား? မရတော့ဘူး။ ဒီနေ့ ဒီကပိလရဟန်း ဘယ်မှာရှိလဲ? ငရဲမှာပဲ ရှိနေသေးတယ်နော်။ နောက်ထပ် သူ ကျွတ်လာရင်လဲ ဒီငရဲကို ပြန်ရောက်ဖို့ဆိုတဲ့ အခါအခွင့်တွေ သူ့မှာ များစွာ ဆီးကြိုမနေဘူးလား? ဆီးကြိုနေတယ်။ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ ကဲ နောက်တစ်ခု မြတ်စွာဘုရား သိတော်မူတဲ့ ဉာဏ်တော်နဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဖွင့်ထားပြန်တယ်။ တခြားတခြားသော ပုဂ္ဂိုလ်သတ္တဝါတစ်ခုမှာ များစွာသော အကုသိုလ်ကံတွေ ရှိနေပြန်တယ်။ အဲဒီ အကုသိုလ်ကံတွေ အတော်များများ ရှိနေတဲ့ ဒီသတ္တဝါတစ်ဦးမှာ ဘာဖြစ်သလဲဆိုတော့ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေခဲ့မယ် ဆိုလို့ရှိရင်တော့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ဘူး။ ဒါပေမဲ့ တစ်ခုသော မကောင်းမှုအကုသိုလ်ကံကြောင့် ဥပဓိသမ္ပတ္တိ ပျက်စီးပြီးတော့ ဥပဓိဝိပ္ပတ္တိ ဥပဓိရုပ်ရည်က ပျက်စီးသွားပြီ၊ ချို့တဲ့သွားပြီ။ ကိုယ်အင်္ဂါ ချို့တဲ့သွားတယ်။ ဥပဓိဝိပ္ပတ္တိမှာ ရပ်တည်ခွင့် ရနေတယ်။ ရပ်တည်ခွင့် ရနေတဲ့ ထိုပုဂ္ဂိုလ်မှာ ဘာဖြစ်လဲ?

ဒုဗ္ဗဏ္ဏ၊ အရောင်အဆင်းကလည်း မလှဘူး။ ဒုရူပ၊ ပုံသဏ္ဌာန်ကလည်း အချိုးမကျဘူး။ ဒုသဏ္ဌာန၊ အသွင်အပြင်တွေကလည်း အချိုးမကျဘူး။ ညက ပြောခဲ့သလိုပေါ့နော်။ အသားကြည့်တော့လည်း သပိတ်ရောင်။ ခါးကြည့်တော့လည်း လိပ်ခါး။ လည်ပင်းကြည့်လိုက်တော့လည်း ဖားလည်ပင်းပဲ ဟုတ်တယ်၊ မဟုတ်လား? ပုံစံက နည်းနည်းလေးမှ အချိုးမကျဘူး။ ဘိဘစ္စ၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတယ်။ ပိသာစသဒိသ၊ လူလို့သာ ပြောရတယ်၊ သူ့ကြည့်လိုက်ရင် တစ္ဆေ မြေဖုတ်လို ဖြစ်နေတယ်။ မြေဖုတ်ဘီလူးနဲ့ သိပ်တူတယ်တဲ့။ ပရိသတ်တွေ မြေဖုတ်ဘီလူးများ မြင်ဖူးကြလား? (မမြင်ဖူးပါဘူး) မမြင်ဖူးတာဘဲ ကောင်းမယ်ထင်တယ်နော်။ ကဲ မြေဖုတ်ဘီလူးနဲ့ တူတယ်တဲ့။
သော သစေ ဒါသိယာ ကုစ္ဆိယံ ဒါသဇာတော ‘ဣမာနိ ဧတဿ အနုစ္ဆဝိကာနီ’တိ သဗ္ဗာနိ နံ ကိလိဋ္ဌကမ္မာနိ ကာရေန္တိ အန္တမသော ပုပ္ဖဆဍ္ဍကကမ္မံ ဥပါဒါယ။

ဝမ်းနည်းဖို့ ကောင်းပုံလေးပါနော် -
သော၊ ထိုပုဂ္ဂိုလ်သည်။ သစေ၊ အကယ်၍။ ဒါသိယာ၊ ကျွန်မ၏၊ ကုစ္ဆိယံ၊ ဝမ်းကြာတိုက်၌။ ဒါသဇာတော၊ မွေးဖွားလာတဲ့ ကျွန်သည်။ သစေဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ဣမာနိ၊ ဤမကောင်းမှု အကုသိုလ် လုပ်ငန်းရပ်တို့သည်ကား။ ဧတဿ၊ ထိုပုဂ္ဂိုလ်အား။ အနုစ္ဆဝိကာနီတိ၊ လျောက်ပတ်ကုန်၏။

ဟော... ဒီလုပ်ငန်းရပ်တွေက ဒီပုဂ္ဂိုလ်နဲ့ တော်တယ်တဲ့။ ကံက အမိန့်ပေးလာပြီနော်။
ဣတိ၊ ဤသို့လျှင်။ သဗ္ဗာနိ ကမ္မာနိ၊ ညစ်နွမ်းစေတတ်တဲ့ မကောင်းတဲ့ မကောင်းမှုလုပ်ငန်းရပ် အားလုံးတို့ကို။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ကာရေန္တိ၊ ပြုလုပ်စေကြလေကုန်၏။

မကောင်းတဲ့ အောက်တန်းကျတဲ့ လုပ်ငန်းရပ်မှန်သမျှကို ထိုပုဂ္ဂိုလ်ကို အကုန် လုပ်ခိုင်းတော့တာပဲတဲ့နော်။ သူ့ပုံသဏ္ဌာန်က ကောင်းတဲ့လုပ်ငန်းရပ်ကို ခိုင်းဖို့ကောင်းတဲ့ ပုံသဏ္ဌာန်မျိုး မဟုတ်ဘူး။ သူ့အသွင်အပြင်က မကောင်းတဲ့ ညစ်ပတ်ပေရေနေတဲ့ လုပ်ငန်းတွေကို ခိုင်းဖို့ကောင်းတဲ့ ပုံသဏ္ဌာန် ဖြစ်နေတယ်။ ကြောက်ဖို့ မကောင်းဘူးလားနော် -

ဘယ့်နှယ်လဲ? စိတ်ထားလေးတွေကို ပြုပြင်ပြောင်းလဲမှု မလုပ်တတ်တဲ့အတွက် ဒီလို အကျိုးလေးတွေက လာလာပေးနေတာ။ ဘာလဲ ဆိုလို့ရှိရင် အန္တမသော ပုပ္ဖဆဍ္ဍကကမ္မံ ဥပါဒါယ ယုတ်စွအဆုံးအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ အမှိုက်သွန်တဲ့ ဘဝအထိ အဲဒီလို ညစ်ပတ်ပေရေနေတဲ့ လုပ်ငန်းရပ်တွေကိုပဲ သူ့ကို ပြုလုပ်ခိုင်းတော့တယ်တဲ့နော်။

သစေ ဣတ္ထီ ဟောတိ ‘ဣမာနိ ဧတိဿာ အနုစ္ဆဝိကာနီ’တိ သဗ္ဗာနိ နံ ဟတ္ထိဘတ္တပစနာဒီနိ ကိလိဋ္ဌကမ္မာနိ ကာရေန္တိ။

ဣတ္ထီ၊ ထိုအမျိုးသမီးသည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ အဲဒီ ပုဂ္ဂိုလ်ဟာပေါ့ အကယ်၍များ အမျိုးသမီး ဖြစ်ခဲ့မယ်ဆိုရင်နော် -

ဧတိဿာ၊ ဤအမျိုးသမီးအား။ ဣမာနိ၊ ဤမကောင်းတဲ့ ညစ်နွမ်းတဲ့ အလုပ်တို့သည်။ အနုစ္ဆဝိကာနီတိ၊ လျောက်ပတ်ကုန်၏၊ ဣတိ၊ ဤသို့လျှင် (ယူဆ၍)။ ဟတ္ထိဘတ္တပစနာဒီနိ၊ ဆင်စာ မြင်းစာ အစရှိသော အစာတွေကို ချက်ပြုတ်စေတတ်တဲ့ လုပ်ငန်းရပ် အစရှိကုန်သော။ သဗ္ဗာနိ ကိလိဋ္ဌကမ္မာနိ၊ အလွန်ညစ်ပတ်ပေရေတဲ့ လုပ်ငန်းရပ်အားလုံးတို့ကို။ ကာရေန္တိ၊ ပြုစေကြလေကုန်၏။

အဲဒီ အမျိုးသမီးကို ခိုင်းရင် ဘယ်လို ခိုင်းလဲ? ဆင်စာတွေ အချက်ခိုင်းတယ်၊ မြင်းစာတွေ အချက်ခိုင်းတယ်၊ ဆင်ချေး အကျုံးခိုင်းတယ်၊ မြင်းချေး အကျုံးခိုင်းတယ် စသည်ဖြင့်ပေါ့လေ ညစ်ပတ်ပေရေနေတဲ့ လုပ်ငန်းရပ် မှန်သမျှကို ဤပုဂ္ဂိုလ်ကို "ဒင်းနဲ့တော်တယ်" ဆိုပြီးတော့ ဒင်းကိုပဲ ခိုင်းနေကြတယ်တဲ့နော်။

ကုလဂေဟေ ဇာတမ္ပိ ဗလိံ သာဓယမာနာ ရာဇပုရိသာ ‘ဂေဟဒါသီ’တိ သညံ ကတွာ ဗန္ဓိတွာ ဂစ္ဆန္တိ။

အမျိုးကောင်းသား အမျိုးကောင်းသမီးတို့၏ အိမ်မှာ သွားပြီးတော့ သားသမီးအဖြစ်နဲ့ပဲ မွေးဖွားရတယ်ပဲ ထားဦးတော့နော်။ မင်းချင်းယောက်ျားတွေက မသိလို့ ဒီအိမ်ရောက်ရှိလာလို့ မိဘတွေ မတွေ့ဘဲ ဒီသားသမီးကိုသာ တွေ့တယ်ဆိုရင် ဘာလုပ်သလဲ? "အိမ်ပေါက်ကျွန်" လို့ ယူဆပြီးတော့ သူတို့ကို ထုရိုက်ရိုက်ပုတ်ပြီးတော့ အကုန်လုံး ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ဘာဖြစ်လို့လဲ?

သူ့ကံက ဒီလို ပြုလုပ်ဖို့ရန်အတွက် တည်ထောင်ဖန်တီးထားတာနော်။ ဒါကြောင့် ဒီကံလေးတွေရဲ့ ကံ၊ ကံ၏အကျိုးကို တတ်သိနားလည်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ကံလေးတွေကို ဖြူစင်အောင် စင်ကြယ်အောင် ထူထောင်ဖို့ မကောင်းဘူးလား? သို့သော် ဘုန်းကြီး ပြောနေတာကနော် ဘဝကို လိုလားတပ်မက်ရမယ်လို့ မဆိုလိုပါဘူး။ သို့သော် ဘဝဆုံးအောင် မပြုလုပ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖြူစင်တဲ့ ကံလေးတွေကို ထူထောင်ထားဖို့တော့ လိုအပ်တယ်လို့ ဒါကို ပြောလိုတာပါနော်။ ဒီတော့ ဒီနေရာမှာ သူကြွယ်တစ်ဦးရဲ့ ချွေးမလေးတစ်ယောက်ကိုတော့ အဋ္ဌကထာက ပုံစံဖွင့်ပြီးတော့ ပြထားပါတယ်။ ဒါပေမဲ့ သူက သူကြွယ်ရဲ့ချွေးမ။ ဘယ်လိုချွေးမ ဖြစ်တယ်ဆိုတာကို ဖော်မပြတော့ ဘုန်းကြီးလည်း ပြောမပြတတ်ဘူး။ ကဲ ဒီတော့ ကျော်လိုက်ကြအောင်နော်။ ကဲ ဒီနေရာမှာ ဘာပြောသလဲဆိုတော့-

ဧဝံ ဥပဓိသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ဥပဓိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ဥပဓိသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံခြင်းဟု ခေါ်ဆိုအပ်သော ဥပဓိသမ္ပတ္တိတရားက တားမြစ်ထားတဲ့အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှာ (တိုက်တွန်းခြင်းငှာ)။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြကုန်သော အကုသိုလ်ကံတို့သည်။ ဥပဓိဝိပတ္တိံ၊ ဥပဓိတရား၏ ချို့ယွင်းပျက်စီးခြင်းဟု ခေါ်ဆိုအပ်တဲ့ ဥပဓိဝိပတ္တိတရားကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးကြလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ တထာဂတ အမည်ရသော သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိတော်မူပါပေ၏။

အကယ်၍သာ ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေမယ် ဆိုလို့ရှိရင် ဒီမကောင်းမှု အကုသိုလ်ကံတွေဟာ ဘယ်လိုမှ အကျိုးမပေးနိုင်ဘူး။ ဒါပေမဲ့လို့ ဥပဓိသမ္ပတ္တိနဲ့ မပြည့်စုံဘဲ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံရတဲ့အတွက် ဥပဓိဝိပတ္တိနဲ့ ပြည့်စုံမှုကို အကြောင်းပြုပြီးတော့ အကုသိုလ်ကံတွေဟာ အကျိုးပေးကြတယ်တဲ့နော်။ နောက်တစ်ခု ကံတစ်မျိုး ဖွင့်ပြန်တယ် -

ကာလသမ္ပတ္တိနှင့် ကာလဝိပ္ပတ္တိကို အကြောင်းပြုပြီး ဖွင့်ပြန်တယ်။ ပုဂ္ဂိုလ်တစ်ယောက် ပြုထားတဲ့ မကောင်းမှုအကုသိုလ်ကံတွေက တော်တော်များများ ရှိနေပြီ။ ဒါပေမဲ့လို့ ဒီမကောင်းမှုအကုသိုလ်ကံတွေဟာ ကာလသမ္ပတ္တိမှာသာ သွားပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ကာလသမ္ပတ္တိ အချိန်အခါမှာသာ လူဖြစ်ရမယ် ဆိုရင်ပေါ့လေနော်၊ ဘယ်တော့မှ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နိုင်ဘူး။ သို့သော်လည်း ထိုပုဂ္ဂိုလ်က မကောင်းမှုအကုသိုလ်ကံတစ်ခုကနေပြီးတော့ အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတဲ့အတွက် ကာလဝိပ္ပတ္တိလို့ခေါ်ဆိုအပ်တဲ့ မင်းဆိုးမင်းညစ်များ အုပ်စိုးတဲ့ အချိန်အခါမှာ သွားပြီးတော့ လူဖြစ်ရတယ်။ ဒုမ္မေဓ ဒုမ္မနုဿ (သို့မဟုတ်) ဒုစရိုက် ၃ ပါးတွေ များပြားနေတဲ့ ခေတ်အချိန်အခါ ကာလကြားမှာ သွားပြီးတော့ လူဖြစ်ရပြန်တယ်တဲ့နော်။ အဲဒီလို ခေတ်အခါက ဘယ်လိုဟာလဲလို့မေးရင် အထူးသဖြင့် ဆယ်နှစ်တန်း အချိန်အခါကာလကို ရည်ညွှန်းထားပါတယ်။

အဲဒီလို ကာလ အလွန်ပျက်စီးနေတဲ့ ဆယ်နှစ်လောက်ပဲ သက်တမ်းရှိတဲ့ ဒီလို အချိန်အခါကျမှ လူဖြစ်ရတဲ့ အခါကျတော့ စားရတဲ့ အစာတွေ ကြည့်လိုက်လို့ရှိရင်လည်း အဆီဩဇာ လုံးလုံး မရှိဘူး။ အဆီဩဇာ မရှိတဲ့ အစားအစာ လူး၊ ဆပ်တို့လိုပေါ့လေ။ အလွန်ညံ့ဖျင်းတဲ့ အစားအစာလောက်သာ အမွန်အမြတ် ထားပြီးတော့ ထိုခေတ် ထိုအချိန်မှာ စားရတယ်။ ဆီဦး ထောပတ်ဆိုတာက ရှာလို့တောင် မတွေ့နိုင်တဲ့ ခေတ်ဖြစ်နေပြီ။ ကာလဝိပ္ပတ္တိခေတ် ဖြစ်သွားပြီ။

အဲဒီလို ကာလဝိပ္ပတ္တိခေတ်မှာ လူသွားပြီးတော့ ဖြစ်ပြီ။ လူဖြစ်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ကာလဝိပ္ပတ္တိ ဖြစ်နေတဲ့အတွက် လူး၊ ဆပ်တို့ကဲ့သို့ အလွန်ကြမ်းတမ်းတာကို အမြတ်ဆုံးထားပြီး စားရတဲ့ ခေတ်ဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်တွေဟာ စားဝတ်နေရေး ပြေလည်ရေးအတွက် ဘာလုပ်ကြရသလဲနော်။ သားကောင်များနဲ့ သိပ်တူနေတယ်တဲ့။ သားသမင်များဟာ အင်မတန် ကြမ်းတမ်းတဲ့ သစ်ရွက်ကလေးတွေ လိုက်ပြီးတော့ ရှာဖွေ ခူးပြီးတော့ စားရသလိုပဲ၊ လူသားတွေဟာလည်း ထိုခေတ် ထိုအချိန်အခါမှာ အင်မတန် ကြမ်းတမ်း ခေါင်းပါးနေတဲ့ အစားအစာတွေကိုသာ အမွန်အမြတ်ထားပြီးတော့ လိုက်ပြီးတော့ ရှာဖွေ စားသောက်နေကြရတယ်။ သားသမင်တွေနဲ့ သိပ်တူတဲ့ခေတ် ဖြစ်သွားပြီ။ ဖြစ်သွားတဲ့ အချိန်အခါကျတော့ -

ဧဝရူပေ ကာလေ ကုသလဿ ဝိပစ္စနောကာသော နတ္ထိ၊

ဧဝရူပေ ကာလေ၊ ဤကဲ့သို့သော အချိန်အခါ ကာလမျိုး၌။ ကုသလဿ၊ ကုသိုလ်တရား၏။ ဝိပစ္စနောကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ နတ္ထိ၊ မရှိနိုင်တော့ပေ။

ကာလဝိပ္ပတ္တိ ဖြစ်နေပြီ။ ဝိပ္ပတ္တိ ဖြစ်နေတဲ့အတွက် ထိုအချိန်အခါမှာ ကုသိုလ်တရားတွေဟာ အကျိုးပေးဖို့ရန်အတွက် အခါအခွင့်ကို မရနိုင်တော့ဘူးတဲ့နော်။ အခါအခွင့် ကုသိုလ်တရားတွေက အကျိုးပေးဖို့ရန် အခါအခွင့် မရတဲ့အတွက် ဘာသာ အကျိုးပေးမလဲ မေးတော့ -

ဧကန္တံ အကုသလဿေဝ ဟောတိ။

ဧကန္တံ၊ ဧကန်အားဖြင့်။ အကုသလဿေဝ၊ အကုသိုလ်ကံ၏သာလျှင်။ ဝိပစ္စနောကာသော၊ အကျိုးပေးဖို့ရန် အခါအခွင့်သည်။ ဟောတိ၊ အထင်အရှား ရှိ၍ နေပေ၏။

ဧကန်စင်စစ်အားဖြင့် တကယ်ကြည့်လိုက်မယ်ဆိုရင် အကုသိုလ်ကံတွေက တစ်ခုပြီး တစ်ခု အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေတဲ့ အချိန်အခါကြီး ဖြစ်နေပြီတဲ့နော်။ ဒါကြောင့် -

ဧဝံ ကာလသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ကာလဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ကာလသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ကာလသမ္ပတ္တိ တရားက တားမြစ်ထားအပ်သည့် အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှာ။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြကုန်သော အကုသိုလ်ကံတို့သည်။ ကာလဝိပ္ပတ္တိံ၊ ကာလဝိပ္ပတ္တိကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးကြလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ တထာဂတ အမည်ရသော ဘုရားရှင်သည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိတော်မူပါပေ၏။

ကာလသမ္ပတ္တိနဲ့သာ ပြည့်စုံနေခဲ့မယ်ဆိုရင်တော့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်ပါဘူးတဲ့။ ဒါပေမဲ့လို့ ကာလဝိပ္ပတ္တိနဲ့ သွားကြုံကြိုက်ခဲ့မယ်ဆိုရင်တော့ ဒီအကုသိုလ်ကံတွေဟာ အကျိုးပေးနိုင်တဲ့ စွမ်းအား ပေါ်လာတယ်တဲ့။ ဒါကြောင့် ကာလဝိပ္ပတ္တိအခါမှာ မကောင်းမှုအကုသိုလ်ကံတွေ အကျိုးပေးနိုင်တဲ့စွမ်းအား ရှိပုံကိုလည်း ဘုရားရှင်တွေ ကွဲကွဲပြားပြား သိရှိတော်မူတယ်။ ကံ၊ ကံ၏အကျိုးကို ဘုရား ဘယ်လောက် နားလည်လဲဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုနေတာပါနော်။

နောက်တစ်ခု တစ်ခါ ပယောဂသမ္ပတ္တိနဲ့ ပယောဂဝိပ္ပတ္တိ ဖွင့်ပြန်တယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ များစွာသော မကောင်းမှုအကုသိုလ်ကံတွေက ရှိပြီ။ ဒါပေမဲ့လို့ ဒီသတ္တဝါဟာ အကယ်၍ ပယောဂသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု လုံ့လပယောဂမှာသာ ရပ်တည်နေခဲ့မယ်ဆိုရင် ထိုမကောင်းမှုအကုသိုလ်ကံတွေသည် ဘယ်လိုမှ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နိုင်ဘူး။ ဒါပေမဲ့လို့ ဘာဖြစ်လဲ?

သော ပန ပယောဂဝိပတ္တိယံ ဌိတော ပါဏာတိပါတာဒီနိ ဒသ အကုသလကမ္မာနိ ကရောတိ။

သော ပန၊ ထိုပုဂ္ဂိုလ်သည်။ ပယောဂဝိပ္ပတ္တိယံ၊ လုံ့လပယောဂ၏ ပျက်စီးခြင်း ပယောဂဝိပ္ပတ္တိ၌။ ဌိတော၊ ရပ်တည်လျက်။ ပါဏာတိပါတာဒီနိ၊ သူ့အသက်ကို သတ်ခြင်း အစရှိကုန်သော။ ဒသ အကုသလကမ္မာနိ၊ ဆယ်မျိုးသော ဒုစရိုက်တရား အကုသိုလ်ကံတို့ကို။ ကရောတိ၊ ပြုကျင့်၍ နေပေ၏။

ပယောဂသမ္ပတ္တိပေါ့လေ - ခုနက မဂ်ဖိုလ်နိဗ္ဗာန်ရအောင် တကယ်လက်တွေ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လပယောဂနဲ့သာ ပြည့်စုံနေခဲ့မယ်ဆိုရင် ထိုပယောဂသမ္ပတ္တိမှာ ရပ်တည်နေတဲ့ ထိုပုဂ္ဂိုလ်ကို ဒီအကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် ဘယ်လိုမှ အခါအခွင့် မသင့်နိုင်ဘူး။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က ဘာဖြစ်လဲ?

ပယောဂသမ္ပတ္တိမှာ မရပ်တည်ဘဲ ပယောဂ ပျက်စီးခြင်းဆိုတဲ့ ပယောဂဝိပ္ပတ္တိမှာ ရပ်တည်နေတယ်။ ပယောဂဝိပ္ပတ္တိမှာ ရပ်တည်တယ်ဆိုတာ ဘာပြောလဲမေးတော့ ဒီ သူ့အသက်သတ်ခြင်းဆိုတဲ့ မကောင်းမှုအကုသိုလ် ဒုစရိုက်တွေကို လက်သွက်သွက်နဲ့ လွန်ကျူးနေတယ်။ သူ့အသက် သတ်တယ်၊ သူ့ပစ္စည်း မတရားယူတယ်၊ သူများ သားမယားတွေ ဖျက်ဆီးတယ်၊ မုသားတွေ ပြောတယ်။ နောက်တစ်ခု ဘာလုပ်သေးလဲ? ရယ်နေကြတယ်။ ဘုန်းကြီး ပြောချင်တာ ဒါပဲ။ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့။ ကြမ်းတမ်းတဲ့ စကားတွေ ပြောတယ်၊ ပြိန်ဖျင်းတဲ့ စကားတွေ ပြောတယ်။ အဲဒါ ပယောဂသမ္ပတ္တိလား၊ ပယောဂဝိပ္ပတ္တိလား? (ပယောဂဝိပ္ပတ္တိ)။

ဩော်... နေ့စဉ်နေ့စဉ် ငါ ဘာလုပ်နေသလဲ? ကိုယ့်ဟာကို ပြန်ဆန်းစစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီအထဲမှာ "သူ့အသက် မသတ်ဘူး" ဆိုတာတော့ များသောအားဖြင့် ဘုန်းကြီး ယုံကြည်ပါတယ်၊ "သူ့ပစ္စည်း မတရား မယူဘူး" ဆိုတာလည်း ဘုန်းကြီး ယုံကြည်ပါတယ်၊ "သူများ သားမယား မဖျက်ဆီးတဲ့ ပုဂ္ဂိုလ်တွေ" ဒီထဲမှာ အများကြီးရှိတယ်၊ ဒါလည်း ယုံကြည်ပါတယ်။ ဘုန်းကြီး ဒါ သံသယ မရှိဘူး။ ဒါဖြင့် ဘာ သံသယ ရှိလဲလို့ မေးစရာ မလိုဘူးလား? ဘယ်လို ပယောဂလေးတွေ ချို့တဲ့နေသလဲ? (မသိပါဘူး ဘုရား)။

ဩော်... ဒကာကြီးက ထောက်နေပြန်ပြီ ဟုတ်လား? မုသားပြောခြင်း။ ဒီကစကား ဟိုပို့၊ ဟိုကစကား ဒီပို့။ ဘာလုပ်တာလဲ? ပိသုဏဝါစာ၊ ကုန်းတိုက်တဲ့ စကားပြောကြားခြင်း၊ ဖရုဿဝါစာ၊ ကြမ်းတမ်းတဲ့စကား ပြောကြားခြင်း၊ သမ္ဖပ္ပလာပ၊ ပြိန်ဖျင်းတဲ့စကား ပြောကြားခြင်း။ အဲဒီ ပြောကြားခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေသည် ပယောဂသမ္ပတ္တိလား၊ ပယောဂဝိပ္ပတ္တိလားလို့မေးရင် ဘယ်လို ဖြေမလဲ? ပယောဂဝိပ္ပတ္တိနော်။ ပယောဂဝိပ္ပတ္တိ ဖြစ်နေပြီ။ အဲဒီတော့ ဒီပယောဂဝိပ္ပတ္တိ ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို ဘာပြောလဲ?

တမေနံ သဟောဍ္ဎံ ဂဟေတွာ ရညော ဒဿေန္တိ။

တမေနံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို။ သဟောဍ္ဎံ၊ ခိုးထုပ်ခိုးထည်နှင့် အတူတကွ။ ဂဟေတွာ၊ ဖမ်းယူ၍။ ရညော၊ ရှင်ဘုရင်အား။ ဒဿေန္တိ၊ ပြကြလေကုန်၏ (အပ်ကြကုန်၏)။

ဒီသူခိုးတစ်ယောက် မိပြီ ဆိုကြပါစို့နော်။ ပယောဂသမ္ပတ္တိမှာ မရပ်တည်ဘဲ ပယောဂဝိပ္ပတ္တိမှာ သွားရပ်တည်နေတဲ့ ပုဂ္ဂိုလ်ကို ခိုးထုပ်ခိုးထည်နှင့်တကွ ဖမ်းလို့ မိပြီ။ မိလိုက်တဲ့ အချိန်အခါကျတော့ ရှင်ဘုရင်ကို သွားပြီးတော့ အပ်နှင်းလိုက်ပြီ။

ရာဇာ ဗဟူ ကမ္မကာရဏာနိ ကာရေတွာ ဃာတာပေတိ။

ရာဇာ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်သည်။ ဗဟုကမ္မကာရဏာနိ၊ များစွာသော (၃၂)ပါးသော ကံကြမ္မာ (နှိပ်စက်ခြင်း) တို့ကို။ ကာရေတွာ၊ ပြုစေ၍။ ဃာတာပေတိ၊ သတ်စေ၏။

ရှေးတုန်းကပေါ့လေ... ရှေးခေတ်ယဉ်ကျေးမှု အတိုင်းပေါ့။ ဒီလို တရားခံတစ်ဦးကို သတ်ဖြတ်တဲ့ အချိန်အခါမှာ သက်သက်သာသာ မဟုတ်ဘူး။ တော်တော်လေး ရက်ရက်စက်စက် (၃၂)ပါးသော ကံကြမ္မာဆိုတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တော်တော် ခပ်များများ ပြုလုပ်ပါတယ်။ အရေခွာတာတို့၊ လက်သည်းခွာတာတို့ စသည်ဖြင့် ဒါတွေ အားလုံး ပါကြတယ်။ အဲဒီလို (၃၂)ပါးသော ကံကြမ္မာတွေကို ရက်ရက်စက်စက် ပြုကျင့်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီသတ္တဝါကို သတ်စေတယ်နော်။ ဒါက ဘာပြောချင်တာလဲ မေးတော့ -

ဧဝံ ပယောဂသမ္ပတ္တိပဋိဗာဟိတတ္တာ ဝိပါကံ ဒါတုံ အသက္ကောန္တာနိ ပယောဂဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တီတိ ပဇာနာတိ။

ဧဝံ၊ ဤသို့လျှင်။ ပယောဂသမ္ပတ္တိ ပဋိဗာဟိတတ္တာ၊ ပယောဂသမ္ပတ္တိသည် တားမြစ်ထားအပ်သည့်အတွက်ကြောင့်။ ဝိပါကံ၊ အကျိုးကို။ ဒါတုံ၊ ပေးခြင်းငှာ။ အသက္ကောန္တာနိ၊ မစွမ်းနိုင်ကြကုန်သော အကုသိုလ်ကံတို့သည်။ ပယောဂဝိပ္ပတ္တိံ၊ ပယောဂ၏ ပျက်စီးခြင်း ပယောဂဝိပ္ပတ္တိတရားကို။ အာဂမ္မ၊ အစွဲပြု၍။ ဝိပစ္စန္တိ၊ အကျိုးပေးနိုင်ကြလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ တထာဂတော၊ တထာဂတအမည်ရတော်မူသော ဘုရားရှင်သည်။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိတော်မူပါပေ၏။

ပယောဂသမ္ပတ္တိနှင့် ပြည့်စုံနေမယ် ဆိုလို့ရှိရင် ဒီပယောဂသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နေတဲ့ ဒီအကုသိုလ်ကံတွေ ရှိကြတယ်။ အဲဒီ အကုသိုလ်ကံတွေ အကယ်၍များ ပယောဂဝိပ္ပတ္တိခေါ်တဲ့ ပယောဂရဲ့ ပျက်စီးခြင်း ဝိပ္ပတ္တိတရားကို အမှီရခဲ့မယ် ဆိုရင်တော့ အကျိုးပေးနိုင်ကြတယ်တဲ့။ အကျိုးပေးနိုင်တယ်လို့ မြတ်စွာဘုရားက သိတယ်။ နာမည်ကျော်ဖြစ်တဲ့ အရှင်ဒေဝဒတ်တို့၊ တပည့်ဖြစ်တဲ့ အဇာတသတ်တို့ ကြည့်ပါလားနော်။ အကယ်၍များ သူတို့ဟာ ပယောဂသမ္ပတ္တိခေါ်တဲ့ မှန်ကန်တဲ့ ပယောဂမှာ ရပ်တည်ခဲ့မယ်ဆိုရင် ငရဲရောက်ခြင်းဆိုတဲ့ ဒီ မကောင်းတဲ့အကျိုးတွေကို ရရှိပါ့မလား? မရရှိဘူး။ အရှင်ဒေဝဒတ်က နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပစ္စေကဗောဓိဉာဏ် ရရှိဖို့ရန် ပါရမီဖြည့်နေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာပေါင်း နှစ်သင်္ချေတိုင်တိုင် ပါရမီ ဖြည့်ခဲ့ပြီးဖြစ်တယ်။ လွန်ခဲ့သော ငါးကမ္ဘာက ရွဲကုန်သည်ဘဝမှာ ဘုရားအလောင်းတော်နဲ့ ရန်ငြိုးဖွဲ့ခဲ့တာက အစပြုပြီးတော့ ပယောဂဝိပ္ပတ္တိ ဖြစ်သွားတယ်။ ပယောဂတရားလေးတွေ ပျက်စီးသွားတယ်။ ဒီပယောဂဝိပ္ပတ္တိကို အခြေခံပြီးတော့ နောက်ဆုံး ဘုရားရှင်အား ကျောက်မောင်းဆင်ပြီးတော့ သတ်ခြင်း၊ သံဃာသင်းခွဲခြင်းဆိုတဲ့ ပယောဂစက်တွေ ထပ်ပြီး ပျက်စီးပြန်တယ်တဲ့။ ပျက်စီးလိုက်တဲ့အတွက် ဒီနေ့ ရှင်ဒေဝဒတ် ဘယ်ရောက်သွားလဲ? ငရဲရောက်သွားတယ်။ အရှင်ဒေဝဒတ် ရောက်ရတဲ့ ငရဲက ဘယ်လောက် ကြာမလဲဆိုတော့ ကပ္ပဋ္ဌိတိတဲ့။ ဒီကမ္ဘာတည်သရွေ့ ဒီငရဲက ကျွတ်နိုင် လွတ်နိုင်တဲ့ စွမ်းအား မရှိဘူး။

အကယ်၍များပေါ့လေ... တပည့်ဖြစ်တဲ့ အဇာတသတ်ကို ကြည့်လိုက်ပါ။ တပည့်ဖြစ်တဲ့ အဇာတသတ်သည် ပယောဂသမ္ပတ္တိနဲ့ ပြည့်စုံခဲ့မယ်ဆိုရင် သူက သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် တည်ခဲ့မယ်။ ဘယ်လို ပယောဂသမ္ပတ္တိလဲလို့မေးတော့ သူ့အသက်သတ်ခြင်း အစရှိတဲ့ ဒုစရိုက်တွေကို ရှောင်ကြဉ်တဲ့ သူတော်ကောင်းတစ်ဦးသာ ဖြစ်ခဲ့မယ် ဆိုရင်ပေါ့နော်။ ဘုရားရှင်ထံကို သွားပြီးတော့ သာမညဖလသုတ္တန်ကို နာကြားတဲ့အခါ သာမညဖလသုတ္တန် ဒေသနာတော် ပြီးဆုံးတဲ့ အချိန်အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် တည်လိမ့်မယ်လို့ ဘုရားရှင် ကိုယ်တော်တိုင် ထုတ်ဖော် ဟောထားတယ်။ တည်နိုင်တဲ့ အကြောင်းလေးတွေလဲ သူ့မှာ ရှိပါတယ်နော်။ ဖခမည်းတော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကို သတ်ဖြတ်ပြီးပြီ။

သတ်ဖြတ်ပြီးတဲ့ အချိန်အခါကျတော့မှ နောင်တတွေ သိပ်ရနေတယ်။ နောင်တတွေ သိပ်ရနေတဲ့ အချိန်အခါကျတော့ အိပ်လို့ကလည်း မပျော်၊ စားလို့ကလည်း မဝင်၊ ထိုအချိန်အခါမှာ မည်ကဲ့သို့သော ဗြဟ္မဏ သာမဏတွေကို ချဉ်းကပ်ခဲ့မယ်ဆိုရင် ချမ်းသာသုခ ရနိုင်မှာပဲလို့ သူက စဉ်းစားတယ်။ သူစဉ်းစားတဲ့ ညကတော့ တန်ဆောင်မုန်းလပြည့်နေ့ည ဖြစ်ပါတယ်။ လကလည်း အလွန် သာနေတဲ့ ည။ အဲဒီညမှာ နောက်ဆုံးတော့ မှူးကြီးမတ်ရာတွေကလည်း မိမိတို့ ထင်သလို မြင်သလို အကြံဉာဏ် ပေးကြပါတယ်။

နောက်ဆုံး ဆရာဇီဝကကတော့ ဘုရားရှင်ကို ဖူးမြော်ကန်တော့ဖို့ရန်အတွက် အကြံဉာဏ် ပေးလိုက်တဲ့ အချိန်အခါမှာ ဆရာဇီဝကရဲ့ စကား နားထောင်ပြီးတော့ မြတ်စွာဘုရားကို သွားပြီးတော့ ဖူးမြော်ကန်တော့ပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်ကလည်း ဇီဝက ဆောက်လုပ်လှူဒါန်းထားတဲ့ ဇီဝက သရက်ဥယျာဉ်မှာပဲ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်ပါတယ်။

အဲဒီတော့ ဇီဝက သရက်ဥယျာဉ် တည်ရှိရာ ကျောင်းတိုက်အတွင်းသို့ ရောက်ရှိတဲ့ အချိန်အခါကျတော့ ၁၂၅၀ သော သံဃာတော်တွေ ခုလို ညအခါပဲ အပ်ကျသံလေးတောင် မကြားရဘူး၊ ခြေချသံတောင် မကြားရဘူး၊ ငြိမ်ပြီးတော့ နေလိုက်တာ။ စိတ်ထဲမှာ သိပ်ကြည်နူးသွားတယ်။ ဟို... ဆွမ်းကျောင်းမှာ ကွက်ကွက်လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူး မဟုတ်ဘူး။ အဲဒါမျိုး တစ်ယောက်မှ မရှိဘူး။ သူတို့က ငြိမ်ပြီးတော့ ဘုရားဘက်ကို တာစူပြီးတော့ တရား ထိုင်နေလိုက်ကြတာ ကြည်ညိုဖွယ် ကောင်းလိုက်တာနော်။ ဘုန်းကြီးကတော့ အဲဒါမျိုး သိပ်ကြည်ညိုတာပဲ။ ဒကာကြီးတွေ၊ ဒကာမကြီးတွေ မကြည်ညိုဘူးလား? (ကြည်ညိုပါတယ်)။

ဟင်... သီလရှင်တွေရော မကြည်ညိုဘူးလား? (ကြည်ညိုပါတယ်)။ ပြောကြစမ်းပါအုံး အကုန်လုံး။ ဘုန်းကြီး စောင်းပြောတာ မဟုတ်ပါဘူးနော်၊ တည့်တည့် ပြောတာပါ။ ဒီတော့ သူ ကြည်ညိုတာက အကြောင်းရှိပါတယ်တဲ့။ သူ့မှာ သားလေး မွေးထားတယ်။ အဲဒီ သားရတနာလေး ဒီရဟန်းတွေလိုသာ ကာယကံ ငြိမ်သက်မှု၊ ဝစီကံ ငြိမ်သက်မှု၊ မနောကံ ငြိမ်သက်မှု။ ကာယကံ စောင့်စည်းမှု၊ ဝစီကံ စောင့်စည်းမှု၊ မနောကံ စောင့်စည်းမှုသာ ရှိခဲ့မယ်ဆိုရင်တော့ သိပ်ကောင်းမယ်တဲ့။ ဘာဖြစ်လို့လဲ?

သားလေးကို သူ သိပ်ချစ်တယ်။ သူ သိပ်ချစ်တဲ့ သားလေးဟာ တစ်နေ့ သူ့ကို ပြန်သတ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေဟာလည်း မကင်းဖြစ်နေတယ်။ အဲဒီ စိုးရိမ်မှုတွေက လှုံ့ဆော်နေတဲ့အတွက် ဒီသားလေး ဒီရဟန်းတော်တွေလို တည်ကြည်တဲ့၊ ငြိမ်သက်တဲ့ သားတော်လေးတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ သိပ်ကောင်းမယ်ဆိုတဲ့ ဒီအကြံဉာဏ်တွေ ဖြစ်တယ်။ အဲဒီ အကြံဉာဏ်တွေ ဖြစ်ပြီးနောက်ပိုင်း ဆိုကြပါစို့။ ဘုရားရှင်ကလည်း ဒီအကြံအစည်တွေ သိတဲ့အတွက် သူ့ကို မေးခွန်းလေးတွေ မေးပြီးတော့ အလ္လာပ၊ သလ္လာပ စကားပြောပြီးတဲ့အခါ သူက ဘာမေးလဲ?

”မြတ်စွာဘုရား... တပည့်တော်ဟာ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရဟန်းပြုခြင်း အကြောင်းကြောင့် နောင်တမလွန်ဘဝမှာ ရရှိမယ့် အကျိုးတရားတွေကို တပည့်တော် မသိချင်ဘူးဘုရား။ တပည့်တော် သိချင်တာက သာသနာဘောင်ဝင်ရောက်ပြီး ရဟန်းပြုလိုက်တော့ ဒီပစ္စုပ္ပန်ဘဝမှာပဲ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းနှင့် ဘယ်လောက်ကောင်းမွန်တဲ့၊ ဘယ်လောက် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ရရှိတယ်ဆိုတာ တပည့်တော် သိချင်ပါတယ်” တဲ့ ဒီမေးခွန်းကို သူက မေးတာ။ ဒီမေးခွန်းကို မေးနိုင်တဲ့ပုဂ္ဂိုလ်ဟာ တိုင်းပြည်အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီမေးခွန်းလောက်မျိုးကို မေးနေတာဟာ သူ့ရဲ့ ဉာဏ်ရည် အဆင့်အတန်းကို လှမ်းကြည့်လိုက်မယ်ဆိုရင် လှမ်းကြည့်လို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ သူဟာ ကျွတ်တမ်းဝင်နိုင်တဲ့ စွမ်းအားရှိနေတယ်။ ကျွတ်တမ်းဝင်နိုင်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို မြတ်စွာဘုရားက ဖြေတဲ့အခါမှာ လွယ်လွယ်နဲ့တော့ အဖြေမပေးပါဘူး။

”ကဲ... သင် ဒကာတော်ဟာ ဒီမေးခွန်းကို တခြား သာမဏ ဗြဟ္မဏ အမည်ရနေတဲ့ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး သင်မေးဖူးပါသလား?”

မေးဖူးတဲ့အကြောင်းကို သူက ပြန်ပြီး လျှောက်ထားတယ်။

”ကဲ... မေးဖူးတယ်ဆိုရင် ထိုသာမဏ ဗြဟ္မဏ ပုဂ္ဂိုလ်တွေက ဘယ်လို ဖြေသလဲဆိုတော့ အဖြေကိုရော သင် ပြန်ပြီး ပြောမပြနိုင်ဘူးလား?”

”ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်မှာ တပည့်တော် ပြန်ပြီး ပြောပြဖို့ရန်အတွက် ဝန်မလေးပါဘူး” ဆိုပြီးတော့ -

သူမေးတဲ့ အမေး၊ ပြန်ဖြေတဲ့ အဖြေ (၆) မျိုး ရှိပါတယ်တဲ့နော်။

ဆရာကြီး (၆) ဦး ကုရဏ၊ ကဿပ အစရှိတဲ့ ဂိုဏ်းဆရာကြီး (၆) ဦးကို သူ ချဉ်းကပ်ပြီး မေးခဲ့ပုံ။ ဒီဆရာကြီးတွေရဲ့ ဖြေဆိုပုံတွေကို သူက အကုန်လုံး ပြန်ပြီးတော့ ပြောတယ်။ ဘုန်းကြီးကနေပြီးတော့ ပြောလိုက်တယ်။ ခုနက ဘုန်းကြီး ဘာပြောသွားလဲလို့ ငါမေ့နေတယ် ဘာပြောသလဲ ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။

ဒါကြောင့် သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွားကို ကြည့်လိုက်ရင် ဘုန်းကြီး ပြောတာက တစ်ခါမေးလိုက်တိုင်း တစ်ခါဖြေလိုက်တယ်။ ဖြေလိုက်တာနဲ့ ချက်ချင်း အကုန်လုံး မှတ်မိတယ်။ ဘုရားကို သေသေချာချာ ကျကျနန လျှောက်ထားနိုင်တဲ့ သူ့ရဲ့ ဉာဏ်အရည်အသွားဟာ တော်တော်လေး အဆင့်မြင့်နေပြီဆိုတာ မှန်းလို့ မရဘူးလား? မှန်းလို့ရတယ်။ အဲဒီမှာတော့ နောက်ဆုံးပိတ် မေးခွန်းတိုင်း မေးခွန်းတိုင်းမှာ ပြန်ပြီးဖြေတဲ့အခါမှာ ဘုရားရှင်ကို သူ လျှောက်ထားတဲ့ စကားလေးတစ်ခု ရှိတယ်။ ဘုရားရှင်က -

”အဲဒီပုဂ္ဂိုလ်တွေရဲ့ အဖြေကို သင်ဘယ်လို သဘောရသလဲ” လို့ မေးလိုက်တဲ့အခါမှာ သူပြန်ဖြေတဲ့ စကားလေးက -

”တပည့်တော်က အိမ်ပိန္နဲသီးအကြောင်းကို မေးတယ်ဘုရာ့၊ သူတို့က တောင်ပိန္နဲသီးအကြောင်းကို ပြောတယ်။ တပည့်တော်က တောင်ပိန္နဲသီးအကြောင်းကို မေးလိုက်ရင် သူတို့က အိမ်ပိန္နဲသီးအကြောင်းကို ဖြေတာနဲ့ သိပ်တူနေတယ်။ တပည့်တော် သိချင်တဲ့ အမေးက တခြား၊ သူတို့ ဖြေတဲ့ အဖြေက တခြား ဖြစ်နေပါတယ်” စသည်ဖြင့် သူက ပြန်လျှောက်တယ်။

အဲဒီ အခါကျတော့မှ ဘုရားရှင်က အရဟတ္တဖိုလ်၊ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို အဆင့်ဆင့် သာသနာဘောင်မှာ ဝင်ရောက်ပြီး ရဟန်းပြုလို့ ရရှိနိုင်တဲ့ အရဟတ္တဖိုလ် အကျိုးတရားတွေကို အဆင့်ဆင့် ဟောပေးပါတယ်။ သုတ္တန် အင်မတန် ရှည်ပါတယ်နော်။ အဲဒီ ရှည်လျားလှတဲ့ သုတ္တန်ကြီး ဟောပြီးတဲ့ အချိန်အခါမှာ သူ သိပ်ဝမ်းသာသွားတယ်။ သရဏဂုံလည်း တည်သွားပါတယ်။ ပုထုဇဉ် လူသားထဲမှာ ဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ရွေးထုတ်လိုက်မယ်ဆိုရင် သူဟာ ထိပ်တန်း နံပါတ်(၁) ပုဂ္ဂိုလ် ဖြစ်သွားတယ်။ သူ့လောက် ဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူးလို့ ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့အခါ သူ့ကို မပြောရဲဘူး။ ပြောလိုက်ရင် သူ သေသွားတော့မယ်ဆိုတာ သိတယ်။

ဒီပရိသတ်ထဲမှာ ဘုရား ပရိနိဗ္ဗာန်စံလို့ သေမယ့်ပုဂ္ဂိုလ် ဘယ်နှစ်ယောက်လောက်များရှိလဲ? မရှိပါဘူး။ ကြည်ညိုပုံချင်း ကွာတာ ပြောတာပါနော်။ အဲဒီမှာ သူက ဘာလုပ်ရသလဲဆိုတော့ စတုမဓု တွင်းကြီးတွေ တူးရတယ်။ စတုမဓုတွင်းကြီးတွေ တူးပြီးတော့ တွင်းထဲမှာ စတုမဓုတွေ အပြည့်ထည့်။ အပြည့်ထည့်ပြီးတဲ့ အခါကျတော့မှ -

”အရှင်မင်းကြီး... အရှင်မင်းကြီးကို သံတော်ဦးတင်ဖို့ရန်အတွက် စကားတွေ ရှိနေတယ်။ ဒါကြောင့် အရှင်မင်းကြီး... ဒီအတိုင်း သံတော်ဦး တင်မယ့် စကားကို နာယူလို့တော့ မဖြစ်ဘူး။ ဒီစတုမဓု တွင်းထဲဆင်းမှ ဖြစ်မယ်” ဆိုပြီးတော့ မှူးကြီးမတ်ရာတွေက လျှောက်ထားကြတယ်။ အဲဒီအခါမှာ စတုမဓုတွင်းကြီးထဲကို ဆင်း၊ သူ့ကို ချပြီးတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ဖြစ်တဲ့အကြောင်း လျှောက်ထားတယ်။ အခိုးတွေ ချက်ချင်း ထောင်းထောင်းထောင်းထောင်း ထွက်တယ်။ နောက်တစ်ပိုင်း ပြောင်းပြီးတော့ ထားရတယ်။

ဒီအတိုင်းသာ လျှောက်လိုက်မယ်ဆိုရင် သံတော်ဦးတင်လိုက်မယ်ဆိုရင် ချက်ချင်း သေသွားမယ်။ ဒီလောက်ထိ ဘုရားကို ကြည်ညိုတယ်တဲ့နော်။ အဲဒီ ကြည်ညိုတဲ့ ကုသိုလ်စေတနာတွေဟာ အထင်အရှား ရှိနေပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားရတယ်။ သုံးကြိမ်တိုင်တိုင် မေ့သွားတယ်။ အခိုးတွေ ထောင်းထောင်းထွက်လာတယ်။ ဒီလောက်ထိ ဘုရားရှင်ကို ကြည်ညိုတယ်။ အဲဒီလောက် ကြည်ညိုနေတဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ သူက ဘာဖြစ်သလဲ? ပယောဂသမ္ပတ္တိလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်ကို တကယ်ဖြည့်ကျင့်တဲ့၊ သမာဓိကျင့်စဉ်ကို တကယ်ဖြည့်ကျင့်တဲ့၊ ပညာကျင့်စဉ်ကို တကယ်ဖြည့်ကျင့်တဲ့ ပယောဂ ပြည့်စုံမှုမှာသာ ရပ်တည်ခဲ့မယ်ဆိုရင် ထို “သာမညဖလ” သုတ္တန် ဒေသနာတော် ပြီးဆုံးတဲ့ အချိန်အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်တဲ့။

ဒါပေမဲ့လို့ ထိုအချိန်အခါမှာ ပယောဂသမ္ပတ္တိ ချို့တဲ့ခဲ့ပြီးပြီ။ ဖခမည်းတော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကို သတ်ဖြတ်ခဲ့ပြီးပြီ။ အကုသိုလ်ကံက တားမြစ်ထားတဲ့အတွက် ပယောဂသမ္ပတ္တိစက်နဲ့ မပြည့်စုံဘဲ ပယောဂဝိပ္ပတ္တိစက်နဲ့ ပြည့်စုံနေရခြင်းကြောင့် ထို “သာမညဖလ” သုတ္တန် ဒေသနာတော်ကို နာကြားပြီးသည့်အဆုံး၌ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်သေးလား? မရောက်တော့ဘူး။ ပယောဂသမ္ပတ္တိက...
5r5hnqxreegj6chwj9qmqga6trazxal